Skip to main content

ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာကျမ်း

အဘိယာစကနှင့် ဥယျောဇနကထာ

ပုထုဇ္ဇနောတိ ဧတ္ထ

ဒုဝေ ပုထုဇ္ဇနာ ဝုတ္တာ

ဗုဒ္ဓေနာ ဒိစ္စဗန္ဓုနာ

အန္ဓော ပုထုဇ္ဇနော ဧကော

ကလျာဏေကော ပုထုဇ္ဇနော။။

- တတ္ထ ယဿ ခန္ဓာ, ဓာတု, အာယတနာဒီသု ဥဂ္ဂဟ, ပရိပုစ္ဆာ, သဝန, ဓာရဏ, ပစ္စဝေက္ခဏာနိ နတ္ထိ၊ အယံ အန္ဓပုထုဇ္ဇနော။

- ယဿ တာနိ အတ္ထိ၊ သော ကလျာဏပုထုဇ္ဇနော။

[ဒီဃနိကာယ် သုတ်သီလက္ခန် အဋ္ဌကထာ၊ ဗြဟ္မဇာလသုတ်အဖွင့်၊ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ သင်္ခါရုပေက္ခာ ဉာဏနိဒ္ဒေသအဖွင့်၊ ဇိနာလင်္ကာရ ဋီကာ]

အနက်ကား။ ။ ပုထုဇ္ဇနောတိဧတ္ထ=ပုထုဇ္ဇနောဟူသော ဤပုဒ်၌၊ အန္ဓော=အဝိဇ္ဇာအားဖြင့် ဉာဏ်အမြင်ကန်းသော၊ ပုထုဇ္ဇနော= ပုထုဇဉ်ပုဂ္ဂိုလ်သည်၊ ဧကော=တစ်ယောက်၊ ကလျာဏော=သုတမယ ဉာဏ်ရှိသဖြင့် ကောင်းသောအကျင့် ရှိသော၊ ပုထုဇ္ဇနော=ပုထုဇဉ်ပုဂ္ဂိုလ်သည်၊ ဧကော=တစ်ယောက်၊ ဣတိ=ဤသို့၊ အာဒိစ္စဗန္ဓုနာ=နေမင်း၏ အဆွေဖြစ်တော်မူသော၊ ဗုဒ္ဓေန=မြတ်စွာဘုရားသည်၊ ပုထုဇ္ဇနာ=ပုထုဇဉ် ပုဂ္ဂိုလ်တို့ကို၊ ဒုဝေ= နှစ်ယောက်တို့ဟူ၍၊ ဝုတ္တာ=ဟောတော်မူအပ်ကုန်၏။

ဟိ-ဝိတ္ထာရေမိ=ချဲ့၍ဆိုဦးအံ့၊ တတ္ထ=ထိုနှစ်ယောက်သော ပုထုဇဉ် ပုဂ္ဂိုလ်တို့တွင်၊ ယဿ=အကြင်ပုထုဇဉ်ပုဂ္ဂိုလ်အား၊ ခန္ဓာ ဓာတု အာယတနာဒီသု=ခန္ဓာ,ဓာတ်,အာယတန,သစ္စာ,ပဋိစ္စသမုပ္ပါဒ်, သတိပဋ္ဌာန် စသည်တို့၌၊ ဥဂ္ဂဟ ပရိပုစ္ဆာ သဝန ဓာရဏ-ပစ္စဝေက္ခဏာနိ=သင်ခြင်း မေးမြန်းခြင်း နာခြင်း မှတ်ဆောင်ခြင်း ဆင်ခြင်ခြင်းတို့သည်၊ နတ္ထိနသန္တိ=မရှိကုန်၊ အယံ=ဤပုထုဇဉ် ပုဂ္ဂိုလ်သည်၊ အန္ဓပုထုဇ္ဇနော=အဝိဇ္ဇာ အားဖြင့် ဉာဏ်အမြင် ကန်းသော အန္ဓပုထုဇဉ်မည်၏။

ယဿ=အကြင်ပုဂ္ဂိုလ်အား၊ တာနိ=ထိုခန္ဓာ,ဓာတု အာယတန သစ္စာ စသည်တို့၌ သင်ခြင်း မေးမြန်းခြင်း နာခြင်း မှတ်ဆောင်ခြင်း ဆင်ခြင်ခြင်းတို့သည်၊ အတ္ထိ-သန္တိ=ရှိကုန်၏၊ သော=ထိုပုထုဇဉ်ပုဂ္ဂိုလ်သည်၊ ကလျာဏပုထုဇ္ဇနော=ကောင်းသော ပဋိပါတ်အကျင့်ရှိသော ကလျာဏ ပုထုဇဉ် ပုဂ္ဂိုလ်မည်၏။

ဤသို့ အဋ္ဌကထာဋီကာတို့၌ လာရှိသည်နှင့်အညီ ဒါယကာ+ ဒါယိကာမအပေါင်းတို့သည် ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်အဖြစ်သို့ ရောက်နိုင်ရန် ခန္ဓာ,ဓာတ်,အာယတန,သစ္စာများကို နှုတ်ဖျားရွရွ ကျက်မှတ်ရအောင် လင်္ကာရေးသား သနားချီးမြှင့် တော်မူပါမည့် အကြောင်းနှင့် ကျေးဇူးရှင်လယ်တီဆရာတော် ဘုရားကြီးထံ မန္တလေးမြို့ ဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီး ဥက္ကဋ္ဌ ပြီစီဒင်, မြန်မာသမားတော်တို့ ဆေးတိုက်ပိုင်ရှင်, မဟာမုနိဘုရား ဘဏ္ဍာတော်ထိန်းလူကြီး, အမှုထမ်း ကောင်း ရွှေတံဆိပ်ရ ပင်စင်အငြိမ်းစား ပညာအုပ်ဦးကျော်ရန်က လျှောက်ထား တောင်းပန်သည့်အတိုင်း ၁၂၇၃-ခုနှစ်၊ တပေါင်းလအတွင်း မန္တလေးမြို့ အနောက်ပြင် ရွှေတစ်ချောင်းအနီးရှိ ဥယျာဉ်စံကျောင်းတွင် သီတင်းသုံး နေတော်မူစဉ်အခါ ရေးသား ချီးမြှင့်တော်မူအပ်သော ဤ ခန္ဓာ အာယတန ဓာတ် သစ္စာလင်္ကာကျမ်းကို ကြိုးပမ်း တကုတ် အားထုတ်သင်ကြား ကျင့်ကြံကြစေကုန်သတည်း။။

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ၏

ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာကျမ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ရူပက္ခန္ဓာ

၁။ ရူပက္ခန္ဓာ၊ ဝေဒနာနှင့်၊ သညာ, သင်္ခါရ၊ ဝိညာဏဟု၊ အစုငါးတန်၊ ငါးရပ်ခန်တည်း။။ဖောက်ပြန်ထွေပြား၊ ဖြစ်တတ်ငြား၍၊ စကားပုံသေ၊ ရုပ်ခေါ်ပေ၏။

မြေဓာတ်, ရေဓာတ်၊ မီး, လေဓာတ် ဟု၊ လေးရပ် ဘုတ်ကြီး၊ ပွါးစီးအနက်၊ စက်, သော၊ ဃာ၊ ဇီ၊ ကာ ငါးလီမူ၊ အကြည်ရူပ၊ ပသာဒတည်း။

ရူပ,သဒ္ဒ,ဂန္ဓ,ရသာ၊ ဖောဋ္ဌဗ္ဗာဟု၊ ငါးဖြာအာရုံ၊ နှစ်စုံဘာဝ၊ ဟဒယနှင့်၊ ဇီဝ, ဩဇာ၊ ဆယ့်ရှစ်မှာမူ၊ လေးဖြာ ဟေတု၊ ကြောင်းစတုကြောင့်၊ ဖြစ်မှုပေါလော၊ သဘောသီးသီး၊ ကိုယ်စီပြီး၍၊ ရုပ်ကြီးရူပ၊ နိပ္ဖန္နတည့်။

ထိုမှ တစ်ပါး၊ ကလာပ်ခြားမျှ၊ အာကာသနှင့်၊ ကာယ, ဝစီ၊ နှစ်လီကိုယ်နှုတ်၊ လှုပ်မှု ရှားမှု၊ နှစ်ခု ဝိညတ်၊ ရူပဿလဟု၊ မုဒု, ကမ္မည၊ ဝိကာရခေါ်၊ ရုပ် ၃-ဖော်ကား၊ ပေါ့ပါးနူးညံ့၊ ကြမ်းခံ့မူရာ၊ တစ်ဖြာထိုမှ၊ ဥပစယ၊ အစ ပွါးတိုး၊ အရိုးပြည့်မှီ၊ တည်စဉ်သန္တတိ၊ ရင့်ဘိဇရာ၊ ပျက်မှာ အနိစ္စ၊ ဤလေးဝမူ၊ လက္ခဏရုပ်၊ ခေါ်သမုတ်၏။

ရုပ်ပေါင်းဆယ်တန်၊ အနိပ္ဖန်တည့်၊ နိပ္ဖန် ဆယ့်ရှစ်၊ ပေါင်းတုံလစ်က၊ ရှစ်ခုစွန်းကယ်၊ ရုပ်နှစ်ဆယ်သည် ... အကျယ် ရူပက္ခန္ဓာတည်း။

နိပ္ဖန္နရုပ်-၁၈-ပါး

* လွန်စွာ ပွါးစီးတတ်သောကြောင့် မဟာဘုတ်ခေါ် သည်။ မြေဓာတ်၊ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ်၊ မဟာဘုတ် လေးပါး။

* စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ပသာဒရုပ် ငါးပါး။

* ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ အာရုံ ဂေါစရ ရုပ်ငါးပါး။

[ဤငါးပါးတွင် ဖောဋ္ဌဗ္ဗာရုံဆိုသည်ကား-မြေဓာတ်၊ မီးဓာတ်၊ လေဓာတ်၊ ဤမဟာဘုတ် သုံးပါးကိုပင် ဆိုသည်။]

* ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ်၊ ဘာဝရုပ် ၂-ပါး။

* ဟဒယ ဝတ္ထုရုပ် တစ်ပါး။

* ဇီဝိတရုပ် တစ်ပါး။

* ဩဇာဟူသော အာဟာရရုပ် တစ်ပါး။

ပေါင်း နိပ္ဖန္နရုပ် တစ်ဆယ့်ရှစ်ပါး။

အနိပ္ဖန္နရုပ်-၁၀-ပါး

* အာကာသဓာတ် တစ်ပါး။

* ကာယဝိညတ်ရုပ်၊ ဝစီဝိညတ်ရုပ်၊ ဝိညတ်ရုပ် နှစ်ပါး။

* ရူပဿ လတုတာရုပ်၊ ရူပဿ မုဒုတာရုပ်၊ ရူပဿ ကမ္မညတာ ရုပ်၊ ဝိကာရရုပ် သုံးပါး။

* ဥပစယရုပ်၊ သန္တတိရုပ်၊ ဇရတာရုပ်၊ အနိစ္စတာရုပ်၊ လက္ခဏရုပ် လေးပါး။ ပေါင်း အနိပ္ဖန္နရုပ် ဆယ်ပါး။

[နိပ္ဖန္နရုပ် တစ်ဆယ့်ရှစ်ပါးနှင့်ပေါင်းသော် ရူပက္ခန္ဓာအကျယ် နှစ်ဆယ့်ရှစ်ပါး ဖြစ်၏၊]

၂။ စက်, သော, ဃာ, ဇီ၊ ကာ အကြည်နှင့်၊ နှစ်လီ ဘာဝ၊ ဟဒယ က၊ ဇီဝ အာယု၊ ရုပ် ၉-ခုမှာ၊ ကမ္မဇာတည့်။

* နှစ်ဖြာ ဝိညတ်၊ စိတ်ဖြစ် မှတ်လော။

* သဒ္ဒတခု၊ စိတ်ဥတုဖြစ်။

* တလစ် ဝိကာ၊ ရုပ်သုံးဖြာမူ၊ ဩဇာ ဥတု၊ စိတ်ဖြင့် ရှုလော့။

* လေးခု ဘူတ၊ ဝဏ္ဏ, ဂန္ဓ၊ ရသ, ဩဇာ၊ အာကာသဓာတ်၊ ၉-ရပ်ရုပ်ပေါင်း၊ အကြောင်း လေးပါး၊ ဖြစ်တတ်ငြား၏။

* လေးပါးလက္ခဏ၊ အလွတ်ကျရှင့်။

* မဟာဘူတ၊ ဝဏ္ဏ, ဂန္ဓ၊ ရသ, ဩဇာ၊ ရုပ်ရှစ် ဖြာကား၊ မကွာမကွဲ၊ အမြဲတူကွ၊ ဖြစ်ပျက်မျှသည်၊ အဋ္ဌကလာပ်၊ ခေါ်ပညတ်၏။

* ကလာပ် ရုပ်ခဲ၊ ရှစ်ခုထဲတွင်၊ ဇီဝ ယှဉ်က၊ ဇီဝိတနဝ၊ ခေါ်ဆိုရ၏။

* နဝ ထိုမှာ၊ စက်, သော, ဃာနှင့်၊ ဇီ, ကာ, ပဉ္စ၊ ဘာဝ၂- * ခု၊ ဝတ္ထု ဟဒယ၊ လောင်းပြန်ကလျှင်၊ ဒသ ကလာပ်၊ ရှစ်ရပ် ပွါးတိုး၊ ကလာပ် ကိုးမှာ၊ ကမ္မဇာတည်း။

* ရှစ်ဖြာ မူလ၊ အဋ္ဌကတွင်၊ သဒ္ဒ တရပ်၊ ဝိညတ် နှစ်ဖြာ၊ ဝိကာရသုံး၊ ဖွဲ့စည်းရုံးက၊ စိတ္တဇ ကလာပ်၊ ရှစ်စည်း မှတ်လော။

* ကလာပ်မူလ၊ အဋ္ဌကနှင့်၊ သဒ္ဒနဝ၊ ဝိကာရတေး၊ ကလာပ် လေးမူ၊ ဥတုယူလော။

* မူလ အဋ္ဌ၊ ဝိကာရပွါး၊ နှစ်စည်းအားမှာ၊ အာဟာရဇ၊ ကလာပတည်း၊ ပေါင်းထနှစ်ဆယ်၊ သုံးစည်းကယ် သည်...အကျယ်ရုပ်စု ရုပ်ခဲ တည်း။

* မဟာဘုတ် လေးပါး၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ၊ ဤရုပ် ရှစ်ခုအပေါင်းသည် မကွာမကွဲ အစဉ်မြဲသော ရုပ်ခဲ ရှစ်စုဖြစ်၍ အဋ္ဌကလာပ် မည်၏၊ အကြောင်း လေးပါး နှင့် ဆက်ဆံသော မူလ ကလာပ်ရင်းတည်း။

ကမ္မဇကလာပ် ၉-စည်းကား - ၎င်း မူလ အဋ္ဌ ကလာပ်တွင် ဇီဝိတရုပ်ကိုထည့်၍ ဇီဝိတနဝက ကလာပ်တစ်စည်းရ၏၊ ၎င်းနဝက ကလာပ်တွင် စက္ခု၊ သောတ စသည်တို့ကို တစ်ခုစီထည့်၍ စက္ခုဒသက ကလာပ်၊ သောတဒသက ကလာပ်၊ ဃာန ဒသက ကလာပ်၊ ဇိဝှါ ဒသကကလာပ်၊ ကာယ ဒသကကလာပ်၊ ဣတ္ထိ ဘာဝဒသကကလာပ်၊ ပုမ္ဘာဝဒသက ကလာပ်၊ ဟဒယဝတ္ထုဒသက ကလာပ်ဟူ၍ ဒသကရှစ်စည်း ရ၏၊ ပေါင်း ကမ္မဇကလာပ် ကိုးစည်း ဖြစ်၏။

စိတ္တဇကလာပ်ရှစ်စည်းကား- မူလ လေးစည်း၊ အပွါး လေးစည်း။

မူလလေးစည်းကား- အဋ္ဌကလာပ် တစ်စည်း၊ ၎င်းတွင် သဒ္ဒထည့်၍သဒ္ဒနဝကကလာပ် တစ် စည်း၊ ကာယဝိညတ်ထည့်၍ ကာယဝိညတ် နဝက ကလာပ် တစ်စည်း၊ သဒ္ဒနှင့် ဝစီဝိညတ် ထည့်၍ သဒ္ဒဝစီဝိညတ် ဒသက ကလာပ် တစ်စည်း။

* အပွါးလေးစည်းကား-မူလလေးစည်းတွင် ဝိကာရရုပ် ၃-ခုစီလောင်း၍ ဧကာဒသက ကလာပ် တစ်စည်း၊ ဒွါဒသက ကလာပ် နှစ်စည်း၊ တေရသက ကလာပ် တစ်စည်း။ ပေါင်း အပွါး လေးစည်း။

ဥတုဇကလာပ်လေးစည်းကား- မူလ နှစ်စည်း၊ အပွါး နှစ်စည်း။

မူလနှစ်စည်းကား-အဋ္ဌကလာပ် တစ်စည်း၊ သဒ္ဒ နဝက ကလာပ်တစ်စည်း။

* အပွါး နှစ်စည်းကား-မူလနှစ်စည်းတွင် ဝိကာရရုပ် ၃-ခုစီ လောင်း၍ ဧကဒသက ကလာပ်တစ်စည်း၊ ဒွါဒသက ကလာပ် တစ်စည်း။

အာဟာရဇကလာပ်နှစ်စည်းကား- မူလ အဋ္ဌ ကလာပ် တစ်စည်း၊ ဧကာဒသက ဝိကာရ အပွါး တစ်စည်း။

ကလာပ်ပေါင်း ၂၃-စည်း။ သတ္တဝါတို့၏ ကိုယ်သန္တာန်မှာ ထိုကလာပ် ၂၃-စည်းလုံးကို ထိုက်သည့်အားလျော်စွာ ရထိုက်၏၊ အသက်မရှိကြသော အဝိညာဏကဝတ္ထုတို့မှာ ဥတုဇ အဋ္ဌကလာပ် တစ်စည်း၊ ဥတုဇသဒ္ဒနဝက ကလာပ်တစ်စည်း၊ ဤဥတုဇမူလ နှစ်စည်းကိုသာ ရထိုက်၏။

ရူပက္ခန္ဓာအကျယ် ပြီး၏။


ဝေဒနာက္ခန္ဓာ နှင့် သညာက္ခန္ဓာ

၃။ ခံစား, စံစား၊ စကားနှစ်ထွေ၊ တရားနေမှာ၊ ဝေဒနာ ဓာတ်၊ ခန္ဓာမှတ်လော။

* သုံးရပ် ဝေခွဲ၊ ဆင်းရဲဒုက္ခ၊ သုခချမ်းသာ၊ ဥပေက္ခာဟူ၊ လျစ်လျူ ခံစား၊ မထင်ရှားတည်း။

* ငါးပါးအလို၊ တပုံဆိုသော်၊ ကိုယ်စိတ်နှစ်ဖြာ၊ ချမ်းသာ ဆင်းရဲ၊ လျစ်လျူ ခွဲလော။

* တနဲ ထို့ပြင်၊ အမြင်, အကြား၊ အနံအားနှင့်၊ စားလျက်, တွေ့ထိ၊ ကြံသိ ၆-ဖြာ၊ ချမ်းသာ ဆင်းရဲ၊ လျစ်လျူခွဲခြား၊ ဆယ့်ရှစ်ပါး တည်း။

