သိက္ခာဂဟဏ ဝိနိစ္ဆယ
သီလခံယူပုံ ၄-နည်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ယခုအခါ သိက္ခာဂဟဏ သီလခံကြသောအရာ၌-
၁။ အချို့သောအရှင်တို့က ပါဏာတိပါတာဝေရမဏိ၊ အဒိန္နာဒါနာဝေရမဏိ-စသည်ဖြင့်ဆို၍ အဆုံးမှ သိက္ခာပဒံ သမာဒိယာမိ-ကို ထည့်သွင်း ရွတ်ဆို၍ ခံယူစေကြ ကုန်သည်။
၂။ အချို့သောအရှင်တို့က ပါဏာတိပါတာဝေရမဏိံ၊ အဒိန္နာဒါနာဝေရမဏိံ-စသည်ဖြင့်ဆို၍ အဆုံးမှ သိက္ခာပဒံ သမာဒိယာမိ-ကို ထည့်သွင်းရွတ်ဆို၍ ခံယူစေကြကုန် သည်။
၃။ အချို့သောအရှင်တို့က ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊ အဒိန္နာဒါနာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ-စသည်ဖြင့်ဆို၍ အပြည့်အစုံ ခံယူစေကြ ကုန်သည်။
၄။ အချို့သောအရှင်တို့က ပါဏာတိပါတာဝေရမဏိံ သိက္ခာ ပဒံ သမာဒိယာမိ၊ အဒိန္နာဒါနာဝေရမဏိံ သိက္ခာပဒံ သမာဒိယာမိ-စသည်ဖြင့် ဆို၍ခံယူစေကြကုန်သည်။
ပဌမနည်းကို စိစစ်ပြခြင်း
ယင်းသို့ ၄-ထွေ ၄-ပါး ကွဲပြားရှိနေကြသည်တွင် ဝေရမဏိ-ဟု
ဣကာရန္တနှင့်ပေးသော အရှင်တို့ကား
ပဉ္စသိက္ခာပဒါနိ
၁။ ပါဏာတိပါတာဝေရမဏိ သိက္ခာပဒံ။
၂။ အဒိန္နာဒါနာဝေရမဏိ သိက္ခာပဒံ။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ။
၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ။
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ။
[အဘိဓမ္မာသိက္ခာပဒ ဝိဘင်းပါဠိတော်။]
ယောစ ခေါ ဗြာဟ္မဏ ပသန္နစိတ္တော ပဉ္စသိက္ခာပဒါနိ သမာဒိယတိ။
၁။ ပါဏာတိပါတာ ဝေရမဏိံ။
၂။ အဒိန္နာဒါနာ ဝေရမဏိံ။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိံ။
၄။ မုသာဝါဒါ ဝေရမဏိံ။
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိံ။
[သုတ်သီလက္ခန်ပါဠိတော်။]
အနုဇာနာမိ ဘိက္ခဝေ သာမဏေရာနံ ဒသသိက္ခာပဒါနိ၊ တေသု စ သာမဏေရေဟိ သိက္ခိတုံ။
၁။ ပါဏာတိပါတာ ဝေရမဏီ။
၂။ အဒိန္နာဒါနာ ဝေရမဏီ။
၃။ အဗြဟ္မစရိယာ ဝေရမဏီ။
၄။ မုသာဝါဒါ ဝေရမဏီ။
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏီ။
၆။ ဝိကာလဘောဇနာ ဝေရမဏီ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနာ ဝေရမဏီ။
