Skip to main content

ဝိကာလဘောဇနသိက္ခာပုဒ် အဆုံးအဖြတ်

ဝိကာလဘောဇနသိက္ခာပုဒ် အဆုံးအဖြတ်

ပဌမပုစ္ဆာ ဖြေဆိုချက်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အဋ္ဌင်္ဂဥပုသ်ကို ဆောက်တည်ပြီးသောသူသည် နေလွဲသောအခါ အနာရောဂါဟူသော ဂေလညအကြောင်း မရှိပါဘဲလျက် ကွမ်းစားမှု, ဆေးသောက်မှု, များကို ပြုခဲ့သည်ရှိသော် ဆောက်တည်၍ထားသော ဝိကာလဘောဇန သိက္ခာပုဒ်သည် ပျက်မည်, မပျက်မည်, ညှိုးမည်, မညှိုးမည်များကို ခြားနားစွာ သိလိုပါကြောင်းနှင့် ၁၂၆၀-ပြည့်၊ တော်သလင်းလဆန်း ၈-ရက်နေ့တွင် ဥပုသ်သည်တို့က လျှောက်ထားကြသည်ကို ဖြေဆိုချက်။

ပျက် မပျက်...ပျက်မည် မပျက်မည်ဟူသောစကား၌။ ရဟန်းတို့သည်ကျင့်အပ်သော ၂၂၀-သော ဝိနည်းသိက္ခာပုဒ်တို့မှာ အင်္ဂါအသီးသီးရှိကြပေသည်၊ ထို့ကြောင့် ၂၂၀-သောသိက္ခာပုဒ်စုတို့တွင် တစ်ခုခုကို လွန်ကျူးရိပ်ရှိခဲ့၍ ပျက်သည် မပျက်သည်ကို ဆုံးဖြတ်လိုလျှင် သူ့သိက္ခာပုဒ်တွင်အဋ္ဌကထာအရှင်တို့ပြဆို၍ထားသော အင်္ဂါကို ပဓာနပြု၍ ဆုံးဖြတ်ကြရသည်။

အင်္ဂါငါးပါး ထုံးမိတ်၍ထားသော သိက္ခာပုဒ်ဖြစ်ခဲ့လျှင် အဂ်ါငါးပါး ညီညွတ်မှ အပျက်ဆိုရသည်၊ အင်္ဂါငါးပါးတွင် တစ်ပါးပါးချို့ခဲ့လျှင် ပျက်သည်ဟူ၍ မဆိုရ၊ ဤနှင့်ထပ်တူ လူတို့သည်ကျင့်အပ်သော ငါးပါး, ရှစ်ပါး,ဆယ်ပါးသော သုတ္တန်သိက္ခာပုဒ်စုမှာလည်း အင်္ဂါအသီးသီးရှိကြပေသည်။

ထို့ကြောင့်ထိုသိက္ခာပုဒ်စုတွင် တစ်ခုခုကို လွန်ကျူးခြင်း မြှောက်သည် မမြှောက်သည် သိက္ခာပုဒ်ပျက်သည် မပျက်သည်ကို ဆုံးဖြတ်လိုလျှင် ထိုထိုသိက္ခာပုဒ်တွင် အဋ္ဌကထာအရှင်တို့ ပြဆို၍ထားသော အင်္ဂါကိုပဓာနပြု၍ ဆုံးဖြတ်ရပေသည်။

အင်္ဂါများ...လူတို့နှင့်စပ်ဆိုင်သော ဆယ်ပါးသော သိက္ခာပုဒ်တို့၏ အင်္ဂါကို ပရမတ္ထဇောတိကမည်သော ခုဒ္ဒကပါဋ္ဌအဋ္ဌကထာတွင်အစဉ်အတိုင်းပြဆိုပေသည်ကား ပါဏာတိပါတမှာ အင်္ဂါငါးပါး၊ အဒိန္နာဒါန်မှာအင်္ဂါငါးပါး၊ အဗြဟ္ပစရိယာမှာ အင်္ဂါငါးပါး၊ မုသာဝါဒမှာ အင်္ဂါ၄-ပါး၊ သုရာပါဏမှာ အင်္ဂါ၄-ပါး၊ ဝိကာလဘောဇန အစရှိသော နောက်သိက္ခာပုဒ် ငါးပါးတို့မှာလည်း အင်္ဂါ၄-ပါး၄-ပါးစီ ပြဆို၍ထားပေသည်။

ထိုသို့ရဟန်းတို့၏ဆိုင်ရာ ၂၂၀-သောဝိနည်း သိက္ခာပုဒ်, လူတို့၏ ဆိုင်ရာငါးပါး, ရှစ်ပါး,ဆယ်ပါးသော သုတ္တန်သိက္ခာပုဒ်တို့၌ အင်္ဂါကို အသီးသီးထားရသည်မှာလည်း တခြားတပါးသောအခွင့်နှင့် ထားရသည် မဟုတ်၊ ပျက်သည် မပျက်သည်ကို အတတ် အမှန်ဆိုဘို့ရန် အခွင့်နှင့် ထားရသည်။

ထို့ကြောင့် ပျက်မပျက်အရာ၌ အဋ္ဌကထာအရှင်တို့ အစဉ်အဆက် အချက်မူသေ ဥပဒေမှုအတည်ပြု၍ လာခဲ့သော အင်္ဂါအချုပ်ကို လက်လွတ်၍ ဟုတ်စလိလိ ယုတ္တိပြင်ပ အဆသဘောများနှင့် ပြောဆိုဆုံးဖြတ်ခြင်းငှာ အရာမဟုတ်ပေ။

ထိုသို့ပျက်မပျက်ကိုဆုံးဖြတ်ရန် အချုပ်အခြာအင်္ဂါအသီးသီးနှင့် လာရှိသော သိက္ခာပုဒ်အပေါင်းတို့တွင် ယခုသိလိုကြသော ဝိကာလဘောဇနသိက္ခာပုဒ်၏ အချုပ်အင်္ဂါကို ၎င်းအဋ္ဌကထာ၌

ဝိကာလဘောဇနဿ စတ္တာရိအင်္ဂါနိ၊ ဝိကာလော၊ ယာဝကာလိကံ၊ အဇ္ဈောဟရဏံ၊ အနုမ္မတ္တကတာတိ။

ဟူ၍လာပေသည်။

ဝိကာလော=နေ့လွဲသည်လည်းဖြစ်စေ၊ ယာဝကာလိကံ=ခဲဘွယ်ဘောဇဉ်အဝင်အပါယာဝကာလိက ဝတ္ထုမျိုးလည်းဖြစ်စေ၊ အဇ္ဈောဟရဏံ=လည်ချောင်းတွင်းသို့ မျိုမိသည်လည်းဖြစ်စေ၊ အနုမတ္တကတာ=အရူးအသွပ်မဟုတ်သည်လည်းဖြစ်စေ၊ ဣတိ=ဤသည်တို့ကား၊ ဝိကာလဘောဇနဿ=ဝိကာလဘောဇနသိက္ခာပုဒ်၏၊ စတ္တာရိအင်္ဂါနိ=အင်္ဂါလေးပါးတို့တည်း။

ဤအဋ္ဌကထာ အင်္ဂါအချုပ်၌ “ယာဝကာလိကံ” ဟူသောပါဋ္ဌ်ဖြင့် ခဲဘွယ်ဘောဇဉ် အဝင်အပါ ယာဝကာလိက ဝတ္ထုမျိုးကို နေလွဲသောအခါ မျိုမှသာလျှင် ဝိကာလဘောဇနသိက္ခာပုဒ်ပျက်ထိုက်ကြောင်း, အဖျော် ရှစ်ပါးစသော ယာမကာလိကမျိုး-ထောပတ်, ဆီဦး, သကြား, သကာ စသော သတ္တာဟကာလိကဝတ္ထုမျိုး-ဇီးဖြူ, သျှိသျှား, ဖန်းခါး, ဆေး, ကွမ်းစသော ယာဝဇီဝိကမျိုးကို မျိုသော်လည်း ဝိကာလဘောဇနသိက္ခာပုဒ် မပျက်ထိုက်ကြောင်းကို ခြားနား၍ ပြတော်မူပေသည်။ ထိုမှတပါးလည်း ကင်္ခါဝိတရဏီအဋ္ဌကထာ၌။