* သုံးပါး ကာလ၊ ပွါးထ တုံသေး၊ ငါ့ဆယ့်လေးတည်း။

* တရေးသန္တာန်၊ နှစ်ပွါးပြန်က၊ တစ်ရာ့ရှစ်ပင်၊ အကျယ် မြင်လော။

* ထို့ပြင်သညာ၊ ခန္ဓာမှာကား၊ လိမ္မာတတ်သိ၊ ခေါ်ကြ ဘိရှင့်။ ။လူ၏ဘောင်မှာ၊ လူတကာနဲ၊ လိမ္မာမြဲမူ၊ မှတ်စွဲဖြာဖြာ၊ ဤသညာပင်၊ နတ်မှာနတ်လျောက်၊ လိမ္မာမြောက်၏၊ အောက်အပါယ်ကား၊ ကျွဲ, နွား, မြင်း, ဆင်၊ မြင်မြင်သမျှ၊ အနန္တလည်း၊ ဘာဝဘာဝ၊ သိတတ်ကြ၏၊။လောကအလုံး၊ မြှော်မဆုံးလျှင်၊ အသုံးတွင်စွာ၊ အလိမ္မာဟု၊ အချာအချုပ်၊ ခေါ် သမုတ်၏၊။မုဆိုး တံငါ၊ သူ့အရာ၌၊ လိမ္မာကျွမ်းကျင်၊ သညာပင်တည်း၊ သို့စဉ်နည်းပြ၊ သိကုန်ကြလော။

* ရူပသညာ၊ စသည်ဖြာသား၊ သညာအပြား၊ အကျဉ်း အားဖြင့်၊ ခြောက်ပါးလာရှိ၊ ပွါးပြန်ဘိမူ၊ မြေသိ, ရေသိ၊ နေ,လ,သိက၊ စသည်သွယ်သွယ်၊ မဆုံးဖွယ်သည် ..အကျယ်သညာက္ခန္ဓာ တည်း။

* ခံစားမှု၊ စံစားမှုသည် ဝေဒနာက္ခန္ဓာ မည်၏။

* ထိုဝေဒနာက္ခန္ဓာသည်-သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဟူ၍ ၃-ပါး ရှိ၏၊

* ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း၊ လျစ်လျူရူခြင်း ဟူ၍ ဣန္ဒြိယဘေဒအားဖြင့် ငါးပါးရှိ၏။

* မျက်စိအတွေ့၌ ခံစားခြင်း၊ နားအတွေ့၌ ခံစားခြင်း၊ နှာခေါင်းအတွေ့၌ ခံစားခြင်း၊ လျှာအတွေ့၌ ခံစားခြင်း၊ ကိုယ်အတွေ့၌ခံစားခြင်း၊ စိတ်မနော အတွေ့၌ ခံစားခြင်း ဟူ၍ ဒွါရဖဿအပြား အားဖြင့် ၆-ပါး ရှိ၏။

* ထို ၆-ပါးတို့တွင် စက္ခုအတွေ့၌ ခံစားခြင်းမှာ အမြင် ချမ်းသာခြင်း၊ အမြင် မချမ်းသာခြင်း၊ လျစ်လျူရှုခြင်း ဟူ၍ ၃-ပါး ပြားပြန်၏။

ထိုနည်းအတူ နားအတွေ့၌ခံစားခြင်း စသည်တို့မှာလည်း ၃- ပါး ၃-ပါးစီ ပြားပြန်ရကား ဝေဒနာက္ခန္ဓာအပြား တစ်ဆယ့်ရှစ်ပါး ဖြစ်၏၊

* ရှေး၌လည်း ခံစားခဲ့လှပြီ၊ နောက်၌လည်း ခံစား လတ္တံ့၊ ယခုလည်း ခံစားတုန်း ခံစားဆဲဟူသော ကာလ ၃-ပါးနှင့် မြောက်ပွါးသော် ဝေဒနာက္ခန္ဓာ အပြား ၅၄-ဖြစ်၏။

* သူခံစားမှု ၅၄-ပါး၊ ငါခံစားမှု ၅၄-ပါး ဟူ၍ ပုဂ္ဂိုလ်သန္တာန် ၂-ပါးနှင့် မြှောက်ပွါးသော် ဝေဒနာက္ခန္ဓာအပြား ၁၀၈- ပါး ဖြစ်၏။

ဝေဒနာက္ခန္ဓာ အကျယ် ပြီး၏။


* သညာဆိုသည်ကား-လောက၌တတ်သိလိမ္မာခြင်း၊ သိကြားလိမ္မာခြင်း၊ ကျွမ်းကျင်လိမ္မာခြင်းကို ဆိုသတည်း။ ထိုကျွမ်းကျင်လိမ္မာခြင်းဟူသော အလိမ္မာမျိုးသည် ကုသိုလ်အရာ အကုသိုလ်အရာ နှစ်ပါး၌ပင်ဆို၏၊ မုဆိုးအလုပ်မျိုးမှာ မုဆိုးသည် ကျွမ်းကျင် လိမ္မာ၏၊ တံငါအလုပ်မျိုးမှာ တံငါသည် ကျွမ်းကျင်လိမ္မာ၏၊ လူသတ်မှုမှာ သူသတ် ယောကျ်ားသည် ကျွမ်းကျင် လိမ္မာ၏၊ ကြောင်အမှုမှာကြောင်၊ ကျားအမှုမှာ ကျား၊ ကျီးအမှုမှာ ကျီးသည် ကျွမ်းကျင်လိမ္မာ၏ စသည်ဖြင့် သညာက္ခန္ဓာနယ် ကြီးကျယ်ပုံကိုလည်းကောင်း၊ သတ္တဝါ ၏ အရေးအရာတွင် သညာက္ခန္ဓာ အလိမ္မာသည် အချာအချုပ်ကြီး ဖြစ်နေပုံကိုလည်းကောင်း အကုန် မြှော်မြင်ကြလေ။

* ရူပသညာ၊ သဒ္ဒသညာ၊ ဂန္ဓသညာ၊ ရသသညာ၊ ဖောဋ္ဌဗ္ဗ သညာ၊ ဓမ္မသညာ ဟူ၍ အာရုံအားဖြင့် ၆-ပါး ပြား၏၊ သညာက္ခန္ဓာ အကျယ် ပြီး၏။


သင်္ခါရက္ခန္ဓာ

၄။ ကာယ, ဝစီ၊ မနောပြီသည်၊ သုံးလီ ကမ္မ၊ သင်္ခါရမူ၊ ဓမ္မထင်ရှား၊ ငါးဆယ်ပြား၏။

* တွေ့ငြား ဖဿ၊ ဆော်တ စေတနာ၊ ဧကဂ္ဂါမူ၊ တည်ကြည် ဟူ၏၊ သက်မူဇီဝိ၊ မနသိကား၊ နှလုံးထားတည့်၊ ငါးပါးဓမ္မ၊ စိတ်တိုင်းရ၏၊

* တက္က ကြံခြင်း၊ ဖွဲ့ရစ်ခြင်းမှာ၊ ဝိစာရမှတ်၊ ဆုံးဖြတ် ဓိမောက္ခ၊ ဝီရိယနှင့်၊ ဆန္ဒ, ပီတိ၊ ထင်ရှားဘိ၏။

* မသိမလင်း၊ မထိုးထွင်းချက်၊ မောဟနက်တည့်၊ ရှက်, ကြောက်မရှိ၊ အဟိရိက၊ နောတ္တပ္ပမည်။ မတည်ကြည်က၊ ဥဒ္ဒစ္စမှု၊ ဤလေးခုကား၊ အကုသိုလ်တွင်၊ စိတ်တိုင်းယှဉ်၏၊ လိုချင်လောဘ၊ မာနထောင်လွှား၊ မြင်မှား ဒိဋ္ဌိ၊ ကြမ်းဘိ ဒေါသ၊ မစ္ဆေရ ဝန်တို၊ မနာလို ဣဿာ၊ တစ်ဖြာ ကုက္ကုစ္စ၊ နောင်တ ပူပင်၊ မရွှင်မကြည်၊ ထိုင်းမှိုင်းသည်မှာ၊ နှစ်မည် ထိ, မိဒ်၊ စိတ်ထဲဒွိဟ၊ နှစ်ခွ နေဘိ၊ ဝိစိကိစ္ဆာ။

* သဒ္ဒါကြည်လေ့၊ မမေ့သတိ၊ ရှက်, ကြောက်ဘိမှာ၊ ဟိရီ ဩတ္တပ်၊ မကပ် မငြိ၊ မကြမ်းဘိနှင့်၊ အသိ တရား၊ ဟိတ် သုံးပါးဟူ၊ လျစ်လျူနေလတ်၊ တတြမဇ္ဈတ္တတာ၊ နှစ်ဖြာပဿဒ္ဓိ၊ ငြိမ်းဘိကိုယ်,စိတ်၊ ပေါ့ရိပ် လဟု၊ မုဒု နူးညံ့၊ ကြမ်းခံ့ ကမ္မဉ်၊ ကျွမ်းကျင် ပါဂုဉ်၊ ဖြောင့်တုံ ဥဇု။

* နှုတ်ဒု, ကာဒု၊ ကြဉ်မှုသုံးဖြာ၊ ဝါစာ, ကမ္မန္တ၊ အာဇီဝနှင့်။

* သတ္တအများ၊ သနားသမှု၊ ဝမ်းမြောက်မှုဟု၊ ကရု, မုဒိ၊ ငါးဆယ်ရှိ၏၊ သုစရိတ၊ ဒုစ္စရိတ၊ ဒါန, သီလ, ဘာဝနာ၊ စသည်ဖြာသား၊ ဝေါဟာသွယ်သွယ်၊ မဆုံးဘွယ် သည်...အကျယ် သင်္ခါရာက္ခန္ဓာတည်း။

* သင်္ခါရက္ခန္ဓာသည် အကျဉ်းအားဖြင့် ကိုယ်အမှု၊ နှုတ်အမှု၊ စိတ်အမှုတို့ကို ပြုပြင်ခြင်းပေတည်း။ တရားကိုယ် သရုပ် အကျယ်အားဖြင့် ၅၀-ရှိ၏။

* ဖဿ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ-ဟူ၍ သဗ္ဗစိတ္တသာဓာရဏ ငါးပါး။

* ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ-ဟူ၍ ပကိဏ်း-၆-ပါး။

* မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ လောဘ၊ ဒိဋ္ဌိ၊ မာန၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ထိန၊ မိဒ္ဓ၊ ဝိစိကိစ္ဆာ- ဟူ၍ အကုသိုလ် စေတသိက် ၁၄-ပါး။

