ပါထိကဝဂ္ဂဋ္ဌကထာနိဿယ သုတ်ပါထေယျအဋ္ဌကထာပဌမအုပ် ပဌမအုပ် နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ [စာမျက်နှာ-၁] ၁။ ပါထိကသုတ္တ သုနက္ခတ္တဝတ္ထုဝဏ္ဏနာ ၁။ ဧဝံ မေ သုတံ ၊ ပ။ မလ္လေသု ဝိဟရတီတိ ၊ ဧဝံ မေ သုတံ၊ ပ။ မလ္လေသု ဝိဟရတိ၊ ဟူသော သုတ်သည်။ ပါထိကသုတ္တံ ၊ ပါထိကသုတ်တည်း။ တနည်းကား။ ဧဝံ မေ သုတံ၊ ပ။ မလ္လေသု ဝိဟရတီတိ ၊ ဧဝံ မေ သုတံ၊ ပ။ မလ္လေသု ဝိဟရတိ အစရှိသော သုတ်သည်။ ပါထိကသုတ္တံ ၊ ပါထိကသုတ်တည်း။ တတြ ၊ ထို ဧဝံ မေ သုတံ အစရှိသော ပါထိကသုတ်၌။ အယံ ၊ ဤဆိုလတ္တံ့သည်ကား။ အပုဗ္ဗပဒဝဏ္ဏနာ ၊ မရှေးသောပုဒ်တို့၏ အဖွင့်တည်း။ ဝါ ၊ အသစ်ဖြစ်သော ပုဒ်တို့၏ အဖွင့်တည်း။ မလ္လေသု ဝိဟရတီတိ ဧတ္ထ ၊ မလ္လေသု ဝိဟရတိ ဟူသောပုဒ်၌။ မလ္လာနာမ ၊ မလ္လာမည် သည်ကား။ ဇာနပဒိနော ၊ ဇနပုဒ်ရှိကုန်သော။ ဝါ ၊ ဇနပုဒ်ကို အစိုးရကုန်သော။ ရာဇကုမာရာ ၊ မင်းသားတို့တည်း။ တေသံ ၊ ထိုမလ္လာမည်သော မင်းသားတို့၏။ နိဝါသော ၊ နေရာဖြစ်သော။ ဧကော ၊ တခုသာ ဖြစ်သော။ ဇနပဒေါဝိ ၊ ဇနပုဒ်ကိုလည်း။ ရုဠှီသဒ္ဒေန ၊ ဌာနီဖြစ်သော မင်းသားတို့၏ မလ္လာ ဟူသော အမည်ကို ဌာနဖြစ်သော ဇနပုဒ်၌ တင်စားသောအားဖြင့်။ မလ္လာတိ ၊ မလ္လာအမည်ရှိကုန်၏ဟူ၍။ ဝုစ္စတိ ၊ ဆိုအပ်၏။ တသ္မိံ ၊ ထိုသို့ သသောရှိသော။ မလ္လေသု ...