Skip to main content

ပဋိစ္စသမုပ္ပါဒ်ပိုင်း(က)

နိဗ္ဗာနဂါမိနိပဋိပဒါ

နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) - အတွဲ (၅)

---

ပဋိစ္စသမုပ္ပါဒ်ပိုင်း (က)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

---

အပိုင်း (၁)

မဟာနိဒါနသုတ္တန်မှ ဗျာဒိတ်တော် အသံ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မမည်သော နိဂုံးရွာကြီးကို ဆွမ်းခံရွာအဖြစ် အမှီပြု၍ သီတင်းသုံးစံနေတော်မူ၏။ မဟာနိဒါနသုတ္တန်ကို ဟောကြားတော်မူမည့် ထိုနေ့တွင် အရှင်အာနန္ဒာ ကိုယ်တော် မြတ်သည် နေ့သန့်စင်တော်မူရာ အရပ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် သောတာပတ္တိဖလသမာပတ်ကို ဝင်စားတော်မူ၏။ ထိုအခါဝယ် ပိုင်းခြားထားသော အချိန်ကာလစေ့သဖြင့် သောတာပတ္တိဖလသမာပတ်မှ ထတော်မူသောအခါ ပစ္စယာကာရ အမည်ရသော ပဋိစ္စသမုပ္ပါဒ်တရားတော်၌ ဉာဏ်ကို စေလွှတ်တော်မူ၏။ ထိုအရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ---

၁။ အဝိဇ္ဇာမှသည် ဇရာမရဏသို့ (အနုလောမ ပဋိစ္စသမုပ္ပါဒ်နည်း)

၂။ ဇရာမရဏမှသည် အဝိဇ္ဇာသို့ (ပဋိလောမ ပဋိစ္စသမုပ္ပါဒ်နည်း)

၃။ အစွန်းနှစ်ဖက်မှသည် အလယ်သို့ (အနုလောမ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်နည်း)

၄။ အလယ်မှသည် အစွန်းနှစ်ဖက်သို့ (အနုလောမ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်နည်း)

ရောက်စေလျက် သုံးကြိမ်တိုင်တိုင် ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တော် မူ၏။ ထိုသို့ ဝိပဿနာ ရှုပွားသုံးသပ်တော်မူသော အရှင်အာနန္ဒာကိုယ်တော်မြတ်၏ ဉာဏ်၌ ပစ္စယာကာရအမည်ရသော ကြောင်း-ကျိုး ဆက်နွယ်မှုပဋိစ္စ သမုပ္ပါဒ် သဘောတရားသည် ပေါ်လွင်ထင်ရှားသကဲ့သို့ ထင်လာတော်မူ၏။ ဤအခြင်းအရာကို အကြောင်းအတ္ထုပ္ပတ်ပြု၍ မြတ်စွာဘုရားကို တင်ပြ လျှောက်ထားခဲ့သော် တရားကောင်း တစ်ပုဒ်ကို နာကြားခွင့် ရရှိလိမ့်မည် ဟူသော မျှော်မှန်းချက်ဖြင့် ညနေချမ်းအခါ ဘုရားရှင်ထံတော်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရား ရှင်အား ဤစကားကို လျှောက်ထား၏။

ဘုန်းတော်နေဝန်း ထွန်းလင်း တောက်ပတော်မူပါပေသော မြတ်စွာဘုရား ...အံ့ဩဖွယ်ရှိပါပေစွ၊ မြတ်စွာဘုရား ...မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ မြတ်စွာဘုရား ...ဤပဋိစ္စသမုပ္ပါဒ် တရားတော်သည် အလွန်နက်လည်း နက်နဲပါ၏။ အလွန်နက်နဲသော အသွင်လည်း ရှိပါ၏။ သို့ဖြစ်ပါလျက် တပည့် တော်၏ ဉာဏ်ထဲ၌ တိမ်တိမ်ကလေးကဲ့သို့ပင် ထင်နေပါသည် မြတ်စွာဘုရားဟု လျှောက်ထား၏။

ထိုအခါ ဘုရားရှင်သည် အရှင်အာနန္ဒာကိုယ်တော်မြတ်အား မဟာနိဒါနသုတ္တန် ဒေသနာတော်ကို ဟောကြားပြသပေးတော်မူ၏။ ထိုသုတ္တန်မှ ကောက်နုတ်ဖော်ပြလိုသော အချက်မှာ အောက်ပါအတိုင်း ဖြစ်၏။

မာ ဟေဝံ အာနန္ဒ အဝစ၊ မာ ဟေဝံ အာနန္ဒ အဝစ။ ဂမ္ဘီရော စာယံ အာနန္ဒ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ၊ ဧတဿ အာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလဂဏ္ဌိကဇာတာ မုဉ္စပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။ (ဒီ၊၂၊၄၇။)

အနနုဗောဓာတိ ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ။ အပ္ပဋိဝေဓာတိ တီရဏပ္ပဟာနပရိညာဝသေန အပ္ပဋိဝိဇ္ဈနာ။ (ဒီ၊ဋ္ဌ၊၂၊၈၅။)

အာနန္ဒာ ... ဤသို့မဆိုလင့်၊ အာနန္ဒာ ... ဤသို့ မဆိုလင့်။ ဤ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် တရားတော်သည် နက်လည်း နက်နဲ၏။ နက်နဲသည့် အတွက်ကြောင့် နက်နဲသော အသွင်လည်း ရှိ၏။ အာနန္ဒာ ...ထိုကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်တရားတော်ကို -

၁။ ဉာတပရိညာ,

၂။ တီရဏပရိညာ,

၃။ ပဟာနပရိညာ

ဟူသော ပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် လျော်စွာ ထိုးထွင်း မသိခြင်းကြောင့် မဂ်ဆိုက် ဖိုလ်ဆိုက် ထွင်းဖောက် မသိခြင်းကြောင့် ဤသတ္တဝါ အပေါင်းသည် ဤသို့ကလောက် ရှည်လျားလှစွာသော သံသရာခရီးထဲ၌ ချည်ခင်ထွေးကဲ့သို့ ဖြစ်၍ စာပေါင်းသိုက်ကဲ့သို့ ဖြစ်၍ ဖြူဆံမြက် ပြိတ်မြက် ကဲ့သို့ဖြစ်၍ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော အပါယ်ဒုဂ္ဂတိသံသရာကိုလည်းကောင်း, အပါယ်မှကြွင်းသော သုဂတိ သံသရာကိုလည်းကောင်း မကျော်လွှား မလွန်မြောက်နိုင်ဘဲ ရှိချေ၏။ (ဒီ၊၂၊၄၇။)

ဤအထက်ပါ ဒေသနာတော်ကိုပင် ကိုးကား၍ အဋ္ဌကထာကြီးများ ကလည်း အောက်ပါအတိုင်း ဆုံးဖြတ်ချက် ချထားတော်မူကြပြန်၏။

ဉာဏာသိနာ သမာဓိပဝရသိလာယံ သုနိသိတေန ---

ဘဝစက္ကမပဒါလေတွာ၊ အသနိဝိစက္ကမိဝ နိစ္စနိမ္မထနံ။

သံသာရဘယမတီတော၊ န ကောစိ သုပိနန္တရေပျတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၁။)

= သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက် အောင် ကောင်းစွာသွေး၍ ထားအပ်သော ဉာဏ်တည်းဟူသော သန်လျက် ဖြင့် မိုးကြိုးစက်ဝန်းကဲ့သို့ သတ္တဝါတို့ကို အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်တတ် သော ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်ကို မဖောက်ခွဲနိုင်ဘဲ သံသရာဝဋ်ဆင်းရဲ ဘေးဆိုးကြီးကို ကျော်လွှားလွန်မြောက် သွားနိုင်သော တစ်စုံတစ်ယောက်သောသူမည်သည် အိပ်မက်၏ အတွင်း၌သော်မျှလည်း မရှိခဲ့စဖူးပေ။(အဘိ၊ဋ္ဌ၊၂၊၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၁။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့်အညီ တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးကို အရယူလိုသည့် အာသာဆန္ဒ ပြင်းပြလျက်ရှိသော အသင်သူတော်ကောင်း သည် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို အနုဗောဓဉာဏ် အမည်ရသော ဉာတပရိညာ၊ ပဋိဝေဓဉာဏ် အမည်ရသော တီရဏပရိညာ ပဟာနပရိညာ ဤပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်း ခြားခြား သိအောင် ကြိုးပမ်းရတော့မည်သာ ဖြစ်၏။ အနုဗောဓဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မသိခြင်းကြောင့် ပဋိဝေဓဉာဏ်ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိခြင်းကြောင့် သံသရာမှ မကျော်လွှား မလွန်မြောက်နိုင်ဟု ဘုရားရှင် ကိုယ်တော် တိုင်က ဟောကြားထားတော်မူခြင်းကြောင့် သံသရာမှ လွတ်မြောက်ရေး အတွက် အနုဗောဓသိ ပဋိဝေဓသိတို့ဖြင့် အသိကြီး သိအောင် ကြိုးပမ်းရ တော့မည်သာ ဖြစ်၏။ အနုမာန မှန်းဆ၍သာ သိအောင် ကြိုးစားအားထုတ် ရမည်လည်းမဟုတ်၊ ဆရာအပြောနှင့်သာ ပါးစပ်ဟ၍ လွမ်းနေရမည့် လုပ်ငန်းခွင်လည်း မဟုတ်ဟု သဘောပေါက်ပါလေ။

---

သောတာပန်ဟူသည်

နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက်လျက်ရှိသော ဤ ပဋိစ္စသမုပ္ပါဒ် ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားသည် အဘယ်အကြောင်း ကြောင့် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ တိမ်သကဲ့သို့ လွယ် သကဲ့သို့ ပေါ်လွင်ထင်ရှား၍ နေရပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။

ထေရဿ ဟိ စတူဟိ ကာရဏေဟိ ဂမ္ဘီရောပိ ပဋိစ္စသမုပ္ပါဒေါ ဥတ္တာနောတိ ဥပဋ္ဌာတိ။ ကတမေဟိ စတူဟိ၊ ပုဗ္ဗူပနိဿယသမ္ပတ္တိယာ၊ တိတ္ထဝါသေန၊ သောတာပန္နတာယ၊ ဗဟုဿုတဘာဝေနာတိ။ (ဒီ၊ဋ္ဌ၊၂၊၇၈)

နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက်လျက်ရှိသောဤကြောင်းကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားသည် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ လေးမျိုးသော အကြောင်းတရားတို့ကြောင့် ပေါ်လွင် ထင်ရှားသကဲ့သို့ ဖြစ်၍ တည်ရှိနေပေသည်။ အဘယ်အကြောင်းတရား လေးမျိုးတို့နည်းဟူမူ ---

၁။ ပုဗ္ဗူပနိဿယသမ္ပတ္တိ = ရှေးရှေးဘဝက ဖြည့်ကျင့်ဆည်းပူးအပ်ခဲ့သော ပါရမီတရားအပေါင်းနှင့် ပြည့်စုံခြင်း,

၂။ တိတ္ထဝါသ = သာသနာတော်၏ ဆိပ်ကမ်းကောင်းကြီးများကို အမြဲ မပြတ် မှီဝဲဆည်းကပ်ခြင်း,

၃။ သောတာပန္နတာ = သောတာပန်ဖြစ်တော်မူခြင်း,

၄။ ဗဟုဿုတဘာဝ = ဗဟုဿုတများပြားတော်မူခြင်း,

ဤအကြောင်းတရား (၄)မျိုးတို့ကြောင့် နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက်လျက်ရှိသော ဤကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားသည် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ ပေါ်လွင် ထင်ရှားသကဲ့သို့ တည်ရှိနေပေသည်။

၁။ ပုဗ္ဗူပနိဿယသမ္ပတ္တိ = အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည်ကား ပဒုမုတ္တရ ဘုရားရှင်၏ သာသနာတော်တွင်းမှ စတင်၍ ကမ္ဘာတစ်သိန်းနှင့် ချီလျက် ဧတဒဂ်ငါးတန် ဘွဲ့ထူးခံနိုင်ရန်အတွက် ပါရမီအလီလီတို့ကို ဖြည့် ကျင့် ဆည်းပူးတော်မူခဲ့၏။ ထို့ကြောင့် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ သန္တာန်၌ ဧတဒဂ်ငါးတန် ဘွဲ့ထူးခံနိုင်သည့် မဟာသာဝကဗောဓိဉာဏ် အတွက် ရည်ရွယ်တောင့်တ၍ ရှေးရှေးဘဝပေါင်းများစွာက ဖြည့်ကျင့်ဆည်းပူး အပ်ခဲ့သော ပါရမီတရားအပေါင်းသည်လည်း ပြည့်ဝစုံညီလျက် ရှိနေ၏။ဤသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်၏။

၂။ တိတ္ထဝါသ = နိဗ္ဗာန်သို့သွားရာ ဆိပ်ကမ်းကောင်းကြီးများကို တိတ္ထ ဟုဆို၏။ သာသနာတော်တွင် နိဗ္ဗာန်သို့သွားရာလမ်းကို စနစ်တကျ ညွှန်ကြား ပြသပေးတော်မူတတ်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်နှင့် အဂ္ဂသာဝက မဟာ သာဝကကြီးတို့သည်လည်း နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ ကူးသွားဖို့ရန် ဆိပ်ကမ်းကြီးများနှင့် တူသောကြောင့် တိတ္ထဟူသော အမည်ထူးကို ရရှိတော် မူကြ၏။ ယင်းတိတ္ထအမည် ရရှိတော်မူကြသော ဆရာသမားတို့ထံသို့ချဉ်းကပ် မှီခိုလျက် နေထိုင်ခြင်းကို တိတ္ထဝါသဟု ဆို၏။ အရှင်အာနန္ဒာ ကိုယ်တော် မြတ်ကား ယင်းတိတ္ထဝါသဟူသော ဂုဏ်ထူးနှင့်လည်း ပြည့်စုံတော်မူ၏။ အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ဘုရားရှင်ထံသို့ ဖြစ်စေ, အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန အရှင်မဟာကောဋ္ဌိက အရှင်မဟာပုဏ္ဏ အစ ရှိသော အဂ္ဂသာဝက မဟာသာဝကကြီးများထံသို့ ဖြစ်စေ ဤဆရာမြတ် ကြီးတို့၏ အထံ၌ ---

(က) ဥဂ္ဂဟဏ = ပါဠိတော်ကို သင်ယူခြင်း,
( ခ ) သဝန = ပါဠိတော်၏အနက် (= အတ္ထကထာ = အဋ္ဌကထာ)ကို ကြားနာခြင်း,
( ဂ ) ပရိပုစ္ဆန = အထုံးအဖွဲ့သဖွယ် ခက်ခဲသော အရာဌာနတို့၌ အနက် အဓိပ္ပါယ် အတ္ထကထာကို (= အဋ္ဌကထာ)ကို ထပ်မံမေးမြန်းခြင်း,
(ဃ) ဓာရဏ = ပါဠိတော်ကိုလည်းကောင်း ပါဠိတော်၏အနက် အဋ္ဌကထာကိုလည်းကောင်း စိတ်၌ ထားခြင်း = နှုတ်ငုံဆောင်ထားခြင်း,

ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်ပိုင်းဆိုင်ရာ ဤပါဠိတော် အဋ္ဌကထာတို့ကို စနစ်တကျ သင်ယူထားတော်မူပေသည်။ နှုတ်တက်ရအောင် ဆောင်ထား တော်မူသည်။ ဤအကြောင်းကြောင့်လည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ် ကြီး၏ အသိဉာဏ်၌ နက်ယောင်နှင့် နက်သော, ခက်ယောင်နှင့် ခက်သော ဤပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ပေါ်လွင်ထင်ရှားသကဲ့သို့ တိမ်သကဲ့သို့ တည်ရှိနေပေသည်။(ဒီ၊ဋ္ဌ၊၂၊၈၃။)

၃။ သောတာပန္နတာ = သောတာပန်ဖြစ်တော်မူခြင်း၊

သောတာပန္နာနဉ္စ နာမ ပစ္စယာကာရော ဥတ္တာနကောဝ ဟုတွာ ဥပဋ္ဌာတိ၊ အယဉ္စ အာယသ္မာ သောတာပန္နော။ (ဒီ၊ဋ္ဌ၊၂၊၈၃။)

သောတာပန္နာနဉ္စ။ ပ ။ ဥပဋ္ဌာတိ တတ္ထ သမ္မောဟဝိဒ္ဓံသနေန၊ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ အတ္တပစ္စက္ခဝသေန ဥပဋ္ဌာနတော။ (ဒီ၊ဋီ၊၂၊၈၄။)

သောတာပန်သာ မှန်ပါစေ၊ သောတာပန်ပုဂ္ဂိုလ်တို့၏ သန္တာန်၌လည်း ပစ္စယာကာရ အမည်ရသော ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားမည်သည် ပေါ်လွင်ထင်ရှားသည်ဖြစ်၍သာလျှင် တည်နေ ပေ၏။ အကြောင်းမူ ထိုသမုဒယသစ္စာ အမည်ရသော ကြောင်း-ကျိုး ဆက် နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရား၌ မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟတရားကို သောတာပတ္တိမဂ်ဉာဏ်က အပြီးတိုင် ဖျက်ဆီး ပယ်သတ် ထားပြီး ဖြစ်ရကား သမုဒယဓမ္မ မှန်သမျှသည် နိရောဓဓမ္မသာတည်းဟု ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သည်၏ အစွမ်းဖြင့် အသိဉာဏ်၌ ထင်ရှားနေသောကြောင့်တည်း။ အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည်လည်း သောတာပန်ဖြစ်တော်မူ၏။ ထို့ကြောင့် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား တို့သည် ပေါ်လွင်ထင်ရှား၍ နေပေသည်။

အသင်သူတော်ကောင်းသည် မိမိကိုယ်ကို မိမိ သောတာပန်ဟု ယူဆလျှင် ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် သိ-မသိကို မိမိ ကိုယ်ကို မိမိ မေးကြည့်ပါ။ ထိုသို့ မေးကြည့်ရာ၌ ---

အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ- ကံဟူသော အကြောင်းတရားကြောင့် ဝိညာဏ်-နာမ်ရုပ်-သဠာယတန- ဖဿ-ဝေဒနာဟူသော ပစ္စုပ္ပန်အကျိုးတရား ထင်ရှားဖြစ်ပုံကိုလည်းကောင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံကြောင့် နောင်အနာဂတ်တွင် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာဟူသော အကျိုးတရား ထင်ရှားဖြစ်ပုံကိုလည်းကောင်း --

သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိပါ၊ ဆရာ အပြောနှင့်သာ လွမ်းနေရသည့် အဆင့်တွင်သာ ရှိပါသေးသည်ဟု အဖြေ ထွက်ခဲ့လျှင် ဗေဒင်မေးစရာ မလိုပါ၊ မိမိကိုယ်ကို မိမိ ဘုရားရှင် ဆိုလိုသော သောတာပန်အစစ်ကား မဟုတ်သေးဟုသာ ဆုံးဖြတ်ပါ။ အကြောင်းမူ - ဘုရားရှင်၏ တပည့်သား သာဝကအစစ် ဖြစ်တော်မူကြကုန်သော အရိယာ သူတော်ကောင်းတို့သည် ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘော တရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူပြီး ဖြစ်သောကြောင့်တည်း။

၄။ ဗဟုဿုတဘာဝ = ဗဟုဿုတများပြားတော်မူခြင်း၊

ဗဟုဿုတာနဉ္စ စတုဟတ္ထေ ဩဝရကေ ပဒီပေ ဇလမာနေ မဉ္စပီဌံ ဝိယ နာမရူပပရိစ္ဆေဒေါ ပါကဋော ဟောတိ၊ အယဉ္စ အာယသ္မာ ဗဟုဿုတာနံ အဂ္ဂေါ ဟောတိ၊ ဗာဟုဿစ္စာနုဘာဝေနပိဿ ဂမ္ဘီရောပိ ပစ္စယာကာရော ဥတ္တာနကော ဝိယ ဥပဋ္ဌာသိ။ (ဒီ၊ဋ္ဌ၊၂၊၈၃။)

နာမရူပပရိစ္ဆေဒေါတိ သဟ ပစ္စယေန နာမရူပဿ ပရိစ္ဆိဇ္ဇ အဝဗောဓော။ (ဒီ၊ဋီ၊၂၊၈၄။)

လေးတောင်ခန့်ရှိသော တိုက်ခန်း၏အတွင်း၌ ဆီမီးကို ညှိထွန်းလိုက် သည်ရှိသော် ယင်းတိုက်ခန်း၏အတွင်း၌ တည်ရှိသော ခုတင်ညောင်စောင်း, ကုလားထိုင်အင်းပျဉ်ကို ထင်ထင်ရှားရှား တွေ့မြင်ရသကဲ့သို့ --- ဤဥပမာ အတူပင် ဗဟုဿုတရှိသော ပုဂ္ဂိုလ်တို့၏အသိဉာဏ်၌ အကြောင်းတရားနှင့် တကွသော နာမ်ရုပ်ကို ပိုင်းပိုင်းခြားခြားသိမှုသည် = နာမရူပပရိစ္ဆေဒဉာဏ် နှင့် ပစ္စယပရိဂ္ဂဟဉာဏ်သည် ထင်ရှားနေသည်သာဖြစ်၏။ ဤအရှင်အာနန္ဒာ ကိုယ်တော်မြတ်သည်လည်း ဗဟုဿုတရှိကြကုန်သော ရဟန်းတော်အပေါင်း တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်တော်မူ၏။ ယင်းဗာဟုဿစ္စမင်္ဂလာ၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့်လည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက် သော ပစ္စယာကာရအမည်ရသော ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားသည်လည်း ပေါ်လွင်ထင်ရှားသကဲ့သို့ တိမ်သကဲ့သို့ တည်ရှိ နေပေသည်။ (ဒီ၊ဋ္ဌ၊၂၊၈၃။ ဒီ၊ဋီ၊၂၊၈၄။)

---

ဗဟုဿုတဟူသည်

ကတမဉ္စ ဘိက္ခဝေ သုတဓနံ၊ ဣဓ ဘိက္ခဝေ အရိယသာဝကော ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ သုတဓနံ။ (အံ၊၂၊၃၉၉။)

ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)

သုပ္ပဋိဝိဒ္ဓါတိ နိဇ္ဇဋံ နိဂ္ဂုမ္ဗံ ကတွာ သုဋ္ဌု ယာထာဝတော ပဋိဝိဒ္ဓါ။ (အံ၊ဋီ၊၂၊၃၆၂။)

ရဟန်းတို့ ...အကြားအမြင် သုတဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ...ဤသာသနာတော်၌ အရိယာတပည့်သည် = တစ်နည်း အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် အကြား+ အမြင် = ဗဟုဿုတကို ဆောင်ထား၏။ အကြား+အမြင် = ဗဟုဿုတကို ဆည်းပူး၏။ (သီလကျင့်စဉ်ဟူသော) အစ၏ကောင်းခြင်း, (သမာဓိကျင့်စဉ် ဟူသော) အလယ်၏ကောင်းခြင်း, (ပညာကျင့်စဉ်ဟူသော) အဆုံး၏ကောင်း ခြင်းရှိသော အနက်နှင့်လည်း ပြည့်စုံ သဒ္ဒါနှင့်လည်း ပြည့်စုံသော အပိုအလို မရှိ ထက်ဝန်းကျင်ပြည့်စုံသော, ထက်ဝန်းကျင်စင်ကြယ်သော သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဟူသော သာသနဗြဟ္မစရိယ, အရိယမဂ် တည်းဟူသော မဂ္ဂဗြဟ္မစရိယ ဤနှစ်မျိုးသော ဗြဟ္မစရိယဟူသော မြတ်သော အကျင့်ကို ဖော်ပြတတ်သော တရားဒေသနာတော်တို့ကို များစွာ ကြားနာ ဖူး၏။ အာဂုံဆောင်ထား၏။ နှုတ်ဖြင့် လေ့ကျက်ထား၏။ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှုပွားထား၏။ ပရမတ္ထတရားကိုယ် အနက်သဘောအားဖြင့်လည်း ကောင်း အကြောင်းတရားအားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ထား၏။ ရဟန်းတို့ ...ဤသည်ကို အကြားအမြင် သုတဥစ္စာဟူ၍ ဆိုအပ်၏။ (အံ၊၂၊၃၉၉။)

ဤဒေသနာတော်များနှင့်အညီ အကြား+အမြင် = ဗဟုဿုတရှိသော = အာဂမသုတဟူသော သင်သိ = အကြား, အဓိဂမသုတဟူသော ကျင့်သိ = အမြင်ရှိသော သူတော်ကောင်းသည်လည်း နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိထားပြီးသာဖြစ်သည်။ ဗဟုဿုတရှိသူကား ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကိုလည်း ပရမတ် သို့ဆိုက်အောင် ပရမတ္ထတရားကိုယ် အနက်သဘောအားဖြင့် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ထားပြီး ဖြစ်၏။ သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရားတို့ကိုလည်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထားပြီး ဖြစ်၏။ ထိုပုဂ္ဂိုလ်၏သန္တာန်၌လည်း ဤ ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားသည် ပေါ်လွင်ထင်ရှားစွာ တည်ရှိနေပေသည်။

ထို့ကြောင့် သောတာပန် အစရှိသော အရိယာသူတော်ကောင်း ဖြစ်ရေးအတွက်လည်းကောင်း၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက် နိုင်ရေး အတွက်လည်းကောင်း အသင်သူတော်ကောင်းသည် ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရတော့မည်ဖြစ်၏။ ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းရတော့မည် ဖြစ်၏။ ပရိညာတို့သည်ကား လောကီပရိညာ လောကုတ္တရာပရိညာဟု နှစ်မျိုး ပြား၏။ တစ်ဖန် လောကီပရိညာ သုံးမျိုး လောကုတ္တရာပရိညာ သုံးမျိုးဟု သုံးမျိုးစီ ရှိပြန်၏။

---

လောကီပရိညာ သုံးပါး

၁။ ဉာတပရိညာ --- အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏစသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ဉာဏ်ဖြင့် ကြိတ်ခြေနိုင် သိမ်းဆည်းရှုပွားနိုင်လျှင် ထိုဉာဏ်မှာ နာမရူပပရိစ္ဆေဒဉာဏ် ပင်တည်း။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ၊ ဝိညာဏ် ကြောင့် နာမ်ရုပ်ဖြစ်ပုံ စသည့် ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လျှင် ထိုအသိဉာဏ်မှာ ပစ္စယပရိဂ္ဂဟ ဉာဏ်ပင်တည်း။ ယင်းနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်မျိုး တို့သည်ကား ဉာတပရိညာ မည်၏။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သိသင့်သိထိုက်သော သင်္ခါရတရားတို့ကို ပိုင်းပိုင်းခြားခြား ထိုးထိုး ထွင်းထွင်း ရှင်းရှင်းလင်းလင်း ထိုးထွင်းသိမြင်တတ်သော ဉာဏ်များ ဖြစ်သော ကြောင့် ဉာတပရိညာ မည်ပေသည်။

၂။ တီရဏပရိညာ ---အဝိဇ္ဇာသင်္ခါရ အစရှိသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ တို့ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချနိုင်သော သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် နှစ်ပါးသည် တီရဏပရိညာ မည်၏။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာတို့ကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းပိုင်းခြားခြား ထိုးထိုး ထွင်းထွင်း ရှင်းရှင်းလင်းလင်း သိတတ်သော ဉာဏ်ပညာပင် ဖြစ်သည်။

၃။ ပဟာနပရိညာ ---ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက်သက်သက်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ကြိတ်ခြေနေသော ဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ် တို့သည်ကား ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်လျက် သိသင့်သိထိုက်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်တတ်သောကြောင့် ပဟာန ပရိညာ မည်၏။ ဤကား လောကီပရိညာ သုံးပါးတည်း။

---

လောကုတ္တရာ ပရိညာ သုံးပါး

၁။ ဤလောကီပရိညာပညာဟူသော ဝိပဿနာဉာဏ်တို့၏အဆုံး၌ နိဗ္ဗာန် ကို အာရုံယူ၍ အရိယမဂ်တရားသည် ထင်ရှားဖြစ်ပေါ်လာသော် ယင်းအရိယ မဂ်တရားသည် ပယ်သင့် ပယ်ထိုက်သော ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်လျက် သိသင့်သိထိုက်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်း လင်းလင်း ထွင်းဖောက်သိမြင်၏။ သို့အတွက် အရိယမဂ်တရားသည် မုချ အားဖြင့် ပဟာနပရိညာ ဟူသောအမည်ကို ရရှိပေသည်။

၂။ အရိယမဂ်တရားသည် အာရုံမျက်မှောက် တိုက်ရိုက် ထွင်းဖောက် သိမြင်ခြင်းဟူသော အာရမ္မဏပဋိဝေဓသဘောအားဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျက်မှောက်ပြုလျက် သိ၏။ ထိုသို့ သိရာ၌ ယင်းအရိယမဂ်တရားက သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။ ထိုသို့ သစ္စာ လေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကို အကြွင်းမဲ့ ပယ်သတ်လိုက်သည့်အတွက် သစ္စာလေးပါးလုံးကို သိခြင်းကိစ္စလည်း တစ်ပါတည်း ပြီးစီးသွား၏။ ယင်းသို့ ကိစ္စသိဒ္ဓိအားဖြင့် အရိယသစ္စာကို သိမှုကို အသမ္မောဟပဋိဝေဓဟု ခေါ်ဆိုပေသည်။ ထိုတွင် အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓသဘော (အသမ္မောဟပဋိဝေဓသဘော)အားဖြင့် နိရောဓ သစ္စာကို သိ၏။ ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာတို့ကို အသမ္မောဟ ပဋိဝေဓအားဖြင့် သိ၏။ ထို့ကြောင့် အရိယမဂ်တရားသည် ဒုက္ခသစ္စာအမည် ရသည့် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့နှင့် သမုဒယသစ္စာ အမည်ရသည့် ယင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အချင်းချင်း ကြောင်း-ကျိုး ဆက်နွယ်မှု သဘော တရားတို့ကို သိခြင်းကိစ္စ ပြီးစီးသွားသည့် ဤအကြောင်းပရိယာယ်အားဖြင့် ဉာတပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။

၃။ တစ်ဖန် အရိယမဂ်တရားသည် ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။ ထို့ကြောင့် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့်ရုပ်နာမ် ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ တစ်နည်း ပဋိစ္စသမုပ္ပါဒ်တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို စူးစမ်းဆင်ခြင် ဆုံးဖြတ်ခြင်း လုပ်ငန်းကိစ္စလည်း ပြီးစီးပြီး ဖြစ်သွား၏။ ထို့ကြောင့် အရိယမဂ်တရားသည် ဤအကြောင်းပရိယာယ်အားဖြင့် တီရဏပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။ ဤကား လောကုတ္တရာ ပရိညာ သုံးပါးတည်း။

ဤသို့ လောကီပရိညာ လောကုတ္တရာပရိညာတို့ဖြင့် ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိရှိပါမှသာလျှင် အနုဗောဓသိ ပဋိဝေဓသိဟု ခေါ်ဆိုနိုင်ပေ သည်။ ထိုသို့ အနုဗောဓသိ ပဋိဝေဓသိတို့ဖြင့် ယင်းကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အသိကြီး သိရှိပါမှသာလျှင် သံသရာ ဝဋ်ဆင်းရဲ ဒုက္ခကြီးမှ လှလှကြီး ဝဝကြီး ကျော်လွှားလွန်မြောက်နိုင်မည် ဖြစ်ပေသည်။ ဤကား အထက်ပါ မဟာနိဒါနသုတ္တန် ကောက်နုတ်ချက်၏ ဆိုလိုရင်း အဓိပ္ပါယ်တည်း။

---

အနုဗောဓသိ - ပဋိဝေဓသိ

အနနုဗောဓာတိ ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ။ အပ္ပဋိဝေဓာတိ တီရဏပ္ပဟာနပရိညာဝသေန အပ္ပဋိဝိဇ္ဈနာ။ (ဒီ၊ဋ္ဌ၊၂၊၈၅။)

နာမရူပပရိစ္ဆေဒေါ, တဿ စ ပစ္စယပရိဂ္ဂဟော န ပဌမာဘိနိဝေသမတ္တေန ဟောတိ၊ အထ ခေါ တတ္ထ အပရာပရံ ဉာဏုပ္ပတ္တိသညိတေန အနု အနု ဗုဇ္ဈနေန၊ တဒုဘယာဘာဝံ ပန ဒေဿန္တော ဉာတပရိညာဝသေန အနနုဗုဇ္ဈနာတိ အာဟ။ နိစ္စသညာဒီနံ ပဇဟနဝသေန ဝတ္တမာနာ ဝိပဿနာ ဓမ္မေ စ ပဋိဝိဇ္ဈန္တီ ဧဝ နာမ ဟောတိ ပဋိပက္ခဝိက္ခမ္ဘနေန တိက္ခဝိသဒဘာဝါပတ္တိတော၊ တဒဓိဋ္ဌာနဘူတာ စ တီရဏပရိညာ၊ အရိယမဂ္ဂေါ စ ပရိညာပဟာနာဘိသမယဝသေန ပဝတ္တိယာ တီရဏပဟာနပရိညာသင်္ဂဟော စာတိ တဒုဘယပဋိဝေဓာဘာဝံ ဒေဿန္တော တီရဏ ။ ပ ။ အပ္ပဋိဝိဇ္ဈနာတိ အာဟ။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)

အထက်တွင် ရှင်းလင်းတင်ပြထားသော လောကီပရိညာ သုံးပါး၊ လော ကုတ္တရာပရိညာ သုံးပါးတို့ကို ပြန်လည်၍ အာရုံယူထားပါ။ အထက်ပါ အဋ္ဌကထာ ဋီကာအဖွင့်တို့မှာ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို လောကီပရိညာ သုံးပါး၊ လောကုတ္တရာပရိညာ သုံးပါးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း မသိမမြင်က အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ကို မရရှိ နိုင်ကြောင်းကို ရှင်းလင်းဖွင့်ဆိုထားသော စကားရပ်တို့ပင် ဖြစ်ကြသည်။

နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ပိုင်းခြားသိရမည့် ရုပ်တရား နာမ်တရား၊ ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ပိုင်းခြားသိရမည့် အကြောင်းတရားနှင့် အကျိုး တရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်ပုံ သဘောတရား - ဤသဘောတရား နှစ်မျိုးတို့ကား အနု အနု ဗုဇ္ဈနေန (= ဗုဇ္ဈနဋ္ဌေန) အနုဗောဓော - ဟူသော ဋီကာဆရာတော်၏ ရှင်းလင်းဖွင့်ဆိုသည့်အတိုင်း တစ်ကြိမ်တစ်ခါ သိရုံမျှဖြင့် လိုရင်းကိစ္စ မပြီးနိုင်ဘဲ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ သိပါမှ လိုရင်းကိစ္စ ပြီးစီးနိုင်သောကြောင့် ယင်းနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို အနုဗောဓဉာဏ်ဟု ခေါ်ဆို၏။ ယင်းအနုဗောဓဉာဏ်ဖြင့် သိမှုကို အနုဗောဓသိဟု ဆိုခြင်း ဖြစ်သည်။ ဉာတပရိညာသိတည်း။

တစ်ဖန် တီရဏပရိညာ ပဟာနပရိညာ ပညာတို့ဖြင့် သိမှုကို ပဋိဝေဓ သိဟု ခေါ်ဆိုပေသည်။ ဝိပဿနာဉာဏ်တို့ကား နိစ္စသညာစသည့် ကိလေသာတို့ကို တဒင်္ဂအားဖြင့်သာ ပယ်စွန့်နိုင်၍ အပြီးတိုင် အမြစ်ပြတ် သမုစ္ဆေဒ အားဖြင့် မပယ်စွန့်နိုင်သောကြောင့် ဤသို့ တဒင်္ဂပယ်စွန့်နိုင်ခြင်းတည်းဟူသော အကြောင်းပရိယာယ်အားဖြင့်သာလျှင် ပဟာနပရိညာဟူသော အမည် ကို ရရှိကြသည်။ အလားတူပင် အရိယမဂ်တရားသည်လည်း အသမ္မောဟပဋိဝေဓ သဘောအားဖြင့်သာလျှင် ယင်းရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရ တရား = (ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား) တို့ကိုလည်းကောင်း, ယင်း သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း ထိုးထွင်းသိသောကြောင့် ဤသို့ အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်းသိမြင်ခြင်းဟူသော အကြောင်းပရိယာယ်အားဖြင့်သာလျှင် ဉာတပရိညာ တီရဏပရိညာဟူသော အမည်ကို ရရှိပေသည်။ မုချအားဖြင့် ကား အရိယမဂ်တရားသည်သာလျှင် ကိလေသာတို့ကို အကြွင်းမဲ့ အမြစ်ပြတ် သမုစ္ဆေဒအားဖြင့် ပယ်စွန့်နိုင်သောကြောင့် ပဟာနပရိညာဟူသော အမည်ကို ရရှိပေသည်။ ထို့ကြောင့် ဒုက္ခသစ္စာ အမည်ရသည့် ရုပ်တရား နာမ်တရား၊ သမုဒယသစ္စာ အမည်ရသည့် ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို တီရဏပရိညာ ပဟာနပရိညာ ပညာတို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည့် တိုင်အောင် ကမ်းကုန်အောင် ထွင်း-ဖောက်သိမြင်မှုကို ပဋိဝေဓသိဟု ခေါ်ဆိုပေသည်။

အတိတ်-အနာဂတ်-ပစ္စုပ္ပန် ကာလသုံးပါး အတွင်း၌ တည်ရှိကြသော အဝိဇ္ဇာ သင်္ခါရ စသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို ရုပ်တုံးရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ် သို့ဆိုက်အောင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းသည်လည်းကောင်း, ယင်း အဝိဇ္ဇာစသော အကြောင်းတရားတို့၏ သင်္ခါရစသော အကျိုးတရားတို့နှင့် ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရား ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်း သည်လည်းကောင်း ရှိ၏။ ဤအသိဉာဏ် နှစ်မျိုးသည်ကား အနုဗောဓသိ တည်း။ ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အနိစ္စအခြင်းအရာ၊ ဒုက္ခအခြင်း အရာ၊ အနတ္တအခြင်းအရာတို့ကို မဂ်ဆိုက်ဖိုလ်ဆိုက်သည်တိုင်အောင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းကား ပဋိဝေဓသိတည်း။ ယင်းအနုဗောဓသိ ပဋိဝေဓသိဟူသော အသိနှစ်မျိုးဖြင့် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါက အသင်သူတော်ကောင်းသည် မည်သည့်နည်းနှင့်မျှ သံသရာခရီးခဲမှ ကျော်လွှားလွန်မြောက်နိုင်မည် မဟုတ်ပေ။ သိပါမှ သာလျှင် သံသရာခရီးခဲမှ ကျော်လွှားလွန်မြောက်နိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးမှ လှလှကြီး ဝဝကြီး ကျော်လွှား လွန်မြောက်လိုသော အသင်သူတော်ကောင်းသည် ယင်းပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို အနုဗောဓသိ ပဋိဝေဓသိတို့ဖြင့် သိအောင် ကြိုးစား အားထုတ်လေရာသည်။ ယင်းသို့ ကြိုးစားအားထုတ်ရာ၌ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဟု အမည်တပ်ထားသော အားထုတ်စဉ် လုပ်ငန်းခွင်က စ၍ ရေးသားတင်ပြပေအံ့။

---

ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ အချုပ်မှတ်သားရန်

၁။ ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါ၊ ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ

၂။ ဣဓ ပဋိသန္ဓိ ဝိညာဏံ၊ ဩက္ကန္တိ နာမရူပံ၊ ပသာဒေါ အာယတနံ၊ ဖုဋ္ဌော ဖေဿာ၊ ဝေဒယိတံ ဝေဒနာ၊ ဣမေ ပဉ္စ ဓမ္မာ ဣဓူပပတ္တိဘဝသ္မိံ ပုရေကတဿ ကမ္မဿ ပစ္စယာ

၃။ ဣဓ ပရိပက္ကတ္တာ အာယတနာနံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါ၊ ဣမေ ပဉ္စ ဓမ္မာ ဣဓ ကမ္မဘဝသ္မံ အာယတိံ ပဋိသန္ဓိယာ ပစ္စယာ

၄။ အာယတိံ ပဋိသန္ဓိ ဝိညာဏံ၊ ဩက္ကန္တိ နာမရူပံ၊ ပသာဒေါ အာယတနံ၊ ဖုဋ္ဌော ဖေဿာ၊ ဝေဒယိတံ ဝေဒနာ၊ ဣမေ ပဉ္စ ဓမ္မာ အာယတိံ ဥပပတ္တိဘဝသ္မံ ဣဓ ကတဿ ကမ္မဿ ပစ္စယာ။ (ပဋိသံ၊၅၀-၅၁။)

၁။ လွန်လေပြီးသော အတိတ်ဘဝဝယ် ကမ္မဘဝကို ထူထောင်စဉ်၌ ---

(က) တွေဝေမှု = အသိမှားမှု မောဟသည် အဝိဇ္ဇာ မည်၏။

( ခ ) အားထုတ်မှု = ကံကို ပြုစုပျိုးထောင်မှုတို့သည်သင်္ခါရ မည်ကုန်၏။

( ဂ ) (ဘဝကို) လိုချင်တပ်မက်မှုသည် တဏှာ မည်၏။

(ဃ) မြဲမြံစွာ စွဲယူခြင်းသည် ဥပါဒါန် မည်၏။

( င ) စေ့ဆော်ကြောင့်ကြမှု စေတနာသည် ဘဝ မည်၏။

လွန်လေပြီးသော အတိတ်ဘဝဝယ် ကမ္မဘဝကို ထူထောင်စဉ်၌ ဖြစ်ခဲ့သော ဤတရားငါးပါးတို့သည် ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၏ အကြောင်း တရားတို့ ဖြစ်ကြကုန်၏။

၂။ ဤပစ္စုပ္ပန် ဘဝ၌ ---

(က) ဘဝတစ်ခုနှင့် ဘဝတစ်ခုကို = ခန္ဓာတစ်ခုနှင့် ခန္ဓာတစ်ခုကို ဆက်စပ်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ပဋိသန္ဓေသည် ဝိညာဏ် မည်၏။

( ခ ) အမိဝမ်းသို့ သက်ဝင်ဘိသကဲ့သို့ ဖြစ်သော တရားသည် နာမ်ရုပ် မည်၏။

( ဂ ) မဟာဘုတ်တို့၏ ကြည်သည်၏ အဖြစ်သည်အာယတန မည်၏။

(ဃ) တွေ့ထိခြင်းသဘောသည် ဖဿ မည်၏။

( င ) ခံစားခြင်းသဘောသည် ဝေဒနာ မည်၏။

ဤပစ္စုပ္ပန်ဘဝ ဝိပါကဝဋ်၌ အကျုံးဝင်ကုန်သော ဤတရားငါးပါး တို့သည် ရှေးအတိတ်ဘဝ၌ ကမ္မဘဝကို ထူထောင်စဉ်ဝယ် ပြုစုပျိုးထောင် ခဲ့သော ကံကြောင့် ဖြစ်ကုန်သော အကျိုးတရားတို့တည်း။

၃။ ဤပစ္စုပ္ပန်ဘဝ၌ အာယတနတို့၏ ရင့်ကျက်ပြီးသည်၏ အဖြစ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော ---

(က) တွေဝေမှု = အသိမှားမှု မောဟသည် အဝိဇ္ဇာ မည်၏။

( ခ ) အားထုတ်မှု = ကံကို ပြုစုပျိုးထောင်မှုတို့သည်သင်္ခါရ မည်ကုန်၏။

( ဂ ) (ဘဝကို) လိုချင်တပ်မက်မှုသည် တဏှာ မည်၏။

(ဃ) မြဲမြံစွာ စွဲယူခြင်းသည် ဥပါဒါန် မည်၏။

( င ) စေ့ဆော်ကြောင့်ကြမှု စေတနာသည် ဘဝ မည်၏။

ဤပစ္စုပ္ပန် ကမ္မဘဝ၌ ဖြစ်သော ဤအကြောင်းတရား ငါးပါးတို့သည် နောင်အနာဂတ် ပဋိသန္ဓေ၏ အကြောင်း ဖြစ်ကုန်၏။

၄။ နောင်အနာဂတ်၌ ---

(က) ဘဝတစ်ခုနှင့် ဘဝတစ်ခုကို = ခန္ဓာတစ်ခုနှင့် ခန္ဓာတစ်ခုကို ဆက်စပ်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ပဋိသန္ဓေသည် ဝိညာဏ် မည်၏။

( ခ ) အမိဝမ်းသို့ သက်ဝင်ဘိသကဲ့သို့ ဖြစ်သော တရားသည် နာမ်ရုပ် မည်၏။

( ဂ ) မဟာဘုတ်တို့၏ ကြည်သည်၏ အဖြစ်သည် အာယတန မည်၏။

(ဃ) တွေ့ထိခြင်းသဘောသည် ဖဿ မည်၏။

( င ) ခံစားခြင်းသဘောသည် ဝေဒနာ မည်၏။

နောင်အနာဂတ် ဥပပတ္တိဘဝ၌ဖြစ်သော ဤတရားငါးပါးတို့သည် ပစ္စုပ္ပန်ဘဝ၌ ပြုစုပျိုးထောင်အပ်သော ကံ၏အကြောင်းကြောင့် ဖြစ်ကုန်၏။ (ပဋိသံ၊၅၀-၅၁။)

ဤအထက်ပါ ပဋိသမိ႓ဒါမဂ်ပါဠိတော်ကြီးကို ကိုးကား၍ အဋ္ဌကထာ ကြီးများက အကျဉ်းချုပ် မှတ်သားရန် ဤသို့ ဖွင့်ဆိုထားတော်မူ၏။

အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။

ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)

၁။ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော အတိတ်အကြောင်းတရား ငါးပါးကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသော ဤဘဝ၌ ပစ္စုပ္ပန်အကျိုးတရား ငါးပါး ထင်ရှားဖြစ်၏။

၂။ ဤဘဝတွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် နောင်အနာဂတ်ဝယ် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသော အနာဂတ်အကျိုးတရား ငါးပါး ထင်ရှားဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)

အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အတိတ်အကြောင်းတရား ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရား ငါးပါး ထင်ရှားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်း တရား ငါးပါးကြောင့် အနာဂတ်အကျိုးတရား ငါးပါး ထင်ရှားဖြစ်ပုံကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရတော့မည်ဖြစ်၏။ သို့မှသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးကို လှလှကြီး ကျော်လွှားလွန်မြောက်နိုင်မည် ဖြစ်ပေသည်။

ဤတွင် အကြောင်းတရားတို့ကား သမုဒယသစ္စာတရားတို့တည်း။ အကျိုးတရားတို့ကား ဒုက္ခသစ္စာတရားစုတို့တည်း။ ထို့ကြောင့် အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အတိတ်က ပြုစုပျိုးထောင်လိုက်သော သမုဒယ သစ္စာကြောင့် ဤပစ္စုပ္ပန်၌ ဒုက္ခသစ္စာဖြစ်ပုံ, ဤပစ္စုပ္ပန်တွင် ပြုစုပျိုးထောင် ခဲ့သော သမုဒယသစ္စာကြောင့် နောင်အနာဂတ်၌ ဒုက္ခသစ္စာဖြစ်ပုံတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရတော့မည်ဖြစ်၏။

သမုဒယသစ္စာဟူသည်

ဘုရားရှင်သည် အဘိဓမ္မာဝိဘင်းပါဠိတော် (အဘိ၊၂၊၁၁၂-၁၁၈)၌

၁။ တဏှာကို သမုဒယသစ္စာဟုလည်းကောင်း၊

၂။ တဏှာနှင့် တကွသော ကိလေသာ အားလုံးကို သမုဒယသစ္စာဟု လည်းကောင်း၊

၃။ အကုသိုလ်တရားအားလုံးကို သမုဒယသစ္စာဟုလည်းကောင်း၊

၄။ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံယူရာ ဖြစ်သော သံသရာဝဋ်ကို လည်ပတ်စေတတ်သော အလောဘ အဒေါသ အမောဟဟူသော ကုသလမူလတရား သုံးပါးကို သမုဒယသစ္စာဟု လည်းကောင်း၊

၅။ အကုသိုလ်ကံမှန်သမျှနှင့် သံသရာဝဋ်ကို လည်ပတ်စေတတ်သော အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ်ကံမှန်သမျှကို သမုဒယသစ္စာဟုလည်းကောင်း၊

ဤသို့လျှင် သမုဒယသစ္စာကို ငါးနည်းခွဲခြား၍ ဟောကြားထားတော် မူ၏။ ထို့ကြောင့် သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးက အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏။

တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။)

ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို စေတနာ, စေတနာနှင့် ယှဉ်ဖက် သမ္ပယုတ္တဓမ္မဟု အထူး မပြောတော့ဘဲ သမုဒယသစ္စာဟု အထူးမမ သာမညအားဖြင့် သစ္စဝိဘင်းပါဠိတော်၌ ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။)

တစ်ဖန် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန်၌ သမုဒယသစ္စာကို ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူ၏။

ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ-မရဏံ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။)

ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားဟူသည် အဘယ်နည်း? ---

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏။

၂။ သင်္ခါရ ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်၏။

၃။ ဝိညာဏ် ဖြစ်ခြင်းကြောင့် နာမ်ရုပ် ဖြစ်၏။

၄။ နာမ်ရုပ် ဖြစ်ခြင်းကြောင့် သဠာယတန ဖြစ်၏။

၅။ သဠာယတန ဖြစ်ခြင်းကြောင့် ဖဿ ဖြစ်၏။

၆။ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏။

၇။ ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာ ဖြစ်၏။

၈။ တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန် ဖြစ်၏။

၉။ ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝ ဖြစ်၏။

၁၀။ ဘဝ ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏။

၁၁။ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏။ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ဖြစ်ပေါ်လာကြကုန်၏။

ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤဒုက္ခတုံး ဒုက္ခအစု အပုံ၏ ဖြစ်ကြောင်းတရားသည် တစ်နည်း ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ခြင်းသည် ထင်ရှားဖြစ်ပေ၏။ ရဟန်းတို့ ...ဤ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရား ဟူ၍ ခေါ်ဆိုအပ်၏။ (အံ၊၁၊၁၇၈။)

ဤတိတ္ထာယတနသုတ္တန်၌ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရား အားလုံးကို သမုဒယသစ္စာဟု ဟောကြားထားတော်မူပေသည်။

ဘယ်တုန်းက တဏှာလဲ?