၈။ မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏီ။
၉။ ဥစ္စာသယန မဟာသယနာ ဝေရမဏီ။
၁၀။ ဇာတရူပ ရဇတပဋိဂ္ဂဟဏာ ဝေရမဏီ။
[ဝိနည်းပါဠိတော်။]
ယော စ ပသန္နစိတ္တော သိက္ခာပဒါနိ သမာဒိယေယျ။
၁။ ပါဏာတိပါတာ ဝေရမဏိ။
၂။ အဒိန္နာဒါနာ ဝေရမဏိ။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ။
၄။ မုသာဝါဒါ ဝေရမဏိ။
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ။
[သုတ္တသင်္ဂဟ။]
ဤသို့ ထုတ်ပြခဲ့ပြီးသော အဘိဓမ္မာပါဠိတော်, သုတ်ပါဠိတော်, ဝိနည်းပါဠိတော်, သုတ္တသင်္ဂဟကျမ်းတို့၌ အတွေး မလျော် အမြော်မသင့် အချင့်မရောက် အထောက်မမည် ဆိုသကဲ့သို့ရှိချေသည်။
အဘယ့်ကြောင့်နည်းဟူမူ-ထိုပါဠိပဒများသည် သိက္ခာပုဒ် ဆောက်တည်ပုံ အခြင်းအရာ သမာဒါနာကာရကိုပြသော ပါဠိပဒ မဟုတ်၊ ပဉ္စသိက္ခာဒါနိ-ဟူသောပုဒ်၏အရ သိက္ခာပဒ သရုပ်ထုတ်ပြကာ မျှသာ ဖြစ်သောကြောင့်တည်း။
ထို့ကြောင့် ထိုပါဠိပဒတို့၌ ဤသို့သော အနက်ကို ဆိုအပ်၏၊ ပဉ္စ=ငါးပါးကုန်သော၊ သိက္ခာပဒါနိ=သိက္ခာပုဒ်တို့သည်၊ ဟောန္တိ= ဖြစ်ကုန်၏၊ ကတမာနိပဉ္စ=အဘယ်ငါးပါးတို့နည်းဟူမူ။
၁။ ပါဏာတိပါတာ=သူ့အသက်ကို သတ်ခြင်းမှ၊ ဝေရမဏိ= ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်လည်းတစ်ပါး။
၂။ အဒိန္နာဒါနာ=သူ့ဥစ္စာကိုခိုးခြင်းမှ၊ ဝေရမဏိ=ကြဉ်ရှောင် ကြောင်းဖြစ်သော သိက္ခာပုဒ်လည်း တစ်ပါး။
၃။ ကာမေသုမိစ္ဆာစာရာ=သူ့သားအိမ်ရာကို ပြစ်မှားခြင်းမှ၊ ဝေရမဏိ=ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်လည်း တစ်ပါး။
၄။ မုသာဝါဒါ=မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိ=ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ် လည်း တစ်ပါး။
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ=မူးယစ် မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားခြင်း မှ၊ ဝေရမဏိ=ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ် လည်းတစ်ပါး။
ဣမာနိပဉ္စ=ဤ ၅-ပါးတို့တည်း။
[နောက်ပါဠိများ၌၌လည်လည်းဤနည်းကိုမှီ၍ အနက်ဆိုပါ။]
မေးမြန်းဖွယ်
