1 | 1 | 1972 | အသောဘနစိတ် ၃၀ တွင် သောမနဿသဟဂုတ်သာဖြစ်၍ ဥပေက္ခာသဟဂုတ် မဖြစ်သော စိတ်၊ ၂ ပါးစုံ မဖြစ်သောစိတ်တို့ကို ရေတွက်ပြပါ။ | အဖြေမပါသေး |
2 | 1 | 1972 | အပ္ပမညာဒွေးနှင့် အကုသလသာဓာရဏစေတသိက်တို့ကို ထုတ်ပြပါ။ | အပ္ပမညာဒွေးကို ထုတ်ပြရသော် (၁) ကရုဏာ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ သနားကြင်နာခြင်းသဘော။ (၂) မုဒိတာ သုခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော။ အကုသလသာဓာရဏစေတသိက်တို့ကို ထုတ်ပြရသော် (၁) မောဟ (၂) အဟိရိက (၃) အနောတ္တပ္ပ (၄) ဥဒ္ဓစ္စတို့ဖြစ်ပါသည်။ |
3 | 1 | 1972 | ဒေါသမူဒွေး၌ ရနိုင်သော ဝေဒနာ၊ ဟိတ်၊ ကိစ္စတို့ကို ဖော်ပြပါ။ | ဒေါသမူဒွေး၌ ရနိုင်သော ဝေဒနာ - ဒေါမနဿဝေဒနာ ဒေါသမူဒွေး၌ ရနိုင်သော ဟိတ် - မောဟ၊ ဒေါသ ဒေါသမူဒွေး၌ ရနိုင်သော ကိစ္စ - ဇောကိစ္စ |
1 | 2 | 1972 | လောကီဝိပါက်စိတ်များတွင် ဥပေက္ခာဝေဒနာနှင့် ယှဉ်သောစိတ်များကို ထုတ်ပြပါ။ | လောကီဝိပါက်စိတ်များတွင် ဥပေက္ခာဝေဒနာနှင့် ယှဉ်သောစိတ်များမှာ (၁) ကာယဝိညာဏ်ကြဉ် အကုသလဝိပါက်စိတ် ၆ ပါး (၂) ကာယဝိညာဏ်၊ သောမနဿသန္တီရဏကြဉ် အဟိတ်ကုသလဝိပါက်စိတ် ၆ ပါး (၃) ဥပေက္ခာသဟဂုတ် မဟာဝိပါက်စိတ် ၄ ပါး (၄) ပဉ္စမစျာန်ဝိပါက်စိတ် ၅ ပါး တို့ဖြစ်ပါသည်။ |
2 | 2 | 1972 | စေတနာနှင့်သာယှဉ်၍ ဆန္ဒမယှဉ်သောစိတ်၊ နှစ်ပါးစုံယှဉ်သောစိတ်တို့ကို ရေတွက်ပြပါ။ | စေတနာနှင့်သာယှဉ်၍ ဆန္ဒမယှဉ်သောစိတ်တို့မှာ (၁) အဟိတ်စိတ် = ၁၈ ပါး (၂) မောဟမူစိတ် = ၂ ပါး ပေါင်း = ၂၀ ပါး ဖြစ်ပါသည်။ နှစ်ပါးစုံယှဉ်သောစိတ်တို့ကို ရေတွက်ပြရသော် (၁) မောဟမူဒွေးကြဉ်သော အကုသိုလ်စိတ် ၁၀ ပါး (၃) ကာမာသောဘနစိတ် ၂၄ ပါး (၃) ရူပါဝစရစိတ် ၁၅ ပါး (၄) အရူပါဝစရစိတ် ၁၂ ပါး (၅) လောကုတ္တရာစိတ် ၈ ပါး ပေါင်း ၆၉ ပါး ဖြစ်ပါသည်။ |
3 | 2 | 1972 | ၅ ဒွါရ၌ ဖြစ်သောစိတ်နှင့် ပညတ်ကို ဧကန်အာရုံပြုသောစိတ်တို့ကို ထုတ်ပြပါ။ | ၅ ဒွါရ၌ ဖြစ်သောစိတ် - ပဉ္စဒွါရာဝဇ္ဇန်း - သမ္ပဋိစ္ဆိုန်းဒွေး ဟူသော မနောဓာတ် ၃ ပါး ပညတ်ကို ဧကန်အာရုံပြုသောစိတ် - ရူပစိတ် ၁၅ ပါး - အာကာသာနဉ္စယတန အရူပစိတ် ၃ ပါး - အာကိဉ္စညာယတန အရူပစိတ် ၃ ပါး ပေါင်း ၂၁ ပါး |
1 | 3 | 1972 | မဟဂ္ဂုတ်စိတ်တို့တွင် အာရုံအားဖြင့် ပြားသောစိတ်၊ စျာန်အားဖြင့် ပြားသောစိတ်တို့ကို အမည်မျှ ဖော်ပြပါ။ | မဟဂ္ဂုတ်စိတ်တို့တွင် - အာရုံအားဖြင့် ပြားသောစိတ်မှာ အရူပစိတ် - စျာန်အားဖြင့် ပြားသောစိတ်မှာ ရူပစိတ် ဖြစ်ပါသည်။ |
3 | 3 | 1972 | အလုံးစုံသော အာရုံကို အာရုံပြုနိုင်သော စိတ်တို့ကို ရေတွက်ပြ၍ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံတို့၌ ဖြစ်သော ဝတ္ထုရုပ်များကို အသီးသီး ဖော်ပြပါ။ | အလုံးစုံသော အာရုံကို အာရုံပြုနိုင်သော စိတ်တို့မှာ - မနောဒွါရာဝဇ္ဇန်း ၁ ပါး - ဉာဏသမ္ပယုတ် မဟာကြိယာစိတ် ၄ ပါး - အဘိညာဉ်ကိစ္စ တပ်သော ရူပပဉ္စမစျာန် ကြိယာစိတ် ၁ ပါး တို့ ဖြစ်ပါသည်။ ကာမဘုံ၌ ဖြစ်သော ဝတ္ထုရုပ် - စက္ခုဝတ္ထု - သောတဝတ္ထု - ဃာနဝတ္ထု - ဇိဝှါဝတ္ထု - ကာယဝတ္ထု - ဟဒယဝတ္ထု ရူပဘုံ၌ ဖြစ်သော ဝတ္ထုရုပ် - စက္ခုဝတ္ထု - သောတဝတ္ထု - ဟဒယဝတ္ထု အရူပဘုံ၌ ဖြစ်သော ဝတ္ထုရုပ် - မရှိပါ။ |
1 | 1 | 1975 | ကာမစိတ် ၅၄ ပါးကို ဝေဒနာ ၅ ပါးဖြင့် ခွဲခြားဝေဖန်ပြပါ။ | ကာမစိတ် ၅၄ ပါးကို ဝေဒနာ ၅ ပါးဖြင့် - သောနဿဝေဒနာ = ၁၈ ပါး - ဒေါမနဿဝေဒနာ = ၂ ပါး - ဥပေက္ခာဝေဒနာ = ၃၂ ပါး - ဒုက္ခဝေဒနာ = ၁ ပါး - သုခဝေဒနာ = ၁ ပါး ဟူ၍ ခွဲခြားနိုင်ပါသည်။ |
2 | 1 | 1975 | ကုသိုလ်စိတ်အားလုံးနှင့် အမြဲယှဉ်နိုင်သော စေတသိက်များကို ဖော်ပြပါ။ | ကုသိုလ်စိတ်အားလုံးနှင့် အမြဲယှဉ်နိုင်သော စေတသိက်များကို ဖော်ပြရသော် (၁) ဝိတက်၊ ဝိစာရ၊ ပီတိကြဉ်သော အညသမာန်းစေတသိက် ၁၀ ပါး (၂) သောဘနသာဓာရဏစေတသိက် ၁၉ ပါး ပေါင်း ၂၉ ပါး ဖြစ်ပါသည်။ |
3 | 1 | 1975 | ၅ ကိစ္စတပ်သောစိတ်များကို ထုတ်ပြ၍ ၎င်းကိစ္စများကိုလည်း ဖော်ပြပါ။ | ၅ ကိစ္စတပ်သောစိတ်များမှာ - ဥပေက္ခာသန္တီရဏစိတ် ၂ ပါး ၎င်းကိစ္စများမှာ - ပဋိသန္ဓေကိစ္စ - ဘဝင်ကိစ္စ - စုတိကိစ္စ - သန္တီရဏကိစ္စ - တဒါရုံကိစ္စ တို့ဖြစ်ပါသည်။ |
1 | 2 | 1975 | စျာန်အင်္ဂါ နှစ်ပါးရှိသော မဟဂ္ဂုတ်ဥပေက္ခာစိတ်များကို ရေတွက်ပြပါ။ | (၁) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွဖြစ်သော ရူပကုသိုလ်၊ ဝိပါက်၊ ကြိယာ ပဉ္စမစျာန်ရူပစိတ် ၃ ပါး (၂) အာကာသာနဉ္စယတန ကုသိုလ်၊ ဝိပါက်၊ ကြိယာ အရူပစိတ် ၃ ပါး (၃) ဝိညာနဉ္စာယတန ကုသိုလ်၊ ဝိပါက်၊ ကြိယာ အရူပစိတ် ၃ ပါး (၄) အာကိဉ္စညာယတန ကုသိုလ်၊ ဝိပါက်၊ ကြိယာ အရူပစိတ် ၃ ပါး (၅) နေဝသညာနာသညာယတန ကုသိုလ်၊ ဝိပါက်၊ ကြိယာ အရူပစိတ် ၃ ပါး တို့ဖြစ်ပါသည်။ |
2 | 2 | 1975 | လောကုတ္တရာစိတ်အကျယ် ၄၀ နှင့်ယှဉ်နိုင်သော ပကိဏ်းစေတသိက်များကို ထုတ်ပြပါ။ | လောကုတ္တရာစိတ်အကျယ် ၄၀ နှင့်ယှဉ်နိုင်သော ပကိဏ်းစေတသိက်များမှာ (၁) ဝိတက် (၂) ဝိစာရ (၃) အဓိမောက္ခ (၄) ဝီရိယ (၅) ပီတိ (၆) ဆန္ဒ တို့ဖြစ်ပါသည်။ |
3 | 2 | 1975 | နိဗ္ဗာန်ကို (က) ဧကန်အာရုံပြုသောစိတ် (ခ) အနေကန်အာရုံပြုသောစိတ်တို့ကို ရေတွက်ပြပါ။ | (က) နိဗ္ဗာန်ကို ဧကန်အာရုံပြုသောစိတ် - လောကုတ္တရာစိတ် ၈ ပါး (ခ) နိဗ္ဗာန်ကို အနေကန်အာရုံပြုသောစိတ် - ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ် ၄ ပါး - အဘိညာဉ်ကိစ္စတပ်သော ရူပပဉ္စမစျာန်ကုသိုလ်စိတ် ၁ ပါး - မနောဒွါရာဝဇ္ဇန်း ၁ ပါး - ဉာဏသမ္ပယုတ် မဟာကြိယာစိတ် ၄ ပါး - အဘိညာဉ်ကိစ္စတပ်သော ရူပပဉ္စမစျာန်ကြိယာစိတ် ၁ ပါး တို့ ဖြစ်ပါသည်။ |
1 | 3 | 1975 | သုခဝေဒနာနှင့် ယှဉ်၍ စျာန်အင်္ဂါ ၂ ပါးရှိသော လောကုတ္တရာစိတ်နှင့် သုခဝေဒနာနှင့် မယှဉ်ဘဲ စျာန်အင်္ဂါ ၂ ပါးရှိသော လောကုတ္တရာစျာန်စိတ်များကို ရေတွက်ပြပါ။ | သုခဝေဒနာနှင့် ယှဉ်၍ စျာန်အင်္ဂါ ၂ ပါးရှိသော လောကုတ္တရာစိတ်မှာ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် စတုတ္ထစျာန်စိတ် ၈ ပါး၊ သုခဝေဒနာနှင့် မယှဉ်ဘဲ စျာန်အင်္ဂါ ၂ ပါးရှိသော လောကုတ္တရာစျာန်စိတ်မှာ ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ပဉ္စမစျာန်စိတ် ၈ ပါး၊ |
2 | 3 | 1975 | နိယတယောဂီစေတသိက်များကို ရေတွက်ပြပါ။ | (၁) သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး (၂) ပကိဏ်း စေတသိက် ၆ ပါး (၃) မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ လောဘ၊ ဒိဋ္ဌိ၊ ဒေါသ၊ ဝိစိကိစ္ဆာ (အကုသိုလ် စေတသိက်) ၈ ပါး (၄) သောဘနသာဓာရဏစေတသိက် ၁၉ ပါး (၅) ပညိန္ဒြေစေတသိက် ၁ ပါး ပေါင်း ၄၁ ပါး ဖြစ်ပါသည်။ |
3 | 3 | 1975 | ဟဒယဝတ္ထုရုပ်ကို (က) အမြဲမှီသော လောကုတ္တရာစိတ် (ခ) ရံခါမှီ၊ ရံခါမမှီသော စိတ်တို့ကို ထုတ်ပြပါ။ | (က) ဟဒယဝတ္ထုရုပ်ကို အမြဲမှီသော လောကုတ္တရာစိတ် - သောတာပတ္တိမဂ်စိတ် (ခ) ဟဒယဝတ္ထုရုပ်ကို ရံခါမှီ၊ ရံခါမမှီသောစိတ် - ဒေါသမူဒွေကြဉ် အကုသိုလ်စိတ် ၁၀ ပါး - မနောဒွါရာဝဇ္ဇန်း ၁ ပါး - မဟာကုသိုလ် ၈ ပါး - မဟာကြိယာ ၈ ပါး - အရူပကုသိုလ် ၄ ပါး - အရူပကြိယာ ၄ ပါး - သောတာပတ္တိမဂ်ကြဉ် လောကုတ္တရာစိတ် ၇ ပါး ပေါင်း ၄၂ ပါးဖြစ်သည်။ |
2 | 4 | 1975 | မဟဂ္ဂုတ် ပထမစျာန်စိတ်၌ (က) အမြဲယှဉ်နိင်သော စေတသိက်များ (ခ) အများဆုံး ယှဉ်နိုင်သောစေတသိက်များကို ရေတွက်ပြပါ။ | မဟဂ္ဂုတ် ပထမစျာန်စိတ်၌ (က) အမြဲယှဉ်နိင်သော စေတသိက်များမှာ ၁။ အညသမာန်းစေတသိက် ၁၃ ပါး ၂။ ဝိရတီ၊ အပ္ပမညာကြဉ်သော သောဘနစေတသိက် ၂၀ ပါး ပေါင်း ၃၃ ပါး ဖြစ်ပါသည်။ (ခ) အများဆုံး ယှဉ်နိုင်သော စေတသိက်များမှာ ၁။ အညသမာန်းစေတသိက် ၁၃ ပါး ၂။ ဝိရတီကြဉ်သော သောဘနစေတသိက် ၂၂ ပါး ပေါင်း ၃၅ ပါး ဖြစ်ပါသည်။ |
1 | 1 | 1976 | သောဘနစိတ်သည် အကျိုးအားဖြင့် မည်မျှ ရှိသနည်း။ ရေတွက်ပြပါ။ | သောဘနစိတ်သည် အကျိုးအားဖြင့် (၁) မဟာဝိပါက်စိတ် ၈ ပါး (၂) ရူပဝိပါက်စိတ် ၅ ပါး (၃) အရူပဝိပါက်စိတ် ၄ ပါး (၄) လောကုတ္တရာဖိုလ်စိတ် ၄ ပါး (အကျယ် ၂၀) တို့ဖြစ်ပါသည်။ |
2 | 1 | 1976 | သောဘနစေတသိက် ၂၅ ပါးတို့တွင် ကုသိုလ်ပြုတိုင်း ယှဉ်နိုင်သော စေတသိက်တို့ကို ရေတွက်ပြပါ။ | သောဘနစေတသိက် ၂၅ ပါးတို့တွင် ကုသိုလ်ပြုတိုင်း ယှဉ်နိုင်သော စေတသိက်တို့မှာ (၁) သဒ္ဓါ (၂) သတိ (၃) ဟိရီ (၄) သြတ္တပ္ပ (၅) အလောဘ (၆) အဒေါသ (၇) တတြမဇ္စျတ္တတာ (၈) ကာယပဿဒ္ဓိ (၉) စိတ္တပဿဒ္ဓိ (၁၀) ကာယလဟုတာ (၁၁) စိတ္တလဟုတာ (၁၂) ကာယမုဒုတာ (၁၃) စိတ္တမုဒုတာ (၁၄) ကာယကမ္မညတာ (၁၅) စိတ္တကမ္မညတာ (၁၆) ကာယပါဂုညတာ (၁၇) စိတ္တပါဂုညတာ (၁၈) ကာယုဇုကတာ (၁၉) စိတ္တုဇုကတာ ပေါင်း (၁၉) ပါး ဖြစ်ပါသည်။ |
3 | 1 | 1976 | ပကိဏ်းပိုင်း သင်္ဂဟ ၆ ပါးကို ရေတွက်ပြ၍ တိဟိတ်စိတ် ၄၇ ပါးကို ရေတွက်ပြပါ။ | ပကိဏ်းပိုင်း သင်္ဂဟ ၆ ပါးမှာ - ဝေဒနာသင်္ဂဟ - ဟေတုသင်္ဂဟ - ကိစ္စသင်္ဂဟ - ဒွါရသင်္ဂယ - အာရမ္မဏသင်္ဂဟ - ဝတ္ထုသင်္ဂဟ တို့ဖြစ်ပါသည်။ တိဟိတ်စိတ် ၄၇ ပါးမှာ - ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ် ၄ ပါး - ဉာဏသမ္ပယုတ် မဟာဝိပါက်စိတ် ၄ ပါး - ဉာဏသမ္ပယုတ် မဟာကြိယာစိတ် ၄ ပါး - မဟဂ္ဂုတ်စိတ် ၂၇ ပါး - လောကုတ္တရာစိတ် ၈ ပါး တို့ဖြစ်ပါသည်။ |
4 | 1 | 1976 | အဘယ်သို့သော ဝီထိမျိုးကို မဟန္တာရုံဝီထိ ဟုခေါ်သနည်း။ မဟန္တာရုံဝီထိ၌ ပါဝင်နိုင်သော ဝီထိစိတ်များကို အကျယ်အားဖြင့် ရေတွက်ပြပါ။ | အာရုံနှင့် ဒွါရတိုက်ဆိုင်ပြီးနောက် စိတ္တခဏ ၂ ချက်၊ ၃ ချက် လွန်မှ အာရုံထင်လာတတ်သော ဝီထိမျိုးကို မဟန္တာရုံဝီထိ ဟုခေါ်သည်။ မဟန္တာရုံဝီထိ၌ ပါဝင်နိုင်သော ဝီထိစိတ်များမှာ - ပဉ္စဒွါရာဝဇ္ဇန်း - ဒွေပဉ္စဝိညာဏ် - သမ္ပဋိ စိ္ဆုန်းဒွေး - သန္တီရဏ ၃ ပါး - ဝုဋ္ဌော - ကာမဇော ၂၉ ပါး တို့ဖြစ်ကြသည်။ |
5 | 1 | 1976 | ဒါနပြုရာတွင် ဖြစ်နိုင်သော ကုသိုလ်စိတ်များကို ဖော်ပြ၍ ထိုကုသိုလ်ကံကြောင့် ရောက်နိုင်သော ဘုံများကို ဖော်ပြပါ။ | ဒါနပြုရာတွင် ဖြစ်နိုင်သော ကုသိုလ်စိတ်များမှာ - ကာမာဝစရကုသိုလ် ၈ ပါး ဖြစ်ပါသည်။ ထိုကုသိုလ်ကံကြောင့် ရောက်နိုင်သော ဘုံများမှာ - ကာမသုဂတိ ရ ဘုံ ဖြစ်သည်။ |
6 | 1 | 1976 | အဘယ်တရားများကို ဖောဋ္ဌဗ္ဗာရုံဟု ခေါ်သနည်း။ သဘာဝရုပ် ၁၈ ပါးကို ရေတွက်ပြပါ။ | ဖောဋ္ဌဗ္ဗာရုံဟူသည်မှာ ၁။ ပထဝီ ၂။ တေဇော ၃။ ဝါယော တို့ဖြစ်ပါသည်။ သဘာဝရုပ် ၁၈ ပါးမှာ ၁။ ပထဝီ ၂။ အာပေါ ၃။ တေဇော ၄။ ဝါယော ၅။ စက္ခုပသာဒ ၆။ သောတပသာဒ ၇။ ဃာနပသာဒ ၈။ ဇိဝှါပသာဒ ၉။ ကာယပသာဒ ၁၀။ ဝဏ္ဏ ၁၁။ သဒ္ဒ ၁၂။ ဂန္ဓ ၁၃။ ရသ ၁၄။ ပုမ္ဘာဝရုပ် ၁၅။ ဣတ္ထိဘာဝရုပ် ၁၆။ ဟဒယရုပ် ၁၇။ ဇိဝိတရုပ် ၁၈။ အာဟာရရုပ် တို့ဖြစ်ကြသည်။ |
1 | 2 | 1976 | မဂ်စိတ်အကျယ်တွင် သောမနဿသဟဂုတ်စိတ် - ဥပေက္ခာသဟဂုတ်စိတ်တို့ကို ရေတွက်ပြပါ။ | မဂ်စိတ်အကျယ်တွင် သောမနဿသဟဂုတ်စိတ်မှာ (၁) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ပထမစျာန်စိတ် ၄ ပါး၊ (၂) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၄ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ဒုတိယစျာန်စိတ် ၄ ပါး၊ (၃) ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၃ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် တတိယစျာန်စိတ် ၄ ပါး၊ (၄) သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် စတုတ္ထစျာန်စိတ် ၄ ပါး၊ မဂ်စိတ်အကျယ်တွင် ဥပေက္ခာသဟဂုတ်စိတ်မှာ (၁) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ပဉ္စမစျာန်စိတ် ၄ ပါး၊ |
2 | 2 | 1976 | (က) ဝိစာရနှင့်သာယှဉ်၍ ဝိတက်နှင့် မယှဉ်သောစိတ်၊ (ခ) ဝိတက်-ဝိစာရ နှစ်ပါးစုံ ယှဉ်သောစိတ်တို့ကို ရေတွက်ပြပါ။ | (က) ဝိစာရနှင့်သာယှဉ်၍ ဝိတက်နှင့် မယှဉ်သောစိတ်များမှာ ၁။ ရူပါဝစရ ဒုတိယစျာန်စိတ် ၃ ပါး ၂။ လောကုတ္တရာ ဒုတိယစျာန်စိတ် ၈ ပါး ပေါင်း ၁၁ ပါး ဖြစ်ပါသည်။ (ခ) ဝိတက်-ဝိစာရ နှစ်ပါးစုံ ယှဉ်သောစိတ်တို့မှာ ၁။ ဒွေးပဉ္စပိညာဏ် ၁၀ ကြဉ်သော ကာမစိတ် = ၄၄ ပါး ၂။ ရူပါဝစရ ဒုတိယစျာန်စိတ် ၃ ပါး ၃။ လောကုတ္တရာ ဒုတိယစျာန်စိတ် ၈ ပါး ပေါင်း ၅၅ ပါး ဖြစ်ပါသည်။ |
3 | 2 | 1976 | (က) ၄ ကိစ္စတပ်သောစိတ်နှင့် (ခ) ၅ ဒွါရ၌ ဖြစ်သောစိတ်တို့ကို ရေတွက်ပြပါ။ | (က) ၄ ကိစ္စတပ်သောစိတ် - ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ တဒါရုံကိစ္စတပ်သော မဟာဝိပါက်စိတ် ၈ ပါး (ခ) ၅ ဒွါရ၌ ဖြစ်သောစိတ် - ပဉ္စဒွါရာဝဇ္ဇန်း - သမ္ပဋိစ္ဆိုန်းဒွေး ဟူသော မနောဓာတ် ၃ ပါး |
4 | 2 | 1976 | ဂေါတြဘူ အမည်ရနိုင်သောစိတ်တို့ကို ဖော်ပြ၍ အောက်ပါဇောများကို ရေးပါ။ (က) ၁ ကြိမ်သာစောသောဇော (ခ) ရ ကြိမ်သာစောသောဇော | ဂေါတြဘူ အမည်ရနိုင်သောစိတ်မှာ - မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄ ပါး - မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄ ပါး (က) ၁ ကြိမ်သာစောသောဇော - အာဒိကမ္မိကစျာနဝီထိတွင် စျာန်ဇော ၁ ကြိမ် - အဘိညာဉ်ဝီထိတွင် အဘိညာဉ်ဇော ၁ ကြိမ် - မဂ္ဂဝီထိတွင် မဂ်ဇော ၁ ကြိမ် - နိရောဓသမာပတ်မှထစဉ် အနာဂါမ်ဖြစ်လျှင် အနာဂါမိဖိုလ်ဇော ၁ ကြိမ် ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်ဇော ၁ ကြိမ် (ခ) ရ ကြိမ်သာစောသောဇော - ပကတိ ရိုးရိုးအခါ ကာမဇော ရ ကြိမ် - ကာမအဓိဋ္ဌာနဝီထိ၌ အဓိဋ္ဌာန်ဇော ရ ကြိမ် - စျာန်အင်္ဂါကို သာမန်ဆင်ခြင်စဉ် ပစ္စဝေက္ခဏဇော ရ ကြိမ် |
5 | 2 | 1976 | ပုထုဇဉ် ရူပဗြဟ္မာကြီး စုတေက စုတေသည်နှင့် တစ်ပြိုင်နက် ဝက်တိရစ္ဆာန် ဖြစ်နိုင်သလော၊ အကြောင်းပြ ဖြေဆို၍ သေခြင်း ၄ မျိုးကို ဖော်ပြပါ။ | ပုထုဇဉ် ရူပဗြဟ္မာကြီး စုတေက စုတေသည်နှင့် တစ်ပြိုင်နက် ဝက်တိရစ္ဆာန် မဖြစ်နိုင်ပါ။ ရူပဗြဟ္မာစုတိနောင် - ကာမသုဂတိ ရ ဘုံ၌ သဟိတ်ပဋိသန္ဓေ - ရူပ ၁၅ ဘုံ ၌ တိဟိတ်ပဋိသန္ဓေ - အရူပ ၄ ဘုံ ၌ တိဟိတ်ပဋိသန္ဓေ အဖြစ် နှောင်းနိုင်သည်ဖြစ်ရာ ထိုနှောင်းနိုင်သော ပဋိသန္ဓေတွင် ဒုဂ္ဂတိအဟိတ်ပဋိသန္ဓေ မပါဝင်သောကြောင့် စုတေသည်နှင့် ဝက်တိရစ္ဆာန် မဖြစ်နိုင်ပါ။ သေခြင်း ၄ မျိုးမှာ (၁) အာယုက္ခယ - သက်တမ်းကုန်၍ သေခြင်း (၂) ကမ္မက္ခယ - ကံကုန်၍ သေခြင်း (၃) ဥဒယက္ခယ - ကံ၊ သက်တမ်း ၂ မျိုးကုန်၍ သေခြင်း (၄) ဥပစ္ဆေဒကကံ - ကံဆိုးဖြတ်ချွေ ရုတ်တရက်သေခြင်း တို့ဖြစ်သည်။ |
6 | 2 | 1976 | ဥတုသည် ရုပ် ၂၈ ပါးတွင် မည်သည့်ရုပ် ဖြစ်ပါသနည်း။ ရုပ်ဖြစ်ကြောင်းတရားများ ကိုလည်း သိသာရုံ ဖော်ပြပါ။ | ဥတုသည် ရုပ် ၂၈ ပါးတွင် မဟာဘုတ်လေးပါးတွင် အပါအဝင်ဖြစ်သည့် တေဇောဓာတ် ဖြစ်ပါသည်။ ရုပ်ဖြစ်ကြောင်းတရားများမှာ ၁။ ကံ ၂။ စိတ် ၃။ ဥတု ၄။ အာဟာရ တို့ဖြစ်ပါသည်။ |
1 | 3 | 1976 | စိတ်အကျယ် ၁၂၁ ပါးကို ကုသိုလ်၊ အကုသိုလ်၊ ဝိပါက်၊ ကြိယာအားဖြင့် ခွဲခြားရေတွက်ပြပါ။ | စိတ်အကျယ် ၁၂၁ ပါးကို - ကုသိုလ် = ၃၇ ပါး - အကုသိုလ် = ၁၂ ပါး - ဝိပါက် = ၅၂ ပါး - ကြိယာ = ၂၀ ပါး ဟူ၍ ရေတွက်နိုင်ပါသည်။ |
2 | 3 | 1976 | အကုသိုလ် စေတသိက် ၁၄ ပါးတို့တွင် အကုသိုလ်ပြုလုပ်တိုင်း ယှဉ်နိုင်သော စေတသိက်တို့ကို ရေတွက်ပြပါ။ | အကုသိုလ် စေတသိက် ၁၄ ပါးတို့တွင် အကုသိုလ်ပြုလုပ်တိုင်း ယှဉ်နိုင်သောစေတသိက်တို့မှာ (၁) မောဟ (၂) အဟိရိက (၃) အနောတ္တပ္ပ (၄) ဥဒ္ဓစ္စ ဟူ၍ သဗ္ဗာကုသလသာဓာရဏစေတသိက် ၄ ပါး ဖြစ်ပါသည်။ |
3 | 3 | 1976 | ဓမ္မာရုံ ၆ ပါးကို ရေတွက်ပြ၍ ဟဒယဝတ္ထုကို အမြဲမှီသောစိတ်တို့ကို ရေတွက်ပြပါ။ | ဓမ္မာရုံ ၆ ပါးမှာ - ပသာဒရုပ် ၅ ပါး - သုခုမရုပ် ၁၆ ပါး - စိတ် ၈၉ ပါး - စေတသိက် ၅၂ ပါး - ပညတ် - နိဗ္ဗာန် ဟဒယဝတ္ထုကို အမြဲမှီသောစိတ် - ဒေါသမူ ၂ ပါး - မနောဓာတ် ၃ ပါး - သန္တီရဏ ၃ ပါး - ဟသိတုပ္ပါဒ် - မဟာဝိပါက် ၈ ပါး - ရူပစိတ် ၁၅ ပါး - သောတာပတ္တိမဂ်စိတ် ပေါင်း ၃၃ ပါး ဖြစ်ပါသည်။ |
4 | 3 | 1976 | ဒွိဟိတ်ပုဂ္ဂိုလ်များ တရားအားထုတ်ပါက စျာန် မဂ် ဖိုလ် ရနိုင် မရနိုင် ပုဂ္ဂိုလ်စိတ်ရကို ထောက်ထား၍ ဖြေပါ။ | ဒွိဟိတ်ပုဂ္ဂိုလ်များ ရနိုင်သောစိတ်မှာ - အကုသိုလ်စိတ် ၁၂ ပါး - ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ ပါး - မဟာကုသိုလ်စိတ် ၈ ပါး - မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄ ပါး ပေါင်း ၄၁ ပါးရနိုင်ပါသည်။ ထိုရနိုင်ရာ စိတ်များထဲတွင် စျာန်စိတ်၊ မဂ်စိတ်၊ ဖိုလ်စိတ် များပါဝင်နေခြင်း မရှိသောကြောင့် ဒွိဟိတ်ပုဂ္ဂိုလ်များ မည်သို့ပင် အားထုတ်ပါသော်လည်း စျာန် မဂ် ဖိုလ် မရနိုင်ပါ။ |
5 | 3 | 1976 | ခွေး ကြောင် ကြက် စသော တိရစ္ဆာန်တို့၏ ပဋိသန္ဓေစိတ်ကို ဖော်ပြ၍ သက်တမ်းမမြဲသော သတ္တဝါတို့ကို ဖော်ပြပါ။ | ခွေး ကြောင် ကြက် စသော တိရစ္ဆာန်တို့၏ ပဋိသန္ဓေစိတ်မှာ - အကုသလဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေစိတ် သတ်မှတ်မရသော ပုဂ္ဂိုလ်များမှာ - ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော အပါယ် ၄ ဘုံသားများ - တောင်ကျွန်းသူ/သားများ - ဘုမ္မဇိုးများကို မှီခိုနေသော ဝိနိပါတိက အသူရာများ တို့ဖြစ်ကြသည်။ |
6 | 3 | 1976 | ကမ္မဇရုပ်ကလာပ်၊ အာဟာရဇရုပ်ကလာပ်တို့ကို ရေတွက်ပြ၍ ဂဗ္ဘသေယျကသတ္တဝါအား ပဋိသန္ဓေအခါ ရနိုင်သော ရုပ်ကလာပ်၊ ချို့တဲ့နိုင်သော ရုပ်ကလာပ်တို့ကို ဖော်ပြပါ။ | ကမ္မဇရုပ်ကလာပ်တို့မှာ ၁။ စက္ခုဒသကကလာပ် ၂။ သောတဒသကကလာပ် ၃။ ဃာနဒသကကလာပ် ၄။ ဇိဝှါဒသကကလာပ် ၅။ ကာယဒသကကလာပ် ၆။ ဣတ္ထိဒသကကလာပ် ၇။ ပုမ္ဘာဝဒသကကလာပ် ၈။ ဝတ္ထုဒသကကလာပ် ၉။ ဇိဝိတနဝကကလာပ် အာဟာရဇရုပ်ကလာပ်တို့မှာ ၁။ သုဒ္ဓဋ္ဌကကလာပ် ၂။ လဟုတာဒိဧကာဒသကကလာပ် တို့ဖြစ်ပါသည်။ ဂဗ္ဘသေယျကသတ္တဝါအား ပဋိသန္ဓေအခါ ရနိုင်သော ရုပ်ကလာပ်မှာ ၁။ ကာယဒသကကလာပ် ၂။ ဘာဝဒသကကလာပ် ၃။ ဝတ္ထုဒသကကလာပ် ချို့တဲ့နိုင်သော ရုပ်ကလာပ်မှာ - ဘာဝဒသကကလာပ် ဖြစ်ပါသည်။ |
2 | 4 | 1976 | မဟာကုသိုလ် ပထမစိတ်၌ ယှဉ်နိုင်သောစေတသိက်များကို ရေတွက်ပြပါ။ | မဟာကုသိုလ် ပထမစိတ်၌ ယှဉ်နိုင်သောစေတသိက်များမှာ (၁) သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး (၂) ပကိဏ်း စေတသိက် ၆ ပါး (၃) သောဘနသာဓာရဏစေတသိက် ၁၉ ပါး (၄) ဝိရတီစေတသိက် ၃ ပါး (၅) အပ္ပမညာစေတသိက် ၂ ပါး (၆) ပညိန္ဒြေစေတသိက် ၁ ပါး ပေါင်း ၃၈ ပါး ဖြစ်ပါသည်။ |
5 | 4 | 1976 | အောက်ပါ အကုသိုလ်ကံတို့၏ ဖြစ်ကြောင်းမူလ တရားကို ဖော်ပြပါ။ (က) အဒိန္နာဒါန (ခ) မိစ္ဆာဒိဋ္ဌိ (ဂ) မုသာဝါဒ (ဃ) ဖရုသဝါစာ (င) အဘိဇ္စျာ | (က) အဒိန္နာဒါနကံ၏ ဖြစ်ကြောင်းမူလတရား - လောဘ၊ ဒေါသ (ခ) မိစ္ဆာဒိဋ္ဌိကံ၏ ဖြစ်ကြောင်းမူလတရား - လောဘ (ဂ) မုသာဝါဒကံ၏ ဖြစ်ကြောင်းမူလတရား - လောဘ၊ ဒေါသ (ဃ) ဖရုသဝါစာ၏ ဖြစ်ကြောင်းမူလတရား - ဒေါသ (င) အဘိဇ္စျာ - လောဘ တို့ဖြစ်ပါသည်။ |
1 | 1 | 1977 | အကုသိုလ်စိတ် ၁၂ ပါးကို အသင်္ခါရိကစိတ်၊ သသင်္ခါရိကစိတ်၊ သင်္ခါရကွဲပြားမှု မရှိသောစိတ်အားဖြင့် ခွဲခြားရေတွက်ပြပါ။ | အကုသိုလ်စိတ် ၁၂ ပါးကို - အသင်္ခါရိကစိတ် = ၅ ပါး - သသင်္ခါရိကစိတ် = ၅ ပါး - သင်္ခါရကွဲပြားမှု မရှိသောစိတ် = ၂ ပါး ဟူ၍ ရေတွက်နိုင်ပါသည်။ |
2 | 1 | 1977 | စိတ်အနည်းဆုံး ယှဉ်နိုင်သော စေတသိက်၊ စိတ်အများဆုံး ယှဉ်နိုင်သော စေတသိက်များကို ဖော်ပြပါ။ | စိတ်အနည်းဆုံး ယှဉ်နိုင်သော စေတသိက် - ဝိစိကိစ္ဆာစေတသိက် ဖြစ်ပါသည်။ စိတ်အများဆုံး ယှဉ်နိုင်သောစေတသိက် - သဗ္ဗစိတ္တသာဓာရဏ စေတသိက် ဖြစ်ပါသည်။ |
3 | 1 | 1977 | ဝေဒနာဘယ်နှစ််မျိုး ရှိပါသနည်း။ မိမိခြေထောက်၌ ဆူးစူးခံရလျှင် မည်သည့်ဝေဒနာမျိုး ဖြစ်ပါသနည်း။ | ဝေဒနာသည် (၁) အနုဘဝနနည်းအားဖြင့် - ဒုက္ခဝေဒနာ - သုခဝေဒနာ - အဒုက္ခမသုခဝေဒနာ (၂) ဣန္ဓြိယဘေဒနည်းအားဖြင့် - ဒုက္ခဝေဒနာ - သုခဝေဒနာ - သောမနဿဝေဒနာ - ဒေါမနဿဝေဒနာ - ဥပေက္ခာဝေဒနာ ဟူ၍ ရှိကြပါသည်။ မိမိခြေထောက်၌ ဆူးစူးခံရလျှင် ဒုက္ခဝေဒနာ ဖြစ်ပါသည်။ |
4 | 1 | 1977 | ဒွါရအားဖြင့်လည်းကောင်း၊ ဝိညာဏ်အားဖြင့် လည်းကောင်း၊ ဝိသယပ္ပဝတိ(အာရုံ) အားဖြင့်လည်းကောင်း ဝီထိ ၆ မျိုးပြားပုံကို ရေတွက်ပြပါ။ | ဒွါရအားဖြင့် ဝီထိ ၆ မျိုးမှာ (၁) စက္ခုဒွါရိကဝီထိ (၂) သောတဒွါရိကဝီထိ (၃) ဃာနဒွါရိကဝီထိ (၄) ဇိဝှါဒွါရိကဝီထိ (၅) ကာယဒွါရိကဝီထိ (၆) မနောဒွါရိကဝီထိ ဝိညာဏ်အားဖြင့် ဝီထိ ၆ မျိုးမှာ (၁) စက္ခုဝိညာဏဝီထိ (၂) သောတဝိညာဏဝီထိ (၃) ဃာနဝိညာဏဝီထိ (၄) ဇိဝှါဝိညာဏဝီထိ (၅) ကာယဝိညာဏဝီထိ (၆) မနောဝိညာဏဝီထိ ဝိသယပ္ပဝတ္တိအားဖြင့် ဝီထိ ၆ မျိုးမှာ (၁) အတိမဟန္တာရုံဝီထိ (၂) မဟန္တာရုံဝီထိ (၃) ပရိတ္တာရုံဝီထိ (၄) အတိပရိတ္တာရုံဝီထိ (၅) ဝိဘူတာရုံဝီထိ (၆) အဝိဘူတာရုံဝီထိ တို့ဖြစ်ကြပါသည်။ |
5 | 1 | 1977 | ရှင်ပြုသော အလှူပွဲတစ်ခု၌ ပုညကြိယဝတ္ထု ၁၀ ပါး စုံလင်စွာဖြစ်ပုံကို ထင်ရှားအောင် ရေးပြပါ။ | ရှင်ပြုသော အလှူပွဲတစ်ခု၌ ပုညကြိယဝတ္ထု ၁၀ ပါးမှာ (၁) ဒါန - လှူဖွယ် အစုစုကို အလှူပြုရာ၌ (၂) ပတ္တိဒါန - အလှူပြုပြီး အမျှအတန်းဝေရာ၌ (၃) ပတ္တာနုမောဒနာ - အမျှအတန်းပေးဝေမှုကို ဝမ်းမြောက်စွာ သာဓုခေါ်ရာ၌ (၄) သီလ - အလှူပြုရာတွင် သီလနှင့်တကွ စောင့်ထိန်းရာ၌ (၅) အပစာယန - အလှူခံပုဂ္ဂိုလ်တို့အား လေးလေးစားစား ရိုသေစွာ ဆက်ဆံခြင်းဖြင့် (၆) ဝေယျာဝစ္စ - အလှူ၌ လိုအပ်သော အမှုကိစ္စကြီးငယ်ကို ပြုလုပ်ခြင်းဖြင့် (၇) ဘာဝနာ - ပြုအပ်သောအလှူ၊ စောင့်ထိန်းအပ်သော သီလ စသည်တို့ကို အောက်မေ့ပွားများအပ်သော စာဂဘာဝနာ၊ သီလဘာဝနာ စသည်ဖြင့် (၈) ဓမ္မဒေသနာ - သံဃာတော်များက တရားတော်ကို ကရုဏာရှေ့ထား ဟောကြားရာ၌ (၉) ဓမ္မသာဝနာ - ဟောကြားသော တရားတော်ကို ရိုရိုသေသေ နာယူစဉ်၌ (၁၀) ဒိဌိဇုကမ္မ - ကံကို ယုံကြည်လျက် အလှူပြုစဉ် တို့ဖြစ်ကြပါသည်။ |
6 | 1 | 1977 | ရုပ် ၂၈ ပါးကို အကျဉ်းချုပ် ရေတွက်ပြ၍ သစ်ပင်များ၌ ဇိဝိတရုပ်(အသက်) ရှိသလော၊ သစ်ပင်၌ ရှိသောရုပ်များကို ရေတွက် ဖော်ပြ၍ ဖြေဆိုပါ။ | ရုပ် ၂၈ ပါးမှာ ၁။ မဟာဘုတ် ၄ ပါး ၂။ ဥပါဒါရုပ် ၁၄ ပါးတို့ဖြစ်ပါသည်။ သစ်ပင်များ၌ ဇိဝိတရုပ်(အသက်) မရှိပါ။ သစ်ပင်၌ ရှိသောရုပ်များမှာ ဗဟိဒ္ဓသန္တာန်၌ဖြစ်ကြသည့် ၁။ ပထဝီ ၂။ အာပေါ ၃။ တေဇော ၄။ ဝါယော ၅။ ဝဏ္ဏ ၆။ ဂန္ဓ ၇။ ရသ ၈။ သြဇ ရုပ်တို့ဖြစ်ပါသည်။ |
7 | 1 | 1977 | ပရမတ္တအစစ်(ဝတ္တုဓမ္မ)များကို အကျဉ်းအားဖြင့် ရေတွက်ပပြြီးလျှင် ပါပသင်္ဂဟ ၉ပါးကို ဖော်ပြပါ။ | ပရမတ္တအစစ်(ဝတ္တုဓမ္မ)များမှာ ၁။ စိတ် ၁ ပါး ၂။ စေတသိက် ၅၂ ပါး ၃။ နိဖ္ဖန္နရုပ် ၁၈ ပါး ၄။ နိဗ္ဗာန် ၁ ပါး ပေါင်း ရ၂ ပါးတို့ဖြစ်ပါသည်။ ပါပသင်္ဂဟ ၉ပါးမှာ ၁။ အာသဝ ၄ ပါး ၂။ သြဃ ၄ ပါး ၃။ ယောဂ ၄ ပါး ၄။ ဂန္ထ ၄ ပါး ၅။ ဥပါဒါန် ၄ ပါး ၆။ နီဝရဏ ၆ ပါး ၇။ အနုသယ ၇ ပါး ၈။ သံယောဇဉ် ၁၀ ပါး ၉။ ကိလေသာ ၁၀ ပါး တို့ဖြစ်ကြပါသည်။ |
8 | 1 | 1977 | ပဋိစ္စသမုပ္ပါဒ်နည်းနှင့် ပဋ္ဌာန်းနည်းထူးပုံကို သဂြိုဟ်လာအတိုင်း သိသာအောင် ဖော်ပြ၍ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ကာလ ၃-ပါးဖြင့် ဝေဖန်ဖော်ပြပါ။ | ပဋိစ္စသမုပ္ပါဒ်နည်းနှင့် ပဋ္ဌာန်းနည်းထူးပုံမှာ ၁။ ပဋိစ္စသမုပ္ပါဒ်နည်း `အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ (ပေ)၊ ဒေါမနဿုပါယာသာ သမ ္ဘဝန္တိ´။`အဝိဇ္ဇာပစ္စယာသင်္ခါရာ´သည် အဝိဇ္ဇာ ဟူသော ပစ္စည်းတရားကြောင့် သင်္ခါရ ဟူသည့် ပစ္စယုပ္ပန်တရား ဖြစ်သည်ကို ပြ၏။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်နည်းသည် ပစ္စည်းနှင့် ပစ္စယုပ္ပန်တို့၏ အကြောင်း အကျိုး ဆက်နွှယ်မှု ကိုသာ ပြ၏။ မည်သည့် ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည် ဟူသော ပစ္စယသတ္တိထူးကို မပြချေ။ ၂။ ပဋ္ဌာန်းနည်း `ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော…´ ဤပဋ္ဌာန်းပါဠိတွင် `ဟေတု´ဖြင့် ပစ္စည်းကို ပြ၏။ ဟေတုသမ္ပယုတ္တကာနံဓမ္မာနံ တံသမုဋ္ဌာနာနဉ္စရူပါနံ´ဖြင့် ပစ္စယုပ္ပန်ကို ပြ၏။ `ဟေတု ပစ္စယေန´ဖြင့် ဟေတုပစ္စယ သတ္တိကို ပြ၏။ ထို့ကြောင့် ပဋ္ဌာန်းနည်းသည် ပစ္စည်း-ပစ္စယုပ္ပန် တို့ကိုသာမက ပစ္စယသတ္တိထူးကိုပါ သေချာစွာ ထုတ်ဖော် ပြ၏။ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ကာလ ၃-ပါးဖြင့် (၁) အတိတ်ကာလ - အဝိဇ္ဇာ၊ သင်္ခါရ။ (၂) ပစ္စုပ္ပန်ကာလ - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။ (၃) အနာဂတ်ကာလ - (ဥပပတ္တိဘဝ) ဇာတိ၊ ဇရာ- မရဏ။ ဟူ၍ ဝေဖန်နိုင်ပါသည်။ |
9 | 1 | 1977 | သောတာပန်ဖြစ်ပုံ အကျဉ်းချုပ် ဖော်ပပြြီး သောတာပန်ဖြစ်သွားသော ယောဂီပုဂ္ဂိုလ်တစ်ဦးသည် မိမိရရှိသော တရားထူးကို ဧကန် သိနိုင် မသိနိုင် ဖြေဆိုပါ။ | သောတာပန်ဖြစ်ပုံ အကျဉ်းချုပ်မှာ - - မဂ္ဂင် ၈ ပါးကျင့်စဉ် (ဝါ) သီလ-သမာဓိ-ပညာ သိက္ခာ ၃ ရပ်ကျင့်စဉ်ဖြစ်၏ - ယောဂီပုဂ္ဂိုလ်သည် သီလလုံခြုံစွာ စောင့်ထိန်းပြီး သမထ ဘာဝနာဖြင့် သမာဓိထူထောင်သည်။ - သမာဓိယှဉ်သောစိတ်ဖြင့် ရုပ်တရား၊ နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ သုံးပါးတင်၍ ဝိပဿနာ ရှုပွားသည်။ - သမ္မသနဉာဏ်မှ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၁၀ ပါး အဆင့်ဆင့် ရင့်ကျက်လာသည်။ - အနုလောမဉာဏ် အဆုံး၌ နိဗ္ဗာန်ကို မျက်မှောက်ပြုသော ဂေါတြဘူစိတ်ဖြစ်သည်။ ထိုစိတ်သည် ပုထုဇဉ် အနွယ်ကို ဖြတ်၍ အရိယာအနွယ်ကို ဖြစ်စေသည်။ - အကြောင်းမှာ ထိုစိတ်ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် နိဗ္ဗာန်ကို မျက်မှောက်ပြုသော သောတာပတ္တိမဂ်စိတ်၊ ထိုနောက် သောတာပတ္တိဖိုလ်စိတ်တို့ ဖြစ်လာသည်။ ထိုပုဂ္ဂိုလ်သည် သောတာပန်အရိယာဖြစ်ပြီး သောတာပတ္တိဖိုလ်ဝင်စားခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်သည်။ သောတာပန်ဖြစ်သွားသော ယောဂီပုဂ္ဂိုလ်တစ်ဦးသည် မိမိရရှိသော တရားထူးကို ဧကန် သိနိုင်ပါသည်။ ဧကန်သိရန်ကား ပစ္စဝေက္ခဏာဉာဏ်ဖြင့် ပြန်လည် ဆင်ခြင်ရပေသည်။ |
1 | 2 | 1977 | စိတ်တစ်ခုယုတ် ကိုးဆယ်ကို ဘူမိဘေဒအားဖြင့် ရေတွက်ပြပါ။ | စိတ်တစ်ခုယုတ် ကိုးဆယ်ကို ဘူမိဘေဒအားဖြင့် - ကာမစိတ် = ၅၄ ပါး - ရူပစိတ် = ၁၅ ပါး - အရူပစိတ် = ၁၂ ပါး - လောကုတ္တရာစိတ် = ၈ ပါး ဟူ၍ ရေတွက်နိုင်ပါသည်။ |
2 | 2 | 1977 | အကုသိုလ်စေတသိက်ပေါင်း မည်မျှရှိသည်ဟု ရေတွက်ပပြြီးလျှင်၊ အကုသလသာဓာရဏ အမည်ရသော စေတသိက်တို့ကိုလည်း ဖော်ပြပါ။ | အကုသိုလ်စေတသိက်ပေါင်းမှာ - မောဟ အဟိရိက အနောတ္တပ္ပ - လောဘ ဒိဋ္ဌိ မာန - ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ - ထိန မိဒ္ဓ ဝိစိကိစ္ဆာ ပေါင်း ၁၄ ပါး ရှိပါသည်။ အကုသလသာဓာရဏ အမည်ရသော စေတသိက်တို့မှာ (၁) သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါး (၂) ဝိတက် ဝိစာရ ဝီရိယ ၃ ပါး (၃) မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ဟူသော သဗ္ဗာကုသလသာဓာရဏ စေတသိက် ၄ ပါး ပေါင်း ၁၄ ပါး တို့ဖြစ်ပါသည်။ |
3 | 2 | 1977 | လူတို့ ပဋိသန္ဓေနေသောအခါ၊ အိပ်ပျော်သောအခါ သေသောအခါတို့၌ ဖြစ်နိုင်သောစိတ်တို့ကို ရေတွက်ဖော်ပြပါ။ | လူတို့ ပဋိသန္ဓေနေသောအခါ၊ အိပ်ပျော်သောအခါ သေသောအခါတို့၌ ဖြစ်နိုင်သောစိတ်တို့မှာ - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁ ပါး - မဟာဝိပါက် ၈ ပါး တို့ဖြစ်ပါသည်။ |
4 | 2 | 1977 | ရွှေတိဂုံစေတီတော်ကြီးကို မျက်ဝါးထင်ထင် ဖူးမြင်ရသောအခါ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်လာသော စက္ခုဝိညာဏဝီထိစိတ် ဖြစ်စဉ်ကို ဖော်ပြပါ။ | ရွှေတိဂုံစေတီတော်ကြီးကို မျက်ဝါးထင်ထင် ဖူးမြင်ရသောအခါ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်လာသော စက္ခုဝိညာဏဝီထိစိတ်ဖြစ်စဉ်မှာ (၁) ပဉ္စဒွါရာဝဇ္ဇန်း ၁ ကြိမ် (၂) အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ် ၁ ကြိမ် (၃) အဟိတ်ကုသလဝိပါက် သမ္ပဋိ စိ္ဆုန်း ၁ ကြိမ် (၄) အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ ၁ ကြိမ် (၅) ဝုဋ္ဌော ၁ ကြိမ် (၆) ကာမဇော ရ ကြိမ် (၇) မဟာဝိပါက် သောမနဿတဒါရုံ ၄ ပါး၊ သောမနဿသန္တီရဏတဒါရုံစိတ် ၁ ပါး၊ ပေါင်း ၅ ပါးမှ ၁ ပါးပါးသည် ၂ ကြိမ် တို့ဖြစ်သည်။ |
6 | 2 | 1977 | အောက်ပါရုပ်များကို ရေတွက်ပြပါ။ (က) ကမ္မဇရုပ် (ခ) စိတ္တဇရုပ် | (က) ကမ္မဇရုပ်များမှာ ၁။ အဝိနိဗေ္ဘာရုပ် ၈ ပါး ၂။ ပရိစ္ဆေဒရုပ် ၁ ပါး ၃။ ဣန္ဒြိယရုပ် ၈ ပါး ၄။ ဟဒယရုပ် ၁ ပါး ပေါင်း ၁၈ ပါး (ခ) စိတ္တဇရုပ်များမှာ ၁။ အဝိနိဗေ္ဘာရုပ် ၈ ပါး ၂။ ပရိစ္ဆေဒရုပ် ၁ ပါး ၃။ ဝိညတ်ရုပ် ၂ ပါး ၄။ သဒ္ဒရုပ် ၁ ပါး ၅။ လဟုတာဒိရုပ် ၃ ပါး ပေါင်း ၁၅ ပါး ဖြစ်ပါသည်။ |
7 | 2 | 1977 | ကိလေသာ ၁၀ပါး ကို ရေတွက်ပြ၍ ဒိဌိ စေတသိက်တစ်ခုတည်းကို သီလဗ္ဗတ ပရာမာသသံယောဇဉ်ဟုလည်းကောင်း၊ ဣဒံသစ္စာဘိနိဝေသကာယဂန္တတရားဟုလည်းကောင်း၊ အတ္တဝါဒုပါဒါန်ဟုလည်းကောင်း ခွဲခြား၍ ဟောရပုံကို သင်္ဂြိုဟ်လာအတိုင်းဖော်ပြပါ။ | ကိလေသာ ၁၀ပါးမှာ ၁။ လောဘ ၂။ ဒေါသ ၃။ မောဟ ၄။ မာန ၅။ ဒိဋ္ဌိ ၆။ ဝိစိကိစ္ဆာ ၇။ ထိန ၈။ ဥဒ္ဓစ္စ ၉။ အဟိရိက ၁၀။ အနောတ္တပ္ပ တို့ဖြစ်ကြသည်။ ဒိဋ္ဌိစေတသိက်တစ်ပါးတည်းကိုပင် “သီလဗ္ဗတပရာမာသ” စသော အမည်အသီးသီးဖြင့် ဆိုရခြင်းအကြောင်းမှာ- (၁) သီလဗ္ဗတပရာမာသဒိဋ္ဌိသည် - နွား၊ ခွေး တို့၏ အလေ့အကျင့်ဖြင့် ကိလေသာမှ စင်ကြယ်ကာ သံသရာမှ လွတ်မြောက်လွယ်၏” ဟု ယူ၏။ (၂) ဣဒံသစ္စာဘိနဝေသဒိဋ္ဌိသည် - ဤငါ၏အယူသာ အမှန်၊ ကျန်အယူတွေ အမှားချည်းဟု စွဲမြဲစွာယူ၏။ (၃) အတ္တဝါဒုပါဒါန်ဒိဋ္ဌိသည် - အတ္တရှိ၏ဟု ယူ၏။ ဤသို့စွဲယူပုံ အခြင်းအရာ ကွဲပြားသောကြောင့် တရားကိုယ်အားဖြင့် ဒိဋ္ဌိစေတသိက်တစ်ခုတည်း ကိုပင် “သီလဗ္ဗတပရာမာသ” စသော အမည်အသီးသီး တပ်၍ ဆိုခြင်းဖြစ်ပေသည်။ |
8 | 2 | 1977 | အဝိဇ္ဇာ၏ အကြောင်းတရားများကို ရှာဖွေပြ၍ အောက်ပါပဋ္ဌာန်းပစ္စည်းများ၏ သရုပ်အရေအတွက်များကို သဂြိုဟ်လာအတိုင်း ရေတွက်ပြပါ။ (က) နာမ်က ရုပ်အား ကျေးဇူးပြုသော ပစ္စည်း (ခ) ရုပ်က နာမ်အား ကျေးဇူးပြုသော ပစ္စည်း | အဝိဇ္ဇာ၏ အကြောင်းတရားများမှာ ၁။ ကာမာသဝ ၂။ ဘဝါသဝ ၃။ ဒိဋ္ဌာသဝ ၄။ အဝိဇ္ဇာသဝ ဟူသော “အာသဝေါတရား ၄-ပါး”ကြောင့် ဖြစ်ပါသည်။ (က) နာမ်က ရုပ်အား ကျေးဇူးပြုသော ပစ္စည်း နောက်နောင်၌ ဖြစ်သော စိတ်စေတသိက်တို့သည် ရှေ့ရှေ့၌ ဖြစ်သော ရူပကာယအား ပစ္ဆာဇာတပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏ (ခ) ရုပ်က နာမ်အား ကျေးဇူးပြုသော ပစ္စည်း ဝတ္ထုရုပ် ၆ ပါးတို့သည် ပဝတ္တိအခါ၌ ဝိညာဏဓာတ် ၇ ပါး၎င်း အာရုံ ၅ ပါးတို့သည် ပဉ္စဝိညာဏဝီထိတို့အား ၎င်း ပုရေဇာတပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏ |
1 | 3 | 1977 | သောတာပတ္တိမဂ်စိတ် ၅ ပါးကို စျာန်အင်္ဂါဖြင့် ဝေဖန်ပြပါ။ | - သောတာပတ္တိမဂ် ပထမစျာန်စိတ် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်း ဟူသော စျာန်အင်္ဂါ ၅ ပါး - သောတာပတ္တိမဂ် ဒုတိယစျာန်စိတ် ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်း ဟူသော စျာန်အင်္ဂါ ၄ ပါး - သောတာပတ္တိမဂ် တတိယစျာန်စိတ် ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်း ဟူသော စျာန်အင်္ဂါ ၃ ပါး - သောတာပတ္တိမဂ် စတုတ္ထစျာန်စိတ် သုခ၊ ဧကဂ္ဂတာတည်း ဟူသော စျာန်အင်္ဂါ ၂ ပါး - သောတာပတ္တိမဂ် ပဉ္စမစျာန်စိတ် ဥပေက္ခာ၊ ဧကဂ္ဂတာတည်း ဟူသော စျာန်အင်္ဂါ ၂ ပါး |
2 | 3 | 1977 | ကရုဏာ - မုဒိတာ ပွားများသောအခါ ဖြစ်ပေါ်နိုင်သော စိတ်များကို ရေးသားဖော်ပြပါ။ | ကရုဏာ - မုဒိတာ ပွားများသောအခါ ဖြစ်ပေါ်နိုင်သော စိတ်များမှာ - မဟာကုသိုလ်စိတ် ၈ ပါး - မဟာကြိယာစိတ် ၈ ပါး - ပဉ္စမစျာန်စိတ်ကြဉ် မဟဂ္ဂုတ်စိတ် ၁၂ ပါး ပေါင်း ၂၈ ပါး ဖြစ်ပါသည်။ |
3 | 3 | 1977 | လောကုတ္တရာစိတ် ၈ ပါးကို ဝေဒနာ-ဟိတ်-ကိစ္စ ဒွါရ အာရုံ ဝတ္ထုအားဖြင့် ဝေဖန်ပြပါ။ | လောကုတ္တရာစိတ် ၈ ပါးကို - ဝေဒနာ အကျဉ်း ၈ ပါးဖြစ်သောကြောင့် ဝေဒနာ မကွဲပြား။ (တနည်း အကျယ်စိတ်မှ တဆင့်ကောက်ယူသော် သောနဿဝေဒနာ၊ ဥပေက္ခာဝေဒနာ) - ဟိတ် အလောဘ၊ အဒေါသ၊ အမောဟ - ကိစ္စ ဇောကိစ္စ - ဒွါရ မနောဒွါရ - အာရုံ နိဗ္ဗာန် ဧကန်အာရုံ - ဝတ္ထု သောတာပတ္တိမဂ် - ဟဒယဝတ္ထု အမြဲမှီ ကျန် ၇ ပါး - ရံခါမှီ၍ ရံခါမမှီ |
4 | 3 | 1977 | တဒါရုံဖြစ်ရန် လိုအပ်သော အင်္ဂါအချက်အလက်များကို စုံလင်စွာ ရေတွက်ပြ၍ တစ်ကြိမ်သာ စောသောဇောများကို သက်ဆိုင်ရာ ဝီထိအမည်နှင့် ယှဉ်တွဲဖြေဆိုပါ။ | တဒါရုံဖြစ်ရန် လိုအပ်သော အင်္ဂါအချက်အလက်မှာ (၁) ကာမဇော (၂) ကာမသတ္တဝါ (၃) ကာမအာရုံ (အတိမဟန္တာရုံနှင့် ဝိဘူတာရုံ) တို့ဖြစ်သည်။ တစ်ကြိမ်သာ စောသောဇောများမှာ (၁) မဟဂ္ဂုတ်စျာန်ဇော ၁ ကြိမ် - အာဒိကမ္မိကစျာနဝီထိ (၂) အဘိညာဉ်ဇော ၁ ကြိမ် - အဘိညာဉ်ဝီထိ (၃) မဂ်ဇော ၁ ကြိမ် - မဂ္ဂဝီထိ (၄) နိရောဓသမာပတ်မှထစဉ် - အနာဂမ်ဖြစ်လျှင် အနာဂါမိဖိုလ်ဇော ၁ ကြိမ် - နိရောဓသမာပတ်ဝီထိ - ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်ဇော ၁ ကြိမ် - နိရောဓသမာပတ်ဝီထိ တို့ဖြစ်ပါသည်။ |
6 | 3 | 1977 | အသညသတ်ဘုံနှင့် လူ့ဘုံသည် ရုပ်ပိုင်းအရ မည်သို့ခြားနားမှု ရှိပါသနည်း။ ရနိုင်သော ရုပ်များကို အသီးသီး ရေတွက်၍ ရှင်းပြပါ။ | အသညသတ်ဘုံတွင် - ပဋိသန္ဓေအခါ ၁။ အဝိနိဗေ္ဘာရုပ် ၈ ပါး ၂။ ဇိဝိတရုပ် ၁ ပါး ၃။ ပရိစ္ဆေဒရုပ် ၁ ပါး ၄။ ဥပစယ ၅။ သန္တတိ ပေါင်း ၁၂ ပါး - ပဝတ္တိအခါ ၁။ အဝိနိဗေ္ဘာရုပ် ၈ ပါး ၂။ ဇိဝိတရုပ် ၁ ပါး ၃။ ပရိစ္ဆေဒရုပ် ၁ ပါး ၄။ လက္ခဏာရုပ် ၄ ပါး ၅။ လဟုတာဒိ ၃ ပါး ပေါင်း ၁၇ ပါး လူ့ဘုံတွင် - ပဋိသန္ဓေအခါ သဒ္ဒ ၁၊ ဝိညတ် ၂၊ လဟုတာဒိ ၃၊ ဇရတာ၊ အနိစ္စတာ ၈ ပါ ကြဉ် ရုပ်၂၀ ပါး - ပဝတ္တိအခါ ရုပ် ၂၈ ပါးစလုံး ဖြစ်နိုင်ကြသည်။ |
7 | 3 | 1977 | မိစ္ဆာမဂ္ဂင်နှင့် သမ္မာမဂ္ဂင်များကို ခွဲခြားရေတွက်၍ သမ္မာသမာဓိနှင့် မိစ္ဆာသမာဓိတို့၏ ခြားနားချက်များကို ဖော်ပြပါ။ | မိစ္ဆာမဂ္ဂင်များမှာ ၁။ မိစ္ဆာဒိဋ္ဌိ ၂။ မိစ္ဆာသင်္ကပ္ပ ၃။ မိစ္ဆာဝါယာမ ၄။ မိစ္ဆာသမာဓိ သမ္မာမဂ္ဂင်များမှာ ၁။ သမ္မာဒိဋ္ဌိ ၂။ သမ္မာသင်္ကပ္ပ ၃။ သမ္မာဝါစာ ၄။ သမ္မာကမ္မန ္တ ၅။ သမ္မာအာဇီဝ ၆။ သမ္မာဝါယာမ ၇။ သမ္မာသတိ ၈။ သမ္မာသမာဓိ တို့ဖြစ်ကြပါသည်။ သမ္မာသမာဓိ - ကောင်းစွာတည်ကြည်မှု။ - မဟာကုသိုလ် ၈ ပါး၊ မဟာကြိယာ ၈ ပါး အပ္ပနာဇော ၂၆ ပါး၊ ပေါင်း ၄၂ ပါးတွင် ယှဉ်သော ဧကဂ္ဂတာစေတသိက်။ မိစ္ဆာသမာဓိ - မှားယွင်းစွာ တည်ကြည်မှု - ဝိစိကိစ္ဆာသဟဂုတ်စိတ်ကြဉ် အကုသိုလ်စိတ် ၁၁ ပါးတွင် ယှဉ်သော ဧကဂ္ဂတာစေတသိက်။ |
8 | 3 | 1977 | နွား ဟူသောအသံကို ကြားရသောအခါ နွားဒပြ်ကို သိသည်အထိ အဆင့်ဆင့် ဖြစ်လာသော ဝီထိများကို သဂြိုဟ်လာအတိုင်း ရေတွက်ပြပါ။ | နွား ဟူသောအသံကို ကြားရသောအခါ နွားဒပြ်ကို သိသည်အထိ အဆင့်ဆင့် ဖြစ်လာသော ဝီထိများမှာ ၁) သောတဝိညာဏဝီထိ နွားဟူသော စကားသံကို ကြားရသောအခါ ထိုစကားသံ၏ ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြုလျက် သောတဝိညာဏဝီထိ ဖြစ်၏ - ဘဘ "တီ န ဒ ပ သော သံ ဏ ဝု ဇဇဇဇဇဇဇ ရုံရုံ" ဘ ၂) တဒနုဝတ္ထိကာ မနောဒွါရဝီထိ ထို့နောက် ချုပ်ပြီးသွားသော အတိတ်သဒ္ဒါရုံကို အာရုံပြုလျက် တဒနုဝတ္ထိကာ မနောဒွါရဝီထိ ဖြစ်၏ - ဘဘ "န ဒ မ ဇဇဇဇဇဇ ရုံရုံ" ဘဘ ၃) သဒ္ဒပညတ်ကိုသိသော နာမဂ္ဂဟဏမနောဒွါရဝီထိ ထို့နောက် နွားဟူသော သဒ္ဒပညတ်ကို အာရုံပြုလျက် နာမဂ္ဂဟဏ တတိယ မနောဒွါရဝီထိ ဖြစ်၏ - ဘဘ "န ဒ မ ဇဇဇဇဇဇဇ" ဘဘ 4) ဒပြ်ကို အာရုံပြုသော အတ္ထဂ္ဂဟဏမနောဒွါရဝီထိ ထို့နောက် နွားဟူသော အနက်ဒပြ်အတ္ထပညတ်ကို အာရုံပြုလျက် အတ္ထဂ္ဂဟဏမနောဒွါရဝီထိ ဖြစ်၏ ထိုစတုတ္ထဝီထိဖြင့်သာ နွား ဟူသောအနက်ဒပြ် အတ္ထပညတ်ကို သိနိုင်၏ - ဘဘ "န ဒ မ ဇဇဇဇဇဇဇ" ဘဘ |
2 | 4 | 1977 | စိတ်နှင့် အမြဲယှဉ်သော စေတသိက် အမြဲမယှဉ်သော စေတသိက်များကို ခွဲခြားရေတွက်ပြပါ။ | စိတ်နှင့်အမြဲယှဉ်သော စေတသိက်တို့မှာ ၁။ အညသမာန်းစေတသိက် ၁၃ ပါး ၂။ သဗ္ဗာကုသလသာဓာရဏ စေတသိက် ၄ ပါး ၃။ လောဘ၊ ဒိဋ္ဌိ၊ ဒေါသ၊ ဝိစိကိစ္ဆာ ၄ ပါး ၅။ သောဘနသာဓာရဏစေတသိက် ၁၉ ပါး ၆။ ပညိန္ဒြေစေတသိက် ၁ ပါး ပေါင်း နိယတ ၄၁ ပါးဖြစ်ပါသည်။ အမြဲမယှဉ်သော စေတသိက်တို့မှာ ၁။ မာန ၂။ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ ၃။ ထိန၊ မိဒ္ဓ ၄။ ဝိရတီစေတသိက် ၃ ပါး ၅။ အပ္ပမညာစေတသိက် ၂ ပါး ပေါင်း အနိယတ ၁၁ ပါးဖြစ်ပါသည်။ |
4 | 4 | 1977 | အောက်ပါဘုံများကို ရေတွက်ပြပါ။ (က) ပုထုဇဉ်သာ ဖြစ်ကောင်းသောဘုံ (ခ) ပုထုဇဉ် မဖြစ်နိုင်သောဘုံ (ဂ) သောတာပန်ပုဂ္ဂိုလ် မဖြစ်နိုင်သောဘုံ | (က) ပုထုဇဉ်သာ ဖြစ်ကောင်းသောဘုံ - အပါယ် ၄ ဘုံ - အသညသတ်ဘုံ (ခ) ပုထုဇဉ် မဖြစ်နိုင်သောဘုံ - သုဒ္ဓါဝါသ ၅ ဘုံ (ဂ) သောတာပန်ပုဂ္ဂိုလ် မဖြစ်နိုင်သောဘုံ - အပါယ် ၄ ဘုံ - အသညသတ်ဘုံ - သုဒ္ဓါဝါသ ၅ ဘုံ - အရူပ ၄ ဘုံ |
7 | 4 | 1977 | ဣန္ဒြေ ၂၂မျိုးကို အောက်ပါအတိုင်းရေတွက်ပြပါ။ (က) ရုပ်သက်သက် ဣန္ဒြေ၊ (ခ) နာမ်သက်သက် ဣန္ဒြေ၊ (ဂ) ရုပ်နာမ် ၂-မျိုးရောသော ဣန္ဒြေ၊ | (က) ရုပ်သက်သက် ဣန္ဒြေ ၁။ စက္ခုန္ဒြေ ၂။ သောတိန္ဒြေ ၃။ ဃာနိန္ဒြေ ၄။ ဇိဝှိန္ဒြေ ၅ ကာယိန္ဒြေ ၆။ ဣတ္ထိန္ဒြေ ၇။ ပုရိသိန္ဒြေ (ခ) နာမ်သက်သက် ဣန္ဒြေ ၁။ မနိန္ဒြေ ၂။ သုခိန္ဒြေ ၃။ ဒုက္ခိန္ဒြေ ၄။ သောမနဿိန္ဒြေ ၅။ ဒေါမနဿိန္ဒြေ ၆။ ဥပေက္ခိန္ဒြေ ၇။ သဒ္ဓိန္ဒြေ ၈။ ဝိရိယိန္ဒြေ ၉။ သတိန္ဒြေ ၁၀။ သမာဓိန္ဒြေ ၁၁။ ပညိန္ဒြေ ၁၂။ အနညာတညဿာမိတိန္ဒြေ ၁၃။ အညိန္ဒြေ ၁၄။ အညာတာဝိန္ဒြေ (ဂ) ရုပ်နာမ် ၂-မျိုးရောသော ဣန္ဒြေ၊ ၁။ ဇိဝိတိန္ဒြေ တို့ဖြစ်ကြပါသည်။ |
4 | 5 | 1977 | ရူပဘုံနှင့် အရူပဘုံတို့၌ ဖြစ်နိုင်သော ဝီထိစိတ်တို့ကို ရေတွက်ပြပါ။ | ရူပဘုံ၌ ဖြစ်နိုင်သော ဝီထိစိတ် - ဒေါသမူဒွေကြဉ် အကုသိုလ် ၁၀ ပါး - ဃာန၊ ဇိဝှါ၊ ကာယဝိညာဏ်ကြဉ် အဟိတ်စိတ် ၁၂ ပါး - မဟာကုသိုလ်စိတ် ၈ ပါး - မဟာကြိယာစိတ် ၈ ပါး - မဟဂ္ဂုတ်ကုသိုလ်စိတ် ၉ ပါး - မဟဂ္ဂုတ်ကြိယာစိတ် ၉ ပါး - လောကုတ္တရာစိတ် ၈ ပါး အရူပဘုံ၌ ဖြစ်နိုင်သော ဝီထိစိတ် - ဒေါသမူဒွေကြဉ် အကုသိုလ် ၁၀ ပါး - မနောဒွါရာဝဇ္ဇန်း ၁ ပါး - မဟာကုသိုလ်စိတ် ၈ ပါး - မဟာကြိယာစိတ် ၈ ပါး - အရူပကုသိုလ်စိတ် ၄ ပါး - အရူပကြိယာစိတ် ၄ ပါး - သောတာပတ္တိမဂ်ကြဉ် လောကုတ္တရာစိတ် ၇ ပါး |
7 | 5 | 1977 | ဗောဓိပက္ခိယသင်္ဂဟ၌ သင်္ဂဟ ရမျိုးကို ရေတွက်၍ သမ္မပ္ပဓာန်တရား ၄ပါးကို ရေးသားပြပါ။ | ဗောဓိပက္ခိယသင်္ဂဟ၌ သင်္ဂဟ ရမျိုးမှာ ၁။ သတိပဌာန် ၄ ပါး ၂။ သမ္မပ္ပဓာန် ၄ ပါး ၃။ ဣဒ္ဓိပါဒ် ၄ ပါး ၄။ ဣန္ဒြေ ၅ ပါး ၅။ ဗိုလ် ၅ ပါး ၆။ ဗောဇ္စျင် ၇ ပါး ၇။ မဂ္ဂင် ၈ ပါး တို့ဖြစ်ကြပါသည်။ သမ္မပ္ပဓာန်တရား ၄ပါးမှာ ၁။ ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယာမော ၂။ အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယ ဝါယာမော ၃။ အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယ ဝါယာမော ၄။ ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယာမော တို့ဖြစ်ပါသည်။ |
1 | 1 | 1978 | လူဘုံ၌ ဖြစ်သော ကာမစိတ် ၅၄ ပါးကို ဝေဒနာဘေဒနည်းအားဖြင့် ရေတွက်ပြ၍ စိတ် ၈၉ ပါးတွင် မြင်နိုင်သည့်စိတ်ကို တစ်ခုစီ ရေတွက်ပြပါ။ | လူဘုံ၌ ဖြစ်သော ကာမစိတ် ၅၄ ပါးကို - သောနဿဝေဒနာ = ၁၈ ပါး - ဒေါမနဿဝေဒနာ = ၂ ပါး - ဥပေက္ခာဝေဒနာ = ၃၂ ပါး - ဒုက္ခဝေဒနာ = ၁ ပါး - သုခဝေဒနာ = ၁ ပါး ဟူ၍ ခွဲခြားနိုင်ပါသည်။ စိတ် ၈၉ ပါးတွင် မြင်နိုင်သည့်စိတ်မှာ (၁) အကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ ပါး (၂) အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ ပါး တို့ဖြစ်ပါသည်။ |
2 | 1 | 1978 | အောက်ပါစိတ်တို့၌ ယှဉ်နိုင်သည့် စေတသိက်များကို ရေတွက်ပြပါ။ (က) ၀ီစိကိစ္ဆာသဟဂုတ်စိတ်၊ (ခ) ကာယဝိညာဏ်စိတ် | (က) ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ယှဉ်နိုင်သော စေတသိက်များမှာ ၁။ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါး ၂။ အဓိမောက္ခ၊ ပီတိ၊ ဆန္ဒကြဉ် ပကိဏ်းစေတသိက် ၃ ပါး ၃။ အကုသလသာဓာရဏ စေတသိက် ၄ ပါး ၄။ ဝိစိကိစ္ဆာစေတသိက် ၁ ပါး ပေါင်း ၁၅ ပါး (ခ) ကာယဝိညာဏ်စိတ်၌ ယှဉ်နိုင်သော စေတသိက်များမှာ ၁။ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါး တို့ဖြစ်ပါသည်။ |
3 | 1 | 1978 | အောက်ပါစိတ်များကို ရေတွက်ပြပါ။ (က) မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော ဒွါရ ၅ ပါး၌သာ ဖြစ်သောစိတ် (ခ) မနောဒွါရ၌သာ ဖြစ်သောစိတ် | (က) မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော ဒွါရ ၅ ပါး၌သာ ဖြစ်သောစိတ် - ပဉ္စဒွါရာဝဇ္ဇန်း - သမ္ပဋိစ္ဆိုန်းဒွေး ဟူသော မနောဓာတ် ၃ ပါး (ခ) မနောဒွါရ၌သာ ဖြစ်သောစိတ် အပ္ပနာဇော ၂၆ ပါး တို့ဖြစ်ပါသည်။ |
5 | 1 | 1978 | ပဋိသန္ဓေနေခြင်း ၄ မျိုးကို ရေးသား၍ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသည့် သတ္တဝါများကို ဖော်ပြပါ။ | (ဘုံပိုင်းလာ) ပဋိသန္ဓေနေခြင်း ၄ မျိုးမှာ (၁) အပါယ်ပဋိသန္ဓေ ၁ ပါး (၂) ကာမသုဂတိပဋိသန္ဓေ ၉ ပါး (၃) ရူပပဋိသန္ဓေ ၆ ပါး (၄) အရူပပဋိသန္ဓေ ၄ ပါး တို့ဖြစ်ပါသည်။ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသည့် သတ္တဝါများမှာ - ဇန္စန္ဓ အစရှိသော လူကျိုး / လူကန်းများနှင့် - စာတုမဟာရာဇ်၌ ဖြစ်သော ဘုမ္မဇိုးနတ်ကြီးများကို မှီခို ကပ်နေကြရသော ဝိနိပါတိက အသုရာ တို့ဖြစ်ကြပါသည်။ |
6 | 1 | 1978 | ဇာတိရုပ်ဆိုသည်မှာ အဘယ်နည်း၊ စိတ်က ရုပ်ကို ဖြစ်စေရာ၌ ဖြစ်စေပုံ၊ ဖြစ်စေနည်း ကို ရှင်းပြပါ။ | ဇာတိရုပ်ဆိုသည်မှာ ရုပ်တို့၏ ဖြစ်ပေါ်မှုသဘောများဖြစ်ကြသည့် - ဥပစယနှင့် - သန္တတိရုပ် တို့ဖြစ်ကြသည်။ စိတ်က ရုပ်ကို ဖြစ်စေရာ၌ စိတ်တို့သည် - ပဋိသန္ဓေစိတ်နောင် ပထမဘဝင်၏ ဥပါဒ်ခဏမှ စ၍ မိမိ၏ ဥပါဒ်တိုင်း၊ ဥပါဒ်တိုင်း၌ ရုပ်ကို ဖြစ်စေ၏။ |
7 | 1 | 1978 | အာသဝ၊ ဂန္ထ၊ ဥပါဒါန်တရားများကို ရေတွက်ပြ၍ အသီးသီးတရားကိုယ်အရ ကောက်ပြပါ။ | အာသဝ ၄ ပါးနှင့် တရားကိုယ်များမှာ ၁။ ကာမာသဝ - လောဘမူ ၈ ပါး၌ ယှဉ်သော လောဘစေတသိက် ၂။ ဘဝါသဝ - လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် ၄ ပါး၌ ယှဉ်သော လောဘစေတသိက် ၃။ ဒိဋ္ဌာသဝ - လောဘမူ ဒိဋ္ဌိဂတသပ္ပယုတ် ၄ ပါး၌ ယှဉ်သော ဒိဋ္ဌိစေတသိက် ၄။ အဝိဇ္ဖာသဝ - အကုသိုလ် ၁၂ ပါး၌ ယှဉ်သော မောဟစေတသိက် ဂန္ထ ၄ ပါးနှင့် တရားကိုယ်များမှာ ၁။ အဘိဇ္စျှကာယဂန္ထ - လောဘစေတသိက် ၂။ ဗျာပါဒကာယဂန္ထ - ဒေါသစေတသိက် ၃။ သီလဗ္ဗတပရာမာသကာယဂန္ထ - ဒိဋ္ဌိစေတသိက် ၄။ ဣဒံသစ္စာဘိနိဝေသသကာယဂန္ထ - ဒိဋ္ဌိစေတသိက် ဥပါဒါန် ၄ ပါးနှင့် တရားကိုယ်များမှာ ၁။ ကာမုပါဒါန် - လောဘစေတသိက် ၂။ ဒိဋ္ဌုပါဒါန် - ဒိဋ္ဌိစေတသိက် ၃။ သီလဗ္ဗတုပါဒါန် - ဒိဋ္ဌိစေတသိက် ၄။ အတ္တဝါဒုပါဒါန် - ဒိဋ္ဌိစေတသိက် တို့ဖြစ်ကြပါသည်။ |
8 | 1 | 1978 | ဇာတိ၏ အကျိုးရင်းနှင့် အကျိုးဆက်တို့ကို ခွဲခြား ဖော်ပြ၍ ပဋိစ္စသမုပ္ပါဒ်ကို အလွှာလေးပါးဖြင့် ခွဲခြားပြပါ။ | ဇာတိ၏ အကျိုးရင်း = ဇရာ-မရဏ ဇာတိ၏ အကျိုးဆက် =သောက၊ ပရိဒေဝ၊ ဒုက္ခ ဒေါမနဿ၊ ဥပါယာသ ပဋိစ္စသမုပ္ပါဒ်ကို အလွှာလေးပါးဖြင့် ခွဲရသော်- (၁) အတိတ်အကြောင်းလွှာ - အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ (၂) ပစ္စုပ္ပန်အကျိုးလွှာ - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ (၃) ပစ္စုပ္ပန်အကြောင်းလွှာ - တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ (၄) အနာဂတ်အကျိုးလွှာ - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ တို့ဖြစ်ပါသည်။ |
9 | 1 | 1978 | အာနာပါနကမ္မဋ္ဌာန်းအားထုတ်ရာ၌ ပဋိဘာဂနိမိတ် ထင်ခွင့် ရှိ မရှိ ဆုံးဖြတ်၍ ပဉ္စမစျာန်အထိ ရနိုင်သော ကမ္မဋ္ဌာန်းနှင့် ပဉ္စမစျာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်းများကို ဖော်ပြပါ။ | အာနာပါနကမ္မဋ္ဌာန်းအားထုတ်ရာ၌ ပဋိဘာဂနိမိတ် ထင်ခွင့် ရှိပါသည်။ စျာန်တစ်ခု ရရှိစေရန် (၁) ပရိကမ္မနိမိတ် (၂) ဥဂ္ဂဟနိမိတ် (၃) ပဋိဘာဂနိမိတ် ဟူသော နိမိတ် ၃ ပါးပေါ်ပြီးမှ စျာန်ရနိုင်ပါသည်။ အာနာပါနကမ္မဋ္ဌာန်းသည် စျာန်ရနိုင်သော ကမ္မဋ္ဌာန်းဖြစ်သောကြောင့် ပဋိဘာဂနိမိတ် ထင်ခွင့် ရှိပါသည်။ ပဉ္စမစျာန်အထိ ရနိုင်သော ကမ္မဋ္ဌာန်း - ကသိုဏ်း ၁၀ ပါး - အာနာပါနုဿတိ ပေါင်း ၁၁ ပါး ပဉ္စမစျာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်းများ - ဥပေက္ခာဗြဟ္မဝိဟာရ ၁-ပါး - အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါး ပေါင်း ၅ ပါး |
1 | 2 | 1978 | စျာန်ရပုဂ္ဂိုလ်တို့၏ မဟဂ္ဂုတ်စိတ် ၂၇ ပါးကို စျာနဘေဒနည်းအားဖြင့် ရေတွက်ပြ၍ စိတ်အကျယ် ၁၂၁ ပါးတို့တွင် လောကုတ္တရာ ဥပေက္ခာသဟဂုတ်စိတ်များကို ရေတွက်ပြပါ။ | စျာန်ရပုဂ္ဂိုလ်တို့၏ မဟဂ္ဂုတ်စိတ် ၂၇ ပါးကို စျာနဘေဒနည်းအားဖြင့် - ပထမစျာန် = ၃ ပါး - ဒုတိယစျာန် = ၃ ပါး - တတိယစျာန် = ၃ ပါး - စတုတ္ထစျာန် = ၃ ပါး - ပဉ္စမစျာန် = ၁၅ ပါး ဟူ၍ ရေတွက်နိုင်ပါသည်။ စိတ်အကျယ် ၁၂၁ ပါးတို့တွင် လောကုတ္တရာ ဥပေက္ခာသဟဂုတ်စိတ်များမှာ (၁) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ပဉ္စမစျာန်စိတ် ၈ ပါး တို့ဖြစ်ပါသည်။ |
2 | 2 | 1978 | ဒုစရိုက်မှုကို လက်တွေ့့ရှောင်ကြဉ်သောအခါ ဖြစ်ပေါ်သော ဝိရတီစေတသိက် ၃-ခု၏ အဓိပ္ပါယ်ကို ၁-ခုစီ ရှင်းပြ၍ ဝေဒနာစေတသိက်နှင့် ယှဉ်နိုင်သောစိတ်များကို ဘူမိဘေဒနည်းအားဖြင့် ရေတွက်ပြပါ။ | ဒုစရိုက်မှုကို လက်တွေ့ ရှောင်ကြဉ်သောအခါ ဖြစ်ပေါ်သော ဝိရတီစေတသိက် ၃-ခုမှာ - သမ္မာဝါစာ အသက်မွေးဝမ်းကြောင်းနှင့် မသက်ဆိုင်ဘဲ ဝစီဒုစရိုက် ၄ ပါးကို ရှောင်ကြဉ်ခြင်းသဘော။ - သမ္မာကမ္မန္တ အသက်မွေးဝမ်းကြောင်းနှင့် မသက်ဆိုင်ဘဲ ကာယဒုစရိုက် ၃ ပါးကို ရှောင်ကြဉ်ခြင်းသဘော။ - သမ္မာအာဇီဝ အသက်မွေးဝမ်းကြောင်းနှင့် ဆက်စပ်လျက် ဝစီဒုစရိုက် ၄ ပါး၊ ကာယဒုစရိုက် ၃ ပါးကို ရှောင်ကြဉ်ခြင်းသဘော။ တို့ဖြစ်ပါသည်။ ဝေဒနာစေတသိက်နှင့် ယှဉ်နိုင်သောစိတ်များ (၁၂၁) ပါးကို ဘူမိဘေဒနည်းအားဖြင့် - ကာမာဝစရစိတ် - ၅၄ ပါး - ရူပါဝစရစိတ်- ၁၅ ပါး - အရူပါဝစရစိတ် - ၁၂ ပါး - လောကုတ္တရာစိတ် - ၄၀ ပါး ဟူ၍ ရေတွက်နိုင်ပါသည်။ |
3 | 2 | 1978 | စိတ် စေတသိက်များကို မှီ၍ ဖြစ်ရသော လူကိုယ်ရှိ ဝတ္ထုရုပ် ၆ ပါးကို ရေတွက်ပြ၍ ဖောဋ္ဌဗ္ဗာရုံကို ဧကန်အာရုံပြုနိုင်သည့် စိတ်များကို ရေတွက်ပြပါ။ | စိတ် စေတသိက်များကို မှီ၍ ဖြစ်ရသော လူကိုယ်ရှိ ဝတ္ထုရုပ် ၆ ပါးမှာ - စက္ခုဝတ္ထု - သောတဝတ္ထု - ဃာနဝတ္ထု - ဇိဝှါဝတ္ထု - ကာယဝတ္ထု - ဟဒယဝတ္ထု ဖောဋ္ဌဗ္ဗာရုံကို ဧကန်အာရုံပြုနိုင်သည့် စိတ်များ - ကာယဝိဉာဏ် ဒွေ ဖြစ်ပါသည်။ |
5 | 2 | 1978 | ငါးပါးသီလ ဆောက်တည်လျှင် မည်သည့်ကုသိုလ် ဖြစ်မည်နည်း။ ထိုကုသိုလ်ကြောင့် သွားရောက်နိုင်သောဘုံများကို ဖော်ပြပါ။ | ငါးပါးသီလ ဆောက်တည်လျှင် - ကာမဝစရကုသိုလ် ၈ ပါးမှ တစ်ပါးပါး ဖြစ်ပါသည်။ ထိုကုသိုလ်ကြောင့် သွားရောက်နိုင်သောဘုံများမှာ - ကာမသုဂတိ ရ ဘုံ ဖြစ်သည်။ |
6 | 2 | 1978 | အောက်ပါတို့သည် ရုပ်ဖြစ်ကြောင်းတရားများတွင် မည်သည့်အကြောင်းများကြောင့် ဖြစ်ကြသနည်း။ အသီးသီး ဖော်ပြပါ။ (က) မျက်စိအကြည်ဓာတ် (ခ) အသက်ရှူသံ (ဂ) ရုပ်ခန္ဓာ၏ပေါ့ပါးမှု (ဃ) ခေါင်းလောင်းသံ (င) မေးမြန်းသည့်အခါ ဦးခေါင်းခါပြခြင်း | ရုပ်ဖြစ်ကြောင်းတရားများမှာ (က) မျက်စိအကြည်ဓာတ် - ကံ (ခ) အသက်ရှူသံ စိတ် (ဂ) ရုပ်ခန္ဓာ၏ပေါ့ပါးမှု စိတ်၊ ဥတု၊ အာဟာရ (ဃ) ခေါင်းလောင်းသံ ဥတု (င) မေးမြန်းသည့်အခါ ဦးခေါင်းခါပြခြင်း စိတ် တို့ဖြစ်ပါသည်။ |
7 | 2 | 1978 | ဧကဂ္ဂတာသည် မည်သည့်စိတ်များနှင့်ယှဉ်ခိုက် မဂ္ဂင်ဟု ခေါ်ဆိုခြင်းငှာ မထိုက်ပါသနည်း။ ထိုစိတ်များကို ရေတွက်ပြပါ။ | ဧကဂ္ဂတာသည် အဟိတ်စိတ် ၁၈ ပါး ဝိစိကိစ္ဆာသဟဂုတ်စိတ်များနှင့် ယှဉ်ခိုက် မဂ္ဂင်ဟု ခေါ်ဆိုခြင်းငှာ မထိုက်ပါ။ |
8 | 2 | 1978 | ပဋ္ဌာန်းဥပနိဿယပစ္စည်း၃မျိုးကို ခွဲခြားဖော်ပြ၍ အတ္တိပစ္စည်း ၅ မျိုးကိုလည်းရေတွက်ပြပါ။ | ပဋ္ဌာန်းဥပနိဿယပစ္စည်း၃မျိုးမှာ ၁။ အာရမ္မဏူပနိဿယ ၂။ အနန ္တရူပနိဿယ ၃။ ပကတူပနိဿယ တို့ဖြစ်ကြသည်။ အတ္တိပစ္စည်း ၅ မျိုးမှာ ၁။ သဟဇာတတ္ထိ ၂။ ပုရေဇာတတ္ထိ ၃။ ပစ္ဆာဇာတတ္ထိ ၄။ အာဟာရတ္ထိ ၅။ ဣန္ဒြိယတ္ထိ တို့ဖြစ်ပါသည်။ |
9 | 2 | 1978 | ရူပစျာန်ကိုရပြီးနောက် အာရုပ္ပစျာန်လေးပါးကို ရရန် ပရိကမ်ပြုနည်းများကို အစဉ်အတိုင်းဖော်ပြပါ။ | ရူပစျာန်ကိုရပြီးနောက် ၁။ အာကာသာနဉ္စာယတနစျာန်ရရန် ပရိကမ်ပြုပုံ - ကသိုဏ်းဝန်းစသည်ကို အာရုံပြု၍ ရလာသော ပဉ္စမစျာန်ကို အပြစ်မြင်၊ - ထိုကသိုဏ်းအာရုံကို နှလုံးမသွင်းဘဲ ခွာလိုက်သဖြင့် ဖြစ်ပေါ်လာသော အာကာသကို အာရုံပြု - အာကာသောအနန္တော(ကောင်းကင်ပြင်ကြီး အဆုံးမရှိ)ဟု ရွတ်ဆို၍သော်လည်းကောင်း၊ စိတ်ဖြင့် မှတ်၍သော်လည်းကောင်း ပရိကမ်ပြုရမည်။ ၂။ ဝိညာဏဉ္စာယတနစျာန်ရရန် ပရိကမ်ပြုပုံ - အာကာသာနဉ္စာယတနစျာန်ကို အပြစ်မြင် - အာကာသာနဉ္စာယတနစျာန်ကို အာရုံပြု - ဝိညာဏံ အနန္တံ (ပထမာရုပ္ပစိတ်သည် အဆုံးမရှိ)ဟု ရွတ်ဆို၍သော်လည်းကောင်း၊ စိတ်ဖြင့် မှတ်၍သော်လည်းကောင်း ပရိကမ်ပြုရမည်။ ၃။ အာကိဉ္စညာယတနစျာန်ရရန် ပရိကမ်ပြုပုံ - ဝိညာဏဉ္စာယတနစျာန်ကို အပြစ်မြင် - အာကာသာနဉ္စာယတနာစျာန်၏ မရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြု - နတ္ထိကိဉ္စိ (စိုးစဉ်း အနည်းမျှမရှိ)ဟု ရွတ်ဆို၍သော်လည်းကောင်း၊ စိတ်ဖြင့် မှတ်၍သော်လည်းကောင်း ပရိကမ်ပြုရမည်။ ၄။ နေဝသညာနာသညာယတနစျာန်ရရန် ပရိကမ်ပြုပုံ - အာကိဉ္စညာယတနစျာန်ကို အပြစ်မြင် - အာကိဉ္စညာယတနစျာန်ကို အာရုံပြု - သန ္တမေတံ ပဏီတမေတံ (တတိယာရုပ္ပစိတ်သည် ငြိမ်သက်ပေစွ၊ မွန်မြတ်ပေစွ)ဟု ရွတ်ဆို၍သော်လည်းကောင်း၊ စိတ်ဖြင့် မှတ်၍သော်လည်းကောင်း ပရိကမ်ပြုရမည်။ |
1 | 3 | 1978 | စိတ်အကျယ် ၁၂၁ ပါးကို ဇာတိဘေဒနည်းအားဖြင့် ရေတွက်ပြ၍ လောကီစိတ် ၈၁ ပါးတွင် ပထမစျာန်စိတ်များကို တစ်ခုစီ ရေတွက်ပြပါ။ | စိတ်အကျယ် ၁၂၁ ပါးကို ဇာတိဘေဒနည်းအားဖြင့် - ကုသိုလ် = ၃၇ ပါး - အကုသိုလ် = ၁၂ ပါး - ဝိပါက် = ၅၂ ပါး - ကြိယာ = ၂၀ ပါး ဟူ၍ ရေတွက်နိုင်ပါသည်။ လောကီစိတ် ၈၁ ပါးတွင် ပထမစျာန်စိတ်များမှာ (၁) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ ပါးနှင့်တကွ ဖြစ်သော ရူပါဝစရ ကုသိုလ် ပထမစျာန်စိတ် ၁ ပါး (၂) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ ပါးနှင့်တကွ ဖြစ်သော ရူပါဝစရ ဝိပါက် ပထမစျာန်စိတ် ၁ ပါး (၃) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ ပါးနှင့်တကွ ဖြစ်သော ရူပါဝစရ ကြိယာ ပထမစျာန်စိတ် ၁ ပါး တို့ဖြစ်ပါသည်။ |
2 | 3 | 1978 | သူတစ်ပါး မတိုက်တွန်းဘဲ ဉာဏ်နှင့်ယှဉ်၍ ဝမ်းမြောက်ဝမ်းသာ မြတ်စွာဘုရားအား လှူသည့် ကျောင်းသူ၏ ကုသိုလ်စိတ်မှာ ယှဉ်နိုင်သော စေတသိက်များကို ရေတွက်ပြပါ။ | သူတစ်ပါး မတိုက်တွန်းဘဲ ဉာဏ်နှင့်ယှဉ်၍ ဝမ်းမြောက်ဝမ်းသာ မြတ်စွာဘုရားအား လှူသည့် ကျောင်းသူ၏ ကုသိုလ်စိတ် (မဟာကုသိုလ် ပထမစိတ်)၌ ယှဉ်နိုင်သော စေတသိက်များမှာ ၁။ အညသမာန်းစေတသိက် ၁၃ ပါး ၂။ သောဘနသာဓာရဏစေတသိက် ၁၉ ပါး ၃။ ပညိန္ဒြေစေတသိက် ၁ ပါး ပေါင်း ၃၃ ပါး ဖြစ်ပါသည်။ |
3 | 3 | 1978 | ကျောင်းသားတစ်ယောက်သည် စာမေးပွဲဖြေရန် စာကျက်နေစဉ် အိပ်ပျော်သွားရာ အိပ်ပျော်နေစဉ် သူ၏စိတ်သည် မည်သည့်ဒွါရ၌ ဖြစ်ပြီး မည်သည့်အာရုံကို အာရုံပြုပါသနည်း။ | ကျောင်းသားတစ်ယောက်သည် စာမေးပွဲဖြေရန် စာကျက်နေစဉ် အိပ်ပျော်သွားရာ အိပ်ပျော်နေစဉ် သူ၏စိတ်သည် - မည်သည့်ဒွါရ၌ မဖြစ်ဘဲ (ဒွါရဝိမုတ်) - များသောအားဖြင့် အခြားမဲ့ လွန်ခဲ့ပြီးစဘဝဟောင်းမှ မရဏသန္နဇော ယူပေးအပ်သော ပစ္စုပ္ပန်၊ အတိတ်၊ ပညတ် ဖြစ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟု သမုတ်အပ်သော အာရုံ ၆ ပါးမှ တစ်ပါးပါးသော အာရုံကို ထိုက်သည့်အားလျော်စွာ အာရုံပြုပါသည်။ |
5 | 3 | 1978 | ဒွိဟိတ်ဥက္ကဋ္ဌ ဒါနကုသိုလ်၏ တရားကိုယ်ကို ကောက်ပြ၍ ထိုကုသိုလ်၏ ပဋိသန္ဓေအကျိုးနှင့် ပဝတ္တိအကျိုးတို့ကို ရေးပါ။ | ဒွိဟိတ်ဥက္ကဋ္ဌ ဒါနကုသိုလ်၏ တရားကိုယ်မှာ - မဟာကုသိုလ် ဉာဏဝိပ္ပယုတ်စိတ် ၄ ပါးဖြစ်ပါသည်။ (က) ထိုကုသိုလ်၏ ပဋိသန္ဓေအကျိုးမှာ ကာမသုဂတိ ရ ဘုံတွင် - မဟာဝိပါက် ဉာဏဝိပ္ပယုတ်ပဋိသန္ဓေ (ခ) ထိုကုသိုလ်၏ ပဝတ္တိအကျိုးမှာ - အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး - မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄ ပါး တို့ဖြစ်သည်။ |
6 | 3 | 1978 | သစ်ပင်တောတောင်စသော ဗဟိဒ္ဓသန္တာန်၌ ရနိုင်သော ရုပ်ကလာပ်တို့ကို တိကျစွာ ပြဆို၍ ကမ္မဇရုပ်တို့၏ နောက်ဆုံးဖြစ်ရာကာလ၊ ချုပ်ရာကာလတို့ကို သဂြိုလ်ကျမ်းနှင့်အညီ သတ်မှတ်ပြပါ။ | သစ်ပင်တောတောင်စသော ဗဟိဒ္ဓသန္တာန်၌ ရနိုင်သော ရုပ်ကလာပ်တို့မှာ ၁။ သုဒ္ဓဋ္ဌကဥတုဇကလာပ် ၂။ သဒ္ဒနဝကဥတုဇကလာပ်တို့ဖြစ်ပါသည်။ ကမ္မဇရုပ်တို့၏ - နောက်ဆုံးဖြစ်ရာကာလ စုတိစိတ်မှ နောက်ပြန်ရေတွက်လျှင် ရှေ့ ၁၇ ခုမြောက်သော တစ်ခုခုသောစိတ်၏ ဥပါဒ်ခဏ၌ နောက်ဆုံးဖြစ်သည်။ - ချုပ်ရာကာလ စုတိစိတ်၏ ဘင်နှင့်ပြိုင်၍ ချုပ်သည်။ |
7 | 3 | 1978 | ဗောဓိပက္ခိယသင်္ဂဟ၌ သတိစေတသိက်နှင့် ပညာစေတသိက်တို့ ပါဝင်သော ဌာများကို ရေတွက်ပြပါ။ | ဗောဓိပက္ခိယသင်္ဂဟ၌ - သတိစေတသိက်ပါဝင်သော ဌာများ ၁။ သတိပဋ္ဌာန် ၄ ဌာန ၂။ သတိန္ဒြေ ၃။ သတိဗိုလ် ၄။ သတိဗောဇ္စျင်ဌာန ၅။ သမ္မာသတိမဂ္ဂင် - ပညာစေတသိက်ပါဝင်သော ဌာများ ၁။ ဝီမံသိဒ္ဓိပါဒ် ၂။ ပညိန္ဒြေ ၃။ ပညာဗိုလ် ၄။ ဓမ္မဝိစယသမ္ဗောဇ္စျင် ၅။ သမ္မာဒိဋ္ဌိမဂ္ဂင် တို့ဖြစ်ပါသည်။ |
8 | 3 | 1978 | ဝိဇာမာနပညတ်စသော ပညတ်ခြောက်ပါးကို ပြယုဂ်ပုံစံနှင့် ယှဉ်တွဲပြပါ။ | ဝိဇာမာနပညတ်စသော ပညတ်ခြောက်ပါးကို ပြယုဂ်ပုံစံနှင့်တကွ ပြရသော် (၁) ဝိဇ္ဇာမာနပညတ် ပြယုဂ် - ဝေဒနာ (၂) အဝိဇ္ဇာမာနပညတ် ပြယုဂ် - တော၊ တောင် (၃) ဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် ပြယုဂ် - တဏှာကွန်ယက် (၄) အဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် ပြယုဂ် - မိန်းမအသံ (၅) ဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် ပြယုဂ် - စက္ခုဝိညာဉ် (၆) အဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် ပြယုဂ် - အမေ့သား တို့ဖြစ်ပါသည်။ |
9 | 3 | 1978 | ဝိမောက္ခသုံးပါးကို ရေတွက်ပြ၍ မဂ်သည် ဝိမောက္ခသုံးပါးကွဲပြား၍ အမည်ရပုံကို ရှင်းပြပါ။ | ဝိမောက္ခသုံးပါးမှာ ၁။ အနိမိတ္တဝိမောက္ခ ၂။ အပ္ပဏိဟိတဝိမောက္ခ ၃။ သုညတဝိမောက္ခ မဂ်သည် ဝိမောက္ခသုံးပါးကွဲပြား၍ အမည်ရပုံမှာ - ခန္ဓာငါးပါး သင်္ခါရတရားတို့၌ အတ္တဇီဝမှ ကင်းဆိတ်သည်၏ ဖြစ်၍ သံယောဇဉ် စသည်တို့မှ လွတ်သော မဂ်သည် သုညတဝိမောက္ခ မည်၏။ - နိစ္စနိမိတ်စသည် မရှိသည်ဖြစ်၍ သံယောဇဉ်စသည်မှ လွတ်သော မဂ်သည် အနိမိတ္တဝိမောက္ခ မည်၏။ - တဏှာတည်းဟူသော တောင့်တခြင်း ကင်းသည်ဖြစ်၍ သံယောဇဉ်စသည်မှ လွတ်သော မဂ်သည် အပ္ပဏိဟိတဝိမောက္ခ မည်၏။ |
2 | 4 | 1978 | သူတစ်ပါး မတိုက်တွန်းပဲ အပြစ်မရှိဟု ထင်မှတ်၍ ဝမ်းမြောက်ဝမ်းသာ စာမေးပွဲခိုးဖြေနေသည့် ကျောင်းသား၏ လောဘစိတ်မှာ ယှဉ်နိုင်သော စေတသိက်များကို ရေတွက်ပြပါ။ | သူတစ်ပါး မတိုက်တွန်းပဲ အပြစ်မရှိဟု ထင်မှတ်၍ ဝမ်းမြောက်ဝမ်းသာ စာမေးပွဲခိုးဖြေနေသည့် ကျောင်းသား၏ လောဘစိတ်မှာ ယှဉ်နိုင်သော စေတသိက်များမှာ ၁။ အညသမာန်းစေတသိက် ၁၃ ပါး ၂။ အကုသလသာဓာရဏစေတသိက် ၄ ပါး ၃။ လောဘ၊ ဒိဋ္ဌိ စေတသိက် ၂ ပါး ပေါင်း ၁၉ ပါး ဖြစ်ပါသည်။ |
5 | 4 | 1978 | ရုပ်ဖြင့် ပဋိသန္ဓေနေသောသတ္တဝါ၊ နာမ်ဖြင့် ပဋိသန္ဓေနေသောသတ္တဝါ၊ ရုပ်နာမ်နှစ်ပါးဖြင့် ပဋိသန္ဓေနေသော သတ္တဝါတို့ကို ဖော်ပြ၍၊ ဝိညာဏဉ္စာယတန ဗြဟ္မာကြီး စုတေလျှင် မည်သည့်ဘုံများသို့ ရောက်နိုင်ပါသနည်း၊ ရှင်းပြပါ။ | ရုပ်ဖြင့် ပဋိသန္ဓေနေသောသတ္တဝါ - အသညသတ်ဘုံသား နာမ်ဖြင့် ပဋိသန္ဓေနေသောသတ္တဝါ - အရူပ ၄ ဘုံသား ရုပ်နာမ်နှစ်ပါးဖြင့် ပဋိသန္ဓေနေသော သတ္တဝါ - ကာမ ၁၁ ဘုံသား - အသညသတ်ကြဉ် ရူပ ၁၅ ဘုံသား တို့ဖြစ်ပါသည်။ ဝိညာဏဉ္စာယတန ဗြဟ္မာကြီး စုတေလျှင် ရောက်နိုင်သောဘုံ - ဝိညာဏဉ္စာယတနဘုံ - အာကိဉ္စညာယတနဘုံ - နေဝသညာနာသညာဘုံ - ကာမသုဂတိ ရ ဘုံ တို့ဖြစ်ပါသည်။ |
7 | 4 | 1978 | စိတ်ကိုဓာတ်အားဖြင့် ရေတွက်ပြ၍ အရိယသစ္စာ ၄ပါးမှ လွတ်သော တရားများကို ရေတွက်ပြပါ။ | စိတ်ကို ဓာတ်အားဖြင့် ၁။ စက္ခုဝိညာဏဓာတ် ၂။ သောတဝိညာဏဓာတ် ၃။ ဃာနဝိညာဏဓာတ် ၄။ ဇိဝှါဝိညာဏဓာတ် ၅။ ကာယဝိညာဏဓာတ် ၆။ မနောဓာတ် ၇။ မနောဝိညာဏဓာတ် ဟူ၍ ရေတွက်နိုင်ပါသည်။ အရိယသစ္စာ ၄ပါးမှ လွတ်သော တရားများမှာ - မဂ်စိတ္တုပ္ပါဒ် ၂၉ ပါး - ဖိုလ်စိတ္တုပ္ပါဒ် ၃၇ ပါး တို့ဖြစ်ကြပါသည်။ |
1 | 1 | 1979 | လူတွင် မပြတ်ဖြစ်တတ်သော အကုသိုလ်စိတ် ၁၂ ပါးကို တစ်ခုစီ ရေတွက်ပြပါ။ | လူတွင် မပြတ်ဖြစ်တတ်သော အကုသိုလ်စိတ် ၁၂ ပါးမှာ (၁) သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၂) သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၃) သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၄) သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၅) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၆) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၇) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၈) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၉) ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ် ၁ ပါး (၁၀) ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါသမူစိတ် ၁ ပါး (၁၁) ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ် ၁ ပါး (၁၂) ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ် ၁ ပါး တို့ဖြစ်ကြပါသည်။ |
2 | 1 | 1979 | သဂြိုလ်ကျမ်းလာ စေတသိက် ၅၂-ပါးတို့တွင် မည်သည့်စေတသိက်တို့ကို - သဗ္ဗစိတ္တသာဓာရဏစေတသိက် - ပကိဏ်းစေတသိက်ဟု ခေါ်ပါသနည်း၊ အသီးသီးဖော်ပြပါ။။ | သဂြိုလ်ကျမ်းလာ စေတသိက် ၅၂-ပါးတို့တွင် - သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါးမှာ ၁။ ဖဿ ၂။ ဝေဒနာ ၃။ သညာ ၄။ စေတနာ ၅။ ဧကဂ္ဂတာ ၆။ ဇိဝိတိန္ဒြေ ၇။ မနသိကာရ - ပကိဏ်းစေတသိက် ၆ ပါး တို့မှာ ၁။ ဝိတက် ၂။ ဝိစာရ ၃။ အဓိမောက္ခ ၄။ ဝီရိယ ၅။ ပီတိ ၆။ ဆန္ဒ တို့ဖြစ်ပါသည်။ |
3 | 1 | 1979 | သဟိတ်စိတ်များ မည်မျှရှိသည်ကို သင်္ချာမျှဖော်ပြ၍ ဧကဟိတ်စိတ်၊ ဒွိဟိတ်စိတ်၊ တိဟိတ်စိတ်များကို ခွဲခြားပြပါ။ | သဟိတ်စိတ် ရ၁ ပါး ရှိသည်။ ဧကဟိတ်စိတ် - မောဟမူစိတ် ၂ ပါး ဒွိဟိတ်စိတ် - လောဘမူစိတ် ၈ ပါး - ဒေါသမူစိတ် ၂ ပါး - ဉာဏဝိပ္ပယုတ် မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာ ၁၂ ပါး တိဟိတ်စိတ် - ဉာဏသမ္ပယုတ် မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာ ၁၂ ပါး - မဟဂ္ဂုတ် ၂၇ ပါး - လောကုတ္တရာစိတ် ၈ ပါး တို့ဖြစ်ကြပါသည်။ |
4 | 1 | 1979 | စာဖြေသူ၏ မနောဒွါရဘဝင်၌ ဘုရားရှင်၏ ပုံတော် ထင်ရှားမြင်လာအောင် ဖြစ်နိုင်သည့် ဝီထိကို ချပြ၍ ယင်းဝီထိကိုလည်း စကားပြေဖြင့် ရှင်းလင်းပြခဲ့ပါ။ | စာဖြေသူ၏ မနောဒွါရဘဝင်၌ ဘုရားရှင်၏ ပုံတော် ထင်ရှားမြင်လာအောင် ဖြစ်နိုင်သည့် ဝီထိမှာ - န ဒ မ ဇ ဇ ဇ ဇ ဇ ဇ ဇ ဒ ဒ ဘွင် ဘွင် ဖြစ်ပုံမှာ စာဖြေသူ၏ မနောဒွါရဘဝင်၌ ဘုရားရှင်၏ ပုံတော်အာရုံ ထင်ရှားလာသည့်အခါ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဟု ဘဝင် ၂ ကြိမ်လှုပ်၍ ပျက်ပြီးနောက် မနောဒွါရာဝဇ္ဇန်း ၁ ကြိမ်၊ ကာမဇော ရ ကြိမ်၊ တဒါရုံ ၂ ကြိမ် ဖြစ်၍ ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ ချုပ်ခြင်းရှိသော ထိုဝီထိသည် တဒါရမ္မဏ ကာမဇောဝါရ ဝိဘူတာရုံ မနောဒွါရဝီထိ ဖြစ်၏ |
5 | 1 | 1979 | သုဒ္ဓဝါသဗြဟ္မာဘုံ၌ မဖြစ်နိုင်သော ပုဂ္ဂိုလ်တို့ကို ထုတ်ပြ၍ စာတုမဟာရာဇ်နတ်နှင့် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ သက်တမ်းကို လူတို့၏ အရေအတွက်အားဖြင့် ဖော်ပြပါ။ | သုဒ္ဓဝါသဗြဟ္မာဘုံ၌ မဖြစ်နိုင်သော ပုဂ္ဂိုလ်တို့မှာ - ပုထုဇဉ်ပုဂ္ဂိုလ် ၄ ယောက် - သောတာပတ္တိမဂ်ပုဂ္ဂိုလ် - သောတာပတ္တိဖိုလ်ပုဂ္ဂိုလ် - သကဒါဂါမိမဂ်ပုဂ္ဂိုလ် - သကဒါဂါမိဖိုလ်ပုဂ္ဂိုလ် - အနာဂါမိမဂ်ပုဂ္ဂိုလ် တို့ဖြစ်ပါသည်။ စာတုမဟာရာဇ်နတ် သက်တမ်းကို လူတို့၏ အရေအတွက်အားဖြင့် - နှစ်ပေါင်း ၉ သန်း ဖြစ်သည်။ ပရနိမ္မိတဝသဝတ္တီနတ်တို့၏ သက်တမ်းကို လူတို့၏ အရေအတွက်အားဖြင့် - နှစ်ပေါင်း ၉၂၁၆ သန်း ဖြစ်သည်။ |
6 | 1 | 1979 | အောက်ပါတို့တွင် ရုပ်ဖြစ်ကြောင်း ၄ ပါးတို့တွင် မည်သည့် အကြောင်းကြောင့် ဖြစ်ပါသနည်း။ (က) လျှာအကြည် (ခ) ကိုယ်ဖြင့်သိစေသော အမူအယာ (ဂ) စကားပြောသံ (ဃ) ခေါင်းလောင်းထိုးသံ (င) ကိုယ်ခန္ဓာပေါ့ပါးမှု | ရုပ်ဖြစ်ကြောင်းတရားများမှာ (က) လျှာအကြည် - ကံ (ခ) ကိုယ်ဖြင့်သိစေသော အမူအယာ - စိတ် (ဂ) စကားပြောသံ - စိတ် (ဃ) ခေါင်းလောင်းထိုးသံ - ဥတု (င) ကိုယ်ခန္ဓာပေါ့ပါးမှု - စိတ်၊ ဥတု၊ အာဟာရ တို့ဖြစ်ပါသည်။ |
7 | 1 | 1979 | သင်္ဂြိုဟ်ကျမ်းလာ အကုသလသင်္ဂဟ ၉-ဌာနတို့တွင် လောဘစေတသိက်ကို ကောက်ရသော တရားများကို စုံလင်စွာ ဖော်ပပြြီးလျှင် သံယောဇဉ်သာဖြစ်၍ ကိလေသာမဖြစ်သော စေတသိက်များကိုလည်း ရှင်းပြပါ။ | သင်္ဂြိုဟ်ကျမ်းလာ အကုသလသင်္ဂဟ ၈-ဌာနတို့တွင် လောဘစေတသိက်ကို ကောက်ရသော တရားများမှာ ၁။ ကာမာသဝ ၂။ ဘဝါသဝ ၃။ ကာမောဃ ၄။ ဘဝေါဃ ၅။ ကာမယောဂ ၆။ ဘဝယောဂ ၇။ အဘိဇ္စျာကာယဂန္ထ ၈။ ကာမုပါဒါန် ၉။ ကာမစ္ဆန္ဒနီဝရဏ ၁၀။ ကာမရာဂါနုသယ ၁၁။ ဘဝရာဂါနုသယ ၁၂။ ကာမရာဂသံယောဇဉ် ၁၃။ ဘဝရာဂသံယောဇဉ် ၁၄။ လောဘကိလေသာ တို့ဖြစ်ကြပါသည်။ သံယောဇဉ်သာဖြစ်၍ ကိလေသာမဖြစ်သော စေတသိက်များမှာ ၁။ ဣဿာ ၂။ မစ္ဆရိယ တို့ဖြစ်ပါသည်။ |
8 | 1 | 1979 | လူ့ဘဝ၌ အဘယ်အကြောင်းကြောင့် လူလာဖြစ်ရ သနည်းဟု သင့်အားမေးပါလျှင် လူဖြစ်ရခြင်း အကြောင်းကို ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် မည်ကဲ့သို့ ရှင်းပြမည်နည်း။ | သင်္ခါရပစ္စယာ ဝိညာဏံ ဟူသည်အတိုင်း - လွန်ခဲ့သောဘဝ၌ ပြုခဲ့သော သင်္ခါရတရားကြောင့် လူ့ဘဝ၌ လူလာဖြစ်ရပါသည်။ ထိုလွန်ခဲ့သော ဘဝ၌ ပြုခဲ့သော သင်္ခါတရားများမှာ (၁) ပုညာဘိသင်္ခါရ (၂) အပုညာဘိသင်္ခါရ တို့ကြောင့်ဖြစ်ပါသည်။ သင်္ခါရ ဟူသည်မှာ ယခင်ဘဝ ကိုယ်မှု၊ နူတ်မှု၊ စိတ်မှု များနှင့် အကျိုး ဝိပါက်များကို ပြုစီမံတတ်သော ကံတရား ဖြစ်၏။ |
9 | 1 | 1979 | မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို ပုတီး စိပ်သောသူသည် ကမ္မဋ္ဌာန်း ၄၀ တို့တွင် အဘယ်ကမ္မဋ္ဌာန်းကို စီးဖြန်းနေသူဖြစ်ပါသနည်း။ | မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို ပုတီးစိပ်သောသူသည် ကမ္မဋ္ဌာန်း ၄၀ တို့တွင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းနေသူ ဖြစ်ပါသည်။ |
1 | 2 | 1979 | ကာမဘုံတွင် ဖြစ်ပေါ်သော ကာမဝစရသောဘနစိတ် ၂၄ ပါးတို့ကို ဝေဒနာ၊ ဉာဏ်၊ သင်္ခါရအပြားအားဖြင့် ခွဲခြားဝေဖန်ပြပါ။ | ကာမဘုံတွင် ဖြစ်ပေါ်သော ကာမဝစရသောဘနစိတ် ၂၄ ပါးတို့ကို ဝေဒနာအားဖြင့် - သောမနဿဝေဒနာ = ၁၂ ပါး - ဥပေက္ခာဝေဒနာ = ၁၂ ပါး ဉာဏ်အားဖြင့် - ဉာဏသမ္ပယုတ်စိတ် = ၁၂ ပါး - ဉာဏဝိပ္ပယုတ်စိတ် = ၁၂ ပါး သင်္ခါရ အားဖြင့် - အသင်္ခါရိကစိတ် = ၁၂ ပါး - သသင်္ခါရိကစိတ် = ၁၂ ပါး ဟူ၍ ခွဲခြားနိုင်ပါသည်။ |
2 | 2 | 1979 | လူူတို့၌ အကုသိုလ်စိတ်ဖြစ်တိုင်း ပါဝင်သော စေတသိက်များကို စုံလင်စွာ ရေးခဲ့ပါ။ | လူူတို့၌ အကုသိုလ်စိတ်ဖြစ်တိုင်း ပါဝင်သော စေတသိက်များမှာ ၁။ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး ၂။ ဝိတက်၊ ဝိစာရ၊ ဝီရိယစေတသိက် ၃ ပါး ၃။ သဗ္ဗကုသလသာဓာရဏစေတသိက် ၄ ပါး ပေါင်း ၁၄ ပါး တို့ဖြစ်ပါသည်။ |
3 | 2 | 1979 | လူ၌ ဒွါရ ၆ ပါးရှိရာ တစ်ဒွါရစီ၌သာဖြစ်သော စိတ်တို့ကို ဖော်ပြ၍ စိတ်နှင့် ဒွါရတို့ကို အသီးသီး ယှဉ်တွဲပြပါ။ | လူ၌ ဒွါရ ၆ ပါးရှိရာ တစ်ဒွါရစီ၌သာဖြစ်သော စိတ်တို့မှာ - ဒွေပဉ္စဝိညာဏ် ၁၀ ပါး - အပ္ပနာဇော ၂၆ ပါး ပေါင်း ၃၆ ပါးရှိပါသည်။ ထိုတွင် (၁) စက္ခုဒွါရ၌သာ ဖြစ်သောစိတ် စက္ခုဝိညာဏ်ဒွေ (၂) သောတဒွါရ၌သာ ဖြစ်သောစိတ် သောတဝိညာဏ်ဒွေ (၃) ဃာနဒွါရ၌သာ ဖြစ်သောစိတ် ဃာနဝိညာဏ်ဒွေ (၄) ဇိဝှါဒွါရ၌သာ ဖြစ်သောစိတ် ဇိဝှါဝိညာဏ်ဒွေ (၅) ကာယဒွါရ၌သာ ဖြစ်သောစိတ် ကာယဝိညာဏ်ဒွေ (၆) မနောဒွါရ၌သာ ဖြစ်သောစိတ် အပ္ပနာဇော ၂၆ ပါး တို့ဖြစ်ပါသည်။ |
4 | 2 | 1979 | အနိဋ္ဌာရုံကို တွေကြုံ၍ လူတို့ ဒေါသထွက်သောအခါ ဒေါသဇောနောင် ဖြစ်နိုင်သည့် တဒါရုံနှင့် ဘဝင်တို့ကို ရေတွက်ပပြြီးလျှင် အဟိတ်တိရစ္ဆာန်ပုဂ္ဂိုလ်တို့၌ မရနိုင်သော စိတ်တို့ကိုလည်း ရေတွက်ပြပါ။ | အနိဌာရုံကို တွေကြံု၍ လူတို့ ဒေါသထွက်သောအခါ ဒေါသဇောနောင် ဖြစ်နိုင်သည့် တဒါရုံမှာ - ဥပေက္ခာသဟဂုတ် မဟာဝိပါက် တဒါရုံ ၄ ပါး - ဥပေက္ခာသန္တီရဏ ၂ ပါး ပေါင်း ၆ ပါးဖြစ်သည်။ ဒေါသဇောနောင် ဖြစ်နိုင်သည့် ဘဝင်မှာ (၁) သောမနဿပဋိသန္ဓေပုဂ္ဂိုလ်ဖြစ်လျှင် - အာဂန္တုကဘဝင်ကိစ္စတပ်လျက် ဥပေက္ခာသန္တီရဏ ၂ ပါး (၂) ဥပေက္ခာပဋိသန္ဓေပုဂ္ဂိုလ်ဖြစ်လျှင် - မူလအာဝါသိက ဘဝင်တို့ဖြစ်သည်။ အဟိတ်တိရစ္ဆာန်ပုဂ္ဂိုလ်တို့၌ မရနိုင်သောစိတ် - ဟသိတုပ္ပါဒ် - မဟာဝိပါက် ၈ ပါး - မဟာကြိယာစိတ် ၈ ပါး - မဟဂ္ဂုတ်စိတ် ၂၇ ပါး - လောကုတ္တရာစိတ် ၈ ပါး |
5 | 2 | 1979 | နှုတ်ဖြင့် သတ်လိုက်ဟု စေခိုင်းမှုသည် ကာယကံ၊ ဝစီကံ နှစ်ပါးတွင် မည်သည့်ကံဖြစ်သည်ကို ဖော်ပြ၍ လောဘ ဒေါသ နှစ်ပါးကြောင့် ဖြစ်ရသော လူမှုဒုစရိုက်များကို ညွှန်ပြပါ။ | နှုတ်ဖြင့် သတ်လိုက်ဟု စေခိုင်းမှုသည် - ဝစီဒွါရ၌ ဖြစ်သော ကာယဒုစရိုက်ကံ ဖြစ်သည်။ လောဘ ဒေါသ နှစ်ပါးကြောင့် ဖြစ်ရသော လူမှုဒုစရိုက်များမှာ (၁) အဒိန္နာဒါနာ (၂) မုသာဝါဒ (၃) ပိသုဏဝါစာ (၄) သမ္ဖပ္ပလာပ တို့ဖြစ်ကြသည်။ |
6 | 2 | 1979 | အောက်ပါတရားများကို အဘိဓမ္မာတရားကိုယ် ကောက်ပြပါ။ (က) မတ်တပ်ရပ်မှုကို အထောက်အပံ့ပြုသောစိတ် (ခ) ကိုယ်ဖြင့် သိစေမှုကို ဖြစ်စေသောစိတ် (ဂ) လူကို ရယ်ရွှင်စေသောစိတ် | အဘိဓမ္မာတရားကိုယ်များမှာ (က) မတ်တပ်ရပ်မှုကို အထောက်အပံ့ပြုသောစိတ် - အပ္ပနာဇောစိတ် ၂၆ ပါး (ခ) ကိုယ်ဖြင့် သိစေမှုကို ဖြစ်စေသောစိတ် - မနောဒွါရာဝဇ္ဇန်း ၁ ပါး - ကာမဇော ၂၉ ပါး - အဘိညာဉ်ဒွေ ပေါင်း ၃၂ ပါး (ဂ) လူကို ရယ်ရွှင်စေသောစိတ် - လောဘမူ သောမနဿသဟဂုတ်စိတ် ၄ ပါး - ဟသိတုပါဒ်စိတ် ၁ ပါး - မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် ၄ ပါး - မဟာကြိယာ သောမနဿသဟဂုတ်စိတ် ၄ ပါး ပေါင်း ၁၃ ပါး တို့ဖြစ်ကြပါသည်။ |
7 | 2 | 1979 | အကြီးမှူးဖြစ်နိုင်သော အဓိပတိတရားလေးပါးကို ရေတွက်ပြ၍ စိတ္တာဓိပတိ၌ အဓိပတိထိုက်သော စိတ်များကိုဖော်ပြခဲ့ပါ။ | အကြီးမှူးဖြစ်နိုင်သော အဓိပတိတရားလေးပါးမှာ ၁။ ဆန္ဒာဓိပတိ ၂။ ဝိရိယာဓိပတိ ၃။ စိတ္တာဓိပတိ ၄။ ဝီမံသာဓိပတိ တို့ဖြစ်ကြပါသည်။ စိတ္တာဓိပတိ၌ အဓိပတိထိုက်သော စိတ်များမှာ ၁။ မောဟမူကြဉ် အကုသိုလ်စိတ် ၁၀ ပါး ၂။ မဟာကုသိုလ်ဉာဏဝိပ္ပယုတ်စိတ် ၄ ပါး ၃။ မဟာကြယာဉာဏဝိပ္ပယုတ်စိတ် ၄ ပါး ဟူသော ဒွိဟိတ်ဇော ၁၈ ပါးနှင့် ၁။ မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ် ၄ ပါး ၂။ မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄ ပါး ၃။ အပ္ပနာဇောစိတ် ၂၆ ပါး ဟူသော တိဟိတ်ဇော ၃၄ ပါး တို့ဖြစ်ကြသည်။ |
8 | 2 | 1979 | နိဗ္ဗာန်သည် ပဋ္ဌာန်းပစ္စည်း ၂၄ ပစ္စည်းတို့တွင် အဘယ်ပစ္စည်းတို့၌ အကျုံးဝင်သနည်း။ ပါဝင်နိုင်သော ပစ္စည်းများကို သိသာရုံမျှ ရှင်းပြပါ။ | နိဗ္ဗာန်သည် ပဋ္ဌာန်းပစ္စည်း ၂၄ ပစ္စည်းတို့တွင် ၁။ အာရမ္မဏပစ္စည်း ၂။ အာရမ္မဏာဓိပတိပစ္စည်း ၃။ အာရမ္မဏူပနိဿယပစ္စည်းတို့ဖြင့် ဆိုင်ရာအကျိုးတို့အား ကျေးဇူးပြုပါသည်။ |
9 | 2 | 1979 | ဝိပဿနာဉာဏ် ၁၀ ပါးကိုရေတွက်ပြ၍ အဘယ်သို့ အားထုတ်သည်ကို ဝိပဿနာအားထုတ်သည်ဟု ခေါ်ပါသနည်း၊ သိသာရုံ ရှင်းပြပါ။ | ဝိပဿနာဉာဏ် ၁၀ ပါးမှာ ၁။ သမ္မသနဉာဏ် ၂။ ဥဒယဗ္ဗယဉာဏ် ၃။ ဘင်္ဂဉာဏ် ၄။ ဘယဉာဏ် ၅။ အာဒီနဝဉာဏ် ၆။ နိဗ္ဗိဒါဉာဏ် ၇။ မုဉ္စိတုကမျတာဉာဏ် ၈။ ပဋိသင်္ခါဉာဏ် ၉။ သင်္ခါရုပေက္ခာဉာဏ် ၁၀။ အနုလောမဉာဏ် တို့ဖြစ်ပါသည်။ တေဘူမကရုပ်နာမ်တရားတို့၌ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုမှတ်ပွားများခြင်းကို ဝိပဿနာအားထုတ်သည် ဟုခေါ်ပါသည်။ |
1 | 3 | 1979 | စျာန်အင်္ဂါပြားသောကြောင့် ရူပကုသိုလ်စိတ် ၅ ပါး ပြားရသည်ဟုဆိုရာ မည်သို့ မည်ပုံ ပြားရသည်ကို ရေးသားဖော်ပြပါ။ | စျာန်အင်္ဂါပြားသောကြောင့် ရူပကုသိုလ်စိတ် ၅ ပါး ပြားရသည်ဟုဆိုရာ (၁) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ ပါးနှင့်တကွ ဖြစ်သော ရူပကုသိုလ်စိတ် ၁ ပါး (၂) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၄ ပါးနှင့်တကွ ဖြစ်သော ရူပကုသိုလ်စိတ် ၁ ပါး (၃) ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၃ ပါးနှင့်တကွ ဖြစ်သော ရူပကုသိုလ်စိတ် ၁ ပါး (၄) သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွ ဖြစ်သော ရူပကုသိုလ်စိတ် ၁ ပါး (၅) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွ ဖြစ်သော ရူပကုသိုလ်စိတ် ၁ ပါး အားဖြင့် ပြားကြပါသည်။ |
2 | 3 | 1979 | ဆန္ဒ ၀ီရိယစေတသိက်သည် မည်မျှသောစိတ်တို့၌ ယှဉ်ပါသနည်း၊ ရေတွက်ပြပါ။ | - ဆန္ဒစေတသိက်ယှဉ်သောစိတ်ပေါင်း ၁။ မောဟမူဒွေးကြဉ်သော အကုသိုလ်စိတ် ၁၀ ပါး ၂။ သောဘနစိတ် ၅၉ ပါး ပေါင်း ၆၉ ပါးသောစိတ်၌ ယှဉ်ပါသည်။ - ၀ီရိယစေတသိက်ယှဉ်သောစိတ်ပေါင်း ၁။ အကုသိုလ်စိတ် ၁၂ ပါး ၂။ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ် အဟိတ်စိတ် ၂ ပါး ၃။ သောဘနစိတ် ၅၉ ပါး ပေါင်း ရ၃ ပါးသောစိတ်၌ ယှဉ်ပါသည်။ |
3 | 3 | 1979 | အာရုံ ၆ ပါးတို့တွင် ဓမ္မာရုံဖြစ်ထိုက်သော တရားတို့ကို အဘိဓမ္မာသဂြိုလ်လာအတိုင်း ကောက်ပြခဲ့ပါ။ | အာရုံ ၆ ပါးတို့တွင် ဓမ္မာရုံဖြစ်ထိုက်သော တရားတို့မှာ - ပသာဒရုပ် ၅ ပါး - သုခုမရုပ် ၁၆ ပါး - စိတ် ၈၉ ပါး - စေတသိက် ၅၂ ပါး - ပညတ် - နိဗ္ဗာန် ဟူသော ၁၆၄ ပါးသောတရားတို့ဖြစ်ပါသည်။ |
4 | 3 | 1979 | သောမနဿစိတ်ဖြင့် ပဋိသန္ဓေနေခဲ့သူ၏ ဒေါသဇောနောင် ကျသင့်သောစိတ်၊ ထိုစိတ်၏ အမည်နှင့် အာရုံ ဖော်ပြ၍ ဤသို့ဖြစ်ရသည်ကိုလည်း နားလည်အောင် ရှင်းပြပါ။ | သောမနဿစိတ်ဖြင့် ပဋိသန္ဓေနေခဲ့သူ၏ - ဒေါသဇောနောင် ကျသင့်သောစိတ်မှာ အာဂန္တုကဘဝင်ကိစ္စတပ်လျက် ဥပေက္ခာသန္တီရဏ ၂ ပါးမှ ၁ ပါးပါး - ထိုစိတ်၏ အမည် အာဂန္တုကဘဝင်စိတ် - ထိုစိတ်၏ အာရုံ ရှေးက အလေ့အကျက်များအပ်သော အာရုံ ဒေါသဇော စောပြီးနောက် တဒါရုံကျရန် အခက်အခဲကြံုရာအခါ၌ - မူလရိုးရာ ကျမြဲ သောမနဿဘဝင်ကျရန်ကား ရှေ့ကဒေါသဇောနှင့် ဆန့်ကျင်နေသည်။ - ဒေါသဇောနှင့်လိုက်ဖက်ရာ ဥပေက္ခာဘဝင်ကျရန်ကား မူလ အာဝါသိကဘဝင် သောမနဿနှင့် ဆန့်ကျင်နေသည်။ ဤသို့ အခက်အခဲကြံုရာအခါ၌ အာဂန္တုကဘဝင်ကျရပေသည်။ |
5 | 3 | 1979 | အကုသိုလ်ကံ၏ မကောင်းကျိုးပေးရာ ဘုံဌာနကို ပဋိသန္ဓေအခါ၊ ပဝတ္တိအခါအားဖြင့် ခွဲခြားဖော်ပြ၍ စတုတ္ထစျာန်ကို ပဏီတဖြစ်အောင် အားထုတ်လျှင် မည်သည့် ဗြဟ္မာ့ဘုံသို့ ရောက်နိုင်သနည်း။ | အကုသိုလ်ကံ၏ မကောင်းကျိုးပေးရာ ဘုံဌာနမှာ (က) ပဋိသန္ဓေအခါ - ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော အပါယ် ၄ ဘုံ (ခ) ပဝတ္တိအခါ - အပါယ် ၄ ဘုံ - ကာမသုဂတိ ရ ဘုံ - အသညသတ်ကြဉ် ရူပ ၁၅ ဘုံ တို့ဖြစ်ပါသည်။ စတုတ္ထစျာန်ကို ပဏီတဖြစ်အောင် အားထုတ်လျှင် - သုဘကိဏှာဗြဟ္မာ့ဘုံသို့ ရောက်နိုင်ပါသည်။ |
6 | 3 | 1979 | သစ်ပင်နှင့် စည်သံ ဗျောသံတို့၌ ရထိုက်သော ရုပ်ကလာပ်နှင့် ရုပ်တရားတို့ကို ကောက်ပပြြီးလျှင် ပဋိသန္ဓေအခါ ကလလရေကြည်ဟုခေါ်သော ရုပ်ကလာပ် ၃ မျိုးကို ရုပ်ပိုင်းအရ ဖော်ပြခဲ့ပါ။ | သစ်ပင်၌ ရထိုက်သော ရုပ်ကလာပ် - သုဒ္ဓဋ္ဌကဥတုဇကလာပ် သစ်ပင်၌ ရထိုက်သော ရုပ်တရား - အဝိနိဗ္ဘောဂရုပ် ၈ ပါး စည်သံ ဗျောသံ၌ ရထိုက်သော ရုပ်ကလာပ် - သဒ္ဒနဝကဥတုဇကလာပ် စည်သံ ဗျောသံ၌ ရထိုက်သော ရုပ်တရား - အဝိနိဗ္ဘောဂရုပ် ၈ ပါး - သဒ္ဒရုပ် တို့ဖြစ်ကြပါသည်။ ပဋိသန္ဓေအခါ ကလလရေကြည်ဟုခေါ်သော ရုပ်ကလာပ် ၃ မျိုးမှာ ၁။ ကာယဒသကကလာပ် ၂။ ဘာဝဒသကကလာပ် ၃။ ဝတ္ထုဒသကကလာပ် တို့ဖြစ်ပါသည်။ |
7 | 3 | 1979 | ဗောဓိဉာဏ်၏ အင်္ဂါရပ်များ ဖြစ်ကြသော ဗောဇ္စျင် ရ-ပါးကိုရေတွက်ပြ၍ အဓိပ္ပါယ်ကိုလည်းတစ်ခုစီ ရှင်းလင်းရေးသားခဲ့ပါ။ | ဗောဓိဉာဏ်၏ အင်္ဂါရပ်များ ဖြစ်ကြသော ဗောဇ္စျင် ရ-ပါးမှာ ၁။ သတိသမ္ဗောဇ္စျင် သစ္စာလေးပါးကို သိကြောင်းဖြစ်သော အောက်မေ့မှုသတိ။ ၂။ ဓမ္မဝိစယသမ္ဗောဇ္စျင် သစ္စာလေးပါးကို သိကြောင်းဖြစ်သောဆိုင်ရာတရားများကို စိစစ်တတ်သည့်ပညာ။ ၃။ ဝီရိယသမ္ဗောဇ္စျင် သစ္စာလေးပါးကို သိကြောင်းဖြစ်သော အားထုတ်မှု ဝီရိယ ၄။ ပီတိသမ္ဗောဇ္စျင် သစ္စာလေးပါးကို သိကြောင်းဖြစ်သော နှစ်သက်ရွှင်လန်းမှု ပီတိ ၅။ ပဿဒ္ဓိသမ္ဗောဇ္စျင် သစ္စာလေးပါးကို သိကြောင်းဖြစ်သော ငြိမ်းအေးခြင်း ပဿဒ္ဓိ ၆။ သမာဓိသမ္ဗောဇ္စျင် သစ္စာလေးပါးကို သိကြောင်းဖြစ်သော တည်ကြည်ခြင်း ဧကဂ္ဂတာ ၇။ ဥပေက္ခာသမ္ဗောဇ္စျင် သစ္စာလေးပါးကို သိကြောင်းဖြစ်သော လျစ်လျုရှုမှု တတြမဇ္စျတ္တတာ။ တို့ဖြစ်ပါသည်။ |
8 | 3 | 1979 | ဆရာကောင်း မိတ်ဆွေကောင်းတို့ကို မှီဝဲဆည်းကပ်ခွင့် ရသောသူတို့သည် ချမ်းသာသုခကို ခံစားရကြကုန်၏။ ဤအဆိုကို ပဋ္ဌာန်းနည်းဖြင့် ပစ္စည်းပစ္စယုပ္ပန် ဆက်စပ်ပြပါ။ | ဆရာကောင်း မိတ်ဆွေကောင်းတို့ကို မှီဝဲဆည်းကပ်ခွင့် ရသောသူတို့သည် ချမ်းသာသုခကို ခံစားရကြကုန်၏။ ပဋ္ဌာန်းပကတူပနိဿယပစ္စည်း၌ - သဒ္ဓါစသောကုသိုလ်တရားများသည် - တွေ့ကြံုရသော ချမ်းသာဆင်းရဲ၊ ရာသီဥတု၊ အစာအာဟာရ၊ နေထိုင်ရာ အဆောက်အအုံ၊ ပေါင််းသင်းရာ ပုဂ္ဂိုလ်တို့သည် အင်အားကြီးမားသော အကြောင်းတရားများ ဖြစ်သည်။ ဆရာကောင်း မိတ်ဆွေကောင်းတို့ကို မှီဝဲဆည်းကပ်ခွင့်ဟူသော အားကြီးသောပုဂ္ဂိုလ်တို့ကို မှီခိုအားထားလျက် ချမ်းသာသုခကို ခံစားနိုင်ရာ၏။ ပစ္စည်း ပစ္စယုပ္ပန် ဆက်စပ်ပြရသော် ပစ္စည်း - အင်အားကြီးမားသော ရှေ့ရှေ့ဖြစ်သောစိတ် ၈၉ ပါး၊ စေတသိက် ၅၂၊ ပညတ် ပစ္စယုပ္ပန် - နောက်နောက်ဖြစ်သော စိတ် ၈၉ပါး၊ စေတသိက် ၅၂ ပါး တို့ဖြစ်ပါသည်။ |
9 | 3 | 1979 | ဝိပဿနာကို ညစ်ညူးစေတတ်သည့် တရား ၁၀ ပါးကို ဖော်ပပြြီးလျှင် ဝိပဿနာ အားထုတ်စဉ် မည်သည့်အခါ၌ အရောင်အလင်း စသော အထူးအဆန်းတို့သည် ဖြစ်ပေါ်လာတတ်ပါသနည်း။ | ဝိပဿနာကို ညစ်ညူးစေတတ်သည့်တရား ၁၀ ပါးမှာ (၁) သြဘာသ (၂) ပီတိ (၃) ပဿဒ္ဓိ (၄) အဓိမေက္ခ (၅) ပဂ္ဂဟ (၆) သုခ (၇) ဉာဏ (၈) ဥပဋ္ဌာန (၉) ဥပေက္ခာ (၁၀) နိကန္တိ တို့ဖြစ်ပါသည်။ ဝိပဿနာ အားထုတ်စဉ် ဥဒယဗ္ဗယဉာဏ် ရင့်သန်လာသော် အရောင်အလင်းစသော အထူးအဆန်းတို့သည် ဖြစ်ပေါ်လာတတ်ပါသည်။ |
3 | 4 | 1979 | လူ၏စိတ်ကို ဓာတ်အားဖြင့် ခွဲခြားရာ၌ ပဉ္စဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ် တို့သည် မည်သည့်ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြောင်း အသီးသီး ယှဉ်တွဲဖော်ပြခဲ့ပါ။ | လူ၏စိတ်ကို ဓာတ်အားဖြင့် ခွဲခြားရာ၌ ပဉ္စဝိညာဏဓာတ်သည် - စက္ခုဝတ္ထု - သောတဝတ္ထု - ဃာနဝတ္ထု - ဇိဝှါဝတ္ထု - ကာယဝတ္ထုတို့ကို အမြဲမှီ၍ မနောဓာတ်သည် - ဟဒယဝတ္ထုကို အမြဲမှီ၍ မနောဝိညာဏဓာတ်သည် - ဟဒယဝတ္ထုကို ရံခါမှီ ရံခါမမှီ၍ ဖြစ်ကြပါသည်။ |
6 | 4 | 1979 | စကားပြောကောင်းသောသူ၌ ဖြစ်သင့်သော ရုပ်ကလာပ်နှင့် ရုပ်တရားတို့ကို ဖောြ်ပပြီးလျှင် ယောက်ျားတစ်ယောက်၌ ရနိုင်သော ရုပ်တို့ကို ရေတွက်ပြပါ။ | စကားပြောကောင်းသောသူ၌ ဖြစ်သင့်သော ရုပ်ကလာပ်မှာ - ဝစိဝိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ် စကားပြောကောင်းသောသူ၌ ဖြစ်သင့်သော ရုပ်တရားမှာ - အဝိနိဗ္ဘောဂရုပ် ၈ ပါး - ဝစီဝိညတ်ရုပ် ၁ - သဒ္ဒရုပ် - လဟုတာဒိရုပ် ၃ ပါး ပေါင်း ၁၃ ပါးဖြစ်သည်။ ယောက်ျားတစ်ယောက်၌ ရနိုင်သော ရုပ်တို့မှာ ၁။ မဟာဘုတ် ၄ ပါး ၂။ ပသာဒရုပ် ၅ ပါး ၃။ ဂေါစရရုပ် ၄ ပါး ၅။ ပုမ္ဘာဝရုပ် ၁ ပါး ၆။ ဟဒယရုပ် ၁ ပါး ၇။ ဇိဝိတရုပ် ၈။ သြဇရုပ် ၉။ ပရိစ္ဆေဒရုပ် ၁ ၁၀။ ဝိညတ်ရုပ် ၂ ပါး ၁၁။ ဝိကာရရုပ် ၃ ပါး ၁၂။ လက္ခဏရုပ် ၄ ပါး ပေါင်း ၂၇ ပါး ဖြစ်ပါသည်။ |
7 | 4 | 1979 | အရေးကြီးဆုံးဖြစ်သော သစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာမည်သောတရား၊ သမုဒယသစ္စာမည်သောတရား၊ နိရောဓသစ္စာမည်သောတရား၊ မဂ္ဂသစ္စာမည်သောတရားများကို အသီးသီးညွှန်ပြခဲ့ပါ။ | အရေးကြီးဆုံးဖြစ်သော သစ္စာလေးပါးတို့တွင် (က) ဒုက္ခသစ္စာမည်သောတရား ၁။ လောကီစိတ် ၈၁ ပါး ၂။ လောဘကြဉ်သော စေတသိက် ၅၁ ပါး ၃။ ရုပ် ၂၈ ပါး (ခ) သမုဒယသစ္စာမည်သောတရား ၁။ လောဘစေတသိက် (ဂ) နိရောဓသစ္စာမည်သောတရား ၁။ နိဗ္ဗာန် (ဃ) မဂ္ဂသစ္စာမည်သောတရားများ ၁။ မဂ်၌ ယှဉ်သော မဂ္ဂင် ၈ ပါး တို့ဖြစ်ကြပါသည်။ |
1 | 1 | 1980 | စိတ် ၈၉ ပါးတွင် မတင့်တယ်သော အသောဘနစိတ်များ မည်မျှ ပါဝင်နေသည်ကို ဖော်ပြခဲ့ပါ။ | စိတ် ၈၉ ပါးတွင် မတင့်တယ်သော အသောဘနစိတ်များမှာ - အကုသိုလ်စိတ် ၁၂ ပါး - အဟိတ်စိတ် ၁၈ ပါး အားဖြင့် ပေါင်း ၃၀ ပါဝင်နေပါသည်။ |
2 | 1 | 1980 | အောက်ပါစေတသိက်များကို ဖော်ပြခဲ့ပါ။ (က) စိတ်ဖြစ်တိုင်း အမြဲတမ်းပါဝင်သော စေတသိက်၊ (ခ) အကုသိုလ်စိတ်ဖြစ်တိုင်း အမြဲတမ်းပါဝင်သော စေတသိက် (ဂ) ကုသိုလ်စိတ်ဖြစ်တိုင်း အမြဲတမ်းပါဝင်သော စေတသိက်၊ | (က) စိတ်ဖြစ်တိုင်း အမြဲတမ်းပါဝင်သော စေတသိက် - သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး (ခ) အကုသိုလ်စိတ်ဖြစ်တိုင်း အမြဲတမ်းပါဝင်သော စေတသိက် - သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး - ဝိတက်၊ ဝိစာရ၊ ဝီရိယစေတသိက် ၃ ပါး - အကုသလသာဓာရဏစေတသိက် ၄ ပါး ပေါင်း ၁၄ ပါး (ဂ) ကုသိုလ်စိတ်ဖြစ်တိုင်း အမြဲတမ်းပါဝင်သော စေတသိက်၊ - သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး - အဓိမောက္ခ၊ ဝီရိယ၊ ဆန္ဒ ၃ ပါး - သောဘနသာဓာရဏစေတသိက် ၁၉ ပါး ပေါင်း ၂၉ ပါး ဖြစ်ပါသည်။ |
3 | 1 | 1980 | စိတ် ၈၉ ပါးတို့တွင် အရှိန်အဟုန်ပြင်းစွာ ဖြစ်ပေါ်တတ်သော ဇောစိတ်များ မည်မျှရှိသနည်း၊ ရေတွက်ပြပါ။ | စိတ် ၈၉ ပါးတို့တွင် အရှိန်အဟုန်ပြင်းစွာ ဖြစ်ပေါ်တတ်သော ဇောစိတ်များမှာ ၅၅ ပါးရှိသည်။ ၎င်းတို့မှာ - အကုသိုလ်စိတ် ၁၂ ပါး - ဟသိတုပ္ပါဒ် ၁ ပါး - မဟာကုသိုလ်စိတ် ၈ ပါး - မဟာကြိယာစိတ် ၈ ပါး ဟူသော ကာမဇော ၂၉ ပါးနှင့် - ရူပကုသိုလ်စိတ် ၅ ပါး - ရူပကြိယာစိတ် ၅ ပါး - အရူပကုသိုလ်စိတ် ၄ ပါး - အရူပကြိယာစိတ် ၄ ပါး - လောကုတ္တရာစိတ် ၈ ပါး ဟူသော အပ္ပနာဇော ၂၆ ပါး တို့ဖြစ်ပါသည်။ |
4 | 1 | 1980 | လူ၏ စိတ်သည် အာရုံကိုသိသောအခါ စိတ်အစဉ်များမှု နည်းမှု အာရုံတို့၏ ထင်ရှားမှု မထင်ရှားမှုအလိုက် မည်ကဲ့သို့ ကွဲပြား ခြားနားမှုရှိသနည်း။ | လူ၏ စိတ်သည် အာရုံကိုသိသောအခါ - စိတ်အစဉ် အလွန်များလျှင် (အတီတဘဝင် ၁ ချက်အလွန်) အတိမဟန္တာရုံဝီထိ - စိတ်အစဉ် များလျှင် (အတီတဘဝင် ၂၊ ၃ ချက်အလွန်) မဟန္တာရုံဝီထိ - စိတ်အစဉ် နည်းလျှင် (အတီတဘဝင် ၄ ချက်မှ ၉ ချက်အလွန်) ပရိတ္တာရုံဝီထိ - စိတ်အစဉ် အလွန်နည်းလျှင် (အတီတဘဝင် ၁၀ ချက်မှ ၁၅ ချက်အလွန်) အတိပရိတ္တာရုံဝီထိ တို့သည် ပဉ္စဒွါရ၌ ဖြစ်လာသည်။ - အာရုံတို့၏ ထင်ရှားလျှင် ဝိဘူတာရုံဝီထိ - အာရုံတို့၏ မထင်ရှားလျှင် အဝိဘူတာရုံဝီထိ တို့သည် မနောဒွါရ၌ ဖြစ်လာသည်။ |
5 | 1 | 1980 | သတ္တဝါတို့၏ ကံတရားအရ အမှန်တကယ် ဖြစ်ပေါ် တည်ရှိနေသော ၃၁ ဘုံတို့ကို ပြည့်စုံအောင် ရေတွက် ဖော်ပြပါ။ | သတ္တဝါတို့၏ ကံတရားအရ အမှန်တကယ် ဖြစ်ပေါ်တည်ရှိနေသော ၃၁ ဘုံတို့မှာ (၁) အပါယ် ၄ ဘုံ - ငရဲ - တိရစ္ဆာန် - ပြိတ္တာ - အသူရကာယ် (၂) ကာမသုဂတိ ရ ဘုံ - လူ့ဘုံ - စာတုမဟာရာဇ် - တာဝတိ ံသာ - ယာမာ - တုသိတာ - ဝသဝတ္တီ - ပရနိမ္မိတဝသဝတ္တီ (၃) ရူပ ပထမစျာန် ၃ ဘုံ - ဗြဟ္မာ့ပါရိသဇ္ဇာ - ဗြဟ္မာ့ပုရောဟိတ - မဟာဗြဟ္မာ (၄) ရူပ ဒုတိယစျာန် ၃ ဘုံ - ပရိတ္တာဘာ - အပ္ပမာဏာဘာ - အာဘဿရာ (၅) ရူပ တတိယစျာန် ၃ ဘုံ - ပရိတ္တသုဘာ - အပ္ပမာဏသုဘာ - သုဘကိဏှာ (၅) ရူပ စတုတ္ထစျာန် ရ ဘုံ - ဝေဟပ္ဖိုလ် - အသညသတ် (သုဒ္ဓါဝါသ ၅ ဘုံ) - အဝိဟာ - အတပ္ပါ - သုဒဿီ - သုဒဿာ - အကိနိဋ္ဌာ (၆) အရူပစျာန် ၄ ဘုံ - အာကာသာနဉ္စာယတန - ဝိညာဏဉ္စာယတန - အာကိဉ္စညာယတန - နေဝသညာနာသညာယတန ပေါင်း ၃၁ ဘုံတို့ ဖြစ်ကြသည်။ |
6 | 1 | 1980 | မည်သည့်နည်းနှင့်မျှ ခွဲဖျက်၍ မရသော ရုပ်များကို ဖော်ပြ၍ အိပ်ပျော်နေသော လူတစ်ဦး၌ ရနိုင်သမျှသော ရုပ်တို့ကို ရေးသား ဖော်ပြပါ။ | မည်သည့်နည်းနှင့်မျှ ခွဲဖျက်၍ မရသော ရုပ်များမှာ ၁။ ပထဝီ ၂။ အာပေါ ၃။ တေဇော ၄။ ဝါယော ၅။ ဝဏ္ဏ ၆။ ဂန္ဓ ၇။ ရသ ၈။ သြဇ ဟူသော အဝိနိဗ္ဘောဂရုပ် ၈ ပါး ဖြစ်ပါသည်။ အိပ်ပျော်နေသော လူတစ်ဦး၌ ရနိုင်သမျှသော ရုပ်တို့မှာ ၁။ မဟာဘုတ် ၄ ပါး ၂။ ပသာဒရုပ် ၅ ပါး ၃။ ဂေါစရရုပ် ၄ ပါး ၅။ ဆိုင်ရာ ဘာဝရုပ် ၁ ပါး ၆။ ဟဒယရုပ် ၁ ပါး ၇။ ဇိဝိတရုပ် ၁ ပါး ၈။ သြဇရုပ် ၁ ပါး ၉။ ပရိစ္ဆေဒရုပ် ၁ ၁၀။ ဝိကာရရုပ် ၃ ပါး ၁၁။ လက္ခဏရုပ် ၄ ပါး ပေါင်း ၂၅ ပါး တို့ဖြစ်ပါသည်။ (စာမျက်နှာ ၂၇၂ - အရှင်နန္ဒာသိရိ၏ မှတ်ဖွယ်မှတ်ရာ အဘိဓမ္မာစာအုပ်မှ) |
7 | 1 | 1980 | လူတို့အား ပူပန်စေတတ်၊ နှိပ်စက်တတ်သော ကိလေသာတရားများကို ရှင်းလင်းဖော်ပြခဲ့ပါ။ | လူတို့အား ပူပန်စေတတ်၊ နှိပ်စက်တတ်သော ကိလေသာတရားများမှာ ၁။ လောဘ ၂။ ဒေါသ ၃။ မောဟ ၄။ မာန ၅။ ဒိဋ္ဌိ ၆။ ဝိစိကိစ္ဆာ ၇။ ဥဒ္ဓစ္စ ၈။ ထိန ၉။ အဟိရိက ၁၀။ အနောတ္တပ္ပ တို့ဖြစ်ကြပါသည်။ |
8 | 1 | 1980 | ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးပြတရားတော်တွင် မူလတရား ၂-ပါးကို ဖော်ပြ၍ သတ္တဝါ တစ်ဦး တစ်ယောက်အား ညှဉ်းဆဲလျှင် ၀ဋ်လိုက်တတ်သည်ဟု ဆိုကြရာ မည်သည့်ဝဋ်မည်သို့လိုက်ပါသနည်း၊ ရှင်းလင်းပြခဲ့ပါ။ | ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးပြတရားတော်တွင် မူလတရား ၂-ပါးမှာ ၁။ အဝိဇ္ဇာ ၂။ တဏှာ တို့ဖြစ်ပါသည်။ သတ္တဝါ တစ်ဦး တစ်ယောက်အား ညှဉ်းဆဲလျှင် ၀ဋ်လိုက်တတ်သည်ဟု ဆိုကြရာ လိုက်တတ်သော ဝဋ်တို့မှာ (၁) ကိလေသဝဋ် - အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် (၂) ကမ္မဝဋ် - သင်္ခါရ၊ ကမ္မဘဝ (၃) ဝိပါကဝဋ် - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ-မရဏ တို့ဖြစ်ပါသည်။ |
9 | 1 | 1980 | ဈာန်ရတိုင်း ကောင်းကင်ပျံနိုင်ပါသလော၊ သင်္ဂြိုလ်လာသည့်အတိုင်း စုံလင်စွာ ရှင်းပြ၍ အဘိညာဉ် ၅-ပါးကိုလည်း ရေတွက်ပြပါ။ | ဈာန်ရတိုင်း ကောင်းကင်မပျံနိုင်ပါ။ ကောင်းကင်ပျံနိုင်သူများမှာ ဣဒ္ဓိဝိဓ အဘိညာဉ် ပိုင်ရှင်များဖြစ်ပါသည်။ အဘိညာဉ်ကို ရရှိရန် အနည်းဆုံး ရူပပ ဉ္စမစျာန်ကို ရပြီးမှ ထပ်လောင်း ကျင်ကြံရေသောကြောင့် စျာန်ရသည်နှင့် အဘိညာဉ်မရနိုင်ပါ။ သို့ကြောင့် ဈာန်ရတိုင်း ကောင်းကင်မပျံနိုင်ပါ။ အဘိညာဉ် ၅-ပါးမှာ ၁။ ဣဒ္ဓိဝိဓအဘိညာဉ် ၂။ ဒိဗ္ဗစက္ခုအဘိညာဉ် ၃။ ဒိဗ္ဗသောတအဘိညာဉ် ၄။ ပရစိတ္တဝိဇာနန အဘိညာဉ် ၅။ ပုဗ္ဗေနိ၀ါသာနုဿတိအဘိညာဉ် တို့ဖြစ်ပါသည်။ |
1 | 2 | 1980 | လောကီစျာန်စိတ် အဘယ်နှစ်ပါးရှိပါသနည်း။ ရေတွက်ပြပါ။ | လောကီစျာန်စိတ်များမှာ - ရူပကုသိုလ်စျာန်စိတ် ၅ ပါး - ရူပဝိပါက်စျာန်စိတ် ၅ ပါး - ရူပကြိယာစျာန်စိတ် ၅ ပါး - အရူပကုသိုလ်စျာန်စိတ် ၄ ပါး - အရူပဝိပါက်စျာန်စိတ် ၄ ပါး - အရူပကြိယာစျာန်စိတ် ၄ ပါး အားဖြင့် ပေါင်း ၂၇ ပါး ရှိပါသည်။ |
2 | 2 | 1980 | သူတစ်ပါး ချမ်းသာသည်ကို မနာလိုသောသူ၏ စိတ်၌ စေတသိက် မည်မျှယှဉ်ကြောင်းကို တိကျစွာ ဖြေဆိုခဲ့ပါ။ | သူတစ်ပါး ချမ်းသာသည်ကို မနာလိုသောသူ၏ စိတ် (ဒေါသမူစိတ်)၌ ၁။ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါး ၂။ ပီတိကြဉ် ပကိဏ်းစေတသိက် ၅ ပါး ၃။ အကုသလသာဓာရဏစေတသိက် ၄ ပါး ၄။ ဒေါသ၊ ဣဿာ ၂ ပါး ဟူ၍ စေတသိက် ၁၈ ပါး ယှဉ်ပါသည်။ |
3 | 2 | 1980 | နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို မည်သည့်စိတ်မျိုးဖြင့် မုချ သိမြင်နိုင်ပါသနည်း။ ရှင်းလင်းဖော်ပြခဲ့ပါ။ | နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လောကမှ ထွက်မြောက်သွားသောစိတ်များဖြစ်သည့် - မဂ်စိတ် ၄ ပါး - ဖိုလ်စိတ် ၄ ပါးဖြင့် မုချသိမြင်နိုင်ပါသည်။ |
4 | 2 | 1980 | မြတ်စွာဘုရား၏ တရားသံကို ကြားနာရသောအခါ ဗုဒ္ဓဘာသာတစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်လာသော စိတ်တို့၏ ဖြစ်စဉ်ကို ဖော်ပြပါ။ | မြတ်စွာဘုရား၏ တရားသံကို ကြားနာရသောအခါ ဗုဒ္ဓဘာသာတစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်လာသော စိတ်တို့၏ ဖြစ်စဉ်မှာ (၁) အတီတဘဝင် (၂) ဘဝင်္ဂစလန (၃) ဘဝင်္ဂုပစ္ဆေဒ (၄) ပဉ္စဒွါရာဝဇ္ဇန်း (၅) အဟိတ်ကုသလဝိပါက် သောတဝိညာဏ် (၆) အဟိတ်ကုသလဝိပါက် သမ္ပဋိ စ္ဆိုန်း (ရ) အဟိတ်ကုသလဝိပါက် သောမနဿ သန္တီရဏ (ဂ) ဝုဋ္ဌော (၉) သောမနဿသဟဂုတ် မဟာကုသိုလ်စိတ် ၄ ပါး(သို့) သောမနဿသဟဂုတ် မဟာကြိယာစိတ် ၄ ပါးမှ ၁ ပါးပါးသည် ရ ကြိမ် (၁၀) သောမနဿတဒါရုံ ၅ ပါးမှ ၁ ပါးပါးသည် ၂ ကြိမ် ဖြစ်ပြီးနောက် ဘဝင် ဖြစ်ထိုက်သမျှ ဖြစ်၏။ |
5 | 2 | 1980 | ကံတရားကြောင့် သတ္တဝါအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိရာ မည်သည့်ကံကြောင့် လူဟူသော သတ္တဝါများ ဖြစ်လာရပါသနည်း။ သင်္ဂြီုလ်ဝီထိမုတ်ပိုင်းအရ ဖြေဆိုခဲ့ပါ။ | ကံတရားကြောင့် သတ္တဝါအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိရာ လူဟူသော သတ္တဝါများ ဖြစ်လာရသောကံမှာ - တိဟိတ်ဥက္ကဌ ကာမာဝစရကုသိုလ်ကံ - တိဟိတ်သြမက ကာမာဝစရကုသိုလ်ကံ - ဒွိဟိတ်ဥက္ကဌ ကာမာဝစရကုသိုလ်ကံ - ဒွိဟိတ်သြမက ကာမာဝစရကုသိုလ်ကံ တို့ဖြစ်ပါသည်။ |
6 | 2 | 1980 | လူ၏ ကိုယ်ခန္ဓာ အသက်ရှည်ကြာ တည်တံ့ နေနိုင်ရေးအတွက် လိုအပ်သော သမုဋ္ဌာန် တို့ကို ဖော်ပြပါ။ | လူ၏ ကိုယ်ခန္ဓာ အသက်ရှည်ကြာ တည်တံ့နေနိုင်ရေးအတွက် လိုအပ်သော သမုဋ္ဌာန်တို့မှာ ၁။ ကံ ၂။ စိတ် ၃။ ဥတု ၄။ အာဟာရ တို့ဖြစ်ပါသည်။ |
7 | 2 | 1980 | မဂ္ဂင်ဟုဆိုတိုင်း နတ်ရွာနိဗ္ဗာန် ရောက်ကြောင်းတရားဟု မှတ်ရမည်လော၊ သင်္ဂြိုဟ်အထောက်အထားဖြင့် ပြဆို၍ သီလ-သမာဓိ-ပညာ ဟူသော စကား၌ ပါရှိသော သမာဓိ၏ တရားကိုယ်ကို ဖော်ပြခဲ့ပါ။ | မဂ္ဂင်ဟုဆိုတိုင်း နတ်ရွာနိဗ္ဗာန် ရောက်ကြောင်းတရားဟု မမှတ်ရပါ။ အကြောင်းမှာ မဂ္ဂင် ၁၂ ပါးရှိရာ - နတ်ရွာနိဗ္ဗာန် ရောက်ကြောင်းတရား(သမ္မာမဂ္ဂင်) ၈ ပါး - အပါယ်လားရာ တရား(မိစ္ဆာမဂ္ဂင်) ၄ ပါး ပါဝင်နေပါသောကြောင့်ဖြစ်သည်။ ထိုအပါယ်လားရာ တရား ၄ ပါး (မိစ္ဆာမဂ္ဂင် ၄ ပါး)မှာ ၁။ မိစ္ဆာဒိဋ္ဌိ ၂။ မိစ္ဆာသင်္ကပ္ပ ၃။ မိစ္ဆာဝါယာမ ၄။ မိစ္ဆာသမာဓိ တို့ ဖြစ်ကြရာ မိစ္ဆာမဂ္ဂင် ကျင့်သုံးသော် အပါယ်လားနိုင်သောကြောင့်ဖြစ်ပါသည်။ သီလ-သမာဓိ-ပညာ ဟူသော စကား၌ ပါရှိသော သမာဓိ၏ တရားကိုယ်မှာ - မဟာကုသိုလ်စိတ် ၈ ပါး - မဟာကြိယာစိတ် ၈ ပါး - အပ္ပနာဇော ၂၆ ပါး ပေါင်း ၄၂ ပါး ၌ယှဉ်သော ဧကဂ္ဂတာစေတသိက် ဖြစ်ပါသည်။ |
8 | 2 | 1980 | ပတ်ဝန်းကျင်ရှိ လူများ၊ အာဟာရများ၊ ရာသီဥတုများနှင့် နေရာထိုင်ခင်းတို့သည် သင့်အား မည်ကဲ့သို့ အထောက်အပံ့ပြုလျက်ရှိကြောင်း ပဋ္ဌာန်းဆက်ဉာဏ်ဖြင့် ဆက်သွယ်ဖော်ပြခဲ့ပါ။ | ပတ်ဝန်းကျင်ရှိ လူများ၊ အာဟာရများ၊ ရာသီဥတုများနှင့် နေရာထိုင်ခင်းတို့သည် ကျွန်ုပ်အား အားကြီးလှသော မှီရာအဖြစ် ပကတူပနိဿယပစ္စည်းဖြင့် အထောက်အပံ့ပြုလျက်ရှိပါသည်။ |
9 | 2 | 1980 | ဝိသုဒ္ဓိ ရ-ပါးနှင့် ဉာဏ်စဉ် ၁၀-ပါးကို ရေတွက် ဖော်ပြ၍ မည်သည့်အဆင့်ရောက်မှ သောတာပန် ဖြစ်ပါသနည်း။ အဘိဓမ္မာသဘာဝကျအောင် ဖြေဆိုခဲ့ပါ။ | ဝိသုဒ္ဓိ ရ-ပါးမှာ (၁) သီလဝိသုဒ္ဓိ (၂) စိတ္တဝိသုဒ္ဓိ (၃) ဒိဋ္ဌိဝိသုဒ္ဓိ (၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ (၅) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ (၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ (၇) ဉာဏဒဿနဝိသုဒ္ဓိ ဟူသော ဝိသုဒ္ဓိ ရပါး ဖြစ်ပါသည်။ ဉာဏ်စဉ် ၁၀-ပါးမှာ ၁။ သမ္မသနဉာဏ် ၂။ ဥဒယဗ္ဗယဉာဏ် ၃။ ဘင်္ဂဉာဏ် ၄။ ဘယဉာဏ် ၅။ အာဒီနဝဉာဏ် ၆။ နိဗ္ဗိဒါဉာဏ် ၇။ မုဉ္စိတုကမျတာဉာဏ် ၈။ ပဋိသင်္ခါဉာဏ် ၉။ သင်္ခါရုပေက္ခာဉာဏ် ၁၀။ အနုလောမဉာဏ် တို့ဖြစ်ပါသည်။ သောတာပန်ဖြစ်ပုံမှာ ၁။ ပရိညာကိစ္စ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၏ ဆင်းရဲခြင်း အမှန်သဘော ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း ၂။ ပဟာနကိစ္စ သမုဒယသစ္စာ(လောဘ)နှင့် အသင်းအပင်းဖြစ်သော ဒိဋ္ဌိ၊ ဝိစိကိစ္ဆာနှင့် ကြွင်းသော အကုသိုလ်များ၏ အပါယဒုက္ခတို့ကို တစ်ချက်တည်း အပြီးတိုင် ပယ်ခြင်း ၃။ သစ္ဆိကရဏကိစ္စ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ အပါယဒုက္ခတို့ အပြီးတိုင် ချုပ်ငြိမ်းခြင်းတည်း ဟူသော နိရောဓသစ္စာသို့ ဆိုက်ရောက်ခြင်း ၄။ ဘာဝနာကိစ္စ သောတာပတ္တိမဂ်စိတ်၌ ယှဉ်သော မဂ္ဂင် တရားကိုယ် ၈ ပါးတည်းဟူသော မဂ္ဂသစ္စာကို ပွားများမှု တစ်စခန်း ပြီးစီးခြင်းဟူသော အဆင့်သို့ရောက်မှ သောတာပန် ဖြစ်ပါသည်။ |
1 | 3 | 1980 | ကာမစိတ်၊ မဟဂ္ဂုတ်စိတ်၊ လောကုတ္တရာစိတ်တို့ မည်မျှစီရှိကြောင်း သင်္ချာမျှသာ ဖော်ပြခဲ့ပါ။ | ကာမစိတ် - ၅၄ ပါး မဟဂ္ဂုတ်စိတ် - ၂၇ ပါး လောကုတ္တရာစိတ် - ကျဉ်း ၈ ပါး၊ အကျယ် ၄၀ ပါး ရှိပါသည်။ |
3 | 3 | 1980 | ဤမေးခွန်းလွှာကို ကြည့်မြင်စဉ်ခဏ၌ ဖြစ်ပေါ်သော ဝိညာဏဓာတ်နှင့် ၎င်း၏ မှီရာဝတ္ထုကို ဖော်ပြပါ။ | ဤမေးခွန်းလွှာကို ကြည့်မြင်စဉ်ခဏ၌ ဖြစ်ပေါ်သော ဝိညာဏဓာတ်မှာ စက္ခုဝိညာဏဓာတ် ၎င်း၏ မှီရာဝတ္ထုမှာ စက္ခုဝတ္ထု ဖြစ်ပါသည်။ |
4 | 3 | 1980 | မနေ့က စားခဲ့သော အစားအစာများကို ပြန်လည် စဉ်းစားမိသောအခါ မည်သည့်ဒွါရ၌ မည်သည့်စိတ်များ ဖြစ်လာသနည်း၊ သိသာရုံမျှ ဖော်ပြပါ။ | မနေ့က စားခဲ့သော အစားအစာများကို ပြန်လည် စဉ်းစားမိသောအခါ မနောဒွါရ၌ - ဘဝင်္ဂစလန - ဘဝင်္ဂုပစ္ဆေဒ - မနောဒွါရာဝဇ္ဇန်း - ကာမဇော ၂၉ ပါးမှ ၁ ပါးပါး - တဒါရုံ ၁၁ ပါးမှ ၁ ပါးပါး တို့ ဖြစ်လာကြသည်။ |
5 | 3 | 1980 | လေယာဉ်ပျံပျက်ကျ သေဆုံးသူများသည် မည်သည့်ကံကြောင့် ဖြစ်ပါသနည်း၊ အဘိဓမ္မာသဘောဖြင့် သုံးသပ်ဖော်ပြပါ။ | လေယာဉ်ပျံပျက်ကျ သေဆုံးသူများသည် - ကံကုန်၊ သက်တမ်းကုန်၊ နှစ်မျိုးစလုံးကုန်၍ သေဆုံးခြင်းမျိုး မဟုတ်ဘဲ ဥပစ္ဆေဒကကံဟုခေါ်သော ကံဆိုးက ရုတ်တရက် ဖြတ်ချွေသောကြောင့် သေဆုံးရပါသည်။ |
6 | 3 | 1980 | အစားအသောက်ကို စားမျိုသောအခါ အစာ ကြေညက်ပြီးမှ လူ၏ ကိုယ်ခန္ဓာကို အကျိုး ပြုပါသလော၊ မည်သည့်ကာလက စ၍ အကျိုးပြုပါသနည်း။ | အစားအသောက်ကို စားမျိုသောအခါ အစာ ကြေညက်ပြီးမှ လူ၏ ကိုယ်ခန္ဓာကို အကျိုးပြုသည်မဟုတ်ပါ။ အစားအသောက်၌ပါသော ဗဟိဒ္ဓသြဇာနှင့် အတွင်းသြဇာတို့ အချင်းချင်း ပေါင်းဆုံမိပြီးမှ ရုပ်၏ဌီသို့ ရောက်သည့်ကာလ မှစ၍ အကျိုးပြုပါသည်။ စားမျိုအပ်သော စားဖွယ်သောက်ဖွယ်တို့ကို ဝမ်းတွင်း၌ ပါစကတေဇောဓာတ်မီးနှင့် ပေါင်းနွှေးပြီးမှသာလျှင် ထိုအစားအစာ၌ ပါသော သြဇာဓာတ်သည် သွေးနှင့်အတူ ခန္ဓာကိုယ်အနှ့ံ ပျံ့နှံ့သွားနိုင်၏။ ထိုအခါ ခန္ဓာကိုယ်အနှံ့ရှိ အဇ္စျတ္တသြဇာနှင့် ထိတွေ့၍ ရုပ်၏ ဌီသို့ရောက်သောအခါမှ စတင်ကာ ထိုအတွင်းအပ သြဇာတို့သည် ခဏမစဲ စ၍ အကျိုးပြုပါသည်။ |
7 | 3 | 1980 | ဗောဓိပက္ခိတရား ၃၇-ပါးကို ရေတွက်ပြ၍ ထိုတရားတို့မရှိဘဲ ဗောဓိဉာဏ်ကို ရနိုင်-မရနိုင် ဖော်ပြခဲ့ပါ။ | ဗောဓိပက္ခိတရား ၃၇-ပါးမှာ ၁။ သတိပဋ္ဌာန် ၄ ပါး ၂။ သမ္မပ္ပဓာန် ၄ ပါး ၃။ ဣဒ္ဓိပါဒ် ၄ ပါး ၄။ ဣန္ဒြေ ၅ ပါး ၅။ ဗောဇ္စျင် ၇ ပါး ၆။ မဂ္ဂင် ၈ ပါး တို့ဖြစ်ပါသည်။ ထိုတရားတို့သည် ဗောဓိဟူသော မဂ်ဉာဏ်၏ အသင်းအပင်း ဘက်တော်သားများ ဖြစ်သောကြောင့် ထိုတရားတို့မရှိဘဲ ဗောဓိဉာဏ်ကို မရနိုင်ပါ။ |
8 | 3 | 1980 | အဘယ်ကြောင့် ပညတ် ခေါ်သနည်း။ အတ္တပညတ်-သဒ္ဒပညတ်တို့ကို သိသာရုံမျှ ခွဲခြားဖော်ပြခဲ့ပါ။ | ပညတ်ဟူသည် သူတစ်ပါး နားလည်အောင် အမည်အမျိုးမျိုး တပ်ကာ ခေါ်ဝေါ်အပ် သိစေအပ်သော အမည်သညာဖြစ်ပါသည်၊ အတ္တပညတ်တို့မှာ (၁) တဇ္ဇာပညတ် (၂) ဥပါဒါနပညတ် (၃) သမူဟပညတ် (၄) သဏ္ထာနပညတ် (၅) သန္တတိပညတ် (၆) ကာလပညတ် (၇) ဒိသာပညတ် (၈) အဒ္ဓါပညတ် (၉) အာကာသပညတ် (၁၀) ဒေသပညတ် (၁၁) ကသိုဏ်းပညတ် (၁၂) ဥပနိဓာပညတ် စသည်တို့ ဖြစ်ပါသည်။ သဒ္ဒပညတ်တို့မှာ (၁) ဝိဇ္ဇာမာနပညတ် (၂) အ ဝိဇ္ဇာမာနပညတ် (၃) ဝိဇ္ဇာမာနေန-အ ဝိဇ္ဇာမာနပညတ် (၄) အဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် (၅) ဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် (၆) အဝိဇ္ဇာမာနေန-အ ဝိဇ္ဇာမာနပညတ် တို့ဖြစ်ပါသည်။ |
4 | 4 | 1980 | မည်သည့်အခါ၌ ပုထုဇဉ်လူသားတို့သည် ဇော ၅ ကြိမ် စောပါသနည်း။ ၅ ကြိမ်သောဇောများကို သက်ဆိုင်ရာ ဝီထိအမည်နှင့် ယှဉ်တွဲဖော်ပြခဲ့ပါ။ | ပုထုဇဉ်လူသားတို့သည် - သေခါနီးအခါ - သတိလစ်မေ့မြောနေသောအခါ - မူးဝေနေသောအခါ - မိခင်ဝမ်း၌ ရှိနေသောအခါ - ဖွားခါစအခါ တို့၌ ကာမဇောတို့သည် ၅ ကြိမ်စောပါသည်။ |
7 | 4 | 1980 | လူ၏ ကိုယ်ခန္ဓာအဖွဲ့အစည်းအတွင်း၌ နိဗ္ဗာန် ပါရှိနေပါသလော၊ အဘိဓမ္မာအမြင်အရ ရှင်းလင်းပြခဲ့ပါ။ | လူ၏ခန္ဓာကိုယ် အဖွဲ့အစည်းတွင် နိဗ္ဗာန်ပါဝင်မှု မရှိပါ။ ခန္ဓာဖွဲ့စည်းသည်ဆိုရာ- (၁) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် (၂) အဇ္ဈတ္တ- ဗဟိဒ္ဓ (၃) သြဠာရိက- သုခုမ (၄) ဟီန- ပဏီတ (၅) ဒူရေ- သန္တိကေ ဟူ၍ ၁၁-ဌာနအားဖြင့် ပေါင်းစည်းရသည့် စိတ်-စေတသိက်- ရုပ်တရားများကိုသာ ခန္ဓာဖွဲ့ရခြင်း ဖြစ်ပါသည်။ နိဗ္ဗာန်သည်- (၁) ကာလဝိမုတ်၊ (၂) ဗဟိဒ္ဓ (၃) သုခုမ (၄) ပဏီတ (၅) ဒူရေ ဟူ၍သာ ရရှိပြီး ၁၁-ဌာနအားဖြင့် မကွဲပြားသောကြောင့် ခန္ဓာအဖွဲ့အစည်း၌ မပါဝင်သော ခန္ဓဝိမုတ်တရားသက်သက်သာဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် စိတ်-စေတသိက်-ရုပ် ပရမတ္တတရား ၃-ပါးသာရှိသော လူ့ခန္ဓာကိုယ်အဖွဲ့အစည်းအတွင်း၌ နိဗ္ဗာန် ပါဝင်မှု မရှိရခြင်း ဖြစ်ပါသည်။ |
1 | 1 | 1981 | အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ ကြွင်းသော သောဘနစိတ်တို့ကို ရေးသားဖော်ပြပါ။ | အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ ကြွင်းသော သောဘနစိတ်တို့မှာ - ကာမသောဘနစိတ် ၂၄ ပါး - ရူပါဝစရစိတ် ၁၅ ပါး - အရူပါဝစရစိတ် ၁၂ ပါး - လောကုတ္တရာစိတ် ကျဉ် ၈ ပါး၊ ကျယ် ၁၂၁ ပါး အားဖြင့် ပေါင်း ကျဉ်း ၅၉ ပါး၊ ကျယ် ၉၁ ပါးရှိသည်။ |
2 | 1 | 1981 | အောက်ပါ စေတသိက်များကို ဖော်ပြခဲ့ပါ။ (က) အာရုံကို နှစ်သက်ခြင်းသဘောရှိသော စေတသိက်၊ (ခ) မှားသောအားဖြင့် နှလုံးသွင်းသဘောရှိသော စေတသိက်၊ (ဂ) စိတ်၏ငြိမ်းချမ်းခြင်းသဘောရှိသော စေတသိက်၊ | (က) အာရုံကို နှစ်သက်ခြင်းသဘောရှိသော စေတသိက်၊ ပီတိစေတသိက် (ခ) မှားသောအားဖြင့် နှလုံးသွင်းသဘောရှိသော စေတသိက်၊ ဒိဋ္ဌိစေတသိက် (ဂ) စိတ်၏ငြိမ်းချမ်းခြင်းသဘောရှိသော စေတသိက်၊ စိတ္တပဿဒ္ဓိစေတသိက် |
3 | 1 | 1981 | အောက်ပါအချိန်တို့၌ မည်သည့်ဝေဒနာများ ဖြစ်ပေါ်သနည်း။ (၁) ထန်းလျက်ကို စားသောအခါ (၂) လက်ကို မီးလောင်သောအခါ | (၁) ထန်းလျက်ကို စားသောအခါ ဥပေက္ခာဝေဒနာ (၂) လက်ကို မီးလောင်သောအခါ ဒုက္ခဝေဒနာ တို့ ဖြစ်ပေါ်သည်။ |
4 | 1 | 1981 | ဝိညာဉ် ၆ မျိုးနှင့် ဝီထိ ၆ မျိုးကို ပြည့်စုံစွာ ရေးပါ။ | ဝိညာဉ် ၆ မျိုးမှာ (၁) စက္ခုဝိညာဉ် (၂) သောတဝိညာဉ် (၃) ဃာနဝိညာဉ် (၄) ဇိဝှါဝိညာဉ် (၅) ကာယဝိညာဉ် (၆) မနောဝိညာဉ် ဝီထိ် ၆ မျိုးမှာ (၁) စက္ခုဝိညာဏဝီထိ (၂) သောတဝိညာဏဝီထိ (၃) ဃာနဝိညာဏဝီထိ (၄) ဇိဝှါဝိညာဏဝီထိ (၅) ကာယဝိညာဏဝီထိ (၆) မနောဝိညာဏဝီထိ တို့ဖြစ်ကြပါသည်။ |
5 | 1 | 1981 | တိုးချည် ဆုတ်ချည် အတည်တကျ သက်တမ်းကာလ သတ်မှတ်မရသော ပုဂ္ဂိုလ်များကို ဖော်ပြပါ။ | တိုးချည် ဆုတ်ချည် အတည်တကျ သက်တမ်းကာလ သတ်မှတ်မရသော ပုဂ္ဂိုလ်များမှာ - ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော အပါယ် ၄ ဘုံသားများ - တောင်ကျွန်းသူ/သားများ - ဘုမ္မဇိုးများကို မှီခိုနေသော ဝိနိပါတိက အသူရာများ တို့ဖြစြ်ကသည်။ |
6 | 1 | 1981 | ဗုဒ္ဓအဘိဓမ္မာ၌ ရုပ်ပေါင်းမည်မျှ ရှိပါသနည်း၊ ထိုရုပ်တို့တွင် အမည်နှစ်မျိုးအားဖြင့် ခေါ်ဝေါ် ထားသောရုပ်ကား အဘယ်ရုပ် ဖြစ်ပါသနည်း။ | ဗုဒ္ဓအဘိဓမ္မာ၌ - မဟာဘုတ်ရုပ် ၄ ပါး - ဥပါဒါရုပ် ၂၄ ပါး ဟူ၍ ရုပ်ပေါင်း ၂၈ ပါး ရှိပါသည်။ ထိုရုပ်တို့တွင် အမည်နှစ်မျိုးအားဖြင့် ခေါ်ဝေါ်ထားသော ရုပ်မှာ ဇာတိရုပ် ဖြစ်ပါသည်။ လက္ခဏရုပ် ၄ ပါး ဥပစယနှင့် သန္တတိရုပ်ကို ဇာတိရုပ်ဟုခေါ်ကြသောကြောင့် ဖြစ်သည်။ |
7 | 1 | 1981 | ဥပါဒါန်တရား ၄-ပါးဖော်ပြ၍ ငါ့အယူသာ မှန်သည်၊ ရှေးအယူတွေ မမှန်ဟု တယူသန်စွဲလမ်းခြင်းသည် မည်သည့် ဥပါဒါန်မျိုးဖြစ်ကြောင်း ဖော်ပြခဲ့ပါ။ | ဥပါဒါန်တရား ၄-ပါးမှာ ၁။ ကာမုပါဒါန် ၂။ ဒိဋ္ဌုပါဒါန် ၃။ သီလဗ္ဗတုပါဒါန် ၄။ အတ္တဝါဒုပါဒါန် တို့ဖြစ်ပါသည်။ ငါ့အယူသာ မှန်သည်၊ ရှေးအယူတွေ မမှန်ဟု တယူသန်စွဲလမ်းခြင်းသည် - ဣဒံသစ္စာဘိနိဝေသဒိဋ္ဌိဖြစ်သောကြောင့် ထိုသို့ စွဲလန်းခြင်းသည် ဒိဋ္ဌုပါဒါန်မျိုး ဖြစ်ပါသည်။ |
8 | 1 | 1981 | ပဋိစ္စသမုပ္ပါဒ် တရားတော်၌ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ စသည်ဖြင့် ကြောင်းကျိုးဆက်စပ်ဖော်ပြရာတွင် အဝိဇ္ဇာ၏ အကြောင်းမပါခဲ့၊ အဘယ်တရားသည် အဝိဇ္ဇာ၏ အကြောင်းဖြစ်ပါသနည်း။ | ပဋိစ္စသမုပ္ပါဒ် တရားတော်၌ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ စသည်ဖြင့် ကြောင်းကျိုးဆက်စပ်ဖော်ပြရာတွင် အဝိဇ္ဇာ၏ အကြောင်းမပါခဲ့၊ အာသဝတရားသည် အဝိဇ္ဇာ၏ အကြောင်းဖြစ်ပါသည်။ ၁။ ကာမာသဝ ၂။ ဘဝါသဝ ၃။ ဒိဋ္ဌာသဝ ၄။ အဝိဇ္ဇာသဝ ဟူသော “အာသဝေါတရား ၄-ပါး”ကြောင့် ဖြစ်ပါသည်။ |
9 | 1 | 1981 | မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဟူသော စကားအရ အသုဘကို ရှုပွားလျှင် မည်သို့သော ကုသိုလ်ဈာန်များ ရနိုင်ပါသနည်း။ | မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဟူသော စကားအရ အသုဘကို ရှုပွားလျှင် ရူပါဝစရပထမစျာန်များ ရနိုင်ပါသည်။ |
1 | 2 | 1981 | ရိုးရိုးလူတို့၏ စိတ်ထက် ထူးခြားသော မဟဂ္ဂုတ်စျာန်စိတ်ပေါင်း မည်မျှရှိသည်ဟု ရေတွက် ဖော်ပြခဲ့ပါ။ | ရိုးရိုးလူတို့၏ စိတ်ထက် ထူးခြားသော မဟဂ္ဂုတ်စျာန်စိတ်ပေါင်းမှာ - ရူပကုသိုလ်စျာန်စိတ် ၅ ပါး - ရူပဝိပါက်စျာန်စိတ် ၅ ပါး - ရူပကြိယာစျာန်စိတ် ၅ ပါး - အရူပကုသိုလ်စျာန်စိတ် ၄ ပါး - အရူပဝိပါက်စျာန်စိတ် ၄ ပါး - အရူပကြိယာစျာန်စိတ် ၄ ပါး အားဖြင့် ပေါင်း ၂၇ ပါး ရှိပါသည်။ |
2 | 2 | 1981 | ဘုရားရှိခိုးသောအခါဖြစ်သော ကုသိုလ်စိတ်၌ စေတသိက်ပေါင်း မည်မျှယှဉ်နိုင်ပါသနည်း။ | ဘုရားရှိခိုးသောအခါဖြစ်သော ကုသိုလ်စိတ် (မဟာကုသိုလ်ပထမစိတ်)၌ ယှဉ်နိုင်သော စေတသိက်များမှာ - အညသမာန်းစေတသိက် ၁၃ ပါး - သောဘနသာဓာရဏစေတသိိက် ၁၉ ပါး - ပညိန္ဒြေစေတသိက် ၁ ပါးအားဖြင့် ၃၃ ပါးသော စေတသိက် ယှဉ်ပါသည်။ |
3 | 2 | 1981 | လူ၌ ရှိသော ဒွါရ ၆ ပါးကို ရေတွက်ဖော်ပြ၍ စက္ခုဒွါရ၌ ဖြစ်သောစိတ်များကို သင်္ချာမျှ ဖော်ပြခဲ့ပါ။ | လူ၌ ရှိသော ဒွါရ ၆ ပါးမှာ (၁) စက္ခုဒွါရ (၂) သောတဒွါရ (၃) ဃာနဒွါရ (၄) ဇိဝှါဒွါရ (၅) ကာယဒွါရ (၆) မနောဒွါရ တို့ဖြစ်၍ စက္ခုဒွါရ၌ ဖြစ်သောစိတ်များမှာ ၄၆ ပါးဖြစ်သည်။ |
4 | 2 | 1981 | အောက်ပါအခါတို့၌ မည်သည့်ဇောသည် အကြိမ်မည်မျှစီ စောပါသနည်း။ (က) ရိုးရိုးအခါ (ခ) သေခါနီးအခါ (ဂ) မဂ်ကိုရသောအခါ (ဃ) ပထမဦးစွာ စျာန်ရသောအခါ (င) နိရောဓသမာပတ် ဝင်စားသောအခါ | (က) ရိုးရိုးအခါ ကာမဇောသည် ရ ကြိမ်၊ ၆ ကြိမ် (ခ) သေခါနီးအခါ မရဏသန္နဇောသည် ၅ ကြိမ် (ဂ) မဂ်ကိုရသောအခါ မဂ်ဇောသည် ၁ ကြိမ် ဖိုလ်ဇောသည် ၂ ကြိမ်၊ ၃ ကြိမ် (ဃ) ပထမဦးစွာ စျာန်ရသောအခါ မဟဂ္ဂုတ်စျာန်ဇောသည် ၁ ကြိမ် (င) နိရောဓသမာပတ် ဝင်စားသောအခါ - အနာဂါမ်ပုဂ္ဂိုလ်ဖြစ်လျှင် နေဝသညာနာသညာကုသိုလ်ဇော ၂ ကြိမ် - ရဟန္တာဖြစ်လျှင် နေဝသညာနာသညာကြိယာဇော ၂ ကြိမ် |
5 | 2 | 1981 | ဘဝတလျှောက်လုံး၌ ဘုံအားဖြင့်လည်းကောင်း၊ ဇာတ်အားဖြင့်လည်းကောင်း၊ ယှဉ်ဘက်တရားအားဖြင့် လည်းကောင်း၊ သင်္ခါရအားဖြင့်လည်းကောင်း၊ အာရုံအားဖြင့်လည်းကောင်း တူညီသောစိတ်များ ကိုရေးပါ။ | ဘဝတလျှောက်လုံး၌ ဘုံအားဖြင့်လည်းကောင်း၊ ဇာတ်အားဖြင့်လည်းကောင်း၊ ယှဉ်ဘက်တရားအားဖြင့် လည်းကောင်း၊ သင်္ခါရအားဖြင့်လည်းကောင်း၊ အာရုံအားဖြင့်လည်းကောင်း တူညီသောစိတ်များမှာ - ပဋိသန္ဓေစိတ် - ဘဝင်စိတ် - စုတိစိတ် တို့ဖြစ်ကြပါသည်။ |
6 | 2 | 1981 | ရေထဲ၌ မီးရှိသည်၊ မီးထဲ၌ ရေရှိသည်ဟူသော သိပ္ပံပညာရှင်တို့၏ ဝါဒသည် ဗုဒ္ဓအဘိဓမ္မာ၌ အကျုံးဝင်ခြင်း ရှိ မရှိ၊ ရူပဝိဘာဂ အခန်းကို အခြေခံကာ ဖြေဆိုပါ။ | ရူပဝိဘာဂ အခန်းတွင် - မည်သည့်နည်းနှင့်မျှ ခွဲဖျက်၍ မရကောင်းသောရုပ်တို့ ရှိကြရာ၊ ထိုရုပ်များမှာ ၁။ ပထဝီ ၂။ အာပေါ ၃။ တေဇော ၄။ ဝါယော ၅။ ဝဏ္ဏ ၆။ ဂန္ဓ ၇။ ရသ ၈။ သြဇ ဟူသော အဝိနိဗ္ဘောဂရုပ် ၈ ပါး ဖြစ်ပါသည်။ ထိုတွင် ရေ = အာပေါဓာတ် မီး = တေဇောတို့ ဖြစ်ကြရာ ထို အာပေါဓာတ်နှင့် တေဇောဓာတ်တို့သည် မည်သည့်နည်းနှင့်မျှ ခွဲဖျက်၍ မရကောင်းသောကြောင့် ရေထဲ၌ မီးရှိသည်၊ မီးထဲ၌ ရေရှိသည်ဟူသော သိပ္ပံပညာရှင်တို့၏ ဝါဒသည် ဗုဒ္ဓအဘိဓမ္မာ၌ အကျံုးဝင်ခြင်း ရှိပါသည်။ |
7 | 2 | 1981 | လူတို့၌ အမြဲတမ်း ကိန်းဝပ်တည်နေသော အနုသယတရားများကို ဖော်ပြ၍ ထိုအနုသယတရားတို့၏ တရားကိုယ်များကိုလည်း ကောက်ပြခဲ့ပါ။ | လူတို့၌ အမြဲတမ်း ကိန်းဝပ်တည်နေသော အနုသယတရားများနှင့် တရားကိုယ်များမှာ ၁။ ကာမရာဂါနုသယ - လောဘမူ ၈ ပါး ၌ယှဉ်သော လောဘစေတသိက် ၂။ ဘဝရာဂါနုသယ - လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ပါး၌ ယှဉ်သော လောဘစေတသိက် ၃။ ပဋိဃာနုသယ - ဒေါသမူဒွေ၌ ယှဉ်သော ဒေါသစေတသိက် ၄။ မာနာနုသယ - လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ပါး၌ ယှဉ်သော မာနစေတသိက် ၅။ ဒိဋ္ဌာနုသယ - လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၌ ယှဉ်သော ဒိဋ္ဌိစေတသိက် ၆။ ဝိစိကိစ္ဆာနုသယ - မောဟမူ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ယှဉ်သော - ဝိစိကိစ္ဆာစေတသိက် ၇။ အဝိဇ္ဇာနုသယ - အကုသိုလ်စိတ် ၁၂ ပါး၌ ယှဉ်သော မောဟစေတသိက် တို့ဖြစ်ကြပါသည်။ |
8 | 2 | 1981 | ရုပ်က နာမ်အား ပုရေဇာတ ပစ္စည်းဖြင့် ကျေးဇူးပြုရာတွင် မည်သည့်ရုပ်က မည်သည့်နာမ်အားကျေးဇူးပြုပါသနည်း။ | ရုပ်က နာမ်အား ပုရေဇာတ ပစ္စည်းဖြင့် ကျေးဇူးပြုရာတွင် (က) အာရုံအားဖြင့် - နိပ္ဖန္နရုပ် ၁၈ ပါးဟူသော အာရုံ ၆ ပါးက ၁။ ကာမစိတ် ၅၄ ပါး ၂။ အဘိညာဉ်ဒွေ ၃။ အပ္ပမညာကြဉ် စေတသိက် ၅၀ ကိုလည်းကောင်း (ခ) ဝတ္ထုအားဖြင့် ၁။ စက္ခုဝတ္ထု ၂။ သောတဝတ္ထု ၃။ ဃာနဝတ္ထု ၄။ ဇိဝှါဝတ္ထု ၅။ ကာယဝတ္ထု ၆။ ဟဒယဝတ္ထု ဟူသော ဝတ္ထု ၆ ပါးက - ဝတ္ထုရုပ်ကို မှီ၍ ဖြစ်သော စိတ် စေတသိက်များကိုလည်းကောင်း ကျေးဇူးပြုပါသည်။ |
9 | 2 | 1981 | အောက်ပါပုဂ္ဂိုလ်များသည် သမထကမ္မဋ္ဌာန်းကို အားထုတ်လိုလျှင် မည်သည့်ကမ္မဋ္ဌာန်းမျိုးကို ရွေးချယ်အားထုတ်သင့်သနည်း၊ စရိုက်နှင့်ကမ္မဋ္ဌာန်း ကိုက်ညီအောင် ဖော်ပြခဲ့ပါ။ (က) ဒေါသကြီးတတ်သူ (ခ) တွေဝေငေးမောတတ်သူ (ဂ) အတွေးအကြံများသူ (ဃ) သဒ္ဓါတရား ထက်သန်သူ (င) ပညာဉာဏ်ကြီးသူ | (က) ဒေါသကြီးတတ်သူ - နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော အရောင်ကသိုဏ်း ၄-ပါး - မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော အပ္ပမညာ ၄-ပါး (ခ) တွေဝေငေးမောတတ်သူ - အာနာပါနသတိကမ္မဋ္ဌာန်း (ဂ) အတွေးအကြံများသူ - အာနာပါနသတိကမ္မဋ္ဌာန်း (ဃ) သဒ္ဓါတရား ထက်သန်သူ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ =ပေါင်း အနုဿတိ ၆-ပါး (င) ပညာဉာဏ်ကြီးသူ ဥပသမာအနုဿတိ၊ မရဏာနုဿတိ အာဟာရေပဋိကူလသညာကမ္မဋ္ဌာန်း စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်း |
1 | 3 | 1981 | လောကီစိတ် ၈၁ ပါး၌ ကုသိုလ်စိတ် ဝိပါက်စိတ် ကြိယာစိတ် မည်မျှစီရှိကြောင်း သင်္ချာမျှ ရေးသားဖော်ပြခဲ့ပါ။ | လောကီစိတ် ၈၁ ပါး၌ - ကုသိုလ်စိတ် - ၁၇ ပါး - ဝိပါက်စိတ် - ၃၂ ပါး - ကြိယာစိတ် - ၂၀ ပါး တို့ရှိကြပါသည်။ |
2 | 3 | 1981 | အမှား - အမှန် ဝေဖန် တွေးတော ယုံမှားသော ဝိစိကိစ္ဆာစိတ်၌ ယှဉ်နိုင်သော စေတသိက်များကို ဖော်ပြခဲ့ပါ။ | အမှား - အမှန် ဝေဖန် တွေးတော ယုံမှားသော ဝိစိကိစ္ဆာစိတ်၌ ယှဉ်နိုင်သော စေတသိက်များမှာ ၁။ အညသမာန်းစေတသိက် ၇ ပါး ၂။ အဓိမောက္ခ၊ ပီတိ၊ ဆန္ဒကြဉ် ပကိဏ်းစေတသိက် ၃ ပါး ၃။ အကုသလသာဓာရဏစေတသိက် ၄ ပါး ၄။ ဝိစိကိစ္ဆာစေတသိက် ၁ ပါး ပေါင်း ၁၅ ပါး ဖြစ်ပါသည်။ |
3 | 3 | 1981 | လူ၌ ရှိသော ဝိညာဏဓာတ် ရ မျိုးကို ရေတွက်ဖော်ပြခဲ့ပါ။ | လူ၌ ရှိသော ဝိညာဏဓာတ် ရ မျိုးမှာ (၁) စက္ခုဝိညာဏဓာတ် (၂) သောတဝိညာဏဓာတ် (၃) ဃာနဝိညာဏဓာတ် (၄) ဇိဝှါဝိညာဏဓာတ် (၅) ကာယဝိညာဏဓာတ် (၆) မနောဓာတ် (ရ) မနောဝိညာဏဓာတ် တို့ ဖြစ်ကြပါသည်။ |
4 | 3 | 1981 | အောက်ပါပုဂ္ဂိုလ်တို့၌ မရနိုင်သော ဇောစိတ်တို့ကို ရေးပါ။ (က) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် (ခ) သုဂတိအဟိတ်ပုဂ္ဂိုလ် (ဂ) ဒွိဟိတ်ပုဂ္ဂိုလ် (ဃ) တိဟိတ်ပုဂ္ဂိုလ် | မရနိုင်သော ဇောစိတ်တို့မှာ (က) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၌ - ဟသိတုပ္ပါဒ် - မဟာကြိယာဇော ၈ ပါး - အပ္ပနာဇော ၂၆ ပါး (ခ) သုဂတိအဟိတ်ပုဂ္ဂိုလ်၌ - ဟသိတုပ္ပါဒ် - မဟာကြိယာဇော ၈ ပါး - အပ္ပနာဇော ၂၆ ပါး (ဂ) ဒွိဟိတ်ပုဂ္ဂိုလ်၌ - ဟသိတုပ္ပါဒ် - မဟာကြိယာဇော ၈ ပါး - အပ္ပနာဇော ၂၆ ပါး (ဃ) တိဟိတ်ပုဂ္ဂိုလ်၌ - မရှိပါ။ |
5 | 3 | 1981 | ထမင်းရည်ချောင်းစီး အလှူကြီးပေးသော တိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ရှင်၏ ဒါနကုသိုလ်ကံသည် မည်သည့်အကျိုးများကို ပေးပါသနည်း။ | ထမင်းရည်ချောင်းစီး အလှူကြီးပေးသော တိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ရှင်၏ ဒါနကုသိုလ်ကံသည် (က) ပဋိသန္ဓေအခါ - ကာမသုဂတိ ရ ဘုံတွင် မဟာဝိပါက် ဉာဏသမ္ပယုတ် ပဋိသန္ဓေ ၄ ပါး (ခ) ပဝတ္တိအခါ - အပါယ် ၄ ဘုံတွင် အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး - ကာမသုဂတိ ရ ဘုံတွင် အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး မဟာဝိပါက်စိတ် ၈ ပါး - အသညသတ်ကြဉ် ရူပ ၁၅ ဘုံတွင် ဃာန၊ ဇိဝှါ၊ ကာယဝိညာဏ် ၃ ပါး ကြဉ် အဟိတ်ကုသလဝိပါက်စိတ် ၅ ပါး အကျိုးပေးပါသည်။ |
6 | 3 | 1981 | ဗုဒ္ဓမြတ်စွာက နိဗ္ဗာန်၏ ဂုဏ်ပုဒ်ကို မည်ကဲ့သို့ ချီးကျူး ထုတ်ဆိုထားတော်မူပါသနည်း။ | ဗုဒ္ဓမြတ်စွာက တဏှာကုန်ခမ်းခြင်း သဘောရှိသော နိဗ္ဗာန်၏ ဂုဏ်ပုဒ်ကို ၁။ အစ္စုတံ - စုတေရွေ့လျော သေဆုံးမှုသဘော မရှိသောတရား ၂။ အစ္စနံ ္တ - စုတိဟူသော အပိုင်းအခြားမှ လွန်မြောက်သော တရား ၃။ အသင်္ခတံ - ကံ စိတ် ဥတု အာဟာရတည်းဟူသော အကြောင်း တရားတို့ဖြင့် ပြုပြင်စီရင်ခြင်း မခံရသော တရား ၄။ အနုတ္တရံ - မိမိထက် လွန်မြတ်သောတရား မရှိသောတရား ၅။ ပဒံ - အရိယာတို့သာ ရောက်သင့်ရောက်အပ်သော တရား ဟူ၍ ချီးကျူး ထုတ်ဆိုထားပါသည်။ |
7 | 3 | 1981 | ဣန္ဒြေရှိသည်- ဣန္ဒြေမဲ့သည်ဟု ဆိုကြရာ၌ ဣန္ဒြေ ၂၂-ပါးတို့တွင် ရိုးရိုးလူတစ်ဦးအား ရှိနိုင်သော ဣန္ဒြေများကို ရေတွက်ဖော်ပြပါ။ | ဣန္ဒြေ ၂၂-ပါးတို့တွင် ရိုးရိုးလူတစ်ဦးအား ရှိနိုင်သော ဣန္ဒြေများမှာ ၁။ စက္ခုန္ဒြေ ၂။ သောတိန္ဒြေ ၃။ ဃာနိန္ဒြေ ၄။ ဇိဝှိန္ဒြေ ၅ ကာယိန္ဒြေ ၆။ ဣတ္ထိန္ဒြေ (သို့မဟုတ်) ပုရိသိန္ဒြေ ၇။ ဇိဝိတိန္ဒြေ ၈။ မနိန္ဒြေ ၉။ သုခိန္ဒြေ ၁၀။ ဒုက္ခိန္ဒြေ ၁၁။ သောမနဿိန္ဒြေ ၁၂။ ဒေါမနဿိန္ဒြေ ၁၃။ ဥပေက္ခိန္ဒြေ ၁၄။ သဒ္ဓိန္ဒြေ ၁၅။ ဝိရိယိန္ဒြေ ၁၆။ သတိန္ဒြေ ၁၇။ သမာဓိန္ဒြေ ၁၈။ ပညိန္ဒြေ တို့ဖြစ်ကြပါသည်။ |
8 | 3 | 1981 | အောက်ပါတို့သည် မည်သည့်ပညတ်များ ဖြစ်ကြောင်း ဖော်ပြပါ။ (က) ကမ္ဘာ (ခ) ရုပ်နာမ် ၂-ပါးရှိသော ပုဂ္ဂိုလ် (ဂ) လူ၏ အသံ (ဃ) တရားသံ (င) မင်းသား | (က) ကမ္ဘာ - ဒေသပညတ် (ခ) ရုပ်နာမ် ၂-ပါးရှိသော ပုဂ္ဂိုလ် - ဝိဇ္ဇမာနေနအဝိဇ္ဇမာနပညတ် (ဂ) လူ၏ အသံ - အဝိဇ္ဇမာနေနဝိဇ္ဇမာနပညတ် (ဃ) တရားသံ - ဝိဇ္ဇမာနေနဝိဇ္ဇမာနပညတ် (င) မင်းသား - အဝိဇ္ဇမာနေနအဝိဇ္ဇမာနပညတ် |
9 | 3 | 1981 | ဗုဒ္ဓဘာသာနည်းအားဖြင့် ပထဝီကသိုဏ်း အစရှိသော သမထကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို အားထုတ်သောသူအား အဆင့်ဆင့် နိမိတ်များ ပေါ်လာပုံနှင့် ဈာန်ရပုံကို ဖော်ပြခဲ့ပါ။ | ဗုဒ္ဓဘာသာနည်းအားဖြင့် ပထဝီကသိုဏ်း အစရှိသော သမထကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို အားထုတ်သောသူအား အဆင့်ဆင့် နိမိတ်များ ပေါ်လာပုံနှင့် ဈာန်ရပုံမှာ ၁။ ပရိကမ္မနိမိတ်နှင့် ပရိကမ္မဘာဝနာ ဖြစ်ပေါ်လာခြင်း တစ်ထွာ လက်လေးသစ်ခန့် ရှိသော ပထဝီ ကသိုဏ်းဝန်းကို မျက်စိ ပကတိ အနေထားဖြင့် ကြည့်ရူ၍ `ပထဝီ ပထဝီ´ သို့မဟုတ် `မြေ မြေ´ ဟု နူတ်က ရွတ်ဆို၍ ဖြစ်စေ၊ မရွတ်ဆိုဘဲ စိတ်ဖြင့် ရှုမှတ်၍ ဖြစ်စေ အဖန်ဖန် ပွားများအပ်၏။ ရံခါ မျက်စိကို မှိတ်၍ ကသိုဏ်းဝန်း အာရုံကို မှန်းဆ၍ ပွားများအပ်၏။ဤသို့ ယူအပ်သော အာရုံကို `ပရိကမ္မနိမိတ်´ဟု ခေါ်ပြီး ရှုမှတ် ပွားများမှုကို `ပရိကမ္မဘာဝနာ´ဟုခေါ်၏။ ၂။ ဥဂ္ဂဟနိမိတ်နှင့် ပရိကမ္မဘာဝနာ ဖြစ်ပေါ်လာခြင်း ပရိကမ္မနိမိတ်ကို ရှုမှတ်ဖန် များသည့်အခါ ထိုနိမိတ်သည် မျက်စိကို မှိတ်ထားလျှင်လည်း မျက်စိဖြင့် တိုက်ရိုက် မြင်နေရသကဲ့သို့ စိတ်ထဲ၌ ထင်ထင်ရှားရှား ထင်ပေါ်လာ၏။ ဤသို့ စိတ်ဖြင့် ကောင်းစွာ ယူမိသော အာရုံကို `ဥဂ္ဂဟနိမိတ်´ ဟုခေါ်၏။ ဤနိမိတ်ကို ပွားများသော ဘာဝနာသည် ရှေးကထက် သမာဓိ ရင့်ကျက် တည်ကြည် လာသော်လည်း `ပရိကမ္မဘာဝနာ´ဟုပင် ခေါ်ဆိုရ၏။ ၃။ ပဋိဘာဂနိမိတ်နှင့် ဥပစာရဘာဝနာ ဖြစ်ပေါ်လာခြင်း ဥဂ္ဂဟနိမိတ်ကို ပရိကမ္မဘာဝနာဖြင့် ဆက်လက် ပွားများ ပြန်သောအခါ တစ်ချိန်၌ ထို ဥဂ္ဂဟနိမိတ်နှင့် ပုံသဏ္ဌာန် အရွယ်တူသော အာရုံ တစ်မျိုးသည် စိတ်၌ ငြိမ်သက်စွာ တည်လာ၏။စိတ်ထဲ၌ ကောင်းစွာ သွင်းထားအပ် သကဲ့သို့ တည်ငြိမ် နေ၏။ မပျောက်မပျက် ကွက်ကွက်ကွင်းကွင်း ထင်ပေါ်နေ၏။ ဤကား ပဋိဘာဂနိမိတ်တည်း။ ပဋိဘာဂ နိမိတ်ပေါ်လာသည့် အချိန်မှစ၍ ဘာဝနာ စိ်တ်အစဉ်သည် ပရိကမ္မဘာဝနာ အဆင့်ကို လွန်၍ ဥပစာရဘာဝနာ အဆင့်သို့ ရောက်လေပြီ။ ဥပစာရဘာဝနာ ဖြစ်ပေါ်လာသည့်အခါ နီဝရဏများ ကင်းကွာ၍ စျာန်အင်္ဂါ ၅ ပါး တို့သည် မိမိတို့၏ ဆိုင်ရာ ကိစ္စများကို အထင်အရှား ဆောင်ရွက်ကြလေပြီ။ သို့အတွက် ဥပစာရဘာဝနာကို `ဥပစာရစျာန်´ဟုလည်း ခေါ်၏။ ၄။ ပဋိဘာဂနိမိတ်နှင့် အပ္ပနာဘာဝနာ ဖြစ်ပေါ်လာခြင်း ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဆက်လက် အားထုတ်သည့်အခါ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်လျှင် မကြာမတင်ပင် `အပ္ပနာဘာဝနာ´ဟုခေါ်သော ရူပါဝစရစျာန် ဖြစ်ပါ်လာ၏။ ဉာဏ်ပညာ မထက်မြက်သူတို့လည်း ရအပ်ပြီးသော ပဋိဘာဂနိမိတ်ကို မပျောက် မပျက်အောင် အထူး စောင့်ရှောက်၍ အဆက်မပြတ် ပွားများ အားထုတ်လျှင် `အပ္ပနာဘာဝနာ´သို့ အနှေးနှင့် အမြန် ရောက်ရှိနိုင်၏။ ပထမအကြိမ် အပ္ပနာဘာဝနာသို့ ရောက်သော ယောဂီသည် ရူပါဝစရ ပထမစျာန်ကို ရလေပြီဖြစ်သည်။ |
2 | 4 | 1981 | ပန်းတစ်ပွင့်ကို မြင်သောအခါဖြစ်သော စက္ခုဝိညာဉ်စိတ်၌ ယှဉ်သောစေတသိက်တို့ကို ရေးခဲ့ပါ။ | ပန်းတစ်ပွင့်ကို မြင်သောအခါ ဖြစ်သော စက္ခုဝိညာဉ်စိတ်၌ ယှဉ်သောစေတသိက်တို့မှာ ၁။ ဖဿ ၂။ ဝေဒနာ ၃။ သညာ ၄။ စေတနာ ၅။ ဧကဂ္ဂတာ ၆။ ဇိဝိတိန္ဒြေ ၇။ မနသိကာရ ဟူသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါးဖြစ်ပါသည်။ |
5 | 4 | 1981 | အောက်ပါပုဂ္ဂိုလ်တို့ သေသောအခါ မည်သည့် ပဋိသန္ဓေ (မည်သည့်ဘဝ)သို့ ရောက်နိုင်ကြသနည်း။ (က) ဒွိဟိတ်လူသားများ (ခ) တိဟိတ်လူသားများ (ဂ) နတ်များ (ဃ) ရူပဘုံသား ဗြဟ္မာများ (င) အရူပဘုံသား ဗြဟ္မာများ | (က) ဒွိဟိတ်လူသားများ သေသောအခါ - ကာမ ၁၁ ဘုံ၌ ဒုဂ္ဂတိအဟိတ်ပဋိသန္ဓေ သုဂတိအဟိတ်ပဋိသန္ဓေ ဒွိဟိတ််ပဋိသန္ဓေ တိဟိတ််ပဋိသန္ဓေ (ခ) တိဟိတ်လူသားများ သေသောအခါ - ၃၁ ဘုံ၌ ဒုဂ္ဂတိအဟိတ်ပဋိသန္ဓေ သုဂတိအဟိတ်ပဋိသန္ဓေ ဒွိဟိတ််ပဋိသန္ဓေ တိဟိတ််ပဋိသန္ဓေ (ဂ) နတ်များ သေသောအခါ - ၃၁ ဘုံ၌ ဒုဂ္ဂတိအဟိတ်ပဋိသန္ဓေ သုဂတိအဟိတ်ပဋိသန္ဓေ ဒွိဟိတ််ပဋိသန္ဓေ တိဟိတ််ပဋိသန္ဓေ (ဃ) ရူပဘုံသား ဗြဟ္မာများ သေသောအခါ - အပါယ် ၄ ဘုံ၊ အသညသတ်ကြဉ် ကျန် ၂၆ ဘုံ ၌ ဒွိဟိတ််ပဋိသန္ဓေ တိဟိတ််ပဋိသန္ဓေ (င) အရူပဘုံသား ဗြဟ္မာများ သေသောအခါ - ကာမသုဂတိ ရ ဘုံ၊ လက်ရှိအရူပဘုံနှင့် အပေါ်ဘုံ၌ တိဟိတ််ပဋိသန္ဓေ |
9 | 4 | 1981 | သံသရာမှ ထွက်မြောက်ရန် အလို့ငှာ ဝိပဿနာ ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သော ယောဂီပုဂ္ဂိုလ်အား မည်သည့်အခါ ပုထုဇဉ်နယ်ကုန်ဆုံး၍ အရိယာနယ်အစသို့ ရောက်သနည်း။ | သံသရာမှ ထွက်မြောက်ရန် အလို့ငှာ ဝိပဿနာကမ္မဋ္ဌာန်းစီးဖြန်းအားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား ဂေါတြဘူစိတ် ဖြစ်သောအခါ၌ ပုထုဇဉ် အနွယ်ဆုံး၍ အရိယာအနွယ်သို့ ရောက်ရှိပါသည်။ |
1 | 1 | 1982 | မဖောက်မပြန်သောကြောင့် ပရမတ်မည်သော တရားများကို ရေတွက်ပြ၍ စိတ်မည်သော ပရမတ်တရား၏ အရေအတွက် သင်္ချာမျှကိုသာ အကျဉ်းနည်း - အကျယ်နည်းအားဖြင့် ဖော်ပြပါ။ | မဖောက်မပြန်သောကြောင့် ပရမတ်မည်သော တရားများမှာ - စိတ် - စေတသိက် - ရုပ် - နိဗ္ဗာန် တို့ဖြစ်ပါသည်။ စိတ်မည်သော ပရမတ်တရား၏ အရေအတွက်မှာ - အကျဉ်းအားဖြင့် ၈၉ ပါး - အကျယ်အားဖြင့် ၁၂၁ ပါး ရှိပါသည်။ |
2 | 1 | 1982 | သဘောတရားတစ်ခုကို စေတသိက်ဟူ၍ သတ်မှတ်နိုင်လောက်အောင် လိုအပ်သော အင်္ဂါလက္ခဏာ ၄ ပါးကို ရေးသားဖော်ပြပါ။ | သဘောတရားတစ်ခုကို စေတသိက်ဟူ၍ သတ်မှတ်နိုင်လောက်အောင် လိုအပ်သော အင်္ဂါလက္ခဏာ ၄ ပါးမှာ ၁။ ဧကုပ္ပါဒ - စိတ်နှင့် အတူဖြစ်ခြင်း ၂။ ဧကနိရောဓ - စိတ်နှင့် အတူချုပ်ခြင်း ၃။ ဧကာလမ္ဗန - စိတ်နှင့် တူသောအာရုံရှိခြင်း ၄။ ဧကဝတ္ထုက - မှီရာ ဝတ္ထုတူခြင်းတို့ဖြစ်ပါသည်။ |
3 | 1 | 1982 | ဧကဟိတ်၊ ဒွိဟိတ်၊ တိဟိတ်ဆိုသော စကား၌ အသီးသီးပါဝင်နိုင်သော ဟိတ်တရားများကို ဖော်ပြပါ။ | ဧကဟိတ်၌ ပါဝင်နိုင်သော ဟိတ်တရား - မောဟဟိတ် ဒွိဟိတ်၌ ပါဝင်နိုင်သော ဟိတ်တရား - မောဟဟိတ် - လောဘဟိတ် - ဒေါသဟိတ် - အလောဘဟိတ် - အဒေါသဟိတ် တိဟိတ်၌ ပါဝင်နိုင်သော ဟိတ်တရား - အလောဘဟိတ် - အဒေါသဟိတ် - အမောဟဟိတ် |
4 | 1 | 1982 | ကောင်းမြတ်သော ဘောဇဉ်ကို စားသုံးနေသောအခါ စားသုံးသူ၏ သန္တာန်၌ ဖြစ်သင့်သော စိတ်အစဉ်ကို ပိုင်းခြား ဖော်ပြပါ။ | ကောင်းမြတ်သော ဘောဇဉ်ကို စားသုံးနေသောအခါ စားသုံးသူ၏ သန္တာန်၌ ဖြစ်သင့်သော စိတ်အစဉ်မှာ (၁) အတီတဘဝင် (၂) ဘဝင်္ဂစလန (၃) ဘဝင်္ဂုပစ္ဆေဒ (၄) ပဉ္စဒွါရာဝဇ္ဇန်း (၅) အဟိတ်ကုသလဝိပါက် ဇိဝှါဝိညာဏ် (၆) အဟိတ်ကုသလဝိပါက် သမ္ပဋိ စ္ဆိုန်း (ရ) အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ (ဂ) ဝုဋ္ဌော (၉) ကာမဇော ရ ကြိမ် (၁၀) ဥပေက္ခာတဒါရုံ ၆ ပါးမှ ၁ ပါးပါးသည် ၂ ကြိမ် ဖြစ်ပြီးနောက် ဘဝင် ဖြစ်ထိုက်သမျှ ဖြစ်၏။ |
5 | 1 | 1982 | ၃၁ ဘုံတွင် ပုထုဇဉ်တို့သာ နေထိုင်ရသောဘုံ အရိယာပုဂ္ဂိုလ်တို့သာ နေထိုင်ရသောဘုံနှင့် ပုထုဇဉ် အရိယာရောရာ နေထိုင်ကြရသော ဘုံတို့ကို သတ်မှတ် ဖော်ပြပါ။ | ၃၁ ဘုံတွင် ပုထုဇဉ်တို့သာ နေထိုင်ရသောဘုံ - အပါယ် ၄ ဘုံ - အသညသတ်ဘုံ အရိယာပုဂ္ဂိုလ်တို့သာ နေထိုင်ရသောဘုံ - သုဒ္ဓါဝါသ ၅ ဘုံ ပုထုဇဉ် အရိယာရောရာ နေထိုင်ကြရသော ဘုံတို့မှာ - ကာမသုဂတိ ရ ဘုံ - ဝေဟပ္ဖိုလ်တိုင်အောင် ရူပ ၁၀ ဘုံ - အရူပ ၄ ဘုံ တို့ဖြစ်ကြပါသည်။ |
6 | 1 | 1982 | ရုပ်ရုပ်ချင်း စကားပြောသည်၊ ငါ့ဦးနှောက်က သိသည် စသည်ဖြင့် ပြောဆိုသော စကား များသည် ဗုဒ္ဓအဘိဓမ္မာနှင့် ညီညွတ်ခြင်း ရှိ မရှိ သဂြိုလ်နှင့်ညှိ၍ စိစစ်ဆုံးဖြတ်ပါ။ | ရုပ်ရုပ်ချင်း စကားပြောသည်၊ ငါ့ဦးနှောက်က သိသည် စသည်ဖြင့် ပြောဆိုသော စကား များသည် ဗုဒ္ဓအဘိဓမ္မာနှင့် ညီညွတ်ခြင်း မရှိပါ။ ရုပ်တရားမည်သည် - အာရုံကို ယူတတ်သောသဘော ကင်းသည်၏ (အနာရမ္မဏ) အဖြစ်ကြောင့် ဦးနှောက်က သိသည်ဟူသော အဆိုသည် ဗုဒ္ဓအဘိဓမ္မာနှင့် မညီညွတ်ပါ။ |
7 | 1 | 1982 | ယခုလက်ရှိ လူသားများ၌ အစဉ်မပြတ် ကိန်းဝပ်တည်ရှိနေသော အနုသယတရားကိုယ်များကို အဘိဓမ္မာနည်းပညာအရ ရှာဖွေ စိစစ်ဖော်ပြပါ။ | ယခုလက်ရှိ လူသားများ၌ အစဉ်မပြတ် ကိန်းဝပ်တည်ရှိနေသော အနုသယတရားကိုယ်များမှာ (က) လောဘမူစိတ် ၈ ပါးတွင် ၁။ ကာမရာဂါနုသယ ၂။ ဘဝရာဂါနုသယ ၃။ မာနာနုသယ ၄။ ဒိဋ္ဌာနုသယ တို့ ပါဝင်သည်ဖြစ်၍ - တရားကိုယ်များမှာ ၁။ လောဘစေတသိက် ၂။ ဒိဋ္ဌိစေတသိက် ၃။ မောဟစေတသိက် (ခ) ဒေါသမူစိတ် ၂ ပါးတွင် ၁။ ပဋိဃာနုသယ ပါဝင်သည်ဖြစ်၍ - တရားကိုယ်မှာ ၁။ ဒေါသစေတသိက် (ဂ) မောဟမူဝိစိကိစ္ဆာသဟဂုတ်စိတ်တွင် ၁။ ဝိစိကိစ္ဆာနုသယ ပါဝင်သည်ဖြစ်၍ - တရားကိုယ်မှာ ၁။ ဝိစိကိစ္ဆာစေတသိက် (ဃ) အကုသိုလ်စိတ် ၁၂ ပါးစလုံးတွင် ၁။ အဝိဇ္ဇာနုသယ ပါဝင်သည်ဖြစ်၍ - တရားကိုယ်မှာ ၁။ မောဟစေတသိက် တို့ ဖြစ်ကြသည်။ ဤသို့လျှင် ယခုလက်ရှိ လူသားများ၌ အစဉ်မပြတ် ကိန်းဝပ်တည်ရှိနေသော အနုသယတရားကိုယ်များမှာ ၁။ လောဘ ၂။ ဒိဋ္ဌိ ၃။ မာန ၄။ ဒေါသ ၅။ ဝိစိကိစ္ဆာ ၆။ မောဟ စေတသိက်တို့ ဖြစ်ကြပါသည်။ |
8 | 1 | 1982 | ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးတို့တွင် တစ်နွယ်ငင်လျှင် တစ်စင်ပါသည် ဆိုသည့်အတိုင်း အဝိဇ္ဇာကိုယူလျှင် အခြားမည်သည့်တရားများ ပါဝင်လာပါသနည်း။ | ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးတို့တွင် တစ်နွယ်ငင်လျှင် တစ်စင်ပါသည် ဆိုသည့်အတိုင်း အဝိဇ္ဇာကိုယူလျှင် အဝိဇ္ဇာ = ကိလေသဝဋ် တဏှာ၊ ဥပါဒါန် = ကိလေသဝဋ် ဤသို့ ကိလေသဝဋ်နွယ်ချင်းတူသဖြင့် အဝိဇ္ဇာကို တိုက်ရိုက်ယူလိုက်သဖြင့် တစ်နွယ်ဝင် တစ်စင်ပါ ဆိုသလို ကိလေသဝဋ်နွယ်ချင်းတူသော တဏှာ ဥပါဒါန်တရားများ ပါဝင်လာရမည်ဖြစ်ပါသည်။ |
9 | 1 | 1982 | သက်သက်လွတ်သည်ဖြစ်စေ၊ မလွတ်သည်ဖြစ်စေ မိမိစားသောက်သော အစာအာဟာရကို စက်ဆုပ် ရွံရှာဖွယ်အဖြစ် ရှုဆင်ခြင်လျှင် မည်သည့် ကမ္မဋ္ဌာန်းမျိုးဖြစ်သနည်း၊ ဤကမ္မဋ္ဌာန်းမျိုးကို မည်သို့သော ပုဂ္ဂိုလ်မျိုးမှ ဆင်ခြင်ပွားများနိုင်ပါသနည်း။ | သက်သက်လွတ်သည်ဖြစ်စေ၊ မလွတ်သည်ဖြစ်စေ မိမိစားသောက်သော အစာအာဟာရကို စက်ဆုပ် ရွံရှာဖွယ်အဖြစ် ရှုဆင်ခြင်လျှင် အာဟာရေပဋိကူလသညာကမ္မဋ္ဌာန်းဖြစ်ပါသည်။ ဤကမ္မဋ္ဌာန်းမျိုးကို ဗုဒ္ဓိစရိုက်ရှိသော ပုဂ္ဂိုလ်မျိုးမှ ဆင်ခြင်ပွားများနိုင်ပါသည်။ |
1 | 2 | 1982 | အကုသိုလ်တရား၏ အကျိုးဖြစ်သော ဝိပါက်စိတ်များကို တစ်ခုစီ ရေတွက်ပြပါ။ | အကုသိုလ်တရား၏ အကျိုးဖြစ်သော ဝိပါက်စိတ်များမှာ (၁) ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ ပါး (၂) ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် ၁ ပါး (၃) ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် ၁ ပါး (၄) ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် ၁ ပါး (၅) ဥပေက္ခာသဟဂုတ် ကာယဝိညာဏ်စိတ် ၁ ပါး (၆) ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုန်းစိတ် ၁ ပါး (၇) ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ၁ ပါး တို့ဖြစ်ကြပါသည်။ |
2 | 2 | 1982 | စေတသိက် ၅၂ ပါးတို့တွင် အကုသိုလ်မည်သော စေတသိက်များကို ပြည့်စုံအောင် ဖော်ပြပါ။ | စေတသိက် ၅၂ ပါးတို့တွင် အကုသိုလ်မည်သော စေတသိက်များမှာ - သဗ္ဗာကုသလသာဓာရဏ ၄ ပါး ၁။ မောဟ ၂။ အဟိရိက ၃။ အနောတ္တပ္ပ ၄။ ဥဒ္ဓစ္စ - လောတြိ ၃ ပါး ၅။ လောဘ ၆။ ဒိဋ္ဌိ ၇။ မာန - ဒေါစတုတ် ၄ ပါး ၈။ ဒေါသ ၉။ ဣဿာ ၁၀။ မစ္ဆရိယ ၁၁။ ကုက္ကုစ္စ - အဆုံးတြိ ၃ ပါး ၁၂။ ထိန ၁၃။ မိဒ္ဓ ၁၄။ ဝိစိကိစ္ဆာ ပေါင်း ၁၄ ပါးဖြစ်ပါသည်။ |
3 | 2 | 1982 | လူ၏ကိုယ်၌ ရှိသော ဒွါရ ၆ ပါးကို ရေတွက်ဖော်ပြ၍ ၎င်းဒွါရ ၆ ပါးလုံး၌ မဖြစ်သောစိတ်များကို ဖော်ပြပါ။ | လူ၏ကိုယ်၌ ရှိသော ဒွါရ ၆ ပါးမှာ (၁) စက္ခုဒွါရ (၂) သောတဒွါရ (၃) ဃာနဒွါရ (၄) ဇိဝှါဒွါရ (၅) ကာယဒွါရ (၆) မနောဒွါရ တို့ဖြစ်၍ ၎င်းဒွါရ ၆ ပါးလုံး၌ မဖြစ်သောစိတ်များမှာ - မုချ မဖြစ်သောစိတ် မဟဂ္ဂုတ်ဝိပါက် ၉ ပါး - ရံခါမဖြစ်သောစိတ် မဟာဝိပါက် ၈ ပါး ဥပေက္ခာသန္တီရဏစိတ် ၂ ပါး တို့ဖြစ်ကြပါသည်။ |
4 | 2 | 1982 | ပုခက်နှင့် ခေါင်းကြား ဟုဆိုအပ်သော လူတစ်ဘဝတာ အတွင်း၌ ရိုးရိုးလူသားတို့ သန္တာန်တွင် ဖြစ်သော ဇောစိတ်ကို ပိုင်းခြားဖော်ပြပါ။ | ပုခက်နှင့် ခေါင်းကြား ဟုဆိုအပ်သော လူတစ်ဘဝတာ အတွင်း၌ ရိုးရိုးလူသားတို့ သန္တာန်တွင် ဖြစ်သော ဇောစိတ်မှာ - အကုသိုလ်စိတ် ၁၂ ပါး - မဟာကုသိုလ်စိတ် ၈ ပါး တို့ဖြစ်ပါသည်။ |
5 | 2 | 1982 | လူမှန်သမျှ ဘဝအခြေခံ ပဋိသန္ဓေစိတ်ချင်း တူ မတူ သုံးသပ်ဝေဖန် ဖော်ပပြြီးလျှင် မည်သည့် ပဋိသန္ဓေစိတ် အခြေရှိသူများသာ အထွပ်အထိပ်သို့ ရောက်တတ်သနည်း။ ရှင်းလင်း ဖော်ပြပါ။ | လူမှန်သမျှ ဘဝအခြေခံ ပဋိသန္ဓေစိတ်ချင်း မတူနိုင်ပါ။ လူဟုဆိုရာ၌ - အကုသလဝိပါက်ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေ နေသော သုဂတိအဟိတ်ပုဂ္ဂိုလ် - မဟာဝိပါက် ဉာဏဝိပ္ပယုတ် ၄ ပါး ဖြင့် ပဋိသန္ဓေ နေသော ဒွိဟိတ်ပုဂ္ဂိုလ် - မဟာဝိပါက် ဉာဏသမ္ပယုတ် ၄ ပါး ဖြင့် ပဋိသန္ဓေ နေသော တိဟိတ်ပုဂ္ဂိုလ် ဟူ၍ အမျိုးမျိုး ဖြစ်နိုင်သောကြောင့် ဘဝအခြေခံ ပဋိသန္ဓေစိတ်ချင်း မတူနိုင်ပါ။ မဟာဝိပါက် ဉာဏသမ္ပယုတ် ၄ ပါး ဖြင့် ပဋိသန္ဓေ နေသော တိဟိတ်ပုဂ္ဂိုလ်သည်သာ အမောဟဟူသော ပညာဖြင့် ပဋိသန္ဓေသောကြောင့် အထွဋ်အထိပ်သို့ ရောက်တတ်ပါသည်။ |
6 | 2 | 1982 | အလှအပစိုက်ထားသော ဂမုံးပင်များ၌ အသက်ဝင်လာသည် အသက်ရှိသည်ဟူသော အယူအဆသည် မှန် မမှန် ကျမ်းနှင့် ညှိ၍ စိစစ်ပါ။ | အလှအပစိုက်ထားသော ဂမုံးပင်များ၌ အသက်ဝင်လာသည် အသက်ရှိသည်ဟူသော အယူအဆသည် မမှန်ပါ။ အလှအပစိုက်ထားသော ဂမုံးပင်များသည် ဗဟိဒ္ဓသန္တာန်၌ ဖြစ်တည်သောကြောင့် ဖြစ်နိုင်ရာ ရုပ်ကလာပ်မှာ - သုဒ္ဓဋ္ဌကဥတုဇကလာပ် - သဒ္ဒနဝကဥတုဇကလာပ် တို့ဖြစ်၍ ဖြစ်ရာရုပ်တရားများမှာ ၁။ ပထဝီ ၂။ အာပေါ ၃။ တေဇော ၄။ ဝါယော ၅။ ဝဏ္ဏ ၆။ ဂန္ဓ ၇။ ရသ ၈။ သြဇ ၉။ သဒ္ဒရုပ် တို့ဖြစ်ကြပါသည်။ သို့ဖြစ်ရာကား ဖြစ်တည်ရာရုပ်များတွင် ဇိဝိတရုပ်မပါဝင်ရကား အလှအပစိုက်ထားသော ဂမုံးပင်များ၌ အသက်ဝင်လာသည် အသက်ရှိသည် ဟူသော အယူအဆသည် မမှန်ပါ။ |
7 | 2 | 1982 | သိပ္ပံခေတ်ပေါ် စက်ရုပ်များကဲ့သို့ လူသားသည်လည်း စက်ရုပ်တစ်မျိုးသာ ဖြစ်ကြောင်းကို သိသာ ထင်ရှားစေရန် လူ၌ ဖွဲ့စည်းတည်ဖြစ်နေသော ဓာတ် ၁၈-ပါးကို ခွဲခြားဖော်ပြပါ။ | သိပ္ပံခေတ်ပေါ် စက်ရုပ်များကဲ့သို့ လူသားသည်လည်း စက်ရုပ်တစ်မျိုးသာ ဖြစ်ကြောင်းကို သိသာထင်ရှားစေရန် လူ၌ ဖွဲ့စည်းတည်ဖြစ်နေသော ဓာတ် ၁၈-ပါးမှာ (က) အတိုက်ဓာတ်အားဖြင့် ၁။ ရူပဓာတ် ၂။ သဒ္ဒဓာတ် ၃။ ဂန္ဓဓာတ် ၄။ ရသဓာတ် ၅။ ဖောဋ္ဌဗ္ဗဓာတ် ၆။ ဓမ္မဓာတ် ဟူ၍ အတိုက်ဓာတ် ၆ ပါး (ခ) အခံဓာတ်အားဖြင့် ၁။ စက္ခုဓာတ် ၂။ သောတဓာတ် ၃။ ဃာနဓာတ် ၄။ ဇိဝှါဓာတ် ၅။ ကာယဓာတ် ၆။ မနောဓာတ် ဟူ၍ အခံဓာတ် ၆ ပါး (ခ) အပွင့်ဓာတ်အားဖြင့် ၁။ စက္ခုဝိညာဏဓာတ် ၂။ သောတဝိညာဏဓာတ် ၃။ ဃာနဝိညာဏဓာတ် ၄။ ဇိဝှါဝိညာဏဓာတ် ၅။ ကာယဝိညာဏဓာတ် ၆။ မနောဝိညာဏဓာတ် ဟူ၍ အပွင့်ဓာတ် ၆ ပါး စုစုပေါင်း ၁၈ ပါး ခွဲခြားနိုင်ပါသည် |
8 | 2 | 1982 | အညမညပစ္စည်းဟုဆိုရာတွင် နေ့စဉ်ပြုမူ လှုပ်ရှားနေသောအခါ၌ အပြန်အလှန် အညမည ဖြစ်နိုင်သည့် တရားများကို ဖော်ပြပါ။ | အညမညပစ္စည်းဟုဆိုရာတွင် နေ့စဉ်ပြုမူ လှုပ်ရှားနေသောအခါ၌ အပြန်အလှန် အညမည ဖြစ်နိုင်သည့် တရားများမှာ ၁။ စိတ် ၈၉ ပါး၊ စေတသိက် ၅၂ ပါးသည် စိတ် ၈၉ ပါး၊ စေတသိက် ၅၂ ပါးအားလည်းကောင်း ၂။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဟုဆိုအပ်သော မဟာဘုတ် ၄ ပါးသည် အချင်းချင်းအားလည်းကောင်း ကျေးဇူးပြုကြပါသည်။ |
9 | 2 | 1982 | ဗုဒ္ဓအဘိဓမ္မာ၌ ဈာန်ရအောင် အားထုတ်နိုင်သော နည်းလမ်းများ ရှိပါသလော ရှိလျှင် အနည်းဆုံး ပထမဈာန်ကိုရအောင် အားထုတ်နိုင်အောင် ကမ္မဋ္ဌာန်းမျိုးကို ဖော်ပပြါ | ဗုဒ္ဓအဘိဓမ္မာ၌ ဈာန်ရအောင် အားထုတ်နိုင်သော နည်းလမ်းပေါင်း ၃၀ ရှိပါသည်။ အနည်းဆုံး ပထမဈာန်ကိုရအောင် အားထုတ်နိုင်အောင် ကမ္မဋ္ဌာန်းများမှာ - ကသိုဏ်း ၁၀-ပါး - အသုဘ ၁၀-ပါး - ကာယဂတာသတိ ၁-ပါး - အာနာပါနဿတိ ၁-ပါး - မေတ္တာ၊ ကရုဏာ၊ မုဒိတာ ၃-ပါး ပေါင်း ၂၅-ပါး |
1 | 3 | 1982 | အရိယာပုဂ္ဂိုလ်တို့အား ရထိုက်သော လောကုတ္တရာစိတ် ၈ မျိုးကို ရေတွက်ဖော်ပြပါ။ | အရိယာပုဂ္ဂိုလ်တို့အား ရထိုက်သော လောကုတ္တရာစိတ် ၈ မျိုးမှာ - သောတာပတ္တိမဂ်စိတ် ၁ ပါး - သကဒါဂါမိမဂ်စိတ် ၁ ပါး - အနာဂါမိမဂ်စိတ် ၁ ပါး - အရဟတ္တဖိုလ်စိတ် ၁ ပါး - သောတာပတ္တိဖိုလ်စိတ် ၁ ပါး - သကဒါဂါမိဖိုလ်စိတ် ၁ ပါး - အနာဂါမိဖိုလ်စိတ် ၁ ပါး - အရဟတ္တဖိုလ်စိတ် ၁ ပါး တို့ဖြစ်ကြပါသည်။ |
2 | 3 | 1982 | စားဝတ်နေရေး၊ ပြည့်စုံ၍ ချမ်းသာသောသူကို တွေ့မြင်သောအခါ ဝမ်းမြောက်ခြင်း မုဒိတာဖြစ်၏၊ ထိုမုဒိတာနှင့်တကွ စေတသိက်ပေါင်း မည်မျှဖြစ်သနည်း၊ ရေတွက်ပြပါ။ | စားဝတ်နေရေး၊ ပြည့်စုံ၍ ချမ်းသာသောသူကို တွေ့မြင်သောအခါ ဝမ်းမြောက်ခြင်း မုဒိတာဖြစ်၏၊ ထိုမုဒိတာနှင့်တကွ ယှဉ်ရာစိတ်မှာ - မဟာကုသိုလ်စိတ် ၈ ပါး - မဟာကြိယာစိတ် ၈ ပါး - ပ ဉ္စမစျာန်စိတ်ကြဉ် မဟဂ္ဂုတ်စိတ် ၁၂ ပါး ပေါင်း ၂၈ ပါးသောစိတ်တို့ဖြစ်ကြပါသည်။ တို ၂၈ ပါးသောစိတ်တွင် ယှဉ်ရာစေတသိက်တို့မှာ - အညသမာန်း စေတသိက် ၁၃ ပါး - သောဘနသာဓာရဏစေတသိက် ၁၉ ပါး - ပညိန္ဒြေစေတသိက် ၁ ပါး - အပ္ပမညာ ၂ ပါး - ဝိရတီ စေတသိက် ၃ ပါး ဖြစ်ကြသည်။ သို့ရာတွင် - ကရုဏာနှင့် - ဝိရတီ စေတသိက် ၃ ပါး ပေါင်း ၄ ပါးတို့သည် မုဒိတာနှင့် အတူတကွ မယှဉ်နိုင်သောကြောင့် - အညသမာန်း စေတသိက် ၁၃ ပါး - သောဘနသာဓာရဏစေတသိက် ၁၉ ပါး - ပညိန္ဒြေစေတသိက် ၁ ပါး ပေါင်း ၃၃ ပါးသော စေတသိက်တို့သာ ယှဉ်ကြပါသည်။ |
3 | 3 | 1982 | အာရုံ ၆ ပါးရှိသည့်အနက် စက္ခုပသာဒသည် မည်သည့်အာရုံ၌ ပါဝင်သည်ကို ဖော်ပြပါ။ | အာရုံ ၆ ပါးရှိသည့်အနက် စက္ခုပသာဒသည် ဓမ္မာရုံ၌ ပါဝင်ပါသည်။ |
4 | 3 | 1982 | အကယ်၍ လူတစ်ယောက်သည် ရဟန္တာဖြစ်သွားသည် ဆိုလျှင် ပုထုဇဉ်ဘဝက မည်သည့်စိတ်များကို ပယ်၍ မည်သည့်စိတ်သစ်များကို ထပ်မံရရှိပါသနည်း။ | အကယ်၍ လူတစ်ယောက်သည် ရဟန္တာဖြစ်သွားသည် ဆိုလျှင် ပုထုဇဉ်ဘဝက (၁) အကုသိုလ်စိတ် ၁၂ ပါး (၂) မဟာကုသိုလ်စိတ် ၈ ပါး (၃) မဟဂ္ဂုတ် ကုသိုလ်စိတ် ၉ ပါး(စျာန်ရလျှင်) ကို ပယ်၍ (၁) ဟသိတုပ္ပါဒ် (၂) မဟာကြိယာစိတ် ၈ ပါး (၃) မဟဂ္ဂုတ် ကြိယာစိတ် ၉ ပါး(စျာန်ရလျှင်) (၄) အရဟတ္တဖိုလ်စိတ် ကို ထပ်မံရရှိပါသည်။ |
5 | 3 | 1982 | လူသားတို့ သေခါနီးဆဲဆဲအခါ ကမ္မနိမိတ်များ ထင်လာတတ်ရာ (က) လူ့ဘဝမှ လူ့ဘဝသို့ ပြန်ဖြစ်မည်သူ (ခ) လူ့ဘဝမှ နတ်ရွာသုဂတိသို့ ရောက်မည့်သူ (ဂ) လူ့ဘဝမှ အပါယ်လေးဘုံသို့ ကျရောက်မည့်သူတို့အား မည်သည့်ကမ္မနိမိတ်မျိူး ထင်လာတတ်ကြောင်း သင်္ဂြီုလ်နှင့်အညီ ရေးသားဖော်ပြပါ။ | လူသားတို့ သေခါနီးဆဲဆဲအခါ ကမ္မနိမိတ်များ ထင်လာတတ်ရာ (က) လူ့ဘဝမှ လူ့ဘဝသို့ ပြန်ဖြစ်မည်သူ - အမိဝမ်းရေ စသည် (ခ) လူ့ဘဝမှ နတ်ရွာသုဂတိသို့ ရောက်မည့်သူ - နတ်သမီး၊ နတ်ဘုံ နတ်နန်း စသည် (ဂ) လူ့ဘဝမှ အပါယ်လေးဘုံသို့ ကျရောက်မည့်သူ - ငရဲသား၊ ခွေးနက်ကြီး၊ လှံတုတ်၊ စသည့် ကမ္မနိမိတ်မျိူး ထင်လာတတ်ပါသည်။ |
6 | 3 | 1982 | ရန်သူ၏ လက်ချက်ကြောင့် မျက်စိနှစ်လုံး ဆုံးရှံူးရရှာသော ယောက်ျား၌ ဖြစ်ခွင့်ရှိသော ကမ္မဇရုပ်စုများကို ကောက်ပြပါ။ | ရန်သူ၏ လက်ချက်ကြောင့် မျက်စိနှစ်လုံး ဆုံးရှံူးရရှာသော ယောက်ျား၌ ဖြစ်ခွင့်ရှိသော ကမ္မဇရုပ်စုများမှာ ၁။ သောတဒသကကလာပ် ၂။ ဃာနဒသကကလာပ် ၃။ ဇိဝှါဒသကကလာပ် ၄။ ကာယဒသကကလာပ် ၅။ ဣတ္ထိဒသကကလာပ် ၆။ ပုမ္ဘာဝဒသကကလာပ် ၇။ ဝတ္ထုဒသကကလာပ် ၈။ ဇိဝိတနဝကကလာပ် တို့ဖြစ်ပါသည်။ |
7 | 3 | 1982 | လောက၌ အမှန်တရားကို ရှာဖွေစုံစမ်း နေကြသောသူများသည် အဘယ်တရားမျိုးကိုတွေ့မှ အမှန်တရားကို တွေ့သည်ဟု ဆိုနိုင်ပါသနည်း။ အဘိဓမ္မာသင်္ဂြိုဟ်အရ ဖော်ပြပါ။ | လောက၌ အမှန်တရားကို ရှာဖွေစုံစမ်း နေကြသောသူများသည် - အရိယာသစ္စာ ၄ ပါးကိုတွေ့မှ အမှန်တရားကို တွေ့သည်ဟု ဆိုနိုင်ပါသည်။ အရိယာသစ္စာ ၄ ပါးဟူသည် ၁။ ဒုက္ခအရိယသစ္စ - လောကီစိတ် ၈၁ ပါး၊ လောဘကြဉ်သော စေတသိက် ၅၁၊ ရုပ် ၂၈ ပါး၊ - ဤအလုံးစုံသော တေဘူမကတရားတို့ကို ဒုက္ခအမှန် ဖြစ်ခြင်းကြောင့် ဒုက္ခသစ္စာဟုခေါ်၏ ၂။ ဒုက္ခသမုဒယ အရိယသစ္စ - တဏှာလောဘသည် ဒုက္ခဖြစ်စေသော အကြောင်းအရင်းမှန်ဖြစ်ခြင်းကြောင့် သမုဒယသစ္စာမည်၏ ၃။ ဒုက္ခနိရောဓ အရိယသစ္စ - နိဗ္ဗာန်သည် ဒုက္ခချုပ်ငြိမ်းရာအမှန် ဖြစ်ခြင်းကြောင့် နိရောဓသစ္စာ မည်၏ ၄။ ဒုက္ခနိရောဓဂါမိနိပဋိပဋာ အရိယသစ္စ - မဂ်၌ယှဉ်သော မဂ္ဂင် ၈ ပါးသည် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်မှန် ဖြစ်ခြင်းကြောင့် မဂ္ဂသစ္စာမည်၏။ |
8 | 3 | 1982 | အဘိဓမ္မာ သင်္ဂြိုဟ်ကို သင်ယူလျှင် အနည်းဆုံး ပညတ်နှင့် ပရမတ် ကွဲဖို့လိုပါသည်၊ သို့ဖြစ်၍ ရုပ်-ဝေဒနာ- မြေ-တောင် တို့၌ သိသာရုံမျှ ပညတ်-ပရမတ် ခွဲခြားပြပါ။ | အဘိဓမ္မာ သင်္ဂြိုဟ်ကို သင်ယူလျှင် အနည်းဆုံး ပညတ်နှင့် ပရမတ် ကွဲဖို့လိုပါသည်၊ သို့ဖြစ်၍ ရုပ်-ဝေဒနာ- မြေ-တောင် တို့၌ အတ္တပညတ်များအားဖြင့် ရုပ် = တဇ္ဇာပညတ် ဝေဒနာ = တဇ္ဇာပညတ် မြေ = သမူဟပညတ် တောင် = ဥပါဒါပညတ် သဒ္ဒပညတ်အားဖြင့် ရုပ် = ဝိဇ္ဇာမာနပညတ် ဝေဒနာ = ဝိဇ္ဇာမာနပညတ် မြေ = အဝိဇ္ဇာမာနပညတ် တောင် = အဝိဇ္ဇာမာနပညတ် |
9 | 3 | 1982 | အနိစ္စ- ဒုက္ခ- အနတ္တဟု ဆိုရာတွင် အဘယ်ကြောင့် အနိစ္စ- ဒုက္ခ- အနတ္တ ဖြစ်သည်ကို အဘိဓမ္မာသင်္ဂြိုဟ်နည်းအရ ဖြေရှင်းရေးသားပါ။ | အနိစ္စ- ဒုက္ခ- အနတ္တဟု ဆိုရာတွင် - အနိစ္စ ရုပ်နာမ်ဓမ္မ သင်္ခတတရားတို့၏ ဖြစ်ပြီး ရင့်ရော် ဆွေးမြေ့မှု ပျက်စီးမှုဟု အမြဲမတည်သော အခြင်းအရာကြောင့် အနိစ္စ ဟူ၍ ဖြစ်ရသည်။ - ဒုက္ခ ရုပ်နာမ်ဓမ္မ သင်္ခတတရားတို့၏ သာယာဖွယ်မရှိဘဲ အမြဲ ဖြစ်ပျက်မှုဖြင့် နှိပ်စက်နေသော အခြင်းအရာကြောင့် ဒုက္ခ ဟူ၍ ဖြစ်ရသည်။ - အနတ္တ ရုပ်နာမ်ဓမ္မ သင်္ခတတရားတို့၏ အနှစ်သာရမရှိ၊ မိမိ အလိုမလိုက်ဘဲ သူစိမ်းနှင့် တူသော အခြင်းအရာကြောင့် အနတ္တ ဟူ၍ ဖြစ်ရသည်။ |
3 | 4 | 1982 | စိတ်တိုင်းသည် နှလုံးသား ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်သလော၊ မှီ၍သာ ဖြစ်သောစိတ်၊ လုံးဝမှီ၍ မဖြစ်သောစိတ်တို့ကို ခွဲခြားဖော်ပြပါ။ | စိတ်တိုင်းသည် နှလုံးသား ဟဒယဝတ္ထုရုပ်ကို မှီ၍ မဖြစ်ပါ။ ဟဒယဝတ္ထုရုပ်ကို မှီ၍သာ ဖြစ်သောစိတ် - ဒေါသမူ ၂ ပါး - မနောဓာတ် ၃ ပါး - သန္တီရဏ ၃ ပါး - ဟသိတုပ္ပါဒ် - မဟာဝိပါက် ၈ ပါး - ရူပစိတ် ၁၅ ပါး - သောတာပတ္တိမဂ်စိတ် ပေါင်း ၃၃ ပါး ဟဒယဝတ္ထုရုပ်ကို လုံးဝမှီ၍ မဖြစ်သောစိတ် - ဒွေပဉ္စဝိညာဏ် ၁၀ ပါး - အရူပဝိပါက် ၄ ပါး ပေါင်း ၁၄ ပါးတို့ဖြစ်ပါသည်။ |
5 | 4 | 1982 | ဗြဟ္မာဖြစ်၍ တဝင်းဝင်း ဝက်စားကျင်းမှာတရှူတ်ရှူတ် ဟူသော ဆိုရိုးအရ ဗြဟ္မာဘဝမှ ဝက်ဘဝသို့ တိုက်ရိုက် ရောက်နိုင် မရောက်နိုင် သင်္ဂြီုလ်ကျမ်းကို သုံးသပ်၍ ဖြေဆိုပါ။ | ဗြဟ္မာဖြစ်၍ တဝင်းဝင်း ဝက်စားကျင်းမှာတရှူတ်ရှူတ် ဟူသော ဆိုရိုးအရ ဗြဟ္မာဘဝမှ ဝက်ဘဝသို့ တိုက်ရိုက် မရောက်နိုင်ပါ။ ဗြဟ္မာစုတိနောင် - အသညသတ်ကြဉ် ရူပ ၁၅ ဘုံ - အရူပ ၄ ဘုံ - ကာမသုဂတိ ရ ဘုံတွင် သဟိတ်ပဋိသန္ဓေတို့ နှောင်းနိုင်သည်။ ထိုနှောင်းနိုင်ရာ ပဋိသန္ဓေတွင် - ဝက်တိရစ္ဆာန်၏ ပဋိသန္ဓေစိတ် ဖြစ်သည့် အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် မပါဝင်ပါ။ ထို့ကြောင့် ဗြဟ္မာဘဝမှ ဝက်ဘဝသို့ တိုက်ရိုက် မရောက်နိုင်ပါ။ |
1 | 1 | 1983 | လူ၌ဖြစ်သော အကုသိုလ်စိတ်များကို ပြည့်စုံစွာ ဖော်ပြပါ။ | လူ၌ဖြစ်သော အကုသိုလ်စိတ်များမှာ (၁) သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၂) သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၃) သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၄) သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၅) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၆) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၇) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၈) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၉) ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ် ၁ ပါး (၁၀) ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါသမူစိတ် ၁ ပါး (၁၁) ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ် ၁ ပါး (၁၂) ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ် ၁ ပါး တို့ဖြစ်ကြပါသည်။ |
2 | 1 | 1983 | စိတ်၌ဖြစ်၍ စိတ်ကိုခြယ်လှယ်တတ်သော သဘောတရားကို မည်သို့ခေါ်ပါသနည်း။ ယင်းသဘောတရားပေါင်း မည်မျှရှိပါသနည်း၊ ဖော်ပြပါ။ | စိတ်၌ဖြစ်၍ စိတ်ကိုခြယ်လှယ်တတ်သော သဘောတရားကို စေတသိက်ဟုခေါ်ပါသည်။ ယင်းသဘောတရားပေါင်း ၅၂ ရှိပါသည်။ ၎င်းတို့မှာ - အညသမာန်း စေတသိက် ၁၃ ပါး - အကုသိုလ်စေတသိက် ၁၄ ပါး - သောဘနစေတသိက် ၁၉ ပါး - အပ္ပမညာစေတသိက် ၂ ပါး - ဝိရတီစေတသိက် ၃ ပါး - ပညိန္ဒြေစေတသိက် ၁ ပါး ပေါင်း ၅၂ ပါး ဖြစ်ပါသည်။ |
3 | 1 | 1983 | အောက်ပါအဘိဓမ္မာ သိဖွယ်ရာတို့ကို ဖော်ပြပါ။ (က) ခံစားချက် ဝေဒနာ ၃ မျိုး (ခ) အကုသိုလ်ဟိတ် ၃ မျိုး (ဂ) အဗျာကတဟိတ် ၃ မျိုး | (က) ခံစားချက် ဝေဒနာ ၃ မျိုး - ဒုက္ခဝေဒနာ - သုခဝေဒနာ - အဒုက္ခမသုခဝေဒနာ (ခ) အကုသိုလ်ဟိတ် ၃ မျိုး - လောဘ - ဒေါသ - မောဟ (ဂ) အဗျာကတဟိတ် ၃ မျိုး - အလောဘ - အဒေါသ - အမောဟ |
4 | 1 | 1983 | အဘိဓမ္မာသင်္ဂြိုလ်ကျမ်း၌ လာရှိသော ဝိသယပ္ပဝတ္တိ ၉ မျိုုးကို ရေတွက် ဖော်ပြပါ။ | အဘိဓမ္မာသင်္ဂြိုလ်ကျမ်း၌ လာရှိသော ဝိသယပ္ပဝတ္တိ ၉ မျိုုးမှာ - ပဉ္စဒွါရ၌ (၁) အတိမဟန္တာရုံ (၂) မဟန္တာရုံ (၃) ပရိတ္တာရုံ (၄) အတိပရိတ္တာရုံ - မနောဒွါရ၌ (၅) ဝိဘူတာရုံ (၆) အဝိဘူတာရုံ -ဒွါရဝိမုတ်ဖြစ်လျှင် (၇) ကံ (၈) ကမ္မနိမိတ် (၉) ဂတိနိမိတ် တို့ဖြစ်ကြသည်။ |
5 | 1 | 1983 | ရုပ်တရားဟူ၍ လုံးဝမရှိ၊ နာမ်တရားသက်သက်ရှိသော ဘုံဘဝမျိုး ရှိနိုင်ပါသလော၊ ရှိလျှင် ယင်းဘုံဘဝမျိုးကို မည်သို့ ရရှိနို်င်ပါသနည်း။ | ရုပ်တရားဟူ၍ လုံးဝမရှိ၊ နာမ်တရားသက်သက်ရှိသော ဘုံဘဝမျိုး ရှိပါသည်။ ထိုသို့ နာမ်သာရှိသော အရူပ ၄ ဘုံသို့ရောက်ရန် - ရူပပဉ္စမစျာန်ရပြီးသော ပုဂ္ဂိုလ်သည် ရူပဝိရာဂဘာဝနာဖြင့် အရူပစျာန် ၄ ပါးမှ ၁ ပါးပါး ရအောင် အားထုတ်ခြင်းဖြင့် ယင်းဘုံဘဝမျိုးကို ရနိုင်ပါသည်။ အရူပစျာန် ၄ ပါးဟူသည် ၁။ အာကာသာနဉ္စာယတနစျာန် ၂။ ဝိညာဏဉ္စာယတနစျာန် ၃။ အာကိဉ္စညာယတနစျာန် ၄။ နေဝသညာနာသညာယတနစျာန် တို့ဖြစ်ပါသည်။ |
6 | 1 | 1983 | အသံဖြစ်ကြောင်း သမုဋ္ဌာန်တို့တွင် အောက်ပါ အသံများသည် မည်သည့်သမုဋ္ဌာန်ကြောင့် ဖြစ်ပါသနည်း။ (က) မိုးချုန်းသံ၊ (ခ) စာကျက်သံ | (က) မိုးချုန်းသံ - ဥတု (ခ) စာကျက်သံ - စိတ် |
7 | 1 | 1983 | အောက်ပါတရားများကို ဖြေဆိုပါ။ (က) ဒုစရိုက်သမားတို့၏ လက်သုံးဖြစ်သော မဂ္ဂင်၄-ပါး။ (ခ) ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားများ၏ ဗလစွမ်းအင်နှစ်ပါး။ | (က) ဒုစရိုက်သမားတို့၏ လက်သုံးဖြစ်သော မဂ္ဂင်၄-ပါး။ ၁။ မိစ္ဆာဒိဋ္ဌိ ၂။ မိစ္ဆာသင်္ကပ္ပ ၃။ မိစ္ဆာဝါယာမ ၄။ မိစ္ဆာသမာဓိ (ခ) ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားများ၏ ဗလစွမ်းအင်နှစ်ပါး။ ၁။ အဟီရိကဗိုလ် ၂။ အနောတ္တပ္ပဗိုလ် |
8 | 1 | 1983 | ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းအားဖြင့် အောက်ပါ အကျိုး တရားများ၏ အကြောင်းတရားများကို ဆက်နွယ်ဖော်ပြပါ။ (က) တပ်မက်ခင်မင် လိုချင်မှု (ခ) အငမ်းမရ စွဲလမ်းမှု (ဂ) စိုးရိမ်ပူဆွေး ငိုကြွေးမှု | (က) တပ်မက်ခင်မင် လိုချင်မှု၏ အကြောင်းတရား - “ဝေဒနာပစ္စယာ တဏှာ”အရ ဝေဒနာ (ခ) အငမ်းမရ စွဲလမ်းမှု၏ အကြောင်းတရား - တဏှာပစ္စယာ ဥပါဒါန် အရ တဏှာ (ဂ) စိုးရိမ်ပူဆွေး ငိုကြွေးမှု၏ အကြောင်းတရား - ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခအရ ဇာတိ |
9 | 1 | 1983 | လောကတွင် လူအမျိုးမျိုးရှိသည့်အနက်- (က) ကာမဂုဏ်ခုံမင်သူ (ခ) သည်းမခံတတ် စိတ်ဆတ်သူ (ဂ) ကံတရားကို ယုံကြည်အားထားသူတို့အား စိတ်ဓာတ် တည်ကြည်ခိုင်မာရေးအတွက် သင့်လျော်သော ကမ္မဋ္ဌာန်းလုပ်ငန်းများကို ဖော်ပြပါ။ | လောကတွင် လူအမျိုးမျိုးရှိသည့်အနက် ဖော်ပြလူများအတွက် သင့်လျော်သော ကမ္မဋ္ဌာန်းလုပ်ငန်းများမှာ (က) ကာမဂုဏ်ခုံမင်သူ - အသုဘ ကမ္မဋ္ဌာန်း ၁၀-ပါး - ကာယဂတာသတိ ကမ္မဋ္ဌာန်း ၁-ပါး ပေါင်း ကမ္မဋ္ဌာန်း ၁၁-ပါး (ခ) သည်းမခံတတ် စိတ်ဆတ်သူ - နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော အရောင်ကသိုဏ်း ၄-ပါး - မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော အပ္ပမညာ ၄-ပါး (ဂ) ကံတရားကို ယုံကြည်အားထားသူ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ ပေါင်း အနုဿတိ ၆-ပါး |
1 | 2 | 1983 | ရဟန်းသံဃာများအား ဆွမ်းလောင်းလှူသောအခါ ဖြစ်ပေါ်တတ်သော ကုသိုလ်စိတ်များအနက် စိတ်နှစ်မျိုးမျှသာ ရေးပြပါ။ | ရဟန်းသံဃာများအား ဆွမ်းလောင်းလှူသောအခါ ဖြစ်ပေါ်တတ်သော ကုသိုလ်စိတ်များအနက် စိတ်နှစ်မျိုးမှာ (၁) သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး (၂) သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး တို့ဖြစ်ပါသည်။ |
2 | 2 | 1983 | စကားပြောရာတွင် ပါဝင်တတ်သော "စေတနာ-မာန-ဒေါသ-သတိ-ပညာ" ဟူသော စကားလုံးတို့၏ မြန်မာလို အဓိပ္ပါယ်ကို ဖော်ပြပါ။ | စကားပြောရာတွင် ပါဝင်တတ်သော "စေတနာ-မာန-ဒေါသ-သတိ-ပညာ" ဟူသော စကားလုံးတို့၏ မြန်မာလို အဓိပ္ပါယ်မှာ - စေတနာ အာရုံ၌ ဖြစ်ဖော် ဖြစ်ဖက်တရားတို့ကို ဆိုင်ရာကိစ္စ၌ ဆောင်ရွက်ရန် တိုက်တွန်း နိုးဆော်ခြင်း သဘော။ - မာန ထောင်လွှားတက်ကြွခြင်းသဘော။ - ဒေါသ ခက်ထန်ကြမ်းတမ်းခြင်းသဘော။ - သတိ ဘုရား၊ တရား စသော ကုသိုလ်ကောင်းမှု အာရုံကို အောက်မေ့ အမှတ်ရခြင်းသဘော။ - ပညာ အာရုံ၏ သဘောမှန်ကို ထိုးထွင်း၍ သိခြင်း။ အမှားအမှန်ကို ခွဲခြားချင့်ချိန် သိမြင်နိုင်ခြင်း သဘော။ |