* သဒ္ဒါ၊ သတိ၊ ဟိရီ၊ ဩတ္တပ္ပ၊ အလောဘ၊ အဒေါသ၊ အမောဟ၊ တတြမဇ္ဈတ္တတာ၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တ မုဒုတာ၊ ကာယ ကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယ ပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တု ဇုကတာ ဟူ၍ သောဘဏစေတသိက် ၂၀။

* သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဟူ၍ ဝိရတိ စေတသိက်သုံးပါး။

* ကရုဏာ၊ မုဒိတာ-ဟူ၍ အပ္ပမညာ စေတသိက် နှစ်ပါး။

ဤကား တရားကိုယ်အပြား ၅၀-တည်း။ သုစရိုက် ဆယ်ပါး၊ ဒုစရိုက်ဆယ်ပါး၊ ဒါန,သီလ,ဘာဝနာစသော ပုည ကိရိယာဝတ္ထုဆယ်ပါး၊ ပါရမီဆယ်ပါး စသည်တို့သည်လည်း သင်္ခါရက္ခန္ဓာတို့ပေတည်း။ သင်္ခါရက္ခန္ဓာ အကျယ် ပြီး၏။


ဝိညာဏက္ခန္ဓာ

၅။ အာရုံယူဘိ၊ အသိသဘော၊ စိတ်မနောကို၊ ဝိညာဏ် ဆို၏၊

* ထိုဝိညာဏ်ကား၊ မြင်, ကြား, နံ, လျက်၊ ထိ, သိ ချက်ဟု၊ ၆-ခု အကျဉ်း၊ အကျယ်ခင်းက၊ ကာမ, ရူပ၊ အရူပနှင့်၊ လောကဥတ္တရာ၊ စိတ်လေးဖြာ တည်း။

* ကာမခေါ်ရေး၊ ငါးဆယ့်လေးခု၊ သော, ဥယှဉ် ဒွိက်၊ ဒိဋ္ဌိယှဉ်, မယှဉ်၊ သင်ရှိ, မရှိ၊ ဒွိစတုရှစ်၊ လော မူဖြစ်၏၊ နှစ် ဒေါ မူလ၊ ပဋိဃယှဉ်၊ သင်ရှိ, မရှိ၊ မောမူဒွိမှာ၊ ဝိစိ, ဥဒ္ဓစ်၊ ဥယှဉ်လစ်သည်၊ ဆယ့်နှစ် အကုသိုလ်။

* ထိုပြင် အဟိတ်၊ စိတ် ဆယ့်ရှစ်ခု၊ စက္ခု, သောတ၊ ဃာန, ဇိဝှါ၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆီ၊ နှစ်ခုစီတည့်၊ သန္တီရဏ၊ သုံးခုရ၏၊ ပေါင်းတစ်ဆယ့်ငါး၊ ဝိပါက်ငြားရှင့်၊ ငါးပါးဒွါရာ၊ မနောဒွါဟု၊ အာဝဇ္ဇန်း ဒွိ၊ ဟသိတုပ္ပါဒ်၊ သုံးရပ် ကိရိယာ၊ ဆယ့်ရှစ်ဖြာတည့်။

* ကာမဝစရ၊ ကုသလစု၊ သော, ဥနှစ်တန်၊ ဉာဏ် ယှဉ်, မယှဉ်၊ သင်ရှိ, မရှိ၊ ရှစ်ပါး သိလော၊ ဝိပါက် မဟာ၊ ကိရိယာလည်း၊ ထိုနည်းရှစ်စီ၊ သုံးလီ ပေါင်းထွေး၊ ၂၄- တည်း။ ရှေးတစ်ဆယ့်နှစ်၊ တစ်ဆယ့်ရှစ်နှင့်၊ ပေါင်း လစ်တုံက၊ အကျယ်ရသည်.ကာမ ငါးဆယ့်လေးလျှင် တည်း။

၆။ စျာန်စိတ် ရူပ၊ ဆယ့်ငါးမျှတည့်၊ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်၊ ပဉ္စမစျာန်၊ ငါးတန်အပြား၊ စျာန်ငါးပါးနှင့်၊ ယှဉ်ငြားအလို၊ ကုသိုလ်စိတ်ငါး၊ ဝိပါက် ငါးနှင့်၊ ငါးပါးကိရိယာ၊ ဆယ့်ငါးဖြာကား၊ ဗြဟ္မာရူပ၊ စျာန်စိတ်ရတည်း။

* အာကာသာနဉ္စာယတနစျာန်၊ ဝိညာဏဉ္စာယတန စျာန်၊ အာကိဉ္စညာယတနစျာန်၊ နေဝသညာ နာသညာယတန စျာန်၊ လေးတန်အပြား၊ စျာန် လေးပါးနှင့်၊ ယှဉ်ငြားအလို၊ ကုသိုလ်စိတ်လေး၊ ဝိပါက်လေးနှင့်၊ လေးပါးကိရိယာ၊ ဆယ့်နှစ်ဖြာကား၊ ဗြဟ္မာအရူပ၊ စျာန်စိတ်ရတည်း။

* သောတာပတ္တိမဂ္ဂ၊ သကဒါဂါမိမဂ္ဂ၊ အနာဂါမိမဂ္ဂ၊ အရဟတ္တမဂ္ဂ၊ အဋ္ဌင်္ဂီက၊ မဂ္ဂအပြား၊ မဂ်လေးပါးနှင့်၊ ယှဉ်ငြားအလို၊ ကုသိုလ်စိတ်လေး၊ ဖိုလ်စိတ်လေးဟု၊ ရှစ်ခုလောကုတ်၊ အကျဉ်းချုပ်၏။

* လောကုတ်အကျယ်၊ လေးဆယ်အရ၊ သရုပ်ပြမူ၊ ပထမစျာန်သောတာပတ္တိ မဂ်စိတ်တစ်ပါး၊ ဒုတိယ စျာန် သောတာပတ္တိ မဂ်စိတ်တစ်ပါး၊ တတိယစျာန် သောတာ ပတ္တိ မဂ်စိတ်တစ်ပါး၊ စတုတ္ထစျာန် သောတာပတ္တိ မဂ်စိတ်တစ်ပါး၊ ပဉ္စမစျာန် သောတာပတ္တိမဂ်စိတ် တစ်ပါးဟူ၍ သောတာပတ္တိ မဂ်စိတ်အပြား ငါးပါး၊ ဤနည်းအားဖြင့်၊ ရှစ်ပါး အကုန်၊ စျာန်ပွါးတုံက၊ လေး ဆယ်ရ၏၊ တစ်ရာ့နှစ်ဆယ်၊ တစ်ပါးကယ်သည်... အကျယ် ဝိညာဏက္ခန္ဓာတည်း။

* ဤလင်္ကာ၂-ပိုဒ်တွင်ပထမလင်္ကာ၌ 'မြင်“မြင်' ဆိုသည် ကား စက္ခုဝိညာဏ် စိတ်တည်း၊ 'ကြား“ကြား'-သောတဝိညာဏ် စိတ်၊ 'နံ“နံ'-ဃာနဝိညာဏ်စိတ်၊ 'လျှက်'လျှက်'- ဇိဝှါဝိညာဏ်စိတ်၊ 'ထိ'-ကာယဝိညာဏ်စိတ်၊ 'သိ'သိ'-ဆိုသည်ကား မနော ဝိညာဏ်စိတ်။

* အကျယ်နည်း၌ 'သော, ဥယှဉ် ဒွိကသော, ဥယှဉ် ဒွိက်' ဆို သည်ကားသောမနဿဝေဒနာနှင့်ယှဉ်သော စိတ်တစ်ပါး၊ ဥပေက္ခာဝေဒနာနှင့်ယှဉ်သော စိတ်တစ်ပါးဟူ၍ လောဘမူစိတ် ၂-ပါးဖြစ်၏။

'ဒိဋ္ဌိယှဉ်, မယှဉ်' ဆိုသည်ကား- ထိုနှစ်ပါးတို့တွင် တစ်ပါးပါးသည် ဒိဋ္ဌိနှင့်ယှဉ်သည်တစ်ပါး၊ ဒိဋ္ဌိနှင့် မယှဉ်သည် တစ်ပါးဟူ၍ လောဘမူစိတ်လေးပါး ဖြစ်၏၊ 'သင်ရှိ, မရှိ' ဆိုသည်ကား- ထိုလေးပါးတို့တွင် တစ်ပါးပါးသည်သင်္ခါရရှိသည်တစ်ပါး၊ သင်္ခါရမရှိသည် တစ်ပါးဟူ၍ လောဘမူစိတ်ရှစ်ပါး ဖြစ်၏၊ သင်္ခါရ ဆိုသည်ကား တိုက်တွန်းမှုကို ဆိုသတည်း။

* ဒေါသမူစိတ် ၂-ပါးကား-ဒေါမနဿဝေဒနာ၊ ဒေါသ ပဋိဃတို့နှင့် အမြဲယှဉ်၍ သင်္ခါရရှိသည် တစ်ပါး- သင်္ခါရ မရှိသည် တစ်ပါး။

* မောဟမူစိတ် ၂-ပါးကား-ဥပေက္ခာဝေဒနာ အမြဲ ရှိ၍ ဝိစိကိစ္ဆာနှင့် ယှဉ်သည်တစ်ပါး၊ ဥဒ္ဓစ္စနှင့်ယှဉ်သည် တစ်ပါး၊ ပေါင်း အကုသိုလ်စိတ် ၁၂-ပါး ဖြစ်၏။

* အဟိတ်စိတ် ၁၈-ပါး၌ 'စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဝိညာဏ်' ဆိုသည်ကား-စက္ခု ဝိညာဏ်တစ်ပါး၊ သောတဝိညာဏ်တစ်ပါး၊ ဃာနဝိညာဏ်တစ်ပါး၊ ဇိဝှါဝိညာဏ်တစ်ပါး၊ ကာယ ဝိညာဏ် တစ်ပါး။

