Skip to main content

ဒုကနိပါတ်

အင်္ဂုတ္တရနိကာယ်

အင်္ဂုတ္တိုရ်ပါဠိတော်

မြန်မာပြန်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဒုကနိပါတ်

၁-ပဌမပဏ္ဏာသက

ပဌမ သုတ်ငါးဆယ်

၁ - ကမ္မကာရဏဝဂ်

၁ - ဝဇ္ဇသုတ်

֍ ။ အကျွန်ုပ်သည် ဤသို့ ကြားခဲ့ရပါသည်Š အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရာမ်ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို 'ရဟန်းတို့'ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် 'အရှင်ဘုရား'ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏Š

ရဟန်းတို့ အပြစ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူŠ မျက်မှောက် ဘဝ၌ ဖြစ်သောအပြစ်၊ တမလွန်ဘဝ၌ ဖြစ်လတံ့သော အပြစ်တို့တည်း။ မျက်မှောက်ဘဝ၌ ဖြစ်သော အပြစ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မင်းတို့က မကောင်းမှုပြုကျင့်သော ခိုးသူကို ဖမ်းဆီး၍ အမျိုးမျိုးသော နှိပ်စက် ညှင်းပန်းခြင်း ပြုစေသည်တို့ကို တွေ့မြင်၏။ နှင်တံတို့ဖြင့်ရိုက်နှက်စေသည် တို့ကိုလည်းကောင်း၊ ကြိမ်လုံးတို့ဖြင့် ရိုက်နှက်စေသည်တို့ကို လည်းကောင်း၊ တုတ်တိုတို့ဖြင့် ရိုက်နှက်စေသည် တို့ကိုလည်းကောင်း၊ လက်ကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ ခြေကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ လက်ခြေတို့ကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ နားကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ နှာခေါင်းကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ နား နှားခေါင်းတို့ကို ဖြတ်စေသည်တို့ကို လည်းကောင်း၊ ဦးထိပ်ကို ဖောက်ခွဲပြီးလျှင် ရဲရဲတောက်ပူသော သံတွေခဲကို ညှပ်ဖြင့်ယူ၍ ဦးခေါင်းထဲသို့ ထည့်လျက် ဦးနှောက်ကို ပအုံးရည်ကဲ့သို့ ကျိုက်ကျိုက်ဆူ၍ ကျအောင် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ အထက်နှုတ်ခမ်း နားရင်းနှစ်ဘက်နှင့် လည်ပင်းတိုင်အောင် အရေကို လှီးဖြတ်ထားပြီးလျှင် ဆံပင်ကို တစ်ပေါင်းတည်း တုတ်ဖြင့်ရစ်ပတ်၍ ဆံပင်နှင့်တကွ ဦးရေကို ဆွဲဆောင့်ဆုတ်ခွာ၍ ကျောက်စရစ်ခဲများဖြင့် ပွတ်တိုက် ဆေးကြောကာ ဦးပြည်းခေါင်းကို ခရုသင်း အဆင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက် ညှင်းပန်းခြင်း ပြုစေသည်တို့ကိုလည်းကောင်း၊ ပါးစပ်ကို သံချွန်ဖြင့် ဖွင့်ထောက်၍ အတွင်း၌ မီးထွန်းကာ နေလကို ငုံထားသော ရာဟုခံတွင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ တစ်ကိုယ်လုံး အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် မီးပန်းကုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ လက်တို့ကို အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် လက်ဆီမီးတိုင်ကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ လည်ပင်းမှစ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ပုံထားလျက် လူကို လွန်ကြိုးနှင့်ဆွဲသဖြင့် မိမိ အရေကို မိမိ နင်းမိတိုင်း နင်းမိတိုင်း လဲ၍လဲ၍ သွားအောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ လည်ပင်းမှစ၍ အရေကိုခွာပြီးလျှင် ခါးပေါ်၌ထား၍ ၎င်းခါးမှ စ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ထား၍လည်းကောင်း

--

အထက်ပိုင်း အရေဖြင့် အောက်ပိုင်းကိုယ်ကို လျော်တေအဝတ် ဝတ်သကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ တံတောင်နှစ်ဘက် ဒူးနှစ်ဘက်တို့၌ သံထိပ် သံထူးခတ်၍ သံချွန်လေးခုစိုက်လျက် မြေ၌ တည်စေပြီးလျှင် သားကောင်းကို ဖုတ်ကင်သကဲ့သို့ ထက်ဝန်းကျင်မှ မီးဖြင့်ရှို့မြှိုက်ကာ နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ နှစ်ဘက်အသွားရှိသော သံချိတ်တို့ဖြင့် အရေအကြောအသားတို့ကို ခြစ်ခွာလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ ကျပ်ပြားမျှ ကျပ်ပြားမျှ အရေအကြော အသားများ ပြတ်ကျအောင် ခါးမှစ၍ တစ်ကိုယ်လုံးကို ထက်စွာသော ပဲကွပ်တို့ဖြင့် ခုတ်ရွေလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ ကိုယ်ကို တုတ်လက်နက်တို့ဖြင့် ရိုက်နှက်ပုတ်ခတ်ပြီးလျှင် သဲဆပ်ပြာရည် ပက်ကာ ဆတ်သွားသီးဖြင့် ပွတ်တိုက်၍ အရေအကြော အသားတို့ကို အရည်ပျော်ကျစေလျက် အရိုးချည်းသာ ကျန်သည့်တိုင်အောင် ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ မြေ၌ နံပါးတစ်ဘက်ဖြင့်း အိပ်စေလျက် နားတစ်ဘက်မှ တစ်ဘက်သို့ ပေါက်အောင် သံတံကျင်လျှိုကာ မြေကြီးနှင့် တစ်စပ်တည်း ရှိစေပြီးလျှင် ခြေတောက်မှ ကိုင်၍ တံခါးကျင်ကဲ့သို့ လှည့်လျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ အရေအသားတို့ကို မပြတ်စေမူ၍ တင်းပုတ်တို့ဖြင့် အရိုးတို့ကို ထုရိုက်ကာ ဆံပင်တို့ကို ဆွဲကိုင် မြှောက်ပစ်လိုက်လျက် အသားစုချည်းသာ ဖြစ်သောအခါ ဆံပင်တို့ဖြင့် ချည်နှောင်ပြီးလျှင် ကောက်ရိုးထုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ ကျိုက်ကျိုက်ဆူသော ဆီပူဖြင့် သွန်းလောင်းစေသည်တို့ကို လည်းကောင်း၊ နှစ်ရက် သုံးရက် အငတ်ထား၍ အလွန် ဆာလောင် မွတ်သိပ်နေသော ခွေးတို့ကို ကိုက်စားစေသည်တို့ကို လည်းကောင်း၊ အရှင်လတ်လတ် သံတံကျင်လျှိုစေသည် တို့ကိုလည်းကောင်း၊ သံလျက်ဖြင့် ဦးခေါင်းကို ဖြတ်စေသည်တို့ကို လည်းကောင်း တွေ့မြင်ရ၏။

ထိုသူအား ဤသို့သော ဆင်ခြင်ခြင်းသည်ဖြစ်၏ ''ဤ အကြင်သို့ သဘောရှိကုန်သော မကောင်းမှုကံတို့၏ အကြောင်းကြောင့် မကောင်းမှုကို ပြုကျင့်သော ခိုးသူကို မင်းတို့သည် ဖမ်းဆီး၍ အမျိုးမျိုးသော နှိပ်စက်ညှင်းပန်းခြင်းတို့ကို ပြုစေကုန်၏။'' နှင်တံတို့ဖြင့်ရိုက်နှက် စေကုန်၏၊ ကြိမ်လုံးတို့ဖြင့် ရိုက်နှက် စေကုန်၏၊ တုတ်တိုတို့ဖြင့် ရိုက်နှက် စေကုန်၏၊ လက်ကိုလည်းဖြန် စေကုန်၏၊ ခြေကိုလည်းဖြတ် စေကုန်၏၊ လက်ခြေတို့ကိုလည်း ဖြတ် စေကုန်၏၊ နားကိုလည်း ဖြတ် စေကုန်၏၊ နှာခေါင်းကိုလည်း ဖြတ် စေကုန်၏၊ နား နှားခေါင်းတို့ကိုလည်း ဖြတ် စေကုန်၏၊ ဦးထိပ်ကို ဖောက်ခွဲပြီးလျှင် ရဲရဲတောက်ပူသော သံတွေခဲကို ညှပ်ဖြင့်ယူ၍ ဦးခေါင်းထဲသို့ ထည့်လျက် ဦးနှောက်ကို ပအုံးရည်ကဲ့သို့ ကျိုက်ကျိုက်ဆူ၍ ကျအောင် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း ပြုစေကုန်၏၊ အထက်နှုတ်ခမ်း နားရင်းနှစ်ဘက်နှင့် လည်ပင်းတိုင်အောင် အရေကို လှီးဖြတ်ထားပြီးလျှင် ဆံပင်ကို တစ်ပေါင်းတည်း တုတ်ဖြင့်ရစ်ပတ်၍ ဆံပင်နှင့်တကွ ဦးရေကို ဆွဲဆောင့်ဆုတ်ခွာ၍ ကျောက်စရစ်ခဲများဖြင့် ပွတ်တိုက် ဆေးကြောကာ ဦးပြည်းခေါင်းကို ခရုသင်း အဆင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက် ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ပါးစပ်ကို သံချွန်ဖြင့် ဖွင့်ထောက်၍ အတွင်း၌ မီးထွန်းကာ နေလကို ငုံထားသော ရာဟုခံတွင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း ပြုစေကုန်၏၊ တစ်ကိုယ်လုံး အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် မီးပန်းကုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း ပြုစေကုန်၏၊ လက်တို့ကို အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် လက်ဆီမီးတိုင်ကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ လည်ပင်းမှစ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ပုံထားလျက် လူကို လွန်ကြိုးနှင့်ဆွဲသဖြင့် မိမိ အရေကို မိမိ နင်းမိတိုင်း နင်းမိတိုင်း လဲ၍လဲ၍ သွားအောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ လည်ပင်းမှစ၍ အရေကိုခွာပြီးလျှင် ခါးပေါ်၌ထား၍ ၎င်းခါးမှ စ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ထား၍လည်းကောင်း အထက်ပိုင်း အရေဖြင့် အောက်ပိုင်းကိုယ်ကို လျော်တေအဝတ် ဝတ်သကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ တံတောင်နှစ်ဘက် ဒူးနှစ်ဘက်တို့၌ သံထိပ် သံထူးခတ်၍ သံချွန်လေးခုစိုက်လျက် မြေ၌ တည်စေပြီးလျှင် သားကောင်းကို ဖုတ်ကင်သကဲ့သို့ ထက်ဝန်းကျင်မှ မီးဖြင့်ရှို့မြှိုက်ကာ နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊၊ နှစ်ဘက်အသွားရှိသော သံချိတ်တို့ဖြင့် အရေအကြောအသားတို့ကို ခြစ်ခွာလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ကျပ်ပြားမျှ ကျပ်ပြားမျှ အရေအကြော အသားများ ပြတ်ကျအောင် ခါးမှစ၍ တစ်ကိုယ်လုံးကို ထက်စွာသော ပဲကွပ်တို့ဖြင့် ခုတ်ရွေလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ကိုယ်ကို တုတ်လက်နက်တို့ဖြင့် ရိုက်နှက်ပုတ်ခတ်ပြီးလျှင် သဲဆပ်ပြာရည် ပက်ကာ ဆတ်သွားသီးဖြင့် ပွတ်တိုက်၍ အရေအကြော အသားတို့ကို အရည်ပျော်ကျစေလျက် အရိုးချည်းသာ ကျန်သည့်တိုင်အောင် ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ မြေ၌ နံပါးတစ်ဘက်ဖြင့်း အိပ်စေလျက် နားတစ်ဘက်မှ တစ်ဘက်သို့ ပေါက်အောင် သံတံကျင်လျှိုကာ မြေကြီးနှင့် တစ်စပ်တည်း ရှိစေပြီးလျှင် ခြေတောက်မှ ကိုင်၍ တံခါးကျင်ကဲ့သို့ လှည့်လျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ အရေအသားတို့ကို မပြတ်စေမူ၍ တင်းပုတ်တို့ဖြင့် အရိုးတို့ကို ထုရိုက်ကာ

--

ဆံပင်တို့ကို ဆွဲကိုင် မြှောက်ပစ်လိုက်လျက် အသားစုချည်းသာ ဖြစ်သောအခါ ဆံပင်တို့ဖြင့် ချည်နှောင်ပြီးလျှင် ကောက်ရိုးထုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ကျိုက်ကျိုက်ဆူသော ဆီပူဖြင့်လည်း သွန်းလောင်းစေကုန်၏၊ နှစ်ရက် သုံးရက် အငတ်ထား၍ အလွန် ဆာလောင် မွတ်သိပ်နေသော ခွေးတို့ကိုလည်း ကိုက်စားစေကုန်၏၊ အရှင်လတ်လတ် သံတံကျင်လည်း လျှိုစေ ကုန်၏၊ သံလျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်စေကုန်၏။ ငါသည်လည်း ဤသို့ သဘောရှိသော မကောင်းမှုကို ပြုငြားအံ့ ငါ့ကိုလည်း မင်းတို့သည် ဖမ်းဆီး၍ ဤသို့ သဘောရှိသော အမျိုးမျိုးသော နှိပ်စက် ညှင်းပန်းခြင်းတို့ကို ပြုစေကုန်ရာ၏။ နှင်တံတို့ဖြင့်လည်း ရိုက်နှက်စေကုန်ရာ၏၊ Š ပ Š ၊ သံလျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်စေကုန်ရာ၏''ဟု ဆင်ခြင်၏။ ထိုသူသည် မျက်မှောက်ဘဝ၌ ဖြစ်သော အပြစ်မှ ကြောက်သည်ဖြစ်၍ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာထုပ်ကို လုယက် ခိုးယူ၍ မသွား။ ရဟန်းတို့ ဤအပြစ်ကို မျက်မှောက်ဘဝ၌ ဖြစ်သော အပြစ်ဟု ဆိုအပ်၏။

ရဟန်းတို့ တမလွန်ဘဝ၌ ဖြစ်လတံ့သော အပြစ်သည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဤသို့ ဆင်ခြင်၏။ ''ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်၏ အကျိုးသည် တမလွန်ဘဝ၌ ဆင်းရဲသော, ယုတ်ညံ့သော အကျိုး ဖြစ်၏၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်၏ အကျိုးသည် တမလွန်ဘဝ၌ ဆင်းရဲသော, ယုတ်ညံ့သော အကျိုး ဖြစ်၏၊ စိတ်ဖြင့် ကြံစည်အပ်သော မကောင်းသော အကျင့်၏ အကျိုးသည် တမလွန်ဘဝ၌ ဆင်းရဲသော, ယုတ်ညံ့သော အကျိုး ဖြစ်၏။ ငါသည်လည်း ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်ငြားအံ့, နှုတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်ငြားအံ့, စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်ငြားအံ့ ငါသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲသို့ မရောက်ရာသော အကြောင်းသည် အဘယ်မှာ ရှိအံ့နည်း''ဟု ဆင်ခြင်၏။ ထိုသူသည် တမလွန် ဘဝ၌ ဖြစ်လတံ့သော ဘေးကို ကြောက်သည်ဖြစ်၍ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ကို ပယ်စွန့်၍ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့်ကို ဖြစ်စေ၏၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ကို ပယ်စွန့်၍ နှုတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့်ကို ဖြစ်စေ၏၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ကို ပယ်စွန့်၍ စိတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့်ကို ဖြစ်စေ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအပြစ်ကို တမလွန် ဘဝ၌ ဖြစ်လတံ့သော အပြစ်ဟု ဆိုအပ်၏။ ရဟန်းတို့ အပြစ်တို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''မျက်မှောက်ဘဝ၌ ဖြစ်သောအပြစ်ကို ကြောက်ကုန်အံ့၊ တမလွန်ဘဝ၌ ဖြစ်လတံ့သော အပြစ်တို့ကို ကြောက်ကုန်အံ့၊ အပြစ်ကို ကြောက်သောသူ ဘေးကို မြင်သောသူတို့ ဖြစ်ကုန်အံ့''ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်။ ရဟန်းတို့ အပြစ်ကို ကြောက်သောသူ ဘေးကိုမြင်သောသူသည် အလုံးစုံသော အပြစ်တို့မှ လွတ်အံ့သော အကျိုးကိုသာ မချွတ် ရလိမ့်မည်ဟု မျှော်လင့်အပ်၏-ဟု မိန့်တော်မူ၏။

ပထမသုတ် ပြီး၏။

--

၂ – ပဓာနသုတ်

֍ ။ ရဟန်းတို့ လောက၌ ဖြစ်စေနိုင်ခဲသော အားထုတ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူŠ အိမ်၌ နေကုန်သော လူတို့၏ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ထောက်ပံ့ခြင်းငှါ အားထုတ်ခြင်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုကုန်သော ရှင်ရဟန်းတို့၏ အလုံးစုံသော ဥပဓိတို့မှ ကင်းလွတ်ရာ နိဗ္ဗာန်အကျိုးငှါ အားထုတ်ခြင်းတို့တည်း။ ရဟန်းတို့ ဖြစ်စေနိုင်ခဲကုန်သော အားထုတ်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ လောက၌ ဤအားထုတ်ခြင်း နှစ်မျိုးတို့တွင် အလုံးစုံသော ဥပဓိတို့ကို စွန့်ရာဖြစ်သော နိဗ္ဗာန်အလို့ငှာ အားထုတ်ခြင်းသည် အမြတ်ဆုံးပေတည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသာတော်၌ ''အလုံးစုံသော ဥပဓိတို့မှ ကင်းလွတ်ရာ နိဗ္ဗာန်အကျိုးငှာ အားထုတ်ခြင်းကို အားထုတ်ကြကုန်အံ့''ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်-ဟု မိန့်တော်မူ၏။

ဒုတိယသုတ် ပြီး၏။

၃ – တပနီယသုတ်

֍ ။ ရဟန်းတို့ ပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူŠ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကာယဒုစရိုက်ကို ပြုကျင့်၏၊ ကာယသုစရိုက်ကို မပြုကျင့်။ ဝစီဒုစရိုက်ကို ပြုကျင့်၏၊ ဝစီသုစရိုက်ကို မပြုကျင့်။ မနောဒုစရိုက်ကို ပြုကျင့်၏၊ မနောသုစရိုက်ကို မပြုကျင့်။ ထိုသူသည် ''ငါသည် ကာယဒုစရိုက်ကို ပြုကျင့်မိပြီ''ဟု ပူပန်၏။ ''ငါသည် ကာယသုစရိုက်ကို မပြုကျင့်မိ''ဟု ပူပန်၏။ ''ငါသည် ဝစီဒုစရိုက်ကို ပြုကျင့်မိပြီ''ဟု ပူပန်၏။ ''ငါသည် ဝစီသုစရိုက်ကို မပြုကျင့်မိ''ဟု ပူပန်၏။ ''ငါသည် မနောဒုစရိုက်ကို ပြုကျင့်မိပြီ''ဟု ပူပန်၏။ ''ငါသည် မနောသုစရိုက်ကို မပြုကျင့်မိ''ဟု ပူပန်၏။ ရဟန်းတို့ ပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း-ဟု မိန့်တော်မူ၏။

တတိယသုတ်

--

၄ – အတပနီယသုတ်

֍ ။ ရဟန်းတို့ မပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူŠ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကာယသုစရိုက်ကို ပြုကျင့်၏၊ ကာယဒုစရိုက်ကို မပြုကျင့်။ ဝစီသုစရိုက်ကို ပြုကျင့်၏၊ ဝစီဒုစရိုက်ကို မပြုကျင့်။ မနောသုစရိုက်ကို ပြုကျင့်၏၊ မနောဒုစရိုက်ကို မပြုကျင့်။ ထိုသူသည် ''ငါသည် ကာယသုစရိုက်ကို ပြုကျင့်မိပြီ''ဟု မပူပန်။ ''ငါသည် ကာယဒုစရိုက်ကို မပြုကျင့်မိ''ဟု ပူပန်။ ''ငါသည် ဝစီသုစရိုက်ကို ပြုကျင့်မိပြီ''ဟု မပူပန်။ ''ငါသည် ဝစီသုစရိုက်ကို မပြုကျင့်မိ''ဟု ပူပန်။ ''ငါသည် မနောသုစရိုက်ကို ပြုကျင့်မိပြီ''ဟု မပူပန်။ ''ငါသည် မနောဒုစရိုက်ကို မပြုကျင့်မိ''ဟု မပူပန်။ ရဟန်းတို့ မပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း-ဟု မိန့်တော်မူ၏။

စတုတ္ထသုတ်

၅ – ဥပညာသသုတ်

֍ ။ ရဟန်းတို့ (ဈာန် သြဘာသနိမိတ် မျှလောက်သော) ကုသိုလ်တရားတို့၌ မရောင့်ရဲခြင်းနှင့် (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် နိဗ္ဗာန်ရောက်အောင်) အားထုတ် လုံ့လပြုရာ၌ မဆုတ်နစ်ခြင်းဟူသော ဤတရားနှစ်မျိုးတို့၏ ဂုဏ်ကို ငါသည် ကပ်ရောက်၍ သိပြီ။ ရဟန်းတို့ ငါသည် ''ခန္ဓာကိုယ်၌ အရေ အကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့၊ အသားအသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်စေတော့၊ ယောက်ျားတို့၏ စွမ်းအား ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်အပ်သော ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတံ့''ဟု ဆုတ်နစ်ခြင်း မရှိမူ၍ အားထုတ်၏၊ ရဟန်းတို့ ထိုငါသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို မမေ့မလျှော့ အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ၊ အတုမရှိသော ယောဂတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ကို မမေ့မလျှော့ အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ။ ရဟန်းတို့ သင်တို့သည်လည်း ''ခန္ဓာကိုယ်၌ အရေ အကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့၊ အသားအသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်စေတော့၊ ယောက်ျားတို့၏ စွမ်းအား ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော ဈာန် မဂ် ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်အပ်သော ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတံ့''ဟု ဆုတ်နစ်ခြင်း မရှိမူ၍ အားထုတ်ကြကုန်လော့။ ရဟန်းတို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်ရောက်သော အမျိုးသားတို့ လိုလားအပ်သော အကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေကုန်လတံ့။ ရဟန်းတို့ ထို့ကြောင့် ''ခန္ဓာကိုယ်၌ အရေ အကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့၊ အသားအသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်စေတော့၊ ယောက်ျားတို့၏ စွမ်းအား ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော ဈာန် မဂ် ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်အပ်သော ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတံ့''ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်-ဟု မိန့်တော်မူ၏။

ပဉ္စမသုတ်

--

၆ – သညောဇနသုတ်

֍ ။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူŠ သံယောဇဉ်၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ သာယာသောအားဖြင့် အဖန်ဖန် ရှုခြင်းလည်းကောင်း၊ သံယောဇဉ်တို့၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ ငြီးငွေ့သောအားဖြင့် အဖန်ဖန် ရှုခြင်းလည်းကောင်း၊ ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ သံယောဇဉ်တို့၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ သာယာသောအားဖြင့် ရှုသည်ဖြစ်၍ နေသောသူသည် တပ်မက်ခြင်း ရာဂကို မပယ်ဖြောက်နိုင်၊ ပစ်မှားခြင်းဒေါသကို မပယ်ဖြောက်နိုင်၊ တွေဝေခြင်း မောဟကို မပယ်ဖြောက်နိုင်၊ ရာဂ ဒေါသ မောဟကို မပယ်ဖြောက်နိုင်သည်ရှိသော် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးမြည်တမ်းခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်ကင်းနိုင်၊ ဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်-ဟုငါဆို၏။ ရဟန်းတို့ သံယောဇဉ်တို့၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ ငြီးငွေ့သောအားဖြင့် အဖန်ဖန် ရှုသည်ဖြစ်၍ နေသောသူသည် တပ်မက်ခြင်း ရာဂကို ပယ်စွန့်နိုင်၏၊ ပစ်မှားခြင်းဒေါသကို ပယ်စွန့်နိုင်၏၊ တွေဝေခြင်း မောဟကို ပယ်စွန့်နိုင်၏၊ ရာဂ ဒေါသ မောဟကို ပယ်စွန့်နိုင်သည်ရှိသော် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးမြည်တမ်းခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်ကင်းနိုင်၏၊ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်၏ဟု ငါဆို၏။ ရဟန်းတို့ တရားတို့ကား ဤနှစ်မျိုးတို့တည်း-ဟု မိန့်တော်မူ၏။

ဆဋ္ဌသုတ်

၇ – ကဏှသုတ်

֍ ။ ရဟန်းတို့ မည်းညစ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်း ဟူမူကား။ မကောင်းမှုမှ မရှက်ခြင်း အဟိရိကလည်းကောင်း၊ မကောင်းမှုမှ မထိတ်လန့်ခြင်း အနောတ္တပ္ပလည်းကောင်း တို့တည်း။ ရဟန်းတို့ မည်းညစ်သော တရားတို့သည် ဤနှစ်မျိုးတို့ပေတည်း- ဟု မိန့်တော်မူ၏။

သတ္တမသုတ်

၈ – သုက္ကသုတ်

֍ ။ ရဟန်းတို့ ဖြူစင်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်း ဟူမူကား။ မကောင်းမှုမှ ရှက်ခြင်း ဟိရီလည်းကောင်း၊ မကောင်းမှုမှ ထိတ်လန့်ခြင်း သြတ္တပ္ပလည်းကောင်း တို့တည်း။ ရဟန်းတို့ ဖြူစင်ကုန်သော တရားတို့သည် ဤနှစ်မျိုးတို့ပေတည်း- ဟု မိန့်တော်မူ၏။