3 | 2 | 1983 | မနောဒွါရ၌ ဖြစ်သောစိတ်များကို ရေတွက်ဖော်ပြပါ။ | မနောဒွါရ၌ ဖြစ်သောစိတ်များမှာ - မနောဒွါရာဝဇ္ဇန်း - ကာမဇော ၂၉ ပါး - အပ္ပနာဇော ၂၆ ပါး - တဒါရုံ ၁၁ ပါးတို့ဖြစ်ပါသည်။ ကာမဇော ၂၉ ပါး ဟူသည် - အကုသိုလ်စိတ် ၁၂ ပါး - ဟသိတုပ္ပါဒ် ၁ ပါး - မဟာကုသိုလ်စိတ် ၈ ပါး - မဟာကြိယာစိတ် ၉ ပါး အပ္ပနာဇော ၂၆ ပါး ဟူသည် - ရူပကုသိုလ်စိတ် ၅ ပါး - ရူပကြိယာစိတ် ၅ ပါး - အရူပကုသိုလ်စိတ် ၄ ပါး - အရူပကြိယာစိတ် ၄ ပါး - လောကုတ္တရာစိတ် ၈ ပါး တဒါရုံ ၁၁ ပါး ဟူသည် - သန္တီရဏ ၃ ပါး - မဟာဝိပါက် ၈ ပါး တို့ဖြစ်ကြသည်။ |
4 | 2 | 1983 | ယခုခေတ် ပုထုဇဉ်လူသားတို့အား လှပသော မိမိချစ်သူကို မြင်သောအခါနှင့် ရုပ်ဆိုးသော မုန်းသူကို မြင်သောအခါတို့၌ ဖြစ်ပေါ်နိုင်သော အကျိုးစိတ်များကို ခွဲခြားဖော်ပြပါ။ | ပုထုဇဉ်လူသားတို့အား လှပသော မိမိချစ်သူကို မြင်သောအခါ ဖြစ်ပေါ်နိုင်သော အကျိုးစိတ်များမှာ (၁) အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်စိတ် (၂) အဟိတ်ကုသလဝိပါက် သမ္ပဋိ စ ္ဆိုန်း (၃) အဟိတ်ကုသလဝိပါက် သောမနဿ သန္တီရဏစိတ် (၄) သောမနဿတဒါရုံစိတ် ၅ ပါး ရုပ်ဆိုးသော မုန်းသူကို မြင်သောအခါတို့၌ ဖြစ်ပေါ်နိုင်သော အကျိုးစိတ်များမှာ (၁) အကုသလဝိပါက် စက္ခုဝိညာဏ်စိတ် (၂) အကုသလဝိပါက် သမ္ပဋိ စ ္ဆိုန်း (၃) အကုသလဝိပါက် သန္တီရဏစိတ် (၄) အကုသလဝိပါက် ဥပေက္ခာတဒါရုံ ၁ ပါး တို့ဖြစ်ပါသည်။ |
5 | 2 | 1983 | မွေးကတည်းက ကန်းလာသော သူတို့၏ ပဋိသန္ဓေစိတ်သည် ကုသိုလ်၏ အကျိုးလော၊ အကုသိုလ်၏ အကျိုးလော စိစစ်ဖော်ပြပါ။ | မွေးကတည်းက ကန်းလာသော သူတို့၏ ပဋိသန္ဓေစိတ်သည် ကုသိုလ်၏ အကျိုးဖြစ်ပါသည်။ (က) ကာမာဝစရကုသိုလ်ပြုရာတွင် ဖြစ်နိုင်ရာကုသိုလ်စိတ်နှင့် ၎င်းတို့၏ ပဋိသန္ဓေအကျိုးစိတ်တို့မှာ ၁။ တိဟိတ်ဥက္ကဋ္ဌကုသိုလ် ကာမသုဂတိ ရ ဘုံတွင် တိဟိတ်ပဋိသန္ဓေ ၂။ တိဟိတ်သြမကကုသိုလ် ကာမသုဂတိ ရ ဘုံတွင် ဒွိဟိတ်ပဋိသန္ဓေ ၃။ ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ် ကာမသုဂတိ ရ ဘုံတွင် ဒွိဟိတ်ပဋိသန္ဓေ ၃။ ဒွိဟိတ်သြမကကုသိုလ် လူ့ဘုံနှင့် စာတုမဟာရာဇ်ဘုံတို့တွင် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရပဋိသန္ဓေ တို့ အကျိုးပေးနိုင်ပါသည်။ (ခ) အကုသိုလ်ပြုလုပ်သူတို့၏ ပဋိသန္ဓေအကျိုးစိတ်မှာ အကုသလဝိပါက် ဥပေက္ခာသန္တီရပဋိသန္ဓေစိတ် သာဖြစ်သည်။ မွေးကတည်းက ကန်းလာသော သူတို့၏ ပဋိသန္ဓေစိတ်မှာ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရပဋိသန္ဓေစိတ် ဖြစ်ကြသည်။ ထို့ကြောင့် ထိုသူတို့မှာ အကုသိုလ်၏ အကျိုးကြောင့်မဟုတ် ဒွိဟိတ်သြမကကုသိုလ်၏ အကျိုးကြောင့်သာ မွေးကတည်းက ကန်းရခြင်းဖြစ်သည်။ |
6 | 2 | 1983 | အဏုမြူတစ်ခုတွင် အပါအဝင်ဖြစ်သော ကလာပ်စည်း ၁ ခုအတွင်းရှိ ရုပ် ၈ ပါးကို အသီးသီးခွဲခြား ဖော်ပြပါ။ | အဏုမြူတစ်ခုတွင် အပါအဝင်ဖြစ်သော ကလာပ်စည်း ၁ ခုအတွင်းရှိ ရုပ် ၈ ပါးမှာ ၁။ ပထဝီ ၂။ အာပေါ ၃။ တေဇော ၄။ ဝါယော ၅။ ဝဏ္ဏ ၆။ ဂန္ဓ ၇။ ရသ ၈။ သြဇ တို့ဖြစ်ကြပါသည်။ |
7 | 2 | 1983 | လူမှုဒုက္ခမှ လွတ်ကင်းရန် သမ္မပ္ပဓာန် ဇွဲသန်သန်ဖြင့် အလုပ်လုပ်နေသော လူကောင်းလူတော်တစ်ယောက်၏ လုပ်ငန်းလေးရပ်ကို ဖြေဆိုပါ။ | လူမှုဒုက္ခမှ လွတ်ကင်းရန် သမ္မပ္ပဓာန် ဇွဲသန်သန်ဖြင့် အလုပ်လုပ်နေသော လူကောင်းလူတော်တစ်ယောက်၏ လုပ်ငန်းလေးရပ်မှာ ၁။ ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယာမော - ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ဖျောက်ခြင်းငှာ အားထုတ်ခြင်း။ ၂။ အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယ ဝါယာမော - မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှာ အားထုတ်ခြင်း။ ၃။ အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယ ဝါယာမော - မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း ၄။ ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယာမော - ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ခိုင်ခံ့တိုးပွားစေခြင်းငှာ အားထုတ်ခြင်း တို့ဖြစ်ပါသည်။ |
8 | 2 | 1983 | ကောင်းဆိုးနှစ်တန် စေတနာကံက ပေးစွမ်းနိုင်သော အကျိုးတရားများကို ပဋ္ဌာန်းနည်းအရ ပစ္စယသတ္တိနှင့်တကွ ဖော်ပြပါ။ | ကောင်းဆိုးနှစ်တန် စေတနာကံက ပေးစွမ်းနိုင်သော အကျိုးတရားများမှာ (က) မတူကွဲပြားသောကာလ၌ - ပစ္စယုပ္ပန် - အကျိုး ဝိပါက်စိတ် ၃၆ ပါး၊ စေတသိက် ၃၈၊ ကမ္မဇရုပ် - ပစ္စယသတ္တိ မိမိဖြစ်ဆဲခဏ၌ အကျိုးကို မဖြစ်စေဘဲ မတူကွဲပြားသော ခဏ၌သာ အကျိုးကို ဖြစ်စေတတ်သည်။ (ခ) မိမိနှင့်အတူ တူညီသောကာလ၌ - ပစ္စယုပ္ပန် စိတ် ၈၉ ပါး၊ စေတနာကြဉ် စေတသိက် ၅၁ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် - ပစ္စယသတ္တိ စေတနာစေတသိက်သည် မိမိနှင့်အတူတကွဖြစ်သော စိတ်၊ စေတသိက်၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် တို့ကို အတူဖြစ်လျက် အကျိုးကို ဖြစ်စေတတ်သည်။ |
9 | 2 | 1983 | အောက်ပါပုဂ္ဂိုလ်တို့သည် မည်သည့် အဘိညာဉ်ပိုင်ရှင်များ ဖြစ်ကပြါသနည်း၊ (က) မိုးပျံမြေလျှိုး တန်ခိုးပြသူ (ခ) ရှေးဖြစ်ဟောင်းအောက်မေ့နိုင်သူ (ဂ) တစ်ဖက်သား စိတ်ဓာတ်သိတတ်သူ | (က) မိုးပျံမြေလျှိုး တန်ခိုးပြသူ - ဣဒ္ဓိဝိဓအဘိညာဉ်ပိုင်ရှင် (ခ) ရှေးဖြစ်ဟောင်းအောက်မေ့နိုင်သူ - ပုဗ္ဗေနိ၀ါသာနုဿတိအဘိညာဉ်ပိုင်ရှင် (ဂ) တစ်ဖက်သား စိတ်ဓာတ်သိတတ်သူ - ပရစိတ္တဝိဇာနန အဘိညာဉ်ပိုင်ရှင် တို့ ဖြစ်ကြပါသည်။ |
1 | 3 | 1983 | စျာန်ရသောပုဂ္ဂိုလ်အား ဖြစ်ပေါ်တတ်သော သောတာပတ္တိမဂ်စိတ် ၅ မျိုးကို ဖော်ပြပါ။ | စျာန်ရသောပုဂ္ဂိုလ်အား ဖြစ်ပေါ်တတ်သော သောတာပတ္တိမဂ်စိတ် ၅ မျိုးမှာ (၁) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်စိတ် ၁ ပါး (၂) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၄ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်စိတ် ၁ ပါး (၃) ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၃ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်စိတ် ၁ ပါး (၄) သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်စိတ် ၁ ပါး (၅) ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွ ဖြစ်သော သောတာပတ္တိမဂ်စိတ် ၁ ပါး တို့ဖြစ်ပါသည်။ |
2 | 3 | 1983 | မနာလိုခြင်း ၀န်တိုခြင်း လက္ခဏာရှိသော သဘောတရားများသည် မည်သည့်စေတသိက်များ ဖြစ်ပါသနည်း။ ယင်းစေတသိက်များသည် မည့်သည့်စိတ်နှင့် ယှဉ်တွဲဖြစ်ပါသနည်း။ ဖော်ပြပါ။ | မနာလိုခြင်း လက္ခဏာရှိသော သဘောတရား - ဣဿာ ၀န်တိုခြင်း လက္ခဏာရှိသော သဘောတရား - မစ္ဆရိယ ယင်းစေတသိက်များသည် ဒေါသမူစိတ် ၂ ပါး နှင့် ယှဉ်တွဲဖြစ်ပါသည်။ |
3 | 3 | 1983 | ဓမ္မာရုံဟူသည် မည်သည့်တရားမျိုး ဖြစ်ပါသနည်း၊ ရုပ်သည် ဓမ္မာရုံ ဖြစ်နိုင်ပါသလော။ ရှင်းလင်းဖြေဆိုပါ။ | ဓမ္မာရုံဟူသည် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံကြဉ်သော ကျန်သောသိဖွယ် အမျိုးမျိုးဖြစ်ပါသည်။ ဓမ္မာရုံ၏ သရုပ်မှာ - ပသာဒရုပ် ၅ ပါး - သုခုမရုပ် ၁၆ ပါး - စိတ် ၈၉ ပါး - စေတသိက် ၅၂ ပါး - ပညတ် - နိဗ္ဗာန် ဟူသော ၁၆၄ ပါးသောတရားတို့ဖြစ်ပါသည်။ - ပသာဒရုပ် ၅ ပါး - သုခုမရုပ် ၁၆ ပါး ပေါင်း ၂၁ ပါးသော ရုပ်တို့သည် ဓမ္မာရုံ ဖြစ်နိုင်သည်။ ကျန်ဂေါစရရုပ် ၇ ပါးကား ၎င်းတို့ကိုယ်တိုင် အာရုံတရားများ ဖြစ်နေသောကြောင့် ဓမ္မာရုံ မဖြစ်နိုင်ပါ။ |
4 | 3 | 1983 | ယခုခေတ် ပုထုဇဉ်လူသားများနှင့် ဘုရားရဟန္တာ ပုဂ္ဂိုလ်များ စိတ်နေစိတ်ထားကွားခြားပုံကို ပုဂ္ဂလဘေဒအရ ရှင်းပြပါ။ | ပုထုဇဉ်လူသားများ ရသောစိတ်မှာ (၁) အကုသိုလ်စိတ် ၁၂ ပါး (၂) ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ ပါး (၃) မဟာကုသိုလ်စိတ် ၈ ပါး (၄) မဟာဝိပါက်စိတ် ၈ ပါး (၅) မဟဂ္ဂုတ်ကုသိုလ်စိတ် ၉ ပါး ဘုရားရဟန္တာပုဂ္ဂိုလ်များ ရသောစိတ်မှာ (၁) အဟိတ်စိတ် ၁၈ ပါး (၂) မဟာဝိပါက်စိတ် ၈ ပါး (၃) မဟာကြိယာစိတ် ၈ ပါး (၄) မဟဂ္ဂုတ်ကြိယာစိတ် ၉ ပါး (၅) အရဟတ္တဖိုလ်စိတ် ၁ ပါး |
5 | 3 | 1983 | နှုတ်ကြောင့် အကုသိုလ်ဖြစ်ရသော ဝစီကံ ၄ ပါးကို ရေတွက်ပြပါ။ | နှုတ်ကြောင့် အကုသိုလ်ဖြစ်ရသော ဝစီကံ ၄ ပါးမှာ ၁။ မုသာဝါဒ - အလိမ်အညာပြောဆိုခြင်း ၂။ ပိသုဏဝါစာ - ကုန်းချောစကားဆိုခြင်း ၃။ ဖရုသဝါစာ - ကြမ်းတမ်းသောစကားဆိုခြင်း ၄။ သမ္ဖပ္ပလာပ - အနှစ်မရှိသောစကားဆိုခြင်း တို့ဖြစ်ပါသည်။ |
6 | 3 | 1983 | လူ့ဘဝအစ ပဋိသန္ဓေကာလ၌ မရကောင်းသော ရုပ်များကို ရေတွက်ဖော်ပြပါ။ | လူ့ဘဝအစ ပဋိသန္ဓေကာလ၌ မရကောင်းသော ရုပ်များမှာ ၁။ သဒ္ဒ ၂။ ဝစီဝိညတ် ၃။ ကာယဝိညတ် ၄။ လဟုတာရုပ် ၅။ မုဒုတာရုပ် ၆။ ကမ္မညတာရုပ် ၇။ ဇရတာ ၈။ အနစ္စတာရုပ် တို့ဖြစ်ပါသည်။ |
7 | 3 | 1983 | အရိယာတို့သာ သိမြင်နိုင်သော သစ္စာ၄-ပါး အစစ်အမှန်တရား၏ တရားကိုယ်အစစ် တရားနှစ်ကို ဖော်ပြပါ။ | အရိယာတို့သာ သိမြင်နိုင်သော သစ္စာ၄-ပါး အစစ်အမှန်တရား၏ တရားကိုယ်အစစ် တရားနှစ်မှာ ၁။ ဒုက္ခအရိယသစ္စ - လောကီစိတ် ၈၁ ပါး၊ လောဘကြဉ်သော စေတသိက် ၅၁၊ ရုပ် ၂၈ ပါး၊ ၂။ ဒုက္ခသမုဒယ အရိယသစ္စ - လောဘစေတသိက် ၃။ ဒုက္ခနိရောဓ အရိယသစ္စ - နိဗ္ဗာန် ၄။ ဒုက္ခနိရောဓဂါမိနိပဋိပဋာ အရိယသစ္စ - မဂ်၌ယှဉ်သော မဂ္ဂင် ၈ ပါး |
8 | 3 | 1983 | ပညတ်သည် သဒ္ဒပညတ်- အတ္တပညတ်ဟူ၍ နှစ်မျိုးရှိရာ သဒ္ဒပညတ် ၆-မျိုးကို ပြည့်စုံစွာ ဖော်ပြပါ။ | ပညတ်သည် သဒ္ဒပညတ်- အတ္တပညတ်ဟူ၍ နှစ်မျိုးရှိရာ သဒ္ဒပညတ် ၆-မျိုးမှာ (၁) ဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒပြ် ဝတ္ထုတို့ကို ခေါ်ဝေါ်ကြောင်း အမည်သညာ။ (၂) အဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှား မရှိသော အနက်ဒပြ် ဝတ္ထုတို့ကို ခေါ်ဝေါ်ကြောင်း အမည်သညာ။ (၃) ဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒပြ် ဝတ္ထုနှင့် ထင်ရှား မရှိသော အနက်ဒပြ်ဝတ္ထုတို့ကို ယှဉ်တွဲ၍ ခေါ်ဝေါ်ကြောင်း အမည်သညာ။ (၄) အဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှား မရှိသော အနက်ဒပြ် ဝတ္ထုနှင့် ထင်ရှားရှိသော အနက်ဒပြ်ဝတ္ထုတို့ကို ယှဉ်တွဲ၍ ခေါ်ဝေါ်ကြောင်း အမည်သညာ။ (၅) ဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒပြ် ဝတ္ထုနှင့် ထင်ရှားရှိသော အနက်ဒပြ်ဝတ္ထုတို့ကို ယှဉ်တွဲ၍ ခေါ်ဝေါ်ကြောင်း အမည်သညာ။ (၆) အဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ဒပြ် ဝတ္ထုနှင့် ထင်ရှားမရှိသော အနက်ဒပြ်ဝတ္ထုတို့ကို ယှဉ်တွဲ၍ ခေါ်ဝေါ်ကြောင်း အမည်သညာ။ တို့ဖြစ်ပါသည်။ |
9 | 3 | 1983 | သိပယ်ဆိုက်ပွား လေးပါးအချက် တစ်ပြိုင်နက် မဂ်၏ ကိစ္စတည်း ဟူသော စကားကို ရှင်းလင်းဖော်ပြပါ။ | သိပယ်ဆိုက်ပွား လေးပါးအချက် တစ်ပြိုင်နက် မဂ်၏ ကိစ္စတည်း ဟူသော စကား၏ အဓိပ္ပါယ်မှာ မဂ်ကိစ္စ လေးချက်မှာ- (၁) ပရိညာကိစ္စ (သိ) - ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း (၂) ပဟာနကိစ္စ (ပယ်) - သမုဒယသစ္စာကို အကြွင်းမဲ့ ပယ်ခြင်း (၃) သစ္ဆိကရဏကိစ္စ (ဆိုက်) - နိရောဓသစ္စာသို့ ဆိုက်ရောက်ခြင်း (၄) ဘာဝနာကိစ္စ (ပွား) - မဂ္ဂသစ္စာကို ပွားများခြင်းတို့ ဖြစ်ပါသည်။ ဆီမီးသည် ၁။ မီးစာကိုလောင် ၂။ အမှောင်ကိုခွင်း ၃။ အလင်းရောင်လွှမ်း ၄။ ဆီကိုခန်း ဟူသော ကိစ္စ ၄ချက်ကို တပြိုင်နက်ပြုသကဲ့သို့ မဂ်စိတ်တို့သည်လည်း သိပယ်ဆိုက်ပွား ဟူသော မဂ်ကိစ္စ ၄ ချက်ကိုလည်း စိတ္တခဏ ၁ ချက်အတွင်း ဆောင်ရွက်ကြောင်း ဆိုလိုရင်း ဖြစ်ပါသည်။ |
2 | 4 | 1983 | မြတ်စွာဘုရားသခင် ပြုံးရွှင်တော်မူသောအခါ ဖြစ်ပေါ်သည့် ဟသိတုပ္ပါဒ်စိတ်၌ယှဉ်သော စေတသိက်တို့ကို ဖော်ပြပါ။ | မြတ်စွာဘုရားသခင် ပြုံးရွှင်တော်မူသောအခါ ဖြစ်ပေါ်သည့် ဟသိတုပ္ပါဒ်စိတ်၌ ယှဉ်သော စေတသိက်တို့မှာ - သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး - ဆန္ဒကြဉ်သော ပကိဏ်းစေတသိက် ၅ ပါး ပေါင်း ၁၂ ပါးဖြစ်ပါသည်။ |
5 | 4 | 1983 | ဘဝအစ၌ ပဋိသန္ဓေစိတ်ဖြစ်၍ ဘဝအဆုံး၌ စုတိစိတ်ဖြစ်၏။ ယင်းပဋိသန္ဓေနှင့် စုတိအကြား ဘဝတစ်သက်တာဝယ် မည်သည့်စိတ်များ မည်သို့မည်ပုံ ဖြစ်နေသည်ကို ဥပမာပြ၍ ဖြေဆိုပါ။ | ဘဝအစ၌ ပဋိသန္ဓေစိတ်ဖြစ်၍ ဘဝအဆုံး၌ စုတိစိတ်ဖြစ်၏။ ယင်းပဋိသန္ဓေနှင့် စုတိအကြား ဘဝတစ်သက်တာဝယ် - အာရုံနှင့် ဒွါရ တိုက်ဆိုင်သောအခါဝယ် မဟဂ္ဂုတ်ဝိပါက် ၉ ပါးကြဉ်သော ဝီထိစိတ်တို့သည် အာရုံ ၆ ပါးမှ တစ်ပါးပါးကို အာရုံပြုလျက် ဖြစ်နေကြသည်။ - အာရုံနှင့် ဒွါရတိုက်ဆိုင်မှုမရှိသောအခါ ဒွါရဝိမုတ်စိတ် ၁၉ ပါးသည် လွန်ခဲ့ပြီးစ ဘဝဟောင်းမှ ယူအပ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့ကို အာရုံပြုလျက် ဖြစ်နေကြသည်။ ဤသို့လျှင် ဘဝတစ်သက်တာဝယ် ပဋိသန္ဓေ၊ ဘဝင်၊ ဝီထိ၊ စုတိစိတ်တို့သည် ရထားတွင် တပ်ထားအပ်သော လှည်းဘီးပမာ လည်လျက် ဖြစ်နေကြပါသည်။ |
9 | 4 | 1983 | ရိုးရိုးသူတော်စင်နှင့် အရိယာသူတော်စင်တို့၏ နယ်ခြားမှတ်တိုင်သဖွယ်ဖြစ်သော စိတ်ကို ဖော်ပြ၍ ယင်းစိတ်၏ အဓိပ္ပါယ်ကို ပြည့်စုံစွာ ရေးသားခဲ့ပါ။ | ရိုးရိုးသူတော်စင်နှင့် အရိယာသူတော်စင်တို့၏ နယ်ခြားမှတ်တိုင်သဖွယ်ဖြစ်သော စိတ်မှာ ဂေါတြဘူစိတ် ဖြစ်ပါသည်။ - ပုထုဇဉ် အနွယ်ကို လွှမ်းမိုး ကျော်လွန် နိုင်သောစိတ်။ - မဂ္ဂဝီထိ၌ ပါဝင်ကြသော ပရိကမ်၊ ဥပစာ၊ အနုလုံစိတ် တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာ တစ်ပါးပါးကို အာရုံပြု၏။ - ဂေါတြဘူစိတ်သည်ကား ရုပ်နာမ် သင်္ခါရကို အာရုံ မပြုဘဲ နိဗ္ဗာန်ကို အာရုံပြု၏။ - ဂေါတြဘူသည် `မဂ်ရှေ့မှ နိဗ္ဗာန်ကို ညွှန်ပြ တတ်သောကြောင့် မဂ်ဇော၊ ဖိုလ်ဇောတို့၏ ရှှေ့သွားဖြစ်သည့် အာဝဇ္ဇန်းနှင့် တူ၏´။ - ဂေါတြဘူကား သင်္ခါရကို အာရုံ မပြုနိုင်ဘဲ နိဗ္ဗာန်ကို အာရုံ ပြုသောကြောင့် ဝိပဿနာဉာဏ်၌ မပါဝင်ချေ။ သို့သော် ဝိပဿနာဉာဏ်များ၏ အထွတ်အထိပ်နှင့် တူသောကြောင့် `ဝိပဿနာတွင် သွင်းယူသည်။ |
1 | 1 | 1984 | သဂြိုလ်ကျမ်းအစ ပဏာမတွင် ဖော်ပြသော ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်တော်တို့ကို ရေးသားခဲ့ပါ။ | သဂြိုလ်ကျမ်းအစ ပဏာမတွင် ဖော်ပြသော ဘုရားဂုဏ်တော် (၁) သီလစသော ဂုဏ်တော်တို့ကြောင့် တူသောသူ တစ်စုံတစ်ယောက်မျှ ရှိတော်မမူခြင်း။ (၂) ခပ်သိမ်းသောတရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူခြင်း။ တရားဂုဏ်တော် (၁) သူတော်ကောင်းတို့၏ တရား။ (၂) ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရား။ သံဃာဂုဏ်တော် (၁) အရိယာသံဃာ အပေါင်းတည်းဟူသော ဂိုဏ်းမြတ်။ |
2 | 1 | 1984 | လူတို့နေ့စဉ်ပြောဆိုရာတွင် ပါဝင်သော " ဝေဒနာ - ၀ီရိယ - ဣဿာ- မစ္ဆရိယ - သဒ္ဓါ" ဟူသော စကား ၅-လုံး၏ ဆိုလိုရင်း အဓိပ္ပါယ်ကို မြန်မာလိုဖော်ပြပါ။ | လူတို့နေ့စဉ်ပြောဆိုရာတွင် ပါဝင်သော "ဝေဒနာ - ၀ီရိယ - ဣဿာ- မစ္ဆရိယ - သဒ္ဓါ" ဟူသော စကား ၅-လုံး၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ - ဝေဒနာ အာရုံ၏ အရသာကို ခံစားခြင်းသဘော။ - ၀ီရိယ ယှဉ်ဘက်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်းသဘော။ - ဣဿာ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ဂုဏ်သိန််ချမ်းသာ ပညာတို့အပေါ် ငြူစူ စောင်းမြောင်း မနာလိုခြင်းသဘော။ - မစ္ဆရိယ မိမိ၏ စည်းစိမ်ဥစ္စာ ဂုဏ်သိန််ချမ်းသာ ပညာတို့ကို ဝန်တိုခြင်းသဘော။ - သဒ္ဓါ ရတနာ ၃ ပါး၊ ကံ ကံ၏အကျိုး စသည်ကို ကြည်ညိုလေးမြတ် ယုံကြည်တတ်သောသဘော။ |
3 | 1 | 1984 | သောမနဿသဟဂုတ် လ္ဘက်က သုံးလေးလုတ် ကြက်သွန်ကြော်များများနှင့် ဗိုက်ကားအောင် တုတ်ပြီးလျှင် ဆိုသော စာချိုးအရ စိတ် ၈၉ ပါးတွင် သောမနဿသဟဂုတ်စိတ်ပေါင်း မည်မျှရှိသည်ကို ရေတွက်ပြပါ။ | စိတ် ၈၉ ပါးတွင် သောမနဿသဟဂုတ်စိတ်ပေါင်းမှာ - လောဘမူသောမနဿသဟဂုတ်စိတ် ၄ - သောမနဿ သန္တီရဏ ၁ - ဟသိတုပ္ပါဒ် ၁ - ကာမသောဘန သောမနဿသဟဂုတ်စိတ် ၁၂ - ပဉ္စမစျာန်စိတ်ကြဉ် မဟဂ္ဂုတ်စျာန်စိတ် ၁၂ ပါး ပေါင်း ၃၀ ရှိပါသည်။ |
4 | 1 | 1984 | ရုပ်တစ်ခုကို အသေးစိတ် လေ့လာလျှင် ခဏငယ်ပေါင်း မည်မျှ ပါဝင်ပါသနည်း။ တစ်ခုစီ ရေတွက်ပြပါ။ | ရုပ်တစ်ခုကို အသေးစိတ် လေ့လာလျှင် (၁) ကာယဝိညတ်၊ ဝစီဝိညတ် ၂ ပါး - ထိုဝိညတ်ရုပ် ၂ ပါးသည် စိတ္တဇဧကန်ရုပ်များ ဖြစ်ကြသောကြောင့် စိတ်နှင့် အသက်တူရာ ခဏငယ် ၃ ချက် ပါဝင်ပါသည်။ (၂) လက္ခဏရုပ် ၄ ပါး - ဥပစယ၊ သန္တတိရုပ် ၂ ပါး ထိုရုပ် ၂ ပါးတို့သည် ရုပ်တို့၏ ဥပါဒ်သဘောမျှ သာဖြစ်၍ ခဏငယ် ၁ ချက် - ဇရာတာ ရုပ်တို့၏ ရင့်ကျက်ခြင်းသဘော ဖြစ်သောကြောင့် ခဏငယ် ၄၉ ချက် - အနိစ္စတာ ရုပ်တို့၏ ချုပ်ခြင်းသဘော ဖြစ်သောကြောင့် ခဏငယ် ၁ ချက် (၃) ဝိညတ်ရုပ် ၂ ပါး၊ လက္ခဏ ၄ ပါးကြဉ် ကျန်ရုပ် ၂၂ ပါး ကျန်ရုပ် ၂၂ ပါးသည် ခဏငယ် ၁၇ ချက် ပါဝင်ပါသည်။ |
5 | 1 | 1984 | ယနေ့ပြုလုပ်သော ကုသိုလ်ကံ အကုသိုလ်ကံသည် ယခုဘဝမှာပင် ချက်ချင်းလက်ငင်း အကျိုးပေးပါသလား။ ကံတို့၏ အကျိုးပေးရာကာလကို ဖော်ပြပါ။ | ယနေ့ပြုလုပ်သော ကုသိုလ်ကံ အကုသိုလ်ကံသည် ယခုဘဝမှာပင် ချက်ချင်းလက်ငင်း အကျိုးပေးနိုင်ပါသည်။ ကံတို့၏ အကျိုးပေးရာကာလများမှာ ၁။ ဒိဋ္ဌိဓမ္မဝေဒနိယကံ - မျက်မှောက်ဘဝ၌ အကျိုးပေးသောကံ။ ပထမဇောစေတနာ။ ၂။ ဥပပဇ္ဇဝေဒနိယကံ - အခြားမဲ့ဖြစ်သော ဒုတိယဘဝ၌ အကျိုးပေးသော သတ္တမဇော စေတနာ။ ၃။ အပရာပရိယဝေဒနိယကံ - မျက်မှောက်ဘဝနှင့် ဒုတိယဘဝတို့မှ တစ်ပါးတတိယ ဘဝမှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အကျိုးပေး တတ်သော အလယ်ဇော ၅ ချက်စေတနာ။ ၄။ အဟောသိကံ - အထက်ကံ ၃ ပါးတို့သည် အကျိုးပေးရန် အခွင့်မသင့်ခဲ့လျှင် ကာလအားလျော်စွာ အကျိူးမပေးဘဲ သုဉ်း၍ ဖြစ်သွားလျှင် ထိုကံမျိူးကို အဟောသိကံဖြစ်ကြကုန်၏။ |
6 | 1 | 1984 | စိတ်ကြောင့် ရုပ်ဖြစ်သည်ဆိုလျှင် (က) အဘယ်စိတ်က (ခ) အဘယ်ရုပ်ကို (ဂ) အဘယ်ကာလ၌ ဖြစ်စေပါသနည်း။ ဗုဒ္ဓအဘိဓမ္မာအရ ခွဲခြားဖြေဆိုပါ။ | စိတ်ကြောင့် ရုပ်ဖြစ်သည်ဆိုလျှင် (က) ဖြစ်စေသောစိတ် - ဒွေပ ဉ္စဝိညာဏ် ၁၀ - အရူပါဝပါက် ၄ ပါး ကြဉ်သော စိတ် ရ၅ ပါး (ခ) ဖြစ်သည့်ရုပ် - အဝိနိဗ္ဘောဂရုပ် ၈ ပါး - ပရိစ္ဆေဒရုပ် ၁ - ဝိညတ်ရုပ် ၂ ပါး - သဒ္ဒရုပ် ၁ - လဟုတာဒိရုပ် ၃ ပါး ပေါင်း ၁၅ ပါး (ဂ) ဖြစ်စေရာအခါ - ပဋိသန္ဓေစိတ်နောင် ပထမဘဝင်၏ ဥပါဒ်ခဏမှသည် စိတ်၏ ဥပါဒ်တိုင်း ဥပါဒ်တိုင်း၌ ဖြစ်စေပါသည်။ |
7 | 1 | 1984 | ပညာမျက်စိကို ဖုံးလွှမ်းတတ်သော တရားသရုပ်ကို အစဉ်ကျကျ ထုတ်ပြ၍ ကိလေသာ ၁၀ ပါးကိုလည်းရေတွက်ပြပါ။ | ပညာမျက်စိကို ဖုံးလွှမ်းတတ်သော တရားသရုပ်မှာ ၁။ အဝိဇ္ဇာသဝ ၂။ အဝိဇ္ဇောဃ ၃။ အဝိဇ္ဇာယောဂ ၄။ အဝိဇ္ဇာနီဝရဏ ၅။ အဝိဇ္ဇာနုသယ ၆။ အဝိဇ္ဇာသံယောဇဉ် ၇။ မောဟကိလေသာ တို့ဖြစ်ပါသည်။ ကိလေသာ ၁၀ ပါးမှာ ၁။ လောဘ ၂။ ဒေါသ ၃။ မောဟ ၄။ မာန ၅။ ဒိဋ္ဌိ ၆။ ဝိစိကိစ္ဆာ ၇။ ဥဒ္ဓစ္စ ၈။ ထိန ၉။ အဟိရိက ၁၀။ အနောတ္တပ္ပ တို့ဖြစ်ပါသည်။ |
8 | 1 | 1984 | လူသားမှန်သမျှ အိုခြင်း-သေခြင်း မကင်းကြလေရာ ထိုအိုခြင်း- သေခြင်းတို့၏ လက်ရင်း တရားခံကို ပဋိစ္စသမုပ္ပါဒ်နည်းအရ ဖော်ပြ၍၊ ထိုလက်ရင်းတရားခံ၏ အကျိုးဆက်တရားများကိုလည်း ကုန်စင်အောင် ရေးပြပါ။ | လူသားမှန်သမျှ အိုခြင်း-သေခြင်း မကင်းကြလေရာ ထိုအိုခြင်း- သေခြင်းတို့၏ လက်ရင်း တရားခံမှာ ဇာတိတရား ဖြစ်ပါသည်။ ဇာတိ၏ နောက်ဆက်တွဲ အကျိုးရင်းတရား - ဇရာ၊ မရဏဖြစ်၍ အကျိုးဆက်တရား - သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ တရားတို့ ဖြစ်ပါသည်။ |
9 | 1 | 1984 | ဘာဝနာတို့တွင် အမြတ်ဆုံးဖြစ်သော ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများပုံ ပွားများနည်းကို ဖော်ပြ၍ ထိုသို့ပွားများလျှင် မည်သည့်အခါမျိုး၌ မည်သည့်သမာဓိများကို ရနိုင်ပါသနည်း။ ဖြေဆိုပါ။ | ဗုဒ္ဓါနုဿတိ ဘာဝနာပွားများပုံမှာ (၁) ဗုဒ္ဓါနုဿတိ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည် အရဟံဂုဏ်တော်ကို စီးဖြန်း ပွားများလိုလျှင် အရဟံ အရဟံဟု အဖန်ဖန် တလဲလဲ စီးဖြန်းမှု ပရိကံ ပြုရပါမည်။ (အရဟံ ဂုဏ်တော်သည် ပရိကမ္မနိမိတ်၊ စီးဖြန်းမှုသည် ပရိကမ္မ ဘာဝနာ ပရိကမ္မသမာဓိ ဖြစ်၏) (၂) ထိုအရဟံဂုဏ်တော် အာရုံကို ကောင်းစွာယူမိ၍ ဥဂ္ဂဟနိမိတ် ထင်လာသောအခါ ပရိကမ္မဘာဝနာသည်လည်း ရှေးကထက် သမာဓိရကာ တည်ကြည်လာပြီး ဖြစ်ပါသည်။ (ဥဂ္ဂဟနိမိတ်- ရှေးကထက် သမာဓိရသော ပရိကမ္မဘာဝနာ) (၃) ထိုထက် သမာဓိရလာသောအခါ နီဝရဏကင်းကွာသဖြင့် ဥပစာရဘာဝနာအဆင့်အတန်းသို့ တက်လှမ်းနိုင်ပါသည်။ (ဥဂ္ဂဟနိမိတ်- ဥပစာရဘာဝနာ၊ ဥပစာရသမာဓိ) ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဂုဏ်တော် ပရမတ်အာရုံဖြစ်၍ နက်နက်သောကြောင့် အပ္ပနာဘာဝနာ၊ အပ္ပနာသမာဓိအဆင့်သို့ကား မရောက်နိုင်ပါ။ |
1 | 2 | 1984 | စိတ် ၈၉ ပါးတို့တွင် မတင့်တယ်သော အသောဘနစိတ်နှင့် တင့်တယ်သော သောဘနစိတ်တို့ကို ခွဲခြားဖော်ပြပါ။ | စိတ် ၈၉ ပါးတို့တွင် မတင့်တယ်သော အသောဘနစိတ်မှာ - အကုသိုလ်စိတ် ၁၂ ပါး - အဟိတ်စိတ် ၁၈ ပါး တင့်တယ်သော သောဘနစိတ်မှာ - ကာမသောဘနစိတ် ၁၂ ပါး - ရူပါဝစရစိတ် ၁၅ ပါး - အရူပါဝစရစိတ် ၁၂ ပါး - လောကုတ္တရာစိတ် ၈ ပါး တို့ဖြစ်ပါသည်။ |
2 | 2 | 1984 | သူတစ်ပါး ဆင်းရဲဒုက္ခရောက်နေသည်ကို မြင်၍ သနားခြင်း လက္ခဏာရှိသော ကရုဏာစေတသိက်သည် မည့်သည့်စိတ်များနှင့် ယှဉ်၍ ဖြစ်ပါသနည်း၊ ရေတွက်ပြပါ။ | သူတစ်ပါး ဆင်းရဲဒုက္ခရောက်နေသည်ကို မြင်၍ သနားခြင်း လက္ခဏာရှိသော ကရုဏာစေတသိက်သည် - မဟာကုသိုလ်စိတ် ၈ ပါး - မဟာကြိယာစိတ် ၈ ပါး - ပဉ္စမစျာန်ကြဉ် မဟဂ္ဂုတ်စိတ် ၁၂ ပါး ပေါင်း ၂၈ ပါး သောစိတ်နှင့် ယှဉ်ပါသည်။ |
3 | 2 | 1984 | လျင်မြန်စွာပြေးသော ယောင်္ကျားကဲ့သို့ အရှိန်အဟုန် လျင်စွာဖြစ်သော ဇောစိတ် မည်မျှရှိသည်ကို ဖော်ပပြြီးလျှင် ကုသိုလ်၊ အကုသိုလ်၊ ကြိယာအားဖြင့် ခွဲခြားပြပါ။ | လျင်မြန်စွာပြေးသော ယောင်္ကျားကဲ့သို့ အရှိန်အဟုန် လျင်စွာဖြစ်သော ဇောစိတ် ၅၅ ပါး ရှိပါသည်။ ၎င်းတို့မှာ - အကုသိုလ်စိတ် ၁၂ ပါး - ဟသိတုပ္ပါဒ် ၁ ပါး - မဟာကုသိုလ်စိတ် ၈ ပါး - မဟာကြိယာစိတ် ၉ ပါး ဟူသော ကာမဇော ၂၉ ပါးနှင့် - ရူပကုသိုလ်စိတ် ၅ ပါး - ရူပကြိယာစိတ် ၅ ပါး - အရူပကုသိုလ်စိတ် ၄ ပါး - အရူပကြိယာစိတ် ၄ ပါး - လောကုတ္တရာစိတ် ၈ ပါး ဟူသော အပ္ပနာဇော ၂၆ ပါး တို့ဖြစ်ပါသည်။ ထိုတွင် - ကုသိုလ် ၂၁ ပါး - အကုသိုလ် ၁၂ ပါး - ကြိယာ ၁၈ ပါး - ဖိုလ်ဇော ၄ ပါး ပါဝင်ပါသည်။ |
4 | 2 | 1984 | ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ အမည်ရသော ကာမဇောများ၏ တရားကိုယ်ဖြစ်သော စိတ်သရုပ်ကို ထုတ်ပဖြြေဆိုပါ။ | ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ အမည်ရသော ကာမဇောများ၏ တရားကိုယ်ဖြစ်သော စိတ်သရုပ်မှာ - မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄ ပါး - မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄ ပါး တို့ဖြစ်ပါသည်။ |
5 | 2 | 1984 | အလိုရမက် လောဘအတွက်ကြောင့် ဖြစ်ရသော အကုသိုလ် ဒုစရိုက်တရားများကို တစ်ပါးစီ ရေတွက်ပြပါ။ | အလိုရမက် လောဘအတွက်ကြောင့် ဖြစ်ရသော အကုသိုလ် ဒုစရိုက်တရားများမှာ ၁။ မုသာဝါဒ ၂။ ပိသုဏဝါစာ ၃။ ဖရုသဝါစာ ၄။ သမ္ဖပ္ပလာပ ၅။ အဒိန္နာဒါန ၆။ အဘိဇ္စျာ ၇။ မိစ္ဆာဒိဋ္ဌိ တို့ဖြစ်ပါသည်။ |
6 | 2 | 1984 | ရုပ်တို့ကို ရုပ်ကလာပ်အဖြစ် ဖွဲ့စည်းရာတွင် လိုအပ်သော အင်္ဂါရပ်များကို ဖော်ပြပါ။ | ရုပ်တို့ကို ရုပ်ကလာပ်အဖြစ် ဖွဲ့စည်းရာတွင် လိုအပ်သော အင်္ဂါရပ်များမှာ ၁။ဧကုပ္ပါဒ - အတူတကွဖြစ်ခြင်း ၂။ ဧကနိရောဓ - အတူတကွချုပ်ပျက်ခြင်း ၃။ ဧကနိဿယ - တူသောမှီရာရှိခြင်း ၄။ သဟဝုတ္တိ - တစ်ခုနှင့် တစ်ခု ရွေးချယ်မရအောင် ပေါင်းရောနေခြင်း တို့ဖြစ်ပါသည်။ |
7 | 2 | 1984 | စားဖွယ်သောက်ဖွယ်၌ပါသော သြဇာသည်သာ အာဟာရဖြစ်လေသလော၊ အကယ်၍ တခြားအာဟာရများရှိခဲ့လျှင် ဖော်ပြ၍၊ ထိုအာဟာရတို့၏ တရားကိုယ်နှင့် စွမ်းဆောင်ချက်တို့ကိုလည်း အသီးသီး ရေးပြပါ။ | စားဖွယ်သောက်ဖွယ်၌ပါသော သြဇာသည်သာ အာဟာရ မဟုတ်ပါ။ တခြားအာဟာရများ ရှိပါသည်။ ၎င်းတို့မှာ ၁။ ဖဿာဟာရ ၂။ မနောသေဉ္စတနာဟာရ ၃။ ဝိညာဏာဟာရ တို့ဖြစ်ပါသည်။ ထိုအာဟာရတို့၏ တရားကိုယ်နှင့် စွမ်းဆောင်ချက်တို့မှာ ၁။ ဖဿာဟာရ - တရားကိုယ် = ဖဿစေတသိက် - ဝေဒနာဟူသော အကျိုးကိုဆောင်ပါသည်။ ၂။ မနောသေဉ္စတနာဟာရ - တရားကိုယ် = စေတနာစေတသိက် - ပဋိသန္ဓေဝိညာဏ်ဟူသော အကျိုးကို ဆောင်ပါသည်။ ၃။ ဝိညာဏာဟာရ - တရားကိုယ် = စိတ် ၈၉ ပါး - တကွဖြစ်ဖက် စေတသိက်နာမ်နှင့် ရုပ်တရားတို့ကို ဆောင်ပါသည်။ |
8 | 2 | 1984 | စိတ်ထောင်းတော့ ကိုယ်ကြေ-စိတ်ပျိုတော့ ကိုယ်နု ဟုဆိုရိုးစကား ရှိလေရာ၊ စိတ်သည် ကိုယ်အား ကျေးဇူးပြုနိုင်ပါမည်လော၊ ပြုနိုင်လျှင် ပဋ္ဌာန်းနည်းအရ ရှင်းလင်းဖော်ပြပါ။ | စိတ်ထောင်းတော့ ကိုယ်ကြေ-စိတ်ပျိုတော့ ကိုယ်နု ဟုဆိုရိုးစကား ရှိလေရာ၊ စိတ်သည် ကိုယ်အား ကျေးဇူးပြုနိုင်ပါမည်။ ကိုယ်ဟူသည် ရုပ်ဖြစ်သောကြောင့် စိတ်က ရုပ်ကို ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။ ပစ္ဆာဇာတပစ္စည်း ဟူသည် နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရားဖြစ်သည်။ ရှေးကပေါက်နှင့်ပြီးသော သစ်ပင်အားနောက်မှ ရွာသွန်းအပ်သောမိုးရေသည် စည်ပင်ကြီးပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ နောက်နောင်၌ဖြစ်သော စိတ်တို့သည် ရှေ့ကဖြစ်နှင့်ပြီး ဋ္ဌီသို့ရောက်နေသော ရုပ်တို့အား တည်ခိုင် သန်စွမ်းစေသောအားဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပစ္ဆာဇာတပစ္စည်းမည်၏။ |
9 | 2 | 1984 | ယခုခေတ်တွင် အကြားအမြင်ရသည် ဟုပြောလေ့ရှိသူ ပေါများလှလေရာ ထိုသူတို့သည် ဒိဗ္ဗသောတ- ဒိဗ္ဗစက္ခုရသူများ ဖြစ်နိုင် မဖြစ်နိုင် သင်္ဂြိုလ်ကျမ်းလာ အဘိညာဉ်ဖြစ်ပုံပြစကားရပ်ကို ထောက်ဆ၍ ဆုံးဖြတ်ပြပါ။ | ယခုခေတ်တွင် အကြားအမြင်ရသည်ဟု ပြောဆိုနေကြသောသူတို့သည် ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ အဘိညာဉ်ရရှိသော ပုဂ္ဂိုလ်များ မဖြစ်နိုင်ပါ။ အကြောင်းမှာ- အဘိညာဉ်ရပုဂ္ဂိုလ် ဟူသည် သမာပတ် ၈ပါး၊ ၉ပါး ရရှိပြီးကသိုဏ်း ၁၀ပါးလုံး၌ ၀သီဘော်နိုင်လှစွာ အားထုတ်ထားသော ပုဂ္ဂိုလ်မျိုး ဖြစ်ပါသည်။ အဘိညာဉ်ဖြစ်ပုံမှာ- ဒိဗ္ဗစက္ခုအဘိညာဉ် ဖြစ်လိုလျှင်.. (၁) အဘိညာဉ်၏ အခြေခံဖြစ်သော ရူပပဉ္စမဈာန်ကို ဝင်စားရ၏။ (၂) ထို့နောက် ဈာန်မှထက အဓိဋ္ဌာန်အပ်သောအာရုံ (မိမိမြင်လိုသောအဆင်း) ကို ဆင်ခြင်၍ ပရိကံပြုရ၏။ (၃) ထို့နောက် ပါဒကပဉ္စမဈာန်ကို (အခြေခံဖြစ်သော ရူပပ ဉ္စမဈာန်ကို) ပြန်ဝင်စားရ၏။ (၄) ၎င်းနောက် အဘိညာဉ်ဝိထိဖြစ်သော အဘိညာဉ်အစွမ်းဖြင့် မိမိမြင်လိုသော အဆင်းကို မြင်ရခြင်းဟူသော ဒိဗ္ဗစက္ခုအဘိညာဉ် ဖြစ်၏။ သို့ဖြစ်၍ ယခုခေတ်တွင် အကြားအမြင်ရသည်ဟု ပြောဆိုနေကြသော သူတို့သည် ရူပပ ဉ္စမဈာန်တိုင် ရခြင်း၊ ဈာန်ဝင်စားခြင်း စသည် မရှိခဲ့လျှင်မူ ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ အဘိညာဉ်ရရှိသော ပုဂ္ဂိုလ်များ မဖြစ်နိုင်ပါ။ |
1 | 3 | 1984 | စိတ်ကို အကျဉ်းနည်း - အကျယ်နည်း ခွဲရာတွင် အကုသိုလ်စိတ်၌ အကျဉ်း အကျယ်ရှိပါသလော၊ မည်သည့်စိတ်၌ အကျဉ်း အကျယ် ခွဲပါသနည်း။ | စိတ်ကို အကျဉ်းနည်း - အကျယ်နည်း ခွဲရာတွင် အကုသိုလ်စိတ်၌ အကျဉ်း အကျယ်မရှိပါ။ အကျဉ်းအကျယ်ရှိသောစိတ်မှာ လောကုတ္တရာစိတ် ဖြစ်ပါသည်။ လောကုတ္တရာစိတ် ၈ ပါးကို ပထမစျာန်၊ ဒုတိယစျာန် တတိယစျာန်၊ စတုတ္ထစျာန် ပဉ္စမစျာန် ဟူသောစျာန်စိတ်များနှင့် မြှောက်ပွားရာမှ လောကုတ္တရာစိတ် အကျယ် ၁၂၁ ပါးဖြစ်လာသည်။ |
2 | 3 | 1984 | သီချင်းသံကြားသောအခါ ဖြစ်သောစိတ်၌ ယှဉ်နိုင်သော စေတသိက်များကို ဖော်ပြပါ။ | သီချင်းသံကြားသောအခါ ဖြစ်သောစိတ်၌ ၁။ ဖဿ ၂။ ဝေဒနာ ၃။ သညာ ၄။ စေတနာ ၅။ ဧကဂ္ဂတာ ၆။ ဇိဝိတိန္ဒြေ ၇။ မနသိကာရ ဟူသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါး ယှဉ်ပါသည်။ |
3 | 3 | 1984 | စက္ခုစသော ဒွါရ ၆ ပါးတို့၌ မဖြစ်သောစိတ်များကို ရေတွက်ပြပါ။ | စက္ခုစသော ဒွါရ ၆ ပါးတို့၌ - အမြဲမဖြစ်သောစိတ် မဟဂ္ဂုတ်ဝိပါက် ၉ ပါး - ရံခါ မဖြစ်သောစိတ် ဥပေက္ခာသန္တီရဏ ၂ ပါး မဟာဝိပါက် ၈ ပါး တို့ဖြစ်ပါသည်။ |
4 | 3 | 1984 | မဟာလူသား အရိယာပုဂ္ဂိုလ်များသာ အသီးသီး ကိုယ်ပိုင်ရထိုက်သော ဇောစိတ်များကို ဖော်ပြပါ။ | မဟာလူသား အရိယာပုဂ္ဂိုလ်များသာ အသီးသီး ကိုယ်ပိုင်ရထိုက်သော ဇောစိတ်များမှာ - သောတာပတ္တိမဂ်ပုဂ္ဂိုလ်၌ သောတာပတ္တိမဂ်ဇောစိတ် - သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်၌ သောတာပတ္တိဖိုလ်ဇောစိတ် - သကဒါဂါမိမဂ်ပုဂ္ဂိုလ်၌ သကဒါဂါမိမဂ််ဇောစိတ် - သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်၌ သကဒါဂါမိဖိုလ်ဇောစိတ် - အနာဂါမိမဂ်ပုဂ္ဂိုလ်၌ အနာဂါမိမဂ်ဇောစိတ် - အနာဂါမိဖိုလ်ပုဂ္ဂိုလ်၌ အနာဂါမိဖိုလ်ဇောစိတ် - အရဟတ္တမဂ်ပုဂ္ဂိုလ်၌ အရဟတ္တမဂ်ဇောစိတ် - ရဟန္တာပုဂ္ဂိုလ်၌ အရဟတ္တဖိုလ်ဇောစိတ် ဟသိတုပ္ပါဒ် မဟာကြိယာ ၈ ပါး မဟဂ္ဂုတ်ကြိယာ ၉ ပါး တို့ဖြစ်ပါသည်။ |
5 | 3 | 1984 | သံသရာစက်ရဟတ်၏ အဆက်မပြတ် လည်နေပုံကို ဝိထိမုတ်ပိုင်း နိဂုံးလာ ကျမ်းဆရာ၏ အာဘော်ကျ အကျဉ်းချုပ် ဖော်ပြပါ။ | သံသရာစက်ရဟတ်၏ အဆက်မပြတ် လည်နေပုံမှာ စုတိစိတ်ချုပ်ပြီးသည်နောက်၌လည်း အသစ်သစ်သော ပဋိသန္ဓေအစ ရှိကုန်သော စိတ်တို့သည် ရထား၌ တပ်ထားအပ်သော ဘီး၏ လည်ပုံကဲ့သို့ အစဉ်အတိုင်းသာလျှင် အဆက်ဆက် လည်ကြလေ၏ ဤ ပစ္စုပ္ပန်ဘဝ၌လည်း ပဋိသန္ဓေ၊ ဘဝင်၊ ဝီထိ၊ စုတိစိတ်တို့သည် အစဉ်အတိုင်း အဆက်ဆက် လည်၍ ဖြစ်ကြသကဲ့သို့ ဘဝတစ်ပါး၌လည်း ဤအတိုင်းပင် လည်၍ (ရဟန္တာ မဖြစ်မချင်း) ဖြစ်ကြလေသည်။ |
6 | 3 | 1984 | လူသားများ ပဋိသန္ဓေတည်နေခိုက် ဥပါဒ်ခဏ၌ ရနိုင်ကောင်းသော ရုပ်ပေါင်း ၃၀ ကို ရေတွက်ဖော်ပြပါ။ | လူသားများ ပဋိသန္ဓေတည်နေခိုက် ဥပါဒ်ခဏ၌ ရနိုင်ကောင်းသော ရုပ်ပေါင်း ၃၀ မှာ ၁။ ကာယဒသကကလာပ်၌ - အဝိနိဗ္ဘောဂရုပ် ၈ ပါး - ကာယပသာဒရုပ် ၁ ပါး - ဇိဝိတရုပ် ၁ ပါး ၂။ ဘာဝဒသကကလာပ်၌ - အဝိနိဗ္ဘောဂရုပ် ၈ ပါး - ဘာဝရုပ် ၁ ပါး - ဇိဝိတရုပ် ၁ ပါး ၃။ ဝတ္ထုဒသကကလာပ်၌ - အဝိနိဗ္ဘောဂရုပ် ၈ ပါး - ဝတ္ထုရုပ် (ဟဒယရုပ်) ၁ ပါး - ဇိဝိတရုပ် ၁ ပါး အားဖြင့် ရုပ်ပေါင်း ၃၀ တို့ဖြစ်ပါသည်။ |
7 | 3 | 1984 | လုပ်အားတန်ဖိုး မချစ်မြတ်နိုးသော လူပျင်းတစ်သိုက်၌ မရထိုက်သော တရားသရုပ်ကို အစဉ်ကျကျ ထုတ်ပြပါ။ | လုပ်အားတန်ဖိုး မချစ်မြတ်နိုးသော လူပျင်းတစ်သိုက်၌ မရထိုက်သော တရားသရုပ်မှာ ၁။ သမ္မပ္ပဓာတ် ၄ ပါး ၂။ ဝိရိယိဒ္ဓိပါဒ် ၃။ ဝိရိယိန္ဒြေ ၄။ ဝိရိယဗိုလ် ၅။ ဝိရိယသမ္ဗောဇ္စျင် ၆။ သမ္မာဝါယာမမဂ္ဂင် တို့ဖြစ်ကြပါသည်။ |
8 | 3 | 1984 | ပတ်ဝန်းကျင် သန့်ရှင်းရေးသည် အလွန်လိုအပ်သည် ဖြစ်လေရာ သန့်ရှင်းသောအိမ်၊ သန့်ရှင်းသော စာသင်ကျောင်းသည် ကုသိုလ်စသော တရားများအား ကျေးဇူးပြုနိုင်ပါသလော၊ ပြုနိုင်လျှင် ပြုရာသန္တာန်၊ ပြုတတ်သော သတ္တိတို့ကို တိကျစွာရေးပြပါ။ | ပတ်ဝန်းကျင် သန့်ရှင်းရေးသည် အလွန်လိုအပ်သည် ဖြစ်လေရာ သန့်ရှင်းသောအိမ်၊ သန့်ရှင်းသော စာသင်ကျောင်းသည် ကုသိုလ်စသော တရားများအား ကျေးဇူးပြုနိုင်ပါသည်။ ပြုရာသန္တာန် - ထိုက်သည့် အားလျော်စွာ အဇ္ဈတ္တ၊ ဗဟိဒ္ဓသန္တာန်၌ ပြုတတ်သော သတ္တိ - ပင်ကိုယ်ပကတိ သဘောသက်သက်ဖြင့်ပင် အားကြီးသော မှီရာအကြောင်းဖြင့် ကျေးဇူးပြုတတ်သော ပကတူပနိဿယ သတ္တိအားဖြင့် ကျေးဇူးပြုနိုင်ပါသည်။ |
9 | 3 | 1984 | သမထဘာဝနာ ဝိပဿနာဘာဝနာတို့ကို အသက်မွေးဝမ်းကျောင်းအတွက် ပွားများ သင့်ပါသလော၊ မည်သို့သော ရည်မှန်းချက် ရှိသူသည်သာ ပွားများသင့်ပါသနည်း၊ သင်္ဂြိုလ်ကျမ်းနှင့်အညီဖြေဆိုပါ။ | သမထဘာဝနာ ဝိပဿနာဘာဝနာတို့ကို အသက်မွေးဝမ်းကျောင်းအတွက် မပွားများသင့်ပါ။ အကျိုးတရား အလွန်များသဖြင့် ဖြစ်ပွားစေအပ် တရားမြတ် မှတ်လေဘာဝနာဟူသော အဆိုအမိန့် နှင့်အညီ ကုသိုလ်ကံနှင့် အကုသိုလ်အကျိုးတရား မြောက်များစွာ ရရှိရန် သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာတို့ကို ပွားများအပ်၏ သာသနာတော်ဝယ်ပဋိပတ်၏ အရသာဖြစ်၍ သာယာဖွယ်ကောင်းသောတရားကား စျာန် မဂ် ဖိုလ်တည်း၊ ဤစျာန် မဂ် ဖိုလ်တရားထူးတို့၏ အရသာထူးကို ခံစားလိုသောအမျိုးကောင်းသား အမျိုးကောင်းသမီးများသည် သမထဘာဝနာ၊ ဝိပဿနာဘာဝနာတို့ကို ပွားများသင့်ပါသည်။ |
3 | 4 | 1984 | အဆင်း၊ အသံ၊ အန့ံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံ ၅ ပါးလုံးကို အာရုံပြုနိုင်သော စိတ်များကို ဖော်ပြပါ။ | အဆင်း၊ အသံ၊ အန့ံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံ ၅ ပါးလုံးကို အာရုံပြုနိုင်သော စိတ်များမှာ - ပဉ္စဒွါရာဝဇ္ဇန်း - သမ္ပဋိစ္ဆိုန်းဒွေး ဟူသော မနောဓာတ် ၃ ပါး ဖြစ်ပါသည်။ |
8 | 4 | 1984 | သင်ယခု ဖြေဆိုနေသော အဘိဓမ္မာစာမေးပွဲ ဟူသည် ဝိဇ္ဇာမာန စသည်တို့တွင် မည်သည့် ပညတ်မျိုး ဖြစ်ပါသနည်း။ ရှင်းလင်းချက်နှင့်တကွ ဖြေဆိုပါ။ | ယခု ဖြေဆိုနေသော အဘိဓမ္မာစာမေးပွဲသည်- ပရမတ္ထအားဖြင့် ထင်ရှားရှိသောအနက် “အဘိဓမ္မာ”နှင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသောအနက် “စာမေးပွဲ” ကို တွဲစပ်၍ ခေါ်ဝေါ်သောကြောင့် ဝိဇ္ဇာမာနေန- အဝိဇ္ဇမာနပညတ် ဖြစ်ပါသည်။ |
1 | 1 | 1985 | အမှန်ရှိလျက် ဖောက်ပြန်သောတရား၊ မဖောက်ပြန်သောတရားကို ထုတ်ပြပါ။ | အမှန်ရှိလျက် ဖောက်ပြန်သောတရားမှာ - ရုပ် အမှန်ရှိလျက် မဖောက်ပြန်သောတရားမှာ - စိတ် - စေတသိက် - နိဗ္ဗာန် တို့ဖြစ်ပါသည်။ |
2 | 1 | 1985 | မိမိမိတ်ဆွေ၏ ပစ္စည်းကိုခိုးယူပြီးခါမှ "ငါမှားလေစွ" ဟု နောင်တရမှုသည် မည်သည့်စေတသိက်ဖြစ်ပါသနည်း၊ ၎င်းစေတသိက်သည် မည့်သည့်စိတ်နှင့် ယှဉ်တွဲဖြစ်ပါသနည်း။ | မိမိမိတ်ဆွေ၏ ပစ္စည်းကိုခိုးယူပြီးခါမှ "ငါမှားလေစွ" ဟု နောင်တရမှုသည် ကုက္ကုစ္စ စေတသိက်ဖြစ်ပါသည်။ ၎င်းစေတသိက်သည် - ဒေါသမူ အကုသိုလ်စိတ် ၂ ပါး ယှဉ်ပါသည်။ |
3 | 1 | 1985 | လူ့ဘဝ၌ လူသားတစ်ဦးအနေဖြင့် ပဋိသန္ဓေ ကိစ္စတပ်၍ ဖြစ်နိုင်သောစိတ်တို့ကို ရနိုင်သမျှ ရေတွက်ဖော်ပြခဲ့ပါ။ | လူ့ဘဝ၌ လူသားတစ်ဦးအနေဖြင့် ပဋိသန္ဓေ ကိစ္စတပ်၍ ဖြစ်နိုင်သောစိတ်တို့မှာ မဟာဝိပါက် ၈ ပါး အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ၁ ပါး ပေါင်း ၉ ပါးဖြစ်ပါသည်။ |
4 | 1 | 1985 | စိတ်သည် တစ်ခုတည်းဖြစ်ရိုးမရှိဘဲ ဝီထိအလိုက် ဖြစ်လျက်ရှိရာ လူတစ်ဦးအား တစ်နေ့တာအတွင်၌ ဖြစ်နိုင်သော ဝိညာဏဝီထိတို့ကို ဖော်ပြခဲ့ပါ။ | စိတ်သည် တစ်ခုတည်းဖြစ်ရိုးမရှိဘဲ ဝီထိအလိုက် ဖြစ်လျက်ရှိရာ လူတစ်ဦးအား တစ်နေ့တာအတွင်၌ ဖြစ်နိုင်သော ဝိညာဏဝီထိတို့မှာ (၁) စက္ခုဝိညာဏဝီထိ (၂) သောတဝိညာဏဝီထိ (၃) ဃာနဝိညာဏဝီထိ (၄) ဇိဝှါဝိညာဏဝီထိ (၅) ကာယဝိညာဏဝီထိ (၆) မနောဝိညာဏဝီထိ တို့ဖြစ်ကြပါသည်။ |
5 | 1 | 1985 | ၃၁ ဘုံကို သင်သိပါသလား၊ တခြားသောဘုံတို့သည် ဤလူ့ဘုံကဲ့သို့ ရုပ်နာမ် ၂ ပါးစုံ ဖြစ်ပါသလား ထူးခြားမှုရှိလျှင် ရှိသည့်လျောက် ဝေဖန် ဖော်ပြခဲ့ပါ။ | ၃၁ ဘုံကို ကျွန်ုပ်သိပါသည်။ အကြမ်းအားဖြင့် ၁။ အပါယ် ၄ဘုံ ၂။ ကာမသုဂတိ ရ ဘုံ ၃။ ဗြဟ္မာဘုံ ၂၀ ဟူ၍ ရေတွက်နိုင်ပါသည်။ တခြားသောဘုံတို့သည် ဤလူ့ဘုံကဲ့သို့ ရုပ်နာမ် ၂ ပါးစုံရှိ၍ အချို့မှာ မရှိပါ။ (က) ရုပ်၊နာမ် ၂ ပါးစုံရှိသောဘုံ - အပါယ် ၄ ဘုံ - လူဘုံ - နတ်ပြည် ၆ ထပ် - အသညသတ်ကြဉ် ရူပဗြဟ္မာဘုံ ၁၅ ဘုံ (ထို ၁၅ ဘုံတွင် သည် ဃာန၊ ဇိဝှါ၊ ကာယပသာဒများ မရပါ) (ခ) ရုပ်သာရှိသောဘုံ - အသညသတ်ဘုံ (ဂ) နာမ်သာရှိသောဘုံ - အရူပဗြဟ္မာ ၄ ဘုံ တို့ ဖြစ်ပါသည်။ |
6 | 1 | 1985 | ရုပ် ၂၈ ပါးတို့တွင် ပရမတ်ရုပ် ပညတ်ရုပ်တို့ကို အကျဉ်းမျှ ခွဲခြားဖော်ပပြြီးလျှင် ယင်းသို့ ကွဲပြားစေခြင်း၏ သဘောလက္ခဏာများ ကိုလည်း ဖော်ပြပါ။ | ရုပ် ၂၈ ပါးတို့တွင် ပရမတ်ရုပ်များမှာ - မဟာဘုတ် ၄ ပါး - ပသာဒရုပ် ၅ ပါး - ဂေါစရရုပ် ၄ ပါး - ဘာဝရုပ် ၂ ပါး - ဟဒယရုပ် ၁ ပါး - ဇိဝိတရုပ် ၁ ပါး - အာဟာရရုပ် ၁ ပါး ရုပ် ၂၈ ပါးတို့တွင် ပညတ်ရုပ်များမှာ - ပရိစ္ဆေဒရုပ် ၁ ပါး - ဝိညတ်ရုပ် ၂ ပါး - ဝိကာရရုပ် ၃ ပါး - လက္ခဏရုပ် ၄ ပါး တို့ဖြစ်ပါသည်။ ယင်းသို့ ကွဲပြားစေခြင်း၏ သဘောလက္ခဏာများမှာ ပရမတ်ရုပ်တို့သည် ခက်မာခြင်းစသော မိမိတို့၏ ကိုယ်ပိုင်လက္ခဏာ သဘောအားဖြင့် ရအပ်သော သဘာဝရုပ် ဖြစ်ကြောင့်််လည်း ဖြစ်၏ ထိုပရမတ်ရုပ်တို့သည် ဝတ္ထုဓမ္မာ ရ၂ ပါးတွင်လည်း ပါဝင်သည်။ ပညတ်ရုပ်တို့သည် မိမိတို့၏ ကိုယ်ပိုင်လက္ခဏာအားဖြင့် သီးခြားမရှိကပြဲ ထို ပရမတ်ရုပ် ၁၈ ပါး အပေါ် မှီခိုနေရသောကြောင့် ဖြစ်သည်။ |
7 | 1 | 1985 | သတ္တဝါတို့ကို တုပ်နှောင်ရစ်ပတ် ထုံးဖွဲ့တတ်သော တရားများ မည်မျှရှိပါသနည်း။ | သတ္တဝါတို့ကို တုပ်နှောင်ရစ်ပတ် ထုံးဖွဲ့တတ်သော တရားများမှာ ၁။ အဘိဇ္စျာကာယဂန္ထ ၂။ ဗျာပါဒကာယဂန္ထ ၃။ သီလဗ္ဗတပရာမာသကာယဂန္ထ ၄။ ဣဒံသစ္စာဘိနိဝေသကာယဂန္ထ ဟူ၍ ၄ ပါး ရှိပါသည်။ |
8 | 1 | 1985 | အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်လျှင် အဘယ်တရားကြောင့် အဝိဇ္ဇာဖြစ်ပါသနည်း၊ ဖြေဆိုပြီးလျှင် ပဋိစ္စသမုပ္ပါဒ်စက်ရဟက် အဆက်မပြတ် လည်ပတ်နေရခြင်း၏ အကြောင်းရင်းတရားများ ကိုလည်း ဖော်ပြပါ။ | အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်လျှင် အဝိဇ္ဇာသည် ၁။ ကာမာသဝ ၂။ ဘဝါသဝ ၃။ ဒိဋ္ဌာသဝ ၄။ အဝိဇ္ဇာသဝ ဟူသော “အာသဝေါတရား ၄-ပါး”ကြောင့် ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်စက်ရဟက် အဆက်မပြတ် လည်ပတ်နေရခြင်း၏ အကြောင်းရင်းတရားများမှာ ၁။ အဝိဇ္ဇာနှင့် ၂။ တဏှာ ဟူသော ဝဋ်မြစ် ၂ ပါးကြောင့်ဖြစ်ပါသည်။ |
9 | 1 | 1985 | ယခုခေတ်၌ သိပ္ပံပညာထွန်းကားသော ကမ္ဘာ့စက်မှု နိုင်ငံကြီးများမှာပင် အာနာပါန ကမ္မဋ္ဌာန်း တရားကို ပွားများ အားထုတ်သူများရှိရာ ထိုအာနာပါနကမ္မဋ္ဌာန်း၏ ပင်ရင်းတရားကိုယ်နှင့် ပွားများအားထုတ်ရန် သာမန်သင့်လျော်သော ပုဂ္ဂိုလ် အထူးသင့်လျော်သောပုဂ္ဂိုလ်များကိုလည်း ညွှန်ပြပါ။ | ယခုခေတ်၌ သိပ္ပံပညာထွန်းကားသော ကမ္ဘာ့စက်မှု နိုင်ငံကြီးများမှာပင် အာနာပါန ကမ္မဋ္ဌာန်း တရားကို ပွားများ အားထုတ်သူများရှိရာ ထိုအာနာပါနကမ္မဋ္ဌာန်း၏ ပင်ရင်းတရားကိုယ်မှာ သတိတရားဖြစ်ပါသည်။ ပွားများအားထုတ်ရန် သာမန်သင့်လျော်သော ပုဂ္ဂိုလ်တို့မှာ - မောဟစရိုက်နှင့် ဝိတက်စရိုက်ရှိသူများအပ ကျန်သည့်စရိုက်ရှိသူများအားလုံး သင့်လျော်ပါသည်။ အထူးသင့်လျော်သောပုဂ္ဂိုလ်များမှာ မာဟစရိုက်နှင့် ဝိတက်စရိုက်ရှိသူများ ဖြစ်ပါသည်။ |
1 | 2 | 1985 | အပြစ်မရှိဟု ခံယူလျက် သူတပါးပစ္စည်းကို ခိုးယူသူနှင့် အပြစ်ရှိမှန်းသိလျက် ခိုးယူသူတို့အား့ဖြစ်နိုင်သောစိတ်တို့ကို ပြည့်စုံစွာ ဖော်ပြပါ။ | အပြစ်မရှိဟု ခံယူလျက် သူတပါးပစ္စည်းကို ခိုးယူသူ၌ ဖြစ်နိုင်သောစိတ်မှာ (၁) သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၂) သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၃) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၄) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး အပြစ်ရှိမှန်းသိလျက် သူတပါးပစ္စည်းကို ခိုးယူသူ၌ ဖြစ်နိုင်သောစိတ်မှာ (၁) သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၂) သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၃) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၄) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး |
2 | 2 | 1985 | အောက်ပါ စကား ၅-လုံး၏ ဆိုလိုရင်း အဓိပ္ပါယ်ကို အဘိဓမ္မာသဘာဝဆိုက်အောင် ရေးသားပါ။ (က) အဟိရိက၊ (ခ) အနောတ္တပ္ပ (ဂ) သညာ (ဃ) ပီတိ (င) သမ္မာဝါစာ | အောက်ပါ စကား ၅-လုံး၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ (က) အဟိရိက - မကောင်းမှုဒုစရိုက်မှ မရှက်ခြင်းသဘော (ခ) အနောတ္တပ္ပ - မကောင်းမှုဒုစရိုက်မှ မကြောက်လန့်ခြင်းသဘော။ (ဂ) သညာ - အာရုံကို မှတ်သားခြင်းသဘော။ (ဃ) ပီတိ - အာရုံကို နှစ်သက်ခြင်းသဘော။ (င) သမ္မာဝါစာ - အသက်မွေးဝမ်းကျောင်းနှင့် မသက်ဆိုင်ဘဲ ဝစီဒုစရိုက် ၄ ပါးမှ ရှောင်ကြဉ်ခြင်းသဘော။ |
3 | 2 | 1985 | လူသားတစ်ဦးအတွက် တစ်နေ့တာအတွင်း ခံစားရသမျှသော ဝေဒနာတို့ကို ကုန်စင်အောင် ထုတ်ပြပါ။ | လူသားတစ်ဦးအတွက် တစ်နေ့တာအတွင်း ခံစားရသမျှသော ဝေဒနာတို့မှာ (၁) အနုဘဝနနည်းအားဖြင့် - ဒုက္ခဝေဒနာ - သုခဝေဒနာ - အဒုက္ခမသုခဝေဒနာ (၂) ဣန္ဓြိယဘေဒနည်းအားဖြင့် - ဒုက္ခဝေဒနာ - သုခဝေဒနာ - သောမနဿဝေဒနာ - ဒေါမနဿဝေဒနာ - ဥပေက္ခာဝေဒနာ တို့ဖြစ်ပါသည်။ |
4 | 2 | 1985 | လူတစ်ဦးသည် ခွေးတစ်ကောင်ကို ဆွဲသွားစဉ် နှစ်သက်ဖွယ် အာရုံတစ်ခုကို အတူတကွ တွေ့မြင်၍ စွဲလမ်းနှစ်သက်ရာ၌ ၎င်းတို့အား မည်သည့် အကျိုး ဝိပါက်စိတ်များ ဖြစ်မည်နည်း။ လူ၌ ဖြစ်သော ဝိပါက်စိတ်နှင့် ခွေး၌ ဖြစ်သော ဝိပါက် ထူးခြားမှုရှိ မရှိ ဖော်ပြပါ။ | လူတစ်ဦးသည် ခွေးတစ်ကောင်ကို ဆွဲသွားစဉ် နှစ်သက်ဖွယ် အာရုံတစ်ခုကို အတူတကွ တွေ့မြင်၍ စွဲလမ်းနှစ်သက်ရာ၌ (က) လူ၌ ဖြစ်သော ဝိပါက်စိတ် (၁) အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်စိတ် (၂) အဟိတ်ကုသလဝိပါက် သမ္ပဋိ စ ္ဆိုန်း (၃) အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် (၄) ဥပေက္ခာတဒါရုံစိတ် ၆ ပါး (ခ) ခွေး၌ ဖြစ်သော ဝိပါက်စိတ် (၁) အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်စိတ် (၂) အဟိတ်ကုသလဝိပါက် သမ္ပဋိ စ ္ဆိုန်း (၃) အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် (၄) အကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ ၁ ပါး တို့ဖြစ်ကြသည်။ လူ၌ ဖြစ်သော ဝိပါက်စိတ်နှင့် ခွေး၌ ဖြစ်သော ဝိပါက်စိတ်တို့သည် တဒါရုံအားဖြင့်သာ ထူးခြားမှု ရှိပါသည်။ |
5 | 2 | 1985 | အောက်ပါပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေစိတ်ချင်း တူညီမှု ရှိမရှိကို ဝေဖန် စိစစ်ဖော်ပြပါ။ (က) ဆင်မင်း၏ ပဋိသန္ဓေစိတ် (ခ) နဂါးမင်း၏ ပဋိသန္ဓေစိတ် (ဂ) ပဋိသန္ဓေအားဖြင့် ကန်းသောသူ၏ ပဋိသန္ဓေစိတ် (ဃ) ဉာဏ်ထိုင်းလွန်းသောလူ၏ ပဋိသန္ဓေစိတ် (င) မဟောသဓာပညာရှိ၏ ပဋိသန္ဓေစိတ် | (က) ဆင်မင်း၏ ပဋိသန္ဓေစိတ် - အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် (ခ) နဂါးမင်း၏ ပဋိသန္ဓေစိတ် - အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် (ဂ) ပဋိသန္ဓေအားဖြင့် ကန်းသောသူ၏ ပဋိသန္ဓေစိတ် - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် (ဃ) ဉာဏ်ထိုင်းလွန်းသောလူ၏ ပဋိသန္ဓေစိတ် - မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄ ပါး (ဒွိဟိတ် ပဋိသန္ဓေစိတ်) (င) မဟောသဓာပညာရှိ၏ ပဋိသန္ဓေစိတ် - မဟာဝိပါက် ဉာဏသပ္ပယုတ်စိတ် ၄ ပါး (တိဟိတ် ပဋိသန္ဓေစိတ်) တို့ဖြစ်ကြရာ ဆင်မင်းနှင့် နဂါးမင်းတို့၏ ပဋိသန္ဓေစိတ်ချင်းတူ၍ ကျန်ပုဂ္ဂိုလ်များ တစ်ဦးနှင့် တစ်ဦး မတူညီကပြါ။ |
6 | 2 | 1985 | နောင်ဘဝသစ်ကို ဖြစ်ပေါ်လာအောင် တည်ဆောက်နိုင်စွမ်းရှိသော အကြောင်းကံတို့ကို ဖော်ပပြြီးလျှင် နောင်ဘဝသစ်တွင် ထိုကံက မည်သည့်အချိန်မှ စ၍ ရုပ်တရားတို့ကို့ဖြစ်ပေါ်စေနိုင်ပါသနည်း။ | နောင်ဘဝသစ်ကို ဖြစ်ပေါ်လာအောင် တည်ဆောက်နိုင်စွမ်းရှိသော အကြောင်းကံတို့မှာ ၁။ ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စိတ် ၁၁ ပါး ၂။ မဟာကုသိုလ်စိတ် ၈ ပါး ၃။ မဟဂ္ဂုတ်ကုသိုလ်စိတ် ၉ ပါး အရူပဝိပါက်စိတ် ၄ ပါးကြဉ် ကျန်စိတ် ၂၄တို့သည် - ပဋိသန္ဓေစိတ်၏ ဥပါဒ်အခိုက်မှ စ၍ ခဏတိုင်း ခဏတိုင်း ဖြစ်ပေါ်စေနိုင်ပါသည်။ အရူပဝိပါက်စိတ် ၄ ပါးသည် မည်သည့်အခါ၌ ဖြစ်စေ ရုပ်ကို လုံးဝ မဖြစ်စေပါ။ |
7 | 2 | 1985 | မဖြတ်နိုင်လောက်အောင် ဆေးလိပ်စွဲခြင်း၊ ကွမ်းစွဲခြင်း၊ မူးယစ်ဆေးဝါးစွဲခြင်းတို့သည် မည်သည့် ဥပါဒါန်မျိုး ဖြစ်ပါသနည်း။ ဖော်ပပြြီးလျှင် သင်သိသမျှ ဥပါဒါန်တို့ကိုလည်း ဖြေဆိုပါ။ | မဖြတ်နိုင်လောက်အောင် ဆေးလိပ်စွဲခြင်း၊ ကွမ်းစွဲခြင်း၊ မူးယစ်ဆေးဝါးစွဲခြင်းတို့သည် ကာမုပါဒါန် ဖြစ်ပါသည်။ ကျွန်ုပ် သိသမျှ ဥပါဒါန်တို့မှာ ၁။ ကာမုပါဒါန် ၂။ ဒိဋ္ဌုပါဒါန် ၃။ သီလဗ္ဗတုပါဒါန် ၄။ အတ္တဝါဒုပါဒါန် တို့ဖြစ်ပါသည်။ |
8 | 2 | 1985 | ပဋ္ဌာန်းဆက် ဟူသော စကားကို သင်အဘယ်သို့ နားလည်ပါနည်း၊ ရှင်းပပြြီးလျှင် သဟဇာတသဘောနှင့် အညမညသဘောတို့၏ ထူးခြားပုံကိုလည်း ဖြေဆိုပါ။ | ပဋ္ဌာန်းဆက် ဟူသော စကား၏အဓိပ္ပာယ်မှာ- အကျိုး (ပစ္စယုပ္ပန်) တရားများ ဖြစ်ပွားပေါ်ပေါက် တည်တ့့ံအောင် အကြောင်း (ပစ္စည်း) တရားများက သက်ဆိုင်ရာ စွမ်းအင် (သတ္တိ) များဖြင့် ပံ့ပိုးပေးမှုဟူသော အကြောင်း၊ အကျိုး၊ သတ္တိတို့ ဆက်နွယ်မှုမျိုုး ဖြစ်ပါသည်။ သဟဇာတသဘောနှင့် အညမညသဘောတို့မှာ - အတူတကွဖြစ်၍သာ ကျေးဇူးပြုလျှင် သဟဇာတမည်၏ - အတူတကွလည်းဖြစ် အချင်းချင်းအပြန်အလှန်် လည်းဖြစ်၍ ကျေးဇူးပြုလျှင် အညမညပစ္စည်းမည်၏ |
9 | 2 | 1985 | ငတ်မွတ်ခေါင်းပါးသူတို့ကို ကူညီသောပုဂ္ဂိုလ်တို့ သန္တာန်၌ ဖြစ်သောတရားကို အာရုံနှင့် တွဲဖက် ဖော်ပြ၍ ထိုတရားကို ဗုဒ္ဓဘာသာနည်းလမ်းတကျ ဆက်လက် အားထုတ်ပါက ရရှိနိုင်သော အကျိုးထူးတရားများကိုလည်းဖြေဆိုပါ။ | ငတ်မွတ်ခေါင်းပါးသူတို့ကို ကူညီသောပုဂ္ဂိုလ်တို့ သန္တာန်၌ ဖြစ်သောတရားများမှာ - မေတ္တာ ငတ်မွတ်ခေါင်းပါးသူ(သတ္တဝါပညတ်)တို့အပေါ်ချစ်မြတ်နိုးမှုကို အာရုံပြု၍ အဒေါသစေတသိက် ဖြစ်သည်။ - ကရုဏာ ငတ်မွတ်ခေါင်းပါးသူတို့(သတ္တဝါပညတ်) အပေါ် ဆင်းရဲမှုမှလွတ်မြောက်စေလိုမှုကို အာရုံပြု၍ ကရုဏာစေတသိက်တို့ဖြစ်ပါသည်။ ထိုတရားကို ဗုဒ္ဓဘာသာနည်းလမ်းတကျ ဆက်လက် အားထုတ်ပါက ရရှိနိုင်သော အကျိုးထူးတရားများမှာ - ရူပါဝစရပထမစျာန် - ရူပါဝစရဒုတိယစျာန် - ရူပါဝစရတတိယစျာန် - ရူပါဝစရစတုတ္ထစျာန် တို့ဖြစ်ပါသည်။ |
2 | 3 | 1985 | အဆင်းလှ၍ မာနကြီးသူတစ်ဦးအား မာနသည် အမြဲတမ်းဖြစ်နေပါသလား ဖြစ်သောအခါ မည်သည့်စိတ်တွင် ယှဉ်၍ ဖြစ်ပါသနည်း။ | အဆင်းလှ၍ မာနကြီးသူတစ်ဦးအား မာနသည် အမြဲတမ်း မဖြစ်နေပါ။ ဖြစ်သောအခါ - လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ပါးနှင့် ယှဉ်၍ ဖြစ်ပါသည်။ |
3 | 3 | 1985 | အလှူမင်္ဂလာပွဲတစ်ခုသို့သွားရန် အဝတ်အစားသစ်များကို ဝတ်ဆင်လိုက်ရာ၌ မိမိကိုယ်တွင် ထိတွေ့ခံစားမှုအရ ဖြစ်ပေါ်နို်င်သောစိတ်တို့ကို ရေတွက်ဖော်ပြပါ။ | အလှူမင်္ဂလာပွဲတစ်ခုသို့သွားရန် အဝတ်အစားသစ်များကို ဝတ်ဆင်လိုက်ရာ၌ မိမိကိုယ်တွင် ထိတွေ့ခံစားမှုအရ ဖြစ်ပေါ်နို်င်သောစိတ်မှာ - အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် ကာယဝိညာဏ်စိတ် ဖြစ်ပါသည်။ |
4 | 3 | 1985 | ကာမဇော ကာမဇော ဟုဆိုရာ၍ အဘိဓမ္မာသင်္ဂြီုလ်နည်း အရ ရနိုင်သမျှ ကာမဇောတို့ကို ဖော်ပပြြီးလျှင် အကုသိုလ်-ကုသိုလ် ကြိယာဇာတ်အလိုက် စောနိုင် သမျှသော ဇောအကြိမ်တို့ကိုလည်း ဝေဖန်ပြပါ။ | ကာမဇော ကာမဇော ဟုဆိုရာ၍ အဘိဓမ္မသင်္ဂြီုလ်နည်း အရ ရနိုင်သမျှ ကာမဇောတို့မှာ - အကုသိုလ်စိတ် ၁၂ ပါး - ဟသိတုပ္ပါဒ်စိတ် ၁ ပါး - မဟာကုသိုလ်စိတ် ၈ ပါး - မဟာကြိယာစိတ် ၈ ပါး တို့ဖြစ်ပါသည်။ အကုသိုလ်-ကုသိုလ်-ကြိယာဇာတ်အလိုက် စောနိုင်သမျှသော ဇောအကြိမ်တို့မှာ - အကုသိုလ် ကာမအကုသိုလ် - ရ ကြိမ်၊ ၆ ကြိမ် - ကုသိုလ် ကာမကုသိုလ် - ရ ကြိမ်၊ ၆ ကြိမ် နေဝသညာနာသညာကုသိုလ် - ၁ ကြိမ်၊ ၂ ကြိမ်၊ အကြိမ်များစွာ ကျန်မဟဂ္ဂုတ်ကုသိုလ် - ၁ ကြိမ်၊ အကြိမ်များစွာ လောကုတ္တရာကုသိုလ်(မဂ်)ဇော - ၁ ကြိမ် - ကြိယာ ကာမအာရုံ ကြိယာဇော - ရ ကြိမ်၊ ၆ ကြိမ်၊ ၅ ကြိမ်၊ ၄ ကြိမ် နေဝသညာနာသညာကြိယာ - ၁ ကြိမ်၊ ၂ ကြိမ်၊ အကြိမ်များစွာ ကျန်မဟဂ္ဂုတ်အာရုံ ကြိယာဇော - ၁ ကြိမ်၊ အကြိမ်များစွာ |
5 | 3 | 1985 | ဘုရားတည် ကျောင်းဆောက် ရှင်ပြု ပဉ္စင်းခံ စသည်ကို ပြုလုပ်သော ကုသိုလ်ကံသည် မည်သည့်ဘုံဘဝ၌ မည်သည့်အကျိုးဝိပါက်တို့ကို ဖြစ်ပေါ်ရရှိစေနိုင်သနည်း။ အဘိဓမ္မာသဂြိုံလ် ကမ္မစတုက္ကပိုင်းအရ ဝေဖန်စိစစ်ပါ။ | ဘုရားတည် ကျောင်းဆောက် ရှင်ပြု ပဉ္စင်းခံ စသည်ကို ပြုလုပ်သော ကုသိုလ်ကံသည် (က) ပဋိသန္ဓေအကျိုး ကာမသုဂတိ ရ ဘုံတွင် - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁ပါး - မဟာဝိပါက် ၈ ပါးအားဖြင့် အကျိုးပေးနိုင်ပါသည်။ (ခ) ပဝတ္တိအကျိုး ၁။ အပါယ် ၄ ဘုံတွင် - အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး ၂။ ကာမသုဂတိ ရ ဘုံတွင် - အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး - မဟာဝိပါက် ၈ ပါး ၃။ အသညသတ်ကြဉ် ရူပ ၁၅ ဘုံတွင် - ဃာန၊ ဇိဝှါ၊ ကာယဝိညာဏ်ကြဉ် အဟိတ်ကုသလဝိပါက်စိတ် ၅ ပါး အားဖြင့် အကျိုးပေးနိုင်ပါသည်။ |
6 | 3 | 1985 | လူသားတစ်ဦး၏ ပဋိသန္ဓေတွင် နာမ်ပါ မပါ ပဋိသန္ဓေတည်စ ခဏ၌ ရုပ်အတုံးအခဲချည်းသာ ဟုတ် မဟုတ် အဘိဓမ္မာပညာဖြင့် နက်နဲစွာ ဆင်ခြင်၍ ဝေဖန် ဖော်ပြခဲ့ပါ။ | လူသားတစ်ဦး၏ ပဋိသန္ဓေစိတ်သည် - အဟိတ်ကုသလဥပေက္ခာသန္တီရဏစိတ် - မဟာဝိပါက်စိတ် ၈ ပါး ပေါင်း ၉ ပါးမှ တစ်ပါးပါးဖြစ်နိုင်ရာ ထိုစိတ်နှင့်ယှဉ်လျက် စေတသိက်များလည်း ပါဝင်သည်ဖြစ်ရာ နာမ်များပါဝင်ပါသည်။ ကလလရေကြည်ဟုခေါ်သော လူသား၏ ပဋိသန္ဓေတွင် ကာယ၊ ဘာဝ၊ ဝတ္ထုကလာပ်များ ပါဝင်သည်ဖြစ်ရာ ရုပ်ပေါင်း ၃၀ ပါဝင်နေပါသည်။ ထို့ကြောင့် လူသားတစ်ဦး၏ ပဋိသန္ဓေတွင် နာမ်ပါပါသည်။ ပဋိသန္ဓေတည်စ ခဏ၌ ရုပ်အတုံးအခဲချည်းသာ မဟုတ်ပါ။ ရုပ်နှင့် နာမ်တွဲလျက် ပါဝင်ပါသည်။ |
7 | 3 | 1985 | “မိန်းမကောင်းဣန္ဒြေ ရွှေပေးလို့မရ” ဟူ၍ မြန်မာ့ဓလေ့စကားပုံရှိရာ အဘိဓမ္မာနည်းအရ မိန်းကလေးများ ရကောင်းသော ဣန္ဒြေတို့ကို- (က) ရုပ်ဣန္ဒြေ၊ (ခ) နာမ်ဣန္ဒြေ၊ (ဂ) ရုပ်နာမ်ဣန္ဒြေအားဖြင့် အသီးသီး ခွဲခြားပြပါ။ | “မိန်းမကောင်းဣန္ဒြေ ရွှေပေးလို့မရ” ဟူ၍ မြန်မာ့ဓလေ့စကားပုံရှိရာ အဘိဓမ္မာနည်းအရ မိန်းကလေးများ ရကောင်းသော ဣန္ဒြေတို့ကို- (က) ရုပ်ဣန္ဒြေအားဖြင့် ၁။ စက္ခုန္ဒြေ ၂။ သောတိန္ဒြေ ၃။ ဃာနိန္ဒြေ ၄။ ဇိဝှိန္ဒြေ ၅ ကာယိန္ဒြေ ၆။ ဣတ္ထိန္ဒြေ (ခ) နာမ်ဣန္ဒြေအားဖြင့် ၁။ မနိန္ဒြေ ၂။ သုခိန္ဒြေ ၃။ ဒုက္ခိန္ဒြေ ၄။ သောမနဿိန္ဒြေ ၅။ ဒေါမနဿိန္ဒြေ ၆။ ဥပေက္ခိန္ဒြေ ၇။ သဒ္ဓိန္ဒြေ ၈။ ဝိရိယိန္ဒြေ ၉။ သတိန္ဒြေ ၁၀။ သမာဓိန္ဒြေ ၁၁။ ပညိန္ဒြေ ၁၂။ အနညာတညဿာမိတိန္ဒြေ ၁၃။ အညိန္ဒြေ ၁၄။ အညာတာဝိန္ဒြေ (ဂ) ရုပ်နာမ်ဣန္ဒြေအားဖြင့် ၁။ ဇိဝိတိန္ဒြေ ဟူ၍ ခွဲခြားနိုင်ပါသည်။ |
8 | 3 | 1985 | ပညတ် ဆိုသည်မှာ အဘယ်နည်း၊ အများနားလည်အောင် ရှင်းပပြြီးလျှင် အောက်ပါတို့ကိုလည်း ပညတ်အမျိုးအစား ခွဲခြားရှင်းလင်းပြပါ။ (က) အဆိုတော် သီချင်းသံ (ခ) သင်္ဘောသားကား | ပညတ်ဟူသည် သူတစ်ပါး နားလည်အောင် အမည်အမျိုးမျိုး တပ်ကာ ခေါ်ဝေါ်အပ် သိစေအပ်သော အမည်သညာဖြစ်ပါသည်၊ အတ္ထပညတ်နှင့် သဒ္ဒပညတ်ဟူ၍ ၂ မျိုးရှိသည်။ အတ္တပညတ်ဟူသည်မှာ - သူတစ်ပါး နားလည်အောင် အမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်အပ်သိစေအပ်သော အနက် ဒပြ်ဝတ္တုမျိုးဖြစ်၏ သဒ္ဒပညတ်ဟူသည်မှာ - အတ္တပညတ်ဖြစ်သော အနက်ဒပြ်ဝတ္တုမျိုးကို သိစေတတ်သော ခေါ်ဝေါ်ကြောင်း အမည်သညာ၊ စကားသံများ သည်သဒ္ဒပညတ်မည်၏။ (က) အဆိုတော် သီချင်းသံ - ဝိဇ္ဇာမာနေန- အဝိဇ္ဇမာနပညတ် (ခ) သင်္ဘောသားကား - အဝိဇ္ဇာမာနေန- အဝိဇ္ဇမာနပညတ် |
9 | 3 | 1985 | အောက်ပါပုဂ္ဂိုလ်တို့ကို ဗုဒ္ဓအဘိဓမ္မာ ဒေသနာနည်းအရ အမည်ပေးခဲ့ပါ။ (က) အပျော်အပါးလိုက်စားခြင်း သူတစ်ပါးကို ပျက်စီးစေလိုခြင်း လုံးဝကင်းရှင်းသူ (ခ) အပျော်အပါးလိုက်စားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ တွေဝေမိန်းမောခြင်း အထူးနည်းပါးသူ (ဂ) အယူမှားမှု သို့လော သို့လော တွေးတောမှု လုံးဝကင်းရှင်းသူ (ဃ) အပျော်အပါးလိုက််စား၊ ခိုက်ရန်ဖြစ်ပွား၍ မိုက်မှားတွေဝေတတ်သူ | (က) အပျော်အပါးလိုက်စားခြင်း သူတစ်ပါးကို ပျက်စီးစေလိုခြင်း လုံးဝကင်းရှင်းသူ - အနာဂါမ် (ခ) အပျော်အပါးလိုက်စားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ တွေဝေမိန်းမောခြင်း အထူးနည်းပါးသူ - သကဒါဂါမ် (ဂ) အယူမှားမှု သို့လော သို့လော တွေးတောမှု လုံးဝကင်းရှင်းသူ - သောတာပန် (ဃ) အပျော်အပါးလိုက််စား၊ ခိုက်ရန်ဖြစ်ပွား၍ မိုက်မှားတွေဝေတတ်သူ - အန္ဓပုထုဇဉ်တို့ဖြစ်ပါသည်။ |
3 | 4 | 1985 | မနောဒွါရ၌ ဖြစ်နိုင်သမျှသော စိတ်တို့ကို အဘိဓမ္မတ္ထသင်္ဂြိုလ်နည်းအရ ပြည့်စုံစွာ ရေတွက်ဖော်ပြခဲ့ပါ။ | မနောဒွါရ၌ ဖြစ်သောစိတ်များမှာ - မနောဒွါရာဝဇ္ဇန်း - ကာမဇော ၂၉ ပါး - အပ္ပနာဇော ၂၆ ပါး - တဒါရုံ ၁၁ ပါးတို့ဖြစ်ပါသည်။ ကာမဇော ၂၉ ပါး ဟူသည် - အကုသိုလ်စိတ် ၁၂ ပါး - ဟသိတုပ္ပါဒ် ၁ ပါး - မဟာကုသိုလ်စိတ် ၈ ပါး - မဟာကြိယာစိတ် ၉ ပါး အပ္ပနာဇော ၂၆ ပါး ဟူသည် - ရူပကုသိုလ်စိတ် ၅ ပါး - ရူပကြိယာစိတ် ၅ ပါး - အရူပကုသိုလ်စိတ် ၄ ပါး - အရူပကြိယာစိတ် ၄ ပါး - လောကုတ္တရာစိတ် ၈ ပါး တဒါရုံ ၁၁ ပါး ဟူသည် - သန္တီရဏ ၃ ပါး - မဟာဝိပါက် ၈ ပါး တို့ဖြစ်ကြသည်။ |
4 | 4 | 1985 | မည်မျှ အားထုတ်စေကာမူ မြေလျှိုးမိုးပျံနိုင်သော စျာန် အဘိညာဉ်အဆင့်သို့ မရောက်နိုင်သည့် လူစားမျိုးကို ဖော်ပပြြီးလျှင် ထိုပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်ပေါ်နိုင်သော စိတ်တို့ကိုလည်း ရေတွက်ပြပါ။ | မည်မျှ အားထုတ်စေကာမူ မြေလျှိုးမိုးပျံနိုင်သော စျာန် အဘိညာဉ်အဆင့်သို့ မရောက်နိုင်သည့် လူစားမျိုးမှာ (၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် (၂) သုဂတိအဟိတ်ပုဂ္ဂိုလ် (၃) ဒွိဟိတ်ပုဂ္ဂိုလ် တို့ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်ပေါ်နိုင်သော စိတ်တို့မှာ - အကုသိုလ်စိတ် ၁၂ ပါး - ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ ပါး - မဟာကုသိုလ်စိတ် ၈ ပါး (ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်လျှင်) - မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄ ပါး တို့ဖြစ်ပါသည်။ |
7 | 4 | 1985 | အရိယာမဂ်ဟူသော ဗောဓိဉာဏ်၏ အဆောက်အဦး အသင်းအပင်းဖြစ်သော တရားတို့ကို ဖော်ပပြြီးလျှင်ထိုတရားများ၌ ပါဝင်သော ဧကဂ္ဂတာ(သမာဓိ) တရား၏ ဖြစ်ရာ ဌာနများကိုလည်းဖြေဆိုပါ။ | အရိယာမဂ်ဟူသော ဗောဓိဉာဏ်၏ အဆောက်အဦး အသင်းအပင်းဖြစ်သော တရားတို့မှာ ၁။ သတိပဋ္ဌာန် ၄ ပါး ၂။ သမ္မပ္ပဓာန် ၄ ပါး ၃။ ဣဒ္ဓိပါဒ် ၄ ပါး ၄။ ဣန္ဒြေ ၅ ပါး ၅။ ဗောဇ္စျင် ၇ ပါး ၆။ မဂ္ဂင် ၈ ပါး တို့ဖြစ်ပါသည်။ ဧကဂ္ဂတာ(သမာဓိ) တရား၏ ဖြစ်ရာ ဌာနများမှာ ၁။ သမာဓိန္ဒြေ ၂။ သမာဓိဗိုလ် ၃။ သမာဓိသမ္ဗောဇ္စျင် ၄။ သမ္မာသမာဓိမဂ္ဂင် တို့ဖြစ်ပါသည်။ |
1 | 1 | 1986 | သူတပါး အားပေးတိုက်တွန်းမှုကြောင့်ဖြစ်သော သသင်္ခါရိကအကုသိုလ်စိတ်များကို ကုန်စင်အောင် ရေတွက်ပြပါ။ | သူတပါး အားပေးတိုက်တွန်းမှုကြောင့်ဖြစ်သော သသင်္ခါရိကအကုသိုလ်စိတ်များမှာ (၁) သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၂) သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၃) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၄) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၅) ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါသမူစိတ် ၁ ပါး တို့ဖြစ်ပါသည်။ |
2 | 1 | 1986 | ဖဿ- မနသိကာရ - အဓိမောက္ခ- ဆန္ဒ- သမ္မာအာဇီဝ စေတသိက်တို့၏ အဘိဓမ္မာ သဘောလက္ခဏာကို မြန်မာဘာသာဖြင့် ရေးပါ။ | ဖဿ- မနသိကာရ - အဓိမောက္ခ- ဆန္ဒ- သမ္မာအာဇီဝ စေတသိက်တို့၏ အဘိဓမ္မာ သဘောလက္ခဏာမှာ ဖဿ - အာရုံကို တွေ့ထိခြင်းသဘော မနသိကာရ - စိတ်ထဲ၌ အာရုံပေါ်လာအောင် နှလုံးသွင်း ပြုပေးခြင်းသဘော အဓိမောက္ခ - အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော။ ဆန္ဒ - အာရုံကို လိုလားတောင့်တခြင်းသဘော။ သမ္မာအာဇီဝ - အသက်မွေးဝမ်းကြောင်းနှင့် စပ်ဆိုင်၍ ဝစီဒုစရိုက် ၄ ပါး၊ ကာယဒုစရိုက် ၃ ပါးတို့မှ ရှောင်ကြဉ်ခြင်းသဘော။ |
3 | 1 | 1986 | အသည်းကွဲ သီချင်းသံကို ကြားရသောအခါ ဖြစ်ပေါ်လာသော ကြားသိစိတ်(သောတဝိညာဏ်)၏ အာရုံခံစားမှု ဝေဒနာကို ဖြေဆိုပြီးလျှင် ဌာနငါးခုတွင် ပါဝင်၍ ကိစ္စငါးမျိုးကို ထမ်းဆောင်နို်င်သော စိတ်သရုပ်ကိုလည်း ထုတ်ပြပါ။ | အသည်းကွဲ သီချင်းသံကို ကြားရသောအခါ ဖြစ်ပေါ်လာသော ကြားသိစိတ်(သောတဝိညာဏ်)၏ အာရုံခံစားမှု ဝေဒနာမှာ ဥပေက္ခာဝေဒနာ ဖြစ်ပါသည်။ ဌာနငါးခုတွင် ပါဝင်၍ ကိစ္စငါးမျိုးကို ထမ်းဆောင်နို်င်သော စိတ်သရုပ်မှာ ဥပေက္ခာသန္တီရဏစိတ် ၂ ပါးဖြစ်ပါသည်။ |
4 | 1 | 1986 | ဝီထိစိတ်တို့၌ ဝိသယပ္ပဝတ္တိ ၆ မျိုးကို ထုတ်ပြ၍ ဝီထိပိုင်းဟူ၍ ခေါ်ဆိုရခြင်း၏ အကြောင်းကိုလည်း အဘိဓမ္မသဘာဝဆိုက်အောင် ရေးသား ဖြေဆိုခဲ့ပါ။ | ဝီထိစိတ်တို့၌ ဝိသယပ္ပဝတ္တိ ၆ မျိုးမှာ (၁) အတိမဟန္တာရုံဝီထိ (၂) မဟန္တာရုံဝီထိ (၃) ပရိတ္တာရုံဝီထိ (၄) အတိပရိတ္တာရုံဝီထိ (၅) ဝိဘူတာရုံဝီထိ (၆) အဝိဘူတာရုံဝီထိ တို့ဖြစ်ကြပါသည်။ ဝီထိ သဒ္ဒါသည် အစဉ်အတန်း ဖြစ်စဉ် ဟူသောအနက်ကို ဟော၏ ထို့ကြောင့် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဉ်၊ သမ္ပဋိ စ္ဆိုန်းစသည်ဖြင့် စိတ်တို့၏ အစဉ်အတန်း၊ စိတ်တို့၏ ဖြစ်စဉ်ကို ပြသော အခန်းအပိုင်းကို ဝီထိပိုင်းဟုခေါ်သည်။ (အရှင်မုနိန္ဒာဘိဝံသ၏ သင်္ဂြီုလ်ရှင်းတမ်း - စာမျက်နှာ ၁၇၀ မှ) |
5 | 1 | 1986 | လူ့သဘာဝအရ မျက်နှာကြီးပုဂ္ဂိုလ်များကို အထူးတလည် နေရာများ သီးသန့်ပေးရသကဲ့သို့ အဘိဓမ္မာနည်းအရ အနာဂါမ်ရဟန္တာပုဂ္ဂိုလ်ကြီး များအတွက်သာ အထူးသီးသန့်ပေးရသော ဘုံဌာန ၅ မျိုးကို ထုတ်ပြ၍ အရိယာပုဂ္ဂိုလ်တို့ မဖြစ်သော ဘုံဌာနများကိုလည်း ထုတ်ပြခဲ့ပါ။ | လူ့သဘာဝအရ မျက်နှာကြီးပုဂ္ဂိုလ်များကို အထူးတလည် နေရာများ သီးသန့်ပေးရသကဲ့သို့ အဘိဓမ္မာနည်းအရ အနာဂါမ်ရဟန္တာပုဂ္ဂိုလ်ကြီးများအတွက်သာ အထူးသီးသန့်ပေးရသော ဘုံဌာန ၅ မျိုးမှာ ၁။ အဝိဟာ ၂။ အတပ္ပါ ၃။ သုဒဿီ ၄။ သုဒဿာ ၅။ အကနိဋ္ဌာ တို့ဖြစ်ကြသည်။ အရိယာပုဂ္ဂိုလ်တို့ မဖြစ်သော ဘုံဌာနများမှာ ၁။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ် ၄ ဘုံ ၂။ အသညသတ်ဘုံ တို့ဖြစ်ပါသည်။ |
6 | 1 | 1986 | လူသားတိုင်း လူသားတိုင် ဝန်းကျင်ခက်နွယ် နှောင်ကြိုးတွယ်လျက် ပြံုးရယ်မဲ့ငို ချစ်မုန်း ပိုတတ်ကြ၏ လူသားတို့အတွက် ပြံုးရယ်မှုကို ဖြစ်စေတတ်သော ဇောစိတ်များကို ဗုဒ္ဓ အဘိဓမ္မာနည်းအရ ထုတ်ပြခဲ့ပါ။ | လူသားတိုင်း လူသားတိုင် ဝန်းကျင်ခက်နွယ် နှောင်ကြိုးတွယ်လျက် ပြံုးရယ်မဲ့ငို ချစ်မုန်း ပိုတတ်ကြ၏ လူသားတို့အတွက် ပြံုးရယ်မှုကို ဖြစ်စေတတ်သော ဇောစိတ်များမှာ ၁။ လောဘမူ သောမနဿသဟဂုတ်စိတ် ၄ ပါး ၂။ ဟသိတုပ္ပါဒ်စိတ် ၁ ပါး ၃။ မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် ၄ ပါး ၄။ မဟာကြိယာ သောမနဿသဟဂုတ်စိတ် ၄ ပါး ပေါင်း ၁၃ ပါးဖြစ်ပါသည်။ |
7 | 1 | 1986 | သတ္တဝါတို့အား သံသရာဝဋ်အတွင်းမှ မလွတ်ကင်းရအောင် အတင်းဖွဲ့နှောင် ရစ်ပတ်တွယ်တာစေတတ်သော တရားများကို သိသမျှ ထုတ်ပြ၍ ယင်းတရားများ၏ ပရမတ်အလို တရားကိုယ်များကိုလည်းဖော်ပြပါ။ | သတ္တဝါတို့အား သံသရာဝဋ်အတွင်းမှ မလွတ်ကင်းရအောင် အတင်းဖွဲ့နှောင် ရစ်ပတ်တွယ်တာစေတတ်သော တရားများမှာ ၁။ ကာမရာဂသံယောဇဉ် ၂။ ရူပရာဂသံယောဇဉ် ၃။ အရူပရာဂသံယောဇဉ် ၄။ ပဋိဃသံယောဇဉ် ၅။ မာနသံယောဇဉ် ၆။ ဒိဋ္ဌိသံယောဇဉ် ၇။ သီလဗ္ဗတပရာမသသံယောဇဉ် ၈။ ဝိစိကိစ္ဆာသံယောဇဉ် ၉။ ဥဒ္ဓစ္စသံယောဇဉ် ၁၀။ အဝိဇ္ဇာသံယောဇဉ် တို့ဖြစ်ပါသည်။ |
8 | 1 | 1986 | အလုံးစုံသော ဆင်းရဲဒုက္ခအပေါင်းတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းများကို ဖော်ပြ၍ ၀ဋ်အမြဲ ငရဲအပ ဆိုရိုးစကားအရ မရှုမလှ ဆင်းရဲဒုက္ခ ခံနေရသူ၌ ၀ဋ်သုံးပါးတို့တွင် အဘယ်ဝဋ် ဖြစ်သည်ကို ရှင်းပြပါ။ | အလုံးစုံသော ဆင်းရဲဒုက္ခအပေါင်းတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းများမှာ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခအရ ဇာတိသည် အကြောင်းရင်းဖြစ်ပါသည်။ ၀ဋ်အမြဲ ငရဲအပ ဆိုရိုးစကားအရ မရှုမလှ ဆင်းရဲဒုက္ခ ခံနေရသူ၌ ၀ဋ်သုံးပါးတို့တွင် ဝိပါကဝဋ် ဖြစ်နေပါသည်။ ဝိပါကဝဋ် ဟူသည် - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ-မရဏ တရားတို့ဖြစ်ကြရာ ဆင်းရဲဒုက္ခ ခံနေရသူ၌ ဒုက္ခဝေဒနာ ခံစားနေသောကြောင့် ဝိပါကဝဋ် ဖြစ်နေပါသည်။ |
9 | 1 | 1986 | အောက်ဖော်ပပြါတို့နှင့် သင့်လျော်သော (ယောဂီ) ပုဂ္ဂိုလ်နှင့် ကမ္မဋ္ဌာန်းတို့ကို ညွှန်ပြပါ။ (က) ရွံဖွယ်အတိ ပိုးလောက်အတိ ထွက်လျက်ရှိသော လူသေကောင် (ခ) ထိုင်းမှိုင်းတွေဝေနေသူ (ဂ) ဉာဏ်ပညာ အလွန်ထက်မြက်သူ | (က) ရွံဖွယ်အတိ ပိုးလောက်အတိ ထွက်လျက်ရှိသော လူသေကောင် - ရာဂစရိုက်ရှိသောယောဂီအတွက် အသုဘကမ္မဋ္ဌာန်း (ခ) ထိုင်းမှိုင်းတွေဝေနေသူ - မောဟစရိုက်ရှိသောယောဂီအတွက် အာနာပါနာနုဿတိကမ္မဋ္ဌာန်း (ဂ) ဉာဏ်ပညာ အလွန်ထက်မြက်သူ - ပညာစရိုက်ရှိသောယောဂီအတွက် သိမ်မွေနက်နဲသော မရဏာနုဿတိ ၊ ဥပသမာနုဿတိ၊ အာဟာရေပဋိကူလသညာ၊ စာတုဓာတုဝဝတ္ထာန်ဟူသော ကမ္မဋ္ဌာန်းနှင့် သင့်လျော်လျောက်ပတ်သည်။ |
1 | 2 | 1986 | ကာယဝိဉာဏ်စိတ် ၂ ခု၏ ထူးခြားမှု ၂ ခုကို ရေးသားပြီးလျှင် ကာမစိတ် ၅၄ ပါးကို ကုသိုလ်၊ အကုသိုလ်၊ ဝိပါက်၊ ကြိယာအားဖြင့် ခွဲခြားဝေဖန်ပြပါ။ | ကာယဝိဉာဏ်စိတ် ၂ ခု၏ ထူးခြားမှု ၂ မှာ - အကုသလဝိပါက် ကာယဝိညာဏ်၊ - အဟိတ်ကုသလဝိပါက် ကာယဝိညာဏ် ဟူ၍ ဝိပါက်အားဖြင့်လည်းကောင်း - ဒုက္ခသဟဂုတ်၊ - သုခသဟဂုတ်ဟူ၍ ဝေဒနာအမျိုးအစားအားဖြင့် လည်းကောင်း ထူးခြားမှုရှိပါသည်။ ကာမစိတ် ၅၄ ပါးကို - ကုသိုလ်စိတ် ၈ ပါး - အကုသိုလ်စိတ် ၁၂ ပါး - ဝိပါက်စိတ် ၂၃ ပါး - ကြိယာစိတ် ၁၁ ပါး ဟူ၍ ခွဲခြားနိုင်ပါသည်။ |
2 | 2 | 1986 | စာကျက်နေစဉ်၌ ဖြစ်ပေါ်လာတတ်သော ပျင်းရိငေးမောခြင်း၊ တွေဝေထိုင်းမှိုင်းခြင်းတို့သည် အဘယ်စေတသိက်တို့၏ သဘောလက္ခဏာများဖြစ်ပါသနည်း၊ ယင်းစေတသိက်တို့သည် အဘယ်စိတ်များနှင့် ယှဉ်တွဲပါသနည်း၊ အသီးသီးဖြေဆိုပါ။ | စာကျက်နေစဉ်၌ ဖြစ်ပေါ်လာတတ်သော ပျင်းရိငေးမောခြင်း၊ တွေဝေထိုင်းမှိုင်းခြင်းတို့သည် ထိန၊ မိဒ္ဓစေတသိက်တို့၏ သဘောလက္ခဏာများဖြစ်ပါသည်။ ယင်းစေတသိက်တို့သည် - လောဘမူ သသင်္ခါရိကစိတ် ၄ ပါး - ဒေါသမူ သသင်္ခါရိကစိတ် ၁ ပါး ပေါင်း ၅ ပါးနှင့် ယှဉ်တွဲဖြစ်ပါသည်။ |
3 | 2 | 1986 | ဓမ္မာရုံတွင် ပါဝင်သော တရားဓမ္မတို့ကို ထုတ်ပပြြီးလျှင် အာရုံ ၆ ပါးမှတပါး အခြား ဆဋ္ဌမအာရုံ ဟူ၍ ရှိနိုင် မရှိနိုင် ဆုံးဖြတ်ပါ။ | ဓမ္မာရုံတွင် ပါဝင်သော တရားဓမ္မမှာ - ပသာဒရုပ် ၅ ပါး - သုခုမရုပ် ၁၆ ပါး - စိတ် ၈၉ ပါး - စေတသိက် ၅၂ ပါး - ပညတ် - နိဗ္ဗာန် ဟူသော ၁၆၄ ပါးသောတရားတို့ဖြစ်ပါသည်။ အာရုံ ၆ ပါးမှတပါး အခြား ဆဋ္ဌမအာရုံ ဟူ၍ မရှိနိုင်ပါ။ |
4 | 2 | 1986 | လူသားတစ်ဦး၌ အာရုံအားလျော်စွာ ဝီထိစိတ် ဘဝင်စိတ်တို့ ဖြစ်လျက်ရှိရာ ၎င်းဝီထိစိတ် ဘဝင်စိတ်တို့၏ ကွဲပြားမှုကို အဘိဓမ္မာနည်းလမ်း အရ ရှင်းလင်းဖြေဆိုခဲ့ပါ။ | လူသားတစ်ဦး၌ အာရုံအားလျော်စွာ ဝီထိစိတ် ဘဝင်စိတ်တို့ ဖြစ်လျက်ရှိရာ ဝီထိစိတ်ဟူသည် - အာရုံနှင့် ဒွါရတိုက်ဆိုင်သောအခါ ဖြစ်သောစိတ် - ထို့ကြောင့် လှုပ်ရှားသောသဘောရှိသည်။ ဘဝင်စိတ် - အာရုံနှင့် ဒွါရ မတိုက်ဆိုင်သောအခါ ဖြစ်သောစိတ် - အာရုံ ၆ ပါးမှ တစ်ပါးပါးမျှ အာရုံ မပြုနိုင် - များသောအားဖြင့် လွန်ခဲ့သောဘဝ မရဏသန္နေဇော ယူအပ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃ ပါးတွင် ၁ ပါးပါးကို အာရုံပြုလေ့ရှိသည်။ - ထိုကြောင့် ငြိမ်သက်သောသဘောရှိသည်။ - ဝီထိတစ်ခုနှင့် တစ်ခုကြားတွင် ဘဝင်စိတ် ဖြစ်ပေါ်သည်။ |
5 | 2 | 1986 | လောဘရမ္မက် ဒေါသအတွက်ကြောင့် ဖြစ်ရသော အကုသိုလ်ဒုစရိုက်တရားများကို တစ်ပါးစီ ရေတွက်ပြပါ။ | လောဘရမ္မက် ဒေါသအတွက်ကြောင့် ဖြစ်ရသော အကုသိုလ်ဒုစရိုက်တရားများမှာ ၁။ အဒိန္နာဒါန - သူတပါးပစ္စည်းကို ခိုးယူခြင်း။ ၂။ မုသာဝါဒ - လိမ်လည် လုပ်ကြံပြောဆိုခြင်း ၃။ ပိသုဏဝါစာ - ကုန်းချောစကား ဆိုခြင်း ၄။ သမ္ဖပ္ပလာပ - သိမ်ဖျင်းသောစကား ဆိုခြင်း တို့ဖြစ်ကြသည်။ |
6 | 2 | 1986 | ရုပ်ဖြစ်စဉ်အရ သတ္တဝါအမျိုးအစားများကို ထုတ်ပြ၍ ယနေ့သိပ္ပံခေတ်၌ ပညာရှင်တို့ မသိကြသေးသော သတ္တဝါများကိုလည်း ထုတ်ပြခဲ့ပါ။ | ရုပ်ဖြစ်စဉ်အရ သတ္တဝါအမျိုးအစားများမှာ ၁။ သံသေဒဇသတ္တဝါ - အညှိစသည်အရပ်၌ ဖြစ်သော သတ္တဝါ ၂။ သပြပါတိက(ဝါ) ဥပပတ်သတ္တဝါ - ဘွားကနဲပေါ်လျက် ဖြစ်သော သတ္တဝါ ၃။ ဇလာဗုဇသတ္တဝါ - မိခင်ဝမ်းဗိုက်၌ ပဋိသန္ဓေတည်လျက် ဖြစ်သော သတ္တဝါ ၄။ အဏ္ဍဇ - ဥခွံ အတွင်း၌ ပဋိသန္ဓေတည်လျက် ဖြစ်သော သတ္တဝါ တို့ဖြစ်ကြသည်။ ယနေ့သိပ္ပံခေတ်၌ ပညာရှင်တို့ မသိကြသေးသော သတ္တဝါမှာ - ဥပပတ်သတ္တဝါ ဖြစ်ပါသည်။ |
7 | 2 | 1986 | လူလိမ္မာ လူသူတော်ကောင်းဖြစ်စေရန် အဘယ်လမ်းကြောင်းပေါ် လျှောက်လှမ်းရမည်ကို ဖော်ပြ၍၊ ရဟန္တာပုဂ္ဂိုလ်သန္တာန်၌သာဖြစ်သော ဣန္ဒြေကိုလည်း ညွှန်ပြပါ။ | လူလိမ္မာ လူသူတော်ကောင်းဖြစ်စေရန် သမ္မာမဂ္ဂင်လမ်းကြောင်းပေါ် လျှောက်လှမ်းရမည်။ ထိုသမ္မာမဂ္ဂင်ဟူသည် ၁။ သမ္မာဒိဋ္ဌိ ၂။ သမ္မာသင်္ကပ္ပ ၃။ သမ္မာဝါစာ ၄။ သမ္မာကမ္မန ္တ ၅။ သမ္မာအာဇီဝ ၆။ သမ္မာဝါယာမ ၇။ သမ္မာသတိ ၈။ သမ္မာသမာဓိ တို့ဖြစ်ကြပါသည်။ ရဟန္တာပုဂ္ဂိုလ်သန္တာန်၌သာဖြစ်သော ဣန္ဒြေမှာ - အညိတာဝိန္ဒြေဖြစ်ပါသည်။ |
8 | 2 | 1986 | ကျေဇူးပြုပုံ ပြုနည်းအားဖြင့် ပဋ္ဌာန်းပစ္စည်း ဘယ်နှစ်မျိုးရှိသည်ကို ရှင်းပြ၍ လှပသော ရူပါရုံသည် မြင်သိစိတ်အား အဘယ်ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုသည်ကိုလည်း ညွှန်ပြပါ။ | ကျေဇူးပြုပုံ ပြုနည်းအားဖြင့် ပဋ္ဌာန်းပစ္စည်းများသည် ၁။ နာမ်သည် နာမ်ကို ကျေးဇူးပြုပုံ ၂။ နာမ်သည် နာမ်ရုပ်ကို ကျေးဇူးပြုပုံ ၃။ နာမ်သည် ရုပ်ကို ကျေးဇူးပြုပုံ ၄။ ရုပ်သည် နာမ်ကို ကျေးဇူးပြုပုံ ၅။ နာမ်ရုပ်ပညတ်သည် နာမ်ကို ကျေးဇူးပြုပုံ ၆။ နာမ်ရုပ်သည် နာမ်ရုပ်ကို ကျေးဇူးပြုပုံ ပြုနည်းအားဖြင့် ၆ ပါးရှိပါသည်။ လှပသော ရူပါရုံသည် မြင်သိစိတ်အား - အာရမ္မဏပစ္စည်း - ပုရေဇာတပစ္စည်း - အတ္ထပစ္စည်း - အဝိဂတပစ္စည်း ဖြင့် ကျေးဇူးပြုပါသည်။ |
9 | 2 | 1986 | ဈာန်ကို နိုင်နင်းစွာ ဝင်စားနိုင်ပြီး အစွမ်း ထက်မြက်လာစေရန် မည်ကဲ့သို့ ပြုလုပ်ရမည်ကို ရှင်းပြ၍ အဘိညာဉ်ဟုအမည်ရသော တရားများကိုလည်း ညွှန်ပြပါ။ | ဈာန်ကို နိုင်နင်းစွာ ဝင်စားနိုင်ပြီး အစွမ်း ထက်မြက်လာစေရန် ၁။ အာဝဇ္ဇနဝသီဘော် - စျာန်အင်္ဂါများကို လျှင်မြန်စွာဝင်စားနိုင်သောစွမ်းရည် ၂။ သမာပဇ္ဇနဝသီဘော် - လျင်မြန်စွာ စျာန်ဝင်စားနိုင်သောစွမ်းရည် ၃။ အဓိဋ္ဌာနဝသီဘော် - ဘဝင်စိတ်ကိုလွှမ်းမိုး၍ စျာန်စိတ်အစဉ်ကို အလိုရှိသမျှ ထိန်းထားနိုင်သောစွမ်းရည် ၄။ ဝုဋ္ဌာနဝသီဘော် - ရည်မှန်းထားသော ကာလအပိုင်းအခြားကို မကျော်လွန်စေဘဲ ထိန်းထားနိုင်သောစွမ်းရည် ၅။ ပစ္စဝေက္ခဏာဝသီဘော် - စျာန်အင်္ဂါများကို လျင်မြန်စွာ အထပ်ထပ် ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ဇောစိတ်ဖြင့် စျာန်အင်္ဂါကို ဆင်ခြင်မှုများ ပြုလုပ်ရပါမည်။ အဘိညာဉ်ဟုအမည်ရသော တရားများမှာ အဘိညာဉ်ကိစ္စတပ်သော ၁။ ရူပါဝစရပဉ္စမစျာန်ကုသိုလ်စိတ် ၂။ ရူပါဝစရပဉ္စမစျာန်ကြိယာစိတ် တို့ဖြစ်ပါသည်။ |
1 | 3 | 1986 | စိတ်အကျယ် ၁၂၁ ပါးတွင် စျာန်စိတ်ပေါင်း မည်မျှ ပါဝင်ပါသနည်း၊ ထုတ်ပပြြီးလျှင် အရူပါဝစရစိတ်၌ ရသင့်သော စျာန်အင်္ဂါများကိုလည်း ဖြေဆိုပါ။ | စိတ်အကျယ် ၁၂၁ ပါးတွင် - မဟဂ္ဂုတ်စိတ် ၂၇ ပါး - လောကုတ္တရာစိတ် ၄၀ ပါး ဟူ၍ စျာန်စိတ်ပေါင်း ၆၇ ပါး ပါဝင်ပါသည်။ အရူပါဝစရစိတ်၌ ရသင့်သော စျာန်အင်္ဂါများမှာ - ဥပေက္ခာနှင့် ဧကဂ္ဂတာ တို့ဖြစ်ပါသည်။ |
2 | 3 | 1986 | မနာလိုခြင်း၊ ၀န်တိုခြင်း သဘောတရားတို့သည် လောဘမူစိတ်နှင့် သက်ဆိုင်ပါသလော၊ သို့မဟုတ် ဒေါသမူစိတ်နှင့် သက်ဆိုင်ပါသလော၊ စစ်ကြောဝေဖန်ပြီး မဂ်စိတ်နှင့် အတူ ဖြစ်ခွင့်ရသော စေတသိက်သရုပ်ကိုလည်း ထုတ်ပြပါ။ | မနာလိုခြင်း၊ ၀န်တိုခြင်း သဘောတရားတို့သည် လောဘမူစိတ်နှင့် မသက်ဆိုင်ပါ။ ဒေါသမူစိတ်နှင့် သက်ဆိုင်ပါသည်။ အကြောင်းမှာ - မနာလိုခြင်းသဘောသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာ ရာထူးဂုဏ်သိန် စသည်တို့ကို ငြူစူခြင်း - ဝန်တိုခြင်းသဘောသည် မိမိ၏ ပစ္စည်းဥစ္စာ ရာထူးဂုဏ်သိန် စသည်တို့ကို တစ်ပါးသူတို့နှင့် မဆက်ဆံစေလိုခြင်း တို့ကြောင့် ဒေါသမူစိတ်နှင့်သာ သက်ဆိုင်ပါသည်။ မဂ်စိတ်နှင့် အတူ ဖြစ်ခွင့်ရသော စေတသိက်သရုပ်မှာ ၁။ အညသမာန်းစေတသိက် ၁၃ ပါး ၂။ သောဘနသာဓာရဏစေတသိက် ၁၉ ပါး ၃။ ဝိရတီစေတသိက် ၃ ပါး ၄။ ပညိန္ဒြေစေတသိက် ၁ ပါး ပေါင်း ၃၆ ပါးဖြစ်ပါသည်။ |
3 | 3 | 1986 | ဟဒယဝတ္ထုရုပ်ကို မှီသောစိတ်များကို ကုန်စင်အောင် ရေတွက်ပြပါ။ | ဟဒယဝတ္ထုရုပ်ကို မှီသောစိတ်များမှာ (၁) အမြဲမှီသောစိတ်များ - ဒေါသမူ ၂ ပါး - မနောဓာတ် ၃ ပါး - သန္တီရဏ ၃ ပါး - ဟသိတုပ္ပါဒ် - မဟာဝိပါက် ၈ ပါး - ရူပစိတ် ၁၅ ပါး - သောတာပတ္တိမဂ်စိတ် ပေါင်း ၃၃ ပါး (၁) ရံခါမှီသောစိတ်များ - ဒေါသမူဒွေကြဉ် အကုသိုလ်စိတ် ၁၀ ပါး - မနောဒွါရာဝဇ္ဇန်း ၁ ပါး - မဟာကုသိုလ် ၈ ပါး - မဟာကြိယာ ၈ ပါး - အရူပကုသိုလ် ၄ ပါး - အရူပကြိယာ ၄ ပါး - သောတာပတ္တိမဂ်ကြဉ် လောကုတ္တရာစိတ် ၇ ပါး ပေါင်း ၄၂ ပါးဖြစ်သည်။ |
4 | 3 | 1986 | လူက သောမနဿဖြင့် ပဋိသန္ဓေနေသူ စောသောဇောက ဒေါသဇော စောသည့်အတွက် ထိုဒေါသဇောနောင် တဒါရုံ မဖြစ်နိုင်၊ ယင်းသို့ အခက်အခဲကြံုလာပါက မည်ကဲ့သို့ ပြုလုပ်ရမည်ဟု ဆရာတို့က နည်းလမ်းပေးခဲ့သနည်း။ ဖြေဆိုခဲ့ပါ။ | လူက သောမနဿဖြင့် ပဋိသန္ဓေနေသူ စောသောဇောက ဒေါသဇော စောသည့်အတွက် ထိုဒေါသဇောနောင် တဒါရုံ မဖြစ်နိုင်၊ ယင်းသို့ အခက်အခဲကြံုလာပါက - အကယ်၍ ကောင်းသောအာရုံဖြစ်လျှင် အဟိတ်ကုသလဝိပါက်ဥပေက္ခာသန္တီရဏစိတ် ၁ ပါး - အကယ်၍ မကောင်းသောအာရုံဖြစ်လျှင် အကုသလဝိပါက်ဥပေက္ခာသန္တီရဏစိတ် ၁ ပါး ထို ၁ ပါးပါးသည် ရှေးက အလေ့အကျက် များအပ်သော အာရုံကို အာရုံပြုလျက် အာဂန္တုကဘဝင် ကိစ္စတပ်လျက် ဖြစ်သည်။ ထို့နောက် မူလအာဝါသိက ဘဝင်များ ဖြစ်ပေါ်သည်။ |
5 | 3 | 1986 | ဘယ်ဘဝက သေလျှင် ဘယ်ဘဝရောက်သည်ဟု အဘိဓမ္မာနည်းလမ်းအရ ညွှန်ပြလျက်ရှိရာ အရူပဗြဟ္မာကြီး စုတေက ရူပဗြဟ္မာကြီး ဖြစ် မဖြစ်ကို စုတိပဋိသန္ဓိက္ကမပိုင်းအရ သုံးသပ်ပြခဲ့ပါ။ | ဘယ်ဘဝက သေလျှင် ဘယ်ဘဝရောက်သည်ဟု အဘိဓမ္မာနည်းလမ်းအရ ညွှန်ပြလျက်ရှိရာ အရူပဗြဟ္မာကြီး စုတေက ရူပဗြဟ္မာကြီး မဖြစ်ပါ အရူပဗြဟ္မာကြီး စုတိနောင် ၁။ မိမိအရူပဘုံနှင့် အထက်ရူပဘုံများ ၂။ ကာမသုဂတိ ရ ဘုံတွင် တိဟိတ် ပဋိသန္ဓေ နှောင်းနိုင်သည်ဖြစ်ရာ ရူပဗြဟ္မာပဋိသန္ဓေ မပါဝင်သောကြောင့် အရူပဗြဟ္မာကြီး စုတေက ရူပဗြဟ္မာကြီး မဖြစ်ပါ။ |
6 | 3 | 1986 | ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ နေ့စဉ်တောင့်တလျက် ရှိသော နိဗ္ဗာန်ဟူသော စကား၏ အဓိပ္ပါယ်ကို ဘုရားရှင်က မည်ကဲ့သို့ ဟောခဲ့ပါသနည်း၊ ရုပ်ပိုင်းလာ ဂါထာအရ ကျမ်းဆရာ၏ အာဘော်ကျအောင် အကျဉ်းချုပ်ဖြေဆိုခဲ့ပါ။ | ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ နေ့စဉ်တောင့်တလျက် ရှိသော နိဗ္ဗာန်ဟူသည်မှာ - သတ္တဝါတို့ကို သံသရာဝဋ်၌ ချုပ်တတ်၊ မြှေးယှက်တတ်သောကြောင့် ဝါန မည်သော တဏှာမှ ထွက်မြောက်သည်၏ အဖြစ်ကြောင့် နိဗ္ဗာန်မည်၏ နိဗ္ဗာန်သည် - တဏှာကုန်ခမ်းခြင်းသဘော - စိတ်၊စေတသိက်၊ ရုပ်များ ချုပ်ငြိမ်းခြင်းသဘော တို့ ရှိကြသည်။ နိဗ္ဗာန်မည်ပုံမှာ ၁။ လပြည့်ဝန်းကို မျက်စိဖြင့် မြင်ရသလို နိဗ္ဗာန်ကို မဂ်ဉာဏ် ၄ ပါးဖြင့်သာ မြင်အပ်၊ မျက်မှောက်ပြုအပ်၏ ၂။ မဂ်၊ ဖိုလ်၊ ဂေါတြဘူ၊ ဝေါဒါန်၊ အာဝဇ္ဇန်း၊ ပစ္စဝေက္ခဏာဇောတို့၏ အာရုံဖြစ်သည်။ ၃။ လောကုတ္တရာဇာတ်ဖြစ်၍ ၄။ တဏှာ၏ အာရုံပြုခြင်း မခံရသောတရား ဖြစ်သည်။ |
7 | 3 | 1986 | “သတိမမူ ဂူမမြင်၊ သတိမူတော့ မြူကိုမြင်သည်” ဟူသော စကားအရ မြူမှန်သမျှ မြင်နိုင်ရန် အဘယ်တရားများကို် နှလုံးသွင်းရမည်နည်း၊ ညွှန်ပြပါ။ | “သတိမမူ ဂူမမြင်၊ သတိမူတော့ မြူကိုမြင်သည်” ဟူသော စကားအရ မြူမှန်သမျှ မြင်နိုင်ရန် သတိပဋ္ဌာန်တရား ၄ ပါးကို် နှလုံးသွင်းရပါမည်။ ထိုသတိပဋ္ဌာန်တရား ၄ ပါးမှာ ၁။ ကာယာနုပဿနာသတိပဋ္ဌာန် ၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန် ၃။ စိတ္တာနုပဿနာသတိပဋ္ဌာန် ၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန် တို့ဖြစ်ပါသည်။ |
8 | 3 | 1986 | “ရုပ်နာမ်နှစ်ပါး၊မကွဲပြား၊ မှတ်သားလူ့အန္ဓ” ဟူသော စကားအရ အန္ဓ (အကန်း) မဖြစ်စေရန် ရုပ်နှင့်နာမ် ကွဲပြားအောင် ခွဲခြားပြ၍ သဒ္ဒပညတ်၊ အတ္တပညတ် နှစ်ပါးသိရှိရပုံအခြင်းအရာကိုလည်း ရှင်းလင်း ရေးသားခဲ့ပါ။ | “ရုပ်နာမ်နှစ်ပါး၊မကွဲပြား၊ မှတ်သားလူ့အန္ဓ” ဟူသော စကားအရ အန္ဓ (အကန်း) မဖြစ်စေရန် ရုပ်နှင့်နာမ်တို့မှာ ၁။ ရုပ် ရုပ် ၂၈ ပါး ၂။ နာမ် စိတ် ၈၉ ပါး၊ စေတသိက် ၄၂ ပါး၊ နိဗ္ဗာန် တို့ဖြစ်ပါသည်။ သဒ္ဒပညတ်၊ အတ္တပညတ် နှစ်ပါးသိရှိရပုံအခြင်းအရာမှာ (၁) အတ္တပညတ် သူတစ်ပါးနားလည်အောင် အမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်အပ် သိစေအပ်သော အနက်၊ ဒပြ်ဝတ္တုမျိုး ကိုခေါ်ပါသည်။ (၂) သဒ္ဒပညတ် အတ္တပညတ်ဖြစ်သော အနက်ဒပြ်ဝတ္တုမျိုးကို သိစေတတ်သော ခေါ်ဝေါ်ကြောင်း အမည်သညာ (စကားသံ)သဒ္ဒါအမျိုးမျိုး၊ ဘာသာအမျိုးမျိုး၊ အမည်အမျိုးမျိုး၊ အသံအမျိုးမျိုး ကိုခေါ်ပါသည်။ |
9 | 3 | 1986 | အဘယ်ဉာဏ်အမြင်သို့ရောက်သောအခါ ယောဂီပုဂ္ဂိုလ်သည် ဝိပဿနာတရား ညစ်နွမ်းသွားကာ တရားသားမတက်ဘဲ ဆုတ်ယုတ်စေတတ်ပါသနည်း ။ဖြေဆို၍ ယင်းဝိပဿနာ ဉာဏ်ညစ်နွမ်းဆုတ်ယုတ် စေတတ်သော တရားများကိုလည်း ရှင်းလင်းဖော်ပြပါ။ | ဥဒယဗ္ဗယဉာဏ်အမြင်သို့ရောက်သောအခါ ယောဂီပုဂ္ဂိုလ်သည် ဝိပဿနာတရား ညစ်နွမ်းသွားကာ တရားသားမတက်ဘဲ ဆုတ်ယုတ်စေတတ်ပါသည်။ ယင်းဝိပဿနာ ဉာဏ်ညစ်နွမ်းဆုတ်ယုတ် စေတတ်သော တရားများမှာ (၁) သြဘာသ (၂) ပီတိ (၃) ပဿဒ္ဓိ (၄) အဓိမေက္ခ (၅) ပဂ္ဂဟ (၆) သုခ (၇) ဉာဏ (၈) ဥပဋ္ဌာန (၉) ဥပေက္ခာ (၁၀) နိကန္တိ တို့ဖြစ်ပါသည်။ |
2 | 4 | 1986 | အောက်ပါစေတသိက်များကို ကုန်စင်အောင် ရေတွက်ပြပါ။ (က) သဗ္ဗာကုသလသာဓာရဏစေတသိက်၊ (ခ) သဗ္ဗာကုသလယောဂီစေတသိက် | (က) သဗ္ဗာကုသလသာဓာရဏစေတသိက် ၁။ မောဟ ၂။ အဟိရိက ၃။ အနောတ္တပ္ပ ၄။ ဥဒ္ဓစ္စ (ခ) သဗ္ဗာကုသလယောဂီစေတသိက် ၁။ ဖဿ ၂။ ဝေဒနာ ၃။ သညာ ၄။ စေတနာ ၅။ ဧကဂ္ဂတာ ၆။ ဇိဝိတိန္ဒြေ ၇။ မနသိကာရ ၈။ ဝိတက် ၉။ ဝိစာရ ၁၀။ ဝီရိယ ၁၁။ မောဟ ၁၂။ အဟိရိက ၁၃။ အနောတ္တပ္ပ ၁၄။ ဥဒ္ဓစ္စ တို့ဖြစ်ကြပါသည်။ |
4 | 4 | 1986 | အောက်ပါတို့၌ရနိုင်သော ဇောများကို ဖော်ပြပါ။ (က) ၂ ကြိမ်၊ ၃ ကြိမ်စောသောဇော (ခ) ၃ ကြိမ်၊ ၄ ကြိမ်စောသောဇော (ဂ) ၄ ကြိမ်၊ ၅ ကြိမ်စောသောဇော (ဃ) ၅ ကြိမ်စောသောဇော (င) ၆ ကြိမ်၊ ရ ကြိမ်စောသောဇော | (က) ၂ ကြိမ်၊ ၃ ကြိမ်စောသောဇော - မဂ္ဂဝီထိ၌ ဖိုလ်ဇော (ခ) ၃ ကြိမ်၊ ၄ ကြိမ်စောသောဇော - အပ္ပနာဇောဝီထိ၌ ဥပစာရသမာဓိဇော (ဂ) ၄ ကြိမ်၊ ၅ ကြိမ်စောသောဇော - စျာန်အင်္ဂါကို လျင်မြန်စွာ ဆင်ခြင်ရသော ပစ္စဝေက္ခဏဇော (ဃ) ၅ ကြိမ်စောသောဇော - သေခါနီး၌ မရဏသန္နဇော - သတိလစ် မေ့မျောသောအခါ၊ - မိန်းမောတွေဝေနေသောအခါ၊ - ဖွားခါစအခါ၊ - မိခင်ဝမ်းတွင်း၌ ရှိရာအခါ ကာမဇော (င) ၆ ကြိမ်၊ ရ ကြိမ်စောသောဇော - ရိုးရိုးသာမန်အခါ ကာမဇော - အဘိညာဉ်ဝီထိများရှိ ကာမအဓိဋ္ဌာန်ဇော - စျာန်အင်္ဂါကို ပုံမှန် ဆင်ခြင်ရသော ပစ္စဝေက္ခဏဇော |
7 | 4 | 1986 | ဗောဓိမည်ငြား မြတ်တရား၏ အစိတ်အပိုင်း ဖြစ်သော တရားများကို ထုတ်ပြ၍ သင်္ကပ္ပနှင့် ပီတိတို့ မဖြစ်သော လောကုတ္တရာစိတ်များ ကိုလည်းဖော်ပြပါ။ | ဗောဓိမည်ငြား မြတ်တရား၏ အစိတ်အပိုင်းဖြစ်သော တရားများမှာ ၁။ သတိသမ္ဗောဇ္စျင် ၂။ ဓမ္မာဝိစယသမ္ဗောဇ္စျင် ၃။ ဝီရိယသမ္ဗောဇ္စျင် ၄။ ပီတိသမ္ဗောဇ္စျင် ၄။ ပဿဒိသမ္ဗောဇ္စျင် ၅။ သမာဓိသမ္ဗောဇ္စျင် ၆။ ဥပေက္ခာသမ္ဗောဇ္စျင် တို့ဖြစ်ပါသည်။ သင်္ကပ္ပနှင့် ပီတိတို့ မဖြစ်သော လောကုတ္တရာစိတ်များမှာ - လောကုတ္တရာ စတုတ္ထစျာန်စိတ် ၈ ပါး - လောကုတ္တရာ ပဉ္စမစျာန်စိတ် ၈ ပါး တို့ဖြစ်ပါသည်။ |
1 | 1 | 1987 | အဘိဓမ္မာခုနှစ်ကျမ်းဝယ် အကျယ်ဟောတော်မူသော အဘိဓမ္မာတရားတို့သည် ပညတ်မဖက် ပရမတ်သက်သက်အားဖြင့် မည်မျှ ရှိပါသနည်း၊ ယင်းတရား တစ်ခုစီ၏ အပေါင်းသင်္ချာ အသီးသီးကိုသာ ဖော်ပြပါ။ | အဘိဓမ္မာခုနှစ်ကျမ်းဝယ် အကျယ်ဟောတော်မူသော အဘိဓမ္မာတရားတို့သည် ပညတ်မဖက် ပရမတ်သက်သက်အားဖြင့် ၄ ပါးရှိပါသည်။ ယင်းတရားတို့မှာ - စိတ် ၈၉ ပါး - စေတသိက် ၅၂ ပါး - ရုပ် ၂၈ ပါး - နိဗ္ဗာန် ၁ ပါး တို့ဖြစ်ပါသည်။ |
2 | 1 | 1987 | စေတသိက်၏ လက္ခဏာများကို ဖော်ပပြြီးလျှင် စိတ်ဟူသမျှနှင့် ယှဉ်နိုင်သော စေတသိက်တို့ကိုလည်း ဖော်ပြပါ။ | စေတသိက်၏ လက္ခဏာများမှာ ၁။ ဧကုပ္ပါဒ - စိတ်နှင့် အတူဖြစ်ခြင်း ၂။ ဧကနိရောဓ - စိတ်နှင့် အတူချုပ်ခြင်း ၃။ ဧကာလမ္ဗန - စိတ်နှင့် တူသောအာရုံရှိခြင်း ၄။ ဧကဝတ္ထုက - မှီရာ ဝတ္ထုတူခြင်းတို့ဖြစ်ပါသည်။ စိတ်ဟူသမျှနှင့် ယှဉ်နိုင်သော စေတသိက်တို့မှာ ၁။ ဖဿ ၂။ ဝေဒနာ ၃။ သညာ ၄။ စေတနာ ၅။ ဧကဂ္ဂတာ ၆။ ဇိဝိတိန္ဒြေ ၇။ မနသိကာရ ဟူသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါး ယှဉ်ပါသည်။ |
3 | 1 | 1987 | သန့်စင်ပန်းအလှကို မြင်ရသောအခါ ဖြစ်ပေါ်လာသော မြင်သိစိတ်(စက္ခုဝိညာဏ်)၏ အာရုံခံစားမှုဝေဒနာကို ဖော်ပပြြီးလျှင် ကုသိုလ်ဒွိဟိတ်စိတ်သရုပ်ကိုလည်း ထုတ်ပြပါ။ | သန့်စင်ပန်းအလှကို မြင်ရသောအခါ ဖြစ်ပေါ်လာသော မြင်သိစိတ်(စက္ခုဝိညာဏ်)၏ အာရုံခံစားမှုဝေဒနာမှာ ဥပေက္ခာဝေဒနာ ဖြစ်ပါသည်။ ကုသိုလ်ဒွိဟိတ်စိတ်သရုပ်မှာ - မဟာကုသိုလ် ဉာဏဝိပ္ပယုတ်စိတ် ၄ ပါး ဖြစ်သည်။ |
4 | 1 | 1987 | လူတိုင်းသည် စက္ကန့်မစဲတဖွဲဖွဲ သေလျက်ရှိသည် ဆိုလျှင် ထိုအဆိုကို စိတ်သက်-ရုပ်သက် တွက်ချက်ဖော်ပြ၍ ထောက်ခံဖြေဆိုပါ။ | စိတ်၏ သက်တမ်းသည် စိတ္တခဏကြီး ၁ ချက် - ခဏငယ် ၃ ချက် ရှိသည်။ ရုပ်၏ သက်တမ်းသည် (၁) ကာယဝိညတ်၊ ဝစိဝိညတ် ၂ ပါး - ထိုဝိညတ်ရုပ် ၂ ပါးသည် စိတ္တဇဧကန်ရုပ်များ ဖြစ်ကြသောကြောင့် စိတ်နှင့် အသက်တူရာ ခဏငယ် ၃ ချက် ပါဝင်ပါသည်။ (၂) လက္ခဏရုပ် ၄ ပါး - ဥပစယ၊ သန္တတိရုပ် ၂ ပါး ထိုရုပ် ၂ ပါးတို့သည် ရုပ်တို့၏ ဥပါဒ်သဘောမျှ သာဖြစ်၍ ခဏငယ် ၁ ချက် - ဇရာတာ ရုပ်တို့၏ ရင့်ကျက်ခြင်းသဘော ဖြစ်သောကြောင့် ခဏငယ် ၄၉ ချက် - အနိစ္စတာ ရုပ်တို့၏ ချုပ်ခြင်းသဘော ဖြစ်သောကြောင့် ခဏငယ် ၁ ချက် (၃) ဝိညတ်ရုပ် ၂ ပါး၊ လက္ခဏ ၄ ပါးကြဉ် ကျန်ရုပ် ၂၂ ပါး ကျန်ရုပ် ၂၂ ပါးသည် ခဏငယ် ၁၇ ချက် ပါဝင်ပါသည်။ ထိုသို့ စိတ်သက်-ရုပ်သက်တို့သည် အလွန်တိုတောင်းသည်ဖြစ်သောကြောင့် စက္ကန့်မစဲတဖွဲဖွဲ သေလျက်ရှိသည် ဆိုသော အဆိုသည် မှန်ပါသည်။ |
5 | 1 | 1987 | ထွေပြားဆန်းကျယ်သော သတ္တလောကကြီးဝယ် နာမ်မရှိသော သတ္တဝါ၊ နာမ်သာရှိ၍ ရုပ်မရှိသော သတ္တဝါ၊ ရုပ်ရောနာမ်ပါ နှစ်ပါးစုံရှိသော သတ္တဝါတို့ကို အဘိဓမ္မာ ကျမ်းလာအရ ဖော်ပြပါ။ | ထွေပြားဆန်းကျယ်သော သတ္တလောကကြီးဝယ် ၁။ နာမ်မရှိသော သတ္တဝါ - အသညသတ်ဘုံသား ၂။ နာမ်သာရှိ၍ ရုပ်မရှိသော သတ္တဝါ၊ - အရူပ ၄ ဘုံသား ၃။ ရုပ်ရောနာမ်ပါ နှစ်ပါးစုံရှိသော သတ္တဝါ - အပါယ် ၄ဘုံသား - လူဘုံ - နတ်ပြည် ၆ ဘုံသား - အသညသတ်ကြဉ် ရူပဗြဟ္မာဘုံ ၁၅ ဘုံသား တို့ဖြစ်ပါသည်။ |
6 | 1 | 1987 | ပြံုးရယ်ခြင်းသည် လူသားတို့၏ ထူးခြားသော မြတ်နိုးဖွယ်အမူအရာတစ်ခု ဖြစ်ခဲ့ရာ ထိုအမူအရာကောင်း ဖြစ်ပေါ်လာအောင် မည်သည့်စိတ်က ပြုလုပ်ပေးပါသနည်း။ စိစစ်ပြခဲ့ပါ။ | ပြံုးရယ်ခြင်းသည် လူသားတို့၏ ထူးခြားသော မြတ်နိုးဖွယ်အမူအရာတစ်ခု ဖြစ်ခဲ့ရာ ထိုအမူအရာကောင်း ဖြစ်ပေါ်လာအောင် ပြုလုပ်သောစိတ်တို့မှာ (က) ပုထုဇဉ်ပုဂ္ဂိုလ်တို့တွင် ၁။ လောဘမူ သောမနဿသဟဂုတ်စိတ် ၄ ပါး ၂။ မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် ၄ ပါး ပေါင်း ၈ ပါး (ခ) သေက္ခပုဂ္ဂိုလ်တို့တွင် ၁။ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် သောမနဿသဟဂုတ်စိတ် ၂ ပါး ၃။ မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် ၄ ပါး ပေါင်း ၆ ပါး (ဂ) အသေက္ခပုဂ္ဂိုလ်တို့တွင် ၂။ ဟသိတုပ္ပါဒ်စိတ် ၁ ပါး ၂။ မဟာကြိယာ သောမနဿသဟဂုတ်စိတ် ၄ ပါး ပေါင်း ၅ ပါး တို့ဖြစ်ပါသည်။ |
7 | 1 | 1987 | မွန်မြတ်သန့်ရှင်း အပြစ်ကင်းသော အလုပ်များကို မလုပ်မိစေရန်နှင့် ကောင်းသော အကျိုးအာနိသင်များကို မရရှိစေရန် တားဆီးပိတ်ပင်တတ်သော တရားများကို ထုတ်ပြ၍ “လိုတာမရ၊ ရတာမလို၊ မျက်ထားညိုကာ” စိတ်ညစ်နွမ်းပူပန်နေသူ၌ ဖြစ်ပေါ်နေသော တရားများကိုလည်းဖော်ပြပါ။ | မွန်မြတ်သန့်ရှင်း အပြစ်ကင်းသော အလုပ်များကို မလုပ်မိစေရန်နှင့် ကောင်းသော အကျိုးအာနိသင်များကို မရရှိစေရန် တားဆီးပိတ်ပင်တတ်သော တရားများမှာ ၁။ ကာမစ္ဆန္ဒနီဝရဏ ၂။ ဗျာပါဒနီဝရဏ ၃။ ထိန မိဒ္ဓနီဝရဏ ၄။ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ ၅။ ဝိစိကိစ္ဆာနီဝရဏ ၆။ အဝိဇ္ဇာနီဝရဏ တို့ဖြစ်ပါသည်။ “လိုတာမရ၊ ရတာမလို၊ မျက်ထားညိုကာ” စိတ်ညစ်နွမ်းပူပန်နေသူ၌ ဖြစ်ပေါ်နေသော တရားများမှာ ၁။ ဗျာပါဒကာယဂန္ထ ၂။ ဗျာပါဒနီဝရဏ ၃။ ပဋိဃာနုသယ ၄။ ပဋိဃာသံယောဇဉ် ၅။ ဒေါသကိလေသာတို့ဖြစ်ပါသည်။ |
8 | 1 | 1987 | သတ္တဝါမှန်သမျှ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သဘောတို့ အဆက်မပြတ် လည်ပတ်ဖြစ်နေကြသည့်အတိုင်း လူချမ်းသာတစ်ဦးနှင့် ဆင်းရဲသားတစ်ဦးတို့ သန္တာန်၌ မျက်မှောက်ကာလ (ပစ္စုပ္ပန်အဓွန့်) ၀ယ် ပဋိစ္စသမုပ္ပါဒ်သဘောတရားများ ဖြစ်ပေါ်နေပုံကို သိသာရုံ ကြောင်းကျိုးဆက်ကာ တင်ပြပါ။ | သတ္တဝါမှန်သမျှ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သဘောတို့ အဆက်မပြတ် လည်ပတ်ဖြစ်နေကြသည့်အတိုင်း လူချမ်းသာတစ်ဦးနှင့် ဆင်းရဲသားတစ်ဦးတို့ သန္တာန်၌ မျက်မှောက်ကာလ (ပစ္စုပ္ပန်အဓွန့်) ၀ယ် ပဋိစ္စသမုပ္ပါဒ်သဘောတရားများ ဖြစ်ပေါ်နေပုံမှာ - ဝိညာဏပစ္စယာ နာမရူပံ ရှေးရှေး ဘဝက ပြုခဲ့သော ကမ္မဝိညာဏ်နှင့် ပစ္စုပ္ပန် ဘဝ၌ ဖြစ်သော ဝိပါက်ဝိညာဏ် ၃၂ ပါး တို့ကြောင့် ထိုဝိပါက် ဝိညာဏ်တို့နှင့် ယှဉ်ကြသည့် စေတသိက် နာမ်ခန္ဓာ ၃ ပါးနှင့် ကမ္မဇရုပ် ၁၈ ပါးတို့ ဖြစ်ပေါ်ကြ၏။ - နာမရူပပစ္စယာ သဠာယတန လောကီဝိပါက် ၃၂ ပါး၌ ယှဉ်ကြသော စေတသိက် နာမ်ခန္ဓာ ၃ ပါး နှင့် ကမ္မဇရုပ် ၁၈ ပါး တို့ကြောင့် အဇ္စျတ္တိကာယတန ၆ ပါးဖြစ်ပေါ်ကြ၏ - သဠာယတနပစ္စယာ ဖေဿာ အဇ္စျတ္တိကာယတန ၆ ပါးကြောင့် လောကီဝိပါက် ၃၂ ပါးနှင့် ယှဉ်သော ဖဿတရားတို့ ဖြစ်ပေါ်ကြ၏ - ဖဿပစ္စယာ ဝေဒနာ ဖဿကြောင့် လောကီ ဝိပါက်စိတ်် ၃၂ ပါး၌ ယှဉ််သော ဝေဒနာဖြစ်ပေါ်ကြ၏ - ဝေဒနာပစ္စယာ တဏှာ ဝေဒနာကြောင့် လောဘမူစိတ် ၈ ပါး၌ ရှိသော လောဘ ဖြစ်ပေါ်လာကြ၏ - တဏှာပစ္စယာ ဥပါဒါန် တဏှာလောဘကြောင့် ဥပါဒါန် ၄ မျိုးဖြစ်ပေါ်ကြ၏ - ဥပါဒါနပစ္စယာ ဘဝေ ဥပါဒါန်ကြောင့် ကမ္မဘဝနှင့် ဥပပတ္တိဘဝ ၂ မျိုးဟူသောဘဝ ဖြစ်ပေါ်ကြ၏ |
9 | 1 | 1987 | မြွေဟောက်ပမာ၊ ခေါင်းထောင်ကာဖြင့် မြည်စွာ ရှူးရှဲ ထူးကဲဖက်ပြိုင် ကြီးနိုင်ငယ်ညှဉ်း ပြုမူတတ်ခြင်းရှိသူအား မည်ကဲ့သို့သော ကမ္မဋ္ဌာန်း တရားများပေး၍ စိတ်နှလုံး နူးညံ့အောင် ပြုလုပ်ရမည်ကို ဖော်ပပြြီး အိပ်မပျော်သူများနှင့် အထူးသင့်လျော်သော အိပ်ဆေးထက်ကောင်းသည့် ကမ္မဋ္ဌာန်းတရားကိုလည်းညွှန်ကြားခဲ့ပါ။ | မြွေဟောက်ပမာ၊ ခေါင်းထောင်ကာဖြင့် မြည်စွာ ရှူးရှဲ ထူးကဲဖက်ပြိုင် ကြီးနိုင်ငယ်ညှဉ်း ပြုမူတတ်ခြင်းရှိသူအား ၁။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မာဝိဟာရကမ္မဋ္ဌာန်း ၄ ပါး ၂။ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတဟူသော အဆင်းကသိုဏ်း ၄ ပါး ပေါင်း ၈ ပါးသောကမ္မဋ္ဌာန်း တရားများပေး၍ စိတ်နှလုံး နူးညံ့အောင် ပြုလုပ်ရမည်။ အိပ်မပျော်သူများနှင့် အထူးသင့်လျော်သော အိပ်ဆေးထက်ကောင်းသည့် ကမ္မဋ္ဌာန်းတရားမှာ အာနာပါနာနုဿတိကမ္မဋ္ဌာန်းဖြစ်ပါသည်။ |
1 | 2 | 1987 | ဥပေက္ခာသဟဂုတ် မဟုတ်သော အဟိတ်စိတ်များကို ကုန်စင်အောင် ရေတွက်ပပြြီးလျှင် ယင်းစိတ်တို့ကို ဝိပါက်၊ ကြိယာအားဖြင့် ခွဲခြားပြပါ။ | ဥပေက္ခာသဟဂုတ် မဟုတ်သော အဟိတ်စိတ်များမှာ (၁) အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် ၁ ပါး (၂) အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ် ၁ ပါး (၃) အဟိတ်ကုသလဝိပါက် သောနဿသဟဂုတ် သန္တီရဏစိတ် ၁ ပါး (၄) အဟိတ်ကြိယာ သောနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် ၁ ပါးတို့ဖြစ်ပါသည်။ ယင်းစိတ်တို့ကို ဝိပါက်၊ ကြိယာအားဖြင့် ခွဲခြားပြရသော် - ဝိပါက် ၃ ပါး - ကြိယာ ၁ ပါး တို့ဖြစ်ကြပါသည်။ |
2 | 2 | 1987 | စေတနာ- မာန- ဝိစိကိစ္ဆာ- သဒ္ဓါ- မုဒိတာ စေတသိက်တို့၏ အဘိဓမ္မာသဘောလက္ခဏာကို မြန်မာဘာသာဖြင့် ဖြေဆိုပါ။ | စေတနာ- မာန- ဝိစိကိစ္ဆာ- သဒ္ဓါ မုဒိတာ စေတသိက်တို့၏ အဘိဓမ္မာသဘောလက္ခဏာများမှာ စေတနာ - တကွဖြစ်ဖက်တရားများကို တိုက်တွန်းနိုးဆော်ခြင်းသဘော။ မာန - ထောင်လွှား မောက်မာခြင်းသဘော။ ဝိစိကိစ္ဆာ - ရတနာ ၃ပါး၊ ကံ ကံ၏အကျိုးတို့၌ ယုံမှားသံသယ ဖြစ်ခြင်းသဘော။ သဒ္ဓါ - ရတနာ ၃ပါး၊ ကံ ကံ၏အကျိုးတို့ကို ကြည်ညိုလေးမြတ် ယုံကြည်တတ်သောသဘော။ မုဒိတာ - သုခိတသတ္တဝါကို အာရုံပြုလျက် ကြည်နူးဝမ်းမြောက်ခြင်းသဘော။ |
3 | 2 | 1987 | မနောဒွါရာဝဇ္ဇန်းစိတ်၏ ကိစ္စများကို ဖော်ပပြြီးလျှင် ယင်းစိတ်သည် အဘယ်ကိစ္စဖြင့် အဘယ်ဒွါရ၌ ဖြစ်ပါသနည်း။ အသီးသီး ဖြေဆိုပါ။ | မနောဒွါရာဝဇ္ဇန်းစိတ်၏ ကိစ္စများမှာ - အာဝဇ္ဇန်းကိစ္စ - ဝုဋ္ဌောကိစ္စ တို့ဖြစ်သည်။ မနောဒွါရာဝဇ္ဇန်းစိတ်သည် - အာဝဇ္ဇန်းကိစ္စဖြင့် ပဉ္စဒွါရ၌ - ဝုဋ္ဌောကိစ္စဖြင့် မနောဒွါရ၌ အသီးသီး ဖြစ်ကြသည်။ |
4 | 2 | 1987 | ဝီထိစိတ်တိုင်း တဒါရုံ ကျနိုင်ပါလော၊ မည့်သည့်အခြေအနေမျိုးနှင့် ပြည့်စုံမှ တဒါရုံ ကျနိုင်ပါသနည်း။ တိကျစွာ ဖြေဆိုပါ။ | ဝီထိစိတ်တိုင်း တဒါရုံ မကျနိုင်ပါ။ (၁) ကာမဇော (၂) ကာမသတ္တဝါ (၃) ကာမအာရုံ (အတိမဟန္တာရုံနှင့် ဝိဘူတာရုံ) ဤ ၃ ချက်ပြည့်စုံမှ တဒါရုံကျနိုင်ပါသည်။ |
5 | 2 | 1987 | ၃၁ ဘုံရှိသော်လည်း လက်ရှိအခြေအနေအရ အသင်စာဖြေပုဂ္ဂိုလ်နှင့် သက်ဆိုင်(လားရောက်ခွင့်) ရှိသော ဘုံများကိုသာ ရေတွက်ဖော်ပြပါ။ | ၃၁ ဘုံရှိသော်လည်း လက်ရှိအခြေအနေအရ အသင်စာဖြေပုဂ္ဂိုလ်နှင့် သက်ဆိုင်(လားရောက်ခွင့်) ရှိသော ဘုံများမှာ ၁။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော အပါယ်၄ ဘုံ ၂။ လူဘုံ ၃။ နတ်ပြည် ၆ ဘုံတို့သာ ဖြစ်ပါသည်။ |
6 | 2 | 1987 | လူသေသောအခါ လူ၌ဖြစ်သော ရုပ်လေးပါးတို့၏ နောက်ဆုံး ချုပ်ပျက်ပုံကို အဘိဓမ္မာကျမ်းလာအတိုင်း ဖြေဆိုပါ။ | လူသေသောအခါ လူ၌ဖြစ်သော ရုပ်လေးပါးတို့၏ နောက်ဆုံး ချုပ်ပျက်ပုံမှာ (၁) ကမ္မဇရုပ် စုတိစိတ်၏ ဘင်နှင့်ပြိုင်၍ ချုပ်ပျက်ပါသည်။ (၂) စိတ္တဇရုပ် စုတိစိတ်နောင် ခဏငယ် ၄၈ အကြာ၍ ချုပ်ပျက်ပါသည်။ (၃) အာဟာရဇရုပ် စုတိစိတ်နောင် ခဏငယ် ၅၀ အကြာ၍ ချုပ်ပျက်ပါသည် (၄) ဥတုဇရုပ် လူသေသည့်အတိုင် မချုပ်ပျက်သေးဘဲ နောက်ဆုံး မြေစာမှုန့်ဖြစ်၍ ကမ္ဘာပျက်မှ ချုပ်ပျက်ပါသည်။ |
7 | 2 | 1987 | အာရုံတစ်ပါး စိတ်မသွားဘဲ မိမိပြုလုပ်သော အမှုကိစ္စ၌သာ စူးစူးစိုက်စိုက် အာရုံဆိုက်ရောက်နေသူကို “သည်လူ စျာန်ဝင်နေသည်”ဟု လောက၌ ပြောတတ်ကြရာ အမှန်တကယ် “စျာန်ဝင်ခြင်း” ဟုတ်-မဟုတ် အဘိဓမ္မာသဘော စစ်ကြောဝေဖန်ပပြြီး ထိုစျာန်အစစ်၏ အင်္ဂါတို့ကိုလည်း ကုန်စင်အောင် ညွှန်ပြခဲ့ပါ။ | ကောင်းသောကုသိုလ်အာရုံ၌ဖြစ်စေ၊ မကောင်းသော အကုသိုလ်အာရုံ၌ဖြစ်စေ စိတ်စူးစိုက်နေမှုကို ဈာန်ဟုခေါ်၍၊ ထိုသို့ စူးစိုက်နေစဉ် ငြိမ်သက် တည်ကြည်မှုသည် “သမာဓိ” ခေါ် “ဧကဂ္ဂတာ” ဈာန်အင်္ဂါ၏ သဘောတ္တိကြောင့်ဖြစ်ပါသည်။ တရားကိုယ်အားဖြင့် - ဒွေပဉ္စဝိညာဉ် ၁၀- ကြဉ်သော စိတ် ရ၉-ပါး၌ယှဉ်သည့် ဧကဂ္ဂတာစေတသိက်သည် ဈာနင်ကိစ္စ တပ်ပါသည်။ အာရုံတစ်ပါး စိတ်မသွားဘဲ မိမိပြုလုပ်သော အမှုကိစ္စ၌သာ စူးစူးစိုက်စိုက် အာရုံဆိုက်ရောက်နေသူကို “သည်လူ စျာန်ဝင်နေသည်”ဟု လောက၌ ပြောတတ်ကြရာ ထိုသူမှာ စျာန်အင်္ဂါတရား ဧကဂ္ဂတာယှဉ်လျက် ဖြစ်နေသောကြောင့် စျာန်ဝင်ခြင်း ဟုခေါ်ဆိုနိုင်ပါသည်။ ထိုစျာန်အစစ်၏ အင်္ဂါတို့မှာ (၁)ဝိတတ် (၂) ဝိစာရ (၃) ပီတိ (၄) ဧကဂ္ဂတာ (၅) သောမနဿ (၆) ဒေါမနဿ (၇) ဥပေက္ခာ တို့ဖြစ်ပါသည်။ |
8 | 2 | 1987 | ကုသိုလ်တရား ပွားများပြုလုပ်အားထုတ်နေသော ပုဂ္ဂိုလ်၏ ကောင်းမှုကုသိုလ်တရားများသည် ထိုသူအား ကိုယ်ရောစိတ်ပါ နှစ်ဖြာအကျိုး ပွားတိုးစေရန် ပဋ္ဌာန်းပစ္စည်း မည်မျှဖြင့် ကျေးဇူးပြုသည်ကို ဖော်ပြ၍ လိုရင်းအချုပ် ပဋ္ဌာန်းပစ္စည်းသရုပ်ကိုလည်း ထုတ်ပြခဲ့ပါ။ | ကုသိုလ်တရား ပွားများပြုလုပ်အားထုတ်နေသော ပုဂ္ဂိုလ်၏ ကောင်းမှုကုသိုလ်တရားများသည် ထိုသူအား ကိုယ်ရောစိတ်ပါ နှစ်ဖြာအကျိုးပွားတိုးစေသော ပဋ္ဌာန်းပစ္စည်းများမှာ ၅ ပစ္စည်းဖြစ်ပါသည်။ ထို ၅ ပစ္စည်းသည် နာမ်(ကုသိုလ်တရား)သည် နာမ်ရုပ် (ကိုယ်ရောစိတ်ပါ)ကို အကျိုးပြုပါသည်။ ပဋ္ဌာန်းပစ္စည်းသရုပ်မှာ ၁။ ဟေတုပစ္စည်း ၂။ ကမ္မပစ္စည်း ၃။ ဝိပါကပစ္စည်း ၄။ စျာနပစ္စည်း ၅။ မဂ္ဂပစ္စည်း တို့ဖြစ်ကြပါသည်။ |
9 | 2 | 1987 | မိမိစိတ်ကို နီဝရဏ မြူမှေးအညစ်အကြေးတို့မှ ကင်းဝေး သန့်ရှင်း စင်ကြယ်ခြင်း ရှိစေရန် အဘယ်ကဲ့သို့ သမာဓိတရားမျာ ရရှိရန် လိုအပ်သည်ကို ဖော်ပြ၍ ဂေါတြဘူစိတ်ဟု ခေါ်ဆိုရခြင်းအကြောင်းကိုလည်း အဘိဓမ္မာဆရာ အလိုကျ ရှင်းလင်းဖော်ပြပါ။ | မိမိစိတ်ကို နီဝရဏ မြူမှေးအညစ်အကြေးတို့မှ ကင်းဝေး သန့်ရှင်း စင်ကြယ်ခြင်း ရှိစေရန် ၁။ ဥပစာရသမာဓိ ၂။ အပ္ပနာသမာဓိများ ရရှိရန် လိုအပ်ပါသည်။ ဂေါတြဘူစိတ်ဟု ခေါ်ဆိုရခြင်းအကြောင်းမှာ မဂ်ဝီထိဖြစ်ပေါ်သည့်အခါ ပရိကမ်၊ ဥပစာ၊ အနုလုံမည်သာစိတ်များဖြစ်ပြီးလျှင် ဂေါတြဘူစိတ်ဖြစ်၏ ဂေါတြဘူစိတ်သည် အနိစ္စ စသော လက္ခဏာ တစ်ပါးပါးကို အာရုံမပြုဘဲ နိဗ္ဗာန်ကို အာရုံပြု၏ ထို့ကြောင့် မဂ်ရှေ့ကနိဗ္ဗာန်ညွှန်ပြသောကြောင့် မဂ်ဇော ဖိုလ်ဇောတို့၏ ရှေ့သွားဖြစ်သော အာဝဇ္ဇန်းနှင့်တူသောစိတ်ဖြစ်သည်။ ပရိကမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူစိတ်တို့သည် မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ်တို့ဖြစ်ကပြြီး ဂေါတြဘူစိတ်ဖြစ်သည်အထိ ယောဂီသည် ပုထုဇဉ်ဖြစ်၏ ဂေါတြဘူချုပ်ပြီးသည်နှင့် အရိယာ ဖြစ်လေသည်။ ထို့ကြောင့် ဂေါတြဘူသည် ပုထုဇဉ်အနွယ်ကို လွှမ်းမိုးနှိပ်စက်၍ အရိယာအနွယ်ကို ဖြစ်စေသော စိတ်ဖြစ်ပါသည်။ |
1 | 3 | 1987 | မိမိအိမ်တွင် ကိုးကွယ်ထားသော ဗုဒ္ဓရုပ်ပွား ဆင်းတုတော်အား အကျိုးသိမြင် ဉာဏ်နှင့် ယှဉ်၍ နေ့စဉ် ဘုရားရှိခိုးကြသော ဗုဒ္ဓဘာသာဝင်တို့အား ဖြစ်ခွင့်ရှိသမျှ မဟာကုသိုလ်စိတ်တို့ကို တစ်ပါးစီ ဖြေဆိုပါ။။ | မိမိအိမ်တွင် ကိုးကွယ်ထားသော ဗုဒ္ဓရုပ်ပွား ဆင်းတုတော်အား အကျိုးသိမြင် ဉာဏ်နှင့် ယှဉ်၍ နေ့စဉ် ဘုရားရှိခိုးကြသော ဗုဒ္ဓဘာသာဝင်တို့အား ဖြစ်ခွင့်ရှိသမျှ မဟာကုသိုလ်စိတ်တို့မှာ (၁) သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး (၂) သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး (၃) ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး (၄) ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး တို့ဖြစ်ကြပါသည်။ |
2 | 3 | 1987 | အလိုရမ္မက်ကြီးသူနှင့် စိတ်တိုစိတ်ဆတ်သူ နှစ်ဦးတို့တွင် မည်သူသည် မိစ္ဆာဒိဋ္ဌိဖြစ်တတ်ပါသနည်း၊ သမ္ပယောဂနည်းအရ စိစစ်ပြပါ။ | အလိုရမ္မက်ကြီးသူ(လောဘကြီးသူ)၌ ဖြစ်ရာ စေတသိက်များမှာ ၁။ အညသမာန်းစေတသိက် ၁၃ ပါး ၂။ သဗ္ဗာကုသလသာဓာရဏစေတသိက်် ၄ ပါး ၃။ လောဘ၊ ဒိဋ္ဌိ ၄။ ထိန၊ မိဒ္ဓစေတသိက် ၂ ပါး စိတ်တိုစိတ်ဆတ်သူ(ဒေါသကြီးသူ)၌ ဖြစ်ရာ စေတသိက်များမှာ ၁။ ပီတိကြဉ် အညသမာန်းစေတသိက် ၁၂ ပါး ၂။ သဗ္ဗာကုသလသာဓာရဏစေတသိက်် ၄ ပါး ၃။ ဒေါသစေတသိက် ၁ ပါး ၄။ ထိန၊ မိဒ္ဓစေတသိက် ၂ ပါး တို့ယှဉ်ကြသည်ဖြစ်ရာ ဒိဋ္ဌိ(မိစ္ဆာဒိဋ္ဌိ)သည် အလိုရမ္မက်ကြီးသူတွင်သာ ပါဝင်နေသောကြောင့် အလိုရမ္မက်ကြီးသူသည် မိစ္ဆာဒိဋ္ဌိဖြစ်တတ်ပါသည်။ |
3 | 3 | 1987 | အာရုံငါးပါးနှင့် ဝိညာဏ်ငါးမျိုးတို့ကို ယှဉ်တွဲဖော်ပပြြီးလျှင် အာရုံငါးပါးမှ လွတ်သော အခြားအာရုံ ရှိ မရှိကိုလည်း ဖြေဆိုပါ။ | (၁) ရူပါရုံ - စက္ခုဝိညာဏ် (၂) သဒ္ဒါရုံ - သောတဝိညာဏ် (၃) ဂန္ဓာရုံ - ဃာနဝိညာဏ် (၄) ရသာရုံ - ဇိဝှါဝိညာဏ် (၅) ဖောဋ္ဌဗ္ဗာရုံ - ကာယဝိညာဏ် ဟူ၍ အာရုံငါးပါးနှင့် ဝိညာဏ်ငါးမျိုးတို့ကို ယှဉ်တွဲနိုင်ပါသည်။ ထိုအာရုံငါးပါးအပြင် ကျန်သောသိဖွယ် အမျိုးမျိုးသည် ဓမ္မာရုံ မည်သောကြောင့် အာရုံငါးပါးမှ လွတ်သော အခြားအာရုံ ရှိပါသည်။ |
4 | 3 | 1987 | ကာမဇောတို့သည် အဘယ်အခါများ၌ ၄ ကြိမ် ၅ ကြိမ်၊ ၆ ကြိမ်၊ ရ ကြိမ် စောကပြါသနည်း။ အကြောင်းအလိုက် အသီးသီး ဖြေဆိုပါ။ | ကာမဇောတို့သည် (၁) ၄ ကြိမ်စောရာ အခါ - မြတ်စွာဘုရားရှင် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြရာ ပစ္စဝေက္ခဏဇောတွင် ၄ ကြိမ် - အပ္ပနာဇောတို့တွင် ဥပစာရသမာဓိဇော ၄ ကြိမ် (၂) ၅ ကြိမ်စောရာအခါ - ရှင်မောဂ္ဂလန်စသော သာဝကကြီးများ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြရာ ပစ္စဝေက္ခဏဇောတွင် ၅ ကြိမ် - သေခါနီး၌အခါ မရဏသန္နဇောစောရာ ၅ ကြိမ် - အာရုံအားနည်းသောကြောင့် သတိလစ်မေ့မျောသောအခါ၊ မိန်းမောတွေဝေသောအခါ ကာမဇော ၅ ကြိမ် - နု့ံသည်၏ အဖြစ်ကြောင့် မိခင်ဝမ်းတွင်းရှိနေစဉ်၊ ဖွားခါစအခါတို့တွင် ကာမဇော ၅ ကြိမ် (၃) ၆ ကြိမ်စောရာအခါ အာရုံအားနည်းသောအခါ ကာမဇော ၆ ကြိမ် (၄) ရ ကြိမ်စောရာအခါ - ပကတိ ရိုးရိုးအခါ ကာမဇော ရ ကြိမ် - ကာမအဓိဋ္ဌာနဝီထိ၌ အဓိဋ္ဌာန်ဇော ရ ကြိမ် - စျာန်အင်္ဂါကို သာမန်ဆင်ခြင်စဉ် ပစ္စဝေက္ခဏဇော ရ ကြိမ် |
5 | 3 | 1987 | အဘယ်ပုဂ္ဂိုလ်မျိုးသည် ဉာဏ်ရည်အဆင့် အလွန်မြင့်မား၍ အဘယ်ပုဂ္ဂိုလ်မျိုးသည် ဉာဏ်ရည်အဆင့် အလွန်နိမ့်ကျ ပါသနည်း။ ပဋိသန္ဓေစိတ်ဖြင့် တိုင်းတာ ဆုံးဖြတ်ပြပါ။ | ဉာဏ်ရည်အဆင့် အလွန်မြင့်မားသောပုဂ္ဂိုလ်မှာ - အလောဘ၊ အဒေါသ၊ အမောဟဟူသော ဟိတ် ၃ ပါးယှဉ်ကာ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄ ပါးမှ ၁ ပါးပါးသော ပဋိသန္ဓေစိတ်ရှိသူ (တိဟိတ်ပုဂ္ဂိုလ်) ဖြစ်ပါသည်။ ဉာဏ်ရည်အဆင့် အလွန်နိမ့်ကျသောပုဂ္ဂိုလ်မှာ - မည်သည့်ဟိတ်မျှ မယှဉ်ဘဲ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင် ပဋိသန္ဓေယူခဲ့သော သုဂတိအဟိတ်ပုဂ္ဂိုလ်ဖြစ်ပါသည်။ |
6 | 3 | 1987 | နိဗ္ဗာန်သည် သေပြီးမှ ရအပ်သော တရားမျိုးသာ ဖြစ်ပါသလော၊ သင်္ဂဟကျမ်းလာ နိဗ္ဗာန် ၂ မျိုးကို ကိုးကားလျက် ကျေနပ်ဖွယ် ဖြစ်အောင် ဖြေဆိုပါ။ | နိဗ္ဗာန်သည် သေပြီးမှ ရအပ်သော တရားမျိုးသာ ုမဟုတ်ပါ။ မသေခင် ရအပ်ပြီးသော ခန္ဓာကိုယ် ဝိညာဏ်စိတ်ဖြင့်လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါသည်။ ခန္ဓာရှိမှု၊ မရှိမှုအားဖြင့် နိဗ္ဗာန်သည် ၁။ သဥပါဒိသေသနိဗ္ဗာန် ဝိပါက်၊ ကမ္မဇရုပ် ခန္ဓာကြွင်းလျက် ခံစံအပ် အာရုံပြုအပ်သော ကိလေသနိဗ္ဗာန် ၂။ အနုပါဒိသေသနိဗ္ဗာန် ဝိပါက်၊ ကမ္မဇရုပ် ခန္ဓာကြွင်းမရှိ၊ အဆုံးစွန် ပရိနိဗ္ဗာန်စံမှုဖြစ်သော ခန္ဓနိဗ္ဗာန် ဟူ၍ ကွဲပြား၍ မသေခင် ကိလေသာချုပ်ငြိမ်းကာ ခံစားအပ် ရောက်အပ်သော နိဗ္ဗာန်မျိုးလည်း ရှိသည် ဖြစ်ရကား နိဗ္ဗာန်သည် သေပြီးမှ ရအပ်သော တရားမျိုးသာ မဟုတ်ပါ။ |
7 | 3 | 1987 | ပြည်တွင်း-ပြည်ပရန်နှင့် ကိုယ်တွင်း-ကိုယ်ပရန်များကို မတုန်မလှုပ် နောက်မဆုတ်ဘဲ ခိုင်ခိုင်မြဲမြဲ ရပ်တည်ကာ တိုက်ဖျက်ချေမှုန်း သုတ်သင်နိုင်ရန် မည်သည်တရားများ ဆောင်ထားရမည်ကို အဘိဓမ္မာလာသည့်အတိုင်း အဓိပ္ပာယ်နှင့်တကွ ဖော်ပြပါ။ | ပြည်တွင်း-ပြည်ပရန်နှင့် ကိုယ်တွင်း-ကိုယ်ပ ရန်များကို မတုန်မလှုပ် နောက်မဆုတ်ဘဲ ခိုင်ခိုင်မြဲမြဲ ရပ်တည်ကာ တိုက်ဖျက်ချေမှုန်း သုတ်သင်နိုင်ရန် ဗိုလ် ဟူသည့်တရားများကို ဆောင်ထားရပါမည်။ ထိုဗိုလ်တရားများမှာ ၁။ သဒ္ဓါဗိုလ် - ကုသိုလ်အာရုံ၌ ယှဉ်ဖက်တရားတို့ကို ကြည်လင်စွာ စူးစိုက်ကြရန် ဦးဆောင်သောတရား ၂။ ဝီရိယဗိုလ် - ယှဉ်ဖက်တရားတို့ကို မဆုတ်နစ်အောင် ထောက်ကန် အားပေးသော တရား။ ၃။ သတိဗိုလ် - ကုသိုလ်အာရုံတွင် ယှဉ်ဖက်တရားတို့ကို အောက်မေ့ အမှတ်ရအောင် ဦးဆောင်သောတရား။ ၄။ သမာဓိဗိုလ် - ယှဉ်ဖက်တရားတို့ကို တစ်ခုတည်းသောအာရုံ၌ တည်ကြည် ငြိမ်ဝပ်အောင် ခေါင်းဆောင်သောတရား။ ၅။ ပညာဗိုလ် - အာရုံ၏ သဘောမှန်ကို ထိုးထွင်းသိမှု၌ ဦးဆောင်သောတရား ၆။ ဟီရိဗိုလ် - မကောင်းမှုဒုစရိုက်ကို ရှက်ခြင်း၌ ဦးဆောင်သောတရား။ ၇။ သြတ္တပ္ပဗိုလ် - မကောင်းမှုဒုစရိုက်ကို ကြောက်လန့်ခြင်း၌ ဦးဆောင်သောတရား။ ၈။ အဟိရိကဗိုလ် - မကောင်းမှုဒုစရိုက်ကို မရှက်ခြင်း၌ ဦးဆောင်သောတရား။ ၉။ အနောတ္တပ္ပဗိုလ် - မကောင်းမှုဒုစရိုက်ကို မကြောက်လန့်ခြင်း၌ ဦးဆောင်သောတရား။ |
8 | 3 | 1987 | “ပရမတ်-ပညတ်၊ ထိုနှစ်ရပ်တွင်၊ ပရမတ်သာ လိုရင်း၊ ပညတ်မှာ အနှစ်ကင်းလို့ လိုရင်း မဟုတ်” ဟု ပြောတတ်ကြရာ လောကီ၌ “ပညတ်” လည်းအရေးကြီးပုံကို အဘိဓမ္မာဆရာ အလိုကျ သိသာရုံ ရှင်းလင်းပြဆိုပြီး “အဆင်းလှသူ” ဟူသော စကား၌ မည်သည့်ပညတ် ဖြစ်သည်ကိုလည်း ညွှန်ပြခဲ့ပါ။ | “ပရမတ်-ပညတ်၊ ထိုနှစ်ရပ်တွင်၊ ပရမတ်သာ လိုရင်း၊ ပညတ်မှာ အနှစ်ကင်းလို့ လိုရင်း မဟုတ်” ဟု ပြောတတ်ကြရာ လောကီ၌ “ပညတ်” လည်း အရေးကြီးပုံမှာ ပညတ်ဟူသည် သူတစ်ပါး နားလည်အောင် အမည်အမျိုးမျိုး တပ်ကာ ခေါ်ဝေါ်အပ် သိစေအပ်သော အမည်သညာဖြစ်ပါသည်၊ အတ္ထပညတ်နှင့် သဒ္ဒပညတ်ဟူ၍ ၂ မျိုးရှိသည်။ အတ္တပညတ်ဟူသည်မှာ - သူတစ်ပါး နားလည်အောင် အမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်အပ်သိစေအပ်သော အနက် ဒပြ်ဝတ္တုမျိုးဖြစ်၏ သဒ္ဒပညတ်ဟူသည်မှာ - အတ္တပညတ်ဖြစ်သော အနက်ဒပြ်ဝတ္တုမျိုးကို သိစေတတ်သော ခေါ်ဝေါ်ကြောင်း အမည်သညာ၊ စကားသံများ သည်သဒ္ဒပညတ်မည်၏။ “အဆင်းလှသူ” ဟူသော စကားမှာ - ဝိဇ္ဇာမာနေန- အဝိဇ္ဇာမာနပညတ်ဖြစ်ပါသည်။ |
9 | 3 | 1987 | သမာဓိတရား၊ အလွန်အားကောင်းသော အရိယာပုဂ္ဂိုလ်များ ကာယိကဒုက္ခ စေတသိကဒုက္ခ တို့မှ ကင်းဝေးပြီး မျက်မှောက်ဘဝ၌ နိဗ္ဗာန် ချမ်းသာကို ရရက်တိုင်တိုင် ခံစားနိုင်ရန် မည်သည့် သမာပတ်ကို ဝင်စားရမည်နည်း။ ယင်းသမာပတ် ဝင်စားပုံအစီအစဉ်ကို ပြည့်စုံစွာ ဖော်ပြပါ။ | သမာဓိတရား၊ အလွန်အားကောင်းသော အရိယာပုဂ္ဂိုလ်များ ကာယိကဒုက္ခ စေတသိကဒုက္ခ တို့မှ ကင်းဝေးပြီး မျက်မှောက်ဘဝ၌ နိဗ္ဗာန် ချမ်းသာကို ရရက်တိုင်တိုင် ခံစားနိုင်ရန် နိရောဓသမာပတ်ကို ဝင်စားရပါမည်။ ယင်းသမာပတ် ဝင်စားပုံအစီအစဉ်မှာ စျာန်သမာပတ် ၈ ပါး (သို့မဟုတ်) ၉ ပါး ရပြီးသော အနာဂါမ်များနှင့် ရဟန္တာတို့သည် ၁။ ရှေးဦးစွာ ပထဝီကသိုဏ်း၌ ရူပါဝစရပထမစျာန်ကို ဝင်စား၍ ထပြီးသော် ၎င်းပထမစျာန်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုလက္ခဏာရေး ၃ ပါးတင်၏ ၂။ တဖန် ပထဝီကသိုဏ်း၌ပင် ရူပါဝစရဒုတိယစျာန်ကို ဝင်စား၍ထပြီးသော် ၎င်းစျာန်ကို လက္ခဏာရေး ၃ ပါး တင်၏ ၃။ တဖန် ပထဝီကသိုဏ်း၌ပင် ရူပါဝစရတတိယစျာန်ကို ဝင်စား၍ထပြီးသော် ၎င်းစျာန်ကို လက္ခဏာရေး ၃ ပါး တင်၏ ၄။ တဖန် ပထဝီကသိုဏ်း၌ပင် ရူပါဝစရစတုတ္ထစျာန်ကို ဝင်စား၍ထပြီးသော် ၎င်းစျာန်ကို လက္ခဏာရေး ၃ ပါး တင်၏ ၅။ တဖန် ပထဝီကသိုဏ်း၌ပင် ရူပါဝစရပဉ္စမစျာန်ကို ဝင်စား၍ထပြီးသော် ၎င်းစျာန်ကို လက္ခဏာရေး ၃ ပါး တင်၏ ၆။ တဖန် ပထဝီကသိုဏ်းမှခွာ၍ ကောင်းကင်ပညတ်၌ အာကာသာနဉ္စယတနစျာန်ကို ဝင်စား၍ထပြီးသော် ၎င်းစျာန်ကို လက္ခဏာရေး ၃ ပါးတင်၏ ၇။ တဖန် အာကာသာနဉ္စယတနစိတ်၌ ဝိညာဏဉ္စာယတနစျာန်ကို ဝင်စား၍ထပြီးသော် ၎င်းစျာန်ကို လက္ခဏာရေး ၃ ပါးတင်၏ ၈။ တဖန် အာကာသာနဉ္စယတနစိတ်မရှိခြင်းဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနစျာန်ကို ဝင်စား၍ထပြီးသော် ၎င်းစျာန်ကို လက္ခဏာရေး ၃ ပါးတင်၏ ၉။ ထို့နောက် အောက်ပါပုဗ္ဗကိစ္စ ၄ ပါးကို ပြု၏ - ရ ရက်အတွင် အာယုသင်္ခါရ၏ မချုပ်သေးသည်ကို သိမြင်၍ ဤ ရ ရက်အထိ သမာပတ် ဝင်စားနိုင်စေသတည်း။ - ဘုရားရှင်ခေါ်တော်မူသောအခါ ထနိုင်စေသတည်း။ - သံဃာတို့အလိုရှိ၍ ခေါ်တော်မူလျှင် ထနိုင်စေသတည်း။ - ငါ၏ ပရိက္ခရာအသုံးအဆောင် ကျောင်း အရိပ်အာဝါသတို့သည် တစ်စုံတစ်ခုသော ဘေးအန္တာရာယ်တို့ကြောင့် မပျက်စီးစေသတည်း။ ၁၀။ ထိုနောက် တစ်ဖန် အာကိဉ္စညာယတနစိတ်၌ နေဝသညာနာသညာယတနစျာန်ကို ဝင်စား၍ အပ္ပနာဇော ၂ ကြိမ်ဖြစ်ပြီး စိတ်အစဉ် ပြတ်လေတော့သည်။ ထိုအခါ စိတ် စေတသိက် စိတ္တဇရုပ်တို့၏ ချုပ်ပြတ်ခြင်း နိရောဓသို့ရောက်၍ မိမိအလိုရှိသလောက် ရ ရက်အထိ နေနိုင်၏ ဤတွင် အနာဂါမ်များသည် ကုသိုလ်ဇောများကို စောပြီး ရဟန္တာများသည် ကြိယာဇောများစောလျက် နိရောဓသမာပတ်ကို ဝင်စားပါသည်။ |
2 | 4 | 1987 | လိပ်ပြာကလေးတစ်ကောင်ကိုဖမ်းယူပြီး သနားသဖြင့် မသတ်ဘဲ လွှတ်လိုက်သူ၌ မည်သည့်စိတ်ဖြစ်သနည်း၊ မည်သည့်စေတသိက်များနှင့် ယှဉ်တွဲဖြစ်ပါသနည်း။ အသီးသီးဖြေဆိုပါ။ | လိပ်ပြာကလေးတစ်ကောင်ကိုဖမ်းယူပြီး သနားသဖြင့် မသတ်ဘဲ လွှတ်လိုက်သူ၌ မဟာကုသိုလ်စိတ် ၈ ပါးမှ တစ်ပါးပါး ဖြစ်ပါသည်။ ယှဉ်တွဲဖြစ်ရာ စေတသိက်မှာ ၁။ အညသမာန်းစေတသိက် ၁၃ ပါး ၂။ သောဘနသာဓာရဏစေတသိက် ၁၉ ပါး ၃။ ကရုဏာစေတသိက် ၁ ပါး ၄။ ပညိန္ဒြေစေတသိက် ၁ ပါး ပေါင်း ၃၄ ပါးဖြစ်ပါသည်။ |
5 | 4 | 1987 | ကောင်းမှု မကောင်းမှု ပြုသူများအတွက် လက်တွေ့ဘဝ၌ပင် အကျိုးရစေသည့် ကောင်းသောကံ၊ မကောင်းသောကံတို့ကို မည်သို့ ခေါ်ဆိုပါသနည်း။ ဖော်ပပြြီးလျှင် ယခုစာမေးပွဲ ဖြေဆိုသော အလုပ်သည် ယင်းကံနှင့် သက်ဆိုင်ခြင်း ရှိ မရှိ ဖြေဆိုပါ။ | ကောင်းမှု မကောင်းမှု ပြုသူများအတွက် လက်တွေ့ဘဝ၌ပင် အကျိုးရစေသည့် ကောင်းသောကံ၊ မကောင်းသောကံတို့ကို - ဒိဋ္ဌဓမ္မဝေဒနိယကံ ဟုခေါ်ပါသည်။ ဒိဋ္ဌဓမ္မဝေဒနိယကံ ဟူသည် ကံပြုစဉ် ခံစားရသော ပထမဇောစေတနာအားလျော်သော အကျိုးပေးမြဲဖြစ်ရာ ယခုစာမေးပွဲ ဖြေဆိုသော အလုပ်သည် ယင်းကံနှင့် သက်ဆိုင်ခြင်း ရှိပါသည်။ |
7 | 4 | 1987 | မကောင်းမှုကို ပယ်ရှောင်၊ ကောင်းမှုကို သယ်ဆောင်လျက် ဤလူ့ဘောင်ဝယ် တစ်ဆင့်ထက် တစ်ဆင့် တိုးတက်မြင့်မား ကြီးပွားချမ်းသာလိုသူတိုင်း အလိုရှိအပ်သော တရားဓမ္မများကို အတိအကျ ညွှန်ပြ၍၊မဂ်ပေါက်-ဖိုလ်ဝင် နိဗ္ဗာန်ရောက်ကြောင်း မတိမ်းစောင်းသည့် လမ်းကောင်းအစစ်ကိုလည်း ညွှန်ပြပါ။ | မကောင်းမှုကို ပယ်ရှောင်၊ ကောင်းမှုကို သယ်ဆောင်လျက် ဤလူ့ဘောင်ဝယ် တစ်ဆင့်ထက် တစ်ဆင့် တိုးတက်မြင့်မား ကြီးပွားချမ်းသာလိုသူတိုင်း အလိုရှိအပ်သော တရားဓမ္မများမှာ ၁။ ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယာမော - ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ဖျောက်ခြင်းငှာ အားထုတ်ခြင်း။ ၂။ အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယ ဝါယာမော - မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှာ အားထုတ်ခြင်း။ ၃။ အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယ ဝါယာမော - မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း ၄။ ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယာမော - ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ခိုင်ခံ့တိုးပွားစေခြင်းငှာ အားထုတ်ခြင်း တို့ဖြစ်ပါသည်။ မဂ်ပေါက်-ဖိုလ်ဝင် နိဗ္ဗာန်ရောက်ကြောင်း မတိမ်းစောင်းသည့် လမ်းကောင်းအစစ်မှာ သမ္မာမဂ္ဂင် ၈ ပါး ဖြစ်သည့် ၁။ သမ္မာဒိဋ္ဌိ ၂။ သမ္မာသင်္ကပ္ပ ၃။ သမ္မာဝါစာ ၄။ သမ္မာကမ္မန ္တ ၅။ သမ္မာအာဇီဝ ၆။ သမ္မာဝါယာမ ၇။ သမ္မာသတိ ၈။ သမ္မာသမာဓိ တို့ဖြစ်ကြပါသည်။ |
1 | 1 | 1988 | သူတပါးပစ္စည်းကို မတရားလိုချင်သော သူတို့၌ ဖြစ်ပေါ်သည့် အကုသိုလ်စိတ်သရုပ်ကို တစ်ခုချင်း ထုတ်ပြပါ။ | သူတပါးပစ္စည်းကို မတရားလိုချင်သော သူတို့၌ ဖြစ်ပေါ်သည့် အကုသိုလ်စိတ်သရုပ်မှာ (၁) သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၂) သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၃) သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၄) သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၅) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၆) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး (၇) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ ပါး (၈) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ ပါး တို့ဖြစ်ပါသည်။ |
2 | 1 | 1988 | "ပညာ- သညာ- ဝေဒနာ- စေတနာ- ကရုဏာ" ဟူသော စေတသိက်တို့၏ သဘောလက္ခဏာတို့ကို အသီးသီးရေးသားခဲ့ပါ။ | "ပညာ- သညာ- ဝေဒနာ- စေတနာ- ကရုဏာ" ဟူသော စေတသိက်တို့၏ သဘောလက္ခဏာတို့မှာ ပညာ - အာရုံ၏ သဘောမှန်ကို ထိုးထွင်း၍ သိခြင်း။ အမှားအမှန်ကို ခွဲခြားချင့်ချိန် သိမြင်နိုင်ခြင်း။ သညာ - အာရုံကို မှတ်သားခြင်းသဘော။ ဝေဒနာ - အာရုံ၏ အရသာကို ခံစားခြင်းသဘော။ စေတနာ - တကွဖြစ်ဖက်တရားများကို တိုက်တွန်းခြင်းသဘော။ ကရုဏာ - ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားကြင်နာခြင်းသဘော။ |
3 | 1 | 1988 | အဟိတ်စိတ် ၁၈ ပါးတို့တွင် ဟိတ်တစ်ပါးသာရှိသော (ဧကဟိတ်)စိတ်ကို ဖော်ပြပါ။ | အဟိတ်စိတ် ၁၈ ပါးတို့တွင် ဟိတ်တစ်ပါးသာရှိသော (ဧကဟိတ်)စိတ် မရှိပါ။ ဧကဟိတ်စိတ်ဟူသည် သဟိတ်စိတ် အမျိုးအစားဖြစ်၍ အဟိတ်စိတ်တွင် သဟိတ်စိတ် မရှိနိုင်ပါ။ |
4 | 1 | 1988 | မေးခွန်းစာရွက်ကို ကြည့်မြင်ခိုက် စာဖြေသူ၌ ဖြစ်ပေါ်လျက်ရှိသော ဝီထိစိတ်အစဉ်ကို ရေးသား ဖော်ပြပါ။ | မေးခွန်းစာရွက်ကို ကြည့်မြင်ခိုက် စာဖြေသူ၌ ဖြစ်ပေါ်လျက်ရှိသော ဝီထိစိတ်အစဉ်မှာ (၁) ပဉ္စဒွါရာဝဇ္ဇန်း ၁ ကြိမ် (၂) အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ် ၁ ကြိမ် (၃) အဟိတ်ကုသလဝိပါက် သမ္ပဋိ စိ္ဆုန်း ၁ ကြိမ် (၄) အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁ ကြိမ် (၅) ဝုဋ္ဌော ၁ ကြိမ် (၆) ကာမဇော ရ ကြိမ် (၇) မဟာဝိပါက် ဥပေက္ခာတဒါရုံ ၆ ပါးမှ ၁ ပါးပါးသည် ၂ ကြိမ် တို့ဖြစ်သည်။ |
5 | 1 | 1988 | အလှည့်ကျအကျိုးပေးသော ကံလေးမျိုးကို အစဉ်ကျကျ ဖော်ပြ၍ ကဋတ္တာကံ၏ သဘောကို သိသာရုံ ဖြေဆိုပါ။ | အလှည့်ကျအကျိုးပေးသော ကံလေးမျိုးမှာ ၁။ ဂရုကံ ၂။ အာသန္နကံ ၃။ အာစိဏ္ဏကံ ၄။ ကဋတ္တာကံ တို့ဖြစ်ပါသည်။ ကဋတ္တာကံ၏ သဘောမှာ ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံအခြေအနေသို့ မရောက်ဘဲ ဤဘဝ၌ ပြုလုပ်ခဲ့သောကံများနှင့် ရှေးရှေးဘဝများ၌ ပြုလုပ်ခဲ့သော ကံများတည်း။ ဤကံတို့သည်လည်း အခွင့်သာသည့်အခါ ပဋိသန္ဓေအကျိုးနှင့် ပဝတ္တိအကျိုး တို့ကို ပေးနိုင်ကြ၏။ |
6 | 1 | 1988 | မိန်းမ ယောက်ျားကွဲပြားစေသောရုပ်ကို ဖော်ပြ၍ ရုပ် ၂၈ ပါးတွင် ရုပ်တစ်မျိုးတည်းက အမည် နှစ်မျိုးဖြင့် ပါဝင်နေသော ရုပ်ကို ကျမ်းလာအတိုင်း ဖော်ပြပါ။ | မိန်းမ ယောက်ျားကွဲပြားစေသောရုပ်မှာ ဘာဝရုပ် ၂ ပါးဖြစ်သည့် ၁။ ဣတ္ထိဘာဝရုပ် ၂။ ပုမ္ဘာဝရုပ်တို့ဖြစ်ပါသည်။ ရုပ် ၂၈ ပါးတွင် ရုပ်တစ်မျိုးတည်းက အမည်နှစ်မျိုးဖြင့် ပါဝင်နေသော ရုပ်မှာ ဇာတိရုပ်ဖြစ်ပါသည်။ ထိုရုပ်သည် ဥပစယ၊ သန္တတိဟူသော အမည် ၂ မျိုးဖြင့် ပါဝင်နေပါသည်။ |
7 | 1 | 1988 | မဟာသမုဒ္ဒရာရှိ ၀ဲဂယက်ကြီးများကဲ့သို့ သတ္တဝါများအား ၀ဋ်ဆင်းရဲ၌ ဆွဲသွင်းနစ်မြုပ်တတ်သောတရားများကို ဖော်ပြ၍၊ အတ္တဝါဒုပါဒါန်တရား၏ တရားကိုယ်ကိုလည်းဖြေဆိုပါ။ | မဟာသမုဒ္ဒရာရှိ ၀ဲဂယက်ကြီးများကဲ့သို့ သတ္တဝါများအား ၀ဋ်ဆင်းရဲ၌ ဆွဲသွင်းနစ်မြုပ်တတ်သောတရားများမှာ ၁။ ကာမောဃ ၂။ ဘဝေါဃ ၃။ ဒိဋ္ဌောဃ ၄။ အဝိဇ္ဇောဃ တို့ဖြစ်ကြပါသည်။ အတ္တဝါဒုပါဒါန်တရား၏ တရားကိုယ်မှာ - လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၌ယှဉ်သော ဒိဋ္ဌိစေတသိက် ဖြစ်ပါသည်။ |
8 | 1 | 1988 | ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂- ရပ်ဝယ် အဝိဇ္ဇာနှင့်တဏှာ ဟူသော အတိတ်ကြောင်း ၂-ပါး သာထင်ရှားတွေ့ရပါလျက် အတိတ်အကြောင်း ငါးပါးဟု ပြောဆိုနိုင်အောင် အဘယ်တရားများကို သွင်းယူပါသနည်း။ ဖြေဆို၍ ကမ္မဝဋ်အရကိုလည်း ကောက်ပြပါ။ | ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂- ရပ်ဝယ် အဝိဇ္ဇာနှင့် တဏှာ ဟူသော အတိတ်ကြောင်း ၂-ပါး သာထင်ရှားတွေ့ရပါလျက် အတိတ်အကြောင်း ငါးပါးဟု ပြောဆိုနိုင်အောင် သွင်းယူသောတရားများမှာ ၁။ ဥပါဒါန် ၂။ သင်္ခါရ ၃။ ဘဝ တို့ဖြစ်ပါသည်။ ကမ္မဝဋ်အရ သင်္ခါရ နှင့် ကမ္မဘဝ တို့ကောက်ယူနိုင်ပါသည်။ |
9 | 1 | 1988 | စရိုက်ကြမ်းသည်ဟု ပြောဆိုနေကြရာ ကြမ်းသော စရိုက်များကို အဘိဓမ္မာကျမ်းလာအရ ဖော်ပြ၍ စိတ်ပျံ့လွင့်သူအတွက် သင့်လျော်သော ကမ္မဋ္ဌာန်း ကိုလည်း ညွှန်းခဲ့ပါ။ | စရိုက်ကြမ်းသည်ဟု ပြောဆိုနေကြရာ ကြမ်းသော စရိုက်များမှာ ၁။ ရာဂစရိုက် - လောကီအာရုံ ကာမဂုဏ်ဘက်၌ မရှက်မကြောက် လိုက်စားလေ့ရှိခြင်း ၂။ ဒေါသစရိုက် - နေရာတိုင်း၌ ရှူးရှူးရှဲရှဲနှင့် အမြဲစိတ်တိုလေ့ရှိခြင်း ၃။ မောဟစရိုက် - ထုံထိုင်းဖျင်းအခြင်းကြောင့် အရာရာတွင် အောက်တန်း နောက်တန်းကျ ဖြစ်လေ့ရှိခြင်း တို့ဖြစ်ပါသည်။ စိတ်ပျံ့လွင့်သူအတွက် သင့်လျော်သော ကမ္မဋ္ဌာန်းမှာ အာနာပါနာဿတိကမ္မဋ္ဌာန်း ဖြစ်ပါသည်။ |
1 | 2 | 1988 | စိတ်တခုယုတ် ကိုးဆယ် ဟူသောစကားကို စိတ်တစ်ခု ရုပ်ကိုးဆယ်ဟု သံတူကြောင်းကွဲ အကောက်လွဲလျက်ရှိရာ အမှန်ရောက်အောင် ရှင်းလင်းခဲ့ပါ။ | စိတ်တခုယုတ် ကိုးဆယ် ဟူသောစကားကို စိတ်တစ်ခု ရုပ်ကိုးဆယ်ဟု သံတူကြောင်းကွဲ အကောက်လွဲလျက်ရှိရာ အမှန်ရောက်အောင် ရှင်းလင်းပြရသော် စိတ်ဟူသော ပရမတ်တရားသည် - အကုသိုလ်စိတ် ၁၂ ပါး - အဟိတ်စိတ် ၁၈ ပါး - ကာမသောဘနစိတ် ၂၄ ပါး - ရူပါဝစရစိတ် ၁၅ ပါး - အရူပါဝစရစိတ် ၁၂ ပါး - လောကုတ္တရာစိတ် ၈ ပါး ဟူ၍ ပေါင်း ၈၉ ပါး ရှိရာ ထို ၈၉ ပါးသော တရားသည် ၉၀ ပြည့်ရန် တစ်ခုယုတ်လျော့နေသောကြောင့် တစ်ခုယုတ်နေသော ကိုးဆယ် ဟူသောအဓိပ္ပါယ်ဖြင့် စိတ်တခုယုတ် ကိုးဆယ် ဟုကောက်ယူကြပါသည်။ စိတ်တစ်ခု ရုပ်ကိုးဆယ် ဟုဆိုလိုခြင်း မဟုတ်ပါ။ |
2 | 2 | 1988 | လိမ်ပြောမည်ကြံပြီးမှ မလိမ်တော့ဘဲ အမှန်ကို ပြောဆိုရာ၌ မည်သည့် စေတသိက်ဖြစ်ပါသနည်း၊ ယင်းစေတသိက်နှင့် ယှဉ်ဘက်စိတ်များကိုပါ ဖော်ပြပါ။ | လိမ်ပြောမည်ကြံပြီးမှ မလိမ်တော့ဘဲ အမှန်ကို ပြောဆိုရာ၌ - သမ္မာဝါစာစေတသိက် ဖြစ်ပါသည်။ ယင်းစေတသိက်နှင့် ယှဉ်ဘက်စိတ်များမှာ ၁။ မဟာကုသိုလ်စိတ် ၈ ပါး ၂။ လောကုတ္တရာစိတ် ၈ ပါး တို့ဖြစ်ပါသည်။ |
3 | 2 | 1988 | ကြည့်သောသူ မြင်၏ ဟုဆိုရာဝယ် မြင်မှုကိစ္စကို အဘယ်စိတ်က ဆောင်ရွက်ပေးပါသနည်း။ | ကြည့်သောသူ မြင်၏ ဟုဆိုရာဝယ် မြင်မှုကိစ္စကို စက္ခုဝိညာဏ်ဒွေက ဆောင်ရွက်ပေးပါသည်။ |
4 | 2 | 1988 | ဝိသယပ္ပဝတ္တိ ၆ မျိုးကို ပဉ္စဒွါရ မနောဒွါရ ခွဲခြား၍ ဖော်ပြပါ။ | ဝိသယပ္ပဝတ္တိ ၆ မျိုးကို - ပဉ္စဒွါရ၌ (၁) အတိမဟန္တာရုံ (၂) မဟန္တာရုံ (၃) ပရိတ္တာရုံ (၄) အတိပရိတ္တာရုံ - မနောဒွါရ၌ (၅) ဝိဘူတာရုံ (၆) အဝိဘူတာရုံ ဟူ၍ ခွဲခြားနို်င်ပါသည်။ |
5 | 2 | 1988 | ခါးပိုက်နှိုက် ခေါင်းဆောင်က ဤရွှေဆွဲကြိုးကို ခိုးဖြတ်ခဲ့ဟု ခိုင်း၍ တပည့်ဖြစ်သူက ခိုးခဲဲ့ရာဝယ် ခေါင်းဆောင်၌ ဖြစ်သော ခိုးမှုသည် ကာယကံလော ဝစီကံလော အကြောင်းပြ ဖြေဆိုပါ။ | ခါးပိုက်နှိုက် ခေါင်းဆောင်က ဤရွှေဆွဲကြိုးကို ခိုးဖြတ်ခဲ့ဟု ခိုင်း၍ တပည့်ဖြစ်သူက ခိုးခဲဲ့ရာဝယ် ခေါင်းဆောင်၌ ဖြစ်သော ခိုးမှုသည် ကာယကံဖြစ်ပါသည်။ (ဝစီဒွါရ၌ ဖြစ်သော ကာယကံ) ဝစီကံဟူသည် ဝစိဝိညတ်ဖြစ်သော ဝစီဒွါရ၌ များသောအားဖြင့် ဖြစ်တတ်သော ကံကို ခေါ်ခြင်းဖြစ်သည်။ ပါဏာတိပါတကံသည် ကာယဒွါရ၊ ဝစီဒွါရ ၂ ပါးလုံး ဖြစ်နိုင်သော်လည်း ကာယဝိညတ်ဖြစ်သော ကာယဒွါရ၌ များသောအားဖြင့် ဖြစ်တတ်သောကံ ဖြစ်၍ ကာယကံ ဟုခေါ်ရပါမည်။ |
6 | 2 | 1988 | သက်ရှိသတ္တဝါများ သွားလာလှုပ်ရှား စကားဆိုနိုင်အောင် ပြုလုပ်ပေးသော စိတ်များကို ရေးသားပြပါ။ | သက်ရှိသတ္တဝါများ သွားလာလှုပ်ရှား စကားဆိုနိုင်အောင် ပြုလုပ်ပေးသော စိတ်များမှာ ၁။ မနောဒွါရာဝဇ္ဇန်း ၂။ ကာမဇော ၂၉ ပါး ၃။ အဘိညာဉ်ဒွေ ပေါင်း ၃၂ ပါးသောစိတ်တို့ ဖြစ်ပါသည်။ |
7 | 2 | 1988 | လူမှာရှိသော ရုပ်ဣန္ဒြေများကို တရားကိုယ်နှင့်တကွ ဖော်ပြပါ။ | လူမှာရှိသော ရုပ်ဣန္ဒြေများနှင့် ၎င်းတို့၏ တရားကိုယ်များမှာ ၁။ စက္ခုန္ဒြေ - စက္ခုပသာဒရုပ် ၂။ သောတိန္ဒြေ - သောတပသာဒရုပ် ၃။ ဃာနိန္ဒြေ - ဃာနပသာဒရုပ် ၄။ ဇိဝှိန္ဒြေ - ဇိဝှါပသာဒရုပ် ၅ ကာယိန္ဒြေ - ကာယပသာဒရုပ် ၆။ ဣတ္ထိန္ဒြေ - ဣတ္ထိဘာဝရုပ် ၇။ ပုရိသိန္ဒြေ - ပုမ္ဘာဝရုပ် တို့ဖြစ်ကြပါသည်။ |
8 | 2 | 1988 | ရေဒီယိုမှ သီချင်းသံသည် နားဆင်သူ၏ စိတ်အစဉ်အား အဘယ်ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုပါသနည်း၊ ဖော်ပြလျက် ၂၄-ပစ္စည်းကို အကျဉ်းချုပ်က ရရှိသော ပစ္စည်းတို့ကိုလည်း ဖြေဆိုခဲ့ပါ။ | ရေဒီယိုမှ သီချင်းသံ(ရုပ်)သည် နားဆင်သူ၏ စိတ်အစဉ်အား - အာရမ္မဏပစ္စည်း - ပုရေဇာတပစ္စည်း - အတ္ထပစ္စည်း - အဝိဂတပစ္စည်း ဖြင့် ကျေးဇူးပြုပါသည်။ ၂၄-ပစ္စည်းကို အကျဉ်းချုပ်က ရရှိသော ပစ္စည်းတို့မှာ ၁။ အာရမ္မဏပစ္စည်း ၂။ ဥပနိဿယပစ္စည်း ၃။ ကမ္မပစ္စည်း ၄။ အတ္ထိပစ္စည်း တို့ဖြစ်ပါသည်။ |
9 | 2 | 1988 | တရားအားထုတ်လျက်ရှိသော ယောဂီပုဂ္ဂိုလ်အား တရားသားတက်၍ ရင့်ကျက်လာသည့်အခါ ဖြစ်ပေါ်လာသော ဥပစာရဘာဝနာ၌ ရနိုင်သော ကမ္မဋ္ဌာန်းတို့ကို ဖော်ပြပါ။ | တရားအားထုတ်လျက်ရှိသော ယောဂီပုဂ္ဂိုလ်အား တရားသားတက်၍ ရင့်ကျက်လာသည့်အခါ ဖြစ်ပေါ်လာသော ဥပစာရဘာဝနာ၌ ရနိုင်သော ကမ္မဋ္ဌာန်းတို့မှာ သမထကမ္မဋ္ဌာန်း ၄၀ ဖြစ်သည့် ၁။ ကသိုဏ်း ၁၀ ပါး ၂။ အသုဘ ၁၀ ပါး ၃။ အနုဿတိ ၁၀ ပါး ၄။ အပ္ပမညာ ၄ ပါး ၅။ အာဟာရေပဋိကူလသညာ ၁ ပါး ၆။ စာတုဓာတုဝဝတ္ထာန် ၁ ပါး ၇။ အာရုပ္ပ ၄ ပါး တို့ဖြစ်ပါသည်။ |
1 | 3 | 1988 | လောကီနယ်ပယ်မှ စိတ်များကို ဇာတိဘေဒနည်းအရ ဖော်ပြပါ။ | လောကီနယ်ပယ်မှ စိတ်များကို ဇာတိဘေဒနည်းအရ - အကုသိုလ်စိတ် ၁၂ ပါး - ကုသိုလ်စိတ် ၁၇ ပါး - ဝိပါက်စိတ် - ၃၂ ပါး - ကြိယာစိတ် ၂၀ ပါး ဟူ၍ ခွဲခြားနိုင်ပါသည်။ |
2 | 3 | 1988 | (က) ကြောင်းကျိုးသိမြင် ဉာဏ်နှင့်ယှဉ်၍ ဘုရားရှိခိုးသူ၊ (ခ) ကြောင်းကျိုးမမြင် ဉာဏ်မထင်ဘဲ ဘုရားရှိခိုးသူတို့ ရသော မဟာကုသိုလ်ကို ဖော်ပြပါ။ | (က) ကြောင်းကျိုးသိမြင် ဉာဏ်နှင့်ယှဉ်၍ ဘုရားရှိခိုးသူ၌ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄ ပါးသောကုသိုလ် (ခ) ကြောင်းကျိုးမမြင် ဉာဏ်မထင်ဘဲ ဘုရားရှိခိုးသူ၌ မဟာကုသိုလ် ဉာဏဝိပ္ပယုတ်စိတ် ၄ ပါးသောကုသိုလ် တို့ရကြပါသည်။ |
3 | 3 | 1988 | အဘယ်ကို မနောဓာတ် ဟုခေါ်ပါသနည်း။ ဖော်ပြ၍ ယင်းမနောဓာတ်၏ မှီရာဝတ္ထုကိုလည်း ပြဆိုပါ။ | - ပဉ္စဒွါရာဝဇ္ဇန်း - သမ္ပဋိစ္ဆိုန်းဒွေး ကို မနောဓာတ် ဟုခေါ်ပါသည်။ ယင်းမနောဓာတ်၏ မှီရာဝတ္ထုမှာ - ဟဒယဝတ္ထုကို အမြဲမှီပါသည်။ |
4 | 3 | 1988 | ပုဂ္ဂိုလ် ၁၂ ယောက်ကို ရေတွက်ဖော်ပြ၍ ရဟန္တာပုဂ္ဂိုလ်များသည် မြတ်စွာဘုရားကို ရှိခိုးကြရာဝယ် ကုသိုလ်ရကပြါသလော၊ ဖြေဆိုပြပါ။ | ပုဂ္ဂိုလ် ၁၂ ယောက်မှာ (၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် (၂) သုဂတိအဟိတ်ပုဂ္ဂိုလ် (၃) ဒွိဟိတ်ပုဂ္ဂိုလ် (၄) တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ် (၅) သောတာပတ္တိမဂ်ပုဂ္ဂိုလ် (၆) သောတာပတ္တိဖိုလ်ပုဂ္ဂိုလ် (၇) သကဒါဂါမိမဂ်ပုဂ္ဂိုလ် (၈) သကဒါဂါမိဖိုလ်ပုဂ္ဂိုလ် (၉) အနာဂါမိမဂ်ပုဂ္ဂိုလ် (၁၀) အနာဂါမိဖိုလ်ပုဂ္ဂိုလ် (၁၁) အရဟတ္တမဂ်ပုဂ္ဂိုလ် (၁၂) အရဟတ္တဖိုလ်ပုဂ္ဂိုလ် တို့ဖြစ်ပါသည်။ ရဟန္တာပုဂ္ဂိုလ်စိတ်ရမှာ - အဟိတ်စိတ် ၁၈ ပါး - မဟာဝိပါက်စိတ် ၈ ပါး - မဟာကြိယာစိတ် ၈ ပါး - မဟဂ္ဂုတ်ကြိယာစိတ် ၉ ပါး - အရဟတ္တဖိုလ်စိတ် တို့ဖြစ်ကြရာ ထိုစိတ်များထဲတွင် ကုသိုလ်စိတ် မပါဝင်သောကြောင့် ရဟန္တာပုဂ္ဂိုလ်များသည် မြတ်စွာဘုရားကို ရှိခိုးကြရာဝယ် ကုသိုလ်မရပါ။ |
5 | 3 | 1988 | (က) ဆွမ်းလောင်းသူ (ခ) မိဘရိုသေသူ (ဂ) အမျှဝေသူ (ဃ) တံမြက်လှည်းသူ (င) တရားနာသူတို့၌ ဖြစ်သော ပုညကြိယာဝတ္ထုတို့ကို အသီးသီး ယှဉ်တွဲ ဖော်ပြပါ။ | (က) ဆွမ်းလောင်းသူ - ဒါန (ခ) မိဘရိုသေသူ - အပစာယန (ဂ) အမျှဝေသူ - ပတ္တိဒါန (ဃ) တံမြက်လှည်းသူ - ဝေယျာဝစ္စ (င) တရားနာသူ - ဓမ္မသာဝနာ |
6 | 3 | 1988 | အာဟာရပြည့်ဝမှ လူကျန်းမာသည်ဟု ဆိုကြရာ အစားအစာတွင် ပါဝင်သော အာဟာရဓာတ်တို့သည် ဘယ်အခါမှ စ၍ လူကို အားဖြစ်စေပါသနည်း၊ အဘိဓမ္မာနည်းကျ ဖြေဆိုပြပါ။ | အာဟာရပြည့်ဝမှ လူကျန်းမာသည်ဟု ဆိုကြရာ အစားအစာတွင် ပါဝင်သော အာဟာရဓာတ်တို့သည် လူကို အားဖြစ်စေပုံမှာ - အစားအသောက်၌ပါသော ဗဟိဒ္ဓသြဇာနှင့် အတွင်းသြဇာတို့ အချင်းချင်း ပေါင်းဆုံမိပြီးမှ ရုပ်၏ဌီသို့ ရောက်သည့်ကာလ မှစ၍ အားဖြစ်စေပါသည်။ စားမျိုအပ်သော စားဖွယ်သောက်ဖွယ်တို့ကို ဝမ်းတွင်း၌ ပါစကတေဇောဓာတ်မီးနှင့် ပေါင်းနွှေးပြီးမှသာလျှင် ထိုအစားအစာ၌ ပါသော သြဇာဓာတ်သည် သွေးနှင့်အတူ ခန္ဓာကိုယ်အနှ့ံ ပျံ့နှံ့သွားနိုင်၏။ ထိုအခါ ခန္ဓာကိုယ်အနှံ့ရှိ အဇ္စျတ္တသြဇာနှင့် ထိတွေ့၍ ရုပ်၏ ဌီသို့ရောက်သောအခါမှ စတင်ကာ ထိုအတွင်းအပ သြဇာတို့သည် ခဏမစဲ စ၍ အားဖြစ်စေပါသည်။ |
7 | 3 | 1988 | ကိုယ်ခန္ဓာ ဖွံ့ဖြိုးရေးအတွက် ကလေးများကို အာဟာရတိုက်ကျွေးကြရာ အစားအစာကိုသာ အာဟာရဟု ဆိုပါသလော၊ အခြားအာဟာရများရှိသေးက ထုတ်ပြ၍၊ ကုသိုလ်တရားတိုးပွားအောင် ကြိုးစားမှုသည် အဘယ်တရားဖြစ်ပါသနည်း၊ တိကျစွာ ဖြေပါ။ | ကိုယ်ခန္ဓာ ဖွံ့ဖြိုးရေးအတွက် ကလေးများကို အာဟာရတိုက်ကျွေးကြရာ အစားအစာကိုသာ အာဟာရဟု မဆိုပါ။ အခြားအာဟာရများရှိပါသည်။ ၎င်းတို့မှာ ၁။ ဖဿာဟာရ ၂။ မနောသေဉ္စတနာဟာရ ၃။ ဝိညာဏဟာရ တို့ဖြစ်ပါသည်။ ကုသိုလ်တရားတိုးပွားအောင် ကြိုးစားမှုသည် - ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယာမော ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ခိုင်ခံ့တိုးပွားစေခြင်းငှာ အားထုတ်ခြင်း ဟူသော သမ္မပ္ပဓာတ်တရား ဖြစ်ပါသည်။ |
8 | 3 | 1988 | အတ္တပညတ် ခေါ်ခြင်းအကြောင်းကို သိသာရုံ ဖြေဆို၍ အောက်ပါတို့၏ ပညတ်အမည်များ ကိုလည်း အသီးသီး ဖော်ပြပါ။ (က) မာနကြီးသူ (ခ) မြန်မာ့အသံ (ဂ) ရုပ်ရှင်မင်းသမီး | အတ္တပညတ် ခေါ်ခြင်းအကြောင်းမှာ သူတစ်ပါးနားလည်အောင် အမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်အပ် သိစေအပ်သော အနက်၊ ဒပြ်ဝတ္တုမျိုး ကိုခေါ်ပါသည်။ ပညတ်အမည်များမှာ အတ္ထပညတ်အားဖြင့် (က) မာနကြီးသူ - ဥပါဒါပညတ် (ခ) မြန်မာ့အသံ - အဝိဇ္ဇာမာနေန-ဝိဇ္ဇာမာနပညတ် (ဂ) ရုပ်ရှင်မင်းသမီး - အဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် |
9 | 3 | 1988 | ဂေါတြဘူစိတ်ဖြစ်ပုံကို အဘိဓမ္မာကျမ်းလာအရ ပြည့်စုံစွာ ဖော်ပြ၍ သောတာပတ္တိမဂ်က ပယ်နိုင်သော ကိလေသာတို့ကိုလည်း ပြဆိုပါ။ | ဂေါတြဘူစိတ်ဖြစ်ပေါ်ပုံမှာ - မဂ်ဝီထိဖြစ်ပေါ်သည့်အခါ ပရိကမ်၊ ဥပစာ၊ အနုလုံမည် သောစိတ်များဖြစ်ပြီးလျှင် ဂေါတြဘူစိတ်ဖြစ်၏ ဂေါတြဘူစိတ်သည် အနိစ္စ စသော လက္ခဏာ တစ်ပါးပါးကို အာရုံမပြုဘဲ နိဗ္ဗာန်ကို အာရုံပြု၏ ထို့ကြောင့် မဂ်ရှေ့က နိဗ္ဗာန် ညွှန်ပြသောကြောင့် မဂ်ဇော ဖိုလ်ဇောတို့၏ ရှေ့သွားဖြစ်သော အာဝဇ္ဇန်းနှင့်တူသောစိတ်ဖြစ်သည်။ ပရိကမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူစိတ်တို့သည် မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်တို့ဖြစ်ကပြြီး ဂေါတြဘူစိတ်ဖြစ်သည်အထိ ယောဂီသည် ပုထုဇဉ်ဖြစ်၏ ဂေါတြဘူချုပ်ပြီးသည်နှင့် အရိယာ ဖြစ်လေသည်။ ထို့ကြောင့် ဂေါတြဘူသည် ပုထုဇဉ်အနွယ်ကို လွှမ်းမိုးနှိပ်စက်၍ အရိယာအနွယ်ကို ဖြစ်စေသော စိတ်ဖြစ်ပါသည်။ သောတာပတ္တိမဂ်က ပယ်နိုင်သော ကိလေသာတို့မှာ - ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကိလေသာတို့ဖြစ်ပါသည်။ |
2 | 4 | 1988 | စိတ်တို့တွင် စေတသိက်အနည်းဆုံး ယှဉ်သောစိတ်ကို ၎င်းယှဉ်ရာစေတသိက်နှင့်တကွ ဖော်ပြပါ။ | စိတ်တို့တွင် စေတသိက်အနည်းဆုံး ယှဉ်သောစိတ်မှာ - ဒွေပဉ္စဝိညာဏ် ၁၀ ပါးဖြစ်သည်။ ၎င်းယှဉ်ရာစေတသိက်များမှာ ၁။ ဖဿ ၂။ ဝေဒနာ ၃။ သညာ ၄။ စေတနာ ၅။ ဧကဂ္ဂတာ ၆။ ဇိဝိတိန္ဒြေ ၇။ မနသိကာရ ဟူသော သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး ယှဉ်ပါသည်။ |
6 | 4 | 1988 | လူသားတစ်ဦး၏ ဘဝတွင် အစဆုံးဖြစ်သောရုပ်နှင့် နောက်ဆုံးဖြစ်သောရုပ်တို့ကို ရုပ်ဖြစ်စဉ်နှင့် ရုပ်လေးမျိုး နောက်ဆုံးချုပ်ပုံကို မြော်ချင့်၍ ဖော်ပြခဲ့ပါ။ | ရုပ်ဖြစ်စဉ်နှင့် ရုပ်လေးမျိုး နောက်ဆုံးချုပ်ပုံကို မြော်ချင့်၍ ဖြေဆိုရသော် - လူသားတစ်ဦး၏ ဘဝတွင် အစဆုံးဖြစ်သောရုပ်မှာ ကမ္မဇရုပ် ဖြစ်ပါသည်။ ကမ္မဇရုပ်တို့မှာ - အဝိနိဗ္ဘောဂရုပ် ၈ ပါး - ပရိစ္ဆေဒရုပ် ၁ ပါး - ဣန္ဒြိယရုပ် ၈ ပါး - ဟဒယရုပ် ၁ ပါး ပေါင်း ၁၈ ပါး နောက်ဆုံးဖြစ်သောရုပ်တို့မှာ အာဟာရဇရုပ် ဖြစ်ပါသည်။ အာဟာရဇရုပ်တို့မှာ - အဝိနိဗ္ဘောဂရုပ် ၈ ပါး - ပရိစ္ဆေဒရုပ် ၁ ပါး - လဟုတာဒိရုပ် ၃ ပါး ပေါင်း ၁၂ ပါး တို့ဖြစ်ပါသည်။ |
7 | 4 | 1988 | သိပ္ပံနည်းဖြင့် ရေကိုဓာတ်ခွဲလျှင် ဓာတ်၂-မျိုးရသကဲ့သို့ အဘိဓမ္မာနည်းဖြင့် ရေကိုဓာတ်ခွဲကြည့်လျှင် ဓာတ်ဘယ်နှစ်မျိုး ရနိုင်သနည်း။ ရနိုင်သော ဓာတ်အမည်များကို ဖော်ပြပါ။ | သိပ္ပံနည်းဖြင့် ရေကိုဓာတ်ခွဲလျှင် ဓာတ်၂-မျိုးရသကဲ့သို့ အဘိဓမ္မာနည်းဖြင့် ရေကိုဓာတ်ခွဲကြည့်လျှင် ရေသည် ဗဟိဒ္ဓရုပ်ဖြစ်သည့်အားလျော်စွာ ပါဝင်သောရုပ်များကို ဓာတ်များနှင့် တွဲစပ်ကြည့်သော် ၁။ ပထဝီ - ဖောဋ္ဌဗ္ဗဓာတ် ၂။ အာပေါ - ဓမ္မဓာတ် ၃။ တေဇော - ဖောဋ္ဌဗ္ဗဓာတ် ၄။ ဝါယော - ဖောဋ္ဌဗ္ဗဓာတ် ၅။ ဝဏ္ဏ - ရူပဓာတ် ၆။ ဂန္ဓ - ဂန္ဓဓာတ် ၇။ ရသ - ရသဓာတ် ၈။ သြဇ - ဓမ္မဓာတ် တို့ဖြစ်ကြရာ ရနိုင်သော ဓာတ်အမည်မှာ - ဖောဋ္ဌဗ္ဗဓာတ် - ဓမ္မဓာတ် - ရူပဓာတ် - ဂန္ဓဓာတ် - ရသဓာတ် တို့ဖြစ်ပါသည်။ |
1 | 1 | 1989 | လူ၌ဖြစ်သော အကုသိုလ်စိတ်တို့တွင် ဒေါသကြောင့် ဖြစ်သောစိတ်၊ မောဟကြောင့် ဖြစ်သောစိတ်တို့ကို တစ်ခုစီ ထုတ်ပြ၍၊ ဥပေက္ခာ၊ သောမနဿ၊ ဒေါမနဿ မည်မျှစီရှိသည်ကို အပေါင်းသင်္ချာမျှ ဖော်ပြပါ။ | လူ၌ဖြစ်သော အကုသိုလ်စိတ်တို့တွင်.. ဒေါသကြောင့်ဖြစ်သော စိတ်တို့ကို တစ်ခုစီ ထုတ်ပြရသော်.. ၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ် ၁ ပါး ၂။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါသမူစိတ် ၁ ပါး ပေါင်း ဒေါသမူစိတ် ၂ ပါး မောဟကြောင့်ဖြစ်သော စိတ်တို့ကို တစ်ခုစီ ထုတ်ပြရသော်.. ၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁ပါး ၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ် ၁ပါး ပေါင်း မောဟမူစိတ် ၂ပါး လူ၌ဖြစ်သော အကုသိုလ်စိတ်တို့တွင် ဥပေက္ခာသဟဂုတ်စိတ် ၆ပါး သောမနဿသဟဂုတ်စိတ် ၄ပါး ဒေါမနဿသဟဂုတ်စိတ် ၂ပါး ပေါင်း အကုသိုလ်စိတ် ၁၂ပါး ရှိပါသည်။ |
2 | 1 | 1989 | အောက်ပါ စေတသိက်များ၏ သဘောလက္ခဏာများကို မှန်ကန်အောင်ရေးပြပါ။ စေတနာ၊ သဒ္ဓါ၊ ပီတိ၊ သတိ၊ စိတ္တပဿဒ္ဓိ | - စေတနာ ယှဉ်ဘက်တရားတို့ကို ဆိုင်ရာကိစ္စ၌ ဆောင်ရွက်ရန် စေ့ဆော်ခြင်း(တိုက်တွန်းနိူးဆော်ခြင်း) သဘော၊ - သဒ္ဓါ မှန်ကန်သော ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးနှင့် ကံ ကံ၏ အကျိုးစသည်ကို ကြည်ညိုလေးမြတ် ယုံကြည်တတ်သော သဘော - ပီတိ အာရုံကို နှစ်သက်ခြင်းသဘော၊ - သတိ ဘုရား တရား စသော ကောင်းသောအာရုံ၌ အောက်မေ့ အမှတ်ရခြင်း (မမေ့မလျော့ခြင်း) သဘော - စိတ္တပဿတိ စိတ်၏ ငြိမ်းအေးမှုသဘော |
3 | 1 | 1989 | အကြောင်းတရားဖြစ်သော ဟိတ်ခြောက်ပါး သရုပ်ကို ဖော်ပြ၍ ယင်းဟိတ်ခြောက်ပါးကို ကုသိုလ်-အကုသိုလ်-အဗျာကတဟိတ် အားဖြင့် ဝေဖန်ပြပါ။ | အကြောင်းတရားဖြစ်သော ဟိတ်ခြောက်ပါး သရုပ်ကိုဖော်ပြရသော်- (၁) လောဘဟိတ် (၂) ဒေါသဟိတ် (၃) မောဟဟိတ် (၄) အလောဘဟိတ် (၅) အဒေါသဟိတ် (၆) အမောဟဟိတ် တို့ဖြစ်ကြပါသည်။ ဟိတ်ခြောက်ပါးကို ကုသိုလ်-အကုသိုလ်-အဗျာကတဟိတ်အားဖြင့် - ကုသိုလ်ဟိတ် (၁) အလောဘဟိတ် (၂) အဒေါသဟိတ် (၃) အမောဟဟိတ် -ပေါင်း ၃-ပါး - အကုသိုလ်ဟိတ် (၁) လောဘဟိတ် (၂) ဒေါသဟိတ် (၃) မောဟဟိတ် -ပေါင်း ၃-ပါး - အဗျာကတဟိတ် (၁) အလောဘဟိတ် (၂) အဒေါသဟိတ် (၃) အမောဟဟိတ် -ပေါင်း ၃-ပါး ဟူ၍ ဝေဖန်နိုင်ပါသည်။ |
4 | 1 | 1989 | စိတ်တစ်ခုကို အဘိဓမ္မာနည်းအရ အသေးစိတ် လေ့လာပါက ရနိုင်သော အချက်သုံးချက်ကို တစ်ခုစီ ရေတွက်ပပြြီးလျှင် အဝိဘူတာရုံဝီထိ၌ ဖြစ်ခွင့်ရှိသော ဝီထိစိတ်တို့ကိုလည်း အမည်ဖော်ပြပါ။ | စိတ်တစ်ခုကို အဘိဓမ္မာနည်းအရ အသေးစိတ် လေ့လာပါကရနိုင်သော အချက်သုံးချက်ကို တစ်ခုစီ ရေတွက်ပြရသော် - (၁) ဥပါဒ် - စိတ်၏ဖြစ်ပေါ်လာမှု၊ (၂) ဌီ - စိတ်၏ ဖြစ်ပြီးနောက် တည်နေမှု၊ (၃) ဘင် - စိတ်၏ တည်ပြီးနောက် ပျက်စီး ချုပ်ကွယ်မှု တို့ ဖြစ်ပါသည်။ အဝိဘူတာရုံဝီထီ၌ ဖြစ်ခွင့်ရှိသော ဝီထိစိတ်တို့ကို အမည်ဖော်ပြရသော် (၁) မနောဒွါရာဝဇ္ဇန်း (၂) ကာမဇော ၂၉-ပါး တို့ဖြစ်ပါသည်။ |
5 | 1 | 1989 | ၃၁-ဘုံ သံသရာဝယ် အရိယာပုဂ္ဂိုလ်များ ဖြစ်ခြင်းမရှိသော ဘုံများကိုသာ ဖော်ပပြြီးလျှင် “တစ်ဘဝအတွင်း၌ တူမြဲတရားသုံးပါး”ကိုလည်း ရေတွက်ပြပါ။ | ၃၁-ဘုံ သံသရာဝယ် အရိယာပုဂ္ဂိုလ်များ ဖြစ်ခြင်း မရှိသော ဘုံများမှာ- (၁) အပါယ် ၄-ဘုံ (၂) အသညသတ် ၁-ဘုံ ပေါင်း ၅-ဘုံ ဖြစ်ပါသည်။ တစ်ဘဝအတွင်း၌ တူမြဲတရားသုံးပါးမှာ- ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်နှင့် စုတိစိတ် တို့ ဖြစ်ကြပါသည်။ |
6 | 1 | 1989 | ရေကို အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ကြည့်လျှင် ပရမတ်ရုပ်ပေါင်း အသောင်းမက ပါဝင်လျက် ရှိပေသည်။ သို့ရာတွင်အမြဲထာဝရ ခွဲမရသော ရုပ်များကိုသာ တစ်ခုစီ ရေတွက်ပြပါ။ | ရေကို အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ကြည့်လျှင် အမြဲထာဝရ ခွဲမရသောရုပ်(အဝိနိဗ္ဘောဂရုပ်) ၈-ပါး ပါရှိပါသည်။ ၎င်းတို့မှာ- (၁) ပထဝီ (၂) အာပေါ (၃) တေဇော (၄) ၀ါယော ဟူသော မဟာဘုတ်ရုပ် ၄-ပါး (၅) ၀ဏ္ဏ (ရူပါရုံ) (၆) ဂန္ဓ (ဂန္ဓာရုံ) (၇) ရသ ( ရသာရုံ) (၈) သြဇာ (အာဟာရရုပ်) တို့ ဖြစ်ပါသည််။ |
7 | 1 | 1989 | သံသရာဝဋ်အတွင်းမှ ဖွဲ့နှောင်ယှဉ်စပ်တတ်သော တရားများကို အဘိဓမ္မာ နည်းအရ ထုတ်ပပြြီးလျှင် “လူ့အသက်”ဟု ခေါ်ဆိုနိုင်သော ဣန္ဒြေကိုလည်း ဖြေဆိုပါ။ | အဘိဓမ္မာနည်းအရ သံသရာဝဋ်အတွင်းမှ မလွတ်ကင်းရအောင် နှောင်ဖွဲ့ယှဉ်စပ် တတ်သော တရားများမှာ- (က) ကာမယောဂ၊ (ခ) ဘဝယောဂ၊ (ဂ) ဒိဋ္ဌိယောဂ၊ (ဃ) အဝိဇ္ဇာယောဂ ဟူသော “ယောဂတရား ၄-ပါး”ဖြစ်ပါသည်။ “လူ့အသက်”ဟု ခေါ်ဆိုနိုင်သော ဣန္ဒြေမှာ - ဇီဝိတိန္ဒြေ ဖြစ်ပါသည်။ တရားကိုယ်အားဖြင့် - ရုပ်အသက်(ရုပ်ဇီဝိတ)နှင့် - နာမ်သက် (ဇီဝိတိန္ဒြေစေတသိက်) တို့ဖြစ်ပါသည်။ |
8 | 1 | 1989 | လူဖြစ်လာရခြင်း (ဇာတိ)ကြောင့် တွေ့ကြံုရမည် အကျိုးတရားတို့ကို ပဋိစ္စသမုပ္ပါဒ်နည်းအရ ပြည့်စုံအောင် ဖော်ပပြြီးလျှင် ၀ဋ်တရားသုံးပါး ကိုလည်း ရေတွက်ပြပါ။ | လူဖြစ်လာရခြင်း (ဇာတိ)ကြောင့် တွေ့ကြံုရမည် အကျိုးတရားတို့ကို ပဋိစ္စသမုပ္ပါဒ်နည်းအရ- အကျိုးရင်းတရားများမှာ - ဇရာ- မရဏ အကျိုးဆက်တရားများမှာ - သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ၊ ဥပါယာသ တရားတို့ ဖြစ်ပါသည်။ ၀ဋ်တရား ၃-ပါးမှာ- (၁) ကိလေသဝဋ် - အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် (၂) ကမ္မဝဋ် - သင်္ခါရ၊ ကမ္မဘဝ (၃) ဝိပါကဝဋ် - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ-မရဏ |
9 | 1 | 1989 | မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့သည်ကျင့်သုံးအပ်သော ဗြဟ္မစိုရ်တရားများဖြစ်ကြ၏။ သို့ရာတွင် (က) မည်သို့သော ပုဂ္ဂိုလ်များအတွက် အထူးသင့်လျော်သနည်း၊ (ခ) မည်မျှအထိ ကျေးဇူးရရှိနိုင်ပါသနည်း၊ အသီးသီးဖြေဆိုပါ။။ | (က) မေတ္တာ၊ ကရုဏာ၊ မုဒိတာဟူသော ဗြဟ္မစိုရ် တရားများနှင့် အထူးသင့်လျော်သောပုဂ္ဂိုလ်များမှာ ဒေါသစရိုက်ထူပြောသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ (ခ) ရရှိနိုင်သော အကျိုးကျေးဇူးများမှာ ရူပါဝစရ စတုတ္ထစျာန် ဖြစ်ပါသည်။ (ရူပါဝစရ ပထမစျာန်မှသည် စတုက္ထစျာန် တိုင်အောင် ရနိုင်ပါသည်။) |
1 | 2 | 1989 | ယှဉ်ဖက်ဟိတ်မရှိသော ကြိယာစိတ်များကို ထုတ်ပြ၍၊ အဟိတ်စိတ်လာ ကာယဝိညာဏ်နှစ်ခု၏ ထူးခြားချက်များကို လည်း ရေးပြပါ။ | ယှဉ်ဖက်ဟိတ်မရှိသော ကြိယာစိတ်များမှာ ၁။ ဥပေက္ခာသဟဂုတ် ပဥ္ပဒွါရဝဇ္ဇန်းစိတ် ၁ပါး ၂။ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် ၁ပါး ၃။ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် ၁ပါး ပေါင်း အဟိတ် ကြိယာစိတ် ၃ပါး အဟိတ်စိတ်လာ ကာယဝိညာဏ်နှစ်ခု၏ ထူးခြားချက်မှာ ၁။ အကုသလဝိပါက် ကာယဝိညာဏ်၊ အဟိတ်ကုသလဝိပါက် ကာယဝိညာဏ် ဟူ၍ ဝိပါက်အားဖြင့်လည်းကောင်း ၂။ ဒုက္ခသဟဂုတ်၊ သုခသဟဂုတ်ဟူ၍ ဝေဒနာအမျိုးအစားအားဖြင့် လည်းကောင်း ထူးခြားမှုရှိပါသည်။ |
2 | 2 | 1989 | အောက်ပါတို့၌ မည်သည့်စေတသိက်များ ဖြစ်သည်ကို အမည်မျှ ညွန်ပြခဲ့ပါ။ (က) ဆရာ၊ မိဘစကားဟူသော အာရုံကို နှလုံးသွင်းမှု၊ (ခ) အာရုံတစ်ပါး စိတ်မသွားပဲ စိတ်တည်ကြည်မူ့ (ဂ) အရာရာကို လိုလားတောင့်တခြင်း၊ (ဃ) ဘုရား၊ တရား၌ ယုံမှား သံသယဖြစ်ခြင်း (င) တည်ငြိမ်မှုမရှိဘဲ စိတ်ပျံ့လွင့်ခြင်း၊ | (က) ဆရာ၊ မိဘစကားဟူသော အာရုံကို နှလုံးသွင်းမှု မနသိကာရ (ခ) အာရုံတစ်ပါး စိတ်မသွားပဲ စိတ်တည်ကြည်မှု ဧကဂ္ဂတာ (ဂ) အရာရာကို လိုလားတောင့်တခြင်း ဆန္ဒ (ဃ) ဘုရား၊ တရား၌ ယုံမှား သံသယဖြစ်ခြင်း ဝိစိကိစ္ဆာ (င) တည်ငြိမ်မှုမရှိဘဲ စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ |
3 | 2 | 1989 | လူတို့၌ ချမ်းသာမှု (သုခ) ဆင်းရဲမှု (ဒုက္ခ) ဝေဒနာတို့ကို ခံစားရသည့်အခါ ယင်းဝေဒနာ တို့နှင့်တကွ ဖြစ်သောစိတ်တို့ကို ခွဲခြားရေးပြပါ။ | လူတို့၌ ချမ်းသာမှု (သုခ) ဆင်းရဲမှု (ဒုက္ခ) ဝေဒနာတို့ကို ခံစားရသည့်အခါ ယင်းဝေဒနာတို့နှင့်တကွ ဖြစ်သောစိတ်တို့မှာ- (က) ဣန္တြိယဘေဒနည်းအရ- - ချမ်းသာမှု(သုခ) သုခသဟဂုတ် ကာယဝိညာဏ်၁-ပါး - ဆင်းရဲမှု(ဒုက္ခ) ဒုက္ခသဟဂုတ် ကာယဝိညာဏ်၁-ပါး (ခ) အနုဘဝနည်းအရ- - ချမ်းသာမှု(သုခ) ၁။ သောမနဿသဟဂုတ်စိတ်၆၂-ပါး ၂။ သုခသဟဂုတ် ကာယဝိညာဏ် ၁-ပါး ပေါင်း ၆၃-ပါး - ဆင်းရဲမှု(ဒုက္ခ) ၁။ ဒေါမနဿသဟဂုတ်စိတ် ၂-ပါး ၂။ ဒုက္ခသဟဂုတ် ကာယဝိညာဏ် ၁-ပါး ပေါင်း ၃-ပါး |
4 | 2 | 1989 | စိတ်၏ စွမ်းအင်အထူးကို ရရှိထားကြသော စျာနလာဘီပုဂ္ဂိုလ်များအစဦးစွာ ဖြစ်စဉ်အခါဝယ် ပါဝင်ခဲ့သော ကာမဇောတို့၏ အမည်နှင့် စိတ်သရုပ်တို့ကို အသီးသီးဖြေဆိုပါ။ | စိတ်၏စွမ်းအင်အထူးကို ရရှိထားကြသော စျာနလာဘီပုဂ္ဂိုလ်များ အစဦးစွာ ဖြစ်စဉ်အခါဝယ် ပါဝင်ခဲ့သော ကာမဇောတို့၏ အမည်မှာ - (၁) မန္ဒပုဂ္ဂိုလ်၌ - ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟူသော ဥပစာရ သမာဓိဇော ၄-ကြိမ်၊ (၂) တိက္ခပုဂ္ဂိုလ်၌ - ဥပစာ၊ အနုလုံ၊ ဂေါတြဘူ ဟူသော ဥပစာရ သမာဓိဇော ၃- ကြိမ် တို့ ဖြစ်ကြပါသည်။ ထိုကာမဇောတို့၏ စိတ်သရုပ်မှာ - ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်ဖြစ်က - မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ် ၄-ပါး ရဟန္တာဖြစ်က - မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄-ပါး တို့ဖြစ်ကြပါသည်။ |
5 | 2 | 1989 | အကျိုးပေးရာ ကာလအားဖြင့် ကံလေးပါးတို့ကို ဖြေဆိုပြီးလျှင် ရှင်ဒေဝဒတ် မြေမြိုခံရခြင်းသည် မည်သည့်ကံဖြစ်သည်ကိုလည်း ရှင်းလင်းပြပါ။ | အကျိုးပေးရာ ကာလအားဖြင့် ကံလေးပါး (၀ါ) ပါကလာကစတုက္ကမှာ- (၁) ဒိဋ္ဌဓမ္မဝေဒနိယကံ (၂) ဥပပဇ္ဇဝေဒနိယကံ (၃) အပရာပရိယာဝေဒနိယကံ (၄) အဟောသိကံ တို့ဖြစ်ကြပါသည်။ ရှင်ဒေဝဒတ်သည် မြတ်စွာဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာကို သင်းခွဲခြင်းဖြစ်သည့် ပဉ္စာနန္တရိယကံ နှစ်ပါး (ဂရုကံ)ကို ကျူးလွန်ခဲ့၍ ယခုမျက်မှောက်ဘဝ၌ မြေမြိုခံရခြင်းသည် ပါကကာလစတုက္ကအရ ဒိဋ္ဌဓမ္မဝေဒနိယကံဖြစ်ပါသည်။ |
6 | 2 | 1989 | “တေဇောမနိုင်၊ ဆေးမကိုင်နှင့်” ဟု ဆေးပညာ ဆိုရိုးစကား ရှိခဲ့ရာ၊ တေဇောအကြောင်းကို သင်သိသမျှ ဖြေဆိုပြီးလျှင် စိတ်ကြောင့်သာ ဖြစ်သော ရုပ်ကိုလည်း ညွှန်ပြခဲ့ပါ။ | “တေဇော” ဟူသည်မှာ- (၁) ပရမတ်ရုပ်(နိပ္ဖန္နရုပ်) ၁၈-ပါးအနက် ချမ်းအေးမှု၊ ပူနွေးမှု မီးနှစ်ပါးဟု ဆိုအပ်သော တေဇောဓာတ် ဖြစ်ပါသည်။ (၂) ကြီးကျယ်ထင်ရှားသော မဟာဘုတ်ရုပ် (ရုပ်တရားအပေါင်း၏ အမှီခံရုပ်) ၄-ပါး အနက် တစ်ပါးအပါအဝင်လည်း ဖြစ်ပါသည်။ (၃) ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော ရုပ်ဖြစ်ကြောင်းတရား ၄-ပါးလုံးကြောင့် ဖြစ်သော စတုဇရုပ်လည်း ဖြစ်ပါသည်။ (၄) ၎င်းကိုယ်တိုင်ကလည်း “ဥတု” မည်သောကြောင့် မိမိဌီသို့ ရောက်တိုင်း ဥတုဇရုပ် တို့ကို ဖြစ်စေနိုင်သည်။ (၅) မည်သည့်ရုပ်၌ဖြစ်စေ မကွဲမကွာ ပေါင်းစု၍ ခွဲခြားမရသော (အဝိနိဗ္ဘောဂ) ရုပ်ထဲ၌လည်း ပါဝင်သည်။ စိတ်ကြောင့်သာဖြစ်သောရုပ် (တစ်နည်း) စိတ္တဇဧကန်ရုပ်မှာ- ကာလဝိညတ်ရုပ်နှင့် ၀စီဝိညတ်ရုပ် ၂-ပါး ဖြစ်ပါသည်။ |
7 | 2 | 1989 | ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ရန်အတွက် အကြီးအမှူး ဦးစီးခေါင်းဆောင်ဖြစ်သော တရားများကို ရေးသားပြီးလျှင် “အာဟာရ”၏ အဓိပ္ပာယ်ကိုလည်းရှင်းပြပါ။ | ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ရန်အတွက် အကြီးအမှူး ဦးစီးခေါင်းဆောင်ဖြစ်သော တရားများမှာ- (၁) ဆန္ဒာဓိပတိ (၂) စိတ္တာဓိပတိ (၃) ၀ီရိယာဓိပတိ (၄) ၀ီမံသာဓိပတိ ဟူသော “အဓိပတိတရား ၄-ပါး”ဖြစ်ပါသည်။ “အာဟာရ” ဆိုသည်မှာ- အစာအာဟာရသည် ခန္ဓာကိုယ်အား မပျက်မစီး ကြီးပွားခိုင်ခံ့အောင် ရွက်ဆောင်ထောက်ပံ့ထားသကဲ့သို့ ထို့အတူ မိမိဆိုင်ရာ အကျိုးကို လွန်စွာ ဖြစ်စေနိုင်၊ရွက်ဆောင်ပေးနိုင်သော တရားကို “အာဟာရ” ဟုခေါ်ပါသည်။ |
8 | 2 | 1989 | ပဋ္ဌာန်း ၂၄-ပါးပစ္စည်းတို့တွင် ပညတ်ပါဝင်သော ပစ္စည်းများကိုသာ ထုတ်ပြ၍၊ ကျန်းမာ အသက် ရှည်ရေးအတွက် အရေးကြီးသော ပစ္စည်းသည် မည်သည့်ပစ္စည်း ဖြစ်ပါသနည်း။ ပစ္စည်းအမည် ထုတ်ပဖြြေဆိုပါ။ | ပဋ္ဌာန်း ၂၄-ပါးပစ္စည်းတို့တွင် ပညတ် ပါဝင်သော ပစ္စည်းများမှာ- (၁) အာရမ္မဏပစ္စည်း (၂) ဥပနိဿယပစ္စည်း တို့ဖြစ်ပါသည်။ ကျန်းမာ အသက်ရှည်ရေးအတွက် အရေးကြီးသော ပစ္စည်းမှာ အာဟာရပစ္စည်း ဖြစ်ပါသည်၊ အကျိုး(ပစ္စယုပ္ပန်) ဖြစ်ကုန်သော ရုပ်နာမ် တရားတို့အား ထောက်ပံ့ခိုင်ခံ့စေတတ်သည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားအာဟာရ ၄-ပါးသည် အာဟာရပစ္စည်း ဖြစ်ပါသည်။ |
9 | 2 | 1989 | မီးပွတ်ယောက်ျားကဲ့သို့ နေ့မအားညမအား တရားအားထုတ်သဖြင့် ပုထုဇဉ်မှအရိယာသို့ ကူးပြောင်းရာတွင် “တံတားသဖွယ်” ဆက်သွယ်ပေးသောစိတ်ကို ဖော်ပပြြီးလျှင် မဂ်ကိစ္စ လေးချက်ကိုလည်း ဖြေဆိုပါ။ | မီးပွတ်ယောက်ျားကဲ့သို့ နေ့မအား ညမအား တရားအားထုတ်သဖြင့် ပုထုဇဉ်မှအရိယာသို့ ကူးပြောင်းရာတွင် “တံတားသဖွယ်” ဆက်သွယ်ပေးသောစိတ်မှာ “ဂေါတြဘူစိတ်” ဖြစ်ပါသည်။ မဂ်ကိစ္စလေးချက်မှာ- (၁) ပရိညာကိစ္စ - ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း (၂) ပဟာနကိစ္စ - သမုဒယသစ္စာကို အကြွင်းမဲ့ ပယ်ခြင်း (၃) သစ္ဆိကရဏကိစ္စ -နိရောဓသစ္စာသို့ ဆိုက်ရောက်ခြင်း (၄) ဘာဝနာကိစ္စ -မဂ္ဂသစ္စာကို ပွားများခြင်းတို့ ဖြစ်ပါသည်။ |
1 | 3 | 1989 | မိခင်ဘုရားရှိခိုးသည်ကို အတူယူ၍ မိခင်ဘေးမှ ဝမ်းမြောက်ဝမ်းသာဖြင့် ဘုရားရှိခိုးသော ကလေးငယ်အား မည်သည့်ကုသိုလ်စိတ်ဖြစ်ပါသနည်း၊ ဖော်ပြ၍ သောတာပတ္တိမဂ်စိတ်အကျယ်ငါးပါးကို ရေးပြခဲ့ပါ။ | မိခင်ဘုရားရှိခိုးသည်ကို အတုယူ၍ မိခင်ဘေးမှ ဝမ်းမြောက်ဝမ်းသာဖြင့် ဘုရားရှိခိုးသော ကလေးငယ်အား ဖြစ်သည့်ကုသိုလ်စိတ်မှာ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် တတိယစိတ်ဖြစ်ပါသည်။ သောတပတ္တိမဂ်စိတ်အကျယ် ၅ပါးမှာ ၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ပါးနှင့် တကွဖြစ်သော သောတာပတ္တိမဂ် ပထမစျာန်စိတ် ၁ပါး ၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၄ပါးနှင့် တကွဖြစ်သော သောတာပတ္တိမဂ် ဒုတိယစျာန်စိတ် ၁ပါး ၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၃ပါးနှင့် တကွဖြစ်သော သောတာပတ္တိမဂ် တတိယစျာန်စိတ် ၁ပါး ၄။ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ပါးနှင့် တကွဖြစ်သော သောတာပတ္တိမဂ် စတုတ္ထစျာန်စိတ် ၁ပါး ၅။ ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ပါးနှင့် တကွဖြစ်သော သောတာပတ္တိမဂ် ပဉ္စမစျာန်စိတ် ၁ပါး |
2 | 3 | 1989 | လူတို့ ခေါ်ဝေါ်သုံးစွဲလေ့ရှိသော "ပညာ" ဟူသော စကားသည် အဘယ်စေတသိက်အမည်ဖြစ်ပါသနည်း၊ ဖော်ပြ၍ ယင်းပညာနှင့် ယှဉ်သောစိတ်တို့ကိုလည်း အကျဉ်းသင်္ချာသရုပ်မျှ ဖော်ထုတ်ရေးပြပါ။ | လူတို့ခေါ်ဝေါ်သုံးစွဲလေ့ရှိသော "ပညာ" ဟူသောစကားသည် - ပညိန္ဒြေစေတသိက်၏အမည်ဖြစ်ပါသည်။ ယင်းပညာနှင့် ယှဉ်သောစိတ်တို့ကို အကျဉ်းသင်္ချာမျှ ဖော်ထုတ်ရေးပြရသော် - ကာမသောဘန ဉာဏသမ္မယုတ်စိတ် = ၁၂-ပါး - မဟဂ္ဂုတ်စိတ် =၂၇-ပါး - လောကုတ္တရာစိတ် = ၈-ပါး (ကျဉ်း) / ၄၀-ပါး (ကျယ်) ပေါင်း ပညာယှဉ်သောစိတ် = ၄၇-ပါး (ကျဉ်း) \ ရ၉-ပါး (ကျယ်) |
3 | 3 | 1989 | သင်၏ခန္ဓာကိုယ်၌ရှိသော ဒွါရခြောက်ခုတို့တွင် “မနောဒွါရ”ဟူသည် အဘယ်အရာကို ခေါ်ဆိုသနည်း။ ဖော်ပြ၍ ယင်း မနောဒွါရ၌ဖြစ်သော စိတ်တို့ကိုလည်း အကျဉ်းသင်္ချာသရုပ်မျှ ရေးပြပါ။ | ကျွန်ုပ််၏ခန္ဓာကိုယ်၌ရှိသော ဒွါရခြောက်ခုတို့တွင် “မနောဒွါရ”ဟူသည်မှာ- - ၀ီထိစိတ်တို့၏ ဖြစ်ကြောင်း ဘဝင်စိတ် (တစ်နည်း) ဘဝင်္ဂုပစ္ဆေဒစိတ် ၁၉-ပါးကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ မနောဒွါရ၌ဖြစ်သော စိတ်တို့ကိုလည်း အကျဉ်းသင်္ချာသရုပ်မျှ ရေးပြရသော်- ၁။ မနောဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး ၂။ ဇောစိတ် = ၅၅-ပါး ၃။ တဒါရုံ= ၁၁-ပါး ပေါင်း စိတ် = ၆၇-ပါး တို့ဖြစ်ပါသည်။ |