တဏှာကို သမုဒယသစ္စာဟု ဘုရားရှင် ဟောကြားထားတော်မူသည်ကား မှန်၏။ သို့သော် လက်ရှိ ဒုက္ခသစ္စာတရားစု၏ အကြောင်းရင်းဖြစ်သော သမုဒယသစ္စာ အမည်ရသည့် တဏှာကား ဘယ်တုန်းက ဖြစ်ခဲ့သည့် တဏှာနည်းဟု စူးစမ်းဆင်ခြင်သင့်၏။

ရူပါရူပံ ပဉ္စက္ခန္ဓာ၊ တံ ဟောတိ ဒုက္ခသစ္စံ၊ တံသမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ။ (အဘိ၊ဋ္ဌ၊၂၊၆၈-၆၉။)

ရုပ်နာမ်နှစ်ပါးသည် ခန္ဓာငါးပါးတည်း။ ထိုခန္ဓာငါးပါးသည် ဒုက္ခသစ္စာ တည်း။ ထိုဒုက္ခသစ္စာကို ဖြစ်စေတတ်သော ရှေးရှေးဘဝက ပြုစုပျိုးထောင် ခဲ့သော တဏှာသည် သမုဒယသစ္စာတည်း။ (အဘိ၊ဋ္ဌ၊၂၊၆၈-၆၉။)

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် အညီ ယခုလက်ရှိဘဝ အသင်သူတော်ကောင်း၏ သန္တာန်၌ တည်ရှိသော ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာတရား၏ အကြောင်းရင်းစစ်ဖြစ်သော သမုဒယသစ္စာ အမည် ရသော တဏှာမှာ ယခုဘဝတွင် ဖြစ်ပေါ်နေသော တဏှာမဟုတ်၊ ရှေးရှေး ဘဝက ပြုစုပျိုးထောင်ခဲ့သော တဏှာသာ ဖြစ်သည်ဟူသော အချက်ကို သဘောပေါက်လေရာသည်။

ဤအဋ္ဌကထာ အဖွင့်မှာ ဘုရားဟောဒေသနာတော်တို့နှင့် အညီသာ ဖြစ်သည်။ အထက်တွင် တင်ပြထားသော ပဋိသမိ႓ဒါမဂ်ပါဠိတော်ကြီး၏ အဆိုနှင့်လည်း တစ်သားတည်း ညီညွတ်လျက်ရှိ၏။ ကမ္မဘဝအမည်ရသည့် ကံကို ပြုစုပျိုးထောင်ခဲ့စဉ် ရှေးလွန်လေပြီးသော အတိတ်ဘဝက ဖြစ်ခဲ့သော အသိမှားမှု မောဟသည် အဝိဇ္ဇာတည်း။ ကံဖြစ်ပေါ်လာအောင် အားထုတ်ကြောင်း တရားတို့သည်ကား သင်္ခါရတို့တည်း။ ထိုထိုဘဝ ထိုထိုအာရုံကို တပ်မက်ခြင်း နိကန္တိကား တဏှာတည်း။ ထိုထိုဘဝ ထိုထိုအာရုံသို့ စိတ် ကပ်ရောက် စွဲနေခြင်းသည်ကား ဥပါဒါန်တည်း။ ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာကား ဘဝတည်း။ ကမ္မဘဝအမည်ရသည့် ကံကို ပြုစု ပျိုးထောင်ခဲ့စဉ် ရှေးလွန်လေပြီးသော အတိတ်ဘဝက ဖြစ်ခဲ့သော ဤတရား ငါးပါးတို့သည် ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၏ (လူသားများအတွက်မူ ပဋိသန္ဓေ ခန္ဓာငါးပါး၏) အကြောင်းတရားတို့ ဖြစ်ကြကုန်၏။ (ပဋိသံ၊၅၀။)

ဤပါဠိတော်ကြီး၏ ဆိုလိုရင်းမှာလည်း ဤသို့ဖြစ်၏။ ရှေးကမ္မဘဝကို ပြုစုပျိုးထောင်ခဲ့စဉ် အတိတ်ဘဝက ဖြစ်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံထားသည့် သင်္ခါရ-ကံသည် လက်ရှိပစ္စုပ္ပန်ဘဝ ပဋိသန္ဓေ ခန္ဓာငါးပါး စသော ဝိပါက်ခန္ဓာတို့၏ အကြောင်းရင်းစစ် ဖြစ်သောဟူ၏။ ဤတွင် သင်္ခါရ နှင့် ကမ္မဘဝ = ကံကို ခွဲခြားသတ်မှတ်ပုံကို ဒါနကုသိုလ်ကံတစ်ခုကို စံထား၍ ရှင်းလင်းတင်ပြအပ်ပါသည်။

သင်္ခါရနှင့် ကမ္မဘဝ

၁။ ဒါနကုသိုလ်ကံ တစ်ခုကို ပြုစုပျိုးထောင်ရာ၌ မလှူမီ ရှေးအဖို့၌ ဖြစ်သော ပုဗ္ဗစေတနာတို့သည်ကား သင်္ခါရတို့တည်း။ အလှူခံပုဂ္ဂိုလ်တို့၏လက်၌ လှူဖွယ်ဝတ္ထုကို တည်စေသော ပတိဋ္ဌာပက စေတနာ = မုဉ္စစေတနာကား ကမ္မဘဝတည်း။

၂။ တစ်နည်း --- ကံတစ်ခုကို ပြုစုပျိုးထောင်စဉ် ဖြစ်ပေါ်နေကြသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့တွင် ဇော (၇)ကြိမ်တို့အနက် ေ့ရှဇော (၆)တန်တို့၌ တည်ရှိသော စေတနာကား အာယူဟနသင်္ခါရ မည်၏ = ကံ ဖြစ်ပေါ်လာအောင် အားထုတ်ကြောင်းတရား မည်၏။ (၇)ခုမြောက်သော သတ္တမဇော စေတနာသည်ကား ကမ္မဘဝ မည်၏။

၃။ တစ်နည်း --- ကံတစ်ခုကို ပြုစုပျိုးထောင်စဉ် ဇောစိတ္တုပ္ပါဒ် အတွင်း၌ တည်ရှိသော စေတနာကား ကမ္မဘဝ မည်၏။ ထိုစေတနာနှင့် ယှဉ်ဖက် စိတ် + စေတသိက် = သမ္ပယုတ် တရားစုကား အာယူဟနသင်္ခါရ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၂-၁၈၃။)

ကမ္မပစ္စည်း၏ စွမ်းအင်

ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)

ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော။ ကုသလာကုသလဥှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ။ ယဒိ ဒဒေယျ၊ ယံ မနုေဿာ ဒေဝလောကူပဂံ ကုသလံ ကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ။ ယသ္မိံပန ခဏေ တံ ကတံ၊ တတော အညသ္မိံ ခဏေ အဝိဇ္ဇမာနမ္ပိ ကေဝလံ ကဋတ္တာယေဝ ဒိဋ္ဌေဝ ဓမ္မေ ဥပပဇ္ဇေ ဝါ အပရေ ဝါ ပရိယာယေ အဝသေသပစ္စယသမာယောဂေ သတိ ဖလံ ဥပ္ပါဒေတိ နိရုဒ္ဓါပိ ပုရိမသိပ္ပါဒိကိရိယာ ဝိယ ကာလန္တရေ ပစ္ဆိမသိပ္ပါဒိကိရိယာယ။ တသ္မာ နာနာက္ခဏိကကမ္မပစ္စယောတိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)

အသင်သူတော်ကောင်းသည် ပစ္စုပ္ပန် ဝိပါက်ခန္ဓာတို့၏ အကြောင်း တရား ငါးပါးတို့တွင် ကံကို ပဓာနထား၍ စဉ်းစားကြည့်ပါ။ ယင်းကံကို အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့က ခြံရံထားအပ်သည်ကိုလည်း သတိပြုပါ။ ဘုရားရှင်သည် ကမ္မပစ္စည်းပိုင်း၌ ကံနှင့်ပတ်သက်၍ ဤသို့ ဟောကြားထားတော်မူ၏။

ကုသိုလ်ကံ အကုသိုလ်ကံသည် ဝိပါက်ခန္ဓာတို့အားလည်းကောင်း ကံကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော ကမ္မဇရုပ် တို့အားလည်းကောင်း ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ (ပဋ္ဌာန၊၁၊၇။)

ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟူသည် ဤသို့တည်း။ တစ်ကမ္ဘာ မက များပြားလှစွာကုန်သော ကမ္ဘာကုဋေတို့၏သော်လည်း အထက်၌ ပြုစု ပျိုးထောင်ခဲ့သော ကံသည် မိမိ၏ အကျိုးကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်၏ဟု ဆိုလို၏။ (နာနာက္ခဏိကကမ္မ - ဟူသည် အကြောင်းကံနှင့် အကျိုးဝိပါက်တို့၏ ဖြစ်သည့် ခဏချင်း မတူကွဲပြားမှု ရှိသည့် အကြောင်းပစ္စည်းတရားဟု ဆိုလိုသည်။) အကျယ်မှာ ဤသို့ဖြစ်၏။ ကုသိုလ်ကံ အကုသိုလ်ကံသည် မိမိ၏ ဖြစ်ဆဲ ခဏ၌ အကျိုးကို မပေးနိုင် = မဖြစ်စေနိုင်။ ကုသိုလ်ကံ အကုသိုလ်ကံသည် မိမိ၏ ဖြစ်ဆဲခဏ၌ပင် အကယ်၍ အကျိုးကို ပေးနိုင်သည် ဖြစ်ငြားအံ့ = အကျိုးဖြစ်စေနိုင်သည် ဖြစ်ငြားအံ့၊ ဤသို့ အကျိုးကို ပေးနိုင်ခဲ့သော် ဖြစ်စေနိုင်ခဲ့သော် လူသားတစ်ဦးသည် နတ်ပြည်သို့ ကပ်ရောက်ကြောင်းဖြစ်သော အကြင်ကုသိုလ်ကံကို ပြုစုပျိုးထောင်၏၊ ထိုကံကို ပြုစုပျိုးထောင်ဆဲခဏ၌ပင် နတ်သားဖြစ်လေရာ၏။ (သို့သော် ဖြစ်ကား မဖြစ်ခဲ့ပေ။) အလျော်အားဖြင့် ဆိုရမူ အကြင်ခဏ၌ ထိုကံကို ပြုစုပျိုးထောင်၏။ ထိုကံကို ပြုစုပျိုးထောင်ရာ ခဏမှ အခြားတစ်ပါးသော ခဏ၌ ယင်းကံသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိပါသော်လည်း ပြုအပ်သောကံနှင့်မဖက် သက်သက် ကံကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် ယင်းကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်လျှင် မျက်မှောက်ထင်ထင် ရှုမြင်အပ်သော ပစ္စုပ္ပန်ဘဝ၌သော်လည်းကောင်း၊ ဥပပဇ္ဇဝေဒနီယကံ ဖြစ်လျှင် ကပ်၍ဖြစ်ရာ ဒုတိယဘဝ၌သော် လည်းကောင်း၊ အပရာပရိယဝေဒနီယကံ ဖြစ်လျှင် တတိယဘဝမှစ၍ အဆက်ဆက် ရောက်ထိုက်သော ဘဝ၌သော်လည်းကောင်း (ကုသိုလ်ကံဖြစ်မူ ဂတိသမ္ပတ္တိ ဥပဓိသမ္ပတ္တိ ကာလသမ္ပတ္တိ ပယောဂသမ္ပတ္တိ, အကုသိုလ်ကံဖြစ်မူ ဂတိဝိပတ္တိ ဥပဓိဝိပတ္တိ ကာလဝိပတ္တိ ပယောဂဝိပတ္တိဟူသော) ကြွင်းသော အကြောင်းတို့နှင့် ပေါင်းဆုံခြင်းသည် ထင်ရှားရှိလတ်သော် အကျိုးတရားကို ဖြစ်စေနိုင်၏။

ရှေးရှေးသင်ယူအပ်သော အတတ်သင်ယူမှုသည် နောက်နောက် အတတ်သင်ယူမှုအား အခြေခံအဖြစ်ဖြင့် ကျေးဇူးပြုရာ၌ ကာလအချိန် မတူဘဲ ကာလတစ်ပါးသို့ ရောက်ရှိပါမှ ကျေးဇူးပြုသကဲ့သို့ (= လေ့ကျက် ပါများက ကျွမ်းကျင်လာသကဲ့သို့) ကံဟူသော စေတနာသည်လည်း ကံကို ပြုစုပျိုးထောင်စဉ်ခဏ၌ ကျေးဇူးမပြု အကျိုးကို မဖြစ်စေနိုင်။ နောက်နောက် ခဏရောက်မှ ကျေးဇူးပြု၏။ အကျိုးကို ဖြစ်စေ၏။ ထို့ကြောင့် နာနာက္ခဏိက ကမ္မ = အကျိုးပေးရာခဏမှ အသီးအသီး ဖြစ်သော မတူထူးခြား ကွဲပြားသော ခဏ၌ ဖြစ်ခဲ့သော စေတနာဟု ဆိုရ၏။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)

လွန်ခဲ့သော အတိတ်ဘဝကသော်လည်းကောင်း, ကမ္ဘာကုဋေပေါင်း များစွာကသော်လည်းကောင်း ပြုစုပျိုးထောင်ခဲ့သော ယခုအကျိုးပေးဆဲ ခဏတွင် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိတော့သော သက်သက် ပြုစုပျိုးထောင်ခဲ့ပြီးမျှသာ ဖြစ်သော ယင်းစေတနာ၏ အကျိုးကို ဖြစ်စေနိုင်သော စွမ်းအင်သတ္တိကို ကမ္မသတ္တိဟု ခေါ်ဆို၏။ ယင်းကမ္မသတ္တိ = ကံကိုပင် ပဓာနထား၍ အသင်သူတော်ကောင်းသည် ဤအရာ၌ ဝေဖန် ဆန်းစစ်ပါ။ ပစ္စုပ္ပန်ကံကပင် ကံကို ထူထောင်ဆဲ ခဏ၌ ချက်ချင်း အကျိုးပေးနိုင်သည် ဖြစ်အံ့၊ အထက်တွင် အဋ္ဌကထာက ဖွင့်ဆိုထားသည့်အတိုင်း လူသားတစ်ဦး သည် နတ်သားဖြစ်ထိုက်သော ကုသိုလ်ကံကို ထူထောင်လျှင် ကံကို ထူထောင်ဆဲ ခဏမှာပင် နတ်သားဖြစ်လေရာ၏။ သို့သော် ဖြစ်ကား မဖြစ်ခဲ့ပေ။ အလားတူပင် လူသားတစ်ဦးသည် အိုမင်းမစွမ်းအရွယ်သို့ (သို့မဟုတ်) ကြီး ရင့်သော အရွယ်သို့ ရောက်ရှိသောအခါ (၁၆)နှစ်သားနှင့် (၁၆)နှစ်သမီး ဖြစ်ထိုက်သော ကံကို ထူထောင်လိုက်လျှင် ချက်ချင်း (၁၆)နှစ်အရွယ် ဖြစ်လေ ရာ၏။ သို့သော် ဖြစ်ကား မဖြစ်ပေ။ အကယ်၍ ဖြစ်ခဲ့လျှင် လောက၌ လူအို လူနာ လူသေဟူသည် မရှိနိုင်တော့ပြီ။ အဘယ်ကြောင့်နည်း၊ ကောင်းမှု ကုသိုလ်ပြု၍ မအိုရအောင် မနာရအောင် မသေရအောင် ဆုတောင်းပန်ထွာ ကြတော့မည်သာ ဖြစ်၏။ အကျည်းတန် အရုပ်ဆိုးသူလည်း လောက၌ ရှိနိုင် တော့မည် မဟုတ်ပေ။ ကောင်းမှုကုသိုလ်ပြုကာ ပဘာဝတီ ဥမ္မာဒန္တီတို့ကဲ့သို့ အလှတွင် အယဉ်ဆင့်သူတွေ ဖြစ်အောင် ဆုတောင်းပန်ထွာကြတော့မည်သာ ဖြစ်၏။ မျက်မှောက်ဘဝ၌ အကျိုးပေးနိုင်သော စွမ်းအားရှိသော ဒိဋ္ဌဓမ္မ ဝေဒနီယကံသည်ပင် ကံကို ထူထောင်စဉ်ခဏနှင့် အကျိုးပေးရာ ခဏတို့သည် အချိန်အနည်းငယ်သော်လည်း ကွာဟချက် ရှိနေပေသေးသည်။ အခြားသော ကံတို့၌ကား ဆိုဖွယ်ရာပင် မရှိဖြစ်တော့၏။

ထို့ကြောင့် အတိတ်အကြောင်းတရား ငါးပါးတို့တွင် ကံကို ပဓာန ထား၍ အသင်သူတော်ကောင်းသည် စဉ်းစားတတ်ပါက အတိတ်က ပြုစု ပျိုးထောင်ခဲ့သော သမုဒယသစ္စာကြောင့်သာ ဤဘဝတွင် ဒုက္ခသစ္စာတရား များ ထင်ရှားစွာ ဖြစ်ပွားလာရသည်ကို သဘောကျ လက်ခံနိုင်ဖွယ်ရာ ရှိပေ လိမ့်မည်။ အကယ်၍ အတိတ်က ဖြည့်ကျင့် ဆည်းပူးခဲ့သော ပြုစုပျိုးထောင် ခဲ့သော သမုဒယသစ္စာ အမည်ရသည့် ကံကြောင့် ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ ခန္ဓာငါးပါး အစရှိသော ဒုက္ခသစ္စာတရား ထင်ရှားဖြစ်မှုကို အသင်သူတော်ကောင်းသည် လက်မခံနိုင်သည် ဖြစ်ငြားအံ့၊ သမ္မာသမ္ဗောဓိ အလောင်းလျာ ကြီးများအဖို့ သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် လေး သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံးသော်လည်းကောင်း၊ ပစ္စေက ဗောဓိ အလောင်းလျာကြီးများအဖို့ ပစ္စေကဗောဓိ ဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံးသော်လည်းကောင်း၊ အဂ္ဂသာဝကဗောဓိ အလောင်းလျာကြီးများအဖို့ အဂ္ဂသာဝကဗောဓိ ဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံးသော်လည်းကောင်း၊ မဟာသာဝကဗောဓိ အလောင်းလျာ ကြီးများအဖို့ မဟာသာဝက ဗောဓိဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံးသော်လည်းကောင်း ပါရမီ အလီလီတော် တို့ကို ဖြည့်ကျင့်ဆည်းပူးဖွယ် လို-မလိုကိုပါ ထပ်မံ၍ စဉ်းစားရတော့မည် ဖြစ်ပေသည်။ အကြောင်းမူ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော သမုဒယ သစ္စာကြောင့် ဤဘဝတွင် ဝိပါကဝဋ် ဒုက္ခသစ္စာတရားများ ထင်ရှားဖြစ်ပုံကို လက်မခံနိုင်သောကြောင့်ပင် ဖြစ်ပေသည်။

အနုမာနနှင့် ပစ္စက္ခ

အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်ကား ချုပ်ပျက်ခဲ့ပြီး ဖြစ်၍ မရှိတော့ပြီ ဖြစ်၏။ အနာဂတ်လည်း မရောက်ရှိလာသေးသဖြင့် မဖြစ် ပေါ်လာသေး။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်တို့သည် အတိတ်နှင့် အနာဂတ်ကို မှန်းဆ၍ = အနုမာနအားဖြင့်သာ ရှုနိုင်သည် ရှုလို့ရနိုင်သည်ဟု လက်ခံငြားအံ့၊ ---

အလားတူပင် အတိတ်အကြောင်းတရား ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုး တရား ငါးပါး ဖြစ်ပုံကိုလည်းကောင်း၊ ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတရား ငါးပါး ဖြစ်ပုံကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ် သည် မှန်းဆ၍ = အနုမာနအားဖြင့်သာ ရှုနိုင်သည် ရှုလို့ ရနိုင်သည်ဟု လက်ခံငြားအံ့၊ ---

ထိုသို့ လက်ခံခဲ့သော် အရိယာသူတော်ကောင်းတို့သည် အထူးသဖြင့် အရှင်အာနန္ဒာ မထေရ်မြတ် အဝင်အပါ ဖြစ်တော်မူသော အရိယာသူတော်ကောင်းကြီးတို့သည် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား တို့ကိုလည်းကောင်း သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း မှန်းဆ၍ = အနုမာနအားဖြင့်သာ သိနိုင်သည်ဟု အဓိပ္ပါယ် ထွက်လျက်ပင် ရှိနေ၏။ စကားကျလျက် ရှိနေ၏။ သို့သော် ဘုရားဟော ဒေသနာတော်များ နှင့် အဋ္ဌကထာများ၌ကား ဤသို့ လာရှိ၏။

ဣဓ ဘိက္ခဝေ ဘိက္ခု ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ (မ၊၁၊၈၂။)

ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းတော်သည် ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရား တည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် = မဂ္ဂအရိယသစ္စာတရားတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (မ၊၁၊၈၂။)

ဤသို့စသော ဒေသနာတော်တို့၌ အရိယာသူတော်ကောင်းတို့သည် အရိယသစ္စာ လေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိ၏ဟုသာ လာရှိ၏။ အနုမာနအားဖြင့် မှန်းဆ၍သာ သိသည်ဟု မလာရှိပေ။

အယံ လောကိယော အယံ လောကုတ္တရောတိ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ယထာဘူတံ န ပဇာနာတိ၊ အဇာနန္တော လောကိယမဂ္ဂေ အဘိနိဝိသိတွာ လောကုတ္တရံ နိဗ္ဗတ္တေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၅။)

ယောဂါဝစရပုဂ္ဂိုလ်သည် ဤကား လောကီ မဂ္ဂသစ္စာတရားတည်း၊ ဤကား လောကုတ္တရာ မဂ္ဂအရိယသစ္စာတရားတည်းဟု ဖြူစင်မြင့်မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ္ဂအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကွဲကွဲပြားပြား မသိ။ယင်းသို့ မသိသော် လောကီ မဂ္ဂသစ္စာတရား၌ ဝိပဿနာနှလုံးသွင်း၍ တစ်နည်း လောကီ မဂ္ဂသစ္စာတရားကို ပွားများ၍ လောကုတ္တရာ မဂ္ဂအရိယသစ္စာတရားကို ဖြစ်စေအံ့သောငှာ မစွမ်းနိုင်။ (မ၊ဋ္ဌ၊၂၊၁၆၅။)

ယောဂါဝစရပုဂ္ဂိုလ်သည် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို လည်းကောင်း, သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါမှ ထိုဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများ အားထုတ်ခြင်းဟူသော မဂ္ဂသစ္စာကို ပွားများ အားထုတ်နိုင်မည် ဖြစ်သည်။ လောကီ မဂ္ဂသစ္စာကို ပွားများပါမှ လောကုတ္တရာ မဂ္ဂသစ္စာနှင့် လောကုတ္တရာ နိရောဓသစ္စာသို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။ အောက်ပါ အဋ္ဌကထာအဖွင့်ကိုလည်း ဖတ်ရှုကြည့်ပါ။

တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

= ထိုသစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော ေ့ရှသစ္စာ နှစ်ပါးတို့ကား ဝဋ္ဋသစ္စာတည်း။ နိရောဓသစ္စာ မဂ္ဂသစ္စာဟူသော နောက်သစ္စာ နှစ်ပါးတို့ကား ဝိဝဋ္ဋသစ္စာတည်း။ ထိုဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ယောဂါဝစရ ရဟန်းတော်သည် ဝဋ္ဋသစ္စာ၌ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် ဖြစ်၏။ ဝိဝဋ္ဋသစ္စာ၌ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် မဖြစ်ပေ။ (လောကုတ္တရာမဂ္ဂသစ္စာကို ဆိုလိုသည်။) (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

ဤ အဋ္ဌကထာအဖွင့်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ဒုက္ခ သစ္စာတရား သမုဒယသစ္စာတရားဟူသော လောကီသစ္စာတရား နှစ်ပါး၌သာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများရမည် ဖြစ်၏။ လောကီသစ္စာ တရား နှစ်ပါးကို တွင်တွင်ကြီး ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ လောကုတ္တရာ သစ္စာတရား နှစ်ပါးတို့ ထင်ရှားဖြစ်ပေါ်လာနိုင်ကြမည် ဖြစ်ပေသည်။ သစ္စာ (၄)ပါးကို မသိခဲ့သော် မည်သို့ ဖြစ်နိုင်မည်နည်း။

ကူဋာဂါရသုတ္တန် ကောက်နုတ်ချက်

ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခအရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။)

ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ ဌာနမေတံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။)

ရဟန်းတို့ ...တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ဤသို့ ပြောဆို လာငြားအံ့ - ငါသည် ဒုက္ခအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိ မမြင်မူ၍ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မူ၍ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ် တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက်ထွင်းဖောက် မသိ မမြင်မူ၍ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယ သစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မူ၍ ကောင်းစွာသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်း အခြားကို ပြုလုပ်ပေအံ့ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ပြောဆိုသည့် အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာသည် မရှိသည်သာတည်း။ (သံ၊၃၊၃၉၄။)

ရဟန်းတို့ ...တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ဤသို့ ပြောဆို လာငြားအံ့ ငါသည် ဒုက္ခအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင် ပြီး၍ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီး၍ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီး၍ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂ အရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍ ကောင်းမွန်စွာ သာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ပေအံ့ ဟု ပြောဆိုလာငြားအံံ့၊ ထိုပုဂ္ဂိုလ်၏ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာသည် ရှိသည်သာလျှင်တည်း။ (သံ၊၃၊၃၉၄-၃၉၅။)

ဤဒေသနာတော်များနှင့် အညီ အသင်သူတော်ကောင်းသည် သံသရာဝဋ်ဆင်းရဲဒုက္ခကြီး အပြီးတိုင် ကုန်ဆုံးရေးအတွက် သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးမှ အပြီးတိုင် ကျွတ်လွတ်ထွက်မြောက်ရေးအတွက် သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရတော့မည်ဖြစ်၏။ ထိုသို့ကြိုးပမ်းရာ၌ အသင်သူတော်ကောင်းသည် ေ့ရှဦးစွာ ဒုက္ခသစ္စာတရားကိုလည်းကောင်း, သမုဒယသစ္စာတရားကိုလည်းကောင်း, သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို လည်းကောင်း ယင်းဒုက္ခ သစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တ အချက်တို့ကိုလည်းကောင်း သိအောင် ကြိုးပမ်းရတော့မည် ဖြစ်သည်။ သို့မှ သာလျှင် လောကုတ္တရာ နိရောဓသစ္စာတရား မဂ္ဂသစ္စာတရားတို့သည် ရင့်ကျက်သော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် အသင်သူတော်ကောင်းသည် ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ပရိညာပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် မလွှဲမရှောင်သာ ကြိုးပမ်းရတော့မည်သာဟု မှတ်သားပါလေ။

ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေး

ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)

ဧကဒေသတော ဇာနိတဗ္ဗံ အနဝသေသတော ဇာနိတုံ န သက္ကာ အဝိသယတ္တာ။ သဗ္ဗေန သဗ္ဗံ အဇာနနေ ပစ္စယပရိဂ္ဂဟော န ပရိပူရတိ။ (မဟာဋီ၊၂၊၃၈၀။)

ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေသော ဝိပဿက ပုဂ္ဂိုလ်သည် ကံတို့၏ အားရှိသည်၏အဖြစ် အားမရှိသည်၏အဖြစ်ဟု ဆိုအပ်သော ထူးထွေကွဲပြားခြားနားမှုကိုလည်းကောင်း၊ အကျိုးဝိပါက်တို့၏ ယုတ်ညံ့သည်၏အဖြစ် မွန်မြတ်သည်၏အဖြစ် စသော ထူးထွေကွဲပြား ခြားနားမှုကိုလည်းကောင်း တစ်စိတ်တစ်ဒေသအားဖြင့် သိသင့်သိထိုက်လှပေ၏။ ကံ - ကံ၏အကျိုးတရားကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိဖို့ရန်ကား သာဝကတို့၏ အရာမဟုတ်သောကြောင့် = သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် တို့၏အရာသာ ဖြစ်သောကြောင့် မစွမ်းနိုင်ပေ။ သို့သော် အချင်းခပ်သိမ်း = လုံးလုံး ကံ-ကံ၏အကျိုးတရားကို မသိခဲ့သည်ရှိသော် ပစ္စယပရိဂ္ဂဟဉာဏ် သည် မပြီးစီး မပြည့်စုံနိုင်။(ဝိသုဒ္ဓိ၊၂၊၂၃၇။ မဟာဋီ၊၂၊၃၈၀။)

ကံ-ကံ၏အကျိုးတရားကို လုံးလုံးမသိက ပစ္စယပရိဂ္ဂဟဉာဏ်ကို မရ ရှိနိုင်သဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေးအတွက်လည်း ကံ-ကံ၏အကျိုး တရားကို တစ်စိတ်တစ်ဒေသအားဖြင့် သိအောင် အသင်သူတော်ကောင်း သည် ကြိုးစားအားထုတ်ရမည်သာလျှင် ဖြစ်ပေသည်။ ဤ၌ ပစ္စယပရိဂ္ဂဟ ဉာဏ်ဟူသည်မှာလည်း သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိသော ဉာဏ်ပင်တည်း။

ဘုရားရှင်၌ ဝိပါက်တော် (၁၂)ပါးရှိကြောင်းကို အသင်သူတော်ကောင်း သည်လည်း သိရှိပြီး ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ထိုတွင် ဝိပါက်တော်တစ်ခု တစ်ခု၌ အကျိုးပေးနေသော ဆိုင်ရာဆိုင်ရာ ကံမှာ တစ်ခုစီ တစ်ခုစီ သီးသန့် ရှိပေသည်။ ဦးခေါင်းတော်ခဲရသည်မှာ ကံတစ်ခုကြောင့်၊ ခါးတော်နာရသည်မှာ ကံတစ်ခုကြောင့်၊ ဝမ်းတော်လားရသည်မှာ ကံတစ်ခုကြောင့် --- ဤသို့ စသည်ဖြင့် အကြောင်းကံနှင့် အကျိုးဝိပါက်တော်တို့မှာ သီးသန့်စီ ရှိနေကြ၏။ အလားတူပင် လူသားတစ်ဦးအဖို့ ဘဝတစ်လျှောက်၌ ကောင်းကျိုး ဆိုးကျိုး ဟူသော ဣဋ္ဌာရုံ အနိဋ္ဌာရုံ အမျိုးမျိုးနှင့် တွေ့ကြုံရသည်မှာ ဓမ္မတာတစ်ခုပင် ဖြစ်၏။ ဣဋ္ဌာရုံနှင့် တွေ့ကြုံရသည်ကား ကုသိုလ်ကံကြောင့် ဖြစ်၏။ အနိဋ္ဌာရုံနှင့် တွေ့ကြုံရသည်ကား အကုသိုလ်ကံကြောင့် ဖြစ်၏။ ဣဋ္ဌာရုံ အမျိုးမျိုးနှင့် တွေ့ကြုံရာ၌ ယင်းဣဋ္ဌအကျိုးဝိပါက် အမျိုးမျိုးကို ဖြစ်စေတတ်သော ဆိုင်ရာ ကုသိုလ်ကံ အမျိုးမျိုးရှိနိုင်သလို အနိဋ္ဌာရုံ အမျိုး မျိုးနှင့် တွေ့ကြုံရာ၌လည်း ယင်းအနိဋ္ဌအကျိုးဝိပါက် အမျိုးမျိုးကို ဖြစ်စေတတ်သော ဆိုင်ရာ အကုသိုလ်ကံ အမျိုးမျိုးလည်း ရှိနိုင်သည်သာ ဖြစ်ပေသည်။ ထိုကံ-ကံ၏ အကျိုးတရား အမျိုးမျိုးတို့ကို သာဝကတို့သည် ကုန်စင် အောင် မသိရှိနိုင်ပေ။ အချို့အဝက် တစ်စိတ်တစ်ဒေသလောက်ကိုသာ သိရှိနိုင်ပေသည်။

အဘိညာဏ်နှင့် ဝိပဿနာ

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဖြင့် အတိတ်ကို ရှု၍ရသည်ဟူသော အဆိုသည်လည်း ကျမ်းဂန်များ၌ လာရှိ၏။ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အစိတ် အပိုင်း တစ်ခုဖြစ်သော အနာဂတံသဉာဏ်ဖြင့်လည်း အနာဂတ်ကို ရှုရသည် ဟူသော အဆိုလည်း ကျမ်းဂန်များ၌ လာရှိ၏။ ဤအဆိုများနှင့် ပတ်သက်၍ အလွယ်တကူ လက်ခံနိုင်သော်လည်း ဝိပဿနာဉာဏ်ဖြင့်လည်း အတိတ် အနာဂတ် ခန္ဓာတို့ကို ရှု၍ရနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်၍ကား လက်မခံလိုကြပေ။ ဝိပဿနာဉာဏ်ဖြင့်လည်း အတိတ်အနာဂတ် ဥပါဒါနက္ခန္ဓာတို့ကို ရှု၍ရနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်သော ဘုရား ဟော ပါဠိတော်နှင့် အဋ္ဌကထာအဖွင့်တို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။

ယေ ဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ ၊ သဗ္ဗေ တေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ။ (သံ၊၂၊၇၁။ ခဇ္ဇနီယသုတ္တန်။)

ပုဗ္ဗေနိဝါသန္တိ န ဣဒံ အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ။ ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ။ တေနေဝါဟ သဗ္ဗေ တေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရန္တိ။ အဘိညာဝသေန ဟိ သမနုဿရန္တဿ ခန္ဓာပိ ဥပါဒါနက္ခန္ဓာပိ ခန္ဓပဋိဗဒ္ဓါပိ ပဏ္ဏတ္တိပိ အာရမ္မဏံ ဟောတိယေဝ။ ရူပံယေဝ အနုဿရတီတိ ဧဝံ ဟိ အနုဿရန္တော န အညံ ကိဉ္စိ သတ္တံ ဝါ ပုဂ္ဂလံ ဝါ အနုဿရတိ၊ အတီတေ ပန နိရုဒ္ဓံ ရူပက္ခန္ဓမေဝ အနုဿရတိ။ ဝေဒနာဒီသုပိ ဧသေဝ နယော။ (သံ၊ဋ္ဌ၊၂၊၂၆၆။)

ရဟန်းတို့ ...အချို့သော သမဏတို့သည်လည်းကောင်း၊ အချို့သော ဗြာဟ္မဏတို့သည်လည်းကောင်း တစ်ပါးမက များပြားလှစွာသော ရှေး၌နေခဲ့ ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သည် ရှိသော် ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏။ ထိုအလုံးစုံ ကုန်သော ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်သော သမဏ ဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုသော်လည်းကောင်း, ထိုဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ် လျှောက်၍ အောက်မေ့နိုင်ကြကုန်၏။(သံ၊၂၊၇၁။)

= ဤပါဠိတော်ဝယ် ပုဗ္ဗေနိဝါသဟူသော ဤစကားရပ်ကို ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အစွမ်းဖြင့် ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ် ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူသည်ကား မဟုတ်။ အဟုတ်သော်ကား ဝိပဿနာ ဉာဏ်၏ အစွမ်းဖြင့် အတိတ်၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ် လျှောက်၍ အောက်မေ့ကြကုန်သော သမဏဗြာဟ္မဏတို့ကို ရည်ရွယ်တော် မမူဘဲ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက် ၍ အောက်မေ့မှုကိုသာ ရည်ရွယ်တော်မူကြောင်းကို သိရှိနိုင်ပေသည်။ ထိုသို့ ဝိပဿနာဉာဏ်ဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့ရာ၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါကို အစဉ်လျှောက် ၍ အောက်မေ့သည်ကား မဟုတ်။ အတိတ်၌ ချုပ်ခဲ့လေပြီးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုသာ ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်သည် ဟူလိုသည်။(သံ၊၂၊၇၁။ သံ၊ဋ္ဌ၊၂၊၂၆၆။)

ဤကား ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်နှင့် ဝိပဿနာဉာဏ်တို့၏ စွမ်းအင်ကွဲပြားပုံနှင့် ဝိပဿနာဉာဏ်ဖြင့်လည်း အတိတ်အနာဂတ်ကို ရှုနိုင်ပုံ ရှုရပုံ ရှု၍လည်း ရရှိနိုင်ပုံ ကျမ်းဂန် အထောက်အထားများတည်း။ ဘုရား ရှင်၏ မုခပါဌ်တော်မှ တိုက်ရိုက် ထွက်ပေါ်လာသော ဗျာဒိတ်တော် အသံ တစ်မျိုးတည်း။

ဤအရာဝယ် အသင်သူတော်ကောင်းသည် စျာန်အစေး ခန်းခြောက် တော်မူသည့် သုက္ခဝိပဿက (= သုဒ္ဓဝိပဿနာယာနိက) ရဟန္တာအရှင်မြတ် ကြီးတို့သည်လည်း အရိယသစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိ ဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်သွားတော်မူကြသည် ဟူသော ဤအချက်ကိုပါ ထည့်သွင်း စဉ်းစားသင့်လှပေသည်။ အသင်သူတော်ကောင်းသည် ဘုရားရှင်၏ တရားစစ် တရားမှန်တည်းဟူသော အဆုံး အမ သာသနာတော်ကြီးနှင့် မလွဲချော်မိအောင် ကြိုးပမ်းသင့်လှပေသည်။

__________

အပိုင်း (၂)

အကြောင်းတရားကို ရှာဖွေပုံ စနစ်တစ်ခု

ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ။ (ပဋိသံ၊၁။)

နာမရူပဝဝတ္ထာနေ ဉာဏန္တိ အဝတွာ ဧဝ ကသ္မာ ဓမ္မဋ္ဌိတိဉာဏန္တိ ဝုတ္တန္တိ စေ? ပစ္စယပရိဂ္ဂဟေနေဝ ပစ္စယသမုပ္ပန္နပရိဂ္ဂဟိတဿ သိဒ္ဓတ္တာ။ ပစ္စယသမုပ္ပန္နေ ဟိ အပရိဂ္ဂဟိတေ ပစ္စယပရိဂ္ဂဟော န သက္ကာ ဟောတိ ကာတုံ။ တသ္မာ ဓမ္မဋ္ဌိတိဉာဏဂဟဏေနေဝ တဿ ဟေတုဘူတံ ပုဗ္ဗေ သိဒ္ဓံ နာမရူပဝဝတ္ထာနဉာဏံ ဝုတ္တမေဝ ဟောတီတိ ဝေဒိတဗ္ဗံ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈။)

အကြောင်းတရားတို့၌ အကျိုးတရားတို့ကို ဖြစ်ပေါ်စေနိုင်သော စွမ်းအင်များ ရှိကြ၏။ ယင်းစွမ်းအင်များ ထင်ရှားရှိနေခြင်းကြောင့် အကြောင်း တရားတို့သည် အကျိုးတရားတို့ကို ဆောင်ထားနိုင်ကြ၏ဟု ဆိုရ၏။ ထို့ ကြောင့် အကျိုးတရားတို့သည် အကြောင်းတရားတို့ကြောင့်သာ တည်လည်း တည်နေကြရ, ဖြစ်လည်း ဖြစ်နေကြရသောကြောင့် ယင်းအကြောင်းတရား တို့သည် အကျိုးတရားတို့၏ တည်ရာ ဓမ္မဋ္ဌိတိ မည်၏။ ယင်းအကျိုးတရား တို့၏ တည်ရာ အကြောင်းတရားတို့ကို ထိုးထွင်းသိတတ်သော ဉာဏ်သည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။

ဤအရာ၌ နာမ်ရုပ်ကို ပိုင်းခြားမှတ်သားတတ်သော နာမရူပဝဝတ္ထာန ဉာဏ်ဟု မဟောဘဲ အဘယ်ကြောင့် ဓမ္မဋ္ဌိတိဉာဏ်ဟု ဟောတော်မူအပ်ပါ သနည်းဟူမူ အဖြေမှာ ဤသို့ ဖြစ်၏။

အကြောင်းတရားတို့ကို သိမ်းဆည်းခြင်းဖြင့်ပင်လျှင် အကျိုးတရားကို သိမ်းဆည်းခြင်း၏ ပြီးစီးသွားသောကြောင့် ဖြစ်၏။ မှန်ပေသည်။ အကျိုး တရားကို မသိမ်းဆည်းရသေးသည်ရှိသော် အကြောင်းတရားကို သိမ်းဆည်း ခြင်း လုပ်ငန်းရပ်ကို ပြုလုပ်ဖို့ရန် မစွမ်းနိုင်ပေ။ (အကြောင်းတရား၌ အကျိုး တရားကို ဖြစ်စေနိုင်သော စွမ်းအင်ရှိသည် မှန်သော်လည်း ယင်းအကြောင်း တရားကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် ပါမှ သိမ်းဆည်းနိုင်ပါမှသာလျှင် ယင်းအကြောင်းတရား၌ အကျိုးတရားကို ဖြစ်စေနိုင်သော စွမ်းအင်ရှိသည်ဟု သိရှိနိုင်ပေသည် ဟူလို။) ထို့ကြောင့် ဓမ္မဋ္ဌိတိဉာဏ်ကို တိုက်ရိုက် ယူငင်ထုတ်ဆောင်၍ ဟောတော်မူခြင်းဖြင့် ပင်လျှင် ထိုဓမ္မဋ္ဌိတိဉာဏ်၏ စွဲမှီရာ အကြောင်းရင်းဖြစ်သော ဓမ္မဋ္ဌိတိဉာဏ်၏ ရှေးက ပြီးစီးထားပြီးဖြစ်သော နာမရူပဝဝတ္ထာနဉာဏ်ကို ဟောပြီးသာလျှင် ဖြစ်သည်ဟု သိရှိပါလေ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈။)

ဤအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ပစ္စယပရိဂ္ဂဟ = အကြောင်း တရားတို့ကို သိမ်းဆည်းလိုသော ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ပစ္စယသမုပ္ပန္နဟု ခေါ်ဆိုအပ်သော အကျိုးရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း နာမ်ရုပ်ကို ပိုင်းခြား မှတ်သားခြင်းဟူသော နာမရူပဝဝတ္ထာနဉာဏ်ကို ရရှိအောင် ရှေးဦးစွာ ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ အတိတ် အကြောင်းတရားတို့ကို သိမ်းဆည်းလို ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်အကြောင်းတရားကြောင့် ထင်ရှား ဖြစ်ပေါ်နေ သည့် ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ပစ္စုပ္ပန် ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း, ထိုအကြောင်းတရားတို့၏ စွဲမှီရာ (ဆိုင်ရာဆိုင်ရာ ရှေးရှေး အတိတ် အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်နေသည့်) ပစ္စယုပ္ပန္နဓမ္မ အမည် ရသည့် အတိတ် ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းထား ပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရမည်။ တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတရား ငါးပါးဟူသော ပစ္စယုပ္ပန္နဓမ္မ အမည် ရသည့် ရုပ်တရား နာမ်တရားတို့ ဖြစ်ပုံကို သိမ်းဆည်းလိုသော ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရားတို့၏ စွဲမှီ၍ဖြစ်ရာ ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ပစ္စုပ္ပန် ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း, ထိုပစ္စုပ္ပန် အကြောင်းတရားများကြောင့် ထင်ရှားဖြစ်ပေါ်လာမည့် အနာဂတ်အကျိုး တရား ငါးပါးဟူသော ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ရုပ်တရား နာမ်တရား တို့ကိုလည်းကောင်း သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရ မည်။ ပစ္စုပ္ပန်အကျိုးတရား ငါးပါးဟူသည် ပစ္စုပ္ပန်ခန္ဓာ ငါးပါးတို့၏ အစိတ် အပိုင်းတစ်ခု ဖြစ်သကဲ့သို့, ပစ္စုပ္ပန်အကြောင်းတရား ငါးပါးဟူသည် ပစ္စုပ္ပန် ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သကဲ့သို့, အလားတူပင် အတိတ် အကြောင်းတရား ငါးပါးဟူသည် အတိတ်ခန္ဓာ ငါးပါးတို့၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်၏။ အနာဂတ်အကျိုးတရား ငါးပါး ဟူသည်လည်း အနာဂတ် ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။ ထို့ကြောင့် အတိတ်ခန္ဓာ ငါးပါး, ပစ္စုပ္ပန်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာငါးပါးတို့ကို ပရမတ်သို့ဆိုက်အောင် နေရာတကျ သိမ်းဆည်းတတ်ပါက ယင်းတို့၏ အစိတ်အပိုင်း ဖြစ်သော အတိတ်အကြောင်းတရား ငါးပါး, ပစ္စုပ္ပန်အကျိုးတရား ငါးပါး, ပစ္စုပ္ပန် အကြောင်းတရား ငါးပါး, အနာဂတ်အကျိုးတရား ငါးပါးတို့ကိုလည်း အလွယ် တကူ သိမ်းဆည်းနိုင်မည် ဖြစ်သည်။ တစ်နည်းဆိုရသော် အတိတ်အကြောင်း တရား ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရား ငါးပါး ထင်ရှားဖြစ်ပုံ, ပစ္စုပ္ပန် အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတရား ငါးပါး ထင်ရှား ဖြစ်ပုံကိုလည်း အလွယ်တကူ သိမ်းဆည်းနိုင်မည်, ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် မည် ဖြစ်ပေသည်။ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း နည်းတူ သဘောပေါက်ပါ။ သို့ဖြစ်ရကား အသင်သူတော်ကောင်းသည် အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို မသိမ်းဆည်းမီ ေ့ရှအဖို့၌ အတိတ်ခန္ဓာငါးပါး, ပစ္စုပ္ပန်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာငါးပါးတို့ကို ကြိုတင်၍ သိမ်းဆည်းထားပြီး ဖြစ်ရမည်ဟူသော ဤစနစ်ဟောင်းကို ေ့ရှဦးစွာ မှတ်သား ထားလေရာသည်။ အကြောင်းမူ ပဋိစ္စသမုပ္ပါဒ်သဘောတရားဟူသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ပရမတ္ထဓာတ်သား ရုပ်တရား နာမ်တရားတို့၏ အချင်းချင်း အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ်ဖြစ်မှု ကြောင်း-ကျိုး ဆက်နွယ်မှုသဘော တရားမျှသာ ဖြစ်သောကြောင့်တည်း။

---

ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဟောကြားတော်မူပုံ

ဒေသနာနည်း (၄) နည်း

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၁၅၄-၁၅၅) နှင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ ပဋိစ္စသမုပ္ပါဒ်ဝိဘင်းအဖွင့် (အဘိ၊ဋ္ဌ၊၂၊၁၂၄-၁၂၅)တို့၌ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောကြားတော်မူရာ၌ ဟောကြားတော်မူပုံ ဒေသနာနည်း (၄)နည်းရှိကြောင်း ဝလ္လိဟာရကနယ = နွယ်ခွေယောက်ျား၏ နွယ်ခွေပုံ နည်းလမ်းဥပမာဖြင့် ရှင်းလင်း ဖွင့်ဆိုထားတော်မူ၏။

၁။ အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏။ ဤသို့ စသည်ဖြင့် ဇာတိကြောင့် ဇရာမရဏဖြစ်ပုံသို့ တိုင်အောင်လည်း ဟောကြားထားတော်မူ၏။ အစမှ စ၍ အဆုံးသို့ တိုင်အောင် ဟောကြားထားတော်မူအပ်သော အနုလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်း ဖြစ်၏။

၂။ အလယ် ဝေဒနာမှ စ၍ ဘဝကြောင့် ဇာတိဖြစ်ပုံသို့ တိုင်အောင် အကြောင်းနှင့် အကျိုးတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရား ကိုလည်း ဟောကြားထားတော်မူ၏။ အလယ်မှ အဆုံးတိုင်အောင် ဟောကြားထားတော်မူအပ်သော အနုလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် နည်းတစ်နည်းပင် ဖြစ်၏။

၃။ ဇရာမရဏသည် ဇာတိအကြောင်းခံကြောင့် ဖြစ်ပုံမှစ၍ သင်္ခါရသည် အဝိဇ္ဇာအကြောင်းခံကြောင့် ဖြစ်ပုံသို့ တိုင်အောင် ပြောင်းပြန်လှန်၍လည်း ဟောကြားထားတော်မူ၏။ အဆုံးမှ အစအရင်းသို့ တိုင်အောင် ဟောကြားထားတော်မူအပ်သော ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်း ဖြစ်၏။

၄။ အာဟာရလေးပါးသည် တဏှာကြောင့်ဖြစ်ပုံ၊ တဏှာသည် ဝေဒနာ ကြောင့်ဖြစ်ပုံ ဤသို့စသည်ဖြင့် သင်္ခါရသည် အဝိဇ္ဇာကြောင့် ဖြစ်ပုံသို့ တိုင်အောင်လည်း ဟောကြားထားတော်မူ၏။ အလယ်မှ စ၍ အစ အရင်းသို့ တိုင်အောင် ဟောကြားထားတော်မူအပ်သော ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်း တစ်နည်းပင် ဖြစ်၏။

ဤကား ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်း (၄)နည်းတည်း။ တစ်ဖန် ပဋိသမိ႓ဒါမဂ်ပါဠိတော်ကြီး၌လည်း နည်းတစ်နည်း လာရှိပြန်၏။

၅။ အတိတ်အကြောင်းတရား ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရား ငါးပါး ထင်ရှားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ် အကျိုးတရား ငါးပါး ထင်ရှားဖြစ်ပုံဟူသော ပဋိစ္စသမုပ္ပါဒ် ဒေသနာ တော် ရှုကွက်တစ်မျိုးလည်း လာရှိ၏။

ပဋိသမိ႓ဒါမဂ်ပါဠိတော်၌ လာရှိသော အကြောင်းတရား တစ်စု အကျိုးတရား တစ်စု ထား၍ သိမ်းဆည်းသော ဤနည်းကို ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဟု ဤကျမ်းတွင် အမည်တပ်ထားပါသည်။ ဤ ပဉ္စမနည်းမှာ အဘိဓမ္မာအခြေခံဉာဏ်ပညာ အားနည်းသူ အချို့အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်တို့အား သင်ပြရသည်မှာ လွယ်ကူသယောင် ရှိပေသည်။

ပဋိစ္စသမုပ္ပါဒ် ဒေသနာနည်း (၅)နည်းတို့တွင် အသင်သူတော်ကောင်းသည် မိမိကြိုက်နှစ်သက်ရာ ဒေသနာနည်းဖြင့် အကြောင်းတရား များကို သို့မဟုတ် အကြောင်းတရား အကျိုးတရားများကို ရှာဖွေနိုင်ပါသည်။ ထိုငါးနည်းတို့တွင် ဤစာမူ၌ ပဉ္စမနည်းကို ပဓာနထား၍ အကြောင်း အကျိုး စပ်ပုံ သိမ်းဆည်းပုံကို ဖော်ပြထားပါသည်။ အကြောင်းတရားများကို စတင်၍ ရှာဖွေသည့်အပိုင်း၌ အလယ်မှ အစသို့သွားသော နည်းစနစ်ကို အသုံးပြု ထားပါသည်။

ထိုသို့ အလယ်မှ အရင်းဘက်သို့ လိုက်၍ အကြောင်းတရားများကို ရှာဖွေရာတွင် အထက်တွင် ရှင်းပြခဲ့သည့် ပဋိသမိ႓ဒါမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆို ချက်နှင့် အညီ ပစ္စုပ္ပန်ခန္ဓာငါးပါးမှသည် အတိတ်ခန္ဓာငါးပါးသို့တိုင်အောင် ခန္ဓာငါးပါး အဆက်ဆက်ကို ေ့ရှဦးစွာ သိမ်းဆည်းထားတတ်လျှင်ကား ပို၍ လွယ်ကူသည်ကို ယောဂီအများစု၌ တွေ့ရှိရပေသည်။ ထို့ကြောင့် ပစ္စုပ္ပန် ခန္ဓာငါးပါးမှသည် အတိတ်ခန္ဓာငါးပါးသို့ တိုင်အောင် ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါးတို့ကို သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပုဗ္ဗေနိဝါသာနုဿတိပိုင်း၌ လာရှိသော အတိတ်ခန္ဓာ အဆက်ဆက်ကို သိမ်းဆည်းပုံ နည်းစနစ်ကို အမှီပြု၍ ရေးသားတင်ပြထားပါသည်။ ထိုသို့ ပစ္စုပ္ပန် ခန္ဓာငါးပါးမှသည် အတိတ်ခန္ဓာငါးပါးသို့ တိုင်အောင် ခန္ဓာငါးပါး အဆက်ဆက်ကို သိမ်းဆည်းနိုင်သောအခါ အတိတ်ခန္ဓာငါးပါးကို စွဲမှီ၍ ဖြစ်ပေါ် လာသော အတိတ်အကြောင်းတရား ငါးပါးကြောင့် ပစ္စုပ္ပန် ခန္ဓာငါးပါး = အကျိုးဝိပါက်တရား ထင်ရှားဖြစ်ပုံကို ထပ်ဆင့်၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်ကာ သိမ်းဆည်းရမည် ဖြစ်သည်။ ဤပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းကို အောင်မြင်စွာ သိမ်းဆည်းရှုပွားတတ်ပါက အကြောင်းအကျိုး စပ်တတ်ပါက ကြွင်းကျန်သော ပဋိစ္စသမုပ္ပါဒ် ပထမနည်း စသည်တို့သည်လည်း အသင် သူတော်ကောင်း၏ အသိဉာဏ်၌ နားရှင်းပြီး လွယ်ကူပြီးသာ ဖြစ်နေပေ လိမ့်မည်။

---

ကြိုတင်သတိပြုရန် အချက်တစ်ရပ်

၁။ ဧကတော ဟိ ကာရဏတော န ဣဓ ကိဉ္စိ ဧကံ ဖလမတ္ထိ။

၂။ န အနေကံ။

၃။ နာပိ အနေကေဟိ ကာရဏေဟိ ဧကံ။

၄။ အနေကေဟိ ပန ကာရဏေဟိ အနေကမေဝ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၄။)

၁။ ဤလောက၌ တစ်ခုတည်းသော အကြောင်းတရားကြောင့် ဖြစ်ပေါ် လာသော တစ်စုံတစ်ခုသော တစ်ခုတည်းသော အကျိုးတရားသည် မရှိပေ။

၂။ တစ်ခုတည်းသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော တစ်ပါးမက များပြားသော အကျိုးတရားသည်လည်း မရှိပေ။

၃။ များစွာကုန်သော အကြောင်းတရားတို့ကြောင့်လည်း ဖြစ်ပေါ်လာသော တစ်ခုတည်းသော အကျိုးတရားသည် မရှိသည်သာတည်း။

၄။ အလျော်အားဖြင့်ဆိုရမူ --- များစွာကုန်သော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာသော များစွာသော အကျိုးတရားသည်သာလျှင် ရှိပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၄။)

ဘုရားရှင်သည် ---

၁။ အချို့သော အရာ၌ ပဓာန = ပြဓာန်းသောကြောင့်,

၂။ အချို့သော အရာ၌ ပါကဋ = ထင်ရှားသည်၏ အဖြစ်ကြောင့်,

၃။ အချို့သော အရာ၌ အသာဓာရဏ = မဆက်ဆံသည်၏ အဖြစ်ကြောင့်

ဒေသနာတော်၏ တင့်တယ်စမ္ပယ်ကြောင်းဖြစ်သော သဗ္ဗညုတဉာဏ် တော်အားလည်းကောင်း, ဆုံးမထိုက်သူ ကျွတ်ထိုက်သသူ လူနတ်ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့အားလည်းကောင်း လျော်သောအားဖြင့် တစ်ခု တည်းသာလျှင်ဖြစ်သော အကြောင်းတရားကိုသော်လည်းကောင်း အကျိုး တရားကိုသော်လည်းကောင်း ထင်ရှားပြတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၄။)