ဝိကာလတာ၊ ယာဝကာလိကတာ၊ အဇ္ဈောဟရဏန္တိ ဣမာနေတ္ထတီဏိအင်္ဂါနိ” ဟူ၍လာသည်။

ဝိကာလတာ၊ နေလွဲသည်လည်းဖြစ်စေ။ ယာဝကာလိကတာ

ခဲဘွယ်ဘောဇဉ် အဝင်အပါ ယာဝကာလိက ဝတ္ထုမျိုးလည်းဖြစ်စေ။

အဇ္ဈောဟရဏံ၊ မျိုသည်လည်းဖြစ်စေ။ ဣတိဣမာနိ၊ ဤသည်တို့ကား။

ဧတ္ထ၊ ဤဝိကာလဘောဇန သိက္ခာပုဒ်၌။ တီဏိအင်္ဂါနိ၊ အင်္ဂါသုံးပါးတို့တည်း။

ဤအဋ္ဌကထာပါဌ်၌လည်း“ယာဝကာလိကတာ”ဟူသောပါဌ်ဖြင့် ယာဝကာလိက ဝတ္ထုမျိုးသည်သာ သိက္ခာပုဒ်ပျက်ရာ အင်္ဂါဖြစ်ထိုက်ကြောင်း, ယာမ-သတ္တာဟ-ယာဝဇီဝိက-ဝတ္ထုမျိုးတို့သည်ကား သိက္ခာပုဒ်ပျက်ရာ အင်္ဂါမဟုတ်ကြောင်းကို ပြတော်မူပေသည်။

ထိုမှတပါးလည်း မနောရထပူရဏီ အမည်ရှိသော တိက အင်္ဂုတ္ထိုရ်အဋ္ဌကထာ၌

အတိက္ကန္တေမဇ္ဈနှိကေ ယာဝကာလိကဿ အဇ္ဈောဟရဏံ ဝိကာလထောဇနံနာမ” ဟူ၍လာပေသည်။

မဇ္ဈနှိကေ၊ မွန်းတည့်သောအခါသည်။ အတိက္ကန္တေ၊ လွန်ပြီးသည်ရှိသော်။ ယာဝကာလိကဿ၊ ယာဝကာလိကကို။ အဇ္ဈောဟရဏံ၊ မျိုခြင်းသည်။ ဝိကာလဘောဇနံနာမ၊ ဝိကာလဘောဇနမည်၏၊။ ဤအဋ္ဌကထာပါဌ်၌လည်း----“ယာဝကာလိကဿ”ဟူသော ပါဌ်ဖြင့် သိက္ခာပုဒ်ပျက်ထိုက်သော အင်္ဂါ၌ ယာဝကာလိကဝတ္ထုမျိုးသည်သာ အပါအဝင်ဖြစ်ကြောင်း, ယာမ-ဝတ္တာဟ, ယာဝဇီဝိက-ဝတ္ထုမျိုးတို့သည် အပါအဝင် အင်္ဂါမထိုက်ကြောင်းကို ပြတော်မူပေသည်။

ထိုမှတပါးလည်း ၎င်းအဋ္ဌကထာ၌ပင်လျှင်။

ဘုဉ္ဇိတဗ္ဗဋ္ဌေနသဗ္ဗံ ယာဝကာလိကံ ဘောဇနန္တိ ဝုစ္စတိ

ဟူ၍လာပေသည်။

ဘုဉ္ဇိတဗ္ဗဋ္ဌေန=မျိုအပ်သောအနက်ကြောင့်၊ သဗ္ဗံအလုံးစုံသော၊ ယာဝကာလိကံ=ယာဝကာလိကဝတ္တုမျိုးကို၊ ဘောဇနန္တိ=ဘောဇနဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

ဤအဋ္ဌကထာပါဋ္ဌ်ဖြင့်လည်းယာဝကာလိကဝတ္တုမျိုးသည်သာ သိက္ခာပုဒ်ပျက်ရာ အင်္ဂါဖြစ်ထိုက်ကြောင်း, ကြွင်းသောကာလိသုံးမျိုးသည် သိက္ခာပုဒ်ပျက်ရာအင်္ဂါ မဖြစ်ထိုက်ကြောင်းကို ခြားနား၍ ပြတော်မူပေသည်။

ထိုမှတပါးလည်း ၎င်းအဋ္ဌကထာ၌ပင်လျှင်

ဝိကာလေ ယာဝကာလိကဿ ဘောဇနံ အဇ္ဈောဟရဏံ ဝိကာလဘောဇနံ” ဟူ၍လာသည်။

ဝိကာလေ=နေလွဲသောအခါ၌၊ ယာဝကာလိကဿ= ယာဝ ကာလိကဝတ္တုမျိုးကို၊ ဘောဇနံအဇ္ဈောဟရဏံ=မျိုခြင်းသည်၊ ဝိကာလဘောဇနံ=ဝိကာလဘောဇနမည်၏၊ ဤအဋ္ဌကထာပါဋ္ဌ်ဖြင့်လည်း ဝိကာလဘောဇနသိက္ခာပုဒ်ပျက်ရာ၌ နောက်ကာလိကသုံးမျိုးသည်အပါအဝင် အင်္ဂါမဟုတ်ကြောင်းကို ပြတော်မူပေသည်။

အင်္ဂုတ္တိုရ်ဋီကာကြီး၌ အထူးဖွင့်ဆိုချက်မရှိပေ။ ထိုမှတစ်ပါးလည်း သာရတ္ထဒီပနီဋီကာ မဟာဝါအဖွင့်၌

ဘုဉ္ဇိတဗ္ဗဋ္ဌေန ဘောဇနံ၊ယာဂုဘတ္တာဒိကံ သဗ္ဗံယာဝကာလိက ဝတ္ထု၊ ဝိကာလေဘောဇနံ ဝိကာလဘောဇနံ။

ဘုဉ္ဇိတဗ္ဗဋ္ဌေန=မျိုအပ်သောအနက်ကြောင့်၊ ဘောဇနံ= ဘောဇနံ မည်၏၊ ယာဂုဘတ္တာဒိကံ=ယာဂုထမင်းစသော၊ သဗ္ဗံ=အလုံးစုံသော၊ ယာဝကာလိကဝတ္ထုမျိုးကိုမျိုခြင်းသည်၊ ဝိကာလဘောဇနံ=ဝိကာလ ဘောဇနမည်၏။

ဤဋီကာပါဋ္ဌ်ဖြင့်လည်း ယာဝကာလိကဝတ္ထုသည်သာ သိက္ခာပုဒ် ပျက်ရာအင်္ဂါဖြစ်ကြောင်း ကြွင်းသောကာလိက သုံးမျိုးသည် သိက္ခာပုဒ်ပျက်ရာ အင်္ဂါအချုပ်တွင်အပါအဝင်မဟုတ်ကြောင်းကို ဋီကာ အရှင်ပြတော်မူပေသည်။

ထိုမှတစ်ပါးလည်း ၎င်းဋီကာ၌ပင်

ဝိကာလေ ယာဝကာလိကဝတ္ထုဿ အဇ္ဈောဟရဏာတိ အတ္ထော”ဟူ၍ ဖွင့်ပြတော်မူပေသည်။

ဝိကာလေ=နေလွဲသောအခါ၌၊ ယာဝကာလိကဝတ္ထုဿ= ယာဝ ကာလိကဝတ္ထုကို၊ အဇ္ဈောဟရဏာ=မျိုသောအခါမှ၊ ဣတိ=ဤသည်လျှင်၊ အတ္ထော=အနက်တည်း။ ဤဋီကာပါဋ္ဌ်ဖြင့်လည်း ယာဝကာလိက ဝတ္ထုမျိုးသည်သာ ဝိကာလဘောဇနသိက္ခာပုဒ် အရာမဟုတ်ကြောင်းကို ပြတော်မူပေသည်။

ထိုမှတပါးလည်း ၎င်းဋီကာ၌ပင်လျှင်

ဝိကာလေ ဘောဇနံ အဇ္ဈောဟရဏံ ဝိကာလဘောဇနံ၊ကဿ ပန အဇ္ဈောဟရဏန္တိ၊ ယာမကာလိကာဒီနံ အနုညာကတ္တာ ဝိကာလဘောဇနဿ သဒ္ဒဿ ယာဝကာလိက အဇ္ဈောဟရဏေ နိရုဠှတ္တာ ယာဝကာလိကဿာတိ ဝိညာယတိ” ဟူ၍လာပေသည်။ ဝိကာလေ=နေလွဲသောအခါ၌၊ ဘောဇနံ အဇ္ဈောဟရဏံ= မျိုခြင်းသည်၊ ဝိကာလဘောဇနံ=ဝိကာလဘောဇနမည်၏၊ ကဿ ပန=အဘယ်ကာလိကဝတ္ထုကို၊ အဇ္ဈောဟရဏံ=မျိုခြင်းပေနည်း။ ဣတိ=ဤကား အမေးပုစ္ဆာတည်း။