4 | 3 | 1989 | (က) ချစ်သူကိုမြင်သောအခါ (ခ) မုန်းသူကို မြင်သောအခါတို့၌ ဖြစ်သော စက္ခုဝိညာဏ် (မြင်စိတ်) ချင်း ခြားနားပုံကို ရှင်းပပြြီးလျှင် လူ့လောကတွင် "ဒေါသမရှိသော ပုဂ္ဂိုလ်များ" ရှိကောင်းပါက ထုတ်ပြပါ။ | စက္ခုဝိညာဏ်(မြင်စိတ်) ချင်း ခြားနားပုံကို ရှင်းပြရသော်- (က) ချစ်သူကို မြင်သောအခါ - ချစ်သူသည် ဣဋ္ဌာရုံ ဖြစ်၍ အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်စိတ် ဖြစ်သည်။ (ခ) မုန်းသူကို မြင်သောအခါ - မုန်းသူသည် အနိဋ္ဌာရုံဖြစ်၍ အကုသလဝိပါက် စက္ခုဝိညာဏ်စိတ် ဖြစ်သည်။ ဤသို့ စက္ခုဝိညာဏ်(မြင်စိတ်) ချင်း ခြားနားမှု ရှိပါသည်။ လူ့လောကတွင် "ဒေါသမရှိသော ပုဂ္ဂိုလ်များ" ရှိကောင်း ရှိပါသည်။ ၎င်းပုဂ္ဂိုလ်များမှာ - အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ |
5 | 3 | 1989 | သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းကို စိတ်အားဖြင့် ပြစ်မှားနေသူသည် (က) မည်သည့်ဒုစရိုက်ကို ကျူးလွန်ရာ ရောက်ပါသနည်း။ (ခ) ယင်းသို့ ဒုစရိုက် မဖြစ်ပဲ သုစရိုက် ဖြစ်လာရန် မည်သို့ပြုသင့်ပါသနည်း၊ အသီးသီးဖြေဆိုပါ။ | သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းကို စိတ်အားဖြင့် ပြစ်မှားနေသူသည်- (က) ဗျာပါဒ မနောဒုစရိုက်ကို ကျူးလွန်ရာ ရောက်ပါသည်။ (ခ) ယင်းသို့ (ဗျာပါဒ) မနောဒုစရိုက် မဖြစ်ပွားစေဘဲ (အဗျာပါဒ) မနောသုစရိုက် ဖြစ်ရန် သူတစ်ပါးပျက်စီးရာ ပျက်စီးကြောင်းကို စိတ်ဖြင့်ပင် မကြံစည်၊ မတောင့်တမိအောင် ဗျာပါဒ(ဒေါသ)၏ ဆန့်ကျင်ဘက် အဗျာပါဒ (အဒေါသ) ဖြစ်စေရန် ကြိုးစားရပါမည်။ (အဗျာပါဒ -အဒေါသဟူသည် ဒုက္ခိတ- သုခိတ သတ္တဝါပညတ်အပေါ် အာရုံပြု၍ ကောင်းစေလိုခြင်း၊ ချစ်ခြင်း၊ အကျိုးလိုလားခြင်း “မေတ္တာ”သဘောလည်း ဆောင်ပါသည်။) |
6 | 3 | 1989 | ရုပ်ဖြစ်စဉ် အဘိဓမ္မာသဘောအရ သစ်ပင်တစ်ပင် ရှင်သန်နေခြင်းကို ကလာပ်စည်းအားဖြင့် ဖြေဆိုပြပါ။ | သစ်ပင်ဟူသည်- သက်မဲ့ ဗဟိဒ္ဓဖြစ်ပါသည်။ ထို့ကြောင့် သစ်ပင်တစ်ပင် ရှင်သန်နေခြင်းကို ရုပ်ဖြစ်စဉ် အဘိဓမ္မာသဘောအရ ကလာပ်စည်း အားဖြင့် ဖြေဆိုရသော်- သစ်ပင်၌ ပါဝင်ဖွဲ့စည်းထားသော ရုပ်များမှာ အဝိနိဗ္ဘောဂရုပ် ၈-ပါးဖြစ်သော မဟာဘုတ် ၄-ပါး၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇ တို့ဖြစ်ပြီး ကလာပ်စည်းအားဖြင့် ဥတုဗသုဒ္ဓဋ္ဌက ကလာပ်စည်းအနေဖြင့် ဖွဲ့စည်း ဖြစ်ပေါ်နေပါသည်။ ဤရုပ် ၈-ပါးတို့သည် - ဥတုဟူသော အကြောင်းကြောင့် ရုပ်တို့၏ အစဆုံးဖြစ်ပေါ်မှု၊ - ပြည့်စုံအောင် တိုးတက်၍ ဖြစ်ပေါ်မှုဟူသော ဥပစယသဘောနှင့် - ပြည့်စုံပြီးနောက် ဆက်လက်၍ အစဉ်မပြတ် ဖြစ်ပေါ်မှုဟူသော သန္တတိသဘော ဤဇာတိသဘာဝများ ဖြစ်ပွားနေခြင်း ဖြင့်သာလျှင် သစ်ပင်သည် ရှင်သန်နေခြင်း ဖြစ်ပါသည်။ |
7 | 3 | 1989 | ခေတ်ကာလ ဘဝအခြေအနေမည်သို့ပင် ပြောင်းလဲစေကာမူ တိမ်းစောင်းခြင်းမရှိ၊ တည့်မတ်မှန်ကန်သော တရားများကို ထုတ်ပပြြီးလျှင် နိဗ္ဗာန်၏ ဓာတ်အမည် ကိုလည်း ညွှန်ပြပါ။ | ခေတ်ကာလ ဘဝအခြေအနေမည်သို့ပင် ပြောင်းလဲစေကာမူ တိမ်းစောင်းခြင်းမရှိ၊ တည့်မတ်မှန်ကန်သော တရားများမှာ (၁) ဒုက္ခအရိယသစ္စာ( ဒုက္ခသစ္စာ) (၂) ဒုက္ခသမုဒယအရိယသစ္စာ(သမုဒယသစ္စာ) (၃) ဒုက္ခနိရောဓအရိယသစ္စာ(နိရောဓသစ္စာ) (၄) ဒုက္ခနိရောဓဂါမိနိပဋိပဒါအရိယသစ္စာ(မဂ္ဂသစ္စာ) ဟူသော “အရိယသစ္စာတရား ၄-ပါး”တို့ဖြစ်ပါသည်။ နိဗ္ဗာန်၏ ဓာတ်အမည်မှာ - ဓမ္မဓာတ် ဖြစ်ပါသည်။ |
8 | 3 | 1989 | (က) နာမ်တရား၊ (ခ) ရုပ်တရား၊ (ဂ) နာမ်တရားနှင့် ရုပ်တရား ယင်းတို့ အညမညဖြစ်နေပုံကို သိသာအောင် ရှင်းလင်းတင်ပြပါ။ | (က) နာမ်တရား - စိတ်-၈၉၊ စေတသိက် ၅၂-ပါးတို့သည်လည်းကောင်း (ခ) ရုပ်တရား - မဟာဘုတ် ၄-ပါးတို့သည်လည်းကောင်း (ဂ) နာမ်တရားနှင့်ရုပ်တရား - (ပဉ္စဝေါကာရ) ပဋိသန္ဓေဝိပါတ်နာမက္ခန္ဓာလေးပါးနှင့် ဟဒယဝတ္တုရုပ်တို့သည်လည်းကောင်း ၎င်းရုပ် နာမ်တရားတို့သည် (သစ်သား၃-ချောင်းကို ထောင်၍ ထားရာ၊ မလဲမပြိုအောင် အချင်းချင်း ကျေးဇူးပြုသကဲ့သို့) အချင်းချင်း ပြန်အလှန် ကျေးဇူးပြုတတ်သောကြောင့် အညမညပစ္စည်း မည်ပါသည်။ |
9 | 3 | 1989 | သကဒါဂါမိမဂ်နှင့် အနာဂါမိမဂ်တို့သည် (က) အဘယ်တရားများကို (ခ) အဘယ်နည်းဖြင့် ပယ်ပါသနည်း၊ အသီးသီးဖြေဆိုပါ။ | သကဒါဂါမိမဂ်သည် - ရုန့်ရင်းသော ကာမရာဂနှင့် ပဋိဃသံယောဇဉ် တရားများကို ခေါင်းပါးစေခြင်းဖြင့် ပယ်ပါသည်။ အနာဂါမိမဂ်သည် - သိမ်မွေ့သော ကာမရာဂနှင့် ပဋိဃသံယောဇဉ် တရားများကို အကြွင်းမဲ့ ပယ်ပါသည်။ |
3 | 4 | 1989 | ကာမဘုံသား လူသားတိုင်း၌ရသော ဝတ္တုရုပ်များကို ရေတွက်ပြ၍၊ အရူပဗြဟ္မာများ၌ မည်သည့် ဝတ္တုရုပ်များရှိသည် မရှိသည်ကို ရှင်းလင်းရေးသားခဲ့ပါ။ | ကာမဘုံသား လူသားတိုင်း၌ရသော ဝတ္တုရုပ်များမှာ- (၁) စက္ခုဝတ္တု (၂) သောတဝတ္တု (၃) ဃာနဝတ္တု (၄) ဇိဝှါဝတ္တု (၅) ကာယဝတ္တုု (၆) ဟဒယဝတ္တု၊ ဟူသော ဝတ္တုရုပ် ၆-ပါးလုံး ဖြစ်ပါသည်။ အရူပဗြဟ္မာများ၌ ရုပ်တရားမှန်သမျှကို စက်ဆုပ်သော ဘာဝနာ၏ အစွမ်းကြောင့် ရုပ်တရားဟူသမျှ လုံးဝမရှိ- စိတ်-စေတသိက် အစဉ်သာရှိသော အရူပဘုံ၌ ဖြစ်ကြရသည့်အတွက် မှီရာဝတ္တုရုပ် ၆-ပါးလုံး မရှိပါ။ |
5 | 4 | 1989 | ဘဝတစ်ခု၏ (က) ပထမစိတ်နှင့် (ခ) နောက်ဆုံးစိတ်တို့ကို အဘိဓမ္မာ ဝေါဟာရဖြင့် ဖော်ပပြြီးလျှင် (ဂ) ထိုစိတ်တို့၏ အာရုံကိုလည်း ပြည့်စုံအောင် ဖော်ပြပါ။ | ဘဝတစ်ခု၏- (က) ပထမစိတ်မှာ ပဋိသန္ဓေစိတ် ဖြစ်ပါသည်။ (ခ) နောက်ဆုံးစိတ်မှာ စုတိစိတ် ဖြစ်ပါသည်။ (ဂ) ထိုစိတ်တို့၏အာရုံမှာ လွန်ခဲ့သော ဘဝဟောင်း မရဏာသန္နဇော၏ အာရုံဖြစ်သော ကံ၊ ကမ္မနိမိတ်နှင့် ဂတိနိမိတ်အာရုံတို့မှ တစ်ပါးပါး ဖြစ်ပါသည်။ |
8 | 4 | 1989 | ပညတ်၏ အဓိပ္ပာယ်ကို ရှင်းပပြြီးလျှင် အောက်ပါတို့ကို ဆိုင်ရာ အတ္တပညတ် အမည်ထူးမျာဖြင့် ဖြေဆိုပါ။ (က) သစ်ခွပန်းပင် (ခ) ဆဋ္ဌလိုဏ်ဂူ | ပညတ်ဆိုသည်မှာ - အမျိုးမျိုး အစားစား များပြားသော နာမည်တပ်၍ သိစေ အပ်သောတရား ဖြစ်ပါသည်။ (က) သစ်ခွပန်းပင် - ဥပါဒါပညတ်၊ သဏ္ဌာနပညတ် (ခ) ဆဋ္ဌလိုဏ်ဂူ - အာကာသပညတ်၊ ဥပနိဓာပညတ် |
1 | 1 | 1990 | တင့်တယ်သော "သောဘန" စိတ်တို့ကို အကျဉ်းအားဖြင့် ရေတွက်ပြ၍၊ သာယာနာပျော်ဖွယ်သော သီချင်းသံကို ကြားရာ၌ဖြစ်ပေါ်တတ်သော စိတ်ကိုလည်း ဖော်ပြပါ။ | တင့်တယ်သော "သောဘန" စိတ်တို့ကို အကျဉ်းအားဖြင့် ရေတွက်ရသော် - ကာမသောဘနစိတ် ၂၄ ပါး - မဟဂ္ဂုတ်စိတ် ၂၇ပါး - လောကုတ္တရာစိတ် ၈ ပါး / ၄၀ ပါး ပေါင်း သောဘနစိတ် ၅၉ ပါး / ၉၁ ပါး ဖြစ်ပါသည်။ သာယာနာပျော်ဖွယ်သော သီချင်းသံကို ကြားရာ၌ ဖြစ်ပေါ်တတ်သော စိတ်မှာ အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် (၁) ပါးဖြစ်ပါသည်။ |
2 | 1 | 1990 | ဆန္ဒ၊ ဥဒ္ဓစ္စ၊ ဟိရိ၊ စိတ္တလဟုတာ၊ မုဒိတာစေတသိက်များ၏ သဘောလက္ခဏာများကို မြန်မာဘာသာဖြင့် ဖော်ပြပါ။ | ဆန္ဒ - အာရုံကို လိုလားတောင့်တခြင်း၏သဘော။ ဥဒ္ဓစ္စ - စိတ်မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်းသဘော။ ဟိရိ - မကောင်းမှု ဒုစရိုက်များ ပြုလုပ်ရမည်ကို ရှက်ခြင်းသဘော။ စိတ္တလဟုတာ - စိတ်၏ လျင်မြန်ပေ့ါပါးမှုသဘော။ မုဒိတာ - သုခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော။ |
3 | 1 | 1990 | ဝေဒနာ ၃-ပါး ဝေဒနာ ၅-ပါးဟု ပြောဆိုကြရာ၌ ၃-ပါး၊ ၅-ပါးတို့၏ သရုပ်ကို ထုတ်ပြ၍၊ သုခဝေဒနာနှင့်တကွဖြစ်သောစိတ်ကိုလည်း ညွှန်ကြားပြပါ။ | ဝေဒနာ ၃-ပါး၏သရုပ်မှာ( အာရမ္မဏာနုဘဝနနည်းအရ) (၁) သုခဝေဒနာ (၂) ဒုက္ခဝေဒနာ (၃) အဒုက္ခ-မသုခဝေဒနာ ဟူ၍ ဝေဒနာ ၃-ပါး ဖြစ်၏။ ဝေဒနာ ၅-ပါး၏သရုပ်မှာ (ဣန္ဒြိယဘေဒနနည်းအရ)- (၁) သုခဝေဒနာ (၂) ဒုက္ခဝေဒနာ (၃) သောမနဿဝေဒနာ (၄) ဒေါမနဿဝေဒနာ (၅) ဥပေက္ခာဝေဒနာ ဟူ၍ ဝေဒနာ ၅-ပါးဖြစ်၏။ သုခဝေဒနာနှင့်တကွဖြစ်သောစိတ်ကိုလည်း ညွှန်ပြရသော်- (က) အာရမ္မဏနုဘဝနနည်းအရ- သုခဝေဒနာနှင့်တကွဖြစ်သော စိတ်များမှာ- ၁။ အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ်= ၁-ပါး ၂။ သောမနဿသဟဂုတ်စိတ်= ၆၂-ပါး ပေါင်း စိတ််= ၆၃-ပါး (ခ) ဣန္ဒြိယဘေဒနည်းအရ- သုခဝေဒနာနှင့်တကွဖြစ်သောစိတ်မှာ- အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ် ၁-ပါးဖြစ်ပါသည်။ |
4 | 1 | 1990 | သင်္ဂြိုလ်ကျမ်းလာ ဝီထိ၏ အဓိပ္ပါယ်ကို အဘိဓမ္မာ စကားဖြင့် ရှင်းပြ၍၊ ပဉ္စဒွါရဝီထိစိတ်၏ ဝိသယပ္ပဝတ္တိများကိုလည်း ဆိုင်ရာ လေးဝါရဖြင့် တွဲစပ်ပြပါ။ | သင်္ဂြိုလ်ကျမ်းလာ ဝီထိ၏ အဓိပ္ပါယ်ကို အဘိဓမ္မာ စကားဖြင့် ရှင်းပြရသော် - အာရုံနှင့် ဒွါရတို့ တိုက်ဆိုင်သောအခါ ဖြစ်ပေါ် လာသည့် စိ်တ်တို့၏ ဖြစ်စဉ် (အစဉ်အတန်း)ကို ဝီထိဟု ခေါ်ပါသည်။ ပဉ္စဒွါရဝီထိစိတ်၏ ဝိသယပ္ပဝတ္တိများကို ဆိုင်ရာ လေးဝါရဖြင့် တွဲစပ်ပြရသော် - ပဉ္စဒွါရဝီထိစိတ်၏ ဝိသယပ္ပဝတ္တိဝါရ တို့မှာ (၁) အတိမဟန္တာရုံ - တဒါရမ္မဏဝါရ (၂) မဟန္တရုံ - ဇဝနဝါရ (၃) ပရိတ္တာရုံ - ဝုဋ္ဌောဝါရ (၄) အတိပရိတ္တာရုံ - မောဃဝါရ တို့ဖြစ်ပါသည်။ |
5 | 1 | 1990 | သုံးဆယ့်တစ်ဘုံတွင် ပုထုဇဉ် မရှိသောဘုံ၊ အရိယာ မရှိသောဘုံ၊ နှစ်မျိုးလုံးရှိသောဘုံ တို့ကို ခွဲခြားပြ၍၊ စတုမဟာရာဇ်နတ်တို့၏ သက်တမ်းကိုလည်း လူတို့အရေအတွက်ဖြင့် ဖော်ပြခဲ့ပါ။ | သုံးဆယ့်တစ်ဘုံတွင်- (က) ပုထုဇဉ် မရှိသောဘုံ - သုဒ္ဓါ၀ါသ ၅-ဘုံ (ခ) အရိယာ မရှိသောဘုံ - အပါယ် ၄-ဘုံ - အသညသတ် ၁-ဘုံ (ဂ) နှစ်မျိုးလုံးရှိသောဘုံ - ကာမသုဂတိ ရ-ဘုံ - (အသညသတ်နှင့် သုဒ္ဓဝါသကြဉ်)ရူပ ၁၀-ဘုံ - အရူပ ၄-ဘုံ ပေါင်း ၃၁-ဘုံ တို့ဖြစ်ပါသည်။ စတုမဟာရာဇ်နတ်တို့၏ သက်တမ်း လူတို့အရေအတွက်အားဖြင့် အနှစ် ၉-သန်း။ |
6 | 1 | 1990 | ရုပ် ၂၈-ပါးတို့တွင် ရူပရုပ်၏ အကျဉ်းသရုပ်ကို ဖော်ပြ၍၊ သင့်ခန္ဓာကိုယ်၌ ရုပ်တရားများတိုးပွား၊ စည်ပင်၊ရင့်ရော်၊ပျက်စီးခြင်းသည် အဘယ်ရုပ်တို့၏ သဘောလက္ခဏာများ ဖြစ်ပါသနည်း၊ ရုပ်အမည်မျှ ဖော်ပြ ရေးသားခဲ့ပါ။ | ရုပ် ၂၈-ပါးတို့တွင် ရူပရုပ် ၁၈-ပါး ပါဝင်ပါသည်။ ထိုရူပရုပ် ၁၈-ပါး၏ အကျဉ်းသရုပ်မှာ- (၁) မဟာဘုတ်ရုပ် ၄-ပါး (၂) ပသာဒရုပ် ၅-ပါး (၃) ဂေါစရရုပ် ၄-ပါး (၄) ဘာဝရုပ် ၂-ပါး (၅) ဟဒယရုပ် ၁-ပါး (၆) ဇီဝိတရုပ် ၁-ပါး (၇) အာဟာရရုပ် ၁-ပါး ပေါင်း ၁၈-ပါး ဖြစ်ပါသည်။ ကျွန်ုပ်ခန္ဓာကိုယ်၌- ရုပ်တရားများတိုးပွားခြင်း - ဥပစယရုပ်၏ လက္ခဏာ ရုပ်တရားများစည်ပင်ခြင်း - သန္တတိရုပ်၏ လက္ခဏာ ရုပ်တရားများ ရင့်ရော်ခြင်း - ဇရတာရုပ်၏ လက္ခဏာ ရုပ်တရားများ ပျက်စီးခြင်း - အနိစ္စတာရုပ်၏ လက္ခဏာများ ဖြစ်ပါသည်။ |
7 | 1 | 1990 | သတ္တဝါတို့၏သန္တာန်၌ အစဉ်အမြဲ ကိန်းအောင်း လျက်ရှိနေသော တရားအစုတို့ကို ဖော်ပြ၍ သီလဗ္ဗတပရာမာသ၏ အဓိပ္ပာယ်ကိုလည်း ရှင်းလင်းရေးသားခဲ့ပါ။ | သတ္တဝါတို့၏ သန္တာန်၌ အစဉ်အမြဲ ကိန်းအောင်းလျက် ရှိနေသော တရားအစုတို့မှာ- (၁) ကာမရာဂါနုသယ၊ (၂) ဘဝရာဂါနုသယ၊ (၃) ပဋိဃာနုသယ၊ (၄) မာနနုသယ၊ (၅) ဒိဋ္ဌာနုသယ၊ (၆) ဝိစိကိစ္ဆာနုသယ၊ (၇) အဝိဇ္ဇာနုသယ တို့ဖြစ်ပါသည်။ သီလဗ္ဗတပရာမာသ၏ အဓိပ္ပာယ်မှာ- “နွား၊ ခွေး စသည်တို့၏ အလေ့အကျင့်ကို ကျင့်လျှင် ကိလေသာမှ စင်ကြယ်၏။ သံသရာမှ လွတ်မြောက်၏” ဟုမှားယွင်းစွာ သုံးသပ် စွဲလမ်းသော ဒိဋ္ဌိအယူဖြစ်ပါသည်။ |
8 | 1 | 1990 | အကြောင်းတရားကြောင့် အကျိုးတရားဖြစ်သည် ဟူသော ပဋိစ္စသမုပ္ပါဒ်နည်းအရ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်လျှင် အဝိဇ္ဇာသည် အဘယ် တရားကြောင့် ဖြစ်ပါသနည်း၊ အကြောင်းပြ ဖြေဆို၍ ဘဝကိုလည်း ပြည့်စုံအောင် သရုပ်ခွဲပြပါ။ | အကြောင်းတရားကြောင့် အကျိုးတရားဖြစ်သည် ဟူသော ပဋိစ္စသမုပ္ပါဒ်နည်းအရ - အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်လျှင် အဝိဇ္ဇာသည် “အာသဝေါတရား ၄-ပါး”ကြောင့် ဖြစ်ပါသည်။ ဇာတိကြောင့်သောက၊ ပရိဒေဝ စသည်တို့ ဖြစ်သည်ဆိုရာ၌ “ဇာတိ”သည် သောက စသည်တို့ ဖြစ်ရခြင်း၏ အရင်းခံ အကြောင်းဝေးသာ ဖြစ်ပါသည်။ သောက စသည်တို့၏ အနီးဆုံးသော အကြောင်းတရားမှာ အာသဝေါတရား ၄-ပါးသာဖြစ်ပါသည်။ သတ္တဝါများသည် အာသဝေါတရား ၄-ပါး (လောဘ၊ ဒိဋ္ဌိ၊ မောဟ) ရှိနေခြင်းကြောင့်သာ သောကစသည်တို့ ဖြစ်နေရခြင်းဖြစ်ပါသည်။ ဤကဲ့သို့ သောက စသည်တို့ဖြစ်ရခြင်းတွင် ဆင်းရဲဒုက္ခရောက်ရခြင်း၏ အမှန်သဘော စသော အချက်တို့ကို ဖုံးလွှမ်းကာကွယ်ထားမှု၊ အဝိဇ္ဇာသဝ (မောဟ) သည် အဓိက အကြောင်းဖြစ်ပြီး၊ ၎င်းကို အကြောင်းပြု၍ သောက စသည်တို့နှင့်အတူ နောက်နောက်အဝိဇ္ဇာများ ထပ်ဖြစ်နေခြင်းကြောင့် သောက စသည်တို့၏ အကြောင်းမှာ အာသဝေါတရားများ ဖြစ်သကဲ့သို့ “အရင်းစစ်-အမြစ်မြေက” ဆိုသလို အဝိဇ္ဇာ၏ အကြောင်းမှာ အာသဝေါတရား၄-ပါး ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်နည်း၌ လာသော “ဘဝ”ကို ပြည့်စုံအောင် သရုပ်ခွဲပြရသော်- ဘဝအရ ကမ္မဘဝနှင့် ဥပပတ္တိဘဝဟူ၍ ၂-မျိုးရှိပါသည်။ ကမ္မဘဝအရ - လောကီကုသိုလ်၊ အကုသိုလ်စေတနာ ၂၉-ပါး၊ ထိုစေတနာ နှင့် သမ္ပယုတ်ဖြစ်သော သုစရိုက် ၁၀-ပါး၊ ဒုစရိုက် ၁၀-ပါး၊ ဥပပတ္တိဘဝအရ - လောကီဝိပါက်စိတ်၊ စေတသိက်နှင့် ကမ္မဇရုပ် ၂၀-ပါး တို့ ဖြစ်ပါသည်။ ဤတွင် ကမ္မဘဝကြောင့် ဥပပတ္တိဘဝသည် ဖြစ်ပေါ်လာသဖြင့် - ကမ္မဘဝသည် အကြောင်းဘဝ၊ - ဥပပတ္တိဘဝသည် အကျိုးဘဝဖြစ်ပါသည်။ |
9 | 1 | 1990 | ကမ္မဋ္ဌာန်းပိုင်းလာ သမထနှင့် ဝိပဿနာတို့ကို အဓိပ္ပာယ်ကို ကွဲပြားခြားနားအောင် ရေးပပြြီးလျှင် ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ ပွားများရမည့် တရားဆယ်ပါး ကိုလည်း ထုတ်ဖော် ရေးသားခဲ့ပါ။ | သမထ (၁) နီဝရဏတရားတို့ကိုလည်းကောင်း၊ ဝိတက်စသော အောက်အောက်ဈာန် အင်္ဂါများကို လည်းကောင်း ငြိမ်သက်စေနိုင်သောသမာဓိကို ခေါ်၏။ (လောကီကုသိုလ် ကြိယာနှင့်ယှဉ်သော ဧကဂ္ဂတာစေတသိက်) (၂) တည်ရာအာရုံ ပထဝီကသိုဏ်းစသော ၄၀-သော ကမ္မဋ္ဌာန်းအာရုံများ (၃) အကျိုး မဟဂ္ဂုတ်ဈာန်၊ အဘိညာဉ်များ ရနိုင်၏။ (လောကီဈာန်ကို ရ၏) ဝိပဿနာ (၁) တေဘူမကရုပ်နာမ်တရားတို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရှုတတ်သောဉာဏ်ပညာကို ခေါ်၏။ (မဟာကုသိုလ် ကြိယာနှင့် ယှဉ်သော ပညာစေတသိက်) (၂) တည်ရာအာရုံ တေဘူမက ရုပ်နာမ်အာရုံများ (၃) အကျိုး မဂ်၊ဖိုလ်၊ နိဗ္ဗာန် ရနိုင်၏။ (လောကုတ္တရာ တရားကို ရ၏) ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ ပွားများရမည့် တရားဆယ်ပါးမှာ- (၁) ဗုဒ္ဓါနုဿတိ (၂) ဓမ္မာနုဿတိ (၃) သံဃာနုဿတိ (၄) သီလာနုဿတိ (၅) စာဂါနုဿတိ (၆) ဒေဝတာနုဿတိ (၇) ဥပသမာနုဿတိ (၈) မရဏာနုဿတိ (၉) ကာယဂတာသတိ (၁၀) အာနပါနဿတိ တို့ဖြစ်ပါသည်။ |
1 | 2 | 1990 | ရူပကုသိုလ်စိတ် ၅ပါးကို သရုပ်ထုတ် ရေတွက်ပြ၍၊ အရူပစိတ်ကို စျာန်(၅)ပါးတွင် အဘယ်စျာန်၌ ထည့်သွင်းရမည်ကိုလည်း လမ်းညွှန်ပြပါ။ | ရူပကုသိုလ်စိတ် ၅ပါးကို သရုပ်ထုတ် ရေတွက်ပြရသော် ၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ပါးနှင့်တကွဖြစ်သော ရူပကုသိုလ် ပထမစျာန်စိတ် ၁ပါး ၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၄ပါးနှင့်တကွဖြစ်သော ရူပကုသိုလ် ဒုတိယစျာန်စိတ် ၁ပါး ၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၃ပါးနှင့်တကွဖြစ်သော ရူပကုသိုလ် တတိယစျာန်စိတ် ၁ပါး ၄။ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ပါးနှင့်တကွဖြစ်သော ရူပကုသိုလ် စတုတ္ထစျာန်စိတ် ၁ပါး ၅။ ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ပါးနှင့်တကွဖြစ်သော ရူပကုသိုလ် ပဉ္စမစျာန်စိတ် ၁ပါး အရူပါစိတ် ၁၂ပါးလုံးသည် ဥပေက္ခာဝေဒနာဖြစ်၍ ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ပါးနှင့် ယှဉ်သောကြောင့် စျာန် ၅ပါးတွင် ပဉ္စမစျာန်၌ ထည့်သွင်းရပါမည်။ |
2 | 2 | 1990 | "သူ့အပေါ်မှာ ကိုယ့်မေတ္တာရှိုလိုက်တာ" ဟူသောစကား၌ "မေတ္တာ" အစစ်အမှန် အရကောက်ပြ၍ ၀ီရိယစေတသိက်နှင့် အတူတကွ မဖြစ်နိုင်သောစိတ်တို့ကိုလည်း သရုပ်ရေတွက်ပြပါ။ | "မေတ္တာ" အစစ်အမှန်အရ - "အဒေါသ စေတသိက်" ကောက်ယူရမည် ဖြစ်ပါသည်။ ဝိရိယစေတသိက်နှင့် အတူတကွ မဖြစ်နိုင်သော စိတ်တို့မှာ - - ဒွေပဉ္စဝိညာဏ် ၁၀-ပါး - သမ္ပဋိစ္ဆိုင်းစိတ် ၂-ပါး - သန္တီရဏစိတ် ၃-ပါး - ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁-ပါး ပေါင်း ၀ီရိယမယှဉ်သောစိတ် = ၁၆-ပါး တို့ဖြစ်ကြပါသည်။ |
3 | 2 | 1990 | ကိစ္စ ၁၄-ပါးကို မမှားအောင် ရေတွက်ပြပါ။ | ကိစ္စ ၁၄-ပါးကို မမှားအောင် ရေတွက်ပြရသော်- (၁) ပဋိသန္ဓေကိစ္စ (၂) ဘဝင်ကိစ္စ (၃) အာဝဇ္ဇန်းကိစ္စ (၄) ဒဿနကိစ္စ (၅) သဝနကိစ္စ (၆) ဃာယနကိစ္စ (၇) သာယနကိစ္စ (၈) ဖုသနကိစ္စ (၉) သမ္ပဋိစ္ဆိုင်းကိစ္စ (၁၀) သန္တီရဏကိစ္စ (၁၁) ၀ုဋ္ဌောကိစ္စ (၁၂) ဇောကိစ္စ (၁၃) တဒါရုံကိစ္စ နှင့် (၁၄) စုတိကိစ္စ တို့ဖြစ်ကြပါသည်။ |
4 | 2 | 1990 | လောကတွင် "စိတ်ရှည်သည်၊ စိတ်တိုသည်" ဟု ပြောရာကြ၌ စိတ်၏ သက်တမ်းသည် အဘိဓမ္မာသဘောအားဖြင့် မည်မျှ ရှည်လျားသည်ကို တွက်ချက်ပြ၍၊ ထိတ်လန့်ဖွယ်ရာ အသံကို ကြားရသောအခါ၊ သင့်သန္တာန်၌ ဖြစ်ပေါ်လာနိုင်သည့် ဝီထိစိတ်အစဉ်ကိုလည်း မှန်ကန်စွာ ရေးပြပါ။ | လောကတွင် "စိတ်ရှည်သည်၊ စိတ်တိုသည်" ဟု ပြောကြရာ၌ စိတ်၏ သက်တမ်း သည် အဘိဓမ္မာသဘောအားဖြင့် - စိတ္တလက္ခဏ ၁-ချက်၊ တစ်နည်း ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏ ဟူ၍ ခဏငယ်အားဖြင့် ၃-ချက်သာ ရှိပါသည်။ ထိတ်လန့်ဖွယ်ရာ အသံကို ကြားရသောအခါ ကျန်ုပ်သန္တာန်၌ ဖြစ်ပေါ်လာနိုင်သည့် ဝီထိစိတ်အစဉ်ကို မှန်ကန်စွာ ရေးပြရသော် - အနိဋ္ဌသဒ္ဒါရုံဖြစ်၍ - - ပဉ္စဒါွရဝဇ္ဇန်း - ၁-ကြိမ် - အကုသလဝိပါက်သောတဝိညာဏ် - ၁-ကြိမ် - အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း - ၁-ကြိမ် - အကုသလဝိပါက် ဥပေက္ခာသန္တီရဏ - ၁-ကြိမ် - ဝုုဋ္ဌော - ၁-ကြိမ် * ကာမဇော - ရ-ကြိမ် - (အကုသလဝိပါက် ဥပေက္ခာသန္တီရဏ ဥပေက္ခာတဒါရုံ ၁-ပါး ) - ၂-ကြိမ် * (ကာမဇောတွင် ယောနိသော မနသိကာရဖြစ်လျှင် - ကုသိုလ်ဇော အယောနိသော မနသိကာရဖြစ်လျှင် - အကုသိုလ်ဇော စောနိုင်ပါသည်။) ဤဝီထိအစဉ်သည် တဒါရမ္မဏဝါရ သောတဒွါရိက အတိမဟန္တာရုံဝီထီ ဖြစ်ပါသည်။ |
5 | 2 | 1990 | ဤလောကတွင် သတ္တဝါတို့ကို ဖြစ်ပေါ်စေတတ်သော ပဋိသန္ဓေလေးမျိုးကို ထုတ်ပြ၍ စာဖြေသူသည် အဘယ်ပဋိသန္ဓေစိတ်ဖြင့် လူ့ဘဝ ရောက်လာခဲ့သည်ကိုလည်း ရှင်းလင်းရေးသားခဲ့ပါ။ | သတ္တဝါတို့ကို ဖြစ်ပေါ်စေတတ်သော ပဋိသန္ဓေလေးမျိုးမှာ- (၁) အပါယ်ပဋိသန္ဓေ ၁-ပါး (၂) ကာမသုဂတိပဋိသန္ဓေ ၉-ပါး (၃) ရူပပဋိသန္ဓေ ၆-ပါး (၄) အရူပပဋိသန္ဓေ ၄-ပါး ပေါင်း ၂၀-ပါး ဖြစ်ပါသည်။ စာဖြေသူသည် ကာမသုဂတိ (လူ့ဘုံသား) လူစဉ်မီသူ ဖြစ်သဖြင့် ကာမသုဂတိပဋိသန္ဓေ ဖြစ်သော မဟာဝိပါက်စိတ် ၈-ပါးမှ တစ်ပါးပါးဖြင့် လူ့ဘဝ ရောက်လာခဲ့ပါသည်။ |
6 | 2 | 1990 | အကြောင်းအကျိုးအားဖြင့် ဆက်သွယ်နေသော ဤလောက၌ ရုပ်ဝတ္ထုများကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရားများကို ဖော်ပြ၍၊ စကားပြောသံ၊ ဓာတ်စက်သီချင်းသံတို့သည် မည်သည့်သဒ္ဒရုပ်များ ဖြစ်ကြသည်ကိုလည်း ရှင်းလင်းဖြေဆိုခဲ့ပါ။ | ရုပ်ဝတ္ထုများကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရားများမှာ- ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူ၍ ၄-ပါးဖြစ်ပါသည်။ စကားပြောသံသည် - စိတ္တဇသဒ္ဒရုပ် ဖြစ်ပါသည်။ ဓာတ်စက်သီချင်းသံသည် - ဥတုဇသဒ္ဒရုပ် ဖြစ်ပါသည်။ |
7 | 2 | 1990 | အမှန်လေးချက် သစ္စာနက်ကို သိမြင်စေကြောင်း တရားအပေါင်းကို တရားကိုယ်များနှင့် တကွ ယှဉ်တွဲဖော်ပြပါ။ | အမှန်လေးချက် သစ္စာနက်ကို သိမြင်စေကြောင်း တရားအပေါင်းကား “ဗောဇ္ဈင်တရား ရ-ပါး”ပင်ဖြစ်ပါသည်၊ ထိုတရားရ-ပါးကို တရားကိုယ်များနှင့်တကွ ယှဉ်တွဲဖော်ပြရသော်- (၁) သတိသမ္ဗောဇ္ဈင် - သတိစေတသိက် (၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် - ပညာ(ပညိန္ဒြေ) စေတသိက် (၃) ၀ီရိယသမ္ဗောဇ္ဈင် - ၀ီရိယစေတသိက် (၄) ပီတိသမ္ဗောဇ္ဈင် - ပီတိစေတသိက် (၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် - ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ စေတသိက် ၂-ပါး (၆) သမာဓိသမ္ဗောဇ္ဈင် - ဧကဂ္ဂတာစေတသိက် (၇) ဥပေက္ခာသမ္ဗောဇ္ဈင် - တတြမဇ္ဈတ္တတာစေတသိက် အထက်ပါ သတိစေတသိက် စသော တရားကိုယ်တို့သည် - မဟာကုသိုလ်၊ ကြိယာ ၁၆-ပါး၊ - အပ္ပနာဇော-၂၆၊ ပေါင်း၄၂-ပါးသော စိတ်တို့၌ ယှဉ်သော စေတသိက်များ ဖြစ်ကြပါသည်။ |
8 | 2 | 1990 | ပဋိစ္စသမုပ္ပါဒ် လည်ပတ်ရာတွင် ဆက်စပ်မှုသုံးခုကို ဖြေဆိုပြီးလျှင် အကျိုးဖြစ်ပြီးမှ အကြောင်းဖြစ်ရသော ပဋ္ဌာန်းပစ္စည်းကိုလည်း ညွှန်ပြခဲ့ပါ။ | ပဋိစ္စသမုပ္ပါဒ် လည်ပတ်ရာတွင် ဆက်စပ်မှုသုံးခုတို့မှာ- (၁) ဟေတုဖလ အစပ် - အတိတ်အကြောင်း သင်္ခါရနှင့် ပစ္စုပ္ပန်အကျိုး ဝိညာဏ်အကြားရှိအစပ် (၂) ဖလဟေတု အစပ် - ပစ္စုပ္ပန်အကျိုးဝေဒနာနှင့် ပစ္စုပ္ပန်အကြောင်း တဏှာကြားရှိအစပ် (၃) ဟေတုဖလ အစပ် - ပစ္စုပ္ပန်အကြောင်း ကမ္မဘဝနှင့် အနာဂတ်အကျိုး ဇာတိအကြားရှိ အစပ် အကျိုးဖြစ်ပြီးမှ အကြောင်းဖြစ်ရသော ပဋ္ဌာန်းပစ္စည်းမှာ “ပစ္ဆာဇာတပစ္စည်း” ဖြစ်ပါသည်။ ပစ္ဆာဇာတပစ္စည်းဟူသည် - နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရားဖြစ်ပါသည်။ ရှေးကပေါက်နှင့် ပြီးသော သစ်ပင်အား နောက်မှ ရွာသွန်းအပ်သော မိုးရေသည် စည်ပင်ကြီးပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ နောက်နောက်၌ဖြစ်သော စိတ်တို့သည် ရှေ့က ဖြစ်နှင့်ပြီး ဌီသို့ရောက်နေသော ရုပ်တို့အား တည်ခိုင် သန်စွမ်းစေသောအားဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပစ္ဆာဇာတပစ္စည်း မည်၏။ (ပေါက်ခါစ လင်းတငယ်၏ ကိုယ်အား အာဟာရ၌ စားလိုသော၊ တောင့်တသော စေတနာသည် နောက်၌ဖြစ်၍ ကျေးဇူးပြုသကဲ့သို့တည်း။) |
9 | 2 | 1990 | လောကတွင် သူတစ်ဦးထက် ထူး၍ အလွန်အကျူး သိတတ် မြင်တတ် ကြားတတ်သောသူကို “ အကြားအမြင်ရ ပုဂ္ဂိုလ်” ဟုခေါ်ရာ အဘယ်သို့သော တရားထူးများကို ရရှိသောကြောင့် အကြားအမြင်ရ ပုဂ္ဂိုလ် ဟုခေါ်ဆိုရပါသနည်း၊ ဖြေဆို၍ ရရှိအပ်သော တရားထူးများကိုလည်း ဖော်ပြရေးသားခဲ့ပါ။ | “အကြားအမြင်ရ ပုဂ္ဂိုလ်” ဟူသည်- အဘိညာဉ် ဟူသော တရားထူးကို ရရှိသူကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ အဘိညာဉ် ဆိုသည်မှာ - အထူးအားဖြင့် သိတတ်သောရူပါဝစရကုသိုလ်၊ ကြိယာ ပဉ္စမဈာန်နှင့် ယှဉ်သောဉာဏ်ကို ခေါ်ပါသည်။ ထို အကြားအမြင်ရပုဂ္ဂိုလ် ရရှိအပ်သော တရားထူး(အဘိဉာဏ်) မှာ- ဒိဗ္ဗသောတအဘိညာဉ်နှင့် ဒိဗ္ဗစက္ခုအဘိညာဉ်တို့ ဖြစ်ပါသည်။ |
1 | 3 | 1990 | လောကမှ ထွက်မြောက်သော လောကုတ္တရာစိတ်အကျယ် ၄၀ကို အကျဉ်းအားဖြင့် ရေတွက်ဖော်ပြ၍၊ ပထမစျာန် ၁၁ ပါးကိုလည်း မမှားအောင် ထုတ်ဆောင်ပြပါ။ | လောကမှ ထွက်မြောက်သော လောကုတ္တရာစိတ်အကျယ် ၄၀ကို အကျဉ်းအားဖြင့် ရေတွက်ရသော် - လောကုတ္တရာ ကုသိုလ်စိတ်အကျယ် ၂၀ပါး - လောကုတ္တရာ ဝိပါက်စိတ်အကျယ် ၂၀ပါး ပေါင်း လောကုတ္တရာစိတ်အကျယ် ၄၀ပါး ပထမစျာန်စိတ် ၁၁ပါးမှာ - မဟဂ္ဂုတ် ပထမစျာန်စိတ် ၃ပါး - လောကုတ္တရာ ပထမစျာန်စိတ် ၈ပါး ပေါင်း ပထမစျာန်စိတ် ၁၁ပါး |
2 | 3 | 1990 | မိမိတို့ သဘောအလျောက် တစ်ကောင်နှင့်တစ်ကောင် အနိုင်မခံ အရူံးမပေးခွပ်နေကြသော ကြက်ကလေးနှစ်ကောင်၏ သန္တာန်၌ (ခွပ်နေခိုက်) ဖြစ်ပေါ်နေသောစိတ် စေတသိက် တို့ကို ဖော်ပြပါ။ | မိမိတို့ သဘောအလျောက် တစ်ကောင်နှင့်တစ်ကောင် အနိုင်မခံ အရူံးမပေးခွပ်နေကြသော ကြက်ကလေးနှစ်ကောင်၏ သန္တာန်၌ (ခွပ်နေခိုက်) ဖြစ်ပေါ်နေသောစိတ်မှာ - "ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ်" ဖြစ်ပါသည်။ ယင်းစိတ်နှင့် ယှဉ်သောစေတသိက်တို့မှာ - ၁။ သဗ္ဗစိတ္တ သာဓာရဏစေတသိက် ရ-ပါး ၂။ ပီတိကြဉ်သော ပကိဏ်းစေတသိက် ၅-ပါး ၃။ သဗ္ဗာကုသလသာဓာရဏစေတသိက် ၄-ပါး ၄။ ဒေါသစေတသိက် ၁-ပါး ၅။ ဣဿာစေတသိက် ၁-ပါး ပေါင်း စေတသိက် ၁၈-ပါး တို့ဖြစ်ပါသည်။ |
3 | 3 | 1990 | စိတ်၈၉-ပါးအနက် အခါခပ်သိမ်း ဒွါရခြောက်ပါးမှ လွတ်သောစိတ်များကို ညွှန်ကြားပြပါ။ | စိတ်၈၉-ပါးအနက် အခါခပ်သိမ်း ဒွါရခြောက်ပါးမှ လွတ်သောစိတ်များမှာ- “မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါးတို့ ဖြစ်ပါသည်။ အကြောင်းမှာ- ဤစိတ် ၉-ပါးတို့သည် ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စတို့ကိုသာ ဆောင်ရွက်ကြသောကြောင့် ဖြစ်ပါသည်။ |
4 | 3 | 1990 | ကမ္မဋ္ဌာန်းတရားကို အစဆုံး အားထုတ်သော (အာဒိကမ္မိက) ပုဂ္ဂိုလ်သန္တာန်၌ အဘယ်ဇောစိတ် များဖြစ်ပေါ်လာနိုင်ပါသနည်း ရှင်းပြ၍ ဤလောကဝယ် စျာန်မဂ်ဖိုလ် မရထိုက်သော ပုဂ္ဂိုလ်များ ကိုလည်း အကြောင်းနှင့် တကွဖော်ထုတ်ပြပါ။ | ကမ္မဋ္ဌာန်းတရားကို အစဆုံး အားထုတ်သော (အာဒိကမ္မိက) ပုဂ္ဂိုလ်သန္တာန်၌ ဖြစ်ပေါ်နိုင်သော ဇောစိတ်များမှာ - အာဒိကမ္မိကစျာနဝီထိ၌ - (မန္ဒပုဂ္ဂိုလ်ဖြစ်လျှင်) ပရိကံ၊ ဥပစာ၊ အနုလုံ၊ဂေါတြဘူ ဟူ၍ ကာမတိဟိတ်ဇော ၄-ကြိမ်၊ (တိက္ခ) ပုဂ္ဂိုလ်ဖြစ်လျှင် ဥပစာ၊ အနုလုံ၊ ဂေါတြဘူ ဟူ၍ ကာမတိဟိတ်ဇော ၃-ကြိမ်နှင့် အာဒိကမ္မိကစျာန်ဇော (မဟဂ္ဂုတ်ဇော) ၁-ကြိမ်တို့ ဖြစ်ပါသည်။ ဝိပဿနာကမ္ပဋ္ဌာန်းတရားကို အစဦးဆုံး အားထုတ်သော (အာဒိကမ္မိက) ပုဂ္ဂိုလ်သန္တာန်၌ ဖြစ်ပေါ်လာနိုင်သော ဇောစိတ်များမှာ - သောတာပတ္တိမဂ္ဂဝီထိ၌ - (မန္ဒပုဂ္ဂိုလ်ဖြစ်လျှင်) ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ ဟူ၍ ကာမတိဟိတ်ဇော ၄-ကြိမ် (တိက္ခပုဂ္ဂိုလ်ဖြစ်လျှင်) ဥပစာ၊ အနုလုံ၊ဂေါတြဘူဟူ၍ ကာမတိဟိတ်ဇော ၃-ကြိမ်၊ သောတပတ္တိမဂ်ဇော ၁-ကြိမ်နှင့် သောတာပတ္တိဖိုလ်ဇော ၃-ကြိမ် တို့ဖြစ်ပါသည်။ ဤျလောကဝယ် စျာန်၊ မဂ်၊ ဖိုလ် မရထိုက်သော ပုဂ္ဂိုလ်များမှာ- (၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် (၂) သုဂတိအဟိတ်ပုဂ္ဂိုလ် (၃) ဒွိဟိတ်ပုဂ္ဂိုလ် တို့ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်တို့ စျာန်၊ မဂ်၊ ဖိုလ် မရထိုက်ခြင်း အကြောင်းမှာ - စျာန်၊ မဂ်၊ ဖိုလ် ရထိုက်သော အကြောင်းရင်းဖြစ်သော အမောဟိတ်တည်းဟူသော ဉာဏ်နှင့်ယှဉ်သည့် တိဟိတ်ပဋိသန္ဓေစိတ် မရှိခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်များ၏ စိတ်ရကို ပုဂ္ဂလဘေဒ အရကြည့်လျှင် စျာန်၊ မဂ်၊ ဖိုလ်၊ ဇောဖြစ်သော အပ္ပနာဇောများ မပါဝင်ပါ။ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်၏စိတ်ရ - - အကုသိုလ်စိတ် ၁၂-ပါး - ဟသိတုပ္ပါဒ်စိတ်ကြဉ်သော အဟိတ်စိတ် ၁၇-ပါး - မဟာကုသိုလ်စိတ် ၈-ပါး ပေါင်း ၃၇-ပါး သုဂတိအဟိတ်နှင့် ဒွိဟိတ်ပုဂ္ဂိုလ်၏စိတ်ရ - - အကုသိုလ်စိတ် ၁၂-ပါး - ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် ၁၇-ပါး - မဟာကုသိုလ်စိတ် ၈-ပါး - မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄-ပါး ပေါင်း - ၄၁-ပါး |
5 | 3 | 1990 | နေ့စဉ်မပြတ် ဝတ်ထား၍ ဘုရားရှိခိုးခြင်းသည် မည်သည့်ကံဖြစ်ပါသနည်း ဖြေဆို၍ တစ်စုံတစ်ယောက်အား သူတစ်ပါးစည်းစိမ်ကို မတရားယူလိုမှုနှင့် ပျက်စီးအောင် ကြံစည်မှုတို့ ဖြစ်ပွားအောင် ခိုင်းစေတတ်သော မူလတရားခံ တို့ကိုလည်း ထုတ်ဖော်ပြခဲ့ပါ။ | နေ့စဉ်မပြတ် ဝတ်ထား၍ ဘုရားရှိခိုးခြင်းသည်- “အာစိဏ္ဏကံ (ကုသိုလ်) ဖြစ်ပါသည်။ သူတစ်ပါးစည်းစိမ်ကို မတရားယူလိုမှု (အဘိဇ္ဈာ) ဖြစ်ပွားအောင် ခိုင်းစေတတ်သော မူလတရားခံမှာ- “လောဘ” ဖြစ်ပါသည်။ သူတစ်ပါး ပျက်စီးအောင် ကြံစည်မှု(ဗျာပါဒ) ဖြစ်ပွားအောင် ခိုင်းစေတတ်သော မူလတရားခံမှာ- “ဒေါသ” ဖြစ်ပါသည်။ |
6 | 3 | 1990 | ရူပဗြဟ္မာများ၌ လူသားတို့ကဲ့သို့ ဗြဟ္မာယောကျ်ား၊ ဗြဟ္မာမိန်းမဟူ၍ လိင်အားဖြင့် ခွဲခြားမှု ရှိပါသလား၊ အကြောင်းပြ ဖြေဆို၍ ရူပဘုံ၌ ရထိုက်သောရုပ်များ ကိုလည်း ရေတွက်ပြပါ။ | ရူပဗြဟ္မာများ၌ လူသားတို့ကဲ့သို့ ဗြဟ္မာယောကျ်ား၊ ဗြဟ္မာမိန်းမဟူ၍ လိင်အားဖြင့် ခွဲခြားမှု မရှိပါ။ အကြောင်းမှာ - ရူပဗြဟ္မာများသည် ကာမဂုဏ်ကို လွန်စွာ စက်ဆုပ် ရွံရှာ သဖြင့် ကာမဝိရာဂဘာဝနာ၏ အစွမ်းဖြင့် ဘာဝရုပ် ၂-ပါးကို ပယ်ထားသောကြောင့် ဖြစ်ပါသည်။ ရူပဘုံ၌ ရထိုက်သောရုပ်များ- (က) အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရထိုက်သော ရုပ်များမှာ- - မဟာဘုတ်ရုပ် ၄-ပါး - စက္ခုပသာဒ၊ သောတပသာဒရုပ် ၂-ပါး - ဂေါစရရုပ် (၀ဏ္ဏ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ) ၄-ပါး - ဟဒယရုပ် ၁-ပါး - ဇီဝိတရုပ် ၁-ပါး - အာဟာရရုပ် (သြဇ) ၁-ပါး - အာကာသဓာတ် ပရိစ္ဆေဒရုပ် ၁-ပါး - ဝိညတ်ရုပ် ၂-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၂၃-ပါး ဖြစ်ပါသည်။ (ခ) အသညသတ်ဘုံ၌ ရထိုက်သောရုပ်များ - မဟာဘုတ်ရုပ် ၄-ပါး - ဂေါစရရုပ် (၀ဏ္ဏ၊ ဂန္ဓ၊ ရသ) ၃-ပါး - ဇီဝိတရုပ်၁-ပါး - အာဟာရရုပ် (သြဇ) ၁-ပါး - အာကာသဓာတ် ပရိစ္ဆေဒရုပ် ၁-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၁၇-ပါး ဖြစ်ပါသည်။ |
7 | 3 | 1990 | သတ္တဝါတို့အား ကောင်းမှု၊ မကောင်းမှုကံတို့ကို ကျူးလွန်မိအောင် အားပေးလှုံ့ဆော်စေတတ်သော အကြောင်းရင်းတရားကို ထုတ်ပြ၍ အောက်ပါတို့၏ တရားကိုယ်များကိုလည်း ကောက်ပြခဲ့ပါ။ (က) အနညာတညဿာမိတိန္ဒြေ၊ (ခ) အညာတာဝိန္ဒြေ | သတ္တဝါတို့အား ကောင်းမှုကံကို ကျူးလွန်မိအောင် အားပေးလှံု့ဆော်စေတတ်သော အကြောင်းရင်းတရားတို့မှာ- (၁) အလောဘဟိတ်၊ (၂) အဒေါသဟိတ်၊ (၃) အမောဟဟိတ် ဟူသော “ကုသိုလ်ဟိတ် ၃ ပါး”တို့ဖြစ်ကြပါသည်။ သတ္တဝါတို့အား မကောင်းမှုကံကို ကျူးလွန်မိအောင် အားပေး လှံု့ဆော်စေတတ်သော အကြောင်းရင်းတရားတို့မှာ- (၁) လောဘဟိတ်၊ (၂) ဒေါသဟိတ်၊ (၃) မောဟဟိတ် ဟူသော “အကုသိုလ်ဟိတ် ၃ ပါး”တို့ဖြစ်ကြပါသည်။ (က) အနညာတညဿာမိတိန္ဒြေ၏ တရားကိုယ်မှာ- သောတာပတ္တိမဂ်ခဏ၌ ယှဉ်သောပညာ (ပညိန္ဒြေ)စေတသိက်၊ (ခ) အညာတာဝိန္ဒြေ ၏ တရားကိုယ်မှာ- အရဟတ္တဖိုလ်၌ ယှဉ်သောပညာ (ပညိန္ဒြေ)စေတသိက် တို့ဖြစ်ကြပါသည်။ |
8 | 3 | 1990 | ပကတူပနိဿယပစ္စည်း၏ သဘောသဘာဝကို အရှင်အနုရဒ္ဓါဆရာ၏ အလိုကျ ပြည့်စုံအောင် ရှင်းပပြြီးလျှင် အောက်ပါတို့သည် မည်သည့် သဒ္ဒပညတ်များ ဖြစ်ကြသည်ကိုလည်း ဖြေဆိုပါ။ (က) ခေါင်းလောင်းသံ (ခ) စာဖြေပုဂ္ဂိုလ် | ပကတူပနိဿယပစ္စည်း၏ သဘောသဘာဝကို အရှင်အနုရဒ္ဓါဆရာ၏ အလိုကျ ပြည့်စုံအောင် ရှင်းပြရသော်- (အာရမ္မဏ အနန္တရတို့နှင့် မရောရသည့်တိုင်အောင်) ပင်ကိုယ်ပကတိ သဘောသက်သက်ဖြင့်ပင် အားကြီးသော မှီရာအကြောင်းဖြင့် ကျေးဇူး ပြုတတ်သောပစ္စည်းသည် ပကတူပနိဿယပစ္စည်း မည်၏။ ပကတူနိဿယပစ္စည်းသည် ၂၄-ပစ္စည်းတို့အနက် အကျယ်ဝန်းဆုံးပစ္စည်းဖြစ်၏။ ပကတူနိဿယ၏ ကျယ်ဝန်းပုံမှာ- (က) သဒ္ဓါ စသော ကုသိုလ်တရားများ၊ ရာဂ စသော အကုသိုလ်တရားများ၊ ကာယိကသုခ၊ ကာယိကဒုက္ခ၊ ဥတု၊ ဘောဇဉ်၊ ပုဂ္ဂလ၊ သေနာသန-ဤတရားတို့သည် ထိုက်သည့် အားလျော်စွာ၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓသန္တာန်၌ ကုသိုလ် စသော တရားတို့အားလည်းကောင်း (ခ) ဗလဝဖြစ်သော ကုသိုလ်၊ အကုသိုလ်ကံသည် ဝိပါက်နာမက္ခန္ဓာတို့အားလည်းကောင်း ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်။ (က) ခေါင်းလောင်းသံ - အဝိဇ္ဇာမာနေန- ဝိဇ္ဇမာနပညတ်၊ (ခ) စာဖြေပုဂ္ဂိုလ် - အဝိဇ္ဇာမာနေန- အဝိဇ္ဇမာနပညတ်၊ |
9 | 3 | 1990 | လောကီနယ်ပယ်တွင် လှေယာဉ် လှည်းယာဉ်တို့ဖြင့် လိုရာခရီးသို့အရောက်သွားနိုင်သကဲ့သို့ လောကုတ္တရာနယ်ပယ်တွင် နိဗ္ဗာန်ခရီးသို့ အဘယ်ယာဉ်ရထားတို့ဖြင့် အရောက်သ ွားနိုင်ကြမည်နည်း။ ပြည့်စုံအောင်ဖြေဆို၍ ဝိပဿနာညစ်နွမ်းကြောင်း အန္တရာယ် ၁၀-ပါး ကိုလည်း ထုတ်ဆောင်ရေးသားခဲ့ပါ။ | လောကီနယ်ပယ်တွင် လှေယာဉ် လှည်းယာဉ်တို့ဖြင့် လိုရာခရီးသို့အရောက်သွားနိုင်သကဲ့သို့ လောကုတ္တရာ နယ်ပယ်တွင် နိဗ္ဗာန်ခရီးသို့အရောက်သွား နိုင်ကြမည့် ယာဉ်ရထားတို့ကို ဖော်ပြရသော်- (၁) သီလဝိသုဒ္ဓိ (၂) စိတ္တဝိသုဒ္ဓိ (၃) ဒိဋ္ဌိဝိသုဒ္ဓိ (၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ (၅) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ (၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ (၇) ဉာဏဒဿနဝိသုဒ္ဓိ ဟူသော ဝိသုဒ္ဓိ ရပါး ဖြစ်ပါသည်။ ဝိပဿနာညစ်နွမ်းကြောင်း အန္တရာယ် ၁၀-ပါးမှာ- (၁) သြဘာသ (၂) ပီတိ (၃) ပဿဒ္ဓိ (၄) အဓိမောက္ခ (၅) ပဂ္ဂဟ (၆) သုခ (၇) ဉာဏ (၈) ဥပဋ္ဌာန (၉) ဥပေက္ခာ (၁၀) နိကန္တိ တို့ဖြစ်ပါသည်။ |
3 | 4 | 1990 | စိတ် ၈၉-ပါးအနက် လောကုတ္တရာအာရုံမှတစ်ပါး ကျန်အာရုံများကို အာရုံပြုနိုင်သောစိတ်များကို သိသာရုံမျှ ဖော်ပြပါ။ | စိတ် ၈၉-ပါးအနက် လောကုတ္တရာအာရုံမှတစ်ပါး ကျန်အာရုံများကို အာရုံပြုနိုင်သောစိတ်များမှာ- ၁။ အကုသိုလ်စိတ်= ၁၂-ပါး ၂။ မဟာကုသိုလ် ဉာဏဝိပ္ပယုတ်စိတ်= ၄-ပါး ၃။ မဟာကြိယာ ဉာဏဝိပ္ပယုတ်စိတ်= ၄-ပါး ပေါင်း စိတ်= ၂၀-ပါး တို့ဖြစ်ပါသည်။ (၎င်းစိတ် ၂၀-ပါးတို့သည် လောကီစိတ်-၈၁၊ စေတသိက်-၅၂၊ ရုပ်-၂၈၊ ပညတ် တည်းဟူသော လောကီအာရုံ ၆-ပါးကို အာရုံပြုကြ၏။) |
5 | 4 | 1990 | ရထားစက်ဘီးကဲ့သို့ ဘဝသံသရာ အစဉ်မပြတ် လည်ပတ်ပုံကို ရှင်းပြ၍၊ ဘဝသံသရာအစဉ်ပြတ်၍ အလည်ရပ်အောင် အဘိဓမ္မာနည်းဖြင့် မည်သို့ ထိန်းအုပ်ရမည်ကိုလည်း နည်းညွှန်ခဲ့ပါ။ | ဘဝသံသရာစက် လည်ပတ်ပုံ- ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၊ ဘဝင်၊၀ီထိ၊ စုတိစိတ်တို့သည် အစဉ်အတိုင်း အဆက်ဆက်လည်၍ ဖြစ်သကဲ့သို့၊ ပဋိသန္ဓေနေစေသော အကြောင်းတရားများ ဖြစ်သည့် အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရ (ကံ) တရားများကို မပယ်နိုင်သေးသရွေ့ စုတိစိတ် ချုပ်ပြီးသည့်နောက်၌လည်း အသစ်အသစ်သော ပဋိသန္ဓေ အစရှိကုန်သော စိတ်တို့သည်ရထား၌ တပ်ထားသော ဘီး၏လည်ပုံကဲ့သို့ အစဉ်အတိုင်း သာလျှင် (ရဟန္တာမဖြစ်မချင်း) လည်၍ ဖြစ်ကြလေ၏။ - ဘဝသံသရာစက်ပြတ်ပုံ သံသရာစက်ပြတ်၍ အလည်ရပ်အောင်ကား- ပညာရှိသူ (တိဟိတ်ပုဂ္ဂိုလ်)တို့သည် ရှည်မြင့်စွာသော ကာလပတ်လုံး သီလဖြူစင်၊ ဓုတင်ကိုဖြည့်၊ သမာဓိလောင်း၊ ကောင်းသောအကျင့် ရှိကုန်သည်ဖြစ်၍ ထို၀ဋ်တရားတို့၏ မမြဲခြင်း သဘောကို ဝိပဿနာဉာဏ်ဖြင့် ထင်စွာသိအောင် ဆင်ခြင် အားထုတ်သည်ရှိသော် နှောင်ဖွဲ့ တတ်သောတဏှာ(သို့) ပဋိသန္ဓေ နေစေသော အကြောင်းတရားများကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ဖြတ်တောက်နိုင်ပြီးလျှင် ခပ်သိမ်းသော ၀ဋ်ဆင်းရဲတို့၏ငြိမ်းရာ နိဗ္ဗာန်သို့ ဧကန်ရောက်ရပေတော့၏။ |
7 | 4 | 1990 | မြတ်စွာဘုရားဟောကြားအပ်သော တရားအပေါင်း တိုု့တွင် “သစ္စာလေးပါးမှ လွတ်သော တရား မည်သည်မရှိ” ဟူ၍ ဆိုရိုးစကားရှိရာ သစ္စာ မမည်သော တရားများရှိကောင်းပါသလော၊ အကြောင်းပြ ဖြေဆိုပါ။ | မြတ်စွာဘုရားဟောကြားအပ်သော တရားအပေါင်း တိုု့တွင် “သစ္စာလေးပါးမှလွတ်သော တရား မည်သည်မရှိ” ဟူ၍ ဆိုရိုးစကားရှိရာ- (ပရမတ္တ) တရားအားလုံးသည် - အရိယာယ်အားဖြင့် ယူခြင်းဖြင့်သာလျှင် သစ္စာ၄-ပါး၌ အကြွင်းမရှိ ပါဝင်နိုင်ပါသည်။ မုချအားဖြင့်မူ သစ္စာမမည်သော တရားများ ရှိကောင်းပါသည်။ အကြောင်းပြရသော် - သစ္စာ၄-ပါးကို တရားကိုယ် ကောက်ယူပါက- (၁) ဒုက္ခသစ္စာအရ - လောကီစိတ် -၈၁၊ လောဘကြဉ်သော စေတသိက် ၅၁-ပါး၊ ရုပ် ၂၈-ပါး၊ (၂) သမုဒယသစ္စာ အရ - တဏှာ (လောဘ) စေတသိက်၊ (၃) နိရောဓသစ္စာ အရ - နိဗ္ဗာန်၊ (၄) မဂ္ဂသစ္စာအရ - မဂ်စိတ် ၄-ပါး၌ယှဉ်သော မဂ္ဂင်တရားကိုယ် ၈-ပါး တို့ကို အသီးသီးရ၏။ ဤသို့အားဖြင့် ပရမတ္တတရား ၄-ပါးတွင် လောကီစိတ်နှင့် စေတသိက်၊ ရုပ် ၂၈-ပါး၊ နိဗ္ဗာန်နှင့် မဂ်စိတ်၌ယှဉ်သော မဂ္ဂင်တရားကိုယ် ၈-ပါးတို့သည် အသီးသီးသစ္စာမည်ကြ၏။ ကြွင်းသော မဂ်စိတ္တုပ္ပါဒ် ၂၉-ပါးနှင့် ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ပါးတို့မှာ- သစ္စာ ၄-ပါး၏ တရားကိုယ် ကောက်ယူရာတွင် မပါဝင်သဖြင့် သစ္စာမမည်သော (သစ္စဝိမုတ်) တရားများ ဖြစ်ကြပါသည်။ မဂ်စိတ္တုပ္ပါဒ် ၂၉-ပါးဟူသည် - မဂ်စိတ် ၄-ပါး၌ စိတ်အသီးသီးတွင် ယှဉ်သော စေတသိက် ၃၆-ပါးမှ မဂ္ဂင်တရားကိုယ် ၈-ပါးကို နှုတ်က စေတသိက် ၂၈-ပါး ကျန်၏။ မဂ်စိတ်၄-ပါးကို လက္ခဏာတူ၍ တစ်ပါးတည်းပြုပြီး ထိုစေတသိက် ၂၈-ပါးနှင့်ပေါင်းက မဂ်စိတ္တုပ္ပါဒ် ၂၉-ပါး ရ၏။ ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ပါးဟူသည် - ဖိုလ်စိတ် ၄-ပါး၌ ယှဉ်သော စေတသိက် ၃၆-ပါးနှင့် ဖိုလ်စိတ် ၄-ပါးကို လက္ခဏာတူ၍ တစ်ပါးတည်း ပြုကာ ပေါင်းက ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ပါး ရ၏။ |
1 | 1 | 1991 | သုံးဆယ့်တစ်ဘုံတွင် လူနတ်ဗြဟ္မာသတ္တဝါ ပညတ်စုတို့၌ အဘိဓမ္မာသဘာဝအားဖြင့် ထင်ရှားရှိသော တရားအစစ်ကို လိုရင်းထုတ် အကျဉ်းချုပ် ရေးပြပါ။ | သုံးဆယ့်တစ်ဘုံတွင် လူနတ်ဗြဟ္မာသတ္တဝါ ပညတ်စုတို့၌ အဘိဓမ္မာသဘာဝအားဖြင့် ထင်ရှားရှိသော တရားအစစ်မှာ ၁။ စိတ် - အာရုံကို သိခြင်းသဘောတရား။ ၂။ စေတသိက် - စိတ်၌မှီ၍ စိတ်ကိုခြယ်လှယ်သော သဘောတရား။ ၃။ ရုပ် - အပူ အအေးစသော ဆန့်ကျင်ဘက် အကြောင်းများကြောင့် ဖောက်ပြန်တတ်သော သဘောတရား။ |
2 | 1 | 1991 | အမှုကိစ္စတို့၌ ကြံစည်၊ သုံးသပ်၊ ဆုံးဖြတ်၍ နှစ်သက် လိုလားစွာ အားထုတ်မှုသည် အဘယ် စေတသိက်များ၏ သဘောလက္ခဏာများ ဖြစ်ပါသနည်း။ မှန်ကန်အောင် ဖြေဆိုခဲ့ပါ။ | အမှုကိစ္စတို့၌ - ကြံစည်မှု = ဝိတက်စေတသိက်၊ သုံးသပ်မှု = ဝိစာရစေတသိက်၊ ဆုံးဖြတ်မှု = အဓိမောက္ခစေတသိက်၊ နှစ်သက်မှု = ပီတိစေတသိက်၊ လိုလားမှု = ဆန္ဒစေတသိက်နှင့် အားထုတ်မှု= ဝီရိယစေတသိက်တို့၏ သဘောလက္ခဏာများ ဖြစ်ကြပါသည်။ |
3 | 1 | 1991 | ပကိဏ်းပိုင်းလာ ဟိတ်ခြောက်ပါးသရုပ်ကို ထုတ်ပြ၍ စိတ် ၈၉-ပါးကို ဧကဟိတ်၊ ဒွိဟိတ်၊ တိဟိတ်စိတ်တို့ဖြင့် အကျဉ်းသင်္ချာမျှ ဝေဖန်ခဲ့ပါ။ | ပကိဏ်းပိုင်းလာ ဟိတ်ခြောက်ပါးသရုပ်မှာ- ၁။ လောဘဟိတ် ၂။ ဒေါသဟိတ် ၃။ မောဟဟိတ် ၄။ အလောဘဟိတ် ၅။ အဒေါသဟိတ် ၆။ အမောဟဟိတ် တို့ဖြစ်ကြပါသည်။ စိတ် ၈၉-ပါးတို့တွင်- - ဧကဟိတ်စိတ်= ၂-ပါး - ဒွိဟိတ်စိတ်= ၂၂-ပါး - တိဟိတ်စိတ်= ၄၇-ပါး အသီးသီးဖြစ်ကြပါသည်။ |
4 | 1 | 1991 | ဝီထိပိုင်းလာ "ဝိသယပ္ပဝတ္တိ" ဟူသော စကား၏ အဓိပ္ပါယ်ကို ရှင်းပြ၍၊ ယင်းဝိသယပ္ပဝတ္တိ ခြောက်ပါး သရုပ်ကိုလည်း ဖော်ထုတ် ရေးသားခဲ့ပါ။ | ဝီထိပိုင်းလာ "ဝိသယပ္ပဝတ္တိ" ဟူသော စကား၏ အဓိပ္ပါယ်ကို ရှင်းပြရသော် - ဝီထိစိတ်တို့၏ ဝိသယပ္ပဝတ္တိ - အာရုံတို့၏ ဒွါရတို့၌ ဖြစ်ခြင်း။ ဝီထိမုတ်စိတ်တို့၏ ဝိသယပ္ပဝတ္တိ - အာရုံတို့၌ စိတ်တို့၏ ဖြစ်ခြင်း။ ယင်း ဝိသယပ္ပဝတ္တိခြောက်ပေါင်း သရုပ်မှာ - ပဉ္စဒွါရဝီထိ၌ (၁) အတိမဟန္တာရုံ (၂) အဟန္တာရုံ (၃) ပရိတ္တာရုံ (၄) အတိပရိတ္တာရုံ မနောဒွါရဝီထိ၌ (၅) ဝိဘူတာရုံ (၆) အဝိဘူတာရုံ (ဤဝိသယပ္ပဝတ္တိ ၆-ပါးသည် ဝီထိစိတ်တို့၏ ဝိသယပ္ပဝတ္တိ ဖြစ်ပါသည်။) |
5 | 1 | 1991 | ကာမသုဂတိ ပဋိသန္ဓေစိတ်များကို ဖော်ပြ၍ နွား၊ ခွေး စသော တိရစ္ဆာန်တို့သည် အဘယ် ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေခဲ့ကြသည် ကိုလည်း ရှင်းလင်းရေးသားခဲ့ပါ။ | ကာမသုဂတိ ပဋိသန္ဓေစိတ်များမှာ- - အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တိရဏစိတ် ၁-ပါး - မဟာဝိပါက်စိတ် ၈-ပါး ပေါင်း -ကာမသုဂတိ ပဋိသန္ဓေစိတ် ၉-ပါး နွား၊ ခွေး စသော တိရစ္ဆာန်တို့သည် အပါယ်ဘုံသားများဖြစ်၍ အကုသလဝိပါက် ဥပေက္ခာသန္တိရဏစိတ်ဟူသည့် အပါယ်ပဋိသန္ဓေစိတ်ဖြင့် နေခဲ့ကြပါသည်။ |
6 | 1 | 1991 | ရူပဗြဟ္မာများ၏ ခန္ဓာကိုယ်၌ ရုပ်ပေါင်းမည်မျှ ရှိသနည်း၊ အကျဉ်းမျှ ဖော်ပြ၍ ရုပ် ၂၈-ပါးကို အတွင်း ရုပ်-အပြင်ရုပ်၊ အနီးရုပ်-အဝေးရုပ် အားဖြင့် ဝေဖန်ရေးသားခဲ့ပါ။ | ရူပဘုံ၌ ရထိုက်သောရုပ်များ- (က) အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရထိုက်သော ရုပ်များမှာ- - မဟာဘုတ်ရုပ် ၄-ပါး - စက္ခုပသာဒ၊ သောတပသာဒရုပ် ၂-ပါး - ဂေါစရရုပ် (၀ဏ္ဏ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ) ၄-ပါး - ဟဒယရုပ် ၁-ပါး - ဇီဝိတရုပ် ၁-ပါး - အာဟာရရုပ် (သြဇ) ၁-ပါး - အာကာသဓာတ်ပရိစ္ဆေဒရုပ် ၁-ပါး - ဝိညတ်ရုပ် ၂-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၂၃-ပါး ဖြစ်ပါသည်။ (ခ) အသညသတ်ဘုံ၌ ရထိုက်သောရုပ်များ - မဟာဘုတ်ရုပ် ၄-ပါး - ဂေါစရရုပ် (၀ဏ္ဏ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ) ၃-ပါး - ဇီဝိတရုပ်၁-ပါး - အာဟာရရုပ် (သြဇ) ၁-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၁၇-ပါး ဖြစ်ပါသည်။ ရုပ် ၂၈-ပါးကို အတွင်းရုပ်-အပြင်ရုပ်အားဖြင့် ဝေဖန်ရသော်- ပသာဒရုပ် ၅-ပါးသည် - ခန္ဓာကိုယ်၌ ကျေးဇူး အများဆုံး ဖြစ်သဖြင့် အတွင်းရုပ် မည်ပါသည်။ ကျန်ရုပ် ၂၃ ပါးသည် - အပြင်ရုပ် မည်ပါသည်။ ရုပ် ၂၈-ပါးကိုအနီးရုပ်-အဝေးရုပ်အားဖြင့် ဝေဖန်ရသော်- - ပသာဒရုပ် ၅-ပါးနှင့် - ဂေါစရရုပ် ရ-ပါး ပေါင်း ၁၂-ပါးသော ရုပ်တို့သည် ဉာဏ်ဖြင့် သိမ်းဆည်း၍ ရလွယ်သောရုပ်များ ဖြစ်သဖြင့် အနီးရုပ် မည်ပါသည်။ ကြွင်းရုပ် ၁၆-ပါးကား ဉာဏ်ဖြင့် သိမ်းဆည်းရန် မလွယ်ကူသော ရုပ်များဖြစ်သဖြင့် အဝေးရုပ် မည်ပါသည်။ |
7 | 1 | 1991 | “ဥပါဒါန်ကြောင့် ဥပါဒ်ရောက်”ဟူသော စကားအရ သတ္တဝါတို့ အလွန်စွဲလမ်းတတ်သော တရား လေးပါးကို ထုတ်ဖော်ပြ၍ တိရစ္ဆာန်တို့၏ အလေ့အကျင့်ဖြင့် နိဗ္ဗာန်ရောက်အောင် ကျင့်ကြံသော ပုဂ္ဂိုလ်အား အဘယ်ဥပါဒါန် ဖြစ်သည်ကို ရှင်းပြခဲ့ပါ။ | “ဥပါဒါန်ကြောင့်ဥပါဒ်ရောက်” ဟူသော စကားအရ သတ္တဝါတို့ အလွန်စွဲလမ်းတတ်သော တရားလေးပါးမှာ- (၁) ကာမုပါဒါန်၊ (၂) ဒိဋ္ဌုပါဒါန်၊ (၃) သီလဗ္ဗတုပါဒါန်၊ (၄) အတ္တဝါဒုပါဒါန် ဟူသော ဥပါဒါန်တရား ၄-ပါး တို့ဖြစ်ပါသည်။ တိရစ္ဆာန်တို့၏ အလေ့အကျင့်ဖြင့် နိဗ္ဗာန်ရောက်အောင် ကျင့်ကြံသော ပုဂ္ဂိုလ်အား -သီလဗ္ဗတုပါဒါန် ဖြစ်ပါသည်။ အကြောင်းမှာ- “နွား၊ခွေး စသော တိရစ္ဆာန်တို့၏ အလေ့အကျင့်ဖြင့် ကိလေသာမှလည်း စင်ကြယ်၏ သံသရာမှလည်း လွတ်မြောက်၏” ဟုမှားယွင်းသော အယူကို သုံးသပ် စွဲလမ်းမှုသည် “သီလဗ္ဗတပရာမာသဒိဋ္ဌိ” မည်သောကြောင့် ထိုအကျင့်မျိုးကို ခိုင်မြဲစွာ စွဲယူ၍ နိဗ္ဗာန်ရောက်အောင် ကျင့်ကြံသော ပုဂ္ဂိုလ်အား “သီလဗ္ဗတုပါဒါန်” ဖြစ်ပါသည်။ |
8 | 1 | 1991 | “ပဋိစ္စသမုပ္ပါဒ်” ဟူသော စကား၏ အဓိပ္ပာယ်ကို ရှင်းပြ၍ ယင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးကို ကာလသုံးရပ်၊ အစပ်သုံးဖြာတို့ဖြင့် ဝေဖန်ပြခဲ့ပါ။ | “ပဋိစ္စသမုပ္ပါဒ်” ဟူသော စကား၏ အဓိပ္ပာယ်- ဆိုင်ရာကြောင်းရှိလျှင် လျော်သောအကျိုး ဖြစ်စွမ်းနိုင်ရန် တည်ရှိသော သဘောသတ္တိသည် (ပဋိစ္စသမုပ္ပါဒ) ပဋိစ္စသမုပ္ပါဒ် မည်၏။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးကို ကာလသုံးရပ်ဖြင့် ဝေဖန်ပြရသော်- (၁) အတိတ်ကာလ - အဝိဇ္ဇာ၊ သင်္ခါရ။ (၂) ပစ္စုပ္ပန်ကာလ - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။ (၃) အနာဂတ်ကာလ - (ဥပပတ္တိဘဝ) ဇာတိ၊ ဇရာ- မရဏ။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးကို အစပ်သုံးဖြာဖြင့် ဝေဖန်ပြရသော်- (၁) ဟေတုဖလ အစပ် - အတိတ်အကြောင်း သင်္ခါရနှင့် ပစ္စုပ္ပန်အကျိုး ဝိညာဏ်အကြားရှိအစပ် (၂) ဖလဟေတု အစပ် - ပစ္စုပ္ပန်အကျိုးဝေဒနာနှင့် ပစ္စုပ္ပန်အကြောင်း တဏှာကြားရှိအစပ် (၃) ဟေတုဖလ အစပ် - ပစ္စုပ္ပန်အကြောင်း ကမ္မဘဝနှင့် အနာဂတ်အကျိုး ဇာတိအကြားရှိ အစပ် အကျိုးဖြစ်ပြီးမှ အကြောင်းဖြစ်ရသော ပဋ္ဌာန်းပစ္စည်းမှာ “ပစ္ဆာဇာတပစ္စည်း” ဖြစ်ပါသည်။ |
9 | 1 | 1991 | သမထကမ္မဋ္ဌာန်းအရ ကသိုဏ်းရှုပုံကို အကျဉ်းချုပ် ဖော်ပြ၍ အောက်ပါပုဂ္ဂိုလ်တို့နှင့် သင့်လျော်မည့် ကမ္မဋ္ဌာန်းကိုလည်း ညွှန်ပြခဲ့ပါ။ (က) ကာမဂုဏ် လိုက်စားမှုများသူ (ခ) နေရာတိုင်းဒေါသခက်ထန်သူ (ဂ) ရတနာသုံးပါးကို အလွန်ကြည်ညိုသူ | သမထကမ္မဋ္ဌာန်း ကသိုဏ်းရှုပုံ အကျဉ်းချုပ်မှာ- (၁) ကမ္မဋ္ဌာန်းကို စတင် အားထုတ်သော ယောဂီသည် ပထဝီကသိုဏ်းစသော အာရုံတစ်ခုခုကို မျက်စိဖြင့် ကြည့်၍ ပထဝီ ပထဝီ ဟုလည်းကောင်း မြေ-မြေ ဟုလည်းကောင်း ပွားများရပါသည်။ ထိုသို့ မျက်စိဖြင့် ကြည့်ရှုအပ်သော ကသိုဏ်းဝန်းအာရုံကို ပရိကမ္မနိမိတ် ဟုခေါ်ပြီး ကြည့်ရှု၍လည်းကောင်း၊ မှန်းဆ၍ လည်းကောင်းပွားများမှုဘာဝနာကို ပရိကမ္မဘာဝနာ ဟုခေါ်ပါသည်။ (၂) ဤသို့ မှိတ်တုံဖွင့်တုံ အဖန်ဖန် အာရုံပြု၍ ဆက်လက်အားထုတ်သောအခါ ကသိုဏ်းဝန်းအာရုံသည် မျက်စိဖြင့် တိုက်ရိုက်မြင်နေရသကဲ့သို့ စိတ်၌ ထင်ရှားစွာ ဖြစ်ပေါ်လာပါသည်။ ဤအာရုံကို ဥဂ္ဂဟနိမိတ် ဟု ခေါ်ပါသည်။ ၎င်းဥဂ္ဂဟနိမိတ်ကို အာရုံပြုကာ ပွားများသော ဘာဝနာသည် ပရိကမ္မဘာဝနာပင် ဖြစ်သော်လည်း ရှေးကထက် သမာဓိရ၍ တည်ကြည်လှသော ပရိကမ္မဘာဝနာ ဖြစ်ပါသည်။ (၃) ၎င်းဥဂ္ဂဟနိမိတ်ကို ဆက်လက်အားထုတ်သည်ရှိသော် ဘာဝနာကြောင့် ဖြစ်ပေါ်လာသော ပညတ်အာရုံသည် ဥဂ္ဂဟနိမိတ်ထက် အဆရာထောင်မကသာလွန်၍ ကြည်နူးဖွယ်ရာ ကြည်လင်လှသောကြောင့် ၎င်းအာရုံကို ပဋိဘာဂနိမိတ် ဟုခေါ်ပါသည်။ ထိုအချိန်မှစ၍ ကာမစ္ဆန္ဒနီဝရဏ စသော နီဝရဏတရားများ ကင်းကွာ၍ ဝိတတ်စသော ဈာန်အင်္ဂါ ၅-ပါးတို့သည် မိမိတို့ဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ကြသဖြင့် ဈာန်၏အနီးသို့ရောက်သော ဥပစာရဘာဝနာ အဆင့်သို့ရောက်ပြီဖြစ်၏။ (၄) ပဋိဘာဂနိမိတ်ကိုပင် အာရုံပြု၍ ဆက်လက် အားထုတ်သည်ရှိသော် မကြာမီ အပ္ပနာဘာဝနာခေါ် ရူပါဝစရပထမဈာန်ကို ရလေသည်။ (က) ကာမဂုဏ်လိုက်စားမှုများသူနှင့် အထူးသင့်လျော်သော ကမ္မဋ္ဌာန်းမှာ- အသုဘ ၁၀ပါး +ကာယဂတာသတိ =၁၁ ပါး ဖြစ်ပါသည်။ (ခ) နေရာတိုင်းဒေါသခက်ထန်သူနှင့် အထူး သင့်လျော်သော ကမ္မဋ္ဌာန်းမှာ- နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော အရောင်ကသိုဏ်း ၄-ပါး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော အပ္ပမညာ ၄-ပါး ပေါင်း ၈ပါး (ဂ) ရတနာသုံးပါးကို အလွန်ကြည်ညိုသူနှင့် အထူးသင့်လျော်သော ကမ္မဋ္ဌာန်းမှာ- ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ ပေါင်း အနုဿတိ ၆-ပါးတို့ ဖြစ်ပါသည်။ |
1 | 2 | 1991 | အယူမမှားသော်လည်း သူတစ်ပါးပစ္စည်းကို လိုချင်အားကြီး၍ အလိုအလျောက် ဝမ်းမြောက်ဝမ်းသာဖြင့် ခိုးယူမိသောသူသည် အဘယ် အကုသိုလ်စိတ်ဖြင့် ကျူးလွန်ခဲ့သည်ကို ရှင်းပြ၍၊ ပြုံးရယ်မှုကိုဖြစ်စေတတ်သော စိတ်အမည်ကို ညွန်ပြခဲ့ပါ။ | အယူမမှားသော်လည်း သူတစ်ပါးပစ္စည်းကို လိုချင်အားကြီး၍ အလိုအလျောက် ဝမ်းမြောက်ဝမ်းသာဖြင့် ခိုးယူမိသောသူသည် - သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူ တတိယစိတ်ဖြင့် ကျူးလွန်ခဲ့ပါသည်။ ပြုံးရယ်မှုကိုဖြစ်စေတတ်သော စိတ်မှာ - သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် ဖြစ်ပါသည်။ |
2 | 2 | 1991 | "အသက် ဉာဏ်စောင့်" ဟူသောစကား၌ အသက်၊ ဉာဏ်ဟု ခေါ်ဆိုရသော စေတသိက် အမည်များကို ထုတ်ပြ၍၊ ဟီရိ၊ သြတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ဧကဂ္ဂတာ စေတသိက်တို့၏ သဘောလက္ခဏာ များကိုလည်း ရေးသားခဲ့ပါ။ | "အသက် ဉာဏ်စောင့်" ဟူသောစကား၌ - အသက် = ဇီဝိတိန္ဒြေစေတသိက်၊ ဉာဏ် = ပညိန္ဒြေ (အမောဟ) စေတသိက် တို့ဖြစ်ပါသည်။ ဟိရီ - မကောင်းမှု ဒုစရိုက်များ ပြုလုပ်ရမည်ကို ရှက်ခြင်းသဘော။ သြတ္တပ္ပ - မကောင်းမှု ဒုစရိုက်များ ပြုလုပ်ရမည်ကို ကြောက်ခြင်း သဘော၊ ဥဒ္ဓစ္စ - စိတ်၏ မငြိမ်သက်ခြင်း ပျံ့လွင့်ခြင်းသဘော၊ ဧကဂ္ဂတာ - တစ်ခုတည်းသော အာရုံ၌ တည်တံ့ခြင်း၊ တည်ကြည်ခြင်းသဘော။ |
3 | 2 | 1991 | ဋ္ဌာန၁၀-ပါးကို မှန်ကန်အောင် ဖြေဆို၍ သုံးကိစ္စ၊ သုံးဋ္ဌာနတပ်သော စိတ်များကိုလည်း အကျဉ်းချုပ် ဖော်ပြခဲ့ပါ။ | ဌာန၁၀-ပါးမှာ- (၁) ပဋိသန္ဓေဌာန (၂) ဘဝင်ဌာန (၃) အာဝဇ္ဇန်းဌာန (၄) ပဉ္စဝိညာဉ်ဌာန (၅) သမ္ပဋိစ္ဆိုင်းဌာန (၆) သန္တီရဏဌာန (၇) ၀ုဋ္ဌောဌာန (၈) ဇောဌာန (၉) တဒါရုံဌာန နှင့် (၁၀) စုတိဌာန တို့ဖြစ်ကြပါသည်။ သုံးကိစ္စ၊ သုံးဌာနတပ်သောစိတ်တို့မှာ- မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါးတို့ဖြစ်ပြီး၊ ယင်းစိတ်တို့သည်- (၁) ပဋိသန္ဓေကိစ္စကို- ပဋိသန္ဓေဌာန၌လည်းကောင်း (၂) ဘဝင်ကိစ္စကို- ဘဝင်ဌာန၌လည်းကောင်း (၃) စုတိကိစ္စကို- စုတိဌာန၌လည်းကောင်း ဆောင်ရွက်ကြပါသည်။ |
4 | 2 | 1991 | လူသားတို့၌ဖြစ်သော ဘဝင်စိတ်နှင့် ဝီထိစိတ်ဖြစ်ပုံကို ခွဲခြားပြ၍၊ စာဖြေသူ၏ မနောဒွါရ၌ ထင်ရှားသော အာရုံတစ်ခု ထင်မြင်လာသောအခါ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်ကိုလည်း မှန်ကန်အောင် ရေးသားခဲ့ပါ။ | လူသားတို့၌ဖြစ်သော ဘဝင်စိတ်ဖြစ်ပုံကို ခွဲခြားပြရသော် - အာရုံနှင့် ဒွါရ တိုက်ဆိုင်မှုမရှိသောအခါ - ဘဝင်စိတ် (ဝီထိမုတ်စိတ်) ဖြစ်၍၊ - အာရုံနှင့်ဒွါရ တိုက်ဆိုင်သောအခါ ဝီထိစိတ် ဖြစ်ပါသည်။ စာဖြေသူ၏ မနောဒွါရ၌ ထင်ရှားသော အာရုံတစ်ခု ထင်မြင်လာသောအခါ ဖြစ်ပေါ်လာသော ဝီထိစိ်အစဉ်ကို ဖော်ပြရသော် - မနောဒွါရ၊ ဝိဘူတာရုံ ဝီထိဖြစ်၍ - မနောဒွါရာဝဇ္ဇန်း - ၁-ကြိမ် - ကာမဇော - ရ-ကြိမ် - တဒါရုံ - ၂-ကြိမ် တဒါရမ္မဏဝါရ ဖြစ်ပါသည်။ |
5 | 2 | 1991 | ၃၁-ဘုံတွင် သက်တမ်းမမြဲသော ပုဂ္ဂိုလ်များနှင့် သက်တမ်းအရှည်ဆုံးပုဂ္ဂိုလ်ကို သက်တမ်းနှင့် တကွဖော်ပြ ရေးသားခဲ့ပါ။ | ၃၁-ဘုံတွင် သက်တမ်းမမြဲသော ပုဂ္ဂိုလ်များမှာ- - အပါယ် ၄-ဘုံသား - လူ (လူ့ဘုံသား) - ဘုမ္မဇိုးနတ်များ ဖြစ်ပါသည်။ သက်တမ်းအရှည်ဆုံးပုဂ္ဂိုလ်နှင့် သက်တမ်းမှာ- နေဝသညာနာသညာယတန ဗြဟ္မာကြီးဖြစ်ပြီး၊ သက်တမ်းမှာ ကမ္ဘာပေါင်း (၈၄၀၀၀) ဖြစ်ပါသည်။ |
6 | 2 | 1991 | ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတရား လေးပါးကို ဖော်ပြ၍ ရုပ် ၂၈-ပါးတို့တွင် ဘယ်အကြောင်းကြောင့်မှ မဖြစ်သော ရုပ်လေးပါးသရုပ်ကိုလည်းဖော်ထုတ် ရေးသားခဲ့ပါ။ | ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတရား လေးပါးမှာ- ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြစ်ပါသည်။ ရုပ် ၂၈-ပါးတို့တွင် ဘယ်အကြောင်းကြောင့်မှ မဖြစ်သော ရုပ်လေးပါးမှာ - ဥပစယရုပ်၊ - သန္တတိရုပ်၊ - ဇရတာရုပ်၊ - အနိစ္စတာရုပ် ဟူသော လက္ခဏာရုပ် ၄-ပါး ဖြစ်ပါသည်။ |
7 | 2 | 1991 | သတ္တဝါတို့၏ စိတ်ကို ညစ်နွမ်း၊ ပူလောင် စေတတ်သော တရားစုကို ထုတ်ပြ၍ “ဣဒံသစ္စာဘိနိဝေသကာယဂန္တ”၏ တရားကိုယ်ကိုလည်း ကောက်ပြခဲ့ပါ။ | သတ္တဝါတို့၏ စိတ်ကို ညစ်နွမ်း၊ ပူလောင် စေတတ်သော တရားစုမှာ- “ကိလေသာ” အမည်ရသော- (၁) လောဘ (၂) ဒေါသ (၃) မောဟ (၄) မာန (၅) ဒိဋ္ဌိ (၆) ဝိစိကိစ္ဆာ (၇) ထိန (၈) ဥဒ္ဓစ္စ (၉) အဟိရိက (၁၀) အနောတ္တပ္ပ- ဟူသော တရား ၁၀-ပါးတို့ဖြစ်ကြပါသည်။ “ ဣဒံသစ္စာဘိနိဝေသကာယဂန္တ”၏ တရားကိုယ်မှာ- - လောဘမူဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်သော ဒိဋ္ဌိစေတသိက် ဖြစ်ပါသည်။ (အယူမှား - မိစ္ဆာအယူအကျင့်တစ်မျိုးကို စွဲယူကျင့်သုံးပြီးလျှင် “ဤငါ၏ အယူသာမှန်၏၊ တစ်ပါးသူတို့၏အယူ မမှန်၊ အချည်းနှီးတည်း”ဟု မှားယွင်းစွာ စွဲလမ်းတတ်သော အမြင်မှားမှု(ဒိဋ္ဌိ) ဖြစ်၏။) |
8 | 2 | 1991 | သတ္တဝါတို့အား သံသရာဝဋ်မှ မလွတ်ရအောင် အစဉ်အမြဲ အမြစ်တွယ်စေတတ်သော သံသရာ ၀ဋ်မြစ်တရား နှစ်ပါးကို ထုတ်ဖော်ရေးသား၍ ပဋိသန္ဓေနေမှု (ဇာတိ) ကြောင့် ဖြစ်ပေါ်လာသော အကျိုးရင်း၊ အကျိုးဆက်တရားအစုကို တစ်ခုမကျန် ရေးသားပြပါ။ | သတ္တဝါတို့အား သံသရာဝဋ်မှ မလွတ်ရအောင် အစဉ်အမြဲ အမြစ်တွယ်စေတတ်သော သံသရာ ၀ဋ်မြစ်တရား နှစ်ပါးမှာ -“အဝိဇ္ဇာနှင့် တဏှာ” ဟူသော မူလတရားများ ဖြစ်ပါသည်။ ပဋိသန္ဓေနေမှု (ဇာတိ) ကြောင့် ဖြစ်ပေါ်လာသော အကျိုးရင်းတရားများမှာ - ဇရာ-မရဏ အကျိုးဆက်တရားများမှာ - သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ၊ ဥပါယာသတရား တို့ ဖြစ်ပါသည်။ |
9 | 2 | 1991 | ယောဂီပုဂ္ဂိုလ်တိုင်း ခန္ဓာကိုယ်၌လည်းကောင်း၊ စားသောက်ရာ၌လည်းကောင်းရှုမှတ်ဆင်ခြင်ရမည့် ကမ္မဋ္ဌာန်းများကို မြန်မာလို ရေးပြ၍ ဒေဝတာနုဿတိ၏ အဓိပ္ပာယ်ကိုလည်း မှန်ကန်အောင် ရေးပြခဲ့ပါ။ | ယောဂီပုဂ္ဂိုလ်တိုင်း ခန္ဓာကိုယ်၌ ရှုမှတ် ဆင်ခြင်ရမည့် ကမ္မဋ္ဌာန်းများမှာ- (၁) ကာယဂတာသတိ - ဆံပင် စသော ၃၂ ပါးသော ကောဋ္ဌာသအပေါင်းကို ထင်မြင်လာအောင် အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့မှု (၂) စတုဓာတုဝဝတ္ထာန် - ပုဂ္ဂိုလ်၊ သတ္တဝါပျောက်အောင် ခန္ဓာကိုယ်၌ တည််ကုန်သော ပထဝီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓာတ် ၄-ပါးတို့ဖြင့် ပိုင်းခြားရှုဆင်ခြင်သော ဉာဏ် ယောဂီပုဂ္ဂိုလ်တိုင်း စားသောက်ရာ၌ ရှုမှတ်ရမည့် ကမ္မဋ္ဌာန်းမှာ (၁) အာဟာရေပဋိကူလသညာ - ခဲဖွယ်ဘောဇဉ် စသော အာဟာရ၌ စက်ဆုပ်ဖွယ်ရာ ထင်မြင်အောင် ရှုတတ်သောသညာ၊ (၂) ဒေဝတာနုဿတိ - နတ်၊ ဗြဟ္မာတို့ကို သက်သေပြ၍ နတ်တို့၏ သဒ္ဓါ စသောဂုဏ်နှင့်တူသော မိမိ၏ သဒ္ဓါ စသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ဆင်ခြင်မှု |
1 | 3 | 1991 | ယခုခေတ် ဘက်စုံမွမ်းမံရေးတို့၌ ကြောင်းကျိုးကို မြော်မြင်လျက် မိမိသဒ္ဓါအလျောက် ဝမ်းမြောက်စွာ အလှူငွေထည့်ဝင်လှူဒါန်းကြသော သူတို့၏ သန္တာန်၌ ဖြစ်ပေါ်သော ကုသိုလ်စိတ်ကို ရေးပြ၍၊ လောကီစျာန်စိတ်များကိုလည်း မမှားအောင် ရေတွက်ပြခဲ့ပါ။ | ယခုခေတ် ဘက်စုံ မွမ်းမံရေးတို့၌ ကြောင်းကျိုးကို မြော်မြင်လျက် မိမိသဒ္ဓါအလျောက်ဝမ်းမြောက်စွာ အလှူငွေထည့်ဝင် လှူဒါန်းကြသော သူတို့၏ သန္တာန်၌ ဖြစ်ပေါ်သော ကုသိုလ်စိတ်မှာ - သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ပထမစိတ်ဖြစ်ပါသည်။ လောကီစျာန်စိတ်များမှာ - ပထမစျာန်စိတ် ၃ပါး - ဒုတိယစျာန်စိတ် ၃ပါး - တတိယစျာန်စိတ် ၃ပါး - စတုတ္ထစျာန်စိတ် ၃ပါး - ပဉ္စမစျာန်စိတ် ၁၅ပါး ပေါင်း မဟဂ္ဂုတ်စိတ် ၂၇ ပါးတို့ ဖြစ်ပါသည်။ |
2 | 3 | 1991 | တပ်မက်ခြင်း (လောဘ)၊ ခက်ထန်ခြင်း(ဒေါသ)၊ တွေဝေခြင်း (မောဟ) စေတသိက်တို့နှင့် အတူတကွ ဖြစ်သော အကုသိုလ်စိတ် တို့ကိုလည်း ခွဲခြားဖြေဆိုခဲ့ပါ။ | တပ်မက်ခြင်း (လောဘ) စေတသိက်နှင့် အတူတကွဖြစ်သော အကုသိုလ်စိတ်မှာ - လောဘမူစိတ် ၈-ပါး ဖြစ်ပါသည်။ ခက်ထန်ခြင်း (ဒေါသ)စေတသိက်နှင့် အတူတကွ ဖြစ်သော အကုသိုလ်စိတ်မှာ - ဒေါသမူစိတ် ၂-ပါး ဖြစ်ပါသည်။ တွေဝေခြင်း (မောဟ) စေတသိက်နှင့် အတူတကွ ဖြစ်သော အကုသိုလ်စိတ်မှာ- ၁။ လောဘမူစိတ် = ၈-ပါး ၂။ ဒေါသမူစိတ် = ၂-ပါး ၃။ မောဟမူစိတ် = ၂-ပါး ပေါင်း အကုသိုလ်စိတ် = ၁၂-ပါး လုံး ဖြစ်ပါသည်။ |
3 | 3 | 1991 | လောကတွင် “မနောဓာတ်ဖြင့် အတတ်ဟောသည်”ဆိုရာ၌ အဘယ်အရာကို မနောဓာတ်ခေါ်ဆိုပါသနည်း။ ဖြေဆို၍ ယင်းမနောဓာတ်၏ တည်ရာ၊ မှီရာ၊ ဒွါရ၊ အာရုံဝတ္တုတို့ကိုလည်း ညွှန်ပြရေးသားခဲ့ပါ။ | မနောဓာတ်ဆိုသည်မှာ- - ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁-ပါးနှင့် - သမ္ပဋိစ္ဆိုင်းစိတ် ၂-ပါးတို့ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ယင်းမနောဓာတ် ၃-ပါးတို့၏- (က) ဖြစ်ရာဒွါရ -(စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ နှင့် ကာယဒွါရ ဟူသော) ပဉ္စဒွါရ၊ (ခ) အာရုံ - (ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံနှင့် ဖောဋ္ဌဗ္ဗာရုံဟူသော) ပစ္စုပ္ပန်ပဉ္စာရုံ၊ (ဂ) မှီရာဝတ္တု - ဟဒယဝတ္တု(မြဲ) တို့ဖြစ်ကြပါသည်။ |
4 | 3 | 1991 | ဇောနောင် တဒါရုံကျနိုင်သော အင်္ဂါရပ်များကို ဖော်ပြ၍ သုံးဆယ့်တစ်ဘုံတွင် စိတ်၊ စေတသိက် အလျင်းမရှိသော ဘုံကိုလည်း ညွန်ပြခဲ့ပါ။ | ဇောနောင် တဒါရုံကျနိုင်သော အင်္ဂါရပ်များကို ဖော်ပြရသော် - (၁) ကာမဇော (၂) ကာမသတ္တဝါ (၃) အတိမဟန္တ၊ ဝိဘူတ ဖြစ်သော ကာမအာရုံ ဤသုံးချက်ညီမှ ဇောနောင် တဒါရုံကျနိုင်၏ ၃၁-ဘုံတွင် စိတ်၊ စေတသိက် အလျင်းမရှိသော ဘုံမှာ- အသညသတ်ဘုံ ဖြစ်ပါသည်။ |
5 | 3 | 1991 | ဘုံဌာနအလိုက် အကျိုးပေးရသော ကံလေးပါးကို ထုတ်ဖော်ရေးသား၍၊ သန့်ရှင်းသော စေတနာ၊ သဒ္ဓါတရားဖြင့် ဤမေးခွန်းကို ဖြေဆိုနေသော စာဖြေပုဂ္ဂိုလ်၏ ကာမာဝစရကုသိုလ်သည် အဘယ်ဘုံဌာန၌ ပဋိသန္ဓေကျိုးကို ပေးနိုင်ပါသနည်း။ ရှင်းလင်းရေးသားခဲ့ပါ။ | ဘုံဌာနအလိုက် အကျိုးပေးရသော ကံလေးပါး (တစ်နည်း) ပါကဌာနစတုက္ကမှာ- (က) အကုသိုလ်ကံ ၁၂-ပါး (ခ) ကာမာဝစရကုသိုလ်ကံ ၈-ပါး (ဂ) ရူပါဝစရကုသိုလ်ကံ ၅-ပါး (ဃ) အရူပါဝစရကုသိုလ်ကံ ၄-ပါး တို့ဖြစ်ကြပါသည်။ သန့်ရှင်းသော စေတနာ၊ သဒ္ဓါတရားဖြင့် ဤမေးခွန်းကို ဖြေဆိုနေသော စာဖြေပုဂ္ဂိုလ်၏ (တိဟိတ်ဥက္ကဋ္ဌ) ကာမာဝစရကုသိုလ်ကံသည်- - ကာမသုဂတိ ရ-ဘုံ၌ - မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄-ပါး ဟူသော ပဋိသန္ဓေအကျိုးကို ပေးနိုင်ပါသည်။ |
6 | 3 | 1991 | ဗုဒ္ဓဘာသာဝင် ဖြစ်သူတိုင်း တောင့်တသော နိဗ္ဗာန် ဟူသည် အဘယ်အရာပါနည်း၊ ယင်းနိဗ္ဗာန်၏ သဘောလက္ခဏာများကိုပါ ဖော်ပြ၍၊ ဘုရား၊ ရဟန္တာပုဂ္ဂိုလ်သာ ရောက်ရှိနိုင်သော နိဗ္ဗာန်အမည်များကိုလည်း ညွှန်ပြခဲ့ပါ။ | ဗုဒ္ဓဘာသာဝင် ဖြစ်သူတိုင်း တောင့်တသော နိဗ္ဗာန် ဟူသည် တဏှာကုန်ခန်းခြင်းသဘော၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းသဘောတရားကို ခေါ်ပါသည်။ - လပြည့်ဝန်းကို မျက်စိဖြင့် ဒိဋ္ဌပစ္စက္ခ မြင်ရသလို မဂ်ဉာဏ် ၄-ပါးတည်းဟူသော ဓမ္မစက္ခုဖြင့် ဒိဋ္ဌပစ္စက္ခမြင်အပ်၊ မျက်မှောက်ပြုအပ်၏။ - မဂ်၊ ဖိုလ်၊ ဂေါတြဘူ၊ ဝေါဒါန်၊ အာဝဇ္ဇန်း၊ ပစ္စဝေက္ခဏာဇော တို့၏ အာရုံဖြစ်၏။ - လောကုတ္တရာဇာတ်ဖြစ်၍ - တဏှာ၏ အာရုံ ပြုမခံရသောတရား ဖြစ်၏။ နိဗ္ဗာန်၏ သဘောလက္ခဏာ - ငြိမ်းအေးခြင်း သန္တိလက္ခဏာ ရှိ၏။ ဘုရား၊ ရဟန္တာပုဂ္ဂိုလ်သာ ရောက်ရှိနိုင်သော နိဗ္ဗာန်အမည်များမှာ - ခန္ဓာကြွင်းမရှိ၊ အဆုံးစွန် ပရိနိဗ္ဗာန်စံမှုဖြစ်သော ခန္ဓနိဗ္ဗာန်၊ သမ္ပရာယိကနိဗ္ဗာန် တည်းဟူသော အနုပါဒိသေသနိဗ္ဗာန် ဖြစ်ပါသည်။ |
7 | 3 | 1991 | အရိယာတို့သာ သိစေအပ်သော စင်စစ်ဧကန် မှန်သောတရားများကို တရားကိုယ်များနှင့် တကွ ထုတ်ဖော်ပြ၍ ခန္ဓာမဖွဲ့ရသော တရားကိုလည်း ညွှန်ပြခဲ့ပါ။ | အရိယာတို့သာ သိစေအပ်သော စင်စစ်ဧကန် မှန်သောတရားများမှာ အရိယသစ္စာ၄-ပါးဖြစ်ပါသည်။ ယင်းတို့ကို တရားကိုယ်များနှင့်တကွ ဖော်ပြရသော်- (၁) ဒုက္ခ အရိယသစ္စာ - လောကီိစိတ်-၈၁၊ လောဘကြဉ်သော စေတသိက် ၅၁-ပါး၊ ရုပ်၂၈-ပါး (၂) ဒုက္ခသမုဒယ အရိယသစ္စာ - တဏှာ ( လောဘ) စေတသိက်၊ (၃) ဒုက္ခနိရောဓ အရိယသစ္စာ - နိဗ္ဗာန်၊ (၄) ဒုက္ခနိရောဓဂေါမိနိပဋိပဒါ အရိယသစ္စာ - မဂ်စိတ် ၄-ပါး၌ ယှဉ်သော မဂ္ဂင်တရားကိုယ် ၈-ပါး ခန္ဓာမဖွဲ့ရသော (ပရမတ္တ) တရားမှာ - နိဗ္ဗာန် ဖြစ်ပါသည်။ |
8 | 3 | 1991 | ပဋ္ဌာန်းပစ္စည်းတို့တွင် နာမ်တရားနှင့်် ရုပ်တရားတို့ အပြန်အလှန် ကျေးဇူးပြုတတ်သော ပစ္စည်းများကို ထုတ်ပြ၍၊ အာသေဝန၊ ကမ္မပစ္စည်းတို့၏ အနက် အဓိပ္ပာယ်ကိုလည်း နားလည်အောင် ဖြေဆို ရေးသားခဲ့ပါ။ | ပဋ္ဌာန်းပစ္စည်းတို့တွင် နာမ်တရားနှင့်် ရုပ်တရားတို့ အပြန်အလှန် ကျေးဇူးပြုတတ်သော ပစ္စည်းများမှာ- (၁) သဟဇာတပစ္စည်း (၂) အညမညပစ္စည်း (၃) နိဿယပစ္စည်း (၄) အတ္ထိပစ္စည်း (၅) အဝိဂတပစ္စည်း {မှတ်ချက်။ (ရှင်းလင်းချက်)} “ပဋိသန္ဓေခဏ၌ ဟဒယဝတ္တုရုပ်နှင့် ပဉ္စဝေါကာရ ပဋိသန္ဓေဝိပါတ် နာမက္ခန္ဓာလေးပါးတို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကြခြင်း” ကိုဆိုလိုပါသည်။ ဤသို့ရှင်းလင်းချက်သည် စာဖတ်သူများအတွက်သာ ဖြစ်၏။ စာမေးပွဲတွင် ထည့်ဖြေရန်မဟုတ်ပါ။ အာသေဝနပစ္စည်းတို့၏ အနက်အဓိပ္ပာယ် - အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်းသည် အာသေဝနပစ္စည်း မည်၏။ ဥပမာ- ရှေးရှေး၌ ထုံအပ်သော နံ့သာသည် နောက်နောက်၌ ထုံအပ်သော နံ့သာအား အဆင်းအနံ့ကို လွန်စွာ ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့၊ ရှေးရှေး၌ သင်အံ့သော ကျမ်းဂန်သည် နောက်နောက်၌ သင်အံသော ကျမ်းဂန်အား သင်ကြားရာ၌ လွယ်ကူစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားအား မိမိနှင့်တူအောင် အဖန် တလဲလဲပြုပြင်စေခြင်းငှာ ကျေးဇူးပြုတတ်သောကြောင့် အာသေဝနပစ္စည်း မည်၏။ ကမ္မ ပစ္စည်းတို့၏ အနက်အဓိပ္ပာယ်- ကံဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်းသည် ကမ္မပစ္စည်း မည်၏။ ဤကမ္မပစ္စည်းသည် အောက်ပါအတိုင်း ၂ မျိုးပြား၏။ (က) သဟဇာတကမ္မပစ္စည်း - တက္ခဖြစ်ဖက်တရားတို့ကို စေ့ဆော်ဆော်သြခြင်း ဗျာပါရ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော စေတနာဖြစ်ပါသည်။ (ခ) နာနာက္ခဏိကကမ္မပစ္စည်း - ဝိပါက်နာမက္ခန္ဓာ၊ ကဋတ္တာရုပ်တို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတတ်သော အတိတ် ကုသိုလ်၊ အကုသိုလ် စေတနာဖြစ်ပါသည်။ |
9 | 3 | 1991 | လောက၌ အဘယ်ပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု ခေါ်ဆိုအပ်ပါသနည်း၊ ရှင်းပြ၍ ရဟန္တာဖြစ်နည်း အရိယာကျင့်စဉ်ကို မဂ်လေးပါးပယ်စဉ်ကို မှီး၍ ရှင်းပြပါ။ | ရဟန္တာဟူသည် - ကိလေသာတို့ကိုအကြွင်းမရှိ ပယ်ခြင်းကြောင့် ကုန်ပြီးသော အာသဝေါ ရှိသော - လောက၌ မြတ်သော အလှူကို ခံယူထိုက်သော (အမြတ်ဆုံးအလှူခံဖြစ်သော) ပုဂ္ဂိုလ်ကို ခေါ်ပါသည်။ ရဟန္တာဖြစ်နည်း အရိယာကျင့်စဉ်ကို မဂ်လေးပါးပယ်စဉ်အရ ဖော်ပြရသော်- (၁) သောတာပတ္တိမဂ်သည် - ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်၏။ (ကြွင်းကိလေသာတို့၏ အပါယသတ္တိကိုလည်း ပယ်သတ်၏) (၂) သကဒါဂါမိမဂ်သည် - ရုန့်ရင်းကြမ်းတမ်းသော လောဘ၊ ဒေါသ၊ မောဟ တို့ကို ခေါင်းပါးအောင် ပြု၏။ (အကြွင်းမဲ့ပယ်သော ကိလေသာ မရှိပါ။) (၃) အနာဂါမိမဂ်သည် - ကာမရာဂနှင့် ဗျာပါဒ တို့ကို အကြွင်းမဲ့ ပယ်သတ်၏။ (၄) အရဟတ္တမဂ်သည် - ကြွင်းကိလေသာများ ဖြစ်သော ရူပရာဂ၊ အရူပါရာဂ ဟူသော လောဘတစ်စိတ်၊ မောဟ၊ မာန၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဟူသော ကိလေသာ ရ-ပါးတို့ကို အကြွင်းမဲ့ ပယ်သတ်၏။ ဤသို့အားဖြင့် ယောဂီပုဂ္ဂိုလ်သည် ကိလေသာတို့ကို မဂ် ၄-ပါးဖြင့် အဆင့်ဆင့် ပယ်သတ်ကာ ရဟန္တာအဖြစ်သို့ရောက်ရှိသွားပါသည်။ |
2 | 4 | 1991 | ဤမေးခွန်းသဘောကို အလေးမမူ၊ ဉာဏ်မကူဘဲ အလိုအလျောက် ထင်မြင်ရာကို ဖြေဆိုနေသော စာဖြေသူ၏ သန္တာန်၌ အဘယ်မည်သော စိတ်၊ စေတသိက်များ ဖြစ်ပေါ်နေပါသနည်း၊ ရှင်းလင်းရေးသားခဲ့ပါ။ | ဤမေးခွန်းသဘောကို အလေးမမူ၊ ဉာဏ်မကူဘဲ အလိုအလျောက် ထင်မြင်ရာကို ဖြေဆိုနေသော စာဖြေသူ၏ သန္တာန်၌ - "ဥပေက္ခာ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်" ဖြစ်ပေါ်နေပါသည်။ ထိုစိတ်နှင့်အတူ ဖြစ်ပေါ်နေသော စေတသိက်များမှာ- ၁။ ပီတိကြဉ်သော အညသမာန်းစေတသိက် ၁၂-ပါး ၂။ သောဘနသာဓာရဏ စေတိသက် ၁၉-ပါး ပေါင်း စေတသိက် ၃၁-ပါး တို့ ဖြစ်ကြပါသည်။ |
5 | 4 | 1991 | သတ္တဝါတို့ သေဆုံးခြင်း၏ အကြောင်းတရား လေးပါးကို အဓိပ္ပာယ်နှင့်တကွ ဖော်ပြရေးသား၍၊ လူတစ်ယောက် သေဆုံးသည်ဆိုရာ၌ အဘိဓမ္မာသဘောအားဖြင့် အဘယ်သို့ ဖြစ်ပျက်သည်ကို သေဆုံးသည်ဟု ခေါ်ဆိုပါသနည်း။ သင်္ဂြိုဟ်ကျမ်းကို ထောက်၍ ဖြေဆိုခဲ့ပါ။ | သတ္တဝါတို့ သေဆုံးခြင်း၏ အကြောင်းတရား လေးပါးကို အဓိပ္ပာယ်နှင့်တကွ ဖော်ပြရသော်- (၁) အာယုက္ခယ မရဏ - အသက်တမ်းကုန်မှုကြောင့် သေရခြင်း (၂) ကမ္မက္ခယ မရဏ - ကံစွမ်းကုန်မှုကြောင့် သေရခြင်း၊ (၃) ဥဘယက္ခယ မရဏ - အသက်တမ်းနှင့် ကံစွမ်း ၂-ပါးကုန်၍ သေရခြင်း၊ (၄) ဥပစ္ဆေဒက မရဏ - (အသက်တမ်းနှင့် ကံစွမ်းမကုန်သေးသော်လည်း) ကံဆိုးဖြတ်ချွေ၍ သေချိန်မရောက်သေးဘဲ လတ်တလော သေရခြင်း တို့ဖြစ်ပါသည်။ အဘိဓမ္မာသဘောအရ လူတစ်ယောက် သေဆုံးသည် ဆိုသည်မှာ- သေရဖို့ အလွန်နီးကပ်နေသော သတ္တဝါအား ၀ီထိစိတ်၏ အဆုံး၌ဖြစ်စေ၊ ဘဝင်စိတ်အကုန်၌ဖြစ်စေ၊ လက်ရှိပစ္စုပ္ပန်ဘဝ၏ အဆုံးသတ်ဖြစ်သော စုတိစိတ် ဖြစ်ပေါ်လာပြီးနောက် ချုပ်ပျက်သွားပါသည်။ ယင်းသို့ ချုပ်ပျက်သွားခြင်းကို “စုတေသည်-သေသည်” ဟု ဆိုရခြင်း ဖြစ်ပါသည်။ (မှတ်ချက်။ ၀ီထိမုတ်ပိုင်းအရ ဖြေဆိုပုံ ဖြစ်ပါသည်။ ရုပ်ပိုင်းအရ ဖြေဆိုပုံကို ရုပ်ပိုင်း၌ ကြည့်ပါ။) |
8 | 4 | 1991 | နိဗ္ဗာန်သည် နာမ်လော၊ ရုပ်လော၊ အကြောင်းပြ ဖြေဆို၍ အောက်ပါတို့၏သဒ္ဒပညတ် အမည်များကိုလည်း ညွှန်ပြခဲ့ပါ။ (က) ရုပ်ဝေဒနာ (ခ) ရေမြေတောတောင် (ဂ) ပညာရှိပုဂ္ဂိုလ် (ဃ) မိန်းမအသံ | နိဗ္ဗာန်သည် နာမ်ဖြစ်ပါသည်။ အကြောင်းပြရသော် ပစ္စည်းပိုင်း၌ “ရုပ်တရားဟူသည် ရူပက္ခန္ဓာတည်း နာမ်တရားဟူသည် ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ဤ၄-ပါးနှင့် နိဗ္ဗာန်တရားတည်း” ဟု ဟောကြားတော်မူ အပ်သောကြောင့် ဖြစ်ပါသည်။ သဒ္ဒပညတ်အမည်များ (က) ရုပ်ဝေဒနာ= - ဝိဇ္ဇာမာနေန- ဝိဇ္ဇမာနပညတ် (ခ) ရေမြေတောတောင် - အဝိဇ္ဇာမာနေန- အဝိဇ္ဇမာနပညတ် (ဂ) ပညာရှိပုဂ္ဂိုလ် - ဝိဇ္ဇာမာနေန- အဝိဇ္ဇမာနပညတ် (ဃ) မိန်းမအသံ - အဝိဇ္ဇာမာနေန- ဝိဇ္ဇမာနပညတ် |
1 | 1 | 1992 | "စိတ်ကောင်းမရှိ" ဟူသောစကား၌ "စိတ်ကောင်း" ဟု ခေါ်ဆိုထိုက်သော စိတ်တို့ကို အကျဉ်းအားဖြင့် ရေတွက်ပြ၍၊ ရုပ်မြင်သံကြား ကြည့်ရှုနေစဉ် အရုပ်ကို မြင်သိသော စိတ်နှင့် အသံကို ကြားသိသော စိတ်တို့၏ အမည်ကို ညွန်ပြပါ။ | "စိတ်ကောင်းမရှိ" ဟုတ်သော စကား၌ "စိတ်ကောင်း" ဟု ခေါ်ဆိုထိုက်သော စိတ်တို့မှာ - ကာမသောဘနစိတ် ၂၄ပါး - မဟဂ္ဂုတ်စိတ် ၂၇ပါး - လောကုတ္တရာစိတ် ၈ပါး / ၄၀ပါး ပေါင်းသောဘနစိတ် ၅၉ပါး / ၉၁ပါး ရုပ်မြင်သံကြား ကြည့်ရှုနေစဉ် အရုပ်ကို မြင်သိသောစိတ်၏အမည်မှာ - အနိဋ္ဌာရုံ ဖြစ်အံ့ အကုသလဝိပါက် စက္ခုဝိညာဏ်စိတ် ၁ပါး - ဣဋ္ဌာရုံဖြစ်အံ့ အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်စိတ် ၁ပါး ဟူ၍ စက္ခုဝိညာဏ်ဒွေး ဖြစ်ပါသည်။ ရုပ်မြင်သံကြား ကြည့်ရူ့နေစဉ် အသံကို ကြားသိသောစိတ်၏ အမည်မှာ - အနိဋ္ဌာရုံ ဖြစ်အံ့ အကုသလဝိပါက် သောတဝိညာဏ်စိတ် ၁ပါး - ဣဋ္ဌာရုံဖြစ်အံ့ အဟိတ်ကုသလဝိပါက် သောတဝိညာဏ်စိတ် ၁ပါး ဟူ၍ သောတဝိညာဏ်ဒွေး ဖြစ်ပါသည်။ |
2 | 1 | 1992 | "လုံလမမူ နတ်မကူဘူး" ဟူသောစကား၌ လုံ့လဟု ခေါ်ဆိုထိုက်သည့် စေတသိက်အမည်ကို ဖော်ပြ၍ ယင်းစေတသိက်နှင့် အတူတကွဖြစ်သော စိတ်သရုပ်ကိုလည်း ထုတ်ပြပါ။ | "လုံလမမူ နတ်မကူဘူး" ဟူသော စကား၌ လုံ့လဟု ခေါ်ဆိုထိုက်သည့် စေတသိက် အမည်မှာ - ၀ီရိယစေတသိက်ဖြစ်ပါသည်။ ယင်းစေတသိက်နှင့် အတူတကွဖြစ်သော စိတ်သရုပ်မှာ - ၁။ အကုသိုလ်စိတ် ၁၂-ပါး ၂။ ဟသိတုပ္ပါဒ်စိတ် ၁-ပါး ၃။ မနောဒွါရာဝဇ္ဇန်းစိတ် ၁-ပါး ၄။ ကာမသောဘနစိတ် ၂၄-ပါး ၅။ မဟဂ္ဂုတ်စိတ် ၂၇-ပါး ၆။ လောကုတ္တရာစိတ် ၈-ပါး(ကျဉ်း) \ ၄၀-ပါး (ကျယ်) ပေါင်း ၀ီရိယယှဉ်သောစိတ် ၇၃-ပါး (ကျဉ်း) \ ၁၀၅-ပါး (ကျယ်) တို့ဖြစ်ကြပါသည်။ |
3 | 1 | 1992 | စိတ်၊ စေတသိက်တို့သည် စာဖြေသူတို့၏ ခန္ဓာအိမ်သို့ မည်သည့် တံခါးပေါက်များမှ ဝင်ရောက်လာကပြါသနည်း၊ ဝင်ရောက်လာသည့် တံခါးပေါက်၏ အမည်များကို ဖော်ပြ၍၊ ယင်းတံခါးပေါက်များမှ ဝင်ရောက်မလာနိုင်သည့်စိတ်တို့ကိုလည်း ညွှန်ပြပါ။ | စိတ်၊ စေတသိက်တို့သည် စာဖြေသူတို့၏ ခန္ဓာအိမ်သို့- ဒွါရ ၆-ပါးတည်းဟူသော တံခါးပေါက်များမှ ဝင်ရောက်လာကြပါသည်။ ယင်းတံခါးပေါက် (ဒွါရ ၆-ပါး)တို့မှာ- စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရနှင့် မနောဒွါရတို့ ဖြစ်ပါသည်။ ယင်းတံခါးပေါက်များမှ ဝင်ရောက်မလာနိုင်သည့်စိတ်များမှာ- ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စတပ်သော စိတ် ၁၉-ပါး ( ဒွါရဝိမုတ်စိတ် ၁၉-ပါးဖြစ်သည့်- - ဥပေက္ခာသန္တီရဏစိတ်= ၂-ပါး(ရံခါလွတ်) - မဟာဝိပါက်စိတ်= ၈-ပါး(ရံခါလွတ်) - မဟဂ္ဂုတ်ဝိပါက်စိတ်= ၉-ပါး - (မြဲလွတ်) ပေါင်း စိတ်= ၁၉-ပါးတို့ဖြစ်ပါသည်။ |
4 | 1 | 1992 | ၀ီထိမုတ်စိတ်တို့၏ ဝိသယပ္ပဝတ္တိများကို ဖော်ပြ၍ စာဖြေသူ၏ စိတ်ဝိညာဉ်နှင့် ဆက်စပ်လျက် ဖြစ်ပေါ်လာနိုင်သော ၀ီထိ ၆-မျိုး၏ အမည် နာမများကိုလည်း ဖြေဆိုပါ။ | ၀ီထိမုတ်စိတ်တို့၏ ဝိသယပ္ပဝတ္တိများမှာ (၁) ကံနိမိတ် (၂) ကမ္မနိမိတ် (၃) ဂတိနိမိတ် တို့ဖြစ်ပါသည်။ စိတ်ဝိညာဉ်နှင့် ဆက်စပ်လျက် ဖြစ်ပေါ်လာနိုင်သော ၀ီထိ ၆-မျိုး၏ အမည်နာမများကို ဖော်ပြရသော်- (၁) စက္ခုဝိညာဏဝီိထိ (၂) သောတဝိညာဏဝီထိ (၃) ဃာနဝိညာဏဝီထိ (၄) ဇိဝှါဝိညာဏဝီထိ (၅) ကာယဝိညာဏဝီထိ (၆) မနောဝိညာဏဝီထိ တို့ဖြစ်ပါသည်။ |
5 | 1 | 1992 | သူတစ်ပါး သားပျို သမီးပျိုများနှင့် လူမှုရေး ဖောက်ပြန်ခြင်းသည် မည်သည့် အကုသိုလ်ကံ ဖြစ်ပါသနည်း။ ဖြေဆို၍ ယင်းကံ၏ ပဋိသန္ဓေ အကျိုးပေးရာ ဘုံဌာနကိုလည်း ဖော်ပြပါ။ | သူတစ်ပါး သားပျို သမီးပျိုများနှင့် လူမှုရေး ဖောက်ပြန်ခြင်းသည်- ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံ ဖြစ်ပါသည်။ ယင်းကံ၏ ပဋိသန္ဓေ အကျိုးပေးရာ ဘုံဌာနမှာ- အပါယ် ၄-ဘုံ ဖြစ်ပါသည်။ |
6 | 1 | 1992 | ရုပ် ၂၈-ပါးကို အစစ်အတု ခွဲခြားပြ၍ ဤစာဖြေခန်း အတွင်းဝယ် စာဖြေသူများ မျက်စိဖြင့် မြင်တွေ့ရသည့် ရုပ်တို့ကိုလည်းညွှန်ပြပါ။ | ရုပ် ၂၈-ပါးတွင် ရုပ်အစစ် ၁၈-ပါး၊ ရုပ်အတု ၁၀-ပါး ရှိသည်။ ရုပ်အစစ် ၁၈-ပါးမှာ- - မဟာဘုတ်ရုပ် ၄-ပါး - ပသာဒရုပ် ၅-ပါး - ဂေါစရရုပ် ၄-ပါး - ဘာဝရုပ် ၂-ပါး - ဟဒယရုပ် ၁-ပါး - ဇီဝိတရုပ် ၁-ပါး - အာဟာရရုပ် ၁-ပါး - ပေါင်း၁၈-ပါး ဖြစ်ပါသည်။ ရုပ်အတု ၁၀-ပါးမှာ- - ပရိစ္ဆေဒရုပ် ၁-ပါး - ဝိညတ်ရုပ် ၂-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၁၀-ပါး ဖြစ်ပါသည်။ ဤစာဖြေခန်းအတွင်းဝယ် စာဖြေသူများ မျက်စိဖြင့် မြင်တွေ့ရသည့်ရုပ်မှာ- သနိဒဿနရုပ်ဖြစ်သော ရူပါရုံရုပ် (၀ဏ္ဏ) တစ်ပါးသာ ဖြစ်ပါသည်။ |
7 | 1 | 1992 | လူသားအားလုံးတို့သည် အချုပ်အားဖြင့် ရုပ်၊ နာမ်ပရမတ္တမျှသာ ဖြစ်၏။ ယင်းပရမတ္တတို့တွင် မိမိတို့၏ မှတ်ကြောင်း လက္ခဏာဖြင့် အထူး ထင်ရှား၍ အထည်ကိုယ်ဝတ္တု ရကောင်းသော ရုပ်၊နာမ်တို့ကို ရွေးချယ် စိစစ်ပပြြီး၊ နိဗ္ဗာန်သည် အထည်ကိုယ်ရ ဝတ္တုဓမ္မ ဟုတ်၊ မဟုတ် စစ်တမ်းထုတ်ပြပါ။ | လူသားအားလုံး၌ ရှိသော ပရမတ္တတရားတို့တွင် မိမိတို့၏ မှတ်ကြောင်း လက္ခဏာဖြင့် အထူး ထင်ရှား၍ အထည်ကိုယ် ဝတ္တု ရကောင်းသော ရုပ်၊ နာမ်တို့မှာ- (က) စိတ် ၁-ပါး (ခ) စေတသိက် ၅၂-ပါး (ဂ) နိပ္ပပ္မရုပ ၁၈-ပါး တို့ဖြစ်ပါသည်။ နိဗ္ဗာန်သည် အထည်ကိုယ်ရ ဝတ္တုဓမ္မတရား ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် - နိဗ္ဗာန်သည် ငြိမ်းအေးခြင်း(သန္တိလက္ခဏာ) ရှိပြီး ဉာဏ်အမြင်အားဖြင့် တရားအထည်ကိုယ် ရကောင်းသော ပရမတ္တတရားအစစ် ဖြစ်သောကြောင့် ဖြစ်ပါသည်။ |
8 | 1 | 1992 | ပဋ္ဌာန်းတွင် ပစ္စည်းကိုအကြောင်း၊ ပစ္စယုပ္ပန်ကို အကျိုးဟုဆို၏။ ယင်းသို့ဖြစ်လျှင် နိဗ္ဗာန်သည် အကြောင်းလော အကျိုးလေ၊ အကယ်၍ အကြောင်းဖြစ်ခဲ့ပါမူ ဆိုင်ရာအကျိုး တို့အား အဘယ်ပစ္စည်းတို့ဖြင့် ကျေးဇူးပြုပါသနည်း၊ ဖြေဆိုခဲ့ပါ။ | ပဋ္ဌာန်းတွင် ပစ္စည်းကိုအကြောင်း၊ ပစ္စယုပ္ပန်ကို အကျိုးဟုဆို၏။ ယင်းသို့ဖြစ်လျှင် နိဗ္ဗာန်သည် ပစ္စည်းထိုက်သော တရားဖြစ်သောကြောင့် အကြောင်းတရားဖြစ်ပါသည်။ အကြောင်းတရားဖြစ်သော နိဗ္ဗာန်သည် ဆိုင်ရာအကျိုးတို့အား - အာရမ္မဏပစ္စည်း - အာရမ္မဏာဓိပတိပစ္စည်း - အာရမ္မဏူပနိဿယပစ္စည်းတို့ဖြင့် ကျေးဇူးပြုပါသည်။ |
9 | 1 | 1992 | သာယာဖွယ်ကောင်းသည့် ဈာန်-မဂ်- ဖိုလ် ချမ်းသာ၊ ပဋိပတ်အရသာကို ခံစားလိုလျှင် ဘာဝနာနှစ်ရပ် အားထုတ်အပ်သည်ဟု အရှင်အနုရုဒ္ဓါက လမ်းညွှန်ခဲ့ပါသနည်း။ ယင်းဘာဝနာ နှစ်ရပ်ဟူသည် အဘယ်သို့နည်း၊ ယင်းတို့၏ အကျိုးသက်ရောက်မှု မည်သို့ ခြားနားသည်ကိုလည်းဖြေဆိုပါ။ | ဘာဝနာနှစ်ရပ်ဟူသည်- (၁) သမထဘာဝနာ - ကမ္မဋ္ဌာန်း ၄၀-ကို ပွားများခြင်းဖြင့် နီဝရဏ စသော ကိလေသာတို့ကို ငြိမ်းစေတတ်သော ဝိတတ် စသော အောက်အောက် ဈာန်အင်္ဂါတို့ကို ငြိမ်သက် စေတတ်သောသမာဓိကို ခေါ်၏။ (လောကီကုသိုလ်၊ ကြိယာ၌ယှဉ်သော ဧကဂ္ဂတာစေတသိက်ကို ရ၏) (၂) ဝိပဿနာဘာဝနာ - တေဘူမက သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု အဖန်ဖန် ရှုတတ်သော ဉာဏ်ကို ခေါ်၏။ ယင်းဘာဝနာနှစ်ရပ်၏ အကျိုးသက်ရောက်မှုမှာ- (၁) သမထဘာဝနာကို ပွားများလျှင် - မဟဂ္ဂုတ်ဈာန်နှင့် အဘိညာဉ်ဟူသော လောကီဈာန်တို့ကို ရနိုင်ပါသည်။ (၂) ဝိပဿနာဘာဝနာကို ပွားများလျှင် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဟူသော လောကုတ္တရာတရားတို့ကို ရနိုင်ပါသည်။ |
1 | 2 | 1992 | မည်သူတစ်ဦးတစ်ယောက်မျှ မတိုက်တွန်းရဘဲ နှစ်သက်ဝမ်းမြောက်စွာ ဆွမ်းခံ ဘုန်းဘုန်းအား ရှိခိုးဦးချလျက်ရှိသော ကလေးငယ်၏ သန္တာန်၌ ဖြစ်နိုင်သော ကုသိုလ်စိတ်ကို ဖော်ပြ၍ စုံစမ်းထောက်လှမ်းတတ်သော စိတ်တို့၏ အမည်ကိုလည်း ညွန်ပြပါ။ | မည်သူတစ်ဦးတစ်ယောက်မျှ မတိုက်တွန်းရဘဲ နှစ်သက်ဝမ်းမြောက်စွာ ဆွမ်းခံဘုန်းဘုန်းအား ရှိခိုးဦးချလျက်ရှိသော ကလေးငယ်၏ သန္တာန်၌ဖြစ်နိုင်သော ကုသိုလ်စိတ်မှာ - သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ်၊ အသင်္ခါရိက မဟာကုသိုလ် တတိယစိတ်တစ်ပါးဖြစ်ပါသည်။ စုံစမ်းထောက်လှမ်းတတ်သော စိတ်တို့၏ အမည်များမှာ - အကုသလဝိပါက်စိတ်တွင် ဥပေက္ခာသဟဂုတ် သန္တီရဏ စိတ် ၁ပါး - အဟိတ်ကုသလဝိပါက်စိတ်တွင် ဥပေက္ခာသဟဂုတ် သန္တီရဏ စိတ် ၁ပါး သောမနဿသဟဂုတ် သန္တီရဏ စိတ် ၁ပါး ပေါင်း သန္တီရဏ စိတ် ၃ပါး |
2 | 2 | 1992 | အငတ်ဘေးကြီး ဆိုက်ရောက်လျက်ရှိသော ဆိုမာလီယားပြည်သူများအား သနားကြင်နာမှု ဖြစ်နေခြင်းသည် အဘယ်စေတသိက်၏ သဘောလက္ခဏာဖြစ်ပါသနည်း။ တိကျမှန်ကန်စွာ ဖော်ပြ၍ ယင်းစေတသိက်နှင့် ဆန့်ကျင်ဘက် စေတသိက်အမည်ကိုလည်း ညွန်ပြပါ။ | အငတ်ဘေးကြီး ဆိုက်ရောက် လျက်ရှိသော ဆိုမာလီယားပြည်သူများအား သနားကြင်နာမှု ဖြစ်နေခြင်းသည် - "ကရုဏာစေတသိက်" ၏ သဘောလက္ခဏာ ဖြစ်ပါသည်။ ယင်းစေတသိက်နှင့် ဆန့်ကျင်ဘက် စေတသိက် အမည်မှာ - "ဒေါသစေတသိက်" ဖြစ်ပါသည်။ |
3 | 2 | 1992 | “ဈာန်အဘိညာဉ်” ဟူသော စကားဝယ် “အဘိညာဉ်”၏ ပရမတ္ထတရားကိုယ်ကို ဖော်ပြ၍ ယင်းအဘိညာဉ်ဖြင့် ထူးထူးခြားခြား အာရုံပြု၊ သိရှိနိုင်သည့်အရာများကိုလည်း ဖြေဆိုပါ။ | “ဈာန်အဘိညာဉ်” ဟူသော စကားဝယ် “အဘိညာဉ်”၏ ပရမတ္ထတရားကိုယ်ကို ဖော်ပြရသော်- (၁) အထူးသိစွမ်းနိုင်သော (၀ါ) အဘိညာဉ်ကိစ္စတပ်သော၊ ရူပပဉ္စမဈာန် ကုသိုလ်စိတ်နှင့်ယှဉ်သော “ပညာစေတသိက်”နှင့် (၂) အထူးသိစွမ်းနိုင်သော (၀ါ) အဘိညာဉ်ကိစ္စတပ်သော၊ ရူပပဉ္စမဈာန် ကြိယာစိတ်နှင့်ယှဉ်သော “ပညာစေတသိက်” တို့ကို မုချအားဖြင့် ရပါသည်။ (တစ်နည်း) အထူးသိစွမ်းနိုင်သော ရူပပဉ္စမဈာန် ကုသိုလ်ဇောစိတ်နှင့် ကြိယာဇောစိတ်တို့ကို(တကွ ဖြစ်ဖက်နည်းအရ) “အဘိညာဉ်” ဟုယူရ၏။ ၎င်းတို့တွင်- (၁) ကုသိုလ်အဘိညာဉ်ဖြင့်- အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကြဉ်သော အလုံးစုံသော အာရုံ၊ (စိတ်-၈၇၊ စေတသိက်- ၅၂၊ ရုပ်-၂၈၊ နိဗ္ဗာန်၊ ပညတ်) တို့ကို ထူးထူးခြားခြား အာရုံပြု သိရှိနိုင်ပြီး၊ (၂) ကြိယာအဘိညာဉ်ဖြင့်- စိတ်-၈၉၊ စေတသိက် ၅၂၊ ရုပ်-၂၈၊ နိဗ္ဗာန်၊ ပညတ် (ကာမ၊ မဟဂ္ဂုတ်၊ လောကုတ္တရာ၊ ပညတ်) ဟူသော အာရုံအလုံးစုံကို ထူးထူးခြားခြားအာရုံပြု သိရှိနိုင်ပါသည်။ |
4 | 2 | 1992 | ဤမေးခွန်းလွှာကို ကြည့်ရှုနေခိုက် စာဖြေသူ၏ သန္တာန် ၀ယ်ဖြစ်ပေါ်လာသော ၀ီထိစိတ်အစဉ်ကို တိကျမှန်ကန်စွာ ရေးသားဖြေဆို၍ ၀ီထိစိတ် လုံးဝ မဖြစ်သောဝီထိ၏ အမည်ကိုလည်း ညွှန်ပြပါ။ | ဤမေးခွန်းလွှာကို ကြည့်ရှုနေခိုက် စာဖြေသူ၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ၀ီထိစိတ်အစဉ်ကို ဖော်ပြရသော် ဣဋ္ဌရူပါရုံဖြစ်၍ - - ပဉ္စဒွါရာဝဇ္ဇန်း- ၁-ကြိမ် - အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်- ၁-ကြိမ် - အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း- ၁-ကြိမ် - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ- ၁-ကြိမ် - ၀ုဋ္ဌော- ၁-ကြိမ် - *ကာမဇော - ရ-ကြိမ် - ( အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ-၁+ မဟာဝိပါက် ဥပေက္ခာ-၄) ပေါင်း ဥပေက္ခောတဒါရုံ ၅-ပါးမှ တစ်ပါးပါး}- ၂-ကြိမ် *(ကာမဇောတွင် ယောနိသော မနသိကာရဖြစ်လျှင်- ကုသိုလ်ဇော အယောနိသော မနသိကာရဖြစ်လျှင်- အကုသိုလ်ဇော စောနိုင်ပါသည်) ဤဝီထိသည် တဒါရမ္မဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။ ၀ီထိစိတ် လုံးဝမဖြစ်သော ၀ီထိ၏အမည်ကို ဖော်ပြရသော်- အတိပရိတ္တာရုံဝီထိ ဖြစ်ပါသည်။ |
5 | 2 | 1992 | ဒါနပြုရုံ၊ သီလဆောက်တည်ရုံမျှဖြင့် မရရှိနိုင်ဘဲ ဘာဝနာတရား ပွားများအားထုတ်မှသာ ရရှိနိုင်သည့်ကုသိုလ်ကံများကို ရေတွက်ပြ၍၊ မဟာဗြဟ္မာကြီး ဖြစ်လိုသူသည် မည်သည့်တရားကို ပွားများရပါမည်နည်း၊သင်္ဂြိုဟ်ကျမ်း ထောက်ရှု၍ ဖြေဆိုပါ။ | ဘာဝနာတရား ပွားများအားထုတ်မှသာ ရရှိနိုင်သည့်ကုသိုလ်ကံများမှာ- - ရူပကုသိုလ်ကံ ၅-ပါး - အရူပကုသိုလ်ကံ ၄-ပါး ပေါင်း မဟဂ္ဂုတ်ကုသိုလ်ကံ ၉-ပါး ဟူသော ဈာန်ကုသိုလ်ဖြစ်ပါသည်။ |
6 | 2 | 1992 | သတ္တဝါများအား ပြံုးရွှင် ရယ်မောခြင်းကို ဖြစ်စေတတ်သော စိတ်များကို အကျဉ်းသရုပ်မျှ ဖော်ပြ၍၊ လူသားများသည် မည်သည့်စိတ်ဖြင့် ရယ်မောကြသည်ကိုလည်းရှင်းလင်းပြပါ။ | သတ္တဝါများအား ပြံုးရွှင် ရယ်မောခြင်းကို ဖြစ်စေတတ်သော စိတ်များကို အကျဉ်းသရုပ်မျှ ဖော်ပြရသော်- - လောဘမူ သောမနဿစိတ် ၄-ပါး - ဟသိတုပ္ပါဒ်စိတ် ၁-ပါး - မဟာကုသိုလ် သောမနဿစိတ် ၄-ပါး - မဟာကြိယာ သောမနဿစိတ် ၄-ပါး ပေါင်း ကာမာဝစရသောမနဿစိတ် ၁၃-ပါး ဖြစ်ပါသည်။ လူသားများ ရယ်မောကြသောစိတ်များ (က) ပုထုဇဉ်ပုဂ္ဂိုလ်များ ရယ်မောသောစိတ် - လောဘမူ သောမနဿစိတ် ၄-ပါး - မဟာကုသိုလ် သောမဿစိတ် ၄-ပါး ပေါင်း-စိတ် ၈-ပါး (ခ) သေက္ခပုဂ္ဂိုလ်များ ရယ်မောသောစိတ် - လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် သောမနဿစိတ် ၂-ပါး - မဟာကုသိုလ် သောမနဿစိတ် ၄-ပါး ပေါင်း-စိတ် ၆-ပါး (ဂ) အသေက္ခပုဂ္ဂိုလ်များရယ်မောသောစိတ် - ဟသိတုပ္ပါဒ်စိတ် ၁-ပါး - မဟာကြိယာ သောမနဿစိတ် ၄-ပါး ပေါင်း-စိတ် ၅-ပါး |
7 | 2 | 1992 | “အာသဝေါကုန်ရာ နိဗ္ဗာန်ရောက်အောင် ဆောင်ရွက်နိုင်သည် ဖြစ်ပါစေသတည်း”ဟူသော ဆုတောင်း၌ ကုန်စေလိုသော အာသဝတို့နှင့် ယင်းတို့၏ အလေ့ဘာသာ ဓမ္မတာတို့ကို လည်းဖြေဆိုပါ။ | “အာသဝေါကုန်ရာ နိဗ္ဗာန်ရောက်အောင် ဆောင်ရွက်နိုင်သည် ဖြစ်ပါစေသတည်း”ဟူသော ဆုတောင်း၌ ကုန်စေလိုသော အာသဝေါတရားများမှာ- (၁) ကာမသဝ - ဝတ္တုအာရုံ ကာမဂုဏ်ကို အကျိုးဝိပါက်ကို နှစ်သက် တွယ်တာသောတဏှာ၊ (၂) ဘဝါသဝ - ရူပစျာန်၊ အရူပစျာန်နှင့် ထိုစျာန်တို့၏ အကျိုးဝိပါက်ကို နှစ်သက်တွယ်တာသောတဏှာ (၃) ဒိဋ္ဌာသဝ - အယူလွဲမှု မိစ္ဆာဒိဋ္ဌိ၊ (၄) အဝိဇ္ဇာသဝ - အာရုံ၏သဘောမှန်ကို မသိမှု မောဟ တို့ဖြစ်ပါသည်။ ယင်းတို့၏ အလေ့ဘာသာ ဓမ္မတာမှာ- စိမ်ရည်အိုးထဲ၌ ကြာမြင့်စွာ စိမ်ထားသော စိမ်ရည်အရက်ကဲ့သို့ အနမတဂ္ဂ သံသရာဝယ် သတ္တဝါတို့၏ ခန္ဓာအစဉ်တည်းဟူသော စိမ်ရည်အိုး၌ ကြာရှည်စွာ စိမ်ထားသည်ဖြစ်၍ အာနိသင် ပြင်းပြကာ မိိမိတို့ကိန်းရာ ပုထုဇဉ် သတ္တဝါတို့အား တွေဝေယစ်မူးစေတတ်သည့် သဘောရှိပါသည်။ |
8 | 2 | 1992 | သတ္တဝါတို့အဘယ်ကြောင့် သေရသည်ကို ကြောင်းကျိုးဆက်စပ် ဖော်ပြသည့် ပဋိစ္စသမုပ္ပါဒ် ဟောစဉ်ဒေသနာဖြင့် ညှိ၍ ဖြေဆိုပြီးလျှင် ဘုံသုံးပါး၌ မပြတ်လည်နေသော ပဋိစ္စသမုပ္ပါဒ်စက်ကြီး အပြီးတိုင် ရပ်သွားစေရန် အဓိက ပယ်သတ်ရမည့် အခြေခံမူလဘူတကို ကောက်ပြခဲ့ပါ။ | ကြောင်းကျိုးဆက်စပ် ဖော်ပြသည့် ပဋိစ္စသမုပ္ပါဒ် ဟောစဉ်ဒေသနာတွင် “ဇာတိပစ္စယာ ဇရာ- မရဏ” ဟု ဖော်ပြထားသဖြင့် သတ္တဝါတို့သေရခြင်း(မရဏ) အကျိုးတရားသည် ဇာတိတည်းဟူသော အကြောင်းတရား ဖြစ်ပါသည်။ ဘုံသုံးပါး၌ မပြတ်လည်နေသော ပဋိစ္စသမုပ္ပါဒ်ကြီး အပြီးတိုင် ရပ်သွားစေရန် အဓိက ပယ်သတ်ရမည့် အခြေခံ မူလဘူတတို့မှာ အဝိဇ္ဇာနှင့် တဏှာ တို့ဖြစ်ပါသည်။ ဥပမာ - သစ်ပင်၌ ရေသောက်မြစ်ပြတ်လျှင် တစ်ပင်လုံး၊ ပျက်စီးတော့သကဲ့သို့ထို့အတူ သံသရာတွင် စည်ပင်နေသည့် သတ္တဝါဟု ဆိုအပ်သော ရုပ်နာမ်ခန္ဓာသစ်ပင်ကြီး ၌ အဝိဇ္ဇာ၊ တဏှာဟူသော ရေသောက်မြစ် နှစ်ခုကို အရဟတ္တမဂ်တည်း ဟူသော ဓား၊ သံလျက် လက်နက်ဖြင့် ဖျက််ဆီးလိုက်သည့်အခါ သင်္ခါရတရားတို့၏ အပြီးတိုင် ချုပ်ငြိမ်းခြင်းသို့ ရောက်ခြင်းဖြင့် ပဋိစ္စသမုပ္ပါဒ်စက်ရဟတ် အလည်ရပ်ပါမည်။ |
9 | 2 | 1992 | ဗြဟ္မာတို့ နေခြင်းနှင့် တူသောကြောင့် ဗြဟ္မဝိဟာရ အမည်ရသော ဘာဝနာတို့ကို ရှာဖွေပြ၍ အဘယ်စရိုက်ဆိုးရှိသူသည် ယင်းဘာဝနာတို့နှင့် အထူးသင့်လျော်သည်ကိုလည်း ဖြေဆိုခဲ့ပါ။ | ဗြဟ္မဝိဟာရ အမည်ရသော ဘာဝနာတို့မှာ- (က) မေတ္တာဘာဝနာ (ခ) ကရုဏာဘာဝနာ (ဂ) မုဒိတာဘာဝနာ (ဃ) ဥပေက္ခာဘာဝနာ တို့ဖြစ်ကြပါသည်။ ယင်းဘာဝနာတို့နှင့် အထူးသင့်လျော်သော စရိုက်ဆိုးရှိသူမှာ ဒေါသ စရိုက်ထူပြောသောပုဂ္ဂိုလ် ဖြစ်ပါသည်။ |
1 | 3 | 1992 | မြင့်မြတ်သူတို့ရအပ် ရောက်အပ်သော စိတ်တို့ကို အကျဉ်အားဖြင့် ရေတွက်ပြ၍၊ ကောင်းမြတ်သော အကျိုးတရားဖြစ်သော စိတ်ကိုလည်း မှန်ကန်စွာ ရေတွက်ပြပါ။ | မြင့်မြတ်သူတို့ရအပ် ရောက်အပ်သော စိတ်တို့ကို အကျဉ်းအားဖြင့် ရေတွက်ရသော် - ရူပါဝစရစိတ် ၁၅ပါး - အရူပါဝစရစိတ် ၁၂ပါး ပေါင်း မဟဂ္ဂုတ်စိတ် ၂၇ပါး ဖြစ်ပါသည်။ (တနည်း) - ပထမစျာန်စိတ် ၃ပါး - ဒုတိယစျာန်စိတ် ၃ပါး - တတိယစျာန်စိတ် ၃ပါး - စတုတ္ထစျာန်စိတ် ၃ပါး - ပဉ္စမစျာန်စိတ် ၁၅ပါး ပေါင်း မဟဂ္ဂုတ်စိတ် ၂၇ ပါးတို့ ဖြစ်ပါသည်။ ကောင်းမြတ်သော အကျိုးတရားဖြစ်စေသော စိတ်များမှာ - မဟာဝိပါက်စိတ် ၈ပါး - မဟဂ္ဂုတ် ဝိပါက်စိတ် ၉ပါး - လောကုတ္တရာ ဝိပါက်စိတ် ၄ပါး (အကျဉ်း) / ၂၀ပါး (အကျယ်) ပေါင်း အကျိုးစိတ် ၂၁ပါး (အကျဉ်း) / ၃၇ပါး (အကျယ်) ဖြစ်ပါသည်။ |
2 | 3 | 1992 | "ရမ္မက်စံအိမ် "ဟူသော စကားဝယ် " "ရမ္မက် " ဟူသော လောက ဝေါဟာရ၏ ပရမတ္တသဘာဝကိုညွန်ပြ၍ ယင်းပရမတ္တသဘာဝနှင့် အတူတကွ ဖြစ်သော စိတ်ကိုလည်း ဖော်ပြပါ။ | "ရမ္မက်စံအိမ် "ဟူသော စကားဝယ် "ရမ္မက် " ဟူသော လောက ဝေါဟာရ၏ ပရမတ္တသဘာဝမှာ လောကီအာရုံ ကာမဂုဏ်စိတ်တို့၌ ငြိကပ်တွယ်တာ လိုချင်မှုသဘောရှိသော - "လောဘစေတသိက်" ဖြစ်ပါသည်။ ယင်း လောဘစေတသိက်နှင့် အတူတကွဖြစ်သော စိတ်မှာ - လောဘမူစိတ် ၈-ပါး ဖြစ်ပါသည်။ |
3 | 3 | 1992 | ဗုဒ္ဓဘာသာဝင်ဖြစ်သူတိုင်း “နိဗ္ဗာန်ကို အာရုံပြု၍ လှူဒါန်းသည်”ဆိုရာ၌ နိဗ္ဗာန်ကို ဧကန်အာရုံပြုနိုင်သော စိတ်သရုပ်ကို ထုတ်ပြ၍၊ လောကီအာရုံများနှင့် ပျော်မွေ့လျက်ရှိသော စိတ်တို့ကိုလည်း ရေတွက်ပြပါ။ | နိဗ္ဗာန်ကို ဧကန်အာရုံပြုနိုင်သော စိတ်သရုပ်မှာ- မဂ်စိတ် ၄-ပါးနှင့်ဖိုလ်စိတ် ၄-ပါးဟူသော လောကုတ္တရာစိတ် ၈-ပါးဖြစ်ပါသည်။ လောကီအာရုံများနှင့် ပျော်မွေ့လျက်ရှိသော စိတ်တို့မှာ- ၁။ အကုသိုလ်စိတ်= ၁၂-ပါး ၂။ မဟာကုသိုလ် ဉာဏဝိပ္ပယုတ်စိတ်= ၄-ပါး ၃။ မဟာကြိယာ ဉာဏဝိပ္ပယုတ်စိတ်= ၄-ပါး ပေါင်း စိတ်= ၂၀-ပါး တို့ဖြစ်ပါသည်။ |
4 | 3 | 1992 | အရိယာပုဂ္ဂိိုလ်တို့၏ ကိုယ်ပိုင်စိတ်တို့ကို ဆိုင်ရာ ပုဂ္ဂိုလ်နှင့် တွဲစပ်ဖော်ပြ၍ နိရောဓသမာပတ် ဝင်စားခါနီးမှာ စောသည့်ဇောနှင့် စောသောအကြိမ် အရေအတွက်ကိုလည်းဖြေဆိုပါ။ | အရိယာပုဂ္ဂိိုလ်တို့၏ ကိုယ်ပိုင်စိတ်တို့ကိုဆိုင်ရာပုဂ္ဂိုလ်နှင့် တွဲစပ်ဖော်ပြရသော်- (၁) သောတာပတ္တိမဂ်ပုဂ္ဂိိုလ် - သောတာပတ္တိမဂ်စိတ် (၂) သကဒါဂါမိမဂ်ပုဂ္ဂိိုလ်- သကဒါဂါမိမဂ်စိတ် (၃) အနာဂါမိမဂ်ပုဂ္ဂိုလ် - အနာဂါမိမဂ်စိတ် (၄) အရဟတ္တမဂ်ပုဂ္ဂိုလ် - အရဟတ္တမဂ်စိတ် (၅)သောတာပတ္တိဖိုလ်ပုဂ္ဂိုလ် - သောတာပတ္တိဖိုလ်စိတ် (၆) သကဒါဂါမိဖိုလ်ပုဂ္ဂိုလ် - သကဒါဂါမိဖိုလ်စိတ် (၇) အနာဂါမိဖိုလ်ပုဂ္ဂိုလ် - အနာဂါမိဖိုလ်စိတ် (၈) အရဟတ္တဖိုလ်ပုဂ္ဂိုလ် - အရဟတ္တဖိုလ်စိတ်(၁)ပါးနှင့် ကြိယာစိတ် (၁၈)ပါး နိရောဓသမာပတ် ဝင်စားခါနီးမှာ စောသည့်ဇောနှင့် စောသောအကြိမ် အရေအတွက်ကို ဖော်ပြရသော်- အနာဂါမ်ဖြစ်လျှင် -နေဝသညာ နာသညာယတန ကုသိုလ်ဇော-၂ကြိမ် ရဟန္တာဖြစ်လျှင် -နေဝသညာနာသညာယတန ကြိယာဇော-၂ကြိမ် |
5 | 3 | 1992 | သက်ရှိသတ္တဝါအားလုံးတို့၏ ဘဝနိဒါန်း စတင်ချိန်ကဖြစ်သော စိတ်၊ ဘဝနိဂုံး အဆုံးသတ်ချိန်၌ဖြစ်သော စိတ်နှင့် ဘဝ၏ အင်္ဂါရပ်တစ်ခုဖြစ်သော စိတ်တို့ကို သိသာရုံမျှ ဖော်ညွှန်းပြ၍၊ “ပဋိသန္ဓေ” ဟူသော စကားကို အဘိဓမ္မာသဘောအရ ရှင်းလင်းပြပါ။ | သက်ရှိသတ္တဝါအားလုံးတို့၏- ဘဝနိဒါန်း စတင်ချိန်ကဖြစ်သော စိတ် ပဋိသန္ဓေစိတ် ဘဝနိဂုံး အဆုံးသတ်ချိန်၌ဖြစ်သောစိတ် စုတိစိတ် ဘဝ၏အင်္ဂါရပ်တစ်ခုဖြစ်သော စိတ် ဘဝင်စိတ် တို့ဖြစ််ပါသည်။ “ပဋိသန္ဓေ” ဟူသော စကားကို အဘိဓမ္မာသဘောအရ ရှင်းလင်းပြရသော် - ရှေ့နောက်ဖြစ်သော ဘဝအထူး (ဘဝဟောင်းနှင့် ဘဝသစ်)ကို တစပ်တည်းကဲ့သို့ ဆက်စပ်ပေးတတ်သော သဘောကို ဆိုလိုပါသည်။ |
6 | 3 | 1992 | လူ့ခန္ဓာကိုယ်ရှိ ရုပ်ဝတ္ထုများအနက် လူနှင့်အတူ သေသောရုပ်၊ လူသေပြီးမှ သေသောရုပ်၊ လူပင်သေသော်လည်း မသေဘဲနှင့် ဆက်လက် ဖြစ်နေဆဲရုပ်တို့ကို ထုတ်ဆောင်ပြ၍၊ ရုပ်ကလာပ် ဖွဲ့စည်းရာ၍ မပါဝင်သောရုပ်တို့ကိုလည်း မပါဝင်ခြင်းအကြောင်းနှင့်တကွ ဖြေဆိုပါ။ | လူ့ခန္ဓာကိုယ်ရှိ ရုပ်ဝတ္ထုများအနက်- လူနှင့်အတူ သေသောရုပ် - ကမ္မဇရုပ် လူသေပြီးမှ သေသောရုပ် - စိတ္တဇရုပ် နှင့် အာဟာရဇရုပ် လူပင်သေသော်လည်း မသေဘဲနှင့် ဆက်လက်ဖြစ်နေဆဲရုပ် - ဥတုဇရုပ် တို့ ဖြစ်ပါသည်။ ရုပ်ကလာပ် ဖွဲ့စည်းရာ၍ မပါဝင်သော ရုပ်တို့ကိုလည်း မပါဝင်ခြင်းအကြောင်းနှင့်တကွ ဖော်ပြရသော်- (၁) အာကာသဓာတ် ပရိစ္ဆေဒရုပ် ၁-ပါး (၂) လက္ခဏရုပ် ၄-ပါး တို့ ဖြစ်ပါသည်။ အကြောင်းမှာ - အာကာသဓာတ် ပရိစ္ဆေဒရုပ်သည် ရုပ်ကလာပ်တို့၏ အပိုင်းအခြားသာဖြစ်၍လည်းကောင်း၊ - လက္ခဏရုပ် ၄-ပါးသည် ရုပ်ကလာပ်တို့၏ ဖြစ်၊တည်၊ပျက် အမှတ် လက္ခဏာမျှသာဖြစ်၍လည်းကောင်း ကလာပ်ဖွဲ့ရာတွင် မပါဝင်ပါ။ |
7 | 3 | 1992 | ဘဝကြီးငယ်သို့ သွားရောက်ကြောင်း ခရီးလမ်း ဖြစ်သည့် မဂ္ဂင်တရားစု၌ ဒုဂ္ဂတိဘဝသို့ လားရောက်ကြောင်းခရီးလမ်းဖြစ်သည့် တရားစုတို့ကို ရွေးကောက်ပြ၍ မဂ္ဂင်မရအပ်သော စိတ်ကိုလည်းညွှန်ပြပါ။ | ဘဝကြီးငယ်သို့ သွားရောက်ကြောင်း ခရီးလမ်းဖြစ်သည့် မဂ္ဂင်တရားစု၌ ဒုဂ္ဂတိဘဝသို့ လားရောက်ကြောင်း ခရီးလမ်းဖြစ်သည့် တရားစုတို့မှာ- (၁) မိစ္ဆာဒိဋ္ဌိ မဂ္ဂင်၊ (၂) မိစ္ဆာသင်္ကပ္ပမဂ္ဂင်၊ (၃) မိစ္ဆာဝါယာမမဂ္ဂင်၊ (၄) မိစ္ဆာသမာဓိမဂ္ဂင် ဟူသော “မိစ္ဆာမဂ္ဂင် ၄-ပါး”တို့ဖြစ်ပါသည်။ မဂ္ဂင်မရအပ်သော စိတ်တို့မှာ- - အဟိတ်စိတ် ၁၈-ပါးနှင့် - ဝိစိကိစ္ဆာ သမ္ပယုတ်စိတ်တို့ ဖြစ်ပါသည်။ |
8 | 3 | 1992 | ပညတ်သည် ပရမတ်ကဲ့သို့ ထင်ရှား။ မရှိပါဘဲလျက် အဘယ်ကြောင့်စိတ်၊ စေတသိက်တို့၏ အာရုံ ဖြစ်သည်ကို ဖြေဆို၍၊ လိုချင်စုံမက် နှစ်သက်ဖွယ် ကောင်းလှသော ဝင်းခြံ၊ တိုက်တာ၊ ဇိမ်ခံကားနှင့် ၎င်းတို့၏ပိုင်ရှင် ယဉ်ချောစုတို့သည် မည်သည့် အတ္တပညတ်များဖြစ်သည်ကို ပိုင်းခြားစိတ်ဖြာ ဖြေဆိုခဲ့ပါ။ | ပညတ်သည် ပရမတ်ကဲ့သို့ ထင်ရှား မရှိသော်လည်း လောကသမုတိအနေဖြင့် ထင်ရှားရှိ၍ ဓမ္မာရုံထိုက်သော တရားဖြစ်သဖြင့် စိတ်၊ စေတသိက်တို့၏ အာရုံ ဖြစ်ပါသည်။ အတ္တပညတ်များ ဝင်းခြံ - ဥပါဒါပညတ် တိုက်တာ - သမူဟပညတ် ဇိမ်ခံကား - သမူဟပညတ် ယဉ်ချောစု - ဥပါဒါပညတ် ( ပုဂ္ဂလပညတ်၊ ဇာတိပညတ်) |
9 | 3 | 1992 | ယနေ့ လောကတွင် အလှူဒါန ပြုကြသူများသည် မိမိအလှူ၏ မှတ်တမ်းတင် ရုပ်မြင်သံကြား သတင်းကားများကို အဖန်ဖန်ကြည့်ရှု၍ သဒ္ဓါပွားပြီး သတိရနေခြင်းသည် မည်သည့်ဘာဝနာ ဖြစ်ပါသနည်း၊ ယင်းဘာဝနာဖြင့် ဈာန်၊ မဂ်၊ ဖိုလ်ဟူသော အပ္ပနာအဆင့်သို့ ရောက်နိုင် မရောက်နိုင်ကိုလည်း ဆုံးဖြတ်ပြပါ။ | မိမိအလှူ၏ မှတ်တမ်းတင် ရုပ်မြင်သံကြား သတင်းကားများကို အဖန်ဖန်ကြည့်ရှု၍ သဒ္ဓါပွားပြီး သတိရနေခြင်းသည် စာဂါ နုဿတိ တည်းဟူသော သမထကမဋ္ဌာန်းဘာဝနာ ဖြစ်ပါသည်။ ယင်းဘာဝနာဖြင့် ဈာန် တည်းဟူသော အပ္ပနာအဆင့်ကို မရောက်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းဘာဝနာ၏ အာရုံတရားသည် ပရမတ် တရားဖြစ်၍ အလွန်နက်နဲ၏။ နက်သောရေ၌ ထိုးဝါးဖြင့် ထောက်၍ မမှီသဖြင့် လှေသည် ငြိမ်သက်စွာ မတည်နိုင်သကဲ့သို့ ယင်းအာရုံ၌ ဝိတက် စသော ဈာန်အင်္ဂါတို့ ခိုင်မြဲစွာ မထောက်တည်နိုင်သဖြင့် ဈာန်ဟူသော အပ္ပနာအဆင့်ကို မရောက်နိုင်ပါ။ သို့ရာတွင် ဥပစာရသမာဓိဟူသော စိတ္တဝိသုဒ္ဓိကို အခြေခံ၍ ၎င်းရုပ် နာမ် ပရမတ်တို့အပေါ် ဝိပဿနာဘာဝနာ ဆက်လက် ရှုပွားလျှင်မူ မဂ် ဖိုလ်တည်းဟူသော အပ္ပနာအဆင့်သို့ ရောက်နိုင်ပါသည်။ |
3 | 4 | 1992 | စိတ်၊ စေတသိက်တို့၏ တည်ရာ၊မှီရာ ဝတ္တု ၆-ပါးကို ရေတွက်ပြ၍ ယင်းဝတ္တုရုပ်များကို လုံးဝ မမှီဘဲဖြစ်သော စိတ်တို့ကိုလည်း ဖြေဆိုပါ။ | စိတ်၊ စေတသိက်တို့၏ တည်ရာ၊မှီရာ ဝတ္တု ၆-ပါးမှာ- (၁) စက္ခုဝတ္တု (၂) သောတဝတ္တု (၃) ဃာနဝတ္တု (၄) ဇိဝှါဝတ္တု (၅) ကာယဝတ္တု (၆) ဟဒယဝတ္တု တို့ဖြစ်ပါသည်။ ဝတ္တုရုပ်ကို လုံးဝမမှီဘဲ ဖြစ်သောစိတ်မှာ - အရူပဝိပါက်စိတ် ၄-ပါး ဖြစ်ပါသည်။ |
5 | 4 | 1992 | သတ္တဝါများ သေခါနီးကာလ၌ ထင်လာတတ်သည့် နိမိတ် ၃ မျိုးကို ဖော်ပြ၍ လူသားများ သေလျှင် ရောက်နိုင်သည့် ဘုံဘဝတို့ကိုလည်း ဖြေဆိုပါ။ | သတ္တဝါများ သေခါနီးကာလ၌ ထင်လာတတ်သည့် နိမိတ် ၃ မျိုးမှာ - ကံ - ကမ္မနိမိတ် - ဂတိနိမိတ် တို့ဖြစ်ပါသည်။ လူသားများ သေလျှင် ရောက်နိုင်သည့် ဘုံဘဝမှာ သုဂတိအဟိတ်နှင့် ဒွိဟိတ်ပုဂ္ဂိုလ်များ သေလျှင် - ကာမ ၁၁ ဘုံ တိဟိတ်ပုဂ္ဂိုလ်များ သေလျှင် - ၃၁ ဘုံသို့ ရောက်နိုင်ပါသည်။ |
9 | 4 | 1992 | ဝိပဿနာဘာဝနာကို စတင်ပွားများသူ ယောဂီပုဂ္ဂိုလ်၌ မည်သည့်ဝိပဿနာဉာဏ် စတင်ဖြစ်ပါသနည်း၊ ၎င်းဉာဏ်စဉ်တို့ အဆင့်ဆင့် မြင့်၍ ရင့်သည်ထက် ရင့်က အမြင်သန်လာပုံကို ဝိပဿနာဉာဏ် ဆုံးသည့်တိုင်အောင် ဆက်လက်ဖော်ပြပါ။ | ဝိပဿနာဘာဝနာကို စတင်ပွားများသူယောဂီပုဂ္ဂိုလ်၌ စတင်ဖြစ်သော ဝိပဿနာဉာဏ်မှာ သမ္မသနဉာဏ် ဖြစ်ပါသည်။ ၎င်းဉာဏ်စဉ်တို့ အဆင့်ဆင့်မြင့်၍ ရင့်သည်ထက် ရင့်က အမြင်သန်လာပုံကို ဝိပဿနာဉာဏ် ဆုံးသည့်တိုင်အောင်ဖော်ပြရသော်- (၁) ဥဒယဗ္ဗယဉာဏ် (၂) ဘင်္ဂဉာဏ် (၃) ဘယဉာဏ် (၄) အာဒီနဝဉာဏ် (၅) နိဗ္ဗိဒါဉာဏ် (၆) မုဉ္စိတုကမျတာဉာဏ် (၇) ပဋိသင်္ခါဉာဏ် (၈) သင်္ခါရုပေက္ခာဉာဏ် (၉) အနုလောမဉာဏ် တို့ဖြစ်ပါသည်။ |
1 | 1 | 1993 | သင်္ဂြိုလ်ကျမ်းတွင် "ပရမတ်" ဟူသော စကား၏ အဓိပ္ပါယ်ကို ရှင်းလင်းရေးသား၍ စာဖြေသူသည် မိမိ၏ခန္ဓာကိုယ်၌ ပရမတ်တရားအနှစ် မည်မျှရှိသည်ကိုလည်း စိစစ်ထုတ်ပြခဲ့ပါ။ | သင်္ဂြိုလ်ကျမ်းတွင် "ပရမတ်" ဟူသော စကား၏အဓိပ္ပါယ်မှာ (၁) မဖောက်မပြန် မှန်ကန်မြင့်မြတ်သော တရား၊ (၂) တကယ်ထင်ရှား ရှိသော တရား ဖြစ်ပါသည်။ စာဖြေသူ အကျွန်ုပ်၏ ခန္ဓာကိုယ်၌ စိတ်၊ စေတသိက်၊ ရုပ်တရားဟူသော ပရမတ်တရားအနှစ် ၃ပါး ရှိပါသည်။ |
2 | 1 | 1993 | စေတသိက် ၅၂-ပါးတို့တွင် စိတ်အများဆုံး ယှဉ်နိုင်သော စေတသိက်နှင့် စိတ်အနည်းဆုံး ယှဉ်နိုင်သော စေတသိက်များကို ကောက်ပြ၍ ဝိရတီစေတသိက်၏ သဘော လက္ခဏာများကိုလည်း ရှင်းလင်းရေးသားခဲ့ပါ။ | စေတသိက် ၅၂-ပါးတို့တွင် - (က) စိတ်အများဆုံး ယှဉ်နိုင်သော စေတသိက်များမှာ - ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေနှင့် မနသိကာရ ဟူသော သဗ္ဗစိတ္တသာဓာရဏ စေတိသက် ရ-ပါး တို့ဖြစ်ကြပါသည်။ (ခ) စိတ်အနည်းဆုံး ယှဉ်နိုင်သော စေတသိက်မှာ - ဝိစိကိစ္ဆာစေတသိက် ၁-ပါး ဖြစ်ပါသည်။ ဝိရတီစေတသိက်၏ သဘောလက္ခဏာများမှာ - ၁။ သမ္မာဝါစာ - အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ၀စီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်ခြင်းသဘော၊ ၂။ သမ္မာကမ္မ န္တ - အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊ ၃။ သမ္မာအာဇီဝ - အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ၀စီဒုစရိုက် ၄-ပါးနှင့် ကာယဒုစရိုက် ၃ ပါးတို့မှ ရှောင်ကြဉ်ခြင်းသဘောတို့ အသီးသီးဖြစ်ကြပါသည်။ |
3 | 1 | 1993 | “ကိစ္စများမြောင်၊ ဤလူ့ဘောင်ဝယ်”ဟူသည်နှင့်အညီ လူသားတစ်ယောက်အတွက် မွေးသည်မှ သေသည်အထိ မလွဲမဖယ် ပြုဖွယ်ကိစ္စများကို ထုတ်ဆောင်ပြ၍၊ ယင်းကိစ္စတို့၏ ဖြစ်ရာဌာနများကိုလည်း ညွှန်ပြခဲ့ပါ။ | လူသားတစ်ယောက်အတွက် မွေးသည်မှ သေသည်အထိ မလွဲမဖယ် ပြုဖွယ်ကိစ္စများနှင့် ယင်းကိစ္စတို့၏ ဖြစ်ရာဌာနများမှာ- ကိစ္စဌာန (၁) ပဋိသန္ဓေကိစ္စ - (၁) ပဋိသန္ဓေဌာန (၂) ဘဝင်ကိစ္စ - (၂) ဘဝင်ဌာန (၃) အာဝဇ္ဇန်းကိစ္စ - (၃) အာဝဇ္ဇန်းဌာန (၄) ဒဿနကိစ္စ - (၄) ပဉ္စဝိညာဉ်ဌာန (၅) သဝနကိစ္စ - ၎င်း (၆) ဃာယနကိစ္စ - ၎င်း (၇) သာယနကိစ္စ - ၎င်း (၈) ဖုသနကိစ္စ - ၎င်း (၉) သမ္ပဋိစ္ဆိုင်းကိစ္စ - (၅) သမ္ပဋိစ္ဆိုင်းဌာန (၁၀) သန္တီရဏကိစ္စ - (၆) သန္တီရဏဌာန (၁၁) ၀ုဋ္ဌောကိစ္စ - (၇) ၀ုဋ္ဌောဌာန (၁၂) ဇောကိစ္စ - (၈) ဇောဌာန (၁၃) တဒါရုံကိစ္စ - (၉) တဒါရုံဌာန (၁၄) စုတိကိစ္စ - (၁၀) စုတိဌာန |
4 | 1 | 1993 | ၀ီထိစိတ်တို့၏ အာရုံဖြစ်သော ဝိသယပ္ပဝတ္တိများကို အဓိပ္ပာယ်များ နှင့်တကွ ဖော်ပြ၍ ၀ီထိစိတ်တိုင်း တဒါရုံ မဖြစ်ခြင်းအကြောင်းကိုလည်း ရှင်းလင်းရေးသားခဲ့ပါ။ | ၀ီထိစိတ်တို့၏ အာရုံဖြစ်သော ဝိသယပ္ပဝတ္တိများကို အဓိပ္ပာယ်များနှင့် တကွဖော်ပြရသော်- (၁) အတိမဟန္တာရုံ -အလွန်ထင်ရှားသောအာရုံ (အာရုံထင်ပြီးသည်မှစ၍ ရေတွက်လျှင် အလွန်များသော စိတ္တက္ခဏအသက်ရှိသောအာရုံ) (၂) မဟန္တာရုံ -ထင်ရှားသောအာရုံ (အာရုံထင်ပြီးသည်မှစ၍ ရေတွက်လျှင် များသော စိတ္တက္ခဏအသက်ရှိသောအာရုံ) (၃) ပရိတ္တာရုံ -မထင်ရှားသောအာရုံ (အာရုံထင်ပြီးသည်မှစ၍ ရေတွက်လျှင် နည်းသော စိတ္တက္ခဏအသက်ရှိသောအာရုံ) (၄) အတိပရိတ္တာရုံ -အလွန်မထင်ရှားသောအာရုံ (အာရုံထင်ပြီးသည်မှစ၍ ရေတွက်လျှင် နည်းသော စိတ္တက္ခဏအသက်ရှိသောအာရုံ) (၅) ဝိဘူတာရုံ -မနောဒွါ့ရ၌ထင်ထင်ရှားရှား ထင်သောအာရုံ (၆)အဝိဘူတာရုံ -မနောဒွါရ၌မထင်မရှား ထင်သောအာရုံ ၀ီထိတိုင်း တဒါရုံ မဖြစ်ခြင်းအကြောင်းကို ဖော်ပြရသော်- (၁) ကာမဇော (၂) ကာမသတ္တဝါ (၃) အတိမဟန္တ- ဝိဘူတဖြစ်သော ကာမအာရုံ ဤသုံးချက်ညီမှ တဒါရုံ ဖြစ်နိုင်ပါမည်၊ ဤသုံးချက် မညီလျှင် တဒါရုံ မဖြစ်နိုင်ပါ။ ထို့ကြောင့် ၀ီထိတိုင်း တဒါရုံ မဖြစ်ရခြင်း ဖြစ်ပါသည်။ |
5 | 1 | 1993 | ၃၁-ဘုံတွင် အနာဂါမ်၊ ရဟန္တာတို့သာ သီးသန့် ရရှိအပ်သည့်ဘုံကို ကောက်ပြ၍၊ မွေးရာပါ ဆွံ့အသူများ၏ ပဋိသန္ဓေစိတ်ကိုလည်း ညွှန်ပြခဲ့ပါ။ | ၃၁-ဘုံတွင် အနာဂါမ်၊ ရဟန္တာတို့သာ သီးသန့်ရရှိအပ်သည့် ဘုံမှာ- (၁) အဝိဟာဘုံ (၂) အတပ္ပါဘုံ (၃) သုဒဿာဘုံ (၄) သုဒဿီဘုံ (၅) အကနိဋ္ဌဘုံ တည်းဟူသော သုဒ္ဓါ၀ါသ (၅)ဘုံ ဖြစ်ပါသည်။ မွေးရာပါဆွံ့အသူများ၏ ပဋိသန္ဓေစိတ်မှာ- အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဖြစ်ပါသည်။ |
6 | 1 | 1993 | ရုပ်အားလုံးကို “သပစ္စယ၊ သာသဝ၊ သင်္ခတ”ဟု ခေါ်ဆိုရခြင်းအကြောင်းကို ရှင်းပြ၍၊ အလွန် နူးညံ့ သိမ်မွေ့သဖြင့် တွေ့ထိ စမ်းသပ် မရနိုင်သော ရုပ်ကိုလည်း ထုတ်ပြခဲ့ပါ။ | ရုပ်အားလုံးကို “သပစ္စယ”ဟု ခေါ်ဆိုရခြင်း အကြောင်းမှာ ရုပ်အားလုံးသည် ကံ၊စိတ်၊ဥတု၊ အာဟာရတည်း ဟူသော အကြောင်းရှိသောကြောင့် “သပစ္စယ”မည်ပါသည်။ ရုပ်အားလုံးကို “သာသဝ”ဟု ခေါ်ဆိုရခြင်းအကြောင်း ရုပ်အားလုံးသည် အာသဝေါတရား လေးပါးတို့၏ အာရုံဖြစ်သောကြောင့် “သာသဝ” မည်ပါသည်။ ရုပ်အားလုံးကို “သင်္ခတ” ဟုခေါ်ဆိုခြင်းအကြောင်း ရုပ်အားလုံးသည် ကံ၊စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရားတို့က ပြုပြင်စီရင်အပ်သောကြောင့် “သင်္ခတ” မည်ပါသည်။ အလွန် နူးညံ့ သိမ်မွေ့သဖြင့် တွေ့ထိ စမ်းသပ် မရနိုင်သော ရုပ်မှာ - အာပေါရုပ် ဖြစ်ပါသည်။ |
7 | 1 | 1993 | စျာန်၊မဂ်၊ ဖိုလ်ကို တားမြစ်ပိတ်ပင်တတ်သော တရားအစုကို ထုတ်ဖော်ပြ၍ ကိလေသာ မမည်သော အကုသိုလ် တရားတို့ကိုလည်း ကောက်ပြခဲ့ပါ။ | စျာန်၊မဂ်၊ ဖိုလ်ကို တားမြစ်ပိတ်ပင်တတ်သော တရားအစုမှာ- (၁) ကာမစ္ဆန္ဒနီဝရဏ၊ (၂) ဗျာပါဒနီဝရဏ (၃) ထိန- မိဒ္ဓနီဝရဏ (၄) ဥဒ္ဓစ္စ-ကုက္ကုစ္စနီဝရဏ (၅) ဝိစိကိစ္ဆာနီဝရဏ (၆) အဝိဇ္ဇာနီဝရဏ ဟူသော “နီဝရဏတရား ၆-ပါး” တို့ဖြစ်ကြပါသည်။ ကိလေသာမမည်သော အကုသိုလ်တရားတို့မှာ- ဣဿ၊ မစ္ဆရိယ၊ ကုက္ကုစ္စနှင့် မိဒ္ဓ စေတသိက် တို့ဖြစ်ပါသည်။ |
8 | 1 | 1993 | လူသားတိုင်း မွေးသည်မှ သေသည်အထိ နေ့စဉ် ခံစားနေသော ဆင်းရဲဒုက္ခစုကြီးသည် အဘယ် အကြောင်းကြောင့် ဖြစ်ရပါသနည်း၊ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ရှင်းပြ၍ ၀ဋ်သုံးပါးသရုပ် ကိုလည်း အဓိပ္ပာယ်နှင့်တကွ ဖော်ထုတ်ရေးခဲ့ပါ။ | လူသားတိုင်း မွေးသည်မှ သေသည်အထိ နေ့စဉ် ခံစားနေရသော ဆင်းရဲဒုက္ခစုကြီးသည် အဝိဇ္ဇာနှင့် တဏှာတည်းဟူသော မူလတရား နှစ်ပါးကြောင့် ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ- သတ္တဝါများသည် လူ၊ နတ်၊ ဗြဟ္မာ စသော ဘဝအမျိုးမျိုး၊ ရုပ်၊ နာမ်၊ ခန္ဓာအမျိုးမျိုးဖြင့် ကျင်လည်နေရခြင်းမှာ ဗြဟ္မာဗိဿနိုး အစရှိသော တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့် မဟုတ်ဘဲ အဝိဇ္ဇာနှင့် တဏှာတည်း ဟူသော ပဋိစ္စသမုပ္ပါဒ် သံသရာဝဋ်ဆင်းရဲ၌ လည်ပတ်ရခြင်း၏ အကြောင်းရင်းဖြစ်သော ၀ဋ်မြစ် (မူလ) ၂ ပါး ကြောင့်ပင် ဖြစ်လေသည်။ ဤဝဋ်မြစ်၂-ပါးကို အခြေခံ၍ ကျန်တရားစုများ ဖြစ်သော သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ စသော တရားများသည်လည်း ဆက်စပ်၍ ကြောင်းကျိုးမပြတ် လည်ပတ်ကြရလေသည်။ ဤသို့ဖြင့် မိမိတို့ရရှိထားသော ရုပ်နာမ်စုကို အရင်းတည်၍ နောက်ရုပ်နာမ်အသစ်ရစေရန်၊ သုခ မရောယှက် ဒုက္ခတုံး၊ ဒုက္ခစုသာဖြစ်သော အဝိဇ္ဇာစသော အကြောင်းတရားများကို ကြောင်းကျိုး ဆက်စပ် ပြုလုပ်ခြင်းဖြင့် သံသရာတစ်ခွင်တွင် ဘဝမျိုးမျိုး၊ ခန္ဓာအမျိုးမျိုး ကျင်လည်နေကြခြင်း ဖြစ်ပါသည်။ ၀ဋ်သုံးပါးသရုပ်- “အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်”တည်းဟူသော သတ္တဝါတို့၏ စိတ်အစဉ်ကို ညစ်နွမ်းပူလောင်စေတတ်သည့် ကိလေသဝဋ်တရားများကြောင့် သင်္ခါရ၊ ကမ္မဘဝတည်းဟူသော ကမ္မဝဋ်တို့ကို ပြုလုပ်အားထုတ်မိကြပါသည်။ ယင်းကမ္မဝဋ်တရားများကြောင့် “ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ( ဥပပတ္တိဘဝ) ဇာတိ-ဇရာ-မရဏ” တည်းဟူသော အကျိုးဝိပါတ် ခန္ဓာများဖြစ်သော ဝိပါကဝဋ်တို့ ဖြစ်ကြရပါသည်။ |
9 | 1 | 1993 | ယောဂီပုဂ္ဂိုလ်များ အစာအာဟာရ စားသုံးရာ၌ ရှုမှတ်ရမည့် ကမ္မဋ္ဌာန်းကို ရှုမှတ်ဆင်ခြင်ပုံနှင့် တကွရေးသား၍ တပ်မက်စွဲလမ်းမှုအားကြီးသော ပုဂ္ဂိုလ်အားသင့်လျော်မည့် ကမ္မဋ္ဌာန်းကိုလည်း ညွှန်ကြားခဲ့ပါ။ | ယောဂီပုဂ္ဂိုလ်များ အစာအာဟာရ စားသုံးရာ၌ ရှုမှတ်ရမည့် ကမ္မဋ္ဌာန်းမှာ အာဟာရေပဋိကုလသညာကမ္မဋ္ဌာန်း ဖြစ်ပါသည်။ ဆင်ခြင်ပုံမှာ- မိမိစားမျိုအပ်သော အစာအာဟာရတို့၌ စက်ဆုပ်ရွံရှာဖွယ်အဖြစ်ကို အောက်မေ့ဆင်ခြင်မှု အမှတ်သတိထား၍ ဆင်ခြင်ရမည် ဖြစ်ပါသည်။ တပ်မက်စွဲလမ်းမှုအားကြီးသော ပုဂ္ဂိုလ်အား အထူးသင့်လျော်မည့်ကမ္မဋ္ဌာန်းများမှာ- - အသုဘကမ္မဋ္ဌာန်း=၁၀-ပါး - ကာယဂတာသတိကမ္မဋ္ဌာန်း=၁-ပါး ပေါင်း= ၁၁-ပါး ဖြစ်ပါသည်။ ၎င်း ၁၁-ပါးအပြင် သင့်လျော်မည့် ကမ္မဋ္ဌာန်းများမှာ- (၁) ပထဝီကသိုဏ်း (၂) အာပေါကသိုဏ်း (၃) တေဇောကသိုဏ်း (၄) ၀ါယောကသိုဏ်း (၅) အာလောကကသိုဏ်း (၆) အာကာသကသိုဏ်း (၇) အာရုပ္ပ ၄-ပါး တို့ဖြစ်ကြပါသည်။ |
1 | 2 | 1993 | သတ္တဝါတို့၏ သန္တာန်၌ မိန်းမောတွေဝေမှုကြောင့် ဖြစ်တတ်သော အကုသိုလ်စိတ်များကို ထောက်ပြ၍ အကုသိုလ်၏ အကျိုးဝိပါက်ဖြစ်သော စိတ်တို့ကိုလည်း ရေတွက်ပြခဲ့ပါ။ | သတ္တဝါတို့၏ သန္တာန်၌ မိန်းမောတွေဝေမှုကြောင့် ဖြစ်တတ်သော အကုသိုလ်စိတ်များမှာ - ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁ပါး - ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ် ၁ပါး ပေါင်း မောဟမူစိတ် ၂ပါး ဖြစ်ပါသည်။ အကုသိုလ်၏ အကျိုးဝိပါက်ဖြစ်သော စိတ်တို့မှာ ၁။ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ပါး ၂။ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် ၁ပါး ၃။ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် ၁ပါး ၄။ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် ၁ပါး ၅။ အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် ၁ပါး ၆။ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် ၁ပါး ၇။ အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ၁ပါး ပေါင်း အကုသလဝိပါက်စိတ် ရပါး |
2 | 2 | 1993 | "အသက် ဉာဏ်စောင့်၊ ဥစ္စာကံစောင့်" ဟူသော စကားရပ်၌ ကံ ဉာဏ်ဟု ခေါ်ဆိုရသော စေတသိက် အမည်များကို ဖော်ပြ၍ ယင်းစေတသိက်တို့နှင့် အတူတကွဖြစ်သော စိတ်တို့ကိုလည်း ထုတ်ဆောင်ပြပါ။ | "အသက် ဉာဏ်စောင့်၊ ဥစ္စာကံစောင့်" ဟူသော စကားရပ်၌ - "ကံ" ဟု ခေါ်ဆိုရသော စေတသိက် - စေတနာစေတိသက်၊ "ဉာဏ်" ဟုခေါ်ဆိုရသော စေတသိက် - ပညိန္ဒြေ(အမောဟ) စေတသိက် တို့ဖြစ်ပါသည်။ ယင်းစေတနာစေတသိက်နှင့် အတူတကွဖြစ်သော စိတ်တို့မှာ - စိတ်အကျဉ်း (၈၉) ပါး \ စိတ်အကျယ် (၁၂၁) ပါး တို့ ဖြစ်ပါသည်။ "ပညိန္ဒြေစေတသိက်" နှင့် အတူတကွဖြစ်သော စိတ်တို့မှာ- ၁။ ကာမသောဘန ဉာဏသမ္ပယုတ်စိတ် ၁၂-ပါး ၂။ မဟဂ္ဂုတ်စိတ် ၂၇-ပါး ၃။ လောကုတ္တရာစိတ် ၈-ပါး (ကျဉ်း) \ ၄၀-ပါး (ကျယ်) ပေါင်း ပညာယှဉ်သောစိတ် - ၄၇-ပါး (ကျဉ်း) \ ရ၉-ပါး (ကျယ်) တို့ဖြစ်ပါသည်။ |
3 | 2 | 1993 | ဒွါရခြောက်ပါးတို့တွင် အဘယ်စိတ်ကို မနောဒွါရ ခေါ်ဆိုပါသနည်း။ ဖော်ပြ၍ ဒွါရအားလုံး၌ ဖြစ်သောစိတ်နှင့် ဒွါရအားလုံးမှ လွတ်သောစိတ်တို့ကိုလည်း ကွဲပြားအောင် ဖြေဆိုခဲ့ပါ။ | ဒွါရခြောက်ပါးတို့တွင် မနောဒွါရဟု ခေါ်ဆိုရသော စိတ်မှာ- ၀ီထိစိတ်တို့၏ဖြစ်ကြောင်းဖြစ်သော ဘဝင်စိတ် ၁၉-ပါး(တစ်နည်း) ဘဝင်္ဂုပစ္ဆေဒစိတ် ၁၉-ပါး တို့ဖြစ်ကြပါသည်။ ဒွါရအားလုံး ၆-ဒွါရ၌ ဖြစ်သောစိတ်များမှာ- (က) ၆-ဒွါရ၌ အမြဲဖြစ်သောစိတ် ၁။ သောမနဿသန္တီရဏစိတ်= ၁-ပါး ၂။ မနောဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး ၃။ ကာမဇောစိတ်= ၂၉-ပါး ပေါင်း= ၃၁-ပါး (ခ) ၆-ဒွါရ၌ ရံခါဖြစ်သောစိတ် ၁။ ဥပေက္ခာသန္တီရဏစိတ်= ၂-ပါး (သန္တီရဏကိစ္စနှင့် တဒါရုံကိစ္စတပ်ခိုက်) ၂။ မဟာဝိပါက်စိတ်= ၈-ပါး (တခါရုံကိစ္စတပ်ခိုက်) ပေါင်း= ၁၀-ပါး ဒွါရအားလုံး (၆-ဒွါရမှ) လွတ်သောစိတ်များမှာ- (က) ၆-ဒွါရမှ အမြဲလွတ်သောစိတ် မဟဂ္ဂုတ်စိတ်= ၉-ပါး (ခ) ၆-ဒွါရမှ ရံခါလွတ်သောစိတ် - ဥပေက္ခာသန္တီရဏစိတ်= ၂-ပါး (ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ တပ်ခိုက်) - မဟာဝိပါက်စိတ်= ၈-ပါး (ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ တပ်ခိုက်) ပေါင်း= ၁၀-ပါး |
4 | 2 | 1993 | ယခုခေတ် အသက်ရာကျော်ရှည်သော ပုဂ္ဂိုလ်တို့၏ စိတ်နှင့်ရုပ် တို့သည် ထိုပုဂ္ဂိုလ်၏ အသက်နှင့်အမျှ ရှည်ပါသလော၊ယင်းတို့၏ သက်တမ်းကို ၀ီထိသဘောအရ ဖြေဆိုခဲ့ပါ။ | ယခုခေတ် အသက်ရာကျော်ရှည်သော ပုဂ္ဂိုလ်တို့၏ စိတ်နှင့်ရုပ်တို့သည် - ထိုပုဂ္ဂိုလ်တို့၏သက်တမ်းသည် လွန်စွာ တိုတောင်းလှရာ- (၁) စိတ်၏သက်တမ်း - စိတ္တက္ခဏ ၁-ချက် (တစ်နည်း) ခဏငယ် ၃-ချက် (၂) ရုပ်၏သက်တမ်း - (ဝိညတ်ဒွေးနှင့် လက္ခဏရုပ် ၄-ပါးကြဉ်) ရုပ် ၂၂-ပါး၏ သက်တမ်း စိတ္တက္ခဏ ၁၇-ချက်(ခဏငယ် ၅၁-ချက်) - ဝိညတ်ဒွေး၏သက်တမ်း စိတ္တက္ခဏ ၁-ချက် (ခဏငယ် ၃-ချက်) - ဥပစယ၊ သန္တတိ၏သက်တမ်း(ဥပါဒ်) ခဏငယ် ၁-ချက် - ဇရတာ၏သက်တမ်း (ဌီ) ခဏငယ် ၄၉-ချက် - အနိစ္စတာ၏သက်တမ်း(ဘင်) ခဏငယ် ၁-ချက် အသီးသီး ဖြစ်ကြပါသည်။ |
5 | 2 | 1993 | စာဖြေသူသည် မည်သည့်ဘုံသား ဖြစ်ပါသနည်း။ သက်တမ်းပမာဏ မည်မျှရှိပါသနည်း။ ပြည့်စုံအောင် ဖြေဆို၍ သိကြားမင်း သက်တမ်းကိုလည်း လူသားတို့၏ နှစ်အရေအတွက်ဖြင့် ဖော်ပြခဲ့ပါ။ | စာဖြေသူသည် လူ့ဘုံသား ဖြစ်ပါသည်။ လူ့ဘုံသားတို့၏ သက်တမ်းမှာ - အတည်တကျ ပုံသေ သက်မှတ်၍ မရသဖြင့် စာဖြေသူ၏ သက်တမ်းပမာဏကို အတိအကျ မသတ်မှတ်နိုင်ပါ။ ယခုခေတ်ကာလ လူ့ဘုံသားတို့၏ ပျမ်းမျှ သက်တမ်းမှာမူ ရ၅ နှစ်ခန့် ရှိပါသည်။ သိကြားမင်း (တာဝတိ ံသာနတ်)၏ သက်တမ်းကို လူသားတို့၏ နှစ်အရေအတွက်ဖြင့် ဖော်ပြရသော် - နှစ်ပေါင်း ၃၆ သန်းသက်တမ်းရှိပါသည်။ |
6 | 2 | 1993 | သတ္တဝါတို့အားပဋိသန္ဓေအခါ ရုပ်လေးပါး အစဉ်ဖြစ်ပုံကို ဖော်ပြ၍၊ လူသေအလောင်းကောင်း၌ ရုပ်ကြွင်းမည်မျှ ရှိသည်ကိုလည်း ရှင်းလင်း ရေးသားခဲ့ပါ။ | သတ္တဝါတို့အားပဋိသန္ဓေအခါ ရုပ်လေးပါး အစဉ်ဖြစ်ပုံမှာ- (၁) ကမ္မဇရုပ်များသည် - ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ စိတ်တို့၏ ခဏတိုင်း ခဏတိုင်း၌ ဖြစ်ပါသည်။ (၂) စိတ္တဇရုပ်များသည် - ပဋိသန္ဓေစိတ်နောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ စိတ်တို့၏ ဥပါဒ်တိုင်း ဥပါဒ်တိုင်း၌ ဖြစ်ပါသည်။ (၃) ဥတုဇရုပ်များသည် - ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ မိမိ၏ဌီသို့ ရောက်တိုင်း ရောက်တိုင်းဖြစ်ပါသည်။ (၄) အာဟာရဇရုပ်များသည် စားမျိုအပ်သော ဗဟိဒ္ဓသြဇာသည် ကိုယ်တွင်း၌ ပျံ့နှ့ံ၍ အဇ္ဈတ္တသြဇာနှင့် ပူးပေါင်းပြီးမိမိ၏ဌီသို့ ရောက်တိုင်း ရောက်တိုင်း ဖြစ်ပါသည်။ ပဋိသန္ဓေအခါဟူသည် - ပဋိသန္ဓေစိတ်၊ စေတသိက်နှင့် ကမ္မဇရုပ်တို့၏ တစ်ဘဝ၌ ပထမဆုံး ဖြစ်ရာအခါကိုခေါ်၏။ ထို့ကြောင့် သတ္တဝါတို့အား ပဋိသန္ဓေအခါတွင် ဖြစ်နိုင်သော ရုပ်မှာ - ကမ္မဇရုပ်တစ်မျိုးသာ ဖြစ်ပါသည်။ လူသေအလောင်းကောင် (မတကာယ)၌- ဥတုဇကလာပါ ၄-စည်းမှ- - သုဒ္ဓဋ္ဌကကလာပ် ၁-စည်း - သဒ္ဒနဝကကလာပ် ၁-စည်း ပေါင်း ဥတုဇကလာပါ ၂-စည်းသာ ရရှိသဖြင့်- ရှိသော (ဥတုဇ) ရုပ်ကြွင်းမှာ- - အဝိနိဗ္ဘောဂရုပ် ၈-ပါး - သဒ္ဒရုပ် ၁-ပါး ပေါင်း ဥတုဇရုပ်ကြွင်း ၉-ပါး ဖြစ်ပါသည်။ |
7 | 2 | 1993 | သတ္တဝါတို့၏ အကျိုးကို ထောက်ပံ့ ဆောင်ရွက် နိုင်သော အာဟာရတရားကို အဓိပ္ပာယ်နှင့် တကွဖြေဆို၍ ပုထုဇဉ်ပုဂ္ဂိုလ်တို့မရရှိနိုင်သည့် ဣန္ဒြေအမည်များကိုလည်းထုတ်ဖော်ရေးသားခဲ့ပါ။ | သတ္တဝါတို့၏ အကျိုးကို ထောက်ပံ့ ဆောင်ရွက် နိုင်သော အာဟာရတရား ၄-ပါး ရှိပါသည်၊ ယင်းတို့ကို အဓိပ္ပာယ်နှင့်တကွဖြေဆိုရသော်- (၁)ကာဗဠီကာရာဟာရ (သြဇာရုပ်) - သြဇာနှင့်တကွ ရုပ် ၈-ပါးအစုဖြစ်သော အာဟာရဇအဋ္ဌကလာပ်ကို ဆောင်၏။ (၂)ဖဿာဟာရ (ဖဿစေတသိက်) - ဝေဒနာ ၃-ပါးကိုဆောင်၏။ (၃) မနောသေဉ္စတနာဟာရ(စေတနာစေတသိက်) - ဘဝ၃-ပါး၌ ပဋိသန္ဓေဝိညာဏ်ကိုဆောင်၏။ (၄) ဝိညာဏာဟာရ(စိတ်အားလုံး) -တကွဖြစ်ဘက် စေတသိက်နာမ်နှင့် ရုပ်တရားကို ဆောင်၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ မရရှိနိုင်သည့် ဣန္ဒြေများမှာ- (၁) အနညာတညဿာမိတိန္ဒြေ - သောတာပတ္တိမဂ်ခဏ၌ ယှဉ်သောပညာ၊ (၂) အညိန္ဒြေ - အထက်မဂ်(၃)၊အောက်ဖိုလ်(၃)၌ ယှဉ်သောပညာ၊ (၃) အညာတာဝိန္ဒြေ - အရဟတ္တဖိုလ်၌ ယှဉ်သော ပညာတို့ဖြစ်ကြပါသည်။ |
8 | 2 | 1993 | ပဋ္ဌာန်းပစ္စည်းများကို ထိုက်သလို သွင်းယူ၍ အကျဉ်းချုပ်လျှင် ပစ္စည်းပေါင်း မည်မျှရမည်နည်း။ ရေတွက်ပြ၍ ပစ္စည်းများ၏ အကျဉ်းချုပ် တရားကိုယ်ကိုလည်း ကောက်ပြခဲ့ပါ။ | ပဋ္ဌာန်းပစ္စည်းများကို အကျဉ်းချုပ်လျှင် အောက်ပါအတိုင်း ၄-ပစ္စည်းရပါသည်။ (၁) အတ္ထိပစ္စည်း (၂) ဥပနိဿယပစ္စည်း (၃) အာရမ္မဏပစ္စည်း (၄) ကမ္မပစ္စည်း ပဋ္ဌာန်းပစ္စည်းများ၏ အကျဉ်းချုပ်တရားကိုယ်မှာ- ပညတ်၊ နာမ်၊ ရုပ်(တစ်နည်း) စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါး၊ နိဗ္ဗာန်နှင့် ပညတ်တရားတို့ဖြစ်ပါသည်။ |
9 | 2 | 1993 | အသုဘကမ္မဋ္ဌာန်းကို ရှုခြင်းနှင့် မေတ္တာပို့သခြင်းသည် အဘယ်အရာက အကျိုးပို၍ ကြီးပါသနည်း။ အကြောင်းပြ ဖြေဆို၍ ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းတို့ကိုလည်း ထုတ်ဖော်ရေးသားခဲ့ပါ။ | အသုဘကမ္မဋ္ဌာန်းကို ရှုခြင်းနှင့် မေတ္တာပို့သခြင်းတို့တွင် မေတ္တာပို့သခြင်းက အကျိုးပိုကြီးပါသည်။ ၏ အကြောင်းမှာ- (၁) အသုဘကမ္မဋ္ဌာန်းကို ပွားများအားထုတ်လျှင် - ပထမဈာန်သာ ရရှိနိုင်ပြီး (၂) မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လျှင် - ပထမဈာန်မှသည် စတုတ္ထစျာန်အထိ ရရှိနိုင်သောကြောင့် ဖြစ်ပါသည်။ ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းတို့မှာ- - ပထဝီ၊ အာပေါ၊ တေဇော၊ ၀ါယော ဟူသော ဘူတကသိုဏ်း= ၄-ပါး - အာကာသကသိုဏ်း၊ အာလောကကသိုဏ်း= ၂-ပါး - အာရုပ္ပ(အရူပ) ကမ္မဋ္ဌာန်း= ၄-ပါး ပေါင်း= ၁၀-ပါး |
1 | 3 | 1993 | ယခုခေတ် ဘက်စုံမွမ်းမံရေးတို့၌ လူမျိုးခြား ဘာသာဝင်များက အလှူငွေများ ထည့်ဝင်ခြင်းသည် မည်သည့်ကုသိုလ်မျိုးဖြစ်သည်ကို ထုတ်ဖော်ပြ၍၊ ကာမာဝစရသောဘနစိတ်ကိုလည်း ဝေဒနာ၊ ဉာဏ်၊ သင်္ခါရ အားဖြင့် ဝေဖန်ပြခဲ့ပါ။ | လူမျိုးခြား ဘာသာဝင်များက အလှူငွေများ ထည့်ဝင်ခြင်းတွင် ဖြစ်နိုင်သော ကုလိုလ်စိတ်မှာ ၁။ သောမနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ပါး ၂။ သောမနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ပါး ၃။ ဥပေက္ခာ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ပါး ၄။ ဥပေက္ခာ သဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ပါး ဟူသော မဟာကုသိုလ်စိတ် ၄ပါးမှ တစ်ပါးပါးဖြစ်နိုင်ပါသည်။ ကာမာဝစရ သောဘနစိတ် ၂၄ ပါးကို ဝေဒနာအားဖြင့် ဝေဖန်ရသော် - သောမနဿသဟဂုတ်စိတ် ၁၂ ပါး - ဥပေက္ခာသဟဂုတ်စိတ် ၁၂ ပါး ပေါင်း ကာမာဝစရသောဘနစိတ် ၂၄ ပါး ဉာဏ်အားဖြင့် ဝေဖန်ရသော် - ဉာဏသမ္ပယုတ်စိတ် ၁၂ ပါး - ဉာဏဝိပ္ပယုတ်စိတ် ၁၂ ပါး ပေါင်း ကာမာဝစရသောဘနစိတ် ၂၄ပါး သင်္ခါရအားဖြင့် ဝေဖန်ရသော် - အသင်္ခါရိကစိတ် ၁၂ ပါး - သသင်္ခါရိကစိတ် ၁၂ ပါး ပေါင်း ကာမာဝစရသောဘနစိတ် ၂၄ပါး |
2 | 3 | 1993 | စိတ်ချင်းထူးအောင် ပြုတတ်သော စေတသိက်တို့တွင် မည်သည့်စေတသိက်က မည်သည့်စိတ်ကို မည်သို့ ထူးခြားအောင် ပြုပါသနည်း၊ ပြည့်စုံအောင် ရှင်းလင်းရေးသားခဲ့ပါ။ | စိတ်ချင်းထူးအောင် ပြုတတ်သော (ဝိသေသက) စေတသိက်တို့မှာ - ၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ(ဝေဒနာ) ဟူသော စျာနင်တရား ၄-ပါး ၂။ အပ္ပမညာ ၂-ပါး ၃။ ဝိရတီ ၃-ပါး ၄။ ဉာဏ်(ပညိန္ဒြေ) ၁-ပါး ပေါင်း ၁၀-ပါး တို့ဖြစ်ကြပါသည်။ ယင်းစေတသိက်တို့၏ စိတ်တစ်မျိုးနှင့်တစ်မျိုး မတူကွဲပြား၊ ထူးခြားအောင် ပြုပုံကို ပြည့်စုံစွာ ဖော်ပြရသော် စျာန်စိတ်တို့တွင် - ၁။ ဝိတက်သည် မဟဂ္ဂုတ်၊ လောကုတ္တရာ ပထမစျာန်စိတ်၌သာ ယှဉ်၍ ဒုတိယစျာန်စိတ်သည်တို့၌ မယှဉ်သောကြောင့် ပထမစျာန်စိတ်မှ ဒုတိယစျာန် စသည်ကို ထူးခြားအောင် ပြုပါသည်။ ၂။ ဝိစာရသည် ပ၊ ဒုစျာန်စိတ်တို့၌သာ ယှဉ်၍ တတိယစျာန် စသည်တို့၌ မယှဉ်သောကြောင့် ပ၊ ဒုစျာန်စိတ်မှ တတိယစျာန်စိတ် စသည်ကို ထူးခြားအောင် ပြုပါသည်။ ၃။ ပီတိသည် ပ၊ ဒု စျာန်စိတ်တို့၌သာ ယှဉ်၍ စတုတ္ထစျာန် စသည်တို့၌ မယှဉ်သောကြောင့် ပ၊ဒု တ စျာန်စိတ်မှ စတုတ္ထစျာန်စိတ် စသည်ကို ထူးခြားအောင် ပြုပါသည်။ ၄။ သုခသည် ပ၊ ဒု၊ တ၊ စ စျာန်စိတ်တို့၌သာ ယှဉ်၍ ပဉ္စမစျာန် စသည်တို့၌ မယှဉ်သောကြောင့် မဟဂ္ဂုတ် ပ၊ဒု၊တ၊စ စျာန်စိတ်မှ မဟဂ္ဂုတ်ပဉ္စမစျာန်စိတ်ကို ထူးခြားအောင် ပြုပါသည်။ ၅။ အပ္ပမညာဒွေသည် မဟဂ္ဂုတ် ပ၊ ဒု၊ တ၊ စ စျာန်စိတ်တို့၌သာ ယှဉ်၍ မဟဂ္ဂုတ် ပဉ္စမစျာန်စိတ် စသည်တို့၌ မယှဉ်သောကြောင့် မဟဂ္ဂုတ် ပ၊ ဒု၊ တ၊ စ စျာန်စိတ်မှ မဟဂ္ဂုတ်ပဉ္စမစျာန်စိတ်ကို ထူးခြားအောင် ပြုပါသည်။ ကာမဝစရစိတ်တို့တွင် - ၁။ အပ္ပမညာဒွေသည် မဟာကုသိုလ်၊ ကြိယာစိတ် တို့၌ ယှဉ်၍ မဟာဝိပါက်စိတ်၌ မယှဉ်သောကြောင့် မဟာကုသိုလ်၊ ကြိယာစိတ်တို့မှ မဟာဝိပါက်စိတ် တို့ကို ထူးခြားအောင်ပြုပါသည်။ ၂။ ဝိရတီ ၃-ပါးသည် မဟာကုသိုလ်စိတ်တို့၌ ယှဉ်၍ မဟာဝိပါက်၊ ကြိယာစိတ်၌ မယှဉ်သောကြောင့် မဟာကုသိုလ်စိတ်တို့မှ မဟာဝိပါက်၊ ကြိယာစိတ်တို့ကို ထူးခြားအောင် ပြုပါသည်။ ၃။ ဉာဏ်(ပညိန္ဒြေ) သည် မဟာကုသိုလ်၊ ဝိပါက်၊ ကြိယာ ပထမဒွေ နှင့် တတိယဒွေ တို့၌သာ မယှဉ်သောကြောင့် (ပ) နှင့် (တ) ဒွေတို့မှ (ဒု) နှင့် (စ) ဒွေ တို့ကို ထူးခြားအောင် ပြုပါသည်။ ၄။ ပီတိသည် မဟာကုသိုလ်၊ ဝိပါက်၊ ကြိယာ ပထမဒွေနှင့် ဒုတိယဒွေတို့၌ သာယှဉ်၍ တတိယဒွေနှင့် စတုတ္ထဒွေတို့၌ မယှဉ်သောကြောင့် (ပ)နှင့်(ဒု) ဒွေတို့မှ (တ)နှင့် (စ)ဒွေတို့ကို ထူးခြားအောင် ပြုပါသည်။ |
3 | 3 | 1993 | ဓမ္မာရမ္မဏဟူသည် အဘယ်တရားများကို ခေါ်ဆိုပါသနည်း။ ယင်းသရုပ်ကို ထုတ်ပြ၍ အာရုံတိုင်း အာရုံပြုသောစိတ်တို့ကိုလည်း မှန်ကန်အောင် ဖြေဆိုခဲ့ပါ။ | ဓမ္မာရမ္မဏ (ဓမ္မာရုံ) ဟူသည်မှာ- (၁) စိတ်= ၈၉-ပါး (၂) စေတသိက်= ၅၂-ပါး (၃) ပသာဒရုပ်= ၅-ပါး (၄) သုခုမရုပ်= ၁၆-ပါး (၅) နိဗ္ဗာန်= ၁-ပါး (၆) ပညတ်= ၁-ပါး ဟူသော ၆-မျိုးသော တရားတို့ကို ခေါ်ပါသည်။ အာရုံတိုင်း အာရုံပြုနိုင်သောစိတ်တို့မှာ- (၁) ၀ုဋ္ဌော (မနောဒွါရာဝဇ္ဇန်း)= ၁-ပါး (၂) မဟာကြိယာဉာဏသမ္ပယုတ်စိတ်= ၄-ပါး (၃) ကြိယာအဘိညာဉ်စိတ်= ၁-ပါး ပေါင်း စိတ်= ၆-ပါး တို့ဖြစ်ပါသည်။ |
4 | 3 | 1993 | စာဖြေရှင်သည် ဤမေးခွန်းလွှာကို မိမိလက်ဖြင့် ထိတွေ့လိုက်စဉ် စိတ်သန္တာန်၌ ဖြစ်ပေါ်လာသော ၀ီထိစိတ်အစဉ်ကို မမှားအောင် ရေးပြ၍၊ ၀ီထိစိတ် မဖြစ်သော ပုဂ္ဂိုလ်ကိုလည်းညွှန်ပြခဲ့ပါ။ | စာဖြေရှင်သည် ဤမေးခွန်းလွှာကို မိမိလက်ဖြင့် ထိတွေ့လိုက်စဉ် စိတ်သန္တာန်၌ ဖြစ်ပေါ်လာသော ၀ီထိစိတ်အစဉ်ကို မမှားအောင် ရေးပြရသော် ဣဋ္ဌ-ဖောဋ္ဌဗ္ဗာရုံဖြစ်၍- - ပဉ္စဒွါရာဝဇ္ဇန်း-၁-ကြိမ် - အဟိတ်ကုသလဝိပါက် ကာယဝိညာဏ်- ၁ကြိမ် - အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း-၁ကြိမ် - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ-၁ကြိမ် - ၀ုဋ္ဌော-၁ကြိမ် *ကာမဇော-၇ကြိမ် -( အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ-၁+ မဟာဝိပါက်ဥပေက္ခာ-၄) ပေါင်း ဥပေက္ခာတဒါရုံ၅-ပါးမှ တစ်ပါးပါး}-၂ကြိမ် *(ကာမဇောတွင် ယောနိသောမနသိကာရဖြစ်လျှင် - ကုသိုလ်ဇော၊ အယောနိသောမနသိကာရဖြစ်လျှင် -အကုသိုလ် ဇော စောနိုင်ပါသည်) ဤဝီထိသည် တဒါရမ္မဏဝါရ ကာယဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။ ၀ီထိစိတ်မဖြစ်သော ပုဂ္ဂိုလ်ကိုဖော်ပြရသော်- (၁) အသညသတ်ဘုံ၌ရှိသော (နာမ်မရှိသည့်) သုဂတိအဟိတ်ပုဂ္ဂိုလ် (၂) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၍ ဘဝင်စိတ်ချည်းသာ ဖြစ်နေသော ပုဂ္ဂိုလ် (၃) စိတ်၊ စေတသိက်၊စိတ္တဇရုပ်တို့ ချုပ်ငြိမ်းခြင်းသို့ ရောက်ရှိနေသော နိရောဓသမာပတ် ဝင်စားခိုက်ပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။ |
5 | 3 | 1993 | လောကတွင် “ကံကောင်း ထောက်မ ချမ်းသာရ၊ ကံဆိုး မိုးမှောင် ဆင်းရဲခေါင်”ဟူသော ဆိုရိုး စကားတို့သည် မည်သည့်ကံကို ဆိုလိုပါသနည်း။ ရှင်းလင်းရေးသား၍ မကောင်းမှု ဒုစရိုက်များ ကျူးလွန်အောင် အားပေးသော အရင်းခံ တရားများကိုလည်း ထုတ်ဆောင်ရေးသားခဲ့ပါ။ | လောကတွင် “ကံကောင်း ထောက်မ ချမ်းသာရ” ဟူသော ဆိုရိုးစကားသည်- ကုသိုလ် - ဥပတ္ထမ္ဘကကံကို ဆိုလိုပါသည်။ (အဘယ်ကြောင့်ဆိုသော် ကံတစ်ပါးကိုလည်းကောင်း၊ ကံတစ်ပါးကြောင့် ဖြစ်နေသော ခန္ဓာအစဉ်ကိုလည်းကောင်း တိုးတက်ဖွံ့ဖြိုးစေရန် အားပေးထောက်ပံ့သောကံသည် ဥပတ္ထ မ္ဘကံ မည်ခြင်းကြောင့် ကံကောင်းဟူသော ကုသိုလ် ဇနကကံကို ပိုမို ချမ်းသာစေရန် ထောက်ပံ့နိုင်စွမ်းရှိသည့် ကုသိုလ် ဥပတ္ထ မ္ဘကံကို ယူရခြင်း ဖြစ်ပါသည်။) “ကံဆိုး မိုးမှောင် ဆင်းရဲခေါင်” ဟူသော ဆိုရိုးစကားသည် - အကုသိုလ်- ဥပပီဠကကံကို ဆိုလိုပါသည်။ (အဘယ်ကြောင့်ဆိုသော် ကံတစ်ပါးကိုလည်းကောင်း၊ ကံတစ်ပါးကြောင့် ဖြစ်နေသော ခန္ဓာအစဉ်ကိုလည်းကောင်း ဆုတ်ယုတ် လျော့ပါး ညှိုးနွမ်းစေရန် ကပ်၍ နှိပ်စက်တတ်သောကံသည် ဥပပီဠကကံ မည်ခြင်းကြောင့် မူလကုသိုလ်ဇနကကံကို ဆုတ်ယုတ်လျော့ပါး ညှိုးနွမ်းစေရန်(ဆင်းရဲစေရန်) ကပ်၍ နှိပ်စက်တတ်သော အကုသိုလ် ဥပပီဠကကံကို ယူရခြင်း ဖြစ်ပါသည်။ မကောင်းမှု ဒုစရိုက်များ ကျူးလွန်အောင် အားပေးသော အရင်းခံတရားများမှာ- လောဘ၊ ဒေါသ၊ မောဟ ဟူသော မူလတရား ၃-ပါး ဖြစ်ပါသည်။ { မှတ်ချက်၊ “ကံမြောက်ကြောင်း တရားများ” ဟု မေးလျှင်လည်း အထက်ပါအတိုင်းဖြေပါ။} |
6 | 3 | 1993 | လူတို့၏ ခန္ဓာကိုယ်၌ “အသက်ဝိညာဏ်” ဟု ခေါ်ဆိုရသော ရုပ်အမည်ကို ညွှန်ပြ၍ ယင်းအသက်သည် ခန္ဓာကိုယ်တွင် မည်သည့် နေရာ၌ တည်ရှိနေသည် ကိုလည်း ထုတ်ဖော်ညွှန်ကြားခဲ့ပါ။ | လူတို့၏ ခန္ဓာကိုယ်၌ “အသက်ဝိညာဏ်” ဟု ခေါ်ဆိုရသော ရုပ်အမည်မှာ - “ဇီဝိတရုပ်” ဖြစ်ပါသည်။ ယင်းအသက်ဟူသော ဇီဝိတရုပ်သည် တစ်ကိုယ်လုံးတွင် ပျ့ံနှ့ံ၍ တည်ရှိပါသည်။ |
7 | 3 | 1993 | “ကြံတိုင်းအောင် ဆောင်တိုင်းမြောက်၍ လိုရာဆန္ဒ ပြည့်ဝပါစေ”ဟူသော ဆုတောင်းမေတ္တာစကားသည် မည်သည့် ဗောဓိပက္ခိယတရားများကို ဆိုလိုပါသနည်း၊ ပြည့်စုံအောင်ဖြေကြား၍၊နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းများကိုလည်း ညွှန်ပြခဲ့ပါ။ | “ကြံတိုင်းအောင် ဆောင်တိုင်းမြောက်၍ လိုရာဆန္ဒ ပြည့်ဝပါစေ”ဟူသော ဆုတောင်းမေတ္တာစကားသည် ဗောဓိပက္ခိယတရား ၃၇-ပါးတွင် ပါဝင်သော ဣဒ္ဓိပါဒ်တရား ၄-ပါးကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဣဒ္ဓိိပါဒ် ၄-ပါးကား (၁) ဆန္ဒိဒ္ဓိပါဒ် (၂) စိတ္တိဒ္ဓိပါဒ် (၃) ဝိရိယိဒ္ဓိပါဒ် (၄) ၀ီမံသိဒ္ဓိပါဒ် တို့ဖြစ်ပါသည်။ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းများမှာ - သမ္မာမဂ္ဂင် ၈-ပါးဖြစ်သည့် (၁) သမ္မာဒိဋ္ဌိမဂ္ဂင် (၂) သမ္မာသင်္ကပ္ပမဂ္ဂင် (၃) သမ္မာဝါစာမဂ္ဂင် (၄) သမ္မာကမ္မ န္တမဂ္ဂင် (၅) သမ္မာအာဇီဝမဂ္ဂင် (၆) သမ္မာဝါယာမမဂ္ဂင် (၇) သမ္မာသတိမဂ္ဂင် (၈) သမ္မာသမာဓိမဂ္ဂင် တို့ဖြစ်ကြပါသည်။ |
8 | 3 | 1993 | နာမ်နှင့် ရုပ်တို့အချင်းချင်း ကျေးဇူးပြုကပြုံကို ဖော်ပြရေးသား၍ အာရမ္မဏပစ္စည်းသရုပ်ကိုလည်း မှန်ကန်အောင် ထုတ်ဆောင်ပြခဲ့ပါ။ | နာမ်နှင့် ရုပ်တို့အချင်းချင်း ကျေးဇူးပြုကပြုံ- အချင်းချင်း ကျေးဇူးပြုတတ်သောပစ္စည်းသည် အညမညပစ္စည်းဖြစ်၏။ အညမညပစ္စည်းသည် (၁) နာမ်အညမညပစ္စည်း (၂) ရုပ်အညမညပစ္စည်း (၃) နာမ်ရုပ် အညမညပစ္စည်းဟူ၍ ၃-မျိုးပြားရာဝယ် နာမ်နှင့်ရုပ်တို့ အချင်းချင်း ကျေးဇူးပြုသော ပစ္စည်းသည် ရုပ်နာမ် အညမညပစ္စည်းဖြစ်ပါသည်။ ကျေးဇူးပြုပုံမှာ - ပဋိသန္ဓေခဏ၌ ဟဒယဝတ္တုရုပ်နှင့် ပဉ္စဝေါကာရ ပဋိသန္ဓေပါဒ် နာမက္ခန္ဓာလေးပါးတို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကြပါသည်။ အာရမ္မဏပစ္စည်းသရုပ်မှာ- စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါး၊ နိဗ္ဗာန် နှင့် ပညတ်တို့ဖြစ်ပါသည်။ |
9 | 3 | 1993 | အယူ၏စင်ကြယ်မှုဖြစ်အောင် ပွားများအားထုတ် ရမည့်ကမ္မဋ္ဌာန်းကို ထုတ်ဖော်ပြ၍ သောတာပန်ပုဂ္ဂိုလ်တို့၏ ဂုဏ်ရည်များကိုလည်း စုံညီအောင် ရေးသားဖြေဆိုခဲ့ပါ။ | အယူစင်ကြယ်မှုဖြစ်အောင် ပွားများအားထုတ်ရမည့် ကမ္မဋ္ဌာန်း (သမထကမ္မဋ္ဌာန်း)မှာ စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် - ခန္ဓာကိုယ်၌ ပထဝီ၊အာပေါ၊ တေဇော၊ ၀ါယော ဟူသော ဓာတ်ကြီး၄-ပါးတို့ကို ဉာဏ် (ပညာ)ဖြင့် ပိုင်းခြား ရှုဆင်ခြင်မှု (စတုဓာတုဝဝတ္ထာန်) ဖြင့် ငါ၊ သူတစ်ပါး၊ ကျား၊ မ အယူစင်ကြယ်စေနိုင်သောကြောင့်ဖြစ်ပါသည်။ (တစ်နည်း) အယူစင်ကြယ်မှု (ဒိဋ္ဌိဝိသုဒ္ဓိ)ဖြစ်စေရန် ပွားများအားထုတ်ပုံ( အကျဉ်း)ကိုဖော်ပြရသော် - သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံသော ယောဂီပုဂ္ဂိုလ်သည် ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် ဟူသော အချက်ကြီး ၄-ချက်ဖြင့် ပိုင်းခြားရှုဆင်ခြင်ပါက နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်ပေါ်လာပြီး သတ္တ၊ ဇီဝ၊ ပုဂ္ဂလ၊ အတ္တ အယူမှ အထူး စင်ကြယ်လာပါမည်။ သောတာပန်ပုဂ္ဂိုလ်၏ ဂုဏ်ရည်များမှာ- (၁) ကိလေသာတို့တွင် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်၏။ (၂) ကြွင်းကိလေသာတို့တွင် အပါယ်သို့ ကျစေနိုင်သော သတ္တိကိုပယ်သဖြင့် သောတာပန် ပုဂ္ဂိုလ်အဆင့်သို့ ရောက်လျှင် အပါယ်သို့လားခြင်း (ရောက်ခြင်း) မရှိတော့ပါ။ (၃) ကာမဘုံ၌ အလွန်ဆုံး ရ-ဘဝသာ နေ၍ ပရိနိဗ္ဗာန်စံဝင်၏။ (ဗြဟ္မာဘုံ၌ကား ရ-ကြိမ်ထက်ပို၍ ပဋိသန္ဓေ နေနိုင်သေး၏။) |
1 | 4 | 1993 | စိတ် ၈၉ပါးတို့တွင် စျာနဘေဒစိတ်၊ အာာလမ္ဗဏဘေဒစိတ်၊ မဂ္ဂဘေဒစိတ်တို့၏ အကျဉ်းသရုပ်ကို ထုတ်ဖော်ပြ၍၊ စျာန်အင်္ဂါ ၅ပါး ရှိသော ကုသိုလ်စျာန်စိတ်တို့ကို မှန်ကန်အောင် ရေးသားခဲ့ပါ။ | စိတ် ၈၉ပါးတွင် အကျဉ်းသရုပ်အားဖြင့် - စျာနဘေဒစိတ်မှာ ရူပါဝစရစိတ် ၁၅ပါး - အာလမ္ဗဏဘေဒစိတ်မှာ အရူပါဝစရစိတ် ၁၂ပါး - မဂ္ဂဘေဒစိတ်မှာ လောကုတ္တရာစိတ် ၈ပါး တို့ဖြစ်ပါသည်။ စိတ် ၈၉ပါးတွင် စျာန်အင်္ဂါ ၅ပါးရှိသော ကုသိုလ်စျာန်စိတ်မှာ - ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ပါးနှင့်တကွဖြစ်သော ပထမစျာန်စိတ် ၁ပါး ဖြစ်ပါသည်။ |
4 | 4 | 1993 | ရဟန္တာပုဂ္ဂိုလ်တို့သည် အဘယ်ကြောင့် ကုသိုလ်မရ၊ ငရဲမကြီးပါသနည်း။ အကြောင်းပဖြြေဆို၍၊ ယင်းပုဂ္ဂိုလ်တို့ ရရှိအပ်သော ၀ီထိစိတ်တို့ ကိုလည်း ရေတွက်ပြခဲ့ပါ။ | ရဟန္တာပုဂ္ဂိုလ်တို့သည် အဘယ်ကြောင့် ကုသိုလ်မရ၊ ငရဲမကြီးရခြင်း အကြောင်းမှာ- ရဟန္တာပုဂ္ဂိုလ်တို့သည် အဝိဇ္ဇာနှင့် တဏှာတည်းဟူသော ၀ဋ်မြစ် ၂ပါးကို အမြစ်ပြတ် ပယ်သတ်ပြီး ဖြစ်သဖြင့်- (က) အကုသိုလ် မပြုတော့ပါ၊ ထို့ကြောင့် ငရဲမကြီးတော့ပါ (ခ)အနုသယမရှိတော့သဖြင့် လောကီကုသိုလ်လည်း မရတော့ပါ (ဂ) ပယ်ဖွယ်ကိလေသာတရားများ မရှိတော့သဖြင့် လောကုတ္တရာကုသိုလ် လည်းမရှိတော့ပါ။ ထို့ကြောင့် ၎င်းတို့ရရှိသောစိတ်တို့တွင်လည်း အကုသိုလ်စိတ်နှင့် လောကီ လောကုတ္တရာကုသိုလ် စိတ်များ မပါဝင်တော့ပါ။ ရဟန္တာပုဂ္ဂိုလ်တို့ ရရှိအပ်သော ၀ီထိစိတ်တို့မှာ (ကာမဘုံသားဖြစ်အံ့) - အဟိတ်စိတ် -၁၈-ပါး - မဟာဝိပါက်စိတ် -၈-ပါး - မဟာကြိယာစိတ် -၈-ပါး - အရဟတ္တဖိုလ်စိတ် -၁-ပါး ပေါင်း ၃၅-ပါး (ဈာန်ရလျှင် ဆိုင်ရာ မဟဂ္ဂုတ်ကြိယာဈာန်စိတ် ၉-ပါးကိုထည့်ပေါင်းလျှင် ၄၄-ပါး ဖြစ်ပါသည်။) |
8 | 4 | 1993 | ဤလောကတွင် “ယောကျ်ား၊ မိန်းမ” ဟူ၍ သတ်မှတ်ခေါ်ဆိုမှု ဖြစ်ပေါ်လာရခြင်း အကြောင်းကိုရှင်းလင်းရေးသား၍ ရုပ်၊ ဝေဒနာ၊ မြေ၊ တောင်တို့၏ ပညတ်အမည်များကိုလည်း ညွှန်ပြခဲ့ပါ။ | “ယောကျ်ား၊ မိန်းမ” ဟူ၍ သတ်မှတ်ခေါ်ဆိုမှု ဖြစ်ပေါ်လာရခြင်းအကြောင်းမှာ- ပရမတ္တဓမ္မကို စွဲ၍ ထင်မြင်အပ်သော (သို့မဟုတ်) ခန္ဓာငါးပါးအပေါင်းကို အစွဲပြု၍ သိအပ်သော ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ် စသော သတ္တပညတ်၊ ဇာတိပညတ်သည် ဥပါဒပညတ် မည်သောကြောင့် “ယောကျ်ား၊ မိန်းမ” ဟူ၍ သတ်မှတ်ခေါ်ဆိုကြခြင်း၏ အကြောင်းမှာ ဥပါဒါပညတ် (ဇာတိပညတ်) ကြောင့် ဖြစ်ပါသည်။ အတ္တပညတ်များမှာ ရုပ် - တဇ္ဇာပညတ် ဝေဒနာ - တဇ္ဇာပညတ် မြေ - သမူဟပညတ် တောင် - ဥပါဒါပညတ် သဒ္ဒပညတ်အားဖြင့် ရုပ် - ဝိဇ္ဇာမာန သဒ္ဒပညတ် ဝေဒနာ - ဝိဇ္ဇာမာန သဒ္ဒပညတ် မြေ - အဝိဇ္ဇာမာန သဒ္ဒပညတ် တောင် - အဝိဇ္ဇာမာန သဒ္ဒပညတ် |
1 | 1 | 1994 | ဝမ်းမြောက်မှု သောမနဿနှင့် အတူတကွ ဖြစ်သော အကုသိုလ်စိတ်တို့ကို ရေတွက်ပြ၍၊ အဟိတ်ကုသလဝိပါက်စိတ်တို့ကိုလည်း ဝေဒနာဘေဒအားဖြင့် သိသာရုံမျှ ခွဲခြားပြပါ။ | ဝမ်းမြောက်မှု သောမနဿနှင့် အတူတကွဖြစ်သော အကုသိုလ်စိတ်တို့မှာ ၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ပါး ၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ပါး ၃။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ပါး ၄။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ပါး ပေါင်း အကုသိုလ်စိတ် ၄ ပါး အဟိတ်ကုသလဝိပါက်စိတ်တို့ကို ဝေဒနာဘေဒအားဖြင့် ခွဲခြားရသော် - သုခသဟဂုတ်စိတ် ၁ပါး - ဒုက္ခသဟဂုတ်စိတ် မရှိ - သောမနဿသဟဂုတ်စိတ် ၁ပါး - ဒေါမနဿသဟဂုတ်စိတ် မရှိ - ဥပေက္ခာသဟဂုတ်စိတ် ၆ပါး ပေါင်း အဟိတ်ကုသလဝိပါက်စိတ် ၈ပါး တို့ဖြစ်ပါသည်။ |
2 | 1 | 1994 | "ပစ္စည်းမသို စိတ်မတို၊ ခင်ပျိုကြီးပွားကြောင်း" ဟူသော အဆုံးအမ၌ မသို၊ မတိုဟု သုံးနူန်းထိုက်သော စေတသိက်တို့၏ အမည်ကို ညွန်ပြ၍ ယင်းစေတသိက်တို့နှင့် အတူတကွဖြစ်သော စိတ်တို့ကိုလည်း ဖော်ပြပါ။ | "ပစ္စည်းမသို စိတ်မတို၊ ခင်ပျိုကြီးပွားကြောင်း" ဟူသော အဆုံးအမ၌ - "မသို" ဟု သုံးနှုုန်းထိုက်သော စေတသိက်မှာ - အလောဘ စေတသိက်ဖြစ်ပြီး "မတို" ဟု သုံးနူန်းထိုက်သော စေတသိက်မှာ - အဒေါသစေတသိက် ဖြစ်ပါသည်။ ယင်း "အလောဘ" "အဒေါသ" စေတသိက်တို့နှင့် အတူတကွဖြစ်သော စိတ်တို့မှာ - ၁။ ကာမသောဘန = ၂၄ပါး ၂။ မဟဂ္ဂုတ်စိတ်= ၂၇-ပါး ၃။ လောကုတ္တရာစိတ် = ၈-ပါး(ကျဉ်း) \ ၄၀-ပါး (ကျယ်) ပေါင်း ကာမသောဘနစိတ် = ၅၉-ပါး (ကျဉ်း) \ ၉၁-ပါး (ကျယ်) တို့ဖြစ်ပါသည်။ |
3 | 1 | 1994 | “ခလုတ်ထိမှ အမိတ”ဟုပြောဆိုလေ့ရှိကြရာ ခလုတ်ထိစဉ် နာကျင်မှု ဝေဒနာနှင့် အတူတကွ ဖြစ်သော စိတ်ကို ညွှန်ပြ၍ ဟိတ်နှစ်ပါးနှင့် ယှဉ်သောစိတ်တို့ကိုလည်း ယှဉ်ရာဟိတ်နှင့် ယှဉ်တွဲဖော်ပြပါ။ | ခလုတ်ထိစဉ် နာကျင်မှု ဝေဒနာနှင့် အတူတကွဖြစ်သော စိတ်မှာ- - အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် ဖြစ်ပါသည်။ ဟိတ်နှစ်ပါးနှင့် ယှဉ်သော(ဒွိဟိတ်)စိတ်တို့ကိုလည်း ယှဉ်ရာဟိတ်နှင့်ယှဉ်တွဲဖော်ပြရသော်- (၁) လောဘမူစိတ်၈-ပါး - လောဘဟိတ်၊ မောဟဟိတ် (၂) ဒေါသမူစိတ်၂-ပါး - ဒေါသဟိတ်၊ မောဟဟိတ် (၃) ဉာဏဝိပ္ပယုတ်စိတ် ၁၂-ပါး - အလောဘဟိတ်၊ အဒေါသဟိတ် ဟူ၍ ဒွိဟိတ်စိတ် ၂၂-ပါး ဖြစ်ပါသည်။ |
4 | 1 | 1994 | တရားတော်သံကို ရိုသေစွာ နာယူနေသူသန္တာန်၌ ဖြစ်သော ၀ီထိစိတ်အစဉ်ကို သိသာရုံ ဖော်ပြ၍၊ ယင်းဝီထိစိတ်တို့၏ တာဝန်အသီးသီး ဆောင်ရွက်ပုံကိုလည်း အဘိဓမ္မာအမြင်ဖြင့် ရှင်းပြပါ။ | တရားတော်သံကို ရိုသေစွာ နာယူနေသူသန္တာန်၌ ဖြစ်သော ၀ီထိစိတ်အစဉ်ကို သိသာရုံ ဖော်ပြရသော်- အတိဣဋ္ဌ သဒ္ဒါရုံဖြစ်၍- - ပဉ္စဒွါရာဝဇ္ဇန်း-၁ကြိမ် - အဟိတ်ကုသလဝိပါက် သောတဝိညာဏ်- ၁-ကြိမ် - အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း- ၁-ကြိမ် - အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ-၁-ကြိမ် - ၀ုဋ္ဌော- ၁-ကြိမ် - *ကာမဇော (မဟာကုသိုလ်ဇော(သို့) မဟာကြိယာဇော)- ရ-ကြိမ် - (အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ -၁ + မဟာဝိပါက် သောမနဿ-၄) ပေါင်း သောမနဿ တဒါရုံ ၅-ပါးမှ တစ်ပါးပါး}- ၂-ကြိမ် (ယောနိသော မနသိကာရဖြစ်ပြီးဖြစ်၍ ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်ဖြစ်လျှင်- မဟာကုသိုလ်ဇော၊ အသေက္ခပုဂ္ဂိုလ်ဖြစ်လျှင်- မဟာကြိယာဇော) ဤဝီထိသည် တဒါရမ္မဏဝါရ သောတဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။ ယင်းဝီထိစိတ်တို့၏ တာဝန်အသီးသီးဆောင်ရွက်ပုံကို အဘိဓမ္မာအမြင်ဖြင့် ရှင်းပြရသော်- ပဉ္စဒွါရာဝဇ္ဇန်း - သောတဒွါရ၌ ထင်လာသော သဒ္ဒါရုံကို ဆင်ခြင်ခြင်း သောတဝိညာဏ် - ပဉ္စဒွါရာဝဇ္ဇန်း ဆင်ခြင်အပ်ပြီးသော သဒ္ဒါရုံကို ကြားသိခြင်း သမ္ပဋိစ္ဆိုင်း - သောတဝိညာဏ်ယူအပ်ပြီးသော သဒါ္ဒရုံကို လက်ခံခြင်း ၀ုဋ္ဌော - သန္တီရဏ စုံစမ်းအပ်ပြီးသော သဒ္ဒါရုံကို မှတ်သား ဆုံးဖြတ်ခြင်း ကာမဇော - သဒ္ဒါရုံ၏ အရသာကို အဟုတ်ပြင်းစွာ ခံစားခြင်း တဒါရုံ - ဇောခံစားပြီးသော အာရုံကို ထပ်မံခံစားခြင်း |
5 | 1 | 1994 | ယာမာနတ်တို့၏ ပဋိသန္ဓေစိတ်ကို ဖော်ပြ၍ ပရိတ္တာဘာဗြဟ္မာ၏ သက်တမ်းနှင့် အတိတ် ကုသိုလ်ကံတို့ကိုလည်း ဖြေဆိုပါ။ | ယာမာနတ်တို့၏ ပဋိသန္ဓေစိတ်မှာ မဟာဝိပါက်စိတ် ၈-ပါးမှ တစ်ပါးပါးဖြစ်ပါသည်။ ပရိတ္တာဘာဗြဟ္မာ၏ သက်တမ်းမှာ မဟာကပ် ၂-ကပ် (၀ါ) ၂-ကမ္ဘာ ဖြစ်ပါသည်။ ပရိတ္တာဘာဗြဟ္မာ၏ အတိတ်ကုသိုလ်ကံမှာ - ပရိတ္တဖြစ်သော ဒုတိယဈာန်နှင့် တတိယဈာန် ကုသိုလ်ကံတို့ ဖြစ်ပါသည်။ |
6 | 1 | 1994 | အရူပရုပ်တို့ကို ရေတွက်ပြ၍၊ သင့်ခန္ဓာကိုယ်၏ ပေါ့ပါးနူးညံ့လျက် စာဖြေရန် အဆင်သင့် ဖြစ်နေမှု တို့သည် အဘယ်ရုပ်တို့၏ သဘောလက္ခဏာ ဖြစ်ပါသနည်း၊ အမည်မျှ ဖော်ပြပါ။ | အရူပရုပ်တို့မှာ- - အာကာသဓာတ် ပရိစ္ဆေဒရုပ် ၁-ပါး - ဝိညတ်ရုပ် ၂-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း အရူပရုပ် ၁၀-ပါး ဖြစ်ပါသည်။ ကျွန်ုပ်ခန္ဓာကိုယ်၏ ပေါ့ပါးမှုသည် - ရူပဿလဟုတာရုပ်၏ လက္ခဏာ နူးညံ့မှုသည် - ရူပဿမုဒုတာရုပ်၏ လက္ခဏာ စာဖြေရန် အဆင်သင့် ဖြစ်နေမှုသည် - ရူပဿကမ္မညတာရုပ်၏ လက္ခဏာများ ဖြစ်ပါသည်။ |
7 | 1 | 1994 | လောကီနယ်တွင် ခက်ခဲသော အလုပ်ကိစ္စကို ဈာန်ဝင်စား၍ လုပ်မှပြီးမြောက်သည်ဟု ဆိုကြရာ မည်သည့်ဈာန်များ ဖြစ်သည်ကို ခွဲခြားပြ၍၊ ဒုဂ္ဂတိဘုံဌာနသို့ ရောက်စေသော လမ်းကြောင်းကိုလည်း တရားကိုယ်နှင့်တကွ ဖြေဆိုပါ။ | လောကီနယ်တွင် ခက်ခဲသော အလုပ်ကိစ္စကို ဈာန်ဝင်စား၍ လုပ်မှ ပြီးမြောက်သည်ဟု ဆိုကြရာ ကုသိုလ်၊အကုသိုလ် ဈာန်များ၏ အစိတ်အပိုင်းများဖြစ်သော- (၁) ဝိတက်ဈာနင် (၂) ဝိစာရစျာနင် (၃) ပီတိစျာနင် (၄) ဧကဂ္ဂတာစျာနင် (၅) သောမနဿစျာနင် (၆) ဒေါမနဿစျာနင် (၇) ဥပေက္ခာစျာနင် ဟူသော ကုသိုလ်-အကုသိုလ် စျာနင်တရား ရ-ပါးတို့ဖြင့် “ကုသိုလ်- အကုသိုလ်စျာန်” များကို ဝင်စားနိုင်ကြခြင်းဖြစ်ပါသည်။ ဒုဂ္ဂတိုဘုံဌာနသို့ ရောက်စေသော လမ်းကြောင်းများမှာ- မိစ္ဆာမဂ္ဂင် ၄-ပါး တို့ဖြစ်ပါသည်။ ၎င်းတို့ကို တရားကိုယ်နှင့်တကွ ဖော်ပြရသော်- (၁) မိစ္ဆာဒိဋ္ဌိမဂ္ဂင် - လောဘမူဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်သော ဒိဋ္ဌိစေတသိက် (၂) မိစ္ဆာသင်္ကပ္ပမဂ္ဂင် - အကုသိုလ်စိတ် ၁၂-ပါး၌ယှဉ်သော ဝိတက်စေတသိက် (၃) မိစ္ဆာဝါယာမမဂ္ဂင် - အကုသိုလ်စိတ် ၁၂-ပါး၌ယှဉ်သော ဝိရိယစေတသိက် (၄) မိစ္ဆာသမာဓိမဂ္ဂင် - ဝိစိကိစ္ဆာသမ္ပယုတ်စိတ်ကြဉ်သော အကုသိုလ်စိတ် ၁၁-ပါး၌ ယှဉ်သော ဧကဂ္ဂတာစေတသိက် တို့ဖြစ်ကြပါသည်။ |
8 | 1 | 1994 | ပဋိစ္စသမုပ္ပါဒ်နည်းအရ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်ဟု ဆိုရာတွင် အမှတ်မရှိ ဝိညာဏ်ကြောင့် နာမ်ရုပ်အားလုံးဖြစ်ပါသလော၊ ရှင်းလင်းဖြေဆို၍ အစပ် ၃-ပါးစပ်ထားပုံကိုလည်း ပိုင်းခြားပြပါ။ | ပဋိစ္စသမုပ္ပါဒ်နည်းအရ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်ဟု ဆိုရာတွင် အမှတ်မရှိ ဝိညာဏ်ကြောင့် နာမ်ရုပ်အားလုံး ဖြစ်ခြင်းမဟုတ်ပါ။ ရှင်းလင်းဖြေဆိုရသော်- ဝိညာဏ်အရ - ရှေးရှေးဘဝက ပြုခဲ့သော ကမ္မဝိညာဏ်နှင့် ယခုပစ္စုပ္ပန်မှာ ဖြစ်သော ဝိပါက် ဝိညာဏ်များကို ကောက်ယူရပါမည်။ နာမ်ရုပ်အရ - ဝိပါတ်ဝိညာဏ်နှင့် ယှဉ်သောစေတသိက်များနှင့် ကမ္မဇရုပ်ကို ကောက်ယူရပါမည်။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးကို အစပ်သုံးဖြာဖြင့် ဝေဖန်ပြရသော်- (၁) ဟေတုဖလ အစပ် - အတိတ်အကြောင်း သင်္ခါရနှင့် ပစ္စုပ္ပန်အကျိုး ဝိညာဏ်အကြားရှိအစပ် (၂) ဖလဟေတု အစပ် - ပစ္စုပ္ပန်အကျိုးဝေဒနာနှင့် ပစ္စုပ္ပန်အကြောင်း တဏှာကြားရှိအစပ် (၃) ဟေတုဖလ အစပ် - ပစ္စုပ္ပန်အကြောင်းကမ္မဘဝနှင့် အနာဂတ်အကျိုး ဇာတိအကြားရှိ အစပ် |
9 | 1 | 1994 | ယောဂီသူတော်စင်များအားထုတ်ကြသော ကမ္မဋ္ဌာန်း အလုပ်ကို စျာန်လမ်း၊ ဉာဏ်လမ်းဟုဆိုရာ၌ ထင်ရှားအောင်ခွဲခြားပြ၍ ယင်းတို့၏ တရားကိုယ်များကို ညွှန်ပြပါ။ | ယောဂီသူတော်စင်များ အားထုတ်ကြသော ကမ္မဋ္ဌာန်းအလုပ်တို့တွင်- ဈာန်လမ်းဟူသည် - သမာဓိတရား၊ ဈာန်တရားရရှိရန်အတွက် နီဝရဏတရားများ ငြိမ်သက်အောင် အားထုတ်သော သမထကမ္မဋ္ဌာန်း အလုပ် ဖြစ်ပါသည်။ (တရားကိုယ်မှာ-လောကီကုသို်လ်ကြိယာ၌ ယှဉ်သော ဧကဂ္ဂတာစေတသိက် ဖြစ်ပါသည်။ ဉာဏ်လမ်းဟူသည် - မဂ်၊ နိဗ္ဗာန်ရရှိရန်အတွက် ရုပ်နာမ်ဓမ္မသင်္ခါရတရား တို့ကို အနိစ္စ၊ဒုက္ခ၊ အနတ္တဟု ရှုမှတ်ပွားများ အားထုတ်သော ဝိပဿနာကမ္မဋ္ဌာန်းအလုပ် ဖြစ်ပါသည်။ (တရားကိုယ်မှာ- မဟာကုသိုလ်-ကြိယာ၌ ယှဉ်သော ပညာစေတသိက် ဖြစ်ပါသည်။) |
1 | 2 | 1994 | လူကြီးများ၏ လမ်းညွန်မှုကို ခံယူပြီး အများအကျိုးကို မျှော်ကိုးလျက် နိုင်လွန်ကတ္တရာ လမ်းခင်းရန် ပျော်ပျော်ပါးပါး အလှူခံနေကြသော အမျိုးသမီးငယ်လေးများ၏ သန္တာန်၌ ဖြစ်နိုင်သော စိတ်ကို ဖော်ပြ၍ ဘုရား ရဟန္တာများ၌သာဖြစ်သော ရူပါဝစရစိတ်တို့ကိုလည်း ရေတွက်ပြပါ။ | လူကြီးများ၏ လမ်းညွန်မှုများကို ခံယူပြီး အများအကျိုးကို မျှော်ကိုးလျက် နိုင်လွန်ကတ္တရာလမ်းခင်းရန် ပျော်ပျော်ပါးပါး အလှူခံနေကြသော အမျိုးသမီးငယ်လေးများ၏ သန္တာန်၌ဖြစ်နိုင်သောစိတ်မှာ - သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ် ဒုတိယစိတ် ဖြစ်ပါသည်။ ဘုရား ရဟန္တာများ၌သာဖြစ်သော ရူပါဝစရစိတ်မှာ - ရူပါဝစရကြိယာစိတ် ၅ပါး ဖြစ်ပါသည်။ ၎င်းတို့မှာ ၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော စျာန်အင်္ဂါ ၅ပါးနှင့် တကွဖြစ်သော ရူပဝါစရကြိယာ ပထမစျာန်စိတ် ၁ပါး ၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၄ပါးနှင့် တကွဖြစ်သော ရူပဝါစရကြိယာ ဒုတိယစျာန်စိတ် ၁ပါး ၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၃ပါးနှင့် တကွဖြစ်သော ရူပဝါစရကြိယာ တတိယစျာန်စိတ် ၁ပါး ၄။ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ပါးနှင့် တကွဖြစ်သော ရူပဝါစရကြိယာ စတုတ္ထစျာန်စိတ် ၁ပါး ၅။ ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ပါးနှင့် တကွဖြစ်သော ရူပဝါစရကြိယာ ပဉ္စမစျာန်စိတ် ၁ပါး ပေါင်း ရူပဝါစရကြိယာစိတ် ၅ပါး |
2 | 2 | 1994 | "အကုသိုလ်ပြုရန် မရှက် မကြောက်သောသူသည် တရားတော်၌ ကြည်ညိုသူ မမည်" ဟူသော စကား၌ မရှက်၊ မကြောက်၊ ကြည်ညိုဟု ညွန်ပြအပ်သော စေတသိက်တို့၏ သဘောလက္ခဏာကို ရေး၍ ဉာဏ်၊ ၀ီရိယနှစ်ပါးလုံးနှင့် မယှဉ်သော စိတ်သရုပ်ကိုလည်း ထုတ်ပြပါ။ | မရှက်ဟု ညွန်ပြအပ်သော စေတသိက် - အဟိရိက မကြောက်ဟု ညွန်ပြအပ်သော စေတသိက် - အနောတ္တပ္ပ ကြည်ညိုဟု ညွန်ပြအပ်သော စေတသိက် -သဒ္ဓါစေတသိက် တို့ ဖြစ်ပါသည်။ ၎င်းတို့၏ သဘောလက္ခဏာများမှာ အဟီရိက - မကောင်းမှု ဒုစရိုက်ကို ပြုရမည်ကို မရှက်တတ်သော သဘော၊ အနောတ္တပ္ပ - မကောင်းမှု ဒုစရိုက် ပြုရမည်ကို မကြောက်တတ်သော သဘော၊ သဒ္ဓါ - မှန်ကန်သော ဘုရား၊ တရား၊ သံဃာနှင့် ကံ-ကံ၏အကျိုး စသည်ကို ယုံကြည် လေးမြတ် ကြည်ညိုတတ်သော သဘော၊ ဉာဏ်၊ ၀ီရိယ၊ နှစ်ပါးလုံးနှင့် မယှဉ်သော စိတ်သရုပ်မှာ - ၁။ ဒွေပဉ္စဝိညာဏ်စိတ် = ၁၀-ပါး ၂။ သမ္ပဋိစ္ဆိုင်းစိတ် = ၂-ပါး ၃။ သန္တီရဏစိတ် = ၃-ပါး ၄။ ပဉ္စဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး ပေါင်း မယှဉ်သောစိတ် = ၁၆-ပါး တို့ဖြစ်ပါသည်။ |
3 | 2 | 1994 | လူမှာ လူ့ကိစ္စရှိသကဲ့သို့ စိတ်မှာလည်း လုပ်ငန်းကိစ္စရှိရာ လုပ်ငန်းကိစ္စအများဆုံးသော စိတ်တို့ကို ဆိုင်ရာကိစ္စနှင့်တကွ ဖော်ပြ၍၊ ဒွါရငါးပါး၌ဖြစ်သောစိတ်တို့ကိုုလည်း ညွှန်ပြပါ။ | လုပ်ငန်းကိစ္စအများဆုံးသော စိတ်တို့မှာ - ဥပေက္ခာသန္တီရဏစိတ် ၂-ပါး ဖြစ်ပါသည်။ ယင်းစိတ် ၂-ပါး၏ ကိစ္စများမှာ- (၁) ပဋိသန္ဓေကိစ္စ (၂) ဘဝင်ကိစ္စ (၃) သန္တီရဏကိစ္စ (၄) တဒါရုံကိစ္စ (၅) စုတိကိစ္စ ဟူ၍ ၅-ကိစ္စ ဖြစ်ပါသည်။ ဒွါရငါးပါး၌ဖြစ်သောစိတ်တို့မှာ- ၁။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး ၂။ သမ္ပဋိစ္ဆိုင်းစိတ်= ၂-ပါး ပေါင်း မနောဓာတ်= ၃-ပါး တို့ဖြစ်ပါသည်။ |
4 | 2 | 1994 | ကြိုတင်ပြင်ဆင်မှု (ပရိကံ)ရှိမှ ရည်မှန်းချက်ပန်းတိုင်သို့ အလွယ်တကူ ရောက်ရှိနိုင်ကြရာ ပရိကံအရကို အရှင်အနုရုဒ္ဓါ အလိုကျ ဖော်ပြ၍၊ ပရိကံသည် ဥပေက္ခာကုသိုလ် ဖြစ်ခဲ့သော် ယင်း၏ နောက်၌ ဖြစ်ပေါ်လာနိုင်သော ဈာန်-မဂ်-ဖိုလ် တို့ကိုလည်း ရေတွက်ပြပါ။ | ကြိုတင်ပြင်ဆင်မှု (ပရိကံ)ရှိမှ ရည်မှန်းချက် ပန်းတိုင်သို့ အလွယ်တကူ ရောက်ရှိနိုင်ကြရာ ပရိကံအရကို အရှင်အနုရုဒ္ဓါ အလိုကျ ဖော်ပြရသော်- ဈာနဝီထိ-အဘိညာဉ်ဝီထိများ၌ - မဟာကုသိုလ်ဉာဏ သမ္ပယုတ်စိတ် ၄-ပါး (သို့) မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄-ပါး မဂ္ဂဝီထိ၌ -မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄-ပါး ဖြစ်ပါသည်။ ပရိကံသည် ဥပေက္ခာကုသိုလ် ဖြစ်ခဲ့သော် ယင်း၏ နောက်၌ ဖြစ်ပေါ်လာနိုင်သော ဈာန်- မဂ်- ဖိုလ်တို့ကိုလည်း ရေတွက်ပြရသော်- - မဟဂ္ဂုတ်ကုသိုလ်ဈာန်(ဥပေက္ခာ)-၅-ပါး - မဂ်(ဥပေက္ခာ)-၄-ပါး - အောက်ဖိုလ်(ဥပေက္ခာ)-၃-ပါး ပေါင်း-၁၂-ပါး |
5 | 2 | 1994 | ၀စီကံမည်ခြင်းအကြောင်းကို ရေး၍ အသက် သတ်မှု၊ လိမ်ညာမှု၊ အယူမှားမှုများသည် မည်သည့် အကြောင်းရင်းမူလ တရားကြောင့် ဖြစ်ရသနည်း၊ ညွှန်ပြပါ။ | ၀စီကံ ဒေါသတရား ဖြစ်ပါသည်။ လိမ်ညာမှု၏ မူလတရားမှာ - ရံခါ လောဘ၊ ရံခါဒေါသတရား ဖြစ်ပါသည်။ အယူမှားမှု၏ မူလတရားမှာ - လောဘတရား ဖြစ်ပါသည်။ |
6 | 2 | 1994 | သက်ရှိသက်မဲ့ အရာဝတ္တုတိုင်း၌ ရုပ်ကလာပ်တို့ အဆက်မပြတ် ဖြစ်လျက်ရှိရာ ရုပ်ကလာပ်တစ်ခု ဟုသတ်မှတ်နိုင်ရန် လိုအပ်သော အင်္ဂါလက္ခဏာ များကို ရေး၍၊ မေးခွန်းလွှာစာရွက်၌ ရနိုင်သော ရုပ်ကလာပ်ကိုလည်း တိကျစွာ ဖော်ပြပါ။ | ရုပ်ကလာပ်တစ်ခုဟု သတ်မှတ်နိုင်ရန် လိုအပ်သော အင်္ဂါလက္ခဏာများမှာ- (၁) ဧကုပ္ပါဒ - ရုပ်ကလာပ်တစ်စည်း၌ ရုပ်တရားအပေါင်းတို့သည် မရှေးမနှောင်း တစ်ပြိုင်နက် ဖြစ်ရခြင်း (၂) ဧကနိရောဓ - ရုပ်ကလာပ်တစ်စည်း၌ ရုပ်တရားအပေါင်းတို့သည် မရှေးမနှောင်း တစ်ပြိုင်နက် ချုပ်ရခြင်း (၃) ဧကနိဿယ - ရုပ်ကလာပ်တစ်စည်း၌ ရုပ်တရားအပေါင်းတို့သည် မဟာဘုတ်တည်း ဟူသော မှီရာတူခြင်း။ (၄) သဟဝုတ္တိ - အသီးသီးသော ကလာပ်တူ ရုပ်စုများ အတူတကွ တပေါင်းတည်း ဖြစ်ရခြင်း တို့ဖြစ်ပါသည်။ မေးခွန်းလွှာစာရွက်(ဗဟိဒ္ဓသန္တာန်၌) ရနိုင်သော ရုပ်ကလာပ် ဥတုဇကလာပ် ၄-စည်းမှ- - သုဒ္ဓဋ္ဌကကလာပ် ၁-စည်း - သဒ္ဒနဝကကလာပ် ၁-စည်း ပေါင်း ဥတုဇကလာပ် ၂-စည်း ဖြစ်ပါသည်။ |
7 | 2 | 1994 | ပျော်ရွှင်မှုကိစ္စများ၌သာဇွဲကောင်းသူ၏ လုံ့လဝီရိယသည် ၀ီရိယိဒ္ဓိပါဒ်ထိုက် မထိုက် ရှင်းပြ ဖြေဆို၍ မဂ္ဂင်မထိုက်သော ဗောဇ္ဈင်များကိုလည်းဖော်ပြပါ။ | ပျော်ရွှင်မှုကိစ္စများ၌သာဇွဲကောင်းသူ၏ လုံ့လဝီရိယသည်- ၀ီရိယိဒ္ဓိပါဒ် မထိုက်ပါ။ ရှင်းလင်းဖြေဆိုပြရသော်- ဣဒ္ဓိပါဒ်ဟူသည် -ပြီးစီးထမြောက်သော ဈာန်၊ မဂ်၊ ဖိုလ် အကျိုးတို့၏ အခြေခံအကြောင်းတရားများကို ခေါ်ဆိုခြင်းဖြစ်၏။ သို့ဖြစ်၍- ၀ီရိယိဒ္ဓိပါဒ်အရ - ဈာန်၊ မဂ်၊ ဖိုလ် ရရန် ကြိုးစားအားထုတ်နေသူတို့၏ ကုသိုလ်စိတ် ၂၁-ပါးနှင့်ယှဉ်သော ၀ီရိယကိုသာ ကောက်ယူရမည် ဖြစ်ပါသည်။ ထို့ကြောင့် ပျော်ရွှင်မှုကိစ္စများ၌သာ ဇွဲကောင်းသူ၏ လုံ့လဝီရိယသည်- အကုသိုလ်စိတ်၌ ယှဉ်သော ၀ီရိယသာဖြစ်၍ ၀ီရိယိဒ္ဓိပါဒ် မထိုက်ခြင်းဖြစ်ပါသည်။ မဂ္ဂင်မထိုက်သော ဗောဇ္ဈင်တရားများမှာ- (၁) ပီတိသမ္ဗောဇ္ဈင် (၂) ပဿဒ္ဓိသမ္ဗောဇ္ဈင် (၃) ဥပေက္ခာသမ္ဗောဇ္ဈင် တို့ဖြစ်ကြပါသည်။ |