ဤအထက်ပါ အဋ္ဌကထာ၏အဖွင့်နှင့် အညီ ပဓာန ပါကဋ အသာဓာရဏဟူသော အကြောင်း သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်း တရားကြောင့် ဒေသနာတော်ကို တင့်တယ်စမ္ပယ်အောင် တန်ဆာဆင် တတ်သော သဗ္ဗညုတဉာဏ်တော်အားလည်းကောင်း, ဝေနေယျတို့၏ အလို အကြိုက် စရိုက်ဝါသနာအားလည်းကောင်း လျော်ညီအောင် အဝိဇ္ဇာကဲ့သို့သော အကြောင်းတစ်ခု ဝေဒနာကဲ့သို့သော အကျိုးတစ်ခုကိုသာ ထုတ်ဆောင်၍ ဟောကြားထားတော်မူသော်လည်း တစ်ခုတည်းသော အကြောင်း တရားကြောင့် တစ်ခုတည်းသော အကျိုးတရား၏ဖြစ်ခြင်း, တစ်ခုတည်းသော အကြောင်းတရားကြောင့် များစွာသော အကျိုးတရား၏ ဖြစ်ခြင်း, များစွာသော အကြောင်းတရားကြောင့် တစ်ခုတည်းသော အကျိုးတရား၏ ဖြစ်ခြင်းသည် မရှိနိုင်သောကြောင့် အကြောင်းတရား များစွာကြောင့်သာလျှင် အကျိုးတရားများစွာ၏ ဖြစ်ခြင်းသည်သာလျှင် ထင်ရှားရှိသောကြောင့်အဝိဇ္ဇာ တစ်ခုတည်းကသာလျှင် သင်္ခါရကို ဖြစ်စေသည်ဟုလည်း မယူဆပါနှင့်။ သဠာယတနကြောင့် ဖဿတစ်ခုတည်း ဖြစ်သည်ဟုလည်း မယူဆပါနှင့်။ ဖဿတစ်ခုတည်းကြောင့် ဝေဒနာတစ်ခုတည်းသာ ဖြစ်သည်ဟုလည်း မယူဆပါနှင့်။ အကြောင်းတရား များစွာကြောင့်သာ အကျိုးတရား များစွာ ဖြစ်သည်ဟု သဘောပေါက်ပါ။ ယင်းသို့ဖြစ်လျှင် အဝိဇ္ဇာတစ်ခုတည်း, ဖဿ တစ်ခုတည်း, ဝေဒနာတစ်ခုတည်း သိမ်းဆည်းရုံမျှဖြင့် မလုံလောက်ဟု သဘောပေါက်ပါ။ ယင်း အဝိဇ္ဇာ ဖဿ ဝေဒနာတို့နှင့် ယှဉ်ဖက်သမ္ပယုတ် တရား စသည်တို့ကိုပါ ရောနှော သိမ်းဆည်းရမည်ဟု မှတ်သားထားပါ။ အရာရာ၌ နည်းတူ သဘောပေါက်ပါ။

---

အတိတ်သို့ ဉာဏ်ကို စေလွှတ်ကြည့်ပါ

ေ့ရှဦးစွာ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုး၌ တည်ရှိသော ရုပ်နာမ်တို့ကို အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ကြိမ်ဖန်များစွာ သိမ်းဆည်းပါ။ အထူးသဖြင့် နံပါတ် (၆)လိုင်းဟု အမည်တပ် ထားသော ဓမ္မာရုံလိုင်း၌ အကောင်းအုပ်စုများကို ဦးစားပေး၍ ရုပ်နာမ်ကို သိမ်းဆည်းပါ။ ထိုသို့ အကောင်းအုပ်စုများကိုသာ အချိန်များစွာ အကြိမ် များစွာ ဦးစားပေး၍ သိမ်းဆည်းနေသော် ယောဂါဝစရပုဂ္ဂိုလ် အများစု၌ လင်းရောင်ခြည်စွမ်းအင်များသည် ပို၍ ပို၍ အားကောင်းလာတတ်ပါသည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးတို့၌ ထိုကဲ့သို့ ကြိမ်ဖန်များစွာ ရုပ်နာမ်ကို သိမ်းဆည်း နေရခြင်းမှာ ဘုရားရှင်ကိုယ်တော်တိုင်က အကြောင်းတရားတို့ကို မရှာဖွေမီ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးတို့၌ ရုပ်နာမ်တို့ကို သိမ်းဆည်းရန် မဟာသတိပဋ္ဌာနသုတ္တန်၌ ညွှန်ကြားထားတော်မူသောကြောင့် ဖြစ်၏။ (ရှေး နာမ် ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့ပြီ။) အထူးသဖြင့် ဗဟိဒ္ဓ ရုပ်နာမ်ကို မသိမ်းဆည်း နိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်ရုပ်နာမ်ကိုလည်း သိမ်းဆည်းနိုင်ဖို့ရန် အလွန်ခဲယဉ်းလှပေသည်။ အကြောင်းမူ အတိတ်ရုပ်နာမ်ကို ရှုခြင်းသည် ဗဟိဒ္ဓရုပ်နာမ်ကို ရှုခြင်းနှင့် သဘောသွားချင်း တူနေသောကြောင့် ဖြစ်၏။

အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်တို့ကို သိမ်းဆည်းလိုက်သဖြင့် မိမိ၏ အသိဉာဏ်၌ မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ် အကြည် ဘဝင်မနောအကြည်ဟူသော အကြည်ဓာတ် (၆)ပါးလုံးကို ပို၍ပို၍ ထင်ထင်ရှားရှား မြင်လာသောအခါ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်ကို သိမ်းဆည်း နေသော ဉာဏ်ကြောင့် အရောင်အလင်းများသည်လည်း ပို၍ပို၍ အားကောင်းလာသောအခါ ဤ ရုပ်တရား နာမ်တရားများသည် မည်သည့် အကြောင်းတရားများကြောင့် ဖြစ်နေရပါသနည်းဟု အကြောင်းတရားတို့ကို သိလိုသော စိတ်ဓာတ်ဖြင့် အတိတ်ဘက်သို့ အာရုံစိုက်၍ စိတ်ကို စေလွှတ် ကြည့်ပါ = ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ယင်းဉာဏ်ကြောင့် ဖြစ်ပေါ်နေသော အလင်းရောင်များသည် မိမိ၏ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာ၌ လင်းနေသည် မှန်သော်လည်း မိမိအာရုံ စိုက်ရှုနေသည့်ဘက်၌ ပို၍ပို၍ စူးစူးရှရှ တောက်ပနေသည်ကို ယောဂီအများစုသည် သတိပြုမိတတ်၏။ ထိုဉာဏ်အရောင်အလင်းဖြင့် အတိတ်အကြောင်းတရားတို့ကို ထိုးစိုက်၍ ရှာဖွေကြည့်ပါ။ အတိတ်က ပြုစုပျိုးထောင်ခဲ့ဖူးသော ယခုလက်ရှိ ပစ္စုပ္ပန် ဝိပါက်ရုပ်နာမ်၏ အကြောင်းရင်းဖြစ်သော ကောင်းမှုကုသိုလ် သင်္ခါရ-ကံ တစ်ခုခုသည် ပေါ်လာတတ်ပါသည်။ ဤစနစ်မှာ (အဘိ၊ဋ္ဌ၊၂၊၂၄၁။ မ၊ဋ္ဌ၊၁၊၂၈၁၊၊) အဋ္ဌကထာကြီးများ၌ ဖော်ပြထားသော နည်းစနစ်ပင် ဖြစ်သည်။

အကယ်၍ ဤနည်းစနစ်ဖြင့် အတိတ်အကြောင်းတရားတို့ကို ရှာဖွေ၍ ကြည့်သော်လည်း အောင်မြင်မှုကို မရရှိခဲ့သော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ပိုင်း၌ လာရှိသော နည်းစနစ်ကို မှီး၍ အနီး ကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သော ရုပ်နာမ်ကစ၍ အတိတ်ဘက်သို့ တစ်စ တစ်စ တိုး၍ ရုပ်နာမ်ကို သိမ်းဆည်းကြည့်ပါ။ ဤနည်းစနစ်မှာ ယောဂီ အများစု၌ အောင်မြင်မှုရရှိသော နည်းစနစ်ပင် ဖြစ်သည်။

အကယ်၍ ဤနည်းစနစ်ဖြင့်လည်း မအောင်မြင် ဖြစ်နေခဲ့သော် အတိတ်အကြောင်းတရားတို့ကို ရှာဖွေ၍ မတွေ့ဖြစ်နေသော် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌ အလယ်ဖြစ်သော ကမ္မဝဋ်အမည်ရသည့် အာဟာရ လေးပါးမှ စ၍ အဝိဇ္ဇာသို့တိုင်အောင် ကြောင်း-ကျိုးဆက်၍ သိမ်းဆည်းသော နည်းစနစ်ကို အသုံးပြုကြည့်ပါ။ သို့သော် ဤနည်းစနစ်ဖြင့် အကြောင်း တရားတို့ကို ရှာဖွေသော ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ ကျွမ်းကျင်လိမ္မာသူသာ ဖြစ်သင့်ပေသည်။

ဤ၌ကား ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ပိုင်း၌ လာရှိသော နည်း စနစ်ကို မှီး၍ အနီးကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သော ရုပ်နာမ်ကစ၍ အတိတ်ရုပ်နာမ်တို့ကို သိမ်းဆည်းပုံနှင့် အကြောင်းတရား အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ရှုပွားပုံ သိမ်းဆည်းပုံများကို ဆက်လက်၍ ရေးသားတင်ပြပေအံ့။

အသင်သူတော်ကောင်းသည် တရားမထိုင်မီ ထိုင်မည့်ဆဲဆဲ၌ ဘုရား၌ ဆီမီးဖြစ်စေ ရေဖြစ်စေ ပန်းဖြစ်စေ လှူဒါန်း၍ နိဗ္ဗာန်ကို ဆုတောင်းပါ။ ထို့နောက် နိဗ္ဗာန်ကိုမရမီ စပ်ကြား၌ သံသရာဝယ် ကျင်လည်ရသော် ရဟန်း ဘဝကို ဖြစ်စေ သို့မဟုတ် အမျိုးသမီးဘဝကို ဖြစ်စေ အသင်သူတော်ကောင်း နှစ်ခြိုက်သည့် ဘဝတစ်ခုကို ဆုတောင်းကြည့်ပါ။ ဝဋ္ဋနိဿိတကုသိုလ်ကံ သည်သာလျှင် သမုဒယသစ္စာ ထိုက်သောကြောင့် ယင်းသမုဒယသစ္စာ ကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို အသင်သူတော်ကောင်းသည် လွယ်လွယ်ကူကူ ရှု၍ ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဝဋ္ဋနိဿိတကုသိုလ် တစ်ခုကို ထူထောင်ခိုင်းခြင်း ဖြစ်သည်။ ထိုကုသိုလ်ကို ထူထောင်စဉ် ဆုတောင်းနေစဉ် ဖြစ်ပေါ်သွားသည့် စိတ်အစဉ်များကိုလည်း သတိပြု၍ မှတ်သားထားပါ။

ထိုနောင် တရားထိုင်သည့်နေရာတွင် သမာဓိကို အဆင့်ဆင့် ထူထောင်၍ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်နာမ်ကို သိမ်းဆည်းပါ။ အထူး သဖြင့် ဓမ္မာရုံလိုင်း ကုသိုလ်ဇောဝီထိ စိတ်အစဉ်တို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ထိုတွင်လည်း အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါမူ ဤနေရာတွင် စျာန်နာမ်တရားတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ အလင်းရောင်များ အလွန်အားကောင်းလာသောအခါ တရားမထိုင်မီ အနီး ကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သော ယခင်ဘုရား၌ ပန်း-ဆီမီး-ရေချမ်း လှူဒါန်း၍ ရဟန်းဘဝကို သို့မဟုတ် အမျိုးသမီးဘဝကို ဆုတောင်းနေသည့် စိတ်အစဉ် နိဗ္ဗာန်ကို ဆုတောင်းနေသည့် စိတ်အစဉ်, လှူဒါန်းနေသည့် စိတ်အစဉ် အစရှိသော နာမ်တရားတို့ကို သိမ်းဆည်းကြည့်ပါ။

ထိုနာမ်တရားတို့ကို သိမ်းဆည်းလိုလတ်သော် ယင်းနာမ်တရားတို့၏ မှီရာ ဟဒယ၌ တည်ရှိသော ဟဒယဝတ္ထုနှင့်တကွ (၅၄)မျိုးသော ရုပ်တရား များကို ရှေးဦးစွာ သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့ကို သိမ်းဆည်းရာ၌လည်း ယင်းဆုတောင်းစဉ် ကောင်းမှုကုသိုလ်ပြုစဉ် ခန္ဓာအိမ်၌ တည်ရှိသော ဓာတ် ကြီးလေးပါးကို စတင်သိမ်းဆည်းပါ။ အထူးသဖြင့် ထိုစဉ်က နှလုံးအိမ်၌ တည်ရှိခဲ့သော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့သောအခါ ဟဒယဝတ္ထုနှင့်တကွ (၅၄)မျိုးသော ရုပ်တရားများကို သိမ်းဆည်းပါ။ တစ်ဖန် ထိုဟဒယဝတ္ထု၌ မှီတွယ်၍ ဖြစ်ပေါ်နေသော အိမ်ရှင် ဘဝင်စိတ်ကို ဆက်လက် သိမ်းဆည်းပါ။ ထိုဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပြီးသောအခါ ထိုဘဝင်မနောအကြည်ဓာတ်ကို ေ့ရှတိုးနောက်ဆုတ် ပြုလုပ်၍ ဘဝင်မနောအကြည်ဓာတ်တို့၏ အကြား အကြား၌ ဖြစ်ပေါ်သွားသော ဝီထိစိတ်အစဉ်ဟု ခေါ်ဆိုအပ်သောနာမ်တရား တို့ကို ဆက်လက်သိမ်းဆည်းပါ။ ထိုနာမ်တရားတို့ကို သိမ်းဆည်း၍ ရသော အခါ ယခင် မိမိ တရားမထိုင်မီက တကယ်ဆုတောင်းခဲ့သော စိတ်အစဉ် များနှင့် တူမတူကို သတိပြု၍ အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါ။ တူညီသည်ကို တွေ့ရှိပါက အနီးကပ်ဆုံး ဣရိယာပုထ်၌ တည်ရှိခဲ့သော အတိတ်ရုပ်နာမ်ကို သိမ်းဆည်းရနိုင်ပြီ ဖြစ်ပေသည်။

---

သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါမူ

အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ ဗြဟ္မာ့ ချမ်းသာ ဗြဟ္မာဘဝကို လိုလားတောင့်တခဲ့ပါမူ မိမိနှစ်ခြိုက်ရာ ဗြဟ္မာဘဝ ကို ပို့ဆောင်ပေးမည့် စျာန်ကိုကား ပရိတ္တစျာန် သို့မဟုတ် မဇ္ဈိမစျာန် သို့မဟုတ် ပဏီတစျာန် ဖြစ်အောင် မိမိ၏ အလိုဆန္ဒနှင့် လျော်ညီစွာ ပွားများ အားထုတ်ထားရမည် ဖြစ်သည်။ ထိုစျာန်သည်လည်း အကယ်၍ စတုတ္ထစျာန် ဖြစ်မူ ထိုစတုတ္ထစျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါ။ ထိုစျာန်ကို မဝင်စားမီ သို့မဟုတ် ဝင်စားပြီးရာ အခါတို့၌ ဗြဟ္မာဘဝကိုလည်း ဆုတောင်းကြည့်ပါ။ သို့မဟုတ် စိတ်ညွတ်ကိုင်းရှိုင်းကြည့်ပါ။ ဆုတောင်းခြင်း စိတ်ညွတ်ကိုင်းရှိုင်းခြင်းတို့ကား အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ်ကို ပြုစု ပျိုးထောင်နေခြင်း ဖြစ်၏။ စျာန်ကို ကြိမ်ဖန်များစွာ ဝင်စားခြင်းကား သင်္ခါရ နှင့် ကံဟူသော ကမ္မဝဋ်တရားတို့ကို ပြုစုပျိုးထောင်နေခြင်း ဖြစ်၏။

တစ်ဖန် အသင်သူတော်ကောင်းသည် ယင်းကိလေသဝဋ် နာမ်တရားစု ကမ္မဝဋ် နာမ်တရားစုတို့ကိုလည်းကောင်း, ယင်းနာမ်တရားစုတို့၏ မှီရာ ဝတ္ထုရုပ်တို့ကိုလည်းကောင်း တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ထိုရုပ်နာမ်တို့ကို သိမ်းဆည်း၍ ရရှိပါက အနီးကပ်ဆုံး အတိတ်ရုပ်နာမ်ကို သိမ်းဆည်းမှုသည် အောင်မြင်သွားပြီ ဖြစ်ပေသည်။ ထိုသို့ အတိတ်ရုပ်နာမ်ကို သိမ်းဆည်းရာ၌ ရုပ်ပိုင်းတွင် ဟဒယဝတ္ထုရုပ်ကိုလည်းကောင်း, နာမ်ပိုင်းတွင် ဘဝင်မနော အကြည်ဓာတ်ကိုလည်းကောင်း ေ့ရှဦးစွာ ဦးစားပေး၍ သိမ်းဆည်းရန် မမေ့ပါနှင့်။

---

ကိလေသဝဋ်နှင့် ကမ္မဝဋ်

အထက်ပါ သံသရာဝဋ်ကို လည်ပတ်စေတတ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကိလေသဝဋ် တရားစုတို့တည်း။ သင်္ခါရ ကံတို့ကား ကမ္မဝဋ် တရားစုတို့တည်း။ အဝိဇ္ဇာသည်လည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိ။ တဏှာသည်လည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိ။ ဥပါဒါန်သည်လည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိ။ အုပ်စုအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိ၏။ ဤအထက်ပါ ဆုတောင်းနေသည့် အရာဌာနမျိုး၌ မြဲမြံခိုင်ခံ့သည်၏ အဖြစ်သို့ ရောက်ရှိနေသော တဏှာကိုပင် ဥပါဒါန်ဟု ဆိုသည်။ အဝိဇ္ဇာသမုဒယာ အာသဝသမုဒယော။ (မ၊၁၊၆၈။) အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော။ (မ၊၁၊၆၇။) ဤသို့စသော ဒေသနာ တော်များနှင့် အညီ အဝိဇ္ဇာအကြောင်းခံကြောင့် အာသဝေါတရားတို့ ထင်ရှား ဖြစ်ပေါ်လာရသကဲ့သို့ အာသဝေါတရားတို့ကြောင့်လည်း အဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာရပေသည်။ အဝိဇ္ဇာနှင့် အာသဝေါတရားတို့သည် အပြန် အလှန် ကျေးဇူးပြုပေးနေသော တရားတို့ ဖြစ်ကြ၏။ အာသဝေါတရား တို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့လည်း ပါဝင်ကြ၏။ ထို့ကြောင့် ကိလေသ ဝဋ်သုံးပါးတို့တွင် အဝိဇ္ဇာနှင့် တဏှာ ဥပါဒါန်တို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌လည်း အတူယှဉ်တွဲ၍ ဖြစ်နိုင်ကြ၏။ စိတ္တက္ခဏချင်း ကွာခြား လျက်လည်း ဖြစ်နိုင်ကြ၏။ ဤပဋိစ္စသမုပ္ပါဒ်ပိုင်း၌ ယေဘုယျအားဖြင့် လောဘ-ဒိဋ္ဌိ အုပ်စုအနေဖြင့် အဖြစ်များကြ၏။ ရံခါ လောဘ-မာနအုပ်စု အနေဖြင့်လည်း ဖြစ်နိုင်ပေသည်။ သသင်္ခါရိက အသင်္ခါရိက ထိုက်သလို ဖြစ်နိုင်ပေသည်။ ဤ၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ်ကို စံထား၍ (၂၀)ဟု ဖော်ပြထားပါသည်။ အလားတူပင် သင်္ခါရ-ကံဟူသော ကမ္မဝဋ်တရားတို့သည်လည်း အုပ်စုအလိုက်သာ ဖြစ်တတ်ပေသည်။ တစ်လုံးချင်းဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ဤ၌ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ် အသင်္ခါရိကစိတ်ကို စံထား ၍ (၃၄)ဟု ဖော်ပြထားပါသည်။ သို့သော် ယင်းကိလေသဝဋ် ကမ္မဝဋ်တို့သည် သတ္တဝါတစ်ဦးနှင့် တစ်ဦး မတူညီဘဲ ထိုက်သလို ကွဲပြားမှု ရှိနိုင်သည် ကိုကား သဘောပေါက်ပါလေ။

---

ကိလေသဝဋ် (၃) ပါး

ဘုရားရှင်အား ပန်း ဆီမီး ရေချမ်း လှူဒါန်း၍ ရဟန်းဘဝကို ဆုတောင်းပန်ထွာရာ၌ ကိလေသဝဋ် သုံးပါးမှာ ဤသို့ ဖြစ်၏။

၁။ အဝိဇ္ဇာ (=၂၀) ရဟန်းဟု အသိမှားခြင်းသဘော၊

၂။ တဏှာ (=၂၀) ရဟန်းဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊

၃။ ဥပါဒါန် (=၂၀) ရဟန်းဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော။

အကယ်၍ အသင်သူတော်ကောင်းသည် အမျိုးသမီးယောဂီ ဖြစ်၍ အမျိုးသမီးဘဝကိုပင် ဆုတောင်းပန်ထွာသည် ဖြစ်အံ့၊ ကိလေသဝဋ် (၃)ပါး မှာ ဤသို့ ဖြစ်၏။

၁။ အဝိဇ္ဇာ (=၂၀) အမျိုးသမီးဟု အသိမှားခြင်းသဘော၊

၂။ တဏှာ (=၂၀) အမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊

၃။ ဥပါဒါန် (=၂၀) အမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော။

ဤ၌ (၂၀)ဟူသည် ဇော အသီးအသီး၌ တည်ရှိသော လောဘ-ဒိဋ္ဌိ အုပ်စု အလုံး (၂၀)ကို ရည်ညွှန်းထားပါသည်။ (၁၉-၂၂-၂၁) လုံးသော နာမ်တရားစုတို့သည်လည်း ထိုက်သလို ဖြစ်နိုင်ပါသည်။ မိမိ၌ ဖြစ်ခဲ့သည့် အတိုင်း ဖြစ်နေဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်း သေသေချာချာ ဆန်းစစ်၍ ရှုရန် ဖြစ်သည်။

---

ကမ္မဝဋ် (၂) ပါး

၄။ သင်္ခါရ (= ၃၄) ဘုရား၌ ပန်း ဆီမီး ရေချမ်း လှူဒါန်းသည့် ကုသိုလ် စေတနာအုပ်စု (= သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်)၊

၅။ ကံ = ယင်းသင်္ခါရ (= ၃၄)၏ ကမ္မသတ္တိ

ကိလေသဝဋ် အမည်ရသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ယေဘုယျအားဖြင့် မနောဒွါရာဝဇ္ဇန်းဇော (၇)ကြိမ် အနေဖြင့် အဖြစ်များ၏။ မိမိဆုတောင်းပန်ထွာထားသည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝတို့၌ တည်နေသော ရူပါရုံစသည့် ကာမအာရုံကို = ကာမရုပ်နာမ်ကို အာရုံပြုနိုင်မူ တဒါရုံလည်း ကျခွင့်ရှိ၏။ ဇော အသီးအသီး၌ လောဘ-ဒိဋ္ဌိအုပ်စု အလုံး (၂၀)ကို စံထား၍ ဖော်ပြထားသည်။

တစ်ဖန် သင်္ခါရနှင့် ကံဟူသော ကမ္မဝဋ်တရားတို့သည်လည်း မဟာ ကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်ပင် ဖြစ်၏။ ဇော အသီးအသီး၌ ဉာဏ်-ပီတိ နှစ်မျိုးလုံး ယှဉ်ခဲ့သော် (၃၄)လုံးစီ ရှိ၏။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ဇောစိတ်ကို စံထား၍ ဖော်ပြ ထားပါသည်။ ဤတွင်လည်း ကံကို ထူထောင်စဉ်က မိမိ၏ ရုပ်နာမ် သန္တာန် အစဉ်၌ ဖြစ်ခဲ့သည့်အတိုင်း သိမ်းဆည်းရန် ဖြစ်သည်။ ယင်းကုသိုလ်ဇော များမှာ သောမနဿ ဥပေက္ခာ ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက အသင်္ခါရိက ထိုက်သလို ဖြစ်နိုင်ပေသည်။

ယင်းကုသိုလ်ဇော စေတနာ = သင်္ခါရအုပ်စုတရားတို့ကား အနိစ္စ တရားများသာ ဖြစ်ခြင်းကြောင့် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် သက်တမ်း စေ့သော် ချုပ်ပျက်သွားကြသည်သာ ဖြစ်၏။ သို့သော် နောင်တစ်ချိန် အနာဂတ်ဘဝ တစ်ခုခု၌ မိမိရည်သန်တောင့်တထားသည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝကို ဖြစ်စေနိုင်သည့် စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်တွင် မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက်၍ သွားပေသည်။ ဝိပါက်နာမ်တရား ကြိယာ နာမ်တရားများကဲ့သို့ စွမ်းအင်သတ္တိ တစ်စုံတစ်ရာ မထားခဲ့ဘဲ ချုပ်ပျက် သွားသည်ကား မဟုတ်ပေ။ ထိုစွမ်းအင်ကမ္မသတ္တိကိုပင် ကံဟု ခေါ်ဆိုပေ သည်။ နာနာက္ခဏိကကမ္မသတ္တိပေတည်း။ ယခုတစ်ဖန် ဗြဟ္မာဘဝကို ဆုတောင်းသည့် ဒုတိယဆုတောင်းပိုင်းကို ဆက်လက်တင်ပြအပ်ပါသည်။

---

ဒုတိယဆုတောင်းခန်း (ဗြဟ္မာဘဝ)

၁။ အဝိဇ္ဇာ (=၂၀) ဗြဟ္မာဟု အသိမှားခြင်းသဘော။

၂။ တဏှာ (=၂၀) ယင်းဗြဟ္မာဘဝကို တွယ်တာတပ်မက်ခြင်းသဘော။

၃။ ဥပါဒါန် (=၂၀) ယင်းဗြဟ္မာဘဝသို့ စိတ်ကပ်ရောက် စွဲနေခြင်းသဘော။

၄။ သင်္ခါရ (= ၃၁) ဗြဟ္မာဘဝကို ရည်သန်တောင့်တ၍ ပြုစုပျိုးထောင် ထားသော စတုတ္ထစျာန် ကုသိုလ်စေတနာအုပ်စု

၅။ ကံ = ယင်းသင်္ခါရ (= ၃၁)၏ ကမ္မသတ္တိ

ဤ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်လောဘဒိဋ္ဌိ အုပ်စု အလုံး (၂၀) ဖြစ်သည်။ သင်္ခါရစတုတ္ထစျာန် နာမ်တရား (၃၁) ဖြစ်သည်။ မနောဒွါရိကဇောဝီထိ စိတ်အစဉ်များသာ ဖြစ်ကြသည်။

အသင်သူတော်ကောင်းသည် ဤကိလေသဝဋ် ကမ္မဝဋ်ဟူသော အနီး ကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သည့် နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲဟူသော နာမ်ဃနကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် နာမ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရှုပွားနိုင်လျှင်ကား အနီးကပ်ဆုံးဖြစ်သည့် အတိတ် ရုပ်နာမ်ကို သိမ်းဆည်းခြင်းလုပ်ငန်းမှာ အောင်မြင်မှုကို ရရှိသွားပြီ ဖြစ်၏။

---

ရုပ်ပုံပေါ်လာခဲ့သော် ပြုကျင့်ရမည့် လုပ်ငန်းခွင်

အကယ်၍ အသင်သူတော်ကောင်းသည် အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရုပ်နာမ်တို့ကို သိမ်းဆည်းနေရာ ယင်းရုပ်နာမ်တို့ကို သိမ်းဆည်း နေသော နာမရူပပရိစ္ဆေဒဉာဏ်ကြောင့် အရောင်အလင်းများသည်လည်း အားကောင်းမောင်းသန်စွာ ဖြစ်ပေါ်လာခဲ့ပါမူ ယင်းအရောင်အလင်း၏ အကူ အညီဖြင့် အနီးကပ်ဆုံးသော ဣရိယာပုထ်၌ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို လှမ်း၍ သိမ်းဆည်းလိုက်သောအခါ ယခင် တရားမထိုင်မီ ဆုတောင်းနေသည့်ပုံသည် ပေါ်လာသည်ဖြစ်အံ့၊ ထိုပုံကို အလင်းရောင်အောက်တွင် တွေ့မြင်နေသည် ဖြစ်အံ့၊ ထိုပုံ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါ။ ဉာဏ်ဖြင့်မြင်အောင် စိုက်ရှုပါ။ ဗဟိဒ္ဓ၌ ရုပ်တရားတို့ကို ရှုသည့်ပုံစံ၏အတိုင်းသာ ယင်းပုံကိုလည်း ဗဟိဒ္ဓကဲ့သို့ပင် သဘောထား၍ ဓာတ်ကြီးလေးပါးကို စိုက်ရှုပါ။ ဗဟိဒ္ဓရုပ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းထားပြီးသော အသင်သူတော်ကောင်းအဖို့ အခက်အခဲကား များစွာ မရှိနိုင်တော့ပြီ။ မကြာမီ အချိန်ကာလအတွင်းမှာပင် ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်ပေ သည်။ ထိုရုပ်ကလာပ်တို့ကို ပရမတ်သို့ဆိုက်အောင် ဓာတ်ခွဲလျက် (၆) ဒွါရနှင့် (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်ပရမတ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ အထူးသဖြင့် နှလုံးအိမ်၌ တည်ရှိသော (၅၄)မျိုးသော ရုပ် တရားတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ထိုတွင်လည်း ဟဒယဝတ္ထုရုပ်ကို အထူးဦးစားပေး၍ သိမ်းဆည်းပါ။ တစ်ဖန် ထိုဟဒယဝတ္ထုရုပ်ကိုမှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို ဆက်လက် သိမ်းဆည်းပါ။ ထိုနောင် ယင်းဘဝင်မနောအကြည်ဓာတ်တို့၏ အကြား အကြား၌ ထိုဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်ပေါ်သွားကြကုန်သော နာမ် တရားအစဉ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်း၍ ရရှိသော နာမ်တရားအစဉ်သည် ယခင် တကယ် ဆုတောင်းနေခိုက်၌ ဖြစ်ပေါ်ခဲ့သော နာမ်တရားအစဉ် ဟုတ်-မဟုတ်ကို = တစ်ထပ်တည်း တူညီမှု ရှိ-မရှိကို ပြန်လည်၍ ဆန်းစစ်ကြည့်ပါ။ အကယ်၍ တစ်ထပ်တည်း တူညီနေပါက အနီးကပ်ဆုံး ဖြစ်သည့် အတိတ်ရုပ်နာမ်ကို သိမ်းဆည်းမှုသည် အောင်မြင်ပြီ ဖြစ်သည်။

ထိုသို့ အောင်မြင်မှုကို ရရှိပါက တဖြည်းဖြည်း အတိတ်ဘက်သို့ ဉာဏ် ကို စေလွှတ်၍ ယမန်နေ့က ရုပ်နာမ်, တစ်နေ့က ရုပ်နာမ်, လွန်ခဲ့သောလက ရုပ်နာမ်, လွန်ခဲ့သောနှစ်က ရုပ်နာမ် - ဤသို့ စသည်ဖြင့် အတိတ်ရုပ်နာမ် များကို တစ်စတစ်စ တိုး၍ တိုး၍ ခပ်စိပ်စိပ် သိမ်းဆည်းသွားပါ။ ထိုသို့ သိမ်းဆည်းရှုပွားရာ၌ ကြိုးကြား ကြိုးကြား ကုသိုလ်ပြုနေသည့် ရုပ်ပုံများ အကုသိုလ်ပြုနေသည့် ရုပ်ပုံများ ကျေနပ်မှုရရှိနေသော ရုပ်ပုံများ မကျေမနပ် ဖြစ်နေသော ရုပ်ပုံများ ဝမ်းသာနေသော ရုပ်ပုံများ ဝမ်းနည်းနေသော ရုပ်ပုံ များ ဤသို့ စသည့် ရုပ်ပုံများပေါ်လာခဲ့သော် အထက်ပါအတိုင်း ယင်းရုပ်ပုံ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကစ၍ ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်း ပါ။ အမိဝမ်းတွင်း ကလလရေကြည် အခိုက်သို့ တိုင်အောင် တည်ရှိနေခဲ့သော ရုပ်နာမ်တို့ကို ဆက်လက်၍ တဖြည်းဖြည်း သိမ်းဆည်းပါ။ ခပ်စိပ်စိပ် သိမ်းဆည်းနိုင်ပါက ပို၍ ကောင်းပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ မိမိ၏ ရုပ်အသွင်များသည် တဖြည်းဖြည်း ငယ်ငယ်သွားသည်ကို ယောဂီအများစု သည် တွေ့ရှိနေတတ်ပေသည်။ သို့သော် ဤအရာ၌ ပုံသဏ္ဌာန်မှာ လိုရင်း မဟုတ်ပါ။ ရုပ်နာမ်သည်သာ လိုရင်းဖြစ်ပေသည်။ ပုံသဏ္ဌာန်များကို မတွေ့ တော့ဘဲ ပရမတ္ထရုပ်နာမ်သက်သက်ကိုသာ ကလလရေကြည်သို့တိုင်အောင် တွေ့ရှိနေပါက ပို၍ ပို၍ ကောင်းသထက် ကောင်းသည်သာ ဖြစ်ပေသည်။

---

အတိတ် မရဏာသန္နဘက်သို့

လူသားတို့၏ ပဋိသန္ဓေ ကလလရေကြည်အခိုက်ဟဒယဒသက ကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်ဟု ရုပ်ကလာပ် အမျိုး အစား (၃)မျိုး ရုပ်အမျိုးအစားကား (၃၀) ရှိပေသည်။ (ရုပ်ကလာပ် အမျိုး အစားသာ (၃)မျိုး ရုပ်အမျိုးအစားသာ (၃၀) ဖြစ်သည်။ တစ်မျိုးတစ်မျိုး၌ အရေအတွက်ကား များစွာ ရှိကောင်းရှိနိုင်သည်။ အကျိုးပေးနေသော ကံ အပေါ်၌ အခြေစိုက်လျက် ရှိ၏။) တစ်ဖန် နာမ်ပိုင်းတွင် သောမနဿ ဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့သူ တိဟိတ်ပုဂ္ဂိုလ် ဖြစ်အံ့၊ သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက် နာမ်တရားစု (၃၄)လုံး ဖြစ်သည်။ ယင်းရုပ်နာမ်တို့ကို ဉာဏ်အမြင် သန့်ရှင်းအောင် သိမ်းဆည်းပါ။ ပရမတ်သို့ ဆိုက်အောင် ဉာဏ်အမြင် သန့်သန့်ရှင်းရှင်းဖြင့် သိမ်းဆည်းနိုင်သောအခါ ဤသို့ စူးစမ်းဆင်ခြင်ပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

သော ဣဒံ နာမရူပံ န အဟေတု န အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယောတိ ဥပပရိက္ခန္တော အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာတိ တဿ ပစ္စယံ ဝဝတ္ထပေတွာ အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုေဉ္ဇာ ဧဝါတိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)

= ထို ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၏။ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ ဤရုပ်နာမ်သည်ကား တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်း = ဇနကအကြောင်း ထင်ရှားမရှိဘဲ အားပေး ထောက်ပံ့တတ်သော ပစ္စယအကြောင်း = ဥပတ္ထမ္ဘကအကြောင်း မရှိဘဲ ဖြစ်ပေါ်၍နေသည်ကား မဟုတ်၊ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတု အကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင် အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘက အကြောင်းတရား ထင်ရှားရှိသည် ဖြစ်၍သာလျှင် ဖြစ်ပေါ်လာရ၏။ ထို တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနက အကြောင်းတရားကား အဘယ်ပါနည်း။ အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်းတရားကား အဘယ်ပါနည်း ဟု အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ စူးစမ်းဆင်ခြင်လတ်သော် လွန်ခဲ့ သော အတိတ်ဘဝ သေခါနီးကာလ = မရဏာသန္နအခါ၌ ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကိုလည်းကောင်း, ယင်းမရဏာသန္နဇော၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံ ကိုလည်းကောင်း စတင်၍ တွေ့ရှိတတ်ပါသည်။

အကယ်၍ မရဏာသန္နအခါ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်လျှင်ကား ယင်းမရဏာသန္နဇောဟူသော နာမ်တရားစု၏ အာရုံဖြစ်သော ကံ-ကမ္မ နိမိတ်-ဂတိနိမိတ်ဟူသော နိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော နိမိတ်ကို တွေ့ရှိဖို့ရန် အလွန်သေချာသွားပြီ ဖြစ်၏။ မခဲယဉ်းလှတော့ပေ။ ထိုမရဏာသန္နဇော၏ နိမိတ်ကား အကျိုးပေးမည့် ကံ၏ စွမ်းအင်သတ္တိကြောင့် ထင်လာရသော နိမိတ်ပင် ဖြစ်သည်။ သို့အတွက် ထိုနိမိတ်ကို ရှာဖွေတွေ့ရှိလျှင် ယခုလက်ရှိဘဝ၏ ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော အချို့အချို့သော ဝိပါက် ခန္ဓာတို့၏ အကြောင်းရင်းဖြစ်သော သင်္ခါရနှင့် ကံကို တွေ့ရှိဖို့ရန် သေချာ သွားပြီ ဖြစ်၏။ အကယ်၍ သင်္ခါရနှင့် ကံကို တွေ့ရှိခဲ့သော် ထိုသင်္ခါရနှင့် ကံကို ခြံရံထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို ဆက်လက်၍ ရှာဖွေ ကြည့်ပါ။

အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်အကြောင်းတရား တို့ကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် သေခါနီး မရဏာသန္နရုပ်နာမ်ကို မတွေ့ဘဲ သေနေသည့်ပုံသဏ္ဌာန် သို့မဟုတ် သေခါနီးပုံသဏ္ဌာန်ကို တွေ့မြင်သော် ထိုသေနေသည့် အလောင်းကောင်၌ တည်ရှိသော ဓာတ်ကြီး လေး ပါးကို စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိသောအခါ ယင်း ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဥတုဇဩဇဋ္ဌမက ပရမတ် ရုပ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။

သေနေသည့် အလောင်းကောင်၌ ဥတုဇဩဇဋ္ဌမကရုပ်တို့ ရှိကြသည် ဟူသော ဤအဆိုမှာ ယေဘုယျဟု မှတ်သားပါ။ အကြောင်းမူ ထိုအချိန် အခါဝယ် ထိုအလောင်းကောင်၌ မှီတင်းနေထိုင်ကြသော အချို့အချို့သော အသက်ရှင်ဆဲ ပိုးလောက်များ၏ ရုပ်ကလာပ်အမှုန်များကိုပါ ယောဂါဝစရ ပုဂ္ဂိုလ်က တစ်ခါတစ်ရံ ရောနှော၍ တွေ့မြင်နေတတ်သောကြောင့် ဖြစ်၏။ ဤအကြောင်းကြောင့်ပင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ထို အလောင်းကောင်၌ ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်တို့ကို ရောနှော၍ တွေ့မြင်နေကြခြင်း ဖြစ်၏။ ယင်းပိုးလောက်တို့၌ အနည်းဆုံး ပမာဏအားဖြင့် ကာယဒသကကလာပ်ဟူသော ကြည်သည့်ရုပ်ကလာပ်များ ရှိနေကြ၏။ သေနေသည့် အလောင်းကောင်သက်သက်၌ကား မကြည်သည့် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့သာ တည်ရှိကြသည်။

အသင်သူတော်ကောင်းသည် ထိုအလောင်းကောင်၌ တည်ရှိကြသော ရုပ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ အတိတ်ဘက်သို့ အာရုံစိုက်လျက် မသေမီ သေခါနီးဆဲဆဲ ရုပ်နာမ်တို့ကို တစ်စတစ်စ တိုး၍ တိုး၍ သိမ်းဆည်း ကြည့်ပါ။ သေခါနီးရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်ပါက ယင်းသေခါနီးမရဏာသန္နအခါ၌ ထင်နေသော မရဏာသန္နဇော၏ အာရုံကို လှမ်း၍ သိမ်းဆည်း ပါ။ အကယ်၍ မအောင်မြင်ဖြစ်နေပါက သေခါနီး ဟဒယဝတ္ထုကို မိအောင် သိမ်းဆည်းပါ။ ထိုနောင် ထိုဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ စွဲမှီ၍ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက် သိမ်းဆည်းပါ။ ထိုဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်ပါက မသေမီ ေ့ရှပိုင်း သေခါနီးဆဲဆဲ ဤအချိန်အတွင်း၌ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အဆက်မပြတ် ဖြစ်လေ့ ရှိသော ဘဝင်မနောအကြည်ဓာတ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ မသေမီ ေ့ရှပိုင်းသို့လည်းကောင်း သေခါနီးဆဲဆဲ နောက်ပိုင်းသို့လည်းကောင်း ေ့ရှတိုး ကြည့်လိုက် နောက်ဆုတ်ကြည့်လိုက်ဖြင့် ယင်းဘဝင်မနောအကြည်ဓာတ် တို့ကို သိမ်းဆည်းနိုင်ပါက ယင်းဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်နေသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော မရဏာသန္နဇော၏ အာရုံနိမိတ်ကို ရှာဖွေတွေ့ရှိနိုင်မည် သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ယောဂီ တော်တော်ခပ်များများကို သုတေသန ပြုကြည့်ရာတွင် ကံအာရုံနှင့် ကမ္မနိမိတ်အာရုံ ထင်သူ အရေအတွက် များ၏။ ဂတိနိမိတ်ထင်သူ အရေအတွက် အလွန်နည်းပါးသည်ကို တွေ့ရ၏။

ထိုမရဏာသန္န သေခါနီးကာလ၌ ထင်လာသော နိမိတ်သည် --- အဘိနဝကရဏဝသေနဟူသော အဘိဓမ္မတ္ထသင်္ဂဟ (ဝီထိမုတ်ပိုင်း-၉၀)၌ ဖွင့်ဆိုထားသည်နှင့် အညီ ကောင်းမှုကုသိုလ်တစ်ခုကို အသစ်တစ်ဖန် ပြုနေ သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်နေသော ကံအာရုံနိမိတ် ဖြစ်အံ့၊ ထိုကောင်းမှု ကုသိုလ် ပြုနေသော အချိန်အခါက ဖြစ်ပေါ်ခဲ့သော ရုပ်နာမ်ကို တစ်ဖန် ပြန်၍ သိမ်းဆည်းရမည် ဖြစ်သည်။

---

ကံအာရုံကို ရှာဖွေပုံ

ထိုကောင်းမှုကုသိုလ်ပြုနေသောပုံတွင် တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါ။ ရုပ်ကလာပ်များကို တွေ့မြင်သော် ရုပ်ပရမတ်သို့ ဆိုက်အောင် ရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်း ဆည်းပါ။ အထူးသဖြင့် ကောင်းမှုကုသိုလ်ပြုစဉ်က ဖြစ်ခဲ့သော ဟဒယဝတ္ထု နှင့် တကွသော နှလုံးအိမ်အတွင်း၌ တည်ရှိသော ရုပ် (၅၄)မျိုးတို့ကို ဦးစား ပေး၍ သိမ်းဆည်းပါ။ ထိုနောင် ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းပါ။ တစ်ဖန် ထိုဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ် ကို ဆက်လက်သိမ်းဆည်းပါ။ ထိုနောင် ယင်းဘဝင်မနောအကြည်ဓာတ်တို့ ၏ အကြားအကြား၌ ဖြစ်ပေါ်သွားသော ကောင်းမှုကုသိုလ် ပြုစဉ် ဖြစ်နေသော နာမ်တရားစုတို့ကို ဆက်လက်သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ယင်းကောင်းမှုကုသိုလ်ကို မပြုမီ ပြုဆဲ ပြုပြီး အချိန်ကာလတို့၌ ဖြစ်ပေါ် သွားကြသော နာမ်တရားတို့ကို စေ့စေ့ငုငု ကြည့်ရှုလျက် မည်ကဲ့သို့သော ကောင်းမှုကုသိုလ်ကို ပြုနေသည် မည်ကဲ့သို့သော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်နေသည်ကို သေချာစွာ ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ကြိမ်ဖန်များစွာ ခေါက်တုံ့ခေါက်ပြန် ရှုခဲ့သော် မည်ကဲ့သို့သော ရည်ရွယ်ချက် ဦးတည်ချက်ဖြင့် ကောင်းမှုကုသိုလ်ကို ပြုနေသည် ဟူသော အဝိဇ္ဇာ တဏှာ ဥပါဒါန် အုပ်စုကိုလည်းကောင်း မည်ကဲ့သို့သော ကုသိုလ်ဇောဝီထိ စိတ်အစဉ်ဟူသော သင်္ခါရ-ကံများဖြစ်ပေါ်နေသည်ကို လည်းကောင်း ရှာဖွေတွေ့ ရှိမည် ဖြစ်ပေသည်။ တစ်နည်းဆိုရသော် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော ကုသိုလ်သင်္ခါရ-ကံဟူသော ကိလေသဝဋ် ကမ္မဝဋ်တို့ကို ရှာဖွေတွေ့ရှိမည် ဖြစ်ပေသည်။ (လူ့ဘဝ လူ့ခန္ဓာကို ဖြစ်စေသော သင်္ခါရ-ကံတို့မှာ ကုသိုလ်သင်္ခါရ-ကံတို့သာ ဖြစ်ကြသဖြင့် ကုသိုလ်သင်္ခါရ-ကံတို့ကိုသာ ယခုကဲ့သို့ ကွက်၍ပြောဆိုနေခြင်း ဖြစ်သည်ကိုကား သတိပြုပါ)

သုမနာမင်းသမီး၏ ရှေးဆုတောင်း

ဤအရာ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်နိုင်ရန်အတွက် ကောသလမင်းကြီး၏ သမီးတော် နာမည်ကျော် သုမနာမင်းသမီး၏ ရှေးဆုတောင်းခန်း တစ်ခုကို ဖော်ပြအပ်ပါသည်။ ဝိပဿိဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူရာအခါ၌ ဝိပဿိဘုရားရှင် အမှူးရှိသော သံဃာတော်အား သုမနအမည်ရသော မြတ်လေးပန်းနှင့် ရေ မပါသည့် နို့ဃနာဆွမ်းကို လှူဒါန်းပြီးသောအခါ ထိုအမျိုးကောင်းသမီး၏ ဆုတောင်းကား အောက်ပါအတိုင်း ဖြစ်၏။

ဘဝါဘဝါဘိနိဗ္ဗတ္တိယံ မေ သတိ ပရိတဿနဇီဝိတံ နာမ မာ ဟောတု။ အယံ သုမနမာလာ ဝိယ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ ပိယာဝ ဟောမိ နာမေန စ သုမနာယေဝ။ (အံ၊ဋ္ဌ၊၃၊၁၃-၁၄။)

= ဘုရားတပည့်တော်မအား ဘဝကြီးငယ် အသွယ်သွယ်၌ ဖြစ်ရခြင်း သည် ထင်ရှားရှိခဲ့ပါမူ ကြောင့်ကြောင့်ကြကြ တောင့်တောင့်တတဖြင့် အသက် မွေးရခြင်းမည်သည် မဖြစ်ပါစေသတည်း။ ဖြစ်လေရာ ဖြစ်လေရာ ဘဝတိုင်း၌ ဤမြတ်လေးပန်းကဲ့သို့ လူများအပေါင်း၏ ချစ်ခင်မြတ်နိုးအပ်သူ (အမျိုး သမီးသာ) ဖြစ်ရပါလို၏။ အမည်နာမအားဖြင့်လည်း သုမနာအမည်ရှိသည် သာ ဖြစ်ရပါလို၏။(အံ၊ဋ္ဌ၊၃၊၁၃-၁၄။)

ဤအထက်ပါ ကောင်းမှုနှင့် ဆုတောင်းခန်းတို့ကို ကြည့်ပါက ကိလေသဝဋ်နှင့် ကမ္မဝဋ်တို့ စုံစုံညီညီ ပါဝင်နေသည်ကို တွေ့ရှိနိုင်မည် ဖြစ်၏။

၁။ အဝိဇ္ဇာ = မကြောင့်မကြ မတောင့်မတရဘဲ အသက်မွေးရသည့် လူများအပေါင်း၏ ချစ်ခင်မြတ်နိုးအပ်သည့် သုမနာ အမည် ရှိသော အမျိုးသမီးဟု အသိမှားခြင်းသဘော၊

၂။ တဏှာ = ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊

၃။ ဥပါဒါန် = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော၊

၄။ သင်္ခါရ = ဝိပဿိဘုရားအမှူးရှိသော သံဃာတော်တို့အား မြတ်လေး ပန်းနှင့် နို့ဃနာဆွမ်း လှူဒါန်းသည့် ကုသိုလ်စေတနာ အုပ်စု၊

၅။ ကံ = ယင်းကုသိုလ်စေတနာအုပ်စု၏ ကမ္မသတ္တိ။

ဤအကြောင်းတရားငါးပါးတို့ကား ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီး၏ ပဋိသန္ဓေ ခန္ဓာငါးပါး အစရှိသော အချို့သော ဝိပါက်ခန္ဓာ တို့၏ အကြောင်းတရားတို့ပင် ဖြစ်ကြသည်။ (အံ၊ဋ္ဌ၊၃၊၁၃-၁၄ - ကြည့်။)


အနောဇာဒေဝီ၏ ဆုတောင်းခန်း

မဟာကပ္ပိနမထေရ်အလောင်းနှင့် အနောဇာထေရီအလောင်းလျာတို့ ဦးဆောင်သည့် ယက္ကန်းသည်မိသားစု တစ်ထောင်တို့သည် ကဿပဘုရား ရှင်၏ လက်ထက်တော်က ကြီးကျယ် ခမ်းနားလှသော ကျောင်းတော်ကြီး ဆောက်လုပ်ပြီးနောက် ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းပူဇော် ကြ၏။ ထိုပူဇော်ပွဲတွင် အနောဇာဒေဝီ = အနောဇာထေရီအလောင်း အမျိုး ကောင်းသမီးသည် အနောဇာပန်းများ ထည့်ထားသော လင်ပန်းပေါ်၌ အနောဇာပန်းအဆင်း ရှိသော အဖိုးတစ်ထောင် ထိုက်တန်သည့် သင်္ကန်း တစ်စုံကို တင်လျက် ကဿပဘုရားရှင်၏ ခြေတော်ရင်း၌ ချထား၍ လှူဒါန်း ပူဇော်ရာတွင် ထိုအမျိုးသမီး၏ ဆုတောင်းခန်းမှာ အောက်ပါအတိုင်း ဖြစ်၏။

ဘန္တေ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ အနောဇပုပ္ဖဝဏ္ဏံယေဝ မေ သရီရံ ဟောတု၊ အနောဇာ ဧဝ စ မေ နာမံ ဟောတု။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၅၃။)

= အရှင်ဘုရား ...ဖြစ်လေရာ ဖြစ်လေရာ ဘဝတိုင်း၌ တပည့်တော်မ ၏ ခန္ဓာကိုယ်သည် အနောဇာပန်းအဆင်းနှင့် တူသည်သာလျှင် ဖြစ်ပါစေ သတည်း။ တပည့်တော်မ၏ အမည်သည်လည်း အနောဇာ အမည်ရှိသည် သာလျှင် ဖြစ်ပါစေသတည်း။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၅၃။)

၁။ အဝိဇ္ဇာ = အနောဇာပန်းအဆင်းနှင့် တူသည့် အနောဇာ အမည်ရှိသည့် အမျိုးသမီးဟု အသိမှားခြင်းသဘော၊

၂။ တဏှာ = ယင်းအမျိုးသမီးဘဝကို တွယ်တာမက်မောခြင်းသဘော၊

၃။ ဥပါဒါန် = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်စွဲနေခြင်းသဘော၊

၄။ သင်္ခါရ = ကျောင်း-ပန်း-သင်္ကန်းတို့ကို လှူဒါန်းပူဇော်သည့် ကုသိုလ် စေတနာအုပ်စု၊

၅။ ကံ = ယင်း သင်္ခါရ ကုသိုလ်စေတနာအုပ်စု၏ ကမ္မသတ္တိ။

ဤကောင်းမှုကြောင့် အနောဇာဒေဝီ = အနောဇာထေရီ အမည်ရှိသည့် အနောဇာပန်း = လိပ်ဆူးရွှေပန်းအဆင်းနှင့်တူသူ အမျိုးကောင်းသမီး တစ်ဦး လာဖြစ်ရ၏။ အထက်ပါ အကြောင်းတရားငါးပါးတို့ကား အနောဇာဒေဝီ = အနောဇာထေရီ အမျိုးကောင်းသမီး၏ ပဋိသန္ဓေခန္ဓာငါးပါး အစ ရှိသော အချို့သော ဝိပါကဝဋ်တရားတို့၏ အကြောင်းတရားတို့ပင် ဖြစ်ကြသည်။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြယ်လှယ်သည့်အတိုင်း ပုံသွင်းပေးလိုက် သည့်အတိုင်း သင်္ခါရ ကံတို့က ထိုက်သင့်ရာ အကျိုးတရားများကို ဖြစ်စေပုံ သာဓကများတည်း။ ကဿပဘုရားရှင်၏ လက်ထက်တော်၌ ရေးဆွဲလိုက် သော ပန်းချီကား တစ်ချပ်ပင် ဖြစ်သည်။


