ဓာတ်ကမ္မဋ္ဌာန်းကျမ်းသစ်
ဓာတု ကမ္မဋ္ဌာန ပါဠိတော် ဥဒ္ဒေသ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
----*---
အတ္ထိ ဣမသ္မိံ မေ ကာယေ ပထဝီကာယော, အာပေါကာယော, တေဇောကာယော, ဝါယောကာယော, ဝိညာဏကာယော။
-----*---
ပထဝီကာယ နိဒ္ဒေသ
၁။ တတ္ထ ကတမေ ပထဝီကာယာ။
(က ) ကေသာ, လောမာ, နခါ, ဒန္တာ, တစော။
( ခ ) မံသံ, နှာရု, အဋ္ဌိ, အဋ္ဌိမိဉ္စံ, ဝက္ကံ။
( ဂ ) ဟဒယံ, ယကနံ, ကိလောမကံ, ပိဟကံ, ပပ္ဖါသံ။
(ဃ ) အန္တံ, အန္တဂုဏံ, ဥဒရိယံ, ကရီသံ, မတ္ထလုင်္ဂံ၊ ဣမေ ဝုစ္စန္တိ ပထဝီကာယာ။
အာပေါကာယ နိဒ္ဒေသ
၂။ တတ္ထ ကတမေ အာပေါကာယာ။
(က) ပိတ္တံ, သေမှံ, ပုဗ္ဗော, လောဟိတံ, သေဒေါ, မေဒေါ။ (ခ ) အဿု, ဝသာ, ခေဠော, သိင်္ဃာဏိကာ, လသိကာ, မုတ္တံ၊ ဣမေ ဝုစ္စန္တိ အာပေါကာယာ။
တေဇောကာယ နိဒ္ဒေသ
၃။ တတ္ထ ကတမေ တေဇောကာယာ။
သန္တာပေါ, ဒါဟော, ပါစကော, ဇီရဏာ။
ဣမေ ဝုစ္စန္တိ တေဇောကာယာ။
ဝါယောကာယ နိဒ္ဒေသ
၄။ တတ္ထ ကတမေ ဝါယောကာယာ။
ဥဒ္ဓင်္ဂမာ ဝါတာ, အဓောဂမာ ဝါတာ, ကုစ္ဆိသယာ ဝါတာ, ကောဋ္ဌာသယာ ဝါတာ, အင်္ဂမင်္ဂါနုသာရိနော ဝါတာ, အဿာသ ပဿာသာ ဝါတာ။ ဣမေ ဝုစ္စတိ ဝါယောကာယာ။
ဝိညာဏကာယ နိဒ္ဒေသ
၅။ တတ္ထ ကတမေ ဝိညာဏကာယာ။
စက္ခုဝိညာဏံ, သောတဝိညာဏံ, ဃာနဝိညာဏံ, ဇိဝှါဝိညာဏံ, ကာယဝိညာဏံ, မနောဝိညာဏံ။
ဣမေ ဝုစ္စန္တိ ဝိညာဏကာယာ။
ပထဝီကာယ ဘာဝနာ ပဋိနိဒ္ဒေသ
၁-က။ ကေသကာယေ ကက္ခဠကိရိယာ ပထဝီ နာမ၊ အာဗန္ဓန ကိရိယာ အာပေါနာမ၊ ဥဏှတ္တကိရိယာ၊ တေဇောနာမ ဝိတ္ထမ္ဘန ကိရိယာ ဝါယောနာမ၊ ဝဏ္ဏော, ဂန္ဓော, ရသော, ဩဇာ တဒုပါဒါ၊ တဗ္ဗေ တေ ဓမ္မာ သင်္ခတာ၊ ပဋိစ္စသမုပ္ပန္နာ၊ နိဿတ္တာ၊ နိဇ္ဇီဝါ၊ တုစ္ဆာ၊ သုညာ၊ ခယဓမ္မာ၊ ဝယဓမ္မာ၊ ဝိရာဂဓမ္မာ၊ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာ။
ခ။ တထာ လောမကာယေ, နခကာယေ, ဒန္တကာယေ, တစကာယေ, မံသကာယေ, နှာရုကာယေ, အဋ္ဌိကာယေ, အဋ္ဌိမိဉ္စ ကာယေ, ဝက္ကကာယေ, ဟဒယကာယေ, ယကနကာယေ, ကိလောမက ကာယေ, ပိဟကကာယေ, ပပ္ဖါသကာယေ, အန္တကာယေ, အန္တဂုဏ ကာယေ, ဥဒရိကာယေ, ကရီသကာယေ, မတ္ထလုင်္ဂကာယေတိ။
အာပေါကာယ ဘာဝနာ ပဋိနိဒ္ဒေသ
၂-က။ ပိတ္တကာယေ ကက္ခဠကိရိယာ ပထဝီနာမ၊ အာဗန္ဓန ကိရိယာ အာပေါနာမ၊ ဥဏှတ္တကိရိယာ၊ တေဇောနာမ ဝိတ္ထမ္ဘန ကိရိယာ ဝါယောနာမ၊ ဝဏ္ဏော, ဂန္ဓော, ရသော, ဩဇာ တဒုပါဒါ၊ တဗ္ဗေ တေ ဓမ္မာ သင်္ခတာ၊ ပဋိစ္စသမုပ္ပန္နာ၊ နိဿတ္တာ၊ နိဇ္ဇီဝါ၊ တုစ္ဆာ၊ သုညာ၊ ခယဓမ္မာ၊ ဝယဓမ္မာ၊ ဝိရာဂဓမ္မာ၊ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာ။
ခ။ တထာ သေမှကာယေ, ပုဗ္ဗကာယေ, လောဟိတ ကာယေ, သေဒ ကာယေ, မေဒသကာယေ, အဿုကာယေ, ဝသာ ကာယေ, ခေဠကာယေ, သိင်္ဃာဏိကာကာယေ, လသိကာကာယေ, မုတ္တကာယေတိ။
တေဇောကာယ ဘာဝနာ ပဋိနိဒ္ဒေသ
၃-က။ သန္တာပ ကာယေ ကက္ခဠကိရိယာ ပထဝီ နာမ၊ အာဗန္ဓန ကိရိယာ အာပေါနာမ၊ ဥဏှတ္တကိရိယာ တေဇောနာမ ဝိတ္ထမ္ဘန ကိရိယာ ဝါယောနာမ၊ ဝဏ္ဏော, ဂန္ဓော, ရသော, ဩဇာ တဒုပါဒါ၊ တဗ္ဗေ တေ ဓမ္မာ သင်္ခတာ၊ ပဋိစ္စသမုပ္ပန္နာ၊ နိဿတ္တာ၊ နိဇ္ဇီဝါ၊ တုစ္ဆာ၊ သုညာ၊ ခယဓမ္မာ၊ ဝယဓမ္မာ၊ ဝိရာဂဓမ္မာ၊ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာ။
ခ။ တထာ ဒါဟကာယေ, ပါစကကာယေ, ဇီရဏကာယေတိ။
ဝါယောကာယ ဘာဝနာ ပဋိနိဒ္ဒေသ
၄-က။ ဥဒ္ဓင်္ဂမကာယေ ကက္ခဠကိရိယာ ပထဝီနာမ၊ အာဗန္ဓန ကိရိယာ အာပေါနာမ၊ ဥဏှတ္တကိရိယာ တေဇောနာမ၊ ဝိတ္ထမ္ဘနကိရိယာ ဝါယောနာမ၊ ဝဏ္ဏော, ဂန္ဓော, ရသော, ဩဇာ တဒုပါဒါ၊ တဗ္ဗေ တေ ဓမ္မာ သင်္ခတာ၊ ပဋိစ္စသမုပ္ပန္နာ၊ နိဿတ္တာ၊ နိဇ္ဇီဝါ၊ တုစ္ဆာ၊ သုညာ၊ ခယဓမ္မာ၊ ဝယဓမ္မာ၊ ဝိရာဂဓမ္မာ၊ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာ။
ခ။ တထာ အဓောဂမကာယေ, ကုစ္ဆိသယကာယေ, ကောဋ္ဌာသယကာယေ, အင်္ဂမင်္ဂါနုသာရီကာယေ, အဿာသပဿာသ ကာယေတိ။
ဝိညာဏကာယ ဘာဝနာ ပဋိနိဒ္ဒေသ
၅-က။ စက္ခုဝိညာဏ ကာယေ စတ္တာရော ခန္ခာ လဗ္ဘန္တိ၊ ဝေဒနာက္ခန္ဓော၊ စေတနာ သင်္ခါရက္ခန္ဓော၊ ဝိညာဏံ ဝိညာဏက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ သဗ္ဗေ တေ ဓမ္မာ သင်္ခတာ၊ ပဋိစ္စသမုပ္ပန္နာ၊ နိဿတ္တာ၊ နိဇ္ဇီဝါ၊ တုစ္ဆာ၊ သုညာ၊ ခယဓမ္မာ၊ ဝယဓမ္မာ၊ ဝိရာဂဓမ္မာ၊ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာ။
ခ။ တထာ သောတဝိညာဏကာယေ, ဃာနဝိညာဏ ကာယေ, ဇိဝှါဝိညာဏကာယေ, ကာယဝိညာဏကာယေ, မနော ဝိညာဏကာယေတိ။
နိဂမ
ဣတိ ဣမသ္မိံ မေ ကာယေ အဋ္ဌစတ္တာလီသ ပဘေဒါ ဓာတုကာယာ၊ ဓမ္မကာယာ၊ သင်္ခတာ၊ ပဋိစ္စသမုပ္ပန္နာ၊ နိဿတ္တာ၊ နိဇ္ဇီဝါ၊ တုစ္ဆာ၊ သုညာ၊ ခယဓမ္မာ၊ ဝယဓမ္မာ၊ ဝိရာဂဓမ္မာ၊ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာ။
ဓာတုကမ္မဋ္ဌာနံ နိဋ္ဌိတံ။
---*--
ဥယျောဇဉ်
ဝတ်ကျောင်း၌ လူအများပေါင်း၍ ရွတ်ကြသောအခါ ဖော်ပြခဲ့ပြီး သော ပါဠိရှိတိုင်းသာ ရွတ်၊ ဆိပ်ငြိမ်ရာ၌နေ၍ ပွားများသောအခါ ၄၈ -ပါးသော ကာယတို့၌ အသီးအသီး အကျယ်ထုတ်ဖော်၍ ပွားများ ကြရမည်။
ဓာတ်ကမ္မဋ္ဌာန်းအနက် ဥဒ္ဒေသ
မေ=ငါ၏၊ ဣမသ္မိံကာယေ=တစ်လံမျှလောက်သော ဤခန္ဓာ ကိုယ်၌၊ ပထဝီကာယာ=မြေဓာတ်လွန်သော ကိုယ်အစုတို့သည်၎င်း၊ အာပေါကာယာ=ရေဓာတ်လွန်သော ကိုယ်အစုတို့သည်၎င်း၊ တေဇော ကာယာ=မီးဓာတ်လွန်သော ကိုယ်အစုတို့သည်၎င်း၊ ဝါယောကာယာ= လေဓာတ်လွန်သော ကိုယ်အစုတို့သည်၎င်း၊ ဝိညာဏကာယာ=ကြံ သိတတ်သောသော ကိုယ်အစုတို့သည်၎င်း၊ အတ္ထိ-သန္တိ=ရှိကုန်၏၊
ပထဝီကာယ နိဒ္ဒေသ
၁။ တတ္ထ=ထိုငါးပါးသော ကိုယ်အစုတို့တွင်၊ ပထဝီကာယာ= မြေဓာတ်လွန်သော ကိုယ်အစုတို့ဟူသည်၊ ကာမေ=အဘယ်သို့နည်း ဟူမူကား-
(က)ကေသာ=၂-ကုဋေ ၄-သန်းမျှသော ဆံပင်ဟူသော မြေ အစုတို့လည်းကောင်း၊ လောမာ=၉-သောင်းမျှသော မွှေးညင်း ဟူသော မြေအစုတို့လည်းကောင်း၊ နခါ=၂၀-အရေအတွက်ရှိသော ခြေသည်း ဟူသော မြေအစုတို့၊ ဒန္တာ=၃၂-ချောင်းအရေအတွက်ရှိသော သွား ဟူသော မြေအစုတို့လည်းကောင်း၊ တစော=အရေထူ အရေပါး ၂- မျိုးပြားသော အရေဟူသော မြေအစုလည်းကောင်း။
(ခ) မံသ=ကိုးရာမျှ အရေအတွက်ရှိသော အသားစိုင် အသာခဲ ဟူသော မြေအစုလည်းကောင်း၊ နှာရု=ကိုးရာမျှ အရေအတွက်ရှိသော အကြောဟူသော မြေအစုလည်းကောင်း၊ အဋ္ဌိမိဉ္ဇံ=ရိုးတွင်းခြင်ဆီဟူသော မြေအစုလည်းကောင်၊ ဝက္ကံ=ကျောက်ကပ်ချေသော အညို့ဟူသော မြေအစုလည်းကောင်း။
(ဂ) ဟဒယံ=နှလုံးသာဟူသော မြေအစုံလည်းကောင်း၊ ယကနံ= အသည်းဟူသော မြေအစုလည်းကောင်း၊ ကိလောမကံ=အမြှေးလွှာ ဟူသော မြေအစုလည်းကောင်း၊ ပိဟကံ=သရက်ရွက်ခေါ်သော အဖျင်း ဟူသော မြေအစုလည်းကောင်း၊ ပပ္ဖါသံ=အဆုတ်ဟူသော မြေအစု လည်းကောင်း။
(ဃ) အန္တံ=အူမကြီးဟူသော မြေအစုလည်းကောင်း၊ အန္တဂုဏံ= အူသိမ်အူသေးဟူသော မြေအစုလည်းကောင်း၊ ဥဒရိယံ=အစာသစ် ဟူသော မြေအစုလည်းကောင်း၊ ကရီသံ=အစာဟောင်းဟူသော မြေအစု လည်းကောင်း၊ မတ္ထလုင်္င်္ဂံ=ဦးနှောက်ဟူသော မြေအစုလည်းကောင်း။ ဣမေ=ဤနှစ်ဆယ်သော မြေအစုတို့ကို၊ ပထဝီကာယာ= မြေ ဓာတ်လွန်သော ကိုယ်အစုတို့ဟူ၍၊ ဝုစ္စန္တိ=ဆိုအပ်ကုန်၏၊
အာပေါကာယ နိဒ္ဒေသ
၂။ တတ္ထ=ထိုငါးပါးသော ကိုယ်အစုတို့တွင်၊ အာပေါကာယာ= ရေဓာတ်လွန်သော ကိုယ်အစုတို့ဟူသည်၊ ကတမေ=အဘယ်သည်တို့ နည်းဟူမူကား
(က) ပိတ္တံ=သည်းခြေဟူသော ရေအစုလည်းကောင်း၊ သေမှံ= သလိပ်ဟူသော ရေအစုလည်းကောင်း၊ ပုဗ္ဗော=ပြည်ဟူသော ရေအစု လည်းကောင်း၊ လောဟိတံ=သွေးဟူသော ရေအစုလည်းကောင်း၊ သေဒေါ=ချွေးဟူသော ရေအစုလည်းကောင်း၊ မေဒေါ=အဆီပြင် အဆီခဲ ဟူသော ရေအစုလည်းကောင်း။
(ခ) အဿု=မျက်ရည်ဟူသော ရေအစုလည်းကောင်း၊ ဝသာ= ဆီကြည်ဟူသော ရေအစုလည်းကောင်း၊ ခေဠော=လျှာရည်တံတွေး ဟူသော ရေအစုလည်းကောင်း၊ သိင်္ဃာဏိကာ=နှပ်ရည်နှပ်စေးဟူသော ရေအစုလည်းကောင်း၊ လသိကာ=အစေးအပုပ်ဟူသော ရေအစုလည်း ကောင်း၊ မုတ္တံ=ကျင်ငယ်ဟူသော ရေအစုလည်းကောင်း။ ဣမေ=ဤတစ်ဆယ့်နှစ်ပါးသော ရေအစုတို့ကို၊ အာပေါကာယာ= ရေဓာတ်လွန်သော ကိုယ်အစုဟူ၍၊ ဝုစ္စန္တိ=ဆိုအပ်ကုန်၏၊
တေဇောကာယ နိဒ္ဒေသ
၃။ တတ္ထ=ထိုငါးပါးသော ကိုယ်အစုတို့တွင်၊ တေဇောကာယာ= မီးဓာတ်ဟူသော ကိုယ်အစုတို့ဟူသည်၊ ကတမေ=အဘယ်သည်တို့နည်း ဟူမူကား
သန္တာပေါ=ရက်ဆက်ရက်ချန်ဖျားခြင်းစသော အလွန်ပူသောမီး အစုလည်းကောင်း၊ ဒါဟော=ပေါက်နာ ကျောက်နာစသော အသွေး အသားကို အကျက်လောင်သော မီးအစုလည်းကောင်း၊ ပါစကော= အစာကို ကြေစေတတ်သော မီးအစုလည်းကောင်း၊ ဇီရဏံ=ရင့်ရော် မှည့်ရွမ်းဟောင်းနွမ်းဆွေးမြေ့စေတတ်သော မီးအစုလည်းကောင်း။ ဣမေ=ဤလေးပါးသော မီးအစုတို့ကို၊ တေဇောကာယာ=မီး ဓာတ်လွန်သော ကိုယ်အစုဟူ၍၊ ဝုစ္စန္တိ=ဆိုအပ်ကုန်၏၊
ဝါယောကာယ နိဒ္ဒေသ