8 | 2 | 1994 | ပဋိစ္စသမုပ္ပါဒ်ဟူသည် အဘယ်တရားကို ခေါ်ဆို ပါသနည်း၊ဖြေဆို၍ ယင်းပဋိစ္စသမုပ္ပါဒ်စက်ကြီး မည်သို့လည်ပတ်နေသည်ကို ရှင်းလင်းဖြေဆိုပါ။ | ပဋိစ္စသမုပ္ပါဒ် ဟူသည်- အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ (ကမ္မဘဝ) နှင့် ဇာတိ (ဥပပတ္တိဘဝ) တည်းဟူသော အကြောင်းတရားများ ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်စက်ကြီးလည်ပတ်ပုံ- ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ စသော တွေဝေ မိန်းမောစေတတ်သော တရားအပေါင်းတို့သည် သတ္တဝါတို့ သန္တာန်၌ မပြတ်နှိပ်စက်တ်ပေ၏။ ထိုသို့နှိပ်စက်ခံရသော သတ္တဝါတို့ သန္တာန်၌ သောက စသည်ဖြစ်ခြင်းကြောင့် အာသဝေါတရားတို့ ဖြစ်ပေါ်၏။ ထိုသို့ အာသဝေါတရားတို့ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာသည်လည်း ဖြစ်ပြန်၏။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ၊ ဝိညာဏ်၊ ဇရာ၊ မရဏ၊ သောက စသည် တို့ ဖြစ်ရ၏။ သောကဖြစ်ခြင်းကြောင့် အာသဝေါတရားဖြစ်၊ အာသဝေါတရားဖြစ်ခြင်းကြောင့် အဝိဇ္ဇာဖြစ်၊ ဤသို့အားဖြင့် ပဋိစ္စသမုပ္ပါဒ်စက်ကြီး(တစ်နည်း) ၀ဋ်တရားသည် လည်ပတ်နေတော့သည်။ |
9 | 2 | 1994 | ယောဂီ၏ သြဒါတကသိုဏ်း ရှုပွားမှုတွင် ဘာဝနာ ဘေဒကို ဖော်ပြ၍ ဒေဝတာနုဿတိပွားများ နည်းကိုလည်း စနစ်တကျ ဖော်ညွှန်းခဲ့ပါ။ | သြဒါတကသိုဏ်းကို ရှုပွားလျှင် ရူပါဝစရဈာန် ၅-ပါးလုံး ရနိုင်ပြီး၊ နိမိတ်နှင့် ဘာဝနာအားဖြင့်လည်း ၃-မျိုးစလုံး ရနိုင်ပါသည်။ ထိုနိမိတ် ၃-ပါးနှင့် ဘာဝနာကို တွဲစပ်ပြရသော်- (၁) ပရိကမ္မနိမိတ် = ပရိကမ္မဘာဝနာ (၂) ဥဂ္ဂဟနိမိတ် = ရှေးကထက် သမာဓိရသော ပရိကမ္မဘာဝနာ (၃) ပဋိဘာဂနိမိတ်= ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ တို့ဖြစ်ပါသည်။ ဒေဝတာနုဿတိ ပွားများနည်း- ဒေဝတာနုဿတိ - နတ်၊ ဗြဟ္မာတို့ကို သက်သေပြ၍ နတ်တို့၏ သဒ္ဓါ စသော ဂုဏ်နှင့်တူသောမိမိ၏ သဒ္ဓါ စသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ဆင်ခြင်မှု |
1 | 3 | 1994 | မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်သူများ၏ ဖြစ်ဆဲ ကုသိုလ်စိတ်တို့ကို အကျဉ်းချုပ်ဖော်ပြ၍ လောကုတ္တရာ ပဉ္စမစျာန်ဝိပါက်စိတ်ကိုလည်း မမှားအောင် ရေတွက်ပြပါ။ | မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်သူများ၏ ဖြစ်ဆဲ ကုသိုလ်စိတ်တို့ကို အကျဉ်းချုပ်မျှ ဖော်ပြရသော် ၁။ သောတပတ္တိမဂ်စိတ် ၁ပါး ၂။ သကဒါဂါမိမဂ်စိတ် ၁ပါး ၃။ အနာဂါမိမဂ်စိတ် ၁ပါး ၄။ အရဟတ္တမဂ်စိတ် ၁ပါး ပေါင်း မဂ်စိတ် ၄ပါး လောကုတ္တရာ ပဉ္စမစျာန်ဝိပါက်စိတ်ကို မမှားအောင် ရေတွက်ပြရသော် ၁။ ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ပါးနှင့်တကွဖြစ်သော သောတပတ္တိဖိုလ် ပဉ္စမစျာန်စိတ် ၁ပါး ၂။ ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ပါးနှင့်တကွဖြစ်သော သကဒါဂါမိဖိုလ် ပဉ္စမစျာန်စိတ် ၁ပါး ၃။ ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ပါးနှင့်တကွဖြစ်သော အနာဂါမိဖိုလ် ပဉ္စမစျာန်စိတ် ၁ပါး ၄။ ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ပါးနှင့်တကွဖြစ်သော အရဟတ္တဖိုလ် ပဉ္စမစျာန်စိတ် ၁ပါး ပေါင်း ပဉ္စမစျာန်စိတ် ၄ပါး |
2 | 3 | 1994 | ခြင်ကိုက်သည်ကို မသတ်ဘဲ ရှောင်ကြည်သူ သန္တာန်၌ ဖြစ်သော စေတသိက်အမည်ကို တိကျစွာ ညွန်ပြ၍ ယင်းစေတသိက်နှင့် အတူတကွဖြစ်သော စိတ်တို့ကိုလည်း ဖော်ပြပါ။ | ခြင်ကိုက်သည်ကို မသတ်ဘဲ ရှောင်ကြည်သူ သန္တာန်၌ ဖြစ်သော စေတသိက်အမည်မှာ - သမ္မာကမ္မန ္တ(ဝိရတီ) စေတသိက် ဖြစ်ပါသည်။ ယင်းစေတသိက်နှင့် အတူတကွဖြစ်သော စိတ်တို့မှာ ၁။ မဟာကုသိုလ် (ရံခါ) = ၈-ပါး ၂။ လောကုတ္တရာစိတ် (အမြဲ) = ၈-ပါး (ကျဉ်း) \ ၄၀-ပါး (ကျယ်) ပေါင်း စိတ် = ၁၆-ပါး (ကျဉ်း) \ ၄၈-ပါး (ကျယ်) တို့ဖြစ်ပါသည်။ |
3 | 3 | 1994 | ကာမဂုဏ်အာရုံများ၌သာ မွေ့လျော်ပျော်ပိုက်သော စိတ်သရုပ်ကို ဖော်ထုတ်ပြီးလျှင် ရူပဘုံ၌ ရနိုင်သော ဝတ္တုသရုပ်နှင့် ဝိညာဏဓာတ် တို့ကိုလည်း အကျဉ်းချုပ် တင်ပြပါ။ | ကာမဂုဏ်အာရုံများ၌သာ မွေ့လျော် ပျော်ပိုက်သော(ကာမဧကန်)စိတ်သရုပ်မှာ- ၁။ ဒွေပဉ္စဝိညာဏ်= ၁၀-ပါး ၂။ မနောဓာတ်= ၃-ပါး ၃။ တဒါရုံ= ၁၁-ပါး ၄။ ဟသိတုပ္ပါဒ်စိတ်= ၁-ပါး ပေါင်း (ကာမဧကန်)စိတ်= ၂၅-ပါး တို့ဖြစ်ပါသည်။ ရူပဘုံ၌ရနိုင်သော ဝတ္တုသရုပ်နှင့် ဝိညာဏဓာတ်မှာ- (က) အသညသတ်ကြဉ် ရူပ ၁၅-ဘုံ၌ (၁) စက္ခုဝတ္တု= စက္ခုဝိညာဏဓာတ် (၂) သောတဝတ္တု= သောတဝိညာဏဓာတ် (၃) ဟဒယဝတ္တု= မနောဓာတ်၊ မနောဝိညာဏဓာတ်တို့ ရနိုင်ပါသည်။ (ခ) အသညသတ်ဘုံ၌ - ရနိုင်သော ဝတ္တုရုပ်လည်း မရှိ - ဝိညာဏဓာတ်လည်း မရှိပါ။ |
4 | 3 | 1994 | စက်ဆုပ်ဖွယ် မစင်ကို တွေ့မြင်ရသော ခွေးကလေး၏ သန္တာန်၌ဖြစ်သော ၀ီထိစိတ်၊ ၀ီထိမုတ်စိတ်တို့ကို တိကျစွာညွှန်ပြ၍၊ ယင်းခွေးကလေးသေခါနီး၌ ဇောစိတ် အကြိမ် မည်မျှဖြစ်သည်ကိုလည်း အကြောင်းပဖြြေပါ။ | စက်ဆုပ်ဖွယ် မစင်ကို တွေ့မြင်ရသော ခွေးကလေး၏ သန္တာန်၌ဖြစ်သော ၀ီထိစိတ်၊ ၀ီထိမုတ်စိတ်တို့ကို တိကျစွာညွှန်ပြရသော်- အနိဋ္ဌ- ရူပါရုံဖြစ်၍- - ပဉ္စဒွါရာဇွန်း-၁ကြိမ် - အကုသလဝိပါက် စက္ခုဝိညာဏ်- ၁ကြိမ် - အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း-၁ကြိမ် - အကုသလဝိပါက် ဥပေက္ခာသန္တီရဏ- ၁ကြိမ် - ၀ုဋ္ဌော-၁ကြိမ် - ကာမဇော(အကုသိုလ် လောဘဇော)- ရ-ကြိမ် - (အကုသလဝိပါက် ဥပေက္ခာသန္တီရဏ) ဥပေက္ခာတဒါရုံ-၂ကြိမ် ၀ီထိမုတ်စိတ်တို့မှာ - အတီတဘွင် - ဘဝင်္ဂစလန - ဘဝင်္ဂုပစ္ဆေဒ -ထို့နောင်ဘွင်အများ တည်းဟူသော (အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်-၁ပါး) ဖြစ်ပါသည်။ ယင်းခွေးကလေး သေခါနီး၌ မရဏသန္နဇောစိတ် ၅-ကြိမ် ဖြစ်ပါသည်။ အကြောင်းပြ ဖြေဆိုရသော်- သေခါနီးအခါတွင် စိတ်တို့၏ မှီရာဝတ္တုရုပ်က အလွန်အားနည်းလှသောကြောင့် မှီသော ဇောစိတ်တို့သည်လည်း အားနည်းကုန်၏။ သို့ဖြစ်၍ သေခါနီး၌ မရဏာသန္နဇောစိတ်တို့သည် ၇-ကြိမ်တိုင်အောင် မဖြစ်နိုင်ပါဘဲ ၅-ကြိမ်သာ ဖြစ်ရခြင်း ဖြစ်ပါသည်။ |
5 | 3 | 1994 | ရုပ်ပဋိသန္ဓေနေသူ၊ နာမ်ပဋိသန္ဓေနေသူ၊ ရုပ်နာမ်အစုံ ပဋိသန္ဓေနေသူများကို သိသာရုံမျှ ခွဲခြားဖော်ပြ၍၊ အိမ်၌ မွေးထားသော ကြောင်ကလေးသေလျှင် ရောက်နိုင်ခွင့်ရှိသော ဘုံများကိုလည်းရေးပါ။ | ရုပ်ပဋိသန္ဓေနေသူ - အသညသတ်ဗြဟ္မာ၊ နာမ်ပဋိသန္ဓေနေသူ - အရူပဗြဟ္မာ ရုပ်နာမ်အစုံ - ပဋိသန္ဓေနေသူ ကာမ ၁၁-ဘုံသားနှင့် - အသညသတ် ကြဉ်သော ရူပ ၁၅-ဘုံသား တို့ ဖြစ်ပါသည်။ အိမ်၌ မွေးထားသော ကြောင်ကလေး သေလျှင် ရောက်နိုင်ခွင့်ရှိသော ဘုံများမှာ- “ကာမ ၁၁-ဘုံ” ဖြစ်ပါသည်။ |
6 | 3 | 1994 | အသညသတ်ဗြဟ္မာဘုံ၌ ရနိုင်သော ရုပ်တို့ကို ရေတွက်ပြ၍၊ဂုဏ်အားဖြင့် ရအပ်သော နိဗ္ဗာန်၏ အမည်သုံးမျိုးကိုလည်း အကြောင်းနှင့်တကွ ဖြေဆိုပါ။ | အသညသတ်ဗြဟ္မာဘုံ၌ ရနိုင်သော ရုပ် - မဟာဘုတ်ရုပ် ၄-ပါး - ဂေါစရရုပ် (၀ဏ္ဏ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ) ၃-ပါး - ဇီဝိတရုပ် ၁-ပါး - အာဟာရရုပ် (သြဇ) ၁-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၁၇-ပါး ဖြစ်ပါသည်။ ဂုဏ်အားဖြင့် ရအပ်သောနိဗ္ဗာန်၏ အမည်သုံးမျိုး (၁) သုညတနိဗ္ဗာန် - ရာဂ စသော ကြောင့်ကဖြွယ် ပလိဗောဓ အမျိုးမျိုးမှ ကင်းငြိမ် သုဉ်းဆိတ်သောကြောင့် သုညတနိဗ္ဗာန် မည်၏။ (၂) အနိမိတ္တနိဗ္ဗာန် - ရာဂနိမိတ်စသော ဘေးရန် အပေါင်းနှင့် မဆက်ဆံသောကြောင့် အနိမိတ္တနိဗ္ဗာန် မည်၏။ (၃) အပ္ပဏိဟိတနိဗ္ဗာန် - အာသာ၊ တဏှာစသော တောင့်တမှု၊ ပူပန်မှု တို့နှင့် မဆက်ဆံသောကြောင့် အပ္ပဏိဟိတနိဗ္ဗာန် မည်၏။ |
7 | 3 | 1994 | သတ္တဝါတို့အား သံသရာဝဋ်အတွင်းမှ မလွတ်နိုင်အောင် လွှမ်းမိုးနှစ်မြုပ်တတ်သော တရားစုကို တရားကိုယ်နှင့် ယှဉ်တွဲပြ၍ သံသရာခရီးအစမှ လိုက်ပါလာပြီး နောက်ဆုံးမဂ်ဖြင့် ပယ်ချမှ ကွာသော အနုသယဓာတ်များကိုလည်း ထုတ်ပြပါ။ | သတ္တဝါတို့အား သံသရာဝဋ်အတွင်းမှ မလွတ်နိုင်အောင် လွှမ်းမိုးနှစ်မြုပ်တတ်သော တရားစုမှာ-သြဃတရား ၄-ပါး တို့ဖြစ်ကြပါသည်။ ၎င်းတို့ကို တရားကိုယ်နှင့် ယှဉ်တွဲပြရသော်- (၁) ကာမောဃ - လောဘမူစိတ် ၈-ပါး၌ ယှဉ်သော လောဘစေတသိက် (၂) ဘဝေါဃ - လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်သော လောဘစေတသိက် (၃) ဒိဋ္ဌောဃ - လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်သော လောဘစေတသိက် (၄)အဝိဇ္ဇောဃ - အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော မောဟစေတသိက် တို့ဖြစ်ပါသည်။ သံသရာခရီးအစမှ လိုက်ပါလာပြီး နောက်ဆုံး(အားဖြင့်) မဂ်ဖြင့် ပယ်ချမှ ကွာကျသော အနုသယဓာတ်များမှာ- (၁) ကာမရာဂါနုသယ (၂) ဘဝရာဂါနုသယ (၃) ပဋိဃာနုသယ (၄) မာနာနုသယ (၅) ဒိဋ္ဌာနုသယ (၆) ဝိစိကိစ္ဆာနုသယ (၇) အဝိဇ္ဇာနုသယ ဟူသော “အနုသယ ရပါး” တို့ဖြစ်ပြီး ယင်းတို့အနက်မှ နောက်ဆုံးမဂ် (အရဟတ္တမဂ်)ဖြင့် ပယ်ချမှ ကွာကျသော အနုသယ ဓာတ်များမှာ- (၁)ဘဝရာဂါနုသယ (၂)မာနာနုသယ (၃)အဝိဇ္ဇာနုသယ တို့ဖြစ်ပါသည်။ |
8 | 3 | 1994 | ကာလသုံးပါး၌ ဖြစ်သော တရား၊ ကာလသုံးပါးမှ လွတ်သောတရားတို့ကို ခွဲခြားပြဆိုပြီးလျှင် ကားသံ၊ မြေနံ့၊ စက်ရုံတို့၏ သဒ္ဒပညတ်အမည်များ ကိုလည်းတိကျစွာ ဖော်ပြပါ။ | ကာလသုံးပါး၌ ဖြစ်သောတရား - စိတ်၊ စေတသိက်၊ ရုပ် ကာလသုံးပါးမှလွတ်သောတရား - နိဗ္ဗာန်၊ ပညတ်၊ (၁) ကားသံ - အဝိဇ္ဇာမာနေန- ဝိဇ္ဇမာနပညတ် (၂) မြေနံ့ - အဝိဇ္ဇာမာနေန- ဝိဇ္ဇမာနပညတ် (၃) စက်ရုံ - အဝိဇ္ဇာမာနေန- အဝိဇ္ဇမာနပညတ် |
9 | 3 | 1994 | သဒ္ဓါတရား အားကောင်းသူများ ရှုပွားသင့်လှသော ကမ္မဋ္ဌာန်းများကို ပြည့်စုံစွာ ထုတ်ပပြြီးလျှင် ဥဂ္ဂဟနိမိတ် ထင်ပုံကိုလည်း ရေးသားဖြေဆိုပါ။ | သဒ္ဓါတရား အားကောင်းသူများ ရှုပွားသင့်လှသော ကမ္မဋ္ဌာန်းများမှာ- (၁) ဗုဒ္ဓါနုဿတိ (၂) ဓမ္မာနုဿတိ (၃) သံဃာနုဿတိ (၄) သီလာနုဿတိ (၅) စာဂါနုဿတိ (၆) ဒေဝတာနုဿတိတို့ဖြစ်ပါသည်။ ဥဂ္ဂဟနိမိတ် ထင်ပုံ- ကမ္မဋ္ဌာန်းတရားပွားများအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်းစသော အာရုံနိမိတ်(ပရိကမ္မနိမိတ်) ကို မျက်စိဖြင့် ဖွင့်တုံ မှတ်တုံအဖန်ဖန် အာရုံပြု၍ ပွားများ အားထုတ်သည်ရှိသော်မျက်စိမှတ်၍ စိတ်ဖြင့် ဆင်ခြင်သောအခါ ထိုပထဝီကသိုဏ်းဝန်း အာရုံနိမိတ်သည် မျက်စိဖြင့်တိုက်ရိုက်မြင်နေရသကဲ့သို့ မနောဒွါရ၌ထင်ရှားစွာ ပေါ်၏။ ဤသို့ စိတ်ဖြင့်ကောင်းစွာ ယူအပ်သောနိမိတ်ကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ပါသည်။ |
2 | 4 | 1994 | စိတ်ဖြစ်တိုင်း အမြဲမယှဉ်ဘဲ ယှဉ်သင့်မှာသာ ယှဉ်သော စေတသိက်တို့ကို ရေတွက်ပပြြီး သြကာသ ကန်တော့ခန်းကို ဆရာကျက်ခိုင်း၍ ဝမ်းမြောက်ဝမ်းသာ ဉာဏ်ပါပါဖြင့် ကျက်နေကြသော ကျောင်းသားကလေးများ၏ သန္တာန်၌ ဖြစ်နိုင်သော စိတ်၊ စေတသိက်တို့ကို ဖော်ပြပါ။ | စိတ်ဖြစ်တိုင်း အမြဲမယှဉ်ဘဲ ယှဉ်သင့်မှာသာ ယှဉ်သော စေတသိက်တို့မှာ - မာန၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ထိန-မိဒ္ဓ၊ ဝိရတီစေတသိက် ၃-ပါး၊ အပ္ပမညာ ၂-ပါး ပေါင်း အနိယတယောဂီစေတသိက် ၁၁-ပါး တို့ဖြစ်ပါသည်။ သြကာသ ကန်တော့ခန်းကို ဆရာကျက်ခိုင်း၍ ဝမ်းမြောက်ဝမ်းသာ ဉာဏ်ပါပါဖြင့် ကျက်နေကြသော ကျောင်းသားကလေးများ၏ သန္တာန်၌ ဖြစ်နိုင်သော စိတ်မှာ - " သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ်၊ သသင်္ခါရိက မဟာကုသိုလ်စိတ်" ဖြစ်ပြီး ယင်းစိတ်နှင့် အတူဖြစ်နေသော စေတသိက်တို့မှာ - ၁။ အညသမာန်းစေတသိက် = ၁၃-ပါး ၂။ သောဘနသာဓာရဏစေတသိက် = ၁၉-ပါး ၃။ ပညိန္ဒြေစေတသိက် = ၁-ပါး ပေါင်း စေတသိက် = ၃၃-ပါး တို့ဖြစ်ပါသည်။ |
4 | 4 | 1994 | ရူပဗြဟ္မာဘုံ၌ ဖြစ်ခွင့်ရှိသော ၀ီထိစိတ်သရုပ်ကို ဖော်ထုတ်ပြ၍ အရိယာပုဂ္ဂိုလ်များ မဖြစ်ရာ ဘုံဌာနကိုလည်း ရေးပါ။ | ရူပဗြဟ္မာဘုံ၌ ဖြစ်ခွင့်ရှိသော ၀ီထိစိတ်သရုပ်ကို ဖော်ထုတ်ပြရသော်- - ဒေါသမူဒွေးကြဉ်သော အကုသိုလ်စိတ်-၁၀-ပါး - ဃာနာဒိ(၆) ကြဉ်သော အဟိတ်စိတ်- ၁၂-ပါး - မဟာကုသိုလ်စိတ် ၈-ပါး - မဟာကြိယာစိတ် ၈-ပါး - မဟဂ္ဂုတ်ကုသိုလ်စိတ် ၉-ပါး - မဟဂ္ဂုတ်ကြိယာစိတ် ၉-ပါး - လောကုတ္တရာစိတ်အကျဉ်း- ၈-ပါး ပေါင်း ရူပဗြဟ္မာဘုံ၌ ဖြစ်ခွင့်ရှိသော ၀ီထိစိတ်-၆၄-ပါး အရိယာပုဂ္ဂိုလ်များ မဖြစ်ရာ ဘုံဌာနမှာ- အပါယ် ၄-ဘုံနှင့် အသညသတ်ဘုံတို့ဖြစ်ကြပါသည်။ |
9 | 4 | 1994 | အဘယ်ပုဂ္ဂိုလ်မျိုးကို အနာဂါမ်ဟု ခေါ်ပါသနည်း။ ဖြေဆိုပြီးလျှင် ဖလသမာပတ်နှင့်နိရောဓ သမာပတ်ဝင်စားနိုင်သော ပုဂ္ဂိုလ်တို့ကိုလည်း ဖော်ပြပါ။ | အနာဂါမ် ပုဂ္ဂိုလ်ဟူသည်မှာ ကာမရာဂ၊ ဗျာပါဒတို့ကို အကြွင်းမဲ့ ပယ်သတ် ပြီးသောကြောင့် ကာမဘုံသို့ ပဋိသန္ဓေ မနေတော့သောပုဂ္ဂိုလ်ကို ခေါ်ဆိုပါသည်။ ဖလသမာပတ်ဝင်စားနိုင်သော ပုဂ္ဂိုလ်များ မှာ- (၁) သောတာပတ္တိဖိုလ်ပုဂ္ဂိုလ် (၂) သကဒါဂါမိဖိုလ်ပုဂ္ဂိုလ် (၃) အနာဂါမိဖိုလ်ပုဂ္ဂိုလ် (၄) အရဟတ္တပုဂ္ဂိုလ် တို့ဖြစ်ကြပါသည်။ နိရောဓ သမာပတ်ဝင်စားနိုင်သော ပုဂ္ဂိုလ်များမှာ ကာမဘုံ၊ ရူပဘုံ၌ သမာပတ် ၈-ပါး၊ ၉-ပါး ရပြီးသော အနာဂါမ် ပုဂ္ဂိုလ်နှင့်ရဟန္တာပုဂ္ဂိုလ် တို့ ဖြစ်ပါသည်။ |
1 | 1 | 1995 | အပြစ်ရှိမှန်းသိလျက် သူတစ်ပါးပစ္စည်းကို ခိုးယူသူ၌ဖြစ်နိုင်သော စိတ်တို့ကို ပြည့်စုံစွာ ဖော်ပြ၍ လူတစ်ယောက်၌ မျက်စိနှစ်လုံးရှိ၍ "စိက္ခုဝိညာဏ်ဒွေ" ဟုခေါ်ပါသလော၊ အဘယ်ကို "စိက္ခုဝိညာဏ်ဒွေ"ဟု ခေါ်ပါသနည်း၊ ဖြေဆိုပါ။ | အပြစ်ရှိမှန်းသိလျက် သူတစ်ပါးပစ္စည်းကို ခိုးယူသူ၌ ဖြစ်နိုင်သော စိတ်တို့ကို ပြည့်စုံစွာဖော်ပြရသော် ၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ပါး ၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ပါး ၃။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူစိတ် ၁ပါး ၄။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် ၁ပါး ပေါင်း လောဘမူစိတ် ၄ ပါး မှ တစ်ပါးပါး ဖြစ်နိုင်ပါသည်။ လူတစ်ယောက်၌ မျက်စိနှစ်လုံးရှိ၍ "စိက္ခုဝိညာဏ်ဒွေ" ဟုခေါ်ဆိုခြင်းမဟုတ်ပါ။ ၁။ အကုသလဝိပါက်စိတ် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ပါး ၂။ အဟိတ်ကုသလဝိပါက်စိတ် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ ပါး ဟု စက္ခုဝိညာဏ်စိတ်နှစ်မျိုး ရှိသောကြောင့် "စက္ခုဝိညာဏ်ဒွေ" ဟုခေါ်ဆိုရခြင်းဖြစ်ပါသည်။ |
2 | 1 | 1995 | "လူမှန်လျှင် ကြံရင်းသေရသည်" ဟူသောစကား၌ အကြံအစည်ကို ညွန်ပြသည့် စေတသိက်အမည်ကို ထုတ်ပြ၍ ယင်းစေတသိက်နှင့် အတူတကွဖြစ်သော စိတ်သရုပ်ကိုလည်း ဖော်ပြပါ။ | အကြံအစည်ကို ညွန်ပြသည့် စေတသိက်မှာ -" ဝိတက်စေတသိက်" ဖြစ်ပါသည်။ ယင်း" ဝိတက်" စေတသိက်နှင့် အတူတကွဖြစ်သော စိတ်သရုပ်မှာ - ၁။ (ဒွေပဉ္စဝိညာဉ် ၁၀-ကြဉ်သော) ကာမစိတ် = ၄၄-ပါး ၂။ (မဟဂ္ဂုတ် + လောကုတ္တရာ) ပထမစျာန်စိတ် = ၁၁-ပါး ပေါင်း စိတ် = ၅၅-ပါး တို့ဖြစ်ပါသည်။ |
3 | 1 | 1995 | “သိပ်ဘဝင်မကျဘူး”ဟူသော လူသုံးများလှသည့် စကား၌ “ဘဝင်”အရကို ဖော်ပြ၍ စက္ခုဒွါရ၌ဖြစ်သော စိတ်တို့ကိုလည်း ရေတွက်ပြပါ။ | “ဘဝင်”အရမှာ- ၁။ ဥပေက္ခာသန္တီရဏစိတ်= ၂-ပါး ၂။ မဟာဝိပါက်စိတ်= ၈-ပါး ၃။ မဟဂ္ဂုတ်ဝိပါက်စိတ်= ၉-ပါး ပေါင်း ဘဝင်စိတ်= ၁၉-ပါး ဖြစ်ပါသည်။ စက္ခုဒွါရ၌ ဖြစ်သောစိတ်တို့မှာ- ၁။ ပဉ္စဒွါရာဝဇွန်း= ၁-ပါး ၂။ စက္ခုဝိညာဉ်စိတ်= ၂-ပါး ၃။ သမ္ပဋိစ္ဆိုင်းစိတ်= ၂-ပါး ၄။ သန္တီရဏစိတ်= ၃-ပါး ၅။ ၀ုဋ္ဌော(မနောဒွါရာဝဇ္ဇန်း)= ၁-ပါး ၆။ ကာမဇော= ၂၉-ပါး ၇။ တဒါရုံ (မဟာဝိပါက်)= ၈-ပါး ပေါင်း စိတ်= ၄၆-ပါး တို့ဖြစ်ပါသည်။ |
4 | 1 | 1995 | တေးသီချင်း နားထောင်သူ၏ သန္တာန်ဝယ် ဖြစ်ပေါ် လာသော ၀ီထိစိတ် အစဉ်ကို သိသာရုံမျှ ဖော်ပြ၍ ယင်းတေးသီချင်းသံ၏ (က) ပရမတ်အမည် (ခ) သက်တမ်းတို့ကိုရေးသားပြပါ။ | တေးသီချင်း နားထောင်သူ၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ၀ီထိစိတ် အစဉ်ကို သိသာရုံမျှ ဖော်ပြရသော်- ဣဋ္ဌ-သဒ္ဒါရုံဖြစ်၍ - ပဉ္စဒွါရာဇွန်း ၁ကြိမ် - အဟိတ်ကုသလဝိပါက် သောတဝိညာဏ် ၁ကြိမ် - အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း ၁ကြိမ် -အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁ကြိမ် - ၀ုဋ္ဌော-၁ကြိမ် *ကာမဇော- ရကြိမ် -(အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ-၁ + မဟာဝိပါက် ဥပေက္ခာ-၄) ပေါင်း ဥပေက္ခာတဒါရုံ ၅-ပါးမှ တစ်ပါးပါး ၂ကြိမ် *(ကာမဇောတွင် ယောနိသော မနသိကာရဖြစ်လျှင် -ကုသိုလ်ဇော၊ အယောနိသော မနသိကာရဖြစ်လျှင် - အကုသိုလ်ဇော) ဤဝီထိသည် တဒါရမ္မဏဝါရ သောတဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။ ယင်းတေးသီချင်းသံ၏ (က) ပရမတ်အမည် - သဒ္ဒါရုံရုပ် (ခ) သက်တမ်း -စိတ္တက္ခဏ ၁၇-ချက် (ခဏငယ် ၅၁-ချက်) |
5 | 1 | 1995 | သုံးဆယ့်တစ်ဘုံဌာဝယ်- (က) ပုထုဇဉ်တို့ သီးသန့်ဘုံဌာန (ခ) အရိယာတို့၏ သီးသန့်ဘုံဌာန (ဂ) အသက်အရှည်ဆုံးဗြဟ္မာ (ဃ) ယင်းဗြဟ္မာ၏သက်တမ်းတို့ကို ဖော်ပြပါ။ | သုံးဆယ့်တစ်ဘုံဌာဝယ်- (က) ပုထုဇဉ်တို့ သီးသန့်ဘုံဌာန - အပါယ် ၄-ဘုံ + အသညသတ်ဘုံ (ခ) အရိယာတို့၏ သီးသန့်ဘုံဌာန - သုဒ္ဓါ၀ါသ ၅-ဘုံ (ဂ) အသက်အရှည်ဆုံးဗြဟ္မာ - နေဝသညာနာသညာယတနဗြဟ္မာ (ဃ) ယင်းဗြဟ္မာ၏သက်တမ်း - ကမ္ဘာပေါင်း (၈၄၀၀၀) |
6 | 1 | 1995 | (က) အတွင်းလူနှင့် တူသောရုပ် (ခ) မြင်တွေ့နိုင်သော ရုပ်တို့ကို ဖော်ပြ၍၊ ရုပ်ကို ဖြစ်စေ နိုင်သောကံတို့ကိုလည်းဖော်ပြပါ။ | (က) အတွင်းလူနှင့် တူသောရုပ် (တစ်နည်း) အဇ္ဈတ္တိကရုပ်မှာ- - စက္ခုပသာဒရုပ်၊ - သောတပသာဒရုပ်၊ - ဃာနပသာဒရုပ်၊ - ဇိဝှါပသာဒရုပ်၊ - ကာယပသာဒရုပ် ဟူသော ပသာဒရုပ် ၅-ပါး ဖြစ်ပါသည်။ (ခ) မြင်တွေ့နိုင်သောရုပ် (တစ်နည်း) သနိဒဿနရုပ်မှာ - ရူပါရုံ(၀ဏ္ဏ) ဖြစ်ပါသည်။ ရုပ်ကိုဖြစ်စေနိုင်သော ကံတို့မှာ- - နာနာက္ခဏိကအတိတ် အကုသိုလ်ကံ ၁၂-ပါး - ကာမကုသိုလ်ကံ ၈-ပါး - ရူူပကုသိုလ်ကံ ၅-ပါး ပေါင်း ကုသိုလ်၊ အကုသိုလ်ကံ (စေတနာ) ၂၅-ပါး |
7 | 1 | 1995 | “ပရမတ်အစစ် ဓာတ်အနှစ်” ဟူသော စကားအရ ကိုယ်စီကိုယ်ငကိုယ်ပိုင်လက္ခဏာ ရှိကြသော ပရမတ်အစစ်တရားတို့ကို ကောက်ပြ၍ မတူမတန်မာနထန်သူ၏ သန္တာန်၌ သံယောဇဉ် ရှိနိုင် မရှိနိုင် ကိုလည်း ရှင်းလင်း ဖြေဆိုပါ။ | “ပရမတ်အစစ် ဓာတ်အနှစ်” ဟူသော စကားအရ ကိုယ်စီကိုယ်င ကိုယ်ပိုင်လက္ခဏာ ရှိကြသော ပရမတ်အစစ်တရားတို့မှာ- ၁။ စိတ် ၁-ပါး ၂။ စေတသိက် ၅၂-ပါး ၃။ နိပ္ဖန္နရုပ် ၁၈-ပါး ၄။ နိဗ္ဗာန် ၁-ပါး ပေါင်း ရ၂-ပါး ဟူသော ဝတ္တုဓမ္မ ပရမတ္တဓမ္မတရားတို့ ဖြစ်ကြပါသည်။ မတူမတန်မာနထန်သူ၏ သန္တာန်၌ သံယောဇဉ် ရှိနိုင်ပါသည်။ ရှင်းလင်းဖြေဆိုရသော် - သုတ္တန်နည်း၊ အဘိဓမ္မာနည်း ၂မျိုးစလုံး၌ ဟောကြားထားသော သံယောဇဉ် ၁၀-ပါးတွင် “မာနသံယောဇဉ်” (တရားကိုယ်အားဖြင့် လောဘမူဒိဋ္ဌိဂတဝိပ္ပယုတ် စိတ် ၄-ပါး နှင့် ယှဉ်သောမာန စေတသိက်) ပါဝင်ပါသည်။ ထို့ကြောင့် မတူမတန် မာနထန်သူ၏ သန္တာန်၌ “မာနသံယောဇဉ်” ရှိနိုင်ပါသည်။ |
8 | 1 | 1995 | သတ္တဝါမှန်သမျှ အိုခြင်းသေခြင်း မကင်းနိုင်ကြရာ ထိုအိုခြင်း သေခြင်းတို့၏ လက်ရင်းတရားခံကို ပဋိစ္စသမုပ္ပါဒ်နည်းအရ ညွှန်ပြ၍ ထိုလက်ရင်း တရားခံ၏အကျိုးဆက်တရားများကိုလည်း ဖြေဆိုပါ။ | သတ္တဝါမှန်သမျှ အိုခြင်းသေခြင်း မကင်းနိုင်ကြရာ ထိုအိုခြင်း သေခြင်းတို့၏ လက်ရင်းတရားခံမှာ “ဇာတိ’’ဖြစ်ပါသည်။ ထိုလက်ရင်းတရားခံ၏ အကျိုးဆက်တရားမှာ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတရားတို့ ဖြစ်ပါသည်။ |
9 | 1 | 1995 | ကာမရောဂါ ကိုယ်တွင်းနာကား ကုရာနတ္ထိဆေးမရှိ ဟု အဆိုရှိလေရာ မြတ်ဗုဒ္ဓအဘိဓမ္မာအရ ပျောက်ကင်းနိုင်သော နည်းလမ်းများကို ညွှန်ပြ၍ ပုဂ္ဂိုလ်မရွေးစီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းတိုု့ကိုလည်း ဖြေဆိုပါ။ | မြတ်ဗုဒ္ဓ အဘိဓမ္မာအရ ပျောက်ကင်းနိုင်သော နည်းလမ်းများမှာ ကာမရောဂါဟု ဆိုအပ်လောက်သော ရာဂစရိုက် ထူပြောသော ပုဂ္ဂိုလ်သည် အသုဘ ၁၀-ပါးနှင့် ကာယဂတာဿတိ ၁-ပါး၊ ပေါင်း ၁၁-ပါးသော ကမ္မဋ္ဌာန်းတို့ကို အားထုတ်ခြင်းအားဖြင့် ပျောက်ကင်းနိုင်ပါသည်။ ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းတို့မှာ- - ပထဝီ၊ အာပေါ၊ တေဇော၊ ၀ါယော ဟူသော ဘူတကသိုဏ်း= ၄-ပါး - အာကာသကသိုဏ်း၊ အာလောကကသိုဏ်း= ၂-ပါး - အာရုပ္ပ(အရူပ) ကမ္မဋ္ဌာန်း= ၄-ပါး ပေါင်း= ၁၀-ပါး |
1 | 2 | 1995 | စွယ်တော်မြတ်စေတီ တည်ဆောက်ရာ၌ ပျော်ပျော်ရွင်ရွင် အသိဉာဏ်ဝင်၍ မည်သူမျှ မတိုက်တွန်းရပဲ လုပ်အားဒါန ပြုကြသော ပုဂ္ဂိုလ်များ၏ သန္တာန်၌ဖြစ်နိုင်သော စိတ်ကို ထုတ်ပြ၍ သောဘနစိတ်အကျဉ်း ၅၉ပါးကိုလည်း သိသာရုံမျှ ရေတွက်ပြပါ။ | စွယ်တော်မြတ်စေတီ တည်ဆောက်ရာ၌ ပျော်ပျော်ရွင်ရွင် အသိဉာဏ်ဝင်၍ မည်သူမျှ မတိုက်တွန်းရပဲ လုပ်အားဒါန ပြုကြသော ပုဂ္ဂိုလ်များ၏ သန္တာန်၌ဖြစ်နိုင်သော စိတ်မှာ - သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ပထမစိတ် ဖြစ်ပါသည်။ သောဘနစိတ်အကျဉ်း ၅၉ပါးမှာ - ကာမသောဘနစိတ် ၂၄ပါး - ရူပါဝစရစိတ် ၁၅ပါး - အရူပါဝစရစိတ် ၁၂ပါး - လောကုတ္တရာစိတ် ၈ပါး ပေါင်း သောဘနစိတ်အကျဉ်း ၅၉ပါး ဖြစ်ပါသည်။ |
2 | 2 | 1995 | ဥစ္စာ ဓန ပေါကြွယ်ဝ၍ ဘဝဝင်မြင့် စိတ်ကြီးဝင်နေသော သူ သန္တာန်၌ ရှိနေသော စေတသိက်အမည်ကိုဖော်ပြ၍ ယင်းစေတသိက်နှင့် အတူယှဉ်တွဲ ဖြစ်လေ့ရှိသော စိတ်သရုပ်ကိုလည်း ထုတ်ပြပါ။ | ဥစ္စဓန ပေါကြွယ်ဝ၍ ဘဝင်မြင့် စိတ်ကြီးဝင်နေသူ သန္တာန်၌ ရှိနေသော စေတသိက်မှာ - "မာန စေတသိက်" ဖြစ်ပါသည်။ ယင်း မာန စေတသိက်နှင့် အတူယှဉ်တွဲ ဖြစ်လေ့ရှိသော စိတ်သရုပ်မှာ - လောဘမူစိတ် - ၈ပါးမှ ဒိဋ္ဌိိဂတဝိပ္ပယုတ်စိတ် ၄-ပါး ဖြစ်ပါသည်။ |
3 | 2 | 1995 | ရုပ်မြင်သံကြား၊ ကြည့်ရှုနေစဉ်ခဏ၌ အရုပ်ကိုမြင်ရသောအခါ၊ အသံကိုကြားရသောအခါတို့ဝယ် ဖြစ်သောစိတ်များကို ဖော်ပြ၍၊ ဉာဏဝိပ္ပယုတ်စိတ် လေးပါးတို့၏ အာရုံများကိုလည်း ညွှန်ပြပါ။ | ရုပ်မြင်သံကြား၊ ကြည့်ရှုနေစဉ်ခဏ၌ (က) အရုပ်ကို မြင်ရသောအခါ- (၁) အကုသလဝိပါက်ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် (၂) အဟိတ်ကုသလဝိပါက်ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ပေါင်း ၂-ပါးတို့မှ တစ်ပါးပါးဖြစ်နိုင်ပါသည်။ (ခ) အသံကိုကြားသောအခါ- (၁) အကုသလဝိပါက်ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် (၂) အဟိတ်ကုသလဝိပါက်ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် ပေါင်း ၂-ပါးတို့မှ တစ်ပါးပါး ဖြစ်နိုင်ပါသည်။ ဉာဏဝိပ္ပယုတ်( ကာမာဝစရာဇော) စိတ်လေးပါးတို့၏ အာရုံမှာ- လောကုတ္တရာကြဉ် အလုံးစုံသောအာရုံ (တစ်နည်း) လောကီစိတ် ၈၁၊ စေတသိက်- ၅၂၊ရုပ်-၂၈၊ ပညတ်ဟု ဆိုအပ်သော အာရုံ ၆-ပါးဖြစ်ပါသည်။ |
4 | 2 | 1995 | မဂ်ပေါက် ဖိုလ်ဝင်”ဟူသောစကား မှန်ကန်ပုံကို ရှင်းပြ၍၊ နိရောဓသမာပတ် ဝင်စားသူ နှင့် သေသူ ကွာခြားပုံကိုလည်း ရှင်းပြပါ။ | “မဂ်ပေါက် ဖိုလ်ဝင်”ဟူသောစကား မှန်ကန်ပုံကို ရှင်းပြရသော်- မဂ္ဂဝီထိများ၌ မဂ်ဇောတစ်ကြိမ် ဖြစ်ပြီးလျှင် (မန္ဒပုဂ္ဂိုလ်၌) ဖိုလ်ဇော ၂ကြိမ် (တိက္ခပုဂ္ဂိုလ်၌) ဖိုလ်ဇော ၃-ကြိမ် ဆက်တိုက် ဖြစ်သောကြောင့် “မဂ်ပေါက်ဖိုလ်ဝင်”ဟူသော စကားမှန်ကန်ပါသည်။ နိရောဓသမာပတ် ဝင်စားသူနှင့် သေသူ ကွာခြားပုံကို ရှင်းပြရသော် - နိရောဓသမာပတ်ဝင်စားသူ (၁) စိတ်၊ စေတသိက်၊ စိတ္တဇရုပ်များချုပ်နေပါသည်။ (၂) ကမ္မဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်များ ဖြစ်နေပါသည်။ သေသူ(သံသေဒဇ+ဂဗ္ဘသေယျက) (၁) စိတ်၊ စေတသိက်၊ ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ အာဟာရဇရုပ်များ ချုပ်နေပါသည်။ (၂) ဥတုဇရုပ်သာ ဖြစ်နေပါသည်။ (ဥပပါတ်ပုဂ္ဂိုလ်ဖြစ်လျှင်- ဥတုဇရုပ်များလည်း မျက်စေ့တစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်း ချုပ်ငြိမ်းပါမည်။) |
5 | 2 | 1995 | စိတ်ဝိညာဉ်မဲ့ ဗြဟ္မာကြီးတို့၏ ဘဝနိဒါန်းအစ ပဋိသန္ဓေဓမ္မကို ဖော်ပြ၍ မိမိပြုလုပ်သော ကောင်းမှု ကုသိုလ်များသည် ယခုမျက်မှောက် ဘဝ၌ပင် အကျိုးပေးနိုင်ပုံကိုလည်း "ပါကကာလကံ” အပြားကို သုံးသပ်၍ ဖြေဆိုပါ။ | စိတ်ဝိညာဉ်မဲ့ ဗြဟ္မာကြီးတို့၏ ဘဝနိဒါန်းအစ ပဋိသန္ဓေဓမ္မမှာ - ဇီဝိတနဝကကလာပ် ရုပ်ပဋိသန္ဓေ ဖြစ်ပါသည်။ မိမိပြုလုပ်သော ကောင်းမှုကုသိုလ်များသည် ယခုမျက်မှောက်ဘဝ၌ပင် အကျိုးပေးနိုင်ပုံကိုလည်း “ ပါကကာလကံ” အပြားကို သုံးသပ်၍ ဖြေဆိုရသော်- “ပါကာလစတုက္က”အရ ကံ ၄-ပါး အပြားရှိပါသည်။ ၎င်းတို့မှာ- (၁) ဒိဋ္ဌဓမ္မဝေဒနိယကံ - ယခုမျက်မှောက်ဘဝ၌ အကျိုးပေးသောကံ (၂) ဥပပဇ္ဇဝေဒနိယကံ - ဒုတိယဘဝ၌ အကျိုးပေးသောကံ (၃) အပရာပရိယာယဝေဒနိယကံ - တတိယဘဝမှ နိဗ္ဗာန်မရမချင်း အကျိုးပေးသောကံ (၄) အဟောသိကံ - အကျိုးမပေး သုဉ်းဆိတ်သောကံ ဟူ၍ဖြစ်ကြပါသည်။ ၎င်းတို့အနက် “ဒိဋ္ဌဓမ္မဝေဒနိယကံ”ဟူသည် အာသေဝနပစ္စည်းမရ၊အားနည်း၍ဘဝတစ်ပါး၌ အကျိုးမပေးနိုင်ဘဲ မျက်မှောက်ဘဝ၌သာ အကျိုးပေးနိုင်သော ပထမဇော စေတနာကံမျိုး ဖြစ်သောကြောင့် မိမိပြုလုပ်သော ကောင်းမှု ကုသိုလ်များသည် ယခုမျက်မှောက်ဘဝ၌ပင် အကျိုးပေးနိုင်ပါကြောင်း ဖြေဆိုအပ်ပါသည်။ |
6 | 2 | 1995 | အသံဖြစ်ပေါ်လာခြင်း၏ အကြောင်းကို ရေးသား၍ သစ်ပင် တောတောင် ရေမြေဟူသမျှ သက်မဲ့ဝတ္တု ဖြစ်ကြောင်းကိုလည်း ယင်းတို့၌ ရရှိနိုင်သော ကလာပ်စည်းများနှင့်တကွ အကြောင်းသွင်းကာ ရှင်းပြပါ။ | အသံဖြစ်ပေါ်လာခြင်းအကြောင်းမှာ - စိတ်နှင့် ဥတုတို့ ဖြစ်ပါသည်။ သစ်ပင် တောတောင် ရေမြေဟူသမျှ သက်မဲ့ဝတ္တု ဖြစ်ကြောင်း၊ သစ်ပင် တောတောင် ရေမြေဟူသမျှ ဗဟိဒ္ဓသန္တာန် ဖြစ်သဖြင့် ယင်းတို့၌ ရနိုင်သော ကလာပ်စည်းမှာ ဥတုဇကလာပ် ၄-စည်းအနက်- (၁) ဥတုဇ သုဒ္ဓဋ္ဌကကလာပ်၊ (၂) ဥတုဇ သဒ္ဓနဝကကလာပ် တို့ဖြစ်ပါသည်။ ထိုကလာပ်စည်းတို့တွင် ပါဝင်သောရုပ်များမှာ- မဟာဘုတ်ရုပ် ၄-ပါး၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာနှင့်၊ သဒ္ဒရုပ် စုစုပေါင်း ၉-ပါးသာဖြစ်ပြီး သက်ရှိဟု သတ်မှတ်နိုင်သော ဇီဝိတရုပ် မပါပါ။ ထို့ကြောင့် သစ်ပင် တောတောင် ရေမြေ ဟူသမျှသည် သက်မဲ့ဝတ္တုသာ ဖြစ်ပါသည်။ |
7 | 2 | 1995 | “မိန်းမကောင်းဣန္ဒြေ ရွှေပေးလို့မရ” ဟူ၍ မြန်မာ့ဓလေ့စကားပုံရှိရာ အဘိဓမ္မာနည်းအရ မိန်းကလေးများ ရကောင်းသော ဣန္ဒြေတို့ကို- (က) ရုပ်ဣန္ဒြေ၊ (ခ) နာမ်ဣန္ဒြေ၊ (ဂ) ရုပ်နာမ်ဣန္ဒြေအားဖြင့် အသီးသီး ခွဲခြားပြပါ။ | “မိန်းမကောင်းဣန္ဒြေ ရွှေပေးလို့မရ” ဟူ၍ မြန်မာ့ဓလေ့စကားပုံရှိရာ အဘိဓမ္မာနည်းအရ မိန်းကလေးများ ရကောင်းသော ဣန္ဒြေတို့မှာ- (က) ရုပ်ဣန္ဒြေ အားဖြင့် - (၁) စက္ခုန္ဒြေ (၂) သောတိန္ဒြေ (၃) ဃာနိန္ဒြေ (၄) ဇိဝှိန္ဒြေ (၅) ကာယိန္ဒြေ (၆) ဣတ္ထိန္ဒြေ ဟူသော ၆-ပါး (ခ) နာမ်ဣနြေ အားဖြင့်- (၁) မနိန္ဒြေ (၂) သုခိန္ဒြေ (၃) ဒုက္ခိန္ဒြေ (၄) သောမနဿိန္ဒြေ (၅) ဒေါမနဿိန္ဒြေ (၆) ဥပေက္ခိန္ဒြေ (၇) သိဒ္ဓိန္ဒြေ (၈) ၀ီရိယိန္ဒြေ (၉) သတိန္ဒြေ (၁၀) သမာဓိန္ဒြေ (၁၁) ပညိန္ဒြေ ဟူသော ၁၁-ပါး (ဂ) ရုပ်နာမ်ဣန္ဒြေအားဖြင့် - ဇီဝိတိန္ဒြေ ၁-ပါး စုစုပေါင်း ဣန္ဒြေ ၁၈-ပါးတို့ဖြစ်ကြပါသည်။ |
8 | 2 | 1995 | “စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ကိုယ်နု” ဆိုရိုးစကားရှိရာ စိတ်သည်ကိုယ်အား မည်သို့ မည်ပုံကျေးဇူးပြုသည်ကို ပဋ္ဌာန်းနည်းအရ ဖြေဆိုပါ။ | ပဋ္ဌာန်းနည်းအရ စိတ်(နာမ်) သည် ကိုယ်(ရုပ်)အား ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။ ရှေးကပေါက်နှင့် ပြီးသော သစ်ပင်အားနောက်မှ ရွာသွန်းအပ်သော မိုးရေသည် စည်ပင်ကြီးပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ နောက်နောက်၌ဖြစ်သော စိတ်တို့သည် ရှေ့ကဖြစ်နှင့်ပြီးဌီသို့ရောက်နေသော ရုပ်တို့အား တည်ခိုင် သန်စွမ်းစေသော အားဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပစ္ဆာဇာတပစ္စည်း မည်၏။ (ပေါက်ခါစ လင်းတငယ်၏ ကိုယ်အား အာဟာရ၌ စားလိုသော၊ တောင့်တသော စေတနာသည် နောက်၌ဖြစ်၍ ကျေးဇူးပြုသကဲ့သို့တည်း။) |
9 | 2 | 1995 | အောက်ပါယောဂီတို့ အကျိုးရပုံချင်း ခြားနားဟန်ကို စိစစ်ပြပါ။ (က) ထွက်လေဝင်လေ ရှုမှတ်နေသော ယောဂီ (ခ) အသုဘကမ္မဋ္ဌာန်း စီးဖြန်းနေသော ယောဂီ (ဂ) မေတ္တာတရား ပွားများနေသော ယောဂီ | (က) ထွက်လေဝင်လေ ရှုမှတ်နေသော ယောဂီသည်- ရူပါဝစရ ပထမဈာန်မှ ပဉ္စမဈာန်အထိ အကျိုးရရှိနိုင်ပါသည်။ (ခ) အသုဘကမ္မဋ္ဌာန်း စီးဖြန်းနေသော ယောဂီသည်- ရူပါဝစရ ပထမဈာန် အကျိုးကိုသာ ရရှိနိုင်ပါသည်။ (ဂ) မေတ္တာတရား ပွားများနေသော ယောဂီသည်- ရူပါဝစရ ပထမဈာန်မှ စတုတ္ထဈာန်အထိ ရရှိနိုင်ပါသည်။ |
1 | 3 | 1995 | ကာမဘုံအာရုံပြုရာ နယ်ပယ်၌ဖြစ်တတ်သော ကာမစိတ် ၅၄ပါးကို "အကြောင်းစိတ်" " ကြောင်းကျိုးလွတ်စိတ်" အားဖြင့် ခွဲခြားပြ၍ ရူပါဝစရ ပဉ္စမစျာန်စိတ်ကိုလည်း ဝေဒနာဘေဒအားဖြင့် ဝေဖန်ပြပါ။ | ကာမဘုံ အာရုံပြုရာနယ်ပယ်၌ ဖြစ်တတ်သော ကာမစိတ် ၅၄ပါးတွင်.. " အကြောင်းစိတ်" မှာ - အကုသိုလ်စိတ် ၁၂ပါး - မဟာကုသိုလ်စိတ် ၈ပါး ပေါင်း အကြောင်းစိတ် ၂၀ပါး "ကြောင်း ကျိုး လွတ်စိတ်" မှာ - အဟိတ်ကြိယာစိတ် ၃ပါး - မဟာကြိယာစိတ် ၈ပါး ပေါင်း ကြောင်းကျိုးလွတ်စိတ် ၁၁ပါး ရူပါဝစရ ပဉ္စမစျာန်စိတ်ကို ဝေဒနာဘေဒအားဖြင့် ဝေဖန်ရသော် - သုခသဟဂုတ်စိတ် မရှိ - ဒုက္ခသဟဂုတ်စိတ် မရှိ - သောမနဿသဟဂုတ်စိတ် မရှိ - ဒေါမနဿသဟဂုတ်စိတ် မရှိ - ဥပေက္ခာသဟဂုတ်စိတ် ၃ပါး ပေါင်း ရူပါဝစရ ပဉ္စမစိတ် ၃ပါး ဖြစ်ပါသည်။ |
2 | 3 | 1995 | ရတနာသုံးပါးနှင့် ကံ- ကံ၏ အကျိုးတရားကို အကြွင်းမရှိ ယုံကြည်ကြသော ပုဂ္ဂိုလ်များ၏ သန္တာန်ဝယ်ဖြစ်နိုင်သော စိတ်၊ စေတသိက်တို့ကို ဖော်ပြ၍ ကမ္ဘာစောင့်တရားများကိုလည်း ညွန်ပြပါ။ | ရတနာသုံးပါးနှင့် ကံ- ကံ၏ အကျိုးတရားကို အကြွင်းမရှိ ယုံကြည်ကြသော ပုဂ္ဂိုလ်များ၏ သန္တာန်ဝယ်ဖြစ်နိုင်သော စိတ်မှာ ၁။ သောဘနစိတ် အကျဉ်း ၅၉-ပါး / အကျယ် ၉၁-ပါး စေတသိက်မှာ - အညသမာန်းစေတသိက် ၁၃-ပါး - သောဘနစေတသိက် ၂၅-ပါးတို့ (ထိုက်သည့်အားလျော်စွာ) ဖြစ်ပါသည်။ ကမ္ဘာစောင့်တရားများမှာ- (၁) ဟိရီ - မကောင်းမှု ဒုစရိုက်များ ပြုလုပ်ရမည်ကို ရှက်ခြင်းသဘော (၂) သြတ္တပ္ပ - မကောင်းမှု ဒုစရိုက်များ ပြုလုပ်ရမည်ကို ကြောက်ခြင်းသဘော၊ ဟူသော စေတသိက်တရား ၂-ပါးတို့ဖြစ်ကြပါသည်။ |
3 | 3 | 1995 | “သွားလည်းဒီစိတ်၊ စားလည်း ဒီစိတ်”ဟုဆိုရာ၌ စိတ်ဟူသော ဝိညာဏ်သည် မည်သည့်အရာ၌ တည်ရှိသည်ကို မှန်ကန်စွာ ညွှန်ပြ၍ ပသာဒဝတ္တုရုပ် ငါးပါးကို မှီသော စိတ်သရုပ်တို့ကိုလည်း ဖော်ပြပါ။ | စိတ်ဟူသော ဝိညာဏ်သည် စိတ်-စေတသိက်တို့၏ တည်ရာ မှီရာ ဝတ္တုရုပ် ၆-ပါးတို့၌ တည်ရှိပါသည်။ ဝတ္တုရုပ် ၆-ပါးမှာ- (၁) စက္ခုဝတ္တု= စက္ခုပသာဒရုပ် (၂) သောတဝတ္တု= သောတပသာဒရုပ် (၃) ဃာနဝတ္တု= ဃာနပသာဒရုပ် (၄) ဇိ၀ွါဝတ္တု= ဇိဝှါပသာဒရုပ် (၅) ကာယဝတ္တု= ကာယပသာဒရုပ် (၆) ဟဒယဝတ္တု= ဟဒယရုပ် တို့ဖြစ်ပါသည်။ ပသာဒဝတ္တုရုပ် ၅-ပါးကို မှီသောစိတ်သရုပ်မှာ- (၁) စက္ခုဝိညာဏ်ဒွေးသည်= စက္ခုဝတ္တုကို မှီ၏။ (၂) သောတဝိညာဏ်ဒွေးသည်= သောတဝတ္တုကို မှီ၏။ (၃) ဃာနဝိညာဏ်ဒွေးသည်= ဃာနဝတ္တုကို မှီ၏။ (၄) ဇိဝှါဝိညာဏ်ဒွေးသည်= ဇိဝှါဝတ္တုကို မှီ၏။ (၅) ကာယဝိညာဏ်ဒွေးသည်= ကာယဝတ္တုကို မှီ၏။ |
4 | 3 | 1995 | လူတန်းစား ညီမျှရေးသည် တရားသဘောအရ အရာရာ မဖြစ်နိုင်ကြောင်းကို မွေးရာပါ ဆွံ့အသူနှင့် တိဟိတ်ပဋိသန္ဓေနေ ပကတိ လူကောင်းတို့ကို ပမာထား၍ ပုဂ္ဂလဘေဒ အတိုင်း ရှင်းပပြြီးလျှင်၊ မဂ္ဂဌာန်ပုဂ္ဂိုလ်တို့ကို ယင်းတို့ ပိုင်ဆိုင်ရာ စိတ်အသီးသီးနှင့် တွဲလျက် ဖော်ပြပါ။ | လူတန်းစား ညီမျှရေးသည် တရားသဘောအရ အရာရာ မဖြစ်နိုင်ကြောင်းကို ပုဂ္ဂလဘေဒ ရှုထောင့်မှ ရှင်းပြရသော်- မွေးရာပါ ဆွ့ံအသူသည် - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တိရဏစိတ်နှင့် ပဋိသန္ဓေနေသူ ဖြစ်သဖြင့် ယခုဘဝတွင် မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ဈာန်၊ မဂ်၊ ဖိုလ်တို့ မရနိုင်ပါ။ (ပဋိသန္ဓေစိတ်သည် အမောဟတည်းဟူသော ဉာဏ်ကင်းသောကြောင့်တည်း) ထို့ကြောင့် ပဝတ္တိအခါ၌ ၎င်း၏စိတ်ရမှာ- - အကုသိုလ်စိတ်- ၁၂-ပါး - ဟသိတုပ္ပါဒ်ကြဉ်အဟိတ်စိတ်- ၁၇-ပါး - အဟာကုသိုလ်စိတ်- ၈-ပါး - မဟာဝိပါက်-ဉာဏဝိပ္ပယုတ်စိတ်- ၄-ပါး ပေါင်း- ၄၁-ပါး ဖြစ်ပါသည်။ တိဟိတ်လူကောင်းသည် - မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄-ပါးမှ တစ်ပါးပါးနှင့် ပဋိသန္ဓေ နေသူဖြစ်သဖြင့် (အမောဟ-ဉာဏ်ယှဉ်သောကြောင့်) ပဝတ္တိအခါ၌ ကြိုးစားအားထုတ်လျှင် ဈာန်၊ မဂ်၊ ဖိုလ်တို့ရနိုင်ပါသည်။ ထို့ကြောင့် ပဝတ္တိအခါ၌ ၎င်း၏စိတ်ရမှာ- - အကုသိုလ်စိတ်-၁၂ပါး - ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ်-၁၇ပါး - မဟာကုသိုလ်စိတ်-၈ပါး - မဟာဝိပါက်စိတ်-၈ပါး ပေါင်း-၄၅-ပါး အပြင် ဆိုင်ရာ ဈာန်၊ မဂ်၊ ဖိုလ်စိတ်များ ရရှိနိုင်ပါသည်။ မဂ္ဂဌာန်ပုဂ္ဂိုလ်တို့၏ ပိုင်ဆိုင်ရာ စိတ်အသီးသီးနှင့် ယှဉ်တွဲဖော်ပြရသော်- (၁) သောတာပတ္တိမဂ်ပုဂ္ဂိုလ် - သောတာပတ္တိမဂ်စိတ် (၂) သကဒါဂါမိမဂ်ပုဂ္ဂိုလ် - သကဒါဂါမိမဂ်စိတ် (၃) အနာဂါမိမဂ်ပုဂ္ဂိုလ် - အနာဂါမိမဂ်စိတ် (၄) အရဟတ္တမဂ်ပုဂ္ဂိုလ် - အရဟတ္တမဂ်စိတ် |
5 | 3 | 1995 | ဤကမ္ဘာမြေပြင်ဝယ် စစ်ပွဲကြီးများ ပေါ်ပေါက်ခြင်း၊ မိစ္ဆာအယူ ထွန်းကားခြင်းတို့၏ အကြောင်းရင်း ဇစ်မြစ်ကို ရှာဖွေပြ၍၊ ရုပ်ခန္ဓာမဲ့ ဗြဟ္မာကြီးများ၏ ပဋိသန္ဓေစိတ်ဝိညာဉ်သည် အဘယ်ကို အာရုံပြုပါသနည်း၊ တိကျစွာဖြေဆိုပါ။ | ဤကမ္ဘာမြေပြင်ဝယ် စစ်ပွဲကြီးများ ပေါ်ပေါက်ခြင်း ဇစ်မြစ်မှာ - ဒေါသမူလတရားကြောင့် ဖြစ်၍ မိစ္ဆာအယူ ထွန်းကားခြင်းတို့၏ အကြောင်းရင်း ဇစ်မြစ်မှာ - လောဘမူလတရားကြောင့် ဖြစ်ပါသည်။ ရုပ်ခန္ဓာမဲ့ (အရူပ) ဗြဟ္မာကြီးများ၏ ပဋိသန္ဓေစိတ် ဝိညာဉ်သည် အောက်ပါအတိုင်းအာရုံပြုပါသည်။ ပဋိသန္ဓေစိတ်များ၏ ကမ္မနိမိတ်အာရုံများမှာ အာကာသာနဉ္စာယတနဝိပါက်စိတ် - ကောင်းကင်ပညတ် ဝိညာဏဉ္စယတနဝိပါက်စိတ် - ပထမာရုပ္ပဝိညာဉ်(မဟဂ္ဂုတ်) အာကိဉ္စညာယတနဝိပါယ်စိတ် - နတ္ထိဘောပညတ် နေဝသညာနာသညာယတနဝိပါက်စိတ် - တတိယာရုပ္ပဝိညာဉ်(မဟဂ္ဂုတ်) |
6 | 3 | 1995 | စာဖြေသူတို့၏ ပဋိသန္ဓေအခိုက်၌ ဖြစ်ပေါ်ခဲ့သော ရုပ်ကလာပ်စည်းတို့ကို ရေတွက်ပြ၍ စိတ်ကြောင့် ဖြစ်သော ရုပ်များ၏ အစဆုံးဖြစ်ချိန်ကိုလည်း ညွှန်ပြပါ။ | စာဖြေသူသည် လူစဉ်မမီသော ကာမဘုံသား အမျိုးသမီးဖြစ်သဖြင့် ပဋိသန္ဓေအခိုက် ဖြစ်ပေါ်ခဲ့သော ရုပ်ကလာပ်စည်းတို့မှာ- (ကမ္မဇကလာပ် ၉-စည်းမှ)- (၁) ကာယဒသကကလာပ် ၁-စည်း (၂) ဣတ္ထိဘာဝဒသကကလာပ် ၁-စည်း (၃) ဝတ္တုဒသကလာပ် ၁-စည်း ပေါင်း ကမ္မဇကလာပ် ၃-စည်း ဖြစ်ပါသည်။ စိတ်ကြောင့်ဖြစ်သောရုပ် (စိတ္တဇရုပ်) များ၏ အစဆုံးဖြစ်ချိန်မှာ- ပဋိသန္ဓေနောင် ပထမဘွင်စိတ်၏ ဥပါဒ်ခဏ ဖြစ်ပါသည်။ |
7 | 3 | 1995 | လောကသံသရာဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတွက် လုံ့လပြုရမည့် လမ်းလေးသွယ်ကို ဖြေဆို၍ အဘိဓမ္မာပညာရှင်တို့ ဖြေဆိုနေသော စာမေးပွဲအဆင့်ဆင့်၌ ဗိုလ်စွဲလိုလျှင် မည်သည့် တရားများနှင့် ပြည့်စုံအောင် ပြုလုပ်ရမည်ကိုလည်း အဘိဓမ္မာ ပညာရှင်ပီပီ ဖြေဆိုပါ။ | လောကသံသရာဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတွက် လုံ့လပြုရမည့် လမ်းလေးသွယ်မှာ (၁) ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း၊ (၂) မဖြစ်သေးသော အကုသိုလ်တရား တို့ကို အသစ် မဖြစ်ခြင်းငှာ အားထုတ်ခြင်း။ (၃) မဖြစ်သေးသော ကုသိုလ်တရား တို့ကို ဖြစ်ထွန်းစေခြင်းငှာ အားထုတ်ခြင်း။ (၄) ဖြစ်ပြီးသော ကုသိုလ်တရား တို့ကို တိုးပွားမြဲစေခြင်းငှာ အားထုတ်ခြင်း တို့ဖြစ်ပါသည်။ အဘိဓမ္မာပညာရှင်တို့ ဖြေဆိုနေသော စာမေးပွဲအဆင့်ဆင့်၌ ဗိုလ်စွဲလိုလျှင်- (၁) သဒါ္ဓဗိုလ် (၂) ၀ီရိယဗိုလ် (၃) သတိဗိုလ် (၄) သမာဓိဗိုလ် (၅) ပညာဗိုလ် ဟူသော “ဗိုလ်တရားငါးပါး” တို့နှင့် ပြည့်စုံအောင် ပြုလုပ်ရမည် ဖြစ်ပါသည်။ |
8 | 3 | 1995 | နေ့နှင့်ည ဖြစ်ပေါ်လာခြင်း၏အကြောင်းတို့ကို ရေး၍ အဘိဓမ္မာပညာရှင်တို့ ဖြေဆိုနေသော “ အဘိဓမ္မာစာမေးပွဲ” ဟူသည် ဝိဇ္ဇာမာနပညတ် စသည်တို့တွင် မည်သည့်ပညတ်မျိုး ဖြစ်သည်ကိုလည်း ရှင်းလင်းချက်နှင့်တကွ ဖြေဆိုပါ။ | နေ့နှင့်ည ဖြစ်ပေါ်လာခြင်း၏အကြောင်း နေ၊လ နက္ခတ်တို့ မြင်းမိုရ်တောင်ကို လက်ယာရစ် လှည့်လည်၍ သွားခြင်းကို စွဲ၍ သိအပ်သော ခဏငယ်မှစ၍ နေ့နှင့်ညဟု ပညတ်ရာမှ နေ့နှင့်ည ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ နေ့-ညဟူသည် ကာလပညတ်(အတ္တပညတ်) ဖြစ်ပါသည်။ အဘိဓမ္မာစာမေးပွဲသည် - ပရမတ္ထအားဖြင့် ထင်ရှားရှိသောအနက် “အဘိဓမ္မာ”နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသောအနက် “စာမေးပွဲ” ကို တွဲစပ်၍ ခေါ်ဝေါ်သောကြောင့် ဝိဇ္ဇာမာနေန- အဝိဇ္ဇမာနပညတ် ဖြစ်ပါသည်။ |
9 | 3 | 1995 | မိုးပျံ မြေလျှိုး တန်းခိုးပြသူသည် မည်သည့် အဘိညာဉ်ပိုင်ရှင်ဖြစ်သည်ကို ဖြေဆို၍ နိရောဓ သမာပတ် ဝင်စားနေစဉ် သေနိုင် မသေနိုင် ကိုလည်းခိုင်လုံသော အကြောင်းပြချက်နှင့် ဆုံးဖြတ်ချက်ချပြပါ။ | မိုးပျံ မြေလျှိုး တန်းခိုးပြသူသည် ဣဒ္ဓိဝိဓ အဘိညာဉ်ပိုင်ရှင် ဖြစ်ပါသည်။ နိရောဓ သမာပတ် ဝင်စားနေစဉ် မသေနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် - နိရောဓသမာပတ် မဝင်စားခင် ပုဗ္ဗကိစ္စ ၄-ချက်ကို ပြုကြရရာ မိမိ၏ အသက် ဇီဝိတိန္ဒြေဖြစ်ရာ ကာလအပိုင်းအခြားကို ဆင်ခြင်သည့် ပုဗ္ဗကိစ္စကိုလည်း ပြုရပါသည်။ မိမိ အသက်ကြွင်း ရှိမှသာ နိရောဓသမာပတ်ဝင်စားရခြင်း ဖြစ်နိုင်သဖြင့် နိရောဓသမာပတ် ဝင်စားနေစဉ် အတွင်း မသေနိုင်ခြင်း ဖြစ်ပါသည်။ |
1 | 4 | 1995 | မဂ်စိတ်အကျဉ်း ၄ပါးမှ အကျယ်၂၀ ဖြစ်ပွားလာပုံကို ဖော်ပြ၍ ပထမစျာန်စိတ် ၁၁ပါးကိုလည်း မမှားအောင် ရေတွက်ပြပါ။ | မဂ်စိတ်အကျဉ်း ၄ပါးမှ အကျယ်၂၀ ဖြစ်ပွားလာပုံ ဝိတတ်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ပါး ရှိရာဝယ် မဂ်စိတ် ၁ ပါးစီ၌ စျာန်အင်္ဂါယှဉ်ပုံ ၅ မျိုးစီပြားသဖြင့် မဂ်စိတ်အကျဉ်း ၁ပါးမှ အကျယ် ၅ပါး ဖြစ်၏။ မဂ်စိတ်အကျဉ်း ၄ပါး ရှိသောကြောင့် မဂ်စိတ်အကျယ်လည်း ၂၀ပါး ဖြစ်လာပါသည်။ ပုံစံအားဖြင့် သောတာပတ္တိမဂ်စိတ်အကျဉ်း ၁ ပါးသည် အကျယ်အားဖြင့် အောက်ပါအတိုင်း ငါးပါးဖြစ်လာပါသည်။ ၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ ပါးနှင့် တကွဖြစ်သော သောတာပတ္တိမဂ် ပထမစျာန်စိတ် ၁ ပါး ၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၄ ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် ဒုတိယစျာန်စိတ် ၁ ပါး ၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၃ ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် တတိယစျာန်စိတ် ၁ ပါး ၄။ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် စတုတ္ထစျာန်စိတ် ၁ ပါး ၅။ ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့်တကွဖြစ်သော သောတာပတ္တိမဂ် ပဉ္စမစျာန်စိတ် ၁ ပါး ဤနည်းအတိုင်း - သကဒါဂါမိမဂ်စိတ်၊ - အနာဂါမိမဂ်စိတ်၊ - အရဟတ္တမဂ်စိတ်တို့တွင်လည်း ၅ ပါးစီ ပြားပါသည်။ ပထမစျာန်စိတ် ၁၁ပါးကို ရေတွက်ပြရသော် - ရူပါဝစရ ပထမစျာန်စိတ် ၃ပါး - လောကုတ္တရာ ပထမစျာန်စိတ် ၈ပါး ပေါင်း ပထမစျာန်စိတ် ၁၁ပါး ဖြစ်ပါသည်။ |
5 | 4 | 1995 | လူရာမဝင် လူစဉ်မမီသူတို့၏ ဘဝအစ ဦးစွာ ဖြစ်သော စိတ်ကို ဖော်ပြ၍၊ သက်တမ်းကာလ အတည်တကျ သတ်မှတ်မရနိုင်သော ဘုံသားများကိုလည်း ဖော်ပြပါ။ | လူရာမဝင် လူစဉ်မမီသူတို့၏ ဘဝအစ ဦးစွာ ဖြစ်သောစိတ်မှာ - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ စိတ်တည်းဟူသော ပဋိသန္ဓေစိတ် ဖြစ်ပါသည်။ သက်တမ်းကာလ အတည်တကျ သတ်မှတ် မရနိုင်သော ဘုံသားများမှာ- (၁) အပါယ် ၄-ဘုံသား (၂) လူ့ဘုံသား (၃) စာတုမဟာရာဇ်ဘုံမှ ဘုမ္မဇိုးနတ် တို့ဖြစ်ကြပါသည်။ |
7 | 4 | 1995 | နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ခြင်းအကြောင်းတို့ကို ရေး၍ မဂ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါးနှင့် ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် ၈-ပါးတို့၏ ထူးခြားချက်ကိုလည်း ဖော်ပြပါ။ | နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ခြင်းအကြောင်းမှာ -နိဗ္ဗာန်သည်… (က) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ ၃-ပါးမှ အလွတ်ဖြစ်သော ကာလဝိမုတ် တရားဖြစ်၏။ (ခ) အဇ္ဈတ္တ၊ ဗဟိဒ္ဓဟု နှစ်မျိုး မကွဲပြား၊ ဗဟိဒ္ဓသာဖြစ်၏။ (ဂ) ဟီန၊ ပဏိတဟု နှစ်မျိုး မကွဲပြား၊ ပဏီတသာဖြစ်၏။ (ဃ) သြဠာရိက၊ သုခုမဟု နှစ်မျိုး မကွဲပြား၊ သုခုမသာဖြစ်၏။ (င) ဒူရေ၊ သန္တိကေဟု နှစ်မျိုး မကွဲပြား၊ ဒူရေသာဖြစ်၏။ ခန္ဓာဖွဲ့သည် ဆိုရာမှာ - အတိတ်စသည့် ၁၁-ပါး အပြားရှိသော ရုပ်အစရှိသော တရားတို့ကိုသာ ဉာဏ်ဖြင့် တစ်ပေါင်းတည်းပြုပြီး ခန္ဓာဖွဲ့ခြင်းဖြစ်သည်။ နိဗ္ဗာန်ကား - အထက်၌ ဖော်ပြထားသည့်အတိုင်း အတိတ်စသည့် ၁၁-ပါး အပြားမရှိခြင်းကြောင့် နိဗ္ဗာန်ကိုခန္ဓာဖွဲ့၍ မရခြင်းဖြစ်ပါသည်။ မဂ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါးနှင့် ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် ၈-ပါး၏ ထူးခြားချက်မှာ မဂ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါးသည် - မဂ္ဂသစ္စာ ထိုက်၏။ ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် ၈-ပါးသည် - မဂ္ဂသစ္စာမထိုက်၊ သစ္စဝိမုတ် ဖြစ်၏။ |
1 | 1 | 1996 | ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းဖောက် တံတားဆောက်ရာ၌ တစ်ဦးတစ်ယောက်မျှ မတိုက်တွန်းရပဲ ပျော်ပျော်ရွှင်ရွှင် အသိဉာဏ်ယှဉ်ကာ ပါဝင်ဆောင်ရွက်နေသူ၏ သန္တာန်၌ဖြစ်နိုင်သော စိတ်ကို ဖော်ပြ၍၊ "တမလွန်ဘဝဆိုတာ ရှိမှရှိပါလေစ" ဟု ယုံမှား တွေးတောနေသူ၌ ဖြစ်သောစိတ်ကိုလည်း ဖော်ပြပါ။ | ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းဖောက် တံတားဆောက်ရာ၌ တစ်ဦးတစ်ယောက်မျှ မတိုက်တွန်းရဘဲ ပျော်ပျော်ရွင်ရွင် အသိဉာဏ်ယှဉ်ကာ ပါဝင်ဆောင်ရွက်နေသူ၏ သန္တာန်၌ဖြစ်နိုင်သောစိတ်မှာ - သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ပထမစိတ် ဖြစ်ပါသည်။ "တမလွန်ဘဝဆိုတာ ရှိမှရှိပါလေစ" ဟု ယုံမှားတွေးတောနေသူ၌ဖြစ်သောစိတ်မှာ - ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ် ဖြစ်ပါသည်။ |
2 | 1 | 1996 | "နေရာတိုင်းမှာ သူ့မျက်နှာ" ဟုပြောရလောက်အောင် စိတ်တိုင်း စိတ်တိုင်းနှင့် ယှဉ်တွဲဖြစ်နိုင်သော စေတသိက်တို့တွင် နောက်ဆုံးသုံးခု၏ ပရမတ္တသဘာဝတို့ကို ဖြေဆို၍ "စဉ်းစားပြီးမှ ဆုံးဖြတ်ပါ" ဟူသော စကား၌ ပါဝင်သော စေတသိက်တို့၏ အမည်နာမကိုလည်း ဖော်ပြပါ။ | စိတ်တိုင်းစိတ်တိုင်းနှင့် ယှဉ်တွဲဖြစ်နိုင်သော (သဗ္ဗစိတ္တသာဓာရဏ) စေတသိက်တို့တွင် နောက်ဆုံးသုံးခု၏ ပရမတ္တသဘာဝမှာ- (၁) ဧကဂ္ဂတာ - တစ်ခုတည်းသော အာရုံ၌ တည်တံ့ခြင်း၊ တည်ကြည်ခြင်း သဘော၊ (၂) ဇီဝိတိန္ဒြေ - မိမိနှင့်ယှဉ်ဘက် နာမ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော၊ (၃) မနသိကာရ - စိတ်ထဲ၌ အာရုံပေါ်လာအောင် နှလုံးသွင်း ပြုပေးခြင်းသဘော တို့ဖြစ်ကြပါသည်။ "စဉ်းစားပြီးမှ ဆုံးဖြတ်ပါ" ဟူသော စကား၌ ပါဝင်သော စေတသိက်တို့၏ အမည်မှာ (၁) ဝိစာရစေတသိက် (စဉ်းစား) နှင့် (၂) အဓိမောက္ခစေတသိက် (ဆုံးဖြတ်) တို့ဖြစ်ပါသည်။ |
3 | 1 | 1996 | အလုပ်ကိစ္စ အများဆုံး တာဝန်ယူ ဆောင်ရွက်နေသော စိတ်တို့ကို တစ်ခုချင်း ဖော်ပြ၍၊ စာဖြေသူတို့ ပိုင်ဆိုင်ထားသော ခန္ဓာအိမ်ဝယ် တည်ရှိသည့် တံခါးခြောက်ပေါက်၌ အစဉ်ထာဝရ ဝင်ထွက်သွားလာနိုင်သော စိတ်တို့ကိုလည်း ရေတွက် ဖော်ပြပါ။ | အလုပ်ကိစ္စ အများဆုံး တာဝန်ယူ ဆောင်ရွက်နေသော စိတ်တို့မှာ- (၁) အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နှင့် (၂) အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တိရဏစိတ် တို့ဖြစ်ပါသည်။ ခန္ဓာအိမ်ဝယ် တည်ရှိသည့် တံခါးခြောက်ပေါက်၌ အစဉ်ထာဝရ ဝင်ထွက်သွားလာနိုင်သော စိတ်တို့မှာ- ၁။ သောမနဿ သန္တီရဏစိတ်= ၁-ပါး ၂။ ၀ုဋ္ဌော (မနောဒွါရာဝဇွန်း)= ၁-ပါး ၃။ ကာမဇော= ၂၉-ပါး ပေါင်း စိတ်= ၃၁-ပါး တို့ဖြစ်ပါသည်။ |
4 | 1 | 1996 | “ချစ်ခြင်းအစ မျက်စိက”ဟူသော စကားနှင့် “အချစ်မှာ မျက်စိမရှိ”ဟူသော စကား နှစ်ရပ်လုံးတို့၏ ဆန့်ကျင်မှုမရှိပုံကို သင်္ဂဟသဘောသွားနှင့် ရှင်းလင်းဖြေဆိုပါ။ | “ချစ်ခြင်းအစ မျက်စိက”ဟူသော စကားနှင့် “အချစ်မှာမျက်စိမရှိ”ဟူသော စကား နှစ်ရပ်လုံးတို့၏ ဆန့်ကျင်မှု မရှိပုံကို သင်္ဂဟသဘောသွားနှင့် ရှင်းလင်းဖြေဆိုရသော်- (၁) အဆင်း(ရူပါရုံ)နှင့် မျက်စိ(စက္ခုပသာဒ) တိုက်ဆိုင်သောအခါ… စက္ခုဒွါရ(အတိမဟန္တာရုံ) ၀ီထိဖြစ်၏။ ၀ီထိအစဉ်မှာ- အတီတဘွင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ၀ုဋ္ဌော၊ ကာမဇော ရ ကြိမ်၊ တဒါရုံ ၂ ကြိမ်ဖြစ်၏။ ထိုစက္ခုဒွါရဝီထိတွင် ကာမဇော၌ ချစ်ခြင်းဆိုသော “လောဘဇော”ဖြစ်နိုင်၏။ သို့ဖြစ်၍ ချစ်ခြင်းဆိုသော လောဘဇောသည် အဆင်း(ရူပါရုံ)နှင့် မျက်စိ(စက္ခုပသာဒ)တို့ တိုက်ဆိုင်သောကြောင့် ဖြစ်လာပါသည်။ ထို့ကြောင့် “ချစ်ခြင်းအစ မျက်စိက”ဟူသောစကားမှန်ကန်ပါသည်။ (၂) ထိုအချစ်ဆိုသော လောဘဇော(စိတ်)သည် နှလုံးသား (ဟဒယဝတ္တုရုပ်)၌သာ မှီ၍ဖြစ်ပြီး၊ မျက်စိ(စက္ခုပသာဒရုပ်)တွင် မမှီသောကြောင့် “အချစ်မှာ မျက်စိမရှိ” ဟူသော စကား မှန်ကန်ပါသည်။ သို့ဖြစ်ပါ၍ “ချစ်ခြင်းအစ မျက်စိက”ဟူသော စကားနှင့် “အချစ်မှာမျက်စိမရှိ” ဟူသော စကား နှစ်ရပ်တို့သည် မှန်ကန်ပါသည်။ ဆန့်ကျင်မှုမရှိပါ။ |
5 | 1 | 1996 | နှစ်ဦးအခါ၀ယ် ဘိုးဘွားများအား ခေါင်းလျှော်ပေးခြင်း စသည့် ပြုလုပ်မှုများသည် မည်သည့်ကောင်းမှု ကုသိုလ်ကံ ဖြစ်သည်ကို ဖြေဆို၍ ယင်းကံ၏ အကျိုးပေးရာဘုံကိုလည်း အခါအားလျော်စွာ အသီးသီး သတ်မှတ်ပြပါ။ | နှစ်ဦးအခါ၀ယ် ဘိုးဘွားများအား ခေါင်းလျှော်ပေးခြင်း စသည့် ပြုလုပ်မှုများသည် - အပစာယန၊ ဝေယျာဝစ္စကုသိုလ်ဖြစ်သော (သီလ) ကာမကုသိုလ်ကံ ဖြစ်ပါသည်။ (မဟာကုသိုလ်စိတ် ၈-ပါး၌ ယှဉ်သော စေတနာကို ရ၏) ဤကာမကုသိုလ်ကံ၏ အကျိုးပေးရာဘုံတို့မှာ- ပဋိသန္ဓေအခါ၌ - ကာမသုဂတိ ရ-ဘုံ ပဝတ္တိအခါ၌ - ကာမ ၁၁-ဘုံ နှင့် - (အသညသတ်ကြဉ်သော)ရူပ ၁၅-ဘုံ တို့ ဖြစ်ပါသည်။ |
6 | 1 | 1996 | အဘယ်သို့ ဖြစ်သွားသည်ကို “ စုတေသည် သေသည်” ဟု ခေါ်သည်ကိုလည်း ဖြေဆိုပါ။ | သတ္တဝါတို့၌ တစ်ဘဝအတွက်- (၁) အာယုဟုခေါ်သော အသက် (ဇီဝိတရုပ်နှင့် ဇီဝိတိန္ဒြေစေတသိက်) (၂) ဥသ္မာဟုခေါ်သော ကိုယ်ငွေ့တေဇော၊ (၃) ဝိညာဏံဟုခေါ်သော ဝိပါက်စိတ်၊ ဤ ၃-ပါးသော တရားတို့ တစ်ပြိုင်နက် ချုပ်သည်ကို “စုတေသည်၊ သေသည်” ဟုခေါ်ပါသည်။ |
7 | 1 | 1996 | ကိလေသာမမည်သော အကုသိုလ်တရားတို့ကို ကောက်ပြ၍ “မဂ္ဂင်တရားတို့သည် သတ္တဝါ တို့ကို အပါယ်သို့လည်း ပို့ဆောင်နိုင်သည်” ဟူသော စကား မှန် မမှန် စိစစ်ပြပါ။ | ကိလေသာမမည်သော အကုသိုလ်တရားများမှာ- (၁) ဣဿာ (၂) မစ္ဆရိယ (၃) ကုက္ကုစ္စ (၄) မိဒ္ဓတရား တို့ဖြစ်ပါသည်။ “မဂ္ဂင်တရားတို့သည် သတ္တဝါတို့ကို အပါယ်သို့လည်း ပို့ဆောင်နိုင်သည်” ဟူသော စကားမှန် ပါသည်။ စိစစ်ပြရသော်- မဂ္ဂင်တရားဟူသည် - သုဂတိဘုံ၊ ဒုဂ္ဂတိဘုံ၊ နိဗ္ဗာန်သို့ ပို့ဆောင်နိုင်သော လမ်းကြောင်းဖြစ်သည့် “မဂ္ဂ” မည်သော တရား အပေါင်း၏ အင်္ဂါအစိတ်အပိုင်းတို့ကိုခေါ်၏။ မဂ္ဂင်တရား ၁၂-ပါးအနက် သမ္မာဒိဋ္ဌိ စသော မဂ္ဂင် ၈-ပါးတို့က သုဂတိဘုံနှင့် နိဗ္ဗာန်သို့ ပို့ဆောင်နိုင်ပြီး မိစ္ဆာမဂ္ဂင် ၄-ပါးဖြစ်သော (၁) မိစ္ဆာဒိဋ္ဌိမဂ္ဂင် - လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်သော ဒိဋ္ဌိ (၂) မိစ္ဆာသင်္ကပ္ပမဂ္ဂင် - အကုသိုလ် စိတ် ၁၂-ပါး၌ ယှဉ်သော ဝိတက် (၃) မိစ္ဆာဝါယာမမဂ္ဂင် - အကုသိုလ် စိတ် ၁၂-ပါး၌ ယှဉ်သော ၀ီရိယ (၄) မိစ္ဆာသမာဓိမဂ္ဂင် - ၀ီစိကိစ္ဆာ သမ္ပယုတ်စိတ်ကြဉ်သော အကုသိုလ်စိတ်၁၁-ပါး၌ ယှဉ်သော ဧကဂ္ဂတာ တိ့ုသည် သတ္တဝါတို့ကို အပါယ်-ဒုဂ္ဂတိဘုံဘဝသို့ ပို့ဆောင်နိုင်ပေသည်။ ထို့ကြောင့် “မဂ္ဂင်တရားတို့သည် သတ္တဝါတို့ကို အပါယ်သို့လည်း ပို့ဆောင်နိုင်သည်” ဟူသောစကား မှန်ကန်ပါသည်။ |
8 | 1 | 1996 | ကြောင်းကျိုးဆက်နွယ်မှုပြ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အားဖြင့် အောက်ပါအကျိုး တရားများ၏ အကြောင်းတရားများကို ဆက်နွယ်ဖော်ပြပါ။ (က) တပ်မက်ခင်မင် လိုချင်မှု (ခ) စိုးရိမ်ပူဆွေးငိုကြွေးမှု | ကြောင်းကျိုးဆက်နွယ်မှုပြ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အားဖြင့်- (က) တပ်မက်မှု လိုချင်မှု (တဏှာ)၏ အကြောင်းတရားမှာ “ဝေဒနာ” ဖြစ်ပါသည်။ (ခ) စိုးရိမ်ပူဆွေးငိုကြွေးမှု ( သောက၊ ပရိဒေဝ) တို့၏ ဝေးသောအကြောင်းတရားမှာ ပဋိသန္ဓေနေမှု (ဇာတိ) နီးသောအကြောင်းတရားမှာ အာသဝေါတရား ၄-ပါးဖြစ်ပါသည်။ |
9 | 1 | 1996 | လောကတွင် လူအမျိုးမျိုးရှိသည့်အနက် (က) သည်းမခံ စိတ်ဆက်သူ (ခ) ကံတရားကို ယုံကြည်အားထားသူတို့အား သင့်လျော်သော ကမ္မဋ္ဌာန်းလုပ်ငန်းများကို ဖြေဆိုပါ။ | (က) သည်းမခံ စိတ်ဆက်သူအား သင့်လျော်သော ကမ္မဋ္ဌာန်းလုပ်ငန်းများမှာ- - နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော အရောင်ကသိုဏ်း ၄-ပါး - မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော အပ္ပမညာ ၄-ပါး တို့ဖြစ်ကြပါသည်။ (ခ) ကံတရားကို ယုံကြည်အားထားသူတို့အား သင့်လျော်သောကမ္မဋ္ဌာန်း လုပ်ငန်းများမှာ- (၁) ဗုဒ္ဓါနုဿတိ (၂) ဓမ္မာနုဿတိ (၃) သံဃာနုဿတိ (၄) သီလာနုဿတိ (၅) စာဂါနုဿတိ (၆) ဒေဝတာနုဿတိတို့ဖြစ်ပါသည်။ |
1 | 2 | 1996 | လှပသော ပန်းတစ်ပွင့်ကို မြင်တွေ့ရာ ခဏ၌ဖြစ်သောစိတ်ကို ဖော်ပြ၍၊ ကာမဝစရ သောဘနစိတ်၂၄ ပါးတို့တွင် အကြောင်းအကျိုးမှ လွတ်သောစိတ်ကို ဝေဒနာဘေဒ၊ ဉာဏဘေဒ၊ သင်္ခါရဘေဒအားဖြင့် ခွဲခြားပြပါ။ | လှပသော ပန်းတစ်ပွင့်ကို မြင်တွေ့ရာ ခဏ၌ ဖြစ်သောစိတ်မှာ - အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ်စက္ခုဝိဉာဏ်စိတ် ၁ပါး ဖြစ်ပါသည်။ ကာမာဝစရ သောဘနစိတ် ၂၄ပါးတို့တွင် အကြောင်းအကျိုးမှ လွတ်သောစိတ်မှာ - မဟာကြိယာစိတ် ဖြစ်ပါသည်။ မဟာကြိယာစိတ် ၈ပါးကိုဝေဒနာဘေဒအားဖြင့် ဝေဖန်ရသော် - သုခသဟဂုတ်စိတ် မရှိ - ဒုက္ခသဟဂုတ်စိတ် မရှိ - သောမနဿသဟဂုတ်စိတ် ၄ ပါး - ဒေါမနဿသဟဂုတ်စိတ် မရှိ - ဥပေက္ခာသဟဂုတ်စိတ် ၄ ပါး ပေါင်း မဟာကြိယာစိတ် ၈ ပါး ဖြစ်ပါသည်။ ဉာဏဘေဒအားဖြင့် ဝေဖန်ရသော် - ဉာဏသမ္ပယုတ်စိတ် ၄ ပါး - ဉာဏဝိပ္ပယုတ်စိတ် ၄ ပါး ပေါင်း မဟာကြိယာစိတ် ၈ ပါး သင်္ခါရဘေဒအားဖြင့် ဝေဖန်ရသော် - အသင်္ခါရိကစိတ် ၄ ပါး - သသင်္ခါရိကစိတ် ၄ ပါး ပေါင်း မဟာကြိယာစိတ် ၈ ပါး |
2 | 2 | 1996 | ဆယ်သိန်းထီပေါက်သူတစ်ယောက်အား "ကြက်ကန်း ဆန်အိုးတိုးတာပါကွာ" ဟု မနာလိုသောစိတ်ထားဖြင့် ပြောဆိုသူ၏ သန္တာန်၌ ဖြစ်သော စေတသိက်ကို တိကျစွာ ဖော်ပြ၍ ယင်းစေတသိက်နှင့် ယှဉ်တွဲ၍ ဖြစ်နိုင်သော စိတ်တို့ကိုလည်း ရေတွက်ပြပါ။ | ဆယ်သိန်းထီပေါက်သူတစ်ယောက်အား "ကြက်ကန်း ဆန်အိုးတိုးတာပါကွာ" ဟု မနာလိုသောစိတ်ထားဖြင့် ပြောဆိုသူ၏ သန္တာန်၌ ဖြစ်သော စေတသိက်မှာ - ဣဿာ စေတသိက် ဖြစ်ပါသည်။ ယင်းစေတသိက်နှင့် ယှဉ်တွဲ၍ ဖြစ်နိုင်သော စိတ်တို့မှာ (၁) ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ်၊ (၁) ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ်၊ ပေါင်း ဒေါသမူစိတ် ၂-ပါး တို့ဖြစ်ကြပါသည်။ |
3 | 2 | 1996 | ဤမေးခွန်းလွှာကို ကြည့်ရှုနေစဉ်ခဏဝယ် ဖြစ်ပေါ်လာသော ဝိညာဏဓာတ်ကို မှီရာဝတ္တုနှင့် ယှဉ်တွဲဖော်ပပြြီးလျှင် နှလုံးသား (ဟဒယဝတ္တု) ကို လုံးဝမမှီသောစိတ်တို့ကိုလည်း ပြည့်စုံစွာ ရေးသားပါ။ | ဤမေးခွန်းလွှာကို ကြည့်ရှုနေစဉ်ခဏဝယ် ဖြစ်ပေါ်လာသော ဝိညာဏဓာတ်မှာ- - စက္ခုဝိညာဏဓာတ်ဖြစ်ပြီး၊ - စက္ခုဝတ္တုကို မှီမည်ဖြစ်ပါသည်။ နှလုံးသား(ဟဒယဝတ္တု)ကို လုံးဝမမှီသောစိတ်တို့မှာ- ၁။ ဒွေပဉ္စဝိညာဏ်= ၁၀-ပါး ၂။ အရူပဝိပါက်စိတ်= ၄-ပါး ပေါင်း စိတ်= ၁၄-ပါးတို့ဖြစ်ပါသည်။ |
4 | 2 | 1996 | ဝမ်းမြောက်မှု (သောမနဿ)ဖြင့် အမိဝမ်းတွင်း ကိန်းအောင်း(ပဋိသန္ဓေနေ) ခဲ့သူ၏ အဆုံးစွန်သော ဒေါသ၏ အခြားမဲ့၌ (က) ဖြစ်သင့်သောစိတ်၊ (ခ) ထိုစိတ်၏ အခြားနာမည်တစ်မျိုး (ဂ) ဖြစ်ရာအခါ၊ (ဃ) အာရုံတို့ကို မှန်ကန်စွာ ဖြေဆိုပါ။ | ဝမ်းမြောက်မှု (သောမနဿ)ဖြင့် အမိဝမ်းတွင်း ကိန်းအောင်း(ပဋိသန္ဓေနေ) ခဲ့သူ၏ အဆုံးစွန်သော ဒေါသ၏ အခြားမဲ့၌- (က) ဖြစ်သင့်သောစိတ်-ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် (ခ) ထိုစိတ်၏ အခြားနာမည်တစ်မျိုး- အာဂန္တုကဘဝင်စိတ် (ဂ) ဖြစ်ရာအခါ- တဒါရုံလည်းဖြစ်ခွင့်မရ၊ ဘဝင်လည်း မကျသာဘဲ အခက်အခဲကြံုရာအခါ (ဃ) အာရုံ- ရှေးက အလေ့အလာများသော ကာမအာရုံ တစ်ပါးပါး။ |
5 | 2 | 1996 | ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ဟူသော အဘိဓမ္မာ ဝေါဟာရတို့၏ သဘောသွားကို ရှင်းလင်းပြ၍၊ “ ယခုဘဝသေပြီးနောက်ဘဝမရှိ” ဟု အယူသီးတို့၏ဝါဒကိုလည်း သင်္ဂဟနှင့် အညီ ပယ်ချပြပါ။ | - ပဋိသန္ဓေ ဘဝဟောင်းနှင့် ဘဝသစ်ကို ပြတ်တောက် မသွားအောင် ဆက်စပ်ပေးခြင်းသဘော၊ - ဘဝင် ရရှိပြီးသော ဘဝကို တည်တံ့အောင် စောင့်ရှောက်ပေးသောသဘော၊ ဘဝ၏ အကြောင်းအင်္ဂါ၊ - စုတိ ရရှိပြီးသော ဘဝမှ လျှောကျပျက်စီး၊ သေဆုံးခြင်းသဘောတို့ ဖြစ်ပါသည်။ “ ယခုဘဝသေပြီးနောက်ဘဝမရှိ” ဟု အယူသီးသူတို့၏ ၀ါဒကို (၀ီထိမုတ်ပိုင်း) သင်္ဂဟနှင့်အညီ ပယ်ချပြရသော်- (၁) စုတိစိတ် ချုပ်ပြီးနောက်၌ (ရဟန္တာ မဖြစ်သေး၍ ဘဝဇာတ် မသိမ်းသေးလျှင်) ပဋိသန္ဓေ၊ဘဝင်၊ စုတိဟူသော စိတ်တို့သည် ရထား၌ တပ်ထားအပ်သော စက်ဘီး၏ လည်ပုံကဲ့သို့ ဆက်ကာဆက်ကာ မပြတ် ဖြစ်ပြန်သည်” ဟူ၍လည်းကောင်း၊ (၂) ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၊ဘဝင်၊ စုတိများ ဆက်ကာဆက်ကာ ဖြစ်ကြသကဲ့သို့ နောက်ဘဝ၌လည်း ဤနည်းအတိုင်း (နိဗ္ဗာန်မရမခြင်း) ဖြစ်ပြန်လေသည်ဟူ၍လည်းကောင်း၊ (၃) ဟောထားချက်ကို ထောက်ဆခြင်းအားဖြင့် ယခုဘဝသေပြီး နောက်ဘဝ မရှိဟူသော အယူသီးသူတို့၏ ၀ါဒကို သင်္ဂဟနှင့်အညီ ပယ်ချပြအပ်ပါသည်။ |
6 | 2 | 1996 | အတုအယောင်များ ရေပန်းစားနေသကဲ့သို့ ပရမတ္တတရားများလည်း အတုအယောင် ရှိ မရှိကို အဘိဓမ္မာ အမြင်ဖြင့် စစ်တမ်း ထုတ်ပြပါ။ | ပရမတ္တတရားများလည်း အတုအယောင် ရှိ မရှိကို အဘိဓမ္မာအမြင်ဖြင့် စစ်တမ်း ထုတ်ပြရသော်- ပရမတ္တတရားတို့သည် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူ၍ ၄-ပါးရှိရာဝယ် ရုပ်ပရမတ်တရားသည် သရုပ်အားဖြင့် ၂၈-ပါး ရှိပါသည်။ ထို၂၈-ပါးအနက် ၁၈-ပါးသောရုပ်တို့ကို ရုပ်အစစ်၊ ၁၀-ပါးသောရုပ်တို့ကို ရုပ်အတုဟု ဟောကြားတော်မူ ထား သောကြောင့် ရုပ်ပရမတ်တရားတွင် အတုအယောင် ရှိပါသည်။ ရုပ်အစစ် ၁၈-ပါးမှာ- - မဟာဘုတ်ရုပ် ၄-ပါး - ပသာဒရုပ် ၅-ပါး - ဂေါစရရုပ် ၄-ပါး - ဘာဝရုပ် ၂-ပါး - ဟဒယရုပ် ၁-ပါး - ဇီဝိတရုပ် ၁-ပါး - အာဟာရရုပ် ၁-ပါး ပေါင်း၁၈-ပါး ဖြစ်ပါသည်။ ရုပ်အတု ၁၀-ပါးမှာ- - ပရိစ္ဆေဒရုပ် ၁-ပါး - ဝိညတ်ရုပ် ၂-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၁၀-ပါး ဖြစ်ပါသည်။ |
7 | 2 | 1996 | ဈာန်၊ မဂ်၊ ဖိုလ် ရဖို့ရန် အခြေခံနည်းလမ်းကောင်း တို့ကို ရေး၍ နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းများကိုလည်းညွှန်ပြပါ။ | ဈာန်၊ မဂ်၊ ဖိုလ် ရဖို့ရန် အခြေခံ နည်းလမ်းကောင်းတို့မှာ- (၁) ဆန္ဒိဒ္ဓိပါဒ် (၂) ၀ီရိယိဒ္ဓိပါဒ် (၃) စိတ္တိဒ္ဓိပါဒ် နှင့် (၄) ၀ီမံသိဒ္ဓိပါဒ် ဟူသော ဣဒ္ဓိပါဒ် ၄-ပါးတို့ဖြစ်ပါသည်။ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းများမှာ - သမ္မာမဂ္ဂင် ၈-ပါးဖြစ်သည့် (၁) သမ္မာဒိဋ္ဌိမဂ္ဂင် (၂) သမ္မာသင်္ကပ္ပမဂ္ဂင် (၃) သမ္မာဝါစာမဂ္ဂင် (၄) သမ္မာကမ္မ န္တမဂ္ဂင် (၅) သမ္မာအာဇီဝမဂ္ဂင် (၆) သမ္မာဝါယာမမဂ္ဂင် (၇) သမ္မာသတိမဂ္ဂင် (၈) သမ္မာသမာဓိမဂ္ဂင် တို့ဖြစ်ကြပါသည်။ |
8 | 2 | 1996 | လူမှုနယ်ပယ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝသူကို “လူချမ်းသာ” ဟုဆိုလေ့ရှိရာ ပဋိစ္စသမုပ္ပါဒ်နည်းအရ “လူချမ်းသာ” ဟူ၍ ရှိနိုင်-မရှိနိုင် အဘိဓမ္မာ ပညာရှင်ပီပီ စိစစ်ပြ၍ “အဝိဇ္ဇာ၏ အကြောင်းတရား” ကိုလည်း ဖြေဆိုပါ။ | လူမှုနယ်ပယ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝသူကို “လူချမ်းသာ” ဟုဆိုလေ့ရှိသော်လည်း ပဋိစ္စသမုပ္ပါဒ်နည်းအရ “လူချမ်းသာ” ဟူ၍ မရှိနိုင်ပါ။ အကြောင်းမှာ - ပဋိစ္စသမုပ္ပါဒ်နည်းအရ အဝိဇ္ဇာ စသော အကြောင်း အဆက်ဆက်ကြောင့် ဖြစ်ပေါ်လာသော ရုပ်နာမ်ဓမ္မ အကျိုးအဆက်ဆက် မှန်သမျှသည် ချမ်းသာမဖက် ဒုက္ခစု သက်သက်မျှ ဖြစ်သည်ဟု ဆိုထားသောကြောင့် ဖြစ်ပါသည်။ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်သည် ဟူသော ပဋိစ္စသမုပ္ပါဒ် နည်းအရ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်လျှင် အဝိဇ္ဇာသည် “အာသဝေါတရား ၄-ပါး”ကြောင့် ဖြစ်ပါသည်။ |
9 | 2 | 1996 | မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဟု ဆိုစကားရှိရာ အသုဘစီးဖြန်းပွားများလျှင် ရရှိနိုင်သော အကျိုးတရားကိုရေး၍ မေတ္တာ ပွားများနေသောယောဂီသည် မည်သည့်ဈာန်များ ရရှိနိုင်သည်ကိုလည်း ဖြေဆိုပါ။ | မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဟု ဆိုစကားရှိရာ အသုဘစီးဖြန်းပွားများလျှင် ရရှိနိုင်သော အကျိုးတရားမှာ ပထမဈာန် ရရှိနိုင်ပါသည်။ မေတ္တာပွားများနေသောယောဂီသည် ပထမဈာန်မှသည် စတုတ္ထစျာန်အထိ ရရှိနိုင်ပါသည်။ |
1 | 3 | 1996 | စိတ်အကျဉ်း ၈၉ပါးတို့တွင် "လောကမှ လွတ်မြောက်သောစိတ်" ဟူသည် မည်သည့်စိတ်ဖြစ်ပါသနည်း။ တစ်ခုချင်း ရေတွက်ပြ၍ ယင်းစိတ်ကို အကြောင်း အကျိုးအားဖြင့် မမှားအောင် ခွဲခြားပြပါ။ | စိတ်အကျဉ်း ၈၉ပါးတို့တွင် "လောကမှ လွတ်မြောက်သောစိတ်" ဟူသည် - လောကုတ္တရာစိတ် ၈ ပါး ဖြစ်ပါသည်။ တစ်ခုချင်း ရေတွက်ပြရသော် ၁။ သောတာပတ္တိမဂ်စိတ် ၁ပါး ၂။ သကဒါဂါမိမဂ်စိတ် ၁ပါး ၃။ အနာဂါမိမဂ်စိတ် ၁ပါး ၄။ အရဟတ္တမဂ်စိတ် ၁ပါး ၅။ သောတာပတ္တိဖိုလ်စိတ် ၁ပါး ၆။ သကဒါဂါမိဖိုလ််စိတ် ၁ပါး ၇။ အနာဂါမိဖိုလ််စိတ် ၁ပါး ၈။ အရဟတ္တဖိုလ်စိတ် ၁ပါး ပေါင်း လောကုတ္တရာစိတ်အကျဉ်း ၈ ပါး ဖြစ်ပါသည်။ ယင်းစိတ်ကို အကျိုးအကြောင်းအားဖြင့် မမှားအောင် ခွဲခြားပြရသော် - အကြောင်းစိတ် မဂ်စိတ်အကျဉ်း ၄ ပါး - အကျိုးစိတ် ဖိုလ်စိတ်အကျဉ်း ၄ ပါး ပေါင်း လောကုတ္တရာစိတ်အကျဉ်း ၈ ပါး ဖြစ်ပါသည်။ |
2 | 3 | 1996 | "စိတ်မှန်သမျှ ကြံစည်မှုနှင့် မကင်းကြ" ဟု ပြောဆိုနေကြသော အဘိဓမ္မာ အသိမဲ့ငြား အချို့သောသူများ၏ စကားကို ချေပသောအားဖြင့် ကြံစည်မှုနှင့် ကင်း၍ဖြစ်နိုင်သော စိတ်တို့ကို ဖော်ပပြြီးလျှင် မတင့်တယ်သောစိတ် ဖြစ်သော်လည်း နိဗ္ဗာန်ကို အာရုံပြုနိုင်သောစိတ်ကို ဖြေဆိုပါ။ | ကြံစည်မှု (ဝိတက်) နှင့် ကင်း၍ ဖြစ်နိုင်သော စိတ်တို့မှာ ၁။ ဒွေပဉ္စဝိညာဏ် = ၁၀-ပါး ၂။ ဒုတိယစျာန်စိတ် = ၁၁-ပါး ၃။ တတိယစျာန်စိတ် = ၁၁-ပါး ၄။ စတုတ္ထစျာန်စိတ် = ၁၁-ပါး ၅။ ပဉ္စမစျာန်စိတ် = ၂၃-ပါး ပေါင်း စိတ်= ၆၆-ပါး တို့ဖြစ်ပါသည်။ မတင့်တယ်သောစိတ်ဖြစ်သော်လည်း နိဗ္ဗာန်ကို အာရုံပြုနိုင်သော စိတ်မှာ - အသောဘနစိတ် ၃၀-ပါးတွင် ပါဝင်သော အဟိတ်ကြိယာ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပါသည်။ |
3 | 3 | 1996 | “အာရုံတွေ သိပ်များနေတယ်”ဟူသော လူသုံးများလှသည့် စကား၌ အာရုံတို့၏ သရုပ်ကို ထုတ်ပြ၍ သောမနဿသန္တိရဏစိတ်၏ ဆောင်ရွက်သည့် ကိစ္စ၊ မွေ့လျော်ရာအာရုံတို့ကိုလည်း တိကျစွာ ဖြေဆိုပါ။ | “အာရုံတွေ သိပ်များနေတယ်”ဟူသော လူသုံးများလှသည့် စကား၌ အာရုံတို့၏ သရုပ်ကို ထုတ်ပြရသော်- (၁) ရူပါရုံ (ရူပါရုံရုပ် ၁-ပါး) (၂) သဒ္ဒါရုံ (သဒ္ဒါရုံရုပ် ၁-ပါး) (၃) ဂန္ဓာရုံ (ဂန္ဓာရုံရုပ် ၁-ပါး) (၄) ရသာရုံ ( ရသာရုံရုပ် ၁-ပါး) (၅) ဖောဋ္ဌဗ္ဗာရုံ (ဖောဋ္ဌဗ္ဗာရုံရုပ် ၃-ပါး) (၆) ဓမ္မာရုံ (စိတ်-၈၉၊ စေတသိက်-၅၂၊ ပသာဒရုပ်-၅၊ သုခုမရုပ်-၁၆၊ နိဗ္ဗာန်၊ ပညတ်) ဟူ၍ အာရုံ ၆-ပါးဖြစ်ပါသည်။ သောမနဿသန္တိရဏစိတ်၏- (က) ဆောင်ရွက်သည့်ကိစ္စ - သန္တိရဏကိစ္စ၊ တဒါရုံကိစ္စ တို့ဖြစ်ပါသည်။ (ခ) မွေ့လျော်ရာအာရုံ - ကာမစိတ်-၅၄၊ စေတသိက်-၅၂၊ ရုပ်-၂၈ ပါး ုဆိုအပ်သော ကာမအာရုံ ၆-ပါးကို (ဧကန်) အာရုံပြုပါသည်။ |
4 | 3 | 1996 | သဗ္ဗညုတ ရွှေဉာဏ်တော်ရှင်၏ (က) ရေမီးအစုံ တန်ခိုးပြတော်မူရာအခါ(ခ) နိရောဓသမာပတ် ဝင်စားတော်မူရာအခါ (ဂ) နိရောဓသမာပတ်မှ ထတော်မူရာ အခါတို့၌ ဖြစ်သင့်သော “ဇော”စိတ် တို့၏ အမည်များကို ဖြစ်ခွင့်ရှိသော အကြိမ်နှင့်တကွ တွဲစပ် ဖြေဆိုပြပါ။ | သဗ္ဗညုတ ရွှေဉာဏ်တော်ရှင်၏ (က) ရေမီးအစုံ တန်ခိုးပြတော်မူရာအခါ- ကာမတိဟိတ်ကြိယာဇော ၄ကြိမ် (ခ) နိရောဓသမာပတ် ဝင်စားတော်မူရာအခါ- မည်သည့်ဇောစိတ်မျှ မဖြစ် (ဂ)နိရောဓသမာပတ်မှ ထတော်မူရာအခါ- အရဟတ္တဖိုလ်ဇော ၁ကြိမ် ဖြစ်ပါသည်။ |
5 | 3 | 1996 | ပုဂ္ဂိုလ်သတ္တဝါမှန်သမျှ တွေ့ကြံုရမည့် သေခြင်း လေးမျိုးကို အဓိပ္ပာယ်ပါအောင် ဖြေဆိုပါ။ | ပုဂ္ဂိုလ်သတ္တဝါမှန်သမျှ တွေ့ကြံုရမည့် သေခြင်းလေးမျိုးမှာ- (၁) အာယုက္ခယ မရဏ - အသက်တမ်းကုန်မှုကြောင့်သေရခြင်း (၂) ကမ္မက္ခယ မရဏ - ကံစွမ်းကုန်မှုကြောင့် သေရခြင်း၊ (၃) ဥဘယက္ခယ မရဏ - အသက်တမ်းနှင့် ကံစွမ်း ၂-ပါးကုန်၍ သေရခြင်း၊ (၄) ဥပစ္ဆေဒက မရဏ - ကံဆိုးဖြတ်ချွေ၍ လတ်တလော သေရခြင်း တို့ဖြစ်ပါသည်။ |
6 | 3 | 1996 | စိတ်ဟူသောအကြောင်းတရားက ရုပ်တရားများကို ဖြစ်ပေါ်စေပုံကို မှန်ကန်စွာ ဖြေဆို၍ စက်ရဟတ်ပမာ ရုပ်တရားများ၊ လည်ပတ် ဖြစ်ပေါ်နေပုံကိုလည်း ဖြေဆိုပါ။ | စိတ်ဟူသော အကြောင်းတရားက ရုပ်တရားများကို ဖြစ်ပေါ်စေပုံမှာ- ဒွေပဉ္စဝိညာဏ် ၁၀၊ အရူပဝိပါက်-၄၊ ရဟန္တာတို့ စုတိစိတ်နှင့် အလုံးစုံသော ပဋိသန္ဓေစိတ်ကြဉ်သော စိတ် ရ၅-ပါး၊ စေတသိက် ၅၂-ပါးတို့သည် ရုပ်တရားများကို ဖြစ်စေသော စိတ်အကြောင်း တရားဖြစ်ပါသည်။ စိတ်က ရုပ်ကိုဖြစ်စေရာ၌ - ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ ပဝတ္တိအခါ စိတ်၏ ဥပါဒ်တိုင်း၊ ဥပါဒ်တိုင်း၌ စိတ္တဇရုပ် ၁၅-ပါးတို့ကို ဖြစ်ပေါ်စေပါသည်။ စက်ရဟတ်ပမာ ရုပ်တရားများ လည်ပတ်ဖြစ်ပေါ်နေပုံ (၁) ကမ္မဇရုပ်များသည် ဤပစ္စုပ္ပန်ဘဝအစ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှ အစပြု၍ ပဝတ္တိအခါ ခဏတိုင်း၊ ခဏတိုင်း မြစ်ရေအယဉ်ကဲ့သို့ (ဣန္ဒြိယဗဒ္ဓသန္တာန်) သက်ရှိတို့၏ သန္တာန်၌ ဖြစ်၏။ (၂) စိတ္တဇရုပ်များသည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ စိတ်၏ ဥပါဒ်တိုင်း၊ ဥပါဒ်တိုင်းဖြစ်၏။ (၃) ဥတုဇရုပ်များသည် ပဋိသန္ဓေ၏ ဌီခဏမှစ၍ ပဝတ္တိအခါ မိမိဌီသို့ ရောက်ရာ ခဏတိုင်းဖြစ်၏။ (၄) အာဟာရဇရုပ်များသည် အဇ္ဈတ္တ-ဗဟိဒ္ဓအာဟာရ ၂-ပါး အချင်းချင်း ဌီသို့ ရောက်ပြီး ရောနှောမိချိန်မှစ၍ ဖြစ်၏။ ဤသို့အားဖြင့် ပစ္စုပ္ပန်ဘဝ၌ ကံ၊စိတ်၊ ဥတု၊အာဟာရတည်း ဟူသော အကြောင်းတရားတို့ကြောင့်ဖြစ်သော ရုပ် ၄-မျိုး တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကို အစပြု၍ အကြောင်းတရားများ မချုပ်ဆုံးသရွေ့ အသစ်-အသစ် ဆက်ကာဆက်ကာ ဖြစ်ကြသကဲ့သို့ သေလွန်ပြီး ဘဝတစ်ပါး၌လည်း အကြောင်းတရား၄-ပါးကြောင့် ဖြစ်သောရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကို အစပြု၍ ဖြစ်ပေါ်ကပြြန်လေသည်။ ဤသို့ဖြင့် (ရဟန္တာ မဖြစ်သေး၍) ဘဝမပြတ်သေးသမျှ ကာလပတ်လုံး ရုပ်တရားများ ဖြစ်ခွင့်ရသော ဘုံဌာနတိုင်း၌ ဘဝသစ် ပဋိသန္ဓေကို စွဲ၍ ရုပ်တရားများသည် စက်ရဟတ်ပမာ လည်ပတ်ဖြစ်ပေါ်နေပါသည်။ |
7 | 3 | 1996 | အောက်ပါတို့ကို ခွဲခြားဖြေဆိုပါ။ (က) သေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣန္ဒြေ (ခ) အသေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣန္ဒြေ | သေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣန္ဒြေမှာ- (၁) အနညာတညဿာမိတိန္ဒြေ - သောတာပတ္တိမဂ်ခဏ၌ ယှဉ်သော ပညာ (၂) အညိန္ဒြေ - အထက်မဂ်-၃၊ အောက်ဖိုလ် ၃-၌ ယှဉ်သော ပညာ တို့ဖြစ်ပါသည်။ အသေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣန္ဒြေမှာ- (၁) အညာတာဝိန္ဒြေ - အရဟတ္တဖိုလ်၌ ယှဉ်သောပညာ ဖြစ်ပါသည်။ |
8 | 3 | 1996 | လူ့လောက၌ ပြောဆိုနေကြသည့် အပေါင်းအသင်း မကောင်း၍ ပျက်စီးရသည်၊ အပေါင်းအသင်းကောင်း၍ တိုးတက်ကြီးပွားရသည်ဟူသော စကားကို မြတ်ဗုဒ္ဓ အဘိဓမ္မာနှင့်ညီ-မညီ စိစစ်ပြ၍ ပရမတ္တဓမ္မများကို အနှစ်ချုပ်ပါက မည်မျှရှိသည်ကိုလည်း ဖြေဆိုပါ။ | လူ့လောက၌ ပြောဆိုနေကြသည့် အပေါင်းအသင်း မကောင်း၍ ပျက်စီးရသည်၊ အပေါင်းအသင်းကောင်း၍ တိုးတက်ကြီးပွားရသည် ဟူသော စကားသည် မြတ်ဗုဒ္ဓ၏ အဘိဓမ္မာနှင့် ညီညွတ်မှုရှိပါသည်။ အကြောင်းမှာ - ပဋ္ဌာန်းဒေသနာတော်၌ ပကတူပနိဿယပစ္စည်း အရ အပေါင်းအသင်း ပုဂ္ဂိုလ်သည် ထိုက်သည့် အားလျော်စွာ အဇ္ဈတ္တသန္တာန်၊ ဗဟိဒ္ဓသန္တာန်တို့၌ (တိုးတက်ကြီးပွားခြင်း) ကုသိုလ်၊ (ပျက်စီးခြင်း)၊ အကုသိုလ်စသည်တို့အား ပကတိသဘောအားဖြင့် အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုတတ်သည်ဟု ဆိုထားသောကြောင့်ဖြစ်ပါသည်။ ပရမတ္တတရားများမှာ - စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူ၍ ၄-ပါးရှိရာဝယ် စိတ်၊ စေတသိက် နှင့် နိဗ္ဗာန်ကို “နာမ်” ဟု သတ်မှတ်ခေါ်ဆိုခြင်းကြောင့် ပရမတ္တတရားများ၏ အနှစ်ချုပ်မှာ နာမ်နှင့် ရုပ်သာ ဖြစ်ပါသည်။ |
9 | 3 | 1996 | ဝိပဿနာတရားအားထုတ်နေသော ယောဂီ၌ မဂ်ရခါနီး ဖြစ်နိုင်သော စိတ်များကို ရေး၍ ယင်းစိတ်များသည် မည်သည့်အာရုံကို အာရုံပြုသည်ကိုလည်း ဖြေဆိုပါ။ | ဝိပဿနာတရားအားထုတ်နေသော ယောဂီ၌ မဂ်ရခါနီး ဖြစ်နိုင်သော စိတ်များနှင့် ယင်းစိတ်တို့၏ အာရုံများမှာ - မဂ်ရခါနီး၌ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ ဟု ဘဝင်အစဉ် ပြတ်ပြီးနောက် မနောဒ္ဓါရာဝဇ္ဇန်းစိတ် ဖြစ်ပေါ်လာပါသည်။ ထိုစိက်၏ အခြားမဲ့ တိက္ခပုဂ္ဂိုလ်ဖြစ်လျှင် “ဥပစာ အနုလုံ” ဟူသော ဝိပဿနာဇောစိတ် ၂-ကြိမ်၊ မန္ဒပုဂ္ဂိုလ်ဖြစ်လျှင် “ပရိကံ၊ဥပစာ၊ အနုလုံ”ဟူသော ဝိပဿနာဇော စိတ် ၃-ကြိမ် ဖြစ်ပါသည်။ ထို့နောက် ဂေါတြဘူစိတ် ဖြစ်ပါသည်။ ဤစိတ်တို့ကား မဂ်ရခါနီးဖြစ်သောစိတ်များတည်း။ ယင်းတို့၏ အာရုံမှာ- (၁) ဘဝင်္ဂစလနနှင့် ဘဝင်္ဂုပစ္ဆေဒတို့၏ အာရုံ - ကံ၊ ကမ္မ၊ ဂတိနိမိတ် ၃-ပါး အနက် ၁-ပါးပါး (၂) မနောဒ္ဓါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၏ အာရုံ - တေဘူမကသင်္ခါရတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ၊ (၃) ဂေါတြဘူစိတ်၏ အာရုံ - နိဗ္ဗာန် |
2 | 4 | 1996 | "ရုပ်မြင်သံကြား ဂြိုလ်တုသတင်း၌ ငတ်မွတ်ခေါင်းပါး ဒုက္ခသည်များကို တွေ့မြင်ရသော သနားကြင်နာမှုသည် ကုသိုလ် ရ၊ မရ ရှင်းပြ၍ ကိုယ်ပိုင်လုံ့လ မရှိသောစိတ်တို့ကိုလည်း ထုတ်ဖော် ရေးသားပြပါ။ | "ရုပ်မြင်သံကြား ဂြိုလ်တုသတင်း၌ ငတ်မွတ်ခေါင်းပါး ဒုက္ခသည်များကို တွေ့မြင်ရသော သနားကြင်နာမှုသည် ကုသိုလ် ရပါသည်။ အကြောင်းမှာ - ဒုက္ခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ သနားကြင်နာမှုဖြစ်ခြင်းသည် "ကရုဏာ စေတသိက်"၏ သဘောလက္ခဏာ ဖြစ်ပါသည်။ ထိုကရုဏာ စေတသိက်သည် - ၁။ မဟာကုသိုလ်စိတ် = ၈-ပါး ၂။ မဟာကြိယာစိတ် = ၈-ပါး ၃။ ရူပကုသိုလ် (ပ၊ ဒု၊ တ၊ စ) စျာန်စိတ် = ၄-ပါး ၄။ ရူပဝိပါက် (ပ၊ ဒု၊ တ၊ စ) စျာန်စိတ် = ၄-ပါး ၅။ ရူပကြိယာ (ပ၊ ဒု၊ တ၊ စ) စျာန်စိတ် = ၄-ပါး ပေါင်း စိတ် = ၂၈-ပါး တို့နှင့် ယှဉ်နိုင်ပါသည်။ ဤသို့ ကရုဏာစေတသိက်ယှဉ်သော စိတ်များတွင် ကုသိုလ်စိတ်များ ပါဝင်နေသောကြောင့် သနားကြင်နာမှုသည် ကုသိုလ်ရနို်င်ပါသည်။ ကိုယ်ပိုင်လု့ံလ မရှိသောစိတ်မှာ - ၀ီရိယစေတသိက် မယှဉ်နိုင်သောစိတ်များဖြစ်၍ ၎င်းစိိတ်တို့မှာ - ၁။ ဒွေပဉ္စဝိညာဏ်စိတ် = ၁၀-ပါး ၂။ သမ္ပဋိစ္ဆိုင်းစိတ် = ၂-ပါး ၃။ သန္တီရဏစိတ် = ၃-ပါး ၄။ ပဉ္စဒါွရာဝဇ္ဇန်းစိတ် = ၁-ပါး ပေါင်း မယှဉ်သောစိတ် = ၁၆-ပါး တို့ဖြစ်ပါသည်။ |
6 | 4 | 1996 | အရိယာသူတော်စင်တို့ ရအပ် ရောက်အပ်သော နိဗ္ဗာန်၏ အမည်ကို ပရိနိဗ္ဗာန် မစံမီ ရအပ်သော နိဗ္ဗာန်၊ ပရိနိဗ္ဗာန်စံပြီးမှ ရအပ်သော နိဗ္ဗာန်အားဖြင့် ခွဲခြားပြ၍၊ ပရမတ္ထတရားသည် လေးပါးထက် အယုတ်အလွန် ရှိ မရှိကိုလည်း အကြောင်းသွင်း၍ ရှင်းပြပါ။ | အရိယာသူတော်စင်တို့ ရအပ် ရောက်အပ်သော နိဗ္ဗာန်၏ အမည်များမှာ- ပရိနိဗ္ဗာန် မစံမီ ရအပ်သော နိဗ္ဗာန် - သဥပါဒိသေသနိဗ္ဗာန် ပရိနိဗ္ဗာန်စံပြီးမှ ရအပ်သော နိဗ္ဗာန် - အနုပါဒိသေသနိဗ္ဗာန် ဖြစ်ပါသည်။ သဥပါဒိသေသနိဗ္ဗာန်ကို - ဝိပါက်ကမ္မဇရုပ် ခန္ဓာကြွင်းရှိလျက် ခံစံအပ်သော အာရုံ ပြုအပ်သော ကိလေသနိဗ္ဗာန်၊ ဒိဋ္ဌဓမ္မိကနိဗ္ဗာန်ဟုလည်းခေါ်သေး၏။ အနုပါဒိသေသနိဗ္ဗာန်ကို - ခန္ဓာကြွင်းမရှိ အဆုံးစွန် ပရိနိဗ္ဗာန်စံမှုဖြစ်သော ခန္ဓနိဗ္ဗာန်၊ သမ္ပရာယိကနိဗ္ဗာန်ဟုလည်း ခေါ်သေး၏။ ပရမတ္ထတရားများလည်း လေးပါးသာ ရှိပါသည်။ လေးပါးထက် အယုတ်အလွန်မရှိပါ။ အကြောင်းမှာ - ရုပ်ပိုင်း နိဂုံးချုပ်၌ “စိတ်လည်းကောင်း စေတသိက်လည်းကောင်း၊ ရုပ်လည်းကောင်း၊ နိဗ္ဗာန်လည်းကောင်း ဤသို့လျှင် ပရမတ္ထတရားကို လေးပါးအပြားအားဖြင့်သာလျှင် ဘုရားရှင်တို့သည် ထင်ရှားပြတော်မူကြကုန်၏” ဟူသော ဖော်ပြချက်ကြောင့် ဖြစ်ပါသည်။ |
9 | 4 | 1996 | ပုထုဇဉ်နှင့်အရိယာ ကွဲပြားသွားအောင် လူတန်းစား ခွဲခြားသော ကာမဇော၏ (က) အမည် (ခ) အာရုံ (ဂ) လုပ််ဆောင်ချက်တို့ကို ဖြေဆိုပါ။ | ပုထုဇဉ်နှင့်အရိယာ ကွဲပြားသွားအောင် လူတန်းစားခွဲခြားသော ကာမဇော၏ (က) အမည်-ဂေါတြဘူ (မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇောစိတ် ၄-ပါး) (ခ) အာရုံ- နိဗ္ဗာန် (ဂ) လုပ်ဆောင်ချက်- ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်သို့ ရောက်စေ၏။ |
1 | 1 | 1997 | "စိတ်ထား ကောင်းမွန်သည်၊ စိတ်ထားယုတ်ညံ့သည်" ဟူသော လောကသုံးစကားအရ စိတ်အကျယ်တွင် ကောင်းမွန်တင့်တယ်သော စိတ်တို့ကို ဘူမိဘေဒနည်းအားဖြင့် ခွဲခြားဖြေ၍၊ ကာမကြိယာစိတ် ၁၁ ပါးကိုလည်း ဝေဒနာအားဖြင့် ဝေဖန်ပြပါ။ | "စိတ်ထား ကောင်းမွန်သည်၊ စိတ်ထားယုတ်ညံ့သည်" ဟူသော လောကသုံးစကားအရ စိတ်အကျယ်တွင် ကောင်းမွန်တင့်တယ်သောစိတ်တို့ကို ဘူမိဘေဒနည်းအားဖြင့် ခွဲခြားဖြေဆိုရသော် - ကာမာဝစရစိတ် ၂၄ပါး - ရူပါဝစရစိတ် ၁၅ပါး - အရူပါ၀ါစရစိတ် ၁၂ပါး - လောကုတ္တရာစိတ် ၄၀ပါး ပေါင်း ကောင်းမွန်တင့်တယ်သော စိတ်အကျယ် ၉၁ပါး ဖြစ်ပါသည်။ ကာမကြိယာစိတ် ၁၁ ပါးကို ဝေဒနာဘေဒအားဖြင့် ဝေဖန်ရသော် - သုခသဟဂုတ်စိတ် မရှိ - ဒုက္ခသဟဂုတ်စိတ် မရှိ - သောမနဿသဟဂုတ်စိတ် ၅ ပါး - ဒေါမနဿသဟဂုတ်စိတ် မရှိ - ဥပေက္ခာသဟဂုတ်စိတ် ၆ပါး ပေါင်း ကာမကြိယာစိတ် ၁၁ ပါး တို့ဖြစ်ပါသည်။ |
2 | 1 | 1997 | သူတစ်ပါး၏ စေခိုင်းခြင်းကြောင့် မလွှဲသာ၍ သူ့အသက်သတ်မှုကို ပြုနေသူ၏ သန္တာန်၌ ဖြစ်နိုင်သော စိတ်၊ စေတသိက်တို့ကို ဖော်ပပြြီးလျှင် ပြုပြီးသော ကုသိုလ်ကောင်းမှုကို အဖန်ဖန်အမှတ် ရနေသော ပုဂ္ဂိုလ်သန္တာန်ဝယ် မှီတွယ်၍ဖြစ်သော စေတသိက်ကိုလည်း ဖော်ပြပါ။ | သူတစ်ပါး၏ စေခိုင်းခြင်းကြောင့် မလွှဲသာ၍ သူ့အသက်သတ်မှုကို ပြုနေသူ၏ သန္တာန်၌ ဖြစ်နိုင်သော စိတ်မှာ - "ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါသမူစိတ် " ဖြစ်ပါသည်။ ယင်းစိတ်နှင့် အတူဖြစ်နိုင်သော စေတသိက်တို့မှာ - ၁။ ပီတိကြဉ်သော အညသမာန်းစေတသိက် = ၁၂-ပါး ၂။ သဗ္ဗာကုသလသာဓာရဏစေတသိက် = ၄-ပါး ၃။ ဒေါသစေတသိက် = ၁-ပါး ပေါင်း စေတသိက် = ၁၇-ပါး တို့ဖြစ်ပါသည်။ ပြုပြီးသော ကုုသိုလ်ကောင်းမှုကို အဖန်ဖန် အမှတ်ရနေသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် မှီတွယ်၍ ဖြစ်သော စေတသိက်မှာ -"သတိစေတသိက်" ဖြစ်ပါသည်။ |
3 | 1 | 1997 | ဝေဒနာတို့သည် အာရမ္မဏာနုဘဝနနည်းအားဖြင့် သုံးပါးပြားရာ ယင်းနည်းဖြင့် စိတ်အကျယ် ၁၂၁ပါးကို ဝေဖန်ပြ၍ ဟိတ် ၃-ပါးနှင့် ယှဉ်သောစိတ်တို့ကိုလည်း ယှဉ်ရာဟိတ်နှင့်တကွ ဖော်ပြပါ။ | စိတ်အကျယ် ၁၂၁-ပါးကို အာရမ္မဏာနုဘဝနနည်းအရ ဝေဒနာ ၃-ပါးအပြားအားဖြင့် ဝေဖန်ပြရသော်- (၁) သုခသဟဂုတ်စိတ် - ၆၃-ပါး (၂) ဒုက္ခသဟဂုတ်စိတ် - ၃-ပါး (၃) အဒုက္ခ-မသုခ(ဥပေက္ခာ)သဟဂုတ်စိတ် - ၅၅-ပါး ဟူ၍ဖြစ်ပါသည်။ ဟိတ် ၃-ပါးနှင့် ယှဉ်သော(တိဟိတ်) စိတ်တို့ကို ယှဉ်ရာဟိတ်နှင့်တကွ ဖော်ပြရသော်- - တိဟိတ်စိတ်ယှဉ်ရာစိတ် ၁။ ကာမသောဘန ဉာဏသမ္ပယုတ်စိတ် ၁၂-ပါး - အလောဘဟိတ် - အဒေါသဟိတ် - အမောဟဟိတ် ၂။ မဟဂ္ဂုတ်စိတ် ၂၇-ပါး - အလောဘဟိတ် - အဒေါသဟိတ် - အမောဟိတ် ၃။ လောကုတ္တရာစိတ်( အကျဉ်း-၈၊ အကျယ် ၄၀-ပါး) - အလောဘဟိတ် - အဒေါသဟိတ် - အမောဟိတ် ဟူ၍ တိဟိတ်စိတ် အကျဉ်း ၄၇-ပါး၊ အကျယ် ရ၉-ပါး) ဖြစ်ပါသည်။ |
4 | 1 | 1997 | ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရှု တိုက်ဆိုင်မိကြရာဝယ် (က) မည်သည့်အခါ၌ ထင်ခြင်းသို့ ရောက်ပါသနည်း။ (ခ) မည်မျှ အသက်ရှည်ပါသနည်း။ (ဂ) မည်သည့်အခါ ချုပ်ပါသနည်း။ သင်္ဂဟနှင့်အညီ ဖြေဆိုပါ။ | ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရှု တိုက်ဆိုင်မိကြရာဝယ်- (အတိမဟန္တာရုံဝီထိဖြစ်လျှင်) (က) အတီတဘွင်တစ်ချက်အလွန်ဖြစ်သော ဘဝင်္ဂစလန၏ ဥပါဒ်၌ ထင်ခြင်းသို့ ရောက်ပါသည်။ (ခ) ထင်ခြင်း ရောက်သည်မှစ၍ ရေတွက်သည်ရှိသော် - စိတ္တက္ခဏ ၁၆-ချက် အသက် ရှည်ပါသည်။ (ဂ) ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ ချုပ်ပါသည်။ |
5 | 1 | 1997 | သတ္တဝါတို့ကံအရ အမှန်တကယ် တည်ရှိနေသော ၃၁-ဘုံကို အကျဉ်းချုပ် ရေတွက်ပြ၍ (က) ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်များ မရနိုင်သောဘုံ (ခ) အရိယာပုဂ္ဂိုလ်များမရနိုင်သောဘုံ (ဂ)အရိယာပုထုဇဉ် ပုဂ္ဂိုလ်နှစ်မျိုးလုံးမရနိုင်သော ဘုံတို့ကို ခွဲခြားဖြေဆိုပါ။ | သတ္တဝါတို့ကံအရ အမှန်တကယ် တည်ရှိနေသော ၃၁-ဘုံကို အကျဉ်းချုပ် ရေတွက်ပြရသော်- - အပါယ် ၄ ဘုံ - ကာမသုဂတိ ရ ဘုံ - ရူပ ၁၆ ဘုံ - အရူပ ၄ ဘုံ ပေါင်း ၃၁ ဘုံ တို့ဖြစ်ပါသည်။ (က) ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ် ပုဂ္ဂိုလ်များ မရနိုင်သောဘုံ ၁- အဝိဟာဘုံ ၂- အတပ္ပါဘုံ ၃- သုဒဿာဘုံ ၄- သုဒဿီဘုံ ၅- အကနိဋ္ဌဘုံ ဟူသောသုဒ္ဓါ၀ါသ ၅-ဘုံ ဖြစ်ပါသည်။ (ခ) အရိယာပုဂ္ဂိုလ်များမရနိုင်သောဘုံ ၁- အပါယ် ၄-ဘုံ ၂- အသညသတ်ဘုံ ပေါင်း ၅-ဘုံ ဖြစ်ပါသည်။ (ဂ) အရိယာပုထုဇဉ် ပုဂ္ဂိုလ်နှစ်မျိုးလုံး မရနိုင်သောဘုံ မရှိပါ။ |
6 | 1 | 1997 | အနိပ္ဖန္နရုပ်တို့၏ အခြားရနိုင်သော အမည်များကို ရေးသား၍ (က) ဇာတိရုပ် (ခ) အကြောင်းတရားလေးပါးကြောင့်ဖြစ်သောရုပ် (ဂ) အကြောင်းတရားလေးပါးကြောင့်မဖြစ်သောရုပ်တို့ ကိုလည်း ထုတ်ပြပါ။ | အနိပ္ဖန္နရုပ်တို့၏ အခြားရနိုင်သော အမည်များမှာ- - အသဘာဝရုပ်၊ - အလက္ခဏရုပ်၊ - အရူပရုပ်၊ - အသမ္မသနရုပ် တို့ဖြစ်ပါသည်။ (က) ဇာတိရုပ် - ဥပစယရုပ်နှင့် သန္တတိရုပ် (၂)ပါး (ခ) အကြောင်းတရား လေးပါးကြောင့် ဖြစ်သောရုပ်- - မဟာဘုတ်ရုပ် ၄-ပါး - ၀ဏ္ဏရုပ် ၁-ပါး - ဂန္ဓရုပ် ၁-ပါး - ရသရုပ် ၁-ပါး - သြဇရုပ် ၁-ပါး - အာကာသဓာတ်ပရိစ္ဆေဒရုပ် ၁-ပါး ပေါင်း ၉-ပါး (ဂ) အကြောင်းတရား လေးပါးကြောင့် မဖြစ်သောရုပ် - လက္ခဏရုပ် ၄-ပါး တို့ဖြစ်ပါသည်။ |
7 | 1 | 1997 | သမုစ္စည်းပိုင်း၌ ပြဆိုအပ်သော ရ၂-ပါးသော တရားတို့ကို ရေတွက်ပြ၍၊မကောင်းမှု ဒုစရိုက် လွန်ကျူးရန် တွန်းအားပေးသော အကြောင်းတရား များကိုလည်း တရားကိုယ်နှင့်တကွ ဖော်ပြပါ။ | သမုစ္စည်းပိုင်း၌ ပြဆိုအပ်သော ရ၂-ပါးသော တရားတို့မှာ- ၁။ စိတ် ၁-ပါး ၂။ စေတသိက် ၅၂-ပါး ၃။ နိပ္ဖန္နရုပ် ၁၈-ပါး ၄။ နိဗ္ဗာန် ၁-ပါး ပေါင်း ရ၂-ပါး ဟူသော ဝတ္တုဓမ္မတရားတို့ ဖြစ်ကြပါသည်။ မကောင်းမှု ဒုစရိုက် လွန်ကျူးရန် တွန်းအားပေးသော အကြောင်းတရားများမှာ- (၁) လောဘဟိတ် - လောဘ (၂) ဒေါသဟိတ် - ဒေါသ (၃) မောဟဟိတ် - မောဟ |
8 | 1 | 1997 | အောက်ပါတရားများကို ဖော်ပြပါ။ (က) ဇာတိ၏အကျိုးဆက်၊ အကျိုးရင်းတရား (ခ) အိုနာသေဝဋ်ဒုက္ခမှ ကင်းဝေးရန် ပယ်သတ်ရမည့်တရား (ဂ) ရဟန္တာမှတစ်ပါး အခြားပုဂ္ဂုလ်များအား အနာဂတ် ဘဝ၌ မလွဲဧကန် တွေ့ကြံုရမည့်တရား | (က) ဇာတိ၏အကျိုးဆက်တရားများ - သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဇာတိ၏အကျိုးရင်းတရားများ - ဇရာ၊ မရဏ (ခ) အို၊ နာ၊သေ ၀ဋ်ဒုက္ခမှ ကင်းဝေးရန် ပယ်သတ်ရမည့်တရား - အဝိဇ္ဇာ နှင့် တဏှာဟူသော မူလတရား ၂-ပါး (ဂ) ရဟန္တာမှတစ်ပါး အခြားပုဂ္ဂိုလ်များအား အနာဂတ် ဘဝ၌ မလွဲဧကန် တွေ့ကြံုရမည့်တရား - (ဥပပတ္တိဘဝ) ဇာတိ၊ ဇရာ-မရဏ (တစ်နည်း) - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ |
9 | 1 | 1997 | ဝိတက်များ၍ အိပ်မပျော်သောသူအားသင့်လျော်သည့် ကမ္မဋ္ဌာန်းကို ညွှန်ကြား၍ မောဟစရိုက်၊ ဝိတက်စရိုက် ရှိသူတို့ပွားများသင့်သော ကသိုဏ်းဝန်းပမာဏကို ဖော်ပြခဲ့ပါ။ | ဝိတက်များ၍ အိပ်မပျော်သောသူအား သင့်လျော်သည့် ကမ္မဋ္ဌာန်းမှာ - အာနာပါနဿတိ ကမ္မဋ္ဌာန်းဖြစ်ပါသည်။ မောဟစရိုက်ရှိသူအတွက် ကသိုဏ်းဝန်းပမာဏမှာ - ကောက်နယ်တလင်းခန့် ပမာဏရှိသော ကြီးမားသည့် ကသိုဏ်းဝန်းဖြစ်ပါသည်။ ဝိတက်စရိုက်ရှိသူအတွက် ကသိုဏ်းဝန်းပမာဏမှာ - အိုးဝ ခွက်ဝက်ခန့် ပမာဏရှိသော ကြီးမားသည့် ကသိုဏ်းဝန်းဖြစ်ပါသည်။ |
1 | 2 | 1997 | စိတ်အကျဉ်း ၈၉ပါးတွင် "အသင်္ခါရိက၊ သသင်္ခါရိက" ဟူ၍ ကျမ်းရင်း၌ ပြဆိုမထားသော စိတ်များကို ဇာတိဘေဒအားဖြင့် သိသာရုံမျှ ရေတွက်ပြ၍ "၀ုဋ္ဌော" ဟူသောအမည်ကို ရသည့်စိတ် ကိုလည်း ဖော်ပြပါ။ | စိတ်အကျဉ်း ၈၉ပါးတွင် "အသင်္ခါရိက၊ သသင်္ခါရိက" ဟူ၍ ကျမ်းရင်း၌ ပြဆိုမထားသော စိတ်များကို ဇာတိဘေဒနည်းအားဖြင့် ရေတွက်ပြရသော် - အကုသိုလ်စိတ်တွင် မောဟမူစိတ် ၂ ပါး - ကုသိုလ်စိတ်တွင် (မဟာကုသိုလ် ၈ပါးကြဉ်) ကြွင်းသောကြိယာစိတ်များ ၁၃ ပါး - ဝိပါက်စိတ်တွင် (မဟာဝိပါက် ၈ပါးကြဉ်) ကြွင်းသောဝိပါက်စိတ်များ ၂၈ ပါး - ကြိယာစိတ်တွင် (မဟာကြိယာ ၈ပါးကြဉ်) ကြွင်းသောကြိယာစိတ်များ ၁၂ ပါး စိတ်အကျဉ်း ၈၉ပါးတွင် "အသင်္ခါရိက၊ သသင်္ခါရိက" ဟူ၍ ပြဆိုမထားသော စိတ်ပေါင်း ၅၅ ပါး ဖြစ်ပါသည်။ "၀ုဋ္ဌော" ဟူသောအမည်ကို ရသည့်စိတ် - မနောဒွါရာဝဇ္ဇန်းစိတ် ၁ပါး ဖြစ်ပါသည်။ |
2 | 2 | 1997 | "လုံ့လမကူ ညဏ်မကူဘဲ" ဟူသော စကား၌ "လု့ံလ ဉာဏ်" ဟု ညွှန်ပြအပ်သော စေတသိက် အမည်မှန်တို့ကို ဖော်ပြ၍ ယင်းစေတသိက်တို့၏ ယှဉ်နိုင်သော စိတ်သရုပ်တို့ကိုလည်း အသီးသီး ထုတ်ဖော်ပြပါ။ | "လုံ့လမကူ ညဏ်မကူဘဲ" ဟူသော စကား၌ "လုံ့လ" ဟု ညွှန်ပြအပ်သော စေတသိက်အမည် - ၀ီရိယ စေတသိက် "ဉာဏ်" ဟု ညွှန်ပြအပ်သော စေတသိက်အမည် - ပညိန္ဒြေ (အမောဟ) စေတသိက် ယင်း ဝိရိယစေတသိက်နှင့် အတူတကွဖြစ်သော စိတ်သရုပ်မှာ - ၁။ အကုသိုလ်စိတ် = ၁၂-ပါး ၂။ ဟသိတုပ္ပါဒ်စိတ် = ၁-ပါး ၃။ %မနောဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး ၄။ ကာမသောဘနစိတ် = ၂၄-ပါး ၅။ မဟဂ္ဂုတ်စိတ် = ၂၇-ပါး ၆။ လောကုတ္တရာစိတ် = ၈-ပါး(ကျဉ်း) \ ၄၀-ပါး (ကျယ်) ပေါင်း ၀ီရိယယှဉ်သောစိတ် - ရ၃-ပါး (ကျဉ်း) \ ၁၀၅-ပါး (ကျယ်) တို့ဖြစ်ကြပါသည်။ "ပညိန္ဒြေ" စေတသိက်နှင့် ယှဉ်သောစိတ်တို့ကို အကျဉ်းသင်္ချာမျှ ဖော်ထုတ်ရေးပြရသော် - ၁။ ကာမသောဘန ဉာဏသမ္မယုတ်စိတ် = ၁၂-ပါး ၂။ မဟဂ္ဂုတ်စိတ် =၂၇-ပါး ၃။ လောကုတ္တရာစိတ် = ၈-ပါး (ကျဉ်း) \ ၄၀-ပါး (ကျယ်) ပေါင်း ပညာယှဉ်သောစိတ် - ၄၇-ပါး (ကျဉ်း) \ ရ၉-ပါး (ကျယ်) |
3 | 2 | 1997 | စိတ်တို့၏ လုပ်ငန်းကိစ္စများစွာရှိရာတွင် နှစ်ကိစ္စကိုသာ ဆောင်ရွက်သော စိတ်တို့ကို ဆိုင်ရာ ကိစ္စနှင့် တွဲစပ်ဖော်ပြ၍ ဒွါရခြောက်ပါး၌ ရံခါဖြစ်၍၊ ရံခါမဖြစ်သော စိတ်များကိုလည်းညွှန်ပြပါ။ | နှစ်ကိစ္စကိုသာ ဆောင်ရွက်သော စိတ်တို့ကို ဆိုင်ရာ ကိစ္စနှင့် တွဲစပ်ဖော်ပြရသော်- (၁) အဟိတ်ကုသလဝိပါက်သောမနဿသန္တီရဏစိတ် - သန္တီရဏကိစ္စ + တဒါရုံကိစ္စ (၂) မနောဒွါရာဝဇွန်းစိတ် - ၀ုဋ္ဌောကိစ္စ+ အာဝဇ္ဇန်းကိစ္စ ဒွါရခြောက်ပါး၌ ရံခါဖြစ်၍၊ ရံခါမဖြစ်သော စိတ်များမှာ- (၁) ဥပေက္ခာသန္တီရဏစိတ်= ၂-ပါး (၂) မဟာဝိပါက်စိတ်= ၈-ပါး တို့ဖြစ်ပါသည်။ (၁) ဥပေက္ခာသန္တီရဏစိတ် ၂-ပါးသည်- (သန္တီရဏကိစ္စနှင့် တဒါရုံကိစ္စ)တပ်ခိုက် ဒွါရခြောက်ပါးဖြစ်ပြီး၊ (ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ)တပ်ခိုက် ဒွါရခြောက်ပါးမှ လွတ်ပါသည်။ (၂) မဟာဝိပါက်စိတ် ၈-ပါးသည်- (တဒါရုံကိစ္စ)တပ်ခိုက် ဒွါရခြောက်ပါး၌ဖြစ်ပြီး၊ (ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ)တပ်ခိုက် ဒွါရခြောက်ပါးမှ လွတ်ပါသည်။ |
4 | 2 | 1997 | ဓမ္မကထိကဆရာတော်၏ တရားသံကို ကြားနာ နေသော ဗုဒ္ဓဘာသာတစ်ဦး သန္တာန်၌ ဖြစ်ပေါ် လာသော စိတ်တို့၏ဖြစ်စဉ်ကို ဖော်ပြပါ။ | ဓမ္မကထိကဆရာတော်၏ တရားသံကို ကြားနာ နေသော ဗုဒ္ဓဘာသာတစ်ဦး သန္တာန်၌ ဖြစ်ပေါ် လာသော စိတ်တို့၏ဖြစ်စဉ်ကို ဖော်ပြရသော်- အတိဣဋ္ဌ-သဒ္ဒါရုံဖြစ်၍ - အတီတဘွင်-၁-ကြိမ် - ဘဝင်္ဂစလန- ၁-ကြိမ် - ဘဝင်္ဂုစပ္ဆေဒ- ၁-ကြိမ် - ပဉ္စဒွါရာဝဇ္ဇန်း- ၁-ကြိမ် - အဟိတ်ကုသလဝိပါက် သောတဝိညာဏ်-၁-ကြိမ် -အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း-၁-ကြိမ် - အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ-၁-ကြိမ် - ၀ုဋ္ဌော- ၁ကြိမ် - ကာမဇော(ယောနိသော မနသိကာရဖြစ်၍) မဟာကုသိုလ်ဇော -၇-ကြိမ် - (အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ-၁+ မဟာဝိပါက် သောမနဿ-၄) ပေါင်း သောမနဿ တဒါရုံ ၅-ပါးမှ တစ်ပါးပါး -၂-ကြိမ် - ထို့နောက် ဘဝင်အများ၊ ဤဝီထိသည် တဒါရမ္မဏဝါရ သောတဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။ |
5 | 2 | 1997 | ကမ္မဒွါရ၏ အစွမ်းဖြင့်ဖြစ်သော ကုသိုလ်ကံ ၃-မျိုးကို ရေးသားပြီး ထိုကံတို့၏ အကြောင်းတရားနှင့် အကျိုးပေးတရားဘုံတို့ကိုလည်း ပဋိသန္ဓေ၊ ပဝတ္တိအားဖြင့် ပြည့်စုံစွာ ဖော်ပြပါ။ | ကမ္မဒွါရ၏ အစွမ်းဖြင့်ဖြစ်သော ကုသိုလ်ကံ ၃-မျိုးမှာ- (က) ကာယဒ္ဓါရ၌ အဖြစ်များသော ကာယကံ - အကုသိုလ် ၃-ပါး (ပါဏာတိပါတ၊ အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ) (ခ) ၀စီဒွါရ၌ အဖြစ်များသော ၀စီကံ - အကုသိုလ်၄-ပါး ( မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ) (ဂ) မနောဒါွရ၌ အဖြစ်များသော မနောကံ - အကုသိုလ် ၃-ပါး (အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆဒိဋ္ဌိ) တို့ဖြစ်ကြပါသည်။ အကုသိုလ်ကံတို့၏ အကြောင်းတရားများ (၁) ပါဏာတိပါတ၊ ဖရုသဝါစာ နှင့် ဗျာပါဒသည် ဒေါသမူလတရား (၂) ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ နှင့် မိစ္ဆာဒိဋ္ဌိသည် လောဘမူလတရား (ဂ) အဒိန္နာဒါန၊ မုသာဝါဒ၊ ဝိသုဏဝါစာ၊ သမ္ဖပ္ပလာပသည် ရံခါ လောဘမူလ၊ ရံခါ ဒေါသမူလကြောင့် ဖြစ်ပါသည်။ အကုသိုလ်ကံတို့၏ အကျိုးပေးရာဘုံ- ပဋိသန္ဓေအခါ ဥဒ္ဓစ္စမှတစ်ပါးသော အကုသိုလ်ကံ ၁၁-ပါးသည် အပါယ်လေးဘုံ၌ ပဋိသန္ဓေအကျိုးပေး ပါသည်။ ပဝတ္တိအခါ ဥဒ္ဓစ္စနှင့်တကွ အကုသိုလ်ကံ ၁၂-ပါးလုံးသည် - ကာမ ၁၁-ဘုံ၊ - အသညသတ်ကြဉ်သော - ရူပ ၁၅-ဘုံ၊ ပေါင်း ၂၆-ဘုံ၌ ပဝတ္တိအကျိုးကို ထိုက်သည့်အားလျော်စွာ ပေးပါသည်။ |
6 | 2 | 1997 | ဂဗ ္ဘသေယျက လူသတ္တဝါများ ပဋိသန္ဓေအခါ၊ ပဝတ္တိအခါတို့၌ ရနိုင်သော ရုပ်ကလာပ်တို့ကို ဖြေဆို၍ အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရုပ်ဖြစ်ကြောင်းတရားများနှင့် ရုပ်တရားတို့ကို သင်္ဂဟနှင့်အညီ ဖြေဆိုပါ။ | ဂဗ ္ဘသေယျက လူသတ္တဝါများ ပဋိသန္ဓေအခါ ရနိုင်သော ရုပ်ကလာပ်များမှာ- (ကလလရေကြည်) ကမ္မဇရုပ်ကလာပ် ၃-စည်း ဖြစ်သော (၁) ကာယဒသကကလာပ် (၂) ဘာဝဒသကကလာပ် (၃) ဝတ္ထုဒသကကလာပ် တို့ဖြစ်ပါသည်။ ပဝတ္တိအခါ ရနိုင်သော ရုပ်ကလာပ်များမှာ- (၁) ကမ္မဇကလာပ် ၈-စည်း (ဇီဝိတနဝကကလာပ်သီးခြားမရပါ) (၂) စိတ္တဇကလာပ် ၆-စည်း (၃) ဥတုဇကလာပ် ၄-စည်း (၄) အာဟာရဇကလာပ် ၂-စည်း ပေါင်း ၂၀- စည်း ဖြစ်ပါသည်။ ( မှတ်ချက်။ ကျား-မ ခွဲခြားပါက ကမ္မဇကလာပ် ၈-စည်းမှ ယောက်ျားဖြစ်လျှင် ပုမ္ဘာဝဒသက ကလာပ်၊ မိန်းမဖြစ်လျှင် ဣတ္ထိဘာဝဒသက ကလာပ်ကိုသာယူပြီး ကမ္မဇကလာပ် ရ-စည်းသာ ရပါမည်။) အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရုပ်ဖြစ်ကြောင်း တရားများမှာ- ကံ၊ စိတ်၊ ဥတု တို့ဖြစ်ကြပါသည်။ ရနိုင်သောရုပ်များမှာ- (က) အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရထိုက်သောရုပ်များမှာ- - မဟာဘုတ်ရုပ် ၄-ပါး - စက္ခုပသာဒ၊ သောတပသာဒရုပ် ၂-ပါး - ဂေါစရရုပ် (၀ဏ္ဏ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ) ၄-ပါး - ဟဒယရုပ် ၁-ပါး - ဇီဝိတရုပ် ၁-ပါး - အာဟာရရုပ် (သြဇ) ၁-ပါး - အာကာသဓာတ်ပရိစ္ဆေဒရုပ် ၁-ပါး - ဝိညတ်ရုပ် ၂-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၂၃-ပါး ဖြစ်ပါသည်။ (ခ) အသညသတ်ဘုံ၌ ရထိုက်သောရုပ်များ - မဟာဘုတ်ရုပ် ၄-ပါး - ဂေါစရရုပ် (၀ဏ္ဏ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ) ၃-ပါး - ဇီဝိတရုပ် ၁-ပါး - အာဟာရရုပ် (သြဇ) ၁-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၁၇-ပါး ဖြစ်ပါသည်။ |
7 | 2 | 1997 | ကာမဘုံသားသတ္တဝါများ၏ ဘဝကို မလှှုပ်ရှား နိုင်အောင် ချည်နှောင်ထားသောသံယောဇဉ် ကြိုး၅-မျိုးကို ဖော်ပြ၍ သူခိုးဓားပြတို့၌ ဖြစ်လေ့ဖြစ်ထရှိသော ဗလစွမ်းအားတို့ကိုလည်း တရားကိုယ်နှင့်တကွ ရေးခဲ့ပါ။ | ကာမဘုံသားသတ္တဝါများ၏ ဘဝကို မလှှုပ်ရှား နိုင်အောင်ချည်နှောင်ထားသော သံယောဇဉ် ကြိုး၅-မျိုးမှာ- (၁) ကာမရာဂသံယောဇဉ် (၂) ပဋိဃသံယောဇဉ် (၃) ဒိဋ္ဌိသံယောဇဉ် (၄) သီလဗ္ဗတပရာမာသသံယောဇဉ် (၅) ဝိစိကိစ္ဆာသံယောဇဉ် ဟူသော သြရမ္ဘာဂိယသံယောဇဉ် ၅-ပါးတို့ဖြစ်ကြပါသည်။ သူခိုးဓားပြတို့၌ ဖြစ်လေ့ဖြစ်ထရှိသော ဗလစွမ်းအားတို့ကိုလည်း တရားကိုယ်နှင့်တကွ ရေးပြရသော်- (၁) ၀ီရိယဗိုလ် - အကုသိုလ်စိတ် ၁၂-ပါး၌ယှဉ်သော ၀ီရိယစေတသိက် (၂) သမာဓိဗိုလ် - ဝိစိကိစ္ဆာကြဉ် အကုသို်လ်စိတ် ၁၁-ပါး၌ ယှဉ်သော ဧကဂ္ဂတာ စေတသိက် (၃) အဟိရိကဗိုလ် - အကုသိုလ်စိတ် ၁၂-ပါး၌ယှဉ်သော အဟိရိကစေတသိက် (၄) အနောတ္တပ္ပဗိုလ် - အကုသိုလ်စိတ် ၁၂-ပါး၌ယှဉ်သော အနောတ္တပ္ပစေတသိက် တို့ဖြစ်ပါသည်။ |
8 | 2 | 1997 | နာမ်တရားသည် နာမ်၊ရုပ်တရား နှစ်ပါးအား ကျေးဇူးပြုသော ပစ္စည်းများကို ဖော်ပြ၍ “အာရမ္မဏာဓိပတိပစ္စည်း” ကျေးဇူးပြုပုံကိုလည်း ကြောင်းကျိုး ပေါ်လွင်အောင် ဖြေဆိုခဲ့ပါ။ | နာမ်တရားသည် နာမ်၊ရုပ်တရား နှစ်ပါးအား ကျေးဇူးပြုသောပစ္စည်းများမှာ- - ဟေတုပစ္စည်း၊ - ကမ္မပစ္စည်း၊ - ဝိပါကပစ္စည်း၊ - ဈာနပစ္စည်း၊ - မဂ္ဂပစ္စည်း ပေါင်း ၅-ပစ္စည်းဖြစ်ပါသည်။ “အာရမ္မဏာဓိပတိပစ္စည်း” ကျေးဇူးပြုပုံ “အာရမ္မဏာဓိပတိပစ္စည်း” ဟူသည် သာမန်အာရုံမျှ မကဘဲ စိတ်၊ စေတသိက်တရားတို့ကို အာရုံ သဘောအားဖြင့် လွှမ်းမိုးအစိုးရ၍ ကျေးဇူးပြုသော ပစ္စည်းဖြစ်၏။ ၎င်း၏ ကျေးဇူးပြုပုံကို ကြောင်းကျိုးပေါ်လွင်အောင် ဖြေဆိုရသော်- အလေးအမြတ်ပြုအပ်သော ဣဋ္ဌဖြစ်သော - နိပ္ပန္နရုပ် ၁၈-ပါး - (ဒေါသမူဒ္ဓေ၊ မောဟမူဒွေး၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်တို့ကြဉ်သော) စိတ် ၈၄-ပါး၊ - (ဒေါသ၊ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာကြဉ်သော) စေတသိက် ၄၇-ပါး၊ - နိဗ္ဗာန် ဤပစ္စည်းတရားတို့သည် အလေးအမြတ်ပြုအပ်သော - (လောဘမူစိတ်-၈၊ မဟာကုသိုလ်-၈၊ မဟာကြိယာဉာဏသမ္ပယုတ်-၄၊ လောကုတ္တရာ-၈)ပေါင်း စိတ်၂၈-ပါး၊ - (ဒေါသ၊ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ အပ္ပမညာဒွေးကြဉ်) စေတသိက် ၄၅-ပါး ဤပစ္စယုပ္ပန်တရားတို့အား အာရမ္မဏာဓိပတိသတ္တိဖြင့် ကျေးဇူးပြုပါသည်။ |
9 | 2 | 1997 | ပထမစျာန်ရစေနိုင်သောကမ္မဋ္ဌာန်းများကို ဖော်ပြ၍ နိမိတ် ၃ ပါးနှင့် ဘာဝနာ ၃ပါးကိုလည်း မမှားအောင် တွဲစပ်ပြပါ။ | ပထမစျာန်ရစေနိုင်သောကမ္မဋ္ဌာန်းများမှာ ၁။ ကသိုဏ်း ၁၀ ပါး ၂။ အသုဘ ၁၀ ပါး ၃။ ကာယဂတိသတိ ၁ ပါး ၄။ အာနာပါနဿတိ ၁ ပါး ၅။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ၃ ပါး ပေါင်း ၂၅ ပါး နိမိတ် ၃ ပါးနှင့် ဘာဝနာ ၃ပါးကိုတွဲစပ်ပြရသော် - ပရိကမ္မနိမိတ် = ပရိကမ္မဘာဝနာ - ဥဂ္ဂဟနိမိတ် = ရှေးကထက် တည်ကြည်၍ သမာဓိရသော ပရိကမ္မဘာဝနာ - ပဋိဘာဂနိမိတ် = ဥပစာရ၊ အပ္ပနာဘာဝနာ |
1 | 3 | 1997 | လောကီ၊ လောကုတ္တရာစိတ်အပေါင်း၌ ပထမစျာန်စသော စိတ်ကို မည်မျှစီ ရှိကြသည်ကို သင်္ချာမျှ အသီးသီးဖော်ပြ၍၊ စျာန်၏အစိတ်အပိုင်းဖြစ်သော တရားများကား အဘယ်သို့ပါနည်း၊ ဖြေဆိုပါ။ | လောကီ၊ လောကုတ္တရာစိတ်အပေါင်း၌ ပထမစျာန် စသောစိတ်တို့ မည်မျှစီရှိကြသည်ကို သင်္ချာမျှ အသီးသီးဖော်ပြရသော် - လောကီ + လောကုတ္တရာ = ပေါင်း - ပထမစျာန်စိတ် ၃ပါး + ၈ပါး = ၁၁ပါး - ဒုတိယစျာန်စိတ် ၃ပါး + ၈ပါး = ၁၁ပါး - တတိယစျာန်စိတ် ၃ပါး + ၈ပါး = ၁၁ပါး - စတုတ္ထစျာန်စိတ် ၃ပါး + ၈ပါး = ၁၁ပါး - ပဉ္စမစျာန်စိတ် ၁၅ပါး + ၈ပါး = ၂၃ပါး ပေါင်းစျာန်စိတ် ၂၇ပါး + ၄၀ပါး = ၆၇ပါး စျာန်၏ အစိတ်အပိုင်းဖြစ်သော တရားများမှာ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တရားများ ဖြစ်ပါသည်။ |
2 | 3 | 1997 | "အကုသိုလ်၏ အပေါင်းအဖော်" ဟုဆိုအပ်သော အကုသိုလ်စိတ် ဖြစ်တိုင်း ပါဝင်ကြသည့် စေတသိက်များကို ဖော်ပြ၍၊ (က) စိတ်အနည်းဆုံးနှင့် ယှဉ်နိုင်သော စေတသိက်၊ (ခ) စေတသိက် အနည်းဆုံးနှင့် ယှဉ်နိုင်သောစိတ် တို့ကို ဖော်ပြပါ။ | "အကုသိုလ်၏ အပေါင်းအဖော်" ဟုဆိုအပ်သော အကုသိုလ်စိတ် ဖြစ်တိုင်း ပါဝင်ကြသည့် စေတသိက်များမှာ ၁။ သဗ္ဗစိတ္တသာဓာရဏ စေတသိက် = ရ-ပါး ၂။ ဝိတက် စေတသတက် = ၁-ပါး ၃။ ဝိစာရ စေတသိက် = ၁-ပါး ၄။ ၀ီရိယ စေတသိက် = ၁-ပါး ၅။ သဗ္ဗာကုသလ သာဓာရဏ စေတသိက် = ၄-ပါး ပေါင်း စေတသိက် = ၁၄-ပါး ဖြစ်ပါသည်။ (က) စိတ်အနည်းဆုံးနှင့် ယှဉ်သော စေတသိက် - ဝိစိကိစ္ဆာစေတသိက် ဖြစ်ပါသည်။ (ဝိစိကိစ္ဆာစေတသိက်သည် ဝိစိကစ္ဆာသမ္ပယုတ်စိတ် ၁-ပါး နှင့်သာ ယှဉ်၏) (ခ) စေတသိက် အနည်းဆုံးနှင့် ယှဉ်သောစိတ် - ဒွေပဉ္စဝိညာဏ် ၁၀-ပါး ဖြစ်ပါသည်။ (ဒွေပဉ္စဝိညာဏ် ၁၀-ပါးသည် သဗ္ဗစိတ္တဓာရဏ စေတသိက် ရ-ပါး နှင့်သာ ယှဉ်၏) |
3 | 3 | 1997 | အကောင်းအဆိုး အာရုံမျိုးစုံကို တွေ့မရှောင်ဘဲ အာရုံပြုနိုင်သောစိတ်များကို ထုတ်ဖော်ပြု၍၊ “မနောဓာတ်” အမည်တပ်ရသော စိတ် တို့ကိုလည်း မှီရာဝတ္တုနှင့်တကွ ဖော်ပြပါ။ | အကောင်းအဆိုး အာရုံမျိုးစုံကို တွေ့မရှောင်ဘဲ အာရုံပြုနိုင်သောစိတ်များမှာ အလုံးစုံကို အာရုံပြုနိုင်သောစိတ် ၆-ပါး ဖြစ်သည့်- (၁) မနောဒွါရာဝဇ္ဇန်း ၁-ပါး (၂) မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄-ပါး (၃) ကြိယာအဘိညာဉ်စိတ် ၁-ပါး တို့ဖြစ်ပါသည်။ “မနောဓာတ်” အမည် တပ်ရသော စိတ် တို့ကိုလည်း မှီရာဝတ္တုနှင့်တကွဖော်ပြရသော်- (၁) ပဉ္စွဒွါရာဝဇ္ဇန်းစိတ်= ဟဒယဝတ္တုကို အမြဲမှီ၏။ (၂) သမ္ပဋိစ္ဆိုင်းဒွေး= ဟဒယဝတ္တုကို အမြဲမှီ၏။ |
4 | 3 | 1997 | ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ”အမည်ရသော စိတ်တို့ကို ဖော်ပပြြီး သောမနဿဖြင့် ပဋိသန္ဓေနေခဲ့သောပုဂ္ဂိုလ်၏ ဒေါသဇောနောင် (က) ဖြစ်သင့်သောစိတ် (ခ) ထိုစိတ်၏အမည် (ဂ) ထိုစိတ်၏ အာရုံတို့ကိုလည်း ဖြေဆိုပါ။ | “ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ”အမည်ရသော စိတ်တို့ကို ဖော်ပြရသော်- မဟာကုသိုလ်-ကြိယာဉာဏသမ္ပယုတ်စိတ် ၈-ပါး တို့ ဖြစ်ပါသည်။ သောမနဿဖြင့် ပဋိသန္ဓေနေခဲ့သော ပုဂ္ဂိုလ်၏ ဒေါသဇောနောင်- (က) ဖြစ်သင့်သောစိတ် - ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ၂ပါး (ခ) ထိုစိတ်၏ အမည် - အာဂန္တုကဘဝင်စိတ် (ဂ) ထိုစိတ်၏အာရုံ - ရှေးကအလေ့အလာများသော ကာမအာရုံ တစ်ပါးပါး တို့ဖြစ်ပါသည်။ |
5 | 3 | 1997 | ဘုရားတည်၊ ကျောင်းဆောက်၊ ရှင်ပြု ရဟန်းခံ စသည်ကို ပြုလုပ်သဖြင့် ရရှိသော ကုသိုလ်ကံသည် မည်သည့်ဘဝ၌ မည်သည့် အကျိုးဝိပါက်များကို ရရှိစေနိုင်ပါသနည်း။ | ဘုရားတည်၊ ကျောင်းဆောက်၊ ရှင်ပြု ရဟန်းခံ စသည်ကို ပြုလုပ်သဖြင့် ရရှိသော ကုသိုလ်ကံသည် ဒါနကုသိုလ် (တစ်နည်း) မဟာကုသိုလ်စေတနာ ၈-ပါးမှ တစ်ပါးပါး ဖြစ်ပါသည်။ ဤကာမကုသိုလ်ကံ၏ အကျိုးပေးပုံမှာ- - ပဋိသန္ဓေအခါ ကာမသုဂတိ ရ-ဘုံ၌.. - မဟာဝိပါက်စိတ် ၈-ပါးနှင့် - အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ် ၁-ပါး၊ ပေါင်း ၉-ပါးတို့ကို ပေးပါသည်။ ပဝတ္တိအခါ ကာမ ၁၁-ဘုံနှင့် အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံတို့၌ - မဟာဝိပါက်စိတ် ၈-ပါးနှင့် - အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး ပေါင်း ၁၆-ပါးတို့ကို ထိုက်သင့်သည့် အားလျော်စွာ ပေးပါသည်။ |
6 | 3 | 1997 | ပဋိသန္ဓေအခါ မရနိုင်သော ရုပ်တရားများကို ရေးသား ဖြေဆို၍ အဘယ်အရာကို အဘယ်ကြောင့် နိဗ္ဗာန်ဟု ခေါ်ပါသနည်း၊ သင်္ဂဟအလိုကျ ဖြေဆိုပါ။ | ပဋိသန္ဓေအခါ မရနိုင်သော ရုပ်တရားများမှာ- - သဒ္ဒရုပ် ၁-ပါး - ဝိညတ်ရုပ် ၂-ပါး - လဟုတာဒိရုပ် ၃-ပါး - ဇရတာရုပ် ၁-ပါး - အနိစ္စတာရုပ် ၁-ပါး ပေါင်း ၈-ပါး ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် ဖြစ်သူတိုင်း တောင့်တသော နိဗ္ဗာန်ဟူသည်- - တဏှာကုန်ခန်းခြင်းသဘော၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းသဘောတရားကို ခေါ်ပါသည်။ - လပြည့်ဝန်းကို မျက်စိဖြင့် ဒိဋ္ဌပစ္စက္ခ မြင်ရသလို မဂ်ဉာဏ် ၄-ပါးတည်းဟူသော ဓမ္မစက္ခုဖြင့် ဒိဋ္ဌပစ္စက္ခမြင်အပ်၊ မျက်မှောက်ပြုအပ်၏။ - မဂ်၊ ဖိုလ်၊ ဂေါတြဘူ၊ ဝေါဒါန်၊ အာဝဇ္ဇန်း၊ ပစ္စဝေက္ခဏာဇောတို့၏ အာရုံဖြစ်၏ - လောကုတ္တရာဇာတ်ဖြစ်၍ - တဏှာ၏ အာရုံ ပြုမခံရသော တရား ဖြစ်၏။ နိဗ္ဗာန်၏ သဘောလက္ခဏာ ငြိမ်းအေးခြင်း သန္တိလက္ခဏာ ရှိ၏။ (တစ်နည်း) လောကုတ္တရာဟု ဆိုအပ်သော လေးပါးသော မဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော၊ မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော၊ နိဗ္ဗာန်ကို ၀ါန-ဟုဆိုအပ်သော၊ တဏှာမှ ထွက်မြောက် တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်ဆိုအပ်ပါသည်။ |
7 | 3 | 1997 | ဒုစရိုက်သမားတစ်ဦး၏ ဒုစရိုက်လုပ်ငန်းအပေါ်၌ စိတ်စူးစိုက်နေစဉ် ငြိမ်သက် တည်ကြည်မှုကို “သမာဓိ” ဟုခေါ်နိုင် မခေါ်နိုင်တရားကိုယ် ထောက်၍ ဆုံးဖြတ်ပြီးလျှင် ဈာန်ရအရိယာ ပုဂ္ဂိုလ်များမဖြစ်နိုင်သော ဗောဓိပက္ခိယတရား များကိုလည်း ထင်ရှားပေါ်လွင်အောင် ဖော်ပြပါ။ | ကောင်းသောကုသိုလ်အာရုံ၌ဖြစ်စေ၊ မကောင်းသော အကုသိုလ်အာရုံ၌ဖြစ်စေ စိတ်စူးစိုက်နေမှုကို ဈာန်ဟုခေါ်၍၊ ထိုသို့ စူးစိုက်နေစဉ် ငြိမ်သက်တည်ကြည်မှုသည် “သမာဓိ” ခေါ် “ဧကဂ္ဂတာ” ဈာန်အင်္ဂါ၏သဘော သတ္တိကြောင့်ဖြစ်ပါသည်။ တရားကိုယ်အားဖြင့် - ဒွေပဉ္စဝိညာဉ် ၁၀- ကြဉ်သော စိတ် ရ၉-ပါး၌ယှဉ်သည့် ဧကဂ္ဂတာစေတသိက်သည် ဈာနင်ကိစ္စ တပ်ပါသည်။ ဒုစရိုက်သမားတစ်ဦး၏ ဒုစရိုက်လုပ်ငန်းအပေါ်၌ စိတ်စူးစိုက်နေစဉ် “ အကုသိုလ်ဈာန်” ဖြစ်၍၊ ထိုအခိုက် ငြိမ်သက်တည်ကြည်မှု “အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော ဧကဂ္ဂတာစေတသိက်”သည် ဈာန်အင်္ဂါ ထိုက်သောကြောင့် “သမာဓိ” ဟုခေါ်နိုင်ပါသည်။ ဈာန်ရပြီးသော (က) အောက်အောက်အရိယာပုဂ္ဂိုလ်များ မဖြစ်နိုင်သော ဗောဓိပက္ခိယတရားများမှာ- မိမိတို့ရရှိပြီးအောက်အောက် မဂ်၊ ဖိုလ်တရားတို့ ရရှိခြင်း၏ အခြေခံ အကြောင်းတရားများဖြစ်သည့်- (၁) ဆန္ဒိဒ္ဓိပါဒ် (၂) စိတ္တိဒ္ဓိိပါဒ် (၃) ၀ီရိယိဒ္ဓိပါဒ် (၄) ၀ီမံသိဒ္ဓိပါဒ် ဟူသော “ဣဒ္ဓိပါဒ် ၄-ပါး” တို့ ထပ်မံပွားများရန် မလိုသောကြောင့် မဖြစ်နိုင်ပါ။ ဈာန်ရပြီးသော (ခ) ရဟန္တာပုဂ္ဂိုလ်ဖြစ်က အထက်ပါ “ဣဒ္ဓိပါဒ် ၄-ပါး” အပြင်- (၁) ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း၊ (၂) မဖြစ်သေးသော အကုသိုလ်တရား တို့ကို မဖြစ်ခြင်းငှာ အားထုတ်ခြင်း။ (၃) မဖြစ်သေးသော ကုသိုလ်တရား တို့ကို ဖြစ်ထွန်းစေခြင်းငှာ အားထုတ်ခြင်း။ (၄) ဖြစ်ပြီးသော ကုသိုလ်တရား တို့ကို ခိုင်ခန့် တိုးပွားမြဲစေခြင်းငှာ အားထုတ်ခြင်း ဟူသော “သမ္မပ္ပဓာန် ၄-ပါး” တို့လည်းမဖြစ်နိုင်ပါ။ |
8 | 3 | 1997 | ပညတ်နှစ်မျိးကို အဓိပ္ပါယ်နှင့်တကွ ဖော်ပြ၍ အောက်ပါပညတ်များကိုလည်း အမည်ပေးခဲ့ပါ။ (က) ခန္ဓာ ၅-ပါးကို အကြောင်းပြ၍ ဖြစ်ပေါ်လာသောပညတ်၊ (ခ) ခြောက်ပါးသောအဘိညာဉ်ကိုရသူ၊ (ဂ) မင်း၏သားတော် | ပညတ်၂-မျိုးမှာ - အတ္တပညတ်နှင့် သဒ္ဒပညတ်တို့ဖြစ်ကြသည်။ အတ္တပညတ်ဟူသည်မှာ - သူတစ်ပါး နားလည်အောင် အမည်အမျိုးမျိုး တပ်ကာ ခေါ်ဝေါ်အပ်သိစေအပ်သော အနက် ဒပြ်ဝတ္တုမျိုးဖြစ်၏ သဒ္ဒပညတ်ဟူသည်မှာ - အတ္တပညတ်ဖြစ်သော အနက်ဒပြ်ဝတ္တုမျိုးကို သိစေတတ်သော ခေါ်ဝေါ်ကြောင်း အမည်သညာ၊ စကားသံများ သည်သဒ္ဒပညတ်မည်၏။ ပညတ်အမည်များ (က) ခန္ဓာ ၅-ပါးကို အကြောင်းပြ၍ ဖြစ်ပေါ်လာသောပညတ် - ဇာတိပညတ်၊ ဥပါဒါပညတ်(အတ္တပညတ်) (ခ) ခြောက်ပါးသော အဘိညာဉ်ကို ရသူ - ဝိဇ္ဇာမာနပညတ် (သဒ္ဒပညတ်) (ဂ) မင်း၏သားတော် - အဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ်(သဒ္ဒပညတ်) |
9 | 3 | 1997 | မြတ်ဗုဒ္ဓဂုဏ်တော်များကို ပွားများသဖြင့် လက်ငင် းရနိုင်သော အကျိုးနှင့် ဖြစ်နိုင်သော ဘာဝနာများကို ဖော်ပပြြီးလျှင် ဝိပဿနာတရား အားထုတ်မည့် ယောဂီများ စင်ကြယ်အောင် စောင့်ထိန်းရမည့် သီလလေးမျိုးကိုလည်း ဖြေဆိုခဲ့ပါ။ | မြတ်ဗုဒ္ဓဂုဏ်တော်များကို ပွားများသဖြင့် လက်ငင်း ရနိုင်သော အကျိုးနှင့်ဖြစ်နိုင်သော ဘာဝနာများမှာ - မြတ်ဗုဒ္ဓဂုဏ်တော်ကို ပွားများသူသည် သဒ္ဓါတရား လွန်စွာ တိုးပွားခြင်း နိီဝရဏ တရား များ ငြိမ်သက်ခြင်း စသော ကာမာဝစရကုသိုလ်အကျိုးကို ရရှိနိုင်ပါသည်။ ဘာဝနာအားဖြင့်ကား - ပရိကမ္မဘာဝနာနှင့် - ဥပစာရဘာဝနာ ၂-ပါးသာ ရရှိနိုင်ပါသည်။ ဝိပဿနာတရားအားထုတ်မည့် ယောဂီများ စင်ကြယ်အောင် စောင့်ထိန်းရမည့်သီလ လေးမျိုးမှာ- (၁) ပါတိမောက္ခသံဝရသီလ (၂) ဣန္ဒြိယသံဝရသီလ (၃) အာဇီဝပါရိသုဒ္ဓိသီလ (၄) ပစ္စယသန္နိဿိတသီလ တို့ဖြစ်ပါသည်။ |
2 | 4 | 1997 | ဝိသေသက (စိတ်ချင်းမတူ ထူးခြား ကွဲပြားအောင် ပြုတတ်ကုန်သော ) စေတသိက်များကို မမှားအောင် ရေတွက်ပြ၍ စိတ္တေန သမမုဒ္ဓိသေ (စေတသိက်ကို စိတ်နှင့်အမျှရေတွက်ခြင်း) နည်းအရ ပီတိနှင့် ကရုဏာ စေတသိက်ပေါင်း မည်မျှစီ ရှိကြသည်ကိုလည်း အသီးသီးဖြေဆိုပါ။ | ဝိသေသက (စိတ်ချင်းမတူ ထူးခြား ကွဲပြားအောင် ပြုတတ်ကုန်သော ) စေတသိက်များမှာ - ၁။ ဝိတက်၊ ဝိစာရ၊ ပီတီ၊ သုခ (စျာနင်တရားများ) = ၄-ပါး ၂။ ဝိရတီစေတသိက် = ၃-ပါး ၃။ အပ္ပမညာစေတသိက် = ၂-ပါး ၄။ (ပညိန္ဒြေ) ပညာစေတသိက် = ၁-ပါး ပေါင်း - ဝိသေသက စေတသိက် = ၁၀-ပါး တို့ဖြစ်ပါသည်။ စိတ္တေန သမမုဒ္ဒိသေ (စေတသိက်ကို စိတ်နှင့် အမျှ ရေတွက်ခြင်း) နည်းအရ -ပီတိ စေတသိက်သည် - သောမဿသဟဂုတ်စိတ် ၅၁-ပါးနှင့် ယှဉ်သောကြောင့် ပီတိပေါင်း ၅၁-ပါး အပြား ရှိပါသည်။ ကရုဏာစေတသိက်သည် - ၂၈-ပါးသောစိတ်တို့၌ ယှဉ်သောကြောင့် ကရုဏာပေါင်း ၂၈-ပါး အပြားရှိပါသည်။ |
4 | 4 | 1997 | တဒါရုံကျနိုင်သော အင်္ဂါရပ်တို့ကို တင်ပပြြီး ဘုရားရှင်၏ ယမက ပြာဋိဟာကို ပြရာအခါ၌ အဘယ်ဇောများ အကြိမ်မည်မျှ စောကြသည် ကိုလည်း ရေးသားပြပါ။ | တဒါရုံကျနိုင်သော အင်္ဂါရပ်တို့မှာ- (က) ကာမဇော (ခ) ကာမသတ္တဝါ (ဂ) အတိမဟန္တ-ဝိဘူတဖြစ်သော ကာမအာရုံတို့ ဖြစ်ပါသည်။ ဘုရားရှင်၏ ယမကပြာဋိဟာကို ပြရာအခါ၌- (ပစ္စဝေက္ခဏာဇောဖြစ်သော) တိဟိတ် ကာမကြိယာဇောများ ၄-ကြိမ် စောကြပါသည်။ |
9 | 4 | 1997 | ၀ုဋ္ဌာနဂါမိနီဝိပဿနာ အမည်ရနိုင်သော ဉာဏ်တို့ကို ဖော်ပြ၍ ရဟန္တာပုဂ္ဂိုလ်များ ဧကန်ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ နှင့် အနေကန် ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများကိုလည်း ရေးခဲ့ပါ။ | ၀ုဋ္ဌာနဂါမိနီဝိပဿနာ အမည်ရနိုင်သော ဉာဏ်များမှာ- (၁) သင်္ခါရုပေက္ခာဉာဏ်အရင့်ပိုင်း (၂) အနုလောမဉာဏ် တို့ဖြစ်ပါသည်။ ရဟန္တာပုဂ္ဂိုလ်များ ဧကန်ဆင်ခြင်သော ပစ္စဝေက္ခဏာ ၀ီထိများမှာ- (၁) မဂ္ဂ ပစ္စဝေက္ခဏာ ၀ီထိ (၂) ဖလ ပစ္စဝေက္ခဏာ ၀ီထိ (၃) နိဗ္ဗာန ပစ္စဝေက္ခဏာ ၀ီထိ တို့ဖြစ်ပါသည်။ ရဟန္တာပုဂ္ဂိုလ်များ အနေကန် ဆင်ခြင်သော ပစ္စဝေက္ခဏာ ၀ီထိမှာ- ပဟိနကိလေသာ ပစ္စဝေက္ခဏာ ၀ီထိ ဖြစ်ပါသည်။ |
1 | 1 | 1998 | "ဘယ်သူသေသေ ငတေမာလျှင်ပြီးရော" ဟု အပြစ်ရှိမှန်း သိလျက် သူတစ်ပါးအသက်ကို ထက်သန်စွာ သတ်လေ့ရှိသူ၏ သန္တာန်၌ ဖြစ်သောစိတ်ကို ပြည့်စုံစွာ ဖော်ပြ၍ ကာမစိတ် ၅၄ပါးတို့တွင် အသင်္ခါရိက၊ သသင်္ခါရိက နှစ်မျိုးလုံးမဟုတ်သောစိတ်တို့ မည်မျှစီရှိသနည်း၊ အရေအတွက်မျှ ဖော်ပြပါ။ | သူတစ်ပါး အသက်ကို ထက်သန်စွာ သတ်လေ့ရှိသူ၏ သန္တာန်၌ဖြစ်သောစိတ်မှာ - ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ် ဖြစ်ပါသည်။ ကာမစိတ် ၅၄ပါးတို့တွင် အသင်္ခါရိကစိတ်၊ သသင်္ခါရိကစိတ်၊ နှစ်မျိုးလုံးမဟုတ်သော စိတ်တို့မှာ - အသင်္ခါရိက စိတ် ၁၇ပါး - သသင်္ခါရိက စိတ် ၁၇ပါး - နှစ်မျိုးလုံး မဟုတ်သော စိတ် ၂၀ပါး ပေါင်း ကာမစိတ် ၅၄ပါး ဖြစ်ပါသည်။ |
2 | 1 | 1998 | "မုသားမပါ၊ လင်္ကာမချော" ဟု ယူဆလျက် အခကြေးငွေယူ၍ မတရား သက်သေ လိုက်မည်ဟု ကြံစည်ပြီးမှ ရှောင်ကြဉ်သူ၌ ဖြစ်နိုင်သောစေတသိက်၊ ယင်းစေတသိက်၏ ယှဉ်နိုင်သော စိတ်သရုပ်တို့ကို အသီးသီးဖြေဆိုပါ။ | "မုသားမပါ၊ လင်္ကာမချော" ဟု ယူဆလျက် အခကြေးငွေယူ၍ မတရား သက်သေလိုက်မည်ဟု ကြံစည်ပြီးမှ ရှောင်ကြဉ်သူ၌ ဖြစ်နိုင်သော စေတသိက်မှာ - - "သမ္မာအာဇီဝ စေတသိက်" ဖြစ်ပါသည်။ ယင်း သမ္မာအာဇီဝ စေတသိက်၏ ယှဉ်နိုင်သော စိတ်သရုပ်မှာ - ၁။ မဟာကုသိုလ်စိတ် (ရံခါ) = ၈-ပါး ၂။ လောကုတ္တရာစိတ် (အမြဲ) = ၈-ပါး (ကျဉ်း) ၄၀-ပါး (ကျယ်) ပေါင်း စိတ် = ၁၆-ပါး (ကျဉ်း) ၄၈-ပါး (ကျယ်) တို့ဖြစ်ပါသည်။ |
3 | 1 | 1998 | ဝေဒနာအပြားကို ဣန္ဒြိယဘေဒနည်းအားဖြင့် ဖော်ပြ၍ (က) စိတ်အကျယ် ၁၂၁-ပါးတို့တွင် သောမနဿ သဟဂုတ်စိတ်ကို ဘူမိဘေဒနည်းအားဖြင့် ခွဲခြားရေတွက်ပပြြီးလျှင် (ခ) ဒွိဟိတ်စိတ်များကိုလည်း ယှဉ်ရာဟိတ်နှင့် တွဲစပ်ပြပါ။ | ဝေဒနာအပြားကို ဣန္ဒြိယဘေဒနည်းအားဖြင့် ဖော်ပြရသော်- (၁) သုခဝေဒနာ (၂) ဒုက္ခဝေဒနာ (၃) သောမနဿဝေဒနာ (၄) ဒေါမနဿဝေဒနာ (၅) ဥပေက္ခာဝေဒနာ ဟူ၍ ၅-ပါးပြားပါသည်။ (က) စိတ်အကျယ် ၁၂၁-ပါးတို့တွင် သောမနဿသဟဂုတ်စိတ်ကို ဘူမိဘေဒနည်းအားဖြင့် ခွဲခြားရေတွက်ပြရသော်- (၁) ကာမာဝစရ သောမနဿသဟဂုတ်စိတ်= ၁၈-ပါး (၂) ရူပါဝစရ သောမနဿသဟဂုတ်စိတ်= ၁၂-ပါး (၃) အရူပါဝစရ သောမနဿသဟဂုတ်စိတ်= မရှိ (၄) လောကုတ္တရာ သောမနဿသဟဂုတ်စိတ်= ၃၂-ပါး သောမနဿသဟဂုတ်စိတ်ပေါင်း= ၆၂-ပါး ဖြစ်ပါသည်။ ဟိတ်နှစ်ပါးနှင့် ယှဉ်သော(ဒွိဟိတ်)စိတ်တို့ကိုလည်း ယှဉ်ရာဟိတ်နှင့်ယှဉ်တွဲဖော်ပြရသော်- (၁) လောဘမူစိတ်၈-ပါး - လောဘဟိတ်၊ မောဟဟိတ် (၂) ဒေါသမူစိတ်၂-ပါး - ဒေါသဟိတ်၊ မောဟဟိတ် (၃) ဉာဏဝိပ္ပယုတ်စိတ် ၁၂-ပါး - အလောဘဟိတ်၊ အဒေါသဟိတ် ဟူ၍ ဒွိဟိတ်စိတ် ၂၂-ပါး ဖြစ်ပါသည်။ |
4 | 1 | 1998 | အလွန်ကြီးမားသည့် အာရုံ၌ဖြစ်သော ၀ီထိစိတ္တုပ္ပါဒ် တို့ကိုရေတွက်ပြ၍ ထက်မြက် လျင်မြန် အသိဉာဏ် ပညာရှိသော ပုဂ္ဂိုလ်၏ အစဆုံး ရအပ်သော ဈာနဝီထိဖြစ်ပုံကိုလည်း တင်ဆက်ပြပါ။ | အလွန်ကြီးမားသည့် အာရုံ၌ဖြစ်သော ၀ီထိစိတ္တုပ္ပါဒ် တို့ကို ရေတွက်ပြရသော်- - ပဉ္စဒွါရာဝဇ္ဇန်း- ၁-ကြိမ် - ပဉ္စဝိညာဏ်- ၁-ကြိမ် - သမ္ပဋိစ္ဆိုင်း-၁-ကြိမ် - သန္တီရဏ- ၁-ကြိမ် - ၀ုဋ္ဌော-၁-ကြိမ် - ကာမဇော- ရ-ကြိမ် - တဒါရုံ- ၂-ကြိမ် ပေါင်း- ၁၄-ကြိမ် ထက်မြက်လျင်မြန် အသိဉာဏ်ပညာရှိသော ပုဂ္ဂိုလ်၏ အစဆုံး ရအပ်သော ဈာနဝီထိဖြစ်ပုံကို ဖော်ပြရသော်- (၁) ဘဝင်္ဂစလန (၂) ဘဝင်္ဂုပစ္ဆေဒ (၃) မနောဒွါရာဝဇ္ဇန်း (၄) ဥပစာ (၅) အနုလုံ (၆) ဂေါတြဘူ (၇) အာဒိကမ္မိကဈာန်ဇော ၁-ကြိမ် (၈) ထို့နောင် တိဟိတ်ဘွင်အများ တို့ဖြစ်ပါသည်။ |
5 | 1 | 1998 | ကာမ ၁၁-ဘုံကို ကောင်းသောလားရာဘုံ၊ မကောင်းသော လားရာဘုံအားဖြင့် ခွဲခြား ဝေဖန်ပြ၍ စင်ကြယ်ဌာန သုဒ္ဓါ၀ါသဘုံ၌ ပဋိသန္ဓေနေနိုင်သော အရိယာတို့ကိုလည်း ဖော်ပြပါ။ | ကာမ ၁၁-ဘုံတွင် ကောင်းသောလားရာဘုံ - ကာမသုဂတိ ရ-ဘုံ မကောင်းသောလားရာဘုံ - အပါယ် ၄-ဘုံ စင်ကြယ်ဌာန သုဒ္ဓါ၀ါသဘုံ၌ ပဋိသန္ဓေနေနိုင်သော အရိယာမှာ - (သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ လွန်ကဲသော) ရူပ ပဉ္စမဈာန်ရ အနာဂါမ်ဖိုလ်ပုဂ္ဂိုလ် တစ်မျိုးသာ ဖြစ်ပါသည်။ |
6 | 1 | 1998 | ရုပ်ကို ပယ်လို့ရ၏ဟု ပြောဆိုကြသော ရုပ်ဝါဒီတို့၏ စကားကို လက်ခံသင့် မသင့် ရှင်းပြ၍ လောကလူသား အသုံးများသည့် “ကံတရားပေါ့”ဟူသော စကားအပြောကို တရားသဘောသို့သွင်းပြပါ။ | ရုပ်ကို ပယ်လို့ရ၏ဟု ပြောဆိုကြသော ရုပ်ဝါဒီတို့၏ စကားကို လက်ခံရန် မသင့်ပါ။ အကြောင်းမှာ- “ ရုပ်ဟူသည် အကုသိုလ် ကိလေသာ တို့ကဲ့သို့ တဒင်္ဂ ပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်တို့၏ အစွမ်းဖြင့် မပယ်အပ်သည်၏ အဖြစ်ကြောင့် အပ္ပဟာတဗ္ဗ မည်၏”ဟု ဟောကြားထားသောကြောင့် ဖြစ်ပါသည်။ လောကလူသား အသုံးများသည့် “ကံတရားပေါ့” ဟူသော စကားအပြောကို တရားသဘောသို့ သွင်း ပြရသော်- ကုသိုလ်၊ အကုသိုလ်စေတနာတို့ကို ကံ-ဟူ၍ သတ်မှတ် ခေါ်ဆိုကြပါသည်။ သို့ဖြစ်၍ - အကုသိုလ်စေတနာ ၁၂-ပါး၊ - ကာမကုသိုလ် စေတနာ ၈-ပါး၊ - ရူပကုသိုလ်စေတနာ ၅-ပါး၊ - အရူပ ကုသိုလ်စေတနာ ၄-ပါး၊ - လောကုတ္တရာ ကုသိုလ်စေတနာ ၄-ပါး တို့သည် ကံတရားများ ဖြစ်ကြပါသည်။ ဤတွင်- (၁) အကုသိုလ်စေတနာ ၁၂-ပါး၊ ကာမကုသိုလ် စေတနာ ၈-ပါးတည်းဟူသော ကာမကံသည် ကာမ ၁၁-ဘုံသို့ ပဋိသန္ဓေ၊ ပဝတ္တိကျိုးပေးတတ်ပါသည်။ (၂) ရူပကုသိုလ်စေတနာ ၅-ပါး၊ အရူပကုသိုလ်စေတနာ ၄-ပါးတည်းဟူသော မဟဂ္ဂုတ်ကံသည် ရူပ၊ အရူပဗြဟ္မာဘုံ(၂၀) ဌာနများသို့ ပဋိသန္ဓေ၊ ပဝတ္တိကျိုး ပေးနိုင်ပါသည်။ (၃) လောကုတ္တရာကုသိုလ်တည်းဟူသော မဂ်ကုသိုလ် စေတနာမှာမူ- ဘုံဌာနများသို့ ပဋိသန္ဓေ၊ ပဝတ္တိကျိုး ပေးနိုင်ခြင်း မရှိပါ။ ဤကံတရားများအနက် ရုပ်တရား (ကမ္မဇရုပ်)များကို ဖြစ်စေနိုင်သော ကံမှာမူ- နာနာက္ခဏိက (အတိတ်) အကုသိုလ်၊ ကာမကုသိုလ်၊ ရူပကုသိုလ်စေတနာ ၂၅-ပါးသာလျှင် ဖြစ်ပါသည်။ |
7 | 1 | 1998 | ဒိဋ္ဌိစေတသိက်တစ်ပါးတည်းကိုပင် “သီလဗ္ဗတပရာမာသ” စသော အမည်အသီးသီးဖြင့် ဆိုရခြင်းအကြောင်းကိုဖော်ပြ၍၊ အောက်ပါတရားတို့၏ သရုပ်ကိုလည်းဖြေဆိုပါ။ (က) နိဗ္ဗာန်ရရေးကို တားမြစ်ပိတ်ပင်တတ်သောတရား၊ (ခ) နိဗ္ဗာန်ရောက်ကြောင်းတရား၊ | ဒိဋ္ဌိစေတသိက်တစ်ပါးတည်းကိုပင် “သီလဗ္ဗတပရာမာသ” စသော အမည်အသီးသီးဖြင့် ဆိုရခြင်းအကြောင်းမှာ- (၁) သီလဗ္ဗတပရာမာသဒိဋ္ဌိသည် - နွား၊ ခွေး တို့၏ အလေ့အကျင့်ဖြင့် ကိလေသာမှ စင်ကြယ်ကာ သံသရာမှ လွတ်မြောက်လွယ်၏” ဟု ယူ၏။ (၂) ဣဒံသစ္စာဘိနဝေသဒိဋ္ဌိသည် - ဤငါ၏အယူသာ အမှန်၊ ကျန်အယူတွေ အမှားချည်းဟု စွဲမြဲစွာယူ၏။ (၃) အတ္တဝါဒုပါဒါန်ဒိဋ္ဌိသည် - အတ္တရှိ၏ဟု ယူ၏။ ဤသို့စွဲယူပုံ အခြင်းအရာ ကွဲပြားသောကြောင့် တရားကိုယ်အားဖြင့် ဒိဋ္ဌိစေတသိက်တစ်ခုတည်း ကိုပင် “သီလဗ္ဗတပရာမာသ” စသော အမည်အသီးသီး တပ်၍ ဆိုခြင်းဖြစ်ပေသည်။ (က) နိဗ္ဗာန်ရရေးကို တားမြစ် ပိတ်ပင်တတ်သော တရားတို့မှာ- (၁) ကာမစ္ဆန္ဒနီဝရဏ၊ (၂) ဗျာပါဒနီဝရဏ (၃) ထိန- မိဒ္ဓနီဝရဏ (၄) ဥဒ္ဓစ္စ-ကုက္ကုစ္စနီဝရဏ (၅) ဝိစိကိစ္ဆာနီဝရဏ (၆) အဝိဇ္ဇာနီဝရဏ ဟူသော “နီဝရဏတရား ၆-ပါး” တို့ဖြစ်ကြပါသည်။ (ခ) နိဗ္ဗာန်ရောက်ကြောင်းတရားတို့မှာ- သမ္မာမဂ္ဂင် ၈-ပါးဖြစ်သည့် (၁) သမ္မာဒိဋ္ဌိမဂ္ဂင် (၂) သမ္မာသင်္ကပ္ပမဂ္ဂင် (၃) သမ္မာဝါစာမဂ္ဂင် (၄) သမ္မာကမ္မ န္တမဂ္ဂင် (၅) သမ္မာအာဇီဝမဂ္ဂင် (၆) သမ္မာဝါယာမမဂ္ဂင် (၇) သမ္မာသတိမဂ္ဂင် (၈) သမ္မာသမာဓိမဂ္ဂင် တို့ဖြစ်ကြပါသည်။ |
8 | 1 | 1998 | ပဋိစ္စသမုပ္ပါဒ်အရ တရားကိုယ်ကောက်ပြ၍ အောက်ပါ အကျိုးတရားများ၏ အကြောင်းတရားများကိုလည်း ပဋိသန္ဓေပါဒ်နည်းအရ ဖြေဆိုပါ။ (က) လှပသော ရူပါရုံကို တပ်မက်ချစ်ခင်လိုချင်မှု (ခ) လှပသော ရူပါရုံကို မေ့ပျောက်မရအောင် စွဲလမ်းမှု၊ | ပဋိစ္စသမုပ္ပါဒ်အရ တရားကိုယ်မှာ- လောကီစိတ်-၈၁၊ စေတသိက်-၅၂၊ ရုပ် ၂၈-ပါး တို့ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ် နည်းအရ (က) လှပသောရူပါရုံကို တပ်မက် ချစ်ခင်လိုချင်မှု တဏှာ၏ အကြောင်းတရားမှာ “ဝေဒနာ” ဖြစ်ပါသည်။ (ခ) လှပသောရူပါရုံကို မေ့ပျောက်မရအောင် စွဲလမ်းမှု “ဥပါဒါန်” ၏အကြောင်းတရားမှာ “တဏှာ” ဖြစ်ပါသည်။ |
9 | 1 | 1998 | လူအမျိုးမျိုး စရိုက်အထွေထွေ ရှိကြလေရာ လူ့ယဉ်ကျေးတို့အား ဖြစ်လေ့ဖြစ်ထရှိသော စရိုက် များကို ရေးသား၍ ဒေဝတာနုဿတိအဓိပ္ပါယ်နှင့် ယင်းဒေဝတာနုဿတိ ပွားများအားထုတ်ရန် သာမန် သင့်လျော်သော ပုဂ္ဂိုလ်နှင့် အထူးသင့်လျော်သော ပုဂ္ဂိုလ်များကို အသီးသီးဖော်ပြပါ။ | လူအမျိုးမျိုး စရိုက်အထွေထွေ ရှိကြလေရာ လူ့ယဉ်ကျေးတို့အား ဖြစ်လေ့ဖြစ်ထရှိသော စရိုက်မှာ - သဒ္ဓါစရိုက် - ဗုဒ္ဓိစရိုက် တို့ဖြစ်ပါသည်။ ဒေဝတာနုဿတိ - နတ်တို့ကို သက်သေပြု၍ နတ်တို့၏ သဒ္ဓါ စသော ဂုဏ်နှင့်တူသော မိမိ၏ သဒ္ဓါ စသော ဂုဏ်တို့ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ ဆင်ခြင်ခြင်း ဒေဝတာနုဿတိ ပွားများအားထုတ်ရန် - သာမန်သင့်လျော်သောပုဂ္ဂိုလ် သဒ္ဓါတရားရှိသောပုဂ္ဂိုလ် - အထူးသင့်လျော်သောပုဂ္ဂိုလ် သဒ္ဓါစရိုက် ထူပြောသောပုဂ္ဂိုလ် တို့ဖြစ်ပါသည်။ |
1 | 2 | 1998 | ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေပြားသင်္ကန်း ဆက်ကပ်ပူဇော်ရာ၌ မည်သူမျှ မတိုက်တွန်းရဘဲ ပျော်ရွှင်စွာဖြင့် ပါဝင်လှူဒါန်းသော ကံကျိုးမြင်သိ ပညာရှိသန္တာန်၌ ဖြစ်နိုင်သောစိတ်ကို ဖော်ပြ၍ လောကဓာတ်တခွင်၌ အမှန်တကယ်ရှိသော တရားတို့တွင် ဖောက်ပြန်ခြင်း သဘောရှိသောတရားနှင့် ဖောက်ပြန်ခြင်းသဘောမရှိသော တရားတို့ကို ခွဲခြားထုတ်ဖော်ပြပါ။ | ရွေတိဂုံစေတီတော်မြတ်ကြီးအား ရွှေပြားသင်္ကန်း ဆက်ကပ်ပူဇော်ရာ၌ မည်သူမျှ မတိုက်တွန်းရဘဲ ပျော်ရွှင်စွာဖြင့် ပါဝင်လှူဒါန်းသော ကံကျိုးမြင်သိ ပညာရှိသန္တာန်၌ ဖြစ်နိုင်သောစိတ်မှာ - သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ပထမစိတ် ဖြစ်ပါသည်။ လောကဓာတ်တစ်ခွင်၌ အမှန်တကယ်ရှိသော တရားတို့တွင် - ဖောက်ပြန်ခြင်းသဘောရှိသော တရားမှာ "ရုပ်တရား" ဖြစ်၍၊ - ဖောက်ပြန်ခြင်း သဘောမရှိသောတရားမှာ "စိတ်၊ စေတသိက်၊ နိဗ္ဗာန်" တရားတို့ ဖြစ်ပါသည်။ |
2 | 2 | 1998 | ကုသိုလ်ကောင်းမှုဖြစ်ရန် အခြေခံကျသော စေတသိက်တို့တွင် မခွဲမခွါ အစုံလိုက်သာ ဖြစ်ကြသော စေတသိက်များကို အမည်မျှ ဖော်ပြ၍၊ ဉာဏ်နှင့်ယှဉ်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက် ချရာ၌ ပါဝင်သော စိတ်တို့ကိုလည်း ဖြေဆိုပါ။ | ကုသိုလ်ကောင်းမှုဖြစ်ရန် အခြေခံကျသော စေတသိက်တို့တွင် မခွဲမခွါ အစုံလိုက်သာ ဖြစ်ကြသော စေတသိက်များမှာ - (၁) ကာယပဿဒ္ဓိ - - စိတ္တပဿဒ္ဓိ၊ (၂) ကာယလဟုတာ - စိတ္တလဟုတာ၊ (၃) ကာယမုဒုတာ - စိတ္တမုဒုတာ၊ (၄) ကာယကမ္မညတာ - စိတ္တကမ္မညတာ၊ (၅) ကာယပါဂုညတာ - စိတ္တပါဂုညတာ၊ (၆) ကာယုဇုကတာ - စိတ္တုဇုကတာ တို့ဖြစ်ပါသည်။ ဉာဏ်နှင့်ယှဉ်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်ချရာ၌ ပါဝင်သောစိတ်တို့မှာ - ၁။ ကာမသောဘန ဉာဏသမ္ပယုတ်စိတ် = ၁၂-ပါး ၂။ မဟဂ္ဂုတ်စိတ် = ၂၇-ပါး ၃။ လောကုတ္တရာစိတ် = ၈-ပါး (ကျဉ်း) \ ၄၀-ပါး (ကျယ်) ပေါင်း ပညာယှဉ်သော စိတ် - ၄၇-ပါး (ကျဉ်း) \ ရ၉-ပါး (ကျယ်) ၎င်းစိတ်တို့သည် ဉာဏ်တည်းဟူသော "ပညာ (ပညိန္ဒြေ) စေတသိက်" နှင့် ဆုံးဖြတ်ချက်ချခြင်းဟူသော "အဓိမောက္ခစေတသိက်" ၂-ပါးလုံး ယှဉ်ကြပါသည်။ |
3 | 2 | 1998 | ကိစ္စ ၁၄-ပါးရှိလျက် ကိစ္စဖြစ်ရာဌာနမှာ အဘယ်ကြောင့် ၁၀-ပါးသာ ဖြစ်ရသနည်း၊ ဖြေဆို၍ အလုပ်ကိစ္စ အနည်းဆုံးစိတ်များကိုလည်း ဆိုင်ရာကိစ္စနှင့် အသီးသီး တွဲစပ် ဖော်ပြပါ။ | ကိစ္စ ၁၄-ပါးရှိလျက် ကိစ္စဖြစ်ရာဌာနမှာ ၁၀-ပါးသာ ဖြစ်ရခြင်းအကြောင်းမှာ ပဉ္စဒွါရာဝဇွန်းနှင့် သမ္ဗဋိစ္ဆိုင်းတို့၏ အကြား၌ ဖြစ်ရာ ဌာနချင်းတူ၍ စက္ခုဝိညာဏ်စသော ဝိညာဏ် ၅-ပါး၏ ဖြစ်ရာဌာနကို “ပဉ္စဝိညာဏ်ဌာန”ဟု တစ်ဌာနတည်းပေါင်း ယူရသောကြောင့် ကိစ္စ ၁၄-ပါး ရှိသော်လည်း ဌာနမှာ ၁၀-ပါးသာ ဖြစ်ရပါသည်။ အလုပ်ကိစ္စအနည်းဆုံးသော စိတ်များကို ဆိုင်ရာကိစ္စနှင့် အသီးသီး တွဲစပ်ပြရသော်- တစ်ကိစ္စသာတပ်သောစိတ် ၆၈-ပါး (က) ဒွေပဉ္စဝိညာဉ် ၁၀-ပါးတို့တွင် စက္ခုဝိညာဉ်ဒွေးသည်= ဒဿနကိစ္စ သောတဝိညာဉ်ဒွေးသည်= သဝနကိစ္စ ဃာနဝိညာဉ်ဒွေးသည်= ဃာယနကိစ္စ ဇိဝှါဝိညာဉ်ဒွေးသည်= သာယနကိစ္စ ကာယဝိညာဉ်ဒွေးသည်= ဖုသနကိစ္စ (ခ) မနောဓာတ် ၃-ပါးတွင် ပဉ္စဒွါရာဝဇွန်းသည်= အာဝဇွန်းကိစ္စ သမ္ပဋိစ္ဆိုင်းဒွေးသည်= သမ္ပဋိစ္ဆိုင်းကိစ္စ (ဂ) ဇော ၅၅-ပါးသည်= ဇောကိစ္စ ဟူ၍ =ပေါင်း ၆၈-ပါးသော စိတ်တို့သည် အသီးသီး ၁-ကိစ္စစီသာ တပ်ကြပါသည်။ |
4 | 2 | 1998 | ကိုးကွယ်ရာသခင် ဘုရားရှင်ကို ဖူးမြင်သောအခါ ဖြစ်နိုင်သော တဒါရုံစိတ်တို့ကို ဖော်ပြ၍၊ အစဆုံးကမ္မဋ္ဌာန်း အားထုတ်ရမှုရှိသော ယောဂီပုဂ္ဂိုလ်၏ ရှေးဦးစွာသော အပ္ပနာ၌ စောနိုင်သောဇောတို့ကို အကြိမ်နှင့်တကွ ဖော်ပြပါ။ | ကိုးကွယ်ရာသခင် ဘုရားရှင်ကို ဖူးမြင်သောအခါ ဖြစ်နိုင်သော တဒါရုံစိတ်တို့ကို ဖော်ပြရသော်- အတိဣဋ္ဌ-ရူပါရုံဖြစ်၍- - အဟိတ်ကုသလဝိပါက် သောမနဿ သန္တီရဏစိတ်- ၁-ပါး - မဟာဝိပါက် သောမနဿစိတ်- ၄-ပါး ပေါင်း သောမနဿတဒါရုံစိတ်- ၅-ပါး အစဆုံးကမ္မဋ္ဌာန်း အားထုတ်ရမှုရှိသော ယောဂီပုဂ္ဂိုလ်၏ ရှေးဦးစွာသော အပ္ပနာ၌ စောနိုင်သောဇောတို့ကို အကြိမ်နှင့်တကွ ဖော်ပြရသော်- သမထကမ္မဋ္ဌာန်းဖြစ်မူ - အာဒိကမ္မိကဈာန်ဇော-၁ကြိမ် ဝိပဿနာကမ္မဋ္ဌာန်းဖြစ်မ ူ- သောတာပတ္တိမဂ်ဇော-၁-ကြိမ် နှင့် သောတာပတ္တိဖိုလ်ဇော- ၂/၃-ကြိမ် တို့ဖြစ်ပါသည်။ |
5 | 2 | 1998 | သက်တမ်း မမြဲသော ကာမပုဂ္ဂိုလ်တို့ကို ဖြေဆို၍ ဘဝတစ်ခု၌ တူမြဲတရားတို့ ကိုလည်း ဖော်ပြပါ။ | သက်တမ်း မမြဲသော ကာမပုဂ္ဂိုလ်မှာ- (၁) အပါယ် ၄-ဘုံသား (၂) လူဘုံသား (၃) ဘုမ္မဇိုးနတ် တို့ဖြစ်ပါသည်။ ဘဝတစ်ခု၌ တူမြဲတရားတို့မှာ- ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်နှင့် စုတိစိတ် တို့ဖြစ်ကြပါသည်။ (ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်နှင့် စုတိစိတ်တို့သည် ဘူမိ၊ ဇာတိ၊ သမ္ပယုတ္တဓမ္မ၊ သင်္ခါရ၊ အာရုံအားဖြင့် အလုံးစုံ တူညီကြ ကုန်သောကြောင့် ဘဝတစ်ခု၌ တူမြဲတရား သုံးပါးဟု ဆိုခြင်း ဖြစ်ပါသည်။) |
6 | 2 | 1998 | ဘာအကြောင်းကြောင့်မျှ မဖြစ်သော အကြောင်းမဲ့ ရုပ်တရားတို့ကို အကြောင်းနှင့်တကွ ဖြေဆို၍၊ မည်သည့်အဖွဲ့အစည်း၊ အစိတ်အပိုင်းထဲမှ မပါဝင်ဘဲ တစ်သီးပုဂ္ဂလနေသော ရုပ်တရားတို့ကို ဖော်ပြပါ။ | အကြောင်းမဲ့ ရုပ်တရားမှာ- လက္ခဏရုပ် ၄-ပါးဖြစ်သော ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ တို့ဖြစ်ပါသည်။ အကြောင်းမှာ ဤလက္ခဏရုပ် ၄-ပါးသည် နိပ္ဖန္နရုပ်တို့၏ ဖြစ်၊တည်၊ ပျက် သဘောမျှသာ ဖြစ်သောကြောင့် အကြောင်းလေးပါးမှ လွတ်ကုန်၏။ မည်သည့် အကြောင်းကြောင့်မျှ မဖြစ်သော ရုပ်များ မည်၏။ မည်သည့်အဖွဲ့အစည်း၊ အစိတ်အပိုင်းထဲမျှ မပါဝင်ဘဲ တစ်သီးပုဂ္ဂလနေသော ရုပ်တရားတို့မှာ- (၁) အာကာသဓာတ် ပရိစ္ဆေဒရုပ် ၁-ပါး (၂) လက္ခဏရုပ် ၄-ပါးတို့ ဖြစ်ပါသည်။ အကြောင်းမှာ - အာကာသဓာတ် ပရိစ္ဆေဒရုပ်သည် ရုပ်ကလာပ်တို့၏ အပိုင်းအခြားသာဖြစ်၍လည်းကောင်း၊ - လက္ခဏရုပ် ၄-ပါးသည် ရုပ်ကလာပ်တို့၏ ဖြစ်၊တည်၊ပျက် အမှတ်လက္ခဏာမျှသာဖြစ်၍လည်းကောင်း ကလာပ်ဖွဲ့ရာတွင် မပါဝင်ပါ။ |
7 | 2 | 1998 | ပုထုဇဉ်နှင့်မသက်ဆိုင်သော ဣန္ဒြေများကို တရားကိုယ်နှင့်တကွ ဖော်ပြ၍ “သတိမမူဂူမမြင်၊သတိမူလျှင် မြူကိုပင် မြင်သည်” ဟူသောဆိုရိုးစကားနှင့်အညီ သတိကောင်းစေရန် အားထုတ်ရမည့် တရားများကိုလည်းဖြေဆိုပါ။ | ပုထုဇဉ်နှင့်မသက်ဆိုင်သော ဣန္ဒြေများကို တရားကိုယ်နှင့်တကွ ဖော်ပြရသော်- (၁) အနညာတညဿာမိတိန္ဒြေ - သောတာပတ္တိမဂ်ခဏ၌ ယှဉ်သောပညာ၊ (၂) အညိန္ဒြေ - အထက်မဂ်(၃)၊အောက်ဖိုလ်(၃)၌ ယှဉ်သောပညာ၊ (၃) အညာတာဝိန္ဒြေ - အရဟတ္တဖိုလ်၌ ယှဉ်သော ပညာတို့ဖြစ်ကြပါသည်။ “သတိမမူဂူမမြင်၊သတိမူလျှင် မြူကိုပင် မြင်သည်” ဟူသောဆိုရိုးစကားနှင့်အညီ သတိကောင်းစေရန် အားထုတ်ရမည့်တရားများမှာ- (၁) ကာယာနုပဿနာသတိပဋ္ဌာန် (၂) ဝေဒနာနုပဿနာသတိပဋ္ဌာန် (၃) စိတ္တာနုပဿနာသတိပဋ္ဌာန် (၄) ဓမ္မာနုပဿနာသတိပဋ္ဌာန် ဟူသော သတိပဋ္ဌာန်တရား၄-ပါး တို့ဖြစ်ကြပါသည်။ |
8 | 2 | 1998 | အသက်ရှည်စွာ အနာမဲ့ရေးအတွက် အဓိက လိုအပ်သော ပစ္စည်းတရား၊ ပစ္စယုပ္ပန်တရားများကို ပဋ္ဌာန်းနည်းအရ ရှာဖွေရေးသားပြီးလျှင် လှပသော ရူပါရုံသည် ကြည့်ရှုသူ၏ မြင်သိစိတ်အား ကျေးဇူးပြုရာ၍ ပါဝင်သော ပစ္စည်းတရားများ ကိုလည်း ဖော်ပြပါ။ | အသက်ရှည်စွာ အနာမဲ့ရေးအတွက် အဓိက လိုအပ်သော ပစ္စည်းတရားသည် အာဟာရ ပစ္စည်းဖြစ်ပါသည်။ အာဟာရပစ္စည်းဟူသည် ထောက်ပံ့ခိုင်ခံ့စေတတ် သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရားဖြစ်ပါသည်။ အာဟာရပစ္စည်းသည် (၁) ရုပ်အာဟာရပစ္စည်း (၂) နာမ်အာဟာရပစ္စည်း ဟူ၍ ၂-ပါး အပြားရှိပါသည်။ (၁) ရုပ်အာဟာရပစ္စည်းနှင့် ပစ္စပ္ပန်တရားများ အဇ္ဈတ္တသန္တာန်၌ရှိသော စတုသမုဋ္ဌာနိက သြဇာနှင့် ဗဟိဒ္ဓသန္တာန်၌ရှိသော ဥတုဇသြဇာဟူသော ပစ္စည်းတရားတို့သည် အချင်းချင်း ပေါင်းဆုံမိ၍ ဋ္ဌီသို့ အရောက်၌ အာဟာရဇရုပ် ပစ္စယုပ္ပန် တရားများကို ဖြစ်ပွားစေခြင်းဖြင့် ကျေးဇူးပြုပါသည်။ (၂) နာမ်အာဟာရပစ္စည်းနှင့် ပစ္စယုပ္ပန်တရားများ ဖဿ၊ စေတနာ၊ ဝိညာဏ် ဟူသော နာမ်အာဟာရ ၃-ပါးပစ္စည်းတရားတို့သည် တကွဖြစ်ဖက် စိတ်-၈၉၊ စေတသိက်-၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ် ဟူသော ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုပါသည်။ လှပသော ရူပါရုံသည် ကြည့်ရှုသူ၏ မြင်သိစိတ်အား ကျေးဇူးပြုသော ပစ္စည်းတရားများမှာ- (၁) အာရမ္မဏပစ္စည်း (၂) ပုရေဇာတပစ္စည်း (၃) အတ္တိပစ္စည်း (၄) အဝိဂတပစ္စည်း တို့ဖြစ်ပါသည်။ |
9 | 2 | 1998 | အရူပဈာန်လေးပါးတို့၏ အာရုံများကို အသီးသီး ဖော်ပပြြီးလျှင် တစ်ပါးသူ၏ စိတ်ဓာတ်ကို သိသောသူသည် မည်သည့်အဘိညာဉ်ပိုင်ရှင် ဖြစ်သည်ကိုလည်း ရေးသားပါ။ | အရူပဈာန်လေးပါးတို့၏ အာရုံများ- ပထမအရူပဈာန်၏ အာရုံမှာ - ကောင်းကင်ပညတ် ဒုတိယအရူပဈာန်၏ အာရုံမှာ - ပထမာရုပ္ပဝိညာဏ် ( အာကာဈာန်စိတ်) တတိယအရူပဈာန်၏ အာရုံမှာ - နတ္ထိဘောပညတ် စတုတ္ထအရူပဈာန်၏ အာရုံမှာ- တတိယာရုုုပ္ပဝိညာဏ် (အာကိိံဈာန်စိတ်) တစ်ပါးသူ၏ စိတ်ဓာတ်ကို သိသောသူသည် စေတာပရိယအဘိညာဉ် ပိုင်ရှင် ဖြစ်ပါသည်။ |
1 | 3 | 1998 | "စျာန်ဝင်စားမှ လွန်တင့်တယ်"ဟုဆိုရာ၌ ဝင်စားနိုင်သော စျာန်တို့တွင် ပဉ္စမစျာန််စိတ်များကိုသာ ဇာတိဘေဒနည်းအားဖြင့်လည်းကောင်း၊ အကြောင်းအကျိုးအားဖြင့် လည်းကောင်း ဝေဖန်ပြ၍ ဘုရား၊ ရဟန္တာတို့၌သာဖြစ်နိုင်သော မတင့်တယ်သော စိတ်အမည်ကိုလည်း တိကျစွာ ဖော်ပြပါ။ | ပဉ္စမစျာန်စိတ်ပေါင်း ၂၃ပါး ရှိရာဝယ် ဇာတိဘေဒနည်းအားဖြင့် ဝေဖန်ပြရသော် - အကုသိုလ်စိတ် မရှိ - ကုသိုလ်စိတ် ၉ပါး - ဝိပါက်စိတ် ၉ပါး - ကြိယာစိတ် ၅ပါး ပေါင်း ပဉ္စမစျာန်စိတ် ၂၃ပါး အကြောင်းအကျိုးအားဖြင့် ခွဲခြားပြရသော် - အကြောင်းစိတ် ၉ပါး - အကျိုးစိတ် ၉ပါး - အကြောင်း အကျိုးမှ လွတ်သောစိတ် ၅ပါး ပေါင်း ပဉ္စမစျာန်စိတ် ၂၃ပါး တို့ ဖြစ်ပါသည်။ ဘုရား၊ ရဟန္တာတို့၌သာ ဖြစ်နိုင်သော မတင့်တယ်သောစိတ်အမည်ကို တိကျစွာ ဖော်ပြရာသော် - "သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ်" ဖြစ်ပါသည်။ |
2 | 3 | 1998 | "အကောင်း အဆိုး" စိတ်နှစ်မျိုးလုံးနှင့် ဆက်ဆံသော "နှစ်ဖက်ချွန်" စေတသိက်အစုကို သိသာရုံမျှ ဖော်ပြ၍ မတူခြားနား ကွဲပြားခြင်း သဘောများနှင့် မကင်းသော လောက၌ ကာမသောဘနစိတ်ကို မတူခြားနားကွဲပြားအောင် ပြုတတ်သော စေတသိက်များကို ဖော်ထုတ် ရေတွက်ပြပါ။ | "အကောင်း အဆိုး" စိတ်နှစ်မျိုးလုံးနှင့် ဆက်ဆံသော "နှစ်ဖက်ချွန်" စေတသိက်အစုမှာ - ၁။ သဗ္ဗစိတ္တသာဓာရဏစေတသိက် = ရ-ပါး ၂။ ပကိဏ်းစေတသိက် = ၆-ပါး ပေါင်း အညသမာန်းစေတသိက် = ၁၃-ပါး တို့ဖြစ်ပါသည်။ ကာမသောဘနစိတ်ကို မတူထူးခြား ကွဲပြားအောင် ပြုတတ်သော စေတသိက်များမှာ - ၁။ ကရုဏာ၊ မုဒိတာ (အပ္ပမညာစေတသိက်) = ၂-ပါး ၂။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ (ဝိရတီစေတသိက်) = ၃-ပါး ၃။ ဉာဏ် (ပညိန္ဒြေစေတသိက်) = ၁-ပါး ၄။ ပီတိ = ၁-ပါး ပေါင်း စေတသိက် = ရ-ပါးတို့ ဖြစ်ပါသည်။ |
3 | 3 | 1998 | လောက၌ ရှိသမျှဥဿုံ အလုံးစုံသော အာရုံတို့တွင် အကျယ်ဝန်းဆုံးဖြစ်သော အာရုံကို သရုပ်နှင့်တကွ ဖော်ပြ၍၊ ယင်းအာရုံကို ယူနိုင်သော စိတ်များကို ဖြစ်ရာ ဒွါရ၊ မှီရာဝတ္တုတို့နှင့်တွဲစပ်ဖြေဆိုပါ။ | လောက၌ ရှိသမျှဥဿံု အလုံးစုံသော အာရုံတို့တွင် အကျယ်ဝန်းဆုံးဖြစ်သော အာရုံမှာ- “ဓမ္မာရုံ” ဖြစ်ပါသည်။ အကြောင်းမှာ- အာရုံ ၆-ပါးတွင် ရူပါရုံ စသော အာရုံငါးပါးတို့မှာ ရုပ်ပရမတ်တစ်မျိုးတည်းသာ ဖြစ်ကပြြီး၊ ဓမ္မာရုံ၌ကား ရုပ်၊ နာမ် ပရမတ်အပြင် ပညတ်လည်း ပါဝင်သောကြောင့် ဖြစ်ပါသည်။ ဓမ္မာရုံသရုပ်မှာ- စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ပသာဒရုပ် ၅-ပါး၊ သုခုမရုပ် ၁၆-ပါး၊ နိဗ္ဗာန်နှင့် ပညတ်တို့ ဖြစ်ပါသည်။ ဓမ္မာရုံကိုယူနိုင်သော စိတ်မှာ- မနောဒွါရိကစိတ် ၆၇-ပါး ဖြစ်သော မနောဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး ဇောစိတ်= ၅၅-ပါး တဒါရုံစိတ်= ၁၁-ပါး တို့ဖြစ်ပါသည်။ ယင်းစိတ်တို့၏ ဖြစ်ရာဒွါရမှာ- မနောဒွါရ ဖြစ်ပါသည်။ ယင်းစိတ်တို့၏ မှီရာဝတ္တုမှာ- ဖြစ်သင့်သည့်အားလျော်စွာ- ပဉ္စဝေါကာရဘုံ၌ဖြစ်ခိုက် - ဟဒယဝတ္တုရုပ်ကို မှီပြီး စတုဝေါကာရဘုံ၌ဖြစ်ခိုက် - မည်သည့်ဝတ္တုရုပ်ကိုမှ မမှီပါ။ |
4 | 3 | 1998 | “လူချင်းတူသော်လည်း အသက်ရှုခြင်းကွာသည်” ဟု ပြောဆိုကြရာ ထိုစကား မှန်ကန်ပုံကို ဒွိဟိတ်၊ တိဟိတ်ပုဂ္ဂိုလ်တို့ကို ပမာပြုကာ ပုဂ္ဂလဘေဒ လာသည့်အတိုင်း ရှင်းပြ၍ ရူပဗြဟ္မာကြီးများ စိတ်ဆိုးမှု ရှိ-မရှိကိုလည်း ရှင်းပြပါ။ | “လူချင်းတူသော်လည်း အသက်ရှုခြင်းကွာသည်”ဟု ပြောဆိုကြရာ ထိုစကား မှန်ကန်ပုံကို ဒွိဟိတ်၊ တိဟိတ်ပုဂ္ဂိုလ်တို့ကို ပမာပြုကာ ပုဂ္ဂလဘေဒ လာသည့်အတိုင်း ရှင်းပြရသော်- ဒွိဟိတ်ပုဂ္ဂိုလ်၏စိတ်ရမှာ- - အကုသိုလ်စိတ်-၁၂-ပါး - ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ်- ၁၇-ပါး - မဟာကုသိုလ်စိတ်- ၈-ပါး - *မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ်-၄-ပါး ပေါင်း-၄၁-ပါး (၎င်းဒွိဟိတ်ပုဂ္ဂိုလ်သည် ပဋိသန္ဓေစိတ်ထဲက အမောဟဟိတ်မယှဉ်ခြင်းကြောင့် ယခုဘဝ မည်မျှပင် အားထုတ်စေကာမူ ဈာန်၊ မဂ်၊ ဖိုလ် မရနိုင်ပါ။) တိဟိတ်ပုဂ္ဂိုလ်၏စိတ်ရမှာ- - အကုသိုလ်စိတ်-၁၂-ပါး - ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ်-၁၇-ပါး - မဟာကုသိုလ်စိတ်-၈-ပါး - *မဟာဝိပါက်စိတ်-၈-ပါး ပေါင်း-၄၅-ပါး တိဟိတ်ပုဂ္ဂိုလ်သည် ဆက်လက်ကျင့်ကြံ အားထုတ်ပါက ဈာန်၊ မဂ်၊ ဖိုလ်ဇောတို့ ရနိုင်ပါသည်။ (အဘယ်ကြောင့်ဆိုသော် - တိဟိတ်ပုဂ္ဂိုလ်တို့သည် ပဋိသန္ဓေတည်စကပင် အမောဟဟိတ်ယှဉ်သည့် တိဟိတ်ပဋိသန္ဓေ စိတ်ဖြင့် နေခဲ့သောကြောင့် ဈာန်၊ မဂ်၊ ဖိုလ်ဟူသော အပ္ပနာဇောတို့ကို ရရှိနိုင်ခြင်းဖြစ်ပါသည်။ ရူပဗြဟ္မာကြီးများသည် စိတ်ဆိုးခြင်း မရှိပါ။ အကြောင်းပြရသော်- ရူပဘုံ၌ ရနိုင်သမျှစိတ်တို့မှာ- - ဒေါသမူဒွေးကြဉ်သော အကုသိုလ်စိတ်-၁၀ပါး - ဃာနာဒိ ၆-ပါးကြဉ်သော အဟိတ်စိတ်-၁၂-ပါး - မဟာကုသိုလ်၊ ကြိယာစိတ်-၁၆-ပါး - မဟဂ္ဂုတ်ကုသိုလ်၊ကြိယာစိတ်-၁၈-ပါး - လောကုတ္တရာစိတ်-၈-ပါး - ရူပဝိပါက်စိတ်-၅-ပါး ပေါင်း-၆၉-ပါး တို့ဖြစ်ပါသည်။ ထို ၆၉-ပါးသောစိတ်တို့တွင် ဒေါသမူဒွေး မပါသဖြင့် ရူပဗြဟ္မာကြီးများသည် စိတ်ဆိုးခြင်း မရှိသည်မှာ ထင်ရှားပါသည်။ |
5 | 3 | 1998 | ဒါနကုသိုလ်ကံသည် နောင်သံသရာတွင် သာမက ယခုဘဝမှာပင် အကျိုးပေးနိုင်ပုံကို ရှင်းပြ၍၊ မကောင်းမှု အကုသိုလ်ကံ သုံးမျိုးတို့တွင် နောက်ဆုံးကံ၏ အဓိပ္ပာယ်ကိုလည်း စိတ်ဝယ်စွဲအောင် ရေးသားပြပါ။ | ဒါနကုသိုလ်ကံသည် နောင်သံသရာတွင် သာမက ယခုဘဝမှာပင် အကျိုးပေးနိုင်ပုံကို ရှင်းပြရသော်- အကျိုးပေးရော အချိန်အခါ (ပါကကာလ)နှင့် ပတ်သတ်၍ အောက်ပါအတိုင်း ကံ ၄-မျိုး ပြားပါသည်။ (၁) ဒိဋ္ဌဓမ္မဝေဒနိယကံ - မျက်မှောက်ဘဝ၌ပင် အကျိုးပေးနိုင်သော ပထမဇောစေတနာ၊ (၂) ဥပပဇ္ဇဝေဒနိယကံ - ဒုတိယဘဝ၌ အကျိုးပေးနိုင်သော သတ္တမဇောစေတနာ၊ (၃) အပရာပရိယာယဝေဒနိယကံ - တတိယဘဝမှ နိဗ္ဗာန်မရမီစပ်ကြား၊ အခွင့်ရတိုင်း အကျိုးပေးနိုင်သော အလယ်ဇော ၅-ချက်စေတနာ။ (၄) အဟောသိကံ - အကျိုးမပေးသောကံ တို့ဖြစ်ပါသည်။ ထို့ကြောင့် ဒါနကုသိုလ်ကံ ပြုလုပ်လျှင် ထိုဒါနကုသိုလ်သည် နောက်သံသရာတွင်သာမက ယခုဘဝမှာပင် အကျိုးပေးနိုင်ကြောင်း ထင်ရှားလှပါသည်။ မကောင်းမှု အကုသိုလ်ကံသည် ကာကကံ၊ ၀စီကံ၊ မနောကံ ဟူ၍ ၃-မျိုးရှိရာဝယ်- နောက်ဆုံးကံဖြစ်သော မနောကံ၏ အဓိပ္ပယ်မှာ- ကာယဝိညတ်၊ ၀စိဝိညတ်ကို ကြဉ်၍ မနောဒွါရ (စိတ်)၌သာ များသောအားဖြင့် ဖြစ်တတ်သောကြောင့် မနောကံ မည်ပါသည်။ မနောအကုသိုလ်ကံသည် အောက်ပါအတိုင်း ၃-မျိုး ရှိပါသည်။ (၁) အဘိဇ္ဈာ သူပိုင်ဥစ္စာညွှတ်မှု၊ (၂) ဗျာပါဒ အသေတောင့်တမှု (၃) မိစ္ဆဒိဋ္ဌိ အယူမှားမှု တို့ဖြစ်ပါသည်။ |
6 | 3 | 1998 | ဆုံဝယ်တပ်နွား၊ ရဟတ်များသို့ မနေမနား သွားနေရသော ဤရုပ်သံသရာကြီး လည်ပတ်နေပုံကို ရေးသားပြ၍၊ သညာမရှိသော ဗြဟ္မာတို့သန္တာန်ဝယ် ပဋိသန္ဓေအခါ ရနိုင်သော ရုပ်ကလာပ်တို့ ကိုလည်း ဖော်ပြပါ။ | စက်ရဟတ်ပမာ ရုပ်တရားများ လည်ပတ်ဖြစ်ပေါ်နေပုံ (၁) ကမ္မဇရုပ်များသည် ဤ ပစ္စုပ္ပန်ဘဝအစ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှ အစပြု၍ ပဝတ္တိအခါ ခဏတိုင်း၊ ခဏတိုင်း မြစ်ရေအယဉ်ကဲ့သို့ (ဣန္ဒြိယဗဒ္ဓသန္တာန်) သက်ရှိတို့၏ သန္တာန်၌ ဖြစ်၏။ (၂) စိတ္တဇရုပ်များသည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ စိတ်၏ ဥပါဒ်တိုင်း၊ ဥပါဒ်တိုင်းဖြစ်၏။ (၃) ဥတုဇရုပ်များသည် ပဋိသန္ဓေ၏ ဌီခဏမှစ၍ ပဝတ္တိအခါ မိမိဌီသို့ ရောက်ရာခဏတိုင်းဖြစ်၏။ (၄) အာဟာရဇရုပ်များသည် အဇ္ဈတ္တ-ဗဟိဒ္ဓ အာဟာရ ၂-ပါး အချင်းချင်း ဌီသို့ ရောက်ပြီး ရောနှောမိချိန်မှစ၍ ဖြစ်၏။ ဤသို့အားဖြင့် ပစ္စုပ္ပန်ဘဝ၌ ကံ၊စိတ်၊ ဥတု၊အာဟာရတည်း ဟူသော အကြောင်းတရားတို့ကြောင့်ဖြစ်သော ရုပ် ၄-မျိုး တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကို အစပြု၍ အကြောင်းတရားများ မချုပ်ဆုံးသရွေ့ အသစ်-အသစ် ဆက်ကာဆက်ကာ ဖြစ်ကြသကဲ့သို့ သေလွန်ပြီး ဘဝတစ်ပါး၌လည်း အကြောင်းတရား၄-ပါးကြောင့် ဖြစ်သောရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကို အစပြု၍ ဖြစ်ပေါ်ကပြြန်လေသည်။ ဤသို့ဖြင့် (ရဟန္တာ မဖြစ်သေး၍) ဘဝမပြတ်သေးသမျှ ကာလပတ်လုံး ရုပ်တရားများ ဖြစ်ခွင့်ရသော ဘုံဌာနတိုင်း၌ ဘဝသစ် ပဋိသန္ဓေကို စွဲ၍ ရုပ်တရားများသည် စက်ရဟတ်ပမာ လည်ပတ်ဖြစ်ပေါ်နေပါသည်။ သညာမရှိသော ဗြဟ္မာတို့ သန္တာန်ဝယ် ပဋိသန္ဓေအခါ ရနိုင်သော ရုပ်ကလာပ်မှာ - ကမ္မဇဇီဝိတနဝကကလာပ် ၁-စည်းသာ ဖြစ်ပါသည်။ |
7 | 3 | 1998 | ဓာတ် ၁၈-ပါးပြားရခြင်းအကြောင်းကိုလည်း ဖြေဆို၍၊ သစ္စာမဖွဲ့သင့်သော ပရမတ္ထတရားများကို ဖော်ပြပါ။ | ဒွါရ ၆-ပါး၊ အာရုံ ၆-ပါး၊ ဝိညာဏ် ၆-ပါး ပြားခြင်းကြောင့် ဓာတ် ၁၈-ပါး ပြားရခြင်း ဖြစ်ပါသည်။ သစ္စာမဖွဲ့သင့်သော ပရမတ္ထတရားများမှာ - မဂ်စိတ္တုပ္ပါဒ် ၂၉-ပါးနှင့် - ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ပါးတို့ဖြစ်ကြပါသည်။ မဂ်စိတ္တုပ္ပါဒ် ၂၉-ပါးယူပုံမှာ မဂ်စိတ် ၄-ပါး၌ စိတ်အသီးသီးတွင် ယှဉ်သော စေတသိက် ၃၆-ပါးမှ မဂ္ဂင်တရားကိုယ် ၈-ပါးကို နှုတ်က စေတသိက် ၂၈-ပါး ကျန်၏။ မဂ်စိတ်၄-ပါးကို လက္ခဏာတူ၍ တစ်ပါးတည်းပြုပြီး ထိုစေတသိက် ၂၈-ပါးနှင့်ပေါင်းလျှင် မဂ်စိတ္တုပ္ပါဒ် ၂၉-ပါး ရ၏။ ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ပါးယူပုံမှာ ဖိုလ်စိတ် ၄-ပါး၌ ယှဉ်သော စေတသိက် ၃၆-ပါးနှင့် ဖိုလ်စိတ် ၄-ပါးကို လက္ခဏာတူ၍ တစ်ပါးတည်းပြုကာ ပေါင်းလျှင် ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ပါး ရ၏။ |
8 | 3 | 1998 | ရုပ်နာမ်နှစ်ပါး၊ ကွဲတုံငြား၊ မှတ်သားကလျာဏ ဟူသည် နှင့်အညီ ကလျာဏပုထုဇဉ် စာရင်းဝင်ရန် ပရမတ္တ တရားများကို ရုပ် နာမ်ခွဲပပြြီးလျှင် အောက်ပါတို့တွင် (က)ကို အတ္တပညတ်၊ (ခ) ကိုသဒ္ဒပညတ်အမည် ပေးပါ။ (က) စပယ်ပန်း (ခ) ပညာဗိမာန် | ပရမတ္တတရား ၄-ပါးကို ရုပ်၊ နာမ် ခွဲပြရသော်- စိတ် ၈-ပါး၊ စေတသိက် ၅၂ပါးနှင့် နိဗ္ဗာန်တို့သည် နာမ်တရား၊ ရုပ် ၂၈-ပါးသည် ရုပ်တရားဖြစ်ပါသည်။ ပညတ်အမည်များ- (က) စပယ်ပန်း - သဏ္ဌာနပညတ် (အတ္ထပညတ်) (ခ) ပညာဗိမာန် - ဝိဇ္ဇာမာနေန- အဝိဇ္ဇမာနပညတ်(သဒ္ဒပညတ်) |
9 | 3 | 1998 | ပစ္စယသန္နိဿိတသီလနှင့်ပြည့်စုံစေရန် ပွားများနည်းကို ရေးသား၍ ဥဒယဗ္ဗယဉာဏ်သို့ဆိုက်ရောက်သော ယောဂီတစ်ယောက်အား တွေ့ကြံုတတ်သော အခက်အခဲနှင့် ယင်းအခက်အခဲမှ လွန်မြောက်အောင် မည်ကဲ့သို့ အားထုတ်ရမည်ကိုလည်း ဖြေဆိုပါ။ | ပစ္စယသန္နိဿိတသီလနှင့် ပြည့်စုံစေရန် ပွားများနည်းမှာ- အသက်ရှည်ကြာ၊ ဘေးဘယာတို့၊ ကိုယ်မှာမကပ်၊ ပရိယတ်နှင့် ပဋိပတ်ရေး၊ မျှော်ထောက်တွေး၍ ဤဆေး ဤ ဆွမ်း ဤသင်္ကန်း နှင့် ရွှင်လန်းဖွယ်ကောင်း၊ ဤစံကျောင်းကို မှီအောင်း သုံးစွဲပါသတည်း ဟု ဆွမ်း သင်္ကန်း ကျောင်း ဆေးဟူသော ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ ဉာဏ်ဖြင့် သုံးစွဲလျှင် ဤသီလ လုံခြံုပြည့်စုံနိုင်ပါသည်။ ဥဒယဗ္ဗယဉာဏ်သို့ ဆိုက်ရောက်သော ယောဂီတစ်ယောက်အား တွေ့ကြံုတတ်သော အခက်အခဲများမှာ- (၁) သြဘာသ (၂) ပီတိ (၃) ပဿဒ္ဓိ (၄) အဓိမောက္ခ (၅) ပဂ္ဂဟ (၆) သုခ (၇) ဉာဏ (၈) ဥပဋ္ဌာန (၉) ဥပေက္ခာ (၁၀) နိကန္တိ တို့ဖြစ်ပါသည။် ယင်းအခက်အခဲမှ လွန်မြောက်အောင် အားထုတ်ရပုံမှာ- - ထိုသြဘာသ စသည်တို့သည် တဏှာ မာန ဒိဋ္ဌိတို့၏ တည်ရာဖြစ်၍ ဝိပဿနာဉာဏ်ကို ညစ်နွမ်းစေတတ်သော ဘေးရန်များတည်း၊ - ထိုသြဘာသ စသည်ကို နှစ်သက်စွဲလမ်းနေမှုသည် မဂ်ဖိုလ်ရကြောင်း လမ်းကောင်းလမ်းမှန် မဟုတ်သဖြင့် အမဂ္ဂ (လမ်းမှား) သာလျှင်တည်း၊ - ဝိပဿနာဉာဏ် အစဉ်အတိုင်း ဆက်လက်၍ အားထုတ်မှသာ မဂ်ဖိုလ်ရကြောင်း လမ်းကောင်း လမ်းမှန်ဖြစ်၍ မဂ္ဂ (လမ်းမှန်) အစစ်ဖြစ်၏ဟု ပိုင်းခြားသတ်မှတ်ပြီး ဥဒယဗ္ဗဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် ဆက်လက် အားထုတ်ခြင်းဖြင့် ဤအခက်အခဲတို့မှ လွန်မြောက်နိုင်ပါသည်။ |
2 | 4 | 1998 | "စေတနာကောင်းသည် စေတနာယုတ်သည်" ဟူသော လောကသုံးစကား၌ အဘယ်စေတနာသည် ကောင်း၍ အဘယ်စေတနာ သည် ယုတ်ပါသနည်း။ ဖြေဆိုပြီးလျှင် လောကုတ္တရာ စတုတ္ထစျာန်နှင့် ပဉ္စမစျာန်တို့၌ ယှဉ်သော စေတသိက်တို့၏ ထူးခြားဟန်ကိုလည်း ဖြေဆိုပါ။ | "စေတနာကောင်းသည် စေတနာယုတ်သည်" ဟူသော လောကသုံးစကား၌ - သောဘနစိတ် ၅၉ ပါးနှင့်ယှဉ်သော စေတနာစေတသိက်သည် ကောင်း၍ - အကုသိုလ်စိတ် ၁၂ ပါးနှင့်ယှဉ်သော စေတနာစေတသိက်သည် ယုတ်ပါသည်။ လောကုတ္တရာ စတုတ္ထစျာန်နှင့် ပဉ္စမစျာန်တို့၌ ယှဉ်သော စေတသိက်တို့၏ ထူးခြားဟန်မှာ - စတုတ္ထစျာန်၌ ယှဉ်ရာစေတသိက် ၃၃ ပါးသည် သုခဝေဒနာနှင့်တကွ ဖြစ်၏ - ပဉ္စမစျာန်၌ ယှဉ်ရာစေတသိက် ၃၃ ပါးသည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်၏ ဤသို့ ထူးခြားမှုရှိပါသည်။ |
5 | 4 | 1998 | အသညသတ်ဘုံသို့ ရောက်ရန် နည်းလမ်းကို စည်းကမ်းတကျ ရေးသားပြ၍ ဘဝင်ဖြစ်ပုံ ကိုလည်းဥပမာဆောင်ကာ ထင်အောင်ပြခဲ့ပါ။ | အသညသတ်ဘုံသို့ ရောက်ရန် နည်းလမ်းကို စည်းကမ်းတကျ ရေးသားပြရသော်- ရူပပဉ္စမဈာန်ကို ရပြီးသော ကာမဘုံသား ပုထုဇဉ်ပုဂ္ဂိုလ်သည် “အမှတ်သညာရှိနေ (စိတ်၊ စေတသိက်ရှိနေ) သောကြောင့်သာ စားချင်၊ သောက်ချင်၊ လိုချင်မှု၊ ဒေါသဖြစ်မှု၊ မာနဖြစ်မှုတွေ ဖြစ်ရသည်။ ရုပ်ခန္ဓာချည်းနေလျှင် အပြစ်တစ်စုံတစ်ရာ မရှိဘဲ အေးမြငြိမ်းချမ်းဖွယ် ရှိသည်” ဟူသော သညာစေတသိက်နှင့်တကွ စိတ်၊ စေတသိက် အားလုံး အပေါ်မှာ များစွာ အပြစ်မြင်လျက် ပဉ္စမဈာန်ကိုပင် ထပ်ကာ ထပ်ကာ ဝင်စား၏၊ ထိုအခါ ပဉ္စမဈာန်စိတ်သည် သညာ(စိတ်၊ စေတသိက်အားလုံး)ကို စက်ဆုပ်သော “သညာဝိရာဂ ဘာဝနာ” အဖြစ်သို့ ရောက်၏။ ထိုပုဂ္ဂိုလ်စုတေလျှင် သူ့အလိုကျ သညာမရှိသော အသညသတ်ဘုံသို့ ရောက်ရလေသည်။ ဘဝင်ဖြစ်ပုံကို ဥပမာဆောင်ကာ ဖော်ပြရသော်- ပဋိသန္ဓေတည်နေပြီးသော သတ္တဝါတို့မှာ ပဋိသန္ဓေစိတ် ချုပ်ပြီးသည်၏ အခြားမဲ့မှစ၍ ထိုပဋိသန္ဓေ၏ အာရုံကိုပင် အာရုံပြု၍ ထိုပဋိသန္ဓေစိတ်နှင့် အလားတူသော စိတ်သည်ပင် စုတိစိတ်ဖြစ်သည့်တိုင်အောင် (ပဋိသန္ဓေစိတ်နှင့် ၀ီထိစိတ်တို့အကြား၌) ၀ီထိစိတ် မဖြစ်ခဲ့သော် ဘဝင်ကိစ္စတပ်လျက် မြစ်ရေအလျဉ်ကဲ့သို့ ဘဝတစ်လျှောက်လုံး အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်နေပါသည်။ ဤသို့ ဖြစ်ပေါ်နေသောစိတ်သည် ဘဝ၏အကြောင်း ဖြစ်သောကြောင့် (တစ်နည်း) ဘဝမပြတ်အောင် ဆက်စပ်ပေးတတ်သောကြောင့် ဘဝင်စိတ် မည်ပါသည်။ |
9 | 4 | 1998 | မည်သို့သော ပုဂ္ဂိုလ်မျိုးကို လောက၌ ရဟန္တာ ဟု ခေါ်ဆိုကြ၍ သောတာပန် သကဒါဂါမ် အနာဂါမ် အရိယာများ အိမ်ထောင်သားမွေးခြင်းကိစ္စ ရှိ မရှိ အဘိဓမ္မာ ပညာရှင်ပီပီ ခွဲခြားဖြေဆိုပါ။ | ရဟန္တာ - အရဟတ္တာမဂ် ဖြင့် ကိလေသာတို့ကို အကြွင်းမကျန်မရှိ ပယ်ပြီးသော အာသဝေါတရားများကုန်ခန်းပြီဖြစ်သည့် လောက၌ အမြတ်ဆုံးအလှူကိုခံတော်မူထိုက်သော အရိယာပုဂ္ဂိုလ်ကို ရဟန္တာ ဟုခေါ်ပါသည်။ သောတာပန်နှင့် သကဒါဂါမ် အရိယာများသည် - ကာမရာဂ၊ ကိလေသာကို အကြွင်းမဲ့ မပယ်ရသေး၍ အိမ်ထောင်သားမွေးခြင်း ကိစ္စ ရှိနိုင်သေးသည်။ အနာဂါမ်အရိယာမှာမူ - ကာမရာဂကိလေသာကို အကြွင်းမဲ့ ပယ်ပြီးဖြစ်၍ အိမ်ထောင်သားမွေးခြင်းကိစ္စ မရှိတော့ပါ။ |
1 | 1 | 1999 | သံဃာတော်များ ကြွလာသည်ကို ဖူးမြင်ရသော မိခင်က"သားလေး ရှိခိုး ရှိခိုး" ဟုပြောဆို တိုက်တွန်းမူကြောင့်ပျော်ရွင်စွာ ရှိခိုးနေသော ကလေးငယ်၏ သန္တာန်၌ ဖြစ်သောကုသိုလ်စိတ်ကို တိကျစွာ ဖော်ပြ၍၊ ပဉ္စမစျာန်စိတ် ၂၃ပါး၌ လောကီ၊ လောကုတ္တရာ မည်မျှစီရှိသည်ကိုလည်း သင်္ချာမျှ ဖော်ပြပါ။ | သံဃာတော်များ ကြွလာသည်ကို ဖူးမြင်ရသော မိခင်က "သားလေး ရှိခိုး ရှိခိုး" ဟုပြောဆို တိုက်တွန်းမူကြောင့် ပျော်ရွင်စွာ ရှိခိုးနေသော ကလေးငယ်၏ သန္တာန်၌ဖြစ်သော ကုသိုလ်စိတ်မှာ - သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ် စတုတ္တစိတ် ဖြစ်ပါသည်။ ပဉ္စမစျာန်စိတ် ၂၃ပါး ၌ - လောကီစျာန်စိတ် ၁၅ပါး - လောကုတ္တရာစျာန်စိတ် ၈ပါး ပေါင်း ပဉ္စမစျာန်စိတ် ၂၃ပါး ရှိပါသည်။ |
2 | 1 | 1999 | "တစ်မိုးအောက်မှာ တစ်ယောက်ထဲ" ဆိုသကဲ့သို့ စိတ်အားလုံးတို့တွင် စိတ်တစ်ပါးနှင့်သာ ယှဉ်သည့်စေတသိက်ကို သဘောလက္ခဏာနှင့်တကွ ဖော်ပြ၍ စေတသိက်တိုင်း၌ ရှိရမည့် လက္ခဏာ လေးပါးကိုလည်း ရေးသားပါ။ | စိတ်တစ်ပါးနှင့်ယှဉ်သည့် စေတသိက်မှာ - "ဝိစိကိစ္ဆာစေတသိက်’" ဖြစ်ပါသည်။ ဝိစိကစ္ဆာ၏ သဘောလက္ခဏာမှာ - ဘုရား၊ တရား စသည်များ၌ ယုံမှားခြင်းသဘော ဖြစ်ပါသည်။ စေတသိက်တိုင်း၌ ရှိရမည့် လက္ခဏာလေးပါးမှာ - ၁။ ဧကုပ္ပါဒ = စိတ်နှင့်တူသော ဖြစ်ခြင်း၊ ၂။ ဧကနိရောဓ = စိတ်နှင့်အတူ ချုပ်ခြင်း၊ ၃။ ဧကာရမ္မဏ = စိတ်နှင့်တူသော အာရုံရှိခြင်း၊ ၄။ ဧကဝတ္တုက = စိတ်နှင့်တူသော မှီရာဝတ္တုရှိခြင်း တို့ဖြစ်ပါသည်။ |
3 | 1 | 1999 | စိတ်၏ဆောင်ရွက်ဖွယ်ကိစ္စ ၁၄-ပါးရှိရာဝယ် ကိစ္စအများကို မဆောင်ရွက်ဘဲ တစ်ကိစ္စတည်းကိုသာ ဆောင်ရွက်သည့်စိတ်တို့ကို ရေတွက်ပြ၍၊ ဟိတ်ခြောက်ပါးတို့တွင် ကုသိုလ်ဟိတ် သုံးပါးကိုလည်း ဖော်ပြပါ။ | တစ်ကိစ္စတည်းကိုသာ ဆောင်ရွက်သည့်စိတ်တို့မှာ- ဒွေပဉ္စဝိညာဏ်= ၁၀ပါး မနောဓာတ်= ၃-ပါး (ပဉ္စဒွါရာဝဇွန်း-၁ + သမ္ပဋိစ္ဆိုင်းဒွေး) ဇောစိတ်= ၅၅-ပါး ပေါင်း ၁-ကိစ္စတပ်သောစိတ်= ၆၈-ပါး ကုသိုလ်ဟိတ်သုံးပါးမှာ- အလောဘဟိတ် အဒေါသဟိတ် အမောဟဟိတ်တို့ ဖြစ်ပါသည်။ |
4 | 1 | 1999 | ၀ီထိအဓိပ္ပါယ်ကို ရေး၍၊ ထင်ထင်ရှားရှား ဖြစ်ပေါ်လာသော အာရုံ(ဝိဘူတာရုံ)၀ယ် ပါဝင်သော ၀ီထိစိတ်တို့ကိုလည်း ရေးသားပြပါ။ | ၀ီထိဟူသည် - အာရုံနှင့်ဒွါရ တိုက်ဆိုင်မှုကြောင့် ထိုထိုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်စသော အစဉ်အားဖြင့် စိတ်တို့၏ ဖြစ်ခြင်းပင်တည်း။ ဝိဘူတာရုံဝီထိ၀ယ် ပါဝင်သောဝီထိစိတ်များမှာ- (၁) မနောဒွါရာဝဇ္ဇန်း (၂) ကာမဇော (၃) တဒါရုံတို့ဖြစ်ပါသည်။ |
5 | 1 | 1999 | လူစဉ်မီသူနှင့် လူစဉ်မမီသူတို့ ဘဝအစ ပထမဦးဆုံးဖြစ်သော စိတ်ချင်း တူ၊ မတူ စိစစ်ဝေဖန်၍ တစ်ဘဝလုံး နာမ်တရားများ မဖြစ်သော ဗြဟ္မာများ ကိုလည်း ညွှန်ပြပါ။ | လူစဉ်မီသူနှင့် လူစဉ်မမီသူတို့ ဘဝအစ ပထမဦးဆုံး ဖြစ်သော စိတ်ချင်းမတူကပြါ။ လူစဉ်မီသူ၏ ပဋိသန္ဓေစိတ်မှာ- မဟာဝိပါက်စိတ် ၈-ပါးဖြစ်သော သဟိတ်ကာမ ပဋိသန္ဓေဖြစ်ပြီး လူစဉ်မမီသူ၏ ပဋိသန္ဓေစိတ်မှာ- အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တိရဏစိတ် ဖြစ်သော အဟိတ်ပဋိသန္ဓေ ဖြစ်ပါသည်။ တစ်ဘဝလုံး နာမ်တရား မဖြစ်သော ဗြဟ္မာများမှာ- “အသညသတ်ဗြဟ္မာများ” ဖြစ်ပါသည်။ ရူပ ပဉ္စမဈာန်ရပုဂ္ဂိုလ်သည် ထိုပဉ္စမဈာန်ကိုပင် သညာဝိရာဂဘာဝနာ ပွားများအားထုတ်ပါက ၎င်းစုတေလျှင် သညာ (တစ်နည်း) နာမ်တရား လုံးဝမရှိသော အသညသတ်ဘုံ၌ အသညသတ်ဗြဟ္မာ ဖြစ်ပါသည်။ |
6 | 1 | 1999 | ထိတွေ့စမ်းသပ်၍ရကောင်းသောအာရုံ (ဖောဋ္ဌဗ္ဗာရုံ)တွင် ပါဝင်သော ရုပ်တရားအစုကို် ဖော်ပြ၍၊ စာဖြေပုဂ္ဂိုလ်တို့ ရုပ်မြင်သံကြားကြည့်ရှုရာ၌ မြင်မှု၊ ကြားမှုတို့သည် “မိမိတို့ထံမှောက်သို့ ရောက်မှ အာရုံကို ယူနိုင်ကြရသည်” ဟုဆိုလျှင် သင် အဘယ်သို့ ချေပမည်ကို အဖြေပြပါ။ | ထိတွေ့စမ်းသပ်၍ ရကောင်းသောအာရုံ (ဖောဋ္ဌဗ္ဗာရုံ)တွင် ပါဝင်သော ရုပ်တရားအစုမှာ- ပထဝီ၊ တေဇော၊ ၀ါယောဓာတ်တို့ ဖြစ်ပါသည်။ မြင်မှု၊ ကြားမှုတို့သည် “မိမိတို့ထံမှောက်သို့ ရောက်မှ အာရုံကို ယူနိုင်ကြရသည်”ဟူသော အဆိုမှာ မမှန်ပါ။ စက္ခု၊သောတ နှစ်ပါးတို့သည် မိမိထံမှောက်သို့ မရောက်မထိ မငြိမကပ်သော အာရုံကို ယူတတ်သောကြောင့် “အသမ္ပတ္တ ဂေါစရဂ္ဂါဟကရုပ်” မည်၏ဟု ရူပဝိဘာဂအခန်း၌ ဖော်ပြထားချက်ကြောင့် ပုစ္ဆာပါ ဖော်ပြချက်မှာ မမှန်ကြောင်း ထင်ရှားပါသည်။ |
7 | 1 | 1999 | ဆန့်ကျင်ဘက်ရန်များကို မတုန်မလှုပ် နောက်မဆုတ်ဘဲခိုင်ခိုင်မြဲမြဲ ရပ်တည်ကာ တိုက်ဖျက်ချေမှုန်းသုတ်သင်နိုင်ရန် မည်သည့် တရားများကို ဆောင်ထားရမည်ကို ရေး၍ ၎င်းတရားတို့၏ အဓိပ္ပာယ်ကိုလည်း ဖြေဆိုပါ။ | ဆန့်ကျင်ဘက်ရန်များကို မတုန်မလှုပ် နောက်မဆုတ်ဘဲခိုင်ခိုင်မြဲမြဲ ရပ်တည်ကာ တိုက်ဖျက်ချေမှုန်းသုတ်သင်နိုင်ရန် သဒ္ဓါဗိုလ်၊ ၀ီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် ဟူသော ဗိုလ် ၅-ပါးတို့ကို ဆောင်ထားရပါမည်။ (၁) သဒ္ဓါဗိုလ် - ရတနာသုံးပါး၊ ကံ ကံ၏အကျိုးတို့၌ ယုံကြည်ခြင်း သဒ္ဓါတရားစွမ်းအင် (၂) ၀ီရိယဗိုလ် - ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တရား၌ ကြိုးစား အားထုတ်နိုင်ခြင်း ၀ီရိယစွမ်းအင် (၃) သတိဗိုလ် - ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တရား၌ ခိုင်မြဲသော အောက်မေ့ခြင်း သတိစွမ်းအင် (၄) ပညာဗိုလ် - လောကီ၊ လောကုတ္တရာတရား အလုံးစုံတို့၌ မှန်ကန်စွာ ထိုးထွင်းသိမြင်နိုင်ခြင်း ပညာစွမ်းအင် တို့ဖြစ်ပါသည်။ |
