Skip to main content

မဟာသုတကာရီ မဃဒေဝလင်္ကာသစ်

မဟာသုတကာရီ မဃဒေဝလင်္ကာသစ်

မဟာသုတကာရီ မဃဒေဝလင်္ကာသစ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဌမပိုင်း- လောကစရိယခဏ်း ၁။ လင်္ကာနိဒါန်း

(၁) မဟာဝိသ ယ၊ တိလောကနှိုက်၊ နရမရူ၊ သနင်္ကူတို့၊ သရဘူဦးစိုက်၊ မကိုဋ်နဝရတ်၊ ကျောက်စိန်ထွတ်ဖြင့်၊ ညွတ်၍့ညွတ်၍့၊ ဦးနှိမ်ဝှေ့လျက်၊ ညဉ့်နေ့*မစဲ၊ တရဲးရဲးတိ၊ အမြဲးရောညိ၊ မပြတ်ထိသား၊ နန္ဒိဝဍ္ဎန၊ သကျမာရဇိန်၊ *စောမုနိန်၏့၊ သိရီ့န္ဒာဘိ၊ သိရီ့ရတနာ၊ မင်္ဂလာ*မျှို့ပေါင်း၊ *ပုံတောင်းပြိုးပြက်၊ ရာ့ရှစ်ကွက်နှင့်၊ ရွှေစက် ပဝရ၊ စရဏဟု၊ ပါဒ*နက်သန်၊ စုံနှစ်တန်ကို၊ ငွေဗိတာန်ကြီး၊ ကဒဏ်ထီးသို့၊ မိုးပြီး*ဥဿုံ၊ ဘေးမျိုးလုံမှ၊ သုံးပုံပိဋကတ်၊ ဝါဏီမြတ်ဟု၊ သူရဿတီ၊ နတ်ဒေဝီလည်း၊ ယှဉ်မှီနိစ္စ၊ မပြတ်မ၍့၊ ငါ့နှလုံးတိုက်၊ ရွှေကြာသိုက်နှိုက်၊ ပျော်ပိုက်စေပြီး၊ ဂိုဏ်ကြီးအရိယာ၊ ဂုဏ်ကိုးဖြာနှင့်၊ သင်္ဃာ ပရမတ်၊ ရှစ်ပါးနတ်ကား၊ လောကဓာတ် ဒိသာ၊ ရှစ်မျက်နှာက၊ စကြဝဠာတောင်ကြီး၊ ကာဆီးသော့ယောင်၊ တန်ခိုးရောင်ဖြင့်၊ ရန်မှောင် မမှောင့်၊ တည်နေစောင့်၍့၊ ချမ်းသောင့် ချမ်းသာ၊ အကြင်ငါလျှင်၊ လင်္ကာ ဤကျမ်း၊ နည်းစုံပြွမ်းကို၊ ဘေး*ဘျမ်းမငွေ့၊ ပြီးကုံ*လွေ့အောင်၊ ချက်စေ့စုံစီ၊ လောကီ လောကုတ်၊ မယုတ်စေရ၊ ရာဇဓမ္မ၊ သုတပညာ၊ ပွားရာပွားကြောင်း၊ ပေါင်း၍့သဂြင်္ုီဟ်၊ ပဟိုရ်စည်ကြီး၊ ဆော်ရိုက်တီးသည်။ ။ ခြီးလော့ ချက်မှန် ကျယ်ကျဉ်းတည်း။

(ဤသို့ အသတ်မပါသော အက္ခရာဖြင့် ချီခြင်းသည် 'ပေါက်ပြချီ'။ ရ-လုံးချ ဟူသမျှကိုလည်း 'ခိုင်ညွတ်ခက်ဖြာချနည်း'ဟု မှတ်ကြလေ။)
(ဂ ဤလက္ခဏာကား ပေါရာဏစကား။ † + ဤလက္ခဏာ ၂-မျိုးတွင် လက္ခဏာတူ ပြရာ၌ ခွဲထားသည်။ သမ္ဗန်-၏့၊ ကြိယာ-၏၊ ခွဲထားကိုလည်း သိပါလေ၊ အမှတ် မပြပြီ။)

(၂) မဟာဝိနယ၊ ပိဋကနှင့်၊ ဓမ္မနှစ်ဖြာ၊ ဘိဓမ္မာသုတ်၊ ခွဲးဝေထုတ်သား၊ ဒုက်-တိတ်-ပဉ္စက်၊ ကိုးချက် ရှစ်သောင်း၊ အပေါင်း လေးထောင်၊ ကုန်အောင် ကြီးငယ်၊ ကျမ်း ပင်လယ်မှ၊ ကြိတ်နယ် နှောက်မွှေ၊ ဘော်ထုတ် ဘွေ၍့၊ ဆောင်ထွေစုစု၊ ဝတ္ထု ရာဇဝင်၊ မဟာဝင်က၊ ပုံပြင် နည်းနာ၊ သဒ္ဒါ ပရမတ်၊ ပညတ် ဝေါဟာရ၊ ပေါရာဏနှင့်၊ လောကဓမ္မ၊ ရာဇတန္တီ၊ ထုံးမှီ စံကျ၊ နည်းစုံပြလျက်၊ သုတများရာ၊ ဤလင်္ကာကား၊ ပညာဉာဏ်ပွား၊ အကြောင်းအားဖြင့်၊ ကျီးသွားရှာထ၊ ကာကဒန္တာ၊ ပရိက္ခာသို့၊ ပမာတူ*နိုး၊ အကျိုးမယှဉ်၊ ပယောဇဉ်ကင်း၊ မဟုတ်လျှင်းတည့်၊ အဖျင်းသွပ်ပေါ့၊ တကျိပ်သော့လူ၊ ထန်းစေ့ဟူ၍့၊ မှတ်ယူမရ၊ ဒသ တာလိမာ၊ ဆိုစပါသို့၊ ဆိုရာ မဘွယ်၊ ဓိပ္ပာယ် မထွက်၊ အနက်*မဲ့လျှင်း၊ သမ္ဗန်ကင်းသည့်၊ ချွတ်ယွင်း*ကျီးကျူး၊ အရူးစကား၊ မဟုတ်ငြားတည့်၊ ပတ္တမြား ထိပ်ညှောက်၊ နဂါးမောက်ဖြင့်၊ အိုပျောက်နိုင်စွာ၊ မသေရာဟု၊ နည်းနာပြသင်၊ ပြောပါကျင်လည်း၊ တောဆင်အဝေး၊ ခမည်းပေးသို့၊ အရေးမရ၊ မဟုတ်စွတည့်၊ ထိုမှ တထွေ၊ မရေမရာ၊ စဉ်လာ မပြု၊ မာတုဝိဝါဟ၊ လောကသမ္မုတိ၊ ထုံးမယှိဘဲ၊ အမိထိမ်းမြား၊ ဆိုစကားသို့၊ လူများ*အစုတ်၊ မသမုတ်သည့်၊ မဟုတ်ဥပဒေ၊ မဟူချေတည့်၊ ရေမူဧငြား၊ မီးကားပူတောင်း၊ ဆိုတုံရှောင်းသို့၊ အကြောင်းပေ့ါဘိ၊ ထူမရှိဘဲ၊ ဆိုမိဆိုရာ၊ မဆိုစွာတည့်၊ ငါးဖြာစင်စစ်၊ ကျမ်းအပြစ်နှင့်၊ မရစ်မဆိုင်း၊ နည်းမှန်လှိုင်းသည်။။ ဘတ်တိုင်သိလိမ့် လက်စဉ်းတည်း။

(၃) မဟာဝိဇယ၊ အတုလလျှင်၊ ဆုငှ သာသနာ၊ နောင်ဘို့တာဟု၊ ခါခါ ဘန်ခေါက်၊ ပြန်ပြန်ရောက်၍့၊ ထို့လောက်*ခိုင်ကျည်၊ တည်စိမ့်ရည်တိုင်း၊ ကြည်သရာယောင်၊ တေဇာပြောင်လျက်၊ ဘုန်းရောင်နေလျှံ၊ ကျောက်မျက်ပျံနှင့်၊ ဆင်ပျံနတ်စက်၊ သိကြားဆက်၍့၊ လ္နက် ရိန္ဒမာ၊ စကြာနတ်သိုင်း၊ အာဏာခိုင်းသား၊ တလိုင်းရာဇာ၊ မြန်မာ နေနတ်၊ မျိုးမန္ဓာတ်တို့၊ ပြာသာဒ်နန်းမြင့်၊ စံတင့် သရေ၊ မင်းပွဲ ချွေလျက်၊ ရွှေမြ သထုံ၊ သုဝဏ်ဘုံနှင့်၊ စက်စုံ*ဖြိုးသစ်၊ သရေခေတ်မှ၊ ညာမြစ် ဝဲးယာ၊ ဆန်ခဲ့လာ၍့၊ ရတနာပုံ၊ နေရုံဓိပတိ၊ မန်းဂိရိနှိုက်၊ အာဒိကမ္မိက်၊ ဗျာဒိတ်သိုက်ရ၊ နန်းတည်စသား၊ ပဉ္စမ သင်္ဂါယနာတင်၊ ဘုရင် မင်းဖျား၊ မင်းတရား၏့၊ ထင်ရှားစဉ့်ခါ၊ ဤ လင်္ကာကို၊ ဦးစွာ ပထမ၊ ရေးစီ စလည်း၊ စာချ စာပို့၊ ကိစ္စတို့ဖြင့်၊ ဆုံးသို့ မရောက်၊ ထို့နောက် တဘော်၊ သားတော် နေမြစ်၊ ခုနစ်နှစ်လုံး၊ ဘုန်းသစ် ထိန်ညီး၊ ထွန်းခဲ့ပြီးမှ၊ ကျွန်းကြီး ဘိလပ်၊ နန်းရပ် ဗိမာန်၊ လန်ဒန် သိင်္ဂိ၊ စိုးစံ မှီသည်၊ ဧကရီမြတ်၊ မိဘုန်းနတ်လျှင်၊ မြန်ရဌ် ဇေယျုံ၊ မန်းရွှေဘုံကို၊ စိုးခြုံပိုင်းခြား၊ ဆဲ့ငါးနှစ်မျှ၊ ထိုကာလလည်း၊ ဗုဒ္ဓကိစ္စ၊ ဓမ္မဒေသနာ၊ အားကြီးစွာကြောင့်၊ နေဝါ တိမ်အုပ်၊ မပေါ်ငုပ်သို့၊ မြုပ်၍့ နေပြီး၊ ပျောက်လုနီးလျက်၊ ဘုန်းမီးနေ-လ၊ တိုက်လုံးပသား၊ သတ္တမဘုရား၊ သားတော် ဘုန်းထက်၊ ရုံးစိန်စက်နှင့်၊ ဧဒွတ်ဘုရင်၊ *စောနတ်သျှင်လျှင်၊ ဥကင် ဘွင့်မြောက်၊ သုံးနှစ်လောက်မှ၊ အောက်မေ့ပြန်မိ၊ သတိရရ၊ နတ်ဆော်မ,သို့၊ လက်စ မငုပ်၊ ကွယ် မမြုပ်ဘဲး၊ သိမ်းအုပ် ပြီးဆုံး၊ ကမ္ပတ်ဖုံးလျက်၊ နိဂုံးရောက်အောင်၊ ဘုန်းတော်ဆောင်၍့၊ စာစောင် ရွှေတုံး၊ တိုင်းလုံး ထိုက်လျော်၊ ထွန်းလင်းပေါ်သည်။။ ဘုန်းတော် နေနှင့် ပြိုင်လျဉ်းတည်း။

(၄) မဟာသုတ၊ တုမရသား၊ ကျမ်းလှရွှေစာ၊ ဤလင်္ကာနှိုက်၊ သေချာချက်မှန်၊ ခြောက်ပိုင်းကန်၏၊ *လက်မွန်အစ၊ လင်္ကာ့နိဒါန်း၊ ပြညွှန်းသရုပ်၊ အကျဉ်းချုပ်နှင့်၊ ပစ္စုပ္ပန်ဝတ္ထု၊ မှတ်ပြု ခေါ်ထွေ၊ သန္တိကေမည်မှန်း၊ ဇာတ်နိဒါန်းဟု၊ အခဏ်းပထမ၊ ဦးစွာပြလျက်၊ ဒုတီယမှာ၊ မဟာသမ္မတ၊ မင်းက စဉ်လတ်၊ မျိုးနေနတ်တို့၊ သိဒ္ဓတ်ဘုန်းခေါင်၊ လောင်းတော်အောင်လျှင်၊ ပြည်ထောင်တိုင်းပြု၊ စတုဝီသ၊ မင်းထိုမျှနှင့်၊ ရာဇရာဇာ၊ မဟာနွယ်စင်၊ တန်းဆာဆင်သား၊ ရာဇဝင်ခဏ်း၊ တတန်း နောက်သော်၊ လောင်းတော် မဃ၊ မင်းဒေဝလျှင်၊ ဌာန အောင်ချာ၊ မိထိလာသို့၊ *ဗိုလ်ပါ လုံးရင်း၊ များသင်းပင်းနှင့်၊ မကြွင်းစုံညီ၊ ကြွချီခြိမ့်မွှန်း၊ မြို့ပြောင်းခဏ်းက၊ ထီးနန်းအသစ်၊ စနစ်တောင်တာ၊ ယူဇနာ ပုံချ၊ မြို့ပြ ကျုံးမြောင်း၊ အပေါင်းစုံစွာ၊ အင်္ဂါမချို့၊ တောင့်နှယ်မို့အောင်၊ နန်းမြို့ တည်ခဏ်း၊ ရေသွန်းအစဉ်၊ သဖန်းပျဉ်ထက်၊ ဘွဲ့ယှဉ်စံကာ၊ မင်းတန်ထွာဖြင့်၊ မုဒ္ဓါဘိသေက၊ ရာဇ*မော်ကွန်း၊ ဗြဟ္မာ သွန်းသား၊ ကျွန်းလုံးကျော်ထိတ်၊ အောင်နိမိတ်နှင့်၊ ဘိသိက်တော်ခဏ်း။ နန်းသိမ်းခဏ်းပါ၊ ထူးဆန်း ကြီးကျယ်၊ တင့်တယ် ထိန်ဝင်း၊ မင်းခမ်းကျင်းလျက်၊ ရှစ်စင်း*ပစ္စူ၊ ဘွင့်လှစ်ထူ၍့၊ နတ်တူအသွင်၊ တုမမြင်အောင်၊ ရွှေပလ္လင်ပျံ၊ ခြင်္သေ့ခံထက်၊ ထွက်စံတုံရှောင်း၊ ခြိမ့်ခြိမ့်ညောင်းတိ၊ ထီးဆောင်းမင်္ဂလာ၊ မဟာဥကင်တော်ဘွင့်၊ တခဏ်းဆင့်ပြီး၊ မင်းကျင့်ဓမ္မ၊ ပိုင်းခြားပြသား၊ ရာဇစရိယ၊ ခဏ်းလှတဖြာ၊ တေဇာရှိန်ပြိုး၊ ဘိသိက်ကျိုးဖြင့်၊ တန်းခိုး တုန်ချဲ့၊ ဘုန်းတော်ဘွဲ့ဟု၊ တု*မဲ့ အံ့ဘွယ်၊ တခဏ်းခြယ်မှ၊ ခဏ်းငယ် နဝ၊ ကိုးချက်ပြသား၊ လောကဟိတ၊ စရိယဟု၊ ပထမခဏ်းကြီး၊ တကန့်သီး၍့၊ *ဝှဲခြီးသံလှိုင်း၊ *လက်မွန်ပိုင်းသည်။။ ထုပ်သိုင်းရွှေနွယ် ရွှေကြိုးတည်း။

(၅) ထို့နောက်၄င်း၊ *စောလောင်းရာဇာ၊ ကြီးပညာနှင့်၊ မဟာမဃ၊ ဒေဝ ဘုန်းရှိ၊ သန္ဓေ သိဖြင့်၊ ဇာတိပညာဉ်၊ မြဲယှဉ်စောင်းလျက်၊ ဥက္ခောင့်းထက်နှိုက်၊ တခက် ဆံပင်၊ ဖြူသည် မြင်က၊ မြင်လျှင်မြင်ခြင်း၊ ထင်အချင်းဟု၊ ကြံရင်း*အဲခိုး၊ ဉာဏ်ဆော်နှိုး၍့၊ မိုဃ်းကြိုးပမာ၊ မိန့်တော်မှာသည်၊ ရာဇာမန္တန၊ ခဏ်းလှ တသွယ်၊ နာသာဘွယ်တည်း၊ နောက်ဝယ် တဖြာ၊ ဆတ္တာသမား၊ ထိုယောက်ျားက၊ လျှောက်ကြားထင်စွာ၊ ကပ္ပကာရောစန၊ ဟူထတခဏ်း၊ မြပန်းကေသာ၊ *သျှောင်စူဠာတွင်၊ ရောင်ဝါ ဘောက်ပြား၊ ဆံတော်ကြားနှိုက်၊ ကြောင်ကျားမတူ၊ တချောင်း ဖြူဟု၊ ဆယ်ဆူ လက်မြှောက်၊ တင်လျှောက် ချဉ်းကပ်၊ ရွှေမွေးညှပ်ဖြင့်၊ နုတ်အပ် ယူပြီး၊ မင်းကြီး ရွှေလက်၊ တင်ဆက် ပြဟန်၊ တခဏ်းပြန်၍့၊ ဘုန်းသန်မင်းကျော်၊ ထိုဆံတော်ကို၊ ရှုမျှော်တုံလစ်၊ ကိုယ့်အဖြစ်နှိုက်၊ အပြစ် မြင်မြင်၊ ဉာဏ်တော် ထင်တိုင်း၊ ဆင်ခြင် ကြံထ၊ ခြင်းရာပြသား၊ အတ္တစိန္တာ၊ တခဏ်းဖြာမှ၊ များစွာ သက်ကြွင်း၊ ရှိတုံလျှင်းလျှင်၊ သေမင်းယူမည့်၊ *တိုးတည်ထံနီး၊ ရောက်လာပြီးသို့၊ နန်းထီး စည်းစိမ်၊ မင်းရိပ်ငြိမ်ကို၊ နှောင်အိမ် လောင်တိုက်၊ မှတ်ပိုက် ဘန်ဘန်၊ သံဝေဉာဏ်ဖြင့်၊ ထင်ဟန် ခြင်းရာ၊ သံဝေဂါကာရ၊ ပြခဲ့ ခဏ်းသီး၊ ကန့်ပြီး တဖြာ၊ ဥဒါန်း သာ၍့၊ လွန်စွာဝမ်းနူး၊ မြွက်ဆိုကျူးသား၊ ရွှင်မြူးကြည်လှ၊ ဥဒါနဝစန၊ ခဏ်းထူးပြလျက်၊ ဤမျှခဏ်းငယ်၊ ခြောက်ခဏ်း ခြယ်၍့၊ နာဘွယ် ပိုင်းသန်း၊ သံဝေခဏ်းဟု၊ မည်မှန်း နာမ၊ ဒုတီယဖြင့်၊ ကျမ်းလှ တအုပ်၊ ခဏ်းကြီးချုပ်သည်။။ ပိုက်ထုပ်မှတ်လေ ရွှေအိုးတည်း။

(၆) သံဝေဂကြီး၊ ကမ္ဘာမီးသို့၊ *စောမီးမင်းမြတ်၊ အမြဲမှတ်၍့၊ ထိုဆတ္တာသည်၊ မိန့်တိုင်းတည်အား၊ လွန်ကြည်မြတ်လေး၊ ရွာဆုပေးသား၊ မထွေး ကွက်ကန့်၊ သန့်ခဲ့ ပိုင်းသန်း၊ ဆုတော်ခဏ်းတည့်၊ *ကြငှန်း ထွတ်ချာ၊ လောင်းရာဇာလျှင်၊ နန်းမှာ မင်းလေ့၊ မပျော်မွေ့၍့၊ ငြီးငွေ့*ဦးလေး၊ တောထွက်ရေးဖြင့်၊ မနှေးအလို၊ သားဘုန်းပျိုအား၊ မိန့်ဆိုထင်ရှား၊ အကျယ်ကြားသား၊ ကြောင်းလျားခြင်းရာ၊ ပုတ္တာရောစန၊ ကဏ္ဍပိုင်းဘွဲ့၊ ခဏ်းသီးချဲ့မှ၊ မငဲ့မင်းဖြစ်၊ သားချစ်သက်နှံ၊ အိမ်ရှေ့စံအား၊ နိုင်ငံတိုင်းလုံး၊ ကျုံး၍့မကြွင်း၊ ထီးနန်း နှင်းလျက်၊ မင်းတို့ကျင့်ရာ၊ အဖြာဖြာတိ၊ များစွာ ဆန်းကြယ်၊ အသွယ်သွယ်ကို၊ ကျဉ်းကျယ်နယ၊ မြွက်ဘော်ပြ၍့၊ ဆုံးမ မိန့်ဟော၊ သွန်သင် ပြောသား၊ ပုတ္တောဝါဒ၊ နာမမှတ်တည်၊ နောက်ခဏ်းမည်ဖြင့်၊ ထူးလည်နယန်း၊ ခေါ်ပြဋ္ဌာန်းလျက်၊ သုံးခဏ်း တဆိုင်း၊ ခဏ်းကြီးပိုင်းသား၊ နာတိုင်း သာစွ၊ တတီယတည့်၊ သုတဗုဒ္ဓိ၊ ကဝိပုဂ္ဂိုလ်၊ ဝိဇ္ဇာဓိုရ်ဟု၊ ဖြစ်လိုသသူ၊ များရှင်လူနှင့်၊ ရာဇူသဘ၊ နရမှန်ကင်း၊ ပြည့်ရှင်မင်းတို့၊ မကြွင်းမှတ်ရာ၊ နားတန်းဆာတိ၊ သာယာနာဘွယ်၊ မကျယ်မဝန်း၊ ဓိပ္ပာယ်ညွှန်းလျက်၊ မိုက်စွန်း ခြောက်တောင်၊ ပေါက်*ပြောင်ဇာနည်၊ မုန်ရည် အာသောက်၊ စွယ်ရောက် စုံလင်၊ မင်းစီးဆင်သို့၊ မြန့်ခွင်ကြော်ငြာ၊ ရှေးဆရာတို့၊ နည်းနာရွှေဉာဏ်၊ *တမျဉ်းမှန်တိုင်း၊ ကျမ်းဂန် နိပါတ်၊ ဇာတ် ရာဇဝင်၊ မဟာဝင်က၊ *ပုံ*ပြင် ဝတ္ထု၊ စုစု လုံးစုံ၊ နည်း*ကုံလုံသား၊ ရေးပုံ တဆူ၊ ကျမ်း တမူဖြင့်၊ လွယ်ကူခဏ၊ လိုတိုင်းရအောင်၊ ကပ္ပရုက္ခာ၊ ပဒေသာကြီး၊ အစုံသီးသည်။ ။ ညီး၏ရွှေပင် ရွှေရိုးတည်း။

(၇) အလောင်းမင်းကျော်၊ မြတ် သားတော်အား၊ ထုတ်ဘော် ကုန်စင်၊ သွန်သင် ဆုံးမ၊ ပြည်ပ, ပြည်တွင်း၊ ကျန် မကြွင်းအောင်၊ မင်း၏့အဖြစ်၊ စင်စစ် မှန်စွာ၊ အပ်သော့ခါလျှင်၊ ရံကာဝန်းလျား၊ မှူးမတ်များတို့၊ လျှောက်ထား ကြောင်းစ၊ တင်ကြ ခြင်းရာ၊ အမစ္စာပုစ္ဆန၊ ခဏ်းလှ တပါး၊ ပိုင်းခဲ့ခြားမှ၊ ကြောင်းလျား ပြန်မြွက်၊ ဆံတခက်ဖြင့်၊ ဖြူချက် ခေါင်းမှာ၊ သေမင်းလာ၍့၊ မကြာယူမည့်၊ စေသည့်အခြင်း၊ ယမမင်း၏၊ *ချင်းတမန်၊ အမှန် ခုဆိုက်၊ အလံစိုက်ဟု၊ ဆိုထိုက်သဘော၊ မိန့်ဟောသဘာဝ၊ ထင်စွာပြသား၊ ဓမ္မဒေသနာ၊ တခဏ်းဖြာပြီး၊ ပြည်ရွာ စောင့်ရှောက်၊ မှူးလျောက်မတ်လိုက်၊ ကျင့်ထိုက်သမျှ၊ ကြောင်းချင်းတကို၊ ဆုံးမ မိန့်ပြော၊ မှာခဲ့ ဟောသား၊ အမစ္စောဝါဒ၊ ထိုမှ တဘော်၊ ညာနန်းပျော်နှင့်၊ နတ်*လျော်တူညီ၊ ဒေဝီတို့အား၊ ဆုံးမကြားသား၊ တရားနှစ်ဆီ၊ နက်လေးအီသည့်၊ ဒေဝီယောဝါဒ၊ လေးကဏ္ဍဖြင့်၊ နာမ သာမော၊ နည်းစုံနှောသား၊ အမစ္စောဝါဒ၊ စတုတ္ထဟူ၊ ခဏ်းကြီးမူလည်း၊ ရှင်လူ*ခပင်း၊ *အချင်းမှူးမတ်၊ သူမြတ်ဟူကြ၊ မင်းမိန်းမတို့၊ နားဝနာတင့်၊ နာသင့်နာဘွယ်၊ ဆင်ကြောင်းခြယ်သား၊ ရွှေနားသွယ်ပန်း၊ ခိုင်ဝေလန်းတည့်၊ တင့်ဆန်း ထိန်ညီး၊ မီ့းထက်မီးသို့၊ ဆီးဖြူ သျှစ်သျှား၊ ဖန်ခါး သရက်၊ စဉ်လျက်မယွင်း၊ အင်ကြင်း ထန်းတော၊ သူယောင်တောနှင့်၊ ငှက်ပျော တရပ်၊ သီးတော စပ်လျက်၊ ရှစ်ထပ် ယူဇနာ၊ တောကြီးကာ၍့၊ မဟာတရု၊ ဇမ္ဗူ့သရေ၊ ကျွန်းထိပ်ဗွေက၊ သပြေရိပ်ထီး၊ ရွှေပင်ကြီး၏့၊ ပင်သီး ရွှေတော်၊ တုမမြော်သည်။။ ဇမ္ဗော်နဒ ရွှေမျိုးတည်း။

(၈) မှူးမတ်လုံးစုံ၊ များ *ဗိုလ်ပုံအား၊ ရွှေဘုံ စိုးရ၊ လောင်းမဃလျှင်၊ ဆုံးမခဲ့ပြီး၊ နန်းထီး တိုင်းပြည်၊ အတည်တည်ကို၊ ဆီးရည် နှင်းစက်၊ ခန့်မတွက်ဘဲ၊ တောထွက် စွန့်ပစ်၊ မင်းဖြစ် ပယ်ထ၊ နိက္ခမခဏ်း၊ ရဟန်း ရသေ့၊ ပြု၍့ မြို့ထဲ၊ မဝင်ဘဲးလျှင်၊ ရှောင်လွဲးစိတ်ချ၊ မဃဒေဝ၊ ဥယျာဉ်မနှိုက်၊ နိစ္စ မြဲးသို၊ ဗြဟ္မစိုရ်လေးပါး၊ မြတ်တရားကို၊ ပွားများ *ခြိုးခြံ၊ ကြိုး*အားသံသည်၊ ဗြဟ္မံဝိဟာရ၊ တခဏ်းပြလျက်၊ ကမ္မဘူမိ၊ ကျမ်းလာရှိတိုင်း၊ နှိုင်းညှိ ဂန္ထန်၊ တိရစ္ဆာန် ပြိတ္တာ၊ မဟာခုဒ္ဒက၊ ဥဿဒနှင့်၊ ယမလောကီ၊ ထိုဤ *ပြောကျယ်၊ ကြီးငယ် ငရဲး၊ ဝေခွဲး ဘော်ပြ၊ အပါယခဏ်း၊ နတ်ဘုံခဏ်းက၊ ထက်နန်း ဗြဟ္မာ၊ ရူပါရူပ၊ သံသန္ဒတည့်၊ သတ္တခဏ်းငယ်၊ ပေါင်းခြယ်တုံထ၊ ဗြဟ္မစရိယ၊ ပဉ္စမဟု၊ မည်ရခဏ်းကြီး၊ ကန့်ဆီး တတန်၊ အပိုင်းကန်၏၊ ကျမ်းဂန် မညှိ၊ တတ်သိ ယောင်မူ၊ ချို့ရှင်လူတို့၊ အယူမကျ၊ လင်္ကာမျှဟု၊ ဒေါသယှိဟန်၊ နှုတ်ရိုင်းသန်၏၊ ဉာဏ် မနပ်နူး၊ စုန်း မကြူးနှင့်၊ နှုတ်ကျူး နှုတ်လွန်၊ ဆိုသူ့ဝန်တည့်၊ ပြစ်ဒဏ် ငါတို့၊ ဘယ်ရှိမြို့အံ့၊ မြင့်မိုရ့်သဏ္ဌာန်၊ ဆီးစေ့မှန်သို့၊ မပြန်မလှန်၊ သဘော*မွန်ရှင့်၊ ဘဝန္တဂူ့၊ သုံးလူ့ထွတ်ချာ၊ *စောမြတ်စွာလည်း၊ သုဘာသိတ၊ ဓမ္မံစသား၊ ပိယသစ္စာ၊ ကျိုးနပ် ရာဟု၊ အင်္ဂါလေးတန်၊ ဟောမိန့်ညွှန်၏၊ ထိုက်တန် သူ့နား၊ ကြား၍့ မငြီး၊ ရှုမငြီးအောင်၊ ပင်သီး ရွှေ့ထက်၊ မြေက ထွက်သား၊ စက်စက်ရောင်ပြို့၊ လောင်အံ့ သို့တည့်၊ နွားချို့သဏ္ဌာန်၊ ရွှေသုဝဏ်နှင့်၊ နှိုင်းတန်*တမျှ၊ ကျေးဇူးလှလိမ့်၊ ထိုမှ တမျိုး၊ ကပ်ပြုပျိုးသား၊ မိုး၏့ပမာ၊ မျိုးလေးဖြာတို့၊ ဘတ်နာသမျှ၊ ပွားသုတဖြင့်၊ ကမ္မသကာ၊ ဉာဏ်မဟာနှင့်၊ သဒ္ဓါ သောမန၊ ပုညစေ့ပျိုး၊ ကုသိုလ်မျိုးကို၊ ဖွံ့*ဖြိုး စည်ပင်၊ လန်းလန်း ရွှင်အောင်၊ မြန့်ခွင် မဆံ့၊ အနှံ့ ထက်ဝန်း၊ ကြူးဆော်ညွှန်းသည်။။ သွန်း၏့ ရွှေရည် ရွှေမိုးတည်း။

(၉) မဟာသတ္တော်၊ လောင်းမင်းကျော်လျှင်၊ မိုးပေါ်ရပ်သာ၊ ဗြဟ္မာ့ရွာက၊ ဝေးကွာ အောက်-ထပ်၊ လူ့ပြည်ရပ်သို့၊ တပ်အပ် မျှော်ကာ၊ ကြည့် ခြင်းရာဖြင့်၊ မနုဿာလောကန၊ နာမ တခဏ်း၊ တန်းခဲ့ နောက်မူ၊ ဆံဖြူတခက်၊ မြင်သည် ရက်နှိုက်၊ တောထွက် မင်းကောင်း၊ လေးထောင်ပေါင်းနှင့်၊ ရှစ်သောင်းမပြည့်၊ ယုတ်လှည့် နောက်ဆက်၊ တယောက်တွက်ကြောင့်၊ မပျက်စိမ့်ငှါ၊ ဆက်လိုစွာ၍့၊ ဗြဟ္မာက ရွေ့၊ စုတေ့ခဲ့တုံ၊ လူ့ဘုံ ဇာတိ၊ ကျင့်လာဘိသား၊ နိမိရာဇ၊ စရိယခဏ်း၊ ပိုင်းသန်း ထိုပြီ့း၊ နေမိရာဇာ၊ ဝတိံသာက၊ ပြန်လာ ဇာတ်သိမ်း၊ မှတ်ထိမ်းဓမ္မတာ၊ သစ္စာ ပြခဏ်း၊ ဇာတ်ပေါင်းခဏ်းနှင့်၊ နိဒါန်း သိမ်းရုံး၊ နိဂုံး ထိုမျှ၊ ငါးခဏ်း ပြ၍့၊ နိဂမပိုင်း၊ ရွှေကြိုး သိုင်းသား၊ ရှုတိုင်း သာယာ၊ ဤလင်္ကာကား၊ လူ့ရွာ နောက်နောင်၊ အကျိုးဆောင်လိမ့်၊ *ယခေါင် *နိဿရည်း၊ ထိုထိုနည်းနှင့်၊ တောဒည်းအလင်္ကာ၊ ညီညွတ်စွာသော်၊ ကဗျာကပ္ပ၊ ထိုဗန္ဓနှိုက်၊ မုချထင်စွာ၊ ထိုဆရာ၏့၊ မဟာကဝိန်၊ သုခမိန်သနစ်၊ ပဏ္ဍိတ်ဖြစ်ကို၊ စင်စစ် မှန်လှ၊ လင်္ကာပြ၏၊ ဗန္ဓလက္ခဏာ၊ မညီပါမူ၊ ထိုကဗျာပင်၊ ကဗျာ့ရှင်ကို၊ နွားသွင်မုချ၊ ထင်စွာပြ၏၊ သုတကရိုဏ်း စည်ပြန့်လှိုင်းသား၊ မြန့်တိုင်း ကြော်ငြာ၊ ဤကျမ်းစာကား၊ နာသာတုံလျက်၊ အနက်မ*ချေ၊ ကိလေသုပ္ပတ်၊ ဟီနတ်သဘော၊ များစွာနှော၍့၊ *မောင်တော *မယ်တော၊ တောင်-တော ရေပြင်၊ ကောင်းကင် တာရာ၊ ဝဏ္ဏနာဖြင့်၊ ဆဲးစာ ရဲးစာ၊ စောင်းချိပ်စာက၊ ဒန္ဒာရီထုတ်၊ မဟုတ်မဟတ်၊ ပြဇာတ် ရှုဇာတ်၊ မမှတ်စအပ်၊ သမ္ဖပ္ပလာ၊ ထိုထိုစာသို့၊ နည်းနာ မရ၊ မကျ အရိုး၊ ဉာဏ်မတိုးဘဲး၊ ကောင်းကျိုး *မဲ့မဲ့၊ အပြစ် *ပြဲ့သား၊ ငရဲ့းစီးပွား၊ မဟုတ်ငြားတည့်၊ နာကြားသမှု၊ ဘတ်ရှုတိုင်းသာ၊ အရာရာနှိုက်၊ ပညာ သုတ၊ ကောင်းကျိုး ရလိမ့်၊ ဗာလ ရေးစီ၊ စာ့ဗာဟီမူ၊ လောကီ လောကုတ်၊ ကောင်းကျိုး ယုတ်လျက်၊ ဆီသုတ် သနထော်၊ ဝါယော် ရောင်နု၊ ရွှေ့နှယ် တုလည်း၊ ရွှေစု မသွင်း၊ မှတ် မဝင်းသည်။။ ရွှေဖျင်းရွှေယောင် ရွှေယိုးတည်း။

(၁၀) နှစ်ထောင့်လေးရာ၊ သာသနာလျှင်၊ ကျော်ကာ လွန်ပြီး၊ တဝက်နီးနှိုက်၊ ညီးညီးထွန်းထိန်၊ နေမွန်းချိန်သို့၊ ရောင်ရှိန် လင်းဝါ၊ ဖြာ့ထက်ဖြာ၍့၊ ကောဇာလည်း ရင့်၊ ထောင်နှင့် ရာ-ဆယ်၊ ခုကယ် စွန်းထ၊ စိတ္တရူပါ၊ သင်္ချာ သွယ်ညွန့်၊ *ဖြိုးကြွယ် *ကွန့်သား၊ *စောရဟန့် ဖြိုရင်း၊ ပုဂံ ကြွင်းနှင့်၊ မိုးညှင်း သက္ကရာဇ်၊ အင်းဝ ဖြစ်တိ၊ ပွားသစ် ရှည်-တို၊ ခေါ်ဆို နာမ၊ ဒီဃ ရဿော၊ နှစ်သဘောလည်း၊ အန္တော ပညတ်၊ သူရဇ်ဓာတ်သို့၊ နီးလတ် တုံမြောက်၊ မီးတောက် နှစ်ဆန်း၊ ဓာတ်သိုက်ပန်းနှင့်၊ ကိန်းခန်းပေါ်လု၊ များ*ထု လူ*ဗိုလ်၊ ပွားကုသိုလ်ဖြင့်၊ အလိုသမ္မာ၊ ပြည်ရွာ တိုင်းကား၊ မ*ချောက်ချားဘဲး၊ တရား ဆောက်တည်၊ ပညာစည်၍့၊ *ခိုင်ကျည် မယွင်း၊ မင်းနှင့် ပြည်သူ၊ ရှင်-လူ*တကာ၊ ပွင့်လင်းသာလျက်၊ မေတ္တာမပျက်၊ စောင့်ရှောက် ဘက်ပြီး၊ အောက်ထက် ညာ-ကြေ၊ ကမ္ဘာမြေထက်၊ ကြည်း-ရေခရီး၊ ပိတ်မဆီးဘဲး၊ စက်မီး ဓာတ်မီး၊ တညီးညီးတိ၊ လူစီးရထား၊ သင်္ဘောအားဖြင့်၊ နေ့သွား ညသွား၊ မခြား *ထူပြော၊ စိတ် မနောတိုင်း၊ ရေကြော မြေကြော၊ တောင်-တော ဖြတ်နှင်၊ လေးကျွန်းရှင်တို့၊ လေးခွင် ဒီပါ၊ လှည့်သောခါသို့၊ စကြာ ပေါ်ဆိုက်၊ ခါတော်ခိုက်ဝယ်၊ ဘိုးထိုက် ဤကျမ်း၊ နည်းစုံ ပြွမ်းလည်း၊ မင်းခမ်း စိုးစု၊ ပညာမှုနှင့်၊ လူမှု ရှင်မှု၊ *ရောရု စပ်ကာ၊ ပေါ်ထွန်းလာ၏၊ သာသနာရှိန်၊ ထိန်ထိန်ဝင်းလစ်၊ ဤခါခေတ်ကား၊ ယုဂ်သစ် တပါး၊ ဆန်းသော့လားဖြင့်၊ ခိုးသား သူပုန်၊ မမှုန် မဆန်၊ ပုန်မကန်တည့်၊ ဟေမန်ခါစက်၊ ဆောင်းလရက်နှိုက်၊ မည်းနက်ရောင်ကျော၊ ငှက်ဥဩတို့၊ သဘောမလွန်၊ မတွန် ဆိတ်ဆိတ်၊ အသံတိတ်သို့၊ အရိဌ်ဟူသည်၊ ဘေးမြူ ခပ်သိမ်း၊ ငြိမ်းကြီးငြိမ်းလျက်၊ *မုဒိန်းမထွက်၊ *ညဉ့်ငှက် မ*ဟုပ်၊ မရှုပ်ပြည်လှေး၊ ခိုးသေးမပေါ်၊ မမော်မကြွ၊ တိုက်လောကလုံး၊ ထိုမျှရန်သူ၊ ဦးမပြူသည်။။ ရာဇူမင်းတို့ တန်းခိုးတည်း။

(၁၁) ဗေဠုဝဟု၊ နာမယှဉ်မှီ၊ ခေါ်သညီနှင့်၊ သုံးလီ ဂါဝုတ်၊ မယုတ်လည်းကောင်း၊ ထိုနတ်စောင်း၏့၊ ရှည်လျောင်း စ-ဆုံး၊ စောင့် လက်ရုံးကို၊ သုံးပုံ ပုံလျက်၊ အထက်ဆဇ္ဇ၊ မဇ္ဈ အလယ်၊ အောက်ဝယ် ဘာဂ၊ ဂန္ဓာရဟု၊ မာဃဋီကာ၊ ကျမ်းလာအရ၊ သုံးဂါမတည့်၊ ဥသဘဓေဝတ၊ ဆဇ္ဇ-ဂန္ဓာ၊ မဇ္ဈိမာ ပဉ္စမ၊ နိသာဒဖြင့်၊ သတ္တဟူလျှင်း၊ နွားမင်း မြင်းမင်း၊ တွန်-ဟီခြင်းနှင့်၊ ဒေါင်းမင်း ကေကာ၊ ဆိတ်-ကြိုးကြာက၊ သာယာ ချိုမော၊ ဥဩ ဆင်မင်း၊ တွန်ခြင်း ဟီဟန်၊ အသံ ခုနစ်ပါး၊ မှတ်ပိုင်းခြားပြီး၊ နွားလား သုံးပေါက်၊ မြင်းသံ ခြောက်နှင့်၊ ထို့နောက် သံ*ညောင်း၊ ဥဒေါင်း ငါးဆစ်၊ ဂန္ဓာ နှစ်တိ၊ မဇ္ဈ ပုလဲ၊ ခေါ်မြဲ သဖြန်၊ အောက်ပြန် ပဉ္စမ၊ လေးပေါက်မျှလျက်၊ နိသာဒ ညှင်းလုံး၊ ပေါင်းရုံး ညိုးညံ၊ ခုနစ်သံတွင်၊ တသံ ခုနစ်မျိုး၊ လေးဆဲ့ကိုးနှိုက်၊ တီးရိုး မယွင်း၊ နောက် တစ်သွင်း၍့၊ တီးခြင်း ငါးဆယ်၊ နတ်ပြည်ဝယ်တည့်၊ တသွယ် မှတ်ရာ၊ နားမှာ ကြားသင့်၊ သံမြင့် သံသာ၊ နက်စွာ သိမ်မွေ့၊ ဟူ၍့ မည်ရှိ၊ လေးသုတိဖြင့်၊ သာတိ လွန်ခြင်း၊ ဥဒေါင်းမင်းနှင့်၊ မြင်းမင်း တွန်ဟီ၊ သံ နှစ်လီတွင်၊ လေးစီ အမျှ၊ အညီရလျက်၊ နောက်က တပါး၊ ချန် လွတ်ထား၍့၊ နွားလား ဆိတ်သံ၊ ဥဩသံနှိုက်၊ ကြားသံ သုတိ၊ သုံးစီ ယှိ၏၊ အာဒိ နှစ်ဖြာ၊ သုတိမှာကား၊ ကြိုးကြာသံဝယ်၊ အလယ် နှစ်ချင်း၊ ဆင်နှိုက်သွင်းလျက်၊ ကြားခြင်းဟူတိ၊ သုတိပေါင်းညီ၊ ဧကဝီတည့်၊ ကျူးချီးမငြီး၊ တကြိမ်တီးက၊ အံ့ခြီး လူ့ဘော်၊ လေးလကျော်မှ၊ နာပျော် မရဲး၊ အသံ *စဲးသား၊ နတ်ပွဲး လွန်စည်၊ နတ်ပြည် မိုးမြင့်၊ ဘုံခြောက်ဆင့်က၊ မာရ်မင့်း စောင်းရင်း၊ ဥသျှစ်ဆင်းကို၊ ဝင်းဝင်းပိုက်ကာ၊ ငြိမ့်ဧးစွာလျှင်၊ ဂါထာ ဆဲ့ငါး၊ မြတ်စွာ ကြားအောင်၊ ဘုရား လူ့ဘ၊ သမ္ဗုဒ္ဓ၏့၊ ဣန္ဒသာလာ၊ ဂုဟာ နီးကပ်၊ သာတင့်ရပ်က၊ ဂန္ဓဗ်*သနင်း၊ *သျှောင် ငါးကွင်းနှင့်၊ နတ်မင်းပဉ္စသီ၊ ဒေဝီ ရောင်ပ၊ သူရိယဝစ်၊ မ-မာန် ယစ်လျက်၊ လက်ရစ် သံစုံ၊ *ဥဿုံမချို့၊ ငွေ*ညှို့ ခုနစ်ချောင်း၊ သံမောင်း သံညင်း၊ မတင်း မလျော့၊ လက်ကုန်ဆော့၍့၊ ရှင်တော့် ထံမှောက်၊ ကျူးသီ လျှောက်သို့၊ နှိုင်းထောက်ပမာ၊ နည်းစုံစွာလျှင်၊ သာယာ လေးနက်၊ ဂုဏ်ဆယ်ချက်က၊ ဘာဝ ငါးမျိုး၊ ရသ ကိုးဖြင့်၊ ဉာဏ်နှိုးဆော်*ညောင်း၊ ကုံးစီပေါင်းသား၊ နတ်စောင်းလင်္ကာ၊ ဤကျမ်းစာသည်။။ ကြားနာမဝ၊ သုတ ပွားရန်၊ ဧကန် ဖြစ်စိမ့် အကျိုးတည်း။

(၁၅-လုံး 'မဏိဥပြည်းချနည်း')
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် လင်္ကာနိဒါန်း (၁)ပိုဒ် ပြီး၏၊။

မဟာသုတကာရီ မဃဒေဝလင်္ကာသစ်

နမော တဿ ဘဂဝတော အရဟတော သမ္မသမ္ဗုဒ္ဓဿ။
ပဌမပိုင်း- လောကဟိတစရိယခဏ်း ၂။ ပစ္စုပ္ပန်ဝတ္ထု သန္တိကေနိဒါန်း
ဥတ္တမင်္ဂရုဟာ မယှန္တိဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော မဟာဘိနိက္ခမနံ အာရဗ္ဘ ကထေသိ။

(၁၂) မဟာအတုလ၊ မကုဋဖြင့်၊ နာယကမြတ်၊ နာထနတ်ဟု၊ လောကဓာတ် သုံးဆိုင်၊ ထွတ်ဆုံးတိုင်၍့၊ *နှုန်းပြိုင်ဘက်ကွာ၊ ဖီလာ အောက်-ထက်၊ ဘဝဂ် ဘုံဖျား၊ ရွှေဘွားစက်ရိပ်၊ နင်းနှိပ် ထွန်းထိန်၊ ဘုန်းတော်ရှိန်နှင့်၊ စက္ကိန္ဒာဘိ၊ ရာဇာဓိတည့်၊ သဟဿိ သဟဿိ၊ ဆယ်ပြန်ချိသား၊ ဇာတိရာ*ရိုက်၊ တသောင်းတိုက်က၊ မကိုဋ်ရတနာ၊ နတ်ဗြဟ္မာတို့၊ ညီလာသဘင်၊ ထွက်ဝင် နေ့-ည၊ ရိုခ မပြတ်၊ သဟသ် တသီး၊ တည်ပြီးတုံလတ်၊ သဟသ် သဟသ်၊ တိသဟသ်တိ၊ သဟသ် သုံးခါ၊ မြှောက် သင်္ချာဖြင့်၊ မဟာသဟဿိ၊ သိန်းကောဋိလည်း၊ မိန့်ယှိ ထွေသံ၊ ဗျာတော်ခံ၍့၊ ထီးရံနန်းကာ၊ လိုတော်ပါသို့၊ အာဏာတော်စက်၊ ဦးထက် ကြည်ဖြူ၊ တင်ယူ လေးမြတ်၊ လောကဓာတ် ကျယ်ဝန်း၊ လေးကျွန်း တမြင့်မိုရ်၊ ထိုထို စကြဝဠာ၊ မဟာဝိသယ၊ အနန္တကား၊ ကျန်ရ *မဲ့ဘိ၊ ဆုံးမယှိအောင်၊ မြော်မိသရွေ့၊ ကျုံးချီပွေ့သို့၊ မရွှေ့ အာရုံ၊ *ချက်ကုံ မလွတ်၊ ယှိတိုင်း ညွတ်သည့်၊ စက္ကဝတ် ခေါင်ဖျား၊ တရားရာဇာ၊ မဟာဓမ္မရာဇ်၊ သုံးခေတ်လုံး နတ်၊ ထွတ်ဆုံးမြတ်ကား၊ သာဝတ်ပြည်ကြီး၊ ရွှေထီး ဥကင်၊ ရွှေပလ္လင်နှင့်၊ ရဇ္ဇင် စုံညီ၊ ဘုံဌာနီ၏့၊ ဒီသာ ဒက္ခိဏ၊ တကောသတွင်၊ ဇေတမြေခုံ၊ ကျောင်းရွှေဘုံနှိုက်၊ လေးစုံ ပထ၊ ယာပိုထ် မျှစဉ်၊ နိက္ခမမြတ်၊ အဋ္ဌုပ္ပတ်ကို၊ အမှတ်ထားတင်၊ အကြောင်းဆင်၍့၊ ဥတ္တမင်္ဂရုဟာ မယှံ၊ ခံသည် ပိုဒ်ဦး၊ ဆော်ရိုက်ကြူးလျက်၊ ကျေးဇူး *ဖြိုးနက်၊ မိုး*ရှိ တက်သား၊ တောထွက် ရှေးက၊ မဃဒေဝ၊ ဇာတကကို၊ လင်းပြ ထင်အောင်၊ ဟောမိန့်ဆောင်သည်။။ ရွှေဘောင်စကြာ တစ်စင်းတည်း။ ၁။

(လောကနှိုက် အစိုးရခြင်းထက်လွန်သော လောကာတိသယဝင်္ကဝုတ္တိအလင်္ကာ ရှိသောပိုဒ်တည်း)

(၁၃) ထိုသို့လျှင်တိ၊ အကြင် ခါရော်၊ တနေ့သော်နှိုက်၊ တဘော်များစွာ၊ မြတ်သင်္ဃာတို့၊ မဟာသာဝက၊ စသည် အကုန်၊ *ပတုန်ပလဲ့၊ ကြွင်း*မဲ့ ညီညာ၊ စည်းဝေးရာသား၊ မဟာဓမ္မ၊ သဘာယနှိုက်၊ တစ,က ဆက်၊ တစ ရှက်၍့၊ ဘုန်းထက် တုမယှိ၊ *စောမုနိ၏့၊ မဟာဘိနိက္ခမ၊ ကြောင်းချင်းတကို၊ ကြီးလှကြည်ညို၊ ခြီးကြဆို၏၊ ထိုထို ဧတဒဂ်၊ ဗျာရွှေမြွက်နှင့်၊ ယာဘက် ဝဲဘက်၊ ဝန်းယှက် ပတ်ခြံ၊ ထပ်ထပ် ရံလျက်၊ ဂုဏ်လျှံပပ၊ မယုတ်ကျသည့်၊ ထိုမျှဝန်းကျင်၊ အို ငါ့သျှင်တို့။။ သုံးခွင် ပရမေ၊ တို့စိန္တေကား၊ *တေပတာ၊ ရိုသေရာတည့်၊ ကြံငှာ စင်စစ်၊ ဖြစ်ခေါင့် ဖြစ်ခက်၊ အံ့ဘွယ် နက်ခဲ့၊ ဘုန်းစက် ကြီးစွာ၊ မဟာသမ္မတ၊ ကမ္ဘာစက၊ အာဒိစ္စဗန္ဓု၊ မနုနွယ်ပိုင်း၊ နေနတ်ဂိုဏ်းတို့၊ *သမိုင်းခန့်ကိန်း၊ သုံးသိန်းသုံးသောင့်း၊ လေးထောင့်ငါးရာ၊ ခြောက်ကျိပ်သာ၍့၊ သင်္ချာ တွက်ပြုန်း၊ ကိုးယောက်ကျုံးတွင်၊ ခေါင်ဆုံးမကိုဋ်၊ အထွတ်စိုက်သို့၊ သုံးတိုက်လုံး နတ်၊ တံဆိပ် ခတ်လျက်၊ မဟတ္တဟိတ်၊ သောင်းခွင်ထိတ်အောင်၊ အာဒိစ္စဝင်၊ ဥက္ကာဝင်တို့၊ မဟာဝင်ညွန့်၊ *ကွန့်ခဲ့ သမ္ဘိန်၊ မျိုး သာကိန်နှိုက်၊ ဘုန်းရှိန် နေ-လ၊ ရုံးထိန်ပ၍့၊ ဒေဝဒဟ၊ ကောလိယနှင့်၊ ကပိလမည်၊ ပြည် သုံးပြည်ကို၊ စက်ခြည်ရောင်မြိုက်၊ သိမ်းမြန်းပိုက်လျက်၊ လူနှိုက် မ*နှုန်း၊ ဘုန်းထက်ဘုန်းဖြင့်၊ ချိန်*ဆုံးခါသင့်၊ ပန်းနှယ်ပွင့်၍့၊ သခင့်သက်ဆစ်၊ ဆဲ့ခြောက်နှစ်က၊ မင်းဖြစ် နန်းရ၊ ရွယ်လှ နုဖြိုး၊ နှစ်ဆဲ့ကိုးတွင်၊ နတ်*နိုးယဉ်ပျောင်း၊ အသောင်း လေးလီ၊ သာကီမင်းသမီး၊ ငယ်-ကြီး ရံခ၊ ဘဒ္ဒကဉ္စနာ၊ ဗိမ္ဗာယသော်၊ အလှကျော်ပါ၊ သားတော် ရာဟု၊ ဆွေမျိုး စုပေါင်း၊ သိန်းခြောက်သောင်းနှင့်၊ *ပုံတောင်းရတနာ၊ စကြာ ရောက်နီး၊ နန်းကြီး သုံးဆောင်၊ သုံးပြည်ထောင်ကို၊ သွေရှောင်မကွက်၊ တောကြီးထွက်၍့၊ ရက်ရက် သို့စင်၊ စွန့်ခဲ့ကျင်သည်။။ စက်ရှင် မင်းဖြင့် *လက်ငင်းတည်း။ (၂)

(လောကီထက် ဇာတိပုညလွန်သော လောကိယာတိသယ။ လောကထက် တောထွက်နိုင်ခြင်းလွန်သော လောကာတိသယ (၂)ပါးရှိသော ဝင်္ကဝုတ္တိအလင်္ကာပိုဒ်။ ဤပိုဒ်နှိုက် အာဒိစ္စဝင်, ဥက္ကာဝင်နှင့်, မဟာဝင်ညွန့် (၃)ချက် ထပ်ခြင်းသည်လည်း ပဒါဝုတ္တိဝင်္ကဝုတ္တိတည်း။ နောက်နောက်ကိုလည်း ဤအတူချည်း မှတ်ကြလေ)။

(၁၄) စက်ရှင်မင်းဖြစ်၊ စင်စစ်မယွင်း၊ *လက်ငင်း ရောက်နီး၊ ရွှေထီးရွှေနန်း၊ စံမြန်း စိုးပိုင်၊ ဦးကိုင် *အုပ်ပိုက်၊ သုံးတိုက် ပြည်လုံး၊ ညွတ်ရုံးရှက်ကာ၊ ဆက် ပဏ္ဏာနှင့်၊ နွယ်သာကီစင်၊ မဟာဝင်ချည်း၊ နတ်သွင် လေးသောင်း၊ နန်းသူပေါင်းတို့၊ *ခညောင်း ဖြေဖျော်၊ ဆွေ ယသော်လျှင်၊ မနော် ဘူနတ်၊ ဝသဝတ်က၊ စိန်ထွတ် လျှံလူ၊ အလံထူသို့၊ နတ်လူ အပုံ၊ ကာမဘုံတွင်၊ တစုံတယောက်၊ ဘက် မမြောက်အောင်၊ ထက်-အောက် လွှံ့ကျော်၊ တုမမြော်တည့်၊ သားတော်မျက်ရှု၊ မင်း ရာဟုလည်း၊ သက်စု သဲးနစ်၊ စွဲးအောင်ချစ်၍့၊ မပစ်နိုင်ဘွယ်၊ မပယ်နိုင်ရာ၊ မခွာနိုင်ကောင်း၊ ဆွေတော်ပေါင်းကား၊ ရှစ်သောင်း နှစ်စု၊ အတု လွတ်ကျော်၊ လူ့ဘုံဘော်တွင်၊ လက်တော်ရောက်ပြီး၊ စည်းစိမ်ကြီးလျက်၊ *မီးကျီးစုတွင်း၊ မစင်ကျင်းသို့၊ ရှင်ရင်းမြင်သန်၊ အထင်ဉာဏ်ကြောင့်၊ မာရ်ပါပီကြီး၊ ဟန့်ဆီး ကြိမ်းဝါး၊ ချောက်ခြိမ်း တားလည်း၊ ဘဝါးရွှေစက်၊ တွန့်မကွက်ဘဲ၊ *ကွန့်ထွက် အပြင်း၊ စွန့်ရက်ခြင်းဖြင့်၊ ကျွန်ရင်း မောင်ဆန်၊ မြင်းတော် ကဏ်နှင့်၊ အမြန် *လျင်ခုပ်၊ မချုပ်ခွါရှောင်၊ သုံးပြည်ထောင်ကို၊ ကုန်အောင် *အားသွန်၊ ညဉ့်ခြင်း လွန်လျက်၊ ရောင်*ဝှန် နေစက်၊ အရုဏ်တက်ဝယ်၊ တဘက် နော်မာ၊ မြစ်ကမ်းသာ ထက်၊ ဗြဟ္မာ လှူဒါန်း၊ ကြာသင်္ကန်းနှင့်၊ ရဟန်းအသွင်၊ ဝင်ကြီးဝင်၍့၊ အောင်မြင်ကိစ္စ၊ နိက္ခမကို၊ စိတ်ချ *ခိုင်ဖြီး၊ *ချက်ကုံပြီးအောင်၊ တောကြီးထွက်ခွါ၊ ဤခြင်းရာသည်။ ။ လွန်စွာ အံ့ဘွယ် တမင့်းတည်း။ (၃)

(ဤပိုဒ်ကား အနန္တရပိုဒ်ကို ဘွင့်ပြသောပိုဒ်ပင်တည်း)

(၁၅) အံ့ဘွယ်တမင်း၊ ဤအခြင်းဖြင့်၊ *သနင်းထွတ်ဖျား၊ တို့ဘုရားလျှင်၊ သိကြားတူယောင်၊ ဘုန်းတော်ရောင်နှင့်၊ ပြည်ထောင် တိုင်းခန်း၊ ရွှေနန်း ရွှေဘုံ၊ ဝန်းအုံ ရွှေဘော်၊ နတ်နှင့် လျော်သား၊ ညာပျော် မြောက်သား၊ သည်းချား *တမွတ်၊ သားတော်မြတ်က၊ *ရဟတ်စကြာ၊ ရတနာ ခုနစ်၊ စင်စစ် မလွဲး၊ ရောက်လုဆဲးကို၊ ပယ်လွဲး အကုန်၊ *ဖဲးခဲ့*သုန်၍့၊ ကိုးဂုဏ်သခင်၊ သိဒ္ဓိတင်လျက်၊ ဗောဇ္ဈင်ရတနာ၊ ခုနစ်ဖြာနှင့်၊ မဟာစက္ကရာဇ်၊ မင်းဆုံးဖြစ်သား၊ သုံးခေတ် မျက်ဖျော်၊ သုံးလူ့ဘော်၏့၊ ဂုဏ်တော်ကျေးဇူး၊ ဤတဦးမျှ၊ အံ့မူးမနိုင်၊ အထူးလှိုင်ခဲ့၊ *ဖြီးခိုင်သမ္ဘာ၊ ကြီးမြတ်စွာဖြင့်၊ မဟာပုည၊ ဝိသေသကြောင့်၊ အသမသမ၊ ထို့မျှ နတ်-လူ၊ စံမတူသည့်၊ သယမ္ဘူဟုန်၊ ဂုဏ်ထက် ဂုဏ်ကား၊ သက်ကုန် ကပ်လုံး၊ ဆုံး ပစေလျှင်း၊ *လူခပင်းတို့၊ ခံတွင်း မဆံ့၊ အံ့ကြီး အံ့လည်း၊ ဘယ်နံ့နှစ်ကြာ၊ ကုန်နိုင်ရာလိမ့်၊ ယာဝတ် တာဝတ်၊ ယှိတိုင်းညွတ်၍့၊ ပိုင်းဖြတ်ခြင်းငှါ၊ *မဆိုမာတည့်၊ ဆရာတဆူ၊ မည်သည့်သူမျှ၊ မကူ မညွှန်း၊ မတိုက်တွန်းဘဲး၊ လိုခွန်း ထက်သန်၊ ပင်ထွက်ဉာဏ်ဖြင့်၊ အနန္တာရုံ၊ အာဂုံကိုင်မိ၊ ကိုယ်တိုင် သိ၍့၊ သမ္ဗောဓိထွတ်၊ တုလွတ် ဂုဏ်တော်၊ နှိုင်း မမြော်နှင့်၊ နုဘော်ဖြိုး*လွေ့၊ မုန်ညင်းစေ့တွင်၊ ဝင်၍့ စင်္ကြံ၊ သွားစံပပ၊ ရာ မထဘဲး၊ နေ-လ ကိုင်မီ၊ ဝေးသီ ယူဇနာ၊ စကြဝဠာတောင်ထိပ်၊ ကြွနင်းနှိပ်လည်း၊ ထန်းရိပ်တကူး၊ မြာ့းထက် မြူးလျက်၊ ဘုန်းထူး ဓိပ+တိ၊ တု မရှိအောင်၊ ဣဒ္ဓိဣဒ္ဓိ၊ အစိ+န္တိနှင့်၊ ဣဿရိယော်၊ ပြိုင်တိုင်း ကျော်သည့်၊ ယှဉ်ဘော် ဘက်ယှား၊ တို့ထွတ်ထားဟု၊ အများသင်္ဃာ၊ ထေရ်မဟာတို့၊ အံ့အာ မပြီး၊ အံ့မငြီးတည့်၊ အသီးအသီး၊ အံ့ကြီး ကြော်ကြွေး၊ ကောင်းကြီးပေးလျက်၊ စုဝေးချီးပ၊ နေကုန်ကြသည်။။ ပွဲးမသဘင် တကျင်းတည်း။ (၄)

(ဤ ၃-ပိုဒ်ကား သူတပါးထက် ကဲလွန်သော အဘိနိက္ခမသုဂတဂုဏ်တော်ကို ပြသော ဥဒါရတာဂုဏ် ထင်ရှားသောပိုဒ်တို့တည်း။)

(၁၆) ထိုသို့စဉ်တိ၊ မြေ *သေဉ်မင်္ဂလာ၊ ဗောဓိချာနှိုက်၊ သမ္မာ သမ္ဗုဇ္ဈိ၊ နိရုတ်ချိလျက်၊ အဝိပရိတ၊ သဘာဝတိုင်း၊ ဉေယျဓမ္မ၊ ပဉ္စကကို၊ သာမဉ္စပုဒ်၊ ဋီကာထုတ်၍့၊ သမုစ္စယ၊ သမ္ပိဏ္ဍနှင့်၊ ဧဝအနက်၊ ရှာတိုင်း ထွက်သား၊ စက် ဝဇီဉာဏ်၊ ပင်ထွက်မှန်ဖြင့်၊ မကျန် *ချက်ရိုင်၊ ကိုယ်တော်တိုင်သာ၊ လက်ကိုင် လွယ်ကူ၊ နတ်နှင့် လူတွင်၊ မည်သူ မညွှန်း၊ ပွင့်သိထွန်းသည်၊ *တုကျွန်း လွတ်ကွာ၊ သမ္မာသမ္ဗုဒ္ဓ၊ သုံးလူ့ဘကား၊ စကြဝဠာတပါး၊ အခြားသို့လည်း၊ ကျွတ်ဆု*ရည်း၍့၊ *ဖြုတ်ချည်းမကြာ၊ ခဏတာမျှ၊ *ဗိုလ်ပါ ခင်းကျင်း၊ မင်မထွက်ခင်၊ ညီလာခွင်နှိုက်၊ ပလ္လင် ဟေမာ၊ ရွှေနေရာထက်၊ မြတ်စွာ ပကတိ၊ မုနိအသွင်၊ စံနေကျင်ပြီး၊ မင်းလျှင်မသွေ၊ ထင်ပစေငြား၊ နောင် ကျိုးပွားအောင်၊ တရားဟောငှာ၊ ရံခါ မမေ့၊ ကြွမြဲးလေ့တိုင်း၊ ထိုနေ့ ထိုခါ၊ ထိုသင်္ဃာတို့၊ ထိုမှာ၄င်း၊ ထိုအပေါင်းနှိုက်၊ ထိုကြောင်းထင်လတ်၊ ထိုဋ္ဌုပ္ပတ်ဖြင့်၊ ထိုဇာတ်ဓမ္မ၊ ဟောလိုစွကြောင့်၊ သုရတ္တစစ်၊ ဆိုးရည်နှစ်၍့၊ ပြေပြစ် ချောမွတ်၊ စွေးစွေး စွတ်သား၊ ခါးဝတ် နီမြန်း၊ သက်တင့်ရန်းကို၊ ခါးပန်းကြိုးသွယ်၊ လျှပ်စစ်နွယ်ဖြင့်၊ ရှုဘွယ်လှအောင်၊ ပန်းကာ နှောင်မှ၊ ပညောင် ညွန့်ဖူး၊ မိုးတိမ်ဦးသို့၊ ရောင်မြူး မညစ်၊ လွင်သစ်သစ်ဖြင့်၊ စင်စစ် မမှား၊ ရှင်ချစ်ဖျား၏့၊ အလျား ကိုးထွာ၊ နံ ခြောက်ထွာတည့်၊ မဇ္ဈိမာပုရိ၊ သုံးပြန်ချိနှင့်၊ ပကတိလူ၊ ခွဲးယူ ဆက်ရာ၊ ကြီးမြတ်စွာသား၊ မဟာသုဂတ၊ စီဝရကို၊ လှလှ တင့်တယ်၊ ရုံ သပ္ပါယ်၍့၊ မွှေးကြွယ်နံ့ ထုံ၊ သရေ လှုံသည့်၊ ရွှေဘုံ ဂန္ဓ၊ တိုက်ခန်းဝက၊ မြန်းကြွ ထွက်စံ၊ နေနှယ်လျှံသည်။။ ပွဲးယံသဘင့် အတွင်းတည်း။ (၅)

(၁၇) ပွဲးယံသဘင်၊ ထေရ်ပေါင်း ခွင်သို့၊ ဝန်းကျင် ထိုမျှ၊ သောင်းခေတ္တနှိုက်၊ လူများ့ထိပ်နင်း၊ လူမင်းတို့ထွတ်၊ ဥပပါတ်မျိုး၊ မြေစိုး မိုးစိုး၊ တန်းခိုး ပုညဇိဒ်၊ မဟိဒ္ဓိစု၊ စတုလောကပါလာ၊ ဣန္ဒာ သုယာမ၊ စသည်လည်းကောင်း၊ တသောင်း တသောင်း၊ နတ်မင်းပေါင်း၏့၊ ဥက္ခောင်းထိပ်နေ၊ လောကေသရ၊ လောက နိမ္မိတ်၊ ဟာရိတ်သနံ၊ သဟံဗက၊ တုရိတက၊ လောက ပိတာ၊ ကမလာဘုံ၊ မဟာ*ဗြုံတို့၊ ဆယ်စုံရှက်စည်း၊ လက်သည်း ငွေပွင့်၊ ရှောင်လွှင့် ရောင်ဝါ၊ နေ ထောင်ရာမျှ၊ ရတနာ ဥက္ကဌ်၊ နဝရတ် ဦးစိုက်၊ မကိုဋ် စိန်ညွန့်၊ ထိန်*ကွန့် ဝင်းဖြာ၊ ထွန်းလင်းရာသား၊ မင်္ဂလာအိမ်*မွန်၊ တံချွန် ချွန်းတောင်း၊ *မျှို့ပေါင်း ပြိုးပြက်၊ ရာ့ရှစ်ကွက်နှင့်၊ နုညက် ညံ့ထွား၊ ရွှေဘွားစက္ကင်၊ စုံ နှစ်ပြင်ဖြင့်၊ မြေတွင် မထိ၊ ပကတိအား၊ လေးသစ် ခြားလျက်၊ ဘုရားတို့တမ်း၊ ကြွလှမ်း မွေ့ညက်၊ ငြိမ်သက် လေးဘင်၊ ကြွလာကျင်မှ၊ ချစ်ရှင် ဘုန်း*ဝှန်၊ စံ*နှုန်းလွန်သား၊ ဘဝန္တဂူ့၊ သဗ္ဗညုဟု၊ သုံးလူ့ပတ္တမြား၊ မြတ်ဘုရားလျှင်၊ မိုးဖျား ခွတ်လတ်၊ ယုဂန်ထွတ်က၊ နေနတ်*လုလင်၊ ထွန်းသော့သွင်သို့၊ ဥကင် မဟာ၊ ငွေရွက်ကြာနှင့်၊ ဓမ္မာသနေ၊ ကိုးမျက်ခြွေသား၊ ရွှေပရိယင်၊ *ပြတည်းပြင်တိ၊ ပလ္လင်ဟေမာ၊ ဗွေသီဟာနှိုက်၊ ဒိသာဖရဏ၊ နိစ္စလနှင့်၊ ဗျာမ လုံးစုံ၊ ဥဏ္ဏလုံ မွေးနု၊ ရောင်စုံ စုသား၊ ကေတုမာလာ၊ ဦးထိပ်ချာထက်၊ ထိန်ဖြာ ဝင်းလျှပ်၊ အထွတ်တပ်၍့၊ သပ်သပ်ပါယ်ပါယ်၊ ရောင်ခြောက်သွယ်နှင့်၊ တင့်တယ် ထွန်းလျှံ၊ ရှင်တော်စံသော်၊ မှင်ဆံ သိင်္ဂိ၊ ကေသရီဟု၊ ရွှေသီဟရာဇ်၊ မုန်ယစ် အာသောက်၊ ဆဒ္ဒန်ပေါက်လျက်၊ ဦးနှောက် ခွဲးဖြို၊ သောက်မျိုတတ်စွာ၊ တေဇာ ဝှန်*ဖြိုး၊ တောလုံး စိုးသား၊ တန်းခိုး ထန်ပြင်း၊ ခြင်္သေ့မင်းကို၊ *ခပင်း တောသား၊ တွေ့သော့လားတိ၊ အများထေရ၊ သာဝကတို့၊ စကားစ ဖြတ်၊ ပြတ်ကြီးပြတ်၍့၊ ဝိဝဋ်သင်္ချေ၊ ကပ်လုံး ကြေလည်း၊ သံခြေ မမြွက်၊ မရှုသက်သို့၊ ခြေ-လက် မလွန့်၊ မတွန့် မလှုပ်၊ သတိအုပ်လျက်၊ မြဲးချုပ်တည်းစွာ၊ ရှေးရှုကာလျှင်၊ ဗုဒ္ဓါရမ္မဏ၊ ဂါရဝဖြင့်၊ နှိမ့်ချ ညွတ်ပျောင်း၊ လက်စုံပေါင်းသည်။ ဥက္ခောင်း မြေထိ ညွတ်ခင်းတည်း။ (၆)

(၁၈) ဥက္ခောင်း မြေထိ၊ ပြားပြားပိမျှ၊ အတိဂါရဝ၊ ရိုသေ ခလျက်၊ တုပ်ကွ ကျစ်လစ်၊ မြတ်ရှင်ချစ်အား၊ ပုဆစ် နှစ်ဘက်၊ စုံလက် ပြိုင်ပူး၊ နဖူးထိပ်စ၊ ဦးနှိမ့်ချပြီး၊ ပဉ္စပတိဋ္ဌီ၊ ငါးလီမယွင်း၊ တည်ညွတ်ခြင်းဖြင့်၊ အချင်းခပ်သိမ်း၊ ညွတ်ညွတ်တိမ်းမှ၊ နှုတ်ငြိမ်း လက်ငြိမ်၊ မွေ့သိမ် ချုပ်တည်း၊ လွန် *ယမ်းပည်း၍့၊ အိမ်းအည်းမဟ၊ စကားစကို၊ မပြတင်းလင်း၊ တပိုင်းကြွင်းနှင့်၊ ခံတွင်း နှုတ်ပိတ်၊ ဆိတ်ကြီးဆိတ်လျက်၊ တိတ်ခဲ့ကုန်ငြား၊ လျှာ*မဲ့ငါးသို့၊ အများသင်္ဃာ၊ နေကြရာဝယ်၊ မြတ်စွာလူ့ဘ၊ ငါ မစက၊ ထိုမျှ*အထု၊ များ အစုကား၊ အာယုကပ်လုံး၊ ကမ္ဘာဆုံးလည်း၊ *တီးတုံးစကား၊ တပါးပါးမျှ၊ ကြားက ထွက်၍့၊ မမြွက်ပေရာ၊ နေလိမ့်သာဟု၊ မဟာမုနိ၊ *စောဘုန်းရှိလျှင်၊ ပရိသညူ၊ ကာလညူဖြင့်၊ ပါရဂူဉာဏ်တော်၊ ထွင်းရှုမျှော်၍့၊ သိမြော်ရကား၊ ငါးပါးဌာန်မြတ်၊ စိတ္တဓာတ်တိ၊ ဝိညတ် ဝစီ၊ သောင်းတိုက် ဟီမျှ၊ ကျူးချီ အာလုပ်၊ ရွှေလျှာလှုပ်လျက်၊ အက္ခရုပ္ပတ္တိ၊ ပဉ္စညှိသို့၊ ကရဝိသရံ၊ ဗြဟ္မာသံဖြင့်၊ နံ တေပညာ၊ အဋ္ဌာရသ၊ နိပ္ဖန္နနှင့်၊ လက္ခဏ လေးထွေ၊ ယင်းအနေကို၊ ကိလေ ဆယ်ပါး၊ မြှောက်ပွားတုံသတ်၊ ခုနစ်ရာ့ငါးဆယ်၊ ပေါင်းချယ်ရေတွက်၊ သင်္ချာထွက်သား၊ မီ့းထက် ပြောင်ညိ၊ လောင်မချိဖြင့်၊ မိမိသန္တာန်၊ သူ့သန္တာန်ဟု၊ နှစ်တန်ပေါင်းသာ၊ ထောင့်ငါးရာကို၊ သီတာရေစင်၊ မဂ္ဂင် ရှစ်အိုး၊ လေးကြိမ် ချိုးပြီး၊ မွှေးမျိုး ထုံသတ်၊ သမာပတ်နှင့်၊ ဧးမြတ် ကြည်လင်၊ ဗိုလ်ရှုဝင်၍့၊ သဘင်ပွဲးယံ၊ ညီလာခံသည်၊ ဝန်းရံ အများ၊ ငါ့ချစ်သားတို့။။ ကြောင်းလျား တမှု၊ ဤယခုနှိုက်၊ ဘယ်သူ့ကိစ္စ၊ ဘယ်ချင်းတကြောင့်၊ တကွ အများ၊ ဘယ်စကားဖြင့်၊ ချစ်သားတထွေ၊ စည်းဝေးနေဟု၊ ဘိက္ခဝေပုဒ်၊ အာဒိ ထုတ်၍့၊ ရွှေနှုတ် *မြှူးရှဲး၊ ရိပ်ဝဲး လှစ်ဘော်၊ မေးမိန့်ခေါ်သည်။။ သံတော်အိန့်အိန့် ဖြည်းညှင်းတည်း။ (ရ)

(၁၉) အိန့်အိန့် ဖြည်း *ညှင်း၊ သုံးလူ့မင်းတို့၊ ထိုးထွင်း မသိ၊ စိုးတစိမျှ၊ မရှိငြားလည်း၊ တရားဟောငှာ၊ သိက္ခာ ပညတ်၊ ဋ္ဌုပ္ပတ်ရေးမြော်၊ ကြောင်း နှစ်ဘော်ဖြင့်၊ နှုတ်တော် စိစစ်၊ မေးမြဲး ဖြစ်၏၊ ဓမ္မရာဇ်မြတ်စွာ၊ *စောသတ္ထာလည်း၊ ဤခါ မမှား၊ ဇာတ်တရားကို၊ ထင်ရှား ဟောခွင့်၊ အကြောင်းသင့်ဟု၊ ရှင်ပင့် ရွှေဉာဏ်၊ မြင်သိဟန်ကြောင့်၊ မြူး*ကွန် ကရဝိ၊ ကျူးတွန်ညှိသို့၊ သာဘိ ညင်းညင်း၊ အာလုပ် ကျင်း၍့၊ ကြောင်းခြင်း မိန့်ခေါ်၊ သို့မေးသော်တည့်၊ ဘုန်းတော် ခြောက်ပါး၊ အားတော် ဆယ်တန်၊ ဉာဏ်တော် ဆယ်စု၊ *နှုန်း မတုသည့်၊ သုံးလူ့ဆံကျင်၊ ဂုဏ်ပေါင်းရှင်အား၊ အကြင် ယခု၊ ကြီး-ငယ် စု၍့၊ အထုအထ၊ အဝဏ္ဏဖြင့်၊ ဒေါသနှောင်ရစ်၊ တင်အ+ပြစ်နှင့်၊ ချော+ပစ် ကွယ်တင်း၊ ပြောဆိုခြင်းက၊ အဖျင်း သက်သက်၊ ဗာဟီ ဘက်၍့၊ အနက် မ*ချေ၊ ပလေ *လက်ချား၊ စကား ပေါ့သွပ်၊ မစပ် ဂုဏ်ထူး၊ ကျေးဇူး ကင်းချို့၊ မဂ်ဖိုလ့်ကျိုး*မဲ့၊ အသွမ်းဘွဲ့သား၊ ပြည်တဲ့*ရေးရာ၊ တိရစ္ဆာဟု၊ ကထာနတ္ထ၊ မဟုတ်စွတည့်၊ သမ္ဗုဒ္ဓစစ်၊ မြတ်ရှင်ချစ်၏့၊ အနစ္ဆရိယာ၊ အံ့မောရာသား၊ နေအာဒိရင်း၊ ကမ္ဘာမင်းမှ၊ သက်ဆင်း ဝံသာ၊ ဥက္ကာဘိဥက္ကဌ်၊ ဥက္ကာဇာတ်ဖြင့်၊ နွယ်မြတ် သမ္ဘိန်၊ တနေ ထိန်လျက်၊ သာကိန္ဒာဘိ၊ တု မယှိအောင်၊ ဇာတိ ပုည၊ ဂုဏ မဟတ်၊ အမြတ် သုံးစုံ၊ ပြီး*ကုံ*သစ်သစ်၊ နတ်စစ်စစ်သို့၊ ဖြစ်ဆစ်ထူးလည်၊ ငယ်သွေးရည်က၊ ရွှေပြည် ရွှေနန်း၊ သိမ်းမြန်း စံပြု၊ ရောက်လု စက်ရှင်၊ ညာတင် မဟေ၊ ရံရွေအပေါင်း၊ နန်းလောင်း သည်းချာ၊ မဟာဆွေတော်၊ မျိုးဘော် တသင်း၊ ကြယ့်နှယ် ဝင်းအောင်၊ မင်းချည်း*နှင်နှင်၊ လူ့ခွင်လောက၊ လူ့ဌာနနှိုက်၊ နတ်မျှ မသာ၊ မဟာသမ္ပတ္တိ၊ သိရီ့ *ဖြိုးမောက်၊ မြင်းမိုရ်ဆောက်သို့၊ သို့လောက် ခိုင်*ဖြီး၊ စည်းစိမ် ကြီးလျက်၊ စွန့်ပြီး မညှာ၊ တောကြီး ခွါသား၊ မဟာဘိနိက္ခမ၊ ဝိသိဋ္ဌဖြင့်၊ သုဂတဂုဏ်ထူး၊ မိုး*ရှိကျူးအောင်၊ ကျေးဇူး နက်နဲး၊ လွန်ခက်ခဲးကို၊ ဝမ်းထဲး ကြည်ညို၊ ခြီးမွမ်းဆို၍့၊ ထိုထိုအားလုံး၊ အံ့မဆုံးသည်။။ စည်းရုံးတဘော် တသင်းတည်း။ (၈)

(၂၀) တဘော်တသင်း၊ မြတ်ရှင်ရင်း၏့၊ လွန်မင်းကြီးစွာ၊ အံ့ခြီးရာသား၊ မဟာဘိနိက္ခမ၊ မြတ်ကိစ္စကို၊ အံ့ကြ ရုံးပေါင်း၊ နေပါကြောင်းဟု၊ ဆယ်ချောင်း ပူးကျင်၊ ကြာဖူးသွင်သို့၊ ဦးတင် မြှောက်ထား၊ ပြန်လျှောက်ကြားသော်၊ စိန်ဓားသီလဝင်၊ *မာရဂင်ဖြင့်၊ လက်တွင် မြဲးထ၊ စွဲးမချဘဲး၊ မိဘ နှစ်ဖြာ၊ ရာဇာ နှစ်ပါး၊ ပြည်တိုင်းကားကို၊ ထွားထွား ကြေညက်၊ အကုန် ပျက်အောင်၊ သတ်လျက် မချန်၊ ဖြိုဖျက်လှန်ပြီး၊ အာနန္တရိုက်၊ ကံကြီးထိုက်၍့၊ အမြိုက် ငါ့လား၊ ခံစံစားသည်၊ ချစ်သားအရိယာ၊ များသင်္ဃာတို့။။ ငါ သမ္ဗုဒ္ဓ၊ ရှင်တို့ဘ-ကား၊ ဘဝဤသာ၊ ယခုခါမျှ၊ ပြည်-ရွာ တိုင်းခန်း၊ ရွှေနန်း ရွှေထီး၊ စည်းစိမ်ကြီးကို၊ စွန့်ပြီးရက်ရက်၊ တောထွက်သည်ကား၊ မဟုတ်ငြားတည့်၊ ရှည်လျား ဝေးစွာ၊ ရှေးသော့ခါလည်း၊ ပြည်-ရွာ တိုင်းကား၊ သိမ်းပကားလျက်။ ပိုင်ကား အာဏာ၊ ကြီးတေဇာနှင့်၊ လူ့ရွာ နှိပ်နင်း၊ စိုးစံခြင်းဖြင့်၊ မင်း၏့ချမ်းသာ၊ မဟာသမ္ပတ်၊ နတ်မျှ မလွန်၊ စည်းစိမ်*မွန်ကို၊ မှောက်သွန်အို့းနှယ်၊ ပယ်ကြီးပယ်၍့၊ လေးသွယ် ဗြဟ္မစိုရ်၊ မဂ်ဖိုလ် ဆောက်ဦ၊ ယူခဲ့ အထူး၊ တောထွက်ဖူး၏၊ လူ့မှူး ထွတ်တင်၊ ရှင်တို့အဘ၊ ဤဘဝကား၊ ပစ္ဆိမဇာတ်၊ ဖြစ်သတတ်ကြောင့်၊ ဟုတ်ဟတ် ကြီးကျယ်၊ မအံ့ဘွယ်တည့်၊ ရှေ့ဝယ်ဘဝ၊ နုစဉ်ကလျက်၊ နိက္ခမကြီး၊ မဂ်ခရီးကို၊ ရှာမှီး *ထွင်ကျင်း၊ တောထွက်ခြင်းသာ၊ လွန်မင်းစွာတောင်း၊ အံ့ရာကောင်းဟု၊ အကြောင်း မြွက်ကြား၊ ရိပ်ကာထား၍့၊ စကား *ခံအောက်၊ ထပ်မလှောက်ဘဲး၊ နောက်ဆက် မဖော်၊ တုဏှိဘော်ဖြင့်၊ နှုတ်တော် မဟ၊ မှိန်းချ မျက်လွှာ၊ မှေးစက်ကာလျှင်၊ ဖိုလ်သမာပတ်၊ ဝင်လတ်သော့အား၊ တရား မွေ့ညက်၊ ငြိမ်သက် ဣန္ဒြေ၊ ဆိတ်ဆိတ်နေသည်။။ သက်လေ ဝင်-ထွက် ချုပ်ကင်းတည်း။ (၉)

(၂၁) ချုပ်ကင်း သက်လေ၊ ဆိတ်ဆိတ်နေလျက်၊ ဥပေက္ခေကဂ္ဂတာ၊ အင်္ဂါ ဒွယ၊ ဒုဝင်္ဂနှင့်၊ အရဟတ္တဓာတ်၊ သမာပတ်ဟု၊ အမြတ် *စတေ၊ ဣန္ဒြေ ငြိမ်သက်၊ မွေ့ညက်တရား၊ ဝင်စား ဖလ၊ စတုတ္ထဖြင့်၊ မဟ ရွှေနှုတ်၊ ဖုံး ရွှေကြုတ်သို့၊ သမ္ဗုဒ္ဓဖျား၊ တရားသာမိ၊ တုမယှိသား၊ မုနိပုင်္ဂဝ၊ ကုဉ္ဇရလျှင်၊ သာဝကပေါင်း၊ လျှောက် တောင်းပန်ခွင့်၊ ခံလင့် စံတော်၊ မူလတ်သော်တည့်၊ တဘော် တသင်း၊ ထံတော်ရင်းနှိုက်၊ ဝပ်စင်း ခစား၊ ရဟန်းများလည်း၊ စကား ကွယ်ဝှက်၊ ကျယ် မဆက်သား၊ အနက် ကိလိဌ်၊ မြေကြီးပိတ်သို့၊ ပဋိစ္ဆန္န၊ သံခိတ္တကို၊ လင်းပြ ထင်စွာ၊ ဟောစိမ့်ငှာလျှင်၊ *ပန်ထွာ ညွတ်ခ၊ တောင်းပန်ကြ၏၊ မောဟ ပိတ်ဖုံး၊ ဘဝလုံးနှိုက်၊ စဆုံးမကြွင်း၊ ဉာဏ်တော် ထွင်း၍့၊ ထွန်းလင်း ကုန်စင်၊ ထက်ဝန်းကျင်ကို၊ အမြင် ရွှေဉာဏ်၊ သူမတန်သည့်၊ သမန္တစက္ခု၊ သဗ္ဗညု၏့၊ စွန့်ပြု ပြည်ရွာ၊ ရှေးခြင်းရာကို၊ စ,ကာလျဉ်းရိပ်၊ မင့်းတံဆိပ်နှင့်၊ ခပ်နှိပ်သော့လား၊ ပိတ်ကာထားခဲ့၊ တပါး ရှင်-လူ၊ ဦးမည်း-ဖြူတွင်၊ မည်သူ တယောက်၊ ထွင်းဘောက်သဖြင့်၊ အကျယ် ဘွင့်၍့၊ သိခွင့် မှတ်ငှာ၊ မတတ်စွာသည်။ ။ ခရာ ရွှေလိပ် *တံတင်းတည်း။ (၁၀)

(၂၂) ခရာရွှေလိပ်၊ မင့်းတံဆိပ်ဖြင့်၊ ခတ်နှိပ် လျှံဝင်း၊ ရွှေတံတင်းနှိုက်၊ ကြွင်း*မဲ့ ထိုမျှ၊ မကျန်ရအောင်၊ မင်းမှ သိရာ၊ မင့်းဘဏ္ဍာသို့၊ အနာဝရဏ်၊ သဗ္ဗဉာဏ်ဖြင့်၊ သမန္တစက်၊ စံ မဘက်သား၊ မင့်းထက် မင်းစစ်၊ ရှင်ချစ်တို့သာ၊ သိထိုက်စွာတည့်၊ ဝိဇ္ဇာကိစ္စ၊ ဤဌာနတည့်၊ အညဝါဒီ၊ ရှင်ဗာဟီတို့၊ မမှီ နည်းလွတ်၊ တတ်လှည့်ငြားလည်း၊ ပိုင်းခြား ယုတ်လတ်၊ အမြတ်ဟူထ၊ သုံးပါးမျှတိ၊ ဘဝ နည်းစွာ၊ သိန်းလောက်သာနှင့်၊ ကမ္ဘာ တဆယ်၊ သည်က *ကယ်၍့၊ လေးဆယ် မကျော်၊ ရော်ရော် မှန်းမှန်း၊ မျက်ကန်း ကြိုးလျှောက်၊ ဗာဟီလျောက်ဖြင့်၊ ရှေ့-နောက် မမြင်၊ အပြစ် *ဖြင်ခဲ့၊ အရှင်မဟာ၊ ပစ္စေကာလည်း၊ ပါရမီ ဖြည့်ကိန်း၊ တသိန်း ကပ်နေ၊ နှစ်သင်္ချေမျှ၊ မထွေမထူး၊ ကျေးဇူး မ*ဖြင်၊ တဆစ်ထင်ခဲ့၊ မြှောက်တင် ဝဲး-ယာ၊ ဂုဏ်မဟာဖြင့်၊ ပညာ ဣဒ္ဓိ၊ မယှိ ပြိုင်ဘို့၊ ရှင်တို့ အမှူး၊ နှစ်ဦး အဂ္ဂ၊ သာဝကနှင့်၊ ရှင်မ ယသော်၊ သက်တော် လွန်ရှည်၊ ဗာက္ကုထေရ်တို့၊ ဖြည့်သည် ကိန်းလွန်၊ မြင်သိ *တွန်လည်း၊ ကျွန်၏့ခွန်အား၊ မင်းပါး ပျောက်ကွယ်၊ နေနီး ကြယ်သို့၊ အံ့ဘွယ်မထင်၊ မသစ်လွင်ခဲ့၊ ကောင်းကင် စက္ကဝါ၊ သတ္တဝါ ဉာဏ၊ လေး နန္တတွင်၊ ဆုံးဆ မသိ၊ ဉာဏ်တော်ရှိသည့်၊ မုနိချစ်ရှင်၊ သခင် ဘုရား၊ တို့ ထွတ်ထားသာ၊ ထင်ရှား ခွဲးစိတ်၊ အတိတ် နာဂတ်၊ ကျန် မလွတ်အောင်၊ ဆုံးဖြတ် အကျယ်၊ သိနိုင်ဘွယ်တည့်၊ ဖုံးကွယ် သိုဝှက်၊ ထို အနက်ကို၊ ဆက်၍့ ဘုန်းထူ၊ ဘွင့်တော်မူမှ၊ ရှင်လူအများ၊ ထင်ရှား သူ-ငါ၊ သိရပါအံ့၊ နောင်လာ ယခု၊ ကျွတ်ဆု ရွယ်ချောင်း၊ ဝေနေပေါင်းအား၊ ရှင်ကောင်း မျှော်ရှု၊ ဟောဘော်ပြုဟု၊ တစု တပေါင်း၊ ပန်ထွာတောင်းသည်။။ ဆယ်ချောင်း ဦးတင် ဝပ်စင်းတည်း။ (၁၁)

(၂၃) ဝပ်စင်း ဦးတင်၊ ထက်ဝန်း ကျင်က၊ အကြင်မျှတိ၊ ရံ-ခယှိသား၊ *အချိ အချိ၊ များဘိ ထောင်-သောင်း၊ ရဟန်းပေါင်းတို့၊ ခွင့် တောင်းပန်ကြ၊ ထိုကာလနှိုက်၊ ပဋိစ္စသမုပ္ပါဒ်၊ ရဟတ် စက်ရှင်၊ ဆဲ့နှစ်အင်ဖြင့်၊ သွင်သွင် စပ်နည်၊ ပတ်ပတ်လည်သား၊ ရပ်တည် မရ၊ ဝဋ်ဘဝနှိုက်၊ ဆုံးမ မသိ၊ မေဟ ဘိ၍့၊ သတိ ပညာဉ်၊ မယှဉ် လုံးလုံး၊ ဖုံးခဲ့ ပိတ်ပိတ်၊ ရှေးအတိတ်ကို၊ ဉာဏ်ဝိဇ္ဇာရောင်၊ နေ တထောင်သို့၊ ပြောင်ပြောင် ဝင်းထိန်၊ ထွန်းလင်း ချိန်၍့၊ အစိန္တိယ၊ ဂုဏ်ပေါင်းခ,သား၊ ဘဝပါရဂူ၊ သယမ္ဘူလျှင်၊ ရှင်-လူ အများ၊ နောက်သား နောင်လာ၊ မှတ်စိမ့်ငှာဟု၊ မဟာကာရုဏ်၊ ပညာဟုန်ဖြင့်၊ ဝသုန္ဒရီ၊ မဟီ ဖုံးအုပ်၊ မြေဆုံး မြုပ်သို့၊ ကွယ်ငုပ် မထင်၊ ယှိခဲ့+ကျင်သည့်၊ အ+ကြင် ရှည်မြင့်၊ ရှေးယခင့်က၊ ရှင်ပင့်အဖြစ်၊ ဇာတ်တော်စစ်ကို၊ ဖွင့်လှစ် ထင်ကြောင်း၊ ထပ်လောင်း အကျယ်၊ နိဒါန်းသွယ်၍့၊ ဆန်းကြယ် နည်းနာ၊ စုံလင်စွာတည့်၊ မြို့ရွာ တိုင်းပြည်၊ မျိုး-မည် နာမ၊ စရိယ ကျင့်တိုင်း၊ သက်ပိုင်း လားရာ၊ စဉ်အလာနှင့်၊ သစ္စာ ပြရှောင်း၊ ဇာတ်ပေါင်း နိဂုံး၊ အဆုံး ကမ္ပတ်၊ အပြီးသတ်အောင်၊ ပညတ် ပရမတ်၊ ဗျင်္ဂျတ် ကိုးပုံ၊ ပြည့်စုံ ဖိုလ်-ဟိတ်၊ ကရဝိက်နှင့်၊ ဟာရိတ် ဗြဟ္မာ၊ ကျူးသံဝါသို့၊ အင်္ဂါ ရှစ်ပါး၊ ဘဝဂ် ကြားမျှ၊ ပိုင်းခြား ကုန်စင်၊ ဟောစုံလင်သည်။။ မိုးပြင် လနှယ် ထင်လင်းတည်း။ (၁၂)

(ပစ္စုပ္ပန်ဝတ္ထုသန္တိကေနိဒါန်းခဏ်း ၁၂-ပိုဒ် ပြီး၏၊)
နိဒါန်းခဏ်း (၂၃)ပိုဒ် ပြီး၏၊

ပထမပိုင်း၊ ၂ - ရာဇဝင်ခဏ်း
အတီတေ ဝိဒေဟရဋ္ဌေ မိထိလာယံ မဃဒေဝေါနာမ ရာဇာ အဟောသိ ဓမ္မိကော ဓမ္မရာဇာ။။

(၂၄) အဝိဇ္ဇာနှင့်၊ တဏှာ ဆုံပေါင်း၊ *ပုံတောင်း နှံ့ပေါက်၊ ယင်းကလျှောက်၍့၊ ကန့်ထောက် သင်္ခါ၊ အစဉ်ဖြာလျက်၊ ဇရာမရဏ၊ ဆုံးကျ အကွပ်၊ စေ့စပ် ဆစ်ပိုင်း၊ ဝန်းဝန်းဝိုင်းတိ၊ ဖြစ်တိုင်း မပျက်၊ ဘဝစက်နှိုက်၊ လယ်ချက် နန်းတွင်း၊ လျှိုသွင်း နေ့-ည၊ အာသဝဟု၊ ခိုင်လှ ထိုး-ကျပ်၊ ဝင်ရိုး တပ်၍့၊ မရပ်မနား၊ ပတ်ပတ်သွားသည့်၊ ရထားစက်မီး၊ ဝဋ်လှည်းဘီးကို၊ ဖျက်ဆီးတတ်ကြောင်း၊ ဖြတ်*တောင်း ပိုင်းလှန်၊ ကရိုဏ်းဉာဏ်ဖြင့်၊ မကျန် ကုန်စင်၊ ဖြို သုတ်သင်၍့၊ ခေမင်္ဂတ၊ ဘုံသို့ ကျအောင်၊ သီလ သမာ၊ မဂ်ပညာဟု၊ သိက္ခာသုံးပါး၊ တရား ဗြဟ္မ၊ စရိယကို၊ မချ လက်စွဲး၊ မပြတ် မြဲးလျက်၊ ကျင့်ဆဲး ကျင့်ပြီး၊ အသီးသီးတည့်၊ ဖိုလ်ထီး လေးဆူ၊ ရွက်ဖြူ မိုးကာ၊ ငါ့ပမာသို့၊ အဝတ္ထာဘုံ၊ ရန်လုံ ပြည်မ၊ နုတ္တရ ရွှေကွန်း၊ လောကုတ်နန်းနှိုက်၊ စံမြန်း ကိုယ်စီ၊ နောင်-ညီ အရင်း၊ ဘ-သားချင်းချည်း၊ အတွင်း အပ၊ လွန်ချမ်းမြ၍့၊ မာရမဒ္ဒန၊ ဂုဏ်သေဋ္ဌကြောင့်၊ ဒသ ဆယ်ထွေ၊ ကိလေ *တံလှပ်၊ ပူ မလျှပ်ဘဲး၊ မစပ် မရှိမ်း၊ ငြိမ်းကြီးငြိမ်းလျက်၊ ခပ်သိမ်း ဝန်းကျင်၊ ဤသဘင်ဝယ်၊ သာကီဝင်ချည်း၊ တသွင်တည်းဖြင့်၊ ငါ့နည်းတမျှ၊ ငါဆုံးမတိုင်း၊ အရိယဇာစ်၊ ရင်တော်နှစ်တိ၊ သင်္ကျစ် နိတုံ၊ ရွှေဘွဲ့ ပုံနှင့်၊ ဝန်းရုံ ညီးညီး၊ ငါ့ထံမှီးသည့်၊ သားကြီး သားလတ်၊ ငါ့သားမြတ်တို့။။ မှတ်လော့ ကုန်အောင်၊ ငါ ဟောဆောင်ပိမ့်၊ *ယခေါင်ရှေးခါ၊ ကပ်ဦးစွာက၊ စကြဝဠာ လုံးစုံ၊ ဘုံ ဩကာသ၊ လောက ဖြစ်ချိန်၊ ပရိစ္ဆိန်ဖြင့်၊ ဝတိန် သုရာ၊ ဒီပါ ဇမ္ဗူ၊ ဝီစိဟူသား၊ လေးဆူ ပညတ်၊ သောင်း လေးရပ်တွင်၊ တရပ် ဝင်လျက်၊ ရေပြင် ပေါ်ထွန်း၊ ဇမ္ဗူကျွန်းဟု၊ *မော်ကွန်း မင်္ဂလာ၊ အစဉ်ဖြာ၍့၊ စကြာဗုဒ္ဓ၊ ပေါ်ကြ ရပ်ကောင်း၊ တသောင်း မြေပြင်၊ မြရည်သွင်နှင့်၊ ရွှေစင် ညီးညီး၊ သပြေသီးသည့်၊ ကျွန်းကြီး လက်ျာ၊ ဤခန်းဝါနှိုက်၊ မဟာသမတ်၊ အာဒိနတ်ဟု၊ ဥပပါတ်လူ၊ သယမ္ဘူကြီး၊ တနေ ညီးသို့၊ ထွန်းပြီး နောင်မှ၊ သတ္တမမြောက်၊ ရာဝင် ပေါက်သော်၊ မိုးအောက် လူတွင်၊ ဘက် မမြင်အောင်၊ ထက်ခွင် အာလိန်၊ တာဝတိန်တိုင်၊ ဘုန်းတော် ပိုင်၍့၊ မဏ္ဍိုင် ကေတု၊ ရွှေမေရုထက်၊ ပဏ္ဍု*ကြငှန်း၊ သိမ်းမြန်း စိုးလတ်၊ တန်းခိုးမြတ်သည်။။ မန္ဓာတ်စကြာ ဘေး*စောတည်း။ (၁)

(၂၅) ဘေး *စော မန္ဓာတ်၊ စကြာနတ်လျှင်၊ ရဟတ် ချီညွှန်း၊ ရွှေစက်ဝန်း၍့၊ လေးကျွန်းလုံး အောင်၊ ဘုန်းတော် ဆောင်က၊ *မြားမြောင် နောက်တော်၊ ပါခဲ့ ခေါ်သား၊ လေးဘော် မျိုးခြား၊ လေးကျွန်းသားတွင်၊ ထူးပြား ရုပ်ဆင်၊ ကြေးမုံပြင်နှင့်၊ အသွင်မခြား၊ နောက် နွားယာဉ်စီး၊ ကျွန်းကြီး ရပ်မြေ၊ လူ*ဗိုလ်ခြေတို့၊ တည်နေ မပြန်၊ တိုင်းရပ်ဌာန်ကို၊ အပရန္တ၊ *သမိုက်ကြ၏၊ ဥတ္တရဒီပါ၊ ပဒေသာထွန်း၊ မြောက်ခွင် ကျွန်းက၊ ပြည့်ရွှန်းမျက်နှာ၊ လူ*တကာအား၊ နေရာ ချထား၊ ရပ်မြေများကို၊ ထင်ရှား *သမိုင်း၊ ကုရုတိုင်းဟု၊ ခြားပိုင်း ဌာန၊ မှတ်ပိုက်ရ၏၊ ပြုဗ္ဗဒိသာ၊ ဝိဒေဟာက၊ မျက်နှာ လဝက်၊ ရွှန်းရွှန်းစက်သား၊ ထက်မြက် ဉာဏ၊ ဥဿာဟနှင့်၊ လုံလကြီးမား၊ ကျွန်းသားများတို့၊ ပိုင်းခြား တည်နေ၊ တိုင်းရပ်မြေကို၊ ဝိဒေဟရာဇ်၊ ခေါ်လစ် အစ၊ ထက်တိုင်ကျ၏၊ ဝိဒေဟမည်သီး၊ ထိုတိုင်းကြီးတွင်၊ *အတီးရှေးခါ၊ မဟာသမ္မတ၊ ဒုတီယ နေမင်း၊ အာဒိရင်းက၊ သက်ဆင်း စီလျဉ်၊ နေ့နွယ် ယှဉ်၍့၊ အစဉ်ပွားလှိုင်း၊ နေနတ်ဂိုဏ်းတို့၊ တိုင်းပြု ပြည်ပြု၊ အစု ဝီသ၊ ထာဝရ နန်းထီး၊ တည်ကြပြီးနောက်၊ ဘုန်းမီး တိုးတက်၊ တန်းခိုးစက်နှင့်၊ နှိုင်းဘက် မရ၊ နတ်*တမျှသို့၊ နရမောဠိ၊ လောကီ့ ဥသျှောင်၊ ရန်မျိုးရှောင်သည်၊ မင်းခေါင် ဓိပတိ၊ သိရီ့ပဝရ၊ မဃဒေဝ၊ ရှင်တို့ဘ,လျှင်၊ ဓာတ်ရ သိုက်ရ၊ ဗျာဒိတ် ရလျက်၊ တတီယမြောက်၊ ထီးနန်း ဆောက်၍့၊ ထက်အောက် ကြေညာ၊ မိထိလာဟု၊ ကြော်ငြာ ဝေး-နီး၊ ရွှေပြည်ကြီး၌၊ ရှစ်ထီး ကာမိုး၊ ဆက်လာ စိုးသည်။။ တန်းခိုး တုန်နန့် မြေကြောတည်း။ (၂)

(ဤကား မြို့ရွာတိုင်းပြည်မြို့မည်နာမဟူသောဥဒ္ဒေသ၏ နိဒ္ဒေသတည်း။)

(၂၆) မဟာဝံသ၊ ပရမဖြင့်၊ ကမ္ဘာ့ ဓိပတိ၊ နေနွယ်ညိသား၊ အာဒိသမတ်၊ ဥက္ကာနတ်တို့၊ ဥက္ကဌ် ပြဋ္ဌာန်း၊ ရာဝင်ခဏ်း၏့၊ နိဒါန်း အမြွက်၊ ဤအချက်နှိုက်၊ မင်းဆက် မင်းစဉ်၊ စီလျဉ် သရုပ်၊ အတွင်းငုပ်၍့၊ အချုပ်မပြန်၊ မြုပ်ခဲ့ကျန်သား၊ လီနန္တရ၊ စောဒကကို၊ ဖြေပြ သာယာ၊ အလင်္ကာဖြင့်၊ မင်္ဂလာစည်ကြီး၊ ဆော်ရိုက်တီးပိမ့်၊ ကောင်းခြီး ကြွေးဟုန်၊ နာကြကုန်လော့၊ ဝသုန္ဓရေ၊ ဤမြေကမ္ဘာ၊ ပေါ်ဦးစွာနှိုက်၊ သူရိယာနတ်၊ ရောင်သဟသ်နှင့်၊ ပညတ် ဂုဏ်တူ၊ သယမ္ဘူတု့ိ၊ နှစ်ဆူ ပြိုင်ပ၊ ဂေါတမဟု၊ အာဒိစ္စချည်း၊ တနွယ်တည်းသာ၊ ခြည်း*ခြည်းသံခြေ၊ ခေါ်မှတ်စေလျက်၊ သပြေ ဇမ္ဗူ၊ ကပ်ဦးသူတို့၊ ဆယ်ဆူ စုပူး၊ တိုက် နဖူးဖြင့်၊ ဆံဦး မကြွင်း၊ ကိုယ်သက်နှင်း၍့၊ မင်းဟု ထိပ်ပြင်၊ မြှောက်ကြ တင်သည့်၊ ဗုဒ္ဓင်္ကူရ၊ ဘုရာ့းညွန့်ဖူး၊ ပန် ဆုထူးနှင့်၊ လူ့မှူး ဘုန်းပွင့်၊ နေ နှစ်ဆင့်မှ၊ နေမင့်း ဆွေမိတ်၊ နေမြိတ် ဝံသာ၊ နွယ်တော်လာကား၊ မဟာသမ္မတ၊ သား ရောစနှင့်၊ ဝရရောစ၊ ကလျာဏက၊ ဝရကလျာဏ၊ နောက်မှ သားတော်၊ ဥပေါ်သထ၊ သားလှ မန္ဓာတ်၊ စကြာနတ်တည့်၊ သားမြတ် ဝရ၊ ထိုပြီ့းမှလည်း၊ ဥပါဝရ၊ စေတိယဟု၊ မုစလရာဇာ၊ မဟာမုစလ၊ တေဇ လျှံထိန်၊ မုစလိန္ဒ၊ သာဂရနှင့်၊ သာဂရဒေဝ၊ ဘရတတွင်ညီ၊ အင်္ဂိရသ၊ ထိုမှ ရုစိ၊ သုရုစိ မည်ရ၊ ပတာပ တဖြာ၊ မဟာပတာပ၊ ပနာဒက၊ ကြီးလှ ပုညာ၊ မဟာပနာဒ၊ နာမ ပညတ်၊ သုဒသ် မည်သာ၊ မဟာသုဒသ်၊ တွင်မှတ် နေရု၊ နှိုင်းတု ဘတ်ကွာ၊ မဟာနေရု၊ မျက်ရှု သားလှ၊ အစ္စိမဟု၊ အဋ္ဌဝီသာ၊ မြတ်ရာဇာက၊ တရာ တိုင်တိုင်၊ *စောဘုန်းလှိုင်တို့၊ ခရိုင် သောင်းတိုက်၊ ဇနပိုဒ်ကို၊ ခွန်ရိုက် ကျူံးကာ၊ စက်ဘုန်းဖြာ၍့၊ ကုသာဝတီ၊ ပုရီ မှိုင်းညို၊ ရာဇဂြိုဟ်နှင့်၊ နဂိုရ် အောင်ချာ၊ မိထိလာဝယ်၊ လူ့ရွာ စည်းစိမ်၊ စံကြငြိမ်သည်။။ မွေ့သိမ် ဧးမြ သာချမ်းတည်း။ (၃)

(၂၇) တရာ အားလုံး၊ မင့်းအဆုံးတွင်၊ လက်ရုံး ဝရဇိန်၊ စက်ဘုန်းရှိန်နှင့်၊ အရိန္ဒမ၊ နရိန္ဒ၏့၊ သားက သားဆက်၊ ဆင်းသက် စဉ်လျောက်၊ ငါးကျိပ်ခြောက်တို့၊ မချောက်မချား၊ တရား မခွ၊ မြဲးနိစ္စဖြင့်၊ လူမျာ့း စောဓီး၊ ရိပ်ဖြူထီးနှင့်၊ ရိုက်တီး ပဟိုရ်၊ နန်းပွဲး *ကြို၍့၊ နဂိုရ် သာလှ၊ အယုဇ္ဈဟု၊ ပုရ ရွှေပြည်၊ စိုးကြ တည်၏၊ ဘုန်းစည် ဆုံးချုပ်၊ မိုးသို့ အုပ်သား၊ ဒုပ္ပသဟ၊ မင်းက ပွားလျက်၊ သား-မြေး ဆက်၍့၊ ဆင်းသက်ကုန်ကြ၊ အဇိတရာဇာ၊ တိုင်အောင်သာလျှင်၊ အာဏာ တက်ဆိပ်၊ ဘုန်းစက်ရိပ်နှင့်၊ ခြောက်ကျိပ် သင်္ချာ၊ ထိုရာဇာတို့၊ ဗာရာဏသီ၊ ပုရီ ပြည်မ၊ စိုးတည်ကြရှင့်၊ အဇိတမင်း၊ သားရင်း မြေးပေါင်း၊ မြစ်တော်လောင်း၍့၊ ရှစ်သောင်းလေးထောင်၊ *မြားမြောင်စွာလှ၊ မင်းတို့မျှလည်း၊ ကမ္ဗလပြည်ကြီး၊ စံတည်မှီးမှ၊ တသီး ဆုံးစွန်၊ မင်း*မွန် ဗြဟ္မဒတ်၊ နေနွယ်နတ်က၊ မပြတ် ဆက်ခံ၊ ကမ္ဗလဝံသ၊ မင်းလှ အဆုံး၊ သုံးကျိပ် ခြောက်ဆူ၊ ဘူမိပတိ၊ လူဘုန်းယှိတို့၊ ဟတ္ထိပုရ၊ ပြည်သာစွနှိုက်၊ ထာဝရကိန်း၊ တရား ထိန်း၍့၊ မုဒိန်း ရွမ်းဆော်၊ စံကြပျော်သည်။။ နန်းပေါ်မရွေ့ ရွှင်ဝမ်းတည်း။ (၄)

(၂၈) ထိုကမ္ဗလ၊ မင်ဝံသ၏့၊ ပုတ္တ-နတ္တာ၊ မြတ်ရာဇတို့၊ သင်္ချာပြည့်သိပ်၊ သုံးကျိပ် နှစ်ပါး၊ တရား မခွ၊ မြဲး နိစ္စဖြင့်၊ ဧကစက္ခု၊ ပြည်*သေတ္တုနှိုက်၊ တစုတရုံး၊ စံရွှင်ပြုံးရှင့်၊ နှောင်းဆုံး ဘူမိန်၊ ပူရိန်ဒေဝ၊ မင်းက ဆက်ပေါ်၊ သားတော် မြေး-မြစ်၊ နှစ်ကျိပ်ရှစ်မူ၊ နန်းသစ်သိင်္ဂိ၊ ပြောင်းကာချီ၍့၊ ဝဇီရမုတ်၊ ပုရုတ္တရ၊ ရွှေပြည်မနှိုက်၊ သာဓိနမင်းတိုင်၊ စိုးစံထိုင်လျက်၊ ဘုန်းလှိုင် မင်းလှ၊ သာဓိန၏့၊ သားက မြေး*ကွန့်၊ မြစ်တော်ညွန့်၍့၊ *အဓွန့်ရှည်ညောင်း၊ မိုး*နှောင်း သံထင်၊ ဘုရင် စည်ကား၊ တရား မယုတ်၊ ဓမ္မဂုတ်တိုင်၊ နရုတ္တမ၊ ဗာဝီသတို့၊ မထုရပြည်၊ ထောင်တည် *ဘန်ဆန်း၊ ရွှေနန်း စံကြ၊ မင်းဓမ္မက၊ ပွားထ ဌာရသ်၊ မပြတ် ဆက်ကာ၊ နေနွယ်ဖြာ၍့၊ စဉ်လာမကင်း၊ မင်းသိပ္ပိကျ၊ အရိဋ္ဌဟု၊ ပုရပြည်ကြီး၊ စိုးကြပြီးသော်၊ နေမီးမယွင်း၊ သိပ္ပိမင်း၏့၊ သားရင်း မြေးရင်း၊ သက်ဆင်း ဆက်ခံ၊ ဗြဟ္မဒေဝ၊ မင်းသို့ကျအောင်၊ တေဇ ရန်နှိပ်၊ တကျိပ်ခုနစ်၊ မဟာရာဇ်တို့၊ အနှစ်ရှည်ကြာ၊ ဘုန်းရောင် ဖြာ၍့၊ အောင်ချာ ပြည်မြတ်၊ ဣန္ဒပတ်နှိုက်၊ မိုးနတ် *တရထည်၊ စံကြတည်သည်။။ ရွှေစည် နေ့-ည ဆော်ရွမ်းတည်း။ (၅)

(၂၉) ဗြဟ္မဒေဝ၊ မင်းကဆက်ပွား၊ တကျိပ်ငါးတိ၊ နောက်ဖျား ဆုံးသတ်၊ ဗလဒတ်ဟု၊ မင်းမြတ်တိုင်ကျ၊ ဘူမိန္ဒတို့၊ ဧကစက္ခု၊ ရှေးပြု ပြည်တော်၊ ပြန်ကြ ပျော်၏၊ နုဘော် ထန်ပြင်း၊ မင်းဗလဒတ်၊ နွယ်မြတ် သား-မြေး၊ တကျိပ်လေးလည်း၊ ကျူးဧး *ကျံကျံ၊ ပဉ္စင်းခံလျက်၊ ကုသမ္ဗက၊ တာပသ၏့၊ ဌာနသာမော၊ ကြို့ပင်တောကို၊ နတ်ပြော စီရင်၊ မြို့ကြီးယင်၍့၊ ရဇ္ဇင် စုံညီ၊ ကောသမ္ဗီဝယ်၊ သိင်္ဂိရွှေနန်း၊ စံကြမြန်းပြီး၊ ဆုံးခန်း စိုးဘိ၊ ဘုန်းတန်းရှိသား၊ ဟတ္ထိဒေဝ၊ ရာဇိန္ဒ၏့၊ ဝံသ သက်ဆင်း၊ ကိုးပါးမင်းမူ၊ ပျော်ခင်း သာလှ၊ ပြည်ကဏ္ဏကို၊ တည်ကြ အုပ်မိုး၊ ထိုမင်းကိုးတွင်၊ နရစိုး*မည်၊ နှောင်းဆုံးတည်မှ၊ ဘုန်းစည် မြေး-သား၊ ခုနစ်ပါးတို့၊ ထီးပွား နန်းပွား၊ ထောင်တည် ခြား၍့၊ တရားစည်ကြီး၊ ရိုက်တီး နေ့-ည၊ ယွင်းမခွဘဲး၊ ရောစနမည်၊ မြတ်ရွှေပြည်နှိုက်၊ နှစ်ရှည် မပြောင်း၊ စံကြ *ညောင်းလျက်၊ နှောင်းတွင် အဆုံး၊ ပြိုင်ဘက်ရှုံးသား၊ လက်ရုံး ဝင်းထိန်၊ မင်းမဟိန်၏့၊ ဝရဇိန် နတ်စက်၊ စိန်လက်နက်သို့၊ ထိန်လက် တေဇ၊ သား-မြေး စသည်၊ နာဂဒေဝ၊ *စောလှဘုန်းလှိုင်၊ မင်းဆုံးတိုင်အောင်၊ ဦးကိုင် စိုးလစ်၊ တကျိပ်နှစ်ကား၊ ဖြူရှစ်စကြာ၊ မိုးကြက်ကာ၍့၊ စမ္ပာပြည်သစ်၊ နန်းမြေခေတ်နှိုက်၊ ဘွင့်လှစ်ဥကင်၊ စံမြူး ရွှင်သည်။။ ကြည်လင် မကြော့ မကြမ်းတည်း။ (၆)

(၃၀) စမ္ပာပြည်သစ်၊ နန်းမြေခေတ်နှိုက်၊ ကာရှစ်ရိပ်ဖြူ၊ နှောင်းဆုံးယူသား၊ ဇမ္ဗူအုပ်မိုး၊ နာဂစိုး၏့၊ နွယ်ရိုး စဉ်စီ၊ ပဉ္စဝီဖြင့်၊ ကျင့်ညီဓမ္မ၊ ရာဇညတို့၊ ဝိဒေဟတိုင်း၊ ရှေး*သမိုင်းနှင့်၊ ကသိုဏ်းပမာ၊ မြေမျက်နှာတွင်၊ မိထိလာပြည်မ၊ ဒုတီယဖြင့်၊ တည်ကြ နန်းဘုံ၊ စံကြတုံ၏၊ ဆုံးကြုံ နရုတ်၊ ဘုန်းဟုန်သုတ်သား၊ သမုဒ္ဒဒတ်၊ မင်းမြတ်က ပွား၊ နှစ်ကျိပ်ငါးလည်း၊ နောက်ဖျားဘုရင်၊ တိဓင်္ဂရ၊ မင်းသို့ကျအောင်၊ သာလှနဂိုရ်၊ ရာဇဂြိုဟ်နှိုက်၊ ပဟိုရ် ရွမ်းဆော်၊ စံ*ကွန်းပျော်မှ၊ မင်းကျော် တိဓင်၊ ယင်းနွယ်ဝင်ဖြင့်၊ ဘုရင် တာလိသ်၊ ဆုံးပိတ် ဒွါဒသ်၊ မဟာ*ရတ်တို့၊ ပြည်မြတ် မှိုင်းညို၊ တက္ကသိုလ်ဝယ်၊ *နဂိုရ် ထာဝရ၊ ကိန်းရန်ချ၍့၊ စံကြ တသင်း၊ တာလိသ်မင်းမှ၊ သက်ဆင်းကုန်ကြ၊ မင်းဒွါဒလည်း၊ ဓမ္မ ဆယ်ပါး၊ တရား လက်ရှိ၊ ပျက် မငြိဘဲး၊ ကုသိနာရုံ၊ ရွှေဘုံ ပြည်နန်း၊ သိမ်းမြန်း စံကြ၊ ပုရိန္ဒဟု၊ ဆုံးကျ ရာဇာ၊ မင်းမြတ်စွာ၏့၊ သည်းချာ ဆက်နွယ်၊ မင်းကိုးသွယ်ကား၊ ပျော်ဘွယ်မဆိတ်၊ မွမ်းမွမ်းထိတ်မျှ၊ မလိတ္ထိယ၊ ရွှေပြည်မနှိုက်၊ သာဂရဒေဝ၊ မင်းဆုံးကျအောင်၊ ဒသ ရာဇဓံ၊ စိုးကြခံသည်။ ။ နိုင်ငံ စည်ပြန့် ပြည့်ဝှမ်းတည်း။ (ရ)

(၃၁) သာဂရဒေဝ၊ တေဇနေစက်၊ မင်းမှဆက်သား၊ ဘုန်းတက် ကြွကြွ၊ မဃဒေဝ၊ *စောလောင်းက တိ၊ အစ ပြဋ္ဌာန်း၊ ရဟန်းပြုချည်း၊ စု၍့ စည်းသို့၊ ရှေးနည်း နောက်မှီ၊ ဆက်ကာ စီပြီး၊ ပဝေဏီထုံး၊ မြတ်နှလုံးကို၊ စွဲးသုံး လက်ယှိ၊ ရာဇိသိဖြင့်၊ နေမိမင်းစစ်၊ လောင်းတော်ဖြစ်တိုင်၊ ရှစ်သောင့်းလေးထောင်၊ ရာဝင်ပြောင်သည့်၊ မင်းခေါင် များစွာ၊ မြတ်ရာဇာတို့၊ မိထိလာရွှေနန်း၊ ပြန်စံမြန်းရှင့်၊ ကြငှန်းဓိပတိ၊ မင်းနေမိ၏့၊ ဘုန်းရှိ သည်းချာ၊ ကာလာဇနက်၊ ဘုန်းစက် နေ့သွင်၊ သမင်္ကရ၊ အသောစက၊ စ၍့အဖြောင့်၊ ရှစ်သောင့်းလေးထောင်၊ သုံးယောက် အောင်လျှင်၊ *ရွှေတောင်သိင်္ဂ၊ ဗာရာဏနှိုက်၊ ဒုတီယနန်းတည်၊ စိုးကုန်သည်တည့်၊ ရုံးရည် ထွန်းပ၊ ဆုံးစွန်ကျသား၊ ဝိဇိတမည်ခေါ်၊ ထိုမင်းကျော်၏့၊ သားတော် ဘုန်းယှိ၊ နတ်*ရှိသို့၊ ဝိဇိတသေန၊ တေဇ ပြင်းရှိန်၊ ဓမ္မသိန်နှင့်၊ နာဂသိန်မည်ရ၊ သမိဒ္ဓက၊ ကြီးလှနာမံ၊ ဒိသမ္ပတိ၊ ထိုပြီ့း ရေဏု၊ ကုသရာဇာ၊ မဟာကုသ၊ ထို့နောင်မှလျှင်၊ နဝရဋ္ဌ၊ ဒသရဋ္ဌ၊ လောင်းရာမ,ထိ၊ သားလှ ဆက်ကာ၊ ဝိဠာရဋ္ဌ၊ စိတ္တရံသီ၊ တွင်ညီ နာမ၊ သမ္ဗရံသီ၊ ကျော်ညီ ထင်ရှား၊ သား သုဇာတ၊ ဩက္ကာကတိုင်၊ သောဠသမင်း၊ လူ့မှန်ကင်းတို့၊ ယင်းဗာရာပြည်၊ ထီးရွှေစည်နှင့်၊ ကြူးမြည် သာယာ၊ စံ ချမ်းသာရှင့်၊ မဟာသမ္မတ၊ မင်းက စ၍့၊ ဩက္ကာက,ထိ၊ အယှိ တွက်ကိန်း၊ ဂဏာန်း ချိန်းသော်၊ နှစ်သိန်းငါးသောင့်း၊ နှစ်ထောင့်ငါးရာ၊ ငါးကျိပ်သာ၍့၊ သင်္ချာ နောက်ပွား၊ မင်းခြောက်ပါးတည့်၊ ပိုင်းခြား ရွှေမင်၊ ရှေးဦးတင်သည်။။ ရာဝင် ပထမ ဝေခြမ်းတည်း။ (ဂ)

(၃၂) ထိုဩက္ကာက၊ ရာဇိန္ဒ၏့၊ တကွ မပြား၊ လေးယောက် သားနှင့်၊ ငါးပါး သမီး၊ နတ်ရွယ်ညီးတို့၊ တောကြီး *ဟေမာ၊ ထွက်ကြလာ၍့၊ မဟာဣသိန္ဒ၊ ကပိလ၏့၊ သာကဝနေ၊ ကျောင်းရာမြေဝယ်၊ ဇေယျာ*နက်သန်၊ အောင်ကွက်မှန်နှိုက်၊ ဗိမာန် ထီးနန်း၊ တည် *ဘန်ဆန်း၍့၊ ပြဋ္ဌာန်း နာမ၊ တိုင်းသက္ကနှင့်၊ ကပိလဝတ္ထု၊ ပြည်*သေတ္တုဟု၊ ဇမ္ဗူဦးစွန်း၊ *မော်ကွန်းသိင်္ဂိ၊ ထိုးစိုက်စီလျက်၊ နောင်ညီ လေးပါး၊ နှောင်းဘွား ရွယ်လှ၊ ငယ်နှမတို့၊ ဝံသ မပြား၊ မျိုးမခြားအောင်၊ *စုလျား ပတ်နှောင်၊ ပြည် တည်ထောင်ပြီး၊ *ယခေါင် နောင်မင်း၊ အာခံတွင်းက၊ ဝင်းဝင်းပြောင်ဝါ၊ စက်ရောင်ဖြာသား၊ ဥက္ကာမုခ၊ မင်းက ဆင့်ပွား၊ သား နိပုဏ၊ စန္ဒိမနှင့်၊ စန္ဒမုခ၊ ထိုမှ သိဝိ၊ ထိုပြီ့း သိဉ္စည်း၊ ကျော်သည်း ဝေဿန်၊ ဘုန်းအန် ထန်ပြင်း၊ ဇာလီမင်းက၊ သားရင်း သီဟ၊ ဝါဟနနှင့်၊ တေဇ*လွှံ့ပတ်၊ သီဟဿရ၊ မင်းမှ စ၍့၊ သကျ မျိုးမြတ်၊ သာကီဇာတ်တို့၊ မပြတ် သမ္ဘိန်၊ ထွန်းခဲ့ ထိန်ရှင့်၊ ဇေယျသိန် မင်းဖျား၊ သား သီဟနု၊ အတုလွတ်ကျော်၊ သုဒ္ဓေါ် မင်းမြတ်၊ လောင်းသိဒ္ဓတ်ဟု၊ အထွတ်ဆုံးတိုင်၊ *နှုန်း မပြိုင်အောင်၊ မဏ္ဍိုင် ဌာနီ၊ ပြည် ကပ္ပီဝယ်၊ သာကီမင်းပေါင်း၊ ရှစ်သောင်းအခေါင်၊ နှစ်ထောင် တွက်ကျုံး၊ တကျိပ်သုံးတို့၊ ကျွန်းလုံး ကျော်ဟိုး၊ နတ်နှယ် မိုး၍့၊ နေမျိုး ပေါ်တွင်၊ ညွန့်ဖူးတင်သည်။။ ရာဝင် ဒုတိယ ရွှေကျမ်းတည်း။ (၉)

(၃၃) ဤသို့လျှင်တိ၊ မဟာဝင်လျဉ်၊ ရာဝင်စဉ်တွင်၊ ဓမ္မဉ္စရ၊ ရာဇညတို့၊ သမ္မတဂိုဏ်း၊ ဥက္ကဂိုဏ်းဟု၊ နှစ်ပိုင်း အစု၊ ဂိုဏ်းကြီး ပြု၍့၊ တိုင်းပြု ပြည်ပြု၊ အစိတ် ရှုက၊ စတုဝီသ၊ အစုံ ရ၏၊ ထိုမျှ ရာဇာ၊ *စောချုပ်ခြာတို့၊ သင်္ချာသရုပ်၊ နှစ်ပါး အုပ်ပြီး၊ အချုပ် ထိန်းသော်၊ သုံးသိန့်းသုံးသောင့်း၊ လေးထောင့်ငါးရာ၊ ခြောက်ကျိပ်သာ၍့၊ နောက်မှာ အစွန်း၊ ကိုးယောက်ထွန်းသည်။။ *မော်ကွန်း တင်ပြ၊ မှတ်ကြ မင်းစဉ် အကျဉ်းတည်း။ (၁၀)

ဆဲ့တလုံးချ 'အာသာဝီဝတ်ဆံ'ချမျိုးတည်း။
ရာဇဝင်ခဏ်း (၁၀)ပိုဒ် ပြီး၏၊

ပထမပိုင်း၊ ၃ - မြို့ပြောင်းခဏ်း

(၃၄) မင်းစဉ် အကျဉ်း၊ ပြခဲ့ ချဉ်း၍့၊ အလျဉ်းသင့်တိုင်း၊ တလှိုင်း တသီး၊ ဆိုလတ်ပြီးမှ၊ ပြတ်ကြီးစင်းစင်း၊ စုဒ်ထုတ်လျှင်းသော်၊ မှတ်ခြင်း ဝါကျ၊ အာရဗ္ဘဟု၊ ကျမ်းပြ ဓမ္မတာ၊ လက္ခဏာနှင့်၊ နည်းနာခိုးမိ၊ ကျမ်းရိုး သိလော့၊ အာဒိကပ္ပ၊ သမ္မတမှ၊ ရာဇရာဇာ၊ ဆက်ကာကာဖြင့်၊ စဉ်ဖြာခဲ့ပြီး၊ ပွားစည်း *ဖြီး၍့၊ ပြည်ကြီး နှစ်ဆယ်၊ ဘုန်းကြွယ် မင်းပေါင်း၊ ဖြူရိပ်ဆောင်းတို့၊ ရှစ်သောင်းလေးထောင်၊ ငါးရာ နောင်မှ၊ စွန်းဆောင် အဆုံး၊ သုံးကျိပ်ခုနစ်၊ ရောက်တိုင်လစ်သော်၊ နှစ်အသင်္ချေ၊ ကြာထွေ ကာလ၊ ထာဝရ ကိန်းရိုး၊ ပြည့် တန်းခိုးလျှင်၊ မပြိုးမပြောင်၊ ညှိုးခဲ့ယောင်ဟု၊ ရွှေတောင်ဘုံကြီး၊ ညီးညီး ဘိတ်ဘိတ်၊ ပြည် မလိတ်နှိုက်၊ ဆုံးပိတ် စမ္ပယ်၊ ဘုန်းပင်လယ်သို့၊ ဘုန်းကြွယ် သာဂရ၊ မင်းဒေဝ၏့၊ သာလှ မြတ်*လျာ၊ သမ္ဘာ ထိန်လက်၊ ရုံးစိန်စက်နှင့်၊ ဘုန်းထက် တောက်ပ၊ လွန်ထူးစွကြောင့်၊ မဃသဒ္ဒါ၊ ရတနာတိ၊ ဥစ္စာဝါစီ၊ ဟောရိုး မှီ၍့၊ ထိုပြီ အပ၊ တနည်းပြကား၊ မဟသဒ္ဒါ၊ ဟ့ခရာကို၊ ဃ့ကာရိယ၊ နောက်ဒေဝနှင့်၊ ကမ္မဓာရည်း၊ စသော နည်းဖြင့်၊ သိမ်းဆည်းသင့်ရာ၊ ယောဇနာလျက်၊ ဗျူဟာ နိရုတ်၊ ဘွင့်ထုတ် နာမံ၊ နွတ္ထ နံကို၊ ဗြဟ္မာ ဆက်သ၊ နတ်*တမျှသို့၊ မဃဒေဝ၊ ကျော်ပေါက်ပြသည့်၊ လောင်းလှ မဟေ၊ *စောဘုန်းဝေကား၊ ဝိဒေဟတိုင်း၊ *သမိုင်းတွင်ဟောင်း၊ ရှေးပြည် ကောင်းသို့၊ ပြောင်းခဲ့စကြာ၊ များ *ဗိုလ်ပါနှင့်၊ ကျာကျာ ဆော်ညံ၊ မြေမိုး ပျံမျှ၊ အောင်သံ တင်လျှောက်၊ သုံးကြိမ်မြောက်ဖြင့်၊ ကိန်းလျောက် ခန်းလိုက်၊ ယုဂ်ဆန်း ကြိုက်နှင့်၊ ဓာတ်သိုက် ဗျာဒိတ်၊ နိမိတ်အရ၊ ရွှေဉာဏ် ဆ၍့၊ လောကဟိတ၊ လူမျာ့းချမ်းသာ၊ ပွားကြောင်းရှာသည်။။ မဟာဗောဓိ ကျင့်ငန်းတည်း။ (၁)

(၃၅) လောကဟိတ၊ စရိယဖြင့်၊ လူမျာ့းချမ်းသာ၊ ပွားကြောင်း ရှာသား၊ မဟာမဃ၊ ဒေဝရာဇာ၊ လောင်းမြတ်စွာလျှင်၊ မိထိလာပြည်ဟောင်း၊ ကြွပြောင်း စကြာ၊ မြန်းသောခါတည့်၊ မဟာသုဒသ်၊ မင်းမန္ဓတ်တို့၊ ထုတ်ခတ် ရိုက်မွှန်း၊ စက်ရှင် ဝန်းလျက်၊ လေးကျွန်း မဟာ၊ ရံ ငါးရာနှင့်၊ ဒီပါ ဌာန၊ သာဂရနှိုက်၊ ဖန်-မြ-ရွှေ-ငွေ၊ လေးရောင်ထွေသား၊ ရေ-မြေ အဆုံး၊ တိုက်အလုံးကို၊ ပတ်ကုံး *ကုံင၊ ဘုန်းတော် ပြ၍့၊ ခြိမ့်းမျှ ကြော်သောင်း၊ *ဗိုလ်ပါ ပေါင်းနှင့်၊ *ပုံတောင်းရတနာ၊ ရှေ့ညွှန် လာသို့၊ ယူဇနာ ရှည့်ရှည့်၊ လမ်းလုံး ပြည့်အောင်၊ ရှုကြည့် မ*ညောင်း၊ ဖုံ မထောင်းတည့်၊ သဲးလောင်း မြေသိပ်၊ မြူနှိပ် သုတ်သင်၊ ငှက်ပျောပင်နှင့်၊ ကြံပင် ညွန့်လန်း၊ ထွေထွေ ဆန်းသား၊ ကြဲးပန်း စုံစီ၊ ရှုဘွယ်အီမျှ၊ ဖြူ-နီ တမ်းခွန်၊ မိုးစွန် ဆော်လွှား၊ မုလေးပွားက၊ ကုက္ကား နိမ့်-မြင့်၊ စွင့် ရရွင့်တိ၊ ဆင့်ဆင့် ဝေဆာ၊ ဝတိံသာဝယ်၊ မဟာသုဒဿန၊ နတ်လမ်းမသို့၊ တူလှ *ယိုးယောင်၊ ဆင်ယင် ဆောင်သည်။။ ဘုန်းခေါင် ဘုန်းမြတ်* ဘန်ဆန်းတည်း။ (၂)

(၃၆) ဘုန်းခေါင် ဘုန်းမြတ်၊ ဘုန်းဥက္ကဌ်တိ၊ မန္ဓတ်ပမာ၊ ဘုန်းသမ္ဘာဖြင့်၊ မဟာသုဒဿန၊ နတ်လမ်းမသို့၊ တူလှ *ယိုးယောင်၊ ဆင်ပြီး နောင်မှ၊ စမြောင် ရှေ့ဖျား၊ ရွှေသိုင်း သွားလျက်၊ နောက်ကား မသွေ၊ အသရေစောင့်၊ သစ္စာ ဖြောင့်သား၊ သူကောင့်း သား-မြေး၊ ယဉ်ကျေး *လုလင်၊ နောက်လျှင် မလွန်၊ အိမ်ရှေ့ဝန်နှင့်၊ *တသွန် ဝင်မှူး၊ ရာထူး လိုက်ဘက်၊ ထီး လေးလက်က၊ လေးချက် ရွှေကျိုင်း၊ ရံသိုင်း ထင်ရှား၊ လိုက်ဓား လေးစင်း၊ ဝင်းဝင်း ညာဘယ်၊ ကြားဝယ် ညှပ်၍့၊ ချပ်ကာ ချပ်ကာ၊ ထက်စွာ မတုံး၊ လက်သုံးတော်ဓား၊ နောက်ပါး စီးတော်၊ မြင်းယာဉ်ကျော်နှင့်၊ နောက်သော် ထို့ပြင်၊ ပေါင်းဝန်းတင်လျက်၊ *ပြောင်ဆင်ပေါက်ထီး၊ နောက် အနီးလည်း၊ တသီး ယာဉ်ကျော်၊ စီးတော် နာဂ၊ နောက်မှ တရွေ၊ နတ်*စတေသို့၊ ကွမ်း-ရေတော်သား၊ ခြား၍့ နောက်ဆက်၊ ရဲမက် ကိုယ်ရံ၊ သိမ့်သိမ့်ညံတိ၊ ရွှေလှံ ဒိုင်းသား၊ ကာလွှား စုသင်း၊ တပ်ကြီး ခင်း၍့၊ နတ်မင်း ဤသာ၊ ထွက်-ကြွလာသို့၊ များစွာ ရံပေါင်း၊ ခြိမ့်ခြိမ့်*ညောင်းအောင်၊ ရွှေမောင်း*စစ်တလောက်၊ တီးဆော် မြောက်လျက်၊ တုန်ချောက် *တိမ်းပင်း၊ မြေ*ညီး လင်းမျှ၊ မင်း မထွက်ခင်၊ ရန်မျိုး ထွင်လျက်၊ အလျင် အိမ်ရှေ့၊ ထွက်မြဲးလေ့ဖြင့်၊ ဘုန်း*ဟေ့ လျှံညီး၊ သားတော်ကြီးလျှင်၊ ရွှေထီး လေးချက်၊ ဖြန့်ချီ ထွက်သည်။။ အုတ်ကျက် *ဗိုလ်ပါ တတန်းတည်း။ (၃)

(၃၇) အိမ်ရှေ့နန်း *လျာ၊ မဟာဥပရာဇ်၊ ရင်နှစ်တော်ကြီး၊ ရွှေထီး ဖြန့်ကြက်၊ ပြိုးပြိုးပြက်နှင့်၊ အုတ်ကျက် တညီ၊ တပ်ဦး ချီမှ၊ ထိုပြီ နောက်ဝယ်၊ ကြီး-ငယ် စဉ်လိုက်၊ အုပ်ပိုက် ပါးပါး၊ ရာထူးအားဖြင့်၊ မင်းသားတဘော်၊ စည်မောင်း ဆော်လျက်၊ ညီတော်မျာ့းတပ်၊ နောက်ထပ် မလွန်၊ ခြိမ့်သဲးဝှန်အောင်၊ မြို့ဝန် ထောင်မှူး၊ မကျူး ကွပ်ဆော်၊ များ*ဗိုလ်ဘော်နှင့်၊ ရေရဲးတော်တပ်၊ တရပ် နောက်လျှင်၊ စကြာတင်သည့်၊ မင်္ဂလာအမြောက်တော်ကြီး၊ ဦးတည် ပြီးမှ၊ သီးသီး ထင်ရှား၊ အမြောက်များကို၊ ကုလား ပသီ၊ ဘရင်္ဂျိက၊ စသည် မျိုးခြား၊ အမြောက်သားနှင့်၊ ဝန်လျား *တသွန်၊ မြေ-မိုး တွန်မျှ၊ အမြောက်ဝန်ချုပ်၊ အုပ်၍့ စဉ်လျောက်၊ ညီးညီးတောက်သား၊ အမြောက်တော်တပ်၊ စည်းကြပ် မယွင်း၊ ရှေ့ဝင်း ယာဝင်း၊ ဝင်း နှစ်ဝင်းတို့၊ တပ်ချင်း ရှေ့နောက်၊ စဉ်ကာလျှောက်၍့၊ စိုက်ဆောက် မိုးယံ၊ လွှားလွှားပျံသား၊ အလံ ဖြူ-စိမ်း၊ မတိမ်းမဖည်၊ ဟန်စည် ဟန်မောင်း၊ ထပ်လောင်း မြှောက်ပြီး၊ အမြောက်ကြီးနှင့်၊ တသီး ရံဝိုင်း၊ ရွှေဒိုင်း ရွှေလွှား၊ ရွှေကာသားက၊ ယောက်ျား သံကိုယ်၊ ဝိဇ္ဇာဓိုရ်သို့၊ မောက်တို ရွှေပိန်း၊ ဂဏန်းကိန်းတိ၊ အသိန်း အသန်း၊ ရေ မခန်းအောင်၊ တင့်ဆန်း တန်းဆာ၊ နီ-စိမ်း-ပြာဖြင့်၊ ဆင်းဝါ ထူးလည်၊ မျဉ်း တို-ရှည်နှင့်၊ ပျံ့မည်*လုလု၊ သင်း စုစုတို့၊ *ရောရု ယှဉ်တွဲး၊ လက်နက် စွဲးသား၊ သူရဲး *ဗိုလ်ပါ၊ များသေနာကို၊ လက်ျာမှု*ကုံ၊ ကျွန်ယုံ မတ်ထီး၊ ဝင်းမှူးကြီးကို၊ ဦးစီး ယောက်ျား၊ တပ်မှူး ထား၍့၊ မခြား နောက်မူ၊ လေးဆူ စုံညီ၊ ရှေ့-နောက် စီလျက်၊ ဂုဏ်ဆီလျှံညီး၊ ဝန်ကြီး ဝန်ထောက်၊ ထိုအောက် နာခံ၊ စီမံ မထွေး၊ စာရေးတော် ကြီးငယ်၊ အသွယ်သွယ်ဖြင့်၊ တင့်တယ် ငြိမ်သက်၊ ယဉ်မွေ့ညက်သား၊ လွှတ်တက် ရာရှိ၊ တိုင်း မသိတို့၊ မျာဘိ အုပ်အာ၊ ရဲး*ဗိုလ်ပါနှင့်၊ သေနာ တဘော်၊ မြေ-မိုး ကြော်မျှ၊ ရွှေလွှတ်တော်တပ်၊ အထပ်ထပ်ကို၊ မလပ် စုံစေ့၊ ဘုန်းတော် *ကြွေ့းသား၊ အိမ်ရှေ့*ရန်ငူး၊ သားတော်ဦးလျှင်၊ ဗိုလ်မှူး ဗိုလ်ချုပ်၊ ဘုရင်လုပ်သည်။။ ထိန်းအုပ် ရှေ့ချီ သိန်းသန်းတည်း။ (၄)

(၃၈) မဟာဥပရာ၊ *နန်းလျာ အိမ်ရှေ့၊ ချုပ်၍့ ချီးမြောက်၊ တပ်များ နောက်နှိုက်၊ *ရွှေမှောက် မင်းကျော်၊ တပ်မတော်တည့်၊ မိုးပေါ် တိမ်ယံ၊ စိုက် လွှင့်ပျံသား၊ အလံ သုံးမည်၊ ဟန်စည် ဟန်မောင်း၊ မ*ညောင်း နာတိုင်း၊ တီးဆော်လှိုင်းလျက်၊ ရွှေဒိုင်း လွှားကာ၊ နတ်သေနာသို့၊ များစွာ *မွမ်းဖြင်၊ တန်းဆာ ဆင်၍့၊ တွင်း-ပြင် *ရောရု၊ သွေးသောက်စုကို၊ ကွပ်ပြု တညီ၊ ထွက်ချီပြီး နောက်၊ နှစ်ယောက် ရင်ဘောင်၊ ရွှေစမြောင်က၊ ရှေ့ဆောင် ရွှေသိုင်း၊ ရှုမရိုင်းအောင်၊ မြင်တိုင်း တင့်တယ်၊ ရူပကာယ်နှင့်၊ နောက်ဝယ် တရပ်၊ မီ့းနှယ်လျှပ်သား၊ ရွှေယပ် ရွှေဓား၊ စွဲးပိုက် ခြားလျက်၊ စုသား တတန်၊ ရွှေပန်းပန်တို့၊ နတ်ဟန်ပမာ၊ ယဉ်ကျေးစွာတိ၊ မင်္ဂလာစည်မောင်း၊ တကြောင်း ထို့ပြင်၊ မင်္ဂလာအမြောက်၊ ထို့နောက် တရေး၊ ရှေ့တော်ပြေးက၊ စသည် စည်တော်၊ သင်း တဘော်နှင့်၊ နောက်သော် တမည်၊ ဆင်တော်သည်များ၊ နာရီသားတည့်၊ ကြီးမား ယာဉ်ကျော်၊ စီးတော် ပေါက်ထီး၊ ဦးစီး ပဲ့စုံ၊ များ*ဥဿုံကို၊ မှု*ကုံ ဆော်ဘန်၊ ကြွင်း မကျန်အောင်၊ ဆင်ဝန် အုပ်ပြီး၊ တသီး နောက်သင်း၊ စီးတော်မြင်းနှင့်၊ က,မြင်းတို့မှာ၊ ဆိုင်ရာ မြင်းဝန်၊ မလွန် အုပ်ငြား၊ တမ်းခွန် လွှားလျက်၊ ရထားတော်စု၊ တခု မလပ်၊ အထပ်ထပ်ကို၊ ကြီးကြပ် ဆိုင်ရာ၊ မတ် ကျော်စွာတို့၊ သင်္ချာ များဘိ၊ ဂါမဏိက၊ တုရင် စသား၊ ဇယသေန၊ အဘယနှင့်၊ ဂဇဗလ၊ ဂဇသူရ၊ ဂဇသူရိန်၊ နန္ဒီသိန်သည်။။ ဥတိန် နာဂ သမန်းတည်း။ (၅)

(၃၉) ထို့နောက်မှာမူ၊ ဆင်းဝါ ထူးခြား၊ ဟန် *ကိုးကားနှင့်၊ ယောက်ျား ပီပြင်၊ နတ်*လုလင်သို့၊ နတ်ရှင် ရွှေလှံ၊ ကိုယ်ရံ တပ်ရဲး၊ ယာ-ဝဲး နောက်ဖြည့်၊ ရွှေပြည့် မှန်ကင်း၊ *လင်းဇင်း နန်းဦး၊ တထူး ထိုမှ၊ တရာ့ငါးဆယ်၊ *ဓဝယ် မာရဘင်၊ တွင်း-ပြင် ရှက်ထွေး၊ *ကြဲးသေး မိန်ညို၊ မျဉ်း ရှည်-တိုနှင့်၊ ဆင်ကို မဆုတ်၊ စွယ်ကိုနုတ်သား၊ မယုတ် စွမ်းသန်၊ ကြီး အားအန်ဖြင့်၊ လျင်မြန် သတ္တိ၊ ပျံအံ့ဘိသို့၊ သိရီ့ပျံချီ၊ ပျံချီသေန၊ သေနရာဇာ၊ ယောဓာ ရန်ခွင်း၊ အင်းယဉ်း သူရိန်၊ ဗျညားအိန်နှင့်၊ သမိန် စောဖြတ်၊ မဏိရွတ်က၊ အောက်ဗျ ဩယား၊ စသော့အားဖြင့်၊ မျိုးခြား နွယ်ထူး၊ တပ်မှူး စစ်ကဲး၊ *ခပဲးထိုထို၊ မတ်ရဲးဗိုလ်တို့၊ မောက်တို ရွှေကုံး၊ ရေမဆုံးအောင်၊ ရောင်ပြုံး လျှပ်စစ်၊ *သေနစ်*အိမ့်ဓား၊ လေးမြား*တောင့်ကျည်၊ လှံရှည်*အဲးမောင်း၊ ချွန်းတောင်း ဝရဇိန်၊ လက်ချိန်စွဲးကာ၊ ရဲးရုပ်ဝါဖြင့်၊ အင်္ဂါ လေးပါး၊ ရထား-ဆင်-မြင်း၊ သေနတ်သင်းနှင့်၊ လေးသင်း လက်စွဲး၊ စုကွဲး မှုထမ်း၊ များဖြင်ပြွမ်းကို၊ ခမ်းနား စုံလင်၊ တန်းဆာဆင်လျက်၊ စစ်ဘုရင် မတ်၊ ရာထူး မြတ်သား၊ သေနတ်ဝန်ကြီး၊ ဗိုလ်မျာ့း ထီးလျှင်၊ *ဦးစီး ပိုက်ထုပ်၊ တပ်မှူး လုပ်၍့၊ *တအုပ်တအာ၊ နတ်သေနာကို၊ မဟာဝေဿဝဏ်၊ နေချွန် ထက်မြက်၊ *လှင်ကန်စက်နှင့်၊ စွဲးလျက် ကိုင်ဆုပ်၊ စောင့်ထိန်းအုပ်သို့၊ တချုပ်တခြာ၊ ကြီး အာဏာဖြင့်၊ သေချာ စည်းကြပ်၊ အုပ်ကွဲး ကွပ်ပြီး၊ နောက်တပ် မဝေး၊ ရှေ့တော်ပြေးဟု၊ မှတ်ရှေး လူ့ဘုံ၊ စည်တော်စုံကို၊ ဆောင်တုံ ဝဲး-ယာ၊ ရှေ့တော်သာက၊ ရတနာပြာသာဒ်၊ ယာဉ်မြတ် ထမ်းစင်၊ နေ့သွင် ညီးညီး၊ ရှုမငြီးမျှ၊ ယာဉ် ထီးဖြူကြား၊ မျက်စုံကျားသား၊ *ယပ်မား ရောင်မြိုက်၊ ယာ-ဝဲး လိုက်လျက်၊ နောက်နှိုက်၄င်း၊ ပုံမောင်း*နရည်း၊ *ခြည်ခြည်း တီးဆော်၊ ရှေ့တော် မကွာ၊ ဝဲးနှင့် ယာဝယ်၊ မဟာသတ္တ ရုဇေယျ၊ စသည် အံ့လောက်၊ အမြောက်တော်ကြီး၊ ထိန်ထိန်ညီးနှင့်၊ ထံနီး မလွန်၊ မတ်-တွင်းဝန်တို့၊ ဆော်ဘန် အမြဲး၊ စဉ် မကွဲးဖြင့်၊ ဖြိုးကဲး နုဘော်၊ တုမမြော်သည်။။ ဘုန်းတော် နေသို့ တည့်မွန်းတည်း။ (၆)

(၄၀) တပ်မတော်ကြီး၊ ညီးညီးတောက်မျှ၊ ထို့နောက်မှကား၊ အဂ္ဂမဟေ၊ ညာနေ ရတနာ၊ မိမြတ်စွာနှင့်၊ သည်းချာတော်ကြီး၊ သမီးတော်မြတ်၊ ပြည်လုံ့းနတ်တို့၊ ထည်ဝတ်ဘဏ္ဍာ၊ ရတနာစုစု၊ *ရောရုထပ်မျှ၊ နောက်တုံမှမူ၊ နှမတော်များ၊ အပါးပါးက၊ တခြား နောက်ခန်း၊ စဉ်လျောက် တန်း၍့၊ မြောက်နန်း လယ်နန်း၊ အနောက်နန်းတည့်၊ ပိုင်းသန်း ထို့နောက်၊ ရာလျောက် ငယ်-ကြီး၊ မင်းသမီးတို့၊ ညီးညီး သိင်္ဂိ၊ ယာဉ်ကိုယ်စီနှင့်၊ ရှေ့မီ နောက်မှ၊ ဆောင်ရ ခန်းရ၊ မဟေ စသား၊ ရူပနတ်ရုပ်၊ ကိုယ်လုပ် မိဿံ၊ ခြွေရံ ငြိမ့်သည်၊ အတည်တည်ကို၊ ဂုဏ်ရည် *ဖြိုးဝှန်၊ အနောက်ဝန်နှင့်၊ မလွန် ရှေးထုံး၊ နောက်ရုံး ရာယှိ၊ ကြီးကြပ်ဘိ၍့၊ လိုက်ပြီ့း နောက်နှိုက်၊ ရွှေတိုက်ဘဏ္ဍာ၊ နောက်မှာတလိုက်၊ အချုပ်တိုက်က၊ ကြေးတိုက် စသည်၊ တိုက်မည် မကျန်၊ ဆိုင်ရာဝန်တို့၊ ဆော်ဘန် အမြဲး၊ အုပ် ကွပ်ကဲးမှ၊ လက်ဝဲးဝင်းနှင့်၊ နောက်ဝင်းတို့မှာ၊ ဝါ-ပြာအလံ၊ ဖြိုးဖြိုးလျှံအောင်၊ မိုးယံ လွင့်တည်၊ ဟန်စည် ဟန်မောင်း၊ ဆော်ရိုက်ညောင်းလျက်၊ ရှေ့ကြောင်း မှတ်ယှဉ်၊ တပ်အစဉ်သို့၊ စီလျဉ် ရှေ့-နောက်၊ အထောက် အလှမ်း၊ ပေး မကမ်းဘဲး၊ မလှမ်း ခပ်နီး၊ ဝင်းမှူးကြီးတို့၊ အသီးအသီး၊ အုပ်စီး ကွပ်ဆော်၊ ထို့နောက်သော်မှာ၊ မှူးတော် မတ်ပေါင်း၊ ရှစ်သောင်း မက၊ ထိုမျှ များပြား၊ ခြား၍့ နောက်မှာ၊ ထူးဂုဏ်ဝါနှင့်၊ နေရာ နေငြား၊ မည် ထင်ရှားသည့်၊ မင်းသားတို့ တပ်၊ အထပ်ထပ်တည့်၊ တရပ် နောက်ပေ၊ မင်းဆွေ စိုးမျိုး၊ နွယ်ရိုးမဟာ၊ နောက်တဖြာမူ၊ သေနာ ရဲးမက်၊ မြေကြီး အက်မျှ၊ လက်နက် ဝင်းဝင်း၊ စွဲးကိုင်လျှင်း၍့၊ ဆင်-မြင်း-ရထား၊ *ဗိုလ်ပါများနှင့်၊ စော်ဘွား စော်ကန်၊ များ*ကလန်ကို၊ နန်းရန် မင်းကြော့၊ သားတော့် သားကြီး၊ ရွှေထီး နှစ်ချက်၊ ပြိုးပြိုးပြက်ဖြင့်၊ မိုးကြက် ဖြန့်အုပ်၊ သိမ်းပိုက် လုပ်သည်။။ ဗိုလ်ချုပ် နောက်တော် ချီမြန်းတည်း။ (ရ)

မြို့ပြောင်းခဏ်း (ရ)ပိုဒ် ပြီး၏၊
ဤကား အမရပူရ ဒုတီယနန်းတည် မင်းတရားကြီး ဥက္ကလာပမြို့သို့ ပြောင်းချီတော်မူသည့် တပ်စဉ်အတိုင်းတည်း။

ပထမပိုင်း၊ ၄ - မြို့တည်နန်းတည်ခဏ်း

(၄၁) ဤသို့အခြင်း၊ ရံရွှေသင်းနှင့်၊ လုံးရင်းကြီးစွာ၊ မြတ်ရာဇာလျှင်၊ မဟာဗောဓိ၊ လောင်းဇာတိတို့၊ စရိယငန်း၊ ကျင့်စခန်းဖြင့်၊ ထီးနန်း ပြောင်းခဲ့၊ မြေစောင်းငဲ့မျှ၊ ထွင်ချဲ့ ယူဇနာ၊ လေးမျက်နှာနှိုက်၊ တာ ခုနစ်ထောက်၊ တောင်-မြောက်-နောက်-ရှေ့၊ စနစ်၍့လျှင်၊ မင့်းနေ့ ထပ်သူ၊ နံတူ ယောက်ျား၊ နေ့ကျော်သားတို့၊ ရှေးဖျား စတင်၊ သစ်ပင် သစ်ငုတ်၊ ထွင်းခုတ် ပယ်ရှင်း၊ မြို့ခင်း နန်းရာ၊ ပြင်ကာ စုံစေ့၊ ပြီး*ကုံလွေ့မှ၊ မကွေ့ ဖြောင့်တန်း၊ စတုရန်းဖြင့်၊ ရစ်သန်း မြို့ရိုး၊ တောင်ကြီး မိုးသို့၊ ပြအိုး ပစ္စင်၊ ထက်ခွင် မောက်မို၊ ရဲးခို ရဲးပြေး၊ ဖွေးဖွေးလျှံဘိတ်၊ မြင်တိုင်း ထိတ်သည့်၊ ဓာတ်မိတ် ထင်ရှား၊ တံခါးတော်မြတ်၊ မုခ်-ပြာသာဒ်သို့၊ ဖြိုးညွတ် တင့်တယ်၊ လွန်ဆန်းကြယ်သား၊ ကြီးကျယ် ခံ့*ကျိုင်း၊ တုရိုဏ်း ရွှေတိုင်၊ အပြိုင် တွင်း-ပ၊ ထာဝရ ပြုဘန်၊ ရေ-ညွန်-အခြောက်၊ အစောက် ပြောကျယ်၊ သုံးသွယ် ကျုံးမြောင်း၊ မြစ်ငယ်*လောင်းသို့၊ *တံရှောင်း ရေပြည့်၊ ကမ်းရှည့် မောက်မို၊ လျှမ်းလျှမ်းပို၏၊ ကြာညို ကြာဖြူ၊ လှိုင်ကြူ သင်းကျော်၊ ကော်ကနုဒ၊ ပဒုမတို့၊ အာရုဏ နေ၊ တက်သရေသို့၊ ပွင့်ဝေ ငုံဖူး၊ မြင်တိုင်း နူး၏၊ မြူးထူး ပျံအုန်း၊ ပျားပိတုန်းလည်း၊ ရုန်းရုန်း ကြွက်ဆူ၊ ရှုန်းရှုန်း အူလျက်၊ ရေသူ ရေသား၊ မှင်*ငွါးငွါးနှင့်၊ *နှရား ကြောက်ဘွယ်၊ ကြီး-ငယ် မိကျောင်း၊ အလျောင်းလျောင်းတည့်၊ သောင်းပြောင်း* ပြောထူ၊ မြင်သူ ထိတ်လန့်၊ ကြောက်ခန့် ရွံ့ရှား၊ မဝံ့စားအောင်၊ ဘေးတား ရန်ကာ၊ ကျုံးအင်္ဂါဖြင့်၊ များစွာ လှောင်သွင်း၊ ပြုန်းပြုန်းပြင်းတိ၊ *ခပင်း ပြည့်လှိုင်၊ အဆိုင်ဆိုင်သည်။။ လပိုင်-ငါး-လိပ် မကရ်းတည်း။ (၁)

(၄၂) ငါး-လိပ်-မကရ်း၊ ကြမ်းတန်း ကြောက်ဘွယ်၊ အပြော*ကျယ်သား၊ သုံးသွယ် ကျုံးမြောင်း၊ ရေမောင်း ရေစက်၊ ခဲခက် ကိရိယာ၊ ပြုအပ်စွာသား၊ ဂါထာ နတ်ရုပ်၊ အင်းမြှုပ် အင်းနှံ၊ စီမံ ပယောဂ၊ တေလကုမ္ဘ၊ ရာ့နှစ်ဆယ်ဝင်၊ လေးခွင် လေးထောင့်၊ ဂြိုဟ်နတ်စောင့်နှင့်၊ မြို့စောင့် နတ်ဂူ၊ ဆူဆူများစွာ၊ မြို့အင်္ဂါလည်း၊ ဘွယ်ရာ မကြွင်း၊ မြို့ကြီးတွင်းဝယ်၊ မင်းလမ်း ပြလမ်း၊ ဒူးလမ်းသွယ်ဖြတ်၊ မှူးမတ် မင်းဆွေ၊ ရပ်မြေ ကွက်ခြား၊ ကနား လွှတ်ရုံး၊ ပြည်သုံး ကျီကြ၊ အာသောက,က၊ နေကျသွယ်သွယ်၊ ဈေး ကြီး-ငယ်နှင့်၊ အလယ် ဗဟို၊ ရွှေမြင်းမိုရ်သို့၊ နဂိုရ်*ကြငှန်း၊ ရှုမခန်းအောင်၊ ရွှေနန်း ကိုးဆောင်၊ ပြိုးပြောင်*သရစ်၊ ပလ္လင် ရှစ်တည့်၊ နတ်သစ်ရုပ်ထူး၊ *ကွန့်မြူး ပျံဝဲး၊ ခံမြဲး အလို၊ *ပဟိုရ်အိမ့်ရှင်၊ မင်္ဂလာမည်ငြား၊ မင်းကြား အောင်စည်၊ သုံးမည် အလံ၊ စီမံထိုမျှ၊ အစစကို၊ ကမ္ဘာ့တန်းဆာ၊ နန်းစဉ်စာနှင့်၊ ကာမဏ္ဍကီ၊ ဒေဝီပူရဏ်၊ နိဃဏ် သက္ကဋ၊ ဘိဓာန် စသား၊ မြို့ပြ ထီးနန်း၊ *ဘန်ဆန်း တည်ခြင်း၊ မကြွင်းလက္ခဏာ၊ ကျမ်းညီစွာလျှင်၊ ဗြဟ္မာ သိကြား၊ ဦးတည်ထားလျက်၊ မိုးဖျား ကောင်းကင်၊ ရေပြင်နေမှတ်၊ မီးနတ် လေနတ်၊ နေနတ် ယမ၊ ဂန္ဓဗ္ဗက၊ ခေတ္တပါလော်၊ တန်းခိုးကျော်သည့်၊ မြေပေါ် ထင်ရှား၊ နတ်အများနှင့်၊ တရားမင်းကျော်၊ ပူဇော် တိုင်ပင်၊ ပြုစီရင်လျက်၊ *မငြင်မငြို၊ ဘုန်းတော် *ကြို၍့၊ *မစိုမပြည်၊ ရက်မရှည်တည့်၊ ထောင်တည် သီးသီး၊ ကုန်အောင် ပြီးသည်။။ ပြည်ကြီး အောင်မြို့ စံခန်းတည်း။ (၂)

(၄၃) အောင်မြို့ စံခန်း၊ ကိုးဆောင်နန်းကား၊ တင့်ဆန်း ကျယ်ဝင်း၊ နေပြိုင်ကျင်းသို့၊ ရာစင်း ထီးဆောင်း၊ မင်းအပေါင်းတို့၊ ဥက္ခောင်း မကိုဋ်၊ ဦးတိုက်ခံရာ၊ မင်္ဂလာ ရွှန်းဝေ၊ ယမနေသစ်၊ ဆီနှစ် ပြည့်လျှံ၊ ခြင်္သေ့ခံလျက်၊ ခုံပျံရတနာ၊ သီဟာသန၊ ပလ္လင်လှနှင့်၊ သိကြာ့းဝေယန်၊ သဏ္ဌာန်*နှုန်းနှန်း၊ ရှုမခန်းသည့်၊ မြေနန်းတော်မြတ်၊ နတ်သမုဖျား၊ လူ့ထွတ်ထားတို့၊ သုံးပါးရတနာ၊ ပူဇော်ရာသား၊ သာယာမည်မှန်း၊ သစ် သင်္ကန်းဖြင့်၊ ရုပ်ဆန်း ကွန့်ပျံ၊ ဟင်္သာခံလျက်၊ *တင့်စံမင်္ဂလာ၊ ဟံသာသန၊ ပလ္လင်လှနှင့်၊ ကြွကြွမိုးစွန်၊ ဇေတဝန်တည့်၊ ဘုန်းဝှန်ထွတ်ထား၊ လူမင်းဖျားတို့၊ တရား ပရိတ်၊ အောင်ဟိတ်ဒေသနာ၊ နာခံရာနှိုက်၊ သညာ တင့်ကဲး၊ တောင်ပိန္နဲးဖြင့်၊ ရိုးရဲး လျှံဝင်း၊ ခရုသင်းရုပ်၊ ထုလုပ် ခံကာ၊ သင်္ခါသန၊ ပလ္လင်လှနှင့်၊ သာစွ ဝင်းပြောင်၊ ပရိတ်ဆောင်တည့်၊ ဘုန်းခေါင် မင်းကျော်၊ စက်တော်ခေါ်သား၊ သစ်တော် ကရဝေး၊ ကြိုင်မွှေး ဝင်းလျှံ၊ ပိတုန်းခံလျက်၊ နှုန်း*စံ ဘက်ကွာ၊ ဘမရာသန၊ ပလ္လင်လှနှင့်၊ ဆောင်မ*ကြငှန်း၊ မှန်နန်းတော်ကြီး၊ ခြီးမြှင့် နှိမ့်ရာ၊ စကားဝါသား၊ ကြွားကြွား *တင့်စံ၊ ဆင်ရုပ်ခံလျက်၊ မည်နံ သညာ၊ ဂဇာသန၊ ပလ္လင်လှနှင့်၊ နာမသမိုက်၊ ဗြဲးတိုက် ဆောင်တော်၊ ယာဉ်ကျော် ဆင်-မြင်း၊ သိမ်းသွင်းခံရာ၊ ရတနာ ခြယ်နစ်၊ ပေါက်သစ် သားကောင်း၊ ဥဒေါင်းရုပ်ထု၊ မယုရာသန၊ ပလ္လင်လှနှင့်၊ တွင်ထ မည်ထုတ်၊ မြောက်စမုတ်ဆောင်၊ *မြားမြောင် ပြည်ရေး၊ ဆွေးနွေးပြုရာ၊ မင်္ဂလာသစ်ဆန်း၊ ရေသဖန်းဖြင့်၊ တင့်ရွှန်း ခုံပျံ၊ သားရဲးခံလျက်၊ ဝင်းလျှံ ထိန်ဝါ၊ မိဂါသန၊ ပလ္လင်လှနှင့်၊ မည်ရ မှန်ဟုတ်၊ တောင်စမုတ်တည့်၊ မယုတ် ဆင်းဝါ၊ သူဇာနတ်တူ၊ နန်းသူ ဧကီ၊ မဟေသီအား၊ ဒေဝီအပေါင်း၊ ဥက္ခောင်း ညွတ်ပြော့၊ ဦးနှိမ်လျှော့၍့၊ ကန်တော့ခံရာ၊ နောက်မှာ တပါး၊ သရက်သားဖြင့်၊ စီခြားရတနာ၊ ရွှေကြာခံပြု၊ ပဒုမာသန၊ ပလ္လင်လှနှင့်၊ ထိန်ပ ပြိုးပြက်၊ ပွဲးတက်ဆောင်တော်၊ ရှုမျှော် ပိုင်းခြား၊ ပြည်သူများကို၊ တရားဖြတ်ရာ၊ လွှတ်တော်မှာကား၊ သီဟာ တင့်ဆန်း၊ မြေနန်း ဥကင်၊ ဘွေအပြင်သို့၊ ပလ္လင် ရှစ်ခန်း၊ ရွှေနန်း ကိုးရပ်၊ ထိန်လျှပ် ဝိုးဝင်း၊ ပြောင်ပြောင်လင်းသည်။ ။ မင်းတို့ ရွှေဘုံ နိဒါန်းတည်း။ (၃)

(၄၄) ရွှေဘုံ နိဒါန်း၊ မင်းတို့မြန်းသား၊ မြေနန်း ရှေ့ဆီ၊ တံခါးနီ၏့၊ ရှုအီ သာခင်း၊ လက်ျာတွင်းက၊ တင့်ခြင်း ထင်ရှား၊ နန်းမြို့နားတွင်၊ မင်းကြားမည်သာ၊ မင်္ဂလာစည်တော်၊ ရှုမျှော် ထင်းထင်း၊ မကြွင်းတအင်၊ တန်ဆောင်းတင်၍့၊ နတ်သျှင် *စောမီး၊ ထွက်တော်ကြီးနှိုက်၊ ညီးညီး ထိန်*ကြွေ့၊ ဝေါတော်ရွေ့သော်၊ ချက်စေ့ ဆဲ့တစ်၊ မိုးကြိုးပစ်သို့၊ တွက်စစ် ထင်ထင်၊ သံတော်တင်ဟု၊ သစ်လွင် တန်းဆာ၊ ဆင်ယင်ကာလျှင်၊ မင်္ဂလာနန်းရိုး၊ ရွှေပြည်စိုးတို့၊ ကြိုးထစ် ထိန့်မျှ၊ တီးဆော်ရ၏၊ ထိုမှ တဆူ၊ ပဟိုရ်မူကား၊ ရွေးတော်ယူထွက်၊ လက်ဝဲးဘက်က၊ ဖြူလက် ရောင်ထင်၊ စည်တော်စင်ထက်၊ သံလွင် *ခြိမ့်ညောင်း၊ ရွှေခေါင်းလောင်းနှင့်၊ သူကောင်း မှူးမတ်၊ မျိုးမြတ် နွယ်ခြား၊ ဂုဏ်ထင်ရှားသည့်၊ မင်းသား မင်းညီ၊ တူပြီတကွ၊ တင်ထားကြလျက်၊ နံနက် နေညီး၊ တချက်တီးက၊ စ၍့မှတ်ဘွယ်၊ နေ့-ညဉ့်ဝယ်တိ၊ လေးဆယ်တော်သား၊ မှူးမတ်များတို့၊ သနားခံရ၊ လှပ ယဉ်ပျောင်း၊ ဗောင်းနားဍောင်းနှင့်၊ တင့်ကြောင်း ဖြူစင်၊ တန်းဆာဆင်၍့၊ တီးကျင် ဆဲ့တစ်၊ နှစ်ဆဲ့နှစ်က၊ စင်စစ် မှတ်ထုံး၊ သုံးဆဲ့သုံးနှင့်၊ ပွားပြုံး တွက်ရေး၊ လေးဆဲ့လေးတည့်၊ စဉ်ရှေး ပြကတေ့၊ ပြည်ကြီးလေ့ဖြင့်၊ *ကြွေ့ကြွေ့ ပွားကြွယ်၊ ရာ့တဆယ်ကို၊ လေးသွယ် ဓာတ်စား၊ လဒ်ကား နက္ခတ်၊ ကြွင်းမြတ် နေ-လ၊ နှစ်ပါးရ၍့၊ ဝဍ္ဎနမင်္ဂလာ၊ ဇေယျာပဝရံ၊ အောင်လံ ညွှန့်*ဖြိုး၊ ဆင့်ဆင့်တိုးလျက်၊ မြေ-မိုး ကျော်သည်း၊ လှိုက်လှိုက်ကြည်းအောင်၊ နေ့လည်း လေးချက်၊ ည လေးချက်သည်။။ ဆော်နှက် ပဟိုရ် *ယန်းတည်း။ (၄)

(၄၅) ထိုမှတဘော်၊ ရွှေမြို့တော်၏့၊ ရှေ့ခေါ် မျက်နှာ၊ ရပ်ဒိသာဝယ်၊ မင်္ဂလာ တင့်မော၊ အန္တောမည်ရ၊ သူရစ္စဓာတ်၊ တံခါးမြတ်ထက်၊ အမှတ် ထင်ပေါ်၊ ကျွန်းစည်တော်တည့်၊ တောင်သော်မသွေ၊ ဂဗ္ဘေပညတ်၊ ကောလီဓာတ်နှိုက်၊ မည်မှတ် ထင်ရှား၊ ဓာတ်တံခါးထက်၊ ပေါက်သားစည်ကြီး၊ တသီး နောက်ပေ၊ စရေဌာန၊ ဓာတ်ပါပနှိုက်၊ ဒွါရထက်မူ၊ သစ်မဉ္ဇူခေါ်၊ စည်တော် တခြား၊ မြောက်ပါးဒိသာ၊ ရပ်မျက်နှာဝယ်၊ ဥတ္တရာဗွေ၊ ဝံသေဓာတ်ကျ၊ အမြိတ္တစက်၊ တံခါးထက်ကား၊ သရက်စည်တော်၊ လေးမည် ကျော်သည့်၊ ထင်ပေါ် ကြီးမား၊ စည်တော်များလည်း၊ ဆွဲးထားထင်ထင်၊ ရပ်လေးခွင်မှ၊ နေဝင် နေထွက်၊ ပဟိုရ်ချက်နှင့်၊ တကွ နက်သာ၊ ချက်မကွာအောင်၊ မင်္ဂလာ ခါမြောက်၊ နာရီရောက်က၊ သွေးသောက် မြင်းသည်၊ ဦးတည်စငြား၊ နာရီသားတို့၊ ပိုင်းခြား မှန်လှ၊ တီးဆော်ရ၏၊ ဝါပ ဝါတွင်း၊ မယွင်းမပျက်၊ ဆန်း ငါးရက်တိုင်း၊ ဆက်ဆက်မလွန်၊ ရွှေစာချွန်နှင့်၊ မြို့ဝန် မြို့ကွပ်၊ ကြီးကြပ်သမှု၊ လုံ့လပြု၍့၊ ဂရုဓမ္မ၊ စာရိတ္တဖြင့်၊ တလ တကြိမ်၊ ဦးနှိမ် *လွှံ့ကြော်၊ ဆင်းရဲးပေါ်ထက်၊ အမိန့်တော်မြတ်၊ ပြန်တုံလတ်၍့၊ မီးဓာတ်စည်တော်၊ ရပ်တိုင်း ဆော်လျက်၊ မြို့ပေါ် လေးခွင်၊ ထက်ဝန်းကျင်နှိုက်၊ တွင်း-ပြင် သီးသီး၊ လှည့်ကာတီးသည်။။ မြေကြီးတုန်နန့် *ရိုက်ဖြန်းတည်း။ (၅)

(၄၆) တုန်နန့် မြေကြီး၊ ရိုက်တီး *ဖြန်းဖြန်း၊ မင်ဘုန်းတန်းဖြင့်၊ ပြဋ္ဌာန်း ပိုင်းခြား၊ စည်တော်များကား၊ မင်းဖျားမဟာ၊ မြတ်ရာဇာတို့၊ မုဒ္ဓါသွန်းငြိမ်း၊ နန်းသိမ်းဥကင်၊ မင့်းသဘင်လျှင်၊ မ*ရင်သမျှ၊ မတီးရတည့်၊ ကာလ ထိုရွေ့၊ ချိန်မစေ့ခင်၊ နန်းလေ့ မကင်း၊ လောင်း*သနင်းလည်း၊ အတွင်းတော်က၊ စ၍့ရံကာ၊ ဝင်း လေးဖြာနှိုက်၊ ပတ်သာ ပုံမောင်း၊ တကြောင်းမကွဲး၊ နှဲးနှင့် ကြေးနင်း၊ လင်းကွင်း ခြောက်ဘော်၊ *နရည်း ဆော်၍့၊ ရွှင်ပျော် သိမ်မွေ့၊ စံငြိမ်လေ့၏၊ စုံစေ့ မြို့နန်း၊ အခန်းခန်းကို၊ *ဘန်ဆန်းကိစ္စ၊ မကျန်ရအောင်၊ သမန္တလင်္ကာ၊ မည်သာ ဘွဲ့ရ၊ ဂုဏလင်္ကာ၊ ဂုဏ်ဝါ ထူးလှ၊ ဉာဏပစ္စည်း၊ ဆင်နည်း *ကုံလုံ၊ ဝိဿကြုံသို့၊ ပြည့်စုံ သိပ္ပ၊ တတ်လှ လက်မှု၊ အစုစုတိ၊ ပန်းပု လက်မြန်၊ ပန်းရန် လက်ပေါ့၊ *တမော့ဆရာ၊ ဗိဿုကာနှင့်၊ ပညာတော်ချွန်၊ ရွှေနန်းဝန်တို့၊ ကောင်းမွန် စီမံ၊ လုပ်ကြံ နေ့-ည၊ ပြီးကာလကား၊ တတီယမြောက်၊ ဝေယံပေါက်သို့၊ အံ့လောက် ဖြိုးလျှံ၊ မြေ-မိုးပျံမျှ၊ အသံ ဆယ်ပါး၊ တုန်*ချောက်ချားလျက်၊ ထူးခြား ပြကတေ့၊ ပြည်ကြီးလေ့ဖြင့်၊ *လက်ပွေ့*လက်ပမ်း၊ ဘက်ယမ်း လုံးထွေး၊ ဟစ်ကြော်ကြွေး၍့၊ ပျော်ရေး မြူးရွှင်၊ အထူး*ဖြင်သား၊ အထင်လွန်စွာ၊ အတ္ထာတိသယ၊ ဝိသိဋ္ဌကြောင့်၊ မထပါဠိ၊ ဓာတ်ရင်း ချိလျက်၊ အဓိကရဏ၊ ဝါစကတည့်၊ ဣလပစ္စည်း၊ နိရုတ်နည်းဖြင့်၊ မ,ဗျည်း အန္တ၊ ဣပြုမှလျှင်၊ နောက်က အာသက်၊ လိင်နက် ရုပ်ပြီး၊ ပျော်မငြီးသား၊ ပြည်ကြီး အောင်ချာ၊ မိထိလာဟု၊ ကညာဒိဂိုဏ်း၊ သာမနှိုင်းသည်။။ *သမိုင်းရွှေဘွဲ့ *မော်ကွန်းတည်း။ (၆)

ဤကား မန္တလေး ရတနာပုံရွှေမြို့တော် တည်တော်မူသည့်အတိုင်းတည်း။
ဤမျှဖြင့် ယခင်မြို့နိဒ္ဒေသ၏ ပဋိနိဒ္ဒေသ။
မြို့တည် နန်းတည်ခဏ်း ၆-ပိုဒ် ပြီး၏၊

၅- ဘိသိက်ခဏ်း

(၄၇) ရွှေဘွဲ့ *မော်ကွန်း၊ အစဉ်ညွှန်းလျက်၊ ထွန်းခဲ့ မပျောက်၊ သုံးကြိမ်မြောက်တည့်၊ *ကွန်းပြောက် ရွှေနန်း၊ *ကြငှန်း ဗိမာန်၊ ပြည်ကြီးဘန်၍့၊ မကျန် *ကုံလုံ၊ ပြီးပြည့်စုံသော်၊ ပွင့်မုံဗောဓိ၊ တုမရှိသည့်၊ သိရီ့ပဝရ၊ မဃဒေဝေါ်၊ မင်းကျော်ရန်နှည်၊ လောင်းဘုန်းစည်ကား၊ လူ့ပြည် ရှေးခါ၊ ကပ်ဦးစွာက၊ မဟာသမ္မတ၊ ဘေးလောင်း စသား၊ တေဇ ကျော်ကြား၊ ဘိုးတော်များသို့၊ ထင်ရှား ကြီးစွာ၊ ထပ်မံကာလျှင်၊ သာမန်မင်းတို့၊ ခံခြင်း မရဲး၊ ခံဝံ့ခဲးသည့်၊ လွန်ကဲး သိရီ့၊ သိဒ္ဓိ ဇေယျာ၊ ရေ ငါးဖြာဖြင့်၊ မုဒ္ဓါဘိသိက်၊ ကျွန်းလုံးထိတ်မျှ၊ အောင်ဟိတ်မင်္ဂလာ၊ ခံအံ့ငှါဟု၊ မဟာကဝိန်၊ သုခမိန်တို့၊ နှိုင်းချိန် ပညာ၊ နန်းစဉ်စာနှင့်၊ ညီစွာ မကျူး၊ နှစ်သစ်ကူး၍့၊ တန်းခူး ကုန်ထ၊ ကဆုန်လနှိုက်၊ ဘိသေကပွဲး၊ ခံမြဲး များစွာ၊ ဓမ္မတာဖြင့်၊ အခါ ပိုင်းခြား၊ ရွေးချယ်ထားမှ၊ သိကြားရေစင်၊ မုခ်ဥကင်နှင့်၊ ပလ္လင် နဝရတ်၊ ပြာသာဒ် မြေနန်း၊ အခန်းခန်းပါ၊ ရွက်ဝန်း အချင်း၊ မင်း၏့ လေးတောင်၊ နှစ်သစ် ဆောင်လျက်၊ ရွှေညောင် ရာ့ရှစ်၊ ရွှေနှစ် ဇမ္ဗူ၊ ရွှေချူ ရွှေကြယ်၊ မီးနှယ် တောက်ညိ၊ မဏိ ပတ္တမြား၊ မြသား အစစ်၊ တင့်ပြေပြစ်သား၊ ခြယ်ပျစ် ပန်းဆိုင်း၊ တု*မဲ့နှိုင်းအောင်၊ ရှုတိုင်း ထိန်ရဲး၊ စိန်-ပုလဲးတည့်၊ မြီးဆွဲး ဟင်္သာ၊ ကျေးဝါ ကြက်ရုပ်၊ ထုလုပ် ထွေပြား၊ ငှက်မြတ်နားနှင့်၊ ပတ္တမြားအထွတ်၊ နဝရတ် မျက်ကိုး၊ ရောင်စုံပြိုးသား၊ ရွှေရိုးရတနာ၊ နေခြည်ကာဟု၊ မင်္ဂလာထီးချုပ်၊ မင်းခမ်းလုပ်က၊ စသည် ပရိကံ၊ ရွှေကြာခံနှင့်၊ အနံ ကိုးမိုဌ်၊ လျား ဆယ်မိုဌ်တိ၊ မင်းထိုက်စိုးရာ၊ နန်းစဉ်စာဖြင့်၊ ကျမ်းလာ မိန့်သံ၊ သင့်စီမံသည်။။ ခုံပျံသစ်ရေ သဖန်းတည်း။ (၁)

(၄၈) မင်းခမ်း ပရိကံ၊ ရှေးထုံးစံတိုင်း၊ စီမံ ခြားနား၊ အသည်သားတို့၊ သစ်-ဝါး-ကြိမ်နွယ်၊ ဆောင်သယ်စေလတ်၊ ရင်း-ဖျား မှတ်လျက်၊ ကောင်းမြတ်လှစွာ၊ မင်္ဂလာမဏ္ဍပ်၊ ဆောက်ရာရပ်နှိုက်၊ ပြုတ်ရှပ် တီကျစ်၊ အညှစ် အညှော်၊ ခရော် *ခရွတ်၊ မညီညွတ်ကို၊ ညီညွတ်*ကုတ်သဲး၊ လှီးလွဲး စင်ကြယ်၊ သန့်ရှင်း ပယ်မှ၊ ပြုဘွယ် ရှေးထုံး၊ ရွှေထွန်တုံးဖြင့်၊ သုံး၍့မကုန်၊ ဥစ္စာဂုဏ်နှင့်၊ မသုန်နွယ်ရိုး၊ သူဌေးမျိုးကို၊ ထမ်းပိုး က-ပြင်၊ အဝါဆင်၍့၊ မောင်းနှင် ဥသဘ၊ ထွန်စေရ၏၊ ထိုမှ စဉ်ထုံး၊ ငွေထွန်တုံးဖြင့်၊ ဆောင်သုံး *ပေါယယ်၊ များ*ကုံကယ်သည့်၊ သူကြွယ် မျိုးကောင်း၊ နီမောင်း တန်းဆာ၊ ဆင်ကာ ထွန်ရ၊ တဝ မှတ်သုံး၊ သံထွန်တုံးဖြင့်၊ မျိုးဆုံး မပျက်၊ စဉ်ဆက် *ပွားဖြီး၊ တောင်သူကြီးတို့၊ တက်စီး မောင်နှင်၊ ဆင်ယင် စိမ်းထည်၊ ထွန်ယက်နည်မှ၊ နို့ရည် ဖျန်းနူး၊ နွားမှုန့် ဖြူးလျက်၊ အထူး မှန်မော၊ မုယောနှမ်း-ဝါ၊ တဖြာ ပြောင်း-ပဲး၊ ကြဲးသည် စပါး၊ ပြုငြားတုံလတ်၊ ရာဇမှတ်* ဒေါင်းခြံ၊ ကာရံထားပြီး၊ အသီးအခြား၊ ပုဏ္ဏားတို့က၊ စန္ဒီ စသား၊ နတ်ကြီးများကို၊ ရထား တင်ကာ၊ ဆောင်ခဲ့ လာ၍့၊ ဂါထာ ပရိတ်၊ မဆိတ် ရွတ်လျှင်း၊ ပူဇော်ခြင်းနှင့်၊ ခရုသင်း သံထူး၊ ကြွေးညံ ကြူးသည်။။ *မျှို့ဦးမြေမင်္ဂလာ တင်မှန်းတည်း။ (၂)

(၄၉) မြေမင်္ဂလာ၊ တင်ပြီးခါမှ၊ မိုး-ကာ သစ်ဝါး၊ ဆောက်ဦးများကို၊ ပုဏ္ဏား သူမြတ်၊ ရွတ်ဘတ် အောင်ဟိတ်၊ ပရိတ်ဂါထာ၊ သင်္ခါရစ်ခွေ၊ ရုခရေဖြင့်၊ ဖျန်းစေတုံငြား၊ *ဟူးရားတတ်စွာ၊ ဆရာ ပါမောက်၊ ရာ့ရှစ်ယောက်တို့၊ မဘောက် ဖြူစင်၊ ဆင်ယင် တန်းဆာ၊ မိုးဗြဟ္မာသို့၊ အခါ စောင့်မြောက်၊ နာရီရောက်က၊ မီးပေါက် ခုနစ်၊ ဘောက်ပစ် ခုနစ်ကြိမ်၊ ရန်နှိမ် ဘေးကင်း၊ မောင်း*ခွက်ခွင်းနှင့်၊ ဒုံမင်း ညိုးညံ၊ ခရုသံဖြင့်၊ *ကျံကျံဆော်လျက်၊ ပြိုင်တချက်လျှင်၊ ရွှေပနက်ကို၊ အညိုဆင်ငြား၊ သင်္ဘောသားတည့်၊ တခြား ဖြူလက်၊ ငွေပနက်မှာ၊ တန်းဆာ နီလွင်၊ ဝတ်ဆင် ကောင်းဟိတ်၊ ပရိတ်ပုဏ္ဏား၊ တပါး ပြောင်လက်၊ သံပနက်မှာ၊ အပြာဆင်ပြီး၊ လယ်သူကြီးတို့၊ ကောင်းခြီး နှုတ်က၊ မြွက်ဟမင်္ဂလာ၊ ညီတညာလျှင်၊ ချကာ ပြီးငြား၊ အသည်သားတို့၊ မမှား စေ့စပ်၊ ကုန် မလပ်အောင်၊ မဏ္ဍပ် သုံးဆောင်၊ ဆောက်ပြီး နောင်မှ၊ တဆောင် သညာ၊ သီဟာသန၊ တဆောင်မှာ့ကား၊ ဂဇမည်သာ၊ တဆောင်မှာသော်၊ မောရာသန၊ နာမ မှတ်ယူ၊ ပညတ်မူလျက်၊ အဖြူနီ-ညို၊ ဘိတ်ဘိတ်စိုမျှ၊ ထိုနှိုက် တန်းဆာ၊ ဆင်ပြီးစွာ၍့၊ သီဟာ ဗြာဟ္မဏ၊ ဂဇ သင်္ဘော၊ မောရ အသည်၊ မျိုးသုံးမည်ကို၊ ပတ်လည် နေ့-ည၊ မပြတ်ရအောင်၊ နိစ္စမသွေ၊ စောင့်ကြစေလျက်၊ *မြုတေရတနာ၊ ထွန်းရောင်ဝါဖြင့်၊ မင်္ဂလာမဏ္ဍပ်၊ ထိန်ထိန်လျှပ်သည်။။ မိုးရပ် သုဓမ္မာ နတ်နန်းတည်း။ (၃)

(၅၀) မင်္ဂလာမဏ္ဍပ်၊ လုပ်ရပ် ပြီးသော်၊ ဘိသိက်တော်ရေ၊ ခပ်စိမ့်ထွေဖြင့်၊ ကောင်းတေနက္ခတ်၊ အခါမြတ်နှိုက်၊ ဆင်းနတ်ရုပ်ဝါ၊ မိုးသူဇာသို့၊ နွယ်လာ နန်းရိုး၊ ရွယ်နုပျိုးသား၊ မင်းမျိုးအစစ်၊ ရှစ်ယောက် မင်းသမီး၊ တသီး နွတ်မြိတ်၊ စင်ကြယ်ဟိတ်နှင့်၊ ဘိသိက်ဆက်ရာ၊ မင်္ဂလာဗြာဟ္မဏ၊ ပုဏ္ဏာ့းအစစ်၊ ရှစ်ယောက် သမီး၊ ရာခြီးမြှောက်စား၊ စဉ်ဆက်အားဖြင့်၊ ခန့်ထား မပြတ်၊ ရာထူးမြတ်သား၊ မှူးမတ်မျိုးစစ်၊ ရှစ်ယောက် သမီး၊ ထီးနှင့်ဘွဲ့ရ၊ ဝံသ မကွယ်၊ မျိုးရိုးနွယ်နှင့်၊ ပြည့်ကြွယ် စည်းစိမ်၊ ဂုဏ်သိမ် မမှေး၊ ကျော်ပျံ့ မွှေးသား၊ သူဌေးကြီးစစ်၊ ရှစ်ယောက် သမီး၊ မျိုးကြီး မပျက်၊ စဉ်ဆက် အနွယ်၊ စုံ ကြီးကျယ်သား၊ သူကြွယ်ကြီးစစ်၊ ရှစ်ယောက် သမီး၊ နတ်ရွယ်ညီးတို့၊ ဆင်ပြီးတန်းဆာ၊ ဆန်းကြယ်စွာနှင့်၊ ကညာမကြီး၊ မင့်းသမီးမှာ၊ ရတနာရွှေအိုး၊ ပုဏ္ဏားမျိုးမူ၊ ငွေအိုးဟူပေ၊ မတ်သက်ဝေသော်၊ မြေ ပြကတေ့၊ သူဌေ့းရင်သွေး မိယဉ်ကျေးကား၊ ကြေးအိုး စင်+ကြယ်၊ မျိုးကြီး+ကျယ်သည့်၊ သူကြွယ်သမီး၊ သံဖြင့်ပြီးသား၊ ပြောင်ညီး အိုးသစ်၊ စုံကိုင်လစ်မှ၊ မျိုးစစ်ထင်ရှား၊ ဘိသိက်ကြားသား၊ ပုဏ္ဏား ရှစ်ဦး၊ အထူး ဆိုင်ရာ၊ သာသနာပိုင်က၊ စကြဝတေး၊ လေးယောက်ဟူလတ်၊ အမတ် သူကြွယ်၊ အနွယ် ခိုင်*ဖြီး၊ တောင်သူကြီး တထူး၊ သင်းတော်မှူးတို့၊ ရှစ်ဦးစီချည်း၊ ဤသို့နည်းဖြင့်၊ ရိုက်*ကြည်း သံသာ၊ ငြိမ့်ငြိမ့် ငြာအောင်၊ တူရိယာ ငါးပုံ၊ တီးမျိုးစုံနှင့်၊ ကမ်းခုံ မြစ်သာ၊ သွားကြရာသည်။။ မင်္ဂလာရေကြည်တော်ခပ် ခြိမ့်မွွှန်းတည်း။ (၄)

(၅၁) ခြိမ့်မွှန်း အစဉ်၊ ရှေးထုံး ယှဉ်၍့၊ စီလျဉ် အုတ်အော်၊ သွွှားကြသော်မှ၊ ရွှင်ပျော် ဝမ်းမြောက်၊ မြစ်သို့ရောက်က၊ ရှစ်ယောက် မင်းသမီး၊ စီးကြ ငှက်ဆင်၊ လှေတော်တွင်တည့်၊ ထိုပြင် ပုဏ္ဏား၊ သမီးများမှု၊ စီးငြားတုံရှောင်း၊ ရွှေလောင်းလှေတော်၊ ရှစ်ဘော် ရောင်ညီး၊ မတ်သမီးကား၊ စီးကျ တုံကျင်၊ ပျံမည်သွင်သို့၊ လွန်းကြင်လှေတော်၊ နတ်*လျော် ပြကတေ့၊ ယဉ်သိမ်မွေ့သည့်၊ ဌေ့သမီးများ၊ ဗားမဲ့လှေတော်၊ ရွှေလှော် ဝင်းလဲ့၊ ဟန်မူ နွဲ့နှင့်၊ သူကြွယ့်ဝမ်းအောင်း၊ သမီးပေါင်းကား၊ မိကျောင်းလှေတော်၊ အကျော်ထင်ရှား၊ မတ်ရှစ်ပါးကား၊ ဘားတတ်လှေတော်၊ အမော် လူဝယ်၊ ဌေးသူကြွယ်မှာ၊ သညာတွင်ခေါ်၊ ခြွတ်လှေတော်နှင့်၊ နောက်သော် တထူး၊ ဆဲ့ခြောက်ဦးတိ၊ သင်းမှူး တောင်သူ၊ နှစ်မျိုးမူကား၊ အတူ မကွေ၊ သရေလှေတော်၊ စီးပြီးသော်လျှင်၊ ပျော်ပျော် တက်ချက်၊ လှေတော် ထွက်သည်။။ ဆော်လျက် တညီ တက်သန်းတည်း။ (၅)

(၅၂) ဆော်လျက်တညီ၊ စဉ်တစီဖြင့်၊ ချချီ မ ကျူး၊ ပဉ္စင်ကြူးလျက်၊ ဝမ်းမြူး ရွှင်လန်း၊ ယှဉ်ကာ တန်းပြီး၊ ရေပန်း*ဖြော်ဖြော်၊ ကိုယ်စီ လှော်၍့၊ ပျော်ပျော် တက်ချက်၊ လှေတော် ထွက်က၊ ပြိုင်လျက် ကျော်*ချောက်၊ မြေကြီး မှောက်မျှ၊ မီးပေါက် ခုနစ်လုံး၊ သုံးချက်စီ မှတ်၊ ပစ်ဘောက်လတ်၍့၊ ဟုံးနတ်သမား၊ ပုဏ္ဏား*ခပင်း၊ ပူဇော်ခြင်းနှင့်၊ ခရုသင်း မှုတ်ခါ၊ စောင်းဆရာလည်း၊ စောင်းသာ ပိုက်တီး၊ လိုက်သီးသီးဖြင့်၊ ဟန့်ဆီး စွယ်ပြူး၊ ရေစောင့်မှူးသည့်၊ ဘီလူးတို့နှင့်၊ သင့်တင့် မေး-ဖြေ၊ ခွင့်ပေးစေမှ၊ ရွှေပန်း ငွေပန်း၊ ကြဲဖျန်း နဝရတ်၊ ရေနတ် ဒေဝတာ၊ မေခလာက၊ ဂင်္ဂါစောင့်ငြား၊ နတ်တို့အားလျှင်၊ ပန်ကြား မြှောက်ခြီး၊ ထွန်းဆီမီးနှင့်၊ ညီးညီး ဝင်းရှိန်၊ မြစ်လုံး ထိန်လျက်၊ အချိန်ရောက်ဆစ်၊ ကျ,သည်ဖြစ်က၊ ခုနစ် မီးပေါက်၊ ခုနစ် ဘောက်၍့၊ ဝမ်းမြောက် ညီညာ၊ သူ့ထက် ငါလျှင်၊ ကြော်ငြာ ကျွတ်ညံ၊ မိုးထက်ပျံအောင်၊ အသံ ဆယ်ပါး၊ တပြိုင်အားဖြင့်၊ *ချောက်ချား တီးဆော်၊ ရွှင်မြူးပျော်လျက်၊ ရေတော် ခပ်ယူ၊ ပိတ်ဖြူလွလွ၊ လွှမ်းအုပ်ရ၏၊ ကမ္ဘာ့လက်သုံး၊ စဉ် မဆုံးသား၊ နန်းထုံး နန်းစံ၊ ပရိကံဖြင့်၊ စီမံ ဆက်ရှည်၊ နန်းလေ့တည်သည်။။ ရေကြည်တော်ခပ် စည်ညွှန်းတည်း။ (၆)

(၅၃) ရေကြည်တော်မြတ်၊ ခပ်ပြီးလတ်၍့၊ မချွတ် ထုတ်ချောက်၊ ကမ်းသို့ ရောက်သော်၊ မီးပေါက် ခုနစ်၊ သုံးစီ ပစ်လျက်၊ လမ်းဆစ်တိုင်းသာ၊ ဆောင်ခဲ့လာမှ၊ မင်္ဂလာမဏ္ဍပ်၊ တန်ဆောင်းရပ်သို့၊ *သင်းချပ်*ရုတ်ရုတ်၊ တီးဆော်မှုတ်၍့၊ အုတ်အုတ်ကျိုက်ကျိုက်၊ စဉ်တစိုက်ဖြင့်၊ ဆိုက်ကပ် ရောက်လျှင်၊ ပန်းတင်ပုဏ္ဏား၊ အစုများက၊ လမ်းကြားအပြည့်၊ ပန်းထည့်ကြဲထား၊ *စီရီသားလည်း၊ မြေများ မြူနှိပ်၊ ရေသိပ် ဖျန်း-ဆွတ်၊ ပရိတ်ရွတ်မူ၊ ဟောရွတ် ပရိတ်၊ မဆိတ် သံဝါ၊ နေနှင့်ကာဖြင့်၊ သီဟာသန၊ မဏ္ဍပ်မနှိုက်၊ ခတ္တိယကညာ၊ ဗြဟ္မာသမီး၊ ရှုမငြီးတို့၊ ဆောင်သီး ခပ်ရေ၊ တထွေ ထိုမှ၊ ဂဇာသနနှိုက်၊ မတ်လှ ရင်သွေး၊ ခပ်ပေးသည့် ရေ၊ မောရဗွေဝယ်၊ မိုး နေနတ်တူ၊ ဟန်မူ ယဉ်ကျေး၊ ကြွယ်ဌေး နှစ်ပါး၊ သမီးများတို့၊ ခပ်ငြား ဆောင်ရေ၊ အိုးငါးထွေကို၊ ညီစေ လက်ကိုင်၊ တပြိုင်နက်ဖြင့်၊ ချလျက် တည်ထား၊ မမှား ထိုခါ၊ သံဝါ မီးပေါက်၊ ခုနစ်လောက်လည်း၊ ပစ်ဘောက် ခုနစ်ချက်၊ မိုး-မြေ အက်အောင်၊ နတ်စက်*တမျှ၊ ပစ်ကုန်ရ၏၊ ဇေယျမင်္ဂလာ၊ မျိုးဗြဟ္မာသည်။။ ဂါထာပရိတ် ရွတ်မန်းတည်း။ (ရ)

(၅၄) ထိုမှတုံသော်၊ စံနန်းပေါ်က၊ မဏ္ဍပ်တော်ရောက်၊ လမ်းတလျှောက်ပါ၊ ထက်-အောက် ကုန်စဉ်၊ ရွှေဖျင် ငွေဖျင်၊ မွမ်း*မွမ်းဖြင်မျှ၊ မိုးဆင် ရံကာ၊ နတ်နေရာသို့၊ မင်္ဂလာကြီး၊ ထိန်ထိန်ညီး၏၊ မငြီးရှု+ရာ၊ ဝဲးနှင့်+ယာလည်း၊ များစွာ ဝန်းကျင်၊ အုန်းကြံပင်နှင့်၊ ညွှန့်ရှင် ငှက်ပျော၊ သာပြန့်ပြောအောင်၊ ရှုမော စိုက်လျှင်း၊ မဏ္ဍပ်တွင်းဝယ်၊ နုကင်းဖူးငုံ၊ ပွင့်*အမုံတိ၊ ပန်းစုံ သီးမျိုး၊ ညွတ်ညွတ်*ဖြိုးမျှ၊ ဆွဲးရိုး ဆွဲးတမ်း၊ ဆွဲး*ဖြင်ပြွမ်းလျက်၊ မြို့လမ်း တွင်း-ပြင်၊ ရပ်တခွင်နှိုက်၊ ထို့သွင်မသွေ၊ အိုးပြည့်ရေနှင့်၊ ငါးထွေ ကြာမျိုး၊ ပွင့် မညှိုးဘဲး၊ စိုက်ထိုး ထင်ရှား၊ တည်စေထားမှ၊ ရှစ်ပါး ကမ္ဘာ၊ နတ်တို့မှာလည်း၊ ဆိုင်ရာဆိုင်ရာ၊ ဆင့်ဆိုကာလျှင်၊ ကျန်ငှာမယှိ၊ မကြွင်းဘိအောင်၊ အပရိဟာနိယ၊ စာရိတ္တဖြင့်၊ ကမ္ဘာ့ဓမ္မတာ၊ ပြုမြဲးစွာသား၊ *ဖွယ်ရာ*ဥဿုံ၊ ပြီးကုံလုံသည်။ ။ ပွဲးစုံ ကျင်းပ *ပုစ္ဆန်းတည်း။ (၈)

(၅၅) ယင်းပရိကံ၊ စီမံ ကုံလုံ၊ ပြီးပြည့်စုံက၊ ရွှေဘုံစိုးဘိ၊ ဘုန်းတော်ယှိသား၊ ပြည်ကြီ့း ထွတ်ချာ၊ မဟာမဃ၊ လောင်းဒေဝကား၊ ဗြာဟ္မာ့*သနင်း၊ ဗြဟ္မာမင်းသို့၊ ဝိုးဝင်း တောက်ပ၊ ဗြဟ္မာ့တန်းဆာ၊ ဆင်စကာနှင့်၊ တောင်ညာ ဘုန်းထွတ်၊ ရှစ်သောင်းနတ်မူ၊ ဥက္ကဌ် စိန်ခဲး၊ ရိုးရဲး နေလား၊ ခုနစ်ပါး ရတနာ၊ ဆန်းကြယ်စွာဖြင့်၊ သူဇာဒေဝီ၊ ဣန္ဒာနီသို့၊ တူညီ*ယိုးယီး၊ ရှုမညီးသည့်၊ နှစ်စီး နှစ်စီး၊ ယှဉ်မှီး ပေါက်မ၊ ဤသို့စသား၊ ဆင်လှ မြင်းလှ၊ ကြိုးက စုံစွာ၊ ပြင်ဆင်ကာဖြင့်၊ နမန္တာဓာတ်၊ နံပူးပွတ်၍့၊ ဘက်လတ်တုံပြီး၊ အသီးသီးဖြင့်၊ ဆင်စီး မြင်းစီး၊ ရဲးကြီး ယောက်ျား၊ မတ်ဗိုလ်များလည်း၊ ထူးခြား ဂုဏ်ရည်၊ အတည်တည်တိ၊ မျဉ်းရှည် မျဉ်းတို၊ နီ-စိမ်း-ညိုနှင့်၊ မောက်တို မောက်ရူ၊ ပါကူ လည်ကွေး၊ *ကြဲးသေး သေသတ်၊ သံသေနတ်သို့၊ စစ်ဝတ် စုံလင်၊ *သိဒ္ဓိရင်၍့၊ ဆင်ယင် ကုန်မြောက်၊ ပတ်လျောက် စီကာ၊ ဒိသာ *ပိတ်စပ်၊ ဝင်း ကိုးထပ်က၊ လေးရပ် ရှစ်ခွင်၊ ထက်ဝန်းကျင်နှိုက်၊ ဆင်လည်း ဆင်ချင်း၊ မြင်းလည်း မြင်းလျောက်၊ ရံထောက်ထောက်နှင့်၊ ရှေ့ခြောက် နောက်ခြောက်၊ မြေတုံချောက်မျှ၊ ရှေ့နောက် နှစ်ရပ်၊ ဆဲ့နှစ်တပ်သို့၊ ထပ်ထပ် ပြင်က၊ လိုက်ကြရ၏၊ များလှ*ဗိုလ်ခြေ၊ သင်္ချေချေဖြင့်၊ ခြွေရွေ*ခပင်း၊ ကြယ့်နှယ်ကျင်း၍့၊ လောင်းမင်း မောင်နှံ၊ သရေ ခံလျက်၊ ထွန်းစံ စမ္ပယ်၊ ရွေမျာ့းလယ်နှိုက်၊ တင့်တယ် နှိုင်းချိန်၊ ဝင်းဝင်းထိန်သည်။။ တာရိန် မိုးလ ငွေစန်းတည်း။ (၉)

(၅၆) အတပ်တပ်ဖြင့်၊ ထပ်ထပ် ပြင်က၊ ရံကျင်းပလျက်၊ လိုက်ကြတုံလျှင်း၊ အတွင်းကသော်၊ ရှေ့တော် ဝဲးယာ၊ မင်္ဂလာဟု၊ တရာ ပုဏ္ဏား၊ အခြား မဝေး၊ စကြဝတေး စုံညီ၊ နှစ်ယောက်စီနှင့်၊ ဂုဏ်ဆီ ပြည့်လှိုင်၊ သာသနာပိုင် တပါး၊ ပုဏ္ဏား ပုရောဟိတ်ကြီး၊ ညီးညီး နဝရတ်၊ စီခတ် ဝင်းဝင်း၊ ခရုသင်းကို၊ ထိန်လင်း လျှံမောင်း၊ ရွှေပန်းတောင်းဝယ်၊ ကောင်း*မွန် ထည့်လျက်၊ စုံလက် ကိုင်လိုက်၊ နောက်နှိုက် ရံပတ်၊ ဟူးရားတတ်အကျော်၊ နတ်ပူဇော် တသီး၊ စောင်းတီး ပရိတ်ရွတ်၊ မလွတ် ပန်းတင်၊ သန့်စင် ဝတ်ခြင်း၊ ရာစီ ကျင်း၍့၊ ငါးသင်း ငါးရာ၊ မျိုးဗြဟ္မာတို့၊ မင်္ဂလာအောင်ဆု၊ အောင်ဇေတုနှင့်၊ ခရုသင်းသံ၊ မှုတ်ညံ မဆိတ်၊ မွမ်းမွမ်းထိတ်တည့်၊ ဘိသိက်တော်သွန်း၊ ပ,ထွန်း ဝင်းညီး၊ မင်းသမီးက၊ ပုဏ္ဏာ့းရင်သွေး၊ သူဌေး သက်လယ်၊ သူကြွယ်သမီး၊ မကြီး ရွယ်နေ၊ ပြစ်*ချေ မယှိ၊ မြတ်ဇာတိတို့၊ နတ်ရှိ တူပြီ၊ ရှစ်ယောက်စီလည်း၊ အညီ လိုက်ရ၊ သမယ+မြောက်၊ ခါတော် ရောက်က၊ +မြှောက်စည် *ဒုံမင်း၊ မောင်းကြေးနင်းနှင့်၊ *ခွက်ခွင်း ပတ်သာ၊ ခရာ စောင်းငြင်း၊ တပြိုင်ခြင်းဖြင့်၊ ညောင်းညင်း ညှိုးညံ၊ အသံ ဆယ်ပါး၊ ဆဲ့ငါး မီးပေါက်၊ ခုနစ် ဘောက်၍့၊ ဝင်းတောက် ထူးမြတ်၊ နဝရတ် စီ*မြွာ၊ ကိုးရောင်ဖြာသား၊ ရတနာထမ်းစင်၊ နတ်ယာဉ်ညင်ထက်၊ ဘုရင်သ*နင်း၊ လောင်းမင်း မဟာ၊ မြတ်ရာဇာလျှင်၊ တောင်ညာထွတ်ဖျား၊ လက်ျာထားနှင့်၊ နှစ်ပါး စီးလျက်၊ စမွယ်ထွက်သည်။ ။ ပြိုးပြက်သရေ* ကွန့်ရွှန်းတည်း။ (၁၀)

(၅၇) ပြိုးပြက်သရေ၊ မွန်းတည့်နေသို့၊ ရွှန်းဝေ ညီးညီး၊ ယာဉ်တော်စီး၍့၊ တပ်ကြီး ခင်းကာ၊ လောင်းရာဇာလျှင်၊ တောင်ညာဘုရား၊ ရှစ်သောင့်းဖျားနှင့်၊ နှစ်ပါး အတူ၊ ထွက်တော်မူမှ၊ လေးဆူ သေနင်၊ စစ်အင်*ဗိုလ်ပါ၊ ရံဝန်းကာလျက်၊ မင်္ဂလာမဏ္ဍပ်၊ ဆောင်တော်ရပ်သို့၊ ဆိုက်ကပ် ထုတ်ချောက်၊ ကိုယ်တော်ရောက်က၊ မီးပေါက် ဆဲ့ငါး၊ ရှေးလား ခုနစ်ချက်၊ ပြိုင်လျက် ပစ်ဘောက်၊ ယင်းသည့် နောက်ကား၊ တယောက် သာသနာပိုင်၊ ကိုယ်တိုင် အစစ်၊ ဆဲ့နှစ် ပုရောဟိတ်၊ ခေါင်ပဏ္ဍိတ်တို့၊ ဘိသိက် ရောင်ဝါ၊ တင့်တယ်စွာသား၊ ဘာသာ ပိဋကတ်၊ အမြတ်တရား၊ ကျမ်းစာများကို၊ ရှေးဖျားဆောင်ကာ၊ သီဟာသန၊ မဏ္ဍပ်မနှိုက်၊ ထားကြတုံပြီး၊ နန်းကြီးထက်ပေါ်၊ တက်ပြီးသော်လျှင်၊ သူတော်မြတ်စစ်၊ တရာ့ရှစ်လည်း၊ အောင်မေတ္တာစိတ်၊ မွမ်းမွမ်းထိတ်မျှ၊ ပရိတ်ဂါထာ၊ ဟောရွတ်ကာနှင့်၊ မောရာသန၊ မဏ္ဍပ်လှဝယ်၊ ချမ်းမြ ရေရှင်၊ ချိုးသန့်စင်လျက်၊ ထို့ပြင် တဘန်၊ ဂဇာသန်ထက်၊ သင်္ကြန်ခေါ်ပြု၊ မင်း*ရတုဖြင့်၊ မင်းမှု*သန္တေး၊ ဦးတော် ဆေးပြီး၊ *ငြိမ့်လေး သာပျော်၊ ဂါထာကျော်နှင့်၊ ဂုဏ်တော်ရတနာ၊ ရွတ်၍့သာလည်း၊ သီဟာမည်တပ်၊ ရွှေမဏ္ဍပ်နှိုက်၊ ပွင့်ချပ် ဖွေးဖွေး၊ ခြောက်ဆဲ့လေးတိ၊ ဆေးရေး ထင်စွာ၊ ငွေကြာ ဘိတ်ဘိတ်၊ ဘဒ္ဒပိဌ်ဟု၊ ဂုဏ်ဟိတ်နာမ၊ ပဝတ္တနှင့်၊ သုကရဇာတ်၊ ဌုပ္ပတ် ဘွေလှစ်၊ ဧကရာဇ်တို့၊ မင်းဖြစ်ခံရာ၊ ထုံး*တန်ထွာဖြင့်၊ မင်္ဂလာအစဉ်၊ သဖန်းပျဉ်ထက်၊ ဘွဲ့ယဉ်ပလ္လင်၊ ထက်ဝယ်ဆင်လျက်၊ ရှေ့ခွင် *ရှေးရှူ၊ စံတော်မူသည်။။ နတ်တူ*တနှုန်း *တနှန်းတည်း။ (၁၁)

(၅၈) နတ် *နှုန်းသဖွယ်၊ ပလ္လင်လယ်ထက်၊ တင့်တယ် ထွန်း*စည့်၊ ရွှန်းရွှန်းမှည့်နှင့်၊ ရွှေပြည့်*သနင်း၊ လောင်းမင်းမြတ်စွာ၊ စံသော့ခါနှိုက်၊ တန်းဆာ ဆန်းကြယ်၊ တင့်တယ် ဆင်မြောက်၊ ရှစ်ယောက် ထိန်ညီး၊ မင်းသမီးတို့၊ အနီး ရှေ့တော်၊ ရပ်ပြီးသော်မှ၊ *ကော်ရော် လေးမြတ်၊ နဝရတ် စီနစ်၊ လက်ျာရစ်ဖြင့်၊ ဖြူနှစ် ဝင်းဝင်း၊ ခရုသင်းကို၊ မြစ်မင်း ငါးမည်၊ ရေကြည် ထည့်လျက်၊ စုံလက် ကိုင်ပြီး၊ မင်းကြီးထိပ်ပေါ်၊ ဥက္ခောင်းတော်နှိုက်၊ တည့်တည့် စိုက်၍့၊ သောင်းတိုက်လက်ျာ၊ ဇမ္ဗူချာထက်၊ သမ္ဘာနုဘော်၊ တုမမြော်သည့်၊ ဘုန်းတော် ထိန်ညီး၊ သျှင်မင်းကြီး။။ ရှေး*တီး ကမ္ဘာ၊ တည်ဦးစွာက၊ မဟာသမ္မတ၊ စသည် မင်းကောင်း၊ ဘေးတော်လောင်းတို့၊ လမ်းဟောင်း အသင့်၊ လိုက်သဖြင့်လျှင်၊ မင်းကျင့် ဆယ်မည်၊ ကျင့် ဆောက်တည်၍့၊ *ခိုင်ကျည်မြဲးစွာ၊ တည်စေပါလော့၊ ပြည်-ရွာထောင်ဘက်၊ မင်းမျာ့းထက်နှိုက်၊ အမျက် မလွန်၊ ပြည်ကြီ့းဝန်ကို၊ *အားသွန် ဆောင်ငြား၊ ပြည်သူ့အားလည်း၊ သနား စုံမက်၊ သူ့အသက်နှိုက်၊ ကိုယ့်သက် အတူ၊ မှတ်ယူ စိတ်မှာ၊ ရည်စေပါလော့၊ မိစ္ဆာ ဝိသမ၊ ကျင့်ပါပလည်း၊ ကင်းထ အမြဲး၊ မိုက်မဲးကြီးစွာ၊ အဝိဇ္ဇာဟု၊ ယုတ်မာ ဆိုးလှ၊ မှောင် မောဟကို၊ ဉာဏတန်ဆောင်၊ ပညာရောင်ဖြင့်၊ ထွန်းပြောင်လင်းဖြာ၊ ကြည်စေပါလော့၊ ခြင်းရာ ဤသို့၊ စသည်တို့ကို၊ နှစ်လို့ ဆိုမြွက်၊ နှုတ်သံသွက်နှင့်၊ ဦးထက် ထိပ်ပြင်၊ တသွင်သွင်သည်။။ ရေစင် ဘိသိက် မြှောက်သွန်းတည်း။ (၁၂)

(၅၉) မင်းသမီး ရှစ်ပါး၊ သွန်းငြား ပြီးမြောက်၊ ထိုမှ နောက်သော်၊ ရှစ်ယောက် မင်္ဂလာ၊ မျိုးဗြဟ္မာတို့၊ သင်္ခါ ဖြူထွား၊ ဘော်သား ဝင်းနု၊ ငွေခရုဖြင့်၊ သွင်းပြု ရှေးနှယ်၊ ယင်းနောက်ဝယ်ကား၊ သူကြွယ်ကြီး ရှစ်၊ ဌေးကြီး ရှစ်တို့၊ ခုနစ် ရတနာ၊ စီခြယ်*မြွာသည့်၊ မင်္ဂလာ လျှံဝင်း၊ ခရုသင်းဖြင့်၊ သံညင်း နှုတ်ချို၊ ရှေးတူ ဆို၍့၊ နှစ်လို ဝမ်းမြောက်၊ သွန်းကြမြှောက်က၊ ဘုန်းတောက် မဟာ၊ မြတ်ရာဇာလည်း၊ သာသနာ့ဘေး၊ ပြည့်ရန်လှေးမှ၊ အရေး တပါး၊ ခွင့်ပေးငြားလျက်၊ ပတ္တမြားမကိုဋ်၊ ရောင်မြိုက် နေ့သွင်၊ ရွှေဖူးပြင်ထက်၊ သက်တင် နတ်လေး၊ လ,ဝက်ရေးသို့၊ ညွတ်ကွေး ပြေပြစ်၊ ရွှေသင်္ကျစ်တိ၊ ချစ်ချစ် ရောင်ဘိတ်၊ ကျယိုဖိတ်မျှ၊ ဥဏှိသ်အက္ခရာ၊ ပုံနှိပ်စာဖြင့်၊ ဗြဟ္မာ ဆက်နှံ၊ ဘက် မစံအောင်၊ နာမံ*သရစ်၊ မည်တော်သစ်နှင့်၊ စုံနှစ် နားဍောင်း၊ ရောင်မောင်း မဏိ၊ လောင်လိလိတည့်၊ လျှံညိ ပြိုးပြုံး၊ ကိုးလုံး ကြယ်တပ်၊ ထိန်လျှပ် လက်ကောက်၊ မီးစုံတောက်သို့၊ စိန်-ကျောက် များစွာ၊ ရတနာ စီခက်၊ ဘိုး*အနဂ်ဖြင့်၊ ပြိုးပြက် တောက်ပ၊ ဖြူဆွ ကိုယ်ဝတ်၊ တုလွှတ် စံကင်း၊ အဆင်း ခုနစ်မျိုး၊ ရိုးရဲး ရောင်ရှင်၊ လျှပ်နှယ် ထင်သား၊ *ဒုယင်ရတနာ၊ ချပ်တန်းဆာကို၊ ကောင်းစွာ ဆင်ပြီး၊ ဗြဟ္မာကြီးသို့၊ ဘုန်းမီး*စက်ရှိန်၊ တိုးတက်ထိန်သည်။။ သူရိန်နေမင့်း ခင်ပွန်းတည်း။ (၁၃)

(၆၀) နေမင့်း ခင်ပွန်း၊ တု *မဲ့ကျွန်းအောင်၊ ပွင့်ရွှန်း စက်ရှိန်၊ ဘုန်း*အာဟိန်ဖြင့်၊ သိရီ့န္ဓရ၊ တောက်ပ ရောင်ရှင်၊ မျက်စုံတင်သား၊ *ဒုယင်ရတနာ၊ ချပ်တန်းဆာကို၊ ကောင်းစွာ ဆင်ပြီး၊ ဗြဟ္မာကြီးသို့၊ ထိန်ညီး လက်လက်၊ ယာဉ်တော်ထက်နှိုက်၊ စီးလျက်၄င်း၊ ရာထီးဆောင်းနှင့်၊ *ဗိုလ်ပေါင်း ရံကာ၊ တဩဘာဖြင့်၊ မင်္ဂလာသိဒ္ဓိ၊ ဘုန်းတော်ချိလျက်၊ သိရီ့ပဝရ၊ အဂ္ဂဓမ္မရာဇာ၊ မဟာစက္ကဝေါ၊ သမိန်ထောလွတ်တရ၊ ကျူးထ ငွေနှဲး၊ ပြိုင်တွဲး ယှဉ်မှီ၊ စည် ငါးလီလည်း၊ ချ-ချီ ဆော်ရွှမ်း၊ သမိန်ဘျမ်းဟု၊ မင်းခမ်းသဘင်၊ ရွှေနန်းဝင်ကို၊ လျှောက်တင် မတ်ပေါင်း၊ နာမ*ညောင်းအောင်၊ ငွေမောင်း ငါးချက်၊ စည်တော် ဆက်၍့၊ ငြိမ်သက် ရှေးတူ၊ ဝင်တော်မူပြီး၊ သူဇာ နတ်သွင်၊ ရှစ်သောင့်းရှင်ကို၊ ညာတင် ပြိုင်ညီ၊ တူယှဉ်မှီလျက်၊ ဒေဝီ လေးချက်၊ မင်း လေးချက်ဖြင့်၊ ရှစ်ချက် *ပစ္စူ၊ စိုက်ထူ မိုးဘွင့်၊ ကိုးဆင့် ရွှေညောင်၊ ရိုးဆယ်တောင်နှင့်၊ မြင့်ခေါင် ဖြိုး*ဝှန်၊ ရောင်ခြည်*ကွန်သည့်၊ နဝဒဏ္ဍ၊ မနောဟက၊ စသည် လျှပ်လျှပ်၊ *ယပ်မားချပ်လျက်၊ *ဖြီးထပ် ဝေလျှမ်း၊ ထွေထွေ ပြွမ်းသား၊ မင်းခမ်း စုံလင်၊ ထက်ဝန်းကျင်က၊ ဆင်ယင် ခင်းကျင်း၊ ထိန်ထိန်ဝင်းတိ၊ နတ်ဆင်း ရွှေညီ၊ ဒေဝီ သုံးပါး၊ ခြွေရံများနှင့်၊ မင်းသား မင်းမြေး၊ တဝေး မတ်ပုံ၊ မျိုး လေးစုံတို့၊ ဝန်းရုံ ညီညာ၊ ကောင်းခြီးငြာလျက်၊ မင်္ဂလာအောင်ခွန်း၊ ဩဘာညွှန်း၍့၊ *တုကျွန်းမစံ၊ ကျူး နှုတ်သံဖြင့်၊ ပတ်ခြံ ညိတ်ညိတ်၊ မွမ်းမွမ်းထိတ်၏၊ ဘိသိက်သဘင်၊ *ရင်သည့်မရွေ့၊ ထိုနေ့ နံနက်၊ အရုဏ်တက်ဝယ်၊ လေးချက်တီးက၊ စ၍့ စွဲးသုံး၊ ရှေးထုံးအလို၊ သိမ့်သိမ့်ပြိုအောင်၊ ပဟိုရ်ဓာတ်စည်၊ ပတ်လည် ဆိုင်လျက်၊ တပြိုင်နက်ဖြင့်၊ တချက်တည်းဆော်၊ တီးရိုက်ကြော်သည်။ ။ မိုးပေါ်ပျံလု ဘနန်းတည်း။ (၁၄)

ဓညဝတီ ဒသရာဇာမင်း, မန္တလေးရတနာပုံ ပဉ္စမသင်္ဂါယနာတင်မင်းကြီးတို့ မုဒ္ဓါဘိသိက်ခံနည်းအတိုင်းတည်း။
ဘိသိက်ခဏ်း (၁၄)ပိုဒ် ပြီး၏၊

ပထမပိုင်း ၆- မြို့နန်း သိမ်းခဏ်း

(၆၁) ဘိသိက်တော်ကြီး၊ ခံပြီး ထို့နောင်၊ ပြိုးပြိုးပြောင်သား၊ ကိုးဆောင် သရစ်၊ ပလ္လင် ရှစ်နှင့်၊ နန်းသစ်တော်ကြီး၊ လုံးစုံ ပြီးက၊ ရှေးတီး မင်းကျော်၊ ဘေးလောင်းတော်တို့၊ အကြော်တငြာ၊ ကြီးကျယ်စွာလျှင်၊ ဒွါရာဘိသေက၊ ဝိသိဋ္ဌဖြင့်၊ မြို့ပြ နန်းသိမ်း၊ မြေညွတ်တိမ်းမျှ၊ မှတ်ထိမ်းဘွယ်ရာ၊ မင်္ဂလာကိစ္စ၊ *ရင်ကုန်ကြသို့၊ လောင်းလှဘုန်းမော်၊ အ*နှုန်း လျော်၍့၊ ထုံးမျှော် စံမှန်း၊ *အံ့မခန်းအောင်၊ မြို့နန်း သိမ်းမှု၊ မင့်း*ရတုဖြင့်၊ ပြုအံ့ခါဘို့၊ ရောက်ပြန်တို့က၊ ရွှေမြို့တော်မြတ်၊ ဥဒည်း မှတ်သား၊ မီးဓာတ် ဒိသာ၊ မင်္ဂလာ ရပ်ထူး၊ ရှေ့စူးစူးဝယ်၊ အဦး ဒွါရ၊ ဗဟိဒ္ဓနှိုက်၊ တံခါ့း ပြင်ထွက်၊ လက်ျာဘက်က၊ မပြက် နေပြောက်၊ ပြိုးပြိုးတောက်သည့်၊ *ကွန်းထောက် နန်းတော်၊ ဘောင်ယာဉ်တော်နှင့်၊ တီးဆော် ညိုးညံ၊ ပွဲးခံ ကန္နား၊ ဆောက်ကာ ထားလျက်၊ တပါး ထို့နောင်၊ လက်ဆောင်တော်ဆက်၊ တချက် နောက်သော်၊ တန်းခိုးကျော်သည်၊ ရွှေမြို့တော်မြတ်၊ နန်းပြာသာဒ်ကို၊ စောင့်တတ်ကုန်ငြား၊ နတ်တို့အားလည်း၊ တင်ကြား ပသ၊ ပြုကုန်ကြသား၊ ရှေးက အရိုး၊ တီးမှုတ်မျိုးနှင့်၊ ကွယ်ကိုး ကျင်းထား၊ ကန္နား တဆောင်၊ ကုန်အောင် သီးသီး၊ စီမံပြီးမှ၊ နန်းကြီး*တသွန်၊ ဇေတဝန် လေသာ၊ ပရိတ်နာနှင့်၊ ဝဲး-ယာ စမုတ်၊ ဆောင်ထုတ်သမိုက်၊ ဗြဲးတိုက် မြေနန်း၊ လွှတ်*ကြငှန်းက၊ ကိုးခန်း တွင်း-ပြင်၊ ရှစ်ပလ္လင်တည့်၊ ဆင်ယင် ကုန်အောင်၊ ဝင်းဝင်းပြောင်သည်။။ မိုက်မှောင် ပယ်လွှင့် လှစ်တွန်းတည်း။ (၁)

(ဤနှိုက် တွန်းကို တဝမ်းပူနှင့် ရေးကြ ဘတ်ကြကုန်။)

(၆၂) နန်းတွင်း နန်းပြင်၊ မြို့ဝန်းကျင်ပါ၊ စုံလင် ခမ်းနား၊ အပါးပါးကို၊ သိကြားနေဟန်၊ ဝေဇယန်နှင့်၊ သဏ္ဌာန် မယွင်း၊ *ယင်ပြီးလျှင်းမှ၊ မင်း*သုတသုံ၊ ထွက်သော့ပုံသို့၊ ဝင်းအုံ*ဗိုလ်ပါ၊ လွန်များစွာတည့်၊ စဉ်လာ ပညပ်၊ လက်ျာတပ်နှင့်၊ ရှေ့တပ် ရှေ့ဝင်း၊ ခေါ်ခြင်း တရပ်၊ လက်ဝဲးတပ်နှင့်၊ နောက်တပ် နောက်ဝင်း၊ တပ်ကြီးခင်း၍့၊ ထိုဝင်း ဆိုင်ရာ၊ စဉ်မကွာဘဲး၊ ဝဲးယာ မှူး+မတ်၊ လေးဦးနတ်သို့၊ အ+မှတ် ထင်ရှား၊ ဟန်ကြွားကြွားနှင့်၊ ရွှေဓား ကိုယ်စီ၊ စွဲးချီ မကျူး၊ ဝင်းမှူး လေးယောက်၊ နှစ်စီ ထောက်၍့၊ ရှေ့-နောက် စဉ်ပြီး၊ ထွက်တော်ကြီးဖြင့်၊ မှုတ်တီး စည်-မောင်း၊ မြေတိမ်းစောင်းမျှ၊ ငြိမ့်ညောင်း ကျွက်ညံ၊ မိုးထက်ပျံသား၊ အလံ မှတ်ထိမ်း၊ ဖြူ-စိမ်း-ဝါ-ပြာ၊ ဝင်း လေးဖြာနှင့်၊ ဒိသာ ဧသန်၊ ရှေ့မြောက်စွန်က၊ စုံ*ကြန်မချို့၊ အောင်*မျှို့ပေါက်ထီး၊ ဆင်*ပြောင်ကြီးထက်၊ တက်စီး ကြွားကြွား၊ နတ်ယောက်ျားသို့၊ *ကျိုင်းထွား အင်ပျို့၊ သွင် မချို့သား၊ အောင်*မျှို့ရဲးဘော်၊ သူရဲးကျော်တည့်၊ နောက်သော် ထိုမှ၊ ဆင်မမုန်အာ၊ မည်သာ တဝ၊ ဘယ ရန်အောင်၊ ရဲးခေါင် မတ်လှ၊ စီးနေရလျက်၊ အောင်-ဘ-ကူ-လား၊ ဆွေ-သား-နောင်-ရင်း၊ မိတ်ချင်း နံထပ်၊ ရှစ်ခွင် ရပ်လုံး၊ မလပ်*ဥဿုံ၊ ပေါက်မစုံလျှင်၊ ယှဉ်တုံစေပြီး၊ တသီး ထို့ပြင်၊ ရှေ့ခွင် မည်မှတ်၊ အန္တောဓာတ်နှိုက်၊ ထိုဓာတ်ဆင်တော်၊ ဥပေါ် ထွတ်တင်၊ *ပြောင်မာတင်ထက်၊ စီးကျင် မလွဲး၊ မတ်သူရဲးတိ၊ ကိုင်စွဲး ချွန်းချိန်၊ ဝင်းဝင်းထိန်နှင့်၊ ဥတိန်နန္ဒ၊ ဤသို့စသား၊ မိတ်ရနံဓာတ်၊ သင့်မြတ် ညီလျော်၊ ယာဉ်ကျော် ဆင်-မြင်း၊ ဘွဲ့ယှဉ်ခြင်းဖြင့်၊ ခင်းကျင်း စဉ်လာ၊ ရှစ်ဒိသာနှိုက်၊ နမန္တာဘက်၊ ဓာတ်ဘက် မလပ်၊ ဦးလည် စပ်မျှ၊ ဆင်တပ် မြင်းတပ်၊ အထပ်ထပ်တည့်၊ စည်းကြပ် တည်တည်၊ ကျုံးပတ်လည်လည်း၊ စစ်သည် သီးသီး၊ တောင့်နှယ် ဆီး၍့၊ ရဲးကြီး ကြံ့ခိုင်၊ ရုံးချင်း ဆိုင်လျက်၊ စွဲးကိုင် လက်နက်၊ ရောင်*ချိုးချက်နှင့်၊ ပြိုးပြက်လျှပ်သွင်၊ နတ်သေနင်သို့၊ တပ်လျှင် ထပ်ထပ်၊ ကြာ့နှယ်ချပ်သည်။။ *ပိတ်စပ် ရှစ်ခွင် ကာရန်းတည်း။ (၂)

(၆၃) ကာရန်း ထပ်ထပ်၊ ကြာ့နှယ်ချပ်ပြီး၊ ရေတပ် ကျုံးတွင်း၊ လှေတော်သင်းကား၊ တည်ခြင်း ရှေ့ဆုံး၊ နန်းသုံး စဉ်ဆက်၊ မည် မပျက်သား၊ ကြာဘက်ဆောင်းခေါ်၊ လှော်ကားတော်တည့်၊ နောင်သော် တင့်တယ်၊ စလွယ် နားဍောင်း၊ ရွှေဗောင်း ဝတ်လုံ၊ ဆင်ယင် ခြုံလျက်၊ နှစ်စုံ မြို့ဝန်၊ မတ်ယုံ ကျွန်တို့၊ မလွန်မစား၊ ဝဲး-ယာနားက၊ လှော်ကားတော်နှစ်၊ တလှစ် ထိုပြီး၊ ရဲးစီး ခတ်လှေ၊ များတတွေလည်း၊ မသွေ ယာ-ဝဲး၊ ခြိမ့်ခြိမ့်သဲးတည့်၊ တကွဲး နောက်သော်၊ မတ်တဘော်တို့၊ လှော်ကာတော်များ၊ စဉ်စီ ခြားမှ၊ နောက်ပါးမရွေ့၊ ဘုန်းရှိန်*ကြွေ့သား၊ အိမ်ရှေ့မဟာ၊ ဥပရာနှင့်၊ များစွာ သီးသီး၊ ကိုယ်စီ စီး၍့၊ ငယ်-ကြီး ယှဉ်မှီ၊ ရာလိုက် စီလျက်၊ မင်းညီမင်းသား၊ ခတ်လှေများတည့်၊ တခြား နောက်မှ၊ ထိန်ပ ပြောင်ညီး၊ လ-နေမီးသို့၊ စီးတော် ရွှေဘောင်၊ ထို့နောင် တူပြီ၊ ရွှေတညီနှင့်၊ ဒေဝီ နတ်ဟန်၊ စီးကြမှန်သား၊ သမ္ဗန်တော်ပေါင်း၊ ရှုမ*ညောင်းမျှ၊ ထပ်လောင်း နောက်မှာ၊ စဉ်မကွာလျှင်၊ ဝဲး-ယာ သူရဲး၊ လက်နက်စွဲးတို့၊ စီးမြဲး ခတ်လှေ၊ အထွေထွေတည့်၊ ဦးနေ ပဲ့နင်း၊ လှေသင်း ထောင်ကဲး၊ အုပ်မြဲး ဘောင်ဝန်၊ မလွန် ရှေးတမ်း၊ လှေမှုထမ်းတို့၊ *ဖြင်ပြွမ်းထပ်မျှ၊ ရိုးရိုးရွဖြင့်၊ ရူပ ဆင်းဝါ၊ နတ်သူရာသို့၊ ဂင်္ဂါဇေယျ၊ *ဇလသူရ၊ ဇလသင်္ကြံ၊ ဘွဲ့ခံ ဇမ္ဗူ၊ ဂင်္ဂသူက၊ *ပြောထူသင်္ချာ၊ လွန်များစွာသည်။။ *ဗိုလ်ပါ ကောဋိ ဂဏန်းတည်း။ (၃)

(၆၄) များလှ တွက်ရေ၊ အထွေထွေတည့်၊ ကုဋေ ကုဋေ၊ ဆယ်ပြန် ရေလည်း၊ ဆုံးလေမယှိ၊ အချိ *ဗိုလ်ခြေ၊ တခဲးထွေလျက်၊ *မြုတေ ရောင်ဘိတ်၊ ညီးညီးထိတ်သား၊ ကရဝိက် *ကွန့်ပြောင်၊ မြတ်ရွှေဘောင်ကို၊ ရှေ့ဆောင် ငင်စေ၊ ရွှေလှေ ရှစ်စင်း၊ မွေ့မွေ့ညင်းတည့်၊ ဝင်းဝင်း တင့်တယ်၊ ဝဲး-ယာဝယ်လည်း၊ ရှုဘွယ်မ*ညောင်း၊ ဟန်စုံပြောင်းလျက်၊ ဦးပေါင်း ရွှေချည်း၊ ခါးစည်းလည်း ရွှေ၊ လက်ကျပ် ငွေနှင့်၊ သရေ ထိန်ပြိုး၊ *လုလင်ပျိုးတို့၊ ရွှေရိုး ငွေရွက်၊ တလက်လက်သား၊ ရွှေတက် ပျောင်းပျောင်း၊ ငြိမ့်ငြိမ့်ညောင်းဖြင့်၊ ရွှေလောင်း ရွှေလှေ၊ များခြွေရွေနှင့်၊ ရွှေကိုယ်တော်မြတ်၊ ဗြဟ္မာနတ်သို့၊ မင်းဝတ်*ဒုယင်၊ မကိုဋ်ဆင်လျက်၊ ညာတင် ကမ္ဗု၊ နတ်သမုကား၊ ပဒုမမာလာ၊ ပဒုံမာ တင့်ဆန်း၊ ငွေကြာပန်းကို၊ ပွင့်လမ်း အောင်ဆု၊ စွဲးကိုင်ပြုမှ၊ ပြိုင်တု မမြော်၊ ရွှေဘောင်တော်ထက်၊ နှစ်ဘော် စံငြား၊ ငါးပါး တူရိယာ၊ သံသာ ဆော်နှိုး၊ မြေမိုး*ဝှန့်တက်၊ သိကြားထွက်သို့၊ ပတ်ရှက် ညိုးညိတ်၊ မွမ်းမွမ်းထိတ်အောင်၊ ပိတ်မျှ ရံကာ၊ မြို့အောင်ချာကို၊ လက်ျာရစ်၍့၊ လှည့်ကာစေ့သော်၊ အရှေ့မျက်နှာ၊ မင်္ဂလာရန်နှိပ်၊ ရွှေတံဆိပ်နှင့်၊ ဦးထိပ် ထင်ရှား၊ ဓာတ်တံခါးက၊ မမှား *တူရူ၊ ဝင်တော်မူလျက်၊ ရှေးရှူ ဖြောင့်တန်း၊ ဝေယန်ဆန်းတို့၊ မြေနန်းတော်ဦး၊ ရှေ့စူးစူးနှိုက်၊ အထူး လွန်ကျော်၊ လှေကားတော်ဖြင့်၊ တက်တော်မူပြီး၊ နေ့နှယ်ညီးသား၊ နန်းကြီး ဘုံပျံ၊ သိမ်းမြန်းစံသည်။။ ဘုန်းကံ အံ့ဘွယ် လွန်* ဆန်းတည်း။ (၄)

ပဉ္စမသင်္ဂါယနာတင်မင်းတရားကြီး ရတနာပုံမြို့နန်း သိမ်းတော်မူသည့်အတိုင်းတည်း။
မြို့နန်းသိမ်းခဏ်း (၄)ပိုဒ် ပြီး၏၊

ရ။ ဥကင်တော်ဘွင့်ခဏ်း

(၆၅) ရွှေမြို့နန်းကြီး၊ သိမ်းစံပြီးမှ၊ ထိန်ညီးပြောင်ပ၊ ဆောင်နန်းမ၏့၊ သားလှရှေ့ခင်း၊ ရွှေ*ကွန်းတွင်းနှိုက်၊ မင်းတို့ စံမှတ်၊ ကြေးပြာသာဒ်ဝယ်၊ မင်းမြတ် သိမ်မွေ့၊ ရက်လည်စေ့အောင်၊ ချမ်းမြေ့ စက်တော်၊ ခေါ်လတ်တုံပြီး၊ တသီး ထို့နောက်၊ ဘုန်းတော် တောက်သား၊ *ရွှေမှောက် မင်းကျော်၊ ရှေးခါသော်က၊ ခမည်းတော်နတ်၊ ဘိုးတော်မြတ်တို့၊ ဥက္ကဌ် ခါကောင်း၊ သင့်လတ်ရှောင်းသော်၊ ထီးဆောင်းမင်္ဂလာ၊ ကြီးကျယ်စွာလျှင်၊ မဟာဥကင်တော်ဘွင့်၊ ရွှေနန်းမြင့်ဝယ်၊ လူမင့်းသဘင်၊ ပွဲကြီး*ရင်သို့၊ ပလ္လင် ဟေမာ၊ ရွှေဟီဟာကို၊ စီကာ ရံပြု၊ ကမ္ဗုစန္ဒ၊ ပဒုမနှင့်၊ သမုဒ္ဒမည်သီး၊ လေးဆူ ထီးကို၊ လျှံညီး ဖြူဝင်း၊ ယာ,က ကျင်းလျက်၊ ကနက် သူရိယ၊ ဝိသုကနှင့်၊ သမုက္ခဟူ၊ ထီး လေးဆူကို၊ စိုက်ထူ ဝဲး-ယာ၊ တနည်းအားမူ၊ နှစ်ပါး ကနက်၊ နှစ်ချက် တမွတ်၊ ကျင်းလတ် တပုံ၊ ဝဲး-ယာ စုံတည့်၊ ကိုးဘုံ ရောင်ဝှန်၊ နဝ ဒဏ်က၊ ထီး*မွန် တင့်မော၊ မနောဟရ၊ အာတပတြ၊ ဝိဇယပတြ၊ မည်ရ လေးမျိုး၊ မျက်စုံပြိုးသား၊ ညွန့်ဖြိုး ဝေမောက်၊ မီးနှယ်တောက်လျက်၊ ဆယ်-ခြောက်-ငါး-လေး၊ တွက်ရေး တောင်သင့်၊ ရိုး နိမ့်မြင့်နှင့်၊ ဆင့်ဆင့် လေးစင်း၊ ဘယ်-ညာ ကျင်း၍့၊ စဉ်ခြင်း တဖြာ၊ နည်းထွေလာတွင်၊ လိုရာ မမှား၊ စဉ်သော့အားဖြင့်၊ သိကြား မိုးနတ်၊ ဘူတပတ်၏့၊ ထူးမြတ်အနေ၊ ကြက်သရေသို့၊ မသွေ*တမျှ၊ တင့်တယ်လှအောင်၊ ဝဲးက လေးစင်း၊ ယာ လေးစင်းတိ၊ ရှစ်စင်း ကာမိုး၊ ထိန်ထိန်ပြိုးသည်။။ ရွှေရိုး ငွေရွက် ဖြူဝန်းတည်း။ (၁)

(၆၆) ရွှေရိုး ငွေရွှက်၊ ဖြူဝင်း ကြက်၍့၊ ရံယှက် မ မှား၊ လေးစင်းကြားဝယ်၊ ယပ်မားချပ်ကာ၊ စီပြီးခါမှ၊ လက်ျာ ကျင်းမြဲး၊ နန်းဆွဲး ရွှေအုပ်၊ အလုပ် တင့်ဆန်း၊ မကရ့်းခံတွင်း၊ ဝင်းဝင်းကရား၊ ရွှေသား အိုပျစ်၊ တင့်ပြေပြစ်သား၊ ရွှေစစ် ရေတင်၊ ရွှေစင် ထွေးခံ၊ ရွှေလျှံ တကောင်း၊ စုံပေါင်း မြူတာ၊ ရွှေဝါဖလား၊ ရှေ့က ထားပြီး၊ နောက်ပါး တကြောင်း၊ ရွှေပန်းတောင်းမှ၊ မစောင်း ဖြောင့်ဖြောင့်၊ ရှစ်ထောင့် ကွမ်းခွက်၊ လက်လက် ဖြိုးလျှံ၊ နဂါးခံ ကွမ်းခွက်၊ စက်စက်ရောင်ဝါ၊ စလင့် ကြာနှစ်ပွင့်၊ ရှုတင့် ရောင်မောင်း၊ ကွမ်းလောင်းတော်ကြီး၊ ထိန်ညီး ကွမ်းကျပ်၊ ထိန်လျှပ် ကွမ်းတောင်း၊ တကြောင်း ထိုမှ၊ စဉ်ထ တညီ၊ လက်ဝဲးဆီက၊ ကျောက်စီ ခြေနင်း၊ ထိန်ဝင်း လျှံဖြာ၊ ရတနာတောင်ဝှေး၊ မဝေး ပြိုးပြက်၊ မြမြထက်သား၊ သန်လျက် ရွှေထား၊ သားမြီး စာမြီ၊ သိင်္ဂိမင်းစံ၊ ခြင်္သေ့ခံလျက်၊ ညီးလျှံ ရွှေသား၊ ကရား အိုပျစ်၊ ရွှေစစ် မေးထောက်၊ ထိန်တောက် ကျီးခြေ၊ နှစ်ထွေ ရတနာ၊ ရွှေမြူတာကို၊ ရှေ့မှာ စဉ်ငြား၊ လက်တင်ကြားနှင့်၊ ပတ္တမြားကွမ်းခွက်၊ ထိန်လက်သလပ်၊ ရောင်လျှပ် မီးနှယ်၊ ကွမ်းလောင်းငယ်က၊ တင့်တယ် ပြိုးပြောင်၊ သလင်းမြောင်တည့်၊ ရွှေရောင် တင့်နှိုင်း၊ သစ်တိုင်းကျပ်လျား၊ နောက်ကထား၍့၊ များပြားလှစွာ၊ ယာ ဆဲ့ခုနစ်၊ ဝဲး ဆဲ့ရှစ်ဟု၊ တွက်စစ် မမှား၊ သုံးဆဲ့ငါးတည့်၊ ထူးခြား ထို့ပြင်၊ ရွှေဥကင်နှင့်၊ ပလ္လင်တော်ရှေ့၊ စဉ်၍့ ကျင်းရိုး၊ ဘုန်းရှိန်တိုးလျက်၊ တန်းခိုးတောက်စေ၊ နိမတ်တွေဖြင့်၊ ရွှေ-ဖြူ-ဝါ-နက်၊ စိမ်းညက်-နီ-ဖြော့၊ မှတ်လော့ စဉ်ကာ၊ ရတနာ ခြယ်ဝင်း၊ နန်းလုံး လင်းအောင်၊ မျောက်မင်း တသုန်၊ ဂဠုန် တထူး၊ ဘီလူး၄င်း၊ ရွှေဥဒေါင်းက၊ သားပေါင်း ဆီညစ်၊ သီဟရာဇ်နှင့်၊ မုန်ယစ် မာန်ကြွား၊ ဆင်-နဂါးဟု၊ ထင်ရှား မယွင်း၊ အောင်*မျှို့သွင်း၍့၊ ရုပ်ဆင်း ခုနစ်မျိုး၊ ညွန့်*ဖြိုးဝေလျှံ၊ သင့်စီမံသည့်၊ အလံ ခုနစ်ပါး၊ စိုက်ထူလွှားမှ၊ တရားနေနတ်၊ ဘုန်းတော်မြတ်ကြောင့်၊ ရိုညွတ်*ကျိုးနွံ၊ ကျွန်တော်ခံ၍့၊ နိုင်ငံအဟို၊ မင်းထိုထိုတို့၊ လိုလိုဆက်ငြား၊ မင်းခမ်းများကို၊ ရှေ့ထား နောက်လျဉ်၊ ဝဲး-ယာ ယှဉ်လျက်၊ နန်းစဉ်စက်ရင်း၊ စီကာကျင်းသည်။။ ဝင်း၏့ ရွှေဘုံ *ကြငှန်းတည်း။ (၂)

(၆၇) ရွှေဘုံ ဝင်းဝင်း၊ မင်းခမ်း ကျင်းလျက်၊ တုကင်း မမြင်၊ မိုးလျှပ်သွင်သို့၊ ဆင်ယင် တန်းဆာ၊ ဒွါဒရာ တင့်ဆန်း၊ ရာလိုက် တန်း၍့၊ မြောက်နန်း လယ်နန်း၊ နောက်နန်း စံပျော်၊ အလှကျော်သည့်၊ သုံးဘော် ဒေဝီ၊ နတ်*တပြီလည်း၊ ဝတီသိရီ့၊ စယှိ*ပြောထူ၊ နန်းသူ များစွာ၊ ရံကာ နောက်တော်၊ ရွေ တဘော်တည့်၊ ဝင်သော် နောက်မှ၊ ထွက်က ရှေးဦး၊ မကျူး အလေ့၊ ဘုန်းရှိန်*ကြွေ့သား၊ အိမ်ရှေ့ နန်*လျာ၊ မဟာဥပရာဇ်၊ သင်္ကျစ်ညီးညီး၊ သားတော်ကြီးနှင့်၊ ရာသီး လိုက်သင့်၊ နိမ့်-မြင့် ပြိုင်ယှဉ်၊ အစဉ်မယွင်း၊ ရွှေ*ကွန်းတွင်းနှိုက်၊ နီးရင်းစွာဘိ၊ မြတ်ဇာတိဖြင့်၊ သိရီ့ဓမ္မ၊ သုဓမ္မက၊ သီဟသူရမဟာ၊ ဓမ္မရာရွှေဘွဲ့၊ ထိန်လဲ့ ရောင်ပြိုး၊ လွန်မြတ်နိုးသည့်၊ သတိုးဘွဲ့တော်၊ တဘော် တပ်မြဲး၊ မင်းရဲး မည်ထူး၊ မြင်းမှူးရာနေ၊ သက်ဝေ ရင်သွေး၊ ချစ်မြေးရတနာ၊ မဟာဘွဲ့ပေါင်း၊ ရွှေဗောင်း ရွှေဖျင်၊ ဝတ်ရုံ ဆင်လျက်၊ *ဒုယင် သင်္ကျစ်၊ ဆဲ့နှစ် ဆဲ့ငါး၊ ဆဲ့ရှစ်အားဖြင့်၊ ထူးခြား တင့်တယ်၊ ရွှေစလွယ်နှင့်၊ ကြီး-ငယ် ရှုအီ၊ နတ်သားစီသို့၊ မင်းညီမင်းသား၊ ရှေ့တော်ပါတည့်၊ စော်ဘွား နန်းရံ၊ ဘုရင်ခံသို့၊ ဦးဆံချချ၊ ယာ-ဝဲး ခလျက်၊ အဂ္ဂမဟာ၊ သေနာပတိ၊ ဂုဏ်ထူးယှိသား၊ ခန့်ချိ ရာခြီး၊ စစ်သူကြီးက၊ ခြားသီဌာန၊ ပြည်မရေးဆောင်၊ မှူးခေါင် မတ်လတ်၊ ရှစ်သောင်းမတ်ကား၊ အဝတ်အဆင်၊ အသွင် ဆောင်ယွက်၊ ယုတ်-တက် တန်းဆာ၊ နီ-စိမ်း-ပြာနှင့်၊ တမာ ရွှေပွင့်၊ ရာနိမ့်မြင့်တိုင်း၊ ဗောင်းနှင့် ဝတ်လုံ၊ ဘွဲ့ပုံ နာမံ၊ ဘဲးရံ ဇာသတ်၊ ပိုင်းခြား မှတ်၍့၊ ယုတ်-မြတ် ကြီး-ငယ်၊ ဝဲး-ယာ စွယ်က၊ ငါးသွယ် အလွတ်၊ ပြိုင်ခတ် မလွန်၊ အချွန်အဦး၊ တော်ဒူး စနည်၊ နှစ်မည် ဘဝေါ၊ ပြန့်ပြော ကျယ်ဝန်း၊ ကွန်းနှင့် သည်မ၊ သည်ရံ စသား၊ ထိုမှ တရေး၊ သည်ထွေး တွင်း-ပြင်၊ နန်းကြီးခွင်နှိုက်၊ ဝန်းကျင် ထပ်ထပ်၊ စီစဉ်အပ်တိုင်း၊ ငါးရပ်နေရာ၊ ရွှေသီဟာကို၊ စီကာမယွင်း၊ ဆင့်ဆင့်ကျင်း၍့၊ လမင်းအထံ၊ ကြယ်ပေါင်း ရံသို့၊ ပတ်ခြံ ဦးခိုက်၊ ဖူးတိုက်ရှိကြာ၊ ရံဝန်း ကာသည်။။ ဆယ်ဖြာလက်အုပ် ငုံချွန်းတည်း။ (၃)

(၆၈) လက်အုပ်ချွန်းငုံ၊ ကြာဖူးရုံသို့၊ မင်ပုံ ညွတ်ခ၊ ရိုတုပ်ကွလျက်၊ ဦးချ ညီလာ၊ ရံဝန်း ကာပြီး၊ မင်္ဂလာ ရှေးဦး၊ မိုးစည်မြူးသို့၊ ရိုက်ကြူး ကြိုးထစ်၊ ဆဲ့တစ်မြှောက်စည်၊ တန်ရှည် တန်မြွာ၊ သပြေသာတို့၊ သင်္ချာ သတ္တ၊ ထိုမှ ခရု၊ နှစ်စု မည်မှန်း၊ စည်ဝန်းအစစ်၊ ဆဲ့ခုနစ်နှင့်၊ နှစ်နှဲးတလိုင်း၊ ခြားပိုင်း တရပ်၊ လက်ချပ် ငါးမျိုး၊ တပိုး နှစ်မည်၊ ဗြောစည် တခြား၊ နှစ်ဆဲ့ငါးတိ၊ မှတ်သာမယွင်း၊ ဒုံမင်း နှစ်လီ၊ ချိုအီမယုတ်၊ စည်ပုတ်သံဝါ၊ ပတ်သာ လင်းခွင်း၊ တစ်စီ သွင်းလျက်၊ သံညှင်း နှဲးကြီး၊ ပြိုင်မှီး ငါးသွယ်၊ နှဲးငယ် ဆဲ့တစ်၊ စင်စစ် မမှား၊ ဆဲ့ငါး ခရာ၊ ကျွန်းဦးညာဝယ်၊ မဟာတရု၊ ဇမ္ဗူ့သပြေ၊ သမုဒ်ရေထက်၊ သီးကြွေ ငါးပွက်၊ ကိုင်းခတ် ကြိတ်ဟန်၊ သဏ္ဌာန် တူစွာ၊ သံ့ပမာသို့၊ ကမ္ဘာစဉ်ထုံး၊ ကြေမဆုံးသား၊ နန်းသုံး ပြကတေ့၊ မင်းတို့လေ့ဖြင့်၊ သိမ်မွေ့ ညိုးညံ၊ နန်းလုံးပျံမျှ၊ နန်းသံ မြှောက်ခြီး၊ နာမငြီးအောင်၊ မှုတ်-တီး ကျူးရင်၊ သံတော်တင်၍့၊ ဗုဒ္ဓင်္ကူ့ဖျား၊ လောင်းဘုရားလျှင်၊ ပတ္တမြားရောင်မြိုက်၊ မကိုဋ် သင်္ကျစ်၊ ခုနစ် ရတနာ၊ စီ*မြွာခြယ်မှတ်၊ *ဒုယင်မြတ်ကို၊ ဆင်လတ်တုံမြောက်၊ ဝင်းဝင်းတောက်သား၊ မင်းမြှောံတန်းဆာ၊ လွန်ထူးစွာဖြင့်၊ တောင်ညာ နန့်းရှင်၊ မိနတ်သွင်နှင့်၊ ဥကင် ကျည်းရွက်၊ ဘွင့်လျက် သာယာ၊ ဗွေ သီဟာထက်၊ မကွာအတူ၊ *မုနောယူ၍့၊ ထွက်ပြူစမ္ပယ်၊ စံတင့်တယ်သည်။။ ကြီးကျယ် ဘုန်းတော် ပွင့်လန်းတည်း။ (၄)