အဋ္ဌမသုတ်

--

၉ – စရိယသုတ်

֍ ။ ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်မျိုးတို့သည် လောကကို စောင့်ရှောက်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူŠ မကောင်းမှုမှ ရှက်ခြင်း 'ဟိရီ'၎င်း၊ မကောင်းမှုမှ ထိတ်လန့်ခြင်း 'သြတ္တပ္ပ'၎င်းတို့တည်း။ ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်မျိုးတို့သည် လောကကို မစောင့်ရှောက်ကုန်ငြားအံ့ (ယင်းသို့ မစောင့်. .. သော်) ဤလောက၌ 'အမိ'ဟူ၍၎င်း, 'မိကြီး မိထွေး'ဟူ၍၎င်း, 'ဦးရီး၏မယား'ဟူ၍၎င်း, 'ဆရာ၏မယား'ဟူ၍၎င်း, 'ရိုသေလေးစားအပ်သူတို့၏ မယား'ဟူ၍၎င်း မထင်းရှား မသိသာကုန်ရာ။ (ယင်းသို့ မထင် . . .သော်) လောကသည် ဆိတ်များ သိုးများကဲ့သို့ ၎င်း, ကြက်ဝက်တို့ကဲ့သို့၎င်း, အိမ်ခွေး တောခွေးတို့ကဲ့သို့၎င်း, ရောယှက်ခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို စောင့်ရှောက်ကုန်သောကြောင့် 'အမိ'ဟူ၍၎င်း, 'မိကြီး မိထွေး'ဟူ၍၎င်း, 'ဦးရီး၏မယား'ဟူ၍၎င်း, 'ဆရာ၏မယား'ဟူ၍၎င်း, 'ရိုသေလေးစားအပ်သူတို့၏ မယား'ဟူ၍၎င်း ထင်းရှား သိသာကုန်၏-ဟု (မိန့်တော်မူ၏)။

နဝမသုတ်

၁၀ - ဝဿူပနာယိကသုတ်

֍ ၁၀။ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူŠ ပုရိမဝါကပ်ခြင်း၎င်း, ပစ္ဆိမဝါကပ်ခြင်း၎င်းတို့တည်း။ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း-ဟု (မိန့်တော်မူ၏)။

ဒသမသုတ်

ရှေးဦးစွာသော ကမ္မကရဏဝဂ် ပြီး၏။

--

၂ – အဓိကရဏဝဂ်

֍ ၁၁။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူŠ ဆင်ခြင်ခြင်အား 'ပဋိသင်္ခါနဗလ'၎င်း, ပွားများခြင်းအား 'ဘာဝနာဗလ'၎င်းတို့တည်း။ ရဟန်းတို့ ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ''ကာယဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ ဝစီဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ မနောဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊''ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီးလျှင် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွားများ၏၊ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ၏၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားများ၏၊ သီလက္ခန္ဓစသည်ဖြင့် မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအားကို ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟု ဆိုအပ်၏။ ရဟန်းတို့ ပွားများခြင်းအား 'ဘာဝနာဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ အကြင် ပွားများခြင်းအား 'ဘာဝနာဗလ'သည် ရှိ၏။ ဤဘာဝနာဗလသည် သေက္ခပုဂ္ဂိုလ်တို့၏ အားတည်း။ ထိုစကားသည် မှန်၏၊ ရဟန်းတို့ ထိုသူသည် သေက္ခပုဂ္ဂိုလ်တို့၏ အားကို စွဲ၍ တပ်မက်ခြင်း 'ရာဂ'ကို ပယ်စွန့်၏၊ ပြစ်မှားခြင်း 'ဒေါသ'ကို ပယ်စွန့်၏၊ တွေဝေခြင်း 'မောဟ'ကို ပယ်စွန့်၏၊ ရာဂ ဒေါသ မောဟကို ပယ်စွန့်ခြင်းကြောင်း အကုသိုလ်ကို မပြုကျင့်၊ မကောင်းမှုကို မမှီဝဲ။ ရဟန်းတို့ ဤသို့သောအားကို ဘာဝနာဗလ-ဟုဆိုအပ်၏။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့ပေတည်း-ဟု (မိန့်တော်မူ၏)။ (၁)

֍ ၁၂။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူŠ ဆင်ခြင်ခြင်အား 'ပဋိသင်္ခါနဗလ'၎င်း, ပွားများခြင်းအား 'ဘာဝနာဗလ'၎င်းတို့တည်း။ ရဟန်းတို့ ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ''ကာယဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ ဝစီဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ မနောဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊''ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီးလျှင် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွားများ၏၊ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ၏၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားများ၏၊ သီလက္ခန္ဓစသည်ဖြင့် မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအားကို ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟု ဆိုအပ်၏။ ရဟန်းတို့ ပွားများခြင်းအား 'ဘာဝနာဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတေ်၌ ရဟန်းသည် ကာမတို့မှ ဆိတ်ခြင်းကို မှီသော, ဝဋ်သုံးပါး၌ တပ်မက်မှု ကင်းခြင်းကို မှီသော, ကိလေသာတို့၏ ချုပ်ခြင်းကို မှီသော ကိလေသာပယ်စွန့်မှု နိဗ္ဗာန်သို့ သက်ဝင်မှုကို ရင့်ကျက်စေတတ်သော သတိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ပီတိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ သမာဓိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ကာမတို့မှ ဆိတ်ခြင်းကို မှီသော, ဝဋ်သုံးပါး၌ တပ်မက်မှု ကင်းခြင်းကို မှီသော, ကိလေသာတို့၏ ချုပ်ခြင်းကို မှီသော ကိလေသာပယ်စွန့်မှု နိဗ္ဗာန်သို့ သက်ဝင်မှုကို ရင့်ကျက်စေတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများ၏။ ရဟန်းတို့ ဤအားကို ပွားများခြင်းအား 'ဘာဝနာဗလ'ဟု ဆိုအပ်၏။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့ပေတည်း-ဟု (မိန့်တော်မူ၏)။ (၂)

֍ ၁၃။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူŠ ဆင်ခြင်ခြင်အား 'ပဋိသင်္ခါနဗလ'၎င်း, ပွားများခြင်းအား 'ဘာဝနာဗလ'၎င်းတို့တည်း။ ရဟန်းတို့ ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ''ကာယဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ ဝစီဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ မနောဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊''ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီးလျှင် ကာယဒုစရိုက်ကို ပယ်၍

--

ကာယသုစရိုက်ကို ပွားများ၏၊ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ၏၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားများ၏၊ သီလက္ခန္ဓစသည်ဖြင့် မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအားကို ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟု ဆိုအပ်၏။ ရဟန်းတို့ ပွားများခြင်းအား 'ဘာဝနာဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတေ်၌ ရဟန်းသည် ကာမတို့မှ ဆိတ်၍သာလျှင်, အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင်, ကြံစည်ခြင်း 'ဝိတက်'နှင့် တကွဖြစ်သော၊ သုံးသပ်ခြင်း 'ဝိစာရ'နှင့် တကွဖြစ်သော၊ နီဝရဏ ဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ', ချမ်းသာခြင်း 'သုခ' ရှိသော ပထမဈာန်သို့ ရောက်၍နေ၏။ ကြံစည်ခြင်း'ဝိတက်', သုံးသပ်ခြင်း 'ဝိစာရ' ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေ တတ်သော စိတ်၏တည်ကြည်ခြင်း 'သမာဓိ'ကို ပွားစေတတ်သော၊ ကြံစည်ခြင်း 'ဝိတက်' မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' မရှိသော၊ တည်ကြည်ခြင်း 'သမာဓိ'ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ', ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန်သို့ ရောက်၍နေ၏။ နှစ်သိမ့်ခြင်း 'ပီတိ'ကိုလည်း မတပ်မက်ခြင်းကြောင့် သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။ ချမ်းသာခြင်း 'သုခ'ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို ''လျစ်လျူရှုသူ, သတိရှိသူ, ချမ်းသာစွာ နေလေ့ရှိသူ''ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏။ ထို တတိယဈာန်သို့ ရော၍နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်၎င်း၊ ချမ်းသားခြင်း နှလုံးမသာယာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်း ကြောင့်လည်းကောင်း၊ ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ဥပေက္ခာကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်း ဤအားကို ပွားများခြင်းအား 'ဘာဝနာဗလ'ဟု ဆိုအပ်၏။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့ပေတည်း-ဟု (မိန့်တော်မူ၏)။ (၃)

֍ ၁၄။ ရဟန်းတို့ မြတ်စွာဘုရား၏ တရားဟောခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုး တို့နည်း ဟူမူ- အကျဉ်းအားဖြင့် တရားဟောခြင်း၎င်းင်း အကျယ်အားဖြင့် တရားဟောခြင်း၎င်းင်းတို့တည်း။ ရဟန်းတို့ မြတ်စွာဘုရား၏ တရားဟောခြင်းတို့သည် ဤနှစ်မျိုး တို့ပေတည်း ဟု (မိန့်တော်မူ၏)။(၄)

֍ ၁၅။ ရဟန်းတို့ အကြင် အဓိကရုဏ်း၌ အာပတ်သို့ ရောက်သော ရဟန်းသည်၎င်းင်း စောဒနာသော ရဟန်းသည်၎င်းင်း မိမိသည်ပင် မိမိကိုယ်ကို ကောင်းစွာ မဆင်ခြင်။ ရဟန်းတို့ ထိုအဓိကရုဏ်း၌ ဤငြင်းခုံခြင်းသည် ''ရှည်မြင့်စွာ တည်ခြင်းငှာ နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းငှာ ခဲ တုတ် စသည် ဖြင့် ရုန့်ရင်းစွာ ပြုလုပ်ခြင်းငှာ ဖြစ်လတ္တံ့၊ ရဟန်းတ့သို ည်လည်း ချမ်းသာစွာ မနေရကုန်ကုန် လတ္တံ့'' ဟူသော ထိုအကြောင်းမျိုးကို မချွတ်ရလိမ့်မည်ဟု မြှော်လင့်အပ်၏။ ရဟန်းတို့ အကြင် အဓိကရုဏ်း၌ သာအာပတ်သို့ ရောက်သော ရဟန်းတို့သည်၎င်းင်း စောဒနာသော ရဟန်းတို့သည်၎င်းင်း မိမိသည်ပင်မိမိကိုယ်ကို ကောင်းစွာ ဆင်ခြင်၏၊ ရဟန်းတို့ ထိုအဓိကရုဏ်း၌ ဤငြင်းခုန်ခြင်းသည် '' ရှည်မြင့်စွာ တည်ခြင်းငှာ နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်ငှာ ခဲ တုတ် စသည်ဖြင့် ရုန်းရင်းစွာ ပြုလုပ်ခြင်းငှာ မဖြစ်လတ္တံ့၊ ရဟန်းတို့သည်လည်း ချမ်းသာစွာ နေရကုန်လတ္တံ'' ဟူသော ထိုအကြောင်းမျိုးကို မချွတ်ရလိမ့်ဟု မြှော်လင့်အပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် အာပတ်သို့ ရောက်သော ရဟန်းတို့သည် မိမိသည်ပင်လျှင် မိမိကိုယ်ကို ကောင်းစွာ ဆင်ခြင်သနည်း။ ရဟန်းတို့သည် ဤသာသနာတော်၌ အာပတ်သို့ ရောက်သော ရဟန်းသည် ဤသို့ ဆင်ခြင်၏။ '' ငါသည် ကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ ရောက်၏၊ထိုရဟန်းသည် ငါ့ကို ကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ ရောက်သည်ကို မြင်၏။ ငါသည် ကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ အကယ်၍ မရောက်သည်ဖြစ်အံ့၊ ထိုရဟန်းသည် ငါ့ကို ကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ ရောက်သည်ကို မမြင်ရာ။ ငါသည်ကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ ရောက်သောကြောင့် ထိုရဟန်းသည် ငါ့ကို ကိုယ်ဖြင့်ပြုအပ်သော တစုံတခုသော အာပတ်သို့ ရောက်သည်ကို မြင်၏။

--

ထိုရဟန်းသည် ငါ့ကို ကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ ရောက်သည်ကို မြင်သောကြောင့် သာလျှင် မနှစ်ခြိုက်၊ ထိုရဟန်းသည် မနှစ်ခြိုက်သည် ဖြစ်၍ မနှစ်ခြိုက်သော စကားကို ဆို၏။ ထိုရဟန်းသည် မနှစ်ခြိုက်သောစကားကို ဆိုအပ်သည်ရှိသော် ငါသည် မနှစ်ခြိုက်၊ ငါသည် မနှစ်ခြိုက်သည်ဖြစ်၍ သူတပါးတို့အားပြောကြား၏၊ ထို့ကြောင့် ထိုအကြောင်း၌ ကင်းထားရာအရပ်ကို ရှောင်လွဲ၍ ဆောင်သော ဥစ္စာကြောင့် ကင်းခွန်ပေးရန်ရှိသော သူသို့ အပြစ်သည် ကျရောက်သကဲ့သို့ ဤအတူ ငါတို့သာလျှင် အပြစ်သည်ကျရောက်၏'' ဟု ဆင်ခြင်၏။ ရဟန်းတို့ ဤသို့လျှင် အာပတ်သို့ ရောက်သော ရဟန်းသည် မိမိသည်ပင် မိမိကိုယ်ကို ကောင်းစွာ ဆင်ခြင်၏။

ရဟန်းတို့ စောဒနာတတ်သော ရဟန်းသည် ဘယ်သို့လျှင် မိမိသည်ပင် မိမိကိုယ်ကို ကောင်းစွာ ဆင်ခြင်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ စောဒနာတတ်သော ရဟန်းသည် ဤသို့ ဆင်ခြင်၏ - ''ဤရဟန်းသည် ကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ရောက်၏၊ ကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ ရောက်သော ဤရဟန်းကို ငါမြင်၏။ ဤရဟန်းသည် ကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ အကယ်၍ မရောက်သည်ဖြစ်အံ့၊ ငါသည် ဤရဟန်းကို ကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ ရောက်သည်ကို မမြင်ရာ။ ဤရဟန်းသည် ကိုယ်ဖြင့် ပြုအပ်သောကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ ရောက်သောကြောင့် ငါသည် ဤရဟန်းကို ကိုယ်ဖြင့်ပြုအပ်သော တစုံတခုသော အာပတ်သို့ ရောက်သည်ကို မြင်ရ၏၊ ဤရဟန်းကို ကိုယ်ဖြင့် ပြုအပ်သော တစုံတခုသော အာပတ်သို့ ရောက်သည်ကို မြင်သောကြောင့်သာလျှင် ငါသည် မနှစ်ခြိုက်၊ မနှစ်ခြိုက်သည်ဖြစ်၍ ငါသည် မနှစ်ခြိုက်သော စကားကို ဤရဟန်းအား ဆိုမိ၏၊ ငါသည် ဤရဟန်းအား မနှစ်ခြိုက်သော စကားကို ဆိုအပ်သည်ဖြစ်၍ ဤရဟန်းသည် မနှစ်ခြိုက်၊ မနှစ်ခြိုက်သည်ဖြစ်၍ သူတပါးတို့အား ပြောကြား၏။ ထို့ကြောင့် ထိုအကြောင်း၌ ကင်းထားရာအရပ်ကို ရှောင်လွဲ၍ ဆောင်သော ဥစ္စာကြောင့် ကင်းခွန်ပေးရန်ရှိသော သူသို့ အပြစ်သည် ကျရောက်သကဲ့သို့ ဤအတူ ငါတို့သာလျှင် အပြစ်သည် ကျရောက်၏'' ဟု ဆင်ခြင်၏။

ရဟန်းတို့ ဤသို့လျှင် စောဒနာတတ်သော ရဟန်းတို့သည် မိမိသည်ပင် မိမိကိုယ်ကို ကောင်းစွာ ဆင်ခြင်၏။ ရဟန်းတို့ အကြင်အဓိကရုဏ်း၌ အာပတ်သို့ ရောက်သော ရဟန်းသည်၎င်းင်း၊ စောဒနာတတ်သော ရဟန်းသည်၎င်းင်း မိမိသည်ပင် မိမိကိုယ်ကို ကောင်းစွာ မဆင်ခြင်အံ့၊ ရဟန်းတို့ ထိုအဓိကရုဏ်း၌ ဤငြင်းခုံခြင်းသည် ''ရှည်မြင့်စွာ တည်ခြင်းငှါ နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းငှာ ခဲ၊ တုတ် စသည်ဖြင့် ရုန့်ရင်းစွာ ပြုလုပ်ခြင်းငှါ ဖြစ်လတ္တံ့၊ ၎င်းင်းတို့သည်လည်း ချမ်းသာစွာ မနေရကုန်လတ္တံ့'' ဟူသော ထို့အကြောင်းမျိုးကို မချွတ်ရလိမ့်မည်ဟု မြှော်လင့်အပ်၏။ ရဟန်းတို့ အကြင်အဓိကရုဏ်း၌ အာပတ်သို့ရောက်သော ရဟန်းသည်၎င်းင်း စောဒနာတတ်သော ရဟန်းသည်၎င်းင်း မိမိသည်ပင် မိမိကိုယ်ကို ကောင်းစွာ ဆင်ခြင်၏၊ ရဟန်းတို့ အဓိကရုဏ်း၌ ဤငြင်းခုန်ခြင်းသည် ''ရှည်မြင့်စွာ တည်ခြင်းငှါ နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းငှာ ခဲ တုတ် စသည်ဖြင့် ရုန့်ရင်းစွာ ပြုလုပ်ခြင်းငှါ မဖြစ်လတ္တံ့၊ ရဟန်းတို့သည်လည်း ချမ်းသာစွာ နေရကုန်လတ္တံ့'' ဟူသော ထိုအကြောင်းမျိုးကို မချွတ်ရလိမ့်မည်ဟု မြှော်လင့်အပ်၏ ဟု (မိန့်တော်မူ၏)။ (၅)

֍ ၁၆။ ထိုအခါ ပုဏ္ဏားတယောက်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ ပြောဆို၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး၍ တခုသောနေရာ၌ ထိုင်ပြီးသော် ထိုပုဏ္ဏားသည် မြတ်စွာဘုရားအား - ''အသျှင်ဂေါတမ အကြင်အကြောင်း အထောက်အပံ့ကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသဖြင့် လားရာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသဖြင့် လာရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ကျရောက်ကုန်၏။ ထို့အကြောင်း အထောက်အပံ့ကာ အဘယ်ပါနည်း'' ဟု လျှောက်၏။ ပုဏ္ဏား မတရားသော အကျင့်နှင့်မညီညွတ်သော အကျင့်ဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည်ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသဖြင့် လားရာ ပျက်စီး၍ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရကုန်၏ ဟု (မိန့်တော်မူ၏)။

--

အသျှင်ဂေါတမ အကြင် အကြောင်းအထောက်အပံ့ကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏။ ထိုအကြောင်း အထောက်အပံ့က အဘယ်ပါနည်းဟု (လျှောက်၏)။ ပုဏ္ဏား တရားသော အကျင့်နှင့် ညီညွတ်သော အကျင့်ဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ရောက်ရကုန်၏ ဟု (မိန့်တော်မူ၏)။အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင် ဂေါတမ ဥပမာ အားဖြင့် မှောက်ထားသော ဝတ္ထုကို လှန်ဘိသကဲ့သို့၎င်းင်း ဖုံးလွှမ်းထားသောဝတ္ထုကို ပြဘိသကဲ့သို့၎င်းင်း မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့၎င်းင်း ''မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'' ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်းကို ဆောင်ပြဘိသကဲ့သို့၎င်းင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏။ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကို၎င်းင်း၊ ရဟန်း သံဃာတော်ကို၎င်းင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

֍ ၁၇။ ထိုအခါ ဇာဏုဿောဏိ အမည်ရှိသော ပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး၍ တခုသော တနေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား- ''အသျှင်ဂေါတမ အကြင် အကြောင်း အထောက်အပံ့ကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသဖြင့် လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရကုန်၏၊ ထိုအကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း'' ဟုလျှောက်၏။ ပုဏ္ဏား ပြုခြင်းကြောင့်၎င်းင်း မပြုခြင်းကြောင့်၎င်းင်း ဤလောက၌ အချို့ှုသော သတ္တဝါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသဖြင့် လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သောငရဲသို့ ရောက်ရကုန်၏ ဟု (မိန့်တော်မူ၏) ။

အသျှင်ဂေါတမ အကြင် အကြောင်း အထောက်အပံ့ကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏။ ထိုအကြောင်း အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။ ပုဏ္ဏား ပြုခြင်းကြောင့်၎င်းင်း မပြုခြင်းကြောင့်၎င်းင်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမသည် အကျဉ်းအားဖြင့် ဟောအပ်သော အကျယ်အားဖြင့် မဝေဖန်အပ်သေးသော ဤတရားတော်၏ အနက်အဓိပ္ပာယ်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ။ တောင်းပန်ပါ၏။ အသျှင်ဂေါတမသည် အကျဉ်းအားဖြင့် ဟောအပ်သော အကျယ်အားဖြင့် မဝေဖန်အပ်သေးသော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် သိနိုင်သော နည်းအားဖြင့် အကျွန်ုပ်အား တရား ဟောတော်မူပါဟု (လျှောက်၏)။ ပုဏ္ဏား သို့ဖြစ်လျှင် နာကြားလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု (မိန့်တော်မူ၏)။ ''အသျှင်ဘုရား ကောင်းပါပြီ'' ဟု ဇာဏုဿောဏိပုဏ္ဏားသည် မြတ်စွာ ဘုရားအား ဤစကားကို ပြန်ကြား လျှောက်ထား၏။ မြတ်စွာ ဘုရားသည် ဤတရားကို ဟောတော်မူ၏။

--

ပုဏ္ဏား ဤလောက၌ အချို့သော သူသည် ကာယဒုစရိုက်ကို ပြု၏။ ကာယသုစရိုက်ကို မပြု။ ဝစီဒုစရိုက်ကို ပြု၏၊ ဝစီသုစရိုက်ကို မပြု၊ မနောဒုစရိုက်ကို ပြု၏၊ မနောသုစရိုက်ကို မပြု။ ပုဏ္ဏား ဤသို့လျှင် ပြုခြင်းကြောင့်၎င်းင်း၊ မပြုခြင်းကြောင့်၎င်းင်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရကုန်၏။ ပုဏ္ဏား ဤလောက၌ အချို့သော သူသည်ကား ကာယ သုစရိုက်ကို ပြု၏။ ကာယဒုစရိုက်ကို မပြု။ ဝစီသုစရိုက်ကို ပြု၏။ ဝစီဒုစရိုက်ကို မပြု မနော သုစ ရိုက်ကိုပြု၏။ မနောဒုစရိုက်ကိုမပြု။ ပုဏ္ဏား ဤသို့လျှင် ပြုခြင်းကြောင့်၎င်းင်း မပြုခြင်းကြောင့်၎င်းင်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု (မိန့်တော်မူ၏) အသျှင်ဂေါတမ ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။ (၇)

֍ ၁၈။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တခုသောနေရာ၌ ထိုင်နေ၏။ တခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာကို မြတ်စွာဘုရားသည် ''အာနန္ဒာ ကာယဒုစရိုက် မနောဒုစရိုက်ကို စင်စစ်အားဖြင့် မပြုအပ်'' ဟု ငါဟော၏ဟု (မိန့်တော်မူ၏) အသျှင်ဘုရား အကြင် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ကို စင်စစ် မပြုအပ်ဟု မြတ်စွာဘုရားသည် အကျွန်ုပ်အား ဟောတော်မူ၏ ထိုမပြုအပ်သော ဒုစရိုက်ကို ပြုသည်ရှိသော် အဘယ်အပြစ်ကို မချွတ်ရလိမ့်မည်ဟု မြှော်လင့်အပ် ပါသနည်း ဟု(လျှောက်၏)။ အာနန္ဒာ အကြင် ကာယဒုစရိုက်ကို ဝစီဒုစရိုက် မနောဒုစရိုက်ကို စင်စစ် မပြုကျင့်အပ်ဟု ငါဟော၏ ထိုမပြုအပ်သော ဒုစရိုက်ကို ပြုသည်ရှိသော် ဤအပြစ်ကို မချွတ်ရလိမ့်မည်ဟု မြှော်လင့်အပ်၏။ မိမိကိုယ်ကို မိမိစွပ်စွဲ၏။ ပညာရှိတို့ သိမြင်လတ်သော် ကဲ့ရဲ့ကုန်၏။ မကောင်းသော ကျော်ဇောခြင်းသည် ပြန့်နှံ၍ထွက်၏။ တွေဝေ၍ သေရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသဖြင့် လားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရ၏။ အာနန္ဒာ အကြင် ကာယဒုစရိုက်ကို ပြုသည်ရှိသော် ဤ(ဆိုခဲ့ပြီး) အပြစ်(ငါးမျိုး)ကို မချွတ်ရလိမမ့် ည်ဟု မြှော်လင့်အပ်၏ ဟု (မိန့်တော်မူ၏)။

အာနန္ဒာ ကာယသုဒရိုက် ဝစီသုစရိုက် မနောသုစရိုက်ကို စင်စစ်အားဖြင့် ပြုအပ်၏ဟု ငါဟော၏ ဟု (မိန့်တာ်မူ၏)။ အသျှင်ဘုရား အကြင် ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်ကို စင်စစ်အားဖြင့် ပြုအပ်၏ ဟု မြတ်စွာဘုရားသည် အကျွန်ုပ်အား ဟောတော်မူ၏။ ထိုပြုအပ်သော သုစရိုက်ကို ပြုသည်ရှိသော် အဘယ်အကျိုးကို မချွတ်ရလိမ့်မည်ဟု မြှော်လင့်အပ်ပါသနည်းဟု (လျှောက်၏)။ အာနန္ဒာ အကြင် ကာယသုစရိုက်ကို ပြုသည်ရှိသော် ဤအကျိုးကို မချွတ်ရလိမ့်မည်ဟု မြှော်လင့်အပ်၏။ မိမိကိုယ်ကို မိမိလည်း မစွပ်စွဲ။ ပညာရှိတို့ သိမြင်လတ်သော် ချီးမွမ်းကုန်၏။ ကောင်းသော ကျော်စောခြင်းသည် ပြန့်နှံ့၍ ထွက်၏။ မတွေဝေပဲ သေရ၏။ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။ အာနန္ဒာ အကြင် ကာယသုစရိုက် မနောသုစရိုက်ကို စင်စစ်အားဖြင့် ပြုအပ်၏ဟု ငါဟော၏။ ထိုပြုအပ်သော သုစရိုက်ကို ပြုသည်ရှိသော် ဤ(ဆိုခဲ့ပြီး) အကျိုး(ငါးမျိုး)ကို မချွတ်ရလိမ့်မည်ဟု မြှော်လင့်အပ်၏ ဟု (မိန့်တော်မူ၏)။ (၈)