8 | 1 | 1999 | ဇာတိ၏အကျိုးရင်းနှင့် အကျိုးဆက်ကို ခွဲခြားဖော်ပြ၍ ပဋိစ္စသမုပ္ပါဒ်ကို အလွှာလေးပါးဖြင့် ခွဲပြပါ။ | ဇာတိ၏အကျိုးရင်းနှင့် အကျိုးဆက် - သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ပဋိစ္စသမုပ္ပါဒ်ကို အလွှာလေးပါးဖြင့် ခွဲပြရသော်- (၁) အတိတ်အကြောင်းလွှာ - အဝိဇ္ဇာ၊ သင်္ခါရ (၂) ပစ္စုပ္ပန်အကျိုးလွှာ - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ (၃) ပစ္စုပ္ပန်အကြောင်းလွှာ - တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ (၄) အနာဂတ်အကျိုးလွှာ - (ဥပပတ္တိဘဝ) ဇာတိ၊ ဇရာ-မရဏ တို့ဖြစ်ပါသည်။ |
9 | 1 | 1999 | ကမ္မဋ္ဌာန်းပိုင်းလာ သမထနှင့် ဝိပဿနာတို့၏ အဓိပ္ပာယ်ကို ကွဲပြားခြားနားအောင် ရေးပပြြီးလျှင် ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ ပွားများရမည့် တရားဆယ်ပါး ကိုလည်း ထုတ်ဖော်ရေးသားခဲ့ပါ။ | သမထ (၁) နီဝရဏတရားတို့ကိုလည်းကောင်း၊ ဝိတက် စသောအောက်အောက်ဈာန် အင်္ဂါများကိုလည်းကောင်း ငြိမ်သက်စေနိုင်သောသမာဓိကို ခေါ်၏။ (လောကီကုသိုလ် ကြိယာနှင့်ယှဉ်သော ဧကဂ္ဂတာစေတသိက်) (၂) တည်ရာအာရုံ= ပထဝီကသိုဏ်းစသော ၄၀-သော ကမ္မဋ္ဌာန်း အာရုံများ (၃) အကျိုး= မဟဂ္ဂုတ်ဈာန်၊ အဘိညာဉ်များ ရနိုင်၏။( လောကီဈာန်ကို ရ၏) ဝိပဿနာ (၁) တေဘူမကရုပ်နာမ်တရားတို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရှုတတ်သော ဉာဏ်ပညာကို ခေါ်၏။ (မဟာကုသိုလ် ကြိယာနှင့် ယှဉ်သော ပညာစေတသိက်) (၂) တည်ရာအာရုံ= တေဘူမက ရုပ်နာမ်အာရုံများ (၃) အကျိုး= မဂ်၊ဖိုလ်၊ နိဗ္ဗာန် ရနိုင်၏။ (လောကုတ္တရာ တရားကို ရ၏) ဗုဒ္ဓဘာသာဝင်တိုင်း အစဉ် အောက်မေ့ ပွားများရမည့် တရားဆယ်ပါးမှာ- (၁) ဗုဒ္ဓါနုဿတိ (၂) ဓမ္မာနုဿတိ (၃) သံဃာနုဿတိ (၄) သီလာနုဿတိ (၅) စာဂါနုဿတိ (၆) ဒေဝတာနုဿတိ (၇) ဥပသမာနုဿတိ (၈) မရဏာနုဿတိ (၉) ကာယဂတာသတိ (၁၀) အာနပါနဿတိ တို့ဖြစ်ပါသည်။ |
1 | 2 | 1999 | "ကြောင်းကျိုးသိမြင် ပညာရှင်" ဟု အမွှမ်းတင်ခံရအောင် အဘိဓမ္မာပညာရှင်ပီပီ အသောဘနစိတ် (၃၀) ကို အကြောင်း အကျိုးအားဖြင့် သိသာရုံမျှ ခွဲခြားပြ၍ အကြောင်းစိတ်ကိုလည်း ဝေဒနာအားဖြင့် ဝေဖန်ပြပါ။ | အသောဘနစိတ် (၃၀) ကို အကြောင်းအကျိုးအားဖြင့် ခွဲခြားပြရသော် - အကြောင်းစိတ် ၁၂ ပါး - အကျိုးစိတ် ၁၅ ပါး - အကြောင်းအကျိုးမှ လွတ်သောစိတ် ၃ ပါး ပေါင်း အသောဘနစိတ် ၃၀ပါး ဖြစ်ပါသည်။ အကြောင်းစိတ် (အကုသိုလ်စိတ်) ၁၂ပါးကို ဝေဒနာအားဖြင့် ဝေဖန်ပြရသော် - သောမနဿသဟဂုတ်စိတ် ၄ ပါး - ဒေါမနဿသဟဂုတ်စိတ် ၂ ပါး - ဥပေက္ခာသဟဂုတ်စိတ် ၆ ပါး ပေါင်း (အသောဘန) အကြောင်းစိတ် ၁၂ပါး တို့ဖြစ်ပါသည်။ |
2 | 2 | 1999 | ကိုယ့်ထက်သာသူ လှပျိုဖြူတစ်ဦး၏ လှပကျော့ရှင်း ဂုဏ်သတင်းကို ကြားရ၍ မနာလိုဖြစ်သော "ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့" ဟု ပြောဆိုသူ၏ သန္တာန်၌ ဖြစ်သော စေတသိက်ကို ယှဉ်ရာစိတ်နှင့်တကွ ဖော်ပြ၍ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိ (အဓိမောက္ခမယှဉ်) သောစိတ်တို့ကိုလည်း ဖော်ပြပါ။ | ကိုယ့်ထက်သာသောသူ လှပျိုဖြူတစ်ဦး၏ လှပကျော့ရှင်း ဂုဏ်သတင်းကို ကြားရ၍ မနာလိုဖြစ်သူ၏ သန္တာန်၌ဖြစ်သော စေတသိက်မှာ - ဣဿာ ဖြစ်ပါသည်။ ထိုစေတသိက်သည် - "ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ်" ၌ ယှဉ်ပါသည်။ အဓိမောက္ခ မယှဉ်သောစိတ်မှာ - ၁။ ဝိစိကိစ္ဆာသမ္ပယုတ်စိတ် = ၁-ပါး ၂။ ဒွေပဉ္စဝိညာဏ်စိတ် = ၁၀-ပါး ပေါင်း စိတ် = ၁၁-ပါး ဖြစ်ပါသည်။ |
3 | 2 | 1999 | စာဖြေသူများ ပိုင်ဆိုင်ထားသည့် ဒွါရခြောက်ပါး၌ လုံးဝ ဝင်ထွက်သွားလာခွင့် မရသော စိတ်တို့ကို ရေးသား၍ ဟသိတုပ္ပါဒ်စိတ်၏ ဆောင်ရွက်သည့် ကိစ္စ၊ ပျော်မွေ့သည့် အာရုံတို့ကိုလည်း ဖြေဆိုပါ။ | ဒွါရခြောက်ပါး၌ လုံးဝ ဝင်ထွက်သွားလာခွင့် မရသော စိတ်တို့မှာ- ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စတို့ကိုသာ ဆောင်ရွက်ကြသော မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါး ဖြစ်ပါသည်။ ဟသိတုပ္ပါဒ်စိတ်၏ (က) ဆောင်ရွက်သည့်ကိစ္စ= ဇောကိစ္စ (ခ) ပျော်မွေ့သည့်အာရုံ= ကာမအာရုံတို့ ဖြစ်ပါသည်။ |
4 | 2 | 1999 | ကောင်းသောအာရုံကို တွေ့ရာအခါ၌ဖြစ်သော စိတ်တို့ကို ဖော်ပြ၍၊ တဒါရုံကျခွင့်ရှိသော ၀ီထိစိတ်တို့ကိုလည်း ဖော်ပြပါ။ | ကောင်းသောအာရုံကို တွေ့ရာအခါ၌ဖြစ်သော ၀ီထိစိတ်များ- (၁) အလိုရှိအပ်သော ထမင်း၊ အိပ်ရာနေရာ စသော ဣဋ္ဌမဇ္ဈတ္တာရုံဖြစ်လျှင် ကုသလဝိပါက်ဖြစ်သော စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ ဥပေက္ခာသဟဂုတ်ဖြစ်သော သန္တီရဏနှင့် တဒါရုံစိတ် ဖြစ်ပါမည်။ (၂) အလွန်အလိုရှိအပ်သော ဘုရားစသော အတိဣဋ္ဌာရုံဖြစ်လျှင်.. ကုသလဝိပါက်ဖြစ်သော စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သောမနဿသဟဂုတ်ဖြစ်သော သန္တီရဏနှင့် တဒါရုံစိတ်ဖြစ်ပါမည်။ အထက်ပါ ဖော်ပြချက်သည် ဝိပါက်စိတ်များအတွက် ဖြစ်ပါသည်။ ဇောစိတ်မှာမူ(ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်ဖြစ်အံ့) - ယောနိသော မနသိကာရ ရှိလျှင် ကာမကုသိုလ်ဇော - အယောနိသော မနသိကာရ ရှိလျှင် အကုသိုလ်ဇော စောပါမည်။ (အသေက္ခ-ရဟန္တာပုဂ္ဂိုလ်ဖြစ်အံ့) - ကာမကြိယာဇော စောပါမည်။ တဒါရုံကျခွင့်ရှိသော ၀ီထိများမှာ- (၁) ကာမဇော (၂) ကာမသတ္တဝါ (၃) ကာမအာရုံ ၃ချက်စုံညီသော အတိမဟန္တာရုံနှင့် ဝိဘူတာရုံဝီထိများ ဖြစ်ပါသည်။ |
5 | 2 | 1999 | နှုတ်ဖြင့် သူတစ်ပါး သတ်ခိုင်းသော ပါဏာတိပါတကံကို “၀စီကံ အကုသိုလ်”ဟု ခေါ်နိုင်၊ မခေါ်နိုင် ဝေဖန်ပြ၍ ရွှေယုန်နှင့် ရွှေကျား သက်ကယ်ရိတ်သွား အစရှိသည်ဖြင့် ပြောဆိုသော ပြိန်ဖျင်းသော စကားများသည် မည်သည့် အကြောင်းမူလ တို့ကြောင့် ဖြစ်သည်ကိုလည်းရေးသားပြပါ။ | နှုတ်ဖြင့် သူတစ်ပါး သတ်ခိုင်းသော ပါဏာတိပါတကံကို “၀စီကံ” ဟုမခေါ်နိုင်ပါ။ အကြောင်းပြရသော် - ၀စီကံဟူသည် ၀စီဝိညတ်ဖြစ်သော ၀စီဒွါ၌ များသောအားဖြင့် ဖြစ်တတ်သော ကံကို ခေါ်ခြင်းဖြစ်ပါသည်။ ယခု ပါဏာတိပါတကံသည် ကာယဒွါရ၊ ၀စီဒွါရ ၂-ပါးလုံး၌ ဖြစ်နိုင်သော်လည်း ကာယဝိညတ်ဖြစ်သော ကာယဒွါရ၌ များသောအားဖြင့် ဖြစ်တတ်သောကံဖြစ်၍ “ကာယကံ”ဟု ခေါ်ရပါမည်။ သို့ဖြစ်၍ နှုတ်ဖြင့် သူတစ်ပါးကို သတ်ခိုင်းသော ပါဏာတိပါတကံကို ၀စီကံအကုသိုလ်ဟု မခေါ်ဆိုနိုင်ဘဲ “ ၀စီဒွါရ၌ဖြစ်သော ကာယကံအကုသိုလ်” ဟုပင် ခေါ်ဆိုနိုင်ပါသည်။ ရွှေယုန်နှင့် ရွှေကျား သက်ကယ်ရိတ်သွား အစရှိသည်ဖြင့် ပြောဆိုသော ပြိန်ဖျင်းသော စကားများသည်.. သမ္ဖပ္ပလာပ အကုသိုလ်ဝစီကံဖြစ်၍၊ ရံခါလောဘ၊ ရံခါဒေါသ အကြောင်းရင်းမူလတို့ကြောင့် ဖြစ်ပါသည်။ |
6 | 2 | 1999 | ရုပ်ကို မဖြစ်စေနိုင်သောစိတ်နှင့် ရုပ်ကိုသာ ဖြစ်စေနိုင်သော စိတ်တို့ကို တိကျစွာ ရေးသားပြပါ။ | ရုပ်ကို မဖြစ်စေနိုင်သောစိတ်တို့မှာ- - ဒွေပဉ္စဝိညာဏ် ၁၀-ပါး၊ - အရူပဝိပါက်စိတ် ၄-ပါး၊ - ရဟန္တာတို့၏ စုတိစိတ်နှင့် - အလုံးစုံသော ပဋိသန္ဓေစိတ်တို့ ဖြစ်ပါသည်။ ရုပ်ကိုသာ ဖြစ်စေနိုင်သောစိတ်တို့မှာ- (တစ်နည်း) စိတ္တဇရုပ်သက်သက်ကိုသာ ဖြစ်စေနိုင်သောစိတ်တို့မှာ- - မနောဓာတ် ၃-ပါး - တဒါရုံ ၁၁-ပါး - ရူပဝိပါက်စိတ် ၅-ပါး ပေါင်း ၁၉-ပါး ဖြစ်ပါသည်။ |
7 | 2 | 1999 | သတ္တဝါတို့အား ကောင်းမှု၊ မကောင်းမှုကံတို့ကို ကျူးလွန်မိအောင် အားပေးလှံု့ဆော်တတ်သော အကြောင်း(ဟိတ်တရား) တို့ကို ထုတ်ပြ၍၊ အောက်ပါတို့၏ တရားကိုယ်များကိုလည်း ကောက်ပြပါ။ (က) အနညာတညဿာမိတိန္ဒြေ (ခ) အညာတာဝိန္ဒြေ | သတ္တဝါတို့အား ကောင်းမှုကံတို့ကို ပြုလုပ်စေရန် အားပေးလှံု့ဆော်စေတတ်သော အကြောင်းရင်းတရားတို့မှာ- (၁) အလောဘဟိတ်၊ (၂) အဒေါသဟိတ်၊ (၃) အမောဟဟိတ် ဟူသော “ကုသိုလ်ဟိတ် ၃ ပါး”တို့ဖြစ်ကြပါသည်။ မကောင်းမှုကံတို့ကို ကျူးလွန်မိအောင် အားပေး လှံု့ဆော်စေတတ်သော အကြောင်းရင်းတရားတို့မှာ- (၁) လောဘဟိတ်၊ (၂) ဒေါသဟိတ်၊ (၃) မောဟဟိတ် ဟူသော “ အကုသိုလ်ဟိတ် ၃-ပါး”တို့ဖြစ်ကြပါသည်။ (က) အနညာတညဿာမိတိန္ဒြေ၏ တရားကိုယ်မှာ- သောတာပတ္တိမဂ်ခဏ၌ ယှဉ်သော ပညာ (ပသိန္ဒြေ)စေတသိက်၊ (ခ) အညာတာဝိန္ဒြေ ၏ တရားကိုယ်မှာ- အရဟတ္တဖိုလ်၌ ယှဉ်သော ပညာ(ပညိန္ဒြေ)စေတသိက် တို့ဖြစ်ကြပါသည်။ |
8 | 2 | 1999 | လူသားတိုင်း မွေးသည်မှ သေသည်အထိ နေ့စဉ် ခံစားနေသော ဆင်းရဲဒုက္ခစုကြီးသည် အဘယ် အကြောင်းကြောင့် ဖြစ်ရပါသနည်း၊ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ရှင်းပြ၍ ၀ဋ်သုံးပါး သရုပ်ကိုလည်း ရေးခဲ့ပါ။ | လူသားတိုင်း မွေးသည်မှ သေသည်အထိ နေ့စဉ် ခံစားနေရသော ဆင်းရဲဒုက္ခစုကြီးသည် အဝိဇ္ဇာနှင့် တဏှာတည်းဟူသော မူလတရား နှစ်ပါးကြောင့် ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ- သတ္တဝါများသည် လူ၊ နတ်၊ ဗြဟ္မာ စသော ဘဝအမျိုးမျိုး၊ ရုပ်၊ နာမ်၊ ခန္ဓာအမျိုးမျိုးဖြင့် ကျင်လည် နေရခြင်းမှာ ဗြဟ္မာဗိဿနိုး အစရှိသော တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့် မဟုတ်ဘဲ အဝိဇ္ဇာနှင့် တဏှာတည်း ဟူသော ပဋိစ္စသမုပ္ပါဒ် သံသရာဝဋ်ဆင်းရဲ၌ လည်ပတ်ရခြင်း၏ အကြောင်းရင်းဖြစ်သော ၀ဋ်မြစ် (မူလ) ၂ပါးကြောင့်ပင် ဖြစ်လေသည်။ ဤဝဋ်မြစ်၂-ပါးကို အခြေခံ၍ ကျန်တရားစုများဖြစ်သော သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ စသောတရားများသည်လည်း ဆက်စပ်၍ ကြောင်းကျိုးမပြတ် လည်ပတ်ကြရလေသည်။ ဤသို့ဖြင့် မိမိတို့ရရှိထားသော ရုပ်နာမ်စုကို အရင်းတည်၍ နောက်ရုပ်နာမ်အသစ်ရစေရန်၊ သုခ မရောယှက် ဒုက္ခတုံး ဒုက္ခစုသာဖြစ်သော အဝိဇ္ဇာစသော အကြောင်းတရားများကို ကြောင်းကျိုးဆက်စပ် ပြုလုပ်ခြင်းဖြင့် သံသရာတစ်ခွင်တွင် ဘဝမျိုးမျိုး၊ ခန္ဓာအမျိုးမျိုး ကျင်လည်နေကြခြင်း ဖြစ်ပါသည်။ ၀ဋ်သုံးပါး သရုပ်- “အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်”တည်းဟူသော သတ္တဝါတို့၏ စိတ်အစဉ်ကို ညစ်နွမ်းပူလောင်စေတတ်သည့် ကိလေသဝဋ်တရားများကြောင့် သင်္ခါရ၊ ကမ္မဘဝတည်းဟူသော ကမ္မဝဋ်တို့ကို ပြုလုပ်အားထုတ်မိကြပါသည်။ ယင်းကမ္မဝဋ်တရားများကြောင့် “ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ( ဥပပတ္တိဘဝ) ဇာတိ-ဇရာ-မရဏ” တည်းဟူသော အကျိုးဝိပါတ် ခန္ဓာများဖြစ်သော ဝိပါကဝဋ်တို့ ဖြစ်ကြရပါသည်။ |
9 | 2 | 1999 | ဆင်းရဲနွမ်းပါးသူတို့ကို ကူညီသော ပုဂ္ဂိုလ်တို့ သန္တာန်၌ ဖြစ်သော တရားကို အာရုံနှင့်တွဲဖက် ဖော်ပြ၍ ထိုတရားကို နည်းလမ်းတကျ ဆက်လက် အားထုတ်ပါကမည်သည့်ဈာန်တရားများ ရနိုင်သည်ကိုလည်း ဖြေဆိုပါ။ | ဆင်းရဲနွမ်းပါးသူတို့ကို ကူညီသူ၌ ကရုဏာဗြဟ္မဝိဟာရတရား ဖြစ်ပွားပါသည်။ ထိုတရားသည် ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြုပါသည်။ ထိုတရားကို နည်းလမ်းတကျ ဆက်လက် အားထုတ်ပါက ဘာဝနာ အဆင့်ဆင့် မြင့်တက်၍ ရူပါဝစရ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်အထိ ရနိုင်ပါသည်။ |
1 | 3 | 1999 | ကာမဘုံ၌ အဖြစ်များသည့် ကာမစိတ် ၅၄ပါးကို ဇါတ်အားဖြင့် ခွဲခြားပြ၍ ကုသိုလ်စိတ် အကျယ် ဝိပါက်စိတ် အကျယ်တို့၏ အရေအတွက်ကိုလည်း သင်္ချာမျှ ဖော်ပြပါ။ | ကာမစိတ် ၅၄ပါးကို ဇတ်အားဖြင့် ခွဲခြားပြရသော် - အကုသိုလ်စိတ် ၁၂ပါး - ကုသိုလ်စိတ် ၈ပါး - ဝိပါက်စိတ် ၂၃ပါး - ကြိယာစိတ် ၁၁ပါး ပေါင်း ကာမစိတ် ၅၄ပါး ဖြစ်ပါသည်။ ကုသိုလ်စိတ် အကျယ် - ၃၇ ပါး ဝိပါက်စိတ် အကျယ် - ၅၂ ပါး တို့ဖြစ်ပါသည်။ |
2 | 3 | 1999 | ကြက်သားစားလို၍ ကြက်သတ်ရန် ပြုပြီးမှ မသတ်တော့ဘဲ ရှောင်ကြဉ်သောသူအား မည်သည့်််််််််််် ဝိရတီဖြစ်သည်ကို တိကျစွာ ဖြေဆို၍ ဝိရတီစေတသိက်သုံးပါးနှင့် ယှဉ်သောစိတ်တို့ကိုလည်း အမြဲယှဉ် မယှဉ်အားဖြင့် ခွဲခြားပြီး ရေးသားပါ။ | ကြက်သားစားလို၍ ကြက်သတ်ရန် ပြုပြီးမှ မသတ်တော့ဘဲ ရှောင်ကြဉ်သောသူအား - "သမ္မာကမ္မန ္တဝိရတီဖြစ်ပါသည်။ ဝိရတီ စေတသိက်သုံးပါးနှင့် ယှဉ်သည့်စိတ်တို့မှာ - အမြဲယှဉ်သောစိတ်မှာ - လောကုတ္တရာစိတ် ၈-ပါး အမြဲမယှဉ် (ရံခါသာယှဉ်) သောစိတ်မှာ - မဟာကုသိုလ် ၈-ပါး တို့ဖြစ်ပါသည်။ |
3 | 3 | 1999 | ရုပ်မြင်သံကြားကို ကြည့်ရှုနေစဉ် ခဏ၌ ဖြစ်ပေါ် နေသော မြင်သိစိတ်၊ ကြားသိစိတ်တို့၏ မှီရာဝတ္တုတို့ကို ဖော်ပြ၍၊ -ဝတ္တုရုပ်ခြောက်ပါးကိုလည်း ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံအားဖြင့် ဝေဖန်ပြပါ။ | ရုပ်မြင်သံကြားကို ကြည့်ရှုနေစဉ် ခဏ၌- ဖြစ်ပေါ်နေသောစိတ် - မြင်သိစိတ် အကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ် အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ် မှီရာဝတ္တု - စက္ခုဝတ္တု - ကြားသိစိတ် အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သောတဝိညာဏ် အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သောတဝိညာဏ် - သောတဝတ္တု ဝတ္တုရုပ်ခြောက်ပါးကိုလည်း ဘုံအားဖြင့် ၀ဖန်ရသော်- ဘုံရနိုင်သောဝတ္တုရုပ် ၁။ ကာမဘုံ ဝတ္တုရုပ် ၆-ပါးလုံး ၂။ ရူပဘုံ (က) အသညသတ်ကြဉ် ရူပ ၁၅-ဘုံ စက္ခုဝတ္တု၊ သောတဝတ္တု၊ ဟဒယဝတ္တု၊ (ခ) အသညသတ်ဘုံ မရှိပါ ၃။ အရူပဘုံ မရှိပါ |
4 | 3 | 1999 | ဘုရားရဟန္တာများ ဒါနစသော ကောင်းမှုပြုလုပ်သော် ကုသိုလ် ရ-မရ အချက်ကျကျဆုံးဖြတ်ပြ၍၊ စိတ်မရှိသော ပုဂ္ဂိုလ်များရှိပါက ဖော်ပြပါ။ | ရဟန္တာပုဂ္ဂိုလ်တို့သည် အဘယ်ကြောင့် ကုသိုလ်မရ၊ အကြောင်းမှာ- ရဟန္တာပုဂ္ဂိုလ်တို့သည် အဝိဇ္ဇာနှင့် တဏှာတည်းဟူသော ၀ဋ်မြစ် ၂ပါးကို အမြစ်ပြတ် ပယ်သတ်ပြီး ဖြစ်သဖြင့်- (က) အကုသိုလ် မပြုတော့ပါ၊ ထို့ကြောင့် ငရဲမကြီးတော့ပါ (ခ)အနုသယမရှိတော့သဖြင့် လောကီကုသိုလ်လည်း မရတော့ပါ (ဂ) ပယ်ဖွယ်ကိလေသာတရားများ မရှိတော့သဖြင့် လောကုတ္တရာကုသိုလ် လည်းမရှိတော့ပါ။ ထို့ကြောင့် ၎င်းတို့ရရှိသောစိတ်တို့တွင်လည်း အကုသိုလ်စိတ်နှင့် လောကီ လောကုတ္တရာကုသိုလ် စိတ်များ မပါဝင်တော့ပါ။ စိတ်မရှိသော ပုဂ္ဂိုလ်များရှိပါသည်။ အသညသတ်ဘုံသား ပုဂ္ဂိုလ်ဖြစ်ပါသည်။ |
5 | 3 | 1999 | ကောင်းမှုကုသိုလ် ပြုပြီးနောက် မိမိရောက်အပ် ရအပ်သော ကုသိုလ်အဖို့ကို ပေးဝေခြင်းမျိုးသည် မည်သည့် ကောင်းမှုကုသိုလ်ကံ ဖြစ်သည်ကို ဖြေဆို၍၊ ယင်းကံ၏ အကျိုးပေးရာဘုံတို့ကိုလည်း အခါအားလျော်စွာ အသီးသီး သတ်မှတ်ပြပါ။ | မိမိရအပ်သော ကုသိုလ်အဖို့ကို ပေးဝေခြင်းမျိုးသည် ပတ္တိဒါန ပုညကြိယဝတ္တု ကာမာဝစရကုသိုလ်ကံ ဖြစ်ပါသည်။ ယင်းကာမဝစရကုသိုလ်ကံသည်- ပဋိသန္ဓေအခါ - ကာမသုဂတိ ရ-ဘုံ ပဝတ္တိအခါ - ကာမ ၁၁-ဘုံနှင့် အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံတို့၌ ထိုက်သင့်သည့် အားလျော်စွာ ပေးပါသည်။ |
6 | 3 | 1999 | ရုပ်လေးပါးတို့ ဖြစ်ပုံကို ဥပမာဆောင်ကာ ထင်အောင်ပြ၍ ရုပ်ဖြစ်ရာဌာနနှင့် ရုပ်ဖြစ်ပုံ ကိုလည်း သေချာကျန အဖြေပြပါ။ | ရုပ်လေးပါးတို့ ဖြစ်ပုံကို ဥပမာဆောင်ကာ ထင်အောင်ပြရသော်- (၁) ကမ္မဇရုပ်များသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍၊ စိတ်တို့၏ ခဏတိုင်းခဏတိုင်း (၂) စိတ္တဇရုပ်များသည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ စိတ်တို့၏ ဥပါဒ်တိုင်းဥပါဒ်တိုင်း (၃) ဥတုဇရုပ်များသည် ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍၊ မိမိ၏ဌီသို့ ရောက်တိုင်းရောက်တိုင်း၊ (၄) အာဟာရဇရုပ်များသည် စားမျိုအပ်သော-ဟိဒ္ဓသြဇာသည် ကိုယ်တွင်း၌ ပျ့ံနှ့ံ၍ အဇ္ဈတ္တသြဇာနှင့် ပူးပေါင်းပြီး မိမိ၏ ဌီသို့ ရောက်တိုင်း ရောက်တိုင်း ဆီမီးအလျှံကဲ့သို့လည်းကောင်း မြစ်ရေအလျဉ်ကဲ့သို့ လည်းကောင်း၊ ရုပ်လေးပါးတို့ အစဉ်အဆက်မပြတ် ဖြစ်လျက်ရှိပါသည်။ ရုပ်ဖြစ်ရာဌာနမှာ- - ကာမ ၁၁-ဘုံ နှင့် - ရူပ ၁၆-ဘုံဌာနတို့ ဖြစ်ပါသည်။ ရုပ်ဖြစ်ပုံမှာ- (၁) ကာမ ၁၁-ဘုံ၌ ကံ၊စိတ်၊ ဥတု၊ အာဟာရ အကြောင်း ၄-ပါးကြောင့် (၂) အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ကံ၊စိတ်၊ဥတု၊ အကြောင်း ၃-ပါး ကြောင့် (၃) အသညသတ်ဘုံ၌ ကံနှင့်ဥတု အကြောင်း၂-ပါးကြောင့် ရုပ်တရားတို့ဖြစ်ကြပါသည်။ {ဤအဖြေမှာ ဘုံအလိုက် ရုပ်ဖြစ်ပုံကို ပြဆိုချက် ဖြစ်ပါသည်။ ယောနိအလိုက် မေးလျှင်လည်း မေးခွန်းအလိုက် ဖြေဆိုရန် ဖြစ်ပါသည်။} |
7 | 3 | 1999 | ကြံတိုင်းအောင် ဆောင်တိုင်းအောင် ဆောင်တိုင်း မြောက်ရန်အတွက် အကြီးအမှူးဦးစီးခေါင်းဆောင် ဖြစ်သော တရားများကို ရေးသားပြီးလျှင် “အာဟာရ” မည်သော တရားတို့ကိုလည်း ရေးခဲ့ပါ။ | ကြံတိုင်းအောင် ဆောင်တိုင်းအောင် ဆောင်တိုင်းမြောက်ရန်အတွက် အကြီးအမှူးဦးစီးခေါင်းဆောင်ဖြစ်သော တရားများမှာ- (၁) ဆန္ဒာဓိပတိ (၂) စိတ္တာဓိပတိ (၃) ၀ီရိယာဓိပတိ (၄) ၀ီမံသာဓိပတိ ဟူသော “အဓိပတိတရာ ၄-ပါး” ဖြစ်ပါသည်။ “အာဟာရ” မည်သော တရားတို့မှာ- (၁) ကာဗဠီကာရာဟာရ (၂) ဖဿာဟာရ (၃) မနောသေဉ္စတနာဟာရ (၄) ဝိညာဏာဟာရ တို့ဖြစ်ပါသည်။ |
8 | 3 | 1999 | ရေဒီယိုမှ သီချင်းသံသည် နားဆင်သူ၏ စိတ် အစဉ်အား အဘယ်ပဋ္ဌာန်းပစ္စည်းများဖြင့် ကျေးဇူးပြုသည်ကို ရေး၍၊ ကျန်းမာသက်ရှည်ရေး အတွက် အရေးကြီးသော ပစ္စည်းသည် မည်သည့် ပစ္စည်းဖြစ်ပါသနည်း၊ ဖြေဆိုပါ။ | ရေဒီယိုမှ သီချင်းသံ(ရုပ်)သည် နားဆင်သူ၏ စိတ်အစဉ်အား - အာရမ္မဏပစ္စည်း - ပုရေဇာတပစ္စည်း - အတ္ထပစ္စည်း - အဝိဂတပစ္စည်း ဖြင့် ကျေးဇူးပြုပါသည်။ ကျန်းမာ အသက်ရှည်ရေးအတွက် အရေးကြီးသော ပစ္စည်းမှာ အာဟာရပစ္စည်း ဖြစ်ပါသည်၊ အကျိုး(ပစ္စယုပ္ပန်) ဖြစ်ကုန်သော ရုပ်နာမ်တရားတို့အား ထောက်ပံ့ခိုင်စေတတ်သည် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရား အာဟာရ ၄-ပါးသည် အာဟာရပစ္စည်း ဖြစ်ပါသည်။ |
9 | 3 | 1999 | ကာမရောဂါ ကိုယ်တွင်းနာကား ကုရာနတ္ထိဆေးမရှိ ဟု ဆိုသော်လည်း မြတ်ဗုဒ္ဓအဘိဓမ္မာအရ ပျောက်ကင်းနိုင်သော ဆေးတို့ကို ဖော်ထုတ်ပြပါ။ | မြတ်ဗုဒ္ဓ အဘိဓမ္မာအရ ပျောက်ကင်းနိုင်သော နည်းလမ်းများမှာ ကာမရောဂါဟု ဆိုအပ်လောက်သော ရာဂစရိုက် ထူပြောသော ပုဂ္ဂိုလ်သည် အသုဘ ၁၀-ပါးနှင့် ကာယဂတာဿတိ ၁-ပါး၊ ပေါင်း ၁၁-ပါးသော ကမ္မဋ္ဌာန်းတို့ကို အားထုတ်ခြင်းအားဖြင့် ပျောက်ကင်းနိုင်ပါသည်။ |
2 | 4 | 1999 | အမှန်တရားကို ကွယ်ဝှက်ထားတတ်သော မောဟမူစိတ် နှစ်ပါးနှင့် ယှဉ်တွဲဖြစ်နိုင်သော စေတသိက်တို့ကို ရေတွက်ပြ၍ စိတ်အကျယ် ၁၂၁-ပါးတို့တွင် သောမနဿဝေဒနာနှင့် ဥပေက္ခာဝေဒနာတို့၏ အရေအတွက်ကိုလည်း သင်္ချာမျှ ဖော်ပြပါ။ | မောဟမူစိတ်နှစ်ပါးနှင့် ယှဉ်တွဲဖြစ်နိုင်သော စေတသိက်တို့မှာ ၁။ ပီတိ၊ ဆန္ဒကြဉ်သော အညသမာန်းစေတသိက် = ၁၁-ပါး ၂။ သဗ္ဗာကုသလသာဓာရဏစေတသိက် = ၄-ပါး ၃။ ဝိစိကိစ္ဆာစေတသိက် = ၁-ပါး ပေါင်း စေတသိက် = ၁၆-ပါး စိတ်အကျယ် ၁၂၁-ပါးတို့တွင် သောမနဿ ဝေဒနာသည် ဣန္ဒြိယဘေဒ နည်းတွင် ၆၂-ပါး နှင့် အရမ္မဏာနုဘဝနနည်းတွင် ၆၃-ပါး ဥပေက္ခာ ဝေဒနာသည် ဣန္ဒြိယဘေဒနည်းတွင် ၅၅-ပါး နှင့် အရမ္မဏာနုဘဝနနည်းတွင် ၅၅-ပါး ဖြစ်ပါသည်။ |
5 | 4 | 1999 | “သူငါအစ များလှသောင်းသောင်းသတ္တဝါအပေါင်း ဖြစ်ရခြင်းသည် ဗြဟ္မာဗိဿနိုးကြီများ ဖန်ဆင်း၍ ဖြစ်လာရသည်”ဟု ဆိုက လက်ခံသင့်၊ မသင့် ရှင်းရှင်းလင်းလင်း အဖြေသွင်း၍၊ ရူပဗြဟ္မာကြီးများ စုတေက အဟိတ်တိရစ္ဆာန်များ တိုက်ရိုက် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း သေချာကျန ဖြေဆိုပြပါ။ | “သတ္တဝါအပေါင်း ဖြစ်လာရခြင်းသည် ဗြဟ္မာ ဗိဿနိုးကြီးများ ဖန်ဆင်း၍ ဖြစ်လာရသည်” ဟူသောအဆိုသည်- မမှန်ပါ။ အကြောင်းမှာ - အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ သတ္တဝါများ ဖြစ်ပေါ်လာခြင်း (တစ်နည်း) ပဋိသန္ဓေတည်နေပုံကို အောက်ပါအတိုင်း ဆိုပါသည်။ ဘဝဟောင်း၏ စုတိစိတ် ချုပ်ပြီးနောက် အခြားမဲ့ ကာလမခြားဘဲ ဘဝသစ် ပဋိသန္ဓေစိတ်သည် ဘဝဟောင်း မရဏာသန္နဇောမှ ယူအပ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်အာရုံကိုသာလျှင် အာရုံပြု၍ ရှေးဘဝနှင့် နောက်ဘဝကို တစ်စပ်တည်းကဲ့သို့ စပ်တတ်သည်၏ အစွမ်းအားဖြင့် ဘဝတစ်ပါး၌ ဥပါဒ်လျှင် ဥပါဒ်ခြင်း တည်လေ၏။ အဝိဇ္ဇာ၊ တဏှာတည်းဟူသော ဘဝရေသောက်မြစ် မပြတ်သေးသော ပုထုဇဉ်၊ သေက္ခပုဂ္ဂိုလ်တို့၌ အဝိဇ္ဇာက ဘဝ၏အပြစ်ကို ဖုံးပေးခြင်း၊ တဏှာက ထိုဘဝ၌ ညွှတ်ကိုင်းတပ်မက်ခြင်းဟူသော (အဝိဇ္ဇာနုသယ အခြံအရံ တဏှာနုသယ အရင်းခံရှိသော) ကုသိုလ်၊ အကုသိုလ်ကံဟု ဆိုအပ်သော သင်္ခါရက “ပဋိသန္ဓေစိတ်” ကိုဖြစ်ပေါ်လာအောင် ဖန်တီးပေးလိုက်ခြင်းကြောင့်သာ “သတ္တဝါ” ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ဗြဟ္မာဗိဿနို်းကြီးများက ဖန်ဆင်းခြင်းကြောင့် မဟုတ်ပါ။ ရူပဗြဟ္မာကြီးများ စုတေက အဟိတ်တိရစ္ဆာန်များ တိုက်ရိုက် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော်- ရူပဗြဟ္မာများ စုတေလျှင် အပါယ်နှင့် အသညသတ်ကြဉ်သော ၂၆-ဘုံ၌ ပဋိသန္ဓေ နေနိုင်သည်ဟု စုတိနောင် ပဋိသန္ဓေနှောင်းပုံ၌ ဖော်ပြထားသောကြောင့် ဖြစ်ပါသည်။ |
9 | 4 | 1999 | တရားအားထုတ်လျက်ရှိသော ယောဂီပုဂ္ဂိုလ်အား တရားသားတက်၍ ရင့်ကျက်လာသည့်အခါ အပ္ပနာဘာဝနာအထိ ရရှိစေနိုင်သော ကမ္မဋ္ဌာန်းတို့ကို ဖြေဆိုပါ။ | တရားအားထုတ်လျက်ရှိသော ယောဂီပုဂ္ဂိုလ်အား တရားသားတက်၍ ရင့်ကျက်လာသည့်အခါ အပ္ပနာဘာဝနာအထိ ရရှိစေနိုင်သော ကမ္မဋ္ဌာန်းတို့မှာ ကသိုဏ်း= ၁၀-ပါး အသုဘ= ၁၀-ပါး ကာယဂတာသတိ= ၁-ပါး အာနာပါနဿတိ= ၁-ပါး အပ္ပမညာ= ၄-ပါး အရူပ= ၄-ပါး ပေါင်း= ၃၀ ပါး ဖြစ်ပါသည်။ |
1 | 1 | 2000 | "သွားလည်း ဤစိတ်၊ စားလည်း ဤစိတ်" ဟူ၍ အသုံးများလှသောစိတ်ကို ဘုံစိတ်အနေဖြင့် ခွဲခြားက ရရှိမည့် အမည်များကို ဖော်ပြ၍၊ အမှန်တရားကို ဖုံးကွယ်၍ ထားတတ်သော မောဟမူစိတ် နှစ်ပါးကိုလည်း တစ်ခုချင်း ရေတွက်ပြပါ။ | "သွားလည်း ဤစိတ်၊ စားလည်း ဤစိတ်" ဟူ၍ အသုံးများလှသောစိတ်ကို ဘုံစိတ်အနေဖြင့် ခွဲခြားက ရရှိမည့် အမည်များမှာ - ကာမဝစရစိတ် ၅၄ပါး - ရူပါဝစရစိတ် ၁၅ပါး - အရူပါဝစရစိတ် ၁၂ပါး - လောကုတ္တရာစိတ် ၈ပါး (အကျဉ်း) / ၄၀ပါး (အကျယ်) ပေါင်း ၈၉ပါး (အကျဉ်း) / ၁၂၁ပါး (အကျယ်) အမှန်တရားကို ဖုံးကွယ်၍ထားတတ်သော မောဟမူစိတ် နှစ်ပါးကိုလည်း တစ်ခုချင်းရေတွက်ပြရသော် (၁) ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ် ၁ ပါး (၂) ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ် ၁ ပါး ဖြစ်ပါသည်။ |
2 | 1 | 2000 | "မနာလိုကင်း ၀န်တိုခြင်း ကင်းရှင်းကပြါစေ " ဟူသော မေတ္တာပို့ဝယ် မနာလိုခြင်း၊ ၀န်တိုခြင်းတို့၏ စေတသိက် အမည်မှန်ကို ဖော်ပြ၍ ၀ီရိယစေတသိက်နှင့် ယှဉ်တွဲဖြစ်ခွင့် မရှိသော စိတ်သရုပ်တို့ကိုလည်း တွက်ပြပါ။ | "မနာလိုကင်း ၀န်တိုခြင်း ကင်းရှင်းကပြါစေ" ဟူသော မေတ္တာပို့ဝယ် မနာလိုခြင်း၊ ၀န်တိုခြင်းတို့၏ စေတသိက် အမည်မှန်မှာ - မနာလိုခြင်း = ဣဿာစေတသိက် - ၀န်တိုခြင်း = မစ္ဆရိယစေတသိက် တို့ဖြစ်ပါသည်။ ၀ီရိယစေတသိက်နှင့် ယှဉ်တွဲ၍ ဖြစ်ခွင့်မရှိသော စိတ်သရုပ်တို့မှာ - ၁။ ဒွေပဉ္စဝိညာဏ် = ၁၀-ပါး ၂။သမ္ပဋိစ္ဆိုင်း = ၂-ပါး ၃။ သန္တီရဏ = ၃-ပါး ၄။ ပဉ္စဒွါရာဝဇ္ဇန်း = ၁-ပါး ပေါင်း ဝီရိယမယှဉ်သောစိတ် - ၁၆-ပါး တို့ဖြစ်ပါသည်။ |
3 | 1 | 2000 | မနောဒွါရာဝဇ္ဇန်းကို “၀ုဋ္ဌော”ဟုခေါ်ဆိုနိုင်သည့်အခါကို ဖြေဆို၍၊ စက္ခုဒွါရ၌ ဖြစ်သော စိတ် (၄၆)ပါးကိုလည်း မမှားအောင် ရေတွက်ဖော်ပြပါ။ | မနောဒွါရာဝဇ္ဇန်းကို “၀ုဋ္ဌော”ဟုခေါ်ဆိုနိုင်သည့်အခါမှာ - ပဉ္စဒွါရ၌ထင်လာသော ပဥ္ဇာရုံကို သာယာဖွယ်၊ မသာယာဖွယ် ဟုပိုင်းခြားမှတ်သား ဆုံးဖြတ်ခြင်းကိစ္စ ဖြစ်ရာ အခါ၌ ဖြစ်ပါသည်။ စက္ခုဒွါရ၌ ဖြစ်သော စိတ် (၄၆)ပါးမှာ- ပဉ္စဒွါရာဝဇ္ဇန်း= ၁-ပါး စက္ခုဝိညာဏ်= ၂-ပါး သမ္ပဋိစ္ဆိုင်း= ၂-ပါး သန္တီရဏ= ၃-ပါး ၀ုဋ္ဌော= ၁-ပါး ကာမဇော= ၂၉-ပါး တဒါရုံ (မဟာဝိပါက်)= ၈-ပါး ပေါင်း စိတ်= ၄၆-ပါး ဖြစ်ပါသည်။ |
4 | 1 | 2000 | မေးခွန်းလွှာကို ကြည့်ရှုနေသော စာဖြေသူ၏ သန္တာန်၌ ဖြစ်သော စိတ်အစဉ်ကို ဖော်ပြ၍၊ ပဉ္စဒွါရ၌ဖြစ်ခွင့်ရှိသော ၀ီထိ(၄)မျိုးကိုလည်း ဆိုင်ရာဝါရနှင့် တွဲစပ်ဖော်ပြပါ။ | မေးခွန်းလွှာကို ကြည့်ရှုနေသော စာဖြေသူ၏ သန္တာန်၌ ဖြစ်သော စိတ်အစဉ်မှာ- ဣဋ္ဌရူပါရုံ ဖြစ်၍ - အတီတဘဝင်-၁-ကြိမ် - ဘဝင်္ဂစလန-၁-ကြိမ် - ပဉ္စဒွါရာဝဇ္ဇန်း-၁-ကြိမ် - အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်-၁-ကြိမ် - အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း-၁-ကြိမ် - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ-၁-ကြိမ် - ၀ုဋ္ဌော-၁-ကြိမ် - ကာမဇော-၇-ကြိမ် (ယောနိသောမနသိကာရဖြစ်လျှင် ကုသိုလ်ဇော၊ အယောနိသောမနသိကာရဖြစ်လျှင် အကုသိုလ်ဇော) - (အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ-၁+ မဟာဝိပါက် ဥပေက္ခာ-၄)ပေါင်း ဥပေက္ခာတဒါရုံ ၅-ပါးမှ တစ်ပါးပါး -၂-ကြိမ် - ထို့နောင် ဘဝင်အများ။ ဤဝီထိသည် တဒါရမ္မဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။ ပဉ္စဒွါရ၌ ဖြစ်ခွင့်ရှိသော ၀ီထိ(၄)မျိုးကိုလည်း ဆိုင်ရာဝါရနှင့် တွဲစပ်ဖော်ပြရသော်- (၁) အတိမဟန္တာရုံ - တဒါရမ္မဏဝါရ (၂) မဟန္တာရုံ - ဇဝနဝါရ (၃)ပရိတ္တာရုံ - ၀ုဋ္ဌောဝါရ (၄)အတိပရိတ္တာရုံ - မောဃဝါရ |
5 | 1 | 2000 | (က) အရိယာသာ ရသောဘုံ (ခ) ပုထုဇဉ်သာ ရသောဘုံ (ဂ) နှစ်ပါးစုံ ရသောဘုံတို့ကို ဖော်ပြ၍၊ သက်တမ်းမမြဲသူများကိုလည်း မမြဲရခြင်း အကြောင်းရင်းနှင့် ဖြေဆိုပါ။ | (က) အရိယာသာ ရသောဘုံ - သုဒ္ဓါ၀ါသ (၅)ဘုံ (ခ) ပုထုဇဉ်သာ ရသောဘုံ - အသညသတ်ဘုံ - အပါယ် (၄)ဘုံ ပေါင်း ၅-ဘုံ (ဂ) နှစါပါးစုံ ရသောဘုံ - ကာမသုဂတိ (၇)ဘုံ၊ - ဝေဟပ္ဖိုလ်တိုင် ရူပ (၁၀)ဘုံ၊ - အရူပ (၄)ဘုံ ပေါင်း ၂၁-ဘုံ။ သက်တမ်းမမြဲသူများမှာ- (၁) အပါယ် ၄-ဘုံသား၊ (၂) လူ (ဇမ္ဗူဒီပါ တောင်ကျွန်းသား) (၃) ဘုမ္မဇိုးနတ်များကို မှီခိုနေရသော ဝိနိပါတိကအသုရာ တို့ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်များ၏ ဘဝသည် ကံသာလျှင် လိုရင်းပမာဏဖြစ်၍ အချို့ တစ်နံနက်မျှသာ အသက်ရှည်ကြသည်။ အချို့မှာ တစ်ရက်မျှသာအသက်ရှည်၍ အချို့မှာ နှစ်ပေါင်း အသချေင်္တိုင်အောင် အသက်ရှည်ကြသည်။ ထို့ကြောင့် သက်တမ်းကာလကို အတည်တကျ သတ်မှတ်၍ မရခြင်း ဖြစ်ပါသည်။ |
6 | 1 | 2000 | ရုပ်အတုနှင့် ရုပ်အစစ်တို့ကို ခွဲခြားဖော်ပပြြီးလျှင် ခွဲခြား၍ မရကောင်းသော ရုပ်တို့ကိုလည်း ဖော်ပြပါ။ | ရုပ်အစစ် ၁၈-ပါးမှာ- - မဟာဘုတ်ရုပ် ၄-ပါး - ပသာဒရုပ် ၅-ပါး - ဂေါစရရုပ် ၄-ပါး - ဘာဝရုပ် ၂-ပါး - ဟဒယရုပ် ၁-ပါး - ဇီဝိတရုပ် ၁-ပါး - အာဟာရရုပ် ၁-ပါး ပေါင်း၁၈-ပါး ဖြစ်ပါသည်။ ရုပ်အတု ၁၀-ပါးမှာ- - ပရိစ္ဆေဒရုပ် ၁-ပါး - ဝိညတ်ရုပ် ၂-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၁၀-ပါး ဖြစ်ပါသည်။ ခွဲခြား၍ မရကောင်းသောရုပ်မှာ - “အဝိနိဗ္ဘောဂရုပ်” (မဟာဘုတ် ၄-ပါး၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇရုပ်) ၈-ပါး တို့ဖြစ်ပါသည်။ |
7 | 1 | 2000 | ပရမတ်အစစ် ဓာတ်အနှစ် ဟူသော စကားအရ ကိုယ်ပိုင်လက္ခဏာ ရှိကြသော ပရမတ်အစစ် တရားတို့ကို ကောက်ပြ၍၊ ကိလေသာမမည်သော အကုသိုလ်တရားများကိုလည်း ဖော်ပြပါ။ | ကိုယ်ပိုင်လက္ခဏာရှိကြသော ပရမတ်အစစ် တရားတို့မှာ- - စိတ် ၁-ပါး - စေတသိက် ၅၂-ပါး - နိပ္ဖန္နရုပ် ၁၈-ပါး - နိဗ္ဗာန် ၁-ပါး ပေါင်း ရ၂-ပါး ဟူသော ဝတ္တုဓမ္မ ပရမတ္တဓမ္မတရားတို့ ဖြစ်ကြပါသည်။ ကိလေသာမမည်သော အကုသိုလ်တရားများမှာ- (၁) ဣဿာ (၂) မစ္ဆရိယ (၃) ကုက္ကုစ္စ (၄) မိဒ္ဓတရား တို့ဖြစ်ပါသည်။ |
8 | 1 | 2000 | ကြောင်းကျိုးဆက်သွယ်မှုပြ၊ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းအားဖြင့် အောက်ပါအကျိုးတရားများ၏ အကြောင်းတရားများကို ဆက်နွယ်ဖော်ပြပါ။ (က) တပ်မက်ခင်မင် လိုချင်မှု (ခ) အငမ်းမရ စွဲလမ်းမှု (ဂ) စိုးရိမ်ပူဆွေး ငိုကြွေးမှု | ကြောင်းကျိုးဆက်သွယ်မှုပြ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းအားဖြင့် (က) တပ်မက် ခင်မင် လိုချင်မှု (တဏှာ) ၏ အကြောင်းတရားမှာ- “ဝေဒနာပစ္စယာ တဏှာ”အရ တပ်မက်ခင်မင် လိုချင်မှု (တဏှာ)၏ အကြောင်းတရားမှာ- ဝေဒနာ ဖြစ်ပါသည်။ (ခ) အငမ်းမရ စွဲလမ်းမှု (ဥပါဒါန်) ၏ အကြောင်း တရားမှာ- တဏှာပစ္စယာ ဥပါဒါန် အရ အငမ်းမရ စွဲလမ်းမှု (ဥပါဒါန်)၏ အကြောင်းတရားမှာ တဏှာ ဖြစ်ပါသည်။ (ဂ) စိုးရိမ်ပူဆွေး ငိုကြွေးမှု (သောက ပရိဒေဝ)၏ အကြောင်းတရားမှာ- ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခအရ စိုးရိ်မ်ပူဆွေးငိုကြွေးမှု (သောကပရိဒေဝ) ၏ ဝေးသောအကြောင်းတရားမှာ ဇာတိ ဖြစ်၍ အနီးဆုံးသော အကြောင်းတရားမှာ အာသဝေါတရား (၄)ပါးသာ ဖြစ်ပါသည်။ |
9 | 1 | 2000 | မိမိစားသောက်သော အစာအာဟာရကို စက်ဆုပ် ရွံရှာဖွယ်အဖြစ် ရှုဆင်ခြင်လျှင် မည်သည့်ကမ္မဋ္ဌာန်း ဖြစ်သည်ကို ရေး၍ ယင်းကမ္မဋ္ဌာန်းကို မည်သို့သော ပုဂ္ဂိုလ်များသာ ဆင်ခြင်ပွားများနိုင်သည်ကိုလည်း ဖြေဆိုပါ။ | မိမိစားသောက်သော အစာအာဟာရကို စက်ဆုပ် ရွံရှာဖွယ်အဖြစ် ရှုဆင်ခြင်လျှင် အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်းဖြစ်ပါသည်။ ၎င်းကမ္မဋ္ဌာန်းကို ဆင်ခြင်ပွားများနိုင်သော ပုဂ္ဂိုလ်မှာ ဗုဒ္ဓိစရိုက် ရှိသောပုဂ္ဂိုလ် မျိုးသာ ဆင်ခြင်ပွားများနိုင်ပါသည်။ အကြောင်းမှာ သိမ်မွေ့ နက်နဲသည်ဖြစ်၍ ပညာ၏ အရာသာ ဖြစ်သောကြောင့် ဖြစ်ပါသည်။ |
1 | 2 | 2000 | အသောဘနစိတ် (၃၀) တို့တွင် "အသင်္ခါရိက၊ သသင်္ခါရိက" ဟု သတ်မှတ်၍ မရသော စိတ်တို့ကို သိသာရုံမျှ ဖော်ပြ၍ ယင်းစိတ်တို့တွင် "ကြောင်းကျိုးလွတ်စိတ်" တို့ မည်မျှရှိသည်ကို ရေတွက်ပြပါ။ | အသောဘနစိတ် (၃၀) တို့တွင် "အသင်္ခါရိက၊ သသင်္ခါရိက" ဟု သတ်မှတ်၍ မရသော စိတ်မှာ - မောဟမူစိတ် ၂ ပါး - အဟိတ်စိတ် ၁၈ ပါး တို့ဖြစ်ပါသည်။ ယင်းစိတ်တို့တွင် "ကြောင်းကျိုးလွတ်စိတ်" တို့ကို ရေတွက်ပြရသော် အဟိတ်ကြိယာစိတ် ၃ ပါးဖြစ်သော (၁) ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ် (၂) ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် (၃) သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် တို့ဖြစ်ပါသည်။ |
2 | 2 | 2000 | နှလုံးလေပင့်၍ ဘဝင်မြင့်နေသူ၏ သန္တာန်၌ ဖြစ်သောစေတသိက်ကို ယှဉ်ရာစိတ်နှင့်တကွ တိကျစွာ ဖော်ပြ၍ "လောကပါလ" အမည်ရသည့် ကမ္ဘာစောင့်တရား နှစ်ပါးကိုလည်း သဘောလက္ခဏာနှင့်တကွ ဖြေဆိုပါ။ | နှလုံးလေပင့်၍ ဘဝင်မြင့်နေသူ၏ သန္တာန်၌ ဖြစ်သောစေတသိက်မှာ - " မာနစေတသိက်" ဖြစ်ပါသည်။ မာနစေတသိက်သည် အနိယတယောဂီစေတသိက် ဖြစ်၍ ထောင်လွှားတက်ကြွခိုက်၌ - လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါးနှင့် ယှဉ်ပါသည်။ "လောကပါလ" အမည်ရသည့် ကမ္ဘာစောင့်တရား နှစ်ပါး (ဟိရီ သြတ္တပ္ပ) ကို သဘောလက္ခဏာနှင့် ဖြေဆိုရသော် - - ဟိရီ မကောင်းမှု ဒုစရိုက်မှ ရှက်တက်၊ စက်ဆုပ်တတ်သော သဘောလက္ခဏာ၊ - သြတ္တပ္ပ မကောင်းမှု ဒုစရိုက်မှ ကြောက်ရွ့ံ့ ထိတ်လန့် တတ်သော သဘောလက္ခဏာ |
3 | 2 | 2000 | စာဖြေသူများ ပိုင်ဆိုင်ထားသော ခန္ဓာအိမ်ဝယ် တည်ရှိသော ဒွါရခြောက်ပါး၌ အစဉ်ထာဝရ ဝင်ထွက်ခွင့်ရသော စိတ်တို့ကို ဖော်ပြ၍၊ အာရုံ ၆-ပါးတို့တွင် အကျယ်ဝန်းဆုံးဖြစ်သော ဓမ္မာရုံသရုပ်ကိုလည်း ထုတ်ဖော်တင်ပြပါ။ | ဒွါရခြောက်ပါး၌ အစဉ်ထာဝရ ဝင်ထွက်ခွင့်ရသော စိတ်တို့မှာ- မနောဒွါရာဝဇ္ဇန်း= ၁-ပါး သောမနဿသန္တီရဏ= ၁-ပါး ကာမဇော= ၂၉-ပါး ပေါင်း စိတ်= ၃၁-ပါး ဖြစ်ပါသည်။ အာရုံ ၆-ပါးတို့တွင် အကျယ်ဝန်းဆုံးဖြစ်သော ဓမ္မာရုံသရုပ်မှာ- ၁။ စိတ်= ၈၉-ပါး ၂။ စေတသိက်= ၅၂-ပါး ၃။ ပသာဒရုပ်= ၅-ပါး ၄။ သုခုမရုပ်= ၁၆-ပါး ၅။ နိဗ္ဗာန်= ၁-ပါး ၆။ ပညတ်= ၁-ပါး ပေါင်း ဓမ္မာရုံထိုက်သောတရား=၁၆၄-ပါး (အကျဉ်း ၆-ပါး၊ အကျယ် ၁၆၄-ပါး) |
4 | 2 | 2000 | ရဟန္တာအရှင်မြတ်များ၌ ဖြစ်ခွင့်ရှိသော ဥပစာရသမာဓိဇော၊ အပ္ပနာသမာဓိဇော များကို ဖော်ပြ၍ မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၄-ခုနောင် ဖြစ်ခွင့်ရှိသော တဒါရုံကိုလည်း ဝေဒနာအားလျော်စွာ ဖော်ပပြေးခဲ့ပါ။ | ရဟန္တာအရှင်မြတ်များ၌ ဖြစ်ခွင့်ရှိသော- ဥပစာရသမာဓိဇော - မဟာကြိယာဉာဏသမ္ပယုတ်ဇော ၄ပါး အပ္ပနာသမာဓိဇော - မဟဂ္ဂုတ်ကြိယာဇော ၉-ပါး - အရဟတ္တဖိုလ်ဇော ၁-ပါး တို့ဖြစ်ပါသည်။ မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၄-ခုနောင် ဖြစ်ခွင့်ရှိသော တဒါရုံကိုလည်း ဝေဒနာ အားလျော်စွာ ဖော်ပြရသော်- ဥပေက္ခာ မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၂-ပါးနောင် (၁) ဥပေက္ခာသန္တီရဏ-၂-ပါး (၂) ဥပေက္ခာ မဟာဝိပါက်-၄-ပါး သောမနဿ မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၂-ပါးနောင် (၁) သောမနဿသန္တီရဏ-၁-ပါး (၂) သောမနဿမဟာဝိပါက်-၄-ပါး ထို့ကြောင့် မဟာကြိယာဉာဏသမ္ပယုတ်ဇော ၄-ခုနောင် ထိုက်သည့်အားလျော်စွာ တဒါရုံ ၁၁-ပါး ဖြစ်နိုင်ပါသည်။ |
5 | 2 | 2000 | (က) လောဘကြောင့်ဖြစ်သော ဒုစရိုက် (ခ) ဒေါသကြောင့်ဖြစ်သော ဒုစရိုက် (ဂ) နှစ်ပါးစုံကြောင့်ဖြစ်သော ဒုစရိုက်တို့ကို ဖော်ပြ၍၊ “ထာဝရဘုရား ဖန်ဆင်းမှုကြောင့် သတ္တဝါများ ဖြစ်လာရသည်”ဟူသော ၀ါဒကို အဘိဓမ္မာအမြင်ဖြင့် သုံးသပ်ဖြေရှင်းပါ။ | (က) လောဘကြောင့်ဖြစ်သော ဒုစရိုက်မှာ- ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ နှင့် မိစ္ဆာဒိဋ္ဌိ တို့ဖြစ်ပါသည်။ (ခ) ဒေါသကြောင့်ဖြစ်သော ဒုစရိုက်မှာ- ပါဏာတိပါတ၊ ဖရုသဝါစာ နှင့် ဗျာပါဒ တို့ဖြစ်ပါသည်။ (ဂ) နှစ်ပါးစုံကြောင့်ဖြစ်သော ဒုစရိုက်မှာ- အဒိန္နာဒါန၊ မုသာဝါဒ၊ ဝိသုဏဝါစာ၊ သမ္ဖပ္ပလာပ တို့ဖြစ်ပါသည်။ “ထာဝရဘုရား ဖန်ဆင်းမှုကြောင့် သတ္တဝါများ ဖြစ်လာရသည်” ဟူသော ၀ါဒသည် အဘိဓမ္မာ အမြင်အားဖြင့် မှန်ကန်မှု မရှိပါ။ သတ္တဝါများ ဖြစ်လာရခြင်း (ပဋိသန္ဓေနေရခြင်း) သည် ဘဝသစ်၌ အပြစ်ကို မမြင်အောင် ဖုံးလွှမ်းထားသော အဝိဇ္ဇာ ခြံရံ၍ ဘဝသစ်၌ စိတ်အစဉ်ကို ညွှတ်ကိုင်းရှိုင်း စေသော တဏှာ အရင်းခံက၊ ကုသိုလ်-အကုသိုလ် သင်္ခါရ ဇနကကံတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့် ကံ(သင်္ခါရ)၏ ပစ်ချမှုဖြင့် ဘဝသစ်၌ ပဋိသန္ဓေနေရခြင်း ဖြစ်ပါသည်။ ထာဝရဘုရား၊ ဖန်ဆင်းမှုကြောင့် သတ္တဝါများ ဖြစ်လာရခြင်း မဟုတ်ပါ။ |
6 | 2 | 2000 | မည်သည့်အကြောင်းကြောင့်မျှ မဖြစ်ကြသော ရုပ်တို့ကို အကြောင်းပြ ဖော်ပပြြီးလျှင် ရုပ်သံသရာစက်လည်နေပုံကိုလည်း ဖော်ပြပါ။ | မည်သည့်အကြောင်းကြောင့်မျှ မဖြစ်ကြသော ရုပ်တို့မှာ “လက္ခဏရုပ် ၄-ပါး” ဖြစ်ပါသည်။ လက္ခဏရုပ် ၄-ပါးသည် နိပ္ဖန္နရုပ်တို့၏ ဖြစ်၊ တည်၊ ပျက်သဘောမျှသာ ဖြစ်သောကြောင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်း ၄-ပါးမှ လွတ်ကုန်၏။ ထို့ကြောင့် လက္ခဏရုပ် ၄-ပါးသည် မည်သည့်အကြောင်း ကြောင့်မျှ မဖြစ်ကြသော ရုပ်တို့ ဖြစ်ရခြင်း ဖြစ်ပါသည်။ ပစ္စုပ္ပန်ဘဝ၌ ကံ၊စိတ်၊ ဥတု၊အာဟာရတည်း ဟူသော အကြောင်းတရားတို့ကြောင့်ဖြစ်သော ရုပ် ၄-မျိုး တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကို အစပြု၍ အကြောင်းတရားများ မချုပ်ဆုံးသရွေ့ အသစ်-အသစ် ဆက်ကာဆက်ကာ ဖြစ်ကြသကဲ့သို့ သေလွန်ပြီး ဘဝတစ်ပါး၌လည်း အကြောင်းတရား၄-ပါးကြောင့် ဖြစ်သောရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကို အစပြု၍ ဖြစ်ပေါ်ကပြြန်လေသည်။ ဤသို့ဖြင့် (ရဟန္တာ မဖြစ်သေး၍) ဘဝမပြတ်သေးသမျှ ကာလပတ်လုံး ရုပ်တရားများ ဖြစ်ခွင့်ရသော ဘုံဌာနတိုင်း၌ ဘဝသစ် ပဋိသန္ဓေကို စွဲ၍ ရုပ်တရားများသည် စက်ရဟတ်ပမာ လည်ပတ်ဖြစ်ပေါ်နေပါသည်။ |
7 | 2 | 2000 | အောက်ပါတရားများကို ကောက်ပြပါ။ (က) ဒုစရိုုက်သမားတို့၏ လက်သုံးဖြစ်သော မဂ္ဂင်လေးပါး၊ (ခ)ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားများ၏ စွမ်းအင်နှစ်မျိုး၊ | (က) ဒုစရိုက်သမားတို့၏ လက်သုံးဖြစ်သော မဂ္ဂင်လေးပါးမှာ- မိစ္ဆာမဂ္ဂင် ၄-ပါး ဖြစ်သော ၁။ မိစ္ဆာဒိဋ္ဌိမဂ္ဂင်၊ ၂။ မိစ္ဆာသင်္ကပ္ပမဂ္ဂင်၊ ၃။ မိစ္ဆာဝါယာမ၊ ၄။ မိစ္ဆာသမာဂ္ဂင် တို့ဖြစ်ပါသည်။ (ခ)ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားများ၏ စွမ်းအင်နှစ်ပါးမှာ- - အဟိရိကဗိုလ်၊ - အနောတ္တပ္ပဗိုလ် တို့ဖြစ်ပါသည်။ |
8 | 2 | 2000 | ဘုံသုံးပါး၌ မပြတ်လည်နေသော ပဋိစ္စသမုပ္ပါဒ်စက်ကြီး အပြီးတိုင်ရပ်သွားစေရန် အဓိက ဦးတည်ပယ်သတ်ရမည့် အခြေခံ မူလဘူတတို့ကို ရေးသား၍ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ အင်္ဂါတို့ကိုလည်း ဖော်ပြပါ။ | မပြတ်လည်နေသော ပဋိစ္စသမုပ္ပါဒ်စက်ကြီး အပြီးတိုင်ရပ်သွားစေရန် အဓိက ဦးတည် ပယ်သတ်ရမည့် အခြေခံ မူလဘူတတို့မှာ အဝိဇ္ဇာနှင့် တဏှာ တို့ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ အင်္ဂါတို့မှာ- အဝိဇ္ဇာ သင်္ခါရ ဝိညာဏ် နာမ်ရုပ် သဠာယတန၊ ဖဿ ဝေဒနာ တဏှာ ဥပါဒါန်၊ ဘဝ ဇာတိ ဇရာ မရဏ ဟူသော အင်္ဂါ ၁၂-ပါးဖြစ်ပါသည်။ |
9 | 2 | 2000 | ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းတို့ကို ရေး၍ ထွက်လေဝင်လေကိုရှုမှတ်နေသော ယောဂီပုဂ္ဂိုလ်က ငါသောတာပန်ဖြစ်ပြီ ဟုဆိုလာလျှင် လက်ခံနိုင် မခံနိုင် အကြောင်းပြချက်နှင့် ဆုံးဖြတ်ချက်ချပြပါ။ | ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းတို့မှာ- - ပထဝီ၊ အာပေါ၊ တေဇော၊ ၀ါယော ဟူသော ဘူတကသိုဏ်း= ၄-ပါး - အာကာသကသိုဏ်း၊ အာလောကကသိုဏ်း= ၂-ပါး - အာရုပ္ပ(အရူပ) ကမ္မဋ္ဌာန်း= ၄-ပါး ပေါင်း= ၁၀-ပါး ထွက်လေဝင်လေကိုသာ ရှုမှတ်နေသော ယောဂီပုဂ္ဂိုလ်က ငါသောတာပန်ဖြစ်ပြီ ဟု ဆိုလာလျှင် လက်မခံနိုင်ပါ။ အကြောင်းမှာ -ထွက်လေဝင်လေကို ရှုမှတ်လျှင် ရူပပဉ္စမဈာန် ကိုသာ ရနိုင်သောကြောင့်ဖြစ်ပါသည်။ (ထိုအပ္ပနာဈာန်မှ ဝိပဿနာသို့ပြောင်း၍ ရုပ်နာမ်ခန္ဓာတို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်သော ယောဂီပုဂ္ဂိုလ်က ငါသောတာပန်ဖြစ်ပြီ ဟုဆိုလျှင်ကား လက်ခံနိုင်ဖွယ် ရှိပါသည်။) |
1 | 3 | 2000 | သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူခြင်း၌ အပြစ်ရှိမှန်း မသိ၍ မိမိဘာသာ ပျော်ရွင်စွာ ခိုးမှုလွန်ကျူးသူ၏ သန္တာန်၌ဖြစ်သော အကုသိုလ်စိတ်ကို ပြည့်စုံတိကျစွာ ဖော်ပြ၍၊ စိတ်အကျယ် ၁၂၁ပါးကိုလည်း ဇာတိဘေဒနည်းအရ ဝေဖန်ပြပါ။ | ခိုးယူခြင်း၌ အပြစ်ရှိမှန်း မသိ၍ မိမိဘာသာ ပျော်ရွင်စွာ ခိုးမှုလွန်ကျူးသူ၏ သန္တာန်၌ဖြစ်သော အကုသိုလ်စိတ်မှာ - "သောမနသသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူ ပထမစိတ်" ဖြစ်ပါသည်။ စိတ်အကျယ် ၁၂၁ပါးကို ဇာတိဘေဒနည်းအရ ဝေဖန်ပြရသော် - အကုသိုလ်စိတ် ၁၂ပါး - ကုသိုလ်စိတ် ၃၇ပါး - ဝိပါက်စိတ် ၅၂ပါး - ကြိယာစိတ် ၂၀ပါး ပေါင်း စိတ်အကျယ် ၁၂၁ပါး တို့ ဖြစ်ပါသည်။ |
2 | 3 | 2000 | လောကုတ္တရာစိတ်ကို မတူထူးခြား ကွဲပြားအောင် ပြုနိုင်သော စျာန်တရားများကို ဖော်ပြ၍ ဒေါသမူ အသင်္ခါရိကစိတ်၌ ယှဉ်သည့် စေတသိက်တို့ကိုလည်း ဖြေဆိုပါ။ | လောကုတ္တရာစိတ်ကို မတူထူးခြား ကွဲပြားအောင် ပြုနိုင်သော စျာန်တရားများမှာ - ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ (ဝေဒနာ) စျာနင်တရားများ ဖြစ်ပါသည်။ ဒေါသမူ အသင်္ခါရိကစိတ်၌ယှဉ်သည့် စေတသိက်တို့မှာ - ၁။ ပီတိကြဉ်သော အညသမာန်း စေတသိက် = ၁၂-ပါး ၂။ သဗ္ဗာကုသလသာဓာရဏ စေတသိက် = ၄-ပါး ၃။ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စစေတသိက်= ၄-ပါး ယှဉ်နိုင်သမျှ စေတသိက် = ၂၀-ပါး (ဣသာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ တို့သည် အနိယတယောဂီ စေတသိက်များဖြစ်ပြီး ရံခါ အသီးသီး ယှဉ်ခြင်းကြောင့် အမြဲယှဉ်စေတသိက် ၁၇-ပါး၊ တစ်ပြိုင်နက် ယှဉ်နိုင်သော စေတသိက် ၁၈-ပါး ဖြစ်၏) |
3 | 3 | 2000 | ဗုဒ္ဓဘာသာဝင် သူတော် စင်များသည် “နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏”ဟု ဆုတောင်းတတ်ကြရာ နိဗ္ဗာန်ကို မျက်မှောက် (ဧကန်အာရုံ) ပြုနိုင်သည့် စိတ်ကိုလည်း တိကျစွာ ဖြေဆို၍ အသညသတ်ကြဉ်သော ရူပ (၁၅) ဘုံ၌ ရနိုင်သည့် ဝတ္တုရုပ်နှင့် ဝိညာဏဓာတ်တို့ကိုလည်း ဖြေဆိုပါ။ | နိဗ္ဗာန်ကို မျက်မှောက် (ဧကန်အာရုံ) ပြုနိုင်သည့်စိတ်မှာ- “လောကုတ္တရာစိတ် ၈-ပါး” ဖြစ်ပါသည်။ အသညသတ်ကြဉ်သော ရူပ (၁၅) ဘုံ၌ ရနိုင်သည့် ဝတ္တုရုပ်နှင့် ဝိညာဏဓာတ်တို့မှာ- ဝတ္တုရုပ် ၃-ပါး ဝိညာဏဓာတ် ၄-ပါး စက္ခုဝတ္တု = စက္ခုဝိညာဏဓာတ် သောတဝတ္တု =သောတဝိညာဏဓာတ် ဟဒယဝတ္တု =မနောဓာတ်၊ မနောဝိညာဏဓာတ် |
4 | 3 | 2000 | အပ္ပနာဇောများနောင် တဒါရုံဖြစ်ခွင့်ရှိ-မရှိ အကြောင်းပြ ဆုံးဖြတ်ပြီးလျှင် နိရောဓ သမာပတ် ဝင်စားခါနီး၌ ဖြစ်သောဇော- ထိုသမာပတ်မှ ထရာအခါ၌ ဖြစ်သောဇောများ ကိုဖြစ်ရာ အကြိမ်နှင့်တကွ ဖော်ပြပါ။ | အပ္ပနာဇောများနောင် တဒါရုံဖြစ်ခွင့်မရှိပါ။ အကြောင်းမှာ- တဒါရုံတို့မည်သည်- (၁) ကာမဇော (၂) ကာမသတ္တဝါ (၃) အတိမန္တာရုံ ဝိဘူတာရုံဖြစ်သော ကာမအာရုံ ဤ၃-ချက်စုံညီမှသာ တဒါရုံကျနိုင်သောကြောင့် ဖြစ်ပါသည်။ နိရောဓသမာပတ် ဝင်စားခါနီး၌- အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ပါက - နေဝသညာနာသညာယတန ကုသိုလ်ဇော-၂ကြိမ် ရဟန္တာပုဂ္ဂိုလ်ဖြစ်ပါက - နေဝသညာနာသညာယတန ကြိယာဇော- ၂ကြိမ် ဖြစ်ပါသည်။ နိရောဓသမာပတ်မှ ထရာအခါ၌- အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ပါက - အနာဂါမိဖိုလ်ဇော-၁ကြိမ် ရဟန္တာပုဂ္ဂိုလ်ဖြစ်ပါက - အရဟတ္တဖိုလ်ဇော- ၁ကြိမ် ဖြစ်ပါသည်။ |
5 | 3 | 2000 | လူသေလူဖြစ် ဟူသောဝါဒ မှန်/မမှန် ခိုင်လုံသော အကြောင်းပြချက်ဖြင့် ဆုံးဖြတ်ဖြေဆိုပါ။ | လူသေလူဖြစ် ဟူသောဝါဒ အတိအကျ မမှန်ပါ။ အကြောင်းမှာ - စုတိနောင် ပဋိသန္ဓေနှောင်းပုံအရ လူ၏ စုတိ ၉ ပါးတွင် (က) သုဂတိအဟိတ်စုတိ ၁ ပါးနောင် - ကာမပဋိသန္ဓေ ၁၀ ပါးနှောင်း၍ ကာမ ၁၁ဘုံ၌လည်းကောင်း (ခ) ဒွိဟိတ်စုတိ ၄ ပါးနောင် - ကာမပဋိသန္ဓေ ၁၀ ပါးနှောင်း၍ ကာမ ၁၁ ဘုံ၌လည်းကောင်း (ဂ) တိဟိတ်စုတိ ၄ ပါးနောင် - ပဋိသန္ဓေ ၂၀ ပါးနှောင်း၍ ၃၁ ဘုံလုံး၌လည်းကောင်း ပဋိသန္ဓေနေနိုင်သောကြောင့် လူသေ လူသာဖြစ် ဟူသောဝါဒ မမှန်ရခြင်း ဖြစ်ပါသည်။ |
6 | 3 | 2000 | အညသသတ်ဘုံ (က) ပဋိသန္ဓေအခါ ရသောရုပ် (ခ) ပဝတ္တိအခါ ရသောရုပ်တို့ကို ဖော်ပြပါ။ | အညသသတ်ဘုံ၌- (က) ပဋိသန္ဓေအခါ ရသောရုပ်မှာ- - အဝိနိဗ္ဘောဂရုပ် ၈-ပါး - ဇီဝိတရုပ် ၁-ပါး - ပရိစ္ဆေဒရုပ် ၁-ပါး - ဥပစယရုပ် ၁-ပါး - သန္တတိရုပ် ၁-ပါး ပေါင်း ၁၂-ပါး ရ၏။ (ခ) ပဝတ္တိအခါ ရသောရုပ်မှာ- - အဝိနိဗ္ဘောဂရုပ် ၈-ပါး - ဇီဝိတရုပ် ၁-ပါး - ပရိစ္ဆေဒရုပ် ၁-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၁၇-ပါး ရ၏။ |
7 | 3 | 2000 | လောကသံသရာဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတွက် လုံ့လပြုရမည့် လမ်းလေးသွယ်ကို ဖြေဆို၍၊ နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းများကို ဖော်ပြပါ။ | လောကသံသရာဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတွက်လုံ့လပြုရမည့် လမ်းလေးသွယ်မှာ- (၁) ဖြစ်ပြီးသော အကုသိုလ်တရား (ဒုစရိုက်အဟောင်း)တို့ကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း။ (၂) မဖြစ်သေးသော အကုသိုလ်တရား (ဒုစရိုက်အသစ်)တို့ကို မဖြစ်ခြင်းငှာ အားထုတ်ခြင်း။ (၃) မဖြစ်သေးသော ကုသိုလ်တရား (ကုသိုလ်အသစ်)တို့ကို ဖြစ်ထွန်းစေခြင်းငှာ အားထုတ်ခြင်း။ (၄) ဖြစ်ပြီးသော ကုသိုလ်တရား (ကုသိုလ်အဟောင်း)တို့ကို ခိုင်ခန့် တိုးပွားမြဲစေခြင်းငှာ အားထုတ်ခြင်း ဟူသော “သမ္မပ္ပဓာန်(၀ီရိယ)တရား ၄-ပါး” ဖြစ်ပါသည်။ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းများမှာ - သမ္မာမဂ္ဂင် ၈-ပါးဖြစ်သည့် (၁) သမ္မာဒိဋ္ဌိမဂ္ဂင် (၂) သမ္မာသင်္ကပ္ပမဂ္ဂင် (၃) သမ္မာဝါစာမဂ္ဂင် (၄) သမ္မာကမ္မ န္တမဂ္ဂင် (၅) သမ္မာအာဇီဝမဂ္ဂင် (၆) သမ္မာဝါယာမမဂ္ဂင် (၇) သမ္မာသတိမဂ္ဂင် (၈) သမ္မာသမာဓိမဂ္ဂင် တို့ဖြစ်ကြပါသည်။ |
8 | 3 | 2000 | ပဋ္ဌာန်းပစ္စည်းများကို ထိုက်သလိုသွင်းယူ၍ အကျဉ်းချုပ်လျှင် ပစ္စည်းပေါင်းမည်မျှရှိသည်ကို ရေတွက်ပြ၍ ထိုပဋ္ဌာန်းပစ္စည်းအဖြစ်ဖြင့် ဟောအပ်သောတရားတို့ကိုလည်း ဖော်ပြပါ။ | ပဋ္ဌာန်းပစ္စည်းများကို ထိုက်သလိုသွင်းယူ၍ အကျဉ်းချုပ်လျှင် ပစ္စည်းပေါင်း ၄-ပစ္စည်းရပါသည်။ ၎င်းတို့မှာ- (၁) အတ္တိပစ္စည်း (၂) ဥပနိဿယ ပစ္စည်း (၃) အာရမ္မဏပစ္စည်း (၄) ကမ္မပစ္စည်း တို့ဖြစ်ပါသည်။ ပဋ္ဌာန်းပစ္စည်း အဖြစ်ဖြင့် ဟောအပ်သောတရားတို့မှာ - ပညတ်၊ နာမ်၊ ရုပ် (တစ်နည်း) စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါး၊ နိဗ္ဗာန်၊ ပညတ်တရားတို့ ဖြစ်ပါသည်။ |
9 | 3 | 2000 | ပုထုဇဉ်၏အနွယ်ကို ဖြတ်တောက်သောစိတ်ကို ဖော်ပြ၍ ၎င်းစိတ်၏ အာရုံကိုလည်း ဖြေဆိုပါ။ | ပုထုဇဉ်၏အနွယ်ကို ဖြတ်တောက်သောစိတ်မှာ -ဂေါတြဘူစိတ် ဖြစ်ပါသည်။ ၎င်းစိတ်၏ အာရုံမှာ - နိဗ္ဗာန် ဖြစ်ပါသည်။ |
2 | 4 | 2000 | ဓမ္မကထိကဆရာတော်များ တရားဟောကြားခြင်းသည် "သမ္မာဝါစာ" ဖြစ်\ မဖြစ် သမ္မာဝါစာ၏လက္ခဏာကို ရှုကာ စိစစ်ဆုံးဖြတ်၍ ဝေဒနာတို့သည် ဣန္ဒြိယဘေဒနည်းအရ ငါးမျိုးကွဲပြားရာ ယင်းငါးမျိုးတို့၏ အမည်တို့ကိုလည်း ဖော်ပြပါ။ | ဓမ္မကထိကဆရာတော်များ တရား ဟောကြားခြင်းသည် "သမ္မာဝါစာ" ဝီရတီ စေတသိက် မဖြစ်ပါ။ အကြောင်းမှာ - သမ္မာဝါစာဝီရတီ စေတသိက်ဆိုသည်မှာ အသက်မွေးဝမ်းကျောင်းခြင်းလျှင် အကြောင်းမရှိသော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်း သဘော ဖြစ်သောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တရားဟောကြားခြင်းသည် ကောင်းသောစကားပြောဆို ဟောကြားခြင်းဟူသော "ကထာသမ္မာဝါစာ သဘောသာဖြစ်ပါသည်။ ဝီရတီ သမ္မာဝါစာ မဟုတ်ပါ။ ဝေဒနာတို့သည် ဣန္ဒြိယ ဘေဒနည်းအရ ငါးမျိုးကွဲပြားရာ ယင်းငါးမျိုးတို့၏ အမည်များမှာ - ၁။ သုခဝေဒနာ ၂။ ဒုက္ခဝေဒနာ ၃။ သောမနဿ ဝေဒနာ ၄။ ဒေါမနဿ ဝေဒနာ ၅။ ဥပေက္ခာဝေဒနာ တို့ဖြစ်ပါသည်။ |
4 | 4 | 2000 | ကြောင်တစ်ကောင်၏သန္တာန်၌ ရနိုင်သော ၀ီထိစိတ်တို့ကို ဖော်ပြ၍၊ အရူပဗြဟ္မာများ၌ ရယ်ရွှင်မှု ရှိ မရှိကိုလည်း ရှင်းပြပါ။ | ကြောင်တစ်ကောင်၏သန္တာန်၌ ရနိုင်သော ၀ီထိစိတ်တို့မှာ- - အကုသိုလ်စိတ်-၁၂ ပါး - ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ်-၁၇-ပါး - မဟာကုသိုလ်စိတ်-၈-ပါး ပေါင်း- ၃၇-ပါး ဖြစ်ပါသည်။ အရူပဗြဟ္မာများ၌ ရယ်ရွှင်မှု မရှိပါ။ အကြောင်းမှာ - အရူပဗြဟ္မာများသည် ရုပ်ကိုစက်ဆုပ်သော ရူပဝိဘာဂဘာဝနာ၏ အစွမ်းဖြင့် ရုပ်တရားများကို ပယ်ခွာ ထားသဖြင့် ပြံုးရယ်စရာ ရူပကာယ မရှိသောကြောင့် ဖြစ်ပါသည်။ |
9 | 4 | 2000 | နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ်တို့ကို ဖော်ပြ၍ နိရောဓသမာပတ် ဝင်စားနေစဉ် သေနိုင် မသေနိုင်ကိုလည်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် ဆုံးဖြတ်ချက် ချပြပါ။ | နိရောဓ သမာပတ်ဝင်စားနိုင်သော ပုဂ္ဂိုလ်များမှာ ကာမဘုံ၊ ရူပဘုံ၌ သမာပတ် ၈-ပါး၊ ၉-ပါး ရပြီးသော အနာဂါမ် ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။ နိရောဓ သမာပတ် ဝင်စားနေစဉ် မသေနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် - နိရောဓသမာပတ် မဝင်စားခင် ပုဗ္ဗကိစ္စ ၄-ချက်ကို ပြုကြရရာ မိမိ၏ အသက် ဇီဝိတိန္ဒြေဖြစ်ရာ ကာလ အပိုင်းအခြားကို ဆင်ခြင်သည့် ပုဗ္ဗကိစ္စကိုလည်း ပြုရပါသည်။ မိမိ အသက်ကြွင်းရှိမှသာ နိရောဓသမာပတ် ဝင်စားရခြင်း ဖြစ်နိုင်သဖြင့် နိရောဓသမာပတ် ဝင်စားနေစဉ်အတွင်း မသေနိုင်ခြင်း ဖြစ်ပါသည်။ |
1 | 1 | 2001 | "ရင်ထဲမှာ ဒွိဟိစိတ်တွေနဲ့ " ဟူသော စကား၌ ဒွိဟစိတ်ဟူသည် အဘယ်စိတ်ကို ခေါ်ပါသနည်း ဖြေဆို၍၊ အကုသိုလ်စိတ် ၁၂ပါးကိုလည်း ဝေဒနာအားဖြင့် သိသာရုံမျှ ခွဲခြားပြပါ။ | "ရင်ထဲမှာ ဒွိဟိစိတ်တွေနဲ့ " ဟူသော စကား၌ ဒွိဟစိတ်ဟူသည်မှာ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ် ၁ ဖြစ်ပါသည်။ အကုသိုလ်စိတ် ၁၂ပါးကိုလည်း ဝေဒနာအားဖြင့် သိသာရုံမျှ ခွဲခြားပြရသော် - သုခသဟဂုတ်စိတ် မရှိ - ဒုက္ခသဟဂုတ်စိတ် မရှိ - သောမနဿသဟဂုတ်စိတ် ၄ ပါး - ဒေါမနဿသဟဂုတ်စိတ် ၂ ပါး - ဥပေက္ခာသဟဂုတ်စိတ် ၆ ပါး ပေါင်း အကုသိုလ်စိတ် ၁၂ ပါး |
2 | 1 | 2001 | "တွေ့တိုင်းမရှောင် ဒုစရိုက်ကောင်" ဟု အထူးပြု ပြောရလောက်အောင် အကုသိုလ်ဒုစရိုက်မှုပြုလုပ်တိုင်း ပါဝင်လေ့ရှိသော စေတသိက်များကို ဖော်ပြ၍ စိတ်အများဆုံးနှင့် ယှဉ်သော စေတသိက်၊ စိတ်အနည်းဆုံးနှင့် ယှဉ်သော စေတသိက် တို့ကိုလည်း ဖြေဆိုပါ။ | "တွေ့တိုင်းမရှောင် ဒုစရိုက်ကောင်" ဟုု အထူးပြု ပြောရလောက်အောင် အကုသိုလ်ဒုစရိုက်မှုပြုလုပ်တိုင်း ပါဝင်လေ့ရှိသော စေတသိက်များမှာ သဗ္ဗာကုသလယောဂီ စေတသိက် ၁၄-ပါး ဖြစ်ပါသည်။ ၎င်းတို့မှာ - - သဗ္ဗစိတ္တသာဓာရဏ စေတသိက် = ရ-ပါး - ဝိတက်၊ ဝိစာရ၊ ၀ီရိယ ပကိဏ်းစေတသိက် = ၃-ပါး - သဗ္ဗာကုသလသာဓာရဏစေတသိက် = ၄-ပါး (မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ) ပေါင်း = ၁၄-ပါး ဖြစ်ပါသည်။ စိတ်အများဆုံးနှင့် ယှဉ်သော စေတသိက်မှာ - သဗ္ဗစိတ္တသာဓာရဏ စေတသိက် = ရ-ပါး ဖြစ်ပါသည်။ စိတ်အနည်းဆုံးနှင့် ယှဉ်သောစေတသိက်မှာ - ဝိစိကိစ္ဆာစေတသိက် ဖြစ်ပါသည်။ |
3 | 1 | 2001 | ဒုစရိုက်လုပ်ငန်း လုပ်ဆောင်ရန် အခြေခံ အမြစ်ရင်း သဖွယ်ဖြစ်သော အကုသိုလ်ဟိတ်တို့ကို ဖြေဆို၍၊ ဒွိဟိတ်စိတ် ၂၂-ပါးကိုလည်း ရေတွက်ပြပါ။ | ဒုစရိုက်လုပ်ငန်း လုပ်ဆောင်ရန် အခြေခံ အမြစ်ရင်း သဖွယ်ဖြစ်သော အကုသိုလ်ဟိတ်တို့မှာ- လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ် တို့ဖြစ်ပါသည်။ ဒွိဟိတ်စိတ် ၂၂-ပါးကိုလည်း ရေတွက်ပြသော်- လောဘမူစိတ်= ၈-ပါး ဒေါသမူစိတ်= ၂-ပါး ကာမသောဘန ဉာဏဝိပ္ပယုတ်စိတ်= ၁၂-ပါး ပေါင်း ဒွိဟိတ်စိတ်= ၂၂-ပါးဖြစ်ပါသည်။ |
4 | 1 | 2001 | ၀ီထိစိတ်တို့တွင် မပါဝင်သော စိတ်တို့ကို ဖော်ပြ၍ ထိုစိတ်တို့၏ အာရုံတို့၌ ဖြစ်ခြင်း (ဝိသယပ္ပဝတ္တိ) တို့ကိုလည်း ဖော်ပြပါ။ | ၀ီထိစိတ်တို့တွင် မပါဝင်သော စိတ်တို့မှာ- ၀ီထိမုတ်စိတ်များဖြစ်သော - ရှေ့ဘဝင်စိတ်များ (အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ)နှင့် နောက်ဘဝင်စိတ်များ ဖြစ်ပါသည်။ ထိုစိတ်တို့၏ အာရုံတို့၌ ဖြစ်ခြင်း (၀ီထိမုတ်စိတ်တို့၏ ဝိသယပ္ပဝတ္တိ)မှာ - ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃မျိုး တို့ဖြစ်ပါသည်။ |
5 | 1 | 2001 | အနာဂါမ်၊ ရဟန္တာတို့အတွက် နေရာဌာန သီးသန့်ထားသော ဘုံတို့ကို ခွဲခြားပြ၍၊ ဈာန်မရတာချင်း တူပါလျက် ဘဝအစ ပထမဦးဆုံးဖြစ်သော ပဋိသန္ဓေစိတ်ချင်း၊ မတူပုံကိုလည်းရှင်းပြပါ။ | အနာဂါမ်၊ ရဟန္တာတို့အတွက် နေရာဌာန သီးသန့်ထားသော ဘုံများမှာ- သုဒ္ဓါ၀ါသ (၅)ဘုံ ဖြစ်သော - အဝိဟာဘုံ၊ - အတပ္ပါဘုံ၊ - သုဒဿာဘုံ၊ - သုဒဿီဘုံ၊ - အကနိဋ္ဌဘုံ တို့ဖြစ်ပါသည်။ ဈာန်မရတာချင်း တူပါလျက် ဘဝအစ ပထမဦးဆုံးဖြစ်သော ပဋိသန္ဓေစိတ်ချင်း မတူရခြင်းမှာ- - တိဟိတ်ဥက္ကဋ္ဌ မဟာကုသိုလ်စေတနာ ၄-ပါး (မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄-ပါး)သည် ပဋိသန္ဓေအခါ ကာမသုဂတိ ရ-ဘုံ၌ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄-ပါးကို ဖြစ်စေ၏။ - တိဟိတ်သြမက မဟာကုသိုလ်စေတနာ ၄-ပါး (မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄-ပါး)နှင့် ဒွိဟိတ် ဥက္ကဋ္ဌမဟာကုသိုလ်စေတနာ ၄-ပါး (မဟာကုသိုလ် ဉာဏ ဝိပ္ပယုတ်စိတ် ၄-ပါး) တို့သည် ပဋိသန္ဓေအခါ ကာမသုဂတိ ရ-ဘုံ၌ မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄-ပါးကို ဖြစ်စေ၏ -ဒွိဟိတ်သြမကမဟာကုသိုလ်စေတနာ ၄-ပါး (မဟာကုသိုလ် ဉာဏဝိပ္ပယုတ်စိတ် ၄-ပါး)သည် ပဋိသန္ဓေအခါ လူ့ဘုံ၊ ဝိနိပါတိကအသုရာဘုံတို့၌ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ၁-ပါးကို ဖြစ်စေ၏။ ထို့ကြောင့် ဈာန်မရတာချင်း တူပါလျက် မဟာကုသိုလ်စေတနာ၏ တိဟိတ်၊ဒွိဟိတ်၊ ဥက္ကဋ္ဌ၊ သြမကဟူ၍ ကွဲပြားသောကြောင့် ဘဝအစဦးဆုံးဖြစ်သော ပဋိသန္ဓေစိတ်ချင်း မတူရခြင်း ဖြစ်ပါသည်။ |
6 | 1 | 2001 | “ရုပ်တရားများသည် အာရုံကို ယူစွမ်းနိုင်၏” ဟုဆိုလာလျှင် လက်ခံ သင့် -မသင့် ရှင်းလင်းပြ၍၊ တစ်ခုစီစွဲမရဘဲ အမြဲတမ်း စည်းလုံးညီညွတ်သော ရုပ်တရားတို့ကိုလည်း ဖော်ပြပါ။ | “ ရုပ်တရားများသည် အာရုံကို ယူစွမ်းနိုင်၏” ဟု ဆိုလာလျှင် လက်မခံသင့်ပါ။ အကြောင်းမှာ - ရုပ်တရားများသည် စိတ်၊ စေတသိက် တို့ကဲ့သို့ အာရုံကို ယူနိုင်သည့် (အာရမ္မဏိက) တရားမျိုး မဟုတ်၊ အာရုံကို မယူနိုင်သည့် “အနာရမ္မဏ” တရားမျိုး ဖြစ်သောကြောင့် ဖြစ်ပါသည်။ တစ်ခုစီစွဲမရဘဲ အမြဲတမ်း စည်းလုံးညီညွတ်သော ရုပ်တရားများမှာ- “ အဝိနိဗ္ဘောဂရုပ်” (မဟာဘုတ် ၄-ပါး၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇရုပ်) ၈-ပါးတို့ ဖြစ်ပါသည်။ |
7 | 1 | 2001 | ယခုခေတ်၌ မဖြတ်နိုင်လောက်အောင် ဆေးလိပ်စွဲခြင်း၊ ကွမ်းစွဲခြင်းတို့သည် မည်သည့် ဥပါဒါန် မျိုးဖြစ်သည်ကို ရေး၍ ယောဂီပုဂ္ဂိုလ်တို့သန္တာန်၌ ဈာန်တရားများ ဖြစ်ပေါ်ခွင့်မရအောင် တားဆီးပိတ်ပင်တတ်သော ကိလေသာများ ကိုလည်းဖြေဆိုပါ။ | မဖြတ်နိုင်လောက်အောင် ဆေးလိပ်စွဲခြင်း၊ ကွမ်းစွဲခြင်း တို့သည်- “ကာမုပါဒါန်” ဖြစ်ပါသည်။ ဈာန်တရားများဖြစ်ပေါ်ခွင့်မရအောင် တားဆီး ပိတ်ပင်တတ်သော ကိလေသာများမှာ - “ကိလေသာ ၁၀-ပါး”မှ နီဝရဏထိုက်သော တရားများဖြစ်ပါသည်။ ၎င်းတို့မှာ- (၁) လောဘကိလေသာ (၂) ဒေါသကိလေသာ (၃) ထိနကိလေသာ (၄) ဥဒ္ဓစ္စကိလေသာ (၅) ဝိစိကိစ္ဆာကိလေသာ တို့ဖြစ်ပါသည်။ |
8 | 1 | 2001 | ဤလောက၌ သတ္တဝါတစ်ယောက် ဖြစ်ပေါ် လာခြင်းသည် တန်ခိုးကြီးမား ထာဝရဘုရားသခင် စသည်တို့ ဖန်ဆင်းလိုက်သောကြာင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသလော၊ ကြောင်းကျိုးဆက်နွယ်မှုပြ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ ဖြေဆိုပါ။ | ဤလောက၌ သတ္တဝါတစ်ယောက် ဖြစ်ပေါ်လာခြင်းသည် တန်ခိုးကြီးမား ထာဝရဘုရားသခင် စသည်တို့ ဖန်ဆင်းလိုက်သောကြာင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ - သတ္တဝါများသည် တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့်မဟုတ်ဘဲ အဝိဇ္ဇာနှင့် တဏှာတည်း ဟူသော ပဋိစ္စသမုပ္ပါဒ် သံသရာဝဋ်ဆင်းရဲ၌ လည်ပတ်ရခြင်း၏ အကြောင်းရင်းဖြစ်သော ၀ဋ်မြစ်(မူလ) ၂-ပါးကြောင့်ပင် ဖြစ်လေသည်။ ဤဝဋ်မြစ် ၂-ပါးကို အခြေခံ၍ ကျန်တရားစုများဖြစ်သော သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် စသည့်တရားများသည်လည်း ဆက်စပ်၍ ကြောင်းကျိုးမပြတ် လည်ပတ်ကြရလေသည်။ ဤသို့ဖြင့် မိမိတို့ရရှိထားသော ရုပ်နာမ်စုကို အရင်းတည်၍ နောက်ရုပ်နာမ် အသစ်ရစေရန် သုခမရောယှက် ဒုက္ခတုံး ဒုက္ခစုသာဖြစ်သော အဝိဇ္ဇာစသော ကြောင်းတရားများကို ကြောင်းကျိုး ဆက်စပ်ပြုလုပ်ခြင်းဖြင့် သံသရာတစ်ခွင်တွင် ဘဝအမျိုးမျိုး ခန္ဓာအမျိုးမျိုး ကျင်လည်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထာဝရဘုရားသခင် စသည်တို့က ဖန်ဆင်း လိုက်သောကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ (တစ်နည်း) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌ မြတ်စွာဘုရားရှင်သည် အဝိဇ္ဇာ၏အကြောင်းကြောင့် သင်္ခါရတရားတို့သည် ဖြစ်ကုန်၏ စသည်ဖြင့် ဟောကြားတော်မူပြီးလျှင် ဧဝမေတဿ ... = ဤအဝိဇ္ဇာအစရှိသော အကြောင်းတို့ကြောင့်သာ သုခမဖက် သက်သက်သော ဤဒုက္ခအစု၏ ဖြစ်ခြင်းသည် ထင်ရှား၏ ဟု နိဂုံးအဆုံး သတ်ထားသော ဟောတော်မူချက်အရ-သတ္တဝါဟု သမုတ်အပ်သောခန္ဓာ ၅-ပါးအစု - ဒုက္ခအစု ဖြစ်ပေါ်လာခြင်းသည် ထာဝရဘုရားသခင် စသည်တို့က ဖန်ဆင်းခြင်းကြောင့်မဟုတ်၊ အဝိဇ္ဇာ၊ သင်္ခါရ၊ အစရှိသော အကြောင်းတရား တို့ကြောင့်သာ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ |
9 | 1 | 2001 | အောက်ပါပုဂ္ဂိုလ်များ သမထကမ္မဋ္ဌာန်းကို အားထုတ် လိုလျှင် မည်သည့်ကမ္မဋ္ဌာန်းမျိုးကို အားထုတ်ရပါသနည်း။ စရိုက်နှင့် ကမ္မဋ္ဌာန်း ကိုက်ညီအောင်ဖြေဆိုပါ။ (က) ပညာဉာဏ်ကြီးသူ (ခ) သဒ္ဓါတရားထက်သန်သူ | (က) ပညာဉာဏ်ကြီးသူ (ဗုဒ္ဓိစရိုက်ရှိသူ) ပုဂ္ဂိုလ်များ အားထုတ်ရမည့် ကမ္မဋ္ဌာန်းမှာ- (၁) ဥပသမာနုဿတိ (၂) မရဏာနုဿတိ (၃) အာဟာရေပဋိကူလသညာ (၄) စတုဓာတုဝဝတ္ထာန် တို့ဖြစ်ပါသည်။ (ခ) သဒ္ဓါတရား အားကောင်းသူများ ရှုပွားသင့်လှသော ကမ္မဋ္ဌာန်းများမှာ- (၁) ဗုဒ္ဓါနုဿတိ (၂) ဓမ္မာနုဿတိ (၃) သံဃာနုဿတိ (၄) သီလာနုဿတိ (၅) စာဂါနုဿတိ (၆) ဒေဝတာနုဿတိတို့ဖြစ်ပါသည်။ မည်သည့်စရိုက်မဆို မသင့်လျော်သော ကမ္မဋ္ဌာန်းမည်သည် မရှိပါ။ အထူးအားဖြင့် ကိုက်ညီသော စရိုက်နှင့် ကမ္မဋ္ဌာန်းကို ဖော်ပြထားခြင်းဖြစ်ပါသည်။ |
1 | 2 | 2001 | လျှာတစ်ခုတည်း ရှိပါလျက် အဘယ့်ကြောင့် "ဇိဝှါဝိညာဏ်ဒွေး" ခေါ်ရသည်ကို ဖြေဆို၍၊ အဟိတ်စိတ် ၁၈ပါးကိုလည်း ဇာတိဘေဒအားဖြင့် ဝေဖန်ပြပါ။ | လျှာတစ်ခုတည်း ရှိပါလျက် အဘယ့်ကြောင့် "ဇိဝှါဝိညာဏ်ဒွေး" ခေါ်ဆိုရခြင်းမှာ - အနိဋ္ဌ ရသာရုံဖြစ်အံ့ အကုသလဝိပါက် ဇိဝှါဝိညာဏ်စိတ် ၁ပါး - ဣဋ္ဌ ရသာရုံဖြစ်အံ့ ကုသလဝိပါက် ဇိဝှါဝိညာဏ်စိတ် ၁ပါး ဟူ၍ ၂ပါးဖြစ်သောကြောင့် ဇိဝှါဝိညာဏ်ဒွေးဟု ခေါ်ရခြင်းဖြစ်ပါသည်။ အဟိတ်စိတ် (၁၈ပါး) ကို ဇာတိဘေဒအားဖြင့် ဝေဖန်ပြရသော် - အကုသိုလ်စိတ် မရှိ - ကုသိုလ်စိတ် မရှိ - ဝိပါက်စိတ် ၁၅ ပါး - ကြိယာစိတ် ၃ ပါး ပေါင်း အဟိတ်စိတ် ၁၈ ပါး ဖြစ်ပါသည်။ |
2 | 2 | 2001 | "အရှက်အကြောက် ကြီးလွန်းတယ် " ဟူသော အသုံးအနူန်းဝယ် အရှက် အကြောက် တို့၏ ပရမတ်အမည်မှန်ကို ဖော်ဆောင်၍ ဆန္ဒ စေတသိက်နှင့် ယှဉ်တွဲ၍ ဖြစ်နိုင်သော စိတ်တို့ကိုလည်း ဖြေဆိုပါ။ | အရှက်၊ အကြောက်တို့၏ ပရမတ်အမည်မှန်မှာ - ဟိရီနှင့် သြတ္တပ္ပ တို့ဖြစ်ပါသည်။ ဆန္ဒစေတသိက်နှင့် ယှဉ်တွဲ၍ ဖြစ်နိုင်သော စိတ်တို့မှာ - ၁။ မောဟမူဒွေ၊ အဟိတ်စိတ် ၁၈-ပါး ပေါင်း (၂၀) ပါး ကြဉ်သော စိတ်အကျဉ်း (၆၉)ပါး၊ စိတ်အကျယ် (၁၀၁)ပါး တို့ဖြစ်နိုင်ပါသည်။ |
3 | 2 | 2001 | လူ့ခန္ဓာအိမ်ရှိ တံခါးခြောက်ပေါက်ကို အစဉ်တကျ ရေတွက်ပြ၍ ယင်း တံခါးခြောက်ပေါက်ဝယ် လုံးဝ ဝင်ထွက်ခွင့် မရသောစိတ်ကိုလည်း ဖော်ပြပါ။ | လူ့ခန္ဓာအိမ်ရှိ တံခါးခြောက်ပေါက်ကို အစဉ်တကျ ရေတွက်ပြရသော်- (၁) စက္ခုဒွါရ (၂) သောတဒွါရ (၃) ဃာနဒွါရ (၄) ဇိဝှါဒွါရ (၅) ကာယဒွါရ (၆) မနောဒွါရ တို့ဖြစ်ပါသည်။ ယင်းတံခါးခြောက်ပေါက်ဝယ် လုံးဝ ဝင်ထွက်ခွင့် မရသောစိတ်မှာ- “မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါး”ဖြစ်ပါသည်။ |
4 | 2 | 2001 | ပရိကမ္မ စသည်လေးလီတို့၏ အရကောက် ပရမတ်တရားတို့ကို ဖော်ပြ၍၊ သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ် အာဝါသိကဘဝင် မဟုတ်ဘဲ လတ်တလော ဖြစ်ပေါ်လာသော အာဂန္တုက ဘဝင်အရကိုလည်း အာရုံနှင့်တကွ တွဲစပ်ဖော်ပြပါ။ | ပရိကမ္မ စသည်လေးလီတို့၏ အရကောက် ပရမတ်တရားတို့မှာ- “မဟာကုသိုလ်/ကြိယာ ဉာဏသမ္ပယုတ်ဇော ၈ပါး” ဖြစ်ပါသည်။ အာဂန္တုကဘဝင်၏ အရ - ဥပေက္ခာသန္တီရဏစိတ် ၂-ပါး အာရုံ - ရှေးက အလေ့အကျက်များသော ကာမအာရုံတစ်ပါးပါး ဖြစ်ပါသည်။ |
5 | 2 | 2001 | ကောင်းကံ၊ ဆိုးကံ ထိုနှစ်တန်တွင် အဘယ်ကံ ပို၍များသည်ကို အကျိုးပေးရာ ဘုံဌာနနှင့် စပ်၍ပြားသောကံ (၄) မျိုးကိုရှုကာ ဖြေဆို၍၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ မပါဘဲ စိတ်ဖြင့်သာ ကျူးလွန်မိနိုင်သော အကုသိုလ်ကံတို့ကိုလည်း ထုတ်ပြပါ။ | အကျိုးပေးရာ ဘုံဌာနနှင့် စပ်၍ပြားသော ကံ (၄)မျိုးမှာ- (၁) အကုသိုလ်ကံ ၁၂-ပါး (၂) ကာမာဝစရကုသိုလ်ကံ ၈-ပါး (၃) ရူပါဝစရကုသိုလ်ကံ ၅-ပါး (၄) အရူပါဝစရကုသိုလ်ကံ ၄-ပါး တို့ဖြစ်သောကြောင့် ကောင်းကံ (ကုသိုလ်ကံ ၁၇-ပါး)က ပို၍များပါသည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ မပါဘဲ စိတ်ဖြင့်သာ ကျူးလွန်မိနိုင်သော အကုသိုလ် (မနော)ကံတို့မှာ- (၁) အဘိဇ္ဈာ - သူပိုင်ဥစ္စာညွတ်မှု (၂) ဗျာပါဒ - အသေတောင့်တမှု (၃) မိစ္ဆာဒိဋ္ဌိ - အယူမှားမှု တို့ ဖြစ်ပါသည်။ |
6 | 2 | 2001 | “အသံကောင်းတာ ကံကြောင့်ပါ” ဟု ဆိုသော စကား မှန် မမှန် အဟုတ်သိအောင် ယုတ္တိဆောင်က စစ်တမ်း ထုတ်၍ သစ်ပင်၊ တော၊ တောင် စသည်၌ ရနိုင်သော ကလာပ်အဖွဲ့အစည်းကိုလည်း ရေးသားပြပါ။ | “အသံကောင်းတာ ကံကြောင့်ပါ” ဟု ဆိုသော စကား မှန်ပါသည်။ အကြောင်းမှာ - အသံ (သဒ္ဒ) ရုပ်သည် စိတ်၊ ဥတုကြောင့် ဖြစ်သော ဒွိဇရုပ်ဖြစ်သော်လည်း အသံကောင်း မကောင်းဖြစ်ရန်ကား ကိုယ်ခန္ဓာအတွင်းရှိ အသံထုတ်လုပ်နိုင်သည့် အင်္ဂါအစိတ်အပိုင်းတို့ အပေါ်တွင် မူတည်နေပေသည်။ ထိုအင်္ဂါအစိတ်အပိုင်းများ (ဖောဋ္ဌဗ္ဗရုပ်တို့) သည်လည်း ကမ္မဇဧကန်ရုပ်များဖြစ်သောကြောင့် အသံကောင်းတာ ကံကြောင့်ပါ ဟူသောစကား မှန်ပါသည်။ သစ်ပင်၊ တော၊ တောင် စသည်၌ ရနိုင်သော ကလာပ်အဖွဲ့အစည်းမှာ- ဥတုဇကလာပ် ၄-စည်းမှ (၁) သုဒ္ဓဋ္ဌကလာပ်၁-စည်း (၂) သဒ္ဒနဝကကလာပ် ၁-စည်း တို့ဖြစ်ပါသည်။ |
7 | 2 | 2001 | ပုထုဇဉ်မိန်းကလေး၌ ရနိုင်သော ဣန္ဒြေတို့ကို (က) ရုပ် ဣန္ဒြေ (ခ) နာမ်ဣန္ဒြေအားဖြင့် ခွဲခြားပြပါ။ | ပုထုဇဉ်မိန်းကလေး၌ ရနိုင်သော (က) ရုပ် ဣန္ဒြေမှာ (၁) စက္ခုန္ဒြေ (၂) သောတိန္ဒြေ (၃) ဃာနိန္ဒြေ (၄) ဇိဝှိန္ဒြေ (၅) ကာယိန္ဒြေ (၆) ဣတ္ထိန္ဒြေ (၇) ရုပ်ဇီဝိတိန္ဒြေ (ခ) နာမ် ဣန္ဒြေမှာ- (၁) နာမ်ဇီဝိတိန္ဒြေ (၂) မနိန္ဒြေ (၃) သုခိန္ဒြေ (၄) ဒုက္ခိန္ဒြေ (၅) သောမနဿိန္ဒြေ (၆) ဒေါမနဿိန္ဒြေ (၇) ဥပေက္ခိန္ဒြေ (၈) သဒ္ဓိန္ဒြေ (၉) ၀ီရိယိန္ဒြေ (၁၀) သတိန္ဒြေ (၁၁) သမာဓိန္ဒြေ (၁၂) ပညိန္ဒြေ တို့ဖြစ်ကြပါသည်။ |
8 | 2 | 2001 | ၀ဋ်သုံးပါးကို ရေတွက်ပြ၍ အဝိဇ္ဇာ၏အကြောင်းတရားကိုလည်း ဖြေဆိုပါ။ | ၀ဋ်သုံးပါးမှာ- (၁) ကိလေသဝဋ် - အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် (၂) ကမ္မဝဋ် - သင်္ခါရ၊ ကမ္မဘဝ (၃) ဝိပါက်ဝဋ် - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (ဥပပတ္တိဘဝ) ဇာတိ၊ ဇရာ၊ မရဏ အဝိဇ္ဇာ၏ အကြောင်းတရားမှာ - အာသဝေါတရား ၄-ပါး ဖြစ်ပါသည်။ ဇရာ၊ မရဏ၊သောက၊ ပရိဒေဝ စသော တွေဝေ မိန်းမောစေတတ်သော တရားအပေါင်းသည် သတ္တဝါတို့ သန္တာန်၌ မပြတ်နှိပ်စက်တတ်၏။ ထိုသို့ နှိပ်စက်ခံရသော သတ္တဝါတို့၌ သောကစသည်တို့ ဖြစ်ခြင်းကြောင့် အာသဝေါတရားတို့သည်လည်း ဖြစ်ပေ၏။ ထိုသို့ အာသဝေါတရားတို့၏ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာသည်လည်း ဖြစ်ပြန်၏။ ထို့ကြောင့် အဝိဇ္ဇာ၏ အကြောင်းတရားမှာ အာသဝေါတရားဖြစ်ပါသည်။ |
9 | 2 | 2001 | မောဟစရိုက်ရှိသူနှင့် သင့်လျော်သော ကသိုဏ်းဝန်းကို သတ်မှတ်ပြ၍ အသုဘကမ္မဋ္ဌာန်းရှုခြင်းနှင့် မေတ္တာပို့သခြင်းသည် အဘယ်အရာကအကျိုးပိုကြီးသည်ကိုလည်း အဘိဓမ္မာ ပညာရှင်ပီပီ ဖြေဆိုပါ။ | မောဟစရိုက်ရှိသူနှင့် သင့်လျော်သော ကသိုဏ်းဝန်းမှာ- ကောက်နယ်တလင်းခန့် ပမာဏရှိသော ကြီးမားသော ကသိုဏ်းဝန်း ဖြစ်ပါသည်။ အကြောင်းမှာ မောဟစရိုက်ရှိသူသည် စိတ်တွေဝေ ငေးငိုင်တတ်သောကြောင့် ဖြစ်ပါသည်။ အသုဘကမ္မဋ္ဌာန်းကို ရှုခြင်းနှင့် မေတ္တာပို့သခြင်းတို့တွင် မေတ္တာပို့သခြင်းက အကျိုးပိုကြီးပါသည်။ အကြောင်းမှာ- (၁) အသုဘကမ္မဋ္ဌာန်းကို ပွားများအားထုတ်လျှင် = ပထမဈာန်သာ ရရှိနိုင်ပြီး (၂) မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများလျှင် = ပထမဈာန်မှသည် စတုတ္ထစျာန်အထိ ရရှိနိုင်သောကြောင့် ဖြစ်ပါသည်။ |
1 | 3 | 2001 | အိုမင်းမစွမ်းဖြစ်သော ဘိုးဘွားများ၏ ကိစ္စကြီးငယ်ကို မိမိအသိစိတ်ဖြင့် ပျော်ရွင်စွာ ကူညီဆောင်ရွက် ပေးနေသောလူငယ်တစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်နေသောကုသိုလ်စိတ်ကို ပြည့်စုံ တိကျစွာ ဖော်ပြ၍၊ပထမစျာန်၌ပါဝင်သော စျာန်အင်္ဂါ ၅ ပါးကိုလည်းဖြေဆိုပါ။ | အိုမင်းမစွမ်းဖြစ်သော ဘိုးဘွားများ၏ ကိစ္စကြီးငယ်ကိုမိမိအသိစိတ်ဖြင့် ပျော်ရွင်စွာ ကူညီဆောင်ရွက်ပေးနေသော လူငယ်တစ်ဦး၏ သန္တာန်၌ဖြစ်ပေါ်နေသော ကုသိုလ်စိတ်မှာ - "သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ပထမစိတ်" ဖြစ်ပါသည်။ ပထမစျာန်၌ ပါဝင်သော စျာန်အင်္ဂါ (၅)ပါးမှာ ဝိတတ်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တရားများ ဖြစ်ပါသည်။ |
2 | 3 | 2001 | " အလှူဒါန ပြုလုပ်တာ အကျိုးမရှိပါဘူးကွာ " ဟု တလွဲယူဆသောသူ၏ သန္တာန်၌ဖြစ်သောစေတသိက်ကို လက္ခဏာနှင့်တကွ ဖြေဆို၍ လောကုတ္တရာ ဒုတိယစျာန်၌ ယှဉ်ခွင့်ရသော စေတသိက်ကိုလည်း ရေးသားပါ။ | "အလှူဒါန ပြုလုပ်တာ အကျိုးမရှိပါဘူးကွာ" ဟု တလွဲယူဆသောသူ၏ သန္တာန်၌ဖြစ်သော စေတသိက်မှာ - "ဒိဋ္ဌိစေတသိက်" ဖြစ်ပါသည်။ ၎င်း၏လက္ခဏာမှာ မှားမှားယွင်းယွင်း သိမြင် အယူမှားခြင်း သဘောဖြစ်ပါသည်။ လောကုတ္တရာ ဒုတိယစျာန်၌ ယှဉ်ခွင့်ရသော စေတသိက်တို့မှာ - ၁။ ဝိတက်ကြဉ်သော အညသမာန်းစေတသိက် = ၁၂-ပါး ၂။ သောဘနသာဓာရဏ စေတသိက် = ၁၉-ပါး ၃။ ဝိရတီ စေတသိက် = ၃-ပါး ၄။ ပညာ စေတသိက် = ၁-ပါး ပေါင်း = ၃၅ -ပါး ဖြစ်ပါသည်။ |
3 | 3 | 2001 | ရုပ်မြင်သံကြားကို ကြည့်ရှု နားထောင်နေစဉ်ခဏ၌ ဖြစ်ပေါ်နေသော ဝိညာဏဓာတ်နှစ်ပါးကို မှီရာဝတ္တုနှင့် တကွ တွဲစပ်ဖော်ပြ၍ ဟဒယဝတ္တုရုပ်ကို အမြဲမှီသောစိတ်များကို ဖော်ပြပါ။ | ရုပ်မြင်သံကြားကို ကြည့်ရှု နားထောင်နေစဉ်ခဏ၌ ဖြစ်ပေါ်နေသော ဝိညာဏဓာတ်နှစ်ပါးနှင့် မှီရာဝတ္တုတို့မှာ- (ကြည့်ရှုစဉ်) စက္ခုဝိညာဏဓာတ်= စက္ခုဝတ္တု (နားထောင်စဉ်) သောတဝိညာဏဓာတ်= သောတဝတ္တု ဟဒယဝတ္တုရုပ်ကို အမြဲမှီသောစိတ်များမှာ- ဒေါသမူစိတ်= ၂-ပါး မနောဓာတ်= ၃-ပါး သန္တီရဏ= ၃-ပါး ဟသိတုပ္ပါဒ်= ၁-ပါး မဟာဝိပါက်= ၈-ပါး ရူပစိတ်= ၁၅-ပါး သောတာပတ္တိမဂ်= ၁-ပါး ပေါင်း ဟဒယဝတ္တုရုပ်ကို အမြဲမှီသောစိတ်= ၃၃-ပါး ဖြစ်ပါသည်။ |
4 | 3 | 2001 | “နိရောဓသမာပတ္တိ”၀ယ် နိရောဓ-ချုပ်ဟူသည် အဘယ်တရားတို့ မဖြစ်ခြင်းကို “ချုပ်” ဟ ုဆိုပါသနည်း။ ရေး၍ “အသညသတ္တ”၌ အသည-ဟု ဆိုသဖြင့် သညာသာ မရှိဟု မှတ်ရပါမည်လော ရှင်းလင်းပြပါ။ | “နိရောဓသမာပတ္တိ”၀ယ် နိရောဓ-ချုပ်ဟူသည် - စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ ကောင်းစွာချုပ်ခြင်း (မဖြစ်ခြင်း)ကို ခေါ်ဆိုပါသည်။ “အသညသတ္တ”၌ အသည-ဟု ဆိုသဖြင့် သညာသာ မရှိဟု မမှတ်ရာ)ပါ။ သညာဟုသာ ခေါင်းတပ်ထားသော်လည်း နာမ်၌ တပ်ခြင်းကင်းသော ဘာဝနာ (အရူပဝိရာဂဘာဝနာ၊ သညာဝိရာဂ ဘာဝနာ) ၏အစွမ်းဖြင့် သညာနှင့် ယှဉ်ဘက်ဖြစ်သော စိတ်၊စေတသိက် (နာမ်တရား)အားလုံး မရှိခြင်း ဖြစ်ပါသည်။ |
5 | 3 | 2001 | တရားနာခြင်းစသည်သည် ဘာဝနာ ဟုတ်-မဟုတ် စစ်တမ်းထုတ်၍၊ ဒါန၊ သီလမပါ ဘာဝနာ တစ်မျိုးသာပါသော ကံတို့ကိုလည်း ရေးသားပြပါ။ | တရားနာခြင်း(ဓမ္မဿဝန) သည် ဘာဝနာ ဟုတ်ပါသည်။ တရားနာခြင်း (ဓမ္မဿဝန) သည် တရားနာကြောင်း ဖြစ်သော စေတနာဖြစ်ပြီး ကုသိုလ်တရားကို ပွားစေတတ်သောကြောင့် ဘာဝနာမယဖြစ်သော ပုညကြိယဝတ္ထုတွင် ပါဝင်သည့် ဘာဝနာ ဖြစ်ပါသည်။ ဒါန၊ သီလမပါ ဘာဝနာ တစ်မျိုးသာပါသော ကံတို့မှာ - မဟဂ္ဂုတ်ကုသိုလ်ကံ ၉-ပါးဖြစ်သော ရူပါဝစရကုသိုလ်ကံ ၅-ပါးနှင့် အရူပါဝစရ ကုသိုလ်ကံ ၄-ပါးတို့ ဖြစ်ကြပါသည်။ |
6 | 3 | 2001 | ကမ္ဘာဦးလူများနှင့် နတ်ဗြဟ္မာတို့ ပဋိသန္ဓေအခါ ရနိုင်သော ရုပ်ကလာပ်တို့ကို အလွန်ဆုံး အပိုင်းအခြား၊ အောက်ထစ်ဆုံး အပိုင်းအခြား အားဖြင့် ခွဲခြားပြ၍၊ နိဗ္ဗာန်ကိုလည်း သဘာဝ၊ ကရဏအားဖြင့် ခွဲခြားပြပါ။ | ကမ္ဘာဦးလူများနှင့် နတ်ဗြဟ္မာတို့ ပဋိသန္ဓေအခါ ရနိုင်သော ရုပ်ကလာပ်တို့မှာ- အလွန်ဆုံး အပိုင်းအခြားအားဖြင့် လည်းကောင်း အောက်ထစ်ဆုံး အပိုင်းအခြားအားဖြင့် လည်းကောင်း ချို့တဲ့သောဣန္ဒြေ မရှိသောကြောင့် တူစွာပင် ရအပ်၏။ ကမ္ဘာဦးလူများ၌ - (ဘာဝဒသကကလာပ် ၂-စည်းကြဉ်သော်) ကမ္မဇကလာပ် ရ-စည်း နတ်တို့၌ - (ဇီဝိတနဝကကလာပ်၊ မဆိုင် ဘာဝကြဉ်သော်) ကမ္မဇကလာပ် ရ-စည်း။ အသညသတ်ကြဉ် ရူပဗြဟ္မာများ၌ - ဇီဝိတနဝကကလာပ်၊ - စက္ခု၊ သောတ၊ ဝတ္တုဒသကကလာပ် ၃-စည်း၊ ပေါင်း ကမ္မဇကလာပ် ၄-စည်း အသညသတ်ဗြဟ္မာ၌ - ဇီဝိတနဝကကလာပ် ၁-စည်း အရူပဗြဟ္မာများ၌ - မည်သည့်ရုပ်ကလာပ်မျှ မရ။ နိဗ္ဗာန်သည် သဘာဝအားဖြင့် ငြိမ်းအေးခြင်း သန္တိလက္ခဏာ ၁-ပါးရှိ၏။ နိဗ္ဗာန်သည် ကာရဏ (မှတ်သားကြောင်းပရိယာယ်) အားဖြင့် ခန္ဓာရှိမှု၊ မရှိမှုဟူသော အကြောင်းအမြွက်ကြောင့် - သဥပါဒိသေသနိဗ္ဗာန်၊ - အနုပါဒိသေသနိဗ္ဗာန်ဟု ၂-မျိုးပြားပါသည်။ |
7 | 3 | 2001 | နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ခြင်းအကြောင်းတို့ကို ရေး၍ မဂ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါးနှင့် ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် ၈-ပါးတို့၏ ထူးခြားချက် ကိုလည်း ဖော်ပြပါ။ | နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ခြင်းအကြောင်းမှာ နိဗ္ဗာန်သည်… (က) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ ၃-ပါးမှ အလွတ်ဖြစ်သော ကာလဝိမုတ် တရားဖြစ်၏။ (ခ) အဇ္ဈတ္တ၊ ဗဟိဒ္ဓဟု နှစ်မျိုး မကွဲပြား၊ ဗဟိဒ္ဓသာဖြစ်၏။ (ဂ) ဟီန၊ ပဏိတဟု နှစ်မျိုး မကွဲပြား၊ ပဏီတသာဖြစ်၏။ (ဃ) သြဠာရိက၊ သုခုမဟု နှစ်မျိုး မကွဲပြား၊ သုခုမသာဖြစ်၏။ (င) ဒူရေ၊ သန္တိကေဟု နှစ်မျိုး မကွဲပြား၊ ဒူရေသာဖြစ်၏။ ခန္ဓာဖွဲ့သည် ဆိုရာမှာ - အတိတ်စသည့် ၁၁-ပါး အပြားရှိသော ရုပ်အစရှိသော တရားတို့ကိုသာ ဉာဏ်ဖြင့် တစ်ပေါင်းတည်းပြုပြီး ခန္ဓာဖွဲ့ခြင်းဖြစ်သည်။ နိဗ္ဗာန်ကား - အထက်၌ ဖော်ပြထားသည့်အတိုင်း အတိတ်စသည့် ၁၁-ပါး အပြားမရှိခြင်းကြောင့် နိဗ္ဗာန်ကိုခန္ဓာဖွဲ့၍ မရခြင်းဖြစ်ပါသည်။ မဂ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါးနှင့် ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် ၈-ပါး၏ ထူးခြားချက်မှာ မဂ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါးသည် - မဂ္ဂသစ္စာ ထိုက်၏။ ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် ၈-ပါးသည် - မဂ္ဂသစ္စာမထိုက်၊ သစ္စဝိမုတ် ဖြစ်၏။ |
8 | 3 | 2001 | အဘယ်ကို အစွဲပြု၍ နေ့နှင့်ည ဖြစ်ပေါ်လာသည်ကို ရေး၍၊ သဒ္ဒပညတ် (၆)ပါးကိုလည်း ရေတွက်ပြပါ။ | နေ့နှင့်ည ဖြစ်ပေါ်လာပုံမှာ နေ၊လ နက္ခတ်တို့၏ မြင်းမိုရ်တောင်ကို လက်ယာရစ်၍ လှည့်လည်သွားခြင်းစသော အခြင်းအရာကို စွဲ၍ ပညတ်အပ်သော နံနက် ည စသည့် ကာလပညတ် ဖြစ်ပေါ်လာပါသည်။ သဒ္ဒပညတ်(၆)ပါးမှာ- (၁) ဝိဇ္ဇာမာနပညတ် (၂) အဝိဇ္ဇာမာနပညတ် (၃) ဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် (၄) အဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် (၅) ဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် (၆) အဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် တို့ဖြစ်ပါသည်။ |
9 | 3 | 2001 | နိမိတ် ၃-ပါးနှင့် ဘာဝနာ ၃-ပါးကိုတွဲစပ်ပြ၍ ဝိပဿနာအားထုတ်မည့် ယောဂီများစင်ကြယ်အောင် စောင့်ထိန်းရမည့် သီလ ၄-မျိုးကိုလည်းဖြေဆိုပါ။ | နိမိတ် ၃ ပါးနှင့် ဘာဝနာ ၃ပါးကိုတွဲစပ်ပြရသော် - ပရိကမ္မနိမိတ် = ပရိကမ္မဘာဝနာ - ဥဂ္ဂဟနိမိတ် = ရှေးကထက် တည်ကြဉ်၍ သမာဓိရသော ပရိကမ္မဘာဝနာ - ပဋိဘာဂနိမိတ် = ဥပစာရ၊ အပ္ပနာဘာဝနာ ဝိပဿနာတရားအားထုတ်မည့် ယောဂီများ စင်ကြယ်အောင် စောင့်ထိန်းရမည့်သီလ လေးမျိုးမှာ- (၁) ပါတိမောက္ခသံဝရသီလ (၂) ဣန္ဒြိယသံဝရသီလ (၃) အာဇီဝပါရိသုဒ္ဓိသီလ (၄) ပစ္စယသန္နိဿိတသီလ တို့ဖြစ်ပါသည်။ |
1 | 4 | 2001 | လောကုတ္တရာစိတ်အကျဉ်း ၈ပါးမှ အကျယ် ၄၀ ဖြစ်ပွားလာရပုံကို ဖြေဆို၍ စိတ်အကျယ် ၁၂၁ ပါးကိုလည်း အကြောင်းစိတ်၊ အကျိုးစိတ်၊ ကြောင်းကျိုးလွတ်စိတ်အားဖြင့် သင်္ချာမျှ ဖော်ပြပါ။ | လောကုတ္တရာစိတ်အကျဉ်း ၈ပါးမှ အကျယ်၄၀ ဖြစ်ပွားလာရပုံမှာ ဝိတတ်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ပါးရှိရာဝယ် လောကုတ္တရာစိတ် ၁ ပါးစီ၌ ပထမစျာန်မှ ပဉ္စမစျာန်အထိ စျာန်အင်္ဂါယှဉ်ပုံ ၅ မျိုးပြားသဖြင့် လောကုတ္တရာစိတ်အကျဉ်း၈ပါးမှ အကျယ်၄၀ ဖြစ်ပွား လာရပါသည်။ စိတ်အကျယ် ၁၂၁ပါးကိုလည်း အကြောင်းစိတ်၊ အကျိုးစိတ်၊ ကြောင်းကျိုးလွတ်စိတ်အားဖြင့် သင်္ချာမျှ ဖော်ပြရသော် - အကြောင်းစိတ် ၄၉ ပါး - အကျိုးစိတ် ၅၂ ပါး - ကြောင်းကျိုးလွတ်စိတ် ၂၀ ပါး ပေါင်း စိတ်အကျယ် ၁၂၁ ပါး ဖြစ်ပါသည်။ |
5 | 4 | 2001 | အသညသတ်ဘုံသို့ ရောက်ဖို့ရန် အဘယ်ကို အဘယ်သို့အားထုတ်ရမည်ကို ရေး၍ ရဟန္တာ မဖြစ်သေး၍ ဘဝဇာတ်မသိမ်းသော ပုဂ္ဂိုလ်တို့အတွက် သံသရာစက်လည်ပုံ ကိုလည်း ဥပမာဆောင်ကာ ထင်အောင်ပြပါ။ | အသညသတ်ဘုံသို့ ရောက်မှန် အားထုတ်ပုံမှာ- ရူပပဉ္စမဈာန်ကို ရရှိပြီးသော ကာမဘုံသား ပုထုဇဉ်ပုဂ္ဂိုလ်သည် “ အမှတ်သညာ (စိတ်၊ စေတသိက်) ရှိနေသောကြောင့်သာ စားချင်၊ သောက်ချင်၊ လိုချင်မှု၊ ဒေါသဖြစ်မှု၊ မာနဖြစ်မှုတွေ ဖြစ်ရသည်။ ရုပ်ခန္ဓာချည်းနေလျှင် အပြစ်တစ်စုံတစ်ရာ မရှိဘဲ အေးမြငြိမ်းချမ်းဖွယ် ရှိသည်” ဟူသော သညာစေတသိက်နှင့်တကွ စိတ်၊ စေတသိက် အားလုံး အပေါ်၌ များစွာ အပြစ်မြင်လျက် ပဉ္စမဈာန်ကိုပင် ထပ်ကာထပ်ကာ ဝင်စား၏။ ထိုအခါ ပဉ္စမဈာန်စိတ်သည် သညာ (စိတ် စေတသိက်အားလုံး)ကို စက်ဆုပ်သော “သညာဝိရာဂ ဘာဝနာ” အဖြစ်သို့ ရောက်၏။ ထိုပုဂ္ဂိုလ်စုတေလျှင် သူ့အလိုကျ သညာ မရှိသော အသညသတ်ဘုံသို့ ရောက်ရလေသည်။ သံသရာစက်လည်ပုံ “စုတိစိတ်ချုပ်ပြီးသည့်နောက်၌လည်း အသစ် အသစ်သော ပဋိသန္ဓေ အစရှိကုန်သော စိတ်တို့သည် ရထား၌ တပ်ထားအပ်သော ဘီး၏လည်ပုံကဲ့သို့ အစဉ်အတိုင်းသာလျှင် အဆက်ဆက်လည်၍ ဖြစ်ကြလေသည်။ ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၊ ဘဝင်၊ ၀ီထိ၊ စုတိစိတ် တို့သည် အစဉ်အတိုင်းအဆက်ဆက်လည်၍ ဖြစ်သကဲ့သို့ ဘဝတစ်ပါး၌လည်း ဤအတိုင်းပင် လည်၍ (ရဟန္တာမဖြစ်မချင်း) ဖြစ်ကြလေသည်။ |
9 | 4 | 2001 | လက်ရှိ လူသားတို့ ခံစားနေကြသော လောကီ ချမ်းသာထက် သာလွန်ကောင်းမြတ်သော ချမ်းသာ ရှိမရှိ စိစစ်ပြ၍ ထိုချမ်းသာမျိုးရရှိအောင် မည်သည့်တရားကို အားထုတ်ရမည်ကိုလည်း အဘိဓမ္မာပညာရှင်ပီပီ ဖြေဆိုပါ။ | လက်ရှိ လူသားတို့ ခံစားနေကြသော လောကီချမ်းသာထက် သာလွန် ကောင်းမြတ်သော ချမ်းသာ ရှိပါသည်။ ၎င်းတို့မှာ - ဈာန်ချမ်းသာနှင့် - မဂ်ဖိုလ်ချမ်းသာ တို့ ဖြစ်ပါသည်။ ဈာန်ချမ်းသာသည် လောကီ ကာမဂုဏ် ချမ်းသာထက် သာလွန်သော လောကီချမ်းသာ၊ မဂ် ဖိုလ် နိဗ္ဗာန်သည် လောကုတ္တရာချမ်းသာ ဖြစ်ပါသည်။ ထိုချမ်းသာမျိုး ရရှိရန်မှာ- - လောကီ ကာမဂုဏ်ချမ်းသာထက် သာလွန်သော မဟဂ္ဂုတ်ဈာန် အဘိညာဉ်များ ရရှိရန် သာမထဘာဝနာကို ပွားများ အားထုတ်ခြင်း - မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာချမ်းသာရရန် ဝိပဿနာဘာဝနာကို ပွားများအားထုတ်ခြင်း တို့ကို ပြုလုပ်ရပါမည်။ |
1 | 1 | 2002 | "စိတ်ကောင်း စေတနာကောင်းထားကြစမ်းပါ" ဟုပြောဆို တိုက်တွန်းကြရာ (က) အဘယ်စိတ်သည် စိတ်ကောင်း (ခ) အဘယ်စိတ်သည် စေတနာကောင်း မည်ပါသနည်း၊ ဖြေဆိုခဲ့ပါ။ | "စိတ်ကောင်း စေတနာကောင်းထားကြစမ်းပါ" ဟုပြောဆို တိုက်တွန်းကြရာ၌ (က) သောဘနစိတ် အကျဉ်း ၅၉ပါး၊ အကျယ် ၉၁ပါးသည် စိတ်ကောင်းဖြစ်ပါသည်။ (ခ) သောဘနစိတ် အကျဉ်း ၅၉ပါး၊ အကျယ် ၉၁ပါးနှင့် ယှဉ်သော စေတနာသည် စေတနာကောင်း မည်ပါသည်။ |
2 | 1 | 2002 | " စိတ်ရှည်ဇွဲသန် သည်းညည်းခံ ပြုရန်သာသနာ" ဟု သာသနာပြုလိုသူတို့အတွက် လက်ကိုင်ကျင့်သုံးရမည့် တရားတို့တွင် " ဇွဲ" အရ ဖြစ်သင့်သော စေတသိက်တရား "သည်းခံခြင်း" အရ ဖြစ်သင့်သော စေတသိက်တရားတို့ကို တိကျစွာ ကောက်ပြ၍ ယင်းစေတသိက်တရားတို့နှင့် တကွ ဖြစ်ဖက်စိတ် တရားတို့ကိုလည်း တွဲဖက်ဖော်ပြပါ။ | "ဇွဲ" အရ ဖြစ်သင့်သော စေတသိက်တရားမှာ - " ၀ီရိယ" စေတသိက် ဖြစ်ပါသည်။ "သည်းခံခြင်း" ဖြစ်သင့်သော စေတသိက်တရားမှာ - "အဒေါသစေတသိက်" ဖြစ်ပါသည်။ ယင်းစေတသိက်တရားတို့နှင့် တကွဖြစ်ဖက်စိတ် တရားတို့မှာ - ဝီရိယစေတသိက်သည် ( - ဒွေပဉ္စဝိညာဏ်-၁၀၊ - သမ္ပဋိစ္ဆိုင်း-၂၊ - သန္တီရဏ - ၃၊ - ပဉ္စဒွါရဝဇ္ဇန်း-၁ ပေါင်း ၁၆-ပါး ကြဉ်သော ) စိတ်အကျဉ်း (၇၃) ပါး စိတ်အကျယ် (၁၀၅) ပါး တို့နှင့် တကွ ဖြစ်ပါသည်။ |
3 | 1 | 2002 | “တာဝန်ကိုယ်စီ ရှိကြသည်” ဆိုသည့်အတိုင်း ပကိဏ်းက တာဝန်ယူလုပ်ဆောင်မည့် အကျဉ်းချုပ်ခေါင်းစဉ် ၆-ခုကို ဖော်ပြ၍၊ အဗျာကတဟိတ် ၃-ပါးကိုလည်း ရေးသားပြီး၊ “ကိစ္စများမြောင် လူတို့ဘောင်”ဟုဆိုသော်လည်း အဘိဓမ္မာအမြင်ဖြင့် ကြည့်ပါက ကိစ္စမည်မျှ ရှိသည်ကို ရေတွက်ပြခဲ့ပါ။ | “တာဝန်ကိုယ်စီ ရှိကြသည်” ဆိုသည့်အတိုင်း ပကိဏ်းက တာဝန်ယူလုပ်ဆောင်မည့် အကျဉ်းချုပ်ခေါင်းစဉ် ၆-ခုမှာ- (၁) ဝေဒနာသင်္ဂဟ (၂) ဟေတုသင်္ဂဟ (၃) ကိစ္စသင်္ဂဟ (၄) ဒွါရသင်္ဂဟ (၅) အာရမ္မဏသင်္ဂဟ (၆) ဝတ္တုသင်္ဂဟ တို့ဖြစ်ပါသည်။ အဗျာကတဟိတ် ၃-ပါးမှာ- အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် တို့ဖြစ်ပါသည်။ “ကိစ္စများမြောင် လူတို့ဘောင်”ဟုဆိုသော်လည်း အဘိဓမ္မာအမြင်ဖြင့် ကြည့်ပါက- ကိစ္စ ၁၄-ပါးသာ ရှိပါသည်။ ၎င်းတို့ကို ရေတွက်ပြရသော်- (၁) ပဋိသန္ဓေကိစ္စ (၂) ဘဝင်ကိစ္စ (၃) အာဝဇ္ဇန်းကိစ္စ (၄) ဒဿနကိစ္စ (၅) သဝနကိစ္စ (၆) ဃာယနကိစ္စ (၇) သာယနကိစ္စ (၈) ဖုသနကိစ္စ (၉) သမ္ပဋိစ္ဆိုင်းကိစ္စ (၁၀) သန္တီရဏကိစ္စ (၁၁) ၀ုဋ္ဌောကိစ္စ (၁၂) ဇောကိစ္စ (၁၃) တဒါရုံကိစ္စ (၁၄) စုတိကိစ္စ တို့ဖြစ်ပါသည်။ |
4 | 1 | 2002 | သေးငယ်သော အာရုံ၌ဖြစ်သော ၀ီထိစိတ်နှင့် မဖြစ်သော ၀ီထိစိတ်တို့ကို ခွဲခြားပြ၍၊ မိမိစိတ်ကို ရှေ့ရှုဆောင်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ဇောစိတ်တို့ကိုလည်း ဖော်ထုတ်ပြပါ။ | သေးငယ်သော အာရုံ(ပရိတ္တာရုံ)၌ဖြစ်သော ၀ီထိစိတ်တို့မှာ- - ပဉ္စဒွါရာဝဇ္ဇန်း-၁ကြိမ် - ပဉ္စဝိညာဏ်-၁ကြိမ် - သမ္ပဋိစ္ဆိုင်း-၁ကြိမ် - သန္တီရဏ-၁ကြိမ် - ၀ုဋ္ဌော-၂ကြိမ် (သို့) ၃-ကြိမ် ဖြစ်ပါသည်။ သေးငယ်သော အာရုံ(ပရိတ္တာရုံ)၌ မဖြစ်သော ၀ီထိစိတ်တို့မှာ - ဇောစိတ်နှင့် တဒါရုံစိတ် တို့ဖြစ်ပါသည်။ မိမိစိတ်ကို ရှေ့ရှုဆောင်ခြင်း၏ အစွမ်းဖြင့် ဖြစ်သော ဇောစိတ်မှာ - မဟဂ္ဂုတ်ကုသိုလ်၊ ကြိယာ(၁၈)ပါး၊ - လောကုတ္တရာဇော(အကျဉ်း-၈/ အကျယ်-၄၀)ပါး၊ ပေါင်း အပ္ပနာဇော(အကျဉ်း-၂၆/ အကျယ် ၅၈-ပါး) ဖြစ်ပါသည်။ |
5 | 1 | 2002 | ကုသိုလ်ကောင်းမှုပြုခွင့် များစွာမရသောဘုံတို့ကို ဖော်ပြ၍၊ “သုဒ္ဓါ၀ါသဘုံ၌ အရိယာများသာ နေကြသည်-အရိယာများသည် သဒ္ဓါ၀ါသဘုံ၌သာ ဖြစ်ကြသည်”ဟူသော အများပြောစကားကို တရားသဘောသွားနှင့် ညှိပြပါ။ | ကုသိုလ်ကောင်းမှုပြုခွင့် များစွာမရသောဘုံမှာ- အပါယ်ဘုံမည်၍၊ ထိုအပါယ် ၄-ဘုံ မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံ တို့ဖြစ်ပါသည်။ “သုဒ္ဓါ၀ါသဘုံ၌ အရိယာများသာ နေကြသည်” ဟူသော စကားမှာ- မှန်ကန်ပါသည်။ ထိုဘုံ၌ ရူပ ပဉ္စမဈာန်ရ အနာဂါမ်ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်များသာ ရှိသောကြောင့် ဖြစ်ပါသည်။ “အရိယာများသည် သဒ္ဓါ၀ါသဘုံ၌သာ ဖြစ်ကြသည်” ဟူသော စကားမှာ- မမှန်ကန်ပါ။ အကြောင်းမှာ အရိယာပုဂ္ဂိုလ်များသည် -ကာမသုဂတိ ရ-ဘုံ၌ အရိယာပုဂ္ဂိုလ် အားလုံးသည် လည်းကောင်း၊ -အသညသတ်နှင့် သုဒ္ဓါ၀ါသ ၅-ဘုံကြဉ်သော ရူပ ၁၀-ဘုံ၌ အရိယာပုဂ္ဂိုလ် အားလုံးသည်လည်းကောင်း -အရူပ ၄-ဘုံ၌ သောတာပန်ပုဂ္ဂိုလ်ကြဉ် ကျန်အရိယာ ပုဂ္ဂိုလ်တို့သည်လည်းကောင်း ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ |
6 | 1 | 2002 | လက္ခဏာယာဉ် သုံုးတန်တင်ကာ ဝိပဿနာ ရှုကောင်းသော ရုပ်အပေါင်းကို အရေအတွက်မျှ ပြ၍ “ဒီအနံ့လေးရဖူးပါတယ်” ဟုပြောဆိုကြရာ ထိုရနံ့ကို မိမိထံမှောက်သို့ မရောက်ခင် ကတည်းက အာရုံရခြင်းမျိုးပါလော။ အဘယ်သို့ပါနည်း ရှင်းပြပါ။ | လက္ခဏာယာဉ် သုံုးတန်တင်ကာ ဝိပဿနာ ရှုကောင်းသော ရုပ်အပေါင်းကို အရေအတွက်မျှပြရသော် - သမ္မသနရုပ် ၁၈-ပါး ဖြစ်ပါသည်။ “ဒီအနံ့လေးရဖူးပါတယ်” ဟုပြောဆိုကြရာ ထိုရနံ့ကို မိမိထံမှောက်သို့ မရောက်ခင်ကတည်းက အာရုံရခြင်းမျိုး မဟုတ်ပါ။ အကြောင်းမှာ - အနံ့ (ဂန္ဓာရုံ)ကို လက်ခံနိုင်သော ဃာနပသာဒရုပ်သည် မိမိထံသို့ ထိရောက် ကပ်ငြိသောအာရုံကိုသာ လက်ခံယူနိုင်သော သမ္ပတ္တဂါဟိကရုပ် ဖြစ်သောကြောင့် ဖြစ်ပါသည်။ |
7 | 1 | 2002 | လူသားအားလုံးတို့သည် အချုပ်အားဖြင့် ရုပ်နာမ် ပရမတ္တများသာဖြစ်၍ ယင်းပရမတ္ထတို့တွင် မိမိ ဆိုင်ရာလက္ခဏာဖြင့် အထည်ကိုယ်ဝတ္တုရကောင်းသော ရုပ်နာမ်တို့ကို ရွေးချယ်စိစစ်ပြ၍၊ ဥပါဒါန်တို့၏ အမည်နှင့် တရားကိုယ်များကိုလည်း ယှဉ်တွဲပြပါ။ | လူသားအားလုံးတို့တွင် အထည်ကိုယ်ဝတ္တု ရကောင်းသော ရုပ်နာမ်တို့မှာ- - နိပ္ဇန္နရုပ် ၁၈-ပါး ဟူသော ရုပ်တရားနှင့် - စိတ် ၁-ပါး၊ စေတသိက် ၅၂-ပါး ဟူသော နာမ်တရား ပရမတ္တများ ဖြစ်ပါသည်။ ဥပါဒါန်တို့၏ အမည်နှင့် တရားကိုယ်များကို ယှဉ်တွဲပြရသော်- (၁) ကာမုပါဒါန် - လောဘ (၂) ဒိဋ္ဌုပါဒါန် - ဒိဋ္ဌိ (၃) သီလဗ္ဗတုပါဒါန် - ဒိဋ္ဌိ (၄) အတ္တဝါဒုပါဒါန် - ဒိဋ္ဌိ |
8 | 1 | 2002 | သတ္တဝါမှန်သမျှ အိုခြင်းသေခြင်း မကင်းနိုင်ကြရာ ထိုအိုခြင်း သေခြင်းတို့၏ လက်ရင်းတရားခံကို ပဋိစ္စသမုပ္ပါဒ်နည်းအရ ညွှန်ပြ၍ ထိုလက်ရင်း တရားခံ၏ အကျိုးဆက်တရားများကိုလည်း ဖြေဆိုပါ။ | သတ္တဝါမှန်သမျှ အိုခြင်းသေခြင်း မကင်းနိုင်ကြရာ ထိုအိုခြင်း သေခြင်းတို့၏ လက်ရင်းတရားခံမှာ “ဇာတိ’’ဖြစ်ပါသည်။ ထိုလက်ရင်းတရားခံ၏ အကျိုးဆက်တရားမှာ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ၊ ဥပါယာသတရားတို့ ဖြစ်ပါသည်။ |
9 | 1 | 2002 | ဈာန် မဂ် ဖိုလ်ချမ်းသာကို ခံစားလိုသော အမျိုးသားသည် ဘာဝနာနှစ်ရပ်ကို အားထုတ်ရမည်ဟု အရှင်အနုရုဒ္ဓါဆရာ လမ်းညွှန်ခဲ့ရာ ယင်းဘာဝနာ နှစ်ရပ်ကိုဖြေဆို၍၊ ယင်းတို့၏ အကျိုး သက်ရောက်မှု မည်သို့ခြားနားသည်ကိုလည်း ဖြေဆိုပါ။ | ဘာဝနာနှစ်ရပ်ဟူသည်- (၁) သမထဘာဝနာ = ကမ္မဋ္ဌာန်း ၄၀-ကို ပွားများခြင်းဖြင့် နီဝရဏ စသော ကိလေသာ တို့ကို ငြိမ်းစေတတ်သော ဝိတတ် စသော အောက်ဈာန်အင်္ဂါတို့ကို ငြိမ်သက် စေတတ်သော သမာဓိကို ခေါ်၏။ (လောကီကုသိုလ်၊ ကြိယာ၌ယှဉ်သော ဧကဂ္ဂတာစေတသိက်ကို ရ၏) (၂) ဝိပဿနာဘာဝနာ - တေဘူမက သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု အဖန်ဖန် ရှုတတ်သော ဉာဏ်ကို ခေါ်၏။ ယင်းဘာဝနာနှစ်ရပ်၏ အကျိုးသက်ရောက်မှုမှာ- (၁) သမထဘာဝနာကို ပွားများလျှင် - မဟဂ္ဂုတ်ဈာန်နှင့် အဘိညာဉ်ဟူသော လောကီဈာန်တို့ကို ရနိုင်ပါသည်။ (၂) ဝိပဿနာဘာဝနာကို ပွားများလျှင် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဟူသော လောကုတ္တရာတရားတို့ကို ရနိုင်ပါသည်။ |
1 | 2 | 2002 | "ကောင်းတာလုပ်က ကောင်းကျိုးရ" ဆိုရာ ကောင်းကြောင်းတရားနှင့် ကောင်းကျိုးတရားများကို အကျဉ်း အကျယ် နည်းနှစ်သွယ်ဖြင့် စိတ်ပိုင်းကို ရှုမြင်သုံးသပ်လျက် သင်္ချာမျှ ဖော်ပြပါ။ | "ကောင်းတာလုပ်က ကောင်းကျိုးရ" ဆိုရာ ကောင်းကြောင်းတရား (ကုသိုလ်)နှင့် ကောင်းကျိုးတရား (ကုသလဝိပါက်)များကို အကျဉ်း အကျယ် နည်းနှစ်သွယ်ဖြင့် စိတ်ပိုင်းကို ရှုမြင်သုံးသပ်လျက် သင်္ချာမျှ ဖော်ပြရသော် - ကောင်းကြောင်းတရား (ကုသိုလ်) (၁) မဟာကုသိုလ်စိတ် ၈ပါး (၂) ရူပါဝစရကုသိုလ်စိတ် ၅ပါး (၃) အရူပါဝစရကုသိုလ်စိတ် ၄ပါး (၄) လောကုတ္တရာကုသိုလ်စိတ်(ကျဉ်း) ၄ပါး လောကုတ္တရာကုသိုလ်စိတ်(ကျယ်) ၂၀ပါး ပေါင်း ကုသိုလ်စိတ် (ကျဉ်း) ၂၁ပါး ကုသိုလ်စိတ်(ကျယ်) ၃၇ပါး - ကောင်းကျိုးတရား (ဝိပါက်) (၁) အဟိတ်ကုသလဝိပါက်စိတ် ၈ပါး (၂) မဟာဝိပါက်စိတ် ၈ပါး (၃) ရူပါဝစရဝိပါက်စိတ် ၅ပါး (၄) အရူပဝစရဝိပါက်စိတ် ၄ပါး (၅) လောကုတ္တရာဝိပါက်စိတ်(ကျဉ်း) ၄ပါး လောကုတ္တရာဝိပါက်စိတ်(ကျယ်) ၂၀ပါး ပေါင်း ကုသလဝိပါက်စိတ်(ကျဉ်း) ၂၉ပါး ကုသလဝိပါက်စိတ် (ကျယ်) ၄၅ပါး |
2 | 2 | 2002 | လူသားစစ်စစ်ဖြစ်သော မိဘသည်ပင် "ဗြဟ္မာမည်ရ ခေါ်ထိုက်ရအောင် ပြုတတ်သော စေတသိက်တရား" တို့ကို သဘောလက္ခဏာ နှင့် တကွ ဖြေဆိုခဲ့ပါ။ | လူသားစစ်စစ်ဖြစ်သော မိဘသည်ပင် " ဗြဟ္မာမည်ရ ခေါ်ထိုက်ရအောင် ပြုတတ်သော စေတသိက်တရား" တို့မှာ - ၁။ မေတ္တာ(အဒေါသ)၊ ၂။ ကရုဏာ၊ ၃။ မုဒိတာ၊ ၄။ ဥပေက္ခာ (တတြမဇ္စျတ္တတာ) တို့ဖြစ်ပါသည်။ ၎င်းစေတသိက်တရားတို့ကို သဘောလက္ခဏာများမှာ - ၁။ အဒေါသ - သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားသောအားဖြင့် ဖြစ်ခြင်း သဘောလက္ခဏာ ၂။ ကရုဏာ - သူတစ်ပါး၏ ဆင်းရဲဲခြင်းကို ပယ်ခြင်းငှာ အလိုရှိခြင်း သဘောလက္ခဏာ၊ ၃။ မုဒိတာ - သူတစ်ပါး၏ စည်းစိမ်ကို ဝမ်းမြောက်ခြင်း သဘောလက္ခဏာ၊ ၄။ တတြမဇ္စျတ္တတာ - စိတ်၊ စေတသိက်တို့ကို မိမိတို့ကိစ္စ၌ အပိုအလွန် မရှိရအောင် အလယ်အလတ် တည့်မတ် လျစ်လျူရူတတ်သော သဘောလက္ခဏာ၊ |
3 | 2 | 2002 | “ဘဝင်ခိုက်သွားပြီ၊ ဘဝင်ခိုက်သွားပြီ”ဟုပြောဆို တတ်ကြရာ ၎င်းဘဝင်ကို အဘယ်ဒွါရဟုခေါ်၍ ယင်းဒွါရ၌ဖြစ်သော စိတ်သရုပ်ကိုလည်း ရေတွက်ပြခဲ့ပါ။ | “ဘဝင်ခိုက်သွားပြီ၊ ဘဝင်ခိုက်သွားပြီ”ဟုပြောဆိုတတ်ကြရာ- ဘဝင်စိတ်တို့၏ အဆုံးဖြစ်သော ဘဝင်္ဂုပစ္ဆေဒစိတ် ၁၉-ပါးကို မနောဒွါရ ဟုခေါ်ဆိုပါသည်။ ၎င်းမနောဒွါရ၌ဖြစ်သော စိတ်သရုပ်တို့မှာ- မနောဒွါရာဝဇ္ဇန်း= ၁-ပါး ကာမဇော= ၂၉-ပါး အပ္ပနာဇော= ၂၆-ပါး တဒါရုံ= ၁၁-ပါး ပေါင်း စိတ်= ၆၇-ပါး ဖြစ်ပါသည်။ |
4 | 2 | 2002 | စင်စစ် အလိုမရှိထိုက်သော အာရုံကို တွေ့မြင်တာ ချင်း တူပါလျက် နှလုံးသွင်းချင်းမတူပုံကို ပုဂ္ဂိုလ် အလိုက် ခွဲခြားပြ၍၊ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင် တန်ခိုးပြရာအခါ၌ စောသော ဇောစိတ်တို့ကိုလည်း အကြိမ်နှင့်တကွ ရေးပြပါ။ | စင်စစ် အလိုမရှိထိုက်သော အာရုံကို တွေ့မြင်တာချင်း တူပါလျက် နှလုံးသွင်းချင်းမတူပုံကို ပုဂ္ဂိုလ်အလိုက် ခွဲခြားပြရသော်- ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်ဖြစ်အံ့- ယောနိသောမနသိကာရရှိလျှင် - ကာမကုသိုလ်ဇော အ ယောနိသောမနသိကာရရှိလျှင် - အကုသိုလ်ဇော အသေက္ခ(ရဟန္တာပုဂ္ဂိုလ်)ဖြစ်အံ့- ယောနိသောမနသိကာရ ရှိပြီး (အနုသယကင်း၍)- ကာမကြိယာဇော စောကြပါသည်။ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင် တန်ခိုးပြရာအခါ၌ စောသောဇောစိတ်မှာ - မြတ်စွာဘုရား၏ ရေအစုံ၊မီးအစုံ စသော တန်ခိုးပြာဋိဟာကို ပြရာအခါ၌ လျင်မြန်စွာ ဈာန်အင်္ဂါ ကိုဆင်ခြင်ရသော ပစ္စဝေက္ခဏာဝီထိများ၌ ပစ္စဝေက္ခဏာဇော (မဟာကြိယာ ဉာဏသမ္ပယုတ်ဇော) ၄-ကြိမ် စောပါသည်။ |
5 | 2 | 2002 | မနောကံ၏ အဓိပ္ပာယ်ကို ရေးသားပြ၍ “မုသားမပါ လင်္ကာမချော”ဟု ပြောဆိုကြရာ ထိုမုသားပြောဆိုခြင်းသည် ချစ်-မုန်းနှစ်ထွေ အဘယ်အကြောင်းရင်းတွေကြောင့် ပြောကြသည်ကိုလည်း ရေးသားပြပါ။ | မနောကံ၏ အဓိပ္ပာယ်မှာ- ကိုယ်လည်းမလှုပ်၊ နှုတ်လည်းမပါ၊ စိတ်တည်းဟူသော မနောဒွါရ၌ အဖြစ်များသော အမှုကို “ မနောကံ” ဟုခေါ်ပါသည်။ ထိုမုသားပြောဆိုခြင်းသည် ချစ်-မုန်းနှစ်ထွေအကြောင်းရင်းများကြောင့် ပြောဆိုကြခြင်း ဖြစ်ပါသည်။ မုသားပြောခြင်း (မုသာဝါဒ)သည် ရံခါ လောဘကြောင့်လည်းကောင်း၊ ရံခါ ဒေါသကြောင့်လည်းကောင်း ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ |
6 | 2 | 2002 | ရယ်ရွှင်ခြင်းကို ဖြစ်စေနိုင်သော စိတ်တို့ကို ရေးသားပြ၍ ကောင်းကင်ခေါ်မှတ် အာကာသဓာတ်သည် အကြောင်းမဲ့တရားဖြစ်သည်ဟု ဆိုလျှင် သင်အဘယ်သို့ ချေပမည်နည်း။ | ရယ်ရွှင်ခြင်းကို ဖြစ်စေနိုင်သော စိတ် ၁၃-ပါးတို့မှာ- - လောဘမူ သောမနဿသဟဂုတ်စိတ် ၄-ပါး - မဟာကုသိုလ်သောမနဿသဟဂုတ်စိတ် ၄-ပါး - မဟာကြိယာ သောမနဿသဟဂုတ်စိတ် ၄-ပါး - ဟသိတုပ္ပါဒ်စိတ် ၁-ပါး တို့ဖြစ်ကြပါသည်။ ကောင်းကင်ခေါ်မှတ် အာကာသဓာတ်သည် အကြောင်းမဲ့ တရားဖြစ်သည်ဟု ဆိုလျှင် မမှန်ပါ။ အကြောင်းမှာ - အကာကာသဓာတ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်း ၄-ပါးကြောင့်ဖြစ်သော စတုဇရုပ်ဖြစ်သောကြောင့် ဖြစ်ပါသည်။ |
7 | 2 | 2002 | (က) သုတ္တန်နည်းမှာသာပါ၍ အဘိဓမ္မာနည်း၌ မပါသော သံယောဇဉ်တရားကိုယ်၊ (ခ) အဘိဓမ္မာနည်းမှသာပါ၍ သုတ္တန်နည်း၌ မပါသော သံယောဇဉ်တရားကိုယ်၊ (ဂ) ၂-နည်းလုံးမှာပါသော သံယောဇဉ်တရားကိုယ် တို့ကို အဘိဓမ္မာပညာရှင်ပီပီ စိစစ်ပြပါ။ | (က) သုတ္တန်နည်းမှာသာပါ၍ အဘိဓမ္မာနည်း၌ မပါသော သံယောဇဉ်တရားကိုယ်မှာ- “ဥဒ္ဓစ္စ” တရားကိုယ် ဖြစ်ပါသည်။ (ခ) အဘိဓမ္မာနည်းမှသာပါ၍ သုတ္တန်နည်း၌ မပါသော သံယောဇဉ်တရားကိုယ်မှာ- “ဣဿာ မစ္ဆရိယ” တရားကိုယ်ဖြစ်ပါသည်။ (ဂ) ၂-နည်းလုံးမှာပါသော သံယောဇဉ်တရားကိုယ်မှာ- “လောဘ၊ ဒေါသ၊ ဒိဋ္ဌိ၊ မာန၊ ဝိစိကိစ္ဆာ၊ မောဟ” တရားကိုယ်တို့ဖြစ်ပါသည်။ |
8 | 2 | 2002 | အဓွန့်(၃)ပါးကို တရားကိုယ်နှင့်တကွ ရေး၍ ၀ဋ်မြစ် နှစ်ပါးကိုလည်း ဖြေဆိုပါ။ | အဓွန့်(၃)ပါးကို တရားကိုယ်နှင့်တကွ ဖော်ပြရသော်- (၁) အတိတ်အဓွန့် - အတိတ်ကာလ၌ ဖြစ်ခဲ့ရသောတရား၊ - အဝိဇ္ဇာ၊ သင်္ခါရ (၂) ပစ္စပ္ပန်အဓွန့် - ပစ္စုပ္ပန်ကာလ၌ ဖြစ်သောတရား - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ(ကမ္မဘဝ) (၃) အနာဂတ်အဓွန့် - အနာဂတ်ကာလ၌ ဖြစ်လတ္တံ့သောတရား - (ဥပပတ္တိဘဝ) ဇာတိ၊ ဇရာ-မရဏ ၀ဋ်မြစ်နှစ်ပါးမှာ - အဝိဇ္ဇာနှင့်တဏှာ ဖြစ်ပါသည်။ အဝိဇ္ဗာ - အတိတ်ဘဝအကြောင်းမှစ၍ ပစ္စုပ္ပန်ဘဝအကျိုး ဖြစ်သည့်တိုင်အောင်ဖြစ်သောရှေ့ပိုင်း ဘဝစက်၏ အရင်းမူလ (၀ဋ်မြစ်) တဏှာ - ပစ္စုပ္ပန်အကြောင်းမှစ၍ အနာဂတ်အကျိုး တိုင်အောင်ဖြစ်သော နောက်ပိုင်းဘဝစက်၏ အရင်းမူလ (၀ဋ်မြစ်) |
9 | 2 | 2002 | မိမိစားသောက်သော အစာအာဟာရကို စက်ဆုပ် ရွံရှာဖွယ်အဖြစ် ရှုဆင်ခြင်လျှင် မည်သည့်ကမ္မဋ္ဌာန်း ဖြစ်သည်ကိုရေး၍ ယင်းကမ္မဋ္ဌာန်းကို မည်သို့သော ပုဂ္ဂိုလ်များသာ ဆင်ခြင်ပွားများနိုင်သည်ကိုလည်း ဖြေဆိုပါ။ | မိမိစားသောက်သော အစာအာဟာရကို စက်ဆုပ် ရွံရှာဖွယ်အဖြစ် ရှုဆင်ခြင်လျှင် အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်းဖြစ်ပါသည်။ ၎င်းကမ္မဋ္ဌာန်းကို ဆင်ခြင်ပွားများနိုင်သော ပုဂ္ဂိုလ်မှာ ဗုဒ္ဓိစရိုက် ရှိသောပုဂ္ဂိုလ် မျိုးသာ ဆင်ခြင်ပွားများ နိုင်ပါသည်။ အကြောင်းမှာ သိမ်မွေ့ နက်နဲသည်ဖြစ်၍ ပညာ၏အရာသာ ဖြစ်သောကြောင့် ဖြစ်ပါသည်။ |
1 | 3 | 2002 | "သေရည်သောက်စား ပြုတုံငြားလည်း၊ သူတစ်ပါးအား ပြစ်မှား မရှိ မထိပါးဘိက ငရဲမကြီး အပြစ်မရှိ" ဟု ပြောဆိုသူ၏ စကားကို ယုံကြည်လက်ခံကာ ပျော်ပျော်ကြီး ဝိုင်းဖွဲ့၍ သောက်စားနေသောသူတို့၏ သန္တာန်၌ ဖြစ်သောစိတ်ကို ဖော်ပြ၍ ၎င်းစိတ်နှင့်အတူဖြစ်ခွင့်ရှိသော စေတသိက်တရားတို့ကိုလည်းဖော်ပြခဲ့ပါ။ | "သေရည်သောက်စား ပြုတုံငြားလည်း၊ သူတစ်ပါးအား ပြစ်မှား မရှိ မထိပါးဘိက ငရဲမကြီး အပြစ်မရှိ" ဟု ပြောဆိုသူ၏ စကားကို ယုံကြည်လက်ခံကာ ပျော်ပျော်ကြီး ဝိုင်းဖွဲ့၍ သောက်စားနေသော သူတို့၏ သန္တာန်၌ ဖြစ်သောစိတ်မှာ "သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူ ဒုတိယစိတ်" ဖြစ်ပါသည်။ ၎င်းစိတ်နှင့်အတူ ဖြစ်ခွင့်ရှိသော စေတသိက်တရားများမှာ - အညသမာန်းစေတသိက် ၁၃ ပါး - သဗ္ဗာကုသလသာဓာရဏစေတသိက် ၄ ပါး - လောဘစေတသိက် ၁ ပါး - ဒိဋ္ဌိစေတသိက် ၁ ပါး ပေါင်း ၁၉ပါး ဖြစ်ခွင့် ရှိပါသည်။ |
2 | 3 | 2002 | "ငါလုပ်တာ အဟုတ်" ဟု နားထင်သွေးရောက် အထင်ပေါက်နေသောသူ၏ သန္တာန်၌ဖြစ်သော စေတသိက်၊ ယင်းစေတသိက်၏ ယှဉ်ဘက်စိတ်တို့ကိုလည်း ဖော်ပြပါ။ | "ငါလုပ်တာ အဟုတ်" ဟု နားထင်သွေးရောက် အထင်ပေါက်နေသောသူ၏ သန္တာန်၌ဖြစ်သော စေတသိက်မှာ - မာနစေတသိက် ဖြစ်ပါသည်။ ၎င်းစေတသိက်၏ ယှဉ်ဘက်စိတ်မှာ - ထောင်လွှားမှု ဖြစ်ခိုက်၌ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ် ၄-ပါးနှင့် ယှဉ်ပါသည်။ |
3 | 3 | 2002 | “နိဗ္ဗာန်ကို အာရုံပြု၍ လှူကြ တမ်းကြ ကုသိုလ် ကောင်းမှုပြုကြ”ဟု တိုက်တွန်းကြရာ နိဗ္ဗာန်ကို အာရုံပြုနိုင်သောစိတ်တို့ကို ကုန်စင်အောင် ဖော်ပြခဲ့ပါ။ | “နိဗ္ဗာန်ကို အာရုံပြု၍ လှူကြ တမ်းကြ ကုသိုလ် ကောင်းမှုပြုကြ”ဟု တိုက်တွန်းကြရာ နိဗ္ဗာန်ကို အာရုံပြုနိုင်သော စိတ်များမှာ- နိဗ္ဗာန်(ဧကန်) အာရုံပြုစိတ် - လောကုတ္တရာစိတ်= ၈-ပါး နိဗ္ဗာန် (အနေကန်) အာရုံပြုစိတ် - မနောဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး - မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်= ၄-ပါး - မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်= ၄-ပါး - အဘိညာဉ်စိတ်= ၂-ပါး ပေါင်း (အနေကန်) အာရုံပြုစိတ်= ၁၁-ပါး တို့ဖြစ်ပါသည်။ |
4 | 3 | 2002 | တစ်ဘဝလုံးအတွက် ဈာန်မဂ်ဖိုလ်ရဖို့ရန် မျှော်လင့်ချက် မရှိသော ပုဂ္ဂိုလ်တို့ကို ထုတ်ပြ၍၊ သညာမရှိသော သတ္တဝါဟုဆိုကြရာ သညာ သာမရှိဟု မှတ်ရပါမည်လော အဘယ်သို့ မှတ်ရပါမည်နည်း ရှင်းပြပါ။ | တစ်ဘဝလုံးအတွက် ဈာန်မဂ်ဖိုလ်ရဖို့ရန် မျှော်လင့်ချက် မရှိသော ပုဂ္ဂိုလ်တို့မှာ- (၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် (၂) သုဂတိအဟိတ်ပုဂ္ဂိုလ် (၃) ဒွိဟိတ်ပုဂ္ဂိုလ် တို့ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်တို့သည် ဉာဏ်မယှဉ်သော ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေခဲ့၍ ပညာဉာဏ်ကင်းကာ ညံ့ဖျင်း သောကြောင့် ဈာန် မဂ် ဖိုလ် ရဖို့ရန် မျှော်လင့်ချက် မရှိရခြင်း ဖြစ်ပါသည်။ သညာသာ မရှိဟု မမှတ်ရပါ။ သညာဟုသော ခေါင်းတပ်ထားသော်လည်း နာမ်၌ တပ်ခြင်းကင်းသော ဘာဝနာ (အရူပဝိရာဂဘာဝနာ၊ သညာဝိရာဂဘာဝနာ) ၏ အစွမ်းဖြင့် သညာနှင့် ယှဉ်ဘက်ဖြစ်သော စိတ်၊ စေတသိက်၊ (နာမ်တရား)အားလုံး မရှိခြင်း ဖြစ်ပါသည်။ |
5 | 3 | 2002 | “အလှူပေးခြင်းသည် မွဲရုံသာရှိသည်”ဟု မှားယွင်းစွာ ယူခြင်းသည် မည်သည့် အကုသိုလ်ကံမျိုးဖြစ်သည်ကို ရေးပြ၍ ယင်း၏ အကျိုးပေးရာ ဘုံဌာနတို့ကိုလည်း အခါအားလျော်စွာအသီးသီး သတ်မှတ်ပြပါ။ | “အလှူပေးခြင်းသည် မွဲရုံသာရှိသည်”ဟု မှားယွင်းစွာယူခြင်းသည်- “မိစ္ဆာဒိဋ္ဌိ” အကုသိုလ်ကံမျိုး ဖြစ်ပါသည်။ ယင်း(အကုသိုလ်ကံ)၏ အကျိုးပေးရာ ဘုံဋ္ဌာနတို့မှာ- ပဋိသန္ဓေအခါ အပါယ် ၄-ဘုံ၌ ပဝတ္တိအခါ ပဉ္စဝေါကာရ ၂၆-ဘုံ၌ အကျိုးပေးနိုင်ပါသည်။ |
6 | 3 | 2002 | မိဘတို့သည် သားသမီးတို့အပေါ်ဝယ် ကလလရေကြည်တည်စမှစ၍ မေတ္တာ ထားကြသည်ဆိုရာ ထိုကလလရေကြည်၏အရကို တိကျစွာ ကောက်ပြ၍ “ပရမတ္တတရားတို့သည် ၄-ပါးထက် အပိုအလို ရှိသည်ဟု ဆိုလာလျှင် အဘယ်သို့ ရှင်းလင်းမည်နည်း။ ဖြေဆိုပါ။ | ကလလရေကြည်၏အရကို တိကျစွာ ကောက်ပြရသော်- (၁) ကာယဒသကကလာပ် ၁-စည်း (၂) ဘာဝဒသကကလာပ် ၁-စည်း (၃) ဝတ္တုဒသကကလာပ် ၁-စည်း ကလာပ်စည်းပေါင်း ၃-စည်း၊ ရုပ်အားဖြင့် ၃၀-ပါးရ၏။ ထိုကလလရေကြည်၌ မိန်းမဖြစ်က (ဣတ္ထိဘာဝရုပ်) ယောက်ျားဖြစ်က (ပုမ္ဘာဝရုပ်)၊ နပုံးဖြစ်က (ဘာဝချို့သော) ကလာပ် (၂)စည်း ရုပ်အားဖြင့် (၂၀) သော ကမ္မဇရုပ်များနှင့် ပဋိသန္ဓေစိတ်၊ စေတသိက် ခန္ဓာ ၅-ပါးတို့ကို ရကြပါသည်။ “ပရမတ္ထတရားတို့သည် ၄-ပါးထက် အပိုအလို မရှိပါ။” အကြောင်းမှာ- ရုပ်ပိုင်းနိဂုံးချုပ်၌ “စိတ်သည်လည်းကောင်း၊ စေတသိက်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း ဤသို့လျှင် ပရမတ္ထတရားကို လေးပါးအပြားအားဖြင့် သာလျှင် ဘုရားရှင်တို့သည် ထင်ရှားပြတော်မူကြကုန်၏” ဟူသော ဖော်ပြချက်ကြောင့် ပရမတ္ထတရားတို့သည် ၄-ပါးထက် အပိုအလိုမရှိရခြင်း ဖြစ်ပါသည်။ |
7 | 3 | 2002 | ဘဝကြီးငယ်သို့ သွားရောက်ကြောင်း ခရီးလမ်း ဖြစ်သည့် မဂ္ဂင်တရားစု၌ ဒုဂ္ဂတိဘဝသို့ လားရောက် ကြောင်းခရီးလမ်းဖြစ်သည့် တရားစုတို့ကို ရွေးကောက်ပြ၍ မဂ္ဂင်မရအပ်သော စိတ်ကိုလည်းညွှန်ပြပါ။ | ဘဝကြီးငယ်သို့ သွားရောက်ကြောင်း ခရီးလမ်းဖြစ်သည့် မဂ္ဂင်တရားစု၌ ဒုဂ္ဂတိဘဝသို့ လားရောက်ကြောင်း ခရီးလမ်းဖြစ်သည့် တရားစုတို့မှာ- (၁) မိစ္ဆာဒိဋ္ဌိ မဂ္ဂင်၊ (၂) မိစ္ဆာ သင်္ကပ္ပမဂ္ဂင်၊ (၃) မိစ္ဆာဝါယာမမဂ္ဂင်၊ (၄) မိစ္ဆာသမာဓိမဂ္ဂင် ဟူသော “မိစ္ဆာမဂ္ဂင် ၄-ပါး”တို့ဖြစ်ပါသည်။ မဂ္ဂင်မရအပ်သော စိတ်တို့မှာ - အဟိတ်စိတ် ၁၈-ပါးနှင့် - ဝိစိကိစ္ဆာ သမ္ပယုတ်စိတ်တို့ ဖြစ်ပါသည်။ |
8 | 3 | 2002 | နိဗ္ဗာန်တရားကို ရုပ်အထူး နာမ်အထူးဟု အချို့ ပုဂ္ဂိုလ်တို့ပြောဟောနေကြရာ မည်သည့်စကား မှန်သည်ကို စိစစ်ပြ၍ အတ္ထပညတ်အပြားကိုလည်း သိသာရုံမျှ ရေတွက်ပြပါ။ | နိဗ္ဗာန်တရားကို ရုပ်အထူး နာမ်အထူးဟု အချို့ ပုဂ္ဂိုလ်တို့ပြောဟောနေကြရာတွင် နိဗ္ဗာန်သည် နာမ်အထူးဟူသော စကားမှန်ပါသည်။ အကြောင်းမှာ နိဗ္ဗာန်သည် အာရမ္မဏိက တရားတို့ကို မိမိ၌ ညွတ်စေတတ်သောကြောင့် နာမ်မည်ခြင်းကြောင့် ဖြစ်ပါသည်။ အတ္တပညတ်အပြားကို သိသာရုံမျှ ရေတွက်ပြရသော် (၁) တဇ္ဇာပညတ် (၂) ဥပါဒါနပညတ် (၃) သမူဟပညတ် (၄) သဏ္ထာနပညတ် (၅) သန္တတိပညတ် (၆) ကာလပညတ် (၇) ဒိသာပညတ် (၈) အဒ္ဓါပညတ် (၉) အာကာသပညတ် (၁၀) ဒေသပညတ် (၁၁) ကသိုဏ်းပညတ် (၁၂) ဥပနိဓာပညတ် စသည်တို့ ဖြစ်ပါသည်။ |
9 | 3 | 2002 | အရိယာပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိ မသိ စိစစ်ပြ၍ မည်သည့်အဆင့်သို့ရောက်မှ သောတာပန်ဖြစ်သည်ကိုလည်း အဘိဓမ္မာ သဘာဝကျအောင် ဖြေဆိုပါ။ | အရိယာပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိနိုင်ပါသည်။ အရိယာအဖြစ်သို့ရောက်ပြီးသောပုဂ္ဂိုလ်သည် မဂ္ဂင်ထိအဆုံး၌ ဘဝင်ကျ၏။ ထိုဘဝင်ကို ဖြတ်၍ ပစ္စဝေက္ခဏာဝီထိတို့ဖြစ်၏။ ထိုပစ္စဝေက္ခဏာ ဇောဝီတိတို့သည် မိမိတို့ဆိုင်ရာ ပယ်ပြီး ကိလေသာနှင့် ကြွင်းကျန်ကို ဆင်ခြင်ခြင်းနှင့်မိမိရရှိသော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့ကို ဆင်ခြင်းဖြစ်၍ အရိယာပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိနိုင်ပါသည်။ သောတာပန်ပုဂ္ဂိုလ်၏အဆင့်မှာ- (၁) သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်နိုင်၏။ (၂) ကြွင်းကိလေသာတို့တွင် အပါယ်သို့ ကျစေနိုင်သောသတ္တိကို ပယ်သတ်နိုင်၏။ (၃) ကာမဘုံသို့ အလွန်ဆုံး (၇) ကြိမ်ထက် မပိုဘဲ နေပြီး ပရိနိဗ္ဗာန်စံဝင်ကြ၏။ ဤသို့သော ဂုဏ်အထူးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အဆင့်ရောက်မှသာ သောတာပန်ဖြစ်နိုင်ပါသည်။ |
3 | 4 | 2002 | “ဒေါသရှေ့ထား မှားတတ်သည်ဖြစ်ရာ” ၎င်းဒေါသနှင့် ယှဉ်သောစိတ်ကို ဖော်ပြ၍၊ ယင်းစိတ်ကို ကိစ္စ၊ ဒွါရ၊ အာရုံ၊ ဝတ္တု ဖြင့် ဝေဖန်ပြပါ။ | “ဒေါသရှေ့ထား မှားတတ်သည်ဖြစ်ရာ” ၎င်းဒေါသနှင့် ယှဉ်သောစိတ်မှာ- ဒေါသမူစိတ် ၂-ပါး ဖြစ်ပါသည်။ ၎င်းဒေါသမူစိတ်၏ ကိစ္စ= ဇောကိစ္စ၊ ဒွါရ= ၆-ဒွါရမြဲ အာရုံ= လောကီစိတ် (၈၁)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပညတ်ဟူသော အာရုံ ၆-ပါး ဝတ္တု= ဟဒယဝတ္တု |
5 | 4 | 2002 | “ကောင်းမှုပြုလုပ်က ကောင်းကျိုးရ၏”ဟု ပြောဆိုကြရာ အမှန်တကယ် မိမိနှင့်တူသော ကောင်းကျိုးကိုသာပေးသော ကုသိုလ်ကံကို ရွေးချယ်ပြ၍ တူမြဲတရား ၃-ပါးတို့၏ သဘောအဓိပ္ပာယ်ကိုလည်း မနောစိတ် ၀ယ်စွဲအောင် ရေးသားပြပါ။ | အမှန်တကယ် မိမိနှင့်တူသော ကောင်းကျိုးကိုသာပေးသော ကုသိုလ်ကံမှာ - မဟဂ္ဂုတ်ကုသိုလ်ကံ ၉-ပါးတို့ ဖြစ်ပါသည်။ တူမြဲတရား ၃-ပါးတို့၏ သဘောအဓိပ္ပာယ်မှာ- တစ်ခုသောဘဝ၌ “ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်” တို့သည် - ဘူမိ(ဘုံ) - ဇာတိ(ဇာတ်)၊ - သမ္ပယုတ္တဓမ္မ(ယှဉ်ဘက်တရား) - သင်္ခါရ၊ - အာရုံအားဖြင့် တူကြ၏။ ထို ၃-ပါးတို့၏သဘောမှာ- ပဋိသန္ဓေစိတ် - ဘဝဟောင်းနှင့် ဘဝသစ် ဆက်စပ်ပေးခြင်း သဘော ဘဝင်စိတ် - ရရှိပြီးသောဘဝကို တည်တံ့အောင် စောင့်ရှောက်ပေးသောသဘော စုတိစိတ် - ရရှိပြီးသောဘဝမှ လျောကျပျက်စီး သေဆုံးခြင်းသဘော ဖြစ်ပါသည်။ |
7 | 4 | 2002 | လောကသံသရာဘဝနှစ်ဖြာတွင် အထက်တန်းကျကျ နေနိုင်ရေးအတွက် လုံ့လပြုရမည့် လမ်းလေးသွယ်ကို ဖြေဆို၍ သစ္စာ၄-ပါးကို (က) အကြောင်းသစ္စာ၊ (ခ) အကျိုးသစ္စာ အားဖြင့် ခွဲခြားပြပါ။ | လုံ့လပြုရမည့် လမ်းလေးသွယ်မှာ- (၁) ဖြစ်ပြီးသော အကုသိုလ်တရား (ဒုစရိုက်အဟောင်း)တို့ကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း။ (၂) မဖြစ်သေးသော အကုသိုလ်တရား (ဒုစရိုက်အသစ်)တို့ကို မဖြစ်ခြင်းငှာ အားထုတ်ခြင်း။ (၃) မဖြစ်သေးသော ကုသိုလ်တရား (ကုသိုလ်အသစ်)တို့ကို ဖြစ်ထွန်းစေခြင်းငှာ အားထုတ်ခြင်း။ (၄) ဖြစ်ပြီးသော ကုသိုလ်တရား (ကုသိုလ်အဟောင်း)တို့ကို ခိုင်ခန့်တိုးပွားမြဲစေခြင်းငှာ အားထုတ်ခြင်း ဟူသော “သမ္မပ္ပဓာန်(၀ီရိယ) တရား ၄-ပါး” ဖြစ်ပါသည်။ သစ္စာ ၄-ပါးတို့တွင်- (က) အကြောင်းသစ္စာမှာ - သမုဒယသစ္စာနှင့် မဂ္ဂသစ္စာ (ခ) အကျိုးသစ္စာမှာ - ဒုက္ခသစ္စာနှင့် နိရောဓသစ္စာ တို့ဖြစ်ကြပါသည်။ |
1 | 1 | 2003 | ပရမတ္တတရား (၄)ပါးတို့တွင် စိတ်သည် အကျဉ်းအားဖြင့် ၈၉ပါး၊ အကျယ်အားဖြင့် ၁၂၁ပါး ဟုလည်းကောင်း၊ သောဘနစိတ်သည် အကျဉ်းအားဖြင့် ၅၉ပါး၊ အကျယ်အားဖြင့် ၉၁ပါး ဟုလည်းကောင်း ရှိရာ၊ ထိုအကျဉ်းအကျယ်စိတ်တို့၏ အလယ်တည့်တည့်စိတ်ကို ထုတ်ပြ၍၊ ပရမတ္တတရားလေးပါးကိုလည်း ရေတွက်ပြခဲ့ပါ။ | စိတ်အကျဉ်း ၈၉ပါးတို့၏ အလယ်တည့်တည့်စိတ်မှာ - "ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာဝိပါက် သတ္တမစိတ် " ဖြစ်ပါသည်။ စိတ်အကျယ် ၁၂၁ပါးတို့၏ အလယ်တည့်တည့်စိတ်မှာ - "ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော စျာန်အင်္ဂါ ၄ ပါးနှင့် ယှဉ်သော ရူပါဝစရဝိပါက် ဒုတိယစျာန်စိတ် " ဖြစ်ပါသည်။ သောဘနစိတ်အကျဉ်း ၅၉ပါး၏ အလယ်တည့်တည့်စိတ်မှာ - "ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော စျာန်အင်္ဂါ ၅ ပါးနှင့် ယှဉ်သော ရူပါဝစရဝိပါက် ပထမစျာန်စိတ် " ဖြစ်ပါသည်။ သောဘနစိတ်အကျဉ်း ၉၁ ပါး၏ အလယ်တည့်တည့်စိတ်မှာ - "အာကိဉ္စညာယတန အရူပါဝစရဝိပါက်စိတ်" ဖြစ်ပါသည်။ ပရမတ္တရတရား လေးပါးကို ရေတွက်ပြရသော် - စိတ် ၈၉ပါး / ၁၂၁ပါး - စေတသိက် ၅၂ပါး - ရုပ် ၂၈ပါး - နိဗ္ဗာန် ၁ပါး တို့ဖြစ်ပါသည်။ |
2 | 1 | 2003 | "စေတနာသည်ပင် ကံ" ဟုဆိုကြရာ "ကံ၏ အကျိုးတရား ရှိလေသလား၊ မရှိလေသလား" ဟုဖြစ်သော လှေနံနှစ်ဖက်နင်းသော စေတသိက်နှင့် "ကံ၏ အကျိုးတရားမရှိ" ဟုယတိပြတ် ဆုံးဖြတ်မှုဖြင့် အယူမှားဘက်သို့ ရောက်သော စေတသိက်ကို သဘောလက္ခဏာနှင့် တကွ ဖြေဆိုရေးသားခဲ့ပါ။ | "စေတနာသည်ပင် ကံ" ဟုဆိုကြရာ "ကံ၏ အကျိုးတရား ရှိလေသလား၊ မရှိလေသလား" ဟုဖြစ်သော လှေနံနှစ်ဖက်နင်းသော စေတသိက်မှာ - "ဝီစိကိစ္ဆာစေတသိက်" ဖြစ်ပါသည်။ ၎င်းစေတသိက်၏ သဘောလက္ခဏာမှာ - ရတနာ ၃-ပါး၊ ကံ ကံ၏ အကျိုးတို့၌ ယုံမှား သံသယ ဖြစ်ခြင်း သဘောဖြစ်ပါသည်။ "ကံ၏ အကျိုးတရားမရှိ" ဟုယတိပြတ် ဆုံးဖြတ်မှုဖြင့် အယူမှားဘက်သို့ ရောက်သော စေတသိက်မှာ - "ဒိဋ္ဌိစေတသိက်" ဖြစ်ပါသည်။ ၎င်းစေတသိက်၏ သဘောလက္ခဏာမှာ - မှားမှားယွင်းယွင်း သိမြင် အယူမှားခြင်း သဘောလက္ခဏာ ဖြစ်ပါသည်။ |
3 | 1 | 2003 | “ ခံစားမှုဝေဒနာ ကိုယ်စီရှိကြသည်” ဟုဆိုရာ ထိုဝေဒနာသည် အဘယ်ဘေဒဖြင့် မည်မျှများပြားသည်ကို ဖြေဆို၍၊ ကိစ္စ (၁၄) ပါး၊ ဌာန (၁၀) ပါးဟုဆိုရာ ကိစ္စ နှင့် ဌာနတို့ကို အသီးသီး တွဲစပ်ပြပါ။ | “ ခံစားမှုဝေဒနာ ကိုယ်စီရှိကြသည်” ဟုဆိုရာ ထိုဝေဒနာသည်- အာရမ္မဏာနုဘဝနလက္ခဏဘေဒနည်း (၁) သုခဝေဒနာ (၂) ဒုက္ခဝေဒနာ (၃) အဒုက္ခ- မသုခဝေဒနာ ဣန္ဒြိယဘေဒနည်း (၁) သုခဝေဒနာ (၂) ဒုက္ခဝေဒနာ (၃) သောမနဿဝေဒနာ (၄) ဒေါမနဿဝေဒနာ (၅) ဥပေက္ခာဝေဒနာ ကိစ္စနှင့်ဌာနတို့ကို အသီးသီး တွဲစပ်ပြရသော်- (၁) ပဋိသန္ဓေကိစ္စ - (၁) ပဋိသန္ဓေဌာန (၂) ဘဝင်ကိစ္စ - (၂) ဘဝင်ဌာန (၃) အာဝဇ္ဇန်းကိစ္စ - (၃) အာဝဇ္ဇန်းဌာန (၄) ဒဿနကိစ္စ - (၄) ပဉ္စဝိညာဉ်ဌာန (၅) သဝနကိစ္စ - ၎င်း (၆) ဃာယနကိစ္စ - ၎င်း (၇) သာယနကိစ္စ - ၎င်း (၈) ဖုသနကိစ္စ - ၎င်း (၉) သမ္ပဋိစ္ဆိုင်းကိစ္စ - (၅) သမ္ပဋိစ္ဆိုင်းဌာန (၁၀) သန္တီရဏကိစ္စ - (၆) သန္တီရဏဌာန (၁၁) ၀ုဋ္ဌောကိစ္စ - (၇) ၀ုဋ္ဌောဌာန (၁၂) ဇောကိစ္စ - (၈) ဇောဌာန (၁၃) တဒါရုံကိစ္စ - (၉) တဒါရုံဌာန (၁၄) စုတိကိစ္စ - (၁၀) စုတိဌာန |
4 | 1 | 2003 | ၀ီထိမုတ်စိတ်တို့အတွက်ပြားသော ဝိသယပ္ပ ဝတ္တိတို့ကို ရေးသားပြ၍၊ စိတ္တက္ခဏ (၁၇)ချက်တွင် ပါဝင်ပါလျက် ၀ီထိစိတ်အရေအတွက်တွင် မပါဝင်သော စိတ်တို့၏အမည်တို့ကိုလည်း ရေးသားပြပါ။ | ၀ီထိမုတ်စိတ်တို့၏ဝိသယပ္ပဝတ္တိမှာ- ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃-မျိုးတို့ဖြစ်ပါသည်။ စိတ္တက္ခဏ (၁၇)ချက်တွင် ပါဝင်ပါလျက် ၀ီထိစိတ်တို့တွင် မပါဝင်သော စိတ်တို့မှာ- ၀ီထိမုတ်စိတ်များဖြစ်သော - ရှေ့ဘဝင်စိတ်များ (အတီတဘဝင်၊ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ)နှင့် နောက်ဘဝင်စိတ်များ ဖြစ်ပါသည်။ |
5 | 1 | 2003 | ရုပ်ဖြင့်သာ ပဋိသန္ဓေနေ၍ ရုပ်ဖြင့်ပင် သေသောပုဂ္ဂိုလ်ကို ဖော်ပြ၍၊ အကျိုးပေးရာ ကာလနှင့် စပ်၍ ပြားသောကံ ၄-မျိုးကိုလည်း ကာလများနှင့် တွဲစပ်ပြပါ။ | ရုပ်ဖြင့်သာ ပဋိသန္ဓေနေ၍ ရုပ်ဖြင့်ပင် သေသောပုဂ္ဂိုလ်မှာ- “ဇီဝိတနဝကကလာပ် ရုပ်ပဋိသန္ဓေ” နှင့် ပဋိသန္ဓေနေ၍ “ဇီဝိတနဝကကလာပ် ရုပ်စုတိ” ဖြင့်သေသော အသညသတ်ဗြဟ္မာများ ဖြစ်ပါသည်။ အကျိုးပေးရာကာလနှင့်စပ်၍ ပြားသောကံ ၄-မျိုးကို ကာလများနှင့် တွဲစပ်ပြရသော်- (၁) ဒိဋ္ဌဓမ္မဝေဒနိယကံ - မျက်မှောက်ဘဝ၌ အကျိုးပေးသော ပထမဇောစေတနာ (၂) ဥပပဇ္ဇဝေဒနိယကံ - အခြားမဲ့ဘဝ၌ အကျိုးပေးသော အဆုံး သတ္တမဇောစေတနာ (၃) အပရာပရိယာယဝေဒနိယကံ - တတိယဘဝမှ နိဗ္ဗာန်မရမီ ကာလအတွင်း အခွင့်ရတိုင်း အကျိုးပေးသော အလယ်ဇော ၅-ချက် စေတနာ။ (၄) အဟောသိကံ - အကျိုးမပေး သုဉ်းဆိတ်သော ရှေ့ဇော ရ-ချက် စေတနာ။ |
6 | 1 | 2003 | ရုပ်တစ်ခုတည်းကို နှစ်မျိုးခွဲ၍ ဟောထားရာ ထိုရုပ်တို့၏ အမည်တို့ကို ရေးသား၍ ရုပ်ကို မဖြစ်စေနိုင်သော စိတ်တို့ကိုလည်းဖော်ပြပါ။ | ရုပ်တစ်ခုတည်းကို နှစ်မျိုးခွဲ၍ ဟောထားရာ ထိုရုပ်တို့၏ အမည်များမှာ- ဥပစယရုပ်နှင့် သန္တတိရုပ် ဟူသော ဇာတိရုပ်၏ အမည်များပင် ဖြစ်ပါသည်။ ရုပ်ကို မဖြစ်စေနိုင်သော စိတ်တို့မှာ- - ဒွေပဉ္စဝိညာဏ်-၁၀၊ - အရူပဝိပါက် -၄၊ - ရဟန္တာတို့၏စုတိနှင့် - အလုံးစုံသော ပဋိသန္ဓေစိတ်တို့ဖြစ်ကြပါသည်။ |
7 | 1 | 2003 | ယောဂီပုဂ္ဂိုလ်တို့သန္တာန်၌ ဈာန်တရားများဖြစ်ပေါ်ခွင့် မရအောင် တားဆီးပိတ်ပင်တတ်သော ကိလေသာများကိုလည်းဖော်ပြ၍ ဣန္ဒြေရှိသည် ဣန္ဒြေမဲ့သည် ဟုဆိုကြရာ၍ ပုထုဇဉ်လူသားတစ်ဦး သန္တာန်၌ ရှိနိုင်သောဣန္ဒြေ တို့ကိုလည်း ရေတွက်ပြပါ။ | ဈာန်တရားများဖြစ်ပေါ်ခွင့်မရအောင် တားဆီးပိတ်ပင်တတ်သော ကိလေသာများမှာ - “ကိလေသာ ၁၀-ပါး”မှ နီဝရဏထိုက်သော တရားများဖြစ်ပါသည်။ ၎င်းတို့မှာ (၁) လောဘကိလေသာ (၂) ဒေါသကိလေသာ (၃) ထိနကိလေသာ (၄) ဥဒ္ဓစ္စကိလေသာ (၅) ဝိစိကိစ္ဆာကိလေသာ တို့ဖြစ်ပါသည်။ ပုထုဇဉ်လူသားတစ်ဦးသန္တာန်၌ ရှိနိုင်သော ဣန္ဒြေတို့မှာ- (၁) စက္ခုန္ဒြေ (၂) သောတိန္ဒြေ (၃) ဃာနိန္ဒြေ (၄) ဇိဝှိန္ဒြေ (၅) ကာယိန္ဒြေ (၆) ဆိုင်ရာဘာဝိန္ဒြေ (ရ) ဇီဝိတိန္ဒြေ (၈) မနိန္ဒြေ (၉) သုခိန္ဒြေ (၁၀) ဒုက္ခိန္ဒြေ (၁၁) သောမနဿိန္ဒြေ (၁၂) ဒေါမနဿိန္ဒြေ (၁၃) ဥပေက္ခိန္ဒြေ (၁၄) သဒ္ဓိန္ဒြေ (၁၅) ၀ီရိယိန္ဒြေ (၁၆) သတိန္ဒြေ (၁၇) သမာဓိန္ဒြေ (၁၈) ပညိန္ဒြေ တို့ဖြစ်ကြပါသည်။ |
8 | 1 | 2003 | အကြောင်းတရားကြောင့် အကျိုးတရားဖြစ်သည် ဟူသော ပဋိစ္စသမုပ္ပါဒ်နည်းအရ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်လျှင် အဝိဇ္ဇာသည်အဘယ်တရားကြောင့် ဖြစ်သည်ကို ရေး၍ ပဋိစ္စသမုပ္ပါဒ်လည်ပတ်ရာတွင် ဆက်စပ်မှု သုံးခုကိုလည်း ဖြေဆိုပါ။ | အဝိဇ္ဇာ၏ အကြောင်းတရားမှာ အာသဝေါတရား ၄-ပါး ဖြစ်ပါသည်။ ဇရာ၊ မရဏ၊သောက၊ ပရိဒေဝ စသော တွေဝေ မိန်းမောစေတတ်သောတရားအပေါင်းသည် သတ္တဝါတို့ သန္တာန်၌ မပြတ်နှိပ်စက်တတ်၏။ ထိုသို့ နှိပ်စက်ခံရသော သတ္တဝါတို့၌ သောက စသည်တို့ဖြစ်ခြင်းကြောင့် အာသဝေါတရား တို့သည်လည်းဖြစ်ပေ၏။ ထိုသို့ အာသဝေါတရားတို့၏ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာသည်လည်း ဖြစ်ပြန်၏။ ထို့ကြောင့် အဝိဇ္ဇာ၏အကြောင်းတရားမှာ အာသဝေါတရားဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ် လည်ပတ်ရာတွင် ဆက်စပ်မှုသုံးခုတို့မှာ- (၁) ဟေတုဖလ အစပ် - အတိတ်အကြောင်း သင်္ခါရနှင့် ပစ္စုပ္ပန်အကျိုး ဝိညာဏ်အကြားရှိအစပ် (၂) ဖလဟေတု အစပ် - ပစ္စုပ္ပန်အကျိုးဝေဒနာနှင့် ပစ္စုပ္ပန်အကြောင်း တဏှာကြားရှိ အစပ် (၃) ဟေတုဖလ အစပ် - ပစ္စုပ္ပန်အကြောင်းကမ္မဘဝနှင့် အနာဂတ်အကျိုး ဇာတိအကြားရှိ အစပ် |
9 | 1 | 2003 | ကမ္မဋ္ဌာန်းပိုင်းလာ သမထနှင့်ဝိပဿနာတို့၏ အဓိပ္ပါယ်ကို ကွဲပြား၊ ခြားနားအောင် ဖြေဆိုပြီး လျှင် ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ပွားများ ရမည့် တရားဆယ်ပါးကိုလည်း ဖြေဆိုပါ။ | ကမ္မဋ္ဌာန်းပိုင်းလာ သမထနှင့်ဝိပဿနာတို့၏ အဓိပ္ပါယ်- (၁) သမထဘာဝနာ - ကမ္မဋ္ဌာန်း ၄၀-ကို ပွားများခြင်းဖြင့် နီဝရဏ စသော ကိလေသာ တို့ကို ငြိမ်းစေတတ်သော ဝိတတ် စသော အောက်ဈာန်အင်္ဂါတို့ကို ငြိမ်သက်စေတတ်သော သမာဓိကို ခေါ်၏။ (လောကီကုသိုလ်၊ ကြိယာ၌ယှဉ်သော ဧကဂ္ဂတာစေတသိက်ကို ရ၏) (၂) ဝိပဿနာဘာဝနာ - တေဘူမက သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု အဖန်ဖန် ရှုတတ်သော ဉာဏ်ကို ခေါ်၏။ ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ ပွားများရမည့် တရားဆယ်ပါးမှာ- (၁) ဗုဒ္ဓါနုဿတိ (၂) ဓမ္မာနုဿတိ (၃) သံဃာနုဿတိ (၄) သီလာနုဿတိ (၅) စာဂါနုဿတိ (၆) ဒေဝတာနုဿတိ (၇) ဥပသမာနုဿတိ (၈) မရဏာနုဿတိ (၉) ကာယဂတာသတိ (၁၀) အာနပါနဿတိ တို့ဖြစ်ပါသည်။ |
1 | 2 | 2003 | ဤကားကုသိုလ် အကုသိုလ်ဟု ခွဲခြားမသိ ဉာဏ်မရှိဘဲ ဒါန သီလ စသည်ဖြာဖြာ ကောင်းမှုကိုသာ သောမနဿဖြင့် ပြုလုပ်လေ့ရှိသောသူ၏ သန္တာန်၌ ဖြစ်သောစိတ်ကိုယှဉ်ဘက်တရားနှင့်တကွ ဖော်ပြ၍ ၎င်းစိတ်ကို ဝေဒနာ ဟိတ် ကိစ္စ ဒွါရ အာရုံ ဝတ္တုတို့ဖြင့် ခွဲခြားပြပါ။ | ဤကားကုသိုလ် အကုသိုလ်ဟု ခွဲခြားမသိ ဉာဏ်မရှိဘဲ ဒါန သီလ စသည်ဖြာဖြာ ကောင်းမှုကိုသာ သောမနဿဖြင့် ပြုလုပ်လေ့ရှိသောသူ၏ သန္တာန်၌ ဖြစ်သောစိတ််မှာ - "သောမနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် တတိယစိတ်" ဖြစ်ပါသည်။ ၎င်းစိတ်၏ ယှဉ်ဘက်တရား (စေတသိက်) များမှာ - အညသမာန်းစေတသိက် ၁၃ပါး - သောဘနသာဓာရဏစေတသိက် ၁၉ပါး ပေါင်း စေတသိက် ၃၂ပါး တို့ ဖြစ်ပါသည်။ ၎င်းစိတ်၏ - ဝေဒနာ = သောမနဿဝေဒနာ - ဟိတ် = ဒွိဟိတ် - ကိစ္စ = ဇောကိစ္စ - ဒွါရ = ၆ဒွါရ (မြဲ) - အာရုံ = လောကီစိတ် ၈၁၊ စေတသိက်၅၂၊ ရုပ်၂၈၊ ပညတ် ဟုဆိုအပ်သော အာရုံ ၆ပါး - ဝတ္ထု = ဟဒယဝတ္ထု (ရံခါ) တို့ ဖြစ်ပါသည်။ |
2 | 2 | 2003 | "ကာကွယ်ရေးလည်းမဟုတ်၊ ရွာနယ်ရေးလည်းမဟုတ်၊ တိုင်းပြည်ဘဏ္ဍာ ဆုတ်အောင် ဒါန မလုပ်နဲ့" ဟု ပြောသူ၏ သန္တာန်၌ဖြစ်သော တရားကို သဘောလက္ခဏာနှင့် တကွရေး၍ အမြဲမယှဉ်သော စေတသိက်တို့ကို ရေတွက်ပြကာ ကရုဏာ၊ မုဒိတာ တရားနှစ်ပါး၏ သဘောလက္ခဏာကိုလည်း ရေးသားခဲ့ပါ။ | "ကာကွယ်ရေးလည်းမဟုတ်၊ ရွာနယ်ရေးလည်းမဟုတ်၊ တိုင်းပြည်ဘဏ္ဍာ ဆုတ်အောင် ဒါန မလုပ်နဲ့" ဟု ပြောသူ၏ သန္တာန်၌ဖြစ်သော တရားမှာ - "ဒိဋ္ဌိစေတသိက်" ဖြစ်ပါသည်။ (အကြောင်းမှာ အကျိုးမရှိ ဒါနလုပ်၍ တိုင်းပြည်ဏ္ဍာ ကုန်ရုံသာဖြစ်မည်ဟု မှားယွင်းသော အယူရှိသောကြောင့်ဖြစ်၏) ၎င်းစေတသိက်၏ သဘောလက္ခဏာမှာ မှားမှားယွင်းယွင်း သိမြင် အယူမှားခြင်း သဘောလက္ခဏာဖြစ်ပါသည်။ အမြဲမယှဉ်သော စေတသိက်များမှာ - အနိယတယောဂီစေတသိက်များဖြစ်ကြသည့် - မာန ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ထိန မိဒ္ဓ - သမ္မာဝါစာ သမ္မာကမ္မန ္တ သမ္မာအာဇီဝ - ကရုဏာ မုဒိတာ တို့ဖြစ်ပါသည်။ ကရုဏာ၊ မုဒိတာ တရားနှစ်ပါး၏ သဘောလက္ခဏာ တို႔မွာ ၁။ ကရုဏာ - သူတစ်ပါး၏ ဆင်းရဲကို ပယ်ခြင်းငှာ အလိုရှိခြင်း သဘောလက္ခဏာ၊ ၂။ မုဒိတာ - သူတစ်ပါး၏ စည်းစိမ်ပြည့်စုံမှုကို ဝမ်းမြောက်ခြင်း သဘောလက္ခဏာ |
3 | 2 | 2003 | ဇောကိစ္စထိုက်သော အဟိတ်စိတ်ကို ဖော်ပပြြီး ပဉ္စဝတ္တုကို အမြဲမှီသော စိတ်တို့ကိုလည်း ဖော်ပြခဲ့ပါ။ | ဇောကိစ္စထိုက်သော အဟိတ်စိတ်မှာ - “ဟသိတုပ္ပါဒ်စိတ်”ဖြစ်ပါသည်။ ပဉ္စဝတ္တုကို အမြဲမှီသော စိတ်တို့မှာ - “ဒွေပဉ္စဝိညာဏ် ၁၀-ပါး”ဖြစ်ပါသည်။ |
4 | 2 | 2003 | သောမနဿဖြင့် ပဋိသန္ဓေနေခဲ့သူအား ဒေါသဇော စောနေသည့်အတွက် ထိုဇောနောင်တဒါရုံ ဖြစ်ခွင့်မရဘဲ အခက်အခဲ ကြံုရာအခါ၀ယ် မည်ကဲ့သို့ ပြုလုပ်ရမည်ကို ဖြေရှင်းပြ၍၊ သမာပတ်များအတွင်း၌ ဈာန်ဇော ဖိုလ်ဇောများ မည်မျှဖြစ်နိုင်ပါသနည်း၊ ရှင်းပြပါ။ | သောမနဿဖြင့် ပဋိသန္ဓေနေခဲ့သူအား ဒေါသဇော စောနေသည့်အတွက် ထိုဇောနောင်တဒါရုံ ဖြစ်ခွင့်မရဘဲ အခက်အခဲကြံုရာအခါ၀ယ်- ဥပေက္ခာသန္တီရဏစိတ် (၂) ပါးသည် ရှေးကအလေ့အလာများသော ကာမအာရုံတစ်ပါးပါးကို အာရုံပြု၍ အာဂန္တုကဘဝင် ကိစ္စတပ်လျက် စိတ္တနိယာမအတိုင်း ဖြစ်လာရပါသည်။ ထိုဥပေက္ခာသန္တီရဏ အာဂန္တုက ဘဝင်နောက်တွင်ကား ပင်ကိုယ်ရိုးရာကျမြဲ မူလ သောမနဿဘဝင်စိတ်သည် ဆက်၍ ကျလေသည်။ သမာပတ်(ဈာန၊ ဖလ၊ နိရောဓ) များအတွင်း၌ ဖြစ်နိုင်သော ဈာန်ဇော၊ ဖိုလ်ဇောများမှာ- ဈာနသမာပတ်၌ -ဈာန်ဇောများ ဆက်တိုက် အကြိမ်များစွာ ဖြစ်နေပါသည်။ ဖလသမာပတ်၌ - ဖိုလ်ဇောများ ဆက်တိုက် အကြိမ်များစွာ ဖြစ်နေပါသည်။ နိရောဓသမာပတ်၌ -စိတ် စေတသိက် စိတ္တဇရုပ်များ ကောင်းစွာ ချုပ်ငြိမ်းနေ၍ မည်သည့်ဇောစိတ်မှ မဖြစ်နိုင်ပါ။ |
5 | 2 | 2003 | ကာယကမ္မအမည်ရခြင်းအကြောင်းကို ရေး၍ ကာယနှင့်ကမ္မ၊ အရတို့ကိုလည်း ခွဲခြားပြပါ။ | ကာယကမ္မ(ကာယကံ)အမည်ရခြင်းအကြောင်းမှာ- ကိုယ်တည်းဟူသော ကာယဒွါရ (ကာယဝိညတ်ရုပ်)၌ အဖြစ်များသောအမှု ှုဖြစ်သောကြောင့် ကာယကမ္မ (ကာယကံ) အမည်ရခြင်း ဖြစ်ပါသည်။ ကာယအရ - ကာယဝိညတ်ရုပ် ကမ္မအရ - ကုသိုလ်၊ အကုသိုလ် စေတနာ တို့ကိုရပါသည်။ |
6 | 2 | 2003 | အဖွဲ့အစည်း စာရင်းထဲ မပါဝင်သောရုပ်တို့ကို အကြောင်းပြကာ ဖြေဆို၍ ဘုရား ရဟန္တာများ အဘယ်စိတ်များဖြင့် ပြံုးတော်မူကပြါသနည်း၊ ဖြေဆိုပါ။ | အဖွဲ့အစည်း(ကလာပ်) စာရင်းထဲ မပါဝင်သောရုပ်တို့မှာ- “ကလာပ်ဝိမုတ်ရုပ် ၅-ပါး”ဖြစ်သော - အာကာသဓာတ် ပရိစ္ဆေဒရုပ် (၁)ပါးနှင့် - လက္ခဏရုပ်(၄)ပါးတို့ ဖြစ်ပါသည်။ - အာကာသဓာတ်ပရိစ္ဆေဒရုပ်သည် ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှသာ ဖြစ်ခြင်းကြောင့်လည်းကောင်း - လက္ခဏရုပ် ၄-ပါးတို့သည် ရုပ်ကလာပ်တို့၏ ဖြစ်၊တည်၊ ပျက် သဘော လက္ခဏာမျှသာ ဖြစ်ခြင်းကြောင့်လည်းကောင်း ကလာပ်စည်းဖွဲ့ရာတွင် မပါဝင်သော ကလာပ်ဝိမုတ်ရုပ် ဖြစ်ရခြင်း ဖြစ်ပါသည်။ ဘုရားရဟန္တာများ ပြံုးတော်မူသောစိတ်များမှာ- - ဟသိတုပ္ပါဒ်စိတ်၁-ပါး - မဟာကြိယာ သောမနဿစိတ်၄-ပါး တို့ဖြစ်ပါသည်။ |
7 | 2 | 2003 | “သတိမမူဂူမမြင်၊သတိမူလျှင် မြူကိုပင် မြင်သည်” ဟူသောဆိုရိုးစကားနှင့်အညီ မြူနှင့်တူသော အာရုံများကို မြင်နိုင်ရန် အဘယ်တရားများကို် နှလုံးသွင်းရမည်ကို ဖြေဆိုပါ။ | “သတိမမူဂူမမြင်၊သတိမူလျှင် မြူကိုပင် မြင်သည်” ဟူသောဆိုရိုးစကားနှင့်အညီ မြူနှင့်တူသော အာရုံများကို မြင်နိုင်ရန် နှလုံးသွင်းရမည့် တရားများမှာ- (၁) ကာယာနုပဿနာသတိပဋ္ဌာန် (၂) ဝေဒနာနုပဿနာသတိပဋ္ဌာန် (၃) စိတ္တာနုပဿနာသတိပဋ္ဌာန် (၄) ဓမ္မာနုပဿနာသတိပဋ္ဌာန် ဟူသော သတိပဋ္ဌာန်တရား၄-ပါး တို့ဖြစ်ကြပါသည်။ |
8 | 2 | 2003 | “စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ကိုယ်နု” ဆိုရိုးစကားရှိရာ စိတ်သည်ကိုယ်အား မည်သည့်ပစ္စည်းဖြင့်ကျေးဇူးပြုပါသနည်း၊ ပစ္စည်း ပစ္စယုပ္ပန်နှင့်တကွ ဖော်ပြပါ။ | “စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ကိုယ်နု” ဆိုရိုးစကားရှိရာ စိတ်သည်ကိုယ်အား ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။ ပစ္ဆာဇာတပစ္စည်း ဟူသည် နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရားဖြစ်သည်။ ရှေးကပေါက်နှင့်ပြီးသော သစ်ပင်အားနောက်မှ ရွာသွန်းအပ်သောမိုးရေသည် စည်ပင်ကြီးပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ နောက်နောင်၌ ဖြစ်သော စိတ်တို့သည် ရှေ့ကဖြစ်နှင့်ပြီး ဋ္ဌီသို့ ရောက်နေသော ရုပ်တို့အား တည်ခိုင် သန်စွမ်းစေသောအားဖြင့် ကျေးဇူးပြုတတ် သောကြောင့် ပစ္ဆာဇာတပစ္စည်းမည်၏။ ပစ္စည်းတရား - (ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက်ဖြစ်နေ) အရူပဝိပါက် ၄-ပါးကြဉ်သော ပထမဘဝင် အစရှိသော နောက်နောင်သော စိတ် ၈၅-ပါး စေတသိက် ၅၂-ပါး ပစ္စယုပ္ပန်တရား - ပဋိသန္ဓေအစရှိသော ရှေးရှေးစိတ်နှင့်အတူ ဥပါဒ်၍ ရုပ်၏ဌီသို့ရောက်သော ဧကဇကာယ၊ တိဇကာယ၊ စတုဇကာယ။ |
9 | 2 | 2003 | အောက်ပါပုဂ္ဂိုလ်များ သမထကမ္မဋ္ဌာန်းကို အားထုတ် လိုလျှင် မည်သည့် ကမ္မဋ္ဌာန်းမျိုးကို အားထုတ်ရပါသနည်း။ စရိုက်နှင့်ကမ္မဋ္ဌာန်းကိုက်ညီအောင် ဖြေဆိုပါ။ (က) နေရာတိုင်း ဒေါသခက်ထန်သူ (ခ) ရတနာသုံးပါးကို အလွန်ကြည်ညိုသူ | (က) နေရာတိုင်း ဒေါသခက်ထန်သူအား သင့်လျော်သော ကမ္မဋ္ဌာန်းလုပ်ငန်းများမှာ- - နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော အရောင်ကသိုဏ်း ၄-ပါး - မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော အပ္ပမညာ ၄-ပါး တို့ဖြစ်ကပြါသည် (ခ) ရတနာသုံးပါးကို အလွန်ကြည်ညိုသူအား သင့်လျော်သော ကမ္မဋ္ဌာန်းလုပ်ငန်းများမှာ- (၁) ဗုဒ္ဓါနုဿတိ (၂) ဓမ္မာနုဿတိ (၃) သံဃာနုဿတိ (၄) သီလာနုဿတိ (၅) စာဂါနုဿတိ (၆) ဒေဝတာနုဿတိတို့ဖြစ်ပါသည်။ |
2 | 3 | 2003 | မနောဓါတ် သုံးပါးကို ရေတွက်ပပြြီးလျှင် အခြေအမြစ်မရှိ ဟိတ်မရှိသော စိတ်တို့ကို ကောက်ပြ၍ ယှဉ်ဘက်စေတသိက်တို့ကို လည်း ရေတွက်ပြပါ။ | မနောဓါတ် သုံးပါး - ပ ဉ္စဒွါရာဝဇ္ဇန်း - ၁ နှင့် - သမ္ပဋိစ္ဆိုင်း-၂ တို့ဖြစ်ပါသည်။ အခြေအမြစ်မရှိ ဟိတ်မရှိသောစိတ်မှာ - အဟိတ်စိတ် ၁၈-ပါး ဖြစ်ပါသည်။ ယှဉ်ဘက်စေတသိက်များမှာ - ဆန္ဒကြဉ်သော အညသမာန်းစေတသိက် ၁၂-ပါး ဖြစ်ပါသည်။ |
3 | 3 | 2003 | သဗ္ဗာကုသလယောဂီစေတသိက်များကို ဖော်ပြ၍၊ ဟဒယဝတ္တုကို အမြဲမှီသောစိတ်နှင့် လုံးဝ မမှီသော စိတ်တို့ကိုလည်း ဖော်ပြခဲ့ပါ။ | သဗ္ဗာကုသလယောဂီစေတသိက်များမှာ- သဗ္ဗစိတ္တသာဓာရဏ စေတသိက် ရ-ပါး (ဝိတက်၊ ဝိစာရ၊ ၀ီရိယ) ပကိဏ်း စေတသိက် ၃-ပါး သဗ္ဗာကုသလသာဓာရဏစေတသိက် ၄-ပါး (မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ) ပေါင်း= ၁၄-ပါး ဖြစ်ပါသည်။ ဟဒယဝတ္တုကို အမြဲမှီသောစိတ်မှာ- ဒေါသမူစိတ်= ၂-ပါး မနောဓာတ်= ၃-ပါး သန္တီရဏစိတ်= ၃-ပါး ဟသိတုပ္ပါဒ်စိတ်= ၁-ပါး မဟာဝိပါက်စိတ်= ၈-ပါး ရူပစိတ်= ၁၅-ပါး သောတာပတ္တိမဂ်စိတ်= ၁-ပါး ပေါင်း= ၃၃-ပါး ဖြစ်ပါသည်။ ဟဒယဝတ္တုကို လုံးဝမမှီသောစိတ်မှာ- အရူပဝိပါက်စိတ်= ၄-ပါး ဒွေပဉ္စဝိညာဏ်= ၁၀-ပါး ပေါင်း= ၁၄-ပါး ဖြစ်ပါသည်။ |
4 | 3 | 2003 | “မဂ်စိတ်ဖြစ်ငြား တစ်ဖွားဖွား”ဟူသော စကား မှန်/မမှန် စိစစ်ဝေဖန်ပြ၍၊ ရူပဘုံ၌ မရနိုင်သော စိတ်တို့ကိုလည်း တိကျစွာ ရေးပြပါ။ | “မဂ်စိတ်ဖြစ်ငြား တစ်ဖွားဖွား”ဟူသော စကား မမှန်ပါ။ အကြောင်းမှာ- မဂ်စိတ်တို့မည်သည် ၀ရဇိန်မိုးကြိုးပမာ အလွန်တရာ အရှိန်ပြင်းထန်သော ၀ဇိရူပမာတရားမျိုးဖြစ်သဖြင့် ဆိုင်ရာကိလေသာတို့ကို အကြိမ်ကြိမ်ပယ်ဖြတ်ရန် မလို၊ တစ်ကြိမ်တည်းဖြင့်ပယ်ဖြတ်နိုင်၍ တစ်ကြိမ်သာ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ရူပဘုံ၌ မရနိုင်သောစိတ်တို့ကို ဖော်ပြရသော်- (က) အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ - ဒေါသမူစိတ်-၂-ပါး - ဃာနဝိညာဏ်-၂-ပါး - ဇိဝှါဝိညာဏ်-၂-ပါး - ကာယဝိညာဏ်-၂-ပါး - မဟာဝိပါက်-၈-ပါး - အရူပဝိပါက်-၄-ပါး ပေါင်း စိတ်- ၂၀-ပါး တို့ မရနိုင်ပါ။ (ခ) အသညသတ်ဘုံ၌ - မည်သည့်စိတ်မျှ မရနိုင်ပါ။ |
5 | 3 | 2003 | တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံ၏ ပဝတ္တိကျိုး၊ ပဋိသန္ဓေကျိုးတို့ကို ဖော်ပြ၍၊ အသညသတ်ဘုံသို့ ရောက်ရန်နည်း ကိုလည်း ရေးသားပြပါ။ | တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံ၏ ပဝတ္တိကျိုးမှာ- (၁) ကာမသုဂတိ ရ-ဘုံ၌ - အဟိတ်ကုသလဝိပါက် စိတ် ၈-ပါး၊ - မဟာဝိပါက်စိတ် ၈-ပါး (၂) အပါယ် ၄-ဘုံ၌ -အဟိတ်ကုသလဝိပါက် စိတ် ၈-ပါး (၃) အသညသတ်ကြဉ် ရူပ ၁၅-ဘုံ၌ - ဃာန၊ ဇိဝှါ၊ ကာယဝိညာဏ်ကြဉ်သော အဟိတ်ကုသလဝိပါက် စိတ် ၅-ပါး ကို ဖြစ်စေနိုင်ပါသည်။ ပဋိသန္ဓေကျိုးမှာ- ကာမသုဂတိ ရ-ဘုံ၌ မဟာဝိပါက် ဉာဏသမ္ပယုတ် စိတ် ၄-ပါး ကို ဖြစ်စေနိုင်ပါသည်။ အသညသတ်ဘုံသို့ ရောက်ရန်နည်း အသညသတ်ဘုံသို့ ရောက်မှန် အားထုတ်ပုံမှာ- ရူပပဉ္စမဈာန်ကို ရရှိပြီးသော ကာမဘုံသား ပုထုဇဉ်ပုဂ္ဂိုလ်သည် “ အမှတ်သညာ (စိတ်၊ စေတသိက်) ရှိနေသောကြောင့်သာ စားချင်၊ သောက်ချင်၊ လိုချင်မှု၊ ဒေါသဖြစ်မှု၊ မာနဖြစ်မှုတွေ ဖြစ်ရသည်။ ရုပ်ခန္ဓာချည်း နေလျှင် အပြစ်တစ်စုံတစ်ရာ မရှိဘဲ အေးမြငြိမ်းချမ်းဖွယ် ရှိသည်” ဟူသော သညာစေတသိက်နှင့်တကွ စိတ်၊ စေတသိက် အားလုံး အပေါ်၌ များစွာ အပြစ်မြင်လျက် ပဉ္စမဈာန်ကိုပင် ထပ်ကာထပ်ကာ ဝင်စား၏။ ထိုအခါ ပဉ္စမဈာန်စိတ်သည် သညာ (စိတ် စေတသိက်အားလုံး)ကို စက်ဆုပ်သော “သညာဝိရာဂ ဘာဝနာ” အဖြစ်သို့ ရောက်၏။ ထိုပုဂ္ဂိုလ်စုတေလျှင် သူ့အလိုကျ သညာမရှိသော အသညသတ်ဘုံသို့ ရောက်ရလေသည်။ |
6 | 3 | 2003 | ကာမဂုဏ်ကို စက်ဆုပ်သော ဗြဟ္မာတို့၏နေရာ၌ မရနိုင်သော ရုပ်ကလာပ်တို့ကို ရေးသားပြ၍၊ ဘုရား ရဟန္တာတို့ ပရိနိဗ္ဗာန်စံသည့်အခါ ရအပ်သော နိဗ္ဗာန်၏အမည်ကိုလည်း ဖော်ပြပါ။ | ကာမဂုဏ်ကို စက်ဆုပ်သော ဗြဟ္မာတို့၏နေရာ၌ မရနိုင်သော ရုပ်ကလာပ်တို့မှာ- အသညသတ်ဗြဟ္မာ၌- - (ဇီဝိတနဝကကလာပ်ကြဉ်သော) ကမ္မဇကလာပ ၈-စည်း - စိတ္တဇကလာပ် ၆-စည်း - ဥတုဇကလာပ် ၂-စည်း - အာဟာရဇကလာပ် ၂-စည်း ပေါင်း ကလာပ် ၁၈-စည်း မရနိုင်ကပြါ။ ကြွင်းရူပဗြဟ္မာများ၌ - ကမ္မဇကလာပ် ၅-စည်း (ဃာန၊ ဇိဝှါ၊ ကာယ၊ ဘာဝဒသက) - စိတ္တဇကလာပ် မရှိ - ဥတုဇကလာပ် မရှိ - အာဟာရဇကလာပ် ၂-စည်း ပေါင်း ကလာပ် ရ-စည်း မရနိုင်ကပြါ။ ဘုရား ရဟန္တာတို့ ပရိနိဗ္ဗာန်စံသည့်အခါ ရအပ်သော နိဗ္ဗာန်၏အမည်မှာ- ဝိပါက် ကမ္မဇရုပ် ခန္ဓာကြွင်းမရှိ၊ အဆုံးစွန် ပရိနိဗ္ဗာန်စံမှုဖြစ်သော “ခန္ဓနိဗ္ဗာန်၊ သမ္ပရာယိကနိဗ္ဗာန်တည်းဟူသော အနုပါဒိသေသနိဗ္ဗာန်” ဖြစ်ပါသည်။ |
7 | 3 | 2003 | ဓာတ်(၁၈) ပါး ပြားရခြင်းအကြောင်းကိုဖြေဆို၍ ၎င်းဓာတ် ၁၈-ပါးကိုလည်း (က)ရုပ်ဓာတ်၊ (ခ)နာမ်ဓာတ်၊ (ဂ) ရုပ်နာမ်နှစ်ပါးဆိုင်သော ဓာတ်အားဖြင့် ခွဲခြားပြခဲ့ပါ။ | ဓာတ်(၁၈) ပါးပြားရခြင်းအကြောင်းမှာ- ဒွါရ ၆-ပါး၊ အာရုံ ၆-ပါး၊ ဝိညာဏ် ၆-ပါး ပြားခြင်းကြောင့် ဓာတ် ၁၈-ပါး ပြားရခြင်းဖြစ်ပါသည်။ ၎င်းဓာတ် ၁၈-ပါးကို ခွဲခြားပြရသော်- (က) ရုပ်ဓာတ် ၁။ စက္ခုဓာတ် ၂။ သောတဓာတ် ၃။ ဃာနဓာတ် ၄။ ဇိဝှါဓာတ် ၅။ ကာယဓာတ် ၆။ ရူပဓာတ် ၇။ သဒ္ဒဓာတ် ၈။ ဂန္ဓဓာတ် ၉။ ရသဓာတ် ၁၀။ ဖောဋ္ဌဗ္ဗဓာတ် (ခ) နာမ်ဓာတ် ၁။ စက္ခုဝိညာဏဓာတ် ၂။ သောတဝိညာဏဓာတ် ၃။ ဃာနဝိညာဓာတ် ၄။ ဇိဝှါဝိညာဏဓာတ် ၅။ ကာယဝိညာဏဓာတ် ၆။ မနောဓာတ် ရ။ မနောဝိညာဏဓာတ် (ဂ) ရုပ်နာမ်နှစ်ပါးဆိုင်သောဓာတ် ၁။ ဓမ္မဓာတ် |
8 | 3 | 2003 | ရုပ်တရားသည် နာမ်တရားအား ကျေးဇူးပြုတတ်သော ပစ္စည်းကို ဖော်ပြ၍ ပဋ္ဌာန်း ၂၄-ပစ္စည်းကို အကျဉ်းချုပ်လျှင် ပစ္စည်းပေါင်းမည်မျှရှိသည်ကိုလည်း ရေတွက်ပြပါ။ | ရုပ်တရားသည် နာမ်တရားအား ကျေးဇူးပြုတတ်သောပစ္စည်းများမှာ ပုရေဇာတပစ္စည်း ဖြစ်ပါသည်။ ပုရေဇာတပစ္စည်းဆိုသည်မှာ- (ကမ္ဘာဦးမှ ပေါ်ပေါက်ခဲ့သော နေ လ တို့သည် ယခုတိုင်ထင်ရှားရှိကာ ၎င်းတို့နောက်မှ ဖြစ်ပေါ်လာသော သတ္တဝါတို့အား အလင်းရောင်ပေးကာ ကျေးဇူးပြုသကဲ့သို့) ပစ္စယုပ္ပန်တရားတို့၏ ရှေးဦးစွာ ဖြစ်နှင့်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပုရေဇာတပစ္စည်း မည်ပါသည်။ ပဋ္ဌာန်းပစ္စည်းများကို ထိုက်သလိုသွင်းယူ၍ အကျဉ်းချုပ်လျှင် ပစ္စည်းပေါင်း ၄-ပစ္စည်းရပါသည်။ ၎င်းတို့မှာ- (၁) အတ္တိပစ္စည်း (၂) ဥပနိဿယ ပစ္စည်း (၃) အာရမ္မဏပစ္စည်း (၄) ကမ္မပစ္စည်း တို့ဖြစ်ပါသည်။ |
9 | 3 | 2003 | အောက်ပါယောဂီတို့ အကျိုးရပုံချင်းခြားနားဟန်ကို စိစစ်ပြပါ။ (က) ထွက်လေ ဝင်လေရှုမှတ်နေသော ယောဂီ (ခ) မေတ္တာတရား ပွားများနေသော ယောဂီ | (က) ထွက်လေ ဝင်လေရှုမှတ်နေသော ယောဂီသည် - ရူပပဉ္စမဈာန်ထိ ရနိုင်ပါသည်။ (ခ) မေတ္တာတရား ပွားများနေသော ယောဂီသည် - ရူပစတုတ္ထဈာန်ထိသာ ရနိုင်ပါသည်။ ထို့ကြောင့် ထိုယောဂီတို့၏ အကျိုးရပုံချင်းမှာ ခြားနားကြပါသည်။ |
2 | 4 | 2003 | "ငါသာလျှင် မြတ်၏၊ ငါသာလျှင် တတ်၏ ငါလိုလူ ဇမ္ဗူတွင် မရှိ" ဟု မာန်ထောင်နေသော ပုဂ္ဂိလ်၏ သန္တာန်၌ ဖြစ်သော စေတသိက်ကို သဘောလက္ခဏာနှင့်တကွ ရေး၍ အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံသော စေတသိက်တို့ကိုလည်း အစဉ်လိုက် ရေတွက်ခဲ့ပါ။ | "ငါသာလျှင် မြတ်၏၊ ငါသာလျှင် တတ်၏ ငါလိုလူ ဇမ္ဗူတွင် မရှိ" ဟု မာန်ထောင်နေသော ပုဂ္ဂိလ်၏ သန္တာန်၌ဖြစ်သော စေတသိက်မှာ - "မာနစေတသိက်’" ဖြစ်ပါသည်။ ၎င်းစေတသိက်၏ သဘောလက္ခဏာမှာ - ထောင်လွှားတတ်ကြွခြင်း သဘောဖြစ်ပါသည်။ အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံသော စေတသိက်မှာ - သဗ္ဗစိတ္တသာဓာရဏစေတသိက် ရ-ပါး ဖြစ်ပါသည်။ ၎င်းတို့ကို အစဉ်လိုက် ရေတွက်ပြရသော် - ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ တို့ဖြစ်ပါသည်။ |
5 | 4 | 2003 | စုတေခါနီး၌ ဖြူစင်သောစိတ် ညစ်နွမ်းသောစိတ် နှစ်မျိုးတို့တွင် အဘယ်စိတ်ဖြစ်သည်ကို ရေးသားပြ၍ ရဟန္တာမဖြစ်သေး၍ ဘဝဇာတ်မသိမ်းသေးလျှင် အဘယ်စိတ် တို့သည် အဘယ်ကဲ့သို့ဖြစ်သည်ကိုလည်း ရေးသားပြပါ။ | စုတေခါနီး၌ ဖြူစင်သောစိတ်မှာ- စုတေခါနီးကာလ၌ စိတ်အစဉ်သည် ထင်လာသော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ပါးပါးကို အာရုံပြု၍ ရလတ္တံ့သော ဘဝသစ်ကို ညွှတ်၍နေလေသည်။ ဤစိတ်အစဉ်မှာ - ကုသိုလ်ကံကအကျိုးပေးတော့မည် ဖြစ်လျှင် (ကောင်းသောအာရုံ ထင်လာသောကြောင့် ထိုအာရုံကို အာရုံပြုလျက်) ဖြူစင်သောစိတ် ကုသိုလ်စိတ်အစဉ်ဖြစ်နေ၏။ - အကုသိုလ်ကံက အကျိုးပေးတော့မည်ဖြစ်လျှင် (မကောင်းသောအာရုံထင်လာသောကြောင့် ထိုအာရုံကို အာရုံပြုလျက်) ညစ်နွမ်းသောစိတ် အကုသိုလ်စိတ်အစဉ် ဖြစ်နေ၏။ ထို့ကြောင့် စုတေခါနီးကာလ၌ စိတ်အစဉ်သည် ဖြူစင်သောစိတ်၊ ညစ်နွမ်းသောစိတ် နှစ်မျိုးလုံးမှ တစ်မျိုးမျိုးသည် ဖြစ်နိုင်ပါသည်။ ရဟန္တာမဖြစ်သေး၍ ဘဝဇာတ်မသိမ်းသေးလျှင် ဖြစ်သောစိတ်တို့မှာ - စုတိစိတ်ချုပ်ပြီးသည့် နောက်၌လည်း အသစ်အသစ်သော ပဋိသန္ဓေအစရှိကုန်သော စိတ်တို့သည် ရထား၌ တပ်ထားသော ဘီး၏ လည်ပုံကဲ့သို့ အစဉ်အတိုင်းသာလျှင် အဆက်ဆက် လည်၍ ဖြစ်ကြလေသည်။ ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ ဘဝင် ၀ီထိ စုတိစိတ်တို့သည် အစဉ်အတိုင်းအဆက်ဆက် လည်၍ ဖြစ်သကဲ့သို့ ဘဝတစ်ပါး၌လည်း ဤအတိုင်းပင် အဆက်ဆက် လည်၍ (ရဟန္တာ မဖြစ်မချင်း) ဆက်ဖြစ်ပါသည်။ |
8 | 4 | 2003 | အောက်ပါတို့သည် မည်သည့်သဒ္ဒပညတ်များ ဖြစ်သည်ကို စိစစ်ပြပါ။ (က) ကမ္ဘာ (ခ) ရုပ်နာမ်နှစ်ပါးရှိသော ပုဂ္ဂိုလ် (ဂ) လူ၏အသံ (ဃ) တရားသံ (င) လွှတ်တော် အဆောက်အဦး | (က) ကမ္တာ - ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ကြောင့် အဝိဇ္ဇာမာနပညတ် (ခ) ရုပ်နာမ်နှစ်ပါးရှိသော ပုဂ္ဂိုလ် - ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ကြောင့် အဝိဇ္ဇာမာနေန အဝိဇ္ဇာမာနပညတ် (ဂ) လူ၏အသံ - ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကြောင့် အဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် (ဃ) တရားသံ - ပရမတ္တအားဖြင့် ထင်ရှားမရှိသော အနက်နှင့် ပရမတ္တအားဖြင့်ထင်ရှားမရှိသော အနက်ကြောင့် အဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် |
2 | 5 | 2003 | "နှစ်သက်မှုနှင့် အချစ်ပျက်မှု၊ တဏှာချစ်နှင့် မေတ္တာချစ်" တို့၏ သဘောလက္ခဏာကို ရေးသားခဲ့ပါ။ | နှစ်သက်မှု (ပီတိ) ၏ သဘောလက္ခဏာ - အာရုံကို နှစ်သက်ခြင်း သဘော၊ အချစ်ပျက်မှု (ဒေါသ) ၏ သဘောလက္ခဏာ - ခက်ထန် ကြမ်းတမ်းခြင်း သဘော၊ တဏှာချစ် (လောဘ) ၏ သဘောလက္ခဏာ - အာရုံ၌ တွယ်တာ ကပ်ငြိခြင်းသဘော၊ မေတ္တာချစ် (အဒေါသ) ၏ သဘောလက္ခဏာ - မခက်ထန် မကြမ်းတမ်း အကျိုးလိုလား ချမ်းသာစေခြင်းသဘော၊ |
1 | 1 | 2004 | အဘိဓမ္မာဘာသာ ပထမဆင့် မေးခွန်းလွှာကို ဖတ်ရှုနေသော စာဖြေရှင်မောင်မယ်တို့၏ သန္တာန်၌ ဖြစ်နေသောစိတ်ကို ဖော်ပြ၍ ထိုစိတ်ကို ဝေဒနာ ဟိတ် ကိစ္စ ဒွါရ အာရုံ ဝတ္ထု တို့ဖြင့် ဝေဖန်ပြပါ။ | အဘိဓမ္မာဘာသာ ပထမဆင့် မေးခွန်းလွှာကို ဖတ်ရှုနေသော စာဖြေရှင် မောင်မယ်တို့၏ သန္တာန်၌ ဖြစ်သောစိတ်မှာ - မြင်သိစိတ်ဖြစ်သည့် " အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ်" ဖြစ်ပါသည်။ ထိုစိတ်၏ - ဝေဒနာ ဥပေက္ခာဝေဒနာ - ဟိတ် အဟိတ် - ကိစ္စ ဒဿနကိစ္စ - ဒွါရ စက္ခုဒွါရ (မြဲ) - အာရုံ ပစ္စုပ္ပန်ရူပါရုံ - ဝတ္ထု စက္ခုဝတ္တု တို့ဖြစ်ပါသည်။ |
2 | 1 | 2004 | "စိတ်သွားတိုင်း ကိုယ်ပါ" ဟူသောစကားကဲ့သို့ စိတ်ဖြစ်တိုင်း ပါဝင်လေ့ရှိသော စေတသိက် အမည်များကို ဖော်ပြ၍ ၎င်းစေတသိက်တို့တွင် ရှေ့သုံးပါးတို့၏ လက္ခဏာတို့ကို ရေးခဲ့ပါ။ | "စိတ်သွားတိုင်း ကိုယ်ပါ" ဟူသောစကားကဲ့သို့ စိတ်ဖြစ်တိုင်း ပါဝင်လေ့ရှိသော စေတသိက်အမည်များမှာ - ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ၊ ဟူသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် ရ-ပါး ဖြစ်ပါသည်။ ၎င်းစေတသိက်တို့တွင် ရှေ့သုံးပါးတို့၏ လက္ခဏာတို့ကို ရေးပြရသော် - ဖဿ၏ သဘောလက္ခဏာ - အာရုံကို တွေ့ထိခြင်း သဘော၊ ဝေဒနာ၏ သဘောလက္ခဏာ - အာရုံ၏ အရသာကို ခံစားခြင်း သဘော၊ သညာ၏ သဘောလက္ခဏာ - အာရုံကို မှတ်သားခြင်းသဘော ဖြစ်ပါသည်။ |
3 | 1 | 2004 | “ခံစားမှု ကိုယ်စီရှိကြသည်”ဟူသောစကား၌ “ခံစားမှု”ဟူသည် မည်သည့်တရားကို ခေါ်ပါသနည်း။ ထိုတရားသည် အဘယ်နည်းအားဖြင့် ဘယ်နှစ်ပါး ပြားပါသနည်း။ ပြည့်စုံစွာ ဖော်ပြပါ။ | “ခံစားမှု ကိုယ်စီရှိကြသည်”ဟူသောစကား၌ “ခံစားမှု”ဟူသည် - “ဝေဒနာစေတသိက်”တရားကို ခေါ်ပါသည်။ ထိုဝေဒနာသည်- အာရမ္မဏာနုဘဝနလက္ခဏဘေဒနည်း (၁) သုခဝေဒနာ (၂) ဒုက္ခဝေဒနာ (၃) အဒုက္ခ- မသုခဝေဒနာ ဣန္ဒြိယဘေဒနည်း (၁) သုခဝေဒနာ (၂) ဒုက္ခဝေဒနာ (၃) သောမနဿဝေဒနာ (၄) ဒေါမနဿဝေဒနာ (၅) ဥပေက္ခာဝေဒနာ အာရမ္မဏာနုဘဝနလက္ခဏဘေဒနည်းအရ - (၃)ပါး၊ ဣန္ဒြိယဘေဒနည်းအရ- (၅) ပါး ပြားပါသည်။ |
4 | 1 | 2004 | ရူပါရုံကို စက္ခုပသာဒနှင့် စက္ခုဝိညာဏ်တို့တွင် အဘယ်က မြင်သည်ကို ဆုံးဖြတ်ပြ၍၊ ၀ီထိစိတ် လုံးဝမဖြစ်သော ၀ီထိကိုလည်း ၀ါရအမည်နှင့် တွဲစပ်ဖော်ပြပါ။ | ရူပါရုံကို စက္ခုဝိညာဏ်ကသာ မြင်နိုင်ပါသည်။ စက္ခုပသာဒရုပ်သည် အာရုံကိုမယူနိုင်သော အနာရမ္မဏတရားဖြစ်သောကြောင့် (တစ်နည်း) ရုပ်၏ကန်းသည်အဖြစ်ကြောင့် မမြင်နိုင်ခြင်း ဖြစ်ပါသည် ၀ီထိစိတ် လုံးဝမဖြစ်သော ၀ီထိမှာ- အတိပရိတ္တာရုံဝီထိ၊ မောဃဝါရ ဖြစ်ပါသည်။ |
5 | 1 | 2004 | ကုသိုလ်ကောင်းမှုပြုခွင့် များစွာမရသော ဘုံသားများကို ဖော်ပြ၍ သန္ဓေကန်းသူ မကန်းသူတို့ လူချင်းတူပါလျက် ဘဝအစ ပဋိသန္ဓေစိတ်ချင်း မတူပုံကိုလည်း ရေးသားပြပါ။ | ကုသိုလ်ကောင်းမှုပြုခွင့် များစွာမရသော ဘုံသားများမှာ- အပါယ် ၄-ဘုံသားများဖြစ်သော ငရဲသား၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တို့ဖြစ်ကြပါသည်။ သန္ဓေကန်းသူ မကန်းသူတို့ လူချင်းတူပါလျက် ဘဝအစပဋိသန္ဓေစိတ်ချင်း မတူပုံ လူချင်းတူ ပါသော်လည်း သန္ဓေကန်းသူသည် - ဒွိဟိတ်သြမကကံကြောင့် ဘဝအစ ပဋိသန္ဓေအခါ၌ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ၁-ပါးဖြင့် လူဖြစ်၏။ သန္ဓေမကန်းသူသည်- တိဟိတ်ဥက္ကဋ္ဌကံ၊ တိဟိတ်သြမကကံ၊ ဒွိဟိတ်ဥက္ကဋ္ဌကံတို့ကြောင့် ဘဝအစပဋိသန္ဓေအခါ၌ မဟာဝိပါက်စိတ် ၈-ပါးမှ တစ်ပါးပါးဖြင့် လူဖြစ်၏။ ထို့ကြောင့် သန္ဓေကန်းသူ မကန်းသူတို့ လူချင်းတူပါလျက် ဘဝအစပဋိသန္ဓေစိတ်ချင်း မတူကြခြင်း ဖြစ်ပါသည်။ |
6 | 1 | 2004 | မခွဲမခွာ အမြဲသာ ကွဲကာနေသောရုပ်တို့ကို ဖော်ပြ၍ “ကံသာမူလ ပဓာန”ဟုဆိုကြရာ ထိုကံဟူသော အများပြောစကားကို တရားသဘောအရ တိကျစွာ ကောက်ပြပါ။ | မခွဲမခွာ အမြဲသာ ကွဲကာနေသောရုပ်တို့မှာ- “အဝိနိဗ္ဗောဂရုပ်” ၈-ပါးဖြစ်သော (မဟာဘုတ် ၄-ပါး၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇရုပ်) တို့ဖြစ်ပါသည်။ လောကလူသား အသုံးများသည့် “ကံတရားပေါ့”ဟူသော စကားအပြောကို တရားသဘောသို့သွင်းပြရသော်- ကုသိုလ်၊ အကုသိုလ်စေတနာတို့ကို ကံ-ဟူ၍ သတ်မှတ် ခေါ်ဆိုကြပါသည်။ သို့ဖြစ်၍- - အကုသိုလ်စေတနာ ၁၂-ပါး၊ - ကာမကုသိုလ် စေတနာ ၈-ပါး၊ - ရူပကုသိုလ်စေတနာ ၅-ပါး၊ - အရူပ ကုသိုလ်စေတနာ ၄-ပါး၊ - လောကုတ္တရာ ကုသိုလ်စေတနာ ၄-ပါးတို့သည် ကံတရားများ ဖြစ်ကြပါသည်။ ဤတွင်- (၁) အကုသိုလ်စေတနာ ၁၂-ပါး၊ ကာမကုသိုလ် စေတနာ ၈-ပါးတည်းဟူသော ကာမကံသည် ကာမ ၁၁-ဘုံသို့ ပဋိသန္ဓေ၊ ပဝတ္တိကျိုးပေးတတ်ပါသည်။ (၂) ရူပကုသိုလ်စေတနာ ၅-ပါး၊အရူပကုသိုလ် စေတနာ ၄-ပါးတည်းဟူသော မဟဂ္ဂုတ်ကံသည် ရူပ၊ အရူပဗြဟ္မာဘုံ (၂၀) ဌာနများသို့ ပဋိသန္ဓေ၊ ပဝတ္တိကျိုး ပေးနိုင်ပါသည်။ (၃) လောကုတ္တရာကုသိုလ်တည်းဟူသော မဂ်ကုသိုလ် စေတနာမှာမူ- ဘုံဌာနများသို့ ပဋိသန္ဓေ၊ ပဝတ္တိကျိုး ပေးနိုင်ခြင်း မရှိပါ။ ဤကံတရားများအနက် ရုပ်တရား (ကမ္မဇရုပ်)များကို ဖြစ်စေနိုင်သော ကံမှာမူ- နာနာက္ခဏိက (အတိတ်) အကုသိုလ်၊ ကာမကုသိုလ်၊ ရူပကုသိုလ်စေတနာ ၂၅-ပါးသာလျှင် ဖြစ်ပါသည်။ |
7 | 1 | 2004 | “ပရမတ်အစစ် ဓာတ်အနှစ်” ဟူသော စကားအရ ကိုယ်စီကိုယ်င ကိုယ်ပိုင်လက္ခဏာ ရှိကြသော ပရမတ်အစစ်တရားတို့ကို ကောက်ပြ၍ ဈာနင် (၇)ပါး ကိုလည်း ကုသိုလ်၊ အကုသိုလ်၊ အဗျာကတဈာနင်အားဖြင့် ခွဲခြားပြပါ။ | ပရမတ်အစစ်တရားတို့မှာ- - စိတ် ၁-ပါး - စေတသိက် ၅၂-ပါး - နိပ္ဖန္နရုပ် ၁၈-ပါး - နိဗ္ဗာန် ၁-ပါး ပေါင်း ရ၂-ပါး ဟူသော ဝတ္တုဓမ္မာ ပရမတ္တဓမ္မတရား တို့ ဖြစ်ကြပါသည်။ ဈာနင် (၇) ပါးတို့ကို ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ ဈာနင်အားဖြင့်ခွဲခြားပြရသော်- အကုသိုလ်ဈာနင် (၁)ဝိတက်ဈာနင် (၂) ဝိစာရစျာနင် (၃) ပီတိစျာနင် (၄) ဧကဂ္ဂတာစျာနင် (၅) သောမနဿစျာနင် (၆) ဒေါမနဿစျာနင် (၇) ဥပေက္ခာစျာနင် ကုသိုလ်ဈာနင်နှင့် အဗျာကတဈာနင်တို့မှာ (၁)ဝိတက်ဈာနင် (၂) ဝိစာရစျာနင် (၃) ပီတိစျာနင် (၄) ဧကဂ္ဂတာစျာနင် (၅) သောမနဿစျာနင် (၆) ဥပေက္ခာစျာနင် တို့ဖြစ်ကြသည်။ ထိုဈာနင်တို့သည် ကုသိုလ်စိတ်၌ယှဉ်ခိုက် ကုသိုလ်ဈာနင်၊ အကုသိုလ်စိတ်၌ ယှဉ်ခိုက် အကုသိုလ်ဈာနင်၊ အဗျာကတစိတ်၌ယှဉ်ခိုက် အဗျာကတဈာနင် ဟုထိုက်သလိုဖြစ်ကြ၏။ အထူးမှာ - ဒေါမနဿဈာနင်သည် အကုသိုလ်စိတ်၌သာ ယှဉ်သောကြောင့် အကုသိုလ်ဈာနင် သက်သက်သာဖြစ်၏။ |
8 | 1 | 2004 | နိဗ္ဗာန်သည် အကြောင်း (ပစ္စည်း) တရားလော၊ အကျိုး(ပစ္စုပ္ပန်) တရားလော ပစ္စည်းပိုင်းအမြင်ဖြင့် ဖြေဆို၍၊ ဇာတိ၏ အကျိုးရင်း၊ အကျိုးဆက် တို့ကိုလည်း ခွဲခြားဖြေဆိုပါ။ | နိဗ္ဗာန်သည်ပစ္စည်းပိုင်းအမြင်ဖြင့် အကြောင်း (ပစ္စည်း) တရားဖြစ်ပါသည်။ အကြောင်းမှာ- အသင်္ခတရားဖြစ်သော နိဗ္ဗာန်သည် ပစ္စယုပ္ပန် အကျိုးတရားတို့အား အာရမ္မဏသတ္တိ စသည်တို့ဖြင့် ကျေးဇူးပြုနိုင်သောကြောင့် နိဗ္ဗာန်သည် အကြောင်း(ပစ္စည်း) တရားဖြစ်ရခြင်းဖြစ်ပါသည်။ ဇာတိ၏ အကျိုးရင်း - ဇရာ-မရဏ (ဇရာနှင့်မရဏတို့သည် ဇာတိဖြစ်လျှင် မုချဖြစ်ရသောကြောင့် ဇာတိ၏ အကျိုးရင်းတရားဖြစ်ရခြင်း ဖြစ်ပါသည်။) ဇာတိ၏ အကျိုးဆက် - သောက၊ ပရိဒေဝ၊ ဒုက္ခ ဒေါမနဿ၊ ဥပါယာသ (သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတရားတို့ကား ဇာတိကြောင့် ဖြစ်သော်လည်း ဗြဟ္မာနှင့် အချို့သော နတ်လူများ၌ ဖြစ်လေ့မရှိသောကြောင့် အကျိုးရင်း မဟုတ် အကျိုးဆက်တရားသာ ဖြစ်ပါသည်။) |
9 | 1 | 2004 | မောဟစရိုက်ရှိသူ၊ ဝိတက်စရိုက်ရှိသူတို့နှင့်သင့်လျော်သော ကသိုဏ်းဝန်းကို ခွဲခြားဖြေဆို၍ ဗြဟ္မဝိဟာရတရား ၄-ပါးတို့၏ အာရုံကိုလည်း ဖြေဆိုပါ။ | မောဟစရိုက်ရှိသူတို့နှင့်သင့်လျော်သော ကသိုဏ်းဝန်းမှာ -ကောက်နယ်တလင်းခန့် ပမာဏရှိသော ကြီးမားသော ကသိုဏ်းဝန်း ဖြစ်ပါသည်။ ဝိတက်စရိုက်ရှိသူတို့နှင့် သင့်လျော်သော ကသိုဏ်းဝန်းမှာ - တစ်ထွာနှင့်လက်လေးသစ် (တစ်ပေခန့်) ပမာဏရှိသော အိုးဝ၊ ခွက်ဝ၊ ဆန်ကောမျှ ပမာဏ ရှိသော သေးငယ်သည့် ကသိုဏ်းဝန်း ဖြစ်ပါသည်။ ဗြဟ္မဝိဟာရတရား ၄-ပါးတို့၏ အာရုံမှာ - သုခိတ၊ ဒုက္ခိတ သတ္တဝါပညတ် အာရုံ ဖြစ်ပါသည်။ |
1 | 2 | 2004 | "ကောင်းမှုပြုလုပ်က ကောင်းကျိုးခံစားရ၏ မကောင်းမှုပြုလုပ်က မကောင်းကျိုးခံစားရ၏" ဟူသော စကား၌ ကောင်းကျိုး မကောင်းကျိုးဟု ခေါ်ဆိုရသောစိတ်တို့ကို သိသာရုံမျှ ဖော်ပြပါ။ | "ကောင်းကျိုးပြုလုပ်က ကောင်းကျိုးခံစားရ၏၊ မကောင်းကျိုးပြုလုပ်က မကောင်းကျိုး ခံစားရ၏" ဟူသောစကား၌ ကောင်းကျိုးဟု ခေါ်ဆိုရသော စိတ်မှာ - အဟိတ်ကုသလဝိပါက်စိတ် ၈ပါး - မဟာဝိပါက်စိတ် ၈ပါး - မဟဂ္ဂုတ်ဝိပါက်စိတ် ၉ပါး - လောကုတ္တရာဝိပါက်စိတ် ၄ပါး (အကျဉ်း) / ၂၀ပါး (အကျယ်) မကောင်းကျိုးဟု ခေါ်ဆိုရသော စိတ်မှာ - အကုသလဝိပါက်စိတ် ရပါး တို့ဖြစ်ပါသည်။ |
2 | 2 | 2004 | အရပ်တစ်ပါးရှိ မိဘ၊ မောင်နှမ၊ ဆွေမျိုးများကို အောက်မေ့လွမ်းဆွတ်သူ၏ သန္တာန်၌ဖြစ်သော စေတသိက်သည် (က) သတိ စေတသိက် ဟုတ်\ မဟုတ် (ခ) မည်သည့်စေတသိက်ဖြစ်သည်၊ (ဂ) ၎င်းစေတသိက်၌ ယှဉ်နိုင်သမျှသောစိတ်ကို ဖော်ပြပါ။ | (က) သတိ စေတသိက် မဟုတ်ပါ။ (ခ) သညာစေတသိက်ဖြစ်သည်၊ (ဂ) ၎င်းစေတသိက်၌ ယှဉ်နိုင်သမျှသောစိတ်မှာ - စိတ်အကျဉ်း (၈၉)ပါး၊ အကျယ် (၁၂၁) ပါးဖြစ်၍၊ လွမ်းဆွတ်ခိုက် - လောဘမူစိတ် (၈)ပါးနှင့် - ဒေါသမူစိတ် (၂) ပါး အသီးသီးဖြစ်နိုင်ပါသည်။ |
3 | 2 | 2004 | ဟိတ်နှင့်တကွဖြစ်သောတရားတို့ကို ဇာတိဘေဒ (ဇာတ်အပြား)၊ ဘူမိဘေဒ (ဘုံအပြား) တို့ဖြင့် ဝေဖန်ပြပါ။ | ဟိတ်နှင့်တကွဖြစ်သောတရားတို့ကို ဇာတိဘေဒ (ဇာတ်အပြား)တို့ဖြင့် ဝေဖန်ပြရသော်- အကုသိုလ်စိတ်= ၁၂-ပါး ကုသိုလ်စိတ်= ၂၁-ပါး အကျယ် ၃၇-ပါး ဝိပါက်စိတ်= ၂၁-ပါး အကျယ် ၃၇-ပါး ကြိယာစိတ်= ၁၇-ပါး = ရ၁-ပါး အကျယ် ၁၀၃-ပါး ဘူမိဘေဒ( ဘုံအပြား) အားဖြင့် ဝေဖန်ပြရသော်- ကာမာဝစရစိတ်= ၃၆-ပါး ရူပါဝစရစိတ်= ၁၅-ပါး အရူပါဝစရစိတ်= ၁၂-ပါး လောကုတ္တရာစိတ်= ၈-ပါး အကျယ် ၄၀-ပါး = ရ၁-ပါး အကျယ် ၁၀၃-ပါး |
4 | 2 | 2004 | ရဟန္တာပုဂ္ဂိုလ်၏သန္တာန်၌ ဥပစာရသမာဓိဇော အဖြစ်ဖြင့် စောခွင့်ရှိသောဇော၊ စောခွင့်မရှိသော ဇောတို့ကို ခွဲခြားပြ၍၊ စောခွင့်ရှိသောဇောနောင် နှောင်းနိုင်သော အပ္ပနာဇောတို့ကို အတိအကျ ဖော်ပြပါ။ | ရဟန္တာပုဂ္ဂိုလ်၏သန္တာန်၌ ဥပစာရသမာဓိဇော အဖြစ်ဖြင့် စောခွင့် ရှိသောဇောမှာ - ကာမတိဟိတ် ကြိယာဉာဏ သမ္ပယုတ်ဇော ၄-ပါး စောခွင့် မရှိသောဇောမှာ - ကာမတိဟိတ် ကြိယာဉာဏ ဝိပ္ပယုတ်ဇော ၄-ပါး တို့ဖြစ်ပါသည်။ ကာမတိဟိတ် ကြိယာဇော ၄-ပါးနောင် နှောင်းနိုင်သော အပ္ပနာဇောမှာ- - မဟဂ္ဂုတ်ကြိယာဇော ၉-ပါး - အရဟတ္တဖိုလ်ဇော ၅-ပါး ပေါင်း အပ္ပနာဇော- ၁၄-ပါး ဖြစ်ပါသည်။ |