* 'သမ္ပဋိစ္ဆီ' ကား-သမ္ပဋိစ္ဆိုန်းကိုဆိုသည်။

* 'နှစ်ခုစီ'ဆိုသည်ကား- အကုသလဝိပါက် စက္ခု ဝိညာဏ် တစ်ပါး၊ ကုသလဝိပါက် စက္ခုဝိညာဏ် တစ်ပါးစသည်ဖြင့် ၂-ခုစီယူလေ။

* 'သန္တီရဏ သုံးခု' ဆိုသည်ကား- အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်တစ်ပါး၊ ကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်တစ်ပါး၊ ကုသလဝိပါက် သောမနဿ သန္တီရဏစိတ်တစ်ပါး၊ အဟိတ်ဝိပါက်စိတ် ၁၅-ပါး

* “၅-ပါးဒွါရာ၊ မနောဒွါဟု၊ အာဝဇ္ဇန်း ဒွိ' ဆိုသည် ကား-ပဉ္စဒွါရာဝဇ္ဇန်း စိတ်တစ်ပါး၊ မနောဒွါရာဝဇ္ဇန်း စိတ်တစ်ပါး ဆိုလိုသည်။

* ဟသိတုပ္ပါဒ်စိတ်သည် ဘုရားရဟန္တာများ ပြုံး စိတ်တည်း။

အဟိတ်ကြိယာစိတ် ၃-ပါး။ [ပေါင်း အဟိတ်စိတ် ၁၈- ပါး]

* ကာမာဝစရကုသိုလ်စိတ် ရှစ်ပါးကား-သောမနဿ နှင့်ယှဉ်သော ကုသိုလ်စိတ်တစ်ပါး၊ ဥပေက္ခာနှင့် ယှဉ် သော ကုသိုလ်စိတ်တစ်ပါး၊ ထို ၂-ပါးသည် ဉာဏ်နှင့်ယှဉ်, မယှဉ် အားဖြင့် ၂-ပါး ၂-ပါးစီ ပြားပြန်၏။

ထို ၄-ပါးသည် သင်္ခါရ ရှိ, မရှိအားဖြင့် ၂-ပါး၂-ပါး စီ ပြားပြန်၏၊ ကာမကုသိုလ်စိတ်ရှစ်ပါးဖြစ်၏၊ မဟာကုသိုလ်စိတ် ရှစ်ပါးလည်းခေါ်၏။

* [မဟာဝိပါက်စိတ် ရှစ်ပါး၊ မဟာကြိယာစိတ်ရှစ်ပါး၊ ထိုနည်းတူ]။ ကာမသောဘဏစိတ် ၂၄-ပါး ဖြစ်၏။

* အကုသိုလ်စိတ် ၁၂-ပါး၊ အဟိတ်စိတ် ၁၈-ပါး၊ ကာမ သောဘဏစိတ်၂၄-ပါး၊ ပေါင်း ကာမစိတ် ၅၄-ပါးဖြစ်၏။

* ရူပဝစရစျာန်စိတ် ၁၅-ပါး၊ အရူပါဝစရစျာန်စိတ် ၁၂- ပါး၊ လောကုတ္တရာအကျဉ်း မဂ်စိတ် ၄-ပါး၊ ဖိုလ်စိတ်၄- ပါး၊ လောကုတ္တရာအကျယ် မဂ်စိတ် ၂၀၊ ဖိုလ်စိတ်၂၀၊ စိတ်ဝိညာဏ်အပြား ၁၂၁-ပါး

ဝိညာဏက္ခန္ဓာ အကျယ်ပြီး၏


ခန္ဓာ ငါးပါး

၇။ သဗ္ဗစိတ္တသာဓာရဏ၊ သဗ္ဗာကုသလ စိတ္တသာဓာရဏ၊ သဗ္ဗသောဘဏ စိတ္တသာဓာရဏ၊ ဆက်ဆံယှဉ်ဘက်၊ အနက် သာဓာရဏ၊ ထိုသုံးဝတွင်

  • မောဟစသည်၊ စေ လေးမည်မှာ၊ သဗ္ဗာ ကုသလ၊ အမည် ရ၏။
  • အမောဟကြဉ်၊ ဆယ့်ကိုးလျှင်မူ၊ မှတ်ယူသဗ္ဗသောဘဏ တည်း။
  • သဗ္ဗစိတ္တ၊ ပကိဏ်းဆကို၊ အညသမာန်း၊ ခေါ်ရိုး တမ်းတည်း။
  • သမာန်းအည၊ တေရသနှင့်၊ အကုသလ၊ ဓမ္မဆယ့် လေး၊ ပေါင်းထွေးတုံပြန်၊ နှစ်ဆယ့်ခွန်ကား၊ ဝိညာဏ်ဆယ့်နှစ်၊ အကုညစ်၌၊ ဖြစ်ပျက်တူကွ၊ ယှဉ်ကုန်ကြ၏။
  • ဆန္ဒကြဉ်လစ်၊ အဉ် ဆယ့်နှစ်မူ၊ ဆယ့်ရှစ်အဟိတ်၊ ဝိညာဏ်စိတ်မှာ၊ ဖြစ်သည်သာတည်း။
  • တစ်ဖြာအည၊ တေရသနှင့်၊ သောဘဏအပြား၊ နှစ်ဆယ့်ငါးကား၊ ကြွင်းငြား ကာမ၊ သောဘဏနှင့်၊ ရူပရူပါ၊ လောကုတ်မှာလျှင်၊ အကုန်ယှဉ်၏။
  • ထိုတွင်ထွေလာ၊ ယထာရဟ၊ သင်္ဂဟမှာ၊ ကျမ်း၌ လာပြီး၊
  • ပါယ်ရွာလေးရပ်၊ လူနတ်ခုနစ်၊ ဆယ့်တစ်ဌာန၊ ဘုံ ကာမနှင့်၊ ရူပဗြဟ္မာ၊ ဆယ့်ငါးရွာ၌၊ ခန္ဓာငါးဝ၊ အစုံရ၏။
  • အရူပဗြဟ္မာ၊ လေးဘုံမှာမူ၊ ခန္ဓာလေးအင်၊
  • အသညသတ်၊ ဘုံတစ်ရပ်မှာ၊ ရုပ်ခန္ဓာပေ။
  • မြေ, ရေ, တော, တောင်၊ ဘုံဆောင်ပြာသာဒ်၊ စရပ် ကျောင်းအိမ်၊ ကြိုးကြိမ် သစ်ဝါး၊ ဝတ်စားတန်ဆာ၊ ရတနာရွှေငွေ၊ သေပြီးအလောင်း၊ သက်မဲ့ပေါင်း မှာ၊ ရုပ်ခန္ဓာတည်း။
  • ပမာ ရေမြှုပ်၊ ရုပ်နှင့်ယှဉ်ဖက်၊ ရေပွက် ဝေဒနာ၊ သညာ တံလျှပ်၊ တရပ်သင်္ခါရ၊ ငှက်ပျောကျ၏၊ ဓမ္မဝိညာဉ်၊ မျက်လှည့် ယှဉ်သည်...ငါးအင် နှစ်မဲ့ ခန္ဓာတည်း။
  • သာဓာရဏသဒ္ဒါသည် အတူတကွဖြစ်ဖက် ပျက်ဖက် ယှဉ်ဖက်တွဲဖက် ဆက်ဆံကြခြင်း အနက် ကိုဟောသည်။

[သဗ္ဗစိတ္တသာဓာရဏတစ်ပါး၊ သဗ္ဗာကုသလစိတ္တသာဓာရဏတစ်ပါး၊ သဗ္ဗ သောဘဏစိတ္တသာဓာရဏတစ်ပါးဟူ၍ သာဓာရဏအပြား သုံးပါးရှိ၏၊]

  • ဖဿ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ ဟူသော သင်္ခါရက္ခန္ဓာတရားငါးပါး၊ ဝေဒနာတစ်ပါး၊ သညာတစ်ပါး၊ ဤ စေတသိက်တရား ၇-ပါးသည် စိတ်အလုံးစုံတို့နှင့် ဆက်ဆံသောကြောင့် သဗ္ဗစိတ္တသာဓာရဏမည်၏။

[စိတ်အကျဉ်း ၈၉-ခု၊ အကျယ် ၁၂၁-ခုတို့တွင် ဘယ်စိတ်မှာမဆို ထို ၇-ပါးအမြဲပါရှိ၏၊]