မယ်မင်းကြီးမ သုဘဒ္ဒါ

တစ်ချိန် ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက် တော်၌ ဓမ္မာသနပလ္လင်ထက်ဝယ် တရားတော်ကို ဟောကြားတော် မူစဉ် ဘိက္ခုနီမကလေး တစ်ဦးသည် အတိုင်းအတာ ပမာဏ မရှိသော ပါရမီ ကောင်းမှု ကုသိုလ်တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ထင်ရှားဖြစ်ပေါ်လာသော အသာဆုံး အမြတ်ဆုံးသော ရူပကာယတော်နှင့် ပြည့်စုံတော် မူသော ကိုယ်တော်အား (၁၀)ပါး ဉာဏ်တော်အား (၁၀)ပါးနှင့် ပြည့်စုံတော် မူသော, ဘုရားရှင်၏ ခန္ဓာကိုယ်အတ္တဘောကို ကြည့်၍ သံသရာတစ်ခွင်ဝယ် ကျင်လည်ခဲ့ရစဉ်က ဤယောက်ျားမြတ်၏ ခြေရင်း အလုပ်အကျွေးများ ဖြစ်ခဲ့ဖူးလေသလားဟု စဉ်းစားမိ၏။ ထိုအချိန်အခါတွင် ထိုဘိက္ခုနီမကလေး ၏ သန္တာန်၌ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကို ပြန်ပြောင်း၍ အမှတ်ရနိုင်သော ဇာတိဿရဉာဏ်သည် ထင်ရှားဖြစ်ပေါ်ခဲ့၏။ ထိုဇာတိဿရဉာဏ်ဖြင့် လှမ်းမျှော်ကြည့်လိုက်ရာ ဆဒ္ဒန်ဆင်မင်း၏ စူဠသုဘဒ္ဒါမိဖုရား ဖြစ်စဉ်က ကြေကွဲဖွယ်ရာ ဇာတ်လမ်းကို ပြန်ပြောင်း၍အမှတ်ရသဖြင့် ငိုပွဲကြီး ဆင်ခဲ့ရလေသည်။ဘုရားရှင်ကလည်း တရားနာပရိသတ်တို့အား ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ကို ဟောကြားပြသပေးတော်မူလေသည်။ ဆဒ္ဒန်ဆင်မင်း၌ စူဠသုဘဒ္ဒါ မဟာသုဘဒ္ဒါဟု မိဖုရားနှစ်ဦး ရှိခဲ့၏။ ဘိက္ခုနီမ ကလေးကား ထိုစဉ်က စူဠသုဘဒ္ဒါပင်တည်း။

တစ်နေ့ ဆဒ္ဒန်ဆင်မင်းနှင့်တကွ ဆင်အပေါင်းတို့ အင်ကြင်းပန်းများ ဖူးပွင့်ဝေဆာနေသည့် အင်ကြင်းတောဝယ် တောကစားစဉ် လေအထက်က တည်နေသော စူဠသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ သစ်ကိုင်းခြောက်များ သစ်ရွက် ခြောက်များ ကျ၍ လေအောက်က တည်နေသော မဟာသုဘဒ္ဒါ၏ ကိုယ် ပေါ်သို့ အင်ကြင်းပန်း ဝတ်မှုန်များ ပွင့်ချပ်များ ကျသွား၏။ ဤအပြုအမူ ကိုလည်း စူဠသုဘဒ္ဒါက မကျေနပ်ပေ။ တစ်ဖန် တစ်နေ့တွင် ဆဒ္ဒန်အိုင် အတွင်း၌ ဆင်အပေါင်းတို့ ရေကစားကြ၏။ ဆင်တစ်ကောင်က သတ္တုဒ္ဒယ အမည်ရှိသော ပဒုမ္မာကြာပန်းကြီး တစ်ပွင့်ကို ရရှိ၍ ဆဒ္ဒန်ဆင်မင်းအား ဆက်သလာ၏။ ထိုပဒုမ္မာကြာပွင့်ကြီးကို နှာမောင်းဖြင့် ယူဆောင်၍ ဝတ်မှုန် များကို မဟာသုဘဒ္ဒါ၏ကိုယ်ပေါ်သို့ ဖြန့်ကြဲလျက် ထိုကြာပန်းကြီးကို မဟာ သုဘဒ္ဒါအားပင် ပေးလိုက်၏။ ဤအပြုအမူကိုလည်း စူဠသုဘဒ္ဒါက မကျေ နပ်ပေ။ ဤအချက် နှစ်ရပ်ကို အခြေခံ၍ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း အပေါ်၌ မယ်မင်းကြီးမ စူဠသုဘဒ္ဒါက ရန်ငြိုးဖွဲ့ခဲ့၏။

ထိုအချိန်အခါတွင် ဆဒ္ဒန်ဆင်မင်း အမှူးရှိသော ဆင်ပေါင်း (၈၀၀၀) ကျော်တို့ကား ပစ္စေကဗုဒ္ဓါဘုရားရှင် (၅၀၀)တို့အား သစ်သီးဆွမ်း စသည် တို့ဖြင့် ပြုစုလုပ်ကျွေးခွင့်ကို ရရှိနေကြ၏။ ကြုံခဲလှသော အခွင့်ထူးကြီးတစ်ရပ် ဖြစ်၏။ တစ်ဖန် ဆဒ္ဒန်ဆင်မင်းအမှူးရှိသော ဆင်အပေါင်းတို့ကား ဖြူစင်သော သီလနှင့်လည်း ပြည့်စုံကြပြန်၏။ ထို့ကြောင့် ယင်းတို့၏ ဒါနမှာ အောက်ပါ အင်္ဂါ (၅)ချက်နှင့် ပြည့်စုံနေ၏။

၁။ အလှူပေးသော ပုဂ္ဂိုလ်သည် သီလရှိသူဖြစ်ခြင်း,

၂။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထု ဖြစ်ခြင်း,

၃။ ကြည်လင်သော စိတ်ထားရှိခြင်း,

၄။ ပြန့်ပြောကြီးကျယ် မြင့်မြတ်သော ကံ-ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရား ထင်ရှားရှိခြင်း,

၅။ အလှူခံပုဂ္ဂိုလ်တို့၌လည်း အဖြူစင်ဆုံးသော သီလရှိနေခြင်း။

ဤအင်္ဂါငါးရပ်နှင့် ပြည့်စုံနေ၏။ (ဒက္ခိဏဝိဘင်္ဂသုတ္တန်ကို ကြည့်ပါ။) ဝိပုလဖလ = ပြန့်ပြောကြီးကျယ် မြင့်မြတ်သော အဆင့်အတန်းမြင့်မားသော အကျိုးအမျိုးမျိုးကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ဒါနမျိုးတည်း။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။) ဟူသော ဒေသနာတော်များနှင့်အညီ သီလစင်ကြယ်နေသည့် အတွက်ကြောင့် စိတ်၏ တောင့်တချက်ဟူသမျှ ပြီးပြည့်စုံနိုင်သော ဒါနမျိုး ဖြစ်၏။ မယ်မင်းကြီးမ စူဠသုဘဒ္ဒါကလည်း ဤအခွင့်အကောင်းကြီးကို နားလည်ထားသူ ဖြစ်၏။ ထို့ကြောင့် မိမိရရှိလာသော သစ်သီးကြီးငယ်များကို ပစ္စေကဗုဒ္ဓါဘုရားရှင် တို့အား ပေးလှူ၍ အောက်ပါအတိုင်း ဆုတောင်းပန်ထွာလေသည်။

ဘန္တေ ဣတော စဝိတွာ မဒ္ဒရာဇကုလေ နိဗ္ဗတ္တိတွာ သုဘဒ္ဒါ နာမ ရာဇကညာ ဟုတွာ ဝယပ္ပတ္တာ ဗာရာဏသိရညော အဂ္ဂမဟေသိဘာဝံ ပတွာ တဿ ပိယာ မနာပါ တံ အတ္တနော ရုစိံကာရေတုံ သမတ္ထာ ဟုတွာ တဿ အာစိက္ခိတွာ ဧကံ လုဒ္ဒကံ ပေသေတွာ ဣမံ ဟတ္ထိံ ဝိသပီတေန သလ္လေန ဝိဇ္ဈာပေတွာ ဇီဝိတက္ခယံ ပါပေတွာ ဆဗ္ဗဏ္ဏရံသိံ ဝိဿဇ္ဇန္တေ ယမကဒန္တေ အာဟရာပေတုံ သမတ္ထာ ဟောမိ။ (ဇာတက၊ဋ္ဌ၊၅၊၄၀။)

၁။ အရှင်မြတ်တို့ဘုရား ...ဤဆင်ဘဝမှ စုတေခဲ့သော် မဒ္ဒရာဇ်မင်းမျိုး၌ ဖြစ်ရပါလို၏။

၂။ ထိုမင်းမျိုး၌ သုဘဒ္ဒါ အမည်ရှိသော မင်းသမီး ဖြစ်ရပါလို၏။

၃။ အရွယ်ရောက်လတ်သော် ဗာရာဏသိဘုရင်မင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားအဖြစ်သို့ ရောက်ရှိရပါလို၏။

၄။ ထိုဗာရာဏသိဘုရင်မင်း၏ ချစ်မြတ်နိုးအပ်သည့် မိဖုရားဖြစ်ရပါလို၏။

၅။ ထိုဗာရာဏသိဘုရင်ကို မိမိ၏ အလိုအကြိုက်သို့ လိုက်ပါနိုင်အောင် ဆွဲဆောင်နိုင်စွမ်းရှိသူ ဖြစ်ရပါလို၏။

၆။ ထိုဗာရာဏသိဘုရင်အား ပြောကြား၍ မုဆိုးတစ်ယောက်ကိုစေခိုင်း၍ ဤဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်းစေ၍အသက်ကုန်အောင် သတ်နိုင်ရပါလို၏။

၇။ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးစမ္ပယ်လျက်ရှိသော ဆင်စွယ် အစုံတို့ကို ဆောင်ယူစေခြင်းငှာ စွမ်းနိုင်သူ ဖြစ်ရပါလို၏။

ဤသည်တို့ကား မယ်မင်းကြီးမ စူဠသုဘဒ္ဒါ၏ ဆုတောင်းခန်းများပင် ဖြစ်ကြ၏။

၁။ အဝိဇ္ဇာ = အထက်ပါ စွမ်းအားအမျိုးမျိုးနှင့် ပြည့်စုံသော သုဘဒ္ဒါ အမည်ရှိသော မိဖုရားကြီးဟု အသိမှားခြင်းသဘော။

၂။ တဏှာ = ယင်းမိဖုရားဘဝကို တွယ်တာတပ်မက်ခြင်းသဘော။

၃။ ဥပါဒါန် = ယင်းမိဖုရားဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော။

၄။ သင်္ခါရ = ပစ္စေကဗုဒ္ဓါဘုရားရှင်တို့အား သစ်သီးဆွမ်း လှူဒါန်းခြင်း ဟူသော ကုသိုလ်သင်္ခါရအုပ်စု။

၅။ ကံ = ယင်း ကုသိုလ်သင်္ခါရအုပ်စု၏ ကမ္မသတ္တိ။

အကြောင်းတရားငါးပါးကား စုံညီသွားခဲ့၏။ အရိယမဂ်တည်းဟူသော မွေးညှပ်နှင့်ကင်း၍ ပြန်လည်ဖျက်သိမ်း၍မရနိုင်သော ကံမျိုးတည်း။ မယ်မင်း ကြီးမ ဆုတောင်းပန်ထွာထားသည့်အတိုင်း ဆင်ဘဝမှ ရွေ့လျားသောအခါ သုဘဒ္ဒါ အမည်ရှိသော မဒ္ဒရာဇမင်းသမီး ဖြစ်လာရ၏။ ဗာရာဏသိဘုရင် မင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဘဝသို့လည်း ရောက်ရှိခဲ့၏။ မောင်း မပေါင်း တစ်သောင်းခြောက်ထောင်တို့၏ အထွတ်အထိပ်ဘဝသို့ ရောက်ရှိ ခဲ့၏။

ဤမျှဆိုလျှင် ကျေနပ်သင့်လှပေပြီ။ သို့သော် မယ်မင်းကြီးမကား မကျေနပ်နိုင်သေးပေ။ မိဖုရားခေါင်ဘဝသို့ ရောက်ရှိနေပြီးဖြစ်လျှင်လည်း တောထဲမှာ ရှိနေသည့် တိရစ္ဆာန် တစ်ကောင်မျှသာ ဖြစ်သော ဆဒ္ဒန်ဆင်မင်းကို မသတ်ဘဲနေဖို့ ကောင်းလှ၏။ သို့သော် အတိတ်က ထူထောင်ထား ခဲ့သော ကံက လှုံ့ဆော်ပေးနေသဖြင့် မသတ်ဘဲ မနေနိုင်ဖြစ်နေ၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၏ စွမ်းအင်က သင်္ခါရ-ကံကို ခြယ်လှယ်ပေးနေခြင်း ဖြစ်၏။ လှုံ့ဆော်ပေးနေခြင်းဖြစ်၏။ မသတ်ရ မနေနိုင် ဖြစ်နေ၏။ နောက်ဆုံးတွင် သောနုတ္တိုရ်မုဆိုးကို စေခိုင်း၍ ဆဒ္ဒန်ဆင်မင်း၏ အစွယ်တို့ကို အရယူခဲ့လေသည်။ သို့သော် ကြေကွဲဖွယ်ရာ မြင်ကွင်းမှာ ဤသို့ ဖြစ်၏။

ဧဝရူပံ သောဘဂ္ဂပ္ပတ္တံ ဝါရဏံ ဝိသပီတေန သလ္လေန ဇီဝိတက္ခယံ ပါပေတွာ ဣမေ ဒန္တေ ဆိန္ဒိတွာ သောနုတ္တရော အာဂတောတိ မဟာသတ္တံ အနုဿရန္တီ သောကံ ဥပ္ပါဒေတွာ အဓိဝါသေတုံ နာသက္ခိ။ အထဿာ တတ္ထေဝ ဟဒယံ ဖလိ၊ တံ ဒိဝသမေဝ ကာလမကာသိ။ (ဇာတက၊ဋ္ဌ၊၅၊၅၆။)

သောနုတ္တိုရ်မုဆိုးက ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် ဆန်းကြယ်လျက်ရှိသော ဆင်စွယ်တို့ကို ဆက်သလာသောအခါ မယ်မင်းကြီးမ သုဘဒ္ဒါက ယင်းဆင်စွယ်တို့ကို ပေါင်ပေါ်၌ တင်လျက် ဘဝဟောင်းက ချစ်ခင်မြတ်နိုးအပ်သော အိမ်ရှင်ယောက်ျား၏ အစွယ်တို့ကို ကြည့်လျက် -ဤကဲ့သို့သော တင့်တယ်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေသော ဆင်မင်းကို ဆိပ်လူးမြားဖြင့် ခွင်း၍ အသက်ကုန်ခြင်းသို့ ရောက်စေလျက် ဤ ဆင်စွယ်တို့ကို ဖြတ်တောက်၍ သောနုတ္တိုရ်မုဆိုးက ယူဆောင်လာခဲ့ပေ ပကောဟု ဘုရားအလောင်းတော်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အစဉ် လျှောက်၍ ဆင်ခြင်အောက်မေ့စဉ် မယ်မင်းကြီးမ၏ သန္တာန်၌ သောက တရားသည် ထင်ရှားဖြစ်ပေါ်လာခဲ့၏။ သည်းခံခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့၏။ ထိုအခါ ထိုနေရာ၌ပင်လျှင် ထိုမယ်မင်းကြီးမ၏နှလုံးသည်ကွဲရှာလေပြီ။ ထို သုဘဒ္ဒါသည် ထိုနေ့မှာပင် သေပွဲဝင်ခဲ့ရလေသည်။ (ဇာတက၊ဋ္ဌ၊၅၊၅၆။)

သုဘဒ္ဒါမိဖုရားဘဝ၌ တစ်ကြိမ် ငိုပွဲဆင်ခဲ့ရ၏။ သေပွဲလည်း ဝင်ခဲ့ရ၏။ ယခုတစ်ဖန် ဘိက္ခုနီမဘဝ၌လည်း ဒုတိယအကြိမ် ငိုပွဲဆင်ရပြန်လေပြီ။ ထို့ကြောင့် အသင်သူတော်ကောင်းသည် ကံကို ထူထောင်ရာ၌ သတိကြီး စွာပင် ထူထောင်သင့်လှပေသည်။ ဤမျှဆိုလျှင် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့၏အကြောင်းကို အတော်အသင့် သဘောပေါက်လောက်ပေပြီ။


ယောဂီတစ်ဦး၏ပုံစံတစ်ခု

ပိုမို၍ သဘောပေါက်စေရန် ယောဂီတစ်ဦး၏ပုံစံကို ထပ်မံ၍ ထုတ်ပြ အပ်ပါသည်။ အတိတ်ဘဝ သေခါနီး မရဏာသန္နအခါကို စိုက်၍ ရှုလိုက် သောအခါ ရုပ်နာမ်တို့ကို သိမ်းဆည်းလိုက်သောအခါ အတိတ်ဘဝ သေခါနီး ဘဝင်မနောအကြည်ဓာတ်တွင် သံဃာတော်တစ်ပါးအား သစ်သီးဆွမ်း လှူဒါန်းနေသည့် ကံအာရုံနိမိတ် ထင်နေသည်ကို တွေ့ရ၏။ တစ်ဖန် သစ်သီး ဆွမ်း လောင်းလှူနေသော ခန္ဓာအစဉ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးမှစ၍ ရုပ်နာမ်တို့ကို ဆက်လက်သိမ်းဆည်းလိုက်သောအခါ ခေတ်ပညာ မတတ်သည့် ဆင်းရဲနွမ်းပါးလှသည့် ကျေးလက်တောသူဘဝကို နာကြည်းလျက် ခေတ်ပညာတတ် မြို့ကြီးသူဖြစ်ရန် ဆုတောင်းနေသည့် စိတ်အစဉ်များကို လည်းကောင်း, သစ်သီးဆွမ်း လှူဒါန်းနေသည့် ကုသိုလ်စေတနာအုပ်စု စိတ် အစဉ်တို့ကိုလည်းကောင်း တွေ့ရှိပြန်၏။ ထိုတွင် ---

၁။ အဝိဇ္ဇာ (=၂၀) = ခေတ်ပညာတတ် မြို့ကြီးသူဟု အသိမှားနေခြင်း သဘော၊

၂။ တဏှာ (=၂၀) = ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်း သဘော၊

၃။ ဥပါဒါန် (=၂၀) = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်း သဘော၊

၄။ သင်္ခါရ (= ၃၄) = သံဃာတော်အား သစ်သီးဆွမ်း လောင်းလှူသည့် ကုသိုလ်စေတနာအုပ်စု၊

၅။ ကံ = ယင်း သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိ။

ဤ၌ (၂၀)ဟူသည်မှာ ကိလေသဝဋ် မနောဒွါရိကဇောဝီထိ အတွင်းဝယ် ဇောအသီးအသီး၌ တည်ရှိသော လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား (၂၀) ဖြစ်သည်။ (၃၄)မှာ သစ်သီးဆွမ်း လှူဒါန်းနေသည့် မနောဒွါရိက ကုသိုလ် ဇောဝီထိ အတွင်းဝယ် ဇောအသီးအသီး၌ တည်ရှိသော စိတ်စေတသိက် နာမ်တရားစု = သဒ္ဓါ-ပညာအုပ်စု နာမ်တရားများပင် ဖြစ်ကြသည်။

ဤဘဝတွင် ဤယောဂီမှာ ခေတ်ပညာတတ် မြို့ကြီးသူ တစ်ဦးပင် ဖြစ်လာပေသည်။ ယင်းသစ်သီးဆွမ်း လှူဒါန်းခဲ့သည့် ကုသိုလ်ကံ၏ စွမ်းအင် သတ္တိက ယခုဘဝဝယ် ထိုယောဂီ၏ ပဋိသန္ဓေ ဝိပါက်ခန္ဓာငါးပါး အစရှိသော ဝိပါက်ခန္ဓာအချို့ကို အကျိုးပေးနေသည်ကို ထိုယောဂီကိုယ်တိုင် ကြောင်း- ကျိုးဆက်စပ်၍ ရှုသောအခါ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေပေသည်။ ဤကဲ့သို့ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ထိုးထွင်းသိမြင်နေသော ဉာဏ်ကား ပစ္စယပရိဂ္ဂဟဉာဏ် = အကြောင်းတရားတို့ကို သိမ်းဆည်း တတ်သော ဉာဏ်ပင်တည်း။ ပို၍ သဘောပေါက်ရန် နားရှင်းရန် အောက်ပါ ပုံစံတစ်ခုကိုလည်း ကြည့်ပါဦး။


အခြားပုံစံတစ်ခု

ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော၏ အာရုံကို စူးစမ်းရှာဖွေ ကြည့်လိုက်သောအခါ မရဏာသန္န ဇော၏ အခိုက်နှင့် မရဏာသန္နဇော မတိုင်မီ အခိုက်အတန့်တို့ကို ရှေ့တိုး နောက်ဆုတ်ပြု၍ အကြိမ်ကြိမ် စူးစမ်းရှာဖွေလိုက်သောအခါ မရဏာသန္န ဇော မတိုင်မီ ပတ်ဝန်းကျင်တွင် ကံလေးမျိုး အလုအယက် ထင်နေ၏။

၁။ စာချပေးသည့် ကံတစ်ခု,

၂။ တရားပြပေးသည့် ကံတစ်ခု,

၃။ တရားနှလုံးသွင်းနေသည့် ကံတစ်ခု,

၄။ တရားဟောသည့် ကံတစ်ခု,

ဤကံ လေးမျိုးတို့ကား အလုအယက် ဖြစ်နေကြ၏။ ထိုကံတို့တွင် မည်သည့်ကံက ပဋိသန္ဓေ ခန္ဓာငါးပါး အစရှိသည့် ပစ္စုပ္ပန် ဝိပါကဝဋ်တရား အချို့တို့ကို ဖြစ်စေပါသနည်းဟု အကြိမ်ကြိမ် ဆန်းစစ်ကြည့်လိုက်သောအခါ တရားနှလုံးသွင်းနေသည့် ကံက အကျိုးပေးနေသည်ကို တွေ့ရ၏။ မရဏာသန္နဇော၏ အာရုံမှာ ယင်းတရားနှလုံးသွင်းနေသည့် ကံအာရုံပင် ဖြစ်သည်။ တစ်ဖန် မည်သည့်တရားများကို နှလုံးသွင်းနေပါသနည်းဟု ထပ်မံ၍ ဆန်းစစ် လိုက်သောအခါ ရုပ်နာမ် ပရမတ်တရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်နေသော ဝိပဿနာကံ ဖြစ်နေ၏။ ယင်းဝိပဿနာ ကံနှင့် ပစ္စုပ္ပန် ပဋိသန္ဓေခန္ဓာငါးပါးတို့၏ ကြောင်း-ကျိုးဆက်နွယ်မှုသဘော ကိုလည်း အောင်မြင်စွာ ရှု၍ သိမ်းဆည်း၍ ရနေ၏။ ဤတွင် ဝိပဿနာကံက အဘယ်အကြောင်းကြောင့် ပဋိသန္ဓေကျိုးကို ဖြစ်စေရပါသနည်းဟု ထပ်မံ၍ ဆန်းစစ်ကြည့်သောအခါ ဝိပဿနာကမ္မဋ္ဌာန်းကို မစီးဖြန်းမီနှင့် ဝိပဿနာ ကမ္မဋ္ဌာန်းကို ပွားများပြီးတိုင်း သူ၏ ဆုတောင်းခန်းမှာ ဤသို့ ဖြစ်၏။

၁။ လူဖြစ်ပါရစေ,

၂။ ရဟန်းဖြစ်ပါရစေ,

၃။ သာသနာပြုနိုင်ပါရစေ,

ဤသုံးမျိုးကား ထိုယောဂီပုဂ္ဂိုလ်၏ တရားထိုင်တိုင်း တောင်းနေကျ ဆုဖြစ်၏။

၁။ အဝိဇ္ဇာ (=၂၀) = လူဟု ရဟန်းဟု သာသနာပြုနိုင်သူဟု အသိမှားမှု သဘော၊

၂။ တဏှာ (=၂၀) = ယင်းဘဝကို တွယ်တာတပ်မက်မှုသဘော၊

၃။ ဥပါဒါန် (=၂၀) = ယင်းဘဝကို စိတ်ကပ်ရောက်စွဲနေခြင်းသဘော၊

၄။ သင်္ခါရ (= ၃၄) = ဝိပဿနာ ကုသိုလ်သင်္ခါရအုပ်စု၊

၅။ ကံ = ယင်း သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိ။

အကြောင်းတရားငါးပါးကား စုံညီသွား၏။ ဤ၌ ဝိပဿနာကံများက ယခုကဲ့သို့ ပဋိသန္ဓေကျိုး စသည့်အကျိုးကို ပေးနိုင်ပါသလားဟု မေးရန်ရှိ၏။ အဖြေမှာ --- အကျိုးကို ပေးနိုင်သော ဟူ၏။

နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ။ (သံ၊၁၊၂၉၅။ စေတနာသုတ္တန်။)

နော စေ ဘိက္ခဝေ စေတေတီတိ ဣမိနာ တေဘူမက စေတနာယ အပ္ပဝတ္တနက္ခဏော ဝုတ္တော။ နော စေ ပကပ္ပေတီတိ ဣမိနာ တဏှာဒိဋ္ဌိကပ္ပါနံ အပ္ပဝတ္တနက္ခဏော။ အထ စေ အနုသေတီတိ ဣမိနာ တေဘူမကဝိပါကေသု ပရိတ္တကိရိယာသု ရူပေတိ ဧတ္ထ အပ္ပဟီနကောဋိယာ အနုသယော ဂဟိတော။ အာရမ္မဏမေတံ ဟောတီတိ အနုသယေ သတိ ကမ္မဝိညာဏဿ ဥပ္ပတ္တိယာ အဝါရိတတ္တာ ဧတံ အနုသယဇာတံ ပစ္စယောဝ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၆၆။)

ဧတ္ထ စ နော စေ ဘိက္ခဝေ စေတေတိ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတီတိ ဧဝံ ဘဂဝတာ ဒုတိယနယေ ပုဗ္ဗဘာဂေ ဘဝနိဗ္ဗတ္တကကုသလာကုသလာယူဟနံ, ပကပ္ပနဉ္စ ဝိနာပိ ဘဝေသု ဒိဋ္ဌာဒီနဝဿ ယောဂိနော အနုသယပစ္စယာ ဝိပဿနာစေတနာပိ ပဋိသန္ဓေဇနကာ ဟောတီတိ ဒဿနတ္ထံ ကုသလာကုသလဿ အပ္ပဝတ္တိ စေပိ တဒါ ဝိဇ္ဇမာနတေဘူမကဝိပါကာဒိဓမ္မေသု အပ္ပဟီနကောဋိယာ အနုသယိတကိလေသပ္ပစ္စယာ ဘဝဝဇ္ဇဿ ကမ္မဝိညာဏဿ ပတိဋ္ဌိတတာ ဟောတီတိ ဒဿနတ္ထဉ္စ ဝုတ္တော။ (သံ၊ဋီ၊၂၊၈၃။)

= ရဟန်းတို့ ...သံသရာဝဋ်ကို လည်ပတ်စေတတ်သော ကုသိုလ် စေတနာ အကုသိုလ်စေတနာကိုလည်း စေ့ဆော်ကြိုးကုတ်အားထုတ်မှု မရှိသည်ဖြစ်အံ့၊ လူဖြစ်ရလို၏ နတ်ဖြစ်ရလို၏ စသည်ဖြင့် တဏှာဒိဋ္ဌိတို့ဖြင့် ယှဉ်တွဲလျက်ရှိသော ကြံစည်စိတ်ကူးမှုကိုလည်း မပြုလုပ်သည် ဖြစ်ငြားအံ့၊ ထိုသို့ပင် ဖြစ်သော်လည်း အနုသယဓာတ်သည် အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသည့်အတွက် ထင်ရှားရှိနေသေးသည် ဖြစ်ငြားအံ့၊ ဤအနုသယဓာတ် ထင်ရှားရှိနေသေးခြင်းသည်ပင်လျှင် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ အကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ တည်တံ့ ခြင်းငှာ အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ၊၁၊၂၉၅။)

အနုသယဓာတ်သည် အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသည့် အတွက် ထင်ရှားရှိနေသေးသည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ အကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ ဖြစ်ပေါ်ခြင်းငှာ မတားမြစ်နိုင်သည့်အတွက်ကြောင့် ဤအနုသယဓာတ်၏ ထင်ရှားရှိနေခြင်း သည်ပင် ကမ္မဝိညာဏ် တည်ရှိဖို့ရန် အကြောင်းတရား ဖြစ်ရပေသည်။ (သံ၊ဋ္ဌ၊၂၊၆၆။)

ဘုရားရှင်သည် စေတနာသုတ္တန်၌ ---

၁။ တဏှာဒိဋ္ဌိတို့နှင့် ယှဉ်တွဲနေသော သို့မဟုတ် ခြံရံနေသော ဝဋ္ဋနိဿိတ ကုသိုလ် အကုသိုလ်,

၂။ တဏှာဒိဋ္ဌိတို့နှင့် ယှဉ်တွဲမှု မရှိသော ခြံရံမှု မရှိသော ဝိဝဋ္ဋနိဿိတ ဖြစ်သော ကုသိုလ် အကုသိုလ် သို့မဟုတ် တေဘူမကစေတနာ,

၃။ အနုသယဓာတ်ကို ပယ်နှုတ်ပြီးသော ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ ဖြစ်သော ကြိယာစိတ်များ (= ဒါန သီလ သမထ ဝိပဿနာ စသော စိတ်များ),

ဤသို့ သုံးမျိုးခွဲ၍ ဟောကြားထားတော်မူသည်။ အမှတ် (၂) ဖြစ်သော ဒုတိယနည်း၌ (အထက်တွင် ဘာသာပြန်ဆိုထားသည့်နည်း၌) ယောဂါဝစရ ပုဂ္ဂိုလ်သည် ဝိပဿနာ၏ ရှေ့အဖို့၌ ဘဝကိုဖြစ်စေနိုင်သော စွမ်းအားရှိသော ကုသိုလ် အကုသိုလ်ကို အားထုတ်ခြင်းသည်လည်းကောင်း၊ ယောက်ျားဖြစ်ရ ပါလို၏, မိန်းမဖြစ်ရပါလို၏, လူဖြစ်ရပါလို၏, နတ်ဖြစ်ရပါလို၏ - ဤသို့ စသည်ဖြင့် တဏှာဒိဋ္ဌိတို့ဖြင့် ကြံစည်စိတ်ကူးမှုသည်လည်းကောင်း ကင်းနေ၏။ ဘဝတို့၌ အပြစ်အာဒီနဝကို ရှုမြင်လေ့ရှိ၏။ ထိုကဲ့သို့သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အနုသယဓာတ် ထင်ရှားရှိနေခြင်းတည်းဟူသော အကြောင်းကြောင့် ဝိပဿနာဉာဏ်နှင့် ယှဉ်သော ဝိပဿနာစေတနာသည် လည်း ပဋိသန္ဓေကို ဖြစ်စေနိုင်သော စွမ်းအားရှိ၏။ ဤသို့သော အနက် အဓိပ္ပါယ်ကို ထင်ရှားပြတော်မူခြင်းငှာ ဤဒုတိယနည်းကို ဟောကြားတော် မူခြင်း ဖြစ်၏။ ဝိပဿနာကံသည် သံသရာဝဋ်ကို လည်ပတ်စေတတ်သော ကံတို့ကို ကုန်စေတတ်သော ကမ္မက္ခယကံမျိုး ဖြစ်၏။ ဝိပဿနာဉာဏ်များ အဆက်မပြတ် ဖြစ်ပေါ်နေချိန်ဝယ် သံသရာဝဋ်ကို လည်ပတ်စေတတ်သော ကုသိုလ် အကုသိုလ်၏ဖြစ်ခွင့် မရှိငြားသော်လည်း ထိုဝိပဿနာဉာဏ် ဖြစ်ခိုက်၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ရုပ်နာမ်သန္တာန်အစဉ်တွင် ထင်ရှားရှိနေသော တေဘူမကဝိပါက်တရား ကာမာဝစရကြိယာတရား ရုပ်တရားတို့၌ အရိယမဂ် တရားဖြင့် မပယ်ရှားရသေးသည့်အတွက် ကိန်းဝပ်တည်နေသော အနုသယကိလေသာ၏ ထင်ရှားရှိနေခြင်းတည်းဟူသော အကြောင်းကြောင့် နောင် တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ တည်ရှိလာသည်၏ အဖြစ်သည် ထင်ရှား ရှိနေ၏။ ဤသို့သော အဓိပ္ပါယ်ကို ထင်ရှားပြခြင်းငှာ ဤဒုတိယနည်းကို ဘုရားရှင်သည် ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ (သံ၊ဋီ၊၂၊၈၃။)

ဤအထက်တွင် ပုံစံထုတ်ပြထားသော ယောဂါဝစရပုဂ္ဂိုလ်မှာ များသောအားဖြင့် ဝိပဿနာ၏ ရှေ့အဖို့ နောက်အဖို့တို့၌ အနုသယဓာတ် သာမက တဏှာဒိဋ္ဌိပါ ခြံရံထားသည်ကို တွေ့ရ၏။ အနုသယဓာတ် မကင်းသော သူတော်ကောင်းတို့၏ ဝိပဿနာကံသည် ပဋိသန္ဓေကျိုးကို ဖြစ်စေ နိုင်သေးလျှင် အနုသယဓာတ်လည်း မကင်းသေးသော တဏှာဒိဋ္ဌိတို့လည်း ခြံရံလျက်ရှိသော ဝိပဿနာကံသည် သာ၍ပင် ပဋိသန္ဓေကျိုးကို ဖြစ်စေ နိုင်သည်သာ ဖြစ်သည်။ အင်္ဂုတ္တိုရ် စတုက္ကနိပါတ်(အံ၊၁၊၅၀၄-၅၀၇။)တို့၌ လာရှိသော သောတာနုဂတသုတ္တန်နှင့်လည်း အညီပင်တည်း။ ထိုယောဂီနှင့် ဆက်စပ်၍ မှတ်သားစရာ အချက်တစ်ရပ်ကား အတိတ်ဘဝဝယ် ဝိပဿနာ ဉာဏ်များ ဖြစ်ခဲ့သော်လည်း ပဋိစ္စသမုပ္ပါဒ်ကို လုံးဝ မရှုခဲ့သဖြင့် ယင်းအတိတ် ဘဝ၌ ဖြစ်ခဲ့သော ဝိပဿနာဉာဏ်တို့က အရိယမဂ်တရား ထင်ရှားဖြစ်ပေါ် လာသည့်တိုင်အောင် အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေး ဇူးပြု မပေးနိုင်ခြင်းဟူသော အချက်ပင် ဖြစ်သည်။ မြင်းမြီးဆွဲ မောင်ဆန်ဟု အသိများသော အရှင်ဆန္နမထေရ်ကဲ့သို့ပင်တည်း။ (သံ၊၂၊၁၀၈ --- ဆန္နသုတ္တန်ကို ကြည့်ပါ။)


ကိလေသဝဋ်နှင့် ကမ္မဝဋ်

ကိလေသဝဋ်နှင့် ကမ္မဝဋ်အကြောင်းကို ထပ်မံ၍ အနည်းငယ် ရှင်းလင်း တင်ပြလိုပေသည်။ ကိလေသဝဋ် ကမ္မဝဋ် အမည်ရသော စိတ် စေတသိက်တို့သည် ယင်းတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူယှဉ်တွဲ၍ ဖြစ်နိုင်ကြပေသည်။ယင်းသို့ သမ္ပယုတ်တရားတို့နှင့် အတူယှဉ်တွဲ၍ ဖြစ်ကြရာ၌လည်း ဝီထိဟု ခေါ်ဆိုသည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်း ဓမ္မတာလမ်းကြောင်းမှ တိမ်းစောင်း၍ ကပြောင်းကပြန် ဇောက်ထိုး မိုးမျှော် ဖြစ်ချင်သလို ဖြစ်ရိုး ဓမ္မတာ မရှိကြချေ။ တစ်ဖန် ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ကိလေသဝဋ် ကမ္မဝဋ်တို့မှာ မနောဒွါရိက ဇောတို့သာ ဖြစ်ကြသည်။ ပဉ္စဒွါရိကဇောတို့ကား ပဝတ္တိကျိုးမျှလောက်ကိုသာ ဖြစ်စေနိုင်ကြ၏။ ပဋိသန္ဓေကျိုးကို မဖြစ်စေနိုင်ကြကုန်။ မနောဒွါရိက ဇောတို့ကား ပဋိသန္ဓေကျိုး ပဝတ္တိကျိုး နှစ်မျိုးလုံးကို ဖြစ်စေနိုင်သည့်စွမ်းအား ရှိကြ၏။ ဤတွင် အသိဉာဏ် သန့်ရှင်းရန်အတွက် ထပ်မံ၍ ပုံစံတစ်ခုဖြင့် ရှင်းလင်းတင်ပြအပ်ပါသည်။

ထိုသို့ အတိတ်ဘဝ သေခါနီး မရဏာသန္နဇော၏ အာရုံကို လှမ်း၍ အာရုံယူ ရှာဖွေကြည့်သောအခါ စေတီတော်အား ဆွမ်းလှူသည့် ကံအာရုံ သည် အကယ်၍ ပေါ်လာသည် ဆိုကြပါစို့။ ထိုဆွမ်းလှူနေသည့် ကုသိုလ် ဇောဝီထိ စိတ်အစဉ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ယင်းကုသိုလ်ကို ခြံရံ ထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ကိုလည်း ဆက်လက်သိမ်းဆည်းပါ။ အကယ်၍ အောင်မြင်မှု မရခဲ့သော်လည်းကောင်း, ဆွမ်းလှူနေသည့်ပုံကိုသာ တွေ့မြင်နေသော်လည်း ကောင်း - ထိုအခါ၌ ယင်းဆွမ်းလှူနေသည့်ပုံ၌ တည်ရှိနေသော ဓာတ်ကြီး လေးပါးကို စတင်သိမ်းဆည်းပါ။ ထိုနောင် ဆွမ်းလှူစဉ်၌ ဖြစ်ခဲ့သော ရုပ်တရား နာမ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။ အထူးသဖြင့် ဟဒယ ဝတ္ထုနှင့် ဘဝင်မနောအကြည်ဓာတ် မနောဒွါရကို ဦးစားပေး၍ သိမ်းဆည်းပါ။ ယင်းဘဝင်မနောအကြည်ဓာတ်တို့တွင်လည်း အထူးသဖြင့် စေတီတော်အား ဆွမ်းမလှူမီ ဆွမ်းလှူနေဆဲ အချိန်တို့၌ တည်ရှိသော ဘဝင်မနောအကြည် ဓာတ် မနောဒွါရတို့ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းပါ။ ထိုနောင် ယင်းဘဝင်မနောအကြည်ဓာတ် မနောဒွါရတို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော ဆွမ်းလှူဒါန်းနေသည့် မနောဒွါရိကဇောဝီထိ စိတ် အစဉ် ဆုတောင်းနေသည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ယင်းစိတ်အစဉ်တို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသဝဋ်နှင့် သင်္ခါရ-ကံ ဟူသော ကမ္မဝဋ်တို့ကို တွေ့အောင် ရှာဖွေရမည် ဖြစ်သည်။

အသိဉာဏ်သန့်ရှင်းအောင် ပုံစံတစ်ခုကို ထုတ်ဆောင်ပြပေအံ့။ ---နိဗ္ဗာန်ကို ရနိုင်သည့် ရဟန်းတော်တစ်ပါး ဖြစ်ပါစေ သို့မဟုတ် နိဗ္ဗာန်ကို ရနိုင်သည့် အမျိုးသမီးတစ်ဦး ဖြစ်ပါစေဟု ဆုတောင်းသည် ဆိုကြပါစို့။

ကိလေသဝဋ် (၃) ပါး

၁။ နိဗ္ဗာန်ကိုရနိုင်သည့် ရဟန်းတော် သို့မဟုတ် နိဗ္ဗာန်ကိုရနိုင်သည့် အမျိုးသမီးဟု အသိမှားမှုသဘောကား အဝိဇ္ဇာတည်း။

၂။ နိဗ္ဗာန်ကိုရနိုင်သည့် ရဟန်းတော်ဘဝ သို့မဟုတ် နိဗ္ဗာန်ကိုရနိုင်သည့် အမျိုးသမီးဘဝကို တွယ်တာတပ်မက်မှုသဘောကား တဏှာတည်း။

၃။ နိဗ္ဗာန်ကိုရနိုင်သည့် ရဟန်းတော်ဘဝ သို့မဟုတ် နိဗ္ဗာန်ကိုရနိုင်သည့် အမျိုးသမီးဘဝကို စိတ်ကပ်ရောက် စွဲနေမှုသဘောကား ဥပါဒါန် တည်း။

အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကိလေသဝဋ်တည်း။ ယင်းကိလေသဝဋ် အမည်ရသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ယင်းတို့ချည်း သက်သက် ဖြစ်နိုင်သည့် စွမ်းရည်သတ္တိ မရှိကြပေ။ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဝိညာဏ်စသော ယှဉ်ဖက် စိတ်စေတသိက်တရားတို့နှင့် စိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ၍သာ ဖြစ်နိုင်ကြ၏။ ယေဘုယျအားဖြင့် လောဘ ဒိဋ္ဌိအုပ်စု အလုံး (၂၀) ဖြစ်တတ်သည်။ ပီတိ မပါသော် ရံခါ (၁၉) ဖြစ်တတ်သည်။ သသင်္ခါရိက အသင်္ခါရိက ထိုက်သလို ဖြစ်နိုင်၏။ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏။ ရံခါ လောဘ-မာနအုပ်စုလည်း ဖြစ်နိုင်၏။ရံခါ ဒိဋ္ဌိ-မာန နှစ်မျိုးလုံးမပါသည့် လောဘမူအုပ်စုလည်း ဖြစ်နိုင်၏။ ဝီထိ စိတ် အစဉ်အားဖြင့်မူ ယေဘုယျအားဖြင့် မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဇော (၇)ကြိမ် ဖြစ်တတ်၏။ တဒါရုံသည် ကျသော်လည်း ရှိရာ၏။ မကျသော်လည်း ရှိရာ၏။ မိမိဆုတောင်းနေသည့် ရဟန်းဘဝ၌ တည်ရှိသော ရုပ်နာမ် သို့မဟုတ် မိမိဆုတောင်းနေသည့် အမျိုးသမီးဘဝ၌ တည်ရှိသော ရုပ်နာမ်တို့ကို တွယ်တာမှုဖြစ်မူ တဒါရုံကျခွင့် ရှိ၏။ ကျနိုင်၏။

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား --- ၁၂

၂။ ဇောအသီးအသီး၌ နာမ်တရား (လောဘ-ဒိဋ္ဌိဖြစ်သော်) --- ၂၀ - စီ

၃။ တဒါရုံကျခဲ့သော် တဒါရုံ

နာမ်တရား ထိုက်သလို --- ၃၄ ^၃၃ ^ ၃၃ ^၃၂ ^၁၂ ^၁၁ - စီ

ဤသို့ အသီးအသီး ဖြစ်နိုင်၏။

ယင်းနာမ်တရားစုတို့တွင် ပါဝင်သော ---

၁။ ဝေဒနာကား ဝေဒနာက္ခန္ဓာ = ဝေဒနာတရားအစု,

၂။ သညာကား သညာက္ခန္ဓာ = သညာတရားအစု,

၃။ ကျန်စေတသိက်တို့ကား သင်္ခါရက္ခန္ဓာ = သင်္ခါရတရားအစု,

၄။ အသိစိတ်ဝိညာဏ်ကား ဝိညာဏက္ခန္ဓာ = သိမှုဝိညာဏ်တရားအစု

အသီးအသီး ဖြစ်၏။ သို့အတွက် ယင်းနာမ်တရားတို့ကား နာမ်ခန္ဓာလေးပါးတို့တည်း။ ယင်းနာမ်တရားတို့၏ မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွ ဟဒယ၌ရှိသော (၅၄)မျိုးသော ရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း။ (ရုပ်အတု များလည်း ထိုက်သလို ပါဝင်နိုင်သည်။) အားလုံးပေါင်းသော် --- ရူပက္ခန္ဓာ တစ်ပါး + နာမ်ခန္ဓာလေးပါး = ခန္ဓာငါးပါးတည်း။

၁။ မနောဒွါရာဝဇ္ဇန်းခန္ဓာငါးပါး,

၂။ ဇော အသီးအသီး၌ ခန္ဓာငါးပါးစီ,

၃။ တဒါရုံ အသီးအသီး၌ ခန္ဓာငါးပါးစီ

ဤသို့ အသီးအသီး ဖြစ်၏။ တဒါရုံမဟာဝိပါက်တဒါရုံနှင့် အဟိတ်ကုသလဝိပါက်တဒါရုံ, အဟိတ်အကုသလဝိပါက်တဒါရုံတို့တွင် တဒါရုံ တစ်မျိုးမျိုးသည် ထိုက်သလို ကျနိုင်၏။ ထို့ကြောင့် ၃၄ ^ ၃၃ ^ ၃၃^၃၂ ^၁၂ ^၁၁ - ဟု အသီးအသီး ဖော်ပြထားသည်။ အသင်သူတော်ကောင်း ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။

အသင်သူတော်ကောင်းသည် အတိတ်အကြောင်းတရားများတွင် ပါဝင်သည့် အတိတ်ကပြုစုပျိုးထောင်ခဲ့သည့် သင်္ခါရ ကံတို့ကို ခြံရံထားသည့် ကိလေသဝဋ်ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို သိမ်းဆည်းရာ၌ ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို တစ်လုံးစီတစ်လုံးစီ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် ဤခန္ဓာငါးပါးတို့ကို ပုံစံမှန် သိမ်းဆည်းတတ်ဖို့ လိုပေသည်။ ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ် = နာမရူပဝဝတ္ထာနဉာဏ်ပင် ဖြစ်သည်။

---

ကမ္မဝဋ် (၂) ပါး

စေတီတော်မြတ်အား (ဘုရားရှင်အား) ဆွမ်းလှူရာ၌ ---

၁။ အလှူခံ ဘုရားရှင်အား အာရုံပြု၍လည်း ကုသိုလ်ဇောဝီထိများ ဖြစ်နိုင်၏။

၂။ လှူဖွယ်ဝတ္ထု = ဆွမ်းကို အာရုံပြု၍လည်း ကုသိုလ်ဇောဝီထိများ ဖြစ်နိုင်၏။

၃။ လှူနေသည့် ရှေးရှေး ကုသိုလ်စေတနာများကို အာရုံပြု၍လည်း နောက်နောက်သော ကုသိုလ်စေတနာ = ကုသိုလ်ဇောဝီထိများ ဖြစ်နိုင်၏။

ဆွမ်းလှူနေစဉ် မည်သို့သော ကုသိုလ်ဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်နေသည်ကို သေချာစွာ စိုက်ရှုပါ။ အကယ်၍ ထိုကုသိုလ်ဇောများသည် သောမနဿဝေဒနာနှင့် အတူတကွဖြစ်၍ ဉာဏ်နှင့်ယှဉ်သည့် ဉာဏသမ္ပယုတ်ဇော ဖြစ်အံ့၊ စိတ် + စေတသိက် = နာမ်တရားစုမှာ (၃၄) အသီးအသီး ဖြစ်သည်။ သဒ္ဓါ-ပညာအုပ်စုပင်တည်း။ ဝီထိစိတ်အစဉ်အားဖြင့် မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ် အသီးအသီး ဖြစ်သည်။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏။ မကျသော်လည်း ရှိရာ၏။

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား --- ၁၂

၂။ ဇော အသီးအသီး၌ နာမ်တရား --- ၃၄ - စီ၊

၃။ တဒါရုံ အသီးအသီး၌

နာမ်တရား --- ၃၄ ^ ၃၃ ^ ၃၃ ^၃၂ ^၁၂ ^၁၁ ^၁၁ - စီ၊

ယင်းနာမ်တရားစုတို့ကား နာမ်ခန္ဓာ (၄)ပါးတို့ အသီးအသီး ဖြစ်ကြ၏။ ယင်းနာမ်တရားတို့၏မှီရာ ဟဒယ၌တည်ရှိသော ရုပ်တရားတို့ကား ရူပက္ခန္ဓာ တည်း။ သို့အတွက် ---

၁။ မနောဒွါရာဝဇ္ဇန်းခန္ဓာငါးပါး,

၂။ ဇော အသီးအသီး၌ ခန္ဓာငါးပါးစီ,

၃။ တဒါရုံ အသီးအသီး၌ ခန္ဓာငါးပါးစီ

ဤသို့ အသီးအသီး ဖြစ်ကြသည်။ ယင်းခန္ဓာငါးပါးတို့ကို ရှုနေသော သိနေသော သိမ်းဆည်းနေသော ပိုင်းခြားယူနေသော ဉာဏ်မှာ ဉာဏ်စဉ် နည်းအရ နာမရူပပရိစ္ဆေဒဉာဏ် = နာမရူပဝဝတ္ထာနဉာဏ်ပင် ဖြစ်သည်။ သို့သော် ဤကိလေသဝဋ် ခန္ဓာငါးပါးနှင့် ကမ္မဝဋ် ခန္ဓာငါးပါးတို့ကား ယခု လက်ရှိဘဝ (ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝ) ၏ ပဋိသန္ဓေ ဘဝင် စုတိ အစရှိသော အချို့အချို့သော ဝိပါက်ခန္ဓာငါးပါးတို့၏ အကြောင်း ခန္ဓာငါးပါးတို့သာ ဖြစ်ကြသည်။

ဤအထက်ပါ ခန္ဓာငါးပါးတို့တွင် ကုသိုလ်ဇောအသီးအသီး၌ ရှိသော နာမ်တရား (၃၄)တို့ကား မိမိတို့ မျှော်လင့်တောင့်တထားသည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝဟူသော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ဖြစ်ပေါ် လာအောင် ပြုပြင်ပေးတတ်သော တရားများဖြစ်ရကား သင်္ခါရဟူသော အမည်ကို ရရှိကြပေသည်။ ဘဝတစ်ခု ဖြစ်ပေါ်လာအောင် အားထုတ်ကြောင်း တရားတို့ ဖြစ်ကြသည်။

ယင်းသင်္ခါရတရားတို့ကား အနိစ္စတရားတို့သာ ဖြစ်ကြသဖြင့် ဖြစ်ပြီးက ပျက်သွားကြ၏။ သို့သော် ဝိပါက် ကိရိယာ အဗျာကတခန္ဓာတို့ကဲ့သို့ ရုပ်နာမ် သန္တာန်အစဉ်၌ တစ်စုံတစ်ခုသော စွမ်းအင်သတ္တိကို ချန်မထားဘဲ ချုပ်ပျောက် သွားကြသည်ကား မဟုတ်။ နောင်တစ်ချိန်ဝယ် မိမိတို့ မျှော်လင့်တောင့်တ နေသည့် နိဗ္ဗာန်ကို ရရှိနိုင်သည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝဟူသော ခန္ဓာငါးပါးကို ဖြစ်စေနိုင်သည့် စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်သန္တာန် အစဉ်၌ မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျောက်သွားကြ၏။ ယင်းကမ္မသတ္တိကား ကံပင်တည်း။

---

ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း

အသင်သူတော်ကောင်းသည် ထိုသို့ အတိတ်ဘဝက ပြုစုပျိုးထောင် ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရားတို့ကို ရှာဖွေ၍ တွေ့ရှိပါက ယင်းကမ္မသတ္တိဟူသော ကံနှင့် မိမိ၏ပဋိသန္ဓေ ကလလ ရေကြည်တည်စခိုက်၌ ရှိသော ကမ္မဇရုပ် အမျိုးအစား (၃၀)နှင့် တိုက်ဆိုင် ကြည့်ပါ။ ယင်းကံကြောင့် ပဋိသန္ဓေကမ္မဇရုပ်တို့ ဖြစ်-မဖြစ်ကို ကြိမ်ဖန်များစွာ ဆန်းစစ်ကြည့်ပါ။ ကံနှင့် ကမ္မဇရုပ်တို့၏ တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး ဆက် နွယ်မှုသဘော အနေအားဖြင့် ဆက်စပ်မှု ရှိ-မရှိကို သဘောပေါက်အောင် ကြည့်ပါ။ စိတ်နှင့်စိတ္တဇရုပ်တို့သည် တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး ဆက်နွယ်မှု ရှိသကဲ့သို့ ကံနှင့် ကမ္မဇရုပ်တို့သည်လည်း တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး ဆက်နွယ်မှု ရှိ-မရှိကို သေချာစွာ စိုက်ရှုပါ။