5 | 2 | 2004 | ကိုယ်လည်းမလှုပ် နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသောအမှုတို့ကို ဖော်ပြ၍၊ ဒါနအရ ပရမတ္ထတရား ကိုယ်ကိုလည်းကောက်ပြပါ။ | ကိုယ်လည်းမလှုပ် နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသောအမှုတို့မှာ - မနောကံ ဖြစ်၏။ မနော ဒုစရိုက် ၃-ပါးဖြစ်သော -အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ နှင့် မနောသုစရိုက် ၃-ပါးဖြစ်သော - အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ တို့ဖြစ်ပါသည်။ ဒါနအရ ပရမတ္ထတရား ကိုယ်မှာ- “ မဟာကုသိုလ် စေတနာ ၈-ပါး” ဖြစ်ပါသည်။ |
6 | 2 | 2004 | နှလုံးသည် စိတ်ကြောင့်ဖြစ်သည်ဟု ဆိုလျှင် လက်ခံသင့် မသင့် စိစစ်ပြ၍ အဖွဲ့အစည်း အစိတ်အပိုင်းတွင် မပါဝင်သော ရုပ်တို့ကိုလည်း အကြောင်းနှင့်တကွ ဖြေပြပါ။ | နှလုံး(ဟဒယဝတ္ထုရုပ်)သည် စိတ်ကြောင့်ဖြစ်သည်ဟု ဆိုလျှင် လက်ခံရန် မသင့်ပါ။ အကြောင်းမှာ - ထိုဟဒယဝတ္ထုရုပ်သည် ကံကြောင့်ဖြစ်သော ကမ္မဇဧကန်ရုပ် ဖြစ်သောကြောင့် ဖြစ်ပါသည်။ အဖွဲ့အစည်း(ကလာပ်) စာရင်းထဲ မပါဝင်သောရုပ်တို့မှာ- “ကလာပ်ဝိမုတ်ရုပ် ၅-ပါး”ဖြစ်သော - အာကာသဓာတ် ပရိစ္ဆေဒရုပ် (၁)ပါးနှင့် - လက္ခဏရုပ်(၄)ပါးတို့ ဖြစ်ပါသည်။ - အာကာသဓာတ်ပရိစ္ဆေဒရုပ်သည် ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှသာ ဖြစ်ခြင်းကြောင့်လည်းကောင်း - လက္ခဏရုပ် ၄-ပါးတို့သည် ရုပ်ကလာပ်တို့၏ ဖြစ်၊တည်၊ ပျက် သဘော လက္ခဏာမျှသာ ဖြစ်ခြင်းကြောင့်လည်းကောင်း ကလာပ်စည်းဖွဲ့ရာတွင် မပါဝင်သော ကလာပ်ဝိမုတ်ရုပ် ဖြစ်ရခြင်း ဖြစ်ပါသည်။ |
7 | 2 | 2004 | အောက်ပါတရားများကို ဖြေဆိုပါ။ (က) ဒုစရိုက်သမားတို့၏ လက်သုံးဖြစ်သော မဂ္ဂင်လေးပါး (ခ)ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားများ၏ စွမ်းအင်နှစ်ပါး | (က) ဒုစရိုက်သမားတို့၏ လက်သုံးဖြစ်သော မဂ္ဂင်လေးပါးမှာ- မိစ္ဆာမဂ္ဂင် ၄-ပါး ဖြစ်သော ၁။ မိစ္ဆာဒိဋ္ဌိမဂ္ဂင်၊ ၂။ မိစ္ဆာသင်္ကပ္ပမဂ္ဂင်၊ ၃။ မိစ္ဆာဝါယာမ၊ ၄။ မိစ္ဆာသမာဓိမဂ္ဂင် တို့ဖြစ်ပါသည်။ (ခ)ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားများ၏ စွမ်းအင်နှစ်ပါးမှာ- အဟိရိကဗိုလ်၊ အနောတ္တပ္ပဗိုလ် တို့ဖြစ်ပါသည်။ |
8 | 2 | 2004 | ကျန်းမာသက်ရှည်ရေးအတွက် အရေးကြီးသော ပစ္စည်းသည် မည်သည့်ပစ္စည်းဖြစ်ပါသနည်း၊ ဖြေဆို၍ အတ္ထိပစ္စည်း ၅-မျိုးကိုလည်း ရေတွက်ပြပါ။ | ကျန်းမာသက်ရှည်ရေးအတွက် အရေးကြီးသော ပစ္စည်းသည် အာဟာရပစ္စည်းဖြစ်ပါသည်။ အကြောင်းမှာ - အာဟာရ ၄-ပါးသည် ပစ္စုပ္ပန်ဖြစ်ကြကုန်သော ရုပ်နာမ်တရားတို့အား ထောက်ပံ့ ခိုင်စေတတ်သည့်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ဖြစ်ပါသည်။ အတ္တိပစ္စည်း ၅-မျိုးမှာ- (၁) သဟဇာတတ္တိ (၂) ပုရေဇာတတ္တိ (၃) ပစ္ဆာဇာတတ္တိ (၄) အာဟာရတ္တိ (၅) ဣန္ဒြိယတတ္တိ |
9 | 2 | 2004 | ရုပ်နာမ်ဖြစ်ပျက်ကို အဆက်မပြတ် တရစပ် ရှုမှတ် နေသော ယောဂီပုဂ္ဂိုလ်အား ဖြစ်ပေါ်လာတတ်သော ဘေးရန်များကို ဖြေဆို၍ မဂ်ရခါနီးဖြစ်သော ဝိပဿနာစိတ်တို့၏ အာရုံကိုလည်း ဖြေဆိုပါ။ | ရုပ်နာမ်ဖြစ်ပျက်ကို အဆက်မပြတ် တရစပ် ရှုမှတ်နေသော ယောဂီပုဂ္ဂိုလ်အား ဖြစ်ပေါ်လာတတ်သော ဘေးရန်များမှာ (၁) သြဘာသ (၂) ပီတိ (၃) ပဿဒ္ဓိ (၄) အဓိမောက္ခ (၅) ပဂ္ဂဟ (၆) သုခ (၇) ဉာဏ (၈) ဥပဋ္ဌာန (၉) ဥပေက္ခာ (၁၀) နိကန္တိ တို့ဖြစ်ပါသည။် မဂ်ရခါနီးဖြစ်သော ဝိပဿနာစိတ်တို့၏ အာရုံမှာ- (၁) ဘဝင်္ဂစလနနှင့် ဘဝင်္ဂုပစ္ဆေဒတို့၏ အာရုံ ကံ၊ ကမ္မ၊ ဂတိနိမိတ် ၃-ပါး အနက် ၁-ပါးပါး (၂) မနောဒ္ဓါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၏ အာရုံ တေဘူမကသင်္ခါရတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ၊ (၃) ဂေါတြဘူစိတ်၏ အာရုံ=နိဗ္ဗာန် |
1 | 3 | 2004 | "စိတ်ကောင်းရှိက ချမ်းသာရ" ဟူသော စကား၌ " စိတ်ကောင်း" ဟုခေါ်ဆိုရသော တရားတို့ကို ရေတွက်ပြ၍ ဘဝတစ်ခု၏ အစဆုံးနှင့် နောက်ဆုံးဖြစ်သော စိတ်တို့ကို သိသာရုံမျှ ဖော်ပြပါ။ | "စိတ်ကောင်းရှိက ချမ်းသာရ" ဟူသောစကား၌ "စိတ်ကောင်း" ဟုခေါ်ဆိုရသော တရားတို့ကို ရေတွက်ပြရသော် သောဘနစိတ် ၅၉/၉၁ ပါးဖြစ်သော - ကာမသောဘနစိတ် ၂၄ပါး - ရူပါဝစရစိတ် ၁၅ပါး - အရူပါဝစရစိတ် ၁၂ပါး - လောကုတ္တရာစိတ် ၈ပါး/ ၂၀ပါး ပေါင်း သောဘနစိတ် ၅၉ပါး/၉၁ပါး တို့ ဖြစ်ပါသည်။ ဘဝတစ်ခု၏ အစဆုံးဖြစ်သော စိတ်မှာ - ပဋိသန္ဓေစိတ် ၁၉ ပါး ဖြစ်ပါသည်။ ဘဝတစ်ခု၏ နောက်ဆုံးဖြစ်သောစိတ်မှာ - စုတိစိတ် ၁၉ ပါး ဖြစ်ပါသည်။ |
2 | 3 | 2004 | (က) ဝီရိယနှင့်သာ ယှဉ်၍ ပီတိနှင့် မယှဉ်သော အဟိတ်စိတ်၊ (ခ) ဝီရိယ၊ ပီတိ နှစ်ပါးစုံယှဉ်သော အဟိတ်စိတ်တို့ကို ဖော်ပြပါ။ | (က) ဝီရိယနှင့်သာ ယှဉ်၍ ပီတိနှင့် မယှဉ်သော အဟိတ်စိတ်မှာ - " မနောဒွါရာဝဇ္ဇန်း" ဖြစ်ပါသည်။ (ခ) ဝီရိယ၊ ပီတိ နှစ်ပါးစုံ ယှဉ်သော အဟိတ်စိတ်မှာ - "ဟသိတုပ္ပါဒ်စိတ် " ဖြစ်ပါသည်။ |
3 | 3 | 2004 | “လူတိုင်းမှာ တာဝန်(ကိစ္စ) ကိုယ်စီနဲ့” ဟူသည်နှင့်အညီ စိတ်တိုင်းမှာလည်း တာဝန်ကိုယ်စီရှိကြရာ အခြေအမြစ်မရှိသောစိတ်တို့ကို ၎င်းတို့ပြုလုပ်သော တာဝန်နှင့်တကွ ဖော်ပြပါ။ | “လူတိုင်းမှာ တာဝန်(ကိစ္စ) ကိုယ်စီနဲ့” ဟူသည်နှင့်အညီ စိတ်တိုင်းမှာလည်း တာဝန်ကိုယ်စီရှိကြရာ အခြေအမြစ်မရှိသောစိတ်တို့ကို၎င်းတို့ပြုလုပ်သော တာဝန်နှင့်တကွ ဖော်ပြရသော်- အဟိတ်စိတ် ၁၈-ပါးတာဝန်(ကိစ္စ) (၁) စက္ခုဝိညာဉ်ဒွေ - ဒဿနကိစ္စ (၂) သောတဝိညာဉ်ဒွေ - သဝနကိစ္စ (၃) ဃာနဝိညာဉ်ဒွေ - ဃာယနကိစ္စ (၄) ဇိဝှါဝိညာဉ်ဒွေ - သာယနကိစ္စ (၅) ကာယဝိညာဉ်ဒွေ - ဖုသနကိစ္စ (၆) သမ္ပဋိစ္ဆိုင်းဒွေ - သမ္ပဋိစ္ဆိုင်းကိစ္စ (၇) ဥပေက္ခာသန္တိရဏ-၂ - ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ၊ သန္တီရဏကိစ္စ၊ တဒါရုံကိစ္စ (၈) သောမနဿသန္တီရဏ ၁ - သန္တီရဏကိစ္စ၊ တဒါရုံကိစ္စ (၉) မနောဒွါရာဝဇ္ဇန်း - အာဝဇ္ဇန်းကိစ္စ၊ ၀ုဋ္ဌောကိစ္စ (၁၀) ပဉ္စဒွါရာဝဇ္ဇန်း - အာဝဇ္ဇန်းကိစ္စ (၁၁) ဟသိတုပ္ပါဒ်စိတ် - ဇောကိစ္စ |
4 | 3 | 2004 | နိရောဓသမာပတ် ဝင်စားခြင်း၊နိရောဓသမာပတ်မှ ထခြင်းဟူသော စကားနှစ်ရပ်အဓိပ္ပာယ်ကို သိသာအောင် ရှင်းပြ၍၊ ကောင်းဆိုနှစ်တန် ဇောအဖန်ဖန် မဖြစ်သောပုဂ္ဂိုလ်ကိုလည်း ဖော်ပြပါ။ | နိရောဓသမာပတ် ဝင်စားခြင်းဆိုသည်မှာ- စိတ်၊ စေတသိက်၊ စိတ္တဇရုပ်များ အခိုက်အတန့်မျှ ကောင်းစွာချုပ်ငြိမ်းနေခြင်းကို ဆိုလိုပါသည်။ နိရောဓသမာပတ်မှ ထခြင်းဆိုသည်မှာ- အဓိဋ္ဌာန်ထားသောကာလစေ့၍ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ ဖြစ်ပေါ်လာခြင်းကို နိရောဓသမာပတ်မှထသည်ဟု ခေါ်ပါသည်။ ထိုအခါ အနာဂါမ်ဖြစ်က အနာဂါမိဖိုလ် ဇောတစ်ကြိမ်၊ ရဟန္တာဖြစ်က အရဟတ္တဖိုလ်ဇော တစ်ကြိမ် စောပြီးနောက်ဘဝင်ကျလေတော့သည်။ ကောင်းဆိုနှစ်တန် ဇောအဖန်ဖန် မဖြစ်သောပုဂ္ဂိုလ်မှာ - ရဟန္တာပုဂ္ဂိုလ်ဖြစ်ပါသည်။ ရဟန္တာပုဂ္ဂိုလ်တို့သည် အဝိဇ္ဇာနှင့် တဏှာ တည်းဟူသော ၀ဋ်မြစ်နှစ်ပါးကို အမြစ်ပြတ်ပယ်သတ်ပြီးဖြစ်၍ အကုသိုလ်ဇောနှင့် ကုသိုလ်ဇောများ မဖြစ်တော့သောကြောင့် ဖြစ်ပါသည်။ |
5 | 3 | 2004 | ကုသိုလ်ပြုစဉ် ကံကျိုးမြင်၍ ဉာဏ်ယှဉ်သော ကုသိုလ်ကို ပဋိသန္ဓေကျိုးနှင့် တွဲစပ်ကာ ဖော်ပြ၍ မိမိနှင့်တူသောအကျိုးကိုသာ ပေးတတ်သော ကံကိုလည်း တိကျစွာ ဖော်ပြပါ။ | ကုသိုလ်ပြုစဉ် ကံကျိုးမြင်၍ ဉာဏ်ယှဉ်သော ကုသိုလ် (တိဟိတ်ဥက္ကဋ္ဌ မဟာကုသိုလ်) စေတနာသည် ပဋိသန္ဓေအခါ ကာမသုဂတိ ရ-ဘုံ၌ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄-ပါးကို ဖြစ်စေပါသည်။ အမှန်တကယ် မိမိနှင့်တူသော ကောင်းကျိုးကိုသာ ပေးသော ကုသိုလ်ကံမှာ - မဟဂ္ဂုတ်ကုသိုလ်ကံ ၉-ပါးတို့ ဖြစ်ပါသည်။ |
6 | 3 | 2004 | အဘယ်ကို ကလလရေကြည်ခေါ်သည်ကို ဖော်ပြ၍၊ ရုပ်တို့၏ ဖြစ်ပျက်ပုံကို ဌာန၊ ကာလအားဖြင့် ခွဲခြားပြပါ။ | ကလလရေကြည် ဆိုသည်မှာ- ယခုဖွားစဖြစ်သော သိုး၏အမွေး (သို့) ဟိမဝန္တာတော၌ သိမ်မွေ့သော ဧဏီမည်သော သားကောင်၏ အမွေး တစ်ချောင်းကို ကြည်လင်သော ဆီ၌နှစ်၍ ဆယ်ယူသောအခါ အမွေးဖျား၌ ငြိကပ်နေသော ဆီပေါက်ပမာဏ ရှိ၏။ အလွန်ကြည်လင်၏။ ယင်းသေးငယ်လှသော ကလလရေကြည်၌ (ကာယ၊ ဘာဝ၊ ဝတ္ထု ကမ္မဇကကလာပ် ၃-စည်း) ရုပ်ပေါင်း ၃၀-နှင့် ပဋိသန္ဓေစိတ်၊ စေတသိက် ခန္ဓာ ၅-ပါးတို့သည် တကွဖြစ်ကြပါသည်။ (နပုံးတို့၌ ဘာဝဒသကကလာပ်ကို မရကပြါ။) ရုပ်တို့၏ ဖြစ်ပျက်ပုံကို ဋ္ဌာန၊ ကာလအားဖြင့် ခွဲခြားပြရသော်- ရုပ်လေးပါးတို့၏ဖြစ်ပုံ ( ပဉ္စဝေါကာရ ၂၆-ဘုံ) -ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ ပဋိသန္ဓေ၊ ပဝတ္တိအခါ ခဏတိုင်းခဏတိုင်း ဖြစ်ကုန်၏။ - ဥတုဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဌီကာလမှစ၍ ဖြစ်ကုန်၏။ - စိတ္တဇရုပ်တို့သည် ပထမဘဝင်မှစ၍ ဖြစ်ကုန်၏။ - အာဟာရဇရုပ်တို့သည် သြဇာ၏ နှံ့သောကာလမှစ၍ ဖြစ်ကုန်၏။ (ရူပဘုံ၌ မဖြစ်ပါ)။ ဤသို့ အကြောင်း ၄-ပါးကြောင့်ဖြစ်သော ရုပ်ကလာပ်တို့၏ အစဉ်သည် ဆီမီးလျှံကဲ့သို့လည်းကောင်း၊ မြစ်ရေအယဉ်ကဲ့သို့လည်းကောင်း အသက်ရှည်သမျှ ကာလပတ်လုံး အစဉ်အဆက်မပြတ်ဖြစ်၏။ -အသညသတ်ဗြဟ္မာတို့၌ ပဋိသန္ဓေအခါမှစ၍ ဇီဝိတနသကကလာပ် (၁) စည်းနှင့် ပဝတ္တိအခါ ဥတုဇကလာပ် (၂)စည်း တို့ဖြစ်ကြကုန်၏။ ရုပ်လေးပါးတို့၏ ချုပ်ပျက်ပုံ - ကမ္မဇရုပ်တို့သည် စုတိစိတ်မှ ပြန်၍ရေသော် ၁၇-ချက်မြောက်သောစိတ်၏ ဌီကာလမှစ၍ အသစ်မဖြစ်တာ့ဘဲ စုတိစိတ်နှင့် ပြိုင်၍ချုပ်၏။ - စိတ္တဇရုပ်တို့သည် စုတိစိတ်ချုပ်ပြီးနောက် စိတ္တက္ခဏ ၁၆-ချက်၊ ခဏငယ်အားဖြင့် ၄၈-ချက်ခန့် ကြာပြီးနောက် ချုပ်၏။ -ဥတုဇရုပ်တို့သည်ကား ရုပ်ကလာပ်ကြွင်းရှိသည့် အတိုင်း ကမ္ဘာ့မြေစာအထိ အဆင့်ဆင့် ဖြစ်၍ ချုပ်၏။ ဥပပါတ်ပုဂ္ဂိုလ် တို့၌မူ မျက်စိတမှိတ် လျှပ်တစ်ပြက်အတွင်း အချင်းခပ်သိမ်း ရုပ်ခန္ဓာ ကွယ်ပျောက်၏။ |
7 | 3 | 2004 | ၁။ သေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣန္ဒြေ ၂။ အသေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣန္ဒြေတို့ကို အဘိဓမ္မာပညာရှင်ပီပီ ခွဲခြားဖြေဆိုပါ။ | သေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣန္ဒြေမှာ- (၁) အနညာတညဿာမိတိန္ဒြေ - သောတာပတ္တိမဂ်ခဏ၌ ယှဉ်သော ပညာ (၂) အညိန္ဒြေ - အထက်မဂ်-၃၊ အောက်ဖိုလ် ၃-၌ ယှဉ်သော ပညာ တို့ဖြစ်ပါသည်။ အသေက္ခပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်သော ဣန္ဒြေမှာ- (၁) အညာတာဝိန္ဒြေ - အရဟတ္တဖိုလ်၌ ယှဉ်သောပညာ ဖြစ်ပါသည်။ |
8 | 3 | 2004 | ရုပ်နာမ်နှစ်ပါး ကွဲတုံငြား မှတ်သားကလျာဏ ဟူသည်နှင့်အညီ ကလျာဏပုထုဇဉ် စာရင်းဝင်ရင် ပရမတ္ထတရားများကို ရုပ်နာမ် ခွဲပပြြီးလျှင် ပညတ်နှစ်မျိုးကိုလည်း အဓိပ္ပါယ်နှင့်တကွ ဖြေဆိုပါ။ | ပရမတ္ထတရားများကို ရုပ်နာမ်ခွဲပြရသော်- စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါးနှင့် နိဗ္ဗာန်တို့သည်- နာမ်တရား၊ ရုပ် ၂၈-ပါးသည် -ရုပ်တရား ဖြစ်ပါသည်။ ပညတ်နှစ်မျိုးမှာ - အတ္တပညတ်နှင့် သဒ္ဒပညတ် တို့ဖြစ်ပါသည်။ (၁) အတ္တပညတ် - သူတစ်ပါးနားလည်အောင် အမည်အမျိုးမျိုး တပ်ကာခေါ်ဝေါ်အပ် သိစေအပ်သော အနက်၊ ဒပြ်ဝတ္တုမျိုးကိုခေါ်ပါသည်။ (၂) သဒ္ဒပညတ် - အတ္တပညတ်ဖြစ်သော အနက်ဒပြ်ဝတ္တုမျိုးကို သိစေတတ်သော ခေါ်ဝေါ်ကြောင်း အမည်သညာ (စကားသံ) - သဒ္ဒါအမျိုးမျိုး၊ ဘာသာအမျိုးမျိုး၊ အမည်အမျိုးမျိုး၊ အသံအမျိုးမျိုး ကိုခေါ်ပါသည်။ |
9 | 3 | 2004 | ရဟန္တာပုဂ္ဂိုလ်များ ဧကန်ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိနှင့် အနေကန် ဆင်ခြင်သော ပစ္စဝေက္ခဏာ ပီတိတို့ကို ဖြေဆို၍ ၎င်းရဟန္တာများ၏ ဂုဏ်ထူးဝိသေသကိုလည်း ဖြေဆိုပါ။ | ရဟန္တာပုဂ္ဂိုလ်များ ဧကန် ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိမှာ (၁) မဂ္ဂပစ္စဝေက္ခဏာဝီထိ (၂) ဖလပစ္စဝေက္ခဏာဝီထိ တို့ဖြစ်ပါသည်။ ရဟန္တာပုဂ္ဂိုလ်များ အနေကန် ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိမှာ - ပဟိနကိလေသာ ပစ္စဝေက္ခဏာဝီထိ ဖြစ်ပါသည်။ ရဟန္တာ ပုဂ္ဂိုလ်များ၏ ဂုဏ်ထူး ဝိသေသများမှာ- (၁) အာသဝေါတရား၄-ပါးကုန်ခြင်းကြောင့် ခီဏာသဝပုဂ္ဂိုလ် ဖြစ်ခြင်း (၂) အရဟတ္တမဂ်ဖြင့် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်ခြင်းကြောင့် ကိလေသာကင်းစင်၍ လောက၌ အမြတ်ဆုံးအလှူခံပုဂ္ဂိုလ် အဂ္ဂဒက္ခိဏေယျပုဂ္ဂိုလ် ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ |
3 | 4 | 2004 | စာဖြေရှင် မောင်တို့မယ်တို့ ယခုရောက်ရှိနေသောဘုံကို မည်သည့်ဘုံဟု ခေါ်ပါသနည်း။ထိုဘုံ၌ ရရှိနိုင်သော ဝတ္တုရုပ်နှင့် ဝိညာဏဓာတ်တို့ကို ဖော်ပြပါ။ | ကျွန်ုပ်တို့ယခုရောက်ရှိနေသောဘုံမှာ - လူ့ဘုံ (ကာမသုဂတိဘုံ) ဖြစ်ပါသည်။ ထိုလူ့ဘုံ (ကာမသုဂတိဘုံ)၌ ရရှိနိုင်သော ဝတ္တုရုပ်နှင့် ဝိညာဏဓာတ်တို့မှာ- (၁) စက္ခုဝတ္တု - စက္ခုဝိညာဏဓာတ် (၂) သောတဝတ္တု - သောတဝိညာဏဓာတ် (၃) ဃာနဝတ္တု - ဃာနဝိညာဏဓာတ် (၄) ဇိဝှါဝတ္တု - ဇိဝှါဝိညာဏဓာတ် (၅) ကာယဝတ္တု - ကာယဝိညာဏဓာတ် (၆) ဟဒယဝတ္တု - မနောဓာတ် - မနောဝိညာဏဓာတ် |
5 | 4 | 2004 | စုတေခါနီး၌ ဖြူစင်သောစိတ် ညစ်နွမ်းသောစိတ် နှစ်မျိုးတို့တွင် အဘယ်စိတ်ဖြစ်သည်ကို အကြောင်းနှင့်တကွ ခွဲခြားပြ၍ သေပြီးနောက် ရ-ရက် အိမ်၌တွယ်ကပ်နေသည်ဟု ဆိုကြရာ ထိုစကားမှန်-မမှန် စိစစ်ဝေဖန်ပြပါ။ | စုတေခါနီးကာလ၌ စိတ်အစဉ်သည် ထင်လာသော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ပါးပါးကို အာရုံပြု၍ ရလတ္တံ့သော ဘဝသစ်ကို ညွှတ်၍နေလေသည်။ ဤစိတ်အစဉ်မှာ - ကုသိုလ်ကံက အကျိုးပေးတော့မည် ဖြစ်လျှင် (ကောင်းသောအာရုံ ထင်လာ သောကြောင့် ထိုအာရုံကို အာရုံပြုလျက်) ဖြူစင်သောစိတ် ကုသိုလ်စိတ်အစဉ် ဖြစ်နေ၏။ - အကုသိုလ်ကံက အကျိုးပေးတော့မည်ဖြစ်လျှင် (မကောင်းသောအာရုံ ထင်လာသောကြောင့် ထိုအာရုံကို အာရုံပြုလျက်) ညစ်နွမ်းသောစိတ် အကုသိုလ်စိတ်အစဉ် ဖြစ်နေ၏။ ထို့ကြောင့် စုတေခါနီးကာလ၌ စိတ်အစဉ်သည် ဖြူစင်သောစိတ်၊ ညစ်နွမ်းသောစိတ် နှစ်မျိုးလုံးမှ တစ်မျိုးမျိုးသည် ဖြစ်နိုင်ပါသည်။ သေပြီးနောက် ရ-ရက် အိမ်၌တွယ်ကပ် နေသည်ဟု ဆိုကြရာ ထိုစကားမမှန်ပါ။ အကြောင်းမှာ - ဘဝမပြတ်သေးသမျှ သတ္တဝါတိုင်း ဘဝဟောင်းအပြတ်တွင် ဘဝသစ်ကို ဆက်စပ်၍ ပေးတတ်သော ပဋိသန္ဓေစိတ်သည် ဘဝဟောင်းနှင့် ဘဝသစ်ကို တစ်စပ်တည်းကဲ့သို့ ဆက်စပ်တတ်သည့် အစွမ်းဖြင့် ဘဝသစ်၌ ဥပါဒ်လျှင် ဥပါဒ်ချင်း တည်၏။ ထို့ကြောင့်သေပြီးနောက် ရ-ရက် အိမ်၌တွယ်ကပ် နေသည်ဟူသော စကား မမှန်ရခြင်း ဖြစ်ပါသည်။ |
7 | 4 | 2004 | နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ခြင်းအကြောင်းတို့ကို ရေး၍ မဂ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါးနှင့် ဖိုလ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါးတို့၏ ထူးခြားချက်ကိုလည်း ဖော်ပြပါ။ | နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ခြင်းအကြောင်းမှာ နိဗ္ဗာန်သည်… (က) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ ၃-ပါးမှ အလွတ်ဖြစ်သော ကာလဝိမုတ် တရားဖြစ်၏။ (ခ) အဇ္ဈတ္တ၊ ဗဟိဒ္ဓဟု နှစ်မျိုး မကွဲပြား၊ ဗဟိဒ္ဓသာဖြစ်၏။ (ဂ) ဟီန၊ ပဏိတဟု နှစ်မျိုး မကွဲပြား၊ ပဏီတသာဖြစ်၏။ (ဃ) သြဠာရိက၊ သုခုမဟု နှစ်မျိုး မကွဲပြား၊ သုခုမသာဖြစ်၏။ (င) ဒူရေ၊ သန္တိကေဟု နှစ်မျိုး မကွဲပြား၊ ဒူရေသာဖြစ်၏။ ခန္ဓာဖွဲ့သည် ဆိုရာမှာ - အတိတ်စသည့် ၁၁-ပါး အပြားရှိသော ရုပ်အစရှိသော တရားတို့ကိုသာ ဉာဏ်ဖြင့် တစ်ပေါင်းတည်းပြုပြီး ခန္ဓာဖွဲ့ခြင်းဖြစ်သည်။ နိဗ္ဗာန်ကား - အထက်၌ ဖော်ပြထားသည့်အတိုင်း အတိတ်စသည့် ၁၁-ပါး အပြားမရှိခြင်းကြောင့် နိဗ္ဗာန်ကိုခန္ဓာဖွဲ့၍ မရခြင်းဖြစ်ပါသည်။ မဂ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါးနှင့် ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် ၈-ပါး၏ ထူးခြားချက်မှာ မဂ်စိတ်၌ ယှဉ်သော မဂ္ဂင် ၈-ပါးသည် - မဂ္ဂသစ္စာ ထိုက်၏။ ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် ၈-ပါးသည် - မဂ္ဂသစ္စာမထိုက်၊ သစ္စဝိမုတ် ဖြစ်၏။ |
1 | 1 | 2005 | စိတ် ၈၉ပါးတို့တွင် (က) အကျဉ်း အကျယ် ရှိသောစိတ်၊ (ခ) အကျဉ်း အကျယ် မရှိသော စိတ်တို့ကို သိသာရုံမျှ ဖော်ပပြြီးလျှင် အမှီခံနာမ်နှင့် မှီတတ်ရာ နာမ်တို့ကိုလည်း ဖော်ပြခဲ့ပါ။ | စိတ် ၈၉ပါးတို့တွင် (က) အကျဉ်း အကျယ် ရှိသောစိတ်မှာ လောကုတ္တရာစိတ် ဖြစ်ပါသည်။ (ခ) အကျဉ်း အကျယ် မရှိသော စိတ်မှာ လောကီစိတ် ဖြစ်ပါသည်။ - အမှီခံနာမ် စိတ် - မှီတတ်ရာနာမ် စေတသိက် တို့ဖြစ်ပါသည်။ |
2 | 1 | 2005 | "သဒ္ဓါ၊ ပညာ၊ သမာ၊ ၀ီရိ၊ စောင်းနှယ်ညှိသို့" ဟူသော လင်္ကာ၌ ပါဝင်သော သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝီရိယစေတသိက်တို့၏ အသီးသီးသော သဘောလက္ခဏာတို့ကို ဖြေဆိုခဲ့ပါ။ | သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝီရိယစေတသိက်တို့၏ အသီးသီးသော သဘောလက္ခဏာများမှာ - ၁။ သဒ္ဓါ - ရတနာသုံးပါး၊ ကံ ကံ၏ အကျိုးစသည်ကို ကြည်ညိုလေးမြတ် ယုံကြည်တတ်သော သဘောလက္ခဏာ၊ ၂။ ပညာ - အာရုံ၏ သဘောအမှန်ကို ထိုးထွင်း၍ သိခြင်း၊ အမှားအမှန်ကို ခွဲခြားချင့်ချိန် သိမြင်နိုင်ခြင်း သဘောလက္ခဏာ၊ ၃။ သမာဓိ (ဧကဂ္ဂတာ) - အာရုံ၌ တည်တံ့ခြင်း၊ စူးစိုက်တည်ကြည်ခြင်း သဘောလက္ခဏာ၊ ၄။ ဝီရိယ - သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခိုင်းစေခြင်း သဘောလက္ခဏာ၊ |
3 | 1 | 2005 | လူတို့နေရာ အိမ်ဂေဟာကို လက်သမားဆရာသည် တံခါးပေါက်ဖောက်သကဲ့သို့ တဏှာယောက်ျား လက်သမားသည် ခန္ဓာအိမ်အား တံခါးပေါက် မည်မျှ ဖောက်ခဲ့ကြောင်းကို ထင်ရှားပေါ်လွင်စေရန် သရုပ်သကန်ဖြင့် အဟုတ်အမှန် ထုတ်ပြခဲ့ပါ။ | လူတို့နေရာ အိမ်ဂေဟာကို လက်သမားဆရာသည် တံခါးပေါက်ဖောက်သကဲ့သို့ တဏှာယောက်ျား လက်သမားသည် ခန္ဓာအိမ်အား တံခါးပေါက် ၆-ပေါက် ဖောက်ခဲ့ပါသည်။ ပကတိတံခါးပေါက်သည် လူတို့၏ ဝင်ရောက်ကြောင်း ဖြစ်သကဲ့သို့ ခန္ဓာအိမ်၌ စက္ခုပသာဒ စသော တံခါးပေါက်များသည်လည်း စက္ခုဒွါရိကဝီထိစိတ် စသည်တို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် ဒွါရ မည်၏-ဟု ဒွါရသင်္ဂဟ၌ ဆိုထားသောကြောင့် ဖြစ်ပါသည်။ ဒွါရအပြား ၆-ပါးရှိပါသည်။ သရုပ်သကန် (တရားကိုယ်)ဖြင့် ပြရသော်- (၁) စက္ခုဒွါရ - စက္ခုပသာဒရုပ် (၂) သောတဒွါရ - သောတပသာဒရုပ် (၃) ဃာနဒွါရ - ဃာနပသာဒရုပ် (၄) ဇိဝှါဒွါရ - ဇိဝှါပသာဒရုပ် (၅) ကာယဒွါရ - ကာယပသာဒရုပ် (၆) မနောဒွါရ - ဘဝင်စိတ်တို့၏အဆုံးဖြစ်သော ဘဝင်္ဂုပစ္ဆေဒစိတ် ၁၉-ပါး |
4 | 1 | 2005 | အာရုံ ၅-ပါးသည် ၅-ဒွါရ၌ထင်ရာ ဥပါဒ်လျှင် ဥပါဒ်ချင်း ထင်သည်ဟု ဆိုလျှင် မှန်-မမှန် ရှင်းလင်းပြ၍၊ပရိတ္တာရုံဝီထိ၌ ၀ုဋ္ဌော ၂-ကြိမ်၊ ၃ကြိမ် ဖြစ်ရခြင်းအကြောင်းကိုလည်းရေးသားပြပါ။ | အာရုံ ၅-ပါးသည် ၅-ဒွါရ၌ထင်ရာ ဥပါဒ်လျှင် ဥပါဒ်ချင်း ထင်သည်ဟု ဆိုလျှင် မမှန်ပါ။ အကြောင်းမှာ- အာရုံနှင့်ဒွါရတို့ ရှေ့ရှုအတူ ဥပါဒ်ကြသည်မှစ၍ အနည်းဆုံး အတီတဘဝင်-၁ချက်လွန်ပြီးမှ ဒွါရ၌ အာရုံထင်ခြင်းသို့ ရောက်ခြင်းကြောင့် ဖြစ်ပါသည်။ ပရိတ္တာရုံဝီထိ၌ ၀ုဋ္ဌော ၂-ကြိမ်၊ ၃ကြိမ် ဖြစ်ရခြင်းမှာ- ပရိတ္တာရုံဟူသည် အာရုံ ၅-ပါးကို ထင်ရှားစွာ မမြင်နိုင်၊ မထိခိုက်နိုင်ပါဘဲ၊ မြင်လိုက်သလို ကြားလိုက်သလိုဖြစ်သော အားနည်းသော အာရုံမျိုးဖြစ်ပါသည်။ ဤအာရုံနှင့် ပသာဒတို့သည် စိတ္တက္ခဏ ၄-ချက်မှ ၉-ချက်အထိ လွန်ပြီးမှ ထင်ကြ၏။ အားနည်းသောအာရုံဖြစ်၍ အာရုံ၏အရသာကို ပိုင်းခြား၍ မသိနိုင်၊ မခံစားနိုင်သောကြောင့် ဇောစောခွင့်မရ၊ ဇောမကျနိုင်သဖြင့် ၀ုဋ္ဌောစိတ်သည်ပင် ဇောတု ဇောယောင်အဖြစ်ဖြင့် ၂-ကြိမ် (သို့) ၃-ကြိမ် ဖြစ်ရပါသည်။ |
5 | 1 | 2005 | သုဒ္ဓါ၀ါသဘုံ၌ ရနိုင်သောပုဂ္ဂိုလ်၊ မရနိုင်သောပုဂ္ဂိုလ် တို့ကို ခွဲခြားပြ၍ သက်တမ်းမမြဲသူများကိုလည်း ရေးသားပြပါ။ | သုဒ္ဓါ၀ါသဘုံ၌ ရနိုင်သောပုဂ္ဂိုလ်များမှာ ရူပ ပဉ္စမဈာန် ရပြီးသော - အနာဂါမိဖိုလ်ပုဂ္ဂိုလ် - အရဟတ္တမဂ်ပုဂ္ဂိုလ် - အရဟတ္တဖိုလ်ပုဂ္ဂိုလ် တို့ဖြစ်ပါသည်။ မရနိုင်သောပုဂ္ဂိုလ်များမှာ- - အဟိတ်ပုဂ္ဂိုလ် - ဒွိဟိတ်ပုဂ္ဂိုလ် - တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ် - အောက်မဂ်ပုဂ္ဂိုလ် ၃-ဦးနှင့် - ပဉ္စမဈာန်မရအောက်ဖိုလ် ပုဂ္ဂိုလ် ၂-ဦး တို့ဖြစ်ပါသည်။ သက်တမ်းမမြဲသူများမှာ - (၁) အပါယ် ၄-ဘုံသား (၂) လူ(ဇမ္ဗူဒီပါ တောင်ကျွန်းသား) (၃) ဘုမ္မဇိုးနတ်များကို မှီခိုနေရသော ဝိနိပါတိက အသူရာ တို့ဖြစ်ပါသည်။ |
6 | 1 | 2005 | အာပေါဓာတ်ကို တွေ့ထိလို့ ရ-မရ ဆုံးဖြတ်ပြ၍ “မီး၌ ရေရှိသည်၊ ရေ၌ မီးရှိသည်”ဟုဆိုကြရာ ရေနှင့်မီး ဘာကိုရွေးမလဲ ခွဲခြား၍ ရ-မရ ရဲရဲကြီး ဆုံးဖြတ်ဝေဖန်ပြပါ။ | အာပေါဓာတ်ကို တွေ့ထိလို့မရနိုင်ပါ။ အကြောင်းမှာ - အာပေါဓာတ်သည် အလွန်သိမ်မွေ့သည့် အတွက် တွေ့ထိ၍ မရကောင်းသောကြောင့် ဖောဋ္ဌဗ္ဗာရုံအဖြစ် မပါဝင်ဘဲ ကြဉ်ထားသော ရုပ်ဖြစ်သောကြောင့် ဖြစ်ပါသည်။ “မီး၌ ရေရှိသည်၊ ရေ၌ မီးရှိသည်”ဟုဆိုကြရာ ရေနှင့်မီး ကို ခွဲခြား၍ မရပါ။ အကြောင်းမှာ - ရေဟူသော အာပေါဓာတ်လွန်သည့် ရုပ်တရားတို့၌ အဝိနိဗ္ဘောဂရုပ် ၈-ပါး၊ မီးဟူသော တေဇောဓာတ်လွန်ကဲသည့် ရုပ်တရားတို့၌လည်း အဝိနိဗ္ဘောဂရုပ် ၈-ပါး ပါဝင်နေပြီး ထိုအဝိနိဗ္ဗောဂရုပ် ၈-ပါးတို့မှာ တစ်ခုနှင့်တစ်ခု ခွဲခြားမရသော ရုပ်များ ဖြစ်သောကြောင့် ဖြစ်ပါသည်။ |
7 | 1 | 2005 | သတ္တဝါတို့ကို ၀ဋ်ဆင်းရဲ၌ ဆက်စပ်ထုံးဖွဲ့ တတ်သော တရားအစုကို ဖြေဆို၍ အသက် လိပ်ပြာ ဝိညာဏ်ကောင် ရှိသည်ဟု ယခုတိုင် အချို့သော ပုဂ္ဂိုလ်များ စွဲလမ်းယူဆနေခြင်း သည် မည်သည့် ဥပါဒါန်မျိုးဖြစ်သည်ကိုလည်း ဖြေဆိုပါ။ | သတ္တဝါတို့ကို ၀ဋ်ဆင်းရဲ၌ ဆက်စပ်ထုံးဖွဲ့ တတ်သော တရားအစုမှာ- “ကာယဂန္ထ တရား ၄-ပါး ဖြစ်သော- ၁။ အဘိဇ္ဈာကာယဂန္ထ ၂။ ဗျာပါဒကာယဂန္ထ ၃။ သီလဗ္ဗတပရာမာသကာယဂန္ထ ၄။ ဣဒံသစ္စာဘိနိဝေသကာယဂန္ထ တို့ဖြစ်ပါသည်။ အသက် လိပ်ပြာ ဝိညာဏ်ကောင် ရှိသည်ဟု ယခုတိုင် အချို့သော ပုဂ္ဂိုလ်များ စွဲလမ်းယူဆနေခြင်းသည် “အတ္တဝါဒုပါဒါန်” ဖြစ်ပါသည်။ |
8 | 1 | 2005 | ဘဝသံသရာ၌ အဆက်မပြတ်လည်ပတ်၍ ဘုံသုံးပါး၌ ဖြစ်တတ်ကုန်သော ၀ဋ် ၃-ပါးတို့ကို သရုပ်ထုတ်လျက် ရေတွက်ပပြြီးလျှင်၊ ၀ဋ်မြစ် ၂-ပါးကိုလည်း ဖြေဆိုပါ။ | ၀ဋ်သုံးပါးမှာ- (၁) ကိလေသဝဋ် - အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် (၂) ကမ္မဝဋ် - သင်္ခါရ၊ ကမ္မဘဝ (၃) ဝိပါက်ဝဋ် - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (ဥပပတ္တိဘဝ) ဇာတိ၊ ဇရာ၊ မရဏ ၀ဋ်မြစ်နှစ်ပါးမှာ - အဝိဇ္ဇာနှင့်တဏှာ ဖြစ်ပါသည်။ အဝိဇ္ဗာ - အတိတ်ဘဝအကြောင်းမှစ၍ ပစ္စုပ္ပန်ဘဝအကျိုး ဖြစ်သည့်တိုင်အောင် ဖြစ်သောရှေ့ပိုင်း ဘဝစက်၏ အရင်းမူလ (၀ဋ်မြစ်) တဏှာ - ပစ္စုပ္ပန်အကြောင်းမှစ၍ အနာဂတ်အကျိုး တိုင်အောင်ဖြစ်သော နောက်ပိုင်းဘဝစက်၏ အရင်းမူလ (၀ဋ်မြစ်) |
9 | 1 | 2005 | ယောဂီသူတော်စင်များ အားထုတ်ကြသော ကမ္မဋ္ဌာန်းတရားများကို အကျဉ်းမာတိကာအားဖြင့် ရေတွက်ပြ၍ ဗုဒ္ဓဘာသာဝင်တိုင်း အစဉ် အောက်မေ့ပွားများရသည့် တရားဆယ်ပါးကိုလည်း ဖြေဆိုပါ။ | ယောဂီသူတော်စင်များ အားထုတ်ကြသော ကမ္မဋ္ဌာန်းတရားများကို အကျဉ်း မာတိကာအားဖြင့် ရေတွက်ပြရသော်- (၁) ကသိုဏ်း= ၁၀-ပါး (၂) အသုဘ= ၁၀-ပါး (၃) အနုဿတိ= ၁၀-ပါး (၄) အပ္ပမညာ= ၄-ပါး (၅) အာဟာရေပဋိကူလသညာ= ၁-ပါး (၆) စတုဓာတုဝဝတ္တာန်= ၁-ပါး (၇) အာရုပ္ပ (အရူပ)= ၄-ပါး ပေါင်း= ၄၀-ပါးတို့ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တိုင်း အစဉ်အောက်မေ့ ပွားများရမည့် တရားဆယ်ပါးမှာ- (၁) ဗုဒ္ဓါနုဿတိ (၂) ဓမ္မာနုဿတိ (၃) သံဃာနုဿတိ (၄) သီလာနုဿတိ (၅) စာဂါနုဿတိ (၆) ဒေဝတာနုဿတိ (၇) ဥပသမာနုဿတိ (၈) မရဏာနုဿတိ (၉) ကာယဂတာသတိ (၁၀) အာနပါနဿတိ တို့ဖြစ်ပါသည်။ |
1 | 2 | 2005 | "လောကီထုပ္ပတ် လူတို့ဇတ်" ဟု ဆိုရာ လောကီစိတ် မည်မျှရှိသည်ကို သင်္ချာမျှ ဖော်ပြ၍ ၎င်းစိတ်တို့ကို (က) အကြောင်းစိတ် (ခ) အကျိုးစိတ် (ဂ) အကြောင်း အကျိုးလွတ်သော စိတ်တို့ကို ခွဲခြားပြပါ။ | "လောကီထုပ္ပတ် လူတို့ဇတ်" ဟု ဆိုရာ လောကီစိတ် ၈၁ပါး ရှိပါသည်။ ၎င်းစိတ်တို့တွင် (က) အကြောင်းစိတ် - အကုသိုလ်စိတ် ၁၂ပါး - မဟာကုသိုလ်စိတ် ၈ပါး - ရူပါဝစရကုသိုလ်စိတ် ၅ပါး - အရူပါဝစရကုသိုလ်စိတ် ၄ပါး အကြောင်းစိတ်ပေါင်း ၂၉ပါး (ခ) အကျိုးစိတ် - အကုသလဝိပါက်စိတ် ၇ ပါး - အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး - မဟာဝိပါက်စိတ် ၈ ပါး - ရူပါဝစရဝိပါက်စိတ် ၅ ပါး - အရူပါဝစရဝိပါက်စိတ် ၄ ပါး အကျိုးစိတ်ပေါင်း ၃၂ ပါး (ဂ) ကြောင်းကျိုး လွတ်သောစိတ် - အဟိတ်ကြိယာစိတ် ၃ ပါး - မဟာကြိယာစိတ် ၈ ပါး - ရူပါဝစရကြိယာစိတ် ၅ ပါး - အရူပါဝစရကြိယာစိတ် ၄ ပါး ကြောင်းကျိုးလွတ်စိတ်ပေါင်း ၂၀ ပါး တို့ဖြစ်ပါသည်။ |
2 | 2 | 2005 | "အချစ်ကြီးလျှင် အမျက်ကြီးသည်" ဟုဆိုကြရာ အချစ်ကြီးနှင့် အမျက်ကြီးခြင်းသည် အတူတကွ ဖြစ်နိုင်\မဖြစ်နိုင် ဖြေဆိုပြီးလျှင် အကုသိုလ်စိတ်ဖြစ်တိုင်း ပါဝင်သော စေတသိက်တို့ကို ဖော်ပြပါ။ | "အချစ်ကြီးလျှင် အမျက်ကြီးသည်" ဟုဆိုကြရာ အချစ်ကြီးနှင့် အမျက်ကြီးခြင်းသည် အတူတကွမဖြစ်နိုင်ပါ။ အကြောင်းမှာ - အချစ်ကြီးခြင်း (လောဘစေတသိက်) သည် လောဘမူစိတ် ၈-ပါးနှင့်ယှဉ်၍ - အမျက်ကြီးခြင်း (ဒေါသစေတသိက်) သည် ဒေါသမူစိတ် ၂-ပါးနှင့်သာ ယှဉ်သောကြောင့် ဖြစ်ပါသည်။ အကုသိုလ်စိတ်ဖြစ်တိုင်း ပါဝင်သောစေတသိက်တို့မှာ - - သဗ္ဗစိတ္တသာဓာရဏ စေတသိက် = ရ-ပါး - ဝိတက်၊ ဝိစာရ၊ ဝီရိယ ပကိဏ်းစေတသိက် = ၃-ပါး - သဗ္ဗာကုသလသာဓာရဏ စေတသိက်= ၄-ပါး ပေါင်း သဗ္ဗာကုသလယောဂီစေတသိက် ၁၄-ပါးဖြစ်ပါသည်။ |
3 | 2 | 2005 | “အလုပ်မှန်သမျှ ဂုဏ်ရှိစွ”ဆိုသည့်အတိုင်း အလုပ်မှန်သမျှ၊ ဂုဏ်ရှိသည်ဖြစ်ရာ အလုပ် အများဆုံးလုပ်သော စိတ်ကို ဖော်ပြ၍၊ ၎င်းစိတ်ကို ဝေဒနာ၊ ဟိတ်၊ ဒွါရ၊ အာရုံ၊ ဝတ္တုတို့ဖြင့် ဝေဖန်ခဲ့ပါ။ | “အလုပ်မှန်သမျှ ဂုဏ်ရှိစွ”ဆိုသည့်အတိုင်း အလုပ်မှန်သမျှ၊ ဂုဏ်ရှိသည်ဖြစ်ရာ အလုပ်အများဆုံးလုပ်သော စိတ်မှာ- “ဥပေက္ခာ သန္တီရဏစိတ် ၂-ပါး”ဖြစ်ပါသည်။ ၎င်းစိတ်၏ ဝေဒနာ= ဥပေက္ခာဝေဒနာ ဟိတ်= အဟိတ် ဒွါရ= ၆-ဒွါရ (ရံခါ) အာရုံ= ကာမစိတ် (၅၄)၊ စေတသိက် (၅၂)၊ ရုပ် (၂၈) ဟူသော ကာမအာရုံ ၆-ပါး ဝတ္တု= ဟဒယဝတ္တု (မြဲ) |
4 | 2 | 2005 | ကာမဇောဝါရနှင့် အပ္ပနာဇောဝါရတို့၏ အထူး ကိုရေး၍၊ လတ်တလော ဖြစ်လာရသော ဘဝင် (အာဂန္တုကဘဝင်) သည် အဘယ်အခါမျိုး၌ ဖြစ်ပေါ်လာရသည်ကိုလည်း ရေးသားပြပါ။ | ကာမဇောဝါရနှင့် အပ္ပနာဇောဝါရတို့၏ အထူးမှာ- ကာမဇောဝါရ (၁) ပဉ္စဒွါရဝီထိ၌ - ဝိသယပ္ပဝတ္တိ(၄)မျိုးဖြစ်၏ (၂) မနောဒွါရဝီထိ၌ - ဝိသယပ္ပဝတ္တိ(၂)မျိုးလုံးဖြစ်၏။ (၃) မနောဒွါရ ဝိဘူတာရုံဝီထိ၌ - တဒါရုံကျ၏။ (၄) ရှေ့နောက်ဘဝင်များ - ဘဝင်စိတ်(၁၉)ပါး (၅) အာရုံအားဖြင့် - လောကီအာရုံ (၆-ပါးလုံး) ဖြစ်၏။ အပ္ပနာဇောဝါရ (၁) ပဉ္စဒွါရဝီထိ၌ - ဝိသယပ္ပဝတ္တိ လုံးဝမဖြစ် (၂) မနောဒွါရဝီထိ၌ - ဝိဘူတာရုံ ၁-မျိုးသာဖြစ်၏။ (၃) မနောဒွါရ ဝိဘူတာရုံဝီထိ၌ - တဒါရုံမကျ (၄) ရှေ့နောက်ဘဝင်များ - ဘဝင်စိတ် (၁၃) ပါးသာ ဖြစ်၏။ (၅)အာရုံအားဖြင့် - ပညတ်အာရုံ၊ စိတ်ပရမတ်အာရုံနှင့် နိဗ္ဗာန်အာရုံ (ဓမ္မာရုံ)တို့ဖြစ်၏။ လတ်တလော ဖြစ်လာရသော ဘဝင် (အာဂန္တုကဘဝင်) သည် - သောမနဿဖြင့် ပဋိသန္ဓေနေခဲ့သော ပုဂ္ဂိုလ်၏ ဒေါသဇောအဆုံး၌ တစ်စုံတစ်ခုသောအကြောင်း ချို့တဲ့မှုကြောင့် တဒါရုံဖြစ်ခွင့် မရလျှင် ဘဝင်ကျရလိမ်မည် ထိုဘဝင်စိတ်သည်- (၁) ပဋိသန္ဓေနှင့်လျော်သော သောမနဿဘဝင်ဖြစ်က- ရှေ့ဒေါသနှင့် ဆန့်ကျင်၏။ (၂) ဒေါသဇောနှင့်လျော်သော ဥပေက္ခာဘဝင်ဖြစ်က- မူလပဋိသန္ဓေနှင့် ဆန့်ကျင်၏။ ဤသို့ “တဒါရုံလည်း ဖြစ်ခွင့်မရ၊ ဘဝင်လည်း မကျသာဘဲ အခက်အခဲကြံုရာ အခါမျိုး”၌ ရှေ့ဒေါသဇောနှင့် နောက်ဘဝင်အားလျော်သော ဥပေက္ခာ သန္တီရဏစိတ်သည် သန္တီရဏ ကိစ္စ စသည် မတပ်ပါဘဲ ရှေးက အလေ့အကျက်များသော ကာမအာရုံ တစ်ပါးပါးကို အာရုံပြုပြီး အာဂန္တုကဘဝင်ကိစ္စတပ်၍ ဖြစ်ပေါ်လာရပါသည်။ |
5 | 2 | 2005 | “ကိုယ်ကာယကံ ကိုယ့်ထံပြန်” ဟူသော ဆိုရိုးစကားအရ ကိုယ့်ထံပြန်လာသော “ကာယကံ” များကို အကြောင်းနှင့်တကွ ရေးသားပြပါ။ | ကိုယ့်ထံပြန်လာသော “ကာယကံ” များကို အကြောင်းနှင့်တကွဖော်ပြရသော် (၁) ပါဏာတိပါတ - ဒေါသ (၂) အဒိန္နာဒါန - ရံခါလောဘ၊ ရံခါဒေါသ (၃) ကာမေသုမိစ္ဆာစာရ - လောဘ |
6 | 2 | 2005 | ကံကြောင့်သာဖြစ်သောရုပ်တို့ကို ဖော်ပြ၍ သီချင်းသံနှင့် ခေါင်းလောင်းသံတို့သည် အဘယ်ကြောင့် ဖြစ်သည်ကိုလည်းခွဲခြားပြပါ။ | ကံကြောင့်သာဖြစ်သောရုပ်တို့မှာ- ကမ္မဇဧကန်ဖြစ်သော - ပသာဒရုပ် ၅-ပါး၊ - ဘာဝရုပ် ၂-ပါး၊ - ဟဒယရုပ် ၁-ပါး၊ - ဇီဝိတရုပ် ၁-ပါး၊ ပေါင်း (၉)ပါး တို့ ဖြစ်ပါသည်။ သီချင်းသံသည်- “စိတ်” ကြောင့်ဖြစ်သော စိတ္တဇသဒ္ဒရုပ် ဖြစ်ပါသည်။ ခေါင်းလောင်းသံသည်- “ဥတု” ကြောင့်ဖြစ်သော ဥတုဇသဒ္ဒရုပ် ဖြစ်ပါသည်။ |
7 | 2 | 2005 | ဣန္ဒြေ၂၂-ပါးတို့တွင် ပညာစေတသိက်ကို အရကောက်ရသော ဣန္ဒြေတို့ကို ဖြေဆို၍ လောကီ လောကုတ္တရာ နှစ်မျိုးပါဝင်သော ဣန္ဒြေများကိုလည်းဖြေဆိုပါ။ | ဣန္ဒြေ၂၂-ပါးတို့တွင် ပညာစေတသိက်ကို အရကောက်ရသော ဣန္ဒြေတို့မှာ- ၁။ ပညိန္ဒြေ ၂။ အနညာတညဿာမိတိန္ဒြေ ၃။ အညိန္ဒြေ ၄။ အညာတာဝိန္ဒြေ တို့ဖြစ်ပါသည်။ လောကီ လောကုတ္တရာ နှစ်မျိုးပါဝင်သော ဣန္ဒြေများမှာ (၁) ဇီဝိတိန္ဒြေ (၂) မနိန္ဒြေ (၃) သောမနဿိန္ဒြေ (၄) ဥပေက္ခိန္ဒြေ (၅) သဒ္ဓိန္ဒြေ (၆) ၀ီရိယိန္ဒြေ (၇) သတိန္ဒြေ (၈) သမာဓိန္ဒြေ (၉) ပညိန္ဒြေ တို့ဖြစ်ပါသည်။ |
8 | 2 | 2005 | မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် ပဋ္ဌာန်းတရားတော်၏ ထူးခြားပုံကို လူအများ နားလည်အောင် ရှင်းပြ၍ အဓွန့် ၃-ပါး ကိုလည်း ရေတွက်ပြပါ။ | မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် ပဋ္ဌာန်းတရားတော်၏ ထူးခြားပုံမှာ- ပဋိစ္စသမုပ္ပါဒ်တရား (၁) အဝိဇ္ဇာ အစရှိသော (အကြောင်း) ပစ္စည်းတရား တို့၏ ဖြစ်ခြင်းကြောင့် သင်္ခါရ အစရှိသော(အကျိုး) ပစ္စယုပ္ပန်တရားတို့၏ ဖြစ်ပုံအခြင်းအရာမျှသာ ပြသောနည်း။ (၂) ပစ္စည်း (အကြောင်း) ပစ္စယုပ္ပန်(အကျိုး)မျှကိုသာ ပြ၍ ပစ္စယသတ္တိကို မပြသောနည်း ပဋ္ဌာန်းတရား (၁) ဟေတု-စသော(အကြောင်း) ပစ္စည်းတို့၏ ဆိုင်ရာ (အကျိုး) ပစ္စယုပ္ပန် တရားတို့အား ကျေးဇူးပြုတတ်သော (အခြင်းအရာအထူး) ပစ္စယသတ္တိ ပြသောနည်း။ (၂) ပစ္စည်း (အကြောင်း) ပစ္စယုပ္ပန် (အကျိုး) ကိုသာမက ပစ္စယသတ္တိကိုပါ ပြသောနည်း။ အဓွန့်(၃)ပါးကို တရားကိုယ်နှင့်တကွ ဖော်ပြရသော်- (၁) အတိတ်အဓွန့် - အတိတ်ကာလ၌ ဖြစ်ခဲ့ရသောတရား၊ - အဝိဇ္ဇာ၊ သင်္ခါရ (၂) ပစ္စပ္ပန်အဓွန့် - ပစ္စုပ္ပန်ကာလ၌ ဖြစ်သောတရား - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ(ကမ္မဘဝ) (၃) အနာဂတ်အဓွန့် - အနာဂတ်ကာလ၌ ဖြစ်လတ္တံ့သောတရား - (ဥပပတ္တိဘဝ) ဇာတိ၊ ဇရာ-မရဏ |
9 | 2 | 2005 | ယောဂီသူတော်စင်များ အားထုတ်ကြသော ကမ္မဋ္ဌာန်းတရားတို့တွင်- (က) ပုဂ္ဂိုလ်တစ်ယောက်စီသာ ဆိုင်သော ကမ္မဋ္ဌာန်း (ခ) ပုဂ္ဂိုလ်အများဆိုင်သော ကမ္မဋ္ဌာန်းတရားတို့ကို ခွဲခြားပြပါ။ | (က) ပုဂ္ဂိုလ်တစ်ယောက်စီသာ ဆိုင်သော ကမ္မဋ္ဌာန်း များမှာ- - ၀ဏ္ဏကသိုဏ်း= ၁၀-ပါး - အသုဘ= ၁၀-ပါး - အနုဿတိ= ၁၀-ပါး - အပ္ပမညာ= ၄-ပါး - အာဟာရေပဋိကူလသညာ= ၁-ပါး - စတုဓာတုဝဝတ္တာန်= ၁-ပါး ပေါင်း= ၄၀-ပါးတို့ဖြစ်ပါသည်။ (ခ) ပုဂ္ဂိုလ်အများဆိုင်သော ကမ္မဋ္ဌာန်းတရားများမှာ- - ပထဝီ၊ အာပေါ၊ တေဇော၊ ၀ါယော ဟူသော ဘူတကသိုဏ်း= ၄-ပါး - အာကာသကသိုဏ်း၊ အာလောကကသိုဏ်း= ၂-ပါး - အာရုပ္ပ(အရူပ) ကမ္မဋ္ဌာန်း= ၄-ပါး ပေါင်း= ၁၀-ပါး |
1 | 3 | 2005 | "အနစ်နာခံ ထိပ်မှာစံ" ဟူသော ဆိုစကားအရ အနစ်နာခံသောသူ၏ သန္တာန်၌ဖြစ်သော စေတသိက ဓမ္မကိုဖော်ပြ၍ ယင်းနှင့် ယှဉ်သော စိတ်တို့ကို ဘူမိဘေဒအားဖြင့် ခွဲခြားဝေဖန်ပြပါ။ | "အနစ်နာခံ ထိပ်မှာစံ" ဟူသော ဆိုစကားအရ အနစ်နာခံသောသူ၏ သန္တာန်၌ဖြစ်သော စေတသိက ဓမ္မမှာ - "အဒေါသစေတသိက်" ဖြစ်ပါသည်။ ယင်းနှင့်ယှဉ်သော စိတ်တို့ကို ဘူမိဘေဒအားဖြင့် ခွဲခြားဝေဖန်ရသော် - ကာမဝစရစိတ် ၂၄ပါး - ရူပါဝစရစိတ် ၁၅ပါး - အရူပါဝစရစိတ် ၁၂ပါး - လောကုတ္တရာစိတ် ၈ပါး (အကျဉ်း) / ၄၀ပါး (အကျယ်) ပေါင်း သောဘနစိတ် ၅၉ပါး (အကျဉ်း) / ၉၁ပါး (အကျယ်) နှင့် ယှဉ်ပါသည်။ |
2 | 3 | 2005 | "ကရုဏာဒေါသနှင့် ပြောမိတာပါ" ဟု လောက၌ လူအများ သုံးနူန်းနေကြရာ ၎င်းကရုဏာဒေါသ ဟူသော စကားသည် အဘိဓမ္မာအမြင်ဖြင့် ရှိနိုင်\ မရှိနိုင်ကို စာဖြေရှင်တို့၏ စိတ်ကူးဉာဏ်ဖြင့် ကွန့်မြူးပြပါ။ | "ကရုဏာဒေါသနှင့် ပြောမိတာပါ" ဟု လောက၌ လူအများ သုံးနူန်းနေကြရာ ၎င်းကရုဏာဒေါသဟူသော စကားသည် အဘိဓမ္မာအမြင်ဖြင့် မရှိနိုင်ပါ။ ကရုဏာ ဟူသည်မှာ - သူတစ်ပါး၏ ဆင်းရဲကို ပယ်ဖျောက်စေလိုခြင်း လက္ခဏာ ရှိ၏။ - ဒုက္ခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ သနားကြင်နာတတ်သော သဘောရှိပါသည်။ ဒေါသသည် - ခက်ထန်ကြမ်းတမ်းခြင်း လက္ခဏာ ရှိ၏၊ - မိမိ သူတစ်ပါးနှင့် နှစ်ဦးသားလုံးကို ဖျက်ဆီးတတ်သော သဘောရှိပါသည်။ ထို့ကြောင့် အဘိဓမ္မာအမြင်အားဖြင့် ကရုဏာနှင့် ဒေါသသည် သဘောလက္ခဏာအားဖြင့် ကွဲပြား၍ အတူတကွ မဖြစ်နိုင်သောကြောင့် ကရုဏာ ဒေါသဟူသော စကားသည် "မရှိနိုင်" ဟုဆိုရခြင်း ဖြစ်ပါသည်။ |
3 | 3 | 2005 | “အာရုံတွေ သိပ်မများနဲ့”ဟုပြောဆိုကြရာ အာရုံ များ-မများ သိနိုင်ရန် အာရုံတရားများကို ရေတွက်ပပြြီးလျှင်၊ “ငှက်ပျံရင်းသေ၊ လူကြံရင်းသေ” ဟူသောစကားအရ လူမှန်သမျှ ကြံစည်မှုနှင့် မကင်းနိုင်ရကား ၎င်းကြံစည်မှုနှင့် တကွဖြစ်သော စိတ်တို့ကိုလည်းရေတွက်ပြပါ။ | “အာရုံတွေ သိပ်မများနဲ့”ဟုပြောဆိုကြရာ အာရုံ များ-မများ သိနိုင်ရန် အာရုံတရားများကို ရေတွက်ပြရသော်- (၁) ရူပါရုံ (၂) သဒ္ဒါရုံ (၃) ဂန္ဓာရုံ (၄) ရသာရုံ (၅) ဖောဋ္ဌဗ္ဗာရုံ (၆) ဓမ္မာရုံ တို့ဖြစ်ပါသည်။ “ငှက်ပျံရင်းသေ၊ လူကြံရင်းသေ”ဟူသောစကားအရ လူမှန်သမျှ ကြံစည်မှုနှင့် မကင်းနိုင်ရကား ၎င်းကြံစည်မှု (ဝိတက်စေတသိက်)နှင့် တကွဖြစ်သော စိတ်တို့မှာ- - (ဒွေပဉ္စဝိညာဏ်-၁၀ ကြဉ်သော) ကာမစိတ် ၄၄-ပါး၊ - ပထမဈာန်စိတ် ၁၁-ပါး၊ ပေါင်း ၅၅-ပါးသော စိတ်တို့နှင့်တကွ ဖြစ်ပါသည်။ |
4 | 3 | 2005 | အကုသိုလ်တစ်သက် မဂ်တစ်ချက်”ဟူသော စကားမှန် မမှန် အဘိဓမ္မာအမြင်ဖြင့် ရှင်းပြ၍၊ အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌သာ ဖြစ်သောစိတ်တို့ကိုလည်းရေးသားပြပါ။ | “အကုသိုလ်တစ်သက် မဂ်တစ်ချက်”ဟူသော စကားမှန်ပါသည်။ အကြောင်းမှာ - မဂ်စိတ်တို့မည်သည် ၀ရဇိန်မိုးကြိုးပမာ အလွန်တရာ အရှိန်ပြင်းထန်သော ၀ဇီရူပမာတရားမျိုး ဖြစ်သဖြင့် ဆိုင်ရာ ကိလေသာတို့ကို တစ်ကြိမ်တည်းဖြင့် ပယ်ဖြတ်နိုင်သောကြောင့် လည်းကောင်း၊ မဂ်ပုဂ္ဂိုလ်တို့သည် အပါယ်သို့ လားရောက်ခြင်း မရှိတော့သောကြောင့်လည်းကောင်း၊ “အကုသိုလ်တစ်သက် မဂ်တစ်ချက်”ဟူသော စကားမှန်ရခြင်းဖြစ်ပါသည်။ အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌သာ ဖြစ်သောစိတ်များမှာ- (၁) သောတာပတ္တိမဂ်ပုဂ္ဂိုလ် - သောတာပတ္တိမဂ်စိတ်(၁)ပါး (၂) သကဒါဂါမိမဂ်ပုဂ္ဂိုလ် - သကဒါဂါမိမဂ်စိတ်(၁)ပါး (၃) အနာဂါမိမဂ်ပုဂ္ဂိုလ် - အနာဂါမိမဂ်စိတ်(၁)ပါး (၄) အရဟတ္တမဂ်ပုဂ္ဂိုလ် - အရဟတ္တမဂ်စိတ်(၁)ပါး (၅)သောတာပတ္တိဖိုလ်ပုဂ္ဂိုလ် - သောတာပတ္တိဖိုလ်စိတ်(၁)ပါး (၆)သကဒါဂါမိဖိုလ်ပုဂ္ဂိုလ် - သကဒါဂါမိဖိုလ်စိတ်(၁)ပါး (၇) အနာဂါမိဖိုလ်ပုဂ္ဂိုလ် - အနာဂါမိဖိုလ်စိတ်(၁)ပါး (၈)အရဟတ္တဖိုလ်ပုဂ္ဂိုလ် - အရဟတ္တာဖိုလ်စိတ်(၁)ပါးနှင့် ကြိယာစိတ်(၁၈)ပါး |
5 | 3 | 2005 | ဒါန သီလမဖက် ဘာဝနာသက်သက်ကြောင့်သာ ရနိုင်သော “ကံ” တို့ကို ရွေးချယ်ပြ၍ စိတ်ပျံ့လွင့်နေ၍ အကုသိုလ်ပြုမိသော အရူးသည် အပါယ်ဘုံ ရောက်နိုင်-မရောက်နိုင် စိစစ်ဝေဖန်ပြပါ။ | ဒါန သီလမဖက် ဘာဝနာသက်သက်ကြောင့်သာ ရနိုင်သော “ကံ”တို့မှာ- အဟဂ္ဂုတ်ကုသိုလ်ကံ ၉-ပါးဖြစ်သော ရူပါဝစရကုသိုလ်ကံ ၅-ပါးနှင့် အရူပါဝစရကုသိုလ်ကံ ၄-ပါးတို့ ဖြစ်ကြပါသည်။ စိတ်ပျံ့လွင့်နေ၍ အကုသိုလ်ပြုမိသော အရူးသည် အပါယ်ဘုံ မရောက်နိုင်ပါ။ အကြောင်းမှာ - “ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာ ၁၁-ပါးသည် ပဋိသန္ဓေအခါ အပယ် ၄-ဘုံ၌ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် (၁)ပါးကို ဖြစ်စေ၏။” ဟုဆိုသောကြောင့် စိတ်ပျ့ံလွင့်နေသူ အရူးသည် စိတ်ပျ့ံလွင့်ရုံ (ဥဒ္ဓစ္စဖြစ်ရုံ) မျှဖြင့် ပြုမိသောကြောင့် အပါယ်ဘုံသို့ မရောက်နိုင်၊ (ဥဒ္ဓစ္စကံကြဉ် ကြွင်းအကုသိုလ်ကံ ၁၁-ပါးကို ပြုမိလျှင်မူ အပါယ်ရောက်နိုင်ပါသည်။) |
6 | 3 | 2005 | ပဒုမ္မာကြာတိုက်၌ ပဋိသန္ဓေနေသော ပဒုမဝတီမိဖုရား၏ သန္တာန်၌ အနည်းဆုံး ရနိုင်သော ရုပ်ကလာပ်တို့ကို ရေးသားပြ၍၊ နိဗ္ဗာန်မည်ခြင်းအကြောင်းကိုလည်း ရေးသားပြပါ။ | ပဒုမ္မာကြာတိုက်၌ ပဋိသန္ဓေနေသော ပဒုမဝတီမိဖုရား၏ သန္တာန်၌ အနည်းဆုံးရနိုင်သော ရုပ်ကလာပ်တို့မှာ- ပဋိသန္ဓေအခါ- (သံသေဒဇဖြစ်၍) ကမ္မဇရုပ်များ ဖြစ်ရာအခါ၌ ဣန္ဒြေရုပ်များ ပြည့်စုံစွာ တစ်ပါးတည်း ဖြစ်ကြသောကြောင့် ဇီဝိတနဝကကလာပ်နင့် ပုမ္ဘာဝဒသကကလာပ်ကြဉ်သော ကမ္မဇကလာပ် (၇) စည်းလုံးကို ရ၏။ နိဗ္ဗာန်မည်ခြင်းအကြောင်းမှာ- သတ္တဝါတို့ကို သံသရာဝဋ်၌ ချုပ်တတ်၊ မြှေးယှက်တတ်သောကြောင့် ၀ါနမည်သော တဏှာမှ ထွက်မြောက်သည်၏ အဖြစ်ကြောင့် နိဗ္ဗာန်မည်ပါသည်။ |
7 | 3 | 2005 | ကြီးပွားတိုးတက်လိုသူတိုင်း ဆောင်ရမည့်တရား အစုကို ဖြေဆို၍ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို နာမည်အပြားအားဖြင့် ရေတွက်ပြပါ။ | ကြီးပွားတိုးတက်လိုသူတိုင်း ဆောင်ရမည့်တရား အစုမှာ- (၁) ဖြစ်ပြီးသော အကုသိုလ်တရား (ဒုစရိုက်အဟောင်း)တို့ကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း။ (၂) မဖြစ်သေးသော အကုသိုလ်တရား (ဒုစရိုက်အသစ်)တို့ကို မဖြစ်ခြင်းငှာ အားထုတ်ခြင်း။ (၃) မဖြစ်သေးသော ကုသိုလ်တရား (ကုသိုလ်အသစ်)တို့ကို ဖြစ်ထွန်းစေခြင်းငှာ အားထုတ်ခြင်း။ (၄) ဖြစ်ပြီးသော ကုသိုလ်တရား (ကုသိုလ်အဟောင်း)တို့ကို ခိုင်ခန့်တိုးပွားမြဲစေခြင်းငှာ အားထုတ်ခြင်း ဟူသော “သမ္မပ္ပဓာန်(၀ီရိယ)တရား ၄-ပါး” ဖြစ်ပါသည်။ ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို နာမည်အပြားအားဖြင့် (၁) သတိပဋ္ဌာန်တရား ၄-ပါး (၂) သမ္မပ္ပဓာန်တရား ၄-ပါး (၃) ဣဒ္ဓိပါဒ်တရား ၄-ပါး (၄) ဣန္ဒြေတရား ၅-ပါး (၅) ဗိုလ်တရား ၅-ပါး (၆) ဗောဇ္ဈင်တရား ရ-ပါး (၇) မဂ္ဂင်တရား ၈-ပါး ပေါင်း ၃၇-ပါး ဟူ၍ ရေတွက်နိုင်ပါသည်။ |
8 | 3 | 2005 | နာမ်တရားအချင်းချင်း ကျေးဇူးပြုကြရာ၌ ကျေးဇူးပြုနိုင်သော ပစ္စည်းအမည်များကိုဖော်ပြ၍၊ ပညတ်နာမ်ရုပ်တရားအား ကျေးဇူးပြုနိုင်သော ပစ္စည်းအမည်များကိုလည်း ဖော်ပြပါ။ | နာမ်တရားအချင်းချင်း ကျေးဇူးပြုကြရာ၌ ကျေးဇူးပြုနိုင်သော ပစ္စည်းအမည်များမှာ- (၁) အနန္တရပစ္စည်း (၂) သမနန္တရပစ္စည်း (၃) အာသေဝနပစ္စည်း (၄) သမ္ပယုတ္တပစ္စည်း (၅) နတ္ထိပစ္စည်း (၆) ဝိဂတပစ္စည်း တို့ဖြစ်ပါသည်။ ပညတ်နာမ်ရုပ်တရားအား ကျေးဇူးပြုနိုင်သော ပစ္စည်းများမှာ- (၁) အာရမ္မဏပစ္စည်း (၂) ဥပနိဿယပစ္စည်း တို့ဖြစ်ပါသည်။ |
9 | 3 | 2005 | ဈာန်တရားကို ရစေနိုင်သော ကမ္မဋ္ဌာန်းတရားတို့တွင်- (က) ပထမဈာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်း (ခ) ပဉ္စမဈာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်း | (က) ပထမဈာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်းမှာ - အသုဘ=-၁၀-ပါး - ကာယဂတာသတိ=၁-ပါး ပေါင်း= ၁၁-ပါးတို့ဖြစ်ပါသည်။ (ခ) ပဉ္စမဈာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်းမှာ- ရူပပဉ္စမဈာန်ကိုသာ ရစေနိုင်သော ကမ္မဋ္ဌာန်း - (ဥပေက္ခာဗြဟ္မဝိဟာရ)= ၁-ပါး - ကမ္မဋ္ဌာန်း (အာရုပ္ပတရား)= ၄-ပါး |
2 | 4 | 2005 | "မကောင်းလည်းကံ ကောင်းလည်းကံ" ဟု ဗုဒ္ဓဘာသာအများစု ပြောဆိုတတ်ကြရာ ၎င်း၌ပါဝင်သော "ကံ" ဟူသည် မည့်သည့်တရားကို ခေါ်ပါသနည်း၊ ယှဉ်ဖော်ယှဉ်ဘက်တရား နှင့် တကွ ဖော်ပြခဲ့ပါ။ | "မကောင်းလည်းကံ ကောင်းလည်းကံ" ဟု ဗုဒ္ဓဘာသာအများစု ပြောဆိုတတ်ကြရာ ၎င်း၌ပါဝင်သော "ကံ" ဟူသည်မှာ "စေတနာ" တရားကို ခေါ်ပါသည်။ ၎င်းစေတနာစေတသိက်သည် - စိတ်အကျဉ်း ၈၉-ပါး၊ စိတ်အကျယ် ၁၂၁-ပါးနှင့် ယှဉ်ပါသည်။ |
5 | 4 | 2005 | သေခြင်းလေးမျိုးကို ရေးသားပြ၍ စုတေခါနီး၌ ဖြူစင်သောစိတ်၊ ညစ်နွမ်းသောစိတ်တို့တွင် အဘယ်စိတ် ဖြစ်ပါမည်နည်း၊ ခွဲခြားပြပါ။ | သေခြင်းလေးမျိုးမှာ- (၁) အာယုက္ခယ - မရဏအသက်တမ်းကုန်၍သေခြင်း (၂) ကမ္မက္ခယ မရဏ - ကံစွမ်းကုန်မှုကြောင့် သေရခြင်း၊ (၃) ဥဘယက္ခယ မရဏ - အသက်တမ်းနှင့် ကံစွမ်း ၂-ပါးကုန်၍ သေရခြင်း၊ (၄) ဥပစ္ဆေဒက မရဏ - ကံဆိုးဖြတ်ချွေ၍ သေချိန်မရောက်သေးဘဲ လတ်တလော သေရခြင်း တို့ဖြစ်ပါသည်။ စုတေခါနီးကာလ၌ စိတ်အစဉ်သည် ထင်လာသော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ပါးပါးကို အာရုံပြု၍ ရလတ္တံ့သော ဘဝသစ်ကို ညွှတ်၍နေလေသည်။ ဤစိတ်အစဉ်မှာ - ကုသိုလ်ကံက အကျိုးပေးတော့မည်ဖြစ်လျှင် (ကောင်းသောအာရုံထင်လာသောကြောင့် ထိုအာရုံကို အာရုံပြုလျက်) ဖြူစင်သောစိတ် ကုသိုလ်စိတ်အစဉ်ဖြစ်နေ၏။ - အကုသိုလ်ကံက အကျိုးပေးတော့မည်ဖြစ်လျှင် (မကောင်းသောအာရုံထင်လာသောကြောင့် ထိုအာရုံကို အာရုံပြုလျက်) ညစ်နွမ်းသောစိတ် အကုသိုလ်စိတ်အစဉ် ဖြစ်နေ၏။ ထို့ကြောင့် စုတေခါနီးကာလ၌ စိတ်အစဉ်သည် ဖြူစင်သောစိတ်၊ ညစ်နွမ်းသောစိတ် နှစ်မျိုးလုံးမှ တစ်မျိုးမျိုးသည် ဖြစ်နိုင်ပါသည်။ |
9 | 4 | 2005 | မဂ်ကိစ္စ ၁၆ ချက်ကို ရေတွက်ပြ၍ နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ်တို့ကိုလည်းဖြေဆိုပါ။ | မဂ်ကိစ္စ ၁၆ ချက်ကို ရေတွက်ပြရသော် - မဂ်စိတ်တစ်ခုသည် (၁) ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း(ပရိညာကိစ္စ) (၂) သမုဒယသစ္စာကို ပယ်ခြင်း (ပဟာနကိစ္စ) (၃) နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း (သစ္ဆိကရဏကိစ္စ) (၄) မဂ္ဂ သစ္စာကို ပွားများမှုပြီးစီးခြင်း (ဘာဝနာကိစ္စ) ဟူသော ကိစ္စ ၄-ပါးကို တစ်ပြိုင်နက် ပြီးစေ၏။ မဂ်စိတ်မှာ ၄-ပါး ရှိခြင်းကြောင့် ကိစ္စ ၄-ပါးဖြင့် ပွားသော် မဂ်ကိစ္စ ၁၆-ချက် ဖြစ်ပါသည်။ နိရောဓ သမာပတ်ဝင်စားနိုင်သော ပုဂ္ဂိုလ်များမှာ ကာမဘုံ၊ ရူပဘုံ၌ သမာပတ် ၈-ပါး၊ ၉-ပါး ရပြီးသော အနာဂါမ် ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။ |
1 | 1 | 2006 | "မဟာကုသလ၊ မဟဂ္ဂနှင့် မဂ္ဂကုသိုလ် နိဗ္ဗာန်ဖိုလ်မှန်၊ ငါးတန်၌ ပဟာန်မည်ရ တဒင်္ဂ" ဟူသော လင်္ကာ၌ပါသော (က) မဟာကုသိုလ် (ခ) မဟဂ္ဂုတ်ကုသိုလ် (ဂ) မဂ်ကုသိုလ် (ဃ) ဖိုလ်ဝိပါက်တို့၏ သရုပ်ကို သင်္ချာမျှသာ ဖော်ပြခဲ့ပါ။ | "မဟာကုသလ၊ မဟဂ္ဂနှင့် မဂ္ဂကုသိုလ် နိဗ္ဗာန်ဖိုလ်မှန်၊ ငါးတန်၌ ပဟာန်မည်ရ တဒင်္ဂ" ဟူသော လင်္ကာ၌ပါသော စိတ်တို့၏ သရုပ်ကို သင်္ချာမျှ ဖော်ပြရသော် (က) မဟာကုသိုလ် ၈ ပါး (ခ) မဟဂ္ဂုတ်ကုသိုလ် ၉ ပါး (ဂ) မဂ်ကုသိုလ် ၄ပါး(ကျဉ်း) \ ၂၀ပါး (ကျယ်) (ဃ) ဖိုလ်ဝိပါက် ၄ပါး(ကျဉ်း) \ ၂၀ပါး (ကျယ်) တို့ဖြစ်ပါသည်။ |
2 | 1 | 2006 | "၀န်တိုမှု ကင်းလျှင် အချစ်မမည်" ဟုဆိုရာ၌ ၀န်တိုမှုနှင့် ချစ်ခြင်းသည် အတူယှဉ်တွဲ၍ ဖြစ်နိုင်\မဖြစ်နိုင် ဖြေဆိုပြီးလျှင် "အကြောက်ရှိမှ အရှက်ရှိသည်" ဟုဆိုရာ ကြောက်ခြင်း နှင့် ရှက်ခြင်းသည် အတူယှဉ်တွဲ၍ ဖြစ်နိုင်မဖြစ်နိုင်ကိုလည်း ဖြေဆိုခဲ့ပါ။ | "၀န်တိုမှု ကင်းလျှင် အချစ်မမည်" ဟုဆိုရာ၌ ၀န်တိုမှုနှင့် ချစ်ခြင်းသည် အတူယှဉ်တွဲ၍ မဖြစ်နိုင်ပါ။ အကြောင်းမှာ - ၀န်တိုမှု (မစ္ဆရိယစေတသိက်) သည် ဒေါသမူစိတ် ၂-ပါးနှင့် ယှဉ်ပြီး - ချစ်ခြင်း (လောဘစေတသိက်) သည် လောဘမူစိတ် ၈-ပါးနှင့် ယှဉ်သောကြောင့် ဖြစ်ပါသည်။ "အကြောက်ရှိမှ အရှက်ရှိသည်" ဟုဆိုရာ ကြောက်ခြင်း နှင့် ရှက်ခြင်းသည် အတူယှဉ်တွဲ၍ ဖြစ်နိုင်ပါသည်။ အကြောင်းမှာ - ကြောက်ခြင်း (သြတ္တပ္ပ) နှင့် - ရှက်ခြင်း (ဟီရိ) တို့သည် သောဘနသာဓာရဏ စေတသိက်များဖြစ်၍ သောဘနစိတ်ဖြစ်တိုင်း အမြဲယှဉ်နိုင် ဆက်ဆံနိုင်သောကြောင့် ဖြစ်ပါသည်။ |
3 | 1 | 2006 | “ဝတ္တုအာရုံ၊ ကာမဂုဏ်”ဟုဆိုကြရာ ဝတ္တု (၆)ပါး၊ အာရုံ (၆)ပါး၊ ကာမဂုဏ်တရား (ကာမစိတ် ၅၄-ပါး)တို့ကို ရေတွက်ပပြြီးလျှင်၊ စေတသိက် အနည်းဆုံးယှဉ်သော စိတ်ကိုလည်း ဖော်ပြခဲ့ပါ။ | “ဝတ္တုအာရုံ၊ ကာမဂုဏ်”ဟုဆိုကြရာ ဝတ္တု (၆)ပါး၊ အာရုံ (၆)ပါး၊ ကာမဂုဏ်တရား (ကာမစိတ် ၅၄-ပါး) တို့မှာ- ဝတ္တု (၆)ပါးမှာ (၁) စက္ခုဝတ္တု (၂) သောတဝတ္တု (၃) ဃာနဝတ္တု (၄) ဇိဝှါဝတ္တု (၅) ကာယဝတ္တု (၆) ဟဒယဝတ္တု အာရုံ (၆)ပါးမှာ (၁) ရူပါရုံ (၂) သဒ္ဒါရုံ (၃) ဂန္ဓာရုံ (၄) ရသာရုံ (၅) ဖောဋ္ဌဗ္ဗာရုံ (၆) ဓမ္မာရုံ ကာမစိတ် ၅၄-ပါးမှာ ၁။ အကုသိုလ်စိတ်= ၁၂-ပါး ၂။ အဟိတ်စိတ်= ၁၈-ပါး ၃။ ကာမသောဘနစိတ်= ၂၄-ပါး ပေါင်း= ၅၄-ပါး စေတသိက် အနည်းဆုံးယှဉ်သောစိတ်မှာ - ဒွေပဉ္စဝိညာဏ် ၁၀-ပါး ဖြစ်ပါသည်။ |
4 | 1 | 2006 | အဘိဓမ္မာနည်းအရ ပဋိသန္ဓေအခါ ပဝတ္ထိအခါဟု ခွဲခြားပြောဆိုနေကြရာ ထိုအခါနှစ်ပါး ကွဲပြားအောင် မမွေးဖွာမီအချိန်ထိကိုသာ ရှု၍ ခွဲခြားပပြြီးလျှင် ရူပါရုံအချောအလှကို မြင်ခြင်းသည် စက္ခုပသာဒ စက္ခုဝိညာဏ်တို့တွင် အဘယ်ဖြင့် မြင်သည်ကိုလည်း ဆုံးဖြတ်ပြပါ။ | အဘိဓမ္မာနည်းအရ ပဋိသန္ဓေအခါ ပဝတ္ထိအခါဟု ခွဲခြားပြောဆိုနေကြရာ ထိုအခါနှစ်ပါး ကွဲပြားအောင် မမွေးဖွာမီအချိန်ထိကိုသာ ရှု၍ ခွဲခြားပြရသော် ပဋိသန္ဓေအခါ - ပဋိသန္ဓေစိတ်၏ ဥပါဒ်အခိုက် ပဝတ္ထိအခါ - ပဋိသန္ဓေစိတ်၏ဌီကာလမှ စ၍ မမွေးဖွားမီ အမိဝမ်းတွင်းနေသမျှ ကာလ။ ရူပါရုံအချောအလှကို မြင်ခြင်းသည် စက္ခုဝိညာဏ် ကသာမြင်နိုင်ပါသည်။ စက္ခုပသာဒရုပ်သည် အာရုံကို မယူနိုင်သော အနာရမ္မဏတရား ဖြစ်သောကြောင့် (တနည်း) ရုပ်၏ကန်းသည်အဖြစ်ကြောင့် မမြင်နိုင်ခြင်း ဖြစ်ပါသည်။ |
5 | 1 | 2006 | ကောင်းမှုရှင်နှင့် မကောင်းမှုရှင်တို့ လားရောက်ရခြင်း မတူပုံကို ကာမ ၁၁-ဘုံကို ရှုကာခွဲခြားပြ၍၊ ရှေးရှေးဘဝကပြုလုပ်ခဲ့သော ကံကြွင်း ကံကျန်များသည် ဤဘဝတွင် အကျိုးပေးကြရာ ထိုကံ၏ အမည်များကိုလည်း ကာလနှင့်စပ်၍ ပြားသောကံလေးမျိုးမှ ရွေးချယ်ပြပါ။ | ကောင်းမှုရှင်နှင့် မကောင်းမှုရှင်တို့ လားရောက်ရခြင်း မတူပုံမှာ - ကောင်းမှု(ကုသိုလ်) ရှင်တို့သည် လူ့ဘုံနှင့် နတ်ပြည် ၆-ထပ်ဟူသော ကာမသုဂတိ ရ-ဘုံသို့ လည်းကောင်း၊ - မကောင်းမှု (အကုသိုလ်) ရှင်တို့သည် အပါယ် ၄-ဘုံဟူသော ကာမဒုဂ္ဂတိဘုံသို့လည်းကောင်း လားရောက်နိုင်ပါသည်။ ရှေးရှေးဘဝကပြုလုပ်ခဲ့သော ကံကြွင်းကံကျန်များသည် ဤဘဝတွင် အကျိုးပေးကြရာ ထိုကံ၏ အမည်များကိုလည်း ကာလနှင့်စပ်၍ ပြားသောကံလေးမျိုးမှ ရွေးချယ်ပြရသော်- (၁) ပြီးခဲ့သော ဘဝမှ ပြုခဲ့၍ ယခုဘဝ၌ အကျိုးပေးသော သတ္တမဇော ကုသိုလ်၊ အကုသိုလ်စေတနာ (ဥပပဇ္ဇဝေဒနိယကံ) (၂) ရှေးရှေးဘဝများမှ ပြုခဲ့သော ယခုဘဝ၌ အကျိုးပေးသော အလယ်ဇော ၅-ချက် ကုသိုလ်၊ အကုသိုလ်စေတနာ (အပရာပရိယာယဝေဒနိယကံ) တို့ဖြစ်ပါသည်။ |
6 | 1 | 2006 | ပျိုမျစ်နုနယ်သော ခန္ဓာ၏ မမြဲမှု၊ ရင့်ရော်မှုတို့သည် မည်သည့်ရုပ်တို့၏ သဘောလက္ခဏာများ ဖြစ်သည်ကို အမည်မျှ ရေးသား၍၊ အာရုံကို ယူတတ်သောရုပ်တို့ကိုလည်း ရောက် မရောက်၏ အစွမ်းဖြင့် ခွဲဝေပြပါ။ | ပျိုမျစ်နုနယ်သော ခန္ဓာ၏ မမြဲမှု၊ ရင့်ရော်မှုတို့သည် “အနိစ္စတာရုပ်နှင့် ဇရတာရုပ်” တို့၏ သဘောလက္ခဏာများ ဖြစ်ပါသည်။ အာရုံကို ယူတတ်သောရုပ်တို့ကိုလည်း ရောက် မရောက်၏ အစွမ်းဖြင့် ခွဲဝေပြရသော်- - စက္ခုပသာဒနှင့် သောတပသာဒရုပ်တို့သည် မိမိထံသို့ လာရောက်သည်ဖြစ်စေ၊ မလာရောက်သည်ဖြစ်စေ မထိရောက် မကပ်ငြိခင်ကပင် အာရုံတို့ကို ယူတတ်သည့် “ အသမ္ပတ္တဂါဟကရုပ်များ” ဖြစ်ကြပါသည်။ - ဃာန၊ ဇိဝှါ၊ ကာယပသာဒရုပ် (၃)ပါးမှာမူ မိမိထံသို့ ထိရောက်ကပ်ငြိသော အာရုံကိုသာ ယူနိုင်သော “သမ္ပတ္တဂါဟကရုပ်များ” ဖြစ်ကြပါသည်။ |
7 | 1 | 2006 | အမုန်းတရားကို သံယောဇဉ်ဟု ဆိုနိုင်၊ မဆိုနိုင် အဘိဓမ္မာအမြင်ဖြင့် ဆုံးဖြတ်၍ သုတ္တန်နည်း သံယောဇဉ် ၁၀-ပါးနှင့် အဘိဓမ္မာနည်း သံယောဇဉ် ၁၀-ပါး တို့၏ ထူးခြားဟန်ကိုလည်း ဖြေဆိုခဲ့ပါ။ | အမုန်းတရားကို သံယောဇဉ်ဟု ဆိုနိုင်၊ မဆိုနိုင် အဘိဓမ္မာအမြင်ဖြင့် ဆုံးဖြတ်ရသော်- သံယောဇဉ် ၁၀-ပါးတွင် ပါဝင်သော ပဋိဃသံယောဇဉ်သည် ဒေါသတရားကိုယ် ဖြစ်သောကြောင့် အမုန်းတရား(ဒေါသ) ကို သံယောဇဉ်ဟု ဆိုနိုင်ခြင်းဖြစ်ပါသည်။ သုတ္တန်နည်း၌ သံယောဇဉ် ၁၀-ပါးနှင့် အဘိဓမ္မာနည်း သံယောဇဉ် ၁၀-ပါးတို့၏ ထူးခြားဟန်မှာ- သုတ္တန်နည်း၌ - ရူပရာဂသံယောဇဉ် အရူပရာဂသံယောဇဉ်၊ ဥဒ္ဓစ္စသံယောဇဉ် နှင့် အဘိဓမ္မာနည်း၌ - ဘဝရာဂသံယောဇဉ်၊ ဣဿာသံယောဇဉ်၊ မစ္ဆရိယသံယောဇဉ် ဟူ၍ သံယောဇဉ် ၃-ပါးစီသာ ထူးခြားပြီး ကျန်သံယောဇဉ် ရ-ပါးမှာမူ နည်း၂ပါးလုံး၌ အတူတူပင် ဖြစ်ပါသည်။ တရားကိုယ်အားဖြင့် သုတ္တန်နည်း၌ - လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စ၊ မောဟ ဟူသော တရားကိုယ် ရ-ပါး အဘိဓမ္မာနည်း၌ - ဥဒ္ဓစ္စ မပါဝင်ဘဲ ဣဿာ၊ မစ္ဆရိယဟု တရားကိုယ် (၈)ပါး ဖြစ်ပါသည်။ |
8 | 1 | 2006 | လောက၌ လူချမ်းသာ၊ နတ်ချမ်းသာ ဟု ရှိနိုင် မရှိနိုင် ပဋိစ္စသမုပ္ပါဒ်နည်းအရ ဆုံးဖြတ်ပြီးလျှင် အိုခြင်း သေခြင်းတို့၏ လက်ရင်းတရားခံ ဖြစ်သောတရားနှင့် ယင်းတရား၏ အကျိုးဆက်ဖြစ်သော တရားတို့ကိုလည်း ဖော်ပြခဲ့ပါ။ | လောက၌ လူချမ်းသာ၊ နတ်ချမ်းသာ ဟု မရှိနိုင်ပါ။ အကြောင်းမှာ - အဝိဇ္ဇာအစရှိသော အကြောင်းအဆက်ဆက်ကြောင့် ဖြစ်ပေါ်လာသော ရုပ်၊ နာမ်၊ ဓမ္မ အကျိုးအဆက်ဆက် မှန်သမျှသည် ချမ်းသာမဖက် ဒုက္ခစုသက်သက်မျှသာ ဖြစ်သည်ဟု ဆိုထားသောကြောင့် ဖြစ်ပါသည်။ သတ္တဝါမှန်သမျှ အိုခြင်းသေခြင်းမကင်းနိုင်ကြရာ ထိုအိုခြင်း သေခြင်းတို့၏ လက်ရင်းတရားခံမှာ “ဇာတိ’’ဖြစ်ပါသည်။ ထိုလက်ရင်းတရားခံ၏ အကျိုးဆက်တရားမှာ သာက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ၊ ဥပါယာသတရားတို့ ဖြစ်ပါသည်။ |
9 | 1 | 2006 | ယခုခေတ်တွင် အကြားအမြင်ရသည်ဟု ပြောဆို နေကြသောသူတို့သည် ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ အဘိညာဉ်ရရှိသော ပုဂ္ဂိုလ်များ ဖြစ်နိုင် မဖြစ်နိုင် အဘိညာဉ်ဖြစ်ပုံကို ရှုမျှော်၍ ဆုံးဖြတ်ခဲ့ပါ။ | ယခုခေတ်တွင် အကြားအမြင် ရသည်ဟု ပြောဆို နေကြသောသူတို့သည် ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ အဘိညာဉ်ရရှိသော ပုဂ္ဂိုလ်များ မဖြစ်နိုင်ပါ။ အကြောင်းမှာ- အဘိညာဉ်ရပုဂ္ဂိုလ် ဟူသည် သမာပတ် ၈ ပါး၊ ၉ပါး ရရှိပြီး ကသိုဏ်း ၁၀ ပါးလုံး၌ ၀သီဘော်နိုင်လှစွာ အားထုတ်ထားသော ပုဂ္ဂိုလ်မျိုး ဖြစ်ပါသည်။ အဘိညာဉ်ဖြစ်ပုံမှာ - ဒိဗ္ဗစက္ခုအဘိညာဉ် ဖြစ်လိုလျှင်.. (၁) အဘိညာဉ်၏ အခြေခံဖြစ်သော ရူပပဉ္စမဈာန်ကို ဝင်စားရ၏။ (၂) ထို့နောက် ဈာန်မှထက အဓိဋ္ဌာန်အပ်သောအာရုံ (မိမိမြင်လိုသောအဆင်း)ကို ဆင်ခြင်၍ ပရိကံပြုရ၏။ (၃) ထို့နောက် ပါဒကပဉ္စမဈာန်ကို (အခြေခံဖြစ်သော ရူပပ ဉ္စမဈာန်ကို) ပြန်ဝင်စားရ၏။ (၄) ၎င်းနောက် အဘိညာဉ်ဝိထိဖြစ်သော အဘိညာဉ်အစွမ်းဖြင့်မိမိမြင်လိုသော အဆင်းကို မြင်ရခြင်းဟူသော ဒိဗ္ဗစက္ခုအဘိညာဉ် ဖြစ်၏။ သို့ဖြစ်၍ ယခုခေတ်တွင် အကြားအမြင်ရသည်ဟု ပြောဆို နေကြသော သူတို့သည် ရူပပ ဉ္စမဈာန်တိုင် ရခြင်း၊ ဈာန်ဝင်စားခြင်း စသည် မရှိခဲ့လျှင်မူ ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ အဘိညာဉ်ရရှိသော ပုဂ္ဂိုလ်များ မဖြစ်နိုင်ပါ။ |
1 | 2 | 2006 | "ပရမတ်ပြန် အကြောင်းသမားတို့ ထောင်လွှားကြ သူထက်ငါ" ဆိုရာ ပရမတ်ပြန်အကြောင်း သမားများ မဖြစ်ရလေအောင် ပရမတ္တတရားများကို ရေတွက်ပပြြီးလျှင် "အချစ်အဘိဓမ္မာ" ဆိုကြရာ အချစ်သည် အဘိဓမ္မာ မည် မမည် ဆုံးဖြတ်ခဲ့ပါ။ | "ပရမတ်ပြန် အကြောင်းသမားတို့ ထောင်လွှားကြ သူထက်ငါ" ဆိုရာ ပရမတ်ပြန်အကြောင်း သမားများ မဖြစ်ရလေအောင် ပရမတ္တတရားများကို ရေတွက်ပြရသော် - စိတ် ၈၉ပါး (ကျဉ်း) \ ၁၂၁ပါး (ကျယ်) - စေတသိက် ၅၂ပါး - ရုပ် ၂၈ပါး - နိဗ္ဗာန် ၁ပါး တို့ဖြစ်ပါသည်။ "အချစ်အဘိဓမ္မာ" ဆိုကြရာ အချစ်(လောဘစေတသိက်) သည် အဘိဓမ္မာ မည်ပါသည်။ အကြောင်းမှာ အဘိဓမ္မာဟူသည် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်တရားများဖြစ်၍ အချစ်(လောဘစေတသိက်) သည် စေတသိက် (၅၂)ပါးတွင် ပါဝင်သောကြောင့် အဘိဓမ္မာမည်ရခြင်း ဖြစ်ပါသည်။ |
2 | 2 | 2006 | "လုံ့လနှင့်ကံ ကျိုးပေးသန်၊ အကြံမပေါ့နှင့်" ဟူသော ဆုံးမစာပါ (က) လုံ့လ (ခ) ကံ (ဂ) အကြံ ဟူသော စေတသိက်တို့၏ သဘောလက္ခဏာကို ဖြေဆို၍ စိတ်၌ - တင့်တယ်သောစိတ် (သောဘနစိတ်) - မတင့်တယ်သောစိတ် (အသောဘနစိတ်)ရှိသကဲ့သို့ စေတသိက်၌လည်း ရှိနိုင်\မရှိနိုင် ဖြေဆိုခဲ့ပါ။ | "လုံ့လနှင့်ကံ ကျိုးပေးသန်၊ အကြံမပေါ့နှင့်" ဟူသော ဆုံးမစာပါ - (က) လုံ့လ (ဝီရိယ) စေတသိက် - သမ္ပယုတ်တရားတို့ကို ထောက်ပ့ံ ခိုင်စေခြင်း သဘောလက္ခဏာ။ (ခ) ကံ(စေတနာ) စေတသိက် - အာရုံ၌ သမ္ပယုတ်တရားတို့ကို စေ့ဆော်ခြင်း သဘောလက္ခဏာ။ (ဂ) အကြံ (ဝိတက်) စေတသိက် -သမ္ပယုတ်တရားတို့ကို အာရုံသို့ တင်ပေးခြင်းသဘောလက္ခဏာ။ စိတ်၌ တင့်တယ်သောစိတ် (သောဘနစိတ်) မတင့်တယ်သောစိတ် (အသောဘနစိတ်) ရှိသကဲ့သို့ စေတသိက်၌လည်း ရှိနိုင်\မရှိနိုင် ဖြေဆိုရသော်- စေတသိက် ၅၂-ပါး၌ သောဘနစေတသိက် ၂၅-ပါး အုပ်စုအားဖြင့် လာရှိသဖြင့် တင့်တယ်သော (သောဘန) စေတသိက် ရှိပါသည်။ မတင့်တယ်သော (အသောဘန) စေတသိက်ဟူ၍ သီးခြားအုပ်စု ဖော်ပြထားခြင်း မရှိပါ။ သို့သော် အသောဘနစိတ် ၃၀-ပါး ဖြစ်သော အကုုသိုလ်စိတ် ၁၂-ပါး၊ အဟိတ်စိတ် ၁၈-ပါးတို့အနက် အဟိတ်စိတ် ၁၈-ပါး၌သာ ယှဉ်သော သီးခြားစေတသိက်များမရှိသဖြင့် အကုသိုလ်စိတ်များနှင့်သာ ယှဉ်သော အကုသိုလ်စေတသိက် ၁၄-ပါးကို မတင့်တယ်သော (အသောဘန) စေတသိက်ဟု ပရိယာယ်အားဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။ |
3 | 2 | 2006 | “ကာမနတ်နား အဟိတ်တရား”ဖြစ်ပါလျက် ဘုရားရှင်ကိုယ်တော်မြတ်ကိုမှ ဖြစ်ရသောစိတ်ကို ဝေဒနာ၊ ဟိတ်၊ ဒွါရ၊ အာရုံ၊ ဝတ္တုတို့ဖြင့် ဝေဖန်ပြခဲ့ပါ။ | “ကာမနတ်နား အဟိတ်တရား”ဖြစ်ပါလျက် ဘုရားရှင်ကိုယ်တော်မြတ်ကိုမှ ဖြစ်ရသောစိတ်မှာ - “ဟသိတုပ္ပါဒ်စိတ်” ဖြစ်ပါသည်။ ထိုဟသိတုပ္ပါဒ်စိတ်၏ ဝေဒနာ= သောမနဿဝေဒနာ ဟိတ်= အဟိတ် ကိစ္စ= ဇောကိစ္စ ဒွါရ= ၆-ဒွါရ (အမြဲဖြစ်) အာရုံ= ကာလ ၃-ပါး၌ဖြစ်သော ကာမစိတ် (၅၄)၊ စေတသိက် (၅၂)၊ရုပ် (၂၈)၊ ဟူသော ကာမအာရုံ ၆-ပါး ဝတ္တု= ဟဒယဝတ္တု (မြဲ) တို့ဖြစ်ပါသည်။ |
4 | 2 | 2006 | တဒါရုံအင်္ဂါများ ညီပါလျက် တဒါရုံကျခွင့် မရှိသော ၀ီထိကို အမည်မျှ ဖော်ပြ၍၊ အိပ်မက်မက်သကဲ့သို့ မထင်မရှား ဖြစ်ပေါ်လာသော အာရုံဝယ် ပါဝင်သော စိတ်အစဉ်တို့ကိုလည်း ဆိုရိုးကျ ရှေ့စိတ်နောက်စိတ် စီစဉ်ပြပါ။ | တဒါရုံအင်္ဂါများ ညီပါလျက် တဒါရုံကျခွင့် မရှိသော ၀ီထိမှာ- သောမနဿပဋိသန္ဓေဖြင့် ဒေါသဇော စောရာအခါ၌ အာဂန္တုကဘဝင်ကျသော ပဉ္စဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။ အိပ်မက်မက်သကဲ့သို့ မထင်မရှား ဖြစ်ပေါ်လာသော အာရုံဝယ် ပါဝင်သော စိတ်အစဉ်မှာ - ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော၊ ဘဝင်အများတို့ဖြစ်ကြပါသည်။ |
5 | 2 | 2006 | ကိုယ်လည်းမလှုပ် နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသော “ကံ”တို့ကို ကောင်းကံ၊ ဆိုးကံအားဖြင့် ခွဲခြားဖြေဆိုပါ။ | ကိုယ်လည်းမလှုပ် နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသော “ကံ”တို့ကို ကောင်းကံ၊ ဆိုးကံအားဖြင့် ခွဲခြားဖြေဆိုရသော်- ကောင်းကံ (သုစရိုက်မနောကံ) ၃-ပါးဖြစ်သော- အနဘိဇ္ဈာ - သူပိုင်ဥစ္စာ မညွှတ်မှု အဗျာပါဒ - အသေ မတောင့်တမှု သမ္မာဒိဋ္ဌိ - အယူမှန်မှု တို့ဖြစ်ပါသည်။ ဆိုးကံ (ဒုစရိုက်မနောကံ) ၃-ပါးဖြစ်သော- အဘိဇ္ဈာ - သူပိုင်ဥစ္စာ ညွှတ်မှု ဗျာပါဒ - အသေ တောင့်တမှု မိစ္ဆာဒိဋ္ဌိ - အယူမှားမှု တို့ဖြစ်ပါသည်။ |
6 | 2 | 2006 | အဆီအနှစ်များသော အစာသည် (က) အဘယ်ရုပ်ကို (ခ) အဘယ်အချိန်၌ (ဂ) အဘယ်သို့ ဖြစ်စေသည်ကို ဖြေဆို၍၊ အလောင်းကောင်၌ ကြွင်းကျန်သော ရုပ်ကလာပ်တို့ကိုလည်း ရေးသားပြပါ။ | အဆီအနှစ်များသော အစာ ( ကဗဠီကာရာဟာရသြဇာရုပ်)သည်- (က) ကာမဘုံသား အဇ္ဈတ္တအာဟာရဇရုပ်ကို (ခ) အဇ္ဈတ္တ၊ ဗဟိဒ္ဓ အာဟာရနှစ်ပါး အချင်းချင်း ဌီသို့ရောက်၌ ရောနှောမိချိန်၌ (ဂ) ကာမဘုံတွင် ပဝတ္တိအခါ အဇ္ဈတ္တသန္တာန်၌ ခဏတိုင်းခဏတိုင်း အာဟာရဇ အဋ္ဌကလာပ်ရုပ်ကို ဖြစ်စေ၏။ အလောင်းကောင်၌ ကြွင်းကျန်သော ရုပ်ကလာပ်တို့မှာ- ဥတုဇကလာပ် ၄-စည်းမှ - သုဒ္ဓဋ္ဌကကလာပ် နှင့် - သဒ္ဒနဝကကလာပ် (၂) စည်းသာကြွင်းကျန်ပါသည်။ |
7 | 2 | 2006 | မူးယစ်ဆေးဝါးကို မဖြတ်နိုင်လောက်အောင် စွဲလမ်းနေခြင်းသည် မည်သည့်ဥပါဒါန်မျိုး ဖြစ်ပါသနည်း ဖြေဆို၍ ဒိဋ္ဌိစေတသိက်တစ်ခုတည်း ကိုပင်လျှင် “သီလဗ္ဗတပရာမာသ၊ ဣဒံသစ္စာ ဘိနိဝေသ၊ အတ္တဝါဒုပါဒါန်” ဟု အမည်အမျိုးမျိုး တပ်၍ ဟောရခြင်းအကြောင်းကိုလည်း ဖြေဆိုခဲ့ပါ။ | မူးယစ်ဆေးဝါးကို မဖြတ်နိုင်လောက်အောင် စွဲလမ်းနေခြင်းသည် - “ကာမုပါဒါန်” (လောဘတရားကိုယ်) ဖြစ်ပါသည်။ ဒိဋ္ဌိစေတသိက်တစ်ခုတည်းကိုပင်လျှင် “သီလဗ္ဗတပရာမာသ၊ ဣဒံသစ္စာ ဘိနိဝေသ၊ အတ္တဝါဒုပါဒါန်” ဟု အမည်အမျိုးမျိုး တပ်၍ ဟောရခြင်းအကြောင်းမှာ- ဒိဋ္ဌိစေတသိက် ဟူသည် မှားယွင်းစွာသိခြင်းသဘော ဖြစ်ပါသည်။ ထိုသို့ မှားယွင်းစွာသိရာ၌- (၁) နွား၊ ခွေးတို့၏ အလေ့အကျင့် စသောအကျင့်ကို ကျင့်လျှင် ကိလေသာလည်းစင်ကြယ်၏ သံသရာမှလည်း လွတ်မြောက်လွယ်၏ ဟု မှားယွင်းစွာ သုံးသပ်သောကြောင့် ထိုဒိဋ္ဌိကို သီလဗ္ဗတပရာမာသ ဟုဟောတော်မူပါသည်။ (၂) အယူမှားကိုယူပြီးလျှင် ဤငါ့အယူသာအမှန် ကျန်အယူမှန်သမျှ အလွဲချည်းသာဟုမှားယွင်းစွာ စွဲစွဲမြဲမြဲ ယူသောကြောင့် ထိုဒိဋ္ဌိကို ဣဒံသစ္စာ ဘိနိဝေသ ဟုဟောတော်မူပါသည်။ (၃) မိစ္ဆာအယူရှိသူတို့ ကြံဆအပ်သော ၂၀-သော “အတ္တရှိသည်” ဟုပြောဆိုကြောင်းဖြစ်သော အယူ၊ အတ္တဝါဒကို မြဲမြံစွာ ယူတတ် စွဲလမ်းတတ်သောကြောင့် ထိုဒိဋ္ဌိကို အတ္တဝါဒုပါဒါန်ဟု ဟောတော်မူပါသည်။ |
8 | 2 | 2006 | ရဟန်းတစ်ပါးကို ချစ်ကြိုက်သောစိတ်ဖြင့် ဆွမ်းလောင်းလှူလျှင် ကုသိုလ် ရနိုင် မရနိုင် အဘိဓမ္မာအမြင်ဖြင့် ဆုံးဖြတ်၍ စိတ် ဆိုတာ ဖိုနှင့်မတို့၏ စပန်းနင့်အိုဗရီခေါ် ရုပ်နှစ်မျိုး ပေါင်းမိခြင်းကြောင့်ဖြစ်ပေါ်လာသော ရုပ် တစ်မျိုးသာဖြစ်သည်ဟု အချို့ပြောဆို နေကြသော အယူအဆသည်အဘိဓမ္မာနည်းအရ မှန် မမှန်ကိုလည်း ဆုံးဖြတ်ခဲ့ပါ။ | ရဟန်းတစ်ပါးကို ချစ်ကြိုက်သောစိတ်ဖြင့် ဆွမ်းလောင်းလှူလျှင် ကုသိုလ်ရနိုင်ပါသည်။ အကြောင်းမှာ - ပကတူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုရာ၌ ရာဂစသော အကုသိုလ်တရားများသည် အဇ္ဈတ္တသန္တာန်( မိမိ၊သူတစ်ပါး)တို့၌ ကုသိုလ်၊ အကုသိုလ်စသော တရားတို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဟောကြားထားသောကြောင့် ဖြစ်ပါသည်။ စိတ် ဆိုတာ ရုပ်နှစ်မျိုးပေါင်းမိခြင်းကြောင့် ဖြစ်ပေါ်လာသော ရုပ်တစ်မျိုးသာဖြစ်သည် ဟူသော အယူအဆသည် မမှန်ပါ။ အကြောင်းမှာ အဘိဓမ္မာ၌ စိတ် စေတသိက် နိဗ္ဗာန်သည် နာမ်မည်၏ဟု ဟောကြားချက်အရ စိတ်သည် နာမ်တရားသာဖြစ်၍ ရုပ်တရား မဟုတ်သောကြောင့် ဖြစ်ပါသည်။ |
9 | 2 | 2006 | ယောဂီပုဂ္ဂိုလ်များ ဝိပဿနာတရား အားထုတ်ရာ၌ ဖြစ်လေ့ရှိသော အန္တရာယ်များကို ဖော်ပြ၍ မဂ်ရပြီးသောပုဂ္ဂိုလ် ဖိုလ်စိတ်ဖြစ်ရန် အားထုတ်ဖို့ လိုမလိုကိုလည်း အဘိဓမ္မာ အမြင်ဖြင့် ဆုံးဖြတ်ပါ။ | ဝိပဿနာညစ်နွမ်းကြောင်း အန္တရာယ် ၁၀-ပါးမှာ- (၁) သြဘာသ (၂) ပီတိ (၃) ပဿဒ္ဓိ (၄) အဓိမောက္ခ (၅) ပဂ္ဂဟ (၆) သုခ (၇) ဉာဏ (၈) ဥပဋ္ဌာန (၉) ဥပေက္ခာ (၁၀) နိကန္တိ တို့ဖြစ်ပါသည။် မဂ်ရပြီးသောပုဂ္ဂိုလ် ဖိုလ်စိတ်ဖြစ်ရန် အားထုတ်ဖို့ မလိုပါ။ အကြောင်းမှာ -စိတ္တနိယာမအရ မဂ္ဂဝီထိ၌ မဂ်ဇောတစ်ကြိမ် စောပြီးနောက် ဖိုလ်ဇောတို့သည် မန္ဒပုဂ္ဂိုလ်ဖြစ်လျှင် (၂)ကြိမ်၊ တိက္ခပုဂ္ဂိုလ်ဖြစ်လျှင် (၃)ကြိမ်ဖြစ်ပြီး ဘဝင်ကျ၏။ ဤသို့ မဂ်စိတ် ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် ဖိုလ်စိတ်တို့သည် ဆက်တိုက်ဖြစ်သောကြောင့် အားထုတ်ရန် မလိုရခြင်း ဖြစ်ပါသည်။ |
2 | 3 | 2006 | "ကိုယ်နှင့်မစာ လူတကာ မေတ္တာမတုံးနှင့်" ဟူ၍ ပြောဆိုဆုံးမကြရာ ၎င်းဆုံးမစကား၌ ပါသော " တကယ့်မေတ္တာစစ် မေတ္တာမှန်၏ စေတသိကဓမ္မ" ကိုဖော်ပြ၍ ယင်းနှင့် ယှဉ်သော စိတ်ကို ဇာတိ၊ ဘူမိဘေဒအားဖြင့် ဖော်ပြပါ။ | "ကိုယ်နှင့်မစာ လူတကာ မေတ္တာမတုံးနှင့်" ဟူ၍ ပြောဆိုဆုံးမကြရာ ၎င်းဆုံးမစကား၌ ပါသော "တကယ့်မေတ္တာစစ် မေတ္တာမှန်၏ စေတသိကဓမ္မ" မှာ အဒေါသစေတသိက် ဖြစ်ပါသည်။ ၎င်းနှင့်ယှဉ်သောစိတ်မှာ - သောဘနစိတ် အကျဉ်း(၅၉)ပါး၊ အကျယ် (၉၁)ပါး ဖြစ်ပါသည်။ ၎င်းစိတ်ကို ဇာတိဘေဒအားဖြင့် ဖော်ပြရသော် - အကုသိုလ်စိတ် - မရှိ (စိတ်အကျဉ်း)၊ မရှိ (စိတ်အကျယ်) ကုသိုလ်စိတ် - ၂၁-ပါး (စိတ်အကျဉ်း)၊ ၃၇-ပါး (စိတ်အကျယ်) ဝိပါက်စိတ် - ၂၁-ပါး (စိတ်အကျဉ်း)၊ ၃၇-ပါး (စိတ်အကျယ်) ကြိယာစိတ် - ၁၇-ပါး (စိတ်အကျဉ်း)၊ ၁၇-ပါး (စိတ်အကျယ်) ပေါင်း သောဘနစိတ် - ၅၉-ပါး (စိတ်အကျဉ်း)၊ ၉၁-ပါး (စိတ်အကျယ်) ဘူမိဘေဒအားဖြင့် ဖော်ပြရသော် - ကာမာဝစရစိတ် - ၂၄-ပါး (စိတ်အကျဉ်း)၊ ၂၄-ပါး (စိတ်အကျယ်) ရူပါဝစရစိတ် - ၁၅-ပါး (စိတ်အကျဉ်း)၊ ၁၅-ပါး (စိတ်အကျယ်) အရူပါဝစရစိတ် - ၁၂-ပါး (စိတ်အကျဉ်း)၊ ၁၂-ပါး (စိ်တ်အကျယ်) လောကုတ္တရာစိတ် - ၈-ပါး (စိတ်အကျဉ်း)၊ ၄၀-ပါး (စိတ်အကျယ်) ပေါင်း သောဘနစိတ် - ၅၉-ပါး (စိတ်အကျဉ်း)၊ ၉၁-ပါး (စိတ်အကျယ်) |
3 | 3 | 2006 | “စိတ်ဇောယာဉ်ပျံ လွန်လျင်မြန်”ဟုဆိုထားရာ “ဇော” အမည်ရသော စိတ်တို့ကို ရေတွက်ပပြြီးလျှင်၊ ကြံစည်မှုမှန်သမျှ၌ သုံးသပ်၍ ရနိုင်-မရနိုင် အကြောင်းသွင်း၍ ရှင်းလင်းခဲ့ပါ။ | “စိတ်ဇောယာဉ်ပျံ လွန်လျင်မြန်”ဟုဆိုထားရာ “ဇော” အမည်ရသော စိတ်တို့မှာ- အကုသိုလ်စိတ်= ၁၂-ပါး ဟသိတုပ္ပါဒ်စိတ်= ၁-ပါး မဟာကုသိုလ်၊ ကြိယာစိတ်= ၁၆-ပါး မဟဂ္ဂုတ်ကုသိုလ်၊ ကြိယာစိတ်= ၁၈-ပါး လောကုတ္တရာစိတ်= ၈-ပါး/ ၄၀ပါး ဇောစိတ်ပေါင်း= ၅၅-ပါး/ ၈၇-ပါး ကြံစည်မှု (ဝိတက်) မှတ်သမျှ၌ သုံးသပ်မှု (ဝိစာရ) ရနိုင်ပါသည်။ အကြောင်းမှာ- ကြံစည်မှု (ဝိတက်)သည် - ဒွေပဉ္စဝိညာဏ် ၁၀-ကြဉ်သော ကာမစိတ် (၄၄)၊ - ပထမဈာန်စိတ် (၁၁) ၌ ယှဉ်၍၊ သုံးသပ်မှု (ဝိစာရ) သည်- - ဒွေပဉ္စဝိညာဏ် ၁၀-ကြဉ်သော ကာမစိတ် (၄၄)၊ - ပထမဈာန်စိတ်(၁၁)၊ - ဒုတိယဈာန်စိတ် (၁၁) ၌ ယှဉ်သောကြောင့် ကြံစည်မှု (ဝိတက်) ဖြစ်သမျှစိတ်တိုင်းတွင် သုံးသပ်မှု (ဝိစာရ) သည် ရနိုင်ခြင်း ဖြစ်ပါသည်။ |
4 | 3 | 2006 | ကြိုတင်ပြင်ဆင်မှု (ပရိကံ)ရှိမှသာ ကိစ္စအားလုံး အောင်မြင်နိုင်သည်ဟု ဆိုကြရာ ထိုပရိကံအရကို အရှင်အနုရုဒ္ဓါအလိုကျ တိကျစွာ ဖော်ပြ၍ သတ်မှတ်ချက်မရှိဘဲ စောချင်သလောက် စောခွင့်ရှိသော ဇောတို့ကိုလည်း ဥပမာဆောင်ကာ ထင်ရှားအောင် ပြဆိုပါ။ | ကြိုတင်ပြင်ဆင်မှု (ပရိကံ)ရှိမှသာ ကိစ္စအားလုံး အောင်မြင်နိုင်သည်ဟု ဆိုကြရာ ထိုပရိကံအရကို အရှင်အနုရုဒ္ဓါအလိုကျ တိကျစွာ ဖော်ပြရသော် - တိဟိတ်ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်တို့အတွက် တိဟိတ်ကာမာဝစရ ကုသိုလ်ဇော ၄ ပါး - ရဟန္တာ(အသေက္ခ)ပုဂ္ဂိုလ်တို့အတွက် တိဟိတ်ကာမာဝစရ ကြိယာဇော ၄ ပါး တို့ဖြစ်ပါသည်။ သတ်မှတ်ချက်မရှိဘဲ စောချင်သလောက် စောခွင့်ရှိသော ဇောတို့မှာ - အဘိညာဉ်ဇော၊ မဂ်ဇောတို့မှ ကြွင်းသော မဟဂ္ဂုတ် လောကုတ္တရာဇောတို့သည် သမာပတ္တိဝီထိ၌ နေ့ညဉ့်ပတ်လုံး ဇောများ ဖြစ်နိုင်သောကြောင့် သတ်မှတ်ချက်မရှိဘဲ ဘဝင်အလျဉ်ကဲ့သို့ စောချင်သလောက် စောခွင့်ရှိပါသည်။ (ဘဝင်အလျဉ်သည် မြစ်ရေအလျဉ်ကဲ့သို့ ဖြစ်ပါသည်။) |
5 | 3 | 2006 | ပညာရှိ သူတော်ကောင်းဖြစ်လာအောင် တွန်းအားပေးပို့လိုက်သော “ကံ”ကို ပဋိသန္ဓေကျိုး ပဝတ္တိကျိုးတို့နှင့် တွဲစပ်ကာ ဖော်ပြပါ။ | ပညာရှိ သူတော်ကောင်းဖြစ်လာအောင် တွန်းအားပေးပို့လိုက်သော “ကံ”မှာ- တိဟိတ်ဥက္ကဋ္ဌ မဟာကုသိုလ်စေတနာ ၄-ပါး (မဟာကု ဉာသံ-၄) ဖြစ်ပါသည်။ ၎င်းကို ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုးတို့နှင့် တွဲစပ်ကာ ဖော်ပြရသော်- တိဟိတ်ဥက္ကဋ္ဌ မဟာကုသိုလ်စေတနာ ၄-ပါးသည်- ပဋိသန္ဓေအခါ - ကာမသုဂတိ ရ-ဘုံ၌ မဟာဝိပါက်ဉာဏသမ္ပယုတ်စိတ်၄-ပါး ပဝတ္တိအခါ - ကာမသုဂတိ ရ-ဘုံ၌ အဟိတ်ကုသလဝိပါက်စိတ် ၄-ပါး မဟာဝိပါက်စိတ် ၈-ပါး - အပါယ် ၄-ဘုံ၌ အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး - (အသညသတ်ကြဉ်) ရူပ၁၅-ဘုံ၌ (ဃာန၊ ဇိဝှါ၊ ကာယကြဉ်) အဟိတ်ကုသလဝိပါက်စိတ် ၅-ပါး |
6 | 3 | 2006 | “အဖွဲ့အစည်း” တစ်ခုုခုတွင် ပါဝင်လိုသောရုပ်၏ ပြည့်စုံရမည့် လက္ခဏာများကို ရေးသားပြ၍ ရူပ ၁၅-ဘုံ၌ မရနိုင်သောရုပ်တို့ကိုလည်း တိကျစွာ ဖော်ပြပါ။ | “အဖွဲ့အစည်း” တစ်ခုုခုတွင် ပါဝင်လိုသော ရုပ်၏ ပြည့်စုံရမည့် လက္ခဏာများမှာ- (၁) ဧကုပ္ပါဒ အတူတကွ ဖြစ်ခြင်း (၂) ဧကနိရောဓ အတူတကွ ချုပ်ခြင်း (၃) ဧကနိဿယ တူသော မှီရာရှိခြင်း (၄) သဟဝုတ္တိ ဤအင်္ဂါ ၃-ပါးနှင့်ညီစွာ အတူတကွ ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ ရူပ ၁၅-ဘုံ၌ မရနိုင်သောရုပ်များမှာ - ဃာနပသာဒရုပ် ၁-ပါး၊ - ဇိဝှါပသာဒရုပ် ၁-ပါး၊ - ကာယပသာဒရုပ် ၁-ပါး၊ - ဘာဝရုပ် ၂-ပါး၊ ပေါင်း (၅)ပါးတို့ ဖြစ်ကြပါသည်။ |
7 | 3 | 2006 | လုပ်အားတန်ဘိုး ချစ်မြတ်နိုးသောပုဂ္ဂိုလ်တို့ ပယ်ထိုက်သောတရားနှင့် တိုးပွားစေထိုက်သောတရား တို့ကို သမ္မပ္ပဓာန် ရှုမျှော်လျက် ဖြေဆိုပြီးလျှင် အဘိဓမ္မာစာမေးပွဲကို အဆင့်တိုင်း၌ ဗိုလ်စွဲလိုလျှင် ပြည့်စုံရမည့် တရားတို့ကိုလည်းဖော်ပြပါ။ | လုပ်အားတန်ဘိုး ချစ်မြတ်နိုးသောပုဂ္ဂိုလ်တို့ ပယ်ထိုက်သောတရားနှင့် တိုးပွားစေထိုက်သော တရားတို့ကို သမ္မပ္ပဓာန် ရှုမျှော်လျက် ဖြေဆိုရလျှင် - သမ္မပ္ပဓာန် ၄-ပါးသည် (၁) ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း၊ (၂) မဖြစ်သေးသော အကုသိုလ်တရား တို့ကို အသစ် မဖြစ်ခြင်းငှာ အားထုတ်ခြင်း။ (၃) မဖြစ်သေးသော ကုသိုလ်တရား တို့ကို ဖြစ်ထွန်းစေခြင်းငှာ အားထုတ်ခြင်း။ (၄) ဖြစ်ပြီးသော ကုသိုလ်တရား တို့ကို တိုးပွားမြဲစေခြင်းငှာ အားထုတ်ခြင်း တို့ဖြစ်သောကြောင့် ကုသိုလ်တရားတို့ကို တိုးပွားစေနိုင်ပါသည်။ အဘိဓမ္မာပညာရှင်တို့ ဖြေဆိုနေသော စာမေးပွဲအဆင့်ဆင့်၌ ဗိုလ်စွဲလိုလျှင်- (၁) သဒါ္ဓဗိုလ် (၂) ၀ီရိယဗိုလ် (၃) သတိဗိုလ် (၄) သမာဓိဗိုလ် (၅) ပညာဗိုလ် ဟူသော “ဗိုလ်တရားငါးပါး” တို့နှင့် ပြည့်စုံအောင် ပြုလုပ်ရမည် ဖြစ်ပါသည်။ |
8 | 3 | 2006 | အောက်ပါတို့၏ ပညတ်အမည်တို့ကို ဖော်ပြခဲ့ပါ။ (က) တိုက်ပုံအင်္ကျီ (ခ) မြင်းလှည်း (ဂ) ပုပ္ပါးတောင် (ဃ) ဥမင်လိုဏ်ခေါင်း (င) မင်းသမီး | အတ္တပညတ်အားဖြင့် (က) တိုက်ပုံအင်္ကျီ - သမူဟပညတ် (ခ) မြင်းလှည်း - သမူဟပညတ် (ဂ) ပုပ္ပါးတောင် - သဏ္ဌာနပညတ် (ဃ) ဥမင်လိုဏ်ခေါင်း - အာကာသပညတ် (င) မင်းသမီး - ဇာတိပညတ် သဒ္ဒပညတ်အားဖြင့် (က) တိုက်ပုံအင်္ကျီ - အဝိဇ္ဇာမာနေန- အဝိဇ္ဇာမာနပညတ် (ခ) မြင်းလှည်း - အဝိဇ္ဇာမာနေန- အဝိဇ္ဇာမာနပညတ် (ဂ) ပုပ္ပါးတောင် - အဝိဇ္ဇာမာနေန- အဝိဇ္ဇာမာနပညတ် (ဃ) ဥမင်လိုဏ်ခေါင်း - အဝိဇ္ဇာမာနပညတ် (င) မင်းသမီး - အဝိဇ္ဇာမာနေန- အဝိဇ္ဇာမာနပညတ် တို့ဖြစ်ကြပါသည်။ |
9 | 3 | 2006 | အရိယာပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိနိုင် မသိနိုင် အဘိဓမ္မာအမြင်ဖြင့် ဆုံးဖြတ်၍ နိရောဓသမာပတ် ဝင်စားနိုင်သောပုဂ္ဂိုလ် တို့ကိုလည်း ဖော်ပြခဲ့ပါ။ | အရိယာပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိနိုင်ပါသည်။ အရိယာ အဖြစ်သို့ရောက်ပြီးသောပုဂ္ဂိုလ်သည် မဂ္ဂင်ထိအဆုံး၌ ဘဝင်ကျ၏။ ထိုဘဝင်ကို ဖြတ်၍ ပစ္စဝေက္ခဏာဝီထိတို့သည် ဖြစ်၏။ ထိုပစ္စဝေက္ခဏာဇောဝီထိတို့သည် မိမိတို့ ဆိုင်ရာ ပယ်ပြီး ကိလေသာနှင့် ကြွင်းကျန်ကို ဆင်ခြင်ခြင်းနှင့် မိမိ ရရှိသော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့ကို ဆင်ခြင်ခြင်းဖြစ်၍ အရိယာပုဂ္ဂိုလ်သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိနိုင်ပါသည်။ နိရောဓ သမာပတ်ဝင်စားနိုင်သော ပုဂ္ဂိုလ်များမှာ ကာမဘုံ၊ ရူပဘုံ၌ သမာပတ် ၈-ပါး၊ ၉-ပါး ရပြီးသော အနာဂါမ် ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။ |
2 | 4 | 2006 | "မျဉ်းပြိုင်နှစ်စင်း စိတ်စေခင်း" ဆိုသည့်အတိုင်း "ဖဿ" စိတ်၊ စေတသိက်ပေါင်း မည်မျှ ရှိသည်ကို သင်္ချာမျှ ဖော်ပပြြီးလျှင် "ဌာန ဌာန ကောသလ္လ" ဆိုထားရာ ဌာနသရုပ်ကိုလည်း ထုတ်ပြပါ။ | "မျဉ်းပြိုင်နှစ်စင်း စိတ်စေခင်း" ဆိုသည့်အတိုင်း "ဖဿ" စိတ်၊ စေတသိက်ပေါင်း ၈၉/ ၁၂၁-ပါး ရှိပါသည်။ အကြောင်းမှာ - "ဖဿ" စေတသိက်သည် စိတ် ၈၉\၁၂၁ ပါးနှင့် ယှဉ်နိုင်သောကြောင့် ဖြစ်ပါသည်။ "ဌာန ဌာန ကောသလ္လ" ဆိုထားရာ ဌာန (၁၀)ပါး သရုပ်မှာ (၁) ပဋိသန္ဓေဌာန (၂) ဘဝင်ဌာန (၃) အာဝဇ္ဇန်းဌာန (၄) ပဉ္စဝိညာဏ်ဌာန (၅) သမ္ပဋိစ္ဆိုင်းဌာန (၆) သန္တီရဏဌာန (၇) ဝုဋ္ဌောဌာန (၈) ဇောဌာန (၉) တဒါရုံဌာန (၁၀) စုတိဌာန တို့ဖြစ်ပါသည်။ |
5 | 4 | 2006 | ပဋိသန္ဓေစိတ်သည် ကံကိုအာရုံပြု အဘယ်ကံ ကိုသာ အာရုံပြုပါသနည်း ဖြေဆို၍၊ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့၏ တရားကိုယ် အရကောက် ကိုလည်းဖော်ပြပါ။ | ပဋိသန္ဓေစိတ်သည် ကံကို အာရုံပြုလျှင် အခြားမဲ့ဘဝဟောင်းမှ မရဏာသန္နဇော ယူအပ်သော အတိတ်သာလျှင်ဖြစ်သော ကံကိုသာ အာရုံပြုပါသည်။ ကံ - အကျိုးပေးခွင့်ရ၍ ရှေးရူတည်နေသော ပဋိသန္ဓေကို ဖြစ်စေသော (ဥပပဇ္ဇဝေဒနိယ၊ အပရာပရိယာယဝေဒနိယ) ကုသိုလ်၊ အကုသိုလ် ဇနကကံ။ ကမ္မနိမိတ် - ကံမြောက်ကြောင်း အလှူဝတ္တု၊ အလှူခံပုဂ္ဂိုလ်၊ လက်နက်၊ တုတ်၊ ဓားစသော ကံအဆောက်အဦး၊ ကံနှင့်စပ်သမျှ ဝတ္တုအာရုံ ၆-ပါး ဂတိနိမိတ် - လားရာဂတိ အမိဝမ်းရေ၊ နတ်သမီးဘုံဗိမာန်၊ ဥယျာဉ်၊ ပဒေသာပင်၊ ငရဲအိုး၊ ငရဲထိန်း၊ ငရဲမီးလျှံ စသည့် ပစ္စုပ္ပန် အာရုံ ၆-ပါး။ |
9 | 4 | 2006 | အဘယ်သို့သော တရားကို ပယ်မှ သောတာပန် ပုဂ္ဂိုလ်ဟု ခေါ်ဆိုထိုက်ပါသနည်း၊ ယင်းသောတာပန် ပုဂ္ဂိုလ်၏ ပဋိသန္ဓေနေခွင့်ရှိသော အကြိမ်အရေအတွက်ကို ဖော်ပြ၍ သောတာပန် ပုဂ္ဂိုလ်သေလျှင် အပါယ်ဘုံသို့ ရောက်နိုင် မရောက်နိုင်ကိုလည်း အကြောင်းပြ ဆုံးဖြတ်ခဲ့ပါ။ | သောတာပန်ပုဂ္ဂိုလ်ဟူသည် - သောတာမတ္ထိမဂ်ဖြင့် ဒိဋ္ဌိနှင့် ၀ီစိကိစ္ဆာတရားတို့ကို အကြွင်းမဲ့ ပယ်သတ်၍ ကြွင်း ကိလေသာတရားတို့၏ အပါယသတ္တိကို ပယ်နိုင်မှသာ သောတာပန်ပုဂ္ဂိုလ်ဟု ခေါ်ဆိုထိုက်ပါသည်။ သောတာပန်ပုဂ္ဂိုလ်၏ ပဋိသန္ဓေနေခွင့် ရှိသော အကြိမ်အရေအတွက်မှ(၇) ကြိမ်ထက် ပို၍ နေခွင့်ရှိပါသည်။ သောတာပန်သေလျှင် - အပါယ်ဘုံသို့ မရောက်နိုင်ပါ။ အကြောင်းမှာ - သောတာပန်ပုဂ္ဂိုလ်သည် အယူမှားမှု(ဒိဋ္ဌိ) နှင့် ယုံမှားမှု (ဝိစိကိစ္ဆာ)ကို အကြွင်းမဲ့ ကုန်စင်အောင်ပယ်သတ်၏။ ကျန်သော အကုသိုလ်တို့၏ အပါယ်ကို ကျစေနိုင်သော သတ္တိကို ပယ်၏။ ထို့ကြောင့် သောတာပန် ပုဂ္ဂိုလ်သည်သေပြီးနောက်အပါယ်ဘုံသို့ မရောက်နိုင်တော့ခြင်း ဖြစ်ပါသည်။ |
2 | 5 | 2006 | လူမူနယ်ပယ်၌ အပယ်ခံ အကျည်းတန်များ ရှိသလို ပရမတ် နယ်ပယ်၌လည်း အပယ်ခံ စေတသိက်များ ရှိနိုင်\မရှိနိုင် စိတ်အုပ်စုတို့အလိုက် ခွဲခြားဖြေဆိုပြီးလျှင်၊ စေတသိက် ၅၂-ပါးကိုလည်း စျာန်အင်္ဂါအမည်ရသော စေတသိက်နှင့် စျာန်အင်္ဂါအမည်မရသော စေတသိက် တို့ကိုလည်း သင်္ချာမျှ ခွဲခြားပြပါ။ | လူမူနယ်ပယ်၌ အပယ်ခံ အကျည်းတန်များ ရှိသလို ပရမတ် နယ်ပယ်၌လည်း အပယ်ခံ စေတသိက်များမှာ - (အကုသိုလ် စေတသိက် ၁၄-ပါး ) ရှိနိုင်ပါသည်။ ပယ်ရမည့် အကုသိုလ်စေတသိက်တို့ကို စိတ်အုပ်စုတို့အလိုက် ခွဲခြားဖြေဆိုရသော် မာဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ - အကုသိုလ်စိ်တ် ၁၂-ပါးလုံး လောဘ - လောဘမူစိတ် ၈-ပါး ဒိဋ္ဌိ - လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး မာန - လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး ဒေါသ၊ ဣသာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ - ဒေါသမူစိတ် ၂-ပါး ထိန - မိဒ္ဓ - အကုသိုလ် သ-သင်္ခါရိက စိတ် ၅-ပါး ဝိစိကိစ္ဆာ - ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁ -ပါး စျာန်အင်္ဂါအမည်ရသော စေတသိက် ၅-ပါး - (ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ (သုခ၊ဥပေက္ခာ) ဧကဂ္ဂတာ) စျာန်အင်္ဂါအမည်မရသော စေတသိက် - ကြွင်းစေတသိက် ၄၇-ပါး |
1 | 1 | 2007 | "စိတ်သာလျှင် ပဓာန၊ စိတ်သာလျှင် အဓိက" ဟု လောက လူသားတို့ ပြောဆိုနေကြရာ ၎င်းစိတ် ၁၂၁ပါးတွင် စျာန်စိတ်တို့ကို သင်္ချာမျှ ဖော်ပြ၍ (က) အကြောင်းစိတ် (ခ) အကျိုးစိတ် (ဂ) အကြောင်း အကျိုး နှစ်မျိုးမှ လွတ်သောစိတ်တို့ကိုလည်း သင်္ချာမျှသာ ဖော်ပြခဲ့ပါ။ | စိတ် ၁၂၁ပါးတွင် စျာန်စိတ်တို့ကို သင်္ချာမျှဖော်ပြရသော် စျာန်စိတ် ၆၇ပါး ဖြစ်ပါသည်။ စိတ် ၁၂၁ပါးတို့တွင် (က) အကြောင်းစိတ် = ၄၉ပါး (ခ) အကျိုးစိတ် = ၅၂ပါး (ဂ) အကြောင်း အကျိုးနှစ်မျိုးမှ လွတ်သောစိတ် = ၂၀ပါး |
2 | 1 | 2007 | " မိဘအိုများ၊ ချစ်သနား၊ ပစ်ထားစွန့်ခွာ မသွားနှင့်" အညီ မိအို ဖအိုတို့ကို ပြုစုစောင့်ရှောက်နေသော သားသမီးများ၏ သန္တာန်၌ဖြစ်သော ပဓာန စေတသိက ဓမ္မကိုဖော်ပြ၍ ၎င်းစေတသိက်နှင့် ယှဉ်တွဲဖြစ်သော စိတ်တို့ကို ကောက်ပြပါ။ ဖိုလ်စိတ် လေးပါး ပြားရခြင်း အကြောင်းကိုလည်း ရေးခဲ့ပါ။ | "မိဘအိုများ၊ ချစ်သနား၊ ပစ်ထားစွန့်ခွာ မသွားနှင့်" အညီ မိအို ဖအိုတို့ကို ပြုစုစောင့်ရှောက်နေသော သားသမီးများ၏ သန္တာန်၌ဖြစ်သော ပဓာနစေတသိက ဓမ္မမှာ - ကရုဏာ စေတသိက် ဖြစ်ပါသည်။ ၎င်းကရုဏာ စေတသိက်နှင့် ယှဉ်တွဲဖြစ်သော စိတ်တို့မှာ - ၁။ မဟာကုသိုလ်စိတ် = ၈-ပါး ၂။ မဟာကြိယာစိတ် = ၈-ပါး ၃။ မဟဂ္ဂုတ် ပထမစျာန်စိတ် = ၃-ပါး ၄။ မဟဂ္ဂုတ် ဒုတိယစျာန်စိတ် = ၃-ပါး ၅။ မဟဂ္ဂုတ် တတိယစျာန်စိတ် = ၃-ပါး ၆။ မဟဂ္ဂုတ် စတုတ္ထစျာန်စိတ် = ၃-ပါး ပေါင်း ကရုဏာ ယှဉ်သောစိတ် ၂၈-ပါး ဖြစ်ပါသည်။ ဖိုလ်စိတ်လေးပါး ပြားရခြင်း အကြောင်းမှာ မဂ်စိတ်လေးပါး ပြားခြင်းကြောင့် မဂ်၏အကျိုးဖြစ်သော ဖိုလ်စိတ်သည်လည်း လေးပါးပြားရခြင်း ဖြစ်ပါသည်။ |
3 | 1 | 2007 | “ကိစ္စများမြောင် လူတို့ဘောင်”ဟူသည်နှင့်အညီ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် မွေးဖွားလာသည့်အချိန်မှ သေသည့်အချိန်ထိ မလွဲမသွေ လုပ်ဆောင်ရမည့် ကိစ္စများကို ဆိုင်ရာ ဌာနနှင့် တွဲစပ်ပြပါ။ | “ကိစ္စများမြောင် လူတို့ဘောင်”ဟူသည်နှင့်အညီ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် မွေးဖွားလာသည့်အချိန်မှ သေသည့်အချိန်ထိ မလွဲမသွေ လုပ်ဆောင်ရမည့် ကိစ္စများနှင့် ဆိုင်ရာ ဌာနများမှာ (၁) ပဋိသန္ဓေကိစ္စ - (၁) ပဋိသန္ဓေဌာန (၂) ဘဝင်ကိစ္စ - (၂) ဘဝင်ဌာန (၃) အာဝဇ္ဇန်းကိစ္စ - (၃) အာဝဇ္ဇန်းဌာန (၄) ဒဿနကိစ္စ - (၄) ပဉ္စဝိညာဉ်ဌာန (၅) သဝနကိစ္စ - ၎င်း (၆) ဃာယနကိစ္စ - ၎င်း (၇) သာယနကိစ္စ - ၎င်း (၈) ဖုသနကိစ္စ - ၎င်း (၉) သမ္ပဋိစ္ဆိုင်းကိစ္စ - (၅) သမ္ပဋိစ္ဆိုင်းဌာန (၁၀) သန္တီရဏကိစ္စ - (၆) သန္တီရဏဌာန (၁၁) ၀ုဋ္ဌောကိစ္စ - (၇) ၀ုဋ္ဌောဌာန (၁၂) ဇောကိစ္စ - (၈) ဇောဌာန (၁၃) တဒါရုံကိစ္စ - (၉) တဒါရုံဌာန (၁၄) စုတိကိစ္စ - (၁၀) စုတိဌာန တို့ဖြစ်ပါသည်။ |
4 | 1 | 2007 | စာဖြေသူတို့ လက်ထဲသို့ ရောက်ရှိလာသော မေးခွန်းလွှာကို သေချာစေ့ငု ကြည့်ရှုနေခိုက် ဖြစ်ပေါ်လာသော စိတ်အစဉ်ကို ဆိုရိုးကျ ၀ီထိ ချပပြြီးလျှင် “လှံထမ်းလာတာကို မြင်နိုင်တယ်၊ ကံထမ်းလာတာကို မမြင်နိုင်ဘူး”ဟု ဆိုရိုးစကား မှန်-မမှန် ရှင်းပြခဲ့ပါ။ | စာဖြေသူတို့ လက်ထဲသို့ ရောက်ရှိလာသော မေးခွန်းလွှာကိုသေချာစေ့ငု ကြည့်ရှုနေခိုက် ဖြစ်ပေါ်လာသော စိတ်အစဉ်ကို ဆိုရိုးကျ ၀ီထိချပြရသော်- မေးခွန်းလွှာကို ကြည့်ရှုနေသော စာဖြေသူ၏သန္တာန်၌ ဖြစ်သော စိတ်အစဉ်မှာ- ဣဋ္ဌရူပါရုံ ဖြစ်၍ - အတီတဘဝင်-၁-ကြိမ် - ဘဝင်္ဂစလန-၁-ကြိမ် - ပဉ္စဒွါရာဝဇ္ဇန်း-၁-ကြိမ် - အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်-၁-ကြိမ် - အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း-၁-ကြိမ် - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ-၁-ကြိမ် - ၀ုဋ္ဌော-၁-ကြိမ် - ကာမဇော-၇-ကြိမ် (ယောနိသောမနသိကာရဖြစ်လျှင် ကုသိုလ်ဇော၊ အယောနိသောမနသိကာရဖြစ်လျှင် အကုသိုလ်ဇော) - (အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ-၁+ မဟာဝိပါက် ဥပေက္ခာ-၄) ပေါင်း ဥပေက္ခာတဒါရုံ ၅-ပါးမှ တစ်ပါးပါး -၂-ကြိမ် “လှံထမ်းလာတာကို မြင်နိုင်တယ်၊ ကံထမ်းလာတာကို မမြင်နိုင်ဘူး”ဟု ဆိုရိုးစကား မှန်ပါသည်။ စက္ခုဝိညာဏ်သည် ပစ္စုပ္ပန် ရူပါရုံဟူသော ရုပ် (လှံထမ်းလာသည်)ကိုသာ မြင်နိုင်၍ ကုသိုလ်၊ အကုသိုလ်(စေတနာ)ကံဟူသော နာမ်တရားကို မမြင်နိုင်သောကြောင့် “လှံထမ်းလာတာကို မြင်နိုင်တယ်၊ ကံထမ်းလာတာကို မမြင်နိုင်ဘူး”ဟု ဆိုရိုးစကား မှန်ပါသည်။ |
5 | 1 | 2007 | ရန်ကုန်ရွှေမြို့တော်ကြီး၌ မည်သည့်ပုဂ္ဂိုလ်များ နေထိုင်ကြသည်ကို စစ်တမ်းထုတ်ပပြြီးလျှင်၊ သိပ္ပံပညာရှင်များက “လူသည် မျောက်သတ္တဝါမှ ဆင်းသက်လာသည်” ဟုဆိုလာရာ ယင်းအယူအဆကို အဘိဓမ္မာရှုထောင့်မှ သုံးသပ်ဝေဖန်ခဲ့ပါ။ | ရန်ကုန်ရွှေမြို့တော်ကြီး၌ မည်သည့်ပုဂ္ဂိုလ်များ နေထိုင်ကြသည်ကို စစ်တမ်းထုတ်ပြရသော်- - သုဂတိအဟိတ်ပုဂ္ဂိုလ် - ဒွိဟိတ်ပုဂ္ဂိုလ် - တိဟိတ်ပုဂ္ဂိုလ်နှင့် အရိယာပုဂ္ဂိုလ် (၈)ယောက်တို့ ဖြစ်ပါသည်။ သိပ္ပံပညာရှင်များက “လူသည် မျောက်သတ္တဝါမှ ဆင်းသက်လာသည်” ဟုဆိုလာရာ ယင်းအယူအဆကို အဘိဓမ္မာရှုထောင့်မှ သုံးသပ်ဝေဖန်ရသော်- မျောက်သတ္တဝါ၏ ပဋိသန္ဓေစိတ် - အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ် (လူစဉ်မမီသူ) လူသား၏ပဋိသန္ဓေစိတ် - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် (လူပီသသူ) လူသား၏ ပဋိသန္ဓေစိတ် - မဟာဝိပါက်စိတ် ၈-ပါးမှ တစ်ပါးပါး။ ဤသို့ မျောက်သတ္တဝါနှင့် လူသားတို့ ပဋိသန္ဓေစိတ်ချင်းမတူ ကွဲပြားကြသောကြောင့် သိပ္ပံပညာရှင်များ၏ “လူသည် မျောက်သတ္တဝါမှ ဆင်းသက်လာသည်” ဟုဆိုသောအယူအဆသည် ဗုဒ္ဓ၏ အဘိဓမ္မာရှုထောင့်နှင့် ကိုက်ညီမှန်ကန်မှု မရှိပါ။ |
6 | 1 | 2007 | “တေဇောမပိုင် ဆေးမကိုင်နဲ့”ဟူသောစကား၌ “တေဇော” ဟူသည် အဘယ်နည်း၊ ဖြေဆို၍ ယောဂီအများ သိထားဖို့ရန် ဝိပဿနာ မရှုကောင်းသော ရုပ်တို့ကိုလည်းကောက်ပြခဲ့ပါ။ | တေဇောဟူသည်မှာ- ပရမတ်ရုပ် ၁၈-ပါးတွင် ပါဝင်သော မဟာဘုတ်ရုပ် ၄-ပါးအနက် ချမ်းအေးမှု (သီတ)၊ ပူနွေးမှု (ဥဏှ) ဟု ဆိုအပ်သော မီး၂-ပါး ဖြစ်ပါသည်။ ဝိပဿနာ မရှုကောင်းသော (အသမ္မသန) ရုပ်တို့မှာ- - အာကာသဓာတ် ပရိစ္ဆေဒရုပ် ၁-ပါး - ဝိညတ်ရုပ် ၂-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၁၀-ပါး ဖြစ်ပါသည်။ |
7 | 1 | 2007 | ကိုယ်ပိုင်လက္ခဏာရှိကုန်သော တရားတို့ကို သိသာရုံဖော်ပြ၍ သုတ္တန်နည်း၊အဘိဓမ္မာနည်း နှစ်မျိုးလုံးတွင် အကျံုးဝင်သော သံယောဇဉ် တရားများကိုလည်း ရေးသားဖြေဆိုပါ။ | ကိုယ်ပိုင်လက္ခဏာ ရှိကြသော ပရမတ်အစစ်တရားတို့မှာ- စိတ်=၁-ပါး စေတသိက်=၅၂-ပါး နိပ္ဖန္နရုပ်=၁၈-ပါး နိဗ္ဗာန်= ၁-ပါး ပေါင်း=၇၂-ပါး ဟူသော ဝတ္တုဓမ္မ ပရမတ္တဓမ္မတရားတို့ ဖြစ်ကြပါသည်။ သုတ္တန်နည်း-အဘိဓမ္မာနည်း နှစ်မျိုးလုံးတွင် အကျံုးဝင်သော သံယောဇဉ်တရားများမှာ- (၁) ကာမရာဂသံယောဇဉ် (၂) ပဋိဃသံယောဇဉ် (၃) ဒိဋ္ဌိသံယောဇဉ် (၄) သီလဗ္ဗတပရာမာသသံယောဇဉ် (၅) ဝိစိကိစ္ဆာသံယောဇဉ် (၆) မာနသံယောဇဉ် (၇) အဝိဇ္ဇာသံယောဇဉ် တို့ဖြစ်ကြပါသည်။ |
8 | 1 | 2007 | အများသိနေကြသော နိဗ္ဗာန်သည် သင်္ခတ၊ အသင်္ခတတရား နှစ်မျိုးတွင် မည်သည့်အခန်း ကဏ္ဍတွင် ပါဝင်နေသည်ကို ပစ္စည်းပိုင်း အမြင်အရ ဖြေဆို၍ ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်း နှစ်ခုတို့၏ ထူးခြားဟန်ကိုလည်း ရေးသားပြပါ။ | အများသိနေကြသော နိဗ္ဗာန်သည် သင်္ခတ၊ အသင်္ခတတရား နှစ်မျိုးတွင် အသင်္ခတ တရား၌ ပါဝင်ပါသည်။ အသင်္ခတတရားဆိုသည်မှာ ကံစသော၊ အဝိဇ္ဇာ၊ တဏှာ၊ စသော အကြောင်းတရားတို့ဖြင့် ပြုစီမံခြင်း မရှိသောတရားဖြစ်ပါသည်။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် ပဋ္ဌာန်းတရားတော်၏ ထူးခြားပုံမှာ- ပဋိစ္စသမုပ္ပါဒ်တရား (၁) အဝိဇ္ဇာ အစရှိသော (အကြောင်း) ပစ္စည်း တရား တို့၏ ဖြစ်ခြင်းကြောင့် သင်္ခါရ အစရှိသော (အကျိုး) ပစ္စယုပ္ပန်တရားတို့၏ ဖြစ်ပုံ အခြင်းအရာမျှသာ ပြသောနည်း။ (၂) ပစ္စည်း (အကြောင်း) ပစ္စယုပ္ပန်(အကျိုး) မျှကိုသာပြ၍ ပစ္စယသတ္တိကို မပြသောနည်း ပဋ္ဌာန်းတရား (၁) ဟေတု-စသော(အကြောင်း) ပစ္စည်းတို့၏ ဆိုင်ရာ (အကျိုး) ပစ္စယုပ္ပန် တရားတို့အား ကျေးဇူးပြုတတ်သော (အခြင်းအရာအထူး) ပစ္စယသတ္တိ ပြသောနည်း။ (၂) ပစ္စည်း (အကြောင်း) ပစ္စယုပ္ပန် (အကျိုး) ကိုသာမက ပစ္စယသတ္တိကိုပါ ပြသောနည်း။ |
9 | 1 | 2007 | ငါးအာရုံ ဘင်စု ခင်မှုနဲ့ နေ့ကုန် ဆိုသလို ကာမ လိုက်စားနေသော ရာဂဝေဒနာရှင်အားတိုက်ကျွေးရမည့် ကမ္မဋ္ဌာန်းဆေးများကို ဖော်ပြ၍ မြတ်ဗုဒ္ဓ ချမှတ်ခဲ့သော အာနာပါနကမ္မဋ္ဌာန်း လမ်းစဉ်လိုက်စားလျှင် မည်သို့သော ဈာန်ထူးများ ရနိုင်သည်ကိုလည်း ဖြေဆိုပြပါ။ | ရာဂဝေဒနာရှင်အာ တိုက်ကျွေးရမည့် ကမ္မဋ္ဌာန်းဆေး(တရား) များမှာ အသုဘ ၁၀-ပါး + ကာယဂတာသတိ = ပေါင်း ၁၁-ပါး ဖြစ်ပါသည်။ အာနာပါနကမ္မဋ္ဌာန်း လမ်းစဉ်လိုက်စားလျှင် ပထမဈာန်မှ ပဉ္စမဈာန်တိုင်အောင် ရူပဈာန် ၅-ပါးလုံး ရနိုင်ပါသည်။ |
2 | 2 | 2007 | "ကံကုန်၍ ဉာဏ်ထုံသည်" စကား၌ "ကံ၊ ဉာဏ်" ဟူသော စေတသိက် အမည်မှန်တို့ကို ဖော်ပြပါ။ | "ကံကုန်၍ ဉာဏ်ထုံသည်" စကား၌ "ကံ၊ ဉာဏ်" ဟူသော စေတသိက်အမည်မှန်တို့မှာ - - ကံ = စေတနာ စေတသိက် - ဉာဏ် = ပညာ(အမောဟ) စေတသိက် တို့ဖြစ်ပါသည်။ |
3 | 2 | 2007 | တဏှာယောက်ျား ဆောက်လုပ်ခဲ့သော ခန္ဓာအိမ်၏ တံခါးပေါက် (ဒွါရ)သို့ (က) ရံခါ ဝင်ထွက်ခွင့်ရသောစိတ် (ခ) လုံးဝ ဝင်ထွက်ခွင့်မရသောစိတ်တို့ကို ဖော်ပြပါ။ | တဏှာယောက်ျား ဆောက်လုပ်ခဲ့သော ခန္ဓာအိမ်၏ တံခါးပေါက် (ဒွါရ)သို့ (က) ရံခါ ဝင်ထွက်ခွင့်ရသောစိတ် - ဥပေက္ခာသန္တီရဏစိတ်= ၂-ပါး - မဟာဝိပါက်စိတ်= ၈-ပါး ပေါင်း= ၁၀-ပါး (ခ) လုံးဝ ဝင်ထွက်ခွင့်မရသောစိတ် - မဟဂ္ဂုတ်ဝိပါက်စိတ်= ၉-ပါး |
4 | 2 | 2007 | အဘိဓမ္မာစာမေးပွဲနီး၍ စာကျက်နေစဉ် အိပ်ပျော်သွားရာ အိပ်ပျော်နေခိုက် မည်သည့် စိတ်သည် မည်သည့်ဒွါရ မည်သည့်အာရုံကို အာရုံပြု၍ ဖြစ်သည်ကို ဖြေဆိုပြီးလျှင်၊ တစ်ကြိမ်သာစောသော ဇောတို့ကိုလည်း ကုန်စင်အောင် ထုတ်ပြခဲ့ပါ။ | အဘိဓမ္မာစာမေးပွဲနီး၍ စာကျက်နေစဉ် အိပ်ပျော်သွားရာ အိပ်ပျော်နေခိုက်- - ဘဝင်စိတ်သည် - (ဒွါရဝိမုတ်ဖြစ်၍) မည်သည့်ဒွါရတွင်မျှ ဖြစ်ခွင့်မရပါ။ - လွန်ခဲ့သောဘဝ မရဏသန္နဇော ယူအပ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ဖြစ်နေပါသည်။ တစ်ကြိမ်သာစောသော ဇောများမှာ- (က) ဈာနဝီထိ၌ - အာဒိကမ္မိက ဈာန်ဇော ၁-ကြိမ် (ခ) မဂ္ဂဝီထိ၌ - မဂ်ဇော ၁ကြိမ် (ဂ) (နိရောဓသမာပတ္တိ၀ီထိ၌) နိရောဓသမာပတ်မှ ထသောအခါ- အနာဂါမ်ဖြစ်မူ - အနာဂါမိဖိုလ်ဇော ၁-ကြိမ် ရဟန္တာဖြစ်မူ - အရဟတ္တဖိုလ်ဇော ၁-ကြိမ် (ဃ) အဘိညာဉ်ဝီထိ၌ - အဘိညာဉ်ဇော ၁-ကြိမ် တို့ဖြစ်ပါသည်။ |
5 | 2 | 2007 | “အယူမှားလျှင် သံသရာမှောက်” ဟုဆိုကြရာ အယူမှားခြင်း၏ ဖြစ်ကြောင်းကို ထုတ်ပပြြီးလျှင် အလိုရမ္မက် အမျက်ဒေါသ နှစ်ဝကြောင့် ဖြစ်ရသော အကုသိုလ် ဒုစရိုက်ဆိုးများကို အသီးသီးရေတွက်ပြခဲ့ပါ။ | “အယူမှားလျှင် သံသရာမှောက်” ဟုဆိုကြရာ အယူမှားခြင်း၏ ဖြစ်ကြောင်းမူလမှာ လောဘမူလ ဖြစ်ပါသည်။ အလိုရမ္မက် အမျက်ဒေါသ နှစ်ဝကြောင့်ဖြစ်ရသော အကုသိုလ် ဒုစရိုက်များမှာ- - အဒိန္နာဒါန၊ - မုသာဝါဒ၊ - ပိသုဏဝါစာ၊ - သမ္ဖပ္ပလာပ တို့ဖြစ်ကြပါသည်။ |
6 | 2 | 2007 | “စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နု” ဟူသော စကားအရ ရုပ်ကိုဖြစ်စေနိုင်သော စိတ်များကို ရေတွက်ပပြြီး၊ စာဖြေသူတို့သန္တာန်၌ ပဋိသန္ဓေနေခိုက် ရနိုင်သော ရုပ်ကလာပ်များကိုလည်း ဖော်ပြခဲ့ပါ။ | “စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နု” ဟူသော စကားအရ ရုပ်ကိုဖြစ်စေနိုင်သော စိတ်များမှာ- (ဒွေပဉ္စဝိညာဏ် -၁၀၊ အရူပဝိပါက် -၄၊ ရဟန္တာတို့စုတိစိတ်နှင့် အလုံးစုံသော ပဋိသန္ဓေစိတ်ကြဉ်သော်) စိတ် ရ၅-ပါး၊ စေတသိက် ၅၂-ပါးတို့သည် ရုပ်ကိုဖြစ်စေသောစိတ် (နာမ်တရား)များ ဖြစ်ပါသည်။ စာဖြေသူသည် လူစဉ်မီသော ကာမဘုံသား အမျိုးသမီးဖြစ်သဖြင့် ပဋိသန္ဓေနေခိုက်ရနိုင်သော ရုပ်ကလာပ်တို့မှာ- (ကမ္မဇကလာပ် ၉-စည်းမှ) (၁) ကာယဒသက ကလာပ် ၁-စည်း (၂) ဣတ္ထိဘာဝဒသက ကလာပ် ၁-စည်းး (၃) ဝတ္ထုဒသက ကလာပ် ၁-စည်း ပေါင်း ကမ္မဇကလာပ် ၃-စည်း ရပါသည်။ |
7 | 2 | 2007 | “မိန်းကလေးတို့ဣန္ဒြေ ရွှေပေးလို့မရ ရဟန်းတို့ဣန္ဒြေ စိန်ကျွေးလည်းမရ” ဟုလောက လူသားများ ပြောဆိုနေကြရာ အဘယ်ဣန္ဒြေ တို့ကိုရည်ရွယ်သည်ကို ဖြေဆို၍ ဣန္ဒြေ ၂၂-ပါးတို့ကိုလည်း ရုုပ်ဣန္ဒြေ၊ နာမ်ဣန္ဒြေ၊ ရုပ်နာမ်ဣန္ဒြေ အားဖြင့် ခွဲခြားဖြေဆိုပါ။ | “မိန်းကလေးတို့ဣန္ဒြေ ရွှေပေးလို့မရ” ဆိုသည်မှာ = ဣတ္ထိန္ဒြေ “ရဟန်းတို့ဣန္ဒြေ စိန်ကျွေးလည်းမရ” ဆိုသည်မှာ = ပုရိသိန္ဒြေ တို့ကို ရည်ရွယ်ပါသည်။ - ရုပ် ဣန္ဒြေမှာ (၁) စက္ခုန္ဒြေ (၂) သောတိန္ဒြေ (၃) ဃာနိန္ဒြေ (၄) ဇိဝှိန္ဒြေ (၅) ကာယိန္ဒြေ (၆) ဣတ္ထိန္ဒြေ (၇) ပုရိသိန္ဒြေ - နာမ်ဣန္ဒြေ (၁) မနိန္ဒြေ (၂) သုခိန္ဒြေ (၃) ဒုက္ခိန္ဒြေ (၄) သောမနဿိန္ဒြေ (၅) ဒေါမနဿိန္ဒြေ (၆) ဥပေက္ခိန္ဒြေ (၇) သဒ္ဓိန္ဒြေ (၈) ၀ီရိယိန္ဒြေ (၉) သတိန္ဒြေ (၁၀) သမာဓိန္ဒြေ (၁၁) ပညိန္ဒြေ (၁၂) အနညာသညဿာမိတိန္ဒြေ (၁၃) အညိန္ဒြေ (၁၄) အညာတာဝိန္ဒြေ ရုပ်- နာမ်ဣန္ဒြေ (၁) ဇီဝိတိန္ဒြေ ၁-ပါးတို့ ဖြစ်ကြပါသည်။ |
8 | 2 | 2007 | လူ့ဘဝ လူ့လောက အလယ်ဝယ် အမြဲထာဝရ ပျိုမြစ်နုနယ် အလှကြွယ်လျက် အသက်ရှည်ရှည် နေချင်ကြသော်လည်း အိုခြင်း သေခြင်းနှင့် မကင်းနိုင်ကြသေးရာ အိုခြင်း၊ သေခြင်းတို့၏ အကြောင်းရင်း တရားခံကို ရှာပြ၍ ထိုတရား၏ နောက်ဆက်တွဲ အကျိုးရင်း အကျိုးဆက် တို့ကိုလည်း ဖြေဆိုပါ။ | အိုခြင်း၊ သေခြင်းတို့၏ အကြောင်းရင်းတရားခံ - ဇာတိတရား ဖြစ်ပါသည်။ ဇာတိ၏ နောက်ဆက်တွဲ အကျိုးရင်းတရား - ဇရာ၊ မရဏဖြစ်၍ အကျိုးဆက်တရား - သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊၊ ဥပါယာသတရားတို့ ဖြစ်ပါသည်။ |
9 | 2 | 2007 | ပုထုဇဉ်နှင့် အရိယာလူတန်းစား ခွဲခြားပေးသော ဂေါတြဘူတရား၏ အာရုံ၊ လုပ်ဆောင်ချက်တို့ကို စိစစ်ပြဆို၍ ပစ္စဝေက္ခဏာဉာဏ် ၁၉-တန်ကိုလည်း သိသာရုံမျှ ရေးသားဖြေဆိုပြပါ။ | ပုထုဇဉ်နှင့် အရိယာလူတန်းစား ခွဲခြားပေးသော ဂေါတြဘူတရား၏- (က) အာရုံ = နိဗ္ဗာန် (ခ) လုပ်ဆောင်ချက် = ပုထုဇဉ်အနွယ်ကိုဖြတ်၍ အရိယာအနွယ်သို့ ရောက်စေ၏။ ပစ္စဝေက္ခဏာ ၁၉-တန်မှာ (၁) သောတပတ္တိမဂ္ဂဝီထိနောင်- (မဂ္ဂ၊ ဖလ၊ နိဗ္ဗာန်၊ ပဟီနကိလေသ၊ ဝိက္ခ မ္ဘိတကိလေသာ) ပစ္စဝေက္ခဏာ= ၅-၀ီထိ (၂) သကဒါဂါမိမဂ္ဂဝီထိနောင် ပစ္စဝေက္ခဏာ= ၅-၀ီထိ (၃) အနာဂါမိမဂ္ဂဝီထိနောင်ပစ္စဝေက္ခဏာ= ၅-၀ီထိ (၄) အရဟတ္တမဂ္ဂဝီထိနောင် (ဝိက္ခ မ္ဘိတ ကိလေသ ပစ္စဝေက္ခဏာဝီထိကြဉ်သော်) ပစ္စဝေက္ခဏာ= ၄-၀ီထိ ပေါင်း မဂ္ဂဝီထိနောင်ပစ္စဝေက္ခဏာ = ၁၉-၀ီထိ ဖြစ်ပါသည်။ |
2 | 3 | 2007 | "ငါ သူ့အပေါ်မှာ မေတ္တာမရှိပါဘူးကွာ" ဟူ၍ ပြောဆိုရာ၌ မေတ္တာတရား၏ ဆန့်ကျင်ဘက်ဖြစ်သောစိတ်ကို သိသာရုံမျှ ဖော်ပြ၍ ၎င်းစိတ်တွင် တိုက်တွန်းမှုမရှိသော စိတ်၏ ယှဉ်ဘက် စေတသိက်တို့ကိုသာ ကောက်ပြပါ။ | မေတ္တာ(အဒေါသ)တရား၏ ဆန့်ကျင်ဘက်ဖြစ်သော စိတ်ကို သိသာရုံမျှ ဖော်ပြရသော် - ဒေါသမူစိတ် ၂-ပါး ဖြစ်ပါသည်။ ၎င်းစိတ်တွင် တိုက်တွန်းမှုမရှိသော စိတ်မှာ - ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အ-သင်္ခါရိက ဒေါသမူစိတ်တစ်ပါး ဖြစ်ပါသည်။ ထိုတိုက်တွန်းမှု မရှိသော စိတ်၏ ယှဉ်ဘက်စေတသိက်တို့မှာ - ၁။ (ပီတိကြဉ်သော) အညသမာန်းစေတသိက် = ၁၂-ပါး ၂။ သဗ္ဗာကုသလသာဓာရဏစေတသိက်= ၄-ပါး ၃။ ဒေါသစေတသိက် = ၁-ပါး ပေါင်း စေတသိက် = ၁၇-ပါး ဖြစ်ပါသည်။ (မနာလို၊ ၀န်တို၊ နောင်တ ဖြစ်မှုအခိုက်များ မဟုတ်၍ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ စေတသိက်များ မယှဉ်နိုင်ပါ၊) |
3 | 3 | 2007 | “ကြည့်သောသူ မြင်၏”ဟု ဆိုရာဝယ် မြင်မှုကိစ္စကို အဘယ်စိတ်က ဆောင်ရွက်ပေးပါသနည်း၊ ဖြေဆို၍ ယင်းစိတ်၏ အာရုံကိုလည်း သိသာရုံ ဖော်ပြပါ။ | မြင်မှု(ဒဿနကိစ္စ)ကို ဆောင်ရွက်သောစိတ်မှာ- စက္ခုဝိညာဏ်စိတ် ၂-ပါး ဖြစ်ပါသည်။ ယင်းစိတ်၏အာရုံတို့မှာ- (၁) အကုသလဝိပါက် စက္ခုဝိညာဏ်စိတ်၏ အာရုံ - ပစ္စုပ္ပန် (အနိဋ္ဌ) ရူပါရုံ (၂) အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်စိတ်၏အာရုံ - ပစ္စုပ္ပန် (ဣဋ္ဌ) ရူပါရုံ |
4 | 3 | 2007 | အပါယ်ဘုံသားတို့၏ သန္တာန်၌ ကုသိုလ်ဖြစ်နိုင်ခွင့် ရှိ-မရှိ စိစစ်ဝေဖန်ပြီးလျှင် “အထက်မှာဘဝဂ်၊ အောက်မှ အဝီစိ’ဟူရာဝယ် ဘဝဂ်၌ ရရှိနိုင်သောဝီထိစိတ် တို့ကိုရေတွက်ပြခဲ့ပါ။ | အပါယ်ဘုံသားတို့၏ သန္တာန်၌ ကုသိုလ်ဖြစ်နိုင်ခွင့် ရှိပါသည်။ အကြောင်းမှာ- အပါယ်ဘုံသား (ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်)တို့၏ သန္တာန်၌- - အကုသိုလ်စိတ် ၁၂-ပါး - (ဟသိတုပ္ပါဒ်ကြဉ်သော) အဟိတ်စိတ် ၁၇-ပါး၊ - မဟာကုသိုလ်စိတ် ၈-ပါး၊ ပေါင်း၃၇-ပါးသောစိတ်များ ဖြစ်နိုင်သောကြောင့် အပါယ်ဘုံသားတို့၏ သန္တာန်ဝယ် ကုသိုလ်စိတ်တို့အနက် မဟာကုသိုလ် (ကာမကုသိုလ်) စိတ် ၈-ပါးသာ ဖြစ်ခွင့်ရှိပါသည်။ “အထက်မှာဘဝဂ်၊ အောက်မှ အဝီစိ’ဟူရာဝယ် ဘဝဂ်၌ ရရှိနိုင်သော ၀ီထိစိတ်တို့မှာ- - (ဒေါသမူဒွေးကြဉ်သော်) အကုသိုလ်စိတ်-၁၀-ပါး - မနောဒွါရာဝဇ္ဇန်းစိတ်- ၁-ပါး - မဟာကုသိုလ်-ကြိယာစိတ်-၁၆-ပါး - နေဝသညာနာသညာယတန ကုသိုလ်စိတ်- ၁-ပါး - နေဝသညာနာသညာယတန ကြိယာစိတ်-၁-ပါး - အထက်လောကုတ္တရာစိတ်-၇-ပါး ပေါင်း ရရှိနိုင်သော ၀ီထိစိတ်-၃၆-ပါးဖြစ်ပါသည်။ |
5 | 3 | 2007 | တစ်သက်နဲ့တစ်ကိုယ်မှာ စိတ်လုံးဝဖြစ်ခွင့် မရှိသော ပုဂ္ဂိုလ် ရှိ မရှိ ဆုံးဖြတ်ပြီးလျှင် ရှိခဲ့လျှင်လည်း ထိုဘုံသို့ရောက်အောင် မည်သည့်တရားကို အားထုတ်ရပါမည်နည်း ဖြေဆိုကာ (၃၁)ဘုံတွင် ပုထုဇဉ်တို့ မကျင်လည်ဖူးသော ဘုံများကို အစဉ်တကျ ဖော်ပြခဲ့ပါ။ | တစ်သက်နဲ့တစ်ကိုယ်မှာ စိတ်လုံးဝဖြစ်ခွင့် မရှိသော ပုဂ္ဂိုလ်မှာ - အသညသတ်ဗြဟ္မာ ၎င်းဘုံသို့ ရောက်အောင် အားထုတ်ရမည့်တရား - နာမ်ပျောက်စေလိုမှုနှင့် ယှဉ်သော ပဉ္စမဈာန်ကုသိုလ် ၃၁-ဘုံတွင် ပုထုဇဉ်တို့ မကျင်လည်ဖူးသောဘုံ (သုဒ္ဓါ၀ါသဗြဟ္မာဘုံ)များမှာ- (၁) အဝိဟာဘုံ (၂) အတပ္ပါဘုံ (၃) သုဒဿဘုံ (၄) သုဒဿီဘုံ (၅) အကနိဋ္ဌဘုံ တို့ဖြစ်ပါသည်။ |
6 | 3 | 2007 | ရုပ်လေးပါးဖြစ်ပုံကို ဥပမာဆောင်၍ ထင်ရှားအောင် ဖော်ပပြြီးလျှင် ရူပဘုံ၌ ပဝတ္တိအခါ ရနိုင်သော ရုပ်များကိုလည်း ရေတွက်ခဲ့ပါ။ | ရုပ်လေးပါးတို့ ဖြစ်ပုံကို ဥပမာဆောင်ကာ ထင်အောင်ပြရသော်- (၁) ကမ္မဇရုပ်များသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှ စ၍၊ စိတ်တို့၏ ခဏတိုင်း ခဏတိုင်း (၂) စိတ္တဇရုပ်များသည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ စိတ်တို့၏ ဥပါဒ်တိုင်း ဥပါဒ်တိုင်း (၃) ဥတုဇရုပ်များသည် ပဋိသန္ဓေစိတ်၏ ဌီခဏမှ စ၍၊ မိမိ၏ ဌီသို့ ရောက်တိုင်း ရောက်တိုင်း၊ (၄) အာဟာရဇရုပ်များသည် စားမျိုအပ်သော-ဗဟိဒ္ဓသြဇာသည် ကိုယ်တွင်း၌ ပျ့ံနှ့ံ၍ အဇ္ဈတ္တသြဇာနှင့် ပူးပေါင်းပြီး မိမိ၏ ဌီသို့ ရောက်တိုင်း ရောက်တိုင်း ဆီမီးအလျှံကဲ့သို့ လည်းကောင်း မြစ်ရေအလျဉ်ကဲ့သို့ လည်းကောင်း၊ ရုပ်လေးပါးတို့ အစဉ်အဆက် မပြတ် ဖြစ်လျက်ရှိပါသည်။ ရူပဘုံ၌ ရထိုက်သော ရုပ်များ- (က) အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရထိုက်သော ရုပ်များမှာ- - မဟာဘုတ်ရုပ် ၄-ပါး - စက္ခုပသာဒ၊ သောတပသာဒရုပ် ၂-ပါး - ဂေါစရရုပ် (၀ဏ္ဏ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ) ၄-ပါး - ဟဒယရုပ် ၁-ပါး - ဇီဝိတရုပ် ၁-ပါး - အာဟာရရုပ် (သြဇ) ၁-ပါး - အာကာသဓာတ် ပရိစ္ဆေဒရုပ် ၁-ပါး - ဝိညတ်ရုပ် ၂-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၂၃-ပါး ဖြစ်ပါသည်။ (ခ) အသညသတ်ဘုံ၌ ရထိုက်သောရုပ်များ - မဟာဘုတ်ရုပ် ၄-ပါး - ဂေါစရရုပ် (၀ဏ္ဏ၊ ဂန္ဓ၊ ရသ) ၃-ပါး - ဇီဝိတရုပ် ၁-ပါး - အာဟာရရုပ် (သြဇ) ၁-ပါး - အာကာသဓာတ် ပရိစ္ဆေဒရုပ် ၁-ပါး - လဟုတာဒိရုပ် ၃-ပါး - လက္ခဏရုပ် ၄-ပါး ပေါင်း ၁၇-ပါး ဖြစ်ပါသည်။ |
7 | 3 | 2007 | ၃၁ဘုံ ဘဝဇာတ်ခုံဝယ် ဇာတ်ဆရာအလိုကျ ကပြရသော သံသရာဇာတ်ကောင်များပီပီ သံသရာခရီးကြမ်းမှ လွတ်ရာဖြစ်သော သတိပဋ္ဌာန်တရားများကို ဖော်ပြ၍ နိဗ္ဗာန်ကို ခန္ဓာအဖွဲ့အဝင်တွင် ပါဝင်ခွင့် မပေးရခြင်း အကြောင်းကိုလည်းဖြေဆိုပြပါ။ | သံသရာခရီးကြမ်းမှ လွတ်ရာဖြစ်သော သတိပဋ္ဌာန်တရားများမှာ- (၁) ကာယာနုပဿနာ သတိပဋ္ဌာန် (၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန် (၃) စိတ္တာနုပဿနာ သတိပဋ္ဌာန် (၄) ဓမ္မာနုပဿနာ သတိပဋ္ဌာန် တို့ဖြစ်ပါသည်။ နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ခြင်းအကြောင်းမှာ-နိဗ္ဗာန်သည်… (က) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ ၃-ပါးမှ အလွတ်ဖြစ်သော ကာလဝိမုတ် တရားဖြစ်၏။ (ခ) အဇ္ဈတ္တ၊ ဗဟိဒ္ဓဟု နှစ်မျိုး မကွဲပြား၊ ဗဟိဒ္ဓသာဖြစ်၏။ (ဂ) ဟီန၊ ပဏိတဟု နှစ်မျိုး မကွဲပြား၊ ပဏီတသာဖြစ်၏။ (ဃ) သြဠာရိက၊ သုခုမဟု နှစ်မျိုး မကွဲပြား၊ သုခုမသာဖြစ်၏။ (င) ဒူရေ၊ သန္တိကေဟု နှစ်မျိုး မကွဲပြား၊ ဒူရေသာဖြစ်၏။ ခန္ဓာဖွဲ့သည် ဆိုရာမှာ - အတိတ်စသည့် ၁၁-ပါး အပြားရှိသော ရုပ်အစရှိသော တရားတို့ကိုသာ ဉာဏ်ဖြင့် တစ်ပေါင်းတည်းပြုပြီး ခန္ဓာဖွဲ့ခြင်းဖြစ်သည်။ နိဗ္ဗာန်ကား - အထက်၌ ဖော်ပြထားသည့်အတိုင်း အတိတ်စသည့် ၁၁-ပါး အပြားမရှိခြင်းကြောင့် နိဗ္ဗာန်ကိုခန္ဓာဖွဲ့၍ မရခြင်းဖြစ်ပါသည်။ |
8 | 3 | 2007 | မမုန်းဘဲ ဝေးနေကြရတဲ့ အဝေးနေ ချစ်သူထံ လက်ဆောင်ပစ္စည်း ပေးလှူရာ၌ ကုသိုလ်ရ မရ ပစ္စည်းပိုင်းအလို အကြောင်းပဖြြေဆို၍ နေနှင့်လ ရွှေနှင့်မြဟုဆိုကြရာ ထိုနေနှင့်လတို့ ဖြစ်ပေါ်လာရခြင်းအကြောင်းတို့ကိုလည်း ရေးသားပြပါ။ | မမုန်းဘဲ ဝေးနေကြရတဲ့ အဝေးနေ ချစ်သူထံ လက်ဆောင်ပစ္စည်း ပေးလှူရာ၌ ပစ္စည်းပိုင်းအလိုအရ ဖြေဆိုရသော် ကုသိုလ်ရနိုင်ပါသည်။ အကြောင်းမှာ - ပကတူပနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြုရာ၌ ရာဂ စသော အကုသိုလ်တရားများသည် အဇ္ဈတ္တသန္တာန်၊ ဗဟိဒ္ဓ သန္တာန်(မိမိ သူတစ်ပါး) တို့၌ ကုသိုလ်၊ အကုသိုလ် စသောတရားတို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၍ ဟောကြားထားသောကြောင့် ဖြစ်ပါသည်။ နေနှင့်လ ရွှေနှင့်မြ ဟုဆိုကြရာ ထိုနေနှင့်လတို့ ဖြစ်ပေါ်လာရခြင်းအကြောင်းမှာ- နေ၊ လ၊ နက္ခတ်တို့၏ မြင်းမိုရ်တောင်ကို လက်ယာရစ်၍ လှည့်လည်သွားခြင်းကို စွဲ၍ သိအပ်သော ခဏငယ်မှစ၍ နေ့နှင့်ညဟု ကာလပညတ်(အတ္တပညတ်) အရ ပညတ်ရာမှ နေ့နှင့်ညတို့ ဖြစ်ပေါ်လာပါသည်။ ဤတွင် နေ့အခါ နေထွက်၍ ညအခါ လထွက်လာခြင်းဖြင့် နေနှင့်လတို့ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ |
9 | 3 | 2007 | နှလုံးသားဝယ် ဘုရားတည်ဟုဆိုသည့်အတိုင်း နှလုံးသားဝယ် ဘုရားတည်ရုံ (ဗုဒ္ဓါနုဿတိ ပွားများရုံ) သက်သက်ဖြင့် ဈာန်တရား၊ မဂ်တရားများ ရနိုင် မရနိုင် အကြောင်းပဖြြေဆို၍ ဥဂ္ဂဟနိမိတ်၏ သဘောအဓိပ္ပာယ်ကိုလည်း ရေးသားဖြေဆိုပါ။ | နှလုံးသားဝယ် ဘုရားတည်ရုံ (ဗုဒ္ဓါနုဿတိ ပွားများရုံ) သက်သက်ဖြင့် ဈာန်တရားများ မရနိုင်ပါ။ သို့သော် မဂ်တရား ရနိုင်ပါသည်။ အကြောင်းမှာ - ဗုဒ္ဓါနုဿတိဘာဝနာသည် ခက်ခဲနက်နဲသော ပရမတ်ဂုဏ်တရား ဖြစ်သဖြင့် ပရိကမ္မဘာဝနာနှင့် ဥပစာရဘာဝနာ ၂-ပါးသာ ရရှိနိုင်ပါသည်။ အပ္ပနာ ဘာဝနာခေါ် ဈာန်မရနိုင်ပါ။ သို့သော် ရရှိထားသော ဥပစာရသမာဓိဖြင့် ဝိပဿနာ ပြောင်း၍ ရှုနိုင်လျှင်မူ မဂ်တရား ရနိုင်ပါသည်။ ဥဂ္ဂဟနိမိတ်၏ သဘောအဓိပ္ပာယ်- ပထဝီကသိုဏ်းဝန်းစသော အာရုံနိမိတ်ကို မျက်စိဖြင့် အဖန်ဖန် အာရုံပြု၍ ပွားများ အားထုတ်နေရာမှ မျက်စိမှိတ်၍ စိတ်ဖြင့် ဆင်ခြင်သောအခါ ထိုပထဝီ ကသိုဏ်းဝန်းအာရုံနိမိတ်သည် မျက်စိဖြင့် တိုက်ရိုက်မြင်နေရဘိသကဲ့သို့ မနောဒ္ဒါရ၌ ထင်ရှားစွာ ပေါ်လာ၏။ ဤသို့ စိတ်ဖြင့် ကောင်းစွာ ယူအပ်သော နိမိတ်ကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ပါသည်။ |
2 | 4 | 2007 | "ထကြွ နိုးကြား၊ သနား သည်းခံ ဝေဖန် ကြည့်ရူ၊ ဤခြောက်ခု ကြီးသူကျင့်ရာ တရားတည်း" ၌ ပါဝင်သော စေတသိက ဓမ္မတို့၏ သဘောလက္ခဏာတို့ကို ရေးခဲ့ပါ။ | ထကြွ(ဝီရိယ) ၏ သဘောလက္ခဏာ - ယှဉ်ဘက်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်းသဘော၊ အားထုတ်ခြင်းသဘော၊ နိုးကြား(သတိ)၏ သဘောလက္ခဏာ - ဘုရား၊ တရား စသော ကုသိုလ်ကောင်းမှုအာရုံကို အောက်မေ့ အမှတ်ရခြင်းသဘော၊ မမေ့မလျော့ခြင်းသဘော၊ သနား(ကရုဏာ) ၏ သဘောလက္ခဏာ - ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ သနားကြင်နာခြင်းသဘော၊ သည်းခံ (အဒေါသ) ၏ သဘောလက္ခဏာ - ဆန့်ကျင်ဘက် အာရုံများနှင့် တွေ့ကြုံသော်လည်း မခက်ထန် မကြမ်းတမ်း ခြင်းသဘော၊ ဝေဖန်(ဝိစာရ)၏ သဘောလက္ခဏာ - အာရုံကို သုံးသပ်ခြင်း သဘော၊ ထပ်၍ ထပ်၍ ယူခြင်းသဘော၊ ကြည့်ရူ (ဇီဝိတိန္ဒြေ) ၏ သဘောလက္ခဏာ - မိမိနှင့် ယှဉ်ဘက်နာမ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော၊ |
3 | 4 | 2007 | “ဒုက္ခမျိုးစေ့ဖြစ်သော သုခကို ငါရှောင်ရှားမည်”၌ ပါဝင်သော “ဒုက္ခ၊ သုခ” တို့ကို အကျိုးဝိပါက်စိတ်နှင့် တွဲစပ်ပြပါ။ | (၁) ဒုက္ခ(ကိုယ်ဆင်းရဲ) - အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် (၂) သုခ( ကိုယ်ချမ်းသာ) - အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ် |
5 | 4 | 2007 | ဘဝမဆုံးသေးသော လူပုဂ္ဂိုလ်များ သေခါနီး ဆဲဆဲ အခါ၌ ဂတိနိမိတ်များ ထင်လာတတ်ရာ အောက်ပါပုဂ္ဂိုလ်များ မည်သို့သော ဂတိနိမိတ်များ ထင်လာတတ်ပါသနည်း။ (က) လူ့ဘဝ၌ ပြန်ဖြစ်မည့်သူ (ခ) နတ်ရွာနတ်ပြည်သို့ ရောက်မည့်သူ (ဂ) အပါယ်လေးပါးသို့ ကျရောက်မည့်သူ | ဘဝမဆုံးသေးသော လူပုဂ္ဂိုလ်များ သေခါနီးဆဲဆဲအခါ ထင်လာသော ဂတိနိမိတ် (က) လူ့ဘဝ၌ ပြန်ဖြစ်မည့်သူ - အမိဝမ်းရေ (ခ) နတ်ရွာ နတ်ပြည်သို့ ရောက်မည့်သူ - နတ်သမီး၊ ဘုံဗိမာန်၊ ဥယျာဉ် (ဂ) အပါယ်လေးပါးသို့ကျရောက်မည့်သူ - ငရဲအိုး၊ ငရဲထိန်း၊ ငရဲမီးလျှံ၊ တိရစ္ဆာန်၊ ဝမ်းရေ၊ သမုဒ္ဒရာ၊ မြစ်ချောင်း၊ သုသာန်၊ သချႋုင်းစသည် တို့ဖြစ်ပါသည်။ |
9 | 4 | 2007 | သံသရာခရီးကြမ်းမှ လွတ်မြောက်ဖို့ ရည်မှန်းပြီး အဖြစ်အပျက်ကို အဖန်ဖန် ရှုနေသော ယောဂီ ပုဂ္ဂိုလ်သူတော်စင်သန္တာန်၌ ရံဖန်ရံခါ ပေါ်လာ တတ်သော ပိပဿနာဘေးရန်တို့ကို အစစ် အတုအားဖြင့် ခွဲခြားပြ၍ နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ်တို့ကိုလည်း အပို အလိုမရှိ ရေးသားပြပါ။ | အဖြစ်အပျက်ကို အဖန်ဖန် ရှုနေသော ယောဂီပုဂ္ဂိုလ် သူတော်စင်သန္တာန်၌ ရံဖန်ရံခါ ပေါ်လာတတ်သော ပိပဿနာဘေးရန်တို့တွင်- နိကန္တိ ၁-ပါးသည်သာ ဘေးရန်အစစ်ဖြစ်၍ ကျန် ၉-ပါးမှာ ဘေးရန်အတုသာ ဖြစ်သည်။ ၎င်းတို့မှာ- (၁) သြဘာသ (၂) ပီတိ (၃) ပဿဒ္ဓိ (၄) အဓိမောက္ခ (၅) ပဂ္ဂဟ (၆) သုခ (၇) ဉာဏ (၈) ဥပဋ္ဌာန (၉) ဥပေက္ခာ တို့ဖြစ်ပါသည်။ နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ်တို့မှာ- ကာမဘုံ၊ ရူပဘုံရှိ သမာပတ် ၈-ပါး၊ ၉-ပါး ရပြီးသော - အနာဂါမ် ပုဂ္ဂိုလ်နှင့် - ရဟန္တာပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။ |
3 | 5 | 2007 | လောကတွင် မနောဓာတ်ဖြင့် အတတ်ဟောသည် ဟုဆိုရာ၌ မနောဓာတ်အမည်ရသော စိတ်တို့ကို ရေတွက်ပပြြီး ယင်း မနောဓာတ်များသည် အဘယ်ကို အာရုံပြုပါသနည်း။ ဖြေဆိုခဲ့ပါ။ | မနောဓာတ်အမည်ရသောစိတ် - ပဉ္စဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး - သမ္ပဋိစ္ဆိုင်းစိတ်= ၂-ပါး ပေါင်း - မနောဓာတ်= ၃-ပါး ယင်းမနောဓာတ်များ၏အာရုံမှာ- ပစ္စုပ္ပန် ပဉ္စရုံဟုဆိုအပ်သော ကာမအာရုံ ၅-ပါးကို ဧကန် အာရုံပြုပါသည်။ |
1 | 1 | 2008 | သမ္ပယုတ် အမျိုးအစားကို ဖော်ပြ၍ အဟိတ်စိတ်တို့တွင် ယုဂဋ္ဌအတွဲစိတ်တို့ကိုလည်း ရသမျှဖော်ပြပါ။ | သမ္ပယုတ် အမျိုးအစားကို ဖော်ပြရသော် (၁) ဒိဋ္ဌိဂတယမ္ပယုတ်စိတ် (၂) ပဋိဃသမ္ပယုတ်စိတ် (၃) ဝိစိကိစ္ဆာသမ္ပယုတ်စိတ် (၄) ဥဒ္ဓစ္စသမ္ပယုတ်စိတ် (၅) ဉာဏသမ္ပယုတ်စိတ် တို့ဖြစ်ပါသည်။ အဟိတ်စိတ်တို့တွင် ယုဂဋ္ဌအတွဲစိတ်တို့ကို ရသမျှ ဖော်ပြရသော် (၁) စက္ခုဝိညာဏ်ဒွေ (၂) သောတသိညာဏ်ဒွေ (၃) ဃာနဝိညာဏ်ဒွေ (၄) ဇိဝှါဝိညာဏ်ဒွေ (၅) ကာယဝိညာဏ်ဒွေ (၆) သမ္ပဋိစ္ဆိုင်းဒွေ (၇) ဥပေက္ခာသန္တီရဏဒွေ (၈) အာဝဇ္ဇန်းဒွေ တို့ဖြစ်ပါသည်။ |
2 | 1 | 2008 | "ငါ မြတ်၏၊ ငါ အမြတ်ဆုံး" ဟု မှတ်ထင်သော စေတသိက ဓမ္မ၊ ယင်းဓမ္မ၏ ယှဉ်သောစိတ်ကို ဖော်ပြ၍ "မနာလိုကင်း၊ ၀န်တိုရှင်း လက်ငင်း ချမ်းသာမည်" ဟုဆိုကြရာ မနာလို သောတရား ၀န်တိုသော တရားတို့ကိုလည်း အမည်မျှ ဖော်ပြခဲ့ပါ။ | "ငါမြတ်၏ ငါအမြတ်ဆုံး" ဟုမှတ်ထင်သော စေတသိက ဓမ္မမှာ - မာနစေတသိက် ဖြစ်ပါသည်။ ယင်းဓမ္မ၏ ယှဉ်သောစိတ်မှာ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄) ပါးဖြစ်ပါသည်။ "မနာလိုကင်း ၀န်တိုရှင်း၊ လက်ငင်းချမ်းသာမည်" ဟုဆိုကြရာ - - မနာလိုသော တရား = ဣဿာ - ဝန်တိုသောတရား = မစ္ဆရိယ တို့ဖြစ်ပါသည်။ |
3 | 1 | 2008 | ဝေဒနာတို့ကို ခံစားမှု အနုဘဝနည်း၊ အစိုးရမှု ဣန္ဒြိယဘေဒနည်းအားဖြင့် ခွဲခြားပြ၍ (က) ဟိတ်မရှိသောစိတ် (ခ) ဟိတ်တစ်ပါးတည်းသာ ရှိသောစိတ် (ဂ) ဟိတ်နှစ်ပါးရှိသောစိတ် (ဃ) ဟိတ်သုံးပါး ရှိသောစိတ်တို့ကိုလည်း သင်္ချာမျှ ဖော်ပြပါ။ | ဝေဒနာတို့ကို ခံစားမှု အနုဘဝနည်းအားဖြင့် ခွဲခြားရသော်- (၁) သုခဝေဒနာ (၂) ဒုက္ခဝေဒနာ (၃) အဒုက္ခ-မသုခဝေဒနာ ဟူ၍ ဝေဒနာ ၃-ပါး ပြားပါသည်။ ဝေဒနာတို့ကို အစိုးရမှု ဣန္ဒြိယဘေဒနည်းအားဖြင့် ခွဲခြားရသော်- (၁) သုခဝေဒနာ (၂) ဒုက္ခဝေဒနာ (၃) သောမနဿဝေဒနာ (၄) ဒေါမနဿဝေဒနာ (၅) ဥပေက္ခာဝေဒနာ ဟူ၍ ဝေဒနာ ၅-ပါး ပြားပါသည်။ (က) ဟိတ်မရှိသော စိတ်= ၁၈-ပါး (ခ) ဟိတ်တစ်ပါးသာရှိသောစိတ်= ၂-ပါး (ဂ) ဟိတ်နှစ်ပါး ရှိသောစိတ်= ၂၂-ပါး (ဃ) ဟိတ်သုံးပါး ရှိသောစိတ် = (အကျဉ်း) ၄၇-ပါး၊ (အကျယ်) ၇၉-ပါး |
4 | 1 | 2008 | စိတ်သက်နှင့် ရုပ်သက်တို့ကို ဖော်ပြ၍ (က)နာမ်နှင့် အသက်တူသောရုပ် (ခ)နာမ်တရားထက် အသက်တိုသောရုပ် (ဂ) နာမ်တရားထက် အသက်ရှည်သောရုပ် တို့ကိုလည်း အသီးသီး ခွဲခြားပြပါ။ | စိတ်သက်နှင့် ရုပ်သက်တို့မှာ- စိတ်၏ သက်တမ်း - စိတ္တက္ခဏ ၁-ချက်၊ ခဏငယ် ၃-ချက် ရုပ်၏သက်တမ်း - စိတ္တက္ခဏ ၁၇-ချက်၊ ခဏငယ် ၅၁-ချက် (က) နာမ်နှင့်အသက်တူသောရုပ်- - ဝိညတ်ရုပ် ၂-ပါး (စိတ္တဇဧကန်ရုပ်) စိတ္တခဏ ၁-ချက်၊ ခဏငယ် ၃-ချက် (ခ) နာမ်တရားထက် အသက်တိုသောရုပ် - ဥပစယ၊သန္တတိ (ဇာတိရုပ် ၂-ပါး) ဥပါဒ်ခဏငယ် ၁-ချက် -အနိစ္စတာရုပ် ဘင်ခဏငယ် ၁-ချက် (ဂ) နာမ်တရားထက် အသက်ရှည်သောရုပ် - ဇရတာရုပ် ဌီခဏငယ် ၄၉-ချက် |
5 | 1 | 2008 | သက်တမ်းမမြဲသော ပုဂ္ဂိုလ်များကို ဖော်ပြ၍၊ ရုပ်သာ ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်ကိုလည်း ရေးပြပါ။ | သက်တမ်းမမြဲသူများမှာ- (၁) အပါယ် ၄-ဘုံသား (၂) လူ(ဇမ္ဗူဒီပါ တောင်ကျွန်းသား) (၃) ဘုမ္မဇိုးနတ်များကို မှီခိုနေရသော ဝိပိပါတိက အသူရာ တို့ဖြစ်ပါသည်။ ရုပ်သာ ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်မှာ- အသညသတ်ဘုံသား တို့ဖြစ်ကြပါသည်။ |
6 | 1 | 2008 | အာဟာရပြည့်ဝမှ လူကျန်းမာသည်ဟုဆိုရာ အစားအစာတွင် ပါဝင်သော၊ အာဟာရဓာတ်တို့သည် အဘယ်အခါမှစ၍ လူကို အားဖြစ်စေပါသနည်း၊ ဖြေဆို၍ (က) ရုပ်ကို မဖြစ်စေနိုင်သောစိတ်၊ (ခ) ရုပ်ကိုသာ ဖြစ်စေနိုင်သောစိတ်တို့ကိုလည်း ရေးပြခဲ့ပါ။ | အာဟာရပြည့်ဝမှ လူကျန်းမာသည်ဟုဆိုရာ အစားအစာတွင် ပါဝင်သော အာဟာရဓာတ် (ဗဟိဒ္ဓသြဇ)တို့သည် ကိုယ်တွင်းရှိ အဇ္ဈတ္တသြဇနှင့် ပူးပေါင်းပြီး ဌီသို့ ရောက်၍ ရောနှောမိချိန်မှစ၍ လူကို အားဖြစ်စေပါသည်။ ရုပ်ကို မဖြစ်စေနိုင်သောစိတ်တို့မှာ- - ဒွေပဉ္စဝိညာဏ် ၁၀-ပါး၊ - အရူပဝိပါက်စိတ် ၄-ပါး၊ - ရဟန္တာတို့၏ စုတိစိတ်နှင့် အလုံးစုံသော ပဋိသန္ဓေစိတ်တို့ ဖြစ်ပါသည်။ ရုပ်ကိုသာ ဖြစ်စေနိုင်သောစိတ်တို့မှာ- (တစ်နည်း) စိတ္တဇရုပ်သက်သက်ကိုသာ ဖြစ်စေနိုင်သော စိတ်တို့မှာ- - မနောဓာတ် ၃-ပါး - တဒါရုံ ၁၁-ပါး - ရူပဝိပါက်စိတ် ၅-ပါး ပေါင်း ၁၉-ပါး ဖြစ်ပါသည်။ |
7 | 1 | 2008 | ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်သည် ဟုဆိုသော်လည်း မဖြတ်နိုင်လောက်အောင် စွဲနေသောသူအား ဖြစ်နိုင်သောဥပါဒါန်ကို ဖော်ပြ၍ ဈာန်စသော တရားများကို ဖြစ်ခွင့်မရအောင် ပိတ်ပင်တားမြစ်တတ်သော တရားများကိုလည်း ရေးသားဖြေဆိုပါ။ | မဖြတ်နိုင်လောက်အောင် စွဲနေသောသူအား ဖြစ်နိုင်သောဥပါဒါန်မှာ - ကာမုပါဒါန် ဖြစ်ပါသည်။ ဈာန်စသော တရားများကို ဖြစ်ခွင့်မရအောင် ပိတ်ပင်တားမြစ်တတ်သော တရားများမှာ နီဝရဏတရား ၆-ပါးမှ- (၁) ကာမစ္ဆန္ဒ နီဝရဏ (၂) ဗျာပါဒ နီဝရဏ (၃) ထိန-မိဒ္ဓ နီဝရဏ (၄) ဥဒ္ဓစ္စ- ကုက္ကုစ္စ နီဝရဏ (၅) ဝိစိကိစ္ဆာ နီဝရဏ ဟူသော နီဝရဏတရား ၅-ပါးဖြစ်ပါသည်။ |
8 | 1 | 2008 | ဗုဒ္ဓဘာသာဝင် မြန်မာများ ပြောဆိုလေ့ရှိသည့် ပဋ္ဌာန်းဆက် ဟူသော စကား၏ အဓိပ္ပာယ်ကို ရှင်းပပြြီးလျှင် ပဋိစ္စသမုပ္ပါဒ်နည်း၌ အင်္ဂါတို့ကိုလည်း ရေတွက်ပြခဲ့ပါ။ | ဗုဒ္ဓဘာသာဝင် မြန်မာများ ပြောဆိုလေ့ရှိသည့် ပဋ္ဌာန်းဆက် ဟူသော စကား၏ အဓိပ္ပာယ်မှာ - အကျိုး (ပစ္စယုပ္ပန်) တရားများ ဖြစ်ပွားပေါ်ပေါက် တည်တ့့ံအောင် အကြောင်း (ပစ္စည်း) တရားများက သက်ဆိုင်ရာ စွမ်းအင် (သတ္တိ) များဖြင့် ပံ့ပိုးပေးမှုဟူသော အကြောင်း၊ အကျိုး၊ သတ္တိတို့ ဆက်နွယ်မှုမျိုုး ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်နည်း၌ အင်္ဂါတို့မှာ - အဝိဇ္ဇာ၊ သင်္ခါ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ( ကမ္မဘဝ)၊ ဇာတိ(ဥပပတ္ဆိဘဝ)၊ ဇရာ-မရဏ တို့ဖြစ်ပါသည်။ |
9 | 1 | 2008 | သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်ဖို့ ရန်အတွက် ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းများကို ဖော်ပြ၍ အာနပါနကမ္မဋ္ဌာန်းနည်းသည် မည်သည့်ပုဂ္ဂိုလ်အား သင့်လျော်လျှောက်ပတ်ပါသနည်း၊ ရေးသားပြပါ။ | ပုဂ္ဂိုလ်မရွေး စီးဖြန်းနိုင်သော ကမ္မဋ္ဌာန်းတို့မှာ- - ပထဝီ၊ အာပေါ၊ တေဇော၊ ၀ါယော ဟူသော ဘူတကသိုဏ်း= ၄-ပါး - အာကာသကသိုဏ်း၊ အာလောကကသိုဏ်း= ၂-ပါး - အာရုပ္ပ(အရူပ) ကမ္မဋ္ဌာန်း= ၄-ပါး ပေါင်း= ၁၀-ပါး အာနပါနကမ္မဋ္ဌာန်းနည်း - ဝိတက်စရိုက်နှင့် မောဟစရိုက်ရှိသော ပုဂ္ဂိုလ်များနှင့် အထူးသင့်လျော်ပြီး ဝိတက် မကင်းသူ၊ မောဟ မကင်းသူ ပုဂ္ဂိုလ်များလည်း ပွားများ အားထုတ်သင့်ပါသည်။ |
1 | 2 | 2008 | စိတ် ၈၉ပါးတို့တွင် (က) လောကီကုသိုလ် (ခ) လောကုတ္တရာကုသိုလ်စိတ်တို့ကို သင်္ချာမျှဖော်ပပြြီး ကာမစိတ် ၅၄ပါးကို ယောဂဘေဒအားဖြင့် ခွဲခြားဝေဖန်ပြပါ။ | စိတ် ၈၉ပါးတွင် (က) လောကီကုသိုလ်စိတ် ၁၇ပါး (ခ) လောကုတ္တရာကုသိုလ်စိတ် ၄ပါး (အကျဉ်း) ကာမစိတ် ၅၄ပါးကို ယောဂဘေဒအားဖြင့် ခွဲခြားဝေဖန်ပြရသော် - သမ္ပယုတ်စိတ် ၂၀ပါး - ဝိပ္ပယုတ်စိတ် ၁၆ပါး - သမ္ပယုတ်ဝိပ္ပယုတ် မဟုတ်သော စိတ် ၁၈ပါး ပေါင်း ကာမစိတ် ၅၄ပါး ဖြစ်ပါသည်။ |
2 | 2 | 2008 | ကိုယ်တိုင် မဆုံးဖြတ်နိုင်သော (အဓိမောက္ခ မယှဉ်နိုင်သော ) စိတ်တို့ကို ဖော်ပြ၍ စိတ်အနည်းဆုံး ယှဉ်သော စေတသိက်၏ နာမည်ကိုလည်း ရေးပြပါ။ | ကိုယ်တိုင် မဆုံးဖြတ်နိုင်သော အဓိမောက္ခ မယှဉ်သော စိတ်တို့မှာ - - ဝိစိကိစ္ဆာသမ္ပယုတ်စိတ် = ၁-ပါး - ဒွေပဉ္စဝိညာဏ်စိတ် = ၁၀-ပါး ပေါင်း = ၁၁-ပါး တို့ဖြစ်ပါသည်။ စိတ်အနည်းဆုံးယှဉ်သော စေတသိက်၏ နာမည်မှာ - ဝိစိကိစ္ဆာစေတသိက် ဖြစ်ပါသည်။ |
3 | 2 | 2008 | “အလုပ်လုပ်မှ လူကြီး အလုပ်မလုပ်လျှင် လူအို” ဟုဆိုကြရာ အလုပ်အများဆုံးလုပ်သော စုံတွဲကို ဖော်ပြ၍၊ ထိုစိတ်ကို ဒွါရ၊ အာရုံ၊ ဝတ္တုတို့ဖြင့် ခွဲဝေပြပါ။ | အလုပ်အများဆုံးလုပ်သော စုံတွဲမှာ - ဥပေက္ခာသန္တိရဏစိတ် ၂-ပါး ဖြစ်ပါသည်။ ယင်းစိတ်နှစ်ပါး၏- ဒွါရ= ၆-ဒွါရ (ရံခါ) ဖြစ်၊ (ရံခါ) လွတ်၏။ အာရုံ= ကာမစိတ် -၅၄၊ စေတသိက် -၅၂၊ ရုပ်- ၂၈ ဟုဆိုအပ်သော ကာမအာရုံ ၆-ပါးကို ဧကန် အာရုံပြု၏။ ဝတ္တု= ဟဒယဝတ္တု (ဧကန်) |
4 | 2 | 2008 | တဒါရုံအင်္ဂါတို့ကို ဖော်ပြ၍၊ တဒါရုံကျခွင့် မရှိသော ၀ီထိအမည်တို့ကိုလည်း ရေးပြပါ။ | တဒါရုံအင်္ဂါတို့မှာ- (၁) ကာမဇော (၂) ကာမသတ္တဝါ (၃) အတိမဟန္တ-ဝိဘူတဖြစ်သောကာမအာရုံတို့ ဖြစ်ပါသည်။ တဒါရုံကျခွင့်မရှိသော ၀ီထိမှာ- ပဉ္စဒွါရဝီထိ၌ (၁) မဟန္တာရုံဝီထိ (၂) ပရိတ္တာရုံဝီထိ (၃) အတိပရိတ္တာရုံဝီထိ မနောဒွါရဝီထိ၌ (၄) အဝိဘူတာရုံဝီထိ (၅) အာဂန္တုကဝီထိ တို့ဖြစ်ပါသည်။ |
5 | 2 | 2008 | ကာယကံမည်ခြင်း၏ အကြောင်းကိုရေး၍ ဒုစရိုက်ဆယ်ပါးတွင် မပါဝင်သောကြောင့် အရက်သေစာ သောက်စားခြင်းသည် အပြစ်မရှိဟုဆိုလျှင် သင်လက်ခံမည်လော၊ အကြောင်းပဖြြေဆိုပါ။ | ကာယကံမည်ခြင်း၏ အကြောင်းမှာ- ကိုယ်တည်းဟူသော ကာယဒွါရ (ကာယဝိညတ်ရုပ်)၌ အဖြစ်များသောကြောင့် ကာယကံ မည်ပါသည်။ ဒုစရိုက်ဆယ်ပါးတွင် မပါဝင်သောကြောင့် အရက်သေစာ သောက်စားခြင်းသည် အပြစ်မရှိဟုဆိုလျှင် အကျွန်ုပ်(စာဖြေပုဂ္ဂိုလ်) လက်မခံနိုင်ပါ။ အကြောင်းမှာ -အရက်သေစာ သောက်စားခြင်းသည် ရသာရုံဟု ဆိုအပ်သော ကာမဂုဏ်တို့၌ မှားယွင်းသော ခံစားမှုအကျင့်ဖြစ်၍ ဖောဋ္ဌဗ္ဗာရုံဟု ဆိုအပ်သော ကာမဂုဏ်တို့၌ မှားယွင်းသော အကျင့်ဖြစ်သော ကာမေသုမိစ္ဆာစာရ ဒုစရိုက်နှင့် အလားတူ အကျံုးဝင်သောကြောင့် အပြစ်ရှိသည်ဟု ဆိုနိုင်ပါသည်။ |
6 | 2 | 2008 | လူတစ်ယောက် အမှန်တကယ် သေ မသေ သိနိုင်ရန် မည်သည့်အရာတို့ဖြင့် တိုင်းတာ ဆုံးဖြတ်ရမည်နည်း။ အဘိဓမ္မာဒေသနာတော်နည်းအရ ဖြေဆိုပြ၍ လူ့ခန္ဓာကိုယ်ရှိ ဝတ္တုများ အနက် (က) လူနှင့်အတူ သေသောရုပ် (ခ) လူသေပြီးမှ သေသောရုပ် (ဂ) လူပင်သေသော်လည်း မသေဘဲ ဆက်လက်ဖြစ်နေဆဲသောရုပ်တို့ကိုလည်း ထုတ်ပြခဲ့ပါ။ | လူတစ်ယောက် အမှန်တကယ် သေ မသေ သိနိုင်ရန် တိုင်းတာ ဆုံးဖြတ်ရမည့်အရာတို့မှာ- (၁) အာယု - ဟုခေါ်သော အသက်၊ (ဇီဝိတရုပ်နှင့် ဇီဝိတိန္ဒြေစေတသိက်) (၂) ဥသ္မာ - ဟုခေါ်သော ကိုယ်ငွေ့တေဇော (၃) ဝိညာဏံ - ဟုခေါ်သော စုတိဝိပါက်စိတ် ဤသုံးပါးသောတရားတို့ တစ်ပြိုင်နက် ချုပ်လျှင် သေသည်ဟု ခေါ်ပါသည်။ လူ့ခန္ဓာရှိ ရုပ်ဝတ္တုများအနက်- (က) လူနှင့်အတူ သေသောရုပ် - ကမ္မဇရုပ် (ခ) လူသေပြီးမှ သေသောရုပ် - စိတ္တဇရုပ်နှင့် အာဟာရဇရုပ် (ဂ) လူပင်သေသော်လည်း မသေဘဲ ဆက်လက်ဖြစ်နေဆဲရုပ် - ဥတုဇရုပ် တို့ ဖြစ်ပါသည်။ |
7 | 2 | 2008 | မကောင်းမှု အကုသိုလ်ပြုလုပ်နေသော ဒုစရိုက် သမားတို့၏လက်သုံးဖြစ်သော မဂ္ဂင်တရားများကို ဖော်ပြ၍ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ မြဲမြဲခိုင်ခံ့သော သဘောတရား၏ အမည်ကိုလည်း ဖြေဆိုပါ။ | မကောင်းမှု အကုသိုလ်ပြုလုပ်နေသော ဒုစရိုက် သမားတို့၏ လက်သုံးဖြစ်သော မဂ္ဂင်တရားများမှာ- ၁။ မိစ္ဆာဒိဋ္ဌိ ၂။ မိစ္တာသင်္ကပ္ပ ၃။ မိစ္ဆာဝါယာမ ၄။ မိစ္ဆာသမာဓိဟူသော မိစ္ဆာမဂ္ဂင် ၄ ပါးဖြစ်ပါသည်။ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ မြဲမြဲခိုင်ခံ့သော သဘောတရား၏ အမည်မှာ - ဗိုလ်တရားဖြစ်ပါသည်။ |
8 | 2 | 2008 | အပေါင်းအသင်း မကောင်း၍ ပျက်စီးရသည်၊ အပေါင်းအသင်းကောင်း၍ တိုးတက်ကြီးပွားရသည် ဟူသော စကား မှန် မမှန် အကြောင်းပဖြြေဆို၍ အဓိပတိပစ္စည်း၏ အမျိုးအစားများကိုလည်းဖြေဆိုပါ။ | လူ့လောက၌ ပြောဆိုနေကြသည့် အပေါင်းအသင်း မကောင်း၍ ပျက်စီးရသည်၊ အပေါင်းအသင်း ကောင်း၍ တိုးတက်ကြီးပွားရသည် ဟူသော စကားသည် မြတ်ဗုဒ္ဓ၏ အဘိဓမ္မာနှင့် ညီညွတ်မှုရှိပါသည်။ အကြောင်းမှာ - ပဋ္ဌာန်းဒေသနာတော်၌ ပကတူပနိဿယပစ္စည်းအရ အပေါင်းအသင်း ပုဂ္ဂိုလ်သည် ထိုက်သည့်အားလျော်စွာ အဇ္ဈတ္တသန္တာန်၊ ဗဟိဒ္ဓသန္တာန်တို့၌ (တိုးတက်ကြီးပွားခြင်း) ကုသိုလ်၊ (ပျက်စီးခြင်း) အကုသိုလ်စသည်တို့အား ပကတိ သဘောအားဖြင့် အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုတတ်သည်ဟု ဆိုထားသောကြောင့်ဖြစ်ပါသည်။ အဓိပတိပစ္စည်း၏ အမျိုးအစားများမှာ - အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားဖြစ်၍- (၁) အာရုံအဖြစ် စိုးမိုးခြင်း - အာရမ္မဏာဓိပတိ (အလေးအမြတ် ပြုအပ်သော အာရုံ ၆-ပါး) (၂) ဖြစ်ဖက်တရားတို့အပေါ် စိုးမိုးခြင်း - သဟဇာတာဓိပတိ (အဓိပတိ ၄-ပါး) တို့ဖြစ်ကြပါသည်။ |
9 | 2 | 2008 | လောကမှာ လူတစ်ကိုယ် စရိုက်တစ်မျိုးလို့ အဆိုရှိရာ ကမ္မဋ္ဌာန်းနည်းအားဖြင့် စရိုက်အမျိုးအစား မည်မျှ ရှိသည်ကို ဖော်ပြ၍ မြင့်မြတ်သော ပုဂ္ဂိုလ်တို့ အမြဲ လက်ကိုင်ပြု၍ ကျင့်သုံးနေထိုင်သော တရား တို့ကိုလည်း ရေးသားဖြေဆိုပါ။ | ကမ္မဋ္ဌာန်းနည်းအားဖြင့် စရိုက် အမျိုးအစား ၆-မျိုး ရှိပါသည်။ ထိုစရိုက်တို့မှာ- (၁) ရာဂစရိုက် (၂) ဒေါသစရိုက် (၃) မောဟစရိုက် (၄) ဝိဘက်စရိုက် (၅) သဒါ္ဒစရိုက် (၆) ဗုဒ္ဓိစရိုက် တို့ဖြစ်ပါသည်။ မြင့်မြတ်သော ပုဂ္ဂိုလ်တို့ အမြဲလက်ကိုင်ပြု၍ ကျင့်သုံး နေထိုင်သော တရားတို့မှာ - မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟုူသော ဗြဟ္မစိုရ်တရား ၄-ပါးဖြစ်ပါသည်။ |
1 | 3 | 2008 | "မဖောက်မပြန် မှန်ကန်တည့်မတ်" ဟူသည်နှင့်အညီ မဖောက်မပြန်သော နာမ်တရားများကို ဖော်ပြ၍ "လောကဇာတ်ခုံ" ဟုဆိုကြရာ ဇာတ်လေးမျိုးကိုလည်း ထုတ်ပြပါ။ | မဖောက်မပြန်သော နာမ်တရားများမှာ စိတ်၊ စေတသိက်၊ နိဗ္ဗာန်တို့ ဖြစ်ပါသည်။ "လောကဇာတ်ခုံ" အရ ဇာတ်လေးမျိုးမှာ (က) အကုသိုလ်ဇာတ် (ခ) ကုသိုလ်ဇာတ် (ဂ) ဝိပါက်ဇာတ် (ဃ) ကြိယာဇာတ် တို့ဖြစ်ပါသည်။ |
2 | 3 | 2008 | ဝိရတီ သုံးပါး ယှဉ်သောစိတ်တို့ကို နိယတ၊ အနိယတ အားဖြင့် ခွဲခြားပြ၍ သနားမှုနှင့် ဝမ်းမြောက်မှု အတူတကွ ဖြစ်နိုင်၊ မဖြစ်နိုင် တို့ကိုလည်း အကြောင်းပြ၍ ဆုံးဖြတ်ပြပါ။ | ဝိရတီသုံးပါးယှဉ်သော စိတ်တို့ကို နိယတ၊ အနိယတ အားဖြင့် ခွဲခြားပြရသော် - ဝိရတီစေတသိက် နိယတ (အမြဲ) ယှဉ်သောစိတ် - လောကုတ္တရာစိတ် အကျဉ်း ၈-ပါး\ အကျယ် ၄၀-ပါး ဝိရတီစေတသိက် အနိယတ (ရံခါ) ယှဉ်သောစိတ် - မဟာကုသိုလ်စိတ် ၈-ပါး သနားမှု (ကရုဏာ) နှင့် ဝမ်းမြောက်မှု (မုဒိတာ) သည် အတူတကွ မဖြစ်နိုင်ပါ။ အကြောင်းပြ ဆုံးဖြတ်ရသော်- သနားမှု - ကရုဏာစေတသိက် - ဒုက္ခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ သနားခြင်းသဘော ဝမ်းမြောက်မှု - မုဒိတာစေတသိက် - သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော၊ ဤသို့ သနားမှု (ကရုဏာ) နှင့် ဝမ်းမြောက်မှု (မုဒိတာ) တို့သည် အာရုံပြုရာ ပညတ် အာရုံချင်း မတူညီသောကြောင့် တသီးတခြား တစ်ပါးစီသာ မိမိတို့ယှဉ်ရာ စိတ်များနှင့် ယှဉ်နိုင်ပြီး အတူတကွ မဖြစ်နိုင်ပါ။ |
3 | 3 | 2008 | “တံခါးမရှိ ဓားမရှိ” ဟုဆိုကြရာ တံခါးမရှိသော (ဒွါရမှလွတ်သော) စိတ်တို့ကို ဖော်ပြ၍၊ နိဗ္ဗာန်ကိုသာ အာရုံပြုသော စိတ်ကိုလည်း ရေးပြပါ။ | “တံခါးမရှိ ဓားမရှိ” ဟုဆိုကြရာ တံခါးမရှိသော (ဒွါရမှလွတ်သော) စိတ်တို့မှာ- ၆-ဒွါရမှ ရံခါလွတ်သောစိတ် - ဥပေက္ခာသန္တီရဏစိတ်= ၂-ပါး - မဟာဝိပါက်စိတ်= ၈-ပါး ပေါင်း= ၁၀-ပါး ၆-ဒွါရမှ အမြဲလွတ်သောစိတ် - မဟဂ္ဂုတ်ဝိပါက်စိတ်= ၉-ပါး နိဗ္ဗာန်ကိုသာ အာရုံပြုသောစိတ် - လောကုတ္တရာစိတ် =(ကျဉ်း) ၈-ပါး၊ (ကျယ်) ၄၀-ပါး |
4 | 3 | 2008 | နိရောဓသမာပတ် ဝင်စားသောပုဂ္ဂိုလ်၏ (က) နိရောဓသမာပတ်ဝင်စားခါနီး (ခ) ဝင်စားဆဲ၊ (ဂ) ဝင်စားပြီးသောအခါတို့၌ ဖြစ်သော ပရမတ္တဓမ္မတို့ကို ဖော်ပြ၍၊ (၃၁)ဘုံ ထိပ်ဆုံးဘုံနန်းဝယ် စံမြန်းသည့် ရဟန္တာပုဂ္ဂိုလ်ကြီး၏သန္တာန်၌ ရထိုက်သော ၀ီထိစိတ်များကိုလည်း ဖော်ပြပါ။ | နိရောဓသမာပတ် ဝင်စားသောပုဂ္ဂိုလ်၏ (က) နိရောဓသမာပတ် ဝင်စားခါနီး၌ ဖြစ်သော ပရမတ္တတရားတို့မှာ- အနာဂါမ်ပုဂ္ဂိုလ်ဖြစ်မူ - နေဝသညာနာသညာယတန ကုသိုလ်ဇော ၂ကြိမ် ရဟန္တာပုဂ္ဂိုလ်ဖြစ်မူ -နေဝသညာနာသညာယတန ကြိယာဇော၂ကြိမ် (ခ) ဝင်စားဆဲအခါ၌ - စိတ်၊ စေတသိက်၊ စိတ္တဇရုပ် ပရမတ္တတရားများ ချုပ်နေပါသည်။ (ဂ) ဝင်စားပြီးသောအခါ၌- အနာဂါမ်ပုဂ္ဂိုလ်ဖြစ်မူ - အနာဂါမိဖိုလ်ဇော-၁ကြိမ် ရဟန္တာပုဂ္ဂိုလ်ဖြစ်မူ - အရဟတ္တဖိုလ်ဇော- ၁ကြိမ် စသည်တို့ဖြစ်ပါသည်။ (၃၁) ဘုံထိပ်ဆုံးဘုံ၌ စံမြန်းသည့် နေဝသညာနာသညာယတန ရဟန္တာ ပုဂ္ဂိုလ်ကြီး၏ သန္တာန်၌ ရထိုက်သော ၀ီထိစိတ်များမှာ- - မနောဒွါရာဝဇ္ဇန်းစိတ်- ၁-ပါး - မဟာကြိယာစိတ်-၈-ပါး - နေဝသညာ နာသညာယတန ကြိယာစိတ်-၁-ပါး - အရဟတ္တဖိုလ်စိတ်-၁-ပါး ပေါင်း ၀ီထိစိတ်-၁၁-ပါး တို့ဖြစ်ပါသည်။ |
5 | 3 | 2008 | အဘိဓမ္မာနည်းအရ အကုသိုလ်ကံ ၁၂ ပါးတို့တွင် (က) ပဝတ္တိအကျိုးကိုသာ ပေးစွမ်းနိုင်သော အကုသိုလ်ကံ (ခ) ပဋိသန္ဓေ-ပဝတ္တိအကျိုး နှစ်မျိုးလုံးကို ပေးစွမ်းနိုင်သော အကုသိုလ်ကံတို့ကို ခွဲခြားပြ၍ တိဟိတ်ဥက္ကဋ္ဌအကုသိုလ်ကံ၏ (က) ပဋိသန္ဓေအကျိုး (ခ) ပဝတ္တိအကျိုး တို့ကိုလည်းတိကျစွာ ဖော်ပြပါ။ | အဘိဓမ္မာနည်းအရ အကုသိုလ်ကံ ၁၂ ပါးတို့တွင် (က) ပဝတ္တိအကျိုးကိုသာ ပေးစွမ်းနိုင်သော အကုသိုလ်ကံ - မောဟမူ ဥဒ္ဓစ္စသမ္ပယုတ်စိတ် ၁ ပါး (ခ) ပဋိသန္ဓေ-ပဝတ္တိအကျိုး နှစ်မျိုးလုံးကို ပေးစွမ်းနိုင်သော အကုသိုလ်ကံ ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာ ၁၁ ပါး တိဟိတ်ဥက္ကဋ္ဌအကုသိုလ်ကံ၏ (က) ပဋိသန္ဓေအကျိုး - မဟာဝိပါက်ဉာဏသမ္ပယုတ်စိတ် ၄ ပါး (ခ) ပဝတ္တိအကျိုး - အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး - မဟာဝိပါက်စိတ် ၈ ပါး ပေါင်း ၁၆ ပါး တို့ဖြစ်ပါသည်။ |
6 | 3 | 2008 | ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော နိဗ္ဗာန်မည်ပုံနှင့် ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ကို မှန်းဆ၍ သိနိုင်ပုံတို့ကို ရေးပြခဲ့ပါ။ | (၁) လပြည့်ဝန်းကို မျက်စိဖြင့် ဒိဋ္ဌပစ္စက္ခ မြင်ရသလို နိဗ္ဗာန်ကို မဂ်ဉာဏ် ၄-ပါးတည်းဟူသော ဓမ္မစက္ခု ဖြင့် ဒိဋ္ဌပစ္စက္ခမြင်အပ် မျက်မှောက်ပြုအပ်၏။ (၂) မဂ်၊ ဖိုလ်၊ ဂေါတြဘူ၊ ဝေါဒါန်၊ အာဝဇ္ဇန်း၊ ပစ္စဝေက္ခဏာဇောတို့၏ အာရုံ ဖြစ်၏။ (၃) လောကုတ္တရာဇာတ် ဖြစ်၍ (၄) တဏှာ၏ အာရုံပြုခြင်း မခံရသော တရားဖြစ်၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ကို မှန်းဆ၍ သိနိုင်ပုံမှာ နိဗ္ဗာန်သည် ဒုက္ခခပ်သိမ်း အကြွင်းမဲ့ ချုပ်ပျောက်ငြိမ်းအေးခြင်း သန္တိလက္ခဏာရှိသည် ဟူ၍လည်းကောင်း၊ အစ္စုတံ၊ အစ္စန္တံ၊ အသင်္ခတံ တရားဖြစ်သောကြောင့် အိုနာသေရေး ဒုက္ခဘေးတို့မှ ထာဝရ လွတ်ကင်းရာ ဖြစ်သည်ဟု နှလုံးသွင်းကာ ပုထုဇဉ် ပုဂ္ဂိုလ်တို့ နိဗ္ဗာန်ကို မှန်းဆ၍ သိနိုင်ပါသည်။ |
7 | 3 | 2008 | သူတော်ကောင်းများ အရိုးကျေကျေ အရေခန်းခန်း မဆုတ်မနစ် ဇွဲလုံ့လဖြင့် ပြင်းထန်စွာအား ထုတ်အပ်သော တရားများကို ဖြေဆို၍ ဒုက္ခသစ္စာမထိုက်သော တေဘူမကတရားကိုလည်း ရေးသားပြပါ။ | မဆုတ်မနစ် ဇွဲလုံ့လဖြင့် ပြင်းထန်စွာအား ထုတ်အပ်သော တရားများမှာ- (၁) ဖြစ်ပြီးသော အကုသိုလ်တရား(ဒုစရိုက်အဟောင်း)တို့ကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း။ (၂) မဖြစ်သေးသော အကုသိုလ်တရား (ဒုစရိုက်အသစ်)တို့ကို မဖြစ်ခြင်းငှာ အားထုတ်ခြင်း။ (၃) မဖြစ်သေးသော ကုသိုလ်တရား (ကုသိုလ်အသစ်)တို့ကို ဖြစ်ထွန်းစေခြင်းငှာ အားထုတ်ခြင်း။ (၄) ဖြစ်ပြီးသော ကုသိုလ်တရား (ကုသိုလ်အဟောင်း)တို့ကို ခိုင်ခန့်တိုးပွားမြဲစေခြင်းငှာ အားထုတ်ခြင်း ဟူသော “သမ္မပ္ပဓာန်(၀ီရိယ)တရား ၄-ပါး” ဖြစ်ပါသည်။ ဒုက္ခသစ္စာမထိုက်သော တေဘူမကတရားမှာ လောဘစေတသိက် ဖြစ်ပါသည်။ |
8 | 3 | 2008 | အရှေ့အရပ်၊ အနောက်အရပ် စသည့် ခေါ်ဝေါ် သတ်မှတ်ရခြင်း၏အကြောင်းကို ဖြေဆိုပြီးလျှင် သဒ္ဒပညတ်တို့တွင် မဟာပထဝီမြေကြီး၊ မြင်းမိုရ်တောင်တို့သည် မည်သည့် သဒ္ဒပညတ် အမျိုးအစားတွင် ပါဝင်ပါသနည်း၊ ဖြေဆိုပြပါ။ | အရှေ့အရပ်၊ အနောက်အရပ် စသည့် ခေါ်ဝေါ် သတ်မှတ်ရခြင်း၏အကြောင်းမှာ- နေ လ နက္ခတ်တို့ ထွက်ဝင်ရာကို စွဲ၍ အရှေ့အရပ်၊ အနောက်အရပ် စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်ရခြင်း ဖြစ်ပါသည်။ အရှေ့အရပ်၊ အနောက်အရပ် စသည်သည် ဒိသာပညတ်( အတ္တပညတ်) ဖြစ်ပါသည်။ သဒ္ဒပညတ်တို့တွင်- မဟာပထဝီမြေကြီး - ဝိဇ္ဇမာနေန-အဝိဇ္ဇမာနပညတ် မြင်းမိုရ်တောင် - အဝိဇ္ဇမာနေန-အဝိဇ္ဇမာနပညတ် |
9 | 3 | 2008 | မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရရှိရန် နည်းလမ်းမှန်ဖြစ်သော ဝိပဿနာတရားပွားများ အားထုတ်နေသည့် ယောဂီပုဂ္ဂိုလ်သည် မိမိကိုယ်မိမိ သောတာပန် ဖြစ် မဖြစ် သိနိုင် မသိနိုင်ကို ဆုံးဖြတ်ပြ၍ စတုပါရိသုဒ္ဓိသီလကိုလည်း ရေတွက်ပြခဲ့ပါ။ | မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ရရှိရန် နည်းလမ်းမှန် ဖြစ်သော ဝိပဿနာတရားပွားများ အားထုတ်နေသည့် ယောဂီပုဂ္ဂိုလ်သည် မိမိကိုယ်မိမိ သောတာပန် ဖြစ် မဖြစ် သိနိုင်ပါသည်။ သောတာပန်အဖြစ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် သောတာပတ္တိမဂ္ဂဝီထိ အဆုံး၌ ဘဝင်ကျ၏။ ထိုဘဝင်ကို ဖြတ်၍ ပစ္စဝေက္ခဏာဝီထိတို့သည် ဖြစ်၏။ ထိုပစ္စဝေက္ခဏာ ဇောဝီထိတို့သည် ရရှိသော မဂ် ဖိုလ် နိဗ္ဗာန်တို့ကို ဆင်ခြင်ခြင်းနှင့် ပယ်ပြီး ကိလေသာ နှင့် ကြွင်းကျန်ကိလေသာကို ဆင်ခြင်ခြင်းဖြစ်၍ သောတာပန် ပုဂ္ဂိုလ်သည် မိမိကိုယ်ကို သောတာပန်ဖြစ်မှန်းသိနိုင်ပါသည်။ စတုပါရိသုဒ္ဓိသီလများမှာ- (၁) ပါတိမောက္ခသံဝရသီလ (၂) ဣန္ဒြိယသံဝရသီလ (၃) အာဇီဝပါရိသုဒ္ဓိသီလ (၄) ပစ္စယသန္နိဿိတသီလ တို့ဖြစ်ပါသည်။ |
3 | 4 | 2008 | မနောဓာတ် အမည်ရသော စိတ်တို့ကို ရေးသားပြ၍၊ နှလုံးသား မရှိသော ဟဒယဝတ္တုကို မမှီသော စိတ်ကိုလည်း ရေးပြပါ။ | မနောဓာတ် အမည်ရသော စိတ်- ပဉ္စဒွါရာဝဇ္ဇန်းစိတ် (၁)ပါး + သမ္ပဋိစ္ဆိုင်းစိတ် (၂) ပါး = ၃-ပါး နှလုံးသားမရှိသော ဟဒယဝတ္တုကို မမှီသောစိတ်- = ဒွေပဉ္စဝိညာဏ် (၁၀)ပါး+ အရူပ (၄) ပါး = ၁၄-ပါး |
5 | 4 | 2008 | ကမ္ဘာပေါ်ရှိ ပုထုဇဉ်လူသားပုဂ္ဂိုလ် အမျိုးအစားတို့ကို အဘိဓမ္မာအမြင်ဖြင့် ဖော်ပြ၍၊ ဘဝတစ်ခု၌ အစဦးဖြစ်ပေါ်သောစိတ်၏ (က) အကြောင်းတရား (ခ) အရင်းခံတရား (ဂ) အခြံအရံတရားများကို ဖော်ပြပါ။ | ကမ္ဘာပေါ်ရှိ ပုထုဇဉ်လူသားပုဂ္ဂိုလ် အမျိုးအစားတို့ကို အဘိဓမ္မာအမြင်ဖြင့် ဖော်ပြရသော်- (၁) သုဂတိအဟိတ်ပုဂ္ဂိုလ် (၂) ဒွိဟိတ်ပုဂ္ဂိုလ် (၃) တိဟိတ်ပုဂ္ဂိုလ် ပေါင်း- ပုထုဇဉ်လူသားပုဂ္ဂိုလ် ၃-မျိုးရှိပါသည်။ ဘဝတစ်ခု၌ အစဦး ဖြစ်ပေါ်လာသောစိတ် (ပဋိသန္ဓေစိတ်)၏- (က) အကြောင်းတရား - ကုသိုလ်၊ အကုသိုလ်-ကံသင်္ခါရ (ခ) အရင်းခံတရား - တဏှာ (ဂ) အခြံအရံတရား - အဝိဇ္ဇာ |
9 | 4 | 2008 | အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာသုံးပါးတို့တွင် ဒုက္ခဟု ဝိပဿနာရှုခြင်း၏ အကျိုးတရားကို ပြဆို၍ ရဟန္တာပုဂ္ဂိုလ်ထူး၏ ဂုဏ်ရည်အင်္ဂါတို့ကိုလည်း အပြည့်အစုံ ရေးသားဖြေဆိုပါ။ | အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာသုံးပါးတို့တွင် ဒုက္ခဟု (၀ုဋ္ဌာနဂါမိနိဝိပဿနာဉာဏ်ဖြင့်) ဝိပဿနာရှုခြင်း၏ အကျိုးတရားမှာ- သာယာတောင့်တချမ်းသာဖွယ် ပဏိဓိကင်းစင်၍ ဆင်းရဲဖွယ်ချည်းသာဟု ရှုသော ဒုက္ခာနုပဿနာ ဉာဏ်ဖြင့် သာယာတောင့်တသော တဏှာပဏီဓိကင်းစင်ကာ ကိလေသာ တို့မှလွတ်သော အပ္ပဏိဟိတဝိမောက္ခ မဂ်ဖိုလ်ကို ရရှိနိုင်ပါသည်။ ရဟန္တာပုဂ္ဂိုလ်များ၏ ဂုဏ်ထူးဝိသေသများမှာ- (၁) အာသဝေါတရား ၄-ပါးကုန်ခြင်းကြောင့် ခီဏာသဝပုဂ္ဂိုလ် ဖြစ်ခြင်း (၂) အရဟတ္တမဂ်ဖြင့် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်ခြင်းကြောင့် ကိလေသာ ကင်းစင်၍ လောက၌ အမြတ်ဆုံး အလှူခံပုဂ္ဂိုလ် အဂ္ဂဒက္ခိဏေယျပုဂ္ဂိုလ် ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ |
1 | 1 | 2009 | လောကီဘုံသား လူအများ သန္တာန်၌ဖြစ်သော အကျိုးဝိပါက်စိတ်ကို သင်္ချာမျှ ဖော်ပြ၍ ကာမဘုံ၌ဖြစ်သော စိတ်တို့ကိုလည်း အကျဉ်းချုပ် ရေတွက်ပြခဲ့ပါ။ | လောကီဘုံသား လူအများ သန္တာန်၌ဖြစ်သော အကျိုးဝိပါက်စိတ်ပေါင်း ၂၃ပါး ဖြစ်ပါသည်။ ကာမဘုံ၌ဖြစ်သော စိတ်တို့ကိုလည်း အကျဉ်းချုပ် ရေတွက်ပြရသော် - အသောဘနစိတ် ၃၀ပါး - ကာမသောဘနစိတ် ၂၄ပါး ပေါင်း ကာမစိတ် ၅၄ပါး ဖြစ်ပါသည်။ |
2 | 1 | 2009 | ရတနာသုံးပါးနှင့် ကံ ကံ၏ အကျိုးတရားကို ယုံကြည်သူ၏ သန္တာန်၌ဖြစ်သော စေတသိက်တို့ကို ဖော်ပြ၍ ၎င်းနှင့် ယှဉ်ဘက်စိတ်တို့ကိုလည်း ဖော်ပြပါ။ | ရတနာသုံးပါးနှင့် ကံ ကံ၏ အကျိုးတရားကို ယုံကြည်သူ၏ သန္တာန်၌ဖြစ်သော စေတသိက်တို့ကိုမှာ - သဒ္ဓါ စေတသိက် ဖြစ်ပါသည်။ ယှဉ်ဘက်စိတ်တို့မှာ - ၁။ ကာမသောဘနစိတ် = ၂၄-ပါး ၂။ မဟဂ္ဂုတ်စိတ် = ၂၇-ပါး ၃။ လောကုတ္တရာစိတ် (အကျဉ်း) ၈-ပါး (အကျယ်) ၄၀-ပါး ပေါင်း - သောဘနစိတ် (အကျဉ်း) ၅၉-ပါး၊ (အကျယ်) ၉၁-ပါး |
3 | 1 | 2009 | “ဘဝပြောင်းကောင်းဖို့ ဟိတ်အကြောင်းကောင်းဖို့ လိုတယ်”ဟု ဆိုကြရာ လိုအပ်သော အကြောင်းဟိတ် တို့ကို ဖော်ပြ၍၊ ဧကဟိတ်စိတ်တို့ကိုလည်း ရေးသားပြပါ။ | လိုအပ်သော အကြောင်းဟိတ် - အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် ပေါင်း -ကုသိုလ်ဟိတ် ၃-ပါး ဧကဟိတ်စိတ်မှာ - မောဟမူစိတ် ၂-ပါး ဖြစ်ပါသည်။ |
4 | 1 | 2009 | ပဉ္စဒွါရ၊ မနောဒွါရ၊ ဒွါရဝိမုတ်စိတ်တို့၌ဖြစ်သော အာရုံတို့၏ နာမည်ချင်းမတူ ထူးခြားကွဲပြားဟန်ကို ရေးသား၍၊ ၀ီထိမည်သော်လည်း ၀ီထိစိတ် မဖြစ်သော ၀ီထိကိုလည်း တိကျစွာ ဖော်ပြပါ။ | ပဉ္စဒွါရ၌ ဖြစ်သော အာရုံမှာ (၁)အတိမဟန္တာရုံ (၂)မဟန္တာရုံ (၃)ပရိတ္တာရုံ (၄)အတိပရိတ္တာရုံ မနောဒွါရ၌ ဖြစ်သော အာရုံမှာ (၁)ဝိဘူတာရုံ (၂)အဝိဘူတာရုံ ဒွါရဝိမုတ်စိတ်၌ ဖြစ်သော အာရုံမှာ အတိတ်-ကံ -ကမ္မနိမိတ် -ဂတိနိမိတ် တို့ဖြစ်ပါသည်။ ၀ီထိမည်သော်လည်း ၀ီထိစိတ် မဖြစ်သောဝီထိမှာ - အတိပရိတ္တာရုံဝီထိ၊ (မောဃဝါရ) ဖြစ်ပါသည်။ |
5 | 1 | 2009 | “ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျ” ဟု ဆိုရာ၌ သတ္တဝါတို့၏ကံအရ အမှန်တကယ် တည်ရှိနေသော (၃၁)ဘုံကို အကျဉ်းချံုး ရေတွက်ပြ၍၊ (က) အပါယ်ဘုံ၌ ဖြစ်နိုင်သောပုဂ္ဂိုလ် သတ္တဝါ၊ (ခ) လူ့ဘုံ၌ဖြစ်နိုင်သော ပုဂ္ဂိုလ်သတ္တဝါ တို့ကိုလည်း အသီးသီး ခွဲခြားဖော်ပြပါ။ | သတ္တဝါတို့၏ကံအရ အမှန်တကယ်တည်ရှိနေသော (၃၁)ဘုံကို အကျဉ်းချံုး ရေတွက်ပြရသော်- - အပါယ် ၄-ဘုံ - ကာမသုဂတိ ရ-ဘုံ - ရူပ ၁၆-ဘုံ - အရူပါဝစရ ၄-ဘုံ တို့ဖြစ်ပါသည်။ (က) အပါယ်ဘုံ၌ ဖြစ်နိုင်သော ပုဂ္ဂိုလ် သတ္တဝါများမှာ- ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်များ ဖြစ်ကြသော ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့ ဖြစ်ကြပါသည်။ (ခ) လူ့ဘုံ၌ဖြစ်နိုင်သော ပုဂ္ဂိုလ်သတ္တဝါတို့မှာ- (၁) သုဂတိအဟိတ်ပုဂ္ဂိုလ် (၂) ဒွိဟိတ်ပုဂ္ဂိုလ် (၃) တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ် (၄) အရိယာပုဂ္ဂိုလ် ၈-ယောက် ပေါင်း ပုဂ္ဂိုလ် (၁၁)ယောက် ဖြစ်နိုင်ပါသည်။ |
6 | 1 | 2009 | “ရယ်သောသူသည် အသက်ရှည်၏။”ဟု ဆိုကြရာ ရယ်ရွှင်မှုကို ဖြစ်စေနိုင်သော စိတ်တို့ကို ဖော်ပြ၍ “တေဇောမပိုင် ဆေးမကိုင်နှင့်”ဟူသော ဆိုရိုးစကားအရ၊ တေဇောဓာတ်ဟူသည် အဘယ်ကို ဆိုလိုပါသနည်း ဖြေဆိုပါ။ | ရယ်သောသူသည် အသက်ရှည်၏။”ဟု ဆိုကြရာ ရယ်ရွှင်မှုကို ဖြစ်စေနိုင်သော စိတ်များမှာ- - လောဘမူ သောမနဿစိတ် ၄-ပါး - မဟာကုသိုလ် သောမနဿစိတ် ၄-ပါး - ဟသိတုပ္ပါဒ်စိတ် ၁-ပါး - မဟာကြိယာ သောမနဿစိတ် ၄-ပါး ပေါင်း ကာမာဝစရသောမနဿစိတ် ၁၃-ပါး ဖြစ်ပါသည်။ “တေဇောမပိုင် ဆေးမကိုင်နှင့်”ဟူသော ဆိုရိုးစကားအရ၊ တေဇောဓာတ်ဟူသည်မှာ- ပရမတ်ရုပ် ၁၈-ပါးတွင် ပါဝင်သော မဟာဘုတ်ရုပ် ၄-ပါးအနက် ချမ်းအေးမှု (သီတ)၊ ပူနွေးမှု(ဥဏှ) ဟုဆိုအပ်သော မီး ၂-ပါး ဖြစ်ပါသည်။ |
7 | 1 | 2009 | မဟာသမုဒ္ဒရာရှိ ၀ဲဂယက်ကြီးများကဲ့သို့ သတ္တဝါများ နစ်မြုပ်စေတတ်သော တရားများကို ဖြေဆို၍ သံယောဇဉ်အရတွင် မပါဝင်သော အကုသိုလ် စေတသိက်များကိုလည်း အမည်မျှသာ ဖော်ပြပါ။ | ၀ဲဂယက်ကြီးများကဲ့သို့ သတ္တဝါများ နစ်မြုပ် စေတတ်သော တရားများမှာ- (၁) ကာမောဃ (၂) ဘဝေါဃ (၃) ဒိဋ္ဌောဃ (၄) အဝိဇ္ဇောဃ ဟူသော သြဃတရား ၄-ပါးဖြစ်ပါသည်။ သံယောဇဉ်အရတွင် မပါဝင်သော အကုသိုလ်စေတသိက်များမှာ- အဟိရက၊ အနောတ္တပ္ပ၊ ကုက္ကုစ္စ၊ ထိန၊ မိဒ္ဓ တို့ဖြစ်ပါသည်။ |
8 | 1 | 2009 | တစ်နွယ်ဝင် တစ်စင်ပါ ဟူသော စကားအရ အဝိဇ္ဇာကို ယူလျှင် မည်သည့်တရားများ ပါဝင်လာရသည်ကို အကြောင်းပဖြြေဆို၍ ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်၏ တရားကိုယ် ကိုလည်း ကောက်ပြပါ။ | တစ်နွယ်ဝင် တစ်စင်ပါ ဟူသော စကားအရ အဝိဇ္ဇာကို ယူလျှင်- အဝိဇ္ဇာ - ကိလေသဝဋ် တဏှာ၊ ဥပါဒါန် - ကိလေသဝဋ် ဤသို့ ကိလေသဝဋ်နွယ်ချင်းတူသဖြင့် အဝိဇ္ဇာကို တိုက်ရိုက်ယူလိုက်သဖြင့် တစ်နွယ်ဝင် တစ်စင်ပါ ဆိုသလို ကိလေသဝဋ်နွယ်ချင်းတူသော တဏှာ ဥပါဒါန်တရားများ ပါဝင်လာရမည်ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်၏ တရားကိုယ်မှာ လောကီစိတ် ၈၁-ပါး၊ စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါး တို့ဖြစ်ပါသည်။ |
9 | 1 | 2009 | ဒေါသပင်လယ် ဝေနေရသူများအတွက် ဒေါသ ပြေကြောင်း ကျင့်နည်းကောင်းများကို အဘိဓမ္မာ အမြင်ဖြင့် ရှာဖွေ တင်ပြ၍ အထူးအားဖြင့် မေတ္တာတရား လက်ကိုင်ထားသင့်သော ပုဂ္ဂိုလ်ကိုလည်း ဖြေဆိုပါ။ | ဒေါသပြေကြောင်း ကျင့်နည်းကောင်းများကို အဘိဓမ္မာအမြင်ဖြင့် ရှာဖွေ တင်ပြရသော်- (၁) နီလကသိုဏ်း (၂) ပီတကသိုဏ်း (၃) လောဟိတကသိုဏ်း (၄) သြဒါတကသိုဏ်း ဟူသော အရောင် ကသိုဏ်း ၄-ပါးနှင့် (၅) မေတ္တာ (၆) ကရုဏာ (၇) မုဒိတာ (၈) ဥပေက္ခာ ဟူသော ဗြဟ္မဝိဟာရတရား ၄-ပါး စုစုပေါင်း ၈-ပါးသော ကမ္မဋ္ဌာန်းတရားများကို ပွားများ အားထုတ်ရပါမည်။ အထူအားဖြင့် မေတ္တာတရား လက်ကိုင်ထားသင့်သော ပုဂ္ဂိုလ်မှာ - ဒေါသစရိုက် ထူပြောသောပုဂ္ဂိုလ် ဖြစ်ပါသည်။ |
1 | 2 | 2009 | "အိပ်ပျော်ရာမှ နိုးခိုက် မျက်စိဖွင့်၍ ကြည့်လိုက်ပါ" ဟူသောစကားတို့တွင် ပါဝင်သော (က) အိပ်ပျော်ခြင်းနှင့် တူသောစိတ် (ခ) နိုးလာခြင်းနှင့် တူသောစိတ် (ဂ) မြင်သိစိတ်တို့၏ နာမည်တို့ကို ရေးသားပြပါ။ | "အိပ်ပျော်ရာမှ နိုးခိုက် မျက်စိဖွင့်၍ ကြည့်လိုက်ပါ" ဟူသောစကားတို့တွင် ပါဝင်သော (က) အိပ်ပျော်ခြင်းနှင့် တူသောစိတ် - ဘဝင်စိတ် (ခ) နိုးလာခြင်းနှင့် တူသောစိတ် - အာဝဇ္ဇန်းစိတ် (ဂ) မြင်သိစိတ် - စက္ခုဝိညာဏ်စိတ် တို့ဖြစ်ပါသည်။ |
2 | 2 | 2009 | "မကောင်းမှုတွေ လုပ်ခဲ့တာ မှားလေခြင်း" ဟု နောင်တတွေ တလူလူရနေသူ၏ သန္တာန်၌ ဖြစ်သော စေတသိက်အမည်ကို ဖော်ပြ၍ ကြင်နာမှုနှင့် ဝမ်းမြောက်မှု တစ်ပြိုင်နက် ဖြစ်နိုင် မဖြစ်နိုင်ကိုလည်း ဆုံးဖြတ်ပြပါ။ | "မကောင်းမှုတွေ လုပ်ခဲ့တာ မှားလေခြင်း" ဟု နောင်တတွေ တလူလူရနေသူ၏ သန္တာန်၌ ဖြစ်သော စေတသိက်အမည်မှာ - ကုက္ကုစ္စစေတသိက် ဖြစ်ပါသည်။ ကြင်နာမှုနှင့် ဝမ်းမြောက်မှု တစ်ပြိုင်နက် မဖြစ်နိုင်ပါ။ အကြောင်းမှာ - ကြင်နာမှု (ကရုဏာ) သည် - ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်းသဘော၊ ဝမ်းမြောက်မှု(မုဒိတာ) သည် - သုခိတ သတ္တဝါ ပညတ် အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော ဖြစ်သောကြောင့် အာရုံပြုရာ ပညတ် အာရုံချင်းမတူဘဲ တသီးတခြား တစ်ပါးစီသာ မိမိတို့ ယှဉ်ရာစိတ်များနှင့် အသီးသီး ယှဉ်ကြသောကြောင့် ကြင်နာမှု (ကရုဏာ)နှင့် ဝမ်းမြောက်မှု (မုဒိတာ) တို့သည် တစ်ပြိုင်နက် မဖြစ်နိုင်ပါ၊ |
3 | 2 | 2009 | ခန္ဓာအိမ်၌ ရနိုင်သော တံခါးပေါက် ဒွါရတို့တွင် မနောဒွါရမည်သော စိတ်ကို ဖော်ပြ၍၊ မနောဒွါရ၌ဖြစ်သော စိတ်တို့ကိုလည်း ဖော်ပြပါ။ | မနောဒွါရမည်သော စိတ် ဘဝင်စိတ်တို့၏ အဆုံးဖြစ်သော ဘဝင်္ဂုပစ္ဆေဒစိတ်- ၁၉-ပါး ဖြစ်ပါသည်။ မနောဒွါရ၌ ဖြစ်သောစိတ်တို့မှာ - မနောဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး - ကာမဇောစိတ်= ၂၉-ပါး - အပ္ပနာဇောစိတ်= ၂၆-ပါး - တဒါရုံစိတ်= ၁၁-ပါး စိတ်ပေါင်း = ၆၇-ပါး ဖြစ်ပါသည်။ |
4 | 2 | 2009 | “မဂ်စိတ်ပေါ်ငြား၊ တဖွားဖွား”ဟူသော စကား မှန်-မမှန် အဘိဓမ္မာအမြင်ဖြင့် ရှင်းလင်းပြ၍၊ တစ်ကြိမ်တစ်ခါသော စောနိုင်သော ဇောများကိုလည်း ရေးသားပြပါ။ | “မဂ်စိတ်ပေါ်ငြား၊ တဖွားဖွား”ဟူသော စကား မမှန်ပါ။ အကြောင်းမှာ - မဂ်စိတ်တို့မည်သည် ၀ရဇိန်မိုးကြိုးပမာ အလွန်တရာ အရှိန်ပြင်းထန်သော ၀ဇီရူပမာ တရားမျိုး ဖြစ်သဖြင့် ဆိုင်ရာကိလေသာတို့ကို အကြိမ်ကြိမ် ပယ်ဖြတ်ရန် မလို၊ တစ်ကြိမ်တည်းဖြင့် ပယ်ဖြတ်နိုင်၍၊ တစ်ကြိမ်သာ ဖြစ်သောကြောင့် ဖြစ်ပါသည်။ တစ်ကြိမ်သာ စောသောဇောများမှာ- (၁) ဈာနဝီထိ၌ -အာဒိကမ္မိကဈာန်ဇော ၁-ကြိမ် (၂) မဂ္ဂဝီထိ၌ -မဂ်ဇော-၁-ကြိမ်စီ (၃) နိရောဓသမာပတ္တိ၀ီထိ၌ - နိရောဓသမာပတ်မှထသောအခါ အနာဂါမ်ဖြစ်အံ့ -အနာဂါမ်ဖိုလ်ဇော ၁-ကြိမ် ရဟန္တာဖြစ်မူ - အရဟတ္တဖိုလ်ဇော ၁-ကြိမ် (၄) အဘိညာဉ်ဝီထိ၌ -အဘိညာဉ်ဇော ၁-ကြိမ် |
5 | 2 | 2009 | သက်တမ်း အတိအကျ ရေတွက်မရသော ကာမပုဂ္ဂိုလ်တို့ကို ဖော်ပြ၍၊ ကမ္ဘာလောက၌ မကောင်းမှု ဒုစရိုက်တရားများ ဖြစ်ပေါ်လာကြရာ (က) လူသတ်ဝါဒ (ခ) လိမ်လည်သူ (ဂ) အယူဝါဒ မှားယွင်းမှုတို့၏ အခြေခံအကြောင်းတရား တို့ကိုလည်း ဖော်ပြပါ။ | သက်တမ်း အတိအကျ ရေတွက်မရသော ကာမပုဂ္ဂိုလ်တို့မှာ အပါယ် ၄-ဘုံသား၊ လူ့ဘုံ (တောင်ကျွန်း)သားနှင့် စာတုမဟာရာဇ်ဘုံအနွယ်ဝင် ဘုမ္မစိုးနတ်ကြီးများကို မှီခို ကပ်ရပ်နေသော ဝိနိပါတိက အသူရာတို့ ဖြစ်ပါသည်။ မကောင်းမှု ဒုစရိုက်တရားများအခြေခံအကြောင်းတရား (က) လူသတ်ဝါဒ - ဒေါသမူလ (ခ) လိမ်လည်သူ - (ရံခါ) လောဘမူလ၊ (ရံခါ) ဒေါသမူလ၊ (ဂ) အယူဝါဒမှားယွင်းမှု - လောဘမူလ၊ |
6 | 2 | 2009 | စိတ်ဟူသော အကြောင်းတရားက ရုပ်ကို ဖြစ်စေနိုင်ရာ (က) ဖြစ်စေနိုင်သောစိတ် (ခ) မဖြစ်စေနိုင်သော စိတ်တို့ကို ခွဲခြားပြ၍၊ မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ်သောရုပ်တို့ကိုလည်း အကြောင်းနှင့်တကွ ဖြေဆိုပါ။ | (က) ရုပ်ကိုဖြစ်စေနိုင်သော စိတ်များမှာ- (ဒွေပဉ္စဝိညာဉ် -၁၀၊ အရူပဝိပါက်-၄၊ ရဟန္တာတို့ စုတိစိတ်နှင့် အလုံးစုံသော ပဋိသန္ဓေစိတ် ကြဉ်သော်) စိတ် ရ၅-ပါး၊ စေတသိက် ၅၂-ပါးတို့သည် ရုပ်ကို ဖြစ်စေသော စိတ်(နာမ်) များ ဖြစ်ပါသည်။ (ခ) ရုပ်ကို မဖြစ်စေနိုင်သော စိတ်များမှာ- ဒွေပဉ္စဝိညာဉ်-၁၀၊ အရူပါဝိပါက်-၄၊ ရဟန္တာတို့ စုတိစိတ်နှင့် အလုံးစုံသော ပဋိသန္ဓေစိတ်များ ဖြစ်ပါသည်။ မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ်သော ရုပ်တို့မှာ- ဥပစယရုပ်၊ သန္တတိရုပ်၊ ဇရတာရုပ်၊ အနိစ္စတာရုပ်ဟူသော လက္ခဏရုပ် ၄-ပါး ဖြစ်ပါသည်။ အကြောင်းမှာ - လက္ခဏရုပ် ၄-ပါးသည် နိပ္ဖန္နရုပ်တို့၏ ဖြစ်၊ တည်၊ ပျက် အမှတ်လက္ခဏာမျှသာဖြစ်၍ မည်သည့် အကြောင်းတရားကြောင့်မျှ မဖြစ်နိုင်သော ရုပ်ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ |
7 | 2 | 2009 | ဣန္ဒြေ ၂၂-ပါးတို့တွင် သောတပတ္ထိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်သာ ရနိုင်သော ဣန္ဒြေကိုတိကျစွာ ညွန်ပြ၍ အကြီးအမှူး အရှင်သခင်ဖြစ်သော တရားတို့၏ စိတ်အစဉ်၌ ဖြစ်ပုံဖြစ်ဟန်ကိုလည်း သိသာရုံမျှ ဖြေဆိုပါ။ | ဣန္ဒြေ ၂၂-ပါးတို့တွင် သောတပတ္ထိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်သာ ရနိုင်သော ဣန္ဒြေမှာ အနညာတညဿမိတိန္ဒြေ ဖြစ်ပါသည်။ အကြီးအမှူး အရှင်သခင်ဖြစ်သော အဓိပတိ တရားတို့သည် မိမိနှင့်အတူ ဖြစ်ဖက်တရားတို့ကို လွှမ်းမိုးအုပ်ချုပ် အရှင်သခင်လုပ်ပြီးလျှင် တကွဖြစ်ဖက် တရားစုတို့ကို ထိုထိုကိစ္စ၌ မိမိအလိိုကျအောင် လိုက်ပါစေနိုင်သောတရား ဖြစ်ပါသည်။ |
8 | 2 | 2009 | အာရမ္မဏဓိပတိပစ္စည်းတရားက ကျေးဇူးပြုရာ၌ ပါဝင်သော ပရမတ္ထဓမ္မတို့ကို ဖြေဆို၍ နာမ်တရားသည် နာမ်တရားအား ကျေးဇူး ပြုတတ်သော ပစ္စည်းများကိုလည်း အမည်မျှ ဖော်ပြပါ။ | အာရမ္မဏဓိပတိပစ္စည်းတရားက ကျေးဇူးပြုရာ၌ ပါဝင်သော ပရမတ္ထဓမ္မတို့မှာ - အလေးအမြတ် ပြုအပ်သော ဣဋ္ဌဖြစ်သော စိတ်၊ စေတသိက်၊ ရုပ်နှင့် နိဗ္ဗာန်တရား တို့ဖြစ်ပါသည်။ (တနည်း) နာမ်၊ ရုပ်၊ နိဗ္ဗာန်တရားတို့ဖြစ်ပါသည်။ နာမ်တရားသည် နာမ်တရားအား ကျေးဇူး ပြုတတ်သော ပစ္စည်းများမှာ ၁။ အနန္တရ ၂။ သမနန္တရ ၃။ အာသေဝန ၄။ သမ္ပယုတ္တ ၅။ နတ္ထိ ၆။ ဝိဂတပစ္စည်း ပေါင်း ၆ ပစ္စည်းဖြစ်ပါသည်။ |
9 | 2 | 2009 | အဓိဋ္ဌာန်ပေါက်၍ အကြားအမြင်သို့ရောက်သော ဘိုးတော်အစစ်များ၌ ရှိရမည့် အခြေခံတရားနှင့် အဘိညာဉ် တန်ခိုးများကို အဘိဓမ္မာအမြင်ဖြင့် စုံလင်စွာ ဖြေဆိုပါ။ | အဓိဋ္ဌာန်ပေါက်၍ အကြားအမြင်သို့ရောက်သော ဘိုးတော်အစစ်များ ရှိရမည့် အခြေခံတရားမှာ = ရူပါဝစရပဉ္စမဈာန် ဖြစ်ပါသည်။ ရှိရမည့် အဘိညာဉ်တန်ခိုးများမှာ = ဒိဗ္ဗသောတအဘိညာဉ်နှင့် ဒိဗ္ဗစက္ခုအဘိညာဉ် တို့ ဖြစ်ပါသည်။ |
2 | 3 | 2009 | "စိတ်အကြံတွေက သိပ်မှန်နေလို့၊ လှူဖြစ်အောင် လှူမယ်လို့ ဆုံးဖြတ်ချက်ချကာ ဝမ်းမြောက်မှု ဖြစ်နေသူ"၏ သန္တာန်ဝယ် ဖြစ်ပေါ်နေသော စေတသိက ဓမ္မတို့၏ သဘောလက္ခဏာတို့ကို ရေးသားပြပါ။ | "စိတ်အကြံတွေက သိပ်မှန်နေလို့၊ လှူဖြစ်အောင် လှူမယ်လို့ ဆုံးဖြတ်ချက်ချကာ ဝမ်းမြောက်မှု ဖြစ်နေသူ"၏ သန္တာန်ဝယ် ဖြစ်ပေါ်နေသော စေတသိကဓမ္မတို့၏ သဘောလက္ခဏာတို့မှာ စိတ်အကြံ (ဝိတက်) - အာရုံကို ယှဉ်ဖက် တရားတို့ကို တင်ပေးခြင်း သဘော၊ လှူဖြစ်အောင် လှူမယ် (အလောဘ) - လောကီအာရုံ ကာမဂုဏ်များကို မလိုချင် မစုံမက်၊ စွန့်လွှတ်ခြင်းသဘော၊ ဆုံးဖြတ်ချက်ချကာ (အဓိမောက္ခ) အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊ ဝမ်းမြောက်မှု (ပီတိ) အာရုံကို နှစ်သက်ခြင်းသဘော |
3 | 3 | 2009 | “အာရုံတွေ ထွေပြား များလှသည်”ဟုဆိုကြရာ အထွေပြားဆုံး အများဆုံး အာရုံ၏ အပြားကို ရေတွက်ပြပါ။ | အထွေပြားဆုံး အများဆုံး အာရုံ= ဓမ္မာရုံ ဓမ္မာရုံအပြားမှာ (၁) စိတ် ၈၉-ပါး (၂) စေတသိက် ၅၂-ပါး (၃) ပသာဒရုပ် ၅-ပါး (၄) သုခုမရုပ် ၁၆-ပါး (၅) နိဗ္ဗာန် ၁-ပါး (၆) ပညတ် ၁-ပါး ပေါင်း ၁၆၄-ပါး |
4 | 3 | 2009 | တစ်ဘဝတွင် ၀ီထိမဖြစ်သောအခါများကို ဖြေဆို၍၊ ၀ီထိစိတ်ဖြစ်ရာကာလနှင့် ဖြစ်ပုံ အခြင်းအရာကိုလည်း ရေးပြပါ။ | တစ်ဘဝတွင် ၀ီထိမဖြစ်သောအခါများမှာ - ပဋိသန္ဓေအခါ၊ - ဘဝင်ကိစ္စတပ်သော အခါ၊ - စုတိကိစ္စတပ်သောအခါ တို့ဖြစ်ပါသည်။ ၀ီထိစိတ်ဖြစ်ရာ ကာလမှာ -ပဝတ္တိအခါ အာရုံနှင့်ဒွါရ တိုက်ဆိုင်လာလျှင် ဖြစ်ပါသည်။ ၀ီထိစိတ် ဖြစ်ပုံအခြင်းအရာမှာ - အာရုံတို့၏ ဒွါရတို့၌ ဖြစ်ခြင်း။ (အာရုံနှင့် ဒွါရတို့ တိုက်ဆိုင်သောအခါ ဖြစ်ပေါ်လာသည့် စိတ်တို့၏ အစဉ်အတန်း ဖြစ်ပုံ အခြင်းအရာ)ကို ခေါ်ပါသည်။ |