မေး။ ထိုပါဠိများ၌ ဆိုခဲ့ပြီးသော အနက်ကိုသာ ယူသင့်ငြား သော်လည်း သဒ္ဒါဟူက ဆိုလိုရာဖြစ်စကောင်းသော ကြောင့် ပါဏာတိပါတာ ဝေရမဏိ-စသည်ဖြင့်ပေးသော သိက္ခာပုဒ်များ၌ ဝေရမဏိဟူသောပုဒ်ကို ဝိရမာမီတိ ဝေရမဏိ၊ အဟံ=ငါသည်၊ ပဏာတိပါတာ=သူ့အသက်ကို သတ်ခြင်းမှ၊ ဝေရမဏိ=ကြဉ်ရှောင်ပါ၏၊ဤသို့ အနက်ကို ဆို၍ ဆောက်တည်သောအရာကိုပင် ဝေရမဏိ-အရယူ လျှင် မသင့်ပြီလောဟူမူ-
ဖြေ။ သဒ္ဓိလက္ချာနုသာရေန၊ ဝိဝစ္ဆာပျနုဂမျတေ။
ဟူ၍ ဆရာတို့ မိန့်ချက်နှင့်အညီ သဒ္ဒါဟူက ဆိုလိုရာ ဖြစ်စကောင်း၏ဟူသော်လည်း အလေးဂရုပြုစလောက် သော ကျမ်းဂန်အထောက် အထားနှင့်ကင်း၍ဆိုခြင်းငှါ မသင့်သောကြောင့်လည်းကောင်း၊ ဆောက်တည်သော သူကို ဝေရမဏိအရယူဘူးသော ကျမ်းဂန်အထောက် အထား မရှိသောကြောင့်လည်းကောင်း မသင့်ဟူ၍ ပယ်အပ်၏။
ထိုစကားမှန်၏၊ ကျမ်းဂန်တို့၌--
တတ္ထ ဝိရတိ နိပ္ပရိယာယသိက္ခာပဒံ၊ သာ ဟိ ပါဏာတိပါတာ ဝေရမဏီတိ ပါဠိယံ အာဂတာ။
[သမ္မောဟ ဝိနောဒနီ အဋ္ဌကထာ။]
ပါဏာတိပါတာ ဝေရမဏီတိ အာဒိသိက္ခာပဒါနိ ဘဂဝတာ ဧဝံ ဝုတ္တာနိ။
[ခုဒ္ဒကပါဌ အဋ္ဌကထာ။]
ဤသို့ ဝေရမဏိအရကို ဝိရတိဓမ္မဟုဆိုအပ်သော သိက္ခာပုဒ် ကိုသာ အဋ္ဌကထာဆရာတို့ ယူကြကုန်သည်၊ ဆောက်တည်သူကို မယူ ကြကုန်၊ ဝေရံမဏတိ ဇဟတီတိ ဝေရမဏိ-ဟု ကတ္တုသာဓန ကြံကြသော သာရတ္ထဒီပနီ စသည်များ၌လည်း ဝိရတိဓမ္မကိုသာ ယူပါ။
မေးမြန်းဖွယ်
မေး။ ဝေရမဏိအရကို ဝိရတိဓမ္မကိုပင်ယူ၍-ပါဏာတိပါတာ= သူ့အသက်ကိုသတ်ခြင်းမှ၊ ဝေရမဏိ=ကြဉ်ရှောင် ကြောင်း ဖြစ်သော သိက္ခာပုဒ်လည်းကောင်း။ပ။ သုရာမေရယမဇ္ဇ ပမာဒဋ္ဌာနာ= မူးယစ် မေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိ= ကြဉ်ရှောင်ကြောင်းဖြစ်သော သိက္ခာပုဒ်လည်းကောင်း၊ ဣတိ=ဤသို့၊ သိက္ခာပဒံ=သိက္ခာပုဒ် ၅-ပါးအပေါင်းကို၊ သမာဒိယာမိ=ကောင်းစွာ ခံယူဆောက်တည်ပါ၏၊ ဤသို့သောအနက်ကို ဆိုသော် မသင့်ပြီလော၊ ဤသို့သော အနက်ကို ရည်၍ အဆုံး၌ သိက္ခာပဒံ သမာဒိယာမိ-ကို ထည့်ပြန်သည် မဟုတ်လောဟူမူ-
ဖြေ။ ဤသို့သော အနက်ကိုရည်၍ ဆိုသည်မှန်လျှင် သန္နိဋ္ဌာပကဖြစ်သော သမာဒါနစေတနာတစ်ခုသာ ဖြစ်သင့်ရ ကား- သိက္ခာပုဒ် ၅-ပါးအပေါင်းကို တပေါင်းတည်း ဆောက်တည်ခံယူသည် မည်ရာသောကြောင့် မသင့် လွန်း-ဟူ၍ ပယ်အပ်၏။