အကယ်၍ ကြောင်း-ကျိုး ဆက်နွယ်မှု ရှိနေပါက ထိုကံကြောင့် ကမ္မဇရုပ်တို့သည် တဖွားဖွားဖြစ်နေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေမည် တွေ့မြင် နေမည် ဖြစ်ပေသည်။ စိတ်ကြောင့် စိတ္တဇရုပ်များ တဖွားဖွား ဖြစ်နေသည်ကို တွေ့မြင်နေရသကဲ့သို့ ကံကြောင့် ကမ္မဇရုပ်များလည်း တဖွားဖွား ဖြစ်နေ သည်ကို တွေ့မြင်နေမည် ဖြစ်ပေသည်။

အကယ်၍ မိမိရှာဖွေတွေ့ရှိထားသော ကံနှင့် ပဋိသန္ဓေ ကမ္မဇရုပ် အစရှိသော ကမ္မဇရုပ်တို့သည် ကြောင်း-ကျိုး ဆက်နွယ်မှု မရှိက = ထိုကံ ကြောင့် ကမ္မဇရုပ်တို့ ဖြစ်နေသည်ကို ဉာဏ်ဖြင့် မတွေ့မမြင်ပါက နောက်ထပ် အကျိုးပေးနေသည့် ကံသစ်တစ်ခုကို ထပ်မံ၍ ရှာဖွေရမည် ဖြစ်သည်။ သေခါနီး မရဏာသန္နအခါ၌ ဖြစ်ခဲ့သော ဘဝင်မနောအကြည်၌ ထင်နေသော အာရုံများကိုပင် ေ့ရှဘက်သို့ တိုးကြည့်လိုက် နောက်ဘက် = မရဏာသန္နဘက်သို့ ဆုတ်ကြည့်လိုက် - ဤသို့ စသည်ဖြင့် အကြိမ်ကြိမ် ပြုလုပ်၍ ရှာဖွေကြည့်ပါ။ အကျိုးပေးနေသော ကံတစ်ခုကို တွေ့ရှိမည်သာ ဖြစ်ပါသည်။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၌ သေခါနီး ဘဝင်မနောအကြည် ဓာတ်ဝယ် ကံနှစ်မျိုး သုံးမျိုး စသည်ဖြင့် မရှေးမနှောင်း ထင်နေတတ်၏။အကျိုးပေးမည့် ကံများမှာ အလုအယက် ဖြစ်နေတတ်၏။ နွားပေါင်းများစွာ ကို စုပြုံ၍ လှောင်ထားသော နွားခြံတစ်ခုကို နံနက်မိုးသောက်ထအခါ ဖွင့်ထုတ်လိုက်ပါက နွားခြံဝ၌ အစုလိုက် အပြုံလိုက် နွားတွေ တိုးဝှေ့နေကြ သကဲ့သို့ ကံများမှာ သေခါနီးကာလတွင် အချို့သောပုဂ္ဂိုလ်တို့၌အလုအယက် ဖြစ်နေတတ်၏။ နွားခြံဝအနီး၌ တည်ရှိသော အားကောင်းမောင်းသန်သည့် နွားက အခြားနွားများကို တိုးဝှေ့၍ ေ့ရှဦးစွာ နွားခြံမှ ထွက်လာသကဲ့သို့ သေခါနီးကာလ၌ အစုလိုက် အပြုံလိုက် ထင်နေသော ထိုကံများစွာတို့တွင် အားအကောင်းဆုံးသော ကံက နောက်ဆုံး အကျိုးပေးခွင့် သာသွားသဖြင့် ေ့ရှဦးစွာ အကျိုးပေးတတ်ပေသည်။ ထိုအကျိုးပေးတော့မည့်ကံမှာ နောက်ဆုံး မရဏာသန္နဇော၏ အာရုံပင် ဖြစ်သည်။ တစ်နည်းဆိုသော် ထို အကျိုးပေးမည့် ကံ၏စွမ်းအင်ကြောင့် ထင်လာသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးသည် မရဏာသန္နဇော၏ အာရုံပင် ဖြစ်ပေသည်။ ထိုသို့ ကံများစွာ သေခါနီးကာလဝယ် ထင်လာရာ၌ မရဏာသန္နဇော၏ အာရုံကို မိအောင် ရှာဖွေ၍ ထိုအာရုံ၌ ရှေးနည်းတူ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှာဖွေရမည် ဖြစ်သည်။

ထိုသို့ မရဏာသန္နအခါဝယ် ကံများစွာတို့ အလုအယက် မရှေးမနှောင်း ထင်လာရာ၌ ထိုကံတို့တွင် ကံတစ်မျိုးမှာ အကျိုးကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနကကံဖြစ်လျှင် ကျန်ကံတို့မှာ ထိုဇနကကံကို အားပေးထောက်ပံ့ တတ်သော ဥပတ္ထမ္ဘကကံများ ဖြစ်တတ်ပေသည်။ အတိတ်ဘဝ သေခါနီး ကာလဝယ် ဘဝင်မနောအကြည်၌ ထင်နေသော အာရုံကို လှမ်း၍ ရှုရာ၌ မရဏာသန္နဇော၏ အာရုံကို ကျော်၍ မရဏာသန္နဇော မတိုင်မီ ခပ်လှမ်းလှမ်း သို့မဟုတ် မလှမ်းမကမ်း၌ တည်ရှိသော ဘဝင်မနောအကြည်၌ ထင်နေသော အာရုံများကို ေ့ရှဦးစွာ ကျော်၍ စိုက်မိသည်လည်း ရှုမိတတ်သည်လည်း ရှိတတ်၏။ ထိုသို့ ကျော်၍ ရှုမိလျှင် ဥပတ္ထမ္ဘက = အားပေးထောက်ပံ့ တတ်သည့် ကံကို အလျင်သွား၍ တွေ့နေတတ်ပေသည်။ ထိုကံသည် ဥပတ္ထမ္ဘကကံ မှန်လျှင်လည်း ထိုကံနှင့် ပဋိသန္ဓေကမ္မဇရုပ်တို့သည် ကြောင်း-ကျိုး ဆက်နွယ်မှု ရှိ-မရှိကို အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါက ဆက်စပ်မှု မရှိသည်ကို ထိုကံကြောင့် ကမ္မဇရုပ် မဖြစ်သည်ကို တွေ့ရှိနိုင်ပေသည်။ အကယ်၍ ပဋိသန္ဓေကမ္မဇရုပ် အစရှိသော ကမ္မဇရုပ်တို့ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကကံကို ေ့ရှဦးစွာ တွေ့ရှိပါက ထိုကံနှင့် ကမ္မဇရုပ်တို့သည် ကြောင်း-ကျိုး ဆက်နွယ်မှု ရှိ-မရှိကို = ထိုကံကြောင့် ကမ္မဇရုပ်တို့ ဖြစ်-မဖြစ်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါက ကြောင်း-ကျိုး ဆက်နွယ်မှု ရှိသည်ကို တွေ့ရှိမည် ဖြစ်ပေသည်။

သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး အနေဖြင့် အတိတ်ကံကို ရှာဖွေရာ၌ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံကို အလျင်တွေ့သည်လည်း ရှိတတ်၏။ ဇနကကံကို အလျင်တွေ့သည်လည်း ရှိတတ်၏။ ကျော်၍ ကြည့်မိသောကြောင့် ဖြစ်၏။ သို့အတွက် အကြိမ်ကြိမ် ဆန်းစစ်၍ တိုက်ဆိုင်၍ ကြောင်း-ကျိုး ဆက်နွယ်မှု ရှိ-မရှိကို တိတိကျကျ သိအောင် ရှုနေရခြင်း ဖြစ်သည်။ သေချာပုံ ပေါ်ပါက အတိတ်ဘဝ၏ စုတိနှင့် အနီး ကပ်ဆုံး နောက်ဆုံးဖြစ်သွားသော မရဏာသန္နဇော၏ အာရုံကို မိအောင် စိုက်ရှုပါ။ ထိုအာရုံနိမိတ်မှာ အကျိုးပေးတော့မည့်ကံ၏ စွမ်းအင်သတ္တိကြောင့် ထင်လာရသော အာရုံ ဖြစ်သဖြင့် ထိုကံကို ရှာဖွေရာ၌ တိတိကျကျ သိရှိအောင် စူးစမ်း၍ တိုက်ဆိုင်၍ရနိုင်သော (၁) ကံ သို့မဟုတ် (၂) ကမ္မနိမိတ် သို့မဟုတ် (၃) ဂတိနိမိတ် ဖြစ်သည်။

---

နိမိတ် အပြောင်းအလဲ

မရဏာသန္နဇောသို့ မရောက်မီ သေခါနီးပတ်ဝန်းကျင်၌ ထင်လာသော ကံတို့ကား သို့မဟုတ် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်တို့ကား ရံခါ ယောနိသော မနသိကာရ အယောနိသောမနသိကာရ စသည့် အကြောင်းအားလျော်စွာ ပြောင်းလဲတတ်သည်လည်း ရှိ၏။ သောဏတောင်ခြေ အစေလ တောကျောင်း ၌ သီတင်းသုံးတော်မူသော အရှင်သောဏ ရဟန္တာမထေရ်မြတ်ကြီး ၏ ဖခင်ဖြစ်သော ဦးပဉ္စင်းကြီး၏ သန္တာန်၌ ေ့ရှဦးစွာ ငရဲနိမိတ် ထင်ပြီးမှ သားဖြစ်သူ အရှင်သောဏ မထေရ်မြတ်ကြီး၏ စီစဉ်ပေးချက်အရ စေတီတော် အား ပန်းလှူသည့် အာရုံနိမိတ်ကို ပြောင်း၍ အာရုံယူနိုင်သဖြင့် နတ်ပြည် နိမိတ် နတ်ဘုံဗိမာန်နိမိတ် နတ်သမီးနိမိတ် ထင်လာသကဲ့သို့ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၄၂၀-၄၂၁ - ကြည့်ပါ။) ဤဦးပဉ္စင်းကြီး၏ ထုံးကို ကြည့်ပါက မရဏာသန္န သေခါနီးဝန်းကျင်၌ ဖြစ်ပေါ်လာသော နိမိတ်များမှာ နှလုံးသွင်း မှားမှု = အယောနိသောမနသိကာရ, နှလုံးသွင်းမှန်မှု = ယောနိသောမနသိကာရ အပေါ်၌ မူတည်၍လည်း အပြောင်းအလဲ ရှိနိုင်သည်ကို သတိပြု လေရာသည်။

ဤကဲ့သို့သော နိမိတ် အပြောင်းအလဲများကြောင့်လည်း အတိတ် အကြောင်းတရားတို့ကို စူးစမ်းရှာဖွေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အကျိုးကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကကံ အလျင်မထင်လာဘဲ ရံခါ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံက အလျင်ထင်လာသည်လည်း ရှိတတ်၏။ ရံခါ အတိတ်ကို လှမ်း၍ အကြောင်းတရားတို့ကို စူးစမ်းရှာဖွေရာ၌ မရဏာသန္နဇော၏ အာရုံကို ကျော်လွန်၍ မရဏာသန္နဇော မစောမီ အချိန် ကာလများက ထိုအတိတ် နာမ်သန္တတိအစဉ်၏ အာရုံများကို ကျော်၍ ရှုမိ သည်လည်း ရှိတတ်၏။ ထိုကဲ့သို့သော အခါမျိုး၌လည်း ဥပတ္ထမ္ဘကကံကို အလျင်တွေ့၍ နောက်မှ ပြန်လည်ဆန်းစစ်ကြည့်လိုက်သောအခါ ဇနကကံ ကို တွေ့တတ်ပေသည်။ တစ်ဖန် မရဏာသန္နဇော မစောမီကာလ၌ သေခါနီး ဝန်းကျင်ဝယ် အာရုံများမှာ အမျိုးမျိုး ဖြစ်ချင်လည်း ဖြစ်နိုင်၏။ မရဏာသန္နဇော၏ အာရုံသည်ပင် မရဏာသန္နဇောမတိုင်မီ အချိန် ခပ်စောစောကပင် ကြိုတင်၍ထင်နေသည်လည်း ရှိတတ်၏။ ဓမ္မိကဥပါသကာကြီး ကွယ်လွန် ခါနီးတွင် နတ်ပြည်ခြောက်ထပ်မှ နတ်ရထားခြောက်စင်းတို့ ထင်လာသည့် နိမိတ်မျိုးပင်တည်း။ ထိုရထားခြောက်စင်းတို့တွင် ဓမ္မိကဥပါသကာကြီးက တုသိတာနတ်ပြည်ကို ရွေးချယ်လိုက်သောအခါ တုသိတာနတ်ရထား တစ်စင်းသာ နောက်ဆုံး မရဏာသန္နအခါ၌ ထင်နေပေတော့သည်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၈၃-၈၅။)

---

အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပုံ

ထိုကဲ့သို့ မရဏာသန္နအခါ ထင်လာသော နိမိတ်ကို အခြေခံ၍ အတိတ်အကြောင်းတရားတို့ကို စူးစမ်းရှာဖွေရာ လှမ်း၍ရှုရာအခါ၌ အထက် တွင် ဖော်ပြခဲ့သည့်အတိုင်း မရဏာသန္နဇော အခိုက်၌ စေတီတော်အား ဆွမ်းလှူနေသည့် အာရုံနိမိတ်သည် ထင်နေသည် ဆိုကြပါစို့။ ထိုသို့ ဆွမ်းလှူ နေသည့် ရုပ်နာမ်သန္တာန်အစဉ်၌ အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှာဖွေ၍ ထိုကမ္မသတ္တိနှင့် ကလလ ရေကြည်အခိုက် ရုပ်အမျိုးအစား (၃၀)နှင့် ကြောင်း-ကျိုး ဆက်နွယ်မှု = ကြောင်း-ကျိုး ဆက်စပ်မှု ရှိ-မရှိကို စူးစမ်းရှာဖွေကြည့်ပါ။ အကြောင်း ကြည့်လိုက် အကျိုးကြည့်လိုက်ဖြင့် အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ကြိမ်ဖန်များစွာ တိုက်ဆိုင်ကြည့်ပါ။ စိတ်နှင့် စိတ္တဇရုပ်တို့သည် တစ်ခုနှင့် တစ်ခု ကြောင်းကျိုးဆက်နွယ်မှု ရှိသကဲ့သို့ အလားတူပင် ကံဟူသော အကြောင်းတရားနှင့် ကမ္မဇရုပ်ဟူသော အကျိုး တရားကို နှစ်ခုယှဉ်ကြည့်လိုက်သောအခါ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက် သဘောအားဖြင့် ဆက်စပ်မှု ရှိနေသည်ကို တွေ့မြင်နေပါက ထိုအခါတွင် အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

အဝိဇ္ဇာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ကမ္မဇရုပ် ဖြစ်၏။

အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုး တရား။

ဤသို့ စသည်ဖြင့် အကြောင်းတရားနှင့် အကျိုးတရားကို ဆက်စပ်၍ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်းကျိုးဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါအတိုင်း အကြောင်းတရား အကျိုး တရားတို့ကို သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထိုသို့ သိမ်းဆည်းမှု ရှုမှုကို ပစ္စယပရိဂ္ဂဟဉာဏ် = အကြောင်းတရားတို့ကို သိမ်းဆည်းတတ်သော ဉာဏ်ဟု ခေါ်ဆိုပေသည်။

---

ကြိုတင်မှတ်သားရန် လိုရင်းအချက်

ဝိပါကဝဋ်တွင် အကျုံးဝင်သော ဝိပါက် ခန္ဓာငါးပါးတို့၏ အတိတ် အကြောင်းတရားများမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဖြစ်ကြသည်။ ထိုတွင် ရူပက္ခန္ဓာ၌ အတိတ်အကြောင်းတရားတို့မှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ပင် ဖြစ်ကြသည်။ ပစ္စုပ္ပန်အကြောင်းတရားတို့မှာ စိတ် ဥတု အာဟာရတို့ဖြစ်ကြသည်။ ဝိပါက်နာမ်ခန္ဓာလေးပါးတို့၌ အတိတ်အကြောင်း တရားတို့မှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ပင် ဖြစ်ကြသည်။ ပစ္စုပ္ပန် အကြောင်းတရားတို့မှာ ဝတ္ထု အာရုံ ဖဿ စသော အကြောင်းတရားတို့ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် အောက်ပါအတိုင်း မှတ်သားပါ။

---

ရူပက္ခန္ဓာ

၁။ ရူပက္ခန္ဓာတွင် အကျုံးဝင်သော ကမ္မဇရုပ်၏ အကြောင်းတရားများမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဖြစ်ကြသည်။ အတိတ်အကြောင်း တရားများတည်း။

၂။ စိတ္တဇရုပ်၏ အကြောင်းတရားမှာ ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်သော စိတ်ဖြစ်သည်။

၃။ ဥတုဇရုပ်၏ အကြောင်းတရားမှာ ရုပ်ကလာပ်တိုင်းလိုလို၌ တည်ရှိသော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော တေဇောဓာတ် = ဥတုဖြစ်သည်။ [မှတ်ချက် --- ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း စက္ခုဒသက ကလာပ်စသည့် ထိုထို ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ် အတွင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ရုပ်ကလာပ်များ အဆင့်ဆင့်ဖြစ်ပွားရာ၌ နောက်ဆုံးအဆင့်တွင် တည်ရှိသော ရုပ်ကလာပ်တွင်ပါဝင်သော တေဇောဓာတ် = ဥတုမှာ ဥတုဇရုပ်ကို မဖြစ်စေနိုင်။ သို့အတွက် ရုပ်ကလာပ်တိုင်းလိုလို၌ တည်ရှိသောဟု သုံးစွဲထားခြင်း ဖြစ်သည်။]

၄။ အာဟာရဇရုပ်၏ အကြောင်းတရားမှာ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ အာဟာရဇဩဇာဟူသော အာဟာရပင်ဖြစ်သည်။ [မှတ်ချက်-စားမျိုအပ်သော ကဗဠီကာရ-ဥတုဇဩဇာက ကမ္မဇဝမ်းမီး၏ အားပေး ထောက်ပံ့မှုကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေပုံကိုလည်းကောင်း, ယင်း အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိ သောအခါ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြားအာဟာရဇ ဩဇာတို့က အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီးကို ဖြစ်စေပုံကို လည်းကောင်း - ဤအလုံးစုံကို ရုပ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန်ကြည့်ပါ။ ယင်း အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိပါက ကလာပ်ပြားအာဟာရဇဩဇဋ္ဌမကရုပ်များတွင် ပါဝင်သော အာဟာရဇဩဇာကလည်း အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်သည်။ သို့ဖြစ်ရကား အာဟာရဇရုပ်၏ အကြောင်းတရားပိုင်းတွင် ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာတွင် သာမက အာဟာရဇဩဇာကိုပါ ထည့်သွင်းဖော်ပြထားပေသည်။]

---

နာမ်ခန္ဓာ (၄) ပါး

ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမှအလွတ်ဖြစ်သော ဝီထိမုတ်စိတ် အမည်ရသည့် ဝိပါက်နာမ်ခန္ဓာ (၄)ပါး, စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဟူသော ထိုဝီထိစိတ်အစဉ်အတွင်း၌ ပါဝင် တည်ရှိသော ဝိပါက်နာမ်ခန္ဓာ (၄) ပါး - ဤဝီထိမုတ်စိတ်-ဝီထိစိတ်ဟူသော နှစ်မျိုးသော ဝိပါက်နာမ်တရားတို့၏ အတိတ်အကြောင်းတရားတို့မှာ --- အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ပင် ဖြစ်ကြသည်။ ယင်းနာမ်တရားတို့၏ ပစ္စုပ္ပန်အကြောင်းတရားများမှာ ဝတ္ထု အာရုံ ဖဿစသော အကြောင်းတရား တို့ပင် ဖြစ်ကြသည်။

၁။ဝတ္ထု = မှီရာဝတ္ထုရုပ် --- မှီရာဝတ္ထုရုပ် မရှိက (ပဉ္စဝေါကာရဘုံဝယ်) ယင်းနာမ်တရားတို့သည် ဖြစ်နိုင်သည့် စွမ်းအား မရှိကြကုန်။

၂။အာရုံ --- ဆိုင်ရာ အာရုံတစ်ခုခုက ဆိုင်ရာ ဒွါရတို့၌ ထင်လာပါမှ ရှေးရှုကျရောက်လာပါမှ ယင်းနာမ်တရားတို့သည် ဖြစ်နိုင်ကြသည်။ သိစရာ အာရုံရှိပါမှ သိမှုသဘော ဖြစ်နိုင်သည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။

၃။ဖဿ = ဖဿ စသော ယှဉ်ဖက် သမ္ပယုတ်တရားတို့သည် တစ်နည်း နာမ်ခန္ဓာ (၄)ပါးတို့သည် အချင်းချင်းအား သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ယင်းနာမ်တရားတို့သည် ဖြစ်နိုင်ကြသည်။ ခန္ဓာတစ်ပါး ဖြစ်ရေး အတွက် ကျန်နာမ်ခန္ဓာ သုံးပါးတို့က ကျေးဇူးပြုပေးရသည်။ ထိုခန္ဓာ တို့တွင် အာရုံကို ရယူရာ၌ ဖဿမှာ ပြဓာန်းသော ပဓာန အကြောင်း တရားတစ်ခု ဖြစ်ပေသည်။

သတိပြုရန် --- ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဟူသော ပဝတ္တိ ဝိပါက်ဝိညာဏ်တို့မှာ ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမုတ်စိတ် တို့ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကကံကြောင့်ပင် ဖြစ်ပေါ်ကြရသည် လည်း ရှိနိုင်၏။ ပဝတ္တိအကျိုးဝိပါက်ကို ဖြစ်ပေါ်စေတတ်သော အခြားသော အသစ်အသစ်သော ဇနကကံကြောင့် ဖြစ်သည်လည်း ရှိနိုင်၏။ ထိုကံမှာ ကုသိုလ်ကံလည်း ဖြစ်နိုင်၏။ အကုသိုလ်ကံလည်း ဖြစ်နိုင်၏။ ကုသိုလ်ကံ ကြောင့် ကုသလဝိပါက် ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံတို့ ဖြစ်ကြ၏။ အကုသိုလ်ကံကြောင့် အကုသလဝိပါက် ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံတို့ ဖြစ်ကြ၏။ ဣဋ္ဌာရုံနှင့် တွေ့ကြုံရာ၌ ကုသလဝိပါက်များ ဖြစ်ကြ၍ အနိဋ္ဌာရုံနှင့် တွေ့ကြရာ၌ အကုသလဝိပါက်များ ဖြစ်ကြသည်။သာဝကတို့သည် ကံ-ကံ၏အကျိုးတရားကို ကုန်စင်အောင် မသိနိုင်သော် လည်း အချို့အဝက်ကိုကား သိရှိရမည် ဖြစ်သည်။ အတိတ်ခန္ဓာငါးပါးတို့ကို သိမ်းဆည်းရာ၌လည်းကောင်း အတိတ်အကြောင်းတရားတို့ကို ရှာဖွေရာ၌ လည်းကောင်း သတိပြု၍ ယင်းအကြောင်းတရားတို့ကို စူးစမ်းရှာဖွေကြည့်ပါ။

တစ်ဖန် ပဉ္စဒွါရဝီထိတို့၌ တည်ရှိသော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော, မနောဒွါရဝီထိတို့၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်း - ဤသုံးမျိုးကုန်သော စိတ်တို့ကား ကိရိယာစိတ်တို့တည်း။ ထင်လာသော အာရုံကို ဆင်ခြင်ရုံမျှ ဆုံးဖြတ်ရုံမျှ ဆင်ခြင်ဆုံးဖြတ်ရုံမျှသာ ဖြစ်ကြသည်။ ဒွါရနှင့် အာရုံ တိုက်ဆိုင် လာသောအခါ ဖြစ်ပေါ်လာကြသော ကိရိယာစိတ်တို့သာ ဖြစ်ခြင်းကြောင့် အတိတ်အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသော နာမ်တရားတို့ မဟုတ်ကြပေ။ ဝတ္ထု အာရုံ ဖဿ စသော ပစ္စုပ္ပန်အကြောင်းတရားတို့ကြောင့်သာ ဖြစ်ပေါ်ကြရသော နာမ်တရားစုတို့ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းနာမ်တရားတို့၌ အတိတ်အကြောင်းတရားများ မရှိကြပေ။ ဝတ္ထု အာရုံ ဖဿ စသော ပစ္စုပ္ပန်အကြောင်းတရားတို့သာ ရှိကြသည်။

အလားတူပင် ကုသိုလ်ဇောတို့သည်လည်း ဝတ္ထု အာရုံ ဖဿ ယောနိသောမနသိကာရ စသော အကြောင်းတရားတို့ကြောင့်သာ ဖြစ်ပေါ် လာကြ၏။ အကုသိုလ်ဇောတို့သည်လည်း ဝတ္ထု အာရုံ ဖဿ အယောနိသောမနသိကာရ စသော အကြောင်းတရားတို့ကြောင့်သာ ဖြစ်ပေါ်လာကြရ၏။ ယင်းနာမ်တရားစုတို့သည် အတိတ်အကြောင်းတရားများကြောင့် ဖြစ်ပေါ် လာကြရသော နာမ်တရားစုတို့ မဟုတ်ကြပေ။ သို့ဖြစ်ရကား ကုသိုလ်ဇော အကုသိုလ်ဇော နာမ်တရားစုတို့၌လည်း အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန်အကြောင်းတရားသာ ရှိသည်ဟု မှတ်ပါ။

---

နည်းလေးထွွေ - ၁။ ဧကတ္တနည်း

ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ် ရှုကွက်၌ အလွန်အရေးကြီး လှသော ဧကတ္တနည်း နာနတ္တနည်း အဗျာပါရနည်း ဧဝံဓမ္မတာနည်းဟူသော နည်းလေးပါးကို ကြောင်းကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို သိမ်းဆည်းရှုပွားသည့်အခါ၌ သဘောပေါက်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ထိုတွင် ဧကတ္တနည်းဟူသည်မှာ ဤသို့ ဖြစ်၏။

၁။ အတိတ်အကြောင်းတရားများကို ထူထောင်ခဲ့သည့် အတိတ်ရုပ်နာမ်

၂။ ပစ္စုပ္ပန် ပဋိသန္ဓေမှစ၍ ယခုလက်ရှိ အကြောင်းတရားတို့ကို သိမ်း ဆည်းခိုက် သို့မဟုတ် ဝိပဿနာပိုင်းသို့ ရောက်ပြီးလျှင်လည်း ဝိပဿနာရှုခိုက် အခြေအနေအထိ အချိန်အခါထိ ဖြစ်ပေါ်နေသော ရုပ်နာမ်၊

၃။ အရဟတ္တဖိုလ်သို့ ဆိုက်အောင် အားမထုတ်နိုင်သေးသဖြင့် နောင် အနာဂတ်သည် ထင်ရှားရှိနေသေးခဲ့သော် ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သိမ်းဆည်းရှုပွားနေသည့် ယခု အချိန်မှ စ၍ နောင်အနာဂတ် ဆုံးသည့်တိုင်အောင် ဖြစ်ပေါ်လာမည့် အနာဂတ် ရုပ်နာမ်။ တစ်နည်းဆိုရသော် အတိတ်ဘဝ ပစ္စုပ္ပန်ဘဝ အနာဂတ်ဘဝဟူသော ဘဝသုံးမျိုးအတွင်း၌ တည်ရှိနေခဲ့သော တည်ရှိနေဆဲဖြစ်သော တည်ရှိလတ္တံ့ဖြစ်သော အတိတ်ရုပ်နာမ်, ပစ္စုပ္ပန် ရုပ်နာမ်, အနာဂတ်ရုပ်နာမ် ---

ဤအတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိပြီး တည်ရှိဆဲ တည်ရှိလတ္တံ့ဖြစ်သော ရုပ်နာမ်များကို ရုပ်နာမ်သန္တတိအစဉ် အတန်းအားဖြင့် အစဉ်အတန်းတစ်ခုတည်းအဖြစ် ဉာဏ်ဖြင့် မြင်ရမည် ဖြစ်သည်။ ထိုရုပ်နာမ်အစဉ်အတန်းဟူသည်မှာလည်း နိစ္စအစဉ်အတန်း မဟုတ်၊ အနိစ္စအစဉ်အတန်းသာ ဖြစ်သည်။ ဖြစ်-ပျက် အစဉ်အတန်းသာ ဖြစ်သည်။

ဤထက် အနည်းငယ်ရှင်းအောင် ထပ်၍ဆိုရသော် အတိတ်ဘဝတွင် ဤယခု လူ့ဘဝသို့ ရောက်ကြောင်းဖြစ်သည့် ကောင်းမှုကုသိုလ်ကို ပြုစု ပျိုးထောင်ခဲ့စဉ်က ဘဝင် မနောအကြည်နှင့် ယခုဘဝလက်ရှိ ဘဝင်မနော အကြည်တို့ကို စိုက်ကြည့်လိုက်လျှင် ရှုကြည့်လိုက်လျှင် အပ်ချည်ကြိုး တစ် ချောင်းကို သွယ်တန်းထားဘိသည့်အလား သန္တတိအစဉ်အတန်းအားဖြင့် တစ်စဉ်တည်း တစ်ဆက်တည်း တစ်စပ်တည်း လာနေသည်ကို တစ်စဉ်တည်း တစ်ဆက်တည်း တစ်စပ်တည်း ဖြစ်-ပျက်အစဉ်အတန်း တစ်ခုတည်း ဖြစ်နေသည်ကို သဘောပေါက်အောင် ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ဘဝင်ဟူသည် ဘဝတစ်လျှောက်၌ အများဆုံးဖြစ်တတ်သော စိတ်ဖြစ်သဖြင့် ဘဝင်ကို ပဓာန ထား၍ နားလည်လွယ်အောင် ပြောနေခြင်း ဖြစ်သည်။ သဘာဝေါဝါယံ စိတ္တဿ ပဏ္ဍရတာ (မူလဋီ၊၁၊၁၂၅။) ဟူသော မူလဋီကာအဖွင့်နှင့် အညီ (အကုသိုလ်စေတသိက်များသည် ညစ်နွမ်းသော်လည်း) စိတ်အားလုံးကား ဖြူစင်လျက် ကြည်လျက် ရှိ၏။ ထို့ကြောင့် ဘဝင်၏ ကြည်လင်မှု ဘဝင်၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဝီထိစိတ်တို့၏ ကြည်လင်မှုဟူသော စိတ် အားလုံး၏ ကြည်လင်မှုကား သဘာဝပဏ္ဍရ ဖြစ်သည်။ အသင်သူတော်ကောင်းသည် ယင်းသို့ ကြည်လင်နေသော နာမ်သန္တတိ အစဉ်အတန်းကို တစ်စဉ်တည်း တစ်ဆက်တည်း တစ်စပ်တည်း တစ်ခုတည်း ဖြစ်နေသည်ကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ထိုနည်းတူပင် တစ်စဉ်တည်း တစ်စပ်တည်း တစ် ဆက်တည်း တစ်ခုတည်း ဖြစ်ပေါ်နေသော ရုပ်သန္တတိအစဉ်အတန်းကိုလည်း ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။

---

အတိတ်၏ အရှိန်အဝါဟပ်မှု

အတိတ်ဘဝက ကောင်းမှုကုသိုလ်ပြုနေသော ရုပ်နာမ်သန္တာန်အစဉ်၌ အကျုံးဝင်သော ဘဝင်မနောအကြည်သည် သို့မဟုတ် နာမ်သန္တတိ အစဉ်သည် မိမိ၏ ဘဝင်မနောအကြည် သို့မဟုတ် နာမ်သန္တတိအစဉ် ဟုတ်သည် မဟုတ်သည်ကို သေချာစွာရှုကြည့်ပါ။ အကယ်၍ မိမိ၏ဘဝင်မနောအကြည် မှန်ပါလျှင် သို့မဟုတ် နာမ်သန္တတိအစဉ် မှန်ပါလျှင် မိမိ၏ဘဝင်မနောအကြည် ဖြစ်ကြောင်းကိုလည်းကောင်း, မိမိ၏ နာမ်သန္တတိအစဉ် ဖြစ်ကြောင်းကို လည်းကောင်း လွယ်လွယ်ကူကူပင် သဘောပေါက်နိုင်မည်ဖြစ်သည်။ အလား တူပင် မိမိ၏ ရုပ်သန္တတိ အစဉ်ဖြစ်ကြောင်းကိုလည်းကောင်း လွယ်လွယ် ကူကူပင် သဘောပေါက်နိုင်မည် ဖြစ်ပေသည်။ အကြောင်းမူ နာမ်သန္တတိ အစဉ်အတန်း ရုပ်သန္တတိအစဉ်အတန်းမှာ တစ်စဉ်တည်း တစ်စပ်တည်း တစ် ဆက်တည်း တစ်ခုတည်း တစ်တန်းတည်း ဖြစ်နေသောကြောင့်တည်း။

ဤသို့ အတိတ်ရုပ်နာမ်သန္တာန်အစဉ်ကို ယခုကဲ့သို့ လှမ်း၍ရှုနေသော အခါ အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်များကားအတိတ်ဘဝက စိတ်နေ စိတ်ထားများသည် ယခုပစ္စုပ္ပန် စိတ်နေစိတ်ထားများနှင့် များစွာတူညီကြ၏ ဟု ဝန်ခံကြ၏။ ဝါသနာဓာတ်ငွေ့များ ကပ်ပါနေခြင်း အရှိန်ဟပ်နေခြင်းပင် ဖြစ်သည်။ သမထဘာဝနာ ဝိပဿနာဘာဝနာတို့ကို ပွားများအားထုတ် နေခြင်းသည်ကား မကောင်းသော ဓာတ်ငွေ့များ၏ နေရာ၌ ကောင်းသော ဓာတ်ငွေ့များကို နေရာယူစေခြင်း အစားထိုးပေးနေခြင်း, ကောင်းသော ဓာတ်ငွေ့များကို အဆက်မပြတ် ဆက်တိုက်ဖြစ်အောင် ကြိုးစားခြင်းပင် ဖြစ်သည်။ မကောင်းသော ဓာတ်ငွေ့များကို အမြစ်ပြတ် ချေဖျက်နိုင်သော အခါ ကောင်းသော ဓာတ်ငွေ့ချည်း ရာနှုန်းပြည့် ကြွင်းကျန်နေသောအခါ မိမိ၏ ဘာဝနာလုပ်ငန်းရပ်သည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ပေသည်။

---

ခက်ယောင်နှင့်လည်း ခက်ပြန်၏၊
နက်ယောင်နှင့်လည်း နက်ပြန်၏၊

ထိုသို့ အတိတ်မှသည် ပစ္စုပ္ပန်သို့တိုင်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်း ရာ၌လည်းကောင်း အတိတ်အကြောင်းတရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေသို့တိုင်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်း ပြီးသောအခါ အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရားတို့ကို ရှာဖွေလိုက်သောအခါ မည်သည့်ရုပ်နာမ်ကိုမျှ မမြင်ဘဲ လင်းထိန် နေသည့် အလင်းရောင် အတုံးအခဲ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ကြီး ကိုသာ တွေ့မြင်နေတတ်၏။ ထိုအခါတွင် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ဗဟုဿုတ မရှိထားပါလျှင် ေ့ရှသို့ဆက်၍ မလုပ်တတ် မကိုင်တတ် ရှိနေတတ်၏။ ထိုကဲ့သို့ ယောဂါဝစရပုဂ္ဂိုလ်တို့သည် များသောအားဖြင့် နတ်ပြည် သို့မဟုတ် ဗြဟ္မာ့ပြည်မှ ဆင်းသက်လာသူတို့ ဖြစ်တတ်ကြ၏။ ဟုတ်မဟုတ်ကို ဆန်းစစ် ကြည့်ဖို့ရန် အထူးလိုအပ်လာပေပြီ။ ထိုကဲ့သို့သော အခက်အခဲနှင့် ကြုံတွေ့ နေရသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် များသောအားဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရုပ်နာမ်ကို သိမ်းဆည်းစဉ်ဝယ် အထူးသဖြင့် နတ်တို့၏ သန္တာန်၌ တည်ရှိသော ရုပ်နာမ်၊ ဗြဟ္မာတို့၏သန္တာန်၌ တည်ရှိသော ရုပ်နာမ် တို့ကို သီးသန့် အလေးပေးကာ မသိမ်းဆည်းမိဘဲ သာမန်ခြုံငုံ၍သာ သိမ်း ဆည်းမိသောကြောင့် ယခုကဲ့သို့ ကြီးမားကျယ်ပြန့်သော အလင်းရောင် အစု အပုံကြီးနှင့် ရင်ဆိုင်တွေ့နေရသောအခါ ယင်းအလင်းရောင် အစုအပုံကြီး၌ တည်ရှိသော ရုပ်နာမ်တို့ကို မသိမ်းဆည်းတတ်ခြင်း ဖြစ်၏။ ဘုန်းကံကြီးမားလျှင် ကြီးမားသလို နတ်တို့၏ကိုယ်ရောင်ကိုယ်ဝါကား ထွန်းလင်းတောက် ပလျက် ရှိ၏။ ဗြဟ္မာတို့၏ ကိုယ်ရောင်ကိုယ်ဝါကား နတ်တို့၏ ကိုယ်ရောင် ကိုယ်ဝါထက်ပင် သာလွန်၍ ထွန်းလင်းတောက်ပလေသည်။ နတ်တို့၏ ခန္ဓာကိုယ်သည်လည်း ကြီးမား၏။ ဗြဟ္မာတို့၏ ခန္ဓာကိုယ်ကား သာလွန်၍ပင် ကြီးမားပေသည်။ နတ်တို့၏ ရုပ်တရားတို့ကား အလွန့်အလွန် သိမ်မွေ့၏။ ဗြဟ္မာတို့၏ ရုပ်တရားတို့ကား နတ်တို့၏ ရုပ်တရားထက်ပင် သာလွန်၍ သိမ်မွေ့လှပေသည်။ ဗဟိဒ္ဓရုပ်နာမ်ကို သိမ်းဆည်းစဉ်က နတ် ဗြဟ္မာတို့၏ ရုပ်နာမ်ကို စူးစူးစိုက်စိုက် မသိမ်းဆည်းခဲ့မိသူ သာမန်ခြုံငုံ၍သာ သိမ်းဆည်း ခဲ့မိသူတို့သည် ဤကဲ့သို့ အလွန်သိမ်မွေ့သော ရုပ်တရားတို့ကို သိမ်းဆည်း ခြင်းငှာ မစွမ်းနိုင် ရှိတတ်၏။

ထိုကဲ့သို့သော အခက်အခဲနှင့် ကြုံတွေ့လာပါက အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ် နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ အထူးသဖြင့် နတ်တို့၏ ရုပ်တရား တို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ အောင်မြင်မှု ရရှိပါက နတ်ပြည် နတ်လောကဘက်သို့ ဉာဏ်ကို စေလွှတ်၍ အဆင့်ဆင့်သော နတ်တို့၏ သန္တာန်၌ ရှိသော သိမ်မွေ့သော ရုပ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် သိမ်းဆည်းပါ။ ထိုနောင် ဗြဟ္မာတို့၏ သန္တာန်၌ ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ ဆက်လက်သိမ်းဆည်းပါ။ ဗြဟ္မာတို့၏ ရုပ် တရားတို့ကား အလွန့်အလွန် သိမ်မွေ့သောသဘော ရှိ၏။ ထိုကြောင့် သမာဓိကို အကြိမ်ကြိမ် ပြန်လည်ထူထောင်၍ အကြိမ်ကြိမ် ထပ်ကာထပ်ကာ သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှုကို ရရှိနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တရားတို့ကို ဗြဟ္မာ့ပြည်သို့တိုင်အောင် အကြိမ်ကြိမ် သိမ်းဆည်း နိုင်သောအခါ အထူးသဖြင့် ဗြဟ္မာတို့၌ ဃာနဒသကကလာပ် ဇိဝှါဒသက ကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ရုပ်တရားတို့ မရှိမှုကို သဘောပေါက်အောင် ဆက်လက် သိမ်းဆည်းပါ။ အောင်မြင်မှုကို ရရှိပါက နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။

နတ်တို့၏ သန္တာန်၌ကား လူသားတို့၏ သန္တာန်၌ကဲ့သို့ပင် ကမ္မဇကလာပ် စိတ္တဇကလာပ် အာဟာရဇကလာပ်တို့ အစုံအလင် ရှိတတ်၏။ ဗြဟ္မာ တို့၏ သန္တာန်၌ကား အားလုံးသော ရုပ်ကလာပ်တို့ အစုံအလင် မတည်ရှိနိုင် ကြပေ။ ဤသည်မှာ နတ်နှင့် ဗြဟ္မာတို့၏ ရုပ်ကလာပ်၌ ထူးခြားမှုပင် ဖြစ်သည်။ ဗဟိဒ္ဓ နတ်ဗြဟ္မာတို့၏ ရုပ်နာမ်တို့ကို ခြုံငုံ၍ သိမ်းဆည်းနိုင်သော အခါ ယခင် အတိတ်အကြောင်းတရားတို့ကို ရှာဖွေစဉ်က တွေ့ရှိခဲ့သော အလွန် ကြီးမားကျယ်ပြန့်သော အလင်းရောင် အစိုင်အခဲကြီး၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင်၍ သိမ်းဆည်းကြည့်ပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်သောအခါ ယင်းရုပ်ကလာပ်တို့ကို ပရမတ်သို့ဆိုက်သည်တိုင်အောင် ဓာတ်ခွဲပါ။ ထိုသို့ ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းရာ၌ ယင်းအတုံးအခဲ ကြီးမှာ နတ်သားဘဝ ဖြစ်ပါက အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ရုပ်ကလာပ် အစုံအလင်ကို တွေ့ရှိနိုင်ပေသည်။ အကယ်၍ ယင်းအတုံးအခဲကြီး သည် ဗြဟ္မာဘဝ ဖြစ်ပါက ကမ္မဇရုပ်တို့တွင် အထက်တွင် တင်ပြထားသည့် အတိုင်း အချို့သော ကမ္မဇရုပ်တို့ကို ရှာဖွေတွေ့ရှိမည်ကား မဟုတ်ပေ။ ရုပ် တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ဟဒယဝတ္ထုရုပ်ကိုလည်းကောင်း၊ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း၊ ယင်းမနောဒွါရကို အစွဲပြု၍ ယင်းဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်ပေါ်သွားကြကုန်သော နာမ် တရားတို့ကိုလည်းကောင်း ဆက်လက်သိမ်းဆည်းပါ။ တစ်ဖန် ယင်းနာမ် တရားစုတို့တွင် အကျုံးဝင်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ် မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း, သင်္ခါရ ကံ ဟူသော ကမ္မဝဋ် မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း ဆက်လက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းသောအခါ အတိတ်ရုပ်နာမ်သန္တာန်အစဉ်နှင့် ပစ္စုပ္ပန်ရုပ်နာမ်သန္တာန်အစဉ်တို့၏ တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက် တည်း တစ်တန်းတည်း တစ်ခုတည်း ဖြစ်နေသည်ကို သိအောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ သိမ်းဆည်းပါ။ ယင်းသို့ သိခဲ့သော် ဧကတ္တနည်းကို သိသည် မည်ပေသည်။

---

သုံးလေးယောက် တွေ့မြင်နေသော်

တစ်ခါတစ်ရံ အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် အတိတ် အကြောင်းတရားတို့ကို ရှာဖွေရာဝယ် အတိတ်ဘဝ၌ ကောင်းမှုကုသိုလ်ကို ပြုလုပ်နေသည့် အာရုံဝယ် ကောင်းမှုကုသိုလ် ပြုလုပ်နေသူ သုံးလေးယောက် ကို တွေ့မြင်နေတတ်၏။ ထိုသို့ တွေ့မြင်ခဲ့သော် ပုဂ္ဂိုလ် အသီးအသီး၏ သန္တာန်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို တစ်ယောက်ပြီး တစ်ယောက် စတင်၍ သိမ်းဆည်းရမည်ဖြစ်သည်။ ေ့ရှဦးစွာ ပုဂ္ဂိုလ်တစ်ယောက်၏ သန္တာန်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန် များကို တွေ့မြင်သောအခါ ပရမတ္ထရုပ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။ ထိုနောင် နာမ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။ ထိုနောင် နောက်တစ်ယောက်၌ အလားတူပင် ရုပ်နာမ်တို့ကို ဆက်လက်သိမ်းဆည်းပါ။ ထိုနောင် နောက်တစ်ယောက်၌လည်း အလားတူပင် ရုပ်နာမ်တို့ကို ဆက်လက်သိမ်း ဆည်းပါ။ ထိုရုပ်နာမ်တို့တွင် မိမိ၏လက်ရှိ ပစ္စုပ္ပန်ရုပ်နာမ်နှင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း တွေ့မြင်နေ ရသော ရုပ်နာမ်မှာ မိမိ၏ ရုပ်နာမ်သန္တတိအစဉ်ပင် ဖြစ်ပေသည်။

ထိုသို့ သိမ်းဆည်းရာ၌ အကယ်၍ မသဲမကွဲ ဖြစ်နေသော် ထိုပုဂ္ဂိုလ် အသီးအသီး၏ ဘဝင်မနောအကြည်ဓာတ်ကို တစ်ဖန် ဦးစားပေး၍ စိုက်ရှု ကြည့်ပါ။ မိမိ၏ ဘဝင်မနောအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် လွယ်လွယ်ကူကူပင် သဘောပေါက်သည်ကို တွေ့ရ တတ်သည်။ အကြောင်းကား - လက်ရှိ မိမိ၏ ဘဝင်မနောအကြည်ဓာတ်နှင့် အတိတ်က ဘဝင်မနောအကြည်ဓာတ်တို့မှာ နာမ်သန္တတိ အစဉ်အတန်း အားဖြင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း ဖြစ်နေသည်ကို ယောဂါဝစရပုဂ္ဂိုလ်က သမ္မာဒိဋ္ဌိဉာဏ်ပညာ မျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောအခါ ထိုအတိတ် က ဘဝင်မနောအကြည်မှာ မိမိ၏ ဘဝင်မနောအကြည်ပင် ဖြစ်ကြောင်းကို လွယ်လွယ်ပင် သိမြင်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ အတိတ်က ဘဝင်မနောအကြည်ကို စိုက်ရှုလိုက်သောအခါ ထိုထို မိမိ သိမ်းဆည်းရှုပွား နေသော ဘဝင်မနောအကြည် မဟုတ်လျှင်လည်း မိမိ၏ ဘဝင်မနော အကြည် မဟုတ်ဟုပင် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် လွယ်လွယ်ကူကူပင် သိမြင်နိုင်ပေသည်။ အကြောင်းမူ နာမ်သန္တတိအစဉ်အတန်းချင်း မဆက်စပ် သောကြောင့် ဖြစ်သည်။ အတိတ်က ရုပ်နာမ်သည် မိမိ၏ ရုပ်နာမ်သန္တတိ အစဉ်အတန်း မဟုတ်လျှင် ထိုအတိတ်က သူတစ်ပါး၏ ရုပ်နာမ်သန္တတိ အစဉ်နှင့် ယခုလက်ရှိ မိမိ၏ ရုပ်နာမ်သန္တတိအစဉ်တို့သည် သန္တတိအစဉ် အတန်းအားဖြင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်း တည်း တစ်ခုတည်း မလာဘဲ သန္တတိအစဉ်အတန်းချင်း ဆက်စပ်မှု မရှိ သည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ကိုယ်တိုင်ပင် တွေ့မြင်နိုင်ပေသည်။

အတိတ်က မိမိ၏ ရုပ်နာမ်သန္တတိအစဉ်နှင့် ယခုပစ္စုပ္ပန် မိမိ၏ ရုပ်နာမ် သန္တတိအစဉ်တို့ကား တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်းအားဖြင့် ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေပေသည်။ ယင်းသို့ ဖြစ်နေမှုကို ယောဂါဝစရပုဂ္ဂိုလ်က သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါလျှင်ကား ရုပ်နာမ် သန္တတိအစဉ်အတန်း အနေအားဖြင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက် တည်း တစ်တန်းတည်း တစ်ခုတည်း အနေအားဖြင့် ေ့ရှနှင့်နောက် ဆက်စပ် လျက် အထပ်ထပ် ဖြစ်နေမှုကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသောကြောင့် ဧကတ္တနည်းကို သိသည် မည် ပေသည်။ တစ်ဖန် ယခုပစ္စုပ္ပန် ရုပ်နာမ်သန္တတိအစဉ်နှင့် အနာဂတ် ရုပ်နာမ် သန္တတိအစဉ်တို့၏ သန္တတိအစဉ်အတန်းချင်း တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း အနေအားဖြင့် ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေမှုကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရာ၌လည်း နည်းတူပင် သဘော ပေါက်ပါ။

---

ဥစ္ဆေဒဒိဋ္ဌိ နှင့် သဿတဒိဋ္ဌိ

တတ္ထ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏန္တိ ဧဝံ ဗီဇဿ အင်္ကုရာဒိဘာဝေန ရုက္ခဘာဝပ္ပတ္တိ ဝိယ သန္တာနာနုပစ္ဆေဒေါ ဧကတ္တနယော နာမ၊ ယံ သမ္မာ ပဿန္တော ဟေတုဖလသမ္ဗန္ဓေန ပဝတ္တမာနဿ သန္တာနဿ အနုပစ္ဆေဒါဝဗောဓတော ဥစ္ဆေဒဒိဋ္ဌိံ ပဇဟတိ၊ မိစ္ဆာ ပဿန္တော ဟေတုဖလသမ္ဗန္ဓေန ပဝတ္တမာနဿ သန္တာနာနုပစ္ဆေဒဿ ဧကတ္တဂ္ဂဟဏတော သဿတဒိဋ္ဌိံ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)

မျိုးစေ့မှ အညှောက် အညွန့် ဖြစ်လာ၏။ ထိုအညှောက် အညွန့်မှ အရွက် ဖြစ်လာ၏။ ထိုမျိုးစေ့မှပင် ရိုးတံ ပင်လုံး အခက် ရွက်နု ရွက်ကြမ်း စသည်၏အဖြစ်ဖြင့် အဆက်မပြတ် ဖြစ်နေရကား မျိုးစေ့သည် သစ်ပင် အဖြစ်သို့ ရောက်ရှိလာ၏။ သစ်ပင်အဖြစ်ဖြင့် ဖြစ်ပေါ်လာ၏။ ထို့ကြောင့် မျိုးစေ့နှင့် သစ်ပင်သည် တစ်စဉ်တစ်တန်းတည်း ဖြစ်ရကား သန္တာန = အစဉ် အတန်းသည် မပြတ်ချေ။ အစဉ်အတန်း မပြတ်လျှင် တစ်ခုတည်းပင်ဖြစ်၏ ဟု ယူရသကဲ့သို့ ထို့အတူ ---

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏။ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏။ ဤသို့ စသည်ဖြင့် ဖြစ်ရာ၌ အကြောင်း အကျိုးအားဖြင့် တစ်စဉ်တည်း တစ်သန္တာန် တည်းဖြစ်၍ အဆက်မပြတ်ရကား တစ်ခုတည်းဖြစ်သည်ဟု သိအပ်သော နည်းသည် ဧကတ္တနည်း မည်၏။

ဧကတ္တနည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်သော ဉာဏ်အမြင် သည် အတိတ်အကြောင်းတရားနှင့် ပစ္စုပ္ပန်အကျိုးတရား, ပစ္စုပ္ပန် အကြောင်း တရားနှင့် အနာဂတ်အကျိုးတရား စသည့် အကြောင်းတရားနှင့် အကျိုး တရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်လျက် အထပ်ထပ် ဖြစ်ခြင်းတည်းဟူသော ရုပ်နာမ်သန္တတိအစဉ်အတန်း၏ မပြတ်စဲမှုကို ထိုးထွင်းသိမြင်နေသော အသိဖြစ်ရကား ဘဝဟူသည် ပုခက်နှင့် ခေါင်း အကြားမှာပဲ ရှိ၏။ သေလျှင် ပြတ်၏။ ခေါင်းဟိုဘက် ဘာမျှ မရှိဟု စွဲယူသော ဥစ္ဆေဒဒိဋ္ဌိ အယူဝါဒဆိုး ချဉ်ဖတ်အိုးကြီးကို ပယ်စွန့်နိုင်ပေသည်။ ထိုသို့ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို မမြင်ဘဲ အမှားမှား အယွင်းယွင်း မြင်ခဲ့သော် သဿတဒိဋ္ဌိလည်း ဖြစ်နိုင်ပြန်၏။