5 | 3 | 2009 | “ကံသာ အမိ၊ ကံသာအဖ” ဟုဆိုကြရာ ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း သိထိုက်သော ကံတို့ကို (က) အကျိုးပေးအစဉ် (ခ) အကျိုးပေးရာဘုံဌာနအားဖြင့် ခွဲခြား ဖြေဆိုပါ။ | (က) အကျိုးပေးအစဉ်အားဖြင့် ကံ ၄-မျိုးပြားပုံကို ဖြေဆိုရသော်- (၁) ဂရုကံ - သေက ဒုတိယဘဝ၌ အကျိုးပေးမြဲသော အားကြီးသော မဟဂ္ဂုတ်ကံ၊ ပဉ္စနန္တရိယကံ စသည်တို့၏ အဆုံးဇောစေတနာ၊ (၂) အာသန္နကံ - သေခါနီးမှ ပြုဖူး၊ ရှေးကပြုခဲ့ဖူး၍ သေခါနီးမှ အမှတ်ရခါ အဟောင်းပေါ်လာသော ကုသိုလ်၊ အကုသိုလ် စေတနာကံ (၃) အာစိဏ္ဏကံ - နေ့ရှည်ရက်ရှည် စွဲမြဲ၍ပြုသော ကုသိုလ်၊ အကုသိုလ်စေတနာ၊ တစ်ကြိမ် ပြုလည်း မပြတ် အောက်မေ့အပ်သော ကုသိုလ်၊ အကုသိုလ် စေတနာကံ၊ (၄) ကဋတ္တာကံ - ရှေ့ကံ ၃-ပါးမှ လွတ်သော အပရာပရိယာကံဟောင်းစု၊ ဤဘဝ၌ ရံခါပြုသော သာမညကုသိုလ်၊ အကုသိုလ်စေတနာကံ။ (ခ) အကျိုးပေးရာ ဘုံဌာနအားဖြင့် ကံ ၄-မျိုးပြားပုံကို ဖြေဆိုရသော်- (၁) အကုသိုလ်ကံ ၁၂-ပါး - (အပါယ် ၄-ဘုံ) (၂) ကာမာဝစရကုသိုလ်ကံ ၈-ပါး - (ကာမသုဂတိ ရ-ဘုံ) (၃) ရူပါဝစရကုသိုလ်ကံ ၅-ပါး - ( ရူပ ၁၆-ဘုံ) (၄) အရူပါဝစရကုသိုလ်ကံ ၄-ပါး - (အရူပ ၄-ဘုံ) |
6 | 3 | 2009 | ပဋိသန္ဓေအခါ၌ဖြစ်သော သတ္တဝါ သုံးမျိုးတို့ကို ဖော်ပြ၍၊ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော နိဗ္ဗာန်တွင် မည်ကဲ့သို့ ဂုဏ်ကျေးဇူးများ ရှိပါသနည်း။ အဘိဓမ္မာအလိုကျ တင်ပြဆွေးနွေးပါ။ | ပဋိသန္ဓေအခါ၌ဖြစ်သော သတ္တဝါ သုံးမျိုးမှာ- ၁။ သံသေဒဇ သတ္တဝါ ၂။ ဥပပါတ် သတ္တဝါ ၃။ ဇလာဗုဇ - အဏ္ဍဇ ခေါ် ဂဗ္ဘသေယျက သတ္တဝါတို့ ဖြစ်ပါသည်။ နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးများမှာ (၁) အစ္စုတံ - စုတေရွေ့လျော သေဆုံးမှုသဘော မရှိသောတရား။ (၂) အစ္စ န္တံ - စုတိဟူသော အဆုံးအပိုင်းအခြားမှ လွန်မြောက်သောတရား။ (၃) အသင်္ခတ - ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရားတို့ဖြင့် ပြုပြင်စီရင်ခြင်း မခံရသောတရား။ (၄) အနုတ္တရံ - မိမိထက် လွန်မြတ်သောတရား မရှိသောတရား။ (၅) ပဒံ - အရိယာတို့သာ ရောက်သင့် ရောက်အပ်သောတရား ဖြစ်ပါသည်။ |
7 | 3 | 2009 | ဗောဓိပက္ခိယသင်္ဂဟ၌ ပညာစေတသိက်၏ ဖြစ်ရာ ဌာနတို့ကို ဖြေဆို၍၊ သင်္ကပ္ပနှင့် ပီတိတရားတို့၏ လောကုတ္တရာစိတ်တို့၌ ဖြစ်ပုံ မဖြစ်ပုံတို့ကိုလည်း စုံလင်အောင် ဖြေဆိုပါ။ | ဗောဓိပက္ခိယသင်္ဂဟ၌ ပညာစေတသိက်၏ ဖြစ်ရာဌာနတို့မှာ- (၁) ဣဒ္ဓိပါဒ် (၀ီမံသိဒ္ဓိပါဒ်) (၂) ဣန္ဒြေ (ပညိန္ဒြေ) (၃) ဗိုလ် (ပညာဗိုလ်) (၄) ဗောဇ္ဈင် (ဓမ္မဝိစယသမ္ဗောဇ္ဈင်) (၅) မဂ္ဂင် (သမ္မာ ဒိဋ္ဌိမဂ္ဂင်) တို့ဖြစ်ပါသည်။ သင်္ကပ္ပနှင့် ပီတိတရားတို့၏ ဈာန်အားဖြင့် ရေတွက်သော လောကုတ္တရာစိတ် (လောကုတ္တရာစိတ်အကျယ်) တို့တွင်- သင်္ကပ္ပ (ဝိတက်)သည် - လောကုတ္တရာ ပထမဈာန်စိတ် ၈-ပါး၌ဖြစ်ပြီး ဒုတိယဈာန်စိတ် စသော ကြွင်း လောကုတ္တရာစိတ် ၃၂-ပါး၌ မဖြစ်ပါ။ ပီတိသည် - လောကုတ္တရာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်စိတ် ၂၄-ပါး၌ဖြစ်ပြီး၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်စိတ်တို့တွင် မဖြစ်ပါ။ |
8 | 3 | 2009 | ပညတ်၏သဘောသွားကို အဘိဓမ္မာပညာရှင်ပီပီ နားလည်အောင် ရှင်းပြ၍ အောက်ပါတို့၏ ပညတ်အမည်တို့ကိုလည်းဖြေဆိုပါ။ (က) ရဟန်း (ခ)တွန်းလှည်း (ဂ) အသုဘကောင် | ပညတ်ဟူသည် - သူတစ်ပါး နားလည်အောင် အမည်အမျိုးမျိုး တပ်ကာ ခေါ်ဝေါ်အပ် သိစေအပ်သော အမည် သညာဖြစ်၍ ပညတ် ၂မျိုးရှိပါသည်၊ အတ္တပညတ်နှင့် သဒ္ဒပညတ်တို့ ဖြစ်ကြပါသည်။ အတ္တပညတ်ဟူသည် - သူတစ်ပါး နားလည်အောင် အမည်အမျိုးမျိုး တပ်ကာ ခေါ်ဝေါ်အပ် သိစေအပ်သော အနက်ဒပြ်ဝတ္တုမျိုး ဖြစ်၏။ သဒ္ဒပညတ်ဟူသည် - အတ္တပညတ်ဖြစ်သော အနက်ဒပြ်ဝတ္တုမျိုးကို သိစေအပ်သော ခေါ်ဝေါ်ကြောင်း အမည်သညာ၊ စကားသံများ ဖြစ်ပါသည်။ အတ္တပညတ်အားဖြင့် (က) ရဟန်း - ဥပါဒါပညတ် (ခ) တွန်းလှည်း - သမူဟပညတ် (ဂ) အသုဘကောင် - ဥပါဒါပညတ် သဒ္ဒပညတ်အားဖြင့် (က) ရဟန်း - အဝိဇ္ဇာမာနပညတ် (ခ) တွန်းလှည်း - ဝိဇ္ဇာမာနေန- အဝိဇ္ဇာမာနပညတ် (ဂ) အသုဘကောင် - အဝိဇ္ဇာမာနေန- အဝိဇ္ဇာမာနပညတ် တို့ဖြစ်ကြပါသည်။ |
9 | 3 | 2009 | အောက်ပါတို့ကို အဘိဓမ္မာ လိုက်စားသူများပီပီ ရှာဖွေတင်ပြခဲ့ပါ။ (က) ပဋိဘာဂနိမိတ်၌ ရနိုင်သော ဘာဝနာများ (ခ) နိရောဓသမာပတ် မဝင်စားနိုင်သော ပုဂ္ဂိုလ်များ | (က) ပဋိဘာဂနိမိတ်၌ ရနိုင်သော ဘာဝနာများ- ဥပစာရဘာဝနာ အပ္ပနာဘာဝနာ တို့ ဖြစ်ပါသည်။ (ခ) နိရောဓသမာပတ် မဝင်စားနိုင်သော ပုဂ္ဂိုလ်များ- ကာမဘုံ၊ ရူပဘုံရှိ သမာပတ် ၈-ပါး၊ ၉-ပါး ရပြီးသော အနာဂါမ် ပုဂ္ဂိုလ် နှင့် ရဟန္တာပုဂ္ဂိုလ်တို့မှ လွဲ၍ ကြွင်းပုဂ္ဂိုလ်များ ဖြစ်ပါသည်။ |
3 | 4 | 2009 | “ဤကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ” ဟု ပေးလှူကြရာ၌ ၎င်းနိဗ္ဗာန်ကို ဧကန်၊ အနေကန် အာရုံပြုနိုင်သော တရားတို့ကို ဖော်ပြခဲ့ပါ။ | နိဗ္ဗာန်ကို ဧကန် အာရုံပြုနိုင်သော တရားမှာ = လောကုတ္တရာစိတ် ၈-ပါး နိဗ္ဗာန်ကို အနေကန် အာရုံပြုနိုင်သော တရား - မနောဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး - မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်= ၄-ပါး - မဟာကြိယာဉာဏသမ္ပယုတ်စိတ်= ၄-ပါး - အဘိညာဉ်= ၂-ပါး ပေါင်း= ၁၁-ပါး |
5 | 4 | 2009 | လူသားတစ်ယောက်အတွက် ဘဝအဆုံး နိဂုံးဖြစ်သော သေခြင်း ၄-မျိုးကို ဖော်ပြ၍၊ လူတို့ သေခါနီးကာလ၌ အာရုံနိမိတ် ထင်ခြင်းသည် အကြီးအကျယ်ဝေဒနာ ခံစားမှုကြောင့် ဖြစ်သည်ဟုဆိုက မှန် မမှန် အဘိဓမ္မာသဘောဖြင့် နှီးနှော ဝေဖန်ပြပါ။ | သေခြင်းလေးမျိုးမှာ- (၁) အာယုက္ခယ မရဏ - အသက်တမ်းကုန်၍သေခြင်း (၂) ကမ္မက္ခယ မရဏ - ကံစွမ်းကုန်မှုကြောင့် သေရခြင်း၊ (၃) ဥဘယက္ခယ မရဏ - အသက်တမ်းနှင့် ကံစွမ်း ၂-ပါးကုန်၍ သေရခြင်း၊ (၄) ဥပစ္ဆေဒက မရဏ - ကံဆိုးဖြတ်ချွေ၍ သေချိန်မရောက်သေးဘဲ လတ်တလော သေရခြင်း တို့ဖြစ်ပါသည်။ လူတို့ သေခါနီးကာလ၌ အာရုံနိမိတ်ထင်ခြင်းသည် အကြီးအကျယ် ဝေဒနာခံစားမှုကြောင့် ဖြစ်သည်ဟုဆိုက မမှန်ပါ။ အဘိဓမ္မာသဘောဖြင့် ဝေဖန်ပြရသော်- သတ္တဝါတို့သည် မိမိတို့ပြုခဲ့သော ကုသိုလ်၊ အကုသိုလ်ကံအများ ရှိရာဝယ် ပဋိသန္ဓေအကျိုးကို ပေးရန် အခွင့်သာသော ကံတစ်ပါးပါးသည် သေခါနီးကာလ၌ ဒွါရ ၆-ပါးတို့မှ တစ်ပါးပါးတွင် ထိုက်သလို ထင်လာတတ်သည်။ စုတေခါနီးကာလ၌ စိတ်အစဉ်သည် ထိုထင်လာသော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ပါးပါးကို အာရုံပြု၍ ရလတ္တံ့သော ဘဝသစ်ကို ညွှတ်၍ နေရလေသည်။ ထိုဘဝသစ်သည်လည်း စင်ကြယ်သော ကုသိုလ်ကံ၊ ညစ်နွမ်းသောအကုသိုလ်ကံတို့ အားလျော်စွာ သုဂတိ၊ ဒုဂ္ဂတိဘဝများကို ရနိုင်ပေ၏။ ထို့ကြောင့် လူတို့သေခါနီးကာလ၌ အာရုံနိမိတ်ထင်ခြင်းသည် မိမိတို့ ပြုခဲ့သော ကုသိုလ်၊ အကုသိုလ်ကံ ကြောင့်သာလျှင် ဖြစ်ပါသည်။ |
9 | 4 | 2009 | ၀ုဋ္ဌာနဂါမိနိဝိပဿနာ အမည်ရသော ဉာဏ်အမည် တို့ကို ဖော်ပြ၍ သောတာပန်ပုဂ္ဂိုလ်သည် အကြွင်းမရှိ ပယ်သော ကိလေသာနှင့် လုံးဝမပယ်နိုင်သော ကိလေသာ တို့ကိုလည်း ခွဲခြားဖြေဆိုပါ။ | ၀ုဋ္ဌာနဂါမိနိဝိပဿနာ အမည်ရသော ဉာဏ်အမည်များမှာ- - သင်္ခါရုပေက္ခာဉာဏ် (အရင့်ပိုင်း) နှင့် - အနုလောမဉာဏ်တို့ ဖြစ်ပါသည်။ သောတာပန်ပုဂ္ဂိုလ်သည် အကြွင်းမရှိ ပယ်သော အားကြီးသော ကိလေသာ (အနုသယ) တို့မှာ - အပါယ်ကျစေနိုင်သော ကိလေသာတို့မှ ဒိဋ္ဌိကိလေသာနှင့် ဝိစိိကိစ္ဆာကိလေသာ တို့ဖြစ်ပါသည်။ လုံးဝမပယ်နိုင်သော ကိလေသာတို့မှာ - ဥဒ္ဓစ္စ ဖြစ်ပါသည်။ မှတ်ချက်။ သောတာပတ္တိမဂ်သည် ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာ တို့ကို အကြွင်းမဲ့ ပယ်သတ်၏ ကြွင်း အကုသိုလ်များ၏ အပါယ်ကျစေနိုင်သော သတ္တိိကိုလည်း ပယ်သတ်၏။ (ဥဒ္ဓစ္စသည် အပါယ်သို့ ကျစေနိုင်သော သတ္တိ မရှိပါ) |
3 | 5 | 2009 | လောက၌ အမှီရှိမှ ကြီးပွားသည်ဟု ဆိုကြသော်လည်း နှလုံးသားကို မမှီဘဲ ဖြစ်သောစိတ်ကို ထုတ်ပြ၍၊ စိတ်ဓာတ်ကျသည်ဟု ဆိုကြရာတွင် စိတ်ဓာတ်များစွာမှ ဝိညာဏဓာတ်မဖက် သက်သက်သော စိတ်ဓာတ်ကိုလည်း အသေးစိတ် ရေတွက်ပြပါ။ | နှလုံးသား(ဟဒယဝတ္တုရုပ်)ကို အမြဲမမှီဘဲ ဖြစ်သောစိတ်- ဒွေပဉ္စဝိညာဏ်= ၁၀-ပါး အရူပဝိပါက်စိတ်= ၄-ပါး ပေါင်း= ၁၄-ပါး နှလုံးသား(ဟဒယဝတ္တုရုပ်)ကို ရံခါ မမှီသောစိတ်မှာ- လောဘမူစိတ်= ၈-ပါး မောဟမူစိတ်= ၂-ပါး မနောဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး မဟာကုသိုလ်စိတ်= ၈-ပါး မဟာကြိယာစိတ်= ၈-ပါး အရူပ ကုသိုလ်စိတ်= ၄-ပါး အရူပ ကြိယာစိတ်= ၄-ပါး အထက်လောကုတ္တရာစိတ်= ရ-ပါး ပေါင်း= ၄၂-ပါး ဝိညာဏဓာတ်မဖက် သက်သက်သော စိတ်ဓာတ်ကို အသေးစိတ် ရေတွက်ပြရသော်- - အဟိတ်ကြိယာ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး - အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ်= ၁-ပါး - အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ်= ၁-ပါး ပေါင်း -မနောဓာတ်= ၃-ပါး |
1 | 1 | 2010 | စိတ်သာရှင်စော ဘုရားဟော ဟူရာ၌ ယင်းစိတ်တို့တွင် ကာမာဝစရစိတ် ၅၄ပါးကို ဇာတိဘေဒအားဖြင့် ခွဲခြားပြ၍ ဇောအမည် မရရှာသော ကြိယာစိတ်တို့ကိုလည်း ဖော်ပြပါ။ | ကာမာဝစရစိတ် ၅၄ပါးကို ဇာတိဘေဒအားဖြင့် ခွဲခြားပြရသော် - အကုသိုလ်စိတ် ၁၂ပါး - ကုသိုလ်စိတ် ၈ပါး - ဝိပါက်စိတ် ၂၃ပါး - ကြိယာစိတ် ၁၁ပါး ပေါင်း ကာမာဝစရစိတ် ၅၄ပါး ဇောအမည် မရရှာသော ကြိယာစိတ်တို့ကိုဖော်ပြရသော် - အဟိတ်ကြိယာ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁ပါး - အဟိတ်ကြိယာ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် ၁ပါး ပေါင်း ဇောအမည် မရရှာသော ကြိယာစိတ် ၂ ပါး ဖြစ်ပါသည်။ |
2 | 1 | 2010 | ကိုယ်တည်းတစ်ယောက်၊ ချမ်းသာရောက်ဖို့၊ ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး ဟူရာ၌ အားထုတ်သော တရား၏ သဘောကို သေချာစွာ ပြဆို၍ ၎င်းတရားနှင့် ယှဉ်\မယှဉ်သော စိတ်တို့ကိုလည်း မှန်ကန်စွာ ဖြေဆိုပြပါ။ | ကြိုးကုတ် အားထုတ်သော တရား (ဝီရိယ)၏ သဘောကို သေချာစွာ ပြဆိုရသော် - ဝီရိယ - ယှဉ်ဘက်တရားတို့ကို ထောက်ပံ့ခိုင်ခံစေခြင်း၊ အားထုတ်ခြင်း သဘော ဖြစ်ပါသည်။ ဝီရိယတရားနှင့် ယှဉ်သောစိတ်တို့မှာ - ၁။ အကုသိုလ်စိတ် = ၁၂-ပါး ၂။ ဟသိတုပ္ပါဒ်စိတ် = ၁-ပါး ၃။ %မနောဒွါရာဝဇ္ဇန်းစိတ် = ၁-ပါး ၄။ ကာမသောဘနစိတ် = ၂၄-ပါး ၅။ မဟဂ္ဂုတ်စိတ် = ၂၇-ပါး ၆။ လောကုတ္တရာစိတ် = ၈-ပါး (ကျဉ်း) ၄၀-ပါး (ကျယ်) ပေါင်း ဝီရိယယှဉ်သောစိတ် ၏ရ၃-ပါး (ကျဉ်း) \ ၁၀၅-ပါး (ကျယ်) တို့ဖြစ်ကြပါသည်။ ဝီရိယနှင့် မယှဉ်သောစိတ်တို့မှာ - ၁။ ဒွေပဉ္စဝိညာဏ် = ၁၀-ပါး ၂။ သမ္ပဋိစ္ဆိုင်း = ၂-ပါး ၃။ သန္တီရဏ = ၃-ပါး ၄။ ပဉ္စဒွါရာဝဇ္ဇန်း = ၁-ပါး ပေါင်း - ဝီရိယ မယှဉ်သောစိတ် ၁၆-ပါး တို့ဖြစ်ပါသည်။ |
3 | 1 | 2010 | ကိစ္စများမြောင် လူတို့ဘောင်ဟူသော စကားအရ ကိစ္စအများဆုံးရှိသော စိတ်နှင့် ထိုစိတ်၏ ကိစ္စတို့ကို ဋ္ဌာနနှင့်တကွ တွဲစပ်ပြပါ။ | ကိစ္စအများဆုံးစိတ်မှာ - ဥပေက္ခာသန္တီရဏစိတ် ၂-ပါး ဖြစ်ပါသည်။ ထိုစိတ်၏ ကိစ္စတို့ကို ဌာနနှင့်တကွ တွဲစပ်ဖော်ပြရသော်- ဥပေက္ခာသန္တီရဏစိတ် ၂-ပါး (၁) ပဋိသန္ဓေကိစ္စ- (၁) ပဋိသန္ဓေဌာန (၂) ဘဝင်ကိစ္စ - (၂) ဘဝင်ဌာန (၃) စုတိကိစ္စ - (၃) စုတိဌာန (၄) သန္တီရဏကိစ္စ - (၄) သန္တီရဏဌာန (၅) တဒါရုံကိစ္စ - (၅) တဒါရုံဌာန |
4 | 1 | 2010 | အစာအတွက် လျှာမထွက်ကြနဲ့-ဟုဆိုရာလျှာဖြင့် အစားအစာကို အရသာခံစားနေခိုက် ဖြစ်ပေါ် လာသော စိတ်အစဉ်ကို ဆိုရိုးကျ ၀ီထိချ ပပြြီးလျှင်၊ မဂ်ပေါက်-ဖိုလ်ဝင် နိဗ္ဗာန်မြင် ဟူသော ဆိုရိုးစကား မှန်-မမှန်ကိုလည်း ရှင်းလင်းဖြေပြပါ။ | ဣဋ္ဌ -ရသာရုံဖြစ်၍- - အတီတဘွင်-၁-ကြိမ် - ဘဝင်္ဂစလန-၁-ကြိမ် - ဘဝင်္ဂုပစ္ဆေဒ-၁-ကြိမ် - ပဉ္စဒွါရာဝဇ္ဇန်း-၁-ကြိမ် - အဟိတ်ကုသလဝိပါတ် ဇိဝှါဝိညာဏ်စိတ် ၁-ကြိမ် - အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း-၁-ကြိမ် - အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ-၁-ကြိမ် - ၀ုဋ္ဌော-၁-ကြိမ် - ကာမဇော-၇-ကြိမ် (အယောနိသော မနသိကာရဖြစ်၍) လောဘဇော - (အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ-၁ + မဟာဝိပါက် ဥပေက္ခာ-၄) ပေါင်း ဥပေက္ခာ တဒါရုံ ၅-ပါးမှ တစ်ပါးပါး ၂-ကြိမ် -ထို့နောက် ဘဝင်အများ ဤဝီထိသည် တဒါရမ္မဏဝါရ၊ ဇိဝှါဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။ “မဂ်ပေါက်- ဖိုလ်ဝင်၊ နိဗ္ဗာန်မြင်”ဟူသော ဆိုရိုးစကားသည် မှန်ပါသည်။ ရှင်းလင်းဖြေဆိုရသော်- မဂ္ဂဝီထိများ၌ မဂ်ဇော ၁-ကြိမ် ကျပြီးသည်နှင့် ဖိုလ်ဇော ၂-ကြိမ်(သို့) ၃-ကြိမ် ဆက်တိုက်ဖြစ်သည်ဟု ဆိုထားသောကြောင့် မဂ်ပေါက်၊ ဖိုလ်ဝင်ဖြစ်၍၊ ထိုမဂ်ဖိုလ်ဇော တို့သည် နိဗ္ဗာန်ကို အာရုံပြုသောကြောင့် “မဂ်ပေါက်- ဖိုလ်ဝင်၊ နိဗ္ဗာန်မြင်”ဟူသောစကားသည် မှန်ရခြင်း ဖြစ်ပါသည်။ |
5 | 1 | 2010 | “သုံးဆယ့်တစ်ဘုံ အလုံးစုံကို ရေတွက်ပြ၍၊ (က) ပုထုဇဉ်မပါ အရိယာသာ ရှိသောဘုံ (ခ) အရိယာမပါ ပုထုဇဉ်သာ ရှိသောဘုံ တို့ကိုလည်း ဖြေဆိုပါ။ | သုံးဆယ့်တစ်ဘုံ အလုံးစုံကို ရေတွက်ပြရသော်- - အပါယ် ၄-ဘုံ - ကာမသုဂတိ ရ-ဘုံ - ရူပ ၁၆-ဘုံ - အရူပ ၄-ဘုံ ပေါင်း ၃၁-ဘုံ (က) ပုထုဇဉ်မပါ အရိယာသာ ရှိသောဘုံမှာ- (၁) အဝိဟာဘုံ (၂) အတပ္ပါဘုံ (၃) သုဒဿာဘုံ (၄) သုဒဿီဘုံ (၅) အကနိဋ္ဌဘုံတည်းဟူသော သုဒ္ဓါ၀ါသ ၅ ဘုံ ဖြစ်ပါသည်။ (ခ) အရိယာမပါ ပုထုဇဉ်သာ ရှိသောဘုံမှာ- (၁) အပါယ် ၄-ဘုံ (၂) အသညသတ်ဘုံ ၁-ဘုံ တို့ဖြစ်ကြပါသည်။ |
6 | 1 | 2010 | “တရားရှာ ကိုယ်မှာတွေ့” ဟူသော လောက ဆိုရိုးစကား မှန် မမှန် အဘိဓမ္မာစံဖြင့် ဖြေဆို၍၊ ပရမတ်အစစ်-ဓာတ်အနှစ်ဟူသော စကားအရ ပရမတ်အစစ်ဖြစ်သောတရားများကိုလည်း ဖော်ပြပါ။ | “တရားရှာ ကိုယ်မှာတွေ့” ဟူသော လောကဆိုရိုး စကားသည် မှန်ပါသည်။ ရှင်းလင်းဖြေဆိုပြရသော်- ကိုယ်တည်းဟူသော ခန္ဓာကိုယ်သည် ရုပ် ၂၈-ပါးဖြင့် ဖွဲ့စည်းထားပါသည်။ ထိုရုပ် ၂၈-ပါးမှ နိဖ္ဖန္နရုပ် ၁၈-ပါးသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး ၃-ပါးနှင့်တကွဖြစ်၍ ဝိပဿနာရှု၍ရသော သလက္ခဏရုပ်၊ သမ္မသနရုပ်များ ဖြစ်သောကြောင့် “တရားရှာ ကိုယ်မှာတွေ့” ဟူသော လောကဆိုရိုးစကား မှန်ရခြင်း ဖြစ်ပါသည်။ ပရမတ်အစစ်ဖြစ်သော တရားများမှာ- - စိတ် ၈၉-ပါး၊ - စေတသိက် ၅၂-ပါး၊ - နိဖ္ဖန္နရုပ် ၁၈-ပါး၊ - နိဗ္ဗာန် ၁-ပါးဖြစ်၍၊ ဤတွင် နိဖ္ဖန္နရုပ် (ပရမတ်ရုပ်) ၁၈-ပါးမှာ- - မဟာဘုတ်ရုပ် ၄-ပါး - ပသာဒရုပ် ၅-ပါး - ဂေါစရရုုပ် ၄-ပါး - ဘာဝရုပ် ၂-ပါး - ဟဒယရုပ် ၁-ပါး - ဇီဝိတရုပ် ၁-ပါး - အာဟာရရုပ် ၁-ပါး ပေါင်း ၁၈-ပါး တို့ဖြစ်ပါသည်။ |
7 | 1 | 2010 | သတ္တဝါတို့ကို သံသရာဝဋ်အတွင်းမှ မလွတ်ကင်းရအောင် ဖွဲ့နှောင်ယှဉ်စပ်တတ်သော တရားအစုတို့ကို အဘိဓမ္မာနည်းအရ ထုတ်ပြ၍၊ သတ္တဝါတို့၏ သန္တာန်၌ အစဉ်အမြဲ ကိန်းအောင်းလျက် ရှိသော တရားအစု တို့ကိုလည်း ဖော်ပြပါ။ | သတ္တဝါတို့ကို သံသရာဝဋ်အတွင်းမှ မလွတ်ကင်းရအောင် ဖွဲ့နှောင်ယှဉ်စပ်တတ်သော တရားအစုမှာ- (၁) ကာမယောဂ (၂) ဘဝယောဂ (၃) ဒိဋ္ဌိယောဂ (၄) အဝိဇ္ဇောယောဂ ဟူသော ယောဂတရား ၄-ပါး ဖြစ်ပါသည်။ သတ္တဝါတို့၏သန္တာန်၌ အစဉ်အမြဲ ကိန်းအောင်း လျက်ရှိနေသော တရားအစုတို့မှာ- (၁) ကာမရာဂါနုသယ၊ (၂) ဘဝရာဂါနုသယ၊ (၃) ပဋိဃာနုသယ၊ (၄) မာနနုသယ၊ (၅) ဒိဋ္ဌာနုသယ၊ (၆) ဝိစိကိစ္ဆာနုသယ၊ (၇) အဝိဇ္ဇာနုသယ တို့ဖြစ်ပါသည်။ |
8 | 1 | 2010 | အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ သင်္ခါရ ပစ္စယာ ဝိညာဏံ တို့၌ သင်္ခါရာနှစ်ခုတို့၏ တရားကိုယ်များကို အသီးသီး ကောက်ပြ၍ တဏှာနှင့်ဥပါဒါန်တို့၏ အထူးကိုလည်း သိသာရုံမျှ ခွဲခြားဖော်ပြပါ။ | အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၌ သင်္ခါရ၏ တရားကိုယ်မှာ -လောကီကုသိုလ်၊ အကုသိုလ်စေတနာ အားလုံးဖြစ်ပါသည်။ သင်္ခါရပစ္စယာ ဝိညာဏံ တို့၌ပါသော အကြောင်းသင်္ခါရ၏ တရားကိုယ်မှာ- (ဥဒ္ဓစ္စစေတနာနှင့် အဘိညာဉ်စေတနာကြဉ်သော) လောကီကုသိုလ်၊ အကုသိုလ်စေတနာ အားလုံးဖြစ်ပါသည်။ တဏှာနှင့်ဥပါဒါန်တို့၏ အထူးကိုလည်းဖော်ပြရသော်- တဏှာ (၁) အားသေးသော လိုချင်မှု (လောဘ) (၂) မရသေးခင်က လိုချင်တောင့်တမှု (၃) တောင့်တမှု-ရှာဖွေမှု ဒုက္ခစု၏အကြောင်း (၄) ဝေဒနာ၏အကျိုး၊ ဥပါဒါန်၏အကြောင်း (၅) မလိုချင်မှု၏ ဆန့်ကျင်ဘက် (မရှိ-တောင့်တ) ဥပါဒါန် (၁) အားကြီးသော လိုချင်မှု( လောဘ) (၂) ရပြီးနောက် စိုးရိမ်ကြောင့်ကြမှု (၃) စောင့်ရှောက်ရမှု၊ ကြောင့်ကြရမှု ဒုက္ခစု၏ အကြောင်းရင်း (၄) တဏှာ၏အကျိုး ဘဝ၏အကြောင်း (၅) တင်းတိမ်ရောင့်ရဲမှု၏ ဆန့်ကျင်ဘက် (ရှိ-ကြောင့်ကြ) |
9 | 1 | 2010 | ကမ္မဋ္ဌာန်းပိုင်းလာ သမထနှင့် ဝိပဿနာဟူသော စကားတို့၏ အဓိပ္ပာယ် ကွဲပြားအောင် ဖော်ပြ၍ ယင်းတရားတို့၏ အရတရားကိုယ်နှင့် အကျိုး ခြားနားချက်တို့ကိုလည်းတိကျစွာဖြေဆိုပါ။ | သမထ (၁) နီဝရဏတရားတို့ကိုလည်းကောင်း၊ ဝိတက်စသော အောက်အောက်ဈာန် အင်္ဂါများကိုလည်းကောင်း ငြိမ်သက်စေနိုင်သောသမာဓိကို ခေါ်၏။ (လောကီကုသိုလ် ကြိယာနှင့်ယှဉ်သော ဧကဂ္ဂတာစေတသိက်) (၂) တည်ရာအာရုံ= ပထဝီကသိုဏ်းစသော ၄၀-သော ကမ္မဋ္ဌာန်းအာရုံများ (၃) အကျိုး= မဟဂ္ဂုတ်ဈာန်၊ အဘိညာဉ်များ ရနိုင်၏။ ( လောကီဈာန်ကို ရ၏) ဝိပဿနာ (၁) တေဘူမကရုပ်နာမ်တရားတို့၌ အနိစ္စ၊ဒုက္ခ၊ အနတ္တ ဟု ရှုတတ်သော ဉာဏ်ပညာကို ခေါ်၏။ (မဟာကုသိုလ် ကြိယာနှင့် ယှဉ်သော ပညာစေတသိက်) (၂) တည်ရာအာရုံ= တေဘူမက ရုပ်နာမ်အာရုံများ (၃) အကျိုး= မဂ်၊ဖိုလ်၊ နိဗ္ဗာန် ရနိုင်၏။ (လောကုတ္တရာ တရားကို ရ၏) |
1 | 2 | 2010 | စျာန်အင်္ဂါ ငါးပါးစုံရှိသော မဟဂ္ဂုတ်စိတ်တို့ကို ဖော်ပြ၍၊ ပဉ္စမစျာန်စိတ်၏ အင်္ဂါနှစ်ပါးနှင့် ကုသိုလ်၊ ဝိပါက်သာရှိ၍ ကြိယာမရှိသော စိတ်ကိုလည်း ဖော်ပြပါ။ | ၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ပါးနှင့်တကွဖြစ်သော ရူပါဝစရကုသိုလ် ပထမစျာန်စိတ် ၁ပါး ၂။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ပါးနှင့်တကွဖြစ်သော ရူပါဝစရဝိပါက် ပထမစျာန်စိတ် ၁ပါး ၃။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ ၅ပါးနှင့်တကွဖြစ်သော ရူပါဝစရကြိယာ ပထမစျာန်စိတ် ၁ပါး ပေါင်း စျာန်အင်္ဂါ ငါးပါးစုံရှိသော မဟဂ္ဂုတ်စိတ် ၃ပါး ပဉ္စမစျာန်စိတ်၏ အင်္ဂါနှစ်ပါးမှာ (က) ဥပေက္ခာ (ခ) ဧကဂ္ဂတာ တို့ဖြစ်ကြပါသည်။ ကုသိုလ်၊ ဝိပါက်သာရှိ၍ ကြိယာမရှိသော စိတ်ကို ဖော်ပြရသော် - လောကုတ္တရာစိတ် ၈ပါး(ကျဉ်း) / ၄၀ပါး (ကျယ်) တို့ဖြစ်ပါသည်။ |
2 | 2 | 2010 | ရှောင်ကြဉ်ခြင်းက ဝိရတီဟုတ်ဆိုရာ ဝိရတီ၏ သဘာဝ ဓမ္မနှင့် ၎င်းဝိရတီ၏ ယှဉ်ဘက်တရားများကို မှန်ကန်စွာ ဖြေဆိုပြပါ။ | ဝိရတီ၏ သဘာဝ ဓမ္မမှာ - မကောင်းမှု ဒုစရိုက်၊ ဒုရာဇီဝများမှ ရှောင်ကြဉ်ခြင်း သဘောဖြစ်ပါသည်။ ဝိရတီစေတသိက် (၃) ပါး ရှိပါသည်။ ၎င်းတို့ကို သဘာဝ ဓမ္မနှင့် ဖော်ပြရသော် - ၁။ သမ္မာဝါစာ - အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ၀စီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊ ၂။ သမ္မာကမ္မ န္တ - အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်း သဘော၊ ၃။ သမ္မာအာဇီဝ - အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သည့်တိုင် ဝဇီဒုစရိုက် ၄-ပါး၊ ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊ ဝီရတီ၏ ယှဉ်ဘက်တရားတို့ကို မှန်ကန်စွာ ဖြေဆိုရသော် - ၁။ မဟာကုသိုလ်စိတ် - ၈-ပါး (ရံခါ) (အကျဉ်း) ၈-ပါး (ရံခါ) (အကျယ်) ၂။ လောကုတ္တရာစိတ် - ၈-ပါး (အမြဲတပေါင်းတည်း) (အကျဉ်း) ၄၀-ပါး (အမြဲတပေါင်းတည်း) (အကျယ်) ပေါင်း ဝိရတီ၏ ယှဉ်ဘက်တရား ၁၆-ပါး (အကျဉ်း) \ ၄၈-ပါး (အကျယ်) |
3 | 2 | 2010 | “မမြင်ရရာ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်” ဟုဆိုသည့်စကား မှန်/ မမှန် ရှင်းပြ၍ ၎င်းမြင်သိစိတ်နှင့်အတူ ဖြစ်ပေါ်လာသော စိတ်တို့ကိုလည်း ဒွါရသင်္ဂဟအရ ဖော်ပြပါ။ | “မမြင်ရရာ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်” ဟုဆိုသည့်စကား မှန်ပါသည်။ အကြောင်းမှာ- လောဘ ဖြစ်စရာ အာရုံကို မြင်ပါက - လောဘ ဖြစ်မည်။ ဒေါသ ဖြစ်စရာ အာရုံကို မြင်ပါက - ဒေါသ ဖြစ်မည်။ မောဟ ဖြစ်စရာ အာရုံကို မြင်ပါက - မောဟ ဖြစ်မည်။ ဤသို့ စသည်ဖြင့် ကိလေသာ(အကုသိုလ်များ) ဖြစ်ပါမည်။ ထိုအာရုံများကို မမြင်ခဲ့ပါမူ ကိလေသာများ မဖြစ် (ငြိမ်း) ပါသည်။ မြင်သိစိတ်(စက္ခုဝိညာဏ်)နှင့်အတူ ဖြစ်ပေါ်လာသော စိတ်တို့ကို ဒွါရသင်္ဂဟအရ ဖော်ပြရသော်- ပဉ္စဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး သမ္ပဋိစ္ဆိုင်းစိတ်= ၂-ပါး သန္တီရဏစိတ်= ၃-ပါး ၀ုဋ္ဌော (မနောဒွါရာဝဇ္ဇန်းစိတ်)= ၁-ပါး ကာမဇော= ၂၉-ပါး တဒါရုံ(မဟာဝိပါက်စိတ်)= ၈-ပါး ပေါင်း မြင်သိစိတ်နှင့် အတူဖြစ်သောစိတ်= ၄၄-ပါး |
4 | 2 | 2010 | လောကကြီး၌ အတုအယောင် အခုတစ်ထောင် လောက် ပေါများသလို ပရမတ္ထနယ်ပယ်၌လည်း ဇောအစစ် မဟုတ်ပါဘဲ ဇောအတု ဝင်ရောက် လုပ်နေသော ဇောတု၊ ဇောယောင်နှင့် နိရောဓသမာပတ်မှ ထရာအခါ၌ ဖြစ်သော လောကုတ္တရာစိတ် တို့ကို အကြိမ်နှင့်တကွ ဖြေဆိုပါ။ | ပရမတ္ထနယ်ပယ်၌လည်း ဇောအစစ် မဟုတ်ပါဘဲ ဇောအတု ဝင်ရောက်လုပ်နေသော ဇောတု၊ ဇောယောင်မှာ ဝုဋ္ဌော ဖြစ်ပါသည်။ (၂ ကြိမ် ၃ ကြိမ် ဖြစ်နိုင်ပါသည်) နိရောဓသမာပတ်မှ ထရာအခါ၌ ဖြစ်သော လောကုတ္တရာစိတ် တို့ကို အကြိမ်နှင့်တကွ ဖြေဆိုပြရသော် အနာဂါမ်ဖြစ်မူ - အနာဂါမ်ဖိုလ်ဇော-၁-ကြိမ် ရဟန္တာဖြစ်မူ ူ- အရဟတ္တဖိုလ်ဇော- ၁-ကြိမ် |
5 | 2 | 2010 | အတိတ်ကံက အရိပ်သဏ္ဌာန်လို လိုက်နေတယ် ဟူသော စကား၌ ကံဟူသမျှ ပြုစဉ်ခဏ၌သာ အရိပ်သဏ္ဌာန်လို အကျိုးပေးပါသလော၊ အကျိုးပေးရာကာလ၏ အစွမ်းဖြင့် ခွဲခြား ဖြေဆို၍၊ စေတနာတိုင်း ကံ မည် -မမည် အကျိုးပေးရာဌာန၏ အစွမ်းဖြင့် ဖြေဆိုပါ။ | အတိတ်ကံက အရိပ်သဏ္ဌာန်လို လိုက်နေတယ် ဟူသော စကား၌ ကံဟူသမျှ ပြုစဉ်ခဏ၌သာ အရိပ်သဏ္ဌာန်လို အကျိုးပေးခြင်း မဟုတ်ပါ။ အကျိုးပေးရာ ကာလအစွမ်းအားဖြင့် ခွဲခြား ဖြေဆိုပြရသော်- (၁) ဒိဋ္ဌဓမ္မဝေဒနိယကံ - မျက်မှောက်ဘဝ၌ အကျိုးပေးသော ပထမဇောစေတနာ (၂) ဥပပဇ္ဇဝေဒနိယကံ - အခြားမဲ့ဘဝ၌ အကျိုးပေးသော အဆုံးသတ္တမဇောစေတနာ (၃) အပရာပရိယာယဝေဒနိယကံ - တတိယဘဝမှ နိဗ္ဗာန်မရမီ ကာလအတွင်း အခွင့်ရတိုင်း အကျိုးပေးသော အလယ်ဇော ၅-ချက် စေတနာ။ (၄) အဟောသိကံ - အကျိုးမပေး သုဉ်းဆိတ်သော ရှေ့ဇော ရ-ချက် စေတနာ။ စေတနာတိုင်း ကံ -မမည်ပါ။ အကြောင်းမှာ- ကံဟူသည် ထိုထိုဘုံဌာနများ၌ ပဋိသန္ဓေကျိုး-ပဝတ္တိကျိုးတို့ကို ပေးစေနိုင်ပါသည်။ ဤသို့ အကျိုးပေးနိုင်သော ကံများတွင် - အကုသိုလ်စေတနာ (ကံ) ၁၂-ပါး - ကာမကုသိုလ်စေတနာ (ကံ) ၈-ပါး၊ - ရူပကုသိုလ်စေတနာ(ကံ) ၅-ပါး၊ - အရူပကုသိုလ် စေတနာ(ကံ) ၄-ပါးသာ ပါဝင်၍ လောကုတ္တရာ ကုသိုလ်စေတနာ (ကံ) ၄-ပါး မပါဝင်ခြင်းကြောင့် ဖြစ်ပါသည်။ |
6 | 2 | 2010 | စိတ်ကြောင့် ရုပ်ဖြစ်သည်ဟုဆိုလျှင် (က) အဘယ်စိတ်က (ခ) အဘယ်ရုပ်ကို (ဂ) အဘယ်မှစ၍ (ဃ) အဘယ်ခဏ၌ ဖြစ်ပါသနည်း။ ဗုဒ္ဓအဘိဓမ္မာအရ အသီးသီး ခွဲခြားဖြေဆိုပါ။ | စိတ်ကြောင့် ရုပ်ဖြစ်သည်ဟုဆိုလျှင်- (က) (ဒွေပဉ္စဝိညာဉ် ၁၀-ပါး၊ အရူပဝိပါက်စိတ် ၄-ပါး၊ ရဟန္တာတို့စုတိ၊ အလုံးစုံသော ပဋိသန္ဓေကြဉ်သော) စိတ် ရ၅-ပါး၊ စေတသိက် ၅၂-ပါးက (ခ) စိတ္တဇရုပ် ၁၅-ပါးကို (ဂ) ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်ခဏမှစ၍ (ဃ) ပဝတ္တိအခါ စိတ်တို့၏ ဥပါဒ် ခဏတိုင်း ခဏတိုင်း၌ ဖြစ်စေပါသည်။ |
7 | 2 | 2010 | ထိုထိုများစွာ သတ္တဝါတို့အား ကောင်းမှု-မကောင်းမှု ကံများ ပြုလုပ်ကျူးလွန်မိအောင် အားပေး၊ လှံု့ဆော်တတ်သော အကြောင်းရင်းတရားများကို ထုတ်ပြ၍၊ ဈာန်၊ မဂ်၊ ဖိုလ် ရရန် အခြေခံဖြစ်သော နည်းလမ်းကောင်းများကိုလည်းတရားကိုယ်နှင့်တကွ ဖော်ပြပါ။ | သတ္တဝါတို့အားကောင်းမှု၊ မကောင်းမှုကံတို့ကို ကျူးလွန်မိအောင် အားပေးလှံု့ဆော်စေတတ်သော အကြောင်းရင်းတရားတို့မှာ- (၁) အလောဘဟိတ်၊ (၂) အဒေါသဟိတ်၊ (၃) အမောဟဟိတ် ဟူသော “ကုသိုလ်ဟိတ် ၃ ပါး”တို့ဖြစ်ကြပါသည်။ ဈာန်၊ မဂ်၊ ဖိုလ် ရရန် အခြေခံဖြစ်သော နည်းလမ်းကောင်းများကိုလည်း တရားကိုယ်နှင့်တကွ ဖော်ပြရသော်- ဆန္ဒိဒ္ဓိပါဒ် - ကုသိုလ်စိတ် ၂၁-ပါး၌ယှဉ်သော ဆန္ဒစေတသိက်၊ စိတ္တိဒ္ဓိပါဒ် - ကုသိုလ်စိတ် ၂၁-ပါး ၀ီရိယိဒ္ဓိပါဒ် - ကုသိုလ်စိတ် ၂၁-ပါး၌ ယှဉ်သော ၀ီရိယစေတသိက် ၀ီမံသိဒ္ဓိပါဒ် - တိဟိတ်ကုသိုလ် ၁၇-ပါး၌ ယှဉ်သော ပညာစေတသိက် |
8 | 2 | 2010 | ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဟူ၍ အမှန် တကယ် ရှိနိုင် မရှိနိုင် အဘိဓမ္မာနည်းအရ စိစစ် တင်ပြ၍ ၂၄-ပါးသော ပဋ္ဌာန်းပစ္စည်းတို့တွင် ပညတ်တရား ပါဝင်သော ပစ္စည်းအမည် တို့ကိုလည်း သိသာရုံမျှ ဖော်ပြပါ။ | ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဟူ၍ အမှန်တကယ် မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် -ပဋိစသမုပ္ပါဒ်ဒေသနာတော်တွင် အဝိဇ္ဇာ စသော အကြောင်း အဆက်ဆက်ကြောင့် ဖြစ်ပေါ်လာသော ရုပ်၊ နာမ် ဓမ္မသင်္ခါရတို့သည် ချမ်းသာမဖက်။ ဒုက္ခတုံး၊ ဒုက္ခစုသာဖြစ်သည်ဟု ဟောကြား ထားသောကြောင့် ငါ၊ သူတစ်ပါး။ ယောက်ျား၊ မိန်းမ ဟူ၍ အမှန်တကယ် မရှိနိုင်ခြင်းဖြစ်ပါသည်။ ၂၄-ပါးသော ပဋ္ဌာန်းပစ္စည်းတို့တွင် ပညတ်တရား ပါဝင်သော ပစ္စည်းအမည် တို့ကိုလည်း သိသာရုံမျှ ဖော်ပြရသော်- (၁) အာရမ္မဏပစ္စည်း (၂) ဥပနိဿယပစ္စည်း တို့ဖြစ်ပါသည်။ |
9 | 2 | 2010 | လောက၌ လူအမျိုးမျိုး စရိုက်အထွေထွေ ရှိကြရာ လူယဉ်ကျေးတို့၌သာ ဖြစ်နိုင်သော စရိုက်များကို အဘိဓမ္မာအမြင်ဖြင့် ရှာဖွေတင်ပြ၍ မောဟစရိုက် ရှိသူများ ပွားများ အားထုတ် သင့်သည့်ကမ္မဋ္ဌာန်း တရားကိုလည်း တိကျစွာ ညွှန်ပြပါ။ | လူယဉ်ကျေးတို့၌သာ ဖြစ်နိုင်သော စရိုက်များမှာ- သဒ္ဓါစရိုက် နှင့် ဗုဒ္ဓစရို်က် တို့ဖြစ်ကြပါသည်။ မောဟစရိုက်ရှိသူများ ပွားများ အားထုတ်သင့်သည့် ကမ္မဋ္ဌာန်းတရားမှာ- အာနာပါနဿတိကမ္မဋ္ဌာန်း ဖြစ်ပါသည်။ ၎င်းအပြင်ဝဏ္ဏကသိုဏ်း ၄-ပါး ကြဉ်သော ကသိုုဏ်း ၆-ပါးနှင့် အရူပ ၄-ပါးကိုလည်း အားထုတ်သင့်ပါသည်။ (မောဟစရို်က်ရှိသူသည် စိတ်တွေဝေ ငေးငိုင် တတ်သောကြောင့် ကောက်နယ်တလင်းခန့် ကျယ်ဝန်းသော ကသိုဏ်းဝန်းပမာဏကို အသုံးပြုရပါမည်။) |
1 | 3 | 2010 | အကြောင်း အကျိုးကို ကြည့်ပြီး အကောင်းအဆိုးကို သိနိုင်ရာ စိတ်အကျယ် ၁၂၁ပါးတို့တွင် အကြောင်း အကျိုးဖြစ်သော စိတ်တို့ကို သင်္ချာမျှ ပြဆို၍ ဝိပါက်ဖြစ်ပါလျက် ဇောအမည်ရသော စိတ်တို့ကိုလည်း ညွန်ပြပါ။ | စိတ်အကျယ် ၁၂၁ပါးတို့တွင် အကြောင်း အကျိုးဖြစ်သော စိတ်တို့ကို သင်္ချာမျှဖော်ပြရသော် - (အကုသိုလ်+ကုသိုလ်) အကြောင်းစိတ် = ၄၉ ပါး - အကျိုးစိတ် = ၅၂ ပါး တို့ဖြစ်ကြပါသည်။ ဝိပါက်ဖြစ်ပါလျက် ဇောအမည်ရသော စိတ်တို့ကို ညွှန်ပြရသော် - လောကုတ္တရာဝိပါက်စိတ် ၂၀ပါး ဖြစ်ပါသည်။ |
2 | 3 | 2010 | တွယ်တာခြင်းက လွမ်းဆွေးစရာ" ဟု စကားရှိရာ တွယ်တာတတ်သော စိတ်ဖြစ်တိုင်း ပါဝင် မပါဝင်သော အကုသိုလ်စေတသိက်တို့ကို ခွဲခြားပြ၍ မြင်သိစိတ်နှင့် အတူ ဖြစ်ခွင့်ရှိသော စေတသိက်တို့ကိုလည်း ဖော်ပြပါ။ | တွယ်တာတတ်သော (လောဘမူ)စိတ်ဖြစ်တိုင်း ပါဝင်သော အကုသိုလ် စေတသိက်များမှာ - (၁) အမြဲပါဝင်သော အကုသိုလ်စေတသိက် ၆-ပါး - သဗ္ဗာကုသလသာဓာရဏ စေတသိက် ၄-ပါး - လောဘစေတသိက် ၁-ပါး - ဒိဋ္ဌိစေတသိက် ၁-ပါး (၂) ရံခါ ပါဝင်နိုင်သော အကုသိုလ်စေတသိက် ၃-ပါး - မာန (ထောင်လွှားခိုက်) = ၁-ပါး - ထိန-မိဒ္ဓ (ထိုင်းမှိုင်းခိုက်) = ၂-ပါး (၃) လုံးဝ မပါဝင်နိုင်သော အကုသိုလ်စေတသိက် ၅-ပါး - ဒေါသ၊ ဣသာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ ၄-ပါး - ဝိစိကိစ္ဆာ = ၁-ပါး မြင်သိစိတ်နှင့်အတူ ဖြစ်ခွင့်ရှိသောစေတသိက်များမှာ - ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ ဟူသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် ရ-ပါး ဖြစ်ပါသည်။ |
3 | 3 | 2010 | အာရုံတွေက များလိုက်တာ ဟူရာဝယ် အကျယ်ပြန့်ဆုံး အာရုံ၏အပြားတို့ကို ဖော်ထုတ်၍၊ ပညတ်နှင့် ပရမတ် ကွဲဖို့လိုသည်ဟူသော စကားအရ နောက်ဆုံးပရမတ်တရားကို အာရုံပြုသည့်တရားနှင့် ယှဉ်တွဲဖော်ပြပါ။ | အကျယ်ပြန့်ဆုံး အာရုံမှာ - ဓမ္မာရုံ ဖြစ်ပါသည်။ ဓမ္မာရုံ အပြားတို့ကို ဖော်ထုတ်ပြရသော်- (၁) စိတ်= ၈၉-ပါး (၂) စေတသိက်= ၅၂-ပါး (၃) ပသာဒရုပ်= ၅-ပါး (၄) သုခုမရုပ်= ၁၆-ပါး (၅) နိဗ္ဗာန်= ၁-ပါး (၆) ပညတ်= ၁-ပါး ပေါင်း ဓမ္မာရုံ (ကျဉ်း) ၆-ပါး= (ကျယ်) ၁၆၄-ပါး နောက်ဆုံးပရမတ်တရား - နိဗ္ဗာန် ဧကန်အာရုံပြုသည့်တရား - လောကုတ္တရာ ၈-ပါးဖြင့် ဧကန်အာရုံပြုပါသည်။ အနေကန်အာရုံပြုသည့်တရား - မနောဒွါရာဝဇ္ဇန်း ၁-ပါး၊ - မဟာကုသိုလ်-ကြိယာ ဉာဏသမ္ပယုတ်စိတ် ၈-ပါး၊ - အဘိညာဉ်ဒွေ ပေါင်း ၁၁-ပါး ဖြစ်ပါသည်။ |
4 | 3 | 2010 | ယုန်ကလေး နားရွက်ထောင် ပညာရှိယောင်ဆောင် ဟူသော စကား၌ အဟိတ်တိရစ္ဆာန်ဖြစ်သော ယုန်ကလေး၌ ပဋိသန္ဓေပညာ ရှိနိုင်-မရှိနိုင် စိစစ်ဝေဖန်ပြီး၊ သူ့နေရာရောက်မှ သူ့အမြင် မြင်တာပါ-ဟူသော စကားအရ သောတာပန် ပုဂ္ဂိုလ်၏ စိတ်သည် ရဟန္တာပုဂ္ဂိုလ်၏ စိတ်နေ သဘောထားကဲ့သို့ ဖြစ်နိုင်ခွင့် ရှိ-မရှိ ဆုံးဖြတ်ပြပါ။ | အဟိတ်တိရစ္ဆာန်ဖြစ်သော ယုန်ကလေး၌ ပဋိသန္ဓေပညာ မရှိနိုင်ပါ။ စိစစ်ဝေဖန်ပြရသော်- ယုန်ကလေးသည် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် ဖြစ်သောကြောင့် အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေ၍ ပဋိသန္ဓေစိတ်ကတည်းကပင် ဉာဏ်ပညာ မယှဉ်သောကြောင့် ပဋိသန္ဓေပညာ မရှိနိုင်ခြင်း ဖြစ်ပါသည်။ အကြောင်းမှာ - အဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်တို့အား ကြိယာဇောနှင့် အပ္ပနာဇောများ မဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ ယုန်ကလေး (ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်)စိတ်ရမှာ- - အကုသိုလ်စိတ်-၁၂-ပါး - (ဟသိတုပ္ပါဒ်ကြဉ်သော) အဟိတ်စိတ်-၁၇-ပါး - မဟာကုသိုလ်စိတ်- ၈-ပါး ပေါင်း- ၃၇-ပါး သောတာပန်ပုဂ္ဂိုလ်၏ စိတ်သည် ရဟန္တာပုဂ္ဂိုလ်၏ စိတ်နေသဘောထားဖြစ်နိုင်ခွင့်၊ မြင်နိုင်ခွင့် မရှိပါ။ ဆုံးဖြတ်ဖြေဆိုပြရသော်- ကာမဘုံသား ဈာန်မရ သောတာပန်ပုဂ္ဂိုလ်၏ ဖြစ်သောစိတ်် (၁) ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၄ပါးနှင့် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁ပါး ကြဉ်သော် အကုသိုလ်စိတ်-၇ပါး (၂) ဟသိတုပ္ပါဒ်ကြဉ်သော် အဟိတ်စိတ်-၁၇-ပါး (၃) မဟာကြိယာစိတ် ၈-ပါးကြဉ်သော မဟာကုသိုလ်-မဟာဝိပါက်စိတ်-၁၆-ပါး (၄) သောတာပတ္တိဖိုလ်စိတ်-၁-ပါး ပေါင်း ဖြစ်သောစိတ်-၄၁ပါး ကာမဘုံသား ဈာန်မရ ရဟန္တာပုဂ္ဂိုလ်၏ ဖြစ်သောစိတ် (၁) အကုသိုလ်စိတ်မှန်သမျှပယ်ပြီး ဖြစ်၍ မဖြစ်နိုင်တော့ပါ။ (၂) ဟသိတုပ္ပါဒ် အပါအဝင် အဟိတ်စိတ်-၁၈-ပါး (၃) မဟာကုသိုလ်စိတ် ၈-ပါးကြဉ်သော် မဟာကြိယာ မဟာဝိပါက်စိတ်-၁၆-ပါး (၄) အရဟတ္တဖိုလ်စိတ်- ၁-ပါး ပေါင်း ဖြစ်သောစိတ်-၃၅ပါး ဤသို့အားဖြင့် သောတပန်ပုဂ္ဂိုလ်၏ စိတ်သည် ရဟန္တာပုဂ္ဂိုလ်၏ စိတ်နေသဘောထားကဲ့သို့ ဖြစ်နိုင်ခွင့် မရှိရခြင်း ဖြစ်ပါသည်။ |
5 | 3 | 2010 | “ဒေါသရှေ့ထား အမှားများစွာ” ဟူသော စကားနှင့်အညီ ဒေါသတစ်ခုကြောင့် ဖြစ်ပေါ်လာနိုင်သော မကောင်းကျိုးများကို ဖော်ပြ၍၊ တူသောအကျိုးကို ပေးသောကံ၊ တူ-မတူ အကျိုး နှစ်မျိုးစုံကို ပေးသောကံတို့ကို ခွဲခြားဖြေဆိုပါ။ | ပါဏာတိပါတ-စသော ဒေါသအကုသိုလ် စေတနာကြောင့်- ပဋိသန္ဓေအခါ အပါယ် ၄-ဘုံ၌ - အကုသလဝိပါက်ဥပေက္ခာသန္တီရဏစိတ် ၁-ပါး ပဝတ္တိအခါ ကာမ ၁၁-ဘုံ၌ - အကုသလဝိပါက်စိတ် ရ-ပါး (အသညသတ်ကြဉ်) ရူပ ၁၅-ဘုံ၌ (ဃာန၊ ဇိဝှါ၊ ကာယကြဉ်) အကုသလဝိပါက်စိတ် ၄-ပါး ဟူသောမကောင်းကျိုးများ ဖြစ်ပေါ်လာနိုင်ပါသည်။ တူသောအကျိုးပေးသောကံ - မဟဂ္ဂုတ်ကုသိုလ်ကံ၊ - လောကုတ္တရာကုသိုလ်ကံများ တူ-မတူအကျိုးနှစ်မျိုးစုံကို ပေးသောကံ - ကာမ (ကုသိုလ်၊ အကုသိုလ်) ကံများ၊ |
6 | 3 | 2010 | အဘယ်ကြောင့် အဘယ်တရားကို ဗုဒ္ဓဘာသာဝင် တို့၏ ဦးတည်ချက် နိဗ္ဗာန်ဟု ခေါ်ပါသနည်း၊ ဖြေဆို၍ ယင်းနိဗ္ဗာန်၏ ဂုဏ်ထူးဝိသေသ တို့ကိုလည်း ဖော်ထုတ်ပြပါ။ | ၀ါနဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်ပါသည်။ နိဗ္ဗာန်၏ ဂုဏ်ထူးဝိသေသများမှာ- ၁။ အစ္စုတံ - စုတေရွေ့လျား သေဆုံးမှုသဘော မရှိသောတရား။။ ၂။ အစ္စ န္တံ - စုတိဟူသော အဆုံးအပိုင်းအခြားမှ လွန်မြောက်သောတရား။ ၃။ အသင်္ခတံ - ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရားတို့ဖြင့် ပြုပြင်စီရင်ခြင်း မခံရသောတရား။ ၄။ အနုတ္တရံ - မိမိထက် လွန်မြတ်သောတရား မရှိသောတရား ၅။ ပဒံ - အရိယာတို့သာ ရောက်သင့်၊ ရောက်အပ်သောတရားတို့ ဖြစ်ပါသည်။ |
7 | 3 | 2010 | ဗောဓိပက္ခိယသင်္ဂဟ၌ ဧကဂ္ဂတာစေတသိက်၏ ဖြစ်ရာဌာနတို့ကို အသီးသီးရေတွက်ပြ၍ လူ့ခန္ဓာကိုယ် အဖွဲ့အစည်းအတွင်း၌ နိဗ္ဗာန် ပါဝင်မှု ရှိပါသလော၊ အဘိဓမ္မာအမြင်ဖြင့် ရှင်းလင်းဖြေဆိုပါ။ | ဗောဓိပက္ခိယသင်္ကယ၌ ဧကဂ္ဂတာစေတသိက်၏ ဖြစ်ရာဌာနမှာ- (၁) ဣန္ဒြေ - သမာဓိန္ဒြေ (၂) ဗိုလ် - သမာဓိဗိုလ် (၃) ဗောဇ္ဈင် - သမာဓိဗ္ဗောဇ္ဈင် (၄) မဂ္ဂင် - သမ္မာသမာဓိမဂ္ဂင် တို့ဖြစ်ကြပါသည်။ လူ၏ခန္ဓာကိုယ် အဖွဲ့အစည်းတွင် နိဗ္ဗာန်ပါဝင်မှု မရှိပါ။ ခန္ဓာဖွဲ့စည်းသည်ဆိုရာ- (၁) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် (၂) အဇ္ဈတ္တ- ဗဟိဒ္ဓ (၃) သြဠာရိက- သုခုမ (၄) ဟီန- ပဏီတ (၅) ဒူရေ- သန္တိကေ ဟူ၍ ၁၁-ဌာနအားဖြင့် ပေါင်းစည်းရသည့် စိတ်-စေတသိက်- ရုပ်တရားများကိုသာ ခန္ဓာဖွဲ့ရခြင်း ဖြစ်ပါသည်။ နိဗ္ဗာန်သည်- (၁) ကာလဝိမုတ်၊ (၂) ဗဟိဒ္ဓ (၃) သုခုမ (၄) ပဏီတ (၅) ဒူရေ ဟူ၍သာ ရရှိပြီး ၁၁-ဌာနအားဖြင့် မကွဲပြားသောကြောင့် ခန္ဓာအဖွဲ့အစည်း၌ မပါဝင်သော ခန္ဓဝိမုတ်တရားသက်သက်သာဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် စိတ်-စေတသိက်-ရုပ် ပရမတ္တတရား ၃-ပါး သာရှိသော လူ့ခန္ဓာကိုယ်အဖွဲ့အစည်း အတွင်း၌ နိဗ္ဗာန် ပါဝင်မှု မရှိရခြင်း ဖြစ်ပါသည်။ |
8 | 3 | 2010 | နာမ်တရားသည် ရုပ်တရားအား ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုရာ၌ မည်သည့်နာမ်တရားသည် မည်သည့်ရုပ်တရားအား ကျေးဇူးပြုပါသနည်း။ ဖြေဆို၍ ပဋ္ဌာန်း၂၄-ပစ္စည်းတို့တွင် ပစ္စုပ္ပန်ကာလ၌ ဖြစ်သောပစ္စည်းများကိုလည်း အစဉ်ကျကျ ရေတွက်ပြပါ။ | နာမ်တရားသည် ရုပ်တရားအား ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုပုံ- ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါတ် ၄-ခု ကြဉ်သော ပထမဘဝင် အစရှိသော နောက်နောက်သော - စိတ် ၈၅-ခု၊ - စေတသိက် ၅၂-ခု၊ - နာမက္ခန္ဓာ ၄-ပါး (နာမ်) ဟူသော ပစ္စည်းတရားသည် ပဋိသန္ဓေ အစရှိသော ရှေးရှေးသောစိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ ဌိသို့ရောက်ကာ ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ (ရုပ်) ပစ္စယုပ္ပန် တရားအား ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။ ပဋ္ဌာန်း ၂၄-ပစ္စည်းတို့တွင် ပစ္စုပ္ပန်ကာလ၌သာ ဖြစ်သော ပစ္စည်းများမှာ- (၁) ဟေတုပစ္စည်း (၂) သဟဇာတပစ္စည်း (၃) အညမညပစ္စည်း (၄) နိဿယပစ္စည်း (၅) ပုရေဇာတပစ္စည်း (၆) ပစ္ဆာဇာတပစ္စည်း (၇) ဝိပါကပစ္စည်း (၈) အာဟာရပစ္စည်း (၉) ဣန္ဒြိယပစ္စည်း (၁၀) ဈာနပစ္စည်း (၁၁) မဂ္ဂပစ္စည်း (၁၂) သမ္ပယုတ္တပစ္စည်း (၁၃) ဝိပ္ပယုတ္တပစ္စည်း (၁၄) အတ္တိပစ္စည်း (၁၅) အဝိဂတပစ္စည်း တို့ဖြစ်ပါသည်။ |
9 | 3 | 2010 | ဘာဝနာတို့တွင် အမြတ်ဆုံးဖြစ်သော ဗုဒ္ဓါနုဿတိ ဘာဝနာပွားများပုံ၊ပွားများနည်းကို ဖော်ပြ၍ ထိုသို့ပွားများလျှင် မည်သည့်အချိန် အခါမျိုး၌ မည်သည့်သမာဓိများရနိုင်ပါသနည်း၊ ဖြေဆိုပါ။ | ဗုဒ္ဓါနုဿတိ ဘာဝနာပွားများပုံ၊ (၁) ဗုဒ္ဓါနုဿတိ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည်အရဟံဂုဏ်တော်ကို စီးဖြန်း ပွားများလိုလျှင် အရဟံ အရဟံဟု အဖန်ဖန် တလဲလဲ စီးဖြန်းမှု ပရိကံ ပြုရပါမည်။ (အရဟံ ဂုဏ်တော်သည် ပရိကမ္မနိမိတ်၊ စီးဖြန်းမှုသည် ပရိကမ္မ ဘာဝနာ ပရိကမ္မသမာဓိ ဖြစ်၏) (၂) ထိုအရဟံဂုဏ်တော် အာရုံကို ကောင်းစွာ ယူမိ၍ ဥဂ္ဂဟနိမိတ် ထင်လာသောအခါ ပရိကမ္မဘာဝနာသည်လည်း ရှေးကထက် သမာဓိရကာ တည်ကြည်လာပြီး ဖြစ်ပါသည်။ (ဥဂ္ဂဟနိမိတ်- ရှေးကထက် သမာဓိရသော ပရိကမ္မဘာဝနာ) (၃) ထိုထက် သမာဓိရလာသောအခါ နီဝရဏ ကင်းကွာသဖြင့် ဥပစာရ ဘာဝနာအဆင့်အတန်းသို့ တက်လှမ်းနိုင်ပါသည်။ (ဥဂ္ဂဟနိမိတ်- ဥပစာရဘာဝနာ၊ ဥပစာရသမာဓိ) ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဂုဏ်တော် ပရမတ်အာရုံဖြစ်၍ နက်နက်သောကြောင့် အပ္ပနာဘာဝနာ၊ အပ္ပနာသမာဓိအဆင့်သို့ကားမရောက်နိုင်ပါ။ |
3 | 4 | 2010 | အပါယ်ဘုံနှင့် ရူပဘုံတို့၌ ရနိုင်သောဝတ္တုအမျိုးအစားတို့ ကို ညွှန်ပြ၍၊ နှလုံးသား (ခေါ်) ဟဒယဝတ္တု ရံဖန်ရံခါမှီသော တရားတို့ကိုလည်း ပြည့်စုံစွာ ဖော်ပြပါ။ | အပါယ်ဘုံ၌ ရနိုင်သော ဝတ္တုအမျိုးအစားများမှာ- (၁) စက္ခုဝတ္တု (၂) သောတဝတ္တု (၃) ဃာနဝတ္တု (၄) ဇိဝှါဝတ္တု (၅) ကာယဝတ္တု (၆) ဟဒယဝတ္တု ဟူ၍ ဝတ္တု ၆-ပါးလုံး ရရှိပါသည်။ ရူပဘုံ၌ ရနိုင်သော ဝတ္တုအမျိုးအစားတို့မှာ- (၁) စက္ခုဝတ္တု (၂) သောတဝတ္တု (၃) ဟဒယဝတ္တု ဟူ၍ ဝတ္တုရုပ် ၃-ပါးသာ ရရှိပါသည်။ (နှလုံးသားခေါ်) ဟဒယဝတ္တု၌ ရံဖန်ရံခါမှီသော တရားတို့ကို ပြည့်စုံစွာ ဖော်ပြရသော်- လောဘမူစိတ်= ၈-ပါး မောဟမူစိတ် = ၂-ပါး မနောဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး မဟာကုသိုလ်စိတ်= ၈-ပါး မဟာကြိယာစိတ်= ၈-ပါး အရူပ ကုသိုလ်စိတ်= ၄-ပါး အရူပ ကြိယာစိတ်= ၄-ပါး သောတာပတ္တိမဂ်ကြဉ် လောကုတ္တရာစိတ်= ရ-ပါး ပေါင်း ဟဒယဝတ္တု၌ ရံခါမှီသောစိတ်= ၄၂-ပါး |
5 | 4 | 2010 | ဗြဟ္မာဗိဿနိုး တန်ခိုးကြီးမား ထာဝရဘုရား၏ ဖန်ဆင်းမှုကြောင့် သတ္တဝါတွေ ဖြစ်ပေါ် လာရသည်ဟူသော စကားမှန်-မမှန် အဘိဓမ္မာအမြင်ဖြင့် ဝေဖန်ပြ၍၊ သံသရာစက်ရဟတ် အဆက်မပြတ် လည်ပုံကိုလည်း ဖြေဆိုပါ။ | ဗြဟ္မာဗိဿနိုး တန်ခိုးကြီးမား ထာဝရဘုရား၏ ဖန်ဆင်းမှုကြောင့် သတ္တဝါတွေ ဖြစ်ပေါ် လာရသည် ဟူသော စကား မမှန်ပါ။ သတ္တဝါများ ဖြစ်လာရခြင်း (ပဋိသန္ဓေနေရခြင်း)သည် - ဘဝသစ်၌ အပြစ်ကို မမြင်အောင် ဖုံးလွှမ်းထားသော အဝိဇ္ဇာ ခြံရံ၍ - ဘဝသစ်၌ စိတ်အစဉ်ကို ညွှတ်ကိုင်းရှိုင်း စေသော တဏှာ အရင်းခံက၊ - ကုသိုလ်-အကုသိုလ် သင်္ခါရဇနကကံတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့် ကံ(သင်္ခါရ)၏ ပစ်ချမှုဖြင့် ဘဝသစ်၌ ပဋိသန္ဓေနေရခြင်း ဖြစ်ပါသည်။ ထာဝရဘုရား၊ ဖန်ဆင်းမှုကြောင့် သတ္တဝါများ ဖြစ်လာရခြင်း မဟုတ်ပါ။ သံသရာစက်ရဟတ် အဆက်မပြတ် လည်ပုံ- “စုတိစိတ်ချုပ်ပြီးသည့်နောက်၌လည်း အသစ်အသစ်သော ပဋိသန္ဓေ အစရှိကုန်သော စိတ်တို့သည် ရထား၌ တပ်ထားအပ်သော ဘီး၏လည်ပုံကဲ့သို့ အစဉ်အတိုင်းသာလျှင် အဆက်ဆက်လည်၍ ဖြစ်ကြလေသည်။ ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၊ ဘဝင်၊ ၀ီထိ၊ စုတိစိတ်တို့သည် အစဉ်အတိုင်း အဆက်ဆက် လည်၍ ဖြစ်သကဲ့သို့ ဘဝတစ်ပါး၌လည်း ဤအတိုင်းပင် လည်၍ (ရဟန္တာမဖြစ်မချင်း) ဖြစ်ကြလေသည်။ |
9 | 4 | 2010 | နိရောဓသမာပတ် ဝင်စားနေခိုက် ဖြစ်ပေါ် ခွင့်ရှိသော ပရမတ်တရားနှင့် ဖြစ်ပေါ်ခွင့်မရှိသော ပရမတ်တရားတို့ကို ခွဲခြားဖော်ပြ၍ နိရောဓ သမာပတ်မှ ထသောအခါ အစဦးဆုံး ဖြစ်ခွင့်ရှိသော စိတ်တို့ကိုလည်း ပုဂ္ဂိုလ်အလိုက် ထိုက်သင့်သလို ဖော်ပြပါ။ | နိရောဓသမာပတ် ဝင်စားနေခိုက် ကာမသုဂတိဘုံသား၌ - ဖြစ်ပေါ်ခွင့်ရှိသောပရမတ် ကမ္မဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ် - ဖြစ်ပေါ်ခွင့်မရှိသောပရမတ်တရား စိတ်၊ စေတသိက်၊ စိတ္တဇရုပ် ရူပ ၁၅-ဘုံသား၌ - ဖြစ်ပေါ်ခွင့်ရှိသောပရမတ် - ကမ္မဇရုပ်၊ ဥတုဇရုပ် - ဖြစ်ပေါ်ခွင့်မရှိသောပရမတ်တရား စိတ်၊ စေတသိက်၊ စိတ္တဇရုပ် နိရောဓသမာပတ်မှ ထသောအခါ အစဦးဆုံး ဖြစ်ခွင့်ရှိသော စိတ်တို့ကို ပုဂ္ဂိုလ်အလိုက် ဖော်ပြရသော်- အနာဂါမ် ပုဂ္ဂိုလ် ဖြစ်မူ = အနာဂါမိဖိုလ်ဇော ၁-ကြိမ်ဖြစ်၍ ရဟန္တာပုဂ္ဂိုလ် ဖြစ်မူ = အရဟတ္တဖိုလ်ဇော ၁-ကြိမ်ဖြစ်ပါသည်။ |
1 | 1 | 2011 | သုံးလူထွဋ်ထား ရှင်တော်ဘုရားအား ကျမ်းဦးအစ၌ အတုယူစရာ ရှိခိုးသွားသော ကျမ်းဆရာ၏ ရည်ရွယ်ချက်ကို ရေးပြ၍ မတင့်တယ်သော်လည်း အကုသိုလ်မဟုတ်သော စိတ်သရုပ်ကို ဖော်ထုတ်ပြပါ။ | သုံးလူထွဋ်ထား ရှင်တော်ဘုရားအား ကျမ်းဦးအစ၌ အတုယူစရာ ရှိခိုးသွားသော ကျမ်းဆရာ၏ ရည်ရွယ်ချက်မှာ - အန္တရာယ်ကင်းရှင်းစေရန်နှင့် - မိမိရေးသားမည့် ကျမ်းစာအဆုံးတိုင် ပြီးမြောက် အောင်မြင်စွာ ရေးသားစီရင်နိုင်ရေးအတွက် ဖြစ်ပါသည်။ မတင့်တယ်သော်လည်း အကုသိုလ်မဟုတ်သောစိတ်မှာ ၁။ အကုသလဝိပါက်စိတ် ၇ ပါး ၂။ အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး ၃။ အဟိတ်ကြိယာစိတ် ၃ ပါး ပေါင်း အဟိတ်စိတ် ၁၈ ပါးဖြစ်ပါသည်။ |
2 | 1 | 2011 | ပုစ္ဆာ၏ အနက်အဓိပ္ပါယ်ကို မသိ၍ သို့လော - သို့လော တွေးတော ယုံမှားခြင်းသည် ဝိစိကိစ္ဆာဟုတ် မဟုတ်နှင့် "စေတနာဆိုတာ လူတိုင်းနှင့် မတန်ပေမယ့် စိတ်တိုင်းနှင့်တော့ ဆိုင်ပါတယ်" ဟုဆိုလျှင် မှန် မမှန် အဘိဓမ္မာအမြင်ဖြင့် တင်ပြပါ။ | ပုစ္ဆာ၏ အနက်အဓိပ္ပါယ်ကို မသိ၍ သို့လော၊ သို့လော တွေးတော ယုံမှားခြင်းသည် ဝိစိကိစ္ဆာမဟုတ်ပါ။ ဝိစိကိစ္ဆာဆိုသည်မှာ ဘုရား တရား သံဃာနှင့် ကံ ကံ၏ အကျိုးတရား စသည်တို့၌ ယုံမှား သံသယရှိမှုသာ ဖြစ်ပါသည်။ ပုစ္ဆာ၏ အနက်အဓိပ္ပါယ်ကို မသိ၍ ယုံမှားခြင်းသည် ဝိစိကိစ္ဆာမဟုတ်ပါ။ "စေတနာဆိုတာ လူတိုင်းနှင့် မတန်ပေမယ့် စိတ်တိုင်းနှင့်တော့ ဆိုင်ပါတယ်" ဟုဆိုလျှင် မှန်ပါသည်။ အဘိဓမ္မာအမြင်ဖြင့် တင်ပြရသော် သဗ္ဗစိတ္တသာဓာရဏစေတသိက် ရပါးတွင် ပါဝင်သော စေတနာစေတသိက်သည် - စိတ်အကျဉ်း ၈၉-ပါး၊ - စိတ်အကျယ် ၁၂၁-ပါး တို့နှင့် ယှဉ်နိုင်သောကြောင့် စေတနာစေတသိက်သည် "စိတ်တိုင်းနှင့်တော့ ဆိုင်ပါတယ်" ဟူသော စကားသည် မှန်ပါသည်။ |
3 | 1 | 2011 | လူတွင်ကျော််ကြား လူစကားများရှိသကဲ့သို့ စိတ်ချင်းမတူ တမူထူးအောင် ပြုလုပ်ပေးနိုင်သော စေတသိက်များကို အထူးပြုရာစိတ်နှင့် တွဲစပ်ဖော်ပြ၍၊ ဟိတ်ခြောက်ပါးကိုလည်း ဇာတ်အားဖြင့် ခွဲပြားပြပါ။ | စိတ်ချင်းမတူ တမူထူးအောင် ပြုလုပ်ပေးနိုင်သော စေတသိက်များကို အထူးပြုရာစိတ်နှင့် တွဲစပ်ဖော်ပြရသော်- (၁) ဝိတက်၊ဝိစာရ၊ ပီတိ၊သုခဟူသော ဈာနင်တရား (ဈာန်အင်္ဂါထိုက်သောစေတသိက်)တို့သည် - လောကုတ္တရာစိတ်များကိုလည်းကောင်း၊ (၂) အပ္ပမညာစေတသိက် ၂-ပါးနှင့် ဝိတက်စသော ဈာနင်တရားတို့သည် - မဟဂ္ဂုတ်စိတ်များကိုလည်ကောင်း၊ (၃) ဝိရတီစေတသိက် ၃-ပါး အပ္ပမညာစေတသိက် ၂-ပါး၊ ပညာနှင့် ပီတိစေတသိက်တို့သည် - ကာမသောဘနစိတ်များကိုလည်းကောင်း - စိတ်ချင်းမတူ တစ်မူထူးအောင် ပြုလုပ်ပေးပါသည်။ ဟိတ် ၆-ပါးကို ဇာတ်အားဖြင့် ခွဲခြားပြရသော်- (၁) အကုသိုလ်ဇာတ် - လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်။ (၂) ကုသိုလ်ဇာတ် - အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် (၃) ဝိပါက်ဇာတ် - အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် (၄) ကြိယာဇာတ် - အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် |
4 | 1 | 2011 | ဝီထိအဓိပ္ပါယ်ကို သေချာကျနစွာ ရှင်းလင်းပြ၍ အာရုံတို့၏ ဖြစ်ခြင်း (ဝိသယပ္ပဝတ္တိ) ၆-မျိုးကို လည်း ဒွါရအားဖြင့် ခွဲဝေပြပါ။ | ဝီထိအဓိပ္ပါယ်ကိုရှင်းပြရသော် - အာရုံနှင့်ဒွါရတိုက်ဆိုင်သောအခါ ဖြစ်ပေါ်လာသော စိတ်အစဉ်အတန်းသည် "ဝီထိ" မည်ပါသည်။ အာရုံ၏ဖြစ်ခြင်း (ဝိသယပ္ပဝတ္တိ) ၆-မျိုးကို ဒွါရအားဖြင့် ခွဲပြရသော် - ပဉ္စဒွါရဝီထိ၌ - (၁) အတိမဟန္တာရုံ၊ (၂) မဟန္တာရုံ၊ (၃) ပရိတ္တာရုံ၊ (၄) အတိပရိတ္တာရုံ၊ နှင့် မနောဒွါရဝီထိ၌ (၅) ဝိဘူတာရုံ၊ (၆) အဝိဘူတာရုံ တို့ဖြစ်ကြပါသည်။ |
5 | 1 | 2011 | ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံသို့ ရောက်ရန် ပွားများရမည့်တရားနှင့် ထိုဗြဟ္မာတို့ နေရာဌာန၊ သက်တမ်းတို့ကို ဖော်ပြ၍၊ “အကျိုးပေးခွင့် မရသင့်၊ ရသင့်လေပြန်၊ ကျိုးမသန် ရပြန်အကျိုး မဖွံ့ဖြိုး” ဟူသော စကားရပ်၌ ဖြစ်သင့်သော ကံကိုလည်း တိကျစွာ ဖော်ပြပါ။ | ပွားများရမည့် တရားများမှာ- ဝေဟပ္ဖိုလ်ဘုံ၊ သို့ရောက်ရန် - သာမည ရူပပဉ္စမဈာန် ကုသိုလ်ကို ပွားများရပါသည်။ အသညသတ်ဘုံသို့ရောက်ရန် - နာမ်ပျောက်စေလိုမှုနှင့် ယှဉ်သော ရူပပဉ္စမဈာန်ကုသိုလ်ကို သညာဝိရာဂဘာဝနာဖြစ်အောင် ပွားများရပါသည်။ ထိုဗြဟ္မာတို့၏ နေရာဌာနနှင့် သက်တမ်းတို့ကို ဖော်ပြရသော်- နေရာဌာနမှာ - ရူပ စတုတ္ထဈာန်ဘုံ ဖြစ်ပါသည်။ သက်တမ်းမှာ - မဟာကပ်(ကမ္ဘာ) ငါးရာ ဖြစ်ပါသည်။ “အကျိုးပေးခွင့် မရသင့်၊ ရသင့်လေပြန်၊ ကျိုးမသန် ရပြန်အကျိုး မဖွံ့ဖြိုး”ဟူသော စကားရပ်၌ ဖြစ်သင့်သော ကံကို တိကျစွာဖော်ပြရသော်- - ကပ်၍ နှိပ်စက်တတ်သော ကုသိုလ်၊ အကုသိုလ် စေတနာဖြစ်သော ဥပပီဠကကံဖြစ်ပါသည်။ |
6 | 1 | 2011 | ရုပ်ဖြစ်ကြောင်းတရား လေးပါးတွင် ပါဝင်သော စိတ်အရ မယူရသော စိတ်တို့ကို ရေးပြ၍၊ ရုပ်ကို ဖြစ်စေသော ရုပ်တို့ကိုလည်း ရေးပြပါ။ | ရုပ်ဖြစ်ကြောင်းတရား လေးပါးတွင် ပါဝင်သော စိတ်အရ မယူရသော စိတ်တို့မှာ- - အရူပဝိပါက်စိတ် ၄-ပါး - ဒွေပဉ္စဝိညာဉ်စိတ် ၁၀-ပါး - ရဟန္တာတို့ စုတိစိတ်နှင့် - အလုံးစုံသော ပဋိသန္ဓေစိတ် တို့ ဖြစ်ပါသည်။ ရုပ်ကိုဖြစ်စေသောရုပ်တို့မှာ- - ဥတု( တေဇောဓာတ်)နှင့် - အာဟာရ (ကာဗဠီကာရာဟာရ) ရုပ်တို့ ဖြစ်ပါသည်။ |
7 | 1 | 2011 | အမုန်းသံယောဇဉ်သည် အချစ်သံယောဇဉ်ထက် ခိုင်မြဲ၏ဟု ဆိုရာ အမုန်းသံယောဇဉ် အချစ် သံယောဇဉ်တို့၏ အမည်မှန်ကို တရားကိုယ်နှင့် တကွ ယှဉ်တွဲဖော်ပြ၍ သံယောဇဉ်သာမည်၍ ကိလေသာမမည်သော တရားတို့ကိုလည်း သိသာရုံမျှ ထုတ်ပြပါ။ | အမုန်းသံယောဇဉ်၏ အမည်မှာ - ပဋိဃသံယောဇဉ် တရားကိုယ် - ဒေါသစေတသိက် အချစ်သံယောဇဉ်၏ အမည်မှာ - ကာမရာဂသံယောဇဉ် တရားကိုယ် - လောဘစေတသိက် တို့ဖြစ်ကြသည်။ သံယောဇဉ်သာမည်၍ ကိလေသာမမည်သော တရားတို့မှာ - ဣဿာနှင့် - မစ္ဆရိယတို့ဖြစ်ကြသည်။ |
8 | 1 | 2011 | ပုစ္ဆာ တစ်ပုဒ်၏ အဖြေမှန်ကို တွေးကြံ၍ မသိသူအား အဝိဇ္ဇာများလိုက်တာာ ဟုဆိုလျှင် သင့် မသင့် အဘိဓမ္မာအမြင်ဖြင့် ရှင်းပြ၍ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏာပစ္စယာ နာမရူပံ၌ ဝိညာဏ နှစ်ခု အရကိုလည်း ခွဲခြားကောက်ပြပါ။ | ပုစ္ဆာတစ်ပုဒ်၏ အဖြေမှန်ကို တွေးကြံ၍ မသိသူအား အဝိဇ္ဇာများလိုက်တာာ ဟုဆိုလျှင် မသင့်ပါ။ အဘိဓမ္မာအမြင်ဖြင့် ရှင်းပြရသော် - ဒုက္ခသစ္စာ - သမုဒယသစ္စာ - နိရောဓသစ္စာ - မဂ္ဂသစ္စာ - ပုဗ္ဗန ္တ - အပရန ္တ - ပုဗ္ဗန္တာပရန ္တ - ပဋိစ္စသမုပ္ပါဒ်ဟူသော ဌာန ၈ မျိုးဆိုင်ရာတို့၌ မသိမှု မောဟသည်သာ အဝိဇ္ဇာဖြစ်သောကြောင့် ပုစ္ဆာတစ်ပုဒ်၏ အဖြေမှန်ကို တွေးကြံ၍ မသိသူမှုမှာ အဝိဇ္ဇာ မဟုတ်ပါ။ ထိုပုစ္ဆာကို လေ့လာဖူးခြင်း မရှိ၍သော်လည်းကောင်း ပုစ္ဆာ၏ အဖြေမှန်ကို တွေးကြံ၍ သိနိုင်သော ဉာဏ် အားနည်း၍သော်လည်းကောင်း ဖြစ်နိုင်ပါသည်။ သင်္ခါရပစ္စယာ ဝိညာဏံအရ - အကျိုးဝိညာဏ၏ တရားကိုယ်မှာ ပဋိသန္ဓေအခါ ပဋိသန္ဓေစိတ် ၁၉ ပါးနှင့် ပဝတ္ထိအခါ လောကီဝိပါက်စိတ် ၃၂ ပါး ဖြစ်ပါသည်။ ဝိညာဏာပစ္စယာ နာမရူပအရ - အကြောင်းဝိညာဏ၏ တရားကိုယ်မှာ အတိတ်ဘဝ၌ လောကီကုသိုလ် အကုသိုလ်ကံ ဟူသော ကမ္မဝိညာဏ်နှင့် ပစ္စုပ္ပန်ဘဝ၌ ဖြစ်သော လောကီဝိပါက် ဝိညာဏ်များဖြစ်ပါသည်။ ဤသို့ ဝိညာဏနှစ်ခု ထူးပါသည်။ |
9 | 1 | 2011 | ငါးဖြာအာရုံ ကာမဂုဏ်ကို အလွန်အကျွံ လိုက်စား သူတို့အား သီးခြားပေးရမည့် ကမ္မဋ္ဌာန်းတရားများကို ဖော်ပြ၍တစ်ကမ္ဘာလုံး အေးချမ်းသာယာစွာနေနိုင်ရေးမှာ မေတ္တာအရေးပါပေရာ ယင်းမေတ္တာကို ပွားများခြင်းကြောင့် ရရှိသော အကျိုးတရားများကိုလည်း ဖြေဆိုပါ။ | ငါးဖြာအာရုံ ကာမဂုဏ်ကို အလွန်အကျွံ လိုက်စားသူတို့အား သီးခြားပေးရမည့် ကမ္မဋ္ဌာန်းတရားများမှာ - အသုဘ ကမ္မဋ္ဌာန်း ၁၀ ပါး - ကာယဂတာသတိ ၁ ပါး ပေါင်း ၁၁ ပါးဖြစ်ပါသည်။ မေတ္တာကို ပွားများခြင်းကြောင့် ရရှိသောအကျိုးတရားများမှာ - ရူပပထမစျာန်မှ စတုတ္ထစျာန်တိုင်အောင် ရရှိနိုင်ပါသည်။ |
1 | 2 | 2011 | မျက်စိနှစ်လုံးရှိသောကြောင့် စက္ခုဝိညာဏ်ဒွေ ဟု ပြောဆိုသောစကားသည် အဘိဓမ္မာအမြင်အရ လက်ခံနိုင်ဖွယ် ရှိ/မရှိ သရုပ်ကိုးကား ဖြေရှင်းပြ၍ ကာမသောဘနစိတ် ၂၄ ပါးကိုလည်း ဝေဒနာ ဉာဏ် သင်္ခါရတို့ဖြင့် မြှောက်ပွားပြပါ။ | မျက်စိနှစ်လုံးရှိသောကြောင့် စက္ခုဝိညာဏ်ဒွေ ဟု ပြောဆိုသောစကားသည် အဘိဓမ္မာအမြင်အရ လက်ခံနိုင်ဖွယ် မရှိပါ။ အကြောင်းမှာ အနိဋ္ဌာရုံဖြစ်အံ့ - အကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ ပါး။ ဣဋ္ဌာရုံဖြစ်အံ့ - အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ ပါး။ ဟူ၍ စက္ခုဝိညာဏ်စိတ် ၂ မျိုးရှိသောကြောင့် စက္ခုဝိညာဏ်ဒွေ ဟုဆိုရခြင်းဖြစ်သည်။ ကာမသောဘနစိတ် ၂၄ ပါးကို ဝေဒနာ ဉာဏ် သင်္ခါရတို့ဖြင့် မြှောက်ပွားပုံမှာ ၁။ ကာမာဝစရ ကုသိုလ်၊ ဝိပါက်၊ ကြိယာ ၃ ပါးသည် သောမနဿ ဥပေက္ခာ ၂ ပါးစီ ပြားသောကြောင့် ထိုကုသိုလ်၊ ဝိပါက်၊ ကြိယာ ၃ ပါးကိုတည် ၂ ဖြင့်မြှောက်လျှင် (၃ x ၂) = ၆ ပါးဖြစ်၏ ၂။ ထိုတွင် ၁ ပါးပါး၌ ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ်အားဖြင့် ၂ ပါးစီ ပြားပြန်သောကြောင့် ၂ ဖြင့်ထပ်မြှောက်လျှင် (၆ x ၂) = ၁၂ ပါးဖြစ်၏ ၃။ ထိုတွင် ၁ ပါးပါး၌ အသင်္ခါရိက၊ သသင်္ခါရိကအားဖြင့် ၂ ပါးစီ ပြားပြန်သောကြောင့် ၂ ဖြင့်ထပ်မြှောက်လျှင် (၁၂ x ၂) = ၂၄ ပါးဖြစ်၏ |
2 | 2 | 2011 | သဘာဝဘေးအန္တရာယ်တို့ကြောင့် ဖြစ်ပေါ်လာရသော ဒုက္ခသည်တို့အား တွေ့မြင်ရာ၌ ဖြစ်ပေါ်လာသော လူသားချင်း စာနာထောက်ထားမှု ကရုဏာနှင့် ယှဉ်တွဲဖြစ်နိုင်သော စိတ်တို့ကို ၀ါဒနှစ်ရပ်အရ မရောယှက်ရအောင် ရှင်းလင်းဖြေဆိုပါ။ | သဘာဝဘေးအန္တရာယ်တို့ကြောင့် ဖြစ်ပေါ်လာရသော ဒုက္ခသည်တို့အား တွေ့မြင်ရာ၌ ဖြစ်ပေါ်လာသော လူသားချင်း စာနာထောက်ထားမှု ကရုဏာနှင့် ယှဉ်တွဲဖြစ်နိုင်သော စိတ်တို့ကို ၀ါဒနှစ်ရပ်အရ မရောယှက်ရအောင် ရှင်းလင်းဖြေဆိုရသော် သမာနဝါဒအလိုအရ - ကရုဏာစေတသိက်နှင့် ယှဉ်တွဲဖြစ်ပေါ်နိုင်သော စိတ်တို့မှာ - ၁။ မဟာကုသိုလ်စိတ် = ၈-ပါး ၂။ မဟာကြိယာစိတ် = ၈-ပါး ၃။ ပဉ္စမစျာန်ကြဉ်သော မဟဂ္ဂုတ်စိတ် = ၁၂-ပါး ပေါင်း = ၂၈-ပါး ဖြစ်ပါသည်။ ကေစိ၀ါဒအလိုအရ - ကရုဏာစေတသိက်နှင့် ယှဉ်တွဲဖြစ်ပေါ်နိုင်သော စိတ်တို့မှာ - ၁။ မဟာကုသိုလ် သောမနဿစိတ် = ၄-ပါး ၂။ မဟာကြိယာ သောမနဿ စိတ် = ၄-ပါး ၃။ ပဉ္စမစျာန်ကြဉ်သော မဟဂ္ဂုတ်စိတ် = ၁၂-ပါး ပေါင်း = ၂၀-ပါး ဖြစ်ပါသည်။ |
3 | 2 | 2011 | တစ်ကိစ္စ- တစ်ဒွါရ၌ ဖြစ်နိုင်သောစိတ်တို့ကို ၎င်းတို့၏ ဖြစ်ရာကိစ္စ၊ ဖြစ်ရာဒွါရ အားလျော်စွာ ထိုက်သင့်သလို တွဲစပ်ဖြေဆိုပါ။ | တစ်ကိစ္စ- တစ်ဒွါရ၌ ဖြစ်နိုင်သောစိတ်တို့ကို ၎င်းတို့၏ ဖြစ်ရာကိစ္စ၊ ဖြစ်ရာဒွါရ အားလျော်စွာ ထိုက်သင့်သလို တွဲစပ်ဖြေဆိုပေးရသော်- စက္ခုဝိညာဏ်စိတ်၂-ပါး - ဒဿနကိစ္စ - စက္ခုဒွါရ သောတဝိညာဏ်စိတ်၂-ပါး - သဝနကိစ္စ - သောတဒွါရ ဃာနဝိညာဏ်စိတ်၂-ပါး - ဃာယနကိစ္စ - ဃာနဒွါရ ဇိဝှါဝိညာဏ်စိတ်၂-ပါး - သာယနကိစ္စ - ဇိဝှါဒွါရ ကာယဝိညာဏ်စိတ်၂-ပါး - ဖုသနကိစ္စ - ကာယဒွါရ အပ္ပနာဇောစိတ်၂၆-ပါး - ဇောကိစ္စ - မနောဒွါရ |
4 | 2 | 2011 | "စိတ်တွေက တယ်လူပ်ရှားသကိုး" ဟု ညည်းညူ ရာဝယ် "လူပ်ရှား" ဟူသော စကားရပ်၌ ဖြစ်နိုင်သော စိတ်ကို ဝီထိစဉ်အတွင်းမှ ရွေးချယ် ဖော်ပြ၍ ဝီထိအခြေခံ ပရိကံဟု ဆိုကြရာ ထိုပရိကံမည်သော တရားကိုလည်း ဖော်ပြပါ။ | "လူပ်ရှား" ဟူသော စကားရပ်၌ ဖြစ်နိုင်သော စိတ်ကို ဝီထိစဉ်အတွင်းမှ ရွေးချယ်ဖော်ပြရသော်- "ဘဝင်္ဂစလန" တည်းဟူသော ဘဝင်စိတ်ဖြစ်ပါသည်။ ပရိကံမည်သော တရားမှာ - - မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော ၄-ပါး၊ - မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၄-ပါး၊တည်း ဟူသော ဉာဏသမ္ပယုတ်ကာမာဝစရဇော ၈-ပါး ဖြစ်ပါသည်။ |
5 | 2 | 2011 | “ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည် ရှိသော်”ဟုဆိုကြရာ ထိုကံ သုံးပါးဖြစ်ပေါ်လာရခြင်း၏ အခြေခံ အကြောင်းတရားတို့ကို ဖော်ပြ၍ တရားဟောခြင်း (တရားကိုပေးခြင်း) သည် ဒါနကုသိုလ် ဟုတ်၊ မဟုတ် စစ်တမ်းထုတ်ပြပါ။ | “ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည် ရှိသော်”ဟုဆိုကြရာ ထိုကံ သုံးပါးဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းတရားတို့မှာ- လောဘ၊ ဒေါသ၊ မောဟဟူသော မူလတရား ၃-ပါး ဖြစ်ပါသည်။ တရားဟောခြင်း (တရားကိုပေးခြင်း)သည် ဒါနကုသိုလ် မဟုတ်ပါ။ အကြောင်းမှာ - တရားဟောခြင်းဖြစ်သော ဓမ္မဒေသနာကုသိုလ်သည် ကုသိုလ်တရားတို့ကို အဖန်ဖန် အထပ်ထပ် တိုးပွားစေတတ်သောကြောင့် ဘာဝနာမယဖြစ်သော ပုညကြိယာဝတ္တု၌ သွင်းယူ ရပါသည်။ ထို့ကြောင့် တရားဟောခြင်း (ဓမ္မဒေသနာ)သည် ဒါနကုသိုလ် မဟုတ်၊ ဘာဝနာကုသိုလ်သာ ဖြစ်ပါသည်။ |
6 | 2 | 2011 | သုဒ္ဓဋ္ဌက ကလာပ်အမျိုးအစားတို့ကို ရေးပြ၍ “ကလာပ်မဝင်၊ ရုပ်ငါးအင်” ကိုလည်း ဖော်ပြပါ။ | သုဒ္ဓဋ္ဌက ကလာပ်အမျိုးအစားတို့မှာ- - စိတ္တဇသုဒ္ဓဋ္ဌက ကလာပ် - ဥတုဇသုဒ္ဓဋ္ဌက ကလာပ် - အာဟာရဇသုဒ္ဓဋ္ဌက ကလာပ် တို့ဖြစ်ပါသည်။ “ကလာပ်မဝင်၊ ရုပ်ငါးအင်”မှာ (၁) အာကာသဓာတ် ပရိစ္ဆေဒရုပ် ၁-ပါး (၂) လက္ခဏရုပ် ၄-ပါး တို့ဖြစ်ပါသည်။ |
7 | 2 | 2011 | မဂ္ဂင်ဖောင်ကြီး အမြန်စီး၍ နိဗ္ဗာန်ခရီး သွားကြမည်ဟု ကြွေးကြော်သံရှိသော်လည်း နိဗ္ဗာန်မသွား အပါယ်လားစေနိုင်သော မဂ္ဂင် တို့ကိုဖော်ပြ၍ ဣန္ဒြေ ၂၂ ပါးတို့တွင် နာမ်သက်သက်ဣန္ဒြေများကိုလည်း စနစ်တကျ ရေတွက်ပြပါ။ | မဂ္ဂင်ဖောင်ကြီး အမြန်စီး၍ နိဗ္ဗာန်ခရီး သွားကြမည်ဟု ကြွေးကြော်သံရှိသော်လည်း နိဗ္ဗာန်မသွား အပါယ်လားစေနိုင်သော မဂ္ဂင်တို့မှာ ၁။ မိစ္ဆာဒိဋ္ဌိ ၂။ မိစ္ဆာသင်္ကပ္ပ ၃။ မိစ္ဆာဝါယာမ ၄။ မိစ္ဆာသမာဓိဟူသော မိစ္ဆာမဂ္ဂင် ၄ ပါးဖြစ်ပါသည်။ ဣန္ဒြေ ၂၂ ပါးတို့တွင် နာမ်သက်သက်ဣန္ဒြေများမှာ (၁) မနိန္ဒြေ (၂) သုခိန္ဒြေ (၃) ဒုက္ခိန္ဒြေ (၄) သောမနဿိန္ဒြေ (၅) ဒေါမနဿိန္ဒြေ (၆) ဥပေက္ခိန္ဒြေ (၇) သဒ္ဓိန္ဒြေ (၈) ၀ီရိယိန္ဒြေ (၉) သတိန္ဒြေ (၁၀) သမာဓိန္ဒြေ (၁၁) ပညိန္ဒြေ (၁၂) အနညာတညဿာမိတိန္ဒြေ (၁၃) အညိန္ဒြေ (၁၄) အညာတာဝိန္ဒြေ တို့ဖြစ်ပါသည်။ |
8 | 2 | 2011 | အမိဝမ်း၌ အဘယ်အကြောင်းတရားများကြောင့် အဘယ်သဘာဝတရားများ ပေါင်းစပ်ဖြစ်ပေါ်လာမှုကို ပဋိသန္ဓေနေသည်ဟု ခေါ်ပါသနည်း၊ ပဋိစ္စသမုပ္ပါဒ် ဒေသနာနည်းအရ ရှင်းပြ၍ သင်္ခါရနှင့် ကမ္မဘဝအထူး ကိုလည်း သိသာခြားနားအောင် ဖြေဆိုပါ။ | လောကီကုသိုလ်၊ အကုသိုလ်ဟူသော ကမ္မဘဝ အကြောင်းကြောင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော လောကီဝိပါက်ဆိုင်ရာ စိတ်၊ စေတသိက်နှင့် ကမ္မဇရုပ်များ စတင်ဥပါဒ် ဖြစ်ပေါ်လာခြင်းကို ပဋိသန္ဓေနေ(သန္ဓေတည် ကိုယ်ဝန်ရှိ)ဟုခေါ်ပါသည်။ သင်္ခါရနှင့် ကမ္မဘဝအထူးမှာ - သင်္ခါရ (လောကီကုသိုလ်၊ အကုသိုလ်စေတနာ ၂၉ ပါး) ၁။ မသိမှု အဝိဇ္ဇာ(ကိလေသာဝဋ်) ကို အခြေခံ၍ ပြုလုပ်ခဲ့သော အတိတ်လောကီကုသိုလ် အကုသိုလ်စေတနာ(ကမ္မဝဋ်) ၂။ ပစ္စုပ္ပန်အကျိုးတရာါ် (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ)တည်းဟူသော ဝိပါကဝဋ်ကို ဖြစ်စေသော အတိတ်အကြောင်း တရား၊ (သင်္ခါရ = လောကီကုသိုလ်၊ အကုသိုလ်စေတနာ) ကမ္မဝဋ်တရား ၃။ ပစ္စုပ္ပန်(ဘဝ)ကာလတွင် အကျိုးပေးဖို့ရန် အတိတ်(ဘဝ) ကာလ၌ ပြုလုပ်ခဲ့သော လောကီကုသိုလ်၊ အကုသိုလ်စေတနာ - ကမ္မဘဝ (လောကီကုသိုလ်၊ အကုသိုလ်စေတနာ ၂၉ ပါး) ၁။ လိုချင်မှုတဏှာ၊ စွဲလန်းမှု၊ ဥပါဒါန်(ကိလေသဝဋ်) ကို အခြေခံ၍ ပြုလုပ်နေသော ပစ္စုပ္ပန် လောကီ ကုသိုလ် အကုသိုလ်စေတနာ(ကမ္မဝဋ်) ၂။ အနာဂတ်အကျိုးတရား(ဥပပတ္တိဘဝ - ဇာတိ၊ ဇရာ၊ မရဏ)တည်းဟူသော ဝိပါကဝဋ်ကို ဖြစ်စေသော ပစ္စုပ္ပန်အကြောင်းတရား (ကမ္မဘဝ - လောကီကုသိုလ်၊ အကုသိုလ်စေတနာ) ကမ္မဝဋ်တရား။ ၃။ အနာဂတ်(ဘဝ)ကာလတွင် အကျိုးပေးဖို့ရန် ယခု ပစ္စုပ္ပန်(ဘဝ)ကာလ၌ ပြုလုပ်နေသော လောကီကုသိုလ်၊ အကုသိုလ်စေတနာ။ ဤသို့အားဖြင့် အတိတ်နှင့် ပစ္စုပ္ပန် လောကီကုသိုလ်၊ အကုသိုလ်စေတနာချင်း ထူးခြားမှု ရှိပါသည်။ |
9 | 2 | 2011 | (က) ရုပ်တရား၏ အကြောင်း (ခ) စေတသိက်နာမ်၏အကြောင်း (ဂ) စိတ်နာမ်တရား၏အကြောင်းတို့ကိုဖော်ပြ၍ စျာန်ရတိုင်း ကောင်းကင်ပျံနိုင် မပျံနိုင် ရှင်းပြပါ။ | (က) ရုပ်တရား၏ အကြောင်း - အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ အာဟာရ (ခ) စေတသိက်နာမ်၏အကြောင်း - အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿ (ဂ) စိတ်နာမ်တရား၏အကြောင်း - အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ နာမ်ရုပ်တို့ဖြစ်ပါသည်။ စျာန်ရတိုင်း ကောင်းကင်မပျံနိုင်ပါ။ အကြောင်းမှာ - အနည်းဆုံးရူပါဝစရ ပဉ္စမစျာန်ရပြီးသော ပုဂ္ဂိုလ်သည် ဣဒ္ဓိဝိဓ အဘိညာဉ် အဆင့်သို့ ရောက်အောင် အားထုတ်နိုင်ပြီးမှသာ ကောင်းကင် ပျံနိုင်ပါသည်။ ထို့ကြောင့် စျာန်ရတိုင်း ကောင်းကင်မပျံနိုင်ပါ။ |
1 | 3 | 2011 | အာရုံကိုသိခြင်း လက္ခဏာအားဖြင့် တစ်ပါးတည်းသောစိတ်သည် ဇာတ်ဆရာအလိုကျ ဘယ်နှစ်ခုမျှ ဖြစ်ပေါ်လာရသည်ကို စိတ်အကျဉ်းမျှ ဖြေရှင်းပြပါ။ | အာရုံကိုသိခြင်း လက္ခဏာအားဖြင့် တစ်ပါးတည်းသောစိတ်သည် ဇာတ်ဆရာအလိုကျအားဖြင့် ၄ မျိုးဖြစ်ပေါ်လာရသည်။ ဤတွင် - အကုသိုလ်ဇာတ် အကုသိုလ်စိတ် ၁၂ ပါး - ကုသိုလ်ဇာတ် ကုသိုလ်စိတ်(အကျဉ်း) ၂၁ ပါး - ဝိပါက်ဇာတ် ဝိပါက်စိတ် (အကျဉ်း) ၃၆ ပါး - ကြိယာဇာတ် ကြိယာစိတ် ၂၀ ပါး ဟူ၍ ၄ မျိုးကွဲပါသည်။ |
3 | 3 | 2011 | လူ့ခန္ဓာအိမ်ရှိ တံခါးခြောက်ပေါက်က ရုပ်နှင့်နာမ် မလွဲရအောင် ခွဲခြားဝေဖန်မှုပြုပြ၍၊ လူ့ခန္ဓာအိမ် တံခါးခြောက်ပေါက်မှ လွတ်မြောက်သွားသော ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ၂-ပါး၏ လုပ်ဆောင်နိုင်သော ကိစ္စ၊ လိုက်စားနိုင်သောအာရုံ၊ မှီရာဝတ္တုတို့ကို ဖြေဆိုပါ။ | လူ့ခန္ဓာအိမ်ရှိ တံခါးခြောက်ပေါက်က ရုပ်နှင့်နာမ် မလွဲရအောင် ခွဲခြားဝေဖန်မှုပြုရသော်- (၁) စက္ခုဒွါရ= စက္ခုပသာဒရုပ်= ရုပ်ဒွါရ (၂) သောတဒွါ့ရ= သောတပသာဒရုပ်= ရုပ်ဒွါရ (၃) ဃာနဒွါရ= ဃာနပသာဒရုပ်= ရုပ်ဒွါရ (၄) ဇိဝှါဒွါရ= ဇိဝှါပသာဒရုပ်= ရုပ်ဒွါရ (၅) ကာယဒွါရ= ကာယပသာဒရုပ်= ရုပ်ဒွါရ (၆) မနောဒွါရ= ဘဝင်္ဂုစ္ဆေဒစိတ် ၁၉-ပါး= နာမ်ဒွါရ လူ့ခန္ဓာအိမ်ရှိ တံခါးခြောက်ပေါက်မှ လွတ်မြောက် သွားသော ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ၂-ပါး၏- (၁) လုပ်ဆောင်နိုင်သောကိစ္စ - ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ၊ (၂) လိုက်စားနိုင်သောအာရုံ - ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃-ပါးတို့မှ တစ်ပါးပါး။ (၃) မှီရာဝတ္တု - ဟဒယဝတ္တု (အမြဲ) |
4 | 3 | 2011 | အာဂန္တုမည်သော ဘဝင်စိတ်ကိုတိကျစွာ ဖော်ပြ၍၊ ထိုစိတ်သည် အဘယ်ကို အာရုံပြုသည်ကိုလည်း ရေးသားပြပါ။ | အာဂန္တုမည်သော ဘဝင်စိတ်မှာ - ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ၂-ပါး ဖြစ်ပါသည်။ ထိုစိတ်၏ အာရုံမှာ - ရှေးက လေ့ကျက်ခဲ့ဖူးသော ကာမအာရုံ တစ်ပါးပါးကို အာရုံပြုပါသည်။ |
5 | 3 | 2011 | လူသားတို့သေဆုံးရခြင်း၏ အကြောင်းတရား များကို အချိန်ရောက်မှသေခြင်း (ကာလမရဏ) အချိန်မရောက်ခင်သေခြင်း ( အကာလမရဏ) အားဖြင့် ခွဲခြားပြ၍၊ စုတေခါနီး အခါ ထင်လာသော အာရုံနိမိတ်များထဲမှ ဂတိနိမိတ်ထင်လာပုံကို သိသာရုံမျှ ဖော်ပြပါ။ | လူသားတို့သေဆုံးရခြင်း၏ အကြောင်းတရားများကို အချိန်ရောက်မှသေခြင်း (ကာလမရဏ) အချိန်မရောက်ခင် သေခြင်း ( အကာလမရဏ) အားဖြင့် ခွဲခြားပြရသော် - ကာလမရဏ ၃-ပါး - အကာလမရဏ ၁-ပါး ပေါင်းသေခြင်းမရဏ ၄-ပါး ဖြစ်ပါသည်။ ထိုတွင် ကာလမရဏ ၃-ပါးမှာ- (၁) အာယုက္ခယမရဏ - အသက်တမ်းကုန်၍ သေခြင်း (၂) ကမ္မက္ခယမရဏ - ကံစွမ်းကုန်၍ သေခြင်း (၃) ဥဘယက္ခယ မရဏ - အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်းတို့ဖြစ်ပါသည်။ အကာလမရဏ ၁-ပါးမှာ- - ဥပစ္ဆေဒက မရဏ ကံဆိုးဖြတ်ချွေ လတ်တလောသေခြင်း ဖြစ်ပါသည်။ စုတေခါနီး အခါ ထင်လာသော အာရုံ နိမိတ်များထဲမှ ဂတိနိမိတ်ထင်လာပုံကို သိသာရုံမျှ ဖော်ပြရသော်- (၁) ဥပလဘိတဗ္ဗ ဂတိနိမိတ် - အမိဝမ်းရေ၊ ငရဲဘုံ၊ နတ်ဘုံဗိမာန် စသည်တို့သည် တိုက်ရိုက် ရောက်ထိုက်သလို ထင်လာ၏။ (၂) ဥပဘောဂ ဘူတ ဂတိနိမိတ် - အိုးအိမ်၊ ငရဲမီး၊ ငရဲထိန်း၊ နတ်သမီး၊ ဥယျာဉ် ပဒေသာပင် စသည့် အသုံးအဆောင် အခြွေအရံများ ထင်လာပါသည်။ |
6 | 3 | 2011 | ရုပ်လေးပါးတို့၏ ဖြစ်စဉ်၊ ချုပ်စဉ်တို့ကို သိသာရုံမျှ ရေးသားပြ၍ နိဗ္ဗာန်အပြားကိုလည်း သဘာဝအာကာရအားဖြင့် ခွဲခြားရေးသားပြပါ။ | ရုပ်လေးပါးတို့၏ ဖြစ်စဉ်မှာ - ကမ္မဇရုပ်၊ ဥတုဇရုပ်၊ စိတ္တဇရုပ်၊ အာဟာရဇရုပ် ရုပ်လေးပါးတို့၏ ချုပ်စဉ်မှာ - ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ အာဟာရဇရုပ်၊ ဥတုဇရုပ် နိဗ္ဗာန်သည်- ငြိမ်းအေးခြင်း သန္တိလက္ခဏာဟူသော သဘာဝအားဖြင့် တစ်ပါးသာရှိ၏။ အာကာရအားဖြင့်- -ရာဂစသောကြောင့်ကဖြွယ် ပလိဗောဓ အမျိုးမျိုးမှ ကင်းငြိမ်သုဉ်းဆိတ်သော သုညတနိဗ္ဗာန် - ရာဂနိမိတ်စသော ဘေးရန်အပေါင်းနှင့် မဆက်ဆံသော အနိမိတ္တနိဗ္ဗာန် - အာသာ၊ တဏှာ စသော တောင့်တမှု၊ ပူပန်မှုတို့နှင့် မဆက်ဆံသော အပ္ပဏိဟိတနိဗ္ဗာန်ဟု ၃-ပါး အပြားရှိ၏။ |
7 | 3 | 2011 | မဂ္ဂင် ဣန္ဒြေ ဗိုလ်အဖြစ်သို့ ရောက်သော ဧကဂ္ဂတာ၊ မရောက်သော ဧကဂ္ဂတာတို့ကို ခွဲခြားဖြေဆို၍ လောကီစိတ်တို့၌ ဗောဓိပက္ခိတရားများကို တရားကိုကောက်ထိုက် မကောက်ထိုက်ကိုလည်း အဘိဓမ္မာပညာရှင်ပီပီ ရှင်းပြပါ။ | မဂ္ဂင် ဣန္ဒြေ ဗိုလ်အဖြစ်သို့ ရောက်သော ဧကဂ္ဂတာမှာ - ဝိစိကိစ္ဆာသဟဂုတ်ကြဉ်သော စိတ် ၈၈ ပါး၌ ယှဉ်သော ဧကဂ္ဂတာ ဖြစ်ပါသည်။ မဂ္ဂင် ဣန္ဒြေ ဗိုလ်အဖြစ်သို့ မရောက်သော ဧကဂ္ဂတာမှာ - ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ရှိသော ဧကဂ္ဂတာဖြစ်ပါသည်။ လောကီစိတ်တို့၌ ဗောဓိပက္ခိတရားများကို တရားကိုကောက်ထိုက်ပါသည်။ အကြောင်းမှာ - သီလဝိသုဒ္ဓိစသော လောကီဝိသုဒ္ဓိ ၆ ပါးတို့ ဖြစ်ရာအခါဝယ် လောကီကုသိုလ်၊ ကြိယာစိတ်တို့၌ ဗောဓိပက္ခိယတရားကိုယ်မှာ ထိုက်သည့်အားလျော်စွာ ယှဉ်ကြသောကြောင့် ဖြစ်ပါသည်။ |
8 | 3 | 2011 | ပဌာန်း ၂၄ ပစ္စည်းတို့ကို ပစ္စည်း ပစ္စယုပ္ပန် အားလျော်စွာ သဘောတူရာ ပေါင်းစုခွဲခြားလိုက်လျှင် ဖြစ်ပေါ်လာသည့် ပစ္စည်း ၆ မျိုးကို ဖော်ပြ၍ ရူပဇိဝိတိန္ဒြေပစ္စည်း၏ ပစ္စယုပ္ပန္နဓမ္မတို့ကိုလည်း ထုတ်ပြပါ။ | ပဌာန်း ၂၄ ပစ္စည်းတို့ကို ပစ္စည်း ပစ္စယုပ္ပန် အားလျော်စွာ သဘောတူရာ ပေါင်းစုခွဲခြားလိုက်လျှင် ဖြစ်ပေါ်လာသည့် ပစ္စည်း ၆ မျိုးမှာ ၁။ နာမ်သည် နာမ်အား - အနန္တရ၊ သမနန္တရ၊ အာသေဝန၊ သမ္ပယုတ္တ၊ နတ္ထိ၊ ဝိဂတပစ္စည်း ၂။ နာမ်သည် နာမ်ရုပ်အား - ဟေတု၊ ကမ္မ၊ ဝိပါက၊ စျာန၊ မဂ္ဂပစ္စည်း ၃။ နာမ်သည် ရုပ်အား - ပစ္ဆာဇာတပစ္စည်း ၄။ ရုပ်သည် နာမ်အား - ပုရေဇာတပစ္စည်း ၅။ ပညတ်၊ နာမ်၊ ရုပ်သည် နာမ်အား - အာရမ္မဏ၊ ဥပနိဿယပစ္စည်း ၆။ နာမ်ရုပ်သည် နာမ်ရုပ်အား - အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အာဟာရ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်း များဖြင့် ကျေးဇူးပြုကြပါသည်။ ရူပဇိဝိတိန္ဒြေပစ္စည်း၏ ပစ္စယုပ္ပန္နဓမ္မတို့မှာ ရုပ်ဇီဝိတိန္ဒြေကြဉ်သော ကလာပ်တူကမ္မဇရုပ် ၉ ပါးဖြစ်ပါသည်။ |
9 | 3 | 2011 | ဝိပဿနာကမ္မဋ္ဌာန်း စီဖြန်းအားထုတ်နေသော ယောဂီ ပုဂ္ဂိုလ်အား အဘယ်အခါ၌ ပုထုဇဉ်အနွယ်ဆုံး၍ အရိယာ အနွယ်သို့ရောက်ပါသနည်း ဖြေဆို၍ နိရောဓသမာပတ် ဝင်းစားခိုက် သေနိုင် မသေနိုင်ကိုလည်း အဘိဓမ္မနည်း အရ ဆုံးဖြတ်ချက် ချခဲ့ပါ။ | ဝိပဿနာကမ္မဋ္ဌာန်း စီဖြန်း အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား ဂေါတြဘူစိတ် ဖြစ်သောအခါ ပုထုဇဉ် အနွယ်ဆုံး၍ အရိယာ အနွယ်သို့ရောက်ပါသည်။ နိရောဓသမာပတ် ဝင်းစားခိုက် မသေနိုင်ပါ။ အကြောင်းမှာ - သေခြင်းဆိုသည်မှာ စုတိစိတ်ဖြစ်၍ ချုပ်မှသာ သေသည်ဟု ဆိုနိုင်သည်။ နိရောဓသမာပတ်ဝင်စာနေချိန်၌ စိတ်အစဉ် ချုပ်နေသည့်အတွက် စုတိစိတ်မဖြစ်နိုင်ပါ။ ထို့ကြောင့် နိရောဓသမာပတ် ဝင်စားခိုက် မသေနိုင်ပါ။ |
3 | 4 | 2011 | ဈာန်၊ အဘိညာဉ်ဟူသောစကား၌ အဘယ်တရားတို့ ကို အဘိညာဉ်ဟု ခေါ်ဆိုသည်ကို တိကျစွာ ဖော်ပြ၍၊ အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌မှီသော သုံးပါးသောဝတ္တုတို့ကို ၄-ပါးသော ဝိညာဏဓာတ်တို့နှင့် တွဲစပ်ပြပါ။ | အဘိညာဉ်ဟု ခေါ်ဆိုနိုင်သောတရားမှာ- အလွန်အကျူး အထူးသိတတ်သော သိစွမ်းနိုင်သော ရူပါဝစရကုသိုလ် ပဉ္စမဈာန်၊ ရူပါဝစရကြိယာ ပဉ္စမဈာန်စိတ်နှင့် ယှဉ်သောဉာဏ် (ပညာစေတသိက်)ကို အဘိညာဉ်ဟုခေါ်၏။ ထိုဉာဏ်နှင့်ယှဉ်သော ရူပါဝစရကုသိုလ်၊ ကြိယာ ပဉ္စမဈာန်စိတ်ကိုလည်း တကွဖြစ်ဖက် နည်းအားဖြင့် အဘိညာဉ်ဟုပင် ခေါ်ဆိုရပါသည်။ အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌မှီသော သုံးပါးသောဝတ္တုတို့ကို ၄-ပါးသော ဝိညာဏဓာတ်တို့နှင့် တွဲစပ်ပြရသော်- (၁) စက္ခုဝတ္တု = စက္ခုဝိညာဏဓာတ် (၂) သောတဝတ္တု = သောတဝိညာဏဓာတ် (၃) ဟဒယဝတ္တု = မနောဓာတ်၊ မနောဝိညာဏဓာတ် ဖြစ်ပါသည်။ |
5 | 4 | 2011 | “လောက်လန်းသဖွယ် ဝိညာဉ်တွယ်”ဟူသော စကား မှန် မမှန်ရှင်းပြ၍ တစ်ဘဝ၌ ဖြစ်ကြသော ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့၏ အဓိပ္ပါယ်ကိုလည်း အသီးသီး ရှင်းပြပါ။ | “လောက်လန်းသဖွယ် ဝိညာဉ်တွယ်”ဟူသော စကားသည် မမှန်ပါ။ အကြောင်းပြရှင်းပြရသော် - ပဋိသန္ဓေဝိညာဉ်သည် ဥပါဒ်လျှင် ဥပါဒါခြင်း ဘဝသစ်၌ တည်သောကြောင့် ဖြစ်ပါသည်။ ယခုဘဝ စုတေပြီးသည်နှင့် တစ်ပြိုင်နက် ဘဝတစ်ပါ၌ ပဋိသန္ဓေစိတ် ချက်ချင်းဖြစ်ပါသည်။ လောက်လန်းသတ္တဝါကဲ့သို့ အမှီအတွယ်ရပါမှ စွန့်လွှတ်သည်မဟုတ်၊ ဘဝဟောင်း၌ ဥပါဒ်ခဲ့ပြီး ဌီအခိုက်ကျမှ ဘဝသစ်သို့ ပြောင်းရွေ့သည်မဟုတ်ပါ။ သို့ဖြစ်၍ “လောက်လန်းသဖွယ် ဝိညာဉ်တွယ် ”ဟူသော စကား မမှန်ရခြင်း ဖြစ်ပါသည်။ တစ်ဘဝ၌ ဖြစ်ကြသော ပဋိသန္ဓေ ဘဝင် စုတိတို့၏ အဓိပ္ပာယ်မှာ- ပဋိသန္ဓေ - ဘဝဟောင်းနှင့် ဘဝသစ်ကို ပြတ်တောက် မသွားအောင် ဆက်စပ်ပေးခြင်းသဘော ဘဝင် - ရရှိပြီးသော ဘဝကို တည်တ့ံအောင် စောင့်ရှောက်ပေးခြင်းသဘော၊ - ဘဝ၏ အကြောင်းအင်္ဂါ စုတိ - ရရှိပြီးသောဘဝမှ လျောကျ ပျက်စီးသေဆုံးခြင်းသဘော တိုု့ ဖြစ်ကြပါသည်။ |
8 | 4 | 2011 | ပညတ်၏ သဘောသွားကို လေ့လားထားသူများ ဖြစ်သည့်အားလျော်စွာ အဆိုတော်၏ အသံ ဟူသော မည်သည့်သဒ္ဒပညတ် ဖြစ်ပါသနည်း။ ရှင်းပြ၍ အောက်ပါသဒ္ဒပညတ်တို့၏ အမည် တို့ကိုလည်း တိကျစွာ ဖော်ပြပါ။ (က) စေတနာ (ခ) မြန်မာ (ဂ) ဗေလုဝ | အဆိုတော်၏ အသံဟူသည် ပရမတ္တအားဖြင့် ထင်ရှားမရှိသော အနက်(အဆိုတော်)နှင့် ပရမတ္တအားဖြင့် ထင်ရှားရှိသောအနက် (အသံ)တို့ကို ပေါင်းစပ်ထားခြင်းကြောင့် အဝိဇ္ဇာမာနေန ဝိဇ္ဇမာန သဒ္ဒပညတ်ဖြစ်ပါသည်။ သဒ္ဒပညတ်အားဖြင့် (က) စေတနာ - ဝိဇ္ဇာမာနသဒ္ဒပညတ် (ခ) မြန်မာ - အဝိဇ္ဇာမာနသဒ္ဒပညတ် (ဂ) ဗေလုဝ - အဝိဇ္ဇာမာနသဒ္ဒပညတ် |
3 | 5 | 2011 | စိတ်တိုင်းသည် နှလုံးသားဟု ဆိုအပ်သော ဟဒယဝတ္တုကိုမှီ၍ ဖြစ်နိုင်/မဖြစ်နိုင် အဘိဓမ္မာသရူပတ္တအားဖြင့် ဝေဖန်ခွဲခြားပြပါ။ | စိတ်တိုင်းသည် နှလုံးသားဟု ဆိုအပ်သော ဟဒယဝတ္တုကိုမှီ၍ ဖြစ်နိုင်/မဖြစ်နိုင် ခွဲခြား ဝေဖန်ပြရသော်- နှလုံးသားဟု ဆိုအပ်သော ဟဒယဝတ္တုကို အမြဲမှီသောစိတ် ၃၃-ပါးမှာ- ဒေါသမူစိတ်= ၂-ပါး မနောဓာတ်= ၃-ပါး သန္တီရဏစိတ်= ၃-ပါး ဟသိတုပ္ပါဒ်စိတ်= ၁-ပါး မဟာဝိပါက်စိတ်= ၈-ပါး ရူပစိတ်= ၁၅-ပါး သောတာပတ္တိမဂ်စိတ်= ၁-ပါး ပေါင်း စိတ်= ၃၃-ပါး ဖြစ်ပါသည်။ ဟဒယဝတ္တုကို ရံခါမှီ- ရံခါမမှီသော စိတ်ပေါင်း ၄၂-ပါးမှာ- လောဘမူစိတ်= ၂-ပါး မောဟမူစိတ်= ၂-ပါး မနောဒွါရာဝဇ္ဇန်းစိတ်= ၁-ပါး မဟာကုသိုလ်စိတ်= ၈-ပါး မဟာကြိယာစိတ်= ၈-ပါး အရူပ ကုသိုလ်စိတ်= ၄-ပါး အရူပ ကြိယာစိတ်= ၄-ပါး အထက်လောကုတ္တရာစိတ်= ရ-ပါး ပေါင်း စိတ်= ၄၂-ပါး ဖြစ်ပါသည်။ ဟဒယဝတ္တုကို လုံးဝမမှီသောစိတ်မှာ အရူပါဝစရဝိပါက်စိတ် ၄-ပါး ဖြစ်ပါသည်။ (ထို့ပြင် ဒွေပဉ္စဝိညာဏ် ၁၀-ပါးသည်လည်း ဟဒယဝတ္တုကို မမှီဘဲ ပဉ္စဝတ္တု၌သာ အသီးသီး အမြဲမှီကြပါသည်။) သို့ဖြစ်ပါ၍ စိတ်တိုင်းသည် နှလုံးသားဟု ုဆိုအပ်သော ဟဒယဝတ္တုကို အမြဲမှီ၍ ဖြစ်နိုင်သော စိတ်များရှိသလို၊ ရံခါမှီ၍ ဖြစ်သောစိတ်၊လုံးဝ မမှီသော စိတ်များလည်း ရှိနိုင်ပါသည်။ |
1 | 1 | 2012 | ကောင်းဆိုးနှစ်တန်လောကဓံ ဟူသောစကား၌ ကောင်းသောသုခနှင့် ဆိုးသောဒုက္ခတို့သည် မည်သည့်ပရမတ်တရားအစုတွင် ပါဝင်သည်ကို အကျိုးပေး ကွာခြားပုံ နည်းအားဖြင့် ဖော်ပြ၍ သမ္ပယုတ်အမျိုးအစားတို့ကိုလည်း အရေအတွက်နှင့်တကွ ဖော်ပြပါ။ | ကောင်းဆိုးနှစ်တန်လောကဓံ ဟူသောစကား၌ ကောင်းသောသုခနှင့် ဆိုးသောဒုက္ခတို့သည် - ဝေဒနာဟူသော စေတသိက် ပရမတ်တရားအစုတွင် ပါဝင်ပါသည်။ အကျိုးပေးကွာခြားပုံမှာ - ကောင်းသောသုခသည် အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ် - ဆိုးသောဒုက္ခသည် အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် အားဖြင့် ကွာခြားပါသည်။ သမ္ပယုတ်အမျိုးအစားတို့မှာ ၁။ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး ၂။ ပဋိဃသမ္ပယုတ်စိတ် ၂ ပါး ၃။ ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁ ပါး ၄။ ဥဒ္ဓစ္စသမ္ပယုတ်စိတ် ၁ ပါး ၅။ ဉာဏသမ္ပယုတ်စိတ် ၁၂ ပါး ဟူ၍ သမ္ပယုတ်စိတ်ပေါင်း ၂၀ ပါးတို့ဖြစ်ပါသည်။ |
2 | 1 | 2012 | စိတ်၌မှီတွယ်၊ စိတ်ကိုခြယ်လှယ်တတ်သောစေတသိက် ဟုသိနိုင်ရန် ပြည့်စုံရမည့် အချက်တို့ကို ဖော်ပြ၍ ပူမှုဒေါသနှင့် အေးမှုအဒေါသတို့ကို ဖြစ်ရာစိတ်ချင်း တူ/မတူကို ပရမတ္ထသရုပ်ဖြင့် အဖြေထုတ်ပြပါ။ | စိတ်၌မှီတွယ်၊ စိတ်ကိုခြယ်လှယ်တတ်သောစေတသိက် ဟုသိနိုင်ရန် ပြည့်စုံရမည့် အချက်တို့မှာ ၁။ ဧကုပ္ပါဒ - စိတ်နှင့် အတူဖြစ်ခြင်း ၂။ ဧကနိရောဓ - စိတ်နှင့်အတူ ချုပ်ခြင်း ၃။ ဧကာလမ္ဗန - စိတ်နှင့်တူသော အာရုံရှိခြင်း ၄။ ဧကဝတ္ထုက - စိတ်နှင်တူသော မှီရာဝတ္ထုရှိခြင်း တို့ဖြစ်ပါသည်။ ပူမှုဒေါသသည် - ဒေါသမူစိတ် ၂ ပါးနှင့် ယှဉ်ပါသည် အေးမှုအဒေါသစေတသိက်သည် - သောဘနစိတ် အကျဉ်း ၅၉ ပါး အကျယ် ၉၁ ပါး၌ ယှဉ်ပါသည်။ ထို့ကြောင့် ပူမှုဒေါသနှင့် အေးမှုအဒေါသတို့ကို ဖြစ်ရာစိတ်ချင်း မတူပါ။ |
3 | 1 | 2012 | ကိစ္စ (၁၄) ပါးနှင့် ဌာန (၁၀) ပါးကို တွဲစပ်ပြ၍ လူ့ဘဝ၏ အစဖြစ်သော ပဋိသန္ဓေ နေမှုကိစ္စနှင့် အဆုံးဖြစ်သော စုတိကိစ္စတို့ တပ်ရာစိတ်ချင်း တူ/မတူ အဓိပ္ပါယ်သရုပ်သဘော နှီးနှောဝေဖန်ပြပါ။ | ကိစ္စ (၁၄) ပါးနှင့် ဌာန (၁၀) ပါးကို တွဲစပ်ပြရသော် (၁) ပဋိသန္ဓေကိစ္စ - (၁) ပဋိသန္ဓေဌာန (၂) ဘဝင်ကိစ္စ - (၂) ဘဝင်ဌာန (၃) အာဝဇ္ဇန်းကိစ္စ - (၃) အာဝဇ္ဇန်းဌာန (၄) ဒဿနကိစ္စ - (၄) ပဉ္စဝိညာဉ်ဌာန (၅) သဝနကိစ္စ - ၎င်း (၆) ဃာယနကိစ္စ - ၎င်း (၇) သာယနကိစ္စ - ၎င်း (၈) ဖုသနကိစ္စ - ၎င်း (၉) သမ္ပဋိစ္ဆိုင်းကိစ္စ - (၅) သမ္ပဋိစ္ဆိုင်းဌာန (၁၀) သန္တီရဏကိစ္စ - (၆) သန္တီရဏဌာန (၁၁) ၀ုဋ္ဌောကိစ္စ - (၇) ၀ုဋ္ဌောဌာန (၁၂) ဇောကိစ္စ - (၈) ဇောဌာန (၁၃) တဒါရုံကိစ္စ - (၉) တဒါရုံဌာန (၁၄) စုတိကိစ္စ - (၁၀) စုတိဌာန တို့ဖြစ်ပါသည်။ လူ့ဘဝ၏ အစဖြစ်သော ပဋိသန္ဓေ နေမှုကိစ္စနှင့် အဆုံးဖြစ်သော စုတိကိစ္စတို့ တပ်ရာစိတ်ချင်း တူပါသည်။ အကြောင်းမှာ ထို ပဋိသန္ဓေကိစ္စနှင့် စုတိကိစ္စတပ်သောစိတ် များမှာ ၁။ ဥပေက္ခာသန္တီရဏ ၂ ပါး ၂။ မဟာဝိပါက် ၈ ပါး ၃။ မဟဂ္ဂုတ်ဝိပါက် ၉ ပါး ပေါင်း ၁၉ ပါးသောစိတ်အားဖြင့် တူကြသော ကြောင့်ဖြစ်ပါသည်။ |
4 | 1 | 2012 | ပဋိသန္ဓေတည်စနှင့် တည်ပြီးနောက် အမိဝမ်း၌ ကိန်းအောင်းတည်နေဆဲ ခဏတို့၏ အမည်ကို ရေးသားပြ၍ ဝီထိစိတ်အစဉ် ကုန်သောအခါ ကျရောက်လာမည့် တရားတို့ကို ဖြေဆိုပါ။ | ပဋိသန္ဓေတည်စခဏ = ပဋိသန္ဓေခဏ တည်ပြီးနောက် အမိဝမ်း၌ ကိန်းအောင်း တည်နေဆဲ ခဏ = ပဝတ္ထိခဏ ဝီထိစိတ်အစဉ် ကုန်သောအခါ ကျရောက်လာမည့် တရားတို့မှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုလျက်ရှိသော ဘဝင်စိတ် ဖြစ်ပါသည်။ |
5 | 1 | 2012 | သုံးဆယ်တစ်ဘုံတွင်း ပါဝင်သော ဒုဂ္ဂတိ (မကောင်းသောလားရာဘုံ) တို့ကို တိကျစွာ ဖော်ပြ၍ အပါယ်ဘုံ၊ အသညသတ်ဘုံတို့၌ ရနိုင်သောပုဂ္ဂိုလ် မရနိုင်သောပုဂ္ဂိုလ်တို့ကိုလည်း ခွဲခြားဖြေဆိုပါ။ | သုံးဆယ်တစ်ဘုံတွင်း ပါဝင်သော ဒုဂ္ဂတိ (မကောင်းသောလားရာဘုံ) တို့မှာ ၁။ ငရဲ ၂။ တိရစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်ဘုံ ဟူသော အပါယ် ၄ ဘုံ ဖြစ်ပါသည်။ အပါယ်ဘုံ၌ ရနိုင်သောပုဂ္ဂိုလ်များမှာ - ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် အပါယ်ဘုံ၌ မရနိုင်သောပုဂ္ဂိုလ်များမှာ - သုဂတိအဟိတ်ပုဂ္ဂိုလ် - ဒွိဟိတ်ပုဂ္ဂိုလ် - တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ် - အရိယာပုဂ္ဂိုလ် ၈ ယောက် အသညသတ်ဘုံ၌ ရနိုင်သောပုဂ္ဂိုလ်များမှာ - သုဂတိအဟိတ်ပုဂ္ဂိုလ် အသညသတ်ဘုံ၌ မရနိုင်သောပုဂ္ဂိုလ်များမှာ - ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် - ဒွိဟိတ်ပုဂ္ဂိုလ် - တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ် - အရိယာပုဂ္ဂိုလ် ၈ ယောက် တို့ဖြစ်ပါသည်။ |
6 | 1 | 2012 | ရုပ် ၂၈ ပါးကို အမည် ၂ မျိုး၊ အမည် ၁၁ မျိုးနည်း တို့အားဖြင့် အကျုဉ်းချုပ် ရေတွက်ပြ၍ ဘယ်သူခွဲခွဲ အမြဲစည်းလုံးမည် ဟုဆိုရလောက်အောင် မခွဲမခွါ အမြဲသာ တွဲနေသော ရုပ်တို့ကိုလည်း ရေးပြပါ။ | ရုပ် ၂၈ ပါးကို အမည် ၂ မျိုးအားဖြင့် ၁။ မဟာဘုတ်ရုပ် ၂။ ဥပါဒါရုပ် အမည် ၁၁ မျိုးနည်းအားဖြင့် ၁။ မဟာဘုတ်ရုပ် ၂။ ပသာဒရုပ် ၃။ ဂေါစရရုပ် ၄။ ဘာဝရုပ် ၅။ ဟဒယရုပ် ၆။ ဇီဝိတရုပ် ၇။ အာဟာရရုပ် ၈။ ပရိစ္ဆေဒရုပ် ၉။ ဝိညတ်ရုပ် ၁၀။ ဝိကာရရုပ် ၁၁။ လက္ခဏရုပ် တို့ဖြစ်ကြပါသည်။ ဘယ်သူခွဲခွဲ အမြဲစည်းလုံးမည် ဟုဆိုရ လောက်အောင် မခွဲမခွါ အမြဲသာတွဲနေသော ရုပ်တို့မှာ ၁။ ပထဝီ ၂။ အာပေါ ၃။ တေဇော ၄။ ဝါယော ၅။ ဝဏ္ဏ ၆။ ဂန္ဓ ၇။ ရသ ၈။ သြဇရုပ်တို့ဖြစ်ပါသည်။ |
7 | 1 | 2012 | ပရမတ်အစစ် ဓာတ်အနှစ် ဟူသောစကားအရ ကိုယ်ပိုင်လက္ခဏရှိသော ပရမတ်အစစ်တရား တို့ကို ကုန်စင်အောင် ဖော်ပြ၍ ဒိဋ္ဌိစေတသိက် တစ်ပါးတည်းကိုပင် သီလဗ္ဗတရာမာသ စသော အမည်အမျိုးမျိုးဖြင့် ဟောရခြင်းအကြောင်း ကိုလည်း ဖြေဆိုပြပါ။ | ပရမတ်အစစ် ဓာတ်အနှစ် ဟူသောစကားအရ ကိုယ်ပိုင်လက္ခဏရှိသော ပရမတ်အစစ်တရားတို့မှာ ၁။ စိတ် ၁ ပါး ၂။ စေတသိက် ၅၂ ပါး ၃။ နိပ္ဖန္နရုပ် ၁၈ ပါး ၄။ နိဗ္ဗာန် ၁ ပါးဟူသော တရား ရ၂ ပါးဖြစ်သည်။ ဒိဋ္ဌိစေတသိက်တစ်ပါးတည်းကိုပင် သီလဗ္ဗတရာမာသ စသောအမည်အမျိုးမျိုးဖြင့် ဟောရခြင်းအကြောင်းမှာ ၁။ သီလဗ္ဗတပရာမာသဒိဋ္ဌိသည် နွားအကျင့် ခွေးအကျင့်တို့ဖြင့် ကိလေသာမှလည်း စင်ကြယ်၏ သံသရာမှလည်း လွတ်မြောက်၏ ဟု စွဲယူ၏ ၂။ ဣဒံသစ္စာဘိနိဝေသဒိဋ္ဌိသည် ဤငါ၏ အယူသာ အမှန် အခြားအယူအားလုံးသည် အမှားချည်းဟု စွဲယူ၏ ၃။ အတ္တဝါဒုပါဒါနဒိဋ္ဌိသည် အတ္တရှိ၏ ပြင်းထန်စွာ ယူ၏ ဤသို့ စွဲယူပုံအခြင်းအရာကွဲပြားသောကြောင့် တရားကိုယ်အားဖြင့် ဒိဋ္ဌိစေတသိက် တစ်ခုတည်းကိုပင် အမည်အမျိုးမျိုးဖြင့် ဟောရခြင်းဖြစ်ပါသည်။ |
8 | 1 | 2012 | မအိုချင်မမွေးနှင့် မသေချင်ရင် မမွေးနှင့် ဟူသောစကား အဘိဓမ္မာသဘာဝကျ မကျ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ စိစစ်ပြ၍ မြတ်စွာဘုရားရှင်သည် အဘယ်တရားတို့ကို ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ဟုဟောတော်မူသနည်း။ | မအိုချင်မမွေးနှင့် မသေချင်ရင် မမွေးနှင့် ဟူသောစကား အဘိဓမ္မာသဘာဝကျပါသည်။ ဇာတိပစ္စယာဇရာမရဏ ဟူ၍ ဇာတိ(မွေးခြင်း)ဟူသောအကြောင်းကြောင့် - ဇရာ(အိုခြင်း) - မရဏ(သေခြင်း) တို့ဖြစ်လာကြသည်ဟု ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ ဟောကြားခဲ့သောကြောင့် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်သည် ၁။ လောကီစိတ် ၈၁ ပါး ၂။ ၎င်း ၈၁ ပါးနှင့် ယှဉ်သော စေတသိက် ၅၂ ပါး ၃။ ရုပ် ၂၈ ပါးတို့ကို ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ဟု ဟောတော်မူပါသည်။ |
9 | 1 | 2012 | ကမ္ဘာနိုင်ငံအချို့၌ စစ်ပွဲများဖြစ်ပွားလျက်ရှိရာ ငြိမ်းချမ်းရေးရအောင် မည်သည့်ကမ္မဋ္ဌာန်းမျိုး ပွားများအားထုတ်သင့်သည်ကို ဖော်ပြ၍ လူမျိုးဘာသာမရွေး ပွားများအားထုတ်သော ကမ္မဋ္ဌာန်းများကိုလည်း ညွှန်ပြပါ။ | ကမ္ဘာနိုင်ငံအချို့၌ စစ်ပွဲများ ဖြစ်ပွားလျက်ရှိရာ ငြိမ်းချမ်းရေးရအောင် (ဒေါသဖြစ်နေသူများ ဖြစ်သည့်အတွက်ကြောင့်) ၁။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မာဝိဟာရကမ္မဋ္ဌာန်း ၄ ပါး ၂။ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော အဆင်းကသိုဏ်း ၄ ပါး ပေါင်း ၈ ပါးကို ပွားများ အားထုတ်သင့်ပါသည်။ လူမျိုးဘာသာမရွေး ပွားများ အားထုတ်သော ကမ္မဋ္ဌာန်းများမှာ - ပထဝီကသိုဏ်း၊ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ ဝါယောကသိုဏ်း၊ အာကာသကသိုဏ်း၊ အာလောကကသိုဏ်း၊ အာရုပ္ပကသိုဏ်း ၄ ပါး ပေါင်း ၁၀ ပါးဖြစ်ပါသည်။ |
1 | 2 | 2012 | အလယ်အလတ်စိတ်ဓာတ်ခေါ်ငြား စျာန်ငါးပါးတွင် တရားအများဆုံးဖြစ်သော စျာန်စိတ်ကို အကျဉ်းမျှ ရေတွက်ပြ၍ အရေအတွက်များရခြင်း အကြောင်းကိုလည်း ရေးသားပြပါ။ | အလယ်အလတ်စိတ်ဓာတ်ခေါ်ငြား စျာန်ငါးပါးတွင် တရားအများဆုံးဖြစ်သော စျာန်စိတ်မှာ ၁။ ရူပါဝစရ ပဉ္စမစျာန်စိတ် ၃ ပါး ၂။ အရူပါဝစရစိတ် ၁၂ ပါး ပေါင်း ၁၅ ပါးသော ပဉ္စမစျာန်စိတ်ဖြစ်ပါသည်။ အရေအတွက်များရခြင်း အကြောင်းမှာ အရူပါဝစရစျာန်စိတ်သည် ဥပေက္ခာ၊ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါနှင့်တကွ ဖြစ်ရကား ပဉ္စမစျာန်စိတ်အဖြစ် ထည့်သွင်းရေတွက်ရသောကြောင့် ပဉ္စမစျာန်အားဖြင့် အရေအတွက်များရခြင်း ဖြစ်ပါသည်။ |
2 | 2 | 2012 | ပညာရဲရင့် ပွဲလယ်တင့်သူနှင့် မာနတံခွန်ထူသူတို့၏ သန္တာန်ဝယ်ဖြစ်သောစိတ်တို့ကို ပြဆို၍ လူမိုက်က ကျွန်တော် အဖော်က ပါပ ဟုဆိုရလောက်အောင် အကုသိုလ်စိတ်အားလုံးနှင့် ယှဉ်နိုင်သောစေတသိက်တို့ကို ရေတွက်ပြပါ။ | ပညာရဲရင့် ပွဲလယ်တင့်သူ၏ သန္တာန်ဝယ်ဖြစ်သောစိတ်တို့မှာ - ကာမသောဘနဉာဏသမ္ပယုတ်စိတ် ၁၂ ပါး - မဟဂ္ဂုတ်စိတ် ၂၇ ပါး - လောကုတ္တရာစိတ် ၈ ပါး ပေါင်း ၄၇ ပါး မာနတံခွန်ထူသူတို့၏ သန္တာန်ဝယ်ဖြစ်သောစိတ်တို့မှာ - လောဘမူဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ပါး အကုသိုလ်စိတ်အားလုံးနှင့် ယှဉ်နိုင်သောစေတသိက်မှာ - သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး - ဝိတက်၊ ဝိစာရ၊ ဝီရိယ ၃ ပါး - သဗ္ဗာကုသလသာဓာရဏ စေတသိက် ၄ ပါး ပေါင်း ၁၄ ပါး ဖြစ်ပါသည်။ |
3 | 2 | 2012 | မနောဒွါရ၌ ဖြစ်သော စိတ်တို့ကို ဖော်ပြ၍၊ ၎င်းမနောဒွါရိကစိတ်တို့၏ အာရုံနှင့် ကာလတို့ကိုလည်း ပြည့်စုံစွာ ဖြေဆိုပြပါ။ | မနောဒွါရ၌ ဖြစ်သော စိတ်တို့မှာ ၁။ မနောဒွါရာဝဇ္ဇန်း ၁ ပါး ၂။ ကာမဇော ၂၉ ပါး ၃။ အပ္ပနာဇော ၂၆ ပါး ၄။ တဒါရုံစိတ် ၁၁ ပါး ပေါင်း ၆၇ ပါးတို့ဖြစ်ပါသည်။ ၎င်းမနောဒွါရိကစိတ်တို့၏ အာရုံမှာ - အာရုံ ၆ ပါး ၎င်းမနောဒွါရိကစိတ်တို့၏ ကာလမှာ - ကာလ ၃ ပါးစလုံးဖြစ်ပါသည်။ |
4 | 2 | 2012 | ပဉ္စဒါွရ၌ ဖြစ်သော ဝီထိစိတ်တို့ကို ရေးသားပြ၍ ဝီထိမည်ပါလျက် ဝီထိစိတ်မဖြစ်သော ဝီထိအမည်ကိုလည်း ရေးပြပါ။ | ပဉ္စဒါွရ၌ ဖြစ်သော ဝီထိစိတ်တို့မှာ ၁။ ပဉ္စဒွါရာဝဇ္ဇန်း ၂။ ဒွေပဉ္စဝိညာဏ် ၃။ သမ္ပဋိ စ္ဆိုင်းဒွေး ၄။ သန္တီရဏ ၃ ပါး ၅။ ဝုဋ္ဌော ၆။ ကာမဇောစိတ် ၂၉ ပါး ၇။ မဟာဝိပါက် သန္တီရဏစိတ် ၈ ပါး ပေါင်း ၅၄ ပါးတို့ဖြစ်ပါသည်။ ဝီထိမည်ပါလျက် ဝီထိစိတ်မဖြစ်သော ဝီထိအမည်မှာ မောဃဝါရ အတိပရိတ္တာရုံ ပဉ္စဒွါရဝီထိဖြစ်ပါသည်။ |
5 | 2 | 2012 | သုဒ္ဓါဝါသ ငါးဘုံကို သက်တမ်းနှင့်တကွ တွဲစပ်ပြ၍ စိတ်ပျံလွင့်နေသောပုဂ္ဂိုလ် အပါယ်ကျနိုင် မကျနိုင် ကိုလည်း အဘိဓမ္မာ အမြင်ဖြင့် ရှင်းလင်းပြပါ။ | သုဒ္ဓါဝါသ ငါးဘုံကို သက်တမ်းနှင့်တကွ ဖော်ပြရသော် ၁။ အဝိဟာ - မဟာကပ် ၁၀၀၀ ၂။ အတပ္ပါ - မဟာကပ် ၂၀၀၀ ၃။ သုဒဿာ - မဟာကပ် ၄၀၀၀ ၄။ သုဒဿီ - မဟာကပ် ၈၀၀၀ ၅။ အကနိဋ္ဌာ - မဟာကပ် ၁၆၀၀၀ တို့ဖြစ်ပါသည်။ စိတ်ပျံလွင့်နေသောပုဂ္ဂိုလ် အပါယ်မကျနိုင်ပါ။ အကြောင်းမှာ စိတ်ပျံ့လွင့်နေသောပုဂ္ဂိုလ်သည် ဥဒ္ဓစ္စ ဖြစ်နေပါသည်။ ဥဒ္ဓစ္စကြဉ် အကုသိုလ်စိတ် ၁၁ ပါးသည်သာ ပဋိသန္ဓေအခါ အပါယ်ဘုံသို့ ရောက်စေရန် အကျိုးပေးနိုင်ပါသည်။ ထို့ကြောင့် ဥဒ္ဓစ္စအကုသိုလ် ဖြစ်နေသောပုဂ္ဂိုလ်သည် အပါယ်သို့မကျရောက်နိုင်ပါ။ |
6 | 2 | 2012 | စိတ်ကြောင့်ဖြစ်သောရုပ်အစုတွင် မပါဝင်သောစိတ်တို့ကို ရေးသားပြ၍ ဝိညတ် စသည်တို့နှင့် မရောမယှက် သက်သက် သီးသန့်ဖြစ်သော ရုပ်တို့ကိုလည်း ဖော်ထုတ်ပြပါ။ | စိတ်ကြောင့်ဖြစ်သောရုပ်အစုတွင် မပါဝင်သောစိတ်တို့မှာ ၁။ ဒွေပဉ္စဝိညာဏ် ၁၀ ပါး ၂။ အရူပဝိပါက်စိတ် ၄ ပါး ၃။ ရဟန္တာတို့၏ စုတိစိတ်နှင့် ၄။ အလုံးစုံသော ပဋိသန္ဓေစိတ်တို့ဖြစ်သည်။ ဝိညတ်စသည်တို့နှင့် မရောမယှက် သက်သက် သီးသန့်ဖြစ်သော ရုပ်တို့မှာ ကလာပ်ဝိမုတ်ရုပ်များဖြစ်သည့် ၁။ ပရိစ္ဆေဒရုပ် ၁ ပါး ၂။ လက္ခဏရုပ် ၄ ပါး တို့ဖြစ်ပါသည်။ |
7 | 2 | 2012 | သတ္တဝါ၏အကျိုးကို ထောက်ပံ့ဆောင်ရွက်ပေး နိုင်သော အာဟာရလေးပါးတို့၏ အသီးသီး ဆောင်ရွက်ပုံကို စုံလင်အောင်ဖြေဆို၍ အဓိပတိထိုက်သောစိတ် မရထိုက်သောစိတ် တိုကိုလည်း တိကျစွာကောက်ပြပါ။ | သတ္တဝါ၏အကျိုးကို ထောက်ပံ့ဆောင်ရွက်ပေးနိုင်သော အာဟာရလေးပါးတို့၏ အသီးသီးဆောင်ရွက်ပုံမှာ ၁။ ကာဗဠီကာရာဟာရ သြဇရုပ်၊ သြဇာရုပ်နှင့်တကွ ရုပ် ၈ ပါးအစုဖြစ်သော သြဇဋ္ဌမက ရုပ်ကလာပ်ကိုဖြစ်စေ၏ ဆောင်၏ ၂။ ဖဿာဟာရ စိတ်အားလုံး၌ယှဉ်သော ဖဿစေတသိက် ဝေဒနာကိုဖြစ်စေခြင်း ထောက်ပ့ံခြင်းအကျိုးကို ဆောင်၏ ၃။ မနောသေဉ္စတနာဟာရ စိတ်အားလုံး၌ယှဉ်သော စေတနာ ပဋိသန္ဓေဝိညာဏ်စသောဝိပါက်စိတ်များကို ဖြစ်စေသော အကျိုးကို ဆောင်၏ ၄။ ဝိညာဏာဟာရ စိတ်အားလုံး အတူဖြစ်ဖက်စေတသိက်များနှင့် စိတ္တဇရုပ်များကို ဆောင်၏ အဓိပတိရထို်က်သောစိတ်တို့မှာ ၁။ ဒွိဟိတ်ဇောစိတ် ၁၈ ပါး ၂။ တိဟိတ်ဇောစိတ် ၃၄ ပါး ပေါင်း ဇောစိတ် ၅၂ ပါး အဓိပတိ မရထိုက်သော စိတ်တို့မှာ ၁။ မောဟမူစိတ် ၂ ပါး ၂။ အဟိတ်ကြိယာစိတ် ၃ ပါး ၃။ လောကီဝိပါက်စိတ် ၃၂ ပါး ဟူ၍ ကြွင်းစိတ် ၃၇ ပါးဖြစ်သည်။ |
8 | 2 | 2012 | ဘုရားရှင်ကို ရှိခိုးပူဇော်သူတစ်ဦး၏ သန္တာန်၌ ဖြစ်သင့်သော ပစ္စည်းပစ္စယုပ္ပန်တရားတို့ကို ဖော်ပြ၍ သဟာဇာတပစ္စည်းအရတွင် ပါဝင်ခွင့် မရှိသောဇောတို့ကိုလည်း တိကျစွာကောက်ပြပါ။ | ဘုရားရှင်ကို ရှိခိုးပူဇော်သူတစ်ဦး၏ သန္တာန်၌ ဖြစ်သင့်သော ပစ္စည်းပစ္စယုပ္ပန်တရားတို့မှာ - ဘုရားရှင်ကို ရှိခိုးပူဇော်နေသူတွင် သဒ္ဓါ၊ သတိ၊ အလောဘ စသော ကုသိုလ်တရားများ ဖြစ်နေပါသည်။ ၁။ ဤကုသိုလ်တရားများသည် - ပကတူပနိဿယ ပစ္စည်းများဖြစ်ကပြြီးလျှင် - အဇ္စျတ္တသန္တာန်၊ ဗဟိဒ္ဓသန္တာန်၌ဖြစ်ပေါ်ကြမည့် ကုသိုလ်၊ အကုသိုလ်၊ ဝိပါက်၊ ကြိယာဟူသည့် ပစ္စယုပ္ပန်တရားတို့အား အားကြီးသော မှီရာသတ္တိဖြင့် ကျေးဇူးပြု၏ ၂။ ထိုကုသိုလ်တရားများသည် - ဟေတုပစ္စည်းများဖြစ်ကပြြီး - တစ်ပေါင်းတည်းဖြစ်သော စိတ်စေတသိက်များ၊ ထိုစိတ်စေတသိက်ဖြစ်စေသည့် စိတ္တဇရုပ်များကို ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ ၃။ ထိုကုသိုလ်တရားများသည် - သဟဇာတပစ္စည်း၊ အညမညပစ္စည်း၊ နိဿယပစ္စည်း၊ အတ္ထိပစ္စည်း၊ အဝိဂတပစ္စည်းများ ဖြစ်ကပြြီးလျှင် - အချင်းချင်းဖြစ်သော ပစ္စယုပ္ပန်တရားများကို ထိုပစ္စယသတ္တိများဖြင့် ကျေးဇူးပြုကြသည်။ သဟဇာတပစ္စည်းအရတွင် ပါဝင်ခွင့် မရှိသောဇောတို့မှာ အားနည်းသော ဧကဟိတ်ဇော၊ အဟိတ်ဇောများ ဖြစ်ကြသည့် မောဟမူဇောစိတ် ၂ ပါးနှင့် ဟသိတုပ္ပါဒ်ဇောစိတ်တို့ဖြစ်ပါသည်။ |
9 | 2 | 2012 | သမ္မသနဉာဏ်ဖြင့် လက္ခဏာယာဉ်သုံးသပ်ပုံကို သိသာရုံမျှ ဖော်ပြ၍ သစ္စာလေးပါးသိမြင် ကိလေသာအချို့ကင်းစင်ပြီးသော သောတာပန် ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုအရိယာဖြစ်မှန်းသိနိုင် မသိနိုင်ကိုလည်း အဘိဓမ္မာအမြင်ဖြင့် တင်ပြပါ။ | သမ္မသနဉာဏ်ဖြင့် လက္ခဏာယာဉ်သုံးသပ်ပုံမှာ ၁။ အနိစ္စလက္ခဏာ - ရုပ်နာမ်တရားတို့၏ ခဏမစဲ အဆက်မပြတ် ဖြစ်ပျက်နေခြင်း၊ ပျက်စဲ ကုန်ဆုံးခြင်း သဘောကို အာရုံယူ၍ အနိစ္စ၊ အနိစ္စဟု အဖန်ဖန်ရှုပွားသော ဉာဏ်ကို အနိစ္စာနုပဿနာဟု ခေါ်၏ ၂။ ဒုက္ခလက္ခဏာ - ရုပ်နာမ်တရားတို့၏ ခဏမစဲ အဆက်မပြတ် ဖြစ်ပျက်နေခြင်း၊ ပျက်စဲ ကုန်ဆုံးခြင်းတို့ဖြင့် နှိပ်စက် ညှင်းပန်း ခံနေရသည့် ဆင်းရဲခြင်း သဘောကို အာရုံယူ၍ ဒုက္ခ၊ ဒုက္ခဟု အဖန်ဖန် ရှုပွားသော ဉာဏ်ကို ဒုက္ခာနုပဿနာဟုခေါ်၏ ၃။ အနတ္တာလက္ခဏာ - ရုပ်နာမ်တရားတို့သည် ဖြစ်မြဲ ဓမ္မတာအတိုင်း ဖြစ်ပျက်သွားခြင်း မိမိ၏ အလိုသို့ မလိုက်ပါစေနိုင်ခြင်း၊ အစိုးမရခြင်း၊ တည်မြဲသောဝိညာဉ်၊ ဇီဝ အတ္တတို့ မရှိခြင်း၊ ငါဟုမှတ်အပ်သော ပုဂ္ဂိုလ် သတ္တဝါမရှိခြင်း သဘောကို အာရုံယူ၍ အနတ္တ၊ အနတ္တဟု အဖန်ဖန် ရှုပွားသော ဉာဏ်ကို အနတ္တာနုပဿနာဟုခေါ်၏ သစ္စာလေးပါးသိမြင် ကိလေသာအချို့ ကင်းစင်ပြီးသော သောတာပန် ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုအရိယာဖြစ်မှန်းသိနိုင်ပါသည်။ အကြောင်းမှာ - ဝိပဿနာအားထုတ်ရာတွင် ဝိပဿနာဉာဏ်စဉ် အဆင့်ဆင့်တက်၍ အနုလောမဉာဏ်သို့ ရောက်သောအခါ သောတ္တာပတ္တိမဂ္ဂဝီထိဖြစ်ပါသည်။ - ထိုမဂ္ဂဝီထိဖြစ်ပြီးနောက်ဘဝင်ကျ၍ ဘဝင်အစဉ် ပြတ်သည့်အခါ မိမိ ရသည့် သောတာပတ္တိမဂ်ကို ဆင်ခြင်သောပစ္စဝေက္ခဏာဝီထိ၊ - သောတာပတ္တိဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ - နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ တို့သည် မုချဖြစ်ပါသည်။ - သောတာပတ္တိမဂ်က ပယ်အပ်သော ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကိလေသာတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ - မပယ်နိုင်၍ ကျန်နေသော ကိလေသာတို့ကို ဆင်ခြင်သည့် ပစ္စဝေက္ခဏာဝီထိ တို့ကား အချို့ပုဂ္ဂိုလ်၌ဖြစ်၍ အချို့မှာ မဖြစ်ပါ။ ထိုအပြင် သောတာပန်ပုဂ္ဂိုလ်သည် မိမိ ရထားသည့် သောတာပတ္တိ ဖလသမာပတ်ကို အလိုရှိသလောက် ဝင်စား၍ နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်ပါသည်။ အထက်ပါအချက်များနှင့် ပြည့်စုံလျှင် မိမိ သောတာပန် ဖြစ်ကြောင်း သိရပါသည်။ |
1 | 3 | 2012 | အကြောင်းအကျိုး ဤနှစ်မျိုးတွင် အကျိုးမဖက် အကြောင်းသက်သက်ဖြစ်သောစိတ်တို့ကို အကျယ်နည်းအားဖြင့် ဝေဖန်ပြ၍ လောကမှ လွတ်မြောက်သော လောကုတ္တရာစိတ်ကိုလည်း ဖြစ်ရာဘုံအားဖြင့် တိကျစွာ ဖော်ပြပါ။ | အကြောင်းအကျိုး ဤနှစ်မျိုးတွင် အကျိုးမဖက် အကြောင်းသက်သက်ဖြစ်သောစိတ်တို့မှာ ၁။ အကုသိုလ်စိတ် ၁၂ ပါး ၂။ မဟာကုသိုလ်စိတ် ၈ ပါး ၃။ ရူပါဝစရစိတ် ၅ ပါး ၄။ အရူပါဝစရစိတ် ၄ ပါး ၅။ လောကုတ္တရာမဂ်စိတ် ၂၀ ပါး ပေါင်း ၄၉ ပါးဖြစ်ပါသည်။ လောကမှ လွတ်မြောက်သော လောကုတ္တရာစိတ်ကို ဖြစ်ရာဘုံအားဖြင့် ဖော်ပြရသော် အဝတ္ထာဘုံ ဖြစ်ပါသည်။ |
2 | 3 | 2012 | အဟိတ်စိတ်၌ လုံးဝမယှဉ်သော အညသမာန်း စေတသိက်ကို ၎င်းတို့၏ ယှဉ်ရာစိတ်နှင့် တွဲစပ်ဖြေဆို၍ (က) မနောဓာတ် ၃ ပါး (ခ) အဟိတ်ပဋိသန္ဓေအစုံ အမည်ရသောစိတ် တို့ကိုလည်း ဖြေဆိုပါ။ | အဟိတ်စိတ်၌ လုံးဝမယှဉ်သော အညသမာန်းစေတသိက်မှာ - ဆန္ဒစေတသိက်ဖြစ်ပါသည်။ ဆန္ဒယှဉ်ရာစိတ်မှာ ၁။ မောဟမူကြဉ် အကုသိုလ် ၁၀ ပါး ၂။ ကာမသောဘနစိတ် ၂၄ ပါး ၃။ မဟဂ္ဂုတ်စိတ် ၂၇ ပါး ၄။ လောကုတ္တရာစိတ် ၈ ပါး ပေါင်း စိတ်အကျဉ်း ၆၉ ပါးတို့ဖြစ်ပါသည်။ (က) မနောဓာတ် ၃ ပါး - ပဉ္စဒွါရာဝဇ္ဇန်း - သမ္ပဋိ စ္ဆိုန်းဒွေး (ခ) အဟိတ်ပဋိသန္ဓေအစုံ အမည်ရသောစိတ် - အကုသလဝိပါက်ဥပေက္ခာသန္တီရဏစိတ် - အဟိတ်ကုသလဝိပါက်ဥပေက္ခာသန္တီရဏစိတ် |
3 | 3 | 2012 | အရူပစိတ်ချင်း တူပါလျက် ပြုရာအာရုံချင်း မတူပုံကို ခွဲခြားပြ၍၊ ရူပဘုံသား ဗြဟ္မာများ၌ ရနိုင်သော ဝတ္ထုရုပ်နှင့် မရနိုင်သော ဝတ္ထုရုပ် တို့ကိုလည်း ဖော်ပြပါ။ | အရူပစိတ်ချင်း တူပါလျက် ပြုရာအာရုံချင်း မတူပုံမှာ ၁။ အာကာသာနဉ္စယတနစိတ် ၃ ပါးနှင့် အာကိဉ္စညာယတနစိတ် ၃ ပါးသည် ပညတ်အာရုံ ၂။ ဝိညာဏဉ္စာယတနစိတ် ၃ ပါးနှင့် နေဝသညာနာသညာယတနစိတ် ၃ ပါးသည် စိတ်ဟူသော ပရမတ်အာရုံ ဟူ၍ ကွဲပြားပါသည်။ အသညသတ်ကြဉ် ရူပဘုံသား ဗြဟ္မာများ၌ ရနိုင်သော ဝတ္ထုရုပ် - စက္ခုဝတ္ထု - သောတဝတ္ထု - ဟဒယဝတ္ထု မရနိုင်သော ဝတ္ထုရုပ် - ဃာနဝတ္ထု - ဇိဝှါဝတ္ထု - ကာယဝတ္ထုတို့ဖြစ်ပါသည်။ အသညသတ်ဘုံသားဗြဟ္မာများတွင် မည်သည့်ဝတ္ထုရုပ်မျှ မရပါ။ |
4 | 3 | 2012 | သမာပတ်ဝင်စားချိန်အတွင်း၌ ဖြစ်သင့်သောတရား မဖြစ်သောတရားတို့ကို ခွဲဲခြားပြ၍ အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌သာ ဖြစ်သော ဇောစိတ်တို့ကိုလည်း ရေးသားပြပါ။ | သမာပတ်ဝင်စားချိန်အတွင်း၌ ဖြစ်သင့်သောတရားမှာ ၁။ စျာနသမာပတ်ဖြစ်လျှင် - စျာန်စိတ်နှင့် ယှဉ်ရာစေတသိက် - ရုပ် ၂။ ဖလသမာပတ်ဖြစ်လျှင် - ဖိုလ်စိတ်နှင့် ယှဉ်ရာစေတသိက် - ရုပ် ၃။ နိရောဓသမာပတ်ဖြစ်လျှင် - ကမ္မဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ် သမာပတ်ဝင်စားချိန်အတွင်း၌ မဖြစ်သောတရားမှာ ၁။ စျာနသမာပတ်ဖြစ်လျှင် - နီဝရဏတရားများ ၂။ ဖလသမာပတ်ဖြစ်လျှင် - ဆိုင်ရာဖိုလ်ဖြင့် ပယ်သတ်ထားသောတရားများ ၃။ နိရောဓသမာပတ်ဖြစ်လျှင် - စိတ်၊ စေတသိက်နှင့် စိတ္တဇရုပ်တို့ဖြစ်ပါသည်။ အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌သာ ဖြစ်သော ဇောစိတ်တို့မှာ - ဟသိတုပ္ပါဒ်စိတ် ၁ ပါး - မဟာကြိယာစိတ် ၈ ပါး - မဟဂ္ဂုတ်ကြိယာစိတ် ၉ ပါး - လောကုတ္တရာမဂ် ၄ ပါး - လောကုတ္တရာဖိုလ် ၄ ပါးတို့ဖြစ်ပါသည်။ |
5 | 3 | 2012 | ရုပ်ခန္ဓာချည်းနေလျှင် အပြစ်တစ်စုံတစ်ရာမရှိဘဲ အေးမြငြိမ်းချမ်းဖွယ်ရှိသည်ဟု သညာနှင့်တကွ စိတ် စေတသိက်အားလုံးတို့ အပေါ်၌ စက်ဆုပ်အောင် (သညာဝိရာဂဘာဝနာ) အဘယ်စျာန်ကိုပွားများရမည် အဘယ်ဘုံသို့ ရောက်နိုင်သည်ကို ရှင်းပြ၍ ကံ၏အာရုံ (ကမ္မနိမိတ်) အမျိုးအစားကိုလည်း အဓိပ္ပါယ်နှင့်တကွ ရှင်းပြပါ။ | ရုပ်ခန္ဓာချည်းနေလျှင် အပြစ်တစ်စုံတစ်ရာမရှိဘဲ အေးမြငြိမ်းချမ်းဖွယ်ရှိသည်ဟု သညာနှင့်တကွ စိတ် စေတသိက်အားလုံးတို့ အပေါ်၌ စက်ဆုပ်အောင် (သညာဝိရာဂဘာဝနာ)ဖြစ်အောင် သညာပျောက်အောင်ရှူမှုနှင့်ဖြစ်သော ရူပါဝစရပဉ္စမစျာန်ကို ပွားများရပါမည်။ ထိုသို့ပွားလျှင် အသညသတ်ဘုံသို့ ရောက်ပါသည်။ ကံ၏အာရုံ (ကမ္မနိမိတ်) အမျိုးအစားများမှာ ၁။ ဥပလဒ္ဓနိမိတ် - တိုက်ရိုက်ရအပ်သော နိမိတ် ဥပမာ။ ကျောင်းဆောက်လှူရာတွင် ကျောင်းအာရုံ ၂။ ဥပကရဏနိမိတ် - ကံပြီးမြောက်ဖို့ရာ အခြံအရံမျှဖြစ်သော အာရုံ ဥပမာ။ ကျောင်းဆောက်လှူရာတွင် ဆွမ်းသင်္ကန်းစသည် |
6 | 3 | 2012 | ကလလရေကြည် အမည်ရသော ကလာပ်စည်းတို့၏ အမည်တို့ကို ရေးသားပြ၍ ကမ္ဘာဦးလူသားများ ချို့တဲ့သောရုပ်ကလာပ်တို့ကိုလည်း ဖော်ထုတ်ပြပါ။ | ကလလရေကြည် အမည်ရသော ကလာပ်စည်းတို့၏ အမည်တို့မှာ ၁။ ကာယဒသကကလာပ် ၂။ ဘာဝဒသကကလာပ် ၃။ ဝတ္ထုဒသကကလာပ် တို့ဖြစ်ပါသည်။ ကမ္ဘာဦးလူသားများ ချို့တဲ့သောရုပ်ကလာပ်မှာ - ဘာဝဒသကကလာပ်ဖြစ်ပါသည်။ |
7 | 3 | 2012 | လောကသံသရာ ဘဝနှစ်ဖြာတွင် အထက်တန်း ကျကျနေနိုင်ရေးအတွက် လုံ့လပြုရမည့် နည်းလမ်းကောင်းများကို အဘိဓမ္မာအမြင်ဖြင့် ရှာဖွေတင်ပြ၍ ဥပါဒါနက္ခန္ဓာငါးပါးတရားကိုယ် ကောက်ရမည့်တရားများကိုလည်း ဖော်ပြပါ။ | လောကသံသရာ ဘဝနှစ်ဖြာတွင် အထက်တန်း ကျကျနေနိုင်ရေးအတွက် လုံ့လပြုရမည့် နည်းလမ်းကောင်းများမှာ ၁။ ဖြစ်ပြီးသော အကုသိုလ်တရားများကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း ၂။ မဖြစ်သေးသော အကုသိုလ်တရားများကို မဖြစ်စေခြင်းငှာ အားထုတ်ခြင်း ၃။ မဖြစ်သေးသော ကုသိုလ်တရားများကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း ၄။ ဖြစ်ပြီးသော ကုသိုလ်တရားများကို ခိုင်ခံ့တိုးပွားခြင်းငှာ အားထုတ်ခြင်း တို့ဖြစ်ပါသည်။ ဥပါဒါနက္ခန္ဓာငါးပါး တရားကိုယ် ကောက်ရမည့်တရားများမှာ ၁။ ရူပုပါဒါနက္ခန္ဓာ - ရုပ် ၂၈ ပါးအပေါင်းအစု ၂။ ဝေဒနုပါဒါနက္ခန္ဓာ - လောကီစိတ် ၈၁ ပါးနှင့်ယှဉ်သော ဝေဒနာတို့၏ အပေါင်းအစု ၃။ သညုပါဒါနက္ခန္ဓာ - လောကီစိတ် ၈၁ ပါးနှင့်ယှဉ်သော သညာတို့၏ အပေါင်းအစု ၄။ သင်္ခါရုပါဒါနက္ခန္ဓာ - လောကီစိတ် ၈၁ ပါးနှင့်ယှဉ်ရာ ဝေဒနာ သညာတို့မှအပ ကြွင်းသောစေတသိက် ၅ဝတို့၏ အပေါင်းအစု ၅။ ဝိညာဏုပါဒါနက္ခန္ဓာ လောကီစိတ် ၈၁ ပါးတို့၏ အပေါင်းအစု တို့ဖြစ်ပါသည် |
8 | 3 | 2012 | အချိန်ကာလအလိုက် အမည်အမျိုးမျိုးရသော ရုပ်စု၏ ရသောအမည်နှင့်ကာလတို့ကို ဖော်ပြ၍ ပဋ္ဌာန်း ၂၄ ပစ္စည်းကိုလည်း ပရမတ် အနေအားဖြင့် အကျဉ်းချုပ်ကောက်ပြပါ။ | အချိန်ကာလအလိုက် အမည်အမျိုးမျိုးရသော ရုပ်စု၏ ရသောအမည်နှင့်ကာလတို့မှာ - နေ၏ရှေးဦးစွာထွက်စအခါကို တစ်နေ့လုံး အတွက် ရှေးဦးစွာအခါဖြစ်၍ ပုဗ္ဗဏှ (နံနက်ပိုင်း) - နေ့လည်အခါကို မဇ္စျဏှ(နေ့လည်ပိုင်း) - ညနေအခါကို အပရဏှ(ညနေပိုင်း) ဟူ၍ ကာလပညတ်များ သတ်မှတ်ပါသည်။ ပဋ္ဌာန်း ၂၄ ပစ္စည်းကိုလည်း ပရမတ် အနေအားဖြင့် အကျဉ်းချုပ်ကောက်ရသော် ၁။ စိတ် ၈၉ ပါး ၂။ စေတသိက် ၅၂ ပါး ၃။ ရုပ် ၂၈ ပါး ၄။ နိဗ္ဗာန် ၅။ ပညတ်တို့ဖြစ်ပါသည်။ |
9 | 3 | 2012 | လောက၌ မည်သို့သောပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု သတ်မှတ်ပါနည်း ဖြေဆိုပြီးလျှင် ၎င်းပုဂ္ဂိုလ်များ ပယ်အပ်သောကိလေသာနှင့် အကုသိုလ်စိတ် တို့ကိုလည်း တိကျစွာ ကောက်ပြပါ။ | လောက၌ မဂ် ၄ တန်၊ ဖိုလ် ၄ တန်ကို ရရှိပြီး ကိလေသာအားလုံးမှ စင်ကြယ်သော ပုဂ္ဂိုလ်ကို ရဟန္တာဟု သတ်မှတ်ပါသည်။ ၎င်းပုဂ္ဂိုလ်များ ပယ်အပ်သော ကိလေသာမှာ အောက်မဂ် ပုဂ္ဂိုလ်များ မပယ်နိုင်၍ ကျန်နေသော ကိလေသာများ ဖြစ်သည့် ၁။ မောဟ ၂။ အဟိရိက ၃။ အနောတ္တပ္ပ ၄။ ဥဒ္ဓစ္စ ၅။ လောဘ ၆။ မာန ၇။ ထိနဟူ၍ ၇ ပါးဖြစ်ပါသည်။ ၎င်းပုဂ္ဂိုလ်များ ပယ်အပ်သော အကုသိုလ်စိတ် များမှာ အောက်မဂ် ပုဂ္ဂိုလ်များ မပယ်နိုင်၍ ကျန်နေသော အကုသိုလ်စိတ်များဖြစ်သည့် ၁။ လောဘမူဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ပါး ၂။ မောဟမူဥဒ္ဓစ္စသဟဂုတ်စိတ် ၁ ပါး ပေါင်း ၅ ပါးကို အကြွင်းမဲ့ပယ်ပါသည်။ |
3 | 4 | 2012 | မနောဒွါရာဝဇ္ဇာန်းဟူသော ဝုဋ္ဌောစိတ်ကို ခံစားမှုဝေဒနာ ဖြစ်ရာဒွါရ လိုက်စားရာအာရုံ မှီရာဝတ္ထုတို့ဖြင့် ဝေဖန်ပြပါ။ | မနောဒွါရာဝဇ္ဇန်းဟူသော ဝုဋ္ဌောစိတ်၏ ခံစားမှုဝေဒနာ - ဥပေက္ခာဝေဒနာ ဖြစ်ရာဒွါရ - ဒွါရ ၆ ပါး လိုက်စားရာအာရုံ - အလုံးစုံသော အာရုံ မှီရာဝတ္ထု - ပဉ္စဝေါကာရဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုမှီ - စတုဝေါကာရဘုံ၌ဖြစ်ခိုက် မည်သည့်ဝတ္ထုကိုမှ မမှီ |
6 | 4 | 2012 | သညာမရှိသောဘုံတို့၌ ရထိုက်သမျှသော ရုပ်တို့ကို ဖော်ထုတ်ပြ၍ ရုပ်တို့၏ ဖြစ်ပျက်ပုံကို ဘယ်ဌာန အဘယ်အပြားတို့ဖြင့် သိထိုက်သည်ကိုလည်း ဖြေဆိုပြပါ။ | သညာမရှိသောဘုံတို့၌ ရထိုက်သမျှသော ရုပ်တို့မှာ ၁။ အဝိနိဗ္ဘောဂရုပ် ၈ ပါး ၂။ ဇိဝိတရုပ် ၁ ပါး ၃။ ပရိစ္ဆေဒရုပ် ၁ ပါး ၄။ လဟုတာဒိရုပ် ၃ ပါး ၅။ လက္ခဏရုပ် ၄ ပါး ပေါင်း ၁၇ ပါးဖြစ်ပါသည်။ ရုပ်တို့၏ ဖြစ်ပျက်ပုံမှာ (က) ဌာနအားဖြင့် ၁။ ကာမ ၁၁ ဘုံ - ရုပ် ၂၈ ပါး ၂။ အသညသတ်ကြဉ် ရူပ ၁၅ ဘုံ - ဃာန၊ ဇိဝှါ၊ ကာယ၊ ဘာဝရုပ် ၂ ပါး ကြဉ် ရုပ် ၂၃ ပါး ၃။ အသညသတ်ဘုံ - ဥတုဇရုပ်၊ ဇိဝတရုပ်၊ လက္ခဏရုပ် ၄။ အရူပဘုံ - မည်သည့်ရုပ်မျှ မဖြစ်မပျက် တို့ ဖြစ်ပျက်ကြသည်။ (ခ) အပြားအားဖြင့် ၁။ ပဋိသန္ဓေအခါ - ကမ္မဇရုပ် ၂။ ပဝတ္တိအခါ - ရုပ် ၂၈ ပါး ထိုက်သင့်သလို အားဖြင့် သိထိုက်ပါသည်။ |
8 | 4 | 2012 | ပညတ်၏သဘောသွားကို လေ့လာထားသူများ ဖြစ်သည့်နှင့် အားလျော်စွာ အောက်ပါဝေါဟာရ တို့၌ ဖြစ်သင့်သော သဒ္ဒပညတ်အမည်တို့ကို အကြောင်းပြ၍ ပြည့်စုံစွာ ဖြေဆိုပါ။ (က) ကြက်တွန်သံ (ခ) မဂ်ပုဂ္ဂိုလ် (ဂ) လောဘ ဒေါသ | (က) ကြက်တွန်သံ - အဝိဇ္ဇာမာနေန ဝိဇ္ဇာမာနသဒ္ဒပညတ် ပရမတ္ထအားဖြင့် အထင်အရှားမရှိသော အနက်ဒပြ် အတ္ထပညတ်ဖြစ်သည့် ကြက်နှင့် အထင်အရှားရှိသောအနက်ဒပြ်အတ္ထပညတ် ဖြစ်သည့် တွန်သံကို တွဲစပ်၍ သိစေကြောင်းဖြစ်သော သဒ္ဒပညတ် ဖြစ်သောကြောင့်ဖြစ်သည်။ (ခ) မဂ်ပုဂ္ဂိုလ် - ဝိဇ္ဇာမာနေန အဝိဇ္ဇာမာနသဒ္ဒပညတ် ပရမတ္ထအားဖြင့် အထင်အရှားရှိသော အနက်ဒပြ် အတ္ထပညတ်ဖြစ်သည့် မဂ်နှင့် အထင်အရှားမရှိသောအနက်ဒပြ်အတ္ထပညတ် ဖြစ်သည့် ပုဂ္ဂိုလ်ကို တွဲစပ်၍ သိစေကြောင်းဖြစ်သော သဒ္ဒပညတ်ဖြစ်သောကြောင့်ဖြစ်သည်။ (ဂ) လောဘ ဒေါသ - ဝိဇ္ဇာမာနေန ဝိဇ္ဇာမာနသဒ္ဒပညတ် ပရမတ္ထအားဖြင့် အထင်အရှားရှိသော အနက်ဒပြ် အတ္ထပညတ်ဖြစ်သည့် လောဘနှင့် အထင်အရှားရှိသော အနက်ဒပြ် အတ္ထပညတ် ဖြစ်သည့် ဒေါသကို တွဲစပ်၍ သိစေကြောင်းဖြစ်သော သဒ္ဒပညတ်ဖြစ်သောကြောင့်ဖြစ်သည်။ |
1 | 1 | 2013 | အရင်းစစ်က အမြစ်မြေကဟုဆိုရလောက်အောင် တောတောင်ရေမြေ သတ္တဝါထွေထွေ ကွဲပြားသော်လည်း အရင်းစစ်က မည်သည့်ပရမတ်တရားတို့ကိုသာ ရရှိပါသနည်း၊ ဖြေဆို၍ မတင့်တယ်သော်လည်း အကုသိုလ်မဟုတ်သောစိတ် အမျိုးအစားကိုလည်း သဘောတူရာ ပေါင်းစပ်၍ ရေတွက်ပြပါ။ | အရင်းစစ်က အမြစ်မြေကဟုဆိုရလောက်အောင် တောတောင်ရေမြေ သတ္တဝါထွေထွေ ကွဲပြားသော်လည်း အရင်းစစ်က စိတ်၊ စေတသိက်၊ ရုပ်ပရမတ်တရားတို့ကိုသာ ရရှိပါသည်။ မတင့်တယ်သော်လည်း အကုသိုလ်မဟုတ်သောစိတ် အမျိုးအစားကိုလည်း သဘောတူရာ ပေါင်းစပ်၍ ရေတွက်ပြရသော် ၁။ စက္ခုဝိညာဏ်ဒွေ ၂။ သောတဝိညာဏ်ဒွေ ၃။ ဃာနဝိညာဏ်ဒွေ ၄။ ဇိဝှါဝိညာဏ်ဒွေ ၅။ ကာယဝိညာဏ်ဒွေ ၆။ သမ္ပဋိ စ္ဆိုန်းဒွေ ၇။ သန္တီရဏ ၃ ပါး ၈။ အာဝဇ္ဇန်းဒွေ ၉။ ဟသိတုပ္ပါဒ် အားဖြင့် အဟိတ်စိတ် ၁၈ ပါး ဖြစ်ပါသည်။ |
2 | 1 | 2013 | ရောင်စုံချယ်သ စိတ်အလှကို လှပတင့်တယ်အောင် (က) ချယ်သနိုင်သော စေတသိက်အုပ်စု (ခ) မချယ်သနိုင်သော စေတသိက်အုပ်စု (ဂ) နှစ်မျိုးစုံပြုလုပ်နိုင်သော စေတသိက်အုပ်စုကို ဖြေဆို၍ စိတ်၌မှီတွယ် စိတ်ကိုချယ်လှယ်သော စိတ်၏ ငြိမ်းအေးမှု၊ လျင်မြန်မှု၊ နူးညံ့မှု၊ ဖြောင့်မတ်မှု စိတ်စွမ်းအင်သည် မည်သည့်စေတသိက်တို့၏ သဘောလက္ခဏာများ ဖြစ်သည်ကို ဖြေဆိုပါ။ | ရောင်စုံချယ်သ စိတ်အလှကို လှပတင့်တယ်အောင် (က) ချယ်သနိုင်သော စေတသိက်အုပ်စု သောဘနစေတသိက် ၂၅ ပါး (ခ) မချယ်သနိုင်သော စေတသိက်အုပ်စု အကုသိုလ်စေတသိက် ၁၄ ပါး (ဂ) နှစ်မျိုးစုံပြုလုပ်နိုင်သော စေတသိက်အုပ်စု အညသမာန်းစေတသိက် ၁၃ ပါး တို့ဖြစ်ပါသည်။ စိတ်၏ ငြိမ်းအေးမှု - စိတ္တပဿဒ္ဓိစေတသိက် စိတ်၏ လျင်မြန်မှု - စိတ္တလဟုတာစေတသိက် စိတ်၏ နူးညံ့မှု - စိတ္တမုဒုတာစေတသိက် စိတ်၏ ဖြောင့်မတ်မှု - စိတ္တုဇုကတာစေတသိက် တို့ဖြစ်ပါသည်။ |
3 | 1 | 2013 | ကိုယ်ပိုင်လက္ခဏာ သီးခြားစီပိုင်ဆိုင်ကြသည့် (၅၃)ပါး နာမ်တရား တို့ကိုရေတွက်ပြ၍ နည်းအလိုက် နာမည်သာကွဲ တစ်မျိုးတည်းသာ ဖြစ်သော ဝေဒနာကိုလည်းဖြေဆိုပြပါ။ | ကိုယ်ပိုင်လက္ခဏာ သီးခြားစီပိုင်ဆိုင်ကြသည့် (၅၃)ပါး နာမ်တရား တို့မှာ ၁။ စိတ် ၁ ပါး ၂။ စေတသိက် ၅၂ ပါး ပေါင်း ၅၃ ပါးဖြစ်ပါသည်။ နည်းအလိုက် နာမည်သာကွဲ တစ်မျိုးတည်းသာ ဖြစ်သော ဝေဒနာမှာ - - ဣန္ဒြိယဘေဒနည်း၌ ဥပေက္ခာဝေဒနာ - အနုဘဝနနည်း၌ အဒုက္ခမသုခဝေဒနာ ဟူ၍ ဝေဒနာတမျိုးတည်းကို နာမည်ကွဲလွဲ ခေါ်ကြသော်လည်း ခံစားတတ်သော ဝေဒနာအားဖြင့် ချမ်းသာသည်လည်းမဟုတ်၊ ဆင်းရဲသည်လည်း မဟုတ်သော အလယ်အလတ် ခံစားတတ်သည့် ဝေဒနာတစ်ခုတည်းသာဖြစ်ပါသည်။ |
4 | 1 | 2013 | လူသားတို့၏ စိတ်သက်သည် အဘိဓမ္မာနည်းအရ မည်မျှရှည်လျားသည်ကို တွက်ချက်ပြ၍ စာမေးပွဲဝင်စာဖြေရှင်တို့၏ စိတ်ဝိညာဉ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော ဝီထိ ၆ မျိုး၏ အမည်ကိုလည်း ရေးသားပြပါ။ | လူသားတို့၏ စိတ်သက်သည် အဘိဓမ္မာနည်းအရ - ဥပါဒ်၊ ဌီ၊ ဘင်ဟူသော ခဏငယ် ၃ ချက်ဟူသော စိတ္တခဏကြီး ၁ ချက် ရှည်လျားပါသည်။ စာမေးပွဲဝင်စာဖြေရှင်တို့၏ စိတ်ဝိညာဉ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော ဝီထိ ၆ မျိုးမှာ ၁။ စက္ခုဝိညာဏဝီထိ ၂။ သောတဝိညာဏဝီထိ ၃။ ဃာနဝိညာဏဝီထိ ၄။ ဇိဝှါဝိညာဏဝီထိ ၅။ ကာယဝိညာဏဝီထိ ၆။ မနောဝိညာဏဝီထိ တို့ဖြစ်ပါသည်။ |
5 | 1 | 2013 | သံသရာလမ်း ခရီးကြမ်းဝယ် လျှောက်လှမ်းကြငြား ပုဂ္ဂိုလ်များတွင် သက်တမ်းရှည်ကြာ နေထိုင်ခွင့် ရသော ပုဂ္ဂိုလ်ကို (က) ပဋိသန္ဓေစိတ် (ခ) သက်တမ်းတို့နှင့်တကွ ဖော်ပြပါ။ | သံသရာလမ်း ခရီးကြမ်းဝယ် လျှောက်လှမ်းကြငြား ပုဂ္ဂိုလ်များတွင် သက်တမ်းရှည်ကြာ နေထိုင်ခွင့် ရသော ပုဂ္ဂိုလ်မှာ နေဝသညာနာသညာဘုံသား ဖြစ်ပါသည်။ ထိုဘုံသား၏ (က) ပဋိသန္ဓေစိတ် - နေဝသညာနာသညာဝိပါက်စိတ် (ခ) သက်တမ်း - မဟာကပ် ၈၄၀၀၀ တို့ဖြစ်ပါသည်။ |
6 | 1 | 2013 | ပရမတ်အစစ် ဓာတ်အနှစ် ဟုဆိုကြရာ ရုပ်ပရမတ်ကို အစစ် အတု ခွဲခြားပြ၍ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည် ဟုဆိုရလောက်အောင် ခွဲခြား၍ မရကောင်းသော ရုပ်တို့၏ အမည်စာရင်းကိုလည်း ပြုစုပြပါ။ | ပရမတ်အစစ် ဓာတ်အနှစ် ဟုဆိုကြရာ ရုပ်ပရမတ်က အစစ် အတု ခွဲခြားပြရသော် (က) ရုပ်အစစ် ၁။ မဟာဘုတ် ၄ ပါး ၂။ ပသာဒရုပ် ၅ ပါး ၃။ ဂေါစရရုပ် ၄ ပါး ၄။ ဘာဝရုပ် ၂ ပါး ၅။ ဇီဝိတရုပ် ၁ ပါး။ ၆။ ဟဒယရုပ် ၁ ပါး ၇။ အာဟာရရုပ် ၁ ပါး ပေါင်း ၁၈ ပါး (ခ) ရုပ်အတု ၁။ ပရိစ္ဆေဒရုပ် ၁ ပါး ၂။ ဝိညတ်ရုပ် ၂ ပါး ၃။ ဝိကာရရုပ် ၃ ပါး ၄။ လက္ခဏရုပ် ၄ ပါး ပေါင်း ၁၀ ပါး ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည် ဟု ဆိုရလောက်အောင် ခွဲခြား၍ မရကောင်းသော ရုပ်တို့၏ အမည်စာရင်းမှာ ၁။ ပထဝီ ၂။ အာပေါ ၃။ တေဇော ၄။ ဝါယော ၅။ ဝဏ္ဏ ၆။ ဂန္ဓ ၇။ ရသ ၈။ သြဇရုပ်တို့ဖြစ်ပါသည်။ |
7 | 1 | 2013 | မိမိအယူသာမှန်သည် တခြားအယူများမမှန်ဟု တယူသန်စွဲလမ်းလျက်ရှိသော ပုဂ္ဂိုလ်၌ ဖြစ်သော ဥပါဒါန်ကို ရေးသားဖြေဆိုပြ၍ တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်တို့၏ သန္တာန်၌ စျာန်တရားများဖြစ်ပေါ်ခွင့်မရအောင် တားဆီးပိတ်ပင်တတ်သော ကိလေသာများကို ဖြေဆိုပါ။ | မိမိအယူသာမှန်သည် တခြားအယူများမမှန်ဟု တယူသန်စွဲလမ်းလျက်ရှိသော ပုဂ္ဂိုလ်၌ ဖြစ်နေသော အယူမှားမှာ - ဣဒံသစ္စာဘိနိဝေသဒိဋ္ဌိဖြစ်ပြီး ဒိဋ္ဌုပါဒါန်တွင် ပါဝင်ပါသည်။ တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်တို့၏ သန္တာန်၌ စျာန်တရားများဖြစ်ပေါ်ခွင့်မရအောင် တားဆီးပိတ်ပင်တတ်သော ကိလေသာများမှာ ၁။ လောဘ ၂။ ဒေါသ ၃။ ထိန ၄။ ဥဒ္ဓစ္စ ၅။ ဝိစိကိစ္ဆာ တို့ဖြစ်ပါသည်။ |
8 | 1 | 2013 | သတ္တဝါတစ်ဦးတစ်ယောက်ဖြစ်တည်လာပြီးလျှင် မအိုမသေ အမြဲနေရသောသတ္တဝါမျိုးဟူ၍ ရှိနိုင် မရှိနိုင် ရေးသားဖြေဆို၍ အောက်ပါတို့၏ အကြောင်းတရားများကိုလည်း ဖော်ပြပါ။ (က) တပ်မက်ခင်မင်လိုချင်မှု (ခ) အငမ်းမရစွဲလမ်းမှု (ဂ) စိုးရိမ်ပူဆွေးငိုကြွေးမှု | သတ္တဝါတစ်ဦးတစ်ယောက်ဖြစ်တည်လာပြီးလျှင် မအိုမသေ အမြဲနေရသောသတ္တဝါမျိုးဟူ၍ မရှိနိုင်ပါ။ အကြောင်းမှာ ပဋိစ္စသမုပ္ပါဒ်တရားတော်တွင် ဇာတိပစ္စယာ ဇရာ၊ မရဏံစသည်ဖြင့် ဟောကြားတော်မူရာ ပဋိသန္ဓေနေခြင်းဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်းတို့မုချ မသွေဖြစ်ပေါ်ရ၏။ ထို့ကြောင့် သတ္တဝါတစ်ဦးတစ်ယောက်ဖြစ်တည်လာပြီးလျှင် မအိုမသေ အမြဲမနေရ သေရမည်ဖြစ်ပါသည်။ (က) တပ်မက်ခင်မင်လိုချင်မှု၏ အကြောင်းမှာ - ဝေဒနာ (ခ) အငမ်းမရစွဲလမ်းမှု၏ အကြောင်းမှာ - တဏှာ (ဂ) စိုးရိမ်ပူဆွေးငိုကြွေးမှု၏ အကြောင်းမှာ - ဇာတိ တို့ဖြစ်ပါသည်။ |
9 | 1 | 2013 | ကြီးကျယ်ခမ်းနားစွာပြင်ဆင်ထားသော စားသောက် ဖွယ်ရာတို့ကို စက်ဆုပ်ရွံရှာဖွယ်အဖြစ် ရှူမှတ် ဆင်ခြင်လျှင် ဖြစ်သောကမ္မဋ္ဌာန်းကို ဖော်ပြ၍ ၎င်းကမ္မဋ္ဌာန်းကို ပွားများရန် သင့်လျော်သော ပုဂ္ဂိုလ်တို့ကိုလည်း ညွှန်ပြပါ။ | ကြီးကျယ် ခမ်းနားစွာ ပြင်ဆင်ထားသော စားသောက်ဖွယ်ရာတို့ကို စက်ဆုပ်ရွံရှာဖွယ်အဖြစ် ရှူမှတ် ဆင်ခြင်လျှင် ဖြစ်သောကမ္မဋ္ဌာန်းမှာ - အာဟာရေပဋိကူလသညာကမ္မဋ္ဌာန်းဖြစ်ပါသည်။ ၎င်းကမ္မဋ္ဌာန်းကို ပွားများရန် သင့်လျော်သော ပုဂ္ဂိုလ်တို့မှာ - ဗုဒ္ဓိ(ပညာ) စရိုက် ရှိသော ပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။ |
1 | 2 | 2013 | အာရုံပွား၍ စိတ်များသည် ဟူသောအဆိုသည် အရူပစိတ်သဘောအရ လက်ခံနိုင်ဖွယ်ရှိ/မရှိ စိစစ်ဝေဖန်ပြ၍ အကျဉ်းကို အကျယ်ချဲ့ ပိုထွက်မလာသောစိတ်တို့ကိုလည်း အဘိဓမ္မာသရုပ်ဖြင့် အဖြေထုတ်ပြပါ။ | အာရုံပွား၍ စိတ်များသည် ဟူသောအဆိုသည် အရူပစိတ်သဘောအရ လက်ခံနိုင်ဖွယ်ရှိပါသည်။ ဤတွင် ၁။ အာကာသာနဉ္စာယတနစိတ်သည် ကောင်းကင်ပညတ်ကိုလည်းကောင်း ၂။ ဝိညာနဉ္စာယတနစိတ်သည် ပထမာရုပ္ပါစိတ်ကိုလည်းကောင်း ၃။ အာကိဉ္စညာယတနစိတ်သည် နတ္ထိဘောပညတ်ကိုလည်းကောင်း ၄။ နေဝသညာနာသညာယတနစိတ်သည် တတိယာရုပ္ပါစိတ်ကိုလည်းကောင်း အာရုံများကွဲပြားလျက် ရှိသောကြောင့် လက်ခံနိုင်ပါသည်။ အကျဉ်းကို အကျယ်ချဲ့ ပိုထွက်မလာသောစိတ်တို့ကို အဘိဓမ္မာသရုပ်ဖြင့် ရေတွက်ပြရသော် ၁။ အကုသိုလ်စိတ် ၁၂ ပါး ၂။ အဟိတ်စိတ် ၁၈ ပါး ၃။ ကာမသောဘနစိတ် ၂၄ ပါး ၄။ ရူပါဝစရစိတ် ၁၅ ပါး ၅။ အရူပါဝစရစိတ် ၁၂ ပါး ဟူ၍ လောကီစိတ် ၈၁ ပါး ဖြစ်ပါသည်။ |
2 | 2 | 2013 | လေးလံထိုင်းမှိုင်းနေသူတစ်ယောက်သည် တစ်စုံတစ်ယောက်၏ တိုက်တွန်းနိုးဆော်မှု မပါဘဲ ဆိုင်ရာအလုပ်ကို ပြုလုပ်နိုင်စွမ်းရှိ/မရှိ အဘိဓမ္မာရှုထောင့်မှ ဆုံးဖြတ်ပြ၍ သုံးပါးမတွဲ တစ်ကွဲတစ်ပြားသာ ယှဉ်ခွင့်ရရှာသော ဝိရတီစေတသိက်၏ ယှဉ်ရာ လောကီစိတ်အမျိုးအစားကိုလည်း ညွှန်ပြပါ။ | လေးလံထိုင်းမှိုင်းနေသူတစ်ယောက်သည် တစ်စုံတစ်ယောက်၏ တိုက်တွန်းနိုးဆော်မှု မပါဘဲ ဆိုင်ရာအလုပ်ကို ပြုလုပ်နိုင်စွမ်း မရှိပါ။ အဘိဓမ္မာရှုထောင့်မှ ဆုံးဖြတ်ပြရသော် လေးလံထိုင်းမှိုင်းနေသူစိတ်တွင် ထိန၊ မိဒ္ဓ စေတသိက်များ ဖြစ်နေပါသည်။ ထိန၊ မိဒ္ဓ စေတသိက်များ၏ ယှဉ်ရာစိတ်များမှာ အကုသိုလ် သသင်္ခါရိကစိတ် ၅ ပါး ဖြစ်သည်။ သသင်္ခါရိကစိတ်များသည် တစ်စုံတစ်ယောက်၏ တိုက်တွန်းနိုးဆော်မှုကြောင့် ဖြစ်ရသောစိတ်များ ဖြစ်ကြသောကြောင့် ဖြစ်ပါသည်။ သုံးပါးမတွဲ တစ်ကွဲတစ်ပြားသာ ယှဉ်ခွင့်ရရှာသော ဝိရတီစေတသိက်၏ ယှဉ်ရာ လောကီစိတ် အမျိုးအစားမှာ - မဟာကုသိုလ်စိတ် ၈ ပါး ဖြစ်ပါသည်။ |
3 | 2 | 2013 | ဒွိဟိတ်စိတ်(၂၂)ပါးကို ဆိုင်ရာဟိတ်များနှင့် တွဲစပ်ပြ၍ ဇောမထိုက်သော ကြိယာ ဇောထိုက်သော ဝိပါက်စိတ် တို့ကိုလည်း ဖြေဆိုပြပါ။ | ဒွိဟိတ်စိတ်(၂၂)ပါးကို ဆိုင်ရာဟိတ်များနှင့် တွဲစပ်ပြရသော် လောဘမူစိတ် ၈-ပါး - လောဘ၊ မောဟ ဒေါသမူစိတ် ၂-ပါး - ဒေါသ၊ မောဟ ကာမသောဘန ဉာဏဝိပ္ပယုတ်စိတ် ၁၂-ပါး - အလောဘ၊ အဒေါသ ပေါင်း ဒွိဟိတ်စိတ်= ၂၂-ပါးဖြစ်ပါသည်။ ဇောမထိုက်သော ကြိယာ ၁။ ပဉ္စဒွါရာဝဇ္ဇန်း ၂။ မနောဒွါရာဝဇ္ဇန်း ဇောထိုက်သော ဝိပါက်စိတ် ၁။ လောကုတ္တရာဖိုလ်စိတ် ၄ ပါး တို့ဖြစ်ပါသည်။ |
4 | 2 | 2013 | ရည်မှန်းချက်နိဗ္ဗာန်သို့ ရောက်ရန်ကြိုတင် ပြင်ဆင်မှုဖြစ်သော ပရိကကမ္မ စသည်လေးလီ အမည်ရသော စိတ်တို့ကို ဖော်ပြ၍ ဘုရားရှင်ကို ဖူးမျှော်ရ၍ ကြည်နူးနေသော ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော တဒါရုံစိတ်တို့ကိုလည်း ရွေးချယ်ပြပါ။ | ရည်မှန်းချက်နိဗ္ဗာန်သို့ ရောက်ရန် ကြိုတင် ပြင်ဆင်မှုဖြစ်သော ပရိကမ္မ စသည်လေးလီ အမည်ရသော စိတ်တို့မှာ ၁။ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄ ပါး ၂။ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄ ပါး ပေါင်း ၈ ပါးဖြစ်ပါသည်။ ဘုရားရှင်ကို ဖူးမျှော်ရ၍ ကြည်နူးနေသော ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော တဒါရုံစိတ်တို့မှာ - မဟာဝိပါက် သောမနဿသဟဂုတ်စိတ် ၄ ပါး - အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏစိတ် ၁ ပါး ပေါင်း ၅ ပါး ဖြစ်ပါသည်။ |
5 | 2 | 2013 | နေ့စဉ်မပျက် ကျင့်ဝတ်ထား၍ ပြုလုပ်အပ်သည့် ကံအမည်ကို ရေးသားပြ၍ အကုသိုလ်ဒုစရိုက် ပြုလုပ်သူတို့အား အဓိက တိုက်တွန်းပေးသော အရင်းခံတရားနှင့် မှားသောအယူဝါဒကို ယူကြသော ပုဂ္ဂိုလ်တို့၏ အဓိကအကြောင်းအရင်းတို့ကိုလည်း ဖော်ပြပါ။ | နေ့စဉ်မပျက် ကျင့်ဝတ်ထား၍ ပြုလုပ်အပ်သည့် ကံအမည်မှာ - အာစိဏ္ဏကံဖြစ်ပါသည်။ အကုသိုလ်ဒုစရိုက်ပြုလုပ်သူတို့အား အဓိက တိုက်တွန်းပေးသော အရင်းခံတရားမှာ - လောဘ၊ ဒေါသ၊ (ေမာဟ) တို့ဖြစ်ပါသည်။ မှားသောအယူဝါဒကို ယူကြသော ပုဂ္ဂိုလ်တို့၏ အဓိကအကြောင်းအရင်းမှာ - လောဘ ဖြစ်ပါသည်။ |
6 | 2 | 2013 | စေတနာမှန်သော ကံတရားဟုဆိုကြရာ (က) မှန်ကန်သောစေတနာ (ခ) မမှန်ကန်သောစေတနာ တို့ကို ကံကြောင့် ဖြစ်ကြရသော ရုပ်တရားများ ရှုကာ ခွဲခြားသုံးသပ်ပြ၍ မိုးချုန်းသံ စကားပြောသံတို့ ဖြစ်ပေါ်လာရခြင်းအကြောင်းရင်း အခြေခံတရားတို့ကိုလည်း ရေးသားပြပါ။ | စေတနာမှန်သော ကံတရားဟုဆိုကြရာ (က) မှန်ကန်သောစေတနာ (ခ) မမှန်ကန်သောစေတနာ တို့ကို ကံကြောင့် ဖြစ်ကြရသော ရုပ်တရားများ ရှုကာ ခွဲခြားသုံးသပ်ပြရသော် (က) မှန်ကန်သောစေတနာ - မဟာကုသိုလ် ၈ ပါး - ရူပကုသိုလ် ၅ ပါး နှင့်ယှဉ်သောစေတနာ (က) မမှန်ကန်သောစေတနာ - အကုသိုလ်စိတ် ၁၂ ပါး နှင့်ယှဉ်သောစေတနာ တို့ဖြစ်ပါသည်။ မိုးချုန်းသံဖြစ်ပေါ်လာရခြင်းအကြောင်းရင်း - ဥတု စကားပြောသံဖြစ်ပေါ်လာရခြင်းအကြောင်းရင်း - စိတ် တို့ဖြစ်ပါသည်။ |
7 | 2 | 2013 | စာဖြေရှင်တို့စားသုံးသော စားသောက်ဖွယ်ရာတို့၌ ပါသောသြဇာသည်သာလျှင် အာဟာရမည်ပါ သလော အခြားသောအာဟာရမည်သောတရားများ ရှိနိုင် မရှိနိုင် အဘိဓမ္မာအမြင်ဖြင့် ရှာဖွေတင်ပြ၍ ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားတို့၏ စွမ်းအင်များကိုလည်း ဖော်ပြပါ။ | စာဖြေရှင်တို့စားသုံးသော စားသောက်ဖွယ်ရာတို့၌ ပါသောသြဇာသည်သာလျှင် အာဟာရမမည်ပါ။ အခြားသောအာဟာရမည်သောတရားများ ရှိနိုင်ပါသည်။ ၎င်းတို့မှာ ၁။ ဖဿာဟာရ - စိတ်အားလုံး၌ယှဉ်သော ဖဿစေတသိက် ဝေဒနာကိုဖြစ်စေခြင်း ထောက်ပ့ံခြင်းအကျိုးကို ဆောင်၏ ၂။ မနောသေဉ္စတနာဟာရ - စိတ်အားလုံး၌ယှဉ်သော စေတနာ ပဋိသန္ဓေဝိညာဏ်စသောဝိပါက်စိတ်များကို ဖြစ်စေသော အကျိုးကို ဆောင်၏ ၃။ ဝိညာဏာဟာရ - စိတ်အားလုံး အတူဖြစ်ဖက်စေတသိက်များနှင့် စိတ္တဇရုပ်များကို ဆောင်၏ တို့ဖြစ်ပါသည်။ ရှက်ကြောက်ကင်းငြား အကြမ်းဖက်သမားတို့၏ စွမ်းအင်များမှာ ၁။ အဟိရိကဗိုလ် ၂။ အနောတ္တပ္ပဗိုလ် |
8 | 2 | 2013 | ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်၏ ချုပ်ပြတ်ပုံကို ရေးသားဖြေဆို၍ စိတ်ထောင်းတော့ကိုယ်ကြေ စိတ်ပျိုတော့ကိုယ်နု ဟူသော ဆိုရိုးစကား ရှိလေရာ စိတ်သည် ကိုယ်အား မည်သို့မည်ပုံ ကျေးဇူးပြုပါသနည်း ပဋ္ဌာန်းနည်းဖြင့် ရှင်းလင်းပါ | ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်၏ ချုပ်ပြတ်ပုံမှာ ဘုံသုံးပါး၌ မပြတ်လည်နေသော ပဋိစ္စသမုပ္ပါဒ်ကြီး အပြီးတိုင် ရပ်သွားစေရန် အဓိက ပယ်သတ်ရမည့် အခြေခံ မူလဘူတတို့မှာ - အဝိဇ္ဇာ နှင့်တဏှာ တို့ဖြစ်ပါသည်။ ဥပမာ- သစ်ပင်၌ ရေသောက်မြစ်ပြတ်လျှင် တစ်ပင်လုံး၊ ပျက်စီးတော့သကဲ့သို့ထို့အတူ သံသရာတွင် စည်ပင်နေသည့် သတ္တဝါဟု ဆိုအပ်သော ရုပ်နာမ်ခန္ဓာသစ်ပင်ကြီး ၌ အဝိဇ္ဇာ၊ တဏှာဟူသော ရေသောက်မြစ် နှစ်ခုကို အရဟတ္တမဂ်တည်းဟူသော ဓား၊ သံလျက် လက်နက်ဖြင့် ဖျက််ဆီးလိုက်သည့်အခါ သင်္ခါရတရားတို့၏ အပြီးတိုင် ချုပ်ငြိမ်းခြင်းသို့ ရောက်ခြင်းဖြင့် ပဋိစ္စသမုပ္ပါဒ်စက်ရဟတ် အလည်ရပ်ပါမည်။ စိတ်ထောင်းတော့ကိုယ်ကြေ စိတ်ပျိုတော့ကိုယ်နု ဟူသော ဆိုရိုးစကား ရှိလေရာ စိတ်သည် ကိုယ်အားကျေးဇူးပြုပုံမှာ ၁။ နောက်နောက်ဖြစ်သော စိတ်စေတသိက်များသည် ရှေ့ရှေ့၌ ဖြစ်သော ဝတ္ထုရုပ်အစုကို ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ၂။ ဝိပါက်စိတ်နှင့် စေတသိက်များသည် အချင်းချင်း အားလည်းကောင်း၊ တကွဖြစ်သော စိတ္တဇရုပ်တို့အား ဝိပါကပစ္စယသတ္တိဖြင့် ၃။ စေတသိက်တို့ အချင်းချင်းအားလည်းကောင်း တကွဖြစ်သောစိတ္တဇရုပ်အား သဟဇာတပစ္စယသတ္တိ နိဿယပစ္စယသတ္တိဖြင့် ၄။ ဝိညာဏ် ဖဿ စေတနာဟူသောနာမ်အာဟာရသည် တကွဖြစ်သော နာမ်ရုပ်တို့အား အာဟာရပစ္စယသတ္တိဖြင့် ၅။ ဟိတ် စျာနင် မဂ္ဂင်တို့သည် စိတ်နှင့်ယှဉ်ဖြစ်၍ တကွ ဖြစ်သောနာမ်ရုပ်တို့အား ဟေတုပစ္စယသတ္တိ စျာနပစ္စယ သတ္တိ မဂ္ဂပစ္စယသတ္တိဖြင့် ၆။ တကွဖြစ်ကြသောစိတ်စေတသိက်တို့နှင့် စိတ္တဇရုပ် တို့အား သဟဇာတာဓိပတိပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြသည်။ ဤသို့လျှင်စိတ်စေတသိက်ဟူသောနာမ်တရားများသည် ရုပ်တို့ကို အမျိုးမျိုးကျေးဇူးပြုကြပါသည်။ |
9 | 2 | 2013 | နိဗ္ဗာန်ကိုမျက်မှောက်ပြုလို၍ တရားကျင့်သော ယောဂီပုဂ္ဂိုလ်သည် ထွက်လေဝင်လေကို ရှုမှတ်နေရုံမျှဖြင့် နိဗ္ဗာန်သို့ရောက်နိုင် မရောက်နိုင် အဘိဓမ္မာအမြင်ဖြင့် သုံးသပ် ဖြေဆို၍ သည်းမခံတတ် စိတ်ဆတ်သောသူအား သင့်လျော်သော ကမ္မဋ္ဌာန်းကိုလည်းညွှန်ပြပါ။ | နိဗ္ဗာန်ကိုမျက်မှောက်ပြုလို၍ တရားကျင့်သော ယောဂီပုဂ္ဂိုလ်သည် ထွက်လေဝင်လေကို ရှုမှတ်နေရုံမျှဖြင့် နိဗ္ဗာန်သို့မရောက်နိုင်ပါ။ ထွက်လေဝင်လေကို ရှုမှတ်နေခြင်းသည် အာနာပါနာနုဿတိကမ္မဋ္ဌာန်းရှုမှတ်နေခြင်းဖြစ်ပါသည်။ ထိုကမ္မဋ္ဌာန်းကိုအောင်မြင်စွာ ရှုမှတ်နိုင်လျှင် ရူပါဝစရပဉ္စမစျာန် ၅ ပါးသာရရှိနိုင်ပါသည်။ နိဗ္ဗာန်သို့ကားမရောက်နိုင်ပါ။ သည်းမခံတတ် စိတ်ဆတ်သောသူအား သင့်လျော်သော ကမ္မဋ္ဌာန်းတို့မှာ ၁။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မာဝိဟာရကမ္မဋ္ဌာန်း ၄ ပါး ၂။ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော အဆင်းကသိုဏ်း ၄ ပါး ပေါင်း ၈ ပါးတို့ဖြစ်ပါသည်။ |
2 | 3 | 2013 | အများ အမြဲ တစ်ပြိုင်နက် ကွဲပြားမှုမရှိ သင်္ချာအရေအတွက် တစ်သမတ်ထဲ ရှိသော မဟဂ္ဂုတ်စိတ်နှင့် ယှဉ်ရာ ပရမတ္ထဓမ္မကို ဖြေဆို၍ အကုသိုလ်စိတ် သင်္ဂဟနည်း ၇ ပါးကို ဒုက-ဂဏ ထိုနှစ်ဝတွင် အဘယ်နည်းဖြင့် ရေတွက်မှ အမှန်ရသည်ကို ဖြေဆိုပါ။ | အများ အမြဲ တစ်ပြိုင်နက် ကွဲပြားမှုမရှိ သင်္ချာအရေအတွက် တစ်သမတ်ထဲ ရှိသော မဟဂ္ဂုတ်စိတ် (ပဉ္စမစျာန်)နှင့် ယှဉ်ရာ ပရမတ္ထဓမ္မမှာ ၁။ ဝိတက်၊ ဝိစာရ၊ ပီတိကြဉ်သော အညသမာန်းစေတသိက် ၁၀ ပါး ၂။ သောဘနသာဓာရဏ စေတသိက် ၁၉ ပါး ၃။ ပညာစေတသိက် ၁ ပါး ပေါင်း ၃၀ ပါးတို့ ဖြစ်ပါသည်။ အကုသိုလ်စိတ် သင်္ဂဟနည်း ၇ ပါးကို ဒုက-ဂဏ ထိုနှစ်ဝတွင် ဂဏနည်းဖြင့် ရေတွက်မှ အမှန်ရပါသည်။ |
3 | 3 | 2013 | ကိစ္စ(၅)ခုကို တစ်ဌာနတည်း ပေါင်းယူထားသော ဌာနအမည်ကို ဖြေဆိုပြ၍ ဥပေက္ခာသဟဂုတ် သန္တီ ရဏစိတ်နှစ်ပါး၏ (၆)ဒွါရမှ လွတ်မြောက်နိုင်သော အရေးကိစ္စ, မလွတ်မြောက်နိုင်သော အရေးကိစ္စ တို့ကိုလည်း ဖြေဆိုပြပါ။ | ကိစ္စ(၅)ခုကို တစ်ဌာနတည်း ပေါင်းယူထားသော ဌာနအမည်မှာ - ပဉ္စဝိညာဏ်ဌာနဖြစ်ပါသည်။ ဥပေက္ခာသဟဂုတ် သန္တီ ရဏစိတ်နှစ်ပါး၏ (၆)ဒွါရမှ - လွတ်မြောက်နိုင်သော အရေးကိစ္စ ၁။ ပဋိသန္ဓေအရေးကိစ္စ ၂။ ဘဝင်အရေးကိစ္စ ၃။ စုတိအရေးကိစ္စ - မလွတ်မြောက်နိုင်သော အရေးကိစ္စ ၁။ သန္တီရဏအရေးကိစ္စ ၂။ တဒါရုံအရေးကိစ္စ တို့ဖြစ်ပါသည်။ |
4 | 3 | 2013 | စျာနလာဘီပုဂ္ဂိုလ်များ တရားအားထုတ်ရာ၌ မဂ်ပေါက်လျှင် ဖိုလ်ဝင်သည် ဟူသောစကား မှန် မမှန် အဘိဓမ္မာ ရှုထောင့်မှ ဆုံးဖြတ်ပြ၍ ပစ္စုပ္ပန်ဘဝ၌ အရိုးကြေကြေ အရေခမ်းခမ်း ကြိုးပမ်းအားထုတ် တရားအလုပ် ပြုလုပ်ပါလျက် တရားထူးတရားမြတ် မရနိုင်ကြရှာသော ပုဂ္ဂိုလ်ရှိက ထုတ်ပြပါ။ | စျာနလာဘီပုဂ္ဂိုလ်များ တရားအားထုတ်ရာ၌ မဂ်ပေါက်လျှင် ဖိုလ်ဝင်သည် ဟူသောစကားမှာ မှန်ပါသည်။ မဂ္ဂဝီထိတွင် မဂ်စိတ် ၁ ချက်ဖြစ်ပြီးနောက် - မန္ဒပုဂ္ဂိုလ်ဖြစ်လျှင် ဖိုလ်စိတ် ၂ ချက် - တိက္ခပုဂ္ဂိုလ်ဖြစ်လျှင် ဖိုလ်စိတ် ၃ ချက် ကာလမခြားဘဲ ဆက်တိုက်ဖြစ်သောကြောင့် မဂ်ပေါက်ပြီးလျှင် ဖိုလ်ဝင်သည်မှာမှန်ပါသည်။ ပစ္စုပ္ပန်ဘဝ၌ အရိုးကြေကြေ အရေခမ်းခမ်း ကြိုးပမ်းအားထုတ် တရားအလုပ် ပြုလုပ်ပါလျက် တရားထူးတရားမြတ် မရနိုင်ကြရှာသော ပုဂ္ဂိုလ်ရှိပါသည်။ ၎င်းတို့မှာ ၁။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် ၂။ သုဂတိအဟိတ်ပုဂ္ဂိုလ် ၃။ ဒွိဟိတ်ပုဂ္ဂိုလ် တို့ဖြစ်ပါသည်။ |
5 | 3 | 2013 | ရုပ်နာမ် နှစ်ဝ သင်္ခါရတို့ အသက်ရှည်ကြာ တည်ကြရာဝယ် ရုပ်သက်သက်ဖြင့် ပဋိသန္ဓေ နေသောပုဂ္ဂိုလ်တို့ကို ရွေးချယ်ပြ၍ လားရာဂတိ အမြဲမရှိသော ပုထုဇဉ်လူသားများ ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းသွားသောအခါ ရောက်နိုင်သော ဘုံဌာနတို့ကိုလည်း ရွေးချယ်စီစစ်ပြပါ။ | ရုပ်နာမ် နှစ်ဝ သင်္ခါရတို့ အသက်ရှည်ကြာ တည်ကြရာဝယ် ရုပ်သက်သက်ဖြင့် ပဋိသန္ဓေ နေသောပုဂ္ဂိုလ်မှာ - အသညသတ်ဘုံသားဖြစ်ပါသည်။ လားရာဂတိ အမြဲမရှိသော ပုထုဇဉ်လူသားများ ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းသွားသောအခါ ရောက်နိုင်သော ဘုံဌာနတို့မှာ ၁။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ် ၄ ဘုံ ၂။ လူဘုံ ၃။ နတ်ပြည် ၆ ဘုံ ဟူသော ကာမ ၁၁ ဘုံ ဖြစ်ပါသည်။ စျာန်ရသော ပုထုဇဉ်ပုဂ္ဂိုလ်ဖြစ်သော် ၁။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ် ၄ ဘုံ ၂။ လူဘုံ ၃။ နတ်ပြည် ၆ ဘုံ ၄။ သုဒ္ဓါဝါသ ၅ ဘုံကြဉ် ရူပ ၁၁ ဘုံ ၅ အရူပ ၄ ဘုံ ပေါင်း ၂၆ ဘုံသို့ ရောက်နိုင်ပါသည်။ |
6 | 3 | 2013 | အမိဝမ်းခေါင်း ကိန်းအောင်းကြငြား သတ္တဝါများတွင် ပဋိသန္ဓေအခါ ဖြစ်နိုင်သော ရုပ်ကလာပ်တို့ကို အမြဲ / တခါတရံ အားဖြင့် ခွဲခြားပြ၍ ကံကြောင့် ဖြစ်သောရုပ်တို့၏ နောက်ဆုံးဖြစ်ရာ ကာလနှင့် နောက်ဆုံးချုပ်ရာ ကာလတို့ကို အဘိဓမ္မာ အမြင်ဖြင့် တင်ပြပါ။ | အမိဝမ်းခေါင်း ကိန်းအောင်းကြငြား သတ္တဝါများတွင် ပဋိသန္ဓေအခါ ဖြစ်နိုင်သော ရုပ်ကလာပ်တို့မှာ - အမြဲအားဖြင့် ၁။ ကာယဒသကကမ္မဇကလာပ် ၂။ ဘာဝဒသကကမ္မဇကလာပ် ၃။ ဝတ္ထုဒသကကမ္မဇကလာပ် - တခါတရံအားဖြင့် ၁။ ကာယဒသကကမ္မဇကလာပ် ၃။ ဝတ္ထုဒသကကမ္မဇကလာပ် တို့ဖြစ်ပါသည်။ ကံကြောင့် ဖြစ်သောရုပ်တို့၏ - နောက်ဆုံးဖြစ်ရာကာလ စုတိစိတ်မတိုင်မှီ နောက်ပြန်ရေတွက်သော် ၁၇ ချက်မြောက်သော စိတ် - နောက်ဆုံးချုပ်ရာ ကာလ စုတိစိတ်၏ ဘင်ကာလတို့ဖြစ်ပါသည်။ |
7 | 3 | 2013 | အပြစ်မကင်းနိုင်သော ပုထုဇဉ်လူသားတို့တွင် အပြစ်နှင့်ပတ်သက်၍ ကြိုးစားအားထုတ်သင့် သောအချက်တို့ကို သိသာပေါ်လွင်အောင် ရေးသားဖြေဆို၍ ဓမ္မာရုံနှင့် ဓမ္မဓာတ်တို့၏ မတူကွဲပြား ထူးခြားမှုကိုလည်း ရှင်းလင်းစွာ ဖြေဆိုပါ။ | အပြစ်မကင်းနိုင်သော ပုထုဇဉ်လူသားတို့တွင် အပြစ်နှင့်ပတ်သက်၍ ကြိုးစားအားထုတ်သင့်သော အချက်တို့မှာ ၁။ ဖြစ်ပြီးသော အကုသိုလ်(အပြစ်)တရားများကို ပယ်ဖျောက်နိုင်ခြင်းငှာ အားထုတ်ခြင်း ၂။ မဖြစ်သေးသော အကုသိုလ်(အပြစ်)တရားများကို မဖြစ်စေခြင်းငှာ အားထုတ်ခြင်း တို့ဖြစ်ပါသည်။ ဓမ္မာရုံနှင့် ဓမ္မဓာတ်တို့၏မတူကွဲပြားထူးခြားမှုများမှာ ဓမ္မာရုံ၏ အရကောက်မှာ ၁။ ပသာဒရုပ် ၅ ပါး ၂။ သုခုမရုပ် ၁၆ ပါး ၃။ စိတ် ၈၉ ပါး ၄။ စေတသိက် ၅၂ ပါး ၅။ နိဗ္ဗာန် ၆။ ပညတ်ဟူသော တရား ၆ မျိုးဖြစ်၏ ဓမ္မဓာတ်၏ အရကောက်မှာ ၁။ စေတသိက် ၅၂ ပါး ၂။ သုခမရုပ် ၁၆ ပါး၊ ၃။ နိဗ္ဗာန်တို့ဖြစ်ပါသည်။ ဓမ္မာရုံတရားများဖြစ်သော - ပသာဒရုပ် ၅ ပါးသည် အခံဓာတ် - စိတ် ၈၉ ပါးသည် ဝိညာဏဓာတ် - ပညတ်သည်ပရမတ်တရားမဟုတ်သဖြင့် ဓမ္မဓာတ်တွင် မပါဝင်ကပြါ။ ဓမ္မာရုံတွင် အားလုံးပါဝင်ကြပါသည်။ ဤသို့ထူးခြားပါသည်။ |
8 | 3 | 2013 | ချစ်ကြိုက်၍ ပေးလှူလျှင် ကုသိုလ်ရနိုင် မရနိုင် ပဋ္ဌာန်းနည်းကိုရှုမျှော်ဖြေဆို၍ ယောက်ျားဟူသော စကားလုံး၌ ဝီထိစဉ်အားဖြင့် သဒ္ဒပညတ် အတ္တပညတ်တို့ သိရပုံကို အဘိဓမ္မာပညာရှင်ပီပီ ရှင်းလင်းဖြေဆိုပါ။ | ချစ်ကြိုက်၍ ပေးလှူလျှင် ကုသိုလ်ရနိုင်ပါသည်။ အကြောင်းမှာ- ပကတူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုရာ၌ ရာဂစသော အကုသိုလ်တရားများသည် အဇ္ဈတ္တသန္တာန်( မိမိ၊သူတစ်ပါး)တို့၌ ကုသိုလ်၊ အကုသိုလ်စသော တရားတို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဟောကြားထားသောကြောင့် ဖြစ်ပါသည်။ ယောက်ျားဟူသောစကားလုံး၌ ဝီထိစဉ်အားဖြင့် သဒ္ဒပညတ် အတ္တပညတ်တို့ သိရပုံမှာ ၁) သောတဝိညာဏဝီထိ ယောက်ျားဟူသော စကားသံကို ကြားရသောအခါ ထိုစကားသံ၏ ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြုလျက် သောတဝိညာဏဝီထိ ဖြစ်၏ - ဘဘ "တီ န ဒ ပ သော သံ ဏ ဝု ဇဇဇဇဇဇဇ ရုံရုံ" ဘ ၂) တဒနုဝတ္ထိကာ မနောဒွါရဝီထိ ထို့နောက် ချုပ်ပြီးသွားသော အတိတ်သဒ္ဒါရုံကို အာရုံပြုလျက် တဒနုဝတ္ထိကာ မနောဒွါရဝီထိ ဖြစ်၏ - ဘဘ "န ဒ မ ဇဇဇဇဇဇ ရုံရုံ" ဘဘ ၃) သဒ္ဒပညတ်ကိုသိသော နာမဂ္ဂဟဏမနောဒွါရဝီထိ ထို့နောက် ယောက်ျားဟူသော သဒ္ဒပညတ်ကို အာရုံပြုလျက် နာမဂ္ဂဟဏ တတိယ မနောဒွါရဝီထိ ဖြစ်၏ - ဘဘ "န ဒ မ ဇဇဇဇဇဇဇ" ဘဘ 4) ဒပြ်ကို အာရုံပြုသော အတ္ထဂ္ဂဟဏမနောဒွါရဝီထိ ထို့နောက် ယောက်ျားဟူသော အနက်ဒပြ်အတ္ထပညတ်ကို အာရုံပြုလျက် အတ္ထဂ္ဂဟဏမနောဒွါရဝီထိ ဖြစ်၏ ထိုစတုတ္ထဝီထိဖြင့်သာ ယောက်ျား ဟူသောအနက်ဒပြ် အတ္ထပညတ်ကို သိနိုင်၏ - ဘဘ "န ဒ မ ဇဇဇဇဇဇဇ" ဘဘ |
9 | 3 | 2013 | ဝိပဿနာရှုကောင်းသောတရားတို့ကို တိကျစွာ ဖော်ပြ၍ သမ္မသနဉာဏ်နှင့် စပ်၍ သိသင့် သိထိုက်သော သုံးသပ်ပွားများနည်းတို့တွင် အောက်ပါနည်းတို့၏ အဓိပ္ပါယ်ကိုလည်း ရှင်းလင်းဖြေဆိုပါ။ (က) အဒ္ဓါနသမ္မသနနည်း (ခ) သန္တတိသမ္မသနနည်း (ဂ) ခဏသမ္မသနနည်း | ဝိပဿနာရှုကောင်းသောတရားတို့မှာ ၁။ လောကီစိတ် ၈၁ ပါး ၂။ လောကီစေတသိက် ၅၂ ပါး ၂။ နိပ္ဖန္နရုပ် ၁၈ ပါး တို့ဖြစ်ပါသည်။ (က) အဒ္ဓါနသမ္မသနနည်း၏ အဓိပ္ပါယ်မှာ - ရုပ်နာမ်တရားများကို အတိတ်ဘဝ ပစ္စုပ္ပန်ဘဝ၊ အနာဂတ်ဘဝဖြင့် ပိုင်းခြား၍ သုံးသပ်ပွားများမှု (ခ) သန္တတိသမ္မသနနည်း၏ အဓိပ္ပါယ်မှာ - တစ်ဘဝတည်း၌ အပူရုပ်အစဉ် အအေးရုပ်အစဉ် စသည်ဖြင့် အစဉ်အမျိုးမျိုးဖြင့် ခွဲခြား၍ သုံးသပ် ပွားများမှု (ဂ) ခဏသမ္မသနနည်း၏ အဓိပ္ပါယ်မှာ - ရုပ်နာမ်တို့၏ ခဏအားဖြင့် သုံးသပ်ပွားများမှု တို့ဖြစ်ပါသည်။ |
2 | 4 | 2013 | စိတ်ပျံ့လွင့်နေသော အားကစားသမားတစ်ယောက်သည် အောင်မြင်လိုမှုဆန္ဒ၊ ပီတိတရားအသီးအပွင့်ကို အမှန်တကယ် ခံစားနိုင်မည်လော၊ သရုပ်သဘောဖြင့် ရှင်းပြ၍ တစ်လုံးသာ ရှိသော ဖဿစေတသိက်သည် ယှဉ်ရာစိတ်များသလောက် စေတသိက်လည်း များနိုင်သည် ဟူသော ဆိုမိန့်ချက်အရ ဖဿစေတသိက်ပေါင်း မည်မျှ ရှိလာနိုင်သည်ကို ဖြေဆိုပြပါ။ | စိတ်ပျံ့လွင့်နေသော အားကစားသမားတစ်ယောက်သည် အောင်မြင်လိုမှုဆန္ဒ ပီတိတရားအသီးအပွင့်ကို အမှန်တကယ် မခံစားနိုင်ပါ။ စိတ်ပျံ့လွင့်နေသူ (မောဟမူဥဒ္ဓစ္စသဟဂုတ်စိတ်) ဖြစ်နေသူ၌ - ဆန္ဒ၊ ပီတိကြဉ်သော အညသမာန်းစေတသိက် ၁၁ ပါး - သဗ္ဗာကုသလသာဓာရဏ စေတသိက် ၄ ပါး ပေါင်း ၁၅ ပါး ယှဉ်ပါသည်။ ထိုသူ၏စိတ်၌ - ဆန္ဒ၊ ပီတိ မယှဉ်သောကြောင့် အောင်မြင်လိုမှုဆန္ဒ ပီတိတရားအသီးအပွင့်ကို မခံစားရပါ။ တစ်လုံးသာ ရှိသော ဖဿစေတသိက်သည် ယှဉ်ရာစိတ်များသလောက် စေတသိက်လည်း များနိုင်သည် ဟူသော ဆိုမိန့်ချက်အရ ဖဿစေတသိက်ပေါင်းမှာ - ဖဿစေတသိက်သည် စိတ်အကျဉ်း ၈၉ ပါး/စိတ်အကျယ် ၁၂၁ ပါး တို့နှင့် ယှဉ်ကြသောကြောင့် ဖဿစေတသိက်ပေါင်း အကျဉ်း ၈၉ ပါး/ အကျယ် ၁၂၁ ပါး ဖြစ်ပါသည်။ |
3 | 4 | 2013 | ကာမဘုံသား လူအများပိုင်ဆိုင်ရသည့် ရုပ်ဝတ္ထုများကို ရေတွက်ပြ၍ (၅)ဒွါရ (၅)အာရုံအမြဲမှီငြား ဝတ္ထုတစ်ပါးသာ ရှိသော စိတ်ကိုလည်း ဖြေဆိုပြပါ။ | ကာမဘုံသား လူအများပိုင်ဆိုင်ရသည့် ရုပ်ဝတ္ထုများမှာ (၁) စက္ခုဝတ္တု (၂) သောတဝတ္တု (၃) ဃာနဝတ္တု (၄) ဇိဝှါဝတ္တု (၅) ကာယဝတ္တု (၆) ဟဒယဝတ္တု တို့ဖြစ်ပါသည်။ (၅)ဒွါရ (၅)အာရုံအမြဲမှီငြား ဝတ္ထုတစ်ပါးသာ ရှိသော စိတ်မှာ မနောဓာတ် ၃ ပါးဖြစ်သည့် ၁။ ပဉ္စဒွါရာဝဇ္ဇန်း ၂။ သမ္ပဋိ စ္ဆိုန်းဒွေးစိတ် တို့ဖြစ်ပါသည်။ |
6 | 4 | 2013 | ရူပဘုံသား ဗြဟ္မာကြီးများ သန္တာန်၌ ကာမစိတ်ဓာတ်ကို ပွားစေတတ်သော ဘာဝရုပ်တို့ ရနိုင်/မရနိုင် ခွဲခြားပြ၍ အိုနာသေရေး ဒုက္ခဘေးတို့၏ ကင်းရာ နိဗ္ဗာန်ဓာတ် တရားမြတ်ရတနာကို မိမိတို့၏ ပကတိ မျက်စိဖြင့် မြင်နိုင်/မမြင်နိုင်ကိုလည်း စိစစ်ပြပါ။ | ရူပဘုံသား ဗြဟ္မာကြီးများ သန္တာန်၌ ကာမစိတ်ဓာတ်ကို ပွားစေတတ်သော ဘာဝရုပ်တို့ မရနိုင်ပါ။ ကာမဝိရာဂဘာဝနာကိုပွားများခြင်းကြောင့် ရနိုင်သောရုပ်တို့မှာ - ဃာနပသာဒရုပ်၊ ဇိဝှါပသာဒရုပ်၊ ကာယပသာဒရုပ်၊ ဘာဝရုပ် ၂ ပါးကြဉ် ရုပ် ၂၃ ပါးသာရသောကြောင့် ဖြစ်ပါသည်။ အိုနာသေရေး ဒုက္ခဘေးတို့၏ ကင်းရာ နိဗ္ဗာန်ဓာတ် တရားမြတ်ရတနာကို မိမိတို့၏ ပကတိ မျက်စိဖြင့် မမြင်နိုင်ပါ။ တဏှာကုန်ခမ်းရာ မြတ်နိဗ္ဗာန်သည် လဝန်းကို မျက်စိဖြင့် မြင်ရသလို လောကုတ္တရာမဂ်စိတ်ဖြင့်သာ မြင်နိုင်သောကြောင့် ပကတိမျက်စိဖြင့် မမြင်နိုင်ပါ။ |
9 | 4 | 2013 | သောတာပတ္တိမဂ်၏ ရှေ့၌ဖြစ်သော ဝီထိစိတ်၏ အမည်ကို အဓိပ္ပါယ်နှင့်တကွ ဖော်ပြ၍ သောတာပတ္တိမဂ်၏ တစ်ပြိုင်နက်ဆောင်ရွက်သော ကိစ္စ ၄ ချက်ကိုလည်း ပေါ်လွင်အောင် ရေးသားဖြေဆိုပြပါ။ | သောတာပတ္တိမဂ်၏ ရှေ့၌ဖြစ်သော ဝီထိစိတ်၏ အမည်မှာ ဂေါတြဘူစိတ်ဖြစ်ပါသည်။ ဂေါတြဘူစိတ်ဟူသည် ပုထုဇဉ်အနွယ်ကိုဖြတ်၍ သောတာပန် အရိယာ အနွယ်သို့ ရောက်စေသောစိတ် ဖြစ်ပါသည်။ သောတာပတ္တိမဂ်၏ တစ်ပြိုင်နက် ဆောင်ရွက်သော ကိစ္စ ၄ ချက်မှာ (၁) ပရိညာကိစ္စ (သိ) - ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း (၂) ပဟာနကိစ္စ (ပယ်) - သမုဒယသစ္စာကို အကြွင်းမဲ့ ပယ်ခြင်း (၃) သစ္ဆိကရဏကိစ္စ (ဆိုက်) - နိရောဓသစ္စာသို့ ဆိုက်ရောက်ခြင်း (၄) ဘာဝနာကိစ္စ (ပွား) - မဂ္ဂသစ္စာကို ပွားများခြင်းတို့ ဖြစ်ပါသည်။ ဆီမီးသည် ၁။ မီးစာကိုလောင် ၂။ အမှောင်ကိုခွင်း ၃။ အလင်းရောင်လွှမ်း ၄။ ဆီကိုခန်း ဟူသော ကိစ္စ ၄ချက်ကို တပြိုင်နက်ပြုသကဲ့သို့ မဂ်စိတ်တို့သည်လည်း သိပယ်ဆိုက်ပွား ဟူသော မဂ်ကိစ္စ ၄ ချက် တို့ဖြစ်ပါသည်။ |
1 | 1 | 2014 | မေခ မလိခမြစ်နှစ်ဖြာ၏ ပေါင်းဆုံမှုကြောင့် ဧရာဝတီဖြစ်ပေါ်လာသကဲ့သို့ ယုံမှားမှုစိတ် (ဝိစိကိစ္ဆာ)နှင့် ပျံလွှင့်မှုစိတ်(ဥဒ္ဓစ္စ)နှစ်ခု ပေါင်းဆုံမိသောအခါ ဖြစ်လာသည့်စိတ်အမည်နှင့် ၎င်းစိတ်၏ ခံစားမှုဝေဒနာအမည်တို့ကို ဖော်ပြပါ။ | မေခ မလိခမြစ်နှစ်ဖြာ၏ ပေါင်းဆုံမှုကြောင့် ဧရာဝတီဖြစ်ပေါ်လာသကဲ့သို့ ယုံမှားမှုစိတ် (ဝိစိကိစ္ဆာ)နှင့် ပျံလွှင့်မှုစိတ်(ဥဒ္ဓစ္စ)နှစ်ခု ပေါင်းဆုံမိသောအခါ ဖြစ်လာသည့်စိတ်အမည်မှာ - မောဟမူ အကုသိုလ်စိတ်ဖြစ်ပါသည်။ ၎င်းစိတ်၏ ခံစားမှုဝေဒနာအမည်မှာ - ဥပေက္ခာဝေဒနာ ဖြစ်ပါသည်။ |
2 | 1 | 2014 | စိတ်နေစိတ်ထားနူးညံ့ပြီး မေတ္တာတရားထားကာ ဒုက္ခရောက်နေသော လူနာအပေါ် ထောင်လွှားမှု မပါ သနားမှုသက်သက်ဖြင့်သာ ကြိုးစားအားထုတ်၍ ကုသမှုပြုပေးနေသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး၌ ရရှိနိုင်သော ပရမတ္ထစေတသိက် အမည်တို့ကိုသာ ရွေးချယ်ဖြေဆိုပြပါ။ | စိတ်နေစိတ်ထားနူးညံ့ပြီး မေတ္တာတရားထားကာ ဒုက္ခရောက်နေသော လူနာအပေါ် ထောင်လွှားမှု မပါ သနားမှုသက်သက်ဖြင့်သာ ကြိုးစားအားထုတ်၍ ကုသမှုပြုပေးနေသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး၌ ရရှိနိုင်သော ပရမတ္ထစေတသိက် အမည်တို့မှာ နူးညံ့ = စိတ္တမုဒုတာ၊ ကာယမုဒုတာ မေတ္တာ = အဒေါသ ထောင်လွှားမှု = မာန သနားမှု = ကရုဏာ ကြိုးစားအားထုတ် = ဝီရိယစေတသိက်တို့ ဖြစ်ပါသည်။ |
3 | 1 | 2014 | ကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ပကိဏ်းပိုင်းကို အပိုင်းအခန်းမည်မျှ ပိုင်းခြားခွဲပြ တော်မူသွားသည်ကို ဖြေဆို၍ ထိုပကိဏ်းပိုင်း၌ စိတ်ကိုသာ တိုက်ရိုက်ပြဆိုထားသော်လည်း ရှားရှားပါးပါး ပြဆိုထားသည့် သုခဝေဒနာနှင့် တကွဖြစ်သောစိတ်၌ စေတသိက်အဘယ်မည်မျှ ယှဉ်နိုင်သည်ကို သိသာရုံမျှ ဖြေဆိုပြပါ။ | ကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ပကိဏ်းပိုင်းကို အပိုင်းအခန်း ၆ ပိုင်းအားဖြင့် ၁။ ဝေဒနာသင်္ဂဟ ၂။ ဟေတုသင်္ဂဟ ၃။ ကိစ္စသင်္ဂဟ ၄။ အာရမ္မဏသင်္ဂဟ ၅။ ဒွါရသင်္ဂဟ ၆။ ဝတ္ထုသင်္ဂဟ တို့ဖြင့် ပိုင်းခြားခွဲပြတော်မူသွားပါသည်။ ထိုပကိဏ်းပိုင်း၌ စိတ်ကိုသာ တိုက်ရိုက် ပြဆိုထားသော်လည်း ရှားရှားပါးပါး ပြဆိုထားသည့် သုခဝေဒနာနှင့် တကွဖြစ်သောစိတ်၌ စေတသိက်ပေါင်း ၇ ပါးဖြစ်ပါသည်။ |
4 | 1 | 2014 | မြတ်ဗုဒ္ဓ၏အဘိဓမ္မာကို လေ့လာသင်ယူနေကြသော ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်တို့ ဝီထိခန်းဝယ် မဖြစ်မနေ သိထားရမည့်အချက်အလက်တို့ကို ထုတ်ပြ၍ တင့်တယ်လှပသော ရူပါရုံကို မျက်စိက မြင်သည်ဟု ဆိုသောစကားသည် အဘိဓမ္မာအမြင်ဖြင့် သဘာဝကျ/ မကျ ရှင်းလင်းပြပါ။ | မြတ်ဗုဒ္ဓ၏အဘိဓမ္မာကို လေ့လာသင်ယူနေကြသော ကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်တို့ ဝီထိခန်းဝယ် မဖြစ်မနေ သိထားရမည့်အချက်အလက်တို့မှာ ၁။ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ မနောဒွါရ စသော ဒွါရ ၆ ပါး ၂။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ ဟူသော အာရုံ ၆ ပါး ၃။ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု ဟူသော ဝတ္ထု ၆ ပါး ၄။ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ် ဟူသော ဝိညာဏ် ၆ ပါး ၅။ စက္ခုဝိညာဏဝီထိ၊ သောတဝိညာဏဝီထိ၊ ဃာနဝိညာဏဝီထိ၊ ဇိဝှါဝိညာဏဝီထိ၊ ကာယဝိညာဏဝီထိ၊ မနောဝိညာဏဝီထိ ဟူသော ဝိညာဏဝီထိ ၆ ပါး ၆။ အတိမဟန္တာရုံ၊ မဟန္တာရုံ၊ ပရိတ္တာရုံ၊ အတိပရိတ္တာရုံ၊ ဝိဘူတာရုံ၊ အဝိဘူတာရုံ ဟူသော ဝိသယပ္ပဝတိ ၆ ပါး တို့ဖြစ်ပါသည်။ တင့်တယ်လှပသော ရူပါရုံကို မျက်စိက မြင်သည်ဟု ဆိုသောစကားသည် အဘိဓမ္မာအမြင်ဖြင့် သဘာဝမကျပါ။ အကြောင်းမှာ - ရူပါရုံကို မျက်စိဖြင့် မမြင်နိုင်ပါ။ စက္ခုဝိညာဏ်စိတ်ကသာ မြင်နိုင်ပါသည်။ တနည်း မျက်စိသည်ရုပ်တရားဖြစ်၍ ရုပ်မှန်သမျှ အနာရမ္မဏတရားချည်း ဖြစ်သောကြောင့် မမြင်နိုင်ခြင်းဖြစ်သည်။ |
5 | 1 | 2014 | ၃၁ ဘုံတည်းဟူသော သံသရာ စက်ဝိုင်းအတွင်း၌ ကျင်လည်ကြသား ပုဂ္ဂိုလ်များတွင် အရိယာ မရှိသောဘုံ ပုထုဇဉ် မရှိသော ဘုံဌာနတို့ကို ခွဲခြားပြ၍ ဘယ်နေ့ ဘယ်အချိန် ဘယ်အရွယ် အသက်ဘယ်လောက်မှာ သေရမည်ဟု အသက် သတ်မှတ်ချက် မရှိသော ပုဂ္ဂိုလ်များကိုလည်း ရွေးချယ်စိစစ်ပြပါ။ | ၃၁ ဘုံတည်းဟူသော သံသရာစက်ဝိုင်းအတွင်း၌ ကျင်လည်ကြသား ပုဂ္ဂိုလ်များတွင် - အရိယာမရှိသောဘုံ ၁။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ် ၄ ဘုံ ၂။ အသညသတ်ဘုံ - ပုထုဇဉ်မရှိသောဘုံဌာန ၁။ အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊၊ အကနိဋ္ဌာဟူသော သုဒ္ဓဝါသ ၅ ဘုံ တို့ဖြစ်ပါသည်။ ဘယ်နေ့ ဘယ်အချိန် ဘယ်အရွယ် အသက်ဘယ်လောက်မှာ သေရမည်ဟု အသက်သတ်မှတ်ချက်မရှိသော ပုဂ္ဂိုလ်များမှာ ၁။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ် ၄ ဘုံသားများ ၂။ လူဘုံ ၃။ ဝိနိပါတိကအသူရာ တို့ဖြစ်ပါသည်။ |
6 | 1 | 2014 | စိတ်၌မှီတွယ် စိတ်ကိုခြယ်လှယ်တတ်သော စေတသိက်တရားများရှိသကဲ့သို့ မဟာဘုတ်၌ မှီတွယ် မဟာဘုတ်ကိုခြယ်လှယ်တတ်သော ရုပ်တရားတို့ကို သင်္ချာမျှထုတ်ပြ၍ ထိုရုပ်တရားတို့သည် လောကီ လောကုတ္တရာနှစ်မျိုးတွင် အဘယ်၌ ပါဝင်သည်ကို ခွဲခြားပြကာ၊ မိမိတစ်ဦးတည်း မရပ်တည်နိုင်ဘဲ အမှီရှိမှ ရပ်တည်နိုင်သော ရုပ်တရားတို့ကိုလည်း သရုပ်ထုတ်ပြပါ။ | စိတ်၌မှီတွယ် စိတ်ကိုခြယ်လှယ်တတ်သော စေတသိက်တရားများရှိသကဲ့သို့ မဟာဘုတ်၌ မှီတွယ် မဟာဘုတ်ကိုခြယ်လှယ်တတ်သော ရုပ်တရားတို့မှာ သင်္ချာအားဖြင့် ၂၄ ပါးဖြစ်ပါသည်။ ထိုရုပ်တရားတို့သည် လောကီ လောကုတ္တရာနှစ်မျိုးတွင် - လောကီ၌ ပါဝင်ပါသည်။ မိမိတစ်ဦးတည်း မရပ်တည်နိုင်ဘဲ အမှီရှိမှ ရပ်တည်နိုင်သော ရုပ်တရားတို့မှာ ၁။ မဟာဘုတ်ရုပ် ၄ ပါး ၂။ ပသာဒရုပ် ၅ ပါး ၃။ ဂေါစရရုပ် ၄ ပါး ၄။ ဘာဝရုပ် ၂ ပါး ၅။ ဟဒယရုပ် ၁ ပါး ၆။ ဇိဝိတရုပ် ၁ ပါး ၇။ အာဟာရရုပ် ၁ ပါး ၈။ ပရိစ္ဆေဒရုပ် ၁ ပါး ၉။ ဝိညတ်ရုပ် ၂ ပါး ၁၀။ ဝိကာရရုပ် ၃ ပါး ၁၁။ လက္ခဏရုပ် ၄ ပါး ပေါင်း ၂၈ ပါးတို့ဖြစ်ကြပါသည်။ |
7 | 1 | 2014 | အာသဝေါလေးတန် ကုန်ရာမှန်ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ ဟုဆုတောင်းရာ၌ ကုန်စေ လိုသော အာသဝတရားများနှင့် ယင်းတို့၏ သဘော အဓိပ္ပါယ်တို့ကို ဖော်ပြလျှင် ဝေဒနာအားဖြင့်ပြားသော ဣန္ဒြေတို့ကိုလည်း ဖော်ပြပါ။ | အာသဝေါလေးတန် ကုန်ရာမှန်ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ ဟုဆုတောင်းရာ၌ ကုန်စေလိုသော အာသဝတရားများမှာ (၁) ကာမာသဝ - ဝတ္တုအာရုံ ကာမဂုဏ်ကို နှစ်သက် တွယ်တာသောတဏှာ၊ (၂) ဘဝါသဝ အကျိုးဝိပါက်ကို နှစ်သက် တွယ်တာသောတဏှာ၊ (၃) ဒိဋ္ဌာသဝ အယူလွဲမှု မိစ္ဆာဒိဋ္ဌိ၊ (၄) အဝိဇ္ဇာသဝ အာရုံ၏သဘောမှန်ကို မသိမှု မောဟ တို့ဖြစ်ပါသည်။ ဝေဒနာအားဖြင့်ပြားသောဣန္ဒြေတို့မှာ (၁) သုခိန္ဒြေ (၂) ဒုက္ခိန္ဒြေ (၃) သောမနဿိန္ဒြေ (၄) ဒေါမနဿိန္ဒြေ (၅) ဥပေက္ခိန္ဒြေ တို့ဖြစ်ပါသည်။ |
8 | 1 | 2014 | ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်သည်ဟု ဆိုရာ၌ အဘယ်ဝိညာဉ်ကြောင့် အဘယ်နာမ်ရုပ်များ ဖြစ်ပါသနည်း၊ အဘိဓမ္မာပညာရှင်ပီပီ ရှင်းလင်း ဖြေဆို၍ ဥပါဒါနပစ္စယာ ဘဝေါ၌ ဘဝအမျိုးအစား တို့ကိုလည်း တရားကိုယ်နှင့်တကွ ယှဉ်တွဲဖော်ပြပါ။ | ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်သည်ဟု ဆိုရာ၌ - ရှေးရှေးဘဝက ပြုခဲ့သော ကမ္မဝိညာဏ်နှင့် ယခုပစ္စုပ္ပန်မှာ ဖြစ်သော ဝိပါက် ဝိညာဏ်များကြောင့် ဝိပါတ်ဝိညာဏ်နှင့် ယှဉ်သောစေတသိက်များနှင့် ကမ္မဇရုပ်ကို ဖြစ်ပါသည်။ ဥပါဒါနပစ္စယာ ဘဝေါ၌ ဘဝအမျိုးအစားတို့မှာ ၁။ ကမ္မဘဝ - လောကီကုသိုလ်၊ အကုသိုလ်စေတနာ ၂၉-ပါး၊ ထိုစေတနာ နှင့် သမ္ပယုတ်ဖြစ်သော သုစရိုက် ၁၀-ပါး၊ ဒုစရိုက် ၁၀-ပါး၊ ၂။ ဥပပတ္တိဘဝအရ - လောကီဝိပါက်စိတ်၊ စေတသိက်နှင့် ကမ္မဇရုပ် ၂၀-ပါး တို့ဖြစ်ပါသည်။ |
9 | 1 | 2014 | မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဟူသော စကားအရ မသာတစ်ခေါက်သွား၍ အသုဘရှုခြင်း ကြောင့် ရနိုင်သောအကျိုးကို ညွှန်ပြ၍ အောက်ပါ ပုဂ္ဂိုလ်တို့ ပိုင်ဆိုင်ထားသော အဘိညာဉ်တို့ ကိုလည်း အမည်မျှ ဖော်ပြပါ။ (က) တစ်ကိုယ်ထဲက ကိုယ်ခွဲဖန်ဆင်းနိုင်သူ (ခ) ရေပြင်၌ မြေပြင်ကဲ့သို့ လမ်းလျောက်နိုင်သူ (ဂ) အတိတ်ဘဝအကြောင်း ပြန်ပြောင်း အောက်မေ့နိုင်သူ | မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဟူသော စကားအရ မသာတစ်ခေါက်သွား၍ အသုဘရှုခြင်း ကြောင့် ရနိုင်သောအကျိုးတို့မှာ - ရူပါဝစရပထမစျာန်တို့ဖြစ်ပါသည်။ (က) တစ်ကိုယ်ထဲက ကိုယ်ခွဲဖန်ဆင်းနိုင်သူ၌ - ဣဒ္ဓိဝိဒအဘိညာဉ် (ခ) ရေပြင်၌ မြေပြင်ကဲ့သို့ လမ်းလျောက်နိုင်သူ၌ - ဣဒ္ဓိဝိဒအဘိညာဉ် (ဂ) အတိတ်ဘဝအကြောင်း ပြန်ပြောင်း အောက်မေ့နိုင်သူ၌ - ပုဗ္ဗေနိဝါသအဘိညာဉ် တို့ပိုင်ဆိုင်ထားပါသည်။ |
1 | 2 | 2014 | အောက်ပါစိတ်တို့ကို ခွဲခြားပြပါ။ (က) ပထမစိတ်ကို အာရုံပြုသော ဒုတိယစိတ် (ခ) တတိယစိတ်ကို အာရုံပြုသော စတုတ္ထစိတ် (ဂ) ဌာနဘုံ အဝတ္ထာဘုံ နှစ်မျိုးနှစ်စားတို့တွင် အဝတ္ထာဘုံတမျိုးသာ ရကောင်းသောစိတ် | (က) ပထမစိတ်ကို အာရုံပြုသော ဒုတိယစိတ် - ဝိညာဏဉ္စာယတနကုသိုလ်၊ ဝိပါက်၊ ကြိယာစိတ် ၃ ပါး (ခ) တတိယစိတ်ကို အာရုံပြုသော စတုတ္ထစိတ် - နေဝသညာနာသညာယတနကုသိုလ်၊ ဝိပါက်၊ ကြိယာစိတ် ၃ ပါး (ဂ) ဌာနဘုံ အဝတ္ထာဘုံ နှစ်မျိုးနှစ်စားတို့တွင် အဝတ္ထာဘုံတမျိုးသာ ရကောင်းသောစိတ် - လောကုတ္တရာစိတ် အကျဉ်း ၈ ပါး အကျယ် ၄၀ ပါး |
2 | 2 | 2014 | စိတ်ကောင်းစေတနာနှင့် ပြောဆိုမိရာမှ တစ်ဖက်လူအတွက် ဝေဒနာဖြစ်သွားတတ်ရာ ထိုစေတနာ ဝေဒနာစေတသိက်တို့နှင့်အတူူ ဖြစ်ခွင့်ရသောစိတ်တို့ကို ဖော်ပြ၍ လူဘုံလောက လူ့ဘဝဝယ် စိတ်သဘောထားခြင်း မတိုက်ဆိုင်မှုကြောင့် ကွဲကွာမှုများရှိသကဲ့သို့ ပီတိစေတသိက်နှင့် သဘောထားခြင်း မတိုက်ဆိုင်မှုကြောင့် ယှဉ်ခွင့်မရရှာသော စိတ်တို့ကို သရုပ်ထုတ်ကာ ဖြေဆိုပြပါ။ | စိတ်ကောင်းစေတနာနှင့် ပြောဆိုမိရာမှ တစ်ဖက်လူအတွက် ဝေဒနာဖြစ်သွားတတ်ရာ ထိုစေတနာ ဝေဒနာစေတသိက်တို့နှင့်အတူူ ဖြစ်ခွင့်ရသောစိတ်တို့မှာ - စိတ်အကျဉ်း ၈၉ ပါး/စိတ်အကျယ် ၁၂၁ ပါး ဖြစ်ပါသည်။ လူဘုံလောက လူ့ဘဝဝယ် စိတ်သဘောထားခြင်း မတိုက်ဆိုင်မှုကြောင့် ကွဲကွာမှုများရှိသကဲ့သို့ ပီတိစေတသိက်နှင့် သဘောထားခြင်း မတိုက်ဆိုင်မှုကြောင့် ယှဉ်ခွင့်မရရှာသော စိတ်တို့မှာ - ၁။ လောဘမူဥပေက္ခာသဟဂုတ်စိတ် ၄ ပါး ၂။ ဒေါသမူစိတ် ၂ ပါး ၃။ မောဟမူစိတ် ၂ ပါး ၄။ အကုသလဝိပါက်စိတ် ၇ ပါး ၅။ သောမနဿသဟဂုတ် သန္တီရဏစိတ်ကြဉ် အဟိတ်ကုသလဝိပါက်စိတ် ၇ ပါး ၆။ ဟသိတုပ္ပါဒ်ကြဉ်အဟိတ်ကြိယာစိတ် ၂ ပါး ၇။ မဟာကုသိုလ်ဥပေက္ခာသဟဂုတ်စိတ် ၄ ပါး ၈။ မဟာဝိပါက်ဥပေက္ခာသဟဂုတ်စိတ် ၄ ပါး ၉။ မဟာကြိယာဥပေက္ခာသဟဂုတ်စိတ် ၄ ပါး ၁၀။ စတုတ္ထစျာန်စိတ် ၁၁ ပါး ၁၁။ ပဉ္စမစျာန်စိတ် ၂၃ ပါး ပေါင်း ၇၀ ပါးဖြစ်ပါသည်။ |
3 | 2 | 2014 | စိတ်အားဖြင့် ကုသိုလ် အကုသိုလ် အနေအထား ကွဲပြားခြားနားသော်လည်း ကိစ္စ ဌာနတို့ အနေအားဖြင့် ကွဲပြားမှု ရှိနိုင် မရှိနိုင် အဘိဓမ္မာ သရုပ်ချင်း အဖြေထုတ်ပြ၍ ရုပ်နာမ်ပညတ်စုံစွာ ကောက်ယူရသောအာရုံအမျိုးအစားကိုလည်း တိကျစွာ ဖြေဆိုပြပါ။ | စိတ်အားဖြင့် ကုသိုလ် အကုသိုလ် အနေအထား ကွဲပြားခြားနားသော်လည်း ကိစ္စ ဌာနတို့ အနေအားဖြင့် ကွဲပြားမှု မရှိနိုင်ပါ။ အကြောင်းမှာ ဇောကိစ္စ၊ ဇောဌာနတို့တွင် ဖြစ်ရာစိတ်တို့၌ - အကုသိုလ်စိတ် ၁၂ ပါး - အဟိတ်စိတ် ၁ ပါး - သောဘနကုသိုလ်စိတ် ၂၁ ပါး - သောဘနကြိယာစိတ် ၁၇ ပါး - ဖိုလ်စိတ် ၄ ပါး ပေါင်း ၅၅ ပါးရှိသည်ဖြစ်ရာ ထိုစိတ်တို့တွင် ကုသိုလ် အကုသိုလ်အားဖြင့် အနေအထား ကွဲပြားနေသော်လည်း ကိစ္စ၊ ဌာနတို့မှာ ဇောကိစ္စ၊ ဇောဌာနအားဖြင့် တူညီနေသောကြောင့် ဖြစ်ပါသည်။ ရုပ်နာမ်ပညတ်စုံစွာ ကောက်ယူရသော အာရုံအမျိုးအစားမှာ - ဓမ္မာရုံ ဖြစ်ပါသည်။ |
4 | 2 | 2014 | စိတ်ထားလှပ သောမနဿဖြင့့် ပဋိသန္ဓေနေခဲ့သော ပုဂ္ဂိုလ်၏ ဒေါသဇောနောင် ဖြစ်သင့်သောစိတ် ဖြစ်ရာအခါ ပြုသည့်အာရုံ ဆောင်ရွက်သည့်ကိစ္စတို့ကို ဖော်ပြ၍ အကုသိုလ်တစ်သက် မဂ်တစ်ချက်ဟူသော ဆိုရိုးစကားအရ မဂ်တစ်ချက်ဟူသော စကားသည် မှန်ကန်မှုရှိ မရှိ ရှင်းလင်းပြပါ။ | စိတ်ထားလှပ သောမနဿဖြင့့် ပဋိသန္ဓေ နေခဲ့သော ပုဂ္ဂိုလ်၏ ဒေါသဇောနောင် - ဖြစ်သင့်သောစိတ် ဥပေက္ခာသန္တီရဏစိတ် ၂ ပါးမှ တစ်ပါးပါး - ဖြစ်ရာအခါ တဒါရုံမကျနိုင်ဘဲ အခက်အခဲကြံုရာအခါ - ပြုသည့်အာရုံ ရှေးကအလေ့အကျက်များသော အာရုံ - ဆောင်ရွက်သည့်ကိစ္စ အာဂန္တုကဘဝင်ကိစ္စ တို့ဖြစ်ပါသည်။ အကုသိုလ်တစ်သက် မဂ်တစ်ချက်ဟူသော ဆိုရိုးစကားအရ မဂ်တစ်ချက်ဟူသော စကားသည် မှန်ကန်မှုရှိပါသည်။ အကြောင်းမှာ အပ္ပနာဇောဝါရ မနောဒွါရဝီထိလာ မဂ္ဂဝီထိတွင် မဂ်စိတ်သည် တစ်ကြိမ်တည်းသာဇောပါသည်။ |