ယာမကာလိကာဒီနံ= ယာမကာလိကအစရှိသောနောက်ကာလိက သုံးမျိုးတို့ကို၊ အနုညတတ္တာ=နေလွဲသောအခါ စားသောက်ခြင်းငှါ ခွင့်ပြုတော်မူပေသောကြောင့်၊ ဝိကာလဘောဇနဿ သဒ္ဒဿ= ဝိကာလဘောဇနသဒ္ဒါ၏၊ ယာဝကာလိက အဇ္ဈောဟရဏေ=ယာဝကာလိက ဝတ္ထုကိုမျိုခြင်းအနက်၌၊ နိရုဠှတ္တာ=ထင်သည်၏အဖြစ်ကြောင့်၊ ယာဝကာလိကဿ=ယာဝကာလိကဝတ္ထုကို၊ အဇ္ဈောဟရဏံ= မျိုခြင်းပေတည်း။ ဣတိ=ဤသို့၊ ဝိညာယတိ=သိအပ်၏။

(အမေးအဖြေ အကြောင်းယုတ္တိနှင့်တကွ အသေအချာလာသော ဤဋီကာပါဋ္ဌ်ဖြင့်လည်း ဝိကာလဘောဇနသိက္ခာပုဒ်ပျက်ရာ ယာမကာလိကစသော နောက်နောက်ကာလိက သုံးမျိုးတို့မဆိုင်ကြောင်းကို သိသာလှပေသည်။)

ထိုမှတစ်ပါးလည်း ၎င်းဋီကာ၌ပင်လျှင်

အတ္ထတော ပန ကာယဒွါရ ပဝတ္တာဝိကာလေ ယာဝကာလိက အဇ္ဈောဟရဏစေတနာ ဝိကာလဘောဇနန္တိ ဝေဒိတဗ္ဗော။” ဟူ၍ လာပေသည်။

အတ္ထတော ပန=လိုရင်းအနက်အားဖြင့်၊ ကာယဒွါရပဝတ္တာ= ကာယဒွါရ၌ဖြစ်သော၊ ဝိကာလေ=နေလွဲသောအခါ၌၊ ယာဝကာလိက အဇ္ဈောဟရဏစေတနာ=ယာဝကာလိကဝတ္ထုမျိုးကို မျိုသောစေတနာသည်၊ ဝိကာလဘောဇနံ=ဝိကာလဘောဇနမည်၏၊ ဣတိ=ဤသို့၊ ဝေဒိတဗ္ဗော=သိအပ်၏။

ဤဋီကာပါဋ္ဌ်ဖြင့်လည်း ယာဝကာလိကဝတ္ထုမျိုးသည်သာ သိက္ခာပျက်ရာအင်္ဂါအစစ်ဖြစ်ကြောင်းကို သိအပ်လှပေသည်။ ထိုမှတစ်ပါးလည်း ဝိမတိဝိနောဒနီ အမည်ရှိသောဋီကာ မဟာဝါခန္ဓက အဖွင့်၌ဘုဉ္ဇိတဗ္ဗဋ္ဌေန ဘောဇနန္တိ ဣဒံ သဗ္ဗံ ယာဝကာလိကံ ဝုစ္စတိ၊ ဝိကာလေ ဘောဇနဇ္ဈောဟရဏံ ဝိကာလဘောဇနံ-ဟူ၍ဆိုပေသည်။ ဘောဇနန္တိ ဣဒံ=ဘောဇနံဟူသောဤစကားကို။ ဘုဉ္ဇိတဗ္ဗဋ္ဌေန၊ မျိုအပ်သော အနက်ကြောင့်။ သဗ္ဗံ၊ အလုံးစုံသော။ ယာဝကာလိကံ၊ ယာဝကာလိက ဝတ္ထုမျိုးကို။ ဝုစ္စတိ၊ ဆိုအပ်၏၊ ဝိကာလေနေလွဲသော အခါ၌၊ ဘောဇနဇ္ဈောဟရဏံ၊ ယာဝကာလိက ဝတ္ထုဟုဆိုအပ်သော ဘောဇဉ်ကိုမျိုခြင်းသည်။ ဝိကာလဘောဇနံ၊ ဝိကာလဘောဇနမည်၏၊ ဤဋီကာပါဌ်ဖြင့်လည်း ယာဝကာလိကသည်သာ သိက္ခာပုဒ်ပျက်ရာ အင်္ဂါဖြစ်ကြောင်းထင်လင်းပေသည်၊ ထိုမှတစ်ပါးလည်း၎င်း ဋီကာ၌ ပင်လျှင်။

ဝိကာလေ ယာဝကာလိကဿ ဘောဇနံ အဇ္ဈော ဟရဏံဝါ ဝိကာလဘောဇနံ-ဟူ၍ဆိုပေသည်။

ဝါ၊ တစ်နည်းကား။ ဝိကာလေ။ နေလွဲသောအခါ၌။ ယာဝကာလိကဿ၊ ယာဝကာလိကကို။ ဘောဇနံအဇ္ဈောဟရဏံ၊ မျိုခြင်းသည်။ ဝိကာလဘောဇနံ၊ ဝိကာလဘောဇနမည်၏။

နှစ်နည်းစီ, နှစ်နည်းစီ ဘွင့်ကြပေသည်မှာ ဘောဇနာ သဒ္ဒါကို ဘောဇဉ်ဝတ္ထုဟောတစ်ချက် ယူကြသည်၊ မျိုခြင်း ကိရိယာ ဟောတစ်ချက် ယူကြသည်။

လူတို့မည်သည် ကျမ်းဂန်စကားမျိုးကို မကျွမ်းကျင်ကြကုန်၊

ထိုကြောင့် ဖော်လိုက်သည်။ ထုတ်ပြခဲ့ပြီးသော အဋ္ဌကထာဋီကာကြီးမှတစ်ပါး တစ်ခြားသော အဋ္ဌကထာကြီး ဋီကာကြီးတို့၌မူကား ဝိကာလဘောဇနသိက္ခာပုဒ်၏အနက်ကို သာမညသာ ဘွင့်ကြကုန်သည်။ ။ဤမျှသောစကားရပ်တို့ဖြင့် အဋ္ဌင်္ဂဥပုသ်သည်သည် ရောဂါဟူသော ဂေလညအကြောင်းမရှိဘဲလျက် နေလွဲပြီးနောက် ဆေးသောက် ကွမ်းစားမှုကို ပြုခဲ့သည်ရှိသော ဝိကာလဘောဇန သိက္ခာပုဒ် ပျက်မည် မပျက်မည်ဟူသော အမေးပုစ္ဆာ၌ ဆေး,ကွမ်းဟူသော ယာဝဇီဝိကဝတ္ထုသည် သိက္ခာပုဒ်ပျက်ရန်အင်္ဂါတွင် အပါအဝင်မဟုတ်ကြောင်းကို ဖြေဆိုလိုက်သည်။ တရပတရပ်။

အချို့အယူ....အချို့သောဝိနိစ္ဆယ စာဟောင်းများ၌ကား

အကြောင်းမရှိဘဲလျက် နေလဲသောအခါ နောက်ကာလိကသုံးပါးကို စားသောက်ခဲ့သည်ရှိသော ဝိကာလဘောဇနသိက္ခာပုဒ် ပျက်ကြောင်းကို အဆိုပါရှိကြသည်။

ဝိနိစ္ဆယဟောင်းတို့၌ ပါရှိသည့်အတိုင်း ယခုကာလ၌လည်း အချို့သောဆရာတို့အယူရှိကြကုန်၏။

ယူကြပုံကား ဤဝိကာလဘောဇန သိက္ခာပုဒ်အရာ၌ ရဟန်းနှင့်လူ အဆုံးအဖြတ် ထူးခြားကွဲလွဲခြင်းမရှိသင့် ရဟန်းမှာ အာပတ်သင့်လျှင် လူမှာ သိက္ခာပုဒ်အပျက် ဆိုရမည်။

၎င်းပါဠိတော် အနာပတ္တိဝါရမှာလည်း-

အနာပတ္တိ ယာမကာလိကံ, သတ္တာဟကာလိကံ, ယာဝဇီဝိကံ, သတိ ပစ္စယေ ဘုဉ္စတိ-ဟူ၍ဟောတော်မူပေသည်။