အကြောင်းတရားနှင့် အကျိုးတရားတို့ကား အကြောင်းပရမတ်တရား အကျိုးပရမတ်တရားဟု ပရမတ္ထဓမ္မသဘာဝအားဖြင့်ကား ကွဲပြားမှုရှိနေ၏။ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ပရမတ္ထဓမ္မသဘာဝအားဖြင့် ကွဲပြားမှု ရှိငြားသော်လည်း အကြောင်းတရား၏အဖြစ်ဖြင့်လည်းကောင်း, အကျိုး တရား၏အဖြစ်ဖြင့်လည်းကောင်း ထိုအကြောင်းတရားနှင့် အကျိုးတရား တို့၏ အချင်းချင်း အကြောင်း အကျိုးသဘောအားဖြင့် ဆက်စပ်မှု ရှိသည်၏ အဖြစ်သည်သာလျှင် ဤအရာ၌ သန္တာနာနုပစ္ဆေဒ = သန္တာန်အစဉ်၏ မပြတ်စဲမှုဟု ဆိုသည်။ ယင်းသို့ ရုပ်နာမ်သန္တာန်အစဉ်၏ မပြတ်စဲသော ကြောင့်ပင်လျှင် အကြင်ရုပ်နာမ်သန္တာန်အစဉ်၌ ကံကို ဖြစ်စေအပ်၏။ ထို ရုပ်နာမ်သန္တာန်အစဉ်၌သာလျှင် အကျိုးတရားသည် ဖြစ်ပေါ်လာရကား ပြုအပ်ပြီးသော ကံ၏ ပျက်စီးပျောက်ပျက်သွားခြင်းသည်လည်းကောင်း, မပြု အပ်သေးသော ကံ၏ အကျိုးပေးဖို့ရန် ရှေးရှု ဆိုက်ရောက်လာခြင်းသည် လည်းကောင်း မရှိနိုင်ဟု မှတ်ပါ။

ဤ၌ အမှားမှား အယွင်းယွင်း မြင်မှုဟူသည် ကြောင်း-ကျိုး ဆက်နွယ်လျက် = ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသော အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကွဲပြားမှုကို မစူးစမ်း မဆင်ခြင်မူ၍ အကြောင်းတရားကိုလည်းကောင်း အကျိုးတရားကိုလည်းကောင်း မကွဲမပြား တစ်သားတည်းပြု၍ အကြောင်းတရားနှင့် အကျိုးတရားတို့၏ကြောင်း-ကျိုး ဆက်နွယ်လျက် မပြတ်ဖြစ်နေသော ရုပ်နာမ်သန္တာန်အစဉ်၏ မပြတ်စဲမှုကို တစ်ခုတည်းအဖြစ် မကွဲပြားသည်၏အဖြစ်ဖြင့် စွဲယူခြင်းတည်း။ အကြောင်း ရုပ်နာမ် အကျိုးရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို မမြင်သဖြင့် နိစ္စ အနေအားဖြင့်, အတ္တ အနေအားဖြင့် --- တဒေဝ ဝိညာဏံ သန္ဓာဝတိ သံသရတိ = ထိုဝိညာဏ်သည်ပင် ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ ပြေးသွား၏။ တစ်ခုသောဘဝ၌လည်း ထပ်ကာထပ်ကာ ကျင်လည် ကျက်စား၏။ ဤသို့ စသည်ဖြင့် ရုပ်နာမ်သန္တာန်အစဉ်ကို တစ်ခုတည်းဟု စွဲယူမှု တည်း။ ယင်းသို့ စွဲယူမှုကား သဿတဒိဋ္ဌိပင် ဖြစ်သည်။ ဧကတ္တနည်းကို အမှားမှား အယွင်းယွင်း သိမြင်က သဿတဒိဋ္ဌိကို ဆုပ်ကိုင်မိလျက်သား ရှိတတ်သည်ဟူ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။ မူလဋီ၊၂၊၁၃၁။ မဟာဋီ၊၂၊၃၄၇။)

၂။ နာနတ္တနည်း

အဝိဇ္ဇာဒီနံ ပန ယထာသကလက္ခဏဝဝတ္ထာနံ နာနတ္တနယော နာမ၊ ယံ သမ္မာ ပဿန္တော နဝနဝါနံ ဥပ္ပါဒဒဿနတော သဿတဒိဋ္ဌိံ ပဇဟတိ၊ မိစ္ဆာ ပဿန္တော ဧကသန္တာနပတိတဿ ဘိန္နသန္တာနေဿဝ နာနတ္တဂ္ဂဟဏတော ဥစ္ဆေဒဒိဋ္ဌိံ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)

ဧကတ္တနည်းအရ ကြောင်း-ကျိုးဆက်နွယ်လျက် သန္တတိအစဉ်အတန်း တစ်ခု အနေဖြင့် ဖြစ်ပေါ်လာနေသော အဝိဇ္ဇာ သင်္ခါရ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ဘဝ ဇာတိ ဇရာမရဏ စသော အကြောင်းတရား အကျိုးတရားတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီး အသီးကို ပိုင်းခြားမှတ်သားခြင်းသည် နာနတ္တနည်း မည်၏။ ယင်းနာနတ္တ နည်းကို သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟူသော ရုပ်တုံး ရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် နေရာတကျ သိမ်းဆည်းရပေမည်။

အတိတ် ပစ္စုပ္ပန် အနာဂတ် ဟူသော ရုပ်နာမ်တို့သည် ရုပ်နာမ်သန္တတိ အစဉ်အတန်းအားဖြင့် တစ်စဉ်တစ်တန်းတည်း မှန်သော်လည်း ရုပ်ကလာပ် တစ်ခုချင်း မြင်အောင် စိတ္တက္ခဏ တစ်ခုချင်း မြင်အောင် သန္တတိဃန ပြိုအောင် သိမ်းဆည်းရ၏။ တစ်ဖန် ယင်းအဝိဇ္ဇာစသော တရားတို့သည် ရုပ် ကလာပ် နာမ်ကလာပ် ဟူသည့် အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းရုပ်ကလာပ် နာမ်ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထ ဓာတ်သားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ - ဤကား ပထဝီဓာတ်, ဤကား အာပေါဓာတ်, ဤကား တေဇောဓာတ်, ဤကား ဝါယောဓာတ် - ဤသို့ စသည်ဖြင့်လည်းကောင်း, ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် လည်းကောင်း, သမူဟဃနဟူသည့် ရုပ်အပေါင်းအစု အတုံးအခဲ နာမ် အပေါင်းအစု အတုံးအခဲကို ပြိုအောင် သိမ်းဆည်းရ၏။ တစ်ဖန် ကိစ္စဃန တည်းဟူသော ရုပ်လုပ်ငန်းကိစ္စ နာမ်လုပ်ငန်းကိစ္စ ပြိုအောင်လည်း သိမ်း ဆည်းရ၏။ ထို့ကြောင့် အသင်သူတော်ကောင်းသည် ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် နေရာတကျ သိမ်းဆည်းတတ်လျှင် အသင်သူတော်ကောင်းသည် နာနတ္တနည်းကို သိသည် မည်၏။

ယင်းနာနတ္တနည်းကို ကောင်းမွန် မှန်ကန်စွာ သိမြင်ခဲ့သော် အသစ် အသစ်သော ပရမတ္ထဓာတ်သားတို့၏ ကြောင်းကျိုးဆက်နွယ်လျက် အဆက် မပြတ် အထပ်ထပ် ဖြစ်ပေါ်နေမှုကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက် မှောက် ထွင်းဖောက်သိမြင်နေခြင်းကြောင့် အကြောင်းတရားနှင့် အကျိုး တရားတို့၏ ကွဲပြားသော သဘာဝလက္ခဏာ ရှိမှုကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နေခြင်းကြောင့် အတ္တသည် သေလျှင် မပြတ် မြဲ၏ဟု စွဲယူတတ်သော သဿတဒိဋ္ဌိကို ပယ်စွန့်နိုင်၏။

ယင်းနာနတ္တနည်းကို ကောင်းမွန်မှန်ကန်စွာ မမြင်ခဲ့သော် အမှားမှား အယွင်းယွင်း မြင်လာတတ်၏။ ရုပ်နာမ်သန္တာန်အစဉ် တစ်ခုအတွင်း၌ ကျရောက်လျက်ရှိသော ရုပ်နာမ်တရားစုကို သန္တာန်ကွဲပြားသကဲ့သို့ အသီးအသီး တခြားစီဟု စွဲယူမိတတ်၏။ ရုပ်နာမ်ခန္ဓာအစဉ်သည် ဘဝခြားသော်လည်း တစ်စဉ်တစ်တန်းတည်းသာ ဖြစ်၏။ သုမေဓာ ရှင်ရသေ့ဘဝမှစ၍ ဂေါတမ ဘုရားရှင်၏ဘဝသို့ တိုင်အောင် ရုပ်နာမ်သန္တာန်အစဉ်မှာ တစ်စဉ်တစ်တန်း တည်းသာ ဖြစ်၏။ သို့ဖြစ်ပါလျက် တစ်သန္တာန်တည်းဟု မယူဆနိုင်ဘဲ ယခုဘဝ၌ သေသော သတ္တဝါက တစ်ယောက်, နောက်ဘဝ၌ ဖြစ်သော သတ္တဝါက တစ်ယောက်ဟု ကွဲပြားသော သန္တာန်ရှိသကဲ့သို့ယူဆလာတတ်၏။ ယင်းသို့ ယူဆခဲ့သော် သတ္တဝါသည် သေလျှင် ပြတ်၏ဟူသော ဥစ္ဆေဒဒိဋ္ဌိကို စွဲမြဲစွာ ယူမိလျက်သား ရှိတတ်၏။ ကောင်းမှု မကောင်းမှုကို ပြုသူက တခြား, ကောင်းကျိုး မကောင်းကျိုးကို ခံစားရသူက တခြား = ဒီဘဝ ဒီကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ် ခံလိမ့်မည်ဟု သန္တာန်အစဉ်ကွဲပြားသကဲ့သို့ ယူဆလျှင် ဥစ္ဆေဒဒိဋ္ဌိကို စွဲမြဲစွာ ယူမိလေတော့သည် ဟူလို။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။ မူလဋီ၊၂၊၁၃၂။ မဟာဋီ၊၂၊၃၄၇၊၃၄၈)


၃။ အဗျာပါရနည်း

အဝိဇ္ဇာယ သင်္ခါရာ မယာ ဥပ္ပါဒေတဗ္ဗာ၊ သင်္ခါရာနံ ဝါ ဝိညာဏံ အမှေဟီတိ ဧဝမာဒိဗျာပါရာဘာဝေါ အဗျာပါရနယော နာမ။ ယံ သမ္မာ ပဿန္တော ကာရကဿ အဘာဝါဝဗောဓတော အတ္တဒိဋ္ဌိံ ပဇဟတိ၊ မိစ္ဆာ ပဿန္တော ယော အသတိပိ ဗျာပါရေ အဝိဇ္ဇာဒီနံ သဘာဝနိယမသိဒ္ဓေါ ဟေတုဘာဝေါ၊ တဿ အဂ္ဂဟဏတော အကိရိယဒိဋ္ဌိံ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)

အကြောင်းတရားများဘက်၌လည်း အကျိုးတရားများကို ဖြစ်ပေါ် လာအောင် ပြုလုပ်မည်ဟူသော ကြောင့်ကြဗျာပါရ မရှိ၊ ကင်းနေ၏။ အကျိုး တရားများဘက်၌လည်း အကြောင်းတရားများသည် ထင်ရှား ဖြစ်ခဲ့သော် ငါတို့ အကျိုးတရားများသည်လည်း ထင်ရှားဖြစ်ကြမည် ဟူသော ကြောင့်ကြဗျာပါရ မရှိ၊ ကင်းနေ၏။

အဝိဇ္ဇာ၌ --- ငါသည် သင်္ခါရတရားတို့ကို ဖြစ်စေရမည်ဟူသော ကြောင့်ကြဗျာပါရ မရှိ၊ ကင်းနေ၏။ သင်္ခါရတရားတို့တွင်လည်း ငါတို့သည် ဝိညာဏ်ကို ဖြစ်စေရမည်ဟူသော ကြောင့်ကြဗျာပါရမရှိ၊ ကင်းနေ၏။ ဤသို့ စသည်ဖြင့် အဝိဇ္ဇာ သင်္ခါရစသော တရားတို့၌ ကြောင့်ကြဗျာပါရ မရှိမှု ကြောင့်ကြဗျာပါရ ကင်းမှုသဘောသည်ကား အဗျာပါရနည်း မည်၏။

ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်ရှုကွက်ကို ရှုရာ၌ ယင်းအဗျာပါရနည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ကောင်းမွန်မှန်ကန်စွာ သိမြင်ခြင်းဟူသည် အဝိဇ္ဇာ သင်္ခါရစသော ဤတရားတို့သည် နိရီဟာ = အကျိုးတရား ဖြစ်ပေါ်လာအောင် ကြိုးစား အားထုတ်ခြင်း လုံ့လဥဿာဟ မရှိကြ။ နိဇ္ဇီဝါ = ထိုသို့ ကြိုးစားအားထုတ် နိုင်လောက်အောင် အသက်ကောင်လည်း မဟုတ်ကြ။ ဓမ္မမတ္တာ = ဆိုင်ရာ အကျိုးပစ္စယုပ္ပန်ကို ဖြစ်စေနိုင်သော သဘာဝဓမ္မမျှတို့သာတည်း --- ဤသို့ သိမြင်သူကို သမ္မာ ပဿန္တော = ကောင်းမွန်မှန်ကန်စွာ သိမြင်သူ = အမြင် မှန် ရှိသူဟု ဆိုရ၏။ ဤသို့ သိမြင်ခြင်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်ခြင်း ဟု ဆိုရ၏။

ယင်းအဗျာပါရနည်းကို ကောင်းမွန်မှန်ကန်စွာ ယောဂါဝစရပုဂ္ဂိုလ်က ကိုယ်တိုင်မျက်မှောက် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထွင်းဖောက်သိမြင်ခဲ့သော် ပြုလုပ်နေသော ဖန်ဆင်းနေသော ပရမအတ္တ, အပြုလုပ်ခံရသော အဖန်ဆင်းခံရသော ဇီဝအတ္တရှိ၏ဟု စွဲယူသော အတ္တဒိဋ္ဌိစွဲကို ပယ်စွန့်နိုင်၏။ အကြောင်းတရားတို့၌ အကျိုးတရားများကို ဖြစ်ပေါ်လာအောင် ပြုလုပ် နေသော ကြောင့်ကြဗျာပါရကင်းမှု မရှိမှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ် တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသောကြောင့် ဖြစ်၏။

ယင်း အဗျာပါရနည်းကို ကောင်းမွန်မှန်ကန်စွာ မမြင်ဘဲ အမှားမှား အယွင်းယွင်း မြင်ခဲ့သော် အကြောင်းတရားတို့၌ အကျိုးတရားတို့ကို ဖြစ်ပေါ်လာအောင် ကြောင့်ကြဗျာပါရ ပြုမှု မရှိသော်လည်း အဝိဇ္ဇာ စသော အကြောင်းတရားတို့၌ သင်္ခါရစသော အကျိုးတရားတို့ကို ဖြစ်စေနိုင်သော သဘာဝနိယာမအားဖြင့် ပြီးသော အကြောင်းတရားဖြစ်မှု သဘောတရား သည် ထင်ရှားရှိသည်သာဖြစ်၏။ ယင်းသဘောတရားကို လက်မခံနိုင်သည့် အတွက်ကြောင့် ပြုလုပ်သော်လည်း ပြုလုပ်သည် မမည်ဟူသော အယူ မှားမှု အကိရိယဒိဋ္ဌိကို စွဲယူမိတတ်၏။

သဘာဝနိယမ --- မြဲသောနိယမသဘော --- တွဲဖက်ကလာပ်တူ ရုပ်အပေါင်းဟူသော အဆောက်အဦနှင့် တကွဖြစ်သော တေဇောဟူသော မီးဓာတ်၏ အထက်သို့ မျက်နှာရှိသည်၏ အဖြစ်ဟူသော မီးညွန့်၏ အထက်သို့ တက်ခြင်းသည်လည်းကောင်း, တွဲဖက်ကလာပ်တူ ရုပ်အပေါင်းဟူသော အဆောက်အဦနှင့် အတူတကွဖြစ်သော လေ၏ ဖီလာကန့်လန့် သွားခြင်း သည်လည်းကောင်း --- ဤသို့ စသော ဖြစ်ပုံသည် သဘာဝနိယမ = မြဲသော သဘော = ထုံးစံဓမ္မတာ ဖြစ်သကဲ့သို့ အလားတူပင် ---

အဝိဇ္ဇာစသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် သင်္ခါရ စသော အကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ အဝိဇ္ဇာစသော အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် သင်္ခါရစသော အကျိုးတရား သည်လည်း ထင်ရှားမဖြစ်တော့ပေ။ တစ်နည်းဆိုရသော် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားသည် ထင်ရှားရှိခဲ့သော် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားသည်လည်း ထင်ရှားဖြစ်ပေါ်လာ၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားသည်လည်း ထင်ရှား မဖြစ်တော့ပေ။ ဤသည်ကိုပင် သဘာဝနိယမသိဒ္ဓဟေတုဘာဝ = မြဲသော သဘာဝအားဖြင့် ပြီးစီးနေသော အကြောင်းတရား ဖြစ်မှုသဘောဟု ဆိုလို ပေသည်။ ယင်းသို့ အဝိဇ္ဇာ စသော အကြောင်းတရားတို့၌ သင်္ခါရ စသော အကျိုးတရားတို့ကို ဖြစ်စေနိုင်သည့် သဘာဝနိယမ = မြဲသော သဘော အားဖြင့် ပြီးစီးနေသော စွမ်းအင်သတ္တိ ရှိမှုသဘောကို လက်မခံနိုင်ပါက---

ကဿစိ ကတ္တုနော အဘာဝါ န ကာစိ ကိရိယာ ဖလပဗန္ဓိနီ။ (မဟာဋီ၊၂၊၃၄၈။)

ပြုလုပ်တတ်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်၏ = တစ်စုံတစ်ခု သော တရားဓမ္မ၏ မရှိခြင်းကြောင့် တစ်စုံတစ်ခုသော ကိုယ်နှုတ်စိတ် အမူ အရာသည် အကျိုးနှင့် ဆက်စပ်ခြင်း မရှိ = အကျိုးမပေးဟု အကျိုးနှင့် စပ်သော ကိုယ်နှုတ်စိတ် အမူ အရာ မရှိဟူသော ကံ-ကံ၏အကျိုးကို ပစ်ပယ် နေသော အကိရိယဒိဋ္ဌိ တစ်မျိုးသည် ဖြစ်ပေါ်လာတတ်သည်ဟု ဆိုလိုသည်။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။ မဟာဋီ၊၂၊၃၄၈။)


၄။ ဧဝံဓမ္မတာနည်း

အဝိဇ္ဇာဒီဟိ ပန ကာရဏေဟိ သင်္ခါရာဒီနံယေဝ သမ္ဘဝေါ ခီရာဒီဟိ ဒဓိအာဒီနံ ဝိယ၊ န အညေသန္တိ အယံ ဧဝံဓမ္မတာနယော နာမ။ ယံ သမ္မာ ပဿန္တော ပစ္စယာနုရူပတော ဖလာဝဗောဓာ အဟေတုကဒိဋ္ဌိံ အကိရိယဒိဋ္ဌိဉ္စ ပဇဟတိ။ မိစ္ဆာ ပဿန္တော ပစ္စယာနုရူပံ ဖလပ္ပဝတ္တိံ အဂ္ဂဟေတွာ ယတော ကုတောစိ ယဿ ကဿစိ အသမ္ဘဝဂ္ဂဟဏတော အဟေတုကဒိဋ္ဌိဉ္စေဝ နိယတဝါဒဉ္စ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈-၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၀-၂၂၁။)

နွားနို့ရည် စသည်တို့မှ နို့ဓမ်းစသည်သာ ဖြစ်ပေါ်လာသကဲ့သို့ အလား တူပင် အဝိဇ္ဇာစသော အကြောင်းတရားတို့ကြောင့် အကျိုးတရားများ ဖြစ်ခဲ့သော် အကြောင်းတရားနှင့် လျော်ညီသော သင်္ခါရစသော အကျိုးတရား များသာ ဖြစ်ပေါ်လာကြ၏။ အကြောင်းတရားနှင့် မလျော်ညီသော အခြား အကျိုးတစ်စုံတစ်ရာသည် မဖြစ်ပေ။ တစ်နည်းဆိုရသော် --- အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားတို့ကြောင့် အကျိုးတစ်စုံတစ်ရာ ဖြစ်ခဲ့သော် အကြောင်းတရားနှင့်လျော်ညီသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားတို့သာ ဖြစ်ပေါ်လာကြ၏။အကြောင်းတရားနှင့် မလျော်ညီသော အခြား မည်သည့်အကျိုး တစ်စုံတစ်ရာမျှ မဖြစ်နိုင်ပေ။ ဤသည်မှာ ဧဝံဓမ္မတာနည်း မည်၏။ ယင်းဧဝံဓမ္မတာ နည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်ခဲ့သော် အကြောင်းတရားနှင့် လျော် ညီသော အကျိုးတရား၏ဖြစ်မှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကြောင့် အကြောင်းမရှိဟု စွဲယူသော အဟေတုကဒိဋ္ဌိကို လည်းကောင်း, ကောင်းမှု မကောင်းမှုကို ပြုလုပ်သော်လည်း ပြုလုပ်သည် မမည်ဟု စွဲယူသောအကိရိယဒိဋ္ဌိကိုလည်းကောင်း --အကြောင်းကြောင့် ဖြစ်သော အကျိုးကို ပစ်ပယ်နေသော တစ်နည်း --- အကြောင်းအကျိုး နှစ်ရပ်လုံးကို ပစ်ပယ်နေသော ဤဒိဋ္ဌိကြီး နှစ်မျိုးကို ပယ်စွန့်နိုင်၏။

ယင်း ဧဝံဓမ္မတာနည်းကို ကောင်းမွန်မှန်ကန်စွာ မသိမမြင်သော သူကား အမှားမှား အယွင်းယွင်း မြင်တတ်၏။ အမှားမှား အယွင်းယွင်း မြင်ပုံမှာ ဤသို့ ဖြစ်၏။ အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းကြောင့် အမှတ်မရှိ တစ်စုံတစ်ခုသော အကျိုးသည် ဖြစ်နိုင်သည်ဟု ဆိုလျှင် သဲမှ ဆီ, ကြံမှ နို့ရည် မဖြစ်နိုင်စရာ မရှိ၊ ဖြစ်နိုင်စရာ ရှိ၏။ ထို့ကြောင့် မည်သည့် အကြောင်းကြောင့်မျှ မည်သည့်အကျိုးသည် မဖြစ်နိုင်ပါဟု အဟေတု အယူ စွဲကို စွဲစွဲလမ်းလမ်း အရဖမ်းယူလေသည်။

ထိုသို့ အမှားမှား အယွင်းယွင်း စွဲယူခဲ့သော် သိမြင်ခဲ့သော် အကြောင်းတရားနှင့် လျော်ညီသော အကျိုးတရား၏ဖြစ်မှုကို မယူမူ၍ တစ်စုံ တစ်ခုသော အကြောင်းတရားကြောင့် တစ်စုံတစ်ခုသော အကျိုးတရား၏ ဖြစ်မှုကို မယူနိုင် လက်မခံနိုင်သည့် အတွက်ကြောင့် အဟေတုကဒိဋ္ဌိကို လည်းကောင်း နိယတဝါဒကိုလည်းကောင်း စွဲယူမိလျက်သား ဖြစ်တတ်၏။

နိယတဝါဒ --- နိယတဝါဒဟူသည် သတ္တဝါတို့၏ ကောင်းကျိုး ဆိုး ကျိုးများသည် ပုံသေသတ်မှတ်ချက် ရှိသည်ဟု ယူသော ကံ-ကံ၏အကျိုး တရား ထင်ရှားရှိမှုကို ပစ်ပယ်သော ဝါဒတစ်မျိုးဖြစ်သည်။ ထိုသို့ အကြောင်း မရှိလျှင် ယခုမျက်မြင်ဖြစ်သော သတ္တဝါ-အရာဝတ္ထုများသည် မည်သည့် အကြောင်းကြောင့် ဖြစ်ပေါ်နေရပါသနည်းဟု ထိုအဟေတုက အယူရှိသူကို ပြန်၍ မေးလျှင် --- နိယတ = မည်သည့်အချိန်အခါ၌ လူ, သို့မဟုတ် နတ်, သို့မဟုတ် တိရစ္ဆာန်အမျိုးမျိုး ဖြစ်ရမည်ဟု သတ်မှတ်ပြီး ဖြစ်သည်ဟု ပြောဆို၏။ ထိုအယူကို နိယတဝါဒဟု ခေါ်ဆို၏။ (အကျယ်ကို သာမညဖလသုတ် မက္ခလိဂေါသာလဝါဒ၌ ကြည့်ပါ။) (အဘိ၊ဋ္ဌ၊၂၊၁၈၈-၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၀-၂၂၁။ မူလဋီ၊၂၊၁၃၂။ မဟာဋီ၊၂၊၃၄၈။)

သို့အတွက် အသင်သူတော်ကောင်းသည် ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းသည် မိစ္ဆာဝါဒ မိစ္ဆာဒဿန မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတို့ကို ပယ်သတ်ရေး တိုက်ဖျက်ရေးအတွက် အကောင်းဆုံးသော လက်နက်ကြီးတစ်ခုပင် ဖြစ်သည်ဟု ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ နာယူ မှတ်သားလေရာသည်။


---

အပိုင်း (၃)

ခန္ဓာငါးပါးနည်းဖြင့် လက်တွေ့သိမ်းဆည်းပုံ အပိုင်း

အထူးသတိပြုရန်

၁။ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော၏ အာရုံ၊

၂။ လက်ရှိ ပစ္စုပ္ပန်ဘဝ ပဋိသန္ဓေ နာမ်တရားစု၏ အာရုံ၊

၃။ လက်ရှိ ပစ္စုပ္ပန်ဘဝ ဘဝင်မနောအကြည်ဓာတ် = ဘဝင် နာမ်တရားစု၏ အာရုံ၊

၄။ လက်ရှိ ပစ္စုပ္ပန်ဘဝ လာလတ္တံ့သော စုတိနာမ်တရားစု၏ အာရုံ၊

ဤ (၄) မျိုးတို့၌ အာရုံချင်းတူညီရမည် ဖြစ်သည်။ ဤ လေးမျိုးတို့တွင် ယောဂါဝစရပုဂ္ဂိုလ် အဖို့ အနာဂတ်ကို မရှုရသေးသဖြင့် (၁၊၂၊၃)တို့ကို အာရုံချင်း တူညီမှု ရှိမရှိကို ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ဉာဏ်ဖြင့် စူးစိုက်၍ သေချာစွာ တိုက်ဆိုင် ရှုကြည့်ပါ။ တစ်ဖန် ပဋိသန္ဓေ-ဘဝင်-စုတိ ဤသုံးမျိုးတို့သည် စိတ်စေတသိက် အရေအတွက်ချင်း တူညီရမည် ဖြစ်သည်။သေချာစွာ စူးစိုက်၍ ဆန်းစစ်ကြည့်ပါ။ အကြိမ်ကြိမ် ရှုကြည့်ပါ။ ဤအချိန်တွင် ယောဂါဝစရပုဂ္ဂိုလ်သည် ဘဝင်မနောအကြည်ဓာတ်ကို ပုံစံမှန် ရှုနိုင်ပြီ ဖြစ်သည်။ အကယ်၍ မရှုနိုင်သေးပါက ပဋိသန္ဓေ နာမ်တရားများကို သေချာစွာ ပြန်ရှုပါ။ ထိုနောင် ပဋိသန္ဓေ နာမ်တရားစုတို့ ချုပ်ပျက်သွားပြီးနောက် ဝီထိစိတ် မဖြစ်မီ အတွင်းဝယ် ဆက်တိုက်ဖြစ်နေသော စိတ်+စေတသိက်= နာမ်တရားစုတို့ကို ဆက်လက် သိမ်းဆည်းပါ။ ဘဝ၌ စိတ်အစဉ် မပြတ်စဲရေး အတွက် ဝီထိစိတ်များ မဖြစ်သည့် အချိန်တွင် ဘဝ၏ အကြောင်းတရား အဖြစ် ဆက်လက်ဖြစ်နေသည့် စိတ်များပင်ဖြစ်သည်။ ဘဝင်စိတ်များပင် တည်း။ သဘောပေါက်ပါက လက်ရှိ အခြေအနေ၌လည်း ဝီထိစိတ်အစဉ် တို့၏ အကြားအကြား၌ ဖြစ်ပေါ်နေကြသော ဘဝင်နာမ်တရားများကို ဆက်လက် သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှုကို ရရှိနိုင်ပေလိမ့်မည်။


ခန္ဓာငါးပါးဖွဲ့စည်းပုံ

ဤပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းအရ ကြောင်း-ကျိုး-ဆက်၍ အကြောင်း တရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏတိုင်းတွင် ခန္ဓာငါးပါး ဖွဲ့၍ ခန္ဓာငါးပါးနည်းဖြင့် အကြောင်းနှင့် အကျိုးတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ ဝီထိမုတ်စိတ်နှင့် ဝီထိစိတ်တို့ကို ခွဲခြား သိမ်းဆည်းရမည် ဖြစ်သည်။ ပဋိသန္ဓေ-ဘဝင်-စုတိ စိတ်တို့မှာ ဝီထိစိတ်အစဉ်၏ အပြင်ဘက်၌ တည်ရှိကြသော ဝီထိမုတ်စိတ်တို့ ဖြစ်ကြ၏။ ယင်း ဝီထိမုတ်စိတ်တို့၌လည်း ခန္ဓာငါးပါးဖွဲ့၍ ခန္ဓာတစ်ပါးတစ်ပါး၌ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။ အလားတူပင် ဝီထိစိတ်တို့၌လည်း စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါး ဖွဲ့၍ ခန္ဓာတစ်ပါးစီ တစ်ပါးစီ၌ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။ ဤ၌ ခန္ဓာဟူသည် အစုအပုံကို ဆိုလိုသည်။

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော, အာသဝေါတရားတို့၏ အာရုံဖြစ်သော, တဏှာ-ဒိဋ္ဌိ တို့ဖြင့် ငါ-ငါ့ဟာဟု စွဲယူရာဖြစ်သော ရုပ်တရားအစုအပုံသည် ရူပုပါဒါနက္ခန္ဓာ မည်၏။

၂။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာ-ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု စွဲယူရာဖြစ်သော ခံစားမှုဝေဒနာတရား အစုအပုံသည် ဝေဒနုပါဒါနက္ခန္ဓာ မည်၏။

၃။ အတိတ် ။ ပ ။ သညာတရားအစုအပုံသည် သညုပါဒါနက္ခန္ဓာ မည်၏။

၄။ အတိတ် ။ ပ ။ စေတသိက် သင်္ခါရတရားအစုအပုံသည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏။

၅။ အတိတ် ။ ပ ။ အသိစိတ် ဝိညာဏ်တရားအစုအပုံသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။ (သံ၊၂၊၃၉၊ ခန္ဓသုတ္တန်။)

ယင်း (၁၁)မျိုးသော အခြင်းအရာတို့တွင် --- အချို့ဝေါဟာရတို့၏ စကားလုံးအဓိပ္ပါယ်မှာ ဤသို့တည်း။ ---

၁။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသော တရား၊

၂။ သုခုမ = သိမ်မွေ့နူးညံ့သောတရား၊

၃။ ဟီန = ယုတ်ညံ့သောတရား၊

၄။ ပဏီတ = မွန်မြတ်သောတရား၊

၅။ ဒူရ = ဝေးသောတရား၊

၆။ သန္တိက = နီးသောတရား -

ဤသို့လျှင် အဓိပ္ပါယ် ဆိုလိုရင်းကို မှတ်သားပါ။ ဤ (၁၁)မျိုးသော အခြင်းအရာတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌လည်း မှီရာဝတ္ထုရုပ် အာရုံရုပ်တို့နှင့် ပေါင်းစု၍ ခန္ဓာငါးပါး ရေတွက် နိုင်ပါသည်။ စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ ---

၁။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်သည် ရူပက္ခန္ဓာ မည်၏။

၂။ ယင်း စိတ္တက္ခဏ၏ အတွင်း၌ ပါဝင်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏။

၃။ သညာသည် သညာက္ခန္ဓာ မည်၏။

၄။ ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန်သော စေတသိက်အားလုံးသည် သင်္ခါရက္ခန္ဓာမည်၏။

၅။ အသိစိတ် ဝိညာဏ်သည် ဝိညာဏက္ခန္ဓာမည်၏။

သင်္ခါရက္ခန္ဓာဝယ် ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန်သော စေတသိက်များမှာ (၅)လုံးမှ စ၍ (၃၂)လုံးအထိ ရှိတတ်၏။ မည်မျှပင် ရှိပါစေ၊ ကျန်စေတသိက်တရားစု အားလုံးသည် သင်္ခါရက္ခန္ဓာမည်၏ဟု မှတ်ပါ။ ဤအထက်ပါ ခန္ဓာငါးပါး ခွဲတမ်း သတ်မှတ်ချက်ကို သဘောပေါက်ပါက ရှေးတွင် ဆက်လက်ဖော်ပြမည့် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့ပုံကိုလည်း သဘောပေါက်သွားမည် ဖြစ်ပါသည်။ တစ်ဖန် ယင်းခန္ဓာငါးပါးတို့တွင်လည်း တစ်ပါးတစ်ပါးစီ၌ ဆိုင်ရာဆိုင်ရာ အကြောင်းတရားများ ကိုယ်စီကိုယ်စီ ရှိကြသဖြင့် ဆိုင်ရာ အကြောင်းတရားနှင့် ဆိုင်ရာ အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်း-အကျိုး စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ရမည် ဖြစ်ပေသည်။


ကလလရေကြည်တည်စခိုက် - ပဋိသန္ဓေခန္ဓာငါးပါး

ကလလရေကြည်တည်စ ပဋိသန္ဓေအခိုက်၌ ---

၁။ ဟဒယဒသကကလာပ်ကာယဒသကကလာပ်ဘာဝဒသကကလာပ် ဟူသော ရုပ်ကလာပ် အမျိုးအစား သုံးမျိုး - ရုပ်အမျိုးအစား (၃၀) သည် ရူပက္ခန္ဓာ မည်၏။

၂။ ပဋိသန္ဓေနာမ်တရား (၃၄)မှ ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏။

၃။ ပဋိသန္ဓေနာမ်တရား (၃၄)မှ သညာသည် သညာက္ခန္ဓာ မည်၏။

၄။ ပဋိသန္ဓေနာမ်တရား (၃၄)မှ စေတနာသည် သင်္ခါရက္ခန္ဓာ မည်၏။ (ပထမနည်း။)

ပဋိသန္ဓေနာမ်တရား (၃၄)မှ ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန် သော စေတသိက် (၃၁)လုံးသည် သင်္ခါရက္ခန္ဓာ မည်၏။ (ဒုတိယနည်း၊)

၅။ ပဋိသန္ဓေနာမ်တရား (၃၄) မှ အသိစိတ် = ဝိညာဏ်သည် ဝိညာဏက္ခန္ဓာ မည်၏။

ဤအထက်ပါ ပဋိသန္ဓေခန္ဓာငါးပါးကား သောမနဿဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်အတွက်သာ ဖြစ်သည်။ အကယ်၍ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သောတိဟိတ် ပုဂ္ဂိုလ်မျိုးဖြစ်မူပီတိ မပါသဖြင့် နာမ်တရား (၃၃)ဖြစ်သည်။ ဒွိဟိတ် ဖြစ်မူကား နာမ်တရား (၃၃^၃၂) အသီးအသီး ဖြစ်ပေမည်။ ဤ၌ သင်္ခါရက္ခန္ဓာကို နှစ်မျိုးခွဲ၍ ဖော်ပြထားခြင်းမှာ ဘုရားရှင်သည် ခန္ဓဝိဘင်း ပါဠိတော်ဝယ် သုတ္တန္တဘာဇနီယနည်းအားဖြင့် သင်္ခါရက္ခန္ဓာကို ဝေဖန်၍ ဟောကြားတော် မူရာ၌ စေတနာကိုသာ ပဓာနထား၍ ဟောကြားထားတော်မူသောထုံးရှိခဲ့၏။ ထိုကြောင့် စေတနာကိုပင် သင်္ခါရက္ခန္ဓာဟု ပဓာနနည်းအားဖြင့် ပထမနည်းကို ဖော်ပြထားခြင်း ဖြစ်သည်။ တစ်ဖန် စေတနာကိုသာ သင်္ခါရက္ခန္ဓာဟု ယူခဲ့သော် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ----

ဝေဒနာ သညာ စေတနာမှ ကြွင်းကျန်သော စေတသိက်တို့မှာ ခန္ဓာ ငါးပါးမှအလွတ် ဖြစ်ကြလေရာ၏။ တစ်ဖန် ယင်းကြွင်းကျန်သော စေတသိက် တို့၌လည်း ဆိုင်ရာ အကြောင်းတရားများ ထင်ရှား မရှိတော့ပြီလောဟုလည်း မေးရန်ရှိလာပြန်၏။ အထူးသဖြင့် ဖဿမှာ ---

၁။ ဖဿသမုဒယာ ဝေဒနာသမုဒယော

၂။ ဖဿသမုဒယာ သညာသမုဒယော

၃။ ဖဿသမုဒယာ သင်္ခါရသမုဒယော။ (သံ၊၂၊၅၁-၅၂။)

ဤဒေသနာတော်များနှင့်အညီ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့၏ အကြောင်းတရား ဖြစ်နေ၏။ ယင်းဖဿ၌ကော အကြောင်း တရား မရှိတော့ပြီလောဟု မေးရန်ရှိလာပြန်၏။ သို့အတွက် ယင်းဖဿနှင့် တကွသော ကျန်စေတသိက်တို့၌လည်း ဆိုင်ရာဆိုင်ရာ အကြောင်းတရားများသည် ထင်ရှားရှိကြသည်သာဟု သိစေလိုသည်လည်း အကြောင်းတစ်ရပ်, ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသည်လည်း အကြောင်းတစ်ရပ် ဤအကြောင်းနှစ်ရပ်ကြောင့် သင်္ခါရက္ခန္ဓာဖွဲ့ပုံ ဒုတိယနည်းကိုလည်း ထပ်မံ၍ ဖော်ပြခြင်းဖြစ်ပေသည်။ နေရာတိုင်း၌ နည်းတူ မှတ်ပါ။


အကြောင်းနှင့် အကျိုးကို ဆက်စပ်လျက် သိမ်းဆည်းနည်း ရှုပွားနည်း

ေ့ရှဦးစွာ အသင် ယောဂီသူတော်ကောင်းကိုယ်တိုင် ရှာဖွေတွေ့ရှိ ထားသော အတိတ်အကြောင်းတရားငါးပါးတို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသဝဋ်ကြောင့် သင်္ခါရ ကံဟူသော ကမ္မဝဋ်နှစ်ပါး ဖြစ်ပုံကိုလည်း သဘောပေါက်အောင် ရှုပါ။ ထိုနောင် သင်္ခါရ ကံဟူသော ကမ္မဝဋ်တွင် ပါဝင်သော ကမ္မသတ္တိကြောင့် ဝိပါကဝဋ်တွင် အကျုံးဝင်သော ပဋိသန္ဓေ ရူပက္ခန္ဓာ၏ ကြောင်း-ကျိုး ဆက်နွယ်လျက် ဖြစ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ အကြောင်းကံနှင့် အကျိုးပဋိသန္ဓေကမ္မဇရုပ်တို့၏ တစ်နည်း ဆိုရသော် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော အကြောင်းသင်္ခါရ ကံနှင့် အကျိုးပဋိသန္ဓေကမ္မဇရုပ်တို့၏ အကြောင်းတရားကို စွဲမှီ၍ အကျိုး တရား၏ ဖြစ်နေပုံသဘောကို ဉာဏ်ဖြင့် မြင်သောအခါ အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို စတင်၍ သိမ်းဆည်းပါ။


ပဋိသန္ဓေရူပက္ခန္ဓာ

၁။ အဝိဇ္ဇာ (=၂၀)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏။

အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ်က အကျိုး တရား။

၂။ တဏှာ (=၂၀)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏။

တဏှာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ်က အကျိုး တရား။

၃။ ဥပါဒါန် (=၂၀)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏။

ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ်က အကျိုး တရား။

၄။ သင်္ခါရ (= ၃၄)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏။

သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ်က အကျိုး တရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇ ရုပ် ဖြစ်၏။

ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ကမ္မဇရုပ်က အကျိုးတရား။

ဤသို့လျှင် အကြောင်းနှင့် အကျိုးကို ဆက်စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ရှုပွားပါ။

မှတ်ချက်--- အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၌ (၂၀)ဟူသည် ကိလေသဝဋ် မနောဒွါရိက ဇောဝီထိအတွင်း လောဘဇော အသီးအသီး၌ တည်ရှိသော လောဘဒိဋ္ဌိအုပ်စု နာမ်တရားများကို ဆိုလိုပေသည်။ သင်္ခါရ-ကံတို့၌ (၃၄) ဟူသည် ကမ္မဝဋ် မနောဒွါရိက ဇောဝီထိအတွင်း မဟာကုသိုလ်ဇော အသီး အသီး၌ တည်ရှိသော သဒ္ဓါပညာအုပ်စု နာမ်တရား (၃၄)ကို ဆိုလိုသည်။ အကယ်၍ အသင်သူတော်ကောင်းသည် ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ဥပေက္ခာဝေဒနာနှင့် ယှဉ်တွဲနေသည့် ကံကို ပြုစုပျိုးထောင်ခဲ့သည် ဖြစ်ငြားအံ့၊ ထို သင်္ခါရ-ကံတို့၌ ဥပေက္ခာဝေဒနာနှင့် ယှဉ်နေ၍ ပီတိ မပါနိုင်ရကား နာမ်တရား (၃၃) ဖြစ်သည်။ ယခုကဲ့သို့ ရုပ်-နာမ် ကြောင်း-ကျိုးတရားတို့ကို သိမ်းဆည်းနိုင်သူ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သူ ရှုပွားနိုင်သူတို့သည် ယေဘုယျအားဖြင့် တိဟိတ်ပုဂ္ဂိုလ်များသာ ဖြစ်ကြသဖြင့် ဤ၌ တိဟိတ် ပုဂ္ဂိုလ်ကိုသာ စံနမူနာထား၍ ဖော်ပြထားပါသည်။ ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်မူကား နာမ်တရား (၃၃-၃၂)စသည်ဖြင့် သဘောပေါက်ပါလေ။ စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့သည် ပဋိသန္ဓေ၏ ဥပါဒ်ကာလ = ဖြစ်ဆဲ အခိုက်၌ မဖြစ်ကြသေးသဖြင့် ကမ္မဇရုပ် တစ်မျိုးသာ ဥပါဒ်ဆဲ ဖြစ်သဖြင့် ကမ္မဇရုပ်များနှင့်သာ အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ရေးသားတင်ပြထားပါသည်။ သို့သော် ပဋိသန္ဓေ၏ ဌီကာလမှစ၍ ယင်းကမ္မဇရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတု အသီးအသီးသည် ရုပ်၏ ဌီကာလသို့ ရောက်ရှိလာပြီ ဖြစ်၍ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပေပြီ။ ပဋိသန္ဓေနောင် ပထမဘဝင်မှ စ၍ စိတ္တဇရုပ်တို့ကား စတင်ဖြစ်ကြပြီဖြစ်၏။ မိခင် စားမျိုလိုက်သော အစာအာဟာရ၏ ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ် အတွင်းသို့ ပျံ့နှံ့သည့် အချိန်ကာလမှ စ၍ အာဟာရဇရုပ်တို့ကား စတင် ဥပါဒ်ကြလေပြီ။ ထိုကြောင့် ထိုထို အခိုက်အတန့်တို့၌လည်း ဉာဏ်ကို စေလွှတ်၍ ရှုလိုက ရှုပါလေ။

အလားတူပင် ဝေဒနာက္ခန္ဓာစသည့် နာမ်ခန္ဓာတို့၌လည်း အကြောင်း တရား ထင်ရှားဖြစ်ခြင်းကြောင့် = ထင်ရှားရှိခြင်းကြောင့် အကျိုးတရားထင်ရှား ဖြစ်ပုံကို ေ့ရှဦးစွာ ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။ သမ္မာဒိဋ္ဌိဉာဏ်ပညာ မျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောအခါမှ အောက်ပါ အတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။


ပဋိသန္ဓေ - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။

အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏။

တဏှာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏။

ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏။

သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏။

ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၃၀)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။

ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ကံ-အာရုံ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏။

အာရုံ (= ကံ-အာရုံ) က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ ဖဿ (= ၃၄ - ဝေဒနာ = ၃၃)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။

ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။

ဤသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ သို့သော် စာနေကျဉ်းစေရန်အတွက် --- အဝိဇ္ဇာ (= ၂၀)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏။ --- ဤသို့ စသော စကားရပ်များကို ချန်လှပ် ထားခဲ့၍ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား ဤသို့ စသည်ဖြင့်သာ ဖော်ပြသွားတော့မည် ဖြစ်သည်။ သို့သော် အကြောင်း တရား အကျိုးတရားတို့ကို လက်တွေ့သိမ်းဆည်းရှုပွားရာ၌ကား အထက်ပါ အတိုင်းသာ သိမ်းဆည်း ရှုပွားပါ။ နည်းမှီးနိုင်ရန်အတွက် အထက်ပါ ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ ရှုကွက်ကို အတိုရေးနည်းဖြင့် ထပ်မံ တင်ပြအပ်ပါသည်။


ပဋိသန္ဓေ - ရူပက္ခန္ဓာ (= ကမ္မဇရုပ် = ၃၀)

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေရူပက္ခန္ဓာက အကျိုး တရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေရူပက္ခန္ဓာက အကျိုး တရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေရူပက္ခန္ဓာက အကျိုး တရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေရူပက္ခန္ဓာက အကျိုး တရား။

၅။ ကံ = သင်္ခါရ (= ၃၄) ၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။


ပဋိသန္ဓေ - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံက အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ရှင်းလင်းချက်များ

၁။ ဝတ္ထု --- နာမ်တရားတို့သည် ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ် ရှိပါမှသာလျှင် ဖြစ်နိုင်သည့် စွမ်းအားရှိကြ၏။ မှီရာဝတ္ထုရုပ် မရှိပါက ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြပေ။ ပဋိသန္ဓေဝေဒနာက္ခန္ဓာ အဝင်အပါ ပဋိသန္ဓေနာမ်တရားစုသည် ပဋိသန္ဓေအခိုက် မိမိနှင့်အတူ ဖြစ်သည့် ဟဒယဝတ္ထုရုပ်ကို မှီ၍သာ ဖြစ်ရ၏။ မမှီရမူ၍ကား မဖြစ်နိုင်။ တစ်ဖန် ယင်း ဟဒယဝတ္ထုရုပ်သည်လည်း မိမိချည်းသက်သက် တစ်ခုချင်း တစ်ခုတည်း မဖြစ်နိုင်၊ ရုပ်ကလာပ်ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်နိုင်၏။ အထူးသဖြင့် မိမိနှင့် ကလာပ်တစ်ခုအတွင်း၌ အတူဖြစ်သော သဟဇာတ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးနိုင်သည့် စွမ်းအားရှိသော မိမိနှင့် ကလာပ်တူ ဓာတ်ကြီးလေးပါးကို မှီတွယ်ခွင့် ရရှိပါမှသာလျှင် ဖြစ်နိုင်၏။ မှီတွယ်ခွင့်ကို မရရှိပါက မဖြစ်နိုင်။ တစ်ဖန် ယင်းဟဒယဒသကကလာပ်သည်လည်း ပဋိသန္ဓေအခိုက်ဝယ် ကာယဒသကကလာပ် ဘာဝဒသက ကလာပ်တို့နှင့် အတူတကွသာ ဖြစ်နိုင်ပေသည်။ သို့ဖြစ်ရကား သုတ္တန်နည်း အရ ---

ဝတ္ထု နာမ ကရဇကာယော ။ ပ။ သော အတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။ (မ၊ဋ္ဌ၊၁၊၂၈၁။)

နာမရူပဝဝတ္ထာနဿ အဓိပ္ပေတတ္တာ နိရဝသေသရူပပရိဂ္ဂဟဿ ဒဿနတ္ထံ ဝတ္ထု နာမ ကရဇကာယောတိ အာဟ၊ န စက္ခာဒီနိ ဆဝတ္ထူနီတိကရဇကာယဿ ပန ဝတ္ထုဘာဝသာဓနတ္ထံ ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓန္တိ သုတ္တံ အာဘတံ။ (မူလဋီ၊၂၊၁၅၇။)

ဝတ္ထုမည်သည်ကား ကရဇကာယတည်း။ ပ။ ထိုကရဇကာယဟူသည် ပရမတ္ထတရားကိုယ် အနက်သဘောအားဖြင့် ဘူတရုပ် ဥပါဒါရုပ်တို့တည်း။ (မ၊ဋ္ဌ၊၁၊၂၈၁။)

ဤသို့ ဖွင့်ဆိုထားတော်မူသော အဋ္ဌကထာ ဋီကာ အဖွင့်များနှင့် အညီ ဘူတရုပ် ဥပါဒါရုပ်အားလုံးကိုပင် ရုပ်တုံး ရုပ်ခဲဟူသော ရုပ်ဃန အတုံးအခဲ ပြိုရေး ရုပ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက် ဝတ္ထုရုပ်အရ တရားကိုယ်ကောက်ယူရသည်။ သိမ်းဆည်း ရှုပွားရသည်။ သို့အတွက် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ၏ မှီရာဝတ္ထုရုပ်မှာ အဘိဓမ္မာနည်းအရ ဟဒယဝတ္ထုရုပ် တစ်မျိုးကိုသာ ဧကန်မှီ၍ ဖြစ်သောကြောင့် ဟဒယဝတ္ထုရုပ်တစ်မျိုးကိုသာ အရ ကောက်ယူရသည်။ သုတ္တန်နည်းအရ ဟဒယဝတ္ထုရုပ်နှင့်တကွရုပ်အမျိုးအစား (၃၀)လုံးကိုပင် ဝတ္ထုရုပ်အရ တရားကိုယ် ကောက်ယူရသည်။ သုတ္တန်နည်းကား အလုပ်လုပ်သော နည်းဖြစ်၏။ ဃနပြိုရေး ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရေးကို ရှေးရှူ၍ ရုပ် (၃၀)လုံးကိုပင် သိမ်းဆည်း ရှုပွားရသည်။ ထိုကြောင့် သုတ္တန်နည်းအရ ဟဒယဝတ္ထုနှင့် တကွ ရုပ်အမျိုးအစား (၃၀) လုံးသည်ပင် ဝတ္ထုရုပ်မည်သည်ဟု မှတ်ပါ။ ယင်း ဝတ္ထုရုပ်ကို မှီတွယ်ခွင့် ရရှိပါမှသာလျှင် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်နိုင်ပုံကို သမ္မာဒိဋ္ဌိဉာဏ်ပညာ မျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှု၍ အကြောင်း တရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အရာရာတိုင်း၌ နည်းတူပင် မှတ်သားပါ။ ဤရှင်းလင်းချက်နှင့် အညီ --- ဤသို့ သိမ်းဆည်းပါ။

ဝတ္ထု = ဟဒယဝတ္ထု (= ၃၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။

ဝတ္ထု = ဟဒယဝတ္ထု (= ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။


၂။ အာရုံ --- ပဋိသန္ဓေနာမ်တရားစုတို့၏ အာရုံမှာ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ ဖြစ်ကြောင်းကို ရှင်းပြခဲ့ပြီး ဖြစ်၏။ ဝေဒနာသည် ယင်း အာရုံ၏ အရသာကိုပင် ခံစားသည်။ ခံစားစရာ အာရုံ မရှိပါက ခံစားမှု ဝေဒနာ မဖြစ်နိုင်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သဘောပေါက်အောင် ရှုပါ။ အထက်တွင် ဖော်ပြခဲ့သော ပုံစံ၌ ဘုရားအား ဆွမ်းလှူသည့် အာရုံကို နမူနာ အဖြစ်ဖြင့် သဘောပေါက်မြန်နိုင်ရန် အတွက်သာ ဖော်ပြထားခြင်း ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်တို့၏ ကံတရားများမှာ များသောအားဖြင့် တစ်ဦးနှင့် တစ်ဦး တူညီမှု မရှိကြပေ။ အချို့ပုဂ္ဂိုလ်တို့၌ ဒါနကံက အကျိုး ပေးနေ၏။ အချို့ပုဂ္ဂိုလ်တို့၌ သီလကံက အကျိုးပေးနေ၏။ အချို့ပုဂ္ဂိုလ် တို့၌ ဘာဝနာကံက အကျိုးပေးနေ၏။ တစ်ဖန် ဒါနကံ၌လည်း ဆွမ်းလှူသည့် ဒါနကံ သင်္ကန်းလှူသည့် ဒါနကံ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်၏။ သီလ ကံ၌လည်း ငါးပါးသီလကံ၊ ရှစ်ပါးသီလကံ၊ ဆယ်ပါးသီလကံ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပြန်၏။ ဘာဝနာကံ၌လည်း ကသိုဏ်း ဘာဝနာကံ၊ အသုဘ ဘာဝနာကံ၊ အာနာပါန ဘာဝနာကံ၊ မေတ္တာ ဘာဝနာကံ၊ ဝိပဿနာဘာဝနာ ကံ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပြန်၏။ ထိုသို့ ကံအမျိုးမျိုး ဖြစ်နိုင်ရကား အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ၊ ပစ္စုပ္ပန် ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံသည်လည်း အမျိုးမျိုးပင် ဖြစ်နိုင်သည်။ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ၊ လက်ရှိ ပစ္စုပ္ပန် ပဋိသန္ဓေ၏ အာရုံကို ပုံစံမှန် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် သိမြင်အောင် သိမ်းဆည်းပြီးပါမှ ထိုခံစားစရာ အာရုံရှိပါမှ ပဋိသန္ဓေအခိုက် ခံစားမှု ဝေဒနာ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို ဤသို့ သိမ်းဆည်းပါ။