5 | 2 | 2014 | အမျှဝေခြင်း သာဓုခေါ်ခြင်းသည် ဒါနသီလနှစ်မျိုးတို့တွင် အဘယ်၌ ပါဝင်သည်ကို စာရင်းသွင်းပြ၍ မုသားစကား ပြောဆိုခြင်းသည် အဘယ်တရားအရင်းခံကြောင့် ဖြစ်သည်ကိုရှင်းပပြြီး ဒါနပြုရုံ သီလဆောက်တည်ရုံမျှဖြင့် မရရှိနိုင်ဘဲ ဘာဝနာပွားများမှသာ ရရှိနိုင်သည့် ကုသိုလ်ကံများကိုလည်း ထုတ်ပြပါ။ | အမျှဝေခြင်း သာဓုခေါ်ခြင်းသည် ဒါနသီလ နှစ်မျိုးတို့တွင် ဒါနကုသိုလ်တွင် ပါဝင်ပါသည်။ မုသားစကားပြောဆိုခြင်းသည် ရံခါ လောဘ၊ ရံခါ ဒေါသကြောင့်ဖြစ်ပါသည်။ ဒါနပြုရုံ သီလဆောက်တည်ရုံမျှဖြင့် မရရှိနိုင်ဘဲ ဘာဝနာပွားများမှသာ ရရှိနိုင်သည့် ကုသိုလ်ကံများမှာ (က) သမထဘာဝနာဖြစ်လျှင် ၁။ ရူပါဝစရကုသိုလ် ၅ ပါး ၂။ အရူပါဝစရကုသိုလ် ၄ ပါး (ခ) ဝိပဿနာဘာဝနာဖြစ်လျှင် ၁။ မဂ်ကုသိုလ် ၄ ပါး တို့ဖြစ်ပါသည်။ |
6 | 2 | 2014 | မခွဲမခွာ အမြဲသာတွဲကာနေကြသည့် ရုပ်တရားတို့ကို ထုတ်ပြ၍ ပြံုးပျော်ရယ်ရွှင်ခြင်းကို ဖြစ်စေတတ်သော စိတ်တို့ကိုလည်း ဖော်ထုတ်ပြပါ။ | မခွဲမခွာ အမြဲသာတွဲကာနေကြသည့် ရုပ်တရားတို့မှာ ၁။ ပထဝီ ၂။ အာပေါ ၃။ တေဇော ၄။ ဝါယော ၅။ ဝဏ္ဏ ၆။ ဂန္ဓ ၇။ ရသ ၈။ သြဇရုပ်တို့ဖြစ်ပါသည်။ ပြံုးပျော်ရယ်ရွှင်ခြင်းကို ဖြစ်စေတတ်သော စိတ်တို့မှာ - လောဘမူ သောမနဿသဟဂုတ်စိတ် ၄-ပါး - မဟာကုသိုလ်သောမနဿသဟဂုတ်စိတ် ၄-ပါး - မဟာကြိယာ သောမနဿသဟဂုတ်စိတ် ၄-ပါး - ဟသိတုပ္ပါဒ်စိတ် ၁-ပါး တို့ဖြစ်ကြပါသည်။ |
7 | 2 | 2014 | သတ္တဝါတို့၏စိတ်အစဉ်ကို ညစ်နွမ်းစေတတ် ပူလောင် စေတတ်သော တရားများကို ဖော်ပြ၍ အယူမိုက်မှား မိစ္ဆာဝါဒသမားတို့၏ သန္တာန်၌သာ ဖြစ်ခွင့်ရှိသော သံယောဇဉ်တို့ကိုလည်း အဘိဓမ္မာအမြင်ဖြင့် ရှာဖွေပြပါ။ | သတ္တဝါတို့၏စိတ်အစဉ်ကို ညစ်နွမ်းစေတတ် ပူလောင် စေတတ်သော တရားများ(ကိလေသာတရားများ)မှာ ၁။ လောဘ ၂။ ဒေါသ ၃။ မောဟ ၄။ မာန ၅။ ဒိဋ္ဌိ ၆။ ဝိစိကိစ္ဆာ ၇။ ဥဒ္ဓစ္စ ၈။ ထိန ၉။ အဟိရိက ၁၀။ အနောတ္တပ္ပ တို့ဖြစ်ပါသည်။ အယူမိုက်မှား မိစ္ဆာဝါဒသမားတို့၏ သန္တာန်၌သာ ဖြစ်ခွင့်ရှိသော သံယောဇဉ်တို့မှာ ၁။ ဒိဋ္ဌိသံယောဇဉ် ၂။ သီလဗ္ဗတပရာမာသသံယောဇဉ်တို့ဖြစ်ပါသည်။ |
8 | 2 | 2014 | သတ္တဝါအားလုံးကို ထာဝရဘုရားသခင်က ဖန်ဆင်း ထားသည်ဟူသော အယူဝါဒ မှန် မမှန် အဘိဓမ္မာ အမြင်ဖြင့် ရှင်းပြ၍ အသက်ရှည်ရာ အနာမဲ့ရေး အတွက် အဓိကလိုအပ်သော ပစ္စည်းတရား၏ အမည်ကိုလည်း ဖော်ပြပါ။ | သတ္တဝါအားလုံးကို ထာဝရဘုရားသခင်က ဖန်ဆင်းထားသည် ဟူသော အယူဝါဒ မမှန်ပါ။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ - သတ္တဝါများသည် တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့် မဟုတ်ဘဲ အဝိဇ္ဇာနှင့်တဏှာ တည်းဟူသော ပဋိစ္စသမုပ္ပါဒ် သံသရာဝဋ်ဆင်းရဲ၌ လည်ပတ်ရခြင်း၏ အကြောင်းရင်းဖြစ်သော ၀ဋ်မြစ်(မူလ) ၂-ပါးကြောင့်ပင် ဖြစ်လေသည်။ ဤဝဋ်မြစ် ၂-ပါးကိုအခြေခံ၍ ကျန်တရားစုများဖြစ်သော သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် စသည့်တရားများသည်လည်း ဆက်စပ်၍ ကြောင်းကျိုးမပြတ် လည်ပတ်ကြရကာ သတ္တဝါအားလုံးများ ဖြစ်နေကြပါသည်။ အသက်ရှည်ရာ အနာမဲ့ရေးအတွက် အဓိက လိုအပ်သော ပစ္စည်းတရား၏ အမည်မှာ အာဟာရပစ္စည်း ဖြစ်ပါသည်။ |
9 | 2 | 2014 | ဖလသမာပတ္ထိဝီထိ၌ ဖိုလ်၏ အမည်သုံးမျိုး ရပုံကို သိသောအောင် ဖြေဆိုပြီးလျှင် နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ် များကိုလည်း အဘိဓမ္မာအမြင်ဖြင့် ရှာဖွေတင်ပြပါ။ | ဖလသမာပတ္ထိဝီထိ၌ ဖိုလ်၏ အမည်သုံးမျိုး ရပုံမှာ ဝုဋ္ဌာနာဂါမီနိဝိပဿနာသည် ၁။ အနတ္တဟုရှုသော် သုညတဝိမောက္ခ ၂။ အနိစ္စဟုရှုသော် အနိမိတ္တဝိမောက္ခ ၃။ ဒုက္ခဟုရှုသော် အပ္ပဏိဟိတဝိမောက္ခ ဟုအမည်ရပါသည်။ နိရောဓသမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ်များမှာ ကာမဘုံ၊ ရူပဘုံ၌ သမာပတ် ၈-ပါး၊ ၉-ပါး ရပြီးသော အနာဂါမ် ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။ |
1 | 3 | 2014 | ကုသိုလ် ဝိပါက် ကြိယာတူညီသော်လည်း ခံစားမှု ဝေဒနာ ထက်မြက်မှုဉာဏ်ပညာ တိုက်တွန်းမှု သင်္ခါရစသည်တို့ ကွဲပြားမှုကြောင့် တိုးပွားလာသော စိတ်သရုပ်ကို ဖော်ပြ၍ ချမ်းသာမှုသုခနှင့် နှစ်သက်မှုပီတိနှစ်မျိုးစုံ ရရှိနိုင်သော စျာန်အမျိုးအစားတို့ကိုလည်း ဖြေဆိုပြပါ။ | ကုသိုလ် ဝိပါက် ကြိယာတူညီသော်လည်း ခံစားမှု ဝေဒနာ ထက်မြက်မှုဉာဏ်ပညာ တိုက်တွန်းမှု သင်္ခါရ စသည်တို့ ကွဲပြားမှုကြောင့် တိုးပွားလာသော စိတ်သရုပ်မှာ ၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာစိတ် ၃ ပါး ၂။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာစိတ် ၃ ပါး ၃။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာစိတ် ၃ ပါး ၄။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာစိတ် ၃ ပါး ၅။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာစိတ် ၃ ပါး ၆။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာစိတ် ၃ ပါး ၇။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာစိတ် ၃ ပါး ၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာစိတ် ၃ ပါး ပေါင်း ကာမသောဘနစိတ် ၂၄ ပါးဖြစ်ပါသည်။ ချမ်းသာမှုသုခနှင့် နှစ်သက်မှုပီတိနှစ်မျိုးစုံ ရရှိနိုင်သော စျာန်အမျိုးအစားတို့မှာ ၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်း စျာန်အင်္ဂါ ၅ ပါးနှင့်တကွဖြစ်သော ရူပါဝစရ ပထမစျာန်စိတ် ၃ ပါးနှင့် လောကုတ္တရာ ပထမစျာန်စိတ် ၈ ပါး၊ ပေါင်း ၁၁ ပါး ၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်း စျာန်အင်္ဂါ ၄ ပါးနှင့်တကွဖြစ်သော ရူပါဝစရ ဒုတိယစျာန်စိတ် ၃ ပါးနှင့် လောကုတ္တရာ ဒုတိယစျာန်စိတ် ၈ ပါး၊ ပေါင်း ၁၁ ပါး ၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်း စျာန်အင်္ဂါ ၃ ပါးနှင့်တကွဖြစ်သော ရူပါဝစရ တတိယစျာန်စိတ် ၃ ပါးနှင့် လောကုတ္တရာ တတိယစျာန်စိတ် ၈ ပါး၊ ပေါင်း ၁၁ ပါး စုစုပေါင်း ၃၃ ပါး ဖြစ်ပါသည်။ |
2 | 3 | 2014 | သသင်္ခါရိကစိတ်ငါးပါး၌ ယှဉ်ထိုက်သမျှသော စေတသိက်တို့ကို ရေတွက်ရာ၌ အသင်္ခါရိကနှင့် မတူ တမူထူးခြား ထည့်သွင်းရေတွက်ရမည့် စေတသိက်တို့ကို ရွေးချယ်၍ လောကုတ္တရာ စတုတ္ထစျာန် ပဉ္စမစျာန်တို့၌ယှဉ်သော စေတသိက်တို့၏ တူညီသော ဂဏန်းသင်္ချာ အရေအတွက်နှင့် ကွဲလွဲသော ဝေဒနာကိုလည်း ဖြေဆိုပါ။ | သသင်္ခါရိကစိတ်ငါးပါး၌ ယှဉ်ထိုက်သမျှသော စေတသိက်တို့ကို ရေတွက်ရာ၌ အသင်္ခါရိကနှင့် မတူ တမူထူးခြား ထည့်သွင်းရေတွက်ရမည့် စေတသိက်တို့မှာ - ထိန၊ မိဒ္ဓစေတသိက်ဖြစ်ပါသည်။ လောကုတ္တရာ စတုတ္ထစျာန် ပဉ္စမစျာန်တို့၌ ယှဉ်သော စေတသိက်တို့၏ တူညီသော ဂဏန်းသင်္ချာအရေအတွက်မှာ - ၃၃ ပါးနှင့် ကွဲလွဲသော ဝေဒနာတို့မှာ - သောမနဿဝေဒနာနှင့် ဥပေက္ခာဝေဒနာ တို့ဖြစ်ပါသည်။ |
3 | 3 | 2014 | စက္ခုဒွါရ၌ ဖြစ်သောစိတ်နှင့် မနောဒွါရ၌ ဖြစ်သောစိတ်တို့ အာရုံပြုနိုင်သည့် စွမ်းဆောင်ရည် သတ္တိခြင်းကွဲပြားပုံကို ဖြေဆိုပြ၍ အဆင်း အသံ အန့ံ အရသာ အတွေ့ဟူသော အာရုံငါးပါးလုံးကို ခံစားနိုင်အာရုံပြုနိုင်သောစိတ်တို့ကိုလည်း ဖြေဆိုပြပါ။ | စက္ခုဒွါရ၌ ဖြစ်သောစိတ်၏ အာရုံပြုနိုင်သည့် စွမ်းဆောင်ရည် သတ္တိမှာ - ပစ္စုပ္ပန်ရူပါရုံ ဖြစ်၍ မနောဒွါရ၌ ဖြစ်သောစိတ်၏ အာရုံပြုနိုင်သည့် စွမ်းဆောင်ရည် သတ္တိမှာ - ကာလသုံးပါး၌ဖြစ်သော မည်သည့်အာရုံမဆို ဖြစ်ပါသည်။ အဆင်း အသံ အန့ံ အရသာ အတွေ့ဟူသော အာရုံငါးပါးလုံးကို ခံစားနိုင်အာရုံပြုနိုင်သော စိတ်တို့မှာ - ပဉ္စဒွါရာဝဇ္ဇန်း - သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး တို့ဖြစ်ပါသည်။ |
4 | 3 | 2014 | စိတ္တေနနီယတိလောကော လောကကိုစိတ်ကဆောင်သည် ဟု ဒေသနာရှိသော်လည်း စိတ်မရှိသော ပုဂ္ဂိုလ်ရှိက ထုတ်ပြ၍ ဖောက်ပြန်ပြောင်းလွဲမှုရုပ်မရှိ နာမ်သာရှိသော ဘုံ၌ မရထိုက်သောနာမ်တရားတို့ကိုလည်း ဖော်ထုတ်ပြပါ။ | စိတ္တေနနီယတိလောကော လောကကို စိတ်က ဆောင်သည် ဟု ဒေသနာရှိသော်လည်း စိတ်မရှိသော ပုဂ္ဂိုလ်ရှိပါသည်။ ၎င်းပုဂ္ဂိုလ်မှာ အသညသတ်ဘုံသားဖြစ်ပါသည်။ ဖောက်ပြန်ပြောင်းလွဲမှုရုပ်မရှိ နာမ်သာရှိသော ဘုံ၌ မရထိုက်သောနာမ်တရားတို့မှာ - စိတ်အားဖြင့် ၁။ ဒေါသမူစိတ် ၂ ပါး ၂။ မနောဒွါရာဝဇ္ဇန်းကြဉ် အဟိတ်စိတ် ၁၇ ပါး ၃။ မဟာဝိပါက်စိတ် ၈ ပါး ၄။ ရူပါဝစရစိတ် ၁၅ ပါး ၅။ သောတာပတ္တိမဂ်စိတ် ၁ ပါး ပေါင်း ၄၃ ပါး - စေတသိက်အားဖြင့် ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စဟူသော ဒေါစတုတ် ၄ ပါး တို့ဖြစ်ပါသည်။ |
5 | 3 | 2014 | သေခါနီးတွင်ထင်လာတတ်သော အာရုံနိမိတ်တို့ကို သိသာရုံမျှ ဖော်ပြ၍ သက်ရှိသတ္တဝါအားလုံးတို့ ဖြစ်ရသော ဘဝတစ်သက်တာဝယ် အစ အလယ် အဆုံးတို့၌ ဖြစ်သော စိတ်တို့၏ အမည်သညာကို ရေးပြပါ။ | သေခါနီးတွင်ထင်လာတတ်သော အာရုံနိမိတ်တို့မှာ ၁။ ကံ ၂။ ကမ္မနိမိတ် ၃။ ဂတိနိမိတ်အာရုံ တို့ဖြစ်ပါသည်။ သက်ရှိသတ္တဝါအားလုံးတို့ ဖြစ်ရသော ဘဝတစ်သက်တာဝယ် - အစ၌ ဖြစ်သောစိတ် ပဋိသန္ဓေစိတ် - အလယ်၌ဖြစ်သောစိတ် ၁။ ဘဝင်စိတ် ၂။ ဝီထိစိတ် - အဆုံး၌ ဖြစ်သောစိတ် စုတိစိတ် တို့ဖြစ်ပါသည်။ |
6 | 3 | 2014 | လူသားတို့၏ ခန္ဓာအတွင်းရှိ ရုပ်ဝတ္တုများတွင် လူနှင့်အတူ သေသောရုပ် လူသေပြီးမှ သေသောရုပ် လူသေသော်လည်း ဆက်လက်ရှင်သန်နေသော ရုပ်တို့ကို ခွဲထုတ်ပြ၍ ကလာပ်ဖွဲ့စည်းရာ၌ ပါဝင်ခွင့်မရသောရုပ်တို့ကို ထုတ်ပြပါ။ | လူသားတို့၏ ခန္ဓာအတွင်းရှိ ရုပ်ဝတ္ထုများတွင် - လူနှင့်အတူ သေသောရုပ် ကမ္မဇရုပ် - လူသေပြီးမှ သေသောရုပ် ၁။ စိတ္တဇရုပ် ၂။ အာဟာရဇရုပ် - လူသေသော်လည်း ဆက်လက် ရှင်သန်နေသောရုပ် ဥတုဇရုပ်တို့ဖြစ်ပါသည်။ ကလာပ်ဖွဲ့စည်းရာ၌ ပါဝင်ခွင့်မရသောရုပ် ၁။ ပရိစ္ဆေဒရုပ် ၂။ လက္ခဏရုပ် ၄ ပါးတို့ဖြစ်ပါသည်။ |
7 | 3 | 2014 | သာမန်ပုထုဇဉ်လူသားတို့ မရနိုင်သော ဣန္ဒြေတို့တွင် ပထမဆုံးဖြစ်သော ဣန္ဒြေကို တရားကိုယ်နှင့်တကွ ကောက်ပြ၍ မိဿကသင်္ဂဟ၌ ပညာစေတသိက်၏ ဖြစ်ရာဌာနများကိုလည်း တိကျစွာ ဖော်ပြပါ။ | သာမန်ပုထုဇဉ်လူသားတို့ မရနိုင်သော ဣန္ဒြေတို့တွင် ပထမဆုံးဖြစ်သော ဣန္ဒြေမှာ - အနညာတညဿာမီတိန္ဒြေဖြစ်၍ တရားကိုယ်မှာ သောတာပတ္တိမဂ်စိတ်၌ဖြစ်သော ပညာစေတသိက်ဖြစ်ပါသည်။ မိဿကသင်္ဂဟ၌ ပညာစေတသိက်၏ ဖြစ်ရာဌာနများမှာ (၁) အမောဟဟိတ်ဌာန (၂) သမ္မာဒိဋ္ဌိ မဂ္ဂင်ဌာန (၃) ပညိန္ဒြေဌာန (၄) အနညာတညဿမီတိန္ဒြေဌာန (၅) အညိန္ဒြေဌာန (၆) အညာတာဝိန္ဒြေဌာန (၇) ပညာဗိုလ်ဌာန (၈) ဝီမံသာဓိပတိဌာန တို့ဖြစ်ပါသည်။ |
8 | 3 | 2014 | လူသားထု တစ်ရပ်လုံးအား အစာ အာဟာရ ရာသီဥတု အိမ်နေရာများက ကျေးဇူးပြုလျက်ရှိရာ အဘယ်ကဲ့သို့ ကျေးဇူးပြုပါသနည်း ပဋ္ဌာန်းနည်း အရ ဆက်သွယ်ပြ၍ ပဋ္ဌာန်း ၂၄ ပစ္စည်းတို့တွင် အကျိုးရှေ့ အကြောင်းနောက်ဖြစ်သော ပစ္စည်း တရား၏ အမည်ကိုလည်း ဖော်ပြပါ။ | လူသားထု တစ်ရပ်လုံးအား အစာ အာဟာရ ရာသီဥတု အိမ်နေရာများက ကျေးဇူးပြုလျက်ရှိရာ အားကြီးလှသော မှီရာအဖြစ် ပကတူပနိဿယပစ္စည်းဖြင့် အထောက်အပံ့ပြုလျက်ရှိပါသည်။ ပဋ္ဌာန်း ၂၄ ပစ္စည်းတို့တွင် အကျိုးရှေ့ အကြောင်း နောက်ဖြစ်သော ပစ္စည်းတရား၏ အမည်မှာ “ပစ္ဆာဇာတပစ္စည်း” ဖြစ်ပါသည်။ |
3 | 4 | 2014 | လူသားတို့၏ နှလုံးအိမ်တည်းဟူသော ဟဒယဝတ္ထု၌ လောဘ ဒေါသ မောဟတရားဆိုး သုံးပါးတို့ အမြဲတမ်းမှီတွယ်မှု ရှိနိုင် မရှိနိုင် ဆုံးဖြတ်ပြ၍ ဒွါရခြောက်ပါးမှ လွတ်မြောက်လာသော မဟဂ္ဂုတ်ဝိပါက်စိတ် ၉ ပါးသည် ဝတ္ထုခြောက်ပါးမှလည်း လွတ်မြောက်ခွင့်ရ မရ ဖြေဆိုပါ။ | လူသားတို့၏ နှလုံးအိမ်တည်းဟူသော ဟဒယဝတ္ထု၌ လောဘ ဒေါသ မောဟတရားဆိုး သုံးပါးတို့ အမြဲတမ်းမှီတွယ်မှု မရှိနိုင်ပါ။ အကြောင်းမှာ ၁။ လောဘသည် ပ ဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထုကို အမြဲမှီ၍ စတုဝေါကာရဘုံ၌ ဖြစ်ခိုက် မမှီပါ။ ၂။ ဒေါသသည် ပဉ္စဝေါကာရဘုံ၌သာ ဖြစ်သောကြောင့် ဟဒယဝတ္ထုကို အမြဲမှီပါသည်။ ၃။ မောဟသည် ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထုကို အမြဲမှီ၍ စတုဝေါကာရဘုံ၌ ဖြစ်ခိုက် မမှီပါ။ ဒွါရခြောက်ပါးမှ လွတ်မြောက်လာသော မဟဂ္ဂုတ်ဝိပါက်စိတ် ၉ ပါးတွင် ၁။ အရူပဝိပါက်စိတ် ၄ ပါးသည် - ဝတ္ထုခြောက်ပါးမှ လွတ်ခွင့်ရပါသည်။ ၂။ ရူပဝိပါက်စိတ် ၅ ပါးသည် - စက္ခု၊ သောတ၊ ဟဒယဝတ္ထုမှ လွတ်မြောက်ခွင့်မရဘဲ - ဃာန၊ ဇိဝှါ၊ ကာယဝတ္ထု ၃ ပါးမှသာ လွတ်မြောက်ခွင့်ရပါသည်။ |
6 | 4 | 2014 | အသညသတ်ဗြဟ္မာများ ပဋိသန္ဓေအခါ၌သာ ရနိုင်သောရုပ်တို့ကို ထုတ်ပြ၍ ဘုရား ရဟန္တာတို့သည် သန္တိသုခနိဗ္ဗာနဓာတ်ကြီးကို အာရုံပြုကြရာ ပရိနိဗ္ဗာန်မစံခင် အာရုံပြုအပ်သော နိဗ္ဗာန် ပရိနိဗ္ဗာန်စံပြီးနောက် အာရုံပြုအပ်သော နိဗ္ဗာန် အမည်တို့ကို ရေးပြပါ။ | အသညသတ်ဗြဟ္မာများ ပဋိသန္ဓေအခါ၌သာ ရနိုင်သောရုပ်တို့ မရှိပါ။ ဘုရား ရဟန္တာတို့သည် သန္တိသုခနိဗ္ဗာနဓာတ်ကြီးကို အာရုံပြုကြရာ - ပရိနိဗ္ဗာန်မစံခင် အာရုံပြုအပ်သော နိဗ္ဗာန် သဥပါဒိသေသနိဗ္ဗာန် - ပရိနိဗ္ဗာန်စံပြီးနောက် အာရုံပြုအပ်သော နိဗ္ဗာန် အနုပါဒိသေသနိဗ္ဗာန် တို့ဖြစ်ပါသည်။ |
8 | 4 | 2014 | နာမ်တရားက ရုပ်တရားအား ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုရာ၌ မည်သည့်နာမ်တရားသည် မည်သည့်ရုပ်တရားအား ကျေးဇူးပြုပါသနည်း ဖြေဆို၍ နာမ်ရုပ်နှစ်ပါး မကွဲပြား မှတ်သား အန္ဓဟူသောစကားအရ လူအန္ဓမဖြစ်ရလေအောင် ပရမတ္ထတို့ကိုလည်း နာမ်ရုပ် ခွဲပြပါ။ | နာမ်တရားက ရုပ်တရားအား ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုရာ၌ - (ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက်ဖြစ်နေ) အရူပဝိပါက် ၄-ပါးကြဉ်သော ပထမဘဝင် အစရှိသော နောက်နောင်သော စိတ် ၈၅-ပါး ၊စေတသိက် ၅၂-ပါး ဟူသောနာမ်များက - ပဋိသန္ဓေအစရှိသော ရှေးရှေးစိတ်နှင့်အတူ ဥပါဒ်၍ ရုပ်၏ဌီသို့ရောက်သော ဧကဇကာယ၊ တိဇကာယ၊ စတုဇကာယ ဟူသောရုပ်တရားများအား ကျေးဇူးပြုပါသည်။ ပရမတ္ထတို့ကိုလည်း နာမ်ရုပ် ခွဲပြရသော် - နာမ်သဘောများမှာ ၁။ စိတ် ၂။ စေတသိက် ၃။ နိဗ္ဗာန် - ရုပ်သဘောမှာ ၄။ ရုပ် တို့ဖြစ်ကြပါသည်။ |
8 | 5 | 2014 | ပညတ်၏သဘောသွားကို လေ့လာထားသူများပီပီ သဒ္ဒပညတ် ၆ ပါးကို ပုံစံများနှင့်တကွ အစဉ်ကျကျ ရေတွက်ပြ၍ ကမ္မဋ္ဌာန်း ၄၀ တို့တွင် အတွေးသမား အတွက် သီးခြားပေးရမည့် ကမ္မဋ္ဌာန်းတရားကိုလည်း ဖော်ပြပါ။ | ပညတ်၏သဘောသွားကို လေ့လာထားသူများပီပီ သဒ္ဒပညတ် ၆ ပါးကို ပုံစံများနှင့်တကွ အစဉ်ကျကျ ရေတွက်ပြရသော် (၁) ဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒပြ် ဝတ္ထုတို့ကို ခေါ်ဝေါ်ကြောင်း အမည်သညာ။ ပုံစံ။ ။ အသံ (၂) အဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှား မရှိသော အနက်ဒပြ် ဝတ္ထုတို့ကို ခေါ်ဝေါ်ကြောင်း အမည်သညာ။ ပုံစံ။ ။ ပုဂ္ဂိုလ် (၃) ဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒပြ် ဝတ္ထုနှင့် ထင်ရှား မရှိသော အနက်ဒပြ်ဝတ္ထုတို့ကို ယှဉ်တွဲ၍ ခေါ်ဝေါ်ကြောင်း အမည်သညာ။ ပုံစံ။ ။ လောဘလူသား (၄) အဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှား မရှိသော အနက်ဒပြ် ဝတ္ထုနှင့် ထင်ရှားရှိသော အနက်ဒပြ်ဝတ္ထုတို့ကို ယှဉ်တွဲ၍ ခေါ်ဝေါ်ကြောင်း အမည်သညာ။ ပုံစံ။ ။ လူသားအသံ (၅) ဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒပြ် ဝတ္ထုနှင့် ထင်ရှားရှိသော အနက်ဒပြ်ဝတ္ထုတို့ကို ယှဉ်တွဲ၍ ခေါ်ဝေါ်ကြောင်း အမည်သညာ။ ပုံစံ။ ။ လောဘဒေါသ (၆) အဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် - ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ဒပြ် ဝတ္ထုနှင့် ထင်ရှားမရှိသော အနက်ဒပြ်ဝတ္ထုတို့ကို ယှဉ်တွဲ၍ ခေါ်ဝေါ်ကြောင်း အမည်သညာ။ ပုံစံ။ ။ အဖေ့သား တို့ဖြစ်ပါသည်။ ကမ္မဋ္ဌာန်း ၄၀ တို့တွင် အတွေးသမား အတွက် သီးခြားပေးရမည့် ကမ္မဋ္ဌာန်းတရားများမှာ အာနာပါနဿတိဖြစ်ပါသည်။ |
1 | 1 | 2015 | ပြောင်းလဲမှု မရှိသော ပရမတ်တရားများကို အရေအတွက်များနှင့် အတူ ဖော်ပြ၍ ပါပအမည်ရသော စိတ်ကိုလည်း တိုက်တွန်းမှု မတိုက်တွန်းမှု စသည့် သရုပ်များဖြင့် ဖော်ထုတ်ပြခဲ့ပါ | ပြောင်းလဲမှု မရှိသော ပရမတ်တရားများကို အရေအတွက်များနှင့် အတူ ဖော်ပြရသော် - စိတ် ၈၉ ပါး (ကျဉ်း) ၊ ၁၂၁ ပါး (ကျယ်) - စေတသိက် ၅၂ ပါး - ရုပ် ၂၈ ပါး - နိဗ္ဗာန် ၁ ပါး ပါပအမည်ရသော စိတ်ကိုလည်း တိုက်တွန်းမှု မတိုက်တွန်းမှု စသည့် သရုပ်များဖြင့် ဖော်ထုတ်ပြရသော် - တိုက်တွန်းမှုနှင့် တကွ ဖြစ်သော သသင်္ခါရိကစိတ် ၅ ပါး - တိုက်တွန်းမှုမပါဘဲ ဖြစ်သော အသင်္ခါရိကစိတ် ၅ ပါး - နှစ်မျိုးလုံး မဟုတ်သော စိတ် ၂ ပါး ပေါင်း အကုသိုလ်စိတ် ၁၂ ပါး ဖြစ်ပါသည်။ |
2 | 1 | 2015 | အကျီလည်ဟိုက် တက်တူရိုက်၍ ကာလသားများ သဘောကျအောင် ဖလန်းဖလန်း ထနေသော ခေတ်လွန်မိန်းမပျိုတို့၏ သန္တာန်၌ ဖြစ်သော စေတသိက်တို့နှင့် ယှဉ်ဘက်စိတ်တို့ကို ဖော်ပြပါ။ | အကျီလည်ဟိုက် တက်တူရိုက်၍ ကာလသားများ သဘောကျအောင် ဖလန်းဖလန်း ထနေသော ခေတ်လွန်မိန်းမပျိုတို့၏ သန္တာန်၌ ဖြစ်သော စေတသိက်တို့နှင့် ယှဉ်ဘက်စိတ်တို့မှာ စေတသိက် - အဟိရိကနှင့် အနောတ္တပ္ပ စေတသိက် ၂ ပါး ယှဉ်ဘက်စိတ် - အကုသိုလ်စိတ် ၁၂ ပါး တို့ ဖြစ်ပါသည်။ |
3 | 1 | 2015 | အဘယ်ကြောင့် ပကိဏ်းပိုင်းဟု ခေါ်ပါသနည်း ဖြေဆို၍ ၎င်းပကိဏ်းပိုင်းကို အနှစ်ချုပ်၍ သရုပ်ထုတ်ခဲ့ပါ။ | စိတ်၊ စေတသိက်တို့ကို ဝေဒနာ စသော သင်္ဂဟ ၆ ပါးဖြင့် ရောပြွမ်း၍ ပြဆိုသော အပိုင်းဖြစ်သောကြောင့် ပကိဏ်းပိုင်းဟု ခေါ်ဆိုရခြင်း ဖြစ်ပါသည်။ ၎င်းပကိဏ်းပိုင်းကို အနှစ်ချုပ်၍ သရုပ်ထုတ်ရသော် ၁။ ဝေဒနာ သင်္ဂဟ (ဝေဒနာအပြား ၃ ပါး၊ ၅ ပါး) ၂။ ဟေတု သင်္ဂဟ (ဟိတ် ၆ ပါး) ၃။ ကိစ္စ သင်္ဂဟ (ကိစ္စအပြား ၁၄ ပါး၊ ဌာနအပြား ၁၀ ပါး) ၄။ ဒွါရ သင်္ဂဟ (ဒွါရ ၆ ပါး) ၅။ အာရမ္မဏ သင်္ဂဟ (အာရုံ ၆ ပါး) ၆။ ဝတ္ထု သင်္ဂဟ (ဝတ္ထုရုပ် ၆ ပါး) တို့ ဖြစ်ပါသည်။ |
4 | 1 | 2015 | ဝီထိမုတ်စိတ်တို့၏ ဝိသယပ္ပဝတ္တိနှင့် ဝီထိစိတ်တို့၏ အာရုံဖြစ်သော ဝိသယပ္ပဝတ္တိများကို ပြည့်စုံစွာ ရေးသား ဖြေဆိုခဲ့ပါ။ | ဝီထိမုတ်စိတ်တို့၏ ဝိသယပ္ပဝတ္တိ - ကံ၊ ကမ္မနိမိတ်နှင့် ဂတိနိမိတ်တို့ ဖြစ်ပါသည်။ ဝီထိစိတ်တို့၏ အာရုံဖြစ်သော ဝိသယပ္ပဝတ္တိများ ၁။ အတိမဟန္တာရုံ ၂။ မဟန္တာရုံ ၃။ ပရိတ္တာရုံ ၄။ အတိပရိတ္တာရုံ ၅။ ဝိဘူတာရုံ ၆။ အဝိဘူတာရုံ တို့ ဖြစ်ပါသည်။ |
5 | 1 | 2015 | ဘုံ၃၁ ဖြစ်ဖြစ်များစွာ သတ္တဝါတို့မှာ ပုထုဇဉ်ရော အရိယာပါ ရောနှောနေသော ဘုံတို့ကို ဖော်ပြ၍ သုံးဆယ့်တစ်ဘုံသား သတ္တဝါများအား သံသရာမှာ ကျင်လည်ကာ ဖြစ်စေတတ်သော ပဋိသန္ဓေ လေးမျိုးကိုလည်း ဖြေဆိုခဲ့ပါ။ | ဘုံ၃၁ ဖြစ်ဖြစ်များစွာ သတ္တဝါတို့မှာ ပုထုဇဉ်ရော အရိယာပါ ရောနှောနေသော ဘုံတို့မှာ - ကာမသုဂတိ ရ ဘုံ - အသညသတ်နှင့် သုဒ္ဓါဝါသဘုံ ကြဉ်သော ရူပ ၁၀ ဘုံ - အရူပ ၄ ပါး ပေါင်း ၂၁ ဘုံ ဖြစ်ပါသည်။ သုံးဆယ့်တစ်ဘုံသား သတ္တဝါများအား သံသရာမှာ ကျင်လည်ကာ ဖြစ်စေတတ်သော ပဋိသန္ဓေ လေးမျိုးမှာ ၁။ အပါယ် ပဋိသန္ဓေ ၁ ပါး ၂။ ကာမသုဂတိ ပဋိသန္ဓေ ၉ ပါး ၃။ ရူပ ပဋိသန္ဓေ ၆ ပါး ၄။ အရူပ ပဋိသန္ဓေ ၄ ပါး ပေါင်း ၂၀ ဖြစ်ပါသည်။ |
6 | 1 | 2015 | ထိတွေ့ စမ်းသပ်၍ ရကောင်းသော အာရုံ (ဖောဋ္ဌဗ္ဗာရုံ) တွင် ပါဝင်သော ရုပ်တရား အစုကို ဖော်ထုတ် ရေးသား၍ ပရမတ္ထအားဖြင့် အထင်အရှား အထည်ကိုယ် ရကောင်းသော ရုပ်တရားများကိုလည်း ပြည့်စုံစွာ ဖြေဆိုခဲ့ပါ။ | ထိတွေ့ စမ်းသပ်၍ ရကောင်းသော အာရုံ (ဖောဋ္ဌဗ္ဗာရုံ) တွင် ပါဝင်သော ရုပ်တရား အစုမှာ - (ပထဝီ) ဖောဋ္ဌဗ္ဗာရုံ - (တေဇော) ဖောဋ္ဌဗ္ဗာရုံ - (ဝါယော) ဖောဋ္ဌဗ္ဗာရုံ တို့ ဖြစ်ပါသည်။ ပရမတ္ထအားဖြင့် အထင်အရှား အထည်ကိုယ် ရကောင်းသော ရုပ်တရားများမှာ - မဟာဘုတ်ရုပ် ၄ ပါး - ပသာဒရုပ် ၅ ပါး - ဂေါစရရုပ် ၄ ပါး - ဘာဝရုပ် ၂ ပါး - ဟဒယရုပ် ၁ ပါး - ဇီဝိတရုပ် ၁ ပါး - အာဟာရရုပ် ၁ ပါး ပေါင်း ပရမတ်ရုပ် ၁၈ ပါး ဖြစ်ပါသည်။ |
7 | 1 | 2015 | ရေသောက်မြစ်သည် သစ်ပင်ကို ခိုင်ခံ့စည်ပင်စေရန် ထောက်ပံ့သကဲ့သို့ မိမိနှင့်တကွ ဖြစ်ဘက် ရုပ်နာမ်တရားတို့ကို ခိုင်ခံ့စည်ပင်စေရန် ထောက်ပံ့တတ်သော တရားများကို ဖော်ပြ၍ ဣန္ဒြေ ၂၂-ပါး ရှိသော်လည်း သုံးဆယ့်တစ်ဘုံ အလုံးစုံတွင် ဇီဝိတိန္ဒြေတစ်ပါးသာ ဖြစ်ပေါ်ခွင့်ရှိသောဘုံကိုလည်း တိကျစွာ ညွှန်ပြပါ။ | ရေသောက်မြစ်သည် သစ်ပင်ကို ခိုင်ခံ့စည်ပင်စေရန် ထောက်ပံ့သကဲ့သို့ မိမိနှင့်တကွ ဖြစ်ဘက် ရုပ်နာမ်တရားတို့ကို ခိုင်ခံ့စည်ပင်စေရန် ထောက်ပံ့တတ်သော တရားများမှာ- လောဘဟိတ် ဒေါသဟိတ် မောဟဟိတ် အလောဘဟိတ် အဒေါသဟိတ် အမောဟဟိတ် ဟူသော ဟိတ် ၆-ပါးဖြစ်ပါသည်။ ဣန္ဒြေ ၂၂-ပါး ရှိသော်လည်း သုံးဆယ့်တစ်ဘုံ အလုံးစုံတွင် ဇီဝိတိန္ဒြေတစ်ပါးသာ ဖြစ်ပေါ်ခွင့်ရှိသောဘုံမှာ အသညသတ်ဘုံဖြစ်ပါသည်။ |
8 | 1 | 2015 | လူ့ဘဝနယ်ပယ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာသူကို လူချမ်းသာ ဟုခေါ်ဆိုလေ့ရှိကြရာ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ လူချမ်းသာဟူ၍ ရှိနိုင်၊ မရှိနိုင် စီစစ်တင်ပြ၍ အဝိဇ္ဇာပစ္စယာသင်္ခါရာ၌ သင်္ခါရအပြားကိုလည်း တရားကိုယ်များနှင့်တကွ ယှဉ်တွဲဖော်ပြပါ။ | လူ့ဘဝနယ်ပယ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာသူကို လူချမ်းသာ ဟုခေါ်ဆိုလေ့ရှိကြရာ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ လူချမ်းသာဟူ၍ မရှိနိုင်ပါ။ အကြောင်းမှာ- ပဋိစ္စသမုပ္ပါဒ်နည်းအရ အဝိဇ္ဇာ စသော အကြောင်းအဆက်ဆက်ကြောင့် ဖြစ်ပေါ်လာသော ရုပ်နာမ်ဓမ္မ အကျိုးအဆက်ဆက် မှန်သမျှသည် ချမ်းသာမဖက် ဒုက္ခစုသက်သက်မျှ ဖြစ်သည်ဟု ဆိုထားသောကြောင့် ဖြစ်ပါသည်။ အဝိဇ္ဇာပစ္စယာသင်္ခါရာ၌ သင်္ခါရအပြားက၏တရားကိုယ်များမှာ- ၁။ ပုညာဘိသင်္ခါရ = မဟာကုသိုလ်စိတ် ၈-ပါး၊ ရူပကုသိုလ်စိတ် ၅-ပါး၌ယှဉ်သော ကုသိုလ်စေတနာ ၁၃-ပါး၊ ၂။ အပုညာဘိသင်္ခါရ = အကုသိုလ်စိတ် ၁၂-ပါး၌ယှဉ်သော အကုသိုလ်စေတနာ ၁၂-ပါး၊ ၃။ အာနေဥ္ဇာဘိသင်္ခါရ = အရူပကုသိုလ်စိတ် ၄-ပါး၌ယှဉ်သော ကုသိုလ်စေတနာ ၄-ပါး တို့ဖြစ်ကြပါသည်။ |
9 | 1 | 2015 | ငတ်မွတ်ခေါင်းပါး အစားအစာ ရှားပါးသော သူတို့ကို ကူညီနေသော ပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်သောတရားကို အာရုံနှင့်တကွ တွဲဖက်ညွှန်ပြ၍၊ ၎င်းတရားကို နည်းလမ်းကျကျ ဆက်လက်အားထုတ်ပါက ရရှိနိုင်သော အကျိုးထူးတရားများကိုလည်း ဖော်ပြပါ။ | ငတ်မွတ်ခေါင်းပါး အစားအစာ ရှားပါးသော သူတို့ကို ကူညီနေသော ပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်သောတရားမှာ ကရုဏာဗြဟ္မာဝိဟာရတရား ဖြစ်ပါသည်။ ထိုတရားသည် အတိုင်းအရှည် ပမာဏမထား မခွဲခြားသော (အတိုင်းမသိသော) ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြုပါသည်။ ၎င်းကရုဏာတရားကို နည်းလမ်းကျကျ ဆက်လက်အားထုတ်ပါက ဘာဝနာအဆင့်ဆင့် မြင့်တက်၍ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်နှင့် စတုတ္ထစျာန်တိုင်အောင် ရူပစျာန်လေးပါးလုံး ရရှိခြင်းဟူသော အကျိုးထူးတရား ရနိုင်ပါသည်။ |
1 | 2 | 2015 | တရားစခန်းဝယ် ဝက်သားတုံးကြီးကို အငမ်းမရ စားသော ယောဂီနှင့် တရားမှတ်၍ စားသော ယောဂီတို့ သန္တာန်၌ ဖြစ်သော စိတ်တို့ကို ဖော်ထုတ်၍ ခံစားမှုအားဖြင့် ကွဲပြားမှု ရှိ မရှိကိုလည်း အကြောင်းပြ ဖြေဆိုခဲ့ပါ။ | တရားစခန်းဝယ် ဝက်သားတုံးကြီးကို အငမ်းမရ စားသော ယောဂီ သန္တာန်၌ ဖြစ်သော စိတ် အငမ်းမရ စားခြင်းသည် အပြစ်ရှိမှန်း သိသော်လည်း ကြိုက်နှစ်သက်မှုလောဘနှင့် ယှဉ်နေသော လောဘမူ အကုသိုလ်စိတ်၏ သဘောဖြစ်၍ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အ-သင်္ခါရိကလောဘမူစိတ် ဖြစ်ပါသည်။ တရားမှတ်၍ စားသော ယောဂီ သန္တာန်၌ ဖြစ်သော စိတ် တရားမှတ်၍ စားခြင်းသည် ဝိပဿနာဉာဏ်ပညာနှင့် ယှဉ်သော မဟာကုသိုလ်စိတ်၏ သဘောဖြစ်၍ ဥပေက္ခာသဟဂုတ် ဉာဏသမ္မယုတ် မဟာကုသိုလ်စိတ် ဖြစ်ပါသည်။ ခံစားမှု ဝေဒနာအားဖြင့်လည်း - အငမ်းမရ စားနေခြင်း၌ သောမနဿဝေဒနာ - တရားမှတ်၍ စားနေခြင်း၌ ဥပေက္ခာဝေဒနာ ဟူ၍ ကွဲပြားမှု ရှိပါသည်။ (တနည်း) ယောဂီနှစ်ဦးလုံး၌ ဝက်သားစားသုံးခိုက် ဖြစ်မူ - ဝက်သားတည်းဟူသော ဣဋ္ဌအာရုံ ဖြစ်၍ ဥပေက္ခာသဟဂုတ် အဟိတ်ကုသလဝိပါက် ဇိဝှါဝိညာဏ်စိတ်ချည်းသာ ဖြစ်၍ ဝေဒနာ ကွဲပြားမှု မရှိပါ။ |
2 | 2 | 2015 | အောက်ပါစေတသိက်တို့ကို မှန်ကန်စွာ ဖြေဆိုခဲ့ပါ။ (က) ချဉ်သီးစားသူအား မြင်တွေ့ခိုက်၌ ဖြစ်သော စေတသိက် (ခ) အမှန်နှင့် အမှားကို ဝေဖန်သုံးသပ်တတ်သော စေတသိက် (ဂ) အမှားအတွက် နောင်တရနေသူ၌ ဖြစ်သော စေတသိက် (ဃ) အမှန်ကို သိသူ၌ ဖြစ်သော စေတသိက် (င) အမှန်ကို သိရသဖြင့် ကျေနပ်နေသူ၌ ဖြစ်သော စေတသိက် | (က) ချဉ်သီးစားသူအား မြင်တွေ့ခိုက်၌ ဖြစ်သော စေတသိက် - ဖဿ စေတသိက် (ခ) အမှန်နှင့် အမှားကို ဝေဖန်သုံးသပ်တတ်သော စေတသိက် - ဝိစာရ စေတသိက် (ဂ) အမှားအတွက် နောင်တရနေသူ၌ ဖြစ်သော စေတသိက် - ကုက္ကုစ္စ စေတသိက် (ဃ) အမှန်ကို သိသူ၌ ဖြစ်သော စေတသိက် - ပညာစေတသိက် (င) အမှန်ကို သိရသဖြင့် ကျေနပ်နေသူ၌ ဖြစ်သော စေတသိက် - ပီတိ စေတသိက် |
3 | 2 | 2015 | စာမေးပွဲ ဖြေဆိုရန် စာကျက်စဉ် အိပ်ပျော်သွားရာ၌ ဖြစ်သောစိတ်ကို ကောက်ပြ၍ ၎င်းစိတ်၏ ဖြစ်ရာဒွါရ ပြုရာအာရုံတို့ကိုလည်း ဖြေဆိုခဲ့ပါ။ | စာမေးပွဲ ဖြေဆိုရန် စာကျက်စဉ် အိပ်ပျော်သွားရာ၌ ဖြစ်သောစိတ် - ဘဝင်စိတ် လူတို့၏ ဘဝင်စိတ်သရုပ်မှာ - အဟိတ်ကုသလဝိပါက်၊ ဥပေက္ခာ သန္တီရဏစိတ် ၁ ပါး၊ မဟာဝိပါက် ၈ ပါး ပေါင်း ၉ ပါး ဖြစ်ပါသည်။ ဖြစ်ရာဒွါရ - ဒွါရဝိမုတ် (မည်သည့်ဒွါရ၌ မဖြစ်ပါ) ပြုရာအာရုံ - ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ဟူသော အာရုံ ၃ ပါးမှ တစ်ပါးပါး |
4 | 2 | 2015 | သင်းပျံ့မွှေးကြိုင်သော ပန်းကလေးကို နမ်းရှိုက်နေသူ၏ သန္တာန်၌ ဖြစ်သော ဝီထိစိတ်အစဉ်ကို သိသာရုံ ဖော်ပြ၍ အတိမဟန္တာရုံ၏ အဓိပ္ပါယ်ကိုလည်း ရေးသား ဖြေဆိုခဲ့ပါ။ | သင်းပျံ့မွှေးကြိုင်သော ပန်းကလေးကို နမ်းရှိုက်နေသူ၏ သန္တာန်၌ ဖြစ်သော ဝီထိစိတ်အစဉ်မှာ (ဣဋ္ဌ ဂန္ဓာရုံ ဖြစ်၍) - ပဉ္စဒွါရာဝဇ္ဇာန်း ၁ ကြိမ် - အဟိတ်ကုသလဝိပါက် ဃာနဝိညာဏ် ၁ ကြိမ် - အဟိတ်ကုသလဝိပါက် သမ္ပဋိ စ္ဆိုန်း ၁ ကြိမ် - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁ ကြိမ် - ဝုဋ္ဌော ၁ ကြိမ် - * ကာမဇော ရ ကြိမ် - (အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁ + မဟာဝိပါက် ဥပေက္ခာ ၄ ပါး) ဥပေက္ခာတဒါရုံမှ တစ်ပါးပါးသည် ၂ ကြိမ် တို့ဖြစ်ပါသည်။ အတိမဟန္တာရုံ၏ အဓိပ္ပါယ်မှာ အာရုံ ထင်ပြီးသည်မှ စ၍ ရေတွက်လျှင် အလွန်များသော ဝီထိစိတ္တခဏ အသက်ရှိသော အာရုံ ဖြစ်ပါသည်။ |
5 | 2 | 2015 | စာဖြေသူကိုယ်တိုင် ပြုစု ကျွေးမွေး စောင့်ရှောက်ထားသော ကြောင်ကလေး ရွှေဝါ၏ ပဋိသန္ဓေစိတ်နှင့် မသန်စွမ်းကျောင်းတော်ကြီးမှ ဆွ့ံအ နားမကြား ကလေးငယ်တစ်ဦး၏ ပဋိသန္ဓေစိတ်တို့ကို ဖော်ပြ၍ တစ်ဘဝ၌ တူမြဲတရား သုံးပါးကိုလည်း ရေးသား ဖြေဆိုခဲ့ပါ။ | စာဖြေသူကိုယ်တိုင် ပြုစု ကျွေးမွေး စောင့်ရှောက်ထားသော ကြောင်ကလေး ရွှေဝါ၏ ပဋိသန္ဓေစိတ်မှာ - အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဖြစ်ပါသည်။ မသန်စွမ်းကျောင်းတော်ကြီးမှ ဆွ့ံအ နားမကြား ကလေးငယ်တစ်ဦး၏ ပဋိသန္ဓေစိတ်မှာ - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဖြစ်ပါသည်။ တစ်ဘဝ၌ တူမြဲတရား သုံးပါးမှာ ၁။ ပဋိသန္ဓေစိတ် ၂။ ဘဝင်စိတ် ၃။ စုတိစိတ် တို့ဖြစ်ပါသည်။ |
6 | 2 | 2015 | စိတ်ထောင်းတော့ ကိုယ်ကြေ ဟုဆိုကြရာ စိတ်အားလုံးက ကိုယ် (ရုပ်) ကို ဖြစ်စေနိုင် မဖြစ်စေနိုင်သည်ကို ရူပသမုဋ္ဌာနနယကို ရှုမျှော်သုံးသပ်ကာ ဆုံးဖြတ်ပပြြီးလျှင် ရုပ်ကလာပ်တစ်ခုဟု ဆုံးဖြတ် သတ်မှတ်နိုင်ရန် လိုအပ်သော အင်္ဂါ လက္ခဏာများ ဖြစ်သော ဧကုပ္ပါဒ၊ ဧကနိရောဓ၊ ဧကနိဿယ၊ သဟဝုတ္တိတို့၏ အဓိပ္ပါယ်ကိုလည်း ရေးသား ဖြေဆိုခဲ့ပါ။ | စိတ်ထောင်းတော့ ကိုယ်ကြေ ဟုဆိုကြရာ စိတ်အားလုံးက ကိုယ် (ရုပ်) ကို မဖြစ်စေနိုင်ပါ။ (အရူပဝိပါက် ၄ ပါး၊ ဒွေပဉ္စဝိညာဏ် ၁၀၊ ရဟန္တာတို့ စုတိ၊ အလုံးစုံသော ပဋိသန္ဓေကြဉ်သော) စိတ် ရ၅ ပါး၊ စေတသိက် ၅၂ ပါးသည် ရုပ်ကို ဖြစ်စေသောစိတ် ဖြစ်ပါသည်။ ရုပ်ကလာပ်တစ်ခုဟု ဆုံးဖြတ် သတ်မှတ်နိုင်ရန် လိုအပ်သော အင်္ဂါ လက္ခဏာများမှာ ဧကုပ္ပါဒ - ရုပ်ကလာပ်တစ်စည်း၌ ရုပ်တရား အပေါင်းတို့သည် မရှေးမနှောင်း တစ်ပြိုင်နက် ဖြစ်ရခြင်း ဧကနိရောဓ - ရုပ်ကလာပ်တစ်စည်း၌ ရုပ်တရား အပေါင်းတို့သည် မရှေးမနှောင်း တစ်ပြိုင်နက် ချုပ်ရခြင်း ဧကနိဿယ - ရုပ်ကလာပ်တစ်စည်း၌ ရုပ်တရား အပေါင်းတို့သည် မဟာဘုတ်တည်းဟူသော မှီရာတူခြင်း သဟဝုတ္တိ - အသီးသီးသော ကလာပ်တူရုပ်များ အတူတကွ တစ်ပေါင်းတည်း ဖြစ်ရခြင်း တို့ဖြစ်ပါသည်။ |
7 | 2 | 2015 | ကာလရှည်ကြာ ပြောင်းလဲစေကာမူ မည်သည့်အခါမှ တိမ်းစောင်းခြင်းအလျဉ်းမရှိဘဲ အမြဲတမ်း တည့်မတ်မှန်ကန်သော တရားများကို တရားကိုယ်နှင့်တကွ ကောက်ပြ၍ ၎င်းတရားများကိုလည်း လောကုတ်၊ လောကီ နှစ်လီကြောင်းကျိုး အမျိုးမျိုးဖြင့် ခွဲခြားဝေဖန်ပြပါ။ | ကာလရှည်ကြာ ပြောင်းလဲစေကာမူ မည်သည့်အခါမှ တိမ်းစောင်းခြင်းအလျဉ်းမရှိဘဲ အမြဲတမ်း တည့်မတ်မှန်ကန်သော တရားများကို တရားကိုယ်နှင့်တကွ ကောက်ပြရသော်- သစ္စာ ၄-ပါးနှင့် တရားကိုယ် ၁။ ဒုက္ခသစ္စာ = လောကီစိတ် ၈၁-ပါး၊ (လောဘကြဉ်) စေတသိက် ၅၁-ပါး၊ ရုပ် ၂၈ ပါး၊ ၂။ သမုဒယသစ္စာ = လောကစေတသိက်၊ ၃။ နိရောဓသစ္စာ = နိဗ္ဗာန်၊ ၄။ မဂ္ဂသစ္စာ = မဂ်စိတ် ၄-ပါး၌ယှဉ်သော မဂ္ဂင်တရားကိုယ် ၈-ပါး တို့ဖြစ်ပါသည်။ ထိုသစ္စာ ၄-ပါးကို လောကုတ္တရာ၊ လောကီတရားနှင့် အကြောင်းအကျိုးတရားအားဖြင့် ခွဲခြားဝေဖန်ပေးရသော်- လောကုတ္တရာ (သစ္စာ) တရား = နိရောဓသစ္စာ၊ မဂ္ဂသစ္စာ၊ လောကီ (သစ္စာ) တရား = ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ အကြောင်း (သစ္စာ) တရား = သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ အကျိုး (သစ္စာ) တရား = နိရောဓသစ္စာ၊ ဒုက္ခသစ္စာ၊ |
8 | 2 | 2015 | ရုပ်နှင့်နာမ်အတူစု၊ လူတစ်ခုဖန်လာ-ဟုဆိုကြရာ ရုပ်နှင့်နာမ်တို့၏ အချင်းချင်း အပြန်အလှန်ကျေးဇူးပြုပုံကို ပဋ္ဌာန်းနည်းကို ရှုမျှော်၍ ဖြေဆိုပြီးလျှင်၊ ကောင်းဆိုးနှစ်တန် စေတနာကံက ပေးစွမ်းနိုင်သော အကျိုးတရားများကိုလည်း ဖော်ပြပါ။ | ရုပ်နှင့်နာမ်တို့၏ အချင်းချင်း အပြန်အလှန်ကျေးဇူးပြုပုံမှာ- အချင်းချင်း ကျေးဇူးပြုတတ်သောပစ္စည်းသည် အညမညပစ္စည်းဖြစ်၏။ အညမညပစ္စည်းသည် ၁။နာမ်အညမညပစ္စည်း၊ ၂။ ရုပ်အညမညပစ္စည်း၊ ၃။ နာမ်ရုပ် အညမညပစ္စည်း ဟူ၍ ၃-မျိုးပြားရာဝယ် နာမ်နှင့်ရုပ်တို့ အချင်းချင်း ကျေးဇူးပြုသော ပစ္စည်းသည် နာမ်ရုပ်အညမညပစ္စည်း ဖြစ်ပါသည်။ ကျေးဇူးပြုပုံမှာ ပဋိသန္ဓေခဏ၌ ဟဒယဝတ္ထုရုပ်နှင့် ပ ဉ္စဝေါကာရ ပဋိသန္ဓေဝိပါက် နာမက္ခန္ဓာလေးပါးတို့သည် အချင်းချင်း အပြန်အလှန်ကျေးဇူးပြုကြပါသည်။ ကောင်းဆိုးနှစ်တန် စေတနာကံက ပေးစွမ်းနိုင်သော အကျိုးတရားများမှာ- ကမ္မပစ္စည်း ၁။ သဟဇာတကမ္မ - အကြောင်းတရား စိတ် ၈၉-ပါးရှိစေတနာ သည် - အကျိုးတရား စိတ် ၈၉-ပါး၊ စေတနာကြဉ်သော စေတသိက် ၅၁ ပါး၊ ပဝတ္တိစိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်၊ ၂။ နာနာက္ခဏိကကမ္မ - အကြောင်းတရား အတိတ်ကုသိုလ်၊အကုသိုလ် စေတနာ ၃၃-ပါးသည် - အကျိုးတရား ဝိပါက်စိတ် ၃၆-ပါး၊ စေတသိက် ၃၈-ပါး၊ ပဋိသန္ဓေ ကမ္မဇရုပ်၊ အသညသတ်ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ် တို့ဖြစ်ပါသည်။ |
9 | 2 | 2015 | စတုဓာတုဝဝတ္ထာန်၏ အဓိပ္ပါယ်ကို ရေးသားဖြေဆို၍ တရားအားထုတ်နေသော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်တို့ကို ညစ်နွမ်း ဆုတ်ယုတ်စေတတ်သော တရားများကိုလည်း အစဉ်ကျကျ ရေတွက်ပြပါ။ | ပုဂ္ဂိုလ် သတ္တဝါ သညာပျောက်အောင် ခန္ဓာကိုယ်၌ တည်ရှိကုန်သော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ဓာတ်ကြီးလေးပါးဖြင့် ပိုင်းခြား ရှုဆင်ခြင်၍ ဆုံးဖြတ်တတ်သော ဉာဏ်(ပညာ) ကို စတုဓာတုဝဝတ္ထာန်ဟု ခေါ်ပါသည်။ ဝိပဿနာဉာဏ်တို့ကို ညစ်နွမ်း ဆုတ်ယုတ်စေတတ်သော တရားများမှာ- သြဘာသ၊ ပီတိ၊ ပဿဒ္ဓိ၊ အဓိမောက္ခ၊ ပဂ္ဂဟ၊ သုခ၊ ဉာဏ၊ ဥပဋ္ဌာန၊ ဥပေက္ခာ၊ နိကန္တိ တို့ဖြစ်ပါသည်။ |
1 | 3 | 2015 | စျာန်ဝင်စားသည်ဟု ဆိုနေကြရာ စျာန်စိတ်ပေါင်း မည်မျှ ရှိသည်ကို လောကီ - လောကုတ္တရာ အမြင်အားဖြင့်လည်းကောင်း၊ စျာန်အပြားအားဖြင့် လည်းကောင်း ရှင်းလင်းစွာ ကောက်ပြခဲ့ပါ။ | စျာန်စိတ်များကို လောကီ - လောကုတ္တရာ အမြင်ဖြင့် ကောက်ပြရသော် - လောကီစျာန်စိတ် ၂၇ ပါး - လောကုတ္တရာစျာန်စိတ် ၄၀ ပါး ပေါင်း စျာန်စိတ် ၆၇ ပါး ဖြစ်ပါသည်။ ထိုစိတ်များကို စျာန်အပြားအားဖြင့် ကောက်ပြရသော် - ပထမစျာန်စိတ် ၁၁ ပါး - ဒုတိယစျာန်စိတ် ၁၁ ပါး - တတိယစျာန်စိတ် ၁၁ ပါး - စတုတ္ထစျာန်စိတ် ၁၁ ပါး - ပဉ္စမစျာန်စိတ် ၂၃ ပါး ပေါင်း စျာန်စိတ် ၆၇ ပါး ဖြစ်ပါသည်။ |
2 | 3 | 2015 | လူချင်းတူသော်လည်း စိတ်ဓာတ်ချင်းကတော့ မတူနိုင် ဟု ဆိုရာ၌ ပုထုဇဉ်တို့၏ စိတ်ကို တစ်ယောက်နှင့် တစ်ယောက် မတူထူးခြား ကွဲပြားအောင် ပြုလုပ်နေသော စေတသိက်တို့ကို ပြုရာစိတ်အလိုက် ခွဲခြား၍ တင်ပြပါ။ | လူချင်းတူသော်လည်း စိတ်ဓာတ်ချင်းကတော့ မတူနိုင် ဟု ဆိုရာ၌ ပုထုဇဉ်တို့၏ စိတ်ကို တစ်ယောက်နှင့် တစ်ယောက် မတူထူးခြား ကွဲပြားအောင် ပြုလုပ်နေသော စေတသိက်တို့မှာ (၁) အပ္ပမညာစေတသိက် ၂-ပါးနှင့် ဝိတက်စသော ဈာနင်တရားတို့သည် - မဟဂ္ဂုတ်စိတ်များကိုလည်ကောင်း၊ (၂) ဝိရတီစေတသိက် ၃-ပါး အပ္ပမညာစေတသိက် ၂-ပါး၊ ပညာနှင့် ပီတိစေတသိက်တို့သည် - ကာမသောဘနစိတ်များကိုလည်းကောင်း - စိတ်ချင်းမတူ တစ်မူထူးအောင် ပြုလုပ်ပေးပါသည် |
3 | 3 | 2015 | စာဖြေသူတို့၏ ခန္ဓာကိုယ်ကို အစဉ်မပြတ် ဝင်ထွက်ခွင့်ရသော စိတ်တို့ကို ဖော်ပြ၍ မန်နေဂျာနှင့် တူသောစိတ်တို့ကိုလည်း အလုပ်ကိစ္စများနှင့် ယှဉ်တွဲကာ ဖော်ပြပါ။ | စာဖြေသူတို့၏ ခန္ဓာကိုယ်ကို အစဉ်မပြတ် ဝင်ထွက်ခွင့်ရသော စိတ် - သောမနဿသန္တီရဏစိတ် ၁ ပါး - မနောဒွါရာဝဇ္ဇန်းစိတ် ၁ ပါး - ကာမဇောစိတ် ၂၉ ပါး ပေါင်း ၆ ဒွါရလုံး၌ ဖြစ်နို်င်သောစိတ် ၃၁ ပါး ဖြစ်ပါသည်။ မန်နေဂျာနှင့် တူသောစိတ် - ဥပေက္ခာသန္တီရဏစိတ် ၂ ပါး ဆောင်ရွက်သည့် ကိစ္စများ - ပဋိသန္ဓေကိစ္စ - ဘဝင်ကိစ္စ - စုတိကိစ္စ - သန္တီရဏကိစ္စ - တဒါရုံကိစ္စ ဟူသော ကိစ္စပေါင်း ၅ ကိစ္စ |
4 | 3 | 2015 | အနာဂါမ်ဖြစ်ပြီး ဒေါသ အလွန်ကြီးတာပဲ ဟူသော စကားသည် အဘိဓမ္မာ အမြင်ဖြင့် သဘာဝကျ မကျ ဝီထိပိုင်းလာ ပုဂ္ဂလဘေဒကို သုံးသပ် ဆင်ခြင်၍ ဆုံးဖြတ်ပြီးလျှင် အရိယာနယ်သား ပုဂ္ဂိုလ်များ၏ ကိုယ်ပိုင်စိတ်တို့ကို ဆိုင်ရာ ပုဂ္ဂိုလ်နှင့်တကွ တွဲစပ်ဖော်ပြခဲ့ပါ။ | အနာဂါမ်ဖြစ်ပြီး ဒေါသ အလွန်ကြီးတာပဲ ဟူသော စကားသည် အဘိဓမ္မာ အမြင်ဖြင့် သဘာဝမကျပါ။ အကြောင်းမှာ - အနာဂါမိမဂ်ဇောခဏ၌ ကာမရာဂနှင့် ဗျာပါဒ (ဒေါသ)ကို သမုစ္ဆေဒပဟာန် ပယ်သတ်ပြီး ဖြစ်၍ (အနာဂါမိဖိုလ်) အနာဂါမ်ပုဂ္ဂိုလ်များ၌ ဖြစ်သော စိတ်များတွင် ဒေါသမူစိတ် ၂ ပါး လုံးဝ ဖြစ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်ပါသည်။ ဥပမာ - ကာမဘုံသား စျာန်မရ (အနာဂါမိဖိုလ်) အနာဂါမ်ပုဂ္ဂိုလ်၌ ဖြစ်နိုင်သော စိတ်တို့မှာ - - ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၊ ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁ ပါးနှင့် ဒေါသမူဒွေး ကြဉ်သော အကုသိုလ်စိတ် ၅ ပါး။ - ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် ၁၇ ပါး - မဟာကုသိုလ်စိတ် ၈ ပါး - မဟာဝိပါက်စိတ် ၈ ပါး - အနာဂါမိဖိုလ်စိတ် ၁ ပါး ပေါင်း အနာဂါမ်ပုဂ္ဂိုလ်၌ ဖြစ်နိုင်သောစိတ် ၃၉ ပါး အရိယာနယ်သား ပုဂ္ဂိုလ်များ၏ ကိုယ်ပိုင်စိတ်တို့ကို ဆိုင်ရာ ပုဂ္ဂိုလ်နှင့်တကွ တွဲစပ်ဖော်ပြရသော် ၁။ သောတာပတ္တိမဂ်ပုဂ္ဂိုလ် = သောတာပတ္တိမဂ်စိတ် ၁ ပါး။ ၂။ သကဒါဂါမိမဂ်ပုဂ္ဂိုလ် = သကဒါဂါမိ်မဂ်စိတ် ၁ ပါး။ ၃။ အနာဂါမိမဂ်ပုဂ္ဂိုလ် = အနာဂါမိမဂ်စိတ် ၁ ပါး။ ၄။ အရဟတ္တမဂ်ပုဂ္ဂိုလ် = အရဟတ္တမဂ်စိတ် ၁ ပါး။ ၅။ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ် = သောတာပတ္တိဖိုလ်စိတ် ၁ ပါး။ ၆။ သကဒါဂါမိဖိုလ်ပုဂ္ဂိုလ် = သကဒါဂါမိ်ဖိုလ်စိတ် ၁ ပါး။ ၇။ အနာဂါမိဖိုလ်ပုဂ္ဂိုလ် = အနာဂါမိဖိုလ်စိတ် ၁ ပါး။ ၈။ အရဟတ္တဖိုလ်ပုဂ္ဂိုလ် = အရဟတ္တဖိုလ်စိတ် ၁ ပါးနှင့် အာဝဇ္ဇန်းဒွေ ကြဉ်သော ကြိယာစိတ် ၁၈ ပါး တို့ဖြစ်ပါသည်။ |
5 | 3 | 2015 | စျေးထဲတွင် အမျိုးသမီးတစ်ဦး ကြမ်းတမ်းစွာ ဆဲဆို ရေရွတ်နေခြင်းသည် ဒေါသကြောင့်လား လောဘကြောင့်လား မှန်ကန်စွာ ဆုံးဖြတ်ပြီး သေသူကို ရည်မှန်း၍ ကုသိုလ်ပြုလုပ်ကာ အမျှဝေခြင်းသည် ပုညကိရိယာဝတ္ထုဆယ်ပါး၌ မည်သည့် ကုသိုလ်မျိုး ဖြစ်သည်ကို ဖြေဆို၍ ယင်းကုသိုလ်ကို ဒါနမယ၊ သီလမယ၊ ဘာဝနာမယ တို့တွင် အဘယ်၌ သွင်းရမည်ကိုလည်း ညွှန်ပြခဲ့ပါ။ | စျေးထဲတွင် အမျိုးသမီးတစ်ဦး ကြမ်းတမ်းစွာ ဆဲဆို ရေရွတ်နေခြင်း (ဖရုသဝါစာ) သည် - ဒေါသတည်းဟူသော အကြောင်းတရားကြောင့် ဖြစ်ပါသည်။ သေသူကို ရည်မှန်း၍ ကုသိုလ်ပြုလုပ်ကာ အမျှဝေခြင်းသည် ပုညကိရိယာဝတ္ထုဆယ်ပါး၌ - မိမိကောင်းမှုကို အညီအမျှ ရစေရန် အမျှပေးဝေမှု ဖြစ်သော ပတ္တိဒါန ကုသိုလ် မည်ပါသည်။ ယင်း ပတ္တိဒါန ကုသိုလ်သည် - ဒါနမယ၊ သီလမယ၊ ဘာဝနာမယ တို့တွင် စွန့်ကြဲပေးကမ်း၊ လှူဒါန်းမှု ဖြစ်သော ဒါနမယ(ကုသိုလ်)တွင် သွင်းယူရမည် ဖြစ်ပါသည်။ |
6 | 3 | 2015 | သစ်တောနှင့် သစ်ပင် ချစ်ခင်တဲ့ လူမျိုး ဆိုသလို လူသားတို့၏ ဂေဟစနစ် သာယာလှပဖို့ ချစ်ခင် နှစ်သက်စွာဖြင့် စိုက်ပျိုးလာကြသော သစ်တောသစ်ပင်၌ မည်သည့် ရုပ်ကလာပ်များ ပါဝင်ပါသနည်း ဖြေဆို၍ ယင်းရုပ်ကလာပ်များ၌ ပါဝင်သော ရုပ်တရားများကိုလည်း ဖော်ထုတ် ရေးသားခဲ့ပါ။ | သစ်တောသစ်ပင် (ဗဟိဒ္ဓသန္တာန်) ၌ ရိုးရိုးအခါ ရနိုင်သော ရုပ်ကလာပ် - ဥတုဇ သုဒ္ဓဋ္ဌကကလာပ် ၁ စည်း ရနိုင်သော ရုပ်တရား - အဝိနိဗ္ဘောဂရုပ် ၈ ပါး တစ်စုံတစ်ခုသော အကြောင်းကြောင့် အသံထွက်သောအခါ ရနိုင်သော ရုပ်ကလာပ် - ဥတုဇ သဒ္ဒနဝကကလာပ် ၁ စည်း ရနိုင်သော ရုပ်တရား - အဝိနိဗ္ဘောဂရုပ် ၈ ပါး + သဒ္ဒရုပ် ၁ ပါး = ပေါင်း ၉ ပါး |
7 | 3 | 2015 | လူသားတစ်ဦး၏ စိတ်ကို ဓာတ်အနေဖြင့် ခွဲခြမ်းကြည့်ပါက ရနိုင်သော ဓာတ်အမည်တို့ကို ကုန်စင်အောင် ဖော်ပြ၍ ပရမတ္ထတရား ၄-ပါးတို့တွင် သစ္စာမဖွဲ့ထိုက်သောတရားများကိုလည်း ရှာဖွေတင်ပြပါ။ | လူသားတစ်ဦး၏ စိတ်ကို ဓာတ်အနေဖြင့် ခွဲခြမ်းကြည့်ပါက ရနိုင်သော ဓာတ်အမည်တို့မှာ- ၁။ စက္ခုဝိညာဏဓာတ် = ၁ ပါး ၂။ သောတဝိညာဏဓာတ် = ၁ ပါး ၃။ ဃာနဝိညာဏဓာတ် = ၁ ပါး ၄။ ဇိဝှါဝိညာဏဓာတ် = ၁ ပါး ၅။ ကာယဝိညာဏဓာတ် = ၁ ပါး ၆။ မနောဓာတ် = ၁ ပါး ၇။ မနောဝိညာဏဓာတ် = ၁ ပါး ပေါင်း = ၇ ပါး ဖြစ်ပါသည်။ ပရမတ္ထတရား ၄-ပါးတို့တွင် သစ္စာမဖွဲ့ထိုက်သောတရားများမှာ- မဂ်စိတ္တုပ္ပါဒ် = ၂၉ ပါး၊ ဖိုလ်စိတ္တုပ္ပါဒ် = ၃၇ ပါး ဖြစ်ပါသည်။ |
8 | 3 | 2015 | ပဋ္ဌာန်း ၂၄-ပစ္စည်းကို ကာလသုံးပါးဖြင့် ပိုင်းခြားဝေဖန်ပြ၍၊ ဣန္ဒြေဖြစ်ပါလျက် ဣန္ဒြိယပစ္စည်းမတပ်သောတရားစုကိုလည်း တိကျစွာ ညွှန်ပြပါ။ | ၁။ အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတပစ္စည်း - အတိတ်ကာလ ၂။ ကမ္မပစ္စည်း - အတိတ်၊ ပစ္စုပ္ပန်ကာလ ၂-ပါး ၃။ အာရမ္မဏ၊ အဓိပတိ၊ ဥပနိဿယပစ္စည်း - အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလ ၃-ပါး ၄။ ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ ပုရေဇာတ ပစ္ဆာဇာတ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ စျာန၊ မဂ္ဂ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ပစ္စည်း - ပစ္စုပ္ပန်ကာလ ဣန္ဒြေဖြစ်ပါလျက် ဣန္ဒြိယပစ္စည်းမတပ်သောတရားစုများမှာ - ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ ဟူသော ဘာဝိန္ဒြေ နှစ်ပါးဖြစ်ပါသည်။ |
9 | 3 | 2015 | လောက၌ မည်သို့သောပုဂ္ဂိုလ်မျိုးကို သောတာပန် ဟုသတ်မှတ်ပါသနည်း။ ဖြေဆိုပြီးလျှင် ၎င်းသောတာပန်ပုဂ္ဂိုလ်များ ပယ်အပ်သော ကိလေသာနှင့်အကုသိုလ်စိတ်တို့ကိုလည်း တိကျစွာ ကောက်ပြပါ။ | သောတာပန်ပုဂ္ဂိုလ်ဆိုသည်မှာ- အရိယာမဂ္ဂင် ရေအလျဉ်သို့ ရှေးဦးစွာရောက်ရှိသူဖြစ်ပါသည်။ သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ပယ်ခြင်းကြောင့် အပါယ်လေးပါးသို့ ကျရောက်ခြင်းမှ ကင်းလွတ်၍ ကာမဘုံ၌ အလွန်ဆုံး ရ-ကြိမ်သာ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်ကို သောတာပန် ဟု သတ်မှတ်ခေါ်ဆိုရပါသည်။ သောတာပန်ပုဂ္ဂိုလ်များ ပယ်အပ်သော ကိလေသာ- ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်ပါသည်။ ဥဒ္ဓစ္စမှတစ်ပါး ကျန်သောကိလေသာများကိုကား အပါယ်ဆင်းရဲသို့ ရောက်စေတတ်သော သတ္တိကိုသာ ပယ်နိုင်ပါသည်။ ပယ်အပ်သော အကုသိုလ်စိတ်- ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၊ ဝိစိကိစ္ဆာသဟဂုတ်စိတ် ၁-ပါး၊ ပေါင်း ၅-ပါးကို အကြွင်းမဲ့ ပယ်ပါသည်။ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၊ ဒေါသမူစိတ် ၂-ပါး၊ ပေါင်း ၆-ပါးတို့၏ အပါယ်သို့ကျစေနိုင်သော အစွမ်းသတ္တိကိုသာ ပယ်ပါသည်။ ဥဒ္ဓစ္စသမ္ပယုတ်စိ်တ် ၁-ပါး ကိုမူကား အပါယ်သို့ကျစေနိုင်သော အစွမ်းသတ္တိမရှိသောကြောင့် လုံးဝ မပယ်ပါ။ |
3 | 4 | 2015 | အမြဲတမ်း အလုံးစုံကို အာရုံ ပြုနိုင်သော စိတ်တို့ကို ဖော်ပြ၍ ခွေးတစ်ကောင်၏ သန္တာန်၌ ရနိုင်သော ဝတ္ထုရုပ်တို့ကိုလည်း ရေတွက်ခဲ့ပါ။ | အမြဲတမ်း အလုံးစုံးကို အာရုံ ပြုနိုင်သော စိတ် - မနောဒွါရာဝဇ္ဇန်းစိတ် ၁ ပါး - မဟာကြိယာ ညာဏသမ္ပယုတ်စိတ် ၄ ပါး - ရူပါဝစရကြိယာ ပဉ္စမစျာန်အဘိညာဉ်စိတ် ၁ ပါး ပေါင်း ၆ ပါး ဖြစ်ပါသည်။ ခွေးတစ်ကောင်၏ သန္တာန်၌ ရနိုင်သော ဝတ္ထုရုပ်တို့မှာ - စက္ခုဝတ္ထု - သောတဝတ္ထု - ဃာနဝတ္ထု - ဇိဝှါဝတ္ထု - ကာယဝတ္ထု - ဟဒယဝတ္ထု ပေါင်း ၆ ပါး ဖြစ်ပါသည်။ |
6 | 4 | 2015 | သာသနာရေး ဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကို ဖြေဆိုနေကြသော လူသားတို့၏ ပဋိသန္ဓေအခါ၌ ရရှိနိုင်သော ရုပ်ကလာပ်တို့ကို ဖြေဆို၍ ပုထုဇဉ် ယောဂီ သူတော်စင်သည် နိဗ္ဗာန်ကို တိုက်ရိုက် မျက်မှောက် ပြုနိုင် မပြုနိုင်သည်ကို ယခု သင်ယူနေသော အဘိဓမ္မာအမြင်ဖြင့် ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့ပါ။ | လူသားတို့၏ ပဋိသန္ဓေအခါ၌ ရရှိနိုင်သော ရုပ်ကလာပ်တို့မှာ - ကာယ ဒသက ကလာပ် ၁ စည်း - ဆိုင်ရာ ဘာဝ ဒသက ကလာပ် ၁ စည်း - ဝတ္ထု ဒသက ကလာပ် ၁ စည်း ပေါင်း ကလလရေကြည် ရုပ်ကလာပ် ၃ စည်း ရပါသည်။ ပုထုဇဉ် ယောဂီ သူတော်စင်သည် နိဗ္ဗာန်ကို တိုက်ရိုက် မျက်မှောက် မပြုနိုင်ပါ။ မဂ်ဉာဏ် ၄ ပါးတည်း ဟူသော ဓမ္မစက္ခုဖြင့်သာ ဒိဋ္ဌပစ္စက္ခ မြင်အပ်၊ မျက်မှောက် ပြုအပ်သည် ဖြစ်ပါသည်။ |
8 | 4 | 2015 | ပညတ်သဘော လိုက်စားထားသောသူများပီပီ နာမပညတ်ဖြစ်ပေါ်လာပုံကို ပြည့်စုံစွာ ဖြေဆိုပြီးလျှင် အောက်ပါတို့ကိုလည်း အကြောင်းမပါ သဒ္ဒပညတ်အမည်မျှသာ ပေးပြပါ။ (က) မော်ဒယ်မင်းသား (ခ) စက္ခုဝေဒနာ (ဂ) အမြိုက်နိဗ္ဗာန် (ဃ) ဝိညာဉ်မဲ့သူ (င) စေတနာ | နာမပညတ်ဖြစ်ပေါ်လာပုံ- ကမ္ဘာတည်ပြီးနောက် လူသားများ ဖြစ်ပေါ်လာသောအခွ ထိုထိုအရာဝတ္ထု(အတ္ထပညတ်) များသာရှိပါသည်။ ထိုအရာဝတ္ထုများကို ပြောဆိုခေါ်ဝေါ်ဖို့ရာ စကားလုံးနာမပညတ်များ မရှိသေးပါ။ ထိုအခါ ပညာရှင်များက မြေသားဒပြ်ကို စိတ်ဖြင့် အာရုံပြု၍ ဘူမိ-ဟူသော စကားလုံးကို စတင်တီထွင်သုံးစွဲပါသည်။ ထိုအခါမှစ၍ ဘူမိသဒ္ဒါသည် မြေကြီးဟု သိဖို့ရာ အမှတ်အသားစကားလုံး တစ်ခု ဖြစ်လာရပါသည်။ ဤသို့ ရှေးပညာရှင်များက နာမပညတ်အမျိုးမျိုးကို တီထွင်လာခဲ့သည့်အတွက် လောက၌ နာမပညတ်များ ဖြစ်ပေါ်လာရပါသည်။ (က) အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် (ခ) ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် (ဂ) အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် (ဃ) ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် (င) ဝိဇ္ဇမာနပညတ် |
1 | 1 | 2016 | အဘိဓမ္မာကို စတင်လေ့လာသူ ပုဂ္ဂိုလ်များ သိသင့်သိထိုက်သော အဘိဓမ္မာ၏ အဓိပ္ပါယ်နှင့် အဘိဓမ္မာကျမ်းသရုပ်တို့ကို အစဉ်တကျ ဖော်ထုတ်ပြခဲ့ပါ။ | အဘိဓမ္မာကို စတင်လေ့လာသူ ပုဂ္ဂိုလ်များ သိသင့်သိထိုက်သော အဘိဓမ္မာ၏ အဓိပ္ပါယ်မှာ သုတ္တန္တဓမ္မထက် သာလွန် ထူးခြားသည့် ဓမ္မ ဖြစ်သောကြောင့် အဘိဓမ္မ (ဓမ္မထူး - ဓမ္မလွန်) ဟု ခေါ်ပါသည်။ အဘိဓမ္မာကျမ်းသရုပ်တို့မှာ ၁။ ဓမ္မသင်္ဂဏီကျမ်း ၂။ ဝိဘင်းကျမ်း ၃။ ဓာတုကထာကျမ်း ၄။ ပုဂ္ဂလပညတ်ကျမ်း ၅။ ကထာဝတ္ထုကျမ်း ၆။ ယမိုက်ကျမ်း ၇။ ပဋ္ဌာန်းကျမ်း ဟူသော ၇ ကျမ်းဖြစ်ပါသည်။ |
2 | 1 | 2016 | အကောင်းအဆိုး စိတ်နှစ်မျိုးလုံးနှင့် ဆက်ဆံနေသော နှစ်ဖက်ချွန် စေတသိက်များကို သရုပ်ထုတ်ဖော်ပြ၍ ဝေးမြေရပ်ခြား မိဘဆွေမျိုးများကို အောက်မေ့ လွမ်းဆွတ်နေခြင်းသည် မည်သည့် စေတသိက် ဖြစ်ပါသနည်း။ အကြောင်းပြကာ ဖြေဆိုခဲ့ပါ။ | အကောင်းအဆိုး စိတ်နှစ်မျိုးလုံးနှင့် ဆက်ဆံနေသော နှစ်ဖက်ချွန် စေတသိက်များမှာ - သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါး (ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇိဝိတိန္ဒြေ၊ မနသိကာရ) - ပကိဏ်း စေတသိက် ၆ ပါး (ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ) ဟူသော အညသမာန်းစေတသိက် ၁၃ ပါးဖြစ်ပါသည်။ ဝေးမြေရပ်ခြား မိဘဆွေမျိုးများကို အောက်မေ့ လွမ်းဆွတ်နေခြင်းသည် - လောဘမူ၊ ဒေါသမူ၊ အကုသိုလ်စိတ်တို့နှင့် ယှဉ်သော သညာ စေတသိက် ဖြစ်ပါသည်။ အကြောင်းမှာ - မိဘဆွေမျိုးများ ဟူသော ချစ်ခင်တွယ်တာဖွယ် အာရုံကို မှတ်သားခြင်းသဘော ဖြစ်သောကြောင့် ဖြစ်ပါသည်။ |
3 | 1 | 2016 | ဣန္ဒြေအားဖြင့် ကွဲပြားသော ဝေဒနာ အပြားကို ဖော်ပြ၍ ခံစားရတာတွေ များလွန်းလို့ ဥပေက္ခာ ပြုလိုက်ပြီ ဟု ပြောဆိုသူ၏ သန္တာန်၌ ဖြစ်သော ဥပေက္ခာသရုပ်ကိုလည်း ဖော်ထုတ်ခဲ့ပါ။ | ဣန္ဒြေအားဖြင့် ကွဲပြားသော ဝေဒနာ အပြားမှာ ၅ ပါး ဖြစ်ပါသည်။ ၎င်းတို့မှာ ၁။ သုခဝေဒနာ ၂။ ဒုက္ခဝေဒနာ ၃။ သောမနဿဝေဒနာ ၄။ ဒေါမနဿဝေဒနာ ၄။ ဥပေက္ခာဝေဒနာ တို့ ဖြစ်ပါသည်။ ခံစားရတာတွေ များလွန်းလို့ ဥပေက္ခာ ပြုလိုက်ပြီ ဟု ပြောဆိုသူ၏ သန္တာန်၌ ဖြစ်သော ဥပေက္ခာသရုပ်ကို ဖော်ထုတ်ပြရသော် - အကုသိုလ်စိတ်၌ ဥပေက္ခာဝေဒနာ ၆ ပါး - အဟိတ်စိတ်၌ ဥပေက္ခာဝေဒနာ ၁၄ ပါး - ကာမသောဘနစိတ်၌ ဥပေက္ခာဝေဒနာ ၁၂ ပါး - ရူပါဝစရစိတ်၌ ဥပေက္ခာဝေဒနာ ၃ ပါး - အရူပါဝစရစိတ်၌ ဥပေက္ခာဝေဒနာ ၁၂ ပါး - လောကုတ္တရာစိတ်၌ ဥပေက္ခာဝေဒနာ ၈ ပါး ပေါင်း ဥပေက္ခာဝေဒနာ ၅၅ ပါး ဖြစ်ပါသည်။ |
4 | 1 | 2016 | အလွန်ကြီးမားသည့် အာရုံ၌ဖြစ်သော ဝီထိစိတ္တုပ္ပါဒ်တို့ကို ရေတွက်ပြ၍၊ ဝီထိစိတ်တို့တွင် မပါဝင်သော စိတ်တို့ကိုလည်း ဖော်ပြခဲ့ပါ။ | အလွန်ကြီးမားသည့် အာရုံ(အတိမဟန္တာရုံ) ၌ဖြစ်သော ဝီထိစိတ္တုပ္ပါဒ် တို့ကို ရေတွက်ပြရသော်- ပ ဉ္စဒွါရာဝဇ္ဇန်း = ၁ ကြိမ် ပ ဉ္စဝိဉာဏ် = ၁ ကြိမ် သမ္ပဋိစ္ဆိုင်း = ၁ ကြိမ် သန္တီရဏ = ၁ ကြိမ် ဝုဋ္ဌော = ၁ ကြိမ် ကာမဇော = ရ ကြိမ် တဒါရုံ = ၂ ကြိမ် ပေါင်း = ၁၄ ကြိမ် ဝီထိစိတ်တို့တွင် မပါဝင်သောစိတ်တို့မှာ- ဝီထိမုတ်စိတ်များဖြစ်သော စိတ္တက္ခဏ ၁၇-ချက်တွင် အကျုံးဝင်သည့် ရှေ့ဘဝင်စိတ်များဖြစ်သော (အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ) တို့ဖြစ်ပါသည်။ |
5 | 1 | 2016 | သုံးဆယ့်တစ်ဘုံတွင် စာဖြေသူ ပုထုဇဉ်တို့ နေခွင့်မရသောဘုံနှင့် အရိယာသူတော်စင်တို့ မနေအပ်သော ဘုံတို့ကို ညွှန်ပြကာ၊ စာဖြေသူသည် မည်သည့်ဘုံသားဖြစ်၍ သက်တမ်းမည်မျှ ရှိပါသနည်း။ ဖြေဆိုပါ။ | စာဖြေသူ ပုထုဇဉ်တို့ နေခွင့်မရသောဘုံများမှာ- အဝိဟာဘုံ အတပ္ပါဘုံ သုဒဿာဘုံ သုဒဿီဘုံ အကနိဋ္ဌဘုံ ဟူသော သုဒ္ဓါဝါသ ၅-ဘုံဖြစ်ပါသည်။ အရိယာသူတော်စင်တို့ မနေအပ်သော ဘုံတို့မှာ- အပါယ် ၄-ဘုံ၊ အသညသတ် ၁-ဘုံ၊ ပေါင်း ၅-ဘုံ ဖြစ်ပါသည်။ စာဖြေသူ၏ ဘုံနှင့်သက်တမ်းမှာ- စာဖြေသူ၏ ဘုံ = လူ့ဘုံ သက်တမ်း = သက်တမ်းမမြဲဟု ဆိုသောကြောင့် အတည်တကျသတ်မှတ်၍ မရပါ။ |
6 | 1 | 2016 | အတုအယောင်များမြောင်လှသော လောကတွင် ရုပ်အတုများရှိပါက ဖော်ထုတ်ပြ၍ အာကာသဓာတ်သည် မည်သည့်ရုပ်တရား မည်သည်ကိုလည်း ရူပသမုဒ္ဒေသ ရှုမျှော်ကာဖြေဆိုပါ။ | အတုအယောင်များမြောင်လှသော လောကတွင် ရုပ်အတု ၁၀-ပါးရှိပါသည်။ ၎င်း တို့မှာ- အာကာသဓာတ် ပရိစ္ဆေဒရုပ် = ၁ ပါး ဝိညတ်ရုပ် = ၂ ပါး လဟုတာဒိရုပ် = ၃ ပါး လက္ခဏရုပ် = ၄ ပါး တို့ဖြစ်ပါသည်။ အာကာသဓာတ်သည် ပရိစ္ဆေဒရုပ် မည်လေသည်။ အကြောင်းမှာ - ရုပ်ကလာပ်တို့ တစ်ခုနှင့်တစ်ခု မရောယှက်ရအောင် ပိုင်းခြားပေးတတ်သောကြောင့် အာကာသဓာတ်(အကြား) သည် ပရိစ္ဆေဒရုပ် (ရုပ်တု) မည်ရခြင်းဖြစ်ပါသည်။ |
7 | 1 | 2016 | လူမျိုးတိုင်း၌ ကိုယ်ပိုင်ယဉ်ကျေးမှု အမျိုးသားစရိုက်လက္ခဏာများ ရှိကြသကဲ့သို့ သင်ကြားလေ့လာထားသော အဘိဓမ္မာ၌လည်း ကိုယ်ပိုင်လက္ခဏာ သီးခြားစီရှိကြသော ပရမတ်အစစ်တရားတို့ကို ရေတွက်၍၊ ပညာမျက်စိ ပိတ်ဆို့တတ်သော နီဝရဏခြောက်ပါးတရားတို့ကိုလည်း ဖြေဆိုပြပါ။ | သင်ကြားလေ့လာထားသော အဘိဓမ္မာ၌လည်း ကိုယ်ပိုင်လက္ခဏာ သီးခြားစီရှိကြသော ပရမတ်အစစ်တရားတို့မှာ- စိတ် = ၁ ပါး စေတသိက် = ၅၂ ပါး နိပ္ဖန္နရုပ် = ၁၈ ပါး နိဗ္ဗာန် = ၁ ပါး ပေါင်း = ရ၂ ပါး တို့ဖြစ်ပါသည်။ ပညာမျက်စိ ပိတ်ဆို့တတ်သော နီဝရဏခြောက်ပါး တရားတို့မှာ- ၁။ ကာမစ္ဆန္ဒနီဝရဏ ၂။ ဗျာပါဒနီဝရဏ ၃။ ထိန-မိဒ္ဓနီဝရဏ ၄။ ဥဒ္ဓစ္စ-ကုက္ကုစ္စနီဝရဏ ၅။ ဝိစိကိစ္ဆာနီဝရဏ ၆။ အဝိဇ္ဇာနီဝရဏ တို့ဖြစ်ပါသည်။ |
8 | 1 | 2016 | ကြောင်းကျိုးဆက်စပ်တွေးခေါ်ရသော ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းအရ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်လျှင် အဘယ်တရားကြောင့် အဝိဇ္ဇာဖြစ်လာရပါသနည်းဖြေဆိုပြ၍ ဝဋ်လည်ခြင်း၏ အရင်းမူလ ပဓာနကျသော တရားတိုုိ့ကို ဝဋ်လည်မှုရပ် ဘဝပြတ်အောင် ဖြတ်တောက်တတ်သော တရားနှင့်တကွ ဖြေဆိုပြပါ။ | အဝိဇ္ဇာ၏ အကြောင်းတရားမှာ- အာသဝေါတရား ၄-ပါးဖြစ်ပါသည်။ ဇရာ-မရဏ၊ သောက၊ ပရိဒေဝ စသော တွေဝေမိန်းမောစေတတ်သောတရားအပေါင်းသည် သတ္တဝါတို့သန္တာန်၌ မပြတ်နှိပ်စက်တတ်၏။ ထိုသို့ နှိပ်စက်ခံရသော သတ္တဝါတို့၌ သောက စသည်တို့ဖြစ်ခြင်းကြောင့် အာသဝေါတရားတို့သည်လည်း ဖြစ်ပေ၏။ ထိုသို့ အာသဝေါတရားတို့၏ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာသည်လည်း ဖြစ်ပြန်၏။ ထို့ကြောင့် အဝိဇ္ဇာ၏အကြောင်းတရားမှာ အာသဝေါတရား ဖြစ်ပါသည်။ ဝဋ်လည်ခြင်း၏ အရင်းမူလ ပဓာနကျသော တရားမှာ- အဝိဇ္ဇာနှင့်တဏှာတည်းဟူသော ဝဋ်မြစ်နှစ်ပါးဖြစ်ပါသည်။ အဝိဇ္ဇာ = အတိတ်ဘဝအကြောင်းမှစ၍ ပစ္စုပ္ပန်ဘဝအကျိုးဖြစ်သည့်တိုင်အောင်ဖြစ်သော ရှေ့ပိုင်း ဘဝစက်၏ အရင်းမူလ တဏှာ = ပစ္စုပ္ပန်အကြောင်းမှစ၍ အနာဂတ်အကျိုးတိုင်အောင်ဖြစ်သော နောက်ပိုင်းဘဝစက်၏ အရင်းမူလ တို့ဖြစ်သည်။ ထိုဝဋ်လည်မှုရပ် ဘဝပြတ်အောင် ဖြတ်တောက်တတ်သောတရားမှာ အရဟတ္တမဂ်တရား ဖြစ်ပါသည်။ |
9 | 1 | 2016 | လူအမျိုးမျိုး စိတ်အထွေထွေရှိတတ်လေရာ လူ့အကြိုက် လူ့စရိုက်ကို မြတ်ဗုဒ္ဓ ဘယ်နှစ်မျိုးမျှဟောတော်မူထားသည်ကို ဖြေဆို၍၊ မြန်မာ့လူ့ဘောင်တွင် အသုံးတွင်ကျယ်သည့် ဗြဟ္မစိုရ်မည်ငြား ပရမတ်တရားတို့ကိုလည်း ဖြေဆိုပြပါ။ | မြတ်ဗုဒ္ဓဟောကြားတော်မူထားသော လူ့စရိုက် ၆-မျိုးရှိပါသည်။ ထိုစရိုက်တို့မှာ- ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ ဝိတက်စရိုက်၊ သဒ္ဓါစရိုက်၊ ဗုဒ္ဓိစရိုက် တို့ဖြစ်ပါသည်။ မြန်မာ့လူ့ဘောင်တွင် အသုံးတွင်ကျယ်သည့် ဗြဟ္မစိုရ်မည်ငြား ပရမတ်တရားတို့မှာ- ၁။ မေတ္တာ = သုခိတ၊ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ကောင်းစေလိုခြင်း၊ ချစ်ခင်မြတ်နိုး၊ အကျိုးလိုလားခြင်း သဘော (အဒေါသ) ၂။ ကရုဏာ = ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်းသဘော (ကရုဏာ စေတသိက်) ၃။ မုဒိတာ = သုခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော (မုဒိတာ စေတသိက်) ၄။ ဥပေက္ခာ = သုခိတ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ လျစ်လျှူရှုခြင်းသဘော၊ ဝမ်းလည်းမမြောက်၊ သနားလည်း မသနား၊ မေတ္တာလည်း မထားဘဲ သင့်တင့်အောင် ရှုပွားတတ်ခြင်း သဘော (တတြမဇ္ဈတ္တတာ စေတသိက်) ဖြစ်ပါသည်။ |
1 | 2 | 2016 | စိတ်သည် လောကကြီးကို ဆောင်၏ ဟု ဆိုသည့်စကားအတိုင်း ပြိတ္တာဘုံ ပြိတ္တာဘဝသို့ ကျရောက်စေတတ်သော စိတ်တို့ကို ဖော်ပြ၍ ၎င်းစိတ်တို့ကို သင်္ခါရ အသင်္ခါရ အပြားအားဖြင့် နှစ်ပုံ နှစ်စု ပြုကာ ခွဲခြား ဝေဖန်ခဲ့ပါ။ | စိတ်သည် လောကကြီးကို ဆောင်၏ ဟု ဆိုသည့်စကားအတိုင်း ပြိတ္တာဘုံ ပြိတ္တာဘဝသို့ ကျရောက်စေတတ်သော စိတ်တို့မှာ - လောဘမူစိတ် ၈ ပါး ဖြစ်ပါသည်။ ၎င်းစိတ်တို့ကို သင်္ခါရ အသင်္ခါရ အပြားအားဖြင့် နှစ်ပုံ နှစ်စု ပြုကာ ခွဲခြား ဝေဖန်ရသော် - သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သ-သင်္ခါရိက လောဘမူစိတ် ၁ ပါး - သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သ-သင်္ခါရိက လောဘမူစိတ် ၁ ပါး - ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သ-သင်္ခါရိက လောဘမူစိတ် ၁ ပါး - ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သ-သင်္ခါရိက လောဘမူစိတ် ၁ ပါး ဟူသော သ-သင်္ခါရိက လောဘမူစိတ် ၄ ပါး - သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အ-သင်္ခါရိက လောဘမူစိတ် ၁ ပါး - သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အ-သင်္ခါရိက လောဘမူစိတ် ၁ ပါး - ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အ-သင်္ခါရိက လောဘမူစိတ် ၁ ပါး - ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အ-သင်္ခါရိက လောဘမူစိတ် ၁ ပါး ဟူသော အ-သင်္ခါရိက လောဘမူစိတ် ၄ ပါး တို့ဖြစ်ပါသည်။ |
2 | 2 | 2016 | အဘိဓမ္မာစာမေးပွဲ အောင်စာရင်း၌ မိမိ အမည်ကို တွေ့ရာဝယ် စာအောင်သူ၏ သန္တာန်၌ ဖြစ်ပေါ်နေသော စေတသိက်ကို ဖော်ပြ၍ အတူဖြစ်ခွင့် ရှိသော စိတ်သရုပ်တို့ကိုလည်း ဆိုရိုးကျ ကောက်ပြခဲ့ပါ။ | အဘိဓမ္မာစာမေးပွဲ အောင်စာရင်း၌ မိမိ အမည်ကို တွေ့ရာဝယ် စာအောင်သူ၏ သန္တာန်၌ ဖြစ်ပေါ်နေသော စေတသိက်မှာ - ပီတိ စေတသိက် ဖြစ်ပါသည်။ ပီတိ စေတသိက်နှင့် အတူဖြစ်ခွင့် ရှိသော စိတ်သရုပ်တို့ကိုလည်း ဆိုရိုးကျ ကောက်ပြရသော် - ပီတိစေတသိက်သည် စတုတ္ထစျာန် ၁၁ ပါး ကြဉ်သော သောမနဿသဟဂုတ်စိတ် ၅၁ ပါးနှင့် ယှဉ်ပါသည်။ (စာအောင်ရာ အခိုက် ဖြစ်မူ - မဟာကုသိုလ်သောမနဿသဟဂုတ်စိတ် ၄ ပါးမှ တစ်ပါးပါးနှင့် ယှဉ်နိုင်ပါသည်) |
3 | 2 | 2016 | ကောင်းမှုကုသိုလ်များ ဖြစ်စေဖို့ရန် အဓိက တွန်းအားပေးနေသော အကြောင်းတရားများကို ဖော်ပပြြီး အကြောင်းနှစ်ပါးကြောင့် ဖြစ်ပေါ်နေရသော စိတ်တို့ကိုလည်း ဆိုင်ရာ အကြောင်းတရားတို့နှင့်အတူ တွဲစပ်၍ ပြခဲ့ပါ။ | ကောင်းမှုကုသိုလ်များ ဖြစ်စေဖို့ရန် အဓိက တွန်းအားပေးနေသော အကြောင်းတရားများမှာ - အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် ဟူသော ကုသိုလ်ဟိတ် ၃ ပါး ဖြစ်ပါသည်။ အကြောင်းနှစ်ပါးကြောင့် ဖြစ်ပေါ်နေရသော စိတ်တို့ကိုလည်း ဆိုင်ရာ အကြောင်းတရားတို့နှင့်အတူ တွဲစပ်ပြရသော် - လောဘမူစိတ် ၈ ပါးသည် လောဘဟိတ်နှင့် မောဟဟိတ် - ဒေါသမူစိတ် ၂ ပါးသည် ဒေါသဟိတ်နှင့် မောဟဟိတ် - ကာမသောဘန ဉာဏဝိပ္ပယုတ်စိတ် ၁၂ ပါးသည် အလောဘဟိတ်၊ အဒေါသဟိတ် ပေါင်း ဒွိဟိတ်စိတ် ၂၂ ပါး ဖြစ်ပါသည်။ |
4 | 2 | 2016 | ငါက ဗိုလ်အောင်ဒင်၊ နင်က ဒါကိုမမြင် အစချီသော ယနေ့ခေတ် ဗိုလ်အောင်ဒင်သီချင်းသံကို နှစ်သက်စွာ နားထောင်နေသူ၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်ကို သိသာရုံ ဖော်ပြ၍ တဒါရုံအင်္ဂါ ၃-ပါးကိုလည်း ရေးသားဖြေဆိုပါ။ | ယနေ့ခေတ် ဗိုလ်အောင်ဒင်သီချင်းသံကို နှစ်သက်စွာ နားထောင်နေသူ၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်ကို သိသာရုံ ဖော်ပြရသော်- ဣဋ္ဌ-သဒ္ဒါရုံဖြစ်၍ - ပ ဉ္စဒွါရာဝဇ္ဇန်း = ၁ ကြိမ် - အဟိတ်ကုသလဝိပါက် သောတဝိညာဏ်စိတ် = ၁ ကြိမ် - အဟိတ်ကုသလဝိပါက် သမ္ပဋိစ္ဆိုင်းစိတ် = ၁ ကြိမ် - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တရဏစိတ် = ၁ ကြိမ် - ဝုဋ္ဌော = ၁ ကြိမ် - အယောနိသော မနသိကာရဖြစ်၍ လောဘမူ အကုသိုလ် ကာမဇော = ရ ကြိမ် - (အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁+ မဟာဝိပါက် ဥပေက္ခာ ၄) ပေါင်း ဥပေက္ခာတဒါရုံ ၅-ပါးမှ တစ်ပါးပါး = ၂ ကြိမ် ဤဝီထိသည် တဒါရမ္မဏဝါရ သောတဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ပါသည်။ တဒါရုံအင်္ဂါ ၃-ပါးကို ရေးသားဖော်ပြရသော်- (၁) ကာမဇော၊ (၂) ကာမသတ္တဝါ၊ (၃) အတိမဟန္တ၊ ဝိဘူတဖြစ်သော ကာမအာရုံ ဖြစ်ပါသည်။ |
5 | 2 | 2016 | အကျိုးပေးရာကာလ၏အစွမ်းအားဖြင့် ကံလေးမျိုးကို ဖော်ပြ၍ မျက်မှောက်ခေတ်ကာလမှာ ဖြစ်ပွားလျက်ရှိသော ဒုစရိုက်အမျိုးမျိုးတွင် လူမျိုးတုံးသတ်ဖြတ်မှု လူသတ်ဝါဒသည် ဒေါသကြောင့်ဖြစ်ပါသလော။ လောဘကြောင့် ဖြစ်ပါသလော။ အဘိဓမ္မာအမြင်ဖြင့် မှန်ကန်စွာ ဆုံးဖြတ်ပါ။ | အကျိုးပေးရာကာလ၏အစွမ်းအားဖြင့် ကံလေးမျိုးမှာ- (၁) ဒိဋ္ဌဓမ္မ ဝေဒနီယကံ = ယခုမျက်မှောက်ဘဝ၌ပင် အကျိုးပေးသော ပထမဇောစေတနာ၊ (၂) ဥပပဇ္ဇ ဝေဒနီယကံ = ဒုတိယဘဝ၌ အကျိုးပေးသော သတ္တမဇောစေတနာ၊ (၃) အပရာပရိယာယ ဝေဒနီယကံ = တတိယဘဝမှ နိဗ္ဗာန်မရမီ ကာလအတွင်း အခွင့်ရတိုင်း အကျိုးပေးသော အလယ်ဇော ၅-ချက်စေတနာ၊ (၄) အဟောသိကံ = အကျိုးမပေး သုဉ်းဆိတ်သော ရှေ့ဇော ရ-ချက် စေတနာ တို့ဖြစ်ပါသည်။ ဒုစရိုက်အမျိုးမျိုးတတွင်လူမျိုးတုံုးသတ်ဖြတ်မှု လူသတ်ဝါဒသည် ဒေါသကြောင့်ဖြစ်ပါသည်။ အဘိဓမ္မာအမြင်ဖြင့် မှန်ကန်စွာ ဆုံးဖြတ်ရသော်- လူမျိုးတုံး သတ်ဖြတ်မှု လူသတ်ဝါဒသည် ဒုစရိုက် ၁၀-ပါးတွင် ပါဏာတိပါတဒုစရိုက်ဖြစ်ပါသည်။ ထိုလူသတ်ဝါဒဟူသော ပါဏာတိပါတကံ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းခံ တရားမှာ ဒေါသမူလ (ဒေါသစေတသိက်) ဖြစ်ပါသည်။ |
6 | 2 | 2016 | အတွင်းလူ အပြင်လူ ဆိုသကဲ့သို့ အတွင်းရုပ် အပြင်ရုပ်ကို သင်္ချာမျှ ခွဲထုတ်ဖော်ပြ၍ အတွင်းရုပ်တို့ကို ဖော်ထုတ်ရေးသားကာ၊ မျက်စိဖြင့် မြင်ကောင်းသော ရုပ်အမည်ကိုလည်း ညွှန်ပြခဲ့ပါ။ | အတွင်းရုပ် အပြင်ရုပ်ကို သင်္ချာမျှ ဖော်ပြရသော်- အတွင်းရုပ် (အဇ္ဈတ္တိကရုပ်) = ပသာဒရုပ် ၅-ပါး အပြင်ရုပ် (ဗာဟိရရုပ်) = ပသာဒရုပ် ၅-ပါးမှကြွင်းသော ရုပ် ၂၃-ပါး ဖြစ်ပါသည်။ အတွင်းရုပ် (အဇ္ဈတ္တိကရုပ်) တို့မှာ- စက္ခုပသာဒရုပ်၊ သောတပသာဒရုပ်၊ ဃာနပသာဒရုပ်၊ ဇိဝှါပသာဒရုပ်၊ ကာယပသာဒရုပ် တို့ဖြစ်သည်။ မျက်စိဖြင့် မြင်ကောင်းသောရုပ် အမည်မှာ ရူပါရုံ(အဆင်းရုပ်) ၁-ပါး ဖြစ်ပါသည်။ |
7 | 2 | 2016 | စူးစမ်းဆင်ခြင် စဉ်စားတတ်သော ဉာဏ်ပညာကို အရှင်သခင်၊ အကြီးအကဲ ပြုထားသူမှာ မည်သည့် အဓိပတိတပ်သည်ကို တရားကိုယ်တရားနှင့်တကွ ဖြေဆိုပြ၍ စိတ်-ဆန္ဒ-ကြိုးစားအားထုတ်မှု ဤသုံးခုတပြိုင်နက် လူတစ်ဦးတစ်ယောက်၌ ဖြစ်နိုင်/မဖြစ်နိုင် အဓိပတိသဘော နှီးနှောဝေဖန်ပြပါ။ | စူးစမ်းဆင်ခြင် စဉ်စားတတ်သော ဉာဏ်ပညာကို အရှင်သခင်၊ အကြီးအကဲ ပြုထားသူ၏ အဓိပတိမှာ- ဝီမံသာဓိပတိ တပ်၍ တရားကိုယ်မှာ- ပညာဖြစ်ပါသည်။ စိတ်-ဆန္ဒ-ကြိုးစားအားထုတ်မှု ဤသုံးခုတပြိုင်နက် လူတစ်ယောက်၌ မဖြစ်နိုင်ပါ။ ဝေဖန်ပြရသော်- စိတ်ဦးဆောင်၍ ဖြစ်ပေါ်နေခိုက် ဆန္ဒနှင့်ကြိုးစားအားထုတ်မှု ဝီရိယတို့သည် နောက်လိုက်ဖြစ်၍၊ ဆန္ဒဦးဆောင်နေခိုက် စိတ်နှင့်ကြိုးစားအားထုတ်မှု ဝီရိယတို့သည် နောက်လိုက်ဖြစ်ပြီး၊ ကြိုးစားအားထုတ်မှု ဝီရိယဦးဆောင်နေခိုက် စိတ်နှင့်ဆန္ဒတို့သည် နောက်လိုက်အဖြစ် ပါဝင်နေခြင်းဖြစ်သည်။ |
8 | 2 | 2016 | စိတ်ရွှင်လန်း၍ ကိုယ်ကျမ်းမာနေသော စာဖြေသူ၏သန္တာန်၌ စိတ်သည် ရုပ်ခန္ဓာကိုယ်အား မည်သည့်ပစ္စည်းတရားဖြင့် ထောက်ပံ့ကျေးဇူးပြုနေသည်ကို ပစ္စည်း ပစ္စယုပ္ပန်နှင့်တကွ ဖြေဆိုပြပါ။ | စိတ်ရွှင်လန်း၍ ကိုယ်ကျမ်းမာနေသော စာဖြေသူ၏သန္တာန်၌ စိတ်သည် ရုပ်ခန္ဓာကိုယ်အား ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။ ပစ္ဆာဇာတပစ္စည်း ဟူသည် နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရားဖြစ်သည်။ ရှေးက ပေါက်နှင့်ပြီးသော သစ်ပင်အား နောက်မှရွာသွန်းအပ်သောမိုးရေသည် စည်ပင်ကြီးပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ နောက်နောက်၌ဖြစ်သော စိတ်တို့သည် ရှေ့ကဖြစ်နှင့်ပြီး ဌီသို့ရောက်နေသော ရုပ်တို့အား တည်ခိုင်သန်စွမ်းစေသောအားဖြင့် ကျေးဇူးပြုပါသည်။ ပစ္စည်းတရား = (ပ ဉ္စဝေါကာရဘုံ၌ဖြစ်ခိုက်ဖြစ်နေ) အရူပဝိပါက် ၄-ပါးကြဉ်သော ပထမဘဝင် အစရှိသောနောက်နောက်သော စိတ် ၈၅-ပါး၊ စေတသိက် ၅၂-ပါး၊ ပစ္စယုပ္ပန်တရား = ပဋိသန္ဓေအစရှိသော ရှေးရှေးသောစိတ်နှင့်အတူ ဥပါဒ်၍ ရုပ်၏ဌီသို့ရောက်သော ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ။ |
9 | 2 | 2016 | ဒေါသကို အခြေခံထား၍ ပေါ်ပေါက်လာသော အကြမ်းဖက်မှုများကို ဖြေဖျောက်ရန် ထိုဒေါသစရိုက်ရှိသူတို့အား မည်သည့် ကမ္မဋ္ဌာန်းတရားဆေး တိုက်ကျွေးရမည်ကို စုံလင်စွာ ဖြေဆိုပြ၍ အပ္ပမညာချင်းတူသော်လည်း မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသူနှင့် ဥပေက္ခာကမ္မဋ္ဌာန်း စီးဖြန်းသူတို့၏ အကျိုးရလဒ် စျာန်ရတာချင်း တူ-မတူ ခွဲခြားဖြေဆိုပြပါ။ | ဒေါသစရိုက်ရှိသူတို့နှင့် အထူးသင့်လျော်သော ကမ္မဋ္ဌာန်းမှာ- နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော အရောင်ကသိုဏ်း = ၄ ပါး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော အပ္ပမညာ = ၄ ပါး ပေါင်း = ၈ ပါး သာမန် သင့်လျော်မည့် ကမ္မဋ္ဌာန်းများမှာ- ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာလောက၊ အာကာသ ဟူသော ကသိုဏ်း = ၆ ပါး အာရုပ္ပ = ၄ ပါး ပေါင်း = ၁၀ ပါး အပ္ပမညာချင်းတူသော်လည်း မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသူနှင့် ဥပေက္ခာကမ္မဋ္ဌာန်း စီးဖြန်းသူတို့ အကျိုးရလဒ် စျာန်ရတာချင်း မတူကပြါ။ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသူ ရနိုင်သောစျာန် = ရူပ ပထမစျာန်မှ ရူပ စတုတ္ထစျာန်ထိ ရူပ စတုက္ကစျာန် ၄-ပါး ဥပေက္ခာကမ္မဋ္ဌာန်း စီးဖြန်းသူ ရနိုင်သောစျာန် = ရူပ ပ ဉ္စမစျာန် ၁-ပါး၊ ထို့ကြောင့် အကျိုးရလဒ် စျာန်ရတာချင်း မတူကပြါ။ |
1 | 3 | 2016 | ဗုဒ္ဓဘာသာဝင် သူတော်စင်များ လက်ခံယုံကြည်ထားသော ကောင်းတာလုပ်က ကောင်းကျိုးရ၏ ဟူသော စကား၌ ကောင်းကြောင်းတရားနှင့် ကောင်းကျိုးတရားများကို အကျဉ်းအကျယ် နည်းနှစ်သွယ်ဖြင့် စိတ်ပိုင်းကို ရှုမြင် သုံးသပ်လျက် ဖော်ပြပါ။ | "ကောင်းတာလုပ်က ကောင်းကျိုးရ" ဆိုရာ ကောင်းကြောင်းတရား (ကုသိုလ်)နှင့် ကောင်းကျိုးတရား (ကုသလဝိပါက်)များကို အကျဉ်း အကျယ် နည်းနှစ်သွယ်ဖြင့် စိတ်ပိုင်းကို ရှုမြင်သုံးသပ်လျက် ဖော်ပြရသော် - ကောင်းကြောင်းတရား (ကုသိုလ်) ၁။ မဟာကုသိုလ်စိတ် ၈ပါး ၂။ ရူပါဝစရကုသိုလ်စိတ် ၅ပါး ၃။ အရူပါဝစရကုသိုလ်စိတ် ၄ပါး ၄။ လောကုတ္တရာကုသိုလ်စိတ်(ကျဉ်း) ၄ပါး၊ လောကုတ္တရာကုသိုလ်စိတ်(ကျယ်) ၂၀ပါး ပေါင်း ကုသိုလ်စိတ် (ကျဉ်း) ၂၁ပါး၊ ကုသိုလ်စိတ်(ကျယ်) ၃၇ပါး - ကောင်းကျိုးတရား (ဝိပါက်) ၁။ အဟိတ်ကုသလဝိပါက်စိတ် ၈ပါး ၂။ မဟာဝိပါက်စိတ် ၈ပါး ၃။ ရူပါဝစရဝိပါက်စိတ် ၅ပါး ၄။ အရူပါဝစရဝိပါက်စိတ် ၄ပါး ၅။ လောကုတ္တရာဝိပါက်စိတ်(ကျဉ်း) ၄ပါး၊ လောကုတ္တရာဝိပါက်စိတ်(ကျယ်) ၂၀ပါး ပေါင်း ကုသလဝိပါက်စိတ်(ကျဉ်း) ၂၉ပါး၊ ကုသလဝိပါက်စိတ် (ကျယ်) ၄၅ပါး |
2 | 3 | 2016 | သူ့နေရာနှင့်သူ အသီးသီး မင်းမူနေကြသဖြင့် ပေါင်းစပ်လို့ မရသော စေတသိက်စာရင်းကို ရှင်းလင်းတင်ပြ၍ အဘယ်ကြောင့် အနိယတယောဂီ စေတသိက် မည်ပါသနည်း၊ ဖြေဆိုခဲ့ပါ။ | သူ့နေရာနှင့်သူ အသီးသီး မင်းမူနေကြသဖြင့် ပေါင်းစပ်လို့ မရသော စေတသိက်စာရင်းကို ရှင်းလင်းတင်ပြရသော် အနိယတယောဂီစေတသိက်တို့မှ ရံခါ အသီးသီး ယှဉ်ကြသော - ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ စေတသိက် ၃ ပါး - သမ္မာကမ္မန္တ၊ သမ္မာဝါစာ၊ သမ္မာအာဇီဝ ဟူသော ဝီရတီစေတသိက် ၃ ပါး - ကရုဏာ၊ မုဒိတာ ဟူသော အပ္ပမညာစေတသိက် ၂ ပါး ပေါင်း ၈ ပါး အနိယတယောဂီ စေတသိက် မည်ပုံမှာ - မိမိယှဉ်သောစိတ်နှင့် အမြဲ မယှဉ်သောကြောင့် အနိယတယောဂီ စေတသိက် မည်ပါသည်။ |
3 | 3 | 2016 | ဝုဋ္ဌော အမည်ရသောစိတ်ကို အမည်ရရာ အခါနှင့် တွဲစပ်ကာ ဖော်ပပြြီးလျှင် သမ္ပဋိစ္ဆိုင်းကိစ္စ၊ သန္တီရဏကိစ္စ၊ ဇောကိစ္စ၊ တဒါရုံကိစ္စတို့၏ အလုပ်သဘောတို့ကိုလည်း စစ်ကြောကာ အဖြေထုတ်ခဲ့ပါ။ | ဝုဋ္ဌော အမည်ရသောစိတ်ကို အမည်ရရာ အခါနှင့် တွဲစပ်ကာ ဖော်ပြရသော် ဝုဋ္ဌော အမည်ရသောစိတ် - မနောဒွါရာဝဇ္ဇာန်းစိတ် အမည်ရရာ အခါ - ပဉ္စဒွါရ၌ ပဉ္စာရုံတို့ အသီးသီး တိုက်ဆိုင်သောအခါ တိုက်ဆိုင်သော အာရုံတို့၏ သဘောကို ဆုံးဖြတ်ခြင်း (ဝုဋ္ဌော) ကိစ္စ ဆောင်ရွက်ရာအခါ သမ္ပဋိစ္ဆိုင်းကိစ္စ - ပဉ္စဒွါရ၌ ထင်လာသော ပဉ္စာရုံကို လက်ခံခြင်း ကိစ္စ။ သန္တီရဏကိစ္စ - ပဉ္စဒွါရ၌ ထင်လာသော ပဉ္စာရုံကို စုံစမ်းခြင်း ကိစ္စ။ ဇောကိစ္စ - အရှိန်အဟုန် ပြင်းပြင်းဖြင့် အာရုံ၏ အရသာကို ခံစားခြင်း ကိစ္စ။ တဒါရုံကိစ္စ - ဇောခံစားပြီးသော အာရုံကို ထပ်မံ ခံစားခြင်း ကိစ္စ။ |
4 | 3 | 2016 | ရဟန္တာပုဂ္ဂိုလ်တို့အား ကုသိုလ်ဇော ရနိုင်/မရနိုင် ဝီထိပိုင်းလာ ပုဂ္ဂလဘေဒအမြင်ဖြင့် သုံးသပ်ဖော်ပြကာ အသညသတ်ဘုံ၌ရှိသော သုဂတိအဟိတ်ပုဂ္ဂိုလ်တို့အား ဝီထိစိတ်တို့ ဖြစ်နိုင်/ မဖြစ်နိုင် အဘိဓမ္မာအမြင်ဖြင့် အကြောင်းပြ ဆုံးဖြတ်ပါ။ | ရဟန္တာပုဂ္ဂိုလ်တို့ ကုသိုလ်ဇော မရနိုင်ပါ။ ဝီထိပိုင်းလာ ပုဂ္ဂလဘေဒအရ ရဟန္တာပုဂ္ဂိုလ် ရနိုင်သောစိတ် (ကာမဘုံသားဖြစ်အံ့) အဟိတ်စိတ် = ၁၈ ပါး မဟာဝိပါက်စိတ် = ၈ ပါး မဟာကြိယာစိတ် = ၈ ပါး အရဟတ္တဖိုလ်စိတ် = ၁ ပါး ပေါင်း = ၃၅ ပါး (စျာန်ရခဲ့သော် ဆိုင်ရာ မဟဂ္ဂုတ်ကြိယာစိတ် ၉-ပါး ကိုထည့်ပေါင်းလျှင် ၄၄-ပါးဖြစ်ပါသည်။ ရဟန္တာပုဂ္ဂိုလ်တို့သည် အဝိဇ္ဇာ၊ တဏှာတည်းဟူသော ဝဋ်မြစ်နှစ်ပါးကို အမြစ်ဖြတ် ပယ်သတ်ပြီး၍ အနုသယလည်းမရှိတော့ပါ။ ထို့ကြောင့် လောကီကုသိုလ်လည်း မရတော့ပါ။ ပယ်ဖွယ်ရာ ကိလေသာတရားများ မရှိတော့သောကြောင့် လောကုတ္တရာကုသိုလ်လည်း မရှိတော့ပါ။ ၎င်းတို့ ရနိုင်သောစိတ်တို့တွင် လောကီကုသိုလ်စိတ်နှင့် လောကုတ္တရာကုသိုလ်စိတ်များ မပါဝင်ကြောင့် ကုသိုလ်ဇောများ မရနိုင်ခြင်းဖြစ်ပါသည်။ အသညသတ်ဘုံ၌ရှိသော သုဂတိအဟိတ်ပုဂ္ဂိုလ်တို့အား ဝီထိစိတ်တို့ ဖြစ်နိုင်/ မဖြစ်နိုင် အဘိဓမ္မာအမြင်ဖြင့် အကြောင်းပြ ဆုံးဖြတ်ပြရသော်- အသညသတ်ဘုံ၌ သုဂတိအဟိတ်ပုဂ္ဂိုလ်တို့သည် သညာ(စိတ်၊စေတသိက်) ကိုစက်ဆုပ်သော နာမ်ပျောက်စေလိုမှု နှင့်ယှဉ်သော သညာဝိရာဂ ဘာဝနာအစွမ်းအားဖြင့် ဇီဝိတနဝက ကလာပ်ရုပ်ဖြင့် ပဋိသန္ဓေနေသောပုဂ္ဂိုလ်တို့ဖြစ်ပါသည်။ ဒွါရ မထိုင်သောရုပ်များသာ ရသောဘုံဖြစ်၍ မည်သည့်စိတ်၊ စေတသိက်ကိုမျှ မရကပြါ။ ထို့ကြောင့် အာရုံနှင့်ဒွါရ တိုက်ဆိုင်၍ဖြစ်သော ဝီထိစိတ်များလည်း မဖြစ်နိုင်ကြခြင်း ဖြစ်ပါသည်။ |
5 | 3 | 2016 | ကောင်းပင်ပျိုးက ကောင်းကျိုးရ ဟုဆိုသဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်ရာဝယ် အမှန်တကယ် တူသောကောင်းကျိုးကို ပေးတတ်သော ကုသိုလ်ကံကို ညွှန်ပြ၍ သေဆုံးရခြင်း အကြောင်းလေးမျိုးကို ဖော်ပြကာ၊ ကားများပေါများလာသလို ကားမတော်တဆမှုများလည်း ပေါများလာရာ ကားမတော်တဆဖြစ်၍ သေဆုံးရခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်ပါသနည်း။ ဖြေဆိုပါ။ | ကုသိုလ်ကောင်းမှု ပြုလုပ်ရာဝယ် အမှန်တကယ် တူသောကောင်းကျိုးကို ပေးတတ်သော ကုသိုလ်ကံမှာ- မဟဂ္ဂုတ်ကုသိုလ်ကံ = ၉ ပါး လောကုတ္တရာကုသိုလ်ကံ = ၄ ပါး တို့ဖြစ်ကြပါသည်။ သေဆုံးရခြင်း၏ အကြောင်းလေးမျိုးမှာ - ၁။ အာယုက္ခယ မရဏ = သက်တမ်းကုန်၍ သေခြင်း၊ ၂။ ကမ္မက္ခယ မရဏ = ကံစွမ်းကုန်၍ သေခြင်း၊ ၃။ ဥဘယက္ခယ မရဏ = သက်တမ်းနှင့်ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း၊ ၄။ ဥပစ္ဆေဒက မရဏ = ကံဆိုးဖြတ်ချွေ၍ လတ်တလော သေခြင်း တို့ဖြစ်ပါသည်။ ကားမတော်တဆဖြစ်၍ သေဆုံးရခြင်း၏ အကြောင်းတရားများမှာ- အကုသိုလ် ဥပစ္ဆေဒကကံ ကြောင့်ဖြစ်ပါသည်။ သက်တမ်းနှင့်ကုသိုလ်ဇနကကံစွမ်း နှစ်ပါးရှိသေးသော်လည်း ကပ်၍ဖြတ်တတ်သော အကုသိုလ်ကံဆိုးကြောင့် သေခြင်းဖြစ်၍ အကုသိုလ်ဥပစ္ဆေဒကကံ မည်ပါသည်။ ထိုကံသည် စုတေချိန်မရောက်သေးဘဲ သေရသော အကာလမရဏ ဖြစ်ပါသည်။ |
6 | 3 | 2016 | ရယ်သောသူသည် အသက်ရှည်၏ ဟုဆိုကြရာ သတ္တဝါများအား ရယ်စေတတ်သောစိတ်တို့ကို ရေတွက်ပြ၍ စာဖြေသူပုထုဇဉ်သည် အဘယ်စိတ်ဖြင့် ရယ်မောပါသနည်း။ မှန်ကန်စွာ ဖော်ပြပါ။ | သတ္တဝါများအား ရယ်စေတတ်သောစိတ် ၁၃-ပါးတို့ကို ရေတွက်ပြရသော်- လောဘမူသောမနဿစိတ် = ၄ ပါး မဟာကုသိုလ်သောမနဿစိတ် = ၄ ပါး ဟသိတုပ္ပါဒ်စိတ် = ၁ ပါး မဟာကြိယာသောမနဿစိတ် = ၄ ပါး ပေါင်း ကာမသောမနဿစိတ် = ၁၃ ပါး ဖြစ်ပါသည်။ စာဖြေသူ ပုထုဇဉ်၏ ရယ်မောသောစိတ်မှာ- လောဘမူသောမနဿစိတ် = ၄ ပါး မဟာကုသိုလ်သောမနဿစိတ် = ၄ ပါး ပေါင်း = ၈ ပါးဖြစ်ပါသည်။ |
7 | 3 | 2016 | ဗောဓိပက္ခိယတရား ၃၇-ပါးရှိသော်လည်း တရားကိုယ်အားဖြင့် ယူရမည့်တရား အဘယ်မျှရှိသည်ကို သရုပ်ထုတ်ကာ ဖြေဆိုပြ၍၊ ခန္ဓာဖွဲ့၍ မရသောတရားကိုလည်း အာယတန၊ဓာတ်၊ သစ္စာဖွဲ့ပြပါ။ | ဗောဓိပက္ခိယတရား ၃၇-ပါးနှင့် တရားကိုယ်တို့မှာ သတိပဋ္ဌာန်တရား = ၄ ပါး - သတိ = ၁ ပါး သမ္မပ္ပဓာန်တရား = ၄ ပါး - ဝီရိယ = ၁ ပါး ဣဒ္ဓိပါဒ်တရား = ၄ ပါး - ဆန္ဒ၊ စိတ်၊ ဝီရိယ၊ ပညာ = ၄ ပါး ဣန္ဒြေတရား = ၅ ပါး - သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ = ၅ ပါး ဗိုလ်တရား = ၅ ပါး - သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ = ၅ ပါး ဗောဇ္ဈင်တရား = ၇ ပါး - သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ဧကဂ္ဂတာ၊ တတြမဇ္ဈတ္တတာ = ၈ ပါး မဂ္ဂင်တရား = ၈ ပါး - ပညာ၊ ဝိတက်၊ ဝီရတီ (၃)၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ = ၈ ပါး ဗောဓိပက္ခိယတရား ၃၇-ပါးမှ တူညီသော တရားကိုယ်များကို တစ်ပေါင်းတည်း ပေါင်းစု၍ယူသော်- သတိ၊ ဝီရိယ၊ ဆန္ဒ၊ စိတ်၊ ပညာ၊ ဧကဂ္ဂတာ၊ သဒ္ဓါ၊ ပီတိ၊ ဝိတက်၊ ဝီရတီ(၃)၊ တတြမဇ္ဈတ္တတာ၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ = ၁၄ ပါး ခန္ဓာဖွဲ့၍ မရသောတရားမှာ- နိဗ္ဗာန်ဖြစ်ပါသည်။ အာယတနအားဖြင့် - ဓမ္မာယတန၊ ဓာတ်အားဖြင့် - ဓမ္မဓာတ် သစ္စာအားဖြင့် - နိရောဓသစ္စာ တို့ဖြစ်ပါသည်။ |
8 | 3 | 2016 | အက္ခရာသံနှစ်ခုပါရှိသည့် မြန်မာဟူသောစကားသံကို ကြားရာ၌ ဝီထိအစဉ်အားဖြင့် သဒ္ဒပညတ်တို့ သိရပုံကို ဝီထိသဘော အစဉ်ချောအောင် ဖြေဆိုပြပါ။ | မြန်မာ ဟူသောစကားသံကိုကြားရာ၌ ဝီထိစဉ်အားဖြင့် သဒ္ဒပညတ်သိရပုံမှာ- ၁။ -မြန်- ဟူသော ပစ္စုပ္ပန်သဒ္ဒါရုံ ကိုအာရုံပြု၍ ပထမသောတဒွါရဝီထိ ဖြစ်၏။ ၂။ ထို -မြန်- ဟူသော အတိတ်သဒ္ဒါရုံ ကိုအာရုံပြု၍ တဒနုဝတ္တက မနောဒွါရဝီထိဖြစ်၏။ ၃။ -မာ- ဟူသော ပစ္စုပ္ပန်သဒ္ဒါရုံ ကိုအာရုံပြု၍ ပထမသောတဒွါရဝီထိ ဖြစ်၏။ ၄။ ထို -မာ- ဟူသော အတိတ်သဒ္ဒါရုံ ကိုအာရုံပြု၍ တဒနုဝတ္တက မနောဒွါရဝီထိဖြစ်၏။ ၅။ ထို -မြန်မာ- ဟူသော နာမပညတ် (သဒ္ဒပညတ်) ကိုအာရုံပြု၍ သုဒ္ဓမနောဒွါရဝီထိဖြစ်၏။ ၆။ ထို -မြန်မာ- ၏ခန္ဓာပ ဉ္စက အနက်၊ ဒပြ်၊ အတ္ထပညတ် ကိုအာရုံပြု၍ သုဒ္ဓမနောဒွါရဝီထိဖြစ်၏။ ဤသို့ ၆-ဝီထိကျပြီးမှ -မြန်မာ- ဟူသော အက္ခရာနှစ်လုံးအတွက် အနက်ကိုသိရ၏။ |
9 | 3 | 2016 | အဘိညာဉ်ဖြစ်ပုံကို အဘိဓမ္မာကျမ်းလာအတိုင်း ပြည့်စုံစွာ ဖြေဆိုပြ၍ ဝိပဿနာ ရှုပွားသောယောဂီပုဂ္ဂိုလ်အတွက် တရားလမ်းကြောင်း တိမ်းစောင်းနိုင်သော ဝိပဿနာညစ်ညူးကြောင်း ဘေးရန်တို့တွင် အစစ်ဖြစ်သောတရားကိုသာ တိကျစွာ ဖြေဆိုပြပါ။ | အဘိညာဉ်ဖြစ်ပုံမှာ- သမာပတ် ၈-ပါး၊ ၉-ပါး ရရှိထားသောပုဂ္ဂိုလ် (ပါရမီဓာတ်ခံကောင်းလျှင် ရူပါဝစရပ ဉ္စမစျာန်ရရှိထားသော စျာန်ရပုဂ္ဂိုလ်) သည် အဘိညာဉ်ရအောင် အားထုတ်လိုသည်ရှိသော်- ၁။ ကာမအဓိဋ္ဌာန်စိတ်၏ အခြေခံဖြစ်သော ရူပပ ဉ္စမစျာန်ကို ဝင်စားရ၏။ ၂။ ထို့နောက် ထိုစျာန်မှထကာ အဓိဋ္ဌာန်အပ်သော အာရုံ (မိမိဖန်ဆင်းလိုသော အာရုံ) ကိုဆင်ခြင်၍ ပရိကံပြုရ၏။ ၃။ ထို့နောက် အဘိညာဉ်၏ အခြေခံဖြစ်သော ရူပပ ဉ္စမစျာန် ကိုပြန်ဝင်စားရ၏။ ၄။ ထို့နောက် အဘိညာဉ်ဝီထိဖြစ်သော အဘိညာဉ်၏အစွမ်းဖြင့်ဖြစ်သော ပ ဉ္စမစျာန်စိတ်သည် ကာမအဓိဋ္ဌာန်အပ်သော အာရုံအားလျော်စွာ သက်ရောက်၍ အဘိညာဉ်ရလေသည်။ ဝိပဿနာ ညစ်ညူးကြောင်း ဘေးရန်တို့တွင် အစစ်ဖြစ်သောတရားမှာ- နိကန္တိ = ကိလေသာဟု မသိနိုင်အောင် သိမ်မွေ့လှသော ဝိပဿနာ၌ သာယာနှစ်သက်သော တဏှာ (ထောင်လွှားသော မာန၊ အယူမှားသော ဒိဋ္ဌိ) တို့ ဖြစ်မှု၊ |
1 | 4 | 2016 | "သေရည်သောက်စား ပြုတုံငြားလည်း၊ တစ်ပါးသူအား ထိပါးမငြိ အပြစ်မရှိ" ဟု ပြောဆိုသူ၏ စကားကို ယုံကြည်လက်ခံကာ ပျော်ပျော်ကြီး ဝိုင်းဖွဲ့၍ သောက်စားယစ်မူး နှစ်သစ်ကူးနေကြသောသူတို့၏ သန္တာန်၌ ဖြစ်ပေါ်သောစိတ်ကို အတိအကျ ဖော်ထုတ်ပြ၍ တကွဖြစ်ဖက် စေတသိက်တို့ကိုလည်း ဖော်ပြခဲ့ပါ။ | "သေရည်သောက်စား ပြုတုံငြားလည်း၊ တစ်ပါးသူအား ထိပါးမငြိ အပြစ်မရှိ" ဟု ပြောဆိုသူ၏ စကားကို ယုံကြည်လက်ခံကာ ပျော်ပျော်ကြီး ဝိုင်းဖွဲ့၍ သောက်စားနေသော သူတို့၏ သန္တာန်၌ ဖြစ်သောစိတ်မှာ - "သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူ ဒုတိယစိတ်" ဖြစ်ပါသည်။ ၎င်းစိတ်နှင့်အတူ ဖြစ်ခွင့်ရှိသော စေတသိက်တရားများမှာ - အညသမာန်းစေတသိက် ၁၃ ပါး - သဗ္ဗာကုသလသာဓာရဏစေတသိက် ၄ ပါး - လောဘစေတသိက် ၁ ပါး - ဒိဋ္ဌိစေတသိက် ၁ ပါး ပေါင်း ၁၉ပါး ဖြစ်ခွင့် ရှိပါသည်။ |
6 | 4 | 2016 | ပဋိသန္ဓေအခါ မရနိုင်သော ရုပ်တရားများကို ဖော်ပြ၍ အဘယ်အရာကို အဘယ်ကြောင့် နိဗ္ဗာန်ဟုခေါ်ဆိုပါသနည်း။ ယခု သင်ယူနေသော အဘိဓမ္မာအမြင်အတိုင်း တင်ပြပါ။ | ပဋိသန္ဓေအခါ မရနိုင်သော ရုပ်တရားများမှာ- သဒ္ဒရုပ် = ၁ ပါး ဝိညတ်ရုပ် = ၂ ပါး လဟုတာဒိရုပ် = ၃ ပါး ဇရတာရုပ် = ၁ ပါး အနိစ္စတာရုပ် = ၁ ပါး ပေါင်း = ၈ ပါး ဖြစ်ပါသည်။ လောကုတ္တရာဟုဆိုအပ်သော လေးပါးသော မဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို ဝါန-ဟုဆိုအပ်သော တဏှာမှထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်ဆိုအပ်ပါသည်။ |
9 | 4 | 2016 | ပစ္စဝေက္ခဏဉာဏ် (၁၉) တန်ကို ဝေဖန်ပိုင်းခြား ပုဂ္ဂိုလ်အားဖြင့် မြှောက်ပွားပြ၍ နိရောဓသမာပတ်ကို အဘယ်ပုဂ္ဂိုလ်တို့သာ ဝင်စားနိုင်သည်ကိုလည်း သမာပတ္တိဘေဒမှ ထုတ်နှုတ်ဖြေဆိုပြပါ။ | ပစ္စဝေက္ခဏဉာဏ် (၁၉) တန်မှာ- ၁။ သောတာပတ္တိမဂ္ဂဝီထိနောင် ပစ္စဝေက္ခဏာဝီထိ = ၅ ဝီထိ (မဂ်ကိုဆင်ခြင်သော မဂ္ဂပစ္စဝေက္ခဏာဝီထိ ၁-ဝီထိ ဖိုလ်ကိုဆင်ခြင်သော ဖလပစ္စဝေက္ခဏာဝီထိ ၁-ဝီထိ နိဗ္ဗာန်ကိုဆင်ခြင်သော နိဗ္ဗာနပစ္စဝေက္ခဏာဝီထိ ၁-ဝီထိ ပယ်ပြီးကိလေသာကို ဆင်ခြင်သော ပဟာနကိလေသာပစ္စဝေက္ခဏာဝီထိ ၁-ဝီထိ ကြွင်းကျန်သောကိလေသာကို ဆင်ခြင်သော ဝိက္ခမ္ဘိတကိလေသာပစ္စဝေက္ခဏာဝီထိ ၁-ဝီထိ) ၂။ သကဒါဂါမိမဂ္ဂဝီထိနောင် ပစ္စဝေက္ခဏာဝီထိ = ၅ ဝီထိ ၃။ အနာဂါမိမဂ္ဂဝီထိနောင် ပစ္စဝေက္ခဏာဝီထိ = ၅ ဝီထိ ၄။ အရဟတ္တမဂ္ဂဝီထိနောင်(ဝိက္ခမ္ဘိတကိလေသာပစ္စဝေက္ခဏာဝီထိကြဉ်သော) ပစ္စဝေက္ခဏာဝီထိ = ၄ ဝီထိ ဟူ၍ မဂ္ဂဝီထိများနောင် ပစ္စဝေက္ခဏာဉာဏ် ၁၉-တန်သော ဝီထိများဖြစ်ကြပါသည်။ နိရောဓသမာပတ် ဝင်စားနိုင်သောပုဂ္ဂိုလ်များမှာ- ကာမသုဂတိ ရ-ဘုံနှင့်(အသညသတ်ကြဉ်သော) ရူပ ၁၅-ဘုံတို့မှ သမာပတ် ၈-ပါး၊ ၉-ပါးရပြီးသော အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့ဖြစ်ပါသည်။ |
1 | 1 | 2017 | အဘိဓမ္မာသုတေသီများ လေ့လာသင်ယူနေကြသည့် သင်္ဂြိုလ်ကျမ်းကို အဘယ်ကြောင့် “အဘိဓမ္မတ္ထသင်္ဂဟကျမ်း” ဟုခေါ်ဆိုရပါသနည်း၊ ရှင်းပြ၍ (က) အဘိဓမ္မတ္ထနှင့် (ခ) ပရမတ္ထတို့၏ အရကိုလည်း ကွဲပြားအောင် ကောက်ပြခဲ့ပါ။ | အဘိဓမ္မာခုနှစ်ကျမ်း၌ ဟောတော်မူအပ်ကုန်သော အလွန်ကျယ်ဝန်းသော အနက်တို့ကို စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ် ဟူ၍ အကျဉ်းအားဖြင့် ပေါင်းရုံး၍ ပြဆိုထားခြင်းကြောင့် သင်္ဂြိုလ်ကျမ်းကို “အဘိဓမ္မတ္ထသင်္ဂဟ” ကျမ်းဟု ခေါ်ဆိုရပါသည်။ (က) အဘိဓမ္မတ္ထအရ - အဘိဓမ္မာခုနှစ်ကျမ်း ၌ ဟောတော်မူအပ်ကုန်သော စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ် (ခ) ပရမတ္ထတို့၏အရ - စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပေါင်း ပရမတ္ထတရား ၄-ပါး ရပါသည်။ |
2 | 1 | 2017 | စိတ်၌ မှီတွယ် စိတ်ကို ခြယ်လှယ်သော “စေတသိက်” ဟု အမည်ခံယူနိုင်ရန် ပြည့်စုံရမည့် အရည်အသွေး အင်္ဂါရပ်များကို ဖော်ပြ၍၊ ဗြဟ္မစိုရ်တရားလေးပါးတွင် ပါဝင်သော ကရုဏာ၊ မုဒိတာ စေတသိက် နှစ်ပါးတို့၏ သဘောလက္ခဏာနှင့် ယင်းတို့ယှဉ်ရာ စိတ်သရုပ်များကိုလည်း ဖော်ထုတ်ပြခဲ့ပါ။ | စိတ်၌ မှီတွယ် စိတ်ကို ခြယ်လှယ်သော “စေတသိက်” ဟု အမည်ခံယူနိုင်ရန် ပြည့်စုံရမည့် အရည်အသွေး အင်္ဂါရပ်များ (၁) ဧကုပါဒ = စိတ်နှင့်အတူ ဖြစ်ခြင်း။ (၂) ဧကနိရောဓ = စိတ်နှင့်အတူ ချုပ်ခြင်း။ (၃) ဧကာလမ္ဗဏ = စိတ်နှင့်တူသော အာရုံရှိခြင်း။ (၄) ဧကဝတ္ထုက = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း ဗြဟ္မစိုရ်တရားလေးပါးတွင် ပါဝင်သော ကရုဏာ၊ မုဒိတာ စေတသိက် နှစ်ပါး ကရုဏာ စေတသိက်သည် - ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ သနားမှု သဘောလက္ခဏာ မုဒိတာ စေတသိက်သည် - သုခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်မှု သဘောလက္ခဏာ ယင်းတို့ယှဉ်ရာ စိတ်သရုပ်မှာ - မဟာကုသိုလ် စိတ် ၈-ပါး၊ - မဟာကြိယာစိတ် ၈-ပါး၊ - ပဉ္စမစျာန်စိတ်ကြဉ်သော ရူပစျာန်စိတ် ၁၂-ပါး၊ ပေါင်း ၂၈-ပါးတို့၌ ယှဉ်ပါသည်။ |
3 | 1 | 2017 | ဝိပဿနာတရား ပွားများ အားထုတ်သူ ယောဂီများ သိထားရမည့် ရုပ်နာမ် (၂)ပါးတွင် သဘာဝဓမ္မအားဖြင့် နာမ်တရားပေါင်း မည်မျှရှိသည်ကို ရေတွက်ဖြေဆို၍၊ ဤခန္ဓာကိုယ်ကြီး၏ ကိစ္စအသီးသီးကို မငြီးမငြူတာဝန်ယူ ဆောင်ရွက်ရာ ဝန်ကြီးဌာန (၁ဝ)မျိုးကိုလည်း ဖော်ပြခဲ့ပါ။ | ရုပ်နာမ် (၂)ပါးတွင် သဘာဝဓမ္မအားဖြင့် နာမ်တရားသည် - စိတ် = အာရုံကိုသိခြင်း သဘောတရား ၁-ပါး၊ - စေတသိက်= အာရုံကို ထိတွေ့ခြင်း ဖဿ စသည်အားဖြင့် မိမိတို့ ဆိုင်ရာသဘောတရားအားဖြင့် ၅၂ ပါး ပေါင်း သဘာဝဓမ္မ ၅၃-ပါး ဖြစ်ပါသည်။ ကိစ္စ အသီးသီးကို မငြီးမငြူ တာဝန်ယူ ဆောင်ရွက်ရာ ဝန်ကြီးဌာန (၁၀)မျိုးမှာ - ပဋ္ဋိသန္ဓေဌာန၊ - ဘဝင်္ဂဌာန၊ - အာဝဇ္ဇနဌာန၊ - ပဉ္စဝိညာဏဌာန၊ - သမ္ပဋ္ဋိစ္ဆိုင်းဌာန၊ - သန္တီရဏဌာန၊ - ဝေါဋ္ဌဗ္ဗနဌာန၊ - ဇဝနဌာန၊ - တဒါရမ္မဏဌာန၊ - စုတိဌာန၊ ပေါင်း ဌာန ၁၀-ပါး |
4 | 1 | 2017 | မဟန္တာရုံ၏ အဓိပ္ပါယ်ကို ရေးသားဖြေဆို၍ ပထမ မဟန္တာရုံ စက္ခုဝီထိဖြစ်ပုံ ကိုလည်း အစဉ်မပျက်စေဘဲ ဖော်ပြပါ။ | ပဉ္စဒွါရ၌ အာရုံထင်သည့်ခဏမှ စ၍ ချုပ်သည့်ခဏတိုင်အောင် ရေတွက်လျှင် များသော စိတ္တက္ခဏ အသက် (အရေအတွက်) ရှိသော သင့်ရုံ အားကြီး ထင်ရှားသော အာရုံသည် ‘မဟန္တာရုံ’ မည်၏။ ပထမ မဟန္တာရုံ စက္ခုဒွါရ ဝီထိဖြစ်ပုံ ၁။ အတီတဘဝင် ၂ ကြိမ််၂။ ဘဝင်္ဂစလန ၁ ကြိမ်် ၃။ ဘဝင်္ဂုပစ္ဆေဒ ၁ ကြိမ်် ၄။ ပဉ္စဒွါရာဝဇ္ဇန်း ၁ ကြိမ်် ၅။ စက္ခုဝိညာဏ် ၁ ကြိမ်် ၆။ သမ္ပဋ္ဋိစ္ဆိုင်း ၁ ကြိမ်် ၇။ သန္တီရဏ ၁ ကြိမ်် ၈။ ဝုဋ္ဌော ၁ ကြိမ်် ၉။ ဇော ရ-ကြိမ် ၁၀။ ဘဝင် ၁ ကြိမ််ထို့နောင် မူလဘဝင်များ ကျသော ဝီထိသည် “ဇဝနဝါရ၊ စက္ခုဒွါရိက၊ မဟန္တရုံဝီထိ” ဖြစ်ပါသည် |
5 | 1 | 2017 | မိမိနေထိုင်ရာ ကမ္ဘာလောကကြီးတွင် နေ့စဉ်မပျက်ဖြစ်ပွားလျက်ရှိသော ဒုစရိုက်အမျိုးအစား (၁၀)မျိုးရှိရာ အဘယ်ဒုစရိုက်တို့သည် အဘယ်အကြောင်းရင်းကြောင့် ဖြစ်သည်ကို ခွဲခြားဝေဖန်၍ အရက်ဘီယာ သောက်ခြင်း မူးယစ်ဆေးဝါး သုံးစွဲခြင်းသည် အဘယ် ဒုစရိုက်ကို လွန်ကျူးခြင်း ဖြစ်ပါသနည်း အကြောင်းသွင်းကာ ဖြေဆိုပါ။ | ဒုစရိုက်အမျိုးအစား (၁ဝ)မျိုးတို့၏ အကြောင်းအရင်းတရားများ (က) လောဘ ကြောင့်ဖြစ်သော ဒုစရိုက် - ကာမေသုမိစ္ဆာစာရ၊ အဘိဇ္စျာ၊ မိစ္ဆာဒိဋ္ဌိ၊ (ခ) ဒေါသ ကြောင့်ဖြစ်သော ဒုစရိုက် - ပါဏာတိပါတ၊ ဖရုသဝါစာ၊ ဗျာပါဒ၊ (ဂ) လောဘ၊ ဒေါသ နှစ်ပါးစုံကြောင့် - အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ သမ္ဖပ္ပလာပ၊ အရက်ဘီယာ သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းသည် - ဒုစရိုက်ဆယ်ပါးတွင် မပါဝင်သောကြောင့် အရက်သေစာသောက်စားခြင်းသည် အပြစ်မရှိဟုဆိုလျှင် လက်မခံပါ။ အရက်သေစာ သောက်စားခြင်း - သူရာမေရယကံကို - တဏှာအရင်းခံချင်း တူ၍လည်းကောင်း၊ - ကာယကံချင်းတူ၍ လည်းကောင်း၊ ကာမဂုဏ်၌ မှားယွင်းစွာ ကျင့်မှုကြောင့် ကာမေသုမစ္ဆာစာရကံ၌ ထည့်သွင်းကြပါသည်။ ထို့ကြောင့် ဒုစရိုက်ဆယ်ပါးတွင် မပါဝင်သော်လည်း ကာမေသုမိစ္ဆာစာရကံ အဖြစ် အပြစ်ရှိပါသည်။ |
6 | 1 | 2017 | စိုစိုဖတ်ဖတ် ရှိသော တကိုယ်လုံး၌ ပျံ့နှံ့၍ တည်သောရုပ်တို့ကိုဖော်ပြ၍၊ ရုပ်အစစ်(၁၈)ပါးသည် အဘယ့်ကြောင့် သဘာဝရုပ်၊ သလက္ခဏရုပ်၊ နိပ္ဖန္နရုပ်၊ သမ္မသနရုပ် မည်ပါသနည်း ဖြေဆိုပါ။ | စိုစိုဖတ်ဖတ်ရှိသောတကိုယ်လုံး၌ ပျံ့နှံ့၍တည်သောရုပ်များသည် - - ဘာဝရုပ်၊ - ကာယပသာဒရုပ် - ဇီဝိတရုပ်နှင့် - အာပေါလွန်ကဲသော သုတ်၊ သွေး၊ သည်းခြေရုပ် တို့ဖြစ်ပါသည်။ ရုပ်အစစ် (၁၈)ပါးသည် (၁) သဘာဝရုပ် - ရုပ်အစစ် ၁၈-ပါးတို့သည် ကက္ခဠတ္တစသော မိမိဆိုင်ရာကိုယ်ပိုင် သဘောလက္ခဏာ ထင်ရှားရှိကြ သောကြောင့် “သဘာဝရုပ်” မည်၏။ (၂) သလက္ခဏရုပ် - ရုပ်အစစ် ၁၈-ပါးတို့သည် အနိစ္စတာ၊ ဒုက္ခတာ၊ အနတ္တတာ စသော အများဆိုင်ရာ သလက္ခဏ ထင်ရှားရှိကြသောကြောင့် “သလက္ခဏရုပ်” မည်၏။ (၃) နိပ္ဖန္နရုပ် - ရုပ်အစစ် ၁၈-ပါးတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်ခြင်း ထင်ရှားသဖြင့် “နိပ္ဖန္နရုပ်” မည်၏။ (၄) ရူပရုပ် - ရုပ်အစစ် ၁၈-ပါးတို့သည် အပူ၊ အအေး ဆန့်ကျင်ဘက်တရားတို့နှင့် ပေါင်းဆုံမိလျှင် ရှေးအစဉ်နှင့် နောက်အစဉ် အတူအောင် ဖောက်ပြန်ရာ၌ ထင်ရှားသဖြင့် “ရူပရုပ်” မည်၏။ (၅) သမ္မသနရုပ် - ရုပ်အစစ် ၁၈-ပါးတို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးတို့ဖြင့် သုံးသပ်အပ်သော ကြောင့် “သမ္မသနရုပ်” မည်၏။ |
7 | 1 | 2017 | ကမ္ဘာတလွှား ဖြစ်ပေါ်နေသော ရာသီဥတု ဖောက်ပြန်မှု မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော အရှိန်အဟုန်ပြင်း ထန်၍ အစီးသန်သော ရေအလျဉ်နှင့် တူသော ပရမတ်တရားတို့ကို တရားကိုယ်နှင့်တကွ တွဲစပ်ဖြေဆိုပြ၍ ဆိုင်ရာအာရုံနှင့် တွေ့ကြံုရလျှင် အဆင်သင့်ဖြစ်ဖို့ရန် သတ္တဝါတို့၏ သန္တာန်၌ အစဉ်လိုက်ကာ အဖန်ဖန် ကိန်းဝပ် နေတတ်သော တရားတို့ကိုလည်း ဖြေဆိုပြပါ။ | အရှိန်အဟုန် ပြင်းထန်၍ အစီးသန်သော ရေအလျဉ်နှင့် တူသော ပရမတ်တရားတို့မှာ (၁) ကာမောဃ - လောဘမူစိတ် ၈-ပါး ရှိ လောဘစေတသိက်၊ (၂) ဘဝေါဃ - လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး ရှိ လောဘစေတသိက်၊ (၃) ဒိဋ္ဌောဃ - လောဘမူ ဒိဋ္ဌိသမ္ပယုတ်စိတ် ၄-ပါး ရှိ ဒိဋ္ဌိစေတသိက်၊ (၄) အဝိဇ္ဇောဃ - အကုသိုလ်စိတ် ၁၂-ပါးရှိ မောဟစေတသိက် ပေါင်း သြဃတရား ၄-ပါး ဖြစ်ပါသည်။ ဆိုင်ရာအာရုံနှင့် တွေ့ကြံုရလျှင် အဆင်သင့်ဖြစ်ဖို့ရန် သတ္တဝါတို့၏ သန္တာန်၌ အစဉ်လိုက်ကာ အဖန်ဖန်ကိန်းဝပ် နေတတ်သော တရားတို့မှာ - (၁) ကာမရာဂါနုသယ (၂) ဘဝရာဂါနုသယ (၃) ပဋိဃာနုသယ (၄) မာနာနုသယ (၅) ဒိဋ္ဌာနုသယ (၆) ဝိစိကိစ္ဆာနုသယ (၇) အဝိဇ္ဇာနုသယ ပေါင်း အနုသယတရား ရ-ပါး ဖြစ်ပါသည်။ |
8 | 1 | 2017 | ဇာတိဟူသော ဇာတ်ဆရာ အလိုကျ ကပြအသုံးတော်ခံရသော အကျိုးရင်း အကျိုးဆက်တရားတို့ကို ပဋ္ဋိစ္စသမုပ္ပါဒ် ဒေသနာ လာသည့်အတိုင်း ဖြေဆိုပြ၍ ဇာတိ၊ ဇရာ-မရဏတို့ကို တိုက်ရိုက်ယူသဖြင့် “တနွယ်ငင်တစင်ပါ” ဆိုသလို ယူရမည့် တရားတို့ကိုလည်းအကြောင်းပြကာ ဖြေဆိုပြပါ။ | ဇာတိဟူသော ဇာတ်ဆရာ အလိုကျ ကပြအသုံးတော်ခံရသော အကျိုးရင်း အကျိုးဆက်တရားတို့ကို ပဋ္ဋိစ္စသမုပ္ပါဒ် ဒေသနာလာသည့်အတိုင်း ဖြေဆိုပြရသော် - ဇာတိ၏ အကျိုးရင်းများမှာ - အိုမှု ဇရာ၊ - သေမှု မရဏ (မုချ) ဖြစ်ပါသည်။ ဇာတိ၏ အကျိုးဆက်များမှာ - စိုးရိမ်မှု သောက၊ - ငိုကြွေးမှု ပရိဒေဝ၊ - ကိုယ်ဆင်းရဲခြင်း ဒုက္ခ၊ - စိတ်နှလုံးပူပန်ခြင်း ဒေါမနဿ၊ - ပြင်းစွာပူပန်မှု ဥပါယာသ တို့ ဖြစ်ကြကုန်၏၊ ဇာတိ၊ ဇရာ၊ မရဏတို့ကို တိုက်ရိုက်ယူသဖြင့် “တနွယ်ငင် တစင်ပါ” ဆိုသလို ယူရမည့် တရားတို့သည် - ဝဋ်တရားခြင်း တူသောကြောင့် ရသင့်သဖြင့် (အဝိနာဘာဝနည်းအရ) သွတ်သွင်းယူသော - ဇာတိ၊ ဇရာ- မရဏ တို့သည် တရားကိုယ် သီးခြား မရှိကြသော်လည်း - ဇာတိ ဟူသည် ဝိညာဏ်၊ နာမ်-ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ တို့၏ ဖြစ်ခြင်း အစ (ဥပါဒ်) သာ ဖြစ်ပါသည်။ - ဇရာ ဟူသည် ဝိညာဏ်၊ နာမ်-ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ တို့၏ ရင့်ရော် အိုမင်းခြင်း (ဌီ) သာ ဖြစ်ပါသည်။ - မရဏ ဟူသည် ဝိညာဏ်၊ နာမ်-ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ တို့၏ စုတိ ပျက်ဆုံးခြင်း (ဘင်) သာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဇာတိ၊ ဇရာ- မရဏ တို့ကို တိုက်ရိုက် ယူသဖြင့် “တနွယ်ငင် တစင်ပါ” ဆိုသလို (အဝိနာဘာဝနည်းအရ) ဝိညာဏ်၊ နာမ်-ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော အနာဂတ် အကျိုးတရား ၅ ပါးကို ယူရခြင်း ဖြစ်ပါသည်။ |
9 | 1 | 2017 | မိမိစိတ်ကို နီဝရဏမြူမှေး အညစ်အကြေးတို့မှ ကင်းဝေးစေကြောင်း သမထကမ္မဋ္ဌာန်း နည်းအပေါင်းကို ဗုဒ္ဓအလိုကျ သရုပ်ထုတ်ကာ ရေတွက်ပြ၍ မိမိအိမ်၌ အိမ်တွင်းနတ်အတွက် နတ်အုန်းဆွဲဖို့အမှတ်ရနေမှုသည် ဘုရားအလိုကျ ဒေဝတာနုဿတိ ဟုတ်၊ မဟုတ်ကိုလည်း ရှင်းလင်းဖြေဆိုပြပါ။ | သမထကမ္မဋ္ဌာန်း နည်းအပေါင်းကို ဗုဒ္ဓအလိုကျ သရုပ်ထုတ်ကာရေတွက်ပြရသော် - - ကသိုဏ်း ၁ဝ-ပါး၊ - အသုဘ ၁၀-ပါး၊ - အနုဿတိ ၁၀-ပါး၊ - အပ္ပမညာ (ဗြဟ္မစိုရ်) ၄-ပါး၊ - အာဟာရေပဋိကူလသညာ ၁-ပါး၊ - စတုဓာတုဝဝတ္ထာန် ၁-ပါး၊ - အာရုပ္ပ ၄-ပါး၊ ခေါင်းစဉ်အားဖြင့် ရ-မျိုး၊ အရေအတွက်အားဖြင့် ၄၀-ပါးဖြစ်ပါသည်။ မိမိအိမ်၌ အိမ်တွင်းနတ်အတွက် နတ်အုန်းဆွဲဖို့ အမှတ်ရနေမှုသည် ဘုရားအလိုကျ ဒေဝတာနုဿတိ မဟုတ်ပါ။ အကြောင်းမှာ သဒ္ဓါအစရှိသောဂုဏ်နှင့် ပြည့်စုံသော သူတို့သည် နတ်အဖြစ်သို့ ရောက်ကုန်၏။ ထိုသဒ္ဓါ အစရှိသော ဂုဏ်တို့သည် ငါ၌လည်း ရှိကုန်၏ -ဟု နတ်တို့ကို သက်သေအရာ၌ ထား၍ နတ်တို့၏ သဒ္ဓါ အစရှိသော ဂုဏ်နှင့် တူသော မိမိ၏ သဒ္ဓါ အစရှိသော ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် အောက်မေ့ဆင်ခြင်ခြင်းသည်သာ“ဒေဝတာနုဿတိ” မည်သောကြောင့် ဖြစ်ပါသည်။ |
1 | 2 | 2017 | မည်သူမျှ မစေခိုင်းဘဲ လူသားတဦးအသက်ကို ရက်ရက်စက်စက် သတ်သူသန္တာန်၌ ဖြစ်သောစိတ်ကို အတိအကျ ဖော်ပြ၍၊ ယင်းလူသတ်မှု ကျူးလွန်မိအောင် မြစ်ဖျားခံသော မူလ အခြေခံ အကြောင်းတရား (၂)ပါးကိုလည်း ထုတ်ပြခဲ့ပါ။ | မည်သူမျှ မစေခိုင်းဘဲ လူသားတဦးအသက်ကို ရက်ရက်စက်စက် သတ်သူသန္တာန်၌ ဖြစ်သောစိတ်သည် - ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ် ဖြစ်ပါသည်။ ယင်းလူသတ်မှု ကျူးလွန်မိအောင် မြစ်ဖျားခံသော မူလ အခြေခံအကြောင်းတရား (၂)ပါးမှာ - ဒေါသစေတသိက် - မောဟစေတသိက်၊ ပေါင်း ၂-ပါးဖြစ်ပါသည်။ |
2 | 2 | 2017 | မြန်မာ့ယဉ်ကျေးမှုကို စွန့်ပယ်ချ၊ နိုင်ငံခြား ယဉ်ကျေးမှုကို ခုံမင်ကြလျက် ထမီမပါ ဘောင်းဘီတိုမျှသာ ဝတ်ဆင်ကြ တော့သည့် ယနေ့ခေတ် အချို.သော မြန်မာအမျိုးသမီးလေးများ၏ ဝတ်စားဆင်ယင် ရှက်ဖွယ် အသွင်ကို ပြုပြင် ပေးနိုင်သည့် “လောကပါလတရား” စေတသိက်(၂)ပါး၏ သဘောလက္ခဏာနှင့် ယှဉ်ရာစိတ်များကို ဖော်ပြပါ။ | ရှက်ဖွယ် အသွင်ကိုပြုပြင် ပေးနိုင်သည့် “လောကပါလတရား” စေတသိက်(၂)ပါးမှာ ဟိရီစေတသိက် - မကောင်းမှု ဒုစရိုက်မှ ရှက်မှု သဘောလက္ခဏာ ရှိပါသည်။ သြတ္တပ္ပစေတသိက် - မကောင်းမှု ဒုစရိုက်မှ ကြောက်မှု သဘောလက္ခဏာ ရှိပါသည်။ ယင်းလောကပါလတရားစေတသိက် (၂)ပါး ယှဉ်ရာစိတ်များ - - ကာမသောဘနစိတ် ၂၄-ပါး၊ - ရူပါဝစရစိတ် ၁၅-ပါး၊ - အရူပါဝစရစိတ် ၁၂-ပါး၊ - လောကုတ္တရာစိတ် ၈-ပါး(ကျဉ်း) / ၄၀ (အကျယ်) ပေါင်း သောဘနစိတ် (အကျဉ်း) ၅၉-ပါး၊ အကျယ် ၉၁ ပါး ဖြစ်ပါသည်။ |
3 | 2 | 2017 | “အာရုံတွေ များလွန်းလို့ ဦးခေါင်းစားတယ်” ဟု ယနေ့ လူငယ်များ ဆိုလေ့ရှိရာ အာရုံများ/ မများ သိထားနိုင်ရန် အာရုံတရားများကို ဖော်ပြ၍၊ “မြင်, သိစိတ်” နှင့် “အတွေးနယ်ချဲ့တတ်သော မနောဓာတ်” တို့၏ ပြုရာအာရုံများ ကိုလည်း အတိအကျ ဖြေဆိုခဲ့ပါ။ | “အာရုံတွေ များလွန်းလို့ ဦးခေါင်းစားတယ်” ဟု ယနေ့လူငယ်များဆိုလေ့ရှိရာ အာရုံများ/ မများ သိထားနိုင်ရန် အာရုံတို့၏သရုပ်- (၁) ရူပါရုံ (အဆင်းအမျိုးမျိုး)၊ (၂) သဒ္ဒါရုံ (အသံအမျိုးမျိုး)၊ (၃) ဂန္ဓာရုံ (အနံ့အမျိုးမျိုး)၊ (၄) ရသာရုံ (အရသာအမျိုးမျိုး)၊ (၅) ဖောဋ္ဌဗ္ဗာရုံ (အတွေ့အထိ အမျိုးမျိုး) (၆) ဓမ္မာရုံ (စိတ်-၈၉ပါး၊ စေတသိက် ၅၂-ပါး၊ ပသာဒရုပ် ၅-ပါး၊ သုခုမရုပ် ၁၆-ပါး၊ နိဗ္ဗာန်၊ ပညတ်) ဟူ၍ အာရုံ ၆-ပါး ဖြစ်ပါသည်။ “မြင်သိစိတ်” ပြုရာအာရုံများ - ပစ္စုပ္ပန် ရူပါရုံ “အတွေး နယ်ချဲ့တတ်သော မနောဓာတ်” တို့၏ ပြုရာအာရုံများ - ပစ္စုပ္ပန် (ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ) ပဉ္စာရုံ |
4 | 2 | 2017 | ဝိပါက်အမှန် ဇောအပြန်- ဟူ၍လည်းကောင်း၊ ဝိပါက်အမှန် ဇောလည်းအမှန်- ဟူ၍လည်းကောင်း ဆိုကြရာ ဝိပါက်လည်းအမှန် ဇောလည်းအမှန် ဖြစ်ပုံကို ရှင်းလင်းဖြေဆိုပါ။ | ဝိပါက်လည်းအမှန် ဇောလည်းအမှန် ဖြစ်ပုံ ၁။ ဝိပါကနိယာမတွင် ဝိပါက်စိတ်များသည် ပုဂ္ဂိုလ်သတ္တဝါပေါ် မူမတည်၊ အာရုံ အားလျော်စွာ သောမနဿ၊ ဥပေက္ခာ ဝေဒနာယှဉ်ပုံ မှန်ကန်ကြ၍ ဝိပါက်အမှန် ဟု ဆိုကြ၏။ ၂။ ကုသိုလ်၊ အကုသိုလ်ဇောတို့သည် ပုဂ္ဂိုလ်သတ္တဝါတို့၏ ယောနိသော အယောနိသော နှလုံးသွင်းပေါ် မူတည်၍ အာရုံ အားလျော်စွာ ဝေဒနာယှဉ်ပုံ မမှန်ကန်ဘဲ ဗလောင်းဗလဲ ပြောင်းလဲ ဖောက်ပြန်၍ စောချင်ရာ စောကာ ဇောအပြန် ဖြစ်တတ်ကြသော်လည်း ဝိပလ္လာသကင်းပြီးသော ဘုရား ရဟန္တာန်၌ ဖြစ်သော ကြိယာဇောများကား ဖောက်ပြန် ပြောင်းလဲမှု မရှိဘဲ - * အနိဋ္ဌာရုံနှင့် မဇ္စျတ္တဣဋ္ဌာရုံ၌ - ဥပေက္ခာမဟာကြိယာဇော ၄ပါး * အတိဣဋ္ဌာရုံ၌ - သောမနဿ မဟာကြိယာဇော ၄ ပါး - ဟသိတုပ္ပါဒ်ဇော ၁ ပါး ဟူ၍ ဖောက်ပြန် ပြောင်းလဲမှု မရှိ အာရုံ အားလျော်စွာ ဝေဒနာယှဉ်ပုံ မှန်ကန်စွာ စောနိုင်ကြောင့် ဇော အမှန် ဟုဆိုပါသည်။ ထို့ကြောင့် အသေက္ခပုဂ္ဂိုလ်များ၌ ကြုံတွေ့သော အာရုံအတိုင်း သောမနဿ၊ ဥပေက္ခာ ဝေဒနာယှဉ်ပုံ မှန်ကန်ကြ၍ ဝိပါက်လည်းအမှန် ဇောလည်းအမှန်-ဟု ဆိုကြပါသည်။ |
5 | 2 | 2017 | ရူပါဝစရပထမစျာန် သုံးဘုံကို ဖော်ပြ၍၊ သုဘကိဏှာဘုံသို့ရောက်လိုသော ယောဂီပုဂ္ဂိုလ်သည် အဘယ် စျာန်ကို အဘယ်သို့ပွားများ အားထုတ်ရမည်ကိုလည်း ညွှန်ပြခဲ့ပါ။ | ရူပါဝစရပထမစျာန် ၃-ဘုံမှာ (၁) ဗြဟ္မပါရိသဇ္ဇာဘုံ၊ (၂) ဗြဟ္မပုရောဟိတာဘုံ၊ (၃) မဟာဗြဟ္မာဘုံ တို့ဖြစ်ပါသည်။ သုဘကိဏှာဘုံသို့ ရောက်လိုသော ယောဂီပုဂ္ဂိုလ်သည် ရူပါဝစရကုသိုလ် စတုတ္ထစျာန်ကို ကျင့်ကြံအားထုတ်ရာ၌ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာ ဟူသော အဓိပတိတရား ၄ မှ တစ်ပါးပါးကို ပဏီတ (မြတ်သောအာနုဘော်) ဖြစ်အောင် ပွားများ အားထုတ်ရပါမည်။ |
6 | 2 | 2017 | စာဖြေသူတို့ ကြည့်ရှုလေ့ရှိသည့် ရုပ်မြင်သံကြား၊ ဗီဒီယို၊ ရုပ်ရှင်တို့၌ ပေါ်လာသော အရုပ်နှင့်အသံတို့သည် ကြည့်ရှု နားဆင်သူတို့၏ မျက်စိနှင့် နားသို့ ရောက်/မရောက် မိမိတို့လေ့လာသင်ယူနေသော အဘိဓမ္မာအမြင်ဖြင့် အကြောင်းသွင်းကာ ရှင်းလင်းဆုံးဖြတ်ပါ။ | ရုပ်မြင်သံကြား၊ ဗီဒီယို၊ ရုပ်ရှင်တို့၌ပေါ်လာသော အရုပ်နှင့် အသံတို့သည် ကြည့်ရှုနားဆင်သူတို့၏ မျက်စိနှင့်နားသို့ မရောက်ပါ။ အကြောင်းသွင်းရှင်းပြရသော်- အာရုံကိုယူတတ်သော ရုပ်တို့ကိုလည်း ရောက်/မရောက်၏ အစွမ်းဖြင့် ခွဲဝေဖန်လျှင် “အသမ္ပတ္တရုပ်” မည်သော စက္ခုပသာဒရုပ်၊ သောတပသာဒရုပ် ပေါင်း ၂-ပါးသော ရုပ်တို့သည် မိမိထံမှောက်သို့ မရောက်၊ မထိ၊ မငြိကပ်သောအားဖြင့် အာရုံကို ယူတတ်သော သဘော ရှိသောကြောင့် အရုပ်နှင့် အသံတို့သည် ကြည့်ရှု နားဆင်သူတို့၏ မျက်စိနှင့်နားသို့ မရောက်ပါ။ |
7 | 2 | 2017 | သုတ္တန်နည်းအားဖြင့် ဟောကြားတော်မူအပ်သော သံယောဇဉ် (၁၀)ပါး ကြိုးသဖွယ်ဖြစ်သော တရားတို့တွင် အောက်ကာမဘုံ၊ အထက်ဗြဟ္မာဘုံတို့၌ ဖြစ်နိုင်သော သံယောဇဉ်ကြိုး တရားတို့ကို ခွဲခြားကာ ဖြေဆိုပြ၍ ရုပ်ရောနာမ်ပါ နှစ်ခုရောကာ တရားကိုယ် ကောက်ယူရမည့် ဣန္ဒြေတရားကိုလည်း ဖြေဆိုပြပါ။ | သုတ္တန်နည်း သံယောဇဉ် (၁၀)ပါးတို့တွင် * အထက်ဗြဟ္မာဘုံ တို့၌ဖြစ်နိုင်သော သံယောဇဉ်ကြိုး တရားတို့မှာ - ရူပရာဂသံယောဇဉ်၊ - အရူပရာဂသံယောဇဉ်၊ - မာနသံယောဇဉ်၊ - ဥဒ္ဓစ္စသံယောဇဉ်၊ - အဝိဇ္ဇာသံယောဇဉ် (၅)ပါး * အောက်ကာမဘုံ တို့၌ဖြစ်နိုင်သော သံယောဇဉ်ကြိုး တရားမှာ - ကာမရာဂသံယောဇဉ်၊ - ပဋိဃသံယောဇဉ်၊ - ဒိဋ္ဌိသံယောဇဉ်၊ - သီလဗ္ဗတသံယောဇဉ်၊ - ဝိစိကိစ္ဆာသံယောဇဉ် (၅)ပါး ဖြစ်ပါသည်။ ရုပ်ရောနာမ်ပါ နှစ်ခုရောကာ တရားကိုယ်ကောက်ယူရမည့် ဣန္ဒြေတရားမှာ - ဇီဝိတိန္ဒြေ ၁-ပါး ဖြစ်ပါသည်။ |
8 | 2 | 2017 | ရှေးရှေးအဘိဓမ္မာ သင်ယူခဲ့မှုက နောက်နောက်အဘိဓမ္မာ သင်ယူမှုအား လွယ်ကူအောင် မည်သည့်ပစ္စည်း တရားဖြင့် ကျေးဇူးပြုသည်ကို ပစ္စည်း+ ပစ္စယုပ္ပန်တရားတို့နှင့်တကွ ဖြေဆိုပြ၍ (၂၄)ပစ္စည်းတို့တွင် ကာလသုံးပါး မှာလည်းဖြစ်နိုင်၊ ကာလသုံးပါးမှလည်း လွတ်မြောက်နိုင်သော ပစ္စည်းတို့ကိုလည်း ဖြေဆိုပြပါ။ | ရှေးရှေးအဘိဓမ္မာ သင်ယူခဲ့မှုက နောက်နောက် အဘိဓမ္မာသင်ယူမှုအား လွယ်ကူအောင် အာသေဝနပစ္စည်းတရားဖြင့် ကျေးဇူးပြုပါသည်။ ပစ္စည်း + ပစ္စယုပ္ပန်တရားနှင့်တကွ ဖြေဆိုပြရသော် - * အဆုံးဇောကြဉ်သော ရှေးရှေးသော လောကီဇော ၄၇-ပါး စေတသိက် ၅၂-ပါး၊ ပစ္စည်းတရားတို့သည်၊ * ပထမဇော၊ ဖိုလ်ဇောကြဉ်သော နောက်နောက်သော ဇော ၅၁-ပါး၊ စေတသိက် ၅၂-ပါး ပစ္စယုပ္ပန်တရားတို့အား အာသေဝနပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပါသည်။ (၂၄)ပစ္စည်းတို့တွင် ကာလသုံးပါးမှာလည်းဖြစ်နိုင်/ ကာလသုံးပါမှလည်း လွတ်မြောက်နိုင်သော ပစ္စည်းများမှာ - အာရမ္မဏပစ္စည်း၊ - ဥပနိဿယပစ္စည်း၊ - အဓိပတိပစ္စည်း၊ ပေါင်း ၃ ပစ္စည်း ဖြစ်ပါသည်။ |
9 | 2 | 2017 | ခွက်၊ ဆန်ကောမျှ ပမာဏရှိသော ကျဉ်းငယ်သော ကသိုဏ်းဝန်းကို မောဟ စရိုက်ရှိသူ၊ ကောက်နယ်တလင်းခန့် ကျယ်ပြန့်သော ကသိုဏ်းဝန်းကို ဝိတက်စရိုက် ရှိသူတို့အား မေးမိမှားရာ၌ ပွားများသူမှာ ဖြစ်ပေါ်လာသော ဆိုးကျိုး တို့ကို ဖြေဆိုပြ၍၊ “အာနာပါန စျာန်မရ” ဟူသောစကားမှန်၊ မမှန်ကိုလည်း ဖြေဆိုပြပါ။ | ခွက်၊ ဆန်ကောမျှ ပမာဏရှိသော ကျဉ်းငယ်သော ကသိုဏ်းဝန်းကို မောဟစရိုက်ရှိသူကို ပေးမိမှားရာ၌ ပွားများသူမှာ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးမှာ - အာရုံမထင်ဘဲ ပို၍ တွေဝလောကာ သမာဓိမရဘဲ ဖြစ်တတ်ပါသည်။ ကောက်နယ်တလင်းခန့် ကျယ်ပြန့်သော ကသိုဏ်းဝန်းကို ဝိတက် စရိုက်ရှိသူတို့အား ပေးမိမှားရာ၌ ပွားများသူမှာ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးမှာ - အာရုံ မထင်ဘဲ ပို၍ ပြန့်ထွက်သွားကာ၊ အကြံတွေ များကာ သမာဓိမရဘဲ ဖြစ်တတ်ပါသည်။ “အာနာပါန စျာန်မရ” ဟူသောစကား မမှန်ပါ။ အဘယ်ကြောင့်ဆိုသော ထွက်လေဝင်လေဟု ဆိုရသော အာနာပါနဿတိကမ္မဋ္ဌာန်းကို ရှုမှတ်သောယောဂီ ရအပ်သော အကျိုးတရားမှာ - ရူပါဝစရ စျာန် ၅-ပါးလုံး ရရှိနိုင်သောကြောင့် “အာနာပါန စျာန်မရ” ဟူသောစကား မမှန်ပါ။ |
1 | 3 | 2017 | “သိပ်ချစ်လို့ စိတ်ညစ်ရသည်” ဟု ပြောဆိုသူ သန္တာန်၌ ဖြစ်သော စိတ်ကို ဖော်ပြ၍၊ (က) ယုတ်မာဆိုးသွမ်း လူသရမ်းတို့ သန္တာန်၌သာ ဖြစ်သော လောကီစိတ်၊ (ခ) တင့်တယ်ကောင်းမြတ် သူတော်ဓာတ်ရှိသူတို့ သန္တာန်၌ သာဖြစ်သော လောကီစိတ်တို့ကိုလည်း အသီးသီး ဖြေဆိုခဲ့ပါ။ | “သိပ်ချစ်လို့ စိတ်ညစ်ရသည်” ဟု ပြောဆိုသူ သန္တာန်၌ ဖြစ်သော စိတ်မှာ - ဒေါသမူစိတ် ၂ ပါး ဖြစ်ပါသည်။ (က) ယုတ်မာဆိုးသွမ်း လူသရမ်းတို့ သန္တာန်၌ သာဖြစ်သော လောကီစိတ်သည် - အကုသိုလ်စိတ် ၁၂-ပါး ဖြစ်ပါသည်။ (ခ) တင့်တယ်ကောင်းမြတ် သူတော်ဓာတ်ရှိသူတို့ သန္တာန်၌သာ ဖြစ်သော လောကီစိတ်သည် - ကာမာဝစရသောဘနစိတ် ၂၄-ပါး၊ - မဟဂ္ဂုတ်စိတ် ၂၇-ပါး၊ ပေါင်း လောကီစိတ် ၅၁-ပါးဖြစ်ပါသည်။ |
2 | 3 | 2017 | ယနေ့ခေတ် မျက်မှောက်ကာလ၌ ဆန္ဒပြခြင်း ဆန္ဒဖော်ထုတ်ခြင်းများ ခေတ်စားလာရာ ယင်းဆန္ဒပြသူတို့ သန္တာန်၌ ဖြစ်သော စိတ်သရုပ်ကို ဖော်ထုတ်ပြ၍ “အလှမာန်ဝင့် ပန်းနှယ်ပွင့်နေသူ” အမျိုးသမီးငယ် သန္တာန်၌ ဖြစ်သော စိတ်သရုပ်ကိုလည်း ယှဉ်ရာ စေတသိက်အုပ်စုနှင့် တကွဖော်ပြခဲ့ပါ။ | ဆန္ဒပြခြင်း ဆန္ဒဖော်ထုတ်ခြင်းများ ခေတ်စားလာရာ ယင်းဆန္ဒပြသူတို့ သန္တာန်၌ ဖြစ်သော စိတ်သရုပ် - မောဟမူဒွေးကြဉ်သော အကုသိုလ်စိတ် ၁ဝ-ပါး၊ - မဟာကုသိုလ်စိတ် ၈-ပါး၊ - မဟာဝိပါက်စိတ် ၈-ပါး၊ ပေါင်း ၂၆-ပါး ဖြစ်ပါသည်။ “အလှမာန်ဝင့် ပန်းနှယ်ပွင့်နေသူ” အမျိုးသမီးငယ် သန္တာန်၌ (မာန စေတသိက်နှင့် ယှဉ်သော) - ဒိဋ္ဌိဂတ ဝိပ္ပယုတ် လောဘမူ အကုသိုလ်စိတ် ၄-ပါးမှ ၁ ပါးပါး ဖြစ်ပါသည်။ ယင်းစိတ်နှင့် - အညသမာန်းစေတသိက် ၁၃-ပါး၊ - သဗ္ဗာကုသလသာဓာရဏစေတသိက် ၄-ပါး၊ - လောဘ၊ မာန - ထိန၊ မိဒ္ဓ စေတသိက် (ရံခါ အတူတကွ) ပေါင်း စေတသိက် ၂၁-ပါး ယှဉ်ပါသည်။ |
3 | 3 | 2017 | “ဒေါသအမျက် ချောင်းချောင်းထွက်နေသူ” သန္တာန်၌ ဖြစ်သောစိတ်ကို ဖော်ပြ၍၊ ယင်းစိတ်ကို ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ ဝတ္ထုတို့ဖြင့်လည်း ဝေဖန်ပြခဲ့ပါ။ | “ဒေါသအမျက် ချောင်းချောင်းထွက်နေသူ” သန္တာန်၌ - - ဒေါမနဿသဟဂုတ် ပဋ္ဋိဃသမ္ပယုတ် အသင်္ခါရိက ဒေါသမူစိတ် ၁-ပါး၊ - ဒေါမနဿသဟဂုတ် ပဋ္ဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါသမူစိတ် ၁-ပါး၊ ပေါင်း ၂-ပါးဖြစ်ပါသည်။ ဒေါသမူဒွေးစိတ်ကို ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ဝတ္ထုတို့ဖြင့် ဝေဖန်ပြရသော်- ဝေဒနာ - ဒေါမနဿဝေဒနာ၊ ဟိတ် - ဒွိဟိတ် (ဒေါသဟိတ်၊ မောဟဟိတ်)၊ ကိစ္စ - ဇောကိစ္စ၊ ဒွါရ - (ဧကန်) ၆-ဒွါရ၊ အာရုံ - လောကုတ္တရာကြဉ်သော အာရုံ ၆-ပါး၊ ဝတ္ထု - ဟဒယဝတ္ထု (ဧကန်) တို့ဖြစ်ပါသည်။ |
4 | 3 | 2017 | ကာမာဝစရဇော တို့သည် အနာရောဂါ ကင်း၍ ကျန်းမာရွှင်လန်းနေသောအခါနှင့် လွန်လွန်ကျူးကျူး အရက်မူးနေသောအခါတို့၌ မည်မျှစီ စောကပြါသနည်း ဖြေဆို၍ စာဖြေသူ မွေးမြူထားသော ခွေးကလေး၏သန္တာန်၌ ကုသိုလ်စိတ်ဖြစ်နိုင်/မဖြစ်နိုင်ကိုလည်း အဘိဓမ္မာပညာဖြင့် ဆုံးဖြတ်ပြပါ။ | ကာမာဝစရဇော တို့သည် - အနာရောဂါကင်း၍ ကျန်းမာရွှင်လန်းနေသောအခါ ရ-ကြိမ် (သို့မဟုတ်) ၆-ကြိမ် စောကြပါသည်။ - လွန်လွန်ကျူးကျူးအရက်မူး နေသောအခါတို့၌ ၅-ကြိမ်သာလျှင်စောကြပါသည်။ ခွေးကလေး၏ သန္တာန်၌ ကုသိုလ်စိတ်ဖြစ်နိုင်ပါသည်။ အကြောင်းကား ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်သည် - အကုသိုလ်စိတ် ၁၂-ပါး၊ - ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇-ပါး၊ - မဟာကုသိုလ်စိတ် ၈-ပါး၊ ပေါင်း စိတ် ၃၇-ပါးကို ရနိုင်သောကြောင့် ဒုဂ္ဂိတိအဟိတ် ပုဂ္ဂိုလ်ဖြစ်သော ခွေးကလေး၏ သန္တာန်၌ ကုသိုလ်စိတ် ဖြစ်နိုင်ပါသည်။ |
5 | 3 | 2017 | လူတို့သေလွန်ပြီးနောက် အိမ်၌ ခုနှစ်ရက်နေသည် ဟူသော အယူအဆမှန်/မမှန် အဘိဓမ္မာပညာဖြင့် အကြောင်းပြကာ ဆုံးဖြတ်၍ ပုဂ္ဂိုလ်သတ္တဝါတို့သည် ဖန်ဆင်းရှင်က ဖန်ဆင်းပေး၍ ဖြစ်လာရပါသလော အကြောင်းသွင်းကာ ရှင်းလင်းပါ။ | “လူတို့သေလွန်ပြီးနောက် အိမ်၌ ခုနှစ်ရက်နေသည်” ဟူသော အယူအဆ မမှန်ပါ။ စုတိစိတ် အဆုံးသတ် ချုပ်သွားသည်ရှိသော် - ထိုစုတိစိတ် ချုပ်ပြီးသည်၏ အခြားမဲ့၌သာလျှင် (ကြားမရှိဘဲ ဆက်တိုက်) သေခါနီးမရဏာသန္နဇောက အာရုံပြုခဲ့သော တပါးပါးသော နိမိတ်ကို အာရုံပြုလျက် ပဋ္ဋိသန္ဓေစိတ်သည် တစ်ဆက်တည်း ဖြစ်တတ်သော ဖြစ်ခြင်းအစွမ်းဖြင့် ဘဝသစ်၌ ပဋိသန္ဓေတည်၏။ ထို့ကြောင့် “လူတို့သေလွန်ပြီးနောက် အိမ်၌ ခုနှစ်ရက်နေသည်” ဟူသော အယူအဆ မမှန်ပါ။ ပုဂ္ဂိုလ်သတ္တဝါတို့သည် ဖန်ဆင်းရှင်က ဖန်ဆင်းပေး၍ ဖြစ်လာရခြင်း မဟုတ်ပါ။ အဓိကဆောင်ရွက်သွားသော အကြောင်းတရားမှာ - အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရတရားတို့ ဖြစ်ပါသည်။ ဆောင်ရွက်ပုံမှာ - အဝိဇ္ဇာက ထင်လာသောအာရုံ၏ အပြစ်ကို ဖုံးလွှမ်းထား၏၊ - တဏှာသည် ပဋ္ဋိသန္ဓေဝိညာဉ်ကို အာရုံသို့ ညွတ်စေ၏၊ - သင်္ခါရသည် ပဋ္ဋိသန္ဓေဝိညာဉ်ကို ပစ်ချခြင်းဟူသော ကိစ္စတို့ကို အစဉ်တိုင်း ဆောင်ရွက်ကြသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ပုဂ္ဂိုလ်သတ္တဝါတို့သည် ဖန်ဆင်းရှင်က ဖန်ဆင်းပေး၍ ဖြစ်လာရခြင်း မဟုတ်ပါ။ |
6 | 3 | 2017 | စိတ်က ရုပ်ကိုဖြစ်စေရာ၌ ရုပ်ကို ဖြစ်စေနိုင်သောစိတ်နှင့် ရုပ်ကို မဖြစ်စေနိုင်သော စိတ်တို့ကို သချာင်္မျှဖော်ပြ၍၊ လျောင်း-ထိုင်-ရပ်-သွား လေးပါးသောဣရိယာပုတ်ကိုလည်း ထောက်ပံ့ ခိုင်ခံ့စေတတ်သော စိတ်တို့ကို ဖော်ပြခဲ့ပါ။ | ရုပ်ကို ဖြစ်စေနိုင်သောစိတ်သည် - ရ၅ - ပါး ဖြစ်ပါသည်။ ရုပ်ကို မဖြစ်စေနိုင်သောစိတ်သည် - ၁၄ - ပါး ဖြစ်ပါသည်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုတ်ကိုလည်း ထောက်ပံ့ ခိုင်စေတတ်သောစိတ်တို့မှာ - - မဟဂ္ဂုတ်ကုသိုလ်စိတ် ၉-ပါး၊ - မဟဂ္ဂုတ်ကြိယာစိတ် ၉-ပါး၊ - လောကုတ္တရာစိတ် ၈-ပါး၊ ပေါင်း (အဘိညာဏ် ဒွေးကြဉ်သော) အပ္ပနာဇော ၂၆-ပါး ဖြစ်ပါသည်။ |
7 | 3 | 2017 | ပြည့်ရှင်မင်းအလား အစိုးရပုံ ထူးခြားသော အဓိပတိတရား၏ အဓိပတိ အမည်ရထိုက်သောစိတ်/ မရထိုက်သော စိတ်များကို ခွဲခြားကာ ဖြေဆိုပြ၍၊ လောကီတရားသက်သက်ကို ခန္ဓာဖွဲ့ပြခြင်းငှာ ဟောကြားတော်မူအပ်သော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကိုလည်း တရားကိုယ် တရားနှင့်တကွ တွဲစပ်ဖြေဆိုပြပါ။ | ပြည့်ရှင်မင်းအလား အစိုးရပုံထူးခြားသော အဓိပတိတရား၏ အဓိပတိ အမည်ရထိုက်သောစိတ်/ မရထိုက်သော စိတ်တို့ကိုလည်း တိကျစွာ ကောက်ပြရသော် - - သာဓိပတိဇောစိတ် ၅၂ - ပါး လောဘမူစိတ် ၈ ပါး ဒေါသမူ ၂ ပါး မဟာကုသိုလ် ၈ ပါး မဟာကြိယာ ၈ ပါး မဟဂ္ဂုတ်ကုသိုလ် ၉ ပါး မဟဂ္ဂုတ်ကြိယာ ၉ ပါး လောကုတ္တရာစိတ် ၈ ပါး (ဒွိဟိတ်ဇော ၁၈-ပါး၊ တိဟိတ်ဇော ၃၄-ပါး) သည် အဓိပတိ ရထိုက်ပါသည်။ - ကြွင်းသောစိတ် ၃၇-ပါး အဟိတ်ဇော ၁ ပါး ဧကဟိတ်ဇော ၂ ပါး ဇောမထိုက်သော လောကီဝိပါက်စိတ် ၃၂ ပါး ဇောမထိုက်သော အဟိတ်ကြိယာစိတ် ၂ ပါး ပေါင်း ၃၇ ပါး သည် အဓိပတိ မရထိုက်ပါ။ လောကီတရားသက်သက်ကို ခန္ဓာဖွဲ့ပြခြင်းငှာ ဟောကြားတော်မူအပ်သော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့သည် - ဥပါဒါနက္ခန္ဓာငါးပါး တရားကိုယ် ကောက်ရမည့် တရားများသည် - (၁) ရူပုပါဒါနက္ခန္ဓာ - ရုပ် ၂၈-ပါး အပေါင်းအစု၊ (၂) ဝေဒနုပါဒါနက္ခန္ဓာ - လောကီစိတ်၌ ရှိသော ဝေဒနာစေတသိက် အပေါင်းအစု၊ (၃) သညုပါဒါနက္ခန္ဓာ - လောကီစိတ်၌ ရှိသော သညာစေတသိက် အပေါင်းအစု၊ (၄) သင်္ခါရုပါဒါနက္ခန္ဓာ - လောကီစိတ်၌ ရှိသော ကြွင်းစေတသိက် ၅၀ အပေါင်းအစု၊ (၅) ဝိညာဏုပါဒါနက္ခန္ဓာ - လောကီစိတ် ၈၁-ပါး အပေါင်းအစုတို့ ဖြစ်ပါသည်။ |
8 | 3 | 2017 | “မဟာပါသဏလိုဏ်ဂူ” ဟူသော အမည်၌ ရသင့်သော အတ္တပညတ် အမျိုးအစားကို အကြောင်းပြကာ ဖြေဆိုပြ၍ အထည်ဝတ္ထုဒပြ်အစု ဟူသောလိုဏ်ဂူစသော အတ္တပညတ်အမျိုးမျိုးသည် ပရမတ်အစစ်တရားများဖြစ်၊ မဖြစ် ပရမတ္ထတရားအားဖြင့် အမှန်တကယ် ထင်ရှားရှိ၊ မရှိကိုလည်း ပြည့်စုံစွာ ဖြေဆိုပြပါ။ | “မဟာပါသာဏလှိုင်ဂူ” ဟူသော အမည်၌ ရသင့်သော အတ္ထပညတ်ကား - - တွင်း၊ ဂူ အစရှိသည်တို့သည် ထက်ဝန်းကျင်အရပ်၌သာ မြေစသော မဟာဘုတ်ကလာပ်များ ရှိကြ၏။ - အလယ်အရပ်၌ကား မဟာဘုတ်ရုပ်ကလာပ်ထင်ရှား မရှိချေ။ - ထိုသို့ မဟာဘုတ် ရုပ်ကလာပ်တို့၏ မထိမစပ်ဘဲ ဟာလာဟင်းလင်းဖြစ်၍ ကိုင်တွယ် ထိတွေ့၍ မရအပ်သော အရာကို စွဲ၍ ခေါ်ဝေါ်အပ် ပညတ် သမုတ်အပ်သောကြောင့် “အာကာသပညတ်” မည်ပါသည်။ အထည်ဝတ္တု ဒပြ်အစုဟူသော လှိုဏ်ဂူ-စသော အတ္တပညတ် အမျိုးမျိုးသည် - - ပရမတ်တို့၏ အရိပ်အယောင် အတုမျှသာ ဖြစ်သည်။ - ပရမတ်အားဖြင့် အမှန်တကယ်ထင်ရှားရှိသော တရားမဟုတ်ကြ။ - ထိုသို့ ပရမတ်အားဖြင့် ထင်ရှားမရှိသော်လည်း ရှိသယောင် ပရမတ်တရားကို စွဲ၍ မြောင်၍ အရိပ်အရောင် အတု အနေအားဖြင့် စိတ္တုပ္ပါဒ် ထင်လာ၏။ စိတ်၊ စေတသိက်တို့၏ အာရုံ အဖြစ် တည်နေကြပါသည်။ |
9 | 3 | 2017 | “မျက်စိမှိတ်ထားသော်ငြား သူအရိပ်ထင်နေတာ” ဟုဆိုရလောက်အောင် သမထ ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီ ပုဂ္ဂိုလ်၌ ထင်လာသော နိမိတ်နှင့် ဘာဝနာတို့ကို ဖြေဆိုပြ၍၊ ပရမတ် ပညတ် ထိုနှစ်ရပ်တွင် ထင်လာသော ထိုနိမိတ်များ အဘယ်၌ ပါဝင်၍ အဘယ်တရားကြောင့် ဖြစ်ပေါ်လာသည်ကိုလည်း ဖြေဆိုပါ။ | သမထဘာဝနာ ပွားများသူ၏ သန္တာန်၌ ပဋိဘာဂ နိမိတ်ထင်နိုင်သော ၂၂-ပါးသော ကမ္မဋ္ဌာန်းတို့အနက် ပထဝီကသိုဏ်းကို ပွားများအားထုတ်သူ၏ သန္တာန်၌ - ပထဝီကသိုဏ်းဝန်းကို မျက်စိဖြင့် ကြည့်၍ “ပထဝီ၊ ပထဝီ” ဟု အဖန်တလဲလဲ ပွားများရပါသည်။ မျက်စိဖြင့် ကြည့်၍မြင်ရသော ကသိုဏ်းဝန်းအာရုံသည် “ပရိကမ္မနိမိတ်” မည်ပါသည်။ အဖန်တလဲလဲ ပွားများသော ဘာဝနာသည် “ပရိကမ္မဘာဝနာ” ဖြစ်ပါသည်။ - ပရိကမ္မနိမိတ် အာရုံသည်ပင် ကမ္မဋ္ဌာန်းပွားများသူ၏ မနောဒွါရ၌ ပကတိမျက်စိဖြင့် မြင်ရသကဲ့သို့ စွဲမြဲထင်ရှားလာ၏။ ထိုသို့စွဲမြဲ ထင်ရှားလာသော အာရုံသည် “ဥဂ္ဂဟနိမိတ်” မည်ပါသည်။ - ဥဂ္ဂဟနိမိတ်ကို အာရုံပြုသော ကမ္မဋ္ဌာန်းပွားများသူသည် ဆက်လက် အားထုတ်၍ “ပဋိဘာဂနိမိတ်” ထင်လာသောအခါ ဘာဝနာအစဉ်ကို “ဥပစာရဘာဝနာ” ဟုခေါ်ပါသည်။ ထင်လာသော ထိုနိမိတ်များတွင် - ဥဂ္ဂဟနိမိတ်သည် အထည်ကိုယ်ဒပြ် ထင်ရှားရှိသော ပရမတ်အာရုံ (မနောဒွါရဂ္ဂဟိတအာရုံ) - ပဋိဘာဂနိမိတ်သည် အထည်ကိုယ်ဒပြ် ထင်ရှား မရှိသောပညတ်အာရုံ ပဋိဘာဂနိမိတ်သည် ပွားများ အားထုတ်မှု ဘာဝနာသညာကြောင့် ပေါ်လာသော ကသိုဏ်းပညတ်အာရုံသာ ဖြစ်ပါသည်။ |
1 | 4 | 2017 | သောတာပန်ဖြစ်ရန် အခြေခံသည့် သောတာပတ္တိမဂ်စိတ် (၅)ပါးကိုရေတွက်ပြ၍ ယနေ့လူလောက၌ ပြောဆို နေကြသည့် “စိတ်တခု ရုပ်ကိုးဆယ် နှင့် စိတ်တခုယုတ် ကိုးဆယ်” ဟူသော စကားနှစ်ရပ်တွင် မည်သည့် စကားရပ်မှန်ကန်ကြောင်း စိတ်အကျဉ်းသရုပ် ဖော်ထုတ်ရေတွက် ထောက်ထားလျက် အမှန်ရွေးချယ်ပေးခဲ့ပါ။ | သောတာပန်ဖြစ်ရန် အခြေခံသည့် သောတာပတ္တိမဂ်စိတ် (၅)ပါး (၁) ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ ၅-ပါးနှင့်ပြည့်စုံသော ပထမစျာန် သောတာပတ္တိမဂ်စိတ် ၁-ပါး (၂) ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ ၄-ပါးနှင့်ပြည့်စုံသော ဒုတိယစျာန် သောတာပတ္တိမဂ်စိတ် ၁-ပါး (၃) ပီတိ, သုခ, ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ ၃-ပါးနှင့်ပြည့်စုံသော တတိယစျာန် သောတာပတ္တိမဂ်စိတ် ၁-ပါး (၄) သုခ, ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ ၂-ပါးနှင့်ပြည့်စုံသော စတုတ္ထစျာန် သောတာပတ္တိမဂ်စိတ် ၁-ပါး (၅) ဥပေက္ခာ, ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ ၂-ပါးနှင့်ပြည့်စုံသော ပဉ္စမစျာန် သောတာပတ္တိမဂ်စိတ် ၁-ပါး ယနေ့လူလောက၌ ပြောဆို နေကြသည့် “စိတ်တခု ရုပ်ကိုးဆယ် နှင့် စိတ်တခုယုတ် ကိုးဆယ်” ဟူသော စကားနှစ်ရပ်တွင် စိတ်တို့တွင် - အကုသိုလ်စိတ် ၁၂-ပါး၊ - အဟိတ်စိတ် ၁၈-ပါး၊ - ကာမသောဘနစိတ် ၂၄-ပါး၊ - ရူပါဝစရစိတ် ၁၅-ပါး၊ - အရူပါဝစရစိတ် ၁၂-ပါး၊ - လောကုတ္တရာစိတ် ၈-ပါး ဟူ၍ ပေါင်း ၈၉-ပါး ရှိသည်ကို ထောက်ထားလျက် စိတ်တခု လျော့နေသော (၉၀) ဟု အဓိပ္ပါယ်ဖော်ဆောင်သည်ကို သိစေလို၍ ပြောဆိုသော စကားဖြစ်သောကြောင့် “စိတ်တခုယုတ် ကိုးဆယ်” ဟူသော စကားရပ်သာ မှန်ကန်ပါသည်။ |
6 | 4 | 2017 | မွေးဖွားခါစ ကလေးများတွင် ယောကျာ်းအင်္ဂါလည်းမပါ၊ မိန်းမအင်္ဂါလည်းမပါသော ကလေးများကို တွေ့ရသည်-ဟု ဆေးပညာရှင်တို့ ပြောဆိုသော စကားနှင့် ‘မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်’ ဟူသောစကား မှန်/မမှန် အဘိဓမ္မာအမြင်ဖြင့် အကြောင်းပြကာ ဆုံးဖြတ်ပါ။ | မွေးဖွားကာစ ခလေးတို့တွင် ယောကျာ်းအင်္ဂါလည်းမပါ၊ မိန်းမအင်္ဂါလည်းမပါသော ကလေးများကို တွေ့ရသည်- ဟု ဆေးပညာရှင်တို့ ပြောဆိုသော စကား မှန်ပါသည်။ ကာမဘုံ၌ ဂဗ္ဘသေယျကသတ္တဝါတို့သည် ပဋ္ဋိသန္ဓေအခါ- ကမ္မဇဖြစ်သော ကာယ၊ ဘာဝ၊ သတ္ထုဒသက ကလာပ် အားဖြင့် အများဆုံးကလာပ် ၃-စည်း ရနိုင်သော်လည်း ရံခါ ဘာဝဒသက ကလာပ်ချို့တဲ့နိုင်သောကြောင့် ဖြစ်ပါသည်။ မဂ်ပေါက်ဖိုလ်ဝင်နိဗ္ဗာန်မြင် - ဟူသော ဆိုရိုးစကား မှန်ပါသည်။ မဂ္ဂဝီထိတွင် မဂ်ရမည့် ပုဂ္ဂိုလ်သန္တာန်၌ - မဂ်စိတ် ၁ ကြိမ် (မဂ်ပေါက်) ဖြစ်ပြီးနောက် ဥပါဒ်၊ ဌီ၊ ဘင် မျှ ခြားခြင်းမရှိဘဲ မဂ်ရသည်နှင့် တပြိုင်နက် ဖိုလ်စိတ်သည် ၂ ကြိမ် ဆက်တိုက်ဖြစ်သဖြင့် “မဂ်ပေါက်ဖိုလ်ဝင်” ဟူသော စကား မှန်ကန်ပါသည်။ - မဂ်ဉာဏ် ၄ ပါးတည်းဟူသော ဓမ္မစက္ခု ဖြင့်သာ မြင်အပ် မျက်မှောက်ပြုအပ်သော နိဗ္ဗာန်သည် မဂ်စိတ် ၄ ပါး၊ ဖိုလ်စိတ် ၄ ပါးတို့၏ အာရုံတရား (ဧကန်) ဖြစ်သောကြောင့် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင် - ဟူသောဆိုရိုးစကား မှန်ပါသည်။ |
9 | 4 | 2017 | သောတာပန်ပုဂ္ဂိုလ်၏ ပယ်စွမ်းနိုင်သော ကိလေသာတရားတို့တွင် ဥဒ္ဓစ္စတရားကိုပါ ပယ်သတ်နိုင်သည့် စွမ်းရည်ရှိ၊ မရှိကို ဖြေဆိုပြ၍၊ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှ တပါး အခြား ဖလသမာပတ်ကို ဝင်စားနိုင်မှု ရှိ၊ မရှိကိုလည်း အကြောင်းပြကာ ဖြေဆိုပြပါ။ | သောတာပန်ပုဂ္ဂိုလ်၏ ပယ်စွမ်းနိုင်သော ကိလေသာတရားတို့တွင် ဥဒ္ဓစ္စတရားကိုပါ ပယ်သတ်နိုင်သည့် စွမ်းရည်မရှိပါ။ အကြောင်းမှာ - အမြင်မှားမှု ဒိဋ္ဌိနှင့် ယုံမှားမှုကို အကြွင်းမဲ့ပယ်ပြီး၊ ကြွင်းသော ကိလေသာတို့၏ အပါယ်လားကြောင်း သတ္တိကိုလည်း ပယ်သတ်ပါသည်။ ဥဒ္ဓစ္စတရားသည် အပါယ်လားကြောင်း သတ္တိမရှိသောကြောင့် သောတာပန်ပုဂ္ဂိုလ်သည် ဥဒ္ဓစ္စတရားကို ပယ်သတ်နိုင်သည့် စွမ်းရည် မရှိပါ။ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှတပါး အခြားဖလသမာပတ်ကို ဝင်စားနိုင်မှု မရှိပါ။ အကြောင်းမှာ ဖလသမာပတ်ကို ဝင်စားသောအခါ ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးယောက်တို့သည် မိမိ ဥစ္စာဖြစ်သော ဖိုလ်၊ မိမိ ရထားသော ဖိုလ်ကိုသာ ဖလသမာပတ် ဝင်စားနိုင်သောကြောင့် ဖြစ်ပါသည်။ |
1 | 1 | 2018 | စိတ်သာရှင်ဇော ဘုရားဟော ဟု ပြောဆိုတတ်ကြရာ ထိုစိတ်အကျယ် မည်မျှရှိသည်ကို ဘုံစဉ်အလိုက် ရေတွက်ပြ၍ (က) အကြောင်းစိတ် (ခ) အကျိုးစိတ်တို့ကိုလည်း သင်္ချာမျှ ဖော်ပြပါ။ | စိတ်အကျယ် မည်မျှရှိသည်ကို ဘုံစဉ်အလိုက် ရေတွက်ပြရသော် - ကာမာဝစရစိတ် ၅၄ ပါး - ရူပါဝစရစိတ် ၁၅ ပါး - အရူပါဝစရစိတ် ၁၂ ပါး - လောကုတ္တရာစိတ် ၄၀ (အကျယ်) ပေါင်း စိတ်ပေါင်း ၁၂၁ ပါး ဖြစ်ပါသည်။ ယင်းစိတ်တို့တွင် (က) အကြောင်းစိတ် = ၄၉ ပါး (ခ) အကျိုးစိတ် = ၅၂ ပါး ရှိပါသည်။ |
2 | 1 | 2018 | လောကတလွှား၌ ဗြဟ္မစိုရ်တရားများ ထွန်းကားစေရန် စိတ်ရည်သန်လျက် ထိုဗြဟ္မစိုရ်တရားလေးပါး၏ မူရင်းအရကောက် စေတသိကဓမ္မများကို အဓိပ္ပါယ်နှင့် တကွ တွဲစပ်ကာဖော်ပြပါ။ | ဗြဟ္မစိုရ်တရားလေးပါး၏ မူရင်းအရကောက် စေတသိကဓမ္မများမှာ ၁။ မေတ္တာ - အဒေါသစေတသိက် မခက်ထန် မကြမ်းတမ်းခြင်း သဘော ၂။ ကရုဏာ - ကရုဏာစေတသိက် ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားကြင်နာခြင်း သဘော ၃။ မုဒိတာ - မုဒိတာစေတသိက် သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော ၄။ ဥပေက္ခာ - တတြမဇ္ဈတ္တတာစေတသိက် တကွဖြစ်ဘက် တရားတို့ကို မိမိတို့ဆိုင်ရာ ကိစ္စများ၌ မယုတ်မလွန် မျှတစွာ ဆောင်ရွက်ကြရန် တည့်မတ် ထိန်းကြောင်းပေးခြင်း သဘော |
3 | 1 | 2018 | အကုသိုလ်စိတ် ဖြစ်တိုင်းမှာ ပါဝင်ပတ်သက်နေတတ်သော စေတသိက်များကို ဖော်ပြ၍ ရင်မှာ ခံစားရတဲ့အဖြစ်ကို မင်းကို နားမလည်ဘူး ဟူသော သီချင်းစာသား၌ ပါဝင်သော ဝေဒနာ အပြားကိုလည်း ခံစားမှုအလိုက် ပါဠိ + မြန်မာ နှစ်ဘာသာဖြင့် ဖြေဆိုပါ။ | အကုသိုလ်စိတ် ဖြစ်တိုင်းမှာ ပါဝင်ပတ်သက်နေတတ်သော စေတသိက်များ - သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး - ဝိတက်၊ ဝိစာရ၊ ဝီရိယ ဟူသော ပကိဏ်းစေတသိက် ၃ ပါး - သဗ္ဗာကုသလသာဓာရဏစေတသိက် ၄ ပါး ပေါင်း ၁၄ ပါး ဝေဒနာ အပြား (ပါဠိ + မြန်မာ) (က) အာရမ္မဏာနုဘဝနလက္ခဏဘေဒနည်း အရ - သုခဝေဒနာ = ချမ်းသာသော ခံစားမှု - ဒုက္ခဝေဒနာ = ဆင်းရဲသော ခံစားမှု - အဒုက္ခ-မသုခဝေဒနာ = ဆင်းရဲသည်လည်း မဟုတ်၊ ချမ်းသာသည်လည်း မဟုတ်သော ခံစားမှု (ခ) ဣန္ဒြိယဘေဒနည်း အရ - သုခဝေဒနာ = ကိုယ်ချမ်းသာသော ခံစားမှု - ဒုက္ခဝေဒနာ = ကိုယ်ဆင်းရဲသော ခံစားမှု - သောမနဿဝေဒနာ = စိတ်ချမ်းသာသော ခံစားမှု - ဒေါမနဿဝေဒနာ = စိတ်ဆင်းရဲသော ခံစားမ - ဥပေက္ခာ = စိတ်အသင့်အတင့် ခံစားမှု |
4 | 1 | 2018 | လုလင်ပျိုသည် လုံမငယ်လေးကို မြင်မြင်ချင်း ချစ်မိပါသည် ခင်ဗျာ ဟု ပြောဆိုရာတွင် လုလင်ပျို၏ စက္ခုပသာဒ၌ လုံမငယ်ဟူသော ရူပါရုံက မြင်မြင်ချင်း (ဥပါဒ်လျှင် ဥပါဒ်ချင်း) ထင်လာပါသလော၊ ဝီထိသင်္ဂဟ အမြင်ဖြင့် တင်ပြ၍ ဘဝင်လှုပ်ပုံ အဓိပ္ပာယ်ကို အဘိဓမ္မာ လေ့လာသူများ နားလည်အောင် ရေးသားဖြေဆိုပါ | လုလင်ပျို၏ စက္ခုပသာဒ၌ လုံမငယ်ဟူသော ရူပါရုံက မြင်မြင်ချင်း (ဥပါဒ်လျှင် ဥပါဒ်ချင်း) မထင်နိုင်ပါ။ ရုပ်တို့မည်သည် ဌီအခိုက်၌သာ အားအရှိဆုံး ဖြစ်ရကား အနည်းဆုံး စိတ္တက္ခဏ ၁ ချက် လွန်ပြီးနောက်မှ ထင်နိုင်ပါသည်။ ဘဝင်လှုပ်ပုံ အဓိပ္ပာယ် မူလဘဝင်စိတ်သည် ၎င်းအာရုံ ပြုမြဲဖြစ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ပါးပါးကို အာရုံပြုနေရာမှ အာရုံသစ်ထင်လာသောအခါ အာရုံအဟောင်းကိုလည်း မလွှတ်နိုင်သေး၊ အသစ်ထင်လာသော အာရုံအဟောင်းကိုလည်း မလွှတ်နိုင်သေး၊ အသစ်လာသော အာရုံသစ်ကိုလည်း စွဲမြဲစွာ မယူနိုင်ဘဲ ပင်ကိုယ်သဘောမှ ဖောက်ပြားပြီး မည်သည့်အာရုံကို ယူရမည်ကို ဇဝေဇဝါ တုန်လှုပ်ချောက်ချားနေခြင်း ဖြစ်သည်။ |
5 | 1 | 2018 | သုဒ္ဓါဝါသ ၅ ဘုံကို ဖော်ပြ၍ ယင်းဘုံတို့၌ နေခွင့်ရှိသော ပုဂ္ဂိုလ်တို့ကို ဖော်ပြကာ အသညသတ်ဘုံ၌ နေခွင့်ရှိသော ပုဂ္ဂိုလ်နှင့် အပါယ်လေးဘုံ၌ နေခွင့်ရှိသော ပုဂ္ဂိုလ်တို့ကို ညွှန်ပြပါ။ | သုဒ္ဓါဝါသ ၅ ဘုံမှာ ၁။ အဝိဟာဘုံ ၂။ အတပ္ပါဘုံ ၃။ သုဒဿာဘုံ ၄။ သုဒဿီဘုံ ၅။ အကနိဋ္ဌာဘုံ ယင်းဘုံတို့၌ နေခွင့်ရှိသော ပုဂ္ဂိုလ်များမှာ - ရူပပဉ္စမဈာန်ရ ၁။ အနာဂါမိဖိုလ်ပုဂ္ဂိုလ် ၂။ အရဟတ္တမဂ်ပုဂ္ဂိုလ် ၃။ အရဟတ္တဖိုလ်ပုဂ္ဂိုလ် - ပေါင်း ၃ ဦး အသညသတ်ဘုံ၌ နေခွင့်ရှိသော ပုဂ္ဂိုလ် - သုဂတိအဟိတ်ပုဂ္ဂိုလ် အပါယ်လေးဘုံ၌ နေခွင့်ရှိသော ပုဂ္ဂိုလ် - ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် |
6 | 1 | 2018 | ရုပ်များစွာတို့တွင် ကြည်လင်ပြတ်သားသော အကြည်ရုပ် ၅ မျိုးကို ဖော်ပြ၍ ဟဒယရုပ်၏ တည်ရာဌာနကို ညွှန်ပြကာ အနိပ္ဖန္နရုပ် ၁၀ ပါးသည် အဘယ်ကြောင့် အရူပရုပ် မည်ပါသနည်း၊ ဖြေဆိုပါ။ | အကြည်ရုပ် ၅ မျိုးမှာ ၁။ စက္ခုပသာဒရုပ် ၂။ သောတပသာဒရုပ် ၃။ ဃာနပသာဒရုပ် ၄။ ဇိဝှါပသာဒရုပ် ၅။ ကာယပသာဒရုပ် ဟူသော ပသာဒရုပ် ၅ ပါး ဖြစ်ပါသည်။ ဟဒယရုပ်၏ တည်ရာဌာန - သားမြတ်နှစ်ခုအလယ်၊ နှလုံးအိမ်အတွင်း ပုန်းညက်စေ့ခန့်ကျယ်သော တွင်းငယ်နေရာ အနိပ္ဖန္နရုပ် ၁၀ ပါးသည် အရူပရုပ် မည်ရပုံ - အပူအအေး စသော ဆန့်ကျင်ဘက် အကြောင်းများကြောင့် ဖောက်ပြန်ရာတွင် ထင်ရှားမှု မရှိသောကြောင့် ဖြစ်ပါသည်။ |
7 | 1 | 2018 | အသက်, လိပ်ပြာ, ဝိညာဉ်ကောင် အမှန်တကယ်ရှိ၏ ဟု ယုံကြည်စွဲလန်းနေသော ပုဂ္ဂိုလ်၌ ရနိုင်သော ဥပါဒါန်အမျိုးအစားကို တရားကိုယ်နှင့် တကွ ဖြေဆိုပြ၍ အရိယာနွယ်ဝင် သူတော်စင်တို့ သန္တာန်၌သာ ဖြစ်ပွားနိုင်သော ဣန္ဒြေတရားတို့ကိုလည်း ဖြေဆိုပြပါ။ | အသက်, လိပ်ပြာ, ဝိညာဉ်ကောင် အမှန်တကယ်ရှိ၏ ဟု ယုံကြည်စွဲလန်းနေသော ပုဂ္ဂိုလ်၌ ရနိုင်သော ဥပါဒါန်မှာ အတ္တဝါဒုပါဒါန် ဖြစ်ပါသည်။ တရားကိုယ်မှာ လောဘမူဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၌ ယှဉ်သော ဒိဋ္ဌိစေတသိက် ဖြစ်ပါသည်။ အရိယာနွယ်ဝင် သူတော်စင်တို့ သန္တာန်၌သာ ဖြစ်ပွားနိုင်သော ဣန္ဒြေတရားတို့မှာ ၁။ အနညာတညာဿမိတိန္ဒြေ ၂။ အညိန္ဒြေ ၃။ အညာတာဝိန္ဒြေ ဖြစ်ပါသည်။ |
8 | 1 | 2018 | မရှိတောင့်တ၊ ရှိကြောင့်ကြ ဟု ပြောဆိုကြရာ တစ်စုံတစ်ခုသော အာရုံကို မရရှိသေးခင် လိုချင်တောင့်တမှု၊ ရရှိပြီးနောက် စုံစုံမက်မက် အားကြီးသော စွဲလန်းနှစ်သက်မှုတို့သည် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းအရ မည်သည့်တရား ဖြစ်သည်ကို ဖြေဆိုပြ၍ နာမ်အညမညပစ္စည်း, ရုပ်အညမညပစ္စည်း, နာမ်ရုပ်အညမည ပစ္စည်းတို့ကိုလည်း မမှားအောင် ဖြေဆိုပြပါ။ | ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းအရ တစ်စုံတစ်ခုသော အာရုံကို မရရှိသေးခင် လိုချင်တောင့်တမှု - တဏှာ ရရှိပြီးနောက် စုံစုံမက်မက် အားကြီးသော စွဲလန်းနှစ်သက်မှု - ဥပါဒါန် နာမ်အညမညပစ္စည်း - အချင်းချင်းအားတပ်သော အလုံးစုံသော ပဋိသန္ဓေ၊ ပဝတ္တိစိတ်၊ စေတသိက် တရားများ (စိတ် ၈၉ ပါး၊ စေတသိက် ၅၂ ပါး) ရုပ်အညမညပစ္စည်း - အချင်းချင်းအားတပ်သော မဟာဘုတ်ရုပ် ၄ ပါး နာမ်ရုပ်အညမည ပစ္စည်း - အချင်းချင်းအားတပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ ပါးနှင့် ဟဒယဝတ္ထုရုပ်တရားများ။ |
9 | 1 | 2018 | ကာလာအရောင်များသည် လူတို့အပေါ် အကျိုးသက်ရောက်မှုများ ရှိရာ ရန်လိုမှုပျောက် ငြိမ်းချမ်းမှုရောက်အောင် ဆောင်ယူပေးနိုင်သော ကသိုဏ်းအရောင်များကို ရှုမှတ်ပွားက ရနိုင်သော အကျိုးတရားကို ဖော်ပြ၍ ဥပစာရဘာဝနာစိတ် ဟူသည် ကာမ+ရူပ ထိုနှစ်ဝတွင် အဘယ်စိတ်များ ဖြစ်သည်ကိုလည်း ရှင်းလင်းပေးနိုင်သော တရားများနှင့် တကွ ဖြေဆိုပြပါ။ | ကသိုဏ်းအရောင်များကို ရှုမှတ်ပွားက ရနိုင်သော အကျိုးတရားမှာ - ရူပါဝစရပထမဈာန်မှ ရူပါဝစရပဉ္စမဈာန်တိုင်အောင် ပဉ္စကဈာန် ၅ ပါးလုံး ဖြစ်ပါသည်။ ဥပစာရဘာဝနာစိတ် ဟူသည် သမာဓိပြဌာန်းသော မဟာကုသိုလ် ဉာဏသမ္ပယုတ် ၄ ပါး၊ မဟာကြိယာ ဉာဏသမ္ပယုတ် ၄ ပါး ဟူသော ကာမာဝစရဇောစိတ် ၈ ပါး ရှင်းလင်းပေးနိုင်သော တရားများ - သမာဓိ၏ ဘေးရန်ဖြစ်သော နီဝရဏတရား ၅ ပါး |
1 | 2 | 2018 | ဘုရားရဟန္တာတို့၏ ပြုံးရယ်မှုကို ဖြစ်စေနိုင်သော စိတ်အမည်ကို ဖော်ပြ၍ ကာမဘုံသား ဥပေက္ခာသမားများ၏ သန္တာန်၌ ဖြစ်သော ဝေဒနာသရုပ်ကိုလည်း သိသာရုံ ကောက်ပပြါ | ဘုရားရဟန္တာတို့၏ ပြုံးရယ်မှုကို ဖြစ်စေနိုင်သော စိတ်အမည်မှာ (အဟိတ်ကြိယာ) သောမဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် ကာမဘုံသား ဥပေက္ခာသမားများ၏ သန္တာန်၌ ဖြစ်သော ဝေဒနာသရုပ်မှာ - အကုသိုလ်ဥပေက္ခာ ၆ ပါး - အဟိတ်ဥပေက္ခာ ၁၄ ပါး - ကာမသောဘနဥပေက္ခာ ၁၂ ပါး ပေါင်း ကာမဥပေက္ခာ ၃၂ ပါး ဖြစ်ပါသည်။ |
2 | 2 | 2018 | လာဘ်ပေးလာဘ်ယူ တို့ရန်သူ ဟူသော ဆောင်ပုဒ်ကို လက်ခံကျင့်သုံးကာ အဂတိတရားများကို ရှောင်ကြဉ်၍ မှန်ကန်စွာ အသက်မွေးနေသော တရားသူကြီး၏ သန္တာန်၌ ဖြစ်နိုင်သော စေတသိက်နှင့် ထိုစေတသိက်နှင့် ယှဉ်နိုင်သော စိတ်သရုပ်တို့ကိုလည်း သရုပ်ထုတ်ကောက်ပြပါ။ | အဂတိတရားများကို ရှောင်ကြဉ်၍ မှန်ကန်စွာ အသက်မွေးနေသော တရားသူကြီး၏ သန္တာန်၌ ဖြစ်နိုင်သော စေတသိက်မှာ သမ္မာအာဇီဝ စေတသိက် ဖြစ်ပါသည်။ ထိုစေတသိက်နှင့် ယှဉ်နိုင်သော စိတ်သရုပ် - မဟာကုသိုလ်စိတ် ၈ ပါး တွင် ရံခါယှဉ်၍ - လောကုတ္တရာစိတ် ၈ ပါး (အကျဉ်း) / ၄၀ ပါး (အကျယ်) တွင် အမြဲ ယှဉ်ပါသည်။ |
3 | 2 | 2018 | ချမ်းသာဆင်းရဲ မခွဲတကွ ခံစားကြ၏ ဟု ဆိုကြရာ၌ (က) ချမ်းသာမှု (ခ) ဆင်းရဲမှုတို့ကို ခံစားတတ်သော စိတ်ကို ဖော်ပြ၍ စက်၊ သော၊ ဃာ၊ ဇီ၊ ကာ ငါးလီ ဟု ဆိုအပ်သော ဒွေပဉ္စဝိညာဏ်စိတ် ၁၀ ပါးတို့ကို ဆိုင်ရာ အမှုကိစ္စတို့နှင့် တွဲစပ်ကာ ဖော်ပပြါ | (က) ချမ်းသာမှုကို ခံစားတတ်သော စိတ် - အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ် (ခ) ဆင်းရဲမှုကို ခံစားတတ်သော စိတ် - အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် ဒွေပဉ္စဝိညာဏ်စိတ် ၁၀ ပါးတို့ကို ဆိုင်ရာ အမှုကိစ္စတို့နှင့် တွဲစပ်ပြရသော် - စက္ခုဝိညာဏ်စိတ်သည် ဒဿနကိစ္စ - သောတဝိညာဏ်စိတ်သည် သဝနကိစ္စ - ဃာနဝိညာဏ်စိတ်သည် ဃာယနကိစ္စ - ဇိဝှါဝိညာဏ်စိတ်သည် သာယနကိစ္စ - ကာယဝိညာဏ်စိတ်သည် ဖုသနကိစ္စ |
4 | 2 | 2018 | ကိုးကွယ်ရာသခင် ဘုရားရှင်ကို ဖူးမြင်သောအခါ ဖြစ်နိုင်သော တဒါရုံစိတ်တို့ကို ဖော်ပြ၍ နိရောဓသမာပတ် ဝင်စားပုံ အဓိပ္ပာယ်နှင့် စာဖြေသူသည် နိရောဓသမာပတ် ဝင်စားနိုင်ပါသလော၊ နိရောဓသမာပတ် ဝင်စားနိုင်သူများကို ကိုးကား၍ ဖြေဆို ဆုံးဖြတ်ပါ။ | ကိုးကွယ်ရာသခင် ဘုရားရှင်ကို ဖူးမြင်သောအခါ ဖြစ်နိုင်သော တဒါရုံစိတ်မှာ အတိဣဋ္ဌ - ရူပါရုံ ဖြစ်၍ - အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏစိတ် ၁ ပါး - မဟာဝိပါက် သောမနဿစိတ် ၄ ပါး ပေါင်း သောမနဿတဒါရုံစိတ် ၅ ပါး နိရောဓသမာပတ် ဝင်စားပုံ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်များ အခိုက်အတန့်မျှ ချုပ်ငြိမ်းခြင်းသို့ ကောင်းစွာ ရောက်ရှိနေခြင်း စာဖြေသူသည် နိရောဓသမာပတ် မဝင်စားနိုင်ပါ။ အကြောင်းမှာ - သမာပတ် ၈ ပါး၊ ၉ ပါး ရရှိပြီးသော အနာဂါမ်ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်များသာ နိရောဓသမာပတ်ကို ဝင်စားနိုင်ြခင်းကြောင့် ဖြစ်ပါသည်။ |
5 | 2 | 2018 | စာဖြေသူ၏ နေအိမ်၌ စောင့်ကပြ်၍ နေသော အိမ်စောင့်နတ်၏ ပဋိသန္ဓေစိတ်ကို ဖော်ပြ၍ စတုမဟာရာဇ်နတ်တို့၏ သက်တမ်းသည် လူတို့၏ အရေအတွက်အားဖြင့် မည်မျှရှိသည်ကို ဖြေဆိုကာ အကျိုးပေးသော အစဉ်ဖြင့်ဖြစ်သော ကံ ၄ ပါးကို ညွှန်ပြပါ။ | အိမ်စောင့်နတ်၏ ပဋိသန္ဓေစိတ် - အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် စတုမဟာရာဇ်နတ်တို့၏ သက်တမ်းသည် လူတို့၏ အရေအတွက်အားဖြင့် နှစ် ၉ သန်း အကျိုးပေးသော အစဉ်ဖြင့်ဖြစ်သော ကံ ၄ ပါး ၁။ ဂရုကံ ၂။ အာသန္နကံ ၃။ အာစိဏ္ဏကံ ၄။ ကဋတ္တာကံ |
6 | 2 | 2018 | အင်အားပြင်း အဏုမြူဗုံးဖြင့်သောမျှ ဖောက်ခွဲဖျက်ဆီး၍ မရနိုင်သော ရုပ်တရားတို့ကို ဖော်ပြ၍ စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နု ဟူသော လောကဆိုရိုးစကား မှန် / မမှန် လေ့လာသင်ယူခဲ့သော အဘိဓမ္မာပညာဖြင့် အကြောင်းပြကာ ဆုံးဖြတ်ပါ။ | အင်အားပြင်း အဏုမြူဗုံးဖြင့်သောမျှ ဖောက်ခွဲဖျက်ဆီး၍ မရနိုင်သော ရုပ်တရားတို့မှာ မဟာဘုတ်ရုပ် ၄ ပါး၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာရုပ်တည်း ဟူသော အဝိနဗ္ဘောဂရုပ် ၈ ပါး စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နု ဟူသော လောကဆိုရိုးစကား မှန်ပါသည်။ အကြောင်းမှာ - ဒွေပဉ္စဝိညာဏ် ၁၀ ပါး။ အရူပဝိပါက် ၄ ပါး၊ ရဟန္တာတို့၏ စုတိစိတ်၊ အလုံးစုံသော ပဋိသန္ဓေစိတ် ကြဉ်သော စိတ် ၇၅ ပါး၊ စေတသိက် ၅၂ ပါးတို့သည် စိတ္တဇရုပ်ကို ဖြစ်သောသော နာမ်တရားများ ဖြစ်ြခင်းကြောင့် ဖြစ်ပါသည်။ |
7 | 2 | 2018 | တရားကိုယ်အားဖြင့် သတိစေတသိက် တစ်ပါးတည်းသာ ဖြစ်ပါလျက် သတိပဋ္ဌာန်လေးမျိုးလေးစား ခွဲခြားကာ ဟောတော်မူရခြင်း အကြောင်းတရားတို့ကို ဗုဒ္ဓအလိုကျ ဖြေဆိုပြပါ။ | တရားကိုယ်အားဖြင့် သတိစေတသိက် တစ်ပါးတည်းသာ ဖြစ်ပါလျက် သတိပဋ္ဌာန်လေးမျိုးလေးစား ခွဲခြားကာ ဟောတော်မူရခြင်း အကြောင်းမှာ ၁။ အာရုံယူပုံအားဖြင့် - ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ဟု အာရုံ ၄ ပါး ပြားခြင်း ၂။ ရှုပုံအခြင်းအရာအားဖြင့် - ထိုအာရုံများ၌ အသုဘ၊ ဒုက္ခ၊ အနိစ္စ၊ အနတ္တဟု ရှုပုံအခြင်းအရာ ၄ ပါး ပြားခြင်း ၃။ သုဘ၊ သုခ၊ နိစ္စ၊ အတ္တ ဟု ထင်မှားမှုကို ပယ်ခွာခြင်းကိစ္စ ၄ ပါး ပြားခြင်း တို့ကြောင့် ဖြစ်ပါသည်။ |
8 | 2 | 2018 | ပရမတ္ထအားဖြင့် ထင်ရှားသော နိဗ္ဗာန်သည် အတ္ထိပစ္စည်း အမည်တပ်ကာ ရထိုက်သည် မရထိုက်သည်ကို ပြည့်စုံစွာ ဖြေဆိုပြ၍ တေကာလိကတရားများနှင့် ကာလဝိမုတ်တရားတို့ကို ခွဲခြားပြကာ၊ ထိုတရားတို့၌ ဖြစ်နိုင်သော ပဋ္ဌာန်းပစ္စည်းတို့ကိုလည်း ပစ္စည်းပိုင်းမှ ထုတ်ဖော်၍ ရေးသားဖြေဆိုပါ။ | နိဗ္ဗာန်သည် အတ္ထိပစ္စည်း မရထိုက်ပါ။ အကြောင်းမှာ - အမြဲထင်ရှားရှိသောကြောင်းလည်းကောင်း - အသင်္ခတတရား ဖြစ်သည့်အတွက် ဥပါဒ်၊ ဌီ၊ ဘင် ခဏငယ်သုံးပါးနှင့် မယှဉ်သောကြောင့်လည်းကောင်း အတ္ထိပစ္စည်း၏ သဘောသတ္တိ မရှိသောကြောင့် ဖြစ်ပါသည်။ တေကာလိကတရားများ - စိတ်၊ စေတသိက်၊ ရုပ်တရားများ ကာလဝိမုတ်တရား - နိဗ္ဗာန်နှင့် ပညတ်တရား ထိုတရားတို့၌ ဖြစ်နိုင်သော ပဋ္ဌာန်းပစ္စည်းတို့မှာ ၁။ အာရမ္မဏပစ္စည်း ၂။ အာရမ္မဏာဓိပတိပစ္စည်း (အဓိပတိပစ္စည်း) ၃။ အာရမ္မဏူပနိဿယပစ္စည်း (ဥပနိဿယပစ္စည်း) တို့ ဖြစ်ပါသည်။ |
9 | 2 | 2018 | အရူပဈာန်လေးပါးတို့၏ အာရုံများကို ဖြေဆိုပြ၍ အဘိညာဉ်၏ အခြေခံဈာန်ကို တစ်ခါဝင်စားပြီး ပရိကမ်ပြုရုံမျှဖြင့် အဘိညာဉ် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း အဘိညာဉ်သဘော နှီးနှော ဝေဖန်ကာ ဆုံးဖြတ်ပြပါ။ | အရူပဈာန်လေးပါးတို့၏ အာရုံများမှာ ၁။ အာကာသာနဉ္စာယတနဈာန် - ကောင်းကင်ပညတ်အာရုံ ၂။ ဝိညာဏဉ္စာယတနဈာန် - ပထမာရုပ္ပဝိညာဏ်အာရုံ ၃။ အာကိဉ္စာယတနဈာန် - နတ္ထိဘောပညတ်အာရုံ ၄။ နေဝသညာနာသညာယတနဈာန် - တတိယာရုပ္ပဝိညာဏ်အာရုံ အဘိညာဉ်၏ အခြေခံဈာန်ကို တစ်ခါဝင်စားပြီး ပရိကမ်ပြုရုံမျှဖြင့် အဘိညာဉ် မဖြစ်နိုင်ပါ။ သမာပတ် ၈ ပါး၊ ၉ ပါး ရသော (ရူပါဝစရပဉ္စမဈာန်ရ) ပုဂ္ဂိုလ်သည် အဘိညာဉ်ရလိုသော် - အခြေခံဖြစ်သော ရူပါဝစရပဉ္စမဈာန်ကို ဝင်စားရ၏။ - ထိုဈာန်မှ ထကာ အဓိဋ္ဌာန်အပ်သော အာရုံကို ဆင်ခြင်၍ ပရိကမ်ပြုရ၏။ - ပြီးလျှင် အခြေခံ ဖြစ်သော ရူပါဝစရပဉ္စမဈာန်ကို ပြန်ဝင်စားရ၏။ - ထိုနောက် အဓိဋ္ဌာန်အပ်သော အာရုံအားလျော်စွာ အဘိညာဉ်ရ၏။ သို့ဖြစ်၍ အဘိညာဉ်၏ အခြေခံဈာန်ကို တစ်ခါဝင်စားပြီး ပရိကမ်ပြုရုံမျှဖြင့် အဘိညာဉ် မဖြစ်၊ အဘိညာဉ်၏ အခြေခံဖြစ်သော ရူပါဝစရပဉ္စမဈာန်ကို ထပ်မံဝင်စားပြီး ထိုဈာန်မှ ထမှသော ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌သာ အဘိညာဉ် ဖြစ်နိုင်၏။ |
1 | 3 | 2018 | မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရရပါလို၏ ဟု ဆုတောင်းကြရာ၌ (က) မဂ်တရား (ခ) ဖိုလ်တရားတို့ကို သရုပ်ထုတ်ပြ၍ နိဗ္ဗာန်၏ သဘောကိုလည်း စစ်ကြောကာ အဖြေထုတ်ပပြါ | (က) မဂ်တရားသရုပ် - သောတာပတ္တိမဂ်စိတ် ၁ ပါး /ကျယ် ၅ ပါး - သကဒါဂါမိမဂ်စိတ် ၁ ပါး /ကျယ် ၅ ပါး - အနာဂါမိမဂ်စိတ် ၁ ပါး /ကျယ် ၅ ပါး - အရဟတ္တမဂ်စိတ် ၁ ပါး /ကျယ် ၅ ပါး ပေါင်း မဂ်စိတ် ၄ ပါး /ကျယ် ၂၀ ပါး (ခ) ဖိုလ်တရားသရုပ် - သောတာပတ္တိဖိုလ်စိတ် ၁ ပါး /ကျယ် ၅ ပါး - သကဒါဂါမိဖိုလ်စိတ် ၁ ပါး /ကျယ် ၅ ပါး - အနာဂါမိဖိုလ််စိတ် ၁ ပါး /ကျယ် ၅ ပါး - အရဟတ္တဖိုလ််စိတ် ၁ ပါး /ကျယ် ၅ ပါး ပေါင်း ဖိုလ််စိတ် ၄ ပါး /ကျယ် ၂၀ ပါး နိဗ္ဗာန်၏ သဘော - တဏှာကုန်ခမ်းခြင်းသဘော၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းသဘော။ |
2 | 3 | 2018 | စိတ်တွေ ထိုင်းမှိုင်းလိုက်တာ ဟု ပြောဆိုတတ်ကြရာ အဘယ်စေတသိက်တို့နှင့် ယှဉ်၍ ထိုင်းမှိုင်းရပါသနည်း၊ ဖြေဆို၍ ထို ထိုင်းမှိုင်းသော စိတ်တို့ကိုလည်း သရုပ်ထုတ်ကောက်ပြပါ။ | ထိုင်းမှိုင်းခြင်းနှင့် ယှဉ်သော စေတသိက် - ထိန၊ မိဒ္ဓ စေတသိက် ထိုင်းမှိုင်းသော စိတ်သရုပ်တို့မှာ - သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် - သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် - ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက လောဘမူစိတ် - ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက လောဘမူစိတ် - ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါသမူစိတ် သင်္ခါရိကစိတ် ပေါင်း ၅ ပါး ဖြစ်ပါသည်။ |
3 | 3 | 2018 | ယနေ့ မျက်မှောက်ခေတ် ပရဟိတများ ခေတ်စားလာကြရာ ပရဟိတသမားများ သိထားရမည့် ကုသိုလ်ဖြစ်ြခင်း၏ အဓိက အကြောင်းတရား ရေသောက်ြမစ် သုံးပါးကို ဖော်ပြ၍ မနောပေါက်နေသည် ဟု ဆိုရာ၌ မနောဓာတ်အမည်ရသောစိတ်ကိုလည်း ဖော်ပပြြီးလျှင် ထိုမနောဓာတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင် / မပြုနိုင်ကိုလည်း အကြောင်းသွင်းကာ ရှင်းပပြါ | ကုသိုလ်ဖြစ်ြခင်း၏ အဓိက အကြောင်းတရား ရေသောက်ြမစ် သုံးပါး ၁။ အလောဘဟိတ် ၂။ အဒေါသဟိတ် ၃။ အမောဟဟိတ် မနောဓာတ်အမည်ရသောစိတ် - ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၂ ပါး - သမ္ပဋိစ္ဆိုန်းစိတ် ၁ ပါး ပေါင်း ၃ ပါး ထိုမနောဓာတ်ဖြင့် နိဗ္ဗာန်ကို အာရုံမပြုနိုင်ပါ။ အကြောင်းမှာ မနောဓာတ်သည် ပစ္စုပ္ပန်ပဉ္စာရုံ ဟုဆိုအပ်သော ကာမအာရုံ ငါးပါးကိုသာ ဧကန်အာရုံ ပြုနိုင်သောကြောင့် နိဗ္ဗာန်ကို အာရုံ မပြုနိုင်ပါ။ |
4 | 3 | 2018 | သုံးဆယ်တစ်ဘုံသား ပုဂ္ဂိုလ်သတ္တဝါများ မရေမတွက်နိုင်အောင် များပြားလှသော်လည်း ဝီထိပိုင်းလာ ပုဂ္ဂဘေဒအရ ပုဂ္ဂိုလ်အပြား မည်မျှရှိသည်ကို တစ်ဦးချင်း ဖော်ပြ၍ စိတ်လုံးဝ မရှိဘဲ ရုပ်သက်သက်သာ ရှိသော ဗြဟ္မာကြီးကို ဖော်ပြပါ။ | ဝီထိပိုင်းလာ ပုဂ္ဂဘေဒအရ ပုဂ္ဂိုလ်အပြား ၁၂ ဦးရှိပါသည်။ ၁။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် ၂။ သုဂတိအဟိတ်ပုဂ္ဂိုလ် ၃။ ဒွိဟိတ်ပုဂ္ဂိုလ် ၄။ တိဟိတ်ပုဂ္ဂိုလ် ဟူသော ပုထုဇဉ်ပုဂ္ဂိုလ် ၄ ဦး ၅။ သောတာပတ္တိမဂ်ပုဂ္ဂိုလ် ၆။ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ် ၇။ သကဒါဂါမိမဂ်ပုဂ္ဂိုလ် ၈။ သကဒါဂါမိဖိုလ်ပုဂ္ဂိုလ် ၉။ အနာဂါမိမဂ်ပုဂ္ဂိုလ် ၁၀။ အနာဂါမိဖိုလ်ပုဂ္ဂိုလ် ၁၁။ အရဟတ္တမဂ်ပုဂ္ဂိုလ် ၁၂။ အရဟတ္တဖိုလ်ပုဂ္ဂိုလ် ဟူသော အရိယာပုဂ္ဂိုလ် ၈ ပါး စိတ်လုံးဝ မရှိဘဲ ရုပ်သက်သက်သာ ရှိသော ဗြဟ္မာ - အသညသတ်ြဗဟ္မာ |
5 | 3 | 2018 | ချစ်သူနှစ်ဦးကြား အမုန်းပွားအောင် ချောပစ်ကုန်းတိုက် စကားပြောဆိုခြင်းသည် အဘယ်ကြောင့် အဘယ်ဒုစရိုက်ကို ကျုးလွန်းခြင်း ဖြစ်ပါသနည်း၊ ဖြေဆို၍ လူသေလျှင် လူသာဖြစ်ရမည် ဟူသော စကား မှန် / မမှန် အဘိဓမ္မာအမြင်ဖြင့် အကြောင်းပြကာ ဆုံးဖြတ်ပါ။ | ချစ်သူနှစ်ဦးကြား အမုန်းပွားအောင် ချောပစ်ကုန်းတိုက် စကားပြောဆိုခြင်းသည် ပိသုဏဝါစာ အကုသိုလ်ဒုစရိုက် ဖြစ်၍ အကြောင်းရင်းမူလမှာ - လောဘမူလ (မိမိကို ချစ်စေလိုခြင်း) - ဒေါသမူလ (တစ်ဖက်သားကို မုန်းစေလိုခြင်း) တို့ကြောင့် ဖြစ်ပါသည်။ လူသေလျှင် လူသာဖြစ်ရမည် ဟူသော စကား မမှန်ပါ။ အကြောင်းမှာ စုတိနောင် ပဋိသန္ဓေနှောင်းပုံအရ လူတို့၏ စုတိစိတ် ၉ ပါးတွင် - သုဂတိအဟိတ်စုတိ၊ ဒွိဟိတ်စုတိ၊ ဈာန်မရ တိဟိတ်စုတိ ၄ ပါးနောင် ကာမပဋိသန္ဓေ ၁၀ ပါးနှောင်း၍ ကာမ ၁၁ ဘုံ၌ လည်းကောင်း - ဈာန်ရတိဟိတ် စုတိ ၄ ပါးနောင် ပဋိသန္ဓေ ၂၀ ပါးနှောင်း၍ ၃၁ ဘုံလုံး၌ လည်းကောင်း ပဋိသန္ဓေနေနိုင်သောကြောင့် လူသေတိုင်း လူ မဖြစ်ပါ။ |
6 | 3 | 2018 | ကံက ရုပ်ကို ဖြစ်စေရာ၌ အဘယ်အချိန်မှ စ၍ ဖြစ်စေပါသနည်း၊ ဖြေဆို၍ ရုပ်ကို မဖြစ်စေနိုင်သော ကံများရှိပါက ထုတ်ပြကာ ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ် ၄ မျိုးတို့တွင် သက်မဲ့ရေမြေ တောတောင်သစ်ပင် စသည်တို့၌ ရနိုင်သည့် ရုပ်ကို ဖော်ပြပါ။ | ကံက ရုပ်ကို ဖြစ်စေရာ၌ ပဋိသန္ဓေ၏ ဥပါဒ်ခဏမှ စ၍ ဖြစ်စေပါသည်။ ရုပ်ကို မဖြစ်စေနိုင်သော ကံများ - အရူပကုသိုလ်ကံ ၄ ပါးနှင့် လောကုတ္တရာကုသိုလ်ကံ သက်မဲ့ရေမြေ တောတောင်သစ်ပင် စသည်တို့၌ ရနိုင်သည့် ရုပ်မှာ ဥတုဇရုပ် ဖြစ်ပါသည်။ |
7 | 3 | 2018 | သစ္စာလေးပါးမှ လွတ်သော သိဖွယ်တရား မည်သည် မရှိ ဟူသော စကားအရ သစ္စာလေးပါး ဖွဲ့စည်းရာတွင် မပါဝင်သော သစ္စဝိမုတ်တရားတို့ကို သစ္စာလေးပါးသို့ ထိုက်သင့်သလို သွင်းကာ သစ္စာဖွဲ့ပြပါ။ | သစ္စာလေးပါး ဖွဲ့စည်းရာတွင် မပါဝင်သော သစ္စဝိမုတ်တရားတို့မှာ မဂ်စိတ္တုပ္ပါဒ် ၂၉ ပါးနှင့် ဖိုလ်စိတ္တုပ္ပါဒ် ၃၇ ပါး ဖြစ်ကြ၍ ၎င်းတို့ကို ထိုက်သင့်သလို သစ္စာဖွဲ့ပြရသော် - ဖိုလ်စိတ်၌ ယှဉ်သော မဂ္ဂင်တရားကိုယ် ၈ ပါးသည် မဂ္ဂင်ချင်း သဘောတူသောကြောင့် မဂ္ဂသစ္စာ၌ သွင်းယူရ၏။ - မဂ်စိတ္တုပ္ပါဒ် ၂၉ ပါး၊ ကျန် ဖိုလ်စိတ္တုပ္ပါဒ် ၂၉ ပါးတို့သည် သင်္ခါရတရားတွင် ပါဝင်၍ သင်္ခါရဒုက္ခဖြစ်သောကြောင့် ဒုက္ခသစ္စာ၌ သွင်းယူရ၏။ |
8 | 3 | 2018 | စိန်နားကပ်အရောင်ကြောင့် ပါးပြောင်သည် ဟု ပြောဆိုကြရာ အထည်ဝတ္ထု ဒပြ်အစု ဟူသော အတ္ထပညတ် အမျိုးမျိုးသည် အမှန်တကယ် ထင်ရှားမရှိပါဘဲလျက် ရှိသယောင်ယောင် အဘယ်တရားကို စွဲမြောင်လျက် ထင်ယောင်ထင်မှား ဖြစ်လောက်အောင် စိတ်၊ စေတသိက်တို့၏ အာရုံ ဖြစ်နေသည်ကို ဖြေဆိုပြ၍ သဒ္ဒပညတ် အမျိုးအစား သရုပ်ကိုလည်း ထုတ်ဖော်ဖြေဆိုပြပါ။ | အထည်ဝတ္ထု ဒပြ်အစု ဟူသော အတ္ထပညတ် အမျိုးမျိုးသည် အမှန်တကယ် ထင်ရှားမရှိပါဘဲလျက် ရှိသယောင်ယောင် ပရမတ္တတရား ကို စွဲမြောင်လျက် ထင်ယောင်ထင်မှား ဖြစ်လောက်အောင် စိတ်၊ စေတသိက်တို့၏ အာရုံ ဖြစ်နေရပါသည်။ သဒ္ဒပညတ် အမျိုးအစား များမှာ (၁) ဝိဇ္ဇာမာနပညတ် (၂) အဝိဇ္ဇာမာနပညတ် (၃) ဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် (၄) အဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် (၅) ဝိဇ္ဇာမာနေန- ဝိဇ္ဇာမာနပညတ် (၆) အဝိဇ္ဇာမာနေန-အဝိဇ္ဇာမာနပညတ် တို့ဖြစ်ပါသည်။ |
9 | 3 | 2018 | ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အတန်ကြာအောင် ပယ်ခွာနိုင်သော စူဠသောတာပန် အဆင့်အတန်း၌ ပြည့်စုံရမည့် ဝိသုဒ္ဓိတို့ကို ဖြေဆိုပြ၍ မဂ်ကို ရခါနီး၌ ဖြစ်တတ်သော ဝိပဿနာစိတ် ဟူ၍ ခေါ်ဆိုရသော စိတ်တို့ကို ပုဂ္ဂိုလ်အလိုက် ဖြစ်နိုင်သော အကြိမ်နှင့် ထိုစိတ်တို့၏ ပြုရာအာရုံတို့ကိုလည်း ဖြေဆိုပြပါ။ | ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အတန်ကြာအောင် ပယ်ခွာနိုင်သော စူဠသောတာပန် အဆင့်အတန်း၌ ပြည့်စုံရမည့် ဝိသုဒ္ဓိတို့မှာ ၁။ ဒိဋ္ဌိဝိသုဒ္ဓိ ၂။ ကင်္ခါဝိတရဏဝိသုဒ္ဓိ မဂ်ကို ရခါနီး၌ ဖြစ်တတ်သော ဝိပဿနာစိတ် - ဥပစာရသမာဓိဇော (ခေါ်) မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ် ၄ ပါး ပုဂ္ဂိုလ်အလိုက် ဖြစ်နိုင်သော အကြိမ် - တိက္ခပုဂ္ဂိုလ် ဖြစ်လျှင် ဥပစာ၊ အနုလုံ ဟူ၍ ၂ ကြိမ် - မန္ဒပုဂ္ဂိုလ် ဖြစ်လျှင် ပရိကံ၊ ဥပစာ၊ အနုလုံ ဟူ၍ ၃ ကြိမ် ထိုစိတ်တို့၏ ပြုရာအာရုံ - တေဘူမက သင်္ခါရတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာ ၃ပါးမှ တစ်ပါးပါး။ |
2 | 4 | 2018 | စိတ်ရှည်ဇွဲသန် သည်းညည်းခံ ပြုရန်သာသနာ ဟူသည့်အတိုင်း ကမ္ဘာအနှံ့ ဘုရားသာသနာ ဖြန့်နေသော သာသနာပြုပုဂ္ဂိုလ်များ လက်ကိုင်ထားရမည့် (က) ဇွဲ အရ စေတသိက် (ခ) သည်းခံ အရ စေတသိက် တို့ကိုလည်း ယှဉ်ရာ စိတ်တို့နှင့် တွဲစပ်ကာ ဖော်ပြပါ။ | (က) ဇွဲ အရ စေတသိက် - ဝီရိယ စေတသိက် ဝီရိယနှင့် ယှဉ်ရာစိတ် - အကုသိုလ်စိတ် ၁၂ ပါး - မနောဒွါရာဝဇ္ဇန်း ၁ ပါး - ဟသိတုပ္ပါဒ် ၁ ပါး - ကာမသောဘနစိတ် ၂၄ ပါး - မဟဂ္ဂုတ်စိတ် ၂၇ ပါး - လောကုတ္တရာစိတ် ၈ ပါး (အကျဉ်း) / ၄၀ ပါး (အကျယ်) ပေါင်း ၇၃ ပါး (အကျဉ်း) / ၁၀၅ ပါး (အကျယ်) (ခ) သည်းခံ အရ စေတသိက် - အဒေါသ စေတသိက် အဒေါသနှင့် ယှဉ်ရာစိတ် - ကာမသောဘနစိတ် ၂၄ ပါး - မဟဂ္ဂုတ်စိတ် ၂၇ ပါး - လောကုတ္တရာစိတ် ၈ ပါး (အကျဉ်း) / ၄၀ ပါး (အကျယ်) ပေါင်း ၅၉ ပါး (အကျဉ်း) / ၉၁ ပါး (အကျယ်) |
6 | 4 | 2018 | ကလာပ်ဖွဲ့စည်းရာတွင် မပါဝင်သော ရုပ်တို့ကို ညွှန်ပြ၍ ကမ္ဘာဦးလူသားများနှင့် ယနေ့လူသားတို့ မတူကွဲပြား ခြားနားပုံကို ရုပ်ပိုင်း ရူပပဝတ္တိက္ကမလာ သတ္တဝါအမျိုးအစား ခွဲခြားပုံကို ရှုမျှော်၍ ဖြေဆိုကာ နိဗ္ဗာန်သုံးမျိုးကို အဓိပ္ပါယ်နှင့် တကွ ရေးသားဖော်ပြပါ။ | ကလာပ်ဖွဲ့စည်းရာတွင် မပါဝင်သော ရုပ် - အာကာသဓာတ် ပရိစ္ဆေဒရုပ် ၁ ပါး - လက္ခဏရုပ် ၄ ပါး ပေါင်း ၅ ပါး ဖြစ်ပါသည်။ ကမ္ဘာဦးလူသားများနှင့် ယနေ့လူသားတို့ မတူကွဲပြား ခြားနားပုံကို ရုပ်ပိုင်း ရူပပဝတ္တိက္ကမလာ သတ္တဝါအမျိုးအစား ခွဲခြားပုံကို ရှုမျှော်၍ ဖြေဆိုရသော် ကမ္ဘာဦးလူသားသည် - ဘဝဟောင်းမှ ခုန်လွှားခဲ့၍ ဘွားခနဲကျလာသကဲ့သို့ ခန္ဓာကိုယ် ထင်ရှားဖြစ်သော ဥပပါတ် (ဩပပါတိက) သတ္တဝါ။ ယနေ့လူသားသည် - သားအိမ် (အမိဝမ်း) ၌ ဖြစ်သော ဇလာဗုဇ (ဂဗ္ဘသေယျက) သတ္တဝါ။ နိဗ္ဗာန်သုံးမျိုး ၁။ သုညတနိဗ္ဗာန် - ရာဂစသော ကြောင့်ကဖြွယ် (ပလိဗောဓ) အမျိုးမျိုးမှ ကင်းငြိမ်း သုဉ်းဆိတ်သော နိဗ္ဗာန် ၂။ အနိမိတ္တနိဗ္ဗာန် - ရာဂနိမိတ် စသော ဘေးရန်အပေါင်းနှင့် မဆက်ဆံသော နိဗ္ဗာန် ၃။ အပ္ပဏိဟိတနိဗ္ဗာန် - အာသာ တဏှာ စသော တောင့်တမှု၊ ပူပန်မှုတို့နှင့် မဆက်ဆံသော နိဗ္ဗာန်။ |
9 | 4 | 2018 | အရိယာပုဂ္ဂိုလ်တို့သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိနိုင်စွမ်း ရှိ မရှိကု ဆုံးဖြတ် ဖြေဆိုပြ၍ ရာဂ၊ ဒေါသ၊ မောဟ ဟူသော ကိလေသာတရားဆိုးများ အပါယ်မရောက်ဖို့ သတ္တိလောက်သာ ပယ်စွန့်နိုင်သူ၊ နည်းပါးအောင်သာ ပြုလုပ်နိုင်သူ၊ အကြွင်းမဲ့ ပယ်သတ်နိုင်သူတို့ကိုလည်း ဖြေဆိုပြပါ။ | အရိယာပုဂ္ဂိုလ်တို့သည် မိမိကိုယ်ကို အရိယာဖြစ်မှန်း သိနိုင်စွမ်း ရှိပါသည်။ အရိယာအဖြစ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် မဂ္ဂဝီထိအဆုံး၌ ဘဝင်ကျ၏။ ထိုနောင် ဘဝင်ကို ဖြတ်၍ ပစ္စဝေက္ခဏာဝီထိတို့ ဖြစ်၏။ ထိုပစ္စဝေက္ခဏာဝီထိတို့သည် မိမိရရှိသော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်၊ ပယ်ပြီးကိလေသာ၊ ကြွင်းကျန်ကိလေသာတို့ကို ဆင်ခြင်ခြင်းဖြင့် အရိယာ ဖြစ်မှန်းသိ၏။ ရာဂ၊ ဒေါသ၊ မောဟ ဟူသော ကိလေသာတရားဆိုးများကို - အပါယ်မရောက်ဖို့ သတ္တိလောက်သာ ပယ်စွန့်နိုင်သူ သောတာပန်ပုဂ္ဂိုလ် - နည်းပါးအောင်သာ ပြုလုပ်နိုင်သူ သကဒါဂါမ်ပုဂ္ဂိုလ် - အကြွင်းမဲ့ ပယ်သတ်နိုင်သူ ရဟန္တာပုဂ္ဂိုလ် |
- Get link
- X
- Other Apps
Labels
လေ့လာစရာ
Labels:
လေ့လာစရာ
- Get link
- X
- Other Apps
Comments
Post a Comment