အဓိပ္ပါယ်....အထက်ပါ ပါဠိတော်၌ အဓိပ္ပါယ်ကား ရဟန်းတို့အား နေလွဲသောအခါ နောက်ကာလိကသုံးပါးကို အာဟာရအကျိုးငှါ အကပ်ခံလျှင် ဒုက္ကဋ်အာပတ်သင့်၏ မျိုခဲ့လျှင် မျိုတိုင်း,မျိုတိုင်း ဒုက္ကဋ် အာပတ်သင့်၏ ဆိုလိုသည်၊ နောက်ပါဠိတော်၏ အဓိပ္ပါယ်ကား အဖျော်ရည်မျိုးဟူသော ယာမကာလိကကို မွတ်သိပ်ခြင်းအကြောင်းနှင့် သောက်ခဲ့သော် အာပတ်မသင့် ထောပတ်, တင်လဲစသော သတ္တာဟ ကာလိကကို၎င်း, ဇီးဖြူ,သျှိသျှား အစရှိသော ယာဝဇီဝိကကို၎င်း, အနာရောဂါဟူသော ဂေလညအကြောင်းနှင့်သုံးဆောင်ခဲ့သော် အာပတ်မသင့်ဆိုလိုသည်။

ထိုကာလိကသုံးမျိုးကို ၎င်းအကြောင်းမရှိပဲ နေ့လွဲသောအခါ သုံးဆောင်ခဲ့လျှင်သင့်သော ဒုက္ကဋ်အာပတ်သည် အခြားကလာ၍ သင့်သောအာပတ်မဟုတ်၊ ဝိကာလဘောဇနသိက္ခာပုဒ်၏ ဝိဘင်းက ထွက်သောအာပတ်ပင် ဖြစ်ပေသောကြောင့် ဝိကာလဘောဇနအာပတ်ပင်ဖြစ်သတည်း။

ထိုကြောင့်အဋ္ဌကထာတို့၌ သန္နိဓိစသောသိက္ခာပုဒ်များသို့ ရောက်သောအခါ ထိုအာပတ်ကို ဝိကာလဘောဇနသိက္ခာပုဒ် ဖြစ်သင့်သည်ဟု အဆိုပါသတည်း။

ထိုဒုဋ်အာပတ်သည် ရဟန်းတို့အား ဝိကာလဘောဇနသိက္ခာပုဒ်နှင့် သင့်သောအာပတ်ဖြစ်ခဲ့လျှင်လည်း ထိုအာပတ်အရာလူတို့မှာလည်း ဝိကာလဘောဇနသိက္ခာပုဒ် အပျက်မဟုတ်လော။

အလုပ်သမားဥပုသ်သည်--ရဟန်းတို့၏ ဝိကာလဘောဇန သိက္ခာပုဒ်အပျက်အင်္ဂါတွင် နောက်ကာလိကသုံးပါး ပါသင့်သကဲ့သို့ လူတို့၏ဝိကာလဘောဇန သိက္ခာပုဒ်အပျက်အင်္ဂါတွင် နောက်ကာလိက သုံးပါး ပါသင့်ကြောင်းကိုလည်း အနာထပိဏ်သေဋ္ဌေးကြီး၏ လုပ်သားဥပုသ်သည်ဝတ္ထုသည် သက်သေပင်တည်း။

ထိုဥပုသ်သည်အား ညဉ့်အခါ၌ လေနာရောဂါ အပြင်းအထန် ဖြစ်လေ၏၊ သေဋ္ဌေးကြီးသိ၍ စတုမဓူကို သောက်ပါဟု ပေးလေသော် အရှင်တို့သောက်ကြပါကုန်၏လောဟု မေးပေ၏၊ ငါတို့မှာအနာရောဂါ မရှိ၍ မသောက်ကြသည်ဟုဆိုပေသော် တစ်နေ့လုံးလုံးဥပုသ်ရသော အရှင်တို့မှ မသောက်ကြသည်ကို နေ့ထက်ဝက်မျှ ဥပုသ်ရသော အကျွန်ုပ် မသောက်ပါပြီဟု ပယ်လေ၏၊ ထိုညဉ့်၌ပင်ထိုရောဂါဖြင့် သေဆုံး၍ ရုက္ခဇိုဝ်းနတ်ဖြစ်လေ၏။

ဤကား သေဋ္ဌေးကြီး၏ လုပ်သားဥပုသ်သည်၏ ဝတ္ထုတည်း။ ဤဝတ္ထု၌ ငါတို့မှာ အနာရောဂါမရှိ၍ မသောက်ကြသည်ဟူသော သေဋ္ဌေးကြီးစကားကိုထောက်၍ လူတို့၏ဝိကာလဘောဇနသိက္ခာပုဒ် အပျက်အင်္ဂါတွင် နောက်ကာလိကသုံးပါးပါသင့်ကြောင်းကို သိသာလှသည်မဟုတ်လော။

အထက်ကထုတ်ပြခဲ့သော အဋ္ဌကထာဋီကာတို့၌ ယာဝကာလိကကိုသာ ဆိုကြသည်မှာလည်း ယာဝကာလိကဝတ္ထုကို နေလွဲသောအခါ မျိုခဲ့လျှင် အကြောင်းရှိမရှိ မရွေးရ,ဧကန္တသိက္ခာပုဒ်ပျက်တော့သည်၊ နောက်ကာလိကသုံးပါးကို မျိုရာ၌ကား အကြောင်းမရှိပဲမျိုမှပျက်ပေသည်၊ အကြောင်းရှိ၍မျိုပေလျှင်မပျက်ပေ၊ ဤသို့ဧကန်ပျက်မဟုတ်၊ အနေကန်ပျက်ဖြစ်ပေ၍ အပျက်အင်္ဂါတွင် နောက်ကာလိကသုံးပါးကို မျိုရာ၌ မဆိုကြပေသည်ဟု ယူပေမှ ထိုအဋ္ဌကထာ ဋီကာနှင်အနာထပိဏ်ဝတ္ထု ညီညွတ်ကြမည်မဟုတ်လော။

ထို့ကြောင့် အကြောင်းမရှိပဲ နေလွဲပြီးနောက် ဆေးသောက်, ကွမ်းစားမှုသည် ဝိကာလဘောဇနသိက္ခာပုဒ်အပျက် အပါအဝင်စင်စစ် ဧကန်ဖြစ်သတည်း။

ဤကား ဥပုသ်သည်တို့အား ဂေလည အကြောင်းမရှိပဲ ဆေးသောက်မှု, ကွမ်းစားမှုက သိက္ခာပုဒ်အပျက်အင်္ဂါပြု၍ ပြောဟောကြကုန်သော ဆရာတို့၏ အလိုပေတည်း။

အဖြေကိုဆိုပေအံ့...ဝိကာလဘောဇနသိက္ခာပုဒ်သည် အလွန်ပေါ့သော ပဏ္ဏတ္တိဝဇ္ဇ သိက္ခာပုဒ်ဖြစ်သည်၊ သုရာပါနသိက္ခာပုဒ်သည် အလွန်လေးသော လောကဝဇ္ဇသိက္ခာပုဒ်ကြီးဖြစ်သည်။ ထိုသုရာပါနလောကဝဇ် သိက္ခာပုဒ်ကြီးများ၌ပင် ရဟန်းတို့မှာ အာပတ်သင့်တိုင်း လူတို့မှာသိက္ခာပုဒ်ပျက်သည်မဟုတ်။

ထို့ကြောင့် ပဗ္ဗဇခန္ဓက အဋ္ဌကထာ၌

မဇ္ဇပါနေ ပန ဘိက္ခုနော အဇာနိတွာပိ ဗီဇတော ပဋ္ဌာယ မဇ္ဇံ ဝိပဿ ပါစိတ္တိယံ၊ သာမဏေရော ဇာနိတွာဝ ဝိဝန္တော သီလဘေဒံ အာပဇ္ဇတိ၊ နအဇာနိတွာ၊ သာမဏေရာနံ မဇ္ဇပါနံ သစိတ္တကံ ပါရာဇိကဝတ္ထု၊ အယံဝိသောသော-ဟူ၍မိန့်သည်။

မဇ္ဇပါနေပန=သေရည်သေရက်သောက်မှု၌ကား၊ ဘိက္ခုနော= ရဟန်းအား၊ အဇာနိတွာပိ=သေရည်မှန်း,သေရက်မှန်းမသိမူ၍လည်း၊ ဗီဇတော=သေမျိုးစေ့မှ၊ ပဋ္ဌာယ=စ၍၊ မဇ္ဇံ=သေရည်သေရက်ကို၊ ပိဝန္တဿ= သောက်မိသည်ရှိသော်၊ ပါစိတ္တိယံ=ပါစိတ်အာပတ်သင့်၏၊ သာမဏေရော=သာမဏေသည်၊ ဇာနိတွာဝ=သေရည်မှန်း, သေရက်မှန်းသိ၍သာလျှင်၊ ပိဝန္တော=သောက်သည်ရှိသော်၊ သီလဘေဒံ=သီလပျက်ခြင်းသို့၊ ဝါ=သိက္ခာပု်းပျက်ခြင်းသို့၊ အာပဇ္ဇတိ=ရောက်၏၊ အဇာနိတွာ= သေရည်,သေရက်မှန်း မသိမူ၍၊ ပိဝန္တော=သောက်မိသည်ရှိသော်၊ သီလဘေဒံ=သီလပျက်စီးခြင်းသို့၊ ဝါ သိက္ခာပုဒ်ပျက်ခြင်းသို့၊ နအာပဇ္ဇတိ= မရောက်၊ သာမဏေရော=သာမဏေတို့၏၊ မဇ္ဇပါနံ=သေရည် သေရက်သောက်မှုသည်၊ သစိတ္တကံ၊ သစိတ္တကဖြစ်သော။ ပါရာဇိကဝတ္ထု၊ ပါရာဇိကမှုပေတည်း။ အယံ၊ ဤသည်ကား။ ဝိသေသော၊ ရဟန်းသာမဏေအထူးပေတည်း။ (အနက်)