၄။ တတ္ထ=ထိုငါးပါးသော ကိုယ်အစုတို့တွင်၊ ဝါယောကာယာ= လေဓာတ်လွန်သော ကိုယ်အစုတို့ဟူသည်၊ ကတမေ=အဘယ်သည် တို့နည်းဟူမူကား
ဥဒ္ဓင်္ဂမာဝါတာ=အထက်သို့ဆန်တက်သော လေအစုတို့လည်း ကောင်း၊ အဓောဂမာဝါတာ=အောက်သို့စုန်ဆင်းသော လေအစုတို့လည်း ကောင်း၊ ကုစ္ဆိသယာဝါတာ=ဝမ်းခေါင်းတွင်း၌ကိန်းသော လေအစုတို့ လည်းကောင်း၊ ကောဋ္ဌာသယာဝါတာ=အူမ-အူသိမ်တွင်း၌ကိန်းသော လေအစုတို့လည်းကောင်း၊ အင်္ဂမင်္ဂါနုသာရိနောဝါတာ=ကိုယ်အင်္ဂါ လှုပ်ရှားမှုတို့၌ အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သော လေအစုတို့လည်း ကောင်း။
ဣမေ=ဤခြောက်ပါးသော လေအစုတို့ကို၊ ဝါယောကာယာ= လေဓာတ်လွန်သော ကိုယ်အစုတို့ဟူ၍၊ ဝုစ္စန္တိ=ဆိုအပ်ကုန်၏၊
ဝိညာဏကာယ နိဒ္ဒေသ
၅။ တတ္ထ=ထိုငါးပါးသော ကိုယ်အစုတို့တွင်၊ ဝိညာဏကာယာ= ကြံသိတတ်သော ကိုယ်အစုတို့ဟူသည်၊ ကတမေ=အဘယ်သည်တို့ နည်းဟူမူကား
စက္ခုဝိညာဏံ=မျက်လုံးတွင်း၌ ဖြစ်ပေါ်သောသိမှုလည်းကောင်း၊ သောတဝိညာဏံ=နားတွင်း၌ ဖြစ်ပေါ်သော သိမှုလည်းကောင်း၊ ဃာနဝိညာဏံ=နှာခေါင်းတွင်း၌ဖြစ်ပေါ်သော သိမှုလည်းကောင်း၊ ဇိဝှါဝိညာဏံ=လျှာအပြင်၌ဖြစ်ပေါ်သောသိမှုလည်းကောင်း၊ ကာယ ဝိညာဏံ=တကိုယ်လုံးမှာ ထိုထိုအင်္ဂါ၌ဖြစ်ပေါ်သော သိမှုလည်းကောင်း၊ မနောဝိညာဏံ=နှလုံးတွင်း၌ဖြစ်ပေါ်သော ထွေထွေလာလာ ကြံမှုသိမှု လည်းကောင်း။
ဣမေ=ဤခြောက်ပါးသော ကြံမှုသိမှုတို့ကို၊ ဝိညာဏကာယာ= ကြံသိတတ်သော ကိုယ်အစုတို့ဟူ၍၊ ဝုစ္စန္တိ=ဆိုအပ်ကုန်၏၊ တစ်ယောက်တစ်ယောက်သောသူ၏ကိုယ်ခန္ဓာ၌ အစိတ်အစိတ် ဖြစ်ကုန်သော ၄၈-ပါးကုန်သော ကိုယ်ခန္ဓာတို့ကို ထုတ်ဆိုရာနိဒ္ဒေသ ခန်းပြီး၏၊
ပထဝီကာယ ဘာဝနာ ပဋိနိဒ္ဒေသ
(၁-က) ကေသကာယေ=ဆံပင်ဟူသော ကိုယ်အစု၌၊ ဝါ= ဆံပင် ဟူသောမြေအစု၌
ယာ ကက္ခဠ ကိရိယာ=အကြင်ခက်မာမှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုခက်မာမှုကြိယာသည်၊ ပထဝီနာမ=ပရမတ်နှစ် မြေ ဓာတ်စစ်မည်၏။
ယာ အာဗန္ဓနကိရိယာ=အကြင် ဖွဲ့စေးကပ်တွယ်မှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုဖွဲ့စေးကပ်တွယ်မှုကြိယာသည်၊ အာပေါနာမ=ပရမတ်နှစ် ရေဓာတ်စစ်မည်၏။
ယာ ဥဏှတ္တ ကိရိယာ=အကြင်နွေးသည် ပူသည်၏ အဖြစ်တည်း ဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုနွေးမှု ပူမှုကြိယာသည်၊ တေဇောနာမ=ပရမတ်နှစ် ဓာတ်မီးစစ်မည်၏။
ယာ ဝိတ္ထမ္ဘန ကိရိယာ=အကြင်ထောက်ကန်မှုဟူသော ကြိယာ သည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုထောက်ကန်မှ ကြိယာသည်၊ ဝါယောနာမ= ပရမတ်နှစ် လေဓာတ်စစ်မည်၏။
ဝဏ္ဏော=အဆင်းဓာတ်သည်လည်းကောင်း၊ ဂန္ဓော=အနံ့ဓာတ် သည်လည်းကောင်း၊ ရသော=အရသာဓာတ်သည်လည်းကောင်း၊ ဣမေ= လေးပါးသောဓာတ်တို့သည်၊ တဒုပါဒါ=ထိုမြေ, ရေ, မီး, လေ-ဟူသော ဓာတ်ကြီးလေးပါးတို့၌ မှီတွယ်ရသောရုပ်ငယ် ရုပ်သေးစုတို့သာတည်း။
သဗ္ဗေ=အလုံးစုံကုန်သော၊ ဧတေဓမ္မာ=ထိုဓာတ်ကြီးလေးသွယ်, ဓာတ်ငယ်လေးပါး ရုပ်တရားတို့သည် သင်္ခတာ=အဖန်ဖန်ပြုပြင်အပ်သော တရားတို့သာတည်း။
ပဋိစ္စသမုပ္ပန္နာ=အကြောင်းကိုစွဲ၍ တစ်ပေါင်းတစ်စုတည်း ဖြစ် ပေါ်သော တရားတို့သာတည်း။
နိဿတ္တာ=ပုဂ္ဂိုလ်မျိုး သတ္တဝါမျိုး မဟုတ်ကုန်။
နိဇ္ဇီဝါ=တစ်မိနစ် တစ်နာရီ စသည်ရှည်သော အသက်ဇီဝ ရှိကြ သော တရားမျိုး မဟုတ်ကုန်။
တုစ္ဆာ=ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ် သာယာဖွယ်သော အထည်ဒြဗ် ဂုဏ်သကတ်နှင့် မစပ်မနီး အချည်းနှီးတို့သာတည်း
သုညာ=နိစ္စဂုဏ်, သုခဂုဏ်, သုဘဂုဏ်, အတ္တဂုဏ်, သာရဂုဏ် တို့မှ ဆိတ်ကုန်၏။
ခယဓမ္မာ=ခဏခဏ ကုန်ဆုံးခြင်းသဘောအလေ့ရှိကုန်၏။
ဝယဓမ္မာ=ခဏခဏ ကွယ်ပျောက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ဝိရာဂဓမ္မာ=ခဏခဏ ပြယ်ပျောက်ခြင်းသဘော အလေ့ရှိကုန်၏။
နိရောဓဓမ္မာ=ခဏခဏ ချုပ်ရုပ်ပျက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ခယဋ္ဌေန=ခဏခဏ ကုန်ဆုံးခြင်းအနက်ကြောင့်၊ အနိစ္စာ= အနိစ္စမျိုးတို့သာလျှင်တည်း။
ဘယဋ္ဌေန=ကြောက်လန့်ဖွယ်မှု ဘေးအစုဟူသော အနက် ကြောင့်၊ ဒုက္ခာ=ဒုက္ခမျိုးတို့သာလျှင်တည်း။
အသာရကဋ္ဌေန=အခိုင်အမာ အနှစ်သာရမဟုတ်သော အနက် ကြောင့်၊ အနတ္တာ=အနတ္တမျိုးတို့သာလျှင်တည်း။
(ခ) တထာ=ထိုကေသကာယနှင့်အတူ၊ လောမကာယေ= မွေးညင်းဟူသော ကိုယ်အစု၌၎င်း၊ နခကာယေ=ခြေသည်းလက်သည်း ဟူသော ကိုယ်အစု၌၎င်း၊ ဒန္တကာယေ=သွားဟူသော ကိုယ်အစု၌၎င်း၊ တစကာယေ=အရေဟူသော ကိုယ်အစု၌၎င်း၊ မံသကာယေ=အသား ဟူသော ကိုယ်အစု၌၎င်း၊ နှာရုကာယေ=အကြောဟူသော ကိုယ်အစု၌ ၎င်း၊ အဋ္ဌိကာယေ=အရိုးဟူသော ကိုယ်အစု၌၎င်း၊ အဋ္ဌိမိဉ္ဇကာယေ= ရိုးတွင်းချဉ်ဆီဟူသော ကိုယ်အစု၌၎င်း၊ ဝက္ကကာယေ=အညှို့ဟူသော ကိုယ်အစု၌၎င်း၊ ဟဒယကာယေ=နှလုံးဟူသော ကိုယ်အစု၌၎င်း၊ ယနကကာယေ=အသည်းဟူသော ကိုယ်အစု၌၎င်း၊ ကိလောမက ကာယေ=အမြှေးဟူသော ကိုယ်အစု၌၎င်း၊ ပိဟကကာယေ=အဖျဉ်း ဟူသော ကိုယ်အစု၌၎င်း၊ ပပ္ဖါသကာယေ=အဆုတ်ဟူသော ကိုယ်အစု၌ ၎င်း၊ အန္တကာယေ=အူမဟူသော ကိုယ်အစု၌၎င်း၊ အန္တဂုဏကာယေ= အူသိမ်ဟူသော ကိုယ်အစု၌၎င်း၊ ဥဒရိယကာယေ=အစာသစ်ဟူသော ကိုယ်အစု၌၎င်း၊ ကရီသကာယေ=အစာဟောင်းဟူသော ကိုယ်အစု၌၎င်း၊ မတ္ထလုင်္ဂကာယေ=ဦးနှောက်ဟူသော ကိုယ်အစု၌၎င်း။
ယာ ကက္ခဠကိရိယာ=အကြင်ခက်မာမှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုခက်မာမှုသည် ကြိယာသည်၊ ပထဝီနာမ=ပရမတ်နှစ် မြေဓာတ်စစ်မည်၏။
ယာ အာဗန္ဓန ကိရိယာ=အကြင်ဖွဲ့စေး ကပ်တွယ်မှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုဖွဲ့စေး ကပ်တွယ်မှုဟူသော ကြိယာ သည်၊ အာပေါနာမ=ပရမတ်နှစ်ဓာတ်စစ်မည်၏။
ယာ ဥဏှတ္တကိရိယာ=အကြင် နွေးသည် ပူသည်၏ အဖြစ်တည်း ဟူသော ကြိယာသည်။ သာ=ထိုနွေးမှုပူမှု ကြိယာသည် တေဇောနာမ= ပရမတ်နှစ်ဓာတ်စစ်မည်၏။
ယာ ဝိတ္ထမ္ဘန ကိရိယာ=အကြင်ထောက်ကန်မှုဟူသော ကြိယာ သည်။ သာ=ထိုထောက်ကန်မှုဟူသော ကြိယာသည်၊ ဝါယောနာမ= ပရမတ်နှစ်ဓာတ်စစ်မည်၏။
ဝဏ္ဏော=အဆင်းဓာတ်သည်၎င်း၊ ဂန္ဓော=အနံ့ဓာတ်သည်၎င်း၊ ရသော=အရသာဓာတ်သည်၎င်း၊ ဩဇာ=ဟူသော အာဟာရဓာတ် သည်၎င်း၊ ဣမေ=ဤလေးပါးသော ဓာတ်တို့သည်၊ တဒုပါဒါ=ထိုမြေ, ရေ, မီး, လေ-ဟူသော ဓာတ်ကြီးလေးပါးတို့၌ မှီတွယ်ရသော ရုပ်ငယ် ရုပ်သေးစုတို့သာတည်း။
သဗ္ဗေ=အလုံးစုံကုန်သော၊ ဧတေဓမ္မာ=ထိုဓာတ်ကြီးလေးသွယ်, ဓာတ်ငယ်လေးပါး ရုပ်တရားတို့သည်
သင်္ခတာ=အဖန်ဖန်ပြုပြင်အပ်သော တရားတို့တည်း။
ပဋိစ္စသမုပ္ပန္နာ=အကြောင်းကိုစွဲ၍ တစ်ပေါင်းတစ်စုတည်း ဖြစ် ပေါ်သော တရားတို့သာတည်း။
နိဿတ္တာ=ပုဂ္ဂိုလ်မျိုး သတ္တဝါမျိုး မဟုတ်ကုန်။
နိဇ္ဇီဝါ=တစ်မိနစ် တစ်နာရီ စသည်ရှည်သော အသက်ဇီဝ ရှိကြ သော တရားမျိုး မဟုတ်ကုန်။
တုစ္ဆာ=ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ် သာယာဖွယ်သော အထည်ဒြဗ် ဂုဏ်သကတ်နှင့် မစပ်မနီး အချည်းနှီးတို့သာတည်း။
သုညာ=နိစ္စဂုဏ်, သုခဂုဏ်, သုဘဂုဏ်, အတ္တဂုဏ်, သာရဂုဏ် တို့မှ ဆိတ်ကုန်၏။
ခယဓမ္မာ=ခဏခဏ ကုန်ဆုံးခြင်းသဘောအလေ့ရှိကုန်၏။
ဝယဓမ္မာ=ခဏခဏ ကွယ်ပျောက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ဝိရာဂဓမ္မာ=ခဏခဏ ပြယ်ပျောက်ခြင်းသဘော အလေ့ရှိကုန်၏။
နိရောဓဓမ္မာ=ခဏခဏ ချုပ်ရုပ်ပျက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ခယဋ္ဌေန=ခဏခဏ ကုန်ဆုံးခြင်းအနက်ကြောင့်၊ အနိစ္စာ=အနိစ္စ မျိုးတို့သာလျှင်တည်း။
ဘယဋ္ဌေန=ကြောက်လန့်ဖွယ်မှု ဘေးအစုဟူသော အနက် ကြောင့်၊ ဒုက္ခာ=ဒုက္ခမျိုးတို့သာလျှင်တည်း။
အသာရကဋ္ဌေန=အခိုင်အမာ အနှစ်သာရမဟုတ်သော အနက် ကြောင့်၊ အနတ္တာ=အနတ္တမျိုးတို့သာလျှင်တည်း။
ဣတိ= ဤတွင် ပထဝီကာယ ၂၀-ပြီး၏။
-----*---
အာပေါကာယ ဘာဝနာ ပဋိနိဒ္ဒေသ
(၂-က) ပိတ္တကာယေ=သည်းခြေဟူသော ကိုယ်အစု၌ ယာ ကက္ခဠ ကိရိယာ=အကြင်ခက်မာမှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုခက်မာမှုကြိယာသည်၊ ပထဝီနာမ=ပရမတ်နှစ် မြေဓာတ်စစ်မည်၏။
ယာ အာဗန္ဓနကိရိယာ=အကြင် ဖွဲ့စေးကပ်တွယ်မှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုဖွဲ့စေးကပ်တွယ်မှု ကြိယာသည်၊ အာပေါနာမ=ပရမတ်နှစ် ရေဓာတ်စစ်မည်၏။
ယာ ဥဏှတ္တ ကိရိယာ=အကြင်နွေးသည် ပူသည်၏ အဖြစ် တည်းဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုနွေးမှု, ပူမှု ကြိယာသည်၊ တေဇောနာမ=ပရမတ်နှစ်မီးဓာတ်စစ်မည်၏။
ယာ ဝိတ္ထမ္ဘန ကိရိယာ=အကြင်ထောက်ကန်မှုဟူသော ကြိယာ သည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုထောက်ကန်မှု ကြိယာသည်၊ ဝါယောနာမ= ပရမတ်နှစ် လေဓာတ်စစ်မည်၏။