[တပေါင်းတည်း ဆောက်တည်ခြင်း၏ မသင့်ကြောင်းကို နောက်မှဆိုမည်။]
မေး။ ယေန ယဿ ဟိ သမ္ဗန္ဓော၊ ဒူရမဋ္ဌမ္ပိ စ တဿ တံ။ အတ္ထတော ဟျသမာနာနံ၊ အာသန္နတ္တ မကာရဏံ။
ဟူသောဉာသ်ဆရာ အရှင်မဟာဝဇိရဗုဒ္ဓိ မိန့်ချက်နှင့် အညီ နောက်ဆုံး၌ ဆိုအပ်သော သိက္ခာပဒံ သမာဒိယာမိကို ရှေးရှေးပုဒ်တို့၌လည်း ယှဉ်စပ်တွဲဘက်၍ အနက်ယူရ လျှင်မသင့်ပြီလော-ဟူမူ။
ဖြေ။ ရှေးရှေးသိက္ခာပုဒ်တို့သည် သိက္ခာပဒံ သမာဒိယာမိ-ကို တိုက်ရိုက်ထုတ်ဖော်၍ နှုတ်ဖြင့်မရွတ်ဆိုက သမာဒါန စေတနာ မဖြစ်ရာသောကြောင့်လည်းကောင်း၊ သဒ္ဒယုတ္တိ မရှိသောကြောင့်လည်းကောင်း မသင့်သည်သာဟူ၍ ပယ်အပ်၏။
သဒ္ဒယုတ္တိမရှိကြောင်းကား-
နောက်ဆုံးထည့်သော သိက္ခာပဒံဟူသောပုဒ်သည် ရှေးရှေး ဝေရမဏိ-ပုဒ်တို့ကို ငဲ့ခြင်းရှိပါလျှင် နောက်ဆုံး၌ ဝေရမဏိပုဒ်နှင့် သမာသ် မဖြစ်သင့်၊ ဤပါဠိတော်၌လည်း ဆောက်တည်ပုံမလာ၊ အဋ္ဌကထာများနှင့်လည်း မလျော်လှ၊ သဒ္ဒယုတ္တိ, အတ္ထယုတ္တိတို့လည်း မသင့်မြတ်ဖြစ်လေရကား-ဤပါဏာတိပါတာ ဝေရမဏိ၊ အဒိန္နာဒါနာ ဝေရမဏိ-ဟု ဣကာရန္တသက်သက်နှင့်ပေးခြင်းကို အလျင်းပင် ပယ် သင့်သည်။
ဆရာတို့ကား--
သဒ္ဒယုတ္တိပင် မသင့်သော်လည်း ပါဏာတိပါတာ ဝေရမဏိ-ဟု နှုတ်ကဆိုစဉ် သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်ပါ၏-ဟု စိတ်ဖြစ်က သမာဒါနကိစ္စ မြောက်ကောင်းပါ၏၊ သဒ္ဒယုတ္တိရှိခြင်းသည် ပမာဏ မဟုတ်၊ စေတနာသည်သာ ပမာဏဖြစ်သတည်း-ဟု ကြံကြကုန်၏၊ ဆင်ခြင်ကြပါ။
ဤကား-ပဌမနည်းကို စီစစ်ပြခြင်းပြီး၏။
၂-ဒုတိယနည်းကို စိစစ်ပြခြင်း
ပါဏာတိပါတာ ဝေရမဏိံ=အဒိန္နာဒါနာ ဝေရမဏိံ-ဟု နိဂ္ဂဟီတန္တနှင့် ပေးသောအရာမှာ-
အချို့သော ဝိနည်းမဟာဝါ-စသည်၌ ဒုတိယန္တနှင့် ရှိသည် ဖြစ်၍လည်းကောင်း, အဆုံး၌တည်သော သိက္ခာပဒံ သမာဒိယာမိ-ဟူ သော ပုဒ်ချင်းဝိသေသန ဝိသေသျသာလျှင် သဒ္ဒယုတ္တိလည်း သင့်မြတ် လှပေသည်ဖြစ်၍လည်းကောင်း သဒ္ဒါနေအားဖြင့် အပြစ်ဆိုဘွယ်မရှိပေ။
သို့သော်လည်း သမာဒိယာမိဟူသော ပဓာနကြိယာပုဒ်တစ်ခုသာ ပါသည်ဖြစ်၍ သမာဒါနစေတနာ တစ်ချက်သာ ဖြစ်သင့်ရကား တပေါင်းတည်းဆောက်တည်သည် မည်ပြန်သောကြောင့်လည်းကောင်း, တပေါင်းတည်းဆောက်တည်ခဲ့သော်-