ဤအဋ္ဌကထာ၌ သာမဏေကိုဆိုသဖြင့် လူတို့မှာလည်း သေရည်မှန်း သေရက်မှန်းသိ၍ သောက်မှသာ ဆောက်တည်သော သိက္ခာပုဒ် ပျက်သည်ဟူသော အနက်သည် အလွန်ထင်ရှားလေသည်။ တရပ်။ ထပေတွာ တုလိကံ သဗ္ဗာနေဝ ဂေါနကာဒီနိ ရတနပရိသဗ္ဗိတာနိပိ ဝဋ္ဋန္တိ။ (သီလက္ခာန်အဋ္ဌကထာ)

တုလိကံ၊ လဲသွတ်သောအခင်းကို၊ ထပေတွာ၊ ချန်ထား၍၊ သဗ္ဗာနေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။ ဂေါနကာဒီနိ၊ ဂေါနက အစရှိကုန်သော မဟာသယနအခင်းတို့သည်။ရတနပရိသဗ္ဗိတာနိပိ၊ ရတနာတို့နှင့် ချုပ်အပ်ကုန်သော်လည်း။ ဝဋ္ဋန္တိ။ အပ်ကုန်၏၊ (အနက်) သုတ္တန္တိကဒေသနာယပန ဂဟဋ္ဌာနံပိ ဝသေန ဝုတ္တတ္တာ တေသံ သင်္ဂဟဏတ္ထံ“ထပေတွာ တုလိကံ သဗ္ဗာနေဝ ဂေါနကာဒီနိ ရတနပရိသိဗ္ဗိတာနိပိ ဝဋ္ဋန္တီ” တိ ဝုတ္တန္တိအပရေ။ (သီလက္ခန် ဋီကာသစ်။ သာရတ္ထဒီပနီ။)

သုတ္တန္တိကဒေသနာယပန၊ သုတ္တာန်ဒေသနာတော်ကိုကား။ ဂဟဋ္ဌာနံပိ၊ လူဥပုသ်သည်တို့၏လည်း။ ဝသေန၊ အစွမ်းဖြင့်။ ဝုတ္တတ္တာ၊ ဟောတော်မူလေသောကြောင့်။ တေသံ၊ ထိုလူဥပုသ်သည်တို့ကို။ သင်္ဂဟဏတ္ထံ၊ ဥစ္စသယန မဟာသယန သိက္ခာပုဒ်၌ သဂြိုဟ်ရေတွက်ခြင်းငှာ။

ထပေတွာတုလိကံ သဗ္ဗာနေဝ ဂေါနကာဒီနိ ရတနပရိသိဗ္ဗိတာနိပိ ဝဋ္ဋန္တီတိထပေတွာတုလိကံ သဗ္ဗာနေဝ ဂေါနကာဒီနိ ရတနပရိသိဗ္ဗိတာနိပိ ဝဋ္ဋန္တိ-ဟူ၍ ဝုတ္တံ၊ အဋ္ဌကထာဆရာမိန့်၏၊ ဣတိ၊ ဤသို့။ အပရေ၊ တစ်ပါးသောဆရာတို့သည်။ ဝဒန္တိ၊ ဆိုကုန်၏၊ (အနက်) ဝိနည်းအဋ္ဌကထာ၌ ရတနာဖြင့်ချုပ်အပ်ကုန်သော ဂေါနက စသောအခင်းတို့သည် ရဟန်းတို့အားမအပ်ကုန်ဟုဆို၏၊ ထို့ကြောင့် သုတ္တာန်အဋ္ဌကထာ၌ ရတနာဖြင့်ချုပ်အပ်ကုန်သော်လည်း အပ်ပါကုန်၏ဟု ဆိုသည်မှာ လူဥပုသ်သည်တို့ကို ရည်၍ ဆိုသည်ဟူလိုသည်။

ဤဋီကာတို့ကိုထောက်သော် ဥစ္စာသယနသိက္ခာပုဒ်မှာလည်း ရဟန်းတို့ အာပတ်သင့်တိုင်း လူတို့မှာ သိက္ခာပုဒ်မပျက်ဟု သိအပ်သည်။ ဤသို့သော အဋ္ဌကထာဋီကာများကိုထောက်၍ လူ ရဟန်းနှစ်ဦး ဆိုင်ကြသော သိက္ခာပုဒ်စု၌ ရဟန်းတို့မှာ အာပတ်သင့်သော အမှုတိုင်း လူတို့မှာ သိက္ခာပုဒ် အပျက်မယူသာ၊ ရဟန်းတို့အာပတ်မှာ ဝိနည်းတော် အရာဖြစ်သည်၊ လူတို့သိက္ခာပုဒ်အပျက်မှာ သုတ္တန်အရာဖြစ်သည်၊ သုတ္တန်အဋ္ဌကထာတို့၌ ပြဆိုသော အင်္ဂါညီညွတ်မှ အပျက်ဆိုရမည်ဟု သိသာလှပေသတည်း။

ဤမျှသော စကားတို့ဖြင့် ဝိကာလဘောဇနသိက္ခာပုဒ်အရာမှာ ရဟန်းနှင့်လူ အဆုံးအဖြတ် ထူးခြားကွဲလွဲခြင်း မရှိသင့်၊ ရဟန်းတို့မှာ အာပတ်သင့်လျှင် လူတို့မှာ သိက္ခာပုဒ် အပျက်ဆိုရမည်ဟူသော ဆရာတို့ အယူကို ဖြေလိုက်သည်။ တစ်ရပ်။

ဝိကာလဘောဇနသိက္ခာပုဒ်ရင်း၌ နေလွဲသောအခါ ယာဝ ကာလိကဝတ္ထုကိုမျိုခဲ့လျှင် ပါစိတ် အာပတ်သင့်သည်။ အကြောင်းမရှိဘဲ နောက်ကာလိက သုံးပါးကို မျိုခဲ့လျှင် ၎င်းသိက္ခာပုဒ်၏ အန္တရာပတ္တဝိရ၌ ဒုက္ကဋ် သင့်ကြောင့်လာသည်။ အန္တရာပတ္တိဝါရမည်သည် သိက္ခာပုဒ်အသီးအခြားလာရှိသည်၊ အန္တရာပတ္တိဝါရ၌လာသော ဒုက္ကဋ် အာပတ်သင့်လျှင်ပင် ဝိကာလဘောဇနမူလသိက္ခာပုဒ်ရင်း ပျက်ပြီဟူ၍ ရဟန်းတို့မှာပင် မဆိုသာ။

အန္တရာပတ္တိဝါရမည်သည် ပါရာဇိက သိက္ခာပုဒ်ကြီး လေးပါးတို့မှာလည်း လာသည်ပင်ဖြစ်သည်။ ပဌမပါရာဇိက သိက္ခာပုဒ်ကြီး၏ အန္တရာပတ္တိဝါရ၌လာသော ဒုက္ကအာပတ်ငယ် သင့်ရုံမျှနှင့် ပဌမပါရာဇိက သိက္ခာပုဒ်ကြီးပျက်ပြီ, ပါရာဇိက ကျပြီ မဆိုသာပေ။

ထို့အတူ---ဒုတိယ, တတိယ, စတုတ္ထပါရာဇိကသိက္ခာပုဒ်ကြီးတို့၌လာသော ဒုက္ကဋ် ထုလ္လစ္စည်း အာပတ်ငယ် သင့်ရုံမျှနှင့် ပါရာဇိက သိက္ခာပုဒ်ကြီး ပျက်ပြီ, ပါရာဇိကကျပြီ, လူဖြစ်ပြီမဆိုသာပေ။