  • ထိခိုက်ရှနရှိ၍ ခြေဖဝါးအပြင်၌ ကျင်နာခြင်းဖြစ်ရာ ဌာနမှာ ကာယဝိညာဏ်စိတ် ဖြစ်ပေါ်သောအခါ ထို စေတသိက် ၇-ပါး ပါရှိ၏၊ ခန္ဓာလေးပါးရ၏၊ ကျင်နာ ရာဌာနရှိ ရူပက္ခန္ဓာနှင့် ပေါင်းသည်ရှိသော် ကျင်နာဆဲ အခါ၌ ခြေဖဝါးအပြင်မှာ ခန္ဓာငါးပါး ရှိနေ၏၊ ကျင်နာ ခြင်း ပျောက်ကင်းသောအခါ၌ နာမ်ခန္ဓာ-၄-ပါးချုပ်ဆုံး၏၊ ရူပက္ခန္ဓာသာကျန်၏။
  • မျက်လုံးအိမ်တွင်းမှာ မြင်မှု ဖြစ်ပေါ်ဆဲအခါ၌ လည်း မျက်လုံးမှာ ခန္ဓာငါးပါးရှိနေ၏၊ နားတွင်း နှာခေါင်းတွင်း လျှာအပြင်တို့၌လည်း ထို့အတူတည်း။
  • မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ဤလေးပါးသည် အကုသိုလ်စိတ် ၁၂-ခုလုံးမှာ အမြဲပါသောကြောင့် သဗ္ဗာကုသလ စိတ္တသာဓာရဏ မည် ၏။
  • အမောဟကိုကြဉ်၍ သဒ္ဓါအစ စိတ္တုဇုကတာ အဆုံးရှိသော စေတသိက် ၁၉-ပါးတို့သည် ကာမ သောဘဏစိတ် ၂၄-ပါး၊ ရူပစိတ်၁၅-ပါး၊ အရူပ စိတ် ၁၂-ပါး၊ လောကုတ္တရာစိတ် အကျဉ်း ရှစ်ပါး၊ အကျယ် လေးဆယ်တို့နှင့် အကုန်ယှဉ်သောကြောင့် သဗ္ဗသော ဘဏ စိတ္တသာဓာရဏ မည်ကုန်၏။
  • သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါးနှင့် ပကိဏ်း စေတသိက်၆-ပါး၊ ဤ ၁၃-ပါးကို အညသမာန်းစေတသိက်ခေါ်၏၊ ထိုအညသမာန်း စေတသိက် ၁၃-ပါး၊ အကုသိုလ်စေတသိက် ၁၄-ပါး၊ ဤ ၂၇-ပါးတို့သည် အကုသိုလ်စိတ် ၁၂-ပါး တို့၌ ထိုက်သည်အားလျော်စွာ ယှဉ်ကြကုန်၏။
  • ဆန္ဒကြဉ်သော အညသမာန်း ၁၂-ပါးတို့သည် အဟိတ် စိတ် ၁၈-ပါးတို့၌ ထိုက်သည်အားလျော်စွာ ယှဉ်ကြ ကုန်၏။
  • အညသမာန်း ၁၃-ပါး၊ သောဘဏစေတသိက် ၂၅-ပါး၊ ဤ ၃၈-ပါးတို့သည် အလုံးစုံသော သောဘဏစိတ် အကျဉ်း ၅၉-ပါး၊ အကျယ်၉၁-ပါးတို့၌ ထိုက်သည်အား လျော်စွာ ယှဉ်ကြကုန်၏။
  • 'ထိုတွင် ထွေလာ၊ ယထာရဟ၊ သင်္ဂဟ' ဆိုသည် ကား-အကုသိုလ်စိတ် ၁၂-ပါးတို့၌ စေတသိက်၂၇- ပါးရသည် ဆိုသော်လည်း ထို၂၇-ပါးတို့တွင် အချို့သော စေတသိက်သည် အချို့သော အကုသိုလ်စိတ်၌ ယှဉ်ကြကုန်၏။
  • ဝိစိကိစ္ဆာစေတသိက်သည် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် တစ်ခု၌သာ ယှဉ်၏။
  • ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဤလေးခုတို့သည် ဒေါသမူစိတ်၂-ခုတို့၌သာ ယှဉ်ကုန်၏။
  • ဒိဋ္ဌိစေတသိက်သည် လောဘမူ ဒိဋ္ဌိသမ္ပယုတ်စိတ် ၄- ခု၌သာ ယှဉ်၏။
  • မာနစေတသိက်သည် လောဘမူ ဒိဋ္ဌိဝိပ္ပယုတ်စိတ် ၄- ခု၌သာ ယှဉ်၏။
  • ထိန မိဒ္ဓ စေတသိက် ၂-ပါးသည် သသင်္ခါရိကစိတ် ငါးခု၌သာ ယှဉ်၏။
  • လောဘစေတသိက်သည် လောဘမူစိတ် ၈-ခု၌သာ ယှဉ်၏။
  • ဆန္ဒကြဉ်သော အညသမာန်း ၁၂-ခုသည် အဟိတ် စိတ် ၁၈-ခုတို့၌ယှဉ်သည် ဆိုသော်လည်း ထို ၁၂-တို့တွင် ပီတိစေတသိက်သည် သောမနဿ သန္တီရဏစိတ်၊ ဟသိတုပ္ပါဒ် စိတ်တို့၌သာ ယှဉ်၏။
  • ဝိတက်၊ ဝိစာရ၊ အဓိမောက္ခတို့သည် ဒွေပဉ္စဝိညာဏ် ၁၀- တို့၌ မယှဉ်ကုန်၊ ကြွင်းသော အဟိတ်စိတ် ၈-ခုတို့၌သာ ယှဉ်ကုန်၏။
  • အညသမာန်း ၁၃-ခု၊ သောဘဏစေတသိက် ၂၅-ခု၊ ဤ ၃၈-ခုတို့သည် သောဘဏစိတ် အကျဉ်း ၅၉-ခု၊ အကျယ် ၉၁-ခုတို့၌ယှဉ်သည် ဆိုငြားသော်လည်း ထို ၃၈-ခုတို့တွင် ဝိတက်သည် ကာမသောဘဏစိတ်နှင့် ပထမစျာန်စိတ် တို့၌သာရ၏။
  • ဝိစာရသည် ကာမသောဘဏစိတ်နှင့် ပထမ စျာန်စိတ်၊ ဒုတိယစျာန်စိတ်တို့၌သာရ၏။
  • ပီတိသည် ကာမသောမနဿစိတ်နှင့် ပထမစျာန် စိတ်၊ ဒုတိယစျာန်စိတ်၊ တတိယစျာန်စိတ်တို့၌သာ ရ၏။
  • အမောဟ စေတသိက်သည် ကာမသောဘဏ ဉာဏ သမ္ပယုတ်စိတ်၁၂-ခုနှင့်၊ ရူပ၊ အရူပ၊ လောကုတ္တရာ စိတ်တို့၌သာရ၏။
  • ဝိရတီသုံးခုသည် မဟာကုသိုလ်စိတ် ၈-ခုနှင့် လောကုတ္တရာစိတ်တို့၌သာရ၏။
  • အပ္ပမညာ ၂-ခုသည် မဟာကုသိုလ် မဟာကြိယာတို့နှင့် ရူပါဝစရ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်စိတ်တို့၌သာရ၏။

ဤသို့ အစရှိသည်ဖြင့် ထွေထွေလာလာ ယထာရဟ ဝေဖန်ရန် သမ္ပယောဂနည်း၊ သင်္ဂဟနည်း အများရှိသည်ကို အဘိဓမ္မာကျမ်းဂန် များမှာ လာရှိတိုင်းမှတ်ယူကြလေ ဆိုလိုသည်။

  • ၃၁-ဘုံတွင် အသညသတ်ဘုံမှာ ရူပက္ခန္ဓာတစ်ပါး သာ ရ၏၊
  • အရူပလေးဘုံတို့မှာ ရူပက္ခန္ဓာကိုမရ၊ နာမက္ခန္ဓာ ၄-ပါး ကိုသာရ၏။
  • ကြွင်းသော ၂၆-ဘုံတို့မှာ ခန္ဓာငါးပါးလုံးကိုရ၏၊ သက်မဲ့ ဝတ္ထုမျိုးတို့မှာ ဥတုဇရုပ် ခန္ဓာတစ်ပါး သာရ၏။

ခန္ဓာငါးပါးတို့တွင်

  • ရူပခန္ဓာသည် ရေမြှုပ်နှင့် တူ၏။
  • ဝေဒနာက္ခန္ဓာသည် ရေပွက်နှင့် တူ၏။
  • သညာက္ခန္ဓာသည် တံလျှပ်နှင့် တူ၏။

[လင်းလျှပ်လည်း ခေါ်၏၊]

  • သင်္ခါရက္ခန္ဓာသည် ငှက်ပျောတုံးနှင့် တူ၏။
  • ဝိညာဏက္ခန္ဓာသည် မျက်လှည့်နှင့် တူ၏။

ခန္ဓာငါးပါးအခန်း ပြီး၏။


အာယတနခန်း

၈။ ထွေထွေလာလာ၊ များတကာတို့၊ တည်ရာစုရာ၊ သက် ရောက်ရာကို၊ အာယတန၊ ခေါ်ဆိုကြ၏။

  • ဌာန, ကရဏ၊ စသည်အနက်၊ အများထွက်၏။
  • စက္ခု, သောတ, ဃာန, ဇိဝှါ၊ ကာယ, မနော၊ သဘောတရား၊ ဤ ၆-ပါးမူ၊ ကိုယ်တွင်းဟူဘိ၊ အဇ္ဈတ္တိက၊ အမည်ရ၏။
  • ရူပ, သဒ္ဒါ၊ ဂန္ဓာ, ရသ၊ ဖောဋ္ဌဗ္ဗနှင့်၊ ဓမ္မဟူသည်၊ ဤ ၆-မည်ကား၊ ဗာဟီရာယတန၊ အမည်ရ၏။
  • မနမှာမူ၊ ၆-ဖြာဝိညာဉ်၊ ဓမ္မတွင်မူ၊ အစဉ်ပါလစ်၊ ရှေ့ဆယ့်တစ်မှ၊ ကျန်သမျှတည်း။ အာဒိတ္တ သုတ်၊ ဖော်ပြထုတ်မူ

စက္ခု ဘိက္ခဝေ အာဒိတ္တံ၊ ကေန အာဒိတ္တံ၊ ရာဂဂ္ဂိနာ အာဒိတ္တံ၊ ဒေါသဂ္ဂိနာ အာဒိတ္တံ၊ မောဟဂ္ဂိနာ အာဒိတ္တံ၊ ဇာတိယာ ဇရာယ မရဏေန သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသေဟိ အာဒိတ္တန္တိ ဝဒါမိ။

သောတံ အာဒိတ္တံ၊ ဃာနံ အာဒိတ္တံ၊ ဇိဝှါ အာဒိတ္တာ၊ ကာယော အာဒိတ္တော၊ မနော အာဒိတ္တော၊ ရူပါ အာဒိတ္တာ၊ သဒ္ဒါ အာဒိတ္တာ၊ ဂန္ဓာ အာဒိတ္တာ၊ ရသာ အာဒိတ္တာ၊ ဖောဋ္ဌဗ္ဗာ အာဒိတ္တာ၊ ဓမ္မာ အာဒိတ္တာ၊ ကေန အာဒိတ္တာ၊ ရာဂဂ္ဂိနာ အာဒိတ္တာ၊ ဒေါသဂ္ဂိနာ အာဒိတ္တာ၊ မောဟဂ္ဂိနာ အာဒိတ္တာ၊ ဇာတိယာ ဇရာယ မရဏေန သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသေဟိ အာဒိတ္တာတိ ဝဒါမိ”။