֍ ၁၉။ ရဟန်းတို့ အကုသိုလ်ကို ပယ်ကြကုန်လော့ ရဟန်းတို့ (သင်တို့သည်)အကုသိုလ်ကို ပယ်ခြင်းငှာ စွမ်းနိုင်ကြ ကုန်၏။ ရဟန်းတို့ (သင်တို့သည်) ဤအကုသိုလ်ကို ပယ်ခြင်းငှာ အကယ်၍ မစွမ်းနိုင်ငြားအံ့ ဤသို့ ဖြစ်သည်ရှိသော် ''ရဟန်းတို့ အကုသိုလ်ကို ပယ်ကြကုန်လော့'' ဟု ငါမဟောရာ။ ရဟန်းတို့ အကြင်ကြောင့် (သင်တို့သည်) အကုသိုလ်ကို ပယ်ခြင်ငှာ စွမ်းနိုင်ကုန်၏။ ထို့ကြောင့် ''ရဟန်းတို့ အကုသိုလ်ကို ပယ်ကြကုန်လော'' ဟု ငါဟော၏။ ရဟန်းတို့ အကုသိုလ်ကို ပယ်ခြင်းသည် စီးအပွါးမဲ့ခြင်းငှာ ဆင်းရဲခြင်ငြားအံ့ ဤသို့ ဖြစ်သည်ရှိသော် ''ရဟန်းတို့ အကုသိုလ်ကို ပယ်ကြကုန်လော့'' ဟု ငါမဟောရာ။ ရဟန်းတို့ အကြင်ကြောင့် အကုသိုလ်ကို ပယ်ခြင်းသည် အစီးအပွား ရှိခြင်းငှာ ချမ်းသာခြင်းငှာဖြစ်၏၊ ထို့ကြောင့် ''ရဟန်းတို့ အကုသိုလ်ကို ပယ်ကြကုန်လော့'' ဟု ငါဟော၏။

--

ရဟန်းတို့ ကုသိုလ်ကို ပွားများကြကုန်လော့၊ ရဟန်းတို့ (သင်တို့သည်) ကုသိုလ်တရားကို ပွားများခြင်းငှာ စွမ်းနိုင်ကြကုန်၏။ ရဟန်းတို့(သင်တို့သည်) ဤကုသိုလ်ကို ပွားများခြင်းငှာ အကယ်၍ မစွမ်းနိုင်ငြားအံ့ ဤသို့ ဖြစ်သည် ရှိသော် ''ရဟန်းတို့ ကုသိုလ်ကို ပွားများကြကုန်လော့'' ဟု ငါမဟောရာ။ ရဟန်းတို့ အကြင်ကြောင့် (သင်တို့သည်) ကုသိုလ်ကို ပွားများခြင်းငှာ စွမ်းနိုင်ကုန်၏။ ထို့ကြောင့် ''ရဟန်းတို့ ကုသိုလ်ကို ပွားများကြကုန်လော့'' ဟု ငါဟော၏။ ရဟန်းတို့ ကုသိုလ်ကို ပွားများခြင်းသည် အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်ငှာ ဖြစ်ငြားအံ့ ဤသို့ ဖြစ်သည်ရှိသော် ''ရဟန်းတို့ ကုသိုလ်ကို ပွားများကြကုန်လော့'' ဟု ငါမဟောရာ ရဟန်းတို့ အကြင်ကြောင့် ကုသိုလ်ကို ပွားများကြကုန်လော့'' ဟု ငါဟော၏ ဟု(မိန့်တော်မူ၏)။ (၉)

֍ ၂၀။ ရဟန်းတို့ တရားနှစ်မျိုးတို့သည် သာသနာတော်၏ ပျက်စီးခြင်းငှာ ကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- မကောင်းသဖြင့် ထားအပ်သော ပုဒ်ဗျည်း၁၎င်းင်း မကောင်းသဖြင့် သိအပ်သော အနက်၂၎င်းင်း တို့တည်း။ ရဟန်းတို့ မကောင်းသဖြင့် ထားအပ်သော ပုဒ်ဗျည်း၏အနက်ကို မကောင်းသဖြင့် သိအပ်ရာ၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့သည် သာသနာတော်၏ ပျက်စီးခြင်းငှာ ကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၀)

֍ ၂၁။ ရဟန်းတို့ ဤတရားနှစ်မျိုး တို့သည် သာသနာတော်၏ တည်ခြင်းငှာ မပျက်စီးခြင်းငှာ မကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- ကောင်းစွာ ထားအပ်သော ပုဒ်ဗျည်း၎င်းင်း ကောင်းစွာ သိအပ်သော အနက်၎င်းင်းတို့တည်း။ ရဟန်းတို့ ကောင်းစွာ ထားအပ်သော ပုဒ်ဗျည်း၏ အနက်ကို ကောင်းစွာ သိအပ်ရာ၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့သည် သာသနာတော်၏ တည်ခြင်းငှာ မပျက်စီးခြင်းငှာ မကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏ ဟု (မိန့်တော်မူ၏)။ (၁၁)

နှစ်ခုမြောက် အဓိကရဏဝဂ် ပြီး၏။

၁။ ပါဠိတော်ကို ဆိုသည်။

၂။ အဋ္ဌကထာကို ဆိုသည်။

--

၃- ဗာလဝဂ်

֍ ၂၂။ ရဟန်းတို့ လူမိုက်တို့သည် ဤနှစ်မျိုး တို့တည်း။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- မိမိ၏အပြစ်ကို အပြစ်ဟု မရှုသောသူ၎င်းင်း တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်မခံသော သူ၎င်းင်းတို့တည်း။ ရဟန်းတို့ လူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- မိမိအပြစ်ကို အပြစ်ဟု ရှုသောသူ၏၎င်းင်း တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်ခံသောသူ ၎င်းင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည်ဤနှစ်မျိုး တို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၁)

֍ ၂၃။ ရဟန်းတို့ ဤသူနှစ်မျိုး တို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- အတွင်း၌ ဒေါသကိန်း၍ ဒေါသသည် ဖျက်ဆီးအပ်သောသူ၎င်းင်း မကောင်းသော ယူခြင်းဖြင့်ဟူသော သဒ္ဒါလွန်ကဲသူ ၎င်းင်းတို့တည်း ရဟန်းတို့ ဤသူနှစ်မျိုးတို့သည်မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏ဟု (မိန့်တော်မူ၏)။

֍ ၂၄။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏။ အဘယ် နှစ်မျိုးတို့နည်း ဟူမူ- မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို ''မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်'' ဟု ပြသောသူ၎င်းင်း မြတ်စွာဘုရား ဟောအပ်ပြောအပ်သည်ကို ''မြတ်စွာဘုရား မဟောအပ် မပြောအပ်'' ဟု ပြသောသူ၎င်းင်း မြတ်စွာဘုရား ဟောအပ်ပြောအပ်သည်ကို ''မြတ်စွာဘုရား မဟောအပ် မပြောအပ်'' ဟု ပြသောသူ၎င်းင်း တို့တည်း။ ရဟန်းတို့ ဤသူနှစ်မျိုးတို့တည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏ဟု (မိန့်တော်မူ၏) ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို မစွပ်စွဲတတ်ကုန်။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို ''မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်'' ဟု ပြသောသူ ၎င်းင်းတို့တည်း။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် မပြောဆို မစွပ်စွဲတတ်ကုန်ဟု။ (မိန့်တော်မူ၏)။

֍ ၂၅။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- ဆောင်၍ သိအပ်ဟော အနက်ရှိသော 'နေယျတ္ထ' သုတ်ကို ''တိုက်ရိုက်သိအပ်သော အနက်ရှိသော 'နီတတ္ထ' သုတ်'' ဟု ပြသောသူ၎င်းင်း တိုက်ရိုက် သိအပ်သော အနက်ရှိသော'နီတတ္ထ'သုတ်'' ဟု ပြသောသူ၎င်းင်း တိုက်ရိုက် သိအပ်သော အနက်ရှိသော 'နီတတ္ထ' သုတ်ကို ''ဆောင်၍သိအပ်သော အနက်ရှိသော 'နေယျတ္တ' သုတ်'' ဟု ပြသောသူ ၎င်းင်းတို့တည်း။ ရဟန်းတို့ ဤသူ နှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏ ဟု (မိန့်တော် မူ၏)။ (၄)

֍ ၂၆။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် မပြောဆို မစွပ်စွဲတတ်ကုန်။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- ဆောင်၍ သိအပ်သော အနက်ရှိသော 'နေယျတ္တ' သုတ်ကို ''ဆောင်၍ သိအပ်သော အနက်ရှိသော 'နေယျတ္ထ' သုတ်'' ဟု ပြသောသူ၎င်းင်း တိုက်ရိုက် သိအပ်သော အနက် ရှိသော 'နီတတ္ထ' သုတ်ကို ''တိုက်ရိုက် သိအပ်သော အနက်ရှိသော 'နီကတ္တ' သုတ်'' ဟု ပြသော သူ၎င်းင်းတို့တည်း။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် မပြောဆို မစွပ်စွဲတတ် ကုန်ဟု (မိန့်တော်မူ၏)။ (၅)

֍ ၂၇။ ရဟန်းတို့ ဖုံးလွှမ်းအပ်သော မကောင်းမှုရှိသောသူသည် ငရဲဘုံ 'နိရယဂတိ' ၎င်း တိရစ္ဆာန်မျိုး 'တိရစ္ဆာနဂတိ' ၎င်း ဤလားရာ 'ဂတိ' နှစ်မျိုးတို့တွင် တမျိုးမျိုးသော လားရာ 'ဂတိ' ကို မချွတ်ရလိမ့်မည် ဟု မြှော်လင့်အပ်၏ ဟု (မိန့်တော်မူ၏)။ ရဟန်းတို့ ဖုံးလွှမ်းအပ်သော မကောင်းသော မရှိသူသည် နတ်ဘုံ 'ဒေဝဂတိ' ၎င်းင်း လူ့ဘုံ 'မနုဿဂတိ' ၎င်းင်း ဤလားရာ 'ဂတိ' နှစ်မျိုးတို့တွင် တမျိုးမျိုးသော လားရာ 'ဂတိ' ကို မချွတ်ရလိမ့်မည် ဟု မြှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။ (၆)

--

֍ ၂၈။ ရဟန်းတို့ မကောင်းသော မြင်ခြင်း 'မိစ္ဆာဒိဋ္ဌိအယူ' ရှိသောသူအား ငရဲဘုံ 'နိရယဂတိ' ၎င်း တိရစ္ဆာန်မျိုး 'တိရစ္ဆာနဂတိ' ၎င်း ဤလားရာ 'ဂတိ' နှစ်မျိုးတို့တွင် တမျိုးမျိုးသော လားရာ 'ဂတိ'ကို မချွတ်ရလိမ့်မည် ဟု မြှော်လင့်အပ်၏ ဟု (မိန့်တော်မူ၏)။ (၇)

֍ ၂၉။ ရဟန်းတို့ ကောင်းသော မြင်ခြင်း 'သမ္မာဒိဋ္ဌိအယူ' ရှိသောသူအား နတ်ဘုံ 'ဒေဝဂတိ' ၎င်း လူ့ဘုံ 'မနုဿဂတိ' ၎င်း ဤလားရာ 'ဂတိ' နှစ်မျိုးတို့တွင် တမျိုးမျိုးသော လားရာဂတိ' ကို မချွတ်ရလိမ့်မည်ဟု မြှော်လင့် အပ်၏ဟု (မိန့်တော်မူ၏)။ (၈)

֍ ၃၀။ ရဟန်းတို့ သီလမရှိသော သူအား ငရဲဘုံ 'နိရယဂတိ' ၎င်း တိရစ္ဆာန်မျိုး 'တိရစ္ဆာနဂတိ' ၎င်း ဤလားရာ 'ဂတိ' နှစ်မျိုးတို့ကို ခံယူအပ်ကုန်၏။ ရဟန်းတို့ သီလရှိသော သူအား နတ်ဘုံ 'ဒေဝဂတိ' ၎င်းင်းလူ့ဘုံ မနုဿဂတိ' ၎င်းင်း ဤလားရာ' ဂတိနှစ်မျိုးတို့ကို ခံယူအပ်ကုန်၏ ဟု (မိန့်တော်မူ၏)။ (၉)

֍ ၃၁။ ရဟန်းတို့ အကြောင်းထူးနှစ်မျိုးတို့ကို ကောင်းစွာ ရှုဆင်ခြင်လျက် အာရညကင် ဓုတင်ကို ပြီးစေနိုင်သော တောကျောင်း လူတို့ကျက်စားရာ မဟုတ်သော တောကျောင်း အစွန်အဖျားကျ၍ အလွန်ဝေးကွာသော တောကျောင်းတို့ကို ငါမှီဝဲ၏။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- မိမိ၏ မျက်မှောက်ဘဝ၌(ဈာနသမာပတ် ဖလသမာပတ်ဖြင့်) ချမ်းသာစွာနေခြင်းကို ကောင်းစွာ ရှုဆင်ခြင်ခြင်း၎င်းင်း နောင်လာသူများကို အစဉ်သနားခြင်း၎င်းင်း တို့တည်း။ ရဟန်းတို့ ဤအကြောင်းထူး နှစ်မျိုးတို့ကို ကောင်းစွာ ရှုဆင်ခြင်လျက် ငါသည် အာရညကင်ဓုတင်ကို ပြီးစေနိုင်သော တောကျောင်း လူတို့ ကျက်စားရာ မဟုတ်သောတောကျောင်း အစွန်အဖျားကျ၍ အလွန်ဝေးကွာသော တောကျောင်းတို့ကို မှီဝဲ၏ ဟု (မိန့်တော်မူ၏)။(၁၀)

֍ ၃၂။ ရဟန်းတို့ ဝိဇ္ဇာအဘို့အစု၌ ဖြစ်ကုန်သော ဤတရားတို့သည် ဤနှစ်မျိုးတည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ - စိတ်၏ တည်ကြည်ခြင်း သမထ၎င်းင်း သင်္ခါရတရားတို့ကို ရှုဆင်ခြင်ခြင်း ဝိပဿနာ၎င်းင်း တို့တည်း။ ရဟန်းတို့ သမထကို ပွားများအပ်သော် အဘယ်အကျိုးကို ရရှိခံစားရသနည်း၊ စိတ်ကို ပွားများစေအပ်၏။ စိတ်ကိုပွားများ စေအပ်သော် အဘယ်အကျိုး ခံစားရသနည်း၊ တပ်မက်ခြင်း 'ရာဂ'ကို ပယ်နိုင်၏။ ရဟန်းတို့ သင်္ခါရတရားတို့ကို ရဆှု င်ခြင်ခြင်း ဝိပဿနာကို ပွားများအပ်သော် အဘယ်အကျိုးကို ခံစားရသနည်း၊ ပညာကို ပွားများစေအပ်၏။ ပညာကို ပွားများစေအပ်သော် အဘယ်အကျိုးကိုခံစားရသနည်း၊ မသိခြင်း 'အဝိဇ္ဇာ' ကို ပယ်နိုင်၏။ ရဟန်းတို့ တပ်မက်ခြင်း 'ရာဂ' ဖြင့် ညစ်ညူးသော်စိတ်သည် ကိလေသာမှ မလွတ်မြောက် မသိခြင်း 'အဝိဇ္ဇာ' ဖြင့် ညစ်ညူးသော် ပညာကို မပွားများစေအပ်။ ရဟန်းတို့ ဤသို့လျှင် တပ်မက်ခြင်း 'ရာဂ' ၏ ကုန်ခမ်းခြင်းကြောင်း စိတ်၏ ကိလေသာတို့မှလွတ်မြောက်ခြင်း 'စေတောဝိမုတ္တိ'သည် ဖြစ်၏။ မသိမှု 'အဝိဇ္ဇာ' ၏ ကုန်ခမ်းခြင်းကြောင့် ပညာ၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း 'ပညာဝိမုတ္တိ' သည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၁)

သုံးခုမြောက် ဗာလဝဂ် ပြီး၏

--

၄၊ သမစိတ္တဝဂ်

֍ ၃၃။ ရဟန်းတို့ သူယုတ်မာတို့၏ အခြေခံ သဘောကို၎င်းင်း သူတော်ကောင်းတို့၏ အခြေခံ သဘောကို၎င်းင်း ဟောကြားအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ ဟု(မိန့်တော်မူ၏)။ ''အသျှင်ဘုရား ကောင်းပါပြီဟု'' ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြ ကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏- ''ရဟန်းတို့ သူယုတ်မာတို့ ၏ အခြေခံသဘောသည် အဘယ်နည်း ရဟန်းတို့ သူယုတ်မာသည် ပြုဘူးသော သူ့ကျေးဇူးကို မသိခြင်း ပြုဘူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိ။ ရဟန်းတို့ ပြုဘူးသော သူ့ကျေးဇူးကို မသိခြင်း ပြုဘူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိခြင်းကို သူယုတ်မာတို့သည် ချီးမွမ်းကုန်၏။ ရဟန်းတို့ ပြုဘူးသော သူ့ကျေးဇူးကို မသိခြင်း ပြုဘူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိခြင်းဟူသော သူ့ကျေးဇူးကို မသိခြင်း ပြုဘူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိခြင်းဟူသော ဤအလုံးစုံသည် သူယုတ်မာတို့၏ အခြေခံသဘောပေတည်း။ ရဟန်းတို့ သူတော်ကောင်းတို့သည်ကား ပြုဘူးသော သူ့ကျေးဇူးကို သိ၏။ ပြုဘူး သော သူ့ကျေးဇူးကို ထင်စွာပြု၍ သိ၏။ ရဟန်းတို့ ပြုဘူးသော သူ့ကျေးဇူးကို သိခြင်း ပြုဘူးသော သူ့ကျေးဇူးကို ထင်စွာပြုခြင်း သိခြင်းကို သူတော်ကောင်းတို့သည် ချီးမွှမ်းကုန်၏။ ရဟန်းတို့ ပြုဘူးသော သူ့ကျေးဇူးကို သိခြင်း ပြုဘူးသော ကျေးဇူးကို ထင်ရှားစွာပြု၍ ပြုဘူးသော သူ့ကျေးဇူးကို (ထင်ရှားစွာ ပြု၍) သိခြင်းဟူသော ဤအလုံးစုံသည့် သူတော်ကောင်းတို့၏ အခြေခံသဘော ပေတည်း'' ဟု (မိန့်တော်မူ၏)။ (၁)

֍ ၃၄။ ရဟန်းတို့ နှစ်ဦးသော သူတို့ကို လွယ်ကူစွာ ကျေးဇူးတုံ့ပြုနိုင်သည်ဟု ငါမဟော။ အဘယ်နှစ်ဦးတို့နည်း ဟူမူ- မိခင်၎င်းင်း ဖခင်၎င်းင်းတို့တည်း။ ရဟန်းတို့ သားသမီးဖြစ်သော သူသည် အသက်တရာတန်း၌ ဖြစ်၍ အနှစ်တရာ ပတ်လုံး အသက်ရှည်ကာ ပခုံးတဖက်ဖြင့် အမိကို ဆောင်ယူ၍ လုပ်ကျွေးပြုစုရာ၏၊ ပခုံးတဖက်ဖြင့် အဖကို ဆောင်ယူ၍ လုပ်ကျွေးပြုစုရာ၏။ ထိုသားသမီးဖြစ်သူသည် ထိုအမိအဖတို့အား အနံ့အသက်ကင်းအောင် အမွှေးအကြိုင်လိမ်းပေးခခြင်း အညောင်းအညာပြေအောင် နှိပ်နယ်ပေးခြင်း ရေပူရေအေးချိုးပေးခြင်း ခြေဆုပ်လက်နယ် ပြုခြင်းဖြင့် လုပ်ကျွေးပြုရာ၏။ ထိုအမိအဖတို့သည် လည်း ထိုသားသမီးတို့ ပခုံးပေါ်၌ပင်လျှင် ကျင်းကြီး ကျင်ငယ်ကို စွန့်ကုန်ရာ၏။ ရဟန်းတို့ ဤသို့ပင် ပြုစုပါစေသော်လည်း အမိအဖတို့အား ကျေးဇူးပြုခြင်းသည်၎င်းင်း ကျေးဇူး တုံ့ပြုခြင်းသည်၎င်းင်း မဖြစ်နိုင်သေးသည် သာတည်း။ ရဟန်းတို့ (အကြင်သူသည်ကား) များစွာသော ရတနာရှိသော ဤမဟာပထဝီ မြေကြီးကို အုပ်ချုပ်စိုးပိုင်သော မင်းစည်းစိမ်၌ အမိအဖတို့ကို တည်နေစေရာ၏။ ရဟန်းတို့ ဤသို့ပင် ပြုစုပါသော်လည်း အမိအဖတို့အား ကျေးဇူးပြုခြင်းသည်၎င်းင်း ကျေးဇူးတုံ့ပြန်ခြင်းသည်၎င်းင်း မဖြစ်နိုင်သေးသည် သာတည်း။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း ဟူမူ- ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူးကို ပြုကြသူ ကြီးပွားလာအောင် စောင့်ရှောက်ကြသူ မွေးကျွေး ကြသူ ဤလောက၌ ပြသကြသူ ဖြစ်ကြသောကြောင့်တည်း။ ရဟန်းတို့ အကြင်သူသည်ကား သဒ္ဓါတရားနှင့် ပြည့်စုံခြင်းငှာ ဆောက်တည်စေ၏။ သက်ဝင်စေ၏၊ တည်စေ၏။ သီလမရှိသော အမိအဖတို့ကို သီလနှင့် ပြည့်စုံခြင်းငှာ ဆောက်တည်စေ၏။ သက်ဝင်စေ၏။ တည်စေ၏၊ ဝန်တိုခြင်းမစ္ဆရိယ ရှိကုန်သော အမိ အဖတို့ကို စွန့်ကြဲ ပေးကမ်းခြင်းနှင့် ပြည့်စုံခြင်းငှာ ဆောက်တည်စေ၏၊ သက်ဝင်စေ၏၊ တည်စေ၏။ ရဟန်းတို့ ဤသို့သော ပြုစုခြင်းဖြင့်သာလျှင် အမိအဖတို့အား ကျေးဇူးပြုခြင်းသည်၎င်းင်း ကျေးဇူးတုံ့ပြုခြင်း သည်၎င်းင်း ဖြစ်နိုင်၏ ဟု (မိန့်တော်မူ၏)။ (၂)

--

֍ ၃၅။ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ ပြောဆို၏။ ဝမ်းမြောက်ဖွယ် စကားကို။ပ။ တခုသော နေရာ၌ ထိုင်နေပြီးလျှင် ထိုပုဏ္ဏားသည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမသည် အဘယ် အယူဝါဒ ရှိပါသနည်း အဘယ်အကျင့်ကို ဟောကြားလေ့ ရှိပါသနည်း'' ဟု လျှောက်၏။ ပုဏ္ဏား ငါသည် ပြုအပ်၏ဟူသော ကိရိယဝါဒလည်းရှိ၏ မပြုအပ် ဟူသော အကိရိယဝါဒလည်း ရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမသည် အဘယ်သို့လျှင် ပြုအပ်၏ဟူသော ကရိယဝါဒ ရှိပါသနည်း၊ အဘယ်သို့လျှင် မပြုအပ်ဟူသော အကရိယဝါဒ ရှိပါသနည်းဟု (လျှောက်၏)။ ပုဏ္ဏား ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကို၎င်းင်း နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကို၎င်းင်း စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကို၎င်းင်း မပြုအပ်ဟု ငါဟော၏။ များစွာကုန်သောယုတ်ညံ့ ကုန်သော အကုသိုလ်တရားတို့ကို မပြုအပ်ဟု ငါဟော၏။ ပုဏ္ဏားကိုယ်ဖြင့် ပြုအပ်သောကောင်းသော အကျင့် 'ကာယသုစရိုက်' ကို၎င်းင်း နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'ဝစီသုစရိုက်' ကို၎င်းင်း နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'ဝစီသုစရိုက်' ကို၎င်းင်း စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'မနောသုစရိုက်' ကို၎င်းင်း ပြုအပ်၏ဟု ငါဟော၏ များစွာကုန်သော ကုသိုလ်တရားတို့ကို ပြုအပ်၏ ဟု ငါဟော၏။ ပုဏ္ဏား ငါသည် ဤသို့လျှင် ပြုအပ်၏ဟူသော ကိရိယဝါဒလည်းရှိ၏။ မပြုအပ် ဟူသော အကိရိယဝါဒလည်း ရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ (တရားတော်သည်)အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။ (၃)