(၆၉) ပိဋကတ် သုံးပုံ၊ အလုံးစုံတွင်၊ အာဂုံဒေသနာ၊ အထူးလာသား၊ ဒိဝါ တပတိ အာဒိစ္စော၊ စသော ခြောက်ပဒ၊ သဗ္ဗမင်္ဂလာ၊ တဂါထာနှိုက်၊ 'ဒိဝါ ကရ၊ အာဒိစ္စနှင့်၊ သဟဿရံသီ၊ စချီ များစွာ၊ သညာ မည်တွင်၊ မိုးကောင်းကင်ထက်၊ စက်ရှင်ဝင်းဝင်း၊ လေးကျွန်း ချင်းသည့်၊ နေမင်းရာဇာ၊ သူရိယာကား၊ လေးဖြာ ပဟိုရ်၊ တီးရိုက်ပြိုအောင်၊ နဂိုရ်နေ့ဝယ်၊ ထွန်း တင့်တယ်၏၊ ကြယ်မျာ့းဓိပတိ၊ သသိဣန္ဒု၊ ဥဠုရာဇာ၊ နိသာနာထ၊ စသည် ပညတ်၊ မည်မှတ် တံဆိပ်၊ ငွေယုန်ရိပ်နှင့်၊ မှောင်နှိပ် ပယ်ရှင်း၊ ဧးကြည်ဝင်းသည့်၊ လမင်းရာဇာ၊ စန္ဒိမာကား၊ ညဉ့်ခါနှိုက်ဝယ်၊ ထွန်းတင့်တယ်၏၊ မြတ်နွယ်အမျိုး၊ ဘုန်းရှိန် မိုး၍့၊ ပိုင်စိုး ရေ-မြေ၊ တန်းခိုးဝေသား၊ ရထေသဘ၊ ဘူဘုဇနှင့်၊ ဗြဟ္မဗာဟု၊ မနုဇိန္ဒ၊ စသည် တွင်ခေါ်၊ တေဇော် ထန်ပြင်း၊ ဘုန်းရောင်လင်းသည့်၊ လူမင်း ရာဇာ၊ ခတ္တိယာကား၊ မုဒ္ဓါဘိသေက၊ စသည် မင်းမှု၊ မင့်း*ရတုဖြင့်၊ ဗိုလ်ထုသဘင်၊ ဘွင့် ဥကင်နှင့်၊ ရွှေပလ္လင်ပေါ်၊ ထွက်စံပျော်၍့၊ စည်တော် ရှေးဦး၊ ရိုက်ကြူးမလွန်၊ သုံးဘန် ချီ-ချ၊ ညီ*တမျှဖြင့်၊ ထိုမှ*ဥဿုံ၊ တီးစုံ မှုတ်မျိုး၊ ပင်လယ်တိုးသို့၊ မြေ-မိုး သိမ့်ငြာ၊ စမ္ပယ်ရာတွင်၊ ရာဇဘဏ္ဍ၊ ကကုဓဟု၊ မည်ထ ငါးဆူ၊ ထီးဖြူ သင်းကျပ်၊ သားမြီးယပ်နှင့်၊ ဘိနပ် သန်လျက်၊ စွဲးဆောင်လျက်တည့်၊ ပြိုးပြက် ထိန်ဝင်း၊ မင်းခမ်း ကျင်း၍့၊ မင်းမြှောက်တန်းဆာ၊ ဆင်ခါ ထိုဝယ်၊ ထွန်းတင့်တယ်ဟု၊ ဘုန်းကြွယ်မိန့်တိုင်း၊'' တုမဲ့နှိုင်းအောင်၊ ပြိုင်ခိုင်း မမြင်၊ ရွှေပလ္လင်ထက်၊ စက်ရှင် ဒေဝရာဇ်၊ ဗြဟ္မာစစ်သို့၊ ဘုန်းသစ် ဘွင့်နှိုး၊ ထပ်ပွင့်တိုး၍့၊ *တက်ဖြိုး သရေ၊ ရွှန်းရွှန်းဝေသည်။။ မိုးနေ လနှယ် တောက်ထွန်းတည်း။ (၅)

('တုလျယောဂီလင်္ကာ'မျိုးတည်း။)

(၇၀) နေမင်း လမင်း၊ ဝင်းဝင်း မိုးလယ်၊ ထွန်းတင့်တယ်သို့၊ ဘုန်းကြွယ် ရာဇာ၊ လောင်းမြတ်စွာကား၊ ဗုဒ္ဓါဘိသေက၊ ခတ္တိယဟိတ်၊ ဘိသိက်တော်ခံ၊ သိမ်းစံ နန်းသစ်၊ ဘွင့်လှစ် ဥကင်၊ မင်းပွဲး*ရင်ပြီး၊ အကြင် ရှေးခါ၊ မင်း*တကာတို့၊ ဓမ္မတာတော်၊ မကျော် မကျူး၊ ရာထူး ထပ်ကဲး၊ မည်ရည်လွဲး၍့၊ စွန့်ကြဲးကြီးစွာ၊ ပြုစဉ်လာတိုင်း၊ မဟာဥပရာဇ်၊ ရင်နှစ်တော်ရင်း၊ အိမ်ရှေ့မင်းက၊ စ၍့ ကုန်အောင်၊ မှူးခေါင် မတ်လတ်၊ ယုတ်-မြတ် နွယ်ရိုး၊ ကျွန်တော်မျိုးတိ၊ ပြည်စိုး မြို့ကွပ်၊ အကြပ် ထောင်ပိုင်၊ ခရိုင် ဇနပိုဒ်၊ နိုင်ငံတိုက်နှိုက်၊ ထိုက်လိုက် သီးခြား၊ မြို့စား ပြစား၊ ရွာအများကို၊ အုပ်ငြား *သံပျင်၊ ထိုပြင် တမျိုး၊ တရွာစိုးက၊ ခေါ်ရိုး*ကလန်၊ မတ်*တသွန်အား၊ မကျန် *များမြောင်၊ စေ့စုံအောင်လျှင်၊ ဆောင်ယောင် ထီးစည်၊ ဘွဲ့မည် ဌာနန်၊ ထိုက်တန် ဂုဏ်လျောက်၊ ထပ်ကာလှောက်မှ၊ ခြီးမြှောက်*ဖြိုးကဲး၊ လူ*ခပဲးအား၊ စွန့်ကြဲး ပေးကမ်း၊ လွေ့လွေ့ယမ်းနှင့်၊ ထောင်တမ်း လေးရပ်၊ မြဲးစောင့်ကြပ်လျက်၊ ကျဉ်းကျပ်ခံသူ၊ လွှတ်တော်မူ၍့၊ မပူ ချမ်းမြေ့၊ လန်းလန်းကြွေ့သား၊ ရေတွေ့ ငုံအာ၊ အိုင်ကြီးကြာသို့၊ မျက်နှာ အထူး၊ လွန်ကြည်နူးသည်။။ ရွှင်မြူး လူ-ရှင် ရဟန်းတည်း။ (၆)

(၇၁) အချိ အချိ၊ ဆုံးမရှိအောင်၊ ပီတိ သောမန၊ တက်ကြွ ထိန့်ဆူ၊ သောင်းသောင်းဦမျှ၊ ရှင်-လူ *ဥဒါဟို၊ ထိုထို နီး-ဝေး၊ ရှုပ်ထွေး ထွက်ဝင်၊ အတင်တင်ဖြင့်၊ သဘင် ဇာတ်ရုံ၊ တီးစုံ ကမျိုး၊ ကျွမ်းထိုး တမ်းလျှောက်၊ *လက်ပမ်းပေါက်က၊ ဝမ်းမြောက် ကြည်နူး၊ အထူးထူးတည့်၊ ရွှင်မြူး နေ့ည၊ ထိုကာလကား၊ စိတ္တလတာ၊ ဥယျာဉ်သာဝယ်၊ အာသာနွယ်စစ်၊ ကသစ် ရွှေခိုင်၊ ပွင့်ချိန်တိုင်၍့၊ လေးစိုင် ရောင်စို၊ ရွှေမြင်းမိုရ်ထက်၊ ထိုထို ဝင်းညီး၊ နတ်သမီး နတ်သား၊ နတ်အများတို့၊ ရွှင်အားကြီးစွာ၊ သူ့ထက်ငါလျှင်၊ တာဝတိန်တိုက်၊ သောင်းလုံး လှိုက်အောင်၊ ကျိုက်ကျိုက် ညိုးညံ၊ ပဉ္စင်သံနှင့်၊ နတ်သံ*မစဲး၊ နတ်တို့ပွဲးသို့၊ *ခပဲး*ပြောထူ၊ လေးဆူ မျိုးပြား၊ အခြားခြားတို့၊ ယောက်ျား မိန်းမ၊ ကြီး-ငယ်စသား၊ ထိုမျှ ကြေညာ၊ ရှစ်ဒိသာလုံး၊ မိထိလာပြည်သူ၊ များရှင်-လူလည်း၊ ဦဦ ညိတ်ညိတ်၊ မွမ်းမွမ်းထိတ်ဘိ၊ ဘိသိက်တော်ပွဲး၊ နန်းသိမ်းပွဲးနှင့်၊ တကွဲး ထို့ပြင်၊ ဥကင်တော်ပွဲး၊ ထပ်ထပ်ကဲး၍့၊ မင်းပွဲး လှူပွဲး၊ စဉ်အမြဲးဖြင့်၊ မစဲး*သို့ပင်၊ လွန်ကြည်လင်လျက်၊ သဘင် နိစ္စ၊ ဆဲ့နှစ်လတိုင်း၊ သောက မမြော်၊ မြူးကြ ပျော်သည်။။ ဘုန်းတော်ရေကြည် ဆွတ်ဖျန်းတည်း။ (ရ)

(ဤကား ဟဿဋ္ဌာယီဘာဝကို ပြသည်)
ဤကား ဥကင်တော်ဘွင့်ခဏ်း ရ-ပိုဒ် ပြီး၏၊
(ဤမျှဖြင့် 'မဃဒေဝေါ နာမ ရာဇာ အဟောသိ' ၏အရတည်း)

၈- ရာဇစရိယခဏ်း

(၇၂) ထိုမိထိလာ၊ ပြည် အောင်ချာနှိုက်၊ မဟာမဃ၊ ဒေဝ မင်းခေါင်၊ မင်းမျာ့းနောင်လျှင်၊ ဘုန်းရောင် တက်တိုး၊ နေနွယ်ရိုးတည့်၊ အမျိုး မြတ်ဆုံး၊ လယ်ရုံးနေရှိန်၊ ဝရဇိန်ပညာ၊ ဥစ္စာ မြေထု၊ ဗိုလ်စု မြင်းမိုရ်၊ နှိုင်းဆို*တမျှ၊ ဗလ ငါးပါး၊ မင်းတို့အားနှင့်၊ ထင်ရှား ပြည့်စုံ၊ ရွှေဘုံနန်းသစ်၊ တည်သစ် ထောင်ပွား၊ သိကြားတဆူ၊ သဏ္ဌာန်တူအောင်၊ ရိပ်ဖြူ ရှစ်စင်း၊ မင်းခမ်း ကျင်းလျက်၊ ဝင်းဝင်း ဘိတ်ဘိတ်၊ ကျွန်းလုံး ထိတ်မျှ၊ ဘိသိက် ထပ်ခံ၊ တက်စံ နန်းသစ်၊ ဘွင့်လှစ် ဥကင်၊ သောင်းခွင် ကျော်ဟိုး၊ ဘုန်းတော်နှိုး၍့၊ တန်းခိုး *လွှံ့ကြွား၊ စောင့်တရားဖြင့်၊ တိမ်းပါး*မဲ့အောင်၊ ကျင့်ဆောင် မယွန်း၊ စဉ်ပြဋ္ဌာန်းလျက်၊ ရဟန်းသိက္ခာ၊ မင်းမှာ ဘိသိက်၊ သူတော်စိတ်ဟု၊ ထိုးထိတ် မယှိ၊ ကျောက်ဂီရိသို့၊ သတိ ပညာ၊ သမ္မာ တည်ကြား၊ ကျင့် မမှားဘဲး၊ တိုင်းကား ပြည်-ရွာ၊ စည်ရာ လေးခု၊ ဆယ်စု ကြောင်းခံ၊ နိုင်ငံ ကျယ်ပွင့်၊ ရှစ်ဆင့် ကာရဏ၊ မကင်းရတည့်၊ ရာဇပြကတေ့၊ ဓလေ့ ခုနစ်၊ စစ်၏့အင်္ဂါ၊ မြို့ အစာလည်း၊ သင်္ချာ စတု၊ ပြည့်ကြောင်းပြု၍့၊ လေးခု အဂတိ၊ မငြိမလား၊ လေးပါး သငြ်္ဂီုဟ်၊ ကုသိုလ် ဒသ၊ ကံပထနှင့်၊ မင်းမျာ့း ကျင့်ရန်၊ ရှစ်တန် ဆယ်ဖြာ၊ စကြာကျင့်ဝတ်၊ ဒွါဒသ်တရား၊ မမှား နေ့ည၊ မယွင်းရတည့်၊ ဆ နာယက၊ ဂုဏ ခြောက်ပါး၊ မပြောက်ကျားဘဲး၊ သိကြား လ-နေ၊ မြေ-လေ-ယမ၊ သမုဒ္ဒနှင့်၊ ဒေဝ ပဇ္ဇုန်၊ ရာဇဂုဏ်လည်း၊ *မသုန်မဖျင်း၊ ကိုးကွင်း နဝရတ်၊ ဆင် မပြတ်ဖြင့်၊ သတ္တ အပရိဟာ၊ ကျင့် ကောင်းစွာသား၊ ကျင့်ရာကိစ္စ၊ မကြွင်းရတည့်၊ ဓမ္မလုံးစုံ၊ ယှဉ်ထုံ ကိုယ်လုံး၊ ကျင့်သုံး အမြဲး၊ ကိုင်စွဲး လက်ယှိ၊ သို့ဖြစ်ဘိ၍့၊ ဓမ္မိကပုဒ်၊ ဟောဘော်ထုတ်ထား၊ ပြယုဂ်ပြီးသေ၊ ရုပ်အနေကို၊ ဓမ္မေ နိယုတ္တော၊ ဓမ္မော အဿတ္ထိ၊ ဓမ္မံ စရတိ၊ ဘွင့်ဘိ အဋ္ဌကထာ၊ ရှေးဆရာတို့၊ ဋီကာ သံဝဏ်၊ နည်းမလွန်သည်။။ ပြညွှန် ရွှေနှုတ် မိန့်ခွန်းတည်း။ (၁)

(ဤကား 'ဓမ္မိကော'ပုဒ်၏့ အဘွင့်တည်း။)

(၇၃) ဓမ္မိကဖြင့်၊ ရာဇ ကျင့်ထုံး၊ စွဲးသုံး မြဲးထုံ၊ အလုံးစုံနှင့်၊ ရွှေဘုံ ထီးနန်း၊ ဘုန်း*ဘန်ဆန်း၍့၊ သိမ်းမြန်း အုပ်မိုး၊ မဃ*စိုးဟု၊ တန်းခိုး နေစက်၊ *စောဘုန်းတက်ကား၊ နန်းထက် သန္ဓေ၊ တည်နေ မြင်-ဘွား၊ ပြေးသွားတတ်ထ၊ သည်က စ၍့၊ ထိန်းယ လက်ပေါ်၊ ဖြေဖျော် စံခြင်း၊ ရွှေဂုံချင်းနှင့်၊ ရွှေမြင်း ရွှေဆင်၊ ရွှေရုပ်ရှင်ကို၊ နန်းပြင် ကစား၊ မြူးရွှင်ပါးသည်၊ မင်းသားငယ်စစ်၊ သူငယ့်ဖြစ်ဖြင့်၊ အနှစ် ရှစ်သောင်း၊ လေးထောင်ပေါင်းတည့်၊ မင်းလောင်း *နန်းလျာ၊ ဥပရာဟု၊ မင်္ဂလာစံငြိမ်၊ မြောက်ဝင်းအိမ်ဝယ်၊ စည်းစိမ် တဆင့်၊ ကြီးမြင့်ပြန်၍့၊ ဘုန်း*ကြွေ့ကြွေ့နှင့်၊ အိမ်ရှေ့မင်းဖြစ်၊ စံသည့်ခေတ်လည်း၊ အနှစ် ရှစ်သောင်း၊ လေးထောင်ပေါင်းတည့်၊ တကြောင်း ထိုမှ၊ ဝိဒေဟနှိုက်၊ တတီယ နန်းထီး၊ တည်ပြီး စံလစ်၊ မင်းကြီးဖြစ်လည်း၊ အနှစ် ရှစ်သောင်း၊ လေးထောင်ပေါင်းတည့်၊ ရှေးကြောင်း ပုညဇိဒ်၊ ဂုဏ်မဟိဒ်နှင့်၊ အာဒိစ် ရဝိန်၊ နေသူရိန်လျှင်၊ အရှိန် ပြိုးပြက်၊ တိုးကာတက်သို့၊ လက်နက် ချီမိုး၊ လက်ရုံးကိုးလျက်၊ စစ်ထိုး လုယက်၊ နိုင်အထက်ဖြင့်၊ နှိပ်စက်ကိစ္စ၊ မပြုရဘဲး၊ ငယ်က ဆင့်ဆင့်၊ ဘုန်းတော်ရင့်တိုင်း၊ အသင့် အသင့်၊ ဆီးခံလင့်၍့၊ မြင့်သည့်စည်းစိမ်၊ ကြီးရိပ်ငြိမ်နှင့်၊ မွေ့သိမ် ချမ်းမြ၊ ဓမ္မေနဟု၊ ဓမ္မ ကရိုဏ်း၊ ဟုတ်တိုင်း မုချ၊ အနွတ္ထဖြင့်၊ နန်းရ မင်းစစ်၊ ဖြစ်သည့်အရ၊ ပဝတ္တကြောင့်၊ ဓမ္မရာဇာ၊ မည်တော်သာသည်။။ မဟာပုည *ပြဋ္ဌာန်းတည်း။ (၂)

(ဤကား 'ဓမ္မရာဇာ'ပုဒ်၏ အဘွင့်တည်း။)

(၇၄) ဝဒန္တနှိုက်၊အတ္ထ ကြောင်းလာ၊ သဒ္ဒါ အကျိုး၊ စစ်ရိုး ကျမ်းဂန်၊ အခြေမှန်သား၊ သံဝဏ္ဏနာ၊ ဆရာတို့ထုံး၊ လက်သုံး နည်းရိုး၊ သွယ်သည့်ကြိုးသို့၊ အကျိုး မကွဲး၊ အကြောင်း လွဲး၍့၊ ဘွင့်မြဲး *တန်ထွာ၊ ဓမ္မတာဖြင့်၊ ဝါ ဝိကပ္ပ၊ တနည်းပြကား၊ ပရဟိတ၊ လောက အများ၊ သူတပါးတို့၊ စီးပွားအကြောင်း၊ ကျင့်ကောင်း ဓမ္မ၊ စရိယကို၊ ကျင့်ထတုံဘိ၊ ဂုဏ်သတ္တိကြောင့်၊ ဓမ္မိကဟူသည်၊ မည်သတတ်တည့်၊ အတ္တဟိတ၊ ဒိဋ္ဌ တမလွန်၊ နှစ်တန် ကျိုးယှိ၊ မိမိစီးပွား၊ ကျင့်တရားကို၊ ကျင့်ငြားတတ်ထ၊ စရကကြောင့်၊ ဓမ္မရာဇာ၊ သညာ ထူးလည်၊ မည်ပညတ်တည့်၊ လောင်းမြတ် မဃ၊ *စောဒေဝလည်း၊ အတ္တ ပရ၊ ဟိတ*ပွားစီး၊ အကျိုး ဖြီးအောင်၊ ပြည်ကြီး ထောင်တည်၊ ဘုန်းရောင်ခြည်ဖြင့်၊ တောင်ရှည် ပတ်ချုပ်၊ ကြယ့်နှယ်အုပ်လျက်၊ ပိုက်ထုပ် ထိန်းကယ်၊ များ*ပေါယယ်အား၊ လေးသွယ် သငြ်္ဂီုဟ်၊ ခြီးမြှောက် *ကြို၍့၊ ကိုယ်၏့စီးပွား၊ သူ့စီးပွားတည့်၊ နှစ်ပါး ကျိုးယှိ၊ ကျင့်နိုင်ဘိသား၊ သတ္တိအရ၊ ဓမ္မကနှင့်၊ ဓမ္မရာဇာ၊ မည်ထိုက်စွာသည်။။ ရွှေစာ ကျမ်းမိန့် မယွန်းတည်း။ (၃)

(တနည်းအားဖြင့် ဓမ္မကပုဒ်၏ ပရဟိတောပါယဓမ္မစရကယောဇနာ'အနက်တို့ကို ဘွင့်သည်။)

(၇၅) ယင်းဓမ္မိက၊ ပဒအလို၊ လောင်းမင်း ပျိုလျှင်၊ မပြိုမပျက်၊ ဓမ္မစက်ဖြင့်၊ မကွက်မမှား၊ ပြည်တိုင်းကားနှိုက်၊ လေးပါး မျိုးနွယ်၊ ကြီးငယ် မြတ်-ယုတ်၊ *ဗိုလ်အစုတ်ကို၊ ခွန်တုတ် မတိုး၊ ပန့်းနှယ် ပျိုး၍့၊ မင်းရိုး*တကာ၊ ရှေးရာဇာတို့၊ စဉ်လာ ပေးကမ်း၊ ပြုမြဲးတမ်းဖြင့်၊ ရှေးလမ်းအကျ၊ မယုတ်ရအောင်၊ ဗြာဟ္မဏ ဂဟပတိ၊ စယှိ လုံးစုံ၊ နိဂုံ ဇနပိုဒ်၊ လူတဝိုက်အား၊ ထိုက်လိုက် သင့်တင့်၊ မြှောက်ခြီးမြှင့်လျက်၊ ငှက်နှင့် သားငါး၊ တောသား ရေပိုး၊ အမျိုးမျိုးလည်း၊ မစိုးထိတ်နန့်၊ မလန့်ကြောက်စေ၊ စောင့်ရှောက်ထွေဖြင့်၊ ရေနေ ကြည်းနေ၊ ချမ်းသာစေဟု၊ မိန့်ရွှေ လတိုင်း၊ ရက် မဆိုင်းဘဲး၊ ရွှေသိုင်း ဝင့်ကြော်၊ ရွှေစည် ဆော်၍့၊ အကျော်တ+စော၊ မေတ္တာ+ဇောဖြင့်၊ တောင်-တောမြစ်-အင်း၊ မကျန်ကြွင်းအောင်၊ *ခပင်း ငယ်-ကြီး၊ အသီးသီးအား၊ အနီး အဝေး၊ ဘေး*မဲ့ပေးသည်။။ ရန်ဘေး မခြယ် မစွန်းတည်း။ (၄)

(ဤကား ဓမ္မိကပုဒ်ကို 'ပရဟိတောပါယဓမ္မစရက'ဟူ၍့ ဘွင့်သော သံဝဏ္ဏနာ၏ လဒ္ဓဂုဏ်၊ တနည်းကား အကျယ် ဝိတ္ထာရတည်း။)

(၇၆) ဓမ္မရာဇာ၊ မည်တော်သာသား၊ သဒ္ဒါအရ၊ လောင်းမဃလျှင်၊ အန္န ပါန၊ စသည်အပြား၊ ဆယ်ပါးပညပ်၊ ဒါနရပ်ကို၊ မလပ် မကင်း၊ ပေးစွန့်ခြင်းနှင့်၊ ''သီတင်း ငါးလီ၊ ပဉ္စလီမူ၊ ယှဉ်မှီ မလွဲး၊ ရွှေလည်ရွဲးသို့၊ လက်စွဲး မချ၊ မြဲး နိစ္စတည့်၊ တလ မယုတ်၊ ဆန်း-ဆုတ်အညီ၊ အဋ္ဌမီက၊ စုဒ္ဒသီမည်မှတ်၊ ပန္နရသ်ဟု၊ ပညတ် နာမ၊ နိစ္စ မရွေ့၊ ပြကတေ့နှင့်၊ ရှေ့ရက် နောက်ရက်၊ ဝင်-ထွက် ကြိုပို့၊ သည်ရက်တို့နှိုက်၊ မချို့ ပက္ခ၊ ပါဋိဟဟု၊ ကျမ်းပြ ခေါ်ရိုး၊ ဥပုသ်မျိုးလည်း၊ မညှိုးတရံ၊ *ခြိုးတခြံဖြင့်၊ ဗြဟ္မစရိယ၊ အဋ္ဌင်္ဂကို၊ တလအနက်၊ ဆဲ့လေးရက်တိုင်း၊ မပျက် တနေ့၊ လစဉ် စေ့အောင်၊ သိမ်မွေ့ နှလုံး၊ ဆောက်တည်သုံး၍့၊ ဆုံးဆုံးမမ၊ စိတ်မခွဘဲး၊ ကျင့်ထ မမှား၊ အမှန်အားဖြင့်၊ ခြောက်ပါး ဣန္ဒြေ၊ မြဲး စောင့်နေ၏၊'' သေသေဝပ်ဝပ်၊ ကွပ်ကွပ်နှိပ်နှိပ်၊ သိပ်သိပ်သည်းသည်း၊ မ*လိပ်လည်းဘဲး၊ အ*ထည်း ယုတ်မာ၊ ရုန့်ရင်းစွာသား၊ ကိလေသာဆိုး၊ *ရမ္မက်မျိုးတို့၊ မထိုး*ကျင့်ရ၊ *တဒင်္ဂတိုင်း၊ ကင်းပ ကွယ်ပျောက်၊ ငြိမ်းအောင် ဖျောက်လျက်၊ စွန်းပြောက် မယှဉ်၊ သမ္ပဇဉ်နှင့်၊ ယဉ်ယဉ်ကျေးကျေး၊ မျက်နှာရေးကို၊ ရွှေကြေးမုံပြင်၊ မပြတ် တင်သို့၊ မထင် ရိမှေး၊ အစင် ဆေး၍့၊ လေးလေး*ကုံကုံ၊ ခြောက်အာရုံနှိုက်၊ ခုံခုံ*မင်မင်၊ ပြေးဝင် ပေါက်လွှတ်၊ မညွတ်စေလျှင်း၊ ပြစ်မြူ ကင်း၏၊ ခရုသင်းပွတ်သစ်၊ ပုလဲးနှစ်နှင့်၊ မညစ် မမှိန်၊ လ,စန္ဒိန်သို့၊ သန္တိန္ဒြိယ၊ လွန်ချမ်းမြလျက်၊ သမစရိယာ၊ ငြိမ်သက်စွာလျှင်၊ မဟာဗောဓိ၊ လမ်းမှန်သိသည်။။ ဇာတိ ရွှေဉာဏ် ခိုင်*ကျန်းတည်း။ (၅)

(ဤကား ဓမ္မရာဇာပုဒ်ကို အတ္တဟိတောပါယဓမ္မစရကဟူ၍့ ဘွင့်သော သံဝဏ္ဏနာ၏ လဒ္ဓဂုဏ်။ တနည်းကား အကျယ် ဝိတ္ထာရ။)
ဤမျှဖြင့် 'ဓမ္မိကော ဓမ္မရာဇာ' အဘွင့်တည်း။
ရာဇစရိယခဏ်း (၅)ပိုဒ် ပြီး၏၊

ပထမပိုင်း ၉- ဘုန်းတော်ဘွဲ့ခဏ်း

(၇၇) ဤသို့ ဘုန်းရှိ၊ ဉာဏ်ဇာတိနှင့်၊ ဗောဓိ ညွှန့်ရှင်၊ ဆုကြီး ဆင်လျက်၊ ပလ္လင် ကိုးဆင့်၊ ဥကင် ဘွင့်၍့၊ ရာမင့် စူဠာ၊ *သျှောင် ကေသာသို့၊ အသင်္ခါရိက်၊ တိဟိတ်သန္ဓေ၊ ဥက္ကဌ်နေသည့်၊ *ဗိုလ်ခြေ ကိုးရာ၊ ကြီးသမ္ဘာနှင့်၊ မဟာမဃ၊ လောင်းဒေဝကား၊ ဝိဒေဟတိုင်း၊ ကမ္ဘာလှိုင်းလည်း၊ *သမိုင်း မကျေ၊ ဇမ္ဗူမြေထက်၊ ညာကြေ ပြန့်*ပြော၊ အံ့ဘွယ်မောမျှ၊ ခေါဘဏီစစ်၊ တဆဲ့ရှစ်တို့၊ လက်ပစ် ချမှိုင်၊ မတတ်နိုင်အောင်၊ ကြံ့ခိုင် ခက်ကျိတ်၊ သောင်းလုံးထိတ်လျက်၊ မြဲးကြိတ် လုံခြုံ၊ သိကြာ့းဘုံသို့၊ ပြည့်စုံ မချို့၊ သာပေါင်း ကြို့၍့၊ မြင်းမိုရ့်လက်ျာ၊ ဒက္ခိဏာတွင်၊ ဇေယျာပဝရံ၊ အောင်သံ မဆိတ်၊ အောင်နိမိတ်နှင့်၊ ဂုဏ်ဟိတ် ဩဘာ၊ ကျော်စောစွာသား၊ မိထိလာမည်သီး၊ ရွှေပြည်ကြီးကို၊ ရှစ်ထီးကနက်၊ ရိပ်ဖြူ ကြက်၍့၊ နန်းဆက်အသစ်၊ စိုးတည်လစ်မှ၊ *သရစ်ရွှန်းရွှန်း၊ ဗြဟ္မာသွန်းသည့်၊ *တုကျွန်းမမြော်၊ ဘိသိက်တော်နှင့်၊ အဟော် ဝတ၊ စရိယတိ၊ နိစ္စ မြဲးမြံ၊ ရာဇဓံ၏၊ နိသံတော်ဟုန်၊ တန်းခိုးဂုဏ်ကြောင့်၊ ဝသုန္ဓရာ၊ မြေမျက်နှာထက်၊ ရာဇာရာဇ၊ ထိုမျှ*ခပင်း၊ ထီးဆောင်းမင်းတို့၊ ဆင်-မြင်း သားကြီး၊ ချစ်မညီးသား၊ သမီး ကညာ၊ ရတနာနှင့်၊ ပဏ္ဏာတော်ထူး၊ ဆက်လာ ဖူးသည်။။ ရှိဦးတင်ကြ ရွှေပန်းတည်း။ (၁)

(၇၈) ခရုမင်္ဂလာ၊ ငွေသင်္ခါဖြင့်၊ မုဒ္ဓါသဘင်၊ ဗြဟ္မာ *ရင်သား၊ ရေစင်ဘိသိက်၊ အောင်ဟိတ် ဩဇ၊ နိသံသနှင့်၊ ဓမ္မပြကတေ့၊ သိမ်မွေ့ ခြိုး*ခြံ၊ ရာဇဓံတော်၊ ဂုဏ်နုဘော်ကြောင့်၊ ဥပေါ် ဆဒ္ဒန်၊ စုံအင်+ကြန်နှင့်၊ မ+ကျန် နှိုးဆော်၊ လာစေ ခေါ်သို့၊ ဂေါ်စရိယာ၊ ကာလာဝက၊ ဂင်္ဂေယျက၊ ထိုမျှ ဆယ်လီ၊ စုံတညီဖြင့်၊ ဆင်နီတရွေ၊ ဆင်ရွှေ အများ၊ ဆင်ကျား ပေါ*ပည်း၊ ဆင်မည်း အပုံ၊ စွယ်စုံ ဟိုင်း*ဟံ၊ တည်*တံ သိန်း-သောင်း၊ ဆင်အပေါင်းလည်း၊ ခညောင်း ရွှေစက်၊ ခံလာရွက်မှ၊ မည်းနက် ဥက္ခောင်း၊ ကျီးငှက်ခေါင်းသို့၊ *ဂယ်လောင်း မျက်လုံး၊ တာဖုံး နှုတ်ခမ်း၊ နှိုင်းတမ်း *မယွက်၊ ခွာ လေးဘက်တို့၊ ရွှေခွက်ဖလား၊ မှောက်၍့ထားသို့၊ မြီးဖျားသွယ်သွယ်၊ ရှေ့ရင်ကျယ်နှင့်၊ တင့်တယ် လှကျော၊ ဗွေသန့်ကြောသား၊ သိန္ဓော ရွယ်ပျို၊ အဿတိုရ်က၊ ထိုထို ဘိုးထိုက်၊ တိမ်တိုက် ကွန့်မြူး၊ မျိုးထူး ဇာနေ၊ သကွေသဟက်၊ ကျားလက် စိုင်လျော်၊ ဗွေကျော် ဘောင်းဝတ်၊ ဖြူဆွတ် စိမ်း-ပြာ၊ အရာရာဖြင့်၊ သင်္ချာ ဆုံးပိုင်၊ ဂဏန်းကိုင်လည်း၊ ကလိုင်*ကလဲး၊ ဖြင်*ဗြဲး*ပြောထူ၊ မှတ်ယူ မသာ၊ များလှစွာ၏၊ ရွှေသမ္ဘာမြတ်၊ ဣဒ္ဓိပါဒ်ကား၊ နာဂတ် သက်သေ၊ ကမ္ဘာကြေလည်း၊ မကျေတို့စွာ၊ အံ့မောရာသည်။။ နောင်လာ ပြောဘို့ *ဥဒါန်းတည်း။ (၂)

(၇၉) အထွေအထွေ၊ ကမ္ဘာ ကြေလည်း၊ မကျေ အံ့ရာ၊ မြတ်သမ္ဘာတည့်၊ ဟေမာလယ၊ တောမြိုင်မ,က၊ ဒေဝ စန္ဒ၊ သကုဏနှင့်၊ ဒုမ ကောန္တ၊ ဒဏ္ဍ မာဏဝီ၊ ထိုပြီး အပ၊ ကဏ္ဏ ပါဝု၊ အစပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက် ရုပ်ဆောင်း၊ မြင်းခေါင်း တူလှည့်၊ ငှက်၏ ကိုယ်မှာ၊ လူ့မျက်နှာက၊ လူဝါ လူသွင်၊ ဆံပင် နောက်လံ၊ *ယမံ ငယ်သွေး၊ ငှက်မွေး တောင်ပေါက်၊ ရွယ် မဘောက်ဘဲး၊ ထောင်လောက် သက်တမ်း၊ ဘေး*ဘျမ်းမဆံ၊ စုံမြိုင်ယံဝယ်၊ မောင်နှံ ဖို-မ၊ ပျော်ကြ အမြဲး၊ တညဉ့်ကွဲးမျှ၊ ဘန်လဲး လည်ရှက်၊ တသက်သက်နှင့်၊ နေ့ရက် ရေစစ်၊ အနှစ် ခုနစ်ရာ၊ ကြာအောင် မမေ့၊ ငို၍့ မပြီး၊ ကြီးလှ ချစ်ခင်၊ ကြင်ကြစရိုး၊ ငှက်မျိုး နတ်နွယ်၊ လွန်ဆန်းကြယ်သား၊ တင့်တယ် ရုပ်ဝါ၊ ကိန္နရာ ကိန္နရီ၊ ဘော်စုံညီတို့၊ က-သီ ခုန်မြူး၊ သံချို ကျူး၍့၊ နန်းဦး ရှေ့တော်၊ ရှုစိမ့် ပျော်အောင်၊ ဖြေဖျော် ခ,လာ၊ ရက်မချာတည့်၊ အံ့ရာ အံ့ရာ၊ အဖြာဖြာက၊ ရတနာယာဉ်ကျော်၊ ဆင်တော် မြင်းပျံ၊ အရိန်လှံနှင့်၊ မီးလျှံ နတ်စက်၊ သိကြားဆက်သည်။။ နှိုင်းဘက် အတု *လွှတ်ကျွန်းတည်း။ (၃)

(၈၀) ဝသုန္ဓရီ၊ မဟီကာသ၊ သမုဒ္ဒနှိုက်၊ ကမ္မပစ္စည်း၊ အရင်းတည်းလျက်၊ ဟောနည်း မှတ်ပြု၊ ဥတု သမုဋ္ဌာန်၊ ပျံ*ကွန် မြေမိုး၊ မဏိမျိုးနှင့်၊ ပြရိုး နီလာ၊ မသာရဂလ်၊ ဝင်္သဝဏ်က ရောင်ဝှန် ထိန်လင်း၊ ဝိုးဝင်း ပြိုးပြက်၊ ကိုးအ+မျက်တို့၊ ထက်+မြက် တေဇ၊ တန်းခိုးပလျက်၊ ထိုမျှ ယှိရွေ့၊ ထဲးရေမြေ့မှ၊ ပေါ်၍့ ဆက်လာ၊ ရက်မချာတည့်၊ သီလာဇတု၊ ခေါ်ပြုသမိုက်၊ *အဘြိုက်*တိမ်းချေး၊ *တေး ခပ်ပြာခဲး၊ *သလွဲး မည်းဖြူ၊ ကြေး-သံမူကား၊ မယူလိုကာ၊ မြေ့ပမာတည့်၊ ရတနာ ဘော်-ငွေ၊ စိန်-ရွှေ-သလင်း၊ ပယင်း ထွေပြား၊ အပါးပါးက၊ ငါးနှင့် ဝက်-ဆင်၊ ဘူဇင်္ဂသီ၊ သပ္ပီ သင်္ခါ၊ ဝလာ ဝေဠု၊ အမြတ်ပြုသား၊ *အမြုတေခဲး၊ ပုလဲး မျိုးရှစ်၊ သယံဇာစ်လည်း၊ အနှစ် ရတနာ၊ မဟာရာဟ၊ ဘုန်းကျိုး ပြ၍့၊ သာရ အစု၊ *ရောရု ပေါင်းရုံး၊ ပြိုးပြုံး ရိုးရဲး၊ ပိုလင်းကဲးတိ၊ ရေထဲး သမုဒ်၊ လှိုင်း ပုတ်ခတ်တင်၊ ကောင်းကင် ပျံကျ၊ သက်လာကြလျက်၊ *ဖြင်မျှ ထို-ဤ၊ *ပည်းသီ တင်းကျမ်း၊ နု-အကြမ်းဖြင့်၊ မြစ်ကမ်းတခွင်၊ မြေပြင် ကုန်းကြည်း၊ အပည်း*ပည်းသား၊ အ*ကျည်းအခဲး၊ *ရှောက်ရွာ ကြဲသို့၊ မကျဲး ထပ်တင်၊ မြေအပြင်ထက်၊ ရောင်ရှင် လက်လက်၊ ဆောင်ကာ ဆက်လည်း၊ *မယွက်မယွင်း၊ ရာ မဟင်းတည့်၊ *ပြည့်လင်း *လာဘော၊ ပြန့်ပြော *လျှမ်းကယ်၊ လိုဘွယ် မယှား၊ လွန်ထင်ရှား၍့၊ ဝတ်စား တန်းဆာ၊ ရတနာကား၊ ပဒေသာဆူဆူ၊ ပေါက်သော့တူဖြင့်၊ *ပြောထူ*ကြွယ်ဝ၊ မတောင့်တအောင်၊ ပြည်ပ ပြည်တွင်း၊ သာပွင့်လင်း၏၊ ကြီးမင်း တေဇာ၊ သမ္ဘာ ဖွံ့ထွား၊ *လွှံ့ကျော်ကြားလျက်၊ ပွားလေ ပွားလေ၊ *ဖျားတက်ရေသို့၊ ရွှေပုညဇိဒ်၊ ဘုန်းတော်ဟိတ်ကြောင့်၊ ဒေဝိဒ္ဓိပါဒ်၊ နိမ္မာနတ်သို့၊ ယုတ်-မြတ် လူ*ဗိုလ်၊ ဘုန်းရိပ်ခိုတို့၊ *မငြိုမငြင်၊ လွန်ကြည်လင်ရှင့်၊ *ယာဉ်ညင် စကြာ၊ ရတနာသည်။။ သည်သာကျန်တော့ ဘုန်းတန်းတည်း။ (၄)

(၈၁) ဘုန်းတော် ကြီး၍့၊ ဘုန့်းမီး တောက်လောင်၊ ရန်မျိုး ရှောင်လျက်၊ ခြောက်ရောင်စွယ်စက်၊ ဝင့်တိုင်းလက်သား၊ နတ်ဆက် ဆဒ္ဒန်၊ ယာဉ်*မွန်ဝလာ၊ အဿဇာက၊ ကညာ ပတ္တမြား၊ သူဌေ့းသားဟု၊ ခြောက်ပါး ရတနာ၊ လက်မကွာလျှင်၊ စကြာတော်ကြီး၊ ရောက်နီး ချိန်ခွင့်၊ ခါတော်လင့်၍့၊ နန်းမြင့်*နိတုံ၊ ရွှေဘုံရိပ်တွင်း၊ လှူ*သီတင်းနှင့်၊ မကင်းစေမြို့၊ စဉ် မချို့ဘဲး၊ မင်းတို့ဓမ္မတာ၊ စံပျော်ရာသား၊ ရတနာစီရှက်၊ သလွန်ထက်နှိုက်၊ စိုက်လျက် အမြဲး၊ ရဲးရဲး ရောင်လှစ်၊ မီးစစ်စစ်သို့၊ ခုနစ် ရတနာ၊ စီမြွာ ရိုးခတ်၊ စိန်ညောင်ရွက်နှင့်၊ ဖြန့်ကြက် ညီးညီး၊ *ကြငှန်းထီးက၊ မငြီး ရှုဘွယ်၊ ထိုပြီးဝယ်လည်း၊ ကိုးသွယ် နဝရတ်၊ ခြယ်ခတ်စီနစ်၊ မျက်စုံပျစ်လျက်၊ တနှစ် တကြိမ်၊ ဦးနှိမ် ညွတ်ပျောင်း၊ ရာ မင်းပေါင်းတို့၊ *ခ့ညောင်း ပူဇော်၊ ခံတော်မူရာ၊ မင်္ဂလာသဘင်၊ ညီလာ*ရင်မှ၊ ဘွင့်ကျင်တုံလတ်၊ ထီးမြတ်ဥရူ၊ တဆူ ထို့ပြင်၊ *စောနတ်သျှင်တို့၊ ထွက်-ဝင် မပြတ်၊ ဆောင်းတော်မှတ်သား၊ ရွှေထွတ် ရွှေရိုး၊ ရောင်ပြိုး တုလွတ်၊ တမွတ်မည်သာ၊ ထီးစကြာနှင့်၊ ရတနာ ကိုးပါး၊ စီကျား ရွက်ထွတ်၊ လေးကျွန်းပတ်သား၊ သုဒသ်မဟာ၊ မင်းမြတ်စွာတိ၊ စကြာ စိုးမှူး၊ ဘေးတော်ထူးလျှင်၊ ကျွန်းဦး ရွှေနှစ်၊ သပြေဖြစ်ဖြင့်၊ ရိုးစစ် ဝင်းလျှံ၊ တနိုင်ငံက၊ မင်းသံရောက်မှ၊ ဆောင်းထ ထိန်လက်၊ စဉ်မပျက်သား၊ ကနက္ကဒဏ်၊ ထီး*မွန် တမျိုး၊ ရိုးထွတ်လည်းကောင်း၊ နီမောင်း ရည်ရွှင်း၊ ရွှေတိဝင်းလျက်၊ ဆင်-မြင်းယာဉ်ပေါ်၊ ဆောင်းတော် မှတ်ပြု၊ ထီးသမုတည့်၊ ဇမ္ဗူ့ဓိပတိ၊ ဗောဓိဆုရည်၊ လောင်းဇာနည်လျှင်၊ နောင်သည်မချွတ်၊ အရဟတ်နှင့်၊ ဓမ္မဓာတ်ပညာဉ်၊ ဉာဏ်သဗ္ဗဉ်၏့၊ *ကမျဉ်*အတီး၊ နိမိတ်ပြီးသား၊ မင်းထီး ငါးမည်၊ ရောင်ခြည် ထိန်ပြိုး၊ ရွှေရိုး ငွေရွက်၊ တလက်လက်ဖြင့်၊ ဖြန့်ကြက် ဆောင်းမူ၊ *မနောယူလျက်၊ လူတွင် လူနတ်၊ လူများ မှတ်အောင်၊ ဝန်းပတ် မြေပေါ်၊ တုမမြော်သည်။ ။ ဘုန်းတော် နတ်မသာလွန်တည်း။ (၅)

ဤသို့လျှင်တိ၊ ဤတွင်မှန်လှ၊ လောကဟိတ၊ စရိယသည်။။ ပထမခဏ်းကြီး၊ လက်မွန်ပြီးတည်း။

(ဤပိုဒ်ကား ဘမလင်္ကာရဝင်္ကဝုတ္တိရှိသောပိုဒ်တည်း။) ဘုန်းတော်ဘွဲ့ခဏ်း (၅)ပိုဒ် ပြီး၏၊
လောကဟိတစရိယခဏ်း (၈၁)ပိုဒ် ပြီး၏၊

ဒုတီယပိုင်း - သံဝေဂခဏ်း၊ ၁ - ကပ္ပကာမန္တနခဏ်း

သော စတုရာသီတိ ဝဿသဟဿာနိ ကောမာရကီဠံ, တထာ ဩပရဇ္ဇံ, တထာ မဟာရဇ္ဇံ ကတွာ ဒီဃမဒ္ဓါနံ ခေပေတွာ ဧကဒိဝသံ ကပ္ပကံ အာမန္တေသိ --- ယဒါ မေ သမ္မ ကပ္ပက သိရသ္မိံ ပလိတာ ပဿေယျာသိ။ အထ မေ အာရောစေယျာသီတိ။

(၈၂) ဇာတိ ပုည၊ ဂုဏ မဟတ်၊ သုံးပါးမြတ်သည့်၊ သမတ်မဟာ၊ နတ်ကမ္ဘာမှ၊ စဉ်သာ နွယ်ရိုး၊ မိုးနှယ် မိုးလျက်၊ တန်းခိုး ဘုန်းဟုန်၊ နေအရုဏ်သို့၊ မ*သုန်မဖျင်း၊ ပေးစွန့်ခြင်းနှင့်၊ မကင်း*ကုံင၊ စွယ်စုံလှသား၊ နိစ္စဒိဝသ၊ နိယမဟု၊ ပဉ္စ အဋ္ဌ၊ ဒသ သုံးမျိုး၊ မင်းကျင့်ရိုးဖြင့်၊ တခြိုး*တခြံ၊ ကျင့်*မြဲးမြံ၍့၊ ဂုဏ်လျှံပပ၊ ဓမ္မိကနှင့်၊ ဓမ္မရာဇာ၊ မည်ထိုက်စွာသည်၊ မဟာမဃ၊ ဒေဝ*သနင်း၊ မြတ်လောင်းမင်းကား၊ ဘုန်းရင်းသမ္ဘာ၊ ကြီးမြတ်စွာကြောင့်၊ အခါ သမ္ပတ်၊ ပြည့်ညီလတ်၍့၊ မိနတ် တောင်ညာ၊ ဒေဝီချာ၏့၊ ရတနာ*ကြငှန်း၊ ကြာတိုက်ခန်းမှ၊ လန်းလန်း ကြည်လင်၊ ဘွားသန့်စင်သော်၊ ရွှေပင်*တမျှ၊ မညှိုးရအောင်၊ ထိန်းယ ကြီး-ငယ်၊ ထိပ်ဝယ် တင်ရှောင်း၊ ညွတ်ခ*ညောင်း၍့၊ ရွေပေါင်း ဖြေဖျော်၊ ခမည်းတော်နှင့်၊ မယ်တော် နှစ်ပါး၊ ရွှေရင်ကြားနှိုက်၊ ငယ်သား ငယ်သွေး၊ နတ်သလေးသို့၊ ပိုက်ထွေး*ယုယ၊ ချစ်မဝဘဲး၊ ကုမာရရွယ်၊ မင်းသားငယ်ဟု၊ နန်းလယ်ဗွေခွင်၊ ရွှေဘုံပြင်ထက်၊ ရွှေဆင် ရွှေမြင်း၊ ကစားခြင်းနှင့်၊ ဂုံချင်းမူ*ရည်း၊ လိုအားသည်း၍့၊ *ကြည်းကြည်း ရွှင်မြူး၊ အထူးထူးဖြင့်၊ ရှည်ကျူး ကြာ*ညောင်း၊ ပျော်*နှစ်ထောင်းသည်။။ နှစ်ပေါင်း ရှစ်သောင့်းလေးထောင်တည်း။ (၁)

(၈၃) ရွယ်ကုမာ ရ၊ ငယ်နာမနှင့်၊ ထိန်းယ လက်ပေါ်၊ ရှစ်သောင်းကျော်အောင်၊ စံပျော် အထူး၊ နှစ်လွန်ကျူး၍့၊ *ရွယ်လူး ရွှေကိုယ်၊ *ဖွံ့ဖွံ့ပျိုသား၊ *တန်စို*ပတ်လျ၊ *လုလင်လှဖြင့်၊ ဒေဝပုတ္တာ၊ နတ် ဤသာသို့၊ ဆင်းဝါ ရုပ်ရောင်၊ တက်ထွန်းပြောင်သော်၊ ဘုန်းခေါင် ဘုန်းထွတ်၊ ခမည်းနတ်လျှင်၊ ထွားမွတ်ရတနာ၊ သားသည်းချာအား၊ မြို့ရွာ ဆင်-မြင်း၊ သင်းပင်း ကျေးကျွန်၊ အိမ်ရှေ့ဝန်နှင့်၊ တွင်းဝန် ပြင်ဝန်၊ နောက်ဝန် ဝင်းမှူး၊ ရာထူး လိုက်ဘက်၊ ပြည်ကို ဝက်၍့၊ လက်နက် ကံကျွေး၊ စုရေးငန်းစုံ၊ *ကုံလုံ*စေ့မြေ့၊ ဘုန်းရှိန်*ကြွေ့အောင်၊ အိမ်ရှေ့နှင်းတမ်း၊ နန်းစဉ်ငြမ်းတိုင်း၊ မင်းခမ်း ကြီး-ငယ်၊ သွယ်သွယ်ရပ်ရပ်၊ စုပုံ အပ်လျက်၊ ရွှေယပ် ရွှေဓား၊ ပတ္တမြား ခွေးမ၊ တောက်ပ ယိုစီး၊ နေရောင်ဆီးသား၊ ရွှေထီး ရှစ်လက်၊ ကျိုင်း ခြောက်ချက်နှင့်၊ ဝင်-ထွက် စဉ်စီ၊ စည်နီ ကိုးလုံး၊ ရှေးထုံးမယုတ်၊ စည်ပုတ် ပုံသာ၊ ခရာ လင်းကွင်း၊ တစ်စီသွင်းလျက်၊ သံညင်း ပြိုင်တွဲး၊ ငွေနှဲ နှစ်သွယ်၊ ကြီး-ငယ် နှစ်-သုံး၊ နာမဆုံးတည့်၊ ရွှေကုံး စိန်ပွင့်၊ ဆဲ့ရှစ်ဆင့်လည်း၊ လွန်တင့် ရှုဘွယ်၊ နတ်သဖွယ်သို့၊ စလွယ် ရွှေစစ်၊ နှစ်ဆဲ့တစ်နှင့်၊ သင်္ကျစ် ရွှေဗောင်း၊ *ထမာဆောင်း၍့၊ မင်းလောင်းမင်း*လျာ၊ အိမ်ရှေ့ရာဖြင့်၊ မင်္ဂလာရိပ်ငြိမ်၊ မြောက်ဝင်းအိမ်နှိုက်၊ စည်းစိမ်*၄င်း၊ စံတုံရှောင်းသည်။ ။ နှစ်ပေါင်း ရှစ်သောင့်းလေးထောင်တည်း။ (၂)

(၈၄) ရှစ်သောင့်းလေးထောင်၊ မြာ့းမြောင် ကြာ *ညောင်း၊ နှစ်အပေါင်းဖြင့်၊ မင်းလောင်း *မင်းလျာ၊ စံပြီးခါသော်၊ မိထိလာရွှေပြည်၊ ရွှေနန်း တည်၍့၊ ရွှေစည် ဆော်တီး၊ ရှစ်ဆူထီးနှင့်၊ စောဓီး ဓမ္မရာဇ်၊ လူ့သင်္ကျစ်ဟု၊ ဘုန်းသစ် ဘွင့်နှိုး၊ နှံ့ကျော်ဟိုးအောင်၊ ထက်မိုးဗြဟ္မာ၊ သွန်းမုဒ္ဓါဖြင့်၊ ဇေယျာသဘင်၊ မင်းပွဲး*ရင်၍့၊ မင်္ဂလာအောင်ဟိတ်၊ အောင်နိမိတ်နှင့်၊ ဘိသိက် အောင်ပန်း၊ ပျဉ်သဖန်းထက်၊ ရွှင်လန်း ပန်ယူ၊ ဆင်တော်မူလျက်၊ လေးဆူ မျိုးပြား၊ ရွှေပြည်သားက၊ တိုင်းကား စိုးကာ၊ မင်း တရာကို၊ အာဏာ ဓမ္မ၊ ဘုန်းပိုင်သ၍့၊ အတ္တ ပရ၊ ကျိုးဟိတဖြင့်၊ ဓမ္မစရိယာ၊ ကျင့် မကွာတည့်၊ မဟာဗြဟ္မိန်၊ လောကိန္ဒြ၊ ကမ္ဘာ့ဘုရား၊ လေးပါး မျက်နှာ၊ စတုရာမုခ၊ လောကေသသို့၊ နေ့-ည မငြို၊ *ဥဒါဟိုဖြင့်၊ ဗြဟ္မစိုရ် ရွှေမိုး၊ ရွာကြိုး စီးဖြန်း၊ စွေထွတ်ဖျန်း၍့၊ မစွန်း မျက်မာန်၊ မထန် ဒေါသ၊ ဓမ္မိကနှင့်၊ ဓမ္မရာဇာ၊ မည်သာ ခံထိုက်၊ မြတ်စရိုက်ကြောင့်၊ သောင်းတိုက် လက်ျာ၊ ဇမ္ဗူညာဝယ်၊ တေဇာ ရွှေဘုန်း၊ မိုဃ့်းနှယ်ချုန်းလျက်၊ တု*နှုန်း ဘက်ကွာ၊ နန်းသိင်္ဂိါထက်၊ ရတနာ နဝရတ်၊ မျက်မြတ် ရောင်ကိုး၊ စီမြွာပြိုးသား၊ ရွှေရိုး ထိန်ညီး၊ တောက်သည့်မီးသို့၊ မင်းထီး ငါးဆူ၊ ငွေရွက်ဖြူနှင့်၊ နတ်တူ တင့်တယ်၊ ဆောင်းစမ္ပယ်၍့၊ ကြီးကျယ် သိရီ့၊ ဓိပတိဖြင့်၊ မင်းကြီ့းအဖြစ်၊ ဧကရာဇ်ဟု၊ စင်စစ်*၄င်း၊ မြင့်ကြာ*ညောင်းသည်။။ နှစ်ပေါင်း ရှစ်သောင့်းလေးထောင်တည်း။ (၃)

(ဤသုံးပိုဒ်အချကား အလုံးစုံ သတ်တူ, သံတူ, ကာရန်တူချရကား သော်တာရောင်ချမျိုးတည်း။ နောက်ဆုံး တတီယပိုဒ်ကား အချီကိုပင် ချသောကြောင့်လည်း စမ္ပယ်ရှေ့ချီနောက်ချတည်း။ ပဒါဝုတ္တိဝင်္ကအလင်္ကာမျိုးလည်း ဖြစ်၏၊)

(၈၅) မဟာဒီပေ၊ လေးကျွန်းမြေတွင်၊ ကုဋေ ကိုးသန့်း၊ ခြောက်သိန်းခန့်ဖြင့်၊ စည်ပြန့် ကျယ်*ပြော၊ လွန်သာမောသား၊ သင်္ဘောဆိုက်ရာ၊ ဆိပ်ကြီးစွာနှင့်၊ ရတနာ ဆယ်ပါး၊ ဖြစ်ရာအားလည်း၊ ငါးဆဲ့ခြောက်ခန်း၊ ကိုးသန်း အကိန်း၊ ကိုးသိန်း ကျေးလက်၊ တုတ်ခွန် ဆက်၍့၊ သိပ်နက် အိမ်ခြေ၊ နန်း*ရဝေနှင့်၊ မင်းနေ မြို့ပေါင်း၊ သိန့်းရှစ်သောင်းထက်၊ ကျော်ဆောင်း ကိုးထောင်၊ ပြည့်ဖြိုးဆောင်သည့်၊ တောင်ဇမ္ဗူမြေ၊ ညာကျွန်းဗွေထက်၊ ဝိဒေဟရာဇ်၊ အလှစ် သုံးရာ၊ ယူဇနာတိ၊ ကျယ်စွာ ခွန်ဆက်၊ တိုင်းအချက်ဝယ်၊ နှိုင်းဘက်*မဲ့နိုး၊ ကျော်ဟိုးဟိုးဖြင့်၊ လူမျိုးချမ်းသာ၊ စီးပွားရှာ၍့၊ သမ္မာအတ္တ၊ ဒိဋ္ဌ တမလွန်၊ ကျိုး နှစ်တန်ကို၊ မကျန် ပြီးအောင်၊ ပြည်ကြီးထောင်မှ၊ လူ့ဘောင်ထင်စွာ၊ မိထိလာဟု၊ အောင်ချာ နဂရ၊ နတ်ပြည်ကျသို့၊ တတီယဝေယန်၊ ဗိမာန် ရွှေနန်း၊ ကနက် ဝန်းလျက်၊ တက်ထွန်း နေ့သွင်၊ ရာ ဘုရင်တို့၊ ဦးတင် ရွှေစက်၊ ရှိပန် ဆက်၍့၊ ထိပ်ထက် ထားဆောင်၊ ပြည် ကုန်အောင်ကို၊ ဘုန်းရောင် မိုးအုပ်၊ စိုးချုပ် စံပြု၊ *ဗိုလ်*အထုအား၊ သတ္တုပကာ၊ သမ္ပဒါနှင့်၊ သင်္ချာ နှစ်ပေါင်း၊ လေးထောင်ဆောင်းလျက်၊ ရှစ်သောင်း ပြည့်လု၊ အာယုခန္ဓာ၊ ရှည်မြင့်ကြာအောင်၊ မဟာဗောဓိ၊ ဇာတိ ရင့်သန်၊ ရွှေဉာဏ် ပင်ထွက်၊ အမြင်နက်သား၊ ဘုန်းစက် ကြီးလှ၊ မဃဒေဝေါ်၊ ထိုမင်းကျော်ကား။။ နန်းပေါ် စံမွေ့ ငြိမ့်လေးတည်း။ (၄)

(၈၆) ငြိမ့်လေး မွေ့လျော်၊ ထိုခါရော်တိ၊ နန်းပေါ် စံ *ညောင်း၊ နှစ်အပေါင်းဖြင့်၊ ရှစ်သောင်း လွန်ဆောင်၊ လေးထောင် သုံးစု၊ ပြည့်လု ကြာ*ဓွန့်၊ ကာလ*ကွန့်သော်၊ နွယ်ညွန့်မဟာ၊ ဗောဓိ*လျာတို့၊ ဓမ္မတာ လမ်းရိုး၊ ရွှေဉာဏ်မျိုးဖြင့်၊ ထိုးထိုးထွင်းထွင်း၊ ရှုမျှော်လျှင်း၏၊ 'မင်းတို့ဟူသည်၊ နတ်တမည်တိ၊ *ပြောစည် သုခ၊ သောမနနှင့်၊ ကာမစည်းစိမ်၊ ရိပ်ငြိမ် ကြီးမား၊ လွန်သော့အားဖြင့်၊ ရွှင်စား မြူစား၊ ခြွေရံများနှင့်၊ ပျော်ပါး ယစ်ရူး၊ မိန်းမူး မပြတ်၊ မေ့ကျန်တတ်၏၊'' 'အမြတ်ကုသိုလ်၊ မှုထိုထိုနှိုက်၊ ယိုယိုယွင်းယွင်း၊ လက်စကြွင်းနှင့်၊ လစ်ဟင်း ကိုယ်ကျိုး၊ အားမကြိုးဘူး၊ တန်းခိုး တိမ်မြုပ်၊ လနှယ် ပုပ်လျက်၊ ဤပစ္စုပ္ပန်၊ ဘုန်း မသန်ဘဲး၊ နောင်ဘန်ကာလ၊ ပရံပရလည်း၊ ဘဝ မမြတ်၊ ယုတ်မာတတ်ခဲ့၊'' ''စက္ကဝတ်မင်းကြီး၊ ဖြစ်ထပြီးလျက်၊ အမြီး လျောင်းလျောင်း၊ မွေးဆောင်းဆောင်းနှင့်၊ ဥဒေါင်း တိရစ္ဆာန်၊ အဟိတ်တန်လျှင်၊ ဖြစ်ဟန် ကြောင်းလျား၊ ကျမ်းလာ ကြား၏့၊ ထက်ဖျားကာမ၊ ဘုံ ဝသက၊ ဒေဝဣဒ္ဓိပါဒ်၊ တန်းခိုးမြတ်သည်၊ နတ်မနော်ဘူ၊ မာရ်မင်းမူလည်း၊ လောင်ပူ ထန်ပြင်း၊ မြေတွင်း ဝင်လျှိုး၊ ဝီစိအိုးနှိုက်၊ စောက်ထိုးတချက်၊ ရပ်လျက် တဘန်၊ မှောက်-လှန် လဲးလှယ်၊ ညာ-ဘယ် နံတောင်း၊ နှစ် တသောင်းစီ၊ ဥက္ခောင်း မပြူ၊ ခံရဟူ၏၊'' 'ဤလူတို့မှာ၊ ဘယ်ဆိုရာလိမ့်၊ အပ္ပမာဒ၊ ကုသလနှိုက်၊ စိတ်က မြဲးကြပ်၊ မမေ့အပ်ဘူး၊ စွန်းတပ် လောဘ၊ မိုက်မောဟနှင့်၊ ကိစ္စ*ပြောသူ၊ လူတို့အလျောက်၊ စိတ်သာရောက်လည်း၊ ကိုယ်နောက် မပါ၊ ဖြတ်တတ်စွာ၏၊'' ''ကိလေသာကိစ္စ၊ ပမာဒဖြင့်၊ ကာမရိပ်ငြိမ်၊ မေ့ကျန် တိမ်၍့၊ စည်းစိမ် ယစ်မူး၊ မွေ့လျော် ကြူးက၊ အထူးမယွင်း၊ ငါတို့မင်းကား။ ။ စင်းစင်း ပါယ်ခွင် ရောက်ဆေးတည်း။ (၅)

(၈၇) 'ကိုယ်ဟု ပညပ်၊ ဘုတ် လေးရပ်တို့၊ ပေါင်းစပ် ဖြစ်ဟန်၊ လူ့သဏ္ဌာန်နှိုက်၊ ဘောက်ပြန် မ*စဲး၊ တည်ရှိဘဲးတည့်၊ မမြဲး သစ္စာ၊ ကျင့်လေ့လာခဲ့၊'' ''ဤတဏှာဟူ၊ မိုက်မည်း ထူလည်း၊ တပ်သူ တွေ့ခါ၊ လွှတ်မခွါဘူး၊ ကိလေသာဟုန်၊ ကျဆင်မုန်သို့၊ ကာမဂုဏ်အား၊ ကြိုက်သူဖျားက၊ သားကိုသော်တိ၊ အမိဖြစ်လျက်၊ ငဲ့ကွက် မညှာ၊ စွန့်ပစ်စွာ၏၊'' ''မိစ္ဆာ လိုကြူး၊ မိုက် ညစ်ညူးသည့်၊ ယစ်မူး *ရမ္မက်၊ မိန်းမပျက်အား၊ အသက်*တမျှ၊ ချစ်မဝဘဲး၊ *ယုယ လုပ်ကျွေး၊ လွန်မြတ်လေးလျက်၊ ကိုယ်သွေး ဘောက်ကာ၊ သောက်စေပါလည်း၊ မေတ္တာတုံ့ပယ်၊ ချစ်မလှယ်ဘူး၊ သူ့ဝယ်အထူး၊ အာရုံကူး၍့၊ ကျေးဇူး ချေဖျောက်၊ တယောက်ယောက်နှင့်၊ နောက်နောက် တွေ့ရာ၊ ကြိုက်တတ်စွာ၏၊'' ''ပမာမလွဲး၊ အမြဲး နှစ်လို၊ ဤကိုယ်ကိုလည်း၊ ထိုထို ဝတ်စား၊ ဟာရများနှင့်၊ မခြား နေ့-ည၊ လုံ့လကြီးစွာ၊ လုပ်ကျွေးပါလျက်၊ အို-နာ-သေခြင်း၊ သူ့ဘက်တွင်းသို့၊ အတင်းပင်သာ၊ လိုက်တတ်စွာ၏၊'' 'မဟာဘုတ်မျိုး၊ မယားဆိုးသို့၊ လို စိုးမရ၊ ဘောက်ပြန်စွတည့်၊'' ''ကာယ ယုတ်မာ၊ ဤခန္ဓာကား၊ ကိလေသာမြူ၊ တဏှာဟူသည်၊ ပင့်ကူ ထွေးရစ်၊ ချုံစေးပျစ်သို့၊ အပြစ်လက္ခဏာ၊ ထူထပ်စွာခဲ့၊ ချမ်းသာ မမြတ်၊ လွန် ညစ်ပတ်၏၊'' ''လူနတ်ဟူငြား၊ ကာမသားတို့၊ ပျော်ပါးလေ့လာ၊ လွန် ယုတ်မာခဲ့၊ ဟီနာစာရ၊ မေထုနဖြင့်၊ ကာမအရာ၊ ဟူသည်မှာလည်း၊ ယာမာ လည်ဘက်၊ နွဲရှက်ကြကာ၊ တုသိတာမူ၊ ဟတ္ထာမသန၊ လက်မျှ သုံးသပ်၊ နိမ္မာရပ်ကား၊ စွန်းတပ် စိတ်က၊ ပြုံးကြရုံတိ၊ ထက်နိမ္မိနှိုက်၊ မျက်စိ ယှဉ်းမှီး၊ ကြည့်ကာ ပြီးဟု၊ ယူသီးအလို၊ ကေစိဆိုလည်း၊ ထိုထိုများစွာ၊ ကျမ်းဆရာတို့၊ ပယ်ကာစွန့်ကြ၊'' ''ဆကာမနှိုက်၊ ဒေဝ ဒေဝီ၊ အစုံစီသာ၊ အညီတကွ၊ မနုဿသို့၊ ဒွယ ဒွယံ၊ အာရုံခံဟု၊ တသံတည်းပြ၊ မိန့်ကုန်ကြတိုင်း၊'' ''ကာမတဏှာ၊ ရုန့်ရင်းစွာလျှင်၊ ကိလေသာအမိုက်၊ နွားနှယ် လိုက်၏၊ စရိုက် ကျင့်တန်၊ တိရစ္ဆာန်နှင့်၊ သဏ္ဌာန်သာ ပြား၊ ကျင့် မခြားဘူး၊ ဆိုးဝါး ယုတ်မာ၊ ကာမရွာသည်။။ ချမ်းသာ ညစ်ကျိ ညစ်ကြေးတည်း။'' (၆)

(၈၈) 'မဆွရှေးခါ၊ လူတို့မှာတိ၊ ကမ္ဘာဦးက၊ ဗြဟ္မာ ကျ၍့၊ ဗြဟ္မာ့ပမာ၊ ကိုယ်ရောင်ဝါနှင့်၊ အစာ မစား၊ ပီတိအားဖြင့်၊ တည်ငြား ကြည်နူး၊ ပျံမြူးလေ့လာ၊ ကာလ ကြာသော်၊ ရသာမေဒနီ၊ မြေဆီ တပ်လျက်၊ ရာဂ သက်၍့၊ မက်မက်မောမော၊ လောဘဇောဖြင့်၊ လျက်သောခါက၊ စ၍့ ကိုယ်ဝယ်၊ အရောင်ကွယ်ရှင့်၊ ညဉ့်နှယ် မှောင်ကျ၊ ကြောက်လန့်ကြကြောင့်၊ ထိုမှ ဤမှ၊ အလင်း တ,သော်၊ နေ-လ ပေါ်မြောက်၊ မြေဆီ ပျောက်၍့၊ ထို့နောက် တခါ၊ မြေသင်းလွှာနှင့်၊ ပဒါနွယ်ချို၊ နှစ်ပါးကိုလျှင်၊ စားမျို စဉ်ကာ၊ ကြာကြာသမျှ၊ တစစတိ၊ လောဘ ထပ်တိုး၊ လွှမ်းမိုး ပွားလာ၊ ထိုတဏှာကြောင့်၊ ထိုပဒါနွယ်၊ ကွယ်ခဲ့ ပျောက်ပြန်၊ အဆန်ချည်းသီး၊ မီးနှိုက် မချက်၊ လိုလို ကျက်၍့၊ နံ့သက် ကြိုင်မွှေး၊ သလေး ဖြူဝင်း၊ ဆန်ထမင်းကို၊ စားလျှင်းကုန်ကြ၊ ပွားရာဂနှင့်၊ ဟာရ မကျေ၊ စာ-ရေ ရုန့်ရင်း၊ ကိုယ် တောင့်တင်းလျက်၊ ဝမ်းတွင်းနှိုက်ဝယ်၊ ကျင်ကြီး-ငယ်တို့၊ အကယ်တည်၍့၊ တိုးဝှေ့ ထိုးကျင့်၊ ဖြစ်သဖြင့်လျှင်၊ ထိုနှင့် လျော်စွာ၊ ထွက်ကြရာသား၊ ဓမ္မတာဟူဘိ၊ ရှေးဇာတိတိုင်း၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝတို့၊ ပေါ်ကြတုံငြား၊ ယောက်ျား မိန်းမ၊ ဖြစ်ထ ထိုအခါ၊ တပ်မက်စွာလျှင်၊ ယှဉ်ကာ မောင်နှံ၊ ဒွယံ ဒွယ၊ မေထုနဖြင့်၊ ရာဂတရား၊ ဆင့်ဆင့်ပွား၍့၊ အများသူတော်၊ မြင် မလျော်ဟု၊ ဟစ်အော် သုန့်သုန့်၊ မြေမှုန့် ပြာစု၊ လွှင့်ပြု ပစ်ကာ၊ ဝေးရာ *ရုတ်ရုတ်၊ မောင်းနှင်ထုတ်၏၊ အယုတ်တရား၊ ပွားသာပွားခဲ့၊ နည်းပါး လျော့ယုတ်၊ သူ မဆုတ်ဘူး၊'' ''အဟုတ်မှန်စွာ၊ ဤခုခါကား၊ ကိလေသာ ညစ်ကျု၊ တဏှာမှုကို၊ ပြုပြုပြင်ပြင်၊ တန်းဆာဆင်မှ၊ တမင်္ဂလာ၊ ဆောင်၍့သာလျှင်၊ အိမ်ရာ တိုင်းပြည်၊ ထောင်ကြ တည်ပြီး၊ စည်စည်ကားကား၊ သား-မြေး ပွားအောင်၊ ကြိုးစား အားယူ၊ အလေ့မူ၏၊'' ''*ပြောထူ ရာဂ၊ ရံ ကာလနှိုက်၊ ဒုဗ္ဘိက္ခကပ်၊ နှိပ်စက်အပ်လျက်၊ *ဖြီးထပ် ဒေါသ၊ သတ္ထန္တရနှင့်၊ မောဟ*ပြောခါ၊ ရောဂါ ကပ်ဆိုး၊ ဘိလွှမ်းမိုး၏၊'' ''တိုးကြး တိုးကြ၊ အဆုံးကျက၊ ရာဂ မီးဟူ၊ ဒေါသမူ ရေ၊ တွေဝေ မောဟ၊ *ပြောထတုံလတ်၊ လေ သံဝဋ်ဟု၊ မချွတ်ကမ္ဘာ၊ ပျက်*ပြုန်းခါခဲ့၊ ကိလေသာမျိုး၊ တရားဆိုးကား၊ ကောင်းကျိုးမထင်၊ ပြစ်-ကျိုး*ဖြင်သည်။ ။ သို့စင် ကြီးလှ ဝဋ်ဘေးတည်း။'' (ရ)

(၈၉) 'အသက် ခန္ဓာ၊ ဟူသည်မှာလည်း၊ ခြင်းရာသဘော၊ ကြောက်ဘွယ်မော၏၊ ကာလော ဃသတိ၊ အစယှိသား၊ ပါဠိဂါထာ၊ ဒေသနာမိန့်ချက်၊ ကျမ်းလာ မြွက်တိုင်း၊ နံနက် မွန်းတည့်၊ နေလှည့် *ဆည်းဆာ၊ နေ့ခါ ညဉ့်ရောက်၊ တမိုးသောက်နှင့်၊ တခေါက်ပြန်ပြန်၊ တဘန်ဘန်လျှင်၊ နက်ဖြန် သဘက်၊ အဆက်ဆက်ဖြင့်၊ နေ့-ရက် မျိုဝါး၊ ကာလ စားသား၊ အများ သူ-ငါ၊ သတ္တဝါတည့်၊'' ''လူ့ရွာ ဌာနီ၊ တနာရီဝယ်၊ အလီ ငါးသောင်း၊ အပေါင်း သင်္ချာ၊ ယူဇနာဖြင့်၊ လိတ္တာ ခြောက်ဆယ်၊ နေ့-ညဉ့်ဝယ်သော်၊ ဝန်းကျယ် ထုတ်ခြောက်၊ သုံးသန်းပေါက်လျက်၊ တောင်-မြောက်ခရီး ရွှေလှည်းဘီးသို့၊ ညီးညီး ဝင်းပ၊ အလင်းပြ၍့၊ ကမ္ဘာ့မျက်ရှု၊ ဥတုသမုဋ္ဌာန်၊ မြာ့းထက် လွန်အောင်၊ ပျံ*ကွန် မနား၊ မြန်လျင်လျားသည့်၊ နှစ်ပါးတကွ၊ နေနှင့်လ၏၊ ရှေ့မှ သန်းကာ၊ မြူးနိုင်စွာသား၊ ချာချာ လှည့်တတ်၊ ဟင်္သာနတ်ထက်၊ ဥပါဒ်-ဌီ-ဘင်၊ ချုပ်ပျက် လျင်သည့်၊ ဤလျှင် အနိစ္စ၊ သင်္ခါရတည့်၊ ခဏ ခဏ၊ ဖျက်ဖျက်ကြရှင့်၊ ကာလ မကြာ၊ လွန်နည်းစွာခဲ့၊ ဓမ္မတာစက်၊ ထိုဖြစ်ပျက်ကို၊ စစ်မက်ဆိုင်ကာ၊ မပြိုင်သာဘူး၊'' ''ရာဇာဟူလစ်၊ မင့်းအဖြစ်လည်း၊ လက်ဖျစ်တတွက်၊ လျှပ် တ+ပြက်မျှ၊ ကုန်+ပျက်လွယ်စွာ၊ မခိုင်မာဘူး၊ အကာ စင်စစ်၊ အနှစ်*မဲ့မျိုး၊ စည်းစိမ်ဆိုးတည့်၊ အကျိုး မမြဲး၊ တဖွဲးဖွဲးဖြင့်၊ ပြိုကွဲး လွင့်*သုန်၊ လေ့အဟုန်ကြောင့်၊ မြူမှုန်*တနှုန်း၊ မြေမုန့်*တန္တု၊ ပြာစု တူမှီး၊ သဲးပုံကြီးသို့၊ ပျက်စီး မပြတ်၊ ကုန်ပျောက်တတ်၏၊'' ''အမြတ် ထင်ရှား၊ လူသုံးပါးတွင်၊ ဘုရား ရဟန္တာ၊ ကိုယ်ခန္ဓာလည်း၊ အဗျာကတ၊ သက္ကာယ၏့၊ သဘာဝလေ့၊ ပြကတေ့တိုင်း၊ ရွေ့ရွေ့ဖျက်ဖျက်၊ မွေ့မွေ့ညက်လျှင်၊ ကြေပျက်ကုန်ကြ၊ ကေဝလဖြင့်၊ ဒုက္ခအတိ၊ ရဲးရဲးညိ၏၊ လောကီ့ဓမ္မတာ၊ ဝဋ်မီးစာသည်။။ ဇရာ နေ့-ည လောင်ဆွေးတည်း။'' (၈)

(၉၀) 'နေ့-ည ညီးညီး၊ ဇရာမီးတို့၊ ဖျက်ဆီး ပြောင်ရဲး၊ တောက်လောင် စွဲး၍့၊ ပျက်မြဲး ဓမ္မတာ၊ မလွဲးသာတည့်၊ သတ္တဝါထိုထို၊ သက်ရှိကိုယ်ကား၊ မဆို*စမာ၊ သက်*မဲ့စွာလျက်၊ စကြဝဠာလောက၊ ဩကာသလည်း၊ ကမ္ဘာ့အလေ့၊ ပျက်ချိန် စေ့က၊ ညဉ့်-နေ့ ဝင်းဝင်း၊ နေ နှစ်စင်းတို့၊ တစင်း ဝင်လျက်၊ တစင်း ထွက်ဖြင့်၊ ဆက်ဆက်အညီ၊ ထွန်းပေါ်ချီ၍့၊ ကုန္နဒီပေါင်း၊ မြစ်*လောင်း အိုင်ထုံး၊ အားလုံး ရေခြောက်၊ သုံးစင်းမြောက်တွင်၊ ကုန်ပျောက် မြစ်ကြီး၊ လေးစင်းညီးမူ၊ သီးသီးမကြွင်း၊ အိုင်မင်း ခုနစ်သွယ်၊ ငါးစင်းဝယ်ကား၊ ပင်လယ် လေးဖြာ၊ မဟာသမုဒ်၊ ရေ*အစုတ်တို့၊ *ခြုတ်ခြုတ်ခန်းကြ၊ ခြောက်စင်းပသော်၊ စကြာဝဠာတွက်ရေ၊ ကုဋေ သိန်းလုံး၊ ခိုးဝေ ဖုံးလျက်၊ နောက်ဆုံး နေစက်၊ ခုနစ်ထွက်က၊ တပြိုင်နက် တောက်၊ မီးလျှံ ရောက်၍့၊ ထက်-အောက် ဟုန်းဟုန်း၊ တအုန်းအုန်းဖြင့်၊ ကြည်း-ကုန်း-သမုဒြာ၊ ဟေမဝါက၊ သေလာပံသု၊ ကျောက်-မြေစုနှင့်၊ နေရု-မေရု၊ သုမေရုဟု၊ ကြီးထု *ဗဟို၊ မြင်းမိုရ် ယုဂန်၊ သတ္တဗ္ဘဏ်ပါ၊ မကျန် လောင်ညီး၊ ကျွမ်းပြီး ကုန်စင်၊ မထင် မြူလောက်၊ ကြေပျောက် မချွတ်၊ ပျက်သတတ်ရှင့်၊'' ဘုံထွတ် နန်းမြင့်၊၊၊၊၊ ခုနစ်ဆင့်နှိုက်၊ စံလင့်*တပဲး၊ ငါ မင်းရဲးလည်း၊ မလွဲးနိုင်စွာ၊ ဓမ္မတာဖြင့်၊ ဇရာမီးလျှင်၊ ဖျက်ဆီး ပြောင်ပြောင်၊ အမြဲးလောင်၏၊ သားချောင် သွေးခန်း၊ ရွေ့ရွေ့မြန်း၍့၊ မလန်းမလူ၊ ''ဇရာဟူသည်၊ ဆံဖြူ သွားကျွတ်၊ တွတွရွတ်လျက်၊ ယွင်းချွတ် ပျက်ပြို၊ နေ့တိုင်း အိုသည်။။ ဤကိုယ် ပျောက်လိမ့် မနှေးတည်း။'' (၉)

(၉၁) 'လေးကျွန်းမြေပြင်၊ ယာဉ် စက်ရှင်ဖြင့်၊ အောင်မြင်တုံလျှင်း၊ ဆင်ပျံမင်းနှင့်၊ နတ်မြင်းရတနာ၊ ချမ်းမြေ့စွာလျှင်၊ လိုရာ လှည့်ပတ်၊ သားကြီးမြတ်ဖြင့်၊ လောကဓာတ်နယ်၊ ဝန်းကျယ် ပတ်ရံ၊ တိုက်နိုင်ငံကို၊ စီမံ မနှောင့်၊ အုပ်ထိန်း စောင့်လျက်၊ ရှစ်မြှောင့်စားစား၊ ပတ္တမြားနှင့်၊ မိဖုရားထွတ်၊ စံလွှတ် တဆူ၊ မြောက်ကျွန်းသူက၊ နတ်တူ မျက်စိ၊ မြင်သိနိုင်တတ်၊ သူဌေးမြတ်ဖြင့်၊ မပြတ် အစဉ်၊ ခံစား ယှဉ်၏၊'' 'နတ်ယာဉ်စကြာ၊ ရတနာကား၊ ဥဿာဟသတ္တိ၊ ဘုန်းယှိ ထင်ရှား၊ သားကြီး ပရိဏာယက၊ အိမ်ရှေ့ရကား၊ မန္တသတ္တိ၊ ဟတ္ထိ အဿ၊ မြူးကြွ မိုးယံ၊ ဆင်-မြင်းပျံနှင့်၊ သုံးခံ နတ်တူ၊ သူဌေးဟူသည်၊ ပဘူသတ္တိ၊ ပြည့်စုံဘိလျက်၊ မဏိ ပတ္တမြား၊ မိဖုရားနှင့်၊ နှစ်ပါးတို့မှာ၊ ခံစားရာသား၊ မဟာဝိသိဌ်၊ ပုညဇိဒ်မျိုး၊ တု*မဲ့စိုးအောင်၊ အကျိုး ဖလ၊ မြတ်ဘောဂရှင့်၊ ကြွင်းထ ငါးဖြာ၊ ရတနာမူ၊ နှိုင်းရာ မရှိ၊ ဣဿရိတည့်၊ လောကီ့*တမွတ်၊ အတု လွတ်အောင်၊ စက္ကဝတ်မင်းကြီး၊ ဖြစ်တပြီးလည်း၊ ခရီးမရောက်၊ ထင်ကာ ပျောက်တည့်၊ မိုးအောက်တခွင်၊ မြေအပြင်နှင့်၊ ရေပြင်ပတ်ကုံး၊ မြေဆုံး ရေဆုံး၊ တိုက်လုံး စက္ကဝါ၊ လက်တော်ပါလျက်၊ ဤသင်္ခါရ၊ ကိုယ်က စ၍့၊ ဝဋ္ဋ နိဿီ၊ လောကီကျိုးစက်၊ ဘိုး မနက်ဘူး၊ အိပ်မက်အလား၊ အငှား ဥစ္စာ၊ သူ့ဟာ*တမျှ၊ စိုး မရတည့်၊ ခဏအနိုင်၊ မပိုင် ဝက်မွေး၊ အကြွေး ငမ်းယူ၊ ဝါသော့သူနှင့်၊ အတူ မှန်လှ၊ ယွင်းမခွဘူး၊'' ထိုမှတမည်၊ 'မိုးဖွဲရည်ကို၊ နေခြည်ကြောက်က၊ ထိန်တောက် ဝင်းဝင်း၊ မိုးလုံး ထင်းလျက်၊ အဆင်း ခုနစ်ထွေ၊ နီ-ရွှေ-စိမ်းရေး၊ ရောထွေးနု-ရင့်၊ ပြာသွေးဆင့်၍့၊ သိကြားမင့်းလေး၊ ကွင်းကွင်း ကွေးတိ၊ ရှေးဝေါဟာရ၊ ဘိဓာနဖြင့်၊ ဣန္ဒဓနု ဣန္ဒာဝု,ဟု၊ မည်ပြု ခေါ်ငြား၊ လွန်ထင်ရှားအောင်၊ ထက်ဖျား မိုး+ဘော်၊ သက်တင့်+ပေါ်သို့၊ ရှုမျှော် ပြက်ပြက်၊ ကြည့်တွင်းပျက်ခဲ့၊ မနှစ်သက်ကောင်း၊ မတောင်းအပ်စွ၊ မတ,ထိုက်စွာ၊ ဝဋ်ချမ်းသာတည့်၊ ထင်ကာ မြင်ကာ၊ လို မပါကြောင့်၊ အာသာ ငြိတွယ်၊ မယှိဘွယ်သည်။။ ပျက်လွယ် တိမ်ရုပ် တိမ်ရေးတည်း။ (၁၀)

(၉၂) လူတို့ မာသ၊ တစ်ဧကကား၊ လ၏့ထက်မှ၊ ဗွေအာကာဝယ်၊ ပိတရာနတ်ပြည်၊ တရက် မည်၏၊ ဤသည် လူ့ရွာ၊ ငါတို့မှာလျှင်၊ ဥတ္တရာယာဉ်၊ နေစက်ယှဉ်၍့၊ သွားစဉ် ခြောက်လ၊ ထက်ဒေဝနှိုက်၊ နတ်မျာ့း တနေ့၊ ခေါ်ဓလေ့၏၊ ထိုရွေ့ လ,ကြာ၊ ဒက္ခိဏာမူ၊ နတ်မှာ တညဉ့်၊ ထိုညဉ့် ရေဆ၊ သုံးရာ့ခြောက်ဆယ်၊ ပြည့်ခဲ့*ကယ်သော်၊ နတ်ဝယ် တနှစ်၊ ယင်းနှစ် အဖြောင့်၊ မှန်မထောင့်သား၊ သောင့်နှစ်ထောင်ကို၊ နတ်ယုဂ်ဆို၏၊ ထိုနတ်ယုဂ်ပေါင်း၊ တထောင်*ညောင်းက၊ မြင့်ဆောင်းဌာန၊ ဝေဟာသထက်၊ လောက ပိတာ၊ ဗြဟ္မာ့ရွာဝယ်၊ ဗြဟ္မာတို့ ရက်၊ တနေ့တွက်တည့်၊ မှတ်ချက် ပိုင်းခြား၊ လောကီ ကြား၏၊ ဘုရားရွှေနှုတ်၊ ကြာကုမုဒ်က၊ မိန့်ထုတ် ဘွင့်လှစ်၊ မှန်စင်စစ်ကား၊ လူ့နှစ် ငါးဆယ်၊ အောက်ဆုံးဝယ်တိ၊ လေးသွယ် မဟာ၊ နတ်ပြည်မှာလျှင်၊ မှန်စွာ အလေ့၊ ညဉ့်-နေ့အတွက်၊ ခေါ် တရက်တည့်၊ အထက် ငါးထပ်၊ နတ်ရပ်စည်ကာ၊ ဝတိံသာနှင့်၊ ယာမာ တုသိတာ၊ နိမ္မာ နိမ္မိ၊ မည်ယှိ မချို့၊ ထိုနတ်မြို့နှိုက်၊ လူတို့နှစ်ဖြင့်၊ တွက်စစ် သင်္ချာ၊ တရာ နှစ်ရာ၊ ဆထက်သာ၍့၊ လေးရာ ရှစ်ရာ၊ ထောင့်ခြောက်ရာကို၊ တရက်ဆို၏၊ ထိုရက်အားဖြင့်၊ ငါးရာ တထောင်၊ ပြန်နှစ်ထောင်နှင့်၊ လေးထောင် ရှစ်ထောင်၊ သောင့်းခြောက်ထောင်လျှင်၊ *မြားမြောင်စွာဘိ၊ သက်ရှည် ယှိ၏၊ ထိုပြီ့း ထက်ဗွေ၊ ဘုံနေစွင့်စွင့်၊ ဆဲ့သုံးဆင့်ဖြင့်၊ မိုးမြင့်ဗြဟ္မာ၊ နှစ်ဆယ်မှာကား၊ ကမ္ဘာ ကမ္ဘီ၊ မသေပြီသို့၊ လေးလီ ထောင်ပေါင်း၊ ရှစ်သောင်း ဘန်ဘန်၊ ပြန်ပြန် ဆဆ၊ တည်နေကြလျက်၊ အာမဂန္ဓ၊ ကာမ ငါးလီ၊ နံ့ စိမ်းစီနှင့်၊ မညှီ မစော်၊ ဈာန်မွေ့လျော်၍့၊ ရွှင်ပျော် နှစ်လို့၊ စံကုန်မြို့၏၊ ဤသို့မယွင်း၊ ပြခဲ့လျှင်းတိုင်း၊ သက်ဆင့်း ချမ်းသာ၊ နတ်ဗြဟ္မာနှင့်၊ လူမှာ တို့ဝယ်၊ ရှက်နှိုးဘွယ်သည်။။ သေးငယ် မှိန်မှိ မှိန်မှေးတည်း။ (၁၁)

(၉၃) ဤသို့ *၄င်း၊ မြတ်စော*လောင်းလျှင်၊ အသောင်း အသိန်း၊ ရေကိန်း မမျှ၊ ဘဝဝက၊ ဉာဏဝသီ၊ ပါရမီကြောင့်၊ လောကီရိပ်ငြိမ်၊ လူ့စည်းစိမ်နှိုက်၊ စိုးရိမ်*မဲ့လတ်၊ နိမ္မာနတ်သို့၊ သမ္ပတ် သိရီ့၊ တုမယှိအောင်၊ ဓိပတိကြီး၊ ပျော်မငြီးမျှ၊ ရွှေထီး ရွှေနန်း၊ ရွှေ*ကြငှန်းနှင့်၊ စံမြန်း သိမ်မွေ့၊ တည်နေလေ့လည်း၊ ထိုရွေ့ လုပ်လက်၊ ဝိညာဉ်သက်နှင့်၊ အုတ်ကျွတ် များစွာ၊ သတ္တဝါကား၊ ငြိမ်းရာ မရ၊ ဝဋ်ဒုက္ခဖြင့်၊ နေ့-ည မချမ်း၊ ဝဋ်မှုထမ်းတည့်၊ ဝဋ်တမ်း ဝဋ်ထုံး၊ စဉ် မဆုံးဘဲး၊ ပေါင်းရုံး ယှဉ်ပူး၊ အိမ်ထောင် ကြူး၏၊ ဝဋ်မြူး ဝဋ်ပျော်၊ ဝဋ်ဘော် ဝဋ်သင်း၊ ဝဋ်မင်း ဝဋ်စိုး၊ ဝဋ်မျိုး ဝဋ်နွယ်၊ အကယ်နှင်နှင်၊ ဝဋ်ကျွန်ရှင်နှင့်၊ ဝဋ်လင် ဝဋ်မယား၊ ဝဋ်သား ဝဋ်သမီး၊ ပွားစည် သီးလျက်၊ ဝဋ်ထီး ဝဋ်နန်း၊ ဝဋ်*ကြငှန်းက၊ ဝဋ်ခန်း ဝဋ်မြုံ၊ ဝဋ်ဘုံ ဝဋ်အိမ်၊ ဝဋ်စည်းစိမ်ဟု၊ ကြိမ်ကြိမ် ကြံစေ့၊ လျော့ မမေ့ဘဲး၊ တနေ့ တနေ့၊ တရွေ့ရွေ့တိ၊ *ကြွေ့ကြွေ့မညှိုး၊ ဆန်းလ တိုးသို့၊ မြတ်မျိုး *တန်ထွာ၊ ထပ်ကာကာလျှင်၊ ပညာဝရဇိန်၊ သတိန္ဒြိ၊ သန္ဓေသိဖြင့်၊ ထင်ဘိသော့အား၊ ရှု ပိုင်းခြားလျက်၊ တရားရုံးပေါင်း၊ ဆိုးနှင့် ကောင်းကို၊ ကျိုး-ကြောင်း ဖြစ်ဆစ်၊ မြင်မြဲးဖြစ်၍့၊ နွံညစ် ရွှံ့တွင်၊ နစ်ခဲ့ကျင်လည်း၊ မျက်ရှင် စိန်ခဲး၊ ထိန်ရဲးရဲးသို့၊ ညစ်မြဲး မယှိ၊ ဖြစ်ဘိရကား၊ တရားကြံစေ့၊ ဉာဏ် အောက်မေ့၍့၊ တနေ့သရော်၊ ရွှေနန်းပေါ်ထက်၊ ဆံတော် မုစ္ဆိတ်၊ ဖြတ် ရိပ်ပယ်ကာ၊ စံလှည့်ရာဝယ်၊ ဆတ္တာ*လုလင်၊ မင်းကျွမ်းဝင်ကို၊ နီးတွင် ပါးတော်၊ ညင်းညင်း ခေါ်၍့၊ မြွက်ဘော် ဤသို့ မိန့်ပေးတည်း။ (၁၂)

(၉၄) အရှင်မင်းတိ၊ မှားယွင်းသဖြင့်၊ မကောင်းကျင့်က၊ အသင့် မြစ်တာ၊ ကောင်းရာစီးပွား၊ ယှဉ်စေငြားနှင့်၊ ရှင့်အား ကျေးဇူး၊ အထူး ထင်အောင်၊ ဘုန်းဂုဏ်ရောင်ကို၊ ဆောင်သည် တချက်၊ ရှို့ဝှက်အပ်ရာ၊ ရှိသောခါလည်း၊ လုံစွာ ဝမ်းထဲး၊ ရှို့ဝှက် စွဲး၍့၊ အမြဲး မ*သုန်၊ အရှင့်ဂုဏ်ကို၊ နေရုဏ် ပြိုးပြက်၊ ရွေ့ရွေ့တက်သို့၊ ဆက်ဆက် မကြွင်း၊ နှံ့စေခြင်းက၊ မှုခင်းရေးရာ၊ ဘေးတွေ့ခါလည်း၊ သွေခွါ မပယ်၊ ဆက်ဘွယ် ဆက်ရာ၊ ရတနာ*မွန်မြတ်၊ ရလတ်တုံငြား၊ အရှင့်အားကို၊ ချန်ထား မဝှက်၊ အကုန်ဆက်သား၊ ခြောက်ချက် ဂုဏ်အင်၊ စုံလင် စုပေါင်း၊ လွန်ညီတောင်းသည့်၊ ကျွန်ကောင်းမှန်လှ၊ ကပ္ပက။။ နားဝ စိမ့်အောင်၊ မြဲး မှတ်ထောင်လော့၊ ဘုန်းခေါင်မဟာ၊ ငါရာဇာ၏့၊ ကေသာ မြရွက်၊ ဥက္ခောင်းထက်နှိုက်၊ အနက် ညှိုးမြန်း၊ အဖြူသန်း၍့၊ ဖြစ်ဆန်း ဖြစ်ကျင်၊ တချောင်း ထင်က၊ လျင်လျင် *ရှောင်းရှောင်း၊ လင့်မ*ညောင်းဘဲး၊ ကျွန်ကောင်း ကျွန်*မွန်၊ ခါမလွန်နှင့်၊ ထိပ်စွန် ဦးပြင်၊ စုံလက် တင်၍့၊ မြင်လျှင် မြင်ခြင်း၊ ကြာမတင်းသည်။။ အချင်း တင်စေ မနှေးတည်း။ (၁၃)

(၉၅) ဤသို့ဟူ၍့၊ လူတို့ဓိပတိ၊ ဘုန်းဘော်ယှိသား၊ ဗောဓိမဟာ၊ မြတ်ရာဇာက၊ ဆရာမကူ၊ သယမ္ဘူဖြင့်၊ ဗုဒ္ဓင်္ကူလေ့၊ အောက်မေ့ ကြံမြတ်၊ ဆောက်တည် မှတ်ပြီး၊ ဆတ္တာသမား၊ ထိုယောက်ျားကို။။ မြွက်ကြား ဆတ်ဆတ် မိန့်တော်မှတ်တည်း။။

ကပ္ပကာမန္တနခဏ်း (၁၃)ပိုဒ် ပြီး၏၊

ဒုတီယပိုင်း၊ ၂ - ကပ္ပကာရောစနခဏ်း
ကပ္ပကောပိ ဒီဃမဒ္ဓါနံ ခေပေတွာ ဧကဒိဝသံ ရညော အဉ္ဇနဝဏ္ဏာနံ ကေသာနံ အန္တရေ ဧကမေဝ ပလိတံ ဒိသွာ ဒေဝ ဧကန္တေ ပလိတံ ဒိဿတီတိ အာရောစေတိ။။

(၉၆) ကပ္ပ ဆေဒနေ၊ မသွေ မှတ်ခင်း၊ ဓာတ်ရင်း ဓာတ်နက်၊ ဏွု,သက်၍့၊ ရုပ်တွက် ပုဒ်ပြီး၊ *အတီး ရှေးက၊ စီရင်ပြသား၊ အနိစ္စဝါဒီ၊ ကမ္ဘီ ကမ္ဘာ၊ ဆက်ဆက် လာ၍့၊ ဝေါဟာ တသီး၊ လိုလို ပြီးသား၊ ဖျက်ဆီး မရ၊ ပသိဒ္ဓဟု၊ နိစ္စဝါဒီ၊ မညီ ဝါဒ၊ နှစ်မျိုးပြလည်း၊ သဒ္ဒါ့အရာ၊ မကြံသာကြောင့်၊ နေဝါနိစ္စ၊ နာနိစ္စဟု၊ ဆရာ့အယူ၊ နှစ်မူ လိုက်ပြု၊ မရုဗိမ္ဗော၊ ဂုဠောပမာ၊ သဒ္ဒါ အနိစ္စ၊ ဗျာကရဏဖြင့်၊ ပသိဒ္ဓဟုတ်၊ နိစ္စပုဒ်၏့၊ ကတ္တုက္ကရဏ၊ စသည်မကင်း၊ အတု ကျင်းလျက်၊ အလင်း ပြညှိ၊ ဆီမီ့းသဖွယ်၊ သိကြောင်းရွယ်သား၊ အလယ် သိမ်းဆည်း၊ မဇ္ဈုံနည်းဖြင့်၊ ကစ္စည်းမလွန်၊ သဒ္ဒါဉာဏ်ကို၊ ဘိဓာန် သင်္သကရိုဋ်၊ ကျမ်းရိုးလိုက်၍့၊ လူနှိုက်အထင်၊ ဆံပင် မုစ္ဆိတ်၊ ပယ်-ရိတ် ဦးပြီး၊ ခြေ-လက်သည်းကို၊ ဖြင်ပည်း များစွာ၊ မျိုး စဉ်လာတိုင်း၊ အာဇီဝရေး၊ သက်မွေးကိစ္စ၊ ယေဘုယျဖြင့်၊ စိတ်က မငြီး၊ ဖြတ်လှီး သုတ်သင်၊ ပြုပြင်တတ်စွ၊ နက်အတ္ထကြောင့်၊ ကပ္ပကမည်၊ ဆတ္တာသည်လည်း၊ ဘုန်းစည် မှတ်ချက်၊ မိန့်တော်စက်ကို၊ ဦးထက်တင်ရ၊ နေ့က စ၍့၊ ကိစ္စ တသီး၊ ရေးတကြီးသည်။။ ရွယ်ပြီး မိုဃ်းကြိုးသဖွယ်တည်း။ (၁)

(၉၇) မိုဃ်းကြိုး ထိပ်ဝယ်၊ ရွယ်ပြီ့းနှယ်သို့၊ အကယ်မှတ်၍့၊ ထိုဆတ္တာကျွန်၊ ကြီးသည့်ဝန်ဖြင့်၊ အလွန်ရှည်စွာ၊ ကာလကြာအောင်၊ ပတာ *ပတေ၊ ရိုသေ မမေ့၊ တစေ့စေ့လျှင်၊ ရက်-နေ့ မချာ၊ ရေးရာတစ်ခု၊ လေးကြီး ပြုလျက်၊ ဂရုကတ၊ ကြည့်ရှုရစဉ်၊ နှစ်-လ ရာ-ထောင်၊ မကအောင်တိ၊ *မြားမြောင်ကာလ၊ ရှည်*ကျွန်းမှလျှင်၊ ဧကဒိဝသံ၊ နေ့တရံနှိုက်၊ ဆံတော် မုစ္ဆိတ်၊ ပယ်-ရိတ် ပြင်ကာ၊ သုတ်သင်ရာဝယ်၊ ရာဇာ ဘုန်းမော်၊ မင်းမြတ်ကျော်၏့၊ ဗောင်းတော်တင်ဆက်၊ ဦးတော်ထက်နှိုက်၊ မည်းနက် ဘိတ်မှောင်၊ မျက်စဉ်းရောင်သို့၊ *ဥသျှောင် စူဠာ၊ ကေသာ မြသား၊ ဆံတော်ကြားတွင်၊ ဖြူကျားအသွင်၊ ဆံတော်ရှင်သည်၊ တပင်မျှတွက်၊ ဖွေးလက်လက်ကို၊ ပြက်ပြက် ကွင်းကွင်း၊ မချွတ်ယွင်းအောင်၊ လင်းလင်း ထင်ထင်၊ စေ့စေ့မြင်က၊ ရွှင်ရွှင် အားရမ်း၊ မြောက်သည့်ဝမ်းဖြင့်၊ မင်းကျွမ်းဝင်ဝင်၊ *ဆောတလျှင်သာ၊ မြင်လျှင် မြင်ခြင်း၊ ဦးချခင်း၍့၊ ဝပ်စင်းယို့ယို့၊ တင်တုံမြို့သည်။။ ဤသို့ လက်အုပ် ချီရွယ်တည်း။ (၂)

(၉၈) ဘဝိဿ ရိ၊ မဟိဒ္ဓိနှင့်၊ တြိမဟတ်၊ အမြတ် သုံးဖြာ၊ မ*နှုန်းရာတည့်၊ မဟာသုဒဿန၊ ဘေးလောင်းကလျှင်၊ အစ *ပကတူး၊ ဘုန်းတော်ထူး၍့၊ ကျွန်းဦးသပြေ၊ သီးမှည့် ကြွေဖြင့်၊ ရွှေတခဲးနက်၊ ရိုးလက်လက်တိ၊ ကနက္ကဒဏ်၊ မင်းသာ တန်သည့်၊ ထီး*မွန်မင်္ဂလာ၊ မိုးအုပ် ကာလျက်၊ မဟာသမ္မတ၊ ကမ္ဘာစ,က၊ ဗြဟ္မာ့ရုံးဖြစ်၊ ဘုန်းသစ်သစ်နှင့်၊ မျိုးဇာစ် ဇာတိ၊ တုမယှိဘဲး၊ လောကီ့ပရမေ၊ ထွတ်ဆုံးနေသား၊ မဟေသရော်၊ နတ်မင်းကျော်တို့၊ မြေပေါ် တသောင်း၊ လူအပေါင်း၏့၊ ဥက္ခောင်း ဖြတ်ချိုင်၊ ဘုန်းသတ်ပိုင်၍့၊ *ဦးကိုင်စီးလျက်၊ လူတို့သက်ကို၊ ရွှေလက်တွင် အုပ်၊ အမြဲး ဆုပ်ပြီး၊ ချုပ်စေ ရှင်စေ၊ မိန့်တော်ထွေတိုင်း၊ သေ-ရှင် နှစ်မျိုး၊ ဘဝစိုးသည့်၊ တန်းခိုး ကြီးမြတ်၊ လူတို့နတ်။။ ဥက္ကဌ် ထိပ်နင်း၊ တေဇာပြင်းသား၊ လောင်းမင်းအသျှင်၊ ဘဝရှင်၏့၊ ထက်ခွင်+မိုးက၊ +မိုဃ်းကြိုး ချသို့၊ ကြီးလှ ရှိန်ဝါ၊ မိန့် အာဏာကို၊ အာဠာဝက၊ ကုဝေရနှင့်၊ ယမ ဝတ္တဘူ၊ နတ် လေးဆူတို့၊ ဘွဲ့ဖြူ သံချောင်း၊ မျက်စောင်း ဝရဇိန်၊ ရွယ်ချိန် ချီမြှောက်၊ လက်နက်အောက်နှိုက်၊ သက်ပျောက် ဝေမူး၊ သေ*ယူးယူးသား၊ ဘီလူး နတ်ငယ်၊ ကုမ္ဘဏ့်နှယ်သို့၊ နှိုင်းဆွယ် မက၊ ကြောက်လှ ခြင်းရာ၊ ရိုသေစွာလျက်၊ ဆတ္တာ ငယ်ကျွန်၊ သွေမလွန်အောင်၊ ထိပ်စွန် ဦးထက်၊ ပန်ဆင် ရွက်၍့၊ မြခက် နှိုင်း*လျော်၊ မြတ်ဆံတော်ကို၊ တမျှော် စေ့စေ့၊ ခါမမေ့လျှင်၊ တနေ့ မချန်၊ ရက် အမှန်ဖြင့်၊ ပြန်လှန် သုတ်သင်၊ စုံစမ်းကျင်လည်း၊ တပင်တွက်မျှ၊ ယွင်းကွက် ဖြူရောင်၊ ကျား မကြောင်ဘဲး၊ လေးထောင် ကျော်ဆောင်း၊ နှစ်အပေါင်းသည်။။ ရှစ်သောင်း စင်ခဲ့ပြီဘုရား။ (၃)

(၉၉) မဟိဿရိ၊ စက်ရဝိသို့၊ ကြီးဘိ တေဇော်၊ တိုက်လုံးကျော်၍့၊ ဘိုးတော် ရန်လှည်း၊ ခမည်း ရန်နှိပ်၊ ဘုန်းဆိပ် ပြင်းစွာ၊ မြတ်ရာဇာတို့၊ စံရာ ရန်အောင်၊ နန်းဆောင်ဆောင်နှင့်၊ ရွှေရောင် ချိုးချက်၊ အောင်မြေချက်ဟု၊ ရွှေချက်တော်သို၊ *နဂိုရ် ဘူမိ၊ *သေဉ်ဇာတိထက်၊ သိရီ့ လျှံတိတ်၊ ပြည်မလိတ်နှိုက်၊ အာဒိတ်ကာလ၊ ကုမာရက၊ ဥပရာဇာ၊ ရွှေနန်း*လျာဟု၊ မင်္ဂလာအိမ်တော်၊ စံမြန်းပျော်စဉ်၊ ရေသော် *မြားမြောင်၊ လေးထောင် ရှစ်သောင်း၊ နှစ်ပြန်ပေါင်းနှင့်၊ နှောင်းမှ ထိုပြီ့း၊ ဤမိထိလာ၊ ပြည် အောင်ချာဝယ်၊ တရားမင်းတို့၊ ခွန်သွင်း*ကော်ရော်၊ ရှိ ပူဇော်၍့၊ မပေါ် ရန်ငြောင့်၊ ရှစ်သောင့်းလေးထောင်၊ နှစ်စဉ် အောင်တိ၊ *ရွှေတောင် လျှံညီး၊ ရွှေနန်းကြီးထက်၊ မငြီးမငွေ့၊ စံမွေ့ စက်ပျော်၊ ထက်မိုးပေါ်ဝယ်၊ ဘိုးတော် မာဃ၊ ဝါသဝလည်း၊ သည်မျှ ချမ်းသာ၊ မလွန်ရာခဲ့၊ မဟာပုည၊ ဗလဝကြောင့်၊ လောကသခင်၊ တို့နတ်သျှင်လည်း၊ *လုလင်ရွယ်လှ၊ တရုဏသို့၊ ရှုကြ မငြောင်း၊ ရွယ်တော် ကောင်း၍့၊ ရှစ်သောင်း သုံးခါ၊ မတန်ရာခဲ့၊ သမ္ဘာတော်ဟုန်၊ ဘုန်းတော်ဂုဏ်ကို၊ ဝသုန် မြေနှင့်၊ နှိုင်းရှည့် ချင့်လည်း၊ ကြီးမြင့် အထု၊ *နှုန်းတု မတန်၊ ရွှေဘုန်း လွန်၍့၊ ပြန်ပြန် သင်္ချာ၊ မကန်ရာခဲ့၊ ရွှေအာယုခေတ်၊ သက်တော် စစ်က၊ အနှစ် ရှစ်သောင်း၊ လေးထောင်ပေါင်းဖြင့်၊ ပြန်ဆောင်း သုံးခေါက်၊ တိုင်ရောက်ပြီး၍့၊ ဤယနေ့မှ၊ စေ့စေ့ ထင်ရှား၊ မြင် မမှားဘဲး၊ မြသားရောင်မြတ်၊ ကိတ္တပတ်သို့၊ ဥက္ကဌ် ထွတ်ဖျား၊ *တမွတ်ထားသည့်၊ ဘုရား ဘုန်းမော်၊ မြတ်ဆံတော်တွင်၊ ငွေဘော် ချည်လား၊ ခြား၍့ ဖြူ*ယောင်း၊ ရောင် မမောင်းသည်။။ တစ်ချောင်း ထင်ခဲ့ပြီဘုရား။ (၄)

(၁၀၀) ဇနိဿရိ၊ ဓိပ္ပတိဟု၊ လောကီ့ ကိုးရာ၊ စိုးထွတ်ချာတည့်၊ ရွှေသမ္ဘာဟုန်၊ မဟာဂုဏ်နှင့်၊ ဆန်-စုန် မြေ-မိုး၊ တန်းခိုး ဝှန်ချောက်၊ ဘုန်းရှိန် တောက်၍့၊ ပိန်ခြောက် ရာစင်း၊ ကြောံရွံ့ ပြင်းလျက်၊ သတင်း လူ့ဘောင်၊ မဆံ့အောင်လျှင်၊ မိုးခေါင် နတ်ခြောက်၊ အနှံ့ ပေါက်၏၊ ထုတ်ချောက် မြင်းမိုရ်၊ ဗွေ ကမ္ဗိုလ်ထက်၊ လိုတော်ယှိတိုင်း၊ တွန့် မဆိုင်းဘဲး၊ *ကွန့်လှိုင်း ရွှေစက်၊ ဖြန့်ချီ တက်၍့၊ နတ်ထက် လူမင်း၊ သာလွန်ခြင်းဖြင့်၊ ကျော်ချင်း ထင်ရှား၊ ဝေယန်ဖျားဝယ်၊ သိကြား သုံးကျိပ်၊ ခြောက်ယောက်ထိပ်ကို၊ နင်းနှိပ် စိုးနှိမ်၊ နတ်နန်းအိမ်နှိုက်၊ စည်းစိမ် စံပျော်၊ ရှည် သက်တော်နှင့်၊ အကျော် တဦး၊ ဘုန်းတော် ထူးသည့်၊ လူမှူး မဟာ၊ ကပ်ဦးခါက၊ စကြာ မန္ဓတ်၊ ဘေးတော်မြတ်သို့၊ ဆတ်ဆတ် မြဲးတည်၊ သက်တော်ရှည်၍့၊ လူ့ပြည်မတန်၊ နတ်ထက် လွန်အောင်၊ တမ်းခွန်ဆောက်ပြီး၊ ဘုန်းတော် ကြီးလိမ့်၊ ထီး*တကာ့ရှင်၊ တို့ ထိပ်တင်လျှင်၊ နန်းပြင် ပျော်မြူး၊ ရွယ်တော်ဦးက၊ ရှည်ကျူး အနှစ်၊ ရေတွက် စစ်သော်၊ ရှစ်သောင့်းလေးထောင်၊ ငယ်ရုပ် ဆောင်လျက်၊ ထို့နောင် ကာလ၊ ရုံးရောင်ပ၍့၊ မွေးဘ ရာဇာ၊ ခံ *ရိုက်ရာနှင့်၊ မင်း*လျာ *ကြငှန်း၊ *ကွမ်းထည့်မှန်းသား၊ ဘုန်းပန်း ပွင့်သစ်၊ ဥပရာဇ်လည်း၊ ရှစ်သောင့်းလေးထောင်၊ နှစ် *မြားမြောင်တည့်၊ မင်းခေါင် မင်းဖျား၊ ပြည်ထောင် ပွား၍့၊ တရားစည်ကြီး၊ ဆော်တီး ထိန့်ဆူ၊ ကနက် ထူလျက်၊ ဇမ္ဗူ တသောင်း၊ မြေနေပေါင်းနှင့်၊ ထီးဆောင်း ဆယ်ကျိပ်၊ မင်းမျာ့းထိပ်ကို၊ နင်းနှိပ် ခွန်ယူ၊ မင်း*ဓီးမူ၍့၊ ရိပ်ဖြူ မိုးလှစ်၊ စိုးသည့်နှစ်လည်း၊ ရှစ်သောင့်းလေးထောင်၊ သုံးပြန်ဆောင်သော်၊ *မြားမြောင် တွက်ကိန်း၊ နှစ်သိန့်းငါးသောင်း၊ နှစ်ထောင် ဆောင်းသည်။။ နှစ်ပေါင်း *ဖြင်ခဲ့ပြီဘုရား။ (၅)

(ဤသုံးပိုဒ်ကား အချီ-အချ 'ကိုးတွင်းပြည့်'ချည်း။။ 'ခဲ့ပြီဘုရား'ချည်း ချရကား၊ သော်တာရောင်'ချ၊ ပိုဒ်ပေါင်း ၈၀- စီညီသဖြင့်။ ' ထူးဆန်းထွေလာ'လည်း ဟူ၏၊)

(၁၀၁) ဤသို့ ဆတ္တာ၊ ကျွန်ရင်း ချာလျှင်၊ ကြောင်းခြာ မတိမ်း၊ ခပ်သိမ်း အချင်း၊ ချန် မချွင်းသည့်။။ ချက်ခြင်း မြင်+လျောက်၊ တင်+လျှောက် သံတော်၊ ထိပ်ပေါ် လက်မြှောက် ချီလတ်တည်း။ (၆)

(၁၅)-လုံးချ 'မဏိဥပြည်း'ချနည်း)
ကပ္ပကာရောစနခဏ်း (၆)ပိုဒ် ပြီး၏၊

ဒုတီယပိုင်း ၃ - ပလိတဒဿနခဏ်း
တေန ဟိ မေ သမ္မ တံ ပလိတံ ဥဒ္ဓရိတွာ ပါဏိမှိ ဌပေဟီတိ စ ဝုတ္တေ သုဝဏ္ဏသဏ္ဍာသေန ဥဒ္ဓရိတွာ ရညော ပါဏိသ္မိံ ပတိဋ္ဌာပေသိ။

(၁၀၂) ဆတ္တာ ကျွန်ရင်း၊ တင်လျောက်ခြင်းကို၊ လောင်းမင်း ဘုန်းလူ၊ ကြားတော်မူက၊ မည်သူ မညွှန်း၊ တိုက်တွန်း မယှိ၊ ဉာဏ် ဇာတိဖြင့်၊ မြင်-သိသော့အား၊ တရား ရှေးရှူ၊ သံဝေ ယူမှ၊ မဉ္ဇူ နှုတ်တော်၊ အာလုပ် ဘော်၍့၊ ငယ်သော်က ဘက်၊ ငါ့ရွှေစက်ကို၊ ဦးထက် တင်မြှောက်၊ အမြဲး ဆောက်လျက်၊ ချစ်-ကြောက် ရိုသေ၊ ခစားထွေဖြင့်၊ ပတေ*ပတာ၊ *ယမ်းပည်းစွာဖြင့်၊ အာဏာ မလွန်၊ လက်ညှိုးညွှန်တိုင်း၊ ညွန်ညွန် ရေရေ၊ အရှင်စေက၊ မသွေမဖည်၊ မိန့်တော်တည်သည့်၊ လူရည် ကောင်းစွာ၊ ကျွန် ဆတ္တာ။။ ခြင်းရာ ဧကန်၊ တင်တိုင်း မှန်က၊ အမြန် လွယ်ကူ၊ ထိုဆံဖြူကို၊ နုတ်ယူ ခုဘက်၊ ငါ့ရွှေလက်နှိုက်၊ ဆက်ထည့်မသွေ၊ ကြာမနေနှင့်၊ လျင်စေမဆိုင်း၊ အားလှိုင်း ခုပင်၊ မျက်တော် မြင်အောင်၊ ထင်ထင် လင်းလင်း၊ ကသိုဏ်းကွင်းသို့၊ ငါမင်း ဘုန်းမို၊ ရှုစလိုဟု၊ ထိုခဏခြင်း၊ ကိုယ်လုံးချင်းအောင်၊ လွန်ပြင်း သံဝေ၊ ထိတ်လန့်ထွေဖြင့်၊ ရွှေမိန့်တော်မြတ်၊ ချက်ခြင်း မှတ်သည်။။ မြေပြတ် မိုးပြိုသော့လားတည်း။ (၁)

(၁၀၃) ဤသို့ မင်းကျော်၊ အာလုပ် ဘော်၍့၊ ရွှေမိန့်တော်မြတ်၊ ချက်ခြင်း မှတ်က၊ ဆတ္တာ ကျွန်ရင်း၊ ထို*အချင်းလည်း၊ ဝိုးဝင်း လျှံထိန်၊ စိန်လည်း တဆစ်၊ မြတရစ်ဖြင့်၊ ကျစ်လစ် မွေ့သိမ်၊ ရွှေပန်းထိမ်တို့၊ ခြူးလိမ် ခြူးကြွ၊ ပွရရွနှင့်၊ အလှ အနု၊ သိကြား ထုသို့၊ မျှော်ရှု မငြီး၊ တညီးညီးတိ၊ မီးနှယ် တောက်ညိ၊ လောင်လလိမျှ၊ နဂ္ဃိ ဘိုးများ၊ ကျောက်စုံ ခြားသား၊ ပတ္တမြား စီတပ်၊ ရွှေမွေးညှပ်ဖြင့်၊ ချဉ်းကပ် ရိုကျိုး၊ ရှိခိုး လက်အုပ်၊ ညွတ်တုပ်ပြီးခါ၊ ဖြည်းညှင်းစွာလျှင်၊ နုတ်ကာ လွယ်ကူ၊ အသာယူ၍့၊ စင်ဖြူ သန့်ကြော၊ ချော်မနှောသား၊ ဘော်ကျော ငွေ+ချည်၊ *တရထည်ဖြင့်၊ ရောင်+ခြည် ဖြူလွ၊ တပင်+မျှတိ၊ မြရည် ဘောက်ပြား၊ ခြားနားအသွင်၊ ထိုဆံပင်ကို၊ ဘုရင်မင်းတရား၊ ရွှေလက်ဝါးနှိုက်၊ ထင်ရှား ပြက်ပြက်၊ တင်ထား ဆက်သည်။။ *ခေါက်ရက် မရှု မအားတည်း။ (၂)

ပလိတဒဿနခဏ်း (၂)ပိုဒ် ပြီး၏၊

ဒုတီယပိုင်း ၄ - အတ္တစိန္တာခဏ်း

တဒါ ရညော စတုရာသီတိ ဝဿသဟဿာနိ အာယု အဝသိဋ္ဌံ အဟောသိ။ ဧဝံ သန္တေပိ ပလိတံ ဒိသွာဝ မစ္စုရာဇာနံ အာဂန္တွာ သမီပေ ဌိတံ ဝိယ အတ္တာနံ အာဒိတ္တပဏ္ဏသာလံ ပဝိဋ္ဌံ ဝိယ စ မညမာနော သံဝေဂံ အာပဇ္ဇိတွာ ဗာလမဃဒေဝ ပလိတဿုပ္ပါဒါ နာမ ဣမေ ကိလေသေ ဇဟိတုံ နာသက္ခီတိ စိန္တေသိ။

(၁၀၄) ထိုသို့ *၄င်း၊ မြတ်ဥက္ခောင်းထက်၊ တချောင်း ဆံဖြူ၊ နုတ်ယူ ဆတ္တာ၊ ဆက်သော့ခါနှိုက်၊ ရာဇာ ထိုမင်း၊ လောင်း*သနင်းအား၊ ကြွင်းသည့်နန်းသက်၊ ဆက်ဆက် ကြာ*ညောင်း၊ နှစ်အပေါင်းဖြင့်၊ ရှစ်သောင့်းလေးထောင်၊ *မြားမြောင် ရှည်ဝေး၊ ကျန်ဘိသေး၏၊ အရေး ထင်လင်း၊ သို့သက်ကြွင်းလျှင်၊ ယှိလျှင်းကစား၊ ထိုမင်းဖျားကား၊ ဖြူ-ကျား ညှိုးယော်၊ ထိုဆံတော်ကို၊ ထိုရော် တပ်တပ်၊ ဉာဏ်တော် ကပ်ပြီး၊ တိမ်းမပ် *လုလု၊ မျှော်ရှု၍့သာ၊ ထိတ်လန့်စွာလျက်၊ မကြာ အဟုတ်၊ ချက်*တဖြုတ်ခြင်း၊ သုတ်သုတ် လျင်စွာ၊ သေမင်းလာ၍့၊ အာဏာ ကြီးမား၊ ယူမည့်သားဟု၊ အပါး ကြပ်ကြပ်၊ ရပ်လာလှည့်သို့၊ ထိုမြို့တခြင်း၊ မင်းပြစ် မလွတ်၊ ရာဇဝတ်ကြောင့်၊ မချွတ် အပြီး၊ မီးပုံကြီးနှင့်၊ ညီးညီး ပြောင်ဝင်း၊ လောင်တိုက်တွင်းနှိုက်၊ ဆင်းရ၏့သို့၊ ဤကိုယ့်အပြစ်၊ ခြင်းရာ စစ်ကို၊ နစ်နစ်*နောနော၊ သူ မပြောလည်း၊ မိန်းပျော ဆွတ်ဆွတ်၊ ထင်တော် မှတ်၏၊ ''ဘုတ်ဓာတ်အလို၊ ပေါင်း သဂြိုဟ်၍့၊ ကိုယ်ဟု ပွား*ဖြီး၊ ဖြစ်တပြီးကား၊ ပျက်စီးဘို့ရာ၊ အမြဲးသာတည့်၊ ဇရာ မရဏ၊ ဒုက္ခ ဝဋ်တွင်း၊ အိုရခြင်းနှင့်၊ သေမင်း လွတ်အောင်၊ ဘယ်သို့ ရှောင်အံ့၊'' ''တောင် ခုနစ်ခွေ၊ ရေ ခုနစ်ထပ်၊ လေးရပ် ကျွန်းခွင်၊ ကောင်းကင် သမုဒြာ၊ စကြဝဠာမြေထဲး၊ ပုန်းခို လွဲးလည်း၊ အမြဲး မချွတ်၊ သေဘေးဝဋ်မှ၊ မလွတ်တို့သာ၊ မလွဲးရာတည့်၊ ဓမ္မတာအညီ၊ လမ်းရိုး မှီ၏၊ ငြင်းဖီ မရ၊ အနိစ္စသော၊ ထင်သည့်ဇောနှင့်၊ သဘောစိစိ၊ ကျမ်းရိုးမိသို့၊ မြင်-သိ အမှန်၊ သံဝေဉာဏ်ဖြင့်၊ ဘန်ဘန် မရွေ့၊ တစေ့စေ့သည်။။ အောက်မေ့ ဤသို့ ကြံသတည်း။'' (၁)

(၁၀၅) 'မောဟ မိုက်စွာ၊ မှောင်တိုက်မှာလျှင်၊ တဏှာလုံးပိုး၊ နေ့တိုင်း ထိုးလျက်၊ ကိုယ်ကျိုး နှစ်ခု၊ ကောင်း-ဆိုးမှုကို၊ မရှု မမြင်၊ မဆင်ခြင်ဘဲး၊ သက်ရှင်ရုံတိ၊ သည်သာယှိသည့်၊ မည်ဘိ ဗာလ၊'' မင်းမဃ။။ မောဟ မှေးရစ်၊ သင့်အဖြစ်ကို၊ လက်ဖျစ် တတီး၊ အံ့ကြီး အကယ်၊ အံ့ဩဘွယ်တည့်၊ ကြီးကျယ် ရိပ်ငြိမ်၊ မင့်းစည်းစိမ်နှင့်၊ စိုးရိမ်*မဲ့လစ်၊ ငါ မင်းဖြစ်ဟု၊ ''မူးယစ် တဏှာ၊ ဤခန္ဓာကို၊ ပညာဉာဏ် မှေး၊ မြော် မတွေးဘဲး၊ မြွေပွေး ခါးပိုက်၊ အပျော်လိုက်သည့်၊ သူမိုက်သဖွယ်၊ အံ့ဩဘွယ်တည့်၊'' 'လကွယ် သန်းခေါင်၊ တိမ်တောင် တောအုပ်၊ သရုပ်အပြား၊ ဤလေးပါးဖြင့်၊ စုံငြား အင်္ဂါ၊ မှောင်ကြီးစွာထက်၊ အဝိဇ္ဇာတမ၊ မောဟ မိုက်ခေါင်၊ ကိလေမှောင်နှိုက်၊ ဉာဏ်ရောင် ပျောက်ပြယ်၊ ရှင်းရှင်း ကွယ်လျက်၊ နွမ်းနယ် ရုပ်ဝါ၊ မရှုသာအောင်၊ ဇရာမြွေဆိပ်၊ ရိပ်ရိပ် မျိုတက်၊ ဤကိုယ်ပျက်လည်း၊ သက်သက် မထင်၊ မိုက်တွင်းဝင်ပြီး၊ *လုလင်*တံစို၊ စိတ်မုန်ယိုနှင့်၊ အလို*ရမ္မက်၊ ဉာဏ် မဘက်သား၊ ပျိုသက် နုနယ်၊ လူသူငယ်သို့၊ လူဝယ် ပျော်ရေး၊ ကာလသွေး၍့၊ ခေါင်းမွေး ဆံပင်၊ အဖြူထင်အောင်၊ သို့စင် မေ့မူး၊ အိမ်ထောင် ကြူးလျက်၊ ပျော်မြူး စမ္ပယ်၊ နန်းကြီးလယ်နှိုက်။။ အရွယ် သင့်သေးပါစံ့လော။ (၂)

(၁၀၆) 'တအောင့် တမှိတ်၊ တဆိတ်ဆိတ်ဖြင့်၊ ညိတ်ညိတ်ရွေ့သွား၊ နေ့အလားသို့၊ လုံးပါး ချက်တိုင်း၊ ရပ်မဆိုင်းဘဲ၊ သင်းချိုင်း ရှေးရှူ၊ ပြေးစမူသား၊ ဤလူပေါယယ်၊ များ ကြီး-ငယ်တို့၊ ကိုယ်ဝယ် ဖြစ်ခြင်း၊ ကိုယ့်ကြောင်းရင်းနှင့်၊ အချင်း*အတ၊ သဘာဝကို၊ ယမ်းဆ စိုးစိ၊ မသိတုံရှောင်း၊ *ဦး မတောင်းသား၊ ရပ်ကောင်း ဘူမိ၊ ဘေးမရှိသို့၊ မိုက်မိ မိုက်မဲး၊ အိမ်ထောင်မြဲးလျက်၊ ပျော်ပွဲး ဘွဲ့ကာ၊ ပျော်စ,ပါခဲ့၊'' ''*ကြမ္မာ ယိမ်း*ယိုင်၊ ပျက်ချိန်တိုင်က၊ ခရိုင်ပျက် ထီး၊ ဘောင်ကြီး ကွဲးလံ၊ သောင်ကြီး*ယွံသို့၊ မကြံနိုင်စွာ၊ ငေးမှိုင်ကာလျှင်၊ *ကြမ္မာအလျောက်၊ ရောက်ရာ ရောက်လိမ့်၊ ဘောက်ဘောက်ပြားပြား၊ မမြင်ငြားလော့၊ 'များလှ*အစုတ်၊ မြတ်-ယုတ် မျိုးနွယ်၊ ကြီး-ငယ် ပုရွ၊ လူ ထိုမျှတို့၊ နေ့ည မခြား၊ အားပါးထုတ်မှု၊ ဆည်းပူးပြုသည့်၊ ပေါင်းစု ရရာ၊ ထိုဥစ္စာကား၊ စားကာ သောက်တုံ၊ ကြံပုံ ပျက်ရှုံး၊ ကုန်ခြင်း ဆုံး၏၊'' ''သုံးဆဲ့တရွာ၊ သတ္တဝါတို့၊ ခန္ဓာဟုဆို၊ ယှိတိုင်းကိုယ်လည်း၊ အိုတရွေ့ရွေ့၊ နောက်ဆုံးနေ့နှိုက်၊ စုတေ့ မမြဲး၊ ပြိုကွဲး အားလုံး၊ သေခြင်း ဆုံး၏၊ ဘုံထုံး ဘုံလေ့၊ မရွေ့စသာ၊ မချွတ်စွာတည့်၊'' ''ဘွားခါ ထိုမှ၊ နေ့က စ၍့၊ နှစ်လ ရက်ရေ၊ ကြာလေလေတိုင်း၊ သွားကြွေ ဆံပွင့်၊ တရင့်ရင့်ဖြင့်၊ အိုခြင့်း ဓမ္မတာ၊ ဤခန္ဓာကား၊ ယုတ်မာ ဆိုးရွား၊ အပြစ်များခဲ့၊'' နည်းပါးပညာ၊ အကြင်ငါလည်း၊ သေစာ ရောက်မှု၊ သေလု*မူးမူး၊ သေ*ယူးယူးတိ၊ ကျူးခဲ့အခါ၊ သို့စင် ကြာ၏၊ ''ခေါင်းမှာ ဖြူမွဲ၊ ဆံ ကျိုးကျဲးနှင့်၊ ခြေကြဲ လက်မြှောက်၊ သေချိန် ရောက်အောင်၊ ဂယောက် ဂယက်၊ လွန် နေ့+ရက်ဖြင့်၊ မရှက်တတ်အား၊ သူရူးလားသို့၊ အများ လူဗိုလ်၊ အရွယ်ပျိုနှင့်၊ မလိုတမာ၊ အဘက် ရှာ၍့၊ လူ့ရွာ ပွဲးလယ်၊ ပျော်စမ္ပယ်သည်။။ အကယ် တင့်သေးပါစံ့လော။'' (၃)

(၁၀၇) 'လူဟုဖြစ်လည်း၊ မဆစ် မရ၊ မိုက်အန္ဓသို့၊ ဒိဋ္ဌ တမလွန်၊ နှစ်တန် ချို့တဲ့၊ အကျိုး*မဲ့ကို၊ အကဲ့ ဟုတ်ဟတ်၊ ကျိုးယှိ မှတ်၍့၊ ရောက်တတ်ရာရာ၊ ယူတတ်စွာတည့်၊'' မဟာမဃ၊ မင်းဗာလ။။ ''မဆ မမြော်၊ အရွယ် ကျော်အောင်၊ တမော်မက်မက်၊ မကြောက်-ရှက်ဘဲး၊ အရက်ပြတ် ရူး၊ ခွက်ကပ် မူးသို့၊ အထူး ချမ်းသာ၊ မယှိပါလျက်၊ ဝါသနာ ဆိုးဝါး၊ အထင်မှား၍့၊ ငါးပါး ကာမ၊ ဝဋ်ကိစ္စ၏့၊ အပ္ပသာဒါ၊ နည်းစွာ သေးဖျင်း၊ သာယာခြင်းနှိုက်၊'' မင်း၏့စည်းစိမ်၊ ကြီးရိပ်ငြိမ်ဟု၊ တင်းတိမ် မယှိ၊ အို မသိအောင်၊ ပျော်ဘိ မသင့်၊ ဉာဏ်မချင့်ဘူး၊ ''သေမင့်းတိန်ညင်၊ ရွေ သုံးအင်တို့၊ မငြင်မ+ငြို၊ မကြည်+ညိုလည်း၊ အလိုလိုက်မှု၊ ဖြားယောင်းပြုလျက်၊ ကယု*ကယင်၊ ပျော်မြူးရွှင်အောင်၊ နန်းပြင် ဘုံပေါ်၊ ရံ ဖြေဖျော်၍့၊ ကြေးညှော် လိမ်းလူး၊ မိန်းမူး နေ့-ည၊ ကာမချမ်းသာ၊ ပျော်စံကာတည့်၊ ရာဇာမည်မှု၊ မင်းလျှင်ပြုလည်း၊ သမ္မုတိမင်း၊ ဤသို့မင်းကား၊ မင်းစစ် မမည်၊ *လော်လီကိစ္စ၊ ငါးကာမ၏့၊ တဏှာ့ကျွန်သာ၊ မှန်မောစွာ၏၊ ဒွါရာဓိပတိ၊ စိုးဘိ နှိပ်နင်း၊ ပြုနိုင်လျှင်းမှ၊ မင်းဟု မုချ၊ ဆိုထိုက်လှရှင့်၊'' မောဟ သည်းစွာ၊ အကြင် ငါကား၊ တဏှာသခင်၊ အရှင် စိုးမင်း၊ ခေါင့်းထက် နင်း၍့၊ မကင်း နေ့-ည၊ ကျွန့်ကိစ္စနှင့်၊ တဏှာ့လိုရာ၊ လိုက်ကာသာလျှင်၊ လ-ကြာ နှစ်လွန်၊ တိရစ္ဆာန်သို့၊ နိဗ္ဗာန်တံခါး၊ မဘွင့်အားခဲ့၊ တရားလည်း ဝေး၊ သေဘေးလည်း ဆိုက်၊ အပျော်လိုက်၍့၊ လူမိုက်သေမျိုး၊ ငရဲးအိုးတွင်၊ စောက်ထိုး မြုပ်စွ၊ *အန်းမရဘဲး၊ အဆမတော်၊ ကျ မလျော်သည့်၊ မြေပေါ်လူနှိုက်၊ မလိုက်မနေ၊ မရချေဘူး၊ ဆင်ခြေ နတ္ထိ၊ မယှိ အကင်း၊ အာဏာပြင်းသား၊ သေမင်းရာဇာ၊ သေမိန့်စာဖြင့်၊ ခေါ်လာချအောင်၊ အိမ်ရာထောင်လျက်၊ မရှောင်မရှား၊ သား-မယားနှင့်၊ ပျော်ပါးလွန်ဘိ၊ မရိပ်မိဘဲး၊ သတိ မဘက်၊ မသိ နက်၍့၊ မိုက်မက် မိုက်မော၊ မောဟ*ပြောသည်။။ မိုက်ဇော မွှန်တော့ မွှန်လွန်း၏၊ (၄)

(၁၀၈) 'ငါ့အိမ် ငါ့ရာ၊ ငါ့ဥစ္စာဟု၊ ငါ-ငါ ကိုယ်-ကိုယ်၊ မြည်တမ်းဆို၍့၊ *ကစိုကဝါး၊ မိုက်ပျော်ပါးသား၊ တရား မထင်၊ ငှက်အသွင်နှင့်၊ အမြင် အသိ၊ မယှိ လက်လွတ်၊ အိမ်ရာဝတ်နှိုက်၊ ခွေးငတ် ရိုးခဲး၊ စွန့်နိုင်ဘဲးလျှင်၊ ချင်ရဲး မပြေ၊ တပေပေတည့်၊ မသေအံ့သို့၊ ရှေ့ဘို့ နောက်ရေး၊ မတွေးမဆ၊ ခေါင်းဖြူဆွအောင်၊ ပျော်ရ ပြီးစေ၊ တနေနေတည့်၊ လူလေ ပျော်ပိုက်၊ လူမိုက် ပျော်နည်း၊ *ကျော့တကျည်းဖြင့်၊ ရွှင်ကြည်း စိတ်ပြေ၊ တဖြေဖြေတည့်၊ လေလေဘင်ဘင်၊ တရွှင်ရွှင်နှင့်၊ ဆင်ခြင်ဉာဏ် ကင်း၊ လူပြိန်ပျင်းတို့၊ အဖျင်း သက်သက်၊ ကျိုး မနက်ဘဲး၊ အပျက် လူဝယ်၊ လွန်*ပေါယယ်ခဲ့၊ ချေစွယ် နဲ့နဲ့၊ ကျားပေါင်ပဲ့သို့၊ အကဲ့ ပုံသွေး၊ မှန်မဝေးဘူး၊'' ''သားမြေး တဘော်၊ အိမ်ထောင်*ဖျော်၍့၊ ပျော်တချိချိ၊ ရော့ရိ ရော့ရဲး၊ တဏှာ တွဲးလည်း၊ ဖြေခဲးစွာလျက်၊ အသက်ဆုံးထ၊ ပါယ်တွင်း ကျလိမ့်၊ ဓမ္မသဘော၊ ဘယ်သို့ ဟောလည်း၊ လိပ်ကျော ကြောင်ကော်၊ ပြောင်ချော်ချော်နှင့်၊ ပျော်တပြုံးပြုံး၊ မော်မဆုံးဘဲး၊ နှလုံးမယဉ်၊ ဉာဏ်မယှဉ်တည့်၊'' ''ပျိုစဉ် ယုတ်မာ၊ အိုခါ ဆိုးဝါး၊ ဤကိုယ်အားလျှင်၊ ယောက်ျား မိန်းမ၊ သမုတ်ကြလျက်၊ သုဘထင်၍့၊ မငြီးငွေ့ဘူး၊ အတွေ့ ခံစား၊ အောက်ရပ်သားတို့၊ ကျွဲး-နွား-သိုး-ဆိတ်၊ အဟိတ်ပမာ၊ ဟီနာစာရ၊ လေ့လာကြ၍့၊ ကာမသတ္တဝါ၊ ကာမရွာနှိုက်၊ ကာမာရမ္မဏ၊ ကာမသဘော၊ ကာမဇောဖြင့်၊ တပ်လောဘစိတ်၊ ပိတ်မျှ မသိ၊ ညစ်ညူးဘိ၏၊'' ''အဟိရီ့က၊ ပါပ သင်းဝင်၊ ဗိုလ်ကြီး တင်ပြီး၊ မစင် ညစ်ကြေး၊ ရွံ့စေး ညွန်ကြိုက်၊ ဝက်နှယ် မိုက်၍့၊ လူနှိုက် ဆိုးဝါး၊ တဘွားဘွားနှင့်၊ *ပက္ကား ညွန်စိုင်၊ ကိလေအိုင်ဝယ်၊ အနိုင် လိမ်းလူး၊ မိန်းတမူးဖြင့်၊ ပျော်မြူးစွာလျက်၊ မခွါရက်တည့်၊'' ''လက်စ *တည်းလည်း၊ အပျော်သည်းစဉ်၊ တိုက်လှည်းရက်ရက်၊ စစ်ဦး တက်သို့၊ ခေါင့်းထက် သေမင်း၊ နင်း၍့ ဆံဖြူ၊ အလံထူအောင်၊ ငယ်မူ ငယ်ရာ၊ မစွန့်ခွါဘဲး၊ ပညာ မဘက်၊ လောဘ တက်၍့၊ မက်မက်မောမော၊ တဏှာ*ပြောသည်။ ။ လိုက်လျောလွန်တော့ လွန်လွန်း၏၊ (၅)

(၁၀၉) 'ဇရာမီးကြီး၊ တညီးညီးလျှင်၊ ဖျက်ဆီး ဖုတ်မြိုက်၊ နေ့စဉ် တိုက်၍့၊ ကိုယ်နှိုက် ကျက်-ကြေ၊ လောင်ပျက်နေလည်း၊ နဝေ နဝါ၊ မရေရာအောင်၊ ယောင်ကာတဆိတ်၊ မောမူဟိတ်ကြောင့်၊ ပိတ်ပိတ်သို့စင်၊ ရိပ်မထင်သည့်၊ အမြင် ကာန်းစွ၊'' မင်းအန္ဓ။။ ရူပ ရုပ်ဝါ၊ ငယ်သော့ခါနှင့်၊ ဇရာ လောင်ဟုပ်၊ ဤကြီးရုပ်ကို၊ လက်ဆုပ် ဖြန့်ဖြေ၊ ရှုဦးချေလော့၊ ကိလေ နောက်ဆူး၊ သင် ပျော်မြူး၍့၊ မူးထူး မင်ထင်၊ သိမမြင်ခဲ့၊ ''နေ့သွင် မဆိုင်း၊ ခဏတိုင်းဖြင့်၊ နှင်စိုင်း မွေ့ညက်၊ မရေတွက်နိုင်၊ ဖြစ်-ပျက် မဆုံး၊ ဖြစ်တုံး ပျက်စု၊ ဘောက်ပြန်မှုကို၊ မရှုစအား၊ ပျော်မှု များ၍့၊ ထင်ရှားသို့စင်၊ သိ မထင်ခဲ့၊'' ''အကြင် လူ့ရွာ၊ လူ*တကာတို့၊ ပညာ သတိ၊ ကင်းကွာဘိလျက်၊ မိမိတဏှာ၊ အဝိဇ္ဇာမျိုး၊ အိုတိုင်း တိုး၏၊ အရိုးသာ ရင့်၊ ဉာဏ်မပွင့်ဘူး၊ သေမင့်း စစ်အင်၊ ကိုယ်တွင်း ဝင်၍့၊ ခုပင် အပြင်း၊ ရောက်လာလျှင်းပြီ၊'' 'ဆင်-မြင်း-ရထား၊ ဗိုလ်ပါအားဖြင့်၊ ပြား၍့ ပြိုင်ထိုး၊ တံစိုး ငွေကြေး၊ တောင်ရှိ ပေးလည်း၊ အရေးမသာ၊ အောင်ရာ မယှိ၊ ဇာတိ မစစ်၊ သေမင်းညစ်နှင့်၊ မိတ်ချစ်ဘွဲ့ငှာ၊ မတတ်ရာခဲ့၊'' ''အာဏာ တန်းခိုး၊ အမျိုး ကျော်ထင်၊ ဘယ်ဘုရင်နှင့်၊ ရှင်က လူက၊ မနေရတည့်၊ လက်စ တင်းလင်း၊ တပိုင်းကြွင်းဖြင့်၊ မငြင်းနိုင်စွာ၊ အပြင်း ပါလိမ့်၊ မကြာ *ဆောလျင်၊ သေမင်း ငင်အံ့၊ အပြင်*အလျာ၊ ငယ်ရုပ်ဝါနှင့်၊ ပဇာတူရေး၊ ယှိသေးသနည်း၊ အချည်းသက်သက်၊ ကြာ နေပြက်သို့၊ ပျက်ခဲ့ ဤကိုယ်၊ ဟောင်း ရွတ်ယို၏၊'' ''မီးလို ရှင်ရှင်၊ တောက် မမြင်လည်း၊ အသွင် အဆင်း၊ ဘောက်ယွင်း ညှိုးသွေ့၊ တမွေ့မွေ့လျှင်၊ အငွေ့ မငြိမ်း၊ ရှိမ်းရှိမ်း ပြိုက်ပြိုက်၊ နေ့တိုင်း မြိုက်၏၊ ခေါင်းနှိုက် ဦဦ၊ ဤဆံဖြူဖြင့်၊ ခုမူ မကြာ၊ သင့်ခန္ဓာကို၊ သေစာ ချသွင်း၊ သေစာရင်းနှင့်။။ သေမင်း မှတ်လာပြီတကား။'' (၆)

(၁၁၀) 'လျှပ်စစ် တပြက်၊ လက် တတွက်နှိုက်၊ ဖြစ်ပျက်အနေ၊ နာမ်-ရုပ်သေတို့၊ ကုဋေ တသိန်း၊ ရေကိန်းတမျှ၊ စုပုံရသော်၊ ကောသလထုံး၊ တိုင်းသုံး မှတ်ခြင်း၊ တင်း ရှစ်ဆယ်ဝင်၊ အကြင် ခေါ်ဝေါ်၊ ရာကျော် လှည်းပေါင်း၊ တင်လောက်ကောင်းသား၊ တသောင်း ပုံပြု၊ စပါးစုထက်၊ အထု များစွာ၊ မက,ရာဟု၊ ကျမ်းလာမဆိတ်၊ ဝိပရိတ်တည့်၊'' ''အနိစ္စတာ၊ လက္ခဏာကို၊ အာကာ မိုးပြင်၊ နေ-လသွင်သို့၊ အထင်အရှား၊ အမြင်သားလျက်၊ တရား မယူ၊ မမူ သတိ၊ ဉာဏ်မျက်စိဖြင့်၊ မရှိ ကာန်းစွ၊ မိုက်အန္ဓကြောင့်၊ လောဘ မောဟ၊ တွန်းချ ဆွဲးဆောင်၊ ညီးညီးပြောင်သား၊ အရောင် ဝင်းဝင်း၊ မီးပုံတွင်းသို့၊ ဝင်ဆင်း ပိုးမိုက်၊ ရေသာလိုက်၍့၊ ရေနှိုက် မြူးတက်၊ ရူးပွက်ပွက်ဖြင့်၊ မူးမက် သောင်းပြောင်း၊ အိုင်-မြစ်-ချောင်းဝယ်၊ တပေါင်းတပျစ်၊ ငါးရူး ယစ်တို့၊ ကျိုးပြစ် မသိ၊ မယှိ ဆင်ခြင်၊ မမြင် မမြော်၊ သေအောင်ပျော်သို့၊ တ*အော်လဲးလဲး၊ သေ*မစဲ့းနှင့်၊'' 'ပျော်ပွဲးခံကာ၊ လူတို့ရွာတွင်၊ သတ္တဝါအများ၊ သမီး သားက၊ မယားနှင့် လင်၊ တရွှင်ရွှင်ဖြင့်၊ မထင် သေဘေး၊ အရေး မပြု၊ ပျော်မှုနှင့်သာ၊ သူ့ထက် ငါတိ၊ တဏှာ ပျော်ပိုက်၊ သာယာ လိုက်လျက်၊ တသိုက် တအုံ၊ ပျာ့းနှယ် ဆုံ၍့၊ ကာမရာဂုံ၊ မောဟုံ မိုက်မူး၊ ပျော်မြူးထူးခဲ့၊ အရူးဓမ္မတာ၊ ကိလေသာကို၊ မခွါစနိုင်၊ မေ့ ဆုံးတိုင်အောင်၊ ရေဆိုင် ငါးတက်၊ ပိုး မီးမက်သို့၊ ဆက်ဆက် တူစွာ၊'' အကြင်ငါလည်း၊ လူ့ရွာအတွင်း၊ သည်သေမင်းနှင့်။။ သွေကွင်း တတ်သာပြီတကား။ (ရ)

(ဤခြောက်ပိုဒ်လုံး အချများလည်း ၂-ပိုဒ်စီ 'ကိုးတွင်းပြည့်'ချည်း ကားဟူ၍့ ချရကား 'နေရောင်ခြည်ပြေး'ချလည်း ဟူကုန်၏၊)

(၁၁၁) နေ-လ ထွက် ရာ၊ ရှေ့ပြုဗ္ဗာဟု၊ ဝင်ရာ အနောက်၊ မြောက်ကား မြင်းမိုရ်၊ တောင်ကို စက္ကဝါ၊ ခေါ်သညာနှင့်၊ ဝေါဟာ တွင်မှု၊ မှတ်တခုဖြင့်၊ လေးကျွန်းသူ့မြောက်၊ မြင်းမိုရ်ဆောက်၍့၊ ရှေ့-နောက်မြောက်-တောင်၊ အရောင် လေးပါး၊ ပိုင်းခြား လေးဖြာ၊ လေးမျက်နှာမှ၊ 'မဟာဒီပ၊ ဌာန လေးကျွန်း၊ ပင်လယ်*ဝန်းလျက်၊ ပေါ်ထွန်း နှစ်ထောင်၊ ရံကျွန်းမြောင်သား၊ လူ့ဘောင်တဝိုက်၊ စက်နှယ်တိုက်ကို၊ သိမ်းပိုက် လုံးစုံ၊ ဘုန်းတော် ခြုံပြီး၊ *ချက်ကုံ မကြွင်း၊ ရွှေစက်နင်း၍့၊ နတ်မင်း လေးဘော်၊ စံပျော် သာယာ၊ ယုဂန်ချာထက်၊ စကြာ*ကွန့်လှစ်၊ မဟာရာဇ်နှင့်၊ ကသစ်ပွင့်ရာ၊ ဝတိံသာတိုင်၊ ဣန္ဒာ သုံးကျိပ်၊ ခြောက်ယောက်ထိပ်ကို၊ နင်းနှိပ် စိုးကျယ်၊ တန်းခိုးကြွယ်၍့၊ မိုးကြယ်တ*စံ၊ ခြွေရံ ဗိုလ်စု၊ မြေအထုနှင့်၊ သိန္ဓု နှိုင်းဆွယ်၊ လွန်ကြောက်ဘွယ်ဖြင့်၊ နတ်နှယ်*ရှိရှိ၊ ဘုန်းတော်ရှိသား၊ သိရီ့စက္ကဝတ်၊ မန္ဓာတ် မင်းကျော်၊ ဘေးလောင်းတော်တို့၊ အဟော် ဝတ၊ တလော်ကထက်၊ တေဇ အာယု၊ ပြိုင်တု မထင်၊ သို့လောက်စင်လျက်၊ မမြင် ခုအောင်၊ သေမင်း ဆောင်၏၊ ဘုန်းခေါင် ဘုန်းဖျား၊ ထိုမင်းများမှ၊ *လောက်လား *ခန့်ရည်း၊ နည်းမျှ မညှာ၊ ထောက်မစာဘဲး၊ အားမနာ*စောက်၊ မကြောက် မရှက်၊ တိုက် လုယက်သို့၊ ရက်ရက် ယူဆောင်၊ ကွင်းမရှောင်ဘူး၊'' ''လူကောင် မည်*ဆန်း၊ ဘုန်းတန်း ငယ်ငေါင့်၊ ဖြုတ်-ခြင်ယောင့်နှင့်၊ ယင်ကောင့်သဖွယ်၊ ငါတို့နှယ်ကား၊ ဆိုဘွယ်တစိ၊ အဘယ်ရှိလိမ့်၊ ဇာတိရသာ့း၊ ထိုမျှ ငယ်-ကြီး၊ အသီးသီးတို့၊ အပြီး မကင်း၊ ခေါင့်းထက် နင်းသည်။။ သေမင်း တည်မကွာတကား။'' (၈)

('သဗ္ဗဗျာဝီအတ္ထန္တရနျာသအလင်္ကာ'ရှိသော ပိုဒ်တည်း။)

(၁၁၂) 'တဆဲ့တပုံ၊ မီးဝိုင်းအုံသည့်၊ ဤဘုံ ကာမဓာတ်၊ မမြတ် ယုတ်မာ၊ လူတို့ရွာကား၊ ရာဂုမ္မတ္တက၊ စသည် အပြား၊ ရှစ်ပါး ရူးမျိုး၊ နွာ့းနှယ် သိုးလျက်၊ လိုဆိုး ယစ်မိုက်၊ အပျော်လိုက်၍့၊ ကိုယ်နှိုက် ကုသိုလ်၊ ကောင်းမှုကိုလျှင်၊ မလိုစအား၊ သား မယားနှင့်၊ ပျော်ပါး လေ့ကျက်၊ ဆောင်းတွင်းကြက်သို့၊ နံနက် ညနေ၊ မြဲးမသွေလျှင်၊ အသေ နီးစွာ၊ တသက်*လျှာမျှ၊ ပျော်ရာ နည်းလျက်၊ ခဏတွက်ကို၊ တမက် တမော်၊ မေ့လျော့ပျော်၏၊'' ''လူ့ဘော် ရပ်မှာ၊ နှစ် တရာဖြင့်၊ ဘုံ တာဝတိန်၊ နတ်စမြိန်လျှင်၊ ပြေချိန် ခါရောက်၊ တမိုးသောက်နှင့်၊ နှိုင်းထောက် လူ့သက်၊ လျှပ်တပြက်သို့၊ ငမ်းပျက်ဘွယ်စွ၊ ဤလောကနှိုက်၊ ကာမရသ၊ ခံစားကြ၏၊'' ''ဒုက္ခ*တိုင်ထိ၊ မချိ ဘေးကြီး၊ သေ*ပြုန်းတီးလျက်၊ ပျက်စီးကြစွာ၊ လူ*တကာကား၊ ဂင်္ဂါရေကြော၊ မျောသား ပုပ်ရောင်၊ ဆင်သေကောင်ထက်၊ တော-တောင် ကမ်းခြေ၊ တက်မနေဘဲး၊ စိတ်ပြေ လက်သာ၊ စားသောက်ကာနှင့်၊ မကွာ နှစ်ခြိုက်၊ လောဘတိုက်၍့၊ စီးလိုက် အမြဲး၊ ပင်လယ်ထဲးဝယ်၊ လှိုင်း-ဝဲး ပုတ်ရိုက်၊ သေဘေးဆိုက်သား၊ ကျီးမိုက် ကာက၊ ငှက်ဗာလသို့၊ ကာမ မူးမော်၊ မေ့ကျူးကျော်၏၊'' သေသော် စောက်ထိုး၊ ငရဲးအိုးနှိုက်၊ ခြေ မိုးမြှော်မြောက်၊ ကျလေ ရောက်လျက်၊ ထက်-အောက် တာရှည်၊ တ*လည်လည်လျှင်၊ *စိုပြည်ကာလ၊ မပေါ်ရသည့်၊ ဤမှ ထိုမှ၊ ဘဝ ဆက်ဆက်၊ ဆင်းရဲးနက်သား၊ ဒုက္ခက္ခန္ဓာ၊ ကာမာဒီနဝ၊ ပြစ်ဒေါသကို၊ တွေးဆ မြော်ကာ၊ ဆင်ခြင် ရှာသော်၊ တဏှာ လက်ဖွဲ့၊ ဆောက်နှင်းဘွဲ့သား၊ ဆင်းရဲ့းအတိ၊ ရံဘိ ပတ်လည်၊ 'ဤလူ့ပြည်ကား၊ သားစည် မြေးပွား၊ မီးပုံလားသို့၊ ငါးပါး ကာမာ၊ ဝဋ်မီးစာရှင့်၊ ဃရာဝါသ၊ သမ္ဗာဓဟု၊ ဒုက္ခ ဆိုးတောင်း၊ ကျဉ်းမြောင်း ပွေလီ၊ တအီအီလျှင်၊ *ကသီလင်တ၊ လောင်မီးကျသို့၊ နေ့-ည ပူ-ဆာ၊ လွန်ကြီးစွာခဲ့၊ ယထာဘုတ်ဉာဏ်၊ ဟုတ် အမှန်တိုင်း၊ ဧကန် ထိထိ၊ ရှုမြင်မိက၊ မချိထန်ပြင်း၊ ထိတ်လန့်ခြင်းသည်။။ ငြီးပျင်း*ကြည်မသာတကား။'' (၉)

(၁၁၃) 'မယား သားမွေး၊ ပျော်မှု သွေး၍့၊ ပြည်ရေး ပြည်ရာ၊ ခမ်းနားစွာလျှင်၊ကာမာဝစရ၊ ဟီနဘူမိ၊ လူ့ဇာတိနှိုက်၊ လောကီ့အလေ့၊ တမွေ့မွေ့ဖြင့်၊ သေနေ့ချိန်ဆီ၊ မရောက်မီဝယ်၊ ပလီ*ပလာ၊ ဓမ္မတာဟု၊ ကိလေသာမှု၊ ဖုံးလွှမ်းပြု၍့၊ သူ့ထက်ကား ငါ၊ မရှက်စွာဘူး၊ အိမ်ရာ သိမ်းမြန်း၊ ထီး-နန်း တိုင်းပြည်၊ ထောင်ကြ တည်ပြီး၊ စည်စည် ကားကား၊ သား-မြေး ပွားလျက်၊ မယားနှင့် လင်၊ အရှင်နှင့် ကျွန်၊ မလွန် စိုးအုပ်၊ ပိုက်ထုပ် မွေ့လျော်၊ နေကြ ပျော်သည်၊ အဟော် ဝတ၊ အံ့ဘွယ်စွတည့်၊'' 'ပဉ္စအာရုံ၊ ဤလူ့ဘုံနှိုက်၊ ဘော်စုံပျော်မြူး၊ မိန်းမူး နွှဲးရှက်၊ မကွာရက်အောင်၊ *ရမ္မက် ညစ်ကြေး၊ ပိတ်ပိတ်မှေး၍့၊ ကျေးဇူး မထင်၊ အပြစ်*ဖြင်၏၊'' ''အမြင် မကောင်း၊ နံ့လှောင်း ရွံဘွယ်၊ မတင့်တယ်သား၊ အကယ် ပုပ်လှ၊ ရုပ်ကာယဟု၊ တလ္လ ညှီစေး၊ ပြည်-သွေး ရိရွဲး၊ တရွှဲးရွှဲးနှင့်၊ အမြဲး ကာလ၊ စီးယိုကျလျက်၊ အဝ ကိုးဒွါ၊ ဝမ်းတွင်းပါသည့်၊ အနာ ကိုယ်ဆိုး၊ ပုပ်မျိုး ညစ်ကျု၊ အပုပ်စုကို၊ တုတုပပ၊ တ*လလဖြင့်၊ နေ့-ည မပြတ်၊ သုဘမှတ်၍့၊ လိမ်းသတ် ရောင်တင်၊ အသစ်ထင်၏၊'' 'ပြုပြင် ထောင်လွှား၊ အစဉ် မှားလျက်၊ ယောက်ျား မိန်းမ၊ သူ-ငါစသား၊ ရာဂ တပ်မက်၊ လွန်နှစ်သက်၍့၊ မြင်လျက် မသိ၊ သိလျက် မထင်၊ အညစ် တင်၏၊'' ''လင်နှင့် မယား၊ မယားနှင့် လင်၊ ဖြစ်ကြကျင်သော်၊ ချစ်ကြင် မဝ၊ သက်*တမျှတည်း၊ မိန်းမတို့တမ်း၊ သူ့မှာ ကျွမ်းက၊ စိတ်ဝမ်း လင်မှာ၊ လွန်ပူဆာ၏၊ ပမာ ထို့လား၊ ယောက်ျားတို့လည်း၊ သူနှင့်*ရည်းသော်၊ အသည်း ကြွေမျှ၊ မိန်းမတို့ထုံး၊ မီးနှယ် အုံး၏၊ နှလုံးဒုက္ခ၊ လွန်ကြီးစွတည့်၊ တဏှာ့ ကျေးကျွန်၊ ကာမဝန်ကား၊ *သည်းဝှန် ထပ်ထပ်၊ ရှင်တိုင်း #ERROR! ပွတ်နယ်နည်၍့၊ ဆုံကျည်ပွေ့+ကြိတ်၊ တ+ကျိတ်ကျိတ်သို့၊ မဆိတ် ဘန်ဘန်၊ အလွန် ကျဉ်းမြောင်း၊ ဒုက္ခ *ထောင်း၏၊ ဆိုးတောင်း လွန်ကဲး၊ မီ့းနှယ် စွဲးလျက်၊ ဆင်းရဲး ဘွဲ့နှောင်၊ လူတို့ဘောင်ဟု၊ အိမ်ထောင် ကျပ်တင်း၊ နှောင်ချိုင့်တွင်းမှ၊ ရှင်းရှင်း ခွါချွတ်၊ ဆင်ထူး ကျွတ်သို့၊ လွတ်လွတ် ရှောင်ထ၊ နိက္ခမ္မဖြင့်၊ ရှေးက မြတ်လောင်း၊ သူတော်ကောင်းတို့၊ လမ်းကြောင်း ထွင်ကျင်း၊ တောထွက်ခြင်းသည်။။ *တီလင်း ကျည်*လဟာတကား။ (၁၀)

(ဤသုံးပိုဒ်အချလည်း 'နေရောင်ခြည်ပြေး'အချပင်။)

(၁၁၄) အာသဝဟု၊ အနမတဂ်၊ သံသာစက်က၊ ဆက်ဆက်ရှည်စွာ၊ အစည်ပါလျက်၊ ခန္ဓာထိုထို၊ ဖြစ်ရာကိုယ်နှိုက်၊ ပုပ်*မို မကုန်၊ ပျောက် မ*သုန်ဘဲး၊ *အုန်အုန် အောက်အောက်၊ နောက်နောက် ကျုကျု၊ တည်နေ စု၍့၊ မဓုမုဒြက်၊ ထုံရေတက်သား၊ အရက် ယစ်မျိုး၊ သေစာ ဆိုးနှင့်၊ ထိုး*ကျင့် ပြင်းစွာ၊ အိုင်းအမာမှ၊ ကျင်-နာ ပေါက်ကွဲး၊ လွန်ကိုက်ခဲးသည့်၊ ကိုယ်ထဲး အောင်းငုပ်၊ သွေး-ပြည်ပုပ်တို့၊ အောင့်ချုပ် မသာ၊ နှိပ်စက်စွာလျှင်၊ ဖြာဖြာ နေ့-ည၊ ယိုစီးကျသို့၊ ဘဝ ဘုံဖျား၊ *ချောက်ချားဆုံးတက်၊ ဘဝဂ်တိုင်ဟူ၊ ဓမ္မမူလည်း၊ ဂေါတြဘူရောက်၊ အာရုံ လျှောက်၍့၊ မွှေနောက် မကြွင်း၊ ပြန့်နှံ့ခြင်းဖြင့်၊ ကိုယ်တွင်း ယုတ်မာ၊ အောင်း ရှည်ကြာသည့်၊ ကာမာသဝ၊ ဘဝါ စသား၊ ပါပသဘော၊ အာသဝေါတို့၊ ကျလျှော မပြီး၊ တတီးတီးသည်။။ ယိုစီး တတွေတွေနှင့်သာ*တမုံ့။ (၁၁)

(၁၁၅) ဩဃဟူသည်၊ ဤလေးမည်လည်း၊ လူ့ပြည်လောက၊ လူ့ဌာနနှိုက်၊ ကာလ ဝဿန်၊ မိုးဦး သွန်သော်၊ ဟေမဝန်ရပ်၊ တောင်ထပ်ထပ်က၊ မလပ် အကုန်၊ စီးကျ*သုန်၍့၊ ယမုန် ဂင်္ဂါ၊ မြစ် ငါးဖြာနှင့်၊ ငါးရာ*၄င်း၊ *မြစ်လောင်း*တန်လည်း၊ ပေါင်းစည်း သွယ်သွယ်၊ မြစ် ကြီး-ငယ်တို့၊ *လျှမ်းကယ်*ဖြိုးမောက်၊ ရေ တောင်,မြောက်အောင်၊ ကျီးသောက် မက၊ မောက်မောက်ကြွပြီး၊ ထိုမျှ ကုန်း-ကျင်း၊ ဖျော*ဖျော ဆင်း၍့၊ *ပြည့်လင်း မနိုင်၊ *ကန်ပိုင် ကန်ရိုး၊ ပေါက်-ကျိုး ပြိုကျ၊ ဂါမ မြို့-ရွာ၊ သတ္တဝါ တောင်-တော၊ တွေ့ရာ မျှောလျက်၊ ရေကြော ထောင်းထောင်း၊ မြှုပ် ဘောင်းဘောင်းသား၊ သောင်းပြောင်း ယူဆောင်၊ ရေယဉ်*ပြောင်နှင့်၊ *ထောင်ရှစ်ဆဲ့လေး၊ တွက်ရေး ကျယ်-နက်၊ ပင်လယ်စက်တွင်၊ ဒီတက် ဒီစုန်၊ ပြင်းဟုန် အစဉ်၊ *ဖျားရေယဉ်လည်း၊ နှိုင်းရှဉ် မမျှ၊ ထိုမှ တချက်၊ မြောက်ဘက် အဿကဏ်၊ တောင်စွန် ရစ်ခွေ၊ ကျောက်ကမ်းခြေကို၊ ရေအဟုန် ရိုက်၊ ပြင်းစွာ တိုက်၍့၊ ဆူလှိုက် မိုးယံ၊ တက်ပျံ ယူဇနာ၊ သင်္ချာ *ဖြိုးကယ်၊ လေး-ငါးဆယ်နှင့်၊ ခြောက်ဆယ် အိအိ၊ တောင်ကြီ့းပမာ၊ မဟိန္ဒာက၊ ဂင်္ဂါရောဟဏ၊ နာမ သုံးမျိုး၊ မည် ကျော်ဟိုးသည့်၊ တံပိုး လိမ့်လဲ့၊ တိမ်ထွတ်ကဲ့သို့၊ ကြောက်ဘွဲ့ မဆုံး၊ ထိုလှိုင်းလုံးနှင့်၊ ခန်းချုံး*တရှိ၊ မိုးဖျာ့း ထိမျှ၊ ဂီရိမဟာ၊ တောင်စကြာမှ၊ ရိုက်ကာ ပြန့်တုံ၊ လှိုင်းချင်း ဆုံ၍့၊ တွေ့ကြုံ*ရွပ်ရွပ်၊ လင်းကွင်း ရှပ်သို့၊ ကြက်ခွပ် ကြီးစွာ၊ တိုက်ကြရာတွင်၊ ဗလဝါမုခ၊ ပါတာလဟု၊ ဧရာ့ နရက်၊ ကတော့ပွက်နှင့်၊ ရေယက်ကန်းဆွဲး၊ ပင်လယ်ထဲးနှိုက်၊ ဝဲး-ဩဃကြီး၊ ဝီစိ နီးအောင်၊ လွန်စီး ခွေရစ်၊ *တုံမ*နစ်ဘဲး၊ ဖြစ်ထ အစဉ်၊ ထိုရေယဉ်ထက်၊ နှိုင်းရှဉ် မက၊ ကာမောဃ,က၊ စသည် လေးထွေ၊ ဤကိလေလည်း၊ သဝေချာချာ၊ လပ် မကွာလျှင်၊ ဆောင်ကာ *ဖက်ထစ်၊ မွန်း မြုပ်-နှစ်သည်။ ။ ဝဲးရစ် တခွေခွေနှင့်သာ*တမုံ့။ (၁၂)

(၁၁၆) ယောဂ လေးမည်၊ တရားသည်လည်း၊ *ပန်းလည် စက်တိုင်၊ မြဲးကြံ့ခိုင်နှိုက်၊ အနိုင် ကြပ်ကြပ်၊ လွန်စွာ ကပ်ပြီး၊ ကျဉ်းကျပ် လွှမ်းမိုး၊ ဘိနှိပ် ချိုးလျက်၊ ထမ်းပိုးအတွင်း၊ နွားကို သွင်း၍့၊ အပြင်း မောင်းနှင်၊ လည်သွင်သွင်ဖြင့်၊ ဝန်ကျင် ပတ်ကာ၊ တချာချာသား၊ မကွာ ကတ်လပ်၊ ခြေရာစပ်အောင်၊ မရပ် မနား၊ လပ်မအားလျှင်၊ လှည့်သွား အစဉ်၊ မြဲးစေ ယှဉ်သို့၊ ပုပ်ကျဉ်မ*ဟေ့၊ ကံမျိုးစေ့နှင့်၊ သိမ်မွေ့စွာဘိ၊ ဆုံးမရှိအောင်၊ ဇာတိ မ*မြုံ၊ သုံးပါးဘုံဝယ်၊ တလုံ*လဲးလဲး၊ သန္ဓေ စွဲး၍့၊ ငရဲး တခါ၊ ပြိတ္တာ တဘန်၊ တိရစ္ဆာန် တသွယ်၊ သူရကာယ် တဖြစ်၊ လူ့ခေတ် နတ်ရွာ၊ ဗြဟ္မာ ဆဲ့ခြောက်၊ ထက်နှင့် အောက်တိ၊ တချောက်ချက်ချက်၊ တက်သက် လည်ထ၊ တည်မရသား၊ ဘဝယန္တြား၊ ဝဋ်ရထားနှိုက်၊ လေးပါး ယောဂ၊ ထမ်းပိုး က၍့၊ နေ့-ည မဆိုင်း၊ အပြင်းစိုင်းလျက်၊ ဖြစ်တိုင်း မနေ၊ တည်သန္ဓေနှင့်၊ အို-သေ မပြတ်၊ တပတ်ပတ်သာ၊ ရဟတ်စက်ထဲး၊ ယှဉ် အမြဲးဖြင့်၊ ဆင်းရဲးကြီးလှ၊ မလွတ်ရအောင်၊ ဘဝ ကြာ*ညောင်း၊ လှည့်ကာ မောင်းသည်။။ ကျဉ်းမြောင်း တ*မွေမွေနှင့်သာ*တမုံ့။ (၁၃)

(၁၁၇) 'ဂန္ထ လေးထွေ၊ ထုံမပြေအောင်၊ ရစ်ခွေ ပတ်ပတ်၊ ဆုံးမသတ်တည့်၊ မတ်နှင့် ကြိုက်ငြား၊ ချင့်မယားလျှင်၊ ချင့်အား မကြင်၊ လေးကြိမ်စင်မျှ၊ သတ်ကျင်တုံလျက်၊ မပျက် တဏှာ၊ ပြေခဲးစွာသား၊ အဘိဇ္ဈာကာယ၊ ဤဂန္ထဖြင့်၊ မိဘ တပါး၊ ဖြစ်ရာ ယှားသို့၊ မယားဝမ်းတွင်၊ ပြန်၍့ ဝင်၏၊ သို့စင် ဖြစ်ရှောင်း၊ မဖြစ်တောင်းလျက်၊ မိဟောင်း ပစ်ပစ်၊ မိသစ် ရှာရှာ၊ ဤတဏှာကား၊ ယုတ်မာ ဆန္ဒ၊ တောင့်တ*သွေးချို၊ အလို ညစ်ဆိုး၊ အမျိုးမျိုးနှိုက်၊ စွတ်တိုး သန္ဓေ၊ တနေနေနှင့်၊ အခြေယှိ*မဲ့၊ ဒုက္ခ ချဲ့လျက်၊ *မဟဲ့အဆုံး၊ တလုံးလုံးလျှင်၊ ဝဋ်ထုံး ခုတိုင်၊ မပြေနိုင်ရှင့်၊'' 'လက်မှိုင် မချ၊ ဗျာပါဒဟု၊ ကာယဂန္ထော၊ ဤသဘောလည်း၊ နင်လော နေဦး၊ ရန်ငြိုး စူး၍့၊ ဘီလူးမ ဖြစ်၊ လူမ ဇာစ်နှင့်၊ တောသစ် သမင်၊ အိမ်တွင် ကြက်-ကြောင်၊ လင်ပေါင်မိန်းမ၊ စူဠသုဘဒ်၊ မိလင်သတ်တို့၊ ယုတ်-မြတ် များစွာ၊ တုံ့ပြန်ကာလျှင်၊ ငါးရာမက၊ နှိပ်စက်ကြ၏၊'' 'သီလဝတာ၊ ကျင့် မိစ္ဆာလည်း၊ လွန်စွာ ယူပြင်း၊ နှလုံးသွင်းလျက်၊ မှားယွင်းသဖြင့်၊ ခွေးအကျင့်နှင့်၊ နွားကျင့် ဆိတ်ကျင့်၊ အဟိတ်ကျင့်သို့၊ မသင့် ဆောက်တည်၊ မခိုင်*ကျည်ဘဲး၊ သွေဖည်သော့အား၊ ပျက်ရွေ့များက၊ လားဘိ ငရဲး၊ အမြဲး ဧကန်၊ မသွေလှန်သော်၊ တိရစ္ဆာန်မျိုး၊ ဖြစ်ရိုး ကျင့်တိုင်း၊ ဒုက္ခပိုင်းနှိုက်၊ တဝိုင်း တရုံး၊ ဂန္ထထုံးသည်။။ မဆုံး တပွေပွေနှင့်သာ*တမုံ့။ (၁၄)

(၁၁၈) 'ဥပါဒါန်ဟု၊ ပြင်းထန် စွဲးလမ်း၊ တွေ့ရာ ဖမ်းသား၊ ညစ်ညမ်း ယုတ်မာ၊ ဤလေးဖြာတည့်၊ ကာမာဒီနဝ၊ မမြင်ကြ၍့၊ လောဘအဟုန်၊ ကာမဂုဏ်နှိုက်၊ တုန်တုန် ယဉ်ယဉ်၊ စုံမက်ကြင်လျက်၊ ဆင်ကိုသော်မျှ၊ အရ မလွှတ်၊ ရစ်ပတ် မြဲမြံ၊ ပင်လယ်ယံဝယ်၊ အလံ တရာ၊ နှစ်ရာ မက၊ ရှည် ကာယနှင့်၊ ဧရာ့ ကြောက်ဘွယ်၊ ညံကောင့်နှယ်သို့၊ တွယ်မိ မရွေ့၊ တွေ့မိ မခွါ၊ ကမ္ဘာဘာလည်း၊ ကြာကြာသမျှ၊ မလွတ်ရအောင်၊ ငါ့လင် ငါ့မယား၊ ငါ့သား ငါ့သမီး၊ ငါ့ထီး ငါ့စည်၊ ငါ့တိုင်းပြည်ဟု၊ မြည်မြည်တမ်းတမ်း၊ တလှမ်းလှမ်းတည့်၊ စွဲးလမ်း မပြတ်၊ ရစ်ပတ် လိုလား၊ အတ္တအားဖြင့်၊ ငါးပါး သငြ်္ဂီုဟ်၊ ခန္ဓာကိုယ်လည်း၊ အလို လိုက်တတ်၊ အမြဲး မှတ်၍့၊ မပြတ် သက်ရှင်၊ ငါကောင်ထင်၏၊'' ''အမြင် တိမ်းပါး၊ ခွေး-ဆိတ်-နွားသို့၊ အမှား ယူချွတ်၊ ပေါက်လွှတ်ကျင့်မျိုး၊ အကျိုး မနပ်၊ အပါယ် ကပ်အောင်၊ သီလဗ္ဗတ၊ စွဲးလမ်းကြ၏၊ ယွင်းခွ ဆောက်တည်၊ မျက်စိလည်သို့၊ လူ့ပြည် နတ်ရပ်၊ ကပ်အံ့ မသိ၊ ဒိဋ္ဌိမှား ရှု၊ လှူ မပြုဘဲး၊ ကောင်းမှု မလို၊ ထိုပုဂ္ဂိုလ်လည်း၊ ကုသိုလ် မကြိုက်၊ သုစရိုက်သို့၊ မလိုက် စောင်းရွဲ့၊ လမ်းကြောင်း ဖဲ့၏၊'' ''ကျယ်ချဲ့ ဒုက္ခ၊ အ,ဟိတကို၊ မချ ရဲးရဲး၊ အလွန် မြဲးလျက်၊ လိပ်ခဲး*တည်းလည်း၊ ကြပ်တည်း ငမ်းငမ်း၊ မိကျောင်းဖမ်းနှင့်၊ ကြမ်းတမ်း ဆိုးဝါး၊ အပြင်းအားဖြင့်၊ ဘားကို မြွေရဲး၊ မျို-ကိုက်ခဲးသို့၊ စွဲးစွဲး လမ်းလမ်း၊ မလွတ် ဖမ်းသား၊ ကြိုးပမ်း လွန်စွာ၊ ဤတဏှာနှင့်၊ မိစ္ဆာ ဘောက်ပြန်၊ ဥပါဒါန်ကြောင့်၊ သုံးတန် ဘုံတွင်း၊ ပူပြင်း ဒုက္ခ၊ လူထိုမျှတို့၊ ဘဝပြန်ပြန်၊ အတန်တန်လျှင်၊ သန္ဓေ စုတိ၊ ရိုး တောင်*ရှိမျှ၊ မြေကြီ့းစီးပွား၊ ထပ် မနားသည်။။ ဘန်များ တသေသေနှင့်သာ*တမုံ့။'' (၁၅)

(၁၁၉) နီဝရဏ၊ မည်နာမဖြင့်၊ ကိစ္စအပြား၊ ဤခြောက်ပါးတွင်၊ 'ကြွေးစား ကိုယ်နှံ၊ စေပါးခံသို့၊ အာရမ္မဏ၊ ငါးကာမ၏၊ ရသ ခံစား၊ ကာမသားတို့၊ ဘန်များ ကာလ၊ တဘဝလုံး၊ တဏှာ့ကျေးကျွန်၊ မ*တော်လှန်ဘဲး၊ ဆန်ကန် မလှုံ့၊ တငုံ့ငုံ့နှင့်၊ *သုံ့ လက်ရစစ်၊ ဖြစ်ခဲ့ အပိုင်၊ မလွန်နိုင်ကြောင့်၊ သားတိုင် မြေးရောက်၊ တီ-တွတ်မြောက်လည်း၊ မဘောက်မပြန်၊ ကျွန်ရိုးမှန်၍့၊ နိရန္တရ၊ ကိုယ့်ကိစ္စကို၊ စိတ်က ဘယ်ရွေ့၊ မအောက်မေ့သား၊ ကျွန်လေ့ ကျွန်လာ၊ ကျွန့်မူရာနှင့်၊ တဏှာ လိုစု၊ အရှင့်မှုနှိုက်၊ မပြု မနေ၊ မရချေတည့်၊ သေသော် မြေတွင်း၊ မှုတင်းလင်းနှင့်၊ ဆင်းရသည်သာ၊ လက်မကွာရှင့်၊'' ''ဗျာပါ အမျက်၊ ခံတွင်းပျက်၍့၊ နှစ်သက် မမြိန်၊ ညှိုးကြုံပိန်သို့၊ ဘယ်ချိန် ဘယ်ခါ၊ ဘယ်ဆရာ၏၊ ရသာဓမ္မ၊ ဩဝါဒကို၊ နားဝခံလျက်၊ နာ မရွက်ဘဲး၊ မနှစ်သက်လို၊ မကြည်ညိုတတ်၊ ပဋိဃာတ်နှင့်၊ မြိန်မြတ်မသိ၊ ပီတိအရှင်း၊ ကောင်းကျိုး ကင်း၏၊'' 'အပျင်းအရိ၊ တချိချိနှင့်၊ ထိန-မိဒ္ဓ၊ နီဝရဏကား၊ ထောင်ချသွင်းသွတ်၊ ထိတ်ကျဉ်းခတ်သို့၊ အမြတ်ဘူမိ၊ သုဂတိကို၊ မသိ မထင်၊ မမြင်ရငြား၊ လွန်ဝေးပါး၏၊'' ''ချောက်ချား တုန်လှုပ်၊ တည်းချုပ် မရ၊ ကုက္ကုစ္စနှင့်၊ ဥဒ္ဓစ္စမည်၊ ဤတုံသည်လည်း၊ လူရည် နွမ်းညှိုး၊ ကျွန့်အမျိုးဝယ်၊ အစိုးမရ၊ ဘယ်ခါမျှပင်၊ မလှ မျက်နှာ၊ မသာယာသား၊ အာဏာမဆန်၊ ရှင်ယှိကျွန်သို့၊ ကျူးလွန် ရှေးပြု၊ ဆိုး-ကောင်းမှုနှိုက်၊ ခုခုမတည်၊ စိတ်မကြည်ဘဲး၊ *ခိုင်ကျည် မရှိ၊ ပူပန်ဘိ၏၊'' ''ဝိစိကိစ္ဆာ၊ ယုံမှားစွာကား၊ ကန္တာမြိုင်ကြော၊ ခိုးသူတောနှိုက်၊ သို့လော သို့လော၊ ကြံတွေး မောလျက်၊ သဘောယှိတိုင်း၊ မဆိုင်းမငံ့၊ မသွားဝံ့သို့၊ ရွံ့ရွံ့ရှာရှာ၊ *တွန့်တိုကာကြောင့်၊ ကြီးစွာဒုက္ခ၊ တွေ့ကြုံရ၏၊'' ''မောဟ အဝိဇ္ဇာ၊ တောင့်နှယ် ကာလျက်၊ ပမာ တသီး၊ ခြောက်တန် ဆီးသား၊ ကင်းကြီးအလား၊ ပိတ်ဆို့ထားသို့၊ ခြောက်ပါး နီဝရဏ၊ ဤပါပဖြင့်၊ လေးဝ ကုသိုလ်၊ မပေါက်လိုဘဲး၊ မဂ်-ဖိုလ် နတ်ရွာ၊ မရောက်သာသည်။။ ဝေးကွာ *တစေစေနှင့်သာ*တမုံ့။ (၁၆)

(၁၂၀) 'အနုသယ၊ ဤဓမ္မလည်း၊ နေ့-ည မွှန်ခြောင်း၊ သတ်အံ့ ချောင်းသား၊ ပုန်းအောင်း ထောင့်ကွယ်၊ ရန်သူ့နှယ်တည့်၊ ခြောက်သွယ် အာရုံ၊ ရှေးရှု ဆုံ၍့၊ တွေ့ကြုံ အခွင့်၊ အကြောင်းသင့်က၊ ကျောက်နှင့် သံခဲး၊ မီးလျှံစွဲးသို့၊ အမြဲး သည်းထန်၊ ဖြစ်ဘန်ဘန်ဖြင့်၊ တောင်းပန် မရ၊ ကာမဘဝ၊ တပ်ရာဂနှင့်၊ မာန တောင်*ရှိ၊ မိုးဖျားထိမျှ၊ ဒိဋ္ဌိ ကဲးမိုး၊ မျက်ငြိုး ပဋိဃ၊ တွေးဆ ဝိုးဝါး၊ ယုံမှား ကိစ္ဆာ၊ မိုက်မူးစွာသည်၊ အဝိဇ္ဇာဟူ၊ ဆိုးရန်သူတို့၊ မဖြူ မဖြောင့်၊ ချိန်မစောင့်ဘဲး၊ မှောင့်ရောင့်မကင်း၊ ရံဗိုလ်သင်းနှင့်၊ ကိုယ်တွင်း နေ့-ည၊ တည်ကုန်ကြ၏၊'' ''ဘဝဆက်ဆက်၊ စဉ်မပျက်အောင်၊ စကြဝဠာ မြင်းမိုရ်၊ ဘန်ဘန် ပြိုလည်း၊ မှို*ကမ္ဘာဘာ၊ ရှည်ကြာသရွေ့၊ သိမ်တမွေ့ဖြင့်၊ ပျောက်လေ့ မယှိ၊ ဖြစ်ဇာတိတိုင်း၊ မျက်စိ မွဲးပြာ၊ ခေါင်းမှာ ဆံဖြူ၊ အနူ အဝဲး၊ အက်ကွဲး သား-ရေ၊ အထွေထွေကို၊ ဖြစ်စေ ကြောက်ဘွယ်၊ နှစ် လေးဆယ်မှ၊ ထိပ်လည် ဦးဆုံး၊ ရောက်တိုင်း ဖုံးပြီး၊ ကိုယ်လုံး နှံ့လျက်၊ ကြွက်ဆိပ်တက်သို့၊ မွေ့ညက် ခိုအောင်း၊ ကိန်းနေ ချောင်း၍့၊ ပျက်ကြောင်းကိုသာ၊ ပြုတတ်စွာ၏၊'' ''ယူဇနာသုံးထောင်၊ *ဟေဝန်တောင်ဝယ်၊ ကုန်အောင် လွှမ်းမိုး၊ သားအမျိုးကို၊ အစိုးရခြင်း၊ ခြင်္သေ့မင်းအား၊ ကိုယ်တွင်းက ပေါက်၊ ကိုယ့် ပိုးလောက်တို့၊ ထွင်းဘောက် ဘွားဘွား၊ ကိုယ်ကို စား၍့၊ ဆုံးပါး အာယု၊ သေသော့တုတည့်၊ အနုသယ၊ ပါပယုတ်မာ၊ လွန်စွာ ဆိုးတောင်း၊ ကိုယ်တွင်းအောင်းတို့၊ အကြောင်းအာရုံ၊ အသင့် ကြုံတိုင်း၊ ခြောက်စုံ ဒွါရ၊ ဤကာယ၏၊ အာယတနရွာကြီး၊ ကုန်-ပျက်စီးအောင်၊ ဖျက်ဆီး *ဟုပ်စား၊ လုယက်ငြားသည်။။ *ချောက်ချား တမွှေမွှေနှင့်သာ*တမုံ့။'' (၁၇)

(၁၂၁) 'သံယောဇဉ်ဟု၊ ဆယ်စဉ်ဓမ္မ၊ ဤပါပကား၊ ဘဝ ကိုးလီ၊ အသညီနှင့်၊ သညီ နေဝ၊ ဖြစ်သမျှနှိုက်၊ မြဲးလှ ပတ်နှောင်၊ ကြိုး *သံလျောင်သို့၊ မချောင် ကျပ်တင်း၊ ဘွဲ့ချည်ပြင်း၍့၊ *ခပင်း*ပြောထူ၊ နတ်-လူထိုထို၊ ဖြစ်တိုင်းကိုယ်နှင့်၊ ပုဂ္ဂိုလ် ဇန္တု၊ များအထုတို့၊ ဝဋ်စုအတွင်း၊ ကျင်လည်ခြင်းဖြင့်၊ ဝဋ်ကင်းငြိမ်းရာ၊ မသွားသာခဲ့၊ ကာမရာဂ၊ ဘဝစသည်၊ လူတို့ပြည်ဝယ်၊ ကြာချည်မက၊ သိမ်မွေ့လှသား၊ ဒေဝဗန္ဓနာ၊ နတ်မှာ နတ်မျိုး၊ နတ်တို့ကြိုးထက်၊ ထံပိုး*လှန်ကန်၊ ဆဆလွန်၍့၊ အဗ္ဘန္တရ၊ ဟဒယနှိုက်၊ ဘွဲ့ထ သိမ်မွေ့၊ ချည်နှောင်လေ့လျက်၊ မရွေ့စအား၊ သား မယားနှင့်၊ တိုင်းကား ပြည်ရွာ၊ မကွာစနိုင်၊ သက်ဆုံးတိုင်၏၊'' ''လက်ကိုင် မမိ၊ မျက်စိ မထင်၊ ကြိုး ဆယ်မျှင်ဖြင့်၊ သို့စင် မပြတ်၊ ဆယ်ခွေ ပတ်ပြီး၊ မလွတ်နိုင်ကြ၊ ကိုးဘဝဝယ်၊ နေ့-ည ညည်းညူ၊ ကြွက်ကြွက်ဆူနှင့်၊ ငြူငြူစူစူ၊ ဟိန်းဟဲးဦ+၍့၊ သည်း+အူမချိ၊ တိုင်ထိ*ပြင်းပြ၊ ပူ သောကနှင့်၊ ကြောင့်ကြ ထိုဤ၊ တအီအီလျှင်၊ ကသီ*လင်တ၊ မဆုံးဆအောင်၊ ဒုက္ခ လွန်ကဲး၊ ချည်နှောင် မြဲးသည်။။ ဆင်းရဲး တပေပေနှင့်သာ*တမုံ့။'' (၁၈)

(၁၂၂) 'ကိလေသာဟု၊ ဆယ်ဖြာ*၄င်း၊ ဆိုး-ကောင်း ကိုယ်တွင်း၊ နှိပ်စက်ခြင်းဖြင့်၊ ပူပြင်း အောင်းခို၊ အကုသိုလ်လည်း၊ မြင်းမိုရ် စက္ကဝါ၊ နတ်ခြောက်ရွာနှင့်၊ ဗြဟ္မာအရောက်၊ အာဘသ်အောက်နှိုက်၊ တလျောက် ကုန်စေ၊ ဟုန်းဟုန်းမွှေလျက်၊ ကုဋေတသိန်း၊ တိုက်အကိန်းကို၊ *ပိတ်လိန်းအတိ၊ စွဲးလျှံငြိသား၊ ကပ္ပဂ္ဂိမည်၊ ဤသည် ထိန်ညီး၊ ကမ္ဘာမီးထက်၊ သီးသီး ဆယ်ဆ၊ ပူမကအောင်၊ နေ့-ည ပြောင်ပြောင်၊ မပြတ်လောင်၏၊'' ''ကျယ်ခေါင် ပညပ်၊ သောင်းလေးရပ်တွင်၊ သုံးထပ်ဌာန၊ မနုဿနှင့်၊ သက္က သူရိန်၊ စံရာချိန်သည့်၊ ဝတိန် သုရာ၊ ဇမ္ဗူချာနှိုက်၊ ယူဇနာ ခုနစ်၊ ဆဲ့နှစ် သုံးဆယ်၊ ငါးဆယ်မက၊ ထိုမျှတည်တည်၊ တိုင်းပြည်အချိ၊ ဘုံအိမ်ယှိလည်း၊ မထိ မစပ်၊ ချောင်ကြ လပ်၏၊ အောက်ရပ် မဟာ၊ ဝီစိမှာမူ၊ သတ္တဝါ သိပ်နှက်၊ ဆုံမုံ့ညက်သို့၊ အနက် အ*ကျိ၊ များဘိသည်ကား၊ ဆယ်ပါး ညစ်တေ၊ ကိုယ်တွင်းနေသည်၊ ကိလေ ဤမီး၊ လောင်ညီးညီးနှင့်၊ ငယ်-ကြီး ထိုမျှ၊ ဒုကမ္မကို၊ ပြုကြ မစောင့်၊ များသည်ကြောင့်တည့်၊'' ''*ယခေါင့်ကာလ၊ ဘဝဝက၊ ဆုံးဆ မယှိ၊ မချိ ပူလောင်၊ အရောင် မ*စဲး၊ ကိုယ်တွင်း မြဲးလျက်၊ *ခပဲး*ပေါယယ်၊ ကြီးငယ် သေးနုပ်၊ လုပ်လုပ်ရွရွ၊ ရှိသမျှပင်၊ များလှ *ဗိုလ်လူ၊ ဟိန္ဒဂူတို့၊ အပူ မငြိမ်း၊ တရှိမ်းရှိမ်းနှင့်၊ ခပ်သိမ်းဘဝ၊ လောင်မီးကျသို့၊ လောဘ ဒေါသ၊ မောဟ ဒိဋ္ဌိ၊ အစယှိသား၊ ဝီစိမီးစာ၊ ဝဋ်ကြီးစွာတည့်၊'' ''အဝတ္ထာဘုံ၊ မြို့ရန်လုံနှိုက်၊ ခိုလှုံ ဧးမြ၊ မတည်ရသေး၊ ဝေးကြ သတ္တဝါ၊ ထိုများစွာအား၊ ယုတ်မာ ညစ်ဆိုး၊ အခိုး မယှိ၊ ထိန်ထိန်ညီ့းလျက်၊ ဤကိလေသာ၊ မီးစကြာဖြင့်၊ ပူဆာ လွန်ကဲး၊ တရဲးရဲးသည်။။ လောင်စွဲး တချေချေနှင့်သာ*တမုံ့။ (၁၉)

(၉-လုံးချ 'မဏိဆံကျင်မျိုး'ချည်း။။ 'နှင့်သာတမုံ့'ဟူ၍့ လတ်တူ သံတူ ကာရန်တူချရကား 'သောတာရောင်ချ'လည်း ဟူ၏၊)

(၁၂၃) ထိုမှ တလျဉ်၊ 'ခြောက်ဝိညာဉ်တို့၊ အစဉ် မကင်း၊ ဤကိုယ်တွင်းနှိုက်၊ စောင့်ခြင်း မနိုင်၊ မပိုင် လိုစိုး၊ ခြောက်မျိုး တိရစ္ဆာန်၊ တည်ဟန် ထူးခြား၊ ကျက်စားအမူ၊ မတူသော့နှယ်၊ ထိန်းမလွယ်တည့်၊ မှတ်ဘွယ် နှိုင်းယှဉ်၊ အစဉ်သဘော၊ မြွေလင်းရှောတို့၊ ချောချော ရှင်းရှင်း၊ မပျော်လျှင်းဘဲး၊ တွင်းနှင့် အမှိုက်၊ ရှုပ်ရာ ကြိုက်သို့၊ စရိုက် ဝသီ၊ ထို့တူပြီလျှင်၊ ဖြူ-နီ-ကြောင်ကျား၊ အဆင်းများနှင့်၊ ကြိုကြား ရှုပ်ရှက်၊ ပျော် နှစ်သက်သည်။။ စက္ခုဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ ရူပ ရှုပ်ထွေးတည်း။'' (၂၀)

(၁၂၄) ထိုမှ တ ကြောင်း၊ ''ရေမိကျောင်းတို့၊ ညွှန်ပျောင်းစိစက်၊ ရေနက်ရာရာ၊ ဧးမြစွာနှိုက်၊ သာယာ ပျော်ပါး၊ နေ ကျက်စားသို့၊ နား၏့အတွင်း၊ တည်နေခြင်းဖြင့်၊ မကင်း မြဲးစွာ၊ ငြိမ့်ငြိမ့်သာအောင်၊ တူရိယာ စောင်းငြင်း၊ တီးမှုတ်ခြင်းနှင့်၊ သံညင်း ရင့်ရူး၊ မွေ့မွေ့ကျူးက၊ အထူး သာသာ၊ နှစ်သက်စွာလျက်၊ သဒ္ဒါရမ္မဏ၊ မဓုရဖြင့်၊ ဣဋ္ဌသံမျိုး၊ ကြည်ရွှင် ပျိုး၍့၊ မြတ်နိုး တောင့်တ၊ နာ မဝသည်။။ သောတဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ သဒ္ဒ ချိုဧးတည်း။'' (၂၁)

(၁၂၅) ထိုမှ တဘော်၊ 'ကျီး စင်ရော်နှင့်၊ ငှက်တော် တင်ကျီး၊ ဘုံးမတီးက၊ တုန်းကြီး လင်းတ၊ စသည် ခေါ်ရိုး၊ ငှက်အမျိုးတို့၊ ထက် မိုးကောင်းကင်၊ *လဟာပြင်နှိုက်၊ မြူးရွှင် ဓလေ့၊ ပျံ ပျော်မွေ့သို့၊ အငွေ့ ရှူရှူ၊ ရနံ့ယူလျက်၊ မွှေးကြူ ထုံသင်း၊ ကြိုင်နံ့ရွှင်းသို့၊ နှာတွင်း ဟောင်းလောင်း၊ နှာခေါင်း *လဟာ၊ ဟင်းလင်းစွာနှိုက်၊ ဝင်လာသမျှ၊ မကျန်ရအောင်၊ တောင့်တ စုံမက်၊ လွန်နှစ်သက်၍့၊ လေ့ကျက် မြူးပျော်၊ မွေ့လျော် မဝ၊ တပွပွသည်။။ ဃာနဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ ဂန္ဓ ပျံ့မွှေးတည်း။'' (၂၂)

(၁၂၆) ထိုမှ တသွယ်၊ 'အိမ်ဝယ် မွေးငြား၊ လူ့နား ဆက်ဆံ၊ လူ့အထံတွင်၊ သဒ္ဒံ သုဏာတိ၊ ဗျုပ္ပတ်ချိသား၊ ပါဠိအလို၊ ဝိဂြိုဟ်အဘွင့်၊ လျော်အသင့်ဖြင့်၊ သခင့်အသံ၊ နာခံတတ်စွာ၊ သုနခါဟု၊ သညာခေါ်ရိုး၊ အိမ်ခွေးမျိုးကား၊ မြတ်နိုးတနာ၊ မြိန်မြတ်စွာသား၊ ရသာ ဩဇ၊ ပဏီတကို၊ နေ့-ညမရွေး၊ ဝစွာကျွေးလည်း၊ ညစ်ကြေး မစင်၊ လူ-ရှင် စွန့်ပြု၊ *ဘင်အစုကို၊ *လှုလှု *တပ်ပြွေ့၊ စား ပျော်လေ့လျက်၊ တနေ့ရက်တုံ၊ ဂန္ဓာရုံကို၊ ရှူရုံကာမျှ၊ မနမ်းရက၊ ယုတ်လှ ခွေးမျိုး၊ နွမ်းညှိုး မရွှင်၊ ဘဝင် မနူး၊ ဥက္ခောင်းမူးဟု၊ အထူး လူ့ဘောင်၊ ပြောပအောင်လျှင်၊ မရှောင် နှစ်ခြိုက်၊ မစင်ကြိုက်သို့၊ လျှာနှိုက် စိုစို၊ ရတိုင်း မျိုသား၊ ထိုထို သား-ငါး၊ ပုပ်-ချဉ်အားဖြင့်၊ အသား-အဆီ၊ သွေးညှီ သံညှော်၊ နံ့ စိမ်းစော်နှင့်၊ ကျိချော် အာစေး၊ တံတွေး သလိပ်၊ ရောသိပ် ရုံးပေါင်း၊ မမြင်ကောင်းနှိုက်၊ *နှစ်ထောင်း ဝမ်းသာ၊ နှစ်သက်စွာသည်။။ ဇိဝှါဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ ရသ ညှီစေးတည်း။'' (၂၃)

(၁၂၇) ထိုမှ တခြား၊ 'အမျိုးအားဖြင့်၊ ဆိုးဝါး ယုတ်မာ၊ မြို့ပြ ရွာနှင့်၊ ဝေးစွာ ဖြစ်ပွား၊ လူနား မကြီး၊ လူနီး မဆံ၊ လူထံ မယဉ်၊ အစဉ် ဖြစ်တိုင်း၊ ဇာတိ ရိုင်းလျက်၊ သင်းချိုင်း သုသာန်၊ ဂုမ္ဗန္တရ၊ ဌာန *ပုပ္ပေါင်း၊ မြေတွင်းခေါင်းနှိုက်၊ နေအောင်း မွေ့လျော်၊ နံ့*သရော်ဖြင့်၊ ညှီစော် ပုပ်ဟောင်၊ ဖူးဖူးရောင်၍့၊ လူ့ဘောင် စွန့်ပယ်၊ ရွံဘွယ် စက်ဆုပ်၊ သူကောင်ပုပ်ကို၊ နမ်းရှုပ် ကိုက်ခဲး၊ စားအမြဲးနှင့်၊ တောထဲး ပျော်ရိုး၊ မြေခွေးမျိုးသို့၊ နံ့ဆိုး ယုတ်မာ၊ ပုပ်နံစွာဖြင့်၊ ကေသာ လောမ၊ မွေး-ဆံ စသား၊ အူမ အူသိမ်၊ ရေအိမ်မက၊ ရွရွ ကျိကျိ၊ ပိုးအတိနှင့်၊ အရိ အရွဲး၊ နှပ်-ချွဲး ပြစ်ပြစ်၊ ရှုပ်ရှက်ပျစ်လျက်၊ စာသစ် စာဟောင်း၊ မမြင်ကောင်းအောင်၊ ဟောင်းလောင်း အဝ၊ ကိုးဒွါရမှ၊ စီးကျ ယိုယို၊ တစိုစိုလျှင်၊ ဤကိုယ် ညစ်ကျု၊ ပုပ်မျိုးစုကို၊ အသုဘစစ်၊ ဉာဏ်ဖြင့် လှစ်၍့၊ အပြစ် မမြင်၊ ဖုံးပိတ်ပင်လျက်၊ လင်နှင့် မယား၊ သားနှင့် သမီး၊ ချစ်မငြီးဟု၊ ချစ်ကြီး ချစ်မှု၊ ချစ်တုံးပြု၍့၊ ချစ်စု ချစ်ပုံ၊ နှုတ်ဝယ် ငုံမျှ၊ စုံစုံ မက်မက်၊ ပိုက်ဘက် တွဲးမှီ၊ တအီအီလျှင်၊ ပွေ့ချီ ရှုပ်နမ်း၊ တ*ငမ်းငမ်းဖြင့်၊ စမ်းစမ်း ဆုပ်ဆုပ်၊ အုပ်အုပ် ဖုံးဖုံး၊ တပြုံးပြုံးနှင့်၊ မဆုံး ချစ်စ၊ မွေ့လျော်ကြသည်။ ။ ကာယဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ ဖောဋ္ဌဗ် ညစ်ကြေးတည်း။'' (၂၄)

(၁၂၈) ထိုမှ တဦး၊ 'တောဝယ် မြူးသား၊ အထူး ညစ်ဆိုး၊ တောမျောက်မျိုးတို့၊ စိတ် စိုးမရ၊ ရိုးရိုးရွနှင့်၊ ဥဒ္ဓစ္စဇော၊ လွန်ပြန့်*ပြော၍့၊ ထိုတော ထိုတောင်၊ ထိုချောင် ထိုခင်၊ ထိုသစ်ပင်ကို၊ မြင်မြင်သမျှ၊ တကြွကြွဘိ၊ စိတ်ချ မနှိမ်၊ မငြိမ်မသက်၊ ည-နေ့ရက်တိုင်း၊ ယောက်ယက် မြူးထူး၊ ကူးကူး ခုန်ခုန်၊ တောလုံးတုန်အောင်၊ သံကုန် ဟစ်အော်၊ တကြော်ကြော်နှင့်၊ လျှပ်ပေါ်*လော်လီ၊ ရပ်မတည်သို့၊ ဤသည် မနော၊ စိတ်သဘောလည်း၊ တောသို့ ရောက်တုံ၊ ရွာ ရောက်တုံဖြင့်၊ အာရုံ ခြောက်ပါး၊ မပြတ် သွား၍့၊ မနား မဆိတ်၊ အတိတ် နာဂတ်၊ ကာလတ္တယ၊ ရွရွနောက် ပွေ၊ တည်မနေဘူး၊ ထွေထွေ ထူးထူး၊ ပြောင်းကူး ထိုထို၊ အလိုသဘော၊ လွန်ပြန့်*ပြောသည်။။ မနောဝိညာဉ်၊ အစဉ်ကြိုက်ပုံ၊ အာရုံ ဓမ္မ ကြံတွေးတည်း။'' (၂၅)

(၁၅-လုံး 'မဏိဦးပြည်းချ'မျိုးချည်း။)

(၁၂၉) ယင်းသို့ အစဉ်၊ ခြောက်ဝိညာဉ်တို့၊ ပုထုဇဉ်ငြမ်း၊ သဘောတမ်းဖြင့်၊ ညစ်ညမ်း ယုတ်မာ၊ ကိလေသာနှင့်၊ မကွာ တံ*တစ်၊ *ဖက်ထစ် အမြဲး၊ ယှဉ် မကွဲးအောင်၊ ကိုယ်ထဲး အောင်းကာ၊ ဆိုးဝါးစွာကြောင့်၊ သတ္တဝါ*ပုံယင်၊ ဤလူ-ရှင်တို့၊ ဆင်တကောင်ကြီး၊ အမြီးတွင် တစ်၊ ဟူတုံလစ်သို့၊ စင်စစ် မမှား၊ ဒွါရအားဖြင့်၊ ငါးပသာဒ၊ သန်းခေါင်းမျှမှ၊ ဖြစ်ထ ငယ်စွာ၊ ဝိညာဉ်သာလျှင်၊ သတ္တဝါဟုဆို၊ ဤသည့်ကိုယ်ကို၊ ထိုထိုအပြား၊ အာရုံ ငါးနှိုက်၊ မသွားနိုင်ထွေ၊ ငြိပစေလျက်၊ သေအောင် ညှစ်ဖျစ်၊ တစ်ကြီး တစ်,၍့၊ ဖြစ်ဖြစ် သေသေ၊ အနေမြဲးစွာ၊ လွတ်မကွာတည့်၊'' ''တဏှာ ပဋိဃာတ်၊ ထွေး ရစ်ပတ်လျက်၊ အဇ္ဈတ္တိက၊ ပသာဒဟု၊ ဒွါရ ပြည့်စုံ၊ ကာမဘုံဝယ်၊ ခြောက်ပုံ အာရမ္မဏ၊ ဗာဟိရက၊ ထင်ကြရာရာ၊ မဇ္ဈိမာယု၊ ညီညွတ်မှုဖြင့်၊ ဝတ္ထု အာရုံ၊ နှစ်ပါးကြုံတိုင်း၊ *တလုံလဲးလဲး၊ ရေယဉ်ဝဲးသို့၊ ဖြစ်မြဲး နိစ္စ၊ စိတ္တနိယံ၊ ကြောင်းခံ ကျိုးတည်း၊ ပစ္စည်း ပစ္စယုဂ်၊ ကြို့းနှယ်ရှုပ်၏၊'' ''ဖြစ်-ချုပ် မပြတ်၊ ဥပါဒ်-ဌီ-ဘင်၊ ဘဝင် အာဝဇ္ဇန၊ ပဉ္စဝိညာဉ်၊ မနော ယှဉ်လျက်၊ အစဉ် ဝုဋ္ဌော၊ ဇော တဒါရုံ၊ ဘုံ ပုဂ္ဂိုလ်လျောက်၊ မဘောက်ပြန်ဘိ၊ ဝီထိ မဆိတ်၊ ဖြစ်မြဲး စိတ်ကို၊ မပိတ်ဆို့နိုင်၊ တယိုင်ယိုင်လျှင်၊ ဇက်ကိုင် လိုက်ပြီး၊ မြင်းကြမ်းစီးသို့၊ ခရီး မဆုံး၊ လမ်းမတုံးဘဲး၊ နိဂုံး မသတ်၊ လည် မပြတ်တည့်၊ ပတ်ပတ် ရစ်ရစ်၊ အသစ်သစ်ဖြင့်၊ ဖြစ်ဖြစ် သေသေ၊ အနေ မတည်၊ လူ့ပြည် ပါယ်လေး၊ ရောက်ရာ ပြေးသည်။။ ဝဋ်ဘေး ရှည်ကြာ၊ လည်ကာ မသိမ်းနိုင်သတတ်။ (၂၆)

(၁၃၀) ဤသို့ မှန်စွာ၊ ဥပမာဖြင့်၊ 'ပါယ်ရွာ သန္ဓေ၊ အဟိတ်နေသား၊ မြွေနှင့် မိကျောင်း၊ ထပ်လောင်း တဆင့်၊ ငှက်နှင့် အိမ်ခွေး၊ မြေခွေး တောမျောက်၊ ဤခြောက်မျိုးမှန်၊ တိရစ္ဆာန်သို့၊ နှိုင်းဟန် စပ်ယှဉ်၊ ခြောက်ဝိညာဉ်၏့၊ အလျဉ်မပြတ်၊ စက်နှယ်ပတ်၍့၊ ဥပါဒ်တုံထ၊ ဖြစ်ကုန်ကြလျက်၊ ဉာဏ်သမ္ပယုတ်၊ မဟုတ်သူမှာ၊ သညာ ဝိညာဉ်၊ ဉာဏ်မယှဉ်ဘဲး၊ အစဉ် ဒိဋ္ဌ၊ မှားကုန်ကြ၏၊'' ''ဒူရ သန္တိကေ၊ နီးဝေးထွေနှိုက်၊ မြေကို လုံးလုံး၊ မိုး ခုံးခုံးဟု၊ ဆုံးဖြတ်မရှိ၊ ထင်တိုင်း သိ၍့၊ သန္တတိမျိုး၊ ကိုးရိုး ကားရား၊ ယန္တြား စက်ရုပ်၊ ကြိုးဖြင့်+လှုပ်က၊ တုန်+လုပ် ရိုးရွ၊ ရပ်-ထိုင်ကြသို့၊ စိတ္တဇဓာတ်၊ တဆတ်ဆတ်ဖြင့်၊ လေခတ် ဆော်နှိုး၊ ဖြစ်ရိုးကိစ္စ၊ ပြားကုန်ကြ၏၊'' ထိုမှ*၄င်း၊ ''အပေါင်း*ရောရု၊ ဓာတ်အစုဖြင့်၊ ဘူတုပါဒါ၊ ဖြစ် ခြင်းရာ၏့၊ အင်္ဂါ သီးသီး၊ ငယ်-ကြီး ရှည်တို၊ ရုပ်သငြ်္ဂီုဟ်ကို၊ ခေါင်း-ကိုယ်-ခြေ-လက်၊ နားရွက်-မျက်စိ၊ ပုဂ္ဂိုလ်ယှိဟု၊ ဒိဋ္ဌိ ယူပြင်း၊ နှလုံးသွင်းလျက်၊ ယင်းသည့် မိစ္ဆာ၊ ယူ သက္ကာဖြင့်၊ သဂ္ဂါဝရဏ၊ မဖြစ်ထလည်း၊ မဂ္ဂ မြစ်-တား၊ ခရီးမှား၏၊'' ''ပြေးသွား မတည်၊ မျက်စိလည်သို့၊ *စိုပြည် ရှည်ကြာ၊ သံသရာဝယ်၊ ကမ္ဘာသာ *ကျွန်း၊ ဝဋ် မခန်းဘူး၊ အကာန်း စင်စစ်၊ အန္ဓ ဖြစ်လျက်၊ *ဖက်ထစ် *စင်းလျင်း၊ မိုက်ဝဋ်တွင်းနှိုက်၊ မလင်း ဉာဏ်ရောင်၊ မှောင်ကြီး မှောင်ခဲ့၊ မြင်အောင် တပ်တပ်၊ ပြဆောင်အပ်လည်း၊ ကြပ်ကြပ် စိုးစိ၊ ရိပ်မသိတည့်၊ မှတ်မိ မှတ်ရာ၊ သညာ ဒိဋ္ဌိ၊ ကပ်ငြိ မချ၊ ကောင် အတ္တဟု၊ ဝါဒအမြဲး၊ မလွှတ် စွဲးသည်။။ လိပ်ခဲးမည်စွာ၊ သည်သာ မတိမ်းနိုင်သတတ်။'' (၂၇)

(၁၃၁) 'လိပ်ခဲးမည်စွာ၊ ဤခန္ဓာနှိုက်၊ သည်သာ ယိမ်းယိုင်၊ မတိမ်းနိုင်ဘဲး၊ စွဲးကိုင် အတ္တ၊ သက္ကာယဖြင့်၊ ဝါဒ ပြင်းစွာ၊ တငါငါနှင့်၊ တဏှာယောက်ျား၊ လက်သမားလျှင်၊ ဆောက်ငြား ကြိမ်ကြိမ်၊ ခန္ဓာအိမ်ကို၊ စည်းစိမ် မှတ်ပြု၊ ကိုယ်ဟု မှတ်ထင်၊ တခင်ခင်ဖြင့်၊ လူတွင်အထူး၊ *သောက်ထုတ်ကြူးတို့၊ အမူး အမက်၊ သေအရက်နှိုက်၊ နှစ်သက် လိုလား၊ သောက်စား မြဲးမြံ၊ ခါတရံမျှ၊ မရွံတတ်ခြင်း၊ နုံ့ဖျင်း လွန်စွာ၊ ပညာ ယှားပါး၊ လူဘိန်းစားလည်း၊ စပ်ခါး စိမ်းဆွံ၊ ဘိန်းနံ့ နံကို၊ မရွံတတ်ခြင်း၊ ခံတွင်းလျှာကျိုး၊ အမျိုး စရိုက်၊ ငါးပိကြိုက်သူ၊ ထိုသည့်လူလည်း၊ သိုးဦနံ့လှောင်း၊ ထောင်းထောင်း ပွက်လျှံ၊ ငါးပုပ်နံကို၊ မရွံတတ်ခြင်း၊ အလင်း မယှဉ်၊ ပုထုဇဉ်တို့၊ အစဉ် မိုက်မှား၊ တဏှာအားဖြင့်၊ ယောက်ျား မိန်းမ၊ ကိုယ်ကာယ၏့၊ အသုဘစစ်၊ ပုပ်ဟောင်ညစ်ကို၊ လွန်ချစ် ရောပြွံ၊ သက်လုံး နှံ၍့၊ မရွံတတ်ခြင်း၊ ဤလေးသင်းကား၊ မယွင်း တူမျှ၊ ဟူစကြ၏၊'' ''ဣဋ္ဌ နိဋ္ဌာ၊ ခြောက်ဖြာ အာရုံ၊ တွေ့ကြုံ မရွှေ့၊ ပျော်စလေ့သား၊ ထိုရွေ့သတ္တဝါ၊ များ*ဗိုလ်ပါတို့၊ ဝိပါကဝဋ်၊ ကမ္မဝဋ်နှင့်၊ မလွတ်နိုင်ကြ၊ ဤကိစ္စကြောင့်၊ လောဘ*သဟာယ်၊ ကံ ဆန်းကြယ်တိုင်း၊ ကြီး-ငယ် လုံး-ချွန်း၊ ဝိုင်းဝန်း ရှည်-တို၊ ဖြူ-ညို-နီ-ရွှေ၊ အခြေ ယှိ*မဲ့၊ တွက်ဘွဲ့များစွာ၊ မရေသာအောင်၊ သညာ ဧကတ်၊ နာနတ် ကာယ၊ ထူးပြားစွနှင့်၊ လေးဝ အောက်ခွင်၊ ဘုံတပြင်ဝယ်၊ အရှင်ယမမင်း၊ နိုင်ငံတွင်းက၊ စာရင်း မပျက်၊ ဝ,မကွက်ဘဲး၊ တက်-သက် တုံ့ပယ်၊ ယက်ကန်းရှယ်သို့၊ *သွတ်လှယ် မနား၊ ဘဝအားဖြင့်၊ မခြား စပ်လျက်၊ စဉ်ကာ ဆက်၍့၊ ဝင်-ထွက် လူးလာ၊ တချာချာလျှင်၊ ပေါ်ကာ ငုပ်ဆင်း၊ ကျင်လည်ခြင်းဖြင့်။။ ပါယ်တွင်း လည်ကာ၊ ရှည်ကြာ မငြိမ်းနိုင်သတတ်။ ' (၂၈)

('သဒိသဖလဘာဝမိဿာလင်္ကာရ' ၁၁-လုံး 'အာသာဝတီဝတ်ဆံချ'မျိုးချည်း)

(၁၃၂) ဓာတ်ရင်း ဗလ၊ ပထမနှိုက်၊ ဇီဝန *နက်၊ တချက် ထိုမှ၊ ဝိကပ္ပဖြင့်၊ ဒွိပဒပါဌ်၊ ဒွိရှေး မှတ်သား၊ လာဓာတ် လူဓာတ်၊ ယူဖြတ် နှစ်ချက်၊ ဓာတ်နက်ဘော်နည်း၊ အ-ပစ္စည်းနှင့်၊ သိမ်းဆည်း မှတ်ရာ၊ ဒွိသဒ္ဒါကို၊ ဗာ,ဟု ပြုငြား၊ ရုပ်ပြီးထား၍့၊ ''တရား မရှာ၊ လူမည်ကာသို့၊ ပညာ မဘက်၊ ထွက်-ဝင်သက်မျှ၊ ရှူလျက် လူ့ဘုံ၊ သက်မွေးရုံနှင့်၊ နှစ်စုံ လောက၊ နှစ်ဝ ကောင်း-ဆိုး၊ နှစ်မျိုး ယုတ်-မြတ်၊ အတ္ထ နတ်ကို၊ ဖြတ်တတ် ယူတတ်၊ ကတ္တုသာဓ်ဖြင့်၊ ဟုတ်ဟတ် ထိုးထွင်း၊ မသိဖျင်းသည့်၊ အချင်း ဗာလ၊'' မင်းမန္ဒ။။ ထိုမျှ နှစ်ပေါင်း၊ လွန်ခဲ့ရှောင်းသား၊ ရှစ်သောင့်းလေးထောင်၊ သုံးပြန်ဆောင်အောင်၊ မင်းရောင် မင်းရုပ်၊ မင်းပြုလုပ်လျက်၊ ''ပျောက်ချုပ် နေ့-ည၊ သင့်ကာယကို၊ မောဟ ပိတ်ပင်၊ သင် မမြင်လည်း၊ ဌီ-ဘင်-ဥပါဒ်၊ ပရမတ်ဖြင့်၊ မပြတ် ခဏ၊ ဖျက်ဖျက်ကျ၏၊'' ''လောက ဓမ္မ၊ ဒိဋ္ဌ တမလွန်၊ နှစ်တန် ကျိုး-ပြစ်၊ စိစစ် မယှိ၊ မြင် မသိက၊ ပဏ္ဍိ လူနှိုက်၊ မဟူထိုက်ဘူး၊ သူမိုက်အတွင်း၊ ဗာလသွင်းလျက်၊ စာရင်းဦးရေ၊ ဝင်ထွေ မုချ၊ ဆက်ဆက်ကျ၏၊ မိုက်လှအကယ်၊ ဉာဏ် ကင်းကွယ်ခဲ့၊'' ''ရေငယ် နည်းပါး၊ အိုင်*ပက္ကားနှိုက်၊ ကျက်စားနေကျင်၊ ငါးအသွင်သို့၊ ကြာတင် ကာလ၊ မနေရပြီ၊ နေ့-ည မသိ၊ ဟူဘိမချွတ်၊ သေမင်းငတ်က၊ မလွှတ် အလျင်၊ *ကြွက်ကြွက်ငင်လိမ့်၊ သို့လျှင်ဖြစ်ဘိ၊ ချက်မှန် သိလျက်၊ ပဏ္ဍိယောက်ျား၊ သူ့စီးပွားကို၊ ဆောင်အားကြို့း၍့၊ ကိုယ်ကျိုး*မဲ့စွာ၊ မဖြစ်ရာဘူး၊ ကမ္ဘာ လောင်မီး၊ ပျက်ကာနီးနှိုက်၊ ယောင်ရီး ယောင်တ၊ လူ့ဘဝကို၊ ရလာသော့သွင်၊ ဘယ်ကျိုးထင်လိမ့်၊'' ''ဤလျှင် ယမရာဇ်၊ သေမင်းညစ်၏့၊ နတ်စစ် စေမှန်၊ နတ်တမန်တို့၊ ထိပ်စွန် ဦးဖျား၊ နင်းရောက်ငြား၍့၊ ထင်ရှားခုမူ၊ အလံထူသည်၊ ဆံဖြူ ဖွေးဖွေး၊ မမြင်သေးလော့၊ အရေး*လက်ငင်း၊ လွန်ကျပ်ပြင်းသည်။။ တင်း၍့ မညွတ်နိုင်ဝေးတည်း။ ' (၂၉)

(၁၃၃) မညွတ်နိုင်ဝေး၊ သည်အရေးတည့်၊ 'လေးပါး သေနင်၊ စတုရင်ဖြင့်၊ မြင်း-ဆင်-ရထား၊ ခြေသည်များနှင့်၊ ပြား၍့ပြိုင်ခင်း၊ စစ်အင် ကျင်း၍့၊ နင်းသော်*၄င်း၊ အသောင်း အသိန်း၊ ကိန်း အကုဋေ၊ မရေတွက်အား၊ ရွှေငွေများနှင့်၊ ပတ္တမြား ကျောက်-စိန်၊ တောက်ထိန် ဝိုးဝင်း၊ မြေ*ပြည့်လင်းအောင်၊ ဆင်-မြင်း-သားကြီး၊ နန်းနှင့် ထီးက၊ သမီးကညာ၊ ရတနာဖြင့်၊ ပဏ္ဏာ ဆက်နှင်း၊ တံစိုးသွင်း၍့၊ ငြင်းသော်*၄င်း၊ ရှစ်သောင်း တပသီ၊ ဇော်ဂီတက္ကသိုလ်၊ ဝိဇ္ဇာဓိုရ်တို့၊ ထိုထို များစွာ၊ ပညာ ဆေးဝါး၊ အပါးပါးတိ၊ ပြဒါး မီးနေ၊ သံသေ ဓာတ်ပြာ၊ ရသာယန၊ ဩသဓစု၊ အာယုဝှါဇီ၊ ဝသီကရဏ၊ စသည် လိမ်းသပ်၊ စားမျိုအပ်နှင့်၊ အာထဗ္ဗဏာ၊ ဝိဇ္ဇာ မယိ+ဒ်၊ ဣဒ္ဓိဝိ+ဓ်သို့၊ မဟိဒ္ဓိမျိုး၊ တန်းခိုး *နတ်ရှိ၊ သိဒ္ဓိ လိုရာ၊ ပြီးနိုင်စွားသား၊ မဟာဂန္ဓာရီ၊ လောကီ ဉာဏ်ပေါင်း၊ အင်းကောင်း *တတ်ပွန်၊ မန္တာန်*မွန်ဖြင့်၊ ပြုဟန် ပယောဂ၊ မကျန်ရအောင်၊ အဋ္ဌသာခါ၊ ယတြာက၊ ဂါထာ မန်းမှုတ်၊ အစုတ် အနှံ၊ ကာယံ ကိုယ်တွင်း၊ ဘောက်ကာထွင်း၍့၊ သွင်းသော်*၄င်း၊ ''လွှတ်ကြောင်း သေဘေး၊ မထင်ဝေးခဲ့၊ ပြေး၍့*ဆုန်းဆုန်း၊ ဘယ်တွင် ပုန်းအံ့၊ ကျင်းကုန်း ကောင်းကင်၊ ပင်လယ်ပြင်နှင့်၊ ဥမင် လိုဏ်ခေါင်း၊ အောင်းလည်း မလွတ်၊ မချွတ်မှန်ဘိ၊ လွဲးမယှိဘူး၊'' ''သိဒ္ဓိပြီးငြား၊ ဓာတ်ဆေးဝါးနှင့်၊ ပြဒါး သံပြာ၊ စားကာ မျိုပြု၊ လုပ်ရတ်မှုဖြင့်၊ အာယုသမား၊ ဆရာများတို့၊ ထင်ရှား ခုထိ၊ ဘယ်မှာရှိခဲ့၊'' ''အာဒိကပ္ပ၊ ကမ္ဘာစက၊ ကာလ ခုတောင်၊ ပြည်ကျိုးဆောင်သည်၊ ဘုန်းခေါင် မဟာ၊ ကြီးတေဇာနှင့်၊ စကြာ စိုးရ၊ မင်းထိုမျှက၊ ဗုဒ္ဓ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဟု၊ ခီဏာသဝ၊ ဝိသုဒ္ဓဖျား၊ အရှင်များလည်း၊ တပါးမျှတိ၊ မြဲးမရှိဘူး၊'' ''မျက်စိ-နား-နှာ၊ ကိုယ်အင်္ဂါကား၊ အို-နာ-သေမျိုး၊ နိမိတ်ဆိုးတည့်၊ ရိုးရွ လှုပ်လက်၊ အုတ်ကျွတ် ညံဆူ၊ နေဘိမူလည်း၊ ရန်သူ သေမင်း၊ ချောင်းနေလျှင်းခဲ့၊ ငြင်း၍့ မရ၊ ခ၍့ မသာ၊ ဤခန္ဓာအား၊ ကြင်နာ*မဲ့ငြား၊ သေမင်းဖျားလျှင်၊ သနား ကင်းလစ်၊ သူ မချစ်ဘူး၊ *ပစ္စရက္ခ၊ ဝဓကသို့၊ မုချ ဆတ်ဆတ်၊ တွေ့ရာသတ်လိမ့်၊ မှတ်လော့*စင်းလျှင်း၊ သေမယွင်းသည်။။ ကွင်း၍့ မတတ်နိုင်ရေးတည်း။ ' (၃၀)

(၁၃၄) အကြင်သို့တိ၊ '' လူတို့ဓမ္မတာ၊ ဘုံ သုံးရွာတွင်၊ ခန္ဓာ ပဉ္စ၊ ဧက စတု၊ ဒု-သုပုဂ္ဂိုလ်၊ ထိုထိုအမျိုး၊ ကောင်း-ဆိုး ယုတ်-မြတ်၊ များလူနတ်ကို၊ မလွတ်စေရ၊ သန္ဓေစက၊ စေ့င ကုန်အောင်၊ ယူဆောင် မကြွင်း၊ သေစာရင်းနှိုက်၊ သွင်း၍့အညီ၊ မှတ်ပြီးပြီကြောင့်၊ ဇော်ဂီဆရာ၊ ဝိဇ္ဇာယောက်ျား၊ သမား ဆေးတတ်၊ နတ်ဇီဝက၊ သမ္ပရနှင့်၊ ယမ အသု+ရာ၊ ဣန္ဒဇာဖြင့်၊ မာ+ယာအတတ်၊ လှည့်ပတ် ထွေပြား၊ ပြုတုံငြားလည်း၊ ကုစား မရ၊ ပဒုမ စက္က၊ သကဋနှင့်၊ ရထဗျူဟာ၊ လေးဖြာ ခင်းကျင်း၊ စစ်ဆင်ခြင်းဖြင့်၊ မင်း ရှစ်မျက်နှာ၊ ဧကာ ကွက်စီ၊ အညီမလွဲး၊ စစ်ကဲး ထောင့်လေး၊ ဆင်ရေး*၄င်း၊ ရှေ့တစ်လောင်းလျက်၊ မြင်းကြောင်း ရှစ်ကွက်၊ ထောင့်တက် မြင်းသွား၊ ရထား*တူရူ၊ နယ်မူ ရှေ့တစ်၊ တဆစ် ထို့ပြင်၊ ဆင် မဏ္ဍရေး၊ လေးဆဲ့လေးက၊ ခေါ်ရှေး မယွင်း၊ မြင်း မဏ္ဍရေး၊ ခြောက်ဆဲ့လေးသာ၊ ရထားမှာမူ၊ ဆဲ့ခြောက်ဟူသား၊ မှတ်ယူ အာဂုံ၊ လက်စွမ်းယုံတို့၊ ရွှေခုံအပြင်၊ စစ်တူရင်သို့၊ မြင်း-ဆင်-ရထား၊ ခြေသည်များနှင့်၊ ဆင်သွား မြင်းသွား၊ ရထားနယ်တက်၊ ကပ်လျက် လိမ်ကာ၊ ပူး-ခွါသော့အား၊ ပြား၍့ မကွဲး၊ *အားသွန် ခဲးပြီး၊ စစ်ကဲး ဝန်းရံ၊ မင်းပါ ခံလည်း၊ မကြံနိုင်စွာ၊ ကြံရာ မရ၊ လက်မှိုင်ချလျက်၊ တို့ကသာ သေ၊ သူက ခွေ၍့၊ သရေစရိုး၊ မရှိနိုးတည့်၊ တန်းခိုး ဣဒ္ဓိ၊ ဇာတိ ပညာ၊ ဂုဏ်ဝါ မြောက်မြား၊ လွန်ထင်ရှားသား၊ များစွာ ထိုမျှ၊ မကျန်ရအောင်၊ လောက တို့ဘိုး၊ ထက်မိုးဗြဟ္မာ၊ ပဇာပတေ၊ လောကေသရ၊ မြတ်လှ ထွတ်ထား၊ ဘုရား ပစ္စေကဗုဒ္ဓါ၊ အရိယာက၊ ဥပါဒါနက်၊ ခန္ဓာဖျက်တိ၊ ဤသက္ကာယ၊ ဗျာကတဟု၊ ဒုက္ခသစ္စာ၊ ကင်းသေးစွာဘဲး၊ သတ္တဝါဟူစေ၊ တည်သန္ဓေလျှင်၊ မနေရလျှင်း၊ သေစေခြင်းကား၊ သေမင်းဓမ္မတာ၊ မှန်လှစွာကြောင့်၊ လူ့ရွာ ပုရွ၊ မြင်သမျှတို့၊ မုချမချွတ်၊ မြေလက်ခတ်သို့၊ မလွတ်စိမ့်ဟူ၊ ယှိတိုင်းယူလိမ့်၊ မည်သူကား ချင်း၊ မည်သူ မင်းဟု၊ ရှောင်ခြင်းသဘော၊ မယှိသောရှင့်၊ ရက်ရော ကြမ်းကြော့၊ ကွင်းလည်ကျော့သို့၊ မှတ်လော့ မရွေ့၊ သေကွက်စေ့က၊ သေလေ့ မယွင်း၊ ငင်အပြင်းသည်။။ ငြင်း၍့ မလွတ်နိုင်ဘေးတည်း။ (၃၁)

(၁၃၅) ထိုသို့မယွင်း၊ လူ *ခပင်းကို၊ အလျှင်း မလွတ်၊ တွေ့တိုင်း သတ်သား၊ နတ်နှင့်တကွ၊ လောက သုံးသွယ်၊ သေမင့်းနယ်တွင်၊ ကြီးငယ်မဆို၊ ရွယ် ပျို-အိုတို့၊ ထိုထို များလှ၊ ယှိသမျှကား၊ မရဏမင်း၊ ခံတွင်း အာဝ၊ အနီးစနှိုက်၊ ဖြစ်ရသည်ချည်း၊ အမှန်တည်းလျက်၊ *ဖြက်ခြည်း *ရက်ခြည်း၊ *တဖြုတ်+ခြည်းနှင့်၊ *ရုတ်+ခြည်း မကြာ၊ သေမည့်တာကို၊ ပညာမြင် နည်း၊ မောဟ သည်း၍့၊ *တင့်ရည်း စိတ်နေ၊ မထိတ်ချေတည့်၊ မသေသို့ပင်၊ မိုးမမြင်မျှ၊ လင်နှင့် မယား၊ သားနှင့် သမီး၊ နှောနှီး ရှက်ကာ၊ အိမ်ရာ တိုင်းပြည်၊ ထောင်တည် ပျော်မြူး၊ မွေ့လျော် ကြူး၏၊ ယစ်ရူး ကာမ၊ တပ်ရာဂဖြင့်၊ မောဟ လွန်ကဲး၊ ပိတ်ပိတ်မဲးလျက်၊ ပိန္နဲး ဩဇာ၊ သကာချိုမျိုး၊ ထန်းလျက်အိုးနှင့်၊ ပျားအိုး ပျားခွက်၊ ပျားရည်စက်နှိုက်၊ ပရွက် ပိုးရွ၊ မိုက်အန္ဓတို့၊ ရသ ချိုမြက်၊ အာရုံ မက်၍့၊ †ဂအသက် ဆုံးစေ၊ သောက် သေသေသို့၊ ကိလေအာရုံ၊ ပျော်တုံ မိန်းမူး၊ သေအောင်မြူး၏၊ ညစ်ညူး ရာဂ၊ ကိလေသဖြင့်၊ တဏှာ့လိုလိုက်၊ *ဒုစရိုက်နှင့်၊ အမိုက် အားကိုး၊ ပုဂ္ဂိုလ်မျိုးကား၊ အကျိုး*မဲ့စွာ၊ အပြစ်သာရှင့်၊ ချမ်းသာ နည်းပါး၊ ဆင်းရဲး များအောင်၊ လိုက်စား ပျော်ကြူး၊ မေ့လျော့ မူး၏၊ မထူး ထို့တူ၊ ငါတမူလည်း၊ ရိပ်ဖြူညီးညီး၊ ရွှေရောင်ပြီးသား၊ ရွှေထီး ပြောင်ပြောင်၊ နန်းဆောင်ဆောင် ထက်၊ မြောက်-တောင်-အနောက်၊ အလယ်မြှောက်၍့၊ လေးယောက် မိဖုရား၊ အကြီးထားမှ၊ သုံးပါး ရွယ်လှ၊ နတ်*တမျှတို့၊ ဝန်းခ ပတ်ခြံ၊ သောင်း-သိန်း ရံလျက်၊ ပျော်စံမငြီး၊ သေလုနီးတိုင်၊ ငါ့ထီး ငါ့နန်း၊ ငါ့တိုင်းခန်းဟု၊ စွဲးမှန်းသဖြင့်၊ နေ ကြာမြင့်၏၊ သေမင့်းတမန်၊ သေချိန်တန်ဟု၊ အမှန် စိုက်စိုက်၊ ရောက်လာ ဆိုက်၍့၊ ခေါင်းနှိုက် ဆံဖြူ၊ အလံထူအောင်၊ ငယ်မူ မမေ့၊ မငြီးငွေ့ဘဲး၊ ညဉ့်-နေ့ မလင်း၊ အမြင် ကင်း၍့၊ မိုက်တွင်း ဝင်ပြီး၊ မိုက်သီး သီးလျက်၊ မိုက်ကြီး စတု၊ မှောင်လေးခု ထက်၊ ဆယ်စု *ထံပိုး၊ မက တိုးအောင်၊ မိုက်မျိုး ဆုံတွေ့၊ အစုံ မွေ့သား၊ ဘုံလေ့ ယုတ်မာ၊ မှောင် ကြီးစွာဝယ်၊ တဏှာ မိုက်မည်း၊ ပျော် လိုက်သည်း၏၊ လားမြည်း တိရစ္ဆာန်၊ အဟိတ်မှန်သို့၊ သဏ္ဌာန်ပမာ၊ ကိလေသာကို၊ ပယ်ခွါ မကင်း၊ ရှောင်မကွင်းသည်။။ ရှင်း၍့ မဖြတ်နိုင်သေးတည်း။ (၃၂)

(ဤနောက် ၄-ပိုဒ်အချတို့လည်း 'ကိုးတွင်းပြည့်'ချည်းပင်)။

(ဤအတ္တစိန္တာခဏ်းဖြင့် ဉာဏဘယဖြစ်သော 'ဘယဋ္ဌာယီဘာဝ၊ ဘယာနကရသ'ကို သေအံ့သော အာရုံတစ်ခုတည်းကို ကြံစည်ခြင်း စိန္တာဟူသော ဗျဘိစာရီဘာဝ'နှင့်တကွ အကျယ်ပြသတည်း။)

(၁၃၆) ဤသို့လောင်းလျာ၊ မြတ်ရာဇာလျှင်၊ နှုတ်လျှာ မလှုပ်၊ ဝမ်းထဲ ချုပ်၍့။။ ရွက်အုပ် သံဝေ၊ ကြံတုံလေတည်း။ (၃၃) အတ္တစိန္တာခဏ်း (၃၃)ပိုဒ် ပြီး၏၊

၅။ သံဝေဂါကာရခဏ်း
တဿေဝံ ပလိတဘာဝံ အာဝဇ္ဇန္တဿ သရီရေ သေဒေါ ဥပ္ပဇ္ဇိ။ သရီရာ သေဒါ မုဉ္စိံသု၊ သာဋကာနိ ပီဠိတွာ အပနေတဗ္ဗာကာရပ္ပတ္တာနိ အဟေသုံ။။

(၁၃၇) ဤသို့ ခြင်းရာ၊ မင်းမြတ်စွာ၏၊ ကေသာ မြရိုး၊ သွေ့ညှိုး ခွေပျောင်း၊ ဆံတချောင်းမျှ၊ ရုပ်ပြောင်း မူခြား၊ ဖြူသော့အားဖြင့်၊ ထင်ရှား အသစ်၊ ပေါ်သည့်ဖြစ်ကို၊ စိစစ် ဉာဏ်ယှဉ်၊ ဆင်ခြင်စဉ်နှိုက်၊ ပညိန္ဒြိ၊ သတိ မလွတ်၊ သဟောတ္တပ္ပ၊ မြတ်ဉာဏဖြင့်၊ ယမမင်းကြီး၊ ထိပ်ထက်စီး၍့၊ အပြီး ခုပင်၊ ကြာမတင်ခင်၊ လျင်*တောက် တပတ်၊ မြန်*ရွတ်ရွတ်တိ၊ မလွတ် ဆွဲးငင်၊ ယူမည်သွင်သို့၊ ထင်ဘိရကား၊ တရား လက်တွေ့၊ တစေ့စေ့ဖြင့်၊ မမွေ့ စိတ်တော်၊ မပျော် မပြန့်၊ ထိတ်လန့် ကြောက်ခြင်း၊ သည်း-အူချင်းအောင်၊ ကိုယ်တွင်း နှလုံး၊ မီးအုံးသော့တူ၊ လှိုက်လှိုက်ဆူလျက်၊ ရှေးရှူ ရွှေဉာဏ်၊ မြင်တော်သန်သည်။။ ပူပန် ချွေးကျ ယိုစီးတည်း။ (၁)

(၁၃၈) လေးအသင်္ချေ၊ တသိန်း ကြေအောင်၊ လွန်လေခဲ့လျှင်း၊ ကမ္ဘာတွင်းက၊ ထွန်းလင်း ရွှေဉာဏ်၊ ပွင့်ကြလွန်သား၊ ငါးမာရ် ပယ်နှိပ်၊ အောင်တံဆိပ်နှင့်၊ နှစ်ကျိပ် သုံးပါး၊ ရှင်တော်များတွင်၊ ရှေးဖျား နာမ၊ ကောဏ္ဍညနှင့်၊ မင်္ဂလမြတ်စွာ၊ သုမေဓာ သုဇာတ၊ ဖုဿ ဝေဿဘူ၊ သုံးဆူ တဘန်၊ ကကုသန် ကောဏာဂမန၊ ကဿပတို့၊ လောက သုံးပါး၊ ပွင့် ထင်ရှားစဉ်၊ ပယ်ရှား အိမ်ရာ၊ သာသနာသမယ၊ ဒုလ္လဘနှိုက်၊ အရတော်လစ်၊ ရဟန်းဖြစ်၍့၊ ရှင်ချစ်ဘုရား၊ မြတ်ကိုးပါး၏့၊ ထံပါး ကပ်ဆည်း၊ *ခယမ်းပည်းလျက်၊ ခံနည်း ရယူ၊ ဂေါတြဘူနှင့်၊ အတူ ရှေးယှိ၊ နုလုံထိအောင်၊ ဝိပဿနာ၊ မဟာဝဇိရ၊ ဉာဏ အထူး၊ လေ့လာဖူးသား၊ ကျေးဇူး ဥပ၊ နိဿယကြောင့်၊ ဘဝ ယုတ်-မြတ်၊ လူ-နတ်-တိရစ္ဆာန်၊ သဏ္ဌာန် ထိုထို၊ ဖြစ်ရာကိုယ်နှိုက်၊ လိုလို*၄င်း၊ ဗောဓိလောင်းတို့၊ အကြောင်း အကျိုး၊ ကောင်းနှင့် ဆိုးကို၊ ထိုးထိုး ထွင်းထွင်း၊ ဆရာကင်းလည်း၊ သိခြင်း*တန်ထွာ၊ ဓမ္မတာသည်။။ မဟာသိဒ္ဓိ ဉာဏ်ကြီးတည်း။ (၂)

(၁၃၉) 'ရူပါရူပ၊ သဘာဝ၏့၊ မုချ လက္ခဏာ၊ အာရုံ အာရမ္မဏိ၊ လက်ကိုင်မိသို့၊ သိသည့်အရ၊ ပစ္စက္ခတည့်၊ ကြောင်းက ကျိုးထောက်၊ ကျိုးရောက် ကြောင်းယှိ၊ ဆ၍့ သိမူ၊ မည်ဘိ နာမ၊ နုမာနတည့်၊ သဂ္ဂ မောက္ခ၊ နိဗ္ဗာနကို၊ ကြံဆ ကြပ်ကြပ်၊ သိစအပ်ကား၊ ဩကပ္ပန၊ ခေါ်မှတ်ကြတည့်၊'' သုံးဝ သိဒ္ဓိ၊ ကျမ်းအယှိတွင်၊ စိစိ မှန်စွာ၊ လက္ခဏာဖြင့်၊ 'ဇရာ ညီးပြောင်၊ မီးကြီး လောင်လျက်၊ အကောင်ပမာ၊ ဆောင် ရုပ်ဝါနှင့်၊ ငါးဖြာ ပဉ္စက်၊ ခန္ဓာပျက်ကို၊ သန်လျက် မိုးချီ၊ မမီမချင်း၊ ငြိုးထားခြင်းဖြင့်၊ အတင်း မကွာ၊ နောက်ထပ် ပါ၍့၊ တွေ့ရာသင်းချိုင်း၊ ရပ်မဆိုင်းဘဲး၊ ပိုင်းအံ့ ဆတ်ဆတ်၊ လိုက်နေတတ်သည့်၊ သူသတ်ယောက်ျား၊ ရန်သူ့လားသို့၊ တရား ချက်ကျ၊ ပစ္စက္ခဖြင့်၊ လက်ရ ကိုင်မိ၊ ဒိဋ္ဌ သိ၍့၊ မချိမဆံ့၊ ပျော်မဝံ့အောင်၊ လတ္တံ့ တျားတျား၊ သေမင်းအားကို၊ သောက်စား *ငံရည်း၊ နေရချည်းဟု၊ ခိုက်ခြည်း *စိုက်ခြည်း၊ အမြင် သည်းလျက်၊ *လက်တည်း မကွာ၊ အမြဲးသာလျှင်၊ မရဏာသတိ၊ ထင်ဘိရကား၊ ကြောက်အား မဆိတ်၊ သံဝေဟိတ်ဖြင့်၊ *တထိတ်လလ၊ စိတ်မချဘဲး၊ နေ့ည*မူးမူး၊ သေမင်းရူးလျှင်၊ ယူးယူး နီးစွာ၊ ရှေ့*ပက်ပါဝယ်၊ တည်လာသော့လား၊ မမှား ဧကန်၊ မသွေလှန်အောင်၊ ရွှေဉာဏ် အာဒိ၊ မီ့းနှယ် ညီ့းသည်။။ မိုးထိ လောင်ဘွယ် ထိန်ညီးတည်း။'' (၃)

(သေခြင်းသဘောကို သူသတ်ကဲ့သို့ ကြံစည်၍့ဆိုသော ပရိကပ္ပါလင်္ကာရ'ရှိသော ပိုဒ်တည်း။)

(၁၄၀) အာဒီနဝ၊ မြတ်ဉာဏဖြင့်၊ ကာယ ဤကိုယ်၊ နေ့တိုင်း အို၍့၊ အလို မလိုက်၊ မီးသို့မြိုက်သား၊ လောင်တိုက်ပမာ၊ ပြစ်ကြီးစွာကို၊ သေချာ စိစိ၊ မြင်တော်မိက၊ မချိ ကိုယ်ဝယ်၊ မီ့းနှယ်*နှုန်း†ဂနှန်း၊ နန်းလည်း မီးပုံ၊ ဝန်းအုံ ခြွေရံ၊ မိဿံ မောင်းမ၊ တကွ မပြား၊ မိဖုရားနှင့်၊ သားတော် သမီး၊ ရွှေပြည်ကြီးလည်း၊ ညီးညီး တောက်လောင်၊ မီ့းနှယ် ပြောင်၍့၊ တိမ်းရှောင် မသာ၊ ကွယ်ရာ မရ၊ လူ့လောကတွင်၊ ငါ့ထက် ခက်သူ၊ တလူ မယှိ၊ ဟူဘိစလောက်၊ ထိတ်ကြောက် ပြင်းစွာ၊ ဤလူ့ရွာကို၊ ကမ္ဘာပျက်စ၊ သံဝဋ္ဋသို့၊ စိတ်က ဘန်လဲး၊ ထင်အမြဲးကြောင့်၊ ဝမ်းထဲး မဆံ့၊ ကိုယ်လုံးနှံ့၍့၊ သေအံ့ မယွင်း၊ မှတ်ယူခြင်းဖြင့်၊ သေမင့်းတမန်၊ အမှန်မလွဲး၊ သေစာ စွဲးပြီး၊ ဝံ့ရဲး မကြောက်၊ ထိပ် တက်ရောက်ဟု၊ နေကျောက် ပဒုမ္မာ၊ ရွှေကြာ မိုးခ၊ နွမ်း*လျလျသို့၊ *တမျှညှိုးယော်၊ မမွေ့လျော်ဘဲး၊ ထိုရော် သံဝေ၊ ရလေလေတိုင်း၊ အနေ မခံ့၊ မင့်းမာန် ညံ့လျက်၊ မဝံ့ ပျော်ရေး၊ ယိုသည့်ချွေးဖြင့်၊ ခြုံထွေး ကိုယ်တွင်၊ ကိုယ်တော်ဆင်သား၊ *ဒုယင် သိန်းတန်၊ ရွှေ*ဖျင်*မွန်နှင့်၊ မမှန် အဘိုး၊ ရွှေပုဆိုးလည်း၊ ရေမိုး မလွတ်၊ စိုခဲ့စွတ်သို့၊ မပြတ်မ*စဲး၊ ဖပ်ဖပ်ရွှဲးမျှ၊ ကိုင်စွဲး လိမ်ကျစ်၊ ရေနှယ် စစ်၍့၊ ညှစ်ရကမန်း၊ မခန်းတို့နိုင်၊ ကိုယ်လုံး အိုင်အောင်၊ ဖြိုင်ဖြိုင်စက်စက်၊ စီး-ယိုထွက်သည်။။ နန်းထက် စိတ်တော် စံငြီးတည်း။ (၄)

(၁၄၁) စံငြီး စိတ်တော်၊ လောင်းမင်းကျော်လျှင်၊ မပျော် နန်းထက်၊ ဝမ်းတော် ပျက်၍့၊ နှစ်သက် မယှိ၊ နေမချိဘူး၊ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ အပါယနှင့်၊ ဒုက္ခမဆိတ်၊ အတိတ် နာဂတ်၊ ခု ဝတ္တမာန်၊ ပစ္စုပ္ပန်ဟု၊ ရှစ်တန် ဝတ္ထု၊ သံဝေစုတွင်၊ အိုမှု ဇရာ၊ ရောက်ခြင်းရာနှိုက်၊ မဟာသံဝေဂ၊ မိုဃ်းကြိုးကျသို့၊ ကြီးလှ ရှိန်စော်၊ ရွှေဉာဏ်တော်ဝယ်၊ ရှုမျှော်မယုတ်၊ ယထာဘုတ်ဖြင့်၊ သမုဒ်ရေလှိုင်း၊ စံတုနှိုင်းအောင်၊ ဟုတ်တိုင်းခါခါ၊ ထင်တော်စွာ၏၊ အာကာ ကောင်းကင်၊ စမထင်သို့၊ ဤသင်္ခါရ၊ ဟူသမျှလည်း၊ နိစ္စ ဓုဝ၊ သဿတဖြင့်၊ ထာဝရ မြဲးရာ၊ မရှိစွာဘူး၊ ဝိဇ္ဇာ ဇော်ဂျီ၊ တပသီနှင့်၊ လောကီဣဒ္ဓိပါဒ်၊ လွန်ကြီးမြတ်သည့်၊ မိုးနတ် ဗြဟ္မာ၊ ဖြစ်စေကာလည်း၊ ပညာ ဆေးဝါး၊ မန္တြားဖြင့်၊ ကုစား အရိုး၊ တန်းခိုး ဘန်ဆင်း၊ အို-သေခြင်းမှ၊ ရှောင်ကွင်း ဘယ်မှာ၊ လွတ်နိုင်ရာလိမ့်၊ ဓမ္မတာကိစ္စ၊ ဗဟိဒ္ဓက၊ သီတ ဥဏှာ၊ နှစ်ဖြာ ဥတု၊ ဓာတ်မီးစုဖြင့်၊ လေးခု မဟာ၊ ဘုတ်ခန္ဓာကို၊ စကြဝဠာတိုက်ကြီး၊ ဝိုက်ဆီး ကာမိုး၊ တွင်း ဝန်းအိုးနှိုက်၊ အခိုးလူလူ၊ ကြိုက်ကြိုက်ဆူအောင်၊ ရှိန်ပူ အုတ်အုတ်၊ နေ့တိုင်း ပြုတ်၏၊ ဤဘုတ်ကာယ၊ ကရဇ၏့၊ အန္တမည်ခြင်း၊ ကိုယ့်အတွင်းလည်း၊ ပူပြင်းသဘော၊ မပြတ်*ပြောသည်။။ တေဇောဓာတ်ရှိန် *မီးကျီးတည်း။ (၅)

(၁၄၂) တေဇောဓာတ်ရှိန်၊ တထိန်ထိန်ကြောင့်၊ သားပိန် ရေခန်း၊ နေဝယ်လှန်းသို့၊ မလန်း ရုပ်ဝါ၊ ချည့်ပမာလျှင်၊ ကေသာ မြရွက်၊ ဘောက်ပြား ကွက်၍့၊ ပျက်ခဲ့ လက္ခဏာ၊ ထင်တုံလာပြီ၊ ပညာဆေးဝါး၊ ဘယ်စွမ်းအားမျှ၊ ကြိုးစားအံ့ငှါ၊ မတတ်ရာတည့်၊'' ''ခန္ဓာန်ကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍့ မပျို၊ အိုသာ အိုခဲ့၊ ပျက်ပြို မဆိတ်၊ တညိတ်ညိတ်ဖြင့်၊ တမှိတ် မ*စဲး၊ ဘောက်လဲး ဖြစ်-ချုပ်၊ မီးဟုပ်ဟုပ်သို့၊ နာမ်-ရုပ် နှစ်ခု၊ ပစ္စည်းပြု၍့၊ ပေါင်းစု ဖြစ်ကြ၊ သင်္ခတဟု၊ သဘာဝမျိုး၊ ကြောင်း-ကျိုးမျှသာ၊ ထင်စပါ၏၊ အကာ အတိ၊ နှစ် မယှိကြောင့်၊ ပကတိကိုယ်၊ မတည်လိုဘူး၊ ပုဂ္ဂိုလ်*အထု၊ ထိုအစုတွင်၊ အာယု ပုည၊ ခယနှစ်မှာ၊ တဖြာဖြာကြောင့်၊ ဗြဟ္မာတို့အား၊ စုတိငြား၏၊ နှစ်ပါးမည်ထ၊ ထိုခ+ယနှိုက်၊ ဟာ+ရ ကောပါ၊ ထည့်၍့သာလျှင်၊ လေးဖြာ အပေါင်း၊ နတ်သေကြောင်းတည့်၊ *၄င်းထိုမှ၊ မနုဿကား၊ ခယ နှစ်ချက်၊ ဥဘယက်နှင့်၊ လက်နက်ဟူပေ၊ ဥပစ္ဆေဖြင့်၊ လေးထွေအလို၊ သေကြောင်းဆို၏၊ ထိုထို သေခြင်း၊ မကင်း သတ္တဝါ၊ သေကြရာနှိုက်၊ ဝိဇ္ဇာ သိပ္ပ၊ ဣဒ္ဓိ စသား၊ ထိုမှ အားလုံး၊ လက်ချ ဆုံး၏၊ သုံးဆဲ့တထပ်၊ ဘုံအရပ်ဝယ်၊ မလပ် များစွာ၊ ကျင်လည်ပါသည့်၊ သတ္တဝါ မြတ်-ယုတ်၊ ထို*အစုတ်ကား၊ သမုဒြာ၊ စက္ကဝါနှင့်၊ မဟာပထဝီ၊ မေဒနီ မြင့်းမိုရ်၊ ယုဂန္ဓိုရ်တို့၊ ပျက်ပြို ဘန်ဘန်၊ ကြိမ်ကြိမ်ပြန်လည်း၊ အလွန်မြဲးလှ၊ ခိုင်ခံ့စွသား၊ မူလ နှစ်မြွာ၊ အဝိဇ္ဇာနှင့်၊ တဏှာမြစ်-ငုတ်၊ ရင်း မပြုတ်၍့၊ မြတ်-ယုတ်ဘဝ၊ ဇာတိ ရက၊ အိုကြ သေကြ၊ မနေရဘူး၊ ဒုက္ခမြဲးစွာ၊ ဓမ္မတာဖြင့်၊ ဇရာ မရဏ၊ ဆုံးဌာနဟု၊ ဘဝစက်ဝိုင်း၊ ဤဆစ်ပိုင်းကား။ ။ ဖြစ်တိုင်း ရောက်နေ ခရီးတည်း။ (၆)