ပါဠိတော်လှစ်၊ မီးဆယ့်တစ်ကို၊ ဆယ့်နှစ် အာယတန၊ မြှောက်ပွါးကမူ၊ တရာ့သုံးဆယ်၊ နှစ်ပါးကယ်သား၊ အကျယ် မီးပေါင်း၊ ပွါးတုံရှောင်းသည်...ထောင်းထောင်း တောက်လောင် မစဲတည်း။

  • 'အာယတန' ဆိုသည်ကား လူအများတို့ သက် ရောက်ရာ လှေဆိပ်ကြီး၊ သဘောင်္ဆိပ်ကြီး၊ စျေး ရုံကြီး၊ ဇာတ်ရုံကြီးများကဲ့သို့ တစ်ယောက်သော သူ၏ ကိုယ်ခန္ဓာမှာ ဆိုင်ရာဆိုင်ရာ အာရုံတရား၊ အာရုံဟူသော တရားတို့၏ တည်ရာ စုဝေးရာ သက်ရောက်ရာဖြစ်သော အနက်ကို ဆိုသည်။ ထိုအာယတနသဒ္ဒါသည် တည်ရာ= ဌာနအနက်၊ အကြောင်း=ကာရဏအနက် စသည်ဖြင့် များသော အနက်ရှိ၏။
  • စက္ခာယတနသောတာယတနဃာနာယတနဇိဝှါယတနကာယာယတနမနာယတနဟူ၍ အဇ္ဈတ္တိကာယတန ၆-ပါး၊ သတ္တဝါတို့၏သန္တာန်၌သာ ရကောင်းသောကြောင့် အဇ္ဈတ္တိကခေါ် သည်။
  • ရူပါယတနသဒ္ဒါယတနဂန္ဓာယတနရသာ ယတနဖောဋ္ဌဗ္ဗာယတနဓမ္မာယတနဟူ၍ ဗာဟိရာယတန ၆- ပါး။ အဇ္ဈတ္တိကာယတနတို့မှ အပဖြစ်သောကြာင့် ဗာဟိရ ခေါ်သည်။
  • စက္ခုပသာဒရုပ် စသည်သည် စက္ခာယတန စသည် မည်၏၊ ရူပက္ခန္ဓာ အကျယ်မှာ လာရှိခဲ့ပြီ။
  • ဝိညာဏက္ခန္ဓာကြီးကို မနာယတန ဆိုသည်။
  • ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာစုနှင့် အာပေါ ဓာတ်တစ်ခု၊ ဘာဝရပ် ၂-ခု၊ ဟဒယ ဝတ္ထုရုပ်တစ်ခု၊ ဇီဝိတရုပ် တစ်ခု၊ အာဟာရရုပ် တစ်ခု၊ အာကာသဓာတ် တစ်ခု၊ ဝိညတ်ရုပ် ၂-ခု၊ ဝိကာရရုပ် ၃-ခု၊ လက္ခဏရုပ် ၄-ခု ဟူသော သုခုမရုပ် ၁၆-ခု၊ အသင်္ခတ မဟာ နိဗ္ဗာန်ကြီး၊ ဤတရားစုကို ဓမ္မာယတန ဆိုသည်။
  • ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေဝမီး၊ ဒုက္ခမီး၊ ဒေါမနဿမီး၊ ဥပါယာသမီး၊ ဤကား-မီး ၁၁-ပါးတည်း။ လောကီ အာယတန ၁၂-ပါးတို့တွင် တစ်ပါးတစ်ပါးမှာ မီး ၁၁- ပါး ၁၁-ပါးစီ တောက်လောင်လျက်ရှိ၏၊ တစ်ပါးတစ်ပါးမှ မီး ၁၁-ပါးစီ ထွက်နိုင်၏၊ အာဒိတ္တသုတ် ပါဠိတော်ကြီး အတိုင်း မှတ်လေ။

အာယတနခန်း ပြီး၏။


ဓာတ်ခန်း

၉။ သတ္တဝါ အလို၊ ပုဂ္ဂိုလ်အကြိုက်၊ မလိုက်မစား၊ မငဲ့ငြားဘဲ၊ ကြောင်းအားလျော်စွာ၊ သူ့ခြင်းရာနှင့်၊ သူ့သဘာဝ၊ သူ့ကိစ္စကို၊ ဆောင်ကြသမှု၊ အကြောင်းပြု၍၊ ဓာတ်ဟု သညာ၊ အစဉ်လာ၏။

  • မနာယတန၊ တစ်ခုမျှကို၊ သတ္တဝိညာဏဓာတ်၊ ဝေဖန်လတ်က၊ ဓာတ်၏အချက်၊ ဆယ့်ရှစ်ထွက်၏။
  • စက္ခုဝိညာဏ်ဓာတ်သောတဝိညာဏ်ဓာတ်ဃာနဝိညာဏ်ဓာတ်ဇိဝှါဝိညာဏ်ဓာတ်ကာယဝိညာဏ် ဓာတ်မနောဓာတ်မနောဝိညာဏ်ဓာတ်၊ ခုနှစ်ရပ်တွင်၊ ပဉ္ဇဝဇ္ဇန်၊ သမ္ပဋိစ်ဒွေး၊ ပေါင်းရေး သုံးရပ်၊ မနောဓာတ် တည့်၊ ကြွင်းလတ်သဘော၊ မနောဝိညာဏ်၊ ခုနစ်ဆယ် ခြောက်၊ ရတုံမြောက်၏။
  • အလျောက်ဘာဝ၊ ပြင်ဓာတ်ကျ၍၊ သတ္တဇီဝ၊ အတ္တ မဟုတ်၊ ရုပ်ဓာတ် နာမ်ဓာတ်၊ ပေါင်းစပ် ပူးတွဲ၊ အခဲအစု၊ ဝတ္ထု ကြီးငယ်၊ အထယ်အလိပ်၊ နိမိတ်သန္တာန်၊ ဟန် ပန်လုံးစုံ၊ ကင်းဆိတ်တုံ၍

    စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုယောဟောတိ။ သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတ ဝိညာဏံ(လ) ဃာနဉ္စ ပဋိစ္စ ဂန္ဓေစ ဥပ္ပဇ္ဇတိ ဃာန ဝိညာဏံ။ (လ) ဇိဝှဉ္စ ပဋိစ္စ ရသေစ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ၊ (လ) ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပဇ္ဇတိ ကာယဝိညာဏံ၊(လ) မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ (လ) ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”။

ပါဠိအထွက်၊ ဓာတ်ဆောင်ချက်ကို၊ နက်နက် နယ်နယ်၊ သိရန်ခြယ်သည်...အကျယ် ဓာတုကထာတည်း။

  • အာယတန-၁၂-ပါးတို့တွင် မနာယတနတစ်ပါးကို ဓာတ်အားဖြင့် ဝေဖန်သော် ဝိညာဏဓာတ်-၇-ပါး ပွါးသည် ဖြစ်၍ ဓာတ်-၁၈-ပါးဖြစ်၏။

စက္ခုဓာတ်သောတဓာတ်ဃာနဓာတ်ဇိဝှါဓာတ်ကာယဓာတ်ရူပဓာတ်သဒ္ဒဓာတ်ဂန္ဓဓာတ်ရသဓာတ်ဖောဋ္ဌဗ္ဗဓာတ်စက္ခုဝိညာဏဓာတ်သောတဝိညာဏ ဓာတ်ဃာနဝိညာဏဓာတ်ဇိဝှါဝိညာဏဓာတ်ကာယဝိညာဏဓာတ်မနောဓာတ်မနောဝိညာဏဓာတ်ဓမ္မဓာတ်တည်း။

ထို-၁၈-ပါးတို့တွင်

  • မနောဓာတ်ဆိုသည်ကား- ပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် သမ္ပဋိစ္စုန်းဒွေး၊ ဤ-၃-ပါးကို ခေါ်သတည်း။ ကြွင်းသော မနောဝိညာဏ်စိတ်-၇၆-ပါးကို မနောဝိညာဏဓာတ် ဆိုသည်။
  • ပုဂ္ဂိုလ်မဟုတ် သတ္တဝါမဟုတ် အတ္တမဟုတ် ဇီဝမဟုတ် ပုဂ္ဂိုလ်သတ္တဝါ၏ အလိုသို့လည်းမလိုက် အသီးသီး သူ့အခြင်းအရာနှင့် သူ့သဘာဝ သူ့ကိစ္စကိုသာ ရွက်ဆောင်ကြသောကြောင့် ဓာတ်မည်၏။
  • မြေဓာတ်သည် ခက်မာသော အခြင်းအရာနှင့် တစ်ပါးသောရုပ်ဓာတ်တို့၏ တည်ရာမှီရာကိစ္စကိုသာ ရွက်ဆောင်သောကြောင့် ဓာတ်မည်၏။
  • ရေဓာတ်သည် ဖွဲ့စည်းသော အခြင်းအရာနှင့် တစ်ပါး သော ရုပ်ဓာတ်တို့၏ ပေါင်းစုထွေးခဲခြင်း ကိစ္စကိုသာ ရွက်ဆောင်သောကြောင့် ဓာတ်မည်၏။

ဤသို့ စသည်ဖြင့် ပြဆိုဖွယ် ကျယ်ဝန်း၏၊ “စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏစက္ခုဝိညာဏံ“အစရှိသည်ဖြင့် ဟောတော်မူသော ပါဠိတော်၏အတွက် အနက်သဘောလည်း ဓာတ်တို့၏ ဆောင်မှု ပင်တည်း။

ဓာတ်ခန်း ပြီး၏၊


သစ္စာခန်း

၁၀။ ။ အဓွန့်ရှည်စွာ၊ ဘယ်မျှကြာလည်း၊ တစ်ခါတစ်ဖန်၊ မဖောက်ပြန်ပဲ၊ အစဉ်အမြဲကို၊ သစ္စာဆို၏။