ဧကသ္မိံ ဘိန္နေ သဗ္ဗာနိ ဘိန္နာနေဝ ဟောန္တိ။ ဟူသော သမ္မောဟဝိနောဒနီအဋ္ဌကထာစသည်များနှင့်အညီ တစ်ခုသော သိက္ခာပုဒ်ပျက်လျှင် အကုန်အစင် ပျက်ရလေသောကြောင့် လည်းကောင်း၊ ထိုသို့သောပေးခြင်းကိုလည်း အလွန်မနှစ်သက်အပ်။
ထိုစကားမှန်၏ လူတို့မည်သည် သိက္ခာသီလကို စောင့်ရှောက်ခွင့် အလွန်ရခဲကြကုန်သည်၊ အလွန်ရခဲ၍ စောင့်ရှောက်ပြန်ပါလျှင်လည်း ရယ်မြူးလို၍ ပြက်ရယ်သမှု ဆိုကာမျှနှင့် ပျက်စီးတတ်သော မုသာဝါဒ သိက္ခာပုဒ်များကို မတိမ်းမပါးရအောင် အလွန်စောင့်ရှောက်နိုင်ခဲသည်၊ ပြက်ရယ်သမှုဆိုမိ၍ မုသာဝါဒသိက္ခာပုဒ်တစ်ခု တိမ်းပါး ပျက်စီးခဲ့လျှင် ၅-ပါး, ၈-ပါး, ၁၀-ပါးသော သိက္ခာပုဒ်တို့သည် တစ်ပြိုင်နက်ပျက်စီး၍ ထိုခဏ၌ပင် သီလဥပုသ်သည်အဖြစ်မှ ရွေ့လျောကျ၍ ပါရာဇိက ကျသော ရဟန်းသာမဏေနှင့် တစိတ်တဒေသ အလားတူ ဖြစ်လေရာ သည်၊ ဤသို့သောအကြောင်းများကြောင့် ထိုသို့ပေးခြင်းကို အလွန်မနှစ် သက်အပ်။
ဤကား-ဒုတိယနည်းကို စိစစ်ပြခြင်းပြီး၏။
၃-၄-တတိယ, စတုတ္ထနည်းတို့ကို စိစစ်ပြခြင်း
ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-ဟူ၍ ပေးကြသောနည်း၊ ပါဏာတိပါတာ ဝေရမဏိံ သိက္ခာပဒံ သမာဒိယာမိဟူ၍ ပေးကြသောနည်းများမှာမူကား
သမာသ်နှင့် ဝါကျသာ ထူးကြသည်ဖြစ်၍ အချင်းချင်းလည်း မဆန့်ကျင်ကြ၊ ပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းဂန်များနှင့် သင့်မြတ် လျော်ကန်လှပေသည်။
ထိုစကားသည် မှန်၏၊ သိက္ခာသီလဆောက်တည် ခံယူပုံ အခြင်း အရာကို တိုက်ရိုက်ပြသော ခုဒ္ဒကပါဌ ပါဠိတော်၌
ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ စသည်ဖြင့်လာသည်။
သဒ္ဓမ္မပဇ္ဇောတိကာ အမည်ရှိသော ၎င်းခုဒ္ဒကပါဌ အဋ္ဌကထာ ၌လည်း
တာနေတာနိ သမာဒါယ သိက္ခတိ သိက္ခာပဒေသူတိ သုတ္တာနုသာရေန သရဏဂမနေသု စ ဒဿိတပါဌာနုသာရေန ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမီတိ ဧဝံ ဝစနာမဂ္ဂံ အာရောပိတာနီတိ ဝေဒိတဗ္ဗာနိ။
ဟူ၍လာသည်။
ဥပါသကာလင်္ကာရကျမ်း, မင်္ဂလတ္ထဒီပနီကျမ်း, သုတ္တသင်္ဂဟကျမ်း များ၌လည်း
ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမီတိ အာဒိနာ ပါဋိယေက္ကံဝါ သမာဒိယန္တေန သမာဒိန္နာနိ ဟောန္တိ။ ဟူ၍လာသည်။