(၁၄၃) 'လောကခြင်းရာ၊ လူတို့ရွာဝယ်၊ ဒိသာ ဒါဟ၊ ဓူမ ကေတု၊ ထင်ပြု *ဥပါတ်၊ *ဥကြတ်ရပ်လောင်၊ *တဘောင် *စံနည်း၊ တော်လည်း ငှက်သံ၊ မိုးယံ ဒိဗျ၊ အန္တရနှင့်၊ ဘောမ နတ်-ကိတ်၊ နိမိတ်*တမျဉ်၊ ဂြိုဟ်ယှဉ် ထိခတ်၊ နေကြတ် လကြတ်၊ ဥပါတ်ရှစ်ပါး၊ နတ် ရှစ်ပါးတို့၊ ထင်ရှား ပေါ်ထွက်၊ စီး,လက် ညံ့-ညှိုး၊ တိုင်,ကျိုး ဆည်,ပေါက်၊ တန်း အောက်ကျအိပ်၊ အနှိပ် အနာ၊ ကိုယ့်ဇာတာဝယ်၊ ကောဇာ ကောဝိန်၊ ဆတ္တိန်တြင်း၊ နဝင်း နက္ခတ်၊ မိတ္တုနတ်ဟု၊ ပါဒ်-ပါဒ် ခြောက်ခု၊ မြွေပွေးတုသို့၊ အာယု ခိုက်ထိ၊ ပုတိ ဘင်္ဂ၊ မရဏနှင့်၊ ကဏ္ဍ သုံးခွင်၊ ထွက်-ဝင် ကြုံလာ၊ ဒသာ မသန့်၊ အတန့် မကောင်း၊ သံတောင်း စီးနင်း၊ ပါပ ချင်း၍့၊ မလင်း မပွင့်၊ *အရိဌ် သင့်က၊ အခွင့် လျော်စွာ၊ ယတြာဖြင့်၊ ဆရာ ဟူးရား၊ ပဏ္ဍိတ်များတို့၊ ကုစား စိတ်ဖြေ၊ ပျောက်လွင့်စေ၏၊ သေနိမိတ်ဟု၊ *အရိဌ် ဆံဖြူ၊ ပေါ်လာသူအား၊ ဘယ်လူ ဘယ်နတ်၊ ပြုနိုင်တတ်လိမ့်၊ ဝေဒတ္တယ၊ နီတိစသား၊ ထိုမျှ သွယ်သွယ်၊ ပရိယာယ်နှင့်၊ ဥပါယ်*တမျဉ်၊ ဉာဏ်ယှဉ် ကြိုးစား၊ မတတ်အားဘူး၊'' ''လေးပါး နွယ်ရိုး၊ ယုတ်-မြတ်မျိုးတို့၊ တန်းခိုးတေဇာ၊ ဘုန်း ပညာနှင့်၊ ချမ်းသာ ယှိယှိ၊ မယှိယှိပင်၊ မျက်စိ ကြောင်ကြောင်၊ နှာရောင် ကောက်စင်း၊ ခံတွင်း ဟောင်းလောင်း၊ ဥက္ခောင်း လုံးလျား၊ နား ကားကားနှင့်၊ သွားတိ ကျဲးကျဲး၊ ထိပ် ပြဲးပြဲးလျှင်၊ ဖြစ်မြဲး မပျက်၊ ခြေ-လက် ဖြာဖြာ၊ အင်္ဂါဟူထ၊ ထင်သမျှကား၊ ဥပသဂ္ဂ၊ ဆိုးလှအနေ၊ လွဲးမလွေသား၊ ကိန်းနေ လက္ခဏာ၊ အိုနာဓမ္မ၊ မရဏ၏့၊ ပုဗ္ဗနိမိတ်၊ သေအ*ရိဌ်တည့်၊ အနိဋ္ဌဖိုလ်၊ ပါပဂြိုဟ်သို့၊ ဤကိုယ်တရား၊ နှိပ်စက်စား၏၊'' ''မိုးဖျား ထိနီး၊ ကျောက်တိပြီးသား၊ တောင်ကြီး *ကြိတ်ကြိတ်၊ လေးလုံး ပိတ်၍့၊ ချေ+ကျိတ် ညက်စွာ၊ လေးမျက်နှာက၊ လွတ်ရာ မယှိ၊ လာတုံဘိသို့၊ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ ဓမ္မ လေးပါး၊ ဤတရားတို့၊ ထွားထွား ကျိတ်ချေ၊ ညက်ညက်ကျေအောင်၊ မြဲးနေ နိစ္စ၊ နှိပ်စက်စွတည့်၊ ဘဝ ပျက်ပြို၊ လူထိုထိုကား၊ ရွယ်ပျို ရွယ်လတ်၊ ကျန်မလွတ်သည်။။ မချွတ် သေအံ့ အပြီးတည်း။'' (ရ)

သံဝေဂါကာရခဏ်း (ရ)ပိုဒ် ပြီး၏၊

ဒုတီယပိုင်း ၆- ဥဒါနဝစနခဏ်း

(၁၄၄) ဤသို့ *၄င်း၊ မြတ်*စောလောင်းလျှင်၊ ညံ့ပျောင်း စိတ်တော်၊ ရွှေနန်းပေါ်ထက်၊ မပျော်တို့လို၊ ဝမ်းထဲ သိုပြီး၊ သံချို မိန့်ခွန်း၊ မြွက်ဘော်ညွှန်း၍့၊ ဥဒါန်း ထင်အောင်၊ ကျူးဆိုယောင်တည့်၊ 'လူ့ဘောင်ဌာန၊ ဤလောကနှိုက်၊ ကာမ ငါးပါး၊ သား-မယားကား၊ သံမျှားချိပ်မည်၊ စစ်သည် သေနာ၊ ဗိုလ်ပါ ဆင်-မြင်း၊ ရွေ သင်းပင်းကား၊ ခြင်းခြင်း သွေးသံ၊ လိမ်းကျံ သားတစ်၊ စည်းစိမ်ညစ်ဟု၊ စင်စစ် သိမြော်၊ ရှေးသူတော်တို့၊ ရှုမျှော်ရေးရေး၊ ဉာဏ်*စိစ္စေး၍့၊ အသွေး ခြင်းခြင်း၊ သံကောက်သွင်းသား၊ မင်း၏့အဖြစ်၊ ဤသားတစ်ကို၊ မနှစ် မလို၊ မမျိုဝံ့သီး၊ မျိုမိပြီးလည်း၊ ပယ်ကြီး ပယ်ထ၊ ထွေးအံကြ၍့၊ ကာမ လူ့ဘောင်၊ ရှောင်ကြီး ရှောင်ရှင့်၊'' *ယခေါင်ကမ္ဘာ၊ တည်ဦးစွာက၊ မဟာသမ္မတ၊ မင်းမှ ခုနစ်ဆင့်၊ စကြာ ပွင့်သား၊ မန္ဓာတ်မင့်းဘုန်း၊ စက်ရှိန်*မှုန်း၍့၊ နေ*နှုန်းစံမှတ်၊ လေးကျွန်း ပတ်သော်၊ ယုတ်-မြတ် မျိုးပြား၊ လေးကျွန်းသားတို့၊ ဝန်းလျား တွက်ဘွဲ့၊ သုံးဆဲ့ခြောက်ယူဇနာ၊ နောက်တော်ပါကို၊ မဟာဥပရာဇ်၊ နေမြစ် ပရမ၊ ဘုန်းရှိန်ပသည့်၊ ဝရမန္ဓာန်၊ အိမ်ရှေ့နတ်လျှင်၊ ခြားမှတ် နေရာ၊ ချသော့ခါနှိုက်၊ ပြုဗ္ဗာကျွန်းဘွား၊ ဝိဒေသားတို့၊ လူများ ပထမ၊ တည်နေစ,ကြောင့်၊ ဝိဒေဟမည်၊ တိုင်းကြီးစည်သည့်၊ ပြည်မိထိလာ၊ ဤရပ်သာကား၊ တရာ*စတေ၊ မင်းပေါင်း နေပြီး၊ ရွှေမြေ အယုဇ္ဈ၊ ဗာရာဏက၊ စသည် ဆဲ့ခြောက်၊ ပွားခဲ့ နောက်နှိုက်၊ တယောက် နေမျိုး၊ နာဂ*စိုးလျှင်၊ တန်းခိုး နေ-လ၊ ဒုတီယဖြင့်၊ တည်ထတုံမြောက်၊ ထို့နောက် ရာဇဂြိုဟ်၊ တက္ကသိုလ်နှင့်၊ နဂိုရ် သာယာ၊ ကုသိနာက၊ အောင်ချာ ဘူမိ၊ မလိတ္ထိတိုင်၊ ပွားဘိ စည်*ဖြီး၊ လေးကြိမ်ပြီးတွင်၊ နေ-မီး တန်းဆောင်၊ ငါ့ဘုန်းရောင်ဖြင့်၊ တည်ထောင် ထာဝရ၊ တတီ*ဘန်ဆန်း၊ ဆောင်ဆောင် နန်းနှင့်၊ မခန်း ရှုဘွယ်၊ နတ်ဘုံ့နှယ်သို့၊ လမ်းကျယ် လမ်းသေး၊ အိမ်ဈေး လွှတ်ရုံး၊ မြို့-ကျုံးပဟိုရ်၊ ထိုထို အင်္ဂါ၊ စုံပြည့်စွာသား၊ မိထိလာမည်သီး၊ ဤပြည်ကြီးကို၊ စွန့်ပြီး လျင်စွာ၊ ငါရာဇာလျှင်၊ ပယ်ခွါ ရှင်းရှင်း၊ ဘယ်သို့ ကင်းသည်။။ ကွင်း၍့ သွေးရံ့ပါမည်သိ။ (၁)

(၁၄၅) ရွှေဇာ ငွေဇာ၊ ကွန်ချာ ထိပ်အုပ်၊ ခွါထုပ် စွယ်သိုင်း၊ ဆင်တိုင်း တင့်တယ်၊ ရွယ် ကြီး-ငယ်တိ၊ ရှုဘွယ် ကောင်းမြတ်၊ ပြစ်မျိုး လွတ်လျက်၊ ပတ် သုံးဆဲ့နှစ်၊ ယတ်စစ် အပြား၊ နှစ်ဆဲ့ငါးနှင့်၊ ထင်ရှား *ဖြိုးပုံ၊ အင်မကြုံသား၊ စွယ်စုံ ဟိုင်း*ဟံ၊ တည်*တံ ပေါက်မ၊ ဓာတ်ရ မိတ်လျော်၊ မျိုး ဆယ်ဘော်ဖြင့်၊ စီးတော် အပ၊ ဝင်းရွေး စသား၊ များလှ ရံရှောင်း၊ ထောင်ပေါင်း ကိုးဆ၊ ပြောင်မုန်ဝတည့်၊ ထိုမှ တဖြာ၊ အဿဇာမျိုး၊ နွယ်ရိုး သန့်စင်၊ မွေးမျှင် ညံ့နု၊ သိန္ဓုမြစ်နား၊ တိုင်းရပ် ဘွား၍့၊ ခုန်လွှား ပျံတက်၊ ဂဠုန်ငှက်သို့၊ စိတ်ထက် မြန်-လျင်၊ ဟူးဟူးနှင်သည်၊ တော်ဝင် စံထိုက်၊ ကောင်းမြိုက် လက္ခဏာ၊ ဗွေအင်္ဂါနှင့်၊ ရတနာယာဉ်ကျော်၊ မြင်းတော်*၄င်း၊ ထိုအပေါင်းလည်း၊ အသောင်း ဆယ်ဆ၊ ကိုးရာ့အနေ၊ ကိုးကုဋေတည့်၊ ကျားရေ သစ်ရေ၊ ရံထွေ ထိုမျှ၊ ဒီပစမ္မ၊ ဝေယဂ္ဃနှင့်၊ ပြောက်ကြွ ထင်းထင်း၊ ကျောက်-စိန်ဝင်းသား၊ မင်းထိုက်*အမွန်၊ ရဲးတံခွန်ကို၊ မိုးစွန် သီးသီး၊ စိုက်ထူညီးလျက်၊ မင်းစီး ချန်ငြား၊ စစ်ရထားလည်း၊ များလှ ကုဋေ၊ ကိုးသိန်းနေတည့်၊ နီ-ရွှေ-စိမ်း-ညို၊ မောက်တို မောက်လူ၊ ပါကူ လည်စွတ်၊ *ကြဲးသေး ဝတ်လျက်၊ ရုပ်ဓာတ် သွင်ပြင်၊ *နတ်လုလင်သို့၊ တအင် မခြား၊ ရဲးခွန်အားနှင့်၊ ယောက်ျားဖီလာ၊ ရုပ်ဝါ ရူပ၊ သူရ ရဲးခေါင်၊ ကြီး ဆင်ပြောင်ကို၊ ယင်ကောင်တမျှ၊ မထင်ကြဘူး၊ ထက်မြ စိန်သွား၊ လျှပ်အလားဖြင့်၊ အိမ့်ဓား ပြိုးပြက်၊ သန်လျက် ချွန်းတောင်း၊ *အဲမောင်း ကိုယ်စီ၊ ရုံးချင်း မှီ၍့၊ စွဲးချီ မပြတ်၊ ဝန်း ပတ်အုပ်ထွေ၊ ရဲးဗိုလ်ခြေလည်း၊ ကုဋေကိုးရာ၊ သွားတိုင်း ပါလျက်၊ မခွါ ငြိမ့်*ညောင်း၊ ရံကြ ရှောင်း၏၊ ကြက်ကောင်း ကြိုးမကွာ၊ ဟူစပါ့သို့၊ မသာ ကိုယ်ချည်း၊ လွန်ကြပ်တည်းခဲ့၊ သူလည်း ကိုယ့်ကို၊ မစောင့်လိုအောင်၊ ကိုယ်လည်း သူ့အား၊ မစောင့်ရှားမှ၊ ဘုရား ပစ္စေကဗုဒ္ဓါ၊ အရိ+ယာသို့၊ လို+ရာ နေ့-ည၊ ကိုယ်ထီး မျှ၍့၊ သုခ ချမ်းသာ၊ နေရစွာလိမ့်၊ ထွက်ရာ ခြိမ့်သည်း၊ ဝင်လည်း ခြိမ့်သောင်း၊ ထိုဗိုလ်ပေါင်းနှင့်၊ လွတ်ကြောင်း ဝေးစွာ၊ ရှင်းရှင်းကွာအောင်၊ ဘယ်ခါ ရှောင်ကွင်း၊ ဤငါမင်းသည်။။ ကင်း၍့ ကွေရံ့ပါမည်သိ။ (၂)

(၁၄၆) အမျိုးအနွယ်၊ သန့်စင်ကြယ်လျက်၊ ဆင်း-ရွယ် ပျိုနု၊ စံ မတုအောင်၊ နှာရု အဋ္ဌိ၊ ဆဝိ မံသ၊ ဝယမည်သာ၊ ငါးကလျာနှင့်၊ ကောင်းစွာ စုံလင်၊ လင်ကို မြင်က၊ အလျင် ထ၍့၊ *ယုယ ကိုယ်-နှုတ်၊ ကျင့် မယုတ်သား၊ ပုဗ္ဗုဋ္ဌာယိနီ၊ ဦးချီ လက်ပြိုင်၊ ရှက်ကာ ဆိုင်၍့၊ လင်ထိုင် လင်အိပ်၊ သားကို သိပ်သို့၊ ခြေနှိပ် လက်စမ်း၊ စိတ်ချမ်း ကြည်မြ၊ ရိုသေ ခ,လျက်၊ နောက်မှ ယှဉ်ကာ၊ အိပ်လေ့လာသည့်၊ ပစ္ဆာနိပါတိနီ၊ ချိုအီ နာဆိမ့်၊ နှစ်သိမ့်ဘွယ်စု၊ ဘယ်အမှုကို၊ ဘယ်ပြုရံ့နည်း၊ *ခြည်းခြည်း နှုတ်သံ၊ *ချေငံ သာယာ၊ ဝါစာ သိမ်မွေ့၊ မေးလေ့ယှိထ၊ နာဘွယ်လှသား၊ ကိံကာရပဋိသာဝိနီ၊ မဖြီ *မသုန်၊ မမှုန် မဆန်၊ ပြန်လှန် မမြွက်၊ နှစ်သက်ဘွယ်သာ၊ ကျင့်တတ်စွာသည့်၊ ဣန္ဒာ ထံပါး၊ ခ,စားနေကြ၊ ဒေဝစ္ဆသို့၊ မနာပစာရိနီ၊ တီတီ တာတာ၊ ကြည်သာ နှလုံး၊ ရွှင်ပြုံး *ပြယာယ်၊ ပျာ့းသဖွယ်ဖြင့်၊ ချစ်ဘွယ် ပြကတေ့၊ သာချမ်းမြေ့အောင်၊ ပြောလေ့ယှိထ၊ နှုတ်ချိုမြသား၊ ပိယဝါဒိနီ၊ ထို့ပြီ အပ၊ ဤလောကနှိုက်၊ လင်မှ တပါး၊ နတ်ယောက်ျားနှင့်၊ တွေ့ငြားစေမူ၊ *စောသမ္ဘူသို့၊ အယူ မယွင်း၊ စိတ်ညွတ်ခြင်းမျှ၊ ကင်းလတ်တုံဘိ၊ ကျင့်မြတ်ယှိသား၊ အနတိစာရိနီ၊ ကျမ်းညီမသွေ၊ သန္ဓေ ဥက္ကဌ်၊ မိန်းမမြတ်တို့၊ ကျင့်ဝတ် *ဖြိုးပုံ၊ ခြောက်အင် စုံလျက်၊ ရွှေဘုံ ရိပ်ကြီး၊ ရွှေထီး ရိပ်စံ၊ ရွှေနန်းယံဝယ်၊ တရံ မကွာ၊ ပျော်စကာဖြင့်၊ ရုပ်ဝါ နတ်နှယ်၊ ရှစ်သောင်းမယ်တို့၊ ဆောင်ငယ် ဆောင်ကြီး၊ အသီးသီးနှင့်၊ မငြီး ရွှင်ပျ၊ ရံ ဖြဖြဖြင့်၊ ကာမ ငါးဘော်၊ ပျော်ကြောင်း ဖျော်၍့၊ လိုတော် စံမွေ့၊ မငြီးငွေ့အောင်၊ ကိလေ့တမန်၊ ဆော်ဘန် နေ့-ည၊ ဖျော်ဖြေကြ၏၊ ထိုမျှ ရှစ်သောင်း၊ ထိုရွေပေါင်းနှင့်၊ ဝေးကြောင်း ဘယ်ခါ၊ အကြင် ငါလျှင်၊ ရှောင်ခွါ ကင်းကင်း၊ တကိုယ် ချင်းသည်။။ ရှင်း၍့ နေရံ့ပါမည်သိ။ (၃)

ဤသုံးပိုဒ်တို့ကား 'ပေါက်ပြ'ချနည်း ဟူကုန်၏၊ 'သွေရံ့ပါမည်သိ၊ ကွေရံ့ပါမည်သိ၊ နေရံ့ပါမည်သိ'ဟူသော အချ သုံးပိုဒ်တို့နှိုက် 'ရံ့ပါမည်သိ'ကို 'ရအံ့ပါမည်သိ'ဟု ပုဒ်ဖြတ်၍့ အဓိပ္ပါယ်ယူ သန္ဓိပုဒ်စပ်သဖြင့် ပုဒ်ကို ဝှက်ထားရကား သမာဂတာပဟေဠိ'မျိုးတည်း။

(၁၄၇) မိထိလာဟု၊ ယူဇနာအလှစ်၊ ပြန် ခုနစ်နှင့်၊ မြို့သစ် နန်းသစ်၊ *သရစ် ဝင်းပြောင်၊ ငါ တည်ထောင်၍့၊ နတ်ဘောင် မိုးမှာ၊ တနိမ္မာသို့၊ လေးဖြာ မျိုးနွယ်၊ ပျော်ရာကျယ်သား၊ ဆန်းကြယ် ဘုံနန်း၊ အခန်းခန်းနှင့်၊ သိန်း-သန်း-ကုဋေ၊ အနေ ထပ်ထပ်၊ အိမ်ခြေ စပ်မျှ၊ မလပ် မြေတာ၊ စည်ပင်စာလျက်၊ ဗိုလ်ပါ *ပြည့်လင်း၊ စံတု ကင်း၏၊ စောင်း-ငြင်း မိကျောင်း၊ အောင်း ပတ္တလား၊ တယောအားဖြင့်၊ ခြောက်ပါ ငြိမ့်မျိုး၊ နာဘွယ် ပျိုးသား၊ တံပိုး ရှစ်မည်၊ ဟူတုံသည်လည်း၊ သံစည် ငြိမ့်ညောင်း၊ ဒုလောင်း တပုံ၊ နှစ်စုံ ခရာ၊ တန်မြွာ တန်ရှည်၊ အမည်တကွဲး၊ နှဲး*-ပြွေ ဘက်လိပ်၊ ပျော်ကြသိပ်သို့၊ စိပ်စိပ် ကြည်နူး၊ ကြော် ရင့်ကျူး၏၊ အထူးသရုပ်၊ စည်းစုပ် *ခွက်ခွင်း၊ ကြေးနင်း ခေါင်းလောင်း၊ မောင်းနှင့် ကြေးစည်၊ တမည် နရည်း၊ ဆည်းလည်း ကြေးပတ်၊ အိုးစည်မှတ်သား၊ တီးခတ် ဆော်ညံ၊ တ*ကျံကျံဖြင့်၊ ကြေးသံ ဆယ်ပါး၊ ကြား၍့ အမြဲး၊ နာ မရဲးတည့်၊ နန်းပွဲအလိုက်၊ နန်းထိုက် တမည်၊ ကြူးရိုက်မြည်သား၊ မြှောက်စည် သံလွင်၊ ထို့ပြင် ရိရော၊ စည်-ပြော တသီး၊ စည်ကြီး တသင်း၊ ဒုံမင်း သံမွှန်း၊ စည်ဝန်း စည်သေး၊ တရေး စည်ပုတ်၊ ပြုတ်ပြုတ် ဆော်ညောင်း၊ စည်ပန်းတောင်း ပတ်သာ၊ သညာ ထူးလည်၊ တဘက်စည်က၊ စည်အိုင်ခေါ်ရိုး၊ စည်မျိုး ဆဲ့နှစ်၊ မလစ် တယံ၊ နန်းချင်းသံနှင့်၊ ဆင်သံ မြင်းသံ၊ ရထားသံပါ၊ ညှိုးညံညောင်းညင်း၊ ခရုသင်း ကြွေးဟုန်၊ စားသောက်ကုန်ဟု၊ မြူးခုန် ကြော်ငြာ၊ သံဆယ်ဖြာလည်း၊ ဘယ်ခါ မဆိတ်၊ မတိတ် *တစေ၊ *ချောက်ချားထွေဖြင့်၊ မင်းနေ အင်္ဂါ၊ ပြည့်စုံစွာသည့်၊ မိထိလာကျော်ခြီး၊ ဤပြည်ကြီးကား၊ ကာဆီး ပတ်ဝိုင်း၊ တံတိုင်း မြို့ရိုး၊ ပြအိုး ရဲးခို၊ ကျည်းလျှိုတံခါး၊ မြဲးကျပ် ထား၍့၊ ငါ့အား လုံအောင်၊ အသေလှောင်သည့်၊ နှောင်အိမ် စင်စစ်၊ ထောင်ကြီး ဖြစ်၏၊ မနှစ်သက်အပ်၊ မတပ်ကောင်းစွာ၊ အကြင် ငါလျှင်၊ မကြာ လွတ်အောင်၊ ပြေးထွက် ရှောင်လျက်၊ ဤထောင်အတွင်း၊ ပြန်မဆင်းသည်။။ ကွင်း၍့ သွေရတတ်ဘိမူ။ (၄)

(၁၄၈) မောက်တို မောက်လူ၊ ပါကူ လည်ကွေး၊ ငါးကြင်းကြေးနှင့်၊ ပုံသွေး မချို့၊ မြွေတို့ ဦးရီး၊ *အတီးပညပ်၊ သင်းခွေချပ်သို့၊ အထပ် အထပ်၊ ဘိတ်ဘိတ်လျှပ်သား၊ သံချပ်မိန်ညို၊ ရှည်-တို စိမ်း-ပြာ၊ နီ-ဝါ နက်မည်း၊ ခါးစည်း ရွှေ*ဖျင်၊ ဆင်ယင် မျဉ်းဝတ်၊ ရွှေထွတ် ရွှေကုံး၊ ပြိုးပြုံး ရောင်စုံ၊ ပုံပုံ သီးသီး၊ တညီးညီးတည့်၊ ဆင်စီး မြင်းစီး၊ ရထားစီးနှင့်၊ ရဲးကြီး ကိုယ်ယုံ၊ တွေ့မဖြုံသား၊ တောင်ပုံ*တမျှ၊ ရှေ့နှိုက် ချ၍့၊ သူက ပိတ်ဆို့၊ သံမြို့ ဆယ်ထပ်၊ ခံနှင့် ရပ်လည်း၊ *ရွပ်ရွပ် မြန်သုတ်၊ တမုဟုတ်ခြင်း၊ ဆင် ကျူနင်းသို့၊ ဖြိုခွင်းနိုင်ငြား၊ မတ်ဗိုလ်များကို၊ လေးမြား *တောင့်ကျည်၊ လှံရှည် *အဲးမောင်း၊ ချွန်းတောင်း ခက်ယင်း၊ ဆီဖြင့် ကျင်းလျက်၊ ဝင်းဝင်း လျှံတောက်၊ မထိစောက်မျှ၊ ဆင်ပေါက် လည်တိုင်၊ ဖြတ်ချိုင် ခဏ၊ ပြတ်ပိုင်းကျအောင်၊ ကြိုးကြာ့ဝမ်းစိမ်၊ ခုနစ်ကြိမ်တိုင်၊ မွေ့သိမ် ကြံခက်၊ စီမံနက်သား၊ သန်လျက်*အိမ့်ဓား၊ လျှပ်စက်သွားကို၊ စွဲငြားကုန်လျှင်း၊ ဆင်ဦးချင်း ယှဉ်၊ မြင်းချင်း စဉ်လျက်၊ စီလျဉ် တွဲးပြိုင်၊ ရုံးချင်း ဆိုင်၍့၊ ကြံ့ခိုင် ရဲးရုပ်၊ မတုန်လှုပ်ဘဲး၊ ဗာဟုဗ္ဗလ၊ သူရသတ္တိ၊ ဆင်*ရှိ စွမ်းသန်၊ လက်ရုံးအန်နှင့်၊ ရဲးမာန်ကြွားကြွား၊ နတ်ယောက်ျားသို့၊ ငါ့အား ဝန်းမြောင်၊ သေမင်းထောင်က၊ ထွက်ရှောင် ခဏ၊ မလွတ်ရစေ၊ စောင့်ရှောက်ထွေဖြင့်၊ အနေထပ်ထပ်၊ ကြာ့နှယ် ချပ်အောင်၊ စပ်မျှ ပတ်ခြံ၊ ဝိုင်းကြ ရံ၏၊ မကြံ့စသာ၊ လွန်ကျဉ်းစွာခဲ့၊ မကွာ ဘယ်မျှ၊ တဘဝလုံး၊ သေမှ လွှတ်မည်၊ ကြိမ်းဆိုမြည်သို့၊ ပတ်လည် ရံကျင်း၊ ယမမင်း၏့၊ ထံရင်း ရောက်အောင်၊ ပို့ကြ ဆောင်လိမ့်၊ ထောင်ပိုင် ထောင်ကွပ်၊ ထောင်အကြပ်သို့၊ ကျဉ်းကျပ် မြဲးမြံ၊ ထိုဗိုလ်ရံကို၊ ခွါ*ချန် ရှင်းရှင်း၊ လွတ်ရာ ကွင်းသည်။။ ကင်း၍့ ကွေရတတ်ဘိမူ။ (၅)

(၁၄၉) ရတနာမျိုး ခြယ်၊ ရွှေကြိုးနွယ်ဖြင့်၊ ရှုဘွယ် ပြေ ပြစ်၊ မျက်စုံပျစ်သား၊ တစ်-နှစ် ခုနစ်သွယ်၊ ရှစ်သွယ် ဆဲ့ခြောက်၊ လျှံတောက် ဆင့်ပွား၊ နှစ်ဆဲ့ငါးဟု၊ ပိုင်းခြား စီးလျဉ်၊ ဘိဓာန် ယှဉ်သော်၊ အစဉ်မကျူး၊ ရှေးဦး ကဝဉ္စိ၊ သတ္တတိက၊ ခေါ်ဘိ ဝေါဟာ၊ မေခလာရသန၊ ကလာပတည့်၊ တင့်လှ ငါးမျိုး၊ ရွှေခါးကြိုးနှင့်၊ တိမ်မိုး ဝလာ၊ သင်္ခါ သိပ္ပီ၊ ဘူဇသီက၊ အာနီ မူးပြည့်၊ ထွန်း*စည့် လျှမ်း*ကယ်၊ ပုလဲသွယ်လည်း၊ တသွယ်တည်းမှာ၊ ဧကာဝလီ၊ နှစ်သွယ်ပြီကား၊ တွင်ညီ ဂုစ္ဆန္တ၊ လေးသွယ်လှကို၊ ဂေါထနဟူ၊ ခြောက်သွယ်မူကား၊ မှတ်ယူ အဒ္ဓ၊ ဟာရကတည့်၊ ဝီသသွယ်ဖြာ၊ ကြိုးနွယ်မှာသော်၊ မာနဝက၊ မည်သာရလျက်၊ ဂုစ္ဆ လေးသွယ်၊ ကြိုးပေါင်းခြယ်သား၊ ခြောက်သွယ် ပုလဲး၊ လျှပ်နှယ် ကြဲး၏၊ လည်ရွဲး လှော်ခုတ်၊ *တမုတ်သိင်္ဂိ၊ စိန်ဒါလီလည်း၊ ဝဇီရာ မြသား၊ ဘိတ်ဘိတ်ကြွားနှင့်၊ ပတ္တမြား နားဍောင်း၊ ရောင်မောင်း ထိန်တောက်၊ လက်ကောက် နဝရတ်၊ ဥက္ကဌ် မဟလ္လာ၊ ရတနာဖြင့်၊ တန်းဆာ ဆန်းကြယ်၊ ဆင် တင့်တယ်လျက်၊ နံ့ကြွယ် စန္ဒကူး၊ ချိုး-စိမ်နူးမှ၊ ကြိုင်မြူး လုံးစုံ၊ ငါးအာရုံကို၊ ထုံစေ ကိုယ်လုံး၊ မြင်သူ နုံးအောင်၊ ချိုပြုံး ပရိယာယ်၊ မာယာသွယ်၍့၊ ချစ်ဘွယ်တို့ချည်း၊ *ယကင် စည်းနှင့်၊ *စုလည်း မြိတ်လွှတ်၊ ထွတ်ထွတ် နုထွား၊ နတ်မခြားသည့်၊ သုံးပါး ရံခြွေ၊ ရှစ်သောင်း ရွေလည်း၊ ဖျော်ဖြေ ဝမ်းမြောင်၊ တောဆင်*ပြောင်ကို၊ သွေးဆောင် အောက်မား၊ ကျုံးလှောင်ထားသို့၊ ငါ့အား *ယုယ၊ ရံ-ခ စုရုံး၊ သေမင့်းကျုံးနှိုက်၊ သက်ဆုံး ကျအောင်၊ ဖျော်ကြ လှောင်လိမ့်၊ မြားမြောင် ထိုမျှ၊ နေ့-ည မခြား၊ ရံဖြေ*ဖြားသည့်၊ အောက်မား မယွင်း၊ ထိုရွေသင်းနှင့်။။ ရှင်း၍့ နေရတတ်ဘိမူ။ (၆)

(ဤသုံးပိုဒ်တို့ကား 'ရွှေလောင်းပြန်'ချီနည်း ဟူ၏၊)

(၁၅၀) သုရုန္ဓန၊ နာမ သညာ၊ ပြည် ဗာရာနှိုက်၊ ရှေးခါမဆွ၊ အတီတဝယ်၊ ဥဒယဘဒ်၊ မင်းမြတ် မောင်နှံ၊ ရွှေနန်းစံတို့၊ နန်းယံ ရှည်*ညောင်း၊ နှစ်ပေါင်း များစွာ၊ တထောင်ကြာလည်း၊ ယုတ်မာ ညစ်ကျု၊ ကိလေမှုနှိုက်၊ မရှုမဆိတ်၊ လူ၏့စိတ်ကို၊ နိမိတ် မထင်၊ အိပ်မက်တွင်မျှ၊ မမြင်စဖူး၊ တထူး တို့တူ၊ ဒုကူပဏ္ဍိ၊ မယ်ပါရိတို့၊ ဇာတိဗြဟ္မ၊ စရိယဖြင့်၊ ဝမ်းကတည်းပင်၊ လွန်ဖြူစင်၏၊ ဗုဒ္ဓင်ဗောဓိ၊ လောင်းတေမိကား၊ ဇာတိသရ၊ ဉာဏ်ကိုရ၍့၊ တလမြောက်ထ၊ ဘွားစကတိ၊ မွေးဘ ရင်ခွင်၊ နေစဉ်တွင်နှိုက်၊ ဘခင် မင်းဖျား၊ ခိုးသား လေးယောက်၊ ဆက် လာရောက်၍့၊ ပြစ်လျှောက် စီမံ၊ မိန့်တော်သံကို၊ တရံ ကြားနှင့်၊ ကြောက်အား လွန်လစ်၊ ဆဲ့ခြောက်နှစ်လုံး၊ မင်းဖြစ် မလို၊ ကိုယ်ကို ဆုံးမ၊ *မဆွံ့အ,ဘဲး၊ *ဆွံ့အ ပင်းယောင်၊ ဟန်ဆောင်ပြုလျက်၊ တောကြီး ထွက်၏၊ တချက် ထိုမှ၊ မင်းဃရလည်း၊ ဘွားစက ဘက်၊ မထွက်ရအောင်၊ သံအိမ် လှောင်၍့၊ ကြီး*ပြောင် စင်မြောက်၊ သက် ဆဲ့ခြောက်သို့၊ ရွယ်ရောက်တုံမှ၊ ထုတ်ဆောင်ကြပြီး၊ မွေးဘ မယ်မင်း၊ အပ်နှင်း ပြည်ကို၊ မလို မင်းဖြစ်၊ စွန့်ခွါ ပစ်၏၊ ခုနစ်နှစ်ရွယ်၊ တောထွက်ပယ်သား၊ မင်းငယ် သောမနသ်၊ ဗောဓိသတ်နှင့်၊ ဟတ္ထိပါလ၊ ဂေါပါလက၊ စသည် လေးပါး၊ နောင်-ညီများလည်း၊ ငယ်သား ငယ်သွေး၊ ဖြစ်တုံသေးလျက်၊ ကျင့်ရေး လွန်ချစ်၊ မင်းအဖြစ်ကို၊ မနှစ်လို့စွာ၊ ငယ်က ခွါ၍့၊ ကောမာရဗြဟ္မစရိယ၊ နိက္ခမ္မကြီး၊ ကိစ္စပြီး၏၊ ပွင့်နီး ဉာဏ၊ ထိုမျှ တဘော်၊ ရှေးသူတော်တို့၊ အဟော် သို့အောင်၊ ရှောင်ကြီးရှောင်၏၊ အိမ်ထောင်ရာ ဝတ်၊ ကိလေညွတ်မှ၊ မလွှတ် မခွါ၊ ဘုံလေ့လာနှင့်၊ ကာမာရမ္မ၊ ရသ ခံစား၊ လိုက် ပျော်ပါးလျက်၊ တရား မကျင့်၊ လိုလို ရင့်၍့၊ မပွင့်ရာကောင်း၊ ဆုကြီး တောင်းသည့်၊ မြတ်လောင်း တဆူ၊ ငါတုံမူလည်း၊ ထို့တူပမာ၊ မင်းဖြစ် ခွာ၍့၊ ပြည်-ရွာ တိုင်းကား၊ သား မယားကို၊ စွန့်ရှား ခွါ*ခြံ၊ စုံ*မြိုင်ယံဝယ်၊ ဗြဟ္မံစရိယ၊ ကျင့်ကိစ္စနှင့်၊ ကာမ ငါးမည်၊ မှုန် မကြည်သည်၊ ထုံရည် ယစ်မျိုး၊ အရက်ဆိုး၏့၊ ပုပ်သိုး မသတီ၊ နံ့ စိမ်းစီကို၊ နံညှီ နှလုံး၊ သက်ထက်ဆုံးဖြင့်။။ မသုံးကြိုက်ရဘိသော်ကား။ (ရ)

(၁၅၁) မင့်းအဖြစ်ဖြင့်၊ အနှစ် ခုနစ်ရာ၊ စံပြီး ကြာမှ၊ မဟာဇနက၊ *စောလောင်းလှလျှင်၊ အမ္ဗရုက္ခ၊ နာမမည်ဘိ၊ သီးယှိ သီးမဲ့၊ ကျိုးပဲ့ ညွန့်ရှင်၊ သရက်ပင်ကို၊ မြင်လျှင်* လှုလှု၊ ဆရာပြု၍့၊ မင်းဟုအဖြစ်၊ စည်းစိမ်ညစ်၏့၊ အပြစ် များဟန်၊ ဟုတ်အမှန်ကို၊ ရွှေဉာဏ် ဇာတိ၊ တပ်တပ် သိလျက်၊ သီဝလိမြတ်၊ ဒေဝီနတ်နှင့်၊ သတ္တသတာ၊ ခုနစ်ရာ အများ၊ မိဖုရားက၊ သားတော် မျက်ရှု၊ ဒီဃာဝုပါ၊ စွန့်ပြု ခွါပြီး၊ တောကြီးရက်ရက်၊ ထွက်ခဲ့ အမှန်၊ လည် မပြန်တည့်၊ ဒန္တပုရ၊ ကလိင်္ဂနှိုက်၊ ကရဏ္ဍမည်၊ ထိုမင်းသည်လည်း၊ မှတ်ရည် ထို့တူ၊ နှလုံးမူ၍့၊ *စုံငူ *မြိုင်ယံ၊ တောနှိုက် စံ၏၊ ယုန်ပျံ ရထား၊ မြသား သီတဂု၊ လ-ဣန္ဒုကို၊ ရာဟု ဖမ်းငုံ၊ မြင်လတ်တုံ၍့၊ ရွှေဘုံ နန်းပေါ်၊ မပျော် ခွါရှင်း၊ ဝိဒေမင်းတို့၊ မြိုင်တွင်း အောင်းရှောင်၊ နေရောင် ထိကျောက်၊ ဆီးနှင်းပေါက်၏့၊ ကင်းပျောက် ရှုစဉ်၊ သံဝေ ယှဉ်၍့၊ ယုဓဉ္ဇယ၊ နောင်- ညီလှဘွား၊ နှစ်ပါး မင်းပျို၊ နန်းကို ပယ်ရှောင်း၊ တောဝယ် အောင်း၏၊ တချောင်း ဆံဖြူ၊ မြင်ရုံမူမျှ၊ မှတ်ယူ စိတ်က၊ သံဝေဂဖြင့်၊ စူဠသုတ*သုံ၊ မင်းမြတ်တုံလည်း၊ လုံးစုံ နန်း-ထီး၊ စွန့်ပြီး ပယ်ခွါ၊ ကိလေသာကြောင့်၊ မဟာဥသဘ၊ ဂေါဝိန္ဒကို၊ ဧက နွားလား၊ ဝှေ့ငြား သေခြင်း၊ မြင်မိလျှင်း၍့၊ မင်းဒုမုခ၊ ဥတ္တရမည်၊ ပဉ္စာပြည်ကို၊ ဆံခြည် မချစ်၊ တောဝင် *နစ်၏၊ သားတစ် တခု၊ ငှက်ပေါင်း လုကို၊ မျှော်ရှု မျက်စိ၊ မြင်လေဘိကြောင့်၊ နိမိရာဇာ၊ မိထိလာကို၊ စွန့်ခွါခဲ့ပြီး၊ တောဝင် မှီး၏၊ ထံနီး မဝေး၊ နံ့သာသွေးသည့်၊ ရောထွေး နှစ်ခု၊ ခိုက်ပြု ညိုးညံ၊ လက်ကောက်သံကို၊ နားခံ ကြားဘိ၊ နဂ္ဂဇိလည်း၊ ဗောဓိ ပစ္စေ၊ ပွင့်ကြောင်း ဘွေ၍့၊ မင်းနေ *ဗဟို၊ တက္ကသိုလ်ကို၊ မလို စွန့်ထ၊ တောထွက် ကြွ၏၊ ထိုမျှ မြင်ကျယ်၊ မင်းတို့နှယ်တိ၊ အကယ်*တလ္လ၊ ယုတ်မာစွသား၊ ကာမ ငါးပုံ၊ ထိုအာရုံနှိုက်၊ တခုံမင်မင်၊ တခင်ခင်နှင့်၊ မစင် ခွေးမက်၊ မစွန့်ရက်သို့၊ မရှက်တတ်စွာ၊ ဤတဏှာကို၊ *ဖဲးခွါ ဖြေဖျည်၊ ဓားဖြင့် ဖျည်သို့၊ ဖျောက်ဖျည်ကိစ္စ၊ ကြိုး လုံ့လလျက်၊ မုချ ထို့တူ၊ ငါမင်းဖြူလည်း၊ နည်းယူ မှတ်သုံး၊ သူတော်ထုံးကို။။ နှလုံးပိုက်ရဘိသော်ကား။ (၈)

(၁၅၂) ဩရမ္ဘာဂိယ၊ ဟီန ယုတ်မာ၊ ကာမရွာနှိုက်၊ များစွာမပြတ်၊ ကျင်လည်တတ်သား၊ မမြတ် ဖျင်း*သုန်၊ ကာမဂုဏ်ဖြင့်၊ ရေစုန် ရွက်တိုက်၊ အပါယ်လိုက်တို့၊ လူနှိုက် ပျော်ပါး၊ သား-မြေး ပွားအောင်၊ မယား*ပြိန်းပြောင်၊ အိမ်ရာထောင်၍့၊ မရှောင် မကြဉ်၊ အစဉ် မကင်း၊ သက်ဆုံး ဖျင်း၏၊ ဝါတွင်း မိုဃ်းလ၊ မာသ သုံးထွေ၊ တော*မြိုင်ခြေဝယ်၊ ချေလည်း မဟောက်၊ မျောက်လည်း မကျော်၊ ငှက်သူတော်တို့၊ မပေါ် မထွက်၊ တောကြက် ဥဒေါင်း၊ ဘော်ပေါင်း ကင်းအောင်၊ ဝါရှောင် ဖို-မ၊ နေကြ ပြကတေ့၊ ကျင့်သိမ်မွေ့၏၊ လူလေ့ လူလာ၊ လူတို့ရွာနှိုက်၊ လူမှာသော်ကား၊ သူ-ငါများပင်၊ ယောက်ျား မိန်းမ၊ အဟိတ်မျှလောက်၊ ဘဝလေ့လာ၊ မရှောင်ခွါဘူး၊ ကျမ်းစာ နီတိ၊ ရှိသည့်အရ၊ ဤလောကနှိုက်၊ ထိုမျှ နွယ်ရိုး၊ ဆွေအမျိုး၏့၊ အကျိုးဖြစ်ငြား၊ တယောက်အားကို၊ စွန့်ယှားအပ်စွာ၊ မြို့-ရွာအကျိုး၊ အမျိုး စွန့်ထိုက်၊ ဇနပိုဒ် တိုင်းကား၊ ဝန်းလျား ပတ်လွှံ့၊ နိုင်ငံ့ရေးရာ၊ အကျိုးမှာမူ၊ ပြည်-ရွာ စွန့်ရိုး၊ ကိုယ့်အကျိုးကား၊ အမျိုး*တဝေး၊ သား-မြေး ခြွေရံ၊ နိုင်ငံ ပတ်ကုံး၊ မြေအလုံးလည်း၊ ကျုံး၍့ မညှာ၊ စွန့်ပစ်ရာ၏၊ တဏှာတပ်၍့၊ အရပ်ကို မက်၊ မခွါရက်ကြောင့်၊ အသက်ဆုံးရ၊ ဘဂ္ဂဝဟု၊ ဗာလစရိုက်၊ သေဘေးဆိုက်သည့်၊ လိပ်မိုက်ပမာ၊ မဖြစ်ရာတည့်၊ မဟာသုဒသ်၊ စကြာနတ်ကား၊ လောကဓာတ်လုံး၊ ဘုန်းတော် ကျုံး၍့၊ သက်ဆုံး အာယု၊ ရောက်တိုင်လုက၊ သုဘဒ် မဟာ၊ ဒေဝီချာနှင့်၊ များစွာ အပေါင်း၊ လေးထောင် ဆောင်းသည့်၊ ရှစ်သောင်း မိဖုရား၊ သားတော် သမီး၊ အသီးသီးပါ၊ ကျွန်းကြီး ကျွန်းငယ်၊ လေးသွယ် နှစ်ထောင်၊ ရံဝန်း မြောင်လျက်၊ အခေါင် လူ့ဘော်၊ တု မမြော်အောင်၊ စံတော် မဟာ၊ ပြည်ကုသာက၊ ရတနာ ခုနစ်ပါး၊ စည်းစိမ်များကို၊ ပယ်ယှား စွန့်ကာ၊ ခွါကြီး ခွါ၍့၊ မဟာဓမ္မ၊ ပါသာဒထက်၊ လေးလလုံး ခို၊ ဗြဟ္မစိုရ်ဖြင့်၊ ကိုယ်၏့ပွားစီး၊ ဈာန်မှုကြီးကို၊ ပြီးပစေလျက်၊ ဗြဟ္မာတက်၏၊ *ကြထက် ပညာ၊ ထူးသမ္ဘာနှင့်၊ မဟာပုရိ၊ ဗောဓိယောက်ျား၊ ပဏ္ဍိတ်များသို့၊ ငါ့အား ခုလည်း၊ ထို့နည်းမှန်စွာ၊ အကုန် ခွါလျက်၊ လေးဖြာ ဗြဟ္မ၊ ဝိဟာရကို၊ မချ လုံးလုံး၊ ဆောက်တည် သုံး၍့။။ အဆုံး လိုက်ရဘိသော်ကား။ (၉)

(ဤပုဒ်တို့ကား 'နေရောင်ခြည်ပြေး'ချနည်း)

(၁၅၃) ဤသို့ မဟာ၊ ဗောဓိချာလျှင်၊ ရာဇာ မင်းဖြစ်၊ စည်းစိမ်ညစ်ဟု၊ မနှစ်လို့ကြီး၊ စွန့်ပြီး ကင်းအောင်၊ ရှောင်လို ပြည်လေ့၊ စံ မမွေ့ဘဲး၊ ငြီးငွေ့ *ဦးလေး၊ တောထွက်ရေးနှိုက်၊ ကြံတွေး ရွှင်လန်း၊ ဉာဏ်သိမ်းမြန်း၍့။။ ဥဒါန်း သံဝေ၊ ကျူးသော့ထွေတည်း။ (၁၀)

ဤသို့လျှင်တိ၊ ဤတွင် ပိုင်းသန်း၊ သံဝေခဏ်းသည်။။ ပြဋ္ဌာန်း နာမ၊ ဒုတီယအုပ်၊ အပြီးချုပ်တည်း။
ဥဒါနဝစနခဏ်း (၁၀)ပိုဒ် ပြီး၏၊
သံဝေဂခဏ်း ၆-ခုတို့ဖြင့် တန်းဆာဆင်အပ်သော မဟာသုတကာရီ မဃဒေဝလင်္ကသစ် ဒုတီယပိုင်း ဤတွင် ပြီး၏၊

တတီယပိုင်း ၁- ဆုတော်ပေးခဏ်း

သော ''အဇ္ဇေဝ မယာ နိက္ခမိတွာ ပဗ္ဗဇိတုံ ဝဋ္ဋတီ''တိ ကပ္ပကဿ သတသဟဿုဋ္ဌာနကံ ဂါမဝရံ ဒတွာ ဇေဋ္ဌပုတ္တံ ပက္ကောသာပေတွာ 'တာတ၊ မမ သီသေ ပလိတံ ပါတုဘူတံ၊ မဟလ္လကောမှိ ဇာတော၊ ဘုတ္တာ ခေါ ပန မေ မာနုသကာ ကာမာ၊ ဣဒါနိ ဒိဗ္ဗေ ကာမေ ပရိယေသိဿာမိ၊ နေက္ခမ္မကာလော မယှံ၊ တွံ ဣမံ ရဇ္ဇံ ပဋိပဇ္ဇ၊ အဟံ ပန ပဗ္ဗဇိတွာ မဃဒေဝအမ္ဗဝနုယျာနေ ဝသန္တော သမဏဓမ္မံ ကရိဿာမီ''တိ အာဟ။

(၁၅၄) မှတ်လော့ များစွာ၊ အရာရာနှိုက်၊ ကထာမဂ္ဂ၊ အစဉ်မျှဖြင့်၊ တဝါကျတည်း၊ ရုံးစည်း ကျဉ်းချုံ့၊ ကွန်ချာ ရှုံ့သို့၊ မလုံ့မလ၊ သံခိပ်ပြလည်း၊ သဒ္ဒါ့ နည်း-ထုံး၊ နှစ်-သုံး-လေးတွာ၊ ရှိလတ်ရာတွင်၊ ရှေ့တွာ နောက်စပ်၊ မှတ်အပ် မမှား၊ ဝါကျ ပွား၍့၊ စာသွား စာဆိုက်၊ အလိုက် အလှန်၊ သမ္ဗန် ယောဇနာ၊ ဆောင် ဥဒါနှင့်၊ ဥပမာ ပုံပြင်၊ စုံလင် ဖိုလ်-ဟိတ်၊ လွန်ခက်ကျိတ်တည်း၊ ဝါကြိတ်သော့သွင်၊ ပွတ်ဝယ် တင်သို့၊ မငြင် မငြို၊ ချောအောင် ဆိုလျက်၊ ဝိဂြိုဟ် ဝစနတ်၊ ဗျုပ္ပတ် နိမိတ်၊ အစိတ်ကြိယာ၊ အကြောင်းရှာ၍့၊ မှန်စွာ*၄င်း၊ အပေါင်း ပဝတ္တ၊ နိမိတ်ပြလော့၊ ဝါကျတိုင်းမှာ၊ ကြံရာ မုချ၊ ဘေဒကနှင့်၊ ဘေဒျ တဖြာ၊ ဥပါ ဥပေ၊ ဝိသေ ဝိသေသ်၊ စိစစ် အလို၊ ထိုထို သံဝဏ်၊ မလွန် ကျမ်းနှိုက်၊ ဘွင့်ရိုးလိုက်မှ၊ ဆိုထိုက် ဆိုရန်၊ ခွင့် မကျန်ဘဲး၊ ပကရဏန္တရ၊ နည်းစုံ ပြပြီး၊ ပဒ ဝါကျ၊ အတ္ထခေါ်ရိုး၊ ရှစ်-ကိုး ခြောက်ခု၊ ဒေါသစုလည်း၊ ပယ်ပြု ကင်းထ၊ ပသာဒက၊ စသည် ဘွယ်ရာ၊ ဂုဏ်ဆယ်ဖြာနှင့်၊ သဒ္ဒါ လင်္ကတိ၊ နတ်စောင်းညှိသို့၊ ကဝိလက္ခဏာ၊ စုံလင်စွာလျှင်၊ သာယာ ချိုမြ၊ ဗျင်္ဂျတ္ထဖြင့်၊ ဝင်္က ဥဇု၊ ဆိုမှု ရိုးသိ၊ ဆိုမိ ရရ၊ နာ မဝအောင်၊ ပါဌ်ကျ ပါဌ်ကြွင်း၊ သွင်း၍့ဆန်းကြယ်၊ လင်္ကာသွယ်ပိမ့်။။ အကျယ် သိစေ သိမ်းကျုံးတည်း။ (၁)

(၁၅၅) ထိုသို့ သံဝေ၊ ကမ္ဘာ ကြေသို့၊ မကျေ စိတ်တွင်၊ အမြဲး ထင်သည့်၊ ဗုဒ္ဓင်္ကူထွတ်၊ လောင်းမင်းမြတ်ကား၊ ဆုံးဖြတ် မရွေ့၊ ဤယနေ့ပင်၊ ဘုန်း*ဟေ့မဟာ၊ ငါရာဇာလျှင်၊ စွန့်ခွါရက်ရက်၊ တောကြီးထွက်ပိမ့်၊ နက်ဖြန် နက်ဖြန်၊ စိတ်စပ်ဖန်အောင်၊ ဘန်ဘန် ရက်ချိန်း၊ ပျော်ရွှင်+ဘိန်း၍့၊ +ဖိန်းနွဲး ဖိန်းခါ၊ ရှည်စွာ အရေး၊ တသွေးသွေးနှင့်၊ ကြာနှေး *ဖင့်*ညောင်း၊ မမြင့်ကောင်းတည့်၊ 'ရှေးလောင်း ရှေး*လျာ၊ သူမြတ်စွာတို့၊ ရာဇာ မင်းဖြစ်၊ စည်းစိမ်ညစ်ကို၊ မနှစ်သက်အပ်၊ မတပ်ကောင်းစွာ၊ ကျိန်သစ္စာနှင့်၊ ကျိန်စာ ယွက်မှု၊ ပန္နက်ပြုရှင့်၊'' ''ငယ်နုစွာငြား၊ တလသားက၊ တရား သိမြောက်၊ မင်းဖြစ် ကြောက်၍့၊ ဆဲ့ခြောက်နှစ်လုံး၊ သစ်တုံး*တမျှ၊ *မဆွံ့အ,လည်း၊ *ဆွံ့အ, ပင်းယောင်၊ အ,ဟန်ဆောင်မှ၊ *မြားမြောင် ရက်ရှည်၊ နှစ်ပတ်လည်အောင်၊ ကြံစည် ဘတ်တိုင်း၊ မတ်*ကြံသိုင်းတို့၊ ကြံလှိုင်း စဉ်းစား၊ ကြိုးတကြားဖြင့်၊ ယောက်ျားဘာဝ၊ နိမိတ္တနှင့်၊ ကုတ္တ အာကပ်၊ အရပ်ရပ်ကို၊ ကြံအပ်သမျှ၊ ကြံကြ ထူးလည်၊ ကြံဘွေနည်၍့၊ နို့ရည် စပြီး၊ မုံ့-သစ်သီးနှင့်၊ ရုပ်ကြီး ရုပ်ငယ်၊ စားဘွယ် မီး-ဆင်၊ မြွေသဘင်က၊ ခဂ္ဂ မကြွင်း၊ ခရုသင်း စည်ကြီး၊ ဆီမီး ညှိရဲး၊ တင်လဲး မစင်၊ နတ်သွင် ကညာ၊ မာယာ ပျောင်းပျ၊ သောဠသဟု၊ ပေါင်းပြ တွက်ဘွဲ့၊ တဆဲ့ခြောက်စု၊ အနု အကြမ်း၊ အလိုစမ်းလည်း၊ မလှမ်း မကြွ၊ မထ မရှု၊ မပြု မပြင်၊ မသိသွင်သို့၊ သို့စင် ရှောင်လျက်၊ နန်းက ထွက်သည်။။ အထက် သူတော့် ကျင့်ထုံးတည်း။ (၂)

(၁၅၆) ထိုမှ တပါး၊ သူမြတ်များတို့၊ တရား မေ့၍့၊ တမွေ့တလျော်၊ ငယ်က ပျော်လည်း၊ သူတော်*အပြင်၊ ရဟန်းသွင်သို့၊ မြင်လျှင် မြင်ခြင်း၊ ထီးနန်း နှင်းလည်း၊ အပြင်း စွန့်ပြီး၊ တောသို့ မှီး၏၊ အသီး ယှိ-မဲ့၊ ကျိုးပဲ့ စိမ်း-ရှင်၊ သရက်ပင်ကို၊ မြင်သည့်ခဏ၊ သံဝေ ရ၍့၊ နန်းက ခွါဝေး၊ ကြာ မနှေးလျှင်၊ ပြေးသည့် တောသို့၊ ထိုမြို့ တခြား၊ ဥယျာဉ်သွားတွင်၊ မြက်ဖျား နှင်းစက်၊ နေရောင်ပြက်၍့၊ ပျောက်ပျက် ခြင်းရာ၊ မြင်စကာဖြင့်၊ လျင်စွာ မရှည်၊ တောရပ် တည်ရှင့်၊ ငွေရည် မြသား၊ လရထားကို၊ ဖမ်းငြား ရာဟု၊ မြင်သည့်မှုကြောင့်၊ စွန့်ပြု ပြည်-ရွာ၊ ခွါခဲ့ တကြောင်း၊ ဆံတချောင်းမျှ၊ ဥက္ခောင်းထက်တွင်၊ ဖြူသည် မြင်၍့၊ *ဆောလျှင် မကြာ၊ မင့်းချမ်းသာကို၊ ပယ်ခွါ စွန့်ကင်း၊ တောမြိုင်တွင်းနှိုက်၊ မှီတင်းတုံငြား၊ နွားလား ဝှေ့ပြု၊ သားတစ်လုက၊ နှစ်ခု ညိုးညံ၊ လက်ကောက်သံကို၊ တရံ ကာလ၊ မြင်-ကြားကြ၍့၊ ခဏ *မညောင်း၊ တောသို့ အောင်းပြီး၊ ထိန်းကျောင်း ကိုယ်ကို၊ ငြိမ်းရာ ခိုလျက်၊ ဗြဟ္မစိုရ် လေးဆိုင်း၊ ကသိုဏ်း ဆယ်ဖြာ၊ ဘာဝနာဖြင့်၊ သမာပတ်မျိုး၊ အရကြိုး၍့၊ ကျိုးကျိုးကျည်ကျည်၊ ဆုတ် မလည်ဘဲး၊ ရွှင်+ကြည် နှလုံး၊ ဈာန်မွေ့ သုံးလျက်၊ မြတ်ဆုံး လွန်ကဲး၊ နတ်*တပဲးသို့၊ မြေထဲး တိမ်မိုး၊ ပျံ ငုပ်လျှိုး၍့၊ တန်းခိုး ဘိညာဉ်၊ ပျော်ကြ ယှဉ်သည်။။ နေ့စဉ် ချမ်းမြေ့ သက်ဆုံးတည်း။ (၃)

(ဤ နှစ်ပိုဒ်ကား အခြင်းအရာကိုသာ ပြ၍့ အလုံးစုံအမည်ကို မပြဘဲ ဝှက်သော ဥဘယစ္ဆန္နာပဟေဠိအတ္ထာလင်္ကာရ'ရှိသော ပုဒ်တို့တည်း။)

(ဤပိုဒ်ကား ထိုမင်းတို့၏့ 'ရတိဋ္ဌာယီဘာဝ, ဓမ္မသိင်္ဂါရရသ, သမုဋ္ဌာယီဘာဝ, သန္တရသ'တို့ကို 'အာလမ္ဗဏဝိဘာဝ, ဥဒ္ဒီပနဝိဘာဝ, ရောင့်ရဲး နှစ်သက်ခြင်း ပီတိ, အားထုတ်ခြင်း ဥဿုက္က, တည်ကြည်စွာ အာရုံတခုတည်းကို ကြံခြင်း စိန္တာ' ဟူကုန်သော 'ဗျဘိစာရီဘာဝ'တို့နှင့်တကွ ပြသတည်း။)

(၁၅၇) ထိုသို့ ရှေးက၊ များလှအပေါင်း၊ သူမြတ်လောင်းတို့၊ ဆိုးတောင်း ယုတ်မာ၊ ညစ်ညူးစွားသား၊ ကာမရာဂ၊ ကိလေသဟု၊ အာမဂန္ဓော်၊ နံ့ ပိမ်းညှော်ကို၊ မစော် မနံ၊ စည်းစိမ် ခံ၍့၊ တစုံ တမက်၊ တ*ငက်ငက်နှင့်၊ နှစ်သက် မပယ်၊ ခွေးငတ်နှယ်သို့၊ ငြိတွယ် မိုက်မှေး၊ ဦး*မလေးဘဲး၊ နေ့သွေး ရှည်*ညောင်း၊ မစံရှောင်းတည့်၊ အပေါင်း ရူပ၊ ဤကာယကား၊ သုဘတစိ၊ ကောင်း မယှိဘူး၊ ပဋိသန္ဓေ၊ အရေ စွန့်လဲး၊ မှီဝဲး ဇာတ်တူ၊ မိန်းရှူ အိပ်မွေ့၊ စုတေ့ကာလ၊ ငါးဌာနနှိုက်၊ နာဂရုပ်ဆင်း၊ ပေါ်ရခြင်းဖြင့်၊ မကင်းနိုင်တတ်၊ ရေနတ်နွယ်ရိုး၊ အဟိတ်မျိုးသို့၊ နှိုင်း*နိုး ပုံသွင်၊ ဤလူ့ခွင်နှိုက်၊ အကြင် လူများ၊ ယောက်ျား မိန်းမ၊ ရွယ်ပျိုလှတို့၊ *တမျှ နတ်တူ၊ ဟူပစေကာ၊ အခါ ငါးပါး၊ ကာလညားက၊ ထင်ရှားမူလ၊ သဘာဝတိုင်း၊ အသုဘစစ်၊ ပေါ်မြဲးဖြစ်၏၊ အညစ်အကြေး၊ အစေး အညှော်၊ မြင် မလျော်အောင်၊ နံစော် ပုပ်လှောင်း၊ ညှီနံ့ ထောင်း၏၊ ဟောင်းလောင်း ထက်-အောက်၊ အပေါက် ကိုးဒွါ၊ လွန်ဆိုးစွာသား၊ အမာ ကိုးဝ၊ ဒုဂ္ဂန္ဓနှင့်၊ ကာယ ညူးညစ်၊ ကိုယ့်အပြစ်ကို၊ စိစစ်သောအား၊ ဉာဏ့်အလားဖြင့်၊ ပိုင်းခြား မှန်ဟုတ်၊ ထိုကြောင့် *မှုတ်လော့၊ မယုတ် ချမ်းသာ၊ နတ်ဣန္ဒာသို့၊ *အရာ ဝန်းပတ်၊ ယုတ်-လတ်-မြတ်တိ၊ မှူးမတ် ရှစ်သောင်း၊ ခဝပ်*ညောင်းလျက်၊ ထီးဆောင်း နန်းစံ၊ ပေါင်း မိဿံတို့၊ ခြွေရံ သင်းပင်း၊ မြေ*ညီလင်းမျှ၊ ကြီးမင်း ရိပ်ငြိမ်၊ ပြည့် စည်းစိမ်ကို၊ *ဘင်အိမ်အတိ၊ ရွံဘွယ်လိနှင့်၊ တောက်ညိ လျှံညီး၊ လောင်ရှိန်ကြီးသား၊ မီးကျီးအတူ၊ မှတ်တော်မူ၍့၊ ချစ်သူ မညှာ၊ ကြင်ယာ မမက်၊ စွန့်ခွါရက်သည်။။ တောထွက် ဗြဟ္မစိုရ် ကျင့်သုံးတည်း။ (၄)

('ရတိဋ္ဌာယီဘာဝ, ကာမသိင်္ဂါရရသ'သည် ယထာဘူတဉာဏ်ဖြင့် ဇိဂုစ္ဆာဋ္ဌာယီဘာဝ, ဝိဘစ္ဆရသ'ဖြစ်သောသူအား 'ဗျဘိစာရီဘာဝ'ဖြစ်သည်ကို ပြသတည်း။)

(၁၅၈) တောထွက်ကြပြီး၊ တောမြိုင်ကြီးတွင်၊ သစ်သီးထမင်း၊ သစ်သီးဟင်းနှင့်၊ ဝမ်းတွင်း မျှရုံ၊ လျော်တေ ခြုံ၍့၊ စေးချုံ သင်ခမ်း၊ ပီတိ ရွှမ်း၏၊ ချမ်းမြေ့ ဧးငြိမ်း၊ မရှိမ်း ရံခါ၊ *သာလကာဖြင့်၊ တဏှာကြေးညှော်၊ ညှီ*သရော်ကို၊ ချည်*ပေါ် ရေ*ပြွပ်၊ လျော်ဖွပ် သီလ၊ ကဝါချ၍့၊ ဗြဟ္မစာရီ၊ ဂေါသီစန္ဒကူး၊ နံ့မြူး ထုံတတ်၊ အကျင့်မြတ်နှင့်၊ သမာပတ်ဂုဏ်၊ လည် မသုန်ဘဲး၊ ဈာန်ဟုန် သုခ၊ ခံစားကြ၏၊ များလှအချိ၊ လူ့လောကီ့နှိုက်၊ နွားယှိသသူ၊ နွားကြောင့် ပူသို့၊ ဤတူမခြား၊ ပုံ့အလားဖြင့်၊ သားယှိသသူ၊ သားကြောင့် ပူ၏၊ မင်းဟူတုံက၊ ထိုမျှသီးသီး၊ သား သမီးနှင့်၊ နန်း-ထီး ခြွေရံ၊ နိုင်ငံ တိုင်းပြည်၊ အတည်တည်ဖြင့်၊ *ပြောစည် များစွာ၊ ဘယ်ဆိုရာအံ့၊ သတ္တဝါ ရှင်-လူ၊ ဟူဟူသမျှ၊ မိန်းမ ယောက်ျား၊ လေးပါး မျိုးနွယ်၊ ကြီး-ငယ် ပုလု၊ ဗိုလ်အ*ထုကား၊ အစု ယှိက၊ မှုယှိရိုးသာ၊ ဓမ္မတာရှင့်၊ ပညာဉာဏ်ဖြင့်၊ နှိုင်းရှဉ် ချင့်၍့၊ အသင့် မမှီး၊ အကြံကြီးသော်၊ မှုကြီး ရောက်မြဲး၊ မချွတ်လွဲးဘူး၊ လွှဲ၍့ မရ၊ ဝဋ်ကိစ္စတည့်၊ မုချ စင်စစ်၊ ထိုသို့ဖြစ်၍့၊ မချစ်အပ်စွာ၊ မင့်းချမ်းသာကို၊ တဏှာ မလို၊ *ဦး မစိုတိ၊ သွေးချို ဆန္ဒ၊ မတောင့်တဘဲး၊ စိတ်ချ အာသာ၊ စွန့်ခွါသမှု၊ ရဟန်းပြုမှ၊ ယခု ငါ့အား၊ သင့်၏ကားဟု၊ တရားမင်းမြတ်၊ မှန်ဆတ်ဆတ်ဖြင့်၊ ဆုံးဖြတ် ရှုမြော်၊ ကြံရည်ရော်သည်။။ ဉာဏ်တော် ရွှေလက် ဆန့်ကြုံးတည်း။ (၅)

('ဓမ္မဝီရရသ')

(၁၅၉) ဤအရာနှိုက်၊ မဟာပုရိသ၊ လောင်းသတ္တတို့၊ ဘဝ ဆက်တိုင်း၊ *ကြန့်ထိုင်း မဆုတ်၊ အားလှိုင်းထုတ်သား၊ မယုတ် ကြီးလှ၊ ဝီရိယကား၊ ဥဿာဟမည်ယှိ၊ ဗောဓိသမ္ဘာ၊ ဖြည့်ဆည်းရာနှိုက်၊ လိမ္မာအကြောင်း၊ သိ-မြင်ရှောင်းသား၊ မစောင်း ဉာဏ၊ ကောသလ္လကား၊ ဥမင်္ဂမည်၊ စိတ်ရည် မြွက်*ကြိမ်း၊ သိကြား ခြိမ်းလည်း၊ မယိမ်းမယိုင်၊ ရွှေတုရိုဏ်သို့၊ ကြံ့ခိုင် မပြန်၊ ဆောက်တည်ဟန်ကား၊ အဝဋ္ဌာန်မည်မှတ်၊ ယုတ်-မြတ် များစွာ၊ သတ္တဝါကို၊ မေတ္တာတရား၊ ကိုယ် မခြားအောင်၊ ပွားများတတ်ထ၊ ကျင့်ဘာဝကား၊ ဟိတစရိယာ၊ သညာမှတ်တုံ၊ ဗုဒ္ဓဘုံဟု၊ အထုံ ကြီးမား၊ ဘုရားဖြစ်ရာ၊ ဤသို့လာသား၊ ပါရမီ ဖြည့်ညောင်း၊ ပစ္စည်းပေါင်းတိ၊ လေးကြောင်း ထင်ရှား၊ လေးသွယ် ပြားသည်။။ ပိုင်းခြား ဆုံးဖြတ် စက်*ရဉ်တည်း။ (၆)

(၁၆၀) တပါး ထိုမှ၊ နိယတဟု၊ ဆုရမှန်ဘိ၊ လက်ကိုင်ရှိသား၊ ဗောဓိဉာဏ် ချစ်၊ လောင်းတော်စစ်တို့၊ နိက္ခမ္မဇ္ဈာ၊ ကြီး ဣစ္ဆာဖြင့်၊ ဃရာဝါသ၊ သမ္ဗာဓဟု၊ ကာမ ဖျင်းသိမ်၊ ဝဋ်စည်းစိမ်ကို၊ နှောင်အိမ် လောင်တိုက်၊ မှတ်ပိုက် ထင်ရှိ၊ အမြဲး သိ၏၊ ပဝိဝေက၊ အဇ္ဈာသယဖြင့်၊ ကာမ ကိလေ၊ ဘော် ရံရွေကို၊ ငန်းမြွေ ပတ်ရစ်၊ ဘေးအဖြစ်သို့၊ စင်စစ် ထင်ကြ၊ အလောဘဓာတ်၊ အလိုမြတ်ဖြင့်၊ နတ်၏့ ရိပ်ငြိမ်၊ ကြီး စည်းစိမ်နှင့်၊ တွေ့ကြိမ်ဘိလည်း၊ လောင်ညိ လျှံညီး၊ မီးပုံကြီးသို့၊ အပြီး ထင်လစ်၊ အဒေါသဇ္ဈာ၊ မေတ္တာဟူထ၊ ကြီး ဆန္ဒဖြင့်၊ ဇီဝ ချွေဖြုတ်၊ သက်ကို နုတ်သည့်၊ သောဏုတ်အတူ၊ ပြစ်မှားသူလျက်၊ မရှု ဒေါသ၊ အမောဟဖြင့်၊ မောဟ အဝိဇ်၊ မှောင် မပိတ်ဘဲး၊ နိဿရဏ၊ အဇ္ဈာသယဖြင့်၊ ဘဝ သုံးဖြာ၊ သေမင့်းရွာသို့၊ ပြင်းစွာ ထင်လတ်၊ အမြဲး မှတ်၍့၊ မပြတ် ပြကတေ့၊ မြင်*ဓလေ့ကြောင့်၊ မမွေ့ လူ့ဘော်၊ စံ မပျော်သည်။။ စိတ်တော် ငြီးငွေ့ ထွက်ကြည်တည်း။ (ရ)

(၁၆၁) ယင်းသို့ ခြောက်ပါး၊ အပြား ထင်စွာ၊ မဟဇ္ဈာဖြင့်၊ မဟာသတ္တ၊ ကြီးလုံ့လတို့၊ စိတ်က ကြံမိ၊ ဓိဋ္ဌာန်ရှိက၊ အနိဝတ္တန၊ သဘာဝတည့်၊ သင်္ခပုဏ္ဏား၊ မင်းသား ဇနက်၊ ပင်လယ်ပျက်ကို၊ လက်ဖြင့် ယက်ကူး၊ တထူး ထို့ပြင်၊ ရှဉ့်ငယ်စဉ်လျက်၊ နစ်ကျင် သားငယ်၊ ရေပင်လယ်ကို၊ ကျယ်၏့ မမှတ်၊ မြီးဖျား *ဆွတ်၍့၊ မချွတ် ခုသည်၊ ခန်းစိမ့်မည်ဟု၊ စိတ်ရည် *အဲးခိုး၊ ကြံ အားကြိုး၏၊ မြတ်မျိုး*ဓလေ့၊ ပြကတေ့ဖြင့်၊ မရွေ့စမြဲး၊ ဆောက်တည် ကဲးလျက်၊ ဝမ်းထဲး သိုထား၊ သိတရားကြောင့်၊ တပါး ပုဂ္ဂိုလ်၊ ဟော မဆိုလည်း၊ ကိုယ့်ကို ကိုယ့်သျှင်၊ ကိုယ် သွန်သင်၍့၊ သက်ရှင်ရုံမျှ၊ မဟူ+ရအောင်၊ ကာ+ယခြင်းရာ၊ ဆင်ခြင်ကာလျှင်၊ ပညာ*နှိုက်နှဲး၊ စက်နှယ် ခွဲး၏၊ မလွဲးမှန်စွာ၊ ဤခန္ဓာကား၊ အနိစ္စာ ဝတ၊ သင်္ခါရတည့်၊ နေ့-ည တုန်လှုပ်၊ တဟုပ်ဟုပ်နှင့်၊ ပျောက်ချုပ် သေနီး၊ လေဝ မီးသို့၊ ပျက်စီးလွယ်စွ၊ ခိုက်တန့်မျှတည့်၊ မောဟ ဖုံးပြု၊ များ ဇန္တုတို့၊ ဝတ္ထု ကိလေသာ၊ နှစ်ဖြာ ကာမ၊ ပြည့်စုံကြစဉ်၊ လောဘကိစ္စ၊ အဿာဒဖြင့်၊ သုခ သောမနသ်၊ ပျံမတတ်သို့၊ ဖြစ်လတ် သာယာ၊ နည်းမျှသာနှိုက်၊ လွန်စွာ နှစ်သက်၊ ပျော် တပ်မက်၏၊ ယွင်းပျက် တဘန်၊ ဘောက်ပြန်တုံငြား၊ ဆိပ်လူးမြားဖြင့်၊ သည်းကြား စူးဝင်၊ တောသမင်သို့၊ မမြင် မြေ-မိုး၊ စောက်ထိုး ပြောင်းပြန်၊ မ*ကိုင်ကန်အောင်၊ ကြွေလှန် အူ-သည်း၊ ဟိုက်*ကြည်း ဒုက္ခ၊ ပူ ပြင်းပြ၏၊ အပ္ပသာဒ၊ သုခ နည်းစွာ၊ လူ့ချမ်းသာဟု၊ ရူပါရမ္မဏ၊ အာရုံစသား၊ ကာမဝတ္ထု၊ ဤငါးခုလည်း၊ ရိုးစု သားတစ်၊ ခုတ်တစ် စဉ်းတီ၊ တူညီ မယွင်း၊ *မီးကျီးတွင်းနှင့်၊ ထက်ခြင်း လှံဦး၊ ပျားလူး သင်ဓုန်း၊ နှိုင်း*နှုန်း သဏ္ဌာန်၊ အဘန်ဘန်ဖြင့်၊ ရွှေဉာဏ် ချက်တိုင်း၊ ဆက် မဆိုင်းသည်။။ ဒီလှိုင်း*ဖျားရေ တက်*ယဉ်တည်း။ (၈)

(၁၆၂) ထို့ကြောင့် လောင်းတော်၊ မင်းမြတ်ကျော်လျှင်၊ ရေသော် နှစ်ပေါင်း၊ လေးထောင်ဆောင်းသား၊ ရှစ်သောင်း တိုင်အောင်၊ လူ့ဘောင် ကျော်စော၊ ထီး မနောနှင့်၊ မြေကြော တုန်နဲ့၊ ဘုန်းတော် ခဲျ့၍့၊ တု*မဲ့ စိုးခြုံ၊ နတ်*မရုံသို့၊ ရွှေဘုံ ရိပ်ကောင်း၊ စံ မွေ့အောင်းလျက်၊ ရွေပေါင်း သုံးဘော်၊ ရံ ဖြေဖျော်လည်း၊ မပျော် နန်းထက်၊ ယနေ့ဘက်တိ၊ တောထွက်အံ့သည်၊ ကြံတော်ရည်မှ၊ ဇာတ်မည် နာမ၊ ကပ္ပကဟု၊ သဒ္ဒါ့ သညာ၊ ကျွန် ဆတ္တာအား၊ များစွာ ခွန်နက်၊ တသိန်းထွက်သား၊ သိပ်နှက် အိမ်ခြေ၊ လူနေ *ဖြီးထု၊ ရွာကြီးဆုကို၊ ယခု ငါ့ကျွန်၊ လူ*မွန် ယောက်ျား၊ စားရစ်တော့ဟု၊ သဘော့အတိုင်း၊ ငံ့ မဆိုင်းဘဲး၊ အားလှိုင်း စုံမက်၊ လွန်နှစ်သက်၍့၊ ခြားကွက် ပိုင်းကာ၊ သေအချာတိ၊ ရွှေလွှာ တင်ပြီး၊ နယ်သီး ဝိသုံ၊ နယ်ပုံ သိမ်းကျုံး၊ ခွန်ခန့်ချုံးလျက်၊ မြေဆုံး ရေ့အောက်၊ လေဘောက် သက်ဆင်း၊ ကုန်အောင်ချင်းသား၊ မင်းတို့ အာဏာ၊ ရာဇိစ္ဆာဖြင့်၊ ရာဇာဆိန္န၊ ရာဇပရိစ္ဆိန်၊ ဝရဇိန်သို့၊ နှိုင်းချိန် *နှုန်း*လျော်၊ တိုက်လုံးကျော်အောင်၊ မိန့်တော် ချက်ချင်း၊ ဆုတော် နှင်းသည်။။ သွင်းခဲ့ ရွှေတိုက် ဆက်စဉ်တည်း။ (၉)

ဆုတော်ပေးခဏ်း ၉-ပိုဒ် ပြီး၏၊

တတီယပိုင်း ၂ - ပုတ္တာရောစနခဏ်း

(၁၆၃) ဗုဒ္ဓင်္ကူရ၊ ကျော်ပေါက်ပြသား၊ မဃဒေဝ၊ လောက သ င်္ကျစ်၊ ဓမ္မရာဇ်လျှင်၊ ကြည်ချစ် မြတ်လေး၊ ရိုးမဆွေးအောင်၊ ကျွန်ရေး ကျင်လည်၊ ဆတ္တာသည်အား၊ သာစည် ကြီးမင်း၊ ရွာဆု နှင်း၍့၊ သားရင်း နန်း*လျာ၊ မဟာဥပရာဇ်၊ ရွှေသင်္ကျစ်နှင့်၊ လွန်ချစ် သက်နှံ၊ အိမ်ရွှေစံကို။။ အထံ ခေါ်တော်၊ သို့ မိန့်ဘော်တည်း။ (၁)

(၁၆၄) တလော်ကဓာတ်၊ ခေါ်စမှတ်သား၊ ရံပတ် သွန်း *သွန်း၊ တောင်စက် ဝန်းလျက်၊ ကျွန်းကြီး လေးသွယ်၊ ကျွန်းငယ် နှစ်ထောင်၊ လေးသွယ်ရောင်နှင့်၊ ရေဘောင် ပြင်ကျယ်၊ ပင်လယ် လေးစင်း၊ မကြွင်း ထိုမျှ၊ လူ့ဒေသထက်၊ နေ-လအပေါ်၊ လွန်ကျော် ထက်ခွင်၊ မိုးကောင်းကင်နှိုက်၊ စက်ရှင်ညီးညီး၊ ယာဉ်ပျံ စီး၍့၊ နတ်ကြီး လေးဘော်၊ စံပျော် ထင်ရှား၊ ယုဂန်ဖျားနှင့်၊ သိကြားနေပြည်၊ တာဝ*တည်ဟု၊ လေးမည် ရောင်ဟုံ၊ သိနေရုံတိုင်၊ စက်စုံ ဖြန့်ရိပ်၊ ဣန္ဒာ့ထိပ်ကို၊ နင်းနှိပ် စိုးစံ၊ တန်းခိုး လျှံ၍့၊ ကျော်သံ ဘက်ကင်း၊ စံစားခြင်းဖြင့်၊ လူချင်းမမျှ၊ လူ့လောကနှိုက်၊ အဂ္ဂပညတ်၊ လေးပါး မှတ်တွင်၊ အမြတ် တဆူ၊ ဝင်တော်မူလျက်၊ နတ်လူတကြော၊ အံ့ဘွယ်မောသား၊ ဘေး*စော စက္ကဝတ်၊ လောင်း မန္ဓာတ်၏့၊ မပြတ် နွယ်တော်၊ ဆက်လာ ပေါ်၍့၊ ရွှေလှော် *ကျိုင်းထွား၊ ကသိုဏ်းလားသို့၊ ဘ,ဖျား သက်စု၊ နေ့တိုင်း ရှုသည့်၊ မောင်ပု မင်းဖြူ၊ သား သည်းအူ။။ မှတ်ယူ ခုသော်၊ ဘ,ဘုန်းမော်၏့၊ ဆံတော် မြရွက်၊ ဖြူ-ကျား ကွက်၍့၊ တရက် တရက်၊ ရွေ့ရွေ့ပျက်လျက်၊ နေပြက် ကြာ့နှယ်၊ မတင့်တယ်ဘဲး၊ နွမ်းနယ် လျော့ပါး၊ ဇရာအားဖြင့်၊ ဘောက်ပြား နှိပ်စက်၊ သေမင့်းလက်နှိုက်၊ သေဘက်သို့ နီး၊ သတ်တော် ကြီး၍့၊ ခရီးလမ်း တို၊ ရွယ်တော် အိုခဲ့၊ ဤကိုယ် ညှိုးမြန်း၊ ပျို မလန်းသည်။ ။ သေပန်း ပွင့်လာတော့ပြီတည်း။ (၂)

(၁၆၅) လူတို့ပြည်မှာ၊ လူ့ချမ်းသာကို၊ များစွာ နှစ်ပေါင်း၊ လေးထောင်ဆောင်းသား၊ ရှစ်သောင်း သုံးပြန်၊ ကာလ လွန်အောင်၊ ဗိမာန် ဘုံကြီး၊ တညီးညီးနှင့်၊ နန်း-ထီး အုပ်စိုး၊ လူအမျိုးကို၊ တန်းခိုးတော်ရိုက်၊ ဘုန်းတော် ပိုက်က၊ တုန်ယိုက် ညွတ်တိမ်း၊ ရန်မျိုး ငြိမ်း၍့၊ ခပ်သိမ်းမကျန်၊ မြေလုံး လှန်သို့၊ ထိပ်စွန် လက်မိုး၊ ကြောက်လန့်စိုး၏၊ မျက်ငြိုး မာန်ချောင်း၊ ရိပ်မစောင်းလည်း၊ သောင်းတိုက် လက်ျာ၊ မြေမျက်နှာထက်၊ တရာ ပြည်ထောင်၊ နန်းဆောင်ဆောင်နှင့်၊ ကုန်အောင် များစွာ၊ မင်း*တကာတို့၊ စကြာတော်ဦး၊ မဖူးတိုက်လို၊ မခိုလိုနိုး၊ ရွံ့မစိုးဟု၊ *အဲခိုး*သံယံ၊ ဝမ်းထဲ ကြံမျှ၊ တရံ တဘန်၊ မလွန်ဆန်တည့်၊ ပြန်လှန် သစ္စာ၊ မာန်သွင်းမာ၍့၊ အာဏာ လက်ရုံး၊ ငါနှင့် ကြုံးက၊ ကျုံး၍့ မီးဝယ်၊ ပစ်မည့်နှယ်သို့၊ ဘယ်ပြည်ထောင်မင်း၊ ရန် မတင်းဘဲး၊ ခွန်သွင်း ပဏ္ဏာ၊ ဆက် ကညာနှင့်၊ စူဠာ ဆံဦး၊ မကိုဋ်ဖူးဖြင့်၊ ညွတ်နူး သက်နှံ၊ သစ္စာခံ၍့၊ ထီးရံ နန်းကာ၊ လိုတော်ပါ၏၊ ငါသာ ဧကရာဇ်၊ မင်းဆုံး ဖြစ်လျက်၊ မင်းစစ်တပါး၊ ဝတိန်ဖျားက၊ သိကြား သူဇံ၊ နတ်ဘုန်းလျှံသို့၊ ပျော်စံမငြီး၊ ပျော်ခဲ့ပြီး၏၊ ရှစ်ထီး စကြာ၊ ဖြူရွက် ကာ၍့၊ လူ့ရွာရိပ်ငြိမ်၊ မင့်းစည်းစိမ်ကား၊ မိုးတိမ်*တစံ့၊ တည် မတံ့ဘူး၊ မခံ့ သက်သက်၊ ခဏတွက်ဖြင့်၊ ရေပြွက်ပမာ၊ တ*သက်လျာဟု၊ ထင်ကာ အပြီး၊ စိတ်တော်ငြီး၏၊ တသီး ယခု၊ ထက်ဘုံ လု၍့၊ ကြီးထု လွန်စွာ၊ နတ်ချမ်းသာကို၊ ဘွေရှာချိန်နီး၊ နတ်ခရီးနှင့်။။ နတ်ထီး ဘွင့်ရာတော့ပြီးတည်း။ (၃)

('ကြိယာဝိသေသလင်္ကာရဝင်္ကဝုတ္တိ'ရှိသောပိုဒ်)

(၁၆၆) ဤလူ့ပြည်မှာ၊ လူ့ချမ်းသာဟု၊ ကာမဝတ္ထု၊ ဤငါးခုကား၊ ဝတ်တုစံပ၊ ပထမနှင့်၊ ဒုတီယရွယ်၊ သည်မျှဝယ်သာ၊ နုနယ် ရူပ၊ *ပတ်လျ *တန်စို၊ *လုလင်ပျိုမှ၊ စိတ်လိုယှိရွေ့၊ တမွေ့ တလျော်၊ စံစား ပျော်၏၊ ရင့်ယော် ဣန္ဒြေ၊ ကိုယ်ရေ လျော့ပါး၊ ခွန်အား ဆုတ်ပြီး၊ ခေါင်းဖြူကြီးနှင့်၊ သေနီးရောက်လျက်၊ နောက် ရွယ်သက်နှိုက်၊ ကြောက်-ရှက်*မဲ့စွာ၊ ပျော်စပါလည်း၊ လိုရာ ဘယ်သို့၊ ပျော်နိုင်တို့လိမ့်၊ ပျော်ဘို့ စွမ်းဟုန်၊ ကုန်ကြီး ကုန်ခဲ့၊ မြူးခုန် ကာမ၊ ပျော်ကိစ္စဖြင့်၊ လောဘတိုက်တိုက်၊ မောဟ ခိုက်၍့၊ တငိုက်*မျဉ်းမျဉ်း၊ သေချိန်ချဉ်းအောင်၊ ထိုင်းပျဉ်း ပျောင်းခွေ့၊ တမွေ့မွေ့သာ၊ လျော့မေ့ ဤကိုယ်၊ ဗြဟ္မစိုရ်နှင့်၊ ကုသိုလ် ကင်းပယ်၊ သီတင်း ကွယ်က၊ မဝယ် *မလှယ်၊ မိုးမှာ ကြယ်သို့၊ ခြောက်သွယ် နတ်ရပ်၊ မကပ်နိုင်စွာ၊ ကွာကြီး ကွာလိမ့်၊ ပမာ နှိုင်းဘက်၊ ပင်ဖျားထက်နှိုက်၊ လေတက်ခေါ်ကာ၊ ကိုင်းရာ ရွက်ခံ၊ ပက်လံ အိပ်ကြည့်၊ ဉာဏ်မပြည့်သား၊ နှိုင်းရှည့်*မဲ့သီး၊ လူမိုက်ကြီးဟု၊ အတီး *ရှေးက၊ ပေါရာဏတို့၊ ပြောပ ဘော်ထုတ်၊ ခေါ်သမုတ်သည့်၊ သစ်ခုတ်ယောက်ျား၊ လေး*ဦးသားသို့၊ ပျော်ပါး လူ့ဘောင်၊ မောဟ ဆောင်တိုင်း၊ သေအောင် ငါ့ကိုယ်၊ မမိုက်လိုဘူး၊ ကုသိုလ် ဝေးကွာ၊ မိုက်လေ့လာဖြင့်၊ ပျော်ကာ မြူးကာ၊ ယစ်မူးကာနှင့်၊ ကိလေသာဆိုး၊ အယုတ်မျိုးကား၊ *ထံပိုး လှိုင်းဟုန်၊ *သုန်ကြီး သုန်ခဲ့၊ လှေစုန် ရွက်တိုက်၊ ရေကြောလိုက်သို့၊ စိုက်စိုက်မယွင်း၊ လေး ပါယ်တွင်းသို့၊ စုန်ဆင်း လျင်မြန်၊ ရောက်ကြောင်း မှန်၏၊ ငါးတန် ရေစုန်၊ ကာမဂုဏ်ကို၊ အကုန် ပယ်ခွါ၊ စွန့်ပြီးခါမှ၊ မဟာပုရိ၊ လောင်းဗောဓိတို့၊ မငြိ မရှက်၊ မြတ်ဝိတက်ဖြင့်၊ တောထွက်ကိစ္စ၊ နိက္ခမ္မကို၊ ခဏ မနှေး၊ ရှည်မသွေးသည်။။ ပြုရေး သင့်စွာတော့ပြီတည်း။ (၄)

(ဤ ၃-ပိုဒ်ကား 'တော့ပြီတည်း'ဟူ၍့ ၃-ပိုဒ်လုံး သံတူ ချရကား သော်တာရောင်ချ'ချည်း။)

(၁၆၇) ဇာတိသန္ဓေ၊ ကိန်းကြနေသား၊ တွက်ရေ ငါးစု၊ စတု ဧက၊ ဘုံဌာနဝယ်၊ ခန္ဓာအလို၊ သုံး ပုဂ္ဂိုလ်တိ၊ မဂ်-ဖိုလ် မယှဉ်၊ ပုထုဇဉ်တို့၊ အစဉ်သဘော၊ ရွေ့လျော မတည်၊ သံသာပြည်နှိုက်၊ တလည်ပတ်ပတ်၊ စက်ရဟတ်သို့၊ ယုတ်-မြတ် မမှန်၊ ထူး သဏ္ဌာန်ဖြင့်၊ ပြန်လှန် အောက်ထက်၊ စဉ် မပျက်ဘဲး၊ ဘဝဂ် ဝီစိ၊ မြဲးယှိ မထင်၊ ဆုံး မမြင်ဘူး၊ လူတွင် စကြာ၊ နတ်မှာ သိကြား၊ မိုးဖြား ဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာ ပြိုကွဲး၊ ကုသိုလ် *စဲးက၊ ဘောက်လဲး ပယ်ရွာ၊ ရောက်ပြန်ကာတည့်၊ စကြာ ဥဒေါင်း၊ မြင့်ဆောင်း ဒေဝ၊ နိမ္မိတက၊ ဝသဝတ္တီး၊ နတ်ကြီး မဟာ၊ ဝီစိရွာနှင့်၊ ဗြဟ္မာက ဝက်၊ အဆက်ဆက်ဖြင့်၊ တက်-သက် လူးလာ၊ ဘောက်ပြန်စွာတည့်၊ ဤခန္ဓာညွန်၊ တဏှာဝန်ကား၊ အလွန် ပုပ်ဆွေး၊ ချစ်တိုင်း လေး၏၊ ဝဋ်ဘေး အစဉ်၊ ဝိညာဉ် နာမ်-ရုပ်၊ ဖြစ်-ချုပ် မပြတ်၊ ဆုံးမသတ်သား၊ ဥပါဒ် နိရော်၊ တ*အော်လဲးလဲး၊ သံသာဝဲးနှိုက်၊ အမြဲး*ဖက်ထစ်၊ မွန်း-မြုပ် နစ်၍့၊ တဆစ် တရံ၊ ဌီမဆံဘဲး၊ သီဝံ ခေမာ၊ ငြိမ်းဧးရာနှင့်၊ ရှည်ကြာ ကာလ၊ မနီးရအောင်၊ ဘဝဆောင်သွေး၊ ဖြစ်တိုင်း ဝေး၏၊ အိုဘေးမကွာ၊ နာဘေးအတိ၊ သေဘေး ဘိလျက်၊ ဇာတိ မြစ်ခြေ၊ မကင်းချေတိုင်း၊ အနေမကျ၊ အနိစ္စနှင့်၊ ဒုက္ခအစု၊ နှိပ်စက်မှုဖြင့်၊ အထု *အထ၊ ပုရွ ပျို-အို၊ ခန္ဓာကိုယ်လည်း၊ သငြ်္ဂီုဟ် ငါးရပ်၊ နာမ်-ရုပ် စပ်လျက်၊ တံလှပ်သ*ဖွယ်၊ အနည်းငယ်မျှ၊ ချစ်ဘွယ်စရာ၊ ချမ်းသာ+ရာနှင့်၊ မြဲး+ရာ နိစ္စ၊ ရှာမရ၍့၊ မြင်မတွေ့သည်။။ ဘယ်ရွေ့ နေရမည်မသိ။ (၅)

(၁၆၈) အာဒိ ဉာဏ်ရွှေ၊ ညက်ညက်ချေလျက်၊ မဟေသယာ၊ ဂုဏ်ထူးရှာသား၊ ပညာ*နက်ကိ၊ ဉာဏ်ဇာတိဖြင့်၊ မြင်-သိမဆိတ်၊ ရှေးအတိတ်က၊ ပဏ္ဍိတ် ကဝေ၊ တိဟိတ်နေတို့၊ ခြွေရံ ဝန်းလျား၊ သားမယားနှင့်၊ တိုင်းကား ပြည်ထောင်၊ ကာမဘောင်ကို၊ ထိန်ပြောင် ညီးပြိုက်၊ မီ့းနှယ်မြိုက်သား၊ လောင်တိုက် ကြီးစွာ၊ ဝဋ်မီးစာဟု၊ ယထာဘူတ၊ မုချ ကြံတွေး၊ ထင်ရေးရေးဖြင့်၊ *ဦးလေး ငြီးငွေ့၊ မမွေ့နိုင်အား၊ မြင်တရားကြောင့်၊ *ယိုးယား ရှောင်ခွါ၊ ငါးကာမာကို၊ မညှာ မချစ်၊ ပစ်ကြီး ပစ်လျက်၊ အပြစ် မြင်မြင်၊ တောသို့ ဝင်မှ၊ သန့်စင် ချမ်းမြ၊ သီလ ဧးကြည်၊ နှင်းရည် ဆွတ်ချိုး၊ ပူ မစိုးအောင်၊ *ခြိုးခြိုး*ခြံခြံ၊ ကိုယ်ရှောင် စံ၍့၊ ဗြဟ္မံစရိယ၊ နိက္ခမ္မဖြင့်၊ ကိစ္စ ကြီးစွာ၊ ဝေးကြောင်း ခွါ၏၊ ဤကာယပုပ်၊ နာမ်-ရုပ် နှစ်ခု၊ ခန္ဓာစုနှိုက်၊ အမှု မလို၊ အပို မရှာ၊ မလော်မာဘဲး၊ တဏှာအဘော်၊ မသူတော်နှင့်၊ အပျော် မကြိုက်၊ တရားမြိုက်ကို၊ မျိုကျိုက် ဝမ်းထဲး၊ လုံးလုံး စွဲး၍့၊ အမြဲး ချမ်းသာ၊ ဧးကြောင်း ရှာ၏၊ ဥပါဒါနက်၊ ခန္ဓာပျက်ကား၊ သက်သက် ညစ်ဆိုး၊ အပျက်မျိုးကြောင့်၊ ပြုကျိုး မထင်၊ ပြင်ကျိုး မမြောက်၊ မျက်စိအောက်နှိုက်၊ ယွင်းဘောက်သည်သာ၊ ဓမ္မတာတည့်၊ ဇရာ ညှိုးယော်၊ ရုပ်ဆိုး ပေါ်၍့၊ ရွယ်တော် မလှ၊ ခေါင်း ဖြူဆွပြီ၊ မောင့်ဘ ခမည်း၊ ငါ*ရန်လှည်းလည်း၊ ထို့နည်းအသွင်၊ မသေခင်နှိုက်၊ တောဝင်ကျင့်*နှုန်း၊ သတိ*ဆုန်း၍့၊ တောပုန်းရသေ့၊ သူတော်လေ့ဖြင့်၊ ယနေ့ ထွက်စံ၊ ကျင့်*ခြိုးခြံအံ့၊ ခြွေရံ ဝန်းလျက်၊ ရွှေနန်းထက်ဝယ်၊ နှစ်သက် မင်းလေ့၊ ပျော်မမွေ့သည်။။ ဘယ်နေ့ သေရမည်မသိ။ (၆)

(ဤ ၂-ပိုဒ်လည်း အချီအချ 'ကိုးတွင်းပြည့်'ချည်း၊ 'ရမည်မသိ'ဟူ၍့ ၂-ပိုဒ်လုံး ချရကား 'သော်တာရောင်'လည်း ဟူ၏၊ အသတ်မဲ့ရကား 'ပေါက်ပြ'လည်း ဟူ၏၊ ဖျော်ဆိတ်လလည်'ချမျိုးလည်း ဟူ၏၊ ၂-ပိုဒ်လုံး လုံးရေ (၈၀)စီ ညီရကား ထူးဆန်းထွေလာ'လည်း ဟူကုန်၏၊

(၁၆၉) ဤသို့ မှန်စွာ၊ လောင်းရာဇာလျှင်၊ ကေသာ မြရွက်၊ ဖြူ တခက်ဖြင့်၊ သေဘက် နီးပြီ၊ မသေမီဝယ်၊ ခိုမှီ တောကျောင်း၊ ကပ်လို+ကြောင်းကို။။ နန်းလောင်းမင်းအား၊ မိန့်တော်ကြားတည်း။ (ရ)

ပုတ္တာရောစနခဏ်း (ရ)ပိုဒ် ပြီး၏၊

တတီယပိုင်း ၃ - ပုတ္တောဝါဒခဏ်း

(၁၇၀) ပဒုညာမြန်း၊ လက်ျာနန်းတိ၊ ရေဖျန်းသဟံ၊ အတူခံသား၊ ရွှေကမ္ဗုအောက်၊ နှစ်ဆူ ပျောက်၍့၊ နှစ်ယောက် မဆွယ်၊ ရွေမျာ့းလယ်တွင်၊ နတ်နှယ်*ရှိ၊ မိဘုန်းယှိ၏့၊ သိရီ့*ရဝေ၊ ကြာသိုက် ဗွေနှိုက်၊ သန္ဓေ ဦးစွာ၊ ငုံဖူးလာကြောင့်၊ ဘ,ရာ ရန်ပြီး၊ မင်း*လျာ ခြီးလျက်၊ ရွှေထီး ရှစ်ချက်၊ ပြည့်တဝက်ဖြင့်၊ လက်နက် ကံကျွေး၊ နီး-ဝေး လုံးရင်း၊ စု ပေးနှင်း၍့၊ သင်းပင်း ကျေးကျွန်၊ အတွင်းဝန်နှင့်၊ ပြင်ဝန် ခ,ရံ၊ မြောက်အိမ်စံတည့်၊ သက်နှံ ရင်နှစ်၊ ဘသားချစ်။။ စင်စစ် မှန်စွာ၊ ဘ,ရာဇာကား၊ လူ့ရွာ စည်းစိမ်၊ မင့်းရိပ်ငြိမ်ကို၊ ကြိမ်ကြိမ် နှစ်ပေါင်း၊ ကျော် ရှစ်သောင်းဖြင့်၊ စံ*ညောင်း လွန်ပြီး၊ ကြာခဲ့ ငြီးပြီ၊ နန်း-ထီး မညှာ၊ တောထွက်ခွါလျက်၊ တောမှာ မပျင်း၊ တေမိမင်းတို့၊ ကံပြင်းရွက်ပြုတ်၊ ပရ ဘုတ်၍့၊ မဟဂ္ဂုတ်ကုသိုလ်၊ ပွားကြကြိုသို့၊ ဗြဟ္မစိုရ် လေးဘော်၊ တရား ပျော်လျက်၊ ရွှေကိုယ်တော် ထီး၊ တောစံမှီးအံ့၊ သားကြီး မင်းခြေ၊ မောင်သက်ဝေလည်း၊ တက်နေသို့ ပွင့်၊ ဘုန်းတော် ရင့်ခဲ့၊ ဘ,မင့်း ကိုယ်စား၊ ရာ မြှောက်ထားပိမ့်၊ ငါ့သား သက်နှံ၊ ငါ့မွေ ခံ၍့၊ နိုင်ငံ တိုင်းခန်း၊ ဘုံ*ကြငှန်းကို၊ သိမ်းမြန်းသဖြင့်၊ နတ်နှယ် တင့်အောင်၊ လူမင့်း ရိပ်ငြိမ်၊ နန်း ရွှေအိမ်နှင့်။။ စည်းစိမ် မြင့်လစ်စေသတည်း။ (၁)

(၁၇၁) စည်းစိမ် မြင့်လစ်၊ မင့်းအဖြစ်ဖြင့်၊ နတ်စစ် နှိုင်းစံ၊ ဘ,မွေ ခံလော့၊ ဘုန်းလျှံ စောဓီး၊ ဘ,မင်းကြီးမူ၊ ''ချည်းနှီးမျှသာ၊ လိုမပါသည့်၊ မဟာဘူတ၊ ဤကာယအား၊ နေ့-ည မကင်း၊ ရေ-စာ သွင်း၍့၊ မပျင်း လုပ်ကျွေး၊ ပြုစု မွေးလည်း၊ ကျေးဇူး မယှဉ်၊ အကတညု၊ မြွေ လေးခုသို့၊ ကိုယ်မှု *မစဲး၊ ခဲးမှု မငြိမ်း၊ ကိုယ်လုံး ရှိမ်းအောင်၊ ရှောင်တိမ်း မသာ၊ ဇရာ မြွေဆိပ်၊ တက် ရိပ်ရိပ်ဖြင့်၊ ဦးထိပ် ထက်စီး၊ ရောက်လာပြီးပြီ၊ သေနီး ပျက်နီး၊ သက်တော် ကြီးခဲ့၊'' နတ်ထီး နတ်နန်း၊ နတ်*ကြငှန်းကို၊ ရည်မှန် ရွယ်ဆု၊ ရဟန်းပြု၍့၊ ယခု ငါသည်၊ ရှာတော့မည်တည့်၊ ဘုန်းဇာနည်မြောက်၊ ရုံးရည် တောက်၍့၊ ရွယ်ရောက်သင့်စွာ၊ ပွင့်သမ္ဘာနှင့်၊ သမာ *ခိုင်ကျည်၊ ရန်မျိုး နှည်သား၊ ကြည် သရာ+ယောင်၊ လက်ရုံး ထောင်က၊ ဘုန်း+ရောင် တု*မဲ့၊ မြေကြီး နဲ့မျှ၊ တုန်ချဲ့ တေဇော်၊ ငါ့သားတော်သာ၊ ခေါ်*သင်္ကြံန်ထူး၊ သျှန္တီ ကျူးလျက်၊ ရှစ်ဦး ဗြဟ္မာ၊ မင်္ဂလာတို့၊ သင်္ခါ ဖြူဝင်း၊ ခရုသင်းစစ်၊ လက်ျာရစ်ဖြင့်၊ နတ်မြစ် ရေစင်၊ ကြည်လင်လင်ကို၊ ထိပ်တွင် ရွှန်းရွှန်း၊ ဘိသိက် သွန်း၍့၊ အဝန်း သုံးရာ၊ ဝိဒေဟာနှိုက်၊ မိထိလာမည်သီး၊ ဤပြည်ကြီးကို၊ ရှစ်ထီး ပလ္လင်၊ မင်းခင်း*ယင်သည်။။ ဥကင် ဘွင့်လှစ်စေသတည်း။ (၂)

(၁၇၂) ဥကင် ဘွင့်လှစ်၊ ဧကရာဇ်ဟု၊ မင်ဖြစ် တိုင်မြောက်၊ ရောက်လတ်ပြီးသော်၊ မင်းကြီး*တကာ၊ ကျင့်မြဲးစွာသား၊ ရေးရာ မြော်မြင်၊ ပညာ့ရှင်ကို၊ တိုင်ပင် မပြတ်၊ များ မှူးမတ်နှင့်၊ ညီညွတ် ပြုမှန်၊ အခွန် ခံခြင်း၊ ဒဏ်ပေးခြင်းနှိုက်၊ ထုံးရင်း မပယ်၊ သက်ရွယ် ကြီးမား၊ သူတို့အားကား၊ ညွတ်တွား *ရို*ကျိုး၊ မြတ်နိုး ပြုစု၊ ပြည်သူ့သမီး၊ ရှုမငြီးကို၊ ဘိစီး နှိပ်စက်၊ နိုင်ထက် မယူ၊ ပူဇော် ထိမ်းမှတ်၊ ပြည်စောင့်နတ်အား၊ မပြတ် တင်သ၊ သမဏနှင့်၊ ဗြာဟ္မဏခေါ်၊ မြတ်သူတော်တို့၊ မပျော် ပျော်ကြောင်း၊ မရောက်ထောင်းလည်း၊ မပြောင်းလိုမှု၊ စောင့်ရှောက်ပြုဟု၊ ပေါင်းစု တွက်ပြ၊ သတ္တ အပရိဟာ၊ ခုနစ်ဖြာတည့်၊ ရတနာအလား၊ မြတ်တရားကို၊ တိမ်းပါး မချော်၊ ခမည်းတော်နှင့်၊ မယ်တော်တို့မှာ၊ ကောင်းစွာ ကျင့်ငြား၊ မိဖုရားနှင့်၊ သားတော် သမီး၊ ရံရွေနီးတွင်၊ တသီး ကျင့်ကောင်း၊ ဆွေကောင်း မျိုးမြတ်၊ မှူးမတ်တို့နှိုက်၊ ကျင့်ထိုက် တသင်း၊ ဆင်-မြင်းရတနာ၊ *ဗိုလ်ပါတို့ဝယ်၊ ကျင့် တသွယ်က၊ ကြီး-ငယ် မြို့-ရွာ၊ ကျင့်ရာ ထုံးစံ၊ နိုင်ငံ ဇနပိုဒ်၊ အလိုက် ကျင့်ခန်း၊ ရဟန်း ပုဏ္ဏား၊ သူမြတ်များနှင့်၊ သား-ငါး တိရစ္ဆာန်၊ မကျန် ကျင့်ရိုး၊ ဤရှစ်မျိုးကို၊ မင်း*စိုးပီပီ၊ ငါလျှင်ပြီဟု၊ အညီ ကျင့်တတ်၊ ကျင့် မချွတ်၍့၊ ဘုံထွတ် နန်းအိမ်၊ ပရနိမ်သို့၊ စည်းစိမ် ဖြိုး*ဖြိုး၊ နေ့တိုင်း တိုးလျက်၊ တန်းခိုး မ*သုန်း၊ နတ်တ*နှုန်းသည်။။ ရွှေဘုန်း ပွင့်သစ်စေသတည်း။ (၃)

(၁၇၃) မင်းတို့ ကျင့်ရာ၊ ဤရှစ်ဖြာတွင်၊ မာတာ ပိတ၊ မိဘတို့အား၊ တရား ယွင်းချွတ်၊ ဇာတသတ်နှင့်၊ ဗြဟ္မဒတ်မင်း၊ ဝီစိဆင်း၏၊ *သည်းရင်း *သက်ထား၊ သား-မယားနှိုက်၊ အမှား ကျင့်မိ၊ ဒိဋ္ဌိဆရာ၊ ခဏ္ဍာဟလ၊ ဗြာဟ္မဏကြောင့်၊ ပုပ္ဖဝတီ၊ ပြည်ပုရီတွင်၊ သိင်္ဂိ နန့်းရှင်၊ ဘုရာ ဧကရာဇ်၊ ဘဝ *နစ်ရှင့်၊ ဆွေစစ် သားချင်း၊ တရား ကင်း၍့၊ မင်းအရိဋ္ဌ၊ ကျသည် ရွှေနန်း၊ တခန်း ထို့ပြင်၊ စီးဆင်ရတနာ၊ မင်္ဂလာတိ၊ သာခွါဘော်လျှံ၊ ကောင်းကင်ပျံကို၊ ကမ်းယံ ချောက်တွင်း၊ ဆင်းစေမိ၍့၊ ပြည်ကြီ့းပတ်ကုံး၊ တိုင်းလုံး မကျန်၊ ညှိုး ပူပန်၏၊ တိရစ္ဆာန်များ၊ တောလား ရေလား၊ ဘားငါးကစ၊ ရဋ္ဌ-ဇနပိုဒ်၊ နိုင်ငံတိုက်ကို၊ အလိုက် မသင့်၊ မီ့းနှယ် ကျင့်၍့၊ ဆဲးခွင့် ယှိမှု၊ မင်းတွင် စုသား၊ ''တိဏ္ဍုကဇာတ်၊ ရှေးနိပတ်နှိုက်၊ ဗြဟ္မဒတ်ရာဇာ၊ မဟာပေါရိသာဒ်၊ သားမောင် မှတ်လော့၊ သူမြတ်တို့ကို၊ မကြည်ညို၍့၊ ပျက်လို ရှုအိုက်၊ ခွေးတိုက် လေးပစ်၊ ထိုမင်းညစ်တို့၊ အော်ဟစ်*မစဲး၊ အောက် မြေထဲးနှိုက်၊ ငရဲးသစ်ငုတ်၊ မပြုတ်နိုင်အောင်၊ ပူလောင် ထန်ပြင်း၊ ခံရလျှင်း၏၊ နတ်မင်း သမ္ပရ၊ ပုဗ္ဗဒေဝါ၊ အသုရာလည်း၊ ငါးရာ သိမ်မွေ့၊ ရသေ့တို့အား၊ ပြစ်မှား တစိ၊ ကျူးလွန်မိ၍့၊ မချိ စိတ်စက်၊ နှလုံးပျက်၏၊ ဒိဗ္ဗစက်ရှင်၊ သူမြတ်စင်ကြောင့်၊ ပြိတ်ပင် ပြိတ်ရွက်၊ လက်နက် ဖြစ်ခြင်း၊ ညီ-နောင် မင်းတို့၊ ချင်းချင်း သတ်+ကြ၊ သွေးချောင်း+ကျလျက်၊ သာလှ လွန်ကဲး၊ သံဖြင့် တွဲးသား၊ ခြိမ့်သဲး ကြေငြာ၊ နတ်တရွာသို့၊ ဒွါရာပုရံ၊ မိုးပျံ ပြည်ကြီး၊ ကုန် ပျက်စီးရှင့်၊ တသီး ချွတ်ယွင်း၊ ကုရုမင်းလည်း၊ ဂိုဏ်းသင်း နှစ်ပါး၊ ရသေ့များကို၊ တရားတိုက်ကာ၊ ပဏ္ဏာ ယူစား၊ အကျင့် မှား၍့၊ တိုင်းကား ရေနစ်၊ ပင်လယ် ဖြစ်၏၊ မဇ္ဈရဋ္ဌ၊ မာတင်္ဂကြောင့်၊ တကွ ပြည်လုံး၊ ဆုံးခဲ့ ကုန်ချီ၊ ဒဏ္ဍကီလည်း၊ မညီ ဓမ္မ၊ သျှင်ကိသကို၊ စိတ်က ပြစ်မှား၊ မခံ့ညားဘဲး၊ ကျင့်ငြားမိတွက်၊ တိုင်းလုံး ပျက်ခဲ့၊'' ''ထက်မြက် ဝှန်ဆူ၊ အဆိပ်ဟူသည်၊ သင့်သူသာမျှ၊ သေတတ်စွရှင့်၊ သမဏ ဗြာဟ္မဏာ၊ အရိယာဟု၊ သင်္ဃာ ရဟန်း၊ ကျင့်ခဏ်း မြတ်သူ၊ အဆိပ်မူကား၊ ရှင်-လူ နီး-ရင်း၊ ရွေ-သင်းပင်းနှင့်၊ မကြွင်း ပျက်စီး၊ လောင်သည့်မီးသို့၊ သေပြီး ဆက်ဆက်၊ ငရဲးကျက်၍့၊'' ရှစ်ချက်တရား၊ ကျင့် ဘောက်ပြားက၊ တိုင်းကား ပြည်ထောင်၊ ကုန်အောင် ပျက်ခြင်း၊ ပါယ်တွင်း ကျမြုပ်၊ စုံးစုံးငုပ်သား၊ သရုပ် အကျယ်၊ အဓိပ္ပါယ်ကို၊ ဝမ်းဝယ် ပိုက်ငြား၊ အမြဲးထား၍့၊ ငါ့သား မင်းခေါင်၊ ကြဉ် ကွင်းရှောင်သည်။။ ကင်းအောင် လွှင့်ပစ်စေသတည်း။ (၄)

(၁၇၄) မိဘတို့မှာ၊ ကျင့် ကောင်းရာကို၊ ကောင်းစွာ မမှား၊ ကျင့်သော့အားဖြင့်၊ ပုဏ္ဏား ရာမ၊ ကုမ္ဘဝတီ၊ ဒဏ္ဍကီ၏၊ ပုရီ ပြည်လုံး၊ လက်နက် ဖုံးလည်း၊ မဆုံး မပျက်၊ ခြားခဲ့ ကွက်၏၊ တချက် ထိုမှ၊ အလိနသတ္တု၊ ငယ်နု ရွယ်ဦး၊ မင်းယဉ်ကြူးလည်း၊ ဘီလူး မစား၊ ဘ,စကားကို၊ ထောင်နား မခွ၊ နာတတ်လှ၍့၊ ရာမလောင်းတော်၊ ခြောက်သောင်းကျော်အောင်၊ နန်းပေါ် စံစား၊ သက် ရှည်လျား၏၊ သားကြောင့်မုချ၊ မင်းဇယလျှင်၊ ဇီဝ သက်ရှင်၊ ညာတင် ဒေဝီ၊ မဟေသီနှိုက်၊ မဒ္ဒီနတ်တူ၊ လှသမ္ဘူတို့၊ မြိုင်ငူ တောရပ်၊ အတူ ကပ်၍့၊ ရက်စပ် မချန်၊ လုပ်ကျွေးထန်လျက်၊ ဝေဿန်ဆုကြီး၊ အပြီး ရမိ၊ မင်းသောတ္ထိမှာ၊ နူနာ ပျောက်ကင်း၊ ဆွေရင်း မျိုးမြတ်၊ မှူးမတ် စိတ်ညီ၊ ဝေသာလီဝယ်၊ လိစ္ဆဝီမင်းများ၊ သိကြားသော်လျက်၊ မဖျက်နိုင်စွာ၊ ရာဇာ ဝိဒေဟ၊ ကောရဗ္ဗတို့၊ မတ်လှ မဟော်၊ ဝိဓူကျော်ကြောင့်၊ မြေပေါ်ထက်နှိုက်၊ စံဘက် မပြိုင်၊ ဂုဏ် တက်လှိုင်၏၊ ဆင်ခိုင် မြင်းကောင်း၊ သူရဲး ကောင်းမူ၊ အလောင်းတော်မြတ်၊ ဂေါဇာတ် ဇာနည်၊ မုန်ရည် သောက်စီး၊ ပေါက်ကြီး ငွေရောင်၊ ရန်မျိုး အောင်၍့၊ ပြည်ထောင် တပါး၊ မ*ချောက်ချားဘဲး၊ အများ ထိတ်ရွံ့၊ မဝံ့ ကြောက်*ကြိမ်း၊ ရန်မျိုး ငြိမ်း၏၊ ခပ်သိမ်း တိရစ္ဆာန်၊ မကျန်စေရ၊ ဂါမ ဇနပိုဒ်၊ နိုင်ငံတိုက်နှိုက်၊ စရိုက် မမှား၊ ပုဏ္ဏား ရဟန်း၊ ဤကျင့်ခန်းကား၊ အောင်ပန်းရတနာ၊ မင်္ဂလာဖြင့်၊ တရာနှစ်ကျော်၊ ရွှေနန်းပေါ်ထက်၊ သက်တော် ရှည်ကြောင်း၊ ဆို ဆုတောင်း၍့၊ လူကောင်း ကြည်ညို၊ နတ်ကောင်း လိုရှင့်၊ ထိုထို အပြား၊ သရုပ်ကြားသား၊ ရှစ်ပါး အကုန်၊ ဓမ္မဂုဏ်ကို၊ မ*သုန် မ*ဖျင်း၊ မကင်းရအောင်၊ အမြဲး ဆောင်သည်။။ သားမောင် ကျင့်ရစ်စေသတည်း။ (၅)

('သော်တာရောင်ချ'ချည်း)

(၁၇၅) ဘဝစက်ဖြင့်၊ အဆက် ရှည်စွာ၊ သံသရာက၊ ပတ္ထနာ အထူး၊ ဆုံကြဖူးကြောင့်၊ သားဦး စင်စစ်၊ ရွှေရင်နှစ်ဟု၊ အဖြစ် ကောင်း၍့၊ မင်းလောင်း ရွှေဘွဲ့၊ အတု*မဲ့အောင်၊ နှစ်ဆဲ့တသွယ်၊ စလွယ် ရွှေကြိုး၊ ထိန်ပြိုးပြိုးနှင့်၊ မြတ်နိုး ဆပွား၊ နန်း*လျာထားသည့်၊ ဘ,ဘွား သည်းချာ၊ ဥပရာ။။ မဟာဓမ္မရာဇ်၊ ဘုန်းတော် သစ်၍့၊ နေမြစ် ပီပီ၊ နေမျိုးညီလျက်၊ မဟီတလေ၊ ရေနှင့် မြေကို၊ အောင်ဇေယျာဟိတ်၊ အောင်နိမိတ်နှင့်၊ ဘိသိက် အောင်ပန်း၊ ဆင်မြန်း သိမ်းပိုင်၊ ရွှေနန်း ထိုင်၍့၊ *ဦးကိုင်စိုးလစ်၊ မင်းလျှင်ဖြစ်က၊ မင်းစစ် ဓမ္မတာ၊ ထုံး စဉ်လာတိုင်း၊ သစ္စာ မြင်းမိုရ်၊ နှုတ် သံမှိုဖြင့်၊ မယိုမ+ယွက်၊ ထိပ်ဝယ်နှက်သို့၊ ဆောင်+ရွက် မြဲးစွာ၊ တည်စပါလော့၊ စကြာ မန္ဓာတ်၊ လေးကျွန်းပတ်သား၊ နေနတ် *စောဓီး၊ ဘေးလောင်းကြီးတို့၊ *ရှေးတီး*မဆွ၊ ကျင့်ကုန်ကြသား၊ ရာဇဓမ္မ၊ မင့်းကိစ္စနှင့်၊ ထိုမျှ အပြား၊ ကျင့်တရားကို၊ ငါ့သား သည်းအူ၊ စွဲးမှတ်မူ၍့၊ ဦဦ သောင်းသောင်း၊ သစ်-အဟောင်းတိ၊ အပေါင်း *ပေါယယ်၊ *ဗိုလ်နိကာယ်တို့၊ လေးသွယ် မျိုးပြား၊ ရွှေပြည်သားနှင့်၊ တပါးတိုင်းနေ၊ *အကြေ အညာ၊ ရောက်လာကုန်ကြ၊ ပရဒေသီ၊ ဟူပြီ တသင်း၊ အတွင်းနှင့် ပြင်၊ ထွက်-ဝင် နီးစပ်၊ အရပ်ရပ်က၊ ကပ်ယပ် ထိုထို၊ ဘုန်းရိပ် ခိုအား၊ ဗြဟ္မစိုရ်ချုပ်၊ ထီးနှယ် အုပ်လျက်၊ ပိုက်ထုပ် ကြင်နာ၊ ကရုဏာဖြင့်၊ ''မဟာသတ္တ၊ နိဂြောဓဟု၊ မိဂ*သနင်း၊ သမင်မင်းလျှင်၊ ဝမ်းတွင်း တည်နေ၊ သန္ဓေ တသက်၊ မိ တသက်ကြောင့်၊ ကိုယ့်သက် ကြည်ဖြူ၊ စွန့်တော်မူသို့၊ ပြည်သူမျာ့းတွက်၊ ကိုယ့်အသက်လည်း၊ ငဲ့ကွက် မညှာ၊ စွန့်အပ်စွာ၏၊'' လူဝါ လူရှုပ်၊ *ပြင်းဟုပ် *ညဉ့်ငှက်၊ သူသွမ်းသွက်နှင့်၊ သူပျက် သူလောင်၊ ပြည်ငြောင့်ကောင်ကို၊ နေရောင် ပိုးစုန်း၊ ဖျောက်လွှင့် *မှုန်းသို့၊ နှိုင်း*နှုန်းသဖွယ်၊ ဘုန်းတော် ပယ်၍့။။ ဘုန်းကွယ် ညှိုးပျောက်စေဘိလော့။ (၆)

(ဤဗြဟ္မစိုရ်ချုပ်စသော စကားသည် ဓမ္မိကဘုန်းဂုဏ်ကို ပြလို၍့ ဆန့်ကျင်ဘက်ကို ပြသော 'ဝိရောဓိတာလင်္ကာရ'မျိုးတည်း။)

(၁၇၆) မင်းကျင့် စင်စစ်၊ တရားချစ်လော့၊ သောက်ယစ် ဝေမူး၊ တောဘီလူးသို့၊ စားကြူး လွန်စွာ၊ မပြုရာဘူး၊ ပညာ ကင်းဘိ၊ သတိ ကင်းပ၊ ပစ္စက္ခပင်၊ မမြင် အပြစ်၊ သုရာ ယစ်က၊ သားချစ်အသား၊ ချက်ကြော်စား၍့၊ တရား လွတ်ရှင်း၊ ကင်းကြီးကင်း၏၊ ခံတွင်းအရသာ၊ သားဟင်းလျာနှိုက်၊ လျှာအလိုလိုက်၊ လောဘ တိုက်၍့၊ ကြိုက်သည့် *ရမ္မက်၊ ဟင်း တစက်ကြောင့်၊ နရက် အပါယ်၊ လားလေဘွယ်တည့်၊ 'ရှေးဝယ် မယွင်း၊ မင်းပေါရိသာဒ်၊ ဗြဟ္မဒတ်ရာဇာ၊ အာနန္ဒာနှင့်၊ ဟင်္သာ ကိုးသောင်း၊ ထိုအပေါင်းတို့၊ တိမ်းစောင်း တရား၊ ဇာတ်တူသားကို၊ စား၍့ မုချ၊ ပျက်စီးကြ၏၊'' သားလှ မင်းဖြူ၊ ဘ,သည်းအူကား၊ ဇာတ်တူအသား၊ ဟင်းလျှာများကို၊ ရှောင်ရှား ပယ်ပစ်၊ မစားရစ်နှင့်၊ တဆစ် ထိုမှ၊ ဂုဏ ဝယ၊ ဝုဍ္ဎ ကိုယ့်ထက်၊ ဂုဏ်သက် နှစ်ပါး၊ ကြီးသူအားလည်း၊ ပြစ်မှား ရှုပ်ချ၊ မပြုရဘူး၊ ဆူးကျ ဖက်ပေါက်၊ ဖက်ပေါက် ဆူးကျ၊ ဆိုကြသဖွယ်၊ ကိုယ်ဝယ်ချည်းပေ၊ ပြစ်ရောက်ချေ၏၊ *မထေ နှုတ်ဖျား၊ စကားမျှသာ၊ ပြောမိရာဖြင့်၊ *ဥပါဘီလူး၊ နန်းဦး လှေကား၊ တံခါး လေသာ၊ မင်းထွက်ရာနှိုက်၊ ရုပ်ဝါ ပြင်ပြင်၊ ကိုယ်ထင် လတ်လတ်၊ ပြ ချောက်တတ်ရှင့်၊ မှတ်လော့ ထိုမှ၊ ယုတ် နှိမ့်ချ၍့၊ စိတ်က ကြံဘိ၊ အောက်မေ့မိရုံ၊ မျက်စိ နှစ်ဘက်၊ သလာတက်သို့၊ သက်သက် *အကယ်၊ ပိတ်ဖုံး ကွယ်၏၊ ''ရှေးဝယ်သော့ခါ၊ တော*ဟေမာနှိုက်၊ ပညာ မြော်မြင်၊ ခါ-မျောက်-ဆင်တို့၊ ညောင်ပင် တခု၊ သက်သေပြု၍့၊ ဂုဏဝုဍ္ဎာ၊ ပစာယန၊ ကျင့်ကုန်ကြကြောင့်၊ လူမျှ မတန်၊ တိရစ္ဆာန်လျက်၊ နတ်ဌာန် မုချ၊ ရောက်ကုန်ကြ၏၊'' ထိုမှ တထွေ၊ ရေ-မြေ စိုးရ၊ လူမျာ့း*သနင်း၊ မင်းစစ်တို့သာ၊ ကျင့်ထိုက်ရာသည်၊ ပြည်-ရွာ တုတ်ခွန်၊ ကောက်မြဲး ဝန်လည်း၊ မလွန် ဆယ်တို့၊ ရဲးမက်တို့အား၊ ပိုင်းခြား ဝေငှ၊ ခြောက်လ တခါ၊ မှန်စေရာက၊ ပြည်-ရွာအတွင်း၊ မှီတင်းနေငြား၊ ဆင်းရဲးသားအား၊ စီးပွား ဖြစ်ရေး၊ ပေးသည့်ဥစ္စာ၊ သုံးနှစ်ကြာမှ၊ ရင်းသား ယူခြင်း၊ ဗိုလ်*ခပင်းနှိုက်၊ ဦးမင်း နောင်-ညီ၊ ခေါ်ဝေါ်ချီသည်၊ လေးလီ မှန်လှ၊ သင်္ဂဟတည့်၊ ဗြဟ္မစရိယ၊ ဤဓမ္မကား၊ မင်းမှသော်သာ၊ ကျင့်နိုင်ရာ၏၊ လေးဖြာ နွယ်ရိုး၊ ဘုန်းတော်ကိုးသည့်၊ ဘုန်းမိုး မြော်ခ၊ လူ ထိုမျှကို၊ သားလှ ဘုန်းဝေ၊ ဘုန်းမိုး စွေ၍့။။ ဘုန်းရေ ချိုးသောက်စေဘိလော့။ (ရ)

(ဤ'ဘုန်းမိုးမြော်ခ'စသော စကားသည် ဘုန်းကို မိုးနှိုက်တင်သော သမာဓိဂုဏ်၊ ဘုန်းရေ ချိုး-သောက်ခြင်းဟူသော သမာဓိဂုဏ်ဖြင့် ကျေးဇူးပြုတတ် ကျေးဇူးပြုအပ်သည်၏အဖြစ်ဖြင့် ရောနှောသော အင်္ဂဂီဘာဝမိဿာအလင်္ကာရ'မျိုးတည်း။)

(၁၇၇) ထိုပြီ့း တခြား၊ မျိုးလေးပါးတို့၊ အများ ကျင့်တမ်း၊ သငြ်္ဂီုဟ်လမ်းလည်း၊ ပေးကမ်း တသွယ်၊ ချစ်ဘွယ် တပါး၊ စီးပွား တခု၊ ကိုယ်တူ ပြုဟု၊ စတု သင်္ဂဟ၊ ကျင့်ဓမ္မနှင့်၊ မခွ တရံ၊ လွန်မြဲးမြံလျက်၊ သည်းခံ နိုးကြား၊ သနား ထကြွ၊ နိစ္စမသွေ၊ ခွဲးဝေ ရှုတတ်၊ ခြောက်ပါး မှတ်သား၊ သူမြတ်တို့ဂုဏ်၊ ကျေးဇူးဟုန်လည်း၊ *မသုန် ကျင့်ထ၊ ပြည့်စေမှတည့်၊ ဒသဝတ္ထု၊ လှူမှု ကြီး-ငယ်၊ ငါး-ဆယ် သီလ၊ နိယမနှင့်၊ စာဂတရား၊ ဖြောင့်သား နူးညံ့၊ ခြိုးခြံ့ ဥပုသ်၊ မျက်ကြုတ် မလို၊ သူ့ကို မညှဉ်း၊ ပြော့ပျဉ်း သိမ်းဆည်း၊ သည်းညည်း ခံချိ၊ မယှိ ဆန့်ကျင်၊ ဆယ်ပါးတွင်သည့်၊ ဤလျှင် ရာဇဓံ၊ ကျင့်ထုံးစံလည်း၊ တရံ မပြတ်၊ မြဲးစေတတ်လော့၊ အမှတ် တဝ၊ ဤလောကနှိုက်၊ လုံ့လ အားကြိုး၊ စိုက်ပျိုးတုံပြီး၊ ပွားစည်*ဖြီးလျက်၊ ပွင့်-သီး ရောင်လှ၊ ချိန်ခါ ကျ၍့၊ မှည့်မှ ဆွတ်လှည့်၊ လိမ္မာပြည့်သား၊ ဥယျာဉ်သည့်လား၊ သူ၏့သားကို၊ မွေးစား ဆန်းကြယ်၊ ကြီးပွား *ကယ်သည့်၊ နကျယ်တို့နည်း၊ *နိဿယည်းလည်း၊ သိမ်းဆည်း ယူမှတ်၊ စွဲးတတ်စေလော့၊ ယုတ်-မြတ် များစွာ၊ လူတို့မှာလျှင်၊ ကမ္ဘာဦးက၊ ခုတိုင်ကျအောင်၊ စိုးရ*သနင်း၊ မင်းတို့ အုပ်ထ၊ စောင့်ရှောက်ကြ၍့၊ ထိုမျှ သီးသီး၊ ငယ်-ကြီး နိုင်ထက်၊ မနှိပ်စက်ဘဲး၊ ငြိမ်သက် ချမ်းသာ၊ သက်မွေးကာလျှင်၊ အိမ်ရာ တည်ကျ၊ နေနိုင်ကြ၏၊ 'ဉာဏ နည်းသူ၊ ရှင်-လူ အချို့၊ သူမိုက်တို့ကား၊ ဤသို့ အထူး၊ မင့်းကျေးဇူးကို၊ ကြည်နူး မသိ၊ ငြူစူဘိ၏၊ ဗာလိ ဗာလ၊ ပေါများစွရှင့်၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး-ပြစ်၊ စိစစ်တတ်သူ၊ နည်းစွ ဟူ၏၊'' ဟူစေ*တပံ့၊ ခိုင်ခံ့ မညွတ်၊ သွေမလွတ်လင့်၊ အိမ်ထွတ်*တပြေး၊ ရှောက်ခွံနွေးနှင့်၊ မင်းရေး လိမ္မာ၊ ညွန်နှိုက် ကြာသို့၊ ပမာ မချွတ်၊ မင်းတို့ဝတ်ကို၊ မလွတ်သဖြင့်၊ သားမောင် ကျင့်မှ၊ *ဖြင့် တပါး၊ လွင့်ရှား မစဉ်၊ ပုပ်မကျဉ်ဘဲး၊ ဓမ္မဉ္စရ၊ ဂုဏ *ဖြိုးမြင့်၊ တန်းခိုး လွှင့်၍့၊ တိုင်းပွင့် ပြည်သာ၊ လွှံ့*ကြေညာဖြင့်၊ တေဇာ နှုန်းချိန်၊ နေသူရိန်သို့။။ ဘုန်းရှိ တိုးတက်စေဘိလော့။။ (၈)

(၁၇၈) စကြာ့ *သနင်း၊ လေးကျွန်းမင်းတို့၊ ကျင့်ခြင်း တဘော်၊ ကျင့်ဝတ်သော်ကား၊ တွင်းတော် ကပ်နေ၊ ခြွေရွေ ရံခ၊ မောင်းမ မိဖုရား၊ သားတော် သမီး၊ အသီးသီးကို၊ ကျိုင်း-ထီး ဆောင်ယွက်၊ ဘယက် ဒွါဒရာ၊ ဆင်တန်းဆာနှင့်၊ မြို့-ရွာ ကံကျွေး၊ ရွှေ-ငွေကြေးက၊ ကျွန်ကျေး လက်+ဖွဲ့၊ တိုး ထပ်ချဲ့လျက်၊ ရွှေ+ဘွဲ့ စလွယ်၊ အသွယ်သွယ်တိ၊ ကြီးငယ် နိမ့်-မြင့်၊ မြှောက်ချီးမြှင့်၍့၊ အကျင့် မချွတ်၊ သီလဝတ်နှိုက်၊ မလွတ် မကင်း၊ တည်စေခြင်းနှင့်၊ *ဗိုလ်သင်းစုသား၊ ရဲးမက်များမှာ၊ အစား အစာ၊ ရိက္ခာ လခ၊ ကာလ မလွန်၊ ပေးဟန် မဆိတ်၊ ရေ့နှယ် ဘိတ်လော့၊ ဘိသိက်ခံပြီး၊ နန်း-ထီး စိုးစွာ၊ မင်းတို့မှာကား၊ အာဇာနေယျ၊ အဿ ဟတ္ထိ၊ စယှိ ပေးခြင်း၊ ထံရင်းတော်သာ၊ နောက်တော်ပါသည့်၊ ရာဇာအနု၊ မင်းတစုအား၊ ကြည့်ရှု အသင့်၊ ယာဉ်နှင့် ထီး-ဓား၊ မြှောက်စား ရာထူး၊ တော်ဒူး နေရာချွန်၊ မလွန် ပြိုင်ခတ်၊ နေရာ လွတ်က၊ ထိုက်ရာ ချ၍့၊ ဗြာဟ္မဏမည်ငြား၊ သူတို့အားကို၊ အစား ဝတ်ထည်၊ အသည် နွယ်ရိုး၊ သူကြွယ်မျိုးအား၊ ထမ်းပိုး ထွန်တုံး၊ စေသုံး နွား-ကျွဲး၊ မျိုးပဲး စပါး၊ နိဂုံးသားလည်း၊ မမှား ထို့တူ၊ စင်ဖြူ သီလ၊ သမဏမှာ၊ ပရိက္ခရာ ပူဇော်၊ တောပျော် ရေလား၊ သားငှက်များနှိုက်၊ ပိုင်းခြား *ဘေးမဲ့၊ ချို့တဲ့ ဥစ္စာ၊ သူတို့မှာမူ၊ ရတနာ ရွှေ-ငွေ၊ ပေးထွေ မစ၊ ဤကိစ္စနှင့်၊ အဓမ္မမှု၊ ပယ်ပြု ထိုထို၊ ကုသိုလ်အရာ၊ ပညာအရေး၊ စစ်မေးတတ်စွ၊ ဒွါဒသဟု၊ စကြာ့ကျင့်ဝတ်၊ အကျင့်မြတ်လည်း၊ မလွတ်စေရာ၊ ကျင့်အပ်စွာ၏၊ *ကြမ္မာလည်း သင့်၊ ဘုန်းလည်း ပွင့်လျက်၊ အကျင့်လည်း ပြည့်၊ ခွင့် ညီလှည့်က၊ *ထွန်းစည့် ဝင်းရှိန်၊ တေဇာ ထိန်၍့၊ စက္ကိန္ဒာဘိ၊ သိရီ့ဘုန်းတော်၊ *နှုန်းမမြော်နှင့်၊ ဘေးတော်လောင်း နတ်၊ လေးကျွန်း ပတ်သား၊ မန္ဓာတ်မဟာ၊ မြတ်ရာဇာသို့။။ စကြာ စိုးရောက်စေဘိလော့။ (၉)

(၁၇၉) ရာဇဓမ္မ၊ ဟူသ မျှနှင့်၊ လူမျာ့း ဦးကိုင်၊ ထွတ်ဖူးတိုင်သည့်၊ စိုးပိုင်ဘဝ၊ မင်း ထိုမျှတို့၊ နှိမ့်ချထိုက်စွာ၊ သူယုတ်မာကို၊ အာဏာ နှိပ်ပြီး၊ ခြီးမြှောက်ထိုက်ငြား၊ သူကောင်းများအား၊ မြှောက်စား ကြည်ဖြူ၊ ခြီးမြှောက်မူဖြင့်၊ မကောင်းသူ ပယ်၊ ကောင်းသူ ကယ်သည့်၊ ဘုန်းကြွယ် သက္က၊ ဒေဝိန္ဒနှင့်၊ တူကြစေရာ၊ ပြည်-ရွာ နိုင်ငံ၊ တုတ်ခွန် ခံသော်၊ ထုံးစံယှိမြို့၊ ဆယ်ဘို့အတွက်၊ ပြည့်သူ့လက်က၊ ညံ့သက် သိမ်မွေ့၊ ခံယူလေ့ဖြင့်၊ ရွေ့ရွေ့ ညှင်းညှင်း၊ လေးလတွင်းဝယ်၊ *ခပင်း မိုးရေ၊ ခန်းခြောက်စေသည့်၊ ထောင်ရွှေ ရောင်ဝင်း၊ နေနတ်မင်းနှင့်၊ မယွင်း ကိစ္စ၊ တူကြစေရာ၊ များစွာ နီး-ဝေး၊ ကျွန်ကျေး စိမ်း-ကျက်၊ ထဲး ရှို့ဝှက်သား၊ သိခက်စွာတောင်း၊ ဆိုး-ကောင်း ဝမ်းက၊ ကြံသမျှကို၊ သိရ မနေ၊ ပြုသောထွေမူ၊ *ဗိုလ်ခြေ များစွာ၊ သတ္တဝါတိုင်းရှည့်၊ ယှိတိုင်း ပြည့်အောင်၊ ကိုယ့်၏အတွင်း၊ ဝင်တတ်လျှင်းသည့်၊ လေမင်း*တမျှ၊ တူကြစေရာ၊ မျက်နှာ ကြီး-ငယ်၊ မရွယ် မညှာ၊ ပဏ္ဏာ မရှု၊ အမှု ထိုက်လျောက်၊ မှန်တိုင်း လျှောက်၍့၊ ရွေးကောက် မှုခင်း၊ စီရင်+ခြင်းဖြင့်၊ #ERROR! သက်ကင်း၊ သေစေလျှင်းသည့်၊ သေမင်း ယမ၊ မရဏနှင့်၊ တူကြစေရာ၊'' ရတနာ ရွှေ-ငွေ၊ ဝင်လေသမျှ၊ နေတကျဖြင့်၊ ကျီကြ တိုက်တွင်း၊ သွင်း၍့ထား+ကာ၊ ခံယူရာနှိုက်၊ ''အာ+ကာ မိုးလုံး၊ ဖုံး၍့ ရွာချ၊ ဥဒကနှင့်၊ ငါးရာ့ငါးသီး၊ မြစ်ကြီး မြစ်ငယ်၊ သွယ်သွယ် များစွာ၊ စီးဝင်လာလည်း၊ ကမ္ဘာလုံး လျှံ၊ အဝင်ခံသည့်၊ မဟမ္ဗုဓိ၊ ကြီးဘိ ကျယ်ဝင်း၊ မြစ်မင်း အဏ္ဏဝ၊ သမုဒ္ဒနှင့်၊ တူကြစေရာ၊'' မျက်နှာ ရွှင်ပြ၊ ထင်ထင်ပြလျက်၊ ချိုမြ စကား၊ သာယာ*ဖြား၍့၊ ပြည်သား ပြည်သူ၊ လူ*ဖြင်*ပြွမ်းကို၊ ရွှင်-ဝမ်းမြောက်စွာ၊ လန်းစေရာတွင်၊ ''*ကာလ ဆဲ့ခြောက်၊ ဝင်းဝင်းတောက်၍့၊ ပြည့်မောက် ဝန်းချိန်၊ ပုဏ္ဏဒိန်ဝယ်၊ သူရိန် ကင်းလွတ်၊ ကောင်းကင်ထွတ်က၊ ဆွတ်ဆွတ် မြင်တိုင်း၊ ကသိုဏ်းတမှတ်၊ ရွှင်စေတတ်သည့်၊ လ,နတ် စန္ဒြ၊ တာရိန္ဒနှင့်၊ တူကြစေရာ၊'' ''သတ္တဝါ လူ*ဗိုလ်၊ များထိုထိုတို့၊ မှီခို တည်ရာ၊ အဖြစ်မှာလည်း၊ များစွာ အပေါင်း၊ ဆိုးနှင့် ကောင်းကို၊ အကြောင်း မရှာ၊ ခံတတ်စွာသည့်၊ မဟာပထဝီ၊ ဤမြေအမျှ၊ တူကြစေရာ၊'' ''*ဗိုလ်ပါ မှုထမ်း၊ လူပြိန်းပြွမ်းအား၊ ပေးကမ်း ဆုလပ်၊ မြဲးထွက် *နပ်လျက်၊ ထပ်ကာ ထပ်ကာ၊ ဖြစ်စေရာကား၊ မိုးခါ အဆုံး၊ လေးလလုံးတိ၊ ရေတုးံ ရေတောင်၊ ပြည့်လျှမ်းအောင်လျှင်၊ မရှောင် မပြတ်၊ ရွာသွန်းတတ်သည့်၊ မိုးနတ် ဒေဝ၊ ပဇ္ဇုန္နနှင့်၊ တူကြစေရာ၊'' ရှစ်ဖြာ ဓမ္မ၊ ဤသို့ပြသား၊ နာယကဂုဏ်ထူး၊ မင့်းကျေးဇူးနှင့်၊ သားဦး အကုန်၊ ယွင်းမ*သုန်သည်။။ မင့်းဂုဏ် *ဖြိုးမောက်စေဘိလော့။ (၁၀)

('ဥပမာလင်္ကာရဝင်္ကဝုတ္တိ'ရှိသောပုဒ်')

(၁၀၀) နန်းထီ့းသခင်၊ ပြည်ကြီ့းရှင်တို့၊ ဝတ်ဆင်အပ်ရာ၊ မြတ်တန်းဆာဟု၊ ရတနာမည်မှတ်၊ နဝရတ် ကိုးသွယ်၊ ဆင်စဘွယ်လည်း၊ ကြီး-ငယ် ပြည်ရေး၊ မြော်တွေးနိုင်စွာ၊ သိလိမ္မာသည့်၊ သေနာပတိ၊ မတ်ဘုန်းယှိကား၊ ပြည်ကြီ့း ဥကင်း၊ *သီတင်း ကျင့်*မွန်၊ ဂုဏဝန်နှင့်၊ သီလဝန်မည်၊ မဟာထေရ်ကား၊ တိုင်းပြည့်တံခွန်၊ ဝေဒလ် ပိဋကတ်၊ တတ်မှတ် ကျော်ထိတ်၊ ပုရောဟိတ်ကား၊ အတိတ် နာဂတ်၊ ဆုံးဖြတ် မြင်-သိ၊ ပြည့်မျက်စိတည့်၊ ထိုပြီ့း တခြား၊ တိုင်းတပါးသို့၊ ရောက်သွား ဝင်-ထွက်၊ ရှို့ဝှက် ထဲးသံ၊ သူ့အကြံကို၊ နာခံ ထိုထို၊ ကြားကြောင်းဆိုသည့်၊ သူလျှိုယောက်ျား၊ သူကောင်းသားကား၊ ပြည့်နားမည်ယှိ၊ ဇာတိမန္တ၊ ရဲးသူရနှင့်၊ ဝံသမဟာ၊ ဂုဏ်ဝါ သိင်္ဂိ၊ ရွှေစံမှီသို့၊ မင်းညီမင်းသား၊ ဆွေတော်များမူ၊ ပြည်သွား ပြည်စွယ်၊ တင့်တယ် ရောင်ညီး၊ ရှုမငြီးသား၊ သမီးက+ညာ၊ ရတနာကား၊ ကြော်+ငြာ သတင်း၊ တပြည် ချင်းအောင်၊ ကျော်ခြင်း *ထွန်းစည့်၊ ဝင်းထိန်မှည့်သား၊ ရွှေပြည့်မျက်နှာ၊ မဟာဂဟပတိ၊ သေဋ္ဌိရတနာ၊ ဥစ္စာ *ပေါယယ်၊ ဌေးသူကြွယ်ကို၊ ပြည့်ဝမ်းဆိုရှင့်၊ ရဲးဗိုလ် မှုထမ်း၊ ရဲးစွမ်းသတ္တိ၊ အထူးယှိသား၊ ဟတ္ထိ အဿ၊ ထိုမျှ တထွေ၊ ပြည့်ခြေ ခေါ်ရိုး၊ လက်နက်မျိုးမှာ၊ ပြည်-ရွာ၏့ လက်၊ စဉ်မပျက်ဖြင့်၊ ပြိုးပြက် နဝရတ်၊ ကိုးချက် မှတ်သား၊ *မွန်မြတ် ဥစ္စာ၊ ရတနာတည့်၊ သေချာ မှတ်သွင်း၊ ပြည့်ဦးကင်းကို၊ သေမင်း မနှိမ်၊ ဂုဏ်သိမ် မြင့်လွန်၊ ပြည့်တံခွန်ကို၊ သားမွန် မချ၊ နေ့-ည မြင်-သိ၊ ပြည်မျက်စိကို၊ မထိ မပါး၊ ပြည့်နား မပယ်၊ ပြည်စွယ် မချိုး၊ မညှိုး မျက်နှာ၊ မနာ ပြည့်ဝမ်း၊ သန်စွမ်း ခြေ-လက်၊ ပယ် မဖျက်ဘဲး၊ အမျက် ကိုးကွင်း၊ ဆင်းနိုင်လျှင်း၍့၊ ထွန်းဝင်း ဂုဏ်ရောင်၊ တပြောင်ပြောင်သည်။။ မိုးခေါင် ထိုးဖောက်စေဘိလော့။ (၁၁)

(ဤမင်းတို့ကျင့်ရာ ၉-ပါးကို ထိန်ဝှက်၍့ နဝရတ် ၉-ပါးအမည်ဖြင့် သဒိသူပစာဝေါဟာ တင်စား ခေါ်ဝေါ်ခြင်းသည် 'သမာနာရူပါပဟေဠိ'ဟူသော အတ္ထာလင်္ကာရ'မျိုးချည်း။)

(၁၈၁) လေးကျွန်း မျက်လွှာ၊ မင်းစကြာ၏့၊ *သက်လျာတော်ဦး၊ ဂုဏ်ထူး *နက်ကိ၊ ဘက် မရှိသို့၊ ဇာတိ နွယ်*ရိုက်၊ နေမျိုး စိုက်လျက်၊ ဘေးလိုက် ဘိုးနည်း၊ ဘုန်းဝိဇည်းနှင့်၊ ခမည်းတော့်တူ့၊ လူ့မှန်ဖူ့ဖြင့်၊ ပြည်သူ့ ဓိပတိ၊ ဖြစ်ထိုက်ဘိ၍့၊ သိရီ့ပဝရ၊ မဟာစသား၊ သုဓမ္မရာဇ၊ ရွှေဘွဲ့သစ်နှင့်၊ သင်္ကျစ် ဝင်းဝင်း၊ အိမ်ရှေ့ နှင်းသည့်၊ သားမင်း ဥပရာ၊ မောင်နန်း*လျာ။။ ရာဇာဓိပရာဇ်၊ ငါ့သားဖြစ်က၊ မင်းစစ် ပီပီ၊ ထို-ဤ နီး-ဝေး၊ မင်းတို့ရေးဖြင့်၊ ကျွန်ကျေး ပြည်မှု၊ မပြတ် ရှုလော့၊ ခိုးသူ့အသွင်၊ အရှင် မယွန်း၊ ခင်ပွန်း *တူနိုး၊ အမျိုး တူရှည့်၊ ''ကိုယ်၏့အလား၊ နီတိကြားသား၊ မယား မိတ်ဆွေ၊ ကျွန် ငါးထွေတည့်၊ သိစေ အချင်း၊ မလစ်ယွင်းနှင့်၊ ချစ်ခြင်းဟူသော၊ လူ့သဘောလည်း၊ မနောထဲး သို၊ ဝမ်းတွင်း မျိုလျက်၊ ကျွန်ကို ချစ်ရာ၊ ကွယ်သော့ခါတည့်၊ စေပါယောက်ျား၊ သူရင်းငှါးအား၊ စားစည့်အခိုက်၊ သားနှိုက် အိပ်ခါ၊ မယားမှာမူ၊ တန်းဆာ ဝတ်စား၊ ပေးစဉ်များနှင့်၊ ပျော်ပါးသော်မှ၊ *ယုယ ထင်စွာ၊ ပြုအပ်ရာ၏၊'' 'အာဏာ မထန်၊ မျက်မာန် မပြင်း၊ မယစ်လျှင်းနှင့်၊ တင်းလွန်လျှင် ပြတ်၊ မာလွန်း ဆတ်၏၊ ပွတ်လွန်းလည်း စင်၊ တင်လွန်းလည်း မောက်၊ မြှောက်လွန်းလည်း ကြွ၊ နှိပ်လွန်း ကျခဲ့၊ ညီမျှ လျော့တင်း၊ ညှိတတ်ခြင်းဖြင့်၊ ဆွေရင်း မျိုးရင်း၊ ကျေးရင်း ကျွန်ချာ၊ သူတို့မှာလျှင်၊ ရှုရာ မပျက်၊ မေတ္တာသက်လော့၊'' *ရောင်းဘက် ရင်းဘက်၊ ကိုယ်သက်နှင်းစု၊ အရှင့်မှုနှိုက်၊ ဓနုသိက္ခ၊ အမစ္စသို့၊ ငယ်က ပေါင်းသင်း၊ ကျွမ်းဝင်ခြင်းဖြင့်၊ နီးရင်း မှီကပ်၊ ချစ်အပ် သက်တူ၊ ဤသူ တဦး၊ ကိုယ့်ကျေးဇူးကို၊ အထူး မပြတ်၊ ပြုတတ်တုံမြောက်၊ ထိုနှစ်ယောက်တို့၊ ယွင်းဖောက် စိုးစိ၊ *ပြစ်ဆာယှိလည်း၊ ခံဘိ သည်းညည်း၊ ကျေးဇူး *ပည်း၏၊ ကောင်းနည်း မှတ်ယုံ၊ စွဲးယူ ထုံ၍့၊ *ဗြဟ္မဒတ္တ၊ ရှေးက မဟာ၊ မင်းမြတ်စွာသို့၊ မေတ္တာ အရင်း၊ ချစ် မကင်းဘဲး၊ ချစ်ခြင်းဟူသည်၊ ရွှေမဉ္ဇူနံ့၊ ထုံပျံ့ မခန်း၊ ချစ်ကြည် လန်း၍့။။ ချစ်ပန်း လှိုင်ကြစေကုန်လော့။ (၁၂)

(၁၈၂) ဆင်-မြင်း မှူးမတ်၊ ဝန်းပတ် ရံကာ၊ *အရာ ခြွေရွေ၊ တွင်းနေ ပြင်သား၊ ယောက်ျား မိန်းမ၊ ဟူသမျှအား၊ နှိုင်းဆ မြှော်ရှု၊ ခြီးမြှောက်မှုလည်း၊ နေရု ရွှေတောင်၊ ထူးမဆောင်ဘဲး၊ ရွှေရောင်ချည်းသာ၊ ထင်စေပါသို့၊ ပမာ မပြု၊ ရင့်-နု ငယ်-ကြီး၊ ဝေး-နီး တို-ရှည်၊ အရည်အချင်း၊ ဖျား-ရင်း ယုတ်-မြတ်၊ မျိုးဇာတ် ဇာတိ၊ အထူး သိလော့၊ ပုရိသတ္ထ၊ ဝိသေသကို၊ သားလှ သက်နှင်း၊ စစ်မကြွင်းနှင့်၊ ''ဖြောင့်စင်း*ပ,လော၊ လူ့သဘောကား၊ *နက်ကျော မွေးတောင်၊ ကျီး ရာ-ထောင်တွင်၊ တကောင် အဖြူ၊ ရှာမူ ရဘို့၊ ခဲး၏့သို့ရှင့်၊ လူတို့နှိုက်မှ၊ ပညာရှိဟူ၊ တော်ဖြောင့်သူကို၊ ရှာမူ ထို့ထက်၊ ခဲးခက်မြို့၏၊'' မင်းတို့နှိုက်ဝယ်၊ ရှုဘွယ် ကြပ်ကြပ်၊ လူ သုံးရပ်တည့်၊ ကျဉ်းကျပ် ဆောင်ရွက်၊ *ရောင်းရင်းဘက်နှင့်၊ အသက် ကယ်သူ၊ ညှိုးပူ ဒုက္ခ၊ ယှိကာလက၊ မ,စသသူ၊ ညီ-ကူ ပင့်ထောက်၊ မင်းဖြစ်မြောက်အောင်၊ တင်မြှောက်သသူ၊ သုံးယောက်လူကို၊ ကြည်ဖြူ ဝမ်းတွင်း၊ ပစ် မကွင်းနှင့်၊ 'အဆင်းမျှသာ၊ အပေါ် ဝါလျက်၊ နှုတ်လျှာ ပေါ့ဆန်း၊ လူ့ပေါက်ပန်းနှင့်၊ လူ့သဖန်းမျိုး၊ အတွင်းဆိုးကို၊ မြတ်နိုးမိငြား၊ ကျိုး မပွားဘူး၊ ပုဏ္ဏား ကေဝဋ်၊ အမာရွတ်သို့၊ တရားလွတ် စကားတတ်၊ ပေါက်လွှတ် နှုတ်လျှာ၊ ဆိုတတ်စွာတည့်၊ ပညာရှိ သူမိုက်၊ စရိုက် ကျင့်ဆိုး၊ ထိုလူမျိုးကား၊ ပြစ်ကျိုး မသိ၊ ပြုမိ ပြုရာ၊ ပြုတတ်စွာ၏၊'' ဂုဏ်ဝါ ထူးခြား၊ ကျေးကျွန်များနှိုက်၊ ထောက်ထား ရွှေဉာဏ်၊ ရှု ဝေဘန်လော့၊ ''မတန် အရာ၊ သဒ္ဓါ လွန်မြောက်၊ ကျွန်ကို မြှောက်က၊ မျောက်ကို ချစ်ငြား၊ ခြူဆွဲး မှားသို့၊ နား မချမ်းသာ၊ ယှိတို့ရာ၏၊ ပညာနှင့်မျှ၊ ခြီးမြှင့်ကလည်း၊ စိတ်ချရခြင်း၊ မယှိလျှင်းဘဲး၊ မြင်း နောက်ပြန်စီး၊ ထီး ရှေ့က ကွယ်၊ ဆိုသဖွယ်သို့၊ ချလွယ် မြှောက်လွယ်၊ မပြုလွယ်ရာ၊ ရွေးချယ် စစ်ခြင်း၊ လစ်မဟင်းနှင့်၊'' ခံတွင်း နှုတ်ပွက်၊ မမြွက်သည်သာ၊ မြွက်ပါတပြီး၊ မီးနှင့် လောဟီ၊ ဂေါသီစန္ဒကူး၊ ထူး၍့ ဧး-ပူ၊ ဟူတို့ပစေ၊ မြစ်ရေ ညာဆန်၊ သတ္တဗ္ဘန်က၊ ယုဂန် မြင်းမိုရ်၊ ကွဲး-ပြို *ခြအက်၊ တိုက် စက္ကဝါ၊ မြေကမ္ဘာလည်း၊ လံကာ ထက်-အောက်၊ ပြန်မှောက်စေမူ၊ အယူ မယုတ်၊ သူတော့်နှုတ်ကား၊ မဖြုတ် သစ္စာ၊ တော်တည့်ရာ၏၊ မှန်စွာ မယွင်း၊ နှလုံးသွင်းရှင့်၊ ရိုးရင်း ခ,ယမ်း၊ ကျွန်မှုထမ်းတို့၊ ပွဲးလမ်း ရသည်၊ ဂုဏ် စွမ်းရည်ဖြင့်၊ ဘွဲ့မည်နှင့် ထီး၊ စီးနင်း ဆောင်ရွက်၊ ခြေ ဆယ်ချက်မှ၊ မြင့်းထက် တင်ရာ၊ မြင်းဆယ်ခါမှ၊ ဆင်မှာ တင်ရ၊ အငယ်ကလျှင်၊ တစစခြင်း၊ ကြီးစေလျှင်းသို့၊ အချင်း သတ္တိ၊ စွမ်းရည်+ယှိတိုင်း၊ *ဆံ+ရှိမတွန့်၊ လက်ရုံး*ကွန့်လျက်၊ သက်စွန့် ကြိုးပမ်း၊ မှုတော်ထမ်းသည်။။ ပွဲလမ်း ပြိုင်ကြစေကုန်လော့။ (၁၃)

(၁၈၃) လက်ရုံး နှလုံး၊ မင်းသုံး ထိုက်တန်၊ သတ္တိမန်ဖြင့်၊ ဉာဏ်နှင့် ရဲးစွမ်း၊ ချင့် စုံစမ်းပြီး၊ မှုထမ်း ရာထမ်း၊ ဝေ ခွဲးခြမ်း၍့၊ ပွဲးလမ်း ရသည်၊ ဂုဏ်စွမ်းရည်တိုင်း၊ ဘွဲ့မည် သညာ၊ နေရာ ဆောင်ရွက်၊ နှစ်သက် ကြည်နူး၊ ခြီးကြူး မြှောက်ဘိ၊ ရှုမျှော်သိလော့၊ ထုံးယှိ စဉ်လာ၊ မဘောက်ရာဘူး၊ ကျွန်မှာ နေမျိုး၊ သား သတိုးနှင့်၊ မြတ်နိုး လွန်ချစ်၊ မြေး-မြစ်တို့မှာ၊ မဟာ တပ်မြဲး၊ မင်းရဲး တဘော်၊ ဆွေတော် မျိုးထူး၊ မြင်းမှူးရာနေ၊ အထွေထွေတည့်၊ စေ့ရေ မလပ်၊ ဘွဲ့မည် အပ်လော့၊ မင်းတပ် ရဲးတပ်၊ သမန်တပ်က၊ စသည်*တသွန်၊ ကျေးကျွန် သီးသီး၊ ထံတော်နီးနှိုက်၊ မတ်ကြီး မဟာ၊ နော်ရထာနှင့်၊ ဥစနာမည်၊ သက်တော်ရှည်ဟု၊ ဂုဏ်ရည် *ပိုင်းရဉ်၊ ချင့်နှိုင်းယှဉ်လျက်၊ နန်းစဉ် လက်စွဲး၊ အမြဲး ကိုင်-သုံး၊ ရှေးထုံး တန္တီ၊ ပဝေဏီနှင့်၊ ညီစေ မယွင်း၊ မင်းတို့ *တန်ထွာ၊ မပျောက်ရာဘူး၊ အက္ခရာ ရွှေမင်၊ မှတ်ထင် ဝေခွဲး၊ မလွှဲး ရှေးလမ်း၊ ရွှေစာတမ်းဖြင့်၊ မှီငြမ်းပြုငြား၊ မှူးမတ်အားလျှင်၊ ရွှေပြား ဘွဲ့ထူး၊ နဖူး ချည်ကာ၊ မြို့-ရွာ အုပ်သီး၊ သူကြီး *ကလန်၊ *သံပျင်*မွန်နှိုက်၊ စာချွန် အပ်ရိုး၊ နတ်*နိုး ယဉ်ရွ၊ ဒေဝီ စ,သား၊ နန်းသူများအား၊ ထူးခြား ရောင်လက်၊ ရွှေကွမ်းခွက်ဝယ်၊ တင်လျက် မြတ်နိုး၊ ဘွဲ့ပေးမျိုးတည့်၊ နန်းရိုး ဓမ္မတာ၊ မပျောက်ရာဘူး၊ လယ်ယာ မြေစား၊ ထိုသူများထက်၊ ရွာစား လွန်သာ၊ တဖြာ ထိုမှ၊ ဘွဲ့မည်ရတည့်၊ ဘွဲ့က တက်ပြန်၊ ဌာနန် နေရာ၊ လွန်မြတ်စွာ၏၊ ဂုဏ်ဝါ နိမ့်-မြင့်၊ အဆင့်ဆင့်တို့၊ ရှေ့နှင့် နောက်ထိုင်၊ အပြိုင် အခတ်၊ ယုတ်-မြတ် ဌာန၊ အနေ ချလျက်၊ ဝဏ္ဏ ကာလ၊ ခြားကြစေရာ၊ မလွန်သာဘူး၊ များစွာအပေါင်း၊ ဥက္ခောင်း ခြေ-လက်၊ မျက်စိ နား-နှာ၊ ကိုယ်အင်္ဂါတို့၊ နေရာ မမှတ်၊ ယုတ်-မြတ် မယှိ၊ မိမိတို့ကို၊ တူကြလိုဟု၊ ငြင်းဆို ဖြစ်ပွား၊ တရား ဥပမာ၊ ယူနည်းနာနှင့်၊ သညာ သညီ၊ ဂုဏီ ဂုဏ၊ မျှ-မမျှကို၊ သားလှ ရွှေဉာဏ်၊ ချင့် ဝေဘန်၍့၊ ဌာနန် ခြီးကြူး၊ ခန့် ရာထူးဖြင့်၊ တော်ဒူး စနည်၊ နှစ်မည် တင့်မော၊ ဘဝေါ တွင်း-ပြင်၊ ရွှေနန်းခွင်နှိုက်၊ ကောင်းကင့်ထက်ဝယ်၊ ကြီး-ငယ် တာရာ၊ ကြယ့်ပမာသို့၊ ရွေညီလာဝန်း၊ ရံကာ ထွန်းသည်။။ ဂုဏ်ရွှန်း မြိုင်ကြစေကုန်လော့။ (၁၄)

(ဤပိုဒ်တို့ကား 'ကမာလင်္ကာရ'မျိုးချည်းတည်း။)

(၁၈၄) တော်နေဒူးနှင့်၊ ရာထူး ဌာနန်၊ များကျေးကျွန်အား၊ ထုတ်တန် လျှောက်တန်၊ မလွန်အပ်စွာ၊ ချင့်*စာနာလော့၊ ''ဆင်မှာ ဆင်ကြိုး၊ ကြက်ကြိုး ကြက်သာ၊ သင့်တန်စွာ၏၊ အရာ မတန်၊ အမြှောက်လွန်က၊ ကိုယ့်ကျွန် ကိုယ်ဖျက်၊ ကိုယ် နှိပ်စက်၍့၊ ကိုယ့်ကြက် ကိုယ်သတ်၊ ဖြစ်ရတတ်၏၊'' မှူးမတ် မင်းဆွေ၊ မျိုးလေးထွေလည်း၊ အနေ မှတ်သား၊ ပိုင်းခြားနားလော့၊ ''ဘုရားကား အောက်၊ မြောက်ကား အထက်၊ စည်းကမ်း ဖျက်၍့၊ ရိုးရွက် အုပ်ဖုံး၊ ကျင့်မသုံးနှင့်၊ ရှေးထုံး စဉ်လာ၊ ချင့်မှန်ရာ၏၊ ပမာ တဆစ်၊ စိုင်သေ ပစ်၍့၊ စိုင်သစ်ကို ရှာ၊ ဟူစပါသို့၊ နည်းနာ မပြောင်း၊ ကျေးကျွန်ပေါင်းနှိုက်၊ အဟောင်း ပစ်၍့၊ အသစ်ကိုသာ၊ မမြှောက်ရာဘူး၊ မြှောက်ပါချေမိ၊ ယုဒိဋ္ဌိလ၊ ပြည်ဣန္ဒနှိုက်၊ ကောရဗ္ဗမင်း၊ အကျိုး ယွင်းခဲ့၊ ဝမ်းတွင်း ပိုက်သို၊ လူဟူ့ဆိုက၊ ရုပ်ကို မကြည့်၊ စိတ်ကို ကြည့်လော့၊'' သူ၏့သဘော၊ လိုက်လျော ပေါင်းသင်း၊ နှီးနှောခြင်းဖြင့်၊ အချင်း ကျေးကျွန်၊ မာန်လွန်သော့အား၊ မလောက်*လားလည်း၊ သား*ဖြားလိမ္မာ၊ ပေး အရာနှင့်၊ သစ္စာဘွဲ့တည်း၊ မေတ္တာစည်းက၊ *ယမ်းပည်းစေတတ်၊ ကောင်းစွာ ညွတ်၏၊ ''မှူးမတ် *ကလန်၊ ကျေးကျွန် သင်းပင်း၊ များတုံလျှင်းလည်း၊ ဆွေရင်း မျိုးရင်း၊ မယှိလျှင်းက၊ ကောင်းခြင်း မမည်၊ ကြာ မတည်ဘူး၊ အရှည် မခံ့၊ ဂုဏ်ညံ့ သိမ်ဖျင်း၊ တန်းခိုး ကင်းလိမ့်၊'' ယင်းမှ အခြား၊ မင်းတပါးတို့၊ ညာထား ဒေဝီ၊ တဧကီဖြင့်၊ မဟေသီဟိတ်၊ ဘိသိက်ခံပြီး၊ မိဘုန်းကြီးက၊ သမီးကညာ၊ ရတနာမည်ထ၊ ဟူသမျှအား၊ နှိမ့်ချ ပယ်ခြင်း၊ မပြုလျှင်းလင့်၊ ကျေးရင်း ကျွန်ရင်း၊ သိမ်းမြန်းခြင်းဖြင့်၊ ချင်းချင်း ကြည်ညို၊ ချစ် မပြိုဘဲး၊ သငြ်္ဂီုဟ် ပေါင်းရုံး၊ ချစ်ဆေးလုံး၍့။။ ချစ်ဆုံးတိုင်ကြစေကုန်လော့။ (၁၅)

(၁၈၅) နောင်ရင်း ညီရင်း၊ နွယ်မကင်းသား၊ သားချင်း မျိုးဘော်၊ အကျော် ထင်ရှား၊ ဆွေတော်များကို၊ တရား မပျက်၊ မေတ္တာ ဆက်၍့၊ မဖျက်ဆီးမှု၊ ခြီးမြှောက်ပြုလော့၊ ''သူ့ကို ခြီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏၊ ယွင်းဘောက်အလို၊ ဝန်မတိုနှင့်၊ သူ့ကို ဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏၊ စည်းစိမ့်အရာ၊ သူ့ချမ်းသာနှိုက်၊ ဣဿာ မပြု၊ ဝမ်းမြောက် ရှုလော့၊ သူ့ကို စောင့်မှ၊ သူက ကိုယ့်ကို၊ ကြည်ညို မေတ္တာ၊ စောင့်နိုင်ရာ၏၊'' 'ရှေးခါသော်က၊ သံဝရဟု၊ မင်းလှ ရွှေတုံး၊ အငယ်ဆုံးလျက်၊ နှလုံး မွေ့သိမ်၊ ရွှေအိမ် နန်းရိပ်၊ စိုးစံနှိပ်သော်၊ ကိုးကျိပ် ကိုးပါး၊ နောင်တော်များကို၊ ကျေးစား မဖျက်၊ ခြီးမြှောက်ချက်ကြောင့်၊ ဝန်းရှက် ပတ်ခြံ၊ စောင့်ရံ ညီညာ၊ ဘေးရန် ကာ၍့၊ ဗာရာပြည်ကြီး၊ ခိုင်စည်*ဖြီး၏၊'' 'တသီး ထိုမှ၊ ဂေါဝိန္ဒ၏့၊ သိဿ အရင်း၊ ရေဏုမင်းလည်း၊ သားချင်း ခြောက်ဘော်၊ ညီတော်တို့အား၊ ပြည်ထောင် ပွား၍့၊ မြှောက်စား ကိုယ်စီ၊ ဇမ္ဗူဒီကို၊ အညီ ဝေပြု၊ ခုနစ်စုဖြင့်၊ လှည်းဦ့း *တရထည်၊ ခြောက်ပြည်တည်လျက်၊ ပတ်လည် ရစ်ခြုံ၊ လယ် မဇ္ဈုံနှိုက်၊ ရွှေဘုံ*နက်သန်၊ရာဇဋ္ဌာန်ကို၊ တုတ်ခွန် ဆက်သွင်း၊ ဘေးကင်း ရန်ကွာ၊ ရံကြ ကာ၏၊'' ပမာ ထို့လား၊ ဘ,ချစ်သားလည်း၊ တိုင်းကား ဇနပိုဒ်၊ နိုင်ငံတိုက်နှိုက်၊ ထိုက်လိုက် ခြားသီး၊ တပွင့်ထီးနှင့်၊ နောင်ကြီး ညီဘွား၊ ခြီးမြှောက်ထားလျက်၊ ဘေးတား ရန်ကွယ်၊ ရပ်ရှစ်နယ်က၊ တောင့်နှယ် သီးသီး၊ ရံ ကာဆီး၍့။။ ပြည်ကြီး ခိုင်ကြစေကုန်လော့။ (၁၆)

(၁၈၆) ထိုမှ တခင်း၊ မှတ်ဘွယ် လင်းပိမ့်၊ မင်းတို့ ကျင့်လေ့၊ ပြကတေ့ကား၊ ''ထန်စေ့ တနှုန်း၊ ပေ-အုန်း အတူ၊ မဟူတုံငြား၊ ညောင်စေ့လားသို့၊ ကြီးပွားစေရာ၊ ပြုအပ်စွာ၏၊ လိမ္မာ ကျင့်ရေး၊ များ ကျွန်ကျေးအား၊ ပေးပေး ကမ်းကမ်း၊ လွေ့လွေ့ရမ်းလော့၊ ခယမ်း ကြည်ညို၊ သူတို့ကိုလည်း၊ ပြစ်လို ဝမ်းတွင်း၊ မရှုလျှင်းနှင့်၊'' ဆင်-မြင်း ရထား၊ ဘိုးများ ကမ္ဗလာ၊ သိခဲးစွာကို၊ ပညာ ထူးမြတ်၊ သိနိုင်တတ်သည့်၊ ရာပြတ် သုခမိန်၊ မတ်ကဝိန်အား၊ နှိုင်းချိန် မဆ၊ လေးကြိမ်ကျအောင်၊ မလှ နည်းပါး၊ သပြာအားဖြင့်၊ ရှစ်ပြားမျှသာ၊ ပေးတတ်စွာသည်၊ 'ဆတ္တာသည့်သား၊ မင့်းအလားသို့၊ ဂုဏ်အား ထိုက်လျော်၊ မမြော် မထောက်၊ ခြီးမြှောက်*မဲ့ခြင်း၊ မပြုလျှင်းနှင့်၊ မင်းတို့ရေးရာ၊ ဆောင်သော့ခါလည်း၊ ပညာ သတိ၊ ယှိသူနှင့်သာ၊ တိုင်ပင်ရာ၏၊ ပညာ မရှိ၊ သတိ*မဲ့ငြား၊ သူတို့များကား၊ စဉ်းစား ရေးခွင့်၊ မြော်မချင့်ဘူး၊'' *ယခင့် ရှေးဟို၊ လိပ်ကို ရေလွှတ်၊ ထိုအမတ်သို့၊ ကြောက်တတ်သသူ၊ ကြောက်ရေးယူ၏၊ ရဲးမူ ရဲးကိုး၊ ရဲးစွတ်ထိုး၏၊ ကြောက်ကိုး ရဲးကိုး၊ ထိုနှစ်မျိုးလည်း၊ အကျိုး မလှ၊ ပျက်ကြောင်းမျှတည့်၊ ''စိတ်က ထင်ရာ၊ ပြုတတ်စွာသည့်၊ ပညာ ကင်း-ချို့၊ ထိုသို့လူတွင်၊ လူသမင်အား၊ စီရင် မှုခင်း၊ မစုနှင်းနှင့်၊ နီးရင်း ကပ်ရံ၊ မင်းတို့ထံနှိုက်၊ စီမံ ခန့်ထား၊ မတ်ယောက်ျားကား၊ မြင်ကြား ယှိခြင်း၊ အဆင်း အကျင့်၊ ရဲးရင့် လုံ့လ၊ ကိစ္စ ပြီးစီး၊ အားကြီး ခိုင်မာ၊ ဥစ္စာ မမက်၊ ရှစ်ချက် အင်စုံ၊ *ကုံလုံပြည့်သူ၊ ထိုသည့်လူကို၊ ကောက်ယူ ရွေးချယ်၊ ဗောင်း စလွယ်နှင့်၊ စီခြယ် ထီးဓား၊ ရာ မြှောက်စား၍့၊ ထံပါး တွင်း-ပြင်၊ ညီလာခွင်နှိုက်၊ ထွက်-ဝင်စေမှု၊ မင်းသုံးပြုလော့၊'' ပြည်သူ့အကျိုး၊ ရွက်ဆောင်ကြိုး၍့၊ မညှိုး မဟုတ်၊ အားထုတ်နိုင်ငြား၊ မတ်ကြီးများမူ၊ ထင်ရှား ကျော်*ဝှန့်၊ ဂုဏ်ရောင်*ကွန့်သား၊ လေးကျွန်း့ ထိပ်မို၊ ရပ်*နဂိုရ်ဝယ်၊ ကုက္ကို သပြေ၊ ထိမ်-ပဒေဟု၊ လေးထွေ ကြီးမား၊ သစ်*ကျိုင်းလားသို့၊ နောင်ဘွား မှတ်ပြု၊ ပိုင်းခြား ရှုမှ၊ အစု အသင်း၊ အတွင်းနှင့် ပြင်၊ မြင်း-ဆင် လက်နက်၊ အောက်-ထက် ဘဏ္ဍာ၊ ရတနာရွှေတိုက်၊ သိမ်းပိုက် ပြည်လုံး၊ ပြည့်လက်ရုံးဟု၊ ရှေးထုံး နန်းရိုး၊ ဂုဏ်မညှိုးအောင်၊ သတိုး မဟာ၊ ဘွဲ့ကြီးစွာဖြင့်၊ နေရာ အပြိုင်၊ စဉ်ကာ ပိုင်လျက်၊ ရွှေတိုင် ကိုယ်စီ၊ ဇာကတ္တီ တင့်မွှန်း၊ မှီအုံးဝန်းနှင့်။။ *လွှတ်ကွန်း ထိုင်ကြစေကုန်လော့။ (၁၇)

(၁၈၇) ပြည်သူ့အကျိုး၊ မညှိုးယုတ်ရာ၊ ကြောင်းတဖြာလည်း၊ သေနာဓိပတ်၊ ရာထူးမြတ်သား၊ မတ် စစ်သူကြီး၊ *ဗိုလ်မျာ့း ထီးဟု၊ မြှောက်ခြီး ထိုက်တန်၊ တဘက်ရန်ကို၊ တွန်းလှန်နိုင်စွာ၊ ဉာဏ်ပညာဖြင့်၊ အောင်ရာ အောင်မြေ၊ ခြေနေ သိခြင်း၊ အခင်း မသာ၊ စစ် ဆုတ်ခွါလည်း၊ ကောင်းစွာ စောင့်လျက်၊ ကိုယ့်ရဲးမက်ကို၊ ငဲ့ကွက် ရင်တန့်၊ မစွန့် မခွဲး၊ ဆင်းရဲး ချမ်းသာ၊ မကွာမျှနိုင်၊ ခံ့ခိုင် ခွန်အား၊ စွမ်းပကားနှင့်၊ ယောက်ျားသတ္တိ၊ ဆင်ရှိ ကြီးကျယ်၊ ကံသုံးသွယ်လည်း၊ စင်ကြယ် ကျင့်ကောင်း၊ ကျမ်းဟောင်း ဗျူဟာ၊ ကျွမ်း လိမ္မာလျက်၊ သေနာ စစ်သား၊ မရိရှားအောင်၊ ဉာဏ်သွား စီရင်၊ ထူးအမြင်က၊ ရဲးအင် *မနုံ့၊ ရဲးလုံ့ ရဲးလ၊ ရဲးမချသား၊ ကိုးဆ မယွင်း၊ ဂုဏ် နဝင်းနှင့်၊ ပြည့်လျှင်းတုံငြား၊ မတ်ယောက်ျားတည့်၊ နတ်လား တူယောင်၊ တွေ့မရှောင်လျှင်၊ ရဲးရောင် မာ*ကျန်း၊ သံကို သွန်းသို့၊ တု*ကျွန်း ဘက်ကွေ၊ သူ့စစ်ခြေကို၊ ဖျက်ချေ ဖြိုခွင်း၊ နှိပ်နင်းနိုင်ရှောင်း၊ တယောက်ကောင်းက၊ တသောင်း ရန်ပြို၊ ဆိုသော့အလား၊ သကြား လက်ချိန်၊ ဝရဇိန် မိုဃ်းကြိုး၊ ထိပ်ထက် မိုးလည်း၊ ရွံ့စိုး မဖြုံ၊ ညှိုး မကြုံဘဲး၊ ရေးပုံ လိမ္မာ၊ ထူး ဂုဏ်ဝါနှင့်၊ မဟာဆွေတော်၊ မျိုးဘော် နွယ်မြိတ်၊ ကျော်ဟိတ် သတင်း၊ တပြည် ချင်းသည့်၊ ထံရင်း မှု*ကုံ၊ ကျွန်ယုံယောက်ျား၊ မတ်ကြီးအားကို၊ ကိုယ်စား တသီး၊ စစ်သူကြီးဟု၊ ခန့်ပြီးတုံလျက်၊ ပြည့်တဝက်ဖြင့်၊ လက်နက် ကံကျွေး၊ ခြီးမြှောက်ပေး၍့။ ။ ပြည်ရေး ပိုင်ကြစေကုန်လော့။ (၁၈)

(၁၈၈) တကြောင်း မှတ်ဘွယ်၊ မင်းတို့ဝယ်တည့်၊ သက်လယ် သားမြတ်၊ အထူး မှတ်လော့၊ သဿမေဓ၊ ရသည့် သပြာ၊ ထိုဥစ္စာနှင့်၊ စဏ္ဍာလခွန်၊ *တသွန် မထွေး၊ သူဌေး သူကြွယ်၊ ကုန်သွယ် ပွဲးတည်၊ အသည် ကပ္ပါး၊ ထိုသူများက၊ ရငြား တဘော်၊ ခွန်သီးတော်ကို၊ မလျော်တုံမြို့၊ မင်းတို့*တန်ထွာ၊ မသုံးရာဘူး၊ မှန်စွာ မသွေ၊ သဿမေကို၊ ရွှေပြည် တိုင်းမှု၊ တခုခုတိ၊ ပေါ်ပြု ရှုပ်ထွေး၊ စစ်ရေး မက်ရေး၊ အရေး ယှိရာ၊ စစ်ရိက္ခာဘို့၊ သေနာပတိ၊ ပြည်ကြီ့း စွယ်-သွား၊ ဝန်ကြီးများနှိုက်၊ ပိုင်းခြား မကြွင်း၊ စားရင်းချုပ် ကျယ်၊ လွဲးပယ် သေချာ၊ အပ်ထားရာ၏၊ စဏ္ဍာလ ငါး၊ အစို့များက၊ ရငြား တမည်၊ အခွန်သည်ကား၊ တပြည် တစံ၊ တနိုင်ငံက၊ သံကို ကျွေးမွေး၊ ပေးကမ်းဘို့ရန်၊ အရွတ်ဝန်သို့၊ မကျန်စေငှာ၊ အပ်ထားရာ၏၊ ဈေးနာ*ခပင်း၊ ကင်းသင်း ကူးတို့၊ စို့စို့ ဝဝ၊ သူဌေး စသား၊ အသည်များက၊ ဖြစ်ပွား သိုမှီး၊ ခွန်သီးတော်မှာ၊ ကောင်းစွာ ရှုမျှော်၊ ရွှေမြို့တော်၏့၊ လေးဘော် ရပ်ခွင်၊ ကျုံး ပစ္စင်နှင့်၊ လမ်းပြင်ကိစ္စ၊ ယှိသမျှနှိုက်၊ သုံးရ မလွန်၊ အသည်ဝန်အား၊ မမှား မှန်စွာ၊ အပ်ထားရာ၏၊ တဖြာ ထိုမှ၊ ကောက်ရ ထုံးစံ၊ ဝတ္ထုကံ ထွက်၊ ခွန်ဆီနက်ကား၊ ယွင်းပျက် ဂူ-ကျောင်း၊ စေတီဟောင်းကို၊ သစ်လောင်း ပြုရန်၊ ဆိုင်ရာဝန်နှိုက်၊ ချင့်မှန် ကောင်းစွာ၊ အပ်ထားရာ၏၊ မင်္ဂလာကျော်ဟိုး၊ ရွှေနန်းရိုးတို့၊ အုပ်စိုး လုပ်ဆော်၊ လယ်ပယ်တော်က၊ ရသည် ပုံ*ဖြီး၊ ခွန်တော်သီးနှင့်၊ နန်း-ထီး ထောင်ပွား၊ စော်ဘွား မြို့စား၊ တပါးတိုင်းနေ၊ ပဒေသရာဇ်၊ မင်းစစ်တို့မှ၊ ဆက်လာသ,သည့်၊ ထိုမျှ ဥစ္စာ၊ ရတနာဖြင့်၊ ရာဇာ မင်းမြတ်၊ သမ္မုနတ်တို့၊ ထိမ်းမှတ် ဓမ္မတာ၊ သုံးဆောင်ရာ၏၊ သပြာ ချိန်စင်း၊ တောင်း-တင်း မူး-ပဲ၊ အကဲး အရည်၊ စိတ်-ပြည် ကွမ်းစား၊ စသည်များကို၊ မင်းဖျား ပရမေ၊ *စောဘုန်းဝေနှင့်၊ မဟေ ညာရံ၊ ရွှေနန်းစံတို့၊ နာခံ စစ်ဆေး၊ မေးမြန်း လေ့လာ၊ မပြုရာဘူး၊ ရာဇာက္ကမ၊ ကျမ်းပြ ဘော်ရုံး၊ နန်းစဉ်ထုံးဖြင့်။။ လက်သုံး ကိုင်ကြစေကုန်လော့။ (၁၉)

('သော်တာရောင်၊ ပေါက်ပြ'ချည်း)

(၁၈၉) ဘုန်းနှင့် သမ္ဘာ၊ ထက်ကြပ်ပါကြောင့်၊ နေအာဒိစ်မျိုး၊ ကမ္ဘာစိုးနှိုက်၊ နွယ်ရိုး မပျက်၊ သန္ဓေသက်လျက်၊ နန်းဆက် မတိမ်၊ မြောက်စံအိမ်ဝယ်၊ စည်းစိမ် အသင့်၊ ဘုန်းပန်း ပွင့်၍့၊ ဘ,ခင့် ညာမောင်း၊ တု*မဲ့ကြောင်းဖြင့်၊ မင်းလောင်းပီပီ၊ ရိုး-ရွက်နီနှင့်၊ သိင်္ဂိ ရွှေချက်၊ ကျိုင်း ခြောက်လက်တိ၊ ရွှေရွက် ဝင်းဝင်း၊ ထီး လေးစင်းကား၊ ခင်းကျင်း ပြောင်ပြောင်၊ ရှေ့ဆောင်ယောင်ပြီး၊ နေရောင် ကာရိုး၊ ထိန်ထိန်ပြိုးအောင်၊ ဆောင်မိုး လှစ်ဘွင့်၊ နတ်တ*မြှင့်သို့၊ လေးဆင့် ရွှေထီး၊ မင်းဖြစ်နည်းဟု၊ မြှောက်ချီး လူ*ဗိုလ်၊ လွန်ကြည်ညိုလျှင်၊ ခေါ်ဆို အညီ၊ ဂုဏ်-ရာသီကြောင့်၊ သမီပတ္ထ၊ ဝါစကဖြင့်၊ ဥပရာဇာ၊ နွယ် သညာနှင့်၊ ဘ,ရာ နန်း*ရိုက်၊ ခံလာထိုက်သည့်၊ နန်း*ကိုက် မင်းညှောက်၊ သား ဘုန်းတောက်။။ ရွှေမှောက် ဘုရင်၊ ပြည်ကြီးရှင်တို့၊ *ဥကင် *ကြငှန်၊ ဘွင့် စံမြန်း၍့၊ ရွှေနန်း သိမ်းယူ၊ စိုးထိုင်မူက၊ ပြည်သူ*ခပင်း၊ ရံရွေသင်းနှိုက်၊ လ,မင်းအတူ၊ ရန်သူတို့ဝယ်၊ နေမင့်းနှယ်တည့်၊ ကျင့်ဘွယ် အထူး၊ ဂုဏ် နှစ်ဦးကို၊ မကျူးစေရ၊ လူထိုမျှအား၊ ဒေါသ မဝေ၊ *မွန်ငံချေလော့၊ ထီးရွှေ နန်းရံ၊ နိုင်ငံစိုး ချင်း၊ ပြည်ထောင်မင်းတို့၊ မာတင်းတုံရှောင်း၊ မညွတ်ပျောင်းလည်း၊ ထုံးဟောင်း လိမ္မာ၊ မင့်းမာယာဖြင့်၊ ဆွေဉာ နီးပါး၊ မြိတ်စွန်းများနှင့်၊ သာ*ဖြားသမှု၊ သူကောင်းပြု၍့၊ သက်စုရတနာ၊ ပဏ္ဏာ ဆက်*ညောင်း၊ မာန် ညံ့ပျောင်းလျက်၊ ဥက္ခောင်း ညွတ်လည်း၊ *ယမ်းပည်း ရိုသေ၊ ကျွန်ခံစေလော့၊ တထွေ ထိုမှ၊ ''လောဘကြီးသူ၊ လူတို့အားမှာ၊ ဥစ္စာ ပေးကမ်း၊ ကြမ်းတန်း မျက်ဆူ၊ ထွက်တတ်သူကို၊ ကြည်ဖြူ ဝမ်းတွင်း၊ နှုတ်ညှင်း သာယာ၊ ဝါစာ ပိယ၊ ဗာလကိုကား၊ လိုလိုက် *ဖြားလျက်၊ တရား မြင်-သိ၊ ပညာရှိမှာ၊ မှန်ကန်စွာဖြင့်၊ လိုရာကိစ္စ၊ ဆောင်နိုင်ကြဟု၊ ရှေးက နီတိ၊ ကျမ်းလာယှိတိုင်း၊ အသိ မဝေ၊ မှန်စေ တည့်တည့်၊ ဉာဏ်ဖြင့် ကြည့်၍့၊ ရွှေပြည့် ချမ်းသာ၊ ပွားကြောင်း ရှာလျက်၊ ပညာ ရှေ့ထား၊ မေတ္တာအားဖြင့်။။ တရား မသေရစ်စေနှင့်။'' (၂၀)

(၁၉၀) နေမင့်းသ ဖွယ်၊ မင်းတို့ဝယ်တိ၊ ကျင့်ဘွယ် အထူး၊ တောမြိုင်ဦးတွင်၊ ဘီလူး စေနဲး၊ သဘက် ရဲးနှင့်၊ ဘက်တွဲး သတ်ပုတ်၊ ပဉ္စာဝုဓ်သို့၊ မဆုတ်*ခိုင်ကျည်၊ ရဲးတည်ကြည်လျက်၊ ရဲးရည်တု*ကျွန်း၊ ရဲးမာ*ကျန်းလော့၊ မြတ်မှန်း မသိ၊ ဒိဋ္ဌိစရိုက်၊ အလွန်မိုက်သား၊ ရက္ခိုက် မိကျောင်း၊ သူမကောင်းတို့၊ သေကြောင်းမူ+ကြ၊ လက်တွင်းကျလည်း၊ ခဏ*လျင်ခုပ်၊ တင်္ခဏုပ်ဖြင့်၊ လက်ဆုပ် ဖြေဖြန့်၊ အခန့်မျှတည်း၊ *ရုတ်ခြည်း ရာ-ထောင်၊ မကအောင်လျှင်၊ ကြံဆောင် ပရိယာယ်၊ ရွှေဉာဏ် သွယ်၍့၊ အန္တရာယ် လွတ်ရှင်း၊ သေဘေး ကင်းသည့်၊ မျောက်မင်း ကဝိန်၊ ဝါနရိန်သို့၊ ဝရဇိန် *နှင်းပန်း၊ ဉာဏ်ရောင် ထွန်းလော့၊ မျက်ကာန်းသဖွယ်၊ သူမိုက်ကျယ်တို့၊ ပျက်ပြယ်စလျဉ်း၊ ဘုန်းလက်*စဉ်းကို၊ *စေ့ချဉ်းကပ်ဘိ၊ မှန်း မသိက၊ မိုက်မှိ မိုက်မှား၊ စမ်းလိုငြား၏၊ တရား မမြော်၊ သူမတော်အား၊ ကြမ့်းသော် ကြမ်းချင်း၊ တင်းသော် တင်းလျက်၊ ရဲးခြင်း ရေးယူ၊ စမ်းလော့ဟူ၍့၊ စိန့်တူ မာ*ကျန်း၊ လက်ရုံး တန်းလော့၊ ပြညွှန်း ကျမ်းလာ၊ ရှေးသော့ခါက၊ တေဇာ ပြင်းရှိန်၊ မိဂိန္ဒြ၊ သားမျာ့းဘုရင်၊ မစားချင်၍့၊ လမ်းတွင် တွေ့ငြား၊ ရှောင်ကာသွားသော်၊ ငါ့အား မဘောက်၊ ခြင်္သေ့ ကြောက်ဟု၊ *မလောက်မလေး၊ သေဘေး မသိ၊ မိုက်မိ မိုက်မဲး၊ အတင့်ရဲးသည့်၊ ဝက်မွဲး၏့နှယ်၊ ရန်စရှယ်ရှင့်၊ *ပေါယယ် ထိုထို၊ လူ*ဗိုလ် အယှိ၊ များ*အချိလည်း၊ သတ္တိဗလ၊ စွမ်း ထာမကို၊ မပြ မသိ၊ ပြမှ သိ၏၊ သိမှတ် ထိတ်လန့်၊ ရွံ့ကြောက် ခံ့၏၊ ခံ့မှ ရိုသေ၊ ရိုသေသော်သာ၊ လိုက်နာ ရွှင်လန်း၊ ကျင့် ဖြောင့်တန်း၏၊ တိုင်းခန်း ကျယ်ကြောင်း၊ ချဲ့လိုရှောင်းက၊ စစ်ခေါင်းဟူပြီး၊ စစ်သူကြီးနှင့်၊ *အတီး နာဂတ်၊ ဆုံးဖြတ် ဆင်ခြင်၊ ရှုမြင်တတ်စွာ၊ ဆရာ ပဏ္ဍိ၊ စစ်မျက်စိဆို၊ သူလျှို စစ်နား၊ စစ်အား ဗိုလ်သင်း၊ စစ်ခံတွင်း တမန်၊ မှတ်ရန် တသွယ်၊ စစ်စွယ် မတ်ရဲး၊ တကွဲး ခြေသည်၊ တွင်မည် စစ်ခြေ၊ တထွေ မှတ်ချက်၊ လက်နက် ကိရိယာ၊ စစ်အင်္ဂါတည့်၊ ရှစ်ဖြာ အပုံ၊ အင် ပြည်စုံမှ၊ ရွှေဘုံ တိုင်းနယ်၊ ချဲ့တိုင်း ကျယ်ရှင့်၊ အစွယ် ခြေအား၊ နားနှင့် မျက်စိ၊ စယှိအပေါင်း၊ ပြတ်*မတောင်းသည်။။ ခေါင်းလည်း မကြွေရစ်စေနှင့်။ (၂၁)

(ဤပိုဒ်လည်း 'သမာနရူပပဟေဠိ အတ္ထာလင်္ကာရ'မျိုးပင်တည်း။)

(၁၉၁) လူမျာ့း စော ဓီး၊ ရိပ်ဖြူထီးနှင့်၊ ဆော်တီး ရွှေစည်၊ နန်းပွဲ တည်၍့၊ ရန်နည် ပရဘူ၊ ရာဇူသဘ၊ နရိန္ဒဟု၊ နရ ဓိပတိ၊ မြတ်ခေါင်ထိသည်၊ ပြည်ကြီ့း သင်္ကျစ်၊ မဟာရာဇ်တို့၊ စင်စစ် ဝမ်းဝယ်၊ မှတ်စဘွယ်တိ၊ အကယ် ထင်ရှား၊ သိကြား တည်လစ်၊ ပြည်ပင် ဖြစ်လည်း၊ မစစ်မဆေး၊ မှုအရေးနှိုက်၊ မ*လေး မနာ၊ သူမြတ်စွာနှင့်၊ ''ရတနာ သုံးပါး၊ ဥစ္စာများကို၊ သုံးစား သိမ်းယူ၊ လုယက်မူဖြင့်၊ ပြည်သူ မင်းတို့၊ ချွတ်ယွင်း မှောက်မှား၊ ဘောက်ပြားကုန်လျက်၊ တရား ပျက်သော်၊ ဆက်ဆက် ထိုပြည်၊ ပျက်အံ့သည်တည်း၊ မစည်မကား၊ မထွန်းကားဘူး၊ တိုင်းကား သုန်ဖျင်း၊ ဘုန်းဂုဏ် ကင်း၍့၊ မင်းလည်း ညှိုးငယ်၊ တန်းခိုးပြယ်လိမ့်၊'' မပယ် မှတ်စွဲး၊ အမြဲး ရှုမျှော်၊ ကြံ တွေးခေါ်လျက်၊ ရှေ့မြော် နောက်မြင်၊ ပညာ့ရှင်တို့၊ လျှောက်တင် ရေးရာ၊ ပြည်ကြီး သာအောင်၊ လိုက်နာသမှု၊ အလေးပြု၍့၊ စာဥဒေါင်းအုပ်၊ ပိုက်ထုပ်သော့လား၊ ပြည်သူ့အားလျှင်၊ ငါ့သား ငါ့နှယ်၊ ဘုန်းရိပ်ကွယ်လော့၊ *နှီးနွယ် ရှာရှာ၊ ဆုံးမ နာလျက်၊ ရာဇာဟူက၊ ပြည့် မိ-ဘ,သို့၊ ပြည်-ရွာ့ကိစ္စ၊ ဆောင်ကြရ၏၊ မာဃစန္ဒီ၊ အာလမ္ဗီက၊ ဒေါဒေါရနှင့်၊ ခဆပဉ္စာ၊ သင်္ချာ နှစ်စု၊ ဗသျှု ဆိဒြ၊ မုနိ စသား၊ သက္က ဖြိုလောက်၊ ကိန်းခန်း ရောက်သော်၊ မဘောက် ဖြိုမြဲး၊ မဖြိုလွဲးက၊ ပြည်ထဲး ဥပဒ်၊ များတတ်သောဟူ၊ ဖြိုမူ မယွင်း၊ ထိုနှစ်တွင်းဝယ်၊ ထိုမင်း မလွဲး၊ စုတိမြဲးတည့်၊ သို့ဘဲးတစိ၊ ဟူတုံဘိလည်း၊ ပြည့်မိ ပြည့်ဘ၊ ဖြစ်ကြသော့အား၊ တရား မပျက်၊ ကိုယ့်အသက်ကို၊ ငဲ့ကွက် မပြု၊ ပြည်သူ့ ချမ်းသာ၊ ဆောင်ကြစွာ၏၊ ပမာ မခြား၊ ဘ,ချစ်သားလည်း၊ မမှား ထို့နှယ်၊ ပြည်ကျိုး သယ်လော့၊ ဘသွယ် ထိုမှ၊ နေ-လ-ဂြိုဟ်သွား၊ ဖြောင့်သား တဖြာ၊ မိုးမှန်စွာနှင့်၊ ဩဇာ တက်*ဖြိုး၊ သီးမျိုး *ပေါယယ်၊ အန္တရာယ် ကင်းငြိမ်း၊ *မုဒိမ်း မထွက်၊ စစ်မက်လည်း ကင်း၊ ချင်းချင်း ညီညွတ်၊ ဖြောင့်မက် တရား၊ သုံးပါး ရတနာ၊ ရိုသေစွာလျက်၊ သင်္ဃာ ရဟန်း၊ စောင့်မှန်း အကျင့်၊ ဤဆယ်ဆင့်ကား၊ လင်းပွင့် တိုင်းပြည်၊ သာကြောင်း မည်၏၊ တတည် မှတ်ရာ၊ ကျမ်းအလာဖြင့်၊ ''လယ်ယာလုပ်မျိုး၊ ပြည့်*ဖြိုး *ပြောစည်၊ ကုန်သည် *ဖြင်ပေါ၊ သဘော ကျင့်မြတ်၊ မှူးမတ် *ပည်းဖြင်၊ ကြား-မြင် သုတ၊ သီလယှိမှန်း၊ ရဟန်း သင်္ဃာ၊ အရိယာ များပြား၊ ဤလေးပါးလည်း၊ တိုင်းကား ရွှေပြည်၊ သာကြောင်း မည်၏၊ ယင်းသည် လေးပါး၊ ဆယ်ထွေပြားဖြင့်၊ တည်ကြား ခရိုင်၊ မယိမ်းယိုင်ဘဲး၊ ကြံ့ခိုင် ကျေးလက်၊ အိမ်ခြေ ရှက်မျှ၊ ကိုင်းခက် *စည်ဖြီး၊ ညောင်ပင်ကြီးသို့၊ ပွားစီးစိမ့်ငှါ၊ စောင့်ရှောက်ရာ၏၊ ပဏ္ဏာ တုတ်ခွန်၊ ရတိုင်း လွန်အောင်၊ သား*မွန် လိုကြူး၊ ပြည်ညွန့်ဖူးကို။။ မခူး မချွေရစ်စေနှင့်။'' (၂၂)

(၁၉၂) ရွှေရည် သားချစ်၊ နေမျိုး စစ်သား၊ နေမြစ် နွယ်ရိုး၊ မောင်သတိုးလျှင်၊ ဘိုးတော် မင်းကောင်း၊ ဘေးလောင်း မြတ်စွာ၊ ရှေးရာဇာတို့၊ မဟာသုဒဿန၊ မန္ဓာတ် စသား၊ စကြဝတေး၊ လေးကျွန်း သင်္ကျစ်၊ ဧကရာဇ်*တကာ၊ ကျင့်အပ်စွာကို၊ ဝံသာနုရက်၊ မပျက်စိမ့်ငှာ၊ ကျင့်ရာ အရိုး၊ ကျင့်ဆောင် ကြိုး၍့၊ ပြည်ကျိုး မြှော်ကာ၊ ပြည် သာ+ယာအောင်၊ မှူး+ရာ မတ်ပုံ၊ နန်းရွှေဘုံထက်၊ ဝန်းရုံ မကွာ၊ စံ ချမ်းသာလျက်၊ သဒ္ဓါ ပညာ၊ သမာ ဝီရိ၊ စောင့်းနှယ် ညှိလော့၊ ''လောကီ့ ဓမ္မတာ၊ လူတို့မှာလျှင်၊ သဒ္ဓါ*မဆွန့်၊ ကွန့်၍့ ဖြိုးဝှန်၊ ဉာဏ် မလွန်နှင့်၊ သား*မွန်လိမ္မာ၊ ဤအရာနှိုက်၊ ပညာ မဘက်၊ သဒ္ဓါ ထက်က၊ နက်၏့ ဆင်းရဲး၊ အမြဲး မှန်စွာ၊ သဒ္ဓါ *နုန့်ဆွန့်၊ တွန့်၍့ ဉာဏ်ကွန်၊ ပညာလွန်သော်၊ ဝင်္ကန် ကောက်ကျစ်၊ ကျိုး မဖြစ်ဘူး၊ စင်စစ် ထိုပြီ့း၊ သမာဓိ များ၊ ပျင်းရိ ပွား၏၊ အားထုတ် လွန်က၊ ပြန့်တတ်စွရှင့်၊ ဝီရိယ ဆိုး၊ ညဉ့်ကို နိုးမူ၊ သူခိုး ဖြစ်တတ်၊ ဟူတုံလတ်၏၊ မပြတ် စိတ်က၊ သတိ မ,လော့၊ ညီမျှသော်သာ၊ ကျိုး ထင်ရာခဲ့၊ သေချာ မှတ်-သိ၊ မလွန်ဘိနှင့်၊ ဉာဏ်ယှိယောက်ျား၊ မှားလတ်သော့ခါ၊ ဆေးလွန်နာကို၊ ဆရာ နောက်ဆက်၊ အကုခက်သို့၊ ဖျက်၍့အမြဲး၊ ပြင်နိုင်ခဲး၏၊'' ထူးကဲး လက္ခဏာ၊ ဆာ့းပမာလျှင်၊ ဟင်းလျာတိုင်း ညှိ၊ ကျေးဇူးယှိသို့၊ သတိ မှန်တိုင်၊ မလွန်နိုင်ငြား၊ ဤတရားကို၊ ငါ့သား မင်းစစ်၊ မလစ်ရစ်နှင့်၊ ပိုင်းဆစ် နှိုင်းဆ၊ ရှု*ကုံငလျက်၊ ''လယ်က တည့်တည့်၊ ရေပြည့်အိုးကြီး၊ ခံတုံပြီးမှ၊ ချည်းနှီး ထောင်-သောင်း၊ အိုးငယ်ပေါင်းတို့၊ လောင်း၍့ မပြည့်၊ ဆိုတုံ၏့သို့၊ ချည့်နည့် ပြည်သူ၊ ဗိုလ်လူ*ခပင်း၊ မင်းတိုက်တွင်းသို့၊ ခွန်သွင်း မပြီး၊ ပြည် ချည်းနှီး၍့၊ ပြည်ကြီး နစ်နာ၊ မသာယာအောင်၊ လိုရာ ခွန်တုတ်၊ ကုတ်ကုတ် ကျစ်ကျစ်၊ မညှစ်ဖျစ်နှင့်၊ မင်းဖြစ်ဟူထ၊ ပြည့် မိ-ဘ,တည့်၊ ဌာန တပါး၊ ပြည်သူ့အားလည်း၊ ပိုက်*ဖြား သာယာ၊ နှစ်သိမ့်ရာ၏၊'' ''တောမှာ နေကျင်၊ တောသမင်လျက်၊ ပျားလူးမြက်နှင့်၊ နှစ်သက်စေမှု၊ ဖြားယောင်းပြုက၊ ဥယျာဉ်သည့်နောက်၊ နန်းတွင်း ရောက်အောင်၊ ကောက်ကောက်ပါစွ၊ လက်တွင်း ကျ၏၊'' သားလှ သက်မျှ၊ ပြည့်ကိစ္စကို၊ နေ့-ညမဟူ၊ လုံ့လမူလော့၊ ဗိုလ်လူ ဝေး-နီး၊ ခေါ် ကောင်းခြီးနှင့်၊ ပြည်ကြီး *တြင်း၊ ပြည့်သတင်းကို။။ မဖျင်း မလေရစ်စေနှင့်။ (၂၃)

(၁၉၃) 'မင်းတည်းဟူက၊ ဤလောကနှိုက်၊ ပြည့်ဘ ပြည့်မိ၊ မည်ဘိသမှု၊ လုံ့လပြု၍့၊ မြှော်ရှု *စာနာ၊ မလစ်ရာတည့်၊ ပြည်-ရွာ ကျိုးကြောင်း၊ ဆိုး-ကောင်းစကား၊ ရှိတိုင်း ကြားအောင်၊ မင်းနားတထောင်၊ ဆိုသော့ယောင်သို့၊ သားမောင် စေ့ငု၊ ထောက်နာ ပြုလော့၊ ကိုယ်မှု ပြည်ရေး၊ အလေးမဲ့စွာ၊ မနေရာဘူး၊'' ပညာနှိုင်းရှည့်၊ ဆင်ခြင်ကြည့်သော်၊ 'တိုင်းပြည့်အခင်း၊ မင်း၏့အတွက်၊ ထိုနှစ်ချက်တို့၊ ဖြစ်-ပျက်ခါနီး၊ လူ့နှုတ်သီးနှိုက်၊ ကပ်မှီး ရောယောင်၊ နတ်တို့ ပေါင်၍့၊ *တဘောင် နိမိတ်၊ ကောင်းဟိတ် ဆိုးမှု၊ ပြလာ ပြုလျက်၊ ပြည်သူ့ လေ့လာ၊ များတတ်စွာ၏၊'' 'လူ့ရွာ စဉ်ရှေး၊ မှတ်တရေးလည်း၊ ကလေး တမည်၊ သဘင်သည် တဦး၊ အရူးခေါ်ရိုး၊ ဤသုံးမျိုးတို့၊ ကောင်း-ဆိုး *တဘောင်၊ နိမိတ်ကောင်တည့်၊ ပြောင်လှောင် ပျက်ပြယ်၊ ဆန်းကြယ် ဆိုမြည်၊ သဘင်သည်နှင့်၊ တမည် သူရူး၊ ဤနှစ်ဦးကား၊ အထူးမည်လှည့်၊ ပြည်၏့ စံနည်း၊ ပြည့်ဆည်းလည်းတည့်၊ *ကြည်းကြည်း ရွှင်ပျော်၊ တကြော်ကြော်ဖြင့်၊ ဟစ်အော် မြူးရယ်၊ လူသူငယ်မူ၊ လူဝယ် ခေါ်နည်း၊ အိမ့်ဆည်းလည်းတည့်၊ မှတ်တည်း ရှေးသူ၊ နိမိတ်မူ၏၊ မှတ်ယူ ကြောင်းဟိတ်၊ ပြည့်နိမိတ်နှင့်၊ *အတိတ် ဘဝေါ၊ နတ်ပြော ပြဆောင်၊ *တဘောင် *စံနည်း၊ ပေါင်းစည်း ထိုမျှ၊ ဓာတ်သိုက် စသား၊ လောက နည်းနာ၊ အဖြာဖြာကို၊ လိမ္မာ သိပ်သည်း၊ ဝမ်းဝယ်တည်းလော့၊ စံနည်းကို တောင်၊ တဘောင်ကို မြောက်၊ ယူကောက် နှိုင်းညှိ၊ ဆိုရိုးယှိရှင့်၊'' ''ရှေးသိ နောက်မြင်၊ ပညာ့ရှင်နှင့်၊ တိုင်ပင်အပ်စွာ၊ မပြတ်ရာဘူး၊ သုဘာသုဘ၊ ဝေါဟာရဖြင့်၊ လောကအလို၊ ဟောပြဆိုတိုင်း၊ ထိုထို အနိဌ်၊ ဒုန္နိမိတ်လည်း၊ မြဲးကြိတ် မချ၊ မဟုတ်စွတည့်၊ ဓမ္မတရား၊ တိမ်းပါးမမူ၊ တည်သော့သူအား၊ ဘေးဟူတုံလတ်၊ ဥပဒ် အပြစ်၊ မဖြစ်နိုင်ရာ၊ ကင်းကြစွာ၏၊ သမ္မာဉာဏ၊ ပယောဂနှင့်၊ လုံ့လ အားထူ၊ ကောင်းစွာ ယူ၍့၊ ကောင်းမူသဖြင့်၊ ကောင်းအောင်ကျင့်က၊ *ယခင့်အတိတ်၊ နိမိတ် *တဘောင်၊ ကိတ်ရောင် ဥဘာ၊ ခိုး*ဝှန်ဝါတို့၊ ထင်လာသမျှ၊ ကောင်းကြသည်ချည်း၊ မချွတ်တည်းရှင့်၊ *လိပ်လည်း မယှိ၊ မှန်လှဘိ၏၊ လောကီ့ မှတ်ကြောင်း၊ ရှေးထုံးဟောင်းနှိုက်၊ နည်းကောင်းအကျင့်၊ ထပ်ကာ ဆင့်၍့၊ ပန်းပွင့် မပျက်၊ ပန်းရက် ဆောင်သယ်၊ ပျာ့းသဖွယ်လျှင်၊ မှတ်ဘွယ် အသင့်၊ သားမွန်*ကျင့်လော့၊'' လေးဆင့် ဆယ်ဖြာ၊ ပြခဲ့ မှာတိုင်း၊ ပြည်-ရွာစီးပွား၊ ပြည့်ရေးများကို။။ တိမ်းပါး မသွေရစ်စေနှင့်။ (၂၄)

(၁၉၄) မှတ်ကြောင်း သေချာ၊ သားချစ် နာလော့၊ 'ပြည်-ရွာနီးချင်း၊ ရန်သူမင်းတို့၊ အတွင်းသားကို၊ ပျက်ပြားစေကြောင်း၊ မကောင်း ကြံဟန်၊ ဝင်္ကဉာဏ်ဖြင့်၊ *သဝဏ်စာ ရေး၊ ပေး၍့ ပြုထ၊ ဥပါယကပ်၊ အာထဗ္ဗဏာ၊ ယတြာ ဆင်ငြား၊ မန္တြားနှင့်၊ ဆေးဝါး စီမံ၊ အင်းနှံ အင်းမြှုပ်၊ နံ-ရုပ် နှိပ်ချ၊ ပြုခြင်း စသား၊ ပယောဂ-ကပ်၊ ဤနှစ်ရပ်ကို၊ ပြုအပ် ထိုထို၊ မလို ကိစ္စ၊ ပြုတတ်ကြ၏၊'' ထိုမှ တဖြာ၊ စစ်ဖြစ်ရာလည်း၊ ပြည်-ရွာထုံးစံ၊ ခါတရံနှိုက်၊ နိုင်ငံခြားရာ၊ ဥစ္စာ လိုခြင်း၊ ဆင်-မြင်း လိုသီး၊ သမီးလိုမှု၊ တိုက်ပြု *ဂုံးမြှောက်၊ ပြန်ဘောက် သစ္စာ၊ မသာ နှုတ်ထွက်၊ ဆွေပျက် မျိုးဆိုး၊ မင်းစိုး မတရား၊ ကုန်သည်များက၊ နည်းပါး စစ်သည်၊ ဘွဲ့ချည် ငြိုးရန်၊ မျက်မာန် *ဟုံးစုံး၊ ဤ ဆဲ့သုံးကြောင့်၊ ပြည်လုံး မသာ၊ စစ်ဖြစ်ရာ၏၊ ဗျူဟာ ခင်းကျင်း၊ လိမ္မာခြင်းနှင့်၊ မင်း-မတ် ညီညွတ်၊ *စွန့်လွှတ် ပေးကမ်း၊ မှုထမ်းယောက်ျား၊ သူရဲးများတို့၊ ခန့်ထားတိုင်း ရ၊ များလှ *ဗိုလ်ပါ၊ ယတြာ ပြုချက်၊ စီးလဂ် သန့်စွာ၊ ရိက္ခာ ပြည့်ခြင်း၊ နာကင်း သူလျှို၊ နတ်ကို ပူဇော်၊ ဆင်ကျော် မြင်းကောင်း၊ အကြောင်း ဆဲ့နှစ်၊ ပြည့်စုံလစ်က၊ ရန်စစ် အောင်ရာ၊ မချွတ်စွာဘူး၊ အောင်ရာ စင်စစ်၊ ထိုဆဲ့နှစ်နှင့်၊ သားချစ် ရွှေငုံ၊ အင် ပြည့်စုံလည်း၊ ရေးကြုံဆိုက်ခါ၊ သူ မလာဘဲး၊ ရန်ရှာ သူ့ကို၊ စစ် မလိုနှင့်၊ ကုသိုလ်တရား၊ မဖြစ်ပွားဘူး၊ မာန်ကြွား လွှမ်းမိုး၊ ခွန်အား ကိုးလျက်၊ စစ်ထိုးခြင်းဟူ၊ အပြစ်ထူ၏၊ *ဗိုလ်လူအပေါင်း၊ ပျက်စီးကြောင်းတည့်၊ မကောင်းမှု ပုံ၊ ဆူ့းနှယ် ရုံခဲ့၊ လူ့ဘုံ ရပ်ခွင်၊ ငါသာလျှင်တိ၊ ငါ့ပြင် မရှိ၊ ဇာတိ တူလျှင်း၊ ပြည်ထောင်ချင်းတို့၊ ဘယ်မင်း ဆိုင်ကာ၊ ပြိုင်ဝံ့စွာလိမ့်၊ ထက်မှာ သိကြား၊ အောက် နဂါးဟု၊ ကြုံးဝါး ဆိုယောင်၊ လက်ရုံးထောင်လျက်၊ မျက်မှောင် ဘားဘား၊ ကိုက်လို ကျားသို့၊ သွား တကြိတ်ကြိတ်၊ ဟိတ် တပေးပေး၊ မာန်သွေးသွေးဖြင့်၊ အရေး လိုလို၊ ရန်မီး ပိုအောင်၊ သူ့ကို အောက်ထား၊ *မလောက်လားဘဲး၊ လေးစား မဖြုံ၊ ကိုယ့်အား ယုံပြီး၊ ခွေးပုံ မထူး၊ မာန ရူး၍့။။ လွန်ကျူး မထွေရစ်စေနှင့်။ (၂၅)

(၁၉၅) လွန်ကျူးထွေထ၊ တကြွကြွဖြင့်၊ 'ကလိင်္ဂမင်း၊ ဆင်ခြင် ကင်းလျက်၊ ချွတ်ယွင်း တရား၊ *ဗိုလ်ပါ များဟု၊ မာန် ကြွားတက်ပြီး၊ လက်ရုံး တီး၍့၊ သမီး လွှတ်ကာ၊ ရန်စရှာသို့၊ ပြည်-ရွာ အခြား၊ တိုင်းတပါးနှင့်၊ လိုလား စစ်မက်၊ ရန်ဘက် ရှာရှာ၊ မပြုရာဘူး၊'' ''ပမာမလောက်၊ မာန်ဟုန် မြောက်၍့၊ မုန်သောက် ဆင်ပြောင်၊ ကိုယ်ကြီး တောင်နှင့်၊ သေးပျောင် ငယ်-နုပ်၊ တဆုပ်မျှလျက်၊ နှံစုပ်ငှက်တွင်၊ အသက် သေရ၊'' ထိုမှ တကြောင်း၊ သောင့်းနှင့် တရာ၊ ရာနှင့် တယောက်၊ မှုမလောက်ဟု၊ မအောက်မေ့သာ၊ ရေးအရာကို၊ လွန်စွာ ဉာဏ်ချိ၊ ဆင်ခြင်ဘိလော့၊ ''သတိ မမူ၊ ဂူကိုမမြင်၊ အကြင် ရှေးက၊ ပေါရာဏတို့၊ ဆိုကြ စကားလာ၊ မှန်လှစွာ၏၊ ပညာ ကင်းဘိ၊ သတိ မမူ၊ ပြုတတ်သူကား၊ ဖလ်ဂူ အောင်းနေ၊ မြေခွေးလေကို၊ သေစိမ့် အပြီး၊ မျက်ဟုန်ကြီးဖြင့်၊ ခြောက်စီး နောင်-ညီ၊ ကေသရီတို့၊ တူပြီ မာန်လိုက်၊ အပြင်းတိုက်သော်၊ ရင်နှိုက် ပေါက်ဖူး၊ ဖလ်ညှောက်စူး၍့၊ သေဖူးကုန်ကြ၊ ပုံကို ဆ,လော့၊'' သားလှလိမ္မာ၊ ထိုခြင်းရာကြောင့်၊ ''ပညာ မယှိ၊ သတိ မကူ၊ ဒေါသ ဆူ၍့၊ မာန်မူ ကြွားမြောက်၊ လွှား မမောက်နှင့်၊ အသောက် အစား၊ အပျော်ပါးနှင့်၊ ကိုယ်အား ဗလ၊ ရဲးခြင်း စသား၊ ကိစ္စတိုင်းပင်၊ မဆင်ခြင်ဘဲး၊ ကြူးလျှင် မကောင်း၊ ပျက်စီးကြောင်းတည့်၊'' ''မိကျောင်း ကြည်းတင်၊ တောဆင် ညွန်နစ်၊ ခေတ် မဟုတ်ရာ၊ မလိမ္မာဘူး၊ ဝါသနာ လိုလား၊ လေ့လာ များ၍့၊ လိုက်စားရာက၊ အပြစ် ရ၏၊'' ''မောဟ အကြောင်း၊ ဟိတ် မကောင်းဖြင့်၊ အလောင်း အတမ်း၊ လက်ပမ်း ဝှေ့ရိုက်၊ လူချင်း တိုက်နှင့်၊ ဆင်တိုက် ဆိတ်တိုက်၊ ကြက်-ငှက်တိုက်က၊ ဒုစရိုက်ဆိုး၊ ပျော်မှုမျိုးလည်း၊ တန်းခိုး *ဖျင်းသုန်၊ ဘုန်းဂုဏ် ညံ့ကင်း၊ ပျက်စီးခြင်း၏့၊ ကြောင်းရင်း မှန်လှ၊ မချွတ်စွသည့်၊'' ''ကာလ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆ မယှိ၊ မသိတတ်သူ၊ လူမိုက်ဟူ၏၊ သိမူ ပဏ္ဍိ၊ ပညာယှိမှ၊ မြင်သိ ရေးရာ၊ လိမ္မာသော့အား၊ တော်ဖြောင့်သား၍့၊ အများ သုခ၊ ချမ်းသာကြ၏၊'' ''မောဟအလိုက်၊ သူမိုက်အလို၊ အမြင် တိုနှင့်၊ ကိုယ်သို့အလား၊ သူတပါးအား၊ ထောက်ထား *မဲ့စွာ၊ ကိုယ်က သာတိုင်း၊ မညှာ မဆ၊ ပြုတတ်ကြ၏၊ ထိုမျှ မကြွင်း၊ ပြည်ထောင်ချင်းနှင့်၊ *ခပင်း သတ္တဝါ၊ မချမ်းသာအောင်၊ ဘယ်ခါသော်မျှ၊ မကြံရဘူး၊ ဉာဏ သတိ၊ သမာဓိနှင့်၊ ညီညှိ တည်ကြား၊ စိန်တပ်မြားသို့။ ။ ဉာဏ်သွား မပေရစ်စေနှင့်။ (၂၆)

(၁၉၆) 'ဗာလစရိုက်၊ လူ့ရွာနှိုက်လျှင်၊ သူမိုက် မနော၊ ကျင့်သဘောကား၊ နိုင်သောသူများ၊ မမြစ်တားက၊ သနား*မဲ့မူ၊ ကိုယ့်အောက်သူကို၊ *ကလူ နိုင်ထက်၊ နှိပ်စက် မပြတ်၊ ပြုကျင့်တတ်၏၊ မချွတ် မှန်လှ၊ ထိုဗာလကား၊ ဘုရာ့းရှေ့ဝယ်၊ သင်ပုတ်ကျယ်တွင်၊ ခွေးကျယ် စော်ကား၊ ဝင်ကာ စားသော်၊ ကျောင်းသား ငကျယ်၊ ထိုလူကျယ်လျှင်၊ ကြိမ်ကျယ် ကိုင်လျက်၊ ပြင်းစွာ နှက်က၊ ဆက်ဆက် အကယ်၊ တကျယ်ကျယ်ဖြင့်၊ ခွေးကျယ် အော်ရ၊ ဟူစကြသို့၊ လောကနှိုက်ဝယ်၊ ထိုလူကျယ်ထက်၊ ဆိုးကျယ်သော့သူ၊ တွေ့သော်မူကား၊ ထိုလူမိုက်ကျယ်၊ သေလုဘွယ်အောင်၊ ကျယ်ကျယ် အော်ဟစ်၊ ဘေးကြီးဖြစ်၏၊'' တဆစ် မှတ်ရာ၊ ဤလူ့ရွာနှိုက်၊ ပညာ ကာယ၊ ဥစ္စာ စသား၊ ဗလ နည်းပါး၊ မတန်ငြားဘဲး၊ အား*မဲ့တုံလျက်၊ ရန်ပြိုင် ဘက်လည်း၊ ပျက်အံ့ အရေး၊ မှန် မဝေးရှင့်၊ နွားချေးပိုးကောင်၊ တောဆင်*ပြောင်ကို၊ မာန်ထောင် ပျက်ပြယ်၊ ရန်စ ရှယ်က၊ အစွယ် နှာမောင်း၊ ခြေတချောင်းမျှ၊ တူကြောင်း ပြိုင်ရှက်၊ မဘက်လောက်စွာ၊ ပမာ ထိုဆင်၊ ထီ မထင်ဘဲး၊ မစင်တုံးဖြင့်၊ ကိုယ်လုံး ဘိ၍့၊ သိသိ ကြေ*ဆော၊ ကျင်ရည်ကြောတွင်၊ ပေါလောပေါ်ထွေ၊ မျှောပစေ၏၊ ဂုဏ်နေ မတူ၊ မမျှသူကို၊ မာန်မူသမှု၊ ပြိုင်မပြုနှင့်၊'' ''မတုရာသီး၊ ရေနှင့် မီးသို့၊ ကြီးက ဘယ်ခါ၊ မရဲးရာဘူး၊ ရဲးပါတုံလစ်၊ မွန်းနစ် လောင်မြိုက်၊ ဘေးကြီးဆိုက်၍့၊ ကိုယ်နှိုက် ဒုက္ခ၊ ရအံ့ မှန်စွာ၊ ပျက်စီးရာ၏၊ ပမာမသွေ၊ မီးနှင့်ရေကို၊ သက်ဝေ ရတနာ၊ ဉာဏ်ရှု စာလော့၊'' တဖြာ ထိုနောက်၊ 'ကိုယ့်အောက် ကိုယ်တူ၊ မည်သူကိုမျှ၊ မဘက်ရဘူး၊ ရာဇမာယာ၊ မင့်း*ဘွယ်ရာနှိုက်၊ လိမ္မာသဖြင့်၊ အသင့် ဖြစ်အောင်၊ ပြုကျင့်ဆောင်လျက်၊ ပြည်ထောင်ဘက်ချင်း၊ ထိုထိုမင်းနှင့်၊ မုန်းတင်း မမူ၊ ရန်သူ မပြု၊ ပွားရှု မေတ္တာ၊ ရန်မှု ခွါလော့၊ လိုရာ ဆွဲမှု၊ တင်း မလုနှင့်၊ ကိုယ်ပြု ကိုယ်နှိုက်၊ ကြိုက်-မကြိုက်ကို၊ လိုက်၍့ စုံစမ်း၊ *ဓားဆောက်ကမ်းဖြင့်၊ မရမ်း မကား၊ တရား မွေ့ညက်၊ အရိုး သက်ရှင့်၊'' မာန်တက် လွှားကာ၊ ကျယ်စိတ် မာလျက်၊ ပြည်-ရွာ မငြိမ်း၊ ပြည်ခေါင်း တိမ်းအောင်၊ *မုဒိမ်း ရုတ်ရက်၊ များ စစ်မက်ဖြင့်၊ လုယက် လှုပ်ရှား၊ ပြည်*ချောက်ချား၍့။။ တိုင်းကား မကျေရစ်စေနှင့်။ (၂၇)

(၁၉၇) သူ့ရွာ သူ့ပြည်၊ ဟူတုံသည်ကို၊ ဆံချည် မြူမျှ၊ သဘောခွ၍့၊ စိတ်က ဘယ်ခါ၊ အဘိဇ္ဈာဖြင့်၊ တဏှာ တောင့်တ၊ လောက တိုက်တိုက်၊ မလိုက်ထိုက်ဘူး၊ ''သူနှိုက် ပြည့်စုံ၊ စည်းစိမ်ပုံကို၊ မြင်တုံဘိလည်း၊ မျက်စိ ဆူးဝင်၊ မရှုချင်အောင်၊ ဝမ်းတွင် လှိုက်ဆူ၊ မငြူစူနှင့်၊ ငြူစူတတ်က၊ နတ်မဟာရာဇ်၊ ဒေဝါဖြစ်လျက်၊ စင်စစ် လျင်*ဆော၊ *လက်တလောဖြင့်၊ မနောပဒေါသိ၊ မည်ယှိ စိတ်ဆိုး၊ နတ်အမျိုးတို့၊ နွမ်းညှိုး ခန္ဓာ၊ သေလွယ်စွာ၏၊'' ''မေတ္တာ ဝေမျှ၊ ဤလောကနှိုက်၊ သတ္တ ဘဝါး၊ အတူ သွားက၊ မည်ငြား မိတ်စစ်၊ ခင်ပွန်းဖြစ်၏၊ ဆဲ့နှစ်လှမ်းသော်၊ အဘော် *သဟဲး၊ လခွဲး ဉာတိ၊ မည်ဘိ မပျက်၊ ထို့ထက် လွန်စွာ၊ ရက်ကြာကာလ၊ ပေါင်းဘက်ကြမူ၊ အတ္တသမာ၊ မှန်စွာ ထိုလူ၊ ကိုယ်နှင့် တူ၏၊ အယူ ထွေပြား၊ ထိုသူများအား၊ ပြစ်မှား စိတ်မှာ၊ မယှိရာဘူး၊'' ''ပညာ ချင့်ထောက်၊ မာန် မမောက်နှင့်၊ ကိုယ့်အောက် တန်းတူ၊ အထက်သူဟု၊ မှတ်ယူ မြဲးသို၊ သုံး ပုဂ္ဂိုလ်တွင်၊ အောက်ကို သနား၊ တန်းတူအားမူ၊ မြှောက်စား အမျှ၊ မယုတ်ချနှင့်၊ ထက်ကသူမှာ၊ ရိုသေရာ၏၊'' ''ကရုဏာ ရှေးမြှော်၊ ဝံသူတော်သို့၊ တွေ့သော် တွေ့ခြင်း၊ အိမ်လုံး နှင်း၍့၊ ဆွေရင်းပမာ၊ ချစ် ကြင်နာလျက်၊ မေတ္တာတရား၊ သစ္စာအားဖြင့်၊ ယှိငြားသူနှိုက်၊ ပြစ်မှား မိုက်က၊ ကျိုက်ကျိုက် လျှံဝေ၊ ဆိပ်ပေါင်းနေသည့်၊ မြွေကို ကိုင်မိ၊ ဘေးကြီး ထိသို့၊ မချိ ကိုယ်မှာ၊ ပြစ် ရောက်လာ၏၊'' ''မိစ္ဆာ ကျင့်ဆိုး၊ လူမိုက်မျိုးကား၊ ကိုးလေ တိုးလေ၊ အိုတစ္ဆေဟု၊ ဆိုထွေ ပမာ၊ သဲးကန္တာတွင်၊ အစာ အစား၊ နေရာများနှင့်၊ ခုနစ်ပါး ရတနာ၊ ပေးတတ်စွာသည့်၊ မဟာနိဂြောဓ၊ ပင်ရုက္ခကို၊ မြစ်မ မကျန်၊ တူးလှန် ခုတ်ဖြတ်၊ ပြုတုံလတ်၍့၊ ရေနတ် နဂါး၊ ပေါက်သတ် စားသည့်၊ လှည်းသား ငါးရာ၊ မဟာသီလဝ၊ လောင်း နာဂကို၊ ခဏ ခဏ၊ တောင်းလေ ရတိုင်း၊ ဇီဝ ချွေဖြုတ်၊ စွယ်ရင်း ထုတ်ပြီး၊ ထွင်း-နုတ်ယူထွေ၊ သက် မသေခင်၊ ဤမြေ မျိုခွဲး၊ ဝီစိထဲးသို့၊ ငရဲး စိုက်စိုက်၊ ဝင်လေ ဆိုက်သည့်၊ သူမိုက်ယောက်ျား၊ မုဆိုးသားတို့၊ တရား မမြော်၊ ရတိုင်း ကော်၍့၊ ကိုယ်သော် မျက်မှောက်၊ တို၍့ ပျောက်အောင်၊ ပြစ်ရောက် ခန္ဓာ၊ ပျက်စီးစွာ၏၊'' ''မေတ္တာ အထူး၊ ကိုယ့်ကျေးဇူးကို၊ ရွှင်မြူးမသွေ၊ ဆောင်ပေကုန်ငြား၊ သူတို့အားလျှင်၊ ပုဏ္ဏား ချောက်ကျ၊ သီဟ ရိုးငြိ၊ မိုက်ခေါင်ထိနှင့်၊ မှိန်းမိ ကျားသွင်၊ မတင် ကျေးဇူး၊ ထိမ်မြူးသော့အား၊ ပြန် ပြစ်မှား၍့၊ ပျားစား လက်ဆေး၊ ရေ ရုပ်ရေးသို့။။ ကျေးဇူး မချေရစ်စေနှင့်။ (၂၈)

(၁၉ဂ) 'ကျေးဇူး ချေကာ၊ မပြုရာတည့်၊ လူသာ မဟုတ်၊ အယုတ် တိရစ္ဆာန်၊ မှုဝန် ဆောင်ဘိ၊ ဟတ္ထိ အဿ၊ ဂေါဏ မဟိံသာ၊ စသည်မှာလည်း၊ ပျိုခါ စေစား၊ အိုခါ ရှား၍့၊ စွန့်ထား ပယ်ကာ၊ မပြုရာဘူး၊ ပြုပါတုံက၊ မိတ္တဒုဗ္ဘီ၊ မညီ ဓမ္မ၊ လူ့ပါပတည့်၊ ထိုမှ တပါး၊ ထို့အသားကို၊ သတ်စား ဖြတ်စား၊ ပြုငြားတတ်မူ၊ ထိုသည့်သူကား၊ လူတွင် မိုက်လှ၊ လူ့ဗာလတည့်၊ ပါပတရာ၊ လွန်ယုတ်မာရှင့်၊ မာတာ ပိတု၊ ဗန္ဓု ဉာတိ၊ စယှိ အလား၊ ထိုကျွဲး-နွားတို့၊ လုပ်စား အတူ၊ လူနှင့် တကွ၊ ကိစ္စ ဆောင်ရွက်၊ သက်မွေးဘက်ဖြင့်၊ ဆက်ဆက် စင်စစ်၊ မိရင်း ဖြစ်၏၊ သတ်ညှစ် အသား၊ သူမိုက်များသို့၊ မစားထိုက်စွာ၊ သား သည်းချာလျှင်၊ ပညာ-ကရု၊ မြော်ထောက်ရှုလော့၊'' ''ဤလူ့ဘဝ၊ လူ့လောကနှိုက်၊ ဉာဏ သမ္ပဇဉ်၊ ကင်း မယှဉ်းဘဲး၊ ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ လူ မသမ္မာ၊ ထိုများစွာတို့၊ ချမ်းသာ စီးပွား၊ လျော့ပါး ယိမ်းယိုင်၊ မြဲး မခိုင်ဘူး၊ ဓမ္မကရိုဏ် စစ်+ရေ၊ ကျ*ဖျား ရေ+သို့၊ သ+ရေ မတိုး၊ ဘုန်းရောင် ညှိုးလျက်၊ တန်းခိုး နေ့-ည၊ ဆုတ်လ ပမာ၊ ယုတ်တတ်စွာ၏၊'' ''စေတနာ ဖရုသ်၊ လွန်ကြမ်းကြုတ်သား၊ ဆိုးယုတ် ဒုစရိုက်၊ သူမိုက် ကျင့်ရာ၊ ကံ ဆယ်ဖြာတွင်၊ ပါဏာတိပါတ်၊ သက် သတ်အမှု၊ ကိုယ်လို ပြုနှင့်၊ ပြုဟု သူက၊ တိုက်တွန်းကြ၍့၊ ပြုရသော့သူ၊ လိုတူသော့အား၊ မြစ်နိုင်ငြားလျက်၊ မတားမြစ်သူ၊ သုံးယောက် လူတွင်၊ သတ်သူ နိရယ၊ ငရဲးကျ၏၊ သူက ခေါ်ရာ၊ ပါသူမှာမူ၊ တိရစ္ဆာန၊ ဖြစ်ထ မမှား၊ လိုတူအားဖြင့်၊ မတားမြစ်သူ၊ ထိုလူမှာတုံ၊ ပြိတ္တာ့ဘုံဟု၊ အာဂုံ ဘွင့်လှစ်၊ ထူး အပြစ်ကို၊ စင်စစ် မှန်စွာ၊ ကျမ်းရိုးလာ၏၊'' ''ကောင်းစွာ သက်မွေး၊ ကုသိုလ်ရေးနှိုက်၊ ဖင့်နှေး နွဲး*ဖျဉ်း၊ မခိုင်*မျဉ်းနှင့်၊ *စေ့ချဉ်း ကပ်နီး၊ ယှဉ် နှောနှီး၍့၊ ကြီး သူမြတ်အား၊ မပြတ် ရိုသေ၊ *မထေ မပြု၊ ဗဟုဿုလည်း၊ စုလော့ ရရာ၊ နည်းနာတရား၊ ကြား-မြင် များမှ၊ ထင်ရှား ပညာ၊ ဖြစ်သည်သာတည့်၊ ယုတ်မာ သရေ၊ သန္ဓေ ညံ့ဆိုး၊ အမျိုး မိုက်ထိုင်း၊ အကျင့် ရိုင်း၏၊ ကျီး-ဗျိုင်း ပမာ၊ မစောင့်စွာဘူး၊ ဒုရာဇီဝ၊ ဒုစာရနှင့်၊ ပါပ ကျင့်မျိုး၊ အကျင့်ဆိုးကို၊ သတိုး သက်လယ်၊ တားမြစ် ပယ်လော့၊ ကိုယ်ဝယ် သူ့ဝယ်၊ မငြိတွယ်အောင်၊ မိုက်နွယ် မျိုးခြား၊ ထိုလူများကို။။ ထံပါး မခြွေရစ်စေနှင့်။ (၂၉)

(၁၉၉) သမ္မာအစဉ်၊ ဉာဏ်ဖြင့် ယှဉ်၍့၊ ကတညုတာ၊ မင်္ဂလာ ဓ မ္မ၊ မချွတ်ရဘူး၊ ထိုမှ တုံပြီ့း၊ နည်းမှန် သိလော့၊ ''မျက်စိ မြင်သူ၊ ကာန်းသော့လူကို၊ ဆောင်ယူမြဲးသာ၊ ထို့ပမာသို့၊ ဥစ္စာ ယှိ*မဲ့၊ ဉာဏ်*ဟဲ့ ဉာဏ်ပါး၊ အားကြီး အားငယ်၊ လူတို့ဝယ်လည်း၊ မပယ်အပ်စွ၊ ဣဿရဖြင့်၊ စိုးရသူကား၊ ဆင်းရဲးသားကို၊ သနား ခြီးမြှောက်၊ စောင့်ရှောက်အပ်ရာ၊ လူ့*တန်ထွာတည့်၊'' ''ဥစ္စာ ဘောဂ၊ ဣဿရနှင့်၊ ဗလ ပညာ၊ ယှိပါတုံမူ၊ မိုက်သောသူတို့၊ *ကလူ နိုင်ထက်၊ နှိပ်စက်သော့အား၊ သူတပါးကို၊ ပြစ်မှား မညှာ၊ ပြုတတ်စွာ၏၊'' ''ပညာ မြင်-ကြား၊ ယှိပါငြားလည်း၊ တရား အလွတ်၊ စကား တတ်လျက်၊ ယုတ်-မြတ် ပုဂ္ဂိုလ်၊ လူ ထိုထိုအား၊ အလို မိုက်ဆိုး၊ မာန ကိုး၍့၊ လွှမ်းမိုး နှုတ်-လျှာ၊ ပြောတတ်စွာမူ၊ ထိုပညာယှိ၊ မိမိ အတတ်၊ ကိုယ်ကို သတ်၏၊ ပရိသတ်ခွင်၊ သဘင် လွှတ်ရုံး၊ မသုံးနိုင်ထ၊ ဝိုင်းပယ်ကြလိမ့်၊'' သဇ္ဇနလက္ခဏာ၊ မဟူရာဘူး၊ ဓမ္မတာ လူ့ဝတ်၊ မညီညွတ်ဘဲး၊ ချွတ်က အဟုတ်၊ တရား ပြုတ်သော်၊ သူယုတ် သူမာ၊ မည်စပါရှင့်၊'' ''ငါတို့ မင်းမျိုး၊ ကိုယ့်အကျိုးထက်၊ ပြည်ကျိုးကိုသာ၊ ပြုအပ်စွာ၏၊ ပြည်-ရွာကိစ္စ၊ ဆောင်တတ်ကြမှ၊ အဝုတ္တနည်း၊ ကိုယ်လည်း တက်ဖြိုး၊ ဘုန်းရှိန် တိုး၍့၊ တန်းခိုး တေဇာ၊ ကြီးပွားရာ၏၊'' ''သစ္စာဟူငြား၊ မှန်တရားလည်း၊ တိမ်းပါး မယှိ၊ မြဲးစေဘိလော့၊ တောင်ရှိ မပြို၊ မယိမ်း+ယိုနှင့်၊ ဖ+ရိုဖရဲး၊ မဟူဘဲးလျက်၊ ဆိုခဲး မိန့်ခဲး၊ မိန့်*တပဲးလည်း၊ မလွဲး *မလက်၊ သိကြား ဖျက်စေ၊ မပျက် မစီး၊ စက်နှယ် လှီး၍့၊ ထွက်ပြီး ဆင်စွယ်၊ နေ့သဖွယ်ဖြင့်၊ အကယ် မယွင်း၊ မြဲးစေခြင်းနှင့်၊ မင်းတို့စကား၊ မိုဃ်းကြိုးသွားသို့၊ မခြား မှန်စွာ၊ စံ တည်ရာ၏၊'' ရံခါ တစိ၊ အရေးယှိက၊ ကပိရာဇာ၊ ဝါနရိန္ဒ၊ သေနကတို့၊ လုံ့လ မပေါ့၊ မမေ့လျော့ဘဲး၊ မလျော့ စိတ်ဝယ်၊ ကြံသော့နှယ်သို့၊ ဥပါယ်*တမျဉ်၊ သမ္ပဇဉ်နှင့်၊ ဉာဏ်ယှဉ် ကြီးစွာ၊ ကြံစည်ရာ၏၊ ပညာ ရှေ့ထား၊ လုံ့လအားဖြင့်၊ ဉာဏ်သွား မပေ၊ ထက်မြက်စေလော့၊'' ရေ-မြေ့*သနင်း၊ မင်းတို့ ရွှေဘုန်း၊ မိုးသို့ ချုန်း၏၊ လူပုန်း တောမှာ၊ မနေသာဟု၊ စဉ်လာ လူဗိုလ်၊ ဥဒါန်းဆိုတိုင်း၊ သားညို ပုလဲ့၊ မြေတုန်ချဲ့မျှ၊ မနဲ့ မနုန့်၊ မင်းတို့ဘုန့်းဖြင့်၊ ဂဠုန့် တောင်သံ၊ နဂါးယွံသို့၊ ကြောက်ရွံ ရန်မျိုး၊ ညွတ်ညွတ်ကျိုး၍့၊ ပုန်းလျှိုး ငုတ်ထွေ၊ ပျောက်ပျက်စေလော့၊ ''ရေဝယ်နေရှောင်း၊ ငါး-လိပ်ပေါင်းကို၊ မိကျောင်း ဆိုးကျယ်၊ ကဲ့သဖွယ်သို့၊ လူဝယ်မသွေ၊ ယှိတတ်ချေ၏၊ လူပွေ လူနောက်၊ ဘောက်သောက်လူစား၊ လူလျှပ်ဝါးတို့၊ *သော်ကား *မော်ကား၊ ကျင့် ရမ်းကားလျက်၊ *ချောက်ချား ကဲးမိုး၊ မိုက်မာန် ကိုး၍့။။ မဆိုး မတေရစ်စေနှင့်။ (၃၀)

(၂၀၀) လောကီ့ ဓမ္မတာ၊ ပြည့်ရေးရာလည်း၊ ပြည်-ရွာ နီးရှက်၊ အိမ်နီး ကြက်သို့၊ ကျက်ကျက် မကင်း၊ ယှိတတ်လျှင်း၏၊ ကျွန်ချင်း ကျေးချင်း၊ ဆင်း-မြင်း ကညာ၊ ရတနာ တသီး၊ သား-သမီးကြောင့်၊ ဆောင်းထီး နှစ်ဆူ၊ ရိပ်ဖြူ နှစ်စင်း၊ နှစ်ပြည်မင်းတို့၊ မုန်းခြင်း တတည်၊ ချစ်ကြည် တချက်၊ ထိုး စစ်မက်နှင့်၊ ရန်ဘက် တခါ၊ ဆက်ပဏ္ဏာဖြင့်၊ သဟာတဝ၊ ဖြစ်တတ်စွရှင့်၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး-ပြစ်၊ မုန်း-ချစ် နှစ်တန်၊ မမှန် ကိစ္စ၊ မကင်းကြဘူး၊ ပြည်-ရွာ ကြောင်းဟိတ်၊ မင်းတို့စိတ်လည်း၊ ရန်-မိတ် လက္ခဏာ၊ မမြဲးရာတည့်၊ သူ့ရွာ သူ့ရပ်၊ နီးကပ် နေ-တည်၊ သူ့ပြည် တိုင်းခန်း၊ သူ့နယ်စွန်းကို၊ *သုံ့ပန်း ဆောင်လတ်၊ *မောသောခတ်၍့၊ မပြတ် ရန်ရှာ၊ မပြုရာတည့်၊ လိမ္မာ ယုံကျွန်၊ နှလုံး*မွန်ကို၊ တိုင်းစွန် ပြည်နား၊ ရာ ခန့်ထားမှ၊ အများ သတ္တဝါ၊ ရ ချမ်းသာလိမ့်၊ ပညာ ပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စ ကြီး-ငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်း-ကျယ် ထွင်းဖောက်၊ ဖြတ်*တောက် လိုရာ၊ ပြီးနိုင်စွာ၏၊ ပညာ မသုံး၊ နှလုံး မပျောင်း၊ လက်ရုံး ကောင်းကား၊ တကြောင်းမျှသာ၊ စူးပမာသို့၊ လိုရာကိစ္စ၊ များမကျတည့်၊ ဗလ အားကိုး၊ မာန မိုးလျက်၊ *မကျိုး မကျည်၊ လူပြော*စည်နှင့်၊ မကြည် မမြတ်၊ *တောက်ဆက် ကားရား၊ ရန်စ များ၍့၊ မီးပွားပမာ၊ ပြည် မသာဘူး၊ ရာဇာ နှစ်မင်း၊ ပြည်ထောင်ချင်းလည်း၊ မကင်း ကိစ္စ၊ ယှိကာလနှိုက်၊ ဝနရုက္ခ၊ တောစိုး စသည်၊ အညမညံ၊ ပင်ချင်း ရံသို့၊ ဆက်ဆံတကွ၊ ကူညီရမှ၊ ဌာန အောင်ချာ၊ ပြည်ကြီး သာလိမ့်၊ မေတ္တာ မဆက်၊ သစ္စာ ပျက်က၊ စစ်မက်လည်း ပွား၊ ပြည် *ချောက်ချား၍့၊ တိုင်းကား မသာ၊ ပြည်ကြီး နာလိမ့်၊ မေတ္တာ သစ္စာ၊ ဤနှစ်ဖြာကို၊ သေချာ ပိုင်းခြား၊ ဝမ်းဝယ် ထားလျက်၊ တရား ကင်းဘိ၊ ပရိကပ္ပ၊ လိပ် စူဠသို့၊ တွေ့သမျှ ယမ်း၊ ကျရာ ဖမ်း၍့၊ ဘရမ်းဘတာ၊ ပြောတတ်စွာသည့်၊ သမ္မာ*မဲ့ငြား၊ သူ့စကားနှင့်၊ *ချောစား *ဂုံးတိုက်၊ လူ့စရိုက်ကို၊ မလိုက် မနာ၊ တည်ကြည်စွာလော့၊ တောမှ ကျီးငှက်၊ အိမ်မှာ ကြွက်သို့၊ သူပျက် သူ*လောင်၊ ပြည်ငြောင့်ကောင်လည်း၊ မရှောင် လုယက်၊ နိုင်အထက်ဖြင့်၊ ပျက်ပျက် စီးစီး၊ အချည်းနှီးအောင်၊ ဖျက်ဆီးမှုသာ၊ ပြုတတ်စွာ၏၊ သမ္မာ မကြိုက်၊ စရိုက် ယွင်းချော်၊ *မအော် မအမ်း၊ အကျင့် သွမ်းနှင့်၊ ဟော့ရမ်း ယုတ်မာ၊ မိစ္ဆာလူမျိုး၊ မိုက်အားကိုးတို့၊ မိုက်ဆိုး မိုက်ရဲး၊ မိုက်မိုးကဲး၍့။။ *ပြည်ထဲး မမွှေရစ်စေနှင့်။ (၃၁)

(၂၀၁) ရာဇာ မှူးမတ်၊ မပြတ် သောက်စား၊ နာဖျား *ပြောစည်၊ စစ်သည် စိတ်လျော့၊ မင်း စိတ်ပြော့နှင့်၊ ဆိုသော့ နိက္ခတ်၊ သူတတ် စီရင်၊ မြင်း-ဆင် ကြုံလှီ၊ မညီ မင်းချင်း၊ စိတ်ကွဲးခြင်းဖြင့်၊ ညံ့ဖျင်း သူရဲး၊ *ပြည်ထဲး ငတ်မွတ်၊ မလွတ်သော့အား၊ ဤ ဆယ်ပါးကြောင့်၊ ပျက်ပြား ပြည်လုံး၊ စစ်ကြီး ရှူံး၏၊ သောက်သုံး မျို*တုတ်၊ *မယစ်ထုတ်နှင့်၊ မယုတ် မလွန်၊ ပြည်ကြီးဝန်ကို၊ ဆော်ဘန် နေ့-ည၊ မလပ်ရအောင်၊ လုံ့လ မကင်း၊ တိုင်ပင်ခြင်းဖြင့်၊ *စိုင်းပြင်း လေ့လာ၊ မပြတ်ရာဘူး၊ ''ငါသာ တတ်-သိ၊ ပညာယှိဟု၊ မိမိကိုသာ၊ မမှတ်ရာဘူး၊ သမ္မာ မကြိုက်၊ ဒုစရိုက်နှင့်၊ လူမိုက်ထွန်းရာ၊ သူတ*ကာတို့၊ ပူဆာ များတတ်၊ သူမြတ် ပဏ္ဍိ၊ ကဝိ ထွန်းရာ၊ သတ္တဝါတို့၊ ချမ်းသာ ပွားတတ်၊ မှတ်လော့ အစဉ်၊ မယှဉ် သတိ၊ ပညာယှိလည်း၊ ဒိဋ္ဌိ ပြေးဝင်၊ အမြင် ချွတ်လွဲး၊ စဉ်းလဲး ကောက်ကျစ်၊ မိစ္ဆာ ဖြစ်၏၊'' ''ကျစ်ညစ် *တလ္လ၊ ဝင်္ကန္တနှင့်၊ ကေဝဋ္ဋမိုက်၊ ဒုစရိုက်သို့၊ သူမိုက်ဟူသည်၊ ဗိုလ်လူ ဒုက္ခ၊ ရအံ့ အကြောင်း၊ မကောင်းကိုသာ၊ ကြံတတ်စွာ၏၊ ခိုင်မာ *ကျေပြွန်၊ ဆောင်သည့်ဝန်နှင့်၊ အားခွန် ပြည့်ငြား၊ နွားကြီးများကို၊ ပယ်ရှားတုံလျှင်း၊ နွားငယ် သွင်း၍့၊ က,ခြင်း ထမ်းပိုး၊ အကျည် ကျိုးလျက်၊ ကိုးရိုး ကားရား၊ ဖြစ်သော့လားသို့၊ မခြား ပုံမှီး၊ လိမ္မာ*ဖြီးသည့်၊ လူကြီးကို ပယ်၊ လူငယ်ကို မြှောက်၊ရှေ့-နောက် မရှု၊ ထင်တိုင်းပြု၍့၊ ပြည်မှု *ချောက်ချား၊ ကားရား ကိုးရိုး၊ ပြည့်ထမ်းပိုးလည်း၊ မကျိုးစေရာ၊ ရှုအပ်စွာရှင့်၊'' ''ပညာ-သမ္ပဇဉ်၊ ဉာဏ် မယှဉ်ဘဲး၊ ဥယျာဉ်သည်မိုက်၊ စရိုက် မကောင်း၊ မျောက်အပေါင်းကို၊ ရေလောင်း ခိုင်းမှား၊ ကျိုး ပျက်ပြား၏၊ တရား အမြစ်၊ စစ်သော် တမူ၊ အရင်းယူက၊ ခိုင်းသူအမိုက်၊ ကဲ့ရဲ့ထိုက်၏၊ လူနှိုက် ထိုသို့၊ တရားချို့လည်း၊ မင်းတို့နှိုက်သာ၊ အပြစ်လာလိမ့်၊'' ''ပညာ*မဲ့ငြား၊ တရား ကျင့်ဝတ်၊ မင်းတို့ ချွတ်က၊ ငတ်မွတ် ရေ-စာ၊ ရောဂါ လက်နက်၊ သုံးချက် ဘေးကြီး၊ ဘိစီး ပြည်-ရွာ၊ ရောက်တတ်ရာ၏၊ အခါ အခါ၊ အရာရာနှိုက်၊ ပညာ ရှေးယှိ၊ သတိ ထိန်းကျောင်း၊ မှန်လမ်းကြောင်းဖြင့်။။ မစောင်းမစွေရစ်စေနှင့်။ (၃၂)