  • ထိုသစ္စာကား၊ လေးတွေပြား၏၊ လေးပါးသရုပ်၊ အမှန်ထုတ်သော်၊ ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓ သစ္စာမဂ္ဂသစ္စာ
  • ခန္ဓာငါးလီ၊ ဘုံလောကီကို၊ ဒုက္ခဆိုလော၊
  • ထိုဒုက္ခပေါင်း၊ ပွါးကြောင်းအမှု၊ လောဘစုမှာ၊ သမုဒယ အမည်ရ၏။
  • လောဘခပင်း၊ အကြွင်းမရှိ၊ ချုပ်ငြိမ်းဘိသည့်၊ သန္တိ သဘော၊ အစဉ် ချောကို၊ နိရောဓဟူ၊
  • ရှစ်ဆူသီးသီး၊ မဂ္ဂင်ကြီးကို၊ မဂ္ဂဆို၏။

ထိုမဂ္ဂင်မှာ

  1. သမ္မာဒိဋ္ဌိ=ကောင်းမြတ်သော အမြင်ကိုသာ မြင်ခြင်း တစ်ပါး၊
  2. သမ္မာသင်္ကပ္ပေါ= ကောင်းမြတ်သောအကြံကိုသာ ကြံခြင်း တစ်ပါး၊
  3. သမ္မာဝါစာ=ကောင်းမြတ်သော စကားကိုသာ ပြော ဆိုခြင်း တစ်ပါး၊
  4. သမ္မာကမ္မန္တော=ကောင်းမြတ်သော အမှုကိုသာ ပြု လုပ်ခြင်း တစ်ပါး၊
  5. သမ္မာအာဇီဝေါ=ကောင်းမြတ်သော အသက်မွေးမှုဖြင့် သာ အသက်မွေးခြင်း တစ်ပါး၊
  6. သမ္မာဝါယာမော=ကောင်းမြတ်သော အလုပ်ကိုသာ အားထုတ်ခြင်း တစ်ပါး၊
  7. သမ္မာသတိ=ကောင်းမြတ်သော တရားတို့၌ မမေ့ မလျော့ခြင်း တစ်ပါး၊
  8. သမ္မာသမာဓိ=ကောင်းမြတ်သော အာရုံတို့၌ စိတ်၏ တည်ကြည်ခြင်းတစ်ပါး၊

ဤရှစ်ပါးတွင်၊ ဖောက်ပြားမရှိ၊ ဖြောင့်မှန်ဘိမှ၊ အရိယ သစ္စာ၊ ခေါ်ထိုက်စွာ၏။

သစ္စာအနက်၊ ၄-ချက်စီတည့်၊ ဆယ့်ခြောက်ရှိ၏

  • ပီဠနဋ္ဌော=အကျဉ်းအကြပ် နှိပ်စက်တတ်သော ဒုက္ခ သဘော၊
  • သင်္ခတဋ္ဌော=အမြဲမပြတ် ပြုပြင်အပ်သော ဒုက္ခ သဘော၊
  • သန္တာပဋ္ဌော=ကြောင့်ကြစိုက်ရေး၊ လွန်ရှုပ်ထွေး ၍၊ အေးခွင့် မရ၊ ပူပန်ရသော ဒုက္ခသဘော၊
  • ဝိပရိဏာမဋ္ဌော=နိစ္စမြင့်ရှည်၊ အတည်မမြဲ၊ ဖောက်လဲ ဖောက်ပြန်ဖြစ်တတ်သော ဒုက္ခသဘော၊
  • အာယူဟနဋ္ဌော=ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကိုသာ အမြဲစု ဆောင်း တတ်သော သမုဒယသဘော၊
  • နိဒါနဋ္ဌော-ဒုက္ခလက်စ မပြတ်ရအောင် အမြဲ ဆောင် နှင်း တတ်သော သမုဒယသဘော၊
  • သံယောဂဋ္ဌော=ဒုက္ခစက်မှ မထွက်ရအောင် အမြဲဖွဲ့ နှောင်းတတ်သော သမုဒယသဘော၊
  • ပလိဗောဓဋ္ဌော=ဒုက္ခစက်မှ မထွက်ရအောင် နှောင့် ယှက်တတ်သော သမုဒယသဘော။
  • နိဿရဏဋ္ဌော=ဒုက္ခစက်မှ ထွက်မြောက် ကျွတ် လွတ်ခြင်းဟူသော နိရောဓသဘော၊
  • ပဝိဝေကဋ္ဌော=တေဘုမ္မက ဒုက္ခအသင်း နှောင့်ယှက် ခြင်းမှ ဆိတ်ကင်းခြင်းဟူသော နိရောဓ သဘော၊
  • အသင်္ခတဋ္ဌော=သင်္ခါရဒုက္ခခပင်းမှ ကင်းလွတ်ခြင်း ဟူသော နိရောဓသဘော၊
  • အမတဋ္ဌော=အဖန်ဖန် သေကြေပျက်ဆုံးခြင်းမှ ကင်း လွတ်ခြင်းဟူသော နိရောဓသဘော။
  • နိယျာနဋ္ဌော=ဒုက္ခဘက်မှ ဆန်တက်ထွက်မြောက် ကြောင်းဟူသော မဂ္ဂသဘော၊
  • ဟေတုဋ္ဌော=လောကုတ္တရာ ဂုဏ်ကျက်သရေ အပေါင်း တို့ ကောင်းစွာတည်ရာ၏ အဖြစ်ဟူသော မဂ္ဂသဘော၊
  • ဒဿနဋ္ဌော=သစ္စာလေးအင် နိဗ္ဗာန်ခွင်ကို အမြင်ပေါက် ရောက်ခြင်း ဟူသော မဂ္ဂသဘော၊
  • အာဓိပတေယျဋ္ဌော=တဏှာ၏ ကျွန်အဖြစ်မှ စင်စစ် လွတ်ပြီး ကြီးမြတ်ခြင်းဟူသော မဂ္ဂ သဘော၊

သစ္စာလေးချက် အနက်သဘော၊ ဟောရန် သွယ်သွယ် မဆုံးဖွယ်သည် ..အကျယ်သစ္စ ကထာတည်း။

  • 'သစ္စာ'ဆိုသည်ကား...ဘဝကမ္ဘာ အသင်္ချေ ကြာ သော်လည်း တစ်ခါတစ်ရံမျှ မဖောက်မပြန် မှန်ကန် သော သဘောကို ဆိုသည်။
  • ခန္ဓာငါးပါးသည် ပီဠနဋ္ဌ, သင်္ခတဋ္ဌ, သန္တာပဋ္ဌ, ဝိပရိဏာမဋ္ဌ ဟူသော မငြိမ်းချမ်းမှုအချက် အနက် လေးပါးတို့နှင့် အမြဲယှဉ်သည်ဖြစ်၍ အနမတဂ္ဂ သံသရာတွင် ဘယ်အခါမှာမှ ဒုက္ခဟူသော ပညတ် အချက် ပျက်ကွက်ခြင်း မရှိဘဲ အစဉ်မြဲလေသော ကြောင့် ဒုက္ခသစ္စာ မည်၏။
  • တဏှာသည် အာယူဟနဋ္ဌ,နိဒါနဋ္ဌ, သံယောဂဋ္ဌ, ပလိဗောဓဋ္ဌဟူသော ဒုက္ခပွါးများကြောင်း အချက် အနက်လေးပါးတို့နှင့် အမြဲပြည့်စုံသည်ဖြစ်၍ အန မတဂ္ဂသံသရာတွင် ဘယ်အခါမှာမှ ဒုက္ခသမုဒယ ဟူသော ပညတ်အချက် ပျက်ကွက်ခြင်းမရှိဘဲ အစဉ်မြဲလေသောကြောင့် သမုဒယသစ္စာမည်၏။
  • နိဗ္ဗာန်သည် နိဿရဏဋ္ဌ, ပဝိဝေကဋ္ဌ, အသင်္ခ တဋ္ဌ, အမတဋ္ဌဟူသော ဒုက္ခခပ်သိမ်း ငြိမ်းရန် အချက် အနက် ၄-ပါးတို့နှင့် အမြဲပြည့်စုံသည်ဖြစ်၍ အနမတဂ္ဂ သံသရာတွင် ဘယ်အခါမှာမှ ဒုက္ခနိရောဓဟူသော ပညတ်အချက် ပျက်ကွက်ခြင်းမရှိဘဲ အစဉ်မြဲလေ သောကြောင့် နိရောဓ သစ္စာမည်၏။
  • မဂ္ဂင်ရှစ်ပါးသည် နိယျာနဋ္ဌ, ဟေတွဋ္ဌ, ဒဿနဋ္ဌ, အာဓိပတေယျဋ္ဌဟူသော နိဗ္ဗာန်ရောက်ကြောင်း လမ်း ကောင်း လမ်းမှန်အချက် အနက်၄-ပါးတို့နှင့် ပြည့်စုံ လေခြင်းကြောင့် အနမတဂ္ဂ သံသရာတွင် ဘယ် အခါမှာမှ မဂ္ဂဟူသော ပညတ်အချက် ပျက်ကွက်ခြင်း မရှိဘဲ အစဉ်မြဲလေသောကြောင့် မဂ္ဂသစ္စာမည်၏။
  • လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာများ သည် အစဉ်မြဲသည် မဟုတ်၊ ပျက်စီးခြင်းအဆုံး ရှိနေသော ကြောင့် ဖောက်လဲဖောက်ပြန် ဖြစ် တတ်သော ချမ်းသာမျိုးဖြစ်ချေ၍ သုခသစ္စာ မဟုတ်၊ ဒုက္ခသစ္စာ သာဖြစ်၏၊ ထိုချမ်းသာများကို ပေးတတ်သော ကုသိုလ်ကံစုသည်လည်း ဒုက္ခသစ္စာကို ဖြစ်စေတတ် သောကံမျိုး ဖြစ်ချေ၍ ဒုက္ခသစ္စာမျိုးသာ ဖြစ်၏။

ပီဠနဋ္ဌ အစရှိသော သစ္စာအနက် ၁၆-ချက်တို့၏ အကျယ်ကို သိလိုမှုကား ငါတို့စီရင်သော “သစ္စတ္ထဒီပနီ“မှာ ယူကြလေ။ သစ္စာအကျယ်ပြီး၏၊

ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာကျမ်း ဤတွင် ပြီးပြီ။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...