֍ ၃၆။ ထိုအခါ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးသော် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တခုသော နေရာ၌ ထိုင်နေ၏။ တခုသော နေရာ၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားအား ''အသျှင်ဘုရား လောက၌ အလှူခံပုဂ္ဂိုလ်တို့သည် အဘယ်နှစ်မျိုး ရှိပါကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်၌ အလှူကို ပေးလှူထိုက်ပါသနည်း'' ဟု (လျှောက်၏)။ သူကြွယ် လောက၌ အလှူခံပုဂ္ဂိုလ်တို့သည် သေက္ခပုဂ္ဂိုလ်၎င်းင်း အသေက္ခပုဂ္ဂိုလ်၎င်းင်းတို့တည်း။ သူကြွယ် လောက၌ အလှူခံ ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း၊ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ အလှူကို ပေးလှူထိုက်၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏၊ ဤစကားကို ဟောပြီးနောက် ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ထိုမှတပါးသော ဤဂါထာကို ဟောတော်မူ၏။ ''ဤလောက၌ ပေးလှူပူဇော်တတ်ကုန်သော ပုဂ္ဂိုလ်တို့၏ အလှူကို ခံထိုက်ကုန်သော ပုဂ္ဂိုလ်တို့သည် သေက္ခပုဂ္ဂိုလ် အသေက္ခပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ ထိုအလှူခံထိုက်သော ပုဂ္ဂိုလ်တို့သည် ကိုယ်ဖြင့်၎င်းင်း နှုတ်ဖြင့်၎င်းင်း ထိုမှတပါး စိတ်ဖြင့်၎င်းင်း ဖြောင့်မတ်ကုန်၏၊ ပေးလှူ ပူဇော်တတ်သော အလှူရှင်တို့၏ ကောင်းမှုမျိုးစေ့ကို ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်၏၊ ဤအလှူခံ ပုဂ္ဂိုလ်တို့၌ ပေးလှူအပ်သော အလှူသည် များမြတ်သော အကျိုးရှိ၏'' ဟု (မိန့်တော်မူ၏)။ (၄)

֍ ၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ 'ဝိသာခါ' ၏ ပြာသာဒ်၌ (သီတင်းသုံး)နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့'' ဟု ခေါ်တော်မူ၏။ ထိုရဟန်း တို့သည် ''ငါသျှင်'' ဟု အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် 'ငါသျှင်တို့ အဇ္ဈတ္တသံယောဇဉ်၁ ရှိသော ပုဂ္ဂိုလ်ကို၎င်းင်း ဗဟိဒ္ဓသံယောဇဉ်၂ ရှိသော ပုဂ္ဂိုလ်ကို၎င်းင်း ဟောကြားအံ့၊ ထိုတရားကို နာကြားကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့ဟောကြားပေအံ့' ဟု မိန့်တော်မူ၏၊ ''ငါသျှင် ကောင်းပါပြီ'' ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤတရားကို ဟောကြား၏။ 'ငါ့သျှင်တို့ အဇ္ဈတ္တသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည်သီလရှိ၏။ ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်လျက် နေ၏၊ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ'နှင့် ပြည့်စုံသည် ဖြစ်၍ အဏုမြူမျှလောက်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။

--

ထိုရဟန်းသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ (ကာမာဝစရနတ် ခြောက်ဘုံတို့တွင်) တပါးပါးသော နတ်ဘုံသို့ ရောက်၏ ထိုရဟန်းသည် ထိုနတ်ပြည်မှ စုတေသော် ပဋိပန္ဓေအား ဖြင့် ဤလူ့ဘုံသို့ လာသောကြောင့် ဤအောက်ဘုံသို့ ပြန်လာသော အာဂါမိပုဂ္ဂိုလ်မည်၏။ ငါ့သျှင်တို့ ဤပုဂ္ဂိုလ်ကို ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ပြန်လာသောကြောင့် အောက်ဘုံသို့ ပြန်လာသော အာဂါမိမည်သော အဇ္ဈတ္တသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း၊ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ ပါတီမောက္ခသံဝရသီလကို စောင့်ရှောက်လျက် နေ၏၊ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' နှင့် ပြည့်စုံသည် ဖြစ်၍ အဏုမြူမျှလောက်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ ရှိလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် သမာပတ် ရှစ်ပါးတို့တွင် တပါးပါးဖြစ်သော ကိလေသာတို့၏ ငြိမ်းအေးရာ ဖြစ်သော ကိလေသာတို့မှ စိတ်၏ လွတ်မြောက်ရာ ဖြစ်သော စတုတ္ထဈာန်သမာပတ်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည် နောက်၌ (သုဒ္ဓါဝါသ ငါးဘုံတို့တွင်) တပါးပါးသော ဗြဟ္မာ့ဘုံသို့ ရောက်၏၊ ထိုပုဂ္ဂိုလ်သည် ထိုဘုံမှ စုတေသော် ပဋိသန္ဓေအားဖြင့် ဤလူ့ဘုံသို့ မလာသောကြောင့် အနာဂါမိ ပုဂ္ဂိုလ် မည်၏။ ငါ့သျှင်တို့ ဤပုဂ္ဂိုလ်ကို ဤလူ့ဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်မလာသောကြောင့် အနာဂါမိမည်သော ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ နောက်တမျိုးကား ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် ကာမတို့ကိုပင်လျှင် ငြီးငွေ့ခြင်းငှာ ကာမတဏှာ ကင်းခြင်းငှာ ကာမတဏှာ ချုပ်ခြင်းငှာ ကျင့်၏။ ထိုရဟန်းသည် သုံးပါးသော ဘဝတို့ကိုပင်လျှင် ငြီးငွေ့ခြင်းငှာ ဘဝတဏှာ ကင်းခြင်ငှာ ဘဝတဏှာ ချုပ်ခြင်းငှာ ကျင့်၏။ ထိုရဟန်းသည် ကာမတဏှာကုန်ခန်းခြင်းငှာကျင့်၏၊ ထိုရဟန်းသည် ဘဝလော၏ ကုန်ခန်းခြင်းငှာ ကျင့်၏။ ထိုရဟန်းသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ (သုဒ္ဓါဝါသငါးဘုံတွင်) တပါးပါးသော ဗြဟ္မာ့ဘုံ၌ ဖြစ်၏။ ထိုရဟန်းသည် ထိုဘုံမှ စုတေသော် ဤလူ့ဘုံသို့ မလာသောကြောင့် အနာဂါမိပုဂ္ဂိုလ် မည်၏။ ငါ့အသျှင်တို့ ဤပုဂ္ဂိုလ်ကို ဤလုူ့ဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်မလာသောကြောင့် အနာဂါမိ ဟူသော ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏ဟု (ဟောကြား၏)။

ထိုအခါ တူမျှသော စိတ်ရှိကုန်သော များစွာကုန်သော နတ်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးကုန်ပြီး၍ တခုသော နေရာ၌ ရပ်တည်ကုန်၏။ တခုသောနေရာ၌ ရပ်တည်ပြီးသော ထိုနတ်တို့သည် မြတ်စွာဘုရားအား ''အသျှင်ဘုရား ဤအသျှင်သာရိပုတြာသည် ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ 'ဝိသာခါ' ၏ ပြာသာဒ်၌ ရဟန်းတို့အား အဇ္ဈတ္တသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ကို၎င်းင်း ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ကို၎င်းင်း ဟောပ၏၊ ပရိသတ်တို့ကလည်း ရွှင်လန်းနှစ်သက်ပါကုန်၏။ အသျှင်ဘုရား တောင်းပန်ပါကုန်၏၊ မြတ်စွာဘုရားသည် အစဉ်သနားခြင်းကို အကြောင်းပြု၍ အသျှင်သာရိပုတြာထံချဉ်းကပ် ကြွရောက်တော်မူပါ'' ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် သည်းခံတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အားရှိသော ယောကျ်ားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့၎င်းင်း ထို့အတူ ဇေတဝန်ကျောင်းတော်မှ ကွယ်တော်မူခဲ့ပြီးလျှင် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ 'ဝိသာခါ' ၏ ပြာသာဒ် အသျှင်သာရိပုတြာ၏ မျက်မှောက်၌ ထင်ရှား ဖြစ်တော်မူ၏။ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တခုသော နေရာ၌ ထိုင်သော အသျှင်သာရိပုတြာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- သာရိပုတြာ တူမျှသော စိတ်ရှိကုန်သော များစွာသော နတ်တို့သည် ငါ၏ထံသို့ ချဉ်းကပ်ကြ ကုန်၍ ငါ့ကို ရှိခိုးကြပြီးလျှင် တခုသော နေရာ၌ ရပ်တည်ကုန်၏။ သာရိပုတြာ တခုသော နေရာ၌ ရပ်တည်ကြ ပြီးသော ထိုနတ်တို့သည် ငါ့အား ''အသျှင်ဘုရား ဤအသျှင်သာရိပုတြာသည် ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ 'ဝိသာခါ' ၏ ပြဿဒ်၌ ရဟန်းတို့အား အဇ္ဈတ္တသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ကို၎င်းင်း ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ကို၎င်းင်း ဟောပါ၏၊ ပရိသတ်တို့ကလည်း ရွှင်လန်း နှစ်သက်ပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါကုန်၏၊

--

မြတ်စွာဘုရားသည် အစဉ်သနားခြင်းကို အကြောင်းပြု၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ကြွရောက်တော်မူပါ'' ဟု လျှောက်ကုန်၏။ သာရိပုတြာ ထိုနတ် ဗြဟ္မာတို့သည် ပွတ်ဆောက်ဖျားရာမျှလောက်သော နေရာ၌လည်း တကျိပ်တို့လည်း ဖြစ်ကုန်၍ နျစ်ကျိပ်တို့ လည်း ဖြစ်ကုန်၍ သုံးကျိတ်တို့လည်း ဖြစ်ကုန်၍ လေးကျိတ်တို့လည်း ဖြစ်ကုန်၍ ငါးကျိပ်တို့လည်း ဖြစ်ကုန်၍ ခြောက်ကျိပ်တို့လည်း ဖြစ်ကုန်၍ လေးကျိပ်တို့လည်း ဖြစ်ကုန်၍ ငါးကျိပ်တို့လည်း ဖြစ်ကုန်၍ ခြောက်ကျိပ်တို့လည်း ဖြစ်ကုန်၍ တည်နေကုန်၏၊ အချင်းချင်း ထိပါးခြင်းလည်း မရှိကုန်။ သာရိပုတြာ ဤသို့သော အကြံသည် ဖြစ်ရာ၏၊ 'ထိုနတ် ဗြဟ္မာတို့သည် အကြင်သို့သော အခြင်းအရာအားဖြင့် ဖန်ဆင်းနိုင်သော စိတ်ဖြင့် ပွတ်ဆောက်ဖျားရာမျှလောက်သော နေရာ၌လည်း တကျိပ်တို့လည်း ဖြစ်ကုန်၍ နှစ်ကျိတ်တို့လည်း ဖြစ်ကုန်၍ သုံးကျိပ်တို့လည်း ဖြစ်ကုန်၍ လေးကျိပ်တို့လည်း ဖြစ်ကုန်၍ ငါးကျိတ်တို့လည်း ဖြစ်ကုန်၍ ခြောက်ကျိတ်တို့လည်း ဖြစ်ကုန်၍ တည်နေကုန်၏။ အချင်းချင်း ထိပါးခြင်းလည်း မရှိကုန်၊ ထိုနတ်ဗြဟ္မာတို့သည် ထိုသို့သော အခြင်းအရာအားဖြင့် ဖန်ဆင်းနိုင်သော ထိုနတ်ဗြဟ္မာတို့သည် အကြင်သို့သော အခြင်းအရာအားဖြင့် ဖန်ဆင်းနိုင်သော စိတ်ဖြင့် တကျိပ်တို့လည်း ဖြစ်ကုန်၏။ ပ။ အချင်းချင်း ထိပါးခြင်းလည်း မရှိကုန်။ ထိုနတ်ဗြဟ္မာတို့သည် ထိုသို့သော အခြင်းအရာအားဖြင့် ဖန်ဆင်းနိုင်သော စိတ်ကို ဤလူ့ပြည် ဤသာသနာတော်၌သာလျှင် ပွားများအပ်၏ဟု မှတ်အပ်၏။ သာရိပုတြာ ထိုသို့ဖြစ်သော ကြောင့် ဤသာသနာတော်၌ ငြိမ်သက်သော ဣန္ဒြေ ရှိကုန်အံ့၊ ငြိမ်သက်သောစိတ် ရှိကုန်အံ့ဟု ကျင့်ရမည်။ သာရိပုတြာ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်။ သာရိပုတြာ ငြိမ်သက်သော ဣန္ဒြေ ရှိကုန်သော ငြိမ်သက်သောစိတ် ရှိကြကုန်သော သင်တို့အား ငြိမ်သက်သည်သာလျှင် ဖြစ်သော ကာယကံ ငြိမ်သက်သည်လျှင် ဖြစ်သော ဝစီကံ ငြိမ်သက်သည်သာလျှင် ဖြစ်သော မနောကံသည် ဖြစ်လတ္တံ့၊ ငါတို့သည် သီတင်းသုံးဖော်တို့အား ငြိမ်သက်သည်သာလျှင် ဖြစ်သော ကိုယ်၊ နှုတ်၊ စိတ် ဟူသော ပူဇော်ခြင်းဖြင့် ပူဇော်ကုန်အံ့ဟု ကျင့်ရမည်၊ သာရိပုတြာ သင်တို့သည် ဤသို့လျှင် ကျင့်ရမည်။ သာရိပုတြာ သာသနာတော်မှ တပါးသော အယူရှိကုန်သော အကြင် ပရိဗိုဇ်တို့သည် ဤတရားတော်ကို မနာကြားရကုန်၊ ထိုပရိဗိုဇ်တို့သည် ပျက်စီး၊ ဆုံးရှုံးကုန်၏ (မိန့်တော်မူ၏)။ (၅)

֍ ၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတပါး၌ အသျှင်မဟာကစ္စည်းသည် ဝရဏမြို့ ဘဒ္ဒသာရိ မြစ်ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အာရာမဒဏ္ဍပုဏ္ဏားသည် အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာကစ္စည်းနှင့်အတူ ဝမ်းမြောက် ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တခုသော နေရာ၌ ထိုင်နေပြီးလျှင် အာရမဒဏ္ဍပုဏ္ဏားသည် အသျှင်မဟာကစ္စည်းအား ''အသျှင်ကစ္စနာ အကြင်အကြောင်း အထောက်အပံ့ကြောင့် မင်းတို့သည်လည်း မင်းတို့နှင့် ငြင်းခုံကြကုန်၏၊ ပုဏ္ဏားတို့သည်လည်း ပုဏ္ဏားတို့နှင့် ငြင်းခုံကြကုန်၏၊ သူကြွယ်တို့သည်လည်း သူကြွယ်တို့နှင့် ငြင်းခုံကြကုန်၏၊ ထိုသို့ ငြင်းခုံခြင်း၏ အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း'' ဟု လျှောက်၏ ပုဏ္ဏား ကာမရာဂ၃သည် သက်ဝင်အပ် နှောင်ဖွဲ့အပ်သည် ဖြစ်၍ ကာမရာဂ၌ ကျွံနစ်ကာ ကာမရာဂသည် ဖမ်းစားအပ် မျိုထားအပ်သောကြောင့် မင်းတို့သည်လည်း မင်းတို့နှင့် ငြင်းခုံကြရကုန်၏၊ ပုဏ္ဏားတို့သည်လည်း ပုဏ္ဏားတို့နှင့် ငြင်းခုံကြကုန်၏၊ သူကြွယ်တို့သည်လည်း သူကြွယ်တို့နှင့် ငြင်းခုံကြကုန်၏ဟု(မိန့်၏)။

အသျှင်ကစ္စနာ အကြင်အကြောင်း အထောက်အပံ့ကြောင့် ရဟန်းတို့သည် ရဟန်းတို့နှင့် ငြင်းခုံကြကုန်၏၊ ထိုငြင်းခုံခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။ ပုဏ္ဏား ဒဋ္ဌိရာဂသည် သက်ဝင်အပ် နှောင်ဖွဲ့အပ်သည် ဖြစ်၍ ဒိဋ္ဌိရာဂ၌ ကျွံနစ်ကာ ဒိဋ္ဌိရာဂသည် ဖမ်းစားအပ် မျိုထားအပ်သောကြောင့် ရဟန်းတို့သည်လည်း ရဟန်းတို့နှင့် ငြင်းခုံကြကုန်၏ဟု (မိန့်၏)။ အသျှင်ကစ္စာန ဤကာမရာဂ၏ သက်ဝင်ခြင်း နှောင်ဖွဲ့ခြင်း ကာမရာဂ၌ ကျွံနစ်ခြင်း ကာမရာဂ ဖမ်းစားခြင်း မျိုးထားခြင်းကိုလည်း လွန်မြောက်သော ဤဒိဋ္ဌိရာဂ၏ သက်ဝင်ခြင်း နှောင်ဖွဲ့ခြင်း ဒိဋ္ဌိရာဂ၌ ကျွံနစ်ခြင်း ဒိဋ္ဌိရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်သော တစုံတယောက်သော သူသည် လောက၌ဟု (လျှောက်၏) ပုဏ္ဏား ဤကာမရာဂ၏ သက်ဝင်ခြင်း နှောင်ဖွဲ့ခြင်း ကာမရာဂ၌ ကျွံနစ်ခြင်း ကာမရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်သော ဤဒိဋ္ဌိရာဂ၏ သက်ဝင်ခြင်း နှောင်ဖွဲ့ခြင်း ဒိဋ္ဌိရာဂ၌ ကျွံနစ်ခြင်း ဒိဋ္ဌိရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်သော သူသည် လောက၌ ရှိ၏ဟု (မိန့်၏)။

--

အသျှင်ကစ္စာန ဤကာမရာဂ၏ သက်ဝင်ခြင်း နှောင်ဖွဲ့ခြင်း ကာမရာဂ၌ ကျွံနစ်ခြင်း ကာမရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်သော ဤဒိဋ္ဌိရာဂ၏ သက်ဝင်ခြင်း နှောင်ဖွဲ့ခြင်း ဒိဋ္ဌိရာဂ၌ ကျွံနစ်ခြင်း ဒိဋ္ဌိရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်သော သူသည် လောက၌ အဘယ်သူပါနည်းဟု (လျှောက်၏)။ ပုဏ္ဏား အရှေ့တိုင်းတို့၌ သာဝတ္ထိအမည်ရှိသော မြို့၅သည် ရှိ၏။ ယခုအခါ သာဝတ္ထိမြို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် (သီတင်းသုံး) နေတော်မူ၏။ ပုဏ္ဏား ထိုမြတ်စွာဘုရားသည် ဤကာမရာဂ၏ သက်ဝင်ခြင်း နှောင်ဖွဲ့ခြင်း ကာမရာဂ၌ ကျွံနစ်ခြင်း ကာမရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်တော်မူ၏။ ဤဒိဋ္ဌိရာဂ၏ သက်ဝင်ခြင်း နှောင်ဖွဲ့ခြင်း ဒိဋ္ဌိရာဂ၌ ကျွံနစ်ခြင်း ဒိဋ္ဌိရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်တော်မူ၏ ဟု (မိန့်ဆို၏)။

ဤသို့ မိန့်တော်မူသော အာရာမဒဏ္ဍပုဏ္ဏားသည် နေရာမှ ထလျက် လက်ဝဲတဖက်- ပခုံးထက်၌ အပေါ်ရုံကို တင်လျက် လကျ်ာပုဆစ်ဒူးဝန်ကို မြေကြီး၌ ထောက်၍ ဘုရားရှိတော်မူရာ အရပ်သို့ လက်အုပ်ချီပြီးလျှင် သုံးကြိမ် ဥဒါန်းကျူးလေ၏- ''အကြင် မြတ်စွာဘုရားသည် ဤကာမရာဂ၏ သက်ဝင်ခြင်း နှောင်ဖွဲ့ခြင်း ကာမရာဂ၌ ကျွံနစ်ခြင်း ဒိဋ္ဌိရာဂ၏ ဖမ်းစားခြင်း မျိုထားခြင်းကိုလည်း လွန်မြောက်တော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏။ပ။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏' ဟု (ဥဒါန်းကျူလေ၏)။

အသျှင်ကစ္စန (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ကစ္စာန (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသော ဝတ္ထုကို လှန်ဘိသကဲ့သို့၎င်းင်း ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ဘိ သကဲ့သို့၎င်းင်း မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိ သကဲ့သို့ ''မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'' ဟု အမိုက်အမှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိ သကဲ့သို့ အသျှင်ဘုရား ဤအတူသာလျှင် အသျှင်ကစ္စာနသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ကစ္စာနသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။ (၆)

֍ ၃၉။ အခါတပါး၌ အသျှမဟာကစ္စည်းသည် မဓုရာပြည် ဂုဓုရာပြည် ဂုန္ဓာတော်၌၆ နေတော်မူ၏၊ထိုအခါ ကန္ဒရာယနပုဏ္ဏားသည် အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာကစ္စည်းနှင့်အတူ ။ပ။ တခုသော နေရာ၌ ထိုင်နေပြီးလျှင် အသျှင်မဟာကစ္စည်းအား ''အသျှင်ကစ္စန ရဟန်းကစ္စနသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမှီကုန်သော အဆုံးအရွယ်တို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင့်လည်း မဖိတ်ပါ။ အသျှင်ကစ္စန ထိုသို့ (ရှိခိုးခြင်း စသည်ကို မပြုခြင်း)သည် မသင့်လျော်သည် သာလျှင်တည်းဟု (လျှောက်၏)။ ပုဏ္ဏား (တရားမှန်သမျှကို သိတော်မူသော မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူအပ်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား ဟောတော်မူအပ်သော လူကြီး အဆင့်အတန်း 'ဝုဒ္ဓဘူမိ' သည်၎င်းင်း လူငယ်အဆင့်အတန်း 'ဒဟရဘူမိ' သည်၎င်းင်းရှိ၏။ ပုဏ္ဏား ပဋိသန္ဓေအားဖြင့် ကြီးသော အကြင်သူသည် အရွယ်အားဖြင့် အနှစ်ရှစ်ဆယ်သော် ၎င်းင်း အနှစ်ကိုးဆယ်သော်၎င်းင်း အနှစ်တရာ သော်၎င်း

--

အကယ်၍ပင် ဖြစ်စေကာမူ ထိုသူသည် ကာမဂုဏ်တို့ကို သုံးဆောင်ခံစားသူ ကာမဂုဏ်တို့၌ ကြံစည်ခြင်း 'ကာမဝိတက်' တို့ ကိုက်ခဲခံရသူ ကာမဂုဏ်ကို ရှာမှီးခြင်းငှာ လုံ့လပြုနေသူဖြစ်ခဲ့မူ ထိုသူသည် မိုက်မဲ လူငယ်ဟူသော ရေတွြက်ခင်းသို့သာလျှင် ရောက်၏။ ပုဏ္ဏား အကြင်သူသည် ပျိုမျစ်သော ကောင်းစွာ နက်သော ဆံပင်ရှိသော ကောင်းသော အရွယ်နှင့် ပြည့်စုံသော ပဋ္ဌမအရွယ်နှင့် ပြည့်စုံသော သူငယ်ပင် ဖြစ်စေကာမူ ထိုသူသည် ကာမဂုဏ်တို့ကို မသုံးဆောင် မခံစားသူ ကာမဂုဏ်တည်းဟူသော အိမ်၌ အုပ်စိုး၍ မနေသူ ကာမဂုဏ်တည်းဟူသော အပူသည် အပူလောင် မခံရသူ ကာမဂုဏ်တို့၌ ကြံစည်ခြင်း 'ကာမဝိတက်' တို့ အကိုက်မခံရသူ ကာမဂုဏ်တို့ကို ရှာမှီခြင်းငှာ လုံ့လမပြုသူ ဖြစ်ခဲ့မူ ထိုသူသည် မညာရှိ လူကြီးဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏ဟု မိန့်ဆို၏။ ဤသို့ မိန့်ဆိုလေလျှင် ကန္ဒရာယနပုဏ္ဏားသည် နေရာမှထ၍ ပခုံးတဖက်၌ အပေါ်ရုံကို တင်လျက် ''အသျှင်တို့သည် ကြီးပါကုန်၏။ လူကြီး အဆင့်အတန်း၌ တည်ပါကုန်၏။ အကျွန်ုပ်တို့သည် ငယ်ပါကုန်၏ လူငယ် အဆင့်အတန်း၌ တည်ပါကုန်၏'' ဟုဆို၍ ရဟန်းငယ်တရားတို့၏ ခြေတို့ကို ဦးတိုက်လျက် ရှိခိုး၏။ အသျှင်ကစ္စနာ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ကစ္စနသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။ (၇)