ဝဏ္ဏော=အဆင်းဓာတ်သည်လည်းကောင်း၊ ဂန္ဓော=အနံ့ဓာတ် သည်လည်းကောင်း၊ ရသော=အရသာဓာတ်သည်လည်းကောင်း၊ ဣမေ= လေးပါးသောဓာတ်တို့သည်၊ တဒုပါဒါ=ထိုမြေ, ရေ, မီး, လေ-ဟူသော ဓာတ်ကြီးလေးပါးတို့၌ မှီတွယ်ရသောရုပ်ငယ် ရုပ်သေးစုတို့သာတည်း။
သဗ္ဗေ=အလုံးစုံကုန်သော၊ ဧတေဓမ္မာ=ထိုဓာတ်ကြီးလေးသွယ်, ဓာတ်ငယ်လေးပါး ရုပ်တရားတို့သည်
သင်္ခတာ=အဖန်ဖန်ပြုပြင်အပ်သော တရားတို့သာတည်း။
ပဋိစ္စသမုပ္ပန္နာ=အကြောင်းကိုစွဲ၍ တစ်ပေါင်းတစ်စုတည်း ဖြစ် ပေါ်သော တရားတို့သာတည်း။
နိဿတ္တာ=ပုဂ္ဂိုလ်မျိုး သတ္တဝါမျိုး မဟုတ်ကုန်။
နိဇ္ဇီဝါ=တစ်မိနစ် တစ်နာရီ စသည်ရှည်သော အသက်ဇီဝ ရှိကြ သော တရားမျိုး မဟုတ်ကုန်။
တုစ္ဆာ=ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ် သာယာဖွယ်သော အထည် ဒြဗ် ဂုဏ်သကတ်နှင့် မစပ်မနီး အချည်းနှီးတို့သာတည်း။
သုညာ=နိစ္စဂုဏ်, သုခဂုဏ်, သုဘဂုဏ်, အတ္တဂုဏ်, သာရဂုဏ် တို့မှ ဆိတ်ကုန်၏။
ခယဓမ္မာ=ခဏခဏ ကုန်ဆုံးခြင်းသဘောအလေ့ရှိကုန်၏။
ဝယဓမ္မာ=ခဏခဏ ကွယ်ပျောက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ဝိရာဂဓမ္မာ=ခဏခဏ ပြယ်ပျောက်ခြင်းသဘော အလေ့ရှိကုန်၏။
နိရောဓဓမ္မာ=ခဏခဏ ချုပ်ရုပ်ပျက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ခယဋ္ဌေန=ခဏခဏ ကုန်ဆုံးခြင်းအနက်ကြောင့်၊ အနိစ္စာ=အနိစ္စ မျိုးတို့သာလျှင်တည်း။
ဘယဋ္ဌေန=ကြောက်လန့်ဖွယ်မှု ဘေးအစုဟူသော အနက် ကြောင့်၊ ဒုက္ခာ=ဒုက္ခမျိုးတို့သာလျှင်တည်း။
အသာရကဋ္ဌေန=အခိုင်အမာ အနှစ်သာရမဟုတ်သော အနက် ကြောင့်၊ အနတ္တာ=အနတ္တမျိုးတို့သာလျှင်တည်း။
(ခ) တထာ=ထိုပိတ္တာကာယနှင့်အတူ၊ သေမှကာယေ= သလိပ်ဟူသော ကိုယ်အစု၌၎င်း၊ ပုဗ္ဗကာယေ=ပြည်ဟူသော ကိုယ် အစု၌၎င်း၊ လောဟိတကာယေ=သွေးဟူသော ကိုယ်အစု၌၎င်း၊ သေဒ ကာယေ=ချွေးဟူသော ကိုယ်အစု၌၎င်း၊ မေဒကာယေ=အဆီပြင်ခဲ ဟူသော ကိုယ်အစု၌၎င်း၊ အဿုကာယေ=မျက်ရည်ဟူသော ကိုယ်အစု၌ ၎င်း၊ ဝသာကာယေ=ဆီကြည်ဟူသော ကိုယ်အစု၌၎င်း၊ ခေဠကာယေ= လျှာရည် တံတွေးဟူသော ကိုယ်အစု၌၎င်း၊ သိင်္ဃာဏိကာကာယေ= နှာရည် နှပ်စေးဟူသော ကိုယ်အစု၌၎င်း၊ လသိကာ ကာယေ=အစေး အပုပ်ဟူသော ကိုယ်အစု၌၎င်း၊ မုတ္တကာယေ=ကျင်ငယ်ဟူသော ကိုယ် အစု၌၎င်း၊
ယာ ကက္ခဠကိရိယာ=အကြင်ခက်မာမှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုခက်မာမှုသည် ကြိယာသည်၊ ပထဝီနာမ=ပရမတ်နှစ် မြေဓာတ်စစ်မည်၏။
ယာ အာဗန္ဓန ကိရိယာ=အကြင်ဖွဲ့စေး ကပ်တွယ်မှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုဖွဲ့စေး ကပ်တွယ်မှုဟူသော ကြိယာ သည်၊ အာပေါနာမ=ပရမတ်နှစ် ရေဓာတ်စစ်မည်၏။
ယာ ဥဏှတ္တကိရိယာ=အကြင် နွေးသည် ပူသည်၏ အဖြစ်တည်း ဟူသော ကြိယာသည်။ သာ=ထိုနွေးမှုပူမှု ကြိယာသည်၊ တေဇောနာမ= ပရမတ်နှစ် မီးဓာတ်စစ်မည်၏။
ယာ ဝိတ္ထမ္ဘန ကိရိယာ=အကြင်ထောက်ကန်မှုဟူသော ကြိယာ သည်၊ သာ=ထိုထောက်ကန်မှုဟူသော ကြိယာသည်၊ ဝါယောနာမ= ပရမတ်နှစ် လေဓာတ်စစ်မည်၏။
ဝဏ္ဏော=အဆင်းဓာတ်သည်၎င်း၊ ဂန္ဓော=အနံ့ဓာတ်သည်၎င်း၊ ရသော=အရသာဓာတ်သည်၎င်း၊ ဩဇာ=ဟူသော အာဟာရဓာတ် သည်၎င်း၊ ဣမေ=ဤလေးပါးသော ဓာတ်တို့သည်၊ တဒုပါဒါ=ထိုမြေ, ရေ, မီး, လေ-ဟူသော ဓာတ်ကြီးလေးပါးတို့၌ မှီတွယ်ရသော ရုပ်ငယ် ရုပ်သေးစုတို့သာတည်း။
သဗ္ဗေ=အလုံးစုံကုန်သော၊ ဧတေဓမ္မာ=ထိုဓာတ်ကြီးလေးသွယ်, ဓာတ်ငယ်လေးပါး ရုပ်တရားတို့သည်
သင်္ခတာ=အဖန်ဖန်ပြုပြင်အပ်သော တရားတို့တည်း။
ပဋိစ္စသမုပ္ပန္နာ=အကြောင်းကိုစွဲ၍ တစ်ပေါင်းတစ်စုတည်း ဖြစ် ပေါ်သော တရားတို့သာတည်း။
နိဿတ္တာ=ပုဂ္ဂိုလ်မျိုး သတ္တဝါမျိုး မဟုတ်ကုန်။
နိဇ္ဇီဝါ=တစ်မိနစ် တစ်နာရီ စသည်ရှည်သော အသက်ဇီဝ ရှိကြ သော တရားမျိုး မဟုတ်ကုန်။
တုစ္ဆာ=ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ် သာယာဖွယ်သော အထည် ဒြဗ် ဂုဏ်သကတ်နှင့် မစပ်မနီး အချည်းနှီးတို့သာတည်း။
သုညာ=နိစ္စဂုဏ်, သုခဂုဏ်, သုဘဂုဏ်, အတ္တဂုဏ်, သာရဂုဏ် တို့မှ ဆိတ်ကုန်၏။
ခယဓမ္မာ=ခဏခဏ ကုန်ဆုံးခြင်းသဘောအလေ့ရှိကုန်၏။
ဝယဓမ္မာ=ခဏခဏ ကွယ်ပျောက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ဝိရာဂဓမ္မာ=ခဏခဏ ပြယ်ပျောက်ခြင်းသဘော အလေ့ရှိကုန်၏။
နိရောဓဓမ္မာ=ခဏခဏ ချုပ်ရုပ်ပျက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ခယဋ္ဌေန=ခဏခဏ ကုန်ဆုံးခြင်းအနက်ကြောင့်၊ အနိစ္စာ= အနိစ္စမျိုးတို့သာလျှင်တည်း။
ဘယဋ္ဌေန=ကြောက်လန့်ဖွယ်မှု ဘေးအစုဟူသော အနက် ကြောင့်၊ ဒုက္ခာ=ဒုက္ခမျိုးတို့သာလျှင်တည်း၊ သာရကဋ္ဌေန=အခိုင်အမာ အနှစ်သာရမဟုတ်သော အနက်ကြောင့်၊ အနတ္တာ=အနတ္တမျိုးတို့သာ လျှင်တည်း။
ဣတိ=ဤတွင်- အာပေါကာယ ၁၂-ပါး ပြီး၏။
---တေဇောကာယ ဘာဝနာ ပဋိနိဒ္ဒေသ
(၃-က) သန္တာပကာယေ=သန္တာပတေဇောဟူသော ကိုယ်အစု၌ ယာ ကက္ခဠ ကိရိယာ=အကြင်ခက်မာမှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုခက်မာမှု ကြိယာသည်၊ ပထဝီနာမ=ပရမတ်နှစ် မြေဓာတ်စစ်မည်၏။
ယာ အာဗန္ဓနကိရိယာ=အကြင် ဖွဲ့စေးကပ်တွယ်မှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုဖွဲ့စေးကပ်တွယ်မှု ကြိယာသည်၊ အာပေါနာမ=ပရမတ်နှစ် ရေဓာတ်စစ်မည်၏။
ယာ ဥဏှတ္တ ကိရိယာ=အကြင်နွေးသည် ပူသည်၏ အဖြစ်တည်း ဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုနွေးမှု ပူမှု ကြိယာသည်၊ တေဇောနာမ=ပရမတ်နှစ်မီးဓာတ်စစ်မည်၏။
ယာ ဝိတ္ထမ္ဘန ကိရိယာ=အကြင်ထောက်ကန်မှုဟူသော ကြိယာ သည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုထောက်ကန်မှုကြိယာသည်၊ ဝါယောနာမ= ပရမတ်နှစ် လေဓာတ်စစ်မည်၏။
ဝဏ္ဏော=အဆင်းဓာတ်သည်လည်းကောင်း၊ ဂန္ဓော=အနံ့ဓာတ် သည်လည်းကောင်း၊ ရသော=အရသာဓာတ်သည်လည်းကောင်း၊ ဣမေ= လေးပါးသောဓာတ်တို့သည်၊ တဒုပါဒါ=ထိုမြေ, ရေ, မီး, လေ-ဟူသော ဓာတ်ကြီးလေးပါးတို့၌ မှီတွယ်ရသောရုပ်ငယ် ရုပ်သေးစုတို့သာတည်း။
သဗ္ဗေ=အလုံးစုံကုန်သော၊ ဧတေဓမ္မာ=ထိုဓာတ်ကြီးလေးသွယ်, ဓာတ်ငယ်လေးပါး ရုပ်တရားတို့သည်
သင်္ခတာ=အဖန်ဖန်ပြုပြင်အပ်သော တရားတို့သာတည်း။
ပဋိစ္စသမုပ္ပန္နာ=အကြောင်းကိုစွဲ၍ တစ်ပေါင်းတစ်စုတည်း ဖြစ် ပေါ်သော တရားတို့သာတည်း။
နိဿတ္တာ= ပုဂ္ဂိုလ်မျိုး သတ္တဝါမျိုး မဟုတ်ကုန်။
နိဇ္ဇီဝါ=တစ်မိနစ် တစ်နာရီ စသည်ရှည်သော အသက်ဇီဝ ရှိကြ သော တရားမျိုး မဟုတ်ကုန်။
တုစ္ဆာ=ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ် သာယာဖွယ်သော အထည် ဒြဗ် ဂုဏ်သကတ်နှင့် မစပ်မနီး အချည်းနှီးတို့သာတည်း။
သုညာ=နိစ္စဂုဏ်, သုခဂုဏ်, သုဘဂုဏ်, အတ္တဂုဏ်, သာရဂုဏ် တို့မှ ဆိတ်ကုန်၏။
ခယဓမ္မာ=ခဏခဏ ကုန်ဆုံးခြင်းသဘောအလေ့ရှိကုန်၏။
ဝယဓမ္မာ=ခဏခဏ ကွယ်ပျောက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ဝိရာဂဓမ္မာ=ခဏခဏ ပြယ်ပျောက်ခြင်းသဘော အလေ့ရှိကုန်၏။
နိရောဓဓမ္မာ=ခဏခဏ ချုပ်ရုပ်ပျက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ခယဋ္ဌေန=ခဏခဏ ကုန်ဆုံးခြင်းအနက်ကြောင့်၊ အနိစ္စာ= အနိစ္စမျိုးတို့သာလျှင်တည်း။
ဘယဋ္ဌေန=ကြောက်လန့်ဖွယ်မှု ဘေးအစုဟူသော အနက် ကြောင့်၊ ဒုက္ခာ=ဒုက္ခမျိုးတို့သာလျှင်တည်း။
အသာရကဋ္ဌေန=အခိုင်အမာ အနှစ်သာရမဟုတ်သော အနက် ကြောင့်၊ အနတ္တာ=အနတ္တမျိုးတို့သာလျှင်တည်း။
(ခ) တထာ=ထို သန္တာပကာယနှင့်အတူ၊ ဒါဟကာယေ=ဒါဟ တေဇောဟူသော ကိုယ်အစု၌၎င်း၊ ပါစကကာယေ=ပါစကဓာတ်မီး ဟူသော ကိုယ်အစု၌၎င်း၊ ဇီရဏကာယေ=ဇီရဏတေဇောဟူသော ကိုယ်အစု၌၎င်း၊
ယာ ကက္ခဠကိရိယာ=အကြင်ခက်မာမှု ဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုခက်မာမှုသည် ကြိယာသည်၊ ပထဝီနာမ=ပရမတ်နှစ် မြေဓာတ်စစ်မည်၏။
ယာ အာဗန္ဓန ကိရိယာ=အကြင်ဖွဲ့စေး ကပ်တွယ်မှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုဖွဲ့စေး ကပ်တွယ်မှုဟူသော ကြိယာ သည်၊ အာပေါနာမ=ပရမတ်နှစ် ရေဓာတ်စစ်မည်၏။
ယာ ဥဏှတ္တကိရိယာ=အကြင် နွေးသည် ပူသည်၏ အဖြစ်တည်း ဟူသော ကြိယာသည်။ သာ=ထိုနွေးမှုပူမှု ကြိယာသည်၊ တေဇောနာမ= ပရမတ်နှစ် မီးဓာတ်စစ်မည်၏။
ယာ ဝိတ္ထမ္ဘန ကိရိယာ=အကြင်ထောက်ကန်မှုဟူသော ကြိယာ သည်။ သာ=ထိုထောက်ကန်မှုဟူသော ကြိယာသည်၊ ဝါယောနာမ= ပရမတ်နှစ် လေဓာတ်စစ်မည်၏။
ဝဏ္ဏော=အဆင်းဓာတ်သည်၎င်း၊ ဂန္ဓော=အနံ့ဓာတ်သည်၎င်း၊ ရသော=အရသာဓာတ်သည်၎င်း၊ ဩဇာ=ဟူသော အာဟာရဓာတ် သည်၎င်း၊ ဣမေ=ဤလေးပါးသော ဓာတ်တို့သည်၊ တဒုပါဒါ=ထိုမြေ, ရေ, မီး, လေ-ဟူသော ဓာတ်ကြီးလေးပါးတို့၌ မှီတွယ်ရသော ရုပ်ငယ် ရုပ်သေးစုတို့သာတည်း။