မဏိသာရမဉ္ဇူသာကျမ်း၌လည်း
ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမီတိ အာဒိနာ။
စသည်ဖြင့်လာသည်။
ဤသို့ ပါဠိတော်နှင့်တကွ အစောင်စောင်သော ကျမ်းဂန်တို့၌ သမာဒါနဝိရတိဖြစ်အောင် ခံယူဆောက်တည်ပုံ အခြင်းအရာများ၌ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-ဟု တစ်သမာသ် တည်း ဘက်တွဲယှဉ်စပ်၍သာ လာသောကြောင့်လည်းကောင်း, ပဉ္စသိက္ခာပဒါနိ ပါဏာတိပါတာ ဝေရမဏိ-စသော ပါဠိတော်များကို ထောက်မြော်သော် ထိုသမာသ်ပုဒ်၏ အနိစ္စသမာသ်သာ ဖြစ်လိုသော ကြောင့်လည်းကောင်း, တစ်လုံးတစ်လုံးသော အက္ခရာကို ၇-ကြိမ် ၇- ကြိမ်သော ကုသိုလ်ဇောစိတ္တုပ္ပါဒ်တို့ဖြင့် ရွတ်ဆိုရလေရကား-အက္ခရာများ လျှင် ကုသိုလ်ဇောဝါရလည်း အလွန်များစွာဖြစ်ရသောကြောင့်လည်း ကောင်း,
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-ဟု ပေးသောနည်း,
၂။ ပါဏာတိပါတာ ဝေရမဏိံ သိက္ခာပဒံ သမာဒိယာမိ-ဟု ပေးသောနည်း။
ဤသို့ပေးသော ၂-ပါးသောနည်းကိုသာ အထူးသဖြင့် ချီးမွမ်း အပ်၏။
တတိယ, စတုတ္ထနည်းတို့ကို စိစစ်ပြခြင်းပြီး၏။
အကျဉ်းမှတ်ဖွယ်
၁။ ပါဏာတိပါတာ ဝိရမာမိ ခိပ္ပံ၊ လောကေ အဒိန္နံ ပရိဝဇ္ဇယာမိ။
စသည်လာသော ဝိမာနဝတ္ထုပါဠိတော်,
၂။ အဇ္ဇတဂ္ဂေ ဇီဝိတဟေတုပိ ပါဏံ န ဟနာမီတိဝါ ပါဏာတိပါတာ ဝိရမာမီတိဝါ ဝေရမဏိံ သမာဒိယာ မီတိဝါ ဧဝံ သိက္ခာပဒါနိ-စသည်ဖြင့် လာသော သုမင်္ဂလ ဝိလာသိနီ အမည်ရှိသော သီလက္ခန်အဋ္ဌ ကထာများကို ထောက်၍
၁။ ပါဏံ နဟနာမိ။
၂။ အဒိန္နံ နအာဒိယာမိ-စသည်ဖြင့်လည်း ခံယူဆောက် တည်သင့်ပါ၏။
တစ်နည်း။။ပါဏာတိပါတာ ဝိရမာမိ-စသည်ဖြင့် ခံယူ ဆောက် တည်သင့်ပါသေး၏။
တစ်နည်း။။ပါဏာတိပါတာ ဝေရမဏိံ သမာဒိယာမိ-စသည်ဖြင့် လည်း ဆောက်တည်သင့်ပါသေး၏။
တစ်နည်း။။ပါဏာတိပါတံ ပရိဝဇ္ဇေမိ၊ အဒိန္နာဒါနံ ပရိဝဇ္ဇေမိစသည်ဖြင့်လည်း ဆောက်တည် သင့်ပါသေး၏။
တစ်နည်း။။ပါဏာတိပါတံ နကရောမိ၊ အဒိန္နာဒါနံ နကရောမိစသည်ဖြင့်လည်း ဆောက်တည် သင့်ပါသေး၏။
[ဤအလုံးသုံသော နည်းသည် သမာဒါနဝိရတိသီလကို ဖြစ်စေတတ်ကြသည်ချည်းပင်ဖြစ်သည်။]
အကျဉ်းမှတ်ဖွယ်ပြီး၏။
သိက္ခာဂဟဏ ဝိနိစ္ဆယပြီး၏။
Comments
Post a Comment