֍ ၄၀။ ရဟန်းတို့ ခိုးသူတို့အင်အား ကြီးမားသောအခါ မင်းတို့သည် အင်အားနည်း ပါကုန်၏၊ ရဟန်းတို့ ထိုအခါ၌ မင်းအား မြို့တွင်းသို့ ဝင်ခြင်းငှာ၎င်းင်း မြို့ပြင်သို့ ထွက်ခြင်းငှာ၎င်းင်း တိုင်းစွန်ပြည်နား ဇနပုဒ်များသို့ လှည့်လည်ခြင်းငှာ၎င်းင်း မလွယ်ကူ။ ထိုအခါ၌ ပုဏ္ဏား သူကြွယ်တို့အားလည်း မြို့တွင်းသို့ ဝင်ခြင်ငှာ၎င်းင်း မြို့ပြင်သို့ ထွက်ခြင်းငှာ၎င်းင်း ပြင်ပ အလုပ်ကိစ္စတို့ကို ကြည့်ရှုခြင်းငှား၎င်းင်း မလွယ်ကူ။ ရဟန်းတို့ ဤအတူသာလျှင် ရဟန်းယုတ်တို့ အင်အားကြီးမားသော သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့သည် အင်အားနည်းပါးကုန်၏။ ရဟန်းတို့ ထိုအခါ၌ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့သည် သံဃာအလယ်၌ ဆိတ်ဆိတ် ဖြစ်ကုန်၍ သာလျှင် ငြိမ်သက်စွာ နေရကုန်၏၊ တိုင်းစွန်ပြည်နား ဇနပုဒ်၌သော်လည်း နေထိုင်ရကုန်၏။ ရဟန်းတို့ ထိုသို့ ဖြစ်ခြင်းသည် လူအများ၏ အစီးအပွား မဲ့ခြင်းငှာ လူအများ၏ မချမ်းသာခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူတို့၏ အစီးအပွား မဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်၏။ ရဟန်းတို့ မင်းတို့ အင်အားကြီးမားသောအခါ၌ ခိုးသူတို့သည် အင်အားနည်းပါးကုန်၏၊ ရဟန်းတို့ ထိုအခါ၌ မင်းအား မြို့တွင်းသို့ ဝင်ခြင်းငှာ၎င်းင်း မြို့ပြင်သို့ ထွက်ခြင်းငှာ၎င်းင်း တိုင်းစွန်းပြည်နား ဇနပုဒ်များသို့ လှည်လည်ခြင်းငှာ၎င်းင်း လွယ်ကူ၏။ ထိုအခါ ပုဏ္ဏား သူကြွယ်တို့အားလည်း မြို့တွင်းသို့ ဝင်ခြင်းငှာ၎င်းင်း မြို့ပြင်သို့ ထွက်ခြင်ငှါ၎င်းင်း ပြင်ပ အလုပ်ကိစ္စတို့ကို ကြည့်ရှုခြင်ငှါ၎င်းင်း လွယ်ကူ၏။ ရဟန်းတို့ ဤအတူသာလျှင် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ အင်အားကြီးမားသောအခါ ရဟန်းယုတ်တို့သည် အင်အားနည်းပါးကုန်၏။ ရဟန်းတို့ ထိုအခါ ရဟန်းယုတ်တို့သည် သံဃာအလယ်၌ ဆိတ်ဆိတ် ဖြစ်ကုန်၍ သာလျှင် ငြိမ်သက်စွာ နေရကုန်၏၊ ထိုထို အရပ်မျက်နှာသို့မူလည်း ထွက်ခွာသွားကြကုန်၏။ ရဟန်းတို့ ထိုသို့ ဖြစ်ခြင်းသည် လူအများ၏ အစီးအပွား ရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွား ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ ဟု (မိန့်တော်မူ၏) ။ (၈)

֍ ၄၁။ ရဟန်းတို့ လူသော်၎င်းင်း ရဟန်း၏သော်၎င်းင်း နှစ်ဦးသော သူတို့၏ မှားသော အကျင့်ကို ငါသည် မချီးမွမ်း။ ရဟန်းတို့ လူသော်၎င်းင်း မှားသော အကျင့်ကို ကျင့်သည်ဖြစ်အံ့၊ မှားသော အကျင့်ကို ကျင့်ခြင်းကြောင့် ဝိပဿနာနှင့်တကွ မဂ်ဟူသော ကုသိုလ်တရားကို မပြည့်စုံစေနိုင်။ ရဟန်းတို့ လူ၏သော်၎င်းင်း ရဟန်းသော်၎င်းင်း မှန်သော အကျင့်ကို ကျင့်အံ့၊ မှန်သော အကျင့်ကို ကျင့်ခြင်းကြောင့် ဝိပဿနာနှင့်တကွ မဂ်ဟူသော ကုသိုလ်တရားကို ပြည့်စုံစေနိုင်၏ ဟု (မိန့်တော်မူ၏)။ (၉)

--

֍ ၄၂။ ရဟန်တို့သည် မကောင်းသဖြင့် သင်ယူအပ်ကုန်သော သဒ္ဒါအားလျော်စွာ ရအပ်ကုန်သော သုတ္တန်တို့ဖြင့် ပါဠိကို၎င်းင်း အနက်ကို၎င်းင်း တားမြစ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွား မဲ့ခြင်းငှါ လူအများ၏ မချမ်းသာခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွား မဲ့ခြင်းငှာ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော မကောင်းမှုကိုလည်း ဖြစ်စေကုန်၏ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ကောင်းသောအားဖြင့် သင်ယူအပ်ကုန်သော သဒ္ဒါအားလျော်စွာ ရအပ်ကုန်သော သုတ္တန်တို့ဖြင့် ပါဠိကို၎င်းင်း အနက်ကို၎င်းင်း လျော်စေကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွား ရှိခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်ကောင်းမှုကိုလည်း ပွားစေကုန်၏။ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်စေသည် မည်ကုန်၏ ဟု (မိန့်တော်မူ၏)။ (၁၀)

လေးခုမြောက် သမစိတ္တဝဂ် ပြီး၏။

၁။ အဇ္ဈတ္တသံယောဇဉ် ကာမဘဝ၌ တပ်မက်သော ဆန္ဒရာဂ၊ တနည်း သြရမ္ဘာဂိယသံယောဇဉ်။

၂။ ဗဟိဒ္ဓသံယောဇဉ် ရူပ အရူပဘဝတို့၌ တပ်မက်သောဆန္ဒရာဂ၊ တနည်း ဥဒ္ဓံဘာဂိယသံယောဇဉ်။

၃။ ကာမဂုဏ်ငါးပါးကို အကြောင်းပြု၍ ဖြစ်သော တပ်မက်ခြင်းရာဂ။

၄။ ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိကို အကြောင်းပြု၍ ဖြစ်သော တပ်မက်ခြင်းရာဂ။

၅။ သာဝတ္တိနာမနဂရံ-ဟု ပါဋ္ဌိတော်ရှိသည်။ မြို့တော်ဖြစ်သော်လည်း မင်းနေပြည်ဖြစ်၍ သာဝတ္တိပြည်ဟု နေရာ

အများမှာ သုံးသည်။

၆။ ပိတ်ချင်းနတ်တော။

--

၅၊ ပရိသဝဂ်

֍ ၄၃။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်း ဟူမူ- တိမ်သော ပရိတ်သတ်၎င်းင်း နက်သော ပရိသတ်၎င်းင်းတို့တည်း။ ရဟန်းတို့ တိမ်သော ပရိတ်သတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိတ်သတ်၌ ရဟန်းတို့သည် တုန်လှုပ် ပျံ့လွင့်ကုန်၏၊ အချည်းနှီး တက်ကြွသော မာန်ရှိကုန်၏၊ လျှပ်ပေါ်ကုန်၏၊ နှုတ်ကြမ်းကုန်၏၊ ရောက်တတ်ရာရာ အကျိုးမဲ့သော စကားကို ပြောလေ့ရှိကုန်၏၊ ပကတိပေါ်လွင်သော ဣန္ဒြေရှိကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို တိမ်သော ပရိတ်သတ်ဟု ဆိုအပ်၏၊ ရဟန်းတို့ နက်သော ပရိတ်သတ်ဟူသော အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိတ်သတ်၌ ရဟန်းတို့သည် မတုန်လှုပ်၊ မပျံ့လွင့်ကုန်၊ အချည်းနှီး တက်ကြွသောမာန် မရှိကုန်၊ မလျှပ်ပေါ်ကုန်၊ နှုတ်မကြမ်းကုန်၊ ရောက်တက်ရာရာ အကျိုးမဲ့စကားကို ပြောလေ့မရှိကုန်၊ ထင်သော သတိရှိကုန်၏၊ ဆင်ခြင်ဉာဏ် ရှိကုန်၏၊ တည်ကြည်ကုန်၏၊ တည်ကြည်သော စိတ်ရှိကုန်၏၊ စောင့်စည်းသော ဣန္ဒြေရှိကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို နက်သော ပရိတ်သတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိတ်သတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပရိတ်သတ်နှစ်မျိုးတို့တွင် နက်သော ပရိတ်သတ်သည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၁)

֍ ၄၄။ ရဟန်းတို့ ပရိတ်သတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်း ဟူမူ– မညီညွတ်သော 'ဝဂ္ဂ' ပရိတ်သတ်၎င်းင်း ညီညွတ်သော 'သမဂ္ဂ' ပရိတ်သတ်၎င်းင်းတို့တည်း။ ရဟန်းတို့ မညီညွတ်သော 'ဝဂ္ဂ' ပရိတ်သတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် ခိုက်ရန်ဖြစ်ကုန် ငြင်းခုံကုန် ဆန့်ကျင်ဖက် စကားကို ပြောဆိုကုန်သည် ဖြစ်၍ အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏၊ ရဟန်းတို့ ဤပရိတ်သတ်ကို မညီညွတ်သော 'ဝဂ္ဂ' ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ညီညွတ်သော 'သမဂ္ဂ' ပရိသတ် ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာဝယ် အကြင် ပရိတ်သတ်၌ ရဟန်းတို့သည် ညီညွတ်ကုန် ဝမ်းမြောက်ကုန် ဆန့်ကျင်ဖက် စကားကို မပြောဆိုကုန် နို့နှင့်ရေကဲ့သို့ ဖြစ်ကုန် အချင်းချင်း ချစ်မြတ်နိုးသော မျက်စိတို့ဖြင့် ကောင်းစွာ ကြည့်ရှုလျက် နေကြကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို ညီညွတ်သော 'သမဂ္ဂ' ပရိတ်သတ် ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိတ်သတ် တို့သည် ဤနှစ်မျိုး တို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် ညီညွတ်သော 'သမဂ္ဂ' ပရိတ်သတ်သည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၂)

֍ ၄၅။ ရဟန်းတို့ ပရိတ်သတ် တို့သည် ဤနှစ်မျိုး တို့တည်း။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်၎င်းင်း ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်၎င်းင်း ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိတ်သတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ သီတင်းကြီးရဟန်းတို့သည် ပစ္စည်း ပရိက္ခရာများခြင်းငှါ ကျင့်ကုန်၏။ ဘုရား အဆုံးအမတော်ကို ပေါ့လျော့စွာ ယူကုန်၏။ အောက်ကို သတ်စေတတ်သည့် နိဝရဏတရားကို ပွားစေခြင်း၌ ရှေ့သွား ပြုကုန်၏၊ ဝိသေက၁ ရမှု၌ တာဝန်ကို ပစ်ချထားကြကုန်၏၊ မရောက်သေးသောတရား၂သို့ ရောက်ခြင်းငှာ မရသေးသော တရားကို ရခြင်းငှာ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ လုံ့လ မပြုကြကုန်။ ထိုသီတင်းကြီး ရဟန်းတို့၏ နောက်လာ တပည့်သားအပေါင်းသည် မိမိတို့ မြင်ရသော ဆရာ့အပြုအမူကို အတုလိုက်ခြင်းသို့ ရောက်ကုန်၏၊ ထိုနောင်လာ တပည့်သား အပေါင်းသည်လည်း ပစ္စည်း ပရိက္ခရာများခြင်းငှါ ကျင့်ကုန်၏၊ ဘုရားအဆုံးအမကို ပေါ့လျော့စွာ ယူကုန်၏၊ အောက်သို့ သက်စေတတ်သည့် နိဝရဏတရားကို ပွားစေခြင်း၌ ရှေ့သွားပြုကုန်၏၊ ဝိဝေကရမှု၌ တာဝန်ကို ပစ်ချထားကုန်၏၊ မရောက်သေးသော တရားသို့ ရောက်ခြင်းငှာ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက် ပြုခြင်းငှါ လုံ့လ မပြုကုန်။ ရဟန်းတို့ ဤပရိတ်ကို ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိလတ် ဟု ဆို၏။

--

ရဟန်းတို့ ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင်ပရိသတ်၌ သီတင်းကြီးရဟန်းတို့သည် ပစ္စည်းပရိက္ခရာများခြင်းငှါ မကျင့်ကုန်၊ ဘရား အဆုံးအမကို ပေါ့လျော့စွာ မယူကုန်၊ အောက်သို့ သက်စေတတ်သည့် နီဝရဏတရားကို ပွားစေခြင်း၌ တာဝန်ကို ပစ်ချထားကြကုန်၏၊ ဝိဝေကရမှု၌ ရှေ့သွားပြုကုန်၏၊ မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ လုံ့လပြုကုန်၏။ ထိုသီတင်းကြီး ရဟန်းတို့၏ နောင်လာတပည့်သား အပေါင်းသည်လည်း မိမိတို့ မြင်ရသော ဆရာ့ အပြုအမူကို အတုလိုက်ခြင်းသို့ ရောက်ကုန်၏၊ ထိုနောင်လာ တပည့်သား အပေါင်းသည်လည်း ပစ္စည်း ပရိက္ခရာများခြင်းငှာ မကျင့်ကုန်၊ ဘုရား အဆုံးအမကို ပေါ့လျော့စွာ မယူကုန်၊ အောက်သို့ သက်စေတတ်သည့် နီဝရဏတရားကို ပွားစေခြင်း၌ တာဝန်ကို ပစ်ချထားကုန်၏၊ ဝိဝေကရမှု၌ ရှေ့သွားပြုကုန်၏၊ မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက် ပြုခြင်းငှါ လုံ့လပြုကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော အကြင် ပရိသတ်သည်ရှိ၏။ ထိုပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)

֍ ၄၆။ ရဟန်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ– ပုထုဇဉ် ပရိတ်သတ်၎င်းင်း အရိယာပရိတ်၎င်းင်း တို့တည်း။ ရဟန်းတို့ ပုထုဇဉ်ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် ''ဤကားဆင်းရဲတည်း'' ဟု ဟုတ်မှန်သည့်အတိုင်း မသိကုန်၊ ''ဤကား ဆင်းရဲဖြစ်ခြင်း၏ အကြောင်းတည်း'' ဟု ဟုတ်မှန်သည့် အတိုင်းမသိကုန်၊ ''ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်တည်း'' ဟု ဟုတ်မှန်သည့်အတိုင်း မသိကုန်၊ ''ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သည့်အတိုင်း မသိကုန်။ ရဟန်းတို့ ဤပရိတ်သတ်ကို ပုထုဇဉ်ပရိသတ် ဟု ဆိုအပ်၏။ ရဟန်းတ့ရိုိယာ ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိတ်သတ်၌ ရဟန်းတို့သည် ''ဤကား ဆင်းရဲတည်း'' ဟု ဟုတ်မှန်သည့်အတိုင်း သိကုန်၏၊ ''ဤကား ဆင်းရဲဖြစ်ခြင်း၏ အကြောင်းတည်း'' ဟု ဟုတ်မှန်သည့်အတိုင်း သိကုန်၏၊ ''ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သည့် အတိုင်းသိကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို အရိယာပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် အကြင် အရိယာပရိသတ်သည် ရှိ၏၊ ထိုပရိသတ်သည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၄)

֍ ၄၇။ ရဟန်းတို့ ပရိတ်သတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ -ရှုပ်ထွေးပွေလိမ် ဖျင်းသိမ်သော ပရိတ်သတ်၎င်းင်း သန့်ရှင်းကြည်လင်အနှစ်ထင်သော ပရိသတ်၎င်းင်းတို့တည်း။ ရဟန်းတို့ ရှုပ်ထွေး ပွေလိမ် ဖျင်းသိမ်သော ပရိတ်သတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင်ပရိတ်သတ်၌ ရဟန်းတို့သည် ချစ်သဖြင့် မလာအပ်သော ဆန္ဒာဂတိသို့ လိုက်ကုန်၏။ မုန်းသဖြင့် မလားအပ်သော ဒေါသာဂတိသို့ လိုက်ကုန်၏။ မသိသဖြင့် မလာအပ်သော မောဟာဂတိသို့ လိုက်ကုန်၏၊ ကြောက်သဖြင့် မလားအပ်သော ဘယာဂတိသို့ လိုက်ကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို ရှုတ်ထွေး ပွေလိမ် ဖျင်းသိမ်သော ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ သန့်ရှင်း ကြည်လင် အနှစ်ထင်သော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် ချစ်သဖြင့် မလာအပ်သော ဆန္ဒာဂတိသို့ မလိုက်ကုန်၊ မုန်းသဖြင့် မလာအပ် သော မောဟာဂတိသို့ မလိုက်ကုန်၊ ကြောက်သဖြင့် မလာအပ်သော ဘယာဂတိသို့ မလိုက်ကုန်။ ရဟန်းတို့ ဤပရိတ်သတ်ကို သန့်ရှင်း ကြည်လင် အနှစ်ထင်သော ပရိတ်သတ် ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိတ်သတ်တို့တွင် အကြင် သန့်ရှင်းကြည်လင် အနှစ်ထင်သော ပရိတ်သတ်သည်ရှိ၏။ ထိုပရိတ်သတ်သည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၅)

--

֍ ၄၈။ ရဟန်းတို့ ပရိတ်သတ်တို့သည် ဤနှစ်မျိုး တို့တည်း။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- အဆုံးအမ ခက်သော မေးမြန်း၍ မဆုံးမအပ်သော ပရိသတ်၎င်းင်း မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိသတ် ၎င်းင်းတို့တည်း။ ရဟန်းတို့ ဆုံးမခက်သော မေးမြန်း၍ ဆုံးမအပ်သော ပရိသတ်ဟူသည် အဘယ်နည်း၊ ဤသာသနာတော်ဝယ် အကြင်ပရိသတ်၌ ရဟန်းတို့သည် ဘုရားဟောဖြစ်ကုန် နက်နဲကုန် နက်နဲသော အနက်ရှိသော လောကထက် လွန်မြတ်သော အနက်ကို ပြတတ်ကုန် သတ္တမှ ဆိတ်သုဉ်းခြင်းနှင့် ယှဉ်ကုန်သော သုတ်တို့ကို ဟောကြားအပ် ကုန်သည်ရှိသော် ကောင်းစွာ မနာယူကုန်၊ နားမစိုက်ကုန်၊ သိရန် စိတ်မဝင်စားကုန်၊ ထိုတရားတို့ကို နာယူအပ် သင်ကြားအပ်ပါ၏ဟုလည်း မထင်မှတ်ကုန်၊ ကဗျာဆရာတို့ ပြုအပ်ကုန်၊ ကဗျာဆရာတို့ ဖွဲ့နွဲ့သီကုံးအပ်ကုန်၊ ဆန်းကြယ်သော အက္ခရာရှိကုန်၊ ဆန်းကြယ်သော သဒ္ဒါရှိကုန်၊ သာသနာတော်မှ အပ ဖြစ်ကုန် သာသနာတော်မှ အပ ဖြစ်သူတို့၏ တပည့်တို့ ဟောကြားအပ်ကုန်သော သုတ်တို့ကို ဟောကြားအပ်ကုန်သည်ရှိသော် ကောင်းစွာ နာယူကြကုန်၏၊ ကောင်းစွာ နားစိုက်ကုန်၏၊ သိရန် စိတ်ဝင်စားကြကုန်၏၊ ထိုသုတ်တို့ကို နာယူအပ် သင်ကြားအပ်၏ဟု မှတ်ထင်ကုန်၏၊ ထိုရဟန်းတို့သည် ထိုသုတ်တရားတို့ကို သင်ကြား၍ အချင်းချင်း မေးလည်း မမေးမြန်းကြကုန်၊ ''ဤသုတ်ကား အဘယ်သို့နည်း၊ ဤသုတ်၏၊ အနက်အဓိပ္ပာယ်ကား အဘယ်သို့နည်း''ဟု မေးမြန်းခြင်းငှါ (ပညာရှိများရှိရာအရပ်သို့) မလှည့်လည်ကုန်၊ ထိုရဟန်းတို့သည် မပွင့်လင်းသည်ကိုလည်း ပွင့်လင်းအောင် မပြုကုန်၊ မပေါ်လွင်သည်ကိုလည်း ပေါ်လွင်အောင် မပြုကုန်၊ များစွာသော ယုံမှားကြောင်း တရားတို့၌လည်း ယုံမှားခြင်းကို မပယ်ဖျောက်ကုန်။ ရဟန်းတို့ ဤပရိသတ်ကို ဆုံးမခက်သော မေးမြန်း၍ မဆုံးမအပ်သော ပရိသတ် ဟု ဆိုအပ်၏။

ရဟန်းတို့ မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် ကဗျာဆရာတို့ ပြုအပ်ကုန် ကဗျာဆရာတို့ ဖွဲ့နွဲ့သီကုံးအပ်ကုန် ဆန်းကြယ်သော အက္ခရာရှိကုန် ဆန်းကြယ်သော သဒ္ဒါ ရှိကုန် သာသနာတော်မှအပ ဖြစ်ကုန် သာသနာတော်မှ အပဖြစ်ကုန်သော သူတို့၏ တပည့်သာဝကတို့ ဟောကြားအပ် ကုန်သော သုတ်တို့ကို ဟောကြားအပ် ကုန်သည်ရှိသော် မနာယူရန် နားမစိုက်ကုန်၊ သိရန် စိတ်မဝင်စားကုန်၊ ထိုတရားတို့ကို နာယူအပ် သင်ကြားအပ်၏ဟု မထင်မှတ်ကုန်၊ ဘုရားဟော ဖြစ်ကုန် နက်နဲကုန် နက်နဲသော အနက်ရှိကုန် လောကထက် လွန်မြတ်သော အနက်ကို ပြတတ်ကုန် သတ္တမှ ဆိတ်သုဉ်းခြင်းနှင့် ယှဉ်ကုန်သော တရားတို့ကို ဟောကြားအပ်ကုန်သည် ရှိသော် ကောင်းစွာ နာယူကုန်၏၊ ကောင်းစွာ နားစိုက်ကုန်၏၊ သိရန် စိတ်ဝင်စားကုန်၏၊ ထိုတရားတို့ကိုလည်း နာယူအပ်၏ဟု မှတ်ထင်ကုန်၏။ ထိုရဟန်းတို့သည် သင်ကြား၍ အချင်းချင်း မေးမြန်းကြကုန်၏၊ ''ဤသုတ်ကား အဘယ်သို့နည်း၊ ဤသုတ်ကား အဘယ်သို့နည်း၊ ဤသုတ်၏ အနက်အဓိပ္ပါယ်ကား အဘယ်သို့နည်း'' ဟု မေးမြန်ခြင်းငှာ (ပညာရှိများရှိရာအရပ်သို့) လှည့်လည်ကုန်၏၊ ထိုရဟန်းတို့သည် မပွင့်လင်းသည်ကိုလည်း ပွင့်လင်းအောင် ပြုကုန်၏၊ မပေါ်လွင်သည်ကိုလည်း ပယ်ဖျောက်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိတ်သတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တု့ိသည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် အကြင် မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိတ်သတ်သည်ရှိ၏၊ ထိုပရိတ်သတ်သည် မြတ်ပေသတည်း ဟု (မိန့်တော် မူ၏)။ (၆)

--

֍ ၄၉။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်း 'အာမိသ'ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပရိသတ်လည်းကောင်း၊ သူတော် ကောင်းတရားကို အလေးပြု၍ ပစ္စည်း 'အာမိသ'ကို အလေးမပြုသော ပရိသတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ ပစ္စည်း 'အာမိသ' ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် လူဝတ်ကြောင်တို့၏ မျက်မှောက်၌ အချင်းချင်း၏ ဂုဏ်ကို ပြောကြကုန်၏၊ ''ဤမည်သော ရဟန်းသည် ဥဘတောဘာဂ ဝိမုတ္တပုဂ္ဂိုလ်၃ ဖြစ်၏၊ ဤမည်သော ရဟန်းသည် ပညာဝိမုတ္တပုဂ္ဂိုလ်၄ ဖြစ်၏၊ ဤမည်သော ရဟန်းသည် ကာယသက္ခိပုဂ္ဂိုလ်၅ ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၆ ဖြစ်၏၊ ဤမည်သော ရဟန်းသည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၇ ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဓမ္မာနုသာရီပုဂ္ဂိုလ်၈ ဖြစ်၏၊ ဤမည်သော ရဟန်းသည် သဒ္ဓါနုသာရီပုဂ္ဂိုလ်၉ ဖြစ်၏၊ ဤမည်သော ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဤမည်သော ရဟန်းကား သီလမရှိ၊ ယုတ်သော သဘောရှိ၏''ဟု ပြောကြကုန်၏။ ထို ရဟန်းတို့သည် ထိုသို့ပြောသောကြောင့် လာဘ်ရကုန်၏၊ ထိုရဟန်းတို့သည် ထို လာဘ်ကို ရသောကြောင့် မက်မောကုန်သည် တွေဝေကုန်သည် တဏှာဖြင့် လွှမ်းမိုးအပ်ကုန်သည်ဖြစ်၍ အပြစ်ဟု ရှုလေ့မရှိကြကုန်ဘဲ ထွက်မြောက်ကြောင်းဖြစ်သော ပညာမှ ကင်းကုန်လျက် သုံးဆောင်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို ပစ္စည်း 'အာမိသ'ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပရိသတ်ဟု ဆိုအပ်၏။

ရဟန်းတို့ သူတော်ကောင်းတရားကို အလေးပြု၍ ပစ္စည်း 'အာမိသ'ကို အလေးမပြုသော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် လူဝတ်ကြောင်တို့၏ မျက်မှောက်၌ အချင်းချင်း၏ ဂုဏ်ကို မပြောကြကုန်။ ''ဤမည်သော ရဟန်းသည် ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ပညာဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ကာယသက္ခိပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဓမ္မာနုသာရီပုဂ္ဂိုလ် ဖြစ်၏၊ ဤမည် သော ရဟန်းသည် သဒ္ဓါနုသာရီပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဤမည်သော ရဟန်းကား သီလမရှိ၊ ယုတ်သော သဘောရှိ၏''ဟု မပြောကြကုန်။ ထိုရဟန်းတို့သည် ထိုသို့ မပြောသောကြောင့် လာဘ်ရကုန်၏၊ ထိုရဟန်းတို့သည် ထို လာဘ်ကို ရသောကြောင့် မမက်မောကုန်သည် မတွေဝေကုန်သည် တဏှာဖြင့် မလွှမ်းမိုးကုန်သည် အပြစ်ဟု ရှုလေ့ရှိကုန်သည် ထွက်မြောက်ကြောင်းဖြစ်သော ပညာရှိကုန်သည်ဖြစ်၍ သုံးဆောင်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို သူတော်ကောင်းတရားကို အလေးပြု၍ ပစ္စည်း 'အာမိသ' ကို အလေးမပြုသော ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပရိသတ်နှစ်မျိုးတို့တွင် သူတော် ကောင်းတရားကို အလေးပြု၍ ပစ္စည်း 'အာမိသ' ကို အလေးမပြုသော အကြင် ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)