(၂၀၂) မစွေ မစောင်း၊ မှန်လမ်း ကြောင်းဖြင့်၊ ထိန်းကျောင်း သတိ၊ စောင့်ဘိ ပညာ၊ မလစ်ရာဘူး၊ မင်းမှာ ကပ်နေ၊ လူမွှေယောက်ျား၊ မင်းစေများတို့၊ လျှပ်ဝါးသမှု၊ ပေါက်လွှတ် ပြုက၊ ပြည်သူ့ မီးပွား၊ ဟူတုံငြား၏၊ ပြည်သား ပြည်သူ၊ လောင်ပူ မချမ်း၊ စိတ်ဝမ်း မသာ၊ ဖြစ်တတ်စွာခဲ့၊ ရာဇာဟူထ၊ ပြည့် မိ-ဘတို့၊ လုံ့လ မပြု၊ ရွှေပြည်မှုနှိုက်၊ ဂရု မထူ၊ ပျော်ရေးယူလျက်၊ လျစ်လျူရှုကာ၊ မနေရာဘူး၊ မေတ္တာ မျက်နှာ၊ ငဲ့ ပဏ္ဏာနှင့်၊ သမ္မာဉာဏ် နည်း၊ မောဟ သည်း၍့၊ မှူးလည်း မမှန်၊ မတ် မမှန်က၊ သွေလှန် အပေါင်း၊ ပြည်လုံး စောင်းလိမ့်၊ သားကောင်း မျက်ဖျော်၊ စည်းစိမ်ပေါ်တွင်၊ အပျော် လိုလိုက်၊ မမေ့ထိုက်တည့်၊ သူမိုက် မြှောက်စား၊ အရေးမှား၏၊ တရားစီရင်၊ သဘင် လွှတ်ရုံး၊ ပတ်ကုံးဌာန၊ တွင်း-ပြင် စသား၊ ဒေသ သီးသီး၊ ဝေး-နီးမဆို၊ ရပ် ထိုထိုနှိုက်၊ လူလျှိုယောက်ျား၊ ကိုယ်စောင့် ထား၍့၊ မင်းနား တထောင်၊ ကုန်အောင် မကြွင်း၊ ပြည့်သတင်းကို၊ သားမင်း လိမ္မာ၊ မပြတ် နာရှင့်၊ လူမှာ မပျက်၊ သူ့ထက် လွန်ကျူး၊ ထူး၍့ ကျင့်ရိုး၊ အမှုမျိုးကား၊ ကောင်း-ဆိုး နှစ်မည်၊ ကမ္ဘာတည်လိမ့်၊ အရှည် ကောင်းရာ၊ ရှုအပ်စွာ၏၊ ဝိဇ္ဇာ သိပ္ပ၊ တတ်ကိစ္စနှင့်၊ ထိုမျှ တည်တည်၊ မှုမျိုးသည်လည်း၊ ကျင်လည်ရာရာ၊ ကျွမ်းလိမ္မာ၏၊ ပညာကျေးဇူး၊ ဂုဏ်ဝါ ထူးသား၊ မင်းမှူး စိုးမတ်၊ *ကြမ္မာ ဘာသ်က၊ နာဂတ် အတိတ်၊ ပြည့်နိမိတ်ကို၊ စွဲးစိတ် ဆင်ခြင်၊ အမြဲး ထင်အောင်၊ သိမြင်တတ်စွာ၊ လိမ္မာ အရေး၊ များ ကျွန်ကျေးနှင့်၊ စည်းဝေး မချွတ်၊ ညီညွတ်ရေး မျှော်၊ ဆွေးနွေး ပျော်လော့၊ မုန်းသော် မနိုင်၊ ချစ်သော် ပိုင်၏၊ လက်ကိုင် ဝရဇိန်၊ ဉာဏ်ဖြင့် ချိန်လျက်၊ ပူရှိန်ညီးညီး၊ မီးမှ လတ်လတ်၊ သေစေတတ်ဟု၊ မမှတ်စရာ၊ ချစ်မြေ့စွာသည့်၊ သီတာရေလည်း၊ အသည်း တုန်ဧး၊ မနှေး ဆတ်ဆတ်၊ သေစေတတ်၏၊ ပဋိဃာတ် ကြူး၊ ဒေါသ ရူး၍့၊ *ဆူးဆူး ရားရား၊ မြွေဟောက်လားသို့၊ မပွား မမျက်၊ ပြည်ထောင်ဘက်နှင့်၊ စစ်မက် လိုလား၊ ရန်ခိုက် များလျက်၊ သောက်စား ပျော်ရေး၊ ပြည်ပျက်ဆေးကို၊ ရင်သွေးရတနာ၊ မပြုရာတည့်၊ မေတ္တာနှလုံး၊ သစ္စာ သုံး၍့။။ ချစ်ထုံး မပြေရစ်စေနှင့်။ (၃၃)

(၂၀၃) 'ပဋိဃာတ၊ မျက်ဒေါသဖြင့်၊ ပြင်းပြ လွန်ကြမ်း၊ မီးနှင့်ယမ်းသို့၊ ပရမ်းပတာ၊ မဖြစ်ရာဘူး၊ *စာနာ ဉာဏ်ရှု၊ ဆင်ခြင်ပြုလော့၊ နှုတ်မှုနှင့်သာ၊ ပြီးသင့်ရာကို၊ လက်ပါခဲ့ငြား၊ ရန်ကြီး ပွား၏၊ အပ်သွားရာတွင်၊ ပုဆိန်ဝင်သို့၊ မှုဆင် ကြီးကျယ်၊ လိပ်သူငယ်ကို၊ ရေဝယ်လွှတ်၍့၊ ရာဇဝတ်ကြီး၊ ရန်မီး တခု၊ ပြုမိသော့အား၊ တိုင်းကား ကိုယ်ပါ၊ မချမ်းသာဘူး၊ လူမှာ မှတ်ယူ၊ အမှုဟူက၊ မီးတူ ပမာ၊ ပွားတတ်စွာ၏၊ ရေးရာ မမြောက်၊ မဆိုလောက်ဟု၊ မအောက်မေ့သာ၊ ဝင်ရာ အပ်မျှ၊ ထွက်က ပုဆိန်၊ သုခမိန်တို့၊ မှတ်ချိန် ဝေါဟာ၊ မိန့်ကြ မှာရှင့်၊'' ပညာ ကင်းဘိ၊ မနှိုင်းညှိဘဲး၊ ဇာတိ ပုည၊ မဟတ္တဖြင့်၊ မာနအရာ၊ ကဲး-မိုးစွာလျက်၊ ငါသာ မင်းဟူ၊ ပဇာ တူဟု၊ အယူ မောက်ကြွား၊ မထောင်လွှားနှင့်၊ တောင်ကား မြင့်ကြီး၊ မီးကား ရှိန်ပူ၊ သံမူ မာကျော၊ ဘက်*မဲ့သောဟု၊ ရေကြော သတ္တိ၊ မသိ၍့သာ၊ ကြိမ်းပရာသို့၊ ပမာ ပုံမှီး၊ မာန်မူ ကြီး၍့၊ တောင်မီး သံလား၊ မကြုံးဝါးလင့်၊ ရေအား ကြုံတွေ့၊ ဝဲးဟုန် မွှေ့၍့၊ တိုက်ဝှေ့သော့ခါ၊ မကြာမတင်၊ အလျင်သဖြင့်၊ တောင်မြင့် မီးပူ၊ သံမာမူလည်း၊ မြူသာ ဖြစ်၍့၊ စင်စစ် ကြွေမွ၊ ပျောက်ပျက်ရ၏၊ 'လောက လူတွင်၊ ငါသာလျှင်တိ၊ ငါ့ပြင် မယှိ၊ ထင်ဘိ မှတ်ယောင်၊ မောဟ ဆောင်၍့၊ *အန်ထောင် မာန၊ မမူရတည့်၊ သုတတရား၊ မြင်ကြား အသိ၊ များစွာ ယှိလည်း၊ သတိ မယှဉ်၊ သမ္ပဇဉ် မမှီး၊ မာန ကြီးက၊ ခွေးမြီးပညာ၊ မည်စပါခဲ့၊ ထောက်ကာမတ္တ၊ သုံးမကျရှင့်၊'' ''သူမျာ့းကိုသာ၊ နှိပ်လိုစွာနှင့်၊ ရန်ရှာ ထိပါး၊ အပြစ် များ၏၊ သွား တပြပြ၊ သုနခသို့၊ ဒေါသ မောဟ၊ ခြံရံ ကြွ၍့၊ မာနမည်ငြား၊ ဤတရားကို၊ မလွှားစေအပ်၊ ကျိုးမနပ်ဘူး၊ ဤကပ်ကမ္ဘာ၊ ရောက်ပြီးစွာလျက်၊ မဟာဗောဓိ၊ လောင်း ဣသိလျှင်၊ ဇာတိမာန၊ ဘက်မိစွကြောင့်၊ ပစ္စေကဗုဒ္ဓါ၊ ဖျားမြတ်စွာ၏့၊ ရွှေဗျာဒိတ်သံ၊ နာမခံဘဲး၊ တိမ်ယံ မိုးဝ၊ ပျံလေ ကြွမှ၊ နောင်တ ကြီးစွာ၊ ရလေပါ၏၊'' ထိုမာနမျိုး၊ တရားဆိုးကား၊ ကောင်းကျိုး ယှဉ်စပ်၊ မဟူအပ်ဘူး၊ ''အရပ် မြင့်ထီး၊ ခက်မ*ဖြီးသား၊ စေ့ကြီး ရိပ်ငယ်၊ အုန်းပင့်နှယ်သို့၊ မှီတွယ် ကိုးရာ၊ ဘေးတွေ့ခါသော်၊ ဘယ်မှာ တစိ၊ ဘော် မယှိဘဲး၊ မိမိချည်းသာ၊ ပျက်စီးရာ၏၊'' ငါသာ ငါမင်း၊ အနိုင် တင်း၍့။။ မာန်ပြင်း မဝေရစ်စေနှင့်။ (၃၄)

(၂၀၄) မာန်ပြင်းဝေကာ၊ လွန် တင်းမာ၍့၊ ပညာ မရှု၊ ကိုယ်လိုမှုဖြင့်၊ ငါဟု မာန်ကဲး၊ ခါမှုတ်ဘဲးတိ၊ မိုး*စဲး မပွင့်၊ ချိန် မသင့်ဝယ်၊ စစ်ခွင့် စစ်ရေး၊ သူ ဆောင်သွေးတိုင်း၊ ရပ်ဝေး မြေတာ၊ မချီရာဘူး၊ ''လိမ္မာ ခွင့်သိ၊ ပညာယှိတို့၊ ကြောင်းညှိ ကျိုးထင်၊ ရှေ့-နောက်အင်ကို၊ ဆင်ခြင် မြော်တွေး၊ လျောက်တင်ရေးနှိုက်၊ အလေး မပြု၊ ဂရု မထူ၊ မင့်းမာန်မူက၊ ရန်သူလက်မှာ၊ ပျက်စီးရာ၏၊'' ''လိမ္မာ ရေးမြင်၊ ပညာရှင်နှင့်၊ တိုင်ပင် နှိုင်းညှိ၊ မယှိတုံမြို့၊ ထိုသူတို့ကား၊ ဗိုလ့်ဉာဏ်နှင့် ဗိုလ်၊ တက်၏့ဆိုသို့၊ ထိုထိုမှုမှာ၊ ထင်ရာ ပြုငြား၊ အမှား များ၏၊'' ''စော်ကား မာန်မောက်၊ မထင်လောက်ဟု၊ ကိုယ်အောက်သော်လည်း၊ ခိုက်*ဆည်း ရန်ရှာ၊ မပြုရာရှင့်၊ ပညာ ချည်းနှီး၊ ဆင်*ပြောင်ကြီးအား၊ ဘားကျီး-ယင်မဲး၊ ပူးတွဲး ပေါင်းရှက်၊ နှံစုတ်ငှက်တို့၊ အသက်ဆုံးအောင်၊ တော*မြိုင်ချောင်ဝယ်၊ ကြံဆောင်ကုန်ကြ၊ ကလိင်္ဂလည်း၊ မာန ထောင်လျက်၊ နိုင်လို ကြက်သို့၊ မာန်တက်တုံပြီး၊ ရန်လို ကြီး၍့၊ သမီးလည်း ဆုံး၊ စစ်လည်း ရှူံး၏၊'' ရှေးထုံး ဝတ္ထု၊ ရေးပုံ ရှုလျက်၊ *ဗိုလ်ထု ခွန်အား၊ ငါ ကြီးမားဟု၊ မကိုးစားရာ၊ ရံတခါနှိုက်၊ *ကြမ္မာ မတော်၊ ခါ မလျော်မူ၊ ချွတ်ချော် ရေးရာ၊ ပျက်တတ်စွာရှင့်၊ ချိန်ခါ ကာလ၊ အခွင့်ရက၊ သီဟ ဗျဂ္ဃါ၊ ကေသရာကို၊ ရေမှာ ပျော်မြူး၊ ဘား နိုင်ဘူး၏၊'' စစ်ရူး စစ်မော်၊ မမြော် အရေး၊ မာနသွေး၍့၊ ခွေးရူ့းသဖွယ်၊ တွေ့တိုင်း တွယ်လျက်၊ ကျယ် တရှူးရှူး၊ မာန် မရူးနှင့်၊ စစ်ကျူး စစ်လွန်၊ စစ်တွင်း ကျွံက၊ ပုဇွန် ရေ-သား၊ တက်မ ကြားသို့၊ ကင်းသွား မိတူ၊ များ*ဗိုလ်လူနှင့်၊ ရန်သူတို့လက်၊ သူ့နယ်စက်နှိုက်၊ ဆက်ဆက် မယွင်း၊ ပျက်တတ်လျှင်း၏၊ သားမင်းရတနာ၊ ဘ,သည်းချာလျှင်၊ ပညာ သတိ၊ မယှိ ကင်းပ၊ တကြွကြွဖြင့်၊ မောဟ လုံးကြီး၊ လက်ရုံး တီး၍့၊ *စစ်စီး တု*မဲ့၊ အကဲ့ ကိုယ်ကို၊ မာန် မုန်ယိုလျက်၊ စစ်လို စစ်ရှာ၊ ငါနှင့် ငါဟု၊ ထင်ရာ မပြု၊ ပညာ ရှုလော့၊ ကိုယ်မှု ပြည်ရေး၊ နီး-ဝေး ထိုထို၊ ကျင့် ယွင်းယိုက၊ မရို မညွတ်၊ *တောက်ဆတ် ကားရား၊ တိုင်းတပါးနှင့်၊ ကိုယ့်သား ကျွန်ကျေး၊ နှလုံး ဆွေးလျက်၊ ရှုပ်ထွေး များစွာ၊ ချုံပမာသို့၊ ပြည်-ရွာ ပျက်ကြောင်း၊ ရန်*ကျီးပေါင်းကို။။ နှာမောင်း မဖြေရစ်စေနှင့်။ (၃၅)

(၂၀၅) စစ်ရေး စစ်ရာ၊ စစ်ဖြစ်ခါနှိုက်၊ သည်းချာ သားဦး၊ မလွန်ကျူးနှင့်၊ အထူး ဤသို့၊ သိတုံမြို့ရှင့်၊ စစ်တို့သဘော၊ နည်းများသောဟု၊ မနော စိတ်မှာ၊ မမှတ်ရာဘူး၊ ပညာလုံ့လ၊ ပမာဏတည့်၊ သိကြာ့းနှုတ်ထွက်၊ ဟူတုံလျက်လည်း၊ တိမ်းပျက် သွေယွင်း၊ ချွတ်ရလျှင်းခဲ့၊ လူချင်းမဟူ၊ နတ်ကိုမူလည်း၊ ဖမ်းယူ မလွတ်၊ လှံဖြင့် သတ်၏၊ မှတ်လော့ တထူး၊ ''တော*မြိုင်ဦးက၊ ဘီလူးကိုလျက်၊ ပွဲးလယ်ချက်နှိုက်၊ *ကြံထက်ယောက်ျား၊ စွမ်းပကားနှင့်၊ ဉာဏ်အား လုံ*လွေ့၊ ဘက်ပြိုင်၍့တည့်၊ *လက်ပွေ့ *လက်ပမ်း၊ ကိုင်ဖမ်း လွှမ်းမိုး၊ ခါးကို ချိုး၏၊ ကျမ်းရိုး သက်သေ၊ ထင်ရှားချေရှင့်၊'' ''အနေ သင့်စွာ၊ အရာ သင့်တုံ၊ ထွန်ချေးပုံမျှ၊ ခိုလုံ ငယ်ဆုံး၊ ငှက်ဘီလုံးလျက်၊ ကြုံးပ အားကြိုး၊ တောင်ဟုန် ကိုး၍့၊ သုတ်ထိုး ကြောက်ဘွယ်၊ သိမ်းရန်ကျယ်ကို၊ ကာကွယ်နိုင်စွာ၊ အရေးသာ၏၊'' အရာတော် သင့်၊ အခွင့်တော်ဘိ၊ မိမိဌာန၊ ဝိသယနှိုက်၊ လုံ့လ *အားသံ၊ တထောင် ခံက၊ အရံ တသောင်း၊ အောင်ခဲးတောင်းဟု၊ သူဟောင်း ရှေးက၊ မိန့်ကြ စကား၊ အစဉ်ကြား၏၊'' ငါ့သား ဓမ္မရာဇ်၊ မာန် မယစ်နှင့်၊ ''စစ်တိုက် လောင်းတမ်း၊ ဟော့ရမ်းအမူ၊ နှစ်ဦး လူတွင်၊ ရှူံးသူ ဒုက္ခ၊ ဒေါမနနှင့်၊ နိုင်က ရန်ပွား၊ နှစ်ပါးလုံးပင်၊ အပြစ်*ဖြင်၏၊'' 'ကြား-မြင် မရှိ၊ ဇာတိ မမြတ်၊ မျိုးဇာတ် မတူ၊ ယုတ်ညံ့သူတို့၊ ငြူစူ ပြစ်မှား၊ ပြုတုံငြားလည်း၊ တောသား ညစ်ဆုံး၊ မစင်တုံးဖြင့်၊ ကိုယ်လုံး မံလျက်၊ *ဘင်လူးဝက်ကို၊ မဘက် ဝေးအောင်၊ ခြင်္သေ့ ရှောင်သို့၊ သားမောင်ရတနာ၊ ကင်းကြောင်း ခွါလော့၊ ပြိုင်ကာ ဆော်လှုံ့၊ ရန်စမြုံ့ဖြင့်၊ ရန်တုံ့ပြန်လစ်၊ ရန်မဖြစ်နှင့်၊'' ကျိုး-ပြစ် စာနာ၊ ရှုမျှော်ကာလျှင်၊ ခန္တျာဘိယျော န ဝိဇ္ဇတိ၊ ပါဠိအရ၊ မချ စိတ်မှာ၊ သူ့ထက် သာအောင်၊ ပညာ သတိ၊ လက်ယှိ ဝမ်းထဲး၊ ခန္တီ မြဲးလော့၊ ''ကျိန်ဆဲး ပေါက်လွှတ်၊ ရေရွတ် ပြင်းစွာ၊ အသုရာအား၊ ဣန္ဒာထွတ်ဖျား၊ မိုဃ်းသိကြားလျက်၊ မျက်ပွား မရှေး၊ သည်းခံသေး၏၊ ချင့်တွေး ဉာဏ၊ သတိ မ,၍့၊ အသယှ သာဟီ၊ မင်းဟူပြီတို့၊ သညီ နာမံ၊ မည်းတော်ခံတိုင်း၊ တစံ မယွင်း၊ ညီစေခြင်းဖြင့်၊ မင်းရေး လိမ္မာ၊ အရာ သိတတ်၊ သူမြတ်နှလုံး၊ စွဲးယူသုံးလျက်၊ ရှေးထုံး ရှေးစံ၊ နည်းနာ ခံ၍့၊ ဗြဟ္မစိုရ် လေးဆိုင်း၊ မြတ်ရေလှိုင်းကို။။ နေ့တိုင်း မကွေရစ်စေနှင့်။ (၃၆)

(၂၀၆) နေ့တိုင်း မကွေ၊ မကင်းစေဘဲး၊ လေးထွေ ဗြဟ္မစိုရ်၊ ပွား ကုသိုလ်ဖြင့်၊ မသို ရန်ငြိုး၊ မေတ္တာ ပျိုး၍့၊ ပြည်စိုး နှစ်မင်း၊ နောင်ညီချင်းသို့၊ ကျွန်ရင်း ဘန်ဘန်၊ စာ*သဝဏ်နှင့်၊ တမန် *သုံ့သေး၊ *တန်ဆေး လိမ္မာ၊ လွှတ်၍့သာလျှင်၊ မဟာမိတ်ကြီး၊ လမ်းခရီးနှိုက်၊ မီးလည်း မသေ၊ ရေလည်း မခြောက်၊ သွား *ချောက်ချောက်တိ၊ ပေါက်ရောက် လူပေါင်း၊ မပြတ်†ဂတောင်းဘဲး၊ *နှစ်ထောင်း *အင်ရွဲး၊ မ*ရောင့်ရဲးလျှင်၊ *ဖက်လဲးတကင်း၊ နှစ်သက်ခြင်းဖြင့်၊ *ထွင်းကျင်း ကြံတွေး၊ စေမေး မပြတ်၊ လွဲးမချွတ်နှင့်၊ မင်းဝတ် *တန်ထွာ၊ ဓမ္မတာလည်း၊ သာယာ နှုတ်ထွက်၊ ငြိမ်သက် ဣန္ဒြေ၊ *စိမ့်ခြေ နှလုံး၊ ရွှင်ပြုံး မျက်နှာ၊ လမင်း သာသို့၊ များစွာ လူရှင်၊ မြင်မြင်သမျှ၊ ချမ်းမြစေငြား၊ ပြည်သူ့အားလျှင်၊ ပိုက်*ဖြား ကျင့်လေ့၊ မမေ့စေတတ်၊ မြဲး မလွတ်နှင့်၊ ဘုံထွတ် စိုးသီး၊ နန်း-ထီး တဆူ၊ ရိပ်ဖြူ တစင်း၊ ပြည်ထောင်ချင်းက၊ မင်းတို့ထုံးစံ၊ မင်း၏့သံကား၊ တရံ တဘန်၊ မသွေလှန်တိ၊ *သဝဏ် ရွှေလွှာ၊ ပါကြစမြဲး၊ မပါ လွဲးက၊ *စောရဲး ဘုန်း*ဟေ့၊ မင်းတို့လေ့ဖြင့်၊ တွေ့မခံရာ၊ မိတ်မေတ္တာနှင့်၊ ရန်ရှာ ရန်ပြေ၊ သံ သုံးထွေတွင်၊ ရန်ပြေ မေတ္တာ၊ ဆက် ပဏ္ဏာနှင့်၊ ရွှေလွှာ *သဝဏ်၊ ပါတမန်ကို၊ ဝေယန် နန်းခွင်၊ တွင်းနှင့် ပြင်ပါ၊ ထွက်-ဝင်စေ၍့၊ မင်းတို့ ရှေ့နှိုက်၊ အတွေ့ခံကောင်း၊ ဆုတော် လောင်းလျက်၊ ရှည်*ညောင်းကာလ၊ ထားအပ်စွရှင့်၊ ရန်စ *ပလေ၊ ထိုမင်းစေအား၊ မချေ*မငံ၊ ဒေါသ လျှံ၍့၊ နှုတ်သံ *ငေါ်ငက်၊ မာန် မထွက်ဘဲး၊ လက်နက် *ဗိုလ်ပါ၊ သေနာ ဆင်-မြင်း၊ များ လုံးရင်းဖြင့်၊ ခင်းကျင်း စုံလင်၊ မြို့ တွင်း-ပြင်နှိုက်၊ ပြင်ဆင် ပြထား၊ ဘုန်းတော့်အားကို၊ ထင်ရှား မြင်စေ၊ မကြာစေနှင့်၊ ပြန်စေ ရက်တို၊ အမျက်လိုလျက်၊ ရန်ကို ရန်ငြိုး၊ ရန်တုံ့ပျိုး၍့။။ ရန်ကြိုး မခွေရစ်စေနှင့်။ (၃၇)

(၂၀၇) 'ရန်ကြိုးရစ်ခွေ၊ စ, မပြေဘဲး၊ မုန်ဝေ ဒေါသ၊ အာဃာတဖြင့်၊ စိတ်က လှိုက်ဆူ၊ မီ့းနှယ်ပူလျက်၊ ငါဟူသော့အား၊ မာန လွှားပြီး၊ တရား မယှဉ်၊ သမ္ပဇဉ် လွတ်ကင်း၊ မာန်မသွင်းနှင့်၊'' မင်းတို့မာန်မျိုး၊ မျက်မုန်းကျိုးက၊ မိုဃ်းကြိုး*တမျှ၊ နတ်စက် ချသို့၊ ကြေမွတတ်စွာ၊ မဟာပုညဇိဒ်၊ မျက်တော် ညိတ်၍့၊ အံကြိတ်ရုံမျှ၊ ဥက္ခောင်းကျရှင့်၊ ဒေါသ *သည်းဝှန်၊ ခြောင်းခြောင်းမွှန်အောင်၊ မျက်လွန် ဝမ်းတွင်း၊ ထန်မပြင်းနှင့်၊ မင်းတည်းဟူထ၊ လူ့မိဘတို့၊ သူများထက်သာ၊ သတ္တဝါကို၊ ကြင်နာကိစ္စ၊ ပွားစေရ၏၊ မောဟ ထန်ပြင်း၊ ကင်းသည် ဉာဏ်ဖြင့်၊ မေ့ကျန် မယှိ၊ သတိ လက်ျာ၊ ပညာ လက်ဝဲး၊ ယှဉ် အမြဲးနှင့်၊ *သဟဲး မဟာ၊ မိတ်ကြီးစွာသို့၊ လူမှာ များထု၊ ကျေးဇူးပြုသည်၊ ဗဟုပကာရ၊ ဓမ္မမည်ငြား၊ ဤနှစ်ပါးကို၊ ငါ့သား သက်နှင်း၊ လွန် မကင်းနှင့်၊ ဖျား-ရင်း မူလ၊ မတိုင်းဆဘဲး၊ ကောဓအလို၊ အမျက် ပို၍့၊ သံကို ဘယ်ခါ၊ မသတ်ရာဘူး၊ 'အာဏာ မလွန်၊ သခင် ညွှန်တိုင်း၊ စေကျွန်ယောက်ျား၊ ထွန်သည့်နွားသို့၊ သွားရတုံဘိ၊ ပြစ် မယှိတည့်၊ နှိုင်းညှိ *စာနာ၊ ကရုဏာနှင့်၊ မေတ္တာ မလွတ်၊ ချစ်ရည် ဆွတ်လော့၊ သည်းပွတ် မင်းပျို၊ ရန်မလိုနှင့်၊ ရန်လို ရန်ပို၊ ရန်မလိုက၊ ရန်ပြိုသတတ်၊ မှန်မချွတ်တည့်၊'' ''ဗောဓိသတ်ပေါင်း၊ ဘုရားလောင်းတို့၊ လမ်းကြောင်း မှန်စွာ၊ ကျင့်ရာ ဓမ္မ၊ ယွင်းမခွဘဲး၊ ချစ်စ ရှည်လို၊ ရန်စ တိုလျက်၊ ရန်ကို မေတ္တာ၊ မင်းမှာ လက်ဆောင်၊ ပြီးစီး အောင်၏၊'' လူ့ဘောင် ရှေးက၊ ဆိုကြသော့တိုင်း၊ ဉာဏ်ကရိုဏ်းဖြင့်၊ ရှုနှိုင်း ရှည်-တို၊ စွဲးပိုက် သို၍့၊ မိတ်ကို လေးမြတ်၊ ချစ် တည့်မတ်လော့၊ *တောက်ဆတ် ရံခါ၊ *ဗိုလ်ပါ ဆင်-မြင်း၊ စစ်အင် ကျင်း၍့၊ မင်းတို့ မာန်စိတ်၊ ဒေါသ ကျိတ်လည်း၊ မြဲးကြိတ် လွန်စွာ၊ မပြုရာဘူး၊ မေတ္တာ ထပ်ပွား၊ ပဏ္ဏာ *ဖြားက၊ နှစ်ပါး ခင်မွတ်၊ ချစ်ကြည်တတ်၏၊ သခွတ်ပွင့်ချိန်၊ တာဝတိန်ကို၊ မာန်ရှိန် မ*စဲး၊ သုရာ မဲးသို့၊ အခဲးမကျေ၊ မယှိစေနှင့်၊ မိတ်ဆွေမှတ်မှတ်၊ ချစ်ကြည်လတ်လော့၊ မမြတ် မလေး၊ ဂုဏ်မာန် သွေး၍့။။ ပြည်ရေး မပွေရစ်စေနှင့်။ (၃၈)

(၂၀၈) ဘူမိပတေ့၊ လူ့ဘုန်း *ဟေ့တို့၊ စေ့မြေ့ ရှုမျှော်၊ သူမတော်နှင့်၊ သူတော် နှစ်မျိုး၊ ကောင်း-အဆိုးတည့်၊ ''ကြောင်း-ကျိုး မသိ၊ လူ့ဒိဋ္ဌိကား၊ မိုး*ရှိလောက်စင်၊ ပြုပါချင်လျက်၊ မတင် ကျေးဇူး၊ ဖျောက်ထိမ်မြူး၏၊ အထူး ကြီးလှ၊ စကြဝတေး၊ စည်းစိမ် ပေးလည်း၊ မိုက်မှေး မောဟ၊ ကြီး လောဘနှင့်၊ အားရ မယှိ၊ ပြစ်မှားဘိ၏၊'' သိစေ မင်းလေ့၊ ဉာဏ်သိမ်မွေ့လော့၊ ''မမေ့စဘွယ်၊ မပယ်စကောင်း၊ သူအပေါင်းအား၊ တကြောင်း မှတ်ခင်း၊ အရှင်မင်းကို၊ မကင်း ဖြောင့်ဖြောင့်၊ စောင့်တတ်သသူ၊ အရှင်ဟူက၊ သည်းအူထဲး နစ်၊ ချစ်တတ်သသူ၊ လူတို့ ဓိပတိ၊ မြတ်သာမိ၏့၊ ဟိတာ ဟိတ၊ နှစ်ဝ နှစ်ပုံ၊ ပြည့်စုံ ချို့တဲ့၊ ကျိုး ရှိ*မဲ့ကို၊ *ပြဲ့ပြဲ့ ဆတ်ဆတ်၊ မြင်တတ်သသူ၊ ဆာပူ မင်းမှာ၊ ဘေးတွေ့ခါနှိုက်၊ မခွါ မတွန့်၊ မစွန့်သသူ၊ မီးပူ ထိန်ညီး၊ ညွန်*တံစီးနှင့်၊ ခြောက်ကြီး ရေလှိုင်း၊ အရှင် ခိုင်းက၊ မိန့်တိုင်း *ရွတ်ရွတ်၊ အရှင့်ဝတ်နှိုက်၊ စွန့်တတ်သသူ၊ စင်ဖြူ နွယ်ရိုး၊ ဘီး-ဘေး-ဘိုးက၊ အမျိုးမြတ်သူ၊ ရှင်-လူ-သတ္တဝါ၊ ချမ်းသာရာနှင့်၊ ပြည်-ရွာ တိုင်းကား၊ စည်ပြန့်ပွားအောင်၊ ကြိုးစားသမှု၊ ပြုတတ်သသူ၊ ရာဇူ ဘုန်း*ဟေ့၊ မေ့လတ်သော့ခါ၊ မှု-ရေးရာနှိုက်၊ သညာ*မနုံ့၊ လှုံ့တတ်သသူ၊ ကြီးထူ မှုခင်း၊ မင်းနှိုက် တွေ့သော်၊ ရဲးဘော်လည်း ပြု၊ ခိုင်ခံ့မှုဖြင့်၊ တောင်ထုအလား၊ နတ်ယောက်ျားသို့၊ တည်ကြားသသူ၊ လူတွင် ခဲးကတ်၊ မပြတ် တရား၊ သူတပါးတို့၊ ဖြတ်ခြား မနိုင်၊ တွေ့လာ ဆိုင်လည်း၊ ပစ်ချိုင် နတ်စက်၊ ကွဲး*ခြအက်သို့၊ ဆက်ဆက် ဟုတ်ဟတ်၊ ပိုင်းပိုင်းပြတ်အောင်၊ ဆုံးဖြတ်နိုင်သူ၊ ဘေးထူ ရန်ပြော၊ တောင်-တောမြို့-ရွာ၊ မရောက်သာလည်း၊ ခွင့်ရှာ ဘောက်၍့၊ ရောက်တတ်သသူ၊ မှုဟူသမျှ၊ ကိစ္စအမျိုး၊ +အရှင့်ကျိုးကို၊ ကြိုးကြိုးပမ်းပမ်း၊ သဘောတမ်းဖြင့်၊ ထမ်းတတ်သသူ၊ အယူ မပြား၊ ခြေဘဝါးသို့၊ သားတော် မြေးရောက်၊ မြစ်တော်မြောက်အောင်၊ မဘောက်ပြန်လတ်၊ အရှင် မှတ်၍့၊ ကိုးတတ်သသူ၊ သူကောင်းဟူသည်၊ ဤလူ တွက်ရေး၊ တကျိပ်လေးကို။ ။ ကိုယ်ဝေး မနေရစ်စေနှင့်။ (၃၉)

('ရစ်စေနှင့်'ချည်း အချတူရကား 'သော်တာရောင်ချ'ချည်း)

(၂၀၉) အသင်္ခါရိတ်၊ တိဟိတ် ဥက္ကဋ္ဌ၊ ကုသလတိ၊ ဉာဏသမ္ပယုတ်၊ အားထုတ် ဆည်းစု၊ ကြိုးခဲ့ပြုသား၊ ကောင်းမှု သမ္ဘာ၊ မင်္ဂလာ စက္ကိ၊ စုံသိဒ္ဓိကြောင့်၊ ဇာတိ ပုည၊ ဂုဏ မဟတ်၊ သုံးပါး မြတ်လျက်၊ ဥက္ကဌ် လူနှိုက်၊ အထွတ်စိုက်၍့၊ သောင်းတိုက် ကိုးရာ၊ လက္ခဏာနှင့်၊ စကြာစိုးတန်၊ နေမျိုးမှန်သည့်၊ ဘုန်းသန် ပြန့်ဂ†ပြော၊ ဘသား*စော။။ 'ငှက်ပျော လက်ပံ၊ နှစ်မဆန်သို့၊ နှုတ်သံ ချို+ပျား၊ စိတ် သံမြှားနှင့်၊ ထွေ+ပြား နှလုံး၊ သူမိုက်ထုံးကား၊ မသုံး သစ္စာ၊ ကျင့်တတ်စွာ၏၊ ရှေ့မှာ တသွယ်၊ ကွယ်သော် တဝ၊ တချို့ကမူ၊ စားရ ဝမ်းသာ၊ စေပါ ဝမ်းနည်း၊ ကျော့*ကျည်း*မူနည်၊ ကွေ့လည် ကောက်ကျစ်၊ ကျင့်ညစ်သဘော၊ ဖြောင့် မချောဘူး၊ ရေမျောထင်း*ယောင်း၊ ဆယ်သော် ကောင်း၏၊ အကြောင်းမညှာ၊ ပညာ *မဲ့ထ၊ လူ့ဗာလကို၊ မ,စ ကယ်မိ၊ အပြစ်ယှိခဲ့၊ မသိ ကျေးဇူး၊ ထိမ်မြူး ဖျောက်ချေ၊ ကြက်သောက်ရေသို့၊ ပျောက်ကြေ ဆုံးဘိ၊ ကျိုးမယှိတည့်၊'' သိလော့ မှန်စွာ၊ သူယုတ်မာကို၊ ကြဉ်ခွါနိုင်တတ်၊ မင်းမတ် ကျေးကျွန်၊ နှလုံး*မွန်နှင့်၊ ရုံးလွန် အထူး၊ ထိုနှစ်ဦးလည်း၊ ကျေးဇူး မတူ၊ ရုံးလွန်မူကား၊ ပြည်သူ ရိရှား၊ များ၏့ စစ်မက်၊ နှလုံး ညက်က၊ ငြိမ်သက် ချမ်းသာ၊ ပြည်-ရွာ ဝန်းကျင်၊ သာ-စည်ပင်၏၊ အကြင် လူ့ထုံး၊ အားလက်ရုံးကား၊ နှလုံး၏့ကျွန်၊ နှလုံး*မွန်က၊ ရုံးလွန်၏ရှင်၊ ခိုင်းစီရင်၏၊ လူတွင် ရှုပ်ထွေး၊ ကိုယ်ရေး ပြည်မှု၊ စုံတခုလည်း၊ *ဗိုလ်ထု အများ၊ လက်ရုံးအားဖြင့်၊ ယောက်ျား ဆောင်သီး၊ မပြီး ကိစ္စ၊ တယောက်မျှပင်၊ မိန်းမ ရွက်ဆောင်၊ အောင်သည် တမျိုး၊ စစ်ထိုး မပြု၊ နှုတ်မှုမျှသာ၊ အောင်စေရာနှင့်၊ လိမ္မာ ရဲးခြင်း၊ ထိုးထွင်း ပညာဉ်၊ မြဲးယှဉ် အပြား၊ တရား သုံးဖြာ၊ ရန်အောင်ရာက၊ သာမျှ ဒါန၊ ဘေဒကနှင့်၊ ဒဏ္ဍဟူဘိ၊ လောကီ့ မှတ်ဘွယ်၊ ဥပါယ် လေးမည်၊ အတည်တည်ကို၊ နားလည်စေတတ်၊ ယွင်း မချွတ်နှင့်၊ ''''''''''*စွန့်လွှတ် မကင်း၊ ပေးကမ်းခြင်းကား၊ အချင်းခပ်သိမ်း၊ မှုမျိုး ငြိမ်း၏၊ သူစိမ်း သူကျက်၊ နှစ်သက်သဘော၊ သင့် လိုက်လျောလော့၊ လောကီပုဂ္ဂိုလ်၊ လူထိုထိုလည်း၊ အလိုလိုက်က၊ ကြိုက်တတ်သည်ချည်း၊ ဖြစ်သတည်းရှင့်၊'' ''''''''''*ပိတ်သည်း ပိတ်နည်း၊ *အထည်း ကုတ်ရှို၊ ဝန်တိုစိတ်က၊ မယှိရဘူး၊ ဆုပ်က ပြိုကွဲး၊ ကြဲးက လုံးတတ်၊ ဆိုရိုးမှတ်၏၊ ယုတ်-မြတ် နွယ်ရိုး၊ အမျိုး ဝံသ၊ တူမမျှနှင့်၊ မိန်းမ ယောက်ျား၊ သားနှင့် သမီး၊ ငယ်-ကြီး မဟူ၊ ကောင်းမူ ကောင်းအင်၊ ကောင်းရည် မြင်သော်၊ ခင်မင် သိမ်းပိုက်၊ နှစ်အင်ခြိုက်လော့၊ အလိုက် အလိုက်၊ ထိုက်ရာ ထိုက်ရာ၊ အကျိုး လာ၏၊'' မဟာဘဒ္ဒ၊ သာလမည်ခြင်း၊ ဥယျာဉ်တွင်းဝယ်၊ အင်ကြင်းပင်မြတ်၊ သမန်းနတ်တို့၊ ခဲးကတ် မှုတွေ့၊ ကျိုး ဆောင်လေ့၏၊ ခြင်္သေ့ မြေခွေး၊ မြွေ-ကျေး ပုဇွန်၊ သိမ်းစွန် မ-ဖို၊ ဝံလို ရေလိပ်၊ ရန်နှိပ် သီဟ၊ နှံစုတ်မနှင့်၊ ယင်က ဘားကျီး၊ လိပ်ကြီး ကမ္ဘာ၊ ခေါက်ရှာ သမင်၊ ကြက်ဆူပင်မျှ၊ သို့စင် ဟုတ်ဟတ်၊ သဘောမြတ်က၊ ဆတ်ဆတ် ကောင်းကျိုး၊ ဆောင်ကြကြိုးသည်။။ အမျိုးဇာတ် မတူလေသာ*တမင့်။ (၄၀)

(၂၁၀) မင်းတို့ဟူသည်၊ ဓူဝံ တည်သို့၊ *ခိုင်ကျည် မြဲမြံ၊ ရွှေဘုံပျံထက်၊ ဗိုလ်ရံ ဝန်းပြည့်၊ စံထွန်းလှည့်လော့၊ လိပ်၏့ ပုံထုံး၊ ဗီလုံးငှက်နှယ်၊ ဘာ့းသဖွယ်တည့်၊ ကြီး-ငယ်မဆို၊ *နဂိုရ် ယာယီ၊ အချီ အခံ၊ စီမံ နှိုင်းညှိ၊ ခန့်တိုင်းချိလျက်၊ မိမိဌာန၊ ဝိသယမှ၊ တေဇ ထင်ရှား၊ စွမ်းနိုင်အားရှင့်၊ ကျီးကား နေ့ငှက်၊ နေ့မှ ထွက်၏၊ ဇိကွက် ခင်ပုပ်၊ *ကုပ်သလုပ်ကား၊ မိုးချုပ်မှသာ၊ ထွက်မြဲးစွာ၏၊ ချိန်ခါ ကာလ၊ သမယကို၊ ငှက်မျှသော်လည်း၊ သိ စောင့်စည်း၏၊ ထို့နည်း မယွင်း၊ ငါသို့မင်းဟု၊ *ဗိုလ်သင်း မနီး၊ ကိုယ်ထီး ည-နေ့၊ မသွားလေ့နှင့်၊ ဆိပ်ငွေ့ ထန်ပြင်း၊ နဂါးမင်းလျက်၊ အဆင်းကို ဖျက်၊ ရုပ်ဖျောက် ထွက်၍့၊ အသက်သေမှု၊ ဆုံးပါးလု၏၊ ပြည်သူ့ မျက်နှစ်၊ မင်းဖြစ်လျက်ကဲ့၊ ဘော်*မဲ့ ညဉ့်ခါ၊ မင်းရုပ် ခွါ၍့၊ သွားပါစဘူး၊ သေသောက်ကြူးတို့၊ လွန်ကျူး ကိုယ်-နှုတ်၊ ကြမ်းကြုတ် အလွန်၊ ထုပ်ဝန် လေးစွာ၊ ဆောင်စေပါ၍့၊ မျက်နှာ *ရှိန်းပြည်း၊ ရှက်ဘွယ်သည်းအောင်၊ *ယမ်းပည်း*မဲ့ထွေ၊ သရေ ယုတ်ဖျက်၊ နှိပ်စက်သမှု၊ ဘိစီးပြု၏၊ မင်းဟု ဖြစ်ရှောင်း၊ ခြိမ့်ခြိမ့်ညောင်းအောင်၊ ဗိုလ်ပေါင်း ရံကာ၊ သိကြား လာသို့၊ ချိန်ခါ ထင်ရှား၊ ဘုန်းတော်အားကို၊ အများ မြင်ရှု၊ ထွက်-ဝင် ပြုလော့၊ ဘာနုဣန္ဒု၊ အံသုမာလာ၊ ရောင်ဝါ ထိန်ဝင်း၊ လေးကျွန်းချင်းသား၊ နေမင်း လမင်း၊ ဝါးလုံးတွင်းနှိုက်၊ မလင်းနိုင်စွာ၊ ပမာ *တန္တု၊ မျက်မြင် ရှုလော့၊ ပြည်သူ့ မှန်ကင်း၊ မင်းတို့ ထွက်သော်၊ ရှေ့တော်စူးစူး၊ တပ်တော်ဦးက၊ အထူး ဓမ္မတာ၊ မြို့ဝန် ပါမြဲး၊ မပါ လွဲးမူ၊ *ဥဒဲး ကျည်းလျှို၊ တံခါးဗိုလ်က၊ မင့်းကိုဖြစ်စေ၊ မဘွင့်ချေဘူး၊ မသွေ စဉ်လာ၊ မြို့ဝန် ပါမူ၊ မဟာဒွါရ၊ မင်းလမ်း ပြလျက်၊ ဘွင့်ထ ပြီးလျှင်၊ ရွှေနန့်းရှင်တို့၊ မဝင်မချင်း၊ တံခါးရင်းဝယ်၊ ရပ်တင်း ကိုယ်တိုင်၊ ကြံ့ခိုင် အားရမ်း၊ လက်နက် ထမ်း၍့၊ ထုံးတမ်း မလွန်၊ မြို့ဝန် စောင့်ကာ၊ နေမြဲးသာတည့်၊ ရာဇာဟူက၊ မင်းထိုမျှတို့၊ ရာဇတန္တီ၊ ရှေးထုံး မှီလျက်၊ ပဝေဏီမှု၊ ပယ် မပြုနှင့်၊ ''ဇမ္ဗူ့ ဆီမီး၊ နတ်နှင့် နီးအောင်၊ ပြည်ကြီး ချမ်းသာ၊ ခံစားပါလည်း၊ တောမှာ ပျော်မြူး၊ လေ့လာ ကြူး၍့၊ ဘီလူးနှင့် တွေ့၊ ရသေ့ကို မှား၊ ရှေးမင်းများတို့၊ ကြီးမား ဒုက္ခ၊ ကြုံရ သေလု၊ ဆင်းရဲး စု၏၊ န သာဓုမျိုး၊ ဟောရိုး ကျမ်းလာ၊ မှတ်အပ်စွာလည်း၊ ''အိမ်ရာထောင်သူ၊ လူအပျင်းကြီး၊ မော်မီး မော်မန်း၊ ရဟန်းဖြစ်လျက်၊ နှုတ်လက် မစောင့်၊ ပြည်ထောင့်*သနင်း၊ မင်းဖြစ်လျက်တိ၊ မယှိ ဆင်ခြင်၊ ပညာရှင်လျက်၊ အမျက် ကြီးမား၊ ဤလေးပါးကား၊ ထင်ရှား လူ့ရွာ၊ မကောင်းစွာရှင့်၊'' လိမ္မာ မြော်မြင်၊ ထုံး*ပုံပြင်ကို၊ ဆင်ခြင် မကျူး၊ ဘ,သားဦးလည်း၊ အထူး ဂရု၊ မှတ်သား ပြု၍့၊ ''ပျော်မှု မများ၊ ကစား မလွန်၊ တောစွန် မလေ့၊ မြင်တွေ့ရာရာ၊ မလိုက်စွာဘဲး၊ မိစ္ဆာ ဝိသမ၊ စာရ မမှား၊ မသွားအပ်ဘွယ်၊ မသွားလွယ်နှင့်၊ ပျက်ပြယ် ချောသွေ၊ ပလေ*လက်ချား၊ စကား ပေါ့သွပ်၊ စိတ်ကြွပ် လက်ထန်၊ ရာဇမာန်က၊ ကြွေအန် လောင်းကြူး၊ အိမ်ရာကျူးနှင့်၊ သောက်မူး ယစ်ဝ၊ ဟူသမျှကား၊ ဒေါသအပြစ်၊ များစွာ ဖြစ်၏၊'' မင်းစစ် တန်းခိုး၊ မတင်ညှိုးသည်။။ နွယ်ရိုး မြတ်မမူချေသာတမင့်။ (၄၁)

(၂၁၁) ထိုမှတသီ၊ မှတ်ကြောင်းစီပိမ့်၊ ''ပါရမီ *နဂိုရ်၊ မယှိလိုက၊ ကုသိုလ် သုစရိုက်၊ မဟောထိုက်တည့်၊ သူမိုက် တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊ အလွန်ခါး၏၊ နားပါး မဝင်၊ သိမြင်*မဲ့စွာ၊ သူယုတ်မာအား၊ ခြင်းရာ ကောင်း-ဆိုး၊ ကြောင်း-ကျိုးတရား၊ မဟောကြားရာ၊ ဟောမိပါက၊ အပြစ်ရ၏၊'' သားလှ သတ်မှတ်၊ ဘ,သည်းပွတ်ကား၊ သူမြတ်ပီပီ၊ နုသာသီကို၊ ချို-အီ *စိစ္စေး၊ နာဘိသေးလော့၊ ''ရှေ့ရေး နောက်ရာ၊ မရှုစွာသား၊ ပညာ*မဲ့မျိုး၊ ဆင်ကာန်းတိုးသို့၊ အကျိုး *မဲ့ ကြိုက်၊ ဘိုးမထိုက်ဘူး၊ သူမိုက်စကား၊ တထောင် များလည်း၊ စီးပွား ကင်းဝေး၊ မကောင်းဆေးတည့်၊'' ရှေးက မုနိ၊ လောကီ့သခင်၊ ယောဂီသျှင်တို့၊ သွန်သင် *နိဿရည်း၊ ထုံးနည်း ပြကတေ့၊ မှန်မရွေ့ကား၊ အလေ့ ရှစ်စဉ်၊ ဥယျာဉ် ပျိုးမှု၊ ရှစ်ခုပမာ၊ ကိုးဖြာ ကဲ့ရဲ့၊ ရယ်ဘွဲ့ လက္ခဏာ၊ ရောက်တတ်ရာ ဆယ်ပါး၊ အားနှင့် ပျက်တတ်၊ ဒွါဒသ်ခေါ်ဆို၊ အလိုလိုက်ရာ၊ တန်းဆာဆင်ဘွယ်၊ ဆဲ့သုံးသွယ်လည်း၊ ဝမ်းဝယ် မှတ်လေ့၊ စွဲး သိမ်မွေ့လျက်၊ ခြင်္သေ့ကျင့်ရာ၊ ဝတ်တဖြာနှင့်၊ ဗျိုင်းမှာ တချက်၊ ကြက်မှာ လေးယူ၊ ကျီးမူ ပဉ္စ၊ သုနခ ခြောက်ပါး၊ မြည်းကား သုံးသွယ်၊ ကျဉ်းရုံးခြယ်သား၊ နှစ်ဆယ် စရိယ၊ နီတိပြတိုင်း၊ စိတ်က မငြီး၊ နည်းယူ မှီးလော့၊ ''''''''''မီးကား ပူထွေ၊ ရေကား ဧးလွန်း၊ ပြစ်စွန်း နှစ်ဘို့၊ မီးရေတို့တွင်၊ မီးသို့ချည်းဟူ၊ ရေတူချည်းသာ၊ မကျင့်ရာဘူး၊ လက္ခဏာ နှစ်ပါး၊ ပိုင်းခြား ရှုမျှော်၊ မီးလွန်သော် ချစ်၊ ရေလွန် ပြစ်၏၊ စွန့်ပစ်လွန်မှု၊ ညီမျှ ပြုလျက်၊ ကြမ်း-နု မဇ္ဈုံ၊ နုလုံ လေ့ကျက်၊ *ငေါ်ငတ် နှုတ်သံ၊ မျက် မလျှံနှင့်၊ *ငံငံ ချေချေ၊ သားမင်းချေလျှင်၊ ချိုစေ သူ့နား၊ ချဉ်မခါးအောင်၊ စကား ကျစ်လစ်၊ အဆစ်ဆစ်နှိုက်၊ မထစ် မထုန်၊ မဖုန် မထိုင်း၊ မရိုင်း *မဆတ်၊ *ရှဲးခတ် ကိုယ်စား၊ သစ်ပျဉ်ပြားနှယ်၊ ပြတ်သား သိမ်မွေ့၊ ချောမြေ့ ပြေပြစ်၊ မာန်မယစ်ဘဲး၊ မြစ်မြစ် ခြေခြေ၊ လူဗိုလ်ခြေအား၊ သံခြေ နှုတ်+ညင်း၊ ရွှေစောင်း+ငြင်းသို့၊ မပြင်းမ+ပြ၊ သာချမ်းမြလျက်၊ ပျပျ ရွှင်+ပျော၊ ဆိုမိန့်+ပြောလော့၊ သဘော ခက်မာ၊ ဝါစာ ဖရုသ်၊ ကြမ်းကြုတ်ခဲ့က၊ ကဲ့ရဲ့ မညံ၊ တီတွတ်သံသို့၊ မခံ လူ့နား၊ မကြား*ခလို၊ အောင့်ကြ ဆို၏၊'' ''အဟို ရှေးက၊ ကမ္ဘာစဝယ်၊ ဆေးခ မပေး၊ တင်မြီကြွေးကြောင့်၊ လုပ်ကျွေး စောင့်ရှောက်၊ ဥကပေါက်တိုင်း၊ မပျောက်စေရ၊ ကျီးက တမှု၊ မွေးမြူရှု၍့၊ ပြုစု ရွက်ဆောင်၊ ကျီးအ*ယောင်နှင့်၊ ကျီးတောင် ကျီးကိုယ်၊ မည်းညို ချိပ်နက်၊ ဥဩငှက်လည်း၊ နှစ်သက်ဘွယ်ကြီး၊ နာမငြီးတည့်၊'' ''''''''''*အတီး ရှေးခါ၊ မသာယာ၍့၊ မဟာသတ္တ၊ ဝိသာလမည်၊ နွားကြီးသည်လည်း၊ မကြည် နှုတ်ကြမ်း၊ ပုဏ္ဏားသွမ်းကို၊ လောင်းတမ်း ဥစ္စာ၊ သပြာ ထောင်လုံး၊ ရှူံးစေဘိ၏၊'' ထိုပြီ့း တသုတ်၊ ''ကိုယ်-နှုတ် နှစ်ဖြာ၊ ကြမ်းကြုတ်စွာကြောင့်၊ ပြည်-ရွာ မှူး-မတ်၊ မညွတ်သော့အား၊ မင်းကြီ့းသားလျက်၊ ပယ်ရှားကုန်ကြ၊ ဒုဋ္ဌကုမာ၊ ရေမှာ မျှောဘိ၊'' ''ဂါမဏိနှင့်၊ မည်ယှိ နာမ၊ သံဝရကား၊ မင့်းသာ့း အစစ်၊ ငယ်ဆုံးဖြစ်လည်း၊ တိုင်းချစ် ပြည်ခင်၊ ရွှေနန်းတင်၏၊ လူ-ရှင် ခပ်သိမ်း၊ ပူ မငြိမ်းအောင်၊ *ပလိမ်း ပကျံ၊ မတော်ကြံဖြင့်၊ တရံခါမျှ၊ မကြံရဘူး၊'' ''ဘွဲ့ထ ငြိုးသို၊ ကျိုး မလို၍့၊ သူ့ကို ပျက်ကြံ၊ ကြို့နှင့် ဝံသို့၊ နိုင်ငံ နီးရှက်၊ ပြည်ထောင်ဘက်နှင့်၊ စစ်မက်လည်းထိုး၊ မျက်မုန်းကြိုး၍့။။ ရန်ငြိုး မှတ်မယူစေသာ*တမင့်။ (၄၂)

(၂၁၂) ထိုမှ တပုံ၊ စေ့စုံ မှတ်ချက်၊ ခမည်း မြွက်ပိမ့်၊ *ကြံထက် ပညာ၊ ဘွေ*ရှာ စူးစား၊ သတိထား၍့၊ ငါ့သား မှတ်ယူ၊ နှလုံးမူလော့၊ 'လူတို့ကိစ္စ၊ လူ့လောကနှိုက်၊ ပြုသမျှမျိုး၊ ပြစ်-အကျိုးတို့၊ ကောင်းဆိုးအတိ၊ မြဲးမယှိဘူး၊ လောကီ့ ထုံးစံ၊ လောကဓံကား၊ မကြံလည်း ဖြစ်၊ ကြံလည်း နစ်၏၊ စင်စစ် မှတ်သား၊ မယုံမှားနှင့်၊ ယောက်ျား*တကာ၊ အားထုတ်ရာသည့်၊ ကြီးစွာ လုံ့လ၊ ဝါယာမမူ၊ မချကောင်းချေ၊ မသေမချင်း၊ ပြုအပ်လျှင်း၏၊ မယွင်း မှန်လှ၊ ဤလောကနှိုက်၊ လုံ့လမမူ၊ နတ် မကူဘူး၊ လူလည်း လုံ့လ၊ နတ်လည်း မ,၏၊'' ထိုမှ တချက်၊ မောင် နားရွက်လော့၊ 'ရှို့ဝှက်အပ်စွာ၊ အရာရာကို၊ မာတာ ပိတ၊ မိ-ဘနှင့် သား၊ ကိုယ်ကို ထား၍့၊ မယားကိုမျှ၊ မပြောရဘူး၊ ရှေးက ပြည့်ရှင်၊ မဆင်ခြင်ဘဲး၊ သစ်ပင်ကိုတိ၊ ပြောမိသော့အား၊ ဖွဲးနုစားဟု၊ စကားစည်မြည်၊ ဥဒါန်း တည်၏၊ ကြံစည် ကိုယ်ထီး၊ ခွင့်မပြီး၍့၊ ရေးကြီး ရာကျယ်၊ တိုင်ပင်ဘွယ်ကို၊ အကယ်ယုံမှု၊ တိုင်ပင်ပြုလည်း၊ စတုကဏ္ဏ၊ ဆကဏ္ဏဟု၊ မှန်လှ မဘောက်၊ နှစ်ယောက် သုံးယောက်၊ နား လေးပေါက်နှင့်၊ ခြောက်ပေါက်သာမျှ၊ မလွန်ရဘူး၊ လွန်က အပြီး၊ ပျက်စီးတတ်ချေ၊ တောင်ကျရေသို့၊ ပလေ *ပစာ၊ ထွေရာ ဆန်းပြား၊ တဘွားဘွားလည်း၊ စကားရတိုင်း၊ အပိုင်း မယှိ၊ ပြောမိ ပြောရာ၊ မပြောရာရှင့်၊'' ''ကိန္နရာစစ်၊ ငှက်မျိုးဖြစ်လျက်၊ ကျစ်လစ်သော့အား၊ ကြောက် မုသားကြောင့်၊ စကား မသည်း၊ နှုတ် စောင့်စည်း၏၊ ချုပ်တည်း နှုတ်-လျှာ၊ မစောင့်စွာကြောင့်၊ ဟင်္သာ ညီနောင်၊ ဆောင်သည် မိုက်လှ၊ လိပ်ဗာလလျှင်၊ လွတ်ကျ အောက်မြေ၊ သက်ဆုံး သေ၏၊'' တထွေ မှတ်ခင်း၊ မင်းသို့ တက်ရာ၊ မင့်းမာယာနှိုက်၊ လိမ္မာစေချင်၊ နားဝယ် တင်လော့၊ ပွတ်ငင် ကြိုးဆွဲ၊ မြေထဲး ကျောက်ခံ၊ နှိုင်းစံ သရက်၊ လက်ဝှက် တခု၊ ကြွက်တု တသီး၊ ပွတ်မီး တူယှဉ်၊ ရေယဉ် မီးလျှံ၊ အရံပမာ၊ မင့်းတန်းဆာက၊ ကြာနှင့် တိမ်ပန်း၊ ဤ*ဥဒါန်းကို၊ စွဲးမှန်း မှတ်ရှု၊ ကသိုဏ်းပြုရှင့်၊ မုဒု တိက္ခ၊ မဇ္ဈ သုံးမျိုး၊ ကျင့်ရိုး လက်တန်း၊ တံသုတ်ကျမ်းဖြင့်၊ နုကြမ်း နှစ်အင်၊ ပမာဆင်သား၊ ပွတ်ငင်ထုံးစံ၊ ကျင့် လေးလံမူ၊ ကျောက်ခံ မြေထဲး၊ မလွဲး ပုံလား၊ ပြည်သူများတို့၊ လျှောက်ကြား တင်ခွင့်၊ လွယ်လင့်တကူ၊ သရက် တူလျက်၊ ရန်သူ အောင်ကြောင်း၊ ကြံရှောင်း ထဲးနက်၊ ပြင်မထွက်ဘဲး၊ လက်ဝှက်ပမာ၊ ဥစ္စာ ပွားမှု၊ ကျီကြ စုကား၊ ကြွက်တု ပုံမှတ်၊ ကြီးမြတ် ရိပ်ငြိမ်၊ စည်းစိမ် ပွားစီး၊ ပွတ်မီးပုံသွေး၊ ပြည်ရေး မျှော်ယှဉ်၊ ရေယဉ်*တရှိ၊ သတ္တိ သုံးသွယ်၊ လျှမ်းကယ် ဝင်းဝင်း၊ မီ့းနှယ်လင်းလျက်၊ *ခပင်းနိုင်ငံ၊ စည်ကြောင်း ကြံက၊ အရံ တူစေ၊ မျိုးဆွေ မတ်လျောက်၊ ခြီးပင့်ထောက်သော်၊ မင်းမြှောက်တန်းဆာ၊ ပမာတူလို၊ လူ*-ဗိုလ်*အထု၊ ချမ်းသာမှုနှိုက်၊ ကြာတု *နှုန်းနှန်း၊ မင့်းဘုန်းတန်းကား၊ တိမ်ပန်း*တမျှ၊ ဖြာ၍့ကျလော့၊ ရာဇမာယာ၊ ဆဲ့နှစ်ဖြာလည်း၊ မကွာ အစဉ်၊ ကိုယ်နှိုက် ယှဉ်လျက်၊ ဓမ္မဉ္စရ၊ ဒသဂါထာ၊ သတာရဟ၊ စသည် တရား၊ ကျင့် မမှားက၊ သိကြား ခြီးမြှင့်၊ နတ်ပြည် ပင့်၍့၊ အရှင့်*စတေ၊ ရောက်ကြလေသည်၊ လေးထွေ မြတ်စွာ၊ မင်း*တကာသို့၊ တေဇာ မညှိုး၊ နေ့နယ်တိုးသည်။။ တန်းခိုး နတ်မဟူပေသာ*တမင့်။ (၄၃)

(၉-လုံးချ 'မဏိဆံကျင်'ချနည်း မ,အက္ခရာနှင့် ချရကား 'ရွှေလောင်းပြန်' သာတမင့်ချည်း'ချချင်း တူရကား 'သော်တာရောင်ချနည်း'လည်း ဟူကုန်၏၊)

(၂၁၃) လက်ျာကျွန်းတည့်၊ ထက်ဝန်း *ပတ်ဝုတ်၊ သမုဒ် ရစ်ခွေ၊ ပင်သပြေနှင့်၊ ရေနေ လေးထောင်၊ တော သုံးထောင်က၊ လူ့ဘောင် လူနေ၊ လူ့ရပ်မြေလည်း၊ မသွေမှန်ဘိ၊ သုံးထောင်ယှိလျက်၊ ရေတိ ရံရှောင်း၊ မြေနားဍောင်းဟု၊ သောင်းဇမ္ဗူဒီ၊ မြရည်ညီသား၊ မဟီ ကုဏ္ဍလာ၊ သုန္ဒရာထက်၊ တေဇာတက်တုန်း၊ ဘက်မ*နှုန်းအောင်၊ ဘုန်းနှင့် လက်ရုံး၊ စိန်နှစ်လုံးသို့၊ ရွယ်ကျုံး ရည်တိုင်း၊ *တောက်တောက်ပိုင်းလျက်၊ *ကွန့်လှိုင်း ဘုန်းရောင်၊ လက်ရုံးပြောင်သည်၊ သားမောင် ဒါလီ၊ ချစ်ကြိုးသီ။။ ဤသို့စသား၊ များလှတုံစွာ၊ မင့်းရေးရာနှင့်၊ ပြည်လာ ပြည်+တဲး၊ လူ*ဖြင်ပြဲးကို၊ ဝမ်း+ထဲး ထွေပြား၊ ကြံစိတ်ပြားပြီး၊ ဆန်းပြား ဖြာ+ဖြာ၊ နီးသို့+ဖျာလျက်၊ မင်္ဂလာနန်းတွင်း၊ မတ်*ခပင်းနှင့်၊ မင်းတို့ ပြကတေ့၊ တနေ့ သုံးယံ၊ ညီလာခံ၍့၊ ဝန်းရံသဘင်၊ ရွှေဘုံပြင်ဝယ်၊ တိုင်ပင် မပျင်း၊ ခါ မကင့်းဘဲး၊ *စိုင်းပြင်း အလေ့၊ မှန်မရွေ့လင့်၊ မမေ့မလျော့၊ မင်းယဉ်ကြော့လျှင်၊ ပေါ့ပေါ့သိပ်သိပ်၊ ပေါ့သိပ် သိပ်ပေါ့၊ ဟူသော့အခြင်း၊ သဘောရင်းတိ၊ မင်းတို့ရေးရာ၊ ဤလေးဖြာတွင်၊ သေချာ ခပ်နှိပ်၊ ရွှေတံဆိပ်သို့၊ သိပ်သိပ် သိမ်မွေ့၊ ကြံစည်လေ့လော့၊ ''စေ့စိပ် သေချာ၊ မပေါ့ရာဘူး၊ ကြီးစွာ ခွန်အား၊ ကိုယ်ကား တောင့်နှယ်၊ အစွယ် ငင်းငင်း၊ မာန်ပြင်း မုန်ဝေ၊ တောနေ* ပေါက်ထီး၊ မာတင်ကြီးလျက်၊ ချည်းနှီး ချို့တဲ့၊ ဉာဏ်မ*ဟဲ့ကြောင့်၊ ခေါင်း*မဲ့ တုံးတုံး၊ ဗုဇွန်လုံးမှ၊ ရှုံးခဲ့ ညွန်တွင်း၊ နစ် သေလျှင်း၏၊ ရေမင်း နဂါး၊ ပေါက်စားလုစွာ၊ ကေသရာမူ၊ ပညာ*ကြံထက်၊ နှံစုတ်ငှက်နှင့်၊ ပေါင်းဘက်၍့လျှင်၊ တိုင်ပင် တုံရှောင်း၊ ကြံကောင်း ကြံရာ၊ ကြံမိပါ၍့၊ ချမ်းသာရလျှင်း၊ သေဘေး ကင်း၏၊'' သားမင်း ရွှေစင်၊ ဤ*ပုံပြင်ကို၊ ဝမ်းတွင် စွဲး၍့၊ စံတည်မွေ့လော့၊ ''ထိုရွေ့ များစွာ၊ သတ္တဝါကား၊ ခန္ဓာရင့်တိုင်း၊ စိတ် ရုန့်ရိုင်း၏၊ ပိတ်ထိုင်း မောဟ၊ မိုက်တွင်း ကျ၍့၊ အန္ဓပုထုဇဉ်၊ ဉာဏ် မယှဉ်ဘူး၊ ပျိုစဉ် တဏှာ၊ အို မိစ္ဆာနှင့်၊ ပညာ ကင်းဘိ၊ သတိ ကင်းပ၊ ဉာဏ် ကာန်းစွကြောင့်၊ သတ္တဝါ့အလေ့၊ မငြီးငွေ့ဘူး၊'' ဘုန်း*ဟေ့ ဘုရင်၊ ငါ ဘခင်မူ၊ တောဝင် ယခု၊ ရဟန်းပြု၍့၊ စတု ဗြဟ္မ၊ ဝိဟာရဖြင့်၊ အတ္တဟိတ၊ ကိုယ်ကျိုးမျှသာ၊ နေ့-ည ဆော်နှိုး၊ အားထုတ် ကြိုးပိမ့်၊ တိုင်းကျိုး ပြည်ကျိုး၊ သူ့အကျိုးကို။။ *အဲးခိုး*မသံတို့ပြီဘူး။ (၄၄)

(၂၁၄) ငါ့သား မင်းညို၊ ရွယ် *တန်စိုဖြင့်၊ မင်းပျို မင်းလွင်၊ ပျော်မြူး*ဖြင်၍့၊ ရယ်ရွှင်အုန်းအုန်း၊ အနှုန်းမယှိ၊ မကြူးဘိနှင့်၊ ''မျက်စိ ပွင့်ရုံ၊ ရွှင်ပျရုံမျှ၊ သိတမည်ငြား၊ သွားဖျား ပေါ်ရုံ၊ ရယ်တုံ ဟသိတ်၊ ကျိတ်ကျိတ် သာယာ၊ အသံပါဘိ၊ ဝိဟသိမည်၊ ဦးလည် လှုပ်ထ၊ ဥပ မှတ်ချက်၊ မျက်ရည်ထွက်က၊ အပ ခေါ်ဆို၊ ကိုယ်ကို ပစ်လွဲး၊ လွန်ကဲး အတိ၊ ဟသိမည်ကြ၊ ပဘေဒဖြင့်၊ ကျမ်းပြ ထင်ရှား၊ ရယ် ခြောက်ပါးတွင်၊ ပိုင်းခြား အညီ၊ နှစ်ပါးစီလျှင်၊ သညီ သမုတ်၊ မြတ်-လတ်ယုတ်တည့်၊ နရုတ္တရော်၊ ရွှေလှော်စံတိ၊'' မောင်ဘုန်းယှိကား၊ ဇာတိ ပဝရ၊ မျိုး သေဋ္ဌရှင့်၊ ဉာဏ နှိုင်းရှု၊ သတိပြုလော့၊ ရယ်မှု ရွှင်မှု၊ ပျော်မှု မလွန်၊ မင်းတို့ဝန်ဖြင့်၊ ကျေးကျွန် နီး-ဝေး၊ တိုင်းပြည်ရေးနှင့်၊ ကိုယ်ရေး တွင်းပြင်၊ ထက်ဝန်းကျင်ကို၊ ဆင်ခြင် ကြံလေ့၊ မှန် မမေ့နှင့်၊ ခြင်္သေ့သော်လည်း၊ ကြံစည် နည်းက၊ လက်သည်းခွံမျှ၊ ကိုယ် ကာယနှင့်၊ ဗလ နည်းပါး၊ အား*မဲ့စွာလျက်၊ ဘားတလက်ကြောင့်၊ အသက် သေဆုံး၊ ပျက်စီး ရှူံး၏၊ 'အိုင်လုံး ကုန်အောင်၊ ငါး *မြားမြောင်ကို၊ ဗျိုင်းဆောင် လှည့်*ဖြား၊ ချီကာ စားသော်၊ ငါးများထက် လွန်၊ လိမ္မာ ပွန်သည့်၊ ပုဇွန် *ကြံထက်၊ ပညာ နက်၍့၊ အသက် မသေ၊ ကိုယ် မကျေဘဲး၊ ဆောင်စေ လိုတိုင်း၊ ကျွန့်နှယ် ခိုင်းလျက်၊ ဗျိုင်းမိုက်လည်ပင်း၊ စင်းစေလတ်လတ်၊ ပြတ်အောင် ဖြတ်၏၊'' ''မမြတ် ကျင့်တန်၊ ဆိုး ဝင်္ကန်ဖြင့်၊ ဉာဏ် ကလိန်ချုံ၊ ဆူးရစ်ရုံသို့၊ ဝိုင်းအုံ လိမ်လစ်၊ သဘောညစ်သား၊ ကောက်ကျစ် ကာမိန်း၊ မကုသ် သိန်းနှင့်၊ ဒေဝန်းဟူသည်၊ လေးဆူ မတ်ဝန်၊ ကြံကြဟန်ကို၊ ပြန်ကာ လိမ်ထ၊ *ဘင်တွင်း ချ၍့၊ အမရာ့ဉာဏ်၊ ဆယ်ပြန် လွန်လျက်၊ မျောက်ဖြူ ဆက်၏၊'' ''ကျင့်ပျက် ယွင်းချွတ်၊ တရားလွတ်သည့်၊ ကေဝဋ် ဉာဏ်လိမ်၊ ကြံတကြိမ်ကို၊ ဦးနှိမ် ကိုင်ပြီး၊ ဆယ်ဆ စီး၍့၊ မြေကြီး တိုက်ညွတ်၊ မဟော် ပွတ်၏၊ မှတ်လော့ သက်ဆုံး၊ ဤသည့်ထုံးကို၊ နှလုံးထား၍့၊ မှုသွားအလျောက်၊ ရှေ့နှင့် နောက်ကို၊ ချင့်ထောက် မြှော်ရှု၊ မဟော့်တုဖြင့်၊ အနုမြူညှင်း၊ စိန့်နှယ် မြွင်း၍့၊ *ထွင်းကျင်း စုံစေ့၊ ကြံစည်လေ့ရှင့်၊'' မွေ့မွေ့လျော်လျော်၊ ပျော်ပျော် ရွှင်ရွှင်၊ တဘင်ဘင်နှင့်၊ အရှင်လည်း ယစ်၊ ကျွန်းလည်း ယစ်၍့၊ ကျိုး-ပြစ် မထင်၊ ဖြစ်ခဲ့ကျင်သော်၊ လူ-ရှင် *ခပဲး၊ ပြည်*ထဲးကိစ္စ၊ မချမ်းမြဘူး၊ သားလှ သည်းချာ၊ သိ လိမ္မာလော့၊ မြို့-ရွာ ခမ်းနား၊ ပြည် တိုင်းကားနှင့်၊ သား-မယား ဝန်၊ ကိလေညွန်မှ၊ ဘုန်း*မွန် ဘ,မင်း၊ လွတ်အောင် ကွင်းပိမ့်။။ နစ်ဆင်း မကျွံတို့ပြီဘူး။ (၄၅)

(၂၁၅) ပြောက ပြေပြစ်၊ ချစ်နှစ်လို့ရန်၊ ဟုတ်မှန် ဖြောင့်သား၊ တရားညီစွာ၊ နီတိ လာတိုင်း၊ အင်္ဂါ လေးပုံ၊ ပြည့်စုံ စကား၊ ခိုင် တည်ကြား၍့၊ *သီးစားပညာ၊ အရာ သိတတ်၊ ယွင်းမချွတ်လင့်၊ ''မှူးမတ် ကျေးကျွန်၊ များ*တသွန်လည်း၊ မ*မွန် စရိုက်၊ အချို့ မိုက်၏၊ အထိုက် အလျောက်၊ လူရည် ထောက်၍့၊ ခြီးမြှောက်အပ်ချေ၊ ချင့်မိစေလော့၊'' 'အခြေ မယှိ၊ ဇာတိမကောင်း၊ လူ့ သစ်ဂ†ယောင်းကား၊ ရောင်းတိုင်း မစွံ၊ ထင်း-သစ်ခွံသို့၊ ဖျင်း*သွံ စာရိတ်၊ ကိုယ်-စိတ် မူရာ၊ မကောင်းစွာဘူး၊ သမ္မာ မကြိုက်၊ ထိုသူမိုက်လည်း၊ *ဂုံးတိုက် ချောလျော၊ သဘော ယုတ်မာ၊ ကျင့်တတ်စွာ၏၊ ဘာသာ မျိုးခြား၊ သူတို့အားလျှင်၊ နီးပါး ထံရင်း၊ အယုံသွင်း၍့၊ အတွင်းထားကာ၊ မပြုရာဘူး၊'' ''ရှေးခါသော်က၊ သီဟ နွားလား၊ နှစ်ကောင် ကြားဝယ်၊ တောသား ဒုစရိုက်၊ မြေခွေးမိုက်က၊ ရန်တိုက်သော့အား၊ ခြင်္သေ့ နွားတို့၊ ခိုက်ပွား ရန်စစ်၊ ဖြစ်၍့ မကြာ၊ သေကြစွာ၏၊'' မိတ္တာ-မိတ္တ၊ သဟာယလည်း၊ အညဒတ္ထု၊ ခင်ပွန်းတုနှင့်၊ ဥပကာရီ၊ ခင်ပွန်းပီတို့၊ လေးလီ လေးဖြာ၊ သင်္ချာအပြား၊ ဆဲ့ခြောက်ပါးကို၊ ပိုင်းခြားပြီးသော်၊ ''မပေါင်းဘော်ထိုက်၊ ပေါင်းဘော်ထိုက်ဟု၊ ဉာဏ်နှိုက် မြဲးစွာ၊ ခွဲးဝေရာ၏၊ ကြိုးကြာ မြေခွေး၊ မိတ်ဆွေရေးဖြင့်၊ ကျွေးကြ အစာ၊ ပုံပမာနှင့်၊ ကမ္ဘာဦးက၊ မမျှ အမူ၊ မတူ ဇာတ်ချင်း၊ တွေ့တုံလျှင်း၍့၊ ငါးကြင်း တင်ကျီး၊ မိတ်ဘွဲ့ ပြီးလည်း၊ ရန်ကြီးဖြစ်လျက်၊ ကမ္ဘာဆက်သို့၊ အတ္ထက္ခာယီ၊ မပီသဘော၊ ပေါ်ချော နှုတ်လွင်၊ မာယာဆင်လျက်၊ မခင် မရဲး၊ မိတ်*သဟဲးအား၊ ဝမ်းထဲး မလာ၊ ကျိုး*မဲ့ ရှာ၍့၊ မေတ္တာ မပွား၊ မိတ်တရားကို၊ ဖျက်ငြားချေပြု၊ စိတ် မရှုနှင့်၊'' ''ပေါင်းစု ယှဉ်ပူး၊ နှစ်ဦး ကြုံတွေ့၊ မြင်၍့ မပြုံး၊ နှလုံး မသာ၊ ကြားပါတုံလျက်၊ နှစ်သက် မယှိ၊ မျက်စိ ဆိုင်လှည့်၊ မကြည့်စလို၊ ကြည်ညို မပြု၊ ဆန့်ကျင်မှုသာ၊ မျှော်ရှုသဖြင့်၊ ပြောဆို ကျင့်သား၊ မသင့် ဝမ်းတွင်း၊ နှလုံးသွင်းနှင့်၊ ယင်းသို့ လက္ခဏာ၊ ပုဂ္ဂိုလ်မှာလျှင်၊ သဟာ ကျွမ်းဝင်၊ ချစ်ခင်သမှု၊ မိတ် မပြုနှင့်၊'' သားဦ့း ပိတာ၊ ဘ,မြတ်စွာမူ၊ ဆိတ်ရာ ခိုအောင်း၊ တကိုယ်ကောင်းဖြင့်၊ မြတ်လောင်းတို့ထုံး၊ သီတင်းသုံး၍့၊ နှလုံး မခွ၊ စံ ချမ်းမြအံ့၊ ''မိန်းမ ယောက်ျား၊ နှစ်ပါး ကြိုက်ကြုံ၊ ရူပါရုံက၊ အရင်း စ၍့၊ ရာဂ ငါးပါး၊ သားမြေး ပွား၏၊ *ချောက်ချား နေ့-ည၊ ယက္ခဂါမာ၊ ဘီလူးရွာသို့၊ သိင်္ဂါဘုံဗွေ၊ နန်း*ရဝေဝယ်၊ သုံးရွေ ရွယ်ညှောက်၊ နတ်အောက် မနိမ့်၊ လှလေး*ငြိမ့်သား၊ ရှုစိမ့်ဘွယ်ချည်း၊ *အပည်းပည်းနှင့်။။ *ချစ်ရည်း မငံတို့ပြီဘူး။ (၄၆)

(၂၁၆) 'ပညာမျက်စိ၊ မျိုးဇာတိက၊ မယှိသူအား၊ အနီးထား၍့၊ ထံပါး တွင်း-ပြင်၊ ကျွမ်းမဝင်နှင့်၊ အရှင် သူ*မွန်၊ မြင်းချေးသွန်က၊ ကျွန် ပဲပြုတ်စွန့်၊ မျောက် ရေသွန့်းလား၊ ကျိုး ပျက်ပြား၏၊'' ဘုရား ဟောဘိ၊ ဇာတ်တော်ယှိသား၊ ဇာတိ အန္ဓ၊ ဗာလဟူသည်၊ လူပင်*တမင့်၊ ဖြစ်လင့်ကစား၊ အဟိတ်နွားသို့၊ အသားသာ မို့၊ ဉာဏ်တုံး ချို့၏၊ နွားနို့ ထွန်တုံး၊ မြွေ-ဆင် သုံးနှင့်၊ စံထုံး မရ၊ ပမာပြသည့်၊ လာလုကလုင်၊ လူတွင် ရှေးက၊ ပြောဆိုကြသား၊ ဆုံးမ မထိုက်၊ သေအောင် မိုက်သည့်၊ ရေနှိုက် ပျားဖွပ်၊ လူသွပ် ယောက်ျား၊ နှစ်ဦးသားသို့၊ တရား မယှိ၊ လူ့ဒိဋ္ဌိကား၊ ပြုမိ တတ်ဆန်း၊ အမှန်း မသိ၊ ပြုတတ်ဘိ၏၊ ဉာဏ်ယှိ မင်းပျို၊ သူမိုက်ကိုလျှင်၊ မလို ကင်းကွာ၊ ရှင်းရှင်း ခွါလော့၊'' ''သိင်္ဂါ*နိထုံ၊ နန်းရွှေဘုံဝယ်၊ အယုံပြုလျက်၊ တောမျောက်လက်နှိုက်၊ သန်လျက် အပ်ငြား၊ ကိုယ်စောင့်ထားသော်၊ မင်းဖျား ပျော်စက်၊ ဥက္ခောင်းထက်နှိုက်၊ ပန်းရက် ယူစား၊ ပိတုန်းပျားကို၊ ထိုဓား သန်လျက်၊ မြမြထက်ဖြင့်၊ ချိန်လျက် မိုးကာ၊ ချီ၍့သာလျှင်၊ မင်းပါ အကယ်၊ ခုတ်အံ့ ရွယ်ခဲ့၊ လူဝယ်သော်လည်း၊ ထို့နည်း မှတ်ပိုက်၊ သူမိုက်ဟူက၊ မဆ မညှာ၊ ပြုတတ်စွာ၏၊ ယုံသာ ယုံရ၊ မ*ကုံစွဘူး၊ ကိစ္စ လိုရုံ၊ *ကုံသာ *ကုံ၍့၊ မယုံစရ၊ ယုံ မလှဘူး၊'' ''မွေးဘ သည်းချာ၊ မင်းတို့မှာလျှင်၊ ပညာပေတုံး၊ နှလုံး မပွင့်၊ ဉာဏ်မရင့်ကို၊ ကိုယ်နှင့် နီးပါး၊ မထားစအပ်၊ မစပ် ဝေးစွာ၊ *ဖဲးစေရာ၏၊'' ''သမ္မာ ကင်းထ၊ ကျင့်ပါပနှင့်၊ နှုတ်က ဘုရား၊ လက် ကားရားဖြင့်၊ တရား မစောင့်၊ သူကောင့် လက္ခဏာ၊ အပေါ် ဝါလျက်၊ ယုတ်မာ စရိုက်၊ ကျီးမိုက် ဗာလ၊ ဓမ္မိကသို့၊ စာရ မကောင်း၊ လူ့တစောင်းလည်း၊ မပေါင်းဖြစ်သာ၊ လွဲသွေရာ၏၊'' ''ဝါစာ နှုတ်-လျှာ၊ သာယာ ပေါ်ချွဲး၊ လူစဉ်းလဲးကား၊ လက်ဝဲးနံဘက်၊ ဝက်၏ပမာ၊ လက်ျာနံပါး၊ ဆိတ်အလားနှင့်၊ ချိုကား နွားအို၊ နွားငယ်လိုလျှင်၊ သံကို မြည်ကာ၊ တူရာ ပြငြား၊ လှည့်ပတ် *ဖြား၍့၊ ဖမ်းစား ဆိုးကြူး၊ ဝက်ဘီလူးသို့၊ ပေါင်းပူး လိမ်လစ်၊ လွန်ကောက်ကျစ်၏၊ မချစ်အပ်ရှောင်း၊ မပေါင်းအပ်စွာ၊ ရံခါသော်မျှ၊ မနီးရဘူး၊'' ''ထိုဗာလစစ်၊ လူ့ကောက်ကျစ်တို့၊ ကျင့်ညစ် ဝါသနာ၊ ဝမ်းတွင်းပါကား၊ ဘယ်ခါ မဖျောက်၊ ခွေးမြီးကောက်ကို၊ ကျည်တောက်စွပ်တူ၊ ပမာဟူ၏၊'' စွဲယူ မှတ်သား၊ နှလုံးထားလော့၊ ဘ,ဘွား ဘုန်းမော်၊ ငါ မင်းကျော်မူ၊ မပျော် လူ့ခွင်၊ ရညကင်ဖြင့်၊ ဝင်၍့ တောယံ၊ ကျင့် *ခြိုးခြံအံ့၊ မစံ နန်းတွင်း၊ ရွေ*ခပင်းနှင့်။။ သက်နှင်း မနှံတို့ပြီဘူး။ (၄၇)

(၂၁၇) 'မသူတော့်လျောက်၊ သူက ကောက်မူ၊ ကောက်သော် ကောက်ချင်း၊ မြွေနှင့် တွင်းသို့၊ ကောက်လျှင်းတုံမှ၊ ဤလောကနှိုက်၊ ကိစ္စပြီးလို၊ ရှေးအဟိုက၊ သံကို ကြွက်စား၊ သားကို စွန်ချီ၊ ရွှေနီကား ကြေး၊ ရင်သွေး မျောက်ဖြစ်၊ လူစစ် တသီး၊ သမီး ဆိတ်မ၊ ပုံကို ဆ၍့၊ ဝင်္က ဝင်္ကိ၊ ပလီ ဉာဏ်ဆိုး၊ ထိုလူမျိုးကို၊ အိုးရွဲ့ စလောင်း၊ ပိတ်တုံရှောင်းသို့၊ စောင်းလျှင် စောင်းတူ၊ တည့်မူ တည့်လိုက်၊ မှုချင်း တိုက်လော့၊ လူမိုက်ပညာ၊ ရ,တုံပါလည်း၊ ဂုဏ်ဝါ မထူး၊ ကျေးဇူး မနက်၊ ကိုယ်သာ ပျက်၏၊ ချင့်းလက် စိန်ရောက်၊ တောမျောက် အုန်းသီး၊ ရ,ချည်းနှီးတည့်၊ 'ကျီးနှင့် တူစွာ၊ သူယုတ်မာတို့၊ ကာကာ ကီကီ၊ ပလီ လျှပ်ဝါး၊ နှုတ်လျှာပါးနှင့်၊ စကား အတင်း၊ တရား ကင်းလျက်၊ ခံငြင်း လေ့လာ၊ ဝါသနာဖြင့်၊ ရန်ရှာ ခိုက်ထိ၊ အဓိကရုဏ်း၊ ရောက်တိုင်း အုန်း၏၊ အ*နှုန်း မသိ၊ ဆုံး မယှိဘဲး၊ ပြောမိပြောရာ၊ တဘွာဘွာနှင့်၊ ပညာ ခွေးမြီး၊ လူမိုက်ကြီးလည်း၊ မပြီး အကျိုး၊ လက်ရုံး မိုး၍့၊ ကိုးရိုး ကားရား၊ ထောင်လွှား မာန၊ ဝင့်တတ်စွတည့်၊ သုတ ပညာ၊ နည်းတုံပါလျက်၊ ဝါစာ နှုတ်ကောင်း၊ တထောင်းထောင်းနှင့်၊ ဒေါင်း မယှိက၊ ကျီးနက် လှသို့၊ ဗာလ လူဝါ၊ ဉာဏ်*မဲ့ရာဝယ်၊ ငါသာ ပဏ္ဍိ၊ ပညာယှိဟု၊ မိုးရှိ စိတ်က၊ မြင့်တတ်စွတည့်၊'' ''ဗာလဟူသော၊ လူ့ငှက်ပျောကား၊ နှုတ်ပြောမျှသာ၊ နှစ် မပါဘူး၊ ပညာ မဲ့ကင်း၊ လူ့အဖျင်းတို့၊ အဖျင်းချင်းသာ၊ ပညာယှိသူ၊ လူတို့မူလည်း၊ လူပညာချင်း၊ ပေါင်းသင်းကြစွာ၊ ဓာတ်တိုင်းသာရှင့်၊ ထင်ရာ ဖုန်ဖုန်၊ ဥဒါရုဏ်နှင့်၊ ရွှေယုန် ရွှေကျား၊ ရှေးစကားကို၊ နည်းပါး ဉာဏ်ချို့၊ သူငယ်တို့မျှ၊ မှတ်ယုံကြသို့၊ ဗာလချင်းသာ၊ ယုံကြရာ၏၊ ပညာယှိသူ၊ အဘယ်မူလိမ့်၊ မှတ်ယူ မထိုက်၊ လျှာ ဒုစရိုက်နှင့်၊ သူမိုက်စကား၊ ရာထောင် များလည်း၊ စီးပွား ကင်းဘိ၊ ကျိုး မယှိရှင့်၊'' ''အသိပညာ၊ *မဲ့တို့မှာကား၊ ပြည်-ရွာ မနီး၊ ကြီးသည့် ကြက်လို၊ နေ့-ညကိုလျှင်၊ ပဟိုရ် မသိ၊ တွန်မိ တွန်ရာ၊ တွန်တတ်စွာသို့၊ အခါ အရာ၊ မလိမ္မာတည့်၊ ဆရာ မသင်၊ မြင့်းအသွင်ဖြင့်၊ တောတွင် ဆတ်ပြေး၊ သမင်ပြေးနှင့်၊ ခွေးပြေး ဝက်ပြေး၊ ပေါက်လွှတ်ပြေးလည်း၊ အရေး မလှ၊ သုံးမကျဘူး၊'' ထိုမျှအပြား၊ သူမိုက်များကို၊ ငါ့သား သည်းချာ၊ ဝေးစေရာ၏၊ တဖြာ ထိုမှ၊ ကမ္မ ကိလေ၊ လေးထွေ ပါပ၊ ဒုစ္စာ+ရနှင့်၊ အပါ+ယမုခ်၊ ခြောက်ပါးထုတ်သား၊ သူယုတ် ကျင့်ရေး၊ တဆဲ့လေးလည်း၊ ရင်သွေး သက်စု၊ ကင်းအောင် ပြုလျက်၊ ကိုယ်မှု ပြည်မှု၊ မပြတ် ရှုလော့၊ သားဦ့း ဘခင်၊ ငါဘုရင်မူ၊ လူ့ခွင် မနှော၊ လူ့သဘောနှင့်။။ မရော *မပြွံတို့ပြီဘူး။ (၄၈)

(၂၁၈) ကိုယ်မှု ပြည်ရေး၊ ရှုပ်ထွေး များစွာ၊ အရာရာကို၊ လိမ္မာ သိပ်သည်း၊ မ*လိပ်လည်းလင့်၊ ''အစည်းပြေကာ၊ လူတို့မှာလျှင်၊ ရေးရာ တချက်၊ တစ ပျက်က၊ ဆယ်ဆဟူဘိ၊ ဆိုရိုး ယှိ၏၊ ရောယိ ရောယောင်၊ တောမီး လောင်သော်၊ တော့ကြောင် *လက်ပမ်း၊ ခတ်သော့ငြမ်းသို့၊ သူရမ်း သူကား၊ ကြွတတ်ငြား၏၊'' ပျာ့း တစက်ကြောင့်၊ ပြည်ပျက်သော့ဟူ၊ ထုံး တမူလည်း၊ မှတ်ယူ မယွင်း၊ နှလုံးသွင်းလော့၊ ''အတွင်းလူမျိုး၊ ဥစ္စာခိုးက၊ ခါးကြိုး လည်ဆွဲး၊ နှုတ်ထဲး ငုံကာ၊ ထားတုံပါလည်း၊ လုံရာ မမြင်၊ ပမာ့သွင်ဖြင့်၊ အကြင် ရင်းသူ၊ အတွင်းလူတို့၊ ရန်မူ ထွက်သော်၊ ကိုယ်သက် လုံးစုံ၊ ကြံတိုင်း *ကုံ၏၊ လူယုံ သတ်က၊ သေတတ်စွရှင့်၊'' မုချ မှန်စွာ၊ နည်းငယ်သာဟု၊ ရေးရာ မထား၊ မပေါ့မှားလင့်၊ ''သားနှင့် ကျေးကျွန်၊ စည်းစိမ်လွန်က၊ မာန်*ဝှန်တတ်စွာ၊ အတောင်မာ ငှက်၊ အတက် ရှည်ငြား၊ ကြက်အလားတည့်၊ ကျွဲး သား-အဘ၊ ပုံကို ဆ၍့၊ စိတ်ချသော့အား၊ မလျော့လျားလင့်၊ သားကို ချစ်ရ၊ ငယ်စဉ်မျှသာ၊ ငယ်ကမှာ သား၊ ကြီးသော် ကျားတည့်၊ မမှား ပုံသွေး၊ မှန် ချင့်တွေးလော့၊ အရေး တိမ်-နက်၊ သိ ခဲးခက်၏၊ ဘ,ထက် သားကြီး၊ မီးထက် ငြမ်းမြင့်၊ အရှင့်ထက် ကျွန်၊ မလွန်စေရ၊ ဟူတုံကြခဲ့၊'' နိစ္စ မကင်း၊ ရှု မပျင်းနှင့်၊ မင်းထက် အမတ်၊ အားယှိ မြတ်က၊ မညွတ်လေရာ၊ ပညာ *စိစ္စေး၊ ဉာဏ်ဖြင့် ရှေးလော့၊ နွားချေးပိုးကောင်၊ ဆင်ကို စောင်၏၊ *ယခေါင် ရှေးက၊ ဝိဒေဟနှိုက်၊ ဒွါရ အထွက်၊ တံခါးထက်ဝယ်၊ ပဲးဝက်ရွေ့သာ၊ အသပြာကို၊ လည်မှာ ဆွဲးရ၊ ပုတ်သင်မျှလည်း၊ မာန တက်စောင်၊ မင်းကို ထောင်၏၊ ရှိန်ပြောင်ညီးညီး၊ မီးကို စတင်၊ မလောင်ခင်က၊ *အလျင် တားသို့၊ ချစ်သား ဘုန်းယှိ၊ ဉာဏ်-သတိဖြင့်၊ အသိတရား၊ အမြဲး ထားရှင့်၊ နည်းပါး ဉာဏ၊ ပျော်မှုမျှဖြင့်၊ ကြောင့်ကြ*မဲ့စွာ၊ မလေရာဘူး၊ ပညာ ဆင်ခြင်၊ မမြော်မြင်ဘဲး၊ လွင်လွင် ပေါ့ပေါ့၊ ရေပေါ် ဖေါ့သို့၊ သဘော့ အရေး၊ နီး-ဝေး တွင်း-ပ၊ ပြည့်ကိစ္စနှိုက်၊ စိတ်ချ လွဲးကာ၊ မနေသာဘူး၊ သမုဒြာ ကျယ်*ပြော၊ ပင်လယ်ကြောတွင်၊ သင်္ဘော လှေစီး၊ *ထမုန်ကြီးသို့၊ မငြီး မငွေ့၊ မမေ့ မကျန်၊ ငါ့သား*မွန်လျှင်၊ ဆော်ဘန် အုပ်စီး၊ အချာ တည်းလော့၊ ခမည်း မောင့်ဘ၊ ပြည့်ကိစ္စကို။။ စိတ်ချ မခံတို့ပြီဘူး။ (၄၉)

(၂၁၉) သုဘလက္ခဏာ၊ ကျမ်းညီစွာဖြင့်၊ ရာဇာရဟ၊ မင်းထိုက်လှလျက်၊ ကင်းပ *ပြစ်ချေ၊ မွေးရေ *ပတ်*ယတ်၊ ကောင်းမြတ် အင်*ပြဲ့၊ မချို့တဲ့ဘဲး၊ နှစ်ဆဲ့ခြောက်မည်၊ ဗွေကောင်း တည်သား၊ ဇာနည် ဝလာ၊ မျိုး မှန်စွာတည့်၊ နှစ်ဖြာ မိ-ဘ၊ သုဇာတနှင့်၊ ဌာန မှတ်ပြု၊ သိန္ဓုမြစ်နား၊ တိုင်းရပ် ဘွား၍့၊ အစား အစာ၊ ပေးရာ မရွေး၊ ကျွေးတိုင်း စားလွယ်၊ မစင်ကြယ်က၊ ရွံဘွယ် နံပုပ်၊ စက်ဆုပ်တတ်စွာ၊ သာယာ ငြိမ်သက်၊ မွေ့ညက် လျင်မြန်၊ သွားဟန် ယဉ်ရွ၊ ဆုံးမ နာသီး၊ ခရီး ဖြောင့်မတ်၊ ဆောင်တတ် မဘောက်၊ ဆုံးရောက် သက်တိုင်၊ အားအန် ခိုင်သား၊ ရှစ်ဆိုင် အင်ပြည့်၊ မြင်းကောင်း၏့သို့၊ တပည့် ကျေးကျွန်၊ ယှိလှည့် တွန်မူ၊ မှုဝန် ကြေစွာ၊ ဆရာနှင့် မင်း၊ ဂုဏ် ပွင့်လင်း၏၊ ဝမ်းတွင်း တည်မှီး၊ မွေးကြီး ငါးရပ်၊ နှလုံးကပ်နှင့်၊ ပညပ်ခေါ်မျိုး၊ တဆဲ့ကိုးဟု၊ သားရိုး မွေးရေ၊ မျိုး သန္ဓေက၊ ဆိုးဗွေ မကောင်း၊ ရှေ့သို့ မောင်းသော်၊ တစောင်း နောက်လှန်၊ ပေါက်ကန် ခုန်လွှား၊ မသွား ကိုက်ခဲး၊ လမ်းလွှဲး ဆောင်ယွဲ့၊ ချိုးဖဲ့တတ်စွာ၊ အင် ရှစ်ဖြာနှင့်၊ ညီညာ ကြမ်းကြုတ်၊ မြင်းယုတ် အတူ၊ ထိုသည့်သူကို၊ ကြည်ဖြူ နှစ်ခြိုက်၊ မပေါင်းထိုက်တည့်၊ သူမိုက် အရေး၊ ပေး၍့ မလှ၊ ပျက်တတ်စွ၏၊ ''ဉာဏ *မဲ့မော၊ အတ္တဘောနှင့်၊ အပြောကြီးသူ၊ လူ အပေါ်လှ၊ ဒုပ္ပညလည်း၊ ကိစ္စ ရေးကြုံ၊ မှု မ*ကုံရှင့်၊ ပုံသာ ပုံရ၊ မယုံရဘူး၊ ဆိုထ မှန်စွာ၊ ကျွမ်းဝင်ရာက၊ ပျက်တတ်စွတည့်၊'' ဝံသတပါး၊ သဘော ပြား၍့၊ ချိုးသား တဝက်၊ လူသား ဖက်သို့၊ ကိုယ့်ဘက် သူ့လူ၊ ထိုသည့်သူလည်း၊ မတူ စိတ်သွေး၊ အရေး ရောက်က၊ ဖျက်တတ်စွတည့်၊ ''ဟီန နွယ်ရိုး၊ အမျိုး ညံ့စွာ၊ ကျင့် ယုတ်မာနှင့်၊ ပညာ*မဲ့ငြား၊ သူ့စကားကို၊ ငါ့သား သက်လယ်၊ မယုံလွယ်နှင့်၊ ရှေးဝယ် မြေခွေး၊ ဆောင်သွေး နားသွင်း၊ နာမိလျှင်း၍့၊ သားမင်း*တကာ၊ လိုက်ပါကုန်ကြ၊ ပျက်စီးရ၏၊'' ဝိသမဝါဒီ၊ မညီညွတ်ခြင်း၊ မျိုးဆွေ သင်းတို့၊ ချင်းချင်း မမျှ၊ ကွဲပြားကြလည်း၊ ရှေးက ငုံးပေါင်း၊ ပျက်စီးကြောင်းကို၊ ထုံးဟောင်း မှတ်ယုံ၊ ရေးပုံ တဝ၊ ရွှေဉာဏ် ဆ၍့၊ သားလှ သည်းအူ၊ သတိမူလော့၊ အယူ မခွ၊ ခမည်း ဘ,ကား၊ ဘဝ ဤမျှ၊ ဤက စ၍့၊ ပြည်မ တိုင်းမှု၊ အစုစုကို၊ စွန့်ပြု လျစ်လျူ၊ ''ကာမဟူသည်၊ ရွှံ့မြူ*အထည်း၊ ညွန်ညစ်မည်းမှ၊ *သရည်း ရှောင်ကွာ၊ ဝေးကြောင်း ခွါ၍့၊ ဘယ်ခါ ညစ်ညူး၊ မလူး မရှိမ်း လွတ်အောင် တိမ်းပိမ့်။။ မလိမ်း မကျံတို့ပြီဘူး။ ' (၅၀)

(၂၂၀) အထွေ အလာ၊ လူတို့ရွာတွင်၊ ကျင့်ရာ များဘိ၊ တိုင်းမသိဘူး၊ 'ဗောဓိပွင့်*လျာ၊ သူမြတ်စွာတို့၊ ပညာယှိမှ၊ လို တောင့်တ၏၊ ဗာလကိုကား၊ နားမျှ လေသွဲ့၊ လို *မဟဲ့တည့်၊ ကျိုးမဲ့ကို ဆောင်၊ ကျိုးယှိ ရှောင်လျက်၊ မြတ်အောင် စိတ်ထဲး၊ သိခဲးတတ်စွာ၊ ကောင်းရာ ဆိုလည်း၊ မျက်ထွက် သည်း၏၊ ကျင့်နည်း မသိ၊ ပြုမိ ပြုရာ၊ ပြုတတ်စွာသည်၊ ဒုမ္မေဓာမျိုး၊ သူမိုက်ဆိုးတို့၊ ကောင်းကျိုး စီးပွား၊ မယှိငြားတည့်၊'' တပါး ထိုမှ၊ ''ဉာဏ နှိုင်း*ရှဲ့၊ ကျိုး*မဲ့ကို ရှောင်၊ ကျိုးယှိ ဆောင်လျက်၊ မြတ်အောင် သိလွယ်၊ နှီး*နွယ် ပြသ၊ ဆုံးမ ဆိုမှု၊ မရှု အမျက်၊ နှစ်သက်တတ်ဘိ၊ ကျင့်နည်း သိသည့်၊ ပဏ္ဍိ ဉာဏီ၊ မေဓာဝီကား၊ ဂုဏ်ဆီ ပြန့်ပွား၊ ကျေးဇူးများ၏၊'' ပိုင်းခြား ခွဲညှိ၊ ရာ လိုက်သိရှင့်၊ ''မိမိအကျိုး၊ ဆောင်သယ်ပိုးက၊ ဆွေမျိုးမဟူ၊ မည်သူမဆို၊ ချစ် ကြည်ညိုလော့၊ အဟို ရှေးက၊ ညွန်နှိုက်ကျသား၊ သီဟရာဇာ၊ ကေသရာကို၊ ယက်ကာ မြေခွေး၊ သက် ကယ်ပေး၍့၊ သားမြေး ခုနစ်ဆက်၊ ချစ် မပျက်အောင်၊ နှစ်သက် ကြည်ညို၊ ပေါင်းဘက် *ကြို၏၊ မလို အကျိုး၊ ဆွေမျိုး မမည်၊ မကြည် မလင်၊ မကောင်းလျှင်မူ၊ ကိုယ်တွင် ဖြစ်ပွား၊ သွေးနှင့် သားလည်း၊ ကြီးမား စင်စစ်၊ ရန်သူ ဖြစ်၏၊'' 'အမြစ် အဥ၊ ဆေးအစုကား၊ တခုသော်မျှ၊ ကိုယ်က မပါ၊ တောက လာလျက်၊ ချမ်းသာ ဆောင်တတ်၊ ကျိုးယှိ မြတ်၏၊'' မြဲးမှတ် ထိုပြီ့၊ လူ့ဇာတိနှိုက်၊ လောကီ့ဘာဝ၊ လူ့ကိစ္စကား၊ တူမျှချည်းသာ၊ မဟူစွာတည့်၊ သည်းချာ မင်းဂ†ခြေ၊ နားလည်စေလော့၊ ဆတ်ချေ တုံငြား၊ လောင်းမင်းသားမူ၊ မယားကို ရ၊ ဗြာဟ္မဏမှာ၊ အုံပါလတ်လတ်၊ နှာခေါင်း ပြတ်၏၊ သားမြတ်ရတနာ၊ ဘ,သက်*လျာလည်း၊ အခါ အခါ၊ အရာရာဖြင့်၊ သေချာ စိစစ်၊ ကျိုး-ပြစ် နှစ်တန်၊ ဖြစ်တတ်ဟန်ကို၊ ရွှေဉာဏ် ရှုထိန်း၊ မြင် မပြိန်းနှင့်၊'' ''မိန်းမကောင်း သွမ်း၊ ဂုဏ် ယုတ်နွမ်း၏၊ မိန်းမသွမ်း ကောင်း၊ လာဘ်*မဲ့ ရှောင်းရှင့်၊ အကြောင်းတရား၊ တူတုံငြားလည်း၊ ခြား၏ အကျိုး၊ မတူနိုးဘဲး၊ ကောင်း-ဆိုး အတိ၊ မှန် မယှိတည့်၊ မှတ်ဘိ သေချာ၊ မမေ့ရာဘူး၊'' ''မဟာဘုတ်မျိုး၊ ဆိပ်ရှိန်ကိုးသား၊ မြွေဆိုး လေးကောင်၊ ကိုယ်တွင်း လှောင်၏၊ မာန်ထောင် ည-နေ့၊ ခိုးငွေ့ မစဲး၊ တရဲးရဲးလျှင်၊ အမြဲး လွှတ်ကြို၊ *ဥဒါဟိုသား၊ ဤကိုယ် ကာယ၊ ကိုး ဒွါရဖြင့်၊ *ကိုးဝ ဟောင်းလောင်း၊ တောင်ပို့ခေါင်းမှ၊ ခြောင်းခြောင်း ထွက်-အန်၊ ဆိပ်လျှံအလား၊ တဘွားဘွားနှင့်၊ ဆိုးဝါး ယုတ်မာ၊ ကိလေသာဟု၊ တဏှာ ပဋိဃ၊ သင်္ကပ္ပကို၊ မွေးဘ ရာဇာ၊ ခွါကြီး ခွါပိမ့်၊ မိစ္ဆာ *ရမ္မက်၊ ထိုဝိတက်ဖြင့်။။ မထွက်မလျှံတို့ပြီဘူး။'' (၅၁)

(၂၂၁) '' မိမိကိုယ်ကို၊ ကြီးပွားလိုက၊ အတို မပြု၊ အရှည် ရှုလော့၊ ဒီဃာဝုမည်၊ လောင်းဇာနည်သို့၊ ခိုင်*ကျည်စွာဘိ၊ သမာဓိနှင့်၊ သတိ သမ္ပဇဉ်၊ ယှဉ်စေ ရှေးဦး၊ လွန်မကျူးနှင့်၊'' ''ကျေးဇူး ယှိ*မဲ့၊ နှိုင်း*ရှဲ့ ကောင်း-ဆိုး၊ မှုအမျိုးကား၊ ရိုးရိုး ဆိုတန်၊ မဆိုတန်နှင့်၊ မှန်တိုင်း မကောင်း၊ ချက်ဖယောင်းသို့၊ ပျောင်းတိုင်း မရာ၊ ကျောက်ပမာလည်း၊ မာတိုင်း မသင့်၊ အခွင့် မဆိုင်၊ ရေး မပိုင်က၊ အနိုင် ဘယ်ခါ၊ မကျင့်ရာဘူး၊ လိမ္မာသဖြင့်၊ ရေးရာ ချင့်၍့၊ အသင့် ဉာဏ်ရှု၊ ဆင်ခြင် ပြုလော့၊'' ''သူ့ကို လွန်ကျူး၊ မာန် မရှူးနှင့်၊ အထူး မချွတ်၊ မေတ္တာ ညွတ်၍့၊ ဗြဟ္မဒတ်မင်း၊ ကျင့်ခြင်း ပုံတူ၊ မျက်ယှိသူကို၊ မရှု အမျက်၊ မွေ့ညက် သာယာ၊ အောင်စေရာ၏၊'' 'မေတ္တာ ရှေ့ထား၊ မရငြားသော်၊ ကျားနှင့် ဆိတ်မ၊ စိတြ ဂီဝါ၊ များစွာ ခိုသင်း၊ ငုံး *ခပင်းတို့၊ မကြွင်း ကိုယ်စီ၊ ပိုက်ကို ချီသို့၊ ညီညီ ညာညာ၊ သက်စွန့်ရာ၏၊'' လွန်စွာ ကြိုးကုတ်၊ *အားသွန် ထုတ်လျက်၊ မန္တုဿာဟ၊ ပဘာဝဟု၊ ရာဇသတ္တိ၊ ဂုဏ်သိဒ္ဓိနှင့်၊ စုံဘိ မယွင်း၊ ပြည့်စေလျှင်းလော့၊ ရှေးမင်း*တကာ၊ ရေးရောက်ခါသော်၊ ပညာ ရှေ့ထား၊ လုံ့လအားဖြင့်၊ ကြိုးစား လွန်ပြင်း၊ ကြံကြလျှင်း၏၊ မင်းတို့ ကြံက၊ တခဏနှိုက်၊ ကိစ္စသီးသီး၊ များစွာ ပြီးခဲ့၊ ဘုန်းကြီးသသူ၊ ဗုဒ္ဓင်္ကူတို့၊ ကြံမှု လွယ်ကာ၊ ပြီးမြဲးစွာရှင့်၊ သမ္ဘာခံခြင်း၊ အကြောင်းရင်းတည့်၊ ကြောင်းကင်း ကံကင်း၊ သမ္ဘာ ဖျင်း၍့၊ အရင်း မယှိ၊ ပျင်းရိရိနှင့်၊ နီတိ မသင်၊ နည်း မမြင်ဘူး၊ ''နွားသွင် ယောက်ျား၊ အပျော်ပါးနှင့်၊ အိပ်စားတတ်ကာ၊ ပညာ ဝမ်းတွင်၊ မယှိ ကျင်က၊ ထန်ပင်ထက်ဖျား၊ ပတ္တမြားကို၊ အများ ဒုက္ခ၊ ဆင်းရဲးရအောင်၊ လုံ့လ ကြီးစွာ၊ ကန်နှိုက် ရှာခဲ့၊ ရေမှာ ကျက်စား၊ ရေလိပ်အားလည်း၊ မြစ်နား ယူဆောင်၊ သေအောင် မချွတ်၊ ရေနှိုက် လွှတ်၏၊ ဉာဏ်လွတ် ကြံခြင်း၊ ကောင်းကျိုး ယွင်းရှင့်၊'' ဘ,မင်း မဟာ၊ ငါမင်းကို*မံ့၊ ဘယ်မူ ခံ့လိမ့်၊ ထိုးအံ့ စီးချင်း၊ ထွက်လှည့် မင်းဟု၊ မှန်ကင်းအ*ရောင်၊ မာန ထောင်ပြီး၊ မရှောင် မိုးကဲး၊ လက်ရုံး ဝဲး၍့၊ ခိုက်*ဆဲး ရန်ရှာ၊ *မဲ့ပညာနှင့်၊ ဘယ်ခါ မာန်ပြင်း၊ မမူလျင်းနှင့်၊ ဘ,မင်း မဟာ၊ ငါရာဇာမူ၊ ''ကိလေသာဟုန်၊ လူတိုင်း စုံသည့်၊ ကာမဂုဏ် ပွက်တော၊ ထိုရေကြောနှိုက်၊ မမျောလိုပြီ၊ မသတီဘဲး၊ ရွံ့ညှီ ငြီးငွေ့၊ ပြည့်အလေ့ကို၊ မမွေ့ စိတ်မှာ၊ တောကြီး ခွါ၍့၊ ဧကာယန၊ အရိယမဂ်၊ အထက်လမ်း ပွား၊ တကိုယ်သွားဖြင့်၊ အများ အဆန်၊ ညာ နိဗ္ဗာန်သို့၊ ခွါကန် ဘော်နည်း၊ တယောက်တည်းမျှ၊ *အရည်းဓမ္မတာ၊ ဆန်တော့စွာအံ့၊'' ''ငွေသော်တာ လ၊ စန္ဒြလျှင်၊ ညမှသော်သာ၊ ကုမဒြာဟူ၊ ကြာဖြူအပေါင်း၊ ကြာခေါင်းလောင်းတို့၊ ပွင့်ကြောင်း မှန်စွာ၊ သူရိယာကား၊ ကောကာနဒ၊ ပဒုမဟု၊ အရုဏရိုး၊ ကြာနီမျိုးကို၊ လင်း*မိုးသောက်ပ၊ နေမှ လတ်လတ်၊ ပွင့်စေတတ်၏၊'' အမှတ် *တန်ထွာ၊ ဓမ္မတာသို့၊ ''လူမှာ လူဖြင့်၊ လူသာ ကျင့်၏၊ ရှင်နှင့် မလျော်၊ ရှင်သော် ရှင်ကျင့်၊ ရှင်သာ သင့်၏၊ လူနှင့် မရာ၊ မစပ်စွာတည့်၊'' ပြည်ရွာကိစ္စ၊ ဟူသမျှနှိုက်၊ ကာမဝိတက်၊ ဤ*ရမ္မက်နှင့်။။ မဆက်မဆံတို့ပြီဘူး။ (၅၂)

(၂၂၂) မင်းတို့ နှလုံး၊ စိန်တုံး စိန်တိုင်၊ မယိုင် မယိမ်း၊ မတိမ်း မ *သုန်၊ မတုန် မချောက်၊ ရဲးခွင့် ရောက်က၊ မာခေါက်ချင်ချင်၊ ရဲးစွမ်းအင်ဖြင့်၊ ရွှေခြင်္သေ့စိတ်၊ ရွံ့ မထိတ်ဘဲး၊ ရဲးဟိတ် မယုတ်၊ ပဉ္စာဝုဓ်သို့၊ မဆုတ် နည်းမျှ၊ လက်ရုံး ကြွ၍့၊ သူက မာန်သွင်း၊ ရဲးတင်း *ရည်ငံ၊ စီးချင်း ခံဟု၊ ကြုံးသံ ကြိမ်းဆို၊ မာရ်မင့်းကိုယ်လည်း၊ ဆိုင်လို လာခဲ့၊ မ*နုန့်နဲ့လင့်၊ ငါကဲ့သို့လား၊ ရဲးတည်+ကြားလျက်၊ ယော+က်ျား *ဖီလာ၊ ဖြစ်စေရာ၏၊ မင်းမှာ သတ္တိ၊ မယှိတုံက၊ ဤလောကနှိုက်၊ ထိုမျှ ကျွန်ကျွေး၊ နီး-ဝေး တွင်း-ပြင်၊ ဝန်းကျင် မကြွင်း၊ ပြည်ထောင်ချင်းတို့၊ မာတင်း မတွန့်၊ မာန်စောင် *ကွန့်၍့၊ မဆန့် *မရည်း၊ *မယမ်းပည်းဘူး၊ ငါ့နည်းယူယူ၊ ငါ့တူ မခြား၊ ငါ့သားပီပီ၊ ငါနှင့် ညီအောင်၊ ဆိုပြီ နှုတ်ထွက်၊ ကိုယ်လက် နှစ်ဘို့၊ အင် မချို့ဘဲး၊ ဤမြို့ညီးညီး၊ ဤနန်းကြီးက၊ ဤထီး ဤစည်၊ ဤတိုင်းပြည်ကို၊ ဘုန်းရည် *ဖြိုးလျှံ၊ ဘ,မွေ ခံ၍့၊ သစ္စံ ဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်၊ ရန်သူ အောင်ကြောင်း၊ ကျင့်ကောင်း လေးပါး၊ တရား မလစ်၊ မင်းမူရစ်လော့၊ နေမြစ် *အာဟိန်၊ နေနှယ် ထိန်၍့၊ ရာဇိန္ဒာဘိ၊ ဇာတိ နေပိုင်း၊ နေဂိုဏ်း ဥက္ကဌ်၊ တိမဟတ်ဖြင့်၊ *တမွတ်ညီးညီး၊ ရွှေနန်းကြီးထက်၊ ထီးလို မင်းလို၊ များ ကြည်ညိုလျက်၊ ကုသိုလ်လည်း ပွား၊ တရားလည်း ကျင့်၊ မြင့်ထက် မြင့်လိမ့်၊ နှိုင်းချင့် ဆင်ခြင်၊ ကျိုးပြစ်အင်ကို၊ မြော်မြင် တတ်သိ၊ ပညာယှိအား၊ အမိ ညီဘွား၊ မယား ကြင်ဘက်၊ ကိုယ်သက် စွန့်ကာ၊ မြတ်နိုးစွာသား၊ ရာဇာ ဧကီ၊ စူဠနီသို့၊ တူညီ စင်စစ်၊ သား*မွန် ချစ်လော့၊ ''ကျိုး-ပြစ် မမြင်၊ မဆင်ခြင်ဘဲး၊ နတ်ဝင် ပုံမြှောက်၊ မီးတောက် လေကူ၊ ပင့်သောတူသို့၊ မသူတော့်ဉာဏ်၊ ဆော်ဘန် မပြတ်၊ အားပေးတတ်သား၊ ကေဝဋ်ဆရာ၊ ပိင်္ဂလာနှင့်၊ ခဏ္ဍာဟလ၊ ပုဏ္ဏာ့းအယောင်၊ သူမိုက်ခေါင်ကို၊ ကြဉ်ရှောင် ခွါ-ကင်း၊ မပေါင်းသင်းနှင့်၊ ယင်းသည့်လူမျိုး၊ သန္ဓေဆိုးကား၊ တစိုး တစိ၊ ပညာယှိလည်း၊ အသိ မလိုက်၊ စရိုက် ဆိုးကျူး၊ ပညာရူးတည့်၊ ကျေးဇူး*မဲ့လျှင်း၊ ကောင်းကျိုး ကင်း၏၊'' ဘ,မင်း ရွှေကိုယ်၊ ငါ ဘုန်းမိုမူ၊ ဗြဟ္မစိုရ် နှလုံး၊ ဆောက်တည် သုံးပိမ့်။။ သက်ဆုံး *မယွံတို့ပြီဘူး။ (၅၃)

(၂၂၃) သူမိုက် သူညစ်၊ မပေါင်းရစ်လင့်၊ မစစ် မျိုး-နွယ်၊ လူဝယ် ဖြစ်ဆန်း၊ လူ့ပေါက်ပန်းနှင့်၊ သဖန်း ကျီးအာ၊ သီးပမာသို့၊ လူဝါ နှုတ်ပြော၊ ပြင်သာ ချော၏၊ ငှက်ပျောပင် စိုက်၊ မိလိုက် ဘ,ပါ၊ ဝေါဟာ ခေါ်ရိုး၊ *မော်ကွန်း ထိုးခဲ့၊ အမျိုး လိုက်တတ်၊ များ၏ မှတ်လော့၊'' ''ယုတ်-မြတ် ဇာတိ၊ ဆင် ဟတ္ထိနှိုက်၊ အမိ အသား၊ ဘ,ကား မျက်လုံး၊ မှတ်ထုံး ထို့ပြင်၊ မွေးမျှင် အဘွား၊ မခြား ခေါ်ရိုး၊ အဘိုး တမူ၊ အစွယ် တူ၏၊ မှတ်ယူ ထို့နှယ်၊ လူဝယ် အဟုတ်၊ သဘော ထုတ်သော်၊ မိယုတ် နှုတ်ကြမ်း၊ ဘ သရမ်းက၊ ညစ်ညမ်း မူဆိုး၊ အမျိုး မမှန်၊ အကျင့် တန်၏၊ ကျေးကျွန် လွတ်လွတ်၊ ခွင့် မလွှတ်နှင့်၊'' ''ဖွတ် မိကျောင်းဖြစ်၊ မြစ် မချမ်းသာ၊ ပမာ ထင်ရှား၊ သူကောင့်းသားမူ၊ ယဉ်ပါး အဟုတ်၊ သူယုတ်၏့ သား၊ ရမ်းကားတတ်စွ၊ မိုက် မာနနှင့်၊ ဒေါသ ဟုန်ဟုန်၊ တဖျင်*သုန်ဖြင့်၊ နယုန် ရေရူး၊ ရေဦး ရေလွင်၊ ရေသမင်သို့၊ လျင်လျင် ဟုပ်ဟုပ်၊ သိမ်းချုပ် မတည်း၊ လိမ္မာ နည်း၏၊'' ''ကြက်လည်း မရောက်၊ ကျီး မမြောက်သား၊ အောက်ကလိအာ၊ အာကလိအောက်၊ မိနောက် မကျ၊ ဘ,နောက် မမီ၊ မပီ မပွန်၊ တွန် တကျယ်ကျယ်၊ ကြက်-ကျီးငယ်သို့၊ တင့်တယ်*မဲ့စွာ၊ ကေသရာနှင့်၊ သိင်္ဂါလီ မွေး၊ ခွေးခြင်္သေ့ငယ်၊ သားမျာ့း လယ်နှိုက်၊ ရယ်ဘွယ် ဟောက်ခြင်း၊ ဟင်္သာမင်းနှင့်၊ မကင်း ကျီးမ၊ ပေါင်း၍့ ရသည့်၊ ဝိနီလမည်၊ ဂုဏ်ရည် မသိ၊ မျိုးဇာတိဖြင့်၊ အမိ မသန့်၊ ဘုန်း*ကြန့် ယုတ်မာ၊ မိုက်မဲးစွာသား၊ ပညာ မကြီး၊ ဗန္ဓတ်ကျီးသို့၊ နှုတ်သီး မစောင့်၊ စိတ် မဖြောင့်ဘူး၊ ထို့ကြောင့် မျိုးဇာစ်၊ ဇာတ်မူ စစ်လော့၊ သူညစ် သူ*မွန်၊ ဤ နှစ်တန်ကို၊ ဝေဘန်သမှု၊ ဆင်ခြင် ရှုသော်၊ ကိုယ်ပြု နှုတ်ပြော၊ သဘောအလား၊ ကျင့်မူ ထားနှင့်၊ စကား ဆိုက၊ ဇာတိ ပြ၏၊ မုချ စင်စစ်၊ မှတ်ယူရစ်လော့၊'' သားချစ် ခမည်း၊ ငါ*ရန်လှည်းကား၊ အရည်းတို့ တမ်း၊ ကျောင်းသင်္ခမ်းနှိုက်၊ မဂ်ငြမ်း တည်ပြု၊ ကသိုဏ်း ရှုပိမ့်၊ ''ညစ်ကျု ယုတ်မာ၊ ကိလေသာတိ၊ တဏှာ လမ်းသွား၊ ခရီး မှားလျှင်၊ ရိရှားပန်းပင်၊ ကန္တာပြင်ဝယ်၊ မမြင် ရှေ့-နောက်၊ အာခေါင် ခြောက်လျက်၊ သောက်လေ သောက်လေ၊ ငတ် မပြေသား၊ ဆားရေ*တမျှ၊ နတ်ကာမလည်း၊ မဝနိုင်စွာ၊ တဆာဆာတည့်၊ ပါယ်ရွာဘို့ချည်း၊ မေ့ကျော့*ကျည်း၏၊'' အသည်း မပြန့်၊ သံဝေ လန့်ခဲ့၊ ရွှေနန့်းရိပ်ဝယ်၊ ရွေမျာ့းလယ်နှိုက်၊ အရွယ်မလှ၊ ခေါင်းဖြူဆွနှင့်။။ မွေးဘ မစံတို့ပြီဘူး။ (၅၄)

(၂၂၄) ကုမာရက၊ ငယ်နာမဖြင့်၊ ထိန်းယ ဖြေဖျော်၊ ခမည်းတော်နှင့်၊ မယ်တော်ရင်ခွင်၊ ရွှေနန်းပြင်နှိုက်၊ *လုလင် လူရေး၊ မဝင်သေးဘဲး၊ ပြေးပြေး လွှားလွှား၊ ငယ်ဘော်များနှင့်၊ ကစား ပျော်ရစ်၊ သူငယ်ဖြစ်ဖြင့်၊ အနှစ် ရှစ်သောင်း၊ လေးထောင် ပေါင်းတိ၊ ကြာ*ညောင်း ငယ်က၊ ပျော်မြူးလှပြီ၊ ဥပရာဇာ၊ မင်းလောင်း*လျာဟု၊ မင်္ဂလာ မြောက်ဝင်း၊ စံအိမ်တွင်းနှိုက်၊ ငြိမ့်ငြင်း ငါးမည်၊ သံစည်စည်ဖြင့်၊ တီးမြည် ရင့်+ကျူး၊ နတ်မထူးအောင်၊ ရိုက်+ကြူး ဆော်*ညောင်း၊ ရွေရံပေါင်းနှင့်၊ ရှစ်သောင်း လေးထောင်၊ နှစ်စင်အောင်လည်း၊ *မြားမြောင် ကာလ၊ ပျော်ဖူးလှပြီ၊ ထိုမှ တသီး၊ ညီးညီး နေ့ဟန်၊ နဗဒဏ်ဟု၊ ရောင်*ဝှန် ဖြိုးပုံ၊ ထီး ကိုးဘုံဖြင့်၊ အစုံ ခင်းကျင်း၊ လူ့ဘုံ မင်းတို့၊ စံခင်းယှိရာ၊ စံကောင်းစွာကို၊ မြင့်ကြာ ရှည်*ညောင်း၊ နှစ် ရှစ်သောင်းထက်၊ ကျော်ဆောင်း လေးထောင်၊ ကုန်*ကျွန်းအောင်လည်း၊ ကိုယ်ရောင် ဝင်းလက်၊ ဆင်း ညက်ညက်တို့၊ ငြိမ့်ငြက် *ခြည်း+ခြည်း၊ ပျော်ဘွယ်+ချည်းနှင့်၊ *ပြတည်း ရွှေဘုံ၊ နန်းကြီး လှုံ၍့၊ ငါးစုံ ကာမ၊ နီဝရဏ ပိတ်ပိတ်၊ သံကိလိဌ်ဖြင့်၊ ငယ်စိတ် မြူးကြွ၊ ပျော်ကြူးလှပြီ၊ ''ကာမ ငါးစုံ၊ ငါး အာရုံတို့၊ မီးပုံ တူလှ၊ သူ-ငါ စသား၊ ထိုမျှ ကြီး-ငယ်၊ လူပေါယယ်မူ၊ ပို့းနှယ် မိုက်ရူး၊ မီးနှိုက် မြူး၏၊ ယူးယူး သေမင်း၊ ခေါင့်းထက် နင်းလည်း၊ မလင်း ဉာဏ၊ မသိကြဘူး၊ အစ သညာ၊ ကြာ မိစ္ဆာနှင့်၊ သမ္မာ မယှဉ်၊ ပညာ ကြဉ်လျက်၊ ငယ်စဉ် တဏှာ၊ အိုခါ ဒိဋ္ဌိ၊ မျောက်နှဲး မိသို့၊ ကပ်ငြိ ကိုယ်လုံး၊ ဘဝ ရှူံးအောင်၊ သက်ဆုံး ပျော်မြူး၊ အမိုက် ကြူး၏၊'' ''မူးတူး မင်တင်၊ အမြင် မယှိ၊ အသိ ကင်းငြား၊ အပျော်ပါးနှင့်၊ အိပ်စားသာမျှ၊ ဘဝ ဖျင်း*သုန်၊ ဂုဏ်-အနှစ် *မဲ့၊ အကာ ပြဲ့သား၊ အကဲ့ လုံးလုံး၊ ငှက်ပျောတုံးသို့၊ ပခုံးကြားရောက်၊ ဥက္ခောင်းပေါက်လည်း၊ ပေါက်သည့် ဥက္ခောင်း၊ မွေး ဆောင်းဆောင်းမျှ၊ ဥက္ခောင်းချင်းမူ၊ တူကုန် *တမင့်၊ ဉာဏ်နှင့် ဥက္ခောင်း၊ လွန်နည်းတောင်း၏၊ *သောင်းပြောင်း လူမှာ၊ ထူပြောစွာရှင့်၊'' မှူးရာ မတ်ရံ၊ ရွှေဘုံပျံဝယ်၊ မိဿံ မောင်းမ၊ ဖြေဖျော် ခလျက်၊ နေ့-ည မိန်းမူး၊ ပျော်လိုက်ကြူးကား၊ ကျေးဇူး လွန်နည်း၊ အပြစ် *ပည်းခဲ့၊ ခမည်း မောင့်ဘ၊ တခဏမျှ၊ အပ္ပသာဒါ၊ လူ့ချမ်းသာနှိုက်၊ ယုတ်မာ ညစ်ဆိုး၊ မီးဝင် ပိုးသို့၊ အကျိုး မနက်၊ ဤ ဝိတက်ကို။။ သက်သက် မကြံတို့ပြီဘူး။ (၅၅)

('တို့ပြီဘူး'ဟု အချချည်း တူရကား 'သော်တာရောင်ချ'ချည်းပင်၊ ပေါက်ပြ'လည်း ဟူကြ၏၊)

(၂၂၅) ယင်းသို့ကြောင့်တိ၊ '''''''''*ယခေါင့်ကာလ၊ *ရှေးမဆွက၊ ဉာဏနှိုက် နှဲး၊ လေးတွဲး ဆင်ခြင်၊ အမြင် တိုးတက်၊ သိ ထဲးနက်သား၊ *ကြံထက် ပညာ၊ လိမ္မာယောက်ျား၊ ပဏ္ဍိတ်များတို့၊ ပိုင်းခြား ဒိဋ္ဌ၊ မြင်ကြသော့အား၊ ချစ်မယားနှင့်၊ ချစ်သား-သမီး၊ နန်း-ထီး တိုင်းပြည်၊ အတည်တည်ကို၊ နှင်းရည် ဆီးပေါက်၊ တစက်လောက်မျှ၊ မအောက် မမေ့၊ မပျော်မွေ့ဘဲး၊ ရှေးလေ့ ရှေးလာ၊ ကိလေသာဖြင့်၊ လွန်စွာ တပ်လျက်၊ နှစ်သက် တည်ယှိ၊ လောဘ ငြိသည့်၊ ရတိဘာဝ၊ သိင်္ဂါရကား၊ ဉာဏ မတိ၊ ထင်လာ သိသော်၊ ဗျဘိစာရီ၊ ဖြစ်မြဲးပြီကြောင့်၊ နံညှီ ငြီးငွေ့၊ ကွယ်ပျောက်လေ့တိုင်း၊ ထိုရွေ့ *ကွန့်ကွန့်၊ စည်းစိမ်*ဝှန့်ကို၊ စွန့်၍့သို့ပင်၊ ငြိမ်းဧးချင်ဟု၊ ဖြုတ်ခြင် မ+ကြောက်၊ သွေးသံ ခြောက်မျှ၊ ရှိန်+ကျောက် နေဝါ၊ ခံကာသာဖြင့်၊ ရေစာ မွတ်ယှား၊ ငတ်*ဆွန့်ပါးလျက်၊ ဆီ-ဆား လူ့ဘောင်၊ မဆောင် မကြဉ်း၊ ရွာ မချဉ်းဘဲး၊ ကိုယ်ကျဉ်း စိတ်+ချုပ်၊ မြွေပ+ခြုပ်သို့၊ ထိန်းအုပ် လုံခြုံ၊ *မြိုင်*ရဂုံနှင့်၊ တောချုံ ကောင်းရာ၊ ပုန်းအောင်းကာလျှင်၊ ငါးဖြာ သံသဂ်၊ မြူ *ရမ္မက်လည်း၊ မဆက် မဆံ၊ စုံ*မြိုင်ယံဝယ်၊ မြဲးမြံ ကြံ့ကြံ့၊ စိတ် ခိုင်ကြံ့လျက်၊ ကြံ့ချို့ပမာ၊ တချောင်းသာသို့၊ ရှောင်ခွါ ဘော်နည်း၊ တကိုယ်ချည်းဖြင့်၊ *အရည်းပီပီ၊ ဈာန် ဝသီကို၊ ဉာဏ်မီသရွေ့၊ ဆည်းပူး၍့လျှင်၊ ပျော်မွေ့ မဘောက်၊ *လှံ မစောက်သည်။။ ဆုံးရောက် အာယု သက်တိုင်တည်း။'' (၅၆)

(၂၂၆) လမ်းစဉ် ဖြောင့်ခြင်း၊ *ကောက်ကစင်းဖြင့်၊ ငါမင်းသည်လည်း၊ သူတော့်နည်းကို၊ *နိဿရည်း ရမိ၊ လမ်းရိုး သိပြီ၊ ပြည်ကြီ့းကိစ္စ၊ ဘယ် ကြောင့်ကြအံ့၊ ''မုချ ရိုးရိုး၊ သေကြမျိုးတည့်၊ လူ့ဘိုး နတ်ဘ၊ မိုးက ဗြဟ္မာ၊ မလွတ်ရာဘူး၊ လူ့ရွာ အယှိ၊ သက်ဇီဝိကား၊ အတိပရိတ္တ၊ လွန်နည်းလှ၏၊ တခဏတွက်၊ ထွက်-ဝင်သက်မျှ၊ မဆက်ရနိုး၊ ရေပြွက်မျိုးတည့်၊ လို စိုးမရ၊ မရဏဟု၊ အနိစ္စတာ၊ လက္ခဏာဖြင့်၊ မကြာ *ဖြုတ်ချည်း၊ ရှင်ရာ နည်း၏၊ *တံလည်းမြစ်*လောင်း၊ တောင်ကျချောင်းသို့၊ ထောင်းထောင်း ခဏ၊ ခန်းလွယ်စွရှင့်၊'' ဘဝ ဤမျှ၊ မသေရခင်၊ မဃဒေဝ၊ အမ္ဗဝနေ၊ သင်္ချေချေတိ၊ ပင်ခြေ ဆိုင်းဆိုင်း၊ မှိုင်းမှိုင်း ရီရော၊ သရက်တောနှိုက်၊ လျင်ဆော ခုသာ၊ အကြာ မလို၊ *တောက်တပိုဖြင့်၊ ဗြဟ္မစိုရ်မှု၊ ကသိုဏ်းရှုလျက်၊ ဂရုကတ၊ သမဏ၏့၊ ဓမ္မကိစ္စံ၊ ပရိကံကို၊ မြဲးမြံ မပြတ်၊ နိစ္စဗဒ်လျှင်၊ အပတ်*တကုတ်၊ *အားသွန်ထုတ်၍့၊ မဆုတ် တပ်ကြီး၊ ငါ တက်စီးပိမ့်၊ ''*ဖြင်ညီး များစွာ၊ သတ္တဝါနှင့်၊ ကမ္ဘာ ဖြစ်ဟန်၊ ဗြဟ္မာ ဘန်ဟု၊ ဘောက်ပြန် ချွတ်ယွင်း၊ မမှတ်လျှင်းနှင့်၊ ခပင်း လောက၊ လူထိုမျှကား၊ ပြုက အသစ်၊ ဖြစ်က အဟောင်း၊ ကျိုးနှင့် ကြောင်းတည့်၊ ဆိုးကောင်းဟူထ၊ ဤ နှစ်ဝကို၊ ကမ္မသကာ၊ မှတ်တို့ရာ၏၊ သည်သာ မှန်တိ၊ ယွင်းမယှိဘူး၊'' ''မိမိ ကမ္မ၊ ကိလေသဖြင့်၊ သုခ လိုငြား၊ ဒုက္ခ ပွား၏၊ ရှေ့ကား သုခ၊ နောက် ဒုက္ခနှင့်၊ စိတ်က လိုရေး၊ အဧး တောင့်တ၊ အပူ ရလျက်၊ ပူက ဧးမြဲး၊ မှန်မလွဲးရှင့်၊ ဆင်းရဲး ရှေးယှိ၊ နောက်ပြီ့း ချမ်းသာ၊ ဖြစ်မြဲးစွာတည့်၊'' ဓမ္မတာ အပြီး၊ လူ့*ထုံးတီးကို၊ ဘုန်းမီး တောက်ပ၊ ချစ်မဝသည်၊ သားလှ ရွှေချည်၊ မောင် မှတ်တည်လော့၊ ဆံခြည် ဆယ်+ခြမ်း၊ မွေးဘ ဝမ်းနှိုက်၊ မ+ချမ်းနိုင်ဘွယ်၊ လောင်တိုက်နှယ်သို့၊ အကယ် ထင်ရည်၊ စိတ်ဝယ် တည်ကြောင့်၊ သည်ပြည် တိုင်းခန်း၊ သည်နန်း သည်ထီး၊ သည်လောင်မီးနှင့်၊ မမှီး မစပ်၊ ငါ မအပ်သည်။။ နီးကပ် မခံတို့နိုင်တည်း။ (၅၇)

(၂၂၇) အနေကဇာ၊ သံသရာက၊ ဝါသနာ သိမ်မွေ့၊ ကံမျိုးစေ့ကြောင့်၊ ကောင်းလေ့ ကောင်းနည်း၊ *နိဿရည်းကို၊ ခမည်း ဆုံးမ၊ ဩဝါဒတိုင်း၊ မချ နားဝယ်၊ နာစလွယ်၍့၊ မပယ် မသွေ၊ ခံသော့ထွေဖြင့်၊ ကောင်းနေ ကောင်းစံ၊ ကောင်းကြံ ကောင်းပြော၊ ကောင်းသဘောနှင့်၊ တင့်မော ဆင်းဝါ၊ လမင်း သာသို့၊ မျက်နှာ ရွှေဥ၊ ချစ်ဘွယ် စုသည့်၊ နန်းသူ့ မျက်ချယ်၊ ဘ,သက်လယ်။။ နားဝယ် နှစ်သိမ့်၊ သားချစ် စိမ့်လော့၊ ရွှေအိမ့်သခင်၊ နန်းကြီးရှင်တို့၊ လူတွင် လူနတ်၊ လူမြတ်ထွတ်ဖျား၊ လူဘုရားတည့်၊ မမှား ဓမ္မ၊ နေ့နေ့ ညဖြင့်၊ လုံ့လ မချွတ်၊ ကင်း မလွတ်ဘဲး၊ မင်းဝတ် ပြည်ရေး၊ မျှော်ရှု တွေးလျက်၊ ရှေးဥပဒေ၊ ထုံး ပဝေကို၊ ဖျက်သွေ ပယ်ရှောင်း၊ လိုရာ ပြောင်း၍့၊ ထပ်လောင်း သစ်ဆင်၊ ထူး မပြင်လင့်၊ ပြည့်ရှင် မင်းမြတ်၊ အမတ် တပါး၊ အခြား နန်းနေ၊ ချစ်မိတ်ဆွေက၊ ရွှေငွေ ကျီကြ၊ တိုင်း ရဋ္ဌနှင့်၊ မြို့ပြ ခဲးခက်၊ ရဲးမက် ဗိုလ်ပါ၊ သင်္ချာ ခုနစ်အင်၊ ဤရဇ္ဇင်လည်း၊ စုံလင် ဘယ်ခါ၊ မချို့ရာဘူး၊ သည်းချာ မှတ်စိမ့်၊ နား နှစ်သိမ့်လော့၊ ပျော်ချိမ့် မြူးချိမ့်၊ ယစ်မူးပိမ့်ဟု၊ ခြိမ့်ခြိမ့် သဲးသဲး၊ သောက်စားပွဲးနှင့်၊ ပျော်ပွဲးသဘင်၊ ကြူး မရွှင်လင့်၊ တိုင်ပင် မန္တ၊ ဥဿာဟကား၊ လုံ့လ ရဲးခြင်း၊ ဆင်-မြင်း သေနာ၊ ဗိုလ်ပါ ဗလ၊ ပဘာဝဟု၊ ရာဇသတ္တိ၊ သုံးပါး ယှိ၏၊ နှိုင်းညှိ ဆင်ခြင်၊ ပြည့် စုံလင်လျက်၊ တွင်း-ပြင် နီး-ဝေး၊ တိုင်းပြည်ရေးနှင့်၊ မင်းရေး ဆန်းကြယ်၊ ဤ နှစ်သွယ်ကို၊ လွှဲးပယ် မမေ့၊ မငြီးငွေ့ဘဲး၊ ကြံစေ့ လုံ့လ၊ မပျင်းရဘူး၊ ရာဇဗျူဟာ၊ မင့်းမာယာနှိုက်၊ လိမ္မာရေး *ကုံ၊ ကြေးမုံအလား၊ မြဲး ရှုစားတည့်၊ အားထုတ်ထိုက်စွာ၊ အရာရာကို၊ မထောင်းတာမှု၊ ဖျက်ဆီး ပြု၏၊ ရှေးသူ့ စကား၊ မောင် မှတ်သားလော့၊ နဂါး *တသုန်၊ ဂဠုန် တတန်၊ ကုမ္ဘဏ် တတိုက်၊ ရက္ခိုသ် တထပ်၊ ဂန္ဓာဗ် တသင်း၊ ငါးတန် ကင်းနှင့်၊ တောင်မင်း ထိပ်ချာ၊ ဝတိံသာသို့၊ သူရာစစ်အင်၊ တက်စီး ဝင်ခဲ့၊ သို့လျှင် ထို့ကြောင့်၊ ဘ,ကောင့်း သားချစ်၊ ဉာဏ်ဖြင့် စစ်လျက်၊ မဖြစ်စရိုး၊ မမှတ်နိုးနှင့်၊ မိုး မပြိုတန်၊ ဆိုသော့ဟန်သို့၊ မေ့ကျန် မယှိ၊ သတိ ကိုယ်ယုံ၊ အမြဲး လုံသည်။။ ရေးပုံ မလစ်စေရာတည်း။ (၅၈)

(၂၂၈) ပျော်ကြူး *လေဘင်၊ တလွင်လွင်နှင့်၊ လူတွင် ဉာဏ်မဲ့၊ ကျိုး မ*ဟဲ့ဘူး၊ အကဲ့လည်းကောင်း၊ ''တောမျောက်ပေါင်းတို့၊ ဥက္ခောင်း ခြေလက်၊ မျက်ခွက် မျက်နှာ၊ ပမာ တမူ၊ လူနှင့် တူလည်း၊ လူသို့ ပညာ၊ မယှိပါ၍့၊ အိမ်ရာ တင်းကုပ်၊ ဆောက်လုပ် သေသတ်၊ မပြုတတ်ကြောင့်၊ မိုးစွတ် နေပူ၊ မဟူ စပါ၊ ခံရစွာ၏၊ ပညာ ပြည့်ကြွယ်၊ စာသူငယ်မူ၊ ဆန်းကြယ် ရိပ်မြုံ၊ သိုက် အအုံနှင့်၊ မိုးလုံ နေလွတ်၊ ပူ မစွတ်ဘဲး၊ ကြည်ဆွတ် ချမ်းမြ၊ ခိုလုံရ၏၊ ဗာလ ပဏ္ဍိ၊ ထူးသတ္တိကို၊ နှိုင်းညှိ ဉာဏ်တွင်၊ သိ ထင်မြင်လော့၊ တွင်း-ပြင် နီး-ဝေး၊ လွန်ရှုပ်ထွေးခဲ့၊'' ''ပြည်ရေး မင်းရေး၊ ပေါက်နှင့် ကျေးတည့်၊ ကျေးလည်း စိမ်းစိမ်း၊ ပေါက် စိမ်းစိမ်းသို့၊ မှတ်*ထိမ်း ဥပမာ၊ မှုရေးရာကို၊ ပညာယှိမြတ်၊ များမှူးမတ်နှင့်၊ မပြတ် တိုင်ပင်၊ ညှိ ဆင်ခြင်လော့၊'' ''အကြင် လူနှိုက်၊ စရိုက် မိုက်ထိုင်း၊ ဇာတိ ရိုင်းကား၊ ဗျိုင်း သူတော်ယောင်၊ ကြောင်သူတော်တု၊ ကျင့်ပြုတတ်စွ၊ အပေါ် လှလည်း၊ အပ ဈေးသုံး၊ ရွှေရောင် ဖုံးလျက်၊ ကြေးတုံးပမာ၊ များကြစွာ၏၊'' 'နွယ်လာ အရိုး၊ အမျိုး မတူ၊ အယူ မမျှ၊ ဝါဒ ညစ်ညမ်း၊ လူစိမ်းရွမ်းကို၊ ကျွမ်း မဝင်ရာ၊ ကျွမ်းဝင်ပါက၊ ပျက်တတ်လှ၏၊ အန္ဓအသွင်၊ မမြင် ကျိုးကြောင်း၊ ခြွေရံပေါင်းနှင့်၊ မကောင်း မိတ်ဆွေ၊ တူနေ ရောထွေး၊ *ယခင့် ရှေးက၊ မြေခွေး ပုတ်သင်၊ ကျွမ်းဝင် သွေးညှိ၊ လိုက်မှားမိ၍့၊ ဗောဓိသတ္တ၊ ဘုရာ့းအ*လျာ၊ သမ္ဘာ မှည့်ဝင်း၊ သမင်မင်းနှင့်၊ ဖွတ်မင်း ငုံးမင်း၊ ခိုမင်း ဂီဝါ၊ ရွှေဟင်္သာက၊ မဟာကပိန္ဒ၊ စသည် *ခပင်း၊ လောင်းတော် မင်းတို့၊ ကျော့ကွင်း ပိုက်မိ၊ ဘေးကြီး ထိ၏၊'' မှတ်ဘိ မြဲးယုံ၊ ဘ,ကြေးမုံလည်း၊ ရေးပုံ တမူ၊ မှတ်နည်း ယူ၍့၊ ''လူတွင် လူမိုက်၊ မကြိုက် သုစရိ၊ မယှိ ပညာ၊ သူယုတ်မာကို၊ သဟာ ကျွမ်းဝင်၊ မပြုချင်နှင့်၊ ဂုဏ်အင် ယုတ်နွမ်း၊ ကျေးကျွန်သွမ်းနှင့်၊ မင်းသွမ်း ကျင့်မူ၊ သဘောတူက၊ ပြည်သူအများ၊ မစီးပွားခဲ့၊ ပြည်အား*မဲ့စွာ၊ ဖြစ်သော့ခါလည်း၊ မင်းပါ လုံး*ဓွန်း၊ ပြည် နစ်မွန်း၍့။။ ထီးနန်း ကွယ်ပျောက် သုညာတည်း။'' (၅၉)

(၂၂၉) 'တရား လက်လွတ်၊ မင်းကျင့် ချွတ်၍့၊ မင်းဝတ် ပြည့်အောင်၊ ကျင့်မဆောင်ဘဲး၊ သူလောင် သူပျက်၊ သူသွမ်းသွက်နှင့်၊ ပေါင်းဘက်သော့အား၊ မင်းပါ မှားသော်၊ တိုင်းကား ဝန်းကျင်၊ ပျက်စီးစင်လိမ့်၊ ပြည့်ရှင် မင်းစစ်၊ ဖြစ်လျက် သွမ်းသော့၊ မေ့လျော့ အလို၊ ပြည်ကို မစောင့်၊ ကြောင့်ကြမမူ၊ ရှု လျစ်လျူ၍့၊ ပြည်သူ ပြည်သား၊ ရှင်-လူများတို့၊ တရား ယွင်းခွ၊ ပျက်ကုန်ကြသော်၊ ထိုမျှ *တသွန်၊ ငါးမျာ့းဝန်ကို၊ ပုဇွန်ဆိတ်ခေါင်း၊ ခံရရှောင်းသို့၊ မကောင်းသမျှ၊ မင်းတွင် ကျ၏'' ''လောက လူ့ခွင်၊ လူတွင် မင်း*ဓီး၊ စက်ရှင် စီးလျက်၊ ဘုန်းကြီးစေကာ၊ *ကြမ္မာ ညှိုးမှိန်၊ ပျက်စီးချိန်နှိုက်၊ ပညိန္ဒြိ၊ သတိ မှောက်မှား၊ တရား ကင်းလွတ်၊ ကျင့် ယွင်းချွတ်၏၊ ကျင့်ချွတ်သော့ခါ၊ ပညာ အမျိုး၊ တန်းခိုး ထိန်ညီး၊ ဘုန်းတန်း ကြီးလည်း၊ ပျက်စီးမြဲးလျှင်၊ မချွတ်ပင်တည့်၊'' ''အကြင် လူများ၊ ယောက်ျား မိန်းမ၊ စသည် ထိုထို၊ ပျက်စီးလိုက၊ အဆို အသွား၊ အမှားမှားဖြင့်၊ ဘုရားသော်မှ၊ ဟော မရဘူး၊'' ဗာလ ဘုန်းကြီး၊ ကောက်ရိုးမီးသို့၊ *အကျီး မကျ၊ ခဏမျှသာ၊ ပျက်စီးရာ၏၊' 'ပညာယှိထွတ်၊ သူမြတ်တို့ထံ၊ ဆုံးမ ခံ၍့၊ ကျင့်ကြံ သမ္မာ၊ ဆောက်တည်ပါမူ၊ သမ္ဘာစေ့ပျိုး၊ မျိုးသို့ ပေါက်လစ်၊ ဘုန်းတန်း သစ်၏၊'' စင်စစ် မုချ၊ ''လောကနှိုက်မှာ၊ သတ္တဝါဟူဘိ၊ များအချိကား၊ ကံယှိမှ မြတ်၊ ခဲးကတ် ရေးရာ၊ အလိမ္မာကား၊ ပညာ မြင်သိ၊ ဉာဏ်ရှိမှ တတ်၊ မှန် ဆတ်ဆတ်တည့်၊ မှတ်လော့ ဝမ်းတွင်၊ မ*လေဘင်နှင့်၊'' ''တရွှင် မြူးမြူး၊ အပျော် ကြူးလျက်၊ မိန်းမူး ဝေနောက်၊ ဟာရ ဘောက်၍့၊ *ရှောက်ခဲ့ ခန္ဓာ၊ နတ် ခြောက်ရွာဝယ်၊ ခိဋ္ဋာနတ်မျိုး၊ ဘုန်း မတိုးဘဲး၊ သက်ကျိုးလွယ်စွာ၊ နေမြန်း ကြာသို့၊ *ကြမ္မာ နွမ်းရိ၊ တည်မယှိဘူး၊'' ''ဇာတိ နတ်ရွာ၊ ရှေးသော့ခါလည်း၊ သုရာ သောက်ကြူး၊ ယစ်မူးလွန်ကြ၊ သမ္ပရတို့၊ မာဃ သိကြား၊ ဝတိန်ဖျားက၊ ချငြား ဦးစောက်၊ မြင်းမိုရ် အောက်နှိုက်၊ ခုံလောက်ကြားတွင်၊ ခုတိုင် ထင်၏၊'' ရွှေစင် သားလှ၊ ခမည်း ဘ,လျှင်၊ နားဝတွင် စိမ့်၊ နာ နှစ်သိမ့်လော့၊ ရွှေအိမ့် ကြက်သရေ၊ တက်သစ်နေသို့၊ *ရဝေ သိင်္ဂိ၊ ဘုံ စိန်စီဝယ်၊ ဒေဝီ မောင်းမ၊ ရွေပေါင်း ခ၍့၊ နတ်မျှ မသာ၊ စံစားရာနှိုက်၊ မဟာသမ္ပတ်၊ ကြီးမြတ် ရိပ်ငြိမ်၊ မင့်းစည်းစိမ်ကို၊ တင်းတိမ် မယှိ၊ လောဘ ငြိ၍့၊ ဂတိ မကောင်း၊ ဘဝ စောင်းလျက်၊ ဥဒေါင်း တိရစ္ဆာန်၊ ဖြစ်ရဟန်သည်။။ ကျမ်းဂန် နိပါတ် အလာတည်း။ (၆၀)

(၂၃၀) 'မယှိ ပညာ၊ ဤလူ့ရွာနှိုက်၊ ကျမ်းစာ နီတိ၊ တတ် မသိက၊ မျက်စိ စုံကာဏ်း၊ လူဖြစ်ဆန်းမျှ၊ ပေါက်ပန်းပမာ၊ မှတ်တို့ရာ၏၊'' ''မနာ တရား၊ မောဟအားဖြင့်၊ မများ သုတ၊ မိုက်ဝါဒနှင့်၊ မရ သတိ၊ လူ့ဒိဋ္ဌိတို့၊ ရမိ ရရာ၊ ဝဋ်ချမ်းသာကို၊ လွန်စွာ ခင်မင်၊ အမြဲး ထင်၍့၊ ဆင်ခြင် မညှာ၊ ပြုတတ်စွာ၏၊'' ''ပါဏာတိပါတ်၊ သက်သတ် ဝဋ်ကြွေး၊ ဆိတ်ငယ်သေးလျက်၊ အမွေးအမျှ၊ ခေါင်းပြတ်ရရှင့်၊'' ''အဒိန္နကံ၊ အနံ ငယ်နွမ်း၊ ပုဆိုးကြမ်းကြောင့်၊ ညစ်ညမ်း စင်စစ်၊ နတ်ဖြစ်လျက်ကဲ့၊ အဝတ်*မဲ့၏၊'' ''နှုတ်ယွဲ့အလို၊ မုသား ဆိုက၊ မြေမျို ခွေးစား၊ ကြီးမား လွန်ကဲး၊ ဥက္ခောင်း ကွဲးမျှ၊ လိမ့်လဲး ဟိန်းညည်း၊ လူးလည်း မတည်၊ ချာချာလည်၏၊'' ''သေရည် သောက်ကြူး၊ သည်းခြေ ဆူးသား၊ သူရူး အနန္တ၊ မဆုံးဆနှင့်၊ စိုးရ လူကြီး၊ မခြီးမြှောက်လို၊ ထင်းမီးတိုသို့၊ ထိုထိုဘဝ၊ ဖြစ် မလှဘူး၊'' ''ကာမယုတ်မာ၊ ကျင့်မိစ္ဆာကား၊ အင်္ဂါ ချို့-ယုတ်၊ ပဏ္ဍုက် မိန်းမ၊ ဘဝ ညံ့ဖျင်း၊ မိ-ဘရင်းလည်း၊ ချစ်ခြင်း ကွာဝေး၊ သူမုန်းဆေးတည့်၊'' ရင်သွေး ဒါလီ၊ မှတ် နာအီလော့၊ ထိုဤ လက္ခဏာ၊ ခြင်းရာ ပိုင်းစစ်၊ စိစစ်သမှု၊ သဘော ရှုက၊ ''အကုသလ၊ ကုသလဟု၊ ဓမ္မအရိုး၊ ထို နှစ်မျိုးတို့၊ ကောင်း-ဆိုးအလို၊ အကုသိုလ်ထက်၊ ကုသိုလ်က ကြီး၊ ခိုမှီးရာစစ်၊ အစ်ကို ဖြစ်၏၊ မိုက်ညစ် ဆိုးသူ၊ မကောင်းမူဖြင့်၊ လူဟူသရွေ့၊ ဒုက္ခ တွေ့သော်၊ သိမ်မွေ့ ကောင်းရာ၊ ကုသိုလ်မှာလျှင်၊ ချမ်းသာ ရကြောင်း၊ ကျင့်ရရှောင်းရှင့်၊'' ''ကောင်းမှုဟုဆို၊ ထိုကုသိုလ်ကား၊ ကိုယ်ပင် နိစ္စ၊ မပြုရလည်း၊ သူမျာ့းကုသိုလ်၊ အဘို့ကိုမျှ၊ ကြည်ညိုသမှု၊ ခေါ် သာဓုဖြင့်၊ သေလုနီးစွာ၊ ရောက်ပြီးခါလျက်၊ သမုဒြာ လယ်*ချက်၊ ပင်လယ်နက်မှ၊ အသက် ချမ်းသာ၊ ရဖူးစွာ၏၊'' ''စေတနာ ဝိရတိ၊ ဟူဘိ နှစ်ဖြာ၊ ပြဋ္ဌာန်းစွာသား၊ ကျင့် စာရိတ္တ၊ ဝါရိတ္တဟု၊ သီလရတနာ၊ မြတ်တန်းဆာလည်း၊ သတ္တဝါ*ခပင်း၊ မင်း ဆင်းရဲးသား၊ မပိုင်းခြားဘူး၊ လေးပါး မျိုးနွယ်၊ ကြီး-ငယ်မဆို၊ ရွယ်ပျို ရွယ်ရင့်၊ ဆင်တိုင်း တင့်၏၊ ကောင်းကျင့်ဟူဘိ၊ ကျေးဇူးယှိသား၊ ဂိဟိ ဗြဟ္မ၊ စရိယတိ၊ ဆုံးမ ဆို့ပိတ်၊ မြတ် စာရိတ်နှင့်၊ ဝါရိတ် အညီ၊ မပြတ် မှီလော့၊ ပဉ္စသီ ဥပုသ်၊ စောင့် ကိုယ်-နှုတ်ဖြင့်၊ မယုတ် အားကြိုး၊ ဤ ကျင့်ရိုးသည်။။ ကောင်းကျိုး အလွန်တရာတည်း။' (၆၁)

(၂၃၁) 'ပဉ္စသီ ဥပုသ်၊ မယုတ် အားကြိုး၊ ဤ ကျင့်ရိုးကား၊ ကောင်းကျိုး ကုသိုလ်၊ မကင်းလိုတည့်၊ နေ့ကို စောင့်က၊ နေ့ဘို့ ရ၏၊ ညလည်း ထို့တူ၊ မှတ်လေ မူလော့၊ ဆယ်ဆူ သီလ၊ နိယမလည်း၊ ကာလ ပိုင်းခြား၊ နေ့-ရက်အားဖြင့်၊ မမှား မှန်လှ၊ စောင့်အပ်စွရှင့်၊ ရှေးက မင်းများ၊ ကျင့်တရားတည့်၊'' ချစ်သား မောင်လှ၊ ယွင်း မခွနှင့်၊ လုံ့လ အားထူ၊ ကြိုးကုတ်မူလော့၊ အယူ မသမ္မာ၊ ပညာ မယှိ၊ ဒိဋ္ဌိလူများ၊ ပြော ပယ်ငြားလည်း၊ ငါ့သား သည်းချာ၊ မလိုက်နာလင့်၊ ''ဥစ္စာ လိုချင်၊ လောဘ ငင်လျက်၊ ကျောင်းတွင် မဖြောင့်၊ အိပ်၍့ စောင့်သား၊ *ယခေါင့် ရှေးက၊ ဥပုသ်မျှဖြင့်၊ မိုက်လှ ဉာဏ်ပိန်၊ မိတ္တဝိန်လျှင်၊ သေချိန် မရောက်၊ သက် မပျောက်ဘဲး၊ မျက်မှောက် *ဆဲးဆဲး၊ ပင်လယ်ထဲးတွင်၊ ရဲးရဲး ထိန်ညီး၊ ရွှေဘုံကြီးထက်၊ နတ်သမီးစစ်၊ သုံးကျိပ်နှစ်နှင့်၊ ခုနစ် လေးလီ၊ အညီ ရက်ပေါင်း၊ စံရရှောင်း၏၊'' ''အကောင်း အဆိုး၊ အကျင့်မျိုးကား၊ ပြစ်ကျိုး *ပေးနေ၊ ယှိမြဲးပေတည့်၊ နဘေ ဥမင်၊ ပင်လယ်ပြင်နှိုက်၊ အောင်းဝင် ပျံတက်၊ ကံ ဝိပါက်မှ၊ လွတ်ကွက် လွတ်ရာ၊ မရှိစွာခဲ့၊ *ကြမ္မာ ဝဋ်ဆိုး၊ မကောင်းကျိုးဖြင့်၊ ကြိုးက မြွေဖြစ်၊ လည်ရစ်ဘွဲ့ထွေ၊ လိုလို သေ၏၊ ပုဗ္ဗေ ရှေးက၊ ပြုခဲ့ကြသည့်၊ ပါပအကျိုး၊ ထိုကံဆိုးကြောင့်၊ မိုဃ်းကြိုး ကျရာ၊ ခံမိစွာခဲ့၊ သံသရာ ရှည်*ဓွန့်၊ ဘယ့် မစွန့်ဘူး၊ မြို့ဝန့်နောက်မှာ၊ ပါးကွက် ပါသို့၊ ဖြစ်ရာ ဖြစ်ရာ၊ ဘဝမှာလျှင်၊ မကွာ *တံတစ်၊ *ဖက်ထစ် အမြဲး၊ မကွဲး တကွ၊ လိုက်တတ်စွရှင့်၊ ကမ္မနိယံ၊ ထုံးစံ မှတ်ယူ၊ ထိုသို့ဟူ၏၊'' 'ဤလူတစ်စု၊ ကိုယ်ပင်ပြုသား၊ ကိုယ်မှု ကိုယ့်ကံ၊ ကိုယ် လုပ်ကြံတိုင်း၊ ကိုယ် ခံရမြဲး၊ မလွဲးတို့ချေ၊ မောင် သိစေလော့၊ အမွေ ဆင်ဆံ၊ *မြောင်းမြီ ခံ၍့၊ ကံ ကံအကျိုး၊ ကောင်း အဆိုးကို၊ လူမျိုး*တကာ၊ သတ္တဝါတို့၊ မှန်စွာ မသွေ၊ ရမြဲး နေတည့်၊'' ''မုံဝေ လောဘ၊ ကြီး ဆန္ဒနှင့်၊ ကာမ ယစ်မိုက်၊ လိုဆိုး တိုက်၍့၊ မထိုက် သက်ရာ၊ သူ့ဥစ္စာကို၊ အဘိဇ္ဈာမျှ၊ မကြံရဘူး၊'' ''လောဘ *ကလိန်း၊ မချုပ်ထိန်းဘဲး၊ မိန်းမ နှစ်ကျိပ်၊ ပျော်ကြောင်း သိပ်လည်း၊ မအိပ်အပ်စွာ၊ ရှောင်လွဲးရာ၏၊ ကျမ်းလာ မပျက်၊ အပါယ်သက်လိမ့်။။ *နရက် အောက်ရပ် အောက်ရွာတည်း။'' (၆၂)

(၂၃၂) 'ကာမေသု မိစ္ဆာ၊ သူ့အိမ်ရာနှိုက်၊ ကိလေသာစက်၊ ကြူး မမက်နှင့်၊ သူ့ထက် ကိုယ်က၊ ဣဿရနှင့်၊ ဘောဂ ဥစ္စာ၊ စည်းစိမ် သာမူ၊ မိစ္ဆာတရား၊ မောဟ ပွားလျက်၊ မသွားလာအပ်၊ မစပ်ရာဘိ၊ ကျမ်းလာယှိသား၊ အဂမနိယ၊ မိန်းမအပြား၊ နှစ်ကျိပ်အားတွင်၊ သူ့မယားဖြစ်၊ တကျိပ်နှစ်နှင့်၊ မိချစ် ဘခင်၊ မောင်လျှင် အစ်မ၊ ဉာတိ စသည့်၊ စောင့်ကြ အနိုင်၊ ကာမပိုင် သခင်၊ အရှင် ကင်းလစ်၊ လင်*မဲ့ ရှစ်နှိုက်၊ အပြစ် မသိ၊ အလိုယှိတိုင်း၊ ပြုမိ ပြုရာ၊ ကိလေသာဖြင့်၊ မိစ္ဆာအမှု၊ ကျူးလွန် ပြုက၊ ဝတ္ထုဟူထ၊ ထိုမိန်းမတို့၊ သီလ ရှိ*မဲ့၊ လို မ*ဟဲ့နှင့်၊ လို*ဟဲ့ အလျောက်၊ ထို*ယောက်တို့၊ ပြစ်ရောက် နည်း-များ၊ ဆုံးဖြတ် ခြားလျက်၊ မြောက်ငြား ကမ္မ၊ ပထအကျိုး၊ ငရဲးအိုးတည့်၊'' ''လိုဆိုး ကံမိုက်၊ ဒုစရိုက်နှိုက်၊ ပျော်ပိုက် လိုက်စား၊ ကြာသမားတို့၊ ပြစ်မှား အိမ်ရာ၊ ကံ မိစ္ဆာဖြင့်၊ ခန္ဓာ အသက်၊ ယွင်းပျက် ဤကိုယ်၊ အနန္တိုရ်ဝယ်၊ ဟင်းလို ကျက်ကျက်၊ ပြုတ် ကျိုချက်လိမ့်၊ ပွက်ပွက် လျှံဝေ၊ ကြေး-သံရေနှိုက်၊ မကျေ မညက်၊ ဆူကြွက်ကြွက်နှင့်၊ အောက်-ထက် ပြန်ပြောင်း၊ နှစ် ခြောက်သောင်းမှ၊ ဥက္ခောင်း တခါ၊ ပေါ်ပြန်လာ၍့၊ မကြာ ခဏ၊ ဒုသ-န-သော၊ ကြောက်မောဘွယ်လိ၊ ပုဒ် အာဒိမျှ၊ မချိ ဟစ်ကြော်၊ လုံးစီ အော်လျက်၊ လော်ဟကုမ္ဘီ၊ ကြေးနီအိုးတွင်း၊ ငုပ်လျှိုးခြင်းဖြင့်၊ နစ်ဆင်းပြန်လတ်၊ *ခစီးပတ်ဟု၊ မမြတ် ယုတ်မာ၊ ကျူးလွန်စွာသည်၊ မိစ္ဆာ ပြစ်လေး၊ သင့် ဒဏ်-ဘေးနှင့်၊ မိုက်ကြွေး *မြောင်းမြီ၊ မလွတ်ပြီသို့၊ ဒုဿီ ယွင်းဘောက်၊ ကျင့် မှားမှောက်သား၊ လေးယောက် အိမ်ဖျက်၊ ဆင်းရဲး နက်၏၊'' ''မွေ့ညက် ယှဉ်မှိန်း၊ စိတ်ကို ထိန်းလော့၊ မိန်းမ ယောက်ျား၊ နှစ်ဦးသားတို့၊ ငါးပါး အာရုံ၊ ကြိုက်ကြုံ တွေ့ရာ၊ ကိလေသာဖြင့်၊ လွန်စွာ ယှဉ်ပြိုင်၊ စစ်ကြီး ဆိုင်သို့၊ အနိုင် အထက်၊ ကိုယ်-လက် ထန်ပြင်း၊ ထိ ရုန်းရင်း၏၊ မကင်း သတိ၊ သမာဓိနှင့်၊ ဉာဏ်ရှိ *မပြိန်း၊ ကျိတ်မျို ထိန်းလော့၊'' ''တသိန်း ကမ္ဘာ၊ ပြည့်ပြီးစွာသည့်၊ မြတ်*လျာ အလောင်း၊ ပွင့်လု *ညောင်းလျက်၊ မကောင်း မိတ်လိုက်၊ အပျော် ကြိုက်၍့၊ ကျိုက်ကျိုက် ပွက်ဆူ၊ အောက် ရောရူနှင့်၊ လူတွင် နိမ့်ကျ၊ သမုတ်ကြသား၊ မိန်းမ နပုန်း၊ ကျောက်ကုန်း ရိုက်ပုတ်၊ ဗီဇ ထုတ်က၊ အယုတ် နွားမျောက်၊ ဆဲ့လေးမြောက်အောင်၊ ကြောက်စဘွယ့် ဘေး၊ ခံရသေးသည်။။ မိုက်မှေး ပရဒါရာတည်း။'' (၆၃)

(၂၃၃) 'မိုက်မှေး ညစ်ကျု၊ ကာမမှုတည့်၊ သူ့အိမ် သူ့ရာ၊ ပရဒါကား၊ လွန်စွာ ရှောင်ထိုက်၊ ကျူး မလိုက်နှင့်၊ လူနှိုက် စိုးခြင်း၊ ငါသည် မင်းဟု၊ အတင်း ယှက်စပ်၊ မပြုအပ်ဘူး၊ စွန်းတပ် ရာဂ၊ သူ့သက်မျှနှိုက်၊ ကာမ မိုက်မွှန်၊ ကျင့် ကျူးလွန်က၊ ကျွန်ဖွတ် ကျွန်လိပ်၊ ဆိုရိပ် ဓမ္မသတ်၊ လောကီ ဖြတ်လည်း၊ မလွတ် နောင်လာ၊ သံသရာဝယ်၊ ပါယ်ရွာ လားစု၊ ပါပမှုတည့်၊'' ''ညစ်ကျု ယုတ်မာ၊ သူ့အိမ်ရာကို၊ မိစ္ဆာ စွန်းငြိ၊ မခိုက်ထိနှင့်၊ မသိ *ကျိုးကျွန်၊ မမြင်ဟန်သို့၊ သား*မွန် ရွှေရုပ်၊ ဉာဏ် ထိန်းအုပ်၍့၊ စောင့်ချုပ် မြဲးရာ၊ ကိလေသာဖြင့်၊ ပညာ ကင်းဘိ၊ သတိ ကင်းဝေး၊ သူ့သက် ပေးအား၊ မျက်မွေး ထော်လော်၊ တကြိမ်သော်မျှ၊ မျှော်ကာ မရှု၊ ဆင်ခြင် ပြုလော့၊'' ''ဤလူ့ ထုံးစံ၊ သူ *ရည်းငံ၍့၊ သွင်းနှံ ပဏ္ဏာ၊ သစ္စာ မှန်းထား၊ *ရည်းစား စောင့်ရှောက်၊ *ခင်အုန်း မြောက်ပြီး၊ နတ်လောက် မခြား၊ သူ့မယားလျှင်၊ လှငြားပစေ၊ ထိပါးချေသော်၊ အသေ လတ်လတ်၊ ပေါက်သတ်တတ်သည့်၊ မမြတ် *မူနည်၊ ဆိပ်ရည် ပြည့်ဝ၊ နဂါးမနှင့်၊ ငါ့ကို ကြည့်က၊ မြည့်မြည့် ကိုက်ငြား၊ ကျွတ်ကျွတ် ဝါး၍့၊ စားအံ့ ချောက်ခြိမ်း၊ *ကြိမ်းသား အဟုတ်၊ ကြမ်းကြုတ် ရက္ခသီ၊ ယက္ခိနီသို့၊ တူညီသမှု၊ ထင်ထင် ရှုလော့၊'' ''ဗဟုဝါရ၊ ဒဿနဖြင့်၊ မိန်းမ ယောက်ျား၊ မြင်ဘန်များသော်၊ သနား ချစ်ခင်၊ စိတ် ကျွမ်းဝင်၍့၊ ကျွန်ပင်*တမင့်၊ ဖြစ်လင့် မယွင်း၊ တပ်မက်လျှင်း၏၊'' ယင်းသို့ ခြင်းရာ၊ လွန်ယုတ်မာသား၊ 'ကိလေသာကိစ္စ၊ ဤကာမကား၊ ရာဂအဟုန်၊ ကျ ဆင်မုန်သို့၊ *သုန်သုန် တိုက်လှည်း၊ လွန် မိုက်သည်း၏၊'' ''ငတ်လည်း မရှက်၊ ငိုက် မရှက်နှင့်၊ ကြိုက် မရှက်ဟူ၊ သုံးယောက် လူတွင်၊ မှုန်ဆူ လှိုက်ပွက်၊ ကြိုက် မရှက်ကား၊ *ရမ္မက် ရူးထ၊ ဥမ္မတ္တတည့်၊'' ''ကဋ္ဌမုခ၊ စသည် လေးထွေ၊ မြွေတို့ အဆိပ်၊ တက်ရိပ် ပြင်းစွာ၊ သင့်သော့ခါနှင့်၊ မိစ္ဆာ နတ်-စုန်း၊ မုန်း၍့ ဖမ်းစား၊ ပြုတုံငြားလည်း၊ သမား ဆရာ၊ ပညဝါတို့၊ ဂါထာ မန္တာန်၊ နတ်ဆေး*မွန်ဖြင့်၊ ကြံဘန် မန်းမှုတ်၊ လိမ်းသုတ် လုံ့လ၊ ကုစား ရ၏၊ ကာမရောဂါ၊ ဝမ်းတွင်းနာကား၊ ကုရာ နတ္ထိ၊ ဆေး မယှိဘူး၊ မိမိ ပညာ၊ သတိသာလျှင်၊ မဟာဩသဓ၊ ဆေးမည်စွရှင့်၊'' ''ကာမဆန္ဒ၊ ပါပစိတ်မျိုး၊ ဝင် ဆော်နှိုး၍့၊ စိုးစိ ရံခါ၊ ဖြစ်တုံလာသော်၊ ဥမ္မာဒန္တီ၊ နတ်*ပြီကြောင့်၊ ပီပီ မသိ၊ မူးဝေဘိလည်း၊ သီဝိ မင်းကောင်း၊ ဘုရားလောင်းသို့၊ တိမ်းစောင်း တရား၊ လိုက် မမှားသည်။။ လေးပါး ဂတိ၊ ယုတ်မာတည်း။ (၆၄)

(၂၃၄) 'ယုတ်မာ ကြီးမား၊ ဂတိအားဖြင့်၊ တိမ်းပါး ချွတ်ယွင်း၊ မကျင့်လျှင်းနှင့်၊ ငါ့မြင်း ငါစီး၊ ငါ့ထီး ငါဆောင်း၊ ငါ့ကျောင်း ငါထိုင်၊ ဘယ်သူ ဆိုင်ဟု၊ ကိုယ်ပိုင် လိုစိုး၊ မာန မိုး၍့၊ ကြောင်း-ကျိုး မသိ၊ ပြုမိ ပြုရာ၊ မအပ်စွာတည့်၊'' ''ရာဂ ဒေါသ၊ မိုက် မောဟဟု၊ မြစ်မ ကြီးကျယ်၊ ဤသုံးသွယ်လည်း၊ ကိုယ်ဝယ် မြဲးစွာ၊ မကပ်ရာတည့်၊ ပညာ မြော်မြင်၊ *တွေးတော သင်လော့၊'' ''လူ့ခွင်ဌာန၊ ဤလောကနှိုက်၊ ရာဂနှင့်တူ၊ ကျိုက်ကျိုက်ဆူသည့်၊ မီးပူ မယှိ၊ မချိ စိတ်က၊ မြွေနှယ် ထ၍့၊ ဒေါသနှင့်တူ၊ ပျက်ခြင်းဟူသည်၊ ပျက်သူ မယှိ၊ အတိမူဠှ၊ မှေးရှက်စွသား၊ မောဟနှင့်တူ၊ ကွန်ယက်ဟူသည်၊ တမူ မယှိ၊ သို့ဖြစ်ဘိ၍့၊ သတိ ဝမ်းတွင်၊ အမြဲး ထင်လော့၊ ဤလျှင် ပါပ၊ မူလ သုံးမျိုး၊ ဟိတ် လွှမ်းမိုးက၊ ကပ်ဆိုး ဥပဒ်၊ ဖြစ်တို့ တပ်၏၊'' မှတ်လော့ ဤသို့၊ ''လူတို့ လောဘ၊ ကြီးကာလနှိုက်၊ ဒုဗ္ဘိက္ခဘေး၊ ငတ်မွတ်ရေးကြောင့်၊ ရိုးဖွေး တောင်မျှ၊ ပျက်စီးကြ၏၊ ဒေါသတရား၊ ပွားလတ်သော့ခါ၊ ဓားမိုးရွာသို့၊ သတ္တဝါ လူပုံ၊ *ပြောဟုံ အမျက်၊ စစ်မက် ပြိုင်ခင်း၊ လက်နက် ကျင်း၍့၊ ချင်းချင်း သတ်ကြ၊ သွေး ချောင်းကျ၏၊ မောဟ လွန်ငြား၊ ဘီလူး စားသို့၊ ထူးပြား ရောဂါ၊ ဝေဒနာဖြင့်၊ များစွာ ကပ်ရောက်၊ သေပျောက် လူ-ရှင်၊ ထူ*ပြော*ဖြင်၏၊'' ထို့ပြင် တဝ၊ ''လောဘ မီးဟူ၊ ဒေါသမူ ရေ၊ မောဟ လေတည့်၊ သုံးထွေ မူလ၊ ဤပါပဖြင့်၊ လောက အားလုံး၊ ထုံးသို့ ကြေညက်၊ ကမ္ဘာပျက်ဟု၊ ဆက်ဆက် ကျမ်းတွင်၊ ဟောမိန့်ကျင်ခဲ့၊'' ''အကြင် ရာဂ၊ တပ် လောဘဖြင့်၊ သုဇာတဆို၊ သူကြွယ်ပျိုလျှင်၊ အလို လွန်ကြီး၊ နတ်သမီးကို၊ တွတ်တီး တွတ်တာ၊ တောင့်တကာနှင့်၊ ရေစာ မသုံး၊ နှလုံး ပူခြောက်၊ သေခြင်း ရောက်အောင်၊ မီးတောက်အသွင်၊ ကျွမ်းလောင်ကျင်ခဲ့၊'' 'ဉာဏ်ပင် ယှိလည်း၊ သတိ ကင်းလျက်၊ ဒေါသ ဖျက်ရှင့်၊ ယုတ်-တက် နှိုင်းဆ၊ သတိ မ,၍့၊ *တည်းတွ ဆင်ခြင်၊ မျက် မလျင်နှင့်၊'' ''မြော်မြင် မယှိ၊ မျက်ဟုန် ဘိ၍့၊ မိမိတို့ မွေး၊ သိမ်း-ခွေး လိမ္မာ၊ မြွေပါ ကျေးသား၊ သား မယားကို၊ စဉ်းစား မပြု၊ သတ်မိမှုကြောင့်၊ ရင်ထု မနာ၊ ကြီးစွာ နောင်တ၊ ပူပန်ရ၏၊'' ''ရထာ့း စက်ဟုန်၊ လည် *သုန်သုန်ကို၊ မတုန် မလှုပ်၊ တည်စေ ချုပ်သို့၊ ဟုပ်ဟုပ် အမျက်၊ ကောဓစက်ကို၊ ဉာဏ်လက် သိမ်းအုပ်၊ လည် မလှုပ်အောင်၊ ထိန်းချုပ်နိုင်ငြား၊ ထိုသူအားကို၊ ဘုရား*တကာ၊ အရိယာတို့၊ လွန်စွာ မငြီး၊ ဘဝဂ် တီးအောင်၊ ကောင်းခြီး ခေါ်ပြု၊ သာဓု ထပ်မျှ၊ ခြီးမွမ်းကြ၏၊'' ''လောဘ ဒေါသ၊ မောဟ အဟုန်၊ ဆတ်ဆတ် ခုန်၍့၊ သည်းတုန် အူလှိုက်၊ သူမိုက်သဘော၊ စရိုက်*ပြောလျက်၊ ကုဒ္ဓေါ ဓမ္မံ န ဇာနာတိ၊ အစယှိသား၊ ပါဠိဒေသနာ၊ ဟော မိန့်မှာတိုင်း၊ မှန်စွာ စင်စစ်၊ ကျိုး-ပြစ်တရား၊ မသိငြားဘူး၊ ပြစ်မှား လွန်မှ၊ လူ့ဗာလတို့၊ ကုက္ကုစ္စကြီး၊ လွှမ်း ဘိစီး၍့၊ မီးနှင့်အတူ၊ နောင်တဟူသည်၊ လောင်ပူ မကင်း၊ ကျွန်ရာ သွင်းလျက်၊ စာရင်း ချုပ်ထား၊ ကြွေးမြီလားသို့၊ တိမ်းပါး မရ၊ အပါယ် ကျသည်။။ ဒုက္ခ ကိုယ်ကြပ် မကွာတည်း။ (၆၅)

(၂၃၅) 'ကာယ ငယ်ငေါင်း၊ *ဖျင်းသောင်း *ဖျင်းသွံ၊ လက်သည်းခွံမျှ၊ နှင်တံ တံဖျာ၊ ခတ်မိခါနှိုက်၊ ပြင်းစွာ အမျက်၊ ထွက်လက်တုံ၍့၊ တရွေ့ရွေ့ကြီး၊ ဥသျှစ်သီးနှင့်၊ ထန်းသီလုံးလောက်၊ ဖူးဖူးမောက်သော်၊ ခြေထောက် လေးဘက်၊ မြေ့ထက် မမီ၊ ထို-ဤ ရွေ့ရှား၊ မသွားနိုင်ဘဲး၊ နေရာမြဲးလျက်၊ ဆိတ်ဆွဲး ကျီး-ငှက်၊ လိမ့်လက်လက်ဖြင့်၊ အသက်သေမှု၊ ပျက်ခြင်းပြုသည့်၊ ဥဒ္ဓုမာယိက၊ ဘားဗာလသို့၊ ဒေါသအလို၊ အကုသိုလ်ဖြင့်၊ ဤကိုယ်ပျက်စွာ၊ မဖြစ်ရာဘူး၊'' ''ပညာ *မဲ့ငြား၊ မောဟအားဖြင့်၊ တရား မလျော်၊ မတော် ကျင့်၍့၊ မသင့် ပြုထွေ၊ သရေ ကင်းဘိ၊ ဘုန်း မယှိကြောင့်၊ သိရီ့လက္ခီ၊ နတ်ဒေဝီလျှင်၊ မမှီ ရှောင်လွဲး၊ ကာဠီစွဲးလျက်၊ မိုက်မဲး စိတ်မှာ၊ မညစ်ရာဘူး၊'' ''ငါသာ ငါမင်း၊ ဖြစ်တုံလျှင်းဟု၊ လွန်ပြင်း အမျက်၊ ပြင် မထွက်နှင့်၊ ထက်မြက် *ဝှန်သည်း၊ စောင့်စည်း မမူ၊ ငါတည်းဟူ၍့၊ လှိုက်ဆူ ပွက်ပွက်၊ မင့်းမာန်ထွက်သော်၊ ရက်ရက် စက်စက်၊ သူ့အသက်ကို၊ ဖျက်ဖျက် ဆီးဆီး၊ လောင်သည့်မီးသို့၊ စပ်နီးရာရာ၊ ပရိဝါနှင့်၊ ဉာတကာ မျိုးဆွေ၊ ပျက်စီးစေ၏၊'' ''ရေ နိမ့်ရာစီး၊ မီး မြင့်ရာလောင်၊ ဆိုသော့ယောင်သို့၊ မရှောင် စိတ်က၊ မျက်ဒေါသနှင့်၊ မာန လွန်စွာ၊ မယစ်ရာဘူး၊'' ရာဇာ*သနင်း၊ မင်းတို့ မာန်စောင်း၊ ထိတိုင်း *တောင်း၏၊ ''ဆိုး-ကောင်း ကျိုး-ပြစ်၊ မစိစစ်ဘဲး၊ လူဖြစ်လျက်ကဲ့၊ ချမ်းသာ*မဲ့သား၊ ငရဲ့းဒုက္ခ၊ အပါယ်ကျအောင်၊ ဘဝ ယုတ်မာ၊ မနှစ်ရာဘူး၊ သမ္မာ *မဟဲ့၊ ပညာ *မဲ့က၊ ငရဲ့ စီးပွား၊ အပြစ် များ၏၊'' ယောက်ျား မိန်းမ၊ မင်းက ပုဏ္ဏား၊ မဟူငြားခဲ့၊ ချစ်သား ဒါလီ၊ မှတ် နာအီလော့၊ ''လောကီပုဂ္ဂိုလ်၊ လူထိုထိုကား၊ မလို မလှ၊ လိုလျှင် လှရှင့်၊ ဗာလလက္ခဏာ၊ ကြမ်းကြုတ်စွာဖြင့်၊ ဣဿာသဘော၊ ပြန့်*ပြော များသူ၊ ခွေးနှင့်တူ၏၊ ခွေးဟူတုံက၊ လှ-မလှနှင့်၊ ဟီန ဥက္ကဌ်၊ ယုတ်-မြတ် လူ-ရှင်၊ မြင်မြင်သမျှ၊ သွားကို ပြ၍့၊ ဒေါသ မျက်ဆူ၊ ဟိန်း ငြူစူ၏၊'' ''မမူ မာန၊ အဒေါသနှင့်၊ ကောဓ ကင်းကွာ၊ ပွား မေတ္တာဖြင့်၊ မြတ်*လျာဆု ယူ၊ ဗုဒ္ဓင်္ကူတို့၊ လူကို သတ်ပြု၊ ကြမ်းကြုတ်မှုနှိုက်၊ မရှု *ဆိတ်လို၊ တောင့်တဆိုလျက်၊ ကိုယ်သို့အလား၊ မခြား အတူ၊ သတ်ထိုက်သူကို၊ ကယ်ယူလိုငှါ၊ ဆု*ပန်ထွာရှင့်၊'' နန်း*လျာ ပျိုထွား၊ ဘ,စကားကို၊ *ရှိုးရှား ကုန်စင်၊ နားဝယ် တင်၍့၊ ကိုယ်တွင် ယုတ်မာ၊ လွန်ဆိုးစွာသား၊ ဆန္ဒာ-ဒေါသ၊ မိုက် မောဟကို။။ သားလှ မလိုက် မညှာတည်း။ (၆၆)

(၂၃၆) 'ဆန္ဒာ ဒေါသ၊ ဘယ မောဟာ၊ လွန်ဆိုးစွာသား၊ လေးဖြာ ဂတိ၊ လိုက်မှားငြိက၊ သိရီ့ နွမ်းညှိုး၊ ဘုန်း မတိုးဘူး၊ တန်းခိုး သိမ်ဖျင်း၊ သတင်း ညံ့-ယုတ်၊ လဆုတ်သဘော၊ ရွေ့ရွေ့ လျော၍့၊ နစ်မျော ဘဝ၊ ပါယ်တွင်း ကျရှင့်၊'' ''လောက ဓမ္မတာ၊ ဤလူ့ရွာနှိုက်၊ လိမ္မာ မြင်ယှိ၊ အသိပညာ၊ ဟူသည်မှာကား၊ ဆရာတို့ထံ၊ နည်းခံ တိုးဝင်၊ မသင် မမေး၊ အရေး မထား၊ မတတ်ငြားဘူး၊ ငယ်ကကား မာန်၊ ကြီးသော် ဟန်နှင့်၊ သိဉာဏ် ဝမ်းတွင်း၊ မယှိ ကင်းလျက်၊ ဟင်းလင်း ဟာလာ၊ အူမျှသာတည့်၊ ပညာ သတိ၊ မယှိသသူ၊ အပြစ်ထူ၏၊'' ''ရှေးရှု မေတ္တာ၊ ကရုဏာနှင့်၊ နာနာ ကျင်ကျင်၊ အပြစ် မြင်တိုင်း၊ ဝမ်းတွင်း မသို၊ ဟုတ်တိုင်း ဆို၍့၊ ကျိုးလို စိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့၊ မထူ *မတီး၊ အယူ သီးနှင့်၊ ဟူရီး *ဟူးရာ၊ ငါတို့သာဟု၊ ပညာ မဆ၊ မပြုရဘူး၊'' ဘဝ ဤကိုယ်၊ မင်းဟုဆိုလည်း၊ ''နေကို ပုံပြ၊ လကို ပုံထား၊ မှတ်တုံငြားလော့၊ နေကား ထွက်-ဝင်၊ ပေါ်ချုပ် ထင်၏၊ လလျှင် ပြည့်ကွယ်၊ ကြီး၍့ ငယ်၏၊ ထိုနှယ် မလွဲး၊ အမြဲး ချမ်းသာ၊ မယှိစွာရှင့်၊ အာဏာ တန်းခိုး၊ အမျိုး စည်းစိမ်၊ ဘုန်း ဂုဏ်သိမ်လည်း၊ ထင်-တိမ် ပေါ်-ငုပ်၊ ဖြစ်-ချုပ်တတ်စွာ၊ ဓမ္မတာတည့်၊'' ''ခေါက်ရှာငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံ ရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြား လူမှာ၊ မမြဲးစွာတည့်၊ ငါငါ ယူမှား၊ မာနအားဖြင့်၊ တရား ယွင်းခွ၊ မရှုရဘူး၊'' ''ပစ္စန္တမင်း၊ ရုန့်ရင်း ဒေါသ၊ တယောက်မျှကို၊ ဇီဝ ချွေဖြတ်၊ သတ်မိသော့အား၊ သေလွန်သွားသော်၊ နှစ်များ ရှည်ကြာ၊ ငရဲးရွာနှိုက်၊ ချမ်းသာ မရ၊ ဖြစ်ဖူးစွရှင့်၊'' ထိုမှ တဖြာ၊ 'ရှေးသောခါလည်း၊ ဗာရာပြည်ဝယ်၊ နှစ် နှစ်ဆယ်မျှ၊ အကယ်တစိ၊ မင်းပြုမိ၍့၊ မချိတင့်ကဲး၊ အောက်မြေထဲးနှိုက်၊ ဆင်းရဲး*အစုတ်၊ လွန်ကြမ်းကြုတ်သား၊ ဥဿဒရက်၊ ငရဲး ကျက်သည်၊ ရေတွက် ကြာ*ညောင်း၊ နှစ် ရှစ်သောင်းတည့်၊'' ကျမ်းဟောင်း စာထွက်၊ မောင် နားရွက်၍့၊ ''အသက် တခု၊ ကိုယ်တမှုကြောင့်၊ ဗဟု သတ္တဝါ၊ မချမ်းသာအောင်၊ ပညာ မရှု၊ ရေး မပြုလင့်၊ အမှု မကြီး၊ ဆင် တစီးကြောင့်၊ ကျီးအများ သေ၊ သရေ လွန်စ၊ စားကြ မဝေး၊ အတွင်းခွေးကြောင့်၊ ပြင်ခွေးအပေါင်း၊ သတ်ဖြတ်ကြောင်းနှင့်၊ မင်းလောင်း တယောက်၊ ပေါ်မည် ကြောက်၍့၊ အထောက်အတန်၊ ပြစ် လေးလွန်အောင်၊ ကိုယ်ဝန် ဝမ်းတွင်း၊ ပုခက်တွင်းက၊ ငယ်သင်း နွားကျောင်း၊ များအပေါင်းကို၊ အကြောင်း မသင့်၊ သတ်စေလင့်သည်။ ။ မင်းကျင့် မရေမရာတည်း။'' (၆၇)

(၂၃၇) မရေ မရာ၊ ပညာ မရှု၊ မင်းတို့မှုကို၊ ဂရု မစိုက်၊ ထုံး မလိုက်လင့်၊ *ဘေးရိုက် ဘ,ရာ၊ နွယ်လိုက် ဖြာလျက်၊ မဟာသမ္မတ၊ ကမ္ဘာစ,က၊ ဗြဟ္မာ့မျိုးရင်း၊ မင်းတို့ တန္တီ၊ ပဝေဏီနှင့်၊ ညီစေ အစဉ်၊ နတ်လမ်း ယှဉ်၍့၊ ဓမ္မဉ္စရ၊ ဟောပြတတ်သူ၊ ညွတ် ကြည်ဖြူလော့၊ 'လူမဟုတ်သေး၊ သမင် ခွေးနှင့်၊ ကျေးသား ဆက်ရက်၊ ခင်ပုပ်ငှက်က၊ ဆတ်-ဝက် ဥဒေါင်း၊ ဗောဓိလောင်းတို့၊ ကျင့်ကောင်း ဟောရာ၊ မြတ်နိုးစွာဖြင့်၊ လိုက်နာ မချို့၊ နှစ်လို့ မြှောက်ခြီး၊ နန်းနှင့် ထီးပါ၊ ပြည်ကြီး ပူဇော်၊ နတ်ပြည် ပျော်သည့်၊ သူတော်*တကာ၊ များ ရာဇာသို့၊ နတ်ရွာဆု ယူ၊ မှတ်တည်မူလော့၊'' ''လူတို့သဘော၊ မနော စင်ဖြူ၊ ကောင်းသောသူနှင့်၊ ပေါင်းဘက်သင့်က၊ ကောင်းကျင့် ကောင်းမှု၊ မကောင်းသူနှင့်၊ အတူ ပေါင်းမှု၊ မကောင်းတုကို၊ လိုက်ပြုတတ်စွ၊'' ''ဤလောကနှိုက်၊ တံငါ့ အိမ်ပါး၊ တံငါလားဟု၊ ဆိုငြား မှန်ဘိ၊ ယွင်း မယှိတည့်၊ တမိဝမ်း အောင်း၊ ရသေ့ကျောင်းနှင့်၊ ဆိုးတောင်း ယုတ်မာ၊ ခိုးသူ့ရွာသို့၊ ရောက်ရှာကုန်ကြ၊ သူဝ နှစ်ကောင်၊ ကျေးညီနောင်တို့၊ တကောင်မှာသော်၊ သူတော်အလေ့၊ သိမ်မွေ့ လိမ္မာ၊ တကောင်မှာမူ၊ ဝါစာ ဖရုသ်၊ ကြမ်းကြုတ် စရိုက်၊ ရုန့်ရင်း မိုက်ရှင့်၊'' မှတ်ပိုက် တဖြာ၊ ''ရှေးသော့ခါနှိုက်၊ မဟိလာမုခ၊ ပြောင်မုန်လှနှင့်၊ ပဏ္ဍဝမည်လျှင်း၊ စီးတော်မြင်းလည်း၊ နီးရင်း နေသူ၊ စောင့်ထိန်း လူကို၊ အတူ သင်နိုး၊ တုလိုက်ခိုး၍့၊ နင်းချိုး သတ်ပုတ်၊ လွန်ကြမ်းကြုတ်နှင့်၊ ခုတ်ခုတ် ခြေသံ၊ နာခံ မကောင်း၊ အသွား ပြောင်း၍့၊ နှောင်းမှ ပြုပြင်၊ သွန်သင်သဖြင့်၊ အသင့်ဖြစ်ပြန်၊ တိရစ္ဆာန်မျိုး၊ ကောင်းဆိုး ရိုင်း-ယဉ်၊ ဂုဏ်ထူး ယှဉ်၏၊'' ဝိညာဉ်*မဲ့ဘိ၊ စိတ်ယှိ သတ္တဝါ၊ မဟုတ်စွာသေး၊ ''တမာ ခွေးတောက်၊ မြစ်ရှောက် ရောယှက်၊ တူနှော ဘက်၍့၊ သရက် ချိုမြ၊ ဘန္တရလျက်၊ ကွယ်ပ အပြီး၊ အခါး သီး၏၊ မနီးစကောင်း၊ မပေါင်းစထိုက်၊ သူမိုက်ဟူသည်၊ ကျင့်မူ နှီးနှော၊ ဖျက်တတ်သောကြောင့်၊ သဘော မကြည်၊ ဆိပ်မျိုးရည်နှင့်။။ *မြားကျည် ငါးပုပ်ပမာတည်း။'' (၆၈)

(၂၃၈) ထို့ကြောင့် မှတ်ယူ၊ 'လောက လူတွင်၊ ရန်သူ မှန်စွာ၊ ဖြစ်စေကာလည်း၊ ပညာယှိက၊ မြတ်တုံစွ၏၊ ဗာလ အစစ်၊ မိတ်ပင်ဖြစ်လည်း၊ အပြစ်သာ *ပြဲ့၊ ကျိုး *မဟဲ့ဘူး၊'' ''တဆဲ့ရှစ်ခေါ်၊ သင်းဗိုလ်ဘော်ကို၊ မဟော် မတ်ရဲး၊ ဥမင်ထဲးသို့၊ ခွဲး၍့ မကြွင်း၊ လှောင်သွင်းသော့ခါ၊ တရာ ထီးဆောင်း၊ မင်းအပေါင်းနှင့်၊ သေကြောင်း ကြံညီ၊ စူဠနီတို့၊ ကိုယ်စီ အသက်၊ လက်သို့ သီးသီး၊ ရောက်ကုန်ပြီးလည်း၊ ရန်မီးငြိမ်းလျက်၊ မေတ္တာ ဆက်၍့၊ အသက် မသေ၊ ချမ်းသာစေ၏၊'' 'တွေဝေ မိုက်လှ၊ သား ဗာလကား၊ အဘ ထိပ်ထက်၊ ကိုက်သည့် မှက်ကို၊ တချက်တည်းသာ၊ သေစိမ့်ငှါဟု၊ ထက်စွာ ကြီးမား၊ ပဲ့ခွပ်သွားဖြင့်၊ ပေါက်ငြားတုံလေ၊ ဘခင် သေ၏၊ မသွေ မှန်လှ၊ ဤသို့ စသား၊ ဗာလ ပဏ္ဍိ၊ အထူး သိလော့၊'' ''ကင်းဘိ ဉာဏ၊ ထိုဗာလတို့၊ အတ္တ ပရ၊ ဟိတတရား၊ ပိုင်းခြား နှစ်ဘော်၊ ရှု မမျှော်ဘူး၊ သူတော်ယောင်ယောင်၊ ကြောင် သီတင်းသုံး၊ နှလုံး ညစ်*ထည်း၊ စောင့်စည်း မယှိ၊ ပြုတတ်ဘိ၏၊'' 'ဂတိ*မဲ့စွာ၊ သူယုတ်မာလည်း၊ မာယာကာရ၊ ကေဝဋ္ဋသို့၊ မလှ ဝမ်းထဲး၊ သံကောက် စွဲးလျက်၊ ပေါ်ရွဲး သကာ၊ စိတ် မပါဘဲး၊ ဝါစာ ဆန်းပြား၊ နှုတ်ချို ပျားနှင့်၊ တရား အလွတ်၊ စကား တတ်၏၊'' ''ယုတ်-မြတ် ဓမ္မတာ၊ သတ္တဝါကား၊ တံငါ ချင်းချင်း၊ မုဆိုးချင်းတို့၊ မယွင်း အယူ၊ သဘောတူသို့၊ မသူတော်+ချင်း၊ သူတော်+ချင်းတို့၊ ဓာတ်+ချင်း သင့်လျော်၊ ပေါင်းကြ ဘော်၏၊'' ''မသူတော်စွာ၊ ဤလူ့ရွာနှိုက်၊ သမ္မာ မကြိုက်၊ သူမိုက်အလေ့၊ လိုက်မိ၍့ကား၊ ရသေ့ စဉ်းလဲး၊ ကျားငမွဲးနှင့်၊ မိုက်မဲး လိမ်လစ်၊ ဗျိုင်းကောက်ကျစ်ကြောင့်၊ စွန့်ပစ် အိုင်ပြောင်း၊ ငါးပေါင်း ကုန်သေ၊ တောနေ မိဂ၊ ကာလ မည်တွင်၊ သမင်အသင်း၊ မကြွင်း ကုန်စင်၊ သဲးပြင်လယ်ကြီး၊ ခရီး မှောက်မှား၊ ဘီလူး စားသည့်၊ လှည်းသား ငါးရာ၊ ကမ္ဘာလုံးနစ်၊ ရေဖြစ် သဲးစု၊ ဖုံးလွှမ်းပြု၍့၊ ကုရုရဋ္ဌ၊ တိုင်း မဇ္ဈနှင့်၊ ကုမ္ဘဝတီ၊ ပူရီ ပြည်လုံး၊ ပျက်ဆုံးကုန်ကြ၊ ကျင့် ပါပကြောင့်၊ အဓမ္မနတ်၊ ပရိသတ်နှင့်၊ လတ်လတ် ရှင်ရှင်၊ ပါယ်တွင်း ဝင်သည်။။ မျက်မြင် မျက်မှောက် *ဂင်္ဂါတည်း။'' (၆၉)

(၂၃၉) သူမိုက်ဟူသည်၊ မီးတူ စင်စစ်၊ ပျက်ကြောင်း ဖြစ်၏၊ သားချစ် သတိုး၊ နန်းညွန့်ပျိုးသား၊ နေမျိုး နန်း*ကိုက်၊ မှတ်ယူပိုက်လော့၊ သူမိုက်လေ့လာ၊ မလိုက်နာနှင့်၊ ''ပညာယှိရှင်၊ သူမိုက်သွင်ကို၊ မမြင်ရထိုက်၊ သူမိုက်စကား၊ မကြား*ခလို၊ သူမိုက်ကိုယ်နှင့်၊ ထိုထို တကွ၊ မပေါင်းရလျှင်း၊ ပြောရုံခြင်းမျှ၊ ကင်းရစေသား၊ ဆု လေးပါးကို၊ သိကြားထံမှာ၊ *ပန်ထွာ အထူး၊ တောင်းကြဖူး၏၊'' ''ကျေးဇူး မဖြစ်၊ သူမိုက် ချစ်က၊ အပြစ်သည်သာ၊ များတတ်စွာခဲ့၊ သမ္မာဖြောင့်သား၊ ပညာအားဖြင့်၊ တရား ယှိသူ၊ မြတ်သည်ဟူ၏၊ အယူ မသမ္မာ၊ ယုတ်မာစွာကား၊ မိစ္ဆာ မိုက်ကာန်း၊ မုသား ဆန်း၍့၊ နတ်ပန်း ကက္ကရု၊ မွှေးပေါင်းစုကို၊ ရမှု တောင်းဆို၊ ပုဏ္ဏားအိုသို့၊ ဤကိုယ် ဒိဋ္ဌ၊ ဒုက္ခ ကြမ်းကြုတ်၊ မီ့းနှယ် ဖုတ်၏၊ ဟုတ် မဟုတ်ဆို၊ မနာလိုနှင့်၊ နာလိုတုံဘိ၊ ကျိုး မယှိငြား၊ စကား လေးလုံး၊ သူမိုက်သုံးကို၊ သက်ဆုံး ဉာဏ့်ရှင်၊ မမိန့်ချင်ဘူး၊ သူပင် နာလို၊ မနာလိုတိ၊'' 'ကျိုးရှိ ဟုတ်မှန်၊ ဤနှစ်တန်သာ၊ သူ*မွန် သူထွတ်၊ သူမြတ် ပညဝါ၊ သမ္မာသမ္ဗုဒ္ဓ၊ သုဂတတို့၊ ပြောကြ စရိုး၊ နည်းမှန် ခိုးလော့၊'' ''အမျိုး ညံ့ယုတ်၊ အကျင့် ယုတ်၏၊ မျိုးယုတ် ကျင့်ယုတ်၊ လူ*အစုတ်ကား၊ မဟုတ် ယွင်းခွ၊ အဒိဋ္ဌနှိုက်၊ ဒိဋ္ဌဟူဘိ၊ ကြား မသိလည်း၊ ကြားသိသော့ယောင်၊ ဟန်ဆောင် ပြုတတ်၊ ဗောဓိသတ်နှင့်၊ သူမြတ်တို့မှာ၊ နှုတ်သစ္စာကို၊ လွန်စွာ မဖျက်၊ အဆက်ဆက်ပင်၊ သက်ထက် စွဲးယူ၊ မြဲးကြမူ၏၊'' ''သူတော့် မနော၊ သဘော ဖြောင့်စွာ၊ စိတ် သမ္မာမှ၊ သစ္စာ စောင့်တတ်၊ အမျိုး မြတ်မှ၊ ကျင့်ဝတ် တည်မြဲး၊ မဘောက်လဲးတည့်၊ ဝမ်းထဲး သမ္မာ၊ မှန် သစ္စာမှ၊ များစွာ ကြည်ညွတ်၊ ခုံတည် မှတ်၏၊ မျိုးမြတ်တုံရှောင်း၊ အကျင့်ကောင်းမှ၊ လူပေါင်း ရိုသေ၊ ဂုဏ်နေ မြင့်ရာ၊ မချွတ်စွာရှင့်၊'' 'ရပ်ရွာနှိုက်လျှင်၊ သူမိုက်ရောက်က၊ မီးပွား ကျသို့၊ ထိုမျှ သတ္တဝါ၊ မချမ်းသာဘူး၊ ပညာယှိသူ၊ လူတို့ ရောက်ရာ၊ ထိုပြည်-ရွာကား၊ များစွာ အိုင်ထုံး၊ ကန်လုံး မောက်လျှမ်း၊ ဗူး ခရမ်းနှင့်၊ ပဲး-နှမ်း ညွန့်ရှင်၊ ကောက်ပင် မြက်-သစ်၊ ပွားကြောင်းဖြစ်သား၊ ခုနစ် နှစ်လီ၊ ရက်ညီ သွန်းကြိုး၊ ရွာသည့် မိုဃ်းသို့၊ လူမျိုး*တကာ၊ ရ ချမ်းသာ၏၊'' ''ပညာ*မဲ့ငြား၊ သူယုတ်များသို့၊ တရား မေ့လျော့၊ ယွင်း မပေါ့နှင့်၊ သူတော့်နှလုံး၊ ကြိုးနှယ် ထုံး၍့။။ သုံးလော့ မင်းမှာ သစ္စာတည်း။'' (၇၀)

(၂၄၀) 'မင်းမှာ သစ္စာ၊ လူမှာ ဂတိ၊ ဆိုရိုးယှိတိုင်း၊ မြဲးဘိ ဘယ်ခါ၊ မချွတ်ရာဘူး၊ သစ္စာနှင့် ကြုံ၊ ရေစီး*တုံဟု၊ လူပုံဆိုမှု၊ *ဥဒါန်းပြုရှင့်၊ အကုသိုလ်မှာ၊ မုသာဝါဒ၊ ကုသိုလ်မှကား၊ သစ္စဝါစာ၊ လေးဆုံ့းသာတည်း၊ သစ္စာ ဘောက်လှန်၊ မတော်မှန်က၊ ဘေးဒဏ် ရောက်ကာ၊ ပျက်တတ်စွာ၏၊ သစ္စာနှုတ်သီး၊ မန္တာန်ကြီးကား၊ သေပြီးသော်မှ၊ ရှင်ပြန်ရ၏၊'' ''ရှေးက ဖြစ်ဟန်၊ လောင်းသုဝန်ကို၊ ငြိုးမာန် တစိ၊ ရန်စယှိသို့၊ ပီဠိယက္ခ၊ ဗာရာ့သခင်၊ လေးကြီး ငင်၍့၊ နင်သို့ ယောက်ျား၊ ဘယ်သူ့ သားနည်း၊ သိကြား*တမုံ့၊ ဖြစ်သော်တုံ့မှ၊ လွတ်ပုံ့ အရေး၊ ယှိလတ်သေးဟု၊ မနှေး လျင်ဟူး၊ မြား ဆိပ်လူးဖြင့်၊ ရွှေဒူး ယာဘက်၊ မြေ့ထက် အားထုတ်၊ ချောင်းကာ တုတ်၍့၊ ရွယ်ဖြုတ် ချိန်ကာ၊ ပစ်သော့ခါနှိုက်၊ သစ္စာ ဆိုသီး၊ သေတပြီးလျက်၊ ရှင်ကြီး ရှင်ပြန်၊ နတ်မတန်တည့်၊'' ''ပြင်းထန် ဆိပ်တောက်၊ တောမြွေဟောက်လျှင်၊ ပေါက်၍့ မြေဝယ်၊ သူငယ် စင်းစင်း၊ သေတုံလျှင်းလည်း၊ မှန်ခြင်းအရာ၊ မိမာတာတို့၊ သစ္စာ ဆိုကြ၊ ငုတ်ငုတ် ထ၏၊'' ထိုမှ တသွယ်၊ 'တော*မြိုင်လယ်တွင်၊ ငုံးငယ် မီးရှောင်၊ ပင်လယ်ခေါင်ဝယ်၊ ရေဆောင် နစ်မျော၊ သင်္ဘော ဝဲးစုတ်၊ ဗလဝါမုခ်မှ၊ ဆယ်ထုတ် ဘေးကင်း၊ ငါးမင်း ရာဇာ၊ နွေလခါနှိုက်၊ သစ္စာမှန်တိုင်း၊ ရွတ်ဆိုခိုင်းက၊ ဗျိုင်းအောက်တို့ ဘိုး၊ ခါ*မဲ့မိုဃ်းလျှင်၊ ကြိုး၍့ ရွာချ၊'' ဤသို့ စသား၊ များလှ ဝတ္ထု၊ အစုစုကို၊ ရွှေဥ သည်းအူ၊ မှတ် နည်းယူလော့၊ ''ဤလူတို့မှာ၊ မပျက်ရာသား၊ သစ္စာမဏ္ဍိုင်၊ ချိန်ကြီး ခိုင်က၊ ရွှေတိုင် မြင့်မိုရ်၊ ယုဂန္ဓိုရ်တို့၊ လဲးပြို ဖိလည်း၊ မပိ ထိုသူ၊ တည်လိမ့်ဟူ၏၊'' ''မသူတော်မှာ၊ သစ္စာ မကြိုက်၊ မုသား လိုက်၏၊ ဒုစရိုက်အမူ၊ လောက လူတွင်၊ ပြောထူ မုသား၊ ထိုသူအားကား၊ သားတိ မဘွား၊ သမီးများဟု၊ ထင်ရှား ကျမ်းနှိုက်၊ မိန့်တော် *ရိုက်၏၊ သူမိုက်ဝါဒ၊ စေတိယနှင့်၊ ထိုမှ တုံပြီ့း၊ ကရမ္ပိတို့၊ အဝီစိထဲး၊ မီးငရဲးသို့၊ မြေခွဲး၍့ မျို၊ အစ တိုရှင့်၊'' ''အလို မကောင်း၊ သူ အပေါင်းက၊ တိမ်းစောင်း ပါယ်ရွာ၊ သူတော်စွာမူ၊ သစ္စာ သက်ဆုံး၊ စောင့်ကြ သုံး၍့၊ နှလုံး မပျက်၊ နတ်ပြည် တက်၏၊'' မှတ်ချက် တံဆိပ်၊ မြဲး ခတ်နှိပ်သို့၊ ''အအိပ် အစား၊ မေထုန်အားဖြင့်၊ သုံးပါးသာမျှ၊ သိတတ်ကြသား၊ ဗာလ တိရစ္ဆာန်၊ နိဗ္ဗာန်နှင့် ဝေး၊ မိုက်သွေး တူမျှ၊ မကွဲးကြဘူး၊ ထိုဗာလဟူ၊ လူတို့သဘော၊ ပမာ*လျောက၊ ဥဩဥနည်း၊ ညိုရောင်ချည်းသို့၊ *အထည်း စာရိတ်၊ ကိုယ်စိတ် နှစ်ဝ၊ တွင်း အပ,ပင်၊ မလှသည်သာ၊ ဆိုး ယုတ်မာ၏၊'' ''ပညာယှိရှင်၊ သူတော်စင်မူ၊ ရုပ်သွင် ရူပ၊ မြင်မလှလည်း၊ ပြင်က ညိုလျက်၊ ကျီးနက်ဥတူ၊ အတွင်း ဖြူ၏၊ မသူတော် ညစ်၊ သူတော် စစ်တို့၊ ကျိုး-ပြစ် ခြင်းရာ၊ ဤနှစ်ဖြာနှင့်၊ လက္ခဏာတရား၊ လွန်ထင်ရှားသည်။။ ခြား၏့ ကျင့်ပြု မူရာတည်း။'' (၇၁)

(၂၄၁) ကျင့်မူ အပြု၊ မှတ်ကြောင်း ရှုသော်၊ ဒုစိန္တိတ၊ စိန္တာ စသား၊ ဗာလ လက္ခဏာ၊ မှန်စွာ ထိုပြီ့း၊ သုစိန္တိတ၊ စိန္တာစသား၊ ဉာဏ မဆိတ်၊ ပဏ္ဍိတ် လက္ခဏာ၊ သုံးဖြာ ကမ္မ၊ တံခွန် ပြ၏၊ ''လောက လူ့ရွာ၊ လူတို့မှာမူ၊ အချို့သူက၊ ဤလူ ဗာလ၊ ဟူကုန်ကြလည်း၊ ချို့ကတုံသော်၊ ပဏ္ဍိတ်ခေါ်၏၊ သူတော် သူယုတ်၊ လူတို့နှုတ်ကား၊ သမုတ် မမြဲး၊ မှတ်ရာ ခဲးရှင့်၊ သိခဲး မှတ်ခဲး၊ သို့*တပဲးလည်း၊ ဝေခွဲး သေချာ၊ ယှိပညာတို့၊ လက္ခဏာ မှန်ပြ၊ စံညွွှန်းကြ၏၊'' ''ဗာလမည်ငြား၊ ထိုယောက်ျားကား၊ နွားချေးပုံထက်၊ ဘားတလက်လျှင်၊ တက်မိသော့အား၊ ဆောင့်ကြွား မျှသာ၊ ထိုင်တတ်ကာဖြင့်၊ ငါ ခြင်္သေ့မှတ်၊ ထင်မှားတတ်သို့၊ မချွတ် တူရောင်၊ ဉာဏ်*မဲ့ဘောင်ဝယ်၊ မာန်ထောင် *ဟုံးစုံး၊ ငါဟု ကြုံး၍့၊ လက်ရုံး ချီကြွ၊ သံဝှန် ပ,၏၊'' ''မာန ထောင်လွှား၊ တက်သောအားဖြင့်၊ ခေါင်းစား မင်းဖြစ်၊ ကိုယ့်ဂုဏ် လှစ်၍့၊ မဟစ်တန်ရာ၊ ဟစ်မိစွာကြောင့်၊ ကိုယ်သာ စင်စစ်၊ ဟင်းလျှင် ဖြစ်လျက်၊ လည်ဆစ် ကျိုးကာ၊ မချမ်းသာဘဲး၊ ခန္ဓာ ယွင်းပျက်၊ အသက် သေဆိုး၊ ကြက်မိုက်မျိုးသို့၊ သူခိုး ရွှေရ၊ တပြပြတည်း၊'' ဗာလ တံဆိပ်၊ ခပ်နှိပ် လက္ခဏာ၊ ကံ သုံးဖြာနှင့်၊ ချမ်းသာ သုခ၊ ဘယ် မရဘူး၊ ထိုမှတပါး၊ ''သူမိုက်အားလျှင်၊ စီးပွား ဖြစ်ဘွယ်၊ အကယ် မရွေ့၊ သိန်းတန် တွေ့လည်း၊ ကောက်ကွေ့ လိမ်လည်၊ ကြံစည် ဝမ်းထဲး၊ မုသား စွဲး၍့၊ စဉ်းလဲး စဉ်းစား၊ မတရားဖြင့်၊ ယူငြားလိုစွာ၊ ဆိုး ယုတ်မာ၏၊ ချမ်းသာ လက်လွတ်၊ ချွတ် တပြီးမှ၊ မီးထက် မက၊ ကြီး နောင်တနှင့်၊ သေရိဝမည်၊ ရွဲးကုန်သည်သို့၊ မကြည် နှလုံး၊ သက်ဆုံး ခန္ဓာ၊ ကျိုးယုတ်စွာ၏၊'' ''မိစ္ဆာဇီဝ၊ ဒုကမ္မနှင့်၊ နေသာဒပုဏ္ဏား၊ ပတ္တမြားကို၊ နတ်သား ပေးခါ၊ မယူပါဘဲး၊ ပယ်ခွါ သက်သက်၊ ရှောင်ခဲ့ ထွက်ပြီး၊ သူ့လက် ရောက်မှ၊ အဓမ္မဖြင့်၊ တောင့်တ လိုချင်၊ ကျေးဇူးရှင်ကို၊ သဲးတွင် ရေသွန်၊ ပြညွှန် ပြစ်မှား၊ ပတ္တမြားနှင့်၊ သားလည်း ကင်းလျက်၊ မိတ်လည်း ပျက်၍့၊ သုံးချက် လုံးလုံး၊ တကွ ရှုံး၏၊'' ''မိုက်တုံး ကြီးကျယ်၊ အလမ္ပါယ်လည်း၊ အလွယ် ရငြား၊ ပတ္တမြားကို၊ နဂါးနှင့် လဲး၊ ဆင်းရဲး ကြီးစွာ၊ ဝေဒနာလျှင်၊ ကိုယ်မှာ ဒိဋ္ဌ၊ မျက်မှောက် ရ၍့၊ ဒုက္ခ သက်ဆုံး၊ ဘဝ တုံး၏၊'' ''နှလုံး မလှ၊ လူ့ဗာလကား၊ ဓန ဘောဂ၊ သိပ္ပ ဝိဇ္ဇာ၊ ပြည်စုံပါလည်း၊ ချမ်းသာ မပြီး၊ ကိုယ် ပျက်စီး၏၊ ချည်းနှီးသာမျှ၊ အနတ္ထရှင့်၊'' သားလှ အစဉ်၊ နွယ်တော် ယှဉ်၍့၊ ဒု-ကြဉ် သု-သုံး၊ နှလုံး *မွန်ဘိ၊ ကောင်း ခေါင်ထိလိမ့်၊ ဇာတိ ကျင့်မူ၊ ရွှေစင် တူသား၊ အယူ မစောင်း၊ တမျဉ်းကြောင်းသို့၊ ဘေးလောင်း*တကာ၊ ရှေးရာဇာနှင့်၊ ပညာယှိပေါင်း၊ ကျင့်လမ်းဟောင်းသည်။။ နည်းကောင်း တော်ဖြောင့် သမ္မာတည်း။ (၇၂)

(၂၄၂) အယူ သမ္မာ၊ တော်ဖြောင့်စွာလျှင်၊ ပညာရှိပေါင်း၊ သူမြတ်လောင်းတို့၊ လမ်းကြောင်း ကျင့်နည်း၊ *နိဿရည်းကို၊ ဆည်းဆည်း ပူးပူး၊ ဘုရားဖူးသို့၊ ကြားဖူး နားဝ၊ သုတ *လောက်ငံ၊ စုံ ပြည့်လျှံအောင်၊ နာခံ မှတ်သား၊ သင်ကြား ကြံ-မေး၊ ဆွေးနွေး ဆောင်ပြု၊ ရတိုင်း စုလော့၊ ပျော်မှု လိုက်စား၊ မလိုလားနှင့်၊ မပွား သုတ၊ မရ ကောင်းမှု၊ မစု ဥစ္စာ၊ နွာ့းပမာလျှင်၊ ချမ်းသာ နည်းပါး၊ မကောင်းစားဘူး၊'' ''တရား မြင်-သိ၊ ပညာယှိနှင့်၊ ကြိုက်ဘိ ကြုံတွေ့၊ တနေ့ တရက်၊ တနံနက်မျှ၊ ပေါင်းဘက်ရက၊ ဒေါသ မစွန်း၊ ကျေးဇူး ထွန်း၏၊ ကျယ်ဝန်း သိ-မြင်၊ ပညာရှင်မှ၊ လူတွင် တယောက်၊ တစ်,ခေါ်လောက်ရှင့်၊'' ''*မိုးသောက် နေပေါ်၊ ကျူးကျော် အိပ်ခြင်း၊ ပျင်းရိ ကြမ်းကြုတ်၊ *သောက်ထုတ် သေစာ၊ သွားလာ ကိုယ်ထူး၊ အိမ်ရာ ကျူးဟု၊ ခြောက်ဦး ပုဂ္ဂိုလ်၊ စည်းစိမ် တို၍့၊ ပျက်ပြို နွမ်းညှိုး၊ ဘုန်း မတိုးဘူ့း၊'' ''လိုဆိုး သွမ်းသော့၊ မမေ့လျော့နှင့်၊ သူတော့် ဥစ္စာ၊ ရေမှာ ပစ်ငြား၊ မဆုံးပါးတည့်၊ တရား မရှု၊ ကောင်းပြု မမူ၊ မိုက်သွေးထူသည့်၊ လူ မလိမ္မာ၊ ဟူသည်မှာလည်း၊ ချမ်းသာ နည်းပါး၊ ဒုက္ခ များ၏၊ ကောင်းစား ဆိုးစား၊ ဤနှစ်ပါးကား၊ အခြား နတ်လူ၊ မည်သူ မပြု၊ မိမိမှုတည့်၊ ယခု ဝတ္တမာန်၊ ပစ္စုပ္ပန်နှင့်၊ ရှေးလွန် *ကြမ္မာ၊ အကြောင်းသာရှင့်၊ ကိုယ့်ဟာ ဧကန်၊ မမှန် မြွေဆိုး၊ မှန် ရွှေအိုးဟု၊ ဆိုရိုးစကား၊ ယှိ ထင်ရှား၏၊'' ငါ့သားလိမ္မာ၊ ''အရာရာနှိုက်၊ ပညာလည်း ယှိ၊ သတိလည်း မြဲး၊ ယူစွဲးတရား၊ လွတ် မမှားနှင့်၊ စီးပွားအရာ၊ ချမ်းသာ မချွတ်၊ ဖြစ်စေတတ်လျက်၊ သင့်မြတ် လျော်ကန်၊ တော်ဖြောင့်မှန်သည့်၊ အပဏ္ဏက၊ ကျင့်ကိစ္စနှိုက်၊ လုံ့လကိုသာ၊ ဖြစ်စေရာ၏၊'' ''မိစ္ဆာဝါဒ၊ ကျင့် ယွင်းခွလျက်၊ တက္ကဂါဟီ၊ မမှီ ဉာဏ်လွတ်၊ တချက်လွှတ်ဖြင့်၊ ဖွတ်ဓား မပစ်၊ မဖြစ်ကောင်းစွာ၊ ဖြစ်စေပါက၊ ငါးရာ လှည်းသား၊ ဘီလူးစားသို့၊ ပျက်ပြားတတ်ချေ၊ မောင် မှတ်လေလော့၊ ပုဗ္ဗေကတ၊ ရှေးဘဝက၊ ပုည မပါ၊ ဉာဏ်*မဲ့စွာတည့်၊ *ကြမ္မာ မကောင်း၊ ထိုသူပေါင်းကား၊ သျှားစောင်း တခွက်၊ ပျားတစက်သို့၊ အပျက်တို့သာ၊ ကြံစည်ပါ၏၊ ပညာ မယှိ၊ ဒုစ္စိန္တိတို့၊ မိုက်မိ မိုက်မဲး၊ ကံ-ဉာဏ် မွဲးသည်။။ ဆင်းရဲး ပူဆိ ပူဆာတည်း။ (၇၃)

(၂၄၃) 'ပုညမင်္ဂလာ၊ ချို့ခဲ့ပါ၍့၊ ချမ်းသာ မထိုက်၊ ကံလျှင် မိုက်က၊ ဉာဏ်မိုက်တတ်စွာ၊ ဤလူ့ရွာဝယ်၊ ကံသာ အရင်း၊ မှတ်တုံလျှင်းလော့၊'' 'ကံဖျင်း လူမိုက်၊ ကံ မလိုက်က၊ တခိုက် မဟုတ်၊ အားထုတ်ရာရာ၊ လုပ်ပါသမျှ၊ ထိခိုက်ရ၏၊ ဓာတ်ကလည်း ခိုက်၊ နတ် အတိုက်နှင့်၊ အကြိုက် သင့်ကြုံ၊ ကျားနှင့် ဆုံသို့၊ အထုံ မကောင်း၊ အကြောင်း မလှ၊ ဖြစ်တတ်ကြ၏၊'' ''ပုဗ္ဗကာလ၊ ရှေး*မဆွနှိုက်၊ မိတ္တဝိန္ဒက၊ ဗာလ ယုတ်မာ၊ ဆိုး *ကြမ္မာကြောင့်၊ ကုန်းမှာ သွားလေ၊ ဘေး သင်္ချေနှင့်၊ ရေမှာ သွားလည်း၊ ပေါများ ရေဝယ်၊ အန္တရာယ် ဘယ၊ အနန္တတည့်၊'' ''ယက္ခ ကန်လွှင့်၊ ကောင်းကင်မြင့်သို့၊ စဉ်လွင့် ပျံဝဲး၊ *ကြမ္မာ ဆွဲး၍့၊ ဆိတ်ထဲး ကျလစ်၊ ဆိတ်ခိုး ဖြစ်လျက်၊ အပြစ်ကြီးစွာ၊ မင့်းအာဏာဖြင့်၊ ဖမ်းကာ ချည်နှောင်၊ သုသာန်ဘောင်သို့၊ ထုတ်ဆောင်ကုန်ကြ၊'' ဤသို့စသား၊ ''ပါပ ဆိုးညစ်၊ ကံ့အပြစ်ကား၊ မ*နစ် စဉ်စိုက်၊ တောခွေးလိုက်သို့၊ ကိုယ်နှိုက် မကွာ၊ နောက်ထပ် ပါ၏၊ *ကြမ္မာ ကောင်းခွင့်၊ မခြီးမြှင့်ဘူး၊ အသင့် စီရင်၊ တခွင် လုံ့းမောင်၊ သွားတိုင်း အောင်ဟု၊ လူ့ဘောင် ရှေးက၊ မှတ်ဆောင်ကြသား၊ ဒိဂ္ဂဖလ၊ ကမ္ဘာ့ တန်းဆာ၊ လပ်မကွာလည်း၊ *ကြမ္မာ ဆိုးဝါး၊ ထိုသူအားကား၊ သွားလေရာရာ၊ ဘေး မကွာရှင့်၊ ကံသာ စီရင်၊ *ကြမ္မာ ငင်သော်၊ ခုတင် ရွေ့လစ်၊ လူစင်စစ်လျက်၊ ဆိတ်ဖြစ်ရကြောင်း၊ ထုံးဟောင်း ရှေးက၊ မှတ်ဆိုကြ၏၊'' ''ဟီနလိင်္ဂ၊ ဘာဝယုတ်ငြား၊ မိန်းမများတို့၊ သိကြား မန္ဓာတ်၊ မာရ်နတ် ဗြဟ္မာ၊ မဖြစ်ရာသို့၊ သုံးဖြာ အမိုက်၊ ဒုစရိုက်မျိုး၊ ထိုကံဆိုးလည်း၊ ကောင်းကျိုး ဘယ်ခါ၊ မပေးရာဟု၊ မြတ်စွာ လူ့ဘ၊ သမ္ဗုဒ္ဓတို့၊ မုချ သေချာ၊ ဟော မိန့်မှာ၏၊'' ထိုပါပက၊ မိုက်ဆိုးလှသား၊ ''မိတ္တဝိန္ဒက၊ လူ့ဗာလပင်၊ မွေးမိခင်ကို၊ နာကျင်စေမှု၊ ထောင်းထု ခြေ-လက်၊ ရိုက်နှက် ကျောက်ကန်၊ နှုတ်လှန် ဆို-ဆဲး၊ ကံ မိုက်မဲးကြောင့်၊ ငရဲးမီးလျက်၊ သင်တုန်းစက်ကို၊ ထိပ်ထက် ပန်ဆင်၊ ရွှေပန့်းသွင်သို့၊ သို့စင် စိတ်မှာ၊ ထင်ရစွာ၏၊ *ကြမ္မာလည်း မိုက်၊ ဉာဏ်လည်း မိုက်၍့၊ လူမိုက်ယောက်ျား၊ ကံ-ဉာဏ် မှားတို့၊ အလား ဆိုးညစ်၊ ဘဝ နစ်သည်။။ အော်ဟစ်ကျူ*ကျူ ကျာကျာတည်း။'' (၇၄)

(၂၄၄) ပါပတရ၊ ယုတ်မာ လှသား၊ ဗာလအတိ၊ မိုက်ခေါင်ထိတို့၊ 'အမိဟူသည်၊ လူတို့ပြည်ဝယ်၊ နို့ရည် တိုက်ကျွေး၊ ငယ်က မွေးလျက်၊ နို့ကြွေး တင်ရုံ၊ မဆပ်တုံတည့်၊'' ''လူ့ဘုံဌာန၊ ဤလောကနှိုက်၊ ဘ,ကို လက်ျာ၊ မိမှာ လက်ဝဲး၊ အမြဲး ဆောင်ရွက်၊ ပခုံ့းထက်တွင်၊ တင်လျက် လုပ်ကျွေး၊ မပြတ် မွေးလည်း၊ ကျေးဇူး ဂုဏ်*စိုင်၊ မကုန်ခိုင်ဘူး၊'' ဉာဏ်ခိုင် ဇာတိ၊ သန္ဓေ သိနှင့်၊ ''ဗောဓိပွင့်*လျာ၊ သူတို့မှာကား၊ မာတာ ပိတ၊ မိဘတို့အား၊ မစား ကိုယ့်ဝမ်း၊ ရိနွမ်းခံလစ်၊ ဧကရာဇ်ဖြင့်၊ မင်းဖြစ် စွန့်ပယ်၊ မင်းစွယ် ချိုးကာ၊ လွန်စွာ မြတ်လေး၊ သက်စွန့် မွေး၏၊'' ''ခွေးနှင့်*တမျှ၊ ထိုဗာလတို့၊ မိ-ဘ နှစ်ပါး၊ ကြီးမား ဂုဏ်အင်၊ ကျေးဇူးရှင်ကို၊ ပြင်ပြင် မရှု၊ မပြု မမွေး၊ မလုပ်ကျွေးဘူး၊ ကျင့်ရေး ယွင်းချွတ်၊ တရား လွတ်လျက်၊ ပေါက်လွှတ် ဘာသာ၊ အချို့မှာလည်း၊ ထင်ရာအလိုက်၊ ဒုစရိုက်နှင့်၊ သူမိုက် အမှု၊ လေ့လာ ပြု၏၊'' သက်စု မင်းဖြူ၊ ဘ,သည်းအူကား၊ ကျင့်မူ ဆိုးစွာ၊ မသမ္မာကို၊ ဘယ်ခါ တစိ၊ လိုမယှိနှင့်၊ ''ဒုစိန္တိတံ၊ မတော် ကြံဖြင့်၊ အကြံသမား၊ ဉာဏ်သမားတို့၊ ကံမှား ဉာဏ်မှား၊ ကြံတိုင်း မှား၍့၊ အပါး လွန်မြောက်၊ ပါးတိုင်း ပေါက်၏၊ အလျောက် ကိုယ်ထူး၊ ကြံ မကျူးနှင့်၊ စုန်းကြူး ပိုးငယ်၊ ရောင်* နုန့်နယ်သို့၊ ညဉ့်ဝယ် ထွန်းပ၊ သုံးမရသို့၊ ဗာလအကြံ၊ ပါပကံဖြင့်၊ မစံရသီး၊ ကျိုး မပြီးတည့်၊'' ''ရပ်ကြီး ပြည်မ၊ လူမျာ့းအလေ့၊ ယဉ်သိမ်မွေ့လည်း၊ မရွေ့ နေရာ၊ မခွါ အရပ်၊ ပရိကပ်ဖြင့်၊ ပစပ် စကြာ၊ ဟူစပါသို့၊ လျှာ မ*နုန့်နှေး၊ နှုတ် မလေးဘူး၊ အတွေးနှင့် ထောင်း၊ ဟူတတ်ရှောင်း၏၊ ကျိုး-ကြောင်း *နက်တံ၊ နှိုင်းထောက်စံလော့၊'' ''အကြံနှင့် မေး၊ အတွေးနှင့် ဖြေ၊ ဟူသောထွေကား၊ ထဲးနေ အာဘော်၊ ရည်ရော် ကြံရင်း၊ နှလုံးသွင်းတိုင်း၊ မှန်ခြင်းလည်း ယှိ၊ မှားခြင်း ယှိခဲ့၊ မမိ တခါ၊ မိ တခါတည့်၊ ထင်ရာ မဆိုင်း၊ ထင် မလှိုင်းနှင့်၊ ထင်တိုင်း မမှန်၊ ဤလူ့ဌာန်ဝယ်၊ ကံ-ဉာဏ်မွဲးက၊ အလွဲး ထင်တတ်၊ ထင်မှား ချွတ်၏၊'' ''သူမြတ် ပဏ္ဍိ၊ ပညာယှိနှင့်၊ မညှိ မဆ၊ ပြုသမျှကား၊ မလှ စီးပွား၊ ရေနစ် ဆားသို့၊ ပျက်ပြားတတ်စွာ၊ မချမ်းသာဘူး၊ ဆရာ မိဘ၊ ဩဝါဒဖြင့်၊ ဆုံးမစကား၊ မလိုက်ငြားဘဲး၊ မြင်-ကြား သုတ၊ မရ နည်းနာ၊ ပညာမျက်စိ၊ မြော်မယှိက၊ မိမိအတတ်၊ ကိုယ်ကို သတ်၏၊ နက္ခတ် ယှဉ်သန့်၊ မန္တာန့် တန်းခိုး၊ ရွှေမိုဃ်း ရွာစေ၊ ကျားသေ သက်သွင်း၊ ခရုသင်း စည်ကြီး၊ မှုတ်တီး လွန်လစ်၊ လက်ပစ်ယောက်ျား၊ လှံကစားနှင့်၊ တောသား *ခပင်း၊ ကိုယ် မကြွင်းအောင်၊ ပျက်ခြင်း ကုန်ချီ၊ မိုက်သွေး မှီသည်၊ ပထဝီဇယ၊ သိင်္ဂါလသို့၊ တွေးဆ *မဲ့မှု၊ သေကြောင်းပြုသည်။။ ကံဟု မဆို*စမာတည်း။ (၇၅)

(၂၄၅) 'ကံဟု မူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာ ဘောဂ၊ ဇီဝိတနှင့်၊ သုခ ပွားရန်၊ ဤလူ့ဌာန်နှိုက်၊ ဉာဏ် ဝီရိယ၊ ပယောဂတည့်၊ ကာလ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကို ယုံ၍့၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲးရာလည်း၊ *ကြမ္မာအကြောင်း၊ မရိုးကောင်းတိ၊ သူဟောင်း ရှေးက၊ ဆိုကုန်ကြ၏၊ လုံ့လ မထူ၊ ဉာဏ်မကူဘဲး၊ အယူ တချောင်း၊ ကံ တကြောင်းမျှ၊ မကောင်းလည်း ကံ၊ ကောင်းလည်း ကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာ ဉာဏ်ဖြင့်၊ သင့် မသင့်ကို၊ အခွင့် ရှု၍့၊ အပြု လုံ့လ၊ ရှိအပ်စွတည့်၊ တံငါ့ လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင် ငါးကို၊ မှတ်သား ဝမ်းထဲး၊ နည်းယူ စွဲးလော့၊ ကံမွဲး ဉာဏ်*နုန့်၊ မလုံ့ မလ၊ နတ် မ,မဘူး၊ အလသမျိုး၊ အကျိုး ယွင်းယို၊ အလို ရော့ရည်း၊ မ*ကျော့ကျည်းနှင့်၊ ကိုယ်လည်း လုံ့လ၊ နတ်လည်း မ၍့၊ တောင့်တ ကြံရာ၊ မြန် မကြာလျှင်၊ လွယ်ကာ ကိစ္စ၊ ပြီးနိုင်ကြ၏၊ စိတ်က မလျော့၊ အား မလျော့နှင့်၊'' ''ရှေးသရော့ခါ၊ ပင်လယ်ချာတွင်၊ မဟာဇနက်၊ သင်္ဘော ပျက်လည်း၊ ရွှေစက် ဝီရိယ၊ ဥဿာဟဖြင့်၊ ယောက်ျားသတ္တိ၊ စွမ်းအင်ယှိတိုင်း၊ အိအိ လှိုက်တိုး၊ *တံပိုး ပစ်ကြဲး၊ ခေါင်းမွဲး ခေါင်းဖြူ၊ သဲးသဲးဦလျက်၊ သည်း-အူ ပြောင်းပြန်၊ မှောက်လှန် လိမ့်လက်၊ လှိုင်းဂယက်နှိုက်၊ ခုနစ်ရက်လုံး၊ မဆုံး နေ့ည၊ လက် မချဘဲး၊ လုံ့လ ဆော်နိုး၊ အားထုတ် ကြိုး၍့၊ မိုးက ဆင်းလှာ၊ မေခလာလျှင်၊ ရေမှာ ဆယ်လျှင်း၊ မ,စခြင်းကြောင့်၊ ဘ,မင်း *ရိုက်ရာ၊ မိထိလာကို၊ စိုးကာ ပိုင်သ၊ နန်းထိုင်ရ၏၊ ထိုမှ တပါး၊ သင်္ဘောသား များစွာ၊ ခုနစ်ရာမူ၊ ရေမှာ မွန်းနစ်၊ ငါးစာ ဖြစ်ရှင့်၊ စင်စစ် မယွင်း၊ ဆင်ခြင်လျှင်းက၊ ထိုမင်း ဇနက်၊ ပင်လယ်*ချက်ဝယ်၊ အသက်ရှင်ဟန်၊ ဉာဏ် ဝီရိယ၊ နတ်မယ် မ,၍့၊ နန်းရ စိုးလစ်၊ မင်းအဖြစ်ကား၊ စင်စစ် မှန်လှ၊ ကံကိစ္စတည့်၊'' ''အန္ဓဗာလ၊ လူ ထိုမျှတို့၊ ကမ္မ ဝီရိယ၊ မယုံကြဘူး၊ သီဝမဟေ၊ ပရမေ သုရာ၊ ဗြဟ္မာ ဗိဿနိုး၊ ကမ္ဘာစိုးနှင့်၊ တန်းခိုး ကြီးမား၊ နတ်ဘုရားတို့၊ ပေးစား ဘန်ဆင်း၊ ဖြစ်တုံလျှင်းဟု၊ ချွတ်ယွင်းသမှု၊ အမှား ရှုသည်။။ တောင်သူ့ ယူလေ့ ယူလာတည်း။'' (၇၆)

(၂၄၆) တောင်သူ့အယူ၊ *မိလက္ခူသို့၊ အမူ သိမ်ဖျင်း၊ သမ္မာ ကင်းလျက်၊ ချွတ်ယွင်းသမှု၊ မှား မရှုသင့်၊ မင်းဟု ဖြစ်ရှောင်း၊ ဆိုးကောင်းကြံရာ၊ အောင်လွယ်စွာခဲ့၊ စိတ်မှာ ထင်တိုင်း၊ ဉာဏ် မပိုင်းဘဲး၊ မနှိုင်း မရှု၊ ကျင့် မပြုလင့်၊ ပြုပြုသမျှ၊ ထိုကမ္မကို၊ ပြုကြသော့သူ၊ အမွေယူ၏၊ နတ်-လူတို့တွင်၊ ပြုပြင် မရ၊ ဤလောကနှိုက်၊ ကမ္မ နှစ်မျိုး၊ ထို့အကျိုးဖြင့်၊ ကောင်း-ဆိုး ခံကာ၊ သတ္တဝါ ဟူသမျှ၊ ကျင်လည်ကြ၏၊ မောဟ ပိတ်ကာ၊ ဉာဏ်*မဲ့စွာနှင့်၊ ပညာ ချည်းနှီး၊ မင်း ဘုန်းကြီးက၊ ကျားမြီးဆွဲးတူ၊ စစ်မက် ထူ၍့၊ *ဗိုလ်-လူအများ၊ တိုင်းကား ပြည်-ရွာ၊ မချမ်းသာဘူး၊ ''သတ္တဝါ *ခပဲး၊ ဆင်းရဲး ဖြစ်ကြောင်း၊ မကြံကောင်းရှင့်၊ မိကျောင်းမိုက်နှယ်၊ စော်ကား ကျယ်က၊ ကိုယ်ဝယ် မျက်မှောက်၊ ဒုက္ခရောက်လိမ့်၊ ယွင်းဘောက် သမ္မာ၊ ကရုဏာ ကင်းငြား၊ သူ့အား ဖရုသ်၊ ကြမ်းကြုတ်အမူ၊ ပြုတတ်သူကား၊ ထို့တူ မချွတ်၊ ခံရတတ်၏၊'' 'ဗြဟ္မဒတ်ရာဇာ၊ မင်း တရာကို၊ ဖမ်းကာ သတ်၍့၊ ညောင်နတ် တင်ဘိ၊ ပြုချေမိကြောင့်၊ မျက်စိ ဟောက်တောက်၊ ဤမျက်မှောက်ပင်၊ ပေါက်၍့ ချက်ခြင်း၊ ဝီစိ ဆင်း၍့၊ ချွတ်ယွင်း မိစ္ဆာ၊ မက် ကာလာနှင့်၊ ခဏ္ဍာဟလ၊ ဗြဟ္မဏလည်း၊ ဓမ္မဓဇ၊ လောင်း စန္ဒအား၊ သတ်ရအောင်သာ၊ ပြစ်ရှာ တစိ၊ ကြံကုန်ဘိ၍့၊ မိမိတို့ပင်၊ မျက်မြင် ပြက်ပြက်၊ ချက်ခြင်း ယှက်၏၊'' 'ဝိပါက်ဟူသည်၊ ကြာမရှည်ခင်၊ ပြန်လည်တတ်မျိုး၊ မကောင်းကျိုးဖြင့်၊ နောက်ပိုး လိုက်တတ်၊ သူ့ကို ဖျက်က၊ ကိုယ် ပျက်တတ်စွာ၊ ဤလူ့ရွာဝယ်၊ ဓမ္မတာ အရိုး၊ ပမာ *နိုးမူ၊ ခါးမျိုး ချိုမျိုး၊ စေ့ စိုက်ပျိုးက၊ ထိုမျိုးအလား၊ မခြား တူပြီး၊ ခါး-ချို သီးသို့၊ သားကြီး မင်းပျို၊ မှတ်ပိုက်သိုလော့၊'' ''သူ့ကို သရမ်း၊ မကြော့ကြမ်းနှင့်၊ လူနှမ်းကိစ္စ၊ ကျိုး မလှဘူး၊ နိယာမမျိုး၊ ကောင်း အဆိုးတိ၊ ပြစ်-ကျိုး နှစ်ပါး၊ ဖြစ်တတ်ငြား၏၊ ဘုရားသော်မှ၊ မလွတ်ရဘူး၊ စိတ်က ပြစ်မှား၊ မတရားဖြင့်၊ သူ့အား ကိုယ်ကြံ၊ ကိုယ့်အကြံတိုင်း၊ သူကြံကြမြဲး၊ မလွဲး မှန်လှ၊ ဧကန္တတည့်၊ ပါပ မနော၊ သဘော ဖရုသ်၊ ကြမ်းကြုတ် မျက်ဆူ၊ အမူ ဆိုးဝါး၊ တောချုံကြားက၊ ကျားသို့ ကျင့်သူ၊ ကျားတူ မုချ၊ ပျက်စီးရသည်။။ ဒိဋ္ဌ မချွတ် *ပက်ပါတည်း။'' (၇၇)

(၂၄၇) ထိုမှ တကွဲး၊ မှတ်ယူ စွဲး၍့၊ ဝမ်းထဲး ပိုက်သို၊ ထောင်နား ချိုလော့၊ ''အလို ယုတ်မာ၊ ဤလူ့ရွာနှိုက်၊ မနာတရား၊ မြင်-ကြား သုတ၊ မယှိစွသား၊ ဗာလ မနော၊ လူ့သဘောကား၊ မောဟ တိုးကာ၊ အိုကြာကြာတည်း၊ သမ္မာ မပွား၊ မိစ္ဆာ များ၍့၊ သောက်စား ပျော်ယစ်၊ ကံ အပြစ်နှင့်၊ လူဖြစ် လုံးလုံး၊ ဘဝ ရှုံး၏၊ သက်ဆုံး စောင်း-ယွဲ့၊ နွားအိုကဲ့သို့၊ အရွယ့်အလိုက်၊ ဘိုး မထိုက်ဘူး၊'' ''စရိုက် ပြန့်*ပြော၊ *ရမ္မက်ဇောနှင့်၊ သဘော ဝမ်းထဲး၊ လောဘ ကဲးလျက်၊ မရောင့်*ရဲးသီး၊ အလိုကြီးသော်၊ ပျက်စီးတတ်စု၊ ဆင်းရဲးမှုတည့်၊ စတုဒီပါ၊ နတ်မဟာနှင့်၊ ဝတိံသာထိပ်၊ ဘုန်းတော် နှိပ်၍့၊ သုံးကျိပ် ခြောက်ပါး၊ သိကြားတို့ဘောင်၊ ဝေယန်ဆောင်ထက်၊ ဘုန်းခေါင် ဘုန်းမြတ်၊ စံစားလတ်လျက်၊ မန္ဓာတ်မင်းကြီး၊ လောဘကြီး၍့၊ ကိုယ်ထီး လူ့ရွာ၊ ကျရောက်လာ၏၊'' 'ငယ်ခါကသော်၊ မပျော် နန်းတွင်း၊ နန်းကို နှင်းလည်း၊ မင်း မပြုလို၊ ညီတော်ကို လွဲး၊ *ဖဲး၍့ နေပြီး၊ နောင် ကြီးသော်မှ၊ တစစဖြင့်၊ လောဘတရား၊ ဆင့်ဆင့် ပွားလျက်၊ တိုင်းကား သိမ်းဆောင်၊ သုံးပြည်ထောင်ကို၊ ရအောင် ကြံငြား၊ လို ကြီးမား၍့၊ သိကြား လှည့်ပတ်၊ သေလုလတ်သော်၊ သဟဿိယာ၊ ရှစ်ဂါထာဖြင့်၊ မဟာဗောဓိသတ်၊ ဆုံးမလတ်မှ၊ တည့်မတ် စိတ်က၊ ချမ်းသာ ရသား၊ တဏှာ့ လိုလိုက်၊ လောဘ တိုက်သည့်၊ စရိုက် ချွတ်ယွင်း၊ မင်း၏ ပမာ၊ မဖြစ်ရာဘူး၊'' သေချ မှတ်ယုံ၊ ''ဤ လူ့ဘုံဝယ်၊ မီးပုံ သမုဒြာ၊ လူမှာ တသီး၊ လောဘကြီးအား၊ *ပုံဖြီး ပစ္စည်း၊ အလှည်းလှည်းဖြင့်၊ *ဖြင်ပည်း ထိုမျှ၊ ပေးတုံထလည်း၊ အားရ *ရောင့်ရဲး၊ ပြည့်နိုင်ခဲးဟု၊ မလွဲး မှန်စွာ၊ ကျမ်းနှိုက် လာ၏၊'' ''ရွှေဟင်္သာငှက်၊ တောင် တခက်ဖြင့်၊ နှစ်သက် စိတ်က၊ ပေးသမျှကို၊ အားရ မယှိ၊ ကဲးလွန်ဘိလျက်၊ အတိ ဗလဝ၊ ကြီး လောဘနှင့်၊ အရ သုတ်သုတ်၊ ပြုတ်ပြုတ် မကြွင်း၊ နင်း၍့ ကုန်အောင်၊ နုတ် ယူဆောင်သော်၊ ရွှေရောင် ကွယ်လစ်၊ ဗျိုင်းတောင် ဖြစ်၏၊'' ''သားတစ် ကိုက်ကာ၊ ရေမှာ ကူးဘိ၊ မိမိ ရိပ်သွင်၊ မြင်လျှင် *ငပ်ငပ်၊ လောဘ တပ်ပြီး၊ လိုက်ဟပ်တုံလျှင်း၊ နှုတ်ခံတွင်းက၊ ကိုက်ရင်း သားတစ်၊ စင်စစ် လွတ်ထ၊ ရေတွင် ကျ၍့၊ မရ လက်ချည်း၊ ဝမ်းနည်း မှိုင်ကာ၊ နေရစွာသား၊ လိမ္မာ *မဲ့လစ်၊ မြေခွေးညစ်သို့၊ စင်စစ် ယုတ်မာ၊ ဤလူ့ရွာနှိုက်၊ မဟိစ္ဆာဆိုး၊ လောဘမျိုးကား၊ အကျိုး မ*ဖြီး၊ အချည်းနှီးသည်။။ ပျက်စီး လက်*မဲ့ လက်ခါတည်း။'' (၇၈)