သံဃာဒိသိသ် သိက္ခာပုဒ်ကြီး ၁၃-ပါးတို့၌လည်း အန္တရာအာပတ်ငယ် အသီးအသီး လာသည်ပင်ဖြစ်သည်၊ ထိုအန္တရာအာပတ်ငယ် သင့်ရုံမျှနှင့် မူလသိက္ခာပုဒ်ကြီးပျက်ပြီ၊ သီလဝိပတ္တိဆိုက်ပြီ၊ ဝုဋ္ဌာနကံထိုက်ပြီ၊ ပရိဝသ်မာနတ်ထိုက်ပြီမဆိုသာပေ။

ထို့အတူ အကြောင့်မရှိဘဲ နေလွဲသော အခါနောက် ကာလိကသုံးပါးကို မျိုမိ၍ ရဟန်းတို့မှာ အန္တရာပတ္တိဒုက္ကဋ်သင့်ရုံမျှနှင့် ဝိကာလဘောဇန မူလသိက္ခာပုဒ်ကြီး ပျက်ပြီဟူ၍ မဆိုသာပေ။

မူလသိက္ခာပုဒ်ကြီ၏ အပျက် အင်္ဂါတွင် ယာဝကာလိကဝတ္ထုကိုသာ ပြဆိုကြသော အဋ္ဌကထာ ဋီကာတို့နှင့်အညီ နေလွဲသောအခါ ယာဝ ကာလိက ဝတ္ထုကို မျိုမှသာ ဝိကာလဘောဇနသိက္ခာပုဒ် ပျက်သည်ဟု ဆိုထိုက်ပေသည်။

သုတ္တန်လာ ဝိကာလဘောဇန သိက္ခာပုဒ်ကို ဆောက်တည်သော လူတို့မှာမူကား ထိုအန္တရာပတ္တိဝါရ၌လာသော နောက်ကာလိက သုံးပါးအတွက် အပျက်အင်္ဂါ မတိုင်ပေ။ ဤကား ရဟန်းတို့မှာ အကြောင်းမရှိဘဲ နေလွဲသောအခါ နောက်ကာလိကသုံးပါးကို မျိုမိ၍ အန္တရာပတ္တိဝါရမှာလာသော ဒုက္ကဋ်အာပတ်သင့်ခဲ့လျှင်, လူတို့မှာလည်း ထိုကာလိကသုံးပါးကို ထို့နည်းအတူ မျိုမိခဲ့လျှင်, ဝိကာလဘောနဇ သိက္ခာပုဒ်ပျက်ရမည်ဆိုသောအယူကို ဖြေဆိုချက်တည်း။ တစ်ရပ်။ အနာထပိဏ်သဌေး---ဝတ္ထု၌ စတုမဓုမည်သည် နောက် ကာလိက သုံးပါးတွင် သတ္ထာဟကာလိက ဝတ္ထုပေတည်း။ ထိုဝတ္ထုကို သဌေးမင်းကြီးတို့ သုံးဆောင်ကြပါ၏လော ဟုမေးလေရာ ငါတို့မှာ အနာရောဂါမရှိ၍ မသုံးဆောင်ကြသည်ဟုဆိုသော သဌေးကြီး စကားတစ်ချက်။

တစ်ရက်လုံးလုံး ဥပုသ်ရသော သဌေးကြီးတို့မှ မသုံးဆောင်ကြလျှင် နေ့ထက်ဝက်မျှ ဥပုသ်ရသော အကျွန်ုပ်လည်း မသုံးဆောင်ပါပြီဟု လုလင်က ဆိုသော စကားတစ်ချက်။

ထိုနှစ်ချက်တွင် သဌေးစကားကို ထောက်၍ နောက်ကာလိက သုံးပါးကို အကြောင်းမရှိဘဲ နေလွဲသောအခါ သုံးဆောင်လျှင် ဝိကာလဘောဇန သိက္ခာပုဒ်ပျက်သည်ဟု ယူခဲ့သော် လုလင်စကားကို ထောက်ထား၍ ထိုလုလင်သည် ဂေလညအကြောင်း ထင်ရှားရှိလျက် စတုမဓုကို မသုံးဆောင်ဘဲ အသက်ကို အသေခံလေရကား အကြောင်းရှိသော်လည်း မသုံးဆောင်ရ၊ သုံးဆောင်ခဲ့လျှင် သိက္ခာပုဒ်သည်ဟု ယူပါတော့လော ဆိုရန်။

ဂေလညအကြောင်းရှိလျက်နှင့် မသုံးဆောင်ဘဲအသေခံသော ထိုလုလင်အမှုမှာ သိက္ခာပုဒ် ပျက်မှုကြောင့် မသုံးဆောင်သည် မဟုတ်၊ သိက္ခာပုဒ် လျော့ပါးမှုကြောင့် မသုံးဆောင်ရသည်၊ သိက္ခာပုဒ်ကို အသက်မျှမက ရိုသေလှသော သဒ္ဓါတရားအတွက် သက်သက်သာ ဖြစ်ပေသည်ဟု ဖြေပေလိမ့်မည်။

ထိုအခါ ဟုတ်လှပြီ၊ သိက္ခာပုဒ်ပင် မပျက်သော်လည်း လျော့ပါးရန် အချက်ထင်၍ ထိုလုလင်သည် မသုံးဆောင်သကဲ့သို့ သဌေးကြီးများလည်း လျော့ပါးရန်အတွက်ကြောင့်ပင် မသုံးဆောင်ကြပေသည်၊ ပျက်ရန်အတွက်ကြောင့် မသုံးဆောင်ကြသည် မဟုတ်ဟုဆိုခဲ့သည်ရှိသော် အပျက်အင်္ဂါတွင် ယာဝကာလိက ဝတ္ထုကိုသာ ပြဆိုကြသော အဋ္ဌကထာ ဋီကာများနှင့်လည်း တပြေးတည်း ညီညွတ်ကြသည် မဟုတ်လော၊ ပျက်ရန်အတွက်ကြောင့်မသုံးဆောင်ကြ ဆိုသည်ဟုယူခဲ့သော် ယာဝကာလိက ဝတ္ထုကိုသာ အင်္ဂါအချုပ်လုပ်၍ ထားကြသော အဋ္ဌကထာ ဋီကာတို့နှင့် ဆန့်ကျင်ရာသည် မဟုတ်လော။

(ထို့ကြောင့် ဝတ္ထုသက်သေဆိုသည်မှာ သဒ္ဓါတရားသို့လိုက်၍ ဖြစ်ကြသည်၊ သိက္ခာပုဒ်၏ အချုပ်အင်္ဂါသည်သာ ပမာဏ ဖြစ်ပေသည်။ ဤကား အနာထပိဏ်ဝတ္ထုကို ဖြေဆိုချက်တည်း။)

ယာဝကာလိကဝတ္ထုမှာ---နေလွဲသောအခါ ဂေလည အကြောင်းရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ, မျိုမိလျှင်အာပတ် ဧကန် သင့်တော့သည်ဖြစ်၍ အပျက်အင်္ဂါတွင်ပါပေသည်၊ နောက်ကာလိက သုံးမျိုးမှာမူကား ဂေလည, ပိပါသ အကြောင်းမရှိဘဲမှ အာပတ်သင့်သည်၊ အကြောင်းရှိ၍မျိုလျှင် အာပတ်မသင့်၊ ဤသို့အာပတ်သင့်မှု ဧကန်မဟုတ်, အနေကန်ဖြစ်သောကြောင့် အပျက်အင်္ဂါတွင် မပါပေသည်ဟူသော စကားမှာလည်း သိက္ခာပုဒ်တို့၏ အချုပ်အင်္ဂါမည်သည် ပျက်ရန်ရှိသမျှကို ချန်ရသည်မဟုတ်၊ ယာဝကာလိကဝတ္ထုနှင့် တပေါင်းတည်း မချုပ်သာလျှင် ဝတ္ထုအားလျော်စွာ ခွဲ၍သော်လည်း ချုပ်ရသည်၊ ယာဝကာလိက ဝတ္ထုလည်း မှန်စေ, နေလည်းလွဲစေ, အကြောင်းလည်း ကင်းစေ, မျိုစေ, လေးပါးတစ်ရပ်။

ကြွင်းသော ကာလိကသုံးပါးတွင် တစ်ပါးပါးလည်း ဖြစ်စေ, နေလည်းလွဲစေ, အကြောင်းလည်းကင်းစေ, မျိုစေ, လေးပါးတစ်ရပ်။ ဤသို့ခွဲ၍သော်လည်း ချုပ်ရသည်၊ ပျက်ရန်ရှိသမျှကို ချန်ရသည် မဟုတ်၊ ထိုသို့လည်း အချုပ်မရှိခဲ့၊ ထို့ကြောင့် အာပတ်သင့်မှု, သိက္ခာပုဒ်ပျက်မှု အနေကန် ဖြစ်သောကြောင့် မပါသည်မဟုတ်၊ သိက္ခာပုဒ် ပျက်မှုပင် မဟုတ်သောကြောင့် မပါလေသတည်း။