အာရုံ (= ကံ-အာရုံ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်၏။

အာရုံ (= ကံ-အာရုံ) က အကြောင်းတရား၊ ပဋိသန္ဓေဝေဒနာက္ခန္ဓာက အကျိုးတရား။


၃။ ဖဿ --- ဖဿသမုဒယာ ဝေဒနာ သမုဒယော = ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏။ --- ဤသို့ ဟောတော်မူခြင်းမှာ ဖဿကို ဦးတည်၍ ပဓာနနည်းအားဖြင့် ဟောတော်မူခြင်း ဖြစ်သည်ဟု မှတ်ပါ။ ပဋ္ဌာန်း ဒေသနာတော်မြတ်၌ကား ဤသို့လာရှိ၏။

စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော

စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)

နာမ်ခန္ဓာလေးပါးသည် အချင်းချင်း သဟဇာတပစ္စယသတ္တိ နိဿယပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။(ပဋ္ဌာန၊၁၊၅။) ဤသို့ စသည်ဖြင့် အပြည့် အစုံ ဟောကြားထားတော်မူ၏။ နာမ်တရားတို့သည် အချင်းချင်း ကျွန်း ကိုင်းမှီ ကိုင်းကျွန်းမှီ ---ဟူ၏သို့ အချင်းချင်း မှီလျက် ကျေးဇူးပြုနေကြသည်သာ ဖြစ်သည်။ သို့သော် အာဟာရတစ်ခုကို စားသုံးသောအခါ များများ ဝါးနိုင်လျှင် ရသဓာတ်ရည် ပို၍ ထွက်လာသဖြင့် ခံစားမှု အရသာ ပိုလာနိုင် သကဲ့သို့ စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ပေါ်နေကြသော နာမ်တရားတို့တွင်လည်းကောင်း, စိတ္တက္ခဏခြားနေသည့် နာမ်တရားတို့တွင် လည်းကောင်း ဖဿက အာရုံကို ကြိတ်ခြေပေးပါက ဖဿက အသိစိတ်နှင့် အာရုံကို ဆက်သွယ်ပေးပါက ပွတ်ချုပ်ထိခိုက်ပေးပါက အာရုံ၏ ရသဓာတ်ရည်များကို ဝေဒနာ၏ ခံစားမှုမှာ ပို၍ ပိုင်ပိုင်နိုင်နိုင် ရှိလာ၏။ သို့အတွက် ဖဿကြောင့် ဝေဒနာ ဖြစ်သည်ဟု ပဓာနနည်းအားဖြင့် ဟောတော်မူခြင်း ဖြစ်သည်။ သို့သော် ဖဿကား မိမိဖဿတစ်ခုတည်း ဖြစ်နိုင်သည့် အစွမ်း သတ္တိ မရှိ၊ ကျန်ယှဉ်ဖက် သမ္ပယုတ်တရားတို့က ဝိုင်းဝန်း၍ သဟဇာတ နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် ကျန်သမ္ပယုတ်တရားတို့နှင့် အတူယှဉ်တွဲ၍သာ ဖြစ်နိုင်သည်။ ထိုကြောင့် တစ်နွယ်ငင် တစ်စင်ပါဟူ၏သို့ ဖဿဟု ဆိုလိုက်လျှင် ယှဉ်ဖက် သမ္ပယုတ်တရားတို့လည်း ပါဝင်သည်ဟု မှတ်ပါ။

လိုရင်းမှတ်သားရန် --- စိတ္တက္ခဏတစ်ခု၏ အတွင်း၌ တည်ရှိသော ယှဉ်ဖက် သမ္ပယုတ်တရားစုတို့တွင် နာမ်တရား တစ်လုံးသည် အကျိုးတရား ဖြစ်ပါက = နာမ်တရား တစ်လုံးကို အကျိုးတရား၏ အဖြစ်ယူ၍ ရှုပါက ကြွင်းကျန်သော နာမ်တရားတို့မှာ အကြောင်းတရားတို့ ဖြစ်ကြသည်။ဤကား လိုရင်း မှတ်သားထားရန်တည်း။ ဤ ဝေဒနာက္ခန္ဓာကို နည်းမှီး၍ ကျန်နာမ်ခန္ဓာတို့၌လည်း သဘောပေါက်ပါလေ။ နာမ်တရားတို့၏ စိတ္တက္ခဏခြား၍ ကျေးဇူးပြုပုံကား နောက်တွင် ထင်ရှားလတ္တံ့။ ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့၏ အချင်းချင်း တစ်ခုသည် တစ်ခုအား, တစ်နည်း --- ဖဿ စသော နာမ်တရား အများစုက ဝေဒနာအား, တစ်နည်း --- သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ သုံးပါးတို့က ဝေဒနာက္ခန္ဓာအား သဟဇာတ အညမည နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပုံ, တစ်ခုသည် တစ်ခုကို မှီ၍ဖြစ်ပုံ, တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး ဆက်နွယ်နေပုံ သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ ရှုပါ။ ဉာဏ်ဖြင့် မြင်သောအခါမှ အကြောင်း တရား အကျိုးတရားတို့ကို ဤသို့ သိမ်းဆည်းပါ။

ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ဖြစ်ခြင်းကြောင့် ဝေဒနာက္ခန္ဓာ ဖြစ်သည်။

ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။

---

ပဋိသန္ဓေ - သညာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေသညာက္ခန္ဓာက အကျိုး တရား။

၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေသညာက္ခန္ဓာက အကျိုး တရား။

၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေသညာက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေသညာက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု (= ၃ = ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေသညာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ကံ-အာရုံ) က အကြောင်းတရား၊ ပဋိသန္ဓေသညာက္ခန္ဓာက အကျိုးတရား။

၈။ ဖဿ (= ၃၄ - သညာ = ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေသညာက္ခန္ဓာက အကျိုးတရား။

---

ပဋိသန္ဓေ - သင်္ခါရက္ခန္ဓာ

(ပထမနည်း - စေတနာကို ကောက်ပါ။)

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု (= ၃ = ၃၀)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ကံ-အာရုံ) က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုး တရား။

၈။ ဖဿ (= ၃၄ - စေတနာ = ၃၃)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

ဤနည်း၌ သင်္ခါရက္ခန္ဓာ- အရ စေတနာကိုသာ အရကောက်ယူထားသည့် ပဓာနနည်းတည်း။ ပရမတ္ထဓာတ်သား မကြွင်းမကျန်ရအောင် နောက် တစ်နည်း ထပ်မံ ဖော်ပြအပ်ပါသည်။

---

ပဋိသန္ဓေ - သင်္ခါရက္ခန္ဓာ

(ဒုတိယနည်း စေတသိက် - ၃၁ - ကောက်ယူပါ။)

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု (= ၃ = ၃၀)က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ကံ-အာရုံ) က အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုး တရား။

၈။ ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ သင်္ခါရက္ခန္ဓာက အကျိုး တရား။

မှတ်ချက် --- ပဋိသန္ဓေ နာမ်တရား (၃၄)တို့တွင် ဝေဒနာ, သညာ, ဝိညာဏ် နှုတ်လိုက်သော် ဖဿ စေတနာ ဦးဆောင်သည့် စေတသိက် (၃၁)လုံး ကျန်၏။ ဤ ဒုတိယနည်း၌ ယင်း (၃၁)လုံးသော စေတသိက်တို့သည် သင်္ခါရက္ခန္ဓာဟူသော အမည်ကို ရရှိကြ၏။ အကျိုးတရားဘက်၌ တည်နေကြ၏။ ယင်း ဖဿ စေတနာ ဦးဆောင်သည့် သင်္ခါရက္ခန္ဓာ၏ ပစ္စုပ္ပန် အကြောင်းတရားကို ရှာဖွေသော် - သေသခန္ဓတ္တယပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၉၂။)ဟူသော သင်္ခါရက္ခန္ဓာ၏ ပဒဋ္ဌာန်နှင့် အညီ ဝေဒနာ သညာ ဝိညာဏ်ဟူသော ကျန်နာမ်ခန္ဓာသုံးပါးသည် အကြောင်းတရား ဖြစ်သည်။ အနီးစပ်ဆုံး ပဒဋ္ဌာန် အကြောင်းတရားတည်း။ ဤဒုတိယနည်း ရှုကွက်ကို ရှုခြင်းသည် ဖဿသည် နာမ်ခန္ဓာတို့၏ အကြောင်းတရား ဖြစ်ခဲ့သော် ယင်းဖဿ၌လည်းကောင်း, သင်္ခါရက္ခန္ဓာ အမည်ရသော ကျန်စေတသိက် တရားစု၌လည်းကောင်း အကြောင်းတရား မရှိတော့ပြီလောဟု မေးဖွယ်ရာ ရှိ၍ အကြောင်းတရား အကျိုးတရားတို့ကို ကုန်စင်အောင် သိမ်းဆည်းလိုသောကြောင့် ဖြစ်သည်။ နောက်၌လည်း သင်္ခါရက္ခန္ဓာကို နှစ်မျိုးခွဲ၍ ရှုကွက်ကို ဖော်ပြရာ၌ နည်းတူ မှတ်ပါ။

---

ပဋိသန္ဓေ - ဝိညာဏက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၁) ပါး

၆။ နာမ် + ရုပ်က အကြောင်းတရား၊ ပဋိသန္ဓေဝိညာဏက္ခန္ဓာက အကျိုး တရား။

နာမ် = ယှဉ်ဖက်စေတသိက် = ၃၃။

ရုပ် = မှီရာဝတ္ထုရုပ် (= ၃ = ၃၀) + (အာရုံရုပ်တည်း)

မှတ်ချက် --- နာမ်ဟူသည် ဝိညာဏက္ခန္ဓာနှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲဖြစ်သည့် စေတသိက် တရားစုတည်း။ ဤ ပဋိသန္ဓေ အခိုက်၌ကား ယင်း ပဋိသန္ဓေဝိညာဏ်နှင့် အတူယှဉ်တွဲဖြစ်သည့် စေတသိက် (၃၃)ကို ဆိုလိုသည်။ အကယ်၍ အသင်သူတော်ကောင်းသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်ပါမူ ပီတိ မယှဉ်နိုင်သဖြင့် နာမ်တရားအရ စေတသိက် (၃၂)ဖြစ်သည်။ ရုပ်ဟူသည် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တည်း။ ဤ၌ကား ပဋိသန္ဓေ နာမ်တရားစု၏ အာရုံဖြစ်သည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံသည် ရူပါရုံဖြစ်မူ ယင်းရူပါရုံသည် အာရုံရုပ်တည်း။ သဒ္ဒါရုံဖြစ်မူ ယင်းသဒ္ဒါရုံသည် အာရုံရုပ်တည်း။ ဤသို့စသည်ဖြင့် သိရှိ ပါလေ။ တစ်ဖန် -- နာမရူပသမုဒယာ ဝိညာဏသမုဒယော (သံ၊၂၊၅၃။) = နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်၏ --- ဟူသော ဒေသနာတော်များ ရှိသကဲ့သို့ ဝိညာဏပစ္စယာ နာမရူပံ။ (အဘိ၊၂၊၁၄၂။) = ဝိညာဏ် ဖြစ်ခြင်းကြောင့် နာမ်ရုပ် ဖြစ်၏ --- ဟူသော ဒေသနာတော်များသည်လည်း ရှိသည်သာ ဖြစ်ပေသည်။ ထိုကြောင့် ဝိညာဏ်နှင့် နာမ်ရုပ်တို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေကြသော တရားတို့သာ ဖြစ်ကြသည်ဟု မှတ်သားပါလေ။ ဤ၌ကား ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ရုပ်ကြောင့် ဝိညာဏ် = ဝိညာဏက္ခန္ဓာဖြစ်ပုံ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုး တရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။ ဤ ရှင်းလင်းချက်များအရ ဝတ္ထု + အာရုံ + ဖဿဟူသော အကြောင်းတရားနှင့် နာမ်ရုပ်ဟူသော အကြောင်းတရားတို့မှာ စကားလုံးသာ ကွဲပြားသော်လည်း ပရမတ္ထတရားကိုယ်ဓာတ်သား အနက်သဘောသွားအားဖြင့်မူကား အတူတူပင် ဖြစ်သည်ဟု သဘောပေါက်ပါလေ။ ရှုကွက်မှာ ဤသို့ ဖြစ်၏။

နာမ်ရုပ်ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝိညာဏက္ခန္ဓာဖြစ်၏။

နာမ်ရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုး တရား။

တစ်ဖန် ပဋိသန္ဓေနောင် ဘဝင် (၁၅)ကြိမ် သို့မဟုတ် (၁၆)ကြိမ် ဖြစ်၍ ယင်း ဘဝင်၏ နောင်၌ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဘဝနိကန္တိက လောဘ ဇော (= ဘဝသစ်ကို တွယ်တာ မက်မောသော လောဘဇော) ခုနစ်ကြိမ် ဟူသော ဝီထိစိတ်အစဉ်များသည် စတင်၍ ဖြစ်ပေါ်လာ၏။ ထိုတွင် ပထမ ဘဝင်စသော ဘဝင်စိတ်များ အခိုက်၌ စိတ္တဇရုပ်များ ဥတုဇရုပ်များ ဖြစ်လာ ကြပြီဖြစ်၏။ ပဋိသန္ဓေ၏ ဌီကာလမှ စ၍ ဥတုဇရုပ်များ စတင်ဖြစ်ကြောင်း အဆိုအမိန့်များလည်း ကျမ်းဂန်များ၌ လာရှိသည်သာ ဖြစ်သည်။ အာဟာရဇရုပ်များကား အမိစားမျိုလိုက်သော အစာအာဟာရများသည် ကိုယ်ဝန် သားငယ်၏ ခန္ဓာအိမ်အတွင်းသို့ ပျံ့နှံ့သည့် အချိန်ကာလကစ၍ ဖြစ်ပေါ် ကြ၏။ သို့အတွက် ပဋိသန္ဓေနောင် ဘဝင်ခန္ဓာငါးပါးကို အကြောင်း-အကျိုး စပ်၍ ရှုလို သိမ်းဆည်းလိုပါက အောက်တွင် ဆက်လက်ဖော်ပြမည့် ဘဝင် ခန္ဓာငါးပါး ရှုကွက်တွင် အာဟာရဇရုပ်ကို ချန်လှပ်၍ ရှုပါ။ ဘဝနိကန္တိက လောဘဇောဝီထိ၌ မနောဒွါရာဝဇ္ဇန်းကို နောက်တွင် တင်ပြမည့် မနောဒွါရ ဝီထိများ၏ မနောဒွါရာဝဇ္ဇန်း ခန္ဓာငါးပါး ရှုကွက်ကိုလည်းကောင်း၊ ဘဝနိကန္တိက လောဘဇော ခန္ဓာငါးပါး ရှုကွက်ကို နောက်တွင် ရေးသားတင်ပြမည့် မနောဒွါရဝီထိ လောဘဇော ရှုကွက်ကိုလည်းကောင်း နည်းမှီ၍ ရှုပါလေ။ ယခုအခါ၌ အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်နေဆဲ ဘဝင်ခန္ဓာငါးပါး ရှုကွက်ကို ရေးသားတင်ပြပေအံ့။

---

ဘဝင် ခန္ဓာငါးပါး

၁။ လက်ရှိ ပစ္စုပ္ပန်ဘဝင်၏ မှီရာ ဟဒယ၌ တည်ရှိသော ရုပ်ကလာပ် (၆)မျိုး ရုပ်အမျိုးအစား (၅၄)သည် ရူပက္ခန္ဓာတည်း။ (ဘဝင်၏ အာရုံသည် ရုပ်တရားဖြစ်ပါက ယင်းရုပ်တရားကိုပါ ထပ်ထည့်ပါ။)

၂။ ဘဝင်နာမ်တရား (၃၄)လုံးမှ ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏။

၃။ ဘဝင်နာမ်တရား (၃၄)လုံးမှ သညာသည် သညာက္ခန္ဓာ မည်၏။

၄။ ဘဝင်နာမ်တရား (၃၄)လုံးမှ စေတနာသည် သင်္ခါရက္ခန္ဓာ မည်၏။(ပထမနည်း။)

ဘဝင်နာမ်တရား (၃၄)လုံးမှ ကျန်စေတသိက် (၃၁)သည် သင်္ခါရက္ခန္ဓာ မည်၏။ (ဒုတိယနည်း။)

၅။ ဘဝင်နာမ်တရား (၃၄)လုံးမှ အသိစိတ်ဝိညာဏ်သည် ဝိညာဏက္ခန္ဓာ မည်၏။

---

ဘဝင် - ရူပက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဘဝင် (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ဘဝင် (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဘဝင် (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဘဝင် (ကမ္မဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ဘဝင် (ကမ္မဇ ရုပ်) ရူပက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ စိတ်က အကြောင်းတရား၊ ဘဝင် (စိတ္တဇရုပ်) ရူပက္ခန္ဓာက အကျိုး တရား။

၇။ ဥတုက အကြောင်းတရား၊ ဘဝင် (ဥတုဇရုပ်) ရူပက္ခန္ဓာက အကျိုး တရား။

၈။ အာဟာရက အကြောင်းတရား၊ ဘဝင် (အာဟာရဇရုပ်) ရူပက္ခန္ဓာက အကျိုးတရား။

---

ဘဝင် - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုး တရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုး တရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုး တရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုး တရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု (= ၆ = ၅၄)က အကြောင်းတရား၊ ဘဝင်ဝေဒနာက္ခန္ဓာက အကျိုး တရား။

၇။ အာရုံ (= ကံ-အာရုံ) က အကြောင်းတရား၊ ဘဝင်ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ ဖဿ ---

(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင်ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) နောက်နောက် ဘဝင်မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃) က အကြောင်းတရား၊ ဘဝင်ဝေဒနာက္ခန္ဓာက အကျိုး တရား။

မှတ်ချက် --- ရှေးရှေး ဘဝင်မနောသမ္ဖဿ (၃၄)ဟူသည် မိမိ သိမ်းဆည်း ရှုပွားနေသော ဘဝင်၏ ရှေး၌ ကပ်လျက်ရှိသော အနန္တရဘဝင် တည်း။ အနန္တရ အကြောင်းတရားတည်း။ နောက်နောက်သော ဘဝင် မနောသမ္ဖဿဟူသည် မိမိသိမ်းဆည်း ရှုပွားနေသော ဘဝင်တည်း။ ဝေဒနာက္ခန္ဓာသည် အကျိုးတရားဘက်၌ တည်ရှိလျှင် ယင်းဝေဒနာကို နှုတ်လိုက်ပါက --- (၃၄ - ဝေဒနာ = ၃၃) ဖြစ်သည်။ ဘဝင်သညာက္ခန္ဓာ စသည်တို့၌လည်း နည်းတူ မှတ်သားပါလေ။

---

ဘဝင် - သညာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ --- ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။

၈။ ဖဿ ---

(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင်သညာက္ခန္ဓာက အကျိုးတရား။

( ခ ) နောက်နောက် ဘဝင်မနောသမ္ဖဿ (= ၃၄ - သညာ = ၃၃) က အကြောင်းတရား၊ ဘဝင်သညာက္ခန္ဓာက အကျိုးတရား။

---

ဘဝင် - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ - ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။

၈။ ဖဿ ---

(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင်သင်္ခါရက္ခန္ဓာက အကျိုးတရား။

( ခ ) နောက်နောက် ဘဝင်မနောသမ္ဖဿ (= ၃၄ - စေတနာ = ၃၃) က အကြောင်းတရား၊ ဘဝင်သင်္ခါရက္ခန္ဓာက အကျိုးတရား။

---

ဘဝင် - သင်္ခါရက္ခန္ဓာ (၃၁ - ကောက်ပါ- ဒု -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ --- ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။

၈။ ဖဿ ---

(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင်သင်္ခါရက္ခန္ဓာက အကျိုးတရား။

( ခ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ဘဝင်သင်္ခါရက္ခန္ဓာက အကျိုးတရား။

---

ဘဝင် - ဝိညာဏက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရားငါးပါး ဝေဒနာက္ခန္ဓာနှင့် တူသည်။

ပစ္စုပ္ပန် အကြောင်းတရား (၂) ပါး

၆။ ရှေးရှေး ဘဝင်မနောသမ္ဖဿ (၃၄)က အကြောင်းတရား၊ ဘဝင် ဝိညာဏက္ခန္ဓာက အကျိုးတရား။

၇။ နာမ်+ရုပ်က အကြောင်းတရား၊ ဘဝင်ဝိညာဏက္ခန္ဓာက အကျိုး တရား။

နာမ် = ယှဉ်ဖက် စေတသိက် = ၃၃ တည်း။

ရုပ် = မှီရာဝတ္ထုရုပ်နှင့် (အာရုံရုပ်တည်း။)

---

ရူပါရုံ (= အရောင်) လိုင်း - ပဉ္စဒွါရာဝဇ္ဇန်း ခန္ဓာငါးပါး

၁။ ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာ ဟဒယ၌ရှိသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ

၂။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ

၃။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ သညာက သညာက္ခန္ဓာ

၄။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။(ပထမနည်း။)

ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ ကျန်စေတသိက် (၈)လုံးက သင်္ခါရက္ခန္ဓာ (ဒု)။

၅။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ အသိစိတ်ဝိညာဏ်က ဝိညာဏက္ခန္ဓာ

---

ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - ရူပက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၀) ရူပက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၀) ရူပက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၀) ရူပက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၀) ရူပက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ကမ္မဇရုပ် (၃၀) ရူပက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ စိတ်က အကြောင်းတရား၊ စိတ္တဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။

၇။ ဥတုက အကြောင်းတရား၊ ဥတုဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။

၈။ အာဟာရက အကြောင်းတရား၊ အာဟာရဇရုပ် ရူပက္ခန္ဓာက အကျိုး တရား။

---

ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင် - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၆ = ၅၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ )က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာ က အကျိုးတရား။

၃။ ဖဿ ---

(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုး တရား။

---

ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - သညာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၅၄)က အကြောင်းတရား။ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။

၃။ ဖဿ --

(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။

( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁ - သညာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။

---

ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၅၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

၃။ ဖဿ --

(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁ - စေတနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

---

ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - သင်္ခါရက္ခန္ဓာ (၈-လုံး - ဒု)

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၅၄)က အကြောင်းတရား၊ ဆင်ခြင် သင်္ခါရက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဆင်ခြင် သင်္ခါရက္ခန္ဓာက အကျိုးတရား။

၃။ ဖဿ ---

(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဆင်ခြင် သင်္ခါရက္ခန္ဓာက အကျိုးတရား။

( ခ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ဆင်ခြင် သင်္ခါရက္ခန္ဓာက အကျိုးတရား။

---

ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - ဝိညာဏက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၂) ပါး

၁။ ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဆင်ခြင် ဝိညာဏက္ခန္ဓာက အကျိုးတရား။

၂။ နာမ်ရုပ်က အကြောင်းတရား၊ ဆင်ခြင် ဝိညာဏက္ခန္ဓာက အကျိုး တရား။

နာမ် = ယှဉ်ဖက် စေတသိက် = ၁၀။

ရုပ် = ဟဒယဝတ္ထု (= ၅၄)နှင့် ရူပါရုံ။

---

ရူပါရုံ (= အရောင်)လိုင်း - စက္ခုဝိညာဏ် = မြင်သိ -ခန္ဓာငါးပါး

၁။ စက္ခုဝတ္ထု (= ၆ = ၅၄-မျိုးသော မှီရာရုပ်တရား)နှင့် ရူပါရုံက ရူပက္ခန္ဓာ

၂။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ

၃။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ သညာက သညာက္ခန္ဓာ

၄။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)

စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ ကျန်စေတသိက် (၅)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)

၅။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ အသိစိတ်ဝိညာဏ်က ဝိညာဏက္ခန္ဓာ

---

စက္ခုဝိညာဏ် (= မြင်သိ) - ရူပက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၀) ရူပက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၀) ရူပက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၀) ရူပက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၀) ရူပက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ကမ္မဇရုပ် (၃၀) ရူပက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ စိတ်က အကြောင်းတရား၊ စိတ္တဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။

၇။ ဥတုက အကြောင်းတရား၊ ဥတုဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။

၈။ အာဟာရက အကြောင်းတရား၊ အာဟာရဇရုပ် ရူပက္ခန္ဓာက အကျိုး တရား။

---

စက္ခုဝိညာဏ် (= မြင်သိ) - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုး တရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုး တရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုး တရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုး တရား။

၅။ ကံ = သင်္ခါရ (= ၃၄) ၏ ကမ္မသတ္တိက အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၅) ပါး

၆။ ဝတ္ထု = စက္ခုဝတ္ထု (= ၅၄)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာ က အကျိုးတရား။

၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုး တရား။

၈။ စက္ခုသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၉။ အာလောက (= အရောင်အလင်း)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၁၀။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။

မနသိကာရ --- မနသိကာရဟူသည်မှာ ဤ၌ အာရုံ (= ရူပါရုံ)ကို နှလုံးသွင်းမှု = ဆင်ခြင်မှု = ပဉ္စဒွါရာဝဇ္ဇန်းတည်း။ ယင်းကို ဝီထိပဋိပါဒကမနသိကာရဟု အဋ္ဌကထာဆရာမြတ်တို့က ခေါ်ဝေါ်သုံးစွဲတော်မူကြသည်။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။) ဝီထိစိတ်တို့ ဖြစ်ပေါ်လာအောင် အာရုံကို နှလုံးသွင်းတတ် ရယူတတ်သော ဝီထိစိတ်တို့၏ အခြေခံအကြောင်းရင်း တရားစုတည်း။

အာလောက --- အာလောက = အရောင်အလင်းဟူသည် (၁) လ ရောင်, (၂) နေရောင်, (၃) မီးရောင်, (၄) ပညာရောင်ဟူသော အင်္ဂုတ္တိုရ် ပါဠိတော် စတုက္ကနိပါတ် အာဘာသုတ္တန် စသည်တို့၌ လာရှိသော အရောင် လေးမျိုးလုံးသည်ပင် ဤ၌ အာလောက မည်ပေသည်။ ယခုကဲ့သို့ မျက်စိကို မှိတ်၍ ထိုင်လျက် တရားနှလုံးသွင်းခိုက်၌ အထူးသဖြင့် ဉာဏ်အရောင် အလင်းမှာ ပို၍ အရေးကြီးလှ၏။ ဉာဏ်အရောင်အလင်း မရှိပါက ရုပ်ကလာပ်တို့ကိုလည်းကောင်း, ရုပ်ကလာပ်တို့၏ အရောင်အဆင်းကိုလည်းကောင်း, ပရမတ် ရုပ်တရားတို့ကိုလည်းကောင်း, ပရမတ် နာမ်တရားတို့ကို လည်းကောင်း မမြင်နိုင်ပေ။ ဝိပဿနာဉာဏ်ဖြစ်ခိုက် မဟုတ်လျှင် သို့မဟုတ် စွမ်းအင်ပြည့်ဝသော သမထဘာဝနာ ဝိပဿနာဘာဝနာကို နှလုံးသွင်းခိုက် မဟုတ်လျှင် ပကတိ မံသမျက်စိဖြင့် ရူပါရုံကို မြင်ခိုက်၌ လရောင် နေရောင် မီးရောင်ဟူသော အရောင်အလင်းသုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် စက္ခု ဝိညာဏ် နာမ်တရားစု၏ အကြောင်းတရား ဖြစ်ပေသည်။ စက္ခုဝိညာဏ်၏ အကြောင်းတရားများကို အဋ္ဌသာလိနီအဋ္ဌကထာ၌ (၄)မျိုး ဖော်ပြထား၏။

(အဘိ၊ဋ္ဌ၊၁၊၃၂၁။) စက္ခုသမ္ဖဿဟူသော အကြောင်းတရားကို ထည့်သွင်း၍ မဖွင့်ဆိုထားပေ။ သို့သော် -- ဖဿသမုဒယာ ဝေဒနာသမုဒယော။ (သံ၊၂၊၄၉၊၊) = ဖဿဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏။ --- ဤသို့ စသော ဒေသနာတော်များနှင့် အညီ ဤ၌ စက္ခုသမ္ဖဿကိုပါ ထည့်သွင်း၍ ပစ္စုပ္ပန် အကြောင်း တရားများကို (၅)မျိုး ဖော်ပြထားပါသည်။

---

စက္ခုဝိညာဏ် (= မြင်သိ) - သညာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁၀။ အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။

၈။ စက္ခုသမ္ဖဿ (= ၈ - သညာ = ၇)က အကြောင်းတရား၊ မြင်သိ သညာက္ခန္ဓာက အကျိုးတရား။

---

စက္ခုဝိညာဏ် (= မြင်သိ) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁၀။ အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။

၈။ စက္ခုသမ္ဖဿ (= ၈ - စေတနာ = ၇)က အကြောင်းတရား၊ မြင်သိ သင်္ခါရက္ခန္ဓာက အကျိုးတရား။

---

စက္ခုဝိညာဏ် (= မြင်သိ) - သင်္ခါရက္ခန္ဓာ (၅-လုံးယူပါ။ - ဒု -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁၀။ အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။

၈။ ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ မြင်သိ သင်္ခါရက္ခန္ဓာက အကျိုးတရား။

---

စက္ခုဝိညာဏ် (= မြင်သိ) - ဝိညာဏက္ခန္ဓာ

၁။၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး

၆။ နာမ်+ရုပ်က အကြောင်းတရား၊ မြင်သိ ဝိညာဏက္ခန္ဓာက အကျိုး တရား။

၇။ အာလောကက အကြောင်းတရား၊ မြင်သိ ဝိညာဏက္ခန္ဓာက အကျိုး တရား။

၈။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ မြင်သိ ဝိညာဏက္ခန္ဓာက အကျိုး တရား။

နာမ် = ယှဉ်ဖက် စေတသိက် (၇)လုံး။

ရုပ် = မှီရာဝတ္ထုရုပ် (= ၅၄) နှင့် ရူပါရုံ။

(ယှဉ်ဖက် စေတသိက် ခုနစ်လုံး၌ ဖဿလည်း ပါဝင်၏။)

---

ရူပါရုံ (= အရောင်) လိုင်း - သမ္ပဋိ စ္ဆိုင်း = လက်ခံ ခန္ဓာငါးပါး

၁။ သမ္ပဋိစ္ဆိုင်း၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ

၂။ သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ

၃။ သမ္ပဋိ စ္ဆိုင်းနာမ်တရား (၁၁)လုံးမှ သညာက သညာက္ခန္ဓာ

၄။ သမ္ပဋိ စ္ဆိုင်းနာမ်တရား (၁၁)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပထမ နည်း။)

သမ္ပဋိ စ္ဆိုင်းနာမ်တရား (၁၁)လုံးမှ ကျန်စေတသိက် (၈)လုံးက သင်္ခါရက္ခန္ဓာ။ (ဒုတိယနည်း။)

၅။ သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ အသိစိတ်ဝိညာဏ်က ဝိညာဏက္ခန္ဓာ

သမ္ပဋိစ္ဆိုင်း ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း - ရူပက္ခန္ဓာနှင့် နည်းတူရှုပါ။

သမ္ပဋိစ္ဆိုင်း (= လက်ခံ) - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထု (= ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

သမ္ပဋိစ္ဆိုင်း (= လက်ခံ) - သညာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ -- ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။

၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သညာက္ခန္ဓာက အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - သညာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သညာက္ခန္ဓာက အကျိုးတရား။

သမ္ပဋိစ္ဆိုင်း (= လက်ခံ) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ -- ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။

၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - စေတနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

သမ္ပဋိစ္ဆိုင်း (= လက်ခံ) - သင်္ခါရက္ခန္ဓာ (၈-လုံး - ဒု -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ - ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။

၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

( ခ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

သမ္ပဋိစ္ဆိုင်း (= လက်ခံ) - ဝိညာဏက္ခန္ဓာ

၁။၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရားများကို ဝေဒနာက္ခန္ဓာအတိုင်း ရှုပါ။

၆။ စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်းဝိညာဏက္ခန္ဓာက အကျိုးတရား။

၇။ သမ္ပဋိစ္ဆိုင်း နာမ်+ရုပ်က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။

နာမ် = သမ္ပဋိစ္ဆိုင်းစိတ်နှင့် ယှဉ်ဖက် စေတသိက် (၁၀)တည်း။

ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၅၄)နှင့် ရူပါရုံတည်း။

ရူပါရုံ (= အရောင်) လိုင်း - သန္တီရဏ (= စုံစမ်း) ခန္ဓာငါးပါး

၁။ သန္တီရဏ၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။

၂။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။

၃။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ သညာက သညာက္ခန္ဓာ။

၄။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)

သန္တီရဏ နာမ်တရား (၁၂)လုံးမှ ကျန်စေတသိက် (၉)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)

၅။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။

မှတ်ချက် --- သန္တီရဏသည် သောမနဿဝေဒနာနှင့် ယှဉ်သော် နာမ်တရား (၁၂)လုံး ဖြစ်၏။ ပီတိယှဉ်၏။ ဥပေက္ခာ ဝေဒနာနှင့် ယှဉ်သော် နာမ်တရား (၁၁) ဖြစ်၏။ ပီတိမယှဉ်။ ဇောပီတိယှဉ်သော် သန္တီရဏ၌ လည်း ပီတိယှဉ်တတ်၏။ သန္တီရဏရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်းရူပက္ခန္ဓာ အတိုင်း ရှုပါ။

သန္တီရဏ (= စုံစမ်း) - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထု (= ၅၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာ က အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁) (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

သန္တီရဏ (= စုံစမ်း) - သညာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ --- ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။

၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာ က အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာက အကျိုးတရား။

( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁^၁၀) (= ၁၂ - သညာ = ၁၁^ ၁၁ - သညာ = ၁၀)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာက အကျိုးတရား။

သန္တီရဏ (= စုံစမ်း) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ -- ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။

၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာ က အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာကအကျိုးတရား။

( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁^၁၀) (= ၁၂ - စေတနာ =၁၁^ ၁၁ - စေတနာ = ၁၀)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။

သန္တီရဏ (= စုံစမ်း) - သင်္ခါရက္ခန္ဓာ (၉ ^၈ - ဒု -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ -- ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။

၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာ က အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာကအကျိုးတရား။

( ဂ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။

သန္တီရဏ (= စုံစမ်း) - ဝိညာဏက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ -- ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။

၆။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာက အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာကအကျိုးတရား။

၇။ သန္တီရဏ နာမ်+ရုပ်က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာ က အကျိုးတရား။

နာမ် = ယှဉ်ဖက် စေတသိက် (သောမနဿ ဖြစ်လျှင် - ၁၁။ ဥပေက္ခာ ဖြစ်လျှင် - ၁၀)။

ရုပ် = မှီရာ ဟဒယဝတ္ထုရုပ်နှင့်တကွသော (၅၄)မျိုးသောရုပ်နှင့် ရူပါရုံ

ရူပါရုံ (အရောင်) လိုင်း - ဝုဋ္ဌော (= ဆုံးဖြတ်) ခန္ဓာငါးပါး

၁။ ဝုဋ္ဌော၏မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော (၅၄)မျိုးသောရုပ်နှင့် ရူပါရုံက ရူပက္ခန္ဓာ။

၂။ ဝုဋ္ဌောနာမ်တရား (၁၂)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။

၃။ ဝုဋ္ဌောနာမ်တရား (၁၂)လုံးမှ သညာက သညာက္ခန္ဓာ။

၄။ ဝုဋ္ဌောနာမ်တရား (၁၂)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)

ဝုဋ္ဌောနာမ်တရား (၁၂)လုံးမှ ကျန်စေတသိက် (၉)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)

၅။ ဝုဋ္ဌောနာမ်တရား (၁၂)လုံးမှ အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။

မှတ်ချက် ---- ဝုဋ္ဌော - ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာနှင့် နည်းတူရှုပါ။ ဤဝုဋ္ဌော = ဆုံးဖြတ်စိတ်သည် ပြုကာမတ္တ = ကိရိယာ စိတ်မျှသာ ဖြစ်၍ အတိတ်အကြောင်းတရားများကြောင့် မဖြစ်ရကား ဝုဋ္ဌောနာမ်ခန္ဓာ (၄)ပါးလုံး၌ အတိတ်အကြောင်းတရားမရှိ။ ပစ္စုပ္ပန် အကြောင်းတရားများကြောင့်သာ ဖြစ်ရကား ပစ္စုပ္ပန်အကြောင်းတရားသာ ရှိသည်။

ဝုဋ္ဌော (= ဆုံးဖြတ်) - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာ က အကျိုးတရား။

( ခ ) သန္တီရဏမနောသမ္ဖဿ (= ၁၂^၁၁)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) ဝုဋ္ဌောမနောသမ္ဖဿ (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်း တရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဝုဋ္ဌော (= ဆုံးဖြတ်) - သညာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုး တရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။

( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂^၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။

( ဂ ) ဝုဋ္ဌော မနောသမ္ဖဿ (= ၁၂ - သညာ = ၁၁)က အကြောင်း တရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။

ဝုဋ္ဌော (= ဆုံးဖြတ်) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၅၄)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာ က အကျိုးတရား။

( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂ ^၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။

( ဂ ) ဝုဋ္ဌော မနောသမ္ဖဿ (= ၁၂ - စေတနာ = ၁၁)က အကြောင်း တရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။

ဝုဋ္ဌော (= ဆုံးဖြတ်) - သင်္ခါရက္ခန္ဓာ (၉ - လုံး - ဒု -)

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၅၄)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာ က အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုး တရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာ က အကျိုးတရား။

( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂^၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။

( ဂ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာ က အကျိုးတရား။

ဝုဋ္ဌော (= ဆုံးဖြတ်) - ဝိညာဏက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၂) ပါး

၁။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာ က အကျိုးတရား။

( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂ ^၁၁)က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာက အကျိုးတရား။

၂။ ဝုဋ္ဌော နာမ်+ရုပ်က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာက အကျိုးတရား။

နာမ် = ဝုဋ္ဌောနှင့် ယှဉ်ဖက် စေတသိက် = ၁၁။

ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံ

ဇဝနပဋိပါဒက-မနသိကာရ

ဝုဋ္ဌော၏ ဆုံးဖြတ်ချက်မှာ အာရုံကို ဣဋ္ဌ-အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်သော ဆုံးဖြတ်ချက်မျိုးဖြစ်လျှင် နှလုံးသွင်းမှားမှု = အယောနိသော မနသိကာရဖြစ်၍ ယင်းဝုဋ္ဌော၏ နောင်၌ အကုသိုလ်ဇောများ ထိုက်သလို စောကြမည်ဖြစ်သည်။ သို့သော် ပဉ္စဒွါရဝီထိများ၌ ပါဝင်သော ဝုဋ္ဌောမှာ အာရုံကို ဣဋ္ဌ-အနိဋ္ဌ-နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် တကယ်တမ်း ဆုံးဖြတ်ချက် ချနိုင်သည်ကား မဟုတ်ပေ။ ရှေးရှေးသော မနောဒွါရ ဝီထိများက အာရုံကို ဣဋ္ဌ-အနိဋ္ဌ-နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် ကြိမ်ဖန်များစွာ ဆုံးဖြတ်ချက်ချပြီးနောက် ပဉ္စဒွါရဝီထိများ ဖြစ်ပေါ်လာရာဝယ် ရှေးရှေးသော ယင်း မနောဒွါရဝီထိများက အားကြီးသော မှီရာ ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလိုက်သဖြင့် နောက်နောက်သော ယင်းပဉ္စဒွါရဝီထိများတွင် ပါဝင်သော ဝုဋ္ဌောက အာရုံကို ဣဋ္ဌ-အနိဋ္ဌ-နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် ဆုံးဖြတ်သကဲ့သို့သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာ၏။ အယောနိသော မနသိကာရပင်တည်း။ ယင်း အယောနိသောမနသိကာရကို အကြောင်းခံ၍ ယင်းဝုဋ္ဌော၏ နောင်၌ အကုသိုလ်ဇောများ စောကြရလေသည်။ တစ်ဖန် ယင်းဝုဋ္ဌော၏ ဆုံးဖြတ်ချက်မှာ ရူပါရုံအရောင် စသည်ဖြင့် ဆုံးဖြတ်မှုမျိုး ဖြစ်မူ ယောနိသောမနသိကာရဖြစ်၍ ယင်းဝုဋ္ဌော၏ နောင်၌ ကုသိုလ်ဇော များ စောမည်ဖြစ်သည်။ ဤ၌လည်း ဝုဋ္ဌောက ပိုင်ပိုင် နိုင်နိုင် ဆုံးဖြတ်နိုင် သည်ကား မဟုတ်။ ဆုံးဖြတ်သကဲ့သို့သာ ဖြစ်သည်ဟု မှတ်ပါ။ သို့အတွက် ယင်း ဝုဋ္ဌောကိုပင် ဇဝနပဋိပါဒက မနသိကာရ = ဇော၏ အခြေခံ အကြောင်းရင်း ဖြစ်သည့် အာရုံကို နှလုံးသွင်းမှုဟု ခေါ်ဆိုပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။) ဤ၌ ယောနိသောမနသိကာရကို အကြောင်းခံ၍ ဖြစ်ပေါ် လာကြသော ကုသိုလ်ဇောများ၌ အကြောင်းအကျိုးစပ်၍ သိမ်းဆည်းပုံကို ေ့ရှဦးစွာ ရေးသားတင်ပြပေအံ့။

ရူပါရုံ (= အရောင်) လိုင်း ကုသိုလ် ပထမဇော ခန္ဓာငါးပါး

၁။ ကုသိုလ်ပထမဇော၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၅၄) မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။

၂။ ပထမဇော နာမ်တရား (၃၄)မှ ဝေဒနာက ဝေဒနာက္ခန္ဓာ။

၃။ ပထမဇော နာမ်တရား (၃၄)မှ သညာက သညာက္ခန္ဓာ။

၄။ ပထမဇော နာမ်တရား (၃၄)မှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)

ပထမဇော နာမ်တရား (၃၄)မှ ကျန်စေတသိက် (၃၁)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)

၅။ ပထမဇော နာမ်တရား (၃၄)မှ အသိစိတ် = ဝိညာဏ်က ဝိညာဏက္ခန္ဓာ။

မှတ်ချက် --- အထက်ပါ ကုသိုလ်ပထမဇော ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာအတိုင်း နည်းတူရှုပါ။ ဇော နာမ်တရားတို့သည် အတိတ် အကြောင်းတရားများကြောင့် မဖြစ်မူ၍ ပစ္စုပ္ပန် အကြောင်းတရားများကြောင့်သာ ဖြစ်ကြရကား ဇောနာမ်တရားတို့၌ အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန်အကြောင်းတရားသာ ရှိသည်။

မဟာကုသိုလ်ပထမဇော - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၅၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ပထမဇောမနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်း တရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

မဟာကုသိုလ်ပထမဇော - သညာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာ က အကျိုးတရား။

( ခ ) ပထမဇောမနောသမ္ဖဿ (= ၃၄ - သညာ = ၃၃)က အကြောင်း တရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။

၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။

မဟာကုသိုလ်ပထမဇော - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

ပစ္စုပ္ပန် အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

( ခ ) ပထမဇောမနောသမ္ဖဿ (= ၃၄ - စေတနာ = ၃၃)က အ ကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

မဟာကုသိုလ်ပထမဇော - သင်္ခါရက္ခန္ဓာ (၃၁-လုံး - ဒု )

ပစ္စုပ္ပန် အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

( ခ ) ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

မဟာကုသိုလ်ပထမဇော - ဝိညာဏက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။

၂။ နာမ်-ရုပ်က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုး တရား။

၃။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။

နာမ် = ယှဉ်ဖက် စေတသိက် = ၃၃။

ရုပ် = မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၅၄)နှင့် ရူပါရုံ

မှတ်ချက် ---- အကယ်၍ ဇော၌ ဥပေက္ခာ ဝေဒနာ ဖြစ်ခဲ့သော် ပီတိမယှဉ်။ အထက်ပါ (၃၄) စသည်၌ ပီတိ တစ်လုံးလျော့မည် ဖြစ်သည်။ ဉာဏ်မယှဉ်သော် ဉာဏ်လျော့မည်။ ဉာဏ်-ပီတိ နှစ်မျိုးလုံး မယှဉ်သော် နှစ်မျိုးလုံး လျော့မည်။ ဝေဒနာ-သညာ-ဝိညာဏ် နှုတ်သော် ကျန် စေတသိက်ဟူသမျှသည် နည်းနည်း များများ သင်္ခါရက္ခန္ဓာ အမည်ရသည် သာဟု မှတ်ပါ။ တစ်ဖန် ဒုတိယဇော စသည်၌ကား - ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၃။) ဤသို့ စသည်ဖြင့် ဘုရားရှင်သည် ပဋ္ဌာန်း ဒေသနာတော်၌ ဟောကြားထားတော်မူခြင်းကြောင့် ရှေးရှေးဇောသည် နောက်နောက်ဇောအနန္တရအကြောင်းတရား ဖြစ်သည်။ တစ်နည်း ဆိုရသော် --

ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၃။)

ဤဒေသနာတော်များနှင့် အညီ ရှေးရှေးစိတ်သည် နောက်နောက် စိတ်၏ = ရှေးရှေး နာမ်တရားစုသည် နောက်နောက် နာမ်တရားစု၏ အနန္တရ အကြောင်းတရား ဖြစ်သည်။ ထိုအနန္တရ အကြောင်းတရားတစ်ခုကို ထပ်တိုး ၍ ဒုတိယဇောစသည်တို့၌လည်းကောင်း တဒါရုံတို့၌လည်းကောင်း ရှုရမည် ဖြစ်သည်။ ယင်းသို့ဖြစ်သော် ပထမဇောအနန္တရ အကြောင်းတရားမရှိတော့ ပြီလောဟု မေးရန်ရှိ၏။ ရှိသည်သာ ဖြစ်သည်။ ဝုဋ္ဌောကား ပထမဇောအနန္တရ အကြောင်းတရား ဖြစ်၏။ သို့သော် ဤ၌ ယင်းဝုဋ္ဌောကိုယောနိသော မနသိကာရဟူသော အမည်ဖြင့် ဖော်ပြပြီး ဖြစ်၍ ထပ်မဆိုသည်ဟု မှတ်ပါ။ ဤ၌ မဟာကုသိုလ် ဒုတိယဇော ဝေဒနာက္ခန္ဓာ တစ်ခုကို ပုံစံထုတ်၍ ဖော်ပြ အပ်ပါသည်။ ကျန်နာမ်ခန္ဓာတို့၌လည်းကောင်း ကျန်ဇော-တဒါရုံတို့၌ လည်းကောင်း နည်းမှီး၍ ရှုပါလေ။ ဇောစိတ္တက္ခဏတိုင်း၌လည်းကောင်း တဒါရုံ စိတ္တက္ခဏတိုင်း၌လည်းကောင်း ခန္ဓာငါးပါးဖွဲ့၍ ရှုရန် မမေ့ပါနှင့်။

မဟာကုသိုလ်ဒုတိယဇော - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၅၄)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ပထမဇောမနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) ဒုတိယဇောမနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃) က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၁။ တတိယဇောအနန္တရ အကြောင်းမှာ ဒုတိယဇော

၂။ စတုတ္ထဇောအနန္တရ အကြောင်းမှာ တတိယဇော

၃။ ပဉ္စမဇောအနန္တရ အကြောင်းမှာ စတုတ္ထဇော

၄။ ဆဋ္ဌဇောအနန္တရ အကြောင်းမှာ ပဉ္စမဇော

၅။ သတ္တမဇောအနန္တရ အကြောင်းမှာ ဆဋ္ဌဇော

၆။ ပထမတဒါရုံအနန္တရ အကြောင်းမှာ သတ္တမဇော

၇။ ဒုတိယတဒါရုံအနန္တရ အကြောင်းမှာ ပထမတဒါရုံ

ဤသို့ စသည်ဖြင့် - အထက်ပါ (၃) (ခ)၌ သဘောပေါက်ပါ။

ရူပါရုံ (= အရောင်) လိုင်း - တဒါရုံ ခန္ဓာငါးပါး

၁။ တဒါရုံ၏ မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။

၂။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ ဝေဒနာက ဝေဒနာက္ခန္ဓာ။

၃။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ သညာက သညာက္ခန္ဓာ။

၄။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)

မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ ကျန်စေတသိက် (၃၁)က သင်္ခါရက္ခန္ဓာ။ (ဒု)

၅။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ အသိစိတ် (= ဝိညာဏ်) က ဝိညာဏက္ခန္ဓာ။ တဒါရုံ ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာနှင့် နည်းတူ ရှုပါ။

မဟာဝိပါက် ပထမတဒါရုံ ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာကအကျိုးတရား။

( ခ ) သတ္တမဇောမနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမ တဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃) က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပထမတဒါရုံသညာက္ခန္ဓာ --- ၈။ (ဂ) ပထမတဒါရုံ မနောသမ္ဖဿ =၃၄- သညာ = ၃၃။

ပထမတဒါရုံသင်္ခါရက္ခန္ဓာ --- ၈။ (ဂ) ပထမတဒါရုံမနောသမ္ဖဿ = ၃၄-စေတနာ = ၃၃ - (ပ)။

ပထမတဒါရုံသင်္ခါရက္ခန္ဓာ --- ၈။ (ဂ) ကျန်နာမ်ခန္ဓာသုံးပါး = (ဝေဒနာ-သညာ-ဝိညာဏ်) (ဒု)။

ဤမျှသာထူးသည်၊ ဝေဒနာက္ခန္ဓာကို နည်းမှီး၍ ရှုပါ။

မဟာဝိပါက် ပထမတဒါရုံ - ဝိညာဏက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)ကအကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၂) ပါး

၆။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။

( ခ ) သတ္တမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမ တဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။

၇။ ပထမတဒါရုံ နာမ်ရုပ်က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။

နာမ် = ယှဉ်ဖက်စေတသိက် = ၃၃။

ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၅၄) မျိုးနှင့် ရူပါရုံ

အကယ်၍ မဟာဝိပါက်တဒါရုံသည် ဥပေက္ခာဝေဒနာဖြစ်လျှင် ပီတိ မယှဉ်။ နာမ်တရား (၃၃) ဖြစ်သည်။ ဉာဏ်မယှဉ်လျှင် ဉာဏ်မပါသဖြင့် နာမ်တရား (၃၃) ဖြစ်သည်။ ဉာဏ်-ပီတိ နှစ်မျိုးလုံး မယှဉ်သော် နာမ်တရား (၃၂) ဖြစ်သည်။ သောမနဿ-ဥပေက္ခာ-ဉာဏသမ္ပယုတ်-ဉာဏဝိပ္ပယုတ်သို့ လိုက်၍ နာမ်တရား အရေအတွက် ကွဲပြားခြင်း ဖြစ်သည်။ စေတသိက် အရေအတွက်သို့ လိုက်၍ သင်္ခါရက္ခန္ဓာ ဒုတိယနည်း၌ စေတသိက် အရေ အတွက် အတိုးအဆုတ် ရှိသည်။ အကယ်၍ တဒါရုံသည် အဟိတ် ကုသလ ဝိပါက် သောမနဿသန္တီရဏ တဒါရုံ ဖြစ်အံ့၊ နာမ်တရား (၁၂) ဖြစ်သည်။ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်အံ့၊ နာမ်တရား (၁၁) ဖြစ်သည်။ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်အံ့၊ နာမ်တရား (၁၁)ပင် ဖြစ်သည်။ အကယ်၍ အဟိတ် တဒါရုံဖြစ်လျှင် သင်္ခါရက္ခန္ဓာ ဒုတိယနည်း၌သာ စေတသိက် အရေအတွက် ကွဲပြားနိုင်သည်။ နည်းမှီး၍ ရှုပါ။ ဒုတိယတဒါရုံအနန္တရ အကြောင်းတရားမှာ ပထမတဒါရုံ ဖြစ်သဖြင့် - ၈။ (ခ) မနောသမ္ဖဿ၌ နာမ်တရား အရေအတွက်မှာ (၃၄ ^ ၃၃ ^ ၃၃ ^ ၃၂ ^ ၁၂ ^ ၁၁ ^ ၁၁ ) ဤသို့ ထိုက်သလို အပြောင်းအလဲ ရှိနိုင်သည်။ သတိပြု၍ နည်းမှီး၍သာ သိမ်းဆည်း ရှုပွားပါလေ။