(၂၄၈) 'လောဘကြီး၍့၊ ပျက်စီးတတ်စွာ၊ မချွတ်ရာရှင့်၊ မှာမှာ အာရုံ၊ တွေ့လာ ကြုံတိုင်း၊ *ခုံခုံ မင်မင်၊ *ဆောတလျင်တိ၊ တခင် မက်မက်၊ တ*ငက်ငက်နှင့်၊ စက်စက် ယိုစိတ်၊ ရေ့နှယ် ဖိတ်၍့၊ အတြိစ္ဆာ၊ မဟိစ္ဆာဖြင့်၊ အသိတာ ဘူ၊ မိနန်းသူမှ၊ တမူ သွေယိမ်း၊ တိမ်းခဲ့ ဘော်နည်း၊ ခွါ*သရည်းလျက်၊ လူလည်း တပိုင်း၊ ငှက် တပိုင်းနှင့်၊ အရိုင်း တောသူ၊ မတူ နွယ်ရိုး၊ မျိုး သကုဏ၊ ငှက်မိန်းမကို၊ ယောက်ျာ့းသဘော၊ အာရုံ *ပြောတိုင်း၊ မက်မော လိုလား၊ လိုက်မိ မှား၍့၊ နှစ်ပါး လက်လွတ်၊ ချွတ်ကြီး ချွတ်လျက်၊ ဗြဟ္မဒတ် မင်း*လျာ၊ တော *ဟေမာဝယ်၊ ကြီးစွာ ဒုက္ခ၊ ကိုယ်ထီး ရခဲ့၊'' ''ရာဂမိုက် လွှမ်း၊ လူတို့ တမ်းကား၊ ခြီးမွမ်းဆိုက၊ နှစ်သက်ကြလျက်၊ လှပ ရုပ်သွင်၊ အဆင်း မြင်လည်း၊ ခုံမင် မဆိုင်း၊ မြင်တိုင်း တွေ့ရာ၊ ကြိုက်တတ်စွာ၏၊ လိုရာ ပြရှောင်း၊ ဆို *ဖြားယောင်းလည်း၊ ထောင်းထောင်း လွယ်ကာ၊ လိုက်တတ်စွာ၏၊ ကိလေသာဆိုး၊ အမိုက်မျိုးတည့်၊ အကျိုး*မဲ့မှု၊ အမြဲး ပြုရှင့်၊'' ''ဤ လူ့လောက၊ တဘဝနှိုက်၊ ခဏခိုက် ခေတ်၊ မင့်အဖြစ်လည်း၊ ကျိုး-ပြစ် နှစ်ပါး၊ အလွန် များခဲ့၊ တရား မယှဉ်၊ စဉ်လေ *နရက်၊ တရား ဘက်က၊ တက်လေ နတ်ရွာ၊ ဆက်ဆက်သာတည့်၊ ငါသို့ မင်းစစ်၊ ဖြစ်သကားဟူ၊ မာန်မမူနှင့်၊ မည်သူမဆို၊ ရှေးကုသိုလ်လျှင်၊ ပေးလို အခွင့်၊ ပန့်းနှယ် ပွင့်၏၊ ခါလင့် ချိန်*ဆုန်း၊ နတ်တ*နှုန်းတို့၊ လူ့ဘုန်း သမ္ဘာ၊ မမြင်သာဘူး၊ *ကြမ္မာနှင့်ချည်း၊ အရိပ် နည်းရှင့်၊ သူတည်း တယောက်၊ ကောင်းဘို့ ရောက်က၊ တယောက်သူမှာ၊ ပျက်မြဲးသာတည့်၊ ဓမ္မတာဟူဘိ၊ မောင် မှတ်-သိလော့၊'' ''ဘုန်းယှိ ပေါ်ရောက်၊ ဘုန်း*မဲ့ ပျောက်၏၊ မဘောက် မှန်ဟုတ်၊ ပမာထုတ်မူ၊ သစ်ငုတ် မြင့်တုံ၊ မြက်မြင့် တုံနှင့်၊ တူပုံ မယွင်း၊ ရွှေရောင်ဝင်းလည်း၊ မှန်ကင်း တလှည့်၊ ထင်း တလှည့်သို့၊ လူ၏့ ထုံးစံ၊ လောကဓံကား၊ ငါ့ထံ မ+ရောက်၊ မဆို*စောက်ရှင့်၊ တ+ယောက် မကြွင်း၊ *ခပင်း ယုတ်-လတ်၊ မြတ်ဘူ သယံ၊ အရဟံမှ၊ တရံ ဘယ်ခါ၊ မလွဲးရာတည့်၊ ''ခန္ဓာမီးခိုး၊ တိမ်ရုပ်မျိုးလည်း၊ တစိုး တစိ၊ မြဲးမယှိဘူး၊ ဖြစ်မိ ဖြစ်ရာ၊ ဖြစ်တတ်စွာ၏၊ *ကြမ္မာအလိုက်၊ ခါ ခိုက်တန့်မျှ၊ *အဓွန့် မကွာ၊ မနည်း အာရုံ၊ လိုရာ မရ၊ တခဏဖြင့်၊ မဝ မျက်မြင်၊ မိုးကောင်းကင်နှိုက်၊ ခုဆင် ခုမြင်း၊ ရွေ့ရွေ့ ယွင်းလျက်၊ ကြည့်တွင်း မမှန်၊ ရုပ်သဏ္ဌာန်တို့၊ ဘောက်ပြန်တုံဘိ၊ လေလိုက်အိသို့၊ မိမိအမှု၊ စီမံ ပြုသည်။ ။ ငါဟု မမူစ,သာတည်း။'' (၇၉)

(၂၄၉) 'ငါမမူသာ၊ ဤခန္ဓာကို၊ တဏှာ ဒိဋ္ဌိ၊ မာန ငြိ၍့၊ ဟုတ်လိစနိုး၊ အား မကိုးနှင့်၊ ကျင့်ရိုး မယုတ်၊ မှန် အဟုတ်ဖြင့်၊ အားထုတ် မပေါ့၊ မမေ့လျော့အောင်၊ မြဲးလော့ စိတ်ဝယ်၊ လွဲး မပယ်ဘဲး၊ ဘုန်းကြွယ် ဟောထား၊ တရား မှန်စွာ၊ မျက်မှောက်မှာပင်၊ ပရာဘဝ၊ ဒုက္ခ ကြောင်းစု၊ ပျက်စီးမှုကို၊ ဂရု ကတ၊ လုံ့လပြုကာ၊ ဘောက်ပြန်စွာလျက်၊ မင်္ဂလာတရား၊ မှတ်သော့အားဖြင့်၊ စီးပွား*မဲ့မျိုး၊ မှား မတိုးနှင့်၊ ကောင်း-ဆိုး မမှတ်၊ ပြုတတ်သော့သူ၊ အပြစ် ထူ၏၊'' တမူ ထိုပြီ့း၊ မှတ်ကြောင်း သိစိမ့်၊ ''မိမိ ကိုယ်မှာ၊ ဥစ္စာ စည်းစိမ်၊ ဂုဏ်သိမ် ယုတ်-ယွင်း၊ ပျက်စီးခြင်းက၊ ဝမ်းတွင်း ပူချုံး၊ နှလုံး မသာ၊ ရှိလတ်ရာနှင့်၊ မေတ္တာ သက်ပြီး၊ သမီးနှင့် သား၊ မယားနှင့် လင်၊ သူတို့တွင်တိ၊ ပြစ်မြင် စိုးစိ၊ ယှိခဲ့တုံမြောက်၊ တယောက်ယောက်လူ၊ ပြင်ပသူတို့၊ *ပအူ ပစေး၊ မလေး မစား၊ ကျူးသည်များကို၊ ထင်ရှားပြကာ၊ မပြုရာဘူး၊ ပြုပါတုံငြား၊ ရှေ့ နှစ်ပါးမူ၊ ရန်သူ*တကာ၊ ဝမ်းပန်းသာလိမ့်၊ နောက်မှာ နှစ်ခု၊ ပြစ်ယူ ပြုက၊ ကြက်ဥ ချင်းချင်း၊ ပေါက်ကြလျှင်းသို့၊ မယွင်း ပုံတူ၊ ပျက်ခြင်းဟူသည်၊ သူသာ မဟုတ်၊ ကျိုးယုတ် ကိုယ်ပါ၊ ပျက်စီးရာ၏၊'' ''ပညာယှိငြား၊ ယောက်ျား မိန်းမ၊ ဟူသမျှတို့၊ ဉာဏ ထောက်ကူ၊ သတိမူ၍့၊ မှတ်ယူ သေချာ၊ လူတို့မှာလျှင်၊ ပညာ*မဲ့မျိုး၊ အကျိုး မသိ၊ ပြုမိ တတ်ဆန်း၊ မျက်ကာန်းအသွင်၊ ပြုတတ်ချင်၏၊ ဗုဒ္ဓင်္ကူပေါင်း၊ သူမြတ်လောင်းတို့၊ နည်းကောင်း သမ္မာ၊ ယူ လိုက်နာ၍့၊ မင်္ဂလာဓမ္မ၊ စရိယ ကျင့်ရိုး၊ ဘုန်း ပွင့်ဖြိုးလော့၊ ပြစ်-ကျိုး နှစ်အင်၊ ဘယ်သူ မြင်လိမ့်၊ ဖြစ်ချင်လည်း ပျက်၊ မင်းဇနက်သို့၊ ပျက်ချင်လည်း ဖြစ်၊ ခုနစ် ရတနာ၊ မိုဃ်းကြီး ရွာ၍့၊ သုံးရာ ယောဇန၊ ကုမ္ဘဝတီ၊ ဒဏ္ဍကီတို့၊ အညီ တိုင်းလုံး၊ သဲးဖုံး ညွန်နစ်၊ လူ*မဲ့ ဖြစ်၏၊'' ဟောင်း-သစ် အလို၊ အကုသိုလ်နှင့်၊ ကုသိုလ် အကျိုး၊ ထိုနှစ်မျိုး၏့၊ အဆိုး အကောင်း၊ အကြောင်း နှစ်ဖြာ၊ မသိသာဘူး၊ ကောင်းရာ ကျင့်ပြု၊ ကောင်းစွာ ရှု၍့၊ ကောင်းမှု ကုသိုလ်၊ *မငြင်ငြိုနှင့်၊ ကြည်ညို မြတ်+နိုး၊ ဘုန်းပွင့် +နှိုးလော့၊'' ''မကြိုး မကုတ်၊ အားထုတ် မမူ၊ လူ မလုံ့လ၊ နတ် မ,မတည့်၊ ပယောဂစက်၊ ပျက်သည့်သူအား၊ လူကို ထား၍့၊ ဘုရားသော်မှ၊ ကယ် မရဘူး၊ ဘဝ ရှေးက၊ ပုည အားကြိုး၊ ကြမ္မာမျိုးနှင့်၊ ကောင်းကျိုး ပေးလို၊ ဤလူ့ကိုယ်နှိုက်၊ ကုသိုလ် ဥပထံ၊ အခံတရား၊ ကံ ကြီးမား၍့၊ ကောင်းစားမည့်သူ၊ ဖြစ်ဘိမူကား၊ ထိုသူ ထင်ရှား၊ မကောင်းစားဘဲး၊ မသေမြဲးတည့်၊ ဆင်းရဲး တဆစ်၊ ခိုက်တန့်ဖြစ်လည်း၊ မနစ် မနာ၊ ဒုက္ခ ကွာ၍့၊ ချမ်းသာစေငြား၊ ထိုယောက်ျားကို။။ သိကြား မ,ရမည်သာတည်း။'' (၈၀)

(၂၅၀) 'သိကြား နတ်သျှင်၊ ကုသိုလ်ရှင်အား၊ မမြင် ရှောင်ကာ၊ မနေသာတည့်၊ မြင်ပါလျက်ကဲ့၊ ကုသိုလ် *မဲ့က၊ တိမ်းငဲ့ မျက်နှာ၊ မရှုသာတည့်၊ လက်ျာ ပညပ်၊ ဇမ္ဗူရပ်နှိုက်၊ အပ္ပကလူ၊ နည်းငယ်သူမျှ၊ ကြီးထူ ဖြိုးလျှံ၊ ဘုန်းကျိုး စံ၏၊ နိုင်ငံ အယှိ၊ များဘိ အဟို၊ လူ ထိုထိုကား၊ ကုသိုလ် ရှေးပြု၊ ကံ ကောင်းမှုနှင့်၊ ယခုဘဝ၊ ပစ္စက္ခနှိုက်၊ လုံ့လ သမ္မာ၊ ပညာ နှစ်ပါး၊ ကျိုး ခံစား၏၊'' ''ဘုန်းယှား ကံယှား၊ ထိုသူများကား၊ အုဌ်ကြား မြက်ပေါက်၊ တယောက် စာရင်း၊ မသွင်းသော့အား၊ နည်းပါး ဂုဏ်အင်၊ လူ မမြင်ဘူး၊ အသွင် ရူပ၊ မလှသည့် ငှက်၊ ဇီးကွက် စုန်းထင်၊ ဟူသော့သွင်သို့၊ မြင်လည်း မကောင်း၊ အကြောင်း မသန့်၊ လူဘုန်း*ကြန့်တို့၊ ဆွန့်*ဆွန့် ယှားယှား၊ ချမ်းသာ ပါး၏၊'' ''ဘုန်းသား ဘုန်းဘန်၊ ဘုန်းရင်း သန်က၊ လာဘ်*မွန် မ*ညောင်း၊ ရတတ်ရှောင်း၏၊ ဘုန်းကောင်း *တာသင့်၊ ဆိုင်း မလင့်နှင့်၊ အခွင့်တော်ကြိုက်၊ အခိုက် ကြုံလှည့်၊ ရသည့်အခါ၊ မင်္ဂလာတည့်၊ ဇီဝါငှက်ငယ်၊ ရှေးခါဝယ်က၊ လူ့နှယ်အလား၊ ပြောစကားကို၊ ငါ့သား သည်းချာ၊ ယူမှတ်ရာ၏၊'' 'ပညာယှိမြတ်၊ ဗောဓိသတ်တို့၊ နက္ခတ် ယှဉ်ရာ၊ အခါ *ဖင့်နှေး၊ နေ့ မရွေးဘူး၊ အရေး လက်ရောက်၊ မျက်မှောက် ကျိုးထင်၊ ရခြင်းပင်သာ၊ ဤလျှင် သင့်မြတ်၊ ကောင်း နက္ခတ်တည့်၊ အမှတ်မသွေ၊ မလွန်စေနှင့်၊'' 'ပုဗ္ဗေကတ၊ ရှေးဘဝက၊ ပုည ဆင်းရဲး၊ ကံမွဲး ချို့တဲ့၊ ဘုန်း*မဲ့သသူ၊ များ ဗိုလ်လူတို့၊ ချမ်း-ပူ မနေ၊ ရှာဘွေ ကြိုးကုတ်၊ အားထုတ် အထူး၊ ဆည်းပူး လုံ့လ၊ ပြုသမျှကား၊ ရှေးက ကောင်းမှု၊ အပြု များလှ၊ ပုည သိရီ့၊ ပြည့်စုံဘိသည့်၊ ဘုန်းယှိသူတို့၊ ခံစားဘို့တည့်၊ ထိုသို့ စင်စစ်၊ ဖြစ်၏ လူတွင်၊ အမြင် မျက်စိ၊ ရှုမျှော် သိလော့၊'' ''ဘုန်းယှိကား စံ၊ ဘုန်း*မဲ့ ရံ၏့၊ ကြောင်းခံ ပြည့်ဝ၊ အကျိုး လှလျက်၊ ကြယ်မျာ့းအလယ်၊ လ၏နှယ်သို့၊ တင့်တယ် ပ-ထွန်း၊ ဘုန်းရောင် ရွှန်း၍့၊ ရွေဝန်း ရံခြုံ၊ သောင်းသောင်း အုံနှင့်၊ *ကုံလုံ မချို့၊ ဂုဏ် မညှို့ဘူး၊ ကုသိုလ်သဘော၊ အလယ်ဇောကို၊ ရှင်စော အားလုံး၊ ဟော မတုံးသည်။။ သက်ဆုံး အာယု ကမ္ဘာတည်း။'' (၈၁)

(၂၅၁) 'ရှေးက ပြုသား၊ ကောင်းမှုဟုဆို၊ ကုသိုလ်အဘို့၊ ပြည့်စုံမြို့၍့၊ မချို့ ဘုန်းကံ၊ အခံ ပုည၊ ယှိကြသူမှာ၊ ဇာတာ မူလ၊ ဇနမနှိုက်၊ ပါပဂြဟ၊ စီးနင်းကြလည်း၊ ကိုယ်မှ တပါး၊ ခြွေရံများနှင့်၊ ကျွဲး-နွားမျှသာ၊ ပျက်စီးရာ၏၊ ကိုယ်မှာ ချမ်းမြေ့၊ ဘေး မတွေ့ဘူး၊ *မဟေ့ ကုသိုလ်၊ လူ ထိုထိုကား၊ ကိုယ်နှင့် တကွ၊ ပျက်တတ်စွတည့်၊ သုခ ဒုက္ခ၊ ကြောင်း မူလကို၊ ကမ္မတရား၊ နှစ်ပါးဖြင့်သာ၊ ကျမ်းနှိုက် လာ၏၊ ပုညာပုည၊ ဝိသေသကို၊ ဒိဋ္ဌ မြော်ငဲ့၊ ရှုမြင်*ပြဲ့လော့၊'' ''ဘုန်း*မဲ့ ခြံရံ၊ ဘုန်းယှိ စံ၏၊ ကံလျှင် အရင်း၊ စီမံခြင်းဖြင့်၊ မင်းချင်း ရှင်-ကျွန်၊ မလွန် ဓမ္မတာ၊ ထင်ရှားစွာခဲ့၊ ရှေးခါ ယခု၊ အားထုတ်ပြုသား၊ ကောင်းမှုအလို၊ ကုသိုလ် မယှိ၊ သိရီ့မင်္ဂလာ၊ ကောင်း *ကြန်စာနှင့်၊ *ကြမ္မာ *မဲ့ငြား၊ ထိုသူ့အားကို၊ လူသား မက၊ သိကြား မ,လည်း၊ မရနိုင်စွာ၊ သတ္တဝါတို့၊ ကံသာ ဘ-မိ၊ ကံ မယှိက၊ ဉာဏ်ချိတိုင်း မွဲး၊ ကြံတိုင်း လွဲး၏၊ ဆင်းရဲဘို့သာ၊ ကြံရာရာလျှင်၊ မိစ္ဆာ နတ်-စုန်း၊ ဝိုင်း၍့ မုန်းသို့၊ ပျက်ပြုန်းရခြင်း၊ အယွင်းယွင်းတည့်၊ ကံရင်း မသန်၊ နတ် မဘန်ဘူး၊ ဧကန် မှန်ဘိ၊ ချစ်သား သိလော့၊'' 'ကံယှိသူသာ၊ သမုဒြာ လယ်ချက်၊ သင်္ဘော ပျက်လည်း၊ အသက် မသေ၊ ရေမှာ မမွန်း၊ သောင်-ကျွန်း လှေကြီး၊ ကပ်နီး ရှေးရှူ၊ ဆယ်ယူ အမှန်၊ နတ်တို့ ဘန်၍့၊ ရန်ဌာန် ဆောင်ပို့၊ လိုရာသို့လျှင်၊ မချို့ ရောက်ကာ၊ ရ ချမ်းသာ၏၊'' ''*ကြမ္မာ မကောင်း၊ မကြောင်း မလှ၊ လူ့ပါပကား၊ ဗာလ မနော၊ ပရာဘောကို၊ မြတ်သောအလား၊ တရား မင်္ဂလာ၊ ထင်တတ်စွာ၏၊ မင်္ဂလာမည်ငြား၊ ဤတရားလည်း၊ မကောင်းစားထိုက်၊ ဒုစရိုက်နှင့်၊ လူမိုက်တို့မှာ၊ မုန်းဘို့သာတည့်၊ ထောင်-ရာ မက၊ မိုးကြီး ချသို့၊ ဆုံးမ *တပဲး၊ ချင်းကြားထဲးနှင့်၊ သောင်-သဲးပေါ်တွင်၊ ရေ မတင်သို့၊ အမြင် နည်းပါး၊ သူမိုက် နားနှိုက်၊ တရား ဘယ်ခါ၊ မတည်ရာဘူး၊ မိစ္ဆာ ဖျင်း*သုန်း၊ တရား မုန်းက၊ ပျက်ပြုန်းကြောင်းသာ၊ မချွတ်စွာတည့်၊ သမ္မာ စင်စစ်၊ တရား ချစ်မူ၊ ဆန်းသစ် လ,နှယ်၊ ပွားစီးကယ်ရှင့်၊ *ပေါယယ် များစွာ၊ သတ္တဝါအား၊ ချမ်းသာ ဆင်းရဲး၊ ဖြစ်မြဲး အမျိုး၊ ပြစ် အကျိုးဖြင့်၊ ကောင်းဆိုးခေါ်မှု၊ ထိုနှစ်စုကား၊ ကိုယ်ပြု ကိုယ့်ကံ၊ *မြောင်းမြီ ခံ၏့၊ ထုံးစံ ဖြစ်ရှောင်း၊ အကြောင်း နှစ်သွယ်၊ လူဝယ် မချို့၊ မှန်လှတို့၏့၊'' ဤသို့ သားလှ၊ မွေး ချစ်ဘ,လျှင်၊ ကမ္မသကာ၊ ဒါယာဒါကို၊ သမ္မာဒိဋ္ဌိ၊ ဉာဏ်လက်ယှိဖြင့်၊ အသိ မြဲးစွာ၊ ခိုင်စေပါ၍့၊ မိစ္ဆာ ပယ်ရှား၊ ကျင့် တည်ကြားသည့်။။ အမှား မလိုက် မပါတည်း။ (၈၂)

(၂၅၂) မိစ္ဆာ ပယ်ရှား၊ ကျင့် တည်ကြားလျက်၊ အမှား မတိုး၊ လွှား မမိုးနှင့်၊ ကျင့်ရိုး ကုသိုလ်၊ ဗြဟ္မစိုရ်နှင့်၊ မဂ်-ဖိုလ်ခရီး၊ ပိတ်ဆီး တောင့်နှယ်၊ ဖီလာ ကွယ်သည့်၊ အပါယ် သုံးဝ၊ အရူပ,က၊ အသညသတ်၊ စက်မြတ် လေးပါး၊ ရှိငြား အမှန်၊ ရပ် ပစ္စန်နှင့်၊ ဝေကလ္လိန္ဒြိယ၊ နိယတမိစ္ဆာ၊ ရှစ်ဖြာ အက္ခဏ၊ ကင်းထ အဟုတ်၊ အင် မယုတ်ဘဲး၊ မနုဿတ္တ၊ ဒုလ္လဘကို၊ အရတော်စွာ၊ ဤအခါနှိုက်၊ မကွာ စဉ်စိုက်၊ အမြဲး လိုက်သား၊ ကိုယ်နှိုက် ယှဉ်ပြု၊ အရိပ်တုသို့၊ အနုဂါမိ၊ နိဓိခေါ်ရိုး၊ ရွှေအိုးပမာ၊ ဆယ်ဖြာ ကောင်းမှု၊ လှူဝတ္ထုကို၊ ဗိန္ဒု ရေ*နှုန်း၊ ခြပုန်းအလား၊ *စုံမြိုင်†ဂပြားဝယ်၊ ပျား၏့ *တန္တု၊ ပုံကို ရှု၍့၊ ပြုစု အားကြိုး၊ ပွား မညှိုးနှင့်၊'' ''မြတ်နိုး သဒ္ဓါ၊ စေတနာဖြင့်၊ လှူပါသမှု၊ ဒါနစုကား၊ ဝတ္ထု ညံ့*နုံ့၊ မုယောမုံ့မှ၊ မကျုံ့ ကျယ်စွာ၊ နန်း သိင်္ဂါနှင့်၊ ဗာရာပြည်လုံး၊ ကျုံး၍့ အုပ်စိုး၊ နုဘော်*ဖြိုး၏၊ တန်းခိုး တေဇာ၊ ချမ်းသာ ဘောဂ၊ ဣဿရကား၊ ပုည ရှေးပြု၊ ကောင်းမှု အရင်း၊ မှန် မယွင်းတည့်၊ ယင်းကုသိုလ်လည်း၊ အလို မြတ်ကြီး၊ စိတ်ဖြင့် ပြီးရှင့်၊ အသီး တရာ၊ အညှာ တခု၊ ပမာ ရှု၍့၊ စိတ်ဟု မည်ငြား၊ ဤတပါးမှ၊ တရား ကိုယ်ကြပ်၊ စောင့်စည်း ကွပ်က၊ လူ့ရပ် နတ်ရွာ၊ ဗြဟ္မာ နိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏၊'' သား*မွန် စိတ်ဖြောင့်၊ သွေ မထောင့်နှင့်၊ 'ရေကြောင့် ညွန်ဖြစ်၊ ထိုညွန်ညစ်လည်း၊ စင်စစ် မထင်၊ ရေကြောင့် စင်၏၊ ထို့သွင် မှန်စွာ၊ စိတ်ကြောင့်သာလျှင်၊ ယုတ်မာ ညစ်ညူး၊ အထူး စင်ကြယ်၊ လူဝယ် နှစ်မျိုး၊ ဖြစ်မြဲးရိုးတည့်၊'' ''တစိုး တစိ၊ မလှူဘိဘဲး၊ မိမိ ဥစ္စာ၊ မိမိသာလျှင်၊ ပမာ ခွေးလား၊ ကိုယ်ထီး စားကို၊ ဘုရား အရိယာ၊ သူမြတ်စွာတို့၊ ဘယ်ခါ ရွှင်ဝမ်း၊ မခြီးမွမ်းတည့်၊ ပေးကမ်း လှူဒါ၊ တွေ့ရာရာနှိုက်၊ သဒ္ဓါ မညှိုး၊ ရွာသည့် မိုးသို့၊ နောင်ကျိုး မြော်ငဲ့၊ မ*နုန့်နဲ့လင့်၊ ဘုန်း*မဲ့ ပြုငြား၊ ဘုန်းယှိ စား၏၊ တရား အရိုး၊ လမ်းမှန် ကိုးလော့၊'' ''ကောင်းကျိုး ကုသိုလ်၊ နောင်ဘို့ လိုက၊ ပုဂ္ဂိုလ် ယုတ်-မြတ်၊ မမှတ်သင့်ရေး၊ သဒ္ဓါ စေး၍့၊ မရွေးအပ်စွာ၊ တွေ့ရာရာအား၊ စေတနာ မြတ်နိုး၊ ဖြစ်စေ ကြိုးလော့၊ နောင်ကျိုး ပိတ်ပိတ်၊ ဉာဏ် အဟိတ်နှင့်၊ ပြိတ္တာ့အလောင်း၊ သူမကောင်းတို့၊ တိမ်းစောင်း ဝါဒ၊ သဒ္ဓါ ပ,၍့၊ ဒါန ပစ်ပယ်၊ အလှူ ကွယ်၏၊ မြင်ကျယ် မယှိ၊ နှလုံး *ကျိလျက်၊ ဒိဋ္ဌိအလို၊ ထဲး ကုတ်*ရှူိ၍့၊ ဝန်တိုတရား၊ ပိတ်ပင် တားသည်။။ ယူမှား မိစ္ဆိ မိစ္ဆာတည်း။'' (၈၃)

(၂၅၃) 'ယူမှား မိစ္ဆာ၊ မောဟ ကာ၍့၊ သဒ္ဓါ ကင်းထ၊ မစ္ဆေရနှင့်၊ ထိုမျှသသူ၊ စိတ် မဖြူတို့၊ လှူမည် ဝမ်းထဲး၊ ကြံ မရဲးဘူး၊ ကြံခဲး အလို၊ ဝန်တို *ငက်ငက်၊ မယှငှက်သို့၊ တသက် လုံးလုံး၊ မသုံးရက်ဟူ၊ မလှူရက်ဘဲး၊ ခန္ဓာ*စဲးက၊ မူး-ပဲး မပါ၊ ငတ်မွတ်စွာလျှင်၊ ပြိတ္တာ ပြိတ္တိ၊ ဖြစ်ကုန်ဘိ၏၊'' မှတ်သိ သေချာ၊ ဤအရာကို၊ ''မိစ္ဆာ မောဟ၊ မှောင်ကြီး ကျ၍့၊ လောဘ ငြိစွဲး၊ မစေးနှဲနှင့်၊ မွဲးမည့်အရေး၊ ကြံတွေး မလှူ၊ ကြောက်ဧးမူကား၊ ထိုသူ လွန်ကဲး၊ သူ့ထက် မွဲး၏၊ ဆင်းရဲမည့်ရေး၊ တွေး၍့ အလှူ၊ မပေးသူလည်း၊ ထိုလူ အမြဲး၊ နောင် ဆင်းရဲးလိမ့်၊ စေးနှဲး မယှိ၊ ကပ် မငြိဘဲး၊ သံဝိဘာဂ၊ လှူဒါနဖြင့်၊ ဝေမျှ ခွဲးခြမ်း၊ *လွေ့လွေ့ရမ်းလော့၊'' 'ပေးကမ်းလေ့ဟူ၊ မယှိသူတို့၊ နတ်-လူ နိဗ္ဗာန်၊ ချမ်းသာ*မွန်ကို၊ ဧကန် ဘယ်ခါ၊ မရရာတည့်၊ သံသာ ရှည်*ညောင်း၊ ဝဲး*ခနောင်းနှိုက်၊ တီး*တောင်း မော်ယွန်း၊ ကမ်းရေစွန်းက၊ ကျွန်းကို မမြင်၊ ခွေးကျသွင်သို့၊ အကြင်သသူ၊ အလှူ မယှိ၊ သုဂတိနှင့်၊ ဗောဓိ သုံးတန်၊ နိဗ္ဗာန် နတ်ရွာ၊ မရောက်ရာဟု၊ ကျမ်းလာ အလို၊ ဟောမိန့်ဆိုရှင့်၊'' ''ကုသိုလ် ဥပထံ၊ ကြောင်းခံ ကြီးဘိ၊ ကံယှိသူကား၊ သေဘေး ညားလည်း၊ နတ်များ စောင်မ၊ မသေရဘူး၊ ပုညစေတနာ၊ မဟာ*သဟာယ်၊ မျိုး သူကြွယ်လျှင်၊ ကိုယ်ဝယ် မကွာ၊ ထပ်ကြပ်ပါ၍့၊ ရေမှာ ပေါ်ထွန်း၊ ကျွန်း၏သဖွယ်၊ ကိုးကွယ် မှီရာ၊ ဖြစ်တတ်စွာ၏၊'' ''ရှေးခါ ကာလ၊ သင်္ခဗြာဟ္မဏ၊ လောင်းသတ္တလျှင်၊ အိမ်က နေ့ခင်း၊ သင်္ဘော ဆင်းစဉ်၊ ပူပြင်း ကျက်ကျက်၊ သဲးပြင်ထက်နှိုက်၊ နင်းလျက် ကြွလာ၊ ပစ္စေကာအား၊ *ပက်ပါ ရှေ့တွင်၊ တွေ့လေ မြင်၍့၊ ကိုယ်တွင် စီးအပ်၊ ထီး ဘိနပ်ကို၊ *လျပ်လျပ် ချွတ်ယူ၊ ကြည်ဖြူ မငြို၊ လှူ ကုသိုလ်ကြောင့်၊ ရေညို ကျယ်*ပြော၊ ပင်လယ်ကြောနှိုက်၊ သင်္ဘော ပျက်ခါ၊ မေခလာလျှင်၊ ရတနာ *ဖြိုးဝှန်၊ ဘောင် ဗိမာန်နှင့်၊ ရပ်ဌာန် ရောက်အောင်၊ ကယ်ဆောင် ပို့သ၊ ချမ်းသာရ၏၊'' သားလှ ထို့ကြောင့်၊ စိတ် မထောင့်နှင့်၊ ဖြောင့်သည့် စေတနာ၊ လက် မကွာဘဲး၊ သဒ္ဓါ မြတ်နိုး၊ ကုသိုလ်မျိုးကို။။ ပျိုးလော့ *ပတေ ပတာတည်း။ (၈၄)

(၂၅၄) ပတေ ပတာ၊ ရိုသေစွာလျှင်၊ လှူဒါ ပုည၊ ကုသ လကို၊ သားလှ သည်းချာ၊ ဆည်းပူး ရှာလော့၊ သဒ္ဓါ *နုန့်နဲ့၊ မချို့တဲ့နှင့်၊ လဲ့လဲ့ *ကျိတ်ကျိတ်၊ ''မစ္ဆေစိတ်နှင့်၊ ဒိဋ္ဌိ လောဘ၊ မောဟ ပိတ်ဆို့၊ ပညာ ချို့သည့်၊ လူတို့ ဥစ္စာ၊ များတုံပါလည်း၊ မဟာသမုဒ်၊ ရေ*အစုတ်သို့၊ *သောက်ထုတ် သုံး-ချိုး၊ ဘယ်သူမျိုးမျှ၊ အကျိုး မရ၊ ပဏ္ဍိတတို့၊ ဓနမူကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊ *ဗိုလ်ခြေအလုံး၊ သောက်-သုံး ချမ်းသာ၊ ပြီးတတ်စွာရှင့်၊ သဒ္ဓါ မရှေး၊ မပေး မလှူ၊ မုန်းဆေးဟူ၏၊ ပေးလှူတတ်သော်၊ ချစ်ဆေးကျော်တည့်၊ လူ့ဘော် ဌာန၊ ဤလောကနှိုက်၊ စိတ်က ကြည်စွာ၊ စေတနာနှင့်၊ သဒ္ဓါ ဝမ်းတွင်း၊ ပေးကမ်းခြင်းကား၊ ရခြင်းထက်သာ၊ ဝမ်းမြောက်စွာသည်၊ မင်္ဂလာ လွန်မြတ်၊ ဖြစ်သတတ်ရှင့်၊ အမှတ် မြဲးမှု၊ ဆောက်တည် ပြုလော့၊'' ''ရှုမြော် အသိ၊ ဉာဏ်မျက်စိဖြင့်၊ မြင်ယှိ ကျယ်စွာ၊ ကြီး ပညာနှင့်၊ မဟာဗောဓိသတ်၊ သူမြတ်တို့ကား၊ မစား ကိုယ့်ဝမ်း၊ ရိနွမ်း ခြိုးခြံ၊ အငတ်ခံ၍့၊ *အားသန် မမေ့၊ လှူဓလေ့၏၊ တနေ့ ငါးသိန်း၊ တွက်ကိန်း မက၊ စွန့်သမျှလည်း၊ အားရ စိတ်ထဲး၊ *ရောင့်ရဲး မယှိ၊ အဇ္ဈတ္တိမှ၊ မျက်စိ ထုတ်လှူ၊ ဖြတ်ယူခါခါ၊ စွယ်မြတ်စွာကို၊ တောင်းလာ မငြင်း၊ အာ-ခံတွင်းနှိုက်၊ စွယ်ရင်း မကျန်၊ သွေးကြန်ကြန်နှင့်၊ ထွင်းလှန် ယူစေ၊ မစ္ဆေ မတွန့်၊ သက်စွန့် လှူပေး၊ လေးနှင့် ခွင်း-ပစ်၊ သေဆစ် ပါးနီး၊ ရောက်လုပြီးလျက်၊ ဆုကြီး ရွယ်ဆောင်၊ စွယ် ခြောက်ရောင်ကို၊ ကုန်အောင် လှူခြင်း၊ မီးပုံတွင်းသို့၊ ခုန်ဆင်း ကိုယ်ကို၊ လှူလို အသား၊ ဤသို့အားဖြင့်၊ သိကြား ဟန့်ဆီး၊ မာရ်ကြီး တားဖျက်၊ နတ်စက် ပုဆိန်၊ ထိပ်ထက် ချိန်လည်း၊ သမာဓိန် ခိုင်၊ စိန်ကျောက်တိုင်သို့၊ မယိုင် မယိမ်း၊ မတိမ်း မပြို၊ ကံ-ကုသိုလ်မှ၊ အလို မစောင်း၊ ယူ မပြောင်းသည်။။ မြတ်လောင်းတော်တို့ *တန်ထွာတည်း။ (၈၅)

(၂၅၅) မြတ်လောင်း *တန်ထွာ၊ ဓမ္မတာသို့၊ မှန်စွာ လိုက်၍့၊ နန်း*ကိုက် ရင်နှစ်၊ နန်းနွယ်စစ်သား၊ သားချစ် မင်းညို၊ မြတ် အလိုဖြင့်၊ မငြိုမငြင်၊ စိတ်တွင် စွဲး+နစ်၊ ကုသိုလ် ချစ်လျက်၊ အ+နှစ်ကိုသာ၊ ထွင်း ဘွေရှာလော့၊ ကမ္ဘာဦးက၊ စေတိယနှင့်၊ လမ်းစ ကင်းလွတ်၊ ငတ်မွတ် ပိန်ခြောက်၊ တော*မြိုင်ချောက်နှိုက်၊ နွားပျောက်ပုဏ္ဏား၊ စသည်များတို့၊ မုသား ယွင်းပျက်၊ မိတ်ဖျက် ယုတ်မာ၊ အရိယာ စွပ်ကျူး၊ ကျေးဇူး ချေမှား၊ ပြုကြငြားသား၊ လေးပါး ထင်စွာ၊ ဤကမ္ဘာထက်၊ မဟာပါပ၊ ကမ္မမည်တွင်၊ မသေခင်နှိုက်၊ မျက်မြင် တပ်တပ်၊ ဒုက္ခ ကပ်ဟု၊ လူ့ရပ် နတ်ရွာ၊ ဗြဟ္မာပြည်ထိ၊ ကြားနှံ့ သိ၏၊'' ကြီးဘိ ပြစ်ဝန်၊ အလွန် ထင်ရှား၊ ထိုလေးပါးလည်း၊ ငါ့သား ဝေးစွာ၊ ကင်းစေပါလော့၊ ''ကိုယ်မှာ ပြုဖူး၊ သူ့ကျေးဇူးကို၊ ထိမ်မြူး မအပ်၊ တုံ့ပြန် ဆပ်၍့၊ *ထွက်နတ်ကောင်းပေ၊ ပစ် မချေနှင့်၊ သသေမိယ၊ သုဒေဝသို့၊ ဒိဋ္ဌ ကြီးစွာ၊ ပြစ်ရောက်လာလိမ့်၊'' သမ္မာ ကျင့်သုံး၊ သူတော့်ထုံးကို၊ နှလုံးတွင်းမှာ၊ သွင်း သေချာလော့၊ 'ဆရာကို ပယ်၊ ကိုယ်ဝယ် လှံစူး၊ အထူး မျက်မှောက်၊ မန္တာန် ပျောက်နှင့်၊ အုဌ်-ကျောက်ခဲး ဖြို၊ မြေ ခွဲးမျို၍့၊ ဤကိုယ် ဒိဋ္ဌ၊ ဒုက္ခ ဖြစ်ကြောင်း၊ ထုံးဟောင်း ထင်စွာ၊ ကျမ်းနှိုက်လာ၏၊'' ''မေတ္တာ ရှေးဦး၊ ပြုပေဖူးကို၊ ကျေးဇူးသိမူ၊ ကတညူတည့်၊ ထိုသူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင် မချွတ်၊ ပြောဆိုတတ်က၊ သူမြတ်မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်၊'' ''လောကီ လူစု၊ မြင်ဉာဏ်နုတို့၊ သူပြု အထူး၊ သူ့ကျေးဇူးကို၊ ကြည်နူး ဝမ်းမြောက်၊ *မခေါက် မရက်၊ နှစ်သက် အင်*ရွဲး၊ သိတတ်ခဲ၏၊ အမြဲး မှတ်၍့၊ သူမြတ်ဝါဒီ၊ ထုံ ဝသီဖြင့်၊ မှန်ညီ သစ္စာ၊ တော်ဖြောင့်စွာလျက်၊ ကတာကတ၊ ဝိသေသကို၊ သားလှ ပဏ္ဍိ၊ မောင်ဉာဏ်ယှိလျှင်၊ မှန် သိအပ်စွာ၊ မချွတ်ရာဘူး၊'' ''ယထာနုယာတ၊ ကျမ်းပြအလာ၊ ပါဌ်ဂါထာတိုင်း၊ သွားရာ လိုက်လျက်၊ စွတ်လက် မဖုတ်၊ မဖြုတ် မိတ်ဆွေ၊ ကိလေ ပါပ၊ မိုက် မောဟနှင့်၊ မိန်းမနိုင်ငံ၊ ဆက်ဆံ မလိုက်၊ လူနှိုက် ထင်ရှား၊ ဤလေးပါးကား၊ ပိုင်းခြား စတု၊ မှတ်ကြောင်း ပြုသည့်၊ သာဓုနရ၊ မြတ်ဓမ္မတည့်၊ စွဲးထ စိတ်မှာ၊ မလွတ်ရာဘူး၊'' ''လူ့ရွာ လူသား၊ လူဖြစ်ငြားလျက်၊ တရား ကင်းစင်၊ မတင် အထူး၊ ကျေးဇူး*မဲ့စွာ၊ ယူ မိစ္ဆာနှင့်၊ သစ္စာ မယှိ၊ ဂတိ မတည်၊ လူဟူသည်ကား၊ သွေဖည် ယွင်းကွက်၊ စည်းစိမ် ပျက်၍့။။ အသက် မရှည်သည်သာတည်း။ (၈၆)

(ဤ ၃-ပိုဒ်တို့ကား 'သဘာဝိက ဝိဘာဝနာလင်္ကာရ'ရှိသောပိုဒ် ဟူလို။)

(၂၅၆) သဝိညာဏက၊ မဟုတ်စွသေး၊ 'ရုက္ခဆာယာ၊ သစ်ရိပ်သာနှိုက်၊ ရံခါ တခိုက်၊ ကြုံကြိုက် နေ-နား၊ ခိုမိငြားက၊ ပြစ်မှားလိုလျက်၊ တရားဖျက်၍့၊ အခက်ကိုမျှ၊ မချိုးရဘူး၊ ချိုးက ဗာလ၊ မိတ္တဒုဗ္ဘော်၊ ပျက်ခေါင်ကျော်သည့်၊ မတော် စရိုက်၊ လူ့ငမိုက်တည့်၊'' 'လူနှိုက် ဂုဏ်ထူး၊ ကျေးဇူးကြီးစွာ၊ ဆရာ မိ-ဘ၊ ဘုရား စသား၊ ထိုမျှ မိတ်ချစ်၊ သူတော်စစ်ကို၊ မပြစ် မမှား၊ သူတို့အားကား၊ တပါး ရပ်ရွာ၊ သွားစပါလည်း၊ အစာ အစား၊ မယှားပါးဘဲး၊ ရောက်သွားရာရာ၊ ပူဇော်လာ၏၊ ရာဇာ စောရ၊ ထားပြ ခိုးသူ၊ ကလူ နိုင်ထက်၊ မနှိပ်စက်ရာ၊ မျက်နှာ ချစ်ဘွယ်၊ လ,သဖွယ်နှင့်၊ ပွဲလယ် အထူး၊ ရဲးဂုဏ် မြူးလျက်၊ ကျေးဇူးသတင်း၊ ကျော်ခြင်း မိုးပျံ၊ ခြံရံ မကွဲး၊ အမြဲး မကွေ၊ ကြက်သရေ နတ်နှယ်၊ တင့်တယ် ပွင့်လင်း၊ ဆင်-မြင်း ကျွဲ-နွား၊ လယ်ယာများနှိုက်၊ စပါး *စံနှံ၊ သီးခွံ မပျက်၊ တောင့်ထက် ချောက်ကမ်း၊ စွဲးလမ်း လွတ်ကွာ၊ ကျတုံပါလည်း၊ တည်ရာ ရငြား၊ သားနှင့် သမီး၊ ညောင်ပင်ကြီးသို့၊ *ခိုင်ဖြီး ခြေမြစ်၊ မြဲးမြံ ဖြစ်ဟု၊ စင်စစ် မှန်လှ၊ ဟောဘော်ပြသား၊ ဒသမိတ္တ၊ ပူဇနဂါထာ၊ ဤဆယ်ဖြာကို၊ ကောင်းစွာ နားလည်၊ မှတ်သား တည်လော့၊'' 'လူ့ပြည်ဘဝ၊ လူ့လောကနှိုက်၊ ဒိဋ္ဌ တမလွန်၊ ကျိုး နှစ်တန်ကို၊ အမှန် မုချ၊ မမြင်ကလျှင်၊ အန္ဓစက္ခု၊ လူဟုမည်ကာ၊ ပညာမျက်စိ၊ မရှိ ဖြစ်ဆန်း၊ နှစ်ဘက်ကာဏ်းတည့်၊ လူမှန်း သိရုံ၊ ကံ မယုံဘဲး၊ မစုံ မလင်၊ မျက်မှောက်တွင်သာ၊ အမြင် ဒိဋ္ဌ၊ တဘက်လှကား၊ ဧကစက္ခု၊ နှစ်စု အကျိုး၊ စုံပြည့်*ဖြိုးအောင်၊ ထိုးထိုးထွင်းထွင်း၊ မြင်တတ်လျှင်းမူ၊ ထိုသသူကို၊ လူတွင် ပဏ္ဍိ၊ မည်ယှိ ခေါ်ပြု၊ ဒွိစက္ခုတည့်၊ မောင်ပု ရွှေစင်၊ ဘ, သက်တင်လည်း၊ အမြင် မျက်စိ၊ နှစ်ဘက်ယှိအောင်၊ သတိ သမ္မာ၊ ကင်း မကွာဘဲး၊ ပညာ ဝမ်းတွင်၊ အမြဲး ထင်၍့။။ ဆင်ခြင် *တိတ်တွေး *စာနာတည်း။'' (၈၇)

(၂၅၇) 'အပြစ် ကင်းစွာ၊ နိပ္ပရာဓ၊ ဒေါသ*မဲ့ငြား၊ သူမြတ်များအား၊ ပြစ်မှားတုံထ၊ မိုးပေါ် လ,ကို၊ စိတ်က ငြူစူ၊ ပစ်သော့ မြူသည်၊ ပစ်သူသို့သာ၊ ကျရောက်လာသို့၊ မှန်စွာ အပြီး၊ နောက်ပိုး စီးလျက်၊ မြေကြီး မျိုရှောင်း၊ မိကျောင်း သစ်-ကျား၊ ဖမ်းစား ဘီလူး၊ ရေကူး လှေမှောက်၊ စိတ်နောက် သွေးအန်၊ စက်ပျံ မိုဃ်းကြိုး၊ ပြစ် ရှစ်မျိုးနှင့်၊ လွှမ်းမိုး ပြင်းစွာ၊ ဝေဒနာ ကြီးမား၊ လျော့ပါး စည်းစိမ်၊ နေအိမ် မီးလောင်၊ ကုန်အောင် ကျွမ်းသက်၊ ကျိုး-ပျက် အင်္ဂါ၊ နူနာ စိတ်ဘောက်၊ ကျရောက် မင်းဒဏ်၊ မမှန် စွပ်စွဲး၊ ပြိုကွဲး မျိုးဆွေ၊ ရွှေ-ငွေ ကျွဲ-နွား၊ ယွင်း-ဘောက်ပြားသား၊ ဆယ်ပါး မျက်မှောက်၊ ဒဏ်ကြီး ရောက်၍့၊ နောက်နှိုက် အမြဲး၊ သေ ဘောက်လဲးသော်၊ ငရဲး ကြီးစွာ၊ လားတို့ရာ၏၊'' ''အရိယာစစ်၊ ဖြစ်သား တမူ၊ မြတ်သောသူကို၊ အရိယူပဝါ၊ ယုတ်မာစကား၊ ဒေါသအားဖြင့်၊ ပြစ်မှား ချွတ်လွဲး၊ စွပ်စွဲ ဖရုသ်၊ ဆဲးဆိုခုတ်သား၊ ကြမ်းကြုတ် ဝစန၊ နှုတ်ဓားမလည်း၊ သူမျာ့း ကိုယ်မှာ၊ အရာ မယှိ၊ မိမိကိုသာ၊ ဖြစ်တတ်စွာ၏၊ 'အရိယာ ပြစ်မှား၊ ဆိုးဝါး မိုက်ညစ်၊ ထိုကံပြစ်ကား၊ စင်စစ် ကြီးမား၊ ဟူတုံငြား၏၊ ပြစ်မှား သူ့ထံ၊ *ကျိုးနွံ ခ,ယ၊ တောင်းပန်ကလည်း၊ ပျောက်ပ,စမြဲး၊ မလွဲး ဧကန်၊ မတောင်းပန်က၊ သေလွန် ထုတ်ချောက်၊ ငရဲးရောက်၏၊ မီးလောက် ထင်ငြား၊ သူမြတ်များကို၊ မမှားအပ်စွာ၊ ရှားတို့ရာ၏၊'' အရိယာစစ်၊ မဟုတ်ဖြစ်စေ၊ ''အပြစ်*မဲ့ဘိ၊ သီလ ယှိသား၊ တိရစ္ဆာန၊ အဟိတ်မျှလည်း၊ ဒေါသအမှု၊ ပြစ်မှား ပြုက၊ ယခုဘဝ၊ ဤဒိဋ္ဌပင်၊ ဒုက္ခ ပြစ်ဆိုး၊ မကောင်းကျိုးဖြင့်၊ မိုဃ်းကြိုး လောင်မီး၊ ကျ ပျက်စီးရှင့်၊'' ''*အတီး ရှေးခါ၊ တော ဟေမာဝယ်၊ ပညာ ဇာတိ၊ မွေးကျိုး သိ၍့၊ မွေးမိ မွေးကြ၊ နန္ဒိယဟု၊ ရွယ်လှ ဆင်းရောင်၊ မျောက် ညီနောင်ကို၊ နှစ်ကောင်လုံးပင်၊ ပစ်သတ်ကျင်၍့၊ အိမ်တွင်အသီး၊ လောင်းမီး ကျငြား၊ သမီး သားနှင့်၊ မယား*၄င်း၊ ကိုယ်ပါ ပေါင်း၍့၊ အလောင်း လေးခု၊ တစုတည်းသာ၊ ဖုတ်ရစွာ၏၊'' ''လူ့ရွာ လူ့ဇစ်၊ လူဟုဖြစ်လည်း၊ အနှစ် မငံ့၊ အနံ့ မပါ၊ ပွင့်ရုံသာမျှ၊ ပန်းရာ မသွင်း၊ ဂုဏ်*မဲ့ ကင်းလျက်၊ မသင်း မကြူ၊ တလူလူဖြင့်၊ ဝါး-ကျူပမာ၊ မဖြစ်ရာဘူး၊'' ''မိစ္ဆာဝါဒ၊ ကျင့် ပါပနှင့်၊ ဉာဏ ကင်းဘိ၊ လူ့ဒိဋ္ဌိတို့၊ ပြုမိ ပြုရာ၊ ပြုတတ်စွာ၏၊ သမ္မာ မချစ်၊ ထိုသူညစ်ကား၊ လူဖြစ်တုံမြောက်၊ လူ့ရွာ ရောက်လည်း၊ တခေါက် တဘန်၊ နောက် မပြန်ဘဲး၊ လေးတန် ပါယ်ရွာ၊ အိမ့်ပမာလျှင်၊ နေရာ မလွဲး၊ တည်အမြဲးဖြင့်၊ ဆင်းရဲး *ဖက်ထစ်၊ ဒုက္ခ နစ်သည်။။ လူဖြစ် တကြိမ် တခါတည်း။'' (၈၈)

(၂၅၈) 'လူဟု ဖြစ်လာ၊ လူတို့ရွာနှိုက်၊ ငါသာ တတ်သိ၊ ပညာယှိဟု၊ ဟူဘိ တယောက်၊ သို့လောက် စကား၊ တရားပင်လော၊ နှိပ်သဘောဖြင့်၊ ပြောတတ်သောသူ၊ ငါတမူလည်း၊ တဆူ ကဝိ၊ ပဏ္ဍိဟူငြား၊ ဤစကား,ကား၊ ဘုရား ဟောမြွက်၊ ဘယ်ကျမ်းထွက်နည်း၊ အပျက် ပြုလို၊ ဆိုသူ တဦး၊ အထူး ထွေပြား၊ ငါကား ပညာ၊ မယှိပါဟု၊ ရှောင်ကာ ဆိုမြောက်၊ သူတယောက်နှင့်၊ အလျောက် ပြောတုံ၊ ငါ မယုံသေး၊ ပေးလော့ ပါဠိ၊ ညှိလော့ ကျမ်းဂန်၊ နှုတ်လှန် ပယ်ရှား၊ ယောက်ျား တမျိုး၊ သိနိုး တတ်ယောင်၊ ဟန်ဆောင်မူတတ်၊ မမြတ်ဝါဒ၊ ဝိတဏ္ဍဟူ၊ ခြောက်ဦးလူတည့်၊ အယူ မမှန်၊ ဉာဏ် ပြဒါးပွတ်၊ တရား လွတ်၏၊ ပေါက်လွှတ် မမြဲး၊ ချွတ်လွဲး မိစ္ဆာ၊ မသမ္မာဘူး၊'' အကာသဖွယ်၊ တံလှပ်နှယ်သို့၊ လူဝယ် မင်းဖြစ်၊ မာန် မယစ်နှင့်၊ မချစ်ကောင်းစွာ၊ သူယုတ်မာလည်း၊ ဘယ်ခါ မစပ်၊ မနီးအပ်ဘူး၊ ပညပ် လူ့ဘောင်၊ ချိုယှိကောင်ကို၊ အတောင် ငါးဆယ်၊ လွဲးဖယ် ခွါဆုတ်၊ ကြမ်းကြုတ် ခက်ထန်၊ ပေါက်-ကန်တတ်ခြင်း၊ ခွါရှိ မြင်းမှ၊ ကွင်းလေ တရာ၊ ဆင်မှာ တထောင်၊ *ဖဲးရှောင်အပ်ရှောင်း၊ သူမကောင်းကား၊ ဝေးကြောင်း မယှဉ်၊ ရပ်စွန့် ကြဉ်ဟု၊ အစဉ် သေချာ၊ နီတိ မှာ၏၊'' ''များစွာ *ပုံယင်၊ ဤ လူရှင်ကား၊ အသွင် မတူ၊ အိမ်သူ မဖြစ်၊ သူမိုက်ညစ်လည်း၊ မိုက်ညစ်ချင်းသာ၊ လူသမ္မာလည်း၊ သမ္မာ ချင်းချင်း၊ ပေါင်းကြ သင်း၏၊ ပြုခြင်း မူခြင်း၊ နှလုံးသွင်းဖြင့်၊ ဓာတ်ချင်း မလျော်၊ သူမတော်နှင့်၊ သူတော် မြတ်-ယုတ်၊ သဘောထုတ်က၊ သမုဒြာ၊ ဤမှာ ထိုဘက်၊ ကမ်း နှစ်ဘက်နှင့်၊ ဘဝဂ် ဝီစိ၊ ဟူဘိ မက၊ ပမာ ပြ၍့၊ မမျှနိုင်ရာ၊ ဝေးကြ ကွာ၏၊'' ''သဒ္ဓါ ပညာ၊ သမ္ဘာ မမျှ၊ ဤ လောကနှိုက်၊ မိန်းမရတနာ၊ ယုတ်မာ ယောက်ျား၊ အတူ ထားလည်း၊ နီးပါး မသီ၊ ရေနှင့် ဆီသို့၊ မညီ စိတ်မှာ၊ ဝေးကြစွာ၏၊'' 'သေချာ မှတ်ယုံ၊ ရှေ့ခါတုံက၊ ဥဒုမ္ဗရ၊ ပိင်္ဂုတ္တတို့၊ ကာလ ရှည်လျား၊ တကွ သွားလျက်၊ ယဉ်ပါး နီးကပ်၊ ကိုယ် မစပ်ဘဲး၊ မတပ် စိတ်တွင်၊ သဖန်းပင်ထက်၊ ဆူးလျှင် အုံကာ၊ ကင်းဝေး ကွာအောင်၊ ပစ်ခွါ မနှေး၊ စွန့်၍့ ပြေး၏၊'' ''ခွေးနှင့် ပတ္တမြား၊ တွေ့သော့လားသို့၊ ဘုန်းယှား ကံယှား၊ သူယုတ်များတို့၊ စံစား မထိုက်၊ ကံလျှင် မိုက်က၊ ဉာဏ်မိုက်သောအား၊ အမှားမှားတည့်၊ စီးပွား ကိုယ်မှာ၊ ချမ်းသာ ဖြစ်ကြောင်း၊ ရပါရှောင်းလည်း၊ မကောင်း ကံမြစ်၊ ကျိုး မဖြစ်ဘူး၊ သူညစ်စရိုက်၊ သူမိုက်သဘော၊ ကျင့် မနှောသည်။။ သား*စော လိမ်မောင့် လိမ္မာတည်း။'' (၈၉)

(၂၅၉) 'သူညစ်*တလ္လ၊ *အကံငကား၊ မာနအလိုက်၊ ဒုက္ခ ဆိုက်၏၊ သူမိုက် ခြီးမွမ်း၊ ယုတ်နွမ်း ဂုဏ်ရည်၊ ရှုတ်သည် မည်၏၊ ချစ်ကြည် သနား၊ သူမိုက်အားလျှင်၊ မြှောက်စားမိချေ၊ ဝိဒေဟရာဇ်၊ ပုတ်သင်ညစ်သို့၊ မာန်ယစ် တတ်ဘိ၊ လောင်း ဂုတ္တိလည်း၊ မုသိလမည်ငြား၊ တပည့်အားလျှင်၊ ချန်ထား မခြွင်း၊ သင်မိလျှင်း၍့၊ စောင်းချင်း ပြိုင်ရ၊ ထိုကြောင်း စ,ကြောင့်၊ ဗာလ ယုတ်မာ၊ ကွင်း သွေခွါလော့၊'' ''ပညာ နည်းပါး၊ တောသွား ချုံတိုး၊ လူမိုက်မျိုးတို့၊ အကျိုး မထင်၊ အမြင် မနက်၊ တယောက်တွက်နှင့်၊ လေးသက် သေအောင်၊ ကြံဆောင်တတ်ကြ၊ အချို့ကလည်း၊ ရှေးပုညနှင့်၊ ဉာဏ မယှိ၊ ဇာတိ မ*မွန်၊ ကံ မချွန်ဘဲး၊ တိုင်းစွန် ပြည်နား၊ အရပ်ကြားနှိုက်၊ မွေးဘွား လူဖြစ်၊ မျိုး မစစ်တို့၊ ကျင့် ညစ်ဆိုးတန်၊ မမှန် နှုတ်လျှာ၊ ကင်း ပညာနှင့်၊ ထင်ရာ ကြံ-ပြော၊ ဉာဏ် မနှောဘူး၊'' သဘော မလှ၊ အချို့ကလည်း၊ လောကနှိုက်မှာ၊ လူတို့ရွာတွင်၊ ကမ္ဘာ အခေါင်၊ မြင်းမိုရ်တောင်နှင့်၊ ဉာဏ်ရောင် နေ-လ၊ တူ*တမျှသို့၊ ရှေးက ပုည၊ ကြီးလှ ထူးဘိ၊ ယှိသူတို့သာ၊ ပြီးနိုင်ရာသား၊ မဟာဂန္ဓာရ၊ ဗြဟ္မစာရီ၊ ဗေရာဂီနှင့်၊ လောကီ မုနိ၊ ကဝိ ကဝေ၊ တိဟိတ်နေတို့၊ ထားပေခဲ့ငြား၊ ပြဒါး သံသတ်၊ အဂ္ဂိရတ်ဟု၊ အတတ် သိမ်မွေ့၊ လွန် ကောက်ကွေ့သား၊ ခြင်္သေ့ ထီးဆောင်း၊ အပေါင်း ဝင်ရာ၊ ဥသာ စိန်ပန်း၊ ဒန်းလှ ကိုရှာ၊ နံသင့်ရာနှင့်၊ အက္ခရာ လေးခု၊ ဂြိုဟ် ပေါင်းစုဖြင့်၊ စတုပညာ၊ သင်္ချာအရ၊ ဩသဓမျိုး၊ ဆေးရိုး အချုပ်၊ အလုပ် အချိန်၊ ဆတ္တိန်တြင်း၊ နဝင်း နက္ခတ်၊ လေးပါးဓာတ်က၊ ပါဒ် တရာ့ရှစ်၊ တွက်စစ် မတ်ပေါင်း၊ တကြောင်း အလို၊ ရှစ်လုံးဂြိုဟ်ထက်၊ ပို၍့ အထူး၊ ကိတ်နှင့် ပူးပါ၊ ဘီလူး လေးကောင်၊ လူ လေးကောင်နှင့်၊ တောကြောင်လည်း ဘက်၊ အိမ်က ကြွက်ဟု၊ သိခက်စရာ၊ လျှို့ဝှက်စွာကို၊ ပညာ နုပ်-သေး၊ ဉာဏ် တရွေးနှင့်၊ ကြံ-တွေးဆ,ကာ၊ ထင်ရာရာတိုင်း၊ မီးမှာ နေ့-ည၊ ပြာချသော့အား၊ သံ ပြဒါးနှင့်၊ ပြာကား မကျ၊ အိမ်က မကြွင်း၊ ယှိရင်း ဥစ္စာ၊ ကုန်၍့သာလျှင်၊ ကိုယ်မှာ မလှ၊ မွဲးပြာကျ၏၊ ရှေးက ကောင်းမှု၊ အပြု နည်း၍့၊ ပစ္စည်း ဥစ္စာ၊ ဉာဏ်ပညာလျှင်၊ ကိုယ်မှာ နည်းလျက်၊ ခုလည်း ကုသိုလ်၊ မပြုလိုငြား၊ အားမထုတ်ဘဲး၊ လူငမွဲးက၊ အမဲး ကြိုက်စွာ၊ ဟူစပါသို့၊ မိစ္ဆာ ဝိုးဝါး၊ အကြံ မှားနှင့်၊ ခံစားလိုငှါ၊ ကြံကြစွာ၏၊ ပါရမီ ဖြည့်ခြင်း၊ မပြုလျှင်းတဲ့၊ မာရ်မင်းကြီးပင်၊ ရွှေပလ္လင်ကို၊ လိုချင် အားကြိုး၊ လက်ရုံး ကိုး၍့၊ စစ်ထိုး လု,ကာ၊ မရစွာတည့်၊'' ''သမ္ဘာ *မဟဲ့၊ ကုသိုလ် *မဲ့က၊ အကဲ့ ပါးနီး၊ ရောက်လာပြီးသည့်၊ နတ်သမီးများ၊ ငါးရာအားလည်း၊ ကိုက်စားလိမ့်နိုး၊ ထင် ကြောက်စိုး၍့၊ မူဆိုး တောသား၊ ထွက်ပြေးသွားရှင့်၊ ကြီးမား သမ္ဘာ၊ လောင်းရာဇာမူ၊ နှစ်ရာ နှစ်ပေါင်း၊ စံရရှောင်း၏၊'' ''ကျိုး-ကြောင်း စပ်ညှိ၊ ကိုယ့် ဇာတိကို၊ မသိကုန်ကြ၊ ထိုသူကြွတို့၊ မဝ ဝမ်းစာ၊ မရှာ စီးပွား၊ တကြွားကြွားကြောင့်၊ မယားက ဆဲး၊ သားက မဲး၍့၊ ဉာဏ်မွဲး ကံမွဲး၊ အကြံ လွဲးနှင့်၊ ဆင်းရဲး ဒုက္ခ၊ *တွင်း ဆုံးကျသည်။။ ဘဝ ချူချိ ချူချာတည်း။'' (၉၀)

(၂၆၀) ထိုမှ အပ၊ အချို့ ကမူ၊ လောက လူ့ရွာ၊ ဘုန်း သမ္ဘာနှင့်၊ *ကြမ္မာ ကြီးသူ၊ လူတို့အတွက်၊ *နိမက် နိမိတ်၊ *အတိတ် ဘာဝေါ၊ နတ်ပြော ပြဆောင်၊ သိုက်*တဘောင်ကို၊ ထင်ယောင် ထင်ဝါး၊ ကိုယ့်ဘို့လားသို့၊ ထင်မှား ယူကျုံး၊ ထင် တလုံးနှင့်၊ *လက်ရုံး မီးတောက်၊ အံ့လောက် ဘနန်း၊ ဘုန်းတန်း ကြီးသူ၊ ငါလျှင်ဟူ၍့၊ *ဗိုလ်လူ အုန်းအုန်း၊ နေယှိတုန်းကို၊ ပိုးစုန်း မီးမှုတ်၊ အားပါးထုတ်သို့၊ မဟုတ် မရာ၊ *မဲ့ပညာနှင့်၊ *ကြမ္မာ ဆိုးသူ၊ မိုက်သွေးတူသည့်၊ လူမလိမ္မာ၊ သတ္တဝါ *ခပဲး၊ ကံဉာဏ်မွဲတို့၊ ဆင်းရဲး ရကြောင်း၊ ရပ်တစောင်းက၊ မင်းလောင်းလုပ်ပြီး၊ ပေလိပ်မီးက၊ ငြင်းကြီးကို ရှာ၊ ဆိုပမာဖြင့်၊ အရာ မနီး၊ အကြံကြီးနှင့်၊ နန်း-ထီးကိုပင်၊ စိတ်ကြီးဝင်၍့၊ သို့စင် မြှောက်ကြွ၊ ကြံတတ်ကြ၏၊ ပုည စီမံ၊ ရှေးကြောင်းခံနှင့်၊ ဘုန်းကံ မတူ၊ ကြီးမြတ်သူကို၊ ပြိုင်မူ ဆက်ဆက်၊ ဆင်နှင့် ကြွက်သို့၊ ကိုယ်ပျက်မည်သာ၊ မချွတ်စွာဘူး၊'' ''မိစ္ဆာ မောဟ၊ မှောင့်နှယ် ကျလျက်၊ ချို့က တထူး၊ ကံစုန်းပြူးနှင့်၊ ဉာဏ်ရူး မွဲးတေ၊ လူရှုပ်တွေလည်း၊ ကဝေ နတ်မော်၊ ရူးဆေး ဘော်၍့၊ အကြော် တငြာ၊ ငါ ဆရာဟု၊ ပညာ ရောင်ဝါး၊ မြင်းမိုရ်ဖျားက၊ သိကြားကိုမျှ၊ ခေါ်ချနိုင်ကြောင်း၊ ဆေးကောင်း စွမ်းအန်၊ မန္တာန် သတ္တိ၊ သိဒ္ဓိ ပြီးယောင်၊ ဟန်ဆောင် ဝါကြွား၊ ထောင် ပလွှားလျက်၊ စိတ်ကား ဣန္ဒာ၊ နှုတ် ဝိဇ္ဇာဖြင့်၊ ကိုယ်မှာ ဖွတ်လား၊ ခေါင်း စုတ်ဘွားနှင့်၊ ခေါင်းပါး မွဲးပြာ၊ ဆင်းရဲးစွာ၏၊'' 'သမ္မာဝါယာ၊ သမ္မာသင်္ကပ်၊ မစပ် တရား၊ ကောင်းကြံ ယှားတိုင်း၊ ကြိုးစား ပမ်းစား၊ လူဝိုးဝါးတို့၊ မပွား ပညာ၊ ချည်းနှီးသာတည့်၊ ထင်ရာ မှန်းလျက်၊ မျက်ကာန်း လမ်းသွား၊ ပြုတုံငြားလည်း၊ မှန်-မှား မသိ၊ ကျိုး မယှိရှင့်၊'' 'မဇ္ဈိမပဋိပါဒ်၊ ဗောဓိသတ်တို့၊ အမြတ် ကျင့်မျိုး၊ လမ်းရိုး မမှီ၊ ပါရမီတရား၊ မဟုတ်ငြားဘူး၊ ဆယ်ပါး ပုည၊ ကုသလမှ၊ မုချ ကျိုးယှိ၊ သုဂတိနှင့်၊ ဗောဓိ သုံးတန်၊ မြတ်ဆုံးဉာဏ်ကို၊ ဆုပန် ပတ္ထနာ၊ ပြီးကြစွာ၏၊'' 'သိုက်စာ နတ်စာ၊ လုပ်ရပ်စာကား၊ ပညာအရာ၊ ရှေး*ကြမ္မာနှင့်၊ သမ္ဘာကြီးသူ၊ လူတို့အကြောင်း၊ ကောင်းဘို့ပစ္စည်း၊ မှန်သတည်းရှင့်၊ ဘုန်းနည်း ကံမွဲး၊ လူ*ဖြင်ပြဲးအား၊ ဆင်းရဲးဘို့ရာ၊ ဖြစ်သည်သာတည့်၊'' '''''''''*ကြမ္မာ မကောင်း၊ အကြောင်း မလှ၊ ထိုလူကြွတို့၊ တကွ ရွှင်ဝမ်း၊ ဓာတ်ချင်း ပြွမ်း၍့၊ ခြီးမွမ်း တုံ့ပယ်၊ ကုန် ရောင်း-ဝယ်သို့၊ ဖလှယ် မြှောက်ကြွ၊ စိတ်တူကြ၏၊'' ''အန္တမည်ငြား၊ ငှက်နှင့် သားတွင်၊ ယုတ်ဆုံးထင်လျက်၊ အသွင် ညစ်ဆိုး၊ အမျိုး နုပ်သေး၊ အကျင့် ဝေးသား၊ မြေခွေး ကျီးနက်၊ မိုက်ခေါင်ပျက်တို့၊ ရောရှက် ကြည်ဖြူ၊ နှုတ်အမူဖြင့်၊ လိုတူ ဆန္ဒ၊ မြှောက်ဆိုကြသို့၊ ဗာလချင်းချင်း၊ ခြီးမွမ်းခြင်းလည်း၊ ကြား ပျင်းစရာ၊ နှလုံးနာ၍့၊ ပညာယှိ နား၊ အလွန် ခါးသည်။။ တရား မကြိုက် နှုတ်လျှာတည်း။'' (၉၁)

(၂၆၁) 'တရား မကြိုက်၊ လျှာ ဒုစရိုက်နှင့်၊ လူမိုက် တသောင်း၊ ခြီးမွမ်းရှောင်းလည်း၊ လူကောင်း တယောက်၊ ပြစ်တင် ကြောက်လော့၊ ရှေ့-နောက် မဆ၊ လူ့ဗာလတို့၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး-ပြစ်၊ စိစစ် မြော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင် မက်မော၊ ဆို *လျင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့် ရိုက်သို့၊ သူမိုက် ခြီးမွမ်း၊ ဂုဏ် နာ-နွမ်း၏၊'' 'ဝမ်းမမြောက်သာ၊ ဤလူ့ရွာဝယ်၊ ကျွမ်းဝင်ရာ ညွတ်၊ ကြိုက်ရာ နတ်နှင့်၊ မမှတ် ဂုဏ်ဝါ၊ ထူး မရှာဘူး၊ ကြည်ညိုရာ မြတ်၊ ချစ်ရာ တတ်၏၊ ဆတ်ဆတ် ဧကန်၊ မှန်သည် မယှိ၊ လူ့ထုံး သိလော့၊'' ''လောကီ့ လူတမ်း၊ လူ့နှုတ်ခမ်းကား၊ ခြီးမွမ်း ကဲ့ရဲ့၊ ဖြစ်တတ်ခဲ့ရှင့်၊ ပြစ်ဘွဲ့ ကြည်ညို၊ ပြောကြဆိုလည်း၊ ပြောဆိုသူနှင့်၊ နှိုင်းကာချင့်တည့်၊ *ယခင့် ထိုသူ၊ ယုတ်မြတ်ဟူလည်း၊ အယူ တူမျှ၊ ကြည်ညိုကြ၏၊'' လူမျှသည်သာ၊ မဟုတ်စွာသေး၊ ''သုရာသုရ၊ သင်္ဂါမနှိုက်၊ သက္က ဣန္ဒာ၊ ဝေစိတ္တာတို့၊ သုဘာသိတ၊ ဆိုကုန်ကြသော်၊ ဗာလတို့အား၊ ဒဏ်ထား ကြီးစွာ၊ ပြုအပ်ရာဟု၊ အသုရာမင်း၊ ရှေးဦး ကျင်း၍့၊ ဆိုလျှင်းသော့ခါ၊ အသုရာတို့၊ လွန်စွာ ရွှင်ပျို့၊ နှစ်လို့ကုန်ကြ၊ ဒေဝ အများ၊ ဝတိံသားမူ၊ နားနှိုက် မသာ၊ ခါးကြစွာ၏၊ ထိုဗာလအား၊ ဒဏ် မထားဘဲး၊ သိကြား သူဇံ၊ နတ်ဘုန်းလျှံက၊ သည်းခံအပ်စွာ၊ ဆိုသော့ခါနှိုက်၊ ဝတိံသာသား၊ နတ်အများတို့၊ ရွှင်အား ညီညာ၊ ကောင်းခြီးငြာ၏၊ အသုရာသား၊ အောက်နတ်များကား၊ တရား*မဲ့ဘိ၊ လို မယှိ၍့၊ တုဏှိဘာဝ၊ နေကုန်ကြရှင့်၊ ဓမ္မ အဓမ္မ၊ သဘာဝနှိုက်၊ ဟီန ဥက္ကဌ်၊ ယုတ်-မြတ်ပုဂ္ဂိုလ်၊ အလို နှစ်ဘို့၊ မတူတို့ဘူး၊ ဤသို့ ခြင်းရာ၊ ဝတိံမှာလည်း၊ ဝတိံသာသား၊ တပါး အောက်ရွာ၊ အသုရာမှာ၊ အသုရာများ၊ နှစ်ပုံ ခြား၍့၊ ဓာတ်အားလျော်ရာ၊ ကြိုက်ကြစွာ၏'' ''ပညာ *မဲ့ထ၊ ဗာလလူကို၊ ခြီးမွမ်းဆိုသော်၊ ထိုသူ ဗာလ၊ ကဲ့ရဲ့ကလည်း၊ မုချ ပဏ္ဍိ၊ အမှန် သိရှင့်၊ မှတ်ဘိ အဟုတ်၊ လူ*အစုတ်နှိုက်၊ သူယုတ်သဘော၊ ဓာတ် မနှော၍့၊ မြတ်သောသူကို၊ မကြည်ညိုဘူး၊ အလို စက္ကဝါ၊ ဝေးကြ ကွာ၏၊'' ''သမ္မာ မိစ္ဆာ၊ ဤနှစ်ဖြာကား၊ ဘယ်ခါသော်မှ၊ မတူကြတည့်၊ မမျှ ကျိုး-ပြစ်၊ ကျောက်စရစ်နှင့်၊ ဖော့နှစ် *သွေးသီ၊ ရေနှင့် ဆီသို့၊ မညီ စင်စစ်၊ ပေါ်-နစ် ဆန်-မျော၊ မနှီးနှောသည်။။ သဘော အောက်-ထက် *ကြေညာတည်း။'' (၉၂)

(၂၆၂) ဒုရာဇီဝ၊ ဒုကမ္မနှင့်၊ ပါပ သက်မွေး၊ အပါယ်ဘေးကို၊ မတွေးကြောက်တတ်၊ သက်သတ် ခိုးစား၊ စသောအားဖြင့်၊ ငါးပါးသီလ၊ စာရ *မဲ့မျိုး၊ မူဆိုး တငါ၊ ကျင့် ယုတ်မာတို့၊ ရံခါ တရား၊ ကျင့်ငြားသော်လည်း၊ စောင့်စည်း မယှိ၊ ပျက်လွယ်ဘိ၏၊'' ''ဇာတိ နွယ်ရိုး၊ အမျိုး ကျင့်မြဲး၊ စွန့်နိုင်ခဲးစွ၊ မလွဲး မှတ်ယုံ၊ ပြည့်စုံ အသိ၊ မျိုးဇာတိနှင့်၊ ကျင့်ယှိ ထိုလူ၊ မြတ်သည့်သူကား၊ စင်ဖြူ မျိုးနွယ်၊ ကျင့် မပယ်တည့်၊ ဆင်စွယ် မှန်ငြား၊ ပိုးမစားသို့၊ တရား လွဲး*လက်၊ ကျင့် ယွင်းဖျက်၍့၊ အသက် ဆုံးစေ၊ သေသော် သေဘိ၊ ဂတိ လေးပါး၊ မဘောက်ပြားဘူး၊ သိကြားမင်းစစ်၊ ဖြစ်စိမ့်လည်းဟူ၊ ဆိုတုံမူလျက်၊ အယူ မပျက်၊ *နရက်ဝှန်ခြောင်း၊ ကြိမ်ပိုက်ချောင်းနှိုက်၊ ဥက္ခောင်း ဦးဆောက်၊ ကျလိမ့် ချောက်လည်း၊ မဘောက် မပြား၊ မမှောက်မှားဘူး၊'' ''တရား မကြိုက်၊ ဒုစရိုက်နှင့်၊ သူမိုက်တို့ကို၊ မလို ဝေးစွာ၊ ကြဉ်ရှောင်ရာ၏၊ မိစ္ဆာဒိဋ္ဌိ၊ ယူဘိ တိမ်းစောင်း၊ သူအပေါင်းကား၊ အကြောင်း မရှု၊ မကောင်းမှုကို၊ မပြုဟူသည်၊ တမည် မယှိ၊ ပြုသည်တိကြောင့်၊ ဝီစိ*အထဲး၊ ငရဲးဘဝ၊ ယေဘုယျဖြင့်၊ မထနိုင်ပြီ၊ ပထဝီ ဂေါပက၊ ဟူထတုံဘိ၊ သုဂတိမျှ၊ မသိ ဝေးကွာ၊ လူ-နတ်ရွာနှင့်၊ ဖီလာ ကွယ်ထောင့်၊ မြေစောင့် ဝဋ်ငုတ်၊ မပြုတ်နိုင်စွာ၊ ငရဲးရွာဝယ်၊ မီးစာဖြစ်လျက်၊ ကမ္ဘာပျက်လည်း၊ စကြဝဠာ တပါး၊ ပြောင်းသွား ခံရ၊ မလွတ်ကြတည့်၊ နိယတမိစ္ဆာ၊ ပြစ်ကြီးစွာ၏၊ ကမ္ဘာသာ ကြေ၊ ကံ မကြေဘူး၊ အာသေဝန၊ ပစ္စယဖြင့်၊ ဘဝ ဆက်ဆက်၊ ယူ မပျက်ဘဲး၊ *နရက်နှိုက်သာ၊ ကျင်လည်ရာ၏၊'' သည်းချာ ချစ်သား၊ ယူ မမှားနှင့်၊ ''တရား မမြော်၊ မသူတော်ကို၊ ပေါင်းဘော်သမျှ၊ ဒုက္ခညီးညီး၊ လောင်သည့်မီးသို့၊ ပျက်စီးတတ်စွာ၊ မချမ်းသာဘူး၊ ဆရာ မိ-ဘ၊ ဆုံးမစကား၊ မလိုက်ငြားလည်း၊ ပျက်ပြား ဆင်းရဲး၊ ဖြစ်မြဲး ဧကန်၊ မသွေလှန်တည့်၊ အမှန် မုချ၊ ယွင်း မခွရှင့်၊'' ''*မဆွ ရှေးက၊ သုပတ္တဟု၊ လင်းတ ကျေးသား၊ ဘ, စကားကို၊ နားမထောင်ချက်၊ ဆုံးမ ခက်ကြောင့်၊ ပျံတက် ကောင်းကင်၊ ပင်လယ်ပြင်ဝယ်၊ လေသင်တုန်း ဖြတ်၊ လှိုင်းဟုန် ခတ်၍့၊ သက်ပြတ် ကြေမွ၊ သေကုန်ကြ၏၊ မိ-ဘ,စကား၊ နားထောင်ငြားက၊ သံပြား ကျောက်စောင်း၊ ကျိုသော် ပျောင်းဟု၊ သူဟောင်း ရှေးလွန်၊ ဆိုမိန့် ညွှန်၏၊'' သား*မွန် မှတ်သား၊ သတိထား၍့။ ။ တရား ကိုယ်နှင့် မခွါတည်း။ (၉၃)

(၂၆၃) တရား ကိုယ်မှာ၊ စဉ် မခွါနှင့်၊ 'ဝါစာ ဖရုသ်၊ ဓားနှယ် ခုတ်လျက်၊ ကြမ်းကြုတ် မျက်ရှိန်၊ နှုတ်ပုဆိန်ဖြင့်၊ မမြိန် ငေါက်ဆတ်၊ သူယုတ်-မြတ်အား၊ ပြောတတ်ကုန်ဘိ၊ လူ ပါပိတို့၊ မိမိ ကိုယ်ကို၊ အပျက် လို၍့၊ တူးဖြို ဆက်ဆက်၊ မိမိ ဖျက်သည်၊ မည်တုံလတ်၏၊ ပေါက်လွှတ်တရား၊ သူတပါးကို၊ *လောက်လား*မဲ့စွာ၊ မပြုရာဘူး၊'' ရာဇာ*သနင်း၊ မင်းတို့အမျက်၊ ကမ္ဘာပျက်သို့၊ ထွက်က မရှောင်၊ မီ့းနှယ် လောင်၏၊ သိမ်းဆောင် ဉာဏ၊ ငြိမ်းအောင် ချ၍့၊ ဒေါသ ပယ်ခွာ၊ မျက် နည်းစွာလျက်၊ ရတနာ တဆူ၊ ဘ,သည်းအူလျှင်၊ *ဗိုလ်လူ များစွာ၊ သတ္တဝါအား၊ မေတ္တာ သနား၊ ကိုယ် မခြားအောင်၊ တရား ဂုဏ်နှစ်၊ မြဲးစေရစ်လော့၊ ''မစစ် အမျိုး၊ ကျင့် မူဆိုးနှင့်၊ မရိုး ကောက်ကျစ်၊ စည်းစိမ် ယစ်၍့၊ မိုက်ညစ်သဘော၊ *မနော ရင်းကျည်၊ စိတ်မြူနည်ဖြင့်၊ မကြည် ငေါ်ငက်၊ အောင့်သက် ငြူစူ၊ ကိုယ့်အောက်လူတို့၊ *ပအူ ပစေး၊ ပလေး *ပလာ၊ ရံခါ ပြစ်မှား၊ ပြုတုံငြားလည်း၊ သိကြား ဒေဝိသ်၊ ဝေပစိတ်၏့၊ မဆိတ် မညံ၊ ကျိန်း-ဆဲးသံကို၊ သည်းခံသမှု၊ ပြန်ပြုမမူ၊ မျက် မရှူသို့၊ အယူ အပြစ်၊ လွဲးစေရစ်လော့၊'' ''လောင်ခြစ် ပွက်ဆူ၊ မျက်ထွက်သူကို၊ တုံ့မူ အမျက်၊ ပြန်မထွက်က၊ အောင်ခက် နိုင်ခဲး၊ စစ်မြေထဲးဝယ်၊ အောင်ပွဲးရသည်၊ သူဟုမည်ရှင့်၊ မကြည် စိတ်ခက်၊ အမျက်ထွက်သူ၊ ထိုသည့် လူနှင့်၊ အတူ ပြန်လျက်၊ မျက်-မာန် ထွက်သော်၊ ရှေးထက် နောက်လူ၊ မိုက်သောဟူ၏၊ မှတ်ယူ ပိုက်ကျုံး၊ နှလုံးထဲး နစ်၊ စွဲးစေရစ်လော့၊ မုန်း-ချစ် နှစ်တန်၊ လူတို့ဌာန်ဝယ်၊ အမှန်သဘော၊ မယှိသောရှင့်၊ လောကီ့*အစုတ်၊ လူတို့ နှုတ်ကား၊ မဟုတ်လည်း ပြော၊ ဟုတ်လည်း ပြော၏၊'' မင်း*စော သားချစ်၊ မာန် မယစ်နှင့်၊ ခံလစ် သည်းညဉ်း၊ သာ ညံ့ဖြည်း၍့၊ အောင့်ဆည်းနိုင်ဘိ၊ မြတ်ခေါင်ထိ၏၊ အဓိဝါသီ၊ ခန္တီမည်ငြား၊ ဤတရားကို၊ လွန်အားကြီးစွာ၊ သူ*တကာထက်၊ ကိုယ်မှာ အစဉ်၊ မြဲးယှဉ် စင်စစ်၊ ကဲးစေရစ်လော့၊ ''မချစ် လူများ၊ မပွား နှလုံး၊ ဆိပ်တုံး ပြည့်ဆူ၊ မြွေဟောက် တူသို့၊ ရန်သူ *ဖြင်ပေါ၊ အပြစ် *ပြောလျက်၊ သေသော နောက်ဝယ်၊ အပါယ် ဆတ်ဆတ်၊ လားစေတတ်ဟု၊ ဟောမှတ် ဘော်ပြ၊ အက္ကောသ၏့၊ ပဉ္စ ဒေါသာ၊ ဒေသနာကို၊ သေချာ ပိုင်းဆစ်၊ ဆင်ခြင် စစ်လျက်၊ အပြစ် ပြုလို၊ ဒေါသ ပို၍့၊ သူ့ကို မုန်းထား၊ မျက် မပွားသည်။ ။ တရား သူတော့်ဥစ္စာတည်း။'' (၉၄)

(၂၆၄) သူတော့် ဥစ္စာ၊ မြဲးမြံစွာလော့၊ ရံခါ ဘယ်မှ၊ မချရဘူး၊ လုံ့လ၍့သာ၊ တည်စေရာ၏၊ ''သဒ္ဓါ သီလ၊ လှူ စာဂဟု၊ ရှေးက ကောင်းမှု၊ တဦး ပြုသည့်၊ ကုသိုလ့် အကျိုး၊ ဘုန်းကံမျိုးကား၊ ခိုး၍့ မရ၊ မှန်တုံစွတည့်၊ ပုည သိရီ့၊ မယှိသော့သူ၊ ဘုန်း*မဲ့လူတို့၊ ခိုးယူအံ့ ကြံ၊ သူဘုန်းကံကို၊ အထံ လာရောက်၊ လှူခံမြောက်လည်း၊ ကြမောက် ပတ္တမြား၊ တောင်ဝှေးဖျားနှင့်၊ မယားဥက္ခောင်း၊ တောင်းတိုင်း ပြောင်းရှင့်၊'' 'ကံဟောင်း မပါ၊ မရသာဘူး၊ သမ္ဘာ ချို့တဲ့၊ လူဘုန်း*မဲ့၏၊ အကဲ့ လက်တွင်း၊ ရောက်တုံလျှင်းသား၊ မင်းဖြစ် ပံ့သကူ၊ ဟင်းဆူဆူကို၊ ရေယူ လှိုင်းဝှေ့၊ တိုက်သူ့ ရှေ့သို့၊ ဆောင်၍့ လျှင်ကြောင်း၊ ပို့ရရှောင်း၏၊ မိုးကောင်း ဆင်ဖြူ၊ ရပါမူလျက်၊ ရသူ ဘုန်း*မဲ့၊ ဖြစ်ခဲ့ရကား၊ မတန်ငြား၍့၊ တပါး ထိုက်ရာ၊ ပျံသွားပါ၏၊'' ''ရတနာဟူတုံ၊ တစုံ တခု၊ ဝတ္ထုအမျိုး၊ အဘိုး နဂ်ပြည့်၊ ပြည်တန်လှည့်လည်း၊ သုံးမည့်သူက၊ သုံးမကျလျှင်၊ မြေမှ ထင်စွာ၊ ကြက်ယက်ရာနှိုက်၊ ရတနာ ပတ္တမြား၊ ပေါ်သော့လားသို့၊ သုံးစားမဝင်၊ ဘိုး မထင်ဘူး၊'' ရွှေစင် သည်းအူ၊ မှတ်နည်းမူလော့၊ 'လူလည်း မတတ်၊ နတ်လည်း မတန်၊ ကမ္မန္တရ၊ ဝိသေသကို၊ အနန္တဉာဉ်၊ စံ မယှဉ်သည့်၊ သဗ္ဗညုဖျား၊ ဉာဏ် ဆယ်ပါးနှင့်၊ ဘုရားတို့သာ၊ သိပိုင်ရာ၏၊ *ကြမ္မာ ရှေ့ပြေး၊ အကျိုးပေးမည့်၊ ရှေးကုသိုလ်ကံ၊ ကြောင်းခံ ကြီးမင်း၊ ယှိတုံလျှင်းက၊ လူပျင်းဖြစ်လျက်၊ သင်္ဘောပျက်လည်း၊ အသက် မသေ၊ ရေမှာ မမွန်း၊ ကျွန်းသို့ ရောက်ငြား၊ မဆုံးပါးဘူး၊ ပတ္တမြားမျက်ပျံ၊ ရောင်လျှံ ဝင်းထိန်၊ ပုဆိန် မုရိုး၊ နို့ဓမ်းအိုးဟု၊ လေးမျိုး စကြာ၊ ရတုံပါ၍့၊ ဗာရာပြည်ကြီး၊ နန်းထီး တကွ၊ စိုးပိုင်ရ၏၊ ထိုမှ တဖြာ၊ ရှေးသော့ခါနှိုက်၊ မဟာဇနက၊ နိဂြောဓနှင့်၊ ဗြဟ္မဒတ္တ၊ နန္ဒိယမင်း၊ ဥယျာဉ်တွင်းဝယ်၊ အိပ်ရင်း စင်စစ်၊ မင်းဖြစ် ရထား၊ ဆိုက်ငြား ရောက်လာ၊ *သာလကာတည့်၊ ကြံပါ ချွတ်လွဲး၊ မကြံဘဲးလည်း၊ ဖြစ်မြဲးတတ်စွာ၊ ဟူစပါ၏၊'' ''ဝါယာ *ကုတ်ကော်၊ မဆော် မလှုံ့၊ မလုံ့ မလ၊ ဖြစ်ကြောင်းစကား၊ ရှေးက *ကြမ္မာ၊ ကြီးသူသာတည့်၊ ယှဉ်ကာ ထိုနှင့်၊ မ*နှုန်းသင့်ဘူး၊ အခွင့် ဆိုး-ကောင်း၊ မမြင်တောင်းခဲ့၊ အကြောင်း ယှိရာ၊ အကျိုး လာ၏၊ ကောင်းငှါ ဆိုးငှါ၊ ရှေး*ကြမ္မာလျှင်၊ ခွင့်သာ ရောက်ငြား၊ ထိုသူ့အားကို။။ ဘုရား မပယ်နိုင်စွာတည်း။'' (၉၅)

(၂၆၅) ရှေးက ပုည၊ ဝိသေသကြောင့်၊ ကမ္မတန်းခိုး၊ ကံ့အကျိုးဖြင့်၊ အစိုးရခြင်း၊ မင်းဟု ဖြစ်ဘိ၊ ဘုန်းသိရီ့ကား၊ ယှိယှိသမျှ၊ ရေက ကြည်းဖြစ်၊ အနှစ် ဥစ္စာ၊ ရတနာသို့၊ တည်ရာ နေရာ၊ လာရောက်ရာတည့်၊ 'သဒ္ဓါဟူငြား၊ ဤတရားလည်း၊ လမ်းသွား သံသရာ၊ သတ္တဝါ၏၊ လူ့ရွာ နတ်ဌာန်၊ နိဗ္ဗာန် ထုတ်ချောက်၊ အဆုံးရောက်အောင်၊ ခြီးမြှောက် ဥပ၊ နိဿယဖြင့်၊ မ,စ မကွာ၊ လိုက်၍့သာလျှင်၊ ကလျာဏစစ်၊ ခင်ပွန်းချစ်သို့၊ ဖြစ်ဖြစ်သမျှ၊ ဘဝ ထိုထို၊ ရတိုင်း ကိုယ်နှိုက်၊ အလိုယှိရာ၊ ပေးတတ်စွာ၏၊ သဒ္ဓါ ရှေးက၊ *မဲ့ကြသော့အား၊ ထိုသူများကား၊ စီးပွား ချမ်းသာ၊ လုပ်ဆောင်ပါလည်း၊ လိုရာ မပြီး၊ မီးနှင့် မပြတ်၊ ဖျက်ရှို့တတ်သည်၊ ဗိသျှတ် ကရိုဏ်း၊ သင့်သောတိုင်းဖြင့်၊ သုံးပိုင်း ပျက်စီး၊ ချည်းနှီးမျှသာ၊ ဖြစ်တတ်စွာ၏၊ ပညာ နှိုင်းညှိ၊ ဆင်ခြင် သိလျက်၊ သတိ မလျော့၊ မမေ့လျော့နှင့်၊ သူတော့်ဥစ္စာ၊ ကျင့် သမ္မာကို၊ ဘယ်ခါ မချ၊ ကြိုး လုံ့လလော့၊'' ''မိ-ဘ နှစ်ဖြာ၊ စင်ကြယ်စွာလျက်၊ မဟာဝံသ၊ ခတ္တိယဇာတ်၊ မျိုး ဥက္ကဌ်နှိုက်၊ အမြတ် သန္ဓေ၊ တိဟိတ်နေ၍့၊ စက်ရွှေ ဘွားတွင်း၊ စက်မင်းရုပ်မှ၊ ကြွင်းသမျှတိ၊ တရာ့ခုနစ်ဖြာ၊ လက္ခဏာနှင့်၊ စကြာလောင်းစစ်၊ ဖြစ်လင့်*တပဲး၊ စွန့်ကြဲး မယုတ်၊ စောင့် ကိုယ်-နှုတ်ဖြင့်၊ ဥပုသ် ဗြဟ္မ၊ စရိယကို၊ လုံ့လ မြဲးမြံ၊ ကျင့် *ခြိုးခြံမှ၊ စက်ပျံရတနာ၊ ရောက်လာတုံမြို့၊ နတ်တို့ ဆောင်ယူ၊ ဆက်သောဟူ၏၊'' သားဖြူ မင်းပျို၊ မှတ် နာချိုလော့၊ ''စိန်ကို အစောက်၊ ကျောက်ကို မှောက်မှ၊ ဘိုးရောက် ကဲးလွန်၊ ဂုဏ်ရည် *မွန်၏၊ ထို့ဟန် ပမာ၊ လူတို့မှာလည်း၊ သဒ္ဓါ ပတ္တမြား၊ မောက်မောက်ကြွားလျက်၊ ပိုင်းခြား လက္ခဏာ၊ ရှုတတ်စွာသား၊ ပညာ ဝရဇိန်၊ နတ်ပစ်စိန်လျှင်၊ ချိန်ရာ မယွင်း၊ မြင်းမိုရ် ထွင်းသို့၊ ထုတ်ချင်း မတွန့်၊ ရွယ်တိုင်း *ကွန့်အောင်၊ သွယ်ညွန့် သွန်းသွန်း၊ မြိုက်မြိုက်ချွန်းလော့၊ တု*ကျွန်းဘက် ကွာ၊ ရတနာတိ၊ နှစ်ဖြာ ထင်ရှား၊ ဤတရားကို၊ မှတ်သား ပိုက်ထုပ်၊ ဝမ်းဝယ် မြှုပ်လော့၊ မြေပုပ်လည်း ချ၊ ငါလည်း မ,ဟု၊ မူလထက် ပေါင်း၊ မူလီ လောင်းလျက်၊ ကံဟောင်း ကံသစ်၊ ထပ်ရစ် အားပေး၊ နှစ်ပါး ထွေး၍့၊ နှောင်း-ရှေးအဟုန်၊ ကုသိုလ်ဂုဏ်ဖြင့်၊ ရေစုန် ရွက်တိုက်၊ ရေကြောလိုက်သို့၊ စိုက်စိုက် *လက်ငင်း၊ ကြာမတင်းသည်။။ ဝင်းဝင်းရောက်လိမ့် စကြာတည်း။ (၉၆)

(၂၆၆) စကြာ ရောက်ကြောင်း၊ စကြာလောင်းတို့၊ ကျင့်ဟောင်း အဟုတ်၊ မြဲး မယုတ်သား၊ ဥပုသ် စရိယာ၊ အင် ရှစ်ဖြာထက်၊ မေတ္တာ လောင်းထ၊ နဝင်္ဂလည်း၊ ကာလအစဉ်၊ ကင်း မကြဉ်နှင့်၊ ယှဉ်စေ မပျက်၊ ကျင့် ဆောင်ရွက်လော့၊ ''အဘယ် မမျှ၊ ကိုယ့်အောက်ကျသား၊ ဟီနလူမျိုး၊ မျက်မုန်းကျိုး၍့၊ တစိုး တစိ၊ ပြစ်မှားဘိလည်း၊ စိတ်ရှိ ငြိုးထား၊ မျက် မပွားလင့်၊ ပတ္တမြားဂူ၊ ဝက် ငြူစူ၍့၊ ရွံ့မြူ ညစ်စေ၊ ပွတ်လေလေတိုင်း၊ သရေ မညှိုး၊ ရောင်ဝါ တိုးသို့၊ တန်းခိုး ထင်ရှား၊ ပွားထက် ပွားလစ်၊ သစ်ထက် သစ်လိမ့်၊'' ရှေးဖြစ်ကာလ၊ ''ဘုရာ့းအလောင်း၊ ထောင် ဆင်ပေါင်းနှင့်၊ စံ*ညောင်းလတ်သော်၊ ညီတော် အားပြိုင်၊ စစ်ရေးဆိုင်က၊ နိုင်တော်မူလျက်၊ အသက် ဇီဝ၊ သတ် မချဘဲး၊ ဗလကြီးမား၊ ငါ့ခွန်အားကို၊ အများ သိစေ၊ ပြုတုံပေဟု၊ *ဗိုလ်ခြေပွဲးတွင်း၊ လောင်း ဆင်မင်းလျှင်၊ ထင်လင်း ကြည်ဖြူ၊ မိန့်တော်မူလျက်၊ မယူ အပြစ်၊ ကျေးဇူးဖြစ်အောင်၊ ဂုဏ်လစ် ဘော်ပြ၊ ခြီးမွမ်းစွရှင့်၊'' ရှေးက ပူရဏ်၊ ကျမ်းမိန့်ဟန်ကို၊ ရွှေဉာဏ် ယူဆ၊ သဘောကျလော့၊ ''လောကနှိုက်မှာ၊ လေးစွာ ကျောက်ထီး၊ ထိုကျောက်ထီးထက်၊ လူကြီး မိ-ဘ၊ ဆရာ စသား၊ ဆုံးမစကား၊ ထို့စကားထက်၊ ဘုရားနှုတ်နက်၊ ဓမ္မစက် အစစ်၊ လေးဆုံး ဖြစ်၏၊ ဘွင့်လှစ်သဘော၊ မြတ်ရှင်*စောတို့၊ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊ မွေ့သိမ် *နက်ကိ၊ ပါဠိ ထင်ရှား၊ ဟောမြွက်ကြားတိုင်း၊ တရား မထောင့်၊ အမှန် စောင့်က၊ စောင့်သည့်တရား၊ စောင့်သူအားကို၊ မမှား ဆတ်ဆတ်၊ စောင့်သတတ်တည့်၊ ယွင်းချွတ် မယှိ၊ ဟုတ်လှဘိ၏၊ သု-စိ-ပု-ဘား၊ စကား လေးသုံး၊ စွဲးသုံး လေ့လာ၊ မလွတ်ရာဘူး၊ သမ္မာဝါဒ၊ မြဲး မခွနှင့်၊ ကိုယ်မှတပါး၊ များလှတုံစွာ၊ သတ္တဝါအား၊ ကြင်နာ ဝမ်းထဲး၊ ညှဉ်းဆဲ မပြု၊ စက္ခု နား-နှာ၊ ခြောက်ဖြာ ဣန္ဒြေ၊ စောင့်တွေ ဆုံးမ၊ ဓမ္မေနဖြင့်၊ ရှာထ ဥစ္စာ၊ ကိုယ်မှာ နိစ္စ၊ သီလယှိမျှို့၊ ထိုလူတို့ကား၊ ကောင်းဘို့ ကောင်းရွာ၊ ကောင်း ဇာတာနှင့်၊ ကောဇာ ကောဝိန်၊ ဆတ္တိန် တြင်း၊ နဝင်း နက္ခတ်၊ ပါဒ် ဗီဇနာ၊ ခရာ ဟူသမျှ၊ ကောင်းကြသည်ချည်း၊ ဖြစ်သတည်းဟု၊ *ရှင်နည်း လောကီ၊ မြတ်ဝါဒီတို့၊ ဝသီ ဉာဏ်စွမ်း၊ ကမ္ဘာ့တမ်းဖြင့်၊ ကျမ်း ဇောတိသတ်၊ မိန့်သတတ်ရှင့်၊ ယုတ်-မြတ် များစွာ၊ သတ္တဝါအား၊ ကံသာ မယွင်း၊ ကောင်း-ဆိုးခြင်းသည်။။ ကြောင်းရင်း ကမ္မဿကာတည်း။'' (၉၇)

(၂၆၇) နည်းပါး ပုည၊ ဒုကမ္မနှင့်၊ ဘဝ လူ့ရွာ၊ လူဖြစ်ပါလည်း၊ ပညာယှိထံ၊ နည်း မခံဘဲး၊ ကံလည်း တကွဲး၊ ဉာဏ် တလွဲးနှင့်၊ ကံမွဲး ဉာဏ်မွဲး၊ အကြံ မွဲးတို့၊ ဆင်းရဲး ညှိုးပိန်၊ မိတ္တဝိန်သို့၊ ကောင်းချိန် ကောင်းရာ၊ ကောင်းအခါကို၊ ဘယ်မှာ မရ၊ ဖြစ်တတ်စွ၏၊ ဓမ္မစာရီ၊ ငါလျှင်ပြီဟု၊ အညီ မလစ်၊ တရား ချစ်လော့၊ မဖြစ် ညစ်ကျယ်၊ လူဝယ် ယုတ်-မြတ်၊ မမှတ် ရိုင်းစိုင်း၊ ''လူ့မိုက်ထိုင်းတို့၊ မကိုင်းညွတ်လို၊ ထွန်တုံးမျိုသည့်၊ မြွေ့ကိုယ်အလား၊ ပုံ မခြားအောင်၊ စိတ်ထား ခိုင်မာ၊ လွန်စွာ တောင့်တင်း၊ အတွင်း မာန၊ ခက်ထန်ကြ၏၊ နှိမ့်ချ မကျိုး၊ ထိုလူမျိုးကား၊ မိုးကို လက်လှမ်း၊ မျှော့ သွေးစမ်းသို့၊ စွဲးလမ်း မရ၊ တဆဆဖြင့်၊ မကျ အရာ၊ ယောင်ကာသာလျှင်၊ ဤမှာ ကောင်းနိုး၊ ထို ကောင်းနိုးနှင့်၊ နိုးနိုးအာရုံ၊ ကာလဟုံ၍့၊ မ*ကုံ ဥစ္စာ၊ ဝိဇ္ဇာ သိပ္ပ၊ *မဲ့တတ်ကြရှင့်၊ ဓန ပညာ၊ *မဲ့တုံပါသော်၊ ဥစ္စာ မယှိ၊ ကတိ မတည်၊ လူမမည်ဘဲး၊ လူရည် မသွင်၊ ပွဲးလယ်ခွင်သို့၊ မဝင် အပ၊ သုံးမကျဘူး၊ တဘဝလုံး၊ သက်ဆုံး အဖျင်း၊ ချမ်းသာ ကင်းရှင့်၊'' ''မယွင်း မှန်လှ၊ ဤလောကနှိုက်၊ မိ-ဘကိုပင်၊ ဥစ္စာမြင်မှ၊ ခင်မင် မြတ်လေး၊ သားတို့ မွေး၏၊ ပဲး-ရွေး မယှိ၊ ဘ-မိတို့အား၊ သမီး သားလည်း၊ ထံပါး နီးရပ်၊ မကပ်တုံလျှင်း၊ ရှောင်ကြ ကွင်း၏၊'' လူပျင်း လုံ့လ၊ တခဏမျှ၊ ရွရွ ရိုးရိုး၊ အား မကြိုးဘူး၊ မကျိုး *မနွံ၊ မခံ ပင်ပန်း၊ လုပ်ဆန်း *မြောက်မြေ၊ လုပ်ငန်း ပြေရုံ၊ အနေ မကျ၊ ပြုကာမျှတည့်၊ ကိစ္စ မပြီး၊ ဖျင်းသီး ဖျင်းသုန်၊ အကြံကုန်က၊ ဂဠုန် ဆားချက်၊ သက်မွေး ခက်၍့၊ ကြက်ယက်မြေကြီး၊ ချွေး ချောင်းစီး၏၊ ယောင်တီး ယောင်တောင်၊ လုပ်မှု ရှောင်၍့၊ ဂ†သျှောင် တကျော+ကျော၊ ကိုယ်သန့်+ကြောလျက်၊ လောကီ့ ဓမ္မတာ၊ တတ်ပညာနှင့်၊ ဥစ္စာ ရှာဘွေ၊ မပြုနေသော်၊ သေအောင် ဒုက္ခ၊ ဆင်းရဲးရလိမ့်၊'' ''လောကနှိုက်တွင်၊ ပျားနှင့်ယင်ကို၊ မျက်မြင် ပုံထား၊ မောင် ရှုစားလော့၊ ပျားကား အုံပြု၊ အရည် စု၍့၊ ထားမှု လိမ္မာ၊ နောင် ချမ်းသာ၏၊ ယင်မှာ သော်တုံ၊ ဝမ်းဝရုံမျှ၊ အုံကာ သောက်စား၊ စုမထား၍့၊ ရှာငြား မပြတ်၊ မရ ငတ်၏၊ ဆတ်ဆတ် မုချ၊ အလသဖြင့်၊ ငယ်က ပျင်းသူ၊ ကြီးမူ ဆင်းရဲး၊ ရ,စမြဲတည့်၊'' မလွဲး မှန်စွာ၊ ဘ,သည်းချာမူ၊ ပညာ သုတ၊ မင့်းကိစ္စနှင့်၊ ဓမ္မကျေးဇူး၊ နည်းနာထူးကို၊ ဆည်းပူး ရှာစစ်၊ မပျင်းရစ်နှင့်၊ မင်းဖြစ်တုံငြား၊ တရား လက်ကိုင်၊ မခိုင် ယဲ့ယဲ့၊ ယိမ်းယိုင် ယွဲ့က၊ ကဲ့ရဲ့စရာ၊ မိုဃ်းနှယ်ရွာ၍့၊ မင့်းမှာ အပြစ်၊ လုံး*ဓွန်းဖြစ်လိမ့်၊ တဆစ် ထို့ပြင်၊ လေးအင် မျိုးနွယ်၊ ကြီး-ငယ် ယုတ်-မြတ်၊ မှူးမတ် မင်းဆွေ၊ ထံရင်းနေနှင့်၊ ထီး-ရွေ နန်းပြိုင်၊ ခရိုင် သီးခြား၊ မြို့စား ရွာစား၊ တပ်ပေါင်းစားက၊ စော်ဘွား စော်ကန်၊ *ကလန် သံပျင်၊ တွင်းပြင် နီး-ဝေး၊ ကျွန်ကျေး အများ၊ ယောက်ျား မိန်းမ၊ သား-ငါး စသား၊ ထိုမျှ သတ္တဝါ၊ လူ*ဗိုလ်ပါအား၊ နတ်ရွာ စီးပွား၊ အကျိုးများအောင်၊ တရား ဆော်ညွှန်း၊ မိန့်တော် ခွန်းဖြင့်။။ တိုက်တွန်း မင်းတို့အာဏာတည်း။ (၉၈)

(၂၆၈) မင်းတို့အာဏာ၊ တိုက်တွန်းရာသား၊ လေးဖြာ ပိုင်းခြား၊ မျိုးနွယ်ပြားတွင်၊ ပုဏ္ဏားတို့မှာ၊ အထူးလာခဲ့၊ ''ကမ္ဘာဦးက၊ ဗြာဟ္မဏတို့၊ ပါပ ဗာဟီ၊ ကျင့် ဝသီနှင့်၊ မမှီ လူ့ထုံး၊ နှလုံး စင်ကြယ်၊ သူငယ်ဘာဝ၊ ကုမာရဟု၊ အဋ္ဌ စတ္တာ၊ သင်္ချာ တွက်ဘွယ်၊ လေးဆယ်နှင့်ရှစ်၊ *လုလင်စစ်ဖြင့်၊ အနှစ် ကြာတင်၊ ကျမ်း ဗေဒင်ကို၊ သင်၍့ ပြီးငြား၊ တရားဖြင့်သာ၊ ဥစ္စာ ရှာ၍့၊ ဆရာတို့အား၊ ညွတ်တွား*ကော်ရော်၊ ပူဇော်ခဲ့ပြီး၊ တကိုယ်ထီးတိ၊ တောကြီး ထွက်ရှောင်၊ အိမ် မထောင်ဘဲး၊ ကျင့်ဆောင် ဗြဟ္မ၊ စရိယနှင့်၊ ဈာန သမာ၊ ပျော် လေ့လာ၍့၊ ခန္ဓာ ပြောင်းတုံ၊ ဗြဟ္မာ့ဘုံနှိုက်၊ အာရုံ မခွ၊ ဖြစ်ကုန်ကြသည့်၊ ဗြဟ္မသမ၊ ဗြာဟ္မဏတည့်၊ ရှေးကနည်းပင်၊ ဗေဒင် သင်ပြီး၊ တောဝင် ထွက်ခွါ၊ မပြုစွာဘဲး၊ အိမ်ရာထောင်ရိုး၊ အမျိုး ပြတ်*တောင်း၊ မကျင့်ကောင်းဟု၊ ထပ်လောင်း ဝါဒ၊ နောက်ကာလနှိုက်၊ ဖြစ်ထ ထိုဝယ်၊ ပုဏ္ဏေးငယ်နှင့်၊ အကယ်သို့ပင်၊ သားဦးမြင်အောင်၊ လူ့ခွင်နေ၍့၊ တောထွက်လေ့ဖြင့်၊ ရသေ့ပြုထ၊ ဈာန်သုခနှင့်၊ ဗြဟ္မာ့ဘုံမှာ၊ ဖြစ်ရှာကုန်ကြ၊ နတ်နှင့်မျှသား၊ ဒေဝသမ၊ ဗြာဟ္မဏတည့်၊ နောက်မှ တဖြာ၊ ကာလကြာသော်၊ နွယ်ဇာတိ ဇာစ်၊ မစစ် အမျိုး၊ ကြိုက်နိုးရာရာ၊ ခင်ပွန်းစာနှင့်၊ အိမ်မှာ မြဲးထ၊ တည်နေကြသား၊ သမ္ဘိန္နမရိယာဒ၊ ဗြာဟ္မဏတည့်၊ ထိုမှ *တသွန်၊ လွန်သည် ကာလ၊ အဓမ္မနှင့်၊ ဓမ္မဖြင့်သာ၊ ရှာသည် ဓန၊ မိန်းမ မရွေး၊ သက်မွေး မျိုးနွယ်၊ မစင်ကြယ်သား၊ အိမ်ဝယ်နေထ၊ စဏ္ဍာလတည့်၊ တစ တစ၊ တရား ပ,၍့၊ ရှေးက *အတီး၊ ပုဏ္ဏားကြီးတို့၊ ကျင့်သီး သိမ်းပိုက်၊ မြတ်စရိုက်ကား၊ လူနှိုက် မမြင်၊ ခွေးနှိုက် ထင်ဟု၊ ချစ်ရှင် ဗုဒ္ဓ၊ ဟောဘော်ပြတိုင်း၊ ဗြာဟ္မဏခေါ်ရိုး၊ ထို ငါးမျိုးသည်။။ နောက်တိုး အကျင့် ချွတ်ကာတည်း။ (၉၉)

(၂၆၉) ထိုပြီး နောက်မှာ၊ လွန် ပြန်ကြာ၍့၊ မြင့်စွာ နှစ်များ၊ ကာလ *လျားသော်၊ သမား ဆေးမှု၊ ဆရာ ပြုလျက်၊ ကု၍့ စားဘိ၊ သက်မွေး ယှိသား၊ တိကိစ္ဆာသမ၊ ဗြာဟ္မဏတည့်၊ ဒါသပမာ၊ ကျွန်သို့သာလျှင်၊ စေပါ ခံဘိ၊ အကျင့်ယှိသား၊ ပါရိစာရိကာသမ၊ ဗြာဟ္မဏတည့်၊ မထ အလှူ၊ ခံယူတတ်ကာ၊ နှိပ်စက်စွာသို့၊ နိဂ္ဂါဟကသမ၊ ဗြာဟ္မဏတည့်၊ ရူပ ဆိုးယုတ်၊ မီးလောင်ငုတ်သို့၊ ညစ်စုတ်သမှု၊ ကိုယ်ကို ပြုသား၊ ခါဏုဃာတသမ၊ ဗြာဟ္မဏတည့်၊ ကြွယ်ဝ လိုလား၊ ကုန်သည်များသို့၊ ကုန်သွား ပြုထ၊ ကုန်သွယ်ကြသား၊ ဝါဏိဇသမ၊ ဗြာဟ္မဏတည့်၊ ဓ*ပေါယယ်၊ ဌေး သူကြွယ်တို့၊ ယာ-လယ် ကျွဲ-နွား၊ မွေးစား လုံ့လ၊ လုပ်ကိုင်ကြသား၊ အမ္ဗဋ္ဌသမ၊ ဗြာဟ္မဏတည့်၊ နွားက မလွတ်၊ သူ့သက် သတ်၍့၊ မမြတ်သဘော၊ ကြမ်းကြုတ်မောသား၊ ဂေါဃာတသမ၊ ဗြာဟ္မဏတည့်၊ စောရအတူ၊ ခိုးယူ နိုင်ထက်၊ တိုက် လုယက်၍့၊ ဗလက္ကာရ၊ ပြုတတ်စွသား၊ ဂေါပနိသာဒသမ၊ ဗြာဟ္မဏတည့်၊ ကေဝဋ္ဋမျိုး၊ မုဆိုး တံငါ၊ သူယုတ်မာတို့၊ ငါးရှာ သားရှာ၊ ဝမ်းစာ မွေးကြ၊ သက်ရှင်ရသား၊ လုဒ္ဒကသမ၊ ဗြာဟ္မဏတည့်၊ ကပ္ပကမည်၊ ဆတ္တာသည်သို့၊ ပတ်လည် ရပ်ထဲး၊ အမြဲး သူ့အား၊ ပယ်ယှား ညစ်ကြေး၊ ဓား-ကတ်ကျေးဖြင့်၊ သန့်-ဆေး ပြင်ဆင်၊ သုတ်သင် နေ့-ည၊ ရေချိုးရသား၊ မလမဇ္ဇသမ၊ ဗြာဟ္မဏတည့်၊ ဒသ နောက်ပွား၊ ကျင့် ဖောက်ပြားသည်။။ ပုဏ္ဏားဇာတိ ဘေဒါတည်း။ (၁၀၀)

(၂၇၀) ထိုမှ *တသွန်၊ ကြာမြင့် လွန်၍့၊ ကာလန္တရ၊ ယခုကျအောင်၊ ကာလ အခါ၊ ရောက်ခဲ့လာသော်၊ ကမ္ဘာဦးက၊ ဖြစ်သမျှကို၊ အစပိုင်ပိုင်၊ မသိနိုင်ကြောင့်၊ လက်ကိုင် တခု၊ ကျမ်းစာ ပြု၍့၊ သုတိ တပေါ၊ ယောနိ ဟောသား၊ တယော အင်္ဂါ၊ ညီညွတ်စွာဟု၊ မင်းမှာ မ,ခ၊ ကမ္မကရာ၊ စေပါ မနှံ၊ အလှူခံ၍့၊ ကောင်းကြံ ကောင်းကျင့်၊ အသင့်သဘော၊ ဟောပြော ဗေဒင်၊ သက်မွေးစင်သား၊ နွယ်ဝင် မြတ်လှ၊ ဗြာဟ္မဏရိုး၊ ရဲးကိုး ရဲးကား၊ ရဲးခွန်အားနှင့်၊ ခ,စား မင်းထံ၊ မင်းကြံ မင်းတု၊ မင်းမှု ကိစ္စ၊ ရွက်ဆောင်ကြသား၊ ခတြရိုး၊ ရောင်းမျိုး ဝယ်မှု၊ ယာ-လယ် စုနှင့်၊ လုပ်ပြု ကုန်သည်၊ အတည်တကျ၊ သက်မွေးကြသား၊ ဗိသျှအရိုး၊ နွမ်းညှိုး ဝမ်းစာ၊ ဆင်းရဲးစွာလျက်၊ စေပါခံထ၊ လုပ်ကိုင်ရသား၊ သုဒြရိုး၊ လေးမျိုး ပုဏ္ဏား၊ နောက်မှ ပွား၍့၊ ထင်ရှား လူဝယ်၊ ဆင် စလွယ်နှင့်။။ စင်ကြယ် ကျင့်ဝတ် သိက္ခာတည်း။ (၁၀၁)

(၂၇၁) စလွယ် ဆင်ငြား၊ ထိုပုဏ္ဏားတို့၊ ဆယ်ပါး မယုတ်၊ ကျင့်ရန် ထုတ်၏၊ ကိုယ်-နှုတ် နှစ်ချက်၊ ငြိမ်သက် ဆုံးမ၊ ရာဂ စသား၊ ပါပ ကိလေ၊ ပျောက်စေ ငြိမ်းပယ်၊ စင်ကြယ် ကမ္မ၊ သန္တောသနှင့်၊ စိတ်က ဖြောင့်မတ်၊ အမြတ် ရတနာ၊ မချာ ကပ်ဆည်း၊ သည်းညဉ်းခံရာ၊ သစ္စာ မှန်ခြင်း၊ သနားခြင်းဟု၊ ခေါ်ခြင်း ပညပ်၊ ကျင့် ဆယ်ရပ်ကို၊ ကျင့်အပ် မကွာ၊ ကျင့်ဆောင်ရာ၏၊ မင်္ဂလာ ကြီးကျယ်၊ မျိုးဇာတ်နွယ်တိုင်း၊ စလွယ် တင်ဟန်၊ အဓိဋ္ဌာန်ဖြင့်၊ ကောင်းမွန် မြတ်ခြင်း၊ စင်ကြယ်ခြင်းက၊ နတ်မင်းတို့ နတ်၊ ဘုရားမြတ်နှင့်၊ မချွတ် တကွ၊ ဖြစ်ရ တမည်၊ သက်ရှည် ဉာဏ်ပွား၊ ခွန်အား တင့်တယ်၊ ပျောက်ပြယ် ရန်ငြိုး၊ တန်းခိုး တေဇာ၊ ကြီးရာ*၄င်း၊ ကျမ်းလာရှောင်းသား၊ အကြောင်း ကိုးသွယ်၊ မှတ်စဘွယ်တည့်၊ စလွယ် ဆင်ရာ၊ သိက္ခာ တင်ခြင်း၊ ဇာတ်သွင်းခြင်း၏့၊ ကောင်းခြင်းခေါ်ရိုး၊ ဤ ဆဲ့ကိုးသည်။။ အကျိုး အာနိသံသာတည်း။ (၁၀၂)

(၂၇၂) အာနိသံသာ၊ ထူး ဂုဏ်ဝါနှင့်၊ သိက္ခာ ကျင့်ဝတ်၊ တင်ဆောင်မှတ်သည့်၊ *မျိုးဇာတ် စင်ကြယ်၊ ဆင် စလွယ်လည်း၊ ကိုးသွယ် ဗြာဟ္မဏ၊ ခြောက် ခတြနှင့်၊ ဗိသျှ သုံးဟူ၊ သုဒြမူကား၊ မတူ လက္ခဏာ၊ မတင်ရာတည့်၊ သိက္ခာလည်း တင်၊ စလွယ် ဆင်က၊ ဆင်ခြင်အပ်ဘိ၊ သုတိဂန္ထ၊ ကျမ်းနှိုက်ပြသား၊ ဗြာဟ္မဏဟတျာ၊ ဂါထာပါဌ်သား၊ အလိုအားဖြင့်၊ ပုဏ္ဏားသတ်ခြင်း၊ သေသောက်ခြင်းနှင့်၊ ခိုးခြင်း ရွှေစင်၊ ထို့ပြင် တဝ၊ ဆရာ့မယား၊ ပြစ်မှား ကျင့်တတ်၊ အမိ သတ်တည့်၊ မဟတ်ပါတက၊ နာမ သညာ၊ ပါရာဇိက်ကြီး၊ ဤ ငါးသီးတို့၊ ဖျက်ဆီး ကုသ၊ မရနိုင်ပြီ၊ ပညတ် စီ၏၊ နာရီ ဂေါဏ၊ ဗာလ စဉ်မှတ်၊ မိန်းမသတ်နှင့်၊ နွားသတ် တသွယ်၊ သူငယ် သတ်ခြင်း၊ ဇာတ်ချင်းမတူ၊ မျိုးယုတ်သူမှ၊ ရယူ ထမင်း၊ စားခြင်း နှစ်ချက်၊ သန္ဓေဖျက်က၊ ပရဒါရား၊ ရွှေကို ထား၍့၊ တပါး ရတနာ၊ ဥစ္စာ ခိုးငြား၊ နွားသားစားဟု၊ ကိုးပါး သင်္ချာ၊ ဤ သိက္ခာကား၊ ပါရာဇိက်ငယ်၊ အမည်ခြယ်၏၊ အကယ်၍့တိ၊ ကျူးလွန် ယှိမူ၊ မိမိတို့ထုံး၊ ဥပုသ်သုံးက၊ လုံးလုံး ပျောက်နိုင်၊ ပြစ် မဆိုင်သည်။။ လက်ကိုင် သုတိကျမ်းမှာတည်း။ (၁၀၃)

(၂၇၃) ထိုမှ တပါး၊ မျိုး ပုဏ္ဏားတို့၊ မျိုးအား တူကြ၊ ပုဏ္ဏေးမသာ၊ စပ်ရှက်ရာ၏၊ အခါ အခါ၊ *ရတု လာမှ၊ သံဝါ ပြုရေး၊ မိပုဏ္ဏေးကို၊ မြီကြွေး ယူရှောင်း၊ ထင်း-သစ်ယောင်းသို့၊ မရောင်း မချ၊ ဓန ရွှေ-ငွေ၊ ရှာဘွေ မသိမ်း၊ ကြောင့်ကြ ငြိမ်းလျက်၊ နံနက် ညစာ၊ တန်ရုံသာလျှင်၊ ဘွေရှာ ခံစား၊ ဤငါးပါးကား၊ တရားညီသင့်၊ ပုဏ္ဏားကျင့်တည့်၊ တဆင့် မှတ်ထုံး၊ စောင့်သုံး ဥပုသ်၊ မယုတ် ပဉ္စသီ၊ ဖြောင့်ညီ မှန်ကန်၊ မျက်မာန် ညံ့ပြေ၊ ဣန္ဒြေ စောင့်ခြင်း၊ သည်းခံခြင်းက၊ ကျန်ခြင်း မယို၊ ဇာတ်အလိုနှင့်၊ သူ့ကို မညှဉ်း၊ အကျဉ်း မြွက်ကြား၊ ဤ ရှစ်ပါးလည်း၊ ပုဏ္ဏားမြတ်တို့၊ မပြတ် ကျင့်စဉ်၊ တရား ယှဉ်၏၊ *ဖဲးကြဉ် ဟင်းမျိုး၊ မီး ရှိခိုးနှင့်၊ ရေချိုးကိစ္စ၊ ဟူသမျှကို၊ ဝဋ်မှ ကင်းရာ၊ ယူသည်မှာမူ၊ မိစ္ဆာအကျင့်၊ မှား မသင့်တည့်၊ *ယခင့် ရှေးက၊ ပြခဲ့ နွယ်ရိုး၊ အညွှန့်ချိုးသို့၊ အမျိုး မဆက်၊ တော မထွက်ရာ၊ ဟူသည်မှာလည်း၊ ''ကြိုးကြာ မြေတုန်၊ မြေကုန် တီမျိုး၊ မိုးပြို တီတွတ်၊ မျိုးပြတ် ဗြာဟ္မဏ၊ ဓမ္မိကတို့၊ ဗာလစရိုက်၊ မကြောက်ထိုက်ကို၊ အမိုက် လေးမျိုး၊ လွန် ကြောက်စိုး၏၊ အကျိုး*မဲ့ဘိ၊ ပြစ် မယှိဘဲး၊ ပြစ်ရှိ မှတ်မှား၊ မိစ္ဆာ ပွားဟု၊ ဘုရား ရွှေနှုတ်၊ ကြာကုမုဒ်က၊ မိန့်ထုတ် ကျူးရင့်၊ ဟောဘော် ဘွင့်၏၊'' နှိုင်းချင့် ပညာ၊ မလျော်ရာကို၊ ရာဇာ ငါ့သား၊ ပယ်မြစ် တားလော့၊ ''သိကြား နတ်သျှင်၊ မြင်းမိုရ်ရှင်နှင့်၊ သမင်မင်းဖျား၊ ဟောတရားတို့၊ ရှည်လျား ကြာ*ညောင်း၊ နှစ်ပေါင်း တထောင်၊ နတ်ရွာ ဆောင်၏၊ ထို့နောင် တဆင့်၊ ခွေးမင့်းတရား၊ တည်ငြား လူ့ဘောင်၊ သောင့်းနှစ်ထောင်တည့်၊ ညီနောင် ဝတ်မင်း၊ ဖြစ်လျှင်းသော့ခါ၊ မဟာတုဏ္ဍိလ၊ လောင်းသတ္တ၏့၊ ဓမ္မဒေသနာ၊ မြတ်ဩဇာမူ၊ မြင့်ကြာ မပြောင်း၊ နှစ် ခြောက်သောင့်းတိုင်၊ တည်ရှောင်း လူဝယ်၊ နတ်ရွာ ကယ်၍့၊ အပါယ်တံခါး၊ ပိတ်ဆို့ တား၏၊ ဆယ်ပါး ပုည၊ ကြိယကား၊ အနဝဇ္ဇ၊ လက္ခဏကြောင့်၊ ဆုံးမ နှိုးဆော်၊ ရွှေပြည်ပေါ်နှိုက်၊ လေးဘော် မျိုးပေါင်း၊ ကျင့်စေရှောင်းသည်။။ ရှေးလောင်း သူမြတ် သူ*လျာတည်း။ (၁၀၄)

(၂၇၄) ထိုသို့ စဉ်လျား၊ ထွေထွေ ပြားသည်၊ ပုဏ္ဏားဟူဘိ၊ ဇာတိ နွယ်ရိုး၊ အမျိုး ဘာသာ၊ ဓမ္မတာဖြင့်၊ သိက္ခာလည်း တင်၊ စလွယ် ဆင်နှင့်၊ မဆင်သမှု၊ နှစ်ဘို့ စုပြီး၊ စတုဝဏ္ဏ၊ လေးပါး ပြ၏၊ ပြသည့်အရ၊ ဗြာဟ္မဏဇာတ်၊ မျိုး ဥက္ကဌ်ဟု၊ အမြတ် တခု၊ ပညတ်ပြုရှင့်၊ စတု မုခ၊ ဗြဟ္မာ့ ခံတွင်း၊ အဆင်း လေးပါး၊ လေးထွေ ပြားတွင်၊ ပုဏ္ဏား လေးမျိုး၊ ဖြစ်ရိုး မတူ၊ မဖြူ ဗြာဟ္မဏ၊ အနီမှကား၊ ခတြမည်ပေ၊ အရွှေ ဗိသျှ၊ သုဒြမူ၊ အညိုဟူငြား၊ ခံတွင်းဘွားဟု၊ မှတ်သား ဝါဒ၊ စွဲးကုန်ကြ၏၊ ထိုမှ တခြား၊ မျိုး လေးပါးတွင်၊ ပုဏ္ဏားတို့မှာ၊ လူ့ရွာ ဘန်ဆင်း၊ ဗြဟ္မာမင်း၏့၊ ခံတွင်းက ဘွား၊ မင်းကား လက်ရုံး၊ မှတ်ထုံး ခေါ်ရေး၊ သူဌေး ပေါင်က၊ သုဒြတို့၊ ခြေမှ ဖြစ်ရိုး၊ ရဟန်းမျိုးကား၊ ဘမိုး ဘဝါး၊ ဗြဟ္မာဘွားဟု၊ ယူမှား သမုတ်၊ လူ*အစုတ်အား၊ မဟုတ်မရာ၊ ဟောသည့်သာတည့်၊ လေးဖြာ မျိုးပြား၊ လူအများတွင်၊ ပုဏ္ဏားတို့မှာ၊ မင်္ဂလာ တခု၊ မင့်း*ရတုဖြင့်၊ မင်းမှုကိစ္စ၊ ဟူသမျှနှိုက်၊ ဒေဝ ပင့်ခေါ်၊ ပူဇော် ဟုံးနတ်၊ ဆောင်လတ် ရေကြည်၊ ရွတ်သည် ပရိတ်၊ ဘိသိက်ပန်း ဆက်၊ သီးသန့် ကွက်၍့၊ မပျက် မှုထမ်း၊ နန်းစဉ်တမ်းဖြင့်၊ ခွဲးခြမ်း စိစစ်၊ စီမံလစ်လော့၊ ''အပြစ် မလွတ်၊ ယွင်းချွတ် မကောင်း၊ လားကြောင်း ပါယ်ရွာ၊ ယူ မိစ္ဆာကို၊ ဥဒ္ဒါလက၊ သေတကေတု၊ ဇာတ်ကို ရှု၍့၊ ပယ်ပြုအပ်စွာ၊ မလစ်ရာဘူး၊'' ''လူမှာ ရာဂ၊ ထိုကမ္မနှိုက်၊ အပ္ပသာဝဇ်၊ အပြစ် မသည်း၊ အကျိုး နည်းလည်း၊ မင်းမည်း ဆီစက်၊ စွန်းကွက် မလွဲး၊ ပြေးနိုင်ခဲရှင့်၊ ရဲးရဲး တောက်ပျံ၊ ဒေါသကံမူ၊ ပွက်လျှံ ဆူပြင်း၊ ခဏခြင်းမျှ၊ နံနွင်းသဖွယ်၊ ပြေးလွယ် ပြစ်ကြီး၊ တသီး မောဟ၊ ကမ္မပုံသွေး၊ ဝံနက်မွေးကို၊ ရေဆေး ဖွပ်ကာ၊ ကြိမ် တရာလည်း၊ ဖြူငှာ ပြုရှောင်း၊ မတတ်ကောင်းသို့၊ ကျိုး-ကြောင်း မသိ၊ ပြုမိ အမြဲး၊ ပြေးခဲ ပြစ်ကြီး၊ နှစ်စီး နှစ်ဝ၊ မျက်ဒေါသနှင့်၊ မောဟတို့မှာ၊ အနန္တရိုက်၊ ထိုက်တတ် ကံမျိုး၊ ဝီစိအိုးနှိုက်၊ စောက်ထိုး ကြာရှည်၊ ကပ်လုံး တည်၏၊'' ရွှေရည် သား*စော၊ သွန်သင် ဟောလော့၊ ''ဩဝါ မိန့်ဆို၊ အကုသိုလ်နှင့်၊ ကုသိုလ်ဟုမည်၊ ကံ နှစ်တည်လည်း၊ လက်သည် ပြုသူ၊ တိုက်တွန်းသူတို့၊ ထိုသူ နှစ်မျိုး၊ ပြစ်-ကျိုး အမျှ၊ အတူရ,ဟု၊ သမ္ဗုဒ္ဓဖျား၊ ဘုရား*တကာ၊ မိန့်ကြ မှာရှင့်၊'' ''ပါရမီဓမ္မ၊ လောကတ္ထဖြင့်၊ စရိယမှတ်၊ အကျင့်မြတ်ကား၊ ဗောဓိသတ်ပေါင်း၊ ရှေးမင်းလောင်းတို့၊ ကျင့်ဟောင်း *တန်ထွာ၊ ဓမ္မတာတည့်၊ ကျင့်ရာ မှန်လှ၊ ကျင့်ကုန်ကြသည်။။ လူမျာ့းစီးပွား ချမ်းသာတည်း။'' (၁၀၅)

(၂၇၅) ထိုမှ တဆစ်၊ မင့်းဝန်ဖြစ်သား၊ နှစ်သစ် ပြောင်း ကူး၊ နှစ်ဟောင်း ကျူး၍့၊ တန်းခူး တာကုန်၊ ကဆုန် တာတက်၊ နွေ တာရက်တည့်၊ တွက်ချက် အမှန်၊ ခါသင်္ကြန်နှင့်၊ အာသဠ် နှစ်ပါး၊ ပိုင်းခြား မျှော်ရှု၊ မာတု တော်တု၊ လဲး နှစ်ခုဖြင့်၊ ရှင်မှု ရှင်လို၊ ဝါဆို ဝါကပ်၊ လထပ် ရက်ငင်၊ ဆင်ခြင် နှိုင်းဆ၊ အမ္မဝါသီ၊ ပုဏ္ဏမီနှင့်၊ တိထီ ဓိမာသ်၊ နက္ခတ် စန်းယှဉ်၊ အစဉ် မလွဲး၊ နေ-လ စွဲး၍့၊ ခေါ်မြဲး မွန်းရိပ်၊ နတ်အိပ် နတ်နိုး၊ ကျင့်ရိုး ပညပ်၊ အရပ်ရပ်တိ၊ ကျင့်အပ် မယုတ်၊ ဥပုသ် ပဝါရဏာ၊ မှန်ကန်စွာလျက်၊ ပြုဗ္ဗာသဌ်ဆင်တိုက်၊ မိုးကျိန်းကြိုက်ဟု၊ မိုးလိုက် မိုးခါ၊ မလွန်ရာဘဲး၊ ကြတ္တိကာကြယ်၊ ကြက်သူငယ်တို့၊ မိုဃ်းလယ်အချက်၊ အရုဏ်တက်နှိုက်၊ ထိန်လက် ရိုးရဲး၊ မွန်းမလွဲမီ၊ မျိုးကြဲ ကောက်ကြီး၊ တသီး ရှေးညွှန်၊ နေဝင် လွန်တွင်၊ သရဝဏ် စဉ်းသွား၊ စိုင်ပစ်မြားလျှင်၊ ထက်ဖျား မွန်းယိမ်း၊ မတိမ်းမီခိုက်၊ ကောက်ကြီးစိုက်တည့်၊ လူနှိုက် စဉ်ထုံး၊ မိုးဆုံး ချိန်လွန်၊ ဟေမန်ခါရောက်၊ နှင်းဖြောက်ဖြောက်နှင့်၊ ဖျောက်ဆိပ် မြေလူး၊ မကျူးစေဘဲး၊ မုရင်း ကြဲးဟု၊ အမြဲး မှတ်ပြု၊ တောင်သူ့ ဓမ္မတာ၊ နှိုးဆော်ရာလည်း၊ အခါ မရွေ့၊ အချိန်စေ့က၊ မင်းလေ့ မမှား၊ *မှုန်းစား ဆော်ညွှန်း၊ မိန့် တိုက်တွန်းသည်။။ ပြဋ္ဌာန်း အချုပ် အခြာတည်း။ (၁၀၆)

(၂၇၆) *မှုန်းစား ဆော်ညွှန်း၊ မိန့် ပြဋ္ဌာန်း၍့၊ တိုက်တွန်းမသွေ၊ မမေ့စေနှင့်၊ မရေ မရာ၊ နှိုးဆော်ပါလည်း၊ အခါ မရောက်၊ ကျိုး မမြောက်ဘူး၊ *မိုးသောက် ကြက်တင်၊ နေဝင် ကောက်လှန်း၊ ဥဒါန်း မကျေ၊ ဆိုသော့ထွေတည့်၊ ခွဲးဝေ မှတ်ရာ၊ နှစ် ကောဇာတွင်၊ အတာ ပြောင်းတက်၊ နောက်တရက်က၊ စ၍့ တွက်ချိန်၊ ပြက္ခဒိန်ဝယ်၊ သုဒ္ဓိန် ပွားကြွယ်၊ ရာ့လေးဆယ်လျှင်၊ ပြည့်*ကယ်သော့ခါ၊ *နံကာခေါ်ထ၊ ဝါခေါင်လနှိုက်၊ လင်းစ ရောင်ဝါ၊ အရုဏ်လာဝယ်၊ ကြတ္တိကာ ဗွေထိပ်၊ တည်လာရိပ်၍့၊ ဖျောက်ဆိပ် မွန်းမတ်၊ မည်သာတက်ရှင့်၊ မှတ်လော့ ထင်ရှား၊ အတိတ် ကြား၏၊ ရာ့ငါးဆဲ့လေး၊ မဝေး သင်္ချာ၊ ပဒုံကြာနှင့်၊ ယင်းမာ ထုံသင်း၊ တော်သလင်းနှိုက်၊ ကန်ဆင်းခေါ်မြဲး၊ ဖျောက်ဆိပ်လွဲးဟု၊ နှမ်းကြဲးကာလ၊ ဟူကုန်ကြ၏၊ တရာ့ရှစ်ဆယ်၊ ရက်ပြည့်ကြွယ်မူ၊ သံတူမည်မှတ်၊ ဝါကျွတ်ခေါ်ဆို၊ လ, မြင်းမိုရ်ဝယ်၊ *ဗဟို မိုးစွန်၊ နေဝင်လွန်နှိုက်၊ သရဝဏ် မွန်းတည့်၊ *ထွန်းစည့် ရောင်ရှင်၊ ကောက်သားဝင်၏၊ ထိုပြင် နောက်မှာ၊ နှစ်ရာကျော်ငြား၊ နှစ်ဆဲ့ငါးဖြင့်၊ ရက်ပွား ရောက်ထွန်၊ ဆုံးစွန် ဝဿ၊ သရဒဟု၊ မိုးလ ကုန်ဆဲး၊ ကထိန်ပွဲးနှင့်၊ ရိုးရဲးထွန်းပြောင်၊ လ, တန်းဆောင်တွင်၊ လင်းရောင် တက်ပေါ်၊ အရုဏ် မျှော်က၊ *ဖြော်ဖြော် နှင်းရိပ်၊ နောက်တောင်ထိပ်ထက်၊ ဖျောက်ဆိပ် မြေလူး၊ ကျူးခဲ့ ထိုမှ၊ နှစ်ရာ့လေးဆယ်၊ လေးရက်*ကယ်သော်၊ နတ်တော် မည်ရ၊ နတ်လရာသီ၊ ခါတော်မီဟု၊ အင်္ကျိ *ဒုယင်၊ ရွှေနန်းခွင်ဝယ်၊ ဘုရင် နေမျိုး၊ မြတ်သတိုးတို့၊ ဆင်ရိုး သစ်လဲး၊ မင်းပွဲးတရပ်၊ ခေါ်ပညပ်လျက်၊ *ဖြင်ထပ် မင်္ဂလာ၊ လိပ်ခေါင်း သာ၍့၊ မြောက်ညာ လေညှင်း၊ သုတ်သွင်း ဆော်လွှတ်၊ သန်မြိတ်လွတ်၏၊ ပွားလတ် ရက်ဝါ၊ နှစ်ရာကျော်လစ်၊ ငါးဆဲ့ရှစ်ဖြင့်၊ တွက်စစ်အလို၊ လ, ပြာသိုနှိုက်၊ ခွါညို့ ပျံ့ရှား၊ ကောင်းကင်ဖျားဝယ်၊ နဂါးကြယ်*ပြောင်၊ နေရောင် ကင်းခိုက်၊ မုရင်း စိုက်တည့်၊ မှတ်ပိုက် ထိုမှ၊ သုံးရာ့ဆဲ့ရှစ်၊ ပြည့်လစ် မလွဲး၊ တပို့တွဲဟု၊ စိုရွဲး ငွေနှင်း၊ ကုံရက်တွင်းမူ၊ မုရင်းကောက်သား၊ ဝင်တုံငြား၏၊ ပိုင်းခြား အလွယ်၊ ချဲ့ မကျယ်ဘဲး၊ မှတ်ဘွယ် ကျဉ်းရုံး၊ ရွဲ့းနှယ် ကုံးသည်။။ မှတ်ထုံး ကမ္ဘာ့ဝေါဟာတည်း။ (၁၀၇)

(အနန္တရပိုဒ်ကို ဘွင့်သည်)

(၂၇၇) ကမ္ဘာ့ ဝေါဟာ၊ သိစရာလည်း၊ ကောင်းစွာ သိထိုက်၊ မှတ်သိမ်းပိုက်၍့၊ ဝမ်းနှိုက် စွဲးခွေ၊ မပြတ်စေနှင့်၊ မလေ မဖျင်း၊ ငါတို့မင်းကား၊ မကင်း သတိ၊ အမြဲးယှိလျက်၊ ပြည်ကြီ့းအကျိုး၊ ပွားစည်*ဖြိုးအောင်၊ ကိုယ်ကျိုးထက်ပင်၊ သက်စွန့် ခင်၍့၊ သမင် မျောက်မင်း၊ လောင်း*သနင်းတို့၊ ကျင့်ခြင်းမသွေ၊ မချွတ်စေနှင့်၊ သက်ဝေ ဘုန်းပျို့၊ မင်းတို့သတ္တိ၊ အသိပညာ၊ သမ္မာ လုံ့လ၊ မချို့ရဘူး၊ သီဟ*သနင်း၊ သားမျာ့း မင်းသို့၊ မပျင်း ဝီရိယ၊ ဥဋ္ဌာနဖြင့်၊ ကာဠကဏ္ဏီ၊ နတ် ကာဠီလျှင်၊ မမှီ မဝဲး၊ သိရီ့ စွဲး၍့၊ *ဖြိုးကဲး ကြက်သရေ၊ တိုးတက်စေလော့၊ သရေ *မဲ့ဘိ၊ ဘုန်း မယှိမူ၊ သိရီ့နတ်မယ်၊ လွှဲးပယ် မချစ်၊ မနှစ်သက်အပ်၊ ကာဠီ ကပ်၍့၊ လာဘ်သပ် ပဏ္ဏာ၊ ကညာ ဆင်-မြင်း၊ မရောက်လျှင်းတည့်၊ *နုံ့ဖျင်း စင်စစ်၊ မင်းဟုဖြစ်လျက်၊ ဘုန်းသစ် မတိုး၊ လဆုတ် ညှိုးသို့၊ တန်းခိုး ကျရေ၊ မ*ဖြိုးဝေဘူး၊ စံရွှေ*တမျှ၊ ပဉ္စင်္ဂနှင့်၊ ဒသနိယံ၊ စောင့် မြဲးမြံလျက်၊ *ခြိုးခြံ ကျင့်ထွေ၊ ကျိုး ထက်စေလော့၊ ပြည်နေ တိုင်းသူ၊ ဦးမည်း-ဖြူတွင်၊ မင်းဟူတုံက၊ ဥက္ကဋ္ဌဖြင့်၊ ကမ္ဘာ့ဓိပတိ၊ လောကီ့ *ဦးကိုင်၊ လူ့ မဏ္ဍိုင်တည့်၊ မြဲးခိုင် ဓမ္မ၊ ယွင်း မခွဘဲး၊ လူမျာ့း အခေါင်၊ စိုးအုပ် ဆောင်၍့၊ ဘုန်းရောင် တက်နေ၊ ပြိုးပြက်စေလော့၊ လေးထွေ မျိုးသင်း၊ လူ*ခပင်းကား၊ မင်းသို့ မလွဲး၊ စဉ် လိုက်မြဲးတည့်၊ မီးခဲး ရေ့တူ၊ ဧးစေဟူလည်း၊ မည်သူ မလွန်၊ လက်ညှိုး ညွှန်တိုင်း၊ ညွန်ညွန် ရေရေ၊ ဖြစ်စေ လိုရာ၊ ပြီးသည်သာရှင့်၊ မင့်းအာဏာစက်၊ မြေကြီး အက်မျှ၊ နှစ်ချက် မချိန်၊ ဝရဇိန်သို့၊ မင်းရှိန် မိုးနှိပ်၊ မိန့်တော်ရိပ်က၊ တောင်ထိပ် ကြာပေါက်၊ အနောက် နေထွက်၊ တချက်တည်းသာ၊ လိုတော်ပါ၍့၊ ရာဇာပဋ္ဌာန၊ ဖြစ်ကုန်ကြသည်။။ လောက လူ့ဓမ္မတာတည်း။ (၁၀၈)

(၂၇၈) လောက ဓမ္မတာ၊ လူတို့ရွာဝယ်၊ မင်းသာ *ပြဋ္ဌာန်း၊ မင်းဘုန်းတန်းဖြင့်၊ တိုင်းခန်း ပြည်လုံး၊ သိမ်းကျူံး *ဗိုလ်ထု၊ ဆိုးကောင်းမှုကို၊ မင်းပြု မင်းပြင်၊ မင်းသာ *ရင်၏၊ လူ-ရှင် သတ္တဝါ၊ များ *ဗိုလ်ပါတို့၊ ကိုးရာ အညီ၊ မှန်စွာပြီကြောင့်၊ မြီတလင်းလှည်း၊ ပြဋ္ဌာန်းနည်းကို၊ ကွပ်တည်း အာဏာ၊ မင်းမှာသာလျှင်၊ ရာဇာပဋ္ဌာန၊ ပြုနိုင်ကြ၏၊ ကမ္ဘာ့ တန်ဆောင်၊ အခေါင် စိုးခြင်း၊ နေတစင်းသို့၊ မင်းလျှင် မဏ္ဍိုလ်၊ မင်း မခိုင်သော်၊ ယိမ်းယိုင် ပြည်ကြီး၊ ပျက်စီး *ချောက်ချား၊ ယှားပါး မိုဃ်း-လေ၊ စာ-ရေ မွတ်ငတ်၊ ဥပဒ် လူပေါင်း၊ ထောင်းထောင်း ကြေညက်၊ နတ်များ မျက်၍့၊ လက်နက် ညွန်-သဲ၊ ကျောက်ခဲး မီးမိုဃ်း၊ ချရာ ကြိုးလျက်၊ ကျိုးမဲ့ ကုန်အောင်၊ တိုင်းလုံး လောင်ရှင့်၊ ''ရှေ့ဆောင် နွားလား၊ အကောက်သွားက၊ နောက်နွား တသိုက်၊ အကောက် လိုက်၏၊ ရှေ့နှိုက် နွားမှူး၊ အဖြောင့် ကူးသော်၊ မထူး နောက်ပါ၊ နွား*တကာလည်း၊ ဖြောင့်စွာ မြစ်နှိုက်၊ ကူး နောက်လိုက်၏၊ မှတ်ပိုက် ပမာ၊ ဤလူ့ရွာတွင်၊ နရာဓိပတိ၊ ပြည်ကြီ့း ဥက္ကဋ္ဌ၊ နရ*သနင်း၊ မင်းတို့ မတော်၊ တရား ချော်က၊ မြေပေါ် လူများ၊ မဆိုထားလင့်၊ မိုးဖျား နက္ခတ်၊ အာကာဓာတ်က၊ ဂြိုဟ်နတ် ရာသီ၊ သွား မညီဘူး၊ ဖီလာ ကန့်လန့်၊ တုန့်နန့် *ချောက်ချား၊ တ*ဖျင့်ရှားလျက်၊ တိမ်းပါး ချွတ်လွဲး၊ ကရဲး *ကသီ၊ မစီ မလျဉ်၊ အစဉ် ယော့ယဉ့်၊ ကစဉ့် *ကလျား၊ ယှိသောအားဖြင့်၊ နတ်များ စိတ်နူး၊ မပျော်မြူးဘူး၊ လေရူး ဆောင်ကြဉ်း၊ ရွက်-လင်း*ယဉ်းသို့၊ အကျဉ်း အ+ကျပ်၊ ချဉ်းကြပ်+ကြပ်နှင့်၊ ပူးကပ် ယှဉ်တွဲး၊ လမ်းစဉ် *ဖဲး၍့၊ ခိုက်*တဲး ပြေးဟုန်၊ ကျော်ခုန် နောက်ဆုတ်၊ လွန်-ယုတ် မရွေ့၊ ခြင်္သေ့အလား၊ ကျား၏့ ဂတိ၊ ဘောက်ပြိ ဘောက်ပြန်၊ သွားကြဟန်ကြောင့်၊ မမှန် လေမိုး၊ မဖြောင့်နိုးသည်။။ ရွာရိုး မရွာစပါတည်း။ (၁၀၉)

(၂၇၉) မမှန် လေ-မိုး၊ မဖြောင့်နိုးဘူး၊ ရွာရိုး မရွာ၊ ရွာတုံပါလည်း၊ ရွာကာ တမည်၊ ထစ်ချုန်း မြည်လျက်၊ မိုးရည် မိုးပေါက်၊ မမောက် မ*+ဖြိုး၊ သွန်း မကြိုးဘဲး၊ ဖျိုး+ဖျိုး ဖြောက်+ဖြောက်၊ ကျိုး မမြောက်အောင်၊ လေ+ဖျောက်လွင့်*သုန်၊ ကုန်သည် တခု၊ ရာဟု နတ်ကြီး၊ ခံပြီး လက်ဝါး၊ မိုးဖျား ကောင်းကင်၊ ပင်လယ်ပြင်သို့၊ ပစ်တင် မြှောက်ကြဲး၊ လွဲးခဲ့ တကြောင်း၊ မိုးသောင်း လူ့ရွာ၊ မြေဩဇာတို့၊ ကွယ်ကာ ပျောက်လျက်၊ ခါးတောက် သီး-ပွင့်၊ ရှေးနှင့် မတူ၊ ဧးကြူ ချိုမြက်၊ ရသာ ပျက်၏၊ ငှက်လည်း မမှန်၊ ပန်း မမှန်ဘဲး၊ လေထန် မိုးပျောက်၊ *ကိတ်ရောင်တောက်လျက်၊ အခြောက်တိုက် လွင့်၊ လေနှင့် လေချင်း၊ ကြိတ်ကြလျှင်း၍့၊ ဝင်းဝင်း ဥက္ကာ၊ ကျ ဥဘာနှင့်၊ မဟာပထဝီ၊ ကြူးဟီ *ချောက်ချား၊ ဓာတ် ဘောက်ပြားလျက်၊ လှုပ်ရှား ငလျင်၊ ပဲ့တင် တော်လည်း၊ မြည်ကြည်း အုတ်ကျက်၊ ဥတု ပျက်၏၊ မြေ့ထက် သတ္တဝါ၊ လူ-ဗိုလ်ပါလည်း၊ ရောဂါ ဥပဒ်၊ ငတ်မွတ် စာ-ရေ၊ စိတ်နေ မငြိမ်း၊ တရား *တိမ်း၍့၊ မု*ဒိမ်း သူပုန်၊ ပြည်လုံး တုန်ရှင့်၊ မ*သုန် မင်းကျင့်၊ မှန်သဖြင့်ကား၊ ကောင်းကင့် တန်းဆာ၊ ထက် အာကာဝယ်၊ တာရာ ဂြိုဟ်နတ်၊ ကြယ် နက္ခတ်တို့၊ ဖြောင့်မတ် သွား-လာ၊ မိုးမှန်စွာလျက်၊ ရသာ ချို+ပျား၊ မထွေပြားဘဲး၊ မခါး သစ်သီး၊ စား မငြီးနှင့်၊ *ဖြီး၏ အကျိုး၊ ဖွံ့ဖြိုး ပြည့်နှက်၊ ခွန် ဆီထွက်သည်။။တိုးတက် မြေကြီ့း ဩဇာတည်း။ ။ (၁၁၀)

(၂၈၀) အခါ အခါ၊ မလွဲးရာတည့်၊ လိတ္တာ နေ-လ၊ စန်းယှဉ်ပြသား၊ သောရ သာဝန၊ စန္ဒြနှင့်၊ နက္ခတ္တဟူ၊ မှတ်ယူ နာမ၊ လေးမာနတွင်၊ သောရနှင့်သော်၊ နှစ်ကို ခေါ်၏၊ တဘော် ထိုမှ၊ စန္ဒြဖြင့်၊ လ,ဟု ပညတ်၊ မည်သတတ်ရှင့်၊ ရက်မှတ် သညာ၊ စဉ်လာ ခေါ်ကြ၊ သာဝနတည့်၊ လပြည့် လကွယ်၊ ခေါ်ရာဝယ်ကား၊ အကယ် မှန်လှ၊ နက္ခတ္တဟု၊ မာန လေးလီ၊ မှတ်ရိုး မှီ၏၊ လောကီအလို၊ နက္ခတ် ဂြိုဟ်က၊ ထိုထို သီးပွင့်၊ ခါ မလင့်ဘူး၊ နု-ရင့် ချိန်မှီ၊ *ကိုက် ဖူးစီလျက်၊ ရာသီ မသိ၊ ပန်းနှင့် ညှိသော်၊ ညီဘိ ကာလ၊ မလွန်ကြရှင့်၊ ဘဒြပိုဒ်၊ သမိုက် အစဉ်၊ ကြယ်အင်းပျဉ်နှင့်၊ ထွန်းယှဉ် စန္ဒာ၊ နှင်းမိုး ဖြာ၍့၊ ယင်းမာ ပဒု၊ *ပန်းလု *သစ်ဆင်း၊ တော်သလင်းဟု၊ မြစ်တွင်း သဲးရိပ်၊ *စဲးလိပ်,လိပ်နှင့်၊ ဖျောက်ဆိပ် မွန်းလွဲး၊ နှမ်းကြီး ကြဲးလျက်၊ အမြဲး တူကွ၊ နိယာမဖြင့်၊ တွင်းဝ ညိုးညံ၊ ပရစ်သံတို့၊ မောင်နှံ ဖို-မ၊ မြည်စကြ၏၊ ကမ္ဘာ့ *တန်ထွာ၊ လက္ခဏာနှင့်၊ ဒေဝါနတ် နိုး၊ ခေါ်ရိုး မလွန်၊ ပုဇွန် လက်မ၊ ကင်းက အမြီး၊ သဏ္ဌာန် ပြီးသည့်၊ နှစ်သီး ရုပ်ဝါ၊ စက် ဗြိစ္ဆာလည်း၊ ကြာ ကုမုဒ်ပန်း၊ ပွင့်ဝေလန်း၍့၊ မိုးခန်း ကုန်*စဲး၊ နှင်းဝေ ဖွဲးလျက်၊ ခဝဲး ရွှေဝါ၊ မလွန်စွာတည့်၊ တမာလည်း နု၊ ကျေးလည်း ဥ,ဟု၊ *ရတုအလိုက်၊ လူနှိုက် ဝေါဟာ၊ မှတ်သညာတိုင်း၊ တမာလည်းသီး၊ ကျေးလည်း ကြီးလျက်၊ ဆီး-ဝမ်း ပေါက်ပြဲး၊ တပို့တွဲးဝယ်၊ ပေါက်-လဲး ကင်းငုံ၊ ရာသီ ကုံနှင့်၊ *ရဂုံ သာတောင်း၊ ဟေမန် ပြောင်းက၊ တပေါင်း တန်းခူး၊ ဥဩ ကျူး၍့၊ သုံးဖူး ပေထွက်၊ ကင်း သရက်ဖြင့်၊ ပန်း-ငှက် ဓမ္မတာ၊ အမှန်သာတည့်၊ ပြာသို ဝါဆို၊ ညတာ တို၍့၊ နေ့ကို ရွေ့ရွေ့၊ တနေ့ တခြား၊ နာရီပွားလျက်၊ တက်သွား နေမင်း၊ အတွင်း ဝင်ကာ၊ ဥတ္တရာမှီ၊ မြောက်လမ်း ချီသော်၊ ရာသီ ခြောက်လ၊ ကြွေကျ ရွက်ဟောင်း၊ ရွက်နု လောင်း၏၊ ၄င်းထိုမှ၊ ကျန် ခြောက်လနှိုက်၊ ဗာဟိရစက်၊ ရွေ့ရွေ့ သက်၍့၊ ထွက်ခဲ့ အစဉ်၊ အယဉ် နိမ့်ဝှမ်း၊ ပြင်သို့ *လှမ်းသော်၊ တောင်လမ်း ဒက္ခိဏာ၊ ပြန် စကြာဖြင့်၊ နေ့တာ ယုတ်ရိုး၊ ညတာ တိုးလျက်၊ မိုးက ရွဲးရွဲး၊ နှင်း ဖွဲးဖွဲးနှင့်၊ မြစ်ထဲး ဘောလော၊ ဝံလို မျော၍့၊ တောင်-တော စိုစို၊ စိမ်းစိမ်းညို၏၊ ပြာသို တပို့တွဲး၊ စိုရွဲး ငွေနှင်း၊ သုတ် လေညှင်းနှင့်၊ ယင်း နှစ်လကြား၊ တပါး ထိုမျှို့၊ တပို့ တပေါင်း၊ ရှေး-နှောင်း အညီ၊ လေးရက်စီမှတ်၊ အန္တရဌ်ဟု၊ ပညတ် နာမ၊ ကြား ရှစ်ညနှိုက်၊ *သောက်ပ လင်းဟုန်၊ တက် အရုဏ်ဝယ်၊ ခိုက်တုန် လွန်ကဲး၊ ဧးစမြဲးတည့်၊ မလွဲး မှတ်သို၊ လ-ရက်လိုတည့်၊ ထိုထို လက္ခဏာ၊ နေ ကောဇာ၏့၊ ကမ္ဘာ့လုံ့တမ်း၊ ထွက်-ဝင်လမ်းဖြင့်၊ ပူ-ချမ်း ညီမျှ၊ ဓမ္မိကတို့၊ ရာဇအခါ၊ လက်ထက်မှာလျှင်၊ သောကြာ *စိုင်ရှူး၊ ရောင်ဝါ မြူးသည့်၊ ဆေးတူး မည်ခြင်း၊ ကြယ်*ပြောင်မင်းလည်း၊ မခွင်း လတွင်၊ မမြင် နေ့နှိုက်၊ ဇနပိုဒ် တိုင်းသူ၊ များ ဗိုလ်လူတို့၊ မပူ မဆာ၊ ကင်း ရောဂါဖြင့်၊ ရေစာ မသိပ်၊ ဘေး မနှိပ်နှင့်၊ ဖျောက်ဆိပ် မြောက်ပါး၊ လ မသွားသည်။။ တိုင်းကား* သာယောင့် သာယာတည်း။ (၁၁၁)

(၂၈၁) *တိုင်းကား ပြည်-ရွာ၊ သာကြီး သာအောင်၊ ပညာ သတိ၊ လက်ကိုင်ယှိတိုင်း၊ ပြည်ကြီ့း အကျိုး၊ ဆောင်ရွက် ကြိုး၍့၊ ကျင့်ရိုး အစဉ်၊ မြဲးစေ ယှဉ်လော့၊ ဓနဉ္စယ၊ ကောရဗ္ဗဟု၊ လူမျာ့း*သနင်း၊ မင်းနှင့် မယ်တော်၊ ညာပျော် ဒေဝီ၊ တူညီ မရွေ့၊ အိမ်ရှေ့ ပုရောဟိတ်၊ ပဏ္ဍိတ် *ကြံသိုင်း၊ မြေတိုင်း သာရထိ၊ ထိုပြီ့း တရေး၊ သူဌေး ကျီစိုး၊ မတ်မျိုးခေါ်ဆို၊ တံခါးဗိုလ်က၊ ပြည်မ တန်းဆာ၊ ဧကာဒသ၊ ဤမျှ စင်စစ်၊ တကျိပ်တစ်တို့၊ မလစ် အညီ၊ ပဉ္စသီကို၊ ကိုယ်စီ ထိန်းမှု၊ အလေးပြု၍့၊ ဂရုဓမ္မ၊ စောင့်ကုန်ကြကြောင့်၊ ဣန္ဒပတ္တ၊ နဂရနှိုက်၊ သွန်းချ မိုဃ်းရည်၊ ဝ*ပြောစည်၏၊ ခိုင်ကျည် ဓိဋ္ဌာန်၊ မဘောက်ပြန်နှင့်၊ ဉာဏ် ဝီရိယာ၊ သမ္မာ မချို့၊ လူတို့ လုံ့လ၊ ပယောဂကား၊ သိကြာ့း နှုတ်ထွက်၊ မိုဃ်းကြိုးစက်လည်း၊ တိမ်းပျက် ယွင်းခွ၊ လွဲးသွေရခဲ့၊ ရှေးက ကျမ်းလာ၊ ထင်ရှားစွာ၏၊ ယတြာ ပြုရှောင်း၊ အကြံကောင်းက၊ အင်းစောင်း၍့ မှောက်၊ မင်းလောင်း ပျောက်ဟု၊ မဘောက် အလို၊ များ *လူဗိုလ်တို့၊ မှတ်ဆိုကုန်ကြ၊ ဤခြင်းတလည်း၊ ဉာဏပယောဂ၊ ဉာဏ်ကိစ္စတည့်၊ ထိုမှ တဝ၊ ဤလောကနှိုက်၊ မုချ တရား၊ မဟုတ်ငြားတည့်၊ ''ဟူးရားအလို၊ နက္ခတ် ဂြိုဟ်နှင့်၊ လဂ်ကို သတ်တတ်၊ စနေနတ်တည့်၊ စန်းသတ် ရာဟု၊ နံကို ထုသည်၊ သတြုဂြိုဟ်၊ ဤအဆိုက၊ နဂိုရ် ယာယီ၊ လောကီဝါဒ၊ ဟူသမျှကား၊ ဓမ္မ မစောင်း၊ သူတော်ကောင်းအား၊ ပျက်ကြောင်း စင်စစ်၊ အပြစ် တခု၊ မပြုနိုင်ရာ၊ မှန်လှစွာ၏၊'' သည်းချာ သားလှ၊ သဘောကျလော့၊ ''ဗာလအမှု၊ ဒုစရိတ၊ ဒုကမ္မဖြင့်၊ ပါပ မလျော်၊ မသူတော်ကား၊ နေသော် နေမှား၊ သွားသော် သွားဆိုး၊ မကောင်းကျိုးတိ၊ ကြိုးသို့လည်း ငြိ၊ ဘေးသာ ထိရှင့်၊ ပြုမိသမျှ၊ အပြစ်ရခဲ့၊'' နေ-လ ဂြိုဟ်သွား၊ တိမ်းပါး လွဲးသွေ၊ မိုဃ်းစွေ မိုဃ်းခေါင်၊ ရေတောင် မောက်*ဖြိုး၊ ကြမ်းပိုး ပိုးဟပ်၊ ထူထပ် ပေါများ၊ ပိုးနှံစားက၊ သစ်-ကျားရဲး ထ၊ စောရ သူသတ်၊ ကြခတ်ဝါး သုဉ်း၊ ပေါင်း*နှုန်း မှတ်သား၊ ဤ ဆယ်ပါးတို့၊ ပျက်ပြားကြောင်း ဟိတ်၊ ပြည်နိမိတ်ဟု၊ အတိတ် မှတ်ခြင်း၊ ဆိုတုံလျှင်းလည်း၊ မင်းတည့်ဟူသည်၊ ပြည်သူများ ဘ၊ ဥက္ကဋ္ဌတို့၊ မခွ တရား၊ စောင့်တုံငြားက၊ *တိုင်းကား ပြည်မြတ်၊ ဥပဒ် မယှဉ်၊ ရန်မျိုး စင်သည်။။ ဖဲးကြဉ် ဒုန္နိမိတ္တာတည်း။ (၁၁၂)

(၂၈၂) ဓမ္မဉ္စရ၊ ရှေးရာဇတို့၊ ကာလ ရံခါ၊ မိုဃ်း မရွာသော်၊ သစ္စာ ပြုမှန်၊ ဓိဋ္ဌာန်တုံလျက်၊ ခုနစ်ရက်နှင့်၊ လဝက် မယုတ်၊ ဥပုသ်စောင့်ကာ၊ *ခြိုးခြံစွာလျှင်၊ ရေ-စာ သောက်-စား၊ ပယ်ရှား ရှောင်ဝေး၊ မွတ်ရသေး၏၊ တရေး၄င်း၊ ပြည်သူပေါင်းတို့၊ နန်းလောင်း မ*ဟဲ့၊ မင်းလျာ*မဲ့ဟု၊ ပြည်ထဲ့း ရေးရာ၊ ထင်သော့ခါလည်း၊ တောင်ညာ ထွတ်ဖျား၊ မိသက်ထားကို၊ သားဆု တောင်းရေး၊ လွှတ်ရသေး၏၊ ရင်သွေး ငါ့သား၊ နရဖျားလည်း၊ အများ *ဗိုလ်ထု၊ ကိုးရာ ပြုသည့်၊ ပြည်သူ့ ဘ-မိ၊ ဖြစ်လတ်ဘိ၏၊ အဝိရောဓ၊ ရာဇညကို၊ စိတ်က မမှား၊ ရှေးမင်းဖျားသို့၊ တရား အရိုး၊ ထီးနှယ် မိုး၍့၊ မယိုး *မမယ်၊ မောင် ကိုးကွယ်လော့၊ ရှေးဝယ်ခါက၊ ဗာရာဏနှိုက်၊ ပိင်္ဂလမည်သီး၊ မင်းဆိုးကြီးအား၊ သေပြီးရောက်လျက်၊ တ+ယောက် မကြွင်း၊ *ခပင်း ပြည်သူ၊ မုန်းသော့ တူနှင့်၊ လူ မဆိုထား၊ သား-ငါး မကျန်၊ တိရစ္ဆာန်က၊ ငြိုးရန် ဘွဲ့ရှောင်း၊ သေဆုတောင်းအောင်၊ တိမ်းစောင်း ဓမ္မ၊ ယွင်းခွသဖြင့်၊ မီ့းနှယ် ကျင့်သည့်၊ မသင့် လွန်စွာ၊ မင်းပဉ္စာသို့၊ ပြည်-ရွာ ပတ်ကုံး၊ တိုင်းလုံး အသေ၊ မမုန်းစေနှင့်၊ သက်ဝေ ငါ့သား၊ ပြည်ကျိုး ပွားအောင်၊ တရား နေ့နှယ်၊ မှောင်*မျိုး ပယ်လော့၊ 'ပျက်ကွယ် တရား၊ တိမ်းပါး အယူ၊ ကျင့်သောသူကို၊ လူ မနှစ်ခြိုက်၊ နတ် မကြိုက်ဘူး၊ သုစရိုက်မျိုး၊ ကောင်းကျင့်ရိုးကို၊ မြတ်နိုး သိပ်သည်း၊ ကျင့် စောင့်စည်းက၊ လူလည်း ကြည်ညို၊ နတ်လည်း လို၏၊ ထက်ကိုလည်း ရှု၊ အောက်ကို ရှုဟု၊ နှစ်ခုတရား၊ နတ်စကားတည့်၊'' ချစ်သား မင်းပျို၊ မှတ်ပိုက် သိုပြီး၊ မပို မလွန်၊ ပြည်ကြီးဝန်ကို၊ အိုးတန် ဆန်ခက်၊ ကျင့်နိုင်တတ်လျက်၊ ကျင့်မြတ် *နှီးနွယ်၊ ဆောင်ပိုး သယ်လော့၊ မှတ်ဘွယ် တသီး၊ ပမာမှီးသော်၊ ''စားပြီးတုံ့ရှောင်း၊ အစာဟောင်းနှိုက်၊ *နှစ်ထောင်း ဝမ်းသာ၊ မယှိရာသို့၊ ခန္ဓာဟုဆို၊ ဖြစ်ပြီးကိုယ်နှိုက်၊ အလို *ရမ္မက်၊ မိစ္ဆာ ဘက်၍့၊ နှစ်သက်ကြီးစွာ၊ မပြုရာဘူး၊ နောင်လာ အသစ်၊ ကိုယ့်အဖြစ်ကို၊ မနစ်ဘို့သာ၊ အားထုတ်ရာဟု၊ ပညာယှိသူ၊ အရေးမူ၏၊ အယူ မထောင့်၊ မှန်စွာ စောင့်၍့၊ ဖြောင့်ဖြောင့် သားသား၊ မထွေပြားဘဲး၊ ခါးနှင့် နွယ်ဆက်၊ မြစ်တဖက်သို့၊ အသက်စွန့်ကာ၊ သတ္တဝါကို၊ ချမ်းသာ ဆောင်ငြား၊ မျောက်မင့်းလားသို့၊ တရားသူ့ထက်၊ ဆယ်ပြန် တက်သည်။။ မပျက် ကျင့်ဆောင်အပ်စွာတည်း။'' (၁၁၃)

(၂၈၃) နှစ်ဆဲ့လေးတိ၊ စဉ်ရှေး တွက်ဘွဲ့၊ တဘန် ချဲ့လျက်၊ လေးဆဲ့နှစ်ဖြာ၊ ဘိဓာန်လာနှင့်၊ ရှေး ဗျာကရုဏ်း၊ မိန့်*နှုန်း ဘော်ထုတ်၊ ပြယုဂ်အလျောက်၊ ခြောက်ဆဲ့ခြောက်ဖြင့်၊ ထို့လောက် များဘိ၊ မျိုးနွယ်ချိသား၊ ဇာတိ ဂေါတ္တ၊ ရှိသမျှနှိုက်၊ ခတ္တိယဇာတ်၊ မင်းမျိုးမြတ်ဟု၊ မိုးနတ် မဟာ၊ ဗြဟ္မာသနံ၊ ကမ္ဘာ လျှံအောင်၊ မိန့်သံ ခြွေညွှန်း၊ တင် မော်*ကွန်းဖြင့်၊ တု*ကျွန်း လူ့ဘောင်၊ လက်ရုံး ထောင်၍့၊ အခေါင် လွှမ်းမိုး၊ ဦးကိုင်စိုးသား၊ နေ,မျိုး လ,နွယ်၊ ဤနှစ်သွယ်တွင်၊ ကြီးကျယ် စက်ရှိန်၊ နေသူရိန်နှင့်၊ *နှုန်းချိန်*တမျှ၊ ဘုန်းထိန် ပ,၍့၊ ဂေါတမမိတ်၊ သောင်းလုံး ထိတ်အောင်၊ အာဒိစ္စဝင်၊ နေမျိုး စင်သည်၊ ဘ,ခင်သွေး စစ်၊ ဥပရာဇ်။။ သားချစ် သည်းအူ၊ စွဲးမှတ်ယူလော့၊ ''ဤလူတလွှား၊ ဇမ္ဗူသားကား၊ တရား ကိုယ်ကြပ်၊ မြဲး မကပ်၍့၊ ဆုတ်ကပ်အလေ့၊ ကာလ ရွေ့တိုင်း၊ လျော့မေ့ ဘောက်ပြန်၊ မမှန် အမျိုး၊ အမိုက်တိုး၏၊ မိရိုး ဘ,လာ၊ ကျင့်သမ္မာကို၊ ပယ်ခွါ စောင့်လှည့်၊ မျှော် မကြည့်ဘူး၊ မျိုး၏့ စာရိတ်၊ ကွယ်ဆိတ် မြုပ်တိမ်၊ ဂုဏ်သိမ် တန်းခိုး၊ ရွေ့ရွေ့ညှိုးလျက်၊ အရိုး ဟောင်းလစ်၊ အဆန်း သစ်၍့၊ စွန့်ပစ် သမ္မာ၊ ကျင့်တတ်စွာ၏၊ သစ္စာ ကတိ၊ တည်မယှိဘဲး၊ ကလိယုဂ်ဘွား၊ ပါပသားတို့၊ တရား မပြည့်၊ တော်မတည့်ဘူး၊ နှိုင်းရှည့် ပညာ၊ အရာရာကို၊ လိမ္မာနည်းယူ၊ သတိမူလော့၊'' ''လူ၏့အလျောက်၊ မျက်မှောက် ဘေးရန်၊ ဖြစ်ခဲ့ပြန်သော်၊ မန္တာန် စုပ်ဘိ၊ ပညာယှိနှင့်၊ နှိုင်းညှိ တိုင်ပင်၊ ချစ်ခင်စရာ၊ သာယာစကား၊ ပဏ္ဏာ *ဖြား၍့၊ ပေးငြား တံစိုး၊ ဆွေမျိုး ဆက်နွယ်၊ ဤငါးသွယ်ဖြင့်၊ ကိုယ်ဝယ် ရောက်လာ၊ မှုရေးရာနှိုက်၊ ချမ်းသာရမြဲး၊ မလွဲး မှန်လှ၊ သို့ မရမူ၊ ကမ္မသကာ၊ ငါ့ကံသာဟု၊ *ကြမ္မာကိစ္စ၊ ကံကို ချလော့၊'' ''ရှေးက ကောင်းမှု၊ မပြု နည်းပါး၊ ထိုသူများကား၊ စီးပွား ဥစ္စာ၊ ချမ်းသာ ရကြောင်း၊ ပြုပါရှောင်းလည်း၊ တိမ်းစောင်း ယွင်းဘောက်၊ လှေ့နှယ် မှောက်၍့၊ မမြောက် ကြံရာ၊ လက်ချည်း ခါအောင်၊ ချမ်းသာ မရ၊ ပျက်တတ်စွတည့်၊ ဘဝတိုင်းပင်၊ ဤလူ့ခွင်နှိုက်၊ မထင် မရှား၊ ဘုန်းကံ ယှား၍့။။ *ဖုန်းစား မြော်ရမည်ကိုကား။'' (၁၁၄)

(၂၈၄) *ဖုန်းစား မြော်ကာ၊ သူပေးရာနှင့်၊ ဝမ်းစာ မဝ၊ ခါး မလှတည့်၊ 'ပုည ရှေးပြု၊ ကောင်းမှု မပါ၊ သူတို့မှာလျှင်၊ ချမ်းသာ မရ၊ တဘဝလုံး၊ သူမျာ့းထက် ကဲး၊ ဆင်းရဲး ညစ်စုတ်၊ မဟာဒုက်သို့၊ ဆိုးယုတ် မွဲးပြာ၊ လက္ခဏာဖြင့်၊ ဇာတာ ဂြိုဟ်နေ၊ ယုဂ် လေးထွေတွင်၊ ကေမဓုမ၊ ယုဂ်ကိုရလျက်၊ ဒုက္ခ ပူပန်၊ အထီးကျန်၏၊ ကောင်းကြန် ကောင်းစာ၊ ကောင်း ဇာတာနှင့်၊ ဒသာ လဂ်-စန်း၊ ဥစ်-ပန်း ကသစ်၊ နဝင်း စစ်လည်း၊ ကောင်းဆစ် မငြား၊ လုပ်တိုင်း မှားဟု၊ ဟူးရားအလို၊ ထိုထိုကျမ်းမှ၊ ဟောဆိုပြ၏၊'' ''သုခ ဒုက္ခ၊ ဝိပါကဟု၊ ကမ္မ နှစ်ခု၊ ရှေးက ပြုသား၊ ကုသိုလ် အကုသိုလ်၊ အကျိုးကိုမူ၊ မလိုလည်း ရ၊ လို မရဘူး၊ တောင့်တ အားလှိုင်း၊ ကြံစည်တိုင်းလည်း၊ ကြံတိုင်း မပြီး၊ ရှေး *အတီးက၊ ရင်းနှီး ပုည၊ ကုသလသာ၊ ကမ္မမူလ၊ ကြောင်းရင်းစတည့်၊ ရှေးက ကောင်းကံ၊ ကြောင်း မခံ၍့၊ အကြံ ပျက်စီး၊ ကြံ မပြီးက၊ ချည်းနှီး ပညာ၊ မလိမ္မာသည့်၊ လူမှာ စင်စစ်၊ သူမိုက်ဖြစ်၏၊ တဆစ် မဘောက်၊ ကြံတိုင်း မြောက်သော်၊ အံ့လောက် ထိုသူ၊ ပဏ္ဍိတ်ဟူ၏၊ မှတ်ယူ မှန်စွာ၊ ကံရင်းပါမှ၊ ကြံရာပြီးတတ်၊ အမြဲး မှတ်လော့၊'' မချွတ် ထို့ကြောင့်၊ ''တရား စောင့်လျက်၊ ဖြောင့်သည့်အလို၊ ဤသည့်ကိုယ်နှိုက်၊ ကုသိုလ်ဓမ္မ၊ ယွင်း မခွနှင့်၊ ရှေးကအယူ၊ သမ္မာ ဖြူ၍့၊ လူဟု ဖြစ်ရှောင်း၊ အလာ ကောင်း၏၊ မစောင်း နောက်ပြန်၊ လမ်းဟောင်း မှန်အောင်၊ မြင်ဉာဏ်မျက်စိ၊ နှစ်ဘက်ယှိလော့၊ သတိ ပညာဉ်၊ အမြဲး ယှဉ်မှ၊ အစဉ် မပျက်၊ ကိုယ်ကျိုးနက်လိမ့်၊'' သက်သက် မရွာ၊ တစိတ် ရွာနှင့်၊ နှံ့စွာ ရွာမျိုး၊ သုံးပါးမျိုးတွင်၊ နောက်မိုး သဘွယ်၊ ဘယ်ဝယ် မလပ်၊ အထပ်ထပ်သာ၊ အရပ်မရွေး၊ နီး-ဝေးမဆို၊ ပုဂ္ဂိုလ် မစစ်၊ မုန်း-ချစ် မယူ၊ ပေး အလှူဖြင့်၊ ငြူစူ မယှိ၊ စွန့်နိုင်ဘိလော့၊'' 'လောကီ့ဓမ္မတာ၊ လူတို့ရွာတွင်၊ အိမ်ရာထောင်ပြု၊ လူတစုကား၊ ကောင်းမှု ကောင်းကြံ၊ အရင်းခံ၍့၊ သစ္စံ ဓမ္မ၊ ဝီရိယနှင့်၊ စာဂ ဓီတိ၊ လေးပါးယှိက၊ ကင်းဘိ အပါယ်၊ နောင်ဝယ် နတ်-လူ၊ စိုး မပူတည့်၊'' တမူ ထိုပြီ့း၊ သံဝိဘာဂါ၊ ''သဒ္ဓါ မုဒု၊ ဝဒညုဟု၊ လေးခု ထင်ရှား၊ ဤတရားလည်း၊ ပြည့်ငြားတုံမြောက်၊ သေပြီး နောက်နှိုက်၊ ထိတ်-ကြောက် မပူ၊ ရဲးဆေးဟူ၏၊'' ''အယူမှားဘိ၊ လူဒိဋ္ဌိတို့၊ မယှိ ပညာ၊ သဒ္ဓါ မထုံ၊ ကံ မယုံသို့၊ စားရုံ အိပ်မွေ့၊ မပျော်လေ့နှင့်၊ မမေ့ ကုသိုလ်၊ မငြင်ငြိုမှ၊ သားညို ကသိုဏ်း၊ ဘ,သက် နှိုင်းသည်။။ ဆက်တိုင်း ပျော်ရမည်ကိုကား။ (၁၁၅)

(၂၈၅) 'မိမိဥစ္စာ၊ နှစ်သက်စွာကို၊ သဒ္ဓါကြည်ဖြူ၊ ပေးအံ့ဟူ၍့၊ လှူမည် ဝမ်းထဲး၊ ကြံ မရဲးနှင့်၊ ကြံခဲးစွာဘိ၊ ကြံယှိသည်လည်း၊ မငြိ မနား၊ မန္တာန့်အားဖြင့်၊ အသွား မတုံး၊ ထိလျှင် ဆုံးမျှ၊ သုံးဆဲ့သုံးဘန်၊ လက်သစ်ပြန်သည့်၊ သန်လျက်ဓားကို၊ ထင်ရှား ပြက်ပြက်၊ မျိုသော့ ထက်လျှင်၊ နှုတ်ထွက် ငါသည်၊ ပေးမည် မြွက်ခဲး၊ မြွက်*တပဲးလျက်၊ ရဲးရဲး ရက်ရက်၊ အပေးခက်ရှင့်၊ ဆက်ဆက် မုချ၊ ပေးပြီးမှလည်း၊ နောင်တ မပူ၊ ခဲးစွဟူ၏၊'' ''ဤလူတို့ဘောင်၊ အိမ်ရာထောင်တို့၊ မရှောင် ပူ-ချမ်း၊ ကြိုးပမ်း ဥစ္စာ၊ ရအောင် ရှာလျက်၊ လေးဖြာ ခွဲးမှု၊ လေးဘို့ပြု၍့၊ တစု ခံစား၊ နှစ်စုအားလျှင်၊ စီးပွား ယှဉ်ရာ၊ တစုမှာမူ၊ လိုခါ နောင်ဘို့၊ မချို့ ဆောင်ဘွယ်၊ မြေဝယ် မြှုပ်ထား၊ ပြုအပ်ငြား၏၊'' ''ဘုရားဆု တောင်း၊ အလောင်းတို့မှာ၊ သုံးပုံသာမျှ၊ ခွဲးကာ ပိုင်းခြား၊ မြှုပ်မထားဘူး၊ ကြီးမား ဣစ္ဆာ၊ မဟဇ္ဈာဖြင့်၊ ပွင့်*လျာအပေါင်း၊ မြတ်လောင်းတို့ ထုံး၊ အားလုံး မချန့်၊ အစိုး*သွန့်၍့၊ ပေးစွန့်တတ်ဟူ၊ ဗိုလ်လူ*တကာ၊ ပမာ ဘက်ယှား၊ မတူငြားတည့်၊'' ''ထင်ရှား ကျော်ဟိုး၊ ဘိညာဉ်စိုးသား၊ တန်းခိုးကြီးစွာ၊ ရဟန္တာလည်း၊ ဥစ္စာ အသက်၊ နှစ်ပါ့းတွက်ကို၊ မပျက်စီးရာ၊ ဝန်ခံစွာလျက်၊ သဒ္ဓါဟူငြား၊ ဤတရားမူ၊ ဘောက်ပြား ယွင်းသွေ၊ မစ္ဆေ ဖီသမ်း၊ ပျက်လွယ်စွမ်းကြောင့်၊ *ခံထမ်း ပိုင်ပိုင်၊ မပြုနိုင်ဘူး၊ မြဲးခိုင်စိမ့်ငှါ၊ ထိုသဒ္ဓါကို၊ ပညာ*ကွန့်ထွေ၊ မ*ဆွန့်စေနှင့်၊'' သက်ဝေ မင်းဖြူ၊ မှတ်နည်းယူ၍့၊ ဆယ်ဆူ ပုည၊ မြဲး မခွဘဲး၊ ''ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မလည် *မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ် မစ္ဆေ၊ မတွန့်စေနှင့်၊ လှူထွေ ရှေးဘို့၊ ဉာဏ်*မဲ့ ချို့၍့၊ တွန့်တို့တုံက၊ ပထမရွယ်၊ နောင်ခါဝယ်နှိုက်၊ နွမ်းနယ် ချမ်းသာ၊ ဆိုး ရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက္ခီ ယက္ခ၊ တူ*တမျှဖြင့်၊ ရူပလက္ခဏာ၊ ပျက်တတ်စွာ၏၊ နောက်မှာ တွန့်ငြား၊ သားသမီး *မဲ့၊ ချို့တဲ့ ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါ ဒုက္ခ၊ ရသည် ဆင်းရဲး၊ တိမ်းလွဲး စည်းစိမ်၊ ဂုဏ်သိမ် နှိမ့်ကျ၊ ဖြစ်တတ်ကြ၏၊ ပဒုမဝတီ၊ ဒေဝီ နေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ် မည်ထုတ်၊ အပုတ္တက၊ သူဌေး စသည်၊ ထိုမျှ ဝတ္ထု၊ အစုစုကို၊ မျှော်ရှု နှိုင်းဆ၊ ထောက်အပ်စွရှင့်၊ မုဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါ ချို့တဲ့၊ ဂုဏ်*မဲ့ မျိုးနွယ်၊ မတင့်တယ်ဘဲး၊ ငယ်၏ တန်းခိုး၊ မပြည့်*ဖြိုးသည်။။ နွမ်း ညှိုးယော်ရမည်ကိုကား။'' (၁၁၆)

(၂၈၆) မှတ်လော့ တဘန်၊ ကျမ်းလာဟန်ကို၊ ထုတ်ပြန် ဘော်ပြ၊ 'ဤလောကနှိုက်၊ ကာမဘောဂီ၊ လောကီ လူ့ဘောင်၊ အိမ်ရာထောင်တို့၊ လုပ်ဆောင်နေကြ၊ အချို့ကလည်း၊ အဓမ္မသာ၊ အချို့မှာမူ၊ ဓမ္မာဓမ္မ၊ အချို့ကကား၊ ဓမ္မအားဖြင့်၊ သုံးပါးကိစ္စ၊ ပြုကုန်ကြ၍့၊ ဘောဂ ဥစ္စာ၊ ရအောင် ရှာလျက်၊ ချမ်းသာ ကိုယ်ကို၊ မခံလိုနှင့်၊ ခံလို ကောင်းမှု၊ ပြုမပြုငြား၊ ပုဂ္ဂိုလ်များတွင်၊ တရား မညီ၊ ထို-ဤ လုံ့လ၊ ဝါယာမဖြင့်၊ ဘောဂ ဘွေရှာ၊ ကိုယ့်ချမ်းသာကို၊ ခံငှါ မပြု၊ ကောင်းမှုအလုပ်၊ မြေဝယ်မြှုပ်၍့၊ ပိုက်ထုတ်ထားကာ၊ ပြုတတ်စွာသည့်၊ အင်္ဂါ သုံးပါး၊ နှစ်ပါး တပါး၊ ပါငြားသူဝယ်၊ ကဲ့ရဲ့ဘွယ်တည့်၊ အကယ် ထိုမှ၊ ဓမ္မေနနှင့်၊ သုခ ကိုယ်မှာ၊ ချမ်းသာ ခံစား၊ တရား မျှော်ရှု၊ ကုသိုလ်ပြုဟု၊ သုံးခု နှစ်ခု၊ တခု အင်္ဂါ၊ တဖြာဖြာလျှင်၊ ပါရာသူနှိုက်၊ ခြီးမွမ်းထိုက်၏၊ စွဲးပိုက် အာဂုံ၊ မြဲးမှတ် ယုံလော့၊ သုံးဘုံလုံ့း နတ်၊ ရှင်တော်မြတ်တို့၊ ဟောမှတ် ထင်ရှား၊ မြွက်ဘော်ကြားခဲ့၊ တရား ပါဠိ၊ လာတိုင်း သိသား၊ ''ပဏ္ဍိပုဂ္ဂိုလ်၊ မြတ်ထိုထိုတို့၊ ကိုယ်ကို နှိမ့်ချ၊ ဓမ္မေနဖြင့်၊ ဓန ဥစ္စာ၊ ရအောင် ရှာ၍့၊ ချမ်းသာလည်း ခံ၊ အသင့် စံလျက်၊ ကောင်းကြံ ကောင်းပြု၊ ကောင်းမှု ရှေးရှူ၊ ပေးကြ လှူ၏၊ *ကလူ နိုင်ထက်၊ နှိပ်စက် လျှပ်ဝါး၊ တပါးသူကို၊ မျက်ရည်ယိုအောင်၊ ထိုထိုဒဏ်မှု၊ ပြု၍့ ယူထ၊ အဓမ္မဖြင့်၊ ရသည့် ဥစ္စာ၊ ထောင် သပြာကို၊ လှူပါသော့သူ၊ တသိန်းလူ၏့၊ အလှူတို့ကား၊ တရားညီမှု၊ နည်းငယ် ပြုသည့်၊ ထိုသူ့ဒါန၊ တခုမျှကို၊ ပုံချ တွက်ဘွဲ့၊ စံနှိုင်း*ရှဲ့သော်၊ တဆဲ့ခြောက်စိတ်၊ ခွဲးဝေ စိတ်၍့၊ တစိတ်ကိုမျှ၊ မမီစွဟု၊ ရှေးက ပဉ္စသီ၊ ချို-အီ သာမော၊ နတ်မင်း ဟော၏၊'' သား*စော မင်းဖြူ၊ ကောင်းနည်း ယူလော့၊ လူတွင် လူမော်၊ သူ့ထက် ကျော်၍့၊ နတ်သော် နတ်မှာ၊ နတ်ထက် သာလျက်၊ တေဇာ ဝှန်*ဖြိုး၊ တန်းခိုး ပြည့်စုံ၊ လူနတ်ဘုံနှိုက်၊ ဝန်းအုံ ခြိမ့်သောင်း၊ ရံ ငြိမ့်*ညောင်းနှင့်။။ ရွေပေါင်း ဖျော်ရမည်ကိုကား။ (၁၁၇)

(၂၈၇) မှတ်စိမ့် ကျမ်းလို၊ တခဏ်း ဆိုပိမ့်၊ 'ဗြဟ္မစိုရ် လေးဖြာ၊ တည်ကြခါမှ၊ သတ္တဝါဟူဟူ၊ ဦးမည်း-ဖြူတို့၊ ရှင်-လူ*ခပင်း၊ ရောဂါ ကင်းလျက်၊ ဘေးရှင်း ရန်ကွာ၊ ဆင်းအင်္ဂါနှင့်၊ ချမ်းသာ ခွန်အား၊ သက်ရှည် ပွား၏၊ လေးပါး ဗြဟ္မစိုရ်၊ ကုသိုလ် သမ္မာ၊ ကင်းကြခါနှိုက်၊ ယက္ခာဓိပ၊ ဣန္ဒာ စသား၊ နတ်ကြီးများတို့၊ စိမ်းဝါး ကြမ်းခက်၊ သံဘက် ဥပါ၊ မိစ္ဆာ ရဲးဆိုး၊ ဘီလူးမျိုးကို၊ စောင့်စိုး မအုပ်၊ မချုပ်သော့အား၊ ပေါက်လွှတ်ထား၍့၊ လူများ ဘေးရောက်၊ သေပျောက် ဥပဒ်၊ များသတတ်တည့်၊'' မှတ်လော့ တသွယ်၊ ''လူတို့ဝယ်လျှင်၊ ကြီး-ငယ် အများ၊ မင်း-ပုဏ္ဏားက၊ ယောက်ျား မိန်းမ၊ ကြင်ကာလနှိုက်၊ လောဘတရား၊ စရိုက် များလျက်၊ ပြန့်ပွား မဆိတ်၊ ထိုကြောင်းဟိတ်ကြောင့်၊ ဒုဗ္ဘိက္ခန္တရ၊ ကပ်ကြီးကျ၍့၊ ငတ်ကြ မွတ်ကြ၊ မဝ ရေ-စာ၊ တောင့်တကာလျှင်၊ များစွာ သေပျောက်၊ ပြိတ္တာ ရောက်၏၊ မီးတောက်*တမျှ၊ ဟုန်းဟုန်းထလျက်၊ ဒေါသဟိတ်လွန်၊ ပြန့်ပွား*ဝှန်သော်၊ သတ္ထန္တရ၊ ကပ်ကြီးကျ၍့၊ သတ်ကြ ဖြတ်ကြ၊ အာဃာတဖြင့်၊ သေထတုံမြောက်၊ ငရဲးရောက်၏၊ ထို့နောက် ဉာဏ၊ နည်းပါးကြကြောင့်၊ မောဟသမုဋ္ဌာန်၊ ထိုဟိတ်လွန်က၊ ရောဂန္တရ၊ ကပ်ကြီးကျ၍့၊ များလှ ရောဂါ၊ ဝေဒနာဖြင့်၊ ခန္ဓာ ပျက်သူ၊ ပြန့်*ပြောထူလျက်၊ အယူ မမှား၊ ချင်းချင်းအားလည်း၊ သနား ကြင်နာ၊ ကရုဏာနှင့်၊ မေတ္တာ မကင်း၊ သေကြလျှင်း၍့၊ *ခပင်း များစွာ၊ သတ္တဝါတို့၊ လူ့ရွာ နတ်ခြောက်၊ ဖြစ်ကြ ရောက်၏၊'' မဘောက် မှန်စွာ၊ ကျမ်းနှိုက်လာခဲ့၊ လေးဖြာ ဗြဟ္မစိုရ်၊ ပျက် ယွင်းယို၍့၊ အကုသိုလ် မူလ၊ ဟိတ် ပါပတို့၊ ပွားကြကုန်ဘိ၊ ထိုသတ္တိကြောင့်၊ ကလိယုဂ်ဟု၊ သမုတ် သညာ၊ ဝေါဟာ ပညပ်၊ ခေါ်ဝေါ်အပ်သား၊ ဆုတ်ကပ်ကာလ၊ ဟာယနနှိုက်၊ လောက လူ့ရွာ၊ သတ္တဝါတို့၊ ဓမ္မတာတရား၊ ဟိတ် သုံးပါးနှင့်။။ ကပ်အား တော်ရမည်ကိုကား။ (၁၁၈)

(၂၈၈) တပါး မှတ်ရန်၊ ကျမ်းလာဟန်တည့်၊ 'သိဉာဏ် မ*ဟဲ့၊ ပညာ*မဲ့၍့၊ ချိုတဲ့ သဒ္ဓါ၊ မျက်မှောက်မှာလျှင်၊ ဥစ္စာ ကုန်မွဲး၊ ဆင်းရဲးမည့်ရေး၊ ငတ်မွတ်ဘေးမှ၊ တွေး၍့ မလှူ၊ ကြောက်တတ်သူတို့၊ နောင်မူ မချွတ်၊ ဘေး မလွတ်ဘဲး၊ ငတ်မွတ် ဆင်းရဲး၊ မွဲးသည့်ဒုက္ခ၊ တွေ့တတ်ကြ၏၊'' ''မုချ မှတ်ယူ၊ လောကလူတွင်၊ အလှူပေးခြင်း၊ စစ်ထိုးခြင်းကား၊ မယွင်း တူမျှ၊ ဟူကုန်စွတည့်၊ အလောဘဟိတ်၊ ကြောက်ထိတ် ကင်းစွာ၊ စွန့်ကြဲးရာနှိုက်၊ သဒ္ဓါ သူရဲး၊ ဗိုလ်ထု ခွဲးလျက်၊ စစ်ကဲ ဝီရိယ၊ လုံ့လအထူး၊ ရဲးခေါင်ကြူးသား၊ ဗိုလ်မှူး ရွှေဉာဏ်၊ ဆုတ် မလှန်ဘဲး၊ စိတ်သန် ခိုင်*ကျန်း၊ စွဲးယူမှန်းလော့၊'' ''ရဟန်း ပုဏ္ဏား၊ သူမြတ်များအား၊ လေးပါးပစ္စည်း၊ ထံ ကပ်ဆည်း၍့၊ ဘိတ်လည်း ဘိတ်လျက်၊ ဘောက်ပျက် စေတနာ၊ နောက်အခါသော်၊ သဒ္ဓါ မရှေး၊ မစ္ဆေ မှေး၍့၊ မပေးလိုတတ်၊ မကြည်မြတ်ဘဲး၊ ယွင်းချွတ်သသူ၊ ထိုမျှလူကား၊ နောင်မူ များစွာ၊ ဖြစ်လေရာနှိုက်၊ *ကြမ္မာ မကူ၊ ညှိုး-ကြုံ ပူလျက်၊ ကိုယ်ထူ ကိုယ်ထ၊ ဝီရိယဖြင့်၊ လုံ့လ ကြိုးစား၊ စီးပွားဖြစ်မှု၊ အားထုတ်ပြုလည်း၊ တခုက ယွင်း၊ တခု ဟင်း၍့၊ *တိမ်းပင်း ဆုတ်ဆိုင်း၊ အပိုင်းပိုင်းနှင့်၊ လုပ်တိုင်း မအောင်၊ ဆောင်တိုင်း မမြောက်၊ ဆားလှေမှောက်သို့၊ ဘောက်ဘောက် ပြားပြား၊ မပွား *မဖြီး၊ အချည်းနှီးလျှင်၊ ပျက်စီးတတ်စွာ၊ *ထက်ချည်းခါ၏၊'' ''သဒ္ဓါ မလှိုင်း၊ ဘိတ်တိုင်း ကြည်ညို၊ မပေးလိုဘဲး၊ ဝန်တို ချုတ်ချယ်၊ အနည်းငယ်မျှ၊ အကယ် ချို့ချို့၊ ပေးသူတို့မူ၊ နှစ်လို့ လိုအင်၊ မပြည့်လင်ရှင့်၊ အကြင် တယောက်၊ ဘိတ်တိုင်းလောက်သာ၊ မဘောက်ရုံမျှ၊ ပေးတတ်ကလျှင်၊ ကိစ္စလိုရုံ၊ ပြီး ပြည့်စုံ၏၊ အပုံ အ*ဖြီး၊ မြှောက်ချီး *ဖြိုးဝှန်၊ ဘိတ်တိုင်း လွန်အောင်၊ သွန်သွန် မှောက်မှောက်၊ ရွှင် ဝမ်းမြောက်၍့၊ မောက်မောက် လျှမ်းလျှမ်း၊ လွေ့လွေ့ရမ်းဖြင့်၊ ပေးကမ်းတတ်သူ၊ ထိုလူများကား၊ စီးပွား လုပ်ဆောင်၊ ကြံတိုင်း အောင်လျက်၊ တောင်နှယ် *ဖြိုးဖြိုး၊ ပွားတက်တိုး၍့။။ တန်းခိုးပေါ်ရမည်ကိုကား။'' (၁၁၉)

(၂၈၉) 'တန်းခိုး ပေါ်ထင်၊ ကုသိုလ့်ရှင်မှ၊ လူတွင် မညှိုး၊ စည်းစိမ်ဖြိုး၏၊ ကျမ်းရိုးအယှိ၊ လမ်းမှန်သိလော့၊ လောကီ့*ချမ်းသာ၊ နောင်ဘို့ ရှာသည့်၊ ပညာရှိပေါင်း၊ သူမြတ်ကောင်းတို့၊ *နှစ်ထောင်း ဝမ်းသာ၊ ပြုအပ်စွာရှင့်၊ လူ့ရွာ နောက်နောင်၊ ကြံတိုင်း အောင်လိမ့်၊'' သားမောင် သက်နှင်း၊ ကျင့် မပျင်းနှင့်၊ ''ကြောင်းရင်း*ကြမ္မာ၊ ကံ မပါလျှင်၊ ကြံရာ မပြီး၊ အချည်းနှီးဖြင့်၊ ပျက်စီးတတ်စွာ၊ မချွတ်ရာတည့်၊ ကလျာဏာကလျာဏ၊ ကျင့် ကမ္မဖြင့်၊ ပုည ပါပ၊ ကိစ္စအမှု၊ ခွဲဝေရှုသော်၊ အကုသိုလ် ကုသိုလ်၊ နှစ်ခုကိုလည်း၊ မပြုလိုခဲး၊ ပြုလို ရဲး၏၊ ကံမွဲး မပြောင်၊ ကံ မဆောင်လျှင်၊ ဂုဏ်ရောင် မလှ၊ မထွန်းပဘူး၊ ဒုက္ခ လူ့ဘောင်၊ ဆင်းရဲး ခေါင်လိမ့်၊ ကျင့်ဆောင် မယုတ်၊ စောင့် ကိုယ်-နှုတ်နှင့်၊ ဥပုသ် ဗြဟ္မ၊ စရိယလည်း၊ ကာလ အစဉ်၊ အမြဲး ယှဉ်လော့၊ *ဖဲးကြဉ် စေတနာ၊ တညစာဖြင့်၊ အင်္ဂါ မပျက်၊ နေ့တဝက်မျှ၊ ကျိုးစက် လွန်အောင်၊ မင်းဖြစ် ဆောင်၏၊'' ''''''''''*ယခေါင် ရှေးက၊ ပုည သမုဋ္ဌာန်၊ ကုသိုလ် သန်၍့၊ ကောင်းကြန် ကောင်းစာ၊ ကောင်းဇာတာနှင့်၊ ပရမာယု၊ ပိဏ္ဍာယုဖြင့်၊ အာယုဒါယ၊ ကျမ်းလာပြတိုင်း၊ တွက်ရ အသက်၊ သူ့ထက် ပိုမို၊ ရှည်မည်ဆိုလည်း၊ ကုသိုလ် သမ္မာ၊ မကျင့်စွာဘဲး၊ နေကာ မတ္တ၊ သပ္ပါယဟု၊ ကမ္မ ဘောဇန၊ ဩသဓနှင့်၊ ဗြဟ္မစာရီ၊ ပဉ္စသီ ဥပုသ်၊ ချို့တဲ့ ယုတ်က၊ အဟုတ် ဆိုတိုင်း၊ ရှည်မလှိုင်းတည့်၊ သက်ပိုင်း တိုရာ၊ ဇာတာပါလည်း၊ သမ္မာပယောဂ၊ ကုသလဖြင့်၊ ဒီဃအာယု၊ ပြိုင် တုဘက်ယှား၊ သက်ရှည် ပွား၏၊ ထင်ရှား ချမ်းသာ၊ ကြီးကျယ်စွာလျက်၊ တေဇာ ဘုန်းရောင်၊ တိုးတက် ပြောင်၏၊'' ''နောက်နောင် ဤခု၊ နှစ်စု ဖလ၊ အကျိုးလှသည့်၊ ပုညအရာ၊ သမ္မာအစု၊ ကံ ကောင်းမှုကို၊ အပြု လေ့လာ၊ ကျင့် ယုတ်မာမှ၊ ပယ်ခွါ အရှင်း၊ မသုံး ကင်းလော့၊'' ''ပြုခြင်းအလို၊ အကုသိုလ်နှင့်၊ ကုသိုလ် နှစ်ပါး၊ ကံတရားကား၊ မယား ပြုရာ၊ စိတ်မပါလျှင်၊ လင်မှာ မရ၊ လင်ပြုကလည်း၊ မိန်းမ အိမ်သူ၊ စိတ်မတူသော်၊ မှတ်ယူ မှန်စွာ၊ မရရာဘူး၊ သူဇာ မာဃ၊ အသယှတို့၊ ရှေးက ဝတ္ထု၊ နှိုင်းယှဉ် ရှု၍့၊ အကုသလ၊ ကုသလ၏့၊ ကမ္မသကာ၊ လက္ခဏာကို၊ မြဲးစွာ ဝမ်းတွင်း၊ နှလုံးသွင်းလော့၊'' 'မပျင်း ကုသိုလ်၊ ထိုပုဂ္ဂိုလ်ကား၊ ကိုယ့်ကို ချစ်သူ၊ မည်သောဟူ၏၊ အယူ မယွင်း၊ ဆောက်တည်ခြင်းဖြင့်၊ ကံရင်း မူလ၊ ဝီရိယနှင့်၊ ဉာဏ ထောက်ကူ၊ ရှိသည့်သူမှ၊ လူတွင် လူလွန်၊ လွှားတံခွန်သို့၊ လူ*မွန်တယောက်၊ တစ် ခေါ်လောက်အောင်၊ ခါရောက် ချိန်*ဆုန်း၊ တု*မဲ့*နှုန်း၍့။။ ရွှေဘုန်း မော်ရမည်ကိုကား။'' (၁၂၀)

(၂၉၀) လူ့ဘောင် ရပ်ဌာန်၊ လူ့သန္တာန်နှိုက်၊ ကံ-ဉာဏ်-ဝီရိယ၊ ဤသုံးဝတွင်၊ ဝီရိယ ဉာဏ်၊ ကျိုးပေးဟန်ကား၊ သင့်တန်ရုံမျှ၊ ခံရစရိုး၊ ကံ့အကျိုးမူ၊ ပြည့်*ဖြိုး လွန်စွာ၊ မကြံသာခဲ့၊ *ကြမ္မာ မထောက်၊ ဉာဏ် မလှောက်ဘဲး၊ မောင်းကျောက် ဖျာရက်၊ ဂယောက် ဂယက်တိ၊ အချက် မဟုတ်၊ လွန်ကြိုးကုတ်၍့၊ အားထုတ်သဖြင့်၊ ကျိုး မပွင့်ဘူး၊ ကိုယ်နှင့် စွမ်းအန်၊ မတန် မနီး၊ အကြံ ကြီးက၊ ပျက်စီးကြမြဲး၊ မချွတ်လွဲးရှင့်၊ ဆင်းရဲးဘို့သာ၊ ဤလူ့ရွာဝယ်၊ အနာနှင့် ဆေး၊ မသင့်ရေးကြောင့်၊ ဘေး ဖြစ်တတ်စွာ၊ ဟူစပါ၏၊'' ''ပညာ မဘက်၊ ကြက်နှယ်ယက်၍့၊ နေ့ရက် ကုန်ကာ၊ အရာ မထင်၊ အသက်ရှင်ရုံ၊ နေဝင် နေထွက်၊ လုပ်လက် ရွရွ၊ ဝမ်း မဝတည့်၊ လုံ့လ *နုန့်နှယ်၊ အကြံ ငယ်သော်၊ မကြွယ် မဝ၊ ရှေးကမ္မထက်၊ လုံ့လ ပညာ၊ နှစ်ဖြာ ပင့်ထောက်၊ သမ္မာ လှောက်၍့၊ မီးတောက် လေကူ၊ ဟူ၏့ပမာ၊ များ မကြာခင်၊ ကာကဏိက၊ ကြွက်သေမျှဖြင့်၊ လေးလတွင်းဝယ်၊ နှစ်သိန်း ကြွယ်ရှင့်၊'' ''အကယ် တတ်*ပွန်၊ ထိုသူ*မွန်ကား၊ ကံ-ဉာဏ်-ဝီရိယ၊ ဤကိစ္စဖြင့်၊ လူမျာ့း အခေါင်၊ မှန်ကင်း ထောင်၏၊ နောင် တမလွန်၊ ချမ်းသာ*မွန်လည်း၊ မိုးစွန် *ဖြိုးမောက်၊ တံခွန်ဆောက်သို့၊ နတ် ခြောက်ဌာန၊ ရမြဲးပေတည့်၊'' ''မိုးမြေ စကြဝဠာ၊ သတ္တဝါလောက၊ ဟူသမျှနှင့်၊ သုခ ဒုက္ခာ၊ ခံစားရာကို၊ ဗြဟ္မာ-နတ် ဘန်၊ ဆိုကြဟန်ကား၊ မမှန် မိစ္ဆာ၊ ဒိဋ္ဌိသာရှင့်၊ သမ္မာ ရှေ့ထား၊ သဒ္ဓါ ပွားလော့၊'' ''ဆယ်ပါး ကုသိုလ်၊ မပြုလိုမူ၊ *နှောင်းစိုကာလ၊ ဖြစ်သမျှနှိုက်၊ ဘဝ မမြတ်၊ ယုတ်မာတတ်၏၊ လူ-နတ် ချမ်းသာ၊ မရရာဘူး၊'' ''တဏှာလိုက်စား၊ မေ့ ပျော်ပါးလျက်၊ တရား မကျင့်၊ လိုလို ရင့်ဟု၊ မသင့် ယူငြား၊ ဆောက်တည် မှားက၊ လေးပါး ပါယ်ဘုံ၊ လားတုံတုံတည့်၊ *မြုံခဲ့ ချမ်းသာ၊ ဘဝ ကြာတိုင်း၊ သမ္ဘာ မရင့်၊ တဏှာ ဆင့်၍့၊ ရှည်မြင့် ကြာ*ညောင်း၊ ဝဲး*ခနောင်းသို့၊ တပြောင်းပြန်ပြန်၊ ညာ မဆန်ဘဲး၊ နိဗ္ဗာန် ဝေးဘိ၊ သုဂတိမျှ၊ မသိတို့စွာ၊ ပါယ်လေးရွာဝယ်၊ ဖီလာ အမြဲး၊ လူ-နတ်ပွဲးနှင့်။။ ချွတ်လွဲး ချော်ရမည်ကိုကား။'' (၁၂၁)

(၂၉၁) ဆယ်ပါး ပညပ်၊ ကုသိုလ်ရပ်ကို၊ ပြုအပ်ပြီးသည်၊ လူတမည်ကား၊ လူ့ပြည် နတ်ပွဲး၊ ရ မခဲးတည့်၊ ယူစွဲး မုချ၊ ယွင်းမခွဘူး၊ ဒါန သီလ၊ ကုသလနှိုက်၊ လုံ့လ လွှတ်+လျှော့၊ လေဘင်ပေါ့၍့၊ မေ့+လျော့သော့သူ၊ သူသေဟူ၏၊ အလှူ *သီတင်း၊ မကင်း ဘာဝနာ၊ မချာ ရက်-နေ့၊ မမေ့လျော့တတ်၊ ထိုလူမြတ်တို့၊ လူ-နတ်ခန္ဓာ၊ ပြောင်းလဲးကာလျှင်၊ ချမ်းသာ သုခ၊ မပျက်ကြညောင်း၊ ဘဝသဘော၊ မေ့လျော့ခြင်းဟူ၊ စုတိမူလည်း၊ သေသူမမည်၊ ဟူတုံသည်တည့်၊'' *ခိုင်ကျည် ဝမ်းထဲး၊ အမြဲး မှတ်ပြု၊ ကံ ကောင်းမှုကို၊ မျက်ရှု သားမောင်၊ ကြောက် မရှောင်နှင့်၊ ''ဘုန်းခေါင် ဓိပတိ၊ မဟိဒ္ဓိနှင့်၊ လောကီ့*တမွတ်၊ စက္ကဝတ် မဟာ၊ မြတ်ရာဇာတို့၊ စကြာယာဉ်မင်း၊ ဆင်-မြင်းရတနာ၊ ဤသုံးဖြာကို၊ မဟာကုသလ၊ အဒေါသကြောင့်၊ ရ၏့ဟူငြား၊ ပတ္တမြားနှင့်၊ မိဖုရားနတ်၊ သူဌေးမြတ်မူ၊ စွန့်*လွှတ် စာဂ၊ အလောဘကြောင့်၊ ရ၏့ဟူပေ၊'' သက်ဝေ ဩရသ်၊ အိမ်ရှေ့မြတ်ဟု၊ လောကဓာတ်နယ်၊ တိုက်ဝန်းကျယ်နှိုက်၊ နတ်နှယ်အလား၊ လေးကျွန်းသားကို၊ တရား မဘောက်၊ ရှု ခြီးမြောက်၍့၊ စောင့်ရှောက်နိုင်သီး၊ ချစ်မငြီးသည့်၊ သားကြီး ပရိဏာ၊ ရတနာကား၊ ပညာဟူထ၊ အမောဟဖြင့်၊ မူလဟိတ်ကျိုး၊ စုံ ပြည့်*ဖြိုး၏၊ တန်းခိုး မဟိဒ်၊ ပုညဇိဒ်လည်း၊ အတိတ်ကာလ၊ ရှေးဘဝက၊ ပြုထ မမှား၊ ပုညအားကြောင့်၊ တရားဖြင့်သာ၊ *သာလကာလျှင်၊ စကြာ ပြောင်ရွှန်း၊ ရှေ့ဆောင်ညွှန်းလျက်၊ တိုက်ဝန်းနယ်ကျန်၊ အဿကဏ်ကို၊ သီမန္တရိက်၊ နိမိတ် မှတ်သား၊ မိုးသိကြားနှင့်၊ ခြားခဲ့ပြီးလျှင်၊ ရှေ့ခွင် နောက်မြောက်၊ တောင်ကို ဘောက်ပြီး၊ ပြန်ရောက် သပြေ၊ လှည့်သောထွေဖြင့်၊ မြေပြင် ရေပြင်၊ ပတ်ပတ် နှင်လျက်၊ ကောင်းကင် ပျံကြွ၊ ဘုန်းတော် ပြ၍့၊ တလောကလုံး၊ လေးကျွန်း ဆုံးအောင်၊ လက်ရုံး မထောင်၊ လိုလိုအောင်၏၊ မှတ်ဆောင် တဆစ်၊ ''ရေစစ် ဆေး-ကျောင်း၊ အဟောင်း ပြုပြင်၊ ပဉ္စင် အဋ္ဌ၊ သီလမည်သာ၊ ဤခြောက်ဖြာလည်း၊ ဒီဃာယုက၊ ပုညခေါ်ရိုး၊ ကျင့်တမျိုးတည့်၊ အားကြိုးသမှု၊ ဆောက်တည်ပြုက၊ ယခု ဒိဋ္ဌ၊ ဤဘဝနှိုက်၊ သုခပွားစည်၊ စည်းစိမ် တည်၍့၊ သက်ရှည် ဘုန်းကြီး၊ အံ့မပြီးအောင်၊ *ဝှဲးခြီး လူ့ဘောင်၊ ဘဝ နောင်လည်း၊ အခေါင်*ဓိမိုင်း၊ တု*မဲ့နှိုင်းသည်။။ ဖြစ်တိုင်း ကျော်ရမည်ကိုကား။'' (၁၂၂)

(၂၉၂) ထိုမှ *တသွန်၊ မှတ်ကြောင်း ညွှန်ပိမ့်၊ သား*မွန် ဒါလီ၊ မှတ် နာအီလော့၊ ဤသည် ယခု၊ လူဟု သမုတ်၊ မနုဿတ္တ၊ ဇာတ်ဘာဝကား၊ ပုည ပါပ၊ ဝိသဒနှင့်၊ တိက္ခ သူရာ၊ လက္ခဏာဖြင့်၊ စေတနာ ပြစ်-ကျိုး၊ လွန်ထက်ရိုးတည့်၊ လူမျိုး ဇာတိ၊ ဖြစ်တုံဘိမှ၊ ဗောဓိ သုံးတန်၊ ဆုကြီးပန်၍့၊ ရွှေဉာဏ် ခိုင်*ဖြီး၊ ချက်ပိုင် ပြီး၏၊'' တသီး ထိုမှ၊ မိနှင့် ဘတို့၊ မနုဿဇာစ်၊ မှန်စွာ ဖြစ်လျက်၊ စင်စစ် ထို့နည်း၊ ကိုယ်လည်း လူ့ဇာတ်၊ မိ-ဘ သတ်သော်၊ မချွတ် မှန်လှ၊ နိယတဖြင့်၊ မုချ ဧကန်၊ မသွေလှန်ဘဲး၊ အာနန္တရိုက်၊ ထိုက်၏့ ကံကြီး၊ သေပြီး နိရယ၊ ငရဲး ကျ၏၊ သဘာဝအား၊ ယွင်း မမှားအောင်၊ တရား ဂမ္ဘီ၊ ဟောရိုးစီရှင့်၊'' 'လောကီအလိုက်၊ လူတို့နှိုက်လည်း၊ စရိုက် ပြကတေ့၊ အလေ့ဟူထ၊ တဿီလနှင့်၊ ဆုံးမ နည်းယူ၊ ဆောက်တည်မူကား၊ တဆူ မှတ်ကြ၊ တဒ္ဓမ္မတည့်၊ ကျင့်ထအရာ၊ သူ့ထက်သာအောင်၊ လိမ္မာ ကြေ*ပြွန်၊ အလွန် ကောင်းမှု၊ အထူး ပြုက၊ တဿာဓု ဟော၊ သဘော အနက်၊ ဤသုံးချက်ဖြင့်၊ မပျက် အစဉ်၊ အမြဲး ယှဉ်၏၊'' ကောင်းယဉ် ဆိုးခြင်း၊ အချင်း အထ၊ ပမာပြ၍့၊ လောက အားလုံး၊ မြတ်ထွတ်ဆုံးတို့၊ သိမ်းကျုံး ဟောမြွက်၊ ဓမ္မစက်ကား၊ ချုန်းလျက် မရွာ၊ ရွာလျက် မချုန်း၊ မချုန်း မရွာ၊ ချုန်းရွာ ရွာသား၊ လေးဖြာ မိုဃ့်းနှယ်၊ လူဝယ် လေးကွဲး၊ သဘော မြဲး၏၊ မပြည့်ဘဲး ပိတ်၊ ပြည့် မပိတ်နှင့်၊ မပိတ် မပြည့်၊ ပိတ်ပြည့် ပြည့်သည်၊ အိုး၏့ မှတ်ချက်၊ လေးမျိုးထွက်၏၊ တိမ်လျက် နက်ယောင်၊ နက် တိမ်ယောင်နှင့်၊ တိမ်ယောင် တိမ်လျက်၊ နက်ယောင် နက်သား၊ လေးချက် အိုင်ရေ၊ ဖြစ်မြဲး *နေနှင့်၊ တထွေ လူ့ဘောင်၊ စိမ်းယောင်နှင့် မှည့်၊ မှည့်ယောင်နှင့် စိမ်း၊ စိမ်းယောင် စိမ်းလှည့်၊ မှည့်ယောင် မှည့်သား၊ သရက်၏့ ထုံး၊ လေးလုံး မှန်စွာ၊ တဖြာ အထူး၊ တွင်းတူး မအောင်း၊ တွင်းအောင်း မတူး၊ မတူး မအောင်း၊ တူးအောင်း အောင်းသား၊ မှတ်ကြောင်း ခေါ်ရိုး၊ ကြွက်လေးမျိုးတည့်၊ မိုဃ်းနှင့် သရက်၊ အိုးနှင့် ကြွက်သို့၊ တိမ်-နက် ရေတူ၊ လေးမျိုး လူကို၊ မှတ်ယူ ရိပ်မြွက်၊ သိနိုင်ခက်၏၊ ထဲးနက် ပညာ၊ အလိမ္မာဖြင့်၊ မတ် ဂါမဏိ၊ ပညာယှိတို့၊ ကြံဘိ စုံထောက်၊ သုံးကြိမ်မြောက်အောင်၊ မျောက်နှင့်စမ်းတိုင်း၊ မင်းယဉ် *ကျိုင်းသို့၊ ချင့်နှိုင်း ဆင်ခြင်၊ သူ့ရုပ်သွင်ကို၊ မြင်လျှင် ဆတ်ဆတ်၊ သိနိုင်တတ်မှ၊ သားမြတ် ရွှေဘုန်း၊ မိုးနှယ် ချုန်း၍့။။ နတ်*နှုန်း*လျော်ရ မည်ကိုကား။ ' (၁၂၃)

(၂၉၃) နတ်သို့ *နှုန်း*လျော်၊ ရွှေဘုန်း ကျော်အောင်၊ ရှုမျှော် *ကြံထက်၊ မြင်ဉာဏ် နက်လော့၊ ''ခွေး-ငှက်အသံ၊ နားယံ ကြားခါ၊ သိလွယ်စွာခဲ့၊ လူ့ရွာ လူသား၊ လူ့စကားမူ၊ ကြား၍့ *နှိုက်နှဲး၊ သိနိုင်ခဲး၏၊ ဝမ်းထဲး တပါး၊ ပြင် တခြားနှင့်၊ စိတ်ကား တမျိုး၊ နှုတ် တမျိုးတည့်၊ လူမျိုး*တကာ၊ ဓမ္မတာ တရား၊ အလေ့ များ၏၊'' ''ယောက်ျားဟူတောင်း၊ လူရည်ကောင်းလည်း၊ ကြက်ဘောင်း တူ*လျော၊ အသွင် ချော၍့၊ ရဲးဘော နတ္ထိ၊ စွမ်း မယှိဘူး၊ သတ္တိ နည်းပါး၊ ရေး ကြုံငြားက၊ ခွေး ကျားကိုမြင်၊ တွေ့သော့သွင်ဖြင့်၊ ကြောက်ငြင် ချုံးပိန်၊ ဘိမသိန်သို့၊ ဇီဝိန် ပြတ်-ကျိုး၊ သေလုနိုးလျက်၊ ပုဆိုး ကိုယ်ဝတ်၊ စိုစွတ် ညစ်ကြေး၊ စီးယို ထွေးအောင်၊ ကြောက်သွေး လွန်ကဲး၊ ပူရည် ရွဲး၏၊'' တကွဲး ထို့ပြင်၊ အပျိုစင်လျက်၊ မင်းလွင် မင်းဦး၊ မြူးထူး ပျော်ပါး၊ မွေးသည့် သားသို့၊ စကား ခရာ၊ သမာ နည်းဘိ၊ တည် မယှိဘူး၊ ဇာတိ ပုည၊ ယုတ်ညံ့စွနှင့်၊ သုတ ကြောင်ကျား၊ မသင်ငြားဘဲး၊ မြင်ကြား နည်းစွာ၊ ပညာ မဆူ၊ ဂုဏ်*မဲ့သူတို့၊ အယူ မောက်သီး၊ ဂုဏ် လိုကြီး၏၊ ကြက်ကျီး မဝေး၊ ခွေး ခြင်္သေ့နှယ်၊ လူရယ်ဘွယ်တည့်၊ ပွဲးလယ် မဝင်၊ ပြင် တကြွကြွ၊ အချို့ကလည်း၊ မလှသော့သူ၊ မှန်ကြည့်ထူဟု၊ *ဗိုလ်လူ ဆိုလှည့်၊ ရေမပြည့်သား၊ အိုး၏့ပမာ၊ သွက်သွက်ခါနှင့်၊ နှုတ်-လျှာ ရွင်ရွင်၊ မိုးဖျင်ဖျင်တို့၊ ဖြင်ဂ†ဖြင် စကား၊ တဘွားဘွားတည့်၊ လူကြွား ပြောထန်၊ လူသန် မကြွား၊ မောင် မှတ်သားလော့၊ မြင်-ကြား သုတ၊ ဉာဏအရာ၊ အလိမ္မာနှင့်၊ ပညာသိမြော်၊ ရှိပါသော်လည်း၊ တော်မှန် ဖြောင့်ခဲး၊ ဝမ်းထဲး သစ္စာ၊ တော်ဖြောင့်ပါလည်း၊ လိမ္မာ နည်းပါး၊ ဉာဏ်မြင် ရှားခဲ့၊ ရှည်လျား ရောယှက်၊ လူ့ထဲး နက်ကို၊ ပေါင်းဘက်သမှု၊ သိအောင် ပြုလော့၊'' ''စတု ပုဂ္ဂလာ၊ ဒေသနာနှိုက်၊ ဘိဓမ္မာနည်း၊ ရှင်တော်တည်းသား၊ မိုးလည်း လေးချက်၊ လေးမျိုး ကြွက်နှင့်၊ သရက် လေးလုံး၊ အိုးရေ့ထုံးသို့၊ တွက်ကျုံး စတု၊ ပုဂ္ဂိုလ်စုတွင်၊ သုံးခု ပယ်မြောက်၊ ကျန် တယောက်မျှ၊ ရွေးကောက် နှစ်လီ၊ အင်ပြည့်ညီသား၊ စုံစီ ဂုဏ်ထူး၊ ကျေးဇူး *ပြောထူ၊ ထိုသသူအား၊ ကြည်ဖြူ နှစ်ခြိုက်၊ လွန်ခြီးထိုက်၏၊ လူနှိုက် ထိုသို့၊ သိနိုင်တို့က၊ မချို့ ပွားစီး၊ အကျိုး *ဖြီးသည်။ ။ ကောင်းခြီး ခေါ်ရမည်ကိုကား။'' (၁၂၄)

(ဤ ၁၁-ပိုဒ်တို့ကား 'နေရောင်ခြည်ပြေး'ချနည်းတို့ချည်း။)

(၂၉၄) သမုဒ် လေးသွယ်၊ လေးရောင်ခြယ်သား၊ ပင်လယ် လေးရပ်၊ လေးပြင် စပ်အောင်၊ မလပ် စက်ရှင်၊ ဘုန်း အောင်မြင်၍့၊ ဝန်းကျင် ပတ်ခွေ၊ လေးကျွန်းမြေနှင့်၊ ရေ ယှိသမျှ၊ တိုက်လောကထက်၊ နေ-လ နှစ်ဆူ၊ ထွက်ပြူ ထွန်းရာ၊ နတ်စကြာတွင်၊ သတ္တဝါဟူဟူ၊ ဦးမည်း-ဖြူတို့၊ မည်သူ မလွတ်၊ ထို ယုတ်-မြတ်ကား၊ မန္ဓာတ်မင့်း ကျွန်၊ မလွန်နိုင်မြောက်၊ ရွှေစက်အောက်နှိုက်၊ လျားမှောက် ညွတ်ပြင်း၊ ဥက္ခောင်း ခင်း၍့၊ စင်းရသည်ချည်း၊ ဖြစ်သတည်းဟူ့၊ *ဝှန်သည်း လူ့ဘော်၊ ခုတိုင် ကျော်သား၊ ဘေးတော် မန္ဓာတ်၊ စကြာနတ်၏့၊ နွယ်မြတ် မျိုးစစ်၊ မြေးတော် မြစ်ဖြင့်၊ အဖြစ်လည်း တူ၊ အမူလည်း မျှ၊ ယွင်း မခွကြောင့်၊ တလောကလုံး၊ သိမ်းကျုံး မကြွင်း၊ အခေါင် ချင်း၍့၊ နင်းအံ့ မှန်စွာ၊ လက္ခဏာနှင့်၊ စကြာမျိုးစေ့၊ ဘုန်းရှိန်*ကြွေ့သည့်၊ အိမ်ရှေ့ သားမောင်၊ ဘ,သည်းခေါင်။ ။ ထောင်လော့ ရွှေနား၊ ခမည်း ကြားပိမ့်၊ ယောက်ျား*တကာ၊ ရှောင်အပ်ရာကို၊ ကျမ်းလာ မယွင်း၊ သိစေလျှင်းတည့်၊ ကိုယ်တွင်း ယုတ်မာ၊ ကိလေသာကား၊ ပညာ သီလ၊ မျိုးနွယ် စသား၊ မြတ်လှ အထူး၊ ဂုဏ်ကျေးဇူးကို၊ ထိမ်မြူး မချွတ်၊ ဖျက်ဆီးတတ်၏၊ မြဲးမှတ် မသွေ၊ မတွေဝေနှင့်၊ သေစေ တရေး၊ လျှာ-မေး ခိုင်မှု၊ ချစ်အောင်ပြုလျှင်း၊ ခံတွင်းကိုယ် ခြောက်၊ ရူး-နောက်စေတတ်၊ ခြောက်ဘုံထွတ်က၊ မိုးနတ် မာရ်မင်း၊ မြား ငါးစင်းလျှင်၊ မကြွင်း ကိုယ်တွင်၊ အမြဲး ထင်သည်၊ ဤလျှင် မိန်းမ၊ ဣတ္ထိယတို့၊ ရူပ သဒ္ဒ၊ ဂန္ဓ ရသာ၊ ဖောဋ္ဌဗ္ဗာဟု၊ ယုတ်မာ မမြတ်၊ ငါးဖြာဓာတ်ကား၊ ဥပဒ် များစွာ၊ ဘေး*တကာ၏့၊ မဟာ*သဟဲး၊ မှန် မလွဲးရှင့်၊ မှီဝဲးသူပေါင်း၊ ဆင်းရဲးကြောင်းတည့်၊ ဆိုးတောင်း မပြတ်၊ နှိပ်စက်တတ်၏၊'' ဟီနတ်ဘာဝ၊ လူ့လောကနှိုက်၊ ကာမသတ္တဝါ၊ ကာမာရမ္မဏ၊ ကာမသဘော၊ ကာမဇောဖြင့်၊ မက်မော ကြူးတုံ၊ ငါးအာရုံနှိုက်၊ ခုံခုံ *မင်မင်၊ သေ-ရှင် မသိ၊ စွတ်ထိ စွတ်ထိုး၊ ထင်တိုင်း တိုးလျက်၊ ပိုးနှင့် မီးလျှံ၊ နှိုင်းစံ *တမျှ၊ တရွရွတိ၊ မောဟအလို၊ အစတိုအောင်၊ ကိုယ်ကို အပြင်း၊ ဒုက္ခတွင်းသို့။။ နစ်ဆင်းခံလိမ့်မည်ကိုသော်ဝ်။'' (၁၂၅)

(၂၉၅) 'ရာဂဟူသည်၊ ယစ်မျိုးရည်သို့၊ မကြည် ယုတ်မာ၊ လွန်ဆိုးစွာ၏၊ သတ္တဝါဟူထ၊ သာမညနှိုက်၊ ဘယ်မျှတစိ၊ ဆိုဘွယ်ယှိအံ့၊ ဗောဓိသတ္တ၊ ဘုရာ့းအလောင်း၊ ရွှေဥဒေါင်းလျှင်၊ မင်းပေါင်း ခြောက်ဆက်၊ ကြံလျက် ဖမ်းငှါ၊ မတတ်ရာလည်း၊ မာယာ ဆောင်ပြ၊ ဥဒေါင်းမနှိုက်၊ ရာဂ လိုဆိုး၊ အိပ်ရာနိုးသို့၊ *ထိုးကျင့် ပြင်းစွာ၊ တပ်ခြင်းရာဖြင့်၊ ယုတ်မာ ညစ်တေ၊ ဤကိလေကြောင့်၊ ဥဒေတယံ၊ ဂါထာပျံကို၊ မအံ-ရွတ်မိ၊ သတိ ချွတ်ယွင်း၊ ညွတ်မိလျှင်း၏၊'' ''မျိုးချင်း မတူ၊ အမူ တရံ၊ မဆံနိုင်စောက်၊ ဆင်ပေါက်တစီး၊ စားနိုင် ကြီးလျက်၊ ကောက်သီး နယ်ဘိ၊ တလင်း*ရှိမျှ၊ ကုဠိရခေါ်၊ အိုင်နှိုက် ပျော်သည့်၊ အကျော်တသီး၊ ဗုဇွန်ကြီးလည်း၊ တွတ်တီး တွတ်တာ၊ မာယာ ပျောင်းပျ၊ တောင်းပန် ခ,သား၊ ဆင်မအသံ၊ တညံညံကို၊ နာခံ မေ့လျော့၊ အညှပ် လျော့၍့၊ ကျော့ထက် ဆင်မင်း၊ နင်း၍့ ကြေမွ၊ ပျက်သေရ၏၊'' မုချ မှန်ဘိ၊ သား*မွန် သိလော့၊ ''ဣတ္ထိရူပ၊ သဒ္ဒ စသား၊ ဂန္ဓ ရသာ၊ ဖောဋ္ဌဗ္ဗာဟု၊ ငါးဖြာ အပုံ၊ ဤအာရုံကား၊ မြှေးထုံ မောဟ၊ ဤလောကနှိုက်၊ ရာဂ မကင်း၊ ကိုယ်တွင်း မဆိတ်၊ ယောက်ျာ့းစိတ်ကို၊ မပိတ်ဆို့နိုင်၊ ယိမ်းယိုင် ကိုယ်လုံး၊ ကျုံး၍့ပစ်သို့၊ ပြစ်ပြစ် ကုန်စင်၊ မွေ မမြင်အောင်၊ ဆင်ခြင်ဉာဏ် ကင်း၊ မကြွင်းစေကြောင်း၊ စိတ်ကောင်း ဟူသမျှ၊ ပြုန်းပြုန်းကျ၏၊'' ''မိန်းမတို့လည်း၊ ထို့နည်းအတူ၊ ယောက်ျားဟူလျှင်၊ သည်းအူ လှိုက်ဖို၊ ပျက်ပြို စိတ်ကောင်း၊ ပြောင်း၍့ ရုန့်ရင်း၊ ကိုယ့်အတွင်းဝယ်၊ အတင်း ဝင်ရိုက်၊ ဓားပြတိုက်သို့၊ တုန်ယိုက် ရိုးရွ၊ အုန်းအုန်းထ၏၊ ယောက်ျာ့း ဆင်း-သံ၊ တရံ ခဏ၊ မြင်-ကြားရသော်၊ မိန်းမတို့ဓာတ်၊ မမှတ်နိုင်ဘိ၊ ဝေ မသိဘူး၊'' ''ဂုတ္တိလောင်းချစ်၊ စောင်းသံ ယစ်၍့၊ ဘွင့်လှစ်ထားမြောက်၊ လေသောက် ဟင်းလင်း၊ ပြူ*ပြတင်းက၊ ခုန်ဆင်း ထွက်လာ၊ ပြည့်တန်ဆာလျှင်၊ မြေမှာလည်း ကျ၊ သေဆုံးစွတည့်၊ မှန်လှသို့လျှင်၊ လူတွင် ယုတ်မာ၊ ကိလေသာကား၊ လွန်စွာ ဆိုးဝါး၊ မွှေ ချောက်ချား၍့၊ စီးပွား*မဲ့မျိုး၊ ကိုယ့်ကျိုး ဆုတ်နစ်၊ ပျက်ကြောင်းဖြစ်၏၊'' စင်စစ် မှတ်ဆောင်၊ ငါ့သားမောင်လည်း၊ ''ဆင်းရောင် လွန်ငြား၊ လူချစ်များနှင့်၊ သူ့မယား တထွေ၊ ကချေတတ်စွာ၊ ဥစ္စာလိုဘိ၊ ဣတ္ထိ ငါးမျိုး၊ အတွင်းဆိုးကို၊ မြတ်နိုး အမြဲး၊ မမှီဝဲးနှင့်၊ ကြဉ်*ဖဲး ခွါဆုတ်၊ ဘုန်း မိတ်တုတ်၍့၊ ဘုန်းယုတ် ကံညှိုး၊ ဘုန်း မတိုးသည်။။ ဘုန်း*ခြိုးခြံလိမ့်မည်ကိုသောဝ်။'' (၁၂၆)

(၂၉၆) ဘုန်းညှိုး ကံယုတ်၊ သဘော ဟုတ်စွ၊ မျက်သုတ်ပုဆိုး၊ စာရေမျိုးနှင့်၊ အမိုး အကာ၊ မွေ့ရာ ဘုံပြန့်၊ ပန်တော်ပန့်တွင်၊ မသန့် မသက်၊ မိန်းမပျက်တို့၊ ရောရှက် ကျွမ်းဝင်၊ ပြုတတ်ချင်၏၊ မှဲ့ရှင် ပျောက်ဆုံး၊ ညာလက်ရုံးကို၊ အုံးစေမိလျှင်း၊ ထိုသည့်မင်းတို့၊ ညံ့ဖျင်း ဘုန်းပြယ်၊ တန်းခိုး ကွယ်ရှင့်၊'' အကယ် မှန်လှ၊ ထိုကြောင်းစကြောင့်၊ 'ဝံသအရိုး၊ အမျိုး အနွယ်၊ စင်ကြယ် *တမင့်၊ မြတ်လင့်*ကစား၊ ပတ္တမြားစစ်တွင်၊ ဂေါ် မစင်နှင့်၊ စိန်ပင် ဟုတ်လည်း၊ ခလုတ် တောစာ၊ ငယ်နာ ကြောင်မွေး၊ ပြစ်ဝေး မရှင်း၊ မလွတ်ကင်းက၊ မင်း မသုံးရ၊ ဟူစကြသို့၊ မိန်းမမည်ကာ၊ ကျင့် ယုတ်မာနှင့်၊ မေတ္တာ ဆက်ဆံ၊ သက် မနှံရာ၊ ဆိုမိန့်မှာ၏၊'' တဖြာ ထိုမှ၊ *စောလောင်းလှလျှင်၊ ဆုံးမ အသင့်၊ ရွှေဉာဏ် ဘွင့်၏၊ လူမင့်း ဘုန်းရောင်၊ နေ့နှယ်ပြောင်လည်း၊ ကျင့်ဆောင် ယုတ်-မြတ်၊ မမူတတ်ဘူး၊ ယွင်းချွတ် သမ္မာ၊ ပညာ*မဲ့ငြား၊ ရွှေတောင်ဖျား ထက်၊ နားသည့် ကျီးသွင်၊ ဖြစ်ကျင်တုံဘိ၊ ဂုဏ် မယှိတည့်၊ သိရီ့နတ်မယ်၊ မိဘုန်းကြွယ်ကို၊ ရှေးဝယ် သူတော်၊ ပဏ္ဍိတ်ကျော်တို့၊ မလျော် ဓမ္မ၊ စာရိတ္တဖြင့်၊ ဟီန ဥက္ကဌ်၊ ယုတ်-မြတ် မသိ၊ ဇာတိ မျိုးနွယ်၊ ရွေးခြယ်မမူ၊ မိုက်ကာန်းဟူ၏၊ မည်သူမဆို၊ ကြည်ညို တွေ့ရာ၊ မယ်သဒ္ဓါလည်း၊ ကြားကာ ယုံတတ်၊ မြဲး မမှတ်ဘူး၊ မိနတ် အာသာ၊ ဟူသည်မှာကား၊ လိုရာလိုက်မျိုး၊ မုသားအိုးဟု၊ မြတ်နိုး မယှိ၊ ပယ်ကုန်ဘိလျက်၊ ဇာတိ ဝယ၊ စသည် လေးအင်၊ ကိုယ်နှိုက် တင်၍့၊ ဆင်ခြင် မျှော်ရှု၊ မကောင်းမှုကို၊ မပြု ရှက်တတ်၊ ဂုဏ် ထူးမြတ်သား၊ စောနတ် နှောင်းငယ်၊ ဟီရိမယ်မှ၊ လူဝယ် နတ်ရပ်၊ ကုသိုလ် ကပ်ဟု၊ တင့်အပ် နေရာ၊ နတ်သုဓာကို၊ ကောင်းစွာ မကြွင်း၊ ပေး ဆောက်နှင်း၏၊ သားမင်း ဉာဏ်ရင့်၊ ပန့်းနှယ် ပွင့်လော့၊ ဘုန်းနှင့် သဒ္ဓါ၊ သက်သက်သာမူ၊ ဂုဏ်ဝါ အကျိုး၊ မယှိနိုးဘူး၊ နွမ်းညှိုး ညံ့ယုတ်၊ လ,နှယ် ဆုတ်၏၊ အဟုတ် ထိုကြောင့်၊ မဖြောင့် ထဲးသို၊ အမြင် တိုနှင့်၊ အလို ယုတ်မာ၊ ပညာ*မဲ့ဘိ၊ ဟိရီ့ မကပ်၊ ဩတ္တပ် ကင်းပ၊ ထိုမိန်းမတို့၊ ပါပစိတ္တ၊ စာရ ချွတ်တိမ်း၊ ကြံ *ပလိမ်း၍့။ ။ ကျင့်စိမ်း *ဆွံလိမ့်မည်ကိုသောဝ်။ (၁၂၇)

(၂၉၇) 'သမုဒ် ဗြာဟ္မဏ၊ မင်း မိန်းမဟု၊ အားရ ဆုံးတိုင်၊ မပြည့်နိုင်ရိုး၊ လေးမျိုးတို့တွင်၊ တပါး ဝင်သည့်၊ အကြင် မိန်းမ၊ ဣတ္ထိယတို့၊ အဋ္ဌပတိ၊ ရှစ်လင် ယှိလည်း၊ လွန်ဘိ ပိုမို၊ ကိုးယောက်ကိုလျှင်၊ အလိုယှိမြဲး၊ လို ပြည့်ခဲး၏၊'' ''လင်မွဲး လင်နာ၊ လင်သုရာကြိုက်၊ လင်မိုက် လင်ဖျင်း၊ လင်ပျင်း လင်အို၊ အလို မဖြည့်၊ မပြည့် ဆန္ဒ၊ ယှိတုံကလျှင်၊ မိန်းမဟူသည်၊ ဤရှစ်မည်ကြောင့်၊ မကြည် မသာ၊ အနာဒရ၊ ပြုတတ်စွရှင့်၊'' ''မလှ စိတ်ထား၊ မောဟအားဖြင့်၊ ယောက်ျားတို့မှာ၊ ဥစ္စာတစိ၊ မယှိ မခင်၊ ယှိ သခင်တည့်၊ လူ့ခွင်ဌာန၊ လူ့လောကနှိုက်၊ ကာမဘောဂီ၊ လောကီဘုံသား၊ လူယောက်ျားတို့၊ မယားဟူဘိ၊ ထိုဣတ္ထိနှင့်၊ မယှိ မကောင်း၊ ယှိ မကောင်းဘဲ၊ မပေါင်းလည်း ခက်၊ ပေါင်းလည်း ခက်၏၊ စစ်တက် ယောက်ျား၊ မြွေသမားနှင့်၊ ရေသွား ခရီး၊ ဆင်စီး*တမျှ၊ စိတ်က ဘယ်ခါ၊ မချရာတည့်၊'' ''သဘာဝ ဆိုး၊ မိန်းမမျိုးတို့၊ အရိုး နည်းပါး၊ အကောက် များ၏၊ သား တရာမြင်၊ လင် တထောင်ကျ၊ စိတ် မချဘူး၊ မိန်းမတို့ငြမ်း၊ သဘောတမ်းဖြင့်၊ ညစ်ညမ်း ယုတ်မာ၊ ကြီး ဣစ္ဆာနှင့်၊ အာသာ *ရမ္မက်၊ မျက်သက် ပြင်းထန်၊ စိတ်မာန် *ဝှန်သည်း၊ စောင့်စည်း *မဲ့ငြား၊ အဘောက် များ၏၊'' ''မယားဟူသည်၊ ဤလူ့ပြည်ဝယ်၊ မကြည် စိတ်က၊ ဒေါသ ငြူစူ၊ အပြစ်မူသော်၊ ရန်သူကြီးစစ်၊ ဖြစ်သော့အလား၊ လွန် မုန်းထား၍့၊ စိမ်းကား ရက်စက်၊ အပျက်သာမျှ၊ ပြုတတ်ကြ၏၊'' 'အက္ခဏဝေဓိ၊ တတ်ခေါင်ထိသား၊ လေးကြီ့းအရာ၊ လိမ္မာ လေ့ကျက်၊ လျှပ်တပြက်တွင်၊ အဆက် အဆက်၊ ခုနစ်ချက်နှင့်၊ ရှစ်ချက် လျင်လျား၊ ပစ်နိုင်အားသည့်၊ ယောက်ျားတို့လျက်၊ တချက် လွှတ်လျှင်း၊ မြား တစင်းသာ၊ နှစ်စင်း ပူးပြိုင်၊ မလွှတ်နိုင်ကြ၊ မိန်းမတို့မှာ၊ ရူပ သဒ္ဒ၊ ဂန္ဓ ရသာ၊ ဖောဋ္ဌဗ္ဗဟု၊ ကိလေသာရုံ၊ ဆိတ်ပုံ ငါးစင်း၊ တချက်ချင်းဖြင့်၊ မကင်း ရာဂ၊ ပုရိသကို၊ ကျန်ရ မ*ဟဲ့၊ ကြွင်း*မဲ့ မရှောင်၊ ကုန်အောင် တပြိုင်၊ ရွယ်ဆိုင် ခဏ၊ ပစ်နိုင်ကြ၏၊'' ''ဘာဝကိစ္စ၊ ထိုမိန်းမတို့၊ ကာမဝတ္ထု၊ အစု ငါးပုံ၊ လိုမျိုး စုံအောင်၊ အာရုံ ငါးပါး၊ ကျင်းပ ထားပြီး၊ ယောက်ျားတို့ကို၊ အလို သွေးဆောင်၊ တွေ့တိုင်း လှောင်၍့၊ ရအောင် ဘန်းပြ၊ ရစ်နိုင်ကြ၏၊'' 'လောက ဓမ္မတာ၊ ပျော်မြူးရာလည်း၊ ကာမာရတိ၊ မြူ့နှယ်ကျိရှင့်၊ လောကီ့ စည်းစိမ်၊ *ဘင်ပုပ်အိမ်သို့၊ ကြိမ်ကြိမ် များစွာ၊ မသွားရာဘူး၊ ကိလေသာဆိုး၊ အယုတ်မျိုးတည့်၊ တန်းခိုး သတင်း၊ ကောင်းကျိုး ဖျင်း၍့။ ။ ပျက်ယွင်း *ယွံလိမ့်မည်ကိုသောဝ်။'' (၁၂၈)

(၂၉၈) 'ကိလေ ယုတ်မာ၊ ဓမ္မတာနှိုက်၊ အာသာ *ငက်ငက်၊ ကြီး*ရမ္မက်နှင့်၊ ကလက် *ကလိန်း၊ ဉာဏ် မထိန်းဘဲး၊ မိန်းမနိုင်ငံ၊ ဆက်ဆံ ယစ်မူး၊ အလိုက် ကြူးက၊ ညစ်ညူး ဆိုးရွား၊ အပြစ် များ၏၊'' ချစ်သား လည်ရွဲး၊ ဝမ်းဝယ် စွဲးလော့၊ ''စိန်ကဲး ရွှေကဲး၊ ဤနှစ်ကဲး ထက်၊ မိန်းမကဲးခက်၊ လွန် ခဲးကတ်၏၊ ယုတ်-မြတ် ကောင်း-ဆိုး၊ ဖြောင့်ရိုးကိစ္စ၊ သဘာဝဖြင့်၊ မိန်းမအလို၊ သဘောကိုလျှင်၊ ထဲးသို ပိုက်ထား၊ ရေနှိုက် ငါးသို့၊ ထင်ရှား ဘယ်ခါ၊ မသိရာဘူး၊'' ''ကျမ်းလာ အယှိ၊ နီတိဆိုရိုး၊ မယားဆိုးနှင့်၊ ကျွန်ဆိုးဟူဘိ၊ မြွေယှိအရပ်၊ ယှဉ်စပ်နေသူ၊ သေပြီးလူဟု၊ စွဲးယူ စိတ်က၊ ဧကန္တဖြင့်၊ မုချ မြဲးမြံ၊ န သံသယတ်၊ မချွတ် မှတ်တည့်၊ သူသတ် မထူး၊ ထောင်မှူးအတူ၊ မဖြူ စိတ်လက်၊ ဝမ်းတွင်း မျက်က၊ အသက်ကို သတ်၊ ပြစ်မှားတတ်၏၊'' ဆတ်ဆတ် အပြီး၊ ''ရှေး *အတီးက၊ မရီးနှင့် မတ်၊ လင်ကို သတ်သည်၊ လေးဇာတ် တိုင်တိုင်၊ မခိုင် နှလုံး၊ မသုံး သစ္စာ၊ မိ*ဥပါသို့၊ မေတ္တာ မမြဲး၊ သွေ ဘောက်လွဲး၍့၊ ဝမ်းထဲး ကြံခိုး၊ ဖြောင့် မရိုးဘူး၊ လိုဆိုး မဝ၊ ကြီး ဆန္ဒနှင့်၊ မိန်းမတို့အား၊ မြော်မြင်ပွား၏၊'' ''တရား မသိ၊ ဣတ္ထိ *တန်ထွာ၊ ဓမ္မတာဖြင့်၊ လင်ကွာ လင်သေ၊ ကိုယ်နေ ပျက်ပြီး၊ မိန်းမကြီးတို့၊ နပ်ပြီးကုန်ကြ၊ လူ့ဘာဝနှိုက်၊ ကိစ္စ သတ္တိ၊ လက်စဉ်း သိ၍့၊ ဟိရီ့ ဩတ္တပ်၊ မကပ် ကြောက်-ရှက်၊ တလင်း တက်၏၊ အသက် နုနယ်၊ အရွယ်ရောက်ထ၊ ပျံသင်စက၊ ဟိုင်းမ ပျိုသိုး၊ မိန်းမမျိုးမူ၊ *ဒီတိုးသော့လား၊ ရေငတ်နွားနှင့်၊ နာဖျား ပျောက်စ၊ နာလံထသို့၊ ငတ်လှ ချင်ချင်၊ အိမ်မြှောင် မြင်လည်း၊ စားချင် ငင်းငင်း၊ အာသာ ပြင်းသို့၊ အူတွင်းက ယား၊ ယောက်ျားအလို၊ လူမဆိုသေး၊ ခွေးကိုသော်မျှ၊ ကပ်တတ်ကြဟု၊ ကျမ်းပြ မိန့်မှာ၊ ထင်ရှားစွာလျက်၊ ကိလေသာဓာတ်၊ စိတ္တုပ္ပါဒ်ဖြင့်၊ ဖျတ်ဖျတ် ထဲးမွေ၊ သစ်ရွက်ကြွေနှင့်၊ လေကိုပင်လျှင်၊ လုပ်လုပ် ထင်တိုင်း၊ မြူးရွှင် *ရမ္မက်၊ ကနင်း ဘက်၏၊'' ဆက်ဆက် မှန်လှ၊ ဤလောကနှိုက်၊ မိန်းမတို့ကို၊ ထိုထို တပါး၊ မဆံငြားအောင်၊ ယောက်ျား *တကာ၊ စောင့်ပါ ပိုင်ပိုင်၊ မလုံနိုင်လျှင်း၊ ဘောက်ကြ ယွင်းခဲ့၊ ငှက်မင်း သုပဏ္ဏ၊ ဂရုဠှတိ၊ သေဒုမကျွန်း၊ ပင်လယ်ဝန်းလျက်၊ ရေပန်းပတ်လည်၊ ဂဠုန့်ပြည်တွင်၊ လက်ပံပင်ဝယ်၊ ထား-တင် အသီး၊ ကိုယ်တီး စံမော၊ ဘော် မနှောဘဲး၊ သုယောနန္ဒီ၊ ဒေဝီ နတ်မျှ၊ မဟေရလျှင်၊ သဂ္ဂ စောင်းသမား၊ ကျွန်ယောက်ျားနှင့်၊ တွေ့ငြား နှစ်ဘော်၊ မြူးပျော် ကာမ၊ မလွတ်ကြဘူး၊'' ''ယက္ခ မည်ထူး၊ တောမြိုင်ဦးဝယ်၊ ဘီလူး ဒါနောဝ်၊ သဘော ခဲးအင်၊ သူ မမြင်အောင်၊ ကြုတ်တွင် သွင်းသို၊ ဝမ်းတွင်း မျိုလည်း၊ ဝိဇ္ဇာဓိုရ်ယောက်ျား၊ ကောင်းကင်သွားနှင့်၊ အမှား ကိစ္စ၊ မလွတ်ကြဘူး၊ ဝဋ်မှ ထွက်ကြောင်း၊ ဆုမတောင်းသည့်၊ အပေါင်း ထိုမျှ၊ မိန်းမ*တကာ၊ ကိလေသာဖြင့်၊ ဓမ္မတာမျိုး၊ လိုဆိုး ဝိတက်၊ အတွင်း ပျက်၏၊'' ''*ရမ္မက်သဘော၊ စရိုက် *ပြောလျက်၊ မိုက်ဇော ထောင်ကြွ၊ မှောင့်နှယ် ကျ၍့၊ မာန ကြီးမား၊ တက်သောအားလည်း၊ ယောက်ျားပေါ်မှာ၊ တကြော သာခဲ့၊ စကြာမင်းစစ်၊ ဖြစ်လင့်*တပဲး၊ ဝမ်းထဲး တစိ၊ တပ်မှန်း သိက၊ မိမိ ခြေအောက်၊ ကျွန်သဘောက်မျှ၊ သို့လောက် ထင်ငြား၊ မလောက်*လားဘူး၊ ခံ့ညား*မဲ့-ဝေး၊ အမြင် သေး၍့၊ မိုက်သွေး လျှံလိမ့်မည်ကိုသောဝ်။'' (၁၂၉)