သဗ္ဗေ=အလုံးစုံကုန်သော၊ ဧတေဓမ္မာ=ထိုဓာတ်ကြီးလေးသွယ်, ဓာတ်ငယ်လေးပါး ရုပ်တရားတို့သည်
သင်္ခတာ=အဖန်ဖန်ပြုပြင်အပ်သော တရားတို့တည်း။
ပဋိစ္စသမုပ္ပန္နာ=အကြောင်းကိုစွဲ၍ တစ်ပေါင်းတစ်စုတည်း ဖြစ် ပေါ်သော တရားတို့သာတည်း။
နိဿတ္တာ=ပုဂ္ဂိုလ်မျိုး သတ္တဝါမျိုး မဟုတ်ကုန်။
နိဇ္ဇီဝါ=တစ်မိနစ် တစ်နာရီ စသည်ရှည်သော အသက်ဇီဝ ရှိကြ သော တရားမျိုး မဟုတ်ကုန်။
တုစ္ဆာ=ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ် သာယာဖွယ်သော အထည် ဒြဗ် ဂုဏ်သကတ်နှင့် မစပ်မနီး အချည်းနှီးတို့သာတည်း။
သုညာ=နိစ္စဂုဏ်, သုခဂုဏ်, သုဘဂုဏ်, အတ္တဂုဏ်, သာရဂုဏ် တို့မှ ဆိတ်ကုန်၏။
ခယဓမ္မာ=ခဏခဏ ကုန်ဆုံးခြင်းသဘောအလေ့ရှိကုန်၏။
ဝယဓမ္မာ=ခဏခဏ ကွယ်ပျောက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ဝိရာဂဓမ္မာ=ခဏခဏ ပြယ်ပျောက်ခြင်းသဘော အလေ့ရှိကုန်၏။
နိရောဓဓမ္မာ=ခဏခဏ ချုပ်ရုပ်ပျက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ခယဋ္ဌေန=ခဏခဏ ကုန်ဆုံးခြင်းအနက်ကြောင့်၊ အနိစ္စာ= အနိစ္စမျိုးတို့သာလျှင်တည်း။
ဘယဋ္ဌေန=ကြောက်လန့်ဖွယ်မှု ဘေးအစုဟူသော အနက် ကြောင့်၊ ဒုက္ခာ=ဒုက္ခမျိုးတို့သာလျှင်တည်း။
အသာရကဋ္ဌေန=အခိုင်အမာ အနှစ်သာရမဟုတ်သော အနက် ကြောင့်၊ အနတ္တာ=အနတ္တမျိုးတို့သာလျှင်တည်း။
ဣတိ=ဤတွင်- တေဇောကာယ ၄-ပါး ပြီး၏။
---ဝါယောကာယ ဘာဝနာ ပဋိနိဒ္ဒေသ
(၄-က) ဥဒ္ဓင်္ဂမကာယေ=ဥဒ္ဓင်္ဂမ လေအစု၌
ယာ ကက္ခဠ ကိရိယာ=အကြင်ခက်မာမှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုခက်မာမှုကြိယာသည်၊ ပထဝီနာမ=ပရမတ်နှစ် မြေဓာတ်စစ်မည်၏။
ယာ အာဗန္ဓနကိရိယာ=အကြင် ဖွဲ့စေးကပ်တွယ်မှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုဖွဲ့စေး ကပ်တွယ်မှု ကြိယာသည်၊ အာပေါနာမ=ပရမတ်နှစ် ရေဓာတ်စစ်မည်၏။
ယာ ဥဏှတ္တ ကိရိယာ=အကြင်နွေးသည် ပူသည်၏ အဖြစ်တည်း ဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုနွေးမှုပူမှု ကြိယာသည်၊ တေဇောနာမ=ပရမတ်နှစ်မီးဓာတ်စစ်မည်၏။
ယာ ဝိတ္ထမ္ဘန ကိရိယာ=အကြင်ထောက်ကန်မှုဟူသော ကြိယာ သည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုထောက်ကန်မှု ကြိယာသည်၊ ဝါယောနာမ= ပရမတ်နှစ် လေဓာတ်စစ်မည်၏။
ဝဏ္ဏော=အဆင်းဓာတ်သည်လည်းကောင်း၊ ဂန္ဓော=အနံ့ဓာတ် သည်လည်းကောင်း၊ ရသော=အရသာဓာတ်သည်လည်းကောင်း၊ ဣမေ= လေးပါးသောဓာတ်တို့သည်၊ တဒုပါဒါ=ထိုမြေ, ရေ, မီး, လေ-ဟူသော ဓာတ်ကြီးလေးပါးတို့၌ မှီတွယ်ရသောရုပ်ငယ် ရုပ်သေးစုတို့သာတည်း။
သဗ္ဗေ=အလုံးစုံကုန်သော၊ ဧတေဓမ္မာ=ထိုဓာတ်ကြီးလေးသွယ်, ဓာတ်ငယ်လေးပါး ရုပ်တရားတို့သည်
သင်္ခတာ=အဖန်ဖန်ပြုပြင်အပ်သော တရားတို့သာတည်း။
ပဋိစ္စသမုပ္ပန္နာ=အကြောင်းကိုစွဲ၍ တစ်ပေါင်းတစ်စုတည်း ဖြစ် ပေါ်သော တရားတို့သာတည်း။
နိဿတ္တာ=ပုဂ္ဂိုလ်မျိုး သတ္တဝါမျိုး မဟုတ်ကုန်။
နိဇ္ဇီဝါ=တစ်မိနစ် တစ်နာရီ စသည်ရှည်သော အသက်ဇီဝ ရှိကြ သော တရားမျိုး မဟုတ်ကုန်။
တုစ္ဆာ=ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ် သာယာဖွယ်သော အထည် ဒြဗ် ဂုဏ်သကတ်နှင့် မစပ်မနီး အချည်းနှီးတို့သာတည်း။
သုညာ=နိစ္စဂုဏ်, သုခဂုဏ်, သုဘဂုဏ်, အတ္တဂုဏ်, သာရဂုဏ် တို့မှ ဆိတ်ကုန်၏။
ခယဓမ္မာ=ခဏခဏ ကုန်ဆုံးခြင်းသဘောအလေ့ရှိကုန်၏။
ဝယဓမ္မာ=ခဏခဏ ကွယ်ပျောက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ဝိရာဂဓမ္မာ=ခဏခဏ ပြယ်ပျောက်ခြင်းသဘော အလေ့ရှိကုန်၏။
နိရောဓဓမ္မာ=ခဏခဏ ချုပ်ရုပ်ပျက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ခယဋ္ဌေန=ခဏခဏ ကုန်ဆုံးခြင်းအနက်ကြောင့်၊ အနိစ္စာ=အနိစ္စ မျိုးတို့သာလျှင်တည်း။
ဘယဋ္ဌေန=ကြောက်လန့်ဖွယ်မှု ဘေးအစုဟူသော အနက် ကြောင့်၊ ဒုက္ခာ=ဒုက္ခမျိုးတို့သာလျှင်တည်း။
အသာရကဋ္ဌေန=အခိုင်အမာ အနှစ်သာရမဟုတ်သော အနက် ကြောင့်၊ အနတ္တာ=အနတ္တမျိုးတို့သာလျှင်တည်း။
(ခ) တထာ=ထိုဥဒ္ဓင်္ဂမကာယနှင့်အတူ၊ အဓောဂမကာယေ= အဓောဂမလေအစု၌၎င်း၊ ကုစ္ဆိသယကာယေ=ကုစ္ဆိသယလေအစု၌၎င်း၊ ကောဋ္ဌာသယကာယေ=ကောဋ္ဌာသယလေအစု၌၎င်း၊ အင်္ဂမင်္ဂါနုသာရီ ကာယေ=အင်္ဂမင်္ဂါနုသာရီ လေအစု၌၎င်း၊ အဿသ ပဿသကာယေ= ထွက်သက် ဝင်သက်လေအစု၌၎င်း၊
ယာ ကက္ခဠကိရိယာ=အကြင်ခက်မာမှု ဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုခက်မာမှုသည် ကြိယာသည်၊ ပထဝီ နာမ=ပရမတ်နှစ် မြေဓာတ်စစ်မည်၏။
ယာ အာဗန္ဓန ကိရိယာ=အကြင်ဖွဲ့စေး ကပ်တွယ်မှုဟူသော ကြိယာသည်၊ အတ္ထိ=ရှိ၏၊ သာ=ထိုဖွဲ့စေး ကပ်တွယ်မှုဟူသော ကြိယာ သည်၊ အာပေါနာမ=ပရမတ်နှစ် ရေဓာတ်စစ်မည်၏။
ယာ ဥဏှတ္တကိရိယာ=အကြင် နွေးသည် ပူသည်၏ အဖြစ်တည်း ဟူသော ကြိယာသည်။ သာ=ထိုနွေးမှုပူမှု ကြိယာသည်၊ တေဇောနာမ= ပရမတ်နှစ် မီးဓာတ်စစ်မည်၏။
ယာ ဝိတ္ထမ္ဘန ကိရိယာ=အကြင်ထောက်ကန်မှုဟူသော ကြိယာ သည်၊ သာ=ထိုထောက်ကန်မှုဟူသော ကြိယာသည်၊ ဝါယောနာမ= ပရမတ်နှစ် လေဓာတ်စစ်မည်၏။
ဝဏ္ဏော=အဆင်းဓာတ်သည်၎င်း၊ ဂန္ဓော=အနံ့ဓာတ်သည်၎င်း၊ ရသော=အရသာဓာတ်သည်၎င်း၊ ဩဇာ=ဟူသော အာဟာရဓာတ် သည်၎င်း၊ ဣမေ=ဤလေးပါးသော ဓာတ်တို့သည်၊ တဒုပါဒါ=ထိုမြေ, ရေ, မီး, လေ-ဟူသော ဓာတ်ကြီးလေးပါးတို့၌ မှီတွယ်ရသော ရုပ်ငယ် ရုပ်သေးစုတို့သာတည်း။
သဗ္ဗေ=အလုံးစုံကုန်သော၊ ဧတေဓမ္မာ=ထိုဓာတ်ကြီးလေးသွယ်, ဓာတ်ငယ်လေးပါး ရုပ်တရားတို့သည်
သင်္ခတာ=အဖန်ဖန်ပြုပြင်အပ်သော တရားတို့တည်း။
ပဋိစ္စသမုပ္ပန္နာ=အကြောင်းကိုစွဲ၍ တစ်ပေါင်းတစ်စုတည်း ဖြစ် ပေါ်သော တရားတို့သာတည်း။
နိဿတ္တာ=ပုဂ္ဂိုလ်မျိုး သတ္တဝါမျိုး မဟုတ်ကုန်။
နိဇ္ဇီဝါ=တစ်မိနစ် တစ်နာရီ စသည်ရှည်သော အသက်ဇီဝ ရှိကြ သော တရားမျိုး မဟုတ်ကုန်။
တုစ္ဆာ=ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ် သာယာဖွယ်သော အထည် ဒြဗ် ဂုဏ်သကတ်နှင့် မစပ်မနီး အချည်းနှီးတို့သာတည်း။
သုညာ=နိစ္စဂုဏ်, သုခဂုဏ်, သုဘဂုဏ်, အတ္တဂုဏ်, သာရဂုဏ် တို့မှ ဆိတ်ကုန်၏။
ခယဓမ္မာ=ခဏခဏ ကုန်ဆုံးခြင်းသဘောအလေ့ရှိကုန်၏။
ဝယဓမ္မာ=ခဏခဏ ကွယ်ပျောက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ဝိရာဂဓမ္မာ=ခဏခဏ ပြယ်ပျောက်ခြင်းသဘော အလေ့ရှိကုန်၏။
နိရောဓဓမ္မာ=ခဏခဏ ချုပ်ရုပ်ပျက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ခယဋ္ဌေန=ခဏခဏ ကုန်ဆုံးခြင်းအနက်ကြောင့်၊ အနိစ္စာ=အနိစ္စ မျိုးတို့သာလျှင်တည်း။
ဘယဋ္ဌေန=ကြောက်လန့်ဖွယ်မှု ဘေးအစုဟူသော အနက် ကြောင့်၊ ဒုက္ခာ=ဒုက္ခမျိုးတို့သာလျှင်တည်း။
အသာရကဋ္ဌေန=အခိုင်အမာ အနှစ်သာရမဟုတ်သော အနက် ကြောင့်၊ အနတ္တာ=အနတ္တမျိုးတို့သာလျှင်တည်း။
ဣတိ=ဤတွင်- ဝါယောကာယ ၆-ပါး ပြီး၏။
---ဝိညာဏကာယ ဘာဝနာ ပဋိနိဒ္ဒေသ
(၅-က) စက္ခုဝိညာဏကာယေ=စက္ခုဝိညာဏ်တည်းဟူသော နာမကာယ၌၊ စတ္တာရောခန္ဓာ=လေးပါးသော ခန္ဓာတို့ကို၊ လဗ္ဘန္တိ=ရအပ် ကုန်၏။
ဝေဒနာ=အာရုံ၏အရသာကို ခံစားမှုသည်၊ ဝေဒနာက္ခန္ဓော= ဝေဒနာက္ခန္ဓာမည်၏။
သညာ=အာရုံကိုမှတ်သားမှုသည်၊ သညာက္ခန္ဓော=သညာက္ခန္ဓာ မည်၏။
စေတနာ=စိတ်၏စေ့ဆော်မှုသည်၊ သင်္ခါရက္ခန္ဓော=သင်္ခါရက္ခန္ဓာ မည်၏။
ဝိညာဏံ=အာရုံကိုသိမှုသည်၊ ဝိညာဏက္ခန္ဓော=ဝိညာဏက္ခန္ဓာ မည်၏။
သဗ္ဗေ=အလုံးစုံကုန်သော၊ ဧတေဓမ္မာ=မျက်လုံးတွင်းမှာ ရံခါ ရံခါ ဖြစ်ပေါ်ကြကုန်သော ခန္ဓာလေးပါး ဤနာမ်တရားတို့သည် သင်္ခတာ=အဖန်ဖန်ပြုပြင်အပ်သော တရားတို့သာတည်း။
ပဋိစ္စသမုပ္ပန္နာ=အကြောင်းကိုစွဲ၍ တပေါင်းတစုတည်း ဖြစ်ပေါ် သော တရားတို့သာတည်း။
နိဿတ္တာ=ပုဂ္ဂိုလ်မျိုးသတ္တဝါမျိုး မဟုတ်ကုန်။
နိဇ္ဇိဝါ=တမိနစ် တနာရီ အသက်ရှည်သော အသက်ဇီဝရှိကြသော တရားမျိုး မဟုတ်ကုန်။
တုစ္ဆာ=ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ် သာယာဖွယ်သောအထည် ဒြဗ် ဂုဏ်သကတ်နှင့် မစပ်မနီး အချည်းနှီးတို့သာတည်း။
သုညာ=နိစ္စဂုဏ်, သုခဂုဏ်, သုဘဂုဏ်, အတ္တဂုဏ်, သာရဂုဏ် တို့မှ ဆိတ်ကုန်၏။
ခယဓမ္မာ=ခဏခဏ ကုန်ဆုံးခြင်း သဘောအလေ့ရှိကုန်၏။
ဝယဓမ္မာ=ခဏခဏ ကွယ်ပပျောက်ဆုံးခြင်း သဘောအလေ့ရှိ ကုန်၏။
ဝိရာဂဓမ္မာ=ခဏခဏ ပယ်ပျောက်ခြင်း သဘောအလေ့ရှိကုန်၏။
နိရောဓဓမ္မာ=ခဏခဏ ချုပ်ရုပ် ပျက်ဆုံးခြင်း သဘောအလေ့ ရှိကုန်၏။
ခယဋ္ဌေန=ခဏခဏ ကုန်ဆုံးခြင်းအနက်ကြောင့်၊ အနိစ္စာ=အနိစ္စ မျိုးတို့သာလျှင်တည်း။
ဘယဋ္ဌေန=ကြောက်လန့်ဖွယ်မှု ဘေးအစုဟူသော အနက် ကြောင့်၊ ဒုက္ခာ=ဒုက္ခမျိုးတို့သာလျှင်တည်း။
အသာရကဋ္ဌေန=အခိုင်အမာ အနှစ်သာရ မဟုတ်သော အနက် ကြောင့်၊ အနတ္တာ=အနတ္တမျိုးတို့သာလျှင်တည်း။