(ဤတွင်ရွေ့ကား ဥပုသ်သည်တို့၏ အကြောင်းမရှိဘဲ နေလွဲ ကွမ်းစား ဆေးဝါး, ဆေးသောက်မှုများသည် ဝိကာလဘောဇန သိက္ခာပုဒ် အပျက်အင်္ဂါတွင် အပါအဝင်မဟုတ်ကြောင်းကို ဖြေဆိုလိုက်သောအခန်း ပြီး၏၊)


ဒုတိယပုစ္ဆာဖြေဆိုချက်

မေထုန်ငယ်ခုနစ်ပါး---အညှိုးအင်္ဂါတွင် ပါမည်မပါမည် မေးရာ၌။

ယခုကာလ ရှိရှိသမျှသော ပုထုဇဉ် လူရှင်ရဟန်းတို့၏ သီလစုသည် အညှိုးအင်္ဂါမှ လွတ်ခဲလေစွ။ အညှိုးအင်္ဂါစုကို ဝိသုဒ္ဓိမဂ်မှာ လာသည့် အတိုင်း ဆိုလိုက်အံ့။ မေထုန်ငယ်ခုနစ်ပါးမှ မလွတ်မကင်းသော သီလ သည် ညှိုးသောသီလမည်၏၊ မေထုန်ငယ် ခုနစ်ပါးဆိုသည်ကား--
၁။ မာတုကာမ၏ အနင်းအနှိပ် အဆုတ်အနယ်ကို သာယာခြင်း တစ်ပါး။

၂။ မာတုကာမနှင့်တကွ ရယ်ဖွယ်, ရွှင်ဖွယ်, ကျီစယ်, ကျီစား ပြောဆိုသာယာခြင်းတစ်ပါး။

၃။ မာတုကာမနှင့် အချင်းချင်း စိန်းစိန်းစိုက်စိုက် ကြည့်ရှုသာယာမှုတစ်ပါး။

၄။ မာတုကာမ၏ အသံကို အနီးအဝေးကကြားရ၍ သာယာမှု တစ်ပါး။

၅။ ရှေးရှေးသောအခါက မာတုကာမနှင့်ပျော်ပါးဘူးသည်ကို အမှတ်ရ၍ တအောက်မေ့မေ့သာယာခြင်း တစ်ပါး။

၆။ တစ်ပါးသောသူတို့ မာတုကာမနှင့် ပျော်ပါး၍ နေသည် ကိုမြင်၍, ကြား၍ သာယာခြင်းတစ်ပါး။

၇။ ယခုစောင့်ထိန်းသော ဥပုသ်သီလ၏ အကျိုးကို နောင် နတ်သမီး နတ်သားဖြစ်၍ ခံစားစံစားလိုသော စိတ်ညွတ် ခြင်းတစ်ပါး။

ဤခုနစ်ပါးသည် မေထုန်ငယ် ခုနစ်ပါးမည်၏၊။ ထိုခုနစ်ပါးတွင် တစ်ပါးပါးနှင့် စွန်းငြိသောသီလသည် သီလညိုး, သီလကျိုး, သီလပျက် မည်၏။

ဗြဟ္မဏ၊ ပုဏ္ဏား။ ဣဒံပိ၊ ဤခုနစ်ပါးတွင် တစ်ပါးပါးနှင့်ယှဉ်သော အမှုသည်လည်း။ ဗြဟ္မစရိယဿ၊ ဥပုသ်သီလဟု ဆိုအပ်သော မြတ်သောအကျင့်၏၊ ခဏ္ဍမ္ပိ၊ ကျိုးသည်လည်းမည်၏၊ ဆိဒ္ဒမ္ပိ၊ ပေါက်သည် လည်းမည်၏၊ သဗလမ္ပိ၊ကြောင်သည် ကျားသည်လည်းမည်၏၊ ကမ္မာသမ္ပိ၊ ပြောက်သည် ကျားသည်လည်းမည်၏၊ (သတ္တနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်)

ဤသို့လာသော ပါဠိတော်မြတ်ကို နှလုံးထား၍ တစ်နေ့တစ်ရက်မျှ ဆောင့်ထိန်းရသော သီလကို ထိုခုနစ်ပါးသော ညှိုးနွမ်းခြင်းမှကင်းလွတ် စင်ကြယ်စေခြင်းငှါ ဥပုသ်နေ့၌ တစ်ထပ်စာ ထမင်းကိုစောစောစား၍ ဥပုသ်ခံယူပြီးနောက် တစ်နေ့ပတ်လုံး မာတုဂါမတို့နှင့် မတွေ့ရ မမြင်ရ, အသံစကားကိုမျှ မကြားရသော နေရာ၌ နေခြင်းငှါ သင့်မြတ်လှ လေသတည်း။

ထိုမှတပါးလည်း။

အပရာယစ ကောဓော, ဥပနာဟော, မက္ခော, ပဠာသော, ဣဿာ, မစ္ဆရိယံ, မာယာ, သာထေယျံ, ထမ္ဘော, မာနော, အတိမာနော, မဒေါ, ပမာဒေါတိအာဒီနံ အနုပ္ပတ္တိယာ

ဟူသော ဝိသုဒ္ဓိမဂ်နှင့်အညီ ကောဓ, ဥပနာဟ,အစရှိသော ပါပဓမ္မတို့နှင့် လွတ်ကင်းမှ အကျိုးအပေါက် အပြောက် အကျား လွတ်သည်ဟု ဆိုပြန်သောကြာင့်။

ညှိုးနွမ်းကြောင်းများ....ကောဓ=အမျက်ထွက်၍ ဥပုသ်ကျိုးခြင်းတစ်ပါး၊ ဥပနာဟ=ရန်ညှိုးဘွဲ့၍ ဥပုသ်ကျိုးခြင်းတစ်ပါး၊ မက္ခ=သူ့ကျေးဇူးကိုချေ၍ ဥပုသ်ကျိုးခြင်းတစ်ပါး၊ ပဠာသ=သူတစ်ပါး အညံ့အဖျင်း ဖြစ်အောင်ပြု၍ ဥပုသ်ကျိုးခြင်း တစ်ပါး၊ ဣဿာ=သူတစ်ပါး ကို ငြူစူ၍ ဥပုသ်ကျိုးခြင်းတစ်ပါး၊ မစ္ဆရိယ=ဝန်တို၍ ဥပုသ်ကျိုးခြင်း တစ်ပါး၊ မာယာ=မိမိ၌ရှိသောအပြစ်ကို ဖုံးလွမ်းမှုကြောင့် ဥပုသ်ကျိုးခြင်း တစ်ပါး၊ သာထေယျ=မိမိ၌ မရှိသောဂုဏ်ကို အရှိပြု၍ပြခြင်းကြောင့် ဥပုသ်ကျိုးခြင်းတစ်ပါး၊ ထမ္ဘ=ကိုင်းညွတ်ထိုင်သောသူကို မကိုင်းညွတ်ပြု ခြင်းကြောင့် ဥပုသ်ကျိုးခြင်းတစ်ပါး၊ မာန=နှလုံးနေ မြင့်ခြင်းကြောင့် ဥပုသ်ကျိုးခြင်းတစ်ပါး၊ အတိမာန=နှလုံးနေ အလွန်မြင့်ခြင်းကြောင့် ဥပုသ်ကျိုးခြင်းတစ်ပါး၊ မဒ=မာန်ယစ်ခြင်းကြောင့် ဥပုသ်ကျိုးခြင်းတစ်ပါး၊ ပမာဒ=မေ့လျော့ကြောင်း ဖြစ်သော အဖျင်း အချော် အသော့အသွမ်း တို့ကို ပြုပြင်ခြင်းကြောင့် ဥပုသ်ကျိုးခြင်းတစ်ပါး၊ အတ္တုက္ကံသန=မိမိ ဘက်ကို အမြက်အသာပြုခြင်းကြောင့် ဥပုသ်ကျိုးခြင်းတစ်ပါး၊ ပရဝမ္ဘန= သူတစ်ပါးဘက်ကို အယုတ်အညံ့ ပြုခြင်းကြောင့် ဥပုသ်ကျိုးခြင်းတစ်ပါး၊ နိန္ဒာ=သူတစ်ပါးကို မျက်မှောက်၌ ကဲ့ရဲ့ခြင်းကြောင့် ဥပုသ်ကျိုးခြင်း တစ်ပါး၊ ဂရဟာ=သူတစ်ပါးကို မျက်ကွယ်၌ ကဲ့ရဲ့ခြင်းကြောင့် ဥပုသ်ကျိုး ခြင်းတစ်ပါး။