(၂၉၉) 'မိုက်သွေး တက်လျှံ၊ မိန်းမသျှံကား၊ သယမ္ဗရာ၊ လင်ကို ရှာ၍့၊ လိုရာ လိုက်စား၊ *ရမ္မက်အားဖြင့်၊ တရား မဘက်၊ အရှက် *မဲ့ဝေး၊ ကိုယ်ကို မွေး၏၊ ဟုတ်လေး *တမက်၊ လို မပြတ်ဘူး၊ မျိုးဇာတ် ဓမ္မတာ၊ ပညာ ကင်းထ၊ ထိုမိန်းမတို့၊ မောဟအလို၊ လူကို ယုတ်-မြတ်၊ မသိတတ်ဘူး၊ အမှတ်မယှိ၊ ထင်မိ ထင်ရာ၊ လိုက်တတ်စွာ၏၊'' ''ရှေးခါ *အတီး၊ ဌေ့းသမီးလျက်၊ နွားကြီး ဥသဘ၊ ဂေါဝိန္ဒအား၊ များလှထိုထို၊ လူ*ဗိုလ်*ခပင်း၊ ပူဇော်ခြင်းကြောင့်၊ လူချင်း မတူ၊ လူမည်ရုံမျှ၊ ဟီနအင်္ဂါ၊ ဆိုးယုတ်မာနှင့်၊ လူရာမဝင်၊ ကျောတွင် မို့မို့၊ နွားလားသို့တိ၊ လဘို့ တူ*နှုန်း၊ လူခါးကုန်းကို၊ ဘုန်းကြီးသသူ၊ လူဥသဘ၊ လွန်မြတ်စွဟု၊ စိတ်က မှတ်ယုံ၊ လိုက်သွားတုံ၏၊'' ''အာရုံ အထူး၊ တဦးဦးနှင့်၊ ယှဉ်ပူး ဘယ်ရွေ့၊ မတွေ့၍့သာ၊ အိမ်ရာ တည်ကျ၊ နေကုန်ကြရှင့်၊'' 'မိန်းမအလို၊ သဘော ဆိုမူ၊ ကိုယ်ကို အမြတ်၊ မစောင့်တတ်ဘူး၊ ဇာတ်လေ့ ဓာတ်လေ့၊ ပြကတေ့တိုင်း၊ တွေ့သာ တွေ့စေ၊ မနေ မုချ၊ ဘောက်ပြန်ကြ၏၊'' ''မိန်းမ*တန်ထွာ၊ ဓမ္မတာလည်း၊ ကုမာရီရွယ်၊ အငယ်ကာလ၊ မိဘ စောင့်ရှောက်၊ ရွယ်ရောက် အိမ့်ရှင်၊ ဖြစ်ခဲ့ကျင်သော်၊ လင်လျှင် မကင်း၊ စောင့်ကြလျှင်း၏၊ အိုမင်းတုံငြား၊ သားတို့ စောင့်ကြ၊ မိန်းမတို့ချည်း၊ ကိုယ်တည်း ဘယ်ခါ၊ မတည်ရာဘူး၊ တည်ပါတုံလျှင်း၊ အစောင့် ကင်းက၊ မြင်း ကြိုးကျွတ်သို့၊ ပေါက်လွှတ် ကျက်စား၊ ထင်ရာ သွားလိမ့်၊'' ''တရား*မဲ့ဘိ၊ အသိ *မဲ့စွာ၊ ကင်း သမာဖြင့်၊ ကိုယ်မှာ လိမ်းဆောင်၊ နနွင်းရောင်လောက်၊ ကြာအောင် အရှည်၊ စိတ် မတည်ဘူး၊ လော်လည် အမြဲး၊ ဘောက်လဲး မပြတ်၊ ပျက်လွယ်တတ်၏၊'' မှတ်လော့ ငါ့သား၊ မယုံမှားနှင့်၊ ''ထင်ရှား ရှေးဟို၊ တက္ကသိုလ်က၊ ဆရာ့သမီး၊ ခိုးသူကြီးကို၊ အနီး ခဏ၊ မြင်ကာမျှဖြင့်၊ လောဘ တပ်လျက်၊ ခိုးမှူးလက်နှိုက်၊ သန်လျက်ရိုးထား၊ ကမ်းလိုက်ငြား၍့၊ ယောက်ျားဇာနည်၊ လက်ရုံးရည်နှင့်၊ ဆွေ*သည် သက်စု၊ စံ မတုအောင်၊ ဓနုသိပ္ပ၊ တတ်ခေါင်လှသား၊ မွေးဘ ဆောက်နှင်း၊ လင်ရင်းကို သတ်၊ မမြတ် အလို၊ အမြင် တိုခဲ့၊ ထိုဣတ္ထိယ၊ ဝင်္ကန္တကို၊ နတ်မျှ ပိုင်ပိုင်၊ မသိနိုင်ဘူး၊ တထိုင်တည်းနှိုက်၊ ဆယ်နည်း မက၊ ဘောက်ပြန်ကြ၏၊'' ''မိန်းမဟူငြား၊ သဘောအားဖြင့်၊ ယောက်ျား*တကာ၊ ဆက်ဆံရာကြောင့်၊ ပမာ မယွင်း၊ လှေနှင့် မြင်းသို့၊ စီနင်းသူ့နောက်၊ ကောက်ကောက်ချည်းသာ၊ ဆောင်ရာပါရှင့်၊ မိစ္ဆာစာရ၊ ကျင့် ပါပလည်း၊ မိန်းမအလေ့၊ ပျောက် မမေ့တည့်၊'' မတွေ့ တမူ၊ ''ပန်းထိမ်ဟူက၊ တအူ တုံ့ဆင်း၊ နှမရင်းနှင့်၊ ညီရင်း ဥစ္စာ၊ ဖြစ်စေကာတိ၊ မညှာ ယုတ်-မြတ်၊ ခိုးယူတတ်သို့၊ မျိုးဇာတ် ဓမ္မတာ၊ များကြစွာ၏၊'' ''ကိလေသာဇော၊ မက်မော လိုလား၊ လိုက်သော့အားဖြင့်၊ ရည်းစား တထောင်၊ လင်တကောင်ဟု၊ လူ့ဘောင် ဆိုရိုး၊ *မော်ကွန်းထိုးရှင့်၊ အမျိုး မမှန်၊ မိန်းမတန်တို့၊ ဘောက်ပြန် သွေယိမ်း၊ သူခပ်သိမ်းနှင့်။။ *ပလိမ်းကျံလိမ့်မည်ကိုသောဝ်။ (၁၃၀)

(၃၀၀) ''''*ပလိမ်းပကျံ၊ မတော် ကြံဖြင့်၊ တရံ မချ၊ ပုရိသထက်၊ မိန်းမဆန္ဒ၊ တပ် လောဘကား၊ ရှစ်ဆ လွန်မြတ်၊ အားထုတ်တတ်၏၊'' 'လနတ် နေနတ်၊ လေးကျွန်းပတ်နှင့်၊ မြေဓာတ် ဝသုန်၊ ရိုက်တုန် စောင်းထောင်၊ ယှိအောင် ထန်ပြင်း၊ ဘန်ဆင်းနိုင်လေ့၊ ဘိညာဉ်*ကြွေ့သည်၊ ရသေ့ ပုဏ္ဏား၊ တန်းခိုးအားထက်၊ တက်ပွား ဆဆ၊ ဤလောကနှိုက်၊ မိန်းမတို့အား၊ လွန်ကြီးမားဟု၊ ထင်ရှား ဆတ်ဆတ်၊ ကျမ်းလာ မှတ်၏၊'' သည်းပွတ် ရတနာ၊ ကိလေသာဖြင့်၊ ယုတ်မာ ဖျင်း*သုန်၊ ကာမဂုဏ်နှိုက်၊ မေထုန် လိုက်ကြူး၊ မိုက်မမူးနှင့်၊ ''မုန်ရူး ယစ်ဝေ၊ တောနေ ပေါက်ထီး၊ ဆင်*ပြောင်ကြီးကို၊ ရပ်သီး ကွားခြား၊ တောမြိုင်ဖျားက၊ အောက်မား သွေးဆောင်၊ ကျုံးတွင်း လှောင်၏၊ လူ့ဘောင် ဒုက္ခ၊ *တွင်းဆုံး ကျအောင်၊ အောက်မာ့း အတူ၊ မိန်းမဟူသည်၊ သွေးမြူ ဆောင်ပတ်၊ လှည့်ဖြားတတ်၏၊'' ''နတ်သမီးစစ်၊ ဘုံ ကသစ်က၊ ဒေဝစ္ဆရာ၊ လမ္ဗုသာလျှင်၊ လူ့ရွာဌာန၊ လူ့ဒေသနှိုက်၊ မိန်းမယှိဟု၊ မသိ မထင်၊ မမြင်ဖူးရှာ၊ ကျင့်ထူးစွာကြောင့်၊ ဣန္ဒာနတ်ကြီး၊ ကြက်သီး *ဝှန်းဖြိုး၊ ဖိန့်ဖိန့်နိုးအောင်၊ တန်းခိုး ဣဒ္ဓိ၊ ကြီးဘိ တေဇာ၊ ငါးဘိညာနှင့်၊ တောမှာ မြဲးပင်၊ နေကျင် နိစ္စ၊ သမင်မက၊ ဘွားထ တုံလတ်၊ ရသေ့မြတ်အား၊ နတ်၏့ရူပ၊ မိန်းမမာယာ၊ ပြု၍့သာလျှင်၊ ပိုက်ကာ ချီမွေ့၊ နတ်ကိုယ်တွေ့ဖြင့်၊ ရင်ငွေ့ သွင်းထား၊ ဈာန် ပျက်ပြားလျက်၊ တရား လွတ်ကွာ၊ သုံးနှစ် ကြာအောင်၊ သညာ ကင်းကွေ၊ နစ်မူးစေ၏၊'' တထွေ ထို့တူ၊ ဆန်းအမူနှင့်၊ ''နန်းသူ အပလီ၊ နိလိနီလည်း၊ ပီပီ မသိ၊ ရှင်ဣသိအား၊ ဣတ္ထိလိင်္ဂ၊ ရုပ်ဘာဝဖြင့်၊ မိန်းမတို့ဇာတ်၊ အဋ္ဌုပ္ပတ်ကို၊ ပြလတ် ထင်စွာ၊ ဝံကိုက်နာဟု၊ ဝါစာ ဆန်းပြား၊ မုသား ကြံစည်၊ လိမ်လည်သမှု၊ ပြောဆိုပြုလျက်၊ ဆေးကုခိုင်းကာ၊ မာယာ လှည့်ပတ်၊ ဈာန်ကြိုး ဖြတ်၍့၊ လူ့ဇာတ်သွင်းထွေ၊ ညစ်ညူးစေ၏၊'' ''ကိလေကိစ္စ၊ ထိုမိန်းမတို့၊ ဖြောင်းဖျ မာယာ၊ ကျင့် ယုတ်မာကို၊ ပညာ မနူး၊ ကြိုက် မရူးနှင့်၊ အထူး သတိ၊ သား*မွန် သိလော့၊'' ''ဇာတိဓမ္မ၊ ဘာဝတရား၊ မိန်းမများကား၊ ယောက်ျားတို့ကို၊ အလိုသွေးရာ၊ မပါသေးခင်၊ ကျွမ်းမဝင်မီ၊ ခင်မင် မရဲး၊ ဘ,ထက် ကဲးအောင်၊ *ဘက်လဲးတကင်း၊ ပြုတတ်လျှင်း၏၊ လက်တွင်းပါငြား၊ လင်ယောက်ျားအား၊ နွားနှင့် တရှိ၊ ထင်မှတ်ဘိ၏၊ ဣတ္ထိထူးတွင်း၊ သံခြေချင်းနှိုက်၊ ကျုံးတွင်း ဝင်မိ၊ ဆင် ဟတ္ထိသို့၊ မချိ ပူဆာ၊ ပြင်းစွာ ဝေမူး၊ ဒုက္ခ ဆူးလျက်၊ ကျေးဇူး ပျက်ယွင်း၊ ဂုဏ်နံ့ ကင်း၍့။ ။ သတင်း နံလိမ့်မည်ကိုသောဝ်။'' (၁၃၁)

(၃၀၁) မိန်းမတို့မှာ၊ ဓမ္မတာဖြင့်၊ အဇ္ဈာစာရ၊ စာရိတ္တတည့်၊ ပုရိသအသွင်၊ မိမိလင်နှင့်၊ ပြင်ပ တခြား၊ ယောက်ျားတွေ့ခါ၊ ကိလေသာ၏့၊ ခြင်းရာ ပြယာယ်၊ စနက်သွယ်သို့၊ စမ္ပယ်*ယုယ၊ ကျင်းပ ဟန်ယူ၊ အမူ ကိုယ်လုံး၊ မြင်သူ နုံးမျှ၊ ချိုပြုံး ရွှင်ပျ၊ ချီ မျက်စနှင့်၊ သီ-က-ရယ်-ငို၊ ကိုယ်ကို ညွတ်ခြင်း၊ ခံတွင်း ဟဘွင့်၊ သံလွှင့် ဟစ်အော်၊ သွားဘော် လျာထုတ်၊ ခြေချုပ် ခြေ-လက်၊ လျှိုဝှက်အပ်ရာ၊ ကိုယ်အင်္ဂါကို၊ လှစ်ကာ ပြဆောင်၊ ယှက်ယောင် မဲ့ယွဲ့၊ မူ နွဲ့ရွဲ့လျက်၊ ကဲ့ရဲ့ ခြီးမွမ်း၊ နှုတ်ခမ်း ကိုက်ငုံ၊ ခြုံရုံ ဘွင့်-ဖုံး၊ ဆံထုံး ဖြေလွှတ်၊ ကိုယ်ဝတ် ချွတ်ပြင်၊ တွင်းဝင် ပြင်ထွက်၊ အောက်-ထက် တက်-ဆင်း၊ ကြည့်ခြင်း *တူရူ၊ စောင်း-စူ မျက်ငြိုး၊ စိတ်ဆိုးဟန်လုပ်၊ ခါးကို လှုပ်နှင့်၊ နမ်းရှုပ် ချီချ၊ ဤသို့ စသား၊ မိန်းမမာယာ၊ ကျမ်းနှိုက်လာသား၊ သိင်္ဂါရသ၊ သမ္ဘောဂ၏့၊ ဖလနုဘော်၊ လေးဆယ်ကျော်ဖြင့်၊ သွေးခေါ် မတည်၊ လော်လည် မပြတ်၊ လို မမြတ်ဘဲး၊ လှည့်ပတ်ကိစ္စ၊ ပြုတတ်ကြ၏၊'' ''ရာဂနတ် ဖမ်း၊ ယောက်ျားနှမ်းတို့၊ ကျင့်သွမ်း ယုတ်မာ၊ ကိလေသာဖြင့်၊ လွန်စွာ မက်၍့၊ နှစ်သက် မဝ၊ မိန်းမနိုင်ငံ၊ ပိုးဖလံနှင့်၊ မီးလျှံ*တမျှ၊ လိုက်မှားကြ၏၊'' ''မိန်းမအာရုံ၊ လိုက်မှားတုံမူ၊ ထိုသသူကား၊ ရှင်-လူ *ခပင်း၊ မင်း ဆင်းရဲးသား၊ မဟူငြားဘူ့း၊ ငါးမိုက် ဗာလ၊ လောဘအလို၊ သံမျှား မျိုသို့၊ ဤကိုယ် ချမ်းသာ၊ မရရာရှင့်၊'' ''ရှေးခါကသော်၊ တောပျော် သိမ်မွေ့၊ ရသေ့သမီး၊ နတ်နီး ဆင်းဝါ၊ အာသင်္ကာဟု၊ ကြာသန္ဓေဇာတ်၊ ထိုမိနတ်ကြောင့်၊ ဗြဟ္မဒတ်မင်းကြီး၊ ပျက်စီး *ဗိုလ်ပါ၊ သုံးနှစ် ကြာအောင်၊ *ဟေမာ တောတွင်၊ *ငြိုငြင် ဒုက္ခ၊ ခံနေရ၏၊'' ''မိန်းမတို့တမ်း၊ အပြင်း ဖမ်းသား၊ နတ်ကြမ်း ဂေါ်ရီ၊ ဇော်ဂနီသို့၊ အပလီ လေးဆယ်၊ မာယာ သွယ်၍့၊ ချစ်ဘွယ် မူရူ၊ တွေ့ရာ မြှူတိုင်း၊ မိုက်မြူ ဖျင်း*သုန်၊ ကာမဂုဏ်နှိုက်၊ မေထုန် ပျော်မြူး၊ လို မကြူးနှင့်၊ ကျေးဇူး မ*ဖြိုး၊ တန်းခိုး ယုတ်စွာ၊ ပညာ ယုတ်ငြား၊ ခွန်အား ယုတ်-ပျက်၊ ကိုယ်-လက် ပူလောင်၊ ဆင်းရောင် ပျက်စီး၊ ကုတ်ဟီး ချောင်းဆိုး၊ နာမျိုး တည်ရာ၊ လွန်ယုတ်မာ၏၊'' ဓမ္မတာဝန်၊ မလွန်နိုင်ကြ၊ ထို့လောက်မျှတည့်၊ ဝစ္စအိမ်ခွင်၊ ထွက်-ဝင် သုံးဆောင်၊ သွားလာယောင်သို့၊ သားမောင် ဉာဏ်ဖြင့်၊ ပညာ ချင့်၍့၊ အသင့် မမှား၊ ပျော် လိုက်စားလော့၊ တရား ပါဠိ၊ ကျမ်းလာယှိသား၊ 'ဣတ္ထိဓုတ္တော၊ ပရာဘောကို၊ သို့လော ဝိုးဝါး၊ ယုံမှား မယှိ၊ စွဲမှတ် သိရှင့်၊ သတိ ပညာ၊ မကွာသော့အား၊ သင့် ခံစားက၊ ခေါင်းပါး ရောဂါ၊ ကင်း အနာနှင့်၊ ရသာယန၊ ဆေးဩဇသို့၊ ကာယ မနွမ်း၊ ဧးကြည်ချမ်း၍့။။ သက်တမ်း ကျွံလိမ့်မည်ကိုသောဝ်။'' (၁၃၂)

(၃၀၂) အတ္တာ ဝေ ပုတ္တော၊ မှန်သဘောဖြင့်၊ ကျမ်းဟော ထင်ရှား၊ အစဉ် ထားတိုင်း၊ သားတို့ဟူသည်၊ ကိုယ်ဟုမည်ကြောင့်၊ မှတ်တည် မပျက်၊ သက်ချင်းဆက်ပြီး၊ အသက်ပမာ၊ စုံမက်စွာ၍့၊ ဘ,ရာ မကြွင်း၊ ပြည်လုံး နှင်းလျက်၊ လူမင်း ဖြစ်ထိုက်၊ ဆောင်း မကိုဋ်နှင့်၊ သောင်းတိုက် သပြေ၊ ဇမ္ဗူမြေထက်၊ မဟေသရော်၊ နတ်မင်းကျော်သို့၊ ဘုန်းတော် တန်းခိုး၊ ပြောင် မညှိုးသည်၊ နေမျိုး ဥက္ကဌ်၊ ငါ့သားမြတ်။။ မှတ်လော့ တဖြာ၊ ခမည်း မှာပိမ့်၊ ''လိမ္မာ မြင်-သိ၊ ပညာယှိလည်း၊ သတိ ဖြစ်ခဲး၊ ဘုန်းကံ *စဲးမှု၊ ချွတ်လွဲး ယွင်းဘောက်၊ ပျက်ချိန်ရောက်က၊ ဉာဏ်ပျောက် ကုန်ကင်း၊ လင်းတမင်းလျက်၊ ညွတ်တွင်း တိုးမိ၊ မောဟဘိသော်၊ အသိ မှောက်မှား၊ ပျက်တတ်ငြား၏၊'' ငါ့သား ဘုန်းလျှံ၊ ''လူ့ထုံးစံကား၊ ကံလည်း တခု၊ ဉာဏ် တခုတည့်၊ ရှေးပြုအဟုန်၊ ကံတည်း ကုန်လျှင်၊ ဉာဏ် ကုန်တတ်မြဲး၊ အမြင် လွဲးရှင့်၊ မှီဝဲး မိတ်ကောင်း၊ သူမြတ်လောင်းနှင့်၊ ပေါင်း၍့ တဆစ်၊ ဉာဏ်ထူး ဖြစ်က၊ ကံသစ် ပွားမှု၊ အကြောင်းပြု၏၊ သာဓုနရ၊ ဓမ္မအပြား၊ လေးပါးတို့တွင်၊ အကျုံးဝင်သည့်၊'' ဤသည် တဝ၊ ''မိုက်မောဟနှင့်၊ ဉာဏ မထိန်း၊ လူအပြိန်းသို့၊ မိန်းမအလို၊ ထိုထိုများစွာ၊ မလိုက်ရာဘူး၊ လိုက်ပါတုံငြား၊ ထိုယောက်ျားကား၊ နွား*တရထည်၊ ဤလူ့ပြည်ဝယ်၊ ဂုဏ်ရည် မတိုး၊ သရေညှိုး၏၊'' ''ကြောင်း-ကျိုး မြင်တို၊ မိန်းမလိုဖြင့်၊ သက်ကို စွန့်ခြင်း၊ မီးပုံဆင်းသား၊ မင်း အဿက၊ ဉာဏ်ကာန်းစွသို့၊ မောဟတိုက်ကာ၊ မမိုက်ရာဘူး၊'' ''လက်ျာဒူသွေး၊ ဘောက်၍့ပေးလည်း၊ ချစ်ရေး ကြည်နူး၊ တင်အထူးဖြင့်၊ ကျေးဇူး တုံပယ်၊ အသက် လှယ်၍့၊ လင်ဝယ် တစိ၊ မယှိတတ်ကြ၊ သဘာဝကြောင့်၊ မိန်းမတို့စိတ်၊ တံခွန်မြိတ်သို့၊ မြဲကြိတ်စေငှါ၊ မထိုက်ရာဘူး၊'' ''ယုတ်မာ အလို၊ အမြင် တိုနှင့်၊ လင်ကို မတွယ်၊ မျောက်ကို ဝယ်ပြီး၊ တင့်တယ်စိမ့်ငှါ၊ မြစ်ထဲးမှာလျှင်၊ ကဝါချခိုင်း၊ မြင်းတိုင်း ရယ်အောင်၊ ကြံဆောင် ရုပ်ဖျက်၊ ကျောထက် ကုန်းတင်၊ မြင့်းအသွင်သို့၊ လမ်းတွင် ပြေးစေ၊ မရေ မရာ၊ ညွှန်တတ်စွာ၏၊'' သည်းချာ မင်းလှ၊ သားချစ် ဘ,လည်း၊ ''မိန်းမ လိုရာ၊ လိုက် မညှာနှင့်၊ ကြီးစွာ ဆန္ဒ၊ တပ် လောဘနှင့်၊ မိန်းမဟူက၊ ယေဘုယျဖြင့်၊ မောဟ အဝိဇ္ဇာ၊ တောင့်နှယ် ကာ၍့၊ ပညာအလင်း၊ မယှိ ကင်း၏၊ အိမ်တွင်း ယုတ်မာ၊ နတ်မိစ္ဆာသို့၊ ကပ်ကာ ဆော်နှိုး၊ တတိုးတိုးဖြင့်၊ လိုဆိုး ကိန်းအောင်း၊ ကျင့် ဖျင်း*သောင်းသည်။။ နတ်ကောင်း ရွံလိမ့်မည်သာကို။ ' (၁၃၃)

(၃၀၃) လူ့ရွာခေါ်လစ်၊ ယောက်ျားစစ်ကား၊ ဆုတ် *နစ်နိုင်ကြ၊ ကိုယ်ဝန်ရသား၊ မိန်းမတို့စစ်၊ ဆုတ်*နစ်မရ၊ ဟူစကြရှင့်၊ ရသည့် ကြောင်းစ၊ ကာရဏလည်း၊ ကာယသံသဂ်၊ စပ်ရှက် မေထု၊ သွင်းပြု သောက်-မျို၊ ချက်ကို သပ်ကျင်၊ ဆင်း-မြင် သံ-ကြား၊ နံ့ရှူအားဖြင့်၊ ရှစ်ပါး ဟူတုံ၊ ခုခု ကြုံက၊ ပြည့်စုံ လွယ်လှ၊ ကြောက်ဘွယ်စွဟု၊ လောက လူတွင်၊ ဆိုရိုး ထင်သည်၊ အကြင် ကြီးလှ၊ ဝဋ်ကိစ္စနှင့်၊ ကာလ ရွယ်သင့်၊ ချိန် မလင့်ဘဲး၊ ပန်းပွင့် ယုတ်မာ၊ စကြာမင့်းသမီး၊ ဖြစ်တပြီးလည်း၊ တောင်ကြီး ဘွားအောက်၊ လင်နောက် လိုက်ရ၊ ဂုဏ် နှိမ့်ချလျက်၊ ခယ လုပ်ကျွေး၊ သူ့သွေး သန္ဓေ၊ ဆောင်ထွေ စွဲးကပ်၊ မီး*ယပ် သားဘွား၊ ဤငါးပါးတည့်၊ ယောက်ျားတယံ၊ မဆက်ဆံဘဲး၊ ယိုးယံ နိစ္စ၊ ထိုဒုက္ခကို၊ မိန်းမတို့သာ၊ ခံရစွာလျက်၊ ''အဝိဇ္ဇာတမ၊ မိုက် မောဟကြောင့်၊ မိန်းမအလို၊ မိမိကိုယ်နှိုက်၊ ထိုထို တန်းဆာ၊ ဆင်ယင်ကာလျှင်၊ နံ့သာ နပ်ခါး၊ ရေသား တင်သ၊ တပပဖြင့်၊ ဆံစ ဆံထုံး၊ မျက်ခုံး မင်သတ်၊ ဆံပတ် ဖီးပုံ၊ ပန်းမျိုးစုံနှင့်၊ အာရုံ နှစ်သိမ့်၊ ဘဝင် ငြိမ့်၍့၊ ညွတ်စိမ့် မြင်သူ၊ ယောက်ျားဟူက၊ တူရူ တစောင်း၊ ကြည့်-ချောင်း မဝ၊ အတွင်း ရွလျက်၊ မိန်းမတို့စိတ်၊ ရေဖိတ်သော့သွင်၊ တရွှင်ရွှင်တည့်၊'' ငါ့လင် ငါ့သား၊ ဘဝခြားလည်း၊ တပါး မလွှင့်၊ ဤတူဖြင့်သာ၊ တလင့် မယား၊ တသား မိခင်၊ ဖြစ်ချင် *ခလို၊ တောင့်တ ဆို၏၊ လင်ကို မက်မှား၊ သားကို မက်စွာ၊ ထိုတဏှာနှင့်၊ မခွါနိုင်အား၊ ကျင်လည်များလည်း၊ ယောက်ျားဘဝ၊ မရနိုင်ရာ၊ မိန်းမသာတည့်၊'' ''ယုတ်မာ လိင်္ဂ၊ ဟီနခေါ်ရိုး၊ ဘာဝမျိုးကြောင့်၊ ဘုန်းကျိုး ပုည၊ နတ်နှယ်လှလည်း၊ မိန်းမ ကြက်သရေ၊ ယောက်ျား ခြေနှိုက်၊ တည်နေရမျိုး၊ မလွန်ရိုးရှင့်၊ ခါးကြိုး ရင်လွှမ်း၊ ထိန်လျှမ်း လက်ကောက်၊ ထိန်တောက် လက်ကျပ်၊ ထိန်လျှပ် ခြေချင်း၊ ထိန်ဝင်း ပုတီး၊ ထိန်ညီး နားဍောင်း၊ ရုံးပေါင်း ကိုယ်မှာ၊ နတ်တန်းဆာသို့၊ ရတနာအတိ၊ ဆင်ယင်ဘိသား၊ ဣတ္ထိရတနာ၊ မိကညာထက်၊ မွဲးပြာ ကိုယ်-ခါး၊ ဆိုး ဝတ်စားနှင့်၊ ယောက်ျားဟူက၊ မြတ်တုံစွ၏၊ ကျမ်းပြ စဉ်လာ၊ မိန့်ကြမှရှင့်၊'' 'ဝိရာဇိတ၊ မိန်းမအလေ့၊ စွန့်ခွါ၍့လျှင်၊ ငြီးငွေ့သော့အား၊ လင်ယောက်ျားနှိုက်၊ သိကြားပမာ၊ ရိုသေစွာမူ၊ မကြာ စင်စစ်၊ ယောက်ျား ဖြစ်ဟု၊ ရှင်ချစ်*တကာ၊ ဟောပြပါလည်း၊ မနာလိုငြား၊ မကြားလိုချင်၊ နားမဝင်တည့်၊ လူတွင် ညံ့စား၊ အယုတ်အားဖြင့်၊ အောက်ထား နိမ့်ကျ၊ ဘဝဝတိုင်း၊ မိန်းမဓမ္မတာ၊ ခံမြဲးရာသား၊ အာဝေဏိက၊ ထိုဒုက္ခကို၊ မောဟ ပိတ်ထိုင်း၊ *ရမ္မက်လှိုင်းလျက်၊ ဖြစ်တိုင်း ပျော်မွေ့၊ မငြီးငွေ့ဘူး၊ မေ့မေ့ လျော့လျော့၊ မာန် မလျှော့သည်။။ ကော့၍့ ခံလိမ်မည်သာကို။'' (၁၃၄)

(၃၀၄) 'အာဝေဏိဟု၊ မချိ လွန်ကဲး၊ ဝဋ်ဆင်းရဲနှိုက်၊ အမြဲး ဓမ္မတာ၊ ခံရစွာလည်း၊ ပါရမီ ရင့်သန်၊ ဗောဓိဉာဏ်ကို၊ ဆုပန် မယှိ၊ ဣတ္ထိဟူသမျှ၊ မိန်းမ*တကာ၊ တဏှာ လောဘ၊ ကြီး ဆန္ဒနှင့်၊ မောဟ ပိတ်ဖုံး၊ ဒုက္ခတုံးကို၊ လုံးလုံး မမြင်၊ ချမ်းသာထင်၏၊'' ''သို့စင် မိုက်လှ၊ ထိုမိန်းမတို့၊ ဉာဏ ပညာ၊ နည်းပါးစွာလျက်၊ တန်းဆာ သားဘွား၊ မေထုန်အားဖြင့်၊ လိုလား လွန်ကဲး၊ ပြည့်နိုင်ခဲးရှင့်၊ *ရောင့်ရဲး မယှိ၊ အတိတ္တိလည်း၊ ဣတ္ထိသဘာဝ၊ သုံးပါး ပြ၏၊ မိန်းမဘာဝ၊ တုပ လူတွင်၊ ဝတ်ဆင် တန်းဆာ၊ လျှပ်ပေါ်စွာကား၊ ရာတန် ထောင်တန်၊ သိန်းတန်မက၊ ရွှေ-ငွေ စသား၊ မြမြ စိန်စိန်၊ ထိန်ထိန် လက်လက်၊ နှစ်သက် လိုလား၊ ဝတ်စားကိစ္စ၊ အားမရဘူး၊'' နေ့-ည မချား၊ လင်ယောက်ျားတို့၊ ကြိုးစား ဥစ္စာ၊ စီးပွားရှာလျက်၊ ရေမှာ နစ်နစ်၊ မြစ်မှာ မွန်းမွန်း၊ တကျွန်းနှိုက် သေ၊ စစ်မြေနှိုက် ရှုံး၊ အသက် ဆုံးလည်း၊ ဆံထုံး ပန်းဝေ၊ မချချေရှင့်၊'' ''သန္ဓေ ဝမ်းနှိုက်၊ နှုတ်ပိုက် စင်စစ်၊ ခုနစ် နှစ်စင်၊ ဆောင်ချင်တုံလျက်၊ ခုနစ်ရက် လူး၊ မိန်းမူး ဒုက္ခ၊ သေလုစွအောင်၊ ဘွားရစေမူ၊ ထို့တူ မအောက်၊ ခုနစ်ယောက် ထပ်ကာ၊ ခုနစ်ခါ မက၊ ဘွားလိုကြ၏၊ မိန်းမဟူငြား၊ သားဘွားကိစ္စ၊ အားမရဘူး၊'' ''သောဠသစစ်၊ ဆဲ့ခြောက်နှစ်သို့၊ ရောက်လစ်တုံငြား၊ မိန်းမများကား၊ ယောက်ျားအလို၊ ကမ့်းနှယ် ပြို၏၊ စီးယို ကျဖိတ်၊ လော်လည်စိတ်လည်း၊ မပိတ်ဆို့သာ၊ လှိုက်လှိုက် ဆာ၍့၊ ဓမ္မတာအမျိုး၊ တက်ရေ တိုးသို့၊ ဖြိုးဖြိုး ဝေလျက်၊ *ရမ္မက်သွေး ကြွ၊ လျှမ်းလျှမ်းထ၏၊ မိဘ မောင်ကြီး၊ ချစ်မငြီးဘဲး၊ ရွှေသီး မည်လောက်၊ စောင့်ရှောက် အနိုင်၊ နန်းပင်တိုင်နှင့်၊ ရံပြိုင် ခြွေရွေ၊ စံပစေလည်း၊ မပြေ ထဲးနှောင့်၊ ထိန်း မစောင့်တည့်၊ ထို့ကြောင့် မုချ၊ သားမိန်းမအား၊ ကာလ မြင့်စွာ၊ မလင့်ရာဘူး၊ ချိန်ခါ ရောက်ငြား၊ ဆိုင်းလင့်ထားက၊ မောင်ဘွား မိဘ၊ အရှက်ရ၏၊'' ''မိန်းမဟူသည်၊ လော်လည် ငါးဖြာ၊ ဝါသနာနှင့်၊ ပညာယှိမြတ်၊ ပရိသတ်ခွင်၊ ထွက်-ဝင် ကင်းဘိ၊ လေ့ မယှိသား၊ ဇာတိဓမ္မ၊ သဘာဝကြောင့်၊ သုတ မြင်-ကြား၊ အသိ *ယှား၍့၊ တရား လက်*မဲ့၊ ဉာဏ် ချို့တဲ့လျက်၊ သွမ်းဘွဲ့ ပျော်မြူး၊ စားအိပ် ကြူး၏၊ မျက်ရှူး မာန်မူ၊ ငြူစူ မနော၊ အတင်းပြောနှင့်၊ အသော အသွမ်း၊ ဖုံးလွှမ်း နေ့-ည၊ လို မဝတည့်၊ ရာဂ *တပ်ပြွေ့၊ ကြိုက်သူ တွေ့သော်၊ ရှက်လေ့ မယှိ၊ ထိုဣတ္ထိတို့၊ တပ်မိ မခွါ၊ မြှော့ပမာသို့၊ တံငါ မုဆိုး၊ အမျိုး မ*မွန်၊ ပန်းမှိုက်သွန်က၊ ကျွန်ပင် *တမင့်၊ ဖြစ်လင့်*တပဲး၊ ဘနှင့် လဲး၏၊ မလွဲး မှန်လှ၊ ဧကန္တရှင့်၊ အဘနှင့် လင်၊ တူပင် မကွာ၊ သေကြရာနှိုက်၊ ဣန္ဒာ နတ်ဆေး၊ တလုံးပေးလည်း၊ ကျေးဇူးထွတ်တင်၊ မွေးဘခင်ကို၊ မရှင်စေရာ၊ လင်ကိုသာလျှင်၊ ရှင်ပါစေမှု၊ လျင်စွာ ကုလိမ့်၊'' ကျေးဇူး လက္ခဏာ၊ မငဲ့ရာဘူး၊ ''ပညာ *မဲ့ကြ၊ မိုက် မောဟနှင့်၊ မိန်းမသဘော၊ မြစ်ရေကြောသို့၊ စုန်မျောသည်သာ၊ အညာ မဆန်၊ များလှ ထွန်ခဲ့၊ ဉာဏ် လက်နှစ်ချောင်း၊ သိ မပြောင်းဘဲး၊ ဆိုး-ကောင်း ယုတ်-မြတ်၊ မရှုတတ်တည့်၊'' မိုးနတ် မဟာ၊ ဗြဟ္မာ *တစံ့၊ မြတ်တုံ*မံ့လည်း၊ ယုတ်ညံ့ ညစ်ညူး၊ မိန်းမ ပူးက၊ ကျေးဇူး ချည်းနှီး၊ လောင်သည့် မီးသို့၊ ပျက်စီး မကြွင်း၊ ဂုဏ်ရောင် ကင်း၍့။။ ကျင့်ဖျင်း *သွံလိမ့်မည်သာကို။ (၁၃၅)

(၃၀၅) 'ကိုယ့် ပမာဏ၊ ရုပ်ကာယကား၊ ကျားမျှ မကြီး၊ သစ်-ဆင် နီးတည့်၊ နှုတ်သီး တချက်၊ ခြေ လေးဘက်နှင့်၊ လက်နက် ငါးခု၊ နှိပ်စက်ပြုလျက်၊ တောသူ့ ရန်မျိုး၊ မာန် အားကိုး၍့၊ လွန်ဆိုး ပြကတေ့၊ ကြမ်းကြုတ်လေ့သည့်၊ ခြင်္သေ့*တမျှ၊ ဤလောကနှိုက်၊ မိန်းမ*တကာ၊ ထိုများစွာတို့၊ ရူပါရမ္မဏ၊ စသည် လုံးစုံ၊ အာရုံ ငါးပါး၊ လက်နက်အားဖြင့်၊ ယောက်ျားတို့ကို၊ အလို ယုတ်မာ၊ တွေ့ရာ ကိုက်သတ်၊ နှိပ်စက်တတ်၏၊ မမြတ် လိုဆိုး၊ မိန်းမမျိုးအား၊ မြတ်နိုးတနာ၊ သက် ပမာသို့၊ လွန်စွာ စိတ်နှိုက်၊ နွားနှယ် လိုက်၍့၊ သူမိုက်တို့သာ၊ ကျွမ်းဝင်ရာ၏၊ ပညာယှိများ၊ ယောက်ျားတို့မူ၊ သတိ ထူ၍့၊ လျစ်လျူ သင့်မျှ၊ ပေါင်းဘက်ကြရှင့်၊'' ''သီလ မယှိ၊ ဟိရီ့ မကပ်၊ ဩတ္တပ် ကင်းကွာ၊ *မဲ့ပညာနှင့်၊ သမ္ဘာ မပြည့်၊ ဉာဏ် မမှည့်က၊ မဖြည့် ပါရမီ၊ ဒုဿီစရ၊ ဘုန်း မလှသား၊ မိန်းမတို့ဓာတ်၊ လို မမြတ်ဘူး၊ မပြတ် လော်လည်၊ မတည် အာရုံ၊ မြင်တိုင်း ပုံ၍့၊ လမ်းဆုံ သစ်ရိပ်၊ ရေဆိပ်အလား၊ *တံတားသဖွယ်၊ ဈေးလယ် မဏ္ဍပ်၊ ဇရပ် မဘောက်၊ သေသောက်အိမ့်တူ၊ ယောက်ျားဟူလျှင်၊ အနူ မရွေး၊ ခွေးနှင့် ခြင်္သေ့၊ အတွေ့ မရှောင်၊ မီ့းနှယ် လောင်၏၊ လူ့ဘောင် ခေါ်ရေး၊ လေးရွေး တပဲး၊ ထိုပဲး နှစ်ဆယ်၊ မှတ်ဘွယ် တကျပ်၊ တရပ်*၄င်း၊ ရွေးပေါင်း စင်စစ်၊ သုံးဆဲ့နှစ်မူ၊ ခေါ်လစ် နာမ၊ ကလဉ္ဇမှန်၊ ဆယ်ပြန် ကလဉ္ဇ၊ လေးကျပ်မျှဖြင့်၊ မဂဓ တပိုလ်၊ ယင်းပိုလ် တရာ၊ တတုလာဖြင့်၊ တုလာ နှစ်ဆယ်၊ လူဝယ်ခေါ်ထ၊ တဘာရတည့်၊ ထိုဘာရဝန်၊ ချိန်လေးလွန်ကို၊ စွမ်းသန် ကြွားကြွား၊ ဆောင်နိုင်ငြားသည်၊ ယောက်ျားတို့လျက်၊ တကျိပ် ဘက်လည်း၊ *ရမ္မက်ကိစ္စ၊ သဘာဝနှိုက်၊ မိန်းမတို့ကို၊ မနိုင်လိုဘူး၊'' သားညို မှတ်ဆောင်၊ မိန်းမကြောင်တို့၊ *အပြောင်စွယ် ပုန်း၊ လက်-ခြေ ပြုန်းနှင့်၊ အကုန်း အကွ၊ ရွတ်တွ ရွယ်အို၊ မဆို *စမာ၊ အခွင့်သာသော်၊ မိစ္ဆာစာရ၊ ယေဘုယျချည်း၊ ကျင့်ကြစမျိုး၊ မြေခွက်ဆိုးမျှ၊ ခိုးတတ်တုံလျက်၊ ရွေခွက်ကိုမှာ၊ ဘယ်ဆိုရာလိမ့်၊ မာယာ ဝေဝုစ်၊ ဝင်္ကဝုစ်လည်း၊ မဟုတ်ကိုပင်၊ အဟုတ် ထင်အောင်၊ မျက်မြင် ထို့လောက်၊ မျက်စိအောက်နှိုက်၊ မျက်မှောက် လိမ်လည်၊ မျက်လှည့်သည်သို့၊ ကြံစည် ပြုလုပ်၊ တတ်ခေါင်ချုပ်လျက်၊ လက်ခုပ် လက်ဝါး၊ ဟူသော့လားဖြင့်၊ မုသား သစ္စာ၊ ဆိုတတ်စွာ၏၊'' 'မိစ္ဆာ ကြူးခေါင်၊ တွေ့မရှောင်သည့်၊ လူ့ဘောင် သွမ်းသွက်၊ မိန်းမပျက်ကား၊ နံနက် မစ္ဆေ၊ ညနေ ဣဿာ၊ ညဉ့်ခါ ရာဂ၊ ဤသုံးဝနှင့်၊ ကာလ ကုန်စေ၊ သေလျှင် ငရဲး၊ မလွဲး အညီ၊ လားမြဲးပြီတည့်၊'' ''နဒီ ဝင်္ကံ၊ အကြံ *ပလိမ်း၊ သူခပ်သိမ်းနှိုက်၊ ညွတ်တိမ်း စိတ်ကွက်၊ ကြီး *ရမ္မက်နှင့်၊ မာန်တက် လေးမည်၊ လော်လည် ငါးဖြာ၊ မာယာ လေးဆယ်၊ အသွယ်သွယ်ဖြင့်၊ ပရိယာယ် ထွေးရစ်၊ လွန် ကောက်ကျစ်၏၊ ချစ်သက်ဝေကာ၊ မယုံသာဘူး၊ သာမာဝေသီ၊ ကာလီဒါသ၊ ပုံကို ဆလော့၊ တဏှာ့ လိုလိုက်၊ စရိုက် အားကိုး၊ စိတ် မရိုးသည်။။ ကြံခိုး ကြံလိမ့်မည်သာကို။'' (၁၃၆)

(၃၀၆) 'မိန်းမ ဓမ္မတာ၊ များ*တန်ထွာကား၊ ပညာ*မဲ့မျိုး၊ အတွင်း ဆိုး၏၊ ကြောင်း-ကျိုး မြင်တို၊ ကြီး အလိုနှင့်၊ ကိုယ်ကို မစောင့်၊ မဖြောင့် နှလုံး၊ မသုံး စာရိုက်၊ မြဲး မပိုက်ဘူး၊ ပရဗိုဇ်မိန်းမ၊ သစ္စကဟု၊ သီလ မကင်း၊ *သီတင်း ကြည်ညို၊ *သွပ္ဖ ယိုလျက်၊ အလို လိုက်စား၊ *ရမ္မက်အားဖြင့်၊ ပတ္တမြား တချည်၊ ဆန်တပြည်သို့၊ ဂုဏ်ရည် ယုတ်မြတ်၊ မမှတ် ယွင်းကွက်၊ ကျင့် သွမ်းပျက်၏၊'' ''နန်းထက် ပျော်ကြီး၊ မင်းသမီးလျက်၊ မနီး မျိုးနွယ်၊ ညှိုးငယ် ယောက်ျား၊ ဒွန်းစဏ္ဍားနှင့်၊ ယဉ်ပါး ရောရှက်၊ ကျင့် ကမ်းတက်၏၊ ရွယ်သက် ပျိုထွား၊ နတ်ယောက်ျားသို့၊ ငါးစီး ဆင်*ပြောင်၊ အားကို ဆောင်သည်၊ ညီ-နောင် ငါးပါး၊ လင်ပြုငြားလည်း၊ စေစား ခြေအောက်၊ ကျွန်သပေါက်နှင့်၊ လွန်ဘောက် မိစ္ဆာ၊ ကျင့် ယုတ်မာ၏၊'' ''လူ့ရွာ *အတီး၊ ဝေါဟာပြီးသား၊ သမီး တကောင်၊ နွား တထောင်သို့၊ လုံအောင် အမြဲး၊ စောင့်နိုင်ခဲးဟု၊ မလွဲး ပမာ၊ နန်းတွင်းမှာလျှင်၊ ရာဇာ မွေးဘ၊ မြဲး နိစ္စဖြင့်၊ နေ့-ည မကင်း၊ စောင့်ပါလျှင်းလည်း၊ လက်တွင်းကသာ၊ သူ့ဘက်ပါခဲ့၊ ချစ်ညာ မဆန်၊ ချစ် မပြန်တည့်၊ ဝင်္ကန္တမျိုး၊ အတွင်း ဆိုးနှင့်၊ ရိုးသည် မယှိ၊ များလှဘိရှင့်၊'' 'ဇာတိ သဘာဝ၊ ယေဘုယျကြောင့်၊ မိန်းမတို့အား၊ ယောက်ျားဖြစ်သူ၊ ပြစ်ရေးယူက၊ ထိုလူ မိုက်စွာ၊ မလိမ္မာတည့်၊ ကိုယ်မှာ ဝတ်မှား၊ တန်းဆာများတို့၊ ရိရှား ဟောင်းမွဲး၊ စုတ်-ပြဲး ပေါက်-ကွက်၊ စွန်းစက် နွမ်းနယ်၊ ယှိခါဝယ်နှင့်၊ စားဘွယ် သောက်ရာ၊ အစာ ဟာရ၊ ဟူသမျှတို့၊ ဝမ်းဝ သိုမှီး၊ မျို၍့ပြီးသော်၊ ကျင်ကြီး ကျင်ငယ်၊ မစင်ကြယ်ဖြင့်၊ ရွံဘွယ် ဖြစ်ထ၊ ထိုကိစ္စနှိုက်၊ ဒေါသ မျက်ဆူ၊ ထွတ်တတ်သူတို့၊ ထိုလူ မလိမ္မာ၊ တူကြစွာရှင့်၊'' ''ပညာ ဆီးဆ၊ ဉာဏ် *တီးတွ၍့၊ မိန်းမ ကိစ္စ၊ စာရိတ္တနှိုက်၊ မယာ့းအမှု၊ ပြစ် မပြုက၊ အောင်ဆု ကြော်သဲး၊ စစ်အောင်ပွဲးထက်၊ ထူးကဲး သာလွန်၊ အောင်ပွဲးမွန်ဟု၊ ဉာဏဝန်ပေါင်း၊ ရှေးသူဟောင်းတို့၊ *ခြီးသောင်း ဩဘာ၊ ထောမနာ၏၊'' ''ကြုံရာနှင့် လိုက်၊ ကြိုက်ရာနှင့် မြှောင်၊ တွေ့မရှောင်သား၊ လူ့ဘောင်ဌာန၊ ဤလောကနှိုက်၊ မိန်းမဟုဆို၊ သူတို့ကိုယ်လည်း၊ အလို ဆန္ဒ၊ လောဘ ကြီးမား၊ စရိုက်အားဖြင့်၊ လိုက်စား မက်မော၊ *ရမ္မက်*ပြော၏၊'' ''မြတ်သော စာရီ၊ ပါရမီနှင့်၊ ဣတ္ထီတို့မှ၊ ကြွင်းသမျှနှိုက်၊ ချစ်လှ လွန်ငြား၊ ငါ့မယားကား၊ ငါ့အားသာမျှ၊ ငါမှ အထူး၊ စိတ်မကူးဟု၊ သားဦး မောင်လှ၊ မမှတ်ရဘူး၊ အဂ္ဂမဟေသီ၊ ဒေဝီဖြစ်လျက်၊ မင့်းထက် လွန်ကာ၊ ကျွန်ဆတ္တာကို၊ အာရုံ မက်မှား၊ *ရမ္မက် ပွား၍့၊ သား သန္ဓေရ၊ ဟူကုန်ကြရှင့်၊'' ''မိန်းမ လိုလိုက်၊ လူနှိုက် ယောက်ျား၊ အမိုက် ပွား၏၊ တရား *မဲ့မော၊ *ရမ္မက်ဇောဖြင့်၊ သဘော လေဘင်၊ မျက်စ ရွှင်လျက်၊ မြင်မြင်သမျှ၊ ပုရိသကို၊ လာကြ မကျန်၊ ခေါ်ဘိ မှန်သို့၊ သွင်ဟန် ဘန်းပြ၊ တရွရွတိ၊ နေ့-ည သုတ်သင်၊ ပြုပြင် မကင်း၊ ဘီး-မှန် ခင်းလျက်၊ ရောင်ဆင်း တင်ဘွင့်၊ ပင်လုံး ပွင့်သည့်၊ ပန်းပွင့်အလား၊ အာရုံ ငါးဖြင့်၊ ဖြားဖြား ယောင်းယောင်း၊ တွေ့သူပေါင်းနှင့်။။ ရောင်းတိုင်း စွံလိမ့်မည်သာကို။'' (၁၃၇)

(၃၀၇) 'တောင်ညာ နန်းမ၊ လက်ျာရသား၊ အဂ္ဂမဟေ၊ ပဒုဗွေထက်၊ ဘိသေသဟံ၊ ရေသွန်း ခံလျက်၊ ငဆွံနှင့် ယွင်း၊ မြင်းထိန်းနှင့် ပျော်၊ ကျွန်တော်ရင်းစစ်၊ သုံးကျိပ်နှစ်နှင့်၊ ကျင့်ညစ် ဘောက်ပြန်၊ မဂ္ဂန္တရ၊ စခန်း ချစဉ်၊ ဗြာဟ္မဏငယ်၊ လုလင်ရွယ်နှင့်၊ မဘွယ် ဘောက်ပြား၊ မင်း နှစ်ပါးတို့၊ မိဖုရားကြီး၊ မြှောက်တုံပြီးလျက်၊ ခရီး မရှည်၊ လော်လည် အထူး၊ ဂင်္ဂါကူးတွင်၊ လှေမှူးနှင့် မှား၊ ပင်လယ်ကြားဝယ်၊ ယောက်ျား မထင်၊ လက်ပံပင်ထက်၊ တင်၍့ အသီး၊ စောင့်တပြီးလည်း၊ စောင်းတီးသမား၊ ကျွန်ယောက်ျားနှင့်၊ အမှား မကင်း၊ ကြုတ်တွင် သွင်း၍့၊ ဝမ်းတွင်း မျိုကာ၊ ဆောင်စပါလည်း၊ ဝိဇ္ဇာယောက်ျား၊ ကြာသမားနှင့်၊ စပ်ကြား ခိုမြှောင်၊ မြိုင်-ချောင် နှစ်ကိုယ်၊ အောင်းကာ ခိုလည်း၊ ငတိုနှင့် ပျက်၊ ယွင်းခဲ့ကွက်၏၊'' ''*ရမ္မက်လွန်မျိုး၊ ကြွက် ဆန်ခိုးသို့၊ လိုဆိုးကိစ္စ၊ သဘာဝဖြင့်၊ မိန်းမတို့အား၊ ယောက်ျား အနည်း၊ တယောက်တည်းနှိုက်၊ *ရည်းသည်မယှိ၊ ဟူတုံဘိခဲ့၊'' ''ဣတ္ထိဆန္ဒ၊ နှုတ် မဟလည်း၊ အားရ ဝမ်းထဲး၊ ဝနိုင်ဘဲးတိ၊ ရောင့်ရဲး မယှိ၊ ထိုသတ္တိကို၊ မုနိဘုန်းမော်၊ မြတ်ရှင်တော်တို့၊ *ထွေငေါ် သံလေး၊ မိန့်တော်ပေးခဲ့၊ ခွေး၏့ အယောင်၊ ကြောင်၏ အလား၊ မိန်းမများနှင့်၊ ယောက်ျား ခြင်းရာ၊ တူကြစွာဟု၊ လက္ခဏာကာရ၊ မှတ်ကုန်ကြ၏၊ မိန်းမ ကာယိန်၊ မှိန်မှိန်နှင့် ဆိုး၊ ကြောက်ဘွယ်မျိုးရှင့်၊'' 'မျိုး-ဇာတိတိုင်း၊ မသိ ဂုဏ်ထူး၊ မိစ္ဆာ့ ကြူး၍့၊ ကျေးဇူး ချေဖျက်၊ ငယ်ချစ်ဘက်အား၊ သက်သက် မကြင်၊ လွန်စွာ ကျင်အောင်၊ မမြင် မျက်စိ၊ ဖုံးဘိ လွှမ်းမိုး၊ လင်ငယ်ဆိုးကို၊ ထိုးစေ ထိပ်ပြင်၊ *ယိုးမယ်ဆင်လျက်၊ ချောက်တွင် တွန်းချ၊ တခဏမျှ၊ တွေ့ကြ လမ်းကြုံ၊ ကိုယ်လုံး ပုံ၍့၊ မြင်ရုံနှင့် မက်၊ ခိုးသူ့လက်သို့၊ သန်လျက်ရိုး ကမ်း၊ သေလမ်း ဆောင်သွေး၊ သေဆေး ထည့်ခတ်၊ မိမိ မက်နှင့်၊ ကြိုက်လတ်တုံငြား၊ လင်ကြီးအားကို၊ ပယ်ရှား သတ်စေ၊ တထွေ ယုတ်စွာ၊ မိမာတာလည်း၊ တရာကျော်ပြီး၊ သေခါနီးလျက်၊ သားကြီးကို သတ်၊ ဤသို့ မှတ်သား၊ နိပါတ် ဝတ္ထု၊ အစုစုကို၊ မျှော်ရှု မပေါ့၊ မမေ့လျော့မှ၊ သားကြော့ ပုလဲး၊ ဘ, လည်ရွဲးသည်။။ သက် မြဲးမြံလိမ့်မည်သာကို။'' (၁၃၈)

(၃၀၈) မှတ်လော့ စွဲးဆောင်၊ 'ဤလူ့ဘောင်တွင်၊ လုံအောင် စောင့်ငြား၊ မိန်းမအားကို၊ ယောက်ျား *တကာ၊ မစွမ်းရာရှင့်၊ မိစ္ဆာစာရ၊ ကျင့်ပါပနှင့်၊ ဒုဿီလမျိုး၊ လိုဆိုး ဟော့ရမ်း၊ မိန်းမသွမ်းတို့၊ ပေါ်ဆမ်း ပျားရည်၊ ယုံစိမ့်သည်ဟု၊ ထွေလည် ထိုထို၊ တောင်ကြီး မျို၍့၊ ရွတ်ဆို နှုတ်က၊ ကျိန်သမျှလည်း၊ မိန်းမသစ္စာ၊ မုသားသာတည့်၊ မာယာကာရီ၊ ပလီ နှုတ်လျှမ်း၊ တွေ့ရာ ယမ်း၍့၊ ဖုံးလွှမ်း ကာ-ဆို့၊ လျှာ မချို့ဘူး၊ နွားနို့ကုလား၊ ထန်းသမားတို့၊ မုသား မဘက်၊ ရေ မစွက်သည်၊ သက်သက် မရှိ၊ ဟူတုံဘိသို့၊ ဣတ္ထိ *တန်ထွာ၊ ဓမ္မတာတည့်၊ ဖွတ်လျှာ့သဏ္ဌာန်၊ နှစ်ခွဉာဏ်နှင့်၊ မမှန်သည်သာ၊ များလှစွာ၏၊ ပညာယှိသူ၊ ရေး မယူရာ၊'' ကျမ်းလာ အထူး၊ မောင် မှတ်ဦးလော့၊ ''အရူး တသွယ်၊ သူငယ် တဝ၊ မိန်းမ တပါး၊ ပြောစကားတည့်၊ တရား *မဲ့ရိုး၊ ဤသုံးမျိုးကို၊ အကျိုး အပြစ်၊ မစိစစ်ရာ၊ လျစ်လျူရာ၏၊'' ''အရာ ဟုတ်သည်၊ မဟုတ်သည်နှင့်၊ တို-ရှည် ရှေ့-နောက်၊ မထောက် မဆ၊ မိန်းမဟူသည်၊ ဉာဏ်မစည်ကြောင့်၊ မယုံကြည်ထိုက်၊ ယုံကြည်ထိုက်ဟု၊ မနှိုက် မရှု၊ မပြုစရာ၊ ပြုစရာလည်း၊ ပညာ*မဲ့ဘိ၊ ထူး မသိဘူး၊ လောကီ့ရေးရာ၊ ထင်ရှားငှါနှင့်၊ ပကာသန၊ ဤဒိဋ္ဌနှိုက်၊ ကိစ္စကိုသာ၊ လိုကြစွာ၏၊'' ဝါသနာ ဆိုးလှ၊ ထိုမိန်းမတို့၊ မောဟ ကြီးမား၊ လင်ယောက်ျားနှိုက်၊ အားပါးမနာ၊ ပြုတတ်စွာ၏၊'' ''ဂင်္ဂါရေကြော၊ နစ်မျောနေပြီး၊ သေလုနီးတွင်၊ မိမိ လင်ကို၊ ဆင်ခြင်*မဲ့ရှောင်း၊ သီချင်း တောင်း၏၊ တကြောင်း ထိုမှ၊ အဿကမင်း၊ တောင်ညာနှင်းလည်း၊ မိုက်ခြင်း လွန်စွာ၊ မထောက်ညှာဘဲး၊ မီးမှာ ဆင်းပြီး၊ မင်းကြီး သေကြောင်း၊ မန္တာန် တောင်း၏၊'' ''မကောင်း စာရိတ်၊ ယုတ်မာစိတ်လည်း၊ ဆို့ပိတ် မရ၊ မိန်းမ ဓမ္မတာ၊ ကင်း ပညာကြောင့်၊ ထင်ရာ စိုက်စိုက်၊ အာရုံ ဆိုက်က၊ သံလိုက်နှင့် အပ်၊ ခွေးနှယ် ဟပ်လျက်၊ တွပ်တွပ် ကိုက်ချင်၊ ငါးစိမ်း မြင်လျှင်၊ ငါးကင် စွန့်ပစ်၊ မြေခွေးညစ်သို့၊ ရှေးချစ် ခွါပြောင်း၊ နွားနှယ် ရောင်း၏၊ ချစ်ဟောင်းကို ရှဲး၊ ချစ်သစ် လဲး၍့၊ သေပွဲး သွင်းကာ၊ မိသာမာသို့၊ ကြင်နာ ကင်း*မဲ့၊ ချစ် မငဲ့ဘူး၊ ကိုးဆဲ့ကိုးဇာတ်၊ လင်ကို သတ်သား၊ မမြတ် ယုတ်မာ၊ ကျမ်းနှိုက်လာခဲ့၊ လွန်စွာ မိုက်လှ၊ သဘာဝကြောင့်၊ မိန်းမ ဖျက်က၊ ပြည်ပျက်တတ်စွာ၊ ဆိုရိုး မှာရှင့်၊'' ''သမ္မာဆန္ဒ၊ ဘဝဝက၊ ဉာဏ မြှော်ရှု၊ ဗောဓိဆုကို၊ ရမှု ရည်သန်၊ မပန် ကုန်ကြ၊ ဖြစ်ကာမျှဖြင့်၊ မိန်းမတို့မှာ၊ ဤသို့သာတည့်၊ မေတ္တာ မမြဲး၊ သစ္စာ လွှဲး၍့၊ ဘောက်လှဲး ရွေ့လွယ်၊ လှေ့သဖွယ်နှင့်၊ အကယ် မယွင်း၊ အာလွန်မြင်းသို့၊ တင်း၍့ မနိုင်၊ ကိုင်၍့ မရ၊ ဇာတိ စသည်၊ မိ-ဘ ဆွေညာ၊ ဂုဏ်မျက်နှာကို၊ စာနာ *မဲ့ငြား၊ မထောက်ထားသည်။။ မိုက်အား*သန်လိမ့်မည်သာကို။ (၁၃၉)

(၃၀၉) မိုက်အား *သန်လှ၊ ထိုမိန်းမတို့၊ ဆန္ဒ အလို၊ တိုက်တွန်းဆိုလည်း၊ သားညို လိမ္မာ၊ မလိုက်နာလင့်၊ ''ကြီးစွာ မောဟ၊ တပ် လောဘနှင့်၊ မိန်းမဟူသည်၊ တို-ရှည် မသိ၊ အလိုယှိတိုင်း၊ ထင်မိ ထင်ရာ၊ ပြုတတ်စွာ၏၊'' ''ရှေးခါသော်က၊ ဆိတ်မ တကောင်၊ သီခေါင် *နရက်၊ ရေတွင်းနက်နှိုက်၊ မြက်နုကို မြင်၊ စားလိုချင်ဟု၊ လင် ဆိတ်ဖိုအား၊ ကြားလတ်သော့ခါ၊ နင်းရာ မလှ၊ စောက်ထိုး ကျ၍့၊ သေရမည် ငါ၊ မရသာခဲ့၊ သက်*လျှာ နှမ၊ မတောင့်တနှင့်၊ ဆိုထလတ်သော်၊ ဩော် မြက်နုကို၊ မရဆိုလျှင်၊ မယ့်ကိုယ် ခုသည်၊ သေတော့မည်ဟု၊ ဆိုမြည် ချက်ချင်း၊ မြေမှာ စင်း၍့၊ အတင်း သေလု၊ လူးလည်းပြုက၊ မယ်ပု ချစ်ဆွေ၊ သည်မောင် သေလျှင်၊ သက်ဝေ စင်စစ်၊ ဆိတ် လင်သစ်နှင့်၊ ပျော်ရစ်မည်သာ၊ ကျွနု်ပ် ငါလည်း၊ မယ်သာ သေက၊ ဆိတ်မကလေး၊ လှယဉ်ကျေးနှင့်၊ ချစ်ကြွေးချကာ၊ နေတော့ပါအံ့၊ ဤခန္ဓာကိုယ်၊ အသက်ကိုကား၊ ဖြစ်လို ဖြစ်စေ၊ မသေဝံ့ပါ၊ မပဇာဟု၊ ဆိုခါသော်+မှ၊ ချမ်းသာရ၏၊'' ''မိန်း+မတို့ ထုံး၊ နှလုံး *တန်ထွာ၊ ဓမ္မတာဖြင့်၊ အာသာ ငင်းငင်း၊ တောင့်တခြင်းကား၊ ဝမ်းတွင်း အမြဲး၊ ဖြေနိုင်ခဲးရှင့်၊ စွဲးမိ မလွှတ်၊ ညွတ်မိ မခွါ၊ ထင်ရာ ထင်ကြောင်း၊ ဆိုး-ကောင်း ကျိုး-ပြစ်၊ ပိုင်းဆစ် ရှုမြင်၊ မဆင်ခြင်ဘူး၊ လင်တည်း ကောင်းက၊ မိန်းမ ကျင့်တန်၊ မိုက် ကဲးလွန်၏၊ ကျွန်လောက် မလေး၊ ခွေးလောက် မခန့်၊ လိုလွန့် လင်မှာ၊ ကျင့်တတ်စွာလည်း၊ ရံခါ တစိ၊ ရှေးရှိတုံလျှင်း၊ ယောက်ျား ကင်းက၊ အိမ်တွင်းနှိုက်ပင်၊ မဝင်ဝံ့စွာ၊ အိပ်ရာ မရ၊ ထိုမိန်းမတို့၊ ထိတ်လှသည်မှန်၊ ကြောက်သွေး သွန်၏၊ ဘောက်ပြန် ယွင်းကွက်၊ ကျင့် ကမ်းတက်၍့၊ လင့်ထက် မယား၊ မလွှားစေရာ၊'' ''ဓမ္မတာတရား၊ ထုံးစံအားဖြင့်၊ မယားဟူလစ်၊ အိမ်သူဖြစ်လည်း၊ ပေါင်းချစ်အပ်စွာ၊ စွန့်ခွာထိုက်ကြ၊ ဘရိယနှင့်၊ မိန်းမ လေးမျိုး၊ ကျမ်းရိုး အလာ၊ အင်္ဂါ နိမိတ်၊ ကြောင်းဟိတ် ဘာဝ၊ စာရိတ္တက၊ ဆန္ဒ အလို၊ ထိုထို လက္ခဏာ၊ ကောင်း-ဆိုးစွာသား၊ ခြင်းရာ မူထား၊ အပြားပြားကို၊ ပိုင်းခြားနိုင်မှ၊ လူ့လောကနှိုက်၊ ယောက်ျာ့း ကြက်သရေ၊ ဂုဏ်နေ တက်တိုး၊ သက်ရှည်*ဖြိုး၍့၊ မညှိုး ထင်ရှား၊ မြင်းမိုရ်ဖျားထက်၊ လေးပါး ထိပ်ချာ၊ ဝတိံသာဝယ်၊ ဣန္ဒာ *ရန်မှုန်း၊ သိကြာ့းဘုန်းနှင့်။။ တု*နှုန်း စံလိမ့်မည်သာကို။'' (၁၄၀)

(၃၁၀) 'မိန်းမဟူသည်၊ *သွမ်း လော်လည်က၊ မျိုး-မည် ဆွေဝါး၊ မိ-ဘများနှင့်၊ လင်းသား*တကာ၊ ဂုဏ်-မျက်နှာကို၊ မညှာ မထောက်၊ ခြေဖြင့် ကျောက်သို့၊ မကြောက် မရှက်၊ မငဲ့ကွက်တည့်၊ အသက် တရာ၊ လင် တရာဟု၊ လူ့ရွာ ဆိုရိုး၊ ဟုတ်လှနိုး၏၊'' ''လိုဆိုး ကြီးမား၊ မိန်းမများတို့၊ ယောက်ျားတို့က၊ ပြောလာ စ,သော်၊ နှုတ်မျှ ထိုထို၊ ပယ်ငြား ဆိုလျက်၊ အလိုယှိလည်း၊ မယှိဟန်မူ၊ စောင်းယွဲ့ စူ၏၊ လိုတူ ထဲးက၊ သဘောကျပြီး၊ မစ,တုံငြား၊ စင်စစ်အားဖြင့်၊ အပ်ဖျားမျှလောက်၊ မဟ စောက်တည့်၊'' 'စိတ်ရောက် ကိုယ်ပါ၊ မလိုက်သာ၍့၊ မာယာကာရီ၊ သဒ္ဒါလီနှင့်၊ စူဠနီ မင်းဖျား၊ မွေးစား မကွာ၊ စက်ရာ စောင့်ထ၊ သာလိမတို့၊ ထိုမှ ဤမှ၊ ဟန်ဆောင်ကြသို့၊ ပြင်က မသိ၊ ထဲး မချိဘူး၊ မှတ်ဘိ ဧကန်၊ သဘောမှန်ရှင့်၊'' ''တိရစ္ဆာန်မိန်းမ၊ လူမိန်းမဟု၊ ဘာဝအလို၊ ထိုသဘောမူ၊ မတူ မယှိ၊ တူကြဘိ၏၊ ဇာတိသာ ခြား၊ ဓာတ် မပြားဘူး၊ တရား ကိုယ်နှိုက်၊ စရိုက် ဆန္ဒ၊ သည်မျှသာတိ၊ အထူး ယှိခဲ့၊ တပ်မိသော့အား၊ အူမ ယား၏၊ ယောက်ျားတို့က၊ လျင် မစ,သော်၊ ရွရွ မစောင့်၊ အမှောင့် ပူးဝင်၊ ကပ်သော့သွင်ဖြင့်၊ စတင် အရေး၊ မျက်ချို သွေး၍့၊ ခွင့်ပေးတတ်စွာ၊ ဓမ္မတာတည့်၊'' ''ရှေးခါသော်က၊ ပဒုမနှင့်၊ ကိန္နရဒေဝီ၊ မဟေသီတို့၊ မပီ လူရုပ်၊ ကိုယ် ဘားပြုတ်သို့၊ မည်းပုပ် နက်-ညို၊ င*ဆွံ့အိုနှင့်၊ ပေါင်တိုယောက်ျား၊ သူတို့အားလည်း၊ သွား၍့ ကိုယ်တိုင်၊ အနိုင် အတင်း၊ စ,ကုန်လျှင်း၏၊'' ''အိမ်တွင်း ဝင်ကာ၊ ဥစ္စာ ယူမျိုး၊ လူသူခိုးအား၊ အိပ် နိုးရာတွင်၊ ရုပ်သွင်ပြင်ကို၊ မြင်လျှင် မြင်ခြင်း၊ တပ်မက်လျှင်း၍့၊ လင်ရင်းက ခွါ၊ ထလာခဲ့ပြီး၊ ကပ်ကာ မနှေး၊ ကိုယ်ကို ပေးသည့်၊ သူဌေးကတော်၊ ပြည်လုံးကျော်သို့၊ မလျော် ယုတ်မာ၊ ကိလေသာဖြင့်၊ တွေ့ရာ ညစ်ညမ်း၊ မြှော့နှယ် ဖမ်း၏၊ ကျင့်*သွမ်းတတ်ကြ၊ ယေဘုယျတည့်၊ မိန်းမတို့ဓာတ်၊ သည့်တိုင်း မှတ်လော့၊'' ''မတ်နှင့် *တသွန်၊ ကျွန်နှင့် ကြုံ+ကြိုက်၊ တွေ့ရာ +ကြိုက်၍့၊ ကြုံ+ကြိုက်သမျှ၊ ကြံကြ မကောင်း၊ လင်ကြီးဟောင်းနှိုက်၊ ငန်းစောင်း မြွေဟောက်၊ ပြန်ကာ ပေါက်သို့၊ စိတ်ကောက်ဝင်ကာ၊ ပျက် သစ္စာနှင့်၊ မေတ္တာ သွေပြောင်း၊ သတ်ခွင့် ချောင်းလျက်၊ သေကြောင်းကိုသာ၊ ကြံတတ်စွာ၏၊'' ''ကိလေသာဟူ၊ မိုက်သွေး ဆူက၊ လူသော ခွေးသော၊ ကျွန်-ကျေးသောဟု၊ သဘော မထင်၊ မဆင်ခြင်ဘဲး၊ အမြင် မဖြောင့်၊ မျိုး မစောင့်ဘူး၊ ထို့ကြောင့် ရှေးက၊ ပေါရာဏတို့၊ မယာ့းအနား၊ ကျွန်ယောက်ျားကို၊ မထားအပ်ရာ၊ မိန့်ကြမှာရှင့်၊'' ''မိစ္ဆာ လိုကြူး၊ လင်ကုန်ကူးသည့်၊ ညစ်ညူး စာရီ၊ အလဇ္ဇီဖြင့်၊ ဒုဿီ ဣတ္ထိ၊ မျိုး-ဇာတိတို့၊ မိမိ ကိုယ်ကို၊ စိတ်အလိုတိုင်း၊ ထိုထိုယောက်ျား၊ တပ်ရာ များနှင့်။။ လိုက်စား နှံလိမ့်မည်သာကို။'' (၁၄၁)

(၃၁၁) 'ဣတ္ထိ ဓမ္မတာ၊ နည်း ပညာနှင့်၊ သမာ ကင်းလေ့၊ အာရုံ တွေ့သော်၊ *တပ်ပြွေ့ ရာဂ၊ ကြီး ဆန္ဒဖြင့်၊ တိုင်းဆ မညှာ၊ ကျင့်တတ်စွာ၏၊'' သည်းချာ ချစ်သား၊ သတိထားလော့၊ ''မယားဟူသည်၊ သက်တူ ကျွမ်းဝင်၊ သဘောစင်က၊ လူတွင် မိတ်ချစ်၊ ဆွေရင်း ဖြစ်၏၊ အပြစ် တမူ၊ အမျက်ယူက၊ ရန်သူကြီးဖြစ်၊ သေမင်းစစ်၏၊ ချစ်သော် သက်*နှုန်း၊ မုန်းသော် ရန်သူ၊ သေကြောင်းမူ၍့၊ ပြစ်ယူ ဒေါသ၊ ပြုတတ်ကြရှင့်၊ မုချ မှတ်ရာ၊ ထို့ကြောင့်သာလျှင်၊ ပညာမြင် ယှိ၊ ဉာဏ်သတိနှင့်၊ ဗောဓိယောက်ျား၊ သူမြတ်များတို့၊ တရား မလစ်၊ ဆင်ခြင် ချစ်၏၊'' ''ကျင့်ညစ် လော်မာ၊ ဤလူ့ရွာတွင်၊ မြစ်မှာ ကောက်ခြင်း၊ တောကား ထင်းသို့၊ *သီတင်း အလဇ္ဇီ၊ ဒုဿီ မကောင်း၊ မိန်းမပေါင်းကား၊ ပုန်းအောင်း ကွယ်ရာ၊ ကပ်မိခါသော်၊ ယုတ်မာ ညစ်ကျု၊ မကောင်းမှုကို၊ ကျင့်ပြုသည်သာ၊ များကြစွာ၏၊'' ''အမရာ ကိန္နရီ၊ မဒ္ဒီ သမ္ဘူ၊ ဤလေးဆူသို့၊ ကြည်ဖြူ ချစ်ဇော၊ ချစ်မနောနှင့်၊ သဘော ဖြောင့်ကား၊ အလွန်ရှားခဲ့၊'' 'သား တရာမြင်၊ လင် တထောင်မြောက်၊ ဒေဝီမြှောက်လည်း၊ †ဂမျောက်မ မလွတ်၊ ဟူသတတ်ရှင့်၊ မမြတ် စာရ၊ ကျင့် ဟီနနှင့်၊ မိန်းမတို့အား၊ ယောက်ျားဆန္ဒ၊ တယောက်မျှနှိုက်၊ အားရ မယှိ၊ ဟူဘိ မှန်စွာ၊ ဓမ္မတာတည့်၊'' ''တဏှာဒေဝီ၊ ထိုပြီ အပ၊ တုရင်္ဂဒေဝီ၊ ပလီ ဉာဏ၊ ဇလာကနှင့်၊ ကာကဝတီ၊ သညီ တဝ၊ ပိယင်္ဂက၊ ပဉ္စပါပီ၊ သုနန္ဒီဟု၊ မဟေသီ ခံ၊ ဒေဝီ ခံတို့၊ နန်းယံ ထွတ်ဖျား၊ စံ ပျော်ပါးလျက်၊ လိုက်စား မိစ္ဆာ၊ ကျူးကြစွာ၏၊'' ''မင်္ဂလာမှုကြီး၊ ပြုပြီး ချက်ချင်း၊ ရွေသင်းပင်းနှင့်၊ မကင်း ရံ၍့၊ ယဉ်မွေ့မွေ့ထက်၊ သူဌေ့း ချွေးမ၊ ဆောင်ခဲ့စလျက်၊ ဒေသ လမ်းကြား၊ ခရီး သွားစဉ်၊ ပုဏ္ဏား ရုပ်ဆင်း၊ တင်းတိမ်တွင်းနှိုက်၊ မင်းနှင့် ဆုံ၍့၊ ခဏတွေ့မျှ၊ မရွေ့ နှုတ်ပိတ်၊ နှစ်ကိုယ်စိတ်ဖြင့်၊ လက်ဆိပ် ကုတ်ကာ၊ မြူးကြစွာ၏၊'' ''ကိလေသာစက်၊ *ရမ္မက်ကိစ္စ၊ သဘာဝဖြင့်၊ မိန်းမဟူသည်၊ ယေဘူယျချည်း၊ ထို့နည်း မလွဲး၊ သည်ပုတ်ထဲးက၊ သည်ပဲးမျိုးသာ၊ ဆိုပမာတည့်၊ အနာစာရီ၊ လောကီ မိန်းမ၊ ဒုဿီလတို့၊ ဆန္ဒအလိုက်၊ စရိုက် ပြကတေ့၊ ဇာတိလေ့ကား၊ တနေ့ ဆယ်ကြိမ်၊ တင်းမတိမ်သည့်၊ ပန်းထိမ်လူမျိုး၊ ရ,တိုင်း ခိုးသို့၊ နွယ်ရိုး ယုတ်-မြတ်၊ မျိုး-ဇာတ် မရွေး၊ လူ-ခွေး တိရစ္ဆာန်၊ မချန် ယဉ်-ရိုင်း၊ ချင့် မနှိုင်းသည်။ ။ တွေ့တိုင်း ပြွံလိမ့်မည်သာကို။'' (၁၄၂)

(၃၁၂) မယား ခုနစ်မျိုး၊ ယှိမြဲးရိုးတွင်၊ ခိုးသူ အရှင်၊ သူသတ်သွင်သို့၊ အကြင်မယား၊ လား၏့ ငရဲး၊ အမြဲး မှတ်ဘိ၊ အမိ*တမျှ၊ နှမ မယွန်း၊ ခင်းပွန်းသဖွယ်၊ ကျွန့်နှယ် လေးဖြာ၊ မယားမှာကား၊ နိမ္မာနတ်ပြည်၊ လားမြဲးမည်၏၊ ယင်းသည် လေးသွယ်၊ မယားဝယ်လည်း၊ ကျွန့်နှယ်အလား၊ ထိုမယားမူ၊ ယောက်ျားဆုပန်၊ နိဗ္ဗာန်ဆုကောင်း၊ တောင်းက မလွတ်၊ မချွတ် *တူးတည်၊ ပြည့်မြဲးမည်၏၊ *မွန်ရည် ထူးမြတ်၊ ထိုမိနတ်တို့၊ ကျင့်ဝတ် တမူ၊ သဘောဖြူသား၊ စိတ်တူ ကျွမ်းဝင်၊ လူတို့ခွင်နှိုက်၊ လင်နှင့် မယား၊ ဖြစ်ခဲ့ငြားက၊ အားမနာတမ်း၊ မရှက်တမ်းသို့၊ လူတမ်းတစိ၊ အစဉ်ယှိလည်း၊ ဟိရိ ဩတ္တပ်၊ အမြဲး ကပ်လျက်၊ ကိုယ်ကြပ် ထဲးနှီး၊ သဘော ပြီး၍့၊ မောင်ကြီး နှမ၊ *တမျှ တူပင်၊ ကျွန် သခင်သို့၊ လင်ကို မသွေ၊ ရှက် ရိုသေ၏၊ *မထေ အောက်မေ့၊ မပြုလေ့ဘူး၊ ကောက်ကွေ့ ကြံစည်၊ လော်လည် စရိုက်၊ စိတ်လိုလိုက်သည့်၊ အမိုက်မယား၊ လူနှိုက် များ၏၊'' ငါ့သား မင်းပျို၊ မိန်းမလိုသို့၊ သဲးပြိုသော့လား၊ မလိုက်စားလင့်၊ ''ယောက်ျား ငါးဦး၊ အာရုံ ကြူးနှင့်၊ ယစ်မူး *တပ်ပြွေ့၊ လမ်းကြုံတွေ့ကို၊ ဆောင်၍့ မကြွင်း၊ နန်းလုံး နှင်းသား၊ မင်း တက္ကသိုလ်၊ ရှေးအဟိုက၊ ကိုယ်ပါ ဆုံးပါး၊ ဘီလူးစား၍့၊ ပျက်ပြားကုန်ကြ၊ အမိမျှလည်း၊ *ပုစ္ဆ မအို၊ လင်ငယ် လို၍့၊ သားကို သတ်ကြောင်း၊ ထုံးဟောင်း ရှေးက၊ နိပါတ် ပြ၏၊'' ''မိန်းမ အပြစ်၊ သဘောညစ်ကို၊ အနှစ် တရာ၊ တထောင် လျှာဖြင့်၊ လူ့ရွာ တည်ငြား၊ ကြင်ယောက်ျားလျှင်၊ တပါးအမှု၊ မပြု လုံးလုံး၊ ပြောမဆုံးဟု၊ မှတ်ထုံး ထင်စွာ၊ မဟာရဟ၊ နီတိပြ၏၊'' ထိုမျှ ဝတ္ထု၊ ရေးပုံပြုလျက်၊ မြော်ရှု မငြီး၊ ဆင်မုန် စီးသို့၊ သားကြီး နေ့-ည၊ စိတ်မချနှင့်၊ ဉာဏဝရဇိန်၊ ဉာဏ်ချွန်း ချိန်၍့၊ သမာဓိန်မှု၊ ကျောက်တောင် ထုသို့၊ မေရုပမာ၊ ခိုင်စေပါလော့၊ 'သမ္ဘာ ပညာ၊ ပတ္ထနာနှင့်၊ ပါရမီ ဆည်းပူး၊ ဖြည့်ကျင့်ဖူးသား၊ ဆုထူးပန်သူ၊ မဟူကုန်ကြ၊ ယေဘုယျဖြင့်၊ မိန်းမတို့မှာ၊ ဤသို့သာချည်း၊ ပမာ မယွင်း၊ အိမ်တွင်း နတ်မျိုး၊ ပြင် နတ်ဆိုးနှင့်၊ အကျိုး*မဲ့မှု၊ ပေါင်းဘက်ပြု၍့၊ အိမ်သူ့ ဥပဒ်၊ ဖြစ်စေတတ်သို့၊ မမြတ် မူထား၊ ကိုယ့်မယားကြောင့်၊ ယောက်ျားတို့နှိုက်၊ ဘေးဆိုက် ခန္ဓာ၊ ပျက်တတ်စွာ၏၊ ပညာ သတိ၊ မပြတ် ယှိမှ၊ လောကီ့ဓမ္မတာ၊ ဤလူ့ရွာဝယ်၊ ချမ်းသာ မညှိုး၊ သက်ရှည် *ဖြိုး၍့။။ တန်းခိုး လျှံလိမ့်မည်သားကို။ (၁၄၃)

(ဤ ၁၂-ပိုဒ်ကား 'ရွှေလောင်းပြန်ချ'နည်းချည်း။)

(၃၁၃) အသက် မှတ်၍့၊ လေးမြတ် လွန်စွာ၊ ဝတိန်သာထက်၊ သုရာ နာထ၊ ဝါသဝနှင့်၊ မာဃ သက္က၊ ဣန္ဒ ဝတြဘူ၊ သူဇမ္ပတိ၊ အစယှိသား၊ အဘိဓာန၊ နာမ မည်ခေါ်၊ နှစ်ဆယ်ကျော်ဖြင့်၊ မြေပေါ် နတ်ရပ်၊ ဘုံ နှစ်ထပ်ကို၊ စိုးကွပ် ပိုင်ကား၊ လွန်ထင်ရှားသည့်၊ သိကြားမင်းစစ်၊ ဒေဝရာဇ်၏့၊ လွန်ချစ် ပြင်းဟုန်၊ နတ်ဝရုဏ်သို့၊ ဘုန်းဂုဏ် လက္ခဏာ၊ စုံစကြာကြောင့်၊ ဘ,ရာ နှင်းထိုက်၊ နန်းညွန့် စိုက်သည်၊ နန်း*ကိုက်ရတနာ၊ သားသည်းချာ။။ ''လူ့ရွာဌာန၊ လူ့လောကနှိုက်၊ မိန်းမတို့သာ၊ ကျင့် ယုတ်မာ၍့၊ မိစ္ဆာ ဆိုးဝါး၊ မဟုတ်ငြားဘူး၊ ယောက်ျားသည်လည်း၊ ပညာနည်းတို့၊ စောင့်စည်း မယှိ၊ မျိုး ဣတ္ထိသို့၊ မသိ ကျေးဇူး၊ သူ့ဂုဏ်ထူးကို၊ ထိမ်မြူး ချေတတ်၊ ကျင့် မမြတ်တည့်၊'' မှတ်လော့ ထိုရော်၊ ''ရှေးခါသော်က၊ ခြောက်ဘော် မင်းသား၊ တောရပ်သွားတို့၊ မယားကိုသတ်၊ စားကုန်တတ်ရှင့်၊ ဗြဟ္မဒတ် ကုမာ၊ မင်း*လျာ သောတ္ထိ၊ မည်ယှိ ထင်ရှား၊ ထိုနှစ်ပါးလည်း၊ ကြွသွား တောခွင်၊ လုပ်ကျွေးကျင်လည်း၊ ရုပ်သွင် နတ်တူ၊ သိတာဘူနှင့်၊ သမ္ဗူတို့အား၊ စွန့်ပယ်ထား၍့၊ ယောက်ျားတို့စိတ်၊ မြင်တိုင်း ညိတ်လျက်၊ ဆိတ်၏့အလား၊ နွား၏့သဘော၊ အာရုံ *ပြောတိုင်း၊ လိုက်လျော ထွေပြား၊ သူအခြားနှင့်၊ ပျော်ပါး မေ့ကျန်၊ ယွင်း ဘောက်ပြန်၏၊'' ''သေဒဏ် ကယ်မှု၊ သက်လုံး စု၍့၊ လင်ပြုပါလျက်၊ ချောက်*နရက်သို့၊ အသက် သေစိမ့်၊ ချပိမ့် ကြံစည်၊ ဗာရာပြည်ဝယ်၊ လေးမည် ယောက်ျား၊ သူဌေ့းသားလည်း၊ ကြား၍့ မလျော်၊ လိုရာ ခေါ်၍့၊ ပျော်လိုသမျှ၊ ပျော်ကိစ္စဖြင့်၊ ပျော်ကြပြီးခါ၊ မိကလျာအား၊ သတ်ကာ မသနား၊ ဆင် ဝတ်စားကို၊ ယူငြား ကုန်လျှင်း၊ မိုက်ခေါင်ချင်း၏၊'' မယွင်း စင်စစ်၊ ထိုသို့ဖြစ်၍့၊ ''အချစ် လိုက်စား၊ ယုံမိ မှားလျက်၊ ယောက်ျား ဗာလ၊ လူ့ပါပနှင့်၊ တွေ့ရ ကြုံရ၊ ပေါင်းဆုံရသော်၊ မိန်းမတို့ထုံး၊ ငွေကုန် ရှုံးက၊ သက်ဆုံး မတိုင်၊ ကိုယ်ပိုင်ယောက်ျား၊ သွေ ဘောက်ပြား၍့၊ တရား မစောင့်၊ မဖြောင့် နှလုံး၊ လင်ကုန်ရှုံးက၊ သက်ဆုံးတိုင်လစ်၊ ပြောရာဖြစ်ရှင့်၊ 'အနှစ် ပညာ၊ မယှိပါက၊ အင်္ဂါ ခြေ-လက်၊ ယောက်ျားလျက်လည်း၊ မိန်းမထက်သာ၊ ယုတ်မာ ဆိုးဝါး၊ မိုက်လုံး ထွားသည်။။ နွားနှင့် ကျားနှင့် အတူတည်း။'' (၁၄၄)

(၃၁၄) 'သသေဓိယ၊ သုဒေဝနှင့်၊ ချောက်ကျပုဏ္ဏား၊ တောမှား မုဆိုး၊ ရှိခိုး နေ့-ည၊ ပဏ္ဍရ၏့၊ ဂုယှမန္တာ၊ ရှို့ဝှက်ရာကို၊ မညှာ ထောက်ထား၊ ဂဠုန့်အားလျှင်၊ ပြောကြားတုံဘိ၊ ကရမ္ပိဟု၊ အာဇီဝက၊ ဤသို့စသား၊ မိန်းမ မဟုတ်၊ ယောက်ျားယုတ်တို့၊ မိတ်ဖြုတ် ကျင့်တန်၊ ကျေးဇူးလှန်၍့၊ မမှန် သစ္စာ၊ ယုတ်မာ ဆိုးလှ၊ မိုက်ကုန်ကြ၏၊'' ထိုမှ တဝ၊ ''ပုရိသတို့၊ မိန်းမအာရုံ၊ တွေ့ ကြိုက်ကြုံသော်၊ ရာဂုမ္မတ္တက၊ သတိ ပ,၍့၊ မောဟ မွှန်တက်၊ ဆားနှယ် လျှက်မျှ၊ ထန်းလျက် သကြား၊ သကာများနှင့်၊ ချိုပျားသဏ္ဌာန်၊ သာယာဟန်ဖြင့်၊ ဉာဏ်သက်သက်*မဲ့၊ နွား၏့ကဲ့သို့၊ လာခဲ့ သွားလေ၊ မိန်းမ စေတိုင်း၊ သေဆို သေထ၊ လိုက်ကုန်ကြ၏၊'' ''မယာ့းအလို၊ အလိုက် ပိုလျက်၊ မျောက်ကို မြစ်မှာ၊ ကဝါချခြင်း၊ မြင်း၏့အသွင်၊ ကျောကုန်း တင်၍့၊ လမ်းတွင် ပြေးစွ၊ ဗာရာဏနှိုက်၊ အဿကမင်း၊ မီးပုံဆင်းခဲ့၊'' ယင်းမှ တသွယ်၊ ''ရှေးခါဝယ်တိ၊ သူကြွယ်ဟူထ၊ သုဇာတလည်း၊ ဣန္ဒ ထံနီး၊ နတ်သမီးကို၊ မြင်ပြီး ခဏ၊ တ, တတနှင့်၊ မရသော့အား၊ မစား အစာ၊ မြည်တမ်းကာလျှင်၊ ခန္ဓာ ပျက်ကြွေ၊ အသက် သေရှင့်၊ ကျမ်းရွှေ နိပါတ်၊ ဟောဘော်လတ်၏၊'' ''ဟီနတ်ဘာဝ၊ ဓာတ် ကာမနှိုက်၊ လောဘအရာ၊ ကိလေသာကား၊ ပညာ သတိ၊ ကင်းလတ်ဘိသော်၊ အနိတ္ထိဂန္ဓ၊ မင်းကုသတို့၊ မိန်းမထက် လွန်၊ *ဟေဝန် *မြိုင်ကွေ့၊ တော ပျော်မွေ့သား၊ ရသေ့ ဖြစ်လျက်၊ သီလ ဖျက်ပြီး၊ *ရမ္မက်မီး ကြွ၊ ဂန္ဓဗ္ဗနှင့်၊ ရဋ္ဌဝတီ၊ ကိန္နရီကို၊ မူးသီ ကိလေ၊ မြင်ရုံ သေမျှ၊ တွေဝေ မိန်းပြတ်၊ ဉာဏ် ကျိုးဆတ်၏၊'' ''သူမြတ် ဗောဓိ၊ လောင်းဇာတိလျက်၊ ဟရိတစ၊ ရှင်လောမတို့၊ လောဘအဟုန်၊ ကျ ဆင်မုန်သို့၊ ကာမဂုဏ်ညစ်၊ ရာဂ ယစ်၍့၊ အပြစ် မထင်၊ မိန်းမသွင်ကို၊ မြင်လျှင် မြင်ခြင်း၊ သတိ ယွင်းလျက်၊ ဉာဏ်ကင်း လက်လွတ်၊ ဈာန်ကြိုးပြတ်၏၊'' ''ယုတ်-မြတ်ဟူကြ၊ ဤလောကနှိုက်၊ မိန်းမ ယောက်ျား၊ သဘောအားဖြင့်၊ ခြားနား မယှိ၊ သားချစ် သိလော့၊ သတိ ပညာ၊ အရင်းသားတည့်၊ ပညာမည်ငြား၊ ဤတရားလည်း၊ ယောက်ျားနှိုက်သာ၊ မဟူရာဘူး၊ အမရာဒေဝီ၊ ဘေရီဓမ္မ၊ ဒိန္န စသည့်၊ အပ္ပကဟူ၊ နည်းငယ်မူကား၊ လူဝယ် ထိုသို့၊ မိန်းမတို့လည်း၊ မချို့ ပညာ၊ ယှိတတ်စွာ၏၊'' ''မိစ္ဆာ မိုက်ကြူး၊ ကျေးဇူး ချေတတ်၊ မမြတ် စာရ၊ မောဟ *ပြောထူ၊ မိန်းမဟူသည်၊ ယေဘုယျနည်း၊ ဖြစ်သတည်းရှင့်၊ သိမ်းဆည်း*မဲ့ဘိ၊ ကင်း သတိနှင့်၊ အသိ ပညာဉ်၊ မယှဉ်သသူ၊ ထိုမျှလူတို့၊ ကျင့်မူ ဘောက်ပြား၊ မတည်ကြားသည်။။ ယောက်ျား မိန်းမ မဟူတည်း။'' (၁၄၅)

(၃၁၅) 'လိမ္မာ ခွင့်,သိ၊ ပညာယှိသား၊ ဓီတိ တည်မတ်၊ မိန်းမမြတ်တို့၊ နတ်နှင့် မခြား၊ လင်ယောက်ျားကို၊ ပျော်ပါး မပြတ်၊ ရွှင်စေတတ်လျက်၊ လေးမြတ် သက်တင်၊ မိမိလင်၏့၊ လူတွင် စင်စစ်၊ မိတ်ကြီး ဖြစ်၏၊ တဆစ် ထိုပြီ့း၊ မြတ်ဇာတိဖြင့်၊ ဗောဓိဆုပန်၊ ယောက်ျားမွန်တို့၊ ငါးတန် ပရိစ္စာဂ၊ စရိယနှိုက်၊ တကွ မချွတ်၊ တူ ကြည်ညွတ်၍့၊ အမြတ် ဝသီ၊ ပါရမီကို၊ ကူညီ အား*သစ်၊ ဖြည့်ဘက် ဖြစ်၏၊ ဉာဏ်လစ် ယောက်ျား၊ ယှိခဲ့ငြားသော်၊ ယောက်ျားတို့ထက်၊ ရုတ်တရက်ဉာဏ်၊ ပဋိဘာန်ဖြင့်၊ လျင်မြန် မချွတ်၊ ကြံစည်တတ်၏၊'' ''ဗြဟ္မဒတ်မင်းကြီး၊ သဘော သီး၍့၊ ထီးစင်း တရာ၊ သတ်မည့်ခါနှိုက်၊ ဣန္ဒာထွတ်ဖျား၊ သိကြားသော်လျက်၊ ကြံနိုင် ခက်လည်း၊ ထက်မြက် ပြင်းရှိန်၊ ဝရဇိန်သို့၊ ဓမ္မဒိန်မည်၊ ဉာဏ်ရည် ထူးမြတ်၊ မိဘုန်းမြတ်လျှင်၊ သက်လွှတ် ချမ်းသာ၊ ရစေပါ၏၊'' ''မင်း*လျာ နရိန်၊ သောတ္ထိသိန်လည်း၊ ညှိုးပိန် ကာယ၊ ကိုယ်ဒုက္ခဖြင့်၊ ကုဋ္ဌရောဂါ၊ ဝေဒနာကို၊ သမ္ဗူလာနတ်၊ မိဘုန်းမြတ်လျှင်၊ နှုတ်ရွတ် သာယာ၊ ချစ်မေတ္တာနှင့်၊ သစ္စာဆေး ကု၊ ပြု၍့ သုခ၊ ချမ်းသာ ရ၏၊'' ''မတ်လှ မဟော်၊ ပညာကျော်လည်း၊ မမြော်နိုင်ဘိ၊ မသိနိုင်တတ်၊ လွန်ခဲးကတ်သား၊ ဗြဟ္မဒတ်မင်း၊ နှလုံးသွင်းကို၊ ဝမ်းတွင်း ထုတ်ဆောင်၊ ပညာရောင်ဖြင့်၊ ထင်အောင် ဘော်ပြ၊ ဘေရီမလျှင်၊ ကြောင့်ကြ ကင်းမှု၊ ကြံစည် ပြု၏၊'' 'မတ် သုဇာတာ၊ ဖြစ်သော့်ခါနှင့်၊ စန္ဒာ တဝ၊ စန္ဒကိန္နရီ၊ ဒေဝီမြတ်ပေါင်း၊ ယသော်လောင်းတို့၊ လင်ကောင်းတို့နှိုက်၊ ဘေးဆိုက် သေလု၊ သေမှု ရောက်ခါ၊ နှုတ်သစ္စာဖြင့်၊ ချမ်းသာစေကြောင်း၊ ပန် ဆုတောင်း၍့၊ ကြံကောင်း ကြံမ၊ ပြုကုန်ကြ၏၊'' မှန်လှ ထို့ကြောင့်၊ ''*ယခေါင့် ကာလ၊ ရှေးမဆွနှိုက်၊ ကိစ္စတသီး၊ အရေးကြီး၍့၊ မပြီးနိုင်က၊ ကြံ မရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ် ကြားလျက်၊ ထင်ရှား မိန့်မှာ၊ *ဥဒါန်း လာ၏၊'' ''ကိလေသာဓမ္မ၊ သဘာဝကား၊ သုတအရာ၊ ပညာ မယှိ၊ သတိ *မဲ့ထ၊ ဟူသမျှပင်၊ ဆန္ဒအလိုက်၊ စရိုက် များရာ၊ ကြူးကြစွာ၏၊ ယုတ်မာ မြတ်ခြင်း၊ ဗြဟ္မာမင်းနှင့်၊ နတ်မင်း မတန်၊ သဘောမှန်ရှင့်၊ သဏ္ဌာန် ရုပ်ဝါ၊ မည်သညာနှင့်၊ ဝေါဟာ သက်သက်၊ အထူး ထွက်လည်း၊ ကျောဘက် ဝမ်းဘက်၊ ပက်လက် မှောက်ခုံ၊ မ,နှင့် စုံသို့၊ ခေါ်ရုံသာ ခြား၊ ဓာတ် မပြားသည်။။ လက်ဝါး လက်ခုပ် မှတ်ယူတည်း။'' (၁၄၆)

(၃၁၆) မဟာသမတ်၊ ကမ္ဘာနတ်က၊ မန္ဓာတ် စက္ကရာဇ်၊ ဘိုးချစ် ဘေးလောင်း၊ ဘီ ဘော်ပေါင်းတို့၊ ရှစ်သောင်း မက၊ ခတ္တိယချည်း၊ နေမှ ဆက်ကာ၊ အစဉ် ဖြာလျက်၊ ကေသရာ သီ၊ ရွှေစာမြီသို့၊ ဇာနည်ယျဇာစ်၊ ကျင့်ချစ် မြဲးမြံ၊ သက်နှံ မချ၊ စာရိတ္တဖြင့်၊ ကမ္ဘာ့ ထိပ်မိုး၊ ကမ္ဘာ စိုး၍့၊ တန်းခိုး မဟိဒ်၊ ပုညဇိဒ်နှင့်၊ အာဒိစ္စဗန်၊ နေနွယ် မှန်သည့်၊ ဘုန်းသန် ပဝရ၊ သားချစ် ဘ။။ ဉာဏစက္ခု၊ မြော်ရှုအပ်စွာ၊ အရာရာကို၊ လိမ္မာနက်ကိ၊ ရှာကြံ သိလော့၊ ''လောကီ့အလိုက်၊ လူနှိုက် ရေးရာ၊ ပညာ မြော်မြင်၊ မယှိကျင်က၊ အကြင် ပုဂ္ဂိုလ်၊ စည်းစိမ်တို၏၊ ထိုထို မျိုးဇာတ်၊ ယုတ်-လတ်-မြတ်တို့၊ အတတ်ပညာ၊ အလိမ္မာကို၊ ငယ်ခါကလျှင်၊ မသင်စေငြား၊ မိဘများကား၊ သား၏ ရန်သူ၊ မည်သော့ဟူရှင့်၊'' ဘုန်းလူ ဘဘွား၊ ဆုံးမကြားပိမ့်၊ တရားဂမ္ဘီ၊ ခြင်္သေ့ဆီလျှင်၊ သိင်္ဂိ ရွှေခွက်၊ တည် မပျက်သို့၊ နားထက် တင်-သိ၊ နာခံဘိလော့၊ ''ဣတ္ထိ ပုရိသ၊ ရုပ်ဘာဝနှင့်၊ ကာမ သန္ဓေ၊ အရင်းနေ၍့၊ ကိလေနိုင်ငံ၊ လောကဓံနှိုက်၊ ဆက်ဆံ ပေါင်းသင်း၊ နှီးနှောခြင်းဖြင့်၊ မကင်းကုန်ဘိ၊ လူအချိကား၊ လောကီ့အကျိုး၊ မယုတ် ညှိုးဘဲး၊ တက်တိုး ပွားကြောင်း၊ မယားကောင်းနှင့်၊ သားကောင်း ဥစ္စာ၊ လိမ္မာ *သီတင်း၊ နာကင်းသော့အား၊ ဤခြောက်ပါးတည့်၊ ပိုင်းခြား မှတ်လေ၊ မကြွင်းစေနှင့်၊'' ''အလေ အဖျင်း၊ ကိုယ့်အသင်းနှိုက်၊ ရုန့်ရင်း ကြမ်းကြုတ်၊ သူ့မှာ စုတ်သည့်၊ နွားယုတ် အတူ၊ အချို့လူတို့၊ ကျင့်မူ ချည်းနှီး၊ ကိုယ့်နှင့် နီးက၊ မခြီးမွမ်း*စောက်၊ မမြှောက်နိုင်လို၊ ထိုထို တပါး၊ ရပ်ဝေးသားမှ၊ မြှောက်စား ဝမ်းသာ၊ ခြီးတတ်စွာ၏၊ ထိုလူဝါမျိုး၊ လူ့နွားဆိုးကား၊ ပြစ်-ကျိုး ယုတ်-မြတ်၊ မသိတတ်သူ၊ လူတဦးတည့်၊ ကျေးဇူး မပွား၊ မမြှောက်စားရာ၊ မင်းပါး လူရေ၊ မသွင်းစေနှင့်၊'' တထွေ မှတ်ဘွယ်၊ ဝမ်းဝယ် ပိုက်ကျုံး၊ နန်းစဉ်ထုံးတည့်၊ မင်းသုံး မင်းဆောင်၊ ဘောင်ဘောင် ကျိုး-ဆတ်၊ ကွဲး-ပြတ် ပျက်-ကြွေ၊ ပဲ့ယွဲ့ထွေက၊ မရေ မရာ၊ နတ်မိစ္ဆာနှင့်၊ မျက်နှာ လူရုပ်၊ ခင်ပုပ်ငှက်မျိုး၊ လင်ကောင်ပိုးတို့၊ ငင်ရိုးမထင်၊ နန်းတွင်း ဝင်သော်၊ နန်းတွင် ပျော်ပါး၊ နန်းသူများတို့၊ တရားကျင့် ချွတ်၊ ဘောက်ပြန်တတ်၏၊ သားမြတ် သည်းအူ၊ သတိမူလော့၊ လျစ်လျူ ဘယ်ခါ၊ မရှုရာဘူး၊ မိစ္ဆာ တိမ်းပါး၊ ချွတ်ဘန်များသော်၊ တရား ပျက်ကြ၊ အခွင့်ရလျက်၊ ပြင်ပ တွင်းသား၊ ကျင့်ဘောက်ပြား၍့။။ ပြစ်မှားကြလိမ့်မည်သော့ကြောင့်။ (၁၄၇)

(၃၁၇) 'ရှေးသရော့ခါ၊ ပြည်ပဉ္စာဝယ်၊ မဟာစူဠနီ၊ ဆမ္ဘီပုဏ္ဏား၊ သား မယားတို့၊ ပြစ်မှားကုန်ကြ၊ ပျက်စီးရ၏၊ ဇလာကဒေဝီ၊ စူဠနီတို့၊ ပလီ ဝင်္ကန်၊ သံကောက်ဟန်ဖြင့်၊ ဉာဏ် အတွင်းပုန်း၊ ဝမ်းထဲး မုန်းနှင့်၊ ချစ်*နှုန်း ပြင်က၊ ချစ်ယောင်ပြ၍့၊ ခွင့်ရသော့အား၊ ပြစ်မှား မချွတ်၊ ပြုကြတတ်၏၊'' ကျင့်ဝတ် ယွင်းသွေ၊ မဟင်းစေနှင့်၊ ''ရေကိုလည်း သောက်၊ လူကို ချောက်သည့်၊ တောမျောက် ညစ်တေ၊ မိုက် သန္ဓေနှင့်၊ သရေပေါ် ထက်၊ တက်၍့ အိပ်ငြား၊ သရေနားကို၊ စားသည့် ခွေးတူ၊ မိုက်သော့သူတို့၊ လူပင် *တစေ၊ မိုက်တတ်ချေ၏၊ အခြေအနေ၊ မယွင်းစေနှင့်၊'' သက်ဝေ သိရီ့၊ မောင်ဘုန်းယှိလျှင်၊ သတိတမန်၊ ဉာဏ် မြေကတုတ်၊ လွန်-ယုတ် နှိပ်တွန်း၊ အုပ်ချွန်း ပညာဉ်၊ သမ္ပဇဉ်နှင့်၊ ယှဉ်ကာ မပြတ်၊ မြဲးစေတတ်လော့၊ ကျင့်ဝတ် ကင်းဝေး၊ သား မလေးက၊ ကျေး မရိုသေ၊ ကျွန် မချေက၊ ဗိုလ်ခြေ မညွတ်၊ ဖြစ်တို့တတ်၏၊ လေးမြတ် စိတ်နေ၊ မကင်းစေနှင့်၊ ခြွေ-ရွေ ယုတ်-မြတ်၊ မှူးမတ် *သဇိုင်း၊ ပတ်ဝိုင်း ရံ-ခ၊ သား-မြေး စသား၊ မောင်းမ မိဖုရား၊ နန်းသား နန်းသူ၊ *ပြောထူ နီး-ဝေး၊ များ ကျွန်ကျေးကို၊ မှန် ကြေးမုံတု၊ လုံ့လပြု၍့၊ မျှော်ရှုသော့ထွေ၊ မပျင်းစေနှင့်၊ ''ရိုသေ ကြောက်-ချစ်၊ သဘောဖြစ်မှု၊ ခြီးမြှောက်ပြုလော့၊ ပုထုဇန၊ ထိုမျှ ပုဂ္ဂိုလ်၊ များ လူ*ဗိုလ်တို့၊ မလို မကောင်း၊ လိုလျှင် ကောင်းရှင့်၊ အဟောင်း အသစ်၊ ပျို-အို ဖြစ်လည်း၊ မချစ် မလှ၊ ချစ်လျှင် လှ၏၊ လောက ဓမ္မတာ၊ လူ့*တန်ထွာတည့်၊ ပညာစက္ခု၊ မြော်ထောက်ရှုလော့၊'' ''ယခု ဝတ္တမာန်၊ ပစ္စုပ္ပန် ဒိဋ္ဌ၊ ဤဘဝနှိုက်၊ ဟိတအထူး၊ ကျေးဇူး ပြုထွေ၊ ပုဗ္ဗေဘဝ၊ သိနေဟဖြင့်၊ တကွ မကင်း၊ ချစ်ရင်းပါကြ၊ ကြောင်း နှစ်ဝကြောင့်၊ ပိယသဟာ၊ ရေနှင့် ကြာသို့၊ မေတ္တာ နူးဆွတ်၊ ချစ်ကြတတ်ဟု၊ မြတ် သမ္ဗုဒ္ဓ၊ ဟောဘော်ပြ၏၊ ကိုယ်က အလျင်၊ ပြုတတ်လျှင်မူ၊ လူရှင် ဗိုလ်ထု၊ ချစ်ပေါင်း စုလိမ့်၊ ချစ်သူ့စကား၊ သတင်းများကား၊ လျှာဖျားပေါ်က၊ မဆင်းရဟု၊ ဆိုကြပမာ၊ လူ*တကာတို့၊ မေတ္တာ သစ္စာ၊ မြဲးမြံစွာဖြင့်၊ ကွယ်ရာ မျက်မှောက်၊ မဘောက် မပြား၊ တော် ဖြောင့်သားလျက်၊ တရား မချော်၊ ရွှေနန်းပေါ်ထက်၊ သက်တော် ရှည်ကြောင်း၊ ဆို ဆုတောင်း၍့။။ ခ,ညောင်း ရံလိမ့်မည်သောကြောင့်။ ' (၁၄၈)

(၃၁၈) ထိုမှ တထွေ၊ သားမင်း *ခြေလျှင်၊ ပြည်နေ တိုင်းသူ၊ ဦးမည်းဖြူတိ၊ ရှင်-လူ များစွာ၊ မျိုး လေးဖြာနှင့်၊ ရပ်ရွာ မဝေး၊ နယ်ကျေး *တိုင်းကျပ်၊ စိုးအုပ် ကွပ်၍့၊ စောင့်ကြပ် ဆော်ဘန်၊ သာမန္တရာဇ်၊ ဒီပရာဇ်စု၊ အနုရာဇာ၊ ပြည်-ရွာ နီးရှက်၊ ပြည်ထောင်ဘက်အား၊ စုံမက် စိတ်မှာ၊ မပြတ်ရာဘူး၊ ငါသား မင်းစစ်၊ ဧကရာဇ်ကို၊ ကျိုး-ပြစ် တူက၊ ပြုနိုင်စွဟု၊ မာနဟူသည်၊ လေးမူ*မဲ့စွာ၊ မမှတ်သာဘူး၊ စူးရာ စူးလျောက်၊ ဆောက်ရာ ဆောက်တည့်၊ ချင့်ထောက် ပညာ၊ သင့်လျော်စွာအောင်၊ အရာ လျောက်ပတ်၊ ခြားစေတတ်လော့၊ ''ခဲးကက် ရေးရာ၊ ရံခါ လူတွင်၊ ဖြစ်မြဲးအင်ကား၊ ဆင် မတက်နိုင်၊ ကြွက် တတ်နိုင်၏၊ လက်ကိုင် စွဲးထုံ၊ အရေး ပုံဖြင့်၊ မှတ်ယုံ တသီး၊ လွန်လေပြီးက၊ ဆင်ကြီး ကြွက်ငယ်၊ ဝတ္ထုနှယ်သို့၊ ပြုဘွယ်ကိစ္စ၊ ကိုယ်နှင့် မျှအောင်၊ ဆောင်မှ မချွတ်၊ ပြီးတတ်ကြရှင့်၊'' အမြတ် အယုတ်၊ *ဗိုလ်*အစုတ်ကို၊ မရှုတ် မချ၊ နေတကျဖြင့်၊ ကိစ္စ တန်ရာ၊ မျှော်ကာ ဝမ်းထဲး၊ မှတ်ယူ စွဲးလျက်၊ လွန်ကဲး ကြင်နာ၊ ကရုဏာနှင့်၊ မေတ္တာရေ သွန်း၊ *တစ်ဆွတ် ဖျန်း၍့၊ စီးဖြန်း ပရိကံ၊ စာပေ အံသို့၊ ယိုးယံ မပြတ်၊ ပွားစေတတ်လော့၊ ယုတ်-မြတ် *ဗိုလ်လှေး၊ နှလုံး ဆွေး၍့၊ မလေး မမြတ်၊ လူ မညွတ်က၊ နတ် မကြည်ညို၊ နတ် မလိုလည်း၊ ထိုထို ကြီး-ငယ်၊ ပြုဘွယ်ကိစ္စ၊ ကြံသမျှလျှင်၊ ဆုတ်လသို့ ညှိုး၊ ဘုန်း မတိုးဘူး၊ တန်းခိုး ဂုဏ်သိမ်၊ ရေ့နှယ် တိမ်၍့၊ စည်းစိမ် အသက်၊ ပျက်လွယ်တတ်၏၊ မချွတ် မင်းပျို၊ ယွင်း မယိုအောင်း၊ ဗြဟ္မစိုရ် လေးဆူ၊ တရားဟူသည်၊ နတ်-လူ ချစ်ဆေး၊ ရှူတိုင်း မွှေးကို၊ မြတ်လေး ဆောင်လွယ်၊ ကင်း မပယ်နှင့်၊ ဝမ်းဝယ် မပြတ်၊ ထားစေတတ်လော့၊ သူမြတ် သူ*မွန်၊ ဆုကြီးပန်တို့၊ ရံဘန် တဆစ်၊ ခိုက်ရန်ဖြစ်၍့၊ သတ်ညှစ် မကောင်း၊ သေကြောင်း ကြံစည်၊ ရည်သူမည်လည်း၊ ချစ်ကြည် မိတ်စစ်၊ ခင်ပွန်း ဖြစ်၏၊ အပြစ် ယူစွဲး၊ အမြဲး မပြု၊ ဉာဏ်ဖြင့် ရှု၍့၊ ရင့်-နုသဘော၊ နှီးနှော လိုက်ဘက်၊ စည်ကြီးကြက်သို့၊ သူကျက် သူစိမ်း၊ သူခပ်သိမ်းကို၊ ညွတ်တိမ်း မပြတ်၊ *ဖြားစေတတ်လော့၊ ယုတ်-မြတ် အပေါင်း၊ *ခြီးသောင်း လူ*ဗိုလ်၊ ကောင်း*တင်း ဆို၍့၊ ကြည်ညို နူးဆွတ်၊ မေတ္တာ ညွတ်လျက်၊ လေးမြတ် လွန်စွာ၊ နတ်ပမာသို့၊ သစ္စာ မယွင်း၊ ရိုသေခြင်းဖြင့်။။ ခြေရင်း နွံလိမ့်မည်သောကြောင့်။ (၁၄၉)

(၃၁၉) ထိုမှ တချက်၊ လုပ်လုပ် လက်ဖြင့်၊ သားငှက် တိရစ္ဆာန်၊ သက်ယှိမှန်တိုင်း၊ မကျန်စေငှါ၊ သတ္တဝါအား၊ ကြင်နာ ပိုက်ဖြား၊ ရင် သည်းဖျားသို့၊ သနား ကြီးစွာ၊ ကရုဏာနှင့်၊ မေတ္တာ မျှ၍့၊ ဒါန ပရိစ္စာ၊ မိုဃ်းနှယ် ရွာလျက်၊ သမ္မာ မချွတ်၊ ကျင့်ဝတ် မွေ့လျော်၊ တရားပျော်မှ၊ ကိုယ်ပေါ် စောင့်တတ်၊ နတ်နှင့် တကွ၊ ဂန္ဓဗ္ဗက၊ ထိုမျှ တစု၊ လူကို ရှုသား၊ ပိတုလောက၊ တဌာနဖြင့်၊ လ၏့ ထက်မှာ၊ နတ် တရွာဝယ်၊ ပိတရာမည်၊ သက်ရှည် နတ်မျိုး၊ လောကစိုးတို့၊ မြတ်နိုး ချစ်ကြည်၊ မြဲး စောင့်တည်လိမ့်၊ ဆယ်မည် ပုည၊ ကုသလနှိုက်၊ နိစ္စ မြဲးစွာ၊ လက် မကွာဘဲး၊ မဟာသမ္မတ၊ ဘေးလောင်း စသား၊ ဗြဟ္မာ့ နွယ်ရင်း၊ ကမ္ဘာမင်းတို့၊ ကျင့်ခြင်း စဉ်လာ၊ ထုံး *တန်ထွာဖြင့်၊ ရာဇကိစ္စ၊ မင့်းဓမ္မကို၊ မချ ဝမ်းထဲး၊ စိတ်မှာ စွဲးလော့၊ မလွဲး မှန်ဘိ၊ ထိုပြီ့း တဝ၊ ''လှူဒါနနှိုက်၊ ပေတကိစ္စ၊ ဥဒ္ဒိဿကား၊ ရည်ထ ပေးပြု၊ သာဓု ခေါ်တတ်၊ လှူခံ မြတ်မှ၊ သေသူ ရ၏၊ ဘဝ နောင်ဘို့၊ ဖြစ်ရာတို့ဝယ်၊ မချို့ ကုသိုလ်၊ ကိုယ်ကျိုး လိုက၊ ပုဂ္ဂိုလ် ယုတ်-မြတ်၊ မမှတ်အပ်စွာ၊ ရရာ မရွေး၊ *မဖင့်နှေးနှင့်၊ လှူပေး စွန့်ကြဲး၊ တွေ့တိုင်း ရဲးလော့၊'' ''မှီဝဲးသမှု၊ ဆရာပြုမူ၊ ဗဟုဿုတ၊ ဂုဏ ပညဝန်၊ သီလဝန်မှ၊ သား*မွန် လည်ရွဲး၊ ဆည်းကပ် မြဲးလော့၊ မှီဝဲး များရာ၊ အလေ့ပါ၏၊'' မင်္ဂလာအဿ၊ ပဏ္ဍဝလျှင်၊ နိစ္စ စောင့်မှတ်၊ ဂီရိဒတ်ဟု၊ ပညတ် မည်တွင်၊ ခြေခွင် ယောက်ျား၊ မြင်းထိန်းသွားသို့၊ ကားရား ကွကွ၊ မလှ နင်းချက်၊ အသွား ပျက်၏၊ ''စက် နိဿယ၊ ပုဂ္ဂလဟု၊ ပါပဝါဒီ၊ အမှီ မကောင်း၊ ယှဉ်မိ ပေါင်းက၊ အလောင်းတို့လျက်၊ ကျင့်ကောင်း ပျက်၏၊ မနက် မနဲး၊ လူ့*ခပဲးကား၊ နှိုက်နှဲး ရေးရာ၊ မယှိစွာဘူး၊'' ''ဝိပလ္လာသ၊ ဘောက်ပြန်ကလည်း၊ မောဟ လွှမ်းပြီး၊ အယူသီး၍့၊ စပါးကြီး ချက်ငြိ၊ ဟူတုံဘိသို့၊ အဝီစိ သွား၊ အကျင့်မှားကို၊ မြစ်တား မရ၊ ဆုံးမ မနာ၊ ယှိတတ်စွာခဲ့၊ ပညာ အားနည်း၊ သဒ္ဓါ သည်းက၊ အရည်းမည်ကာ၊ ယူမိစ္ဆာနှိုက်၊ သဒ္ဓါ လေးမြတ်၊ ဆည်းကပ်တတ်၏၊ ပရမတ်အရာ၊ မလိမ္မာဘဲး၊ သဒ္ဓါ *နုန့်နဲး၊ ပညာ ကဲးလည်း၊ အလွဲး ပြေးဝင်၊ အမြင် ယွင်းခွ၊ တိမ်းပါးကြလျက်၊ မီပြသမား၊ တွင်းကျွံမှားသို့၊ ဆယ်ပါး ကောင်းမှု၊ လှူဝတ္ထုကို၊ စွန့်ပြု မ*လွှတ်၊ စိတ္တုပ္ပါဒ်မျှ၊ ဒါန အလှူ၊ မြောက်သောဟူ၍့၊ အယူ ဘောက်လွဲး၊ မိစ္ဆာ စွဲး၏၊ လိပ်ခဲးပမာ၊ မြဲးမြံစွာလျက်၊ သတ္တဝါ တယောက်၊ ယူ မှားမှောက်ကို၊ သိန်းလောက် ဘုရား၊ လှန်သော့အားဖြင့်၊ ဟောကြား *ခြေချွတ်၊ ဖြေ မလွှတ်ဘူး၊ အကျွတ် မရ၊ နိယတဖြင့်၊ ဝါဒအလို၊ မြေကြီး မျိုလည်း၊ ယူကို စွန့်ဘဲး၊ အကျင့် လွဲး၍့။။ ငရဲး ခံလိမ့်မည်သောကြောင့်။'' (၁၅၀)

(၃၂၀) ကောင်း-ဆိုး စစ်၍့၊ ကျိုး-ပြစ် ရှု မျှော်၊ သိမြင် မြော်လော့၊ သူတော် မဟုတ်၊ သူယုတ်တို့နှိုက်၊ တခိုက်မျှဖြင့်၊ ပေါင်းမိ သင့်က၊ စိန်နှင့် သမ္ပရာ၊ အဆိပ်စာသို့၊ မိစ္ဆာ တိမ်းပါး၊ ယူ ဘောက်ပြား၍့၊ တရား မလျော်၊ မှား ချွတ်ချော်၏၊ သူတော် သူစင်၊ ပညာရှင်တို့၊ မိန့်ကျင်စကား၊ တခွန်း ကြားက၊ ပတ္တမြား ဆန်ကျိုး၊ အဘိုး ပြည်တန်၊ ဧကန် မုချ၊ တလုံး ရသို့၊ နဂ္ဃ ဘိုး*မွန်၊ ကျိုး ကဲးလွန်၏၊'' ''ဘောက်ပြန် ရှေးက၊ ဝိဒေဟနှိုက်၊ ဝါဒ ယွင်း*သုန်၊ ဂုဏ် ကဿပ၊ မောဟန္ဓအား၊ ခဏ ကပ်မိ၊ အင်္ဂတိကို၊ ဗောဓိသတ္တ၊ နာရဒဟု၊ မိုးက ဗြဟ္မာ၊ ကိုယ်တိုင် လာ၍့၊ ကြီးစွာ ကုတ်ပတ်၊ ဟော *ခြေချွတ်မှ၊ ဖြေလွှတ် ကွာရှင်း၊ မိစ္ဆာ ကင်း၏၊'' ''ကိုယ်တွင်း ရောဂါ၊ ဝေဒနာလည်း၊ ဆရားကောင်းနှင့်၊ ဆေးကောင်း တွေ့မှ၊ ချမ်းသာရ၏၊ မုချ မှန်စွာ၊ ဟူစပါရှင့်၊ မိစ္ဆာဒိဋ္ဌိ၊ ယူဘိ ယွင်းချော်၊ အပါယ်ဘော်တည့်၊ သူတော် မဟုတ်၊ သူယုတ်တို့အား၊ ထံပါး ရောရှက်၊ မိတ်ဘက် ဘယ်ခါ၊ မပြုရာဘူး၊ ပညာယှိပေါင်း၊ သူတော်ကောင်းနှင့်၊ အကြောင့်သင့်မျှ၊ ပေါင်းမိကြ၍့၊ သဒ္ဓမ္မသဝန၊ ကြားနာရမှ၊ ဝါဒ သမ္မာ၊ တည်နိုင်စွာရှင့်၊'' ကြားနာ သုတ၊ မြတ်ဆန္ဒကို၊ သားလှရတနာ၊ မြဲး မကွာနှင့်၊ 'နံ့သာကြုတ်တွင်း၊ သေပုလင်းနှိုက်၊ တည့်ရင်း နံ့သာ၊ သေ ကင်းကွာလည်း၊ ဂန္ဓာ ထုံပျံ့၊ အနံ့သဖွယ်၊ ပျောက် မပြယ်သို့၊ ရှေးဝယ် လဲးပြောင်း၊ ဘဝဟောင်းက၊ ဆိုး-ကောင်း ကမ္မ၊ လေ့လာကြသား၊ ဆန္ဒ ဝါသနာ၊ အထုံပါ၏၊ သမ္မာ ယူ-စွဲး၊ စိတ်ဝယ် မြဲးလော့၊ မနဲး မနက်၊ လေ့ကျက် ဝသီ၊ ထုံ မမှီ၍့၊ ပါရမီ နဂိုရ်၊ မယှိ လိုကြောင့်၊ ကုသိုလ် သုစရိုက်၊ မုန်း မကြိုက်ဘူး၊ သူမိုက်*ရမ်းဘဲး၊ နောင် ဆင်းရဲးလိမ့်၊'' တကွဲး ထိုမှ၊ 'မိ-ဘမည်ငြား၊ ဤနှစ်ပါးတို့၊ ရှေးထားအပ်စွ၊ ဘာဝတ္ထကြောင့်၊ ပြုဗ္ဗဒိသာ၊ မျက်နှာ ရှေ့မှတ်၊ ဆရာမြတ်ကား၊ မပြတ်ကာလ၊ ပူဇော်ရကြောင့်၊ ဒက္ခိဏခေါ်၊ တဘော် ဝန်းလျား၊ သား-မယားမူ၊ နောက်ထား ပစ္ဆိ၊ မှုယှိ ထုတ်ပေ၊ မိတ်ဆွေ မြောက်ညာ၊ ဥတ္တရာမည်ထ၊ ကမ္မကရာ၊ ကျေးကျွန်မှာလျှင်၊ ဒိသာ အောက်ခန်း၊ ရဟန်း ပုဏ္ဏား၊ ဘုရား ပစ္စေက၊ ဟူသမျှကား၊ မြတ်လှ ဂုဏ်ဝါ၊ ထိပ်မှာ တင်အပ်၊ အထက်ရပ်တည့်၊ ပညတ် ဝေါဟာ၊ ခြောက်ဒိသာကို၊ ကောင်းစွာ မငြို၊ သက်ဆုံး ကိုယ်ဖြင့်၊ ကြည်ညိုအား*လှိုင်း၊ သားမောင် ကျိုင်းလျှင်၊ နေ့တိုင်း *ကော်ရော်၊ ပူဇော် မပြတ်၊ မြတ်နိုးတတ်က၊ မြတ်ထက် မြတ်ရာ၊ နောင် သံသာနှိုက်၊ နတ်ရွာခရီး၊ ပိတ်-ဆီး မယှိ၊ ဇာတိ မဘောက်၊ ဤမျက်မှောက်လည်း၊ ထက်-အောက် *ခပဲး၊ အံ့*မစဲးအောင်၊ ခြီးဝှဲး *ဗိုလ်လူ၊ ကောင်းဆု ယူလျက်၊ ကြည်ဖြူ ရွှင်ပြုံး၊ ရွှေစက် အုံး၍့။။ သက်လုံး နှံလိမ့်မည်သော့ကြောင့်။ (၁၅၁)

(၃၂၁) ယင်းသို့ဖြစ်၍့၊ သားချစ်ရတနာ၊ ဘ,သည်းချာလည်း၊ မဟာသမတ်၊ ကမ္ဘာနတ်က၊ နွယ်မြတ်တော်ရင်း၊ သက်ဆင်း ဖြစ်ပွား၊ မှန်သော့အားဖြင့်၊ မှာထားသမျှ၊ မင့်းကိစ္စနှင့်၊ ပုည ပွားရာ၊ ကျင့် သမ္မာကို၊ စိတ်မှာ မထောင့်၊ စွဲးယူ ဖြောင့်လော့၊ ''အဘကောင့်း သား၊ ခံရ များ၏၊ သားကောင့်း အဘ၊ ဖြစ်ခဲးစွရှင့်၊ သားလှမောင် သိ၊ အတိ အနု၊ ခေါ်ပြု အဝ၊ ဇာတ သုံးဖြာ၊ ကျမ်းနှိုက်လာသား၊ မာတာ ပိတ၊ မိနှင့် ဘထက်၊ သီလ သမာ၊ ပညာ ကျင့်မူ၊ လွန်-တူ-ယုတ်ထ၊ သား သုံးဝတည့်၊ ပါပသမုတ်၊ ကလိယုဂ်နှိုက်၊ ဆုတ်ကပ် ဘွားသည့်၊ နောက်သား*တကာ၊ အဝဇာဖြင့်၊ အလိမ္မာကို၊ မလို ဆည်းပူး၊ လေလွင့် ရူး၍့၊ အမူး အမော်၊ စားပျော် သောက်ပြု၊ ကစားမှုနှင့်၊ မိုက်တု မိုက်ထ၊ လိုက် များကြလိမ့်၊'' 'ဓန ဥစ္စာ၊ ပညာ ကုသိုလ်၊ ပွားစလိုက၊ ခြကို ပုံထား၊ ပျားကို ပုံပြု၊ ရရာ စုလော့၊'' ''ဤလူ့လောက၊ လူ့ဘဝနှိုက်၊ သကျရူပံ၊ မိန့်သံ ဂါထာ၊ ကျမ်းအလာတိုင်း၊ ငယ်ခါကလျှင်၊ မသင် ပညာ၊ ဥစ္စာ မစု၊ သူ့ကို ချစ်ဖျက်၊ သူ့သက် သတ်စား၊ သူ့မယားနှိုက်၊ ပြစ်မှားတုံဘိ၊ ပစ္စည်း ယှိလျက်၊ စိုးစိ မလှူ၊ မွေးမြူ မိ-ဘ၊ မပြုရနှင့်၊ ဆုံးမ မနာ၊ ပညာယှိထံ၊ နည်းခံ မမှတ်၊ အမြတ် မကျင့်၊ ဤဆယ်ဆင့်ကား၊ ကြီးရင့် ဇရာ၊ အိုသော့ခါလျှင်၊ ပူဆာ နောင်တ၊ ရတတ်စွတည့်၊'' ''လောက ဓမ္မတာ၊ လူ့*တန်ထွာဖြင့်၊ နောင်ခါ ထို့တူ၊ မွေးစိမ့်ဟူ၍့၊ မှတ်ယူသော့အား၊ သမီး-သားကို၊ ဝတ်စား ဆင်ယင်၊ သုတ်သင် လုပ်ကျွေး၊ ပြုစု မွေးကာ၊ ကြွေးသစ်ချသည်၊ သဘောမည်၏၊ ရွှင်ကြည် အထူး၊ မွေးခဲ့ဖူးသည့်၊ ကျေးဇူးသခင်၊ မွေးမိခင်နှင့်၊ ဘခင်တို့အား၊ ခစား မကင်း၊ လုပ်ကျွေးခြင်းမူ၊ မယွင်း ပညပ်၊ ကျွေးဟောင်းဆပ်တည့်၊ တရပ် ထိုမှ၊ သမဏ ဗြာဟ္မဏာ၊ ယာစကာအား၊ သဒ္ဓါ ကြည်ဖြူ၊ ပေးလှူသည်မှာ၊ သံသရာဝယ်၊ လိုရာ မညှိုး၊ သုံးရန်မျိုးဖြင့်၊ ရွှေအိုးမြှုပ်သည်၊ မည်လတ်ရှောင်း၏၊ ကြွေးဟောင်း ဆပ်လစ်၊ ကြွေးသစ် ချခြင်း၊ မြေတွင်း နှံရိုး၊ သူ မခိုးနိုင်၊ ရွှေအိုး မြှုပ်ထ၊ ဤကိစ္စနှင့်၊ သောက ဆယ်မျိုး၊ နောင် မစိုးအောင်၊ သတိုး သက်ဝေ၊ ကျင့်တတ်စေလော့၊'' တက်နေသို့ ပြိုး၊ ဘုန်းရောင် တိုး၍့။။ တန်းခိုး လျှံလိမ့်မည်သော့ကြောင့်။ (၁၅၂)

(၃၂၂) ထိုမှ တသွယ်၊ မှတ်သားဘွယ်တိ၊ နားဝယ် *စိစ္စေး၊ နာဘိသေးလော့၊ ''ရှေး ကုသလ၊ ဉာဏ မပါ၊ သဒ္ဓါမတ္တ၊ ကံကိစ္စကြောင့်၊ စိုးရ လူနှိုက်၊ ပြည့်စုံကြိုက်လည်း၊ လူမိုက် ကံကောင်း၊ နစ်မွန်းကြောင်းတည့်၊ တောင်ချောင်း ရေကြီး၊ ကောက်ရိုးမီးသို့၊ ညီးညီး ထိန်ပ၊ တရှိန်ကြွဖြင့်၊ ခဏမျှသာ၊ အကြာ မတည်၊ မရှည် အသက်၊ ပျက်လွယ်တတ်၏၊ ဥပတ်ဆေဒ၊ ဃာတကနှင့်၊ ဥပပီဠက၊ ပါပအပုံ၊ ဆူးနှယ် ရုံ၍့၊ ပြည့်စုံ ပျက်စီး၊ လေဝ မီးသို့၊ မကြီး*ဖွံ့ခင်၊ စံ*ဆဲးတွင်နှိုက်၊ မင်းပင် တမူ၊ ရန်သူ မချွတ်၊ ပန်းနှယ် ဆွတ်၏၊ အလွတ်*မဲ့စွာ၊ ဉာဏ် မပါကြောင့်၊ ထင်ရာတိုင်းပြု၊ ကလာဗုနှင့်၊ ဒုသိ မာရ်နတ်၊ ဗြဟ္မဒတ်တို့၊ ယုတ်-မြတ် မသိ၊ ကျင့်မိ ဆတ်ဆတ်၊ မြေမျို သတ်၏၊'' မှတ်လော့ ရင်သွေး၊ ကုသိုလ်ရေးနှိုက်၊ *ဖင့်နှေးသဘော၊ နက်ဖြန်သောဟု၊ ပြောတတ်တုံငြား၊ သူ့စကားကို၊ ထောင်နား မနာ၊ ဤခန္ဓာလည်း၊ ခိုင်မာ နစ္စ၊ မမှတ်ရဘူး၊ ဝါဒ ယုတ်မာ၊ မိစ္ဆာ မယူ၊ လူဟု ဖြစ်လျက်၊ *နရက် ရောက်ကြောင်း၊ မကျင့်ကောင်းတည့်၊ ဆိုးတောင်း ပါပ၊ ဒုကမ္မလည်း၊ ပယ်ထ ကင်းဘိ၊ ဒိဋ္ဌိ သမုတ်၊ ဆိတ် မဟုတ်သို့၊ ခွါဆုတ် မငဲ့၊ ကျိုး*မဲ့ မယှဉ်၊ ခုနစ်စဉ်တရား၊ နန်းစဉ် ထားကို၊ တပါးသူ့ထက်၊ ဆယ်ပြန် တက်၍့၊ မပျက် ကျင့်ကာ၊ ဆောင်သင့်ရာ၏၊'' ''ဤခန္ဓာညစ်၊ ကိုယ့်အဖြစ်ကား၊ အပြစ်တရား၊ အလွန်များခဲ့၊ သိကြား ဗြဟ္မာ၊ စကြာမင်းစစ်၊ အကယ်ဖြစ်လည်း၊ အနှစ် မယှိ၊ အကာတိမျှ၊ ပျက်ဘိလွယ်စွာ၊ *တသက်လျာတည့်၊ ကျင့်ပါ အထူး၊ ဂုဏ်ကျေးဇူးသာ၊ ခြီးကျူး *ဥဒါန်း၊ မကုန် *ကျွန်းအောင်၊ စဉ်ထွန်း ကမ္ဘာ၊ နောင် မြင့်ကြာ၏၊'' ''ခန္ဓာဟုဆို၊ ဖြစ်ပြီး ကိုယ်၏၊ အို-သေ-နာ-ဖျား၊ ဤတရားကို၊ များများ စိတ်မှာ၊ ပူဆာ သောက၊ မကြောင့်ကြနှင့်၊ ဖြစ်က မချွတ်၊ ပျက်လတ္တံ့တည့်၊ မျှော်ငံ့ စောင့်စား၊ နေရငြားခဲ့၊ တရား ကိုယ်မှ၊ လွှတ် မချဘဲး၊ ဒါန သီလ၊ စာရိတ္တကို၊ ပျက်ရမည်သာ၊ ကြောင့်ကြရာ၏၊'' 'ယုတ်မာ ဆိုးတောင်း၊ ကျင့်မကောင်းကို၊ မှားကြောင်း တစိ၊ သိလျှင် သိချင်း၊ စွန့်ပယ်လျှင်းလော့၊ အတင်း ယူစွဲး၊ ဘား မြွေခဲးသို့၊ အမြဲး မှတ်သို၊ မစွန့်လိုက၊ ဤကိုယ် သုခ၊ နောင် မရဘူး၊'' ပုည သမ္မာ၊ စရိယာကို၊ ကောင်းစွာ ကျင့်*မွန်၊ ကျင့် မလွန်မူ၊ ဟေမန်ခေါ်ပြု၊ ဆောင်း*ရတုနှိုက်၊ ငှက်မှု ငှက်လျော၊ ငှက်သဘောဖြင့်၊ ဥဩ မတွန်၊ တိမ်တံခွန်လျှင်၊ မိုးစွန် မလွှား၊ ဂြိုဟ်-နတ်များတို့၊ အသွား ဖြောင့်မှန်၊ မဘောက်ပြန်ဘဲး၊ ငွေစန္ဒြ၊ သော်တာ လ,လည်း၊ ထွန်းပ မိုးလယ်၊ *ကြက်တိုက်ကြယ်နှင့်၊ စမ္ပာယ် မကွာ၊ ပြိုင်-ယှဉ်ကာဖြင့်၊ သွေခါ မတိမ်း၊ ပြည်-ရွာ ငြိမ်းလျက်၊ မုဒိမ်းလူမျိုး၊ ပေါ မဆိုးသည်။။ ဘုန်းချိုး နွံလိမ့်မည်သော့ကြောင့်။

(၁၅၃)

(၃၂၃) ဤသို့လျှင်တိ၊ ရွှေစင် လည်ရစ်၊ ဂုဏ်အနှစ်ကို၊ လွန်ချစ် မြဲး*နေ၊ မကျေစေနှင့်၊ ပတေ ပတာ၊ ရိုသေစွာလော့၊ ''အခါ အခါ၊ မရောက်ရာနှိုက်၊ ပညာ မိမိ၊ ယှိသည့်အဖြစ်၊ ကိုယ့်*သနစ်ကို၊ ဘွင့်လှစ် ထင်စွာ၊ မပြုရာဘူး၊ မာ ဝိဘာဝယိ၊ မိန့်ပါဠိတိုင်း၊ တေမိ လောင်းလှ၊ မ*ဆွံ့-အ,လည်း၊ ဆွံ့-အ ပင်းယောင်၊ အ,ဟန်ဆောင်ရှင့်၊ ကြောင် လက်သည်း ဝှက်၊ ပြင် မထွက်ဘဲး၊ ထဲးနက် ထားသို၊ ခါရောက် လိုမှ၊ ပဟိုရ် ရွှေစည်၊ တီးတိုင်း မြည်သို့၊ ခုံတည်မြောက်အောင်၊ ရှေ့-နောက် နုသန်၊ အရိုးမှန်လျက်၊ သမ္ဗန် ပယောဇဉ်၊ စပ်ယှဉ် မကင်း၊ ခံတွင်း မဆိတ်၊ ဖိုလ်ဟိတ်ခတ်ကာ၊ ဆောင် ဥဒါနှင့်၊ ပမာ ပမည်း၊ သိပ်သည်း မိန့်ထွေ၊ မဝေစေနှင့်၊'' ''ရှာဘွေ ဥစ္စာ၊ ဤလူ့ရွာဝယ်၊ ချမ်းသာ ဖြစ်ကြောင်း၊ ဉာဏ်အပေါင်းကား၊ နည်းကောင်းမည်ထ၊ ကျင့်ဓမ္မတည့်၊ ရသည့် ချမ်းသာ၊ အရာရာကို၊ ကောင်းစွာ မယွင်း၊ စောင့်ရှောက်ခြင်းကား၊ မည်လျှင်း အတ္ထ၊ ပဉ္စ အာရုံ၊ စည်းစိမ်ပုံနှိုက်၊ ပြည့်စုံတိုင်းသာ၊ လိုရာ ရွင်အား၊ ခံစားနိုင်ဘိ၊ ဂုဏ်သတ္တိကား၊ မည်ယှိ ကာမ၊ တိဝဂ္ဂတည့်၊ ဘဝ ငြိမ်းရာ၊ နောင် သံသာဝယ်၊ နတ်ရွာ နိဗ္ဗာန်၊ အ*မွန် ထင်ရှား၊ မြတ်တရားမူ၊ မည်ငြား မောက္ခ၊ တိဝဂ္ဂနှိုက်၊ ထည့်က မှန်စွာ၊ ဤလေးဖြာကား၊ ကျမ်းလာ မိန့်မြွက်၊ စတုဝဂ်တည့်၊ ပျိုသက် နုစဉ်၊ တိဝဂ်ယှဉ်လျက်၊ ပညာဉ် ရင့်ပြီး၊ သက်ရွယ် ကြီး၍့၊ သေနီး အိုခါ၊ နိဗ္ဗာန် ရှာလော့၊ နည်းနာတရား၊ အမြဲး ထား၍့၊ မှတ်သား စွဲးလေ၊ မထွေစေနှင့်၊'' ရေမယှိ ကန်၊ ဆန်*မဲ့ စပါး၊ တရား*မဲ့ မင်း၊ ခိုးကင်းသည့် မီး၊ ဤလေးသီးကား၊ ချည်းနှီးမျှသာ၊ လူမှာ တစိ၊ ကျိုး မယှိဘဲး၊ အသိ မင်း*ခြေ၊ မသွေစေနှင့်၊'' ''သရေ ကင်းဘိ၊ မယှိ ဘုန်းကံ၊ အကြံ ပေတုံး၊ နှလုံး ညစ်*ထည်း၊ ပညာ နည်းတို့၊ အသည်း ဧရာ၊ တခုသာနှင့်၊ တိရစ္ဆာန၊ မျိုးဘာဝသို့၊ ကာမ အိပ်-စား၊ ထိုသုံးပါးမျှ၊ လိုလား လေ့လာ၊ သိတတ်စွာရှင့်၊ နတ်ရွာ တံခါး၊ ဆို့ပိတ် တား၏၊ ပိုင်းခြား သိစေ၊ မောင် မှတ်လေလော့၊ သန္ဓေ ဉာဏ်ဆိတ်၊ ဒွိ-အဟိတ်တည့်၊ ဈာန်ပိတ် မဂ်ကင်း၊ ဇာတိ ဖျင်းမျိုး၊ ပိုးပုရွက်မိုက်၊ အချို ကြိုက်တို့၊ စရိုက် သက်သက်၊ အချိုခွက်နှိုက်၊ နစ်လျက် မုချ၊ သေကုန်ကြသို့၊ ကာမ မူးဝေ၊ မသေစေနှင့်၊'' ကျင့်*နေ ဓမ္မ၊ မြဲး မချမှ၊ ဒိဋ္ဌ တမလွန်၊ နှစ်တန် ခိုင်*ဖြီး၊ အကျိုး ပြီး၍့၊ ကောင်းခြီး ကြေညာ၊ လွှံ့ကြော်ငြာလျက်၊ လူ့ရွာ နတ်ပွဲး၊ မချွတ်လွဲးသည်။။ ရမြဲးမြံလိမ့်မည်သောကြောင့်။ (၁၅၄)

(၃၂၄) ရမြဲး နတ်ရွာ၊ မချွတ်ရာတည့်၊ သမ္မာဝါဒ၊ ကျင့်ဓမ္မနှင့်၊ မချ သတိ၊ လက်ကိုင်ယှိလော့၊ အဘိသမ္မစိုရ်၊ တရားကိုယ်ဖြင့်၊ လူ*ဗိုလ် ချမ်းသာ၊ ငြိမ်းကြောင်း ရှာ၍့၊ ပြည်ရွာ ပွားစီး၊ အကျိုးပြီးအောင်၊ ရွှေထီးအုပ်လျက်၊ ရွှေနန်းထက်နှိုက်၊ နှစ်သက် မွေ့လျော်၊ စံသရော်တိ၊ ရင့်ယော် ခန်းခြောက်၊ ဇရာ ထောက်၍့၊ ဓာတ်+ချောက် ဓာတ်+ခြား၊ ရုပ် ဘောက်ပြားလျက်၊ ထူးခြား ညှိုးသွေ့၊ ဤကိုယ်လေ့ဖြင့်၊ အိုငွေ့ ခြောင်းခြောင်း၊ မြတ် ဥက္ခောင်းထက်၊ တချောင်း ဆံဖြူ၊ မြင်ကာမူလည်း၊ ငါ့တူ မပျက်၊ သားကို ဆက်၍့၊ တောထွက်ရစ် မင်း၊ ရွှေနန်းတွင်းနှိုက်၊ *စင်းလျင်း *ဖက်ထစ်၊ စည်းစိမ် ယစ်လျက်၊ မင်းဖြစ် မူးဝေ၊ မသေစေနှင့်၊ မသွေ မပယ်၊ နားဝယ် စွဲးသိပ်၊ မြဲးစေစိပ်လော့၊ ''အအိပ် အစား၊ အပျော်ပါးကား၊ လူ့နွား တိရစ္ဆာန်၊ သဏ္ဌာန်မျှသာ၊ ခြားကြစွာ၏၊ လူမှာ သီလ၊ အာစာရနှင့်၊ ဉာဏ ကျေးဇူး၊ ဂုဏ်သာ ထူးခဲ့၊ သားဦး သိစေ၊ မတွေဝေနှင့်၊ ခြွေရွေ *ဝန်းလျား၊ သား မယားကား၊ ပျော်ပါး မွေ့လျော်၊ ပါယ်လားဘော်တည့်၊'' တွေးမြော် ဉာဏ်ဖြင့်၊ ရွှေနန်းမြင့်ထက်၊ အသင့် မမှား၊ စံ လိုက်စားလျက်၊ တရား မမေ့၊ ပျော် သိမ်မွေ့လော့၊ ညဉ့်-နေ့ ကုန်*ကျွန်း၊ ကျိုး*မဲ့ ခန်း၍့၊ သေပန်းပွင့်ခါ၊ သေမင်း လာသော်၊ ကိုယ်မှာ ကောင်းမှု၊ စုံ တခုမျှ၊ မပြု နေမိ၊ မေ့ကျန်ယှိကြောင့်၊ သုဂတိဘုံ၊ မဆောင်တုံဘဲး၊ ပြော*ဟုံ ဒုက္ခ၊ ပါယ် လေးဝသို့၊ ချအံ့ မသွေ၊ မလွဲးပေဘူး၊'' တထွေ မှတ်စွဲး၊ ''သံတွေခဲးလျှင်၊ သံထဲးက ဖြစ်၊ သံ့အညစ်ကြောင့်၊ စင်စစ် ပျက်ပြုန်း၊ သံချေး ဖြုန်းသို့၊ နှိုင်း*နှုန်း မ*ယွက်၊ ကိုယ့်*ရမ္မက်ဖြင့်၊ ကိုယ်ပျက်ကြမြဲး၊ မချွတ်လွဲးတည့်၊ တင့်ရဲး လူ့ဘောင်၊ တထောင်ထောင်နှင့်၊ မရှောင် ဒုစရိုက်၊ အကျယ် ကြိုက်လျက်၊ လူမိုက် လေ့လာ၊ မကျင့်ရာဘူး၊ *ကြမ္မာ ချိန်စေ့၊ လူက ရွေ့၍့၊ စုတေ့ ယွင်းယို၊ အနန္တိုရ်ဝယ်၊ ဤကိုယ် ပျက်စီး၊ သေပြီးကာလ၊ နောင်ဘဝနှိုက်၊ ဒုက္ခ မြဲးကပ်၊ ကျယ်သူ ကျပ်၏၊ လေးရပ် ပုံပြ၊ ပုဂ္ဂလတွင်၊ တမပရာယဉ်၊ လူ-နတ် ကြဉ်လျက်၊ ပုပ်ကျဉ် ဥ+*ဖျင်း၊ စပါး+*ဖျင်းသို့။။ ဂုဏ်+*ဖျင်း *သွံလိမ့်မည်သောကြောင့်။'' (၁၅၅)

(၃၂၅) *သွံ*ဖျင်း ဂုဏ်သိမ်၊ သေးမြုပ် တိမ်အောင်၊ စည်းစိမ် *ရမ္မက်၊ သံချေးတက်၍့၊ ကိုယ်ပျက် ကိုယ်ကြေ၊ မယှိစေနှင့်၊ မှုန်ဝေ မောဟ၊ ဤလောကနှိုက်၊ သဘာဝဇာတ်၊ ကာမဓာတ်ဖြင့်၊ သတ္တဝါ *ခပင်း၊ ကိုယ်အတွင်းဝယ်၊ ထမင်း မွတ်ဆာ၊ ရေဆာ သိပ်ခြင်း၊ အိပ်ငိုက်ခြင်းက၊ တပ်ခြင်း ရာဂ၊ ဤလေးဝကား၊ တူကြသတတ်၊ မှန်မချွတ်တည့်၊ ငတ်မွတ် ပြင်းစွာ၊ ထမင်းဆာနှင့်၊ ရေဆာ အိပ်ချင်၊ သို့လျှင်တစေ၊ နှိပ်စက်ချေက၊ စာရေအမျိုး၊ ကောင်း-ဆိုး မရှာ၊ နေရာ မရွေး၊ မနှေး *ငက်ငက်၊ ကြောက်ရှက် မယှိ၊ ရမိ တွေ့ရာ၊ စားကာ မျိုခြင်း၊ ငိုက်မျည်းလျှင်းသို့၊ မယွင်း ထို့တူ၊ ရာဂဟူသည်၊ လွန်ပူ မချိ၊ ထိုးကျင့်ဘိသော်၊ ဣတ္ထိ ပုရိသ၊ မိန်းမ ယောက်ျား၊ နှစ်ပါး တွေ့ရာ၊ ဂုဏ်ဝါ မျိုးဇာတ်၊ ယုတ်-မြတ် ဆင်းရွယ်၊ ရွေးချယ် မပြု၊ ဉာဏ် မရှုနိုင်၊ မေထုနက၊ သံသဂ္ဂဖြင့်၊ ကာမအကျင့်၊ ရတိုင်း သင့်၏၊ အခွင့် သာယာ၊ ထိုအခါနှိုက်၊ ညှာတာသော့ထွေ၊ ပေးမျိုးပေတည့်၊ တွေဝေ မိုက်ဇော၊ မြစ်ရေကြောသို့၊ စုန်မျောလွယ်ကာ၊ လိုက်ကြစွာ၏၊ သတ္တဝါဟူငြား၊ ကာမသားတို့၊ နည်းပါး ပညာ၊ ကိလေသာနှိုက်၊ များရာ လိုက်ကြ၊ တား မရဘူး၊ မောဟ ဘိထွေ၊ မငြိစေနှင့်၊ ကိလေဝဋ်ထဲး၊ အိမ်ထောင် မြဲးက၊ ဆင်းရဲး လောင်လင်၊ လွန်ငြိုငြင်လိမ့်၊ ညွတ်တွင်မိလျှင်း၊ ညွတ်တွင်းနှိုက် သေ၊ ညွတ်ပြင်နေ၍့၊ သေသော် ညွတ်တွင်း၊ ညွတ်တွင်းမိလျက်၊ လွတ်ထွက် သေရ၊ ညွတ်မှ ကင်းကွာ၊ မမိစွာဘဲး၊ ချမ်းသာ*တစေ၊ လွတ်သေ သေသား၊ လေးထွေ ငှက်နှယ်၊ လူတို့ဝယ်တိ၊ မှတ်ဘွယ် ထင်ရှား၊ လူ လေးပါးကို၊ ငါ့သား သက်ဝေ၊ သိတတ်စေလော့၊'' တထွေ မှတ်ချက်၊ မောင် နားရွက်စိမ့်၊ ကျီးနက် မိုက်ခေါင်၊ ဆင်သေကောင်ထက်၊ သောင်ကို မလှမ်း၊ ကမ်းသို့ မတက်၊ အပုပ် မက်၍့၊ စီးလျက် စားကာ၊ လိုက်လေပါက၊ သမုဒြာ ရောက်ဆိုက်၊ လှိုင်း-ဝဲး ရိုက်၍့၊ ရေနှိုက် မွန်း-နစ်၊ ငါးစာဖြစ်သို့၊ စင်စစ် မှတ်ဆောင်၊ လူတို့ဘောင်တွင်၊ အိမ်ထောင်ဝဋ်ထဲး၊ သေအောင် စွဲး၍့၊ အမြဲး နေငြား၊ သား မယားနှင့်၊ ခံစား ကာမ၊ လူထိုမျှကို၊ ကာကပညာ၊ ကျီးပမာဟု၊ မဟာဝိသုဒ်၊ မြတ်သမ္ဗုဒ်တို့၊ ရွှေနှုတ် လှစ်ခြွေ၊ ဟောခဲ့ပေ၏၊'' မှာလေ ဆက်ဆက်၊ ရွှေပေထက်နှိုက်၊ တင် အက္ခရာ၊ နန်းစဉ်စာဖြင့်၊ သေချာ စေ့ငု၊ ရေးပုံ ပြု၍့၊ မြဲးရှု နောင်လာ၊ စွဲးမှတ်ရာ၏၊ လူ့ရွာက တက်၊ နတ်ဘုံထက်သို့၊ ပြောင်းဆက် ကူးသန်း၊ သာ ရွှင်လန်းသည်။။ နတ်နန်း စံလိမ့်မည်သော့ကြောင့်။ (၁၅၆)

(၃၂၆) ဤတကြောင်းလည်း၊ သားကောင်း ရွှေစင်၊ မှတ် နားတင်ဦး၊ 'အကြင်ယောက်ျား၊ အားကြီးသသူ၊ တဦး လူသည်၊ ခေါင်းဖြူ ခေါင်းမွဲး၊ သဲးသဲး ဝှန်*ဖြိုး၊ လှိုင်း*တံပိုးဖြင့်၊ ရိုက်ကြိုး ထန်စွာ၊ မဟာသမုဒ္ဒ၊ ဝေမဇ္ဈနှိုက်၊ ဧကဆိဂ္ဂဠ၊ တပေါက်မျှ ယှိ၊ ကြီးဘိ ဖြိုး*ဖြိုး၊ လှည်းထမ်းပိုးကို၊ အားကြိုးမာန်ပါ၊ ပစ်သော့ခါဝယ်၊ ထင်ရာ ဝိုးဝါး၊ အသွား *တိမ်းပင်း၊ ချွတ်ယွင်း သွေဖည်၊ လိပ်ကာဏ်းသည်လျှင်၊ ရက်ရှည် များစွာ၊ တရာ တရာ၊ နှစ်လွန်ကြာမှ၊ တခါ တခါ၊ ပေါ်၍့လာသော်၊ ဧကာဆိဒ္ဒ၊ ထိုယုဂဝယ်၊ အန္ဓ အက္ခိ၊ မျက်စိ မလှ၊ ကစ္ဆပ၏့၊ ဂီဝ လည်မှ၊ စွတ်မိရာ၏၊ လူ့ရွာ တဆစ်၊ လူ့အဖြစ်ကား၊ စင်စစ် ထို့ထက်၊ ဆ,ထက် ထောင်-ရာ၊ မက,စွာအောင်၊ ဖြစ်လာခဲးလှ၊ ဒုလ္လဘတည့်၊ အရတော်ပြန်၊ လူဖြစ်မှန်သော်၊ လက်*မွန် ဦးစွာ၊ ကင်း အနာနှင့်၊ ရောဂါ မစပ်၊ မြတ်သော လာဘ်ကို၊ လိုအပ်သည်သာ၊ ထိုနောက်မှာလျှင်၊ ငါးဖြာ ပဉ္စသီ၊ ထိန်း စောင့်ညီလျက်၊ ထိုပြီ နောက်တိ၊ ပညာယှိထံ၊ နည်းခံ ဆုံးမ၊ နောက်မှ တပါး၊ မြင်-ကြား ရှာဘွေ၊ နောက်ပေ သုစရိုက်၊ ကိုယ်နှိုက် မကွာ၊ တည်စေရာ၏၊ တဖြာ ထိုမှ၊ ဓန ရှာခြင်း၊ မပျင်း လုံ့လ၊ ဝီရိယကို၊ ဖြစ်ထစေရာ၊ ဤခြောက်ဖြာကား၊ လူ့ရွာနှိုက် မှီ၊ လူဟူပြီတို့၊ လောကီ လောကုတ်၊ မယုတ် အကျိုး၊ မညှိုး စင်စစ်၊ ပွားကြောင်းဖြစ်၏၊'' သားချစ် ဒါလီ၊ လမ်းရိုး မှီသည်။။ ကျမ်းညီ ဖြောင့်တန်းစေပြီး၍့။ (၁၅၇)

(၃၂၇) တနည်း ထွေလာ၊ မှတ်သားရာတည့်၊ 'ပညာယှိထံ၊ ရို*ကျိုးနွံ၍့၊ နည်းခံ သင်မှ၊ ပညာ ရ၏၊ ထကြွ ဝီရိယ၊ ဥဋ္ဌာနဖြင့်၊ လုံ့လယှိမှ၊ ဥစ္စာ ရ၏၊ မခွ နှုတ်-လျှာ၊ မှန်ကန်စွာလျှင်၊ သစ္စာတည်မှ၊ ကျော်စော ရ၏၊ ကိုယ်က ဥစ္စာ၊ စွန့်*လွှတ်ကာလျှင်၊ မေတ္တာ ရှေး၍့၊ ပေးကမ်းတတ်မှ၊ မိတ်ဆွေ ရ၏၊'' တဝ မှတ်ခင်း၊ နှလုံးသွင်းလော့၊ 'မိုဃ်းလင်း မေထုန်၊ အရုဏ် နေထွက်၊ ပျော်အိပ်စက်နှင့်၊ သုံးရက် မပေါ်၊ ငါးရက်ကျော်သည်၊ ချဉ်စော် နို့ခဲး၊ အမဲး-ငါး ပုပ်၊ စက်ဆုပ် ရွံဘွယ်၊ လွန် အရွယ်ဖြင့်၊ ငါးဆယ် ကျော်ပြီး၊ သက်ကြီး မိန်းမ၊ မိုးလအတွင်း၊ ရှိန် ပူပြင်းသည့်၊ တော်သလင်းနေ၊ ပုဇွန်သေတည့်၊ ရှောင်လေ အပြား၊ ဤခြောက်ပါးကား၊ အင်အား အသက်၊ ဆက်ဆက် ယုတ်ကာ၊ ပျက်တတ်စွာ၏၊'' တဖြာ မှတ်ဘွယ်၊ ဝမ်းဝယ် တံဆိပ်၊ မြဲးခတ်နှိပ်လော့၊ 'သလိပ် သည်းခြေ၊ လေ သန္နိပါတ်၊ မပြတ် ယှဉ်မှု၊ ဥတု ဟာရ၊ ပယောဂနှင့်၊ ကမ္မတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြား သက်ဆစ်၊ သေကြောင်းဖြစ်၏၊'' သားချစ် ယူမှတ်၊ ''ဤလူ့ဇာတ်နှိုက်၊ လျောက်ပတ် ကျင့်ငြား၊ လျောက်ပတ် စားနှင့်၊ ဆေးဝါး စာကြေ၊ သွားထွေ ကာလ၊ ဗြဟ္မစာရီ၊ ဤငါးလီမူ၊ လောကီ လူပေါင်း၊ သက်ရှည်ကြောင်းတည့်၊'' *၄င်းထိုမှ၊ ရှေးက ကျမ်းလာ၊ တနည်းမှာကား၊ ''အစာကြေမှ၊ စားထ ဘောဇဉ်၊ အစဉ် မှတ်ဘွယ်၊ ကြီး-ငယ် နှစ်ပါး၊ ကျင့် အသွားကို၊ မတား အဟုန်၊ မေထုန် ကြဉ်ရှား၊ သူ့အား မညှဉ်း၊ မစဉ်းစားမှု၊ မပြု လျင်စွာ၊ ဤငါးဖြာလည်း၊ သက် အာယုမြတ်၊ ရှည်ကြောင်း မှတ်လော့၊ ဆုံးဖြတ် စဉ်လာ၊ ကျမ်းဟောင်း မှာ၏၊'' တဖြာ ထို့ပြင်၊ ''ငါးအင် သီလ၊ ပဉ္စင်္ဂကို၊ စောင့်ထ မမှား၊ ထိုအပြားတွင်၊ မယား တယောက်၊ လင် တယောက်ထက်၊ မဘောက် ဘယ်မျှ၊ သန္တောသဟု၊ ဗြဟ္မစရိယာ၊ ကျင့်မြတ်စွာလည်း၊ မဟာဓမ္မ၊ ပါလ ပုဏ္ဏား၊ အမျိုးသားတို့၊ တရား ဆောင်ကယ်၊ ကင်း အပါယ်နှင့်၊ သူငယ်ဟူသမျှ၊ ငယ်က မသေ၊ ထောင်သက် နေ၏၊'' မသွေ မှတ်ရာ၊ ''မဟာဘူတ၊ ဤကာယလျှင်၊ မမျှ ယွင်းချွတ်၊ မညီညွတ်က၊ ကျင့်ဝတ်တရား၊ မဖြည့်အားဘူး၊ ငါးပါး သုံးမည်၊ ကျင့် ဆောက်တည်လျက်၊ သက်ရှည် လူ့ရွာ၊ အားထုတ်ရာသည်။။ ခန္ဓာ ခိုင်*ကျန်းစေပြီး၍့။'' (၁၅၈)

(၃၂၈) ထိုမှ တထူး၊ အတာကူးသား၊ တန်းခူး ကဆုန်၊ ပူဟုန် တက်ကြွ၊ ဝသန္တနှင့်၊ တဝ ထိုမျှို့၊ တပို့ တပေါင်း၊ ကြက်ဆောင်း မာသ၊ သိသိရနှိုက်၊ လုံ့လ ကြိုးကုတ်၊ အားထုတ် ပြင်းစွာ၊ မပြုရာတည့်၊ ဂိမှာ*ရတု၊ ခေါ်မှု နယုန်၊ ဝါဆို ကုန်အောင်၊ မေထုန် မြားမြောင်၊ မှီဝဲး ရှောင်လော့၊ ဝါခေါင် တော်သလင်း၊ ခတ္တာမင်းနှင့်၊ ရွှေရင်းမာ လ၊ ဝဿာနနှိုက်၊ မှန်လှ မချွတ်၊ ဖက်ဆွတ်ရေမျိုး၊ မချိုး သောက်ရာ၊ ချိန် ဝါကျွတ်ကင်း၊ သီတင်း တန်ဆောင်၊ လူ့ဘောင် ခေါ်ကြ၊ သရဒကား၊ ကြဉ်ထ မအပ်၊ ချဉ်-စပ် ငံ-ပူ၊ နို့ဓမ်းဟူ၏၊ ကြည်ဖြူ ရွှင်အား၊ နှစ်ပါး ကိုယ်-စိတ်၊ စင်ကြယ်ဟိတ်ဖြင့်၊ အနိဋ္ဌ ကင်း၊ ရောဂါ ရှင်း၍့၊ ရှည်ခြင်း အသက်၊ တည် မပျက်မှ၊ မကွက် လုံ့လ၊ မှုကိစ္စနှိုက်၊ နေ့-ည မချာ၊ ယှဉ်နိုင်ရာ၏၊ အနာ မကင်း၊ ဘေး မရှင်းဘဲး၊ ယှိလျှင်းသော့ခါ၊ ကိုယ်မှာ ကျိုးပျက်၊ စတုဝဂ်နှင့်၊ အသက်ကိုလည်း၊ *ထက်ချည်း မှန်စွာ၊ ဖျက်ဆီးရာ၏၊ အိုနာ ဘေးကြီး၊ ဖိစီး နှောက်ယှက်၊ မနှိပ်စက်အောင်၊ အသက် ဉာဏ်စောင့်၊ ရှေး *ယခေါင့်က၊ သူဟောင့်း စကား၊ မြဲး မှတ်သားတည့်၊ ဆေးဝါး ကျင်မြတ်၊ မပြတ် ယှဉ်ပြု၊ အားထုတ်မှုကား၊ အာယု ခန္ဓာ၊ ချမ်းသာ မပျက်၊ အသက် ရှည်ကြောင်း၊ မှန် တုံရှောင်း၏၊'' *၄င်းတသီး၊ ကိုယ်တွင်ပြီးသား၊ ''ဝမ်းမီးဟူထ၊ ကမ္မဇတေဇော၊ နုံ့သောသူမျိုး၊ ရုပ် မတိုးဘူး၊ နားဆိုး ပြော*ဟုံ၊ ကိုယ် လှီ-ကြုံ၏၊ မှတ်တုံ အပြီး၊ ဝမ်းမီး ထိုဓာတ်၊ ထက်လတ်သူအား၊ ရုပ် တိုးပွား၏၊ လေးပါး မဟာ၊ ဘုတ်ခန္ဓာ၏့၊ အီသာ *ကျန်းတော၊ ထိုသဘောကား၊ မြတ်သော လာဘ်*မွန်၊ ရကြောင်း မှန်၏၊ ရှောင်ရန် ရှောင်ပြု၊ ဥတု ဘောဇန၊ မျှတ မပျက်၊ ဟာရ ဆက်လော့၊'' မှတ်ချက် ရှေးက၊ မိန့်ကြ ဆရာ၊ စဉ်အလာလည်း၊ ''ဂါထာ တသောင်း၊ အင်းကောင်း တကွက်၊ ဆေး တစက်တိ၊ ထက်မြက် ဩဇာ၊ နတ်သုဓာသို့၊ အို-နာ ပျောက်ခြင်း၊ ရွယ်-ဆင်း တင်ဘိ၊ မျက်စိ မသီ၊ မကြုံလှီဘဲး၊ သား-ဆီ ပွားတိုး၊ သက်ရှည်*ဖြိုးသား၊ တန်းခိုး ကြီးစွာ၊ ရသာ ဆေးမင်း၊ မှီဝဲးခြင်းဖြင့်၊ ဓာတ်ရင်း ညီဖြောင့်၊ သက် ဉာဏ်စောင့်၍့၊ *ယခေါင့် ရှေးက၊ ကမ္မအလို၊ ဇာတာ ကိုယ်ဝယ်၊ ဂြိုဟ်သက် လဂ်သက်၊ တွက်ချက် ပေါင်းစည်း၊ အာယုဒည်းဖြင့်၊ ဟောနည်း မချွတ်၊ မိန့် ဆုံးဖြတ်တိုင်း၊ အဇ္ဈတ် ကိုယ်တွင်း၊ သန့်ရှင်း ရောဂါ၊ ကင်း အနာနှင့်၊ ခန္ဓာ *ခိုင်ကျည်၊ သက်ပိုင်း တည်လျက်၊ သက်ရှည် ချမ်းသာ၊ ကျင့်အပ်စွာသည်။။ လိုရာ ရည်မှန်းစေပြီး၍့။'' (၁၅၉)

(၃၂၉) ပါဏာတိပါတ်၊ သက်သတ် ရှေးဟို၊ အကုသိုလ်ကြောင့်၊ သက်တို လူဝယ်၊ သေပျောက်လွယ်၏၊ အကယ် ဆက်ဆက်၊ သူ့သက် သတ်မှု၊ မပြု အစဉ်၊ မေတ္တာယှဉ်၍့၊ ပယ်ကြဉ်တတ်ငြား၊ သက်ရှည်လျားရှင့်၊ သနား *မဲ့လျက်၊ တုတ် လက်နက်ဖြင့်၊ နှိပ်စက်တတ်သူ၊ ရောဂါ ထူ၏၊ ကိုယ့်တူ မခြား၊ သူတပါးအား၊ သနားတတ်လျှင်း၊ ကင်း၏ အနာ၊ များစွာ မျက်ရှု၊ ထွက်တတ်သူတို့၊ လူနှင့် လူချင်း၊ မတူလျှင်းအောင်၊ အဆင်း မလှ၊ မျက်နည်းကလျှင်၊ ရူပ တင့်တယ်၊ ရှုဘွယ် မငြီး၊ ဣဿာကြီးက၊ ကိုယ်ထီး ချို့တဲ့၊ ရှိန်စော် *မဲ့၏၊ ကဲ့ရဲ့ ငြူစူ၊ ကင်းသူတို့အား၊ ပေါများ ခြွေရံ၊ တန်းခိုး လျှံရှင့်၊ လှူခံတို့အား၊ ဆယ်ပါး ဒါန၊ လှူ မချသော်၊ အပ္ပဘောဂါ၊ ဖြစ်လေရာဝယ်၊ ချမ်းသာ မရ၊ မဝ ရေ-စာ၊ ဆင်းရဲးစွာ၏၊ ဆယ်ဖြာ ဝတ္ထု၊ လှူ ကောင်းမှုကို၊ ရှေးပြု များသူ၊ ထိုထိုသူကား၊ လူတွင် လူနတ်၊ လူများ မှတ်အောင်၊ သမ္ပတ် ရိပ်ငြိမ်၊ ဘုံနန်း အိမ်နှင့်၊ စည်းစိမ် ကြီးကျယ်၊ ပြည့်ဖြိုးကြွယ်၏၊ အကယ် ရှေးက၊ ကြီးမာနနှင့်၊ နှိမ့်ချ မကျိုး၊ ရှိခိုးထိုက်စွာ၊ ဂုဏ်ဝါ ကြီးမား၊ သူတို့အားလျှင်၊ မပြား မဝပ်၊ မပျပ် မကိုင်း၊ မိုက်ရိုး မ*ထေ၊ ရိုသေ ကင်းထ၊ လူထိုမျှကား၊ ဟီန မျိုးနွယ်၊ ညှိုးငယ် ယုတ်မာ၊ ဖြစ်တတ်စွာ၏၊ သဂါရဝ၊ သက္ကစ္စဖြင့်၊ နှိမ်ချ *ကော်ရော်၊ ပူဇော် လေးမြတ်၊ ပြုတတ်တုံက၊ သေဋ္ဌ နွယ်ရိုး၊ လူမျိုး ရိုညွတ်၊ မျိုးမြတ် ထွတ်၏၊ သူမြတ်တို့ထံ၊ နာခံ တရား၊ လျှောက်ထား မေးခြင်း၊ အပြု ပျင်းက၊ ညံ့ဖျင်း ပညာ၊ နုံ့ထိုင်းစွာ၏၊ ကြားနာ ဓမ္မ၊ သုတ ကွေစစ်၊ ကျိုး-ပြစ်အရေး၊ လျှောက်မေးတတ်စွာ၊ သူ*တကာမူ၊ ပညာ ကျယ်-နက်၊ ဉာဏ် ထက်မြက်၏၊ ဟောမြွက် မိန့်မှာ၊ ဒေသနာနှိုက်၊ သင်္ချာ ပေါင်းဘွဲ့၊ တဆဲ့လေးပါး၊ ဤအပြားကို၊ မှတ်သား ဝမ်းထဲး၊ သေချာ စွဲးရှင့်၊ ချွတ်လွဲး မိစ္ဆာ၊ ပေါ့ဖျင်းစွာသား၊ ဘာသာ ယူရိုး၊ ပုဏ္ဏားမျိုးသို့၊ ရေချိုး ပြုက၊ အကုသလ၊ ကံ ပါပတို့၊ တစ မကြွင်း၊ ရှင်း၏့ ဟူငြား၊ မယူမှားနှင့်၊ ငါ့သား ရတနာ၊ ဘ,သည်းချာလျှင်၊ မကောင်းရာ ကြဉ်၊ ကောင်းရာ ယှဉ်ပြီး၊ သမ္ပဇဉ် မကင်း၊ *ရိုးရင်း မပျက်၊ ဆောက်တည်လျက်တိ၊ အောက်-ထက် မြော်ရှု၊ ဗုဒ္ဓင်္ကုတို့၊ ရှေးသူ့ ကျင့်ထုံး၊ အစဉ် သုံးလော့။။ နှလုံး ရွှင်လန်းပေပြီး၍့။ (၁၆၀)

(ဤ ၄-ပိုဒ်ကား '၍့နှင့်ချည်း'ချသောကြောင့် 'ပုလဲးသွယ်ချ')

(၃၃၀) ဤသို့ ဂ†ခိုင်ကျည်၊ လောင်း ဘုန်းစည်လျှင်၊ ချစ်ကြည် လွန်ပြင်း၊ သား သက်နှင်းအား၊ မင်းမင်း*တကာ၊ ပေးခဲးစွာသား၊ ပေးရာ မချို့၊ ပေးခြင်းတို့ဖြင့်၊ မောင်မြို့ မောင့်နန်း၊ မောင့်*ကြငှန်းဟု၊ တိုင်းခန်း ရွှေပြည်၊ ထီးစည် မကြွင်း၊ မင်း၏့ ရိပ်ငြိမ်၊ နန်းရွှေအိမ်နှင့်၊ စည်းစိမ် အပ်ကာ၊ ဆုံးမ မှာ၍့၊ ပြည်ရွာ စွန့်ဘိ၊ ကပ် မငြိဘဲး၊ နှမိ နှမြော၊ ရေနှိုက် မျှောသို့။။ သဘော လုံးစုံ၊ မိန့်လတ်တုံတည်း။ (၁၆၁)

ဤသို့လျှင်တိ၊ ဤတွင် ကျယ်မော၊ ပုတ္တောဝါဒ မည်ထူးရသည်။ ။ တတီယခဏ်းကြီး၊ ပြည့်စုံ ပြီးတည်း။ (၁၆၂)
ပုတ္တောဝါဒခဏ်း (၁၆၂)ပိုဒ်။
တတီယခဏ်းကြီး ပြီး၏၊
၄င်း တတီယခဏ်းကြီးနှိုက် ဆုတော်ပေးခဏ်း (၉)၊ ပုတ္တာရောစနခဏ်း (ရ)၊ ပုတ္တောဝါဒခဏ်း (၁၆၂)ပိုဒ်၊ ပေါင်း (၁၇၈)ပိုဒ် ရှိသတည်း။

စတုတ္ထပိုင်း အမစ္စောဝါဒခဏ်း
၁- အမစ္စာ ပုစ္ဆနခဏ်း
တံ ဧဝံ ပဗ္ဗဇိတုကာမံ အမစ္စာ ဥပသင်္ကမိတွာ ဒေဝ တုမှာကံ ပဗ္ဗဇ္ဇကာရဏန္တိ ပုစ္ဆိံသု။

(၃၃၁) ဇမ္ဗူဒိပ်ဟု၊ တံဆိပ် မင်္ဂလာ၊ ကျွန်း လက်ျာထက်၊ မဟာမဃ၊ *စောလောင်းလှလျှင်၊ ဝဂ္ဂ ဝိသုဒ်၊ ရာဇယုဂ်နှင့်၊ ဓာတ်-စုတ် နိမိတ်၊ ဗျာဒိတ် ဩဘာ၊ သိုက်အလာဖြင့်၊ သုံးရာ အလှစ်၊ ဝိဒေရစ်ဝယ်၊ ခုနစ် ယောဇန၊ တာချ ချက်ချာ၊ ကျယ်ဝန်းစွာတိ၊ မိထိလာ ရွှေပြည်၊ သုံးကြိမ် တည်လျက်၊ သာစည် လင်းပွင့်၊ နတ်နှယ် တင့်လည်း၊ *ယခင့် ရှေးက၊ မိုဃ်းကြိုး ကျသို့၊ ဉာဏ စိစစ်၊ ထင်ပြီး ဖြစ်ကြောင့်၊ ''သားတစ် ချီဆောင်၊ ငှက်တကောင်ကို၊ ဝန်းမြှောင် *ရွပ်ရွပ်၊ ငှက်ပေါင်း ခွပ်၍့၊ ဆိတ်ဆွပ် ရုတ်ရက်၊ ဝိုင်း လုယက်က၊ ထိုငှက် နာလှ၊ စွန့်လွှတ် ချသော်၊ ရရငှက်မှာ၊ ငှက်*ကာတို့၊ အုံကာ ဆိတ်ဆွ၊ လုယက်ကြသို့၊ ကာမ သားတစ်၊ ငှက်ပေါင်းချစ်ကို၊ စွန့်ပစ်သော်မှ၊ ဒုက္ခ ကင်းကွာ၊ ရ ချမ်းသာဟု၊ ပညာတော်ဖြင့်၊ ရှုမျှော် ချင့်၍့၊ လူမင့်း စည်းစိမ်၊ နန်း ရွှေအိမ်နှိုက်၊ *တင်းတိမ် မချစ်၊ ပစ်ကြီး ပစ်လျက်၊ မနှစ် မလို့၊ မပျော်မျှို့သည့်၊ မင်းသို့*၄င်း၊ ဆံတချောင်းမျှ၊ ဥက္ခောင်းတော်တွင်၊ ဖြူသည် မြင်က၊ မရွှင် နှစ်မျှို့၊ စိတ်တော် ညို့လျက်၊ ထိုသို့ ချက်ချင်း၊ သံဝေ ပြင်း၍့၊ ပျင်းခဲ့ ပြည်လေ့၊ ရွှေခြင်္သေ့လျှင်၊ ငြီးငွေ့ *ဆန့်ကျင်၊ ပျော် မရွှင်သည်၊ အကြင် ဝင်းဝင်း၊ ရွှေချိုင့်တွင်းသို့၊ လွန်မင်း မဟာ၊ မင့်းချမ်းသာနှိုက်၊ မညှာ မညွတ်၊ လွှတ်ကြီး လွှတ်မှ၊ ကျင့်ဝတ် ကြည်ညို၊ ဆောက်တည်လို၍့။။သားကို နန်း-ပြည် အပ်လွဲးတည်း။'' (၁)

(ဤပိုဒ်ကား ရှေးနှိုက်ဖြစ်သော 'ကာမရတိဋ္ဌာယီဘာဝ, သိင်္ဂါရရသ'၏့ ကွယ်ပျောက်၍့ ရောင့်ရဲးခြင်း 'ဓီတိဗျဘိစာရီဘာဝ' ဖြစ်သည်ကို ပြသတည်း။)

(၃၃၂) ဤသို့ ကြီးစွာ၊ မင့်းချမ်းသာနှိုက်၊ မညှာ မညွတ်၊ လွှတ်ကြီး လွှတ်၍့၊ ကျင့်ဝတ် ဆောက်တည်၊ မြဲးခိုင်*ကျည်လျက်၊ ဖန်ရည် ဆိုးစွန်း၊ ဝတ်သင်္ကန်းနှင့်၊ ရဟန်းပြုလို၊ သားဘုန်းပျိုအား၊ နန်းကို အပ်ငြား၊ ဆုံးမ ကြားသော်၊ ထံပါး မကွာ၊ မိုးသူဇာသို့၊ တောင်ညာ နန်းမ၊ အဂ္ဂမဟေသီ၊ ပေါင်း ဒေဝီနှင့်၊ ဝတီ တထွေ၊ မဟေ ကေသာ၊ မလ္လာ ဦရွ၊ *နန်းရ ဆောင်ရ၊ ယဉ် ပျောင်းပျသား၊ မြို့ပြ ရွာစား၊ နန်းသူများက၊ သားတော် သမီး၊ မှူးကြီး မတ်ဖျား၊ ဆွေတော်များတို့၊ မကြားရက်လို၊ နန်းလုံး ပြိုမျှ၊ *ဥဒါဟို မ*စဲး၊ ဆံကြဲး လက်မြှောက်၊ မြေကြီးမှောက်သို့၊ တောင်မြောက် မမြင်၊ *ခုံတမင်ဖြင့်၊ ထွက်-ဝင် လူးလာ၊ မူးပြာ ဝေနောက်၊ လျားမှောက် ပက်လံ၊ ဦးဆံ မသိမ်း၊ လေယိမ်း ပန်းပင်၊ နွဲ့သော့သွင်လျှင်၊ ရင်ပြင် နန်းတွင်း၊ ကြမ်း*ပျင်းတွင်၊ ပူပြင်း လှိုက်ပွက်၊ အုတ်အုတ်+ကျွက်တိ၊ ဆူ+ကြွက် မဆိတ်၊ သံ မတိတ်အောင်၊ ထိတ်ထိတ် မွမ်းမွမ်း၊ ညိတ်ညိတ် ပြွမ်းလျက်၊ ရွှမ်းရွှမ်း မျက်ရည်၊ ဖြေဆည် မအား၊ ပွေ *ချောက်ချား၍့၊ ပြေးလွှား ပေါက်ခုန်၊ ငိုကြွေးကုန်သည်။။ သဲးတုန် အူနာ ဝမ်းကွဲးတည်း။ (၂)

(၃၃၃) တရုတ် ရက်ရက်၊ အုတ် ကျက်ကျက်တိ၊ မြေအက် ကွဲးယို၊ ကမ္ဘာပြိုသို့၊ ရွယ်ပျို ရွယ်လတ်၊ မတည်တတ်အောင်၊ ရင်ဘတ် သပ်တီး၊ ဆံကြီး ဘားဝေ၊ ကျွတ်ပြေ မသိမ်း၊ ကတိမ်း ကပါး၊ နန်းသူများနှင့်၊ နန်းသား တစု၊ *ရောရု ထွေးရှက်၊ ဝင်-ထွက် ပြေး-ခုန်၊ သဲးတုန် အူနာ၊ ဝမ်းကွဲးစွာလျက်၊ ဗျာပါ ခွေနုံး၊ ကြိမ် မီးအုံးသို့၊ နှလုံး မကြည်၊ ယို မျက်ရည်နှင့်၊ ဆုံကျည်ပွေ့ ပွတ်၊ နှမ်းကို ချွတ်၍့၊ ပတ်ပတ်လည်လိမ့်၊ စက်နှယ် လှိမ့်သော်၊ စိမ့်စိမ့် မ*စဲး၊ ကျရွှဲး ဆီနှယ်၊ တွေတွေ သွယ်လျက်၊ ပိတ်ကွယ် မိုး-မြေ၊ မှုန်ဝေ ပြည့်လျှမ်း၊ တရွှမ်းရွှမ်းတည့်၊ *တံစမ်း ကျောက်စက်၊ ထွက်သို့ တရ*ထည်၊ ငိုပွဲး စည်၍့၊ ပတ်လည် ရံ-ခ၊ နေကုန်ကြစဉ်၊ အဂ္ဂမဟာ၊ သေနာပတိ၊ စယှိ ဝန်းအုံ၊ မှူးမတ်ပုံတို့၊ ရွှေဘုံ စိုးပြီး၊ ဘုန်းတော် ကြီးသား၊ ဘုန်းမီး ပြောင်ဝင်း၊ အလောင်းမင်း၏့၊ ဝမ်းတွင်း စိတ်ကွက်၊ နန်းက သက်၍့၊ တောထွက် ရည်မှန်း၊ ကြံတော် ဆန်းသား၊ ရဟန်းပြုလို၊ အကြောင်းကိုလျှင်၊ ထဲးသို မသိ၊ ဖြစ်ဘိရကား၊ ထိုကြောင်းလျှားကို၊ ထင်ရှား သိကြောင်း၊ လက်စုံ ပေါင်း၍့၊ ဥက္ခောင်း ရွက်ဆင်၊ ဤသို့ တင်သည်။။ နန်းပြင် *ဗိုလ်ထု အထဲးတည်း။ (၃)

(ဤပိုဒ်တို့ကား 'သောကဋ္ဌာယီဘာဝ, အတွိကာဘာဝ, အနုဘာဝ'နှင့် တကွ ကရုဏာရသ'ကို ပြသတည်း။)

(၃၃၄) ကမ္ဘာ ပထမ၊ တည်ဦးစက၊ ဗြဟ္မာ့ဘုံဆင်း၊ ကိုယ်ရောင် ကင်းတို့၊ နေမင်း ပေါ်မြောက်၊ လမင်း နောက်နှိုက်၊ နေ့ရောက် ညဉ့်မှီ၊ အစဉ် စီလျက်၊ မြေဆီ မြေလွှာ၊ ပဒါ ဆန်သီး၊ မငြီး ယူစား၊ ဘာဝအားဖြင့်၊ ယောက်ျား မိန်းမ၊ ဖြစ်ထ *ရမ္မက်၊ နွဲးရှက် အိမ်ရာ၊ အစာ သိုမှီး၊ အားကြီး နိုင်ထက်၊ ခိုးဝှက် လုယူ၊ အမူ ကျားပြောက်၊ ဆန်သီး ပျောက်၍့၊ တယောက် တခြား၊ မပိပြားဘဲး၊ ပျားသို့ ရိုးရွ၊ တစစဖြင့်၊ လောဘ ကြီးမား၊ ဒေါသ ပွားလျက်၊ တရား အမိုက်၊ မှောင်ကြီး တိုက်၍့၊ ဘေးဆိုက် ကြီးစွာ၊ ဖြစ်ကြခါတွင်၊ ကိုးရာ ဖြစ်စေ၊ လယ်မြေ ဆယ်ဘို့၊ လူတို့ အသက်၊ ကိုယ်စီ ဆက်၍့၊ ထိပ်ထက် တင်ကာ၊ ထားစပါသား၊ မဟာသမ္မတ်၊ အာဒိနတ်မှ၊ မပြတ် နွယ်ရိုး၊ ကမ္ဘာ စိုးသည့်၊ နေမျိုး ဓိပတိ၊ စောဘုန်းယှိ။ ။ နတ်ဂ†ရှိ တူပြီ၊ တပြေးညီအောင်၊ လောကီအလိုက်၊ ကမ္ဘာတိုက်နှိုက်၊ တသိုက် တ*မြုံ၊ လူတို့ဘုံတွင်၊ နိ*တုံ ရောင်ပြိုး၊ နဝရတ် ကိုးနှင့်၊ ရွှေရိုး ငွေရွက်၊ ကနက် သမု၊ ဥရု ကြငှန်း၊ တမွတ်ပန်းတိ၊ ရွှေနန်းကြီ့း လယ်၊ ပွင့် စမ္ပယ်လျက်၊ တင့်တယ် ဝင်းပြောင်၊ *မနော ဆောင်၍့၊ အခေါင် သိမ်းကျုံး၊ မို့းနှယ် ဖုံးပြီး၊ လုံးစုံ မြေ့ထက်၊ လူမျာ့း သက်ကို၊ ရွှေစက်တော်နင်း၊ စိုးအုပ်ခြင်းဖြင့်၊ ဆင်းရဲး ချမ်းသာ၊ ဤနှစ်ဖြာကို၊ ရာဇာ စိုးရ၊ မင်းမှ ပိုင်ပိုင်၊ ဘန်ဆင်းနိုင်လျက်၊ ခရိုင် ဇနပိုဒ်၊ တိုက် အလုံးစုံ၊ သက်ပါ ခြုံ၍့၊ လူ့ဘုံ စိုးဘိ၊ ဘုန်းသတ္တိကြောင့်၊ ဘူမိပါလ၊ ဘူနာထနှင့်၊ ဘူပဇနိန်၊ နရိန် နရုတ်၊ ဒွိပဒုတ်ဟု၊ သမုတ် များလှ၊ မည်ထူးရသား၊ ဘဝသခင်၊ ပြည်ကြီ့းရှင်သည်။။ အသျှင် လူမျာ့း သိကြားတည်း။ (၄)

(၃၃၅) လူတို့ အထွတ်၊ ခေါင်တ *မွတ်ဖြင့်၊ တုလွှတ် ပရိမိသ်၊ ပုညဇိဒ်နှင့်၊ ဂုဏ်ဟိတ် ညီးညီး၊ ဘုန်းတော် ကြီး၍့၊ လေးသီးခေါ်ရိုး၊ ခြင်္သေ့မျိုးထက်၊ တန်းခိုး ခွန်အား၊ လွန်ကြီးမားသား၊ ကိုယ်ကား မနုဿ၊ ခေါင်း သီဟနှင့်၊ လောက လူ့ရွာ၊ ရံတခါလျှင်၊ မြတ်စွာ ထင်ရှား၊ ဘုရားပွင့်မှ၊ ဖြစ်ထ မှန်ချိန်၊ နရသိဟ်သို့၊ ပြင်းရှိန် တေဇ၊ ဘယ် မမျှဘဲး၊ တရာ့း တန်ဆောင်၊ ရွှေ*တောင် စိုးသီး၊ ဦး*ကိုင် စီးလျက်၊ ဖြူထီး များစွာ၊ ဇမ္ဗူညာတွင်၊ ရာဇာသမိုက်၊ အတိုက်တိုက်နှိုက်၊ မကိုဋ် ဆူဆူ၊ ဆောင်းကြမူသား၊ လူတို့ ဥက္ကဋ္ဌ၊ ဝိသေသတည့်၊ စန္ဒြဒေဝ၊ ခတ္တိယဟု၊ ဝံသ သုံးဖြာ၊ အသွာ ဂဇာ၊ နရာဓိပ၊ မင်းထိုမျှတို့၊ ဦးချ သစ္စာ၊ ပဏ္ဏာ ဆက်သွင်း၊ ခံ ကျွန်ရင်းနှင့်၊ နေမင်း သူရိ၊ ဇာတိ နွယ်စစ်၊ နေမြစ် နွယ်ဆက်၊ စံ မဘက်ဘဲး၊ မင့်းထက် မင်းကြီး၊ နတ်နှင့် နီးအောင်၊ နန်းထီး တိုင်းပြည်၊ ထောင်တည် *ပြဋ္ဌာန်း၊ စိုး စံမြန်းလျက်၊ ကျင့်ခန်း အစဉ်၊ အမြဲးယှဉ်၏၊ ဓမ္မဉ္စ၊ ဒသ ရာဇဓံ၊ မြဲး နိယံနှင့်၊ နိုင်ငံ တိုင်းသူ၊ ရှင်-လူ အများ၊ ရွှေပြည်သားကို၊ သနားသမှု၊ သားနှယ် ရှု၍့၊ ဂရုဓမ္မ၊ ကုသလနှိုက်၊ နေ့ည ဆော်နှိုး၊ မျက်မှောက် ကျိုးနှင့်၊ နောင်ကျိုး မြဲးယှဉ်၊ တိုက်တွန်း ယဉ်၏၊ လေးစဉ် နွယ်ဖြာ၊ လူ*တကာလည်း၊ ပါယ်ရွာ လွတ်လျက်၊ နတ်ရွာ တက်၍့၊ သားငှက် မကျန်၊ တိရစ္ဆာန်ပါ၊ ဘေးရန် ကင်းကြည်၊ လွင့်ပါး စည်၏၊ ငုပ်ကျည် ဓမ္မ၊ မယှိရအောင်၊ နိစ္စ မြဲးမြံ၊ စောင့် *ခြိုးခြံသည်၊ ရာဇဓံတော်၊ ဂုဏ်နုဘော်ကြောင့်၊ ရွှင်ပျော် မညှိုး၊ အမျိုး လေးပါး၊ လူအများက၊ မြေလား ရေလား၊ နဘေလားနှင့်၊ တိုင်းကား ဇနပဒ၊ သာ ချမ်းမြအောင်၊ ကာလ မချာ၊ သင့် ချိန်ခါတိုင်း၊ ဒေဝါ ထစ်ကြိုး၊ နတ်မိုး ရေယဉ်၊ သွန်း အစဉ်ဖြင့်၊ ဆက်လျဉ် ရှေးရိုး၊ ကျွန်တော်မျိုးတို့၊ ဘိုးဘေး-ဘီ ကျူး။ မကြားဖူးလည်း၊ ထူး၍့ ကြုံရ၊ ဓမ္မိကနှင့်၊ ဓမ္မရာဇာ၊ မည်တော် သာသည့်၊ နတ်ရွာ သခင်၊ နိဗ္ဗာန့်ရှင်ဟု၊ ဦးတင် ရိုကျိုး၊ ရှိခိုး မပြတ်၊ ကွယ်ကိုး မှတ်၍့၊ ရှည်မြတ် သက်တော်၊ ကျော့်ထက် ကျော်အောင်၊ နန်းပေါ် ကြာ*ညောင်း၊ စံပါကြောင်းဟု၊ အပေါင်း ပြည်သူ၊ များ ရှင်-လူတို့၊ *ပတူ ပဂ†ယင်၊ တောင်းဆုရင်သည်။။ သခင် လောကီ့ ဘုရာ့းတည်း။ (၅)

(၃၃၆) လောကီ့ ကိုးရာ၊ မျိုး မဟာဖြင့်၊ လူ့ရွာအဟို၊ ပြောမှတ်ဆိုသား၊ လူကို အစ၊ ဗြဟ္မကတည့်၊ လူမျာ့း*သနင်း၊ မင်းကို အစ၊ သမ္မတဟု၊ ကမ္ဘာ့*တန်ထွာ၊ ဓမ္မတာတိုင်း၊ ကမ္ဘာတည်က၊ ဗြဟ္မာ စ,လျက်၊ ဗြဟ္မာ့ ရိုးဘွား၊ ရွှေဘုန်းအားနှင့်၊ ဖြစ်ငြား လူမှာ၊ ရှေးဦးစွာလျှင်၊ မဟာသမ္မတ၊ ခတ္တိယနှင့်၊ ရာဇဟူသည်၊ သုံးမည် ခံပြု၊ မနုသညာ၊ မင်းက ဖြာ၍့၊ ကမ္ဘာနှင့် လူ၊ လူနှင့် လူမင်း၊ စဉ် မကင်းဘဲး၊ စိုးခြင်း အုပ်ဘွဲ့၊ ခြောက်ဆဲ့လေး မနွန်၊ ကာလဝန်ဖြင့်၊ မလွန် စောင့်ဆောင်၊ မပြတ်အောင်တည့်၊ ဘုန်းခေါင် ဘုန်းဖျား၊ ဘုန်း ထင်ရှားသည့်၊ တရားဓမ္မရာဇ်၊ တို့ရှင်ချစ်ကား၊ အဖြစ် ထူးစွာ၊ ဘုန်းပညာနှင့်၊ အာဏာ ဓမ္မစက်၊ နှစ်ပါး ဘက်ပြီး၊ ရွှေလက် ငင်ဆွဲး၊ လူ့+ခပဲးကို၊ နတ်ပွဲး ထက်ခွင်၊ ပို့ပေး တင်၍့၊ လူတွင် သိကြား၊ လူဘုရားဟု၊ အများ ကြည်ချစ်၊ ကိုးရာ ဖြစ်၏၊ နန်းသစ် စိုက်ထူ၊ ဆောင်း ထီးဖြူနှင့်၊ ဇမ္ဗူဒိပ်ထက်၊ ဆယ်ကျိပ် ရာဇင်း၊ ပြည်ထောင်မင်းလည်း၊ မာန်တင်း မပြူ၊ ခွန်သွင်းမူလျက်၊ ဘူပထဗျာ၊ မြေမျက်နှာတွင်၊ တေဇာ ရှိန်သည်း၊ ဘုန်းဝိဇည်းဖြင့်၊ *ပြတည်း ဟေမာ၊ ရွှေသီဟာထက်၊ ချမ်းသာ နတ်စစ်၊ ရိုးရာဖြစ်၏၊ သောင်းခေတ် လူ့နယ်၊ ဇမ္ဗူလယ်တွင်၊ လူဝယ် လူချင်း၊ မတူလျှင်းဘဲး၊ လူမင်း ဓိပတိ၊ တုမယှိကြောင့်၊ ဣဿရိယ၊ ဘုန်းတော် စသည်၊ မမျှ နှိုင်းဘွယ်၊ လွန်ကြီးကျယ်လျက်၊ မိုးကြယ်အရောင်၊ ရွေမျာ့းဘောင်က၊ ခွါရှောင် ဘော်နည်း၊ ကိုယ်တော်ချည်းသာ၊ *အရည်း မုနေ့၊ သွင် *ဓလေ့ဖြင့်၊ ရသေ့အမူ၊ ယူ၍့ လျပ်လျပ်၊ တောမြိုင်ရပ်သို့၊ ဆည်းကပ် အောင်းခို၊ ထွက် စံလိုဟု၊ မိုးပြိုသော့လား၊ မိန့်တော်ကြားသား၊ ဘုရား ဘုန်းမော်၊ *ဗျာဒိတ်တော်ကို၊ တဘော် *ဝန်းလျား၊ ကျွန်တော်များတို့၊ ထင်ရှား ပြက်ပြက်၊ ထိပ်ဝယ် ရွက်၍့။။ ဦးထက် ဆင်ရသည်ဘုရား။ (၆)

(၃၃၇) ဗောဓိ *မျိုးလျာ၊ စိုး ကမ္ဘာဖြင့်၊ နေလာ သမ္မတ၊ အာဒိကမှ၊ သူရိယမိတ်၊ အာဒိစ္စဗန်၊ နေမျိုးမှန်ကြောင့်၊ သူရကန်ရှိန်၊ ဖန်ရဝိန်သို့၊ *နှုန်းချိန်ပမာ၊ မြေမျက်နှာထက်၊ တေဇာ ညီးညီး၊ ဘုန်းတော် ကြီးလျက်၊ ထီး ဓိပတိ၊ ဝင်းဝင်းညိသား၊ ဒွိပဒုက္ကဌ်၊ လောကနတ်ဟု၊ မဟတ္တယ၊ ဂုဏ် သေဋ္ဌနှင့်၊ ဘဝ*သနင်း၊ မြတ်လောင်းမင်းလျှင်၊ ဘော်သင်း ရွေဘောင်၊ ငြီးငွေ့ယောင်က၊ *ယခေါင် ရှေးဟို၊ ဖြေစ လိုမူ၊ *နဂိုရ် *ကြငှန်း၊ သာ တင့်ဆန်းသား၊ လွှတ် နန်းရင်ပြင်၊ ရှေ့တော်ခွင်ဝယ်၊ ဆင်ကို ဆင်ချင်း၊ မြင်းလည်း မြင်းနှင့်၊ စီနင်း မောင်းနှင်၊ စက်တော် တင်၍့၊ နတ်သွင် ရွှေကိုယ်၊ ရွယ်ပျို ရှုသင့်၊ ဘုန်းပွင့်ပွင့်ဖြင့်၊ သက်တင့် ရေသောက်၊ ပြန်ခေါက် ဝဲးကာ၊ ဗြဟ္မာ လက်လှမ်း၊ ရွှေကွမ်းရုံ တက်၊ မပျက် ဟန်လှ၊ သိကြာ့း တန်ဆောင်၊ ဂဠုန်တောင်နှင့်၊ စွန်တောင် ဖြန့်လေ့၊ ခြင်္သေ့ တန်းဆွဲး၊ ကိုယ်တော် နွဲး၍့၊ ပယ်ခွဲး ပယ်စိတ်၊ ဝါကျိတ် ခိုနန်း၊ စောင်းရန်း သမက်၊ လက်ဆက် ကြာဖူး၊ ဆင့်ထူး ပုခက်၊ နွယ်ထွက် နွယ်ဝင်၊ အုန်းပင် ရေသွန်း၊ လေးကျွန်း မှန်ကူ၊ စံ မဟူဘိ၊ တမူ တင့်လွန်၊ ရွှေတံခွန်ယောင်၊ တန်ဆောင် ဘုံနန်း၊ ထူးဆန်း ရှစ်မြှောင့်၊ ရှစ်ထောင့် ပုံကွဲး၊ စွန်ဝဲး စွန်သုတ်၊ သမုတ် ကျယ်ခဲျ့၊ စချီဘွဲ့သား၊ သုံးဆဲ့ခုနစ်မျိုး၊ ရှေး သတိုးတို့၊ စီးရိုး စုံပေါင်း၊ ပြန်လှန် ပြောင်းလျက်၊ *အဲးမောင်း ဝင့်ချီ၊ ရှုဘွယ် အီ၏၊ အစီ အစီ၊ ခါတညီလည်း၊ ဗလီ လုရိုက်၊ မင်းသာ ထိုက်သား၊ မင်းလိုက် စိုးခမ်း၊ ညိတ်ညိတ်ပြွမ်းမျှ၊ သောင်ကမ်း ငြိမ့်စေ၊ များ ခြွေရွေနှင့်၊ တျာတေ လုံးထောက်၊ နရည်း ကောက်၍့၊ တက်မြှောက် တက်ဝဲး၊ ရေပေါက် ကြဲးတည့်၊ ပုလဲး သီးဟန်၊ ပန်း ချွေဟန်က၊ စသည် တက်ဆန်း၊ ဆဲ့နှစ်ခန်းဖြင့်၊ ရေနန်းသဘင်၊ မင်းပွဲး*ရင်လျက်၊ စံရွှင် ဖျော်ဖြေ၊ တခဲး တွေအောင်၊ ရွှေလှေ ရွှေလောင်း၊ မြစ်လုံး *ညောင်း၍့။။ ဗိုလ်ပေါင်း ရွှင်ပျသည်ဘုရား။ (ရ)

(၃၃၈) မောဠိ စိုးကာ၊ မိုးဗြဟ္မာသို့၊ မဟာနုဘော်၊ *နှုန်း မမြော်သား၊ ဘုန်းတော် ဓိပတိ၊ ရာဇိဒ္ဓိနှင့်၊ သိရီ့ပဝရ၊ အာဒိကျဟု၊ နေက နွယ်မြတ်၊ သမ္ဘိန်ဇာတ်ဖြင့်၊ တဥက္ကဌ်ကြီး၊ *ဦးကိုင် စီး၍့၊ ထီးပေါင်း တရာ၊ မင်း*တကာ၏့၊ စူဠာ *ဥသျှောင်၊ မကိုဋ်ရောင်တို့၊ ပြောင်ပြောင် ထိန်ဝင်း၊ ရွှေစက်ရင်းနှိုက်၊ ထွန်းလင်း မကွာ၊ *ညီမူကာလျှင်၊ စကြာတော်ထူး၊ ရောက် *မူးမူးနှင့်၊ ကျေးဇူးတော့်ရှင်၊ ဘုန်းနိသင်ကား၊ နှုန်းအင် မရ၊ တု မမျှတည့်၊ များလှ ငြိမ့်ညောင်း၊ မြေ တိမ်းစောင်းမျှ၊ သောင်းသောင်း ဗိုလ်ပါ၊ ရံတခါသော်၊ မဟာနဂရ၊ ဌာန *ဗဟို၊ လှည့်လည် *ကြို၍့၊ ထိုထို ရပ်ခွင်၊ မြို့တော်ပြင်တွင်၊ သဘင် တဲးနန်း၊ စံတော် *ကွန်းနှင့်၊ ထူးဆန်းလှစွာ၊ ဝတိံသာဝယ်၊ ဣန္ဒာ ဘုန်းဝှန်၊ စံမွေ့*မွန်သား၊ နန္ဒဝန်မည်မှတ်၊ သာလွန် မြတ်၍့၊ နတ်၏ နိမိတ်၊ စုတိဟိတ်လည်း၊ မဆိတ်စေမြို့၊ လွန် ရွှင်ပျို့လျက်၊ နတ်တို့ ပျော်ယှဉ်၊ နတ်ဥယျာဉ်သို့၊ ပင်စဉ် ငယ်-ကြီး၊ ရှု မငြီးအောင်၊ ပွင့်သီး ထွေထွေ၊ ဖူးသန္ဓေနှင့်၊ သရေ *သစ်သစ်၊ ခါ မလစ်ဘဲး၊ *ပုရစ် ကင်းငုံ၊ လှိုင် သင်းထုံလျက်၊ ပန်းစုံ ပေါကြွယ်၊ အံ့မောဘွယ်တည့်၊ ကြီ့းငယ် များစွာ၊ ငူ-ငုံး-ခါက၊ သာရကာ ငှက်ကျေး၊ သံစုံ ကြွေး၍့၊ ဘော်ကြေး ကြွေဥ၊ ပုလဲးစုနှင့်၊ သဲးနု ဖြူစင်၊ မဏ္ဍလင်ဖြင့်၊ မြေပြင် သာယာ၊ အင်္ဂဏာလည်း၊ မင်္ဂလာ *သေတ္တု၊ ပေါင်း၍့ စုသို့၊ ပျော်မှု သွယ်သွယ်၊ ပျော်ရေး ကျယ်လျက်၊ ပျော်ဘွယ်အတိ၊ တု မယှိအောင်၊ သိရီ့ တံခွန်၊ သာမျိုး လွန်သည့်၊ အမ္ဗဝန် မည်ခေါ်၊ ဥယျာဉ်တော်သို့၊ စံပျော် ထွက်မြဲး၊ မင်းတို့ပွဲးနှင့်၊ ပျော်မြဲး မပျော်၊ ယခုသော်မူ၊ ရွှေကိုယ်တော်ချည်း၊ ဖန်ရည် စည်း၍့၊ *အရည်း ပြုလို၊ ဘဲ့ကြောင့်ကိုဟု၊ အလို ထင်စွာ၊ သိရပါကြောင်း၊ ဥက္ခောင်း လက်ထား၊ ရို ညွတ်တွား၍့။ ။ မတ်များ တင်ကြသည်ဘုရား။ (၈)

(ဤသုံးပိုဒ်ကား ပထမပဒလုံးပိုဒ်စုံ၊ (၈၇)ပိုဒ်စီ 'ထူးဆန်းထွေလာ')

(၃၃၉) ဤသို့ မတ်ပုံ၊ ရံ ဝန်းအုံလျက်၊ တပြုံ *ပြည်းပြည်း၊ သာ ဖြည်းဖြည်းတိ၊ *ယမ်းပည်း ရို+ကျိုး၊ လက်စုံ မိုး၍့၊ မ+ကြိုး မကြွ၊ ဦးနှိမ်ချပြီး၊ ကွဲးခြ ဥက္ခောင်း၊ ပြတ်ကြွေ+ပြောင်းသို့။။ ညွတ်+ပျောင်း မမော်၊ တင်သံတော်တည်း။ (၉)

အမစ္စာပုစ္ဆနခဏ်း (၉)ပိုဒ် ပြီး၏၊

၂။ ဓမ္မဒေသနာခဏ်း
ရာဇာ ပလိတံ ဟတ္ထေန ဂဟေတွာ အမစ္စာနံ ဣမံ ဂါထာမာဟ။။

(၃၄၀) မှူးမတ် ဝန်းအုံ၊ တင်ကြတုံသော်၊ ရွှေဘုံ စိုးစံ၊ တန်းခိုးလျှံသား၊ ဒိသမ္ပတေ့၊ ဘုန်း*ဟေ့ မဟာ၊ လောင်းရာဇာက၊ ကေသာ ဖြူရွက်၊ ဆံ တခက်ကို၊ ရွှေလက်တော်ယူ၊ ကိုင်တော်မူ၍့၊ များထူး ထံရင်း၊ ခ, ဝပ်စင်းသား၊ *ခပင်း ရံပတ်၊ မှူးမတ်တို့အား၊ ထင်ရှား ပြက်ပြက်၊ မှန် မပျက်အောင်၊ အဋ္ဌက္ခရာ၊ ဆန်းသင့်စွာလျှင်၊ ပထျာဝုတ်၊ ဂါထာပုဒ်ကို။ ။ ရွှေနှုတ် သံချို၊ ကျူးရင့် ဆိုတည်း။ (၁)
ဥတ္တမင်္ဂရုဟာ မယှံ၊ ဣမေ ဇာတာ ဝယောဟရာ။
ပါတုဘူတာ ဒေဝဒူတာ၊ ပဗ္ဗဇ္ဇာ သမယော မမာတိ။

(၃၄၁) ခြောက်ပါး ရှစ်ပါး၊ ကိုးခုအားဖြင့်၊ အပြား ထင်စွာ၊ ဂုဏ်အင်္ဂါနှင့်၊ ညီညာ သီးသီး၊ စုံပြည့် မှီး၍့၊ ထီးနှင့် စလွယ်၊ ရာ ကြီးငယ်တိ၊ တင့်တယ် ဆောင်ယောင်၊ ဝင်းဝင်းပြောင်ဖြင့်၊ ဂုဏ်ရောင် *လေးတွဲ့၊ မ*နုန့်နဲ့ဘဲး၊ ရွှေဘွဲ့ ဝတ်လုံ၊ ခြုံရုံ နတ်စစ်၊ မဟာရာဇ်သို့၊ သင်္ကျစ် ရွှေဗောင်း၊ တမာ ဆောင်းလျက်၊ သူကောင်းတော်စု၊ ငါ ခန့်ပြု၍့၊ တိုင်းမှု ပြည်မှု၊ အရှင့်မှုက၊ သင်းစု များစွာ၊ ဆိုင်ရာရာနှင့်၊ မကွာ လက်ကိုင်၊ ပြည်ရေး ပိုင်သည်၊ မဏ္ဍိုင်သဖွယ်၊ မတ် ကြီး-ငယ်တို့။။ နားဝယ် မဂ†သုန်၊ ထောင်ကြကုန်လော့၊ ဝသုန္ဒရီ၊ မဟီတလာ၊ မြေမျက်နှာထက်၊ ဓရာဓရိ၊ မြေကြီ့း အလုံး၊ အောက် ရေ ဆုံးလျှင်၊ သိမ်းကျုံး ကုန်အောင်၊ ဘုန်းဖြင့် ဆောင်သည့်၊ မင်းခေါင် သာဂရ၊ *စောဒေဝဟု၊ ငါ့ ခမည်းတော်၊ ရွှေနန်းပေါ်နှိုက်၊ ငယ်ပျော် ငယ်ပါး၊ ငါ မင်းဖျားလျှင်၊ ငယ်သွား ငယ်လာ၊ ငယ်မူရာဖြင့်၊ ရတနာစလွယ်၊ ဆဲ့နှစ်သွယ်နှင့်၊ သူငယ်ဘာဝ၊ ကုမာရဟု၊ မင့်းသားအဖြစ်၊ ရွယ်နုမျစ်လျက်၊ စင်စစ် ကြာ*ညောင်း၊ နှစ်အပေါင်းတိ၊ ရှစ်သောင်း လေးထောင်၊ ကုန် *ကျွန်းအောင်သည်။။ ငယ်ရောင် ငယ်ရုပ် ငယ်သွေးတည်း။ (၂)

(၃၄၂) ထိုမှ နောက်တိ၊ ရွယ်ရောက် ချိန်သင့်၊ ပန့်းနှယ် ပွင့်က၊ ဘ,ခင့် လက်ရုံး၊ အချာ ထုံး၍့၊ ပြည်လုံး လွှဲးကာ၊ ဥပရာဟု၊ မင်း*လျာ ခံပြီး၊ မင်းဖြစ် နီးသား၊ ရွှေထီး ရှစ်လက်၊ ကျိုင်း ခြောက်ချက်နှင့်၊ ဖြန့်ကြက် မိုးလစ်၊ အိမ်ရှေ့ ဖြစ်ဖြင့်၊ ရှစ်သောင့်း လေးထောင်၊ လွန်အောင် ရှည်လျား၊ ပျော် စံစား၏၊ ဘ,ဖျား မင်းကျော်၊ နတ်ပြည် ပျော်သော်၊ မွေတော် ရာ*ရိုက်၊ သောင်းညာတိုက်ကို၊ သိမ်းပိုက် အုပ်ထွေ၊ ဘုန်း တက်နေနှင့်၊ ဝိဒေမည်သာ၊ မဟာရဋ္ဌ၊ တိုင်း ဇေယျထက်၊ ထာဝရ ကိန်းသီး၊ ဘွင့်ပြန်ပြီးမှ၊ မင်းထီး *ပစ္စူ၊ ငွေရွက်ဖြူဖြင့်၊ စိုက်ထူ ညီးညီး၊ *ဦးကိုင် စီးလျက်၊ ပြည်ကြီး အောင်ချာ၊ ထက် နိမ္မာသို့၊ မိထိလာ နန်းသစ်၊ စိုးစံလှစ်၍့၊ အနှစ် ရှစ်သောင်း၊ လေးထောင် ပေါင်းဖြင့်၊ ကြာညောင်း ကျော်ဟိုး၊ လူ-အမျိုးကို၊ အုပ်စိုး ဘုန်းရှိန်၊ သိကြား ချိန်သား၊ ဝရဇိန်လက်နက်၊ မိုးကြိုးစက်သို့၊ မြေအက် *တိမ်းပင်း၊ ညီး *တလင်းမျှ၊ မာရ်မင်း ဖြစ်ဖြစ်၊ မာရ်စစ် တူတူ၊ *ဗိုလ်လူ ပြည့်သိပ်၊ တိမ့်နှယ် လိပ်၍့၊ ဆယ်ကျိပ် ရာဇာ၊ မင်း*တကာတို့၊ *ပက်ပါ *ဆီးဆို၊ ကြိုလင့် *တပဲး၊ ရဲး၏့ဟူလျှင်၊ ဆင်သော် ဆင်ချင်း၊ မြင်း မြင်းချင်းဖြင့်၊ စီးချင်း လာစေ၊ ရှောင် မသွေဟု၊ သရေ *ကိုးကား၊ ငါ့ဘုန်းအားဖြင့်၊ ယောက်ျားအဖြစ်၊ တု မရစ်ဘဲး၊ မင်းစစ် ဖီလာ၊ ငါနှင့် ငါသာ၊ ပမာ *တမျှ၊ ဆိုလောက်စွအောင်၊ *သံပ *ဟုံးစုံး၊ ဘက်မဲ့ *ကြုံး၍့၊ လက်ရုံး ဆန့်ထောင်၊ ပြည်ကျိုး ဆောင်သည်။။ မင်းရောင် မင်းရုပ် မင်းသွေးတည်း။ (၃)

('ရတိဋ္ဌာယီဘာဝ, ကာမသိင်္ဂါရရသ, ဥဿဋ္ဌာယီဘာဝ, ယုဒ္ဓဝီရရသ' တို့ကို ပြသတည်း။)

(၃၄၃) ယင်းသို့ မူလ၊ လူ ဖြစ်စက၊ *မဆွ လက်မွန်၊ အရင်း ပြန်ပြီး၊ ဗိမာန် *ရဝေ၊ နန်းရွှေ*စတိ၊ မလိတ္ထိနှိုက်၊ အာဒိ အစ၊ ဇာတိ ရ၍့၊ အဂ္ဂ မှူးတင်၊ ကမ္ဗုရှင်တိ၊ မိခင် မယ်မင်း၊ သန့်စင် ရှင်းသား၊ ယင်းက စသွယ်၊ သူငယ် အိမ်ရှေ့၊ နန်းစံစေ့အောင်၊ စစ်၍့ တွက်ကိန်း၊ ဂဏာန်း ထိန်းသော်၊ နှစ်သိန်း ငါးသောင်း၊ နှစ်ထောင် ပေါင်းဖြင့်၊ ရှစ်သောင်း လေးထောင်၊ သုံးပြန်ဆောင်သည့်၊ *မြားမြောင် နှစ်စု၊ သက် အာယုလုံး၊ သမ္မုတိ နွယ်ရိုး၊ ကမ္ဘာစိုးဟု၊ အမျိုး ဘုန်းဂုဏ်၊ မသုန် မဖျင်း၊ စည်ကွင်း မယှိ၊ ကျွန်းလုံး သိအောင်၊ ဇာတိ ပုည၊ ဂုဏ မဟတ်၊ အမြတ် သုံးပါး၊ ကျော် ထင်ရှားလျက်၊ ရွှေဘွား စက်အောက်၊ ရာ ထီးဆောက်တို့၊ ညွတ်*ရောက် ကျိုးနွံ၊ ကျွန်တော်ခံ၍့၊ သက်နှံ သားကြီး၊ သမီး ကညာ၊ ပဏ္ဏာ ဆက်ထား၊ မဘောက်ပြားတည့်၊ ဘုန်းအား ရုံးအား၊ မိုးသိကြားနှင့်၊ လျော*လျား ထပ်တူ၊ ပြိုင် မပြူဘဲး၊ ဇမ္ဗူကျွန်းကြီး၊ မြရည်ညီးထက်၊ *စစ်စီး တု*မဲ့၊ နှိုင်း*ရှဲ့ မထင်၊ လူ့ခွင် ဘက်ယှား၊ နှစ်ပါး ဓမ္မ၊ စာရိတ္တလည်း၊ တိက္ခ မုဒုံ၊ စွယ်စုံ မချို့၊ မင်းတို့ လက္ခဏာ၊ စုံပြည့်စွာလျှင်၊ နေမှာ ပဒု၊ ကောကနုကို၊ ပွင့်ပြုစေတတ်၊ အမှတ် တခြား၊ လ,ကား ကုမုဒြာ၊ ကြာဖြူအပေါင်း၊ ပွင့်ကြောင်း မှန်လှ၊ နေနှင့် လသို့၊ *တမျှ မပြား၊ ပြည် တိုင်းကားအား၊ စီးပွား ရှာရှာ၊ ပွင့်လင်း သာအောင်၊ မေတ္တာ ရှေးကြို၊ မငြင်ငြိုဘဲး၊ ဗြဟ္မစိုရ် လေးပါး၊ တရား မလွတ်၊ ကျင့်ဝတ် မကွာ၊ ချမ်းသာ မတိမ်၊ စည်းစိမ် မညှိုး၊ ဘုန်းရှိန် တိုး၍့၊ နေမျိုးဆက်ကာ၊ နေနွယ် ဖြာလျက်၊ မဟာသမတ်၊ ကမ္ဘာနတ်က၊ မန္ဓာတ် စကြဝတေး၊ နွယ်တော် ရှေးဖြင့်၊ ငါ့ဘေး နန်းစိုး၊ ငါ့ဘိုး နန်းရ၊ ငါ့ဘ နန်းပိုင်၊ ငါ နန်းထိုင်၍့၊ *ဦးကိုင် စံစိုး၊ လူအမျိုးကို၊ တန်းခိုး လွှမ်းအုပ်၊ ငါ မင်းလုပ်သည်။။ မင်းရုပ် မင်းပုံ မင်းမွေးတည်း။ (၄)

(၄င်းလည်း ရှေးအတူ ရသတို့ကို ပြသည်ပင်။)

(၃၄၄) ရှစ်သောင့်း လေးထောင်၊ သုံးပြန်ဆောင်သား၊ *မြားမြောင် ထိုမျှ၊ ဂဏာန်း ချသော်၊ ခ-ခ သုည၊ နေတြနှင့်၊ ဗာဏ စမ္မ၊ သင်္ချာ ရ၍့၊ ကမ္ဘာ့ တန်းဆာ၊ လေး ဒိသာကို၊ လေးဖြာ ရောင်ပျို့၊ မှောင့်မညို့သည့်၊ မြင်းမိုရ့် လုံးပတ်၊ တာခတ် ယောဇန၊ ပမာမျှအောင်၊ ကာလ *တောင်တာ၊ ရှည်ကြာ နှစ်စု၊ သက် အာယုဖြင့်၊ လူ့ဇာတိစစ်၊ မင့်းအဖြစ်နှင့်၊ ဒေဝရာဇ်ဟူ၊ *မုနော ယူ၍့၊ ဇမ္ဗူ သောင်းလုံး၊ ငါဟု ကြုံးလျက်၊ ခွန်ကျုံး သိမ်းခံ၊ ရွှေနန်း စံသည့်၊ နိုင်ငံ စိုးဘိ၊ ငါ ဘုန်းယှိ၏့၊ ဇာတိ မြစ်စိုက်၊ သန္ဓေ လိုက်ဖြင့်၊ *အကိုက် ကြီးပွား၊ ''ဘုတ် လေးပါးတို့၊ ထင်ရှား ပေါက်ကျင်၊ ဤကိုယ်ပင်ကား၊ အမြင် ရွေ့ရွေ့၊ ရင့်အို၍့လျှင်၊ နေ့ကို ရက်စား၊ ရက်အား လ,မျို၊ လ,ကို နှစ်,ဖြုန်း၊ လွှနှင့် *ဆုန်းသို့၊ ပြုန်းခဲ့ ခန္ဓာ၊ မခိုင်မာဘူး၊ ဇရာမီးငွေ့၊ တမွေ့မွေ့တိ၊ တနေ့ တခြား၊ နှစ်ရှည် များက၊ ပတ္တမြား နန်းအိမ်၊ စံမြန်း ငြိမ်လျက်၊ မွေ့သိမ် ဩဇာ၊ နတ်သုဓာနှင့်၊ သီတာရေမျိုး၊ သုံးဆောင် ချိုးလည်း၊ အကျိုး မထင်၊ နာကျင် နာခြင်း၊ အို မကင်းခဲ့၊ ဘောက်ယွင်း သိမ်မွေ့၊ တရွေ့ရွေ့လျှင်၊ ကိုယ်လေ့မှန်လှ၊ သင်္ခါရကြောင့်၊ ဘယ်မျှ ချမ်းသာ၊ ဟူစပါလည်း၊ ကြာက ဧးဧး၊ ကရွတ်ဆွေးသို့၊ အိုရေး နာရေး၊ မြည့်မြည့် ဆွေး၍့၊ သေဘေး မကင်း၊ ပျက်ရလျှင်းလိမ့်၊ သေမင်း မရဏ၊ ခံတွင်းဝသို့၊ ဆင်းရမည် ဝတ်၊ မှန် မချွတ်တည့်၊ မလွတ်နိုင်စွာ၊ သေရ စာဖြင့်၊ ရတနာ စီခြား၊ ပတ္တမြား မကိုဋ်၊ ဆောင်း-ဆင် စိုက်လျက်၊ ကိုယ်နှိုက် အလွန်၊ *အမွန်ဆုံးဖြစ်၊ ရွှေသင်္ကျစ်နှင့်၊ ဦးရစ် ရွှေဗောင်း၊ ပန်းစုံ လှောင်းသား၊ ဥက္ခောင်းရတနာ၊ မြတ်အင်္ဂါနှိုက်၊ ကေသာ မြသား၊ အဖြူ ကျား၍့၊ ထင်ရှား ပေါ်မှု၊ ယခု တတည်၊ ဖြစ်လတ်သည်ကြောင့်၊ ငယ်ရည် ငယ်သွေး၊ ငယ်ရုပ် ဝေးလျက်၊ မင်းမွေး ပျောက်ငုပ်၊ ဘောက်ခဲ့ ချုပ်သည်။။ သေရုပ် သေပုံ သေမွေးတည်း။'' (၅)

('ဘယဋ္ဌယီဘာဝ, ဘယာနကရသ'၏ ဝိဘာဝကို ပြသတည်း။ စသည်ကား 'အာလမ္ဗဏဝိဘာဝ'၊ ဆံဖြူခြင်းကား 'ဥဒ္ဒီပနဝိဘာဝ'တည်း။ ဤ ၄- ပိုဒ်တို့ကား 'ရူဠာဟလင်္ကာရဝင်္ကဝုတ္တိအလင်္ကာ'ယှိသောပိုဒ်။)

(၃၄၅) သတ္တရဗ္ဘဏ်၊ ခုနစ်တန်တိ၊ ယုဂန်အစ၊ သကဏ်ကျအောင်၊ ဥပဍ္ဎချည်း၊ ခပတ်စည်း၍့၊ ကွာနည်း နိမ့်-မြင့်၊ အဆင့်ဆင့်ဖြင့်၊ ရှုတင့်စဘွယ်၊ ကြီး-ငယ် ပတ်ခြံ၊ တောင်စဉ် ရံသို့၊ လောက်ငံ ပညာ၊ ထူး ဂုဏ်ဝါဖြင့်၊ မဟာ အဂ္ဂ၊ ဌာနခေါင်စွန်း၊ တော်နေ ချွန်း၍့၊ ရွှေကွန်း သိင်္ဂိ၊ ရွှေတိုင် မှီနှင့်၊ ရွှေနီစလွယ်၊ ဆဲ့နှစ်သွယ်တည့်၊ တင့်တယ် ဆင့်ဆင့်၊ ဗောင်းရွှေပွင့်ချည်း၊ နိမ့်-မြင့် ယာ-ဝဲး၊ ရွှေနန်းထဲးနှိုက်၊ အမြဲး နိယံ၊ *ညီမှုခံလျက်၊ ငါ့ထံ ညီးညီး၊ ငယ်-ကြီး မပြတ်၊ ဝန်းရံ ပတ်သည်၊ မှူးမတ်အပေါင်း၊ ရွှေကျိုင်းဆောင်းတို့။။ ဥက္ခောင်းရတနာ၊ မြတ်အင်္ဂါနှိုက်၊ ကေသာ ယွင်းကွက်၊ ဤ ဖြူချက်ဖြင့်၊ ဆက်ဆက် အပြီး၊ သေမင်းကြီး၏့၊ ထံနီး *တိုးတည်၊ နေသည် အခြင်း၊ မှန် မယွင်းကြောင့်၊ ထုတ်ချင်း မြေမိုး၊ ပျံလျှိုး ပုန်းခို၊ မသေလိုလည်း၊ ဤကိုယ် မုချ၊ မနေရခဲ့၊ နိစ္စ ဓုဝ၊ မရဏမှ၊ မလွတ်ရပြီ၊ နေ့-ည မယှိ၊ ဘယ်မူ သိလိမ့်၊'' ''တောင်ရှိ တံစိုး၊ ပေးထိုး မညှာ၊ *ဗိုလ်ပါ ဆင်-မြင်း၊ စစ်ပြိုင် ကျင်းလည်း၊ အောင်ခြင်း မမြင်၊ ကြာမတင်ခင်၊ လျင်လျင် ခုဘက်၊ ရက်စက် ခက်ထန်၊ မျက်မာန် ကျန်းထန်း၊ ငင် စွန်းစွန်းဖြင့်၊ တန်းတန်း အမှန်၊ ဧဝကန်သာ၊ လက်မြန် ဆောင့်တွန်း၊ ဝိုင်းအုံ ဝန်း၍့၊ *သုံ့ပန်းအပိုင်၊ အနိုင် အထက်၊ နှိပ်စက် အပြင်း၊ ဖမ်းယူလျှင်းလိမ့်၊'' ''မင်းထက် မင်းစစ်၊ ယမရာဇ်ကား၊ ဖြစ်ဖြစ်သမျှ၊ သန္ဓေရသား၊ ရွရွ လုပ်လုပ်၊ သေး-နုပ် ကြီး-ခံ့၊ ယုတ်ညံ့ ကောင်း-ဆိုး၊ ဘယ်အမျိုးမှ၊ ရှိခိုး မရ၊ မလွတ်စွဘူး၊ ကြီးလှ တေဇာ၊ ဘုံသုံးရွာလုံး၊ မဟာဝိသယံ၊ နိုင်ငံ ကျယ်ဝင်း၊ အာဏာ ပြင်းသည်။။ သေမင်းတမန်၊ အမှန် ငါ့ကို ချလာပြီ။ (၆)

(ဤကား ဒေဝဒူတာတိ ဒေဝေါ ဝုစ္စတိ မစ္စု'စသော ၄င်းဇာတ် အဋ္ဌကထာနှင့် အညီတည်း။)

(၃၄၆) ဒိဗ္ဗန္တီတိ၊ ဘွင့်ကျမ်းယှိတိုင်း၊ သဋ္ဌိသကဋ၊ ပမာဏတည့်၊ ကောသလတိုင်း၊ *သမိုင်း အညီ၊ ပြည့်ထုံး မှီ၍့၊ ခါရီ နှစ်ဆယ်၊ မှတ်ဘွယ် မချို့၊ လူတို့ ဆက်လျဉ်၊ အစဉ် သုံးခြင်း၊ တင်းချင့် အဝင်၊ ရှစ်ဆယ် တင်သည့်၊ အကြင်လူဝယ်၊ ထိုလှည်းကျယ်၏့၊ ခြောက်ဆယ် လှည်းပေါင်း၊ တင်လောက်ကောင်းသား၊ ဆင်ကြောင်း များစွာ၊ နတ်တန်းဆာဖြင့်၊ ထိန်ဝါ မပြတ်၊ ထွန်းပတတ်သား၊ မိုးနတ် ပြိုးပြက်၊ မိုးအထက်က၊ ရပ်လျက် တည်၍့၊ မည်သည့်နေ့နှိုက်၊ မရွေ့ သင်သည်၊ သေလိမ့်မည်ဟု၊ အတည် မမှတ်၊ ဆုံးဖြတ်တိတိ၊ နတ်မျက်စိဖြင့်၊ မြင်သိ အလို၊ နတ်ပြောဆိုက၊ ထိုနတ်စကား၊ ထိုနတ် ကြားတိုင်း၊ မမှား ဧကန်၊ သေခြင်း မှန်သို့၊ လူဌာန်နှိုက်တွင်၊ အကြင်သသူ၊ ဆံတည်း ဖြူသော်၊ ထိုလူ မုချ၊ မရဏသို့၊ ရောက်ရ မချွတ်၊ လွဲး မလွတ်တည့်၊ ဘုံထွတ် နန်းမြင့်၊ ခုနစ်ဆင့်နှိုက်၊ စံလင့်*ကစား၊ ငါ မင်းဖျားလည်း၊ ဖြူ-ကျား ဆံတော်၊ ယခု ပေါ်ခဲ့၊ ပျော်ပျော် ပါးပါး၊ ရှေးက လားသို့၊ ရှည်လျား *တောင်တာ၊ နန်းသိင်္ဂါထက်၊ မြင့်ကြာကာလ၊ မနေရဟု၊ ဒေဝအချင်း၊ သေမည့်ခြင်းကို။။ နတ်မင်းတမန်၊ အမှန် ငါ့ကို ဟလာပြီ။ (ရ)

(ဤကား 'ဒေဝေါ ဝိယ ဒူတာတိပိ ဒေဝဒူတာ' စသော ဇာတ်အဋ္ဌကထာနှင့် အညီ တနည်းအလိုတည်း။)

(၃၄၇) လေး-ရှစ် ဆဲ့ခြောက်၊ သင်္ချေ နောက်နှိုက်၊ သိန်းမြောက် ကမ္ဘာ၊ ကာလ ကြာအောင်၊ ပါရမီ သုံးဆယ်၊ ငါးသွယ် စွန့်ကြီး၊ ကျင့်သီး သုံးပါး၊ တိမ်း မမှားဘဲး၊ ဖြည့်အား စွန့်-ကျင့်၊ ရွှေဉာဏ် ရင့်၍့၊ လေးဆင့် ငုံအာ၊ ဆဲ့ခြောက်လွှာတိ၊ သစ္စာ *မုံထွား၊ ကားကား ရောင်မှည့်၊ ပြောင်ပြောင် စည့်လျက်၊ ပွင့်မည့်ဘဝ၊ ပစ္ဆိမနှိုက်၊ သဗ္ဗဗောဓိသတ်၊ လောင်းတော်မြတ်တို့၊ ပြာသာဒ် ရွှေဘုံ၊ ရံရွေစုံနှင့်၊ အာရုံ ငါးပါး၊ ပျော် စံစားစဉ်၊ တရား သိမြော်၊ ပွင့်ချိန်တော်က၊ မိုးပေါ် အာကာ၊ ငါးဆင့်သာသည့်၊ သုဒ္ဓါဘူမိ၊ နန်းသိရီ့မှ၊ ဝိသုဒ္ဓိမြတ်၊ သုဒ္ဓါနတ်တို့၊ အမှတ် သံဝေ၊ ရတို့စေအောင်၊ လေးထွေ ထင်လင်း၊ ရှေ့တွင် ဆင်းပြီး၊ အိုခြင်း အစ၊ ဆံဖြူဆွနှင့်၊ ပုဗ္ဗနိမိတ်၊ ပြသည့်ဟိတ်ဖြင့်၊ လန့်ထိတ်သော့အား၊ တောထွက် သွား၍့၊ လေးပါး သစ္စာ၊ ပွင့်ကြစွာသည့်၊ ဓမ္မာတာ အစစ်၊ ဖြစ်ဘိရကား၊ ထိုကြောင်းလျားကြောင့်၊ ဘောက်ပြား အမူ၊ အိုခြင်းဟူသည်၊ ဆံဖြူအမှတ်၊ ဝိသုဒ်နတ်တို့၊ မချွတ် ထင်ရှား၊ စေသော့အားဖြင့်၊ ပျော်ပါးစိတ် လျော့၊ တောထွက်တော့ဟု၊ သဘော့အလို၊ မြွက်ဆို အဟုတ်၊ သွေမယုတ်သည်။။ ဝိသုဒ်တမန် အမှန် ငါ့ကို ပြလာပြီ။ (၈)

(ဤကား 'ဝိသုဒ္ဓိဒေဝါနံ ဒူတာ ဝါ' စသော ၄င်းဇာတ်အဋ္ဌကထာနှင့် အညီ တနည်းတည်း။)

(၃၄၈) မစ္စုခေါ်ခြင်း၊ သေမင်း တမျိုး၊ မိုးနတ် တဖြာ၊ ဒေဝါ ဝိသုဒ်၊ အတ္ထုဒ္ဓါရ၊ နေကတ္ထဖြင့်၊ ဒေဝသဒ္ဒါ၊ ဝေါဟာ အနက်၊ သုံးပါး ထွက်နှင့်၊ မပျက် အမှန်၊ တမန်သမုတ်၊ ဟော ဘော်ထုတ်သား၊ နောက်ပုဒ် ဒူတာ၊ ရုပ် သဒ္ဒါကို၊ ကမ္မာဓာ တစ်၊ ဆဋ္ဌီ နှစ်တိ၊ ပုဒ်စစ် ပါဌ်စစ်၊ အနက် ဆစ်၍့၊ အမြစ် အခြေ၊ အနေတကျ၊ ကျမ်းရိုး ပြလျက်၊ ဒေဝဒူတာ၊ ထိုသဒ္ဒါ၏့၊ ယောဇနာခြင်း၊ ဝေါဟာ လင်းက၊ သေမင်း မိုးနတ်၊ ဝိသုဒ်မြတ်တို့၊ စေမှတ် ခိုင်းသူ၊ တမန်ဟူသည်၊ ဆံဖြူမည်သော၊ ဤသဘောကား၊ မင်း*စော ငါ့တွင်၊ ခုလျှင် စင်စစ်၊ ထင်ရှား ဖြစ်၏၊ ''ညစ်ညစ် ကျိကျိ၊ ဘင်တွင်းကြီးသို့၊ ဘူမိ ကာမ၊ ဟီန ယုတ်မာ၊ လူတို့ရွာတွင်၊ သူ-ငါကစ၊ ပိုးလောက်မျှဖြင့်၊ ရွရွ ထောင်းထောင်း၊ မြင်မကောင်းအောင်၊ မပြောင်းနိုင်စွာ၊ မခွါနိုင်ဘိ၊ လူ့ဇာတိတည့်၊ အမိ အမှု၊ မပြုရအား၊ ကျွန်မ သားလျှင်၊ *ပိုင်ကား အရှင့်၊ သခင့် လိုရာ၊ ပြုရစွာသို့၊ တဏှာသခင်၊ အရှင် ဆက်ဆံ၊ အကြောင်းခံလျက်၊ ရှေးကံ စေတနာ၊ ကာမာဝစရ၊ အိမ်ကျွန်မ၏့၊ ပုတ္တဟူငြား၊ ဖြစ်စေ ဘွားသည့်၊ ကျွန်းသား တစု၊ စက္ခု သောတ၊ ဃာန ဇိဝှါ၊ ကာယာ သမ္ပဋိစ်၊ အဟိတ် သဟိတ်၊ ဝိပါက်စိတ်တို့၊ မဆိတ် အစဉ်၊ ဆီမီးလျဉ်နှင့်၊ ရေယဉ်ပမာ၊ မပြတ်စွာလျှင်၊ ရူပါရမ္မဏ၊ သဒ္ဒါ စသား၊ ကာမ ငါးပုံ၊ ဤအာရုံနှိုက်၊ မြဲးထုံ လေ့လာ၊ သေမင့်းရွာက၊ မကွာနိုင်ကြ၊ ကျင်လည်ရသည့်၊ ကာမသတ္တဝါ၊ တို့ သူ-ငါကား၊ ခါခါ မ*စဲး၊ သေ အမြဲးနှင့်၊ သေပွဲးခံလျက်၊ ငါးနှယ် တက်၏၊ သက်သက် မချစ်၊ သေမင်းညစ်က၊ သတ်ညှစ်တော့မည်၊ ရံစစ်သည်နှင့်၊ ဝန်းလည် တင်းကျမ်း၊ သုံ့ပန်း ဖမ်းသို့၊ အကြမ်း သ+ရမ်း၊ မွေ့+ယမ်း ဆွဲးဆောင်၊ မလွတ်အောင်လျှင်၊ ချည်နှောင် ဘွဲ့ရစ်၊ ငြင်း မဖြစ်ဘဲး၊ လည်ဆစ် ကြိုးသွင်း၊ ငင် အပြင်းဖြင့်၊ သေမင်းတမန်၊ အမှန် ခေါ်ငြား၊ မိုးနတ် ကြားလျက်၊ တရား သဘာဝ၊ ဗြဟ္မာ ပြသည်။။ မုချ သေချိန်တိုင်တော့၏၊ ' (၉)

(၃၄၉) 'သေချိန် မုချ၊ အမှန်ကျဟု၊ အတ္ထ ခြင်းရာ၊ ဗြဟ္မာ မိုးနတ်၊ သေမင်း မှတ်သား၊ ပညတ် မည်ပြား၊ နတ် သုံးပါးတို့၊ ထင်ရှား ဘော်ပြ၊ မရွှင်ပျအောင်၊ မြွက်ဟ ကြားကာ၊ ခေါ်ချလာ၍့၊ ရာဇာ မင်းသံ၊ စိုက် အလံနှင့်၊ ထိပ်ယံ စီးဘိ၊ နင်း ရောက်ယှိ၏၊'' မျက်စိ ဆူးငြောင့်၊ စနောင့် *စနင်၊ အမြင် မသာ၊ အိုရုပ်ဝါနှင့်၊ ငါလျှင် အပြီး၊ သေချိန်နီးလျက်၊ ငါ့ထီး ငါ့နန်း၊ ငါ့တိုင်းခန်းဟု၊ တပ်စွန်းနေငြား၊ ကျိုး မပွားပြီ၊ ''သူများကိုသာ၊ စီရင်ကာလျှင်၊ ကိုယ်မှာ ကိုယ်မှု၊ ကိုယ် မပြုဘဲး၊ အနုသာသိက၊ ဆက်ရက်မသို့၊ မုချ မမှား၊ ကိုယ် ပျက်ပြားလိမ့်၊'' ''လေးပါး အပါယ်၊ လွတ်ဘွယ် မထင်၊ ဤလူ့ခွင်နှိုက်၊ ပျော်ရွှင် လိုက်စား၊ တကြွားကြွားနှင့်၊ အောက်မား သွေးဟုန်၊ ကာမဂုဏ်ဖြင့်၊ ကျမုန်တီးတီး၊ မပြတ်စီးလျက်၊ ပေါက်ထီး မာတင်၊ ကျုံးတွင်းဝင်သို့၊ အကြင် ငါလျှင်၊ မဆင်ခြင်ဘူး၊'' ပလ္လင် ရှစ်ခန်း၊ ရွှေနန်း ကိုးဆောင်၊ ပြိုးပြိုးပြောင်ထက်၊ စိန်ညောင်ညီးညီး၊ နတ်စည်တီးသို့၊ မငြီးစေ+ကြောင်း၊ တယော အောင်းက၊ မိ+ကျောင်းနှင့် #ERROR! မရဲးအောင်၊ နန်းပွဲး ဘုံပြင်၊ အမြဲး *ရင်၍့၊ သဘင် ကချေ၊ အထွေထွေလည်း၊ လက်ခြေ ညွတ်ပြော့၊ ဟန် ကြော့ကြော့နှင့်၊ မကျော့ မ+ကျည်း၊ ရွှင်*+ကြည်းကြည်းဖြင့်၊ ခြည်းခြည်း နွဲ့ယိုင်၊ သံပြိုင် သံညီ၊ ကျူး-သီ ခုန်-က၊ အူ ရွရွသား၊ အလှ ရွယ်နှုန်း၊ တော်ဝင်တုန်းတို့၊ သွေးစုန်း *မျက်မည်း၊ *စုလည်း ခွေရစ်၊ နတ်စစ် စစ်သို့၊ ကလျစ် *ကလျူ၊ မူရူ ပျောင်းပျ၊ တကွ *ရောရု၊ ဝိုင်းကြီး ပြုလျက်၊ ကယု ကယင်၊ ဝန်းကျင် ဖျော်ဖြေ၊ ရံမွေ့ နေခဲ့၊ ''သေမည် မသိ၊ မိန်းဆေး မိသည့်၊ ဆင်ကြီ့းအလား၊ ငါ မခြားအောင်၊ ငါးပါး ကာမ၊ အာသဝဖြင့်၊ နေ့-ည ဖိန်းဖိန်း၊ တမှိန်းမှိန်းနှင့်၊ မူးမိန်း မပြေ၊ စံ မေ့ဝေခဲ့၊ ကိလေ ယုတ်မာ၊ ညစ်ပတ်စွာသား၊ ကိုယ်မှာ ညီှငေါက်၊ မရှု*စောက်အောင်၊ အုန်း*အောက် နံစော်၊ *သရော် ညစ်ကြေး၊ ကိုယ့် မြူ-ချေးကို၊ ကိုယ်ဆေး စင်လျှော်၊ သန့်မှ လျော်၏၊'' နန်းပေါ် *ရဝေ၊ ရွှေဘုံ ဗွေထက်၊ ခြွေရွေ ရံ-ခ၊ မောင်းမ မိဖုရား၊ သမီး သားနှင့်။။ ပျော်ပါး ပယ်ချိန်တိုင်တော့၏၊ (၁၀)

(၃၅၀) 'ပယ်ချိန် ရောက်ငြား၊ သား မယားနှင့်၊ လိုက်စား လပ်လျား၊ မပယ်အားက၊ ပျော်ပါး လွန်ဘိ၊ လောဘ ငြိ၍့၊ သံကိလေသိက်၊ ညစ်ညူးစိတ်ဖြင့်၊ အဝိဇ္ဇာတုံး၊ မောဟ ဖုံး၏၊ မိုက်ဆုံး အန္ဓ၊ လူ့ဗာလသို့၊ ကိစ္စ နည်းပါး၊ တရား မမြော်၊ အပျော် လိုက်မျိုး၊ စရိုက်ဆိုးကား၊ ကောင်းကျိုး *မဲ့ချည်း၊ အပျက် *ပည်းရှင့်၊ နတ်လည်း နတ်မှာ၊ နတ်တို့ရွာမှ၊ မကြာ ယွင်းဘောက်၊ ခန္ဓာ ပျောက်၏၊'' ''အောက်အောက်နတ် ထက်၊ ဘုံ ခြောက်ဆက်လုံး၊ တိုးတက် လွန်၍့၊ သိမ်မွေ့လှစွာ၊ နတ်ဩဇာဖြင့်၊ ဗိဠာရပဒ တကျိပ်မျှလောက်၊ ဟာရ တခါ၊ မှီဝဲးပါက၊ နတ်မှာ ရက်လည်၊ ခုနစ်တည်ဟု၊ ဆိုသည် တမူ၊ ကေစိ ယူနှင့်၊ ခြောက်ဆူ နတ်များ၊ နေ့တိုင်းအားဖြင့်၊ စား၏ ဟူထ၊ ကျမ်းလာ ပြတိုင်း၊ ဒေဝအလေ့၊ အချိန် မေ့အောင်၊ ပျော်မွေ့တုံဘိ၊ လွန်သည်ယှိက၊ စုတိ လျင်စွာ၊ နတ်ခန္ဓာလျှင်၊ အကြာ မခံ၊ မီးလျှံ ပျောက်*သုတ်၊ လေပြင်း မှုတ်သို့၊ တမုဟုတ်မျှ၊ ချုပ်ကွယ်ကြ၏၊'' ''မောဟ တိုက်တိုက်၊ အပျော် လိုက်လျက်၊ သူမိုက်အမှု၊ ပဇာပြု၍့၊ ယခု ငါလျှင်၊ တောခွင် မထွက်၊ ရွှေကနက်နှင့်၊ နန်းထက် အုပ်မိုး၊ သူ့အကျိုးကို၊ ဆောင်ကျိုးကာသာ၊ မော့လျော့စွာလိမ့်၊ နောင်ခါ မချို့၊ ကိုယ့်ဘို့ သုခ၊ ရအံ့ အမှု၊ ကြံ မပြုက၊ ရာဟု နတ်မင်း၊ စက် နဝင်းနှင့်၊ မကင်းအနေ၊ မလွတ်ထွေကြောင့်၊ ကြက်သရေ ညှိုးသမ်း၊ လ တခြမ်းသို့၊ ချမ်းသာ ကိုယ်ဘို့၊ နောင် ယုတ်ချို့အံ့၊'' ''ပုဂ္ဂိုလ့်သဘော၊ လေးမျိုး ဟောတွင်၊ ဇောတိတမ၊ အလင်းမှလျှင်၊ ဘဝ ယုတ်မာ၊ ညစ်ညူးစွာဖြင့်၊ ပါယ်ရွာ ဆိုးဝါး၊ အမိုက် လားသည့်၊ တပါး ပုဂ္ဂိုလ်၊ မဖြစ်လိုဘူ့း၊ ရွယ်အို ဘောက်ယွင်း၊ ဆံဖြူခြင်းဖြင့်၊ သေမင်း ခုသာ၊ ရောက်တို့လာပြီ၊ သေစာ မှတ်ပြီး၊ သေချိန်နီးခဲ့၊ ချည်းနှီးမျှသာ၊ ကိုယ်ခန္ဓာနှင့်၊ ပြည်ရွာ ရိပ်ငြိမ်၊ စည်းစိမ်ဟူလတ်၊ ဤသမ္ပတ်ကား၊ စွန့်တတ် စွန့်အပ်၊ ခေါ်ပညပ်လည်း၊ ဒြဗ် မပြား၊ ကံ ကတ္တားသို့၊ အခြား မယှိ၊ မိမိပင်သာ၊ ကြိယာမျှ၊ ဝေါဟာ တသီး၊ သတ္တိ ပြီးရှင့်၊ ခရီး ကုန်ခန်း၊ မြတ်ရာ မြန်းသည်။။ ရဟန်းပြုချိန် တိုင်တော့၏၊'' (၁၁)

(ဤပိုဒ်တို့ကား ငြီးငွေ့ခြင်းစသော 'ဗျဘိစာရီဘာဝ' ဖြစ်သည်တို့ကို ပြသည်။)

(၃၅၁) *တော်*ဒူး *စနည်၊ *ကွန်းခန်းသည်နှင့်၊ ပတ်လည် ဝဲးယာ၊ ကြယ့်ပမာသို့၊ နေရာ လိုက်လျော၊ ဘဝေါ တွင်း-ပြင်၊ ညီလာခွင်နှိုက်၊ ခိုဝင် ညွတ်-ခ၊ ဌာနန် ရ၍့၊ ကိစ္စ ရေးရာ၊ ပြည်လာ *ပြည်တဲး၊ မှု ခက်ခဲးတိ၊ နက်နဲး* ကုတ်ကော်၊ ဖြစ်ခဲ့သော်လျှင်၊ ရှုမျှော် ဉာဏ၊ ဆင်ခြင်ကြပြီး၊ ကိုယ်င ကိုယ်စီ၊ ပြည်မှု ချီလျက်၊ ပြည်ဆီ ပြည်သား၊ ပြည်ကျိုး ပွားအောင်၊ တရား မဘောက်၊ ကိုယ့်ဂုဏ် လျောက်ဖြင့်၊ စောင့်ရှောက် လုံခြုံ၊ ပညာ *ကုံသည်၊ ဉာဏ်ဟုန် ပြန့်ပြော၊ မတ် *ဩော်ရောတို့။။ သဘော ခြင်းရာ၊ *စိပ်စိပ် နာလော့။ ''သတ္တဝါ မြတ်ယုတ်၊ *ဗိုလ် *အစုတ်ကား၊ အဟုတ် လတ်လတ်၊ ဥပတ် သံသေ၊ ရေကြည် ဂဗ္ဘ၊ အဏ္ဍဇဟု၊ လေးဝ ယောနိ၊ မျိုး ဇာတိဖြင့်၊ ပဋိသန္ဓေ၊ တည်နေ ပထမ၊ ရသည်ကလျှင်၊ စ၍့ ထစ်ထစ်၊ ပြန် တဆစ်မျှ၊ *မနစ် မဆိုင်း၊ တိမ် ရေလှိုင်းသို့၊ ခဏတိုင်း ရွေ့၊ သေချိန်စေ့အောင်၊ နေ့နေ့ ညည၊ ကာလ ရှည်-တို၊ ပြေးသွား အို၏၊'' ကိုယ်ယှိသမျှ၊ ရိုးရိုးရွလျှင်၊ ရှေးက ဘိုး-ဘေး၊ ဘက်ဝေး မစံ၊ ခြွေရံ များပြား၊ ဘုန်းကံအားနှင့်၊ ကြီးမား ဗလ၊ တေဇဘာဏု၊ အံသုမာလီ၊ ထောင်ရံသီသို့၊ ''လောကီ လူနှိုက်၊ လူ့နယ်တိုက်တွင်၊ မကိုဋ် တဆူ၊ မင်း*ဓီး မူ၍့၊ နေ့တူ အာဏာ၊ လွန်ကဲးစွာသား၊ ရာဇာရာဇ၊ စကြဝတေး၊ ထိုတဝေးတို့၊ ယှိသေး ဘယ်မှာ၊ လူတို့ရွာဝယ်၊ ရှာပါ မထင်၊ တွေ့ မမြင်ခဲ့၊ ဘယ်တွင် *တစိ၊ တည်မယှိဘူး၊ မြေကြီ့း ဩဇာ၊ ပွားဝေပါလျက်၊ ယူဇနာ ဆင့်ဆင့်၊ ကပ်တိုင်း မြင့်အောင်၊ သေမင့်းအစာ၊ ဖြစ်၍့သာလျှင်၊ သတ္တဝါ*ခပင်း၊ ကုန် မကြွင်းသည်။။ သေတွင်းငုတ်ငုတ် ဝင်သကား။'' (၁၂)

(၃၅၂) ပေါက်ထီး မုန် *ပြောင်၊ ဆင် ကိုးထောင်တည့်၊ ယဉ်ဆောင် ရထား၊ ရာစီ ပွားလျက်၊ ထိုရထားကိန်း၊ ကိုးသိန်း သင်္ချာ၊ နောက်မှာ မယွင်း၊ နည်းတူ ကျင်း၍့၊ မြင်း ကိုးကုဋေ၊ ခြေသည် ကိုးရာ၊ ကုဋေသာတိ၊ ကညာ ရွယ်ညီး၊ မင်းသမီးမူ၊ အသီး တွက်ရေ၊ ကုဋေ ကိုးသောင်း၊ အပေါင်း ရွေဘော်၊ နတ်*လျော် ပျိုပြန်း၊ ရံတဝန်းကား၊ ကိုးသန်း ကောဋိ၊ သင်္ချာယှိလျက်၊ အချိ *ဖြင်ပေါ၊ အံ့ဘွယ်မောမျှ၊ အက္ခောဘဏီ၊ ရွေတညီနှင့်၊ ထို-ဤ အစဉ်၊ အမြဲး ယှဉ်၍့၊ ဥယျာဉ် မြစ်ခွင်၊ သဘင် မပြတ်၊ စံပျော်တတ်လျက်၊ မိုးနတ် *တရထည်၊ ခြံရံစည်သား၊ ''ဦးတည် ကမ္ဘာ၊ အစစွာက၊ မဟာသမတ်၊ အာဒိနတ်နှင့်၊ မန္ဓာတ် သုဒဿန၊ မင်းလျှင် စသည့်၊ စကြသခင်၊ လေးကျွန့်းရှင်တို့၊ ကောင်းကင် သမုဒ်၊ အုတ်အုတ် ရံသန်း၊ ထွက် စံမြန်းတိုင်း၊ ပတ်ဝန်း တွက်ဘွဲ့၊ သုံးဆဲ့ခြောက် ယူဇနာ၊ *ဗိုလ်ပါ *ပြောထွေ၊ လေးကျွန်းနေဖြင့်၊ မရေတွက်အား၊ သို့စင် များလည်း၊ တရား ဟိရီ့၊ မယှိ လဇ္ဇာ၊ သေမင်း လာ၍့၊ မညှာ မထောက်၊ မကြောက် မရှက်၊ တဟုန်နက်ဖြင့်၊ ကြက်မအားကို၊ သားနှင့် တအုပ်၊ ကျာ့းနှယ် ခုပ်ပြီး၊ နုပ်နုပ် ဝါးကာ၊ မျို၍့သာလျှင်၊ *ဗိုလ်ပါ *ခပင်း၊ လူတသင်းကို၊ မကြွင်းစေငြား၊ အကုန် စား၏၊'' ''မိုးဖျား ကောင်းကင်၊ လေးကျွန်းခွင်သို့၊ စက်ရှင်စီးကာ၊ ဘုန်း*ကြမ္မာကား၊ မကြာ အနည်း၊ *တဖြုတ်ချည်းတည့်၊ *တံလည်း*မြစ်လောင်း၊ တောင်ကျချောင်းတို့၊ လျင်ရှောင်း ခဏ၊ ခန်းကုန်ကြသို့၊ ဘဝ မမြဲး၊ စံဆဲးဆဲးနှိုက်၊ စဲးကြ ဟင်းလင်း၊ ကျော်စောခြင်းမျှ၊ ကြွင်းခဲ့သည်သာ၊ ခန္ဓာကိုယ်ကား၊ မထင်ရှားပြီ၊ ရထား မြင်း-ဆင်၊ *လုင် ရဲးမက်၊ လက်နက်စွဲးသူ၊ နတ်တူ ကညာ၊ ကလျာ ရွေသင်း၊ ထိုထိုမင်းသည်။။ သေခြင်း *ပြုတ်*ပြုတ်စင်သကား။'' (၁၃)