(ခ) တထာ=ထိုစက္ခုဝိညာဏ်တည်းဟူသော နာမကာယနှင့် အတူ၊ သောတဝိညာဏကာယေ=သောတဝိညာဏ် တည်းဟူသော နာမကာယ ၌လည်းကောင်း၊ ဃာနဝိညာဏကာယေ=ဃာနဝိညာဏ်တည်းဟူသော နာမကာယ၌လည်းကောင်း၊ ဇိဝှါဝိညာဏကာယေ=ဇိဝှါဝိညာဏ် တည်းဟူသော နာမကာယ၌လည်းကောင်း၊ ကာယဝိညာဏ ကာယေ= ကာယဝိညာဏ်တည်းဟူသော နာမကာယ၌လည်းကောင်း၊ မနော ဝိညာဏကာယေ=မနောဝိညာဏ်တည်းဟူသော နာမကာယ၌ လည်း ကောင်း၊ စတ္တာရောခန္ဓာ=လေးပါးသောခန္ဓာတို့ကို၊ လဗ္ဘန္တိ=ရအပ်ကုန်၏။
ဝေဒနာ=အာရုံ၏ အရသာကို ခံစားမှုသည်၊ ဝေဒနာက္ခန္ဓော= ဝေဒနာက္ခန္ဓာမည်၏။
သညာ=အာရုံကို မှတ်သားမှုသည်၊ သညက္ခန္ဓော=သညက္ခန္ဓာ မည်၏။
စေတနာ=စိတ်၏စေ့စော်မှုသည်၊ သင်္ခါရက္ခန္ဓော=သင်္ခါရက္ခန္ဓာ မည်၏။
ဝိညာဏံ=အာရုံကိုသိမှုသည်၊ ဝိညာဏက္ခန္ဓော=ဝိညာဏက္ခန္ဓာ မည်၏။
သဗ္ဗေ=အလုံးစုံကုန်သော၊ ဧတေဓမ္မာ=နားစသည်တို့၏ အတွင်း မှာရံခါရံခါ ဖြစ်ပေါ်ကြကုန်သော ခန္ဓာလေးပါး ဤနာမ်တရားတို့သည် သင်္ခါတာ=အဖန်ဖန်ပြုပြင်အပ်သော တရားတို့သာတည်း။
ပဋိစ္စသမုပ္ပန္နာ=အကြောင်းကိုစွဲ၍ တပေါင်းတစုတည်း ဖြစ်ပေါ် သော တရားတို့သာတည်း။
နိဿတ္တာ=ပုဂ္ဂိုလ်မျိုး သတ္တဝါမျိုး မဟုတ်ကုန်။
နိဇ္ဇီဝါ=တမိနစ် တနာရီ စသည်ရှည်သော အသက်ဇီဝရှိကြသော တရားမျိုး မဟုတ်ကုန်။
တုစ္ဆာ=ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ် သာယာဖွယ်သော အထည် ဒြဗ် ဂုဏ်သကတ်နှင့် မစပ်မနီး အချည်းနှီးတို့သာတည်း။
သုညာ=နိစ္စဂုဏ်, သုခဂုဏ်, သုဘဂုဏ်, အတ္တဂုဏ်, သာရဂုဏ် တို့မှ ဆိတ်ကုန်၏။
ခယဓမ္မာ=ခဏခဏ ကုန်ဆုံးခြင်း သဘောအလေ့ရှိကုန်၏။
ဝယဓမ္မာ=ခဏခဏ ကွယ်ပပျောက်ဆုံးခြင်း သဘောအလေ့ ရှိကုန်၏။
ဝိရာဂဓမ္မာ=ခဏခဏ ပြယ်ပျောက်ခြင်း သဘောအလေ့ရှိကုန်၏။
နိရောဓမ္မာ=ခဏခဏ ချုပ်ရုပ်ပျက်ဆုံးခြင်း သဘောအလေ့ ရှိကုန်၏။
ခယဋ္ဌေန=ခဏခဏ ကုန်ဆုံးခြင်းအနက်ကြောင့်၊ အနိစ္စာ=အနိစ္စ မျိုးတို့သာလျှင်တည်း။
ဘယဋ္ဌေန=ကြောက်လန့်ဖွယ်မှု ဘေးအစုဟူသော အနက် ကြောင့်၊ ဒုက္ခာ=ဒုက္ခမျိုးတို့သာလျှင်တည်း။
အသာရကဋ္ဌေန=အခိုင်အမာ အနှစ်သာရမဟုတ်သော အနက် ကြောင့်၊ အနတ္တာ=အနတ္တမျိုးတို့သာလျှင်တည်း။
ဣတိ=ဤတွင် ဝိညာဏကာယ ၆-ပါးပြီး၏။
---နိဂုံး
ဣတိ=ဤသို့၊ မေ=ငါ၏၊ ဣမသ္မိံကာယေ=တလံမျှလောက်သော ဤခန္ဓာကိုယ်၌၊ အဋ္ဌစတ္တာလီသ ပဘေဒါ=လေးဆယ့်ရှစ်ပါး အပြားရှိ ကုန်သော၊ ဓာတုကာယာ=ဓာတ်အပေါင်းအစုတို့သည်၊ ဓမ္မကာယာ= ဓမ္မအပေါင်းအစုတို့သည်
သင်္ခတာ=အဖန်ဖန် ပြုပြင်အပ်သော တရားတို့သာတည်း။ ပဋိတာပ္ပန္န=အကြောင်းကိုစွဲ၍ တပေါင်းတစုတည်းဖြစ် ပေါ်သော တရားတို့သာတည်း။
နိဿတ္တာ=ပုဂ္ဂိုလ်မျိုး သတ္တဝါမျိုး မဟုတ်ကုန်။
နိဇ္ဇီဝါ=တစ်မိနစ် တစ်နာရီ စသည်ရှည်သော အသက်ဇီဝ ရှိကြသော တရားမျိုး မဟုတ်ကုန်။
တုစ္ဆာ=ပုဂ္ဂိုလ်သတ္တဝါ အင်္ဂါကြီးငယ် သာယာဖွယ်သော အထည် ဒြဗ် ဂုဏ်သကတ်နှင့် မစပ်မနီး အချည်းနှီးတို့သာတည်း။
သုညာ=နိစ္စဂုဏ်, သုခဂုဏ်, သုဘဂုဏ်, အတ္တဂုဏ်, သာရဂုဏ် တို့မှ ဆိတ်ကုန်၏။
ခယဓမ္မာ= ခဏခဏ ကုန်ဆုံးခြင်းသဘောအလေ့ရှိကုန်၏၊ ဝယဓမ္မာ=ခဏခဏ ကွယ်ပျောက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ဝိရာဂဓမ္မာ=ခဏခဏ ပြယ်ပျောက်ခြင်းသဘော အလေ့ရှိကုန်၏၊ နိရောဓဓမ္မာ=ခဏခဏ ချုပ်ရုပ်ပျက်ဆုံးခြင်းသဘော အလေ့ရှိ ကုန်၏။
ခယဋ္ဌေန=ခဏခဏ ကုန်ဆုံးခြင်းအနက်ကြောင့်၊ အနိစ္စာ=အနိစ္စ မျိုးတို့သာလျှင်တည်း။
ဘယဋ္ဌေန=ကြောက်လန့်ဖွယ်မှု ဘေးအစုဟူသော အနက် ကြောင့်၊ ဒုက္ခာ=ဒုက္ခမျိုးတို့သာလျှင်တည်း။
အသာရကဋ္ဌေန=အခိုင်အမာ အနှစ်သာရမဟုတ်သော အနက် ကြောင့်၊ အနတ္တာ=အနတ္တမျိုးတို့သာလျှင်တည်း။
ဣတိ၊ ဤတွင်ရွေ့ ဓာတ်ကမ္မဋ္ဌာန်းကျမ်းသစ် နိဿယပြီး၏။
---တိုက်တွန်းခြင်း ဥယျောဇဉ်
ဤအနက်ကိုမူကား- မိမိတို့အိမ်တွင် နေ့စဉ်သရဇ္ဈာယ်ကြရမည်။ ဆံပင်တခု၌ ခက်မာမူဟူသော ပရမတ်စစ် ဓာတ်မြေနှစ်ကို သဘော မိအောင် စွဲစွဲမြဲမြဲ ကြံကြရမည်။ ပညာရှိကြီးများထံ အဖန်ဖန် နာယူ ကြရမည်။ ဆံပင်တစ်ခု၌ ဖွဲ့စေးမှုဟူသော ပရမတ်ရေဓာတ်၊ ပူမှု, နွေးမှု, ဧမှုဟူသော ပရမတ်မီးဓာတ်၊ ထောက်ကန်မှု ဟူသောပရမတ် လေဓာတ် တို့ကိုလည်း သဘောမိအောင် အားထုတ်ကြရမည်။
သဘောပေါက်နိုင်ရန် အကျယ်ဖော်ပြသောအခန်းကိုမူကားငါတို့စီရင်သော လက္ခဏဒီပနီကျမ်း, ဝိဇ္ဇာမဂ္ဂဒီပနီကျမ်း, အာဟာရဒီပနီ ကျမ်း, အနတ္တဒီပနီကျမ်း, ကမ္မဋ္ဌာနဒီပနီကျမ်း, ဘာဝနာဒီပနီကျမ်းတို့မှာ ယူကြလေ၊ ဓာတ်ကို သဘောမမိဘဲနှင့် “သင်္ခတာ၊ ပဋိစ္စသမုန္နာ၊ နိဿတ္တာ၊ နိဇ္ဇီဝါ” စသည်ဖြင့် သုံးသပ်သော်လည်း ဝိပဿနာဉာဏ် အောင်အောင် မြင်မြင် မဖြစ်၊ ကုသိုလ်ရကာမျှသာ ဖြစ်ကြမည်။
တိုက်တွန်းခြင်း ဥယျောဇဉ်ပြီး၏။
---ဆောင်ပုဒ်
(၁) နူးညံ့, ခက်မာ၊ ဤနှစ်ဖြာ၊ မှတ်ပါမြေဓာတ်စစ်။
(၂) ဖွဲ့စေး, စီးယို၊ နှစ်ပါးကို၊ ခေါ်ဆိုရေဓာတ်စစ်။
(၃) ဧမှု, ပူမှု၊ ဤနှစ်ခု၊ ခေါ်မှုမီးဓာတ်စစ်။
(၄) ထောက်ကန်, လှုပ်ရှား၊ ဤနှစ်ပါး၊ ခေါ်ငြား လေဓာတ်စစ်။
(၅) ဆင်း, နံ့, ရသာ၊ ဆီဩဇာ၊ လေးဖြာ မှီရုပ်သေး။
ဆောင်ပုဒ် အဓိပ္ပါယ်
(၁) ထိုထိုသက်ရှိ, သက်မဲ့ဝတ္ထုမျိုးတို့၌ နူးညံ့မှုမည်သည်ရှိ၏၊ ခက်မာကြမ်းတမ်းမှုမည်သည်ရှိ၏၊ လူအများတို့ ကိုယ်တွေ့ဒိဋ္ဌ တွေ့ရှိ၍ နေကြသော အမှုပင်တည်း၊ ထိုနူးညံ့မှု, ခက်မာမှု ၂-ပါးသည် အဘိဓမ္မာ လာသော ပထဝီဓာတ်အစစ်ပေတည်း။
[ကျမ်းဂန်တို့၌ ကက္ခဠလက္ခဏာဟု ခက်မာမှု ၂-ပါးဆိုသည်မှာ လောကဝေါ ဟာရသို့ လိုက်၍ဆိုသည်၊ နောင်ဓာတ်ကြီး၃-ပါးတို့၌လည်း ဤနည်းအတူသိလေ။]
(၂) ထိုထိုသက်ရှိ, သက်မဲ့ဝတ္ထုမျိုးတို့၌ ဖွဲ့စေးကပ်တွယ်မှု မည် သည်ရှိ၏၊ အရည်ဝတ္ထုမျိုးတို့၌ ယိုစီးမှုမည်သည် ရှိ၏၊ လူအများတို့ ကိုယ်တွေ့ဒိဋ္ဌ တွေ့ရှိ၍နေကြသော အမှုပင်တည်း၊ ထိုဖွဲ့စေးမှု, ယိုစီးမှု ၂-ပါးသည် အဘိဓမ္မာ၌လာသော အာပေါဓာတ်အစစ်ပေတည်း။
(၃) ထိုထိုသက်ရှိ, သက်မဲ့ဝတ္ထုမျိုးတို့၌ ဧမှုမည်သည် ရှိ၏၊ ပူမှု, နွေးမှုမည်သည် ရှိ၏၊ လူအများတို့ ကိုယ်တွေ့ဒိဋ္ဌ တွေ့ရှိ၍နေကြသော အမှုပင်တည်း၊ ထိုဧမှု, ပူမှု ၂-ပါးသည် အဘိဓမ္မာ၌လာသော တေဇော ဓာတ် အစစ်ပေတည်း။
(၄) ထိုထိုသက်ရှိ, သက်မဲ့ဝတ္ထုမျိုးတို့၌ ထောက်ကန်မှုဟူသော ဧရှိန်, ပူရှိန်မည်သည် ရှိ၏၊ လှုပ်ရှားမှုမည်သည် ရှိ၏၊ လူအများတို့ ကိုယ်တွေ့ဒိဋ္ဌ တွေ့ရှိ၍နေကြသော အမှုပင်တည်း၊ ထိုထောက်ကန်မှု, လှုပ်ရှားမှု ၂-ပါးသည် အဘိဓမ္မာ၌လာသော ဝါယောဓာတ်အစစ်ပေ တည်း။
(၅) ထိုထိုသက်ရှိ, သက်မဲ့ဝတ္ထုမျိုးတို့၌ အဆင်းဓာတ် ၁-ပါး, အနံ့ဓာတ် ၁-ပါး, အရသာဓာတ် ၁-ပါး, အဆီအစေးဟူသော ဩဇာ ဓာတ် ၁-ပါး, ဤဓာတ်လေးပါးသည်ရှိ၏၊ အဆင်းဓာတ်ကို မျက်စိဖြင့် မြင်ကြ၏၊ အနံ့ဓာတ်ကို နှာခေါင်းဖြင့် နံကြ၏၊ အရသာဓာတ်ကို လျှာ ဖြင့်သိကြ၏၊ ဩဇာဓာတ်သည်ကား- ထိုထို အစာအာဟာရတို့ကို စား သောက်၍ ဝမ်းတွင်းရောက်သည်ရှိသော် ရူပကာယခန္ဓာကိုယ်ကို စောင့် ရှောက်ထောက်ပံ့သော ဓာတ်အထူးပေတည်း။
[ဤရုပ်ဓာတ် ၄-ပါးသည်ကား-မြေ, ရေ, မီး, လေဟူသော ဓာတ်ကြီး လေးပါး ကို မှီတွယ်ရသော ရုပ်ငယ် ရုပ်သေးမျိုးပေတည်း။]
ဆောင်ပုဒ်အဓိပ္ပါယ် ပြီး၏၊
ပထဝီ အာပေါဓာတ် ၂-ပါးတွဲစပ်နေပုံ
အလွန်ညက်ညောလှစွာသော ထုံးမှုန့်မျိုး, ပြာမှုန့်မျိုးသည် ရေနှင့် မရောမီ အစေးအဖွဲ့မရှိ၊ တမှုန့်စီနေ၏၊ လေသုတ်ခဲ့လျှင် လွင့်၏၊ ရေထည့်၍ ကြိတ်နယ်၍ အလုံးအခဲဖြစ်ခဲ့သော် ခွက်တောင်းခန့်, ပြည် တောင်းခန့်, စိတ်တောင်းခန့်ရှိသော်လည်း အဖွဲ့အစေးရှိ၏၊ တစ်လုံး တစ်ခဲတည်းဖြစ်၏၊ ထုနှက်၍ပင် ကွဲကြေသည်မရှိ၊ ခက်မာ၏။
အဘိဓမ္မာ ပထဝီမြေဓာတ်သည် ဤဝတ္ထု၌ ထုံးမှုန့်ညက်, ပြာမှုန် ပညတ်နှင့် အလားတူ၏၊ အဘိဓမ္မာ အာပေါရေဓာတ်သည် ဤဝတ္ထု၌ ထည့်သောရေနှင့် အလားတူ၏၊ ထိုရေဖွဲ့စေးမှုကြောင့် ထုံးမှုန့်, ပြာမှုန့် တို့သည် အချင်းချင်း ကပ်တွယ်ကြကုန်၍ တစ်လုံးတည်း တစ်ခဲတည်း ဖြစ်ကြကုန်၏၊ ဤသည်ကား- ပထဝီဓာတ်နှင့် အာပေါဓာတ်ကို သိသာ ခြားနားအောင် ပြဆိုသော ယုတ္တိတည်း။
ဆင်ကောင်သဏ္ဌာန်, မြင်းကောင်သဏ္ဌာန်, နွား, ကျွဲ, ခွေး, ဝက်, ကြက်, ငှက်, လူကောင်သဏ္ဌာန်, စသည်တို့၌လည်း ပထဝီအမှုန့်နှင့် အာပေါအစေး လုံးထွေးမှုကြောင့် သဏ္ဌာန်ကြီးငယ် အထည်ဒြဗ် တစ်လုံး တစ်ခဲတည်း ဖြစ်၍နေပုံကို အကုန်မြင်လေ။
[သစ်ပင်, သစ်တုံး, ကျောက်လုံး, ကျောက်ပြား, သံတုံး, သံခဲစသည်တို့၌လည်း ထိုနည်းတူမြင်လေ။]
ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း, သွား, အရေ, အသား, အရိုးအစရှိသော ကောဋ္ဌာသကာယတို့၌လည်း ပထဝီအမှုန့်နှင့် အာပေါ အစေးလုံးထွေးမှုကြောင့်ပင်လျှင် သဏ္ဌာန်ကြီးငယ် အထည် ဒြဗ် အမျိုးမျိုးဖြစ်၍ နေကြကုန်သည့်အတွက် အချို့ကို ဆံပင်ဟူ၍ ခေါ်ကြ ရသည်၊ အချို့ကို မွေးညင်းဟူ၍, အချို့ကိုခြေသည်းဟူ၍, လက်သည်း ဟူ၍, သွားဟူ၍, အရေဟူ၍, အသားဟူ၍, အရိုးဟူ၍ ခေါ်ကြရသည်။
အဘိဓမ္မာအလိုအားဖြင့်မူကား- ဆံပင်ဟူ၍မရှိ၊ ဓာတ်ကြီး၄-ပါးနှင့် အမွှမ်းတင် ရုပ်ငယ်, ရုပ်သေး ၄-ပါးသာ အမှန်ရှိသည်၊ မွေညင်းဟူ၍မရှိ၊ ခြေသည်း, လက်သည်းဟူ၍ မရှိ၊ ဓာတ်ကြီး ၄-ပါးနှင့် အမွှမ်းတင် ရုပ်ငယ်, ရုပ်သေး ၄-ပါးသာ အမှန်ရှိသည်။
[ရိုးတွင်းခြင်ဆီ, အညှို့, နှလုံး, အသည်း, အမြှေးစသည်တို့၌လည်း ထိုနည်း အတူမြင်လေ။]
ဓာတ် ၂-ပါး တွဲစပ်နေပုံပြီး၏။
---ဆံပင်၌ဓာတ် ၈-ပါးခွဲနည်း
ဆံပင်၌ဓာတ် ၈-ပါး ခွဲနည်းကား
(၁) ဆံပင်ကိုစမ်းသပ်လျှင် မာသည်ဟုတွေ့ရှိ၏၊ ထိုမာမှုသည် ပထဝီဓာတ်တည်း။
(၂) လုံးပတ်သဏ္ဌာန် ဖြစ်နေသည်ကိုမြင်၍ ဖွဲ့စေးမှုကို သိရ၏၊ ထိုဖွဲ့စေးမှုသည် အာပေါဓာတ်တည်း။
(၃) ပူသောအခါပူမှု, နွေးသောအခါနွေးမှု, ဧသောအခါ ဧမှု ကိုတွေ့ရှိ၏၊ ထိုပူမှု, နွေးမှု, ဧမှုသည် တေဇောဓာတ်တည်း။
(၄) ပူရှိန်, နွေးရှိန်, ဧရှိန်ကိုတွေ့ရှိ၏၊ ထိုအရှိန်စုသည် ဝါယော ဓာတ်တည်း။
(၅) မျက်စိဖြင့်ကြည့်ရှုလျှင် ဆံပင်၌ အဆင်းကိုမြင်၏၊ ထိုအဆင်း သည် ဝဏ္ဏဓာတ်တည်း။
(၆) နှာခေါင်းဖြင့်နမ်းလျှင် ဆံပင်၌အနံ့ကိုနံ၏၊ ထိုအနံ့သည် ဂန္ဓဓာတ်တည်း။
(၇) လျှာဖြင့်မြီးလျှင် အရသာကိုသိရ၏၊ ထိုအရသာသည် ရသ ဓာတ်တည်း။
(၈) ဆံပင်ကိုစားသော သတ္တဝါတို့မှာ ရူပကာယကို စောင့် ရှောက်ထောက်ပံ့ခြင်းသဘောရှိသော ဆီအစေးမည်သည် ဆံပင်၌ရှိ၏၊ ထိုအဆီအစေးသည် ဩဇာခေါ်သော အာဟာရဓာတ်တည်း။
ဆံပင်ဓာတ် ၈-ပါးခွဲနည်းပြီး၏။
---ကြွင်းသောကောဋ္ဌာသတို့၌ဓာတ် ၈-ပါးခွဲနည်း
မွှေးညင်း၌ ဓာတ်၈-ပါး၊ ခြေသည်း, လက်သည်းတို့၌ ဓာတ်၈- ပါး၊ သွားတို့၌ ဓာတ်၈-ပါး၊ အရေ၌ ဓာတ်၈-ပါး၊ အသား၌ ဓာတ်၈-ပါး၊ အရိုး၌ ဓာတ်၈-ပါး၊ ခြင်ဆီ၌ ဓာတ်၈-ပါး၊ အညှို့၌ ဓာတ်၈-ပါး၊ နှလုံး၌ ဓာတ်၈-ပါး၊ အဆုတ်၌ ဓာတ်၈-ပါး၊ အူမ၌ ဓာတ်၈-ပါး၊ အူသိမ်၌ ဓာတ်၈- ပါး- ဤသို့စသည်ဖြင့် ကျင်ငယ်၌ဓာတ်၈-ပါးတိုင်အောင် ခွဲခြမ်း၍သိလေ, မြင်လေ၊ ကြွင်းသော တေဇောကာယ ၄-ပါး, ဝါယောကာယ ၆-ပါး တို့၌လည်းဓာတ် ၈-ပါးစီရှိကြ၏။
ဤဓာတ် ၈-ပါးကား- အဝိနိဗ္ဘောဂ ရုပ်စုဖြစ်၍ ခပ်သိမ်းသော ရုပ်အစုတို့မှာ အရင်းခံဖြစ်ကြ၏၊ ဤဓာတ်၈-ပါးကိုခွဲခြား၍ မြင်နိုင်လျှင်ပင် ဉာဏ်၌ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, မိန်းမ, ယောက်ျား, ဦးခေါင်း, ခြေ, လက်စသည်၊ ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း, သွား, အရေ, အသား, အရိုးစသည်ဉာဏ်မျက်စိ၌ အကုန်ကွယ် ပျောက်လတံ့၊ ဓာတ်စု ဓာတ်ခဲကြီးငယ်မျှသာ ရှိသည်ဟု ဉာဏ်မျက်စိ၌ မြင်ရလတံ့။
၄၂-ပါးသောကောဋ္ဌာသကာယတို့၌ ဓာတ် ၈-ပါးခွဲနည်းပြီး၏။
---ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းချုပ်
သင်္ခတ။ ။ ထိုဓာတ်၈-ပါးတို့သည် သင်္ခတတရားတို့သာတည်း။ သင်္ခတ ဆိုသည်ကား- လောက၌ နှစ်စဉ်ဖြစ်ပွားသော ကောက် စပါးတို့သည် အသစ်အသစ်ပြုလုပ်မှုဒုက္ခနှင့် နှစ်စဉ်ပြုပြင်နိုင်မှ နှစ်စဉ် ဖြစ်ပွားကြကုန်၏၊ မပြုပြင်နိုင်သောအခါ၌ မဖြစ်ပေါ်လာကြကုန်ပြီ၊ ထိုအတူ လူ့ခန္ဓာဖြစ်သောဤဓာတ်၈-ပါးတို့သည် ကုသိုလ်ပြုလုပ်မှု ဒုက္ခနှင့် ဘဝတိုင်းပြုပြင်နိုင်မှလူ့ပြည်၌ ဖြစ်ပေါ်လာကြကုန်၏၊ မပြုပြင် သောအခါ၌ လူ့ပြည်မှာ မဖြစ်ပေါ်လာကြကုန်ပြီ၊ အပါယ်ငရဲ၌သာ ဖြစ်ပွား၍ နေကြကုန်တော့သည်။ တောင်သူအလုပ်မည်သည် မိုးရေရှိမှ လုပ်နိုင်၏၊ မိုးရေမရှိလျှင် မလုပ်နိုင်၊ ထို့အတူ ကုသိုလ်မှုမည်သည် သပ္ပုရိပနိဿယကို တွေ့ကြုံမှပြုလုပ်နိုင်၏၊ သပ္ပုရိသူပနိဿယ မည်သည် ဘဝတထောင်မှာ တခါကြုံခဲ၏။
လူ့ခန္ဓာ၌ သင်္ခတဒုက္ခအကြမ်းပြချက်ပြီး၏။
ပဋိစ္စသမုပ္ပန္န။။ ထိုဓာတ်၈-ပါးတို့သည် ပဋိစ္စသမုပ္ပန္နသဘော တို့သာတည်း။
ပဋိစ္စသမုပ္ပန္နဆိုသည်ကား- မျိုးစေ့, လယ်, မြေ, မိုး, ရေ, တောင် သူယောကျ်ား၏ လုပ်ဆောင်မှုတို့ကို အစွဲပြု၍သာ ဖြစ်ပွါးနိုင်ကုန်၏၊ ထို ၄-ပါးတို့တွင် တစ်ပါးပါးချို့တဲ့လျှင်ပင် မဖြစ်နိုင်ကြကုန်ပြီ၊ ထို့အတူ ထိုလူ့ခန္ဓာဖြစ်သော ဓာတ် ၈-ပါးတို့သည်
(၁) ပုဗ္ဗေကတပုညတာစက်,
(၂) ပတိရူပဒေသဝါသစက်,
(၃) သပ္ပုရိသူပနိဿယစက်,
(၄) အတ္တသမ္မာပဏိဓိစက်
ဤစက်လေးပါးတည်းဟူသော ဥပနိဿယပစ္စည်းကို အစွဲအမှီ ပြုရမှ လူ့ပြည်၌ အသစ်သစ်ဖြစ်ပေါ်နိုင်ကြကုန်၏၊ ထိုအကြောင်း လေးပါးသည်လည်း ဘဝတစ်ထောင်မှာ တစ်ခါကြုံခဲ၏၊။ သိသာပြီ။
[နိဿတ္တာ, နိဇ္ဇီဝါဟူသော ပုဒ်တို့၏အဓိပ္ပါယ်သည် ဓာတ် ၈-ပါးခွဲခန်းနှင့်ပင်ထင်ရှားပြီ။]
ခယဓမ္မာ, ဝယဓမ္မာ, ဝိရာဂဓမ္မာ, နိရောဓ ဓမ္မာဟူသော ပုဒ်တို့တွင် ခယပုဒ်၏အဓိပ္ပါယ်ကား- ရဲရဲညီသော သံပူပြားကြီးအပြင်၌ ကျရောက်ကုန်သော ရေပေါက်တို့သည် ခဏချင်း ခဏချင်း ကုန်ခန်းခြင်း သို့ ရောက်ကုန်သကဲ့သို့ တစ်ကိုယ်လုံး၌ ထိုထိုအရိယာပုထ်အားလျော်စွာ အခိုက်အတန့်အားဖြင့် အထွေထွေ အလာလာ ဖြစ်ပေါ်ကြကုန်သော ခက်မာမှုအမျိုးမျိုးတို့သည် မစဲမစဲ အသစ်အသစ်ဖြစ်ပေါ်၍ ခဏချင်း ခဏချင်း ကုန်ဆုံးကြကုန်၏၊ ထိုအမှုတို့နှင့်အတူတကွ ပါရှိကြကုန်သော အဆင်းအမျိုးမျိုး, အနံ့အမျိုးမျိုး, အရသာအမျိုးမျိုး, ဩဇာအမျိုးမျိုး တို့သည်လည်းကောင်း မစဲမစဲ အသစ်အသစ်ဖြစ်ပေါ်၍ ခဏချင်း ခဏ ချင်း ကုန်ဆုံးကြကုန်၏။
[ဤကား- ကုန်ခန်းခြင်းအနက်ရှိသော ခယပုဒ်၏ အဓိပ္ပါယ်တည်း။]
ဝယပုဒ်၏အဓိပ္ပါယ်ကား- တောင်လေထသောအခါ ဧရာ ဝတီမြစ်ပြင်၌ လှိုင်းဂယက်ငယ်တို့သည် မစဲမစဲဖြစ် ပေါ်ကုန်၏၊ ခဏချင်း ခဏချင်း ကွယ်ပျောက်ကုန်သကဲ့သို့ တစ်ကိုယ်လုံး၌ ထိုထို ဣရိယာပုထ် အားလျော်စွာ အခိုက်အတန့်အားဖြင့် အထွေထွေ အလာလာ ဖြစ် ပေါ်ကြကုန်သော ခက်မာမှုအမျိုးမျိုးတို့သည် မစဲမစဲ အသစ်အသစ် ဖြစ်ပေါ်၍ ခဏချင်း ခဏချင်း ကွယ်ပျောက်ကုန်၏၊ ထို့အတူ ဖွဲ့စေးမှု အမျိုးမျိုး, ပူမှု ဧမှုအမျိုးမျိုး, လှုပ်ရှားမှု အမျိုးမျိုးတို့သည်လည်းကောင်း၊ ထိုအမှုတို့နှင့် အတူတကွပါရှိကုန်သော အဆင်းအမျိုးမျိုး, အနံ့အမျိုးမျိုး, အရသာအမျိုးမျိုး, ဩဇာအမျိုးမျိုးတို့သည်လည်းကောင်း မစဲမစဲ အသစ် အသစ်ဖြစ်ပေါ်၍ ခဏချင်း ခဏချင်း ကွယ်ပျောက်ကုန်၏။
[ဤကား-ပျက်ဆီးခြင်းအနက်ရှိသော ဝယပုဒ်တို့၏ အဓိပ္ပါယ်တည်း၊ လျှပ်ရောင် တို့၏ ခဏချင်း ခဏချင်း ကွယ်ပျောက်မှုနှင့်လည်း ပြဆိုသင့်၏၊]
ဝိရာဂပုဒ်၏အဓိပ္ပါယ်ကား- ရေ၌ ရေးအပ်သော အရေး အကြာင်းတို့သည် ခဏချင်း ခဏချင်း ပြယ်ပျောက်ကုန်သကဲ့သို့ တစ်ကိုယ်လုံး၌ ထိုထိုအရိယာပုထ်အားလျော်စွာ အခိုက်အတန့်အားဖြင့် အထွေထွေ အလာလာ ဖြစ်ပေါ်ကြကုန်သော ခက်မာမှုအမျိုးမျိုးတို့သည် မစဲမစဲ အသစ်အသစ်ဖြစ်ပေါ်၍ ခဏချင်း ခဏချင်း ပြယ်ပျောက်ကုန်၏၊ ထိုအမှုတို့နှင့်အတူတကွ ပါရှိကြကုန်သော အဆင်းအမျိုးမျိုး, အနံ့ အမျိုးမျိုး, အရသာအမျိုးမျိုး, ဩဇာအမျိုးမျိုးတို့သည်လည်းကောင်း မစဲမစဲ အသစ်အသစ်ဖြစ်ပေါ်၍ ခဏချင်း ခဏချင်း ပြယ်ပျောက်ကုန်၏။
[ဤကား- ပြယ်ပျောက်ခြင်းအနက်ရှိသော ဝိရာဂပုဒ်၏ အဓိပ္ပါယ်တည်း။]
နိရောဓပုဒ်၏အဓိပ္ပါယ်ကား- မိုးတိမ်ဝမှ ထွက်မြှူးသော လျှပ် ပန်းနွယ်တို့သည် ခဏချင်း ခဏချင်း ချုပ်ပျက် ရုတ်သိမ်းသကဲ့သို့ တစ်ကိုယ်လုံး၌ ထိုထိုအရိယာပုထ်အားလျော်စွာ အခိုက်အတန့်အားဖြင့် အထွေထွေ အလာလာ ဖြစ်ပေါ်ကြကုန်သော ခက်မာမှုအမျိုးမျိုးတို့သည် မစဲမစဲ အသစ်အသစ်ဖြစ်ပေါ်၍ ခဏချင်း ခဏချင်း ချုပ်ပျက် ရုတ်သိမ်း ကုန်၏၊ ထို့အတူ ဖွဲ့စေးမှုအမျိုးမျိုး, ပူမှု ဧမှုအမျိုးမျိုး, လှုပ်ရှားမှုအမျိုးမျိုး တို့သည်လည်းကောင်း ထိုအမှုတို့နှင့် အတူတကွ ပါရှိကြကုန်သော အဆင်းအမျိုးမျိုး, အနံ့အမျိုးမျိုး, အရသာအမျိုးမျိုး, ဩဇာအမျိုးမျိုး တို့သည်လည်းကောင်း မစဲမစဲ အသစ်အသစ်ဖြစ်ပေါ်၍ ခဏချင်း ခဏချင်း ချုပ်ပျက်ရုတ်သိမ်းကုန်၏။
[ဤကား- ချုပ်ခြင်းအနက်ရှိသော နိရောဓပုဒ်၏ အဓိပ္ပါယ်တည်း။]
ခယဋ္ဌေနအနိစ္စာ- ပုဒ်၏ အဓိပ္ပါယ်သည် ခယပုဒ်, ဝယပုဒ်, ဝိရာဂပုဒ်, နိရောဓပုဒ်တို့၏ အဓိပ္ပါယ်နှင့် အလုံးစုံတူ၏၊ အသာရကဋ္ဌေန အနတ္တာ-ပုဒ်၏ အဓိပ္ပါယ်သည်လည်း ခယ ဋ္ဌေန=ခဏချင်း ခဏချင်း ကုန်ခန်းမှုဆိုသည်နှင့် အသာရကဋ္ဌေန=အနှစ် သာရမရှိမှု ဆိုသည်ကား အတူတူပင်ဖြစ်၏။
