Skip to main content

Posts

မြန်မာပြန်

Recent posts

အဋ္ဌသာလိနီဘာသာဋီကာ ရှေးပိုင်း စာမျက်နှာ-၁၀၀

ဂန္ထာရမ္ဘအဖွင့် ၁။ မဟေနော ၊ မြတ်သောသီလ စသည့်ကျေးဇူး ဂုဏ်အထူးကို ရွှင်မြူးဝမ်းသာ ရှာတော်မူပြီးထသော။ ယဿ (သမ္ဗုဒ္ဓဿ) = အကြင်မြတ်စွာဘုရား၏။ ကရုဏာ ၊ ပစ္စေကဗုဒ္ဓါ သာဝကအစရှိသောအခြားပုဂ္ဂိုလ်တို့နှင့် ဆက်ဆံခြင်းမရှိသော မဟာကရုဏာတော်သည်။ သဗ္ဗေသု ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ သတ္တေသု ၊ သတ္တဝါတို့၌။ ယထာရုစိ ၊ အကြင်အကြင်အလိုတော်အတိုင်း၊ ဝါ-အလိုတော်အားလျော်စွာ၊ (ပဝတ္တိတ္ထ) ဝိယ = ဖြစ်တော်မူပြီးကဲ့သို့၊ (တထာ- ထို့အတူ၊) ပညာ (ပိ) ၊ မဟာကရုဏာသမာပတ္တိဉာဏ်မှ ကြွင်းသောပညာတော်သည်လည်း။ သဗ္ဗေသု ၊ ကုန်သော။ ဉေယျဓမ္မေသု ၊ သိသင့်သိဖွယ် အသွယ်သွယ်သောတရားတို့၌။ ယထာရုစိ ၊ အတိုင်း၊ ဝါ-စွာ။ ပဝတ္တိတ္ထ ၊ ဖြစ်တော်မူပြီ။ အနုပါဒါပရိနိဗ္ဗာန်အဆုံးရှိသောအကျိုးကို ပွားတိုးစေနိုင်သောကြောင့် ဓမ္မသံဝဏ္ဏနာ (အဋ္ဌကထာကျမ်းစာ) ၏အစ၌ သတ္ထုပဏာမကို ပြုတော်မူရပေသည်။ "ဓမ္မသံဝဏ္ဏနာယံ သတ္ထရိပဏာမကရဏံ၊ ပေ၊ မဟတော စ အတ္ထဿ သိဒ္ဓိ ဟောတီတိ။" - ဋီကာ။ တစ်နည်း။ ။ ပါဠိတော်ဓမ္မကို ဖွင့်ပြရာအဋ္ဌကထာ၏အစဝယ် ရတနာ ၃ ပါး၌ မိမိ၏ကြည်ညိုကြောင်းကို လူအပေါင်းသိစေလိုခြင်း၊ ထိုသိစေခြင်းမှတစ်ဆင့် ပညာရှိသူတော်ကောင်းတို့၏စိတ်ကို (မိမိအပေါ်၌) နှစ...