(၃၅၃) ရှစ်ဆယ် သံတောင်၊ ပြိုးပြိုးပြောင်တိ၊ ရွှေတောင် *ငွားငွား၊ ပေါက် ထင်ရှားလျက်၊ နွားလား ဆင်ပေါက်၊ မြင်းလောက် စွင့်စွင့်၊ ရှစ်မင့်း ပယ်စာ၊ မြေမျက်နှာဝယ်၊ ပေါ်လာ ငုတ်လုပ်၊ ရွှေဆိတ်ရုပ်နှင့်၊ လျှိုးငုပ် မဝှက်၊ တခဲးနက်ဖြင့်၊ ထွန်ယက် လုပ်နေ၊ ထွန်ကြောင်းမြေက၊ ရွှေအတုံးတုံး၊ ကျုံး၍့ *မကုံ၊ တောင့်နှယ် ပုံအောင်၊ ဆောင်တုံ မပြီး၊ ညိုးညိုးညီးတည့်၊ တသီး ထိုမှ၊ မြားကျ တထောင်၊ မိုးလုံး လောင်မျှ၊ ဘုံဆောင် ဗိမာန်၊ ဝေယန် *ကြငှန်း၊ အံ့ဘွယ် ဆန်းလျက်၊ ရွှေနန်း မြေပေါက်၊ ထက်-အောက် ယူဇနာ၊ မြေချာ သောင်းခွင်၊ ခွန်တော် ချင်သည့်၊ ဘုရင် ဘုန်းတောက်၊ လက်*ပမ်းပေါက်က၊ လက်ဖြောက် လက်*ဖျစ်၊ ခွေရစ် ဆန့်တန်း၊ *မလန်း ခတ်မြူး၊ တချက် ကြူးက၊ ဒူးနှင့် ပုဆစ်၊ ကျွံနစ် ရတနာ၊ မိုးကြီး ရွားသား၊ မဟာ ပုညဝန်၊ လူလွန် လူမော်၊ အကျော် ဘက်ဝေး၊ ကြွယ်-ဌေး တသင်း၊ လူ့ဘုံ မင်းက၊ ''လူချင်း မစောင်၊ ဆင်*ပြောင် ပေါက်ထီး၊ ငါးစီး ဆယ်စီး၊ ဆောင်သီးနိုင်စွ၊ စွမ်းဗလနှင့်၊ မထ ထိုင်ကာ၊ ခုန်သော့ခါလျှင်၊ အဋ္ဌာရသ၊ တောင် ဟတ္ထတိ၊ ထ၍့ ခုန်သော်၊ ရှစ်ဆယ်ကျော်လျှင်၊ ဂေါ်စရိယာ၊ ကာလဝက၊ ဆင်ပေါက်လှကို၊ ခဏပိုင်ပိုင်၊ ဦးထက် ထိုင်၍့၊ မကိုင် ချွန်းရိုး၊ ကြာစနိုးဟု၊ လက်ညှိုး တချောင်း၊ ထောက်ရုံ ပျောင်းသည့်၊ ကျော်သောင်း ကြေညာ၊ မင်း ရာဇာနှင့်၊ မဟာဗာဟု၊ ဝါသုဒေဝ၊ ဗလဒေဝ၊ *စောလှ နရိန်၊ ဘိမသိန်တို့၊ အချိန်ရောက်က၊ ထိတ်ကြောက် မညှာ၊ သေမိန့်စာနှင့်၊ အာဏာ ထန်ပြင်း၊ ဆောင် အတင်းသည်။။ သေမင်း *ဖြုတ်*ဖြုတ် ငင်သကား။'' (၁၄)

(ဤ ၃-ပိုဒ်လုံး 'ကိုးတွင်းပြည့်ချ'၊ 'နေရောင်ချည်ပြေးချ'၊ 'ညွန့်လန်းချ'လည်း ဟူ၏၊)

(၃၅၄) ရထား တဆောင်၊ ဆင်ပြောင် တစီး၊ မြင်း သုံးစီးနှင့်၊ ရဲးကြီး ငါးယောက်၊ နည်းစဉ် လျောက်ဖြင့်၊ ထိုလောက် စစ်သည်၊ ပတ္တိမည်၏၊ ထိုသည် ပတ္တိ၊ သုံးပြန်ချိက၊ ခေါ်ဘိ သညာ၊ သေနာမုခ၊ ထိုမုခအား၊ သုံးခု ပွားသော်၊ မည်ငြား ဂုမ္ဗ၊ ဂုမ္ဗ မြှောက်သုံး၊ ခေါ်ထုံး ဂဏ၊ ဂဏ သုံးလီ၊ ဝါဟိနီတည့်၊ ဝါဟိနီစစ်၊ သုံးပြန်ဖြစ်က၊ တွင်လစ် ပုတနာ၊ ပုတနာဟူ၊ သုံးဆ ယူသော်၊ စမူမည်ငြား၊ စမူအားလျှင်၊ မြှောက်ပွား တြိ၊ အဏိကိနီ၊ ယင်း ဆယ်လီဖြင့်၊ ခေါဘဏီစစ်၊ ကိုးဆင့် ဖြစ်၏၊ အဆစ် အဆစ်၊ သင်္ချာ စစ်က၊ ဖြန့်လှစ် ရဲးတံခွန်၊ မိုးစွန် *ငွားငွား၊ စိုက်ထူ လွှားသည့်၊ ရထား *ခပဲး၊ *စစ် တမဲးနှင့်၊ ဆင်ရဲးအပေါင်း၊ နှစ်သောင်း တထောင်၊ စွန်းဆောင် အပ၊ ရှစ်ရာ့ ခုနစ်ဆယ်၊ မြင်းဝယ် ခြောက်သောင့်း၊ ငါးထောင့် ခြောက်ရာ၊ ဆယ်စီး သာလျက်၊ လူမှာ တွက်ကိန်း၊ တသိန်း ကျော်ဆောင်၊ ကိုးထောင် လွန်က၊ သုံးရာ့အမြတ်၊ ငါးကျိပ် မှတ်၍့၊ ပညတ် သညာ၊ ရှေးရာဇာတို့၊ စဉ်လာ မင်းသုံး၊ ယုတ်ဆုံး *တုမဲ့၊ တုန် မ*ဟဲ့သား၊ တပ်ဘွဲ့ ခေါဘဏီ၊ တလီ မှတ်ထုံး၊ ပေါင်းစုရုံးသား၊ ဝါးလုံး ခြောက်ဆယ်၊ စည်း ခြောက်ဆယ်ကို၊ မြူ့နှယ် မုန့်၍့၊ အမှုန့် ဖြစ်စေ၊ နင်းကြချေသည့်၊ ဗိုလ်ခြေ စစ်ချီ၊ ခေါဘဏီတည့်၊ ထို-ဤ များလှ၊ ထိုမျှ ခေါဘဏီ၊ အင် အညီဖြင့်၊ ရှစ်လီ ဆယ်လီ၊ ဆဲ့ရှစ်လီနှင့်၊ နောင်ညီ ဒသ၊ ''ပဉ္စာလတို့၊ မာနဟုံးစုံး၊ ဘက်*မဲ့ ကြံူး၍့၊ လက်ရုံး ဆန့်မိုး၊ ပြည်တရိုးကို၊ စစ်ထိုး ဘောင်ဘောင်၊ ပွဲးတိုင်း အောင်လည်း၊ ဘုန်းခေါင်*သနင်း၊ သျှင်သေမင်းအား၊ အလျှင်း စစ်ပြိုင်၊ မအောင်နိုင်ကြောင့်၊ ခုတိုင် မျက်မြင်၊ လူတို့ခွင်ဝယ်၊ မထင် ပြက်ပြက်၊ သေမင့်းစက်နှင့်၊ ပျက်ပျက် ယွင်းယွင်း၊ ကြေမွလျှင်း၍့။။ သေတွင်းဝင်ကြလေကုန်စွ။'' (၁၅)

(ဤအချကား 'ရွှေလောင်းပြန်' ချနည်း ဟူ၏၊)

(၃၅၅) ဝါလ အက္ခဏ၊ သဒ္ဒ သရ၊ နာမ မည်ယှိ၊ ဝေဓိလေးသွယ်၊ မြားရေး ငယ်တည့်၊ အံ့ဘွယ် ထူးခြား၊ သားမြီးဖျားတွင်၊ ဆွဲးထား ဝေးသီ၊ *လုမ္ပနီဟု၊ သညီ *အတီး၊ ခရမ်းသီးဖြင့်၊ မှတ်ပြီးတုံလျှင်၊ သားမြီးပင်ကို၊ ဆွဲးငင် ထစ်ထစ်၊ မှန်အောင် ပစ်သား၊ ခေါ်လစ် နာမ၊ ဝါလဝေဓိ၊ မျက်စိ တမှိတ်၊ နတ်ကြိတ် တလက်၊ လျှပ် တပြက်နှိုက်၊ မြားချက် ခုနစ်၊ ရှစ်ဆင့် ပစ်သား၊ စင်စစ် မြန်လှ၊ အက္ခဏဝေဓိ၊ ကြားဘိ ရော်ရမ်း၊ သံကို ဖမ်း၍့၊ ပစ်စွမ်းနိုင်စွ၊ ချက်တိုင်းရသား၊ သဒ္ဒဝေဓိ၊ ရှေးတိပစ်ငြား၊ အလျင်မြားကို၊ နောက်မြား မုချ၊ မှန်စေစွသာ၊ သရဝေဓိ၊ မည်ဘိပိုင်းခြား၊ ဤလေးပါးထက်၊ မြားကို မြားဖြင့်၊ ဟန့်တား တချက်၊ မကရ်းကွက်နှင့်၊ မြားစက်ဝန်း တသွယ်၊ မြားနွယ်တန်း တမျိုး၊ မြားကြိုးနွယ် တတန်၊ မြားချင်းမှန် တမှတ်၊ မြားပြာသာဒ် တပါး၊ မြားမဏ္ဍပ် တခန်း၊ မြားစောင်းတန်း တဖြာ၊ မြားမိုးရွာ တဆိုင်း၊ မြားတံတိုင်း ခတ်ဟန်၊ မြားရေကန် တရပ်၊ မြားကြာချပ် တသီး၊ မြားရေးကြီးဟု၊ *အတီး ခေါ်ရိုး၊ ဆဲ့နှစ်မျိုးကို၊ အစိုးတရ၊ စွမ်းနိုင်ကြ၍့၊ တတ်လှ ထင်ရှား၊ လေးသမားကြီး၊ သီးသီး ဆိုင်ကာ၊ လေးမျက်နှာက၊ မချာ ရွက်စပ်၊ လေးယောက် ရပ်ပြီး၊ ထပ်ထပ် ငင်ဆွဲး၊ *ဖြော်ဖြော်ကြဲး၍့၊ မိုးဖွဲးသဖွယ်၊ မလွဲးဘွယ်တိ၊ ချိန်ရွယ် ပစ်ရှောင်း၊ မြားအပေါင်းကို၊ တချောင်းမြားဖြင့်၊ ဟန့်တား ကွယ်ကာ၊ ရာဇာ ခုနစ်သင်း၊ ပြည်ထောင်မင်းသို့၊ တစင်းစီသာ၊ မိန့်တော်စာနှင့်၊ မကြာ လျှင်ကြောင်း၊ ပြေးကုန်ရှောင်းဟု၊ ဥဒေါင်းမြီးလှ၊ *ရွက်လှ စိန်သွား၊ စကြာမြားကို၊ ပစ်ငြား မချွတ်၊ စေလိုက် လွှတ်၍့၊ *ရွတ်ရွတ် လွယ်ကူ၊ အောင်ပွဲးယူသည်၊ ''ပြိုင်တူ မရ၊ ဘက် မမျှအောင်၊ ရှေးက ကျော်ထင်၊ သရဘင်နှင့်၊ ဘုရင် အသဒိသ်၊ ဝှန်ထိတ် တေဇာ၊ မဟာဇနက၊ သဟဿဗာဟု၊ မင်းအဇ္ဇုတို့၊ ယခု ဘယ်မှ၊ ရှာမရတည့်၊ မရဏညစ်၊ သေမင့်းစစ်ကို၊ မပစ်နိုင်စွာ၊ မကာနိုင်ကြ၊ ထိုကိစ္စကြောင့်၊ တကွ မနှေး၊ *ဗိုလ်အလှေးနှင့်၊ လေးပါ မင်းပါ၊ သေမင့်းရွာသို့၊ လိုက်ရှာကုန်လျှင်၊ ထိုတသင်းသည်။။ မကြွင်း စင်ကြလေကုန်စွ။'' (၁၆)

(ရှေးအတူ 'ရွှေလောင်းပြန်' ချနည်း ဟူ၏၊)

(၃၅၆) 'အောက်-ထက် ပြင်းဟုန်၊ ကွဲးပေါက်*သုန်၍့၊ ကျမုန်တီးတီး၊ အာသောက်စီးသား၊ *ပြောင်ကြီးမဟာ၊ ယတြာမျိုးစစ်၊ ဆိုးမုန်ယစ်တို့၊ သစ်နှင့် သံတိုင်၊ *တုရုဏ်ပြိုင်လျက်၊ ကြံ့ခိုင် ကြီးမား၊ မြို့တံခါးနှင့်၊ ကျောက်သား တူယောင်၊ ကျောက်တောင် *တူနိုး၊ သူ့မြို့ရိုးကို၊ ပစ်ထိုး ကော်ကြည်း၊ ဖြိုဖျက် လှည်း၍့၊ ကြော်ကျည်း ကျာ+ကျာ၊ ငှက်ကြိုး+ကြာသို့၊ သံဝါ ကြွေးလျက်၊ ဝှေ့ပက် နင်းချိုး၊ သိသိကျိုး၏၊ ကျားဆိုး သစ်ဆိုး၊ သားရဲးမျိုးနှင့်၊ တောစိုး ခြင်္သေ့၊ ဟူသရွေ့လည်း၊ တွေ့တွေ့ရာရာ၊ သတ္တဝါကို၊ ဖမ်းကာလတ်လတ်၊ ကိုက်စားတတ်လျက်၊ လောကတ္တယ၊ စိုးပိုင်သသည့်၊ မရဏဗိုလ်၊ သေမင်းကိုမူ၊ မမျိုနိုင်တတ်၊ မသတ်နိုင်ကြ၊'' ''ဤလောကနှိုက်၊ လူမျာ့း ကိုယ်တွင်၊ ပူးဝင် *ချောက်ချား၊ ဖမ်းစား မရှောင်၊ သေအောင် မပြတ်၊ နှိပ်စက်တတ်သား၊ သူရဿတီ၊ နတ်ဒေဝီ၏့၊ သခီ မိတ်ဆွေ၊ ခိုင်းပယ် စေသည့်၊ ရံရွေ ပရိဝါ၊ သင်္ချာ တွက်ဘွဲ့၊ ခြောက်ဆဲ့လေးလီ၊ ဇော်ဂနီနှင့်၊ ဘူတီ ဘူတ၊ စသည် ကျော်ဟိုး၊ စုန်းဘုတ်ဆိုးလည်း၊ ညှိုး၍့ *ယခင့်၊ သေမင့်းကိုယ်တွင်၊ မဝင်ဝံ့ကြ၊'' 'ပုဏ္ဏကကြီး၊ နတ်မြင်း စီးနှင့်၊ လေ-မီး-ရေ-မိုး၊ သဲး-ညွန်မျိုးပါ၊ ပုဆိုးလက်နက်၊ နတ်စက် ဘွဲ့ဖြူ၊ အဆူဆူကို၊ စွဲးယူ ကိုင်ထ၊ တန်းခိုးရှသား၊ ဒေါသ လှိုက်ပွက်၊ အာဠဝက်ဟု၊ ကြမ်းခက် ထင်ရှား၊ နတ်ယောက်ျားက၊ ထူးခြား ကြောက်ဘွယ်၊ အစွယ် ရှစ်ချောင်း၊ ခြေ သုံးချောင်းနှင့်၊ မြေစောင်း မတတ်၊ တန်းခိုးမြတ်သည့်၊ နတ် ကုဝေရ၊ ယက္ခိန္ဒလည်း၊ ဒေါသ သည်းဝှန်၊ ထွက်သည့်မာန်ဖြင့်၊ ကုမ္ဘဏ်တို့ကို၊ မျက်တော်ညို၍့၊ ထိုခဏခြင်း၊ လက်တွင်း ကိုင်ရှောင်း၊ သံချောင်းစကြာ၊ နတ်ဂဒါဖြင့်၊ တခါ *ကြွတ်ကြွတ်၊ လွှတ်က ပြင်းထန်၊ ကြွင်းမကျန်အောင်၊ ကုမ္ဘဏ်တထွေ၊ သိန်းကုဋေကို၊ ဖြတ်ချွေ ဥက္ခောင်း၊ ဦးလည်*တောင်းလျက်၊ လျင်ရှောင်း ပြန်ကာ၊ လက်ရောက် လာ၏၊ နယနာဝုဓ၊ ယမမည်ခေါ်၊ နတ်မင်းကျော်လည်း၊ မာန်တော် နှိပ်၍့၊ တရိပ် မျက်စောင်း၊ ထိုးလိုက်ရှောင်းက၊ အသောင်း ဆယ်ဆ၊ များလှ ကုဋေ၊ ရက္ခိုသ်တွေတို့၊ ကျွမ်းကြေ ပြာဖြစ်၊ ဆား မီးချစ်သို့၊ ဖျစ်ဖျစ်မြည်ထ၊ ပျောက်ပျက်ရ၏၊ ထိုမျှ *ခပင်း၊ တေဇာ ပြင်းသား၊ နတ်မင်းတို့လျက်၊ တန်းခိုးစက်နှင့်၊ လက်နက် မျိုးစုံ၊ စိုးရတုံလည်း၊ သုံးဘုံ အရှင်၊ သေမင်းသျှင်ကို၊ ဘယ်တွင် ဘက်ပြိုင်၊ မဆိုင်ဝံ့ကြ၊'' ထိုမှ ကျော်ဟိုး၊ အမျိုးမျိုးတည့်၊ ''တန်းခိုး မဟိဒ်၊ ပုညဇိဒ်နှင့်၊ ကမ္မဇိဒ် တဖြာ၊ ဝိဇ္ဇာမယိဒ်၊ ဣဒ္ဓိဝိဓ်ဖြင့်၊ ဂုဏ်ဟိတ် ထင်ရှား၊ လွန်ကြီးမားသား၊ နဂါး ပနန်၊ သုပဏ် ဣန္ဒ၊ ဝသ-နိမ္မိတ်၊ ဟာရိတ် မဟာ၊ မိုးဗြဟ္မာက၊ သမ္မာသမ္ဗုဒ္ဓ၊ အဆုံးကျအောင်၊ သေကြ မကြွင်း၊ သေစာရင်းနှင့်။။ သေမင်း ငင်ကြလေကုန်စွ။'' (၁၇)

(ရှေးအတူ 'ရွှေလောင်းပြန်' ချနည်းဟူ၏၊)

(၃၅၇) ဤကိုယ် အစ၊ ဖြစ်ခြင်းကလည်း၊ ကာယ ဘာဝ၊ ဝတ္ထုမျှဖြင့်၊ ဒသက သုံးသွယ်၊ ရုပ် သုံးဆယ်တို့၊ *နုန့်နယ် ပရမ၊ ငယ်ဆုံးစွလောက်၊ ကလလမည်၊ ရုပ် ရေကြည်လျှင်၊ စတည် ခုနစ်ရက်၊ ဖြစ်လျက် သိမ်းရုပ်၊ ဘောက်ပြန် ချုပ်ပြီး၊ အမြှုပ် သားတစ်၊ အနှစ် တခဲး၊ ငါးကွဲး ခက်ဖြာ၊ သတ်-ပဉ္စာတိုင်၊ ရက်ကြာ လွန်မှ၊ သတ်-အဋ္ဌနှင့်၊ နဝ ဒသ၊ သတ္တာဟချည်း၊ ပေါင်းစည်း တွက်ဘွဲ့၊ ခြောက်ဆဲ့လေးရက်၊ ယုတ်တက်*မဲ့လျှင်း၊ ထို့အတွင်းမျှ၊ မကြွင်းစေမှု၊ ကံလျှင် ပြုသား၊ စက္ခု သောတ၊ ဃာန ဇိဝှါ၊ စဉ်တိုင်းသာတည့်၊ ခြောက် အာယတန၊ လူ့ဘဝနှိုက်၊ ဥပစယ သန္တတိ၊ ဟူတုံဘိလျက်၊ ဇာတိ တပါး၊ နှစ်မည် ပြား၍့၊ ထင်ရှား ဖြစ်ရိုး၊ ရွေ့ရွေ့ တိုးမှ၊ ကိုးလ ဆယ်လ၊ တိုင်က ဘွားခါ၊ ဓမ္မတာတည့်၊ *ကြမ္မာ ဥတု၊ ပိုး-လေမှုနှင့်၊ ဥပက္ကမ၊ ကြောင်း ထိုမျှကြောင့်၊ ဝမ်းကတည်းပင်၊ မဘွားမြင်ခင်၊ ပြင်သို့ မကျ၊ ပျောက် ကြေမွ၍့၊ သေကြ ပျက်ကြ၊ မဘွားရဘူး၊ ဘွားက ဘွားစ၊ တရက်ရနှင့်၊ တလ တနှစ်၊ အဆစ်ဆစ်တိုင်း၊ နို့*အစ်နာစု၊ မက္ခယု မက္ခဝါ၊ မာတြာ စုန်း-နတ်၊ ဥပဒ် ရောဂါ၊ ဝေဒနာနှင့်၊ စားစာ ပူ-ဧး၊ ဖျားနာရေးက၊ အိုဘေး နာဘေး၊ ရှုပ်၍့ ထွေးအောင်၊ သေဘေး အန္တရာယ်၊ *ပေါယာယ် ထွေပြား၊ ကြောက်ဘွယ် များခဲ့၊ ဆူးကြား ဗူးသီး၊ အနိုင် ကြီး၏၊ ဖြစ်ပြီး သေခါ၊ မလွဲးသာရှင့်၊ မှန်စွာ အဖြောင့်၊ လမ်း မထောင့်ဘူး၊'' ထိုကြောင့်ရကား၊ ငါ မင်းဖျားအား၊ ''လှံဓား သေနစ်၊ အဆစ်ဆစ်ဖြင့်၊ ပတ်ရစ် တွင်း-ပြင်၊ ရုံးချင်း တင်လျက်၊ ဝန်းကျင် ထိုမျှ၊ နေ့-ည *စင်းလျင်း၊ ရွေရံသင်းတို့၊ ရှေ့ဝင်း နောက်ဝင်း၊ ဝဲး-ယာဝင်းနှင့်၊ အတွင်း ခြောက်စို့၊ ပြင် ခြောက်စို့ပါ၊ ဆီး-ဆို့ ပတ်ခြံ၊ ထပ်ထပ် ရံ၍့၊ နန်းယံ ဘုံတွင်း၊ စံတုံလျှင်းလည်း၊ သေမင်းလုံရာ၊ မရသာခဲ့၊'' ''အင်္ဂါ လေးပါး၊ ရထား မြင်း-ဆင်၊ အတင်တင်ဖြင့်၊ မြေပြင် ညီလင်း၊ မဟာ ကျင်းပြီး၊ ဗိုလ်သင်း စီမံ၊ တင်း ခုခံလျက်၊ လေး-လှံ *အဲးမောင်း၊ စိန်ပြောင်း မီးပေါက်၊ အမြောက် *မြတပူ၊ *ပြောထူ လက်နက်၊ ဝန်းရှက် ရံလစ်၊ လွန် အားသစ်၍့၊ ထိုးပစ်ပါလျှင်း၊ ထိုသေမင်းကို၊ အောင်ခြင်း ဘယ်ခါ၊ မရရာခဲ့၊'' ''ရက်ကြာ လရှည်၊ နှစ်ပွားစည်တိုင်း၊ *တူတည် *တူရူ၊ ရှေးရှူသဖြင့်၊ သတ်မည်လင့်သည့်၊ သေမင့်းအပါး၊ ရွေ့ရွေ့သွား၏၊ ကျားခံတွင်းပေါက်၊ မြွေ့အာစောက်သို့၊ မြောက်တိ မြောက်တောက်၊ မျက်စိ မှောက်၍့၊ ဝင်ရောက် သားကောင်၊ တိုးသော့ယောင်တည့်၊'' တည်ထောင် ပြည်ကြီး၊ အသီးသီးလျှင်၊ နန်းထီး စိုးအုပ်၊ ''ဆောက်လုပ် အိမ်ရာ၊ ဥစ္စာ သိမ်းဆည်း၊ အပည်းပည်းဖြင့်၊ ပစ္စည်း ပစ်ယံ၊ မြေ့နှယ် မံလည်း၊ အကြံ မချ၊ တရွရွတည့်၊ ကိစ္စ မအား၊ မလပ်လျားဘဲး၊ မယား *ပြိန်းပြောင်၊ ယူ သိမ်းဆောင်လျက်၊ အိမ်ထောင် *ရောရု၊ သားမြေး စု၍့၊ ကောင်းမှု မလို၊ ကုသိုလ် မပွား၊ တရား မေ့လျော့၊ တမော့မော့နှင့်၊ လတ်ကြော့ ပျော်ပါး၊ လွန် ထင်ရှားအောင်၊ နေငြားတုံဘိ၊ ဤကိုယ်ယှိသား၊ ဇာတိ မကင်း၊ တို့တသင်းကို။။ သေမင်း မမြင် နေလိမ့်နည်း။'' (၁၈)

(၃၅ဂ) အာဒိကပ္ပ၊ အမည်ရသား၊ ကမ္ဘာ့ကျမ်းလာ၊ နေ-လမှာလျှင်၊ ကမ္ဘာဦးက၊ အစဉ် စ၍့၊ အန္တရတိုင်း၊ အပိုင်း မလွန်၊ တမနွန် တမျိုး၊ ပေါ်ရိုး ထပ်ထပ်၊ ရုပ် မစပ်ဘဲး၊ တကပ် တပုံ၊ ထင်တုံ ရေဘွဲ့၊ ခြောက်ဆဲ့လေးရုပ်၊ သင်္ချာ ချုပ်၏၊ ခု ပစ္စုပ္ပန်၊ ဝတ္တမာန်နှိုက်၊ ဤအန္တရ၊ ဧကာဒကား၊ လမှာ ယုန်ရုပ်၊ နေ ဒေါင်းရုပ်တည့်၊ နေရုပ် လ,ရုပ်၊ ကမ္ဘာရုပ်လည်း၊ ဖြစ်-ချုပ်လက္ခဏာ၊ မမြဲးစွာဘူး၊ သဝိညာဏက၊ သက်ဇီဝနှင့်၊ ထိုမျှ သတ္တဝါ၊ တို့ သူ-ငါမူ၊ ဘယ်မှာ ဆိုရေး၊ ရှိလတ်သေးလိမ့်၊ ပြေး မလွတ်ကြ၊ ဘဝဝတိုင်း၊ အနိစ္စသာ၊ ဓမ္မတာ အစစ်၊ ဖြစ်ခဲ့ မယွင်း၊ မှန် *စင်းလျှင်းတည့်၊ ရံသင်း *ဗိုလ်ပါ၊ များလှစွာသား၊ ကမ္ဘာ ကပ်ဦး၊ *ပကတူးက၊ လွန်ထူး ကမ္ဘာ၊ နေ့ပမာသို့၊ မဟာသမ္မတ၊ ဂေါတမဟု၊ အာဒိစ္စနွယ်၊ ဘုန်းကြွယ် မင်းမြတ်၊ လေးကျွန်း ပတ်သား၊ မန္ဓာတ် စကြာ၊ မဟာသုဒဿန၊ ပနာဒက၊ စသည် သီးသီး၊ နတ်ကြီး တေဇဝန်၊ တန်းခိုး ဂ†ဝှန်သည့်၊ ဆိပ်မွှန် နဂါး၊ သိကြား ဒေဝရာဇ်၊ ဗြဟ္မာစစ်နှင့်၊ မြိုက်နှစ် ဩဇာ၊ လေးသစ္စာက၊ ဉာဏ် အာသဝက်၊ အဂ္ဂမဂ်ဖြင့်၊ အနက် ဆဲ့ခြောက်၊ ထွင်းဘောက် *ဥဿုံ၊ အာဂုံ ရယှိ၊ လက်ကိုင်မိလျက်၊ မချီ *မချန်၊ အသင့် မှန်အောင်၊ မဘောက်ပြန်ငြား၊ အပြား မြင်-သိ၊ လိုလို သိဟု၊ အဝိပရိတ်၊ ဖိုလ်-ဟိတ်အညီ၊ ပါရမီတိုင်း၊ ဝသီ ငါးဘော်၊ လူ-နတ်ပေါ်တွင်၊ အကျော် နှစ်ဆိုင်း၊ သမ္မာဂိုဏ်းနှင့်၊ သံဂိုဏ်းမည်ဘိ၊ ဗောဓိပညာ၊ ပွင့်ကြစွာသည်၊ သမ္မာ ဗုဒ္ဓ၊ သမ္ဗုဒ္ဓဟု၊ သာဝကသင်း၊ လွတ်ကင်း ဆရာ၊ ပစ္စေကာက၊ သမ္မာလည်းထိုက်၊ သံလည်း ထိုက်လျက်၊ ကာရိုက် သုဒ္ဓ၊ ဗုဓတ္ထ၏့၊ ဉာဏ ဇာဂရ၊ ဝိသကဖြင့်၊ အတုလမှူး၊ လူ သုံးဦးထက်၊ ဂုဏ်ထူး မဟာ၊ လွန်ကြူးစွာသား၊ သမ္မာသမ္ဗုဒ်၊ နုတ္တရမျိုး၊ တရားစိုးတို့၊ အကျိုး ဝိပါက်၊ ပစ္စည်း ဆက်၍့၊ မပျက်သေးစွာ၊ အပဟာတဗ္ဗ၊ ဗျာကတဖြင့်၊ ဒုက္ခဟူဘိ၊ ထင်ရှားရှိသား၊ လောကီ့ခန္ဓာ၊ ဝဋ်မီးစာတည့်၊ ဥပါဒါန၊ သက္ကာယဟု၊ ကိုးဘဝတွင်း၊ မလွန်လျှင်း၍့၊ စာရင်းဝင်ထွေ၊ တည်သန္ဓေကြောင့်၊ အိုသေဓမ္မ၊ မလွတ်ကြဘူး၊ ''ယသ ဗလ၊ ထာမ တေဇာ၊ ပညာ ဣဒ္ဓိ၊ မယှိ လုံး*ဓွန်း၊ ကိလေ မွန်းလျက်၊ ဖြစ်ဆန်းမည်ကာ၊ လူတို့ရွာတွင်၊ သူ-ငါက စ၊ ပိုးလောက်မျှတိ၊ ပုည *မဲ့မျိုး၊ ဘုန်း မ*ဖြိုးသား၊ တန်းခိုး သိမ်ဖျင်း၊ လူပြိန်း*ပျင်းကို။။ သေမင်း မငင်နေပိမ့်နည်း။'' (၁၉)

(၃၅၉) တွင်းဝန်း စက္ကဝါ၊ မြေမျက်နှာဝယ်၊ ကမ္ဘာပေါ်ထ၊ နေ့က စ၍့၊ နေ-လ *နက္ခတ်၊ လက်ျာခတ်လျက်၊ ပတ်ပတ်လှည့်သွား၊ ရပ် မနားလျှင်၊ ပဉ္စတားဂြိုဟ်၊ ဗိုလ်နှင့် တကွ၊ တည်ကုန်ကြသား၊ လောက ဓမ္မတာ၊ သတ္တဝါတို့၊ သုဘာသုဘ၊ ကမ္မအလို၊ ပစ္စည်း *ကြို၍့၊ ပုဂ္ဂိုလ် လောကဓာတ်၊ အဇ္ဈတ် ဗာဟီ၊ နှစ်လီ ခြားသီး၊ သေးငယ် ကြီးကို၊ လေမီး ရေ-မြေ၊ ပြုပြင်ထွေဖြင့်၊ သန္ဓေ စပ်မှီး၊ အစဉ် ပြီး၏၊ ဓာတ်ကြီး လေးသွယ်၊ ရှစ်ဆယ် နှစ်ပေါင်း၊ မိုး-ဆောင်း နွေစု၊ သုံးဥတုသို့၊ ရောက်မှု ဘန်ဘန်၊ ပြန်ပြန်ကာလ၊ လှည့်နေကြသည့်၊ ပါပ မုံတိုင်း၊ ဓာတ်ပိုင်း ဗာဝီ၊ စဉ်စီ ထိုမှ၊ ဝင်္က ဝီထိ၊ သွားဘိ ခရီး၊ အကောက်မှီး၍့၊ မီး သူရစ္စ၊ ဒွါဒသနှင့်၊ မြိတ္တ ရေဓာတ်၊ သောဠသ် နှစ်ပေ၊ မြေ ကောလီကား၊ သုံးဆယ်အားဖြင့်၊ ပေါင်းငြား သီတိ၊ နှစ်အယှိတွင်၊ မြေကြီ့းသဘော၊ ခိုင်ခက်မော၏၊ ဝါယောဓာတ်တွက်၊ ရုတ်ရုတ်ရက်ဖြင့်၊ ငြိမ်သက် မတည်၊ မီးတမည်မူ၊ လောင်သည် မယွင်း၊ ရှိန် ပူပြင်းလျက်၊ အိုခြင်း ရင့်ရွယ်၊ ကြေပျက်လွယ်၏၊ ရေဝယ် နူးညံ့၊ မခံ့ တွင်း-ပြင်၊ သွေးရွှင် သံ*ပြော၊ မြဧးသောရှင့်၊ သဘော ချင့်နှိုင်း၊ ဓာတ်အတိုင်းဖြင့်၊ ပတ်တိုင်း ရောက်တိုင်း၊ လေပိုင်း မီးပိုင်း၊ ရေအပိုင်းနှင့်၊ မြေပိုင်း လှည့်ကာ၊ ဖြစ်မြဲးသာတည့်၊ သတ္တဝါ ရုပ်ဓာတ်၊ စိတ္တုပ္ပါဒ်လည်း၊ ထိုဓာတ် မလွဲး၊ ဘောက်ပြန်မြဲးကြောင့်၊ ဓာတ်လဲး ဓာတ်ပြောင်း၊ ဆိုး-ကောင်း အရသာ၊ ဩဇာ ဝတ္ထု၊ စာရေစုနှင့်၊ ဥတု ပူ-ဧး၊ လွန်ဘေး ယုတ်နာ၊ ဝေဒနာဖြင့်၊ ဓာတ်နာ ကပ်နာ၊ မပြတ်စွာအောင်၊ ရောဂါ ဥပဒ်၊ နာနတ် ထွေပြား၊ တွေ့ ခံစားလျက်၊ အများ*တကာ၊ ဤလူ့ရွာတွင်၊ သူ-ငါတသင်း၊ လူ*ခပင်းသည်။။ သေတွင်း မဝင် နေချိမ့်နည်း။ (၂၀)

(၃၆၀) ဤသို့ မင်း ကျော်၊ အာလုပ် ဘော်၍့၊ အကြော် တ+ငြာ၊ မတ်*တကာအား၊ ကြေ+ငြာ ထက်-အောက်၊ မှတ်လောက် သားကောင်း၊ ရုံးပေါင်း စီစဉ်၊ တရား ယှဉ်ပြီး၊ ပညာဉ် ထိန်းကျောင်း၊ မှတ်တိုင်း ကောင်းအောင်၊ ကျိုးကြောင်း ညှိလျက်၊ အဋ္ဌက္ခရ၊ လေးပါဒတိ၊ တတီယ ရ-ကာရဝိပုလာ၊ ပထျာဖြင့်၊ ဂါထား ဆန်းလိုက်၊ ဧကပိုဒ်ကို။ ။ ကြူးရိုက် လေးနက်၊ မိန့်တော်မြွက်တည်း။ (၂၁)

(ဤဓမ္မဒေသနာခဏ်းတို့ကား 'ဘယဋ္ဌာယီဘာဝ, ဉာဏဘယာနကရသ'၏ ဉာဏ်အမြင်ဟုဆိုအပ်သော 'မတိဗျဘိစာရီဘာဝ'ကို ပြသည်ချည်း။) ဓမ္မဒေသနာခဏ်း (၂၁)ပိုဒ် ပြီး၏၊

၃။ အမစ္စောဝါဒခဏ်း

သော ဧဝံ ဝတွာ တံဒိဝသမေဝ ရဇ္ဇံ ပဟာယ ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ တသ္မိံယေဝ မဃဒေဝအမ္ဗဝနေ ဝိဟရန္တော စတုရာသီတိ ဝဿသဟဿာနိ စတ္တာရော ဗြဟ္မဝိဟာရေ ဘာဝေတွာ အပရိဟီနဇ္ဈာနော ဌိတော ကာလံ ကတွာ ဗြဟ္မလောကေ နိဗ္ဗတ္တိတွာ ပုန တတော စုတော မိထိလာယံယေဝ နိမိနာမ ရာဇာ ဟုတွာ ဩသက္ကမာနံ အတ္တနော ဝံသံ ဃဋ္ဋေတွာ တတ္ထေဝ အမ္ဗဝနေ ပဗ္ဗဇိတွာ ဗြဟ္မဝိဟာရေ ဘာဝေတွာ ပုန ဗြဟ္မလောကူပဂေါ အဟောသိ။။

(၃၆၁) ဤအချက်လည်း၊ အမြွက်မျှတည်း၊ ဝါကျ စည်း၍့၊ နည်း သင်္ခေပ၊ ချုံးကာပြသား၊ အတ္ထ န ယုတ်၊ ပါဌ*ဂုတ်ကို၊ ဘော်ထုတ် ကျယ်ဘွင့်၊ ဉာဏ်ဖြင့် ရှုကြ၊ သိကြောင်း ပြပိမ့်၊ ကြိယာ့ရှင့်၊ အကြင်ကတ္တား၊ လိုငြားတုံက၊ ပဋ္ဌာနဟူ၊ မလိုမူကား၊ မှတ်ယူ တဝ၊ အပ္ပဋ္ဌာန ကံ၊ ထိုကံ အပ္ပဋ္ဌာ၊ လှည့်ကာ ပြန်ထ၊ ပဋ္ဌာနနှိုက်၊ မုချ အမှန်၊ အပါဒါန်နှင့်၊ သမ္ဗန် အဓိကရဏ၊ ထိုက်က ဒုဟာ၊ မထိုက်ပါမူ၊ နယာဒိဂိုဏ်း၊ ကံ နှစ်ဆိုင်းတည့်၊ ဖြတ်ပိုင်း မှတ်သား၊ ဒြဗ်အားဖြင့်၊ ထင်ရှား ယှိယှိ၊ မယှိယှိပင်၊ သတ္တိ ဗျတ္တိ၊ လောကီ့ ဝေါဟာ၊ ခေါ်တိုင်းသာလျှင်၊ ကြိယာဗျတ်၊ ကာရက သတ်ဟု၊ မြဲးမှတ် မှန်လှ၊ ကောက်ရ အသင့်၊ လမ့်းနှယ် ပွင့်အောင်၊ အခွင့်ယှိ ရွေ့၊ သိ သိမ်မွေ့လော့၊ စုံစေ့ မချွတ်၊ အနိယတ်နှင့်၊ နိယတ် ဝိသိသ်၊ ဖိုလ်-ဟိတ် ဥပမာ၊ ကြိယာ ကာရက၊ ဒွန်မှ နောက်-ရှေ့၊ ပုဒ်တွေ့ ဓမ္မတာ၊ အပ္ပဋ္ဌာ နတ်၊ ဘိဓေယျတ်ကို၊ ဘွင့်လတ် ယှဉ်ရာ၊ ယောဇနာ မည်ရ၊ ပဋ္ဌာနနှင့်၊ ဒူရ ပါဌ်ကြွင်း၊ ပုဒ်ချင်း ပြန်လှန်၊ စပ်ဟန် ဘွင့်ကြ၊ သမ္ဗန္ဓတည့်၊ နယလက္ခဏာ၊ အဝိနာက၊ အတ္ထာပတ်မျိုး၊ စသည် ကြိုး၍့၊ ဟောရိုး နည်းသွယ်၊ သိစလွယ်အောင်၊ ဓိပ္ပါယ် ဘော်ပြ၊ ပိဏ္ဍတ္ထသည်။ ။ စာချ လမ်းထွင့်ပမာတည်း။ (၁)

(၃၆၂) စာချ လမ်းထွင်၊ စာသင် နောက်လိုက်၊ သဘော စိုက်ရှင့်၊ စာဆိုက် စာသွား၊ စည့်းနှယ်သား၍့၊ ပိုင်းခြား ဝေဘန်၊ နုသန် ထွက်တက်၊ ဉာဏ်ထက်မြက်အောင်၊ ဆစ်မျက် သုတ်သင်၊ ဝါးကို +ဖျင်သို့၊ များ+ဖြင် သောတု၊ နောင်တစုတို့၊ ဉာဏ်နု ဉာဏ်ရင့်၊ ကျမ်းရိုး ချင့်လော့၊ အသင့် မကျူး၊ ပဟိုရ်ကြူးသို့၊ ရှေးဦး ပဋိညာ၊ ဥပမာနှင့်၊ ဥဒါဟရုဏ် ဟိတ်၊ နိဂုံးပိတ်သား၊ အစိတ် ငါးပါး၊ စကား ဘွယ်ရာ၊ လက္ခဏာလည်း၊ လိမ္မာစေလင့်၊ လမ်းရိုး ဘွင့်လော့၊ ဆိုခွင့် ညီညှိ၊ အရိုး သိ၍့၊ မိမိ ဝစန၊ သာဓျနှင့်၊ ဉာပျဟူငြား၊ ကိုယ့်စကားကို၊ တပါး ဝစန၊ သာဓကနှင့်၊ ဉာပကဟိတ်၊ မြဲးကြိတ် သေချာ၊ ပြီးစေရာ၏၊ အာဂုံ ယုတ္တိ၊ ထုတ် မယှိဘဲး၊ မိမိလိုရာ၊ ဆိုစပါသော်၊ ပမာ မမြောက်၊ ဘယ်မူ လောက်အံ့၊ သေသောက်ယောက်ျာ့း၊ ဥမ္မတ္တ၏့၊ စကာ့းသဘွယ်၊ ကြားတိုင်း ရယ်လျက်၊ ပွဲးလယ် မတင့်၊ လေ့နှယ် လွင့်လိမ့်၊ အသင့် ယုတ္တိ၊ ပါဠိ ဟောရိုး၊ အကိုး အကား၊ ဒဠှီ ထား၍့၊ ထင်ရှားစိမ့်ငှါ၊ ဥပမာမူ၊ တပ္ပါကဋိ၊ ဟိတ်နှင့် ချိက၊ မည်ဘိ ဝိတ္ထာ၊ ကျမ်းရိုးလာတိုင်း၊ လင်္ကာစကား၊ ဂုဏ် ဆယ်ပါးဖြင့်၊ သိကြားထံရင်း၊ ဂန္ဓာဗ်မင်း၏၊ နွား-မြင်း ဥဒေါင်း၊ တွန်-ဟီ*ညောင်းသား၊ မှတ်ကြောင်း ဥသဘ၊ ဓေဝတနှင့်၊ ဆဇ္ဇမည်ခြင်း၊ ဆိတ်မင်း ကြိုးကြာ၊ ကြူး ကျာကျာဖြင့်၊ ဂန္ဓာရ မဇ္ဈိမ၊ သာလှ လွန်မော၊ ဥဩော ဆင်သံ၊ ပဉ္စမံ နိဿဒ်၊ ပဲ့တင်ခတ်လျက်၊ ပတ်ပတ်လည်လိမ့်၊ ညှို့စုံ ငြိမ့်သား၊ ခြိမ့်မျှ ညိုးညံ၊ ခုနစ်သံသို့၊ နိုင်ငံ ဝန်းလျား၊ ကျော် နှံ့ပြားအောင်၊ ကြားပိမ့် နတ်စောင်း၊ နာ မ*ညောင်းသည်။။ နောက်နှောင်း မှတ်စိမ့်သော့ငှါတည်း။ (၂)

(၃၆၃) ထိုမင်း မြတ်စွာ၊ လောင်း ရာဇာလျှင်၊ ဂါထာ ဧကပိုဒ်၊ ဆန်းလိုက် ဂိုဏ်းနည်း၊ ပုဒ်-ပါဌ် စည်း၍့၊ တောဒည်း မယုတ်၊ ထင်စွာ ထုတ်လျက်၊ မာန်ရှုတ် သိမ်မွေ့၊ ရသေ့ ဣသိ၊ မုနိ သွင်ဆန်း၊ ဝတ်သင်္ကန်းနှင့်၊ ရဟန်းပြုလို၊ အကြောင်းကိုတိ၊ မိန့်ဆို တင်ရှင်း၊ ကြားလတ်ပြီးမှ၊ ထိုမျှ ရံပတ်၊ မှူးမတ် ငယ်-ကြီး၊ အသီးသီးအား၊ ရာခြီး မြှောက်စား၊ ထားသည် အလျောက်၊ မဘောက် မပြန်၊ ဌာနန္တရ၊ ကိုယ့်ကိစ္စနှိုက်၊ လုံ့လ မ*ယွက်၊ ထင် ပြက်ပြက်ဖြင့်၊ မပျက်စေကြောင်း၊ ထပ်ပြန် လောင်း၍့။။ ရုံးပေါင်း ဤသို့၊ မိန့်မှာတည်း။ (၃)

(၃၆၄) အသီး အသီး၊ ရောင် ညီးညီးဖြင့်၊ ကျီးနှင့် ဟင်္သာ၊ ကက္ကဋာက၊ တူလာ စူလာ၊ တံငါ ဆင်-မြင်း၊ ဗျိုင်း မယွင်းသား၊ ကိုးသင်း မဟာ၊ တွင်းတာယာတို့၊ နောက်ပါ အညီ၊ သဝဏီက၊ သုံးစီ နက္ခတ်၊ ပါဒ် တရာ့ရှစ်၊ နဝင်း စစ်၍့၊ ဝန်းရစ် လက်ျာ၊ လ စန္ဒာကို၊ ကမ္ဘာ *ကျွန်းအောင်၊ ရံ ထွန်းပြောင်သို့၊ ဆောင်ဆောင် ငယ်-ကြီး၊ အသီးသီးနှင့်၊ ညီးညီး ပြောင်ရွှန်း၊ ဂုဏ်ရောင် ထွန်းလျက်၊ ပတ်ဝန်း နိယံ၊ ငါ၏့ထံနှိုက်၊ မြဲးမြံ မကွာ၊ ဝင်ညီလာဖြင့်၊ ရံ-ကာ မပြတ်၊ ထွန်းပတတ်သည့်၊ မှူးမတ် ကြီး-ငယ်၊ အို မိုးကြယ်တို့။။ ဘုန်းကြွယ် မဟာ၊ ငါ ရာဇာ၏့၊ မိန့်မှာစကား၊ မြဲး မှတ်သား၍့၊ ထောင်နား မခွ၊ နာရစ်ကြလော့၊ တုပ မင်းအား၊ မပြုမှားလင့်၊ 'ဘားနှင့် ကေသရိန်၊ နှိုင်းချိန် တူ*နိုး၊ အမျိုး ဘုန်းကံ၊ ဘက် မစံဘူး၊ ဝေးလံကြစွာ၊ လူတို့ရွာတွင်၊ ပညာ ဗလ၊ စည်းစိမ် စသည်၊ ယှိထသူနှင့်၊ အတူ ကျင့်က၊ *ယခင့် ထိုသူ၊ ပျက်ပြီးဟူ၏၊ မှတ်ယူ မုချ၊ သိင်္ဂါလလျှင်၊ သီဟ*သနင်း၊ ခြင်္သေ့မင်းအား၊ အားချင်း ပြိုင်လို၊ ကိုယ်ကို ထောင်လွှား၊ မာန ကြွား၍့၊ တုမှား တုမြောက်၊ ဆင့်ခြေအောက်နှိုက်၊ သက်ပျောက် ကြေမွ၊ ပျက်စီးရ၏၊'' ထိုမျှ ဝန်းကျင်၊ သင်တို့ တသင်း၊ မတ် *ခပင်းကား၊ မင်းမှ ဂုဏ်ရောင်၊ ထွန်းလင်းပြောင်၏၊ အခေါင် အဖျား၊ လွန်ကြီးမားသား၊ ဘုရားသို့တိ၊ ပညာယှိလည်း၊ ဣဿရိယ၊ အစိုးရသည့်၊ မင်းမှ မှီရာ၊ မရပါသော်၊ ထိုပညာရောင်၊ ထွန်း မပြောင်ဘူး၊ ရွှေတောင် နားလစ်၊ ရွှေကျေးဖြစ်သို့၊ စင်စစ် မယွင်း၊ မှန်လှလျှင်းခဲ့၊ ''မြင်းမင်း အဿတိုရ်၊ လေလို လျင်မော၊ နွယ်သန့်*ကြောသား၊ သိန္ဓောမျိုးစစ်၊ ဖြစ်လင့်*တပဲး၊ ဆင်းရဲး မဝ၊ မုဆိုးမနှိုက်၊ မလှ စာရေ၊ မှီနေရခိုက်၊ ဘိုး မထိုက်ရှင့်၊ လူနှိုက် ထို့တူ၊ ဉာဏ်ယှိဟူလည်း၊ ကြီးသူ ဥက္ကဋ္ဌ၊ စိုးရ မှီကင်း၊ ဂုဏ် မဝင်းဘူး၊'' မင်း၏့ ကျေးဇူး၊ မထိမ်မြူးနှင့်၊ အထူး မျှော်ဆ၊ ရှာရစ်ကြလော့၊ မင်းခဟူသည်၊ မင့်းရိပ်ခြည်ကို၊ တို-ရှည် နှိုင်းညှိ၊ ဆင်ခြင် သိလျက်၊ စိုးစိ မင်းမှာ၊ မသာ နှလုံး၊ မရွှင်ပြုံးဘဲး၊ ညှိုးချုံး ထဲးနာ၊ ယှိသော့ခါလည်း၊ ရာဇာအကြိုက်၊ ရွှင် နှစ်ခြိုက်အောင်၊ လိုလိုက် သင့်လျော်၊ စိတ်ကို ဖျော်လျက်၊ နာပျော်အရေး၊ ကြံ *စိစ္စေး၍့။။ ဉာဏ်ဆေး ကုအုံကြစေလော့။ (၄)

(၃၆၅) မင်းခယောက်ျား၊ ထိုအပြားကား၊ ပိုင်းခြား မှတ်ဘိ၊ ''နွယ်

ဇာတိသို့ ၊ မိမိ မှီကာ၊ တည်နေရာကို၊ မှန်စွာ မချွတ်၊ ဖျက်ဆီးတတ်နှင့်၊ သတပတ် ကြာ၊ ပဒုမ္မာသို့၊ မှီရာ အားကို၊ ထင်ရှား ကြက်သရေ၊ တင့်တယ်စေသည့်၊ မသွေ မှန်မျှို့၊ ထိုနှစ်ဘို့တွင်၊ နွယ်သို့ မသင့်၊ ကြာသို့ ကျင့်လျက်၊ သခင့်အကျိုး၊ ယုတ် မညှိုးအောင်၊ အားကြိုး လုံ့လ၊ မလစ်ကြနှင့်၊'' ဉာဏ မျှော်ချင့်၊ အရှင် မြင့်မှ၊ ကျွန်မြင့်တုံချင်၊ ဤလူ့ခွင်နှိုက်၊ အရှင် သွေးထွက်၊ ကျွန် သွေးထွက်ဟု၊ ပျက်လည်း အမျှ၊ ဖြစ်က အတူ၊ ချမ်း-ပူ တကွ၊ မကွဲကြတည့်၊ ရာဇဝသတီ၊ ကျမ်းတိုင်း ညီအောင်၊ ကိုယ်စီ ကျင့်ငြား၊ မပေါ့စားနှင့်၊ တပါး ရပ်မြေ၊ အရှင် စေသော်၊ မသွေ ဥဿုံ၊ ကိစ္စ*ကုံအောင်၊ ဆောင်တုံ ရေးရာ၊ လွန်လိမ္မာသည့်၊ အမရာ မွေး၊ မဟော့် ကျေးသို့၊ မြော်တွေး ထောက်ထား၊ မလျော့လျားနှင့်၊ ယောက်ျားဟူက၊ အရေး ကျသော်၊ လုံ့လ ခိုင်*ဖြီး၊ သက်စွန့် ကြီးလော့၊ မြို့စီး တရာ၊ မြို့လာ တထောင်၊ *ယခေါင် ရှေးက၊ ဆိုကုန်ကြလည်း၊ သူရ ရဲးရင့်၊ အသင့် ပညာ၊ အလိမ္မာဟု၊ သုံးဖြာ အင်ပြည့်၊ စုံလှည့်လတ်သော်၊ မဟော်သဓာ၊ ပညာ ဂမ္ဘီ၊ နန္ဒီသေန၊ ပစ္စန္တတို့၊ လုံ့လ အကြံ၊ သင့် စီမံ၍့၊ အခံ အထိုး၊ ထိုနှစ်မျိုးလည်း၊ ရဲးကိုး ရဲးယုံ၊ ရဲး မဖြုံဘူး၊ *မကုံ *မငံ၊ ဘုန်းကံ ဗလ၊ ဓန နွမ်းပါး၊ မတန်ငြားဘဲး၊ ခွန်အား ဥစ္စာ၊ ပညာ စိုးရ၊ လွန်သမျှကို၊ ကာလ ဘယ်ခါ၊ မဘက်ရာတည့်၊ တဖြာ ထိုမှ၊ မုချ မှတ်လျှင်း၊ ဝမ်းတွင်း စွဲးမျို၊ ''မင်းခဆိုလျှင်၊ ကိုယ်လို ဘယ်မျှ၊ မငဲ့ရဘူး၊ ဌာန မရွေး၊ ရိုသေ ပေးလျက်၊ ခွေး၏့စရိုက်၊ မင်းလို လိုက်က၊ မင်းကြိုက်တတ်စွာ၊ သဘောသာရှင့်၊'' နေရာဟူလည်း၊ သိပ်သည်းစေကြ၊ မင်းလျှင် စသား၊ ထိုမျှ ဂုဏ်မြင့်၊ ကိုယ်နှင့် မတူ၊ ကြီးမြတ်သူတို့၊ *တူရူ မျက်နှာ၊ *ပတ်ပါ *ပက်ပည်၊ မတည် တည့်တည့်၊ စောင်းကြည့် မြင်သာ၊ ခစားရာ၏၊ ပညာ နှိုင်းညှိ၊ အခွင့် သိသား၊ ကဝိလက္ခဏာ၊ မြောက်ပြီးစွာတို့၊ အခါ အခါ၊ ပြောဆိုရာလည်း၊ နည်းနာ ပုံ*ပြင်၊ စုံလင် ပြည့်ဝ၊ ပြောတိုင်း လှ၏၊ ''ဒသ ကျော်ဟိုး၊ ဆင်ဆယ်မျိုးတွင်၊ နွယ်ရိုးဘာဝ၊ ဝိသိဋ္ဌဖြင့်၊ တိဏ ပဏ္ဏ၊ စားသမျှ မြက်၊ နွယ် သစ်ရွက်ပေါင်း၊ ဝမ်းဝယ် အောင်းက၊ ပျံ့လှောင်း ဂန္ဓာ၊ နံ့သာ စင်စစ်၊ မွှေးမျိုးဖြစ်သည်၊ မျိုးဇာစ် ထူးစွာ၊ ဆင်နံ့သာသို့၊ ပညာယှိသူ၊ လူတို့ ခံတွင်း၊ ရောက်လျှင်း နှုတ်က၊ မြွက်သမျှကား၊ များလှ ဗိုလ်လေး၊ ကြားတိုင်း မွှေးလျက်၊ ချို-ဧး သာယာ၊ နားတန်းဆာဖြင့်၊ နာသာဘွယ်ချည်း၊ ဖြစ်သတည်းတည့်၊'' ပုံနည်း ပမာ၊ ဆောင် ဥဒါနှင့်၊ ဌာနာဌာန၊ လျော်သင့် မျှအောင်၊ မင်းခတို့ ထုံး၊ တချောင်း သုံးလျက်၊ လက်ရုံး နှလုံး၊ မင်းသုံးပညာ၊ အရာရာနှိုက်၊ လိမ္မာ လေ့ကျက်၊ မင်း နှစ်သက်၍့၊ ဆောင်ရွက် ထပ်တိုး၊ ဂုဏ် မညှိုးသည်။။ မြတ်နိုး စုပုံကြစေလော့။ (၅)

(၃၆၆) ရာဇအရှင်၊ သခင် စိုးမင်း၊ သတိ ကင်း၍့၊ ချွတ်ယွင်း မေ့ကျန်၊ ဌာနန် ရာထူး၊ ခြီးကြူး မေးခေါ်၊ မပြုသော်လည်း၊ ပျော်ပျော် ကပ်ဆည်း၊ ဝမ်း မနည်းနှင့်၊ မင်းတည်း မျက်နှာ၊ ရသော့ခါလည်း၊ လွန်စွာ မြူးရွှင်၊ မိုး မမြင်အောင်၊ ငါ့ပြင် မယှိ၊ ထင်ဘိ စိတ်မှာ၊ မမြောက်ရာဘူး၊ ''ဥစ္စာတစိ၊ မယှိဘူးသူ၊ ယှိခဲ့မူကား၊ ထိုလူ အထူး၊ ဝမ်းမြူး လွန်ကာ၊ ရူးတတ်စွာ၏၊ လိမ္မာ ယဉ်ကျေး၊ ဆေးလေး ငြိမ်သက်၊ မာန် မတတ်နှင့်၊ မွေ့ညက် နှုတ်ချို၊ စကားဆိုလည်း၊ တောင်လို ဘယ်ခါ၊ မမောက်ရာဘူး၊'' ပြည်-ရွာ အခြား၊ တိုင်းတပါးက၊ ထင်ရှား တန်းခိုး၊ မင့်းဂုဏ်တိုးအောင်၊ ကြော်ဟိုး ကြေငြာ၊ ဆက် ပဏ္ဏာကို၊ *ပြစ်ဆာ ယွင်းဘောက်၊ အဖျင်း ကောက်၍့၊ မင်းမှောက် ရှေ့မှာ၊ မလျှောက်ရာဘူး၊ ''မသာ မယာ၊ ဆရာ မိဘ၊ နည်းမရသည့်၊ တောသာ့း နှုတ်သံ၊ နာခံ မချမ်း၊ လွန် ကြမ်းတန်းသို့၊ လူ့တမ်း မမှီ၊ အလဇ္ဇီဖြင့်၊ ဝစီဒုစရိုက်၊ လူမိုက် လျှာပါး၊ တဘွားဘွားနှင့်၊ စကား ဖျင်*ဖျင်၊ မင်းပွဲးခွင်နှိုက်၊ ထင်ရာ ထင်တိုင်း၊ အရိုင်းဘာသာ၊ မပြောရာတည့်၊'' ''ပမာ အထူး၊ ပင်လယ် ကူးနှင့်၊ စစ်ဦး စစ်ခေါင်၊ ကိုယ်ဝန်ဆောင် မိန်းမ၊ ထိုမှ တချက်၊ ထန်းတက်ယောက်ျား၊ မင်းခစားတို့၊ ယုံမှားအပ်ရာ၊ မကင်းသာတည့်၊'' ပညာ အမျိုး၊ မကိုးစားသင့်၊ အခွင့် ဆင်ခြင်၊ လျှောက်အတင်နှိုက်၊ မဝင် မင်းနား၊ ယှိငြားခဲ့သော်၊ မတ်မဟော်လျက်၊ ရှေ့တော် မင်းပွဲး၊ *ဗိုလ်ပုံထဲးက၊ ငင်ဆွဲး အဟုတ်၊ နှင်ထုတ်ခံရ၊ 'မင်းဟူကလျှင်၊ မာန ဇာတိ၊ ကြီးစွဘိ၏၊ မြွေ-မီ့းပမာ၊ ကြောင်း မရှာဘူး၊ လိုရာ လိုက်လျော၊ အသင့် ချောရှင့်၊ သဘော ဧကန်၊ မှန် မမှန်ပင်၊ ပြစ်ဒဏ် မလွတ်၊ ဖြစ်တို့တတ်၏၊'' မှတ်လော့ *စင်းလျင်း၊ ''ခြင်္သေ့မင်း၏့၊ ထံရင်းနှိုက်တွင်၊ ခစားကျင်သည့်၊ သမင် မုသား၊ ဝက်ကား မှန်ရာ၊ တင်ကြပါလည်း၊ နားမှာ မသင့်၊ နှလုံး နင့်၍့၊ ဝက်နှင့် သမင်၊ ထိုတွင် သိမ်းကျုံး၊ နှစ်ကောင်လုံးကို၊ သက်ဆုံးစေလတ်၊ ဝါး-ကိုက် သတ်၏၊'' 'သင့်မြတ် ရေးရာ၊ တင်တတ်စွာ၍့၊ ယုန်လိမ္မာငယ်၊ ပညာ ကြွယ်ကား၊ အကယ် မချွတ်၊ သေဘေး လွတ်၏့၊ ခဲးကတ် လိမ္မာ၊ ကြံစည်ကာလျှင်၊ ကောင်းစွာ သတိ၊ ထားဘိ မယွင်း၊ နှလုံးသွင်းလော့၊'' မင်းကို အချစ်၊ စင်စစ် မှတ်ကြုံ၊ မယုံစအပ်၊ ဆွေမျိုး စပ်ဘော်၊ တော်၏့ မမှန်း၊ ခင်ပွန်း မထင်၊ ကျွမ်းမဝင်ရာ၊ သခင် အမြဲး၊ ကြောက်ရွံ့ ကဲး၍့။။ မှတ်စွဲး ပြုတုံကြစေလော့။ (၆)

(၂၆၇) မင်းဘွယ်စိုး ယ၊ စံတပဖြင့်၊ ခွင့်ရသော်လည်း၊ စောင့်စည်းအပ်စွာ၊ ပညာ နှိုင်းဆ၊ မပြုကြနှင့်၊ မင်းခပီပီ၊ ကျင့်ရေးညီလော့၊ စစ်ချီကာလ၊ ပေးထ အရာ၊ စစ်ပြန်လာက၊ မဆောင်ရဘူး၊ ရူပ ဆင်းပြင်၊ မင်းရုပ်သွင်သို့၊ ဆင်ယင် တန်းဆာ၊ နေရာ ထိုင်ပြု၊ မင်းကို တု၍့၊ ဝတ်မှု စားဟန်၊ မင့်းသဏ္ဌာန်ဖြင့်၊ မတန် မရာ၊ ဘယ်ခါသော်မှ၊ မယောင်ရဘူး၊ နှိမ့်ချ ဝတ်-စား၊ တန်ရုံအားနှင့်၊ ညွတ်တွား ကျို့ကျို့၊ ပြားပြားယို့၍့၊ ယုန်သို့ စေ့စေ့၊ ခစားလေ့လော့၊ ဆယ်ရေ့ တရေး၊ မင်းပြစ်ပေးလည်း၊ ခွေးသို့အလား၊ မှတ်မထားဘဲး၊ ပြစ်မှား မယှိ၊ ပကတိသွင်၊ မျက်နှာ ရွှင်လျက်၊ ထွက်-ဝင် မကင်း၊ ဝတ် မပျင်းလင့်၊ ထမင်းသခင်၊ ကျေးဇူးရှင်ကို၊ ဘယ်တွင် ဒေါသ၊ မခံရတည့်၊ ကိုယ်က ခြီးမြှောက်၊ မင်းဖြစ်မြောက်လည်း၊ မလောက် *မလား၊ မခံ့ညားဘဲး၊ စကား မချေ၊ မယှိစေနှင့်၊ မထေမဲ့မြင်၊ ဘုန်း-ကံရှင်အား၊ စိတ်တွင်သော်မျှ၊ မကြံရတည့်၊ မင်းခယောက်ျား၊ ပန်းပြား တူရှည့်၊ လိမ္မာ ပြည့်လော့၊ မင်း၏နှလုံး၊ ဆင်ခြင် ကျုံး၍့၊ ဆံထုံး ပန်းတန်၊ ပိုမလွန်အောင်၊ တင်ရန် လျှောက်ခွင့်၊ မင့်းလို ချင့်ပြီး၊ သခင့် မေးဟန်၊ ကျွန်၏့ တင်ခြင်း၊ မင်း၏ မေးခိုက်၊ လိုလိုက် တင်ရာ၊ ပညာယှိ မေး၊ အရေးသင့်တိုင်း၊ ချင့်နှိုင်း တင်ခြင်း၊ ချွတ်မယွင်းလင့်၊ *နှုန်းထွင်း *စာနာ၊ အရာရာကို၊ ပညာယှိမှ၊ ခွင့်သိနိုင်ကြ၊ ဤလောကနှိုက်၊ လုံ့လ ဆော်နှိုး၊ အားထုတ် ကြိုး၍့၊ သံကျိုး သံပြတ်၊ ဆက်နိုင်တတ်၏၊ ယွင်းချွတ်ခေါ်ရိုး၊ စကားကျိုးကား၊ ကျောက်ကျိုး မလွဲး၊ ဆက်နိုင်ခဲး၏၊ အမြဲး မှတ်ရာ၊ မင့်းထံမှာလျှင်၊ ရံခါ တိမ်းပါး၊ အမှား တင်မိ၊ မင်းပြစ် ငြိသော်၊ သက်ယှိ သက်*မဲ့၊ သက်ကဲ့အလား၊ သားမယားနှင့်၊ ခမ်းနား ဥစ္စာ၊ ရတနာ နေအိမ်၊ စည်းစိမ် ကုန်အောင်၊ *ဥသျှောင် ခြေ-လက်၊ မငဲ့ကွက်ဘဲး၊ မင်းမျက် ပြေကြောင်း၊ ကြံကောင်း ကြံရာ၊ ကြံအပ်စွာ၏၊ ပညာ ခဲးကတ်၊ ကြံစည်တတ်လော့၊ ရာဇဝတ်ရေး၊ ပေါက်-ကျေး မယွင်း၊ သိခက်လျှင်း၏၊ ''မင်းလည်း တခန်း၊ ရဟန်း တသီး၊ မီးလည်း တထွေ၊ မြွေလည်း တခြား၊ ဤလေးပါးကို၊ လေးစားမမူ၊ ငယ်၏့ဟူ၍့၊ စွဲယူ ဝမ်းတွင်း၊ မှတ် မသွင်းလင့်၊ မင်းတည်း မွေးက၊ မနှေး ချက်ပြီး၊ နေ့ခြင်း ကြီး၏၊ ဖျက်ဆီးတုံက၊ ခဏ မကြာ၊ အခါ မယှိ၊ ဥက္ခောင်းတိရှင့်၊ မျက်စိ တမှိတ်၊ သွားကြိတ် မခံ၊ ဆိတ်လျှံ လွန်ပြင်း၊ ရှောင်မကွင်းဘူး၊ မင်းတို့ မျက်စောင်း၊ ငဲ့တိုင်း *တောင်း၏၊ ခြောင်းခြောင်း မွှန်လှည့်၊ နဂါးကြည့်သို့၊ မြည့်မြည့် ကြေမွ၊ ပျက်တတ်စွတည့်၊ မင်းခတို့ ဘေး၊ မပြတ် တွေး၍့။။ ကိုယ်ရေး မှုလုံကြစေလော့။'' (ရ)

(၃၆၈) ထိုမှ တထွေ၊ သူ့ရပ်မြေဝယ်၊ မင်းစေ တမန်၊ အင် ရှစ်တန်တို့၊ မလွန် မကြွား၊ မပလွှားနှင့်၊ နှစ်ပါး သင့်မျှ၊ နှစ်ဘက် လှအောင်၊ ရာဇ ရိပ်ခြည်၊ နားလည် *ပွန်းတီး၊ လိမ္မာသီးလော့၊ ရေစီး ဘောင်ဆန်၊ အိုတန် ဆန်ခတ်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ ရန်ရှောင်၊ လူ့ဘောင် ရှေးက၊ နည်းနာပြ၏၊ ခ,ယ သိမ်မွေ့၊ ကျင့်လေ့ မယို၊ နှိမ့်ချ ကိုယ်ဖြင့်၊ ရိုရိုသေသေ၊ နှုတ်သံချေနှင့်၊ စိတ်နေ မမြင့်၊ မဝင့် မသုန်၊ မင်းတို့ဂုဏ်ကို၊ နေရုဏ်*တမျှ၊ ထွန်းစေပလော့၊ ဓမ္မစရိယာ၊ ပြောပ ရာဝယ်၊ ရှေးခါ လမ်းသွား၊ မင်းနှစ်ပါးတို့၊ ရထားဦးချင်း၊ ဆိုင်ကြလျှင်းသော်၊ မင်းဗြဟ္မဒတ်၊ သမ္မုနတ်၏့၊ အမတ် သာရထိ၊ ပညာယှိသို့၊ မိမိသခင်၊ ဂုဏ်ထူးအင်ကို၊ ထင်ထင်ပပ၊ ညွှန်းထွေပြလော့၊ မုချ မယွင်း၊ ဘုန်းဂုဏ် လင်း၍့၊ ကိုယ့်မင်းသခင်၊ တန်ခိုးထင်မှ၊ အရှင်ကောင့်းကျွန်၊ ပန်းကောင်း ပန်ဟု၊ ဆိုဟန် မခွ၊ ကိုယ့်ဂုဏ် လှလိမ့်၊ ''မင်းခယောက်ျား၊ လစာ စားတို့၊ ကမ်းနားသစ်ပင်၊ ပမာသွင်နှင့်၊ လူတွင် မွေးငြား၊ ဝက်အလားဖြင့်၊ မမှား သေဘို့၊ မနှစ်လို့ရာ၊ ကြောက်အပ်စွာရှင့်၊ ကိုယ့်တာ သူ့ဝန်၊ မလွန် ထိုထို၊ ကျူး မပိုနှင့်၊ ကျိုးလို ပြစ်ရ၊ ဖြစ်တတ်စွ၏၊'' ကိစ္စ အခွင့်၊ မင်းနှင့် စပ်လျှင်၊ မလွန်ခင်ကို၊ အလျင် တင်ကောင်း၊ မတင် နှောင်းက၊ အပြစ်ရ၏၊ ''*မဲ့ထ ပညာ၊ အလိမ္မာကင်း၊ လူ*ခပင်းကား၊ မြေတွင်း မီး-ရေ၊ မှီနေ ရုက္ခ၊ စားထ အစာ၊ ကိုးကွယ်ရာမှ၊ မှန်စွာ မချွတ်၊ ဘေး ဖြစ်တတ်၏၊'' မှတ်လော့ *စင်းလျင်း၊ စိုးပိုင်နင်းသည်၊ မင်းတို့နှိုက်မှာ၊ ဘယ်ဆိုရာလိမ့်၊ ဘယ်ခါ မမှား၊ သတိထား၍့၊ ရွာသား မင်းစေ၊ ရွာနေ မလေး၊ အရေးမထား၊ ဟူသောလားသို့၊ မင်းအား ကိုယ်တူ၊ မမူစ,အပ်၊ မင်းတည်း ကွပ်က၊ *လျပ်လျပ် မကြာ၊ သေတတ်စွာ၏၊ ''အာဏာ မလွန်၊ အရှင် ညွှန်တိုင်း၊ ကျွန်တို့စရိုက်၊ ခွေ့းနှယ် လိုက်လျက်၊ ဆောင်ထိုက် အရေး၊ ဦးဆွေး ဆံမြည့်၊ ပြန်မလှည့်နှင့်၊ ကျွန်၏့ လက္ခဏာ၊ သိ လိမ္မာလော့၊ ပညာမျက်စိ၊ မြင်ယှိစေကြ၊ မယုတ်ရဘူး၊ နေ့-ညခရီး၊ တောင်-မြစ် ဆီးလည်း၊ ဝေးနီး ယူဇနာ၊ မဟူသာတည့်၊ အခါ မထောင့်၊ ချိန် မစောင့်နှင့်၊ ငြောင့်ကို သင်ဖြူး၊ ဆူးကို မွေ့ရာ၊ မြွေမှာ တံတား၊ ကျားကို သစ်ငုတ်၊ စုန်း-ဘုတ် တစ္ဆေ၊ ဘော် မိတ်ဆွေသို့၊ မင်းစေဟူက၊ မဆုတ်ရဘူး၊'' ''မင်းခ ဓမ္မတာ၊ သစ္စာ မကျူး၊ သူ့ကျေးဇူးကို၊ အထူး ခံငြား၊ သူ့ဆန် စားက၊ သူ့အား ကျိုးဆောင်၊ မရှောင်သာပေ၊ ရဲးရချေ၏၊'' တထွေ ထိုမှ၊ ပြည်မ တိုင်းသား၊ *ဗိုလ်လူများတို့၊ တရားရေးရာ၊ ယှိသော့ခါလည်း၊ အာဒါသမု၊ ဝိဓူ့သဖွယ်၊ ကြီးကျယ် ပြည်ရေး၊ ရှုပ်ထွေး *ခဲးလှော်၊ ဖြစ်ခဲ့သော်ကား၊ မဟော် သုခမိန်၊ နန္ဒီသိန်သို့၊ နှိုင်းချိန် မယွင်း၊ အရှင်မင်း၏့၊ ရေးခင်းကိစ္စ၊ ယှိကာလနှိုက်၊ သုမုခကျီး၊ စစ်သူကြီးနှင့်၊ သီး ဘန္တရ၊ ဆောင် ဆက်သသား၊ သူဝ မတ်ခေါင်၊ ရွှေကျေးယောင်သို့။။ ရေးဆောင် *မှုကုံကြစေလော့။ (၈)

(၃၆၉) အထွေ အထွေ၊ ထုံးနည်း ဘွေ၍့၊ အခြေ အမြစ်၊ မှု ခဲးဆစ်နှိုက်၊ အစစ် အဆေး၊ ဆွေးနွေး ကုန်စင်၊ ချည့်နှယ် သင်လျက်၊ မှုအင် ရှုကာ၊ *ချေငံစွာလျှင်၊ သာယာ နှုတ်ခွန်း၊ မကြမ်းတန်းနှင့်၊ ဖြောင့်တန်း ကြည်လင်၊ သဘော စစ်၍့၊ လူ-ရှင်*ခပင်း၊ သူ့ဝမ်းတွင်းက၊ အခြင်းအရာ၊ ထုတ်ယူပါသို့၊ ပညာဝဇိရ စိန်၊ နှိုင်းချိန် ဖြတ်တောက်၊ ရှေ့နောက် မြင်ကိန်း၊ ဉာဏ် ချုပ်ထိန်းရှင့်၊ ''ဒေဝိန်း ကာမိန်း၊ ပကုတ်သိန်းတို့၊ အပြိန်း သက်သက်၊ ဉာဏ်မနက်ကြောင့်၊ မိတ်ဘက်အမေး၊ ဆိတ်နှင့် ခွေးကို၊ ကြံတွေးကုန်ကြ၊ မဆုံးဆသို့၊ မောဟ ဖီသန်း၊ မယမ်းမှန်းနှင့်၊ မျက်ကာန်းပမာ၊ ပင်ပန်းကာတည့်၊ အာဂါ အာဘော်၊ ရှုမျှော် အမြဲး၊ သူ*ရမ်းဘဲးကို၊ နှိုက်နှဲး ဆင်ခြင်၊ အဖြေ မြင်က၊ အတင် သိမျိုး၊ ကျမ်းရိုးသဘော၊ ဟုတ်လှ မော၏၊ မနောထဲး ချုပ်၊ အတွင်း ငုတ်သား၊ *မှန်,ထုတ် လျှို့ဝှက်၊ သူ့ကြံနက်ကို၊ ပေါ်ထွက်မှုတွင်၊ ဆစ်ရေး မြင်လော့၊'' မြွေ-ဆင် ကြံချောင်း၊ လုံးတလျောင်းနှင့်၊ သောက်ကောင်း အရည်၊ နွားနို့သည်လျက်၊ မည်မည် ဝါးဝါး၊ မခွဲးခြားဘဲး၊ မပြား အမူ၊ ထွန်တုံး တူဟု၊ တယူတည်းသာ၊ သညာ မခွ၊ မြဲးမှတ်စွသား၊ လာလုက*လုင်၊ ပေါက်ပင် မှတ်ငြား၊ မင်းသား လေးဦး၊ မြင်ဖူး ချိန်ခါ၊ တကြိမ်သာမျှ၊ ထင်ရာ စွဲးမှန်း၊ တတန်းတန်းဖြင့်၊ သူကာန်း ဆင်တွေ့၊ မစေ့ မစုံ၊ ငြင်းခုံ မပြီး၊ ရယ်ဘွယ်ကြီးသို့၊ ဒူရီး ဒူးရား၊ ပိုးဝါး မချင့်၊ မမူလင့်တည့်၊ ''*ယခင့် ရှေးဖြစ်၊ ပဏ္ဍိတ်စစ်ဖြင့်၊ ခုနစ်နှစ်ရွယ်၊ ပညာ ကြွယ်တို့၊ ဉာဏ်ကျယ်သော့အား၊ သိကြား ဘီလူး၊ ရုပ်ထူး ဆောင်ပြု၊ ရထာ့းလုနှင့်၊ သားလု ခုံငြင်း၊ မှုဆင် ကျင်းလည်း၊ ဖြည်းညှင်း သာယာ၊ ပညာ မြော်ဆ၊ သိရ တမျိုး၊ မယားခိုးနှင့်၊ နွားခိုး ချည်လုံး၊ စစ်ထုံး သိပ်သည်း၊ *နိဿရည်းကို၊ ယူနည်း ဝမ်းတွင်၊ စစ်မေး ဆင်လော့၊'' ''အကြင် လူ့ရွာ၊ လောကမှာလျှင်၊ အနာ မသိ၊ ဆေး မယှိတည့်၊ ယောင်ဝိ ယောင်ဝါး၊ မကုစားခင်၊ သမားသဖွယ်၊ ငွေယူ လွယ်သို့၊ လူဝယ် မှုခင်း၊ ဖြစ်ပေါ်လျှင်းက၊ အရင်း မမြစ်၊ မစစ် မသိ၊ ပြုမိ ပြုရာ၊ ပဏ္ဏာ ယူငြား၊ *အလျင် စား၍့၊ တရား ချဲ့ထွင်၊ ဘွဲ့ မဆင်နှင့်၊ ကြား-မြင် သုတ၊ *ကုံင *လောက်ငံ၊ ရွှေရည် ကျံသို့၊ *နက်တံ ဆေးလေး၊ ဉာဏ်ဖြင့် ရှေး၍့။။ စစ်ရေး ရှုစုံကြစေလော့။'' (၉)

(၃၇၀) ထို့ပြင် တကွဲး၊ ဥယျာဉ်ထဲးတွင်၊ အစွဲး မရ၊ *ငိုက်မျည်းကျစဉ်၊ မျောက်မ ခိုးကွယ်၊ ပုလဲးသွယ်လျှင်၊ မဘွယ် မရာ၊ ခဏတာနှိုက်၊ မဟာသေဋ္ဌိ၊ ပုရောဟိကြီး၊ စောင်းတီးဆရာ၊ ပြည့်တန်ဆာသို့၊ ရောက်ရာအခွင့်၊ သင့် မသင့်ကို၊ ဉာဏ်ဖြင့် *နှုန်းထွင်း၊ ထောင်မှာ သွင်း၍့၊ စာရင်း မှတ်နာ၊ မတ် ကြီးစွာသို့၊ ပညာ မြော်မြင်၊ လှစ် တွေးထင်လော့၊ လူတွင် မှန်လှ၊ ဤလောကနှိုက်၊ ထိုမျှ*၄င်း၊ လူအပေါင်းကား၊ ကောင်းမွန် ရသ၊ စားရခါပေ၊ ချစ်မိတ်ဆွေကို၊ တ,လေစမြဲး၊ စစ်မြေပွဲးနှိုက်၊ သူရဲးကောင်းကို၊ အလိုယှိလေ့၊ သိမ်မွေ့ နက်နဲး၊ ခက်ခဲး ရေးရာ၊ ရောက်သော့ခါသော်၊ ပညာယှိအား၊ လိုကြငြား၏၊ တရားပွဲးခွင်၊ မှုသဘင်ဝယ်၊ သို့လျှင် အထူး၊ ဉာဏ်ရောင် မြူးသား၊ ကျေးဇူး ထင်ပေါ်၊ ပညာကျော်တို့၊ ရှုမျှော် ပိုင်းခြား၊ သူတပါး၏့၊ စကားအကျ၊ အရသရုပ်၊ လက်ဆုပ်ပိပိ၊ ရမိ ဖမ်းကိုင်၊ လက်ပွေ့ဆိုင်သို့၊ သူနိုင် ငါနိုင်၊ နှုတ်ပြိုင် *ဆူလှယ်၊ နာဘွယ် မရဲး၊ လျောက်လဲး တင်ချေ၊ အထွေထွေဖြင့်၊ ဆင်ခြေ နှစ်ပြင်၊ တရားဝင်နှင့်၊ မဝင်ထိုက်ရာ၊ အင်္ဂါ မူလ၊ စသည့်အပြား၊ စိန့်နှယ်သားလျက်၊ *စူးစား *နစ်နော၊ ဝမ်းနှင့် ကျောသို့၊ *စောကြော ရှေ့-နောက်၊ နှိုင်းထောက် ဆင်ခြင်၊ လူ-ရှင်အများ၊ ယုံမှား ကင်းကြောင်း၊ ဉာဏ်ဖြင့် လောင်းပြီး၊ ထုံးဟောင်း နည်းနာ၊ ဆောင် ဥဒါနှင့်၊ ပမာ ပမည်း၊ သိပ်သည်း ဆို့ပိတ်၊ ဖိုလ်ဟိတ် ခတ်သွယ်၊ ကျဉ်းကျယ် စစ်မေး၊ *ဆေးလေး သိမ်မွေ့၊ ဆုံးဖြတ်လေ့တည့်၊ နောက်-ရှေ့ မြစ်ရင်း၊ မရှင်း မစင်၊ *ခုံတမင်ဖြင့်၊ ဆင်ခြင်း လျော့မေ့၊ မစေ့ မငု၊ လျင် မပြုလင့်၊ မနုအမတ်၊ ရှေးသူမြတ်မှ၊ ယွင်းချွတ် သတိ၊ ယှိလတုံငြား၊ တရား တခု၊ သခွါးမှုနှိုက်၊ မရှု ရင်းမြစ်၊ အစစ် ကြွင်းကျန်၊ မမှန်သော့အား၊ ဖြတ်မိမှား၏၊ ဉာဏ်သွား မစောင်း၊ သတိ ကျောင်းလျက်၊ *ရှောင်တခင်မှု၊ မပြု လျင်စွာ၊ နည်းနာ နယ၊ စစ်ပုံ ပြသား၊ ထိုမျှ မှတ်ဘွယ်၊ အသွယ်သွယ်ကို၊ ဝမ်းဝယ် ပိုက်သွင်း၊ စစ် ဖြည်းညှင်းသည်။။ စစ်ခြင်း နုတုံကြစေလော့။ (၁၀)

(၃၇၁) စစ်ခြင်း နုတုံ၊ စစ်မှု စုံအောင်၊ စစ်ပုံ လှလှ၊ စစ်နည်း ရ၍့၊ တွေးဆ မမှား၊ ဉာဏ် စဉ်းစားလော့၊ စကားတွင်းမှ၊ တရား ပါ၏၊ ရာဇာ ဝိဒေဟ၊ သေနက,က၊ စသည့် ငါးဦး၊ လေ့ကျက်ဖူးတိုင်း၊ အထူး မြွက်ကာ၊ ပြု ခြင်းရာနှင့်၊ ရှေးခါ ပုဏ္ဏား၊ လေးယောက်သားတို့၊ မပြား အတူ၊ လောကီဟူသည်၊ လူတို့သဘော၊ မနောထဲး ပိုက်၊ ကိုယ့်အကြိုက်ဖြင့်၊ စရိုက်ယှိရာ၊ ပြောတတ်စွာ၏၊ သေချာ မှတ်လျက်၊ အရေးခက်က၊ နေ့ရက် သွေး၍့၊ ဖြည်းနှေး ရှည်ကြာ၊ ဆိုင်းလင့်ကာလျှင်၊ သာယာ ညှင်းဖြ၊ သုဓမ္မနှင့်၊ စန္ဒကုမာရီ၊ ဒေဝီတို့လား၊ နှလုံးထားလော့၊ ''ပခုံးကြားထွက်၊ လည်ပင်းထက်နှိုက်၊ နားရွက် မျက်စိ၊ ပေါက်ဘိ မွေးဆံ၊ ခြံရံ ဝန်းကျင်၊ ဥက္ခောင်း*ဖြင်လည်း၊ အမြင် အသိ၊ ယှိသည့် ဥက္ခောင်း၊ လွန် နည်းတောင်းခဲ့၊ အကြောင်း မစစ်၊ ဉာဏ်*မဲ့လစ်မူ၊ ဖြစ်ကတတ်ဆန်း၊ မှတ်ယူမှန်းလျက်၊ ဆင်ကာန်း တောတိုး၊ ဝိုးဝါး တွေးထင်၊ မဆင်ခြင်းဘဲး၊ ထန်းပင် ထက်ဖျား၊ ကျီးသိုက်ကြားက၊ ပတ္တမြား ရောက်ထွက်၊ ရေကန်နက်ကို၊ ကော်ပတ် မဆုံး၊ တရုံးရုံးနှင့်၊ အားလုံး လူစု၊ ဆင်းရဲးမှုတည့်၊'' မေးပြု မျိုးနွယ်၊ ရေဆယ် မီးယူ၊ ဝန်ကူ ပဲးပြုတ်၊ ပုန်းစလုတ်က၊ သစ်ခုတ် ဆေးပေါင်း၊ သမင် ရောင်းငြား၊ မုံ့ဆန်းစားဟု၊ ဆယ်ပါး လူမိုက်၊ ကျင့်စရိုက်နှင့်၊ လက်နှိုက် ပျောက်ရွေ့၊ ပဲးတစေ့ကြောင့်၊ ငုံ၍့ နှုတ်ထဲး၊ လုပ်ပြည့် ပဲးကို၊ ထုတ်ကြဲ ရှာဖွေ၊ ဥယျာဉ်မြေတွင်၊ ချောက် ရေသွန်းမျိုး၊ အားထုတ် ကြိုးလည်း၊ အကျိုး မပြီး၊ အချည်းနှီးမျှ၊ ပျက်စီးသည်သာ၊ ဓမ္မတာတည့်၊ ပညာ ဝမ်းတွင်း၊ ဆင်ခြင်ခြင်းနှင့်၊ မကင်းစေဘိ၊ သတိတရား၊ အမြဲး ထား၍့။။ ဉာဏ်သွား နုလုံကြစေလော့။ (၁၁)

(၃၇၂) 'ဉာဏ်သွား နုလုံ၊ မယှိတုံ၍့၊ တစုံတခု၊ မြော် မရှုဘဲး၊ အပြု ချွတ်ယွင်း၊ သတိ ကင်းက၊ မှုခင်း ထွေလာ၊ ဖြစ်တတ်စွာရှင့်၊ ရေးရာ မကျယ်၊ ရေလိပ်ငယ်ကို၊ ရေဝယ်ချဟု၊ ရေးကြီးပြု၍့၊ ပြည်မှုကိစ္စ၊ မီးပွားထ၏၊ မိုက်လှ အလို၊ မြေကြီး ပြိုဟု၊ မြည်ဆိုတုံငြား၊ ယုန့်စကားကြောင့်၊ တောသား ကုန်အောင်၊ တော သုံးထောင်ဝယ်၊ ဆင်*ပြောင်ကစ၊ တွေးဆ *မဲ့လျှင်း၊ ရေသို့ ဆင်းခဲ့၊ ဖျား-ရင်း နီး-ဝေး၊ ကြီး-ငယ် သေးနှင့်၊ အရေး ပြုထိုက်၊ မပြုထိုက်ကို၊ ဉာဏ်နှိုက် မြော်ဆ၊ ရှုကုန်ကြလော့၊'' ''ကိစ္စ ချည်းနှီး၊ ကျိုး မပြီးဘဲး၊ မြေကြီး ကုန်နိုး၊ မြေတုန်နိုးနှင့်၊ မိုးလည်း ပြိုအံ့၊ မြေ ပျောက်တံ့ဟု၊ ကြောက်ရွံ့ စိုးထိတ်၊ မလုံစိတ်ဖြင့်၊ အဟိတ်ပီပီ၊ ဉာဏ်မမှီသည့်၊ တီနှင့် ကြိုးကြာ၊ မိုက်စွာ တုံမြောက်၊ တီတွတ် မျောက်တို့၊ မကြောက်ထိတ်ထိုက်၊ မှု မစိုက်နှင့်၊ အမှိုက်က စပ်၊ မီးဟပ် စွဲးပြောင်၊ ပြာသာဒ်ဆောင်ကို၊ လောင်သည့် *တန္တု၊ ပျက်စီးမှုတည့်၊ ကြက်ဥအရောင်၊ တိမ်တောင် တ*ပြေး၊ ပေါက်နှင့် ကျေးသို့၊ ပြည်ရေး မင်းရေး၊ ရှုပ်ထွေး ထွေပြား၊ ထိုနှစ်ပါးကို၊ ပိုင်းခြား ဆုံးဖြတ်၊ သိနိုင်တတ်အောင်၊ မှူးမတ်တို့ထုံး၊ ညှိ အားလုံးဖြင့်၊ လွှတ်ရုံးသဘင်၊ ရွှေနန်းပြင်ဝယ်၊ ထွက်-ဝင် မပျင်း၊ ရှုမြော် တင်း၍့၊ *စိုင်းပြင်း အမြဲး၊ ခါ *မစဲးသည်။။ မင်းပွဲ စုဆုံကြစေလော့။'' (၁၂)

(၃၇၃) ရွှေသား စလွယ်၊ ရာ ကြီး-ငယ်တိ၊ သုံးသွယ် ခြောက်သွယ်၊ ကိုးသွယ် ဆဲ့နှစ်၊ ဂုဏ်ရည် စစ်၍့၊ သင်္ကျစ် ဘွဲ့မည်၊ ထီးစည် ကျိုင်းချက်၊ ဆောင်အယွက်နှင့်၊ လွှတ်တက် ရုံးထိုင်၊ ရွှေကွန်းပိုင်က၊ နိုင်ငံ ပြည်ရေး၊ စုရေး ငန်းရပ်၊ ငါ ဝန်အပ်တိုင်း၊ မလပ် ဆော်ဘန်၊ ကိုယ့်တာဝန်ကို၊ မလွန်စေမှု၊ လုံ့လ ပြု၍့၊ မြော်ရှု ပညာ၊ ဆောင်တတ်စွာသည့်၊ လိမ္မာ တတ်*ပွန်၊ အို မတ်ဝန်တို့။။ ဝေဘန် ချင့်နှိုင်း၊ ဉာဏ်ဖြင့် ပိုင်းလော့၊ တိုင်းခန်း ပြည်-ရွာ၊ ပြည့် ရေးရာထက်၊ လူမှာ လူ့ရေး၊ လွန်ရှုပ်ထွေးခဲ့၊ အိမ်ရေး အိမ်ခန်း၊ ဝေတမ်း ဝေပုံ၊ ဤနှစ်စုံလည်း၊ လူ့ဘုံ လူ့ရပ်၊ ထပ်ထပ် ဖြစ်ပွား၊ လွန် များပြား၏၊ ယောက်ျား မိန်းမ၊ လောက ဓမ္မတာ၊ လူ့ *တံထွာဖြင့်၊ အိမ်ရာထောင်ဘက်၊ အရှက် အစပ်၊ မအပ် မလျော်၊ ချွတ်ချော် မှားယွင်း၊ အငြင်း အခုံ၊ ဆူ့းနှယ် ပုံရှင့်၊ လုံးစုံ မြော်ရှု၊ လုံ့လ ပြု၍့၊ ဂရုကတ၊ ဝါယာမဖြင့်၊ အမျာ့း ကျိုးဆောင်၊ ပင်လယ်ဘောင်ဝယ်၊ ပဲ့ထောင်သမား၊ *တမုံဖျားနှင့်၊ ယောက်ျားကဝိန်၊ မှန်ချိန် အထူး၊ မာလိန်မှူးသို့၊ ကျေးဇူး များမှု၊ ပမာ တုလျက်၊ ပြည်သူ့ မိ-ဘ၊ မည်ထိုက်လှအောင်၊ ထိုမျှ ရှုပ်ထွေး၊ လူ့ရေး မှုကျယ်၊ မျိုး လေးနွယ်ကို။ ။ သာ့းနှယ် မျှကြပစေကုန်။ (၁၃)

(၃၇၄) ထိုသို့ ရှုပ်ထွေး၊ မျိုး *နွယ် လေးဖြင့်၊ *ဗိုလ်လှေး အထု၊ လူရေးမှုကြောင့်၊ မနု မနော၊ ရှင်*စော မုနိ၊ ဣသိ မိုးယံ၊ တန်းခိုးပျံတို့၊ နန်းစံ ကမ္ဘာ၊ တည်ဦးစွာက၊ မဟာသမတ်၊ နေနတ် နွယ်မှူး၊ ဘေးတော်ဦးအား၊ ကျေးဇူး များစေ၊ ဆက်သွင်းပေသည့်၊ ရွှေစာ ကျမ်းမြတ်၊ ဓမ္မသတ်တည့်၊ ဆုံးဖြတ် ခွဲးခြမ်း၊ နန်းစဉ်ကျမ်းနှင့်၊ နုကြမ်း နှိုင်းဆ၊ ဖြတ်ထုံး စသား၊ ကမ္ဘာ့ လက်သုံး၊ ကျမ်းအားလုံးကို၊ သိမ်းကျုံး ညက်စေ၊ လေ့ကျက် ချေ၍့၊ ဗိုလ်ခြေ နောင်လာ၊ များစွာတို့အား၊ မှတ်သားလွယ်မှု၊ ကြည့်ရှု လွယ်ကြောင်း၊ ရုံးပေါင်း စုလတ်၊ နဝရတ် ကိုးလီ၊ မျက် စုံစီသို့၊ လောကီပညာ၊ ကြီးကျယ်စွာသား၊ မဟာဉာဏဝန်၊ ပဏ္ဍိ*မွန်တို့၊ နည်းညွှန် သေချာ၊ ကျမ်းစုံစွာဖြင့်၊ ပဏာမ နိဒါန်း၊ အစဉ် တန်း၍့၊ အခန်း အခန်း၊ ဂဏာန်း ပုဒ်မ၊ ပိုင်းခြားပြသား၊ မိန်းမ ယောက်ျား၊ သား သမီးစု၊ အိမ်ရာမှုကို၊ စေ့ငု စုံစွာ၊ မှတ် လေ့လာလော့၊ မြင်းသာ စီး၍့၊ ထီး-မ မသိ၊ မဟူဘိလင့်၊ *သနိ သနဲ၊ ခွဲးခွဲး ခြမ်းခြမ်း၊ အကျမ်းကျမ်းကို၊ စုံစမ်းသမှု၊ ရှာဘွေ ရှုလျက်၊ အနု အရင့်၊ နှိုင်းချင့် ဝေဘန်၊ အပြန်ပြန်ဖြင့်၊ *ကျေပွန် နှလုံး၊ လက်ကိုင် သုံး၍့။။ ထုံးသို့ မွကြပစေကုန်။ (၁၄)

(၃၇၅) အမြဲး ရှုကာ၊ ပြုအပ်စွာသား၊ မှတ်ရာ အထူး၊ *ဝဲး မကူးတည့်၊ ကျမ်းဦး ပဏာမ၊ နိဒါန်း ပြသား၊ အစ *မဆွ၊ ပထမခဏ်း၊ ပိုင်းသန်း ခြားမှတ်၊ ဓမ္မသတ် မည်စုံ၊ မှတ်ပုံ ဒုတီယ၊ ထိုမှ တခင်း၊ ကျမ်းရင်း နိဒါန်း၊ ပြညွှန်း တတိ၊ ဣတ္ထိတို့ မာန်၊ လော်လည်ဟန်နှင့်၊ ဘောက်ပြန် လှည့်ပတ်၊ မာယာ မှတ်သား၊ ဋ္ဌုပ္ပတ် ဘော်ပြ၊ စတုတ္ထ တဖြာ၊ ကညာ ပဉ္စမ၊ ပုတ္တ ပုတ္တီ၊ ထိုပြီ အပ၊ ဒါသ ဒါသီ၊ ကိုယ်နှိုက် မှီကို၊ လောကီ လူများ၊ ထုံးစံအားဖြင့်၊ ထိမ်းမြားခြင်းပြ၊ ဆဋ္ဌ တကြောင်း၊ *၄င်းတို့နှင့်၊ စပ်သဖြင့်လျှင်၊ ဖြစ်ခွင့်ယှိတိုင်း၊ ကျမ်းလာ နှိုင်း၍့၊ ဖြတ်ပိုင်းရန်ပြ၊ သတ္တမရှင့်၊ မိ-ဘ ထိန်းသူ၊ ကြည်ဖြူသောအား၊ မထိမ်းမြားဘဲး၊ ယောက်ျား မိန်းမ၊ မှားယွင်းကြ၍့၊ ဖြစ်ထ မှုကို၊ ဆုံးဖြတ်ဆိုသား၊ ထိုသည်အရ၊ အဋ္ဌမတည့်၊ မိ-ဘ မပေး၊ အရေး မရ၊ မိန်းမကလည်း၊ မမျှသဘော၊ သို့ဖြစ်သောလျက်၊ မိုက်ဇော ကြီးမား၊ မု*ဒိမ်းအားဖြင့်၊ *သော်ကား *မော်ကား၊ ထိုယောက်ျားတို့၊ ပြစ်မှား ဖျက်ဆီး၊ မှုသီး ဖြတ်ရန်၊ ဝေဘန် ဘော်ပြ၊ နဝမ တခြား၊ မယားနှင့် လင်၊ ဝတ် ဂုဏ်အင်က၊ ချစ်ခင်အပ်စွာ၊ ဆုံးမရာနှင့်၊ စွန့်ကွာအပ်ထ၊ ခြင်းရာပြသည့်၊ ဒသမ မည်တွင်၊ ထိုလင် မယား၊ ဖြတ်ခြား ကင်းကွာ၊ ဆုံးဖြတ်ရာသည်၊ ဧကာဒသမ၊ ပရဒါရီ၊ မညီ တရား၊ သူ့မယားကို၊ ပြစ်မှား ကျူးလွန်၊ ပြစ်ဝန်ထိုက်ရာ၊ ပြသည်မှာကား၊ ဒွါဒသမ၊ ထိုပရဒါ၊ ဖြစ်သည်မှာလည်း၊ နှစ်ဖြာ ပိုင်းခြား၊ ယောက်ျား မိန်းမ၊ ဟီန ဥက္ကဌ်၊ ယုတ်-မြတ် မျိုး-နွယ်၊ ကြီး-ငယ် ပြစ်ဒဏ်၊ စီရင်ရန်ဖြင့်၊ ထုံးမှန်ယှိရေး၊ ဆုံးဖြတ်ပေးသား၊ တေးရသမ၊ ထိုလောက်မျှတိ၊ ပုဒ်မ ဂဏာန်း၊ ဆဲ့သုံးခဏ်းကို။။ စွဲးမှန်း ရကြပစေကုန်။ (၁၅)

(၃၇၆) ထိုမှ တ တန်း၊ အမွေခန်းနှိုက်၊ နိဒါန်း အစ၊ သုံးကဏ္ဍလည်း၊ တူမျှ နည်းရှေ့၊ မကောက်ကွေ့တည့်၊ အမွေ့လက္ခဏာ၊ ခြင်းရာ အပြား၊ ထင်ရှား ပြသ၊ စတုတ္ထ မှတ်လေ၊ အမွေ စုလိုက်၊ မခံထိုက်နှင့်၊ ခံထိုက်သည့်သား၊ ပိုင်းခြား ပဉ္စမီ၊ မိ-ဘ သားရင်း၊ ဝေခြင်း ဆဋ္ဌမံ၊ မွေခံ သားချင်း၊ ပြုခြင်း ကျင့်ဝတ်၊ မွေ မသွတ်ဘဲး၊ အလွတ် ချန်ထား၊ အဘို့များကို၊ မွေစား *တကာ၊ တောင်းရာသည့်ဖြစ်၊ လ-နှစ် ပရိစ္ဆေ၊ တထွေ ထုံးမှီး၊ *သင်းသီး လက္ခဏာ၊ ပြရာ သတ္တမ၊ ထိုမှ တ+ခြင်း၊ သား+ချင်း တထွေ၊ အမွေ ခွဲးရန်၊ ပြဟန် အဋ္ဌမ၊ ယင်းမှ တချက်၊ အထက် ပါထ၊ ပုဗ္ဗကနှင့်၊ ဘထွေး မိထွေး၊ ဝေရေး နဝမ၊ ယင်းပုဗ္ဗနှင့်၊ ထိုဘ-မိထွေး၊ မွေးသည့် သားများ၊ ဝေခြား ပုံပြ၊ ဒသမတည့်၊ လင်က မယား၊ ပါသည့် သားနှင့်၊ နှစ်ပါးစုံရ၊ အောက် သားလှတို့၊ ဝေကြပုံမှာ၊ ဧကာဒသမ၊ ထိုမှ တသင်း၊ ဘိုး-ဘွားရင်းနှင့်၊ မြေးရင်း ဝေကြ၊ ဒွါဒသမ မှတ်ရေး၊ ဘိုးထွေး ဘထွေး၊ အထက် မြေးတို့၊ ဝေရေး တေရသ်၊ မှတ်လော့ တခြား၊ ထက်မြေးများနှင့်၊ ထိုဘွား ဘိုးထွေး၊ မွေးသည့် အောက်သား၊ ဝေခြား ဆုံးဖြတ်၊ စုဒ္ဒသ်မည်ငြား၊ မယား ကြီးငယ်၊ ဝေဘွယ် ပန္နရသ်၊ ဆက်ဆတ် မှတ်ရာ၊ ထက်ပါ ပုဗ္ဗက၊ ထို့သားလှနှင့်၊ ဘထွေး မိထွေး၊ မမွေး သားရင်း၊ ဆွေသားချင်းတို့၊ ဝေခြင်းရာပြ၊ သောဠသမတည့်၊ မုချ ဆိုတိုင်း၊ ဆစ်အပိုင်းကို။။ ကသိုဏ်း ကျကြပစေကုန်။ (၁၆)

(၃၇၇) ထိုမှ တထွေ၊ မွေ့ရှင် သေ၍့၊ မွေခံ မယှိ၊ သို့ဖြစ်ဘိမူ၊ မိဘ သားချင်း၊ မရင်း သားဖျား၊ ဆွေမျိုးများတို့၊ ဝေစားထိုက်ဟန်၊ ပြန်မှန် သတ္တရ၊ မိ-ဘ သား-မယား၊ သားချင်းများတို့၊ မွေစား မရ၊ သူစိမ်းကသာ၊ မွေခံရာကို၊ မှန်စွာ ပြလတ်၊ အဋ္ဌရသ်တည့်၊ မြဲးမှတ် ထောက်ဆ၊ ယောက္ခမနှင့်၊ ချွေးမ သားမက်၊ ခွဲးဝက် ဝေမှု၊ ဧကုနဝီ၊ ဒါသီ ဒါသ၊ ကျွန်မျာ့းအမွေ၊ ခွဲးဝေထိုက်ရာ၊ ခွဲးကာ ဝေပြ၊ ဝီသတိမရှင့်၊ ထိုမှ တဖြာ၊ ဆရာ တ+ပည့်၊ အလို+ပြည့်အောင်၊ ဝေသည့်နည်းမှီ၊ ဧကဝီ တခြား၊ မယားသေ လင်၊ လင်သေ မယား၊ မွေစားခံရ၊ ဗာဝီသမနှင့်၊ လမ်းစ ခရီး၊ မနီး လူ့ဘောင်၊ တော-တောင်ဟူက၊ မြေ-ရေစသား၊ ဒေသ ရပ်မှာ၊ ရဥစ္စာကို၊ ထိုဥစ္စာရှင်၊ သခင် မိ-ဘ၊ လူနှစ်ဝတို့၊ ရသူနှင့်ပေ၊ ခွဲးဝေ နည်းပြ၊ တေဝီသမက၊ ပုဏ္ဏာ့အမွေ၊ ခံပေထိုက်သက်၊ ခွဲးဝက် ဝေပြု၊ စတုဝီသတိမ၊ သမဏပြီ၊ ပဉ္စဝီမျိုး၊ သားဆိုး မြေးကောင်း၊ ဆွေပေါင်း ဉာတိ၊ မယှိ မွေခံ၊ ထိုဓနံကို၊ ဆက်ဆံ မင်းသာ၊ မင်းဘဏ္ဍာဟု၊ ဖြစ်ရာ ဖြစ်ထိုက်၊ ထုံးလိုက် နည်းမှီ၊ ပြရာ စီသည့်၊ ဆဗ္ဗီသတိမ၊ ဆုံးကဏ္ဍတည့်၊ ထိုမျှ ပိုင်းသန်း၊ မွေပုံခန်းကို၊ ဂဏာန်း ပုဒ်မ၊ နံပါတ်ပြတိုင်း၊ လုံ့လ မကင်း၊ ကြည့်ရှုခြင်းဖြင့်၊ မွေရင်း မွေဖျား၊ ပိုင်း ခြားနား၍့၊ ပိုက်*ဖြား ကြင်နာ၊ လူ*ဗိုလ်ပါအား၊ လေးဖြာ ဂတိ၊ မငြိ မရှက်၊ ထိုက်သက်ရာရာ၊ ဝေအပ်စွာ၏၊ စဉ်လာ တန္တီ၊ ပဝေဏီနှင့်၊ အညီ မှန်ကန်၊ မလွန် မပို၊ ထိုထို တရား၊ ဆုံးဖြတ်အားက၊ လားလိမ့် နတ်ရွာ၊ မသမ္မာမူ၊ ပြိတ္တာ ငရဲး၊ ဖြစ်မြဲး မချွတ်၊ အပါယ် လွတ်အောင်၊ ကျင့်ဝတ် စွဲးသုံး၊ သူတော်ထုံးဖြင့်။။ နှလုံး လှကြပစေကုန်။ (၁၇)

(၄င်း ၃-ပိုဒ် အရကျက်မှတ်၍့ 'အဂ္ဂမဟာသေနာပတိ သေနတ်ဝန်, ကင်းဝန်မင်းကြီး စီရင်သော 'အိမ်မှုခဏ်း'၊ ဓမ္မသတ်ကြီး 'အမွေခဏ်း' ဓမ္မသတ်ကြီးတို့နှိုက်၊ ကြည့်ရှုကြကုန်မူ အလွန် သိလွယ်ကုန်လိမ့်မည်။)

(၃၇၈) ဇာတိ ဥက္ကဌ်၊ ကျင့်မြတ် သစ္စာ၊ ပညဝါနှင့်၊ သာယာ နှုတ်ချို၊ ပြောဆို သန့်ရှင်း၊ တတ်ခြင်း တရား၊ ရေးခြား လိမ္မာ၊ အင် ရှစ်ဖြာကြောင့်၊ ခုံရာ အသီး၊ ငါ မြှောက်ခြီး၍့၊ ထွန်းညီး ဂုဏ်ရည်၊ ပွဲးလယ် တည်လျက်၊ *အသည် အဝါ၊ တင့်တယ်စွာလျှင်၊ လေးဖြာ အဂတိ၊ မစွန်းငြိဘဲ၊ ပြည်ကြီ့း ချမ်းသာ၊ ရှာတတ်စွာသည့်၊ မဟာသုခမိန်၊ မတ် ကဝိန်တို့။။ ချိန်သို့ မမှား၊ သတိထား၍့၊ ရှစ်ပါး ဂုဏ်အင်၊ ပြည့် စုံလင်တိုင်း၊ ဆင်ခြင်သမှု၊ နှလုံးပြုလော့၊ ''''''''''*တန္တု ရှေးခါ၊ ယမုံနာနှင့်၊ ဂင်္ဂါ မြစ်သား၊ နှစ်ကောင် ငါးကို၊ တရား ဖြတ်ဆို၊ ရေလိပ်အိုသို့၊ ကိုယ်ကို မြှောက်ခြီး၊ မပြီး အမှု၊ မပြုအပ်ရာ၊ ကရုဏာဖြင့်၊ ကြင်နာ ကင်းငြား၊ မသနားဘဲး၊ ကျား တရားဖြတ်၊ ဝါး ကျွတ်ကျွတ်တိ၊ ကိုက်သတ် အသေ၊ သားကို ဝေသို့၊ မရေ မရာ၊ မလျော်စွာဘူး၊ ပမာ တသီး၊ မြင်းတစီးလျှင်၊ အမြီးက စား၊ ခေါင်းက စားသို့၊ ရှုံးသား နိုင်သူ၊ လူနှစ်ဦး လက်၊ နိုင် အထက်ဖြင့်၊ နှစ်ဘက်ပေါ်မှာ၊ ပဏ္ဏာ ယူစား၊ မျောက်အိုလားနှင့်၊ ကမ်းနား တွေ့ကြိမ်၊ ဉာဏ် ဖျင်းသိမ်သည့်၊ ရေတိမ် ကျက်စား၊ ရေနက် သွား၍့၊ ရှာစား လေ့ပြု၊ ဖျံ နှစ်ခုတို့၊ ငါးလုကြရာ၊ ယုတ်မာအကျင့်၊ ခေါင်းနှင့် အမြီး၊ ဖြတ်ပြီး ပေးငြား၊ အလယ်သားကို၊ တရားဖြတ်သူ၊ ငါ့ဘို့ဟူ၍့၊ ဆောင်ယူ မနှေး၊ ချီကာ ပြေသည့်၊ မြေခွေး ငါးဝေ၊ မတူစေနှင့်၊ ရှေ့နေ ခုံမင်း၊ ပေါင်းသင်းပြီးလျှင်၊ သမင် ကြို့ထိုး၊ လှည့်ပတ်မျိုးသို့၊ တံစိုး တူစား၊ သူတပါးကို၊ တရား တိုက်တိုက်၊ လောဘ လိုက်၍့၊ မထိုက် ကြေးငွေ၊ မယူစေနှင့်၊ ဥပဒေ ဓမ္မ၊ ပိုင်းခြားပြတိုင်း၊ မုချ မှန်စွာ၊ မချွတ်ရာဘူး၊ ပဏ္ဏာ လိုကြူး၊ ဂတိ ထူးက၊ ခုံကျူး ခုံ့တာ၊ မလွတ်သာဘူး၊ မျက်နှာ ယှိငြား၊ ညှာသော့အားဖြင့်၊ ထောက်ထား သက်သေ၊ မကူစေနှင့်၊ မသွေ မဘောက်၊ ခုံတည်မြောက်သည်။။ ခုံလောက် မြင်းမိုရ် ခံ၏သို့။'' (၁၈)

(၃၇၉) အမွေ ဝေရေး၊ မိ-ဘ ရှေးက၊ ပေး၏့ မရ၊ မပေးရဟု၊ ကျမ်းပြ ထင်စွာ၊ မွေ ဥစ္စာလျှင်၊ ဝေရာ မယှိ၊ ဖြစ်တုံဘိမူ၊ ဘ-မိ ခြားသီး၊ သားသမီးအား၊ ပေးပြီးတုံမြောက်၊ လက်သို့ ရောက်လည်း၊ မျက်မှောက်ယှိစွာ၊ ထိုဥစ္စာကို၊ ညီညာ သားချင်း၊ မွေပုံသွင်း၍့၊ ဝေခြင်း မုချ၊ ဝေစေရ၏၊ ကြက်မ စာကျွေး၊ သား တဝေးအား၊ ပေးသည့် ဝတ္ထု၊ မွေ့ထုံး ပြုလော့၊ 'လောကုပဒေ၊ အမွေဟူငြား၊ သားချင်းများတို့၊ မွေစား မစုံ၊ မွေပုံ မပြီး၊ အတီး မသွေ၊ ရှေး လွန်လေက၊ သန္ဓေ အဟိတ်၊ ဈာန်-မဂ် ပိတ်လည်း၊ မဆိတ် မွေစု၊ မြွေ့ထုံး ရှုလော့၊ ဤလူ့ရပ်ဌာန်၊ လွန်ခက်ထန်လျက်၊ မျက်မာန် ရဲးရဲး၊ ခွေးနှယ် ခဲး၍့၊ အစွဲး မပြေ၊ အမွေဟူက၊ ထိုမျှ သားချင်း၊ အူတုံ့ဆင်းသာ၊ အရင်းအချာ၊ ဉာတကာတို့၊ မေတ္တာ ပျက်ပြုန်း၊ မုန်းကြ သေအောင်၊ ရှေ့ဆောင် ရှေ့နေ၊ ခုံ သက်သေအား၊ ငွေကို ပေးလျှင်း၊ မင်း၏့ တိုက်မှာ၊ ဥစ္စာ ပြည့်ငြား၊ ဟူသော့လားဖြင့်၊ တရား ဆင်ကြ၊ လေကို ရမှ၊ လက်ချ ရေငုံ၊ ငြိမ်းကြတုံ၏၊ ဝေပုံ တမျှ၊ မစားကြဘူး၊'' ''မောဟ မှေးထူ၊ လောကီလူတို့၊ ဆိုင်သူကိုကား၊ မလိုအားဘဲး၊ အခြား ပြင်လူ၊ သူစိမ်းဟူသည်၊ မဆိုင်သူမှ၊ ကြည်ဖြူကြ၏၊ ထိုမျှ လူပုံ၊ မိုက်စေး ချုံတည့်၊ လုံးစုံ လူမှု၊ ထောက် မျှော်ရှုလော့၊'' မနု မနော၊ မိန့်ဟော ဣသိ၊ ကျမ်း ပါဠိနှင့်၊ ထုံးရှိ စံမှီ၊ ညီစေ တဝ၊ ဓမ္မသာမိက၊ သဘောရဖြင့်၊ လောက လူမှာ၊ ဆုံးဖြတ်ရာဟု၊ မှန်စွာ မခွ၊ မိန့်ကြ ရှေးသူ့၊ အနှုန်း ပြု၍့၊ ရင့်-နု ယုတ်-လတ်၊ အမြတ် ငယ်-ကြီး၊ အသီးသီးကို၊ မငြီး မငွေ့၊ စုံစေ့ မကျန်၊ အောက်-ထက် လှန်ပြီး၊ ချိ*ချန် ကြွင်း*မဲ့၊ နှိုင်းရှဲ့ ပိုင်းခြား၊ စုံ-ဆအားဖြင့်၊ ထက်သား အောက်သား၊ မထား မချန်၊ တိရစ္ဆာန်ပါ၊ ပုံမှန် မျှပျမ်း၊ ခွဲး ဝေခြမ်းသည်။။ ဆော်ရွမ်း ပဟိုရ်သံ၏သို့။ (၁၉)

(၃၈၀) ပဟိုရ့် သဏ္ဌာန်၊ ချက်တိုင်း မှန်အောင်၊ ဝေဘန်သမှု၊ ဖြတ်ပိုင်း ပြုလော့၊ သုံးလူ့ ချစ်ဘ၊ သမ္ဗုဒ္ဓလည်း၊ အာမိသ ဓမ္မ၊ နှစ်ပါး ပြ၍့၊ သာသနာ့အမွေ၊ ဟောမိန့်ထွေ၏၊ ဝါး-ပေ ငှက်ပျော၊ ကျူသဘောသို့၊ လောကူပမာ၊ ထင်စွာ ပြကတေ့၊ အမွေ့ဥပဒေ နည်းလေးထွေကို၊ သိစေ *စေ့ငု၊ မှတ် နှိုင်းရှုလော့၊ ဤလူ့ဘဝ၊ လူ့လောကနှိုက်၊ မိ-ဘ နှစ်ပါး၊ ယှိ ထင်ရှားစဉ်၊ သား-သမီးစု၊ လိုဟု အမွေ၊ မတောင်းစေနှင့်၊ ပေသို့ မှတ်ရာ၊ သေမှသာတည့်၊ ထက်ပါ အောက်သား၊ ယှိခဲ့ငြားသော်၊ ဝါးနှင့် တူစေ၊ လိုက်သင့် ဝေလော့၊ မွေမခံထိုက်၊ သားမိုက်တို့မှာ၊ သီးရုံသာသို့၊ ပမာ ငှက်ပျော၊ မှတ်သဘောတည့်၊ ဥဘတော ပဏ္ဍုက်၊ သွင်ယုတ် အင်ချို့၊ ထိုသားတို့ကား၊ ကျူသို့ *တန္တု၊ ညီ မပြုလင့်၊ ဆွေစု မျိုးစစ်၊ ခုနစ် ဝင်ထ၊ ကိုယ့်လက်မှလျှင်၊ အဘ အဘိုး၊ ခေါ်ရိုး စဉ်ရှေး၊ အဘေး အဘွဲး၊ တကွဲး အဘွေး၊ တရေး အဘော်၊ အောက်သော် တခြား၊ သားနှင့် မြေး-မြစ်၊ တဆစ် တီ-မျှော့၊ မှတ်လော့ ကျွတ်-ဆတ်၊ ကျမ်းဂန် ထွက်လည်း၊ အောက်-ထက် သုံးစီ၊ မလွန် ညီရုံ၊ ဤရွေ့ ဤမျှ၊ ဖြစ်ထိုက်စွဟု၊ နှိုင်းဆ စိစစ်၊ ပိုင်းခြား ဆစ်လျက်၊ ကျိုး-ပြစ် မွေစု၊ ခံစေ ပြုလော့၊ ပြည်သူ့ အထက်၊ မှု ပေါ်ထွက်က၊ ထိုက်သက် ဒဏ်ရေး၊ ပြစ် လျှော့ပေးသည်။။ ရင်သွေး သားသက်နှံ၏့သို့။ (၂၀)

(၃၈၁) ရင်သွေး ညက်စံ၊ သား သက်နှံအား၊ မျက်လျှံ ဘ-မိ၊ ဒေါသ ယှိလည်း၊ မချိ မိုးကဲး၊ လွန်စွာ လွဲး၍့၊ ဟိန်းဟဲးရုံမျှ၊ သာသာ ချသို့၊ ထိုမျှ မှောက်မှား၊ ပြည်သူ့အားကို၊ ပြစ်ထား ဒဏ်ရေး၊ လျော့လျော့ ပေးလျက်၊ မြီကြွေး ခိုက်ရန်၊ နှုတ်-လက်လွန်ကို၊ ဖြေဖျန်သမှု၊ ငြိမ်းအောင် ပြုလော့၊ မနုရာဇာ၊ မဟာသမ္မတ၊ ကမ္ဘာစ,က၊ ဒွါဒတရား၊ ပိုင်းခြား လုံးစုံ၊ စိစစ်ပုံလည်း၊ အာဂုံ *စေ့ငု၊ သိမ်းဆောင် ရှုလော့၊ ''အတု အပ၊ နည်း မကျဘဲး၊ ခြေမ ဆူးစူး၊ နဖူး ဆူးရှာ၊ ရေလာ တလွဲး၊ ခနွှဲး တခြား၊ ဟူသော့လားနှင့်၊ ယုန်ကား တောင်ပြေး၊ ခွေးကား မြောက်လိုက်၊ ထိုက် မထိုက်ကို၊ ဉာဏ်နှိုက် မရှု၊ ကျင့် မပြုနှင့်၊'' အမှု မမှန်၊ တရား ကျန်က၊ သည်းထန် လွန်ပြင်း၊ မျက် ခြေနင်းလျက်၊ ချင်းချင်း *ပုတ်တိုက်၊ လူ့နှယ် ရိုက်၏၊ မလိုက် ဂတိ၊ ထုံးယှိ စံမှီ၊ ပဝေဏီနှင့်၊ အညီ သင့်မော၊ သဘောဉာဏ် ရှု၊ ဆုံးဖြတ် ပြုက၊ ယခု ဝတ္တမာန်၊ ပစ္စုပ္ပန်တွင်၊ မတန် လူမျှ၊ နာဂရာဇာ၊ သုပဏ္ဏာနှင့်၊ ဣန္ဒာ သိကြား၊ နတ်မင်းများတို့၊ ပတ္တမြား မျက်ရှင်၊ ရွှေစင် ပန်းခိုင်၊ မနိုင် အဘိုး၊ နတ်ပုဆိုးဖြင့်၊ မြတ်နိုး *ကော်ရော်၊ ပူဇော် မြှောက်ခြီး၊ လူမင်းကြီးမူ၊ အသီး များလှ၊ နွားမ တထောင်၊ ဆင်*ပြောင် ရထား၊ စသော့အားဖြင့်၊ ကျေးစား အပိုင်၊ ခရိုင် ဆဲ့ခြောက်၊ ကြွယ်ပင်ပေါက်အောင်၊ ခြီးမြှောက် ပူဇော်၊ ကောင်းကြီး ခေါ်၍့၊ လူ့ဘော် နတ်ရပ်၊ ပင်လယ် ခပ်သည်။။ နှံ့စပ် သတင်း ပျံ၏့သို့။ ' (၂၁)

(ပျံကို အောက်မြစ် မရေး မဘတ်ကြနှင့်။)

(၃၈၂) ကိုးပါး အင်္ဂါ၊ စုံလင်စွာနှင့်၊ သေနာပတိ၊ အစယှိသား၊ ပြည်ကြီး ရေးကိုင်၊ ပြည်ရေး ပိုင်၍့၊ မဏ္ဍိုင်သဖွယ်၊ ကြီးကျယ် *နက်ဘိ၊ ဂုဏ်ထူး ယှိကြောင့်၊ ပြည်ကြီ့း ပခုံး၊ ပြည့် လက်ရုံးဟု၊ တိုင်းလုံး ကိုးရာ၊ မတ်*တကာလည်း၊ အင်္ဂါ မဘောက်၊ ကိုယ့်ဂုဏ် လျောက်ဖြင့်၊ စောင့်ရှောက် လုံ့လ၊ ပြုကုန်ကြလော့၊ ''ဥက္ကဋ္ဌလူ၊ ဖြစ်လိုမူကား၊ သူမျာ့းထက်သာ၊ ကရုဏာနှင့်၊ မေတ္တာပွားမှု၊ သည်းခံ ပြုမှ၊ ဂုဏ်ထူး ရ၏၊ မိန်းမ ယောက်ျား၊ မင်း ပုဏ္ဏားတို့၊ လေးပါး မျိုးနွယ်၊ ကျေးဇူးကြွယ်လိမ့်၊ ချုတ်ချယ် မျက်လျှံ၊ သည်းမခံက၊ ခြံရံ နည်းပါး၊ ခြွေရွေ ယှားလျက်၊ ဂုဏ်အား မလှ၊ ကြုံလှီကြလိမ့်၊'' ဒေသ ရပ်ခြား၊ ခရီးသွားနှင့်၊ နွားလား ဝန်တင်၊ ထွက်-ဝင် ရပ်တည်၊ အသည် အလာ၊ များစွာ သီးသီး၊ ရောက်ပြီး ရောက်စ၊ ဟူသမျှကို၊ ဘာ့းနှယ် ဝမ်းချမ်း၊ ညှိုး မသမ်းအောင်၊ ခွဲးခြမ်း မျှော်ရှု၊ *ဗိုလ်လူ့ စိတ်နေ၊ မညစ်စေနှင့်၊ တိုင်းခြေ ဌာန၊ ထာဝရနှိုက်၊ ထိုမျှ ရှင်-လူ၊ ရွှေပြည်သူလည်း၊ မပူ မပင်၊ *မငြင် မငြို၊ ချမ်းရိပ်ခို၍့၊ ကြည်ညို ဝမ်းတွင်း၊ သာ ပွင့်လင်းအောင်၊ ကင်းသင်း ကူးတို့၊ သယ်ပို့ စောင့်နေ၊ မလစ်စေနှင့်၊ လွန်လေ *အတီး၊ နိမိတ် ပြီးသား၊ အိုးကြီးအလယ်၊ အိုးငယ် ထောင်-သောင်း၊ လောင်း၍့ မပြည့်၊ အိပ်မက်၏့သို့၊ နှိုင်းရှည့်အလား၊ တူသော့အားဖြင့်၊ တိုင်းသား ပြည်သူ၊ များ ရှင်-လူတို့၊ ဆာပူ ညှိုးခွေ၊ မဖြစ်စေနှင့်၊ လူမွှေယောက်ျား၊ မင်းစေများလည်း၊ မင်းအား ကိုးကိုး၊ မင့်းအကျိုးနှင့်၊ ကိုယ်ကျိုးသာမျှ၊ ငဲ့တတ်ကြ၏၊ နဂ္ဃ တန်လျှင်း၊ သိန္ဓောမြင်းနှင့်၊ မင်းပါ ထီး-စည်၊ ဗာရာပြည်ကို၊ ဂုဏ်ရည် နွမ်းပါး၊ ဆန် ကွမ်းစားဖြင့်၊ ပိုင်းခြား ဟုတ်ဟတ်၊ အဘိုးဖြတ်သား၊ ရာပြတ် မိုက်လှ၊ မတ်ဗာလတို့၊ အစိုးရဘက်၊ အာဏာ ရှက်၍့၊ နှိပ်စက် တုတ်ခွန်၊ ပိုလွန် လွှမ်းမိုး၊ ပြည် နွမ်းညှိုးအောင်၊ ပွားတိုး အိမ်ခြေ၊ မစစ်စေနှင့်၊ မှုံချေ မျက်နှာ၊ ပမာ ပုံပြင်၊ ရင့်-နု ငယ်-ကြီး၊ ဝေး-နီး တို-ရှည်၊ မျှသာ ကြည်သည်။။ ရွှေရည် သုတ်လိမ်းကျံ၏သို့။ (၂၂)

(၃၈၃) ရွှေရည် မင်းစံ၊ လိမ်းကျံ အဟုတ်၊ ညှိကာသုတ်သို့၊ မယုတ် မလွန်၊ ပြည်သူ့ဝန်ဖြင့်၊ တုန်ခွန် လွှမ်းမိုး၊ မတိုး မထွေ၊ မကျပ်စေနှင့်၊ အနေတကျ၊ ထိုမျှ *နှုန်းကဲး၊ မလွဲး မှန်စွာ၊ သပြာ ချိန်-စင်း၊ တောင်းတင်း အလုံး၊ ပြည်သုံး တိုင်းသုံး၊ ရှေးထုံးမယုတ်၊ တောင်-ထွာ မုတ်နှင့်၊ တသုတ်တိုက်ကျမ်း၊ ဆုတ်ပတ်တမ်းလည်း၊ ကြော့ကြမ်းမူထား၊ ကျင့်တတ်ငြား၏၊ ''သူ့မယား ငို၊ မျက်ရည် ယိုမှ၊ ကိုယ့်မယား လှ၊ ဝမ်း ဝကြဟု၊ ဆိုထ မယွင်း၊ လူ*ခပင်းတို့၊ မှုခင်း စိုးစိ၊ ဖြစ်သည်ယှိသော်၊ ဝိုင်းဘိ အုံကာ၊ မီးလောင်ရာဝယ်၊ မိစ္ဆာ ငှက်ခါး၊ မှောင့်သောလားသို့၊ ချောက်ချား လူမွှေ၊ မညှပ်စေနှင့်၊'' လူလေ လူကြွား၊ ဟုတ်စား *လျှပ်စား၊ လောင်းသမားနှင့်၊ ခိုးသား *တန္တ၊ *ထားပြ *မုဒိမ်း၊ ပလိမ်း *ကျံ၊ လူစိမ်း*ဆွံတို့၊ စိတ်ကြံ မသင့်၊ ဘိစီး ကျင့်၍့၊ ဆိတ်နှင့် သစ်နှယ်၊ နှိပ်စက် ကျယ်လျက်၊ မဘွယ် နိုင်ထက်၊ ဗလက္ကာရ၊ အဓမ္မမျိုး၊ မဆိုး မပွေ၊ မလျှပ်စေနှင့်၊ မင်းဆွေ စိုးမျိုး၊ မင်း အားကိုး၍့၊ လွှမ်းမိုး အာဏာ၊ မင့်းမျက်နှာနှင့်၊ ပမာမ*ခံ့၊ လူ ထိတ်+လန့်အောင်၊ ချောက်+လှန့် ခြိမ်းမဲး၊ ငင်ဆွဲး တွန်း-ထိုး၊ ငါ မင်းမျိုးဟု၊ ကိုးရိုး ကားရား၊ သောက်စား သေရည်၊ မတည် မတံ့၊ ယစ်နံ့ ထောင်းထောင်း၊ *ကသောင်း ကနင်း၊ ပြုတုံလျှင်းက၊ မင်းစေ ကျူးလွန်၊ မင်းစေဝန်တည့်၊ မင်းကျွန် မင်းဆွေ၊ မင်းစေ မင်းသံ၊ နှုတ်*ငံနှင့်၊ *လက်ငံ *ခြေငံ၊ တိုင်းနိုင်ငံနှိုက်၊ ပေါ်လျှံ ထောင်လွှား၊ လျှပ်စား ထိုမျှ၊ မယှိရအောင်၊ ဌာနအချုပ်၊ တိုက်အုပ် တိုက်စီး၊ သူကြီး *ကလန်၊ သံပျင်မွန်အား၊ စာချွန်ဆင့်ကာ၊ ဝန်ဆိုရာတို့၊ အာဏာ ကွပ်သိုင်း၊ စောင့်ကြပ်ထိုင်းသည်။။ တံတိုင်းပတ်ကာ ခြံ၏့သို့။ (၂၃)

(၃၈၄) 'ကျေးကျွန် ကပ်နေ၊ ရောက်လာချေလည်း၊ အခြေ မယှိ၊ ဇာတိ မကောင်း၊ *ပလောင်း ပလဲး၊ အပေါ် ချွဲးနှင့်၊ မမြဲး နှုတ်-လျှာ၊ ဝါစာ ဆန်းပြား၊ *ချောစားတတ်စွာ၊ သူယုတ်မာကို၊ မေတ္တာ *ရှောက်ရှက်၊ ပေါင်းဘက် တူရော၊ မနှီးနှောနှင့်၊ မာလောပမာ၊ ရောက်ရာ အားလုံး၊ ရတ်ပတ် ကုံးနှိုက်၊ တိုက်ဂုံး *ချောပစ်၊ သဘောညစ်ဖြင့်၊ စင်စစ် ဆတ်ဆတ်၊ ဖျက်ဆီးတတ်၏၊ ယွင်းချွတ် ကျင့်မူ၊ ထို*ဂုံးလူထက်၊ ခိုးသူနှင့် စုန်း၊ ချင့်*နှုန်း ဌာန၊ နေရာ ချ၍့၊ မ,စ စောင့်ရှောက်၊ ခြီးမြှောက်သဖြင့်၊ ထားသော် သင့်၏၊'' ''ယခင့် လူမျိုး၊ ကျင့်ဆိုး လွန်စွာ၊ ယုတ်မာသဘော၊ *ချောလျောတတ်သူ၊ လူမကောင်းကား၊ ဥက္ခောင်းကို ဖြတ်၊ သတ်၍့ ပြီးလျက်၊ အုန်းသီးဖြစ်အောင်၊ *ဂုံးတိုက်ဆောင်ဟု၊ လူ့ဘောင် ရှေးက၊ ပေါ်ရာဏသို့၊ ပြောကြ ပုံသေ၊ ထင်ရှားပေ၏၊ သေခွေ သတိ၊ မြဲးစေဘိလော့၊'' ''ပိသုဏဝါစာ၊ လွန်စွာ ဆိုးလှ၊ လျှာ နှစ်ခွနှင့်၊ ရှေးက သူဟောင်း၊ အပေါင်း*တကာ၊ နေရာ ချ၍့၊ မကျနိုင်စွာ၊ လူယုတ်မာကို၊ ပယ်ခွါ စွန့်ပစ်၊ မနီးရစ်နှင့်၊'' ''အပြစ် အကျိုး၊ ကောင်း-ဆိုး ယုတ်-မြတ်၊ မသိတတ်က၊ လူ့ဗာလတည့်၊ သိမှ ပဏ္ဍိ၊ မည်တုံဘိရှင့်၊'' အသိဉာဏ် နက်၊ ပညာ ဘက်၍့၊ အောက်-ထက် ဝန်းကျင်၊ တွင်း-ပြင် ဝေး-နီး၊ နယ်သီး ရှက်ဆိုင်၊ ခရိုင် တိုင်းပြည်၊ အတည်တည်နှင့်၊ ပတ်လည်ဒေသ၊ မြို့ပြ ရွာကျေး၊ မျက်နှာရေးကို၊ မှန် ကြေးမုံ+ပြင်၊ နေ့တိုင်း တင်သို့၊ *သံ+ပျင် မကျန်၊ *ကလန် မကြွင်း၊ စုသင်း မှုကိုင်၊ မြေတိုင် တောခေါင်း၊ အပေါင်း ထိုမျှ၊ စစ ကုန်စင်၊ များ*ပုံယင်နှိုက်၊ ဆင်ခြင် မပေါ့၊ မမေ့လျော့နှင့်၊ မြဲးလော့ အစဉ်၊ ယှဉ်လော့ အပြီး၊ မငြီး မငွေ့၊ စေ့စေ့ စပ်စပ်၊ မလပ် မျှော်ရှု၊ လုံ့လပြု၍့၊ ပြည်မှု *ကုံအောင်၊ ပြည်ကျိုး ဆောင်က၊ ပြည်ထောင် ပွင့်လင်း၊ မင်းနှင့် ချင်းသည်။။ ငြိမ်းခြင်း လ-ကြယ် ရံ၏့သို့။ (၂၄)

(၃၈၅) ရေးတတ် ရာမြင်၊ ရွှေနန်း ဝင်၍့၊ ရွှေစင် လုံညီ၊ ရွှေကွန်း မှီလျက်၊ ဂုဏ်ဆီ ပြည့်ဝ၊ ထူး ဉာဏကြောင့်၊ ဌာန ဦးတင်၊ မင်းတိုင်ပင်နှင့်၊ သေနင် စိုးအုပ်၊ ဗိုလ်ချုပ် ကြီးမြတ်၊ ဆုံးဖြတ် တရား၊ တံခါးစောင့်မှူး၊ တထူး ကိုယ်ရံ၊ မြဲးမြံ သန်စွမ်း၊ *လက်ပမ်း ဆောင်မြဲး၊ ပွဲးမှူး ရာပြတ်၊ ပညတ် တသီး၊ သူကြီး *ကလန်၊ *သံပျင်*မွန်က၊ တမန် သူလျှို၊ ထိုပြီ့း တခြား၊ *ဟူးရား စာရေး၊ တဆဲ့လေးတည့်၊ နီး-ဝေး တွင်းပြင်၊ မင့်းထံခွင်နှိုက်၊ ထွက်-ဝင် မကင်း၊ ညီလာကျင်း၍့၊ မင်းနှင့်တကွ၊ ပြည်ကိစ္စကို၊ လုံ့လ *ကုံအောင်၊ ရွက်ဆောင် မပြတ်၊ သက်ရှင်တတ်ကြောင့်၊ ပညတ် နာမ၊ ဘိဓာနဖြင့်၊ သဒ္ဒဝေါဟာ၊ နည်းစဉ်လာသည်၊ ပညာ *ကြံသိုင်း၊ မတ်သဇိုင်းတို့။။ မှာတိုင်း မချွတ်၊ စွဲးကုန် မှတ်လော့၊ ''မှူးမတ် မင်းစေ၊ မသရေ၍့၊ ပြည်မွှေ ပြည်နှောက်၊ ဘောက်သောက်လူမျိုး၊ ထူ လွှမ်းမိုးက၊ ပြည်ကျိုး မင်းကျိုး၊ နှစ်မျိုး ပျောက်ကွယ်၊ မာလောနွယ်လျှင်၊ ရစ်တွယ် အုံပြီး၊ သစ်ပင်ကြီးကို၊ တောမီး စပ်လောင်၊ တောလုံး ပြောင်ဟု၊ *သူလှောင် သူပွေ၊ မဘိစေနှင့်၊'' ရှေ့နေ ရှေ့ခံ၊ နှုတ်သံ အတင်း၊ ခုံငြား တင်ချေ၊ ဆင်ခြေ ဆင်လက်၊ တွဲးရှက် ဆိုဟန်၊ မုသားဉာဏ်တည့်၊ မမှန် အရေး၊ ကိုယ်တိုင် ဆေး၍့၊ စစ်မေး မငြီး၊ သက်သေ ကြီးလည်း၊ *မထီး စေရာ၊ *စာနာ စဉ်းစား၊ ခုံမင်း ကြားက၊ အခြား သက်သေ၊ မယှိစေနှင့်၊ မတွေ မလွေ၊ ထုံးနည်း ဘွေ၍့။။ ခွဲးဝေ ဆုံးဖြတ်၊ စံညွှန်းတည်း။ (၂၅)

(၃၈၆) ဆုံးဖြတ် ခွဲးဝေ၊ မတွေလွေနှင့်၊ လွန်လေ ရှေးခါ၊ ပြည်ဗာရာဝယ်၊ ဥစ္စာ*ကြွယ်လေ့၊ သူဌေ့းသမီး၊ ငယ်-ကြီး တကွ၊ ညီ အစ်မသို့၊ မူလထက် ပွား၊ အတိုးအားဖြင့်၊ ခက်ဖျား ညွှန့်ဝေ၊ မစားစေနှင့်၊ မျိုးဆွေ တဝေး၊ တင် မြီကြွေးကြောင့်၊ လုပ်ကျွေး စေပါ၊ ကျွန်ရာ ခိုင်းငြား၊ သူစိမ်းလားသို့၊ တိုးပွား ယူမှု၊ မပြုအပ်ရာ၊ အာနန္ဒာနှင့်၊ ဟင်္သာ ကိုးသောင်း၊ ပျက်စီးကြောင်းကို၊ ထုံးဟောင်း ယူဆ၊ မှတ်ကုန်ကြလော့၊ ထိုမှ တမူ၊ 'တောမြိုင်ငူတွင်၊ သေတူ သေခြင်း၊ နောင်-ညီရင်းတို့၊ ကောင်ချင်း ထပ်ကာ၊ သေတတ်စွာကြောင့်၊ ရင်းချာဟူငြား၊ အူတုံ့ဘွားသည့်၊ သားချင်းတို့မှာ၊ ဥစ္စာ လောဘ၊ မောဟစွမ်းအား၊ ကျားခေါင်းစားသို့၊ တရား ပျက်သေ၊ မမှားစေနှင့်၊'' ''မိဆွေ ဘမျိုး၊ နွယ်ရိုး ပေါက်ဘော်၊ စပ် မတော်လည်း၊ သင့်လျော် တိုးတက်၊ ထံပိုးတွက်မျှ၊ ဘ,ထက် သားကြီး၊ ပြန်ပြန် စီး၍့၊ ကြွေးသီးသီး ကျင်၊ ကြွေးပင် စိုက်က၊ ကြီး လောဘတိုင်း၊ ကြွေးချ မြီပါ၊ ဆိုပမာသို့၊ လိုရာ နိုင်ထက်၊ နှိပ်စက်ဘိထွေ၊ မပွားစေနှင့်၊'' 'လူမွေ လူနှောက်၊ လူချောက် လူဂ†ချား၊ လူလျှပ်ဝါးတို့၊ မခြား သူကောင်း၊ အမူ+ပြောင်းလျက်၊ နှုတ်+ပျောင်း စိတ်ကောက်၊ ရေငတ်မျောက်နှင့်၊ သေသောက်မြေခွေး၊ လိုရုံသွေးသို့၊ ကိုယ်ရေးပြီးကာ၊ ကျင့်တတ်စွာ၏၊'' ''မာယာကာရီ၊ နှုတ်ချိုအီဖြင့်၊ ထိုဤ ဆန်းပြား၊ သာယာဖြားလျက်၊ သံမျှား ဝမ်းထဲး၊ မုသား စွဲး၍့၊ စဉ်းလဲး လျှပ်ပွေ၊ မများစေနှင့်၊ စိတ်နေ မမှန်၊ သူတော့်ဟန်ဖြင့်၊ ကြံဘန် ရူပ၊ ရုပ်ယောင်ပြပြီး၊ နည်းမျှ မြက်မှိုက်၊ ခေါင်းနှိုက် ကပ်တင်၊ ပြစ်ကြီး ထင်လျက်၊ ရွှေစင်ရတနာ၊ တရာကိုမူ၊ ခိုးယူတုံလစ်၊ ရသေ့ညစ်သို့၊ ကောက်ကျစ်မူရာ၊ ပြုတတ်စွာ၏၊ မောဟာဂတိ၊ မှောင်ကြီး ဘိ၍့၊ မသိမှားထွေ၊ မလားစေနှင့်၊'' မီး-ရေ ခဲး-ဆန်၊ အဓိဋ္ဌာန်ဖြင့်၊ လေးတန် ကမ္ဘာ၊ ဆုံးဖြတ်ရာလည်း၊ ယထာဘူတ၊ မဟုတ်လှတည့်၊ မူလ ပဝတ္တ၊ ထာဝရနှင့်၊ ဇင်္ဂမမှု၊ အစုစုကို၊ ခွဲးရှု ယုတ်မြတ်၊ ဆင်ခြင်လတ်၍့၊ ဆုံးဖြတ်သမှု၊ စီရင်ပြုသား၊ ရှေးသူ့ထုံး မျှော်၊ အ*နှုန်း လျော်လော့၊ မဟော်သဓာ၊ အာဒါသမု၊ ဝိဓူ့ နည်းဟောင်း၊ ထိုအပေါင်းကား။။ ကြံကောင်း ကြံမြတ် ကြံမွန်တည်း။ (၂၆)

(၃၈၇) ကြံကောင်း ကြံမြတ်၊ ဉာဏ်ဖြင့် မှတ်၍့၊ ဆုံးဖြတ် ရွေးချယ်၊ ကြီးမှု ငယ်လျက်၊ ငယ်သည့်အမှု၊ ပ,အောင် ပြုလော့၊ ''ဤလူ့ထုံးစံ၊ ခါတရံနှိုက်၊ မကြံမစည်၊ မရည်မစောက်၊ လာရောက် ဆိုင်ထ၊ မှုပြိုင်ကြလျက်၊ ကာကတာလိ၊ ဟူဘိ ထုံး*တီး၊ ပမာပြီးသား၊ ထန်းသီးကြွေကြိုက်၊ ကျီးနင်းလိုက်သို့၊ ခါခိုက်ကြုံထ၊ ဖြစ် ဆုံကြ၏၊'' 'လောကဘွယ်ရာ၊ လူတို့ရွာဝယ်၊ ဓမ္မတာ မဟုတ်၊ ငြင်းမှုတ် မျောက်ငယ်၊ ရေဝယ် ကျောက်ကူး၊ အထူး ထင်ခဲ့၊ သက်သေ*မဲ့၍့၊ ယုံဘွယ့် လက္ခဏာ၊ မယှိပါလည်း၊ ရံခါ မုချ၊ ဖြစ်တုံစွတည့်၊ ရှေးက စဉ်လာ၊ ထင်ရှား မှာရှင့်၊ များစွာ *အစုတ်၊ လူ သမုတ်နှင့်၊ မဟုတ် မကျော်၊ မပုပ်သော်လျှင်၊ မပေါ်စရာ၊ ဆိုရိုးလာရှင့်၊'' ''လူ့ရွာ လူ့ပြည်၊ ထုံးတမည်လည်း၊ မှုသည်တပါး၊ မယှိငြားက၊ စကားထွေလာ၊ မဆို*မာတည့်၊ စာနာ *စေ့ငု၊ ဆင်ခြင်ပြုလော့၊'' စတုဇာတိ၊ အချိ *ပြောထူ၊ တိုင်းပြည်သူအား၊ စိတ်ပူ လက်ညစ်၊ ကြံရည် ညှစ်သို့၊ အပြစ် ရှာရှာ၊ စစ် ပဏ္ဏာနှင့်၊ အရာ မမြင်၊ အနာထင်အောင်၊ မှုဆင် ကျယ်ပွား၊ မချဲ့ငြားလင့်၊ ''နည်းပါး ပညာ၊ မလိမ္မာကို၊ လိမ္မာသူ စား၊ ဆန်းပြား ပညာ၊ လူလိမ္မာကို၊ ဒေဝါ-နတ် စား၊ ယှိတတ်ငြား၏၊ မတရားမူ၊ ကျင့်တတ်သူကို၊ လူ မနှစ်ခြိုက်၊ နတ် မကြိုက်ဘူး၊ မှတ်ပိုက် သေချာ၊ စုံ မျက်နှာဖြင့်၊ ပဏ္ဏာ မထောက်၊ ရှေ့ခွင် မှောက်သို့၊ လာရောက်သော့အား၊ နှစ်ပါး ညီဘိ၊ မှုသည်ယှိမှ၊ ဝိနိစ္ဆယ၊ ပေးထိုက်စွရှင့်၊ *ပက္ခသာ၊ တသက်ညှာဖြင့်၊ မျက်နှာ ကြည့်မှု၊ ပဏ္ဏာ ရှု၍့၊ မပြုစအပ်၊ ဝါး မလျှပ်နှင့်၊ သံညှပ်မယွင်း၊ မျက်ခြေနင်းသို့၊ ငဲ့ခြင်း မယှိ၊ ဂတိ မယှဉ်၊ စိတ် ကင်းကြဉ်သည့်၊ ဝိညာဉ် မ*ဟဲ့၊ သက်*မဲ့အလား၊ ခိုင် တည်ကြားက၊ တရားသူကြီး၊ နတ်စည်တီး၍့။ ။ ကောင်းခြီးပေးလိမ့် သံဝှန်တည်း။'' (၂၇)

(၃၈၈) 'လျှပ်လျှပ် ဝါးဝါး၊ မတည်ကြားဘဲး၊ တိမ်းပါး ယွင်းခွ၊ ဆန္ဒာစသား၊ လောဘ ကပ်ငြိ၊ မောဟဘိက၊ ဂတိ လေးပါး၊ ဤတရားကို၊ ရှောင်ရှား ပယ်*ရှဲး၊ ကြဉ်နိုင်ခဲး၏၊ အမြဲး ထိုကြောင့်၊ သမာ စောင့်လျက်၊ ကျောက်တောင့်လက္ခဏာ၊ ပမာအလား၊ တည်သော့အားဖြင့်၊ လေးပါး ဂတိ၊ စိုးစိ လိုက်ထွေ၊ မငြိစေနှင့်၊'' စေ့ရေ *နှိုင်းရှု၊ သာ့းနှယ် ပြုလျက်၊ ပြည်သူ့ချမ်းသာ၊ ပွားကြောင်း ရှာမှ၊ အဝိနာဘာဝေါ၊ နယောပဒေသ၊ အဝုတ္တသိဒ်၊ နိမိတ် နိမိတ္တဝန်၊ မလွန်နည်းမျိုး၊ ကြောင်း-ကျိုး တကွ၊ သဟ စရဏံ၊ ဆက်ဆံ ပြီးမြဲး၊ မှန်မလွဲးရှင့်၊ *ပြည်ထဲး တိုင်းခြေ၊ မရိစေနှင့်၊ 'လူလေ လူလျှပ်၊ လူကျင့်သွပ်တို့၊ အစွပ် အယိုး၊ လှည့်ပတ်မျိုးဖြင့်၊ မရိုး အလို၊ ငလက်တိုနှင့်၊ ငညိုတို့နည်း၊ တချက်တည်းသို့၊ ပေါင်းစည်း ရောရှက်၊ အပျက် လူမှာ၊ ပြုတတ်စွာ၏၊ မာယာကာရ၊ ဝဉ္စနဖြင့်၊ ထိုမျှ လူမွှေ၊ မယှိစေနှင့်၊'' လက်-ခြေ *ငံငံ၊ ပေါ်လျှံ လျှပ်ဝါး၊ လူပေါ့များက၊ *ချောက်ချား တိုင်းခြေ၊ ပျက်တတ်ချေ၏၊ ပြည်နေ တိုင်းသား၊ *ဗိုလ်လူများကို၊ ဖြားဖြား *ယောင်းယောင်း၊ ဈေးနာရောင်းသို့၊ ပျောင်းပျောင်း *ပျ+ပျ၊ နည်းနာ +ပြ၍့၊ ဆုံးမ သာယာ၊ နူးစေရာ၏၊ ''ပညာ *နှိုက်နှဲး၊ *သူရမ်းဘဲးကို၊ နက်နဲး သိမ်မွေ့၊ သိလေ့ ဟုတ်တိုင်း၊ ရှေး*ကြံသိုင်းတို့၊ ကရိုဏ်း ရွှေဉာဏ်၊ ပြ ဝေဘန်သို့၊ နည်းမှန် စိုက်စိုက်၊ လမ်းရိုးလိုက်လော့၊'' သောင်းတိုက် မဆံ့၊ နတ်ပြည် နှံ့အောင်၊ ခြီးအံ့ ကျော်ကျူး၊ ဂုဏ်ရောင် မြူးလိမ့်။။ ကျေးဇူး မိုးမြင့် တံခွန်တည်း။ (၂၈)

(၃၈၉) ဓမ္မသတ်ကျမ်းလာ၊ မှတ်စရာလည်း၊ ကောင်းစွာမသွေ၊ မှတ်သိစေလော့၊ ရေ-မြေ စိုးရ၊ ဘဝသခင်၊ ပြည်ရှင်ပိုင်နင်း၊ မင်း-မိဖုရား၊ *လျာထား ဥပရာဇ်၊ ညီချစ် ရင်းချာ၊ ရတနာမျက်ဖျော်၊ သားတော် မြေးမြစ်၊ ရွှေရင်နှစ်ကား၊ မင်းစစ်တွင်ခေါ်၊ ပြစ် မမြော်တည့်၊ ဆွေတော် နွယ်သက်၊ မင်းဆက် မင်းစဉ်၊ စပ်လျဉ် ကျင့်မူ၊ သိမှီသူနှင့်၊ *ပြောထူ ဉာဏ၊ ရှေးက *သံပိုဏ်း၊ သမိုင်း မှတ်တင်၊ ရာဝင် *မော်ကွန်း၊ ထီးနန်း ဌုပ္ပတ်၊ တတ်မှတ် သိသူ၊ ကဝိလူက၊ ရာဇူ*သနင်း၊ ပြည့်ရှင်မင်းတို့၊ မကင်း ထံခွင့်၊ တိုင်ပင် မပြတ်၊ ရာထူး မြတ်သား၊ မတ် စစ်သူကြီး၊ ခြားသီး တထွေ၊ စစ်မြေပြင်ထဲး၊ လက်နက် စွဲး၍့၊ ဝင်ခွဲး မှုထမ်း၊ ရဲးစွမ်းသသူ၊ စစ်ကဲးဟူသည်၊ ဤသူ လေးပါး၊ ပိုင်းခြား အရိုး၊ မင်းမျိုး ပညပ်၊ ခေါ်ဆိုအပ်၏၊ မြို့ကွပ် ထောင်မှူး၊ တထူး ထိုမှ၊ တရာ့းသူကြီး၊ တသီး ထိုပြီ၊ စာချီ စာမာ၊ ရွာတွင် အုပ်စီး၊ သူကြီး ပြည်စိုး၊ ကွမ်းဘိုး ခွန်ပိုင်၊ မြေတိုင် တောကဲး၊ မလွဲး မှတ်ယူ၊ မင်းမျိုးဟူလော့၊ လူတွင် မင်းက၊ ဌာန ရာပေး၊ သူဌေး သူကြွယ်၊ ကုန်စယ် သွယ်ပြု၊ လယ်ယာမှုနှင့်၊ များထု ရတနာ၊ ဥစ္စာ ဘောဂ၊ ကြွယ်ဝသူကို၊ သူဌေးဆို၏၊ ထိုမှ ကြွင်းငြား၊ ဆင်းရဲးသားတည့်၊ လေးပါး မျိုးဆွေ၊ ခွဲးဝေ သီးခြား၊ မျိုးနွယ်အားဖြင့်၊ ပြစ်မှား ကာမ၊ စသည်တို့မှာ၊ စီရင်ရာ၏၊ တဖြာ ထိုမှ၊ လူ့လောကနှိုက်၊ သီလ ယှိသူ၊ ငယ်ရွယ်သူနှင့်၊ အိုသူ ဇရာ၊ သူနာ တဦး၊ သူရူး တမျိုး၊ မင်းစိုး တပါး၊ သားငါး ရှောင်လစ်၊ ထိုခုနစ်တို့၊ စင်စစ် ပုတ်ခတ်၊ သေတုံလတ်လည်း၊ ကင်းလွတ် တစိ၊ ပြစ် မယှိဟု၊ မနုသိက၊ ဓမ္မကျမ်းလာ၊ မိန့်ခဲ့ မှာရှင့်၊ ပညာကရိုဏ်း၊ စက်ဖြင့် ပိုင်းသို့၊ ချင့်နှိုင်း ယုတ်-ဖြတ်၊ သင့် ဆုံးဖြတ်သည်။။ သွယ်ခတ် ဟိတ်-ဖိုလ် သမ္ဗန်တည်း။ (၂၉)

(၃၉၀) လောကီ ဓမ္မတာ၊ လူတို့မှာတိ၊ စဉ်လာတရား၊ ဖျက် မမှားလင့်၊ 'သားနှင့် အမိ၊ နတ်ရှိ ရွယ်လှ၊ မောင် နှမတိ၊ မွေးဘ သမီး၊ တူ ဦးရီးက၊ မိကြီး မိထွေး၊ ရှောင် မရွေးဘဲး၊ ခွေး-ဝက်*တမျှ၊ အဓမ္မဟု၊ ရာဂ မပွား၊ ညီ့မယားလျှင်၊ လပ်အားပစေ၊ နောင် မနေရာ၊ သညာမခွ၊ ချွေးမ နှမ၊ သမီးမျှဖြင့်၊ စိတ်က မှတ်သား၊ နောင့်မယားလည်း၊ လပ်ငြားစေမူ၊ ညီဖြစ်သူတို့၊ မယူအပ်စွ၊ ဆရာ့မယား၊ အမိလားသို့၊ မမှား စိတ်မှာ၊ ရိုသေရာ၏၊ ဓမ္မတာ ဝတ်၊ ကျင့်ချွတ် တိမ်းပါး၊ ညီ့မယားကို၊ နောင့်ဘွား ယူထ၊ နောင့်သက်မျှကို၊ ညီက မရှောင်၊ အိမ်ထောင်ပြုရာ၊ ထိုပြည်ရွာကား၊ ရေစာ ခေါင်းပါး၊ မိုး-လေ ယှားဟု၊ ထင်ရှား ဓမ္မသတ်၊ ကျမ်း ဆိုလတ်၏၊'' ပညတ် ထုံးစံ၊ တရံ မလစ်၊ ကံမြစ်ကြလေ၊ အသရေကို၊ စံရွှေ ကိုယ်လေး၊ ပေး၍့ မရ၊ စောင့်အပ်လှသား၊ ''မိန်းမဖြစ်လျက်၊ ကြောက် မရှက်ဘဲး၊ ကြောင့်မျက်နှာစာ၊ ကြွက်မြူးလာသို့၊ အခါ*မဲ့ငြား၊ တကိုယ်အားဖြင့်၊ ယောက်ျားယှိရာ၊ မိန်းမ လာသော်၊ ကိလေသာစိတ်၊ ယိုဖိတ် စွန်းငြိ၊ ကျူးလွန်မိလည်း၊ မယှိ *ပြစ်ဆာ၊ ကင်းစေရာ၏၊'' မှန်စွာ ထိုပြီ့း၊ လင်ယှိမယား၊ သူအခြားနှင့်၊ ယဉ်ပါးကုန်ကြ၊ ပထမနှိုက်၊ ယောက်ျား ကိုယ့်ဘိုး၊ လျော်ရိုး သုံးဆယ်၊ နှစ်ကြိမ်ဝယ်ကား၊ ဆဲ့ငါးကျပ်သာ၊ သုံးကြိမ်မှာမူ၊ သင်္ချာ ပညပ်၊ ခုနစ်ကျပ်ခွဲး၊ လွန်မြဲး လွန်ဘိ၊ လေးကြိမ် ယှိက၊ ပြည့်ကြီ့းတန်ဆာ၊ မည်လေရာဟု၊ ကျမ်းလာ မှတ်သား၊ လျော် မစားလင့်၊ ''မယား တိရစ္ဆာန်၊ လင် သူ*မွန်တိ၊ သောတာပန်လား၊ မယား သောတာပန်၊ လင် တိရစ္ဆာန်တို့၊ ကျင့်ဟန် မတူ၊ မကောင်းသူမှာ၊ မီးပူ ကျရှောင်း၊ ကောင်းကျင့်သူကား၊ နတ်ပြည်လား၏၊ မယားကို လင်၊ လင်ကို မယား၊ နတ်အလားသို့၊ တရားသဖြင့်၊ ကောင်းစွာ ကျင့်က၊ ငါးဆင့် နတ်ရွာ၊ ဘုံ နိမ္မာဝယ်၊ ချမ်းသာ နှစ်ပါး၊ တူ ခံစားလိမ့်၊ လင်မယား နှစ်၊ အကျင့် ညစ်မူ၊ နစ်ကြ ငရဲး၊ မကွဲး *တဝေး၊ သံပြိုင် ထွေးသည်။။ ငိုကြွေး အော်ကြ ညံတွန်တည်း။'' (၃၀)

(၃၉၁) ဖြတ်ထုံး ဖြတ်ပုံ၊ အလုံးစုံနှိုက်၊ အာဂုံ အာဂါ၊ ခြင်းရာ အသင့်၊ ဉာဏ်ဖြင့် ရှုမော၊ မှုသဘောတည့်၊ ရေမျော ဆယ်ဘိ၊ နှုတ်ဂတိတိုင်း၊ တည်ယှိစေရာ၊ မလွဲးသာဟု၊ ဇလာကနတ်၊ ဒေဝီမြတ်လျှင်၊ ဆုံးဖြတ် ဤသို့၊ တည်စေမျှို့၏၊ ''နတ်တို့ နာမ၊ အမည်သ,သား၊ အဉ္ဇနဒေဝီ၊ ဂမ္ဘီ ဉာဏဝန်၊ မိမြတ်*မွန်လည်း၊ ကျွန်နှင့် သူကောင်း၊ ပေါင်း၍့ ရငြား၊ သမီး-သားတို့၊ နွားမသို့သာ၊ မိနောက်ပါဟု၊ ပညာစက္ခု၊ မျှော်ထောက်ရှု၍့၊ ဓေနုပမာ၊ ဖြတ်ထုံး မှာ၏၊'' အရာ နှိုင်းညှိ၊ ဉာဏ်သတိဖြင့်၊ ဖြန့်ချိ စဉ်းစား၊ စိန့်အလားသို့၊ ပြတ်သား ခွဲးဝေ၊ မချွတ်စေနှင့်၊ မြေကား မိခင်၊ ထန်းပင် အဘ၊ မူလ ရင်း-ဖျား၊ သခွား သွေးပေါင်း၊ ကိုယ်-ခေါင်းအင်္ဂါ၊ အပ္ပဋ္ဌာန၊ ပဋ္ဌာနနှင့်၊ ကြောင်းစ ကြောင်းရင်း၊ မကင်းရာချေ၊ ပုံသေ မှတ်ပြု၊ အမှုဟူထ၊ ဤလောကနှိုက်၊ ဖြစ်က မနည်း၊ အချည်း မလွတ်၊ ဟူသတတ်တည့်၊ ပညတ်စကား၊ အစဉ် ကြား၏၊ ယောက်ျား လူသွပ်၊ ပျားဖွပ် ဆင်ထိန်း၊ လူပြိန်း တောသွား၊ လေးယောက်သားက၊ ရှဉ့်-ဘား ခင်ထိတ်၊ ကူညီဟိတ်ဖြင့်၊ တိတ်တိတ် မနေ၊ မြည်မိချေ၍့၊ ဝင်လေ တရား၊ မလွတ်ငြားဘူး၊ မှတ်သား ပိုက်ကျုံး၊ စီရင်ထုံးလည်း၊ သစ်တုံးတခု၊ ကညာနုသို့၊ ရေးထု သက်သွင်း၊ ဆင်ခြင်း ဝတ်စား၊ လေးဦးသားနှင့်၊ တပါး ထို့ပြင်၊ တပြည်ခွင်က၊ တပင် မင်းသမီး၊ ငှက်ကြီး ချီကာ၊ ရောက်လာလိမ့်သော၊ ဗေဒင် ဟောက၊ မြေကြော ရှုံ့လစ်၊ လေးပစ် ဆယ်ယူ၊ သက်သွင်းသူဟု၊ ထိုလူ ငါးဦး၊ တရားထူးနှိုက်၊ ယှဉ်ပူး ကိုယ်ကြပ်၊ နီးကပ် ဆောင်ထ၊ ရေမှ ဆယ်တင်၊ ဝတ် ဆင်ယင်သည့်၊ အကြင် ယောက်ျား၊ ရပိုင်ငြား၍့၊ မယား ပြုစေ၊ ကြွင်းလေ သူများ၊ ကိုယ်ဘို့ ထားပြီး၊ ဝေစား စုံပြီ၊ တစုစီတည့်၊ ပန်းချီ ပန်းပု၊ ရေးထု လုပ်ကျင်၊ ဗေဒင်လူမျိုး၊ ဆေးဘိုး လက်ခ၊ ဟောတို့မျှနှင့်၊ ဇီဝ ကိုယ်တွင်း၊ သက်သွင်းဆရာ၊ ကိုယ်ဘိုးသာဟု၊ ပညာယှိမြတ်၊ ကဝိမတ်တို့၊ ဆုံးဖြတ်သော့တူ၊ နည်းယူ မှန်လှ၊ ဆုံးဖြတ်ကြလော့၊'' လူက မဆံ့၊ နတ်တိုင် နှံ့၍့၊ ရနံ့ ကြိုင်မျိုး၊ နတ်ပန်းမိုးဖြင့်။။ ကြိုးလိမ့် နတ်ရည် လျှံသွန်းတည်း။ (၃၁)

(၃၉၂) ပုထုဇဉ့်ငြမ်း၊ လူ့ ထုံးတမ်းတိ၊ ချစ်ကျွမ်းဝင်မှု၊ တခုခုဖြင့်၊ သွင်းပြု ပဏ္ဏာ၊ သစ္စာ မှန်းထား၊ ရည်းစားဟူဘိ၊ စောင့်သူယှိသား၊ နတ်ရှိ ရွယ်နှုန်း၊ ငယ်စဉ်တုန်းလျက်၊ *ခင်အုန်းမြောက်ထ၊ ထိုမိန်းမတို့၊ ပြင်ပယောက်ျား၊ သူအခြားနှင့်၊ ပျော်ပါးမိရာ၊ ဆက်ဆံပါသော်၊ မိစ္ဆာစာရ၊ မကင်းကြဘူး၊ ထိုမှ တပါး၊ ပြင်ယောက်ျားတို့၊ ဝင်သွား ပေါက်ရောက်၊ မမြောက် ကာမ၊ ကျစေ မင်းဒဏ်၊ ကျူးလွန်သော့အား၊ မယားခိုးပြစ်၊ လုံး*ဓွန်း ဖြစ်၏၊ စင်စစ် မှတ်ပိုက်၊ ကံလည်း ထိုက်ရှင့်၊ လူနှိုက် တရံ၊ လူ့ထုံးစံဖြင့်၊ မဆံစဖူး၊ လေးဆယ်ကျူးထ၊ မြောင်းတူးကညာ၊ မည်စပါခဲ့၊ လူ့ရွာ ထင်ရှား၊ မင်းယောက်ျားထံ၊ များစွာ ရံ၍့၊ မိဿံ ဝန်း*လျား၊ အစဉ်အားဖြင့်၊ တရားအရိုး၊ မိန်းမမျိုးတို့၊ လင်ခိုးအရာ၊ ကျမ်း မလာလည်း၊ လူမှာ ပိုင်းခြား၊ မယား ယှိကျင်၊ သူ၏့ လင်ကို၊ အကြင် မိန်းမ၊ ယူချေကလျှင်၊ လောကခေါ်ရိုး၊ လင်ခိုးဟူသည်၊ မည်သတတ်ဟု၊ ဓမ္မသတ်ထုံး*တီး၊ အစဉ် ပြီးရှင့်၊ မယားကြီးအား၊ ငါးကျပ် သပြာ၊ ပူဇော်ရာ၏၊ သင်္ချာ ဆင့်ထပ်၊ ဆဲ့ငါးကျပ် တထွေ၊ လျော်စေဟူငြား၊ နားပါး ပုတ်ခြင်း၊ ဆံဆွဲးခြင်းဖြင့်၊ ပြစ်ကင်း သမုတ်၊ တုတ်နှင့် မဆိုင်၊ ကိုယ်တိုင် သက်သက်၊ ခြေ-လက်သာမျှ၊ ပြုပိုင်ကြဟု၊ လောကအစဉ်၊ သမိုက် ယှဉ်၏၊ ပိုက်ယဉ် အထူး၊ လွန်မကျူးအောင်၊ လေးဦး နွယ်ပြား၊ လူအများနှိုက်၊ တရား ညီဖြောင့်၊ ပြည်ကို စောင့်လော့၊ လူနှောင့် လူရှက်၊ ပေါ်မထွက်ဘဲး၊ ငြိမ်သက် စည်*ဖြီး၊ ပျော်မငြီးလျှင်၊ ရန်မီး မဖြုံ၊ ပြည်ကြီး လုံလိမ့်၊ နေရုံ ရိုးရဲး၊ ရွှေစာခဲးကို၊ အမြဲး *ခိုင်ကျည်၊ ကပ်လုံး တည်အောင်၊ ပတ်လည် ခွေရစ်၊ အဆစ်ဆစ်သည်။။ တောင်မြစ် ထပ်ထပ် ရံဟန်တည်း။ (၃၂)

(၃၉၃) မှတ်လော့ တပုံ၊ ခုံသမတ်တို့၊ မပြတ် ကိုယ်နှိုက်၊ တည်ထိုက်စေရာ၊ ကျမ်းလာ မိန့်ဘွင့်၊ မှတ်ကြောင်း ရင့်ပိမ့်၊ အသင့် တတန်၊ ဟုတ်မှန် အမျိုး၊ အကျိုး စပ်ငြား၊ စကား သာယာ၊ မေတ္တာ ရှေးပြု၊ ငါးခု ပဋိညာဉ်၊ အမြဲး ယှဉ်ပြီး၊ ကင်း-ကြဉ် ဂတိ၊ သမာဓိနှင့်၊ ခွင့်ရှိ သွယ်သွယ်၊ မှု ကြီး-ငယ်တို့၊ ဆိုဘွယ် ရောက်က၊ ချင့်ထောက် လွယ်ကူ၊ ကောက်ယူ *ချက်ဖြုတ်၊ နှလုံး နှုတ်ဖြင့်၊ *တံသုတ် ညီညွတ်၊ ဓမ္မဝတ်က၊ လောကဝတ် ရာဇဝတ်၊ ကျွတ်လွတ် ပြတ်ပြေ၊ သေခွေ စီလျည်၊ စက်ပိုင်း*ရည်သို့၊ နန်းစည် ထားမှတ်၊ ရာဇသတ်နှင့်၊ ဓမ္မသတ် ဖြတ်ထုံး၊ လက်သုံး ကိုင်စွဲး၊ မလွဲးစေရ၊ မှန်သင့် ပြလော့၊ အဓမ္မ ပညတ်၊ ပါပသတ်ကား၊ သူမြတ်*တကာ၊ မလိုစွာဘူး၊ စဉ်လာဟူထ၊ ထိုတွင့်မှတည့်၊ လောကအမှတ်၊ ဓမ္မသတ်ထက်၊ ရာဇသတ် ချုပ်စေ၊ ဆိုတုံပေလည်း၊ *ပြစ်ချေ ပါပ၊ ကင်းလွတ်မှရှင့်၊ သပညာဝါ၊ ဝိဇာနေယျ၊ ဉာဏ်ဖြင့် ဆလော့၊ ကမ္မပထ၊ မလွတ်ကမူ၊ ကျလိမ့် ငရဲး၊ အမြဲး မှန်လှ၊ ဧကန္တတည့်၊ 'ဗာလတ+ရ၊ လူ့ပါပတို့၊ မ+ယာ့းမျက်နှာ၊ မသာ သာအောင်၊ လိုရာ လိုက်ထ၊ ကျင့်တတ်စွတည့်၊ မိန်းမစကား၊ နာသော့အားဖြင့်၊ မယား အားရ၊ မိဘကိုပင်၊ မောင်းနှင် ဆွဲးထုတ်၊ ရိုက်ပုတ် မွေ့ယမ်း၊ ငေါက်ငမ်း ခြိမ်းမဲး၊ ညှဉ်းဆဲး သတ်ဖြတ်၊ ပြုကြတတ်၏၊ လူ-နတ်မျိုး ကင်း၊ မီးမှာ သင်းသို့၊ အဖျင်း စင်စစ်၊ ထိုလူညစ်ကား၊ ဖြစ်ထ မလွဲး၊ အပါယ်ထဲးနှိုက်၊ ဆင်းရဲးတွင်းနက်၊ အမြဲး ကျက်၍့၊ မတက် လူ့ရွာ၊ မချမ်းသာဘဲး၊ နတ်မှာ ဝေးဘိ၊ အဝီစိနှင့်၊ ဒုဂ္ဂတိမျှ၊ နစ်မွန်းရလိမ့်၊'' ''လောကစီးပွား၊ တလမ်းသွားသာ၊ မယားစားဘို့၊ သား စားဘို့ဟု၊ ကိုယ့်ဘို့ နောင်ဘေး၊ မတွေး မဆ၊ မိုက် အန္ဓဖြင့်၊ လောဘအလို၊ လိုက်မပိုနှင့်၊ ဤကိုယ် ပျက်ပြား၊ ဘဝလားသော်၊ မယား မပါ၊ သား မပါဘူး၊ ကိုယ့်တာ ကိုယ်ခံ၊ စာရေးတံသို့၊ ကိုယ့်ကံအလျောက်၊ မြေကြီ့းအောက်ဝယ်၊ မီးတောက် ဟုန်းဟုန်း၊ ငရဲး*ဖုန်းနှိုက်၊ ပြေး-ပုန်း မရ၊ မိ-မယ် တ,၍့၊ ဒုက္ခခံမှု၊ ကိုယ်တခုဖြင့်။။ ကိုယ်ပြု ကိုယ်ကျူး ကံလွန်တည်း။'' (၃၃)

(၃၉၄) လောဘ ဒေါသ၊ မောဟအလိုက်၊ ထိုက်-မထိုက်ကို၊ ဉာဏ်နှိုက် မချင့်၊ လိုတိုင်း ကျင့်သား၊ မသင့်မူခြင်း၊ လူ*ခပင်းနှိုက်၊ မင်းနှင့် အမတ်၊ အမြတ် ဥက္ကဋ္ဌ၊ လူ့မိ-ဘတည့်၊ သီဟ ပြကတေ့၊ ခြင်္သေ့အတူ၊ ကျင့်အပ်သူရှင့်၊ မှတ်ယူ ဓမ္မ၊ ယွင်းမခွနှင့်၊ ''မိ-ဘဟူငြား၊ သမီး-သားနှိုက်၊ သနား*မဲ့ရေး၊ ကင်းဝေး ကရုဏာ၊ မထိုက်စွာဘူး၊'' ''ငဲ့ကာ ကိုယ့်ဘို့၊ ဤသို့ မသင့်၊ ထိုသို့ သင့်ဟု၊ နှုတ်ဖြင့် စာစာ၊ တစွာစွာနှင့်၊ ဆရာကတော်၊ မည်ခေါ် မှတ်ပြု၊ အနုသာသိက၊ ဆက်ရက်မသို့၊ သူများကိုသာ၊ စီရင်ကာလျှင်၊ ကိုယ်မှာသော်ကား၊ မကျင့်ငြားဘဲး၊ တရား လက်ယှိ၊ တရားသိတို့၊ ဂတိ လိုက်ထ၊ အပါယ် ကျလိမ့်၊'' ''မီးပြသမား၊ တွင်းကျွံမှားသို့၊ တရားသိလျက်၊ ဂတိလိုက်ကာ၊ မမိုက်ရာဘူး၊ ခန္ဓာ အသက်၊ သေပျက်အရေး၊ သား-သွေး လိုမှု၊ ဂတိပြုလည်း၊ မရှု တရား၊ အမိုက်အားဖြင့်၊ အမှားမျှသာ၊ လိုက် မညှာနှင့်၊'' ''ပညာ သတိ၊ မြဲးဘိ မယို၊ စောင့်သောကိုယ်ဖြင့်၊ သူ့ကို နိစ္စ၊ ချင့် ဆုံးမလော့၊ သည်မျှအခွင့်၊ သည်မျှသင့်ဟု၊ ဉာဏ်ဖြင့် နှိုင်းကာ၊ ပိုင်းအပ်စွာရှင့်၊'' ''လိုရာလူတို့၊ ပညာချို့တိုင်း၊ ကိုယ့်ဘို့အမှု၊ ထင်တိုင်းပြုကို၊ ထိုသူ့ လိုရာ၊ မလိုက်သာဘူး၊ ကရုဏာ ပညာဉ်၊ ယှဉ်၍့ အမြဲး၊ သူ့ထက် ကဲးအောင်၊ ယူစွဲး မချ၊ ကျင့်သုံး မျှလော့၊'' ''ရှေးက တန္တီ၊ ထုံးနှင့်ညီသား၊ ပဝေဏီစစ်၊ ဖြစ်လင့်*ကစား၊ ငှက်နှင့် သားကို၊ သေစား သေစေ၊ စီရင်ထွေကား၊ ကင်းပေ ကရုဏာ၊ တင်းလွန်းစွာခဲ့၊ *မရေရာလွန်း၊ ပြစ်စွန်း မလွတ်၊ ဖြစ်သတတ်ကြောင့်၊ သူမြတ် သူ*မွန်၊ ဉာဏဝန်တို့၊ အလွန် စိတ်နှိုက်၊ မခြီးထိုက်ဘူး၊ မှုလိုက် လောက၊ လျော်တုံစွလည်း၊ ဓမ္မ လွန်ကျူး၊ ပြစ်ဝန် ကူး၍့။။ စူးလိမ့် ပါပလှံချွန်တည်း။'' (၃၄)

(၃၉၅) အထိုက် အထိုက်၊ မှုအလိုက်တိ၊ နှိုက်နှိုက် *နှဲးနှဲး၊ ကြံနက်နဲးပြီး၊ ဝေခွဲး စဉ်းစား၊ ခိုးတရားနှိုက်၊ ပိုင်းခြား ပရိစ္ဆိန်၊ ဉာဏ်ပညိန်ဖြင့်၊ ဖြစ်ချိန် ဖြစ်ရာ၊ တန်းဘိုးပါနှင့်၊ ဥစ္စာ ဟောင်း-သစ်၊ စိစစ် ထုံးစံ၊ *ကုံ*လောက်ငံအောင်၊ ကာလံ ဒေသံ၊ အဂ္ဃံ ဓန၊ နည်းပြ စဉ်လာ၊ မဟာပဒေသ လေးပါး၊ သတိထားလော့၊ တရားဥပဒေ၊ မြစ် ခက်ဝေလျက်၊ အသေ အရှင်၊ လူတွင် ခေါ်ရိုး၊ ထီးကျိုး စည်ပေါက်၊ မင်းလဲး ဘောက်သော်၊ ပ,ပျောက်စေရာ၊ မပျောက်ရာက၊ လယ်ယာ မိုးမြေ၊ အမွေ ခွဲး+တမ်း၊ ညှိ ဝေခြမ်းရှင့်၊ ခံ+ထမ်း ဥစ္စာ၊ ချေးငှားရာလည်း၊ သေချာ လက်ဆုပ်၊ စာရင်း ကုပ်လျက်၊ အချုပ် သက်သေ၊ သဝေ မခြား၊ မြော် ထောက်ထားတည့်၊ ယောက်ျား တဆူ၊ သက်ကြီးလူနှင့်၊ မြတ်သူတို့က၊ ဆုံးမသော့အား၊ ဆဲးဆိုငြားလည်း၊ အမှား ပြစ်ဆာ၊ မယူရာရှင့်၊ ဂုဏ်ဝါ *နုန့်နယ်၊ သူငယ်မိန်းမ၊ ဣတ္ထိယတို့၊ တင်စ ရှေးဖျား၊ ထိုသူများအား၊ တရား ပေါက်လွှတ်၊ ဆဲးရေရွတ်က၊ ဓမ္မသတ်ကျမ်းလာ၊ ပြစ်ပေးရာ၏၊ တဖြာ ထိုမှ၊ သီလယှိသူ၊ ငယ်ရွယ်သူနှင့်၊ အိုသူ ဇရာ၊ သူနာ တဦး၊ သူရူး တမျိုး၊ မင်းစိုး တပါး၊ သား-ငါး ရှောင်လစ်၊ သူခုနစ်တို့၊ သတ်ညှစ် သေဘိ၊ ပြစ် မယှိဟု၊ လောကီ့အလို၊ ဆုံးဖြတ် ဆို၏၊ ထိုထို လျပ်ဝါး၊ စကား *ဖဖ၊ နှုတ်ရွ လျှာရွှင်၊ တငင်ငင်နှင့်၊ သူတင် ငါချေ၊ ဆို ရှေ့နေတို့၊ ဆင်ခြေ ထပ်လု၊ အနု အကြမ်း၊ မိရာ ဖမ်း၍့၊ လက်ပမ်း လက်ဝှေ့၊ လက်ပွေ့သတ်ယောင်၊ တဘောင်ဘောင်နှင့်၊ တိမ်းရှောင် ပတ်ရစ်၊ ကြက်ကောင်း ပစ်သို့၊ အဆစ် မြင်တိုင်း၊ မှုတွင် လှိုင်း၏၊ ချင့်နှိုင်း ရင့်-နု၊ အမှု ကျယ်ချဲ့၊ *တွယ်ငဲ့ ချုပ်ရုပ်၊ တရား ငုပ်၍့၊ ရှုပ်ရပ် ထွေးထွေး၊ ရှေ့နေ သွေးတိုင်း၊ ပုပ်ဆွေး နေ့ရှည်၊ ဆိုင်း မတည်လင့်၊ လုပ်သည် ကိုင်သူ၊ ထိုလူအများ၊ ဆင်းရဲးသားကား၊ လုပ်စား ကိုင်စား၊ သွားလာ မပြီး၊ ချပ်တီး *ချပ်နောင်၊ လျင်ဆောင် ပတ်လည်၊ ရပ်မတည်ဘူး၊ မှုသည် တပါး၊ ရွားစား တဦး၊ အထူး မင်းခန့်၊ ရပ်တန့် ညီမျှ၊ ဆုံးမတတ်သူ၊ နှစ်လူ မှုသည်၊ ခုံတည် ခွင့်ပြု၊ ပြည်သူ့*သနင်း၊ မင်းနှင့် ခြောက်ပါး၊ ထိုသူများတို့၊ ဖြတ်ခြားတုံမြောက်၊ ရှေ့ လေးယောက်မူ၊ ဘောက်သော် ဘောက်စေ၊ နောက် နှစ်ထွေကား၊ သေသေ ရှင်ရှင်၊ မပြင်အပ်စွာ၊ မဘောက်ရာသည်။ ။ ရာဇာ မင်းနှင့် ခံဝန်တည်း။ (၃၅)

(၃၉၆) လောကီ့ ဓမ္မတာ၊ လူတို့ရွာဝယ်၊ လူမှာ လူလိုက်၊ နတ်ပြည်နှိုက်လည်း၊ နတ်ထိုက် နတ်လျောက်၊ မှုရေးရောက်သော်၊ အလျောက် အထား၊ တရား တွေ့ဆိုင်၊ နှစ်ဦး ပြိုင်လျက်၊ ရှုံး-နိုင် ညီမျှ၊ ထိုက်ရာ ပြ၍့၊ ကောက်ရစမြဲး၊ သို့မလွဲးတည့်၊ တောထဲး အုံလျှိုး၊ တောမူဆိုးက၊ တောမျိုး လူစစ်၊ တောဝယ် ဖြစ်၍့၊ သစ်ထစ် ခွံတင်၊ တောတွင် မှတ်စွဲ၊ ပြုကြမြဲးနှင့်၊ မျိုးကွဲး နွယ်ခြား၊ ဇာတိအားဖြင့်၊ ဘုရား နတ်ကိုင်၊ ကျမ်းကိုင် ပန္နက်၊ ကျိန်စာ ယွတ်က၊ နှုတ်မြွက် ဆိုကြား၊ ဟူသည်များနှိုက်၊ တရား မကင်း၊ ပြစ် လွတ်ရှင်းသော်၊ ချင်းတို့ ဓမ္မတာ၊ ကုလာစာရ၊ စာရိတ္တတိုင်း၊ ဘာဝအလိုက်၊ အထိုက် အလျောက်၊ ပြီးမြောက်စေရာ၊ ဘာသာ *နှုန်းပျက်၊ ထုံး မဖျက်လင့်၊ ''အသက်ဆုံးရာ၊ ခန္ဓာ ပျက်ကြောင်း၊ ကျင့်မကောင်းကို၊ အလောင်း သူမြတ်၊ ဗောဓိသတ်တို့၊ ဆုံးဖြတ် ဘယ်ရွေ့၊ မပြုလေ့တည့်၊ သိမ်မွေ့ နည်းနာ၊ သတ္တဝါအား၊ မေတ္တာ ကရု၊ ပညာ ရှု၍့၊ ပြည်သူ့ကိစ္စ၊ ဆောင်ကုန်ကြ၏၊ ရှေးက သူဟောင်း၊ ကျင့်ကောင်း ဥပဒေ၊ လွဲးသွေ မကြိုက်၊ ဂတိ လိုက်၍့၊ အမိုက် သုံးလျက်၊ ထုံး မစွက်လင့်၊ ''ထက်မြက် ဉာဏ်*ဝါ၊ ငါ စွမ်းစွာဟု၊ ထင်ရာ ထင်တိုင်း၊ တောဆင်ရိုင်းသို့၊ ချင့်နှိုင်း မယှိ၊ နှုတ် ခိုက်ထိလျက်၊ *ပစိ ပုတ်ခတ်၊ သူယုတ်-မြတ်အား၊ ကုတ်ကတ် ဆန်းပြား၊ စကား စီးကာ၊ မပြောရာဘူး၊ နှုတ်လျှာ ပေါက်လွှတ်၊ ပြောဆိုတတ်က၊ ပရိသတ်ဝယ်၊ ထိုလူကျယ်ကို၊ ပွဲးလယ် မသွင်း၊ ဝိုင်းပယ်လျှင်းလိမ့်၊'' ''ဖြည်းညှင်း သာယာ၊ စဉ်လာ တန္တိ၊ ဝေါဟာ ယှိတိုင်း၊ ကဝိလက္ခဏာ၊ ပြည့်စုံစွာလျက်၊ ပေါရာဏိက၊ လမ်းရိုးကျအောင်၊ ဝါကျ နိပ္ဖန်၊ ကာရန် ပုဒ်-ဓာတ်၊ သင့် ဆုံးဖြတ်၍့၊ အသတ် နိဂ္ဂဟိတ်၊ အပိတ် အဘွင့်၊ ရစ်-ပင့် ဝိသဇ္ဇနီ၊ ထုံးမှီ စံမှတ်၊ မှန် မချွတ်ဘဲး၊ ဖတ်-ရွတ် ရေးနည်း၊ *နိဿရည်းကို၊ သိပ်သည်းစေလျက်၊ ပထမက်နှင့်၊ ဒုတီယက်မှာ၊ အက္ခရာကြမ်း၊ နားမချမ်းတည့်၊ ခွဲးခြမ်း တဝ၊ တတီယ စတုတ္ထာ၊ ပဉ္စမာမူ၊ အက္ခရာနု၊ ကဏ္ဏသုဟု၊ ရှေးသူ့ မှတ်ပုံ၊ နည်း-အာဂုံလည်း၊ မှတ်ယုံ ဝမ်းဝယ်၊ *တမျဉ်းသွယ်သို့၊ မပယ် မဖျက်၊ ဆောင် လေ့ကျက်ရှင့်၊'' မင်းပျက် မတ်ချွတ်၊ ကျင့်ဝတ် မတည်၊ ယွင်း သွေဖည်က၊ ပြည် မချမ်းသာ၊ ပြည်ကြီး နာလျက်၊ များစွာ ပြည်သူ၊ အိုးနှယ် ဆူ၍့၊ *ဗိုလ်လူ ရုတ်ရက်၊ စစ်ကြီး တွက်၏၊ လေးချက် ယုတ်မာ၊ မိစ္ဆာဂတိ၊ မငြိ မကပ်၊ မလျပ် မဝါး၊ မှန်တရားဖြင့်၊ မစား တံစိုး၊ တော်*ဖြောင့် ရိုးလော့၊ လိုဆိုး ပါပ၊ မိုက်မောဟနှင့်၊ လောဘ ပေါက်လွှတ်၊ မှား မချွတ်နှင့်၊ ဓမ္မသတ်တရား၊ ယှိပါငြားလည်း၊ တိမ်းပါး ငဲ့ကွက်၊ လက်ဆောင် ဖျက်ဟု၊ စဉ်ဆက် ဆိုရိုး၊ မြော်စောင့် ကြိုးလော့၊ အမျိုး မျက်နှာ၊ ထိုး ပဏ္ဏာနှင့်၊ မေတ္တာ ယှိ*မဲ့၊ ဂတိ ယွဲ့၍့၊ မငဲ့တုံရှောင်း၊ မှန်လမ်းကြောင်းဖြင့်။။ တိမ်းစောင်း မယှိ ရံဘန်တည်း။ (၃၆)

(၃၉၇) မေတ္တာ တံစိုး၊ အမျိုး မျက်နှာ၊ မညှာ မငဲ့၊ ချိန်၏့ ကဲ့သို့၊ *နှိုင်းရှဲ့*တမျှ၊ ကျင့်ကုန်ကြလော့၊ ရှေးက မနု၊ ရှင်တို့ ပြုသား၊ ပေါင်းစု ထင်ရှား၊ ကျမ်းဂန်များနှင့်၊ ပိုင်းခြား သတ်မှတ်၊ စီရင်တတ်၍့၊ ဆုံးဖြတ်နိုင်မှ၊ ဓမ္မဂုတ္တ၊ ဓမ္မဋ္ဌဟု၊ တရာ့းသူကြီး၊ လူနှိုက် ခြီးလျက်၊ နောက်ပြီး တမလွန်၊ နတ် ခြောက်ဌာန်ဝယ်၊ ဗိမာန် ရွှေဘုံ၊ ရံ-ရွေ စုံနှင့်၊ အာရုံ ငါးသွယ်၊ ကြီးကျယ် တင့်မော၊ စံ ပြန့်*ပြောလိမ့်၊ သို့လော မဟုတ်၊ 'ဂတိ ပြုတ်က၊ ခြုတ်ခြုတ် နိရယ၊ ငရဲး ကျ၍့၊ ပြင်းပြ ပူထွေ၊ ကျိုက်ကျိုက် ဝေလျက်၊ သံတွေ ရဲးရဲး၊ မျို အမြဲးနှင့်၊ သံခဲး တောင်ရှိ၊ မီ့းအတိတို့၊ သက်ယှိအသွင်၊ သံမြေပြင်ထက်၊ အရှင်လတ်လတ်၊ ကျွဲးဆိုး ခတ်သို့၊ မပြတ် နယ်ကြိတ်၊ မည်*ကျိတ်ကျိတ်ဖြင့်၊ ကြောက်ထိတ်ဘွယ်ကြီး၊ ညီးညီး လောင်ရဲး၊ *ဖုန်းငရဲးနှိုက်၊ ဆင်းရဲး ကြီးစွာ၊ ရှည်ကြာ အဟုတ်၊ ခံ ကြမ်းကြုတ်ပြီး၊ ဂိဇ္ဈကုဋ်တောင်၊ ပြိတ္တာ့ဘောင်ဝယ်၊ ကျီးကောင် လင်းတ၊ သိန်း-စွန် စသား၊ ထိုမျှ သဲးသဲး၊ တဝဲးဝဲးနှင့်၊ ဆိတ်ဆွဲး *တစ်လွေး၊ ငိုကြွေး မြည်ကြော်၊ ဟစ်အော်သဖြင့်၊ ကိုယ့်အကျင့်တိုင်း၊ ကိုယ်နှင့် မတန်၊ အဏ္ဍဝန်ကို၊ အလွန် လေးလံ၊ တရံ မချိ၊ ထမ်းဆောင်ဘိ၍့၊ မိမိ ကျောက်သား၊ မိမိ စားလျက်၊ ကြီးမားစွာလှ၊ ပေတဒုက္ခ၊ ခံစားရလိမ့်။။ မိုးဝ ကောင်းကင် ပျံ*ကွန်တည်း။'' (၃၇)

အမစ္စောဝါဒခဏ်း (၃၇)ပိုဒ် ပြီး၏၊

၄။ ဒေဝိယောဝါဒခဏ်း

(၃၉၈) အမစ္စောဝါဒ၊ မည်ရ တွင်မှန်း၊ ဤအခဏ်း၏့၊ အခြန်း *မဲ့သာ၊ မကင်းရာသား၊ အဝိနာဘာဝ၊ နည်း နယဖြင့်၊ ဆောင်ရ နန်းနေ၊ ညာမဟေနှင့်၊ ဒေဝီတို့အား၊ တရား စပ်လျဉ်၊ ကောင်းစွာ ယှဉ်၍့၊ ပိုက်*ယဉ် မိန့်ဟော၊ ဆုံးမ ပြောသား၊ ဒေဝိယောဝါဒ၊ နာမ တရပ်၊ ခဏ်းသီး ထပ်၍့။။ ဆိုအပ် ဆိုဘွယ်၊ *နှီးနွယ် ချိုပျံ့၊ ဆိုဦးအံ့တည်း။ (၁)

(၃၉၉) ဘဝသာမိ၊ ဗာရဝိသို့၊ လောကီ့ ထွတ်ချာ၊ နေနွယ်လာ၍့၊ မဟာပရဘူ၊ တန်းခိုးဆူသည့်၊ ပြည်သူတို့ ဘ၊ ဘုန်း ပပနှင့်၊ မဃဒေဝေါ်၊ လောင်းမင်းကျော်လည်း၊ မှူးတော် မတ်ပေါင်း၊ ရံ သိန်း-သောင်းအား၊ ကျိုး-ကြောင်း ပြသ၊ ဩဝါဒဖြင့်၊ ဆုံးမတုံပြီး၊ ထံနီး ရံ-ခ၊ တောင်နန်းမနှင့်၊ များလှ *တူပြီ၊ နတ် ရွေညီသို့၊ ဒေဝီတို့ကို၊ ဆုံးမလို၍့၊ သံချို သာဖျား၊ ဤသို့ ကြား၏၊ ခြောက်ပါး အပြစ်၊ မရစ် ဆံလွှာ၊ ငါး ကလျာနှင့်၊ ရုပ်ဝါ ဆင်းပြင်၊ နတ်အသွင်တို့၊ လင်ကို မြင်က၊ အလျင် ထလျက်၊ နောက်မှ အိပ်မှု၊ မေးပြု လိုလိုက်၊ စရိုက် ချစ်ဘွယ်၊ သူ့ဝယ် ဆက်ဆံ၊ နှုတ်သံ ချိုမြေ့၊ ပြောဆိုလေ့ဖြင့်၊ စုံစေ့ ခြောက်လီ၊ ကျင့်ရေးညီသည်၊ ဒေဝီတဘော်၊ ဆောင်နန်းပျော်တို့။။ သက်တော် နှစ်ပေါင်း၊ ငါ မင်းကောင်းလျှင်၊ ရှစ်သောင်း သုံးပြန်၊ ရွယ်တော် လွန်ခဲ့၊ ဝေယန် ဆန်းတင့်၊ ရွှေနန်းမြင့်ထက်၊ ငါနှင့် မယ်တို့၊ နတ်သို့*တမျှ၊ စံပျော်ကြသား၊ ကာလ *တောင်တာ၊ မနည်း ကြာပြီ၊ ''ပညာရှိသူ၊ လူဟူသည်ကား၊ တရားကိစ္စ၊ မယှိကြဘဲး၊ လောကရေးရာ၊ အားထုတ်ကာလျှင်၊ ရှည်ကြာ နေ့-ည၊ လွန်သမျှကို၊ ကာလအမြတ်၊ ရေ မမှတ်ဘူး၊ ကျင့်ဝတ် *ခိုင်ကျည်၊ ဆောက်တည် မပျက်၊ ထိုသည့်ရက်မှ၊ အသက်ရှင်မြတ်၊ ရေတွက် မှတ်၏၊'' ဆုံးဖြတ် မှန်စွာ၊ ငါ ရာဇာလည်း၊ ဤခါ ဤရွေ့၊ ဤယနေ့ကား၊ ချစ်ငွေ့ မလှုံ၊ ချစ်အာရုံကို၊ လုံးစုံ ပယ်ဖြတ်၊ အဆုံးသတ်လျက်၊ အမြတ် စရိယာ၊ ကျင့်လိုငှာလျှင်၊ 'မဟာဇနက၊ နရိန္ဒနှင့်၊ စူဠသုတ၊ မင်း သောမတို့၊ တကိစ္စပြီး၊ တောဝင်မှီးသို့၊ ဝတ်နှီး ဖန်ရည်၊ မြတ် သုံးထည်နှင့်၊ မလည် တဘန်၊ မပြန် တခေါက်၊ သက်ဆုံးရောက်အောင်၊ မဘောက် သိပ်သည်း၊ သူတော့်နည်းတည့်၊ အ*ရည်းတို့တမ်း၊ ကျောင်း *သင်္ခမ်းနှိုက်၊ ငြိမ်းချမ်း အောင်းခို၊ ဗြဟ္မစိုရ်နှင့်၊ တကိုယ်တော်ချင်း၊ ဘော် ရှောင်ကွင်း၍့၊ သီတင်း မြတ်ဆုံး၊ မြတ်နှလုံးဖြင့်။။ ကျင့်သုံး ဝတ်မူတော့မည်တည်း။'' (၂)

(၄၀၀) 'ဤရုပ်ဆွေး*မို၊ ခန္ဓာကိုယ်ကား၊ အိုတရွေ့ရွေ့၊ မီ့းနှယ် မွေ့၏၊ အငွေ့ မထင်၊ ခိုး မမြင်လည်း၊ ရုပ်သွင် ဘောက်ပြား၊ ရေ-သား ကြုံလှီ၊ သွေး-ဆီ မတိုး၊ ဆံဖြူ ညှိုး၍့၊ ဆိုးခဲ့ အရွယ်၊ မတင့်တယ်ပြီ၊ အမယ်တို့ ကိုယ်၊ ငါ၏ ကိုယ်ပင်၊ ပျို-အို နု-ရင့်၊ မဟူသင့်ဘူး၊ သေမင့်းအစာ၊ မှန်ကြစွာ၏၊'' သေချာ မှတ်ပိုက်၊ နားတင် စိုက်တည့်၊ 'လူနှိုက် ကြီးဘိ၊ သား အမိပင်၊ မချိ ကယ်ရေး၊ ကိုယ်လွတ် ပြေးသည့်၊ မီးဘေး ရေဘေး၊ ပြည်ပျက်ဘေးလည်း၊ ဆယ်ရေး တရေး၊ ကယ်နိုင်သေး၏၊ အိုဘေး နာဘေး၊ သေခြင်းဘေးဟု၊ ဤဘေး သုံးပါး၊ လွန် ကြီးမားကား၊ သားနှင့် အမိ၊ ဖြစ်တုံဘိလည်း၊ မျက်စိအောက်တွင်၊ ရင်ခွင် တင်လျက်၊ သက်သက် ရေးပိုင်၊ မကယ်နိုင်ဘူး၊ လက်မှိုင်ချကာ၊ နေရစွာရှင့်၊'' ''နေ့မှာ နေ့ချုပ်၊ ညဉ့်ရုပ် ညဉ့်ပျောက်၊ မိုးသောက် နေဝင်၊ မပါကျင်တည့်၊ အကြင် ရှေးက၊ ဗာရာဏဝယ်၊ ဥဒယဘဒ်၊ ဒေဝီမြတ်အား၊ မိုးနတ် မာဃ၊ ဝါသဝလျှင်၊ ရွှေက ငွေ-ကြေး၊ ဆုတ်လျှော့ ပေး၍့၊ ချစ်ရေး *ရည်ငံ၊ တည စံမျှ၊ သက်နှံ လိုမှု၊ ပဏ္ဏာပြုရှင့်၊'' ဝတ္ထု ထင်ရှား၊ ယှိသည်များကို၊ ကြားကြဖူးတိုင်း၊ ကသိုဏ်း တခု၊ ဆင်ခြင်ပြုလော့၊ ''လူ့အဖြစ်နှိုက်၊ နုမျစ် ငယ်သွေး၊ ရွယ် ကွေးလေးတို့၊ လူရေး လူရာ၊ ဝင်သေးစွာဘဲး၊ လူ့ရွာ နှစ်သိမ့်၊ ပျော်စံငြိမ့်သား၊ စည်းစိမ့်သဘင်၊ မစံခင်တိ၊ မရှင်လတ်မီ၊ သေမင်း ချီ၏၊ ထို-ဤ ပု-ရွ၊ အနိစ္စကို၊ ဒိဋ္ဌ ယခု၊ မျက်မြင် ရှုလော့၊ တန္တု ဆိုမြောက်၊ ကျ ရေပေါက်သို့၊ တဖြောက် ဖျက်ဖျက်၊ နာမ်-ရုပ်သက်တို့၊ ပျောက်ပျက်လွယ်စွ၊ တဒင်္ဂတည့်၊ ရူပနတ်လို၊ ငါတို့ ကိုယ်ကား၊ ပျိုတလဲးလဲး၊ မအိုမြဲးဟု၊ ဝမ်းထဲ စိတ်မှာ၊ မမှတ်ရာဘူး၊ တဏှာ ရွရွ၊ ပမာဒဖြင့်၊ ငယ်က စရိုက်၊ ပျော် မလိုက်နှင့်၊'' အမိုက်ဘုံလေ့၊ အစုံ တွေ့၍့၊ ဆုံမွေ့နေဘိ၊ မေ့ကျန်ယှိကို၊ နှမိ နှမြော၊ လွန်ခဲ့သောဟု၊ မနော စိတ်တွင်၊ ငါ မင်းထင်၏၊ ''ယင်နှင့် အပုပ်၊ မစက်ဆုပ်သို့၊ အမြှုပ် ပွပွ၊ မြင် မလှနှိုက်၊ သူက ငါက၊ မွေ့လျော်ကြ၏၊ ရူပကာယ၊ ဒုဂ္ဂန္ဓနှင့်၊ အသုဘစစ်၊ အလွန် ညစ်လျက်၊ ရွှံ့နှစ် တူဂ†နှုန်း၊ ညွန်နုန်း တူဘိ၊ ရွံစလိဖြင့်၊ ဇာတိ ယုတ်မာ၊ လူ့ခန္ဓာကို၊ ရှေးခါ ငါလျှင်၊ ပြစ် မမြင်ဘူး၊ ခုလျှင် မနှေး၊ ဉာဏ်ရေ ဆေး၍့။။ မိုက်ကြေး ချွတ်ဖြူတော့မည်တည်း။'' (၃)

(၄၀၁) အပ,ကသော်၊ ရှု မလျော်ကို၊ ဆေးလျှော် ရေမိုး၊ သုတ်သင် ချိုး၍့၊ မွှေးမျိုး ထုံကာ၊ ပန်း နံ့သာနှင့်၊ တန်းဆာ ဆင်ယင်၊ ရှုမြင် မပြီး၊ ဖုံးအုပ် *နှီးလျက်၊ ကျင်ကြီး ကျင်ငယ်၊ ရွံဘွယ် ပြည်-သွေး၊ နှပ် တံတွေးက၊ အစေး အညှော်၊ နံစော် ညှီ*ငေါက်၊ *အုန်တအောက်ဖြင့်၊ အပေါက် ကိုးဝ၊ စီးကျ စိုစို၊ မပြတ် ယိုသား၊ ဤကိုယ် ဝဋ်နာ၊ ရုပ်ခန္ဓာနှိုက်၊ အဝိဇ္ဇာ တုံး၊ မောဟ ဖုံး၍့၊ လုံးလုံး ပိတ်ပင်၊ သိ မထင်ရှင့်၊'' ''အကြင် ကြီးစွာ၊ ဝဋ်အိုင်းမာလည်း၊ နာသည် တခြား၊ ယားသည် တပုံ၊ ထုံသည် တကြောင်း၊ ညောင်းသည် တထူး၊ မူးသည် တမူ၊ ပူသည် တရေး၊ ဧးသည် တမျိုး၊ နှိပ်စက် ဆိုး၏၊ ပြုကျိုး မထင်၊ ပြင်ကျိုး မယှိ၊ ခံ မချိဘူး၊ ပူတိကာယ၊ ဒုဂ္ဂန္ဓရှင့်၊'' ''ဒုက္ခ ဆုံပေါင်း၊ ဆိုးတောင်း ညစ်ညှော်၊ အတ္တဘော်ကား၊ ကြော်-လှော် ကြိုင်နံ့၊ လှိုင်-ပျံ့သင်း ချို၊ စား-သောက် မျိုလည်း၊ ဤကိုယ် ဝမ်းခေါင်း၊ တည အောင်းက၊ မကောင်း ရွံဘွယ်၊ မစင်ကြယ်သည်၊ အကယ် စင်စစ်၊ အပုပ် ဖြစ်၏၊ အညစ် *စတေ၊ မသရေတည့်၊ မသေလည်း ပုပ်၊ သေလည်း ပုပ်ရှင့်၊'' ''လူရုပ်မျှသာ၊ မဟုတ်စွာသား၊ နာနာရုပ်ထူး၊ ဘီလူး မြေဘုတ်၊ အမနုဿာ၊ ယက္ခာ ပေတိ၊ ယောနိ လေးထွေ၊ တစ္ဆေ ဥပေက၊ ပိသာစက၊ ဒေဝနွယ်ရိုး၊ ဘုမ္မဇိုဝ်းနှင့်၊ ရုက္ခဇိုဝ်းနတ်၊ စုတေ့လတ်သော်၊ ဥပပတ်ဘုံသား၊ ထက်နတ်များသို့၊ ကိုယ်အားလုံး ပျောက်၊ မီးတောက်သဖွယ်၊ ချုပ် မကွယ်ဘဲး၊ ဒရယ် စိုင်ဆတ်၊ ဖွတ် ပဒတ်က၊ ပေါက်ဖတ် ပိုးနှံ၊ ယုန်-ဖျံ သမင်၊ ပုတ်သင် မြွေဖား၊ မိကျောင်း ငါးနှင့်၊ သားငှက် တိရစ္ဆာန်၊ သဏ္ဌာန် ပြုလုပ်၊ စုတိ ချုပ်၍့၊ ကောင်ပုပ်အနံ့၊ မပျံ့ မသင်း၊ နံဟောင် ပြင်းရှင့်၊ အတွင်း ယုတ်မာ၊ ဤခန္ဓာကား၊ လွန်စွာ ဆိုးညစ်၊ ရွံဘွယ် ဖြစ်၏၊ *ဖျစ်ဖျစ် မြည်ထ၊ နေ့-ည ညှိုးမြန်း၊ အာယု ခန်းလျက်၊ ယက်ကန်း ချည်မျိုး၊ တိုး၍့ ရှေ့ကို၊ ယက်တိုင်းတို့သို့၊ ဤကိုယ်သက်လည်း၊ နေ့-ရက် လွန်တိုင်း၊ မဆိုင်း မ+ချည်း၊ ရွေ့ရွေ့ နည်းခဲ့၊ *ရုတ်+ခြည်း ခုပင်၊ သေမင်း ငင်လိမ့်၊ ကြာတင် ဆိုင်းလင့်၊ နေ မသင့်ဘူး၊'' ''သေမင့်းတမန်၊ ခု အမှန်လျှင်၊ အမြန် စိုက်စိုက်၊ ရောက်လာ ဆိုက်၍့၊ ခေါင်းနှိုက် လူလူ၊ အလံထူသည်၊ ဆံဖြူတချောင်း၊ ထင်ခဲ့ရှောင်းပြီ၊ မနှောင်းစေရာ၊ ကြံ သမ္မာဖြင့်၊ သဒ္ဓါ ဤစိတ်၊ ကွယ် မဆိတ်ခင်၊ အဘိတ္ထရေထ၊ ကလျာဏံ၊ မိန့်သံအရ၊ တရားပြတိုင်း၊ နိက္ခမ္မကြီး၊ ကိစ္စပြီးအောင်၊ *စောဓီး ငါလျှင်၊ နတ်လမ်း ထွင်၍့၊ နတ်ခွင် ရောက်မှု၊ နတ်ရွာဆုကို။။ ယခု ဆွတ်ယူတော့မည်တည်း။ (၄)

(၄၀၂) ဤသို့ နတ်သျှင်၊ လောင်းဗုဒ္ဓင်က၊ ဝန်းကျင် ပတ်ရစ်၊ နတ်စစ်စစ်သို့၊ *ကလျစ် ကလျူ၊ ပေါများ ထူသည့်၊ နန်းသူ ရွေဘော်၊ ရှစ်သောင်းကျော်အား၊ မိန့်တော်ကြားသော်၊ ညာထား အဂ္ဂ၊ မဟေရသား၊ နန်းမ တောင်တင်၊ ကမ္ဗုရှင်လျှင်၊ ဘဝင် ဖိုလှိုက်၊ ရှိဦးတိုက်၍့၊ ထိပ်နှိုက် လက်မြှောက်၊ တင်ကြား လျှောက်၏၊ မိုးအောက် မေဒနီ၊ မြေမဟီထက်၊ လေး ဒီပါလုံး၊ သမုဒ် ဆုံးဖြင့်၊ ပတ်ကုံး ရပ်ရာ၊ တိုက်စကြာနှင့်၊ ဣန္ဒာ ဒေဝိန်၊ စံရာ ချိန်သား၊ တာဝတိန်မြို့၊ မြင်းမိုရ့်ထိပ်တောင်၊ ဘုန်းတော်အောင်သည့်၊ ဘုန်းခေါင် မန္ဓတ်၊ ဘေးတော်နတ်၏့၊ နွယ်မြတ် မြေး-မြစ်၊ မျိုးချင်းဖြစ်၍့၊ ပတ်ရစ် *စုလျား၊ ဗြဟ္မာသားလျက်၊ သိကြား လက်ငင်၊ ရွှေနန်းတင်သည်၊ ဘုရင် နေမျိုး၊ ကျွန့်ဆံထိုး။။ ရှိခိုး လက်ရှက်၊ ထိပ်ဝယ် ရွက်၍့၊ ဆယ်ခက် စုံညီ၊ ငွေပုံချီသို့၊ အဉ္စလီပြု၊ ရိုသေမှုဖြင့်၊ နန်းသူ့ ကြေးမြင်၊ ရွှေဘုံ့ရှင်ကို၊ ဦးတင် ညွတ်ခ၊ ကြောင်းစ ထင်စွာ၊ တင်လျှောက်ပါအံ့၊ ငယ်ခါ ရွယ်သစ်၊ ဆယ်ကျော်နှစ်က၊ ကြင်ချစ် ကျွမ်းဝင်၊ ကျွန့်သခင်ကို၊ ဘယ်တွင် ဆိတ်စာ၊ ခွဲးဘူးပါဘဲး၊ *ကြမ္မာ နတ်စုန်း၊ ဘယ်သို့ မုန်း၍့၊ ဘုန်းဘုန်း ထိပ်တင်၊ နန်းကြီ့းရှင်နှင့်၊ မယ်ခင် နှမ၊ ယခုမှသာ၊ ကွဲးကြကွာသော်၊ လူ့ရွာ မှတ်ရေး၊ ဥစ္စာကြွေးထက်၊ ချစ်ကြွေး တင်ချက်၊ ဆင်းရဲးနက်ဟု၊ စဉ်ဆက် ထိုမျှ၊ ဆိုကုန်ကြသို့၊ ဘဝ မကွယ်၊ ချစ်မပြယ်ဘဲး၊ *မစယ် ခန္ဓာ၊ ရှင်စဉ့်ခါနှိုက်၊ နာနာဘာဝေါ၊ ဝိပ္ပယောဖြင့်၊ လက်တလော ကွေ၊ ကွဲးရထွေကို၊ သက်သေသော်ပင်၊ မြတ်မည်ထင်ခဲ့၊ ရွှေရင်အုံနု၊ မီးပုံစုသို့၊ ကျွမ်းလု သည်းတွင်း၊ လောင် ပူပြင်းသည်။။ ရှင်ခြင်း ဘယ်သို့ မြတ်နိုင်တို့။ (၅)

(၄၀၃) မချို့ လက္ခဏာ၊ အင် ငါးဖြာနှင့်၊ စကြာမင်းကြီး၊ ချစ်မငြီးသည့်၊ သမီးစင်စစ်၊ ဖြစ်လင့်*ကစား၊ မင်းယောက်ျားဟု၊ သက်ထားရတနာ၊ လင်တန်းဆာနှင့်၊ ကင်းကွာတုံထ၊ မဆင်ရက၊ မိန်းမဓမ္မတာ၊ မတင့်ရာခဲ့၊ စဉ်လာကိစ္စ၊ သဘာဝလည်း၊ မိန်းမ ဆံထုံး၊ ယောက်ျား ရုံးအောက်၊ သက်ဆုံး ခိုမှ၊ ချမ်းသာကြ၏၊ ထိုမှတဖြာ၊ 'လူ့ရွာဘဝ၊ ဤလောကနှိုက်၊ မိန်းမတို့မှာ၊ နွယ်ကြာအလား၊ ရေယောက်ျားနှင့်၊ လင်သားမှီရာ၊ ယှိမှသာလျှင်၊ မှန်စွာ တည်ကြား၊ ခိုင် စီးပွား၍့၊ ထင်ရှား ထွန်းပ၊ တင့်တယ်ကြ၏၊ မှန်လှ ထိုကြောင့်၊ ရှေး *ယခေါင့်က၊ မောင်ကောင့် နှမ၊ အရှိန်ရလျက်၊ ဘ,ကောင့်း သမီး၊ အရှိန်ကြီးရုံ၊ ဗူးသီး စင်ခံ၊ ထုံးစံစကား၊ အစဉ် ကြား၏၊ ဘုရားရှင်ရင်း၊ အလောင်းမင်းနှင့်၊ ကွာ ကင်းကုန်ကြ၊ ကျွန်တော်မတို့၊ ဘဝ လူဝယ်၊ ဘယ် တင့်တယ်လိမ့်၊ ညှိုးငယ် နွမ်းလျ၊ မုဆိုးမဟု၊ ဒုက္ခ ကြီးစွာ၊ သေကြရာရှင့်၊ မီးမှာ ခိုးကင်း၊ မင်း*မဲ့တိုင်းပြည်၊ ဟူတုံသည်သို့၊ သက်ရှည် ခန္ဓာ၊ နေရပါလည်း၊ ဂုဏ်*ဝါ အကျိုး၊ ဘယ်ယှိနိုးအံ့၊ ဘုန်းစိုး ထိပ်ချာ၊ ကင်းခဲ့ ကွာက၊ ရွှေကြာ နေသင့်၊ လန်း မပွင့်သို့၊ ဘုံမြင့် နန်းပေါ်၊ ဘယ်သို့ ဖျော်၍့၊ ပျော်နိုင်အံ့နည်း၊'' အသည်းကပင်၊ ဆွတ်ဆွတ်ကျင်ခဲ့၊ မကြင် မနာ၊ တော ထွက်ခွါလည်း၊ ရုပ်ဝါ မတူ၊ ဆံတော် ဖြူ၍့၊ ငယ်သူပမာ၊ မတင့်ရာခဲ့၊ ထိုမှာ *မြစ်ခမ်း၊ တဘက်ကမ်းသို့၊ လက်လှမ်းဆန့်ကာ၊ မမှီရာသို့၊ ဇရာ ရောက်ပြီး၊ သေခါနီးမှ၊ တောကြီး ထွက်ပြု၊ သင် ကြည့်ရှုလည်း၊ ရှင်မူ မ*ကုံ၊ ဘယ် ပြည့်စုံလိမ့်၊ သွားပုံ လာပုံ၊ ဝတ်ရုံ မလှ၊ နိက္ခမ္မဟု၊ ဆိုကြစရာ၊ ''ရှေးသော့ခါဝယ်၊ မဟာဇနက၊ မင်းသုတသို့၊ နန်းက ဆင်းမှု၊ တောထွက်ပြုမှ၊ ကြီးထု ချမ်းသာ၊ ထက်ရွာ နတ်ပြည်၊ ရောက်ရသည်သာ၊ မဟုတ်ပါဘူး၊ အဉ္ဇနာဂိရိ၊ *ပြောင်ကြီ့း*သနင်း၊ မင်း ကောရဗ္ဗ၊ ရောရုဝနှင့်၊ သာဓိနရာဇာ၊ မင်း*တကာလည်း၊ လှူ,ဒါ သီလ၊ မြတ်ပုညကို၊ နန်းက မဆင်း၊ ရွှေဘုံတွင်းနှိုက်၊ မင်းဖြစ် မခွါ၊ ပြုကြပါ၍့၊ နတ်ရွာ နတ်ဌာန်၊ ရောက်ကြဟန်ကို၊ ကျမ်းဂန် ထင်ရှား၊ ယှိပါငြား၏၊'' 'ဘုန်းဖျား မြတ်စွာ၊ ရွေ*တကာကို၊ ပူဆာ လောင်ခြစ်၊ မီးဝယ်ပစ်သို့၊ စင်စစ် မညှာ၊ စွန့်ခဲ့ ခွါသော်၊ များစွာ ကျွန်မ၊ ဆွေး ဒုက္ခနှင့်၊ သောက မကင်း၊ သေရခြင်းဖြင့်။။ ပါယ်တွင်း ဘယ်သို့ လွတ်နိုင်တို့။'' (၆)

(၄၀၄) နတ်မြို့ပမာ၊ ဝတိံသာသို့၊ မိထိလာမည်၊ ဤရွှေပြည်လည်း၊ ဘုန်းစည် ပရမ၊ ကမ္ဘာစက၊ ဝရမန္ဓာတ်၊ ဘေးတော်မြတ်လျှင်၊ တည်မှတ် အစ၊ ဒုတီယနှိုက်၊ နာဂ *စောကျော်၊ ရှင့် ဘေးတော်ပင်၊ *မျှို့ခေါ် မင်္ဂလာ၊ နှစ်ကြိမ် သာအောင်၊ တည်ကာ ထို့နောက်၊ သုံးကြိမ်မြောက်ကား၊ ဘုန်းတောက် တေဇာ၊ နေ့နှယ် ဖြာ၍့၊ သမ္ဘာ ရင့်*ညောင်း၊ ပွင့် ဆုကောင်းနှင့်၊ မြတ်လောင်း ကျိပ်ဝင်၊ ဗျာဒိတ်ဆင်သည့်၊ ဗုဒ္ဓင်္ကုရော်၊ ရှင့်ဘုန်းတော်ဖြင့်၊ လူ့ဘော်ရပ်နှိုက်၊ နှိုင်းစပ် စံရာ၊ မယှိပါအောင်၊ ယူဇနာ ခုနစ်၊ ဝန်းကျင် လှစ်၍့၊ *သရစ် ရွှန်းရွှန်း၊ ဆောင်ဆောင် နန်းနှင့်၊ တင့်ဆန်း သာယာ၊ ဝတိံသာသို့၊ နတ်ရွာ *တရထည်၊ ဘန်ဆင်း တည်ရှင့်၊ ရွှေပြည် အောင်ချာ၊ မိထိလာနှင့်၊ သုံးရာ ကျယ်လှိုင်း၊ ဝိဒေတိုင်းက၊ ပြိုင်းနှိုင်း နေ-လ၊ တသန်းပသို့၊ ထိုမျှ ပြောင်ပြောင်၊ အဆောင်ဆောင်ဖြင့်၊ *ရွှေတောင် ရွှေနန်း၊ ဘုံ *ကြငှန်းပါ၊ ဂဏာန်း တွက်ချ၊ ရေဆ *မကုံ၊ တောင့်နှယ် ပုံလျက်၊ လုံးစုံ များစွာ၊ ရတနာနှင့်၊ စကြာ ဆင်-မြင်း၊ *ဗိုလ်သင်း မှူးမတ်၊ ဝန်းပတ် ရံ-ခ၊ မောင်းမ မိဖုရား၊ အခြားခြားတည့်၊ မပြား *တဝေး၊ ကြယ့်နှယ် ဖွေးမျှ၊ ရင်သွေး မျက်ဖျော်၊ ရွှေနန်းပေါ်ဝယ်၊ သားတော် သမီး၊ အသီးသီးကို၊ *စောဓီး ဘုန်းလူ၊ ငဲ့တော်မူလော့၊ သည်းအူ ကျွန်မ၊ ပြတ်ကြွေရအံ့၊ ဘဝ ပတ္ထနာ၊ ငယ် သစ္စာနှင့်၊ မေတ္တာ တူမျှ၊ ချစ် မဝသား၊ ငယ်က ချစ်ရင်း၊ ငယ့်သက်နှင်းကို။ ။ ချစ်ခြင်း ဘယ်သို့ ဖြတ်နိုင်ဘို့။ (ရ)

(ဤသုံးပိုဒ်ကား 'သောကဋ္ဌာယီဘာဝ ကရုဏာရသ'ကို ပြသတည်း။ ဤသုံးပိုဒ်လည်း 'မြင်းဆက်ခွ' အချီတည်း။)

(၄၀၅) ထိုသို့ နှုတ်လွှတ်၊ ဦးချီ ညွတ်၍့၊ ညာနတ် မဟေ၊ တောင်နန်းနေလျှင်၊ တင်လေသရော်၊ လောင်းမင်းကျော်က၊ သံတော်သာအိန့်၊ ဤသို့ မိန့်၏၊ နှစ်သိန့်း လေးသောင်း၊ မြေပေါင်း တည်ခါ၊ မိုးဗြဟ္မာတို့၊ သက်လာ လတ်လတ်၊ ဥပပတ်ဖြင့်၊ လူဇာတ်ဖြစ်ကြ၊ ကမ္ဘာစက၊ သမ္မတနတ်၊ ဘေးလောင်းမြတ်မှ၊ မပြတ် *အာဟိန်၊ အသမ္ဘိန်ဖြင့်၊ ရွှေသိင်္ဂနိက်၊ ရောင်ဘိတ်လျှပ်လျှပ်၊ နှစ်ပြား စပ်သို့၊ ကြာယပ် ပစ္စူ၊ ငွေရွက်ဖြူနှင့်၊ အတူ မယ်-မောင်၊ ပြည်ကျိုး ဆောင်သည်၊ ညာတောင် စံမြတ်၊ မိ*စောနတ်။။ အမှတ်ရမြောက်၊ ထိုမျှလောက်က၊ ဘုန်းတောက် မဟာ၊ ငါရာဇာနှင့်၊ တောင်ညာ မယ်လှ၊ ဆောင် နန်းမထက်၊ စံကြ မကွာ၊ နှစ်ပေါင်း ကြာပြီ၊ ရံခါ ဘယ်သို့၊ မနှစ်လို့၍့၊ မညှို့*မသုန်၊ မမှုန် မဆန်၊ ပြန်လှန် နှုတ်ကျူး၊ မမိန့်ဖူးတည့်၊ ဂုဏ်ထူး ခြောက်လီ၊ စုံ ပြည့်ညီသည့်၊ *မဟေသီ*သနင်း၊ ဒေဝီမင်းကား၊ အချင်းသနစ်၊ ဇာတိစစ်က၊ နေမြစ် မျိုးချင်း၊ ငါ သည်မင်းနှင့်၊ မောင်ရင်းလည်းဖြစ်၊ *စုလျား ရစ်လျက်၊ သည်းနစ် လိမ်ရှက်၊ ရွှေနန်းခက်သို့၊ ကိုယ်သက် မကြွင်း၊ စုပုံ နှင်း၍့။။ မယ်မင်း ချစ်သည် မဟုတ်လော။ (၈)

(၄၀၆) မဟုတ်လောဟု၊ သဘောအလို၊ ဤအဆိုနှိုက်၊ ထိုထို *ပြောစည်၊ အတည်တည်ဖြင့်၊ ''တိုင်းပြည် နိုင်ငံ၊ အရံ ထီး-နန်း၊ ပြာသာဒ် *ကွန်းနှင့်၊ *ကြငှန်း ရ*ဝေ၊ ရွှေ-ငွေ ရတနာ၊ ဥစ္စာ ခမ်းနား၊ သားမယားကား၊ လေးပါး ပါယ်ရွာ၊ လားကြောင်းသာတည့်၊'' ''ရတနာ ရွှေငွေ၊ လယ်မြေ ဝတ္ထု၊ စုစု တွင်း-ပြင်၊ လွန်ချစ်ခင်သည့်၊ လင်နှင့် မယား၊ သားနှင့် သမီး၊ အသီးသီးကို၊ တပ်ပြီး ငဲ့ထွေ၊ စွဲးလမ်း သေသော်၊ မသွေ မှန်စွာ၊ တပ်ရာရာနှိုက်၊ ပြိတ္တာ ပြိတ္တိ၊ ဖြစ်ဘိ မလွဲး၊ ငရဲး တိရစ္ဆာန်၊ တတန်တန်ဖြင့်၊ ဘောက်ပြန် မယှိ၊ ဂတိ ယုတ်မာ၊ မှားကြောင်းသာတည့်၊'' 'ရှေးခါသော်က၊ သူကြွယ်မလျှင်၊ နာထတုံရှောင်း၊ ကြွေးတောင် တောရွာ၊ သား သွားရာသို့၊ တမ်းကာ သေက၊ ခဏ စင်စစ်၊ ခွေးမ ဖြစ်၍့၊ သားချစ် လာရာ၊ လမ်းမှာ မျှော်စား၊ နေရငြား၏၊'' ''မယားနှိုက်ပေ၊ တပ်လျက် သေ၍့၊ မြွေနှင့် ခွေး-နွား၊ ထံပါး ဝဲးရစ်၊ သုံးကြိမ် ဖြစ်ပြီး၊ တဆစ် ထိုမှ၊ လေးကြိမ်ကျသော်၊ မယားဝမ်းခေါင်း၊ ဝင်ကာ အောင်းရှင့်၊'' ''*၄င်းထိုမှ၊ ဗာရာဏဝယ်၊ ဓန ကုဋေ၊ လေးဆယ်တွေကို၊ မြေဝယ် သိုဝှက်၊ ထို*ရမ္မက်ဖြင့်၊ တပ်လျက် သေကြ၊ မြွေ-ကျေးစသား၊ ကြွက်မ ကြွက်ထီး၊ သူဌေးကြီးတို့၊ ဖြစ်ပြီး နေကုန်၊ မဟာဝုန်တွင်၊ အောက်စုန်ဘဝ၊ အပါယ်ကျ၏၊'' ''ထိုမျှ*အထု၊ ဥစ္စာစုကို၊ မဆိုထား လွတ်၊ ကိုယ်ဝတ် ခြုံလွှမ်း၊ ပုဆိုးနွမ်းက၊ သင်္ကန်းမျှနှိုက်၊ လောဘ ဤဟိတ်၊ ငဲ့သည့်စိတ်ကြောင့်၊ ဘုတ်-ပြိတ် သန်းဖြ၊ ဖြစ်ကုန်ကြ၏၊'' ''ပြင်ပဥစ္စာ၊ မဟုတ်စွာသေး၊ အင်္ဂါ အဆင်း၊ ကိုယ့်အတွင်းဝယ်၊ မွေးညှင်း ဆံစု၊ ရုပ်ဝတ္ထုနှိုက်၊ တခုခု တပ်၊ စွဲးကပ် စွန်းငြိ၊ ဇောဝီထိဖြင့်၊ စုတိပုဂ္ဂိုလ်၊ မိမိ ကိုယ်တွင်၊ ထိုထို ပိုးလောက်၊ စားသောက်ပြန်ခါ၊ ဖြစ်တတ်စွာဟု၊ ကျမ်းလာ မုချ၊ ဤသို့ ပြ၏၊'' ''လောဘတရား၊ တဏှာအားဖြင့်၊ အလား မဖြောင့်၊ ဂတိ ထောင့်ခဲ့၊ ထို့ကြောင့် ငါ့ကို၊ ငဲ့ပါဆိုသော်၊ မလို အကျိုး၊ ငရဲးအိုးနှင့်၊ အမျိုး ယုတ်မာ၊ ပါယ် လေးရွာနှိုက်၊ ကျပါစေလို၊ ဆိုလတ်တုံသည်၊ သဘောမည်၏၊'' အရှည် နောင်ရေး၊ ဖြစ်မည့်ဘေးကို၊ မတွေး မဆ၊ ချစ် လောဘနှင့်၊ နန်းမ ဧကီ၊ ဒေဝီသနင်း၊ ငါသည် မင်းကို။။ ပါယ်တွင်း နှစ်သည် မဟုတ်လော။ (၉)

(ဤအပိုဒ်ကား 'စမ္ပါယ်ရှေးချီ နောက်ချ')

(၄၀၇) ရှေးသရော့အခါ၊ ပြည်ကုသာဝယ်၊ မဟာသုဒသ်၊ စကြာနတ်ဘိ၊ ပြာသာဒ် ဓမ္မ၊ ပါသာဒထက်၊ သမဏမှု၊ ရဟန်းပြု၍့၊ စတုဗြဟ္မစိုရ်၊ ပွားရှု *ကြိုသော်၊ ချစ်လို ချစ်တာ၊ ချစ်မူရာနှင့်၊ မဟာသုဘဒ်၊ ဒေဝီမြတ်လျှင်၊ လောကဓာတ်နယ်၊ တတိုက်လယ်နှိုက်၊ ကျွန်းငယ် ကျွန်းကြီး၊ အသီးသီးပါ၊ ညီးညီး ရံဆိုင်း၊ စံ မနှိုင်းအောင်၊ *တံတိုင်း ခုနစ်ထပ်၊ ရောက်စုံ လျှပ်၍့၊ ရတနပ္ပဘာ၊ နေ့-ညဉ့် ဖြာလျက်၊ ကုသာဝတီ၊ အစချီသည့်၊ ပူရီ မြို့ပေါင်း၊ ကျော် ရှစ်သောင်းနှင့်၊ *ပုန်တောင်း စကြာ၊ ရတနာ ခုနစ်ပါး၊ မိဖုရားက၊ သားတော် သမီး၊ စည်းစိမ်ကြီးကို၊ မင်းကြီး ဘုန်းလူ၊ ငဲ့တော်မူဟု၊ ဆယ်ဆူရှိ ကြာ၊ တင်လျှောက်ရာနှိုက်၊ တဏှာဖြစ်ကြောင်း၊ မတင်ကောင်းဘူ့း၊ မယ်နှောင်း ညာထား၊ ငါ မင်းဖျားအား၊ လေးပါး ပါယ်ကို၊ လားစေ ဆိုသို့၊ မလိုစကား၊ ဆိုဘိငြားဟု၊ ပယ်ရှား မြစ်ထာ၊ တားပြီးခါမှ၊ အနိစ္စာ ဝတ သင်္ခါရာ၊ ဤဂါထာဖြင့်၊ သေချာ *စေ့ငု၊ ဟောဘော်ပြုက၊ သာဓု *ခြီးငေါ်၊ ကောင်းခြီး ခေါ်၍့၊ ဘုန်းတော် သမ္ဘာ၊ ကြီးမြတ်စွာသည့်၊ မဟာရာဇ၊ *စောဒေဝ။။ ကျွန်မ မသိ၊ မိုက်မှားဘိ၍့၊ တင်မိ ကျူးလွန်၊ ဤပြစ်ဝန်ကို၊ ဘုန်း*မွန် သည်းညံ၊ ခံတော်မူပါ၊ ယာဉ်စကြာနှင့်၊ ရတနာ သတ္တ၊ ဖျာ့းကျွန်မက၊ များလှ *ဥဿုံ၊ အလုံးစုံကို၊ အာရုံ မပြု၊ မြတ်ရာ ရှုဟု၊ မယ်သုဘဒ္ဒါ၊ တင်လျှောက်ရှာ၏၊ ပမာ ထို့တူ၊ မိနန်းသူလည်း၊ ကြည်ဖြူ မနော၊ သဒ္ဓါဇောနှင့်၊ သဘော လိမ္မာ၊ ဖြစ်ကောင်းစွာခဲ့၊ ဇရာ ရောက်ပြီး၊ သေလုနီးလည်း၊ *အတီး ရှေးခါ၊ မဟာသုဒဿန၊ လောင်း သတ္တသို့၊ သမဏကိစ္စ၊ မြတ်ဓမ္မကို၊ လုံ့လ မကွာ၊ ဘယ် ယုတ်+မာလိမ့်၊ ပ+မာ တဆစ်၊ ''ရေနစ်သူအား၊ ကြင် သနား၍့၊ ဆယ်မှားသော့နှယ်၊ ရေဝယ် စုံးစုံး၊ နှစ်ယောက်လုံး ဆိုင်၊ ပြိုင်၍့ နစ်သို့၊ လင်ချစ် သားချစ်၊ မယားချစ်နှင့်၊ အချစ် မကွဲး၊ သေကြ မြဲးသော်၊ ပါယ်ထဲး လေးရွာ၊ မလွတ်စွာတည့်၊ ငယ်ခါ စင်စစ်၊ မိုက်ရွယ်သစ်က၊ အချစ် တဏှာ၊ ဤသစ္စာကား၊ ပါရမီတရား၊ မဟုတ်ငြားဘူး၊ ကြိုးစား၍့သာ၊ ပယ်အပ်စွာ၏၊ မကွာ မကွေ၊ မသေရဘဲး၊ အတူ မြဲး၍့၊ မကွဲး တစိ၊ ဘယ်မှာ ယှိလိမ့်၊'' လောကီ့ ရိပ်ငြိမ်၊ ဤနန်းအိမ်နှင့်၊ 'စည်းစိမ်ဟူသမျှ၊ သင်္ခါရကား၊ အနိစ္စသာ၊ ဓမ္မတာတည့်၊ ကုသာတွင်မည်၊ လွန်ထူးလည်သည့်၊ နတ်ပြည် *ရိုးရီး၊ ထိုပြည်ကြီးလည်း၊ ပျက်စီး မကြွင်း၊ ကုန်ပျောက် ကင်း၍့။။ ကွယ်ခြင်း ဖြစ်သည် မဟုတ်လော။'' (၁၀)

('ကိုးတွင်းပြည့်ချ' 'သော်တာရောင်')

(၄၀၈) ယင်းသို့ မင်းကျော်၊ အာလုပ် ဘော်၍့၊ သံတော် ထင်စွာ၊ မိန့်သော့ခါနှိုက်၊ တောင်ညာ မိနတ်၊ မဟေမြတ်လည်း၊ သုဘဒ် မဟာ၊ ဒေဝီချာသို့၊ ပညာ သတိ၊ လက်ကိုင် မိ၍့၊ ရယှိသည့်လျောက်၊ ပြန်ကြား လျှောက်၏၊ ဘုန်းတောက် ဝေဖြာ၊ ကြီးတေဇာဖြင့်၊ လက်ျာ ဒီပ၊ သောင်းဌာနထက်၊ လူမျာ့း ထိပ်နင်း၊ မင်း*မင်းတကာ့၊ ခသီရတနာ၊ စူဠာ သျှောင်ဖျား၊ ပတ္တမြားဦးစိုက်၊ မကိုဋ် ညွန့်ဖူး၊ ရောင်မြူး ကွန့်ရာ၊ စုံစကြာနှင့်၊ မဟာနရိန်၊ ဗာရဝိန်သို့၊ *အာဟိန္ဒရာဇ်၊ နေမြစ် နွယ်မျိုး၊ လူ့ထွတ် စိုးလျက်၊ တန်းခိုး စက်ရောင်၊ နေ့ထက် ပြောင်သည့်၊ ဘုန်းခေါင် ဘုန်းဖျား၊ ကျွန့်ထိပ်ထား။။ ရွှေဘွား စက်အောက်၊ စုံလက် မြှောက်၍့၊ မကြောက်ရှက်သာ၊ တင်ချက်မှာကား၊ နရာသဘ၊ နရ ကေတု၊ သက်လုံးစုသည်၊ ဇမ္ဗူ့ ဆီမီး၊ နေညွန့်ထီးအား၊ ဖျက်ဆီးလို့ငှါ၊ မဟုတ်ပါဘူး၊ မဟာဇနက်၊ *စောဘုန်းထက်လျှင်၊ တောထွက်သမှု၊ ရဟန်းပြုသော်၊ သမု မျိုးနွယ်၊ မောင်လယ် နှမ၊ ချစ် မဝကြောင့်၊ အလှ ဧကီ၊ ဒေဝီ ဆွေမိ၊ သီဝလိသည်၊ မချိ စိတ်မှာ၊ လွန် ပူဆာ၍့၊ မကွာရက်ငြား၊ လင် မင်းဖျားအား၊ လျှောက်ထား *ပန်ထွာ၊ တားမြစ်ထာသို့၊ ပမာ ထို့တူ၊ ချစ်အားယူ၍့၊ နန်းသူ ကျွန်မ၊ ဆွေး ပူလှလျက်၊ ဘဝ*သနင်း၊ အလောင်းမင်းအား၊ မောင်ရင်း အစစ်၊ သခင်ဖြစ်၍့၊ အချစ် ပိုကာ၊ တင်မိပါသည်။။ ပြစ်ဆာသင့် မပေးစေသောဝ်။ (၁၁)

(၄၀၉) မိန်းမ *တန်ထွာ၊ ဓမ္မတာဖြင့်၊ တထွာ တညို၊ ရှည်အတိုတိ၊ ရှေ့ကို ရှုမျှော်၊ လျော်-မလျော်ဟု၊ မမြော်တတ်စွာ၊ လိမ္မာ မသည်း၊ ပညာ နည်း၍့၊ *မရည်း ကျွတ်ဆု၊ ကောင်းမှု မလို၊ သဝန်တိုသို့၊ မယ့်ကို ကျွန်မ၊ ဝမ်းက မဆံ့၊ *ဆွတ်ပျံ့ အူ-သည်း၊ လွှမ်းစိတ် *ပည်း၍့၊ *ဟိုက်ကြည်း ပူပင်၊ မိုဃ်းမမြင်မျှ၊ လောင်လင် ဆွေးလှ၊ ကြီးဒုက္ခကြောင့်၊ မောဟ ဖုံးငြား၊ ဘုန်းဘုရားကို၊ ချစ်အား လွန်ဘိ၊ တင်မှားမိ၏၊ နန်းကြီ့း သခင်၊ ကျွန့်းထိပ်တင်သည်၊ ဘွင်တော် မချော၊ သဘောတော် ညို၊ လိုတော် မတွေ့၊ မချမ်းမြေ့က၊ ဘုန်း*ဟေ့ မြတ်စွာ၊ ဆင်ခြင်ကာလျှင်၊ မဟာသုဒဿန၊ စကြာ့*သနင်း၊ အလောင်းမင်းသို့၊ ဝမ်းတွင်း သိမ်မွေ့၊ သာချမ်းမြေ့လျက်၊ မျက်ငွေ့ မလျှံ၊ သည်းတော်ခံပါ့၊ ရွှေသမ္ဗောဓိ၊ ကြံတော်ယှိတိုင်း၊ မြူရှိ ဆံလွှာ၊ ငဲ့တော်ပါနှင့်၊ မဟာသုဘဒ်၊ ဒေဝီမြတ်သို့၊ ညာနတ်ရတနာ၊ တင်လျှောက်ပါ၏၊ ပြည်-ရွာ တိုင်းခန်း၊ ထီးနန်း ရွှေဘုံ၊ အလုံးစုံနှင့်၊ ရွေပုံ များလှ၊ ကျွန်တော်မက၊ စ၍့ မကြွင်း၊ ထို *ခပင်းကို၊ လောင်းမင်း *လျစ်လျူ၊ ရှုတော်မူ၍့၊ အယူ မပြောင်း၊ ငဲ့ မစောင်းဘဲး၊ အလောင်း*တကာ၊ ဓမ္မတာဖြင့်။။ သဒ္ဓါ *ဖင့်မလေးစေသောဝ်။ (၁၂)

(၄၁၀) မဟာသုဒဿန၊ လောင်းသတ္တလျှင်၊ ကာမအာရုံ၊ ရံရွေပုံနှင့်၊ မဆုံ မရှက်၊ ရွှေဘုံထက်၍့၊ ရွှေသက်ဆုံးအောင်၊ လူစော် ရှောင်၍့၊ ကေသျှောင် ပယ်လှည်း၊ ဖန်ရည် စည်းလျက်၊ *အရည်း သမဏ၊ သွင် ရူပနှင့်၊ လေးဝ ဗြဟ္မစိုရ်၊ ဈာန်ကုသိုလ်ကို၊ အလိုတော်တိုင်း၊ မဆိုင်း လွယ်ကာ၊ ပြီးစေစွာ၏၊ မဟာဇနက၊ စသည် ကျော်ကြား၊ ထိုမင်းများကား၊ တောဖျား မြိုင်ရပ်၊ အောင်းခို ကပ်၏၊ ထိပ်ချပ် ရတနာ၊ လောင်းမြတ်စွာလည်း၊ လိုရာ ဆန္ဒ၊ သဘောကျတိုင်း၊ စိတ်က မညှာ၊ ညွတ်တော်ပါလော့၊ မဟာဘိနိက္ခမ္မ၊ မြတ်ကိစ္စကို၊ နှမ နန်းသူ၊ တကွ ကူ၍့၊ သမ္ဗူ မဒ္ဒီ၊ ဒေဝီတို့လို၊ တောမြိုင်ညိုဝယ်၊ ခိုသော် ခိုချင်း၊ ရွှေနန်းတွင်းနှိုက်၊ *သီတင်းသုံးလည်း၊ သုံးချင်း သုံးတူ၊ ဘုန်းလူလူကို၊ ကြည်ဖြူ နှစ်ခြိုက်၊ နောက်တော် လိုက်၍့၊ ထံနှိုက် မကွာ၊ လုပ်ကျွေးပါအံ့။ ။ စကြာ လင့်မနှေးစေသောဝ်။ (၁၃)

(၄၁၁) ဤသို့ ရေးရာ၊ လွန် လိမ္မာသား၊ မဟာပုညဝန်၊ မိန်းမ *မွန်တို့၊ ကျွန်၏့သဘော၊ လင့်မနောကို၊ လိုက်လျော ကျင့်တတ်၊ အမြတ် ခြင်းရာ၊ ဓမ္မတာတိုင်း၊ လက်ျာ စံမြန်း၊ မိညာနန်းက၊ ရှိပန်း ပန်ဆင်၊ လျှောက် ဦးတင်သော်၊ ဘုရင်များ နတ်၊ လောင်းမင်းမြတ်လည်း၊ မိန့်လတ် ကြည်ဖြူ၊ ဤသို့ ဟူ၏၊ မျိုးတူ နွယ်မျှ၊ မကွဲးကြဘဲး၊ နှမအရင်း၊ တဘချင်းဖြင့်၊ ချစ်+ခြင်းလည်း ဆိုင်၊ ဘုန်းချင်း ပြိုင်လျက်၊ မဏ္ဍိုင် ဥက္ကဋ္ဌ၊ ဥကင်္သဝယ်၊ သိကြာ့းနဖူး၊ ရွှေစံဦးနှင့်၊ မကျူး သစ္စာ၊ ဗွေသီဟာထက်၊ ဗြဟ္မာ ရွှေခွန်း၊ ဇေယျာ ညွှန်း၍့၊ ရေသွန်း ညာနေ၊ သာဘိသေဖြင့်၊ တဧကရီ၊ မဟေသီဟု၊ ဒေဝီမျာ့း မင်း၊ အခေါင် နင်းသည့်၊ သက်နှင်းရတနာ၊ နန်းတောင်ညာ။ ။ လိမ္မာ နက်ကိ၊ ခွင့်ရေး သိသား၊ ခင်မိ ဘုန်းလူ၊ တောင်နန်းသူလျှင်၊ အတူမကွာ၊ နောက်တော်ပါ၍့၊ မချာ ငါ့ကို၊ လုပ်ကျွေးလိုဟု၊ တောင်းဆို အခွင့်၊ လျော် မသင့်ဘူ့း၊ *ယခင်ကာလ၊ ရှေး*မဆွက၊ စူဠဗောဓိ၊ လောင်း ဣသိလျှင်၊ ဇာတိ ဗြဟ္မ၊ စရိယကို၊ လူက အတူ၊ သုံးဘက်ဟူသည်၊ အိမ်သူမည်ထ၊ ရသေ့မနှင့်၊ တကွနေသော်၊ ဆယ်နှစ်ကျော်တိုင်၊ စိတ်တော် မချ၊ တကြောင့်ကြကြောင့်၊ ဈာန လက်ကိုင်၊ မရနိုင်ဘူ့း၊ ဘုန်းလှိုင် ဇနက်၊ ဗောဓိခက်လည်း၊ တော်ထွက်သော့ခါ၊ ဒေဝီ ပါ၍့၊ ယုတ်မာ နွယ်ရိုး၊ ကျွန့်အမျိုးလျက်၊ မုဆိုး လုဒ္ဒက၊ သူငယ်မတို့၊ မလှ ကဲ့ရဲ့၊ ပြစ်တင် ဘွဲ့၏၊ အကဲ့ မှန်ဟုတ်၊ ထို့ကြောင့် *မှုတ်လော့၊ မယုတ် စာရ၊ မြတ်ဉာဏနှင့်၊ သိကြာ့းကမ္ဗလာ၊ ကျောက်မွေ့ရာကို၊ ခိုင်မာ ပူ*အတ်၊ တင်းတတ်စေသည့်၊ သူမြတ် ပဏ္ဍိ၊ အကိတ္တိလျှင်၊ ဘဂိနီယ၊ ငယ်နှမဖြင့်၊ မိဘ မခြား၊ အူ*တုံ့ ဘွားလည်း၊ တရား ကျင့်ဆန်း၊ မြတ်ရာ မြန်းသား၊ ရဟန်းဟူက၊ မလျော်စွဟု၊ နှမ ရင်းချာ၊ မာတုဂါကို၊ ဝေးစွာ ကင်းစေ၊ ရှောင်ကွင်း နေသည်။။ သက်သေ ပြက်ပြက် ကွင်းကွင်းတည်း။ (၁၄)

(၄၁၂) ထို့ကြောင့် မှန်စွာ၊ 'ဤလူ့ရွာနှိုက်၊ မာတုဂါမ၊ ဟူသမျှပင်၊ မှန်လှ မုချ၊ ဗြဟ္မစရိယ၊ သီလ မွေ့လျော်၊ ကျင့်မြတ် ပျော်သည့်၊ သူတော်မည်မှန်း၊ ရဟန်းတို့နှင့်၊ မသင့် မမြတ်၊ မလျောက်ပတ်တည့်၊'' အမှတ် တဝ၊ ''လူ့လောကနှိုက်၊ မိန်းမ ယောက်ျား၊ သဘောအားဖြင့်၊ ဆားနှင့် ချဉ်သီး၊ ချိပ်နှင့် မီးသို့၊ *အတီး လူဗိုလ်၊ စွဲးမှတ် ဆို၏၊'' အပျိုတန်မဲ့၊ ပါးမှာ မှဲ့သို့၊ ကဲ့ရဲ့စရာ၊ ငါရာဇလည်း၊ မြတ်*လျာမြန်း၍့၊ ထီး-နန်း စံငြီး၊ စွန့်တပြီးလျက်၊ ဇနီးတူပြီ၊ ဒေဝီ မကွာ၊ နောက်တော် ပါက၊ များစွာ ထိုမျှ၊ ကဲ့ရဲ့ကြလိမ့်၊ မိန်းမ သွားရာ၊ ရန်သူပါခဲ့၊ လက်ျာမဟေ၊ ညာနတ်ဆွေလျှင်၊ မရေမရာ မလျော်စွာဘူး၊ မကွာ ငါ့ကို၊ မလိုက်လိုနှင့်၊ ထိုမှတကြောင်း၊ မိနွဲ့နှောင်းကား၊ ဘုန်းကောင်း *တာစား၊ ဟူသော့အားဖြင့်၊ ဘွားသည့်နေ့က၊ ယခုကျအောင်၊ ကာလ ဤရွေ့၊ သိမ်မွေ့ နန်းပြင်၊ စံစား ရွှင်လျက်၊ *လေးဖင် ဣန္ဒြေ၊ စိမ့်ချေ ငြိမ်သက်၊ ရွှေဘွားညက်ဖြင့်၊ မြေ့ထက် ထွာခန့်၊ တလှမ်း ဆန့်၍့၊ မဖြန့်စဖူး၊ ချမ်းသာကျူး၏၊ ညာမှူး သော်မော်၊ လိုက် မလျော်ဘူး၊ ရွေဘော် ဝန်းလျား၊ ခြွေရံများနှင့်၊ မယ့်သားတော်မြတ်၊ ပြည်လုံးနတ်က၊ မပြတ် လုပ်ကျွေး၊ ပြုစု မွေးလိမ့်၊ ကျင့်ရေး ဓမ္မ၊ ကုသလဖြင့်၊ ဒါန မကင်း၊ *သီတင်း ပဉ္စသီ၊ အဋ္ဌင်္ဂိကို၊ ဒါလီ စိန်ခက်၊ ဆင် ဘယက်သို့၊ နေ့ရက် အစဉ်၊ မြဲးယှဉ် သက်ဆုံး၊ ဆောက်တည် သုံး၍့၊ နှလုံး ချမ်းမြေ့၊ ပျော်စံမွေ့လော့၊ 'ညံ့လေ့ဘာဝ၊ ဣတ္ထိယစစ်၊ မိန်းမဖြစ်၍့၊ ဆိုးညစ် နုပ်သေး၊ သက်မွေး ယုတ်မာ၊ ပြည့်တန်းဆာလျက်၊ ဓမ္မတာ ကျင့်သီး၊ သစ္စာ ပြီး၍့၊ ရေစီး *တံ့*တုံ၊ ရေဟုန် တုံ့ပြန်၊ အညာဆန်၏၊'' နက်ဟန် တဆူ၊ ''စောသမ္ဗူကား၊ နူနာ ပျောက်စေ၊ ကြာဘက်ရေသို့၊ နှုတ်ရွှေ *မွန်စွာ၊ ထက်ဩဇာဖြင့်၊ သစ္စာ ရှိန်ငွေ့၊ ဆေးထက် *တေ့၏၊ စုတေ့ ဤကိုယ်၊ ဆွေးမြည့် အို၍့၊ ပျက်ပြို ဓမ္မတာ၊ ရောက်သော့ခါလည်း၊ ပါယ်ရွာ လေးပါး၊ ပိတ် တံခါးဖြင့်၊ ထက်ဖျား နတ်ရွာ၊ လမ်းပွင့်သာလိမ့်၊ ''သမ္မာစိဏ္ဏ၊ ပုညယှိငြား၊ ထိုသူများကား၊ သိကြား နေရာ၊ ဝတိံသာနှင့်၊ ယာမာ တုသီ၊ နိမ္မာဆီသို့၊ လှမ်းမှီ လိုတိုင်း၊ မဆိုင်း ဧကန်၊ ရောက်မြဲး မှန်သည်။။ စုန်-ဆန် တက်တက် ဆင်း-ဆင်းတည်း။'' (၁၅)