ပုဂ္ဂိုလ်သတ္တဝါမည်သည် တစ်သက်လုံးမှာ ပဋိသန္ဓေအခါ၌ တစ်ခါ သာဖြစ်မြဲ, ဘဝအဆုံး၌တစ်ခါသာသေမြဲဟု သတ္တဝါအများတို့ ထင် မြင်စွဲလမ်းကြ၏၊ ပြဆိုခဲ့ပြီးသော ဓာတ် ၈-ပါးတို့သည်မူကား တစ်နာရီ အတွင်းမှာပင် အခါတစ်ရာမက အသစ်, အဟောင်း ပြောင်းလဲကုန် ခန်းမြဲဓမ္မတာဖြစ်၏။
ပုဂ္ဂိုလ် သတ္တဝါ၏ ဖြစ်မှု ပျက်မှုကား တစ်လမ်း၊ ဓာတ် ၈-ပါး တို့၏ဖြစ်မှု ပျက်မှုကားတစ်လမ်း၊ ထို့ကြောင့် ဓာတ် ၈-ပါးတို့သည် ပုဂ္ဂိုလ်သတ္တဝါ၏ အနှစ်သာရအတ္တ မဟုတ်ကုန်၊ ပုဂ္ဂိုလ်သတ္တဝါ၏ အမာခံ အထည်ခံ မဟုတ်ကုန်။
အမာခံအထည်ခံ ဆိုသည်ကား- သံသပိတ်၏ အမာခံ အထည် ခံကား-သံတည်း၊ မြေသပိတ်၏ အမာခံ အထည်ခံကား- မြေတည်း၊ ဝါချည်ပုဆိုး၏ အမာခံ အထည်ခံကား-ဝါချည်တည်း၊ ပိုးချည် ပုဆိုး၏ အမာခံ အထည်ခံကား- ပိုးချည်တည်း။
ဓာတ် ၈-ပါးတို့သည် ထိုကဲ့သို့ ပုဂ္ဂိုလ်သတ္တဝါ၏ အမာခံ အထည် ခံဖြစ်သော အတ္တသာရမဟုတ်ကုန် ဆိုလိုသည်။ အကယ်၍ဓာတ် ၈- ပါးတို့သည် ပုဂ္ဂိုလ်သတ္တဝါ၏ အမာခံ အထည်ခံ အတ္တသာရ ဟုတ် ကုန်ငြားအံ့၊ ပုဂ္ဂိုလ်သတ္တဝါမှာ တစ်သက်တွင် ပဋိသန္ဓေအခါ၌ တစ်ခါသာ ဖြစ်မြဲ, တစ်ခါသာ ပျက်ဆုံးမြဲ ဖြစ်ကြကုန်ရာ၏၊ ထိုသို့ကား မဟုတ်ကုန်။
ဓာတ် ၈-ပါးတို့သည် တစ်နာရီမှာပင် အခါတစ်ရာမက အသစ် သစ်ဖြစ်ကြကုန်၏၊ အခါတစ်ရာမက အဟောင်းအဟောင်းချုပ်ပျက် သေဆုံးကြကုန်၏။
ထို့ကြောင့်ဓာတ် ၈-ပါးတို့သည် ပုဂ္ဂိုလ်သတ္တဝါ၏ အတ္တသာရ မဟုတ်ကုန်၊ အမာခံ အထည်ခံ မဟုတ်ကုန်၊ ဓာတ် ၈-ပါးတို့သည် ပုဂ္ဂိုလ်သတ္တဝါမဟုတ်ကုန်၊ ဓာတ် ၈-ပါးတို့ကို လွှတ်၍လည်း ပုဂ္ဂိုလ် သတ္တဝါဟူ၍ မရှိကုန်-ဟူလိုသည်။
[ဤကား- အသာရကဋ္ဌေန အနတ္တာပုဒ်၏အဓိပ္ပါယ်တည်း၊ ဘယဋ္ဌေန ဒုက္ခာ ပုဒ်၏ အဓိပ္ပါယ်ကိုမူကား ကမ္မဋ္ဌာနဒီပနီ၊ ဘာဝနာဒီပနီ စာအုပ်တို့မှာယူလေ။]
ဝိညာဏကာယ ၆-ပါးတို့သည် ရုပ်ကာယတို့ကိုမှီ၍ ဖြစ်ပေါ်ကြ ကုန်၏၊ ထိုထိုဝိညာဏ်၏ မှီရာဖြစ်သော ထိုထိုရုပ်ကာယ ပျက်ဆုံး သည်ရှိသော် ထိုထိုဝိညာဏ်သည်လည်း ပျက်ဆုံးတော့သည်။
ဥပမာကား- မြစ်ပြင်၌ လှိုင်းဂယက်ငယ်တို့၏ အညွန့်၌မှီ၍ တလက်လက်တောက်ပကုန်သော နေရောင်တို့သည် သူ့လှိုင်းဂယက် ငယ်နှင့်သူ ပျောက်ကွယ်ကြကုန်သကဲ့သို့တည်း။
[အကျယ်ကိုမူကား- ကမ္မဋ္ဌာနဒီပနီ ဝိညာဏက္ခန္ဓာအခန်းမှာ ယူလေ။]
ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းချုပ်ပြီး၏၊
---နိပ္ဖန္နရုပ် ၁၈-ပါး
ကောဋ္ဌာသတို့၌ ရုပ်ကလာပ်ခွဲနည်း မဟာဘုတ် ၄-ပါး
(၁) ပထဝီ၂၀
(၂) အာပေါ၁၂
(၃) တေဇော၄
(၄) ဝါယော၆
ဤ ၄၂- ကောဋ္ဌာသတို့၌ ရအပ်သော ရုပ်ပေါင်း ကလာပ်ပေါင်း တို့ကို ပြဆိုပေအံ့။
(က) ပ, အာ, ဝါ, တေ၊ မြေ, ရေ, လေ, မီး၊ လွန်ပွါးစီး၊ ဘုတ်ကြီး စတုက္က။
(ခ) ခက်မာ, ဖွဲ့စေး၊ ပူဧ, ထောက်ကန်၊ ဤလေးတန်၊ မှတ်ရန် လက္ခဏ။
(က) ပရမတ္ထသံခိပ်ကျမ်း လင်္ကာဖြစ်၍ ဝါ, တေ, လေ, မီးတို့၌ ရှေ့နောက်ပြန်သည်၊ ပထဝီ, အာပေါ, တေဇော, ဝါယောကား ပါဠိခေါ်၊ မြေ, ရေ, မီး, လေကား မြန်မာခေါ်၊ လွန်ပွားစီးကား ဘူတ သဒ္ဒါ၏ အနက်တည်း၊ ဘုတ်ကြီးစတုက္ကကား မဟာဘုတ် ၄-ပါး ဆိုလိုသည်။
(ခ) ခက်မာကား ပထဝီ၏ လက္ခဏာတည်း၊ ဖွဲ့စေးကား အာပေါ၏ လက္ခဏာတည်း၊ ပူအေးကား တေဇော၏ လက္ခဏာတည်း၊ ထောက်ကန်ကား ဝါယော၏ လက္ခဏာတည်း။
ပသာဒရုပ် ၅-ပါး
စက်, သော, ဃာ, ဇီ၊ ကာငါးလီ၊ အကြည် ပသာဒ။
(၎င်းကျမ်း။) စက္ခုပသာဒရုပ်, သောတပသာဒရုပ်, ဃာနပသာဒရုပ်, ဇိဝှါ ပသာဒရုပ်, ကာယပသာဒရုပ်၊ အကြည်ကား ပသာဒသဒ္ဒါ၏ အနက် တည်း၊ နေရိပ်, လရိပ်, လူရိပ်စသည် ထင်ကောင်းသော ဆီကြည်, ရေကြည်, ဖလ်ကြည်, မှန်ကြည်များကဲ့သို့ အဆင်း, သဏ္ဌာန်, အသံ စသည်ထင်ကောင်းသော အကြည်ဓာတ် ၅-ပါး ဟူလိုသည်။
ဂေါစရရုပ် ၅- ပါး
ရူ, သဒ်, ဂန်, ရံ၊ ဖောဋ္ဌဗ္ဗံ၊ ငါးတန်ဂေါစရ။ (၎င်းကျမ်း။)
ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ ဂေါစရရုပ် ၅-ပါး တည်း၊ ကျက်စားရာအာရုံကို ဂေါစရ ဆိုသည်။
ရူပါရုံသည် စက္ခု၏ ကျက်စားရာတည်း။
သဒ္ဒါရုံသည် သောတ၏ ကျက်စားရာတည်း။
ဂန္ဓာရုံသည် ဃာန၏ ကျက်စားရာတည်း။
ရသာရုံသည် ဇိဝှါ၏ ကျက်စားရာတည်း။
ပထဝီဖောဋ္ဌဗ္ဗ, တေဇောဖောဋ္ဌဗ္ဗ, ဝါယောဖောဋ္ဌဗ္ဗ ဟူသော ဖောဋ္ဌဗ္ဗ ၃-ပါးသည် ကာယ၏ ကျက်စားရာတည်း။
ဘာဝ ဟဒယ ဇီဝ ဩဇာ
(က) ဣတိ, ပုမ၊ ဘာဝနှစ်တန်၊ ဟဒယံ၊ တဖန်ဇီဝိတ။
(ခ) ကဗဠီကာ၊ ရုပ်ဩဇာ၊ သင်္ချာဆယ့်ရှစ်ရ။ (၎င်းကျမ်း။)
(က) ဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်, ဟဒယဝတ္ထုရုပ်, ဇီဝိတရုပ်, ဩဇာခေါ်သော ကဗဠီကာရရုပ်။
(ခ) မဟာဘုတ် ၄- ပါး၌ ပါဝင်ပြီးဖြစ်သော ဖောဋ္ဌဗ္ဗ ၃-ပါးကို ချန်လှပ်၍
(၁) မဟာဘုတ် ၄- ပါး,
(၂) ပသာဒရုပ် ၅- ပါး,
(၃) ဂေါစရရုပ် ၄- ပါး,
(၄) ဘာဝရုပ် ၂- ပါး,
(၅) ဟဒယဝတ္ထုရုပ်,
(၆) ဇီဝိတရုပ်,
(၇) အာဟာရရုပ်,
သင်္ချာ ၁၈-ဖြစ်၏၊ နိပ္ဖန္နရုပ် ၁၈-ခေါ်သည်။
ဤသည်လျှင် နိပ္ဖန္နရုပ် ၁၈-ပါး ပြီး၏၊
အနိပ္ဖန္နရုပ် ၁၀-ပါး
(က)ကလာပ်ခြားမျှ၊ အာကာသ၊ ပရိစ္ဆေဒရုပ်။
(ခ) ကာယ, ဝါစာ၊ မူအရာ၊ နှစ်ဖြာ ဝိညတ်ရုပ်။
(ဂ) ပေါ့ပါးလဟု၊ မုဒုနူးညံ့၊ ကျန်းခန့်ကမ္မည၊ တာ သုံးဝ၊ ရုပ်ဝိကာရတည်း။
(ဃ) ဖြစ်ပေါ်ပွားမှုဥပစယ၊ တည်ထ သန္တတိ၊ ရင့်ဘိ ဇရာ၊ ပျက်မှာအနိစ္စ၊ မှတ်ကြောင်းမျှ၊ လက္ခဏ ရုပ် ခေါ်သတည်း။
(က) ကလာပ်တို့၏ အခြားမျှသာဖြစ်သော အာကာသဓာတ် သည် ပရိစ္ဆေဒရုပ်မည်၏၊
(ခ) ကိုယ်အင်္ဂါကြီးငယ် လှုပ်ရှားမှု အမူအရာသည် ကာယဝိညတ်မည်၏၊ စကားအက္ခရာ ပြုပြင်မှု အမူအရာသည် ဝစီဝိညတ် မည်၏၊ (ဝိညတ်ရုပ် ၂-ပါး။)
(ဂ) ရူပကာယ၏ ပေါ့ပါးမှုသည် လဟုတာမည်၏၊ ရူပ ကာယ ၏ နူးညံ့မှုသည် မုဒုတာမည်၏၊ ရူပကာယ၏ အမှုတိုင်း၌ ခန့်ကျန်းမှုသည် ကမ္မညတာမည်၏၊ (ဝိကာရရုပ် ၃-ပါး။ )
(ဃ) ရုပ်သဏ္ဌန် ကြီးငယ်တို့၏ ပေါ်ပေါက်မှု, ပွားစီးမှုသည် ဥပစယမည်၏၊ အစဉ်အားဖြင့် ဖြစ်တည်မှုသည် သန္တတိ မည်၏၊ ရင့်ရော် ဆွေးမြေ့မှုသည် ဇရာမည်၏၊ ချုပ်ပျက်မှုသည် အနိစ္စတာမည်၏၊ ဤတရားကား သင်္ခတ တရားတည်း-ဟု မှတ်ကြောင်း, သိကြောင်း လက္ခဏာမျှဖြစ်၍ ဤရုပ်တရား ၄-ပါးကို လက္ခဏရုပ်ခေါ်သတည်း။
(၁) ပရိစ္ဆေဒရုပ် ၁။
(၂) ဝိညတ်ရုပ် ၂။
(၃) ဝိကာရရုပ် ၃။
(၄) လက္ခဏရုပ် ၄။
(၅) အနိပ္ဖန္နရုပ် ၁၀- ဖြစ်၏။
နိပ္ဖန္နရုပ် ၁၈, အနိပ္ဖန္နရုပ် ၁၀-ပေါင်းသော် ရုပ် ၂၈-ခု ဖြစ်၏၊ ဤသည်လျှင် ရုပ် ၂၈-ပါး ပြီး၏။
---ကမ္မဇ ကလာပ် ၉-စည်း
(က) မဟာဘူတ၊ ဝဏ္ဏ, ဂန္ဓ၊ ရသ, ဩဇာ၊ ရုပ်ရှစ်ဖြာ၊ မကွာ ဝိနိဗ္ဘော။
(ခ) ဝိနိဗ်အဋ္ဌ၊ ဇီဝိတ၊ ဇီဝ နဝကာ။
(ဂ) ပ, ဘာ, ဟဒယ၊ လောင်းပြန်က၊ အဋ္ဌ ဒသကာ။
(ဃ) ကံကြောင့်ဖြစ်ရိုး၊ ကလာပ်ကိုး၊ အကျိုး ကမ္မဇာ။
(က) မဟာဘုတ် ၄-ပါး၊ ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာဟူသော ဥပါဒါရုပ်သေး ၄-ပါး၊ ဤ ၈-ပါးသည် အချင်းချင်း ကင်းကွာကြသည် ဟူ၍ မရှိသောကြောင့် အဝိနိဗ္ဘောဂရုပ် ၈-ခုမည်၏၊ အဋ္ဌကလာပ်ခေါ်၏။
(ခ) ၎င်းအဋ္ဌကလာပ်တွင် ဗီဝိတထည့်-ဇီဝိတနဝက ကလာပ် ၁။
(ဂ) ၎င်းဇီဝိတနဝက ကလာပ်တွင် ပသာဒရုပ် ၅-ခု၊ ဘာဝရုပ် ၂-ခု၊ ဟဒယဝတ္ထုရုပ် ၁-ခု၊ ဤ ၈-ခုကို အစဉ်အတိုင်းထည့်
(၁) စက္ခုဒသက ကလာပ် ၁။
(၂) သောတဒသက ကလာပ် ၁။
(၃) ဃာနဒသက ကလာပ် ၁။
(၄) ဇိဝှါဒသက ကလာပ် ၁။
(၅) ကာယဒသက ကလာပ် ၁။
(၁) ဣတ္ထိဘာဝဒသက ကလာပ် ၁။
(၂) ပုမ္ဘာဝဒသက ကလာပ် ၁။
(၃) ဝတ္ထုဒသက ကလာပ် ၁။
ဟူ၍ ကမ္မဇကလာပ် ၉-စည်းဖြစ်၏၊
စိတ္တဇကလာပ် ၈-စည်း
(က) အဝိနိဗ္ဘော်၊ ရှစ်ခုသော်၊ ခေါ်ရိုး သုဒ္ဓဋ္ဌာ။
(ခ) ထိုတွင်သဒ္ဒ၊ ဝိညတ်ဒွ၊ လောင်းက ရင်းလေးဖြာ။
(ဂ) ရင်းလေးခုဝယ်၊ တာသုံးချယ်၊ ရှစ်သွယ် စိတ္တဇာ။
(က) အဝိနိဗ္ဘောဂရုပ် ၈-ခုသည် သုဒ္ဓဋ္ဌက ကလာပ်မည်၏၊ ၎င်းသုဒ္ဓဋ္ဌက ကလာပ် ၁။
(ခ) ၎င်းတွင် သဒ္ဒထည့်-သဒ္ဒနဝက ကလာပ် ၁။
ကယဝိညတ်ထည့်-ကယဝိညတ္တိနဝက ကလာပ် ၁။
သဒ္ဒနှင့်ဝစီဝိညတ်ထည့်-သဒ္ဒဝစီဝိညတ္တိဒသက ကလာပ် ၁။
ကလာပ် ရင်း ၄-စည်းဖြစ်၏။
(ဂ) ကလာပ်ရင်း ၄-ခုတွင် လဟုတာ, မုဒုတာ, ကမ္မညတာ ဟူသော တာ-သုံးခုကို အစဉ်အတိုင်း လောင်းပြန်သော် ကလာပ်ပွား ၄-ခုဖြစ်ပြန်၏။
(၁) သုဒ္ဓလဟုတာဒိ ဒွါဒသက ကလာပ် ၁။
(၂) သဒ္ဒလဟုတာဒိ ဒွါဒသက ကလာပ် ၁။
(၃) ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ် ၁။
(၄) သဒ္ဒဝစီဝိညတ္တိလဟုတာဒိ တေရသက ကလာပ် ၁။
ဤကား ကလာပ်ပွား ၄-စည်းတည်း။
ကလာပ် ရင်း ၄-စည်း, ကလာပ်ပွား ၄-စည်း စိတ္တဇကလာပ် ၈-စည်းဖြစ်၏၊
ဥတုဇ ကလာပ် ၄-စည်း
(က) အဝိနိဗ္ဘော်၊ ရှစ်ခုသော်၊ ခေါ်ရိုးသုဒ္ဓဋ္ဌာ။
(ခ) ထိုတွင်သဒ္ဒ၊ လောင်ပြန်က၊ သဒ္ဒနဝကာ။
(ဂ) အရင်းနှစ်ဝယ်၊ တာသုံးချယ်၊ လေးသွယ် ဥတုဇာ။
(က) အဝိနိဗ္ဘောဂရုပ် ၈-ခုသည် သုဒ္ဓဋ္ဌက ကလာပ်မည်၏၊ ၎င်းသုဒ္ဓဋ္ဌက ကလာပ် ၁။