֍ ၅၀။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရားနှင့်မညီသော 'ကောက်ကျစ်သော' ပရိသတ်လည်းကောင်း၊ တရားနှင့်ညီသော 'ဖြောင့်မတ်သော' ပရိသတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားနှင့်မညီသော 'ကောက်ကျစ်သော' ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌တရားနှင့်မညီသော အမှု 'အဓမ္မကံ'တို့သည် ဖြစ်ကုန်၏၊ တရားနှင့်ညီသော အမှု 'ဓမ္မကံ'တို့သည် မဖြစ်ကုန်၊ ဝိနည်းနှင့် မညီသော အမှု 'ဥဗ္ဗိနယကံ'တို့သည် ဖြစ်ကုန်၏၊ ဝိနည်းနှင့်ညီသော အမှု 'ဝိနယကံ'တို့သည် မဖြစ်ကုန်၊ တရားနှင့်မညီသော အမှု 'အဓမ္မကံ'တို့သည် ထွန်းပကုန်၏၊ တရားနှင့် ညီသော အမှု 'ဓမ္မကံ'တို့သည် မထွန်းပကုန်၊ ဝိနည်းနှင့် မညီသော အမှု 'ဥဗ္ဗိနယကံ'တို့သည် ထွန်းပကုန်၏၊ ဝိနည်းနှင့် ညီသော အမှု 'ဝိနယကံ'တို့သည် မထွန်းပကုန်။ ရဟန်းတို့ ဤပရိသတ်ကိုတရားနှင့်မညီသော 'ကောက်ကျစ်သော' ပရိသတ်ဟု ဆို အပ်၏။ ရဟန်းတို့ တရားနှင့်ညီသော 'ဖြောင့်မတ်သော' ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌တရားနှင့်ညီသော အမှု 'ဓမ္မကံ'တို့သည် ဖြစ်ကုန်၏၊ တရားနှင့် မညီသော အမှု 'အဓမ္မကံ'တို့သည် မဖြစ်ကုန်၊ ဝိနည်းနှင့်ညီသော အမှု 'ဝိနယကံ'တို့သည် ဖြစ်ကုန်၏၊ ဝိနည်းနှင့် မညီသော အမှု 'ဥဗ္ဗိနယကံ'တို့သည် မဖြစ်ကုန်၊ တရားနှင့်ညီသော အမှု'ဓမ္မကံ'တို့သည် ထွန်းပကုန်၏၊ တရားနှင့်မညီသော အမှု 'အဓမ္မကံ'တို့သည် မထွန်းပကုန်။ ဝိနည်းနှင့်ညီသော အမှု 'ဝိနယကံ'တို့သည် ထွန်းပကုန်၏၊ ဝိနည်းနှင့် မညီသော အမှု 'ဥဗ္ဗိနယကံ'တို့သည် မထွန်းပကုန်။ ရဟန်းတို့ ဤပရိသတ်ကိုတရားနှင့်ညီသော 'ဖြောင့်မတ်သော' ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင်တရားနှင့်ညီသော 'ဖြောင့်မတ်သော' အကြင် ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)

--

֍ ၅၁။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရားနှင့် ယှဉ်သော ပရိသတ်လည်းကောင်း၊ တရားနှင့်မယှဉ်သော ပရိသတ်လည်းကောင်း ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင်တရားနှင့်ယှဉ်သော အကြင် ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)

֍ ၅၂။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရား မဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ်လည်းကောင်း၊ တရားဟုတ်သည်ကို ဆိုလေ့ရှိသော 'ဓမ္မဝါဒီ' ပရိသတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားမဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည်တရားနှင့်လျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း၊ တရားနှင့်မလျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း ယူကုန်၏၊ ထိုရဟန်းတို့သည် ထို အဓိကရုဏ်းကို ယူ၍ အချင်းချင်း သိရှိနားလည်ရန်လည်း မပြောကြားကုန်၊ သိရှိနားလည်ရန် ပြောကြားခြင်းငှါလည်း မစည်းဝေးကုန်၊ နှစ်သိမ့်ကြေအေးရန်လည်း မပြုကုန်၊ နှစ်သိမ့်ကြေအေးရန်ပြုခြင်းငှါလည်း မစည်းဝေးကုန်။ ထိုရဟန်းတို့သည် သိရှိနား လည်ရန် ပြောကြားခြင်းအင်အား မရှိကုန် နှစ်သိမ့်ကြေအေးရန် ပြုခြင်းအင်အား မရှိကုန် အဓိကရုဏ်းကို စွန့်ခြင်း၌ တိုင်ပင်ခြင်း မရှိကုန်မူ၍ ထို အဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏ အစွမ်းအားဖြင့်လည်းကောင်း၊ မှားသော သုံးသပ်ခြင်းအားဖြင့်လည်းကောင်း သက်ဝင်စွဲလမ်း၍ ''ငါ့အယူသာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးတည်း''ဟု ပြောဆိုကုန်၏။ ရဟန်းတို့ ဤပရိသတ်ကိုတရား မဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ တရားဟုတ်သည်ကို ဆိုလေ့ရှိသော 'ဓမ္မဝါဒီ' ပရိသတ်ဟူသည် အဘယ်နည်း၊ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည်တရားနှင့်လျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း၊ တရားနှင့်မလျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း ယူကုန်၏။ ထိုရဟန်းတို့သည် ထို့အဓိကရုဏ်းကိုယူ၍ အချင်းချင်း သိရှိနားလည်ရန်လည်း ပြောကြားကုန်၏၊ သိရှိနားလည်ရန် ပြောကြားခြင်းငှါလည်း စည်းဝေးကုန်၏၊ နှစ်သိမ့် ကြေအေးရန်လည်း ပြုကုန်၏၊ နှစ်သိမ့်ကြေအေးရန် ပြုခြင်းငှါလည်း စည်းဝေးကုန်၏၊ ထိုရဟန်းတို့သည် သိရှိနားလည်ရန် ပြောကြားခြင်းအင်အား ရှိကုန်သည် နှစ် သိမ့်ကြေအေးရန် ပြုခြင်းအင်အား ရှိကုန်သည် အဓိကရုဏ်းကို စွန့်ခြင်းငှါ တိုင်ပင်ခြင်း ရှိကုန်သည်ဖြစ်၍ ထို အဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏ အစွမ်းအားဖြင့်လည်းကောင်း၊ မှားသော သုံးသပ်ခြင်းဖြင့်လည်းကောင်း သက်ဝင်စွဲလမ်း၍ ''ငါ့အယူသာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးတည်း''ဟု မပြောဆိုကုန်။ ရဟန်းတို့ ဤပရိသတ်ကိုတရားဟုတ်သည်ကို ဆိုလေ့ရှိသော 'ဓမ္မဝါဒီ' ပရိသတ်ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင်တရားဟုတ်သည်ကို ဆိုလေ့ရှိသော အကြင် 'ဓမ္မဝါဒီ' ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ် ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၀)

ငါးခုမြောက် ပရိသဝဂ် ပြီး၏။

ပဌမ သုတ်ငါးဆယ် ပြီး၏။

--

၁။ ကိလေသာတို့မှ ကင်းဝေးဆိတ်ညံမှုကို ဆိုသည်။

၂။ ဈာန် ဝိပဿနာ မဂ် ဖိုလ်တို့ကို ဆိုသည်။

၃။ ရှစ်ပါးသော သမာပတ်တို့ဖြင့် ဝိက္ခမ္ဘနဝိမုတ္တိအားဖြင့်လည်းကောင်း မဂ်ဖြင့် သမုစ္ဆေဒဝိမုတ္တိ အားဖြင့်လည်းကောင်း နှစ်ကြိမ် သို့မဟုတ် နှစ်ပါးသော အဖို့တို့မှ လွတ်မြောက်သော အရဟတ္တ ဖလဋ္ဌာန်ပုဂ္ဂိုလ်။

၄။ ပညာရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သဒ္ဓါရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သမာပတ်ရှစ်ပါးကို မရမူ၍ ကိလေသာမှ လွတ်သော အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်။

၅။ ပညာရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သဒ္ဓါရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သမာပတ်ရှစ်ပါးနှင့် ပြည့်စုံခဲ့၍ နိဗ္ဗာန်ကို မျက်မှောက် ပြုသော သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်မှ စ၍ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်အထိ သေက္ခပုဂ္ဂ္ဂိုလ် ခြောက်ဦးတို့တွင် တစ်ဦးသောပုဂ္ဂိုလ်။

၆။ ပညာရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးကို မရမူ၍ မဂ်ဖိုလ်ဉာဏ်အမြင်သို့ ဆိုက်ရောက်သော သောတာပတ္တိ ဖလဋ္ဌာန် ပုဂ္ဂိုလ်မှ စ၍ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်အတိ သေက္ခပုဂ္ဂ္ဂိုလ် ခြောက်ဦးတို့တွင် တစ်ဦးသောပုဂ္ဂိုလ်။

၇။ သဒ္ဓ္ဓါရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးကို မရမူ၍ကိလေသာမှ လွတ်သော သောတာပတ္တိဖလဋ္ဌာန်မှ အရဟတ္တ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်အထိ သေက္ခပုဂ္ဂ္ဂိုလ် ခြောက်ဦးတို့တွင် တစ်ဦးသောပုဂ္ဂိုလ်။

၈။ ပညာရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးနှင့်ပြည့်စုံခဲ့၍ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ပြီးလျှင်တရားကို အောက်မေ့လေ့ရှိသော ပုဂ္ဂိုလ်။

၉။ သဒ္ဓ္ဓါရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးကို မရမူ၍ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ပြီးလျှင် သဒ္ဓါကို အောက်မေ့ခြင်းရှိသော ပုဂ္ဂိုလ်။

၂-ဒုတိယပဏ္ဏာသက

--

၂-ဒုတိယ သုတ်ငါးဆယ်

(၆) ၁-ပုဂ္ဂလဝဂ်

֍ ၅၃။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် လူအများ၏ အစီး အပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ့ချမ်းသာခြင်းငှါ ဖြစ်ပေါ်လာကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာ ကို လည်စေနိုင်သော 'စကြဝတေး' မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပေါ်လာကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

֍ ၅၄။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် အံ့ချီးလောက်သော လူတို့ဖြစ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာကို လည်စေ နိုင်သော 'စကြဝတေး' မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် အံ့ချီးလောက်သော လူတို့ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၂)

֍ ၅၅။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၏ ကွယ်လွန်ခြင်းကြောင့် လူအများ၏ ပူပန်ခြင်းသည် ဖြစ်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာကို လည်စေနိုင်သော 'စကြဝတေး' မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၏ ကွယ်လွန်ခြင်းကြောင့် လူအများ၏ ပူပန်ခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၃)

֍ ၅၆။ ရဟန်းတို့ စေတီထိုက်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာကို လည်စေနိုင်သော 'စကြဝတေး' မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ စေတီထိုက်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

֍ ၅၇။ ရဟန်းတို့ (သစ္စာလေးပါးကို သိတော်မူကုန်သော) ဘုရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရား 'သမ္မာသမ္ဗုဒ္ဓ'လည်းကောင်း၊ သစ္စာလေးပါးကို အသီးအခြား သိတော်မူ သော ဘုရား 'ပစ္စေကဗုဒ္ဓါ'လည်းကောင်းတို့တည်း။ ရဟန်းတို့ (သစ္စာလေးပါးကို သိတော်မူကုန်သော) ဘုရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

֍ ၅၈။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကုန်၊ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာသဝေါကုန်ခန်းပြီးသော ရဟန္တာလည်းကောင်း၊ ဆင်အာဇာနည်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကြကုန်ဟု (မိန့်တော်မူ၏)။ (၆)

֍ ၅၉။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာသဝေါကုန်ခန်းပြီးသော ရဟန္တာလည်းကောင်း၊ မြင်းအာဇာနည်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကြကုန်ဟု (မိန့်တော်မူ၏)။ (၇)

--

֍ ၆၀။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာသဝေါကုန်ခန်းပြီးသော ရဟန္တာလည်းကောင်း၊ သားများသနင်း ခြင်္သေ့မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကြကုန်ဟု (မိန့်တော်မူ၏)။ (၈)

֍ ၆၁။ ရဟန်းတို့ အကျိုးထူး နှစ်မျိုးတို့ကို ကောင်းစွာ မြော်မြင်လျက် ကိန္နရာတို့သည် လူစကားကို မပြောဆိုကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မဟုတ်မမှန်သော စကားကို ငါတို့ မပြောမဆိုမိကြပါစေ ကုန်လင့်၊ သူတစ်ပါးကိုလည်း မဟုတ်မမှန်သော စကားဖြင့် ငါတို့ မစွပ်စွဲမိကြပါစေကုန်လင့်ဟူသည့်တို့တည်း။ ရဟန်းတို့ အကျိုးထူးနှစ်မျိုးတို့ကို ကောင်းစွာ မြော်မြင်လျက် ကိန္နရာတို့သည် လူစကားကို မပြောဆိုကုန်ဟု (မိန့်တော်မူ၏)။ (၉)

֍ ၆၂။ ရဟန်းတို့ တရားနှစ်မျိုးတို့၌ မရောင့်ရဲမူ၍ မငြီးငွေ့မူ၍ မာတုဂါမသည် သေရ၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- မေထုန်မှီဝဲခြင်းလည်းကောင်း၊ သားဖွားခြင်းလည်းကောင်းတို့တည်း၊ ရဟန်းတို့ ဤတရားနှစ်မျိုးတို့၌ မရောင့်ရဲမူ၍ မငြီးငွေ့မူ၍ မာတုဂါမသည် သေရ၏ဟု (မိန့်တော်မူ၏)။ (၁၀)

֍ ၆၃။ သူယုတ်တို့၏ အတူတကွ နေထိုင်ခြင်းကိုလည်းကောင်း၊ သူတော်ကောင်းတို့၏ အတူတကွ နေထိုင်ခြင်းကိုလည်းကောင်း သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟော တော်မူ၏-

ရဟန်းတို့ သူယုတ်တို့၏ အတူတကွနေထိုင်ခြင်းသည် အဘယ်သို့ ဖြစ်သနည်း၊ အဘယ်သို့လျှင် သူယုတ်တို့သည် အတူတကွနေထိုင်ကုန်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ သီတင်းကြီးရဟန်းအား ဤသို့ အကြံဖြစ်၏- ''သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန်သင်သော စကားဖြင့်) မဆိုပါ စေလင့်၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်။ ငါသည် သီတင်းကြီးရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း မဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီးအပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကား မပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက်နာအံ့။ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့။ပ။ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီး အပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက် နာအံ့''ဟု (အကြံဖြစ်၏)။ သီတင်းလတ်ရဟန်းအားလည်း ဤသို့ အကြံဖြစ်၏။ပ။ သီတင်းငယ်ရဟန်း အားလည်း ဤသို့ အကြံဖြစ်၏- ''သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန်သင်သော စကားဖြင့်) မဆိုပါစေလင့်၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်။ ငါသည် သီတင်းကြီးရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း မဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီးအပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကား မပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက်နာအံ့။ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့။ပ။ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီးအပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ၊ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက်နာအံ့''ဟု အကြံဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်တို့၏အတူ တကွနေထိုင်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် သူယုတ်တို့သည် အတူတကွ နေထိုင်ကုန်၏။

--

ရဟန်းတို့ သူတော်ကောင်းတို့၏ အတူတကွ နေထိုင်ခြင်းသည် အဘယ်သို့ ဖြစ်သနည်း၊ အဘယ့်သို့လျှင် သူတော်ကောင်းတို့ အတူတကွ နေထိုင်ကုန်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ သီတင်း ကြီးရဟန်းအား ဤသို့ အကြံဖြစ်၏ ''သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန်သင်သော စကား ဖြင့်) ဆိုပါစေ၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ။ ငါသည် သီတင်းကြီးရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း ဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့၊ (ဤသို့ဆိုသည်ရှိသော်) အစီးအပွါးကို အလိုရှိသည် ဖြစ်၍ ဆိုရာ၏၊ အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ ကောင်းပါပြီ လိုက်နာပါမည်ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ထိုရဟန်းကို မညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော် ထိုရဟန်း၏ စကားကို လိုက်နာအံ့။ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့။ပ။ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးကို အလိုရှိသည်ဖြစ်၍ ဆိုရာ၏၊ အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ ကောင်းပါပြီ လိုက်နာပါမည်ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ထိုရဟန်းကို မညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော် ထိုရဟန်း၏ စကားကို လိုက်နာအံ့''။ သီတင်းလတ်ရဟန်းအားလည်း ဤသို့ အကြံဖြစ်၏။ပ။ သီတင်း ငယ်ရဟန်းအားလည်း ဤသို့ အကြံဖြစ်၏ ''သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန် သင်သော စကားဖြင့်) ဆိုပါစေ၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ။ ငါသည် သီတင်းကြီးရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း ဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးကို အလိုရှိသည်ဖြစ်၍ ဆိုရာ၏၊ အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ ကောင်းပါပြီဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ထိုရဟန်းကို မညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော် ထိုရဟန်း၏ စကားကို လိုက်နာအံ့''။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းတို့၏ အတူ တကွ နေထိုင်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် သူတော်ကောင်းတို့သည် အတူတကွ နေထိုင်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၁)

֍ ၆၄။ ရဟန်းတို့ အကြင် အဓိကရုဏ်း၌ နှစ်ဦးနှစ်ဖက်တို့တွင် အပြန်အလှန် ဆဲရေးပုတ်ခတ်ခြင်း 'ဝစီသံသာရ'သည်လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိကို မှီ၍ဖြစ်သော အနိုင်အထက် ပြုလိုခြင်း 'ဒိဋ္ဌိပဠာသ'သည်လည်းကောင်း၊ စိတ်ထိခိုက်ခြင်း 'စေတောအာဃာတ'သည်လည်းကောင်း၊ မကျေနပ်ခြင်း 'အပ္ပစ္စယ'သည်လည်းကောင်း၊ မနှစ်မြို့ခြင်း 'အနဘိရဒ္ဓိ'သည်လည်းကောင်း မိမိ၏ စိတ် (မိမိပရိသတ်၏ စိတ်) ၌ မငြိမ်းအေး မပြေပျောက်သည် ဖြစ်အံ့၊ ရဟန်းတို့ ထို အဓိကရုဏ်း၌ ရှည်မြင့်စွာ တည်ခြင်းငှါ နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းငှါ တုတ် လက်နက် စသည်ဖြင့် ရိုင်းပြစွာ ပြုမူခြင်းငှါ ဖြစ်လတ္တံ့၊ ရဟန်းတို့သည်လည်း ချမ်းသာစွာ မနေရကုန်လတ္တံ့ဟူသော အပြစ်ကို (မချွတ်ရလိမ့်မည်)ဟု မျှော်လင့်အပ်၏။ ရဟန်းတို့ အကြင် အဓိကရုဏ်း၌ကား နှစ်ဦးနှစ်ဖက်တို့တွင် အပြန်အလှန် ဆဲရေးပုတ်ခတ်ခြင်း 'ဝစီ သံသာရ'သည်လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိကို မှီ၍ဖြစ်သော အနိုင်အထက် ပြုလိုခြင်း 'ဒိဋ္ဌိပဠာသ'သည်လည်းကောင်း၊ စိတ်ထိခိုက်ခြင်း 'စေတောအာဃာတ'သည်လည်းကောင်း၊ မကျေနပ်ခြင်း 'အပ္ပစ္စယ'သည်လည်းကောင်း၊ မနှစ်မြို့ခြင်း'အနဘိရဒ္ဓိ'သည်လည်းကောင်း မိမိ၏ စိတ် (မိမိပရိသတ်၏စိတ်) ၌ ငြိမ်းအေး ပြေပျောက်သည် ဖြစ်အံ့။ ရဟန်းတို့ ထို အဓိကရုဏ်း၌ ရှည်မြင့်စွာ တည်ခြင်းငှါ နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းငှါ တုတ် လက်နက်စသည်ဖြင့် ရိုင်းပြစွာ ပြုမူခြင်းငှါ မဖြစ်လတ္တံ့၊ ရဟန်းတို့သည်လည်း ချမ်းသာစွာ နေရကုန်လတ္တံ့ဟူသော ဤအကျိုးကို (မချွတ်ရလိမ့်မည်)ဟု မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။ (၁၂)

ရှေးဦးစွာသော ပုဂ္ဂလဝဂ် ပြီး၏။

--

(၇) ၂-သုခဝဂ်

֍ ၆၅။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ကာမ ဂုဏ်ပြည့်စုံမှုလျှင် အကြောင်းရင်းရှိသော 'ဂိဟိသုခ' ချမ်းသာလည်းကောင်း၊ ရဟန်းအဖြစ်လျှင် အကြောင်း ရင်းရှိသော 'ပဗ္ဗဇိတသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ ပေတည်း။ ရဟန်းတို့ ဤချမ်းသာ နှစ်မျိုးတို့တွင် အကြင် ရဟန်းတို့၏ ရဟန်းအဖြစ်ကို အကြောင်းပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁)

֍ ၆၆။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ကာမဂုဏ် ကို အကြောင်းပြု၍ ဖြစ်သော 'ကာမသုခ' ချမ်းသာလည်းကောင်း၊ ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို အကြောင်းပြု၍ ဖြစ်သော 'နေက္ခမ္မသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို အကြောင်းပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၂)

֍ ၆၇။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- လောက၌ အကျုံးဝင်သော 'ဥပဓိသုခ' ချမ်းသာလည်းကောင်း၊ လောကုတ္တရာ၌ အကျုံးဝင်သော'နိရုပဓိသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် လောကုတ္တရာ၌ အကျုံးဝင်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)

֍ ၆၈။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာသဝေါတရားတို့၏ အကြောင်းဖြစ်သော 'သာသဝသုခ' ချမ်းသာလည်းကောင်း၊ အာသဝေါတရားတို့၏ အကြောင်း မဟုတ်သော 'အနာသဝသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် အာသဝေါတရားတို့၏ အကြောင်း မဟုတ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၄)

֍ ၆၉။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ကိလေသာ၏ အာရုံဖြစ်၍ ဝဋ်သုံးပါးသို့ ရောက်ကြောင်းဖြစ်သော 'သာမိသသုခ' ချမ်းသာလည်းကောင်း၊ ကိလေသာ၏ အာရုံမဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော 'နိရာမိသသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ကိလေသာ၏ အာရုံ မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၅)

--

֍ ၇၀။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အရိယာ ပုဂ္ဂိုလ်တို့၏ ချမ်းသာ 'အရိယသုခ'လည်းကောင်း၊ ပုထုဇဉ်တို့၏ ချမ်းသာ 'အနရိယသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် အရိယာပုဂ္ဂိုလ်တို့၏ ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၆)

֍ ၇၁။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ကိုယ်၌ ဖြစ်သော ချမ်းသာ 'ကာယိကသုခ'လည်းကောင်း၊ စိတ်၌ဖြစ်သော ချမ်းသာ 'စေတသိကသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် စိတ်၌ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)

֍ ၇၂။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပီတိနှင့် တကွဖြစ်သော ချမ်းသာ 'သပ္ပီတိကသုခ'လည်းကောင်း၊ ပီတိကင်းသော ချမ်းသာ 'နိပ္ပီတိကသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ပီတိ ကင်းသော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)

֍ ၇၃။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သာယာ အပ်သော သဘောရှိသော ချမ်းသာ 'သာတသုခ'လည်းကောင်း၊ လျစ်လျူရှုအပ်သော သဘောရှိသော ချမ်းသာ 'ဥပေက္ခာသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် လျစ်လျူရှုအပ်သော သဘောရှိသော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)

֍ ၇၄။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဥပစာရ သမာဓိ အပ္ပနာသမာဓိကို မှီ၍ ဖြစ်သော ချမ်းသာ 'သမာဓိသုခ'လည်းကောင်း၊ ဥပစာရသမာဓိ အပ္ပနာ သမာဓိမှ ကင်းသော ချမ်းသာ 'အသမာဓိသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် ဥပစာရသမာဓိ အပ္ပနာသမာဓိကို မှီ၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၀)

֍ ၇၅။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပီတိနှင့် တကွသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ 'သပ္ပီတိကာရမ္မဏသုခ'လည်းကောင်း၊ ပီတိကင်းသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ 'နိပ္ပီတိကာရမ္မဏသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ပီတိကင်းသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၁)

֍ ၇၆။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သာတ သဘောရှိသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ 'သာတာရမ္မဏသုခ'လည်းကောင်း၊ ဥပေက္ခာ သဘောရှိသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ 'ဥပေက္ခာရမ္မဏသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤချမ်းသာနှစ်မျိုးတို့တွင် အကြင် ဥပေက္ခာသဘောရှိသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေ သတည်းဟု (မိန့်တော်မူ၏)။ (၁၂)

֍ ၇၇။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ရူပါဝစရ ဈာန်လျှင် အာရုံရှိသော 'ရူပါရမ္မဏသုခ' ချမ်းသာလည်းကောင်း၊ အရူပါဝစရဈာန်လျှင် အာရုံရှိသော ချမ်းသာ 'အရူပါရမ္မဏသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤချမ်းသာ နှစ်မျိုးတို့တွင် အကြင် အရူပါဝစရဈာန်လျှင် အာရုံရှိသော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၃)

နှစ်ခုမြောက် သုခဝဂ် ပြီး၏။

--

(၈) ၃-သနိမိတ္တဝဂ်

֍ ၇၈။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း 'နိမိတ်' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'နိမတ်' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်၏ အကြောင်း 'နိမိတ်' ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၁)

֍ ၇၉။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း 'နိဒါန်း' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'နိဒါန်း' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်၏ အကြောင်း 'နိဒါန်း' ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၂)