---

ရူပါရုံကို အာရုံယူသည့် မနောဒွါရဝီထိများ

ဤတွင် ကုသိုလ်ဇောများစောသည့် စက္ခုဒွါရဝီထိ အတွင်းဝယ် ဝီထိ စိတ္တက္ခဏတိုင်း၌ တည်ရှိသော ခန္ဓာငါးပါးတို့ကို အကြောင်း-အကျိုး ဆက်စပ်၍ ရှုနည်း သိမ်းဆည်းနည်းကို အရိပ်အမြွက် ရေးသားတင်ပြပြီးလေပြီ။ ဤနည်းစနစ်ကိုပင် နည်းမှီး၍ ကြွင်းကျန်သော ကုသိုလ်ဇောစောသည့် စက္ခုဒွါရဝီထိ နာမ်တရားစုတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားနိုင်လောက်ပေပြီ။ တစ်ဖန် စက္ခုဒွါရဝီထိ၏ နောင်၌ ဘဝင်များ ခြားလျက် ရူပါရုံကိုပင် ဆက်လက်၍ အာရုံယူသည့် မနောဒွါရဝီထိ စိတ် အစဉ်များသည်လည်း ဆက်လက် ဖြစ်ပေါ်လာကြ၏။ ထိုတွင် ဘဝင်ခန္ဓာ ငါးပါးတို့ကို ေ့ရှတွင် ရေးသားတင်ပြခဲ့သော ဘဝင် ခန္ဓာငါးပါးအတိုင်းပင် သိမ်းဆည်း ရှုပွားပါ။ မနောဒွါရာဝဇ္ဇန်းနှင့် ဇောတို့တွင် ဝေဒနာက္ခန္ဓာ တစ်ခု စီကို ပုံစံအဖြစ် ဆက်လက်၍ ရေးသား တင်ပြအပ်ပါသည်။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါး ဖွဲ့ပုံသည် ဝုဋ္ဌော၌ ခန္ဓာငါးပါး ဖွဲ့ပုံနှင့် တူပြီ။ ဇောတဒါရုံ တို့၌ ခန္ဓာငါးပါး ဖွဲ့ပုံသည်လည်း စက္ခုဒွါရဝီထိ ဇော တဒါရုံတို့၌ ခန္ဓာငါးပါး ဖွဲ့ပုံနှင့် ပုံစံတူလေပြီ။

မနောဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာ က္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုး တရား။

မဟာကုသိုလ် ပထမဇော - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

မဟာကုသိုလ် ဒုတိယဇော - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈) က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄) က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၄) က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

(ဃ) ဒုတိယဇော မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃) က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

ကြွင်းကျန်သော ခန္ဓာတို့၌လည်းကောင်း ကြွင်းကျန်သော ဇောနှင့် တဒါရုံတို့၌လည်းကောင်း ဤအထက်တွင် ရေးသားတင်ပြခဲ့သော နည်းစနစ် များကိုပင် နည်းမှီး၍ သိမ်းဆည်း ရှုပွားပါလေ။ သဘောပေါက်သင့်ပေပြီ။

---

ရှင်းလင်းချက်များ - စက္ခုသမ္ဖဿ + မနောသမ္ဖဿ

ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ (သံ၊၂၊၂၄၈။)

စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတန္တိ စက္ခုသမ္ဖဿံ မူလပစ္စယံ ကတွာ ဥပ္ပန္နာ သမ္ပဋိစ္ဆန-သန္တီရဏ-ဝေါဋ္ဌဗ္ဗန-ဇဝနဝေဒနာစက္ခုဝိညာဏသမ္ပယုတ္တာယ ပန ဝတ္တဗ္ဗမေဝ နတ္ထိသောတဒွါရာဒိဝေဒနာပစ္စယာဒီသုပိ ဧသေဝ နယော။ (သံ၊ဋ္ဌ၊၃၊၅။)

ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ (သံ၊၂၊၂၄၈။)

မနောသမ္ဖေဿာတိ ဘဝင်္ဂသဟဇာတော သမ္ဖေဿာဝေဒယိတန္တိ ဇဝနသဟဇာတာ ဝေဒနာသဟာဝဇ္ဇနေန ဘဝင်္ဂသဟဇာတာပိ ဝဋ္ဋတိယေဝ။ (သံ၊ဋ္ဌ၊၃၊၅။)

ယမိဒံ = (ယမ္ပိဒံ) စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ။ (မ၊၃၊၃၂၅။)

ယမိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ။ (မ၊၃၊၃၂၆။)

သဟာဝဇ္ဇနဝေဒနာယ ဇဝနဝေဒနာ ဝေဒယိတန္တိ အဓိပ္ပေတာဘဝင်္ဂသမ္ပယုတ္တာယ ပန ဝေဒနာယ ဂဟဏေ ဝတ္တဗ္ဗမေဝ နတ္ထိ။ (သံ၊ဋီ၊၂၊၂၈၆။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းဂန်များနှင့်အညီ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံ ဝေဒနာတို့သည် - စက္ခုသမ္ဖဿပစ္စယာ ဝေဒနာတို့ ဖြစ်ကြ၏။ အထက်ပါ စူဠရာဟုလောဝါဒသုတ္တန်နှင့် အညီ စက္ခုသမ္ဖဿကြောင့် ဝေဒနာတစ်ခုတည်းသာ ဖြစ်သည်မဟုတ် -- ယမိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ -- (မ၊၃၊၃၂၆။) ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် နာမ်ခန္ဓာ (၄)ပါးလုံးပင် ဖြစ်ကြသည်။ ထိုကြောင့် စက္ခုဝိညာဏ်နှင့် ယှဉ်သော စက္ခုသမ္ဖဿက စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံ နာမ်ခန္ဓာ (၄)ပါး အသီးအသီးအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသည်ဟု မှတ်ပါ။ သို့သော် စက္ခုသမ္ဖဿက စက္ခုသမ္ဖဿကြောင့် ဖြစ်ကြသော နာမ်တရားစုတို့အား ကျေးဇူးပြုရာ၌ သမာနဝီထိ = တူညီသောဝီထိ = စက္ခုဒွါရဝီထိ အတွင်း၌သာ ကျေးဇူးပြုမှုကို အဋ္ဌကထာက ဖွင့်ဆိုထားသော်လည်း --

စက္ခုသမ္ဖဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ အနုပါဒိန္နအနုပါဒါနိယော အသံကိလိဋ္ဌအသံကိလေသိကော အဝိတက္ကအဝိစာရော ---

ဤသို့စသော ပါဠိတော်များကို ကိုးကား၍ နာနာဝီထိ = ဝီထိချင်းမတူ ကွဲပြားသော နာမ်တရားစုတို့အားလည်း = ရူပါရုံကို ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိ နာမ်တရားစုတို့အားလည်း စက္ခုသမ္ဖဿ၏ ကျေးဇူးပြုမှုကို အဋ္ဌကထာက မပယ်မြစ်ကြောင်းကို ဖွင့်ဆိုထားတော်မူ၏။ သမာနဝီထိ = တူသောဝီထိ = စက္ခုဒွါရဝီထိ အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့အား စက္ခုသမ္ဖဿက ကျေးဇူးပြုမှုမှာ ဧကန် ဖြစ်သောကြောင့် စက္ခုသမ္ဖဿက စက္ခုဒွါရဝီထိ နာမ်တရားစုတို့အား ကျေးဇူးပြုပုံကို အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်ဟုလည်း ရှင်းလင်း တင်ပြထားတော်မူ၏။ (မူလဋီ၊၂၊၃၀။) ယောဂီ အများစုကို သုတေသနပြုကြည့်ရာ၌ မူလဋီကာဆရာတော်၏ ရှင်းလင်းချက်ကို ထောက်ခံလျက်ပင် ရှိနေပေသည်။ သောတသမ္ဖဿ စသည်တို့က သောတဒွါရဝီထိ သဒ္ဒါရုံကို အာရုံယူသည့် မနောဒွါရဝီထိ စသည်တို့အား ကျေးဇူးပြုရာ၌လည်း နည်းတူပင် မှတ်သားပါလေ။

မနောသမ္ဖဿ -- မနောဒွါရာဝဇ္ဇန်းနှင့် ကပ်လျက်ရှိသော - မနော ဒွါရာဝဇ္ဇန်းအား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ရှိသော ဘဝင်နှင့် ယှဉ်သော ဖဿသည် မနောသမ္ဖဿ မည်၏။ ယင်း မနောသမ္ဖဿကလည်း မနောဒွါရာဝဇ္ဇန်း၊ ဇော (တဒါရုံ)ဟူသော မနောဒွါရဝီထိ နာမ်တရားစုတို့ အားလည်း ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးလျက်ရှိ၏။ အပ္ပနာဝီထိဖြစ်မူ မနောဒွါရာဝဇ္ဇန်းနှင့် ဥပစာရသမာဓိဇော အပ္ပနာဇောတို့အား ဖြစ်ပေါ်လာအောင် ယင်းမနောသမ္ဖဿက ကျေးဇူးပြုပေးလျက်ပင်ရှိ၏။ ထိုကြောင့် ရူပါရုံကို ဆက်လက် အာရုံယူသည့် မနောဒွါရဝီထိ နာမ်တရားစုတို့အား စက္ခုသမ္ဖဿကလည်းကောင်း, ဘဝင်မနောသမ္ဖဿကလည်းကောင်း, ယှဉ် ဖက် သမ္ပယုတ်မနောသမ္ဖဿကလည်းကောင်း ကျေးဇူးပြုမှုကို ဖော်ပြ ထားပါသည်။ ဒုတိယဇော စသည်တို့၌ ပထမဇောစသည့် အနန္တရ မနောသမ္ဖဿ အကြောင်းတရားများကိုပါ ထည့်သွင်း ဖော်ပြထားပါသည်။

သို့ဖြစ်ရကား အသင်သူတော်ကောင်းသည် စက္ခုဒွါရိက နာမ်တရား စုတို့၌ စက္ခုသမ္ဖဿ, အနန္တရမနောသမ္ဖဿ, သဟဇာတသမ္ပယုတ် မနော သမ္ဖဿတို့၏ ဆိုင်ရာ နာမ်ခန္ဓာတို့အား ကျေးဇူးပြုပေးမှုကိုလည်းကောင်း, ရူပါရုံကိုပင် ဆက်လက် အာရုံယူသည့် မနောဒွါရိက နာမ်တရားစုတို့၌ စက္ခုသမ္ဖဿ, ဘဝင်မနောသမ္ဖဿ, အနန္တရမနောသမ္ဖဿ, သဟဇာတ-သမ္ပယုတ် မနောသမ္ဖဿတို့၏ ကျေးဇူးပြုပေးမှုကိုလည်းကောင်း အကြောင်း တရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ဤတွင် ရူပါရုံကို အာရုံယူသည့် စက္ခုဒွါရ မနောဒွါရ ကုသိုလ်ဇောဝီထိတို့၌ စိတ္တက္ခဏတိုင်းဝယ် ခန္ဓာငါးပါးနည်းဖြင့် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ရပ်နား၍ ရူပါရုံကိုပင် အာရုံပြုသည့် စက္ခုဒွါရ မနောဒွါရ အကုသိုလ်ဇောဝီထိ စိတ်အစဉ်တို့၌ စိတ္တက္ခဏတိုင်းဝယ် ခန္ဓာငါးပါးနည်းဖြင့် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ဆက်လက်၍ ရေးသား တင်ပြပေအံ့။

ရူပါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရ မနောဒွါရ အကုသိုလ်ဇော ဝီထိတို့ဝယ် - ပဉ္စဒွါရာဝဇ္ဇန်းစက္ခုဝိညာဏ်သမ္ပဋိစ္ဆိုင်းသန္တီရဏဝုဋ္ဌောတဒါရုံ၊ (ဘဝင်)၊ မနောဒွါရာဝဇ္ဇန်းတဒါရုံတို့ကား ကုသိုလ်ဇော ဝီထိရှုကွက်နှင့် ပုံစံတူသည်။ ဇော၌သာ ကွဲလွဲချက် အနည်းငယ် ရှိသဖြင့် ဤတွင် လောဘဒိဋ္ဌိအုပ်စု အလုံး (၂၀)ကို ပုံစံထုတ်၍ ဖော်ပြအပ် ပါသည်။ အကုသိုလ်ဇော နာမ်တရားစုတို့၌လည်း ကုသိုလ်ဇော နာမ်တရားစု တို့ကဲ့သို့ပင် အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန် အကြောင်းတရားသာ ရှိပေသည်။

ရူပါရုံ (= အရောင်) လိုင်း လောဘ-ဒိဋ္ဌိအုပ်စု ဇော-ခန္ဓာငါးပါး

၁။ ဇော၏မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။

၂။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် ဝေဒနာက ဝေဒနာက္ခန္ဓာ။

၃။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် သညာက သညာက္ခန္ဓာ။

၄။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)

လောဘ-ဒိဋ္ဌိအုပ်စုဇောနာမ်တရား (၂၀)တွင် ကျန်စေတသိက် (၁၇)က သင်္ခါရက္ခန္ဓာ (ဒု)။

၅။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် အသိစိတ်ဝိညာဏ် က ဝိညာဏက္ခန္ဓာ။ ဇော ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာကို နည်းမှီး၍ ရှုပါ။

လောဘ-ဒိဋ္ဌိအုပ်စု ပထမဇော - ဝေဒနာက္ခန္ဓာ (စက္ခုဒွါရဝီထိ)

ပစ္စုပ္ပန် အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ပထမဇောမနောသမ္ဖဿ (= ၂၀ - ဝေဒနာ = ၁၉)က အကြောင်း တရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇောဝေဒနာက္ခန္ဓာက အကျိုးတရား။

လောဘ-ဒိဋ္ဌိအုပ်စု ပထမဇော - ဝိညာဏက္ခန္ဓာ (စက္ခုဒွါရဝီထိ)

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ စက္ခုသမ္ဖဿ (= ၈) က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာ က အကျိုးတရား။

၂။ နာမ်+ရုပ်က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုး တရား။

၃။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။

နာမ် = ယှဉ်ဖက် စေတသိက် = ၁၉။

ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၅၄)နှင့် ရူပါရုံ

လောဘ-ဒိဋ္ဌိအုပ်စု ဒုတိယဇော - ဝေဒနာက္ခန္ဓာ (စက္ခုဒွါရဝီထိ)

ပစ္စုပ္ပန် အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ပထမဇောမနောသမ္ဖဿ (= ၂၀)က အကြောင်းတရား၊ ဒုတိယ ဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) ဒုတိယဇောမနောသမ္ဖဿ (= ၂၀ - ဝေဒနာ = ၁၉)က အ ကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

လောဘ-ဒိဋ္ဌိအုပ်စု ဒုတိယဇော - ဝိညာဏက္ခန္ဓာ(စက္ခုဒွါရဝီထိ)

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။

( ခ ) ပထမဇော မနောသမ္ဖဿ (=၂၀)က အကြောင်းတရား၊ ဒုတိယ ဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။

၂။ နာမ်+ရုပ်က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုး တရား။

၃။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။

နာမ် = ယှဉ်ဖက် စေတသိက် = ၁၉။

ရုပ် = ဟဒယဝတ္ထုရုပ်နှင့်တကွသော ရုပ် (၅၄)နှင့် ရူပါရုံ

---

သတိပြုရန်အချက်

ဤမျှ နည်းမှီရလျှင် ရူပါရုံလိုင်း၌ စက္ခုဒွါရဝီထိ မနောဒွါရဝီထိ ဟူသော အကုသိုလ်ဇောဝီထိတို့ဝယ် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးနည်းဖြင့် အကြောင်း အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို သဘော ပေါက်နိုင်လောက်ပေပြီ။ ရူပါရုံလိုင်း၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇော ဝီထိများကို စိတ္တက္ခဏတိုင်းဝယ် ခန္ဓာငါးပါးနည်းဖြင့် အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို သဘောပေါက် ခဲ့သော် သဒ္ဒါရုံလိုင်း စသည်သို့ ပြောင်းရှုနိုင်ပြီ။ စိတ္တက္ခဏတိုင်းဝယ် ယှဉ်ဖက် စေတသိက် အနည်းအများသို့ လိုက်၍ စေတသိက် အရေအတွက် အတိုး အဆုတ်များကို သဘောပေါက်လောက်ပြီဟု ယူဆပါသည်။ စိတ္တက္ခဏတစ်ခု အတွင်းဝယ် ယှဉ်ဖက် စေတသိက် အရေအတွက်သို့ လိုက်၍ သင်္ခါရက္ခန္ဓာ၌ လည်းကောင်း, သဟဇာတ မနောသမ္ဖဿတွင်လည်းကောင်းအပြောင်းအလဲ ရှိသည်ကိုကား သတိပြုပါလေ။ အကယ်၍ အသင် သူတော်ကောင်းသည် အဘိဓမ္မာ အခြေခံပညာ အားနည်းသူ သို့မဟုတ် အဘိဓမ္မာ အခြေခံပညာကို မသင်ကြားဖူးသူ ဖြစ်မူ ဆရာသမား၏ အကူအညီကိုကား လိုအပ်နေမည်သာ ဖြစ်ပေသည်။ သို့အတွက် ဤတွင် ထူးခြားချက် အနည်းငယ်မျှကိုသာ ဖော်ပြ အပ်ပါသည်။

အပြောင်းအလဲအချို့

၂။ သဒ္ဒါရုံလိုင်း၌-- အာရုံ အရ ရူပါရုံနေရာ၌ သဒ္ဒါရုံဟုလည်းကောင်း,

စက္ခုသမ္ဖဿနေရာ၌ သောတသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။

၃။ ဂန္ဓာရုံလိုင်း၌-- အာရုံ၌ ဂန္ဓာရုံဟုလည်းကောင်း, ဖဿ၌ ဃာနသမ္ဖဿဟုလည်းကောင်း ပြောင်းလဲ သွားသည်။

၄။ ရသာရုံလိုင်း၌-- အာရုံ၌ ရသာရုံဟုလည်းကောင်း, ဖဿ၌ ဇိဝှါသမ္ဖဿဟုလည်းကောင်း ပြောင်းလဲ သွားသည်။

၅။ ဖောဋ္ဌဗ္ဗာရုံလိုင်း၌-- အာရုံ၌ ဖောဋ္ဌဗ္ဗာရုံဟုလည်းကောင်း, ဖဿ၌ ကာယသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။

သဒ္ဒါရုံ (= အသံလိုင်း) - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာ က အကျိုးတရား။

၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ဆင်ခြင်မနောသမ္ဖဿ (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်း တရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဤမျှဆိုလျှင် ကျန်နာမ်ခန္ဓာတို့၌ သဘောပေါက်လောက်ပေပြီ။ နည်း ရရုံလောက် အချို့စိတ္တက္ခဏ၌ ခန္ဓာတစ်ပါး နှစ်ပါး စသည်ကိုသာ ဖော်ပြသွား ပါမည်။ ရှုသည့်အခါ၌ကား စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးလုံးကို ပြည့်စုံအောင် သိမ်းဆည်း ရှုပွားပါ။

သဒ္ဒါရုံ (= အသံ) လိုင်း - သောတဝိညာဏ် = ကြားသိ ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာ က အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာ က အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာ က အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သောတ ဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၅) ပါး

၆။ ဝတ္ထု = သောတဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ သောတ ဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာ က္ခန္ဓာက အကျိုးတရား။

၈။ သောတသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ သောတ ဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၉။ အာကာသ (= အကြားအပေါက်)က အကြောင်းတရား၊ သောတ ဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၁၀။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း (= ၁၁)က အကြောင်းတရား၊ သောတ ဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

အာကာသ ---- သောတပသာဒနှင့် သဒ္ဒါရုံတို့၏ အကြားတွင် အာကာသ = အကြားအပေါက် ရှိရ၏။ ယင်းအာကာသဓာတ်ကို အမှီ ရရှိပါမှသာလျှင် သောတဝိညာဏ်သည် ဖြစ်ပေါ်လာနိုင်၏။ ထိုအာကာသ ဓာတ်နှင့်ကင်း၍ သောတဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ မှန်ပေသည် နားပေါက်ကို ပိတ်ထားသူ ပိတ်ထားခံရသူ၏ သန္တာန်၌ သောတဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ ထိုကြောင့် အာကာသဓာတ်သည်လည်း သောတဝိညာဏ် နာမ်တရားစု ဖြစ်ပေါ်လာရေးအတွက် အကြောင်းတရားတစ်ခု အပါအဝင် ဖြစ်ရပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၂၂။)

သဒ္ဒါရုံ (= အသံလိုင်း) - သမ္ပဋိစ္ဆိုင်း (= လက်ခံ)

သင်္ခါရက္ခန္ဓာ (ဒု)

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

၈။ (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

( ခ ) ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။


သဒ္ဒါရုံ (= အသံလိုင်း) - သမ္ပဋိစ္ဆိုင်း (= လက်ခံ)

ဝိညာဏက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၂) ပါး

၆။ သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။

၇။ နာမ် + ရုပ်က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။

နာမ် = ယှဉ်ဖက် စေတသိက် = ၁၀။

ရုပ် = ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၅၄)နှင့် သဒ္ဒါရုံ


သဒ္ဒါရုံ (= အသံလိုင်း) - သန္တီရဏ (= စုံစမ်း) - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထု (= ၅၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

သဘောပေါက်နိုင်ရုံ အမြွက်မျှကိုသာ ရေးသားတင်ပြထားပါသည်။ ဤမျှ အမှီရလျှင် သဒ္ဒါရုံလိုင်း၌ သဘောပေါက်လောက်ပေပြီဟု ယူဆ ပါသည်။ ယခုတစ်ဖန် ဂန္ဓာရုံလိုင်း - စိတ္တက္ခဏတို့၌ ခန္ဓာငါးပါးနည်းဖြင့် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ဆက်လက်၍ အမြွက်မျှ တင်ပြပေအံ့။


ဂန္ဓာရုံ (= အနံ့) လိုင်း ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာ က အကျိုးတရား။

၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀) က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။


ဂန္ဓာရုံ (= အနံ့) လိုင်း - ဃာနဝိညာဏ် - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး

၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ တဏှာ (=၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန် အကြောင်းတရား (၅) ပါး

၆။ ဝတ္ထု = ဃာနဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ ဃာနဝိညာဏ်ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ ဃာနသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၉။ ဝါယောဓာတ်က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၁၀။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဝါယောဓာတ် - ဃာနအကြည်ဓာတ် တည်ရှိရာ နှာခေါင်းဖုအတွင်းသို့ အနံ့ဂန္ဓာရုံကို သယ်ဆောင်တတ်သော လေသည် = ဝါယောဓာတ်သည် ဝင်သွားပါမှသာလျှင် အနံ့ဂန္ဓာရုံကို သိတတ်သော အာရုံယူတတ်သော ဃာနဝိညာဏ်နှင့် တကွသော နာမ်တရားစုသည် ဖြစ်ပေါ်လာနိုင်၏။ အနံ့ဂန္ဓာရုံကို သယ်ဆောင်တတ်သော ထိုလေသည် = ဝါယောဓာတ်သည် ထင်ရှားမရှိ လတ်သော် ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် တကွသော ဃာနဝိညာဏ် နာမ်တရားစုသည် မဖြစ်ပေါ်နိုင်။ ထိုကြောင့် ဝါယောဓာတ်သည် အကြောင်းတစ်ခု ဖြစ်ရပေသည်။


ဂန္ဓာရုံ (= အနံ့) လိုင်း - သမ္ပဋိစ္ဆိုင်း (= လက်ခံ) ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ --- အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ (က) ဃာနသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား။


ဂန္ဓာရုံ (= အနံ့) လိုင်း - သန္တီရဏ (= စုံစမ်း) ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ --- အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ (က) ဃာနသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၁) (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

အထူးမှာထားချက် --- ဃာနဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ စသော ဝိညာဏက္ခန္ဓာတို့၏ ပစ္စုပ္ပန် အကြောင်းတရားတို့တွင် နာမ်ရုပ်ဟူသော အကြောင်းတရား၌ နာမ်အရ ထိုထို အသိစိတ် ဝိညာဏက္ခန္ဓာနှင့် စိတ္တက္ခဏ တစ်ခုအတွင်း၌ အတူယှဉ်တွဲ ဖြစ်သည့် ယှဉ်ဖက် သမ္ပယုတ် စေတသိက် တရားစုကို အရကောက်ယူပါ။ ရုပ်အရ မှီရာဝတ္ထုရုပ်နှင့် ဂန္ဓာရုံကို အရ ကောက်ယူပါ။ ကျန်လိုင်းတို့၌လည်း ဆိုင်ရာ ယှဉ်ဖက် စေတသိက်၊ ဆိုင်ရာ မှီရာဝတ္ထုရုပ်၊ ဆိုင်ရာ အာရုံရုပ်တို့ကို ထိုက်သလို အရကောက်ယူပါ။


ရသာရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ဆင်ခြင် မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။


ရသာရုံလိုင်း - ဇိဝှါဝိညာဏ် - ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ --- အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန် အကြောင်းတရား (၅) ပါး

၆။ ဝတ္ထု = ဇိဝှါဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ ဇိဝှါသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၉။ အာပေါဓာတ်က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၁၀။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

အာပေါဓာတ် --- လျှာကို စွတ်စိုစေတတ်သော အာပေါဓာတ်ရည်ကို ရရှိပါမှသာလျှင် ဇိဝှါဝိညာဏ်နှင့် သမ္ပယုတ်တရားစုသည် ဖြစ်ပေါ်လာနိုင်၏။ ထို အာပေါဓာတ်ရည်နှင့် ကင်း၍ကား မဖြစ်ပေါ်လာနိုင်။ ခြောက်သွေ့သော လျှာရှိကြကုန်သော သူတို့၏ လျှာပေါ်သို့ ခြောက်သွေ့သော ခဲဖွယ်တို့ကို တင်ထားလိုက်သော်လည်း ဇိဝှါဝိညာဏ်သည် ဖြစ်ပေါ် မလာသည်သာတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ဇိဝှါဝိညာဏ်စသည့် ဝိညာဏက္ခန္ဓာတို့၏ ပစ္စုပ္ပန် အကြောင်းတရားတို့တွင် နာမ်တရားအရ ဆိုင်ရာ ယှဉ်ဖက် စေတသိက်တို့ကို ကောက်ယူပါ။ ရုပ်တရားအရ ဆိုင်ရာမှီရာ ဝတ္ထုရုပ်နှင့် ရသာရုံကို ကောက်ယူပါ။


ရသာရုံလိုင်း - သမ္ပဋိစ္ဆိုင်း (= လက်ခံ) - ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ (က) ဇိဝှါသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။


ရသာရုံလိုင်း - သန္တီရဏ (= စုံစမ်း) - ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ (က) ဇိဝှါသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာ က အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁) (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။


ဖောဋ္ဌဗ္ဗာရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ဆင်ခြင် မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။


ဖောဋ္ဌဗ္ဗာရုံလိုင်း - ကာယဝိညာဏ် - ဝေဒနာက္ခန္ဓာ -

၁။ ၂။ ၃။ ၄။ ၅။ - အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန် အကြောင်းတရား (၅) ပါး

၆။ ဝတ္ထု = ကာယဝတ္ထုရုပ် (= ၄၄)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ ကာယသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၉။ ပထဝီဓာတ်က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

၁၀။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပထဝီဓာတ် --- ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒ = ကာယအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်သောအခါ ထိခိုက်သောအခါ ကာယပသာဒတွင် သာမက ကာယပသာဒ၏ မှီရာ နိဿယ အကြောင်းတရားဖြစ်သည့် ကလာပ်တူ မဟာဘုတ်အထိ ရှေးရှု ရိုက်ခတ်မိ ထိခိုက်မိ၏။ ထို မဟာဘုတ်တို့တွင် ပထဝီဓာတ်ကား ကာယပသာဒ၏ ပဓာန အကြောင်းတရားဖြစ်၏။ ကာယဝိညာဏ် နာမ်တရားစုသည် ကာယပသာဒ၏ အကြောင်းရင်း စစ်ဖြစ်သော ပထဝီဓာတ်ကို မှီတွယ်ခွင့် ရရှိပါမှသာလျှင် ဖြစ်ပေါ်လာနိုင်၏။ ထိုပထဝီဓာတ်နှင့် ကင်း၍ကား ဖြစ်ပေါ်မလာနိုင်။ မှန်ပေသည်။ -- ကာယဒွါရဖောဋ္ဌဗ္ဗာရုံ အမည်ရသော ဗဟိဒ္ဓ မဟာဘုတ် အာရုံသည် = (ဗဟိဒ္ဓ-ပထဝီ-တေဇော-ဝါယောသည်) အဇ္ဈတ္တိက ကာယပသာဒကို ရှေးရှူရိုက် ခတ်ပြီး ထိခိုက်ပြီး၍ ကာယပသာဒ၏ အကြောင်းဖြစ်ကုန်သော မှီရာ ကလာပ်တူ မဟာဘုတ်တို့၌လည်း ထိခိုက်မိလေသည်။ ထိုကြောင့် ပထဝီဓာတ်သည် ကာယဝိညာဏ် နာမ်တရားစု ဖြစ်ပေါ်လာဖို့ရန် အကြောင်းရင်းတစ်ခု ဖြစ်ရပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)

ကာယဝိညာဏ်-ဝိညာဏက္ခန္ဓာ၏ ပစ္စုပ္ပန် အကြောင်းတရားတို့တွင် နာမ်-ရုပ်ဟူသော အကြောင်းတရား၌ နာမ်အရ ကာယဝိညာဏ်၏ ယှဉ်ဖက် စေတသိက် (၇)လုံးကို ကောက်ယူပါ။ ရုပ်တရားအရ ကာယဝတ္ထုရုပ်နှင့် တကွသော (၄၄)မျိုးသော ရုပ်တရားနှင့် ဖောဋ္ဌဗ္ဗာရုံ အမည်ရသည့် ပထဝီ တေဇော ဝါယောဟူသော အာရုံရုပ်တို့ကို ကောက်ယူပါ။


ဖောဋ္ဌဗ္ဗာရုံလိုင်း - သမ္ပဋိစ္ဆိုင်း (= လက်ခံ) - ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ -- အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

၈။ (က) ကာယသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်းဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်းဝေဒနာက္ခန္ဓာက အကျိုးတရား။


ဖောဋ္ဌဗ္ဗာရုံလိုင်း - သန္တီရဏ (= စုံစမ်း) - ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ -- အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန် အကြောင်းတရား (၃) ပါး

၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာ က အကျိုးတရား။

၈။ (က) ကာယသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၁^၁၀) (= ၁၂ - ဝေဒနာ =၁၁^ ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။


ဓမ္မာရုံလိုင်း - ကုသိုလ်ဇောဝီထိ (စက္ခုအကြည်ဓာတ် အာရုံ)

ပထမဇော - ဝေဒနာက္ခန္ဓာ (မနောဒွါရဝီထိ)

ပစ္စုပ္ပန် အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= စက္ခုအကြည်ဓာတ်အာရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၃) (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။


ဒုတိယဇော - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= စက္ခုအကြည်ဓာတ် အာရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ဂ ) ဒုတိယဇော မနောသမ္ဖဿ (= ၃၃) (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။


ဓမ္မာရုံလိုင်း - ပထမစျာနသမာပတ္တိဝီထိ (အာနာပါနပဋိဘာဂနိမိတ်အာရုံ)

ပထမဇော - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန် အကြောင်းတရား (၄) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၅၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ (= အာနာပါနပဋိဘာဂနိမိတ် အာရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပထမဇော နာမ်တရား (၃၄)မှ ဝေဒနာကို နှုတ်သော် ပထမဇော မနောသမ္ဖဿ (၃၃) ဖြစ်သည်။ ဒုတိယဇော စသည်၌ ပထမဇော စသော ရှေးရှေးသော နာမ်တရားဟူသော အနန္တရ အကြောင်းတစ်ခု ပိုသည်သာ ထူးသည်။

စျာနသမာပတ္တိဝီထိ ဇော ဝိညာဏက္ခန္ဓာနာမ်-ရုပ် အကြောင်းတရားရုပ်တရားအရ မှီရာဝတ္ထုရုပ်ဟူသော ဟဒယဝတ္ထုနှင့် တကွသော (၅၄)မျိုးသော ရုပ်ကိုသာ အရကောက်ယူပါ။ အာနာပါနပဋိဘာဂနိမိတ် ဟူသော အာရုံမှာကား ပညတ်အာရုံ ဖြစ်နေသည်။ အရိုးစု ပဋိဘာဂနိမိတ်၊ သို့မဟုတ် အဖြူရောင် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်စသည့် သမထ နိမိတ် တစ်ခုခုကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော စျာန်နာမ်တရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ အာရုံဟူသော အကြောင်းတရား၌ မိမိရှုပွားနေသည့် စျာန်နာမ်တရားစုအာရုံဖြစ်သည့် သမထပဋိဘာဂနိမိတ်အာရုံကို ပြောင်းလဲထည့်ပါ။ ဥပမာ - အဖြူရောင် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ --- ဤသို့စသည်ဖြင့် ပြောင်းလဲထည့်ပါ။ ပထမစျာန်နာမ်တရား (၃၄), ဒုတိယစျာန်၌ (၃၂), တတိယစျာန်၌ (၃၁), စတုတ္ထစျာန်၌ (၃၁), အရူပစျာန် (၄)ပါးလုံး၌လည်း (၃၁)စီပင် အသီးအသီး ဖြစ်သဖြင့် ဇော မနောသမ္ဖဿ အရာတွင် စေတသိက် အရေအတွက်ကို ထိုက်သလို လျှော့ပါ။ အပ္ပနာစျာန်ဇောများ၏ နောင်၌ တဒါရုံ မကျပေ။


ဓမ္မာရုံလိုင်း ရုပ်တရားအာရုံ

ဓမ္မာရုံလိုင်းတွင် အကျုံးဝင်သော ပသာဒရုပ် = အကြည်ရုပ် (၅)ပါး၊ သုခုမရုပ် = သိမ်မွေ့သော ရုပ် (၁၆)ပါးဟူသော ရုပ်တရားတို့တွင် ရုပ်တရား တစ်ခုခုကို အာရုံယူ၍ ရှုခဲ့သော် ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇောများ၊ အယောနိသောမနသိကာရ ဖြစ်က အကုသိုလ်ဇောများ ထိုက်သလို စောကြမည် ဖြစ်ပေသည်။ ရုပ်တရားဟု အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသုဘ ဟု နှလုံးသွင်းပါက ယောနိသောမနသိကာရ ဖြစ်၏။ စက္ခုအကြည်ဓာတ် စသည်ဖြင့် နှလုံးသွင်းပါကလည်း ယောနိသောမနသိကာရပင် ဖြစ်သည်။ အယောနိသောမနသိကာရ ဖြစ်ပုံကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။ သံယောဇဉ် (၁၀)ပါး ဖြစ်ပုံ အပိုင်းတွင် ရေးသားတင်ပြပြီးခဲ့လေပြီ။ ကျန် အကြောင်းတရားများကား တူပြီဖြစ်သည်။ အကုသိုလ်ဇောဝီထိများ၌လည်း အကြောင်း-အကျိုးစပ်ပုံကို သဘောပေါက်လောက်ပေပြီ။ တဒါရုံကျခဲ့သော် ရှေးတွင် ဖော်ပြခဲ့သော တဒါရုံ ရှုကွက်ကို နည်းမှီ၍ သိမ်းဆည်း ရှုပွားပါ။

တစ်စိတ် - တစ်ဒေသ

ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်း ဟူသော (၆)လိုင်းလုံး၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇော ဝီထိတို့ဝယ် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ ခန္ဓာငါးပါးနည်းဖြင့် အကြောင်း အကျိုးစပ်၍ အကြောင်းတရား အကျိုးတရားတို့ကို ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ ထိုသို့ သိမ်းဆည်း ရှုပွားရာ၌ --

ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)

ဤသို့ ဖွင့်ဆိုထားတော်မူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် အညီ အသင် သူတော်ကောင်းသည် ကံ-ကံ၏အကျိုးတရားကို တစ်စိတ်တစ်ဒေသအားဖြင့် သိရှိအောင် ဆက်လက်၍ သိမ်းဆည်းရဦးမည် ဖြစ်ပေသည်။ စက္ခုဒွါရဝီထိ စသော ဝီထိ (၆)မျိုးတို့၏ အတွင်း၌ တည်ရှိကြသော ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဟူသော ပဝတ္တိ ဝိပါက်ဝိညာဏ်တိုင်းသည်ကား ပဋိသန္ဓေ, ဘဝင်စုတိဟူသော ဝိပါက်ဝိညာဏ်တို့ကို ဖြစ်စေတတ်သော ကံကြောင့် ချည်းသက်သက် ဖြစ်ကြသည်ကား မဟုတ်။ အချို့သော ပဝတ္တိဝိပါက် ဝိညာဏ်တို့ကား ယင်း ကံကြောင့်ပင် မဖြစ်သည်လည်း ရှိကြ၏။ ဘုရားရှင်၏ ဝိပါက်တော် (၁၂)ပါးကို ကြည့်ပါ။ ဝိပါက်တော် တစ်မျိုး တစ်မျိုး၌ သီးသန့် ကံ တစ်မျိုးစီ တစ်မျိုးစီ ရှိနေသည်ကို သတိပြုပါ။ ထို့ကြောင့် အသင် သူတော်ကောင်းသည် အတိတ်ခန္ဓာငါးပါးတို့ကို တစ်ဖန် ပိုက်စိပ်တိုက်၍ သိမ်းဆည်းပါ။ ယင်းသို့ သိမ်းဆည်းရာ၌ အချို့ အချို့သော ကုသိုလ်ကံ အကုသိုလ်ကံတို့ကို သိမ်းဆည်းမိပါက ယင်းကံတို့ကြောင့် ဤပစ္စုပ္ပန်ဘဝ ယခုကဲ့သို့သော ပဝတ္တိအခါမျိုး၌ မည်သို့သော ကောင်းကျိုး-ဆိုးပြစ်များကို ရရှိနေသည်ကိုပါ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း-အကျိုး စပ်၍ သိမ်းဆည်းပါ။


ဗဟိဒ္ဓနှင့် အတိတ်အဆက်ဆက် - အနာဂတ်အဆက်ဆက်သို့

အတိတ် အကြောင်းတရား ငါးပါးနှင့် ပစ္စုပ္ပန် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားတို့ကို အထက်ပါအတိုင်း (၆) လိုင်းလုံး ကုန်စင်အောင် အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားပြီးသော် ဗဟိဒ္ဓ၌လည်း ထိုနည်းကို မှီ၍ နည်းတူပင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ရှုပွားပါ။ သို့သော် ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန်အားဖြင့် ပေါင်းစုခြုံငုံ၍သာ သိမ်းဆည်းရ၏။

အောင်မြင်မှုကို ရရှိခဲ့သော် ဒုတိယ အတိတ်အကြောင်းတရားနှင့် ပထမအတိတ် အကျိုးတရား၊ တတိယအတိတ် အကြောင်းတရားနှင့် ဒုတိယ အတိတ် အကျိုးတရား စသည်ဖြင့် အတိတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ အချို့သော အတိတ်ဘဝတို့၌ ပရမတ် ရုပ်နာမ်တို့ကို မသိမ်းဆည်းခဲ့ဖူးလျှင် ထိုပရမတ် ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းမှုကိုလည်းကောင်း, ယင်းနာမ်တရားတို့နှင့် ဆက်စပ်သည့် အကြောင်တရားတို့ကိုလည်းကောင်း သိမ်းဆည်းရန်မလိုပါ။ အလားတူပင် စျာန်မရခဲ့ဖူးသော အတိတ်ဘဝ၌လည်း စျာန်နာမ်တရားတို့ကိုလည်းကောင်း, စျာန်နာမ်တရားတို့နှင့် ဆက်စပ်သည့် အကြောင်းတရားတို့ကိုလည်းကောင်း သိမ်းဆည်းရန် မလိုပါ။

အလားတူပင် ပစ္စုပ္ပန် အကြောင်းတရားနှင့် အနာဂတ် အကျိုးတရားတို့ကိုလည်း အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အနာဂတ် ဆုံးသည့်တိုင်အောင် အနာဂတ် အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ ရနိုင်သမျှ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးလုံး၌ပင် အဇ္ဈတ္တ၌ အကြောင်း-အကျိုး သိမ်းဆည်းသည့် ပုံစံအတိုင်း ဗဟိဒ္ဓ၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။


စရဏမျိုးစေ့ကောင်းနှင့် ဝိဇ္ဇာမျိုးစေ့ကောင်း

ထိုသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ရှုပွားရာ၌ အတိတ်ဘဝ ထိုထိုက နိဗ္ဗာန်ကို ရည်ရွယ်တောင့်တ၍ ပြုစုပျိုးထောင်ခဲ့သော ဖြည့်ကျင့်ဆည်းပူးခဲ့သော ---

၁။ ဒါန သီလ သမထ ကျင့်စဉ်ဟူသော စရဏမျိုးစေ့

၂။ (က) ဓာတ်ကြီးလေးပါးကို သိမ်းဆည်းခဲ့ဖူးခြင်း၊

( ခ ) ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းခဲ့ဖူးခြင်း၊

( ဂ ) နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းခဲ့ဖူးခြင်း၊

(ဃ) ရုပ်-နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းခဲ့ဖူးခြင်း၊

( င ) အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခဲ့ဖူးခြင်း၊

( စ ) ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ခဲ့ဖူးခြင်း -- တည်းဟူသော အချို့အချို့သော ဝိဇ္ဇာမျိုးစေ့ (အချို့အချို့သော စရဏမျိုးစေ့) ----

စရဏမျိုးစေ့ ဝိဇ္ဇာမျိုးစေ့များကို ဉာဏ်ဖြင့် မြင်အောင် အလေးဂရုပြု၍ သိမ်းဆည်းရှုပွားပါ။ ယင်း စရဏမျိုးစေ့ ဝိဇ္ဇာမျိုးစေ့တို့က အားပေးထောက်ပံ့တတ်သည့် ဥပတ္ထမ္ဘကသတ္တိ, တိုက်ရိုက်ဖြစ်စေတတ်သည့် ဇနကသတ္တိတို့ဖြင့် အဆက်ဆက် ကျေးဇူးပြုနေပုံကိုလည်း ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ရှုပွားပါ။


ဘဝင်အနန္တရ အကြောင်းတရား

ဘဝတစ်ခုဝယ် စိတ်အစဉ် စိတ်အယဉ် မပြတ်စဲရေးအတွက် ဘဝ၏ အကြောင်းတရားအဖြစ်နှင့် ဖြစ်ပေါ်နေသော စိတ်သည် ဘဝင်မည်ပေသည်။ ထိုဘဝင်သည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - ဝတ္ထု အာရုံ ဖဿ စသော ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြောင်းကို ရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။ ဘဝင်သည် ဘဝတစ်လျှောက်၌ အများဆုံး ဖြစ်လေ့ရှိသော စိတ်တစ်မျိုး ဖြစ်သဖြင့် ထိုဘဝင်အနန္တရ အကြောင်းတရားများလည်း များစွာရှိနေမည်သာ ဖြစ်သည်။ လိုရင်းမှတ်သားရန်မှာ မိမိ ရှုပွားသော ဘဝင်စိတ်နှင့် အနီးကပ်ဆုံး စိတ္တက္ခဏသည် တစ်နည်း အခြားမရှိ ကပ်လျက်ဖြစ်သွားသော ရှေ့စိတ္တက္ခဏသည် ထိုဘဝင်အနန္တရအကြောင်းတရားပင် ဖြစ်သည်။ သို့အတွက် ---

၁။ ပဋိသန္ဓေသည် ပထမဘဝင်အားလည်းကောင်း၊

၂။ ပထမဘဝင်သည် ဒုတိယဘဝင်အားလည်းကောင်း၊

၃။ ရှေးရှေးဘဝင်သည် နောက်နောက်ဘဝင်အားလည်းကောင်း၊

၄။ ဝုဋ္ဌောနောင် ဘဝင်ကျသည် ဖြစ်အံ့၊ ဝုဋ္ဌောသည် ထိုဘဝင်အားလည်းကောင်း၊

၅။ ဇောနောင် ဘဝင်ကျသည် ဖြစ်အံ့၊ အဆုံးဇောသည် ထိုဘဝင်အားလည်းကောင်း၊

၆။ တဒါရုံနောင်ဘဝင်ကျသည်ဖြစ်အံ့၊ ဒုတိယတဒါရုံသည် ထိုဘဝင်အားလည်းကောင်း ---

အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေသည်သာ ဖြစ်ပေသည်။ ဘဝင်နောင် ဘဝင် ထပ်၍ ဖြစ်ရာ၌ ရှေးရှေးဘဝင်က နောက်နောက် ဘဝင်အား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေသည်သာ ဖြစ်ပေသည်။


ဉာတပရိညာစခန်းသို့ ဆိုက်ပြီ

သော ဣဒံ နာမရူပံ န အဟေတု အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ၊ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယောတိ ဥပပရိက္ခန္တော အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာတိ တဿ ပစ္စယံ ဝဝတ္ထပေတွာ အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုဉ္ဇော ဧဝါတိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)

အာယတနဒွါရအလိုက် ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို (၆) လိုင်းလုံး ကုန်စင်အောင် သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤနာမ်ရုပ်သည်ကား တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားမရှိဘဲ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား = ပစ္စယအကြောင်းတရား ထင်ရှားမရှိဘဲ ဖြစ်ပေါ်နေသည်ကား မဟုတ်။ တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတု အကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားရှိသည် ဖြစ်၍သာလျှင်, အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား = ပစ္စယအကြောင်းတရား ထင်ရှားရှိသည် ဖြစ်၍သာလျှင် ဖြစ်ပေါ်နေ၏။ ထို နာမ်-ရုပ်ဟေတုအကြောင်းတရားကား အဘယ်နည်း။ ပစ္စယအကြောင်းတရားကား အဘယ်ပါနည်းဟု ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် --- အဝိဇ္ဇာဟူသော အကြောင်းတရားကြောင့်လည်းကောင်း, တဏှာဟူသော အကြောင်းတရားကြောင့်လည်းကောင်း, ကံဟူသော အကြောင်းတရားကြောင့်လည်းကောင်း, အာဟာရဟူသော အကြောင်းတရားကြောင့် လည်းကောင်း ဖြစ်ပေါ်လာ၏ -- ဟု ထိုနာမ်-ရုပ်၏ အကြောင်းတရားကို ပိုင်းခြား မှတ်သား၍ --- (အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာဖြစ်၏။ အဝိဇ္ဇာက အကြောင်းတရား ပဋိသန္ဓေကမ္မဇရုပ် ရူပက္ခန္ဓာ က အကျိုးတရား -- ဤသို့ စသည်ဖြင့် ပိုင်းခြားမှတ်သား၍ ) ---

၁။ အတိတ်၌လည်း အကြောင်းတရားတို့နှင့် အကျိုးတရားတို့သာ ရှိကြကုန်၏။

၂။ အနာဂတ်၌လည်း အကြောင်းတရားတို့နှင့် အကျိုးတရားတို့သာ ရှိကြကုန်၏။

၃။ ပစ္စုပ္ပန်၌လည်း အကြောင်းတရားတို့နှင့်အကျိုးတရားတို့သာ ရှိကြကုန်၏။

ထိုအကြောင်းတရား အကျိုးတရားထက် ပိုလွန်၍ ပြုလုပ်တတ် = ဖန်ဆင်းတတ်သော ပုဂ္ဂိုလ် သတ္တဝါသည်လည်းကောင်း, အပြုလုပ်ခံရ အဖန်ဆင်းခံရသော ပုဂ္ဂိုလ် သတ္တဝါသည်လည်းကောင်း, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်သည်လည်းကောင်း မရှိ။ ရုပ်တရား + နာမ်တရား + အကြောင်းတရား + အကျိုးတရားတည်းဟူသော သင်္ခါရတရား အစုအပုံ သက်သက်မျှသာလျှင် ရှိ၏။ -- ဟု သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်သော် ထို သမ္မာဒိဋ္ဌိဉာဏ်ပညာသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ပယ်ဖျောက်နိုင်ပေ၏။ ပယ်ရှားနိုင်ပေ၏။ ဤ ဉာဏ်သည်ကား ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်သည့် ---

၁။ ရုပ်တရား

၂။ နာမ်တရား

၃။ အကြောင်းတရား၊

၄။ အကျိုးတရား၊

သင်္ခါရ တရားတို့ကို ကောင်းစွာ ပိုင်းပိုင်းခြားခြား သိတတ်သော ဉာတပရိညာ - မည်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။) သို့သော် ဤမျှဖြင့်ကား မပြီးဆုံးသေးပါ။ ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး-သင်္ခါရ တရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် တစ်ဖန် ထပ်မံ၍ ကြိတ်ခြေရဦးမည်သာ ဖြစ်ပေသည်။ ထိုသို့ ကြိတ်ခြေပြီးနောက် ဆက်လက် ပြုကျင့် ရမည့် လုပ်ငန်းခွင်မှာ ဤသို့ဖြစ်၏။


သာသနာတော်မှ မခွဲနိုင်အောင် အမြစ်တွယ်လေပြီ

ဧဝံ သင်္ခါရေ သလ္လက္ခေတွာ ဌိတဿ ပန ဘိက္ခုနော ဒသဗလဿ သာသနေ မူလံ ဩတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါ နာမ၊ စူဠသောတာပန္နော နာမ ဟောတိ နိယတဂတိကော။ တထာရူပံ ပန ဥတုသပ္ပါယံ ပုဂ္ဂလသပ္ပါယံ ဘောဇနသပ္ပါယံ ဓမ္မဿဝနသပ္ပါယံ လဘိတွာ ဧကာသနေ ဧကပလ္လင်္ကဝရဂတော တီဏိ လက္ခဏာနိ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ သင်္ခါရေ သမ္မသန္တော အရဟတ္တံ ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)

ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားပြီး၍ တည်နေသော ယောဂါဝစရ ရဟန်းတော်သည် ယင်းသင်္ခါရတရားတို့ကို ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းမိသောအခါ ယုံမှားခြင်း ကင်္ခါတရားကို ကျော်လွှားလွန်မြောက်၍ သန့်ရှင်းသော ဉာဏ်အမြင်ရှိခြင်းတည်းဟူသော ကင်္ခါဝိတရဏ ဝိသုဒ္ဓိစခန်းသို့ ဆိုက်ရောက်သည်ဖြစ်၍ ဗုဒ္ဓမြတ်စွာသာသနာတော်မှ မခွာနိုင်အောင် သာသနာတော်ဝယ် အမြစ်တွယ်ပြီး ဖြစ်တော့သည်။ သာသနာတော်၌ ထောက်ရာတည်ရာကို ရရှိသည် မည်၏။ မြဲသော သုဂတိလျှင် လဲလျောင်းရာရှိသော စူဠသောတာပန် မည်၏။ အရဟတ္တဖိုလ်ကို ရယူနိုင်လောက်သော သဘောရှိသော ---

၁။ ဥတုသပ္ပါယ = လျောက်ပတ်သော ဥတုကိုလည်းကောင်း၊

၂။ ပုဂ္ဂလသပ္ပါယ = လျောက်ပတ်သော ကလျာဏမိတ္တပုဂ္ဂိုလ်မိတ်ကောင်း ဆွေကောင်း ဆရာကောင်းသမားကောင်းကိုလည်းကောင်း၊

၃။ ဘောဇနသပ္ပါယ = လျောက်ပတ်သော ဘောဇဉ်ကိုလည်းကောင်း၊

၄။ ဓမ္မဿဝနသပ္ပါယ = လျောက်ပတ်သော တရားတော်ကို နာရခြင်းကိုလည်းကောင်း ---

သပ္ပါယလေးပါးကို ရရှိလတ်သော် တစ်နေရာတည်း၌ တစ်ထိုင်တည်း အတွင်းဝယ် --- ယင်း သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာဉာဏ်စဉ်အားဖြင့် အစဉ်အတိုင်း ဝိပဿနာရှုပွား သုံးသပ်လတ်သော် အရဟတ္တဖိုလ်ကို ရယူနိုင်ပေသည်။(အဘိ၊ဋ္ဌ၊၂၊၂၄၂။)


ဣရိယာပထ - သမ္ပဇညရှုကွက်

အသင်သူတော်ကောင်းသည် သမထကမ္မဋ္ဌာန်းပိုင်း, ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်းတို့ကို အစဉ်အတိုင်း ကျင့်လာပြီးမှ ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ကူးတက်လာသဖြင့် ထိုထို ဣရိယာပထပိုင်းဆိုင်ရာ ရှုကွက်, သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ခန္ဓာငါးပါး = ရုပ်-နာမ်နှစ်ပါးတို့ကို သိမ်းဆည်းတတ်ပြီးပင် ဖြစ်ပေသည်။ ဤသို့ ခန္ဓာငါးပါး = ရုပ်-နာမ်နှစ်ပါးတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ ရှေ့သို့ဆက်၍ ကျင့်ရမည့် ကျင့်စဉ်ကို ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။

၁။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မံ ဝိဟရတိ

၂။ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မံ ဝိဟရတိ

၃။ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁-၇၂။)

ဒေသနာတော်များနှင့်အညီ အသင်သူတော်ကောင်းသည် သွား-ရပ်-ထိုင်-လျောင်း စသည့် ထိုထို ဣရိယာပထအခိုက် သမ္ပဇဉ်အခိုက်တို့၌လည်း ယင်းခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို စွမ်းအားရှိသမျှ သိမ်းဆည်းပါလေ။

လူတွင် လူမြတ်၊ နတ်ထက်နတ် ဖြစ်အောင် ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်နိုင်ပါစေသောဝ်။

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း

ဖားအောက်တောရ

ကောဇာသက္ကရာဇ် - ၁၃၆၇-ခုနှစ်

__________

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...