(ခ) ထိုတွင် သဒ္ဒထည့်- သဒ္ဒနဝက ကလာပ် ၁။ ကလာပ် ရင်း ၂-စည်းဖြစ်၏။
(ဂ) ၎င်းကလာပ်ရင်း ၂-ခုတွင် တာ-သုံးခုကိုလောင်း ပြန်သော် ကလာပ်ပွားနှစ်ခုဖြစ်ပြန်၏။
(၁) သုဒ္ဓလဟုတာဒိဧကာဒသက ကလာပ် ၁။
(၂) သဒ္ဒလဟုတာဒိ ဒွါဒသက ကလာပ် ၁။
ဤကား ကလာပ်ပွား ၂-စည်းတည်း။။ ကလာပ်ရင်း ၂-စည်း, ကလာပ် ပွား ၂-စည်း ဥတုဇကလာပ် ၄-စည်းဖြစ်၏။
[အဧအပူဟူသော တေဇောဓာတ် ၂-ပါးကို ဥတုဆိုသည်။]
အာဟာရဇကလာပ် ၂-စည်း
သုဒ္ဓဋ္ဌတစ်၊ အပွါးတစ်၊ နှစ်အာဟာရဇာ။ သုဒ္ဓဋ္ဌကလာပ် ၁-စည်း။
ထိုတွင်-တာသုံးခု လောင်း၍ သုဒ္ဓလဟုတာဒိ ဧကာဒသကကလာပ်ပွား ၁-စည်း၊ အာဟာရဇ ကလာပ် ၂-စည်း။
(၁) ကမ္မဇ ကလာပ် ၉-စည်း။
(၂) စိတ္တဇ ကလာပ် ၈-စည်း။
(၃) ဥတုဇ ကလာပ် ၄-စည်း။
(၄) အာဟာရဇ ကလာပ် ၂-စည်း။
ပေါင်းကလာပ် ၂၃-စည်း။
ဥတုဇကလာပ် ၄-စည်းတွင် သုဒ္ဓဋ္ဌကလာပ်နှင့်သဒ္ဒနဝကလာပ်၊ ဤကလာပ် ၂-စည်းကို သက်ရှိသက်မဲ့ အလုံးစုံတို့၌ ရအပ်၏၊ ကြွင်း သောကလာပ် ၂၁-စည်းကို သက်ရှိသန္တန်၌သာ ရအပ်၏။
ထိုတွင် စက္ခုဒသက ကလာပ်သည် မျက်စိအင်္ဂါ၌ ဖြစ်၏၊
သောတဒသက ကလာပ်သည် နားတွင်း၌ ဖြစ်၏၊
ဃာနဒသက ကလာပ်သည် လျှာပေါ်၌ ဖြစ်၏၊
ကာယဒသက ကလာပ်သည် အတွင်းအပတကိုယ်လုံး၌ ဖြစ်၏၊
ဝတ္ထုဒသက ကလာပ်သည် ရင်တွင်းနှလုံးအိမ်တွင်း၌ ဖြစ်၏၊
ဣတ္ထိဘာဝဒသက ကလာပ်သည် မိန်းမတို့၏ကိုယ်သန္တန်၌ ဖြစ်၏၊
ပုမ္ဘာဝဒသက ကလာပ်သည် ယောက်ျားတို့၏ ကိုယ်သန္တန်၌ ဖြစ်၏။
ဇီဝိတနဝက ကလာပ်သည် မိန်းမယောက်ျားတို့၏ ကိုယ်သန္တန်၌ ဖြစ်၏။
စိတ္တဇကလာပ် ၈-စည်းတို့တွင် ကာယဝိညတ်ပါရှိသော ကလာပ် စုကို ကိုယ်အင်္ဂါလှုပ်ရှားမှု၌ ရအပ်၏။
ဝစီဝိညတ်ပါရှိသော ကလာပ်စုကို စကားပြောဆိုမှု၌ ရအပ်၏။
တာ-သုံးခုပါရှိသော ကလာပ်စုကို အနာကင်းရှင်းကျန်းမာခြင်း၌ ရအပ်၏။
ရုပ်ကလာပ်ခွဲနည်းအကျဉ်း ပြီး၏။
---ကောဋ္ဌာသတို့၌ သမုဋ္ဌာန်ခွဲနည်း
၄၂-ပါးသော ရုပ်ကာယတို့တွင်
(က) အစာနှစ်မယ်၊ ပြည်,ကျင်ငယ်၊ လေးသွယ်ဥတုဇ။
(ခ) မီးပါစကာ၊ ကမ္မဇာ၊ သာသာစိတ္တဇ။
(ဂ) မျက်ရည်နှင့်ချွေး၊ နှပ်တံတွေး၊ လေးခုစိတ်-ဥဇ။
(ဃ) ၃၂-ခု၊ အကြွင်းစု၊ စတုအကြောင်းရ။
(က) အစာသစ်, အစာဟောင်း, ပြည်, ကျင်ငယ်၌ ကောဋ္ဌာ သ ၄-ပါးသည် ဥတုကြောင့်ဖြစ်၏။
(ခ) ပါစကဝမ်းမီးသည် ကံကြောင့်ဖြစ်၏၊ အဿာသ, ပဿာသလေသည် စိတ်ကြောင့်ဖြစ်၏၊ ဧကဇကာယ ၆-ခုတည်း။
(ဂ) ချွေး, နှပ်, တံတွေး, မျက်ရည် ဤ ၄-ပါးသည် ရံခါ စိတ်ကြောင့် ဖြစ်၏၊ ရံခါဥတုကြောင့် ဖြစ်၏၊။ ဒွိဇကာယ ၄-ခုတည်း။
(ဃ) ကြွင်းသော ကာယပေါင်း ၃၂-ခုသည် ကံ, စိတ်, ဥတု, အာဟာရ-အကြောင်း ၄-ပါးရ၏၊ ။ စတုဇကာယ ၃၂-ခုတည်း။
ကောဋ္ဌာသတို့၌ သမုဋ္ဌာန်ခွဲနည်း ပြီး၏။
---ရောဂါဆိုး-အနာဆိုး-ကပ်ဥပဒ်ဆိုး-ဘေးဆိုး အမျိုးမျိုးတို့မှ ကင်းလွတ်စေတတ်သော အန္တရာယ်ကင်းဂါထာပါဌ်အနက် အသက်ထက်ဆုံး စွဲမြဲရန်
၁။ ဗုဒ္ဓေါဝ မင်္ဂလော လောကေ၊၊ ဒေဝဣန္ဒဗြဟ္မိဿရော။
ဗုဒ္ဓံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။။
၂။ ဓမ္မောဝ မင်္ဂလော လောကေ၊ သဗ္ဗပါပဝိနာသကော။
ဓမ္မံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။။
၃။ သံဃောဝ မင်္ဂလော လောကေ၊ ဘယဝေရဝိနောဒနော။
သံဃံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။။
၄။ ဧတံ ခေါ မင်္ဂလံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။
ဧတံ မင်္ဂလမာဂမ္မ၊ သဗ္ဗပါပါ ပမုစ္စရေ။။
၅။ ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။။
၆။ ဧတံ ခေါ ရတနံ ခေမံ၊ ဧတံ ရတနမုတ္တမံ။
ဧတံ ရတနမာဂမ္မ၊ သဗ္ဗဒေါသာ ပမုစ္စရေ။။
[အိပ်ရာဝင်လျှင် နေ့စဉ်သက်စေ့ရွတ်၊ သားငယ်သမီးငယ်ရှိသော မိဘများမှာ သားငယ်သမီးငယ်အတွက် ပိုမို၍ရွတ်။]
အနက်ကား
၁။ လောကေ= လောကသုံးခွင် ဘုံအပြင်၌၊ ဗုဒ္ဓေါဝ=မြတ်စွာ ဘုရားသည်သာလျှင်၊ မင်္ဂလော=လူ, နတ်, ဗြဟ္မာ,သတ္တဝါ အပေါင်းတို့တွင် အတုမရ အဖက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာကြီးအစစ် ဖြစ်တော်မူပေ၏၊ ဒေဝဣန္ဒဗြဟ္မိဿရော=တန်ခိုးဣဒ္ဓိပါဒ် လွန်ကြီးမြတ် သောနတ်မင်းအပေါင်း, သိကြားမင်းအပေါင်း, ဗြဟ္မာမင်းအပေါင်းတို့ကို အစိုးရတော်မူပေ၏၊ ဗုဒ္ဓံ သရဏံ=ဘုရားတည်းဟူသော ကိုးကွယ်ရာကို၊ အာဂမ္မ=ကိုးကွယ်သမှု အစွဲပြု၍၊ သတ္တာ=လူ, နတ်, ဗြဟ္မာ,သတ္တဝါ တို့သည်၊ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ=ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ၊ ပမုစ္စရေ-ပမုစ္စန္တိ=ကင်းလွတ်ကြရကုန်၏။
၂။ လောကေ= လောကသုံးခွင် ဘုံအပြင်၌၊ ဓမ္မောဝ=မဂ်လေး ပါး, ဖိုလ်လေးပါး, နိဗ္ဗာန်တရားတော်မြတ်သာလျှင်၊ မင်္ဂလော=လူ, နတ်, ဗြဟ္မာ,သတ္တဝါ အပေါင်းတို့တွင် အတုမရ အဖက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာကြီးအစစ် ဖြစ်တော်မူပေ၏၊ သဗ္ဗပါပ ဝိနာ သကော=ဆိုးဝါးညစ်ညမ်း ကြမ်းတမ်းယုတ်မာ မကောင်းစွာသော မိစ္ဆာဓမ္မ ဟူသမျှတို့ကို မြူမျှမကျန် ပယ်လှန်ဖျက်ဆီးတော်မူနိုင်ပေ၏၊ ဓမ္မံသရဏံ= တရားတည်းဟူသော ကိုးကွယ်ရာကို၊ အာဂမ္မ=ကိုးကွယ်သမှု အစွဲပြု၍၊ သတ္တာ= လူ, နတ်, ဗြဟ္မာ,သတ္တဝါတို့သည်၊ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ= ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ၊ ပမုစ္စရေ-ပမုစ္စန္တိ=ကင်းလွတ်ကြရ ကုန်၏။
၃။ လောကေ= လောကသုံးခွင် ဘုံအပြင်၌၊ သံဃောဝ=မြတ်စွာ ဘုရား၏ တပည့်သားသံဃာတော်မြတ်သာလျှင်၊ မင်္ဂလော=အပေါင်း အများ တပည့်သားအစုတွင် အတုမရ အဖက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာကြီးအစစ် ဖြစ်တော်မူပေ၏၊ ဘယဝေနဝိနော ဒနော=ခပ်သိမ်းသောဘေး, ခပ်သိမ်းသောရန်တို့ကို ပယ်လှန်ဖြေဖျောက် တော်မူနိုင်ပေ၏၊ သံဃံသရဏံ=သံဃာတည်းဟူသော ကိုးကွယ်ရာကို၊ အာဂမ္မ=ကိုးကွယ်သမှု အစွဲပြု၍၊ သတ္တာ=လူ, နတ်, ဗြဟ္မာ,သတ္တဝါ တို့သည်၊ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ=ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ၊ ပမုစ္စရေ-ပမုစ္စန္တိ=ကင်းလွတ်ကြရကုန်၏။
၄။ ခေါ=စင်စစ်၊ ဧတံမင်္ဂလံ=ဤဘုရား, တရား, သံဃာ မင်္ဂလာသုံးပါးသည်သာလျှင်၊ ခေမံ=ဘေးရန်ကင်းရာ မင်္ဂလာအစစ် ဖြစ်ကြီးဖြစ်တော်မူပေ၏၊ ဧတံမင်္ဂလံ=ဤဘုရား, တရား, သံဃာ မင်္ဂလာသုံးပါးသည်သာလျှင်၊ ဥတ္တမံ=လောကအားလုံး၌ အမြတ်ဆုံးသော မင်္ဂလာကြီးဖြစ်တော်မူပေ၏၊ ဧတံမင်္ဂလံ=ဤဘုရား, တရား, သံဃာ မင်္ဂလာကို၊ အာဂမ္မ=ကိုးကွယ်သမှု အစွဲပြု၍၊ သတ္တာ=လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့သည်၊ သဗ္ဗပါပါ-သဗ္ဗပါပေတိ သဗ္ဗဒုက္ခေဟိ=ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဓမ္မဟူသမျှတို့မှ၊ ပမုစ္စရေ-ပမုစ္စန္တိ=ကင်းလွတ်ကြ ရကုန်၏။
၅။ ခေါ=စင်စစ်၊ ဧတံသရဏံ=ဤဘုရား, တရား, သံဃာ ကိုးကွယ်ရာသုံးပါးသည်သာလျှင်၊ ခေမံ=ဘေးရန်ကင်းရာ မင်္ဂလာအစစ် ဖြစ်ကြီးဖြစ်တော်မူပေ၏၊ ဧတံသရဏံ=ဤဘုရား, တရား, သံဃာ ကိုးကွယ်ရာ သုံးပါးသည်သာလျှင်၊ ဥတ္တမံ=လောကအားလုံး၌ အမြတ် ဆုံးသော မင်္ဂလာကြီးဖြစ်တော်မူပေ၏၊ ဧတသရဏံ=ဤဘုရား, တရား, သံဃာ ကိုးကွယ်ရာသုံးပါးကို၊ အာဂမ္မ=ကိုးကွယ်သမှု အစွဲပြု၍၊ သတ္တာ= လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့သည်၊ သဗ္ဗဒုက္ခာ-သဗ္ဗဒုက္ခေဟိ=ခပ်သိမ်း သော ဒုက္ခအပေါင်းတို့မှ၊ ပမုစ္စရေ-ပမုစ္စန္တိ=ကင်းလွတ်ကြရကုန်၏။
၆။ ခေါ=စင်စစ်၊ ဧတံရတနံ=ဤဘုရား, တရား, သံဃာ ရတနာ သုံးပါးသည်သာလျှင်၊ ခေမံ=ဘေးရန်ကင်းရာ ရတနာအစစ် ဖြစ်ကြီး ဖြစ်တော်မူပေ၏၊ ဧတံရတနံ= ဤဘုရား, တရား, သံဃာ ရတနာသုံးပါး သည်သာလျှင်၊ ဥတ္တမံ=လူ့ရပ်, နတ်ရွာ ရတနာအားလုံးတို့ထက် အမြတ်ဆုံးသော ရတနာဖြစ်တော်မူပေ၏၊ ဧတံရတနံ=ဤဘုရား, တရား, သံဃာ ရတနာသုံးပါးကို၊ အာဂမ္မ=ကိုးကွယ်သမှု အစွဲပြု၍၊ သတ္တာ=လူ, နတ်, ဗြဟ္မာ,သတ္တဝါတို့သည်၊ သဗ္ဗဒေါသာ-သဗ္ဗဒေါသေဟိ သဗ္ဗ ဒုက္ခေဟိ=ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဓမ္မဟူသမျှတို့မှ၊ ပမုစ္စရေ-ပမုစ္စန္တိ=ကင်းလွတ်ကြရကုန်၏၊ သဗ္ဗဒုက္ခေ-သဗ္ဗဒုက္ခေဟိ=ခပ်သိမ်းသော အပြစ်ဒေါသဟူသမျှတို့မှ၊ ပမုစ္စရေ-ပမုစ္စန္တိ=ကင်းလွတ်ကြရကုန်၏။
အန္တရာယ်ကင်း ၆-ဂါထာပါဌ်အနက်ပြီး၏၊ [ဤ ၆-ဂါထာတို့ကို အနုဿတိဘာဝနာကိစ္စနှင့် ကုသိုလ်ဖြစ်ရွတ် ဆိုသောအခါ၌ သာယာစွာရွတ်ဆိုရသည်၊ အန္တရာယ်ရှိ၍ အန္တရာယ်ကင်းရန် ရွတ်ဆိုသောအခါ၌ စိတ်မာန်တင်းတင်းနှင့် ပြင်းထန်စွာ ရွတ်ဆိုရသည်။]
ဤတွင်ဓာတ်ကမ္မဋ္ဌာန်းကျမ်းသစ်
ပြီးပြီ။
Comments
Post a Comment