֍ ၈၀။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း 'ဟိတ်' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'ဟိတ်' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်၏ အကြောင်း 'ဟိတ်' ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၃)

֍ ၈၁။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း 'သင်္ခါရ' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'သင်္ခါရ' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တို့၏ အကြောင်း'သင်္ခါရ'ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၄)

֍ ၈၂။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း'ပစ္စည်း' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'ပစ္စည်း' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တို့၏ အကြောင်း 'ပစ္စည်း' ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၅)

֍ ၈၃။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း 'ရုပ်' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'ရုပ်' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တို့၏ အကြောင်း 'ရုပ်'ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၆)

֍ ၈၄။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်းဖြစ်သော သမ္ပယုတ်ဝေဒနာ ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်းဖြစ်သော သမ္ပယုတ်ဝေဒနာ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တရားတို့၏ အကြောင်းဖြစ်သော သမ္ပယုတ်ဝေဒနာကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၇)

֍ ၈၅။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်းဖြစ်သော သမ္ပယုတ်သညာ ရှိကြမှ ဖြစ်ကုန်၏။ အကြောင်းဖြစ်သော သမ္ပယုတ်သညာ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တရားတို့၏ အကြောင်းဖြစ်သော သမ္ပယုတ်သညာကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၈)

֍ ၈၆။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်းဖြစ်သော သမ္ပယုတ်ဝိညာဏ် ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်းဖြစ်သော သမ္ပယုတ်ဝိညာဏ် မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တရားတို့၏ အကြောင်းဖြစ်သော သမ္ပယုတ်ဝိညာဏ်ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၉)

֍ ၈၇။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် သင်္ခတတရားကို အာရုံပြုကုန်၍သာ ဖြစ်ကုန်၏၊ အသင်္ခတတရားကို အာရုံပြုကုန်၍ မဖြစ်ကုန်။ ထို အကုသိုလ်တရား၏ သင်္ခတတရားကိုသာလျှင် ပယ်ခြင်းကြောင့် အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၁၀)

သုံးခုမြောက် သနိမိတ္တဝဂ် ပြီး၏။

--

(၉) ၄-ဓမ္မဝဂ်

֍ ၈၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- စိတ်၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း'စေတောဝိမုတ္တိ'လည်းကောင်း၊ ပညာ၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း 'ပညာဝိမုတ္တိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့် တော်မူ၏)။ (၁)

֍ ၈၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ယှဉ်ဘက့်တရားတို့ကို ချီးမြှောက်တတ်သော 'ပဂ္ဂဟ'တရားလည်းကောင်း၊ စိတ်၏ မပျံ့လွင့်မှု 'အဝိက္ခေပ'တရားလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)

֍ ၉၀။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- နာမ်လည်းကောင်း၊ ရုပ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)

֍ ၉၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သစ္စာလေးပါး ကို သိတတ်သော 'ဝိဇ္ဇာ'လည်းကောင်း၊ ကိလေသာမှ လွတ်မြောက်သော 'ဝိမုတ္တိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

֍ ၉၂။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဘဝမြဲ၏ဟု ယူသော 'ဘဝဒိဋ္ဌိ'လည်းကောင်း၊ ဘဝပြတ်၏ဟု ယူသော 'ဝိဘဝဒိဋ္ဌိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

֍ ၉၃။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဒုစရိုက်တို့မှ မရှက်ခြင်း 'အဟိရိက'လည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်း 'အနောတ္တပ္ပ္ပ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)

֍ ၉၄။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဒုစရိုက်တို့မှ ရှက်ခြင်း 'ဟိရီ'လည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်း 'သြတ္တပ္ပ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၇)

--

֍ ၉၅။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဆိုဆုံးမခက်ခြင်း 'ဒေါဝစဿတာ'လည်းကောင်း၊ အဆွေခင်ပွန်းယုတ်ရှိခြင်း 'ပါပမိတ္တတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)

֍ ၉၆။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဆိုဆုံးမ လွယ်ခြင်း 'သောဝစဿတာ'လည်းကောင်း၊ အဆွေခင်ပွန်းကောင်းရှိခြင်း 'ကလျာဏမိတ္တတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

֍ ၉၇။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တစ်ဆယ့် ရှစ်ပါးသော ဓာတ်တို့၌ လိမ္မာခြင်း 'ဓာတုကုသလတာ'လည်းကောင်း၊ ထို ဓာတ်တို့ကိုပင် (အနိစ္စစသော အားဖြင့်) နှလုံးသွင်းခြင်း၌ လိမ္မာခြင်း 'မနသိကာရကုသလတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

֍ ၉၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- အာပတ်တို့၌ လိမ္မာခြင်း 'အာပတ္တိကုသလတာ'လည်းကောင်း၊ အာပတ်တို့မှ ထခြင်း၌ လိမ္မာခြင်း 'အာပတ္တိဝုဋ္ဌာနကုသလတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)

လေးခုမြောက် ဓမ္မဝဂ် ပြီး၏။

(၁၀) ၅-ဗာလဝဂ်

֍ ၉၉။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မိမိသို့ မကျရောက်သော တာဝန်ကို ရွက်ဆောင်သော သူလည်းကောင်း၊ မိမိသို့ ကျရောက်သော တာဝန်ကို မရွက်ဆောင်သောသူလည်းကောင်း ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁)

֍ ၁၀၀။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မိမိသို့ မကျရောက်သော တာဝန်ကို မရွက်ဆောင်သော သူလည်းကောင်း၊ မိမိသို့ ကျရောက်သော တာဝန်ကို ရွက်ဆောင်သော သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)

֍ ၁၀၁။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မအပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသော သူလည်းကောင်း၊ အပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသော သူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)

֍ ၁၀၂။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မအပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

--

֍ ၁၀၃။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာပတ် မသင့်သော အရာ၌ အာပတ်သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ်သင့်သော အရာ၌ အာပတ် မသင့်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

֍ ၁၀၄။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာပတ် မသင့်သော အရာ၌ အာပတ် မသင့်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ်သင့်သော အရာ၌ အာပတ်သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)

֍ ၁၀၅။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရား မဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ တရားဟုတ်သည်၌ တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့် တော်မူ၏)။ (၇)

֍ ၁၀၆။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရားဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ တရားမဟုတ်သည်၌ တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)

֍ ၁၀၇။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဝိနည်း မဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ ဝိနည်းဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

֍ ၁၀၈။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဝိနည်း မဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်း၊ ဝိနည်းဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

֍ ၁၀၉။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- တွေးတောမှု 'သံသယ ကုက္ကုစ္စ'၁ မဖြစ်သင့်သော အရာ၌ တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်သူလည်းကောင်း၊ တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်သင့်သော အရာ၌ တွေးတောမှု 'သံသယကုက္ကုစ္စ' မဖြစ်သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ (၁၁)

֍ ၁၁၀။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- တွေးတောမှု 'သံသယကုက္ကုစ္စ' မဖြစ်သင့်သော အရာ၌ တွေးတောမှု 'သံသယကုက္ကုစ္စ' မဖြစ်သူလည်းကောင်း၊ တွေးတောမ ှု 'သံသယကုက္ကုစ္စ' ဖြစ်သင့်သော အရာ၌ တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါး ကုန်ဟု (မိန့်တော်မူ၏)။ (၁၂)

֍ ၁၁၁။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- မအပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ အပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရား တို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၃)

--

֍ ၁၁၂။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- မအပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၁၄)

֍ ၁၁၃။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- အာပတ်သင့်သော အရာ၌ အာပတ်မသင့်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ် မသင့် သော အရာ၌ အာပတ်သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုး တို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၅)

֍ ၁၁၄။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- အာပတ်သင့်သော အရာ၌ အာပတ် သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ် မသင့်သော အရာ၌ အာပတ် မသင့်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ် နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၁၆)

֍ ၁၁၅။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရားမဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူ လည်းကောင်း၊ တရားဟုတ်သည်၌တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၇)

֍ ၁၁၆။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရားဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ တရားမဟုတ်သည်၌တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၁၈)

֍ ၁၁၇။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဝိနည်းမဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူ လည်းကောင်း ဝိနည်းဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသော သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၉)

֍ ၁၁၈။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဝိနည်းမဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသောသူ လည်းကောင်း၊ ဝိနည်းဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၂၀)

ငါးခုမြောက် ဗာလဝဂ် ပြီး၏။

ဒုတိယသုတ် ငါးဆယ် ပြီး၏။

၁။ ဝိနည်းပညတ်အရ အပြစ်ရှိမည်ကို ကြောက်ရွံ့၍ တစ်စုံတစ်ရာ၌ စိစစ်ဝေဖန်မှုကို ဆိုသည်။

--

၃-တတိယပဏ္ဏာသက

၃-တတိယ သုတ်ငါးဆယ်

(၁၁) ၁-အာသာဒုပ္ပဇဟဝဂ်

֍ ၁၁၉။ ရဟန်းတို့ စွန့်နိုင်ခဲကုန်သော တပ်မက်ခြင်း 'အာသာ' တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- လာဘ်ကို တပ်မက်ခြင်း 'အာသာ'လည်းကောင်း၊ အသက်ကို တပ်မက်ခြင်း 'အာသာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ စွန့်နိုင်ခဲကုန်သော တပ်မက်ခြင်းတို့သည် ဤနှစ်မျိုးတို့ ပေတည်းဟု (မိန့်တော်မူ၏)။ (၁)

֍ ၁၂၀။ ရဟန်းတို့ လောက၌ ရနိုင်ခဲကုန်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ရှေးဦးစွာ ကျေးဇူးပြုတတ်သောပုဂ္ဂိုလ်၁လည်းကောင်း၊ ပြုဖူးသောကျေးဇူးကို သိ၍ ကျေးဇူးတုံ့ပြုတတ်သောပုဂ္ဂိုလ်၂လည်းကောင်းတို့တည်း။ ရဟန်းတို့ လောက၌ ရနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)

֍ ၁၂၁။ ရဟန်းတို့ လောက၌ ရနိုင်ခဲကုန်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ရောင့်ရဲသောပုဂ္ဂိုလ်၃လည်းကောင်း၊ ရောင့်ရဲစေတတ်သော ပုဂ္ဂိုလ်၄လည်းကောင်းတို့တည်း။ ရဟန်းတို့ လောက၌ ရနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)

֍ ၁၂၂။ ရဟန်းတို့ ရောင့်ရဲစေနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- ရတိုင်း ရတိုင်းသော ပစ္စည်းကို မသုံးမစား သိမ်းဆည်း၍ချည်း ထားသော ပုဂ္ဂိုလ်လည်းကောင်း၊ ရတိုင်း ရတိုင်းသော ပစ္စည်းကို စွန့်၍ချည်း ပစ်သော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်း တို့ ရောင့်ရဲစေနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

֍ ၁၂၃။ ရဟန်းတို့ ရောင့်ရဲလွယ်စေနိုင်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- ရတိုင်း ရတိုင်းသော ပစ္စည်းကို သိမ်းဆည်း၍ချည်း မထားသော ပုဂ္ဂိုလ်လည်းကောင်း၊ ရတိုင်း ရတိုင်းသော ပစ္စည်းကို စွန့်၍ချည်း မပစ်သော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ ရောင့်ရဲလွယ်စေနိုင်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

֍ ၁၂၄။ ရဟန်းတို့ ရာဂဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- တင့်တယ်သော ဣဋ္ဌာရုံလည်းကောင်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ရာဂဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)

֍ ၁၂၅။ ရဟန်းတို့ ဒေါသဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဒေါသဖြစ်ကြောင်း အနိဋ္ဌာရုံလည်းကောင်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဒေါသဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၇)

֍ ၁၂၆။ ရဟန်းတို့ မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး့တို့နည်းဟူမူ- တစ်ပါးသူထံမှ မသူတော်တရားသံကို ကြားနာရခြင်းလည်းကောင်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)

--

֍ ၁၂၇။ ရဟန်းတို့ သမ္မာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တစ်ပါးသူထံမှ သူတော်ကောင်းတရားသံကို ကြားနာရခြင်း လည်းကောင်း၊ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ သမ္မာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်း တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

֍ ၁၂၈။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ပေါ့သော လဟုကအာပတ်လည်းကောင်း လေးသော ဂရုကအာပတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

֍ ၁၂၉။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ရုန့်ရင်းသော 'ဒုဋ္ဌုလ္လ' အာပတ်လည်းကောင်း၊ မရုန့်ရင်းသော 'အဒုဋ္ဌုလ္လ' အာပတ်လည်းကောင်းတို့တည်း။ ရဟန်း တို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)

֍ ၁၃၀။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ကုစားရန် အကြွင်းရှိသော 'သာဝသေသ' အာပတ်လည်းကောင်း၊ ကုစားရန် အကြွင်းမရှိသော 'အနာဝသေသ' အာပတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၂)

ရှေးဦးစွာသော အာသာဒုပ္ပဇဟဝဂ် ပြီး၏။

၁။ ပုဗ္ဗကာရီ ပုဂ္ဂိုလ်။

၂။ ကတညုတ ကတဝေဒီပုဂ္ဂိုလ်။

၃။ တရားအထွတ်အထိပ်သို့ရောက်၍ နှလုံးအလိုပြည့်သဖြင့် နှိမ်သိမ့်ကြေနပ်သော ရဟန္တာနှင့် ပစ္စေကဗုဒ္ဓါ။

၄။ တရားအထွတ်အထိပ်သို့ရောက်၍ နှလုံးအလိုပြည့်သဖြင့် မိမိလည်း နှစ်သိမ့်ကြေနပ်၍ ဝေနေယျအများကိုလည်း နှစ်သိမ့်ကြေနပ်စေသော သဗ္ဗညုမြတ်စွာဘုရား။

--

(၁၂) ၂-အာယာစနဝဂ်

֍ ၁၃၁။ ရဟန်းတို့ သဒ္ဓါတရားရှိသော ရဟန်းသည် မှန်စွာ တောင့်တလိုလျှင် ''သာရိပုတြာနှင့် မောဂ္ဂလာန်တို့သည် အကြင် သို့ သဘောရှိကုန်၏၊ (ငါသည်လည်း) ထိုသို့ သဘောရှိသူ ဖြစ်ရပါလို၏''ဟု ဤသို့ တောင့်တရာ၏။ ရဟန်းတို့ ငါ့တပည့် ရဟန်းတို့တွင် သာရိပုတြာနှင့် မောဂ္ဂလာန်တို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို သာရိပုတြာနှင့် မောဂ္ဂလာန်တို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၁)

֍ ၁၃၂။ ရဟန်းတို့ သဒ္ဓါတရားရှိသော ရဟန်းမိန်းမသည် မှန်စွာ တောင့်တလိုလျှင် ''ခေမာ ဘိက္ခုနီမနှင့် ဥပ္ပလဝဏ်ဘိက္ခုနီမတို့သည် အကြင် သို့ သဘောရှိကုန်၏၊ (ငါသည်လည်း) ထိုသို့ သဘော ရှိသူ ဖြစ်ရပါလို၏''ဟု ဤသို့ တောင့်တရာ၏။ ရဟန်းတို့ ငါ့တပည့် ဘိက္ခုနီမတို့တွင် ခေမာနှင့် ဥပ္ပလဝဏ်တို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို ခေမာနှင့် ဥပ္ပလဝဏ်တို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၂)

֍ ၁၃၃။ ရဟန်းတို့ သဒ္ဓါတရားရှိသော ဥပါသကာသည် မှန်စွာ တောင့်တလိုလျှင် ''စိတ္တသူကြွယ်နှင့် ဟတ္တကခေါ် အာဠဝက (မင်းသား) တို့သည် အကြင် သို့သဘော ရှိကုန်၏၊ (ငါသည်လည်း) ထိုသို့သဘော ရှိသူ ဖြစ်ရပါလို၏''ဟု ဤသို့ တောင့်တရာ၏။ ရဟန်းတို့ ငါ့တပည့် ဥပါသကာတို့တွင် စိတ္တသူကြွယ်နှင့် ဟတ္ထကခေါ် အာဠဝက (မင်းသား) တို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို စိတ္တသူကြွယ်နှင့် ဟတ္ထကခေါ် အာဠဝက (မင်းသား) တို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၃)

֍ ၁၃၄။ ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော ဥပါသိကာမသည် မှန်စွာ တောင့်တလိုလျှင် ''ခုဇ္ဇုတ္တရာဥပါသိကာမနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒသတို့သား၏ မိခင် 'နန္ဒမာတာ' ဥပါသိကာမတို့သည် အကြင် သို့ သဘောရှိကုန်၏၊ (ငါသည်လည်း) ထိုသို့ သဘောရှိသူဖြစ်ရပါလို၏''ဟု ဤသို့ တောင့်တ ရာ၏။ ရဟန်းတို့ ငါ့တပည့်ဥပါသိကာမတို့တွင် ခုဇ္ဇုတ္တရာနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒသတို့သား၏ မိခင် 'နန္ဒမာတာ' ဥပါသိကာမတို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို ခုဇ္ဇုတ္တရာနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒ သတို့သား၏ မိခင် 'နန္ဒမာတာ' ဥပါသိကာမတို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၄)

֍ ၁၃၅။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ ကဲ့ရဲ့ထိုက်သူအား ချီးမွမ်းစကားကို ပြောဆို၏။ ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ ချီးမွမ်းထိုက်သူအား ကဲ့ရဲ့စကားကို ပြောဆို၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာ သော မိုက်သော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှု ကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်းဖြစ်၏၊ ပညာရှိတို့လည်း မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင် ပိုင်းခြား၍ ကဲ့ရဲ့ထိုက်သူ အား ကဲ့ရဲ့စကားကို ပြောဆို၏။ ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင်ပိုင်းခြား၍ ချီးမွမ်း ထိုက်သူအား ချီးမွမ်းစကားကို ပြောဆို၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်းဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၅)

--

֍ ၁၃၆။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ မကြည်ညိုထိုက်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေ၏။ ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ ကြည်ညိုထိုက်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေ၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်သောသူ ယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို့မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်းဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင် ပိုင်းခြား၍ မကြည်ညိုထိုက်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေ၏။ ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင်ပိုင်းခြား၍ ကြည်ညို ထိုက်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေ၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိ သော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၆)

֍ ၁၃၇။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ရိုက်နှက်သတ်ဖြတ်ခြင်းစသည်ဖြင့်) မှားသောအကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်၁သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက် နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာ သော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမိလည်းကောင်း၊ အဖလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ရိုက်နှက်သတ်ဖြတ်ခြင်းစသည်ဖြင့်) မှားသော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (လုပ်ကျွေးပြုစုခြင်းစသည်ဖြင့်) မှန်သောအကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်း၂သည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမိလည်းကောင်း၊ အဖလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (လုပ်ကျွေးပြုစုခြင်းစသည်ဖြင့်) မှန်သော အကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြိုမဖျက်ဆီး အပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက် သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၇)

--

֍ ၁၃၈။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (သင်းခွဲခြင်း သတ်ရန်ကြံခြင်းစသည်ဖြင့်) မှားသောအကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်၃သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက် နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မြတ်စွာဘုရားလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝကလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (သင်းခွဲခြင်း သတ်ရန် ကြံခြင်းစသည်ဖြင့်) မှားသော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ပြုစုလုပ်ကျွေးခြင်းစသည်ဖြင့်) မှန်သောအကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်း၄သည် မတူးဖြိုမဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မြတ်စွာဘုရားလည်း့ကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝက လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ပြုစုလုပ်ကျွေးခြင်းစသည်ဖြင့်) မှန်သောအကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြိုမဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၈)

֍ ၁၃၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မိမိ၏စိတ် ဖြူစင်ခြင်းလည်းကောင်း၊ လောက၌ တစ်စုံတစ်ရာကို မစွဲလမ်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

֍ ၁၄၀။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက် ထွက်ခြင်း 'ကောဓ'လည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရား တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

֍ ၁၄၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက် ထွက်ခြင်းကို ပယ်ဖျောက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)

နှစ်ခုမြောက် အာယာစနဝဂ် ပြီး၏။

၁။ မိတ္တဝိန္ဒကနှင့် အဇာတသတ် စသည်။

၂။ သုဝဏ္ဏသာမနှင့် ဃဋိကာရ စသည်။

၃။ ဒေဝဒတ်နှင့် ကောကာလိက စသည်။

၄။ အရှင်အာနန္ဒာနှင့် အနာထပိဏ်သူဌေး စသည်။

--

(၁၃) ၃-ဒါနဝဂ်

֍ ၁၄၂။ ရဟန်းတို့ အလှူတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်း လေးပါးအလှူ 'အာမိသဒါန'လည်းကောင်း၊ တရားအလှူ 'ဓမ္မဒါန'လည်းကောင်းတို့တည်း။ ရဟန်းတို့ အလှူ 'ဒါန' တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤအလှူနှစ်မျိုးတို့တွင် အကြင် တရားအလှူသည် ရှိ၏၊ ထိုတရားအလှူသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁)

֍ ၁၄၃။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် ပူဇော်ခြင်း 'အာမိသယာဂ'လည်းကောင်း၊ တရားဖြင့် ပူဇော်ခြင်း 'ဓမ္မယာဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပူဇော်ခြင်းနှစ်မျိုး တို့တွင် အကြင် တရားဖြင့် ပူဇော်ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ပူဇော်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၂)

֍ ၁၄၄။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို စွန့်ကြဲခြင်း 'အာမိသစာဂ'လည်းကောင်း၊ တရားကိုစွန့်ကြဲခြင်း 'ဓမ္မစာဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော စွန့်ကြဲခြင်း တို့တွင် အကြင် တရားကို စွန့်ကြဲခြင်းသည် ရှိ၏၊ ထိုတရားစွန့်ကြဲခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)

֍ ၁၄၅။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို စွန့်ကြဲခြင်း 'အာမိသပရိစ္စာဂ'လည်းကောင်း၊ တရားကိုစွန့်ကြဲခြင်း 'ဓမ္မပရိစ္စာဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤစွန့်ကြဲခြင်းနှစ်မျိုး တို့တွင် အကြင် တရားကို စွန့်ကြဲခြင်းသည် ရှိ၏၊ ထိုတရားကို စွန့်ကြဲခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၄)

֍ ၁၄၆။ ရဟန်းတို့ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို သုံးဆောင်ခြင်း 'အာမိသဘောဂ'လည်းကောင်း၊ တရားကို သုံးဆောင်ခြင်း'ဓမ္မဘောဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤသုံးဆောင်ခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို သုံးဆောင်ခြင်းသည် ရှိ၏၊ ထိုတရားကို သုံးဆောင်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၅)

֍ ၁၄၇။ ရဟန်းတို့ အတူတကွ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို အတူတကွ သုံးဆောင်ခြင်း 'အာမိသသမ္ဘောဂ' လည်းကောင်း၊ တရားကို အတူတကွ သုံးဆောင်ခြင်း 'ဓမ္မသမ္ဘောဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ အတူတကွ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤအတူတကွ သုံးဆောင်ခြင်းနှစ်မျိုးတို့တွင် အကြင် တရားကို အတူ တကွ သုံးဆောင်ခြင်းသည် ရှိ၏၊ ထိုတရားကို အတူတကွ သုံးဆောင်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၆)

֍ ၁၄၈။ ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို ခွဲခြမ်းဝေဖန်ခြင်း 'အာမိသသံဝိဘာဂ'လည်းကောင်း၊ တရားကို ခွဲခြမ်းဝေဖန်ခြင်း 'ဓမ္မသံဝိဘာဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ခွဲခြမ်းဝေဖန်ခြင်းတို့တွင် အကြင်တရားကို ခွဲခြမ်းဝေဖန်ခြင်းသည် ရှိ၏၊ ထိုတရားကို ခွဲခြမ်းဝေဖန်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)

--

֍ ၁၄၉။ ရဟန်းတို့ ထောက်ပံ့ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် ထောက်ပံ့ခြင်း 'အာမိသသင်္ဂဟ'လည်းကောင်း၊ တရားဖြင့် ထောက်ပံ့ခြင်း 'ဓမ္မသင်္ဂဟ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ထောက်ပံ့ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤထောက်ပံ့ခြင်း နှစ်မျိုးတို့တွင် အကြင် တရားဖြင့် ထောက်ပံ့ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ထောက်ပံ့ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)

֍ ၁၅၀။ ရဟန်းတို့ ချီးမြှောက်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် ချီးမြှောက်ခြင်း 'အာမိသာနုဂ္ဂဟ'လည်းကောင်း၊ တရားဖြင့် ချီးမြှောက်ခြင်း 'ဓမ္မာနုဂ္ဂဟ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချီးမြှောက်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤချီးမြှောက်ခြင်းနှစ်မျိုးတို့တွင် အကြင် တရားဖြင့် ချီးမြှောက်ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ချီးမြှောက်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)

֍ ၁၅၁။ ရဟန်းတို့ သနားခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်း ဖြင့် သနားခြင်း 'အာမိသာနုကမ္ပာ'လည်းကောင်း၊ တရားဖြင့် သနားခြင်း 'ဓမ္မာနုကမ္ပာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ သနားခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤသနားခြင်း နှစ်မျိုး တို့တွင် အကြင် တရားဖြင့် သနားခြင်းသည် ရှိ၏၊ ထိုတရားဖြင့် သနားခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၀)

