Skip to main content

Posts

Showing posts with the label မဇ္ဈိမနိကာယ (နိဿယ)

မဇ္ဈိမပဏ္ဏာသအဋ္ဌကထာပဌမတွဲ

မဇ္ဈိမပဏ္ဏာသအဋ္ဌကထာပဌမတွဲ နမော၊ တဿ ဘဂဝတော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓဿ၊ နမော၊ တဿ ဓမ္မဿ၊ သွာက္ခာတဿ၊ သန္ဒိဋ္ဌိကဿ ၊ နမော၊ တဿ သံဃဿ၊ သုပ္ပဋိပန္နဿ၊ ဥဇုပ္ပဋိပန္နဿ ၊ ၁၊ ဂဟပတိကဝဂ်။ ၁၊ ကန္ဒရကသုတ်။ ဧဝံမေသုတန္တိအာဒိ ၊ ဧဝံမေသုတံ-ဤသို့အစရှိသောစကားသည်။ ကန္ဒရကသုတ္တံ ၊ ကန္ဒရကသုတ်တည်း။ တတ္ထ ၊ ထိုကန္ဒရကသုတ်၌။ စမ္ပာယန္တိ ၊ စမ္ပာယံဟူသည်ကား။ ဧဝံနာမကေ ၊ ဤသို့ စမ္ပာဟူ၍ အမည်ရှိသော။ နဂရေ ၊ မြို့၌။ ယသ္မာ ၊ အကြင်ကြောင့်။ တဿနဂရဿ ၊ ထိုမြို့၏။ အာရာမ ပေါက္ခရဏိအာဒီသု ၊ အာရာမ်လေးထောင့်ကန် အစရှိကုန်သော။ တေသု တေသုဌာနေသု ၊ ထိုထိုအရပ်တို့၌။ စမ္ပကရုက္ခာ ၊ စကားပင်တို့သည်သာလျှင်။ ဥဿန္နာ ၊ များကုန်သည်။ အဟေသုံ ၊ ဖြစ်ကုန်ပြီ။ တသ္မာ ၊ ထိုကြောင့်။ စမ္ပာတိ ၊ စမ္ပာဟူ၍ သင်္ခါ ၊ ခေါ်ဝေါ်ခြင်းသို့။ အဂမာသိ ၊ ရောက်ပြီ။ ဂဂ္ဂရာယ ပေါက္ခရဏိယာတီရေတိ ၊ ဂဂ္ဂရာယပေါက္ခရဏိယာတီရေဟူသည်ကား။ တဿစမ္ပါနဂရဿ ၊ ထိုစမ္ပာမြို့၏။ အဝိဒူရေ ၊ မနီးမဝေးသော အရပ်၌။ ဂဂ္ဂရာနာမ ၊ ဂဂ္ဂရာအမည်ရှိသော။ ရာဇမဟေသိယာ ၊ မင်း၏ မိဖုရားကြီးသည်။ ခဏိတတ္တာ ၊ တူးအပ်သည်၏အဖြစ်ကြောင့်။ ဂဂ္ဂရာတိ ၊ ဂဂ္ဂရာဟူ၍။ လဒ္ဓဝေါဟာရာ ၊ ရအပ်သောခေါ်ဝေါ်ခြင်းရှိသော။ ပေါက္ခရဏီ ၊ လေးထောင့်ကန်သည်။ အတ္ထိ ၊ ရှိ၏...