ဤသို့အစရှိသည်ဖြင့် ဥပုသ်ကျိုးရန်, ညှိုးနွမ်းရန် ပါပဓ္မတို့သည် အလွန်များပြားကုန်သည် ထို့ကြောင့် ယခုကာလမြင်မြင်သမျှသော လူလူရှင်ရှင် ပုထုဇဉ်တို့၏ သီလသည် အညှိုးအင်္ဂါမှ လွတ်ခဲ့စွဟု ဆိုပေသည်။

ဥပုသ်ကျိုးမှု ၂-မျိုး.... ဥပုသ်ကျိုးခြင်းသည် နှစ်ပါးရှိ၏၊ ခံယူဆောက်တည်မှုပျက်အောင် ကျိုးခြင်းတပါး, အကျိုးအာနိသင်သိမ် ဖျင်းရုံမျှ ကျိုးခြင်းတပါး။ ထိုနှစ်ပါးတို့တွင် ထိုထိုသိက္ခာပုဒ်တို့၌ ပြအပ်သော အပျက်အင်္ဂါ ပြည့်စုံအောင် လွန်ကျူးမှုသည် ခံယူဆောက်တည်မှုပျက် အောင်ကျိုးခြင်းမည်၏၊ ပြဆိုခဲ့ပြီးသော မေထုန်ငယ်ခုနစ်ပါးတွင် တပါးပါးနှင့် ငြိစွန်းမှု, ပြဆိုခဲ့ပြီးသော ပါပဓမ္မတို့တွင် တပါးပါးနှင့်ငြိ စွန်းမှုသည် အကျိုးအာနိသင် သိမ်ဖျင်းရုံမျှသော ကျိုးခြင်းမည်၏။

ဂေလည အကြောင်းမရှိဘဲ နေလွဲ ကွမ်းစား, ဆေးဝါး, ဆေး သောက်မှုသည် ထိုအမှုကို သာယာသော ကိလေသာမှုပင်ဖြစ်ချေသည်၊ ထို့ကြောင့် အညှိုးမှုစုတွင် ပါဝင်ရာသောအခွင့်ရှိသည်ဖြစ်၍ အနာ ရောဂါဟူသော ဂေလညအကြောင်းမရှိဘဲ နေလွဲကွမ်းစား, ဆေးဝါး ဆေးသောက်မှုကို ပြုခဲ့သည်ရှိသော် ဝိကာလဘောဇန သီလဥပုသ် ညှိုးသည်, အကျိုးအာနိသင် ညံ့သည်ဟူ၍ ဆိုရပေမည်။

ထိုမှတပါးလည်း-အပ္ပိစ္ဆတာ, သန္တုဋ္ဌိတာ, သလ္လေခတာဒီနံစ ဂုဏာနံ ဥပ္ပတ္တိယာ သင်္ဂဟိတော-ဟူသော ဝိသုဒ္ဓိမဂ်နှင့်အညီ။

အလိုနည်းခြင်း, ရောင့်ရဲခြင်း, ခေါင်းပါးခြင်းစသော ဂုဏ်တို့နှင့် ယှဉ်သော သီလမှ အကျိုး အပေါက်လွတ်သည်၊ ထိုဂုဏ်နှင့်မယှဉ်မူ၍ မဟိစ္ဆတာ, အသန္တုဋ္ဌိတာ, အသလ္လေခတာ အစရှိသော အပြစ်တို့နှင့် ယှဉ်ခဲ့ပြန်မူ အကျိုးအပေါက် မလွတ်သည်သာဖြစ်၏။

မဟိစ္ဆတာ၊ မိမိအကျင့်ကို သူတပါးတို့ သိကြားစေလို, ထင်ရှား စေလိုသောကြောင့် ဥပုသ်ကျိုးခြင်း။

အသန္တုဋ္ဌိတာ၊ ယုတ်ညံ့သောအဝတ်, ယုတ်ညံ့သောအစား, ယုတ်ညံ့သောမြက်အခင်း, သစ်ရွက်အခင်း, စသည်တို့၌ ရောင့်ရဲခြင်ကို မပြုမူ၍ အဝတ်ကောင်း, အစားကောင်း, ညောင်စောင်းမွေ့ရာ, ကမ္ဗလာ ကော်ဇောစသောအိပ်ရာ နေရာကောင်းတို့ကို သာယာ၍ ဥပုသ်ကျိုးခြင်း။

အသလ္လေခတာ၊ သိက္ခာပုဒ်အပျက်အင်္ဂါ လွတ်ရုံမျှအားရ၍ ထို့ထက်အလွန်ခြိုးခြံမှု မရှိ၍ ဥပုသ်ကျိုးခြင်း။

သင်္ဂဏိတာရာမတာ၊ အပေါင်းအဘော်၌ မွေ့လျှော်သည့်အတွက် ဥပုသ်ကျိုးခြင်း။

ဘဿာရာမတာ၊ သူတော်ကောင်းတရာမှ အလွတ်ဖြစ်သော စကား၌မွေ့လျှော်သည့်အတွက် ဥပုသ်ကျိုးခြင်း။

ဤသို့အစရှိသည်ဖြင့် သီလညှိုးမှု, ဥပုသ်ညှိုးမှုသည် အလွန်ပင် ပေါများလှလေသတည်း။

ဤစကားရပ်တို့ဖြင့်---ဥပုသ်ခံယူပြီးသော နောက်၌ သစ်ခေါက်ဆိုး, သစ်ရွက်ဆိုး, ဖန်ရည်စွန်းသော အဝတ်မျိုး မှတစ်ပါး ပိတ်ဖြူ, ပိုးဖဲစသော အဝတ်ကောင်း အထည်ကောင်းမျိုး, သင်ဖြူး ကော်ဇော စသောအိပ်ရာ နေရာကောင်းမျိုး, နေမလွဲမီပင် ဆေးကောင်း, ကွမ်းကောင်း, လဘက်ကောင်းမျိုး, နေလွဲသောအခါ ဆေးကွမ်းမျိုး အလုံးစုံတို့၌ သန္တုဋ္ဌီ, သလ္လေခ ကင်းကွာ၍ သာယာစွာ သုံးဆောင် သမျှသည် ဥပုဒ်ကျိုးမှုချည်း ဖြစ်သတည်း။

အဋ္ဌကထာ၌ ခဏ္ဍသဒ္ဒါနှင့်လာသောကြောင့် အကျိုးဟူ၍ ဆိုပေသည်၊ အကျိုးဆိုသော်လည်း အပျက်ကျိုးမဟုတ်၊ အညှိုးကျိုး စုသာတည်း။

ပြဆိုခဲ့ပြီးသော အညှိုးစုသည် လူတို့၏ဥပုသ်သီလ၌သာမဟုတ် ရဟန်းတို့၏ သီလမှာလည်း နည်းတူပင်တည်း။

ရဟန်းတို့၏သီလ၌ ဝိနည်းနှင့်တိုင်းတာ၍ အာပတ်လွတ်ရုံမျှ စောင့်ထိန်းလျှင် အပျက်လွတ်၏၊ အညှိုး အကျိုးမလွတ်၊ ဆိုခဲ့ပြီးသော ပါပဓမ္မတို့မှ လွတ်ကင်းစင်ကြယ်သော သီလသည်သာ လူ့သီလဖြစ်စေ, ရဟန်းသီလဖြစ်စေ, အနွမ်းအညှိုး အကျိုးအပေါက် အပြောက်အကျား ကင်းရှင်းလေသတည်း။

ခပ်သိမ်းသော ပုထုဇဉ်သတ္တဝါတို့သည် နုလှစဉ်အခါ၌ ဤကဲ့ သို့သော အကျိုးအပေါက် အပြောက်အကျားကိုပင် အဖြူအစင် အကောင်းအမြတ်ပြုလုပ်၍ တစ်ဘဝထက်တစ်ဘဝ ရင့်သန်ကြအောင် ကျင့်ဆောင်အားထုတ်ကြရကုန်သည်၊ ရင့်မာသောဘဝသို့ ရောက်ကြမှ အထွတ်အထိပ်ဖြစ်သော သီလသို့ ရောက်နိုင်ကြကုန်သည်။ (အယံ=ဤဥပုသ်သည်တို့၏ နေလွဲကွမ်းစား, ဆေးဝါး, ဆေး သောက်အဆုံးအဖြတ်သည်၊ သဋ္ဌိမေဝေဿ=၁၂၆၀-ပြည့်နှစ်၌၊ ဘဒ္ဒပဒေ=တော်သလင်းလ၌၊ နိဋ္ဌိတော=အပြီးသို့ရောက်၏၊)

ဝိကာလဘောဇန သိက္ခာပုဒ်

အဆုံးအဖြတ်ပြီး၏။

----------ဝ----------

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...