သုံးခုမြောက် ဒါနဝဂ် ပြီး၏။

--

(၁၄) ၄-သန္ထာရဝဂ်

֍ ၁၅၂။ ရဟန်းတို့ အဆက်အသွယ်ပြုခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် အဆက်အသွယ်ပြုခြင်း 'အာမိသသန္ထာရ'လည်းကောင်း၊ တရားဖြင့် အဆက်အသွယ် ပြုခြင်း 'ဓမ္မသန္ထာရ'လည်းကောင်းတို့တည်း။ ရဟန်းတို့ အဆက်အသွယ်ပြုခြင်းတို့သည် ဤနှစ်မျိုးတို့ ပေတည်း။ ရဟန်းတို့ အဆက်အသွယ်ပြုခြင်း နှစ်မျိုးတို့တွင် အကြင် တရားဖြင့် အဆက်အသွယ်ပြုခြင်းသည် ရှိ၏၊ ထိုတရားဖြင့် အဆက်အသွယ်ပြုခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁)

֍ ၁၅၃။ ရဟန်းတို့ အစေ့အစပ် အဆက်အသွယ် ပြုခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်း 'အာမိသပဋိသန္ထာရ'လည်းကောင်း၊ တရားဖြင့် အစေ့အစပ်အဆက်အသွယ်ပြုခြင်း 'ဓမ္မပဋိသန္ထာရ'လည်းကောင်းတို့တည်း။ ရဟန်းတို့ အစေ့အစပ်အဆက်အသွယ် ပြုခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ အစေ့အစပ် အဆက်အသွယ်ပြုခြင်းနှစ်မျိုးတို့တွင် အကြင် တရားဖြင့် အစေ့အစပ်အဆက်အသွယ်ပြုခြင်းသည် ရှိ၏၊ ထိုတရားဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၂)

֍ ၁၅၄။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို ရှာမှီးခြင်း 'အာမိသေသနာ'လည်းကောင်း၊ တရားကို ရှာမှီးခြင်း 'ဓမ္မေသနာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ရှာမှီးခြင်းနှစ်မျိုးတို့တွင် အကြင် တရားကို ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို ရှာမှီးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)

֍ ၁၅၅။ ရဟန်းတို့ ထက်ဝန်းကျင် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို ထက်ဝန်းကျင် ရှာမှီးခြင်း 'အာမိသပရိယေသနာ' လည်းကောင်း၊ တရားကို ထက်ဝန်းကျင် ရှာမှီးခြင်း 'ဓမ္မပရိယေသနာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ထက်ဝန်းကျင် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤထက်ဝန်းကျင် ရှာမှီးခြင်းနှစ်မျိုးတို့တွင် အကြင် တရားကို ထက်ဝန်း ကျင် ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို ထက်ဝန်းကျင် ရှာမှီးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၄)

֍ ၁၅၆။ ရဟန်းတို့ အထွတ်အထိပ်ရောက် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- ပစ္စည်းကို အထွတ်အထိပ်ရောက် ရှာမှီးခြင်း 'အာမိသပရိယေဋ္ဌိ'လည်းကောင်း၊ တရားကို အထွတ်အထိပ်ရောက် ရှာမှီးခြင်း 'ဓမ္မပရိယေဋ္ဌိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ အထွတ်အထိပ်ရောက် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤအထွတ်အထိပ်ရောက် ရှာမှီးခြင်းနှစ်မျိုး တို့တွင် အကြင် တရားကို အထွတ်အထိပ်ရောက် ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို အထွတ်အထိပ် ရောက် ရှာမှီးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၅)

֍ ၁၅၇။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်း ဖြင့် ပူဇော်ခြင်း 'အာမိသပူဇာ'လည်းကောင်း၊ တရားဖြင့် ပူဇော်ခြင်း 'ဓမ္မပူဇာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပူဇော်ခြင်း နှစ်မျိုးတို့ တွင် အကြင် တရားဖြင့် ပူဇော်ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ပူဇော်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၆)

֍ ၁၅၈။ ရဟန်းတို့ ဧည့်သည် အာဂန္တုတို့အား ပေးလှူခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ဧည့်သည် အာဂန္တုတို့အား ပစ္စည်းကို ပေးလှူခြင်း 'အာမိသာတိထေယျ'လည်းကောင်း၊ ဧည့်သည်အာဂန္တုတို့အားတရားကို ပေးလှူခြင်း 'ဓမ္မာတိထေယျ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ဧည့်သည်အာဂန္တုတို့အား ပေးလှူခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဧည့်သည့်အာဂန္တုတို့အား ဤပေးလှူခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို ပေးလှူခြင်းသည် ရှိ၏၊ ထိုတရားကို ပေးလှူခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)

--

֍ ၁၅၉။ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းပြည့်စုံခြင်း 'အာမိသိဒ္ဓိ'လည်းကောင်း၊ တရားပြည့်စုံခြင်း 'ဓမ္မိဒ္ဓိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပြည့်စုံခြင်းနှစ်မျိုးတို့တွင် အကြင် တရား ပြည့်စုံခြင်းသည် ရှိ၏၊ ထိုတရားပြည့်စုံခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)

֍ ၁၆၀။ ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် ကြီးပွါးခြင်း 'အာမိသဝုဒ္ဓိ'လည်းကောင်း၊ တရားဖြင့် ကြီးပွါးခြင်း 'ဓမ္မဝုဒ္ဓိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤကြီးပွါးခြင်းနှစ်မျိုး တို့တွင် အကြင် တရားဖြင့် ကြီးပွါးခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ကြီးပွါးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)

֍ ၁၆၁။ ရဟန်းတို့ နှစ်သက်ဖွယ်ရာ ရတနာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းတည်းဟူသော နှစ်သက်ဖွယ်ရာ 'အာမိသရတနာ' လည်းကောင်း၊ တရားတည်းဟူသော နှစ်သက်ဖွယ်ရာ 'ဓမ္မရတနာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ နှစ်သက်ဖွယ်ရာ ရတနာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ နှစ်သက်ဖွယ်ရာ ဤရတနာနှစ်မျိုးတို့တွင် အကြင် ဓမ္မရတနာသည် ရှိ၏၊ ထို ဓမ္မရတနာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။

֍ ၁၆၂။ ရဟန်းတို့ ဆည်းပူးစုဆောင်းခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို ဆည်းပူးစုဆောင်းခြင်း 'အာမိသသန္နိစယ'လည်းကောင်း၊ တရားကို ဆည်းပူး စုဆောင်းခြင်း 'ဓမ္မသန္နိစယ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ဆည်းပူးစုဆောင်းခြင်း တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤဆည်းပူး စုဆောင်းခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို ဆည်းပူး စုဆောင်းခြင်းသည် ရှိ၏၊ ထိုတရားကို ဆည်းပူးစုဆောင်းခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၁)

֍ ၁၆၃။ ရဟန်းတို့ ပြန့်ပြောခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်း၏ ပြန့်ပြောခြင်း 'အာမိသဝေပုလ္လ'လည်းကောင်း၊ တရား၏ ပြန့်ပြောခြင်း 'ဓမ္မဝေပုလ္လ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ပြန့်ပြောခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပြန့်ပြောခြင်း နှစ်မျိုးတို့တွင် အကြင် တရား၏ ပြန့်ပြောခြင်းသည် ရှိ၏၊ ထိုတရား၏ ပြန့်ပြောခြင်းသည် မြတ်ပေ သတည်းဟု (မိန့်တော်မူ၏)။ (၁၂)

လေးခုမြောက် သန္ထာရဝဂ် ပြီး၏။

--

(၁၅) ၅-သမာပတ္တိဝဂ်

֍ ၁၆၄။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သမာပတ် ဝင်စားမှု၌ လိမ္မာခြင်း 'သမာပတ္တိကုသလတာ'လည်းကောင်း၊ သမာပတ်မှ ထမှု၌ လိမ္မာခြင်း 'သမာပတ္တိ ဝုဋ္ဌာနကုသလတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁)

֍ ၁၆၅။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဖြောင့်မတ်ခြင်း 'အဇ္ဇဝ'လည်းကောင်း၊ နူးညံ့ခြင်း 'မဒ္ဒဝ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)

֍ ၁၆၆။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သည်းခံခြင်း 'ခန္တီ'လည်းကောင်း၊ ကောင်းသော အကျင့်ဖြင့် မွေ့လျော်ခြင်း 'သောရစ္စ'လည်းကောင်းတို့တည်း။ ရဟန်း တို့တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)

֍ ၁၆၇။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- နူးညံ့ ပြေပြစ်သော စကားရှိခြင်း 'သာခလျ'လည်းကောင်း၊ အစေ့အစပ်အဆက်အသွယ်ကောင်းခြင်း 'ပဋိသန္ထာရ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

֍ ၁၆၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မညှဉ်း ဆဲခြင်း 'အဝိဟိံသာ'၁လည်းကောင်း၊ စင်ကြယ်ခြင်း 'သောစေယျ'၂လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

֍ ၁၆၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဣန္ဒြေတို့၌ မဆို့ပိတ်အပ်သော တံခါးရှိခြင်း 'ဣန္ဒြိယေသု အဂုတ္တဒွါရတာ'လည်းကောင်း၊ အစားအစာတို့၌ အတိုင်းအရှည်ကို မသိခြင်း 'ဘောဇနေ အမတ္တညုတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)

֍ ၁၇၀။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဣန္ဒြေတို့၌ ဆို့ပိတ်အပ်သော တံခါးရှိခြင်း 'ဣန္ဒြိယေသု ဂုတ္တဒွါရတာ'လည်းကောင်း၊ အစားအစာတို့၌ အတိုင်း အရှည်ကို သိခြင်း 'ဘောဇနေ မတ္တညုတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၇)

֍ ၁၇၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဆင်ခြင်ခြင်း အား 'ပဋိသင်္ခါနဗလ'လည်းကောင်း၊ ပွါးများခြင်းအား 'ဘာဝနာဗလ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)

֍ ၁၇၂။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အောက်မေ့ခြင်းအား 'သတိဗလ'လည်းကောင်း၊ တည်ကြည်ခြင်းအား 'သမာဓိဗလ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

֍ ၁၇၃။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- နီဝရဏ တို့ကို ငြိမ်းစေခြင်း 'သမထ'လည်းကောင်း၊ သင်္ခါရတို့ကို ရှုမှတ်သိမ်းဆည်းခြင်း 'ဝိပဿနာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

--

֍ ၁၇၄။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အကျင့် သီလပျက်စီးခြင်း 'သီလဝိပတ္တိ'လည်းကောင်း၊ ဉာဏ်အမြင် 'အယူ' ပျက်စီးခြင်း 'ဒိဋ္ဌိဝိပတ္တိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)

֍ ၁၇၅။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အကျင့် သီလ၏ ပြည့်စုံခြင်း 'သီလသမ္ပဒါ'လည်းကောင်း ဉာဏ်အမြင် 'အယူ'၏ ပြည့်စုံခြင်း 'ဒိဋ္ဌိသမ္ပဒါ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၂)

֍ ၁၇၆။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အကျင့် သီလ၏ စင်ကြယ်ခြင်း'သီလဝိသုဒ္ဓိ'လည်းကောင်း၊ ဉာဏ်အမြင် 'အယူ'၏ စင်ကြယ်ခြင်း 'ဒိဋ္ဌိဝိသုဒ္ဓိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၃)

֍ ၁၇၇။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဉာဏ် အမြင် 'အယူ'၏ စင်ကြယ်ခြင်း 'ဒိဋ္ဌိဝိသုဒ္ဓိ'လည်းကောင်း၊ ဉာဏ်အမြင် 'အယူ' အားလျော်စွာ အားထုတ်ခြင်း့'ယထာဒိဋ္ဌိ ပဓာန'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၄)

֍ ၁၇၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ကုသိုလ်တရားတို့၌ မရောင့်ရဲနိုင်ခြင်းလည်းကောင်း၊ တရားအားထုတ်ရာ၌ ဆုတ်နစ်မှု မရှိခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၅)

֍ ၁၇၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သတိတရား ကင်းလွတ်ခြင်း 'မုဋ္ဌဿစ္စ'လည်းကောင်း၊ ဆင်ခြင်ဉာဏ်ကင်းမဲ့ခြင်း 'အသမ္ပဇည'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၆)

֍ ၁၈၀။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အောက် မေ့ခြင်း 'သတိ'လည်းကောင်း၊ ဆင်ခြင်ခြင်း 'သမ္ပဇည'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၇)

ငါးခုမြောက် သမာပတ္တိဝဂ် ပြီး၏။

တတိယ သုတ်ငါးဆယ် ပြီး၏။

၁။ သတ္တဝါတို့၌ သနားခြင်း ကရုဏာကို ဆိုသည်။

၂။ သတ္တဝါတို့၌ ချစ်ကြည်ခြင်း မေတ္တာကို ဆိုသည်။

--

၁-ကောဓပေယျာလ

֍ ၁၈၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက် ထွက်ခြင်း 'ကောဓ'လည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ'လည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်း 'မက္ခ'လည်းကောင်း၊ အပြိုင်ပြုခြင်း 'ပဠာသ'လည်းကောင်း။ ငြူစူခြင်း'ဣဿာ' လည်းကောင်း၊ ဝန်တိုခြင်း 'မစ္ဆရိယ'လည်းကောင်း။ လှည့်ပတ်ခြင်း 'မာယာ'လည်းကောင်း၊ စဉ်းလဲခြင်း 'သာဌေယျ'လည်းကောင်း။ ဒုစရိုက်တရားတို့မှ မရှက်ခြင်း 'အဟိရိက'လည်းကောင်း၊ ဒုစရိုက်တရားတို့မှ မလန့်ခြင်း 'အနောတ္တပ္ပ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁-၅)

֍ ၁၈၂။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက် မထွက်ခြင်း 'အက္ကောဓ'လည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်း 'အနုပနာဟ'လည်းကောင်း။ သူ့ကျေးဇူးကို မချေ ဖျက်ခြင်း 'အမက္ခ'လည်းကောင်း၊ အပြိုင်မပြုခြင်း 'အပဠာသ'လည်းကောင်း။ မငြူစူခြင်း 'အနိဿာ'လည်းကောင်း၊ ဝန်မတိုခြင်း 'အမစ္ဆရိယ'လည်းကောင်း။ မလှည့်ပတ်ခြင်း 'အမာယာ'လည်းကောင်း၊ မစဉ်းလဲခြင်း 'အသာဌေယျ'လည်းကောင်း။ ဒုစရိုက်တရားတို့မှ ရှက်ခြင်း 'ဟိရီ'လည်းကောင်း၊ ဒုစရိုက်တရားတို့မှ လန့်ခြင်း 'သြတ္တပ္ပ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆-၁၀)

֍ ၁၈၃။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသူသည် ဆင်းရဲစွာနေရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်ထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်းလည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲကောက်ကျစ်ခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက် တို့မှ မလန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆင်းရဲစွာနေရ၏ဟု (မိန့်တော်မူ၏)။ (၁၁-၁၅)

֍ ၁၈၄။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသူသည် ချမ်းသာစွာနေရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲမကောက်ကျစ်ခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသူသည် ချမ်းသာစွာ နေရ၏။ (၁၆-၂၀)

֍ ၁၈၅။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား ဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်ထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်း လည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်း လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား ဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ (၂၁-၂၅)

֍ ၁၈၆။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်း လည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်း လည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား နှစ်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ (၂၆-၃၀)

--

֍ ၁၈၇။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ ငရဲ၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်ထွက်ခြင်း လည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်းလည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက် တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား နှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ ငရဲ၌ ဖြစ်ရ၏။ (၃၁-၃၅)

֍ ၁၈၈။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုး မဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ (၃၆-၄၀)

֍ ၁၈၉။ ရဟန်းတို့ ဤလောက၌တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော အချို့သော သူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်ထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်းလည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤလောက၌တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော အချို့သော သူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။ (၄၁-၄၅)

֍ ၁၉၀။ ရဟန်းတို့ ဤလောက၌တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော အချို့သောသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်း လည်းကောင်း။ သူ့ကျေးဇူးကို မချေ ဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤလောက၌ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော အချို့သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။ (၄၆-၅၀)

ကောဓပေယျာလ ပြီး၏။

--

၂-အကုသလပေယျာလ

֍ ၁၉၁-֍ ၂၀၀။ ရဟန်းတို့ အကုသိုလ်တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ကုသိုလ်တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ အပြစ်ရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ အပြစ်မရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲခြင်းကို ဖြစ်စေ တတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ချမ်းသာခြင်းကို ဖြစ်စေတတ်သော တရား တို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲသော အကျိုးရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ချမ်းသာသော အကျိုးရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲနှင့် တကွဖြစ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲမရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုး မဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ ထိတ်လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဆင်းရဲမရှိသော တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁-၅၀)

အကုသလပေယျာလ ပြီး၏။

၃-ဝိနယပေယျာလ

֍ ၂၀၁။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုးတို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့ အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သံဃာ၏ ကောင်းခြင်းအကျိုးငှါ၊ သံဃာ၏ ချမ်းသာစွာ နေထိုင်ရခြင်း အကျိုးငှါ။ သီလမရှိကုန်သော ပုဂ္ဂိုလ်တို့ကို နှိမ်နင်းခြင်း၊ သီလကို ချစ်မြတ်နိုးကုန်သော ပုဂ္ဂိုလ်တို့၏ ချမ်းသာစွာ နေထိုင်ရခြင်း။ မျက်မှောက်၌ ဖြစ်သော အာသဝေါတရား တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အာသဝေါတရားတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ရန်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ရန်တို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော အပြစ်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အပြစ်တို့ကို တားဆီးခြင်း။ မျက် မှောက်၌ ဖြစ်ကုန်သော ဘေးတို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဘေးတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲခြင်း သဘော 'အကုသိုလ်' တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဆင်းရဲခြင်းသဘော 'အကုသိုလ်' တို့ကို တားဆီးခြင်း။ လူတို့အားအစဉ် သနားခြင်း၊ အလိုဆိုး ရှိကုန်သော ရဟန်းတို့၏ အသင်းအပင်းကို ဖျက်ဆီးခြင်း။ မကြည်ညိုသေးကုန်သော သူတို့ကိုလည်း ကြည်ညိုစေခြင်း၊ ကြည်ညိုပြီးသူတို့ကိုလည်း တိုးတက်ကြည်ညိုစေခြင်း။ သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်းအကျိုးငှါ၊ ဝိနည်းကို ချီးမြှောက်ခြင်း အကျိုးငှါ (ပညတ်တော်မူ၏)။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုးတို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏ဟု (မိန့်တော်မူ၏)။ (၁-၁၀)

--

֍ ၂၀၂-֍ ၂၃၀။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုးတို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့အား ပါတိမောက်ကို ပညတ်တော်မူ၏။ပ။ ပါတိမောက်ပြခြင်းကို ပညတ်တော်မူ၏။ ပါတိမောက် ရပ်ဆိုင်းထားခြင်းကို ပညတ်တော်မူ၏။ ပဝါရဏာကို ပညတ်တော်မူ၏။ ပဝါရဏာရပ်ဆိုင်းထားခြင်းကို ပညတ်တော်မူ၏၊ တဇ္ဇနီယကံကို ပညတ်တော်မူ၏။ နိယဿကံကို ပညတ်တော်မူ၏။ ပဗ္ဗာဇနီယကံကို ပညတ်တော်မူ၏။ ပဋိသာရဏီယကံကို ပညတ်တော်မူ၏။ ဥက္ခေပနီယကံကို ပညတ်တော်မူ၏။ ပရိဝါသ် ပေးခြင်းကို ပညတ်တော်မူ၏။ အရင်းသို့ ပြန်ငင်ခြင်းကို ပညတ်တော်မူ၏။ မာနတ်ပေးခြင်းကို ပညတ် တော်မူ၏။ အမ္ဘာန်သွင်းခြင်းကို ပညတ်တော်မူ၏။ သံဃာ့ဘောင်သွင်းခြင်းကို ပညတ်တော်မူ၏။ သံဃာ့ဘောင်မှ နှင်ထုတ်ခြင်းကို ပညတ်တော်မူ၏။ ပဉ္စင်းခံသော ကံကို ပညတ်တော်မူ၏။ ဉတ္တိကံကို ပညတ် တော်မူ၏။ ဉတ်လျှင် နှစ်ခုမြောက်သော ကံကို ပညတ်တော်မူ၏။ ဉတ်လျှင် လေးခုမြောက်သော ကံကို ပညတ်တော်မူ၏။ မပညတ်အပ်သေးသည်တို့ကို ပညတ်တော်မူ၏။ ပညတ်ပြီးသည်တို့ကို တစ်ဖန် ပညတ် တော်မူ၏။ သမ္မုခါဝိနည်းကို ပညတ်တော်မူ၏။ သတိဝိနည်းကို ပညတ်တော်မူ၏။ အမူဠှဝိနည်းကို ပညတ်တော်မူ၏။ ပဋိညာတကရဏ သမထကို ပညတ်တော်မူ၏။ ယေဘုယျသိကသမထကို ပညတ်တော်မူ၏။ တဿပါပိယသိကသမထကို ပညတ်တော်မူ၏။ တိဏဝတ္ထာရက သမထကို ပညတ်တော်မူ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သံဃာ၏ ကောင်းခြင်း အကျိုးငှါ၊ သံဃာ၏ ချမ်းသာစွာ နေထိုင်ရခြင်း အကျိုးငှါ။ သီလမရှိကုန်သော ပုဂ္ဂိုလ်တို့ကို နှိမ်နင်းခြင်း၊ သီလကို ချစ်မြတ်နိုးကုန်သော ပုဂ္ဂိုလ်တို့၏ ချမ်းသာစွာ နေထိုင်ရခြင်း။ မျက်မှောက်၌ ဖြစ်သော အာသဝေါတရားတို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အာသဝေါတရားတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ရန်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ရန်တို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော အပြစ်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အပြစ်တို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ဘေးတို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဘေးတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန် သော ဆင်းရဲခြင်းသဘော 'အကုသိုလ်' တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဆင်းရဲခြင်း သဘော 'အကုသိုလ်' တို့ကို တားဆီးခြင်း။ လူတို့အား အစဉ်သနားခြင်း၊ အလိုဆိုးရှိကုန်သော ရဟန်း တို့၏ အသင်းအပင်းကို ဖျက်ဆီးခြင်း။ မကြည်ညိုသေးကုန်သော သူတို့ကိုလည်း ကြည်ညိုစေခြင်း၊ ကြည်ညိုပြီးသော သူတို့ကိုလည်း တိုးတက်ကြည်ညိုစေခြင်း။ သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း အကျိုးငှါ၊ ဝိနည်းကို ချီးမြှောက်ခြင်းအကျိုးငှါ (ပညတ်တော်မူ၏)။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုး တို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့အား တိဏဝတ္ထာရကသမထကို ပညတ်တော်မူ၏ဟု (မိန့်တော်မူ၏)။ (၁၁-၃၀ဝ)

ဝိနယပေယျာလ ပြီး၏။

--

၄-ရာဂပေယျာလ

֍ ၂၃၁။ ရဟန်းတို့ တပ်မက်ခြင်း 'ရာဂ'ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါတရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သမထကမ္မဋ္ဌာန်းလည်းကောင်း၊ ဝိပဿနာကမ္မဋ္ဌာန်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တပ်မက်ခြင်း 'ရာဂ' ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ဤတရား နှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၁)

ရဟန်းတို့ တပ်မက်ခြင်း 'ရာဂ' ကို ပိုင်းခြား၍ သိခြင်းငှါ။ ရာဂကို ကုန်စေခြင်းငှါ။ ရာဂကို ပယ်ခြင်းငှါ။ ရာဂ၏ ကုန်ခန်းခြင်းငှါ။ ရာဂ၏ ပျက်ခြင်းငှါ။ ရာဂ၏ ကင်းပြတ်ခြင်းငှါ။ ရာဂ၏ ချုပ်ခြင်းငှါ။ ရာဂကို စွန့်လွှတ်ခြင်းငှါ။ ရာဂကို တစ်ဖန် စွန့်လွှတ်ခြင်းငှါတရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ပ။ (၁-၁၀)

֍ ၂၃၂-֍ ၂၄၆။ ပြစ်မှားခြင်းကို။ပ။ တွေဝေခြင်းကို။ပ။ အမျက်ထွက်ခြင်းကို။ ရန်ငြိုးဖွဲ့ခြင်းကို။ သူ့ကျေးဇူးကို ချေဖျက်ခြင်းကို။ အပြိုင်ပြုခြင်းကို။ ငြူစူခြင်းကို။ ဝန်တိုခြင်းကို။ လှည့်ပတ်ခြင်းကို။ စဉ်းလဲခြင်းကို။ ခက်ထန်ခြင်းကို။ ခြုပ်ခြယ်ခြင်းကို။ ထောင်လွှားခြင်းကို။ အလွန်ထောင်လွှားခြင်းကို။ မာန်ယစ်ခြင်းကို။ မေ့လျော့ခြင်းကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ၊ ပိုင်းခြား၍ သိခြင်းငှါ။ ကုန်စေခြင်းငှါ။ ပယ်ခြင်းငှါ။ ကုန်ခန်းခြင်းငှါ။ ပျက်ခြင်းငှါ။ ကင်းပြတ်ခြင်းငှါ။ ချုပ်ခြင်းငှါ။ စွန့်လွှတ်ခြင်းငှါ။ တစ်ဖန် စွန့်လွှတ်ခြင်းငှါတရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သမထကမ္မဋ္ဌာန်းလည်းကောင်း၊ ဝိပဿနာကမ္မဋ္ဌာန်းလည်းကောင်းတို့တည်း။ ရဟန်းတို့ မေ့လျော့ခြင်းကို တစ်ဖန် စွန့်လွှတ်ခြင်းငှါ တရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မြတ်စွာဘုရားသည် ဤတရားကို ဟောကြား တော်မူ၏)။ (၁၁-၁၇၀)

(ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း)။၁

ရာဂပေယျာလ ပြီး၏။

ဒုကနိပါတ် ပြီး၏။

၁။ သီဟိုဠ် ယိုးဒယား ကမ္ဘောဒီးယား အင်္ဂလိပ်မူတို့၌ မရှိ။

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