(၄၁၃) 'မိန်းမတကာ၊ ဓမ္မတာဖြင့်၊ အိမ်ရာ ပြုထောင်၊ လူတို့ဘောင်ဝယ်၊ ထိန်ပြောင်ညီးညီး၊ သုံးပုံ မီးတည့်၊ ကြီးလှ ကျေးဇူး၊ နှစ်ဦး မိဘ၊ ကာမအရှင်၊ လင်လည်း တခန်း၊ ရဟန်း ပုဏ္ဏား၊ ရောက်ငြား အထံ၊ လှူခံပုဂ္ဂိုလ်၊ မီး သုံးဖိုကို၊ သိမ်းသို မတတ်၊ ကျင့် ယွင်းချွတ်က၊ မပြတ် ညီးပြောင်၊ နေ့တိုင်း လောင်ရှင့်၊ နောင်လည်း အမြဲး၊ ငရဲးမီးစာ၊ ဖြစ်တတ်စွာ၏၊'' တဖြာ ထိုမှ၊ ''မိန်းမတို့အား၊ များ ယေဘုယျ၊ အပါယ်ကျသည့်၊ ပါပ ယုတ်မာ၊ တရားမှာလည်း၊ သဒ္ဓါ မယှိ၊ ဟိရီ့ မကပ်၊ ဩတ္တပ် ကင်းပ၊ ကောဓ ကြီးစွာ၊ ပညာ *မဲ့ငြား၊ ဤငါးပါးတည့်၊ မှတ်သားသမှု၊ သတိပြုလော့၊ ငါးခု ပထမ၊ ပဉ္စကတွင်၊ ကောဓအရာ၊ ပယ်နုတ်ကာလျှင်၊ ဥပနာဟ၊ ဣဿုကနှင့်၊ မစ္ဆေရဟူဘိ၊ အတိစာရီ၊ ဒုဿီ တခု၊ အပ္ပဿုတ၊ ကုသိ မည်ထုတ်၊ ခုနစ်ပုဒ်ကို၊ တပိုဒ်စီ ထည့်၊ ငါးခု ပြည့်သား၊ ဖြစ်၏့ ရှစ်ဝါ၊ ဒေသနာတည့်၊ သေချာ အနက်၊ ပြန်ဆိုမြွက်က၊ မျက်ထွက် တမျိုး၊ ရန်ညှိုးဘွဲ့မှု၊ ငြူစူ ဝန်တို၊ လင်ကို ကျူးထ၊ သီလ ကင်း*မဲ့၊ မ*ဟဲ့ မြင်-ကြား၊ ပျင်းရိအားဖြင့်၊ ရှစ်ပါး ငါးလီ၊ စတ္တာရီကြောင့်၊ ဣတ္ထီတို့အား၊ ငရဲး များဟု၊ ဘုရား လူ့ဘ၊ သမ္ဗုဒ္ဓတို့၊ ဟောပြ ဝေဘန်၊ မသွေလှန်တည့်၊ ဧကန် မုချ၊ မှန်ကုန်ကြလော့၊'' ထိုမှ ပြန်ထ၊ 'မိန်းမ*တကာ၊ မိကလျာတို့၊ ကောင်းစွာ စိတ်က၊ ကျင့်နိုင်ကြသော်၊ ဒေဝလောကာ၊ နတ် ခြောက်ရွာဝယ်၊ နိမ္မာ ဝသ၊ ဘုံဌာနနှိုက်၊ မနာပကာယိကာ၊ မည် သညာဖြင့်၊ လိုရာ ကြံတိုင်း၊ ပြည့် မဆိုင်းဘဲး၊ သက်ပိုင်း ယှိရွေ့၊ စံသိမ်မွေ့လျက်၊ ချမ်းမြေ့ ရိပ်ငြိမ်၊ *တင်းမတိမ်အောင်၊ စည်းစိမ် ထပ်ရစ်၊ အသစ်သစ်နှင့်၊ နတ်စစ် အထူး၊ သူ့ထက် ကျူး၍့၊ ပျော်မြူး မယ်-မောင်၊ တပြောင်ပြောင်သည်။။ ကိုယ်ရောင် လက်လက် ဝင်းဝင်းတည်း။'' (၁၆)

(၄၁၄) 'အကြင် လူ့ရွာ၊ ရှေးသော့ခါက၊ သဒ္ဓါ မပွား၊ ကောင်းမှု ယှားသည့်၊ နည်းပါး ပုည၊ ထိုမိန်းမတို့၊ ဘဝ ယုတ်မာ၊ မချမ်းသာဘဲး၊ ဂုဏ်*ဝါ မပြိုး၊ သရေ ညှိုး၍့၊ လင်ဆိုးမယား၊ တဘားဘားနှင့်၊ သားဆိုးအမေ၊ တပေပေဟု၊ ဆိုထွေပမာ၊ ရခဲးစွာလျက်၊ မဟာပုညဝန်၊ ဘုန်းယှိ လွန်သား၊ မိ*မွန်တို့သာ၊ ရထိုက်စွာသည့်၊ အင်္ဂါ စုံပေါင်း၊ ထို ငါးကြောင်းကား၊ မိကောင်း ဘရိုး၊ သူမြတ်မျိုးနှိုက်၊ မညှိုး မငယ်၊ တင့်တယ် ရောင်ဆင်း၊ ဖြစ်ရခြင်းက၊ ရွယ်ချင်း ရည်တူ၊ နတ် နှစ်ဆူသို့၊ ကြီးထူ စည်းစိမ်၊ လင်၏့အိမ်သို့၊ ဂုဏ်သိမ် *မလျ၊ ရောက်ရ တတန်၊ ဘေးရန် မယှိ၊ သုခိ ချမ်းသာ၊ နေရစွာနှင့်၊ ပုတ္တာ သားဦး၊ အထူး ဘွားမြင်၊ ထိုဂုဏ်အင်ဖြင့်၊ လင်ကို လွှမ်းမိုး၊ အိမ်လုံး စိုး၍့၊ ဆွေမျိုးမျာ့း လယ်၊ လွန်တင့်တယ်၏၊ ငါးသွယ် အကြောင်း၊ မှတ်တုံရှောင်းလော့၊'' *၄င်း ထိုမှ၊ 'ရူပ ဘောဂါ၊ ဆွေညာ ပုတ္တ၊ သီလဟူငြား၊ မိန်းမအားဟု၊ ငါးပါးမည်ထ၊ ယင်းပဉ္စနှင့်၊ ပြည့်က အမှန်၊ ထိုမိ*မွန်လည်း၊ ကဲးလွန် အိမ်ပိုင်၊ အုပ်စိုးနိုင်၏၊ လက်ကိုင် ဘော်ပြ၊ ငါးဗလတွင်၊ မုချ မမှား၊ ရှေ့ရှေ့အားထက်၊ နောက်အား ကြီးစွာ၊ နောက်မှာ ဆုံးထား၊ သီလအားမူ၊ အားများတို့ထက်၊ ကဲးထက် ထူးချွန်၊ ဆောက် တံခွန်သို့၊ တမလွန်တိုင်၊ စံပြိုင် မယှိ၊ ကြီးမြတ်ဘိ၏၊'' ထိုပြီ့း တသုတ်၊ ကျမ်းလာ ထုတ်က၊ ''မြတ်ယုတ် မျိုးနွယ်၊ ကြီး-ငယ် ဂုဏ်သိမ်၊ စည်စိမ် နည်း-များ၊ နာဖျား ကင်းထူ၊ သက်ဟူ ရှည်-တို၊ ရုပ်ကို ရူပ၊ လှ-မလှက၊ ဉာဏ ယှိ*မဲ့၊ လွန်ထင်ပြဲ့သား၊ တဆဲ့လေးဖြာ၊ ဤခြင်းရာကား၊ ဗြဟ္မာ ဗိဿနိုး၊ နတ်အမျိုးတို့၊ တန်းခိုး ဘန်ဆင်း၊ မဟူလျင်းတည့်၊ *ခပင်း သတ္တဝါ၊ ကံဖြင့်သာလျှင်၊ နာနာကာရ၊ ဖြစ်ကုန်ကြ၏၊'' နှမရတနာ၊ နန်းတောင်ညာလည်း၊ ရွှေသမ္ဘာလှ၊ ဝိသေသဖြင့်၊ ပုညဝတီ၊ နှိုင်း မမှီအောင်၊ ဒေဝီ ဥက္ကဌ်၊ သာလွန် မြတ်၍့၊ နတ်နှယ်*တမျှ၊ ငါးဗလနှင့်၊ စာရ ကဲးလွန်၊ မိန်းမ*မွန်တို့၊ ဂုဏ်တံခွန်ကြီး၊ စိုက်ထူညီးလျက်၊ ခိုင်*ဖြီး စည်းစိမ်၊ လွန်ချမ်းငြိမ်သည်။။ စိုးရိမ် ဆက်ဆက် ကင်းကင်းတည်း။ (၁၇)

(ဤအပိုဒ်ကား 'ပရိဝုတ္တိအလင်္ကာ'ရှိသော ပိုဒ်တည်း။)

(၄၁၅) ရွေနီဖလံ၊ ဝင်းဝင်းလျှံသား၊ မင်းစံ ရတနာ၊ ကျပ်တရာကို၊ ကောင်းစွာ မလွန်၊ ဆေး သုဝဏ်နှင့်၊ ထုံမွှန် စင်စစ်၊ ချက်ကျိုလှစ်၍့၊ ရှစ်ဆဲ့ သုံးကျပ်၊ တရပ် သုံးမူး၊ သုံးရွေး ကျူးအောင်၊ အထူး မီးပေါ်၊ တင်အောင် လှော်က၊ မည်ခေါ် နာမ၊ သုဝဏ္ဏသာရ၊ သမုတ်ကြ၏၊ ထိုမှ တရပ်၊ တကျပ် ယူပြီး၊ အသီး နောက်လျှင်၊ အလေး တင်၍့၊ ဘော်ပင် မှန်စွာ၊ ကျပ်တရာနှင့်၊ ထည့်ကာ ဘက်ကာ၊ ကျိုချက်ခါသော်၊ နာယကာရွှေ၊ ဖြစ်ပြန်လေ၏၊ တထွေ စံမှီ၊ ထိုရွှေနီကို၊ ရာဂီ ငါးပါး၊ ထုံငြား ပြီးမှ၊ လှော်ပြန်ကလျှင်၊ သုဝဏ္ဏရာဂီ၊ ရွှေ့အဆီတည့်၊ ထိုပြီ နောက်နှိုက်၊ နီ-ပြောက် ပတ္တမြား၊ ဘိုးများ နဂ္ဃ၊ ဇီဝရက္ခာ၊ ဂေါမုတ္တာက၊ နီလာ ပုလဲး၊ *သလွဲး ကြေးမျိုး၊ ထုံ၍ ထိုးသော်၊ တန်ခိုး တောက်ပ၊ သုဝဏ္ဏရတ်၊ မည်ခေါ်မှတ်သား၊ ရွှေမြတ်ဖြစ်ငြား၊ ထိုရွေ့အားလျှင်၊ ပြဒါးသေနှင့်၊ ချက်ပြန်လင့်မူ၊ ကြီးမြင့် ရောင်ဝါ၊ မင်းစကြာက၊ မဟာဂန္ဓာရီ၊ ယောဂီရှင်မြတ်၊ ဝိဇ္ဇာနတ်တို့၊ ဣဒ္ဓိပဒ်မျိုး၊ တန်းခိုး ဣစ္ဆာ၊ ကြံတိုင်းပါသား၊ လိုရာ ပေးနိုင်၊ အဆုံးတိုင်လျက်၊ စံပြိုင် မရ၊ မီ့းနှယ် ပ,၍့၊ သုဝဏ္ဏမဏိ၊ မည်ယှိ ထင်ရှား၊ သက်ရှည်ပွားသည့်၊ ပတ္တမြားစစ်၊ တမျိုးဖြစ်သို့၊ မည်းညစ် *မှဲ့ချေ၊ ကိလေ ပါပ၊ ကင်းစေမှတည့်၊ သီလဟူသည်၊ အရင်းတည်လျက်၊ လေးမည် စတုတ်၊ ဈာန် ဝိမုတ်ဖြင့်၊ ဝိသုဒ္ဓိစင်၊ ငါ ဖြစ်ချင်၏၊ သို့လျှင် ထို့ကြောင့်၊ မယ် မမှောင့်နှင့်၊ အနှောင့် အရှက်၊ အဘက် အဘော်၊ မအော် တခွင့်၊ လျော် မသင့်ဘူး၊ အကျင့် ဗြဟ္မ၊ စရိယလည်း၊ မိန်းမဟူသည်၊ ညစ်ကြေးမည်ခဲ့၊ လွန်ကြည် သန့်သက်၊ ရွှေနန်းထက်က၊ မပျက် ဓိဋ္ဌာန်၊ ဘောက်ပြန် မယှိ၊ ဟူမိကနား၊ မဆုတ်ရှားဘဲး၊ ငါးပါး သံသဂ်၊ မရောရှက်အောင်၊ တောထွက်ပြီးခါ၊ ခွါကြီး ခွါ၍့၊ မဟာဘိနိက္ခမ္မ၊ သင်္ကပ္ပဖြင့်၊ မာတင်္ဂကြီး၊ ဘော် ရှောင်မှီးသို့၊ ကိုယ်ထီး အောင်းခို၊ ဗြဟ္မစိုရ်ကို၊ အလိုတော်ပြည့်၊ ပြီးအောင်ဖြည့်ပိမ့်၊ ငါ၏့ နောက်တော်၊ တယောက်တော်မျှ၊ မခေါ် အပို၊ ဘော် မလိုသည်။။ ရွှေကိုယ် သက်သက် ရှင်းရှင်းတည်း။ (၁၈)

ဤသို့လျှင်တိ၊ ဤတွင် သာမော၊ ဒေဝီယောဝါဒ၊ စတုတ္ထသည်၊ ကဏ္ဍ တပုံ၊ ပြီးပြည့်စုံတည်း။
(ဒေဝီယောဝါဒခဏ်း ၁၈-ပိုဒ်) စတုတ္ထပိုင်း ဤတွင် ပြီး၏၊

(ဤစတုတ္ထပိုင်းကြီးနှိုက် ၁-အမစ္စာပုစ္ဆနခဏ်း (၉)ပိုဒ်၊ ၂-ဓမ္မဒေသနာခဏ်း (၂၁)ပိုဒ်၊ ၃-အမစ္စောဝါဒ (၃၇)ပိုဒ်၊ ၄-ဒေဝီယောဝါဒခဏ်း (၁၈)ပိုဒ်၊ ပေါင်း (၈၅)ပိုဒ် ယှိသတည်း။

ပဉ္စမပိုင်း-ဗြဟ္မစရိယခဏ်း
၁-နိက္ခမ္မခဏ်း

(၄၁၆) ဘူမိပါလ၊ ဘူနာထတို့၊ ရာဇာကိစ္စ၊ သဘာဝဖြင့်၊ ပြည့်ဘ ပြည့်မိ၊ ဖြစ်ဘိတုံမျှို့၊ နောင်ရေးဘို့ဟု၊ ဤသို့ လုံးစုံ၊ မှာရေး *ကုံအောင်၊ တလုံ*လဲးလဲး၊ စိတ် ဝေခွဲးလျက်၊ *ပြည့်ထဲး *ပြည်လာ၊ မင်းရာ မင်းရေး၊ ရှုပ်ထွေး များလှ၊ ပြည့်ကိစ္စကို၊ နားဝ ဘန်ဘန်၊ အပြန်ပြန်တည့်၊ ဝါဖန်သော့လား၊ ပိုင်းခြား သေ+ချာ၊ မာတိကာဖြင့်၊ ကြောင်း+ချာ မကြွင်း၊ စီးကာ ကျင်းပြီး၊ လောင်းမင်း မဃ၊ ဒေဝ ဘုန်းဝေ၊ *စောနတ်ဆွေလျှင်၊ စေ့ရေယှိရွေ့၊ မှာထား၍့တိ၊ အောက်မေ့ မသွေ၊ ဆုံးဖြတ်ထွေကာ၊ အဇ္ဇေဝ ကိစ္စံ အာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ၊ ဘဒ္ဒေကရတ်၊ ရှင်တော်မြတ်တို့၊ ဟောမှတ် အလို၊ ''ဤလူ့ကိုယ်နှိုက်၊ ကုသိုလ်*အစုတ်၊ အားထုတ်အပ်စွ၊ ဝီရိယကို၊ ကြံရ အောက်မေ့၊ ချိန် မရွေ့ဘဲး၊ ယနေ့ပင်သာ၊ ပြုအပ်စွာ၏၊ သေခါ သေချိန်၊ ပြက္ခဒိန် ဝေဘန်၊ နက်ဖန် သဘက်၊ သေမည့်ရက်ကို၊ ချိန်းချက် မယှိ၊ ဘယ်သူ သိဟု၊ ဗောဓိဉာဏ်မျိုး၊ မြင်ရိုး ပြကတေ့၊ မှန်*ဓလေ့ကြောင့်၊ ရက်ရွှေ့ *ဖင့်နွှဲး၊ မဝံ့ရဲးသို့၊ *ကျည်နဲး ကျည်နူ၊ မဟူစပါ၊ *ကြံ့ကြာ မဆိုင်း၊ ကြံတော်တိုင်းဖြင့်၊ မလှိုင်း မဝေ့၊ ခါ မရွေ့တည့်၊ ထိုနေ့ပင် ဘက်၊ ရွှေနန်းထက်နှိုက်၊ နန်းဆက်ရတနာ၊ ဥပရာကို၊ နန်းမှာ တင်ရှောင်း၊ *ငံ့ *မညောင်းဘဲး၊ ထီးဆောင်း နန်းစံ၊ နိုင်ငံ စိုးလစ်၊ မင့်းအဖြစ်ကို၊ ကုန်ပစ် စွန့်ကာ၊ မင်္ဂလာ *သန္တေး၊ ရွှေ*သန္ဓေးဖြင့်၊ ဦးဆေး စင်လျော်၊ ပြုပြီးသော်မှ၊ ဆံတော် မုစ္ဆိတ်၊ မြရောင်ဘိတ်ကို၊ ဖြတ်ရိတ် သုတ်သင်၊ သန့်စင် ပယ်လှည်း၊ အံ့ဘွယ်သည်းအောင်၊ ဦးပြည်း သွင်ဆန်း၊ ဖန်ရည်စွန်းသား၊ သင်္ကန်း ဆင်မြောက်၊ မင့်းသွင် ဖျောက်၍့၊ *ခေါက်ခေါက် ရက်ရက်၊ မင်းရုပ် ဖျက်သည်။။ တောထွက် အံ့ဘွယ်သရဲးတည်း။ (၁)

('ဝိမှယဌာယီဘာဝ အဗ္ဘုတရသ'ကို ပြသောပိုဒ်)

(၄၁၇) ကေသမဿုံ၊ ဩဟာရေတွာ၊ ကမ်းလာ ပါဠိ၊ မိန့်ခွန်းယှိတိုင်း၊ ဣသိ တာပသ်၊ ပြုတုံလတ်သား၊ သူမြတ်*တကာ၊ ရှေးဦးစွာနှိုက်၊ ကေသာ မဿု၊ လူ့အသွင်ဖြင့်၊ ဆံပင် မုစ္ဆိတ်၊ ဖြတ် ရိတ်ပယ်ပြီး၊ တသီး နောက်မှ၊ ပေါက်သမျှကို၊ မချ လုံးလုံး၊ ဆံကျစ်ထုံးဖွဲ့၊ သက်ဆုံးတိုင်အောင်၊ ထားကြ ဆောင်၏၊ ဆောင်သည် စင်စစ်၊ ထိုဆံကျစ်လည်း၊ ပျံရစ် မိုးထက်၊ ကောင်းကင်ငှက်ကို၊ ဆက်ဆက် ဖမ်းငှာ၊ မှန်စွာ မချွတ်၊ ကြော့ကွင်းညွတ်ဖြင့်၊ မလွတ်ရဘွယ်၊ ထောင်သော့နှယ်သို့၊ ထိပ်လယ် ဦးဖျား၊ အကွင်းထား၍့၊ ရှစ်ပါး အင်ညီ၊ အဋ္ဌင်္ဂိမဂ်၊ တရားငှက်ကို၊ ဆက်ဆက် ရအောင်၊ ဖြားကြ ထောင်၏၊ တောချောင် ခိုအောင်း၊ သားငှက်ပေါင်းကို၊ ချောင်း၍့ အစာ၊ ခုပ်သော့ခါလျှင်၊ လက်ျာကျမှ၊ စားကြစရိုး၊ အမျိုး လေ့ကျက်၊ မြဲး မပျက်သည့်၊ သစ်နက် ကျင့်*နေ၊ ဥပဒေကို၊ သက်သေ ပြုရှောင်း၊ အကြောင်း *တမျဉ်၊ နိမိတ် ယှဉ်၍့၊ အစဉ် မပြတ်၊ စွဲးမှတ် နှလုံး၊ ကျင့်ထုံး ဖြစ်စေ၊ နည်းယူ ထွေဖြင့်၊ သေသေချာချာ၊ ခွါနှင့်တကွ၊ လှပ ချောပြေ၊ ထိုသားရေကို၊ အခြေမပျက်၊ ပုခုံးထက်နှိုက်၊ ဆောင်လျက် မမှား၊ တရား မဖည်၊ မြဲး ဆောက်တည်လျက်၊ ငါးမည် ကာမာ၊ ကျင့် ယုတ်မာသား၊ တဏှာအကြိုက်၊ လူ့စရိုက်ကို၊ မလိုက် ကင်းအောင်၊ ရှားကြ ရှောင်၏၊ မင်းခေါင် မဃ၊ လောင်းဒေဝလည်း၊ ရှေးက ထုံးယှိ၊ အ*နှုန်း သိ၍့၊ ဣသိပဗ္ဗဇ္ဇ၊ ပြုထရကား၊ ရှေးဖျား ပယ်ရိတ်၊ ဆံ-မုစ္ဆိတ်ဖြင့်၊ သပိတ် သင်္ကန်း၊ ဖန်ရည်စွန်းနှင့်၊ ရဟန်းအသွင်၊ ကိုယ်တော် ဆင်သည်။။ ဖူးမြင် မရောင့်*မရဲးတည်း။ (၂)

(ဝိမှယဌာယီဘာဝ အဗ္ဘုတရသ။)

(၄၁၈) ထိုရော့အခါ၊ နန်းတောင်ညာနှင့်၊ များစွာ ရံ-ခ၊ ဒေဝီစသား၊ မောင်းမ မိဿံ၊ ခြွေရံသီးသီး၊ ဆောင်ကြီး ဆောင်ငယ်၊ တင့်တယ် နတ်တူ၊ နန်းသူ တစု၊ ငယ်နု မျက်ဖျော်၊ သမီးတော်က၊ သားတော် မြေးတော်၊ ဆွေတော် မျိုးမြတ်၊ မှူးတော်မတ်တို့၊ ဆွတ်ဆွတ် ညှိုးချုံး၊ လက်အုပ် ရုံး၍့၊ နန်းလုံး ပြိုမျှ၊ အိုထိပ်စဟု၊ သောက လွန်ကြီး၊ ငို မပြီးနှင့်၊ ပူမီး မကျေ၊ ရှေးထက် ပွေလျက်၊ ကြေကြေကွဲးကွဲး၊ လှိုက်လှိုက် +လှဲးဖြင့်၊ *ထက်+လဲး ထက်လောင့်၊ မဖြောင့် သက်ဖို၊ *ဥဒါဟိုလျှင်၊ ထိုထို ဝန်းပတ်၊ ရှုပ်ယှက်ခတ်တိ၊ အူပြတ် သည်းကြွေ၊ ကမ္ဘာဝေသို့၊ မိုးမြေ မမြင်၊ ဗျာပါ နင်၍့၊ ဘဝင် နစ်မြော၊ ခြောက်တန် ဇောနှင့်၊ ပန်း-မော မချိ၊ သေဘွယ်လိတိ၊ ရင်ဘိ ရင်ဘတ်၊ ထုသတ် ကြွက်ဆူ၊ ဘရဘူဖြင့်၊ မယူဆနိုင်၊ နန်းလုံး အိုင်အောင်၊ ယိမ်းယိုင် ဦးဆောက်၊ လျားမှောက် ဝပ်စင်း၊ နန်းတပျင်းဝယ်၊ အပြင်း အ+ပြ၊ ခွေပျောင်း+ပျလျက်၊ မရ သတိ၊ မသိ မိန်းမူး၊ လိမ့်ကြ လူးသည်။။ ဆံဦး ဖရိုဖရဲးတည်း။ (၃)

('သောကဌာယီဘာဝ ကရုဏာရသ'။။ ဤ ၃-ပိုဒ် 'သော်တာရောင်ချနည်း'။)

(၄၁၉) ဗုဒ္ဓဗီဇ၊ ဘုရာ့းမျိုးစေ့၊ တန်းခိုး ကြွေ့သည့်၊ ဘုန်း *ဟေ့ မြတ်စွာ၊ မဟာဗောဓိ၊ ရာဇိသိလည်း၊ အချိ ထိုမျှ၊ များလှ *ခပင်း၊ ရွှေနန်းတွင်းဝယ်၊ ကြွင်းမဲ့ အကုန်၊ ပြေးသွား ခုန်၍့၊ တုန်တုန် ယင်ယင်၊ ထု ရွှေရင်နှင့်၊ ထွက်-ဝင် မပြတ်၊ ရှုပ်ရှက်ခတ်ဖြင့်၊ မှူးမတ် *ဗိုလ်လူ၊ ရွှေနန်းသူက၊ *ပြော*ထူ ဝန်းလျား၊ သားတော် သမီး၊ ငယ်ကြီး နုမျစ်၊ မြေးတော် မြစ်တို့၊ ကလျစ် *ကလျူ၊ ငို ကျူ+ကျူဖြင့်၊ ပျံ့+ကြူ နှုတ်သံ၊ နန်းလုံး ပျံမျှ၊ ဆူညံ ရုန်းရုန်း၊ ကျွတ်ကျွတ်အုန်းအောင်၊ ဘုန်းဘုန်း ဘုရား၊ တော်ကြီးဖျားဟု၊ *ချောက်ချား ရှုပ်ထွေး၊ ဟစ်ကြွေး လျှောက်တင်၊ ရွှေနန်းပြင်နှင့်၊ မြေပြင် လူလည်း၊ အူ-သည်း ကြွေလု၊ ဗျာပါမှုဖြင့်၊ မြင်ရှု မသာ၊ ခွေကာ ယိမ်းညွတ်၊ သက်ပြတ်မည့်နှယ်၊ သနားဘွယ်လျှင်၊ ပင်လယ် *တံပိုး၊ ကြိုးလတ်သို့ဘိ၊ သို့စဉ်ယှိစဉ်၊ နှမိ နှမြော၊ ရာဇဘောကို၊ ချမျှော ရေဝယ်၊ လျှော်သော့နှယ်သို့၊ မတွယ် ကိုယ်နှိုက်၊ စွန့်ပယ်လိုက်မှ၊ စရိုက် ရုန့်ထူ၊ ကိလေမြူနှင့်၊ ရွာသူတို့အား၊ မထိုက်ငြားဘဲး၊ ဘုရား ပစ္စေကာ၊ ရဟန္တာတို့၊ သမ္မာ မဘောက်၊ *လှံမစောက်နှင့်၊ စဉ်လျှောက် လမ်းမှန်၊ ဘော်ပြ ညွှန်သို့၊ တံခွန်မည်မှတ်၊ ဖန်ရည်စွတ်သား၊ အရဟဒ္ဓဇ၊ ကာသာဝကို၊ လက်က လှမ်းယူ၊ ကိုင်တော်မူ၍့၊ လူနှင့် မနီး၊ တောကြီး လယ်ခေါင်၊ ဟေဝန် *ချောင်ဝယ်၊ တောင် ခုနစ်ကြား၊ ယင်နားရုံမျှ၊ ပြို၍့ကျသို့၊ မြည်ကြ ကျံကျံ၊ ညိုးညိုး ညံဘိ၊ သံကွန်ယက်ချပ်၊ သုံးထပ် အုပ်ဘန်၊ လစ် မကျန်အောင်၊ ကုမ္ဘဏ် တထောင်၊ စွဲးဆောင် လက်နက်၊ ရုံးချင်း ရှက်၍့၊ မပျက် နေ့-ည၊ ရံ စောင့်ရသား၊ ဘန္တရမည်သာ၊ ထူးမြတ်စွာလျှင်၊ မဟာ ဝေဿဝဏ်၊ နတ်*မွန်*သနင်း၊ ပွဲးတော် သွင်းသည့်၊ ပျံ့သင်း ချိုမြတ်၊ နတ်သရက်ကို၊ နှစ်သက် ရွှင်ပျ၊ သုံးဆောင်ရသို့၊ ဗလဝပီတိ၊ ဆီထိ ဝါဂွမ်း၊ စိမ့်ရွမ်း ကာယ၊ သောမနဖြင့်၊ အားရ လွန်စွာ၊ ဖရဏာနှင့်၊ သဒ္ဓါ ကြည်+ယုံ၊ ကိုယ်လုံး ထုံလျက်၊ ဝတ်ရုံ သိုက်မြိုက်၊ ဆင် နှစ်ခြိုက်ပြီး၊ ပရိုဇ် စသည်၊ ခုနစ်မည်ဖြင့်၊ ဘုန်းစည် ဝိဇည်း၊ ရှင်တော်တည်းသား၊ ဝိနည်း လိမ္မာ၊ ထေရ်မဟာသို့၊ ပမာ အတူ၊ သွင်မူ မယွင်း၊ နန်းက ဆင်း၍့၊ ညှင်းညှင်း ကြွကာ၊ ထွက်ခဲ့လာသည်။။ မျက်နှာ ရွှင်ပ ကြည်စိမ်းတည်း။ (၄)

(၄၂၀) ကြည်စိမ်း မျက်နှာ၊ ရွှင်ပစွာနှင့်၊ မဟာပုရိသ၊ လောင်းသတ္တလျှင်၊ ရထာ့း ထမ်းပိုး၊ ရှုရိုး တပြန်၊ မလွန် ချင့်တာ၊ ကြွလှမ်းကာဖြင့်၊ သပြာ ထောင်ထုပ်၊ ချမြှုပ်သော့လား၊ မြေ့အား အားနာ၊ ငှက် ကြိုးကြာသို့၊ *ကျာကျာ ကြွေးဟစ်၊ နန်းလုံး မြစ်လည်း၊ မ*နစ် မလှည့်၊ စောင်း မကြည့်ဘဲး၊ တည့်တည့် မဖည်၊ စူးစူး ရည်၍့၊ *တူးတည် ဖြောင့်စင်း၊ နန်းက ဆင်းပြီး၊ ညှင်းညှင်း သာယာ၊ ထွတ်ခဲ့ လာမှ၊ များစွာ *ပြောထူ၊ ပန်းမျိုးဟူသည်၊ မဉ္ဇူ ပုန်းညက်၊ ကရမက် နှမ်းဆီ၊ သရဘီ ရင်ခတ်၊ ဖက်ဆွတ် ဆတ်သွား၊ အခြားခြားတည့်၊ ထင်ရှား စွယ်တော်၊ ကံ့ကော် သာနိုး၊ နတ်မျိုးသော့လား၊ စကား ဖြူ-ဝါ၊ ဇလတ္တာနှင့်၊ ယင်းမာ သော်က၊ ဒေါန အနန်း၊ နတ်ပန်း သဇင်၊ ဂမုန်းအင်တို့၊ ကုန်စင် ယှိရွေ့၊ စုံစေ့ ရေငှာ၊ မတတ်သာအောင်၊ သန္တာ မြရိုး၊ ညွတ်ညွတ်ဖြိုးမျှ၊ သီးမျိုး ပွင့်စုံ၊ ကြိုင်သင်းထုံလျက်၊ ကင်း-ငုံ *ကိုက်သစ်၊ ဖူး*ပုရစ်နှင့်၊ မြူးယစ် ပန်း+ရက်၊ ဆောင် မပျက်သား၊ တောင်+ယက် ရှုန်းရှုန်း၊ ပျားပိတုန်းလည်း၊ ညုန်းညုန်း မြည်ကာ၊ ဘယ်ခါ မလပ်၊ တုံ့ခပ် ဝဲးပျံ၊ ဒုံမင်းသံသို့၊ မညံ မဆိတ်၊ ညောင်းညောင်း ညိတ်တိ၊ ကရိဝိက် မျိုးနွယ်၊ သံကြွယ် ဥဩ၊ ဘော်စုံ နှောလျက်၊ ကြက်တော သာလိ၊ စယှိ မြူး-ပျော်၊ လာလှည့် ခေါ်သို့၊ တွန်ကြော် အုတ်ကျွတ်၊ ပဲ့တင်နှက်မျှ၊ ကျေးငှက်*တကာ၊ စုံလင်စွာ၍့၊ သာယာ ပျိုနု၊ *ဗိုလ်*အထုတို့၊ မျှော်ရှုလျက်သာ၊ သွားကြရာကြောင့်၊ သဒ္ဒါ မဂဓ၊ ဥပုဗ္ဗနှင့်၊ ဘော်ပြ ဂတျတ်၊ ယာဓာတ် လုံးတည်း၊ ယုပစ္စည်းဖြင့်၊ ဟောနည်း မှန်ဘိ၊ အဓိကရိုဏ်း၊ စိတ္တဂိုဏ်းတည့်၊ လူတိုင်း ပျော်ရာ၊ လွန်သာယာလျက်၊ နံ့သာ ရ+ဂုံ၊ ရှုမ+ကုံအောင်၊ ပန်းစုံ ရောရှက်၊ ထုံ နှော-ဘက်လည်း၊ သရက်ပင်လှ၊ ယေဘုယျဖြင့်၊ အမ္ဗဝန၊ မည်ထူးရသား၊ မဃဒေဝေါ်၊ ဥယျာဉ်တော်နှိုက်၊ ရွေဘော် ပယ်ရှား၊ ကျင့်တရားနှင့်၊ ငါးပါး သံသဂ်၊ မရောရှက်ဘဲး၊ မဆက် မဆံ၊ ကိုယ်တော် စံသည်။။ ဆိတ်ညံ ကိုယ်-စိတ် ဧးငြိမ်းတည်း။ (၅)

(ဤ ၂-ပိုဒ်ကား 'သမဌာယီဘာဝ သန္တရသ'ကို ပြသောပုဒ်။)

(၄၂၁) ဣသိ ရိသိ၊ ပါဠိ သက္ကဋ၊ ဘာသာပြသား၊ နှစ်ပါး အလို၊ ထိုဝေါဟာရ၊ ခေါ်ကြတုံဘိ၊ ပါဌ်အယှိတွင်၊ ပါဠိအမှတ်၊ ဣသဓာတ်ဖြင့်၊ ကျင့်မြတ် မွေ့ညက်၊ တည် ငြိမ်သက်သား၊ သီလက္ခန္ဓ၊ စသည် အထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူး မပြတ်၊ ရှာမှီးတတ်ဟု၊ သကတ် ပဝတ္တ၊ အနက်ရလျက်၊ သက္ကဋဘာသာ၊ သညာ မည်ယှိ၊ ထိုရိသိနှိုက်၊ ရိကို ရရေး၊ ဣ-ဧ အောက်မြစ်၊ ဝေါဟာသစ်ဖြင့်၊ မြန်ခေတ် *ဗိုလ်လူ၊ ရသေ့ဟူသည်၊ သူတော် သူမွန်၊ သီလဝန်တို့၊ မလွန် ရှေးက၊ တပ်ကြီး ချပြီး၊ ကျင့်ကြ နိယံ၊ စစ်ဦးခံသို့၊ ဗြဟ္မစရိယ၊ ပဉ္စမနှင့်၊ အဋ္ဌ ဒသ၊ ထိုလောက်မျှဖြင့်၊ သီလဟူဘိ၊ သမာဓိကား၊ မည်ယှိ အစဉ်၊ အပ္ပမညာ၊ ဝေါဟာ ခေါ်ဆို၊ ဗြဟ္မစိုရ် လေးချက်၊ ထွက်-ဝင်သက်က၊ ဒသ ကသိုဏ်း၊ နေ့တိုင်း မကွာ၊ ဈာန်မှသာရှင့်၊ ပညာဟူလတ်၊ ကမ္မဿကတာ၊ ကာမာဝစရ၊ ထိုဉာဏနှင့်၊ ဈာန သမ္မာဒိဋ္ဌိ၊ အသိ မှန်-ဟုတ်၊ မဟဂ္ဂုတ်တည့်၊ မယုတ် ပွားလေ့၊ ဤမျှ ရွေ့သည်။။ ရသေ့သိက္ခာ မှတ်ထိမ်းတည်း။ (၆)

(၄၂၂) 'ရသေ့ ဣသိ၊ ဟူတုံဘိလည်း၊ ကေဏိယလား၊ သား မယားနှင့်၊ နေငြား အဟုတ်၊ ကျင့်မူ ယုတ်သည်၊ သပုတ္တဘရိယ၊ ဂါမ မြို့နီး၊ ကပ်မှီး တည်နေ၊ ရွှေ-ငွေ မသိမ်း၊ ဆန်စိမ်း ဆီ-ဆား၊ ခံငြားတုံလျက်၊ ကိုယ်တိုင် ချက်၍့၊ နှစ်သက် လိုရာ၊ မျှစပါသည်၊ ဥဉ္ဆာစရိယ၊ ကာယ ချင့်ထောက်၊ အချိန်ရောက်မှ၊ မျှလောက်ရုံမှတ်၊ ခံစားတတ်သား၊ သမ္ပတ္တကာလိက၊ မီးမျှ မချက်၊ တောမြိုင်နက်နှိုက်၊ သစ်ရွက် သစ်သီး၊ သိုမှီး စားဘိ၊ ကျင့်နေယှိသား၊ အနဂ္ဂိပက္ကိက၊ သီးမျှ မရှာ၊ အခွံခွါ၍့၊ စားကာ အမြဲး၊ ကျောက်အုဌ်ခဲးကို၊ လက်စွဲးရုံမျှ၊ ကျင့်ကုန်ကြသား၊ အသ္မမုဋ္ဌိက၊ ကျောက်မျှ မကိုင်၊ ခဲးနိုင်သရွေ့၊ ကိုက်၍့ လိုရာ၊ သွားဖြင့်သာလျှင်၊ စားကာ ကျင့်ကြ၊ ခြိုး*ခြံလှသား၊ ဒန္တလုယက၊ ဌာန အခြား၊ ရပ်တပါးသို့၊ မသွားဘဲးလျှင်၊ သစ်တပင်ရင်း၊ ကြာ တအင်းမျှ၊ မှီတင်း မလွှတ်၊ ကျင့်နေတတ်သား၊ ပဝတ္တဖလိက၊ လက်မျှ မချွေ၊ အညှာ ကြွေမှ၊ ကောက်လေ ယူစား၊ ဆောက်တည်ငြားလျက်၊ ကျင့်အား ထူးချွန်၊ သူ့ထက် လွန်သည့်၊ ဝဏ္ဍမုတ္တက၊ ပေါင်း အဋ္ဌတိ၊ ညွှန်ပြ ထင်စွာ၊ ဗာဟိ ခါနှိုက်၊ ကျမ်းလာ မရွေ့၊ ကျင့်ကုန်လေ့သား၊'' ရသေ့ဟူဘိ၊ ရှစ်မျိုးယှိတွင်၊ ဣသိပဗ္ဗဇ္ဇ၊ ပြုပြီးမှလျှင်၊ နန်းက ဆင်းသက်၊ ဗောဓိခက်ကား၊ ယုတ်တက် နှိုင်းဆ၊ အလတ် မျှ၍့၊ သမ္ပတ္တကာလိက၊ တာပသဖြင့်၊ ကိစ္စ ငြိမ်းရုံ၊ မဇ္ဈုံ ယှဉ်မှီး၊ ကိုယ်တော်ထီးသာ၊ ကျေးမြီး လက်မြော်၊ ဆင်ခြေပေါ်က၊ သမီးလှနှင့်၊ ရည်ရ ပင်ထွက်၊ ခြောက်ချက်မည်တွင်၊ အိမ်ထန်းပင်တို့၊ ဝန်းကျင် စိုးစွင့်၊ နိမ့်-မြင့် ပြင်က၊ ရံတုံထလျက်၊ မဃဒေဝ၊ အမ္ဗဝနံ၊ နာမံ သညာ၊ မင်္ဂလာသုတိ၊ ပျော်ဘွယ်ယှိသား၊ မြို့ကြီ့း ပြင်ဘက်၊ ကျေးငှက် သားပေါင်း၊ ရင့်*ညောင်း တွန်ကြော်၊ စိတ်ကို ဖျော်သို့၊ အကျော် စန္ဒန၊ စသည် များစွာ၊ ပင်နံ့သာလည်း၊ စဉ်ကာ ဖြိုးမောက်၊ နတ်ပျိုးရောက်သို့၊ သပေါက် ပန်းစုံ၊ ဖူးအငုံတိ၊ ပွင့်*မုံ ရောရှက်၊ သီး ချိုမြတ်နှင့်၊ သရက်မျိုး ယှဉ်၊ ထိုဥယျာဉ်နှိုက်၊ အစဉ် ပိုင်းခြား၊ သင့်ရာအားဖြင့်၊ *မီးတားတံတိုင်း၊ *ပရိုဏ်း ဆီးကာ၊ *သင်္ခမ်းသာနှင့်၊ ဣရိယာပထ၊ မျှတအောင် စံ၊ ခြိုး*တခြံလျှင်၊ ဗြဟ္မစရိယ၊ မြတ်သီလကို။။ လုံ့လ မသွေ မယိမ်းတည်း။ (ရ)

(၄၂၃) ဗြဟ္မစရိယ၊ မြတ်သီလကို၊ ကလျာဏစာရီ၊ ကျင့် ဝသီနှင့်၊ လဇ္ဇီ မဟာ၊ ထေရ် မြတ်စွာတို့၊ သိက္ခာ သုံးပါး၊ ဖြည့်သော့အားဖြင့်၊ ဘုရား ပညတ်၊ အာပတ် ကြိုးကြား၊ မြူအလားမျှ၊ မကျား မ+ပြောက်၊ ထိန်း စောင့်ရှောက်လျက်၊ ငြိမ်း+ပျောက် ကိလေ၊ ချမ်းမြေ့စေအောင်၊ ပြောက်ထွေ ဣန္ဒြိယ၊ လုံစေကြဘို့၊ လုံ့လ လွန်ပြင်း၊ ဆောက်တည်လျင်း၏၊ ရှင်ဖျင်း ရှင်လေ၊ အနေမကျ၊ ရှင့်ကိစ္စနှိုက်၊ လုံ့လ ဆော်နှိုး၊ မကြိုး မပမ်း၊ စိတ် ပေါ့သွမ်းလျက်၊ ထီးထမ်း လမ်းလျှောက်၊ ကျင့် ကျား-ပြောက်နှင့်၊ သံ-ကျောက် ဆေးဝါး၊ ရှာသော့အားဖြင့်၊ တရား မဆောင်၊ ရှင်တို့ယောင်သို့၊ မင်းခေါင် ဣသိ၊ လောင်း ဗောဓိမူ၊ ဇာတိ ရွှေဉာဏ်၊ ပင်ထွက် မှန်ကြောင့်၊ ဘောက်ပြန် *မဲ့လျှင်း၊ စိတ်ရည် ကင်း၏၊ ''ဝမ်းတွင်း သတိ၊ မယှိ ဆင်ခြင်၊ ယောက်ျားပင်လျှင်၊ မမြင် တိမ်းစောင်း၊ သွားတုံရှောင်းက၊ တွင်းဟောင်း နက်စောက်၊ ကျလေမြောက်၍့၊ ဝမ်းပေါက် ခေါင်းကွဲး၊ ဆက်လွဲး အရိုး၊ ခြေကျိုး လက်ဆတ်၊ ဥပဒ် ကြီးစွာ၊ ပျက်စီးရာသို့၊ ပမာ *နှင်းပန်း၊ ဖြစ် တတ်ဆန်းမျှ၊ ရဟန်းမည်ကာ၊ ရှင်တို့မှာလည်း၊ ပညာ သတိ၊ ကင်း မယှိဘဲး၊ ကပ်မိ ကပ်ရာ၊ ဒါယကာသို့၊ တဏှာ ဒိဋ္ဌိ၊ စွဲး ငြိကပ်ကြ၊ တွင်းဆိုး ကျ၍့၊ သီလပါဒ၊ စသည် ကျိုးလျက်၊ ပေါက်-ပျက် ယွင်းချွတ်၊ ဖြစ်တို့တတ်၏၊'' လောင်းမြတ် ပွင့်*လျာ၊ မဟာမဃ၊ *စောဒေဝကား၊ ''မကျ တွင်းဟောင်း၊ မှန်လမ်းကြောင်းဖြင့်၊ မစောင်း ဖြောင့်စွာ၊ လိုက်၍့သာလျှင်၊ သမာဓိဝမ်း၊ ဆန်-နှမ်း မြူလောက်၊ မပေါက်စေရ၊ သီလခြေမျိုး၊ မကျိုး ခိုင်စွာ၊ လက်သဒ္ဓါလည်း၊ မနာ*၄င်း၊ ဉာဏ်ဥက္ခောင်းကို၊ မ*ဘောင်းစေဘိ၊ စောင့် သတိဖြင့်၊ ဒိဋ္ဌိ တဏှာ၊ ဒါယကာနှိုက်၊ ဂါဟာ ဂါဟ၊ ကင်းစေမှတည့်၊ ဣဋ္ဌ နိဋ္ဌ၊ ဗဟိဒ္ဓက၊ ဆရမ္မဏာ၊ ထင်ကြလာသည့်၊ ခြောက်ဖြာ အာရုံ၊ ပျိုနုဟုံနှိုက်၊ *ခုံတမင်မင်၊ *ဆောတလျင်သာ၊ မြင်ရာ မြင်တိုင်း၊ မဆိုင်း *ငက်ငက်၊ တမက် တမော၊ လျှာကြော *ငပ်ငါး၊ လွန် လိုလားလျက်၊ လိုက်စားတတ်စွာ၊ ကျင့်ယုတ်မာနှင့်၊ တဏှာ ခြောက်ထွေ၊ ကိုယ်တွင်း နေ၍့၊ ဣန္ဒြေ ခြောက်မျိုး၊ စောင်းရန်း တိုးသား၊ နွားဆိုး ထိန်းကျောင်း၊ *သင်္ခမ်းကျောင်းဝယ်၊ မိကျောင်း ကျင်းဝပ်၊ မြဲးကပ် အောင်းခို၊ ကိုယ်ကို ဆုံး*မ၊ တကိစ္စဖြင့်၊ ဂါမ မြို့ထဲး၊ မဝင်ဘဲးတိ၊ *ရောင့်ရဲ ပစ္စည်း၊ လိုတော် နည်းလျက်၊ စောင့်စည်း သိပ်သည်း၊ လူဖြင်ပည်းနှင့်၊ ရောရည်း မလို၊ အိမ်း မဆိုသည်။။ ထိုထို သူကျက် သူစိမ်းတည်း။'' (၈)

(၄၂၄) 'သူကျက် သူစိမ်း၊ သူခပ်သိမ်းနှင့်၊ မအိမ်း မအည်း၊ မရောရည်းသား၊ ပစ္စည်း လာဘ်သပ်၊ လို မစပ်ဘဲး၊ မအပ်မရာ၊ အဆိပ်စာသို့၊ ပညာ မြင်သိ၊ လောင်းဗောဓိလျှင်၊ ကြဉ်ဘိ ရှောင်လွဲး၊ မသုံး *ဖဲး၏၊'' တကွဲး လူဝယ်၊ ကျင့်တသွယ်လည်း၊ ''သူငယ် ငိုခြင်း၊ မာန်ပြင်း မိန်းမ၊ စောရ လှံ-ဓား၊ လက်နက်အားနှင့်၊ မင်းကား စိုးရ၊ ဗာလ ငြူစူ၊ အိမ်နေလူလျှင်၊ ကြား-မြင် သုတ၊ သမဏမည်မှန်း၊ ရဟန်း ပုဏ္ဏား၊ သူမြတ်များကား၊ တရား ခန္တီ၊ အား ရှစ်လီတည့်၊ ဤသို့ အကျင့်၊ ရှစ်ဆင့်မြောက်စွာ၊ တိတိက္ခာဟု၊ မဟာဗလံ၊ သူ မစံသည့်၊ ပရမံ တပေါ်၊ အကျော် ထင်ရှား၊ သူတော်အားကို၊ အများ တဘက်၊ ကိုယ် တဘက်သို့၊ နှိုင်းစက် ညီစေ၊ မြေ*တရထည်၊ ဆောက်တည် လွန်ကဲး၊ နှလုံး မြဲး၏၊ *ခပဲး ထွေပြား၊ ''ဤလူများနှိုက်၊ စကားနည်းသူ၊ ထိုသည့်လူကို၊ မတူ လူချင်း၊ နှုတ်ဟင်းလင်းနှင့်၊ ခံတွင်း *မဟဲ့၊ လျှာ*မဲ့ ငါးကောင်၊ အယောင် တုံ*ချက်၊ *မငက်ငက်ဟု၊ အပျက် စောင်းမဲ့၊ ဆို ကဲ့ရဲ့၏၊'' ''ကျယ်ဘွဲ့ စကား၊ များသူ့အားလည်း၊ ဘွားဘွား သွက်သွက်၊ အမြှုပ်ထွက်အောင်၊ ထန်းရွက် လေခတ်၊ တတဋ်တဋ်ဟု၊ ရေရွတ် မဲ့မဲ့၊ ဆို ကဲ့ရဲ့၏၊'' 'နှိုင်းရှဲ့သော့အား၊ စကားစမြည်၊ တို-ရှည် သင့်ရုံ၊ ပြောပါတုံလည်း၊ နိတုံ နိက္ခ၊ ရွှေပေးရသို့၊ မျှတ အကယ်၊ ကုန်နိုးဘွယ်ဟု၊ လူဝယ် နှုတ်ရွဲ့၊ ဆို ကဲ့ရဲ့၏၊ ပြစ်ဘွဲ့ ဆိုတင်း၊ ကဲ့ရဲ့ခြင်းမှ၊ လွတ်ကင်းသသူ၊ မယှိဟူရှင့်၊'' 'လူတို့အကြိုက်၊ နတ် မလိုက်နိုင်၊ စရိုက်ယှိတိုင်း၊ လျှာ မထိုင်းဘဲး၊ မဆိုင်း နှုတ်က၊ ပြောတတ်ကြ၏၊ ဉာဏ မဟာ၊ ပဏ္ဍိတာတို့၊ စိတ်မှာ *နှစ်ထောင်း၊ ခြီးမွမ်းရှောင်းက၊ ကောင်း၏ မုချ၊ ဟူထိုက်စွတည့်၊ ဒေါသ မြူရှိ၊ ဘယ်ပြစ် ယှိဟု၊ သတိ ရွှေဉာဏ်၊ ဝေဘန် ကျင့်သုံး၊ လောကီ့ထုံးကို၊ ယူကျုံး ဝမ်းထဲး၊ အဆုံး စွဲး၏၊'' ''*မရောင့်ရဲး ပျက်၊ *ရောင့်ရဲး ပျက်နှင့်၊ မရှက် မကောင်း၊ ရှက် မကောင်းဟု၊ ကျမ်းဟောင်း နီတိ၊ မိန့်ဘိ မြွက်ဘော်၊ ပုဂ္ဂိုလ်ခေါ်သား၊ သူတော်မည်မှန်း၊ ရဟန်းတသင်း၊ ပြည့်ရှင်မင်းနှင့်၊ အဆင်း အရွယ်၊ အနွယ် ထိန်းစောင့်၊ မျိုးကောင့်းသမီး၊ ပြည်ကြီး တန်းဆာ၊ လေးဦးမှာလျှင်၊ ငါ ရဟန်းစစ်၊ တမျိုး ဖြစ်ခဲ့၊ စင်စစ် မလွဲး၊ မ*ရောင့်ရဲးသော်၊ ရှက်ကွဲး ကျိုးယုတ်၊ အဟုတ် မှန်စွာ၊ ပျက်စီးရာဟု၊ မညှာ ပစ္စည်း၊ လိုတော် နည်း၍့၊ *သရည်း ခွာရှဲး၊ မြို့-ရွာပွဲးနှင့်၊ ရှောင်လွဲး မကပ်၊ လူ မစပ်တည့်၊'' မရပ် ဆွမ်းပန်း၊ ရွှေနန်းပေါ်က၊ သားတော် ဆောင်ပို့၊ ဆွမ်းတို့ဖြင့်သာ၊ ခန္ဓာ ဘူတ၊ ဤကာယကို၊ မျှတနိုင်ရုံ၊ ရေစာ *+ကျုံလည်း၊ မ*+ကြုံ စိတ်က၊ သဘော ချသည်။။ လောဘ စိတ်မြူ မလိမ်းတည်း။ (၉)

(၄၂၅) မလိမ်း စိတ်မြူ၊ သူတော့်မူဖြင့်၊ အယူ မခွ၊ ဤကာယကို၊ မျှတနိုင်ရုံ၊ ရေစာ ဂ†ကျုံလည်း၊ မဂ†ကြုံ စိတ်က၊ သဘော ချ၏့၊ ဂန္ထ ဝိပဿနာ၊ နှစ်ဖြာ ဓူရ၊ မလုံ့လဘဲး၊ ကိစ္စ မနည်း၊ အလို သည်း၍့၊ *အရည်း မပီ၊ အလဇ္ဇီဖြင့်၊ ဒုဿီ ကျင့်ဆန်း၊ ရှင်ပေါက်ပန်းတို့၊ ရဟန်း *တမင့်၊ မင်းကျင့် ကျင့်က၊ ပျောက်လွင့် *သီတင်း၊ သီလ ကင်း၏၊ ကိုယ်တွင်း ယုတ်မာ၊ ပါပိစ္ဆာဖြင့်၊ တဏှာ *အထည်း၊ လောဘ သည်း၍့၊ ပစ္စည်း လာဘ်-သပ်၊ အပ် မအပ်က၊ ရသမျှကို၊ ပြိတ္တာ့မျိုးစေ့၊ တပွေ့ပွေ့နှင့်၊ *တပ်ပြွေ့ ခင်မက်၊ ကျင့် လွဲး*လက်သော်၊ ကုမ္မဂ္ဂဆိုး၊ လမ်းရိုး မမှန်၊ တိရစ္ဆာန်သို့၊ နိဗ္ဗာန် မပေါက်၊ အပါယ် ရောက်လျက်၊ လမ်းကောက် *တိမ်းပင်း၊ ချွတ်ခဲ့ယွင်း၏၊ *အဖျင်း *အသွမ်း၊ ဂုဏ်*မဲ့ နွမ်းအောင်၊ ကိုယ်ဝမ်းမွေးမှု၊ လူ့နှယ် တုလျက်၊ လူပြု လူကျင့်၊ ရှင်နှင့် မတော်၊ ပစ္စည်း မျှော်၍့၊ မလျော် လျောက်ပတ်၊ မြေကြန်တတ်က၊ နက္ခတ်ပညာ၊ စေပါ ဒူတ၊ အင်္ဂဝိဇ္ဇာ၊ တိရစ္ဆာဖြင့်၊ ယုတ်မာ ဝမ်းရေး၊ သက်မွေးကြငြား၊ လေ့ကျက် မှားသည့်၊ ငုံ့စား မော်စား၊ အမြော်စားနှင့်၊ ထောင့်စားခေါ်ရိုး၊ ရဟန်းဆိုးတို့၊ စားမျိုး လေးဖြာ၊ မိစ္ဆာဇီဝ၊ နေသနလည်း၊ စိတ်မျှ တရံ၊ အကြံ မဆန်း၊ မှဲ့ မစွန်းတည့်၊ တခန်း ထိုမှ၊ ပြည်မ တန်းဆာ၊ လင်ကွာ မိန်းမ၊ မုဆိုးမနှင့်၊ ဟိုင်းမ ပျိုကြီး၊ တသီး သွင်ယုတ်၊ ပဏ္ဍုက် ဘိက္ခုနီ၊ တလီ ထိုနောက်၊ သေသောက်အိမ်ခေါ်၊ အပ် မလျော်သား၊ ဆ ဂေါ်စရ၊ ခြောက်ဌာနနှိုက်၊ သီလ ချစ်ခင်၊ သူတော်စင်တို့၊ ကျွမ်းဝင် ဘယ်ခါ၊ မပြုရာတည့်၊ ပြုပါတပြီး၊ ခရီး ကုန်းကြောင်း၊ ဖုံထောင်းထောင်းနှိုက်၊ မိကျောင်း ကြည်းတင်၊ ဖြစ်တတ် ကျင်၏၊ သို့လျှင် မအပ်၊ ဆွမ်း ခြောက်ရပ်လည်း၊ မစပ် မစွန်း၊ မြူ မသန်းတည့်၊ ရဟန်း ရဟန်း၊ မည် ပြဌာန်းလျက်၊ ရဟန်းဟူလစ်၊ ခေါ်ရာ ဖြစ်ရုံ၊ *စံနစ် ခေါက်ချိုး၊ ချုပ်ရိုး ခန်းခန်း၊ ဖန်ရည်စွန်းသား၊ သင်္ကန်း ဝါဝါ၊ ဦးပြည်းကာဖြင့်၊ ပညာ ကင်းပ၊ သီလ *မဲ့မျိုး၊ အတွင်းဆိုးကား၊ အကျိုး တစိ၊ ဘယ်မှာ ယှိလိမ့်၊ မော်မိ မော်မန်း၊ နေကာ ဆန်းနှင့်၊ ရဟန်းကျင့်ဝတ်၊ တပါး ချွတ်က၊ လူ-နတ် မကြိုက်၊ ကဲ့ရဲ့ထိုက်၏၊ နောင်နှိုက် ချမ်းသာ၊ နတ်ရွာ မဂ်-ဖိုလ်၊ ကိုယ်လျှင် လိုက၊ သူ့ကို မတု၊ ကုသိုလ်မှုနှိုက်၊ ကိုယ်ပြု ကိုယ်ကြွ၊ ကိုယ် လုံ့လ၍့၊ ကိုယ်ထ ကိုယ်နှိုး၊ ကိုယ် အားကြိုးမှ၊ ကိုယ်ကျိုး ကိုယ်သာ၊ ကိုယ် ပြီးရာ၏၊ ကိုယ့်တာ ကိုယ့်ဝန်၊ မလွန်စေထိုက်၊ ကိုယ် အားစိုက်ဟု၊ ဉာဏ်နှိုက် မြော်ဆ၊ သဘောရလျက်၊ ဗြဟ္မစာရီ၊ လေ့ ဝသီနှင့်၊ ယောဂီတို့ထုံး၊ မြတ်နှလုံးကို၊ ပိုက်ကျုံး ဝမ်းတွင်း၊ ယူ ဖြောင့်စင်းသည်။။ ပြစ်ကင်း မိစ္ဆာ *မုဒိမ်းတည်း။ (၁၀)

(၄၂၆) အတြိစ္ဆာ၊ မဟိစ္ဆာတိ၊ 'အဘိဇ္ဈာဓာတ်၊ ဒေါမနသ်ဖြင့်၊ မပြတ် ဘိစီး၊ အလိုကြီး၍့၊ ဖြစ်ပြီးကို တွေး၊ မဖြစ်သေးဟု၊ ရေးရေး မျှော်ဆ၊ တတောင့်တနှင့်၊ ကြောင့်ကြ စိုးပူ၊ တတ်သောသူတို့၊ မီးတူ ပြောင်ပြောင်၊ နေ့တိုင်း လောင်လျက်၊ သားချောင် သွေးခန်း၊ ကိုယ် မလန်းဘဲး၊ မကျန်း မမာ၊ လူ သေနာသို့၊ ရုပ်ဝါ မလှ၊ ဆိုးတတ်ကြ၏၊'' ''ကာလ ဝတ္တမာန်၊ ပစ္စုပ္ပန်နှိုက်၊ တော်တန်ရုံစွ၊ ရသမျှနှင့်၊ အားရ အမြဲး၊ *ရောင့်ရဲးတတ်သူ၊ ထို ရှင်-လူကား၊ မပူ မပင်၊ လွန်ကြည်လင်ရှင့်၊ သို့လျှင် နှိုင်းညှိ၊ ကျိုးပြစ် သိတိုင်း၊ ဗောဓိညွန့်လူ၊ ဗုဒ္ဓင်္ကူလျှင်၊ ဟူမိ*ကနား၊ မဆုတ်ရှားဘဲး၊ တရားကိုသာ၊ လွန်စွာ မမေ့၊ အားထုတ် မွေ့၏၊'' ''ရသေ့ ရဟန်း၊ ကျင့်ခန်း သိမ်မွေ့၊ ပြကတေ့ကား၊ ရှင်လေ့ ရှင်မှု၊ ကိုယ်တခုပြင်၊ ဝတ္ထု ပစ္စည်း၊ သိမ်းဆည်း ကြွက်လို၊ စု မသိုဘဲး၊ တကိုယ် တဝမ်း၊ ဖုံးလွှမ်းကာမျှ၊ နည်း ကိစ္စဖြင့်၊ အဋ္ဌ နဝ၊ ဒသ တဖြာ၊ ဧကာဒသ၊ ဒွါဒသဟု၊ ဤမျှ ပရိက္ခရာ၊ ကိုယ်တွင် ပါ၍့၊ သွားရာ ဆောင်လျက်၊ ငှက်၏့ ပမာ၊ ဝန်ပေါ့စွာနှင့်၊ တဏှာ လော့လှမ်း၊ တောင်းရမ်း ဘွေရှာ၊ မလေ့လာတည့်၊'' ''မာတာ ပိတ၊ မိနှင့် ဘပင်၊ ဖြစ်ထစေကာ၊ ခါခါ မပြတ်၊ တောင်းရမ်းတတ်က၊ လေးမြတ် *မဲ့စွာ၊ စေတနာနှင့်၊ မေတ္တာ မပွား၊ လွန် မုန်းခါး၏၊'' 'နဂါးမင်း၏့၊ လည်ပင်း ဆွဲး-ဆင်၊ မျက်ရှင် မြသား၊ ပတ္တမြားကို၊ တောင်းငြားသည့်တွက်၊ ကြည်ညို ပျက်၍့၊ အသက်ဆုံးအောင်၊ မကပ် ရှောင်သည်၊ ညီ-နောင် နှစ်ပါး၊ ရသေ့များသို့၊ မုန်းထား ကြီးစွာ၊ ဖြစ်တတ်ရာ၏၊'' ''ဂုဏ်*ဝါ မကောင်း၊ မျက်နှာ ယောင်း၍့၊ တောင်းတတ်သူသည်၊ ငိုသော မည်၏၊ မကြည် မဖြူ၊ မပေးသူလည်း၊ ထိုတူ ခေါ်လေ့၊ ပြန်၍့ ငိုသည်၊ သူပင် မည်၏၊ စိတ်ကြည် မနူး၊ နှစ်ဦး နှစ်ဝ၊ တူအမျှပင်၊ ဒေါသ မလွတ်၊ ဖြစ်သတတ်ကြောင့်၊ သူမြတ် သူ*လျာ၊ သူတော်စွာတို့၊ ဗာရာပြည့်ရှင့်၊ တကာစင်လျက်၊ လက်တွင် ကိုယ်ယူ၊ တော*သလူရွက်၊ ထီးတလက်နှင့်၊ သက်သက် တထပ်၊ လွှာဘိနပ်မျှ၊ လိုအပ်လျက်ကဲ့၊ ခံတွင်း *မဲ့သို့၊ ဆဲ့နှစ်နှစ်ကျော်၊ တိုင်အောင်သော်လည်း၊ နှုတ်တော် မလှစ်၊ မတောင်းဖြစ်တည့်၊'' ''ရှင်ချစ် ပွင့်မှန်၊ သန္ဓေဉာဏ်နှင့်၊ သူ*မွန် ဇာတိ၊ ရာဇိသိမြတ်၊ ဗောဓိသတ်လည်း၊ ဝိညတ်ဟူသည်၊ လူ မကြည်ညို၊ မဲ့ကာ ငိုသို့၊ ကုသိုလ် မဖြစ်၊ သဘော စစ်က၊ အချစ် ပျက်ရေး၊ သူ မုန်းဆေးဟု၊ ချင့်တွေး *စာနာ၊ ရံတခါမျှ၊ နှုတ်လျှာ လျပ်ပေါ်၊ မြွက် မဘော်သည်။။ ဉာဏ်တော် ရွှေစိတ် ချောက်ခြိမ်းတည်း။'' (၁၁)

(၄၂၇) 'ရှင်ဆိုး ရှင်ညစ်၊ ရဟန်းဖြစ်လည်း၊ စင်စစ် ယုတ်မာ၊ ပါပိစ္ဆာဖြင့်၊ တကာ လူ*ဗိုလ်၊ ခြီးမွမ်းဆိုနှင့်၊ ထိုထို *ဖြင်ပည်း၊ ပစ္စည်း လာဘ်ကို၊ တောင့်တ လို၏၊ လိုသည့် *ရမ္မက်၊ ကြံ ဝိတက်ကြောင့်၊ အုတ်ကျက် အုန်းအင်း၊ ကြော်ငြာလျှင်း၍့၊ သတင်းပေးကာ၊ ဒေသစာဖြင့်၊ မြို့-ရွာ ဇနပိုဒ်၊ နယ် တိုက်တိုက်ကို၊ လိုက်၍့ ဖျက်ဆီး၊ ခိုးသူကြီးသို့၊ ရံသီး များစွာ၊ ပရိဝါနှင့်၊ မလိမ္မာသူ၊ ရှင်လူ ဗာလ၊ အပ္ပသုတ၊ မိန်းမ ယောက်ျား၊ သူတို့အားလျှင်၊ လှည့်ဖြားသမှု၊ သက်မွေး ပြုလျက်၊ ရှင်တု ရှင်ဝါ၊ မဟာစောရ၊ ရှင်ဓားပြတို့၊ ပါပ ကျင့်မျိုး၊ အလိုဆိုးဖြင့်၊ အကျိုး *မဟဲ့၊ မိုက်သင်း ဘွဲ့၍့၊ ငရဲ့းစီးပွား၊ ရှာသော့လားသို့၊ တရား တရား၊ တဟားဟားနှင့်၊ ပြစ်များ *ပြောတုံ၊ တောင့်နှယ် ပုံ၏၊'' ''အာရုံ ဆိတ်ရာ၊ သုညာဂါရ၊ အရညနှိုက်၊ ကာယ စိတ္တ၊ ဝိဝေကကို၊ ရလိုသော့ပုံ၊ အချို့တုံကား၊ *ရဂုံ တောခွင်၊ ဝင်၍့ ခိုငြား၊ ဆွမ်းခံစားလျက်၊ ခေါင်းပါး ဟာရ၊ ဝမ်းလျလျနှင့်၊ ရသမျှဟူ၊ စပ်ဆည်းဆူ၍့၊ ပံသုကူ ဝတ်ရုံ၊ နေပါတုံလည်း၊ ပြာပုံ ခဲးကျ၊ ထောင်းထောင်းထသို့၊ ဥဒ္ဓစ္စ တုံး၊ နှလုံး မတည်၊ *ခိုင်ကျည် *မဲ့လျှင်း၊ စောင့်စည်း ကင်း၏၊'' ''ခံတွင်း နှုတ်ဆော့၊ ကျင့် *သွမ်းသော့လျက်၊ တမော့ ကြွားကြွား၊ တလွှားလွှားနှင့်၊ တရား ဟောယောင်၊ ချို့ ရှင်ပြောင်လည်း၊ တောင်တောင် မြောက်မြောက်၊ ပင့်မြှောက် ချနှိပ်၊ ရောင်ရိပ် ဝဲးရစ်၊ လာဘ်ကို ညှစ်လျက်၊ ဗလစ် ဗလစ်၊ နှုတ် မထစ်ဘဲး၊ မဆစ် မဆိတ်၊ မတိတ် အသံ၊ တညံညံဖြင့်၊ တရံ မစဲး၊ ဘွာစိကြဲး၍့၊ နှုတ်ရဲး လျှာရွ၊ တချို့ကမူ၊ မာန တောင်နီး၊ တက် ဘိစီး၍့၊ ထေရ်ကြီး ဝါကြီး၊ သိက္ခာကြီးအား၊ ခရီး လမ်းကြား၊ တွေ့ကြုံငြားလည်း၊ လေးစား မဲ့ဘိ၊ အတိမာနီ၊ မချီ လက်အုပ်၊ မတုတ် မကွ၊ ဦး မချဘူး၊ ဝေးက ကြဉ်ဖဲး၊ တိမ်းရှောင် လွှဲး၍့၊ တပွဲး ထွက်-ဝင်၊ ငါ့ပြင် မယှိ၊ ဟူဘိ ဝါဝင့်၊ မလျော် ကျင့်၏၊ သမင့်အလား၊ တော သစ်-ကျားနှင့်၊ တောသားတို့သွင်၊ ဘယ် ကျိုးထင်လိမ့်၊ ရှင်ပင် *တပဲး၊ ငရဲး ပြိတ္တာ၊ ဖြစ်တတ်စွာရှင့်၊'' ''တကာ တကာမ၊ ဒုပ္ပညတို့၊ မြှောက်ကြွ အုံလှည့်၊ ကူညီ ဖြည့်လျက်၊ သူ၏့ဆရာ၊ ငါ့ဆရာဟု၊ တဏှာ ရောရှက်၊ မာန တက်၍့၊ သူ့ဘက် ငါ့ဘက်၊ တီးလက် ဆော်ရိုက်၊ နွားကို တိုက်သို့၊ အမိုက် ပွဲးခံ၊ ပါပကံဖြင့်၊ အုန်းညံ ဝိုင်းညာ၊ ပြုကြခါဝယ်၊ ဆရာ ကြက်ဖျင်း၊ ပညာ ကင်းတို့၊ အတင်း စောင်၍့၊ နွားနှယ် ဝှေ့၏၊ ဝှေ့သည့်အလိုက်၊ အပြင်း တိုက်သော်၊ နွားမိုက် ကံဆိုး၊ ဦးချို ကျိုးက၊ ထမ်းပိုး မှုတ်ကာ၊ *ကြမ္မာ ချွတ်လွဲး၊ ဥက္ခောင်း ကွဲးက၊ အမဲး စားကာ၊ ဘယ်သူ နာလိမ့်၊ လွန်စွာ မိုက်လှ၊ နွားဗာလသာ၊ သေရရုံ+တိ၊ ကျိုး မယှိဘူး၊'' ''စုတိ ပျက်စီး၊ သေခါနီးနှိုက်၊ တွတ်တီး တွတ်တာ၊ ထိတ်လန့်စွာဖြင့်၊ သိက္ခာ စွန့်ယောင်၊ ဝါ စွန့်ယောင်နှင့်၊ ကတောင် ကချောက်၊ ပတောက် ပရစ်၊ မိုဃ်းကြိုးပစ် ခါ၊ လက် ဆီးကာသို့၊ ထွေရာ စွဲးလမ်း၊ ဆို ယောင်ယမ်း၍့၊ မြည်တမ်း ဟိန်းဟဲး၊ တညဲးညဲးနှင့်၊ ငရဲးမီးပူ၊ အမွေ ယူလျက်၊ ရောရူ ဝီစိ၊ အောက်သို့ ထိအောင်၊ ကျဘိ ခြုတ်ခြုတ်၊ ခံ ကြမ်းကြုတ်ပြီး၊ ဂိဇ္ဈကုဋ်တောင်၊ မှိုင်းမှောင် ညို့ညို့၊ ပြိတ္တာမြို့ဝယ်၊ ရှင်တို့ စခန်း၊ ကြိုး ခါးပန်းက၊ သင်္ကန်း ပြောင်ပြောင်၊ မီးအရောင်နှင့်၊ ကျီးကောင် လင်းတ၊ သိမ်းစွန် စသည့်၊ ဆိတ်ဆွ ဆွဲးငင်၊ ကောင်းကင် ထက်ဝန်း၊ ပြေး ပျံသန်း၍့၊ ရဟန်းပြိတ္တာ၊ တဝါဝါလျှင်၊ မဟာဒုက္ခ၊ ပြင်းပြ ကြွက်ဆူ၊ ဟစ်ကြွေး ဦ၍့၊ ကယ်သူ မမြင်၊ ပူပင် နွမ်းညှိုး၊ ထိုရှင်ဆိုးတို့၊ ကိုးရိုး ကားရား၊ အပါယ် လားသည်။။ မမှား မှတ်နာ အိမ်းအိမ်းတည်း။'' (၁၂)

(၄၂၈) ဓမ္မိယာလဒ္ဓ၊ လိုလို ရနှင့်၊ မိ-ဘ မျိုးစစ်၊ လှူသည် ဖြစ်လည်း၊ ပစ္စဝေက္ခဏာ၊ ပညာ သုတ်သင်၊ မဆင်ခြင်ဘဲး၊ ရှင် ရဟန်းများ၊ သုံးဆောင် စားမူ၊ လေးပါး ပါယ်ထဲး၊ ငရဲး ပြိတ္တာ၊ မလွတ်ရာဟု၊ ကျမ်းလာအရ၊ ရွှေဉာဏ် ဆ၍့၊ သိထ ကြည်ယုံ၊ ထင်တုံ မှတ်ယူ၊ ပဋိကူဖြင့်၊ မည်သူ မသင်၊ ကိုယ်တော်ပင်သာ၊ ဆင်ခြင် ပစ္စဝေက်၊ ဉာဏ်ဖြင် စစ်လျက်၊ ကျင့်ချစ် သိမ်မွေ့၊ သူတော်လေ့ကို၊ အောက်မေ့ အမြဲး၊ *မရောင့်ရဲးဘဲး၊ ဖအဲး သျှင်*မွန်၊ ကြိုး အား*သွန်၏၊'' ''မမှန် လမ်းရိုး၊ ချို့ ရှင်မျိုးလည်း၊ တောတိုး ဝသီ၊ ဗာဟီ စရိုက်၊ စိတ်လိုလိုက်လျက်၊ ရွှေသိုက် ငွေသိုက်၊ မြေသိုက် အဂ္ဂိရတ်၊ ဘူမိရတ်နှင့်၊ မှော်-နတ် အင်း-အိုင်၊ ဆေးဝါး ကိုင်သား၊ မဆိုင် သန့်သန့်၊ ရှင်နှင့် *ဆန့်လျက်၊ ရဟန်းသိက္ခာ၊ မဟုတ်ရာနှိုက်၊ လေ့လာ ထုံမှု၊ အားထုတ် ပြု၏၊ ကံနု ဉာဏ်နု၊ အမြင် နုသား၊ ဗဟုဿု နည်း၊ အရည်း မည်ရုံ၊ ဖန် ဝတ်ရုံလျက်၊ စားရုံ အိပ်ပြု၊ ရှင်တစုလည်း၊ စက္ခု သောတ၊ မနဟူပေ၊ ဣန္ဒြေ ခြောက်ပါး၊ မစောင့်ငြားဘူး၊ တရား *မဲ့စွာ၊ သင်္ကန်းဝါနှင့်၊ ပညာ မယှိ၊ သတိ မမူ၊ ရွာသူတကာ၊ ဝိသဘာဂ၊ မြင်သမျှနှိုက်၊ လောဘ လိုလွန့်၊ ရှက် မတွန့်ဘဲး၊ ဗုဇွန့်မျက်စိ၊ ထွက်လိလိဖြင့်၊ ရာဂဂ္ဂိ ပွား၊ ဘက်သတ် ယား၍့၊ အိုးကား မပူ၊ *ဖုံးဖွက် ပူဟု၊ ပုံတူ *တမျှ၊ တည် မရဘူး၊'' ''အန္ဓဗာလ၊ အချို့ကကား၊ သမဏသညာ၊ သက်သက် ကွာလျက်၊ ရှင်ဝါ ပရိဗိုဇ်၊ အကြံမိုက်ဖြင့်၊ ညနှိုက်ကား လူ၊ နေ့မူ ရဟန်း၊ အကျင့် ဆန်းနှင့်၊ သင်္ကန်း သပိတ်၊ ပရိက္ခရာ၊ ဆောင်ကာ ဝမ်းရေး၊ အသက်မွေး၏၊ မိုက်သွေး မူးသွေး၊ သားဆေးရည်ပုံ၊ နှလုံး ငုံလျက်၊ မောဟုမ္မတ္တက၊ စာရ ကျင့်ဆိုး၊ ထိုရှင်မျိုးတို့၊ မရိုး ဝမ်းတွင်း၊ မဖြောင့်စင်းသား၊ အဖျင်း စင်စစ်၊ သဘောညစ်ဖြင့်၊ ကောက်ကျစ်လက္ခဏာ၊ ပမာတူနှိုင်း၊ ထွန်ကိုင်းအလား၊ အဖျား ကောက်ကွေး၊ လ,ရေးသဖွယ်၊ အလယ် ကောက်ခြင်း၊ မကြွင်း ထိုမျှ၊ သုံးဌာနလုံး၊ စ,က ဆုံးရောက်၊ နွားသေးကောက်သို့၊ အကောက် သုံးပါး၊ ကျင့် ပြောက်ကျားလည်း၊ ကြိုးကြား မယှဉ်၊ သမ္ပဇဉ်နှင့်၊ အစဉ် မြဲး၍့၊ ထွက်ကဲး ပွင့်ရန်၊ သဘော *မွန်၏၊ လျှာကျွန်လိုက်ငြား၊ လျှာများများနှင့်၊ *ငပ်ငါး ခံတွင်း၊ ဟင်းလင်း မပိတ်၊ လောဘစိတ်ဖြင့်၊ အဟိတ် ပေတ၊ မဝနိုင်သီး၊ စပါးကြီးမြွေလို၊ ရတိုင်း မျိုသော်၊ ဤကိုယ် နောက်*နစ်၊ ဘေးကြီး ဖြစ်လိမ့်၊'' စင်စစ် အမှန်၊ မြင်တော်သန်၏၊ ဝမ်းကျွန် မခံ၊ လောင်းဘုန်းလျှံကား၊ တရံ တဘန်၊ အလွန် လေးမြတ်၊ ဩဇာ ထက်၍့၊ နှစ်သက်စဖွယ်၊ ရသာ ကြွယ်လည်း၊ လျှာလယ် လျှာရင်း၊ ခံတွင်းသို့ ရောက်၊ ညှီငေါက် အာစေး၊ ချွဲး တံတွေးနှင့်၊ ရောထွေး စိစပ်၊ မရှုအပ်ကြောင့်၊ ဖပ်ဖပ် မရွှင်၊ ပျို့အံ့ ထင်လျက်၊ မခင် မမက်၊ ကန္တာနက်နှိုက်၊ မကျက် စိမ်းဝါး၊ သာ့းအသားကို၊ စားသည့် မိ-ဘ၊ ပမာဏသို့၊ ဝမ်းဝ လိုလား၊ မျို မစားဘဲး၊ လေး-ငါးလုပ် တန်၊ ရေဘို့ ချန်၍့၊ သူ*မွန် နှလုံး၊ ဆောက်တည် သုံးသည်။။ ရှေးထုံး ကျင့်စဉ် မတိမ်းတည်း။ (၁၃)

(၄၂၉) ရှေးထုံး ကျင့်စဉ်၊ ကျင့်ဟောင်း ယှဉ်လျက်၊ သမ္ပဇည၊ ဂီဝါရသည့်၊ လောင်းလှ ရွှေကိုယ်၊ မြတ်ဘုန်းမိုကား၊ ''အိပ်လို ရဟန်း၊ စားလို မှန်းသော်၊ *ပုစ္ဆန်း လုပ်ကြ၊ လောက လူ*ဗိုလ်၊ *ဥဒါန်း ဆိုလည်း၊ ထိုသို့ မဟုတ်၊ ကြံ ဝိသုဒ်ဖြင့်၊ ဝိမုတ် ရှေးမျှော်၊ *လို ကျူးကျော်၏၊ မော်မော် မန်းမန်း၊ ကြံ မဆန်းဘဲး၊ ရဟန်းကျင့်ဝတ်၊ တပါး တတ်က၊ လူ-နတ်တကာ၊ ပူဇော်ရာသား၊ သိက္ခာ သုံးထပ်၊ ကျင့်ထုံး နပ်သို့၊ မြဲးကြပ် စိတ်တော်၊ ကိုယ်ထူး ပျော်၏၊'' ''မတော်မ*တကာ၊ ကျင့်ဆိုးစွာသည့်၊ ယုတ်မာ ဒုဿီ၊ အလဇ္ဇီကာ၊ နံညှီသတင်း၊ မကောင်းခြင်းဖြင့်၊ *ဘင်တွင်း စက်ဆုပ်၊ ကောင်ပုပ်အတူ၊ ရွံဘွယ်ဟူ၍့၊ ရှင်-လူ*တကာ၊ မရှုသာဘဲး၊ မျက်နှာ တိမ်းငုံ့၊ ကြားတိုင်း ရှုံ့၏၊'' ''နုံ့သည် ဉာဏ၊ သုတ မယှိ၊ သီလ ယှိက၊ သီလအတွက်၊ နှစ်သက်ကုန်ကြ၊ ခြီးမွမ်းရ၏၊ သီလ မယှိ၊ သုတ ယှိသော်၊ တတ်သိ ချည်းနှီး၊ ကျိုး မပြီးဘူး၊ မခြီးမွမ်းကြ၊ ကဲ့ရဲ့ကြ၏၊ သုတ သီလ၊ စွယ်စုံ လှမူ၊ ထိုသသူကို၊ နတ်-လူ ကောင်းခြီး၊ အံ့ မပြီးဘဲး၊ မငြီး ရှုမျှော်၊ ရှိ ပူဇော်၍့၊ ကောက်ရော် ဦးခိုက်၊ ခြီးမွမ်းထိုက်ရှင့်၊'' မှတ်ပိုက် မှန်လှ၊ လောက လူ့ထုံး၊ စပါးလုံးလေး၊ ခေါ် တရွေးတည့်၊ နှစ်ရွေး တပဲး၊ ဆယ်ပဲး တအက္ခ၊ ရှစ်အက္ခမူ၊ မှတ်ယူ ဓရဏ၊ ပဉ္စဓရဏ်၊ တသုဝဏ်ဖြင့်၊ သုဝန် ငါးဆ၊ တနိက္ခတည့်၊ နိက္ခ ချိန်ညီ၊ စံ မမှီအောင်၊ သိင်္ဂိနတ်သုံး၊ ရွှေစင်တုံးကား၊ တလုံး တခဲး၊ ထိန် ရဲးရဲးနှင့်၊ မကွဲး မပပ်၊ လွန် စေ့စပ်၍့၊ အကျပ် တရာ၊ တပိဿာဟု၊ သင်္ချာ မယုတ်၊ လူ*အစုတ်တို့၊ သမုတ် ပြစ်ဘွဲ့၊ ကဲ့ရဲ့စရာ၊ ပစ္ဆာ ဒေါသ၊ ရှာ မရသို့၊ သီလဂုဏ်ပေါင်း၊ လွန်မြတ်ကြောင်းကို၊ အလောင်းမင်းကျော်၊ မြင်သိ မြော်၍့၊ ကရော် ကမည်၊ တ*ကျည်ကျည်နှင့်၊ လော်လည် မြူးရွှင်၊ မလေဘင်တည့်၊ ''မြေပြင် ရေပြင်၊ ဥမင် လိုဏ်ခေါင်း၊ *ပုပ္ပေါင်း တောချုံ၊ *ရဂုံ *မြိုင်တွင်း၊ လူမြင် ကင်းလည်း၊ ချွတ်ယွင်း စာရ၊ ဒုဿီလ၏့၊ ပါပဝတ္ထု၊ မကောင်းမှုကို၊ ပြုရပ် ပြုရာ၊ မယှိစွာဘူး၊ လူသာ မမြင်၊ နတ်များ မြင်ခဲ့၊ လူလျှင် မသိ၊ နတ်များ သိကြောင့်၊ နတ္ထိ ရဟော၊ ရှင်တော် ဟောတိုင်း၊ သဘော ထိထိ၊ မှတ်ယူ သိ၍့၊ ဟိရီ့ ဩတ္တပ်၊ စောင့်စည်း ကြပ်လျက်၊ တည်းကွပ် ကိုယ်ပင်၊ ကိုယ်ကို သင်၏၊'' ''ရှင်သော် ရှင်မှု၊ ရှင်ပြု ရှင်ဖြစ်၊ ရှင်စစ် ရှင်ကျိုး၊ ယှိစနိုးအောင်၊ အားကြိုး နေ့-ည၊ ကျင့် လုံ့လဖြင့်၊ ဒုက္ခနှင့်သာ၊ ရင်းနှီး ရှာသော်၊ ချမ့်းသာ စည်*ဖြီး၊ သုခ ပြီးဟု၊ *အတီး ရှေးက၊ ပေါရာဏတို့၊ မိန့်ကြသော့တိုင်း၊ နည်းယူ ခိုင်းမှ၊ *ကြန့်ထိုင်း မယုတ်၊ အားသွန် ထုတ်ပြီး၊ သတ္တုတ္တမော်၊ တု မမြော်သည့်၊ ဘုန်းတော် ဣဿရိ၊ ဓိပတိနှင့်၊ မုနိ ထွတ်ထား၊ ဘုရားတို့သာ၊ စိုးပိုင်ရာသား၊ အာဏာတော်စက်၊ ရွှေနှုတ်နက်ကို၊ တချက်တည်း ညှိ၊ လုံးစုံ သိသို့၊ မိမိသီလ၊ စာရိတ္တနှိုက်၊ နိစ္စ မပျက်၊ တည် မဖျက်သည်။။ ကိုယ်သက် စွန့်အံ့ ကြံကြိမ်းတည်း။ (၁၄)

(၄၃၀) ကိုယ်သက် စွန့်ပစ်၊ ဥကို ချစ်သား၊ ယစ်မ နှိုင်းစံ၊ မြီးဆံ ခင်တတ်၊ အသက် မှတ်သည့်၊ သားမြတ် စာမြီ၊ ရွှေဧဏီသို့၊ *တညီ နှုန်းညှိ၊ မြတ်ဇာတိဖြင့်၊ စောင့်ဘိ မယုတ်၊ ကိုယ်-နှုတ် နှစ်ဘော်၊ မကျူးကျော်ဘဲး၊ ဉာဏ်တော် ထွင်းသိ၊ ဆင်ခြင်မိ၏၊ ''အသိ ကင်းလျက်၊ အဖျင်း *ရောရု၊ အပျင်းမှုနှင့်၊ အတုအပ၊ ရှင့်ကိစ္စနှိုက်၊ ကျင့်ကြ ရော်မှန်း၊ ကျင့်ကာ ဆန်းကား၊ မျက်ကာန်း လမ်းသွား၊ အမှားမှားဖြင့်၊ များ၏ ချွတ်ချော်၊ ရေနှိုက် မှော်သို့၊ လျပ်ပေါ် ရွေ့ရှား၊ တရား ဂတိ၊ မြဲး မယှိဘူး၊ ပြုမိ ပြုရာ၊ ပြုတတ်စွာ၏၊'' ''ပညာသာ*ဟဲ့၊ သိက္ခာ *မဲ့လည်း၊ ကဲ့ရဲ့စရာ၊ *ပြစ်ဆာ မကင်း၊ မကြိုင်သင်းသည့်၊ အဆင်း လှဆန်း၊ ပွင့် ပေါက်ပန်းသို့၊ ရဟန်းမည်ကာ၊ သင်္ကန်းဝါနှင့်၊ ဂုဏ်ဝါ နတ္ထိ၊ ကဲ မယှိဘူး၊'' ''စိုးစိ မှားမှောက်၊ ကျင့် ယွင်းဘောက်က၊ မျောက် သစ်ကိုင်းလွှတ်၊ ကျလေ လွတ်သို့၊ မချွတ် အမြဲး၊ သူတော်ပွဲးမှ၊ သင်းကွဲး မဝင်၊ ဘော်*မဲ့ ပြင်ဝယ်၊ ရှင်လည်း မဟုတ်၊ လူမဟုတ်နှင့်၊ ဘုတ်လည်း မမည်၊ ပူ မမည်သို့၊ ထေရ်စဉ် ဝါစဉ်၊ မယှဉ်လိုက်ရ၊ ဂိုဏ်း အပဖြင့်၊ ကာမ ဘောဂါ၊ လူ့ချမ်းသာလည်း၊ ကင်းကွာ ဝေးစွ၊ သမဏ၏့၊ သုခလည်း ရှုံး၊ ခေါင်းတုံးသာလျှင်၊ အဖတ်တင်လျက်၊ ရှင်ပင် ပြုထ၊ ကျိုး မလှတည့်၊'' ရာဇမတ္တဏ်၊ ကျမ်းဂန် *အတီး၊ လာဟန် မှီး၍့၊ *ကုမ္ဘီးထမင်း၊ ကိုယ့်ထံရင်းနှိုက်၊ ခင်းကျင်း မပျက်၊ ထားပါလျက်ကို၊ နှစ်သက် လိုရာ၊ ယူကာ ဆတ်ဆတ်၊ မစားတတ်သည့်၊ အသဒ္ဓဘောဇိ၊ မည်ယှိ ခေါ်ငြား၊ သူသေ့လားသို့၊ တရား ဆက်ဆက်၊ ယှိလျက် *တပဲး၊ မှီဝဲး ကျိုးနွံ၊ ဆရာ့ထံဝယ်၊ နည်းခံ ကျင့်ခြင်း၊ သက်သက် ကင်းသည့်၊ ရှင်ပျင်းတို့နှယ်၊ လောင်းဘုန်းကြွယ်လျှင်၊ *ယိုးမယ် တစိ၊ ပြစ် မယှိဘူး၊ ပျင်းရိ မေ့လျော့၊ မပေါ့ ထကြွ၊ သီလစောင့် ကင်း၊ အိပ်ခြင်း လိမ့်လူး၊ တရှူးရှူးတိ၊ ကျေးဇူး မလှ၊ ဆိဒ္ဒတာဝ၊ သုတ္တန် ပြတိုင်း၊ ''အပ အတွင်း၊ ဆီးဆို့ ကင်းသည့်၊ ဟင်းလင်း ထုတ်ချောက်၊ ဤခြောက်ပေါက်ကို၊ ထက်-အောက် ပိတ်ချုပ်၊ ချ မင်းတုပ်သို့၊ ပိုက်ထုပ် ကိုယ်ကြပ်၊ အမြဲး ကပ်၍့၊ မလပ်တုံဘိ၊ တည်နေယှိသား၊ သတိဟုဆို၊ တံခါးဗိုလ်ဖြင့်၊ ဤကိုယ်မြို့တွင်း၊ စောင့် မကင်းတည့်၊ ဝင်ခြင်း ထွက်ခြင်း၊ ရန်*ခပင်းတို့၊ အလျဉ်း ဘယ်ခါ၊ မရသာအောင်၊ သေချာ ပိတ်-တား၊ ကျည်းသေ ထားသို့၊ တရား လက်ယှိ၊ သတိ ပညာ၊ *စူဖာ ထေး-ဆို့၊ လုံစေမျို့မှ၊ မည်သို့ မလျော်၊ မည်သို့ တော်ဟု၊ လော်လုပ္ပစာ၊ တဏှာ နှိပ်စက်၊ မာန် မတက်ဘဲး၊ မမက် ဟာရ၊ ရွှေဉာဏ် ဆလျက်၊ နေဝ ဒဝါ၊ န မဒါနှင့်၊ ခန္ဓာ မပျက်၊ မျှကာ သက်ဖြင့်၊ တရက် တကြိမ်၊ လေနှိမ် ဝမ်းပူ၊ ငြိမ်းရုံဟူသည်၊ ရှစ်ဆူ ကျိုးဆက်၊ ရှင်တော် မြွက်သို့၊ နှစ်ချက် မသုံး၊ ကျေးမင့်းထုံးကို၊ နှလုံး ထား၍့၊ ခေါင်းပါး ရေစာ၊ မျှရုံသာလျှင်၊ ယထာလာဘ၊ သန္တောသဖြင့်၊ ရရသရွေ့၊ *ရောင့်ရဲး မွေ့သား၊ တနေ့ မပြတ်၊ ဧကဘတ်နှင့်၊ ကျင့်မြတ် *ခြိုးခြံ၊ လွန် *အားသံလျက်၊ ဗြဟ္မံစရိယ၊ ကိစ္စ အထူး၊ ဖြည့် ဆည်းပူးသည်။။ ကျေးဇူး ဂုဏ်နက် ပြည့်*ရှိမ်းတည်း။'' (၁၅)

(၄၃၁) ပြည့် ရှိမ်း ဂုဏ်နက်၊ ကျေးဇူး တက်၍့၊ မပျက် *သီတင်း၊ ရွှေနှယ်ဝင်း၏၊ ''ဝမ်းတွင်း မကောင်း၊ ရှင်အပေါင်းကား၊ ကိုယ့်ကျောင်း ကိုယ့်ကံ၊ ကိုယ့်ဗိမာန်ဟု၊ အမှန် တစိ၊ ရလာယှိက၊ မိမိ နေရာ၊ ဝန်တိုစွာသား၊ အာဝါသမစ္ဆေရ၊ ကံပါပဖြင့်၊ ဘဝပြောင်းခါ၊ ပြိတ္တာ ဘီလူး၊ ညစ်ညူး ယောနိ၊ ဒုဂ္ဂတိနှိုက်၊ တပ်မိ တပ်ရာ၊ ဖြစ်ကြစွာ၏၊'' ''ဒါယကာ တပည့်၊ သူ့ထံလှည့်က၊ မကြည့်နိုင်လို၊ ဝန်တို ကုလ၊ မစ္ဆေရဖြင့်၊ ကြီးလှ ဒေါမနသ်၊ တုန်ဆတ်ဆတ်နှင့်၊ အူပြတ် သည်းကြွေ၊ ပူထွေ နှလုံး၊ မီးအုံး ပွက်လျှံ၊ သွေးစိမ်း အန်၏၊'' ''သံဃသန္တက၊ ဂဏိကဟု၊ ထိုမျှ အပြား၊ ပစ္စည်းများကို၊ ဝေခြား မပြု၊ သိမ်းစု ဝှက်ထား၊ သုံးစား ကိုယ်သာ၊ ဝန်တိုစွာဖြင့်၊ လာဘမစ္ဆေ၊ ကံ ညစ်တေကြောင့်၊ သေသော် ပေတ၊ ယက္ခ တသီး၊ စပါးကြီးပြိတ္တာ၊ ဖြစ် ယုတ်မာ၏၊'' ''ရုပ်ဝါ ရူပ၊ သီလကျေးဇူး၊ သူ့ဂုဏ်ထူးကို၊ မနူး ညွတ်တတ်၊ ပရိယတ်ဖြင့်၊ သူတတ်သည်ကို၊ မနာလိုကြ၊ ဝဏ္ဏ ဓမ္မ၊ မစ္ဆေရဖြင့်၊ ဘဝ ဘဝ၊ ဖြစ်သမျှဝယ်၊ မလှ အဆင်း၊ ကင်း၏့ ပညာ၊ တနည်းမှာလည်း၊ အာဝါသမစ္ဆရိ၊ မီးအတိဖြင့်၊ တောက်ညိ ပူပြင်း၊ မြေတွင်း မြှုပ်တိမ်၊ ကော့၍့ လိမ်အောင်၊ သံအိမ် ငရဲး၊ အမြဲး ခံရ၊ ကုလမစ္ဆရာ၊ ဖြစ်တိုင်းမှာလျှင်၊ ဥစ္စာ နည်းပါး၊ ချမ်းသာ ရှား၏၊'' တခြား လာဘ၊ မစ္ဆေရကား၊ *တလ္လ စက်ဆုပ်၊ နံ ခေါင်ချုပ်သည့်၊ *ဘင်ပုပ်နိရယ၊ ငရဲး ကျ၏၊ ဝဏ္ဏဘုံသော်၊ ထင်ပေါ် *မဲ့မော၊ ကျော်စော *မဟဲ့၊ ချို့တဲ့တတ်စွာ၊ ဓမ္မမှာမူ၊ ပြာပူ*နရက်၊ ငရဲး ကျက်၏၊ ဆက်ဆက် ဤသို့၊ ဟောဘော်မျို့သား၊ မချို့ ထင်စွာ၊ ဒေသနာကို၊ သေချာ နားဝ၊ ကြားနာရသို့၊ ဒေဝ ရှင်*မွန်၊ ဉာဏဝန်လျှင်၊ ပြစ် လွန်ကြီးမား၊ မစ္ဆေငါးကို၊ ပယ်ရှား အရှင်း၊ ကင်းကြီး ကင်း၏၊'' ''ကိုယ်တွင်း ယုတ်မာ၊ ကိလေသာလည်း၊ မေတ္တာယောင်ပြ၊ ဘီလူးမသို့၊ ရာဂ လှည့်ပတ်၊ ပြုတတ် ခြင်းရာ၊ သိခဲးစွာရှင့်၊ ကရုဏာအလား၊ လှည့်ဖြား သောက၊ ရွှင်ပျ မုဒိ၊ *တရှိ တူစွာ၊ ဥပေက္ခာလို၊ ကုသိုလ် ဝန်ချ၊ သံဝေဂတူ၊ စိတ် ပူလောင်ပြင်း၊ စိစစ်ခြင်းသို့၊ ဝမ်းတွင်း မသဒ္ဓါ၊ ပါပါ ကဲ့ရဲ့၊ သူ့ပြစ်ငဲ့လျက်၊ အကဲ့ မှတ်ရေး၊ သက်မွေး စင်ဟန်၊ ဝေဘန် *မဲ့ငြား၊ တရား ဟောယောင်၊ စကား ဘောင်ဘွဲ့လှိုင်း၊ ဂိုဏ်းကို စောင့်ရှောက်၊ ခြီးမြှောက်ဟန် ခင်း၊ ပေါင်းသင်း ပျော်ပြု၊ ကောင်းမှု လိုပုံ၊ အာရုံ လိုက်စား၊ မှုများ ကြိုက်ဘိ၊ သမာဓိသို့၊ ထိန မိဒ္ဓ၊ ဝီရိယဖြင့်၊ ဥဒ္ဓစ္စသာ၊ သိက္ခာကာမ၊ ဟူတုံစွလည်း၊ ကုက္ကုစ္စကြီး၊ မနှောနှီးကား၊ မခြီးမြှောက်ချင်၊ မစ္ဆေ ဝင်လျက်၊ ဆင်ခြင်ပုံယှိ၊ ဝိစိကိစ္ဆာ၊ ဓမ္မာဓိပတေ၊ ဟူဘိထွေဖြင့်၊ ရိုသေ ကင်းစွာ၊ အဂါရဝ၊ ဤသို့စသား၊ အဓမ္မစု၊ တရားတုတည့်၊ အကုသလ၊ ပါပ တွက်ဘွဲ့၊ သုံးဆဲ့ခုနစ်ဖြာ၊ ဝဉ္စာနခေါ်ရိုး၊ လှည့်ပတ်မျိုးဟု၊ ပုပ်သိုး နံ-အူ၊ ညစ်ကြေး မြူလည်း၊ စင်ဖြူ တရံ၊ မလိမ်းကျံဘဲး၊ ဗြဟ္မစရိယ၊ သင်းကြိုင်လှသား၊ သီလ ကိုယ်+ယုံ၊ ဂန္ဓာ+ရုံဖြင့်၊ မွှန်းအုံ မပြတ်၊ နေ့စဉ် သတ်၍့၊ အမြတ်တနိုး၊ ထုံရေ ချိုးသည်။။ မွှေးမျိုး နံ့သာ အပြိမ်းတည်း။ (၁၆)

(ဤပိုဒ်ကား 'ဗဟိဒ္ဓဗျဘိစာရီဘာဝ'ကို ပြသောပိုဒ်။)

(၄၃၂) အကျင့် ဗြဟ္မ၊ စရိယတိ၊ သီလဂန္ဓာ၊ ကြိုင်ပျံ့စွာသား၊ နံ့သာ ထုံမျိုး၊ ရေခမိုးဖြင့်၊ စိမ်ချိုး လိမ်းသတ်၊ မပြတ် *ယိုးယံ၊ လောင်း ဘုန်းလျှံလျှင်၊ တရံ တဆစ်၊ နောက်*နစ် ဝမ်းတွင်း၊ ကြံတော် ကင်း၏၊ 'လူပျင်းတို့သွေး၊ ကျင့်မူရေးကား၊ ဧးလည်း ဧးဟူ၊ ပူလည်း ပူစွ၊ ညလည်း ညသော၊ စောလည်း စောစွာ၊ ဆာလည်း ဆာနှင့်၊ ဝ,ပါတုံလျှင်း၊ ဝမ်းတောင့်တင်းဟု၊ အပျင်းဘို့သာ၊ ယိုးမယ် ရှာ၍့၊ လိုရာကိစ္စ၊ မပြုရာဘူး၊'' ကာလ *ကျွန်းကာ၊ ပမာ ထိုသို့၊ မဟုတ်မျှို့တည့်၊ တွန့်တို့ ဆုတ်*နစ်၊ မဖြစ် စိတ်တော်၊ မြို့ရိုးပေါ်က၊ မဟော် မတ်စံ၊ တပ်ကြီး ခံသို့၊ ''*အားသန် လွန်ပြင်း၊ ကြိုးစားခြင်းဖြင့်၊ မပျင်း မရိ၊ ကိုယ်ကျိုး သိလျက်၊ မိမိကိုယ်တွင်၊ အထင် အရှား၊ လှံ-ဓားမြမြ၊ အရိုးကျအောင်၊ စူးရှသသူ၊ ရှိန်ပူ လောင်ညီး၊ *မီးကျီး မှောက်လျက်၊ ထိပ်ထက် ကျသူ၊ လူနှစ်ဦးအား၊ အထူး ဘယ်မှု၊ စုံတခုနှိုက်၊ မပြုနိုင်အား၊ မီး-လှံ-မြားကို၊ ပယ်ရှားအံ့ငှာ၊ တခုသာမျှ၊ လွန်စွာ ဂရု၊ ရေးကြီး ပြုသို့၊ လုပ်မှု လမ်းသွား၊ နှစ်ပါးနှင့် စပ်၊ ပြုအပ် ပြုစ၊ ဆွမ်းမရနှင့်၊ ဆွမ်းရ နှစ်ကွဲး၊ နာဆဲး ပျောက်စ၊ အဋ္ဌ*၄င်း၊ ဤရှစ်ကြောင်းကို၊ ပယ်ရှောင်း စွန့်ထ၊ အာရဗ္ဘဖြင့်၊ လုံ့လဝတ္ထု၊ အားထုတ်မှုနှိုက်၊ *ပြုတ်တု မချွတ်၊ ကြိုးကုတ်ပတ်၍့၊ မပြယ် ဝီရိ၊ စောင့် သတိနှင့်၊ ပလိဗောဓ၊ အိမ်ထောင်ကျသို့၊ ကြောင့်ကြ ဆယ်ပါး၊ ကိစ္စများကို၊ ပယ်ရှား အပ၊ ကင်းစေမှလျှင်၊ ဗြဟ္မဝိဟာ၊ ဘာဝနာဖြင့်၊ မေတ္တာ ကရု၊ မုဒိ ဥပေက်၊ အချစ် အသနား၊ ဝမ်းပါး လျစ်လျူ၊ နှလုံးမူလျက်၊ *ဗိုလ်လူ သတ္တ၊ ပါဏစသား၊ ဒွါဒသယှိ၊ အနောဓိနှင့်၊ ဩဓိ နှစ်ဘို့၊ ပုဂ္ဂိုလ့် အညီ၊ ဆယ်ရပ် ချီ၍့၊ ဝစီ နှုတ်မြွက်၊ တသွက်သွက်တည့်၊ ဝိတက် ဘွားဘွား၊ ထပ် မခြားဘဲး၊ မနား မနေ၊ ဂင်္ဂါရေသို့၊ အဝေရာက၊ စသည် မှတ်ပြု၊ ခြောက်လုံးတုနှင့်၊ တခုသော့ကာ၊ တစာစာဖြင့်၊ ဘာဝနာသံ၊ ပရိကံသည်။။ ရှစ်ယံ နေ့-ည ခပ်သိမ်းတည်း။ ' (၁၇)

(၄၃၃) ဤသို့ မှန်စွာ၊ နန်းက ခွါ၍့၊ ဘာဝနာမှု၊ ပွားရှု မညံ၊ ပရိကံဖြင့်၊ တရံ မခွ၊ နေ့-ည မချာ၊ ကြိုးပမ်းစွာလျက်၊ မဟာပုရိသ၊ ဗောဓိ *မုံရင့်၊ လောင်းဘုန်းပွင့်ကား၊ သေမင့်းရန်ကို၊ ခွင်းဖြိုအံ့ငှာ၊ စုံစမ်း ရှာ၍့၊ ခြင်းရာ ကြံတွေး၊ ဉာဏ် စစ်ဆေးက၊ အဝေး မဟူ၊ မြင်တော်မူ၏၊ 'ဤလူ*ခပင်း၊ ကိုယ်အတွင်းဝယ်၊ သေမင်း ဆိုးညစ်၊ *ဗိုလ်ပါ စစ်ကား၊ လူဖြစ်ကြလာ၊ လူတို့ရွာနှိုက်၊ ဓမ္မတာတမ်း၊ တ*ငမ်းငမ်းနှင့်၊ စွဲးလမ်း ရွယ်ပျို၊ ငယ်တန်*စိုတို့၊ ကိုယ်ကို တင့်အောင်၊ ဥသျှောင် ဘွဲ့လည်း၊ ကြက်တောင်စည်း၍့၊ စုလည်း ပြင်သ၊ ပျံသင်စ,က၊ ရွှင်ကြ မြူးကြ၊ သဘာဝတိုင်း၊ မိန်းမ ယောက်ျား၊ တပ်သောအားဖြင့်၊ ရည်းစား *နံ၊ ချစ် ဆက်ဆံလျက်၊ သက်နှံ မေတ္တာ၊ ကျွမ်းဝင်ကာလျှင်၊ ကိလေသာကိစ္စ၊ အိမ်ရာ ချသော်၊ ကာမ စတည်၊ စစ်ဦး မည်၏၊ ယင်းသည်ကို ဖျက်၊ ခွါထွက်နိုင်၍့၊ ရသေ့ ရဟန်း၊ တောသို့ မြန်းလျက်၊ သင်္ကန်း ဝတ်နှီး၊ ဖြစ်တပြီးလည်း၊ ငြီးငြီး ငွေ့ငွေ့၊ သူတော်လေ့နှိုက်၊ မမွေ့လျော်နိုင်၊ မှိုင် တချိချိ၊ ပျင်းရိရိဖြင့်၊ အရတိမည်ရ၊ ဒုတီယစစ်သည်၊ တက်လာ တည်၏၊ တမည် ထိုမှ၊ ရှင့်ဘာဝနှိုက်၊ ဟာရ ရှာစား၊ သူတပါးနှင့်၊ စပ်ငြား၍့သာ၊ သက်မွေးရာကြောင့်၊ လိုခါ နေ့-ည၊ မစားရ၍့၊ ဝမ်းလျ နွမ်းရိ၊ ခုပ္ပိပါသာ၊ နှိပ်စက်စွာဖြင့်၊ ဆာလောင်ဒုက္ခ၊ တတီယစစ်၊ ထပ်၍့ ရစ်၏၊ တဆစ် ထို့ကြောင့်၊ ဝမ်းစာ မှောင့်၍့၊ တောင့်တ မှာမှာ၊ ကြံ ယုတ်မာသား၊ တဏှာမည်ရ၊ စတုတ္ထ ရံသိုင်း၊ စစ်သည် ဝိုင်း၏၊ လူတိုင်း ရှာရ၊ ကိုယ် ပမ်းလျကြောင့်၊ ထိန မိဒ္ဓ၊ ပဉ္စမမည်၊ ပတ်ပတ် လည်လျက်၊ စစ်သည် ပိတ်၍့၊ မှေးမှိန် ဘိန်းဘိန်း၊ တမှိန်းမှိန်းနှင့်၊ စက်ကျိန်း မဝ၊ မထ ဘယ်ညာ၊ စောင့် လိမ့်ကာလျှင်၊ ဖျာရာ တံဆိပ်၊ ကျောမှာ နှိပ်အောင်၊ အိပ် တရှူးရှူး၊ တလူးလူးတည့်၊ ပျင်းရူး ပျင်းရုပ်၊ သတင်း ပုပ်လျက်၊ တောအုပ် *ခန်းဝါ၊ ဆိတ်ငြိမ်ရာဝယ်၊ ဒေဝါ နတ်ကောင်း၊ မ*နှစ်ထောင်းဘဲး၊ ခြိမ်းမောင်း ခြောက်လှန့်၊ စိတ် နိုးနန့်ဖြင့်၊ ထိတ်လန့် မတည်၊ ဘီရုမည်သား၊ စစ်သည် ဆဋ္ဌမ၊ ပြုန်းပြင်းထ၏၊ စိတ်က *ချောက်ချား၊ ထိတ်လန့်ငြားက၊ ယုံမှား ယုံမှိ၊ ဝိစိကိစ္ဆာ၊ တွေးဆကာလျှင်၊ တည်ရာ မရ၊ သတ္တမမြောက်၊ စစ်သည် ရောက်၍့၊ ရှေ့-နောက် မညံ၊ ပြွမ်းပြွမ်း ရံ၏့၊ သည်းခံ ထိုမှ၊ တည်နိုင်စွမူ၊ အာဂ ဤငါ၊ ကျင့်စွမ်းစွာဟု၊ သေနာ အဋ္ဌမ၊ မောက်မောက် ကြွ၍့၊ မက္ခ ထမ္ဘ၊ မာန ဗိုလ်မင်း၊ မာန် ငင်းငင်းနှင့်၊ တောင့်တင်း ခိုင်မာ၊ ထွက်ဆို့လာ၏၊ တဖြာ ထိုနောက်၊ တည်နိုင် မြောက်၍့၊ ခြီးမြှောက် ကြည်ညို၊ လူ*ဗိုလ် အံ့ဩ၊ လာဘ် ပြန့်ပြောလျက်၊ ကျော်စော နှံ့မျှ၊ ဖြစ်ပြန်ကလည်း၊ လာဘ သက္ကာ၊ မာန် မိစ္ဆာလျှင်၊ လွန်စွာ တက်ကြွ၊ တောင်ကြီး ထသို့၊ နဝမတပ်၊ ကိုးဆင့် ထပ်၏၊ လာဘ် ပစ္စည်းမာန်၊ ယစ်မူး *ဝှန်သော်၊ အလွန် ငါသာ၊ မြတ်လှစွာဟု၊ ထေရာ ထေရ၊ ဆရာ စသား၊ ပြင်ပ ထိုထို၊ မညွတ်လိုဘဲး၊ ကိုယ်ကို မြှောက်ကြွ၊ သူ့ကို ချလျက်၊ ဒသမ မည်ထုတ်၊ ခေါ်သမုတ်သည့်၊ အတ္တုက္ကံသ၊ ပရဝမ္ဘနာ၊ ကိလေသာဖြင့်၊ မဟာစစ်ကြီး၊ လွှမ်း ဘိစီး၍့၊ အပြီး ကိုင်ဆွဲး၊ လွှတ်ပြီး ဖဲးလျှင်၊ မလွဲး မှန်စွာ၊ ငရဲးရွာသို့၊ အုံကာ ရံဝန်း၊ ချဆောင် တွန်းသည်။။ သုံ့ပန်း လက်ရ ဖမ်းငင်တည်း။'' (၁၈)

(ဤပိုဒ်လည်း 'ပကပ္ပိတာပဟေဠိ' ပင်။)

(၄၃၄) ဟုတ်လှ မှန်မော၊ ဤသဘောတိ၊ 'လူ့လောကီ့ဘောင်၊ အိမ်ရာထောင်နှင့်၊ စွန့်ရှောင် ခွါဆန်း၊ ဝတ်သင်္ကန်းဖြင့်၊ ရဟန်းမည်ကာ၊ ပြုကြလာ၍့၊ ဣစ္ဆာပကတ၊ ပါပဝိတက်၊ လို*ရမ္မက်ကို၊ နှစ်သက် အမြဲး၊ ခွါ မရှဲးဘဲး၊ ကိုယ်ထဲး မကင်း၊ တည်စေခြင်းဖြင့်၊ အဖျင်း လေဘင်၊ ထိုလူရှင်ကား၊ သင်္သရာကာလ၊ ဘဝဝက၊ လက်ချ လုံးလုံး၊ စစ်ကြီး ရှုံး၍့၊ ပျက်ဆုံး ဤကိုယ်၊ ငြင်တငြိုဖြင့်၊ အိုအို သေသေ၊ သန္ဓေ မပြီး၊ ထိပ်ထက်စီးလျက်၊ ဘေးကြီး နှိပ်စက်၊ ဆင်းရဲးနက်၏၊'' ''ဖြစ်-ပျက် *နှင်နှင်၊ စစ်မြေပြင်ဝယ်၊ သေ-ရှင် လတ်လတ်၊ တဖျတ်ဖျတ်နှင့်၊ ပိုင်းဖြတ် ခုတ်ထစ်၊ ထိုးပစ် ကျွက်ညံ၊ မပြတ် ခံသို့၊ တရံ မစဲး၊ အော်*လဲးလဲးဖြင့်၊ သေပွဲးခံလျက်၊ အမြဲး ပျက်၏၊'' ''မြှေးယှက် တဏှာ၊ အဝိဇ္ဇာဖြင့်၊ ဖုံးကာ ထိုထို၊ ပစ္စည်း ကြို၍့၊ ရှေး*စို နှောင်း*စို၊ သူမိုက်ကိုယ်ကား၊ နာ-အိုသေခြင်း၊ တစင်းစင်းဖြင့်၊ မကင်း ဆက်ဆက်၊ စဉ် မပျက်အောင်၊ သက်သက် ဒုက္ခ၊ ဤကာမမှ၊ လွန်ထ ဆုံးတိုင်၊ မလွတ်နိုင်ဘူး၊'' 'တောင်ကိုင် ဗိမာန်၊ ပြည်နိဗ္ဗာန်သို့၊ ရည်သန် နှလုံး၊ ရောက်လို ဆုံးက၊ ကျင့်ထုံးမသွေ၊ သီလမြေထက်၊ ရပ်ခြေ ဝီရိယာ၊ လက်သဒ္ဓါဖြင့်၊ သမာဓိန္ဒြိ၊ မှတ်တင် ညှိလျက်၊ သတိ သွေးဆောင်၊ အရောင် ချက်ချက်၊ မြမြထက်သား၊ သန်လျက် ဝရဇိန်၊ စက်ပုဆိန်ကို၊ စွဲးချိန် ဝင့်တိုင်း၊ ပိုင်းရ ရိုင်းတိ၊ ရံသိုင်း မလပ်၊ ဆယ်ဆင့် ထပ်၍့၊ မြဲးကြပ် တည်ခြင်း၊ ဤကိုယ်တွင်းနှိုက်၊ ရုန်းရင်း သန်ကျန်း၊ လွန် ခိုင့်*ကျန်းသား၊ သောင်းကျန်းတတ်စွာ၊ ကိလေသာဟု၊ ယုတ်မာ ဆိုးညစ်၊ သူပုန်စစ်ကို၊ ခုတ်ထစ် ကုန်စင်၊ တိုက် အောင်မြင်မှ၊ ခေမင်္ဂတ၊ ဘုံသို့ ကျ၍့၊ သုခ ချမ်းသာ၊ နေရစွာအံ့၊'' ငါလည်း ထို့တူ၊ ကိလေဟူသည်၊ ရန်သူစစ်သည်၊ ဤဆယ်မည်ကို၊ ဖျက်နှည် ဖြိုခွင်း၊ ဆင် ကျူနင်းသို့၊ အကြွင်း *မဟဲ့၊ ချိုးဖဲ့ပြီး နောင်၊ စစ်ကြီး အောင်၍့၊ မြင့်ခေါင် ခေမာ၊ ဘေး*မဲ့ရာနှိုက်၊ ချမ်းသာ နိဗ္ဗူ၊ ယူအံ့ မပျက်၊ ကြံရည်လျက်ဘိ၊ တောထွက်ရကား၊ 'တရားကိုသာ၊ ကျင့်ပိမ့်ငှာဟု၊ ပညာ သတိ၊ ကိုယ်ရံရှိလျက်၊ အဓိဝါသီ၊ ခန္တီ လွှားချပ်၊ မြဲးကြပ် စုံလင်၊ စွဲး ဝတ်ဆင်ပြီး၊ ရညကင်အောင်တပ်၊ အောင်မြေရပ်နှိုက်၊ ရောင်လျှပ် ဝင်းညိ၊ လွှတ်တိုင်း ထိသား၊ အဝိဟိံသာ၊ အဗျာပါဒ၊ ဝိဝေကဟု၊ ဇေယျသတြု၊ စံတု လွှတ်ကင်း၊ ရန်ပုံခွင်းတိ၊ ရန်ကင်းသမျှ၊ ရွယ်က ပြီးစီး၊ လက်နက်ကြီးနှင့်၊ *ခိုင်ဖြီး လုံ့လ၊ ဝီရိယဖြင့်၊ သမ္မပ္ပဓာ၊ ရဲးရင့်စွာလျှင်၊ မဟာဓိဋ္ဌာန်၊ သန်ကြီး သန်၍့၊ မပြန် မဘောက်၊ *လှံမစောက်ဖြင့်၊ နှစ်ယောက် မပူး၊ ကိုယ်တော် ထူးသည်။။ စစ်ဦး တက်စ၊ လမ်းထွင်တည်း။'' (၁၉)

(ဤပိုဒ်လည်း 'ပကပ္ပိတာ' ပဟေဠိပင်။)
နိက္ခမ္မခဏ်း (၁၉)ပိုဒ် ပြီး၏၊

ပဉ္စမပိုင်း ၂- ဗြဟ္မဝိဟာရစရိယခဏ်း

(၄၃၅) ဗောဓိမည်မှတ်၊ ဓမ္မဓာတ်ဖြင့်၊ အရဟတ်မဂ်ဉာဏ်၊ သဗ္ဗညာဏ်နှိုက်၊ သည်းထန် မပြတ်၊ ကပ်ငြိတတ်ကြောင့်၊ သတ္တမီ ဒုတီယာ၊ နှစ်ဖြာ တပ္ပုရုသ်၊ ဗောဓိပုဒ်ကို၊ ဗုဇ္ဈနက၊ ပုဂ္ဂလဟု၊ အတ္ထ ဝိကပ်၊ ပညတ် ဝေါဟာ၊ တနည်း ဖြာ၍့၊ ကမ္မဓာ တဝ၊ ကျမ်းလာပြသား၊ လောင်းလှ ဘုန်း*ဟေ့၊ မင်းရသေ့မြတ်၊ ဗောဓိသတ်ကား၊ ''ငတ်မွတ် ဝမ်းရေး၊ မြီကြွေး နှောင့်ယှက်၊ မင်း နှိပ်စက်၍့၊ အသက် လွတ်ရုံ၊ ရဟန်းပုံတွင်၊ ခိုလုံသည်သာ၊ မဟုတ်စွာသား၊ သဒ္ဓါပဗ္ဗဇိ၊ ဖြစ်ဘိသော့လျောက်၊ မဘောက် ဝမ်းတွင်၊ မနော စင်၏၊ ကိုယ်လျှင် ဝတ်ခြုံ၊ ဝမ်းမျှရုံမှ၊ တစုံတရာ၊ ဘယ်ဥစ္စာကို၊ တဏှာ လောလုပ်၊ မှု မရှုပ်ဘဲး၊ ရှင်လုပ် ဖြောင့်တန်း၊ ကမ္မဋ္ဌာန်းနှင့်၊ စီးဖြန်း ယှဉ်မှီ၊ ရှင်-ယောဂီတို့၊ တိစီဝရိက်၊ သပိတ် ရေစစ်၊ တဆစ် ပဲးခွပ်၊ အပ်နှင့် ခါးဗန်း၊ ရှစ်ခန်း ပရိက္ခရာ၊ လျှောက်ပတ်စွာတည့်၊ တဖြာ ထိုမှ၊ နဝ ဒသ၊ ဧကာဒနှင့်၊ ဒွါဒသဟူ၊ မှတ်ယူ အသီး၊ အစဉ် မှီးလျက်၊ ခင်းနှီး သံကောက်၊ ထို့နောက် တလီ၊ နိသီ စမ္မခဏ်၊ တဘန် မှတ်ရေး၊ တောင်ဝှေး ဆီကျည်၊ တမည် မှတ်အပ်၊ ထီး ဘိနပ်တည့်၊ ဝိကပ်နက်ပြ၊ ကျမ်းအရတိုင်၊ ရှေးက လမ်းကြောင်း၊ သူတော်ကောင်းတို့၊ ကျင့်ဟောင်း ဧကန်၊ နည်းရိုးမှန်ရှင့်၊ အသန္တုဋ္ဌ၊ မဟူရဘူး၊'' ထိုမျှ ထို့ထက်၊ ''ဗောဓိခက်ကား၊ မမက် မရည်း၊ လိုတော် နည်း၍့၊ ပစ္စည်း မခင်၊ သန့်ကြောစင်၏၊'' ထို့ပြင် တထူး၊ ''မသွပ်ရူးလည်း၊ သွပ်ရူးသဘော၊ ပျက်ချော်ပြောလျက်၊ *ဂုံးချောတိုက်ထွေ၊ ကချေသည်မှု၊ အံ့ဘွယ် ပြုဟု၊ လေးခု အပေါင်း၊ လာဘ်ဖြစ်ကြောင်းကား၊ သူကောင်း သူ*မွန်၊ ပညဝန်တို့၊ အလွန် ကဲ့ရဲ့၊ ပြစ်တင်ဘွဲ့၏၊ *မဟဲ့ အကျိုး၊ မရှက်နိုးဘဲး၊ ညစ်ဆိုး ယုတ်မာ၊ မိစ္ဆာ သက်မွေး၊ သူနုပ်သေးတို့၊ ဝမ်းရေး ရှာစား၊ အကျင့်မှားတည့်၊'' တရားလက်ယှိ၊ လောင်းဗောဓိမူ၊ သတိ သမ္ပဇဉ်၊ မြဲးယှဉ် ဝမ်းတွင်း၊ လွတ် မကင်းဘဲး၊ *ရိုးရင်းထဲးနှီး၊ တည်ပြီးရကား၊ ''တရား မဆံ၊ *ရမ္မက် ကြံနှင့်၊ ဘုန်းကံ*မဲ့ဘိ၊ ဇာတိ မ*မွန်၊ ဝမ်း၏့ ကျွန်တို့၊ တိရစ္ဆာန် ခွေး-ဝက်၊ ကြောက် မရှက်သို့၊ အသက်မွေးပြု၊ ဝမ်းစာမှုဖြင့်၊ လူဟု ဖြစ်ဆန်း၊ ရဟန်းမည်ကာ၊ ကျင့် ယုတ်မာနှင့်၊ မိစ္ဆာဇီဝ၊ ဟီန စာရော်၊ သူတော် မဟုတ်၊ သူယုတ်တို့သာ၊ ပြုကျင့်ရာကြောင့်၊ ဝေးစွာ ပယ်ရှား၊ ကြဉ်သော့အားဖြင့်။။ တရား ပျော်မွေ့ နှစ်ထောင်းတည်း။'' (၁)

(၄၃၆) *နှစ်ထောင်း တရား၊ ပျော်သော့အားဖြင့်၊ လေးပါး သစ္စာ၊ 'လောင်းပွင့်ဂ†လျာကား၊ နှုတ်လျှာ ပေါ့ပျက်၊ သွမ်းသော့သွက်နှင့်၊ မကျက် နည်းပါး၊ အကျက်များသည့်၊ ကြိုးကြား ကျန်ကြွင်း၊ ပဲးနောက်ဟင်းသို့၊ ချွတ်ယွင်း ဘောက်ပြန်၊ လျာ-နှုတ် မြန်တိုင်း၊ အမှန်က နည်း၊ မမှန် *ပည်းလျက်၊ စောင့်စည်း မပြု၊ ဝစီမှုနှင့်၊ အနိဗ္ဗုတ၊ ပိဏ္ဍဟူသည်၊ ဆွမ်းပူ မဧး၊ အသက်မွေးဖြင့်၊ ဝမ်းရေး မိစ္ဆာ၊ မယုတ်မာဘဲး၊ စားကာ အိပ်မွေ့၊ လျော့မေ့ *ကျော့ကျည်း၊ ရွှင်ကြည်းကြည်းနှင့်၊ ပစ္စည်း-လာဘ် မျှော်၊ တမော်မော်ကို၊ လိုတော် မညွတ်၊ လွှတ်ကြီး လွှတ်၏၊'' အမှတ် တဆူ၊ နည်းတမူဖြင့်၊ အယူ မခွ၊ ''ရှင်ကဏှသို့၊ သရ ပရိတ်၊ မန္တာန်ဟိတ်ကြောင့်၊ ဆို့ပိတ် ကျည်ဝ၊ ဖြုတ် မကျတဲ့၊ မရ လက်လှုပ်၊ တားချုပ် အမြဲး၊ မလွှတ်ဘဲးနှင့်၊ လေးလွှဲး မြားလွှဲး၊ လက်နက်လွှဲးလည်း၊ ငရဲး မကျ၊ မနေရဘူး၊ ဒေါသ မလွဲး၊ ငရဲး မပြီး၊ အချည်းနှီးတည့်၊'' တသီး မှန်စွာ၊ ''နတ်ဝိဇ္ဇာတို့၊ ဂါထာ အင်း-အိုင်၊ စိုးပိုင်သော့အား၊ မန္တြားဖြင့်၊ ဘွားဘွား ရွတ်ကာ၊ သင်းချိုင်းမှာလျှင်၊ အစာကျွေး၍့၊ လကွယ်နေ့နှိုက်၊ တစ္ဆေ့ဦးထုပ်၊ ချွတ်ရုပ် ဆောင်ထား၊ သံပြဒါးက၊ ဆေးဝါးသတ္တိ၊ သိဒ္ဓိ ကျိုးကြီး၊ ဓား-လှံ ပြီးနှင့်၊ ရှိန်းပြီး အမ်းပြီး၊ ပါးစုံပြီးလည်း၊ သေပြီး နိရယ၊ အပါယ် ကျလိမ့်၊ ဒေါသ မပြီး၊ ငရဲးကြီး၏၊ ဝဋ်မီး အစာ၊ အတတ်သာရှင့်၊'' 'ဝိဇ္ဇာ သိပ္ပ၊ ဟူသမျှကား၊ ဘဝ နောင်ကျိုး၊ မယှိနိုးဘူး၊ ဟောရိုး ကုန်စင်၊ သင်ပါ ကျင်လည်း၊ စာသင် မကျွမ်း၊ မြွေဖမ်း မတတ်၊ ပြန်ပေါက်သတ်သို့၊ အလဂဒ္ဒူ၊ ပမာဟူသည်၊ မာန်မူ ထောင်လွှား၊ သူမြတ်များကို၊ ပြစ်မှား ရှုတ်ချ၊ တကြွကြွနှင့်၊ ဝါဒ မမှန်၊ ယူ ဘောက်ပြန်၍့၊ ကျမ်းဂန် အတတ်၊ ကိုယ်ကို သတ်၏၊ ပိဋကတ် ခေါင်ထိ၊ ရှင်ကပိလျှင်၊ ဝီစိသို့သာ၊ လားလေပါရှင့်၊ တဏှာ ဒိဋ္ဌိ၊ မာန ငြိက၊ တိပိဋကာ၊ ကျမ်းသုံးဖြာလည်း၊ သင်ပါ ဆောင်ကျိုး၊ မယှိနိုးဘူး၊'' သတိုး ရှင်မြတ်၊ ဉာဏ်တော် မှတ်၍့၊ ဟုတ်ဟတ် နိစ္စ၊ သမထနှိုက်၊ ဗြဟ္မဝိဟာ၊ ဘာဝနာကို၊ ဆရာ ပြညွှန်း၊ မတိုက်တွန်းဘဲး၊ လို*ဓွန်း ကိုယ့်ဉာဏ်၊ ပင်ထွက် မှန်ဖြင့်၊ ''ပွားဟန် မေတ္တာ၊ အခြင်းရာကား၊ ကျမ်းလာ အယှိ၊ သင်၍့ သိသို့၊ မိမိ ကိုယ်က၊ အဦး စ၍့၊ ပိယ မဇ္ဈ၊ ဝေရီကျအောင်၊ တစ တစ၊ သုံးဝ ပုဂ္ဂိုလ်၊ ကိုယ်နှင့် အတူ၊ အမျှမူ၏၊ ချစ်သူဟူလည်း၊ လိင်-ဗျည်း ဝိသဘာ၊ မတူစွာငြား၊ ကိုယ့်မယားနှင့်၊ အခြား ပြင်ပ၊ ဣတ္ထိယနှိုက်၊ ရာဂ ဖြစ်လွယ်၊ မသပ္ပါယ်ကြောင့်၊ ပယ်ခဲ့ မယူ၊ ထား *လျစ်လျူပြီး၊ ရန်သူကိုကား၊ ရန် မပွားဘဲး သုံးပါး ထိုသူ့၊ ကံအမှုနှိုက်၊ ကောင်းပြုကိုသာ၊ ရှုစပါလျက်၊ အတ္တာနုသိဌ်၊ ကိုယ်-စိတ် ဆုံးမ၊ ဩဝါဒနှင့်၊ ထိုမှ တုံပြီ့း၊ *ဗိုလ်အချိတို့၊ မိမိအမှု၊ သူ့အမှုကား၊ ပြုသသူသာ၊ ခံရရာ၏၊ သူ့တာ ငါခံ၊ ဆက်ဆံ ဘယ်သို့၊ ယှိတို့သတတ်၊ ကမ္မဿကား၊ ကိုယ်စီ ခြားဟု၊ တရားသဘော၊ ကြံ *နစ်နော၍့။။ မျက်ဇော မငွေ့ မခြောင်းတည်း။'' (၂)

(၄၃၇) ထိုမှ တဘော်၊ ရှေးသူတော်တို့၊ တိယော်ဇန၊ ဆယ် ဆယ်ဆဖြင့်၊ တိုင်းမ ပြည်လုံး၊ အာဏာ ကြုံး၍့၊ ယူကျုံး ဖျက်ဆီး၊ မြေကြီး လည်ပင်း၊ မြှုပ်သွင်း ကျဉ်းကျပ်၊ မတ်တတ်ရပ်လျက်၊ မြဲးကြပ် လှောင်ထား၊ ရန်သူ့အားလည်း၊ မျက်ပွား မရှု၊ မိတ်ဘက် ပြုရှင့်၊'' ပြစ်မှု မယှိ၊ ''ဣသိ ခန္တီ၊ မြတ်ဝါဒီနှင့်၊ ပီပီ သက်သက်၊ ပက်လက် မှောက်ခုံ၊ အိပ်တတ်ရုံလျက်၊ ဗောဓိခက်တို့၊ သန်လျှက် ပိုင်း+ဖြတ်၊ တုန် ဖျတ်+ဖျတ်နှင့်၊ ခြေပြတ် လက်တုံး၊ သက် သေဆုံးအောင်၊ ကိုယ်လုံး ကြေမွ၊ ပြုသမျှကို၊ ဒေါသ မဖိတ်၊ မေတ္တာစိတ်ဖြင့်၊ မှိတ်၍့ အောင့်ခံ၊ ဆိပ်လျှံ စဉ်းသွား၊ ဆင်ပစ်မြားဖြင့်၊ သည်းကြား ဘောက်ထွင်း၊ ပစ်တုံလျှင်း၍့၊ သေခြင်း ရောက်လျက်၊ အမျက် မခြောင်း၊ ဥက္ခောင်း ကွဲးစေ၊ ကျောက်ဖြင့် တေ၍့၊ မသေတတ်ရုံ၊ ကျန်ပါတုံလည်း၊ တစုံ တခု၊ မျက် မပြုဘူး၊ ထိုသူ့အကျိုး၊ ဆောင် သယ်ပိုး၏၊'' စွယ်ချိုး နုတ်-ဖျက်၊ ရိုက်နှက် ဆောင့်သိပ်၊ ပြင်းစွာ နှိပ်လည်း၊ အဆိပ် သည်းထန်၊ ရေနတ်မာန်ဖြင့်၊ ပြန်၍့ မမူ၊ ဗုဒ္ဓင်္ကူတို့၊ သီတ ဂူငွေ့၊ လရောင် တွေ့ဘို့၊ ချမ်းမြေ့ ဧးမြ၊ ကြည်လင်လှလျက်၊ လောက တဘက်၊ ကိုယ် တဘက်တိ၊ ဆောင်ရွက်နိုင်စွာ၊ မဟာပထဝီ၊ မြေမဟီနှင့်၊ အညီ တမြှင့်၊ လွန် ကြီးမြင့်သား၊ ရှစ်ဆင့် အားကျော်၊ တု မမြော်အောင်၊ သည်းတော်ခံပြု၊ ခန္တီမှုဖြင့်၊ ရှေးသူ့ စရိယ၊ ဟူသမျှကို၊ ဉာဏ ရှုမြော်၊ ရှင်တော် *ဖအဲး၊ လက်ကိုင် စွဲး၍့၊ ဝမ်းထဲး မချ၊ စိတ် မခွဘဲး၊ ယူဆ ကြံကာ၊ သံသရာက၊ မာတာ ပိတ၊ စသည် ဖြစ်ဖူး၊ ဂုဏ်ကျေးဇူးကို၊ အထူး တင်ထ၊ မေတ္တာ့နိသင်၊ ဆဲ့တအင်ကို၊ ဆင်ခြင်သမှု၊ ဓာတူဝိဘာဂ၊ သဘာဝနှင့်၊ ဒါန ပေးကမ်း၊ ဝေ ခွဲခြမ်း၍့၊ ရှေးလမ်း *နိဿရည်း၊ မျက်ဖြေနည်းဖြင့်။။ သိမ်းဆည်း စိတ်တော် ညံ့ပျောင်းတည်း။ (၃)

(၄၃၈) 'မျက်ဖြေ သိမ်းဆည်း၊ သူတော့်နည်းကို၊ *နိဿရည်း မိမိ၊ ဆရာယှိသို့၊ မြင်သိ အလို၊ မိမိကိုယ်နှင့်၊ ကြည်ညို ချစ်သူ၊ *လျစ်လျူ ရန်ဘက်၊ လူ လေးချက်နှိုက်၊ သမက္ကတ၊ ပြု အမျှတည့်၊ သူက လျင်ကြောင်း၊ သက်လို တောင်းက၊ *၄င်းလူများ၊ လေးဦးသားနှိုက်၊ မခြား စိတ်တွင်၊ ကိုယ်သို့ ပင်လျှင်၊ ထင်စေ မခွ၊ အညီမျှလျက်၊ အတ္တသမံ၊ ပေမံ နိတ္ထိ၊ ပါဠိတရား၊ ထင်အရှားနှင့်၊ သုံးစားအံ့ငှာ၊ အားထုတ်ရှာသည့်၊ 'ဥစ္စာထက်ကား၊ သား-မယားတည့်၊ သား-မယားထက်၊ ကိုယ့်သက်ကိုသာ၊ စောင့်အပ်စွာဟု၊ ကျမ်းလာ နီတိ၊ သို့အယှိကို၊'' ''ဗောဓိ ပွင့်*လျာ၊ မဟာပုရိသ၊ လောင်း သတ္တတို့၊ စိတ်က မလို၊ ဂုဏ်ထူးကိုသာ၊ ထိုထိုအချက်၊ ကိုယ့်အသက်နှင့်၊ ကိုယ့်ထက် လွန်စွာ၊ အာသာ ကြီးမား၊ လိုသော့အားကြောင့်၊ ပိုင်းခြား ပျက်ထ၊ သီမသမ္ဘေဒါ၊ လက္ခဏာတိ၊ ဥပစာမည်သော၊ ကာမဇောကို၊ မနောဒွါရေ၊ အယဉ် တွေအောင်၊ ဝင်စေ တန်းတန်း၊ အာဝဇ္ဇန်းက၊ *ဖြန်းဖြန်း ဘွင့်ကာ၊ ဝိဘူတာဖြင့်၊ အင်္ဂါ လေးဝ၊ ဝီရိယကို၊ လုံ့လ ထဲးနှီး၊ ရေးတကြီးတည်း၊ သဲးကြီး မဲးကြီး၊ အားကြီး လွန်စွာ၊ မိုးကြီး ရွာသို့၊ စဉ်ကာ သွက်သွက်၊ လက် တတွက်နှိုက်၊ ဝိတက်တရား၊ တဘွားဘွားလျှင်၊ မခြား မရပ်၊ ဇောချင်း စပ်သည်။။ ထပ်ထပ် ကုဋေ သိန်းပေါင်းတည်း။'' (၄)

(၄၃၉) 'သိန်းပေါင်း ကုဋေ၊ လက်ပစ်နေတိ၊ ကိန်းရေ လွန်မင်း၊ လျင်မြန်ခြင်းဖြင့်၊ ဇောချင်း စပ်မျှ၊ ထပ်ထပ် မနား၊ ရပ် မ+ခြားဘဲး၊ စက်+ချားသဏ္ဌာန်၊ လှည့် ဘန်ဘန်သို့၊ နိရန္တရ၊ ကာလ မဆိတ်၊ ထိုနိမိတ်ကို၊ ထိုစိတ် ဥပစာ၊ ဇော ကာမာဖြင့်၊ လေ့လာသော့အား၊ ကြိမ်ကြိမ် ပွားက၊ သက်ငြား အပ္ပနာ၊ ဖြစ်လိုခါနှိုက်၊ ကာမာဝစရ၊ ဉာဏသမ္ပယုတ်၊ ဥက္ကဋ္ဌဟိတ်၊ ထိုဇောစိတ်လျှင်၊ ထိုနိမိတ်ကို၊ အာရုံ *ကြို၍့၊ ထိုမနောဒွါ၊ ကြိယာဝဇ္ဇနံ၊ နန္တရံနှိုက်၊ ပရိကံကိစ္စ၊ ချန်ခဲ့ ချမှတ်၊ တိက္ခပညာ၊ ဓမ္မတာဖြင့်၊ ဥပစာ တပုံ၊ အနုလုံ တဆူ၊ ဂေါတြဘူ တသွယ်၊ ကာမနွယ်ကို၊ ဖြတ်ပယ်သဘော၊ သုံးကြိမ် စောလျက်၊ ကြာတောယှိရာ၊ ရည်ကာ ပျံတက်၊ ပိတုန်းငှက်သို့၊ ဝိတက်တရား၊ ထိုတောဖျားထက်၊ ဝဲးငြား လှည့်ကာ၊ ပန်းရက် ရှာသို့၊ ပမာ *တမျှ၊ ဝိစာရနှင့်၊ ထိုမှ တသီး၊ ကန္တာကြီးတွင်၊ ရေကို မြင်သို့၊ ပျို့ရွှင် ပီတိ၊ တောကြီ့း ရိပ်တွင်း၊ ရေဆင်း သောက်သုံး၊ ကိုယ်လုံး စိမ့်မျှ၊ ပမာဏသို့၊ သုခ တွင်မြောက်၊ ထက်အောက် အန်ကျ၊ တာဖုံးချတို့၊ အမျှ ညီဘိ၊ အာရုံ ထိလျက်၊ တည်စေချက်ကား၊ ဧကဂ္ဂတာ၊ ဤငါးဖြာတည့်၊ ဈာနင်ဓမ္မ၊ ပဉ္စင်္ဂနှင့်၊ ပထမဈာန်ဇော၊ တချက် စော၍့၊ မနောဒွါရိ၊ ဝီထိ အစ၊ မဆွ အကြိမ်၊ စစ်ဦး နှိမ်လျက်၊ မွေ့သိမ်လှစွာ၊ အပ္ပနာကိစ္စ၊ အာဒိ ကျသည်။။ စိတ္တနိယာမ် လမ်းကြောင်းတည်း။'' (၅)

(၄၄၀) 'ပထမ အာဒိ၊ ရဘိ *လက်မွန်၊ ယင်းသည့်ဈာန်ကို၊ ပြန်ပြန် လီလီ၊ ဝသီ ငါးသီး၊ လေ့ကျက်ပြီးမှ၊ ငြီးခဲ့ တချက်၊ ဝိတက် ဝိစာ၊ အင်နှစ်ဖြာကို၊ ပယ်ကာထားမှု၊ ပွားပြန်ပြုက၊ ဒုတိယဈာန်၊ တဘန် ပီတိ၊ ဩဠာရိဟု၊ စွန့်ဘိ ပယ်ထ၊ ပွား တက်ကလျှင်၊ တတီယဈာန်၊ ယင်းဈာန် သုခ၊ ကြမ်းသေးစွဟု၊ ပယ်ထ အဟုတ်၊ ပွား အားထုတ်၍့၊ စတုတ္ထဈာန်၊ လေးတန် ဆုံးကျ၊ ဉာဏ်တိက္ခတို့၊ စတုက္က*တမ်း၊ ဘက် နည်းလမ်းတွင်၊ မှီငြမ်း မရှာ၊ ဗောဓိ*လျာမူ၊ မေတ္တာရမ္မဏ၊ ဤကိစ္စဖြင့်၊ တတီယဈာန်၊ သုံးတန် ရောက်ထိ၊ ပြီးသိဒ္ဓိ၏၊'' နောက်ပြီ့း တခြား၊ ''ဈာန် သုံးပါးကို၊ ဝင်စား မဆိတ်၊ ထိုနိမိတ်ဖြင့်၊ နောဓိသ် ပဉ္စတ်၊ ဩဓိသ် သတ်ဟု၊ ဒွါဒသ် ပုဂ္ဂလာ၊ များ သတ္တာကို၊ အဝေရာ စ,ပြု၊ တု လေးခုဖြင့်၊ မြှောက်မှု ပွားလစ်၊ လေးဆဲ့ရှစ်တိ၊ တဆစ် ထိုမှ၊ ဒသ ဒိသာ၊ မျက်နှာ ဆယ်ရပ်၊ ပွားထပ် ပြန်က၊ ငါးရာ့နှစ်ဆယ်၊ ရှစ်စွန်း*ကယ်သား၊ အကျယ်မေတ္တာ၊ ပွားခြင်းရာဖြင့်၊ ဝိကုဗ္ဗနာမည်မှတ်၊ ရည်တိုင်း တတ်၍့၊ သမာပတ်*မွန်၊ ဝိမုတ်ဉာဏ်ကို၊ နည်းမှန် လမ်းကျ၊ *လက်မွန်ရသည်။။ ရှေးက ကျင့်စဉ် ကျင့်ဟောင်းတည်း။'' (၆)

(၄၄၁) ယင်းသို့ စစွာ၊ ရှေးဦးခါတိ၊ မေတ္တာသဘော၊ စေတောဝိမုတ်၊ မဟဂ္ဂုတ်နည်း၊ *နိဿရည်းကို၊ လက်တည်း လက်ကြပ်၊ ဆရာ အပ်သို့၊ ရွှေကျပ် မယွင်း၊ နှလုံးတွင်းနှိုက်၊ ထည့်သွင်း သိုမိ၊ ဟုတ်တိုင်း သိ၍့၊ တသိဒ္ဓိကြီး၊ ကိုယ်တော်ပြီးက၊ တသီး တက်ရာ၊ ကရုဏာကား၊ မေတ္တာ*တမျှ၊ နည်းမရရှင့်၊ ပိယ *လျစ်လျူ၊ ရန်သူတို့အား၊ သနားစဖွယ်၊ မထင်လွယ်တည့်၊ ညှိုးငယ် မျက်နှာ၊ ဝမ်းစာ မဝ၊ ခါး မလှနှင့်၊ နေ့-ည ရှာဘွေ၊ သား-ရေ ပြုတ်ရှပ်၊ တောင်ကပ် ဖားရား၊ ပြေးသွား *ခုံမင်၊ လွန် ငြိုငြင်သည်၊ အကြင်သို့သူ၊ လူ ဒုက္ခိတ၊ မရ ချမ်းသာ၊ ဆင်းရဲးစွာအား၊ *နာဝေ နာစည်း၊ နှလုံး ကြည်း၏၊ *ဟိုက်ကျည်း ပန်းပင်၊ အမြင် မဘွယ်၊ မသပ္ပါယ်အောင်၊ ကိုယ်ဝယ် ကွဲးအက်၊ တစက်စက်နှင့်၊ ခြေ-လက် ပြတ်တို၊ သွေးယို ပြည်စီး၊ ဒုက္ခကြီးသား၊ *အထီးကျန်လူ၊ ထိုသူတို့က၊ ရင်းမူ စ၍့၊ ပွားမှ အလွယ်၊ ဖြစ်စဖွယ်ဟု၊ ရှေးဝယ် များလှ၊ ဘဝဝက၊ သမထ ဝိပဿနာ၊ မြတ် နှစ်ဖြာကို၊ လေ့လာခဲ့ဖူး၊ အထူး လက်ယှိ၊ ဂုဏ်သတ္တိဖြင့်၊ အဓိကာရ၊ စရိယကြောင့်၊ သုခပဋိပါဒ်၊ အမြတ် တိက္ခိန်၊ ခိပ္ပါဘိည်ဟု၊ ပညိန္ဒြိယ၊ ထိတိုင်း ရှသား၊ သိကြာ့းလက်ပစ်၊ နတ်စိန်စစ်သို့၊ ပြစ်ပြစ် ကုန်စင်၊ ဟုတ်တိုင်း ထွင်လျက်၊ အမြင် ဉာဏ်ကျယ်၊ လောင်းဘုန်းကြွယ်ကား။။ *နှီးနွယ် ကြံမိ၊ ကြံကောင်းတည်း။'' (ရ)

(၄၄၂) ထိုသို့ ဒုက္ခ၊ ခံရသသူ၊ မရမူကား၊ ကြီးထူ စည်းစိမ်၊ ချမ်းငြိမ် သုခ၊ ယှိထတုံလျက်၊ ကိုယ်ကို ဖျက်သည့်၊ ကျင့်ပျက် ဆိုးဝါး၊ ထိုသူ့အားလည်း၊ သနားထိုက်စွာ၊ ဥပမာမူ၊ ရာဇဝတ်နှင့်၊ မလွတ်သော့အား၊ ကြင်ယောက်ျားကို၊ လမ်းကြား လှည့်ကာ၊ မင့်းအာဏာဖြင့်၊ မျက်နှာ လေးပြင်၊ ရပ်ဝန်းကျင်နှိုက် အထင် အရှား၊ မင်းဒဏ်ထား၍့၊ ဆောင်သွား ထုတ်ရာ၊ လူများစွာတို့၊ ကြင်နာ သနား၊ အစား အသောက်၊ ခြီးမြှောက်သဖြင့်၊ ပြည့်စုံလင့်လည်း၊ အသင့် လူ့ရွာ၊ လူ့ချမ်းသာဟု၊ သညာ မမှတ်၊ ဥက္ခောင်း ပြတ်လျက်၊ လတ်လတ် ဤသူ၊ သေမည့်လူဟု၊ မှတ်ယူ အသီး၊ သေခါနီးကြောင့်၊ သေပြီး သဖွယ်၊ သနားဘွယ်သို့၊ အကယ် မျက်မြင်၊ စည်းစိမ်အင်နှင့်၊ မင်းပင် *တပဲး၊ တူ မကွဲးအောင်၊ *ဖြင်ပြဲး *ပေါယယ်၊ ရွှေအိမ့်လယ်တွင်၊ ကြီးကျယ် ချမ်းသာ၊ ဤလူ့ရွာနှိုက်၊ မ,*တကာသူ၊ အမူ ကျင့်ဆိုး၊ ထိုလူမျိုးကား၊ စောက်ထိုး ပြောင်းပြန်၊ သည်းထန် လွန်ကဲး၊ မီးငရဲးနှိုက်၊ မလွဲး တပ်တပ်၊ မြေလက်အပ်သို့၊ *စပ်စပ် မုချ၊ သေလျှင် ကျ၍့၊ ဒုက္ခ ကြီးစွာ၊ ခံရရာကို၊ ကရုဏာတရား၊ ဖြစ်ကာပွားသည်။။ သနား နောင်ဘို့၊ ရည်ချောင်းတည်း။'' (၈)

(၄၄၃) ကုသိုလ် ဘုန်းကံ၊ ရှေးကြောင်းခံနှင့်၊ အကြံ သင့်စွာ၊ မိုးနှယ် ရွာ၍့၊ ရတနာ ရွှေ-ငွေ၊ ရေသို့ *တပဲး၊ ဝင် မ*စဲးတည့်၊ ကြော်သဲး ခြိမ့်ညံ၊ ခြွေရံ ကျွန်သင်း၊ ဆင်-မြင်း လယ်ယာ၊ လွန်များစွာဖြင့်၊ ရာနှင့် ရှစ်ဆယ်၊ လေးဆယ် ကုဋေ၊ မြေတွင် သိုမြှုပ်၊ ကြွယ်ပုပ် ကြွယ်စပ်၊ ခွက်ချပ် ပကတိ၊ *နက်ကျိ ပုံကြွေ့၊ မြေ*ယွံရွေ့မျှ၊ ပြကတေ့ထုံး၊ နေ့စဉ် သုံးလည်း၊ တွက်ကျုံး မှန်ရှောင်း၊ စိတ်ပေါင်း ဆဲ့တစ်၊ ခေါ်လစ် နာမ၊ အမ္ဗဏဖြင့်၊ အမ္ဗဏ နှစ်ဆယ်၊ တဆယ်နှင့် ငါး၊ ချင့် မမှားအောင်၊ သုံးစား *ကုံကယ်၊ တကျမ်းဝယ်မူ၊ ဆယ်အမ္ဗဏ၊ တကုမ္ဘတည့်၊ ကုမ္ဘ သုံး-နှစ်၊ တစ်ဖြင့်*၄င်း၊ အပေါင်း သပြာ၊ သုံးနိုင်စွာသည်၊ ''မဟာသာလ၊ ခတ္တိယက၊ ဗြာဟ္မဏ ဂဟပတိ၊ မည်ယှိ ခေါ်ထွေ၊ ရွှေ အတုံးတုံး၊ ကြွယ်ကြီး သုံးသို့၊ ကျုံး၍့ မကုံ၊ တောင့်နှယ် ပုံမျှ၊ ပြည့်စုံ ဘောဂ၊ ပုညတရား၊ နေ့တိုင်း ပွားလျက်၊ ကောင်းစားသသူ၊ ထိုလူအားလည်း၊ ခုကား ချမ်းမြေ့၊ ဘေး မတွေ့ဘဲး၊ ည-နေ့ ကုသိုလ်၊ စိတ် ကြည်ညိုလျက်၊ မငြို မ+ငြင်၊ စည်းစိမ်အင်နှင့်၊ ယာဉ်+ညင်စီးကာ၊ ဝမ်းမြောက်စွာ၏၊ ရံခါ စိုးစိ၊ ဉာတိဗျသန၊ သားမြေးစသည်၊ ပျောက်ရှ သေဆုံး၊ လူတို့ထုံးဖြင့်၊ ပျက်ရှုံး ဥစ္စာ၊ *ကြမ္မာ *ညံ့*စဲး၊ မို့းနှယ် *ဖွဲး၍့၊ မွဲးခဲ့သော့အား၊ တပါးပါးကြောင့်၊ *ချောက်ချား ပူလှိုက်၊ မီးပြင်းတိုက်သို့၊ ဖိုဟိုက် ဒုက္ခ၊ ဒေါမနနှင့်၊ သောက ကြီးစွာ၊ တွေ့ပြီးခါလျှင်၊ ကိုယ်ပါ ဆုံးပါး၊ ပျက်ရငြားမည်၊ မမှားသတတ်၊ မှန် ဆတ်ဆတ်ဖြင့်၊ မချွတ် အကယ်၊ ဒုက္ခကြွယ်ဟု၊ စိတ်ဝယ် ပိုင်းခြား၊ လွန်သနားလျက်၊ ရှေးလား နည်းဆို၊ မေတ္တာ *ကြိုသို့၊ ပုဂ္ဂိုလ် လေးဝ၊ ကိုယ်က စ၍့၊ သီမသမ္ဘေ၊ ရောက်ပစေမှ၊ သုံးထွေ မှန်လှ၊ ဈာန် တိကလည်း၊ ကိစ္စ ပြီးစွာ၊ လောင်းပွင့်*လျာလျှင်၊ ဒုက္ခာ မုဉ္စန္တု၊ တခုသာယှိ၊ အနောဓိနှင့်၊ ဩဓိပုဂ္ဂိုလ်၊ ဆယ်ရပ် ဖြိုလျက်၊ ထိုထို ဝိကုဗ္ဗန၊ ထူးကိစ္စဖြင့်၊ ရာ့သုံးဆဲ့နှင့်၊ သုံးပြန် စစ်၍့၊ ပွားလစ် ရှုကာ၊ ကရုဏာဟု၊ သမာပတ်ရိုး၊ ဝိမုတ်မျိုးကို။။ အုပ်စိုး လက်ရ၊ ပိုင်တောင်းတည်း။'' (၉)

(၄၄၄) ယင်းသို့ ဒုတီယာ၊ ကရုဏာ စေတော၊ သဘော *နိဿရည်း၊ ဝိမုတ်နည်းကို၊ သိမ်းဆည်း ရွှေဉာဏ်၊ ပြီးစီးပြန်မှ၊ တတန် တတီယာ၊ 'မုဒိတာကို၊ တက်ကာ တဗိုလ်၊ နယ်ချဲ့လို၍့၊ ရွှေကိုယ် စဉ်းစား၊ အောက် နှစ်ပါးနှင့်၊ ထူးခြား မတူ၊ ချစ်သူမည်ကာ၊ မုဒိတာ၏့၊ မှန်စွာ ကြောင်းရင်း၊ မဟုတ်လျင်းဘူး၊ လွန်မင်းစွာဘိ၊ အဘိပိယ၊ ချစ်သူကလျှင်၊ စ၍့ ပွားသော်၊ သင့်တင့် လျော်ဟု၊ စိတ်ပျော် ကြည်နူး၊ လွန် ရွှင်မြူးသား၊ အထူး ချစ်သူ၊ ထိုသည့် လူကို၊ မြင်မူ ကြားရာ၊ ဤသတ္တာကား၊ လွန်စွာ သောမနသ်၊ ပျော်မြူးတတ်၏၊ မပြတ်အနေ၊ ပျော်ပါးစေဟု၊ ချစ်ဆွေကစ၊ ပိယ မဇ္ဈ၊ ဝေရပုဂ္ဂိုလ်၊ သုံးဦးကိုလျှင်၊ မ*ငြိုငြင်လျှင်း၊ နှစ်သက်ခြင်းဖြင့်၊ လောင်းမင်း မြတ်စွာ၊ ဝမ်းတော်သာလျက်၊ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု၊ ပွားရှု စိတ်က၊ ဖြစ်စေမှတည့်၊ သုခ *မြောက်မြား၊ ချစ်သူများတို့၊ ပျက်ပြား ဒုက္ခ၊ ရပြန်ကြလည်း၊ ရှေးက ပျော်ဖူး၊ အထူး နောင်ခါ၊ ပျော်ဦးရာဟု၊ မုဒိတာဖြစ်ဘို့၊ အကြောင်းတို့ကို၊ ဤသို့ ရှာ၍့၊ အောက်မေ့သော့အား၊ အစဉ် ပွားသော်၊ သုံးပါး ဈာန်ပါ၊ ကရုဏာသို့၊ ဝိကုဗ္ဗနာကိစ္စ၊ ပြီးထ တုံလတ်၊ လိုတိုင်း *တတ်လျက်၊ သမာပတ်မျိုး၊ လက်ရ စိုးသည်။။ ကျမ်းရိုး မလွန် မစောင်းတည်း။'' (၁၀)

(၄၄၅) 'မေတ္တာ ကရုဏာ၊ မုဒိတာဟု၊ သုံးဖြာ တက်၍့၊ လောင်းဘုန်း*ဟေ့လျှင်၊ စေ့စေ့ တဘန်၊ ဆင်ခြင်ပြန်က၊ အောက်ဈာန် သုံးပါး၊ သတ္တဝါများနှိုက်၊ လိုက်စားသတတ်၊ ပဋိဃာတ်နှင့်၊ နီးလတ်စွာလှ၊ သောမနကြောင့်၊ ရွှင်ပ ရုန့်ရင်း၊ မကင်း အပြစ်၊ ငြိမ်သက်ဖြစ်ဖြင့်၊ ဥပေက္ခာ့ဂုဏ်၊ နိသင်ဟုန်ကို၊ ဆန်-စုန် ထက်-အောက်၊ ရွှေဉာဏ် လျှောက်၍့၊ မွှေနှောက်တုံလျက်၊ လွန်မွေ့ညက်ဟု၊ နှစ်သက် ကျိုးမြင်၊ ထင်ဘိရကား၊ အောက်သုံးပါးမှ၊ နည်းသွား ပြန်ဘောက်၊ *ကမောက္ကမ၊ ပက္ခ တသွယ်၊ ဝါကျနွယ်၍့၊ ပဲးနှယ် စုန်းကြူး၊ *ကျီးတကျူးဖြင့်၊ ထူးဘိ တမူ၊ လေးမျိုး လူတွင်၊ *လျစ်လျူ ပကတိ၊ သူစချိ၍့၊ ထိုပြီ့း နောက်မှ၊ ပိယ အဘိပိယ၊ မဇ္ဈ ဝေရီ၊ ကိုယ်နောက် စီလျက်၊ အညီ သမ၊ လူ လေးဝနှိုက်၊ မဇ္ဈတ္တနည်း၊ *လျစ်လျူချည်းလျှင်၊ တမျိုးတည်းမှတ်၊ ကမ္မဿကာ၊ ဤခြင်းရာဖြင့်၊ မြဲးစွာ ရှုထ၊ သီမသမ္ဘေ၊ ရောက်တုံစေ၍့၊ ဥပေက္ခေကဂ္ဂတာ၊ အင်္ဂါ ဒွယ၊ ဒုဝင်္ဂနှင့်၊ စတုတ္ထမှန်၊ တပါးတန်ဟု၊ ဈာန်ကို ပိုင်မိ၊ *ချက်ရိုင် သိလျက်၊ သန္တိဘူတာ၊ ငြိမ်သက်စွာလျှင်၊ ကရုဏာအလား၊ နည်း မခြားဘဲး၊ ဝင်စား စိုးအုပ်၊ ဝိကုဗ္ဗနာ၊ လိုရာ ပြုတတ်၊ သမာပတ်ဖြင့်၊ အထွတ်ထိပ်စီး၊ ပြီးခဲ့ ဧကန်၊ ကြွင်း မကျန်အောင်၊ နည်းမှန် လမ်းပေါက်၊ ဝိဇ္ဇာမြောက်သည်။။ ထွင်းဘောက် ရွှေကိုယ် ပွင့်လောင်းတည်း။'' (၁၁)

(၄၄၆) ဝိဇ္ဇာ ပြီးမြောက်၊ လမ်းကြီး ပေါက်၍့၊ မောက်မောက် ဖြိုး မြင့်၊ ငြမ်း လေးဆင့်သို့၊ မြှောက်မြှင့် လို*ဓွန်း၊ သူ မညွှန်းဘဲး၊ *သွန်းသွန်း လွယ်ကူ၊ ဈာန် လေးဆူကို၊ စိုက်ထူ မိုးလောက်၊ တည်ဆောက် ကိစ္စ၊ ပြီစီးမှတည့်၊ ငါရာ့အလှစ်၊ နှစ်ဆယ့်ရှစ်ဟု၊ ထိုမေတ္တာအား၊ ဈာန် သုံးပါးဖြင့်၊ မြှောက်ပွား အဖြောင့်၊ တထောင့် ငါးရာ၊ ရှစ်ဆယ်သာ၍့၊ စွန်းပါ လေးခု၊ ဈာန်အစုတည့်၊ ကရုဏာ မုဒိ၊ ရှေးအယှိကို၊ ပွားဘိ တဘန်၊ ထိုဈာန် တိက၊ နည်းအရဖြင့်၊ သုံးရာ့ကိုးဆယ်၊ ခြောက်သွယ် လွန်စီ၊ အညီ အညာ၊ ရစပါလျက်၊ ဥပေက္ခာဓမ္မ၊ မပွားရကြောင့်၊ ရာ့သုံးဆဲ့နှစ်၊ ရှေးတိုင်းဖြစ်နှင့်၊ ပေါင်းရစ် ပိုထ၊ ငါးရာ့ နှစ်ထောင်၊ သင်္ချာ ဆောင်သား၊ *မြားမြောင်လှစွာ၊ အပ္ပနာကို၊ ခါခါ ဘန်ဘန်၊ ချာ မချန်ရှင့်၊ အမှန် တွက်စစ်၊ ဆဲ့နှစ်နှစ်လုံး၊ သင်ထုံးကိစ္စ၊ တသိပ္ပတည့်၊ ''ဒဠှဓနု၊ မည်ပြု ပြဋ္ဌာန်း၊ ခိုင်ကျန်း ခက်မာ၊ လူ့ရွာ ခေါ်ရေး၊ ငါးရွေး တပဲး၊ ဆဲ့ခြောက်ပဲးမူ၊ မှတ်ယူ တကျပ်၊ လေးကျပ် တပိုလ်၊ ယင်းပိုလ် တထောင်၊ တင်ဆောင် ပိုက်ကွေး၊ ဆရာ့လေးဖြင့်၊ မြားရေး ကြီး-ငယ်၊ လေးသွယ် ဆဲ့နှစ်၊ ဆွဲးငင်ပစ်သား၊ မုန်ယစ် ပေါက်ထီး၊ ငါးစီး အားအန်၊ ယောက်ျားလွန်တို့၊ လျင်မြန် လျပ်လျပ်၊ မိုးတလျှပ်နှိုက်၊ ထပ်ထပ် စဉ်လျက်၊ ခုနစ်ချက်နှင့်၊ ရှစ်ချက် များရေး၊ လက် မထွေးသို့၊ မနှေး အမှန်၊ ဝသီဉာဏ်တိုင်၊ ပြန်ပြန် မပြတ်၊ ဝင်စားလတ်၍့၊ သမာပတ်သုခ၊ အစဉ်မျှလျက်၊ ဗြဟ္မဝိဟာ၊ ဘာဝနာတရား၊ ပွားသော့အားဖြင့်၊ ရှည်လျားကာလ၊ သက်ဆုံးကျအောင်၊ ကာမအာရုံ၊ လေ့ မထုံ၍့၊ ငါးစုံ နီဝရဏ၊ ကွာထ အဟုတ်၊ ဈာန် မယုတ်ဘဲး၊ သမုတ် ကျယ်-နက်၊ ပင်လယ်စက်တွင်၊ အထက် လေးသောင်း၊ အောက် လေးသောင်းတို့၊ ထောင်းထောင်း *ချောက်ချား၊ လေနှင့် ငါးကြောင့်၊ လှုပ်ရှား မပြတ်၊ မတည်တတ်တည့်၊ လေလွတ် ငါးရှင်း၊ တုန်လှုပ် ကင်းသည့်၊ လယ်တွင်း မဇ္ဈေ၊ လေးထောင် ရေနှင့်၊ ခုနစ် ခွေရစ်၊ သီတာမြစ်ကား၊ စင်စစ် ငြိမ်သက်၊ မလှုပ်လက်သို့၊ ဧကဂ္ဂတာ၊ တည်ကြည်စွာလျက်၊ အပ္ပမာဏာရမ္မဏ၊ ဤသုခဖြင့်၊ ဈာနစည်းစိမ်၊ စံပယ် ငြိမ်သည်။။ မွေ့သိမ် ကိုယ်-စိတ် ထိန်းကျောင်းတည်း။'' (၁၂)

(၄၄၇) မဟာဗောဓိ၊ ပွင့်ဉာဏ်ယှိသား၊ သိရီ့ပဝရ၊ ကြီး တေဇနှင့်၊ မဃဒေဝေါ်၊ လောင်းဘုန်းမော်လျှင်၊ သက်တော် ရှည်တိုင်း၊ မခိုင်း *မမျဉ်၊ သမ္ပဇဉ်နှင့်၊ ယဉ်ယဉ် ကျေးကျေး၊ ဈာန်ရေ ဆေး၍့၊ ညစ်ကြေး သန့်+လျှော်၊ လွန် မွေ့+လျော်လျက်၊ ရွှေဘော် မယှဉ်၊ မြဲး အစဉ်တိ၊ ပညာဉ် မဆိတ်၊ ဉာဏ် တိဟိတ်ဖြင့်၊ ကိုယ်-စိတ် ထိန်းကျောင်း၊ မတိမ်းစောင်းဘဲး၊ လမ်းကြောင်း မှန်လှ၊ ခရီးမ,သို့၊ ဗြဟ္မဝိဟာ၊ ဘာဝနာနှိုက်၊ ငါးဖြာ ဝသီ၊ ယှဉ်မှီ ပွားရှောင်း၊ *နှစ်ထောင်း ကြည်နူး၊ ဈာန် ပျော်ကြူး၍့၊ ကျော်ကျူး လူ့နှစ်၊ ရေတွက်စစ်က၊ ရှစ်သောင့်းလေးထောင်၊ လွန်ခဲ့အောင်လျှင်၊ ဈာန်ရောင် မညှိုး၊ တိုးထက် တိုး၏၊ ရေအိုး မီးပစ်၊ စင်စစ် ထို့နည်း၊ မီးလည်း ငြိမ်း*စဲး၊ အိုးလည်း ကွဲးသို့၊ မမြဲတတ်စွာ၊ ဥပမာဖြင့်၊ ဆရာ ဆုံးမ၊ မရ လျပ်ပေါ်၊ ဘိညာဉ် ပျော်လျက်၊ မော်မိ မော်မန်း၊ မြူး ပျံသန်း၍့၊ ယက်ကန်းသည်မ၊ သံ ဂီတကြောင့်၊ လျှောကျ ဈာန်ကွယ်၊ ရှင်သူငယ်နှင့်၊ တသွယ် ထိုမှ၊ ဂုဏ် မရ၍့၊ ဂုဏ်ရအောင် လုပ်၊ မြေမြှုပ် လျှိုးဝင်၊ စ,မမြင်သည့်၊ ရှင်ဒေဝဒတ်၊ မမြတ် စိတ်ထား၊ ထိုသူများတို့၊ မပွား လေ့ကျက်၊ ရကာ ပျက်သို့၊ မနက် အကျိုး၊ မယှိနိုးတည့်၊ မိုးနှင့် မြေထဲး၊ မကွဲး ထပ်တူ၊ ဘိညာဉ်ဟူလည်း၊ လွယ်ကူ မဆိုင်း၊ စိတ် ကြံတိုင်းဖြင့်၊ ကသိုဏ်းမှုကြီး၊ စုစု ပြီးသည်။။ ရွှေထီးအထွတ် တင်ဆောင်းတည်း။ (၁၃)

(၄၄၈) ထိုသို့ မှုကြီး၊ ကိစ္စ ပြီးလျက်၊ *စောဓီး ဒေဝ၊ ဣသိန္ဒကား၊ ကာလ ကြာ*ညောင်း၊ ရှစ်သောင်း ကျော်၍့၊ လေးထောင်စေ့က၊ ချမ်းမြေ့ သာယာ၊ မင်္ဂလာကျော်ခြီး၊ မြို့ပြင်နီးဝယ်၊ နှုတ်သီး သန္တာ၊ ကိုယ် စိမ်းဝါနှင့်၊ တမာ ဘောင်းကား၊ ကုလား ကျေးကျုတ်၊ မြည် ကြုတ်ကြုတ်တိ၊ ဥဘုတ် ဥချိုး၊ ဇီဝဇိုးက၊ ပြည်စိုး ဥဒေါင်း၊ စာမြီ အောင်းတို့၊ ငှက်ပေါင်း သားပုံ၊ သံစုံ တွန်ထူး၊ ကျော်ရင့် ကျူး၍့၊ စန္ဒကူး ဖြူ-နီ၊ သရဖီ ပုန်းညက်၊ ကရမက် အ*မွန်၊ သာရဂန်ဟု၊ သရက္ခန် အကျော်၊ ကံ့ကော် သာနိုး၊ နတ်တို့ ပျိုးသို့၊ မွှေးမျိုး ထုံစွာ၊ ပင်နံ့သာက၊ မြညှာ တူ*နှုန်း၊ အင်ဂမုန်းနှင့်၊ ပန်း*သုံး သော်က၊ လှိုင်သင်းပျလျက်၊ ပေါက်ပြ သာမော၊ သရက်တောတိ၊ မင်း*စော ပထမ၊ တည်ထောင် စသား၊ မဃဒေဝ၊ အမ္ဗဝနေ၊ *သေဉ်မြေ နဂိုရ်၊ သာနုပျိုသည့်၊ ထိုဥယျာဉ်ကြီး၊ ပျော် မငြီးနှိုက်၊ တသီး ဆုံးဆိုက်၊ ဇာတိ လိုက်ဖြင့်၊ လူနှိုက် ခန္ဓာ၊ ဓမ္မတာဟု၊ ဇရာ မရဏ၊ ဤကိစ္စလည်း၊ ဘဝ ဆုံးသတ်၊ ဝန်းဝန်း ပတ်လျက်၊ ရဟတ် ညီးညီး၊ စက်လှည်းဘီး၏့၊ အပြီး မယိမ်း၊ အနား သိမ်း၍့၊ မတိမ်း စေ့စပ်၊ မြဲးစွာ ကြပ်သား၊ အကွပ်ပမာ၊ မလွဲးသာသား၊ မရဏာသန်၊ ဇော ငါးတန်တို့၊ ချက်မှန်ကျကာ၊ သတ္တာရမ္မဏ၊ ကမ္မနိမိတ်၊ မဆိတ် ဘုံလေ့၊ စုတိ ရှေ့မှ၊ ပြန်၍့ ရေလစ်၊ သုံးဆဲ့နှစ်နှင့်၊ တဆစ် မဘောက်၊ တဆဲ့ခြောက်က၊ ချုပ်ပျောက် ငြိမ်းလျက်၊ ထွက်-ဝင်သက်ဖြင့်၊ မဆက် ကင်းဘိ၊ ကြွင်း မယှိဘဲး၊ စံတိ ရောက်ခါ၊ အဆုံး လာသော်၊ ''ပညာသာယှိ၊ နည်း မသိ၍့၊ ပြုမိ ပြုရာ၊ မိစ္ဆာ ယှဉ်ပူး၊ သမ္မာ ကျူးလျက်၊ လေရူး လွင့်သွား၊ သင်္ဘောလားတည့်၊ မှန်-မှား မသိ၊ ချောက်ချိ ချောက်ချက်၊ ဘဝဂ် ရောက်ထ၊ မဆုံးဆသား၊ ရာမပုတ္တ၊ အာဠာရနှင့်၊ ဥဒက ဆရာ၊ ထို့ပမာသို့၊ သံသရာ လမ်းသွား၊ ခရီးမှားသူ၊ မဟူတုံဘိ၊ မြဲး ဂတိဖြင့်၊ ဗောဓိဆုရ၊ နိယတကြောင့်၊ အဘဗ္ဗပညပ်၊ ဆဲ့ရှစ်ရပ်နှင့်၊ မစပ်တုံထ၊ ကင်းဝေ ပ,လျက်၊ ဗြဟ္မလောကူပဂေါ၊ ပဉ္စဝေါနှိုက်၊ သဘော စင်စစ်၊ ဖြစ်မြဲး ဖြစ်၍့၊ ဆိုးညစ် ယုတ်မာ၊ လူ့ခန္ဓာဟု၊ လူ့ရွာ ကိုယ်ပုပ်၊ လူ့ရုပ် ဘလ္လ၊ ကဠေဝကို၊ စွန့်ချစမြဲး၊ မြွေရေလဲးသို့၊ လွှဲး၍့ တဆစ်၊ ပယ်ခဲ့ ပစ်မှ၊ ပြေပြစ် မယုတ်၊ ချင့်တာ ထုတ်မူ၊ ဂါဝုတ် ဆုံးဆ၊ မဂဓ သုံးရွာ၊ ကြီးကျယ်စွာသား၊ မဟာကာယ၊ ဥက္ကာ ကျသို့၊ ဗြဟ္မာ့ကိုယ်ရောင်၊ ထွန်းလင်း ပြောင်၍့၊ ဘုံဆောင် တခန်း၊ ဗြဟ္မာ့နန်းကို။။ သိမ်းမြန်း စံပယ် စံပြောင်းတည်း။ (၁၄)

(ဤကား သက်ပိုင်း လားရာဟူသော ဥဒ္ဒေသ၏့ နိဒ္ဒေသတည်း။) ဗြဟ္မဝိဟာရစရိယခဏ်း (၁၄)ပိုဒ် ပြီး၏၊

ပဉ္စမပိုင်း ၃-အပါယ်ဘုံခဏ်း

(၄၄၉) မှတ်လော့ စဉ်ဆက်၊ ဤအချက်နှိုက်၊ 'ဖြစ်-ပျက် လားလာ၊ ကျင်လည်စွာသား၊ သတ္တဝါ*အထု၊ များ အစု၏့၊ သုဘာသုဘ၊ ကမ္မပစ္စည်း၊ သမုဒည်းဟု၊ အ*ထည်း ညစ်တေ၊ ကံ ကိလေကြောင့်၊ အို-သေ မပြတ်၊ တပတ်ပတ်ဖြင့်၊ နာနတ် ဂတိ၊ လားဟန်ယှိကို၊ ဘူမိ တထွေ၊ သန္ဓေ တဝ၊ ကမ္မ မရဏုပ်၊ ပေါင်းချုပ် လေးပါး၊ လေးလီ ပြားလျက်၊ ပိုင်းခြားသမှု၊ ခွဲးဝေပြု၍့၊ စတု စတုတ်၊ ဝီထိမုတ်ဟု၊ မိန်ထုတ် သငြ်္ဂီုဟ်၊ လက်သန်းဆိုနှင့်၊ ထိုထို ကျမ်းယှိ၊ ဘွင့်ဘိ စဘွယ်၊ အခွင့်နွယ်လည်း၊ ပင်လယ် သမုဒ်၊ ရေ*အစုတ်သို့၊ ပါဌ်-ပုဒ် ဓိပ္ပါယ်၊ မလွယ် နည်းနာ၊ ကျယ်နက်စွာကြောင့်၊ လင်္ကာအချုပ်၊ နည်း သရုပ်ဖြင့်၊ အုပ်၍့ ရုံးခြယ်၊ သိစလွယ်စိမ့်။။ မှတ်ဘွယ် သံခိပ်၊ စေ့စိပ် ဆုံးဖြတ်၊ လာလတ် ဂန္ထန်၊ မှန်ကန် လမ်းကျ ဝေခြားတည်း။ (၁)ဂ†

(၄၅၀) ဟောဆိုပြပိမ့်၊ မူလပါဠိ၊ ကျမ်းလာယှိတိုင်း၊ သိလော့ အလွယ်၊ မျိုး လေးသွယ်တို့၊ ''ပါယ် သုဂတိ၊ ဘူမိ ကာမ၊ ရူပ အရူပ၊ ကံ လေးဝတွင်၊ ပါပကမ္မ၊ အကုသလနှိုက်၊ လောဘမူဟိတ်၊ ဒါန ပိတ်၍့၊ ပြိတ္တာ့ အသုရကာယ်၊ ဘုံ အပါယ်သို့၊ လားဘွယ် မှတ်ယူ၊ ဒေါသမူကား၊ ငြူစူ ပြစ်မှား၊ အမျက် များ၍့၊ လား၏ ငရဲး၊ မလွဲးအနေ၊ တွေဝေ မောဟ၊ ဟိတ် မူလကြောင့်၊ သုနခ သုနခီ၊ သုကရီ သုကရ၊ ခွေး-ဝက်စသား၊ နိမ့်ကျ ယုတ်မာ၊ မိုက်မဲးစွာဖြင့်၊ နာနာ သဏ္ဌာန်၊ တိရစ္ဆာန်ဘုံ၊ ဖြစ်တုံ မှတ်ဘိ၊ ကြောင်းရင်း သိလော့၊'' ထိုပြီ့း တခြား၊ တစိတ်အားဖြင့်၊ တပါးကျမ်းလာ၊ ခွဲးစိတ်ဖြာ၍့၊ ကမ္မာနုရူပ၊ ဂတိ ပြကား၊ ''ကာမရာဂ၊ ဗာဟုလ္လကြောင့်၊ ဝနစရက၊ ညစ်ညူးစွာတိ၊ ဟင်္သာ ဝမ်းဘဲး၊ ချိုးမွဲး ခိုကြက်၊ ကျေး ဆက်ရက်နှင့်၊ ကျက်ကျက် နေ့-ည၊ တရွရွဖြင့်၊ ရာဂ ကြီးမား၊ တပ်မက် များသား၊ မြည်း-လား-သိုး-ဆိတ်၊ အဟိတ် ဇာတိ၊ ဖြစ်ဘိ တုံထ၊ မောဟ မိုက်ကံ၊ ပြုစီမံသော်၊ ပိုးနှံ လောက်ရွ၊ တီ-မျှော့ စသည်၊ ဖြစ်ကြ *အထု၊ အစုစုတည့်၊'' ''ကောဓုပနာ၊ ပြင်းစွာ ငြိုးထား၊ ဘွဲ့သော့အားဖြင့်၊ ကြီးမား မျက်သက်၊ ကံပျက် ကျိုးပေး၊ မြွေပွေး မြွေဟောက်၊ မထိ*စောက်အောင်၊ ဆိပ်တောက် လွန်ဆိုး၊ လူတိုင်း ငြိုး၍့၊ လိမ်ချိုး ကြမ်းကြုတ်၊ သတ်ပုတ်ခံရ၊ ဆင်းရဲးကြ၏၊'' ''မာနခက်ထန်၊ သမုဋ္ဌာန်မူ၊ အလွန် ကြမ်းလေ့၊ ဆိုးမာန်ငွေ့နှင့်၊ ခြင်္သေ့ယောနိ၊ ဖြစ်တုံဘိ၏၊'' ''အတိမာန၊ သုနခနှင့်၊ ဂဒြဘဇာတ်၊'' ''မမြတ် ညစ်တေ၊ မစ္ဆေ ဣဿာ၊ ယုတ်မာ ငြူစူ၊ ကံမူ မျောက်မျိုး၊'' ''နှုတ်ဆိုး ဖရုသ်၊ ကံကြမ်းကြုတ်ကား၊ ငှက်ယုတ် ကာက၊ ဘဝ ရုန့်ရင်း၊ ဖြစ် သိမ်ဖျင်း၏၊'' 'ဆင်-မြင်း-ကျွဲး-နွား၊ စသည်များကို၊ သနား *မဲ့လတ်၊ ပုတ်ခတ် ရိုက်နှက်၊ နှိပ်စက် ထန်ပြင်း၊ ပြုတတ်ခြင်းကြောင့်၊ ကင်းနှင့် ဗုဇွန်၊ ဖြစ် မ*မွန်တည့်၊'' 'လျှာ့ကျွန်လိုက်၍့၊ မိုက်မိုက် ရူးရူး၊ သားစားကြူးနှင့်၊ ရှူးရှူး မျက်လို၊ ဝန်တို ကြီးမား၊ ထိုသူများကား၊ သစ်-ကျား-အောင်း-ဝံ၊ ကြောင်-ဖျံမြေခွေး၊ ဖြစ် နုပ်သေး၏၊'' ''လှူပေး မျက်ထွက်၊ ဒေါသ ဘက်၍့၊ နှစ်ချက် ကမ္မ၊ မိဿကဖြင့်၊ ဒွယကာရီ၊ လေ့ ဝသီကြောင့်၊ နာဂီ နာဂ၊ သုပဏ္ဏဟု၊ သုခ ကြီးကျယ်၊ တန်းခိုး ကြွယ်လျက်၊ မျိုးနွယ် အဟိတ်၊ အပါယ်စိတ်နှင့်၊ မဂ်ပိတ် ဈာန်ကင်း၊ ဘဝ ဖျင်းသား၊ အလင်း မယှိ၊ ဇာတိ ယုတ်တန်၊ တိရစ္ဆာန်နှိုက်၊ သဏ္ဌာန် အသွား၊ အကျင့်အားဖြင့်၊ သုံးပါး ကန့်လန့်၊ ဖီလာ ဆန့်သည်။။ ဘုန်း*ကြန့် ယုတ်မာ၊ သညာ ဧကတ်၊ နာနတ် သဏ္ဌာန်၊ ဟန်ပန် ကြမ်းစွ၊ ထွေပြားတည်း။'' (၂)

(တိရစ္ဆာန်ဘုံခဏ်း ၂-ပိုဒ်)

(၄၅၁) ယထာကမ္မ၊ သရိက္ခဖြင့်၊ ဝိပါကဝဋ်၊ မြဲး မချွတ်ကို၊ မှတ်လော့ တသွယ်၊ သိစလွယ်စိမ့်၊ ''အပါယ် တသီး၊ လူ မနီးသား၊ တောကြီး မိုက်မှောင်၊ ဟေဝန်ချောင်နှင့်၊ တောင် ဂိဇ္ဈကုဋ်၊ မည်းကြုတ် မှိုင်းဟုံ၊ ပြိတ္တာ့ဘုံဝယ်၊ ညှိုးကြုံ ဒုက္ခ၊ ခံကုန်ရသား၊ ပါပကံကျိုး၊ အမျိုးမျိုးတည့်၊'' 'ညစ်ဆိုး ယူမှား၊ သုံးပါး မြတ်စွာ၊ ရတနာနှိုက်၊ သဒ္ဓါ မယှိ၊ ဒိဋ္ဌိ အန္ဓ၊ မိုက် မောဟကြောင့်၊ ဓမ္မ ကျင့်*မွန်၊ သီလဝန်မည်မှန်း၊ ရဟန်း ပုဏ္ဏား၊ သူမြတ်များအား၊ တရား ချွတ်ယွင်း၊ ပြစ်မှားခြင်းဖြင့်၊ စားကြွင်း သောက်ဖတ်၊ ရွံဘွယ့် ဘတ်နှင့်၊ မမြတ် မလေး၊ နှပ် တံတွေးကို၊ ပေးတတ်သသူ၊ ထိုသည့်လူတို့၊ ဝိရူပက၊ ဆိုးစွ ရုပ်ဝါ၊ ရေ-စာ မဝ၊ ငတ်မွတ်လှလျက်၊ တောင့်တ မပြတ်၊ သူ့အန်ဖတ်ကို၊ ညစ်ပတ် ယုတ်မာ၊ စားရစွာသား၊ သညာမည်ရ၊ ဝန္တာသဟု၊ ပေတ တမျိုး၊'' ''လိုဆိုး တသီး၊ အမိုက်ကြီး၍့၊ *မတီး မရာ၊ မအပ်စွာကို၊ အနာဒရ၊ ပေးတတ်စွကြောင့်၊ မွတ်လှ စာ-ရေ၊ ရှာဖွေ မမြင်၊ မစင် မကြယ်၊ ရွံဘွယ် စက်ဆုပ်၊ ကောင်ပုပ်အသား၊ ဆိုးရွား ယုတ်မာ၊ ဆင်းရဲးစွာလျှင်၊ တွေ့ရာ စားရ၊ ကူဏပဟု၊ ပေတ တမျိုး၊'' ''မြတ်နိုး*မဲ့ငြား၊ သူတော်များကို၊ ကျွဲး-နွားခွေး-ဝက်၊ မစင် ဘက်၍့၊ အပျက်လည်းမူ၊ စားစေသူတို့၊ ဂူထခါဒက၊ အမည်ရသား၊ ပေတ တမျိုး၊'' ''ရှိုးရှိမ်း စပ်ပူ၊ ကျိုက်ကျိုက်ဆူကို၊ *ပအူ ပစေး၊ အလေး*မဲ့မှု၊ ပြု၍့ ပြစ်မှား၊ ပျက်လိုအားဖြင့်၊ သောက်စားစေခြင်း၊ ကံအရင်းကြောင့်၊ ခံတွင်း မီးလျှံ၊ တောက်ပျံ ပွက်ပွက်၊ ဘွားဘွား ထွက်၍့၊ နှိပ်စက် ကြီးလှ၊ ဒုက္ခတိုင်*ထိ၊ ခံ မချိသား၊ အဂ္ဂိဇာလ၊ ပေတ တမျိုး၊'' 'ကောင်းကျိုး မသိ၊ လောဘ ငြိ၍့၊ မိမိလိုလို၊ ကိုယ်လည်း မလှူ၊ သူ့အလှူကို၊ မလှူစေချင်၊ ပိတ်ပင်တတ်ဘိ၊ လူ့ဒိဋ္ဌိတို့၊ သူစိမုခ၊ အမည်ရသား၊ အပ်မျှ ခံတွင်း၊ ရေ-စာ သွင်း၍့၊ အလျှင်း မရ၊ ကြီး ဒုက္ခနှင့်၊ ပေတ တမျိုး၊'' ''ကျင့်ဆိုး မိုက်တန်၊ မိစ္ဆာဉာဏ်ဖြင့်၊ ရေကန် ရေတွင်း၊ ဖျက်ဆီးခြင်းကြောင့်၊ ပြင်းပြ မပြတ်၊ စာ-ရေ မွတ်သား၊ တဏှဋ္ဋိက၊ ပေတ တမျိုး၊'' ''ဘေး-ဘိုး ရွယ်နီး၊ သက်ကြီး လူအို၊ သူတို့ကိုလျှင်၊ မရိုမသေ၊ *မထေလေးစား၊ မိုက်အား မာန်သည်း၊ မ*ယမ်းပည်းဘဲး၊ *မရည်း မခန့်၊ ကန့်လန့် ထော်လော်၊ ကြား မလျော်အောင်၊ မူးမော် မတံ့၊ ယစ်နံ့ *ဖရည်၊ *နားချည်း နားခါး၊ စကား ချော်ပျက်၊ နှုတ် သွမ်းသွက်နှင့်၊ ပြက်ရိ ပျက်ရယ်၊ ဆို ပျက်ပြယ်လျက်၊ ချုပ်ချယ် စော်ကား၊ ပြုသူများတို့၊ အလား မလှ၊ အပါယ် ကျ၍့၊ ယမလောကီ့၊ ဒုဂ္ဂတိနှိုက်၊ မျက်စိ မျက်နှာ၊ အင်္ဂါ ဆိုးယုတ်၊ မည်းကြုတ်ကြုတ်နှင့်၊ သစ်ငုပ် မီးလောင်၊ တူယောင် တရှိ၊ ကြောက်ဘွယ်ယှိသား၊ သုနိဈာမက၊ ပေတ တမျိုး၊ အဖြစ် ဆိုးသည်။။ မိုက်ကျိုး ခံကာ၊ ခန္ဓာ နာနတ်၊ ဆာမွတ် လွန်တန်၊ သဏ္ဌာန် နွမ်းလျ၊ ရေ-သားတည်း။'' (၁)

(၄၅၂) 'ကာမရာဂ၊ ကိလေသကြောင့်၊ အဓမ္မပြု၊ *မုဒိမ်းမှုဖြင့်၊ သူ့ကို လိမ်လစ်၊ ကုတ်ချစ် ချိုးဖဲ့၊ အနိုင် ယွဲ့လျက်၊ ဘယ်ဘဲ့ မဟူ၊ ကျင့်တတ်သူတို့၊ ညည်းညူ မချိ၊ ခံရဘိသား၊ မိမိ သွေး-သား၊ မိမိ စား၍့၊ ကြီးမား ဒုက္ခ၊ သတ္ထင်္ဂဟု၊ ပေတ တမျိုး၊'' ''သူ ကိုးကွယ်မှတ်၊ ပြာသာဒ် ကျောင်း-သိမ်၊ နေအိမ် စင်္ကြံ၊ သူ့အရံကို၊ သွား-အံ ခဲးကြိတ်၊ မရှုဆိတ်ဘဲး၊ မျက်စိတ် ငြူစူ၊ မဖြူ တရံ၊ မကောင်းကြံနှင့်၊ မီးလျှံ ရှို့တိုက်၊ ထိုသူမိုက်တို့၊ ကိုယ်နှိုက် လောင်ညီး၊ မီးတောင်ကြီးသို့၊ ပျက်စီး ငြိုငြင်၊ ခံရကျင်သည်၊ ပဗ္ဗတင်္ဂ၊ ပေတ တမျိုး၊'' ''ဆိုးဆို ဝါးဝါး၊ မြွေ-ကျား ရုပ်ယောင်၊ သူ ကြောက်အောင်လျှင်၊ ဟန်ဆာင် ပြစ်မှား၊ ချောက်သူများသို့၊ ရှည်လျား ကာယ၊ ညကို မီးခဲး၊ နေ့ ဆင်းရဲးနှင့်၊ အမြဲး ဒုက္ခ၊ ခံရ မပြီး၊ စပါးကြီး သမင်၊ ကျားသွင်အလား၊ ကိုယ်ကား မပါ၊ ခေါင်းသာ လုံးလုံး၊ အသားတုံးမျှ၊ ဖြစ်ကုန်ရသား၊ အဇဂရင်္ဂ၊ ပေတ တမျိုး၊'' ''မြတ်နိုး ကုသိုလ်၊ ပြု ကြည်ညိုလျက်၊ လင်ကို ကျော်ကျူး၊ မိစ္ဆာ ကြူးသား၊ ညစ်ညူး စာရီ၊ ဒုဿီမိန်းမ၊ ပါပိကနှင့်၊ ပရဒါရ၊ ကာမ လိုလား၊ အိမ် ပြစ်မှားသည်၊ ယောက်ျား တစု၊ ထို*ရောရုတို့၊ ကောင်းမှု နိသန်၊ ဘုံဗိမာန်ဝယ်၊ နတ်ဟန် *တပဲး၊ စံ လခွဲးနှင့်၊ မိုက်မဲး ကျင့်ကြံ၊ မကောင်း ကံဖြင့်၊ ရုပ်-နာမ် ဘောက်လဲ၊ သဏ္ဌာန် လွဲးလျက်၊ လခွဲး နိရယ၊ ငရဲးကျ၍့၊ သုခ ဒုက္ခာ၊ ရောရှက်စွာလျက်၊ ဝေမာနိက၊ အမည်ရသား၊ ပေတ တမျိုး၊'' ''စိုးရ အာဏာ၊ ဥစ္စာ ခမ်းနား၊ ပြည့်စုံအားကြောင့်၊ ကြီးမား ကျောင်းကန်၊ ဗိမာန် အရံ၊ ရွှေ မွမ်းကျံ၍့၊ စင်္ကြံ တင်းကုပ်၊ ဆောက်လုပ် မယုတ်၊ ဥပုသ် ဓမ္မအိမ်၊ ကျောင်း-သိမ်ကစ၊ ကုသလကို၊ ပြုကြတုံလျက်၊ ကိုယ်-လက် မဖြောင့်၊ မစောင့် နှုတ်-လျှာ၊ ပညာ *မဲ့ထ၊ မောဟန္ဓကြောင့်၊ သံဃိကဖြစ်ပြီး၊ ကျောင်းသစ်သီးနှင့်၊ ကျောင်းမီး ကျောင်းရေ၊ သံဃာ့မြေကို၊ *မထေလေးစား၊ *ကိုယ်ပိုင်လားသို့၊ သုံးစားတတ်စွာ၊ လူ*တကာကား၊ ပြိတ္တာတို့ထက်၊ ပြိုးပြက် အရောင်၊ ဘုံဆောင် ခြွေရံ၊ ပတ်ခြံ ဝန်းလျား၊ ပြည့်စံငြားလျက်၊ မစားရတတ်၊ အာ မစွတ်ဘဲး၊ ငတ်မွတ် စာ-ရေ၊ ခံနေရဘိ၊ တန်းခိုးယှိသည့်၊ မဟိဒ္ဓိက၊ ဤသို့စသား၊ ပေတ လုံးစုံ၊ ပြိတ္တာ့ဘုံနှိုက်၊ ရေတုံ မပြီး၊ အသီးသီးသည်။။ ဘုန်းကြီး မြတ်*မွန်၊ ဟောညွှန် ကမ္မသ်၊ အာဏတ် မှန်ကန်၊ ဂန္ထန် ကျမ်းပြ ဘွေကြားတည်း။ ' (၂)

(ပြိတ္တာ့ဘုံခဏ်း ၂-ပိုဒ်)

(၄၅၃) ရာဂမနှင့်၊ နိ-အယပုဒ်၊ ရှင်တော် နှုတ်က၊ ဟောထုတ် ဝေဘန်၊ နိရုပ် မှန်သား၊ ဘူမန္တရ၊ ဌာန လောင်ညီး၊ ပါယ် တသီးတိ၊ မြေကြီး နှစ်လွှာ၊ အလယ်ချာနှိုက်၊ မဟာပထဝီ၊ ဇမ္ဗူဒီ၏၊ အညီ အောက်တွင်၊ စဉ်လျောက် ဆင့်ဆင့်၊ နိမ့်-မြင့် မှတ်ဆောင်၊ သောင့်းငါးထောင်ချည်း၊ ကွာနည်း ယူဇနာ၊ ခြားကာကာဖြင့်၊ သိလာအထိ၊ အဝီစိတိုင်၊ မီးတိ ရှင်ရှင်၊ တည်ယှိကျင်သား၊ ရှစ်ခွင် မဟာ၊ နိရယာနှင့်၊ ရံကာနေကြ၊ ဥဿဒက၊ ယမလောကီ၊ ထိုဤ လုံးစုံ၊ ငရဲးဘုံကို၊ မှတ်ရုံ အသင့်၊ ကံနှင့် တကွ၊ အကျဉ်း ပြပိမ့်၊ မှတ်ကြ သေချာ၊ ''လူတို့ရွာတွင်၊ ရာဇာချင်းချင်း၊ မင်းနှင့် မင်းက၊ စီးနင်း နိုင်ထက်၊ နှိပ်စက် ပိုင်ကား၊ လက်ရုံးအားဖြင့်၊ တရား မတည်၊ လောဘ စည်၍့၊ တိုင်းပြည် လုယက်၊ ရွာဖျက်ယောက်ျား၊ ခိုးသား စောရ၊ ဒါမရိကနှင့်၊ ဓားပြ လူဆိုး၊ ထိုသူမျိုးတို့၊ ရန်ငြိုး မျက်သို၊ အပျက် လို၍့၊ သူ့ကို ငါ သတ်၊ ပဋိဃာတ်နှင့်၊ သေလတ်ကုန်ကြ၊ ကံ ပါပကြောင့်၊ ပုန ပုနံ၊ မဆိတ်ညံတည့်၊ အသံ မ*စဲး၊ စစ်မြေပွဲးသို့၊ ထိုးဟဲး ခုတ်ဟဲး၊ ခြီး မောင်းမဲးလျက်၊ ခေါင်းခွဲး လည်ဖြတ်၊ ချင်းချင်း သတ်၍့၊ ဖျတ်ဖျတ် ရိုက်တုန်၊ ဆွေ့ဆွေ့ခုန်၏၊ မကုန် ပါပ၊ ထိုကမ္မတိုင်း၊ ပြတ်ကျတုံလျက်၊ စပ်တုံလျက်ဖြင့်၊ အသက် ဝိညာဉ်၊ တယှဉ်ယှဉ်နှင့်၊ မစင် *တရစ်၊ ညစ်ညစ် ညူးညူး၊ နစ်လူး လိမ်းကျံ၊ နွားသတ်ခြံသို့၊ သွေးသံတခြင်း၊ ညီးညီးဝင်းလျက်၊ ကောင်ချင်း ထွေးပျစ်၊ ရဲးရဲးချစ်သား၊ မီးစစ်နှင်နှင်၊ သံမြေပြင်ထက်၊ သေ-ရှင် ဘန်ဘန်၊ အပြန်ပြန်တိ၊ ဖြစ်ဟန် မဆုံး၊ မတုံး ဒုက္ခ၊ သဉ္ဇီဝဟု၊ ပထမမြေထဲး၊ မီးငရဲးနှိုက်၊ အမြဲး ရှည်ကြာ၊ ခံကြရာသည်။။ ချမ်းသာ ပျက်ပျက် ပြုန်းပြုန်းတည်း။'' (၁)

(၄၅၄) ထိုမှ တသွယ်၊ ယင်း အောက်ဝယ်တိ၊ 'ဆိုးကျယ် နိုင်ထက်၊ သူ့ခြေ-လက်နှင့်၊ နားရွက် ဥက္ခောင်း၊ *တောင်းလောင်း ဖြတ်*ထိမ်း၊ ခြောက်ခြိမ်း ရိုက်နွှံ၊ ညွတ်ညွတ်နွံအောင်၊ လက်လံတ+ကြား၊ ငါ ယောက်ျားဟု၊ စော်ကား လွှမ်းမိုး၊ ရိုးဆစ်ကျိုးမျှ၊ လွန်ကြိုး ကြော့ကွင်း၊ ချည်နှောင်ခြင်းဖြင့်၊ အပြင်းအပြ၊ ဒုက္ခ နှိပ်စက်၊ နိုင်ထက်*ကလူ၊ ပြုသူ တဝ၊ သီလ *မဲ့မျှို့၊ အကျင့် ချို့လျက်၊ လူတို့ လှူဒါန်း၊ ကြိုး ခါးပန်းနှင့်၊ သင်္ကန်း ဝတ်ဆောင်၊ ပလွှား ထောင်သား၊ ရှင်ယောင် ဒုဿီ၊ အလဇ္ဇီတို့၊ ပထဝီအောက်၊ လျှံတောက် ပွက်ပွက်၊ သံမြေ့ထက်နှိုက်၊ ပက်လက် တစောင်း၊ တုံလျောင်း လျားလျား၊ စင်းစင်း ထားလျက်၊ ဘဝါး ခံတွင်း၊ ဘောက်လျှို ထွင်း၍့၊ တံသင်း-စို့ နှက်၊ လှုပ်လက် မသာ၊ တချို့မှာလည်း၊ ဧရာ သံကွင်း၊ ခတ် ခြေချင်းနှင့်၊ ခြင်းခြင်း မီးလျှံ၊ လွန် လေးလံသား၊ တောက်ပျံ ညီးပြောင်၊ ကိုယ်လုံး လောင်လျက်၊ အရောင် ဝင်းဝင်း၊ လည်ပင်း ခါး-ရင်၊ လက်တွင် မြဲးအောင်၊ ကြိုး *သံလျောင်ဖြင့်၊ *မျက်မှောင် ဘွဲ့ငြား၊ အကျပ်ထား၏၊ ရေ-သား-ကြောခြင်၊ ကျိုးချင်ချင်မျှ၊ နစ်ဝင် ပြတ်စဉ်း၊ နှောင်အကျဉ်းတည့်၊ ဆောင်ကြဉ်း မနိုင်၊ ခြေထိတ် ကိုင်သို့၊ ယိမ်းယိုင် လူးကာ၊ ဘယ်-ညာ မရ၊ ထိုဒုက္ခထက်၊ ပုဗ္ဗကမ္မ၊ ဒုဿီလ၏၊ ပါပအကျိုး၊ သံမျဉ်းကြိုးဖြင့်၊ အရိုးထိမျှ၊ ခတ်ကာ ချ၍့၊ မဂဓတိုင်းသား၊ အိမ်မိုးလားတိ၊ အသွား ထက်ထက်၊ အရွက် ဖွေးဖွေး၊ အခွေး တောက်တောက်၊ *အဆောက် ထွားထွား၊ မမြင်အားအောင်၊ ဓားမ တ*စည်း၊ သစ်ရွေနည်းသို့၊ *ပြည်းပြည်း ကိုယ်လုံး၊ ခေါင်း-ခြေ ဆုံးတိုင်၊ သစ်တုံးပမာ၊ အလွှာ အလွှာ၊ ရွေစကာလျှင်၊ ရှည်ကြာ နှစ်-လ၊ ကြီးဒုက္ခဖြင့်၊ ညည ရက်ရက်၊ မသေ သက်နှင့်၊ နှိပ်စက် ကြမ်းကြုတ်၊ ကာလသုတ်ဟု၊ လမုတ် တသီး၊ ငရဲးကြီးသည်။။ သံမီးတောက်လျှံ ဟုန်းဟုန်းတည်း။'' (၂)

(၄၅၅) ယင်းမှ အောက်လည်း၊ ကြောက်မက်စဘွယ်၊ ကြီးကျယ် ညီးညီး၊ သံမီး ဘွားဘွား၊ သံဘောင်ကြားသို့၊ လေးပါး ဝန်းကျင်၊ ဆုံး မမြင်တည့်၊ အကြင် လူ့ရွာ၊ ဆင်ဆရာက၊ အဿာဒမက၊ မြင်းဆုံးမနှင့်၊ မြင်းကယောက်ျား၊ ရထား မောင်းနှင်၊ ဝန်တင် နှိပ်စက်၊ ရိုက်နှက် ခြေဆောင့်၊ ဖနောင့် ဖကျည်း၊ လွန်နာကြည်းအောင်၊ *ယရည်းသမုတ်၊ ကျင့်မူ ယုတ်သား၊ ကြမ်းကြုတ် အစဉ်၊ မယဉ် *မမှိန်း၊ ဆင်ထိန်း မြင်းထိန်း၊ ရထားထိန်းဟု၊ လူ*ပြိန်း ဗာလ၊ *အကံငတို့၊ ပါပအစု၊ နှိပ်စက်မှုဖြင့်၊ ပြုကြ အလို၊ အကုသိုလ်ကြောင့်၊ လူ့ကိုယ် ဆင်ခေါင်း၊ လူ့ခေါင်း ဆင့်ကိုယ်၊ မြင်းလို မျက်နှာ၊ ကိုယ်မှာ လူရုပ်၊ ကုလားအုပ် ကျွဲး-နွား၊ စသောအားဖြင့်၊ ကိုယ်ကား တပုံ၊ ခေါင်း တပုံနှင့်၊ လူ့ဘုံဌာန၊ ယာဉ်နှိုက် ကသို့၊ လောဟအဂ္ဂိ၊ မီးအတိသား၊ တောက်ညိ ပြောင်ပြောင်၊ ထန်းလုံး ယောင်မျှ၊ *သံလျော သံကြိုး၊ သံထမ်းပိုးဖြင့်၊ အခိုး ပျံပျံ၊ အလျှံ ဘွားဘွား၊ သံရထားနှိုက်၊ က,ငြား ပြီးလျှင်၊ သံမြေပြင်ထက်၊ မောင်းနှင် ရိုက်နှက်၊ ခြေ-လက် ဥက္ခောင်း၊ *တောင်းလောင်း ပြတ်ပြဲး၊ စု ပေါက်ကွဲး၍့၊ တွဲးလွဲး သည်းအူ၊ ထွက်ပြူ မြားလျား၊ မမြင်အားအောင်၊ *နှရား ကြောက်ကြမ်း၊ သွေးစိမ်း သွေးနက်၊ ချိပ်ရည်စက်နှင့်၊ တိန်းညက်ရည်ကောင်း၊ နီမောင်း ဟင်္သပဒါး၊ *ဆုန့်းအလားသို့၊ ခြေဖျား ခေါင်းဆုံး၊ ကိုယ်လုံး တွေးတွေး၊ စွေးစွေး စွတ်စွတ်၊ တွတ်တွတ် ချင်ချင်၊ ကံစီရင်တိုင်း၊ ရှုမြင် မရဲး၊ ထိုငရဲးကား၊ ရဲးရဲး ယိုစီး၊ သွေး တီးတီးတည့်၊ ခရီး *ခပ်သွတ်၊ မြန် *ရွတ်ရွတ်ဖြင့်၊ ပေါက်လွတ် ပြင်းဟုန်၊ တသုန်သုန်လျှင်၊ ဘားခုန် *ဘားဆင်း၊ နိမ့်နင်း တက်-သက်၊ အောက်-ထက် ပြောင်းပြန်၊ ခေါက် ဘန်ဘန်တည့်၊ သည်းထန် ဒရဟော၊ ရပ် *တောမနား၊ သံရထားကို၊ ဆောင်ငြားတုံပြီး၊ အရှိန်ကြီးသား၊ မီးတည့် ဟုန်းဟုန်း၊ လောင် အုန်းအုန်းနှိုက်၊ ငင်ရုန်း မြင်း-ဆင်၊ ကျွဲး-နွားသွင်သို့၊ သို့လျှင် နိစ္စ၊ တည်နေရ၏၊ ဒုက္ခ ငြိုငြင်၊ တငင်ငင်နှင့်၊ ပူပင် လောင်လဲး၊ လွန် ဆကဲးအောင်၊ ဆင်းရဲး ကြီးစွာ၊ ခံရာ ဌာန၊ သံဃာတဟု၊ နာမ တပုံ၊ ငရဲးဘုံဝယ်၊ သေတုံ ရှင်ရင်း၊ ပြေးရလျှင်းသည်။။ ဆင်-မြင်း နွားနှယ် ကုန်းကုန်းတည်း။'' (၃)

(၄၅၆) တပါး ထို့အောက်၊ ညီးညီး တောက်ဖြင့်၊ ပေါက္ခရပတ္တ၊ ခိုးလျှံထလျက်၊ များလှ သင်္ချေ၊ မီးသံမြေနှိုက်၊ မရေတွက်သာ၊ စကြာ လှည်းဘီး၊ စည်ကြီးမျက်နှာ၊ ပမာ နှိုင်းအပ်၊ အထပ် အထပ်၊ သံကြာချပ်ထက်၊ စွဲးဟပ် မီးတောက်၊ ထက်နှင့် အောက်လျှင်၊ အပေါက် မမြင်၊ အတင်တင်အား၊ ဝန်းကျင်ပတ်ရံ၊ အလျှံ အခိုး၊ နှစ်မျိုး လွန်ပြင်း၊ ပူစပ်ခြင်းဖြင့်၊ ခံတွင် ဒွါရ၊ မကျန်ရအောင်၊ ကိုးဝဟူဘိ၊ အပေါက်ယှိတိုင်း၊ မချိ ဝင်-ထွက်၊ အောက်-ထက် ရှုန်းရှုန်း၊ တဟုန်းဟုန်းနှင့်၊ ပြေးပုန်းမရ၊ ဒုက္ခ ကြီးစွာ၊ ခံ ရှည်ကြာလျက်၊ †ဂကျာကျာ +ကျံကျံ၊ အုန်းအုန်းညံအောင်၊ မ+ကြံတတ်အား၊ မီးလျှံကြားမှ၊ ပြောက်ကျား ညိုမဲး၊ ကိုယ်လုံး ပြဲး၍့၊ အက်ကွဲး သားရေ၊ တွေတွေ ယိုစီး၊ ညီးညီး သွေး-ပြည်၊ ရပ်မတည်ဘဲး၊ မျက်ရည် *ချူချူ၊ ငို *ကျူကျူဖြင့်၊ ထိန့်ဆူ လှိုက်သည်း၊ အော်ဟစ်*ကျည်းလျက်၊ မီးလည်း အုံရစ်၊ လောင် ချစ်ချစ်တည့်၊ *တောင်မြစ် လေးပါး၊ လွတ်ရာအားဖြင့်၊ ပြေးသွား မနိုင်၊ လက်မှိုင် ပစ်ချ၊ ဆင်းရဲးလှ၍့၊ မွေးဘ ယူဘိ၊ မွေးမိ ကယ်ပါ၊ တစာစာလျှင်၊ ပြင်းစွာ ခိုးလျှံ၊ ငိုကြွေးသံနှင့်၊ မီးသံ ကြွက်ဆူ၊ ဘရဘူကြောင့်၊ ဓူမဇာလ၊ ရောရုဝဟု၊ နာမ မည်သီး၊ ငရဲးကြီးတည့်၊ *အတီး *ယခေါင်၊ လူတို့ဘောင်က၊ ကျင့်ဆောင် ဓမ္မ၊ မယှိကြဘဲး၊ ''မိ-ဘ ဆရာ၊ ပညာဝါနှင့်၊ သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဟု၊ ထိုမျှခပဲး၊ မြတ်ထွတ်ကဲးသို့၊ ငရဲး *တမင်၊ ဟောပါကျင်လည်း၊ မမြင် မျက်ကွယ်၊ မယုံဘွယ်ဟု၊ အကယ် မိုက်လှ၊ လူ့ဗာလတို့၊ ဉာဏ နည်းပါး၊ အမြင် ယှား၍့၊ တရား မကျ၊ မလိုက်ကြဘူး၊'' ''ပါပအမှု၊ ချင်းတို့ ပြုသည့်၊ အကုသလ၊ ဒုကမ္မမျိုး၊ အကျင့်ဆိုး၏၊ အကျိုး ထင်ထင်၊ မပေးခင်မူ၊ အကြင် လူမိုက်၊ ဒုစရိုက်ကို၊ စိတ်နှိုက် သာယာ၊ ပျာ့းပမာသို့၊ လွန်စွာ နှစ်သက်၊ မပယ်ရက်ဘဲး၊ လေ့ကျက် မပြတ်၊ ထင်မှား မှတ်၏၊'' သက်သတ် ကြမ်းကြုတ်၊ ကျင့်ယုတ် ဆိုးခေါင်၊ ရတိုင်း လှောင်၍့၊ မရှောင် မညှာ၊ သတ္တဝါကို၊ လောင်ဆာ ကိုယ်စိတ်၊ ပူ မဆိတ်အောင်၊ ဆို့ပိတ် မီးတိုက်၊ အခိုး မြိုက်လျက်၊ *ပုတ်ထိုက် လွန်ကဲး၊ စိတ်မိုက်မဲးဖြင့်၊ ညှဉ်းဆဲး*ကလူ၊ ပြုတတ်သူတို့၊ ထိုရောရုဝ၊ နိရယနှိုက်၊ ဒုက္ခ ဘရဘူ၊ တဦဦနှင့်၊ ကြွက်ဆူ ညိုးညံ၊ မြေမိုး ပျံမျှ၊ ခိုးလျှံ မီးတွင်း၊ ခံရလျှင်းသည်။။ လွန်ပြင်း ငိုသံ၊ အုန်းအုန်းတည်း။ (၄)

(၄၅၇) ထို့အောက်လည်းကောင်း၊ ခြောင်းခြောင်း ခိုးလျှံ၊ ရိုက်နှက်သံနှင့်၊ ငိုသံ အုတ်ကျွက်၊ တခဲးနက်ဖြင့်၊ ဆူကြွက် တံပိုး၊ ရှေးထက် တိုး၍့၊ မြေ-မိုး တုန်မျှ၊ လွန်ပြင်းပြကြောင့်၊ မဟန္တသဒ္ဒါ၊ ပုဒ်တုလျာနှင့်၊ မဟာရောရုဝ၊ နာမ တသီး၊ ငရဲးကြီးလည်း၊ သံမီး မြေပြင်၊ ရဲးချင်ချင်ထက်၊ ကြောခြင် ရိုး-သား၊ ကြွေထွားမြည့်လောက်၊ ထက်အောက် မကြွင်း၊ လွန် စပ်ပြင်းအောင်၊ ကိုယ်တွင်း ကိုယ်ပြင်၊ ခိုးလျှံ ဝင်၍့၊ အိုးတွင် ငုပ်ငုပ်၊ ကြက်ကို ပြုတ်သို့၊ အုတ်အုတ် ပွက်ဆူ၊ ခံသူ တမျိုး၊ နို့ဓမ်းအိုးကို၊ တုတ်မိုး ရိုက်ခွဲး၊ ဖြန်းဖြန်းကွဲးသို့၊ သွေးရဲး သံယို၊ ဖရို ဖ+ရဲး၊ မြင် မ+ရဲးတည့်၊ ရဲး+ရဲး မျက်ကြုတ်၊ မည်းကြုတ်ကြုတ်နှင့်၊ ကြမ်းကြုတ် မြည်ဟိန်း၊ ငရဲးထိန်းတို့၊ *စိန်းလိမ်း တင်လင်၊ မာန်ဝင် ကြည့်ငြိုး၊ မျက်စောင်းထိုး၍့၊ မိုးနှင့်တကွ၊ တိုင်းဒေဝ၏့၊ ပါပ ရပ်ပြင်၊ ရာဟုခွင်က၊ လေဆင်သော့တိုင်း၊ မှုန်မှိုင်း မဲးမှောင်၊ ကောက် နှာယောင်နှင့်၊ မျက်တောင် ကော့ဖြူ၊ နဖူး မောက်ဖြိုး၊ ကြောက်ဘွယ် ဆိုးသား၊ ရှိခိုး မရ၊ ကိုယ် *အမ်းချလျက်၊ ကြီးလှ ဆောက်ပုတ်၊ သံတုတ် လှင်ကန်၊ ထန်းလုံ့းဟန်ဖြင့်၊ သည်းထန် ရိုက်နှက်၊ အုန်းအုန်း ကျွက်အောင်၊ အချက် မရွေး၊ ဘီ-ဘေး နံစောင်း၊ ဥက္ခောင်း ကျော-ရင်၊ မြင်မြင်သမျှ၊ အပြင်း ချသော်၊ ကျောမ ရင်ဘတ်၊ ဒူးလမ်း ဖြတ်လျက်၊ ရာဇမတ် ကြက်ခြေ၊ သား-ရေ ရိုးနစ်၊ တကျစ်အလား၊ ရှစ်ကွက်ကျားနှင့်၊ ထွန်သွား ကြောင်းရေး၊ ရောထွေး မလှ၊ ရှုပ်ယှက်စွဖြင့်၊ မရ တည်ရာ၊ သဝေချာ၍့၊ ထိန်ဝါ လောင်ညီး၊ မီးပုံကြီးတွင်၊ ပြောက်ကျီး ပြောက်+ကျား၊ တလန့်+ကြားတည့်၊ လည်းသွားကုန်ကြ၊ မိုဃ်းကြိုး ကျသို့၊ ဒုက္ခဝေဒနာ၊ မခံသာကြောင့်၊ နာနာ*ကြည်းကြည်း၊ တုန် အသည်းဖြင့်၊ *ကျည်းကျည်း အော်လျက်၊ သွေး ပွက်ပွက်နှင့်၊ ထိပ်ထက် နောက်ဖယ်၊ ညာ-+ဘယ် နထင်၊ ကွာစင် ဘရမ်း၊ မြင် မ+ချမ်းအောင်၊ ထက်+ခြမ်း ရဲးရဲး၊ *ခြခြ ကွဲး၍့၊ ဖြန့်ကြဲ ကြေညက်၊ ဦးနှောက် ထွက်လည်း၊ အသက် မသေ၊ တပေပေလျှင်၊ ခံနေ တချို့၊ ထိုသူတို့ကား၊ ''အဘို့ ရှေးခါ၊ လူတို့ရွာနှိုက်၊ ဆရာ မိ-ဘ၊ ဗြာဟ္မဏနှင့်၊ ဗြဟ္မစာရီ၊ ကျင့်ညီ တရား၊ သူတော်များ၏့၊ ပိုင်ကား ဥစ္စာ၊ ရတနာကို၊ ခိုးကာ ယူခြင်း၊ မိတ်ဆွေ ချင်း၏့၊ နှံသွင်း သိုထား၊ ဘဏ္ဍာများကို၊ မုသား ယွင်းပျက်၊ ခိုး ကွယ်ဝှက်နှင့်၊ သား-ငှက် လူပါ၊ နိုင်ရာရာလျှင်၊ သတ္တဝါအများ၊ သူတပါးကို၊ *ဆတ်မြား ကြမ်းကြုတ်၊ သတ်ကြွေပြုတ်အောင်၊ တင်းပုတ် ရွယ်ချိန်၊ ပုဆိန် ရဲးတင်း၊ နှိပ်စက်ခြင်းဖြင့်၊ အပြင်း *ပုတ်ထိုက်၊ မျက်မာန် အိုက်၍့၊ ရိုက်ထု ဥက္ခောင်း၊ သတ်ညှစ် ရှောင်းသား၊ မကောင်း ကံညစ်၊ ထိုအပြစ်ဖြင့်၊ *မနစ် မရှား၊ မတော်ငြားသား၊ တရား မတည်၊ *ငထည် *ငဝ၊ လူ့ဗာလတို့၊ ဒုက္ခမျိုးရှေး၊ မိုက်ကျိုး ပေး၍့၊ ငိုကြွေး *ကျံကျံ၊ တညံညံသည်။။ ရိုက်သံ နှက်သံ ပုန်းပုန်းတည်း။'' (၅)

(၄၅၈) ထို့အောက် တဖြာ၊ လေးမျက်နှာက၊ ရံကာ ပတ်ဝိုင်း၊ *တံတိုင်း မြင့်ခေါင်၊ မီးပြောင်ပြောင်နှင့်၊ လယ်ဘောင် မဇ္ဈေ၊ သံရေ ဆူကြွက်၊ သံမြေထက်နှိုက်၊ ပြိုးပြက် မီးတုံး၊ ထန်း-ပေလုံးမျှ၊ ထက်ဆုံး မြမြ၊ ချွန်လှ ရှင်ရှင်၊ လှံ့အသွင်သို့၊ သံတံကျင်မျိုး၊ *ငိုးငိုး *ငွားငွား၊ စိုက်ထောင်ထားပြီး၊ ထက်ဖျားနှိုက်တွင်၊ ထိုးလျှို တင်၍့၊ မရှင် မသေ၊ အောက် သံမြေက၊ တက်လေ မီးလျှံ၊ ဟုန်းဟုန်းပျံသော်၊ မခံရပ်နိုင်၊ သံတိုင် မြင့်မား၊ ထက်အဖျားမှ၊ တွဲးလျား စောက်ထိုး၊ ခြေ မိုးမြောက်လျက်၊ ပက်လက် တစောင်း၊ မြင် မကောင်းအောင်၊ တုံးလျောင်း ထွေထွေ၊ ကျတုံလေက၊ သံမြေ ညီးညီး၊ တောက်သည့်မီးနှိုက်၊ ဆင်ကြီးအယောင်၊ ခွေး-ကျား ကြောင်တို့၊ စွယ်ရောင် ပြိုးပြက်၊ သွား လက်လက်နှင့်၊ ကြောက်မက်ဘွယ်အား၊ သဘက် ကျားသို့၊ ပြေးလွှား ဆွဲးငင်၊ *ခုံတမင်ဖြင့်၊ သွေးရှင် *မျိုတုတ်၊ တ*ကြုတ်ကြုတ်တိ၊ ပလုတ်ပလောင်း၊ ထောင်းထောင်း ကိုက်ဝါး၊ ဝိုင်းအုံ စားလျက်၊ အသား ကုန်သော်၊ လေဟုန် ဆော်လစ်၊ ဖြစ်မြဲး ဖြစ်၍့၊ အသစ် ဘန်လဲး၊ ခံ ဆင်းရဲးသား၊ အမြဲး မီးမြိုက်၊ ဆူ ကျိုက်ကျိုက်ကြောင့်၊ သမိုက် နာမ၊ တာပနဟု၊ ပူလှ တသီး၊ ငရဲးကြီးတည့်၊ သံမီး ပွက်ပွက်၊ တံကျင်ထက်နှင့်၊ ခွေးနက် ခွေးကျား၊ မီးလျှံကြားနှိုက်၊ ကိုက်စား အရှင်၊ ခံရကျင်သည့်၊ အကြင် *ပြောထူ၊ ထိုမျှလူကား၊ ''ကျင့်မူ ဆိုးစွာ၊ လူ့ပြည်မှာလျှင်၊ ဣဿာ စောင်းမြောင်း၊ မျက်စောင်း မျက်လျှံ၊ နှုတ်သံ ညည်းညူ၊ ဒေါသမူဖြင့်၊ အငြူအစူ၊ မဖြူ နှလုံး၊ မိုက်တုံးကြီးလှ၊ မိုးမှောင်ကျသို့၊ မိုက်ကြ အဟုတ်၊ မြတ်-ယုတ် မညှာ၊ လွန် မိုက်စွာလျက်၊ မြို့-ရွာ ဂါမ၊ နိဂမနှင့်၊ ဂေဟ ရိပ်ငြိမ်၊ နေအိမ် စရပ်၊ မဏ္ဍပ် တင်းကုပ်၊ ဆောက်လုပ် တည်ထား၊ *ဆောက်ဦးများတိ၊ *တံတား စောင်းတန်း၊ စောင်းရန်း *ခြံပွတ်၊ မလွတ် လုံးစုံ၊ တဲအုံက စ၊ ထိုမှ ကျောင်းကန်၊ သူ့ဗိမာန်ကို၊ မကျန် ပြိုက်ပြိုက်၊ ကျွမ်းလောင်မြိုက်အောင်၊ မီးတိုက် ရှို့ဖျက်၊ သူ့သက် ရှင်ရှင်၊ မသေခင်လည်း၊ မီးတွင် ချပစ်၊ ထိုကံပြစ်ကြောင့်၊'' မီးချစ် လောင်စွဲး၊ ထိုငရဲးနှိုက်၊ လွန်ကဲး ဝေဒနာ၊ ကြီးလှစွာသား၊ နာနာကျင်ကျင်၊ သံတံ+ကျင်ထက်၊ စူး+ကျင်တုံထ၊ ဒုက္ခ*တိုင်ထိ၊ ခံ မချိအောင်၊ ကျဘိသော့အား၊ ဝိုင်းအုံ ပြားလျက်၊ ခွေးစား မကျန်၊ သွေး ကြန်ကြန်နှင့်၊ ကုန်ပြန် ဖြစ်ခြင်း၊ မီးပုံတွင်ဝယ်၊ ပူခြင်း လှိုက်တုန်၊ ငါးနှယ် ခုန်၍့၊ မကုန် *ကြမ္မာ၊ သက်ရှင်စွာလျက်၊ ခန္ဓာ *မစယ်၊ ပျောက် မကွယ်ဘဲး၊ *သွတ်လှယ် မပြီး၊ လောင်ညီးညီးနှင့်၊ မီးဟုံ ပင့်ဆော်၊ တံကျင်ပေါ်သို့၊ ဟစ်အော် *ချောက်ချား၊ ရောက်ပြန်ငြားလျက်၊ ကားရား ကိုးရိုး၊ ခြေမြောက်မိုးသည်။။ စောက်ထိုး စဉ်ကျ *ဆုန်းဆုန်းတည်း။ (၆)

(၄၅၉) ထိုမှ အောက်ခွင်၊ သံမြေပြင်ထက်၊ တောက်ရှင် ညီးညီး၊ သံတောင်ကြီးသို့၊ ကာဆီး ရံသိုင်း၊ သံ*တံတိုင်းဖြင့်၊ ပတ်ဝိုင်းပြီးလျှင်၊ တံကျင် သံချွန်၊ ရှေးထက် လွန်၍့၊ *သည်းဝှန်း မီးတောက်၊ မိုး*ရှိမြောက်မျှ၊ ထက်-အောက် လျှံဝေ၊ သံရေ ပွက်ပွက်၊ ဆူကြွက်ကြွက်တည့်၊ ပြင်ဘက် ထိုဝယ်၊ ကြောက်ဘွယ် ရူပ၊ ဥပကနှင့်၊ ကာဠသမုတ်၊ သိရီ့ဂုတ်ဟု၊ မျက်ကြုတ်ထန်စွာ၊ *ဥပါရက္ခိုသ်၊ အံကိုက် စွယ်ပြူး၊ ငရဲးမှူးတို့၊ ရှူးရှူး ရှုန်းရှုန်း၊ အုန်းအုန်း ကျွက်ညံ၊ လိုက်လံဖြဖြ၊ အုံဖြဖြနှင့်၊ ဖြဖြ ကွဲးပေါက်၊ ဦးနှောက် ဆန်ကွဲ၊ ကြဲး၍့ စဉ်လွင့်၊ ရင်ပွင့် အူကြွေ၊ အထွေထွေလျှင်၊ လက်-ခြေ နှာခေါင်း၊ *ဘောင်းလောင်းဖြတ်ပြု၊ သားကောင်းတုတည့်၊ လုလု ယက်ယက်၊ သည်းအူ ထွက်အောင်၊ ရက်ရက် ချွံ+ချွံ၊ *လက် မရွံသို့၊ ခြွံ+ခြွံ *ပစ်လွှတ်၊ *တောင်ကျွတ် မာန်ငြိုး၊ နောက်က မိုး၍့၊ ဓားမျိုး လှံ-တုတ်၊ သံ*တံသုတ်က၊ ဆောင်ပုတ် သံဆူး၊ ထူးထူး ပြားပြား၊ လက်နက်များဖြင့်၊ အသွား ပြောင်ပြောင်၊ အရောင် ပြိုးပြိုး၊ ခုတ်ထိုး ရိုက်နှက်၊ တောင်ပေါ်ထက်သို့၊ တက်စေ မောင်းနှင်၊ အပြင်း တင်၍့၊ ထက်ခွင်ဌာန၊ ရောက်ကာလနှိုက်၊ ထိုခဏခြင်း၊ ကံအရင်းကြောင့်၊ လေပြင်း တိုက်ချ၊ သစ်ရွက်ကျသို့၊ လွင့်ကြ ထိုထို၊ အောက်ကို *ဟိတ်တော၊ ဒရဟောတိ၊ သောသော ကျလျှင်၊ သံတံကျင်ထက်၊ ကျော-ရင် ဘေးဘီ၊ ထုတ်ချင်း သီလျက်၊ စီကာ မလပ်၊ ကောင်ချင်း စပ်မျှ၊ ထပ်ထပ် ပူးပူး၊ ပြူးရ ရူးလျှင်၊ ပေါက်စူး တုန်တုန်၊ ဆတ်ဆတ် ခုန်ဖြင့်၊ မီးဟုန် ဟပ်စွဲး၊ ရှေးထက် ကဲး၍့၊ ရဲးရဲး ရှိန်ဝါ၊ ပူပြင်းစွာကြောင့်၊ မဟာတာပန၊ မည်ရ သံမီး၊ ငရဲးကြီးနှိုက်၊ ပျက်စီး လောင်ကျက်၊ ဆင်းရဲး နက်သား၊ ငှက်ကြက်အတူ၊ ခံရသူကား၊ ''လူဝယ် ဖြစ်ခိုက်၊ အမိုက်ကြီးလှ၊ ငါ စိုးရဟု၊ ဇီဝ သက်ရှင်၊ လျှိုးတံကျင်နှင့်၊ မီးတွင် ပစ်ချ၊ အဓမ္မကို၊ ဓမ္မဟူငြား၊ ဓမ္မအားလည်း၊ အမှားဟူထ၊ အဓမ္မဟု၊ ဥစ္ဆေဒဒိဋ္ဌိ၊ အကိရိနှင့်၊ နတ္ထိ အဟေတု၊ စွဲးပြု ဘောက်ပြန်၊ အယူသန်တို့၊ မမှန် တရား၊ သူတပါးကို၊ အမှား ယူစေ၊ ထိုသူတွေတည့်၊ သံမြေ ပြောင်ပြောင်၊ သံရေရောင်နှင့်၊ သံတောင် ညီးညီး၊ ပူလောင်ကြီးသား၊ သံမီး ချင်ချင်၊ သံတံကျင်ထက်၊ အမြင် မလှ၊ စောက်ထိုးကျသား၊ ကျ၍့ ထိပ်ဦး၊ ဘေး-ရင် စူးလျက်၊ အပြူး အပြွတ်၊ မလွတ် တညီ၊ ကောင်ချင်း စီသည်။။ ဘားသီ တံစို့ *နှုန်းနှုန်းတည်း။'' (ရ)

(၄၆၀) ထိုမှ တဖြာ၊ အောက်ဆုံးစွာတိ၊ သီတာတွင်ညီ၊ ပထဝီထက်၊ လေးလီ ဒိသာ၊ ရပ်မျက်နှာနှင့်၊ အောက်မှာ တချက်၊ အိုး*ဖုံးဖွက်သို့၊ ထက်က ပိတ်ပြု၊ ဤခြောက်စုတွင်၊ တခု တခု၊ အထု ကိုးယူဇနာ၊ ထူထပ်စွာသား၊ ရံကာ အုပ်ဝိုင်း၊ တံတိုင်း မယွင်း၊ အတွင်း နံ-လျား၊ အစောက်အားဖြင့်၊ ပိုင်းခြား တရာ၊ ယူဇနာ ကျယ်နက်၊ လေးဘက် နံပါး၊ ပြေးသွား ထွက်အန်၊ မီးအလျှံလည်း၊ လွင့်ပျံ ယူဇနာ၊ တရာ ထုတ်ချောက်၊ ဝန်းကျင် ပေါက်၏၊ ထို့လောက်အတွင်း၊ ကမ္ဘာချင်းအောင်၊ တည်ခြင်း မပျက်၊ ဆူကြွက်ကြွက်နှင့်၊ ရှေးထက် ဆယ်ဆ၊ မက တံပိုး၊ *လှင်ကန် တိုးလျက်၊ ပူမျိုး လွန်ပြင်း၊ ပူတမင်းဖြင့်၊ အကြွင်း မယှိ၊ မီးအတိနှိုက်၊ များဘိစွာလှ၊ အနန္တတို့၊ ဒုက္ခခံသူ၊ မီးပူ ဆင်းရဲး၊ တခဲးနက်ဘိ၊ ခြား မယှိကြောင့်၊ အဝီစိမည်၊ ကမ္ဘာတည်သား၊ ဤသည် ထိန်ညီး၊ ငရဲးကြီးတည့်၊ သံမီး ဝင်းဝင်း၊ သံမြေတွင်းသို့၊ မြှုပ်သွင်း ပုဆစ်၊ ကျွံနစ် လောင်ကျက်၊ လက်နှစ်ဘက်ကား၊ ကားကြက် ဆန့်ကာ၊ ဝဲး-ယာ နံရံ၊ အလျှံ ညီးညီး၊ မီး၏့အတွင်း၊ သွတ်သွင်းတုံရှောင်း၊ ထက် ဥက္ခောင်းက၊ နှာခေါင်းအထိ၊ လွှမ်းအုပ်ဘိလျက်၊ မချိ ခံမြောက်၊ ထိပ်က ဖေါက်ပြီး၊ အောက်ဒွါရ ထွက်၊ သံမြေ့ထက်နှိုက်၊ ဝက်ဝက် စူးဝင်၊ ထန်းလုံ့းသွင်ဖြင့်၊ တံကျင် တချောင်း၊ နံတောင်း နှစ်ဘက်၊ ကြက်ခြေ ရှက်အောင်၊ သီလျက် နှစ်ချောင်း၊ ခိုး ခြောင်းခြောင်းနှင့်၊ တိမ်းစောင်း ဘယ်-ညာ၊ မလှုပ်သာဘဲး၊ လွန်စွာ ပူပြင်း၊ မီး ခြင်းခြင်းဝယ်၊ ထုတ်ချင်း တိုး+ရို၊ ပေါက်သည်ကိုယ်မှ၊ သွေး+ယို ပြွင်းပြွင်း၊ တွေတွေ ဆင်းသား၊ ကန်သင်း ဆည်ရိုး၊ ကျိုး၍့ ကျလာ၊ ရေပမာတည့်၊ မဟာဒုက္ခ၊ ကြီးလှ ကျိုက်ဆူ၊ ထိုမီးပူတွင်၊ ခံသူ သတ္တဝါ၊ များလှစွာလည်း၊ လူ့ရွာ ပုံခင်း၊ ဆုံတွင်း သိပ်နက်၊ ကျည်နှိုက် နှက်သည့်၊ မုံ့ညက်အလား၊ တည်သော့အားဖြင့်၊ အကြား အလပ်၊ မထင် ကျပ်လျက်၊ ကြပ်ကြပ် အမြဲး၊ သံဖိုထဲးနှိုက်၊ သံခဲး ဥပမာ၊ ညီးလျှံဝါနှင့်၊ မီးစာ စင်စစ်၊ *မီးကျီးဖြစ်၍့၊ အနှစ် ကုဋေ၊ သင်္ချေ *ကိုင်ကန်၊ အပြန်ပြန်တိ၊ ဆယ်ဘန် မက၊ ထိုမျှ ကံလျောက်၊ ကြေ မပျောက်ဘူး၊ ရှည်*စောက်ကာလ၊ ကျက်နေရ၏၊ ''မိ-ဘနှစ်ဦး၊ ကျေးဇူး ကြီးစွာ၊ ရဟန္တာမည်မှတ်၊ အရှင်မြတ်ကို၊ သတ်ဖြတ် ညှဉ်းဆဲး၊ သင်းခွဲး ဘေဒက၊ ဗုဒ္ဓလောဟိ၊ မိုက်ခေါင်ထိသား၊ အဘိပါပ၊ လူ့ဗာလတို့၊ ကျလေ ခြုတ်ခြုတ်၊ လူစ ပြုတ်၍့၊ ချုတ်ချုတ် မ+မြည်၊ ပြန် မလည်သို့၊ တ+မည် ဘဝ၊ ပေါ်ခဲးစွလျှင်၊ ဆုံးဆ မယှိ၊ မီးအတိဖြင့်၊ လောင်ညိ ပြင်းစွာ၊ ယူဇနာမျှ၊ ကျောက်တောင်ကျသော်၊ ခဏ ကျွမ်းလျက်၊ ဂွမ်းသို့ ညက်လည်း၊ အပျက် ရှေးပြု၊ မကောင်းမှုဟု၊ အကုသလံ၊ မကောင်းကံဖြင့်၊ ခံယူ သတ္တဝါ၊ ဆိုး *ကြမ္မာကြောင့်၊ ကမ္ဘာနေဘိ၊ ကြေ မယှိဘဲး၊ မြေကြီ့း အောက်ထပ်၊ ချိုးနှယ် ကပ်အောင်၊ ကျဉ်းကျပ် လွန်ကဲး၊ ဝီစိထဲးနှိုက်၊ ဆင်းရဲးကြီးစွာ၊ ခံရ ကြာသည်။။ ကျောက်ဖျာ ရေကျ တုန်းတုန်းတည်း။ ' (၈)

(၄၆၁) ညီးညီး ပြောင်ပြောင်၊ သံမီးရောင်ဖြင့်၊ တောက်လောင် *မစဲး၊ အောက်မြေထဲးနှိုက်၊ ငရဲးကြီးပညပ်၊ ရှစ်ထပ် မဟာ၊ နိရယာ၏့၊ မျက်နှာ လေးလီ၊ တရပ်စီတွင်၊ အညီ ပတ်ချုပ်၊ မှတ် သရုပ်ဖြင့်၊ *ဘင်ပုပ် ပွက်ဆူ၊ ပြာပူ သံလျက်၊ လျှံထွက် ခိုးခြောင်း၊ ကြိမ်ပိုက်ချောင်းနှင့်၊ အပေါင်း ထင်ရှား၊ မည်ပြား နာမ၊ ဥဿဒဟု၊ ပြင်က ရံဆို့၊ မြို့၏့သဖွယ်၊ ငရဲးငယ်လည်း၊ ကြောက်ဘွယ် *နှရား၊ လေးပါး ပတ်လည်၊ စပ်ကာ တည်၏၊ ''လူ့ပြည် အချို့၊ လူမိုက်တို့ကား၊ ကိုယ်သို့ မဟုတ်၊ ယုတ်မြတ်တို့အား၊ သနား *မဲ့လျှင်း၊ မစင်ကျင်းနှင့်၊ *ဘင်တွင်း ပစ်ချ၊ ဘားငယ် စသား၊ ပိုးခြ တိရစ္ဆာန်၊ အားအန်*မဲ့စွာ၊ သတ္တဝါကို၊ ဖမ်းကာ နှိပ်နှယ်၊ လွန် ဆိုးကျယ်လျက်၊ ကြောက်ဘွယ် လန့်ကြား၊ နိုင်ထက်အားဖြင့်၊ မြွေကျား ကြောင်-ခွေး၊ အစာကျွေး၍့၊ အရေး မလောက်၊ မထောက် မညှာ၊ နိုင်ရာ စော်ကား၊ မခံ့ညားဘဲး၊ ပြုငြား တုံထ၊ ကံ ပါပကြောင့်၊ ပြင်းပြ ပုပ်ဟောင်၊ ကမ္ဘာ လှောင်၍့၊ ဝေးခေါင် ယူဇနာ၊ တရာထက်က၊ ပွက်ပွက် ပြောင်းပြန်၊ အူလှန် လှိုက်ထိုး၊ အနံ့ဆိုးလျက်၊ ရိုးရိုး ရောင့်ရောင့်၊ ဖြိုးဖြိုး တောင့်သား၊ ဆင်ပြောင့် လည်ဘင်း၊ ကြီးမင်း ဖွံ့ထွား၊ အပ်အလားသို့၊ သွားဘိ ထက်လှ၊ ပိုးလောက် ရွလျက်၊ ပွပွ အမြှုပ်၊ နံခေါင်း ချုပ်သည့်၊ *ဘင်ပုပ် မိဠှ၊ နိရယသို့၊ ပစ်ချသော့အား၊ တဘွားဘွားဖြင့်၊ စားကြ ပိုးလောက်၊ ကိုယ်လုံး ဘောက်၍့၊ ထက်-အောက် ဝန်းကျင်၊ တွင်းနှင့် ပြင်သည်။။ ထွက်ဝင် ရွှပ်ရွှပ် ရှုူးရှူးတည်း။'' (၉)

(၄၆၂) ထိုနှင့် စပ်ကာ၊ သတ္တဝါတို့၊ ကြမ္မာ ဆိုးလှ၊ ကံ ပါပကြောင့်၊ ကမ္မသမုဋ္ဌာန်၊ စီရင် ဘန်၍့၊ တဒနန္တရ၊ ရပ် ဌာနနှိုက်၊ အောက်က မီးဂ†ကျီး၊ ရဲးရဲးညီးနှင့်၊ သောင်ကြီး သဲးခွင်၊ မင့်းရင်ပြင်သို့၊ အသွင် ပုံတူ၊ ပြာဖုံး ဆူသား၊ ပြာပူ ဥဿဒ၊ နိရယဟု၊ ဒုက္ခ ခံခြင်း၊ ဤတကွင်းတည့်၊ 'အပြင်း မီးတွင်၊ သူ့သက်ရှင်ကို၊ ထည့်ကျင်သသူ၊ ထို့လူ တမျိုး၊ လူဆိုး ပါပီ၊ အလဇ္ဇီဖြင့်၊ ဒုဿီ ကျင့်ဆန်း၊ ရှင် ရဟန်းတို့၊ သင်္ကန်း သပိတ်၊ ပရိက္ခရာ၊ သူ့လှူဒါကို၊ သိက္ခာ ယှိဟန်၊ သီလဝန်သို့၊ သဏ္ဌာန် အတူ၊ ရဟန်းဟူ၍့၊ ခံယူ အတင်း၊ သုံးဆောင်ခြင်းကြောင့်၊ ပြာတွင်း ထောင်းထောင်း၊ ခိုး ခြောင်းခြောင်းနှိုက်၊ ပျောင်းပျောင်း ယဲ့+ယဲ့၊ ထိလျှင် ပဲ့မျှ၊ ငရဲးဒုက္ခ၊ ပါပအကျိုး၊ ကံ့တန်းခိုးဖြင့်၊ စောက်ထိုး တုံးလျောင်း၊ မြင် မကောင်းအောင်၊ ဖယောင်း ဖိုဝ၊ မီးတွင် ကျသို့၊ မွမွ ကျွမ်းကြေ၊ ဖြစ်ကောင်းချေလည်း၊ မကျေ ပကတိ၊ သို့စင်ယှိ၏၊ ဇီဝိ မထွက်၊ ဆင်းရဲး နက်အောင်၊ မပျက် မကြေ၊ သက် မသေဘဲး၊ ခံထွေ လွန်ဆိုး၊ ပူ တမျိုးတည့်၊ အရိုး အသား၊ ကိုယ်လုံးအားဖြင့်၊ ထွားထွား မုန့်မုန့်၊ နဲ့နဲ့ *နုန့်လျှင်၊ မြူမှုန့်ဖြစ်လျက်၊ ပြာ့နှယ် ညက်သည်။။ လောင်-ကျက် နပ်နပ် နူးနူးတည်း။'' (၁၀)

(၄၆၃) တချက် ထိုမှ၊ ပြင်ထပ်ကတည့်၊ 'ပွဲးမ စစ်တွင်း၊ အချင်းချင်းနှိုက်၊ မာန်ပြင်း ကြီးမား၊ ဒေါသအားဖြင့်၊ လှံ-ဓား သန်လျက်၊ မြိုက်မြိုက် ထက်သား၊ လက်နက် ချီမိုး၊ ခုတ်ထိုး *ထိမ်းဖြတ်၊ ရှင်လတ်လတ်ကို၊ သတ်တတ်ကုန်ကြ၊ လူထိုမျှ၏့၊ ကမ္မအကျိုး၊ ကမ္ဘာစိုးတို့၊ တန်းခိုး မဘန်၊ သမုဋ္ဌာန်ကြောင့်၊ လှံချွန် မထူး၊ သန်လျှက်ဦးသို့၊ ထိစူး ထိရှ၊ ဆူး မြမြနှင့်၊ လင်းတ သောသော၊ သန်လျှက်တောနှိုက်၊ *ငေါငေါ ငင်းငင်း၊ ဝင်းဝင်း လက်လက်၊ ဆူးပင်ထက်သို့၊ အသက် ရှင်ရှင်၊ လေပြင်း တင်၍့၊ စူးဝင် ရှန၊ ပြတ်ကျတုံလေ၊ သံရေ ချစ်ချစ်၊ မီး စစ်စစ်ထက်၊ တုံးတစ် ပြတ်*တောင်း၊ ဥက္ခောင်း လက်-ခြေ၊ ပိုင်းပိုင်း ကြွေလည်း၊ မသေ လွန့်လွန့်၊ တုန် တွန့်တွန့်တွင်၊ ရင်ညွန့် ရင်လယ်၊ လည်ဝယ် တက်စီး၊ တိုင်ကြီး မဂဓ၊ လှည်းအိမ်မျှလောက်၊ ကာယ ဧရာ၊ ကြီးမားစွာဖြင့်၊ ဘိကာ နင်းလစ်၊ တအစ်အစ်တိ၊ မညစ် မကြေး၊ မှတ်တင်သွေးသည့်၊ ကတ်ကျေး*တမျှ၊ ထက်စွာလှသား၊ လင်းတနှင့် ကျီး၊ သံနှုတ်သီးဖြင့်၊ ပေါက်ပြီး ဆိတ်ဆွ၊ အုန်းအုန်း ကျလျက်၊ စားကြ မ+ကျန်၊ သွေး ကြန်+ကြန်နှင့်၊ ပြန်၍့ ဖြစ်မြဲး၊ *အော်လဲးလဲးတည့်၊ ရဲးရဲး ချက်ချက်၊ မြမြထက်သား၊ သန်လျှက်အသွင်၊ ထိုဆူးပင်သို့၊ လွင့်တင် လေဟုန်၊ ချပြန်ကုန်၍့၊ *သုန်သုန် ပျံကျ၊ ထိုကာလလည်း၊ ရင်ဝ ဘေးစောင်း၊ ပေါက် ဟောင်းလောင်းနှင့်၊ ဦးခေါင်း ခြေ-လက်၊ ပြတ်လျက် ကျမျှို့၊ သူတချို့ကား၊ တံစို့ ငါးသီ၊ စီရရီလျှင်၊ တူညီ မယွင်း၊ စူးပြန်လျှင်းသည်။ ။ ကောင်ချင်း ထပ်ထပ် ပူးပူးတည်း။'' (၁၁)

(၄၆၄) တပါး ထို့ပြင်၊ ရေသွင်သွင်သို့၊ တောက်ရှင် ညီးညီး၊ ပွက်ပွက်စီးလျက်၊ သံမီး ခြောင်းခြောင်း၊ ကြိမ်ပိုက်ချောင်းတည့်၊ နှာမောင်း ဆူးခက်၊ သင်ဓုန်းစက်သို့၊ သံရွက် သံညှောက်၊ ငိုးငေါက် ချွန်ချွန်၊ အလွန် မြမြ၊ ထိတိုင်း ရှအောင်၊ ထက်လှ ကြောက်ဘွယ်၊ ကြိမ်နွယ် ကြိမ်ခက်၊ ကြိမ်ရွက်အယောင်၊ ပြိုးပြိုးပြောင်နှင့်၊ လှေဘောင် ကင်းလစ်၊ အနက်စစ်ကြောင့်၊ ဝေတ္တရဏီ၊ ခေါ်တွင်ညီသား၊ ကြေးနီ ပွက်ပွက်၊ ဆူ ကြွက်ကြွက်သို့၊ ရိုက်နှက် ထန်ပြင်း၊ ဆင်းပစေဘိ၊ ဆူးနှိုက် ငြိ၍့၊ ကန့်လိ ကန့်လန့်၊ တုန်လွန့် ဆတ်ဆတ်၊ တဖျတ်ဖျတ်နှင့်၊ ပိုင်းဖြတ် တုံးတစ်၊ ဘရ+ပျစ်တိ၊ ကြဲး+ပစ်သော့သွင်၊ အတင်တင်လျှင်၊ အမြင် မလှ၊ အောက်သို့ ကျလည်း၊ ပူစွ လျှံဝေ၊ ကြေး-သံရေတွင်၊ ကြေကြေ ညက်ညက်၊ ဆူပွက် ဘွားဘွား၊ ကျက်စေငြား၍့၊ ငါးကို ဆီပေါ်၊ ကျွမ်းအောင် ကြော်သို့၊ မကျော်ကျူးသာ၊ ခံရ +ကြာသား၊ ကျာ+ကျာ *ကျံကျံ၊ အော်ဟစ်သံနှင့်၊ ညံညံ *ပြောထူ၊ ထိုထိုသူကား၊ ''လူတွင် ဖြစ်ခါ၊ ပူပြင်းစွာလျှင်၊ မီးမှာ ကြော်ချက်၊ ဝမ်းဘဲး ကြက်နှင့်၊ သားငှက်တို့အား၊ မပြတ် စား၍့၊ သနား မရှု၊ ပြုတတ်သော့သူ၊ ရှင်မူ ရှင်ယောင်၊ သင်္ကန်းရောင်နှင့်၊ ဟန်ဆောင် လှည့်ဖြား၊ လှူခံစားသည့်၊ တရား မညီ၊ ရှင်ဒုဿီတို့၊ ဝေတ္တရဏီခေတ်၊ ကြေးနီမြစ်နှိုက်၊ မီးချစ် မပေါ်၊ တညှော်ညှော်သည်။။ ချက်-ကြော် နှပ်နှပ် တူးတူးတည်း။'' (၁၂)

(ဥဿဒငရဲးငယ် လေးလုံး။)

(၄၆၅) ထိုပြီ့း နောက်မှ၊ ဥဿဒ၏့၊ ပြင်က ပတ်ခြံ၊ စပ်ကာရံသား၊ ဆူလျှံ ပွပွ၊ ပွက်ပွက်ထလျက်၊ ကြွကြွ တက်ဝေ၊ ကြေး-သံရေနှင့်၊ မသေ အသက်၊ သိပ်သိပ်နှက်ဖြင့်၊ ကျွက်ကျွက် အုတ်အုတ်၊ တရုတ်ရုတ်လျှင်၊ ချက်ပြုတ် ဘွားဘွား၊ သား-ငါး ချဉ်-ချို၊ ဟင့်းနှယ် ကျို၍့၊ ကြိုကြို ကြားကြား၊ ရှောင်ရှား ထွက်ခွါ၊ လွတ်ရာ မရ၊ ကြောက်ဘွယ်စွလျှင်၊ လောဟကုမ္ဘီ၊ ကြေးနီအိုးကြီး၊ ညီးညီး ပူကဲး၊ ငရဲး တခွင်၊ ရဲးချင်ချင်နှင့်၊ ထိလျှင် ရှ-စူး၊ သင်ဓုန်းဦးသို့၊ အဆူး ရှည်လံ၊ ဝင်းဝင်းလျှံသည့်၊ လက်ပံငရဲး၊ လွန်ကဲ ချက်ချက်၊ မြမြထက်သား၊ သန်လျှက် လက်သည်း၊ အော်မြည်ကြည်းလျက်၊ လန့်ကျည်း ပြင်းစွာ၊ ကုတ်ခြစ်ကာလျှင်၊ ခံရာ မချိ၊ ကြောက်ဘွယ်တိဖြင့်၊ အသိနခ၊ မည်ရ မလွဲး၊ ငရဲး တဘန်၊ စီးဟန် သွက်သွက်၊ ဆူကြွက်ကြွက်နှင့်၊ ပွက်ပွက် လျှံဝေ၊ ကြေးနီရေဟု၊ ပူထွေ လွန်မော၊ တမ္ဗောဒက၊ မည်ရ တကွဲး၊ ငရဲး တထွေ၊ သံတွေ ညီးညီး၊ အရှိန်ကြီးလျက်၊ မီးကျီး အလျှံ၊ တောက်ပျံ ပူလော၊ အယောဂုဠှ၊ အမည်ရသား၊ နာမ ခေါ်မြဲး၊ ငရဲး တချက်၊ ကြောက်မက်စဘွယ်၊ ကြီးကျယ် *ဖြိုးမြင့်၊ မိုးနှင့် *တမျှ၊ မီးလျှံထလျက်၊ သေလပဗ္ဗတ၊ မည်ရ ပြောင်ပြောင်၊ သံမီးရောင်နှင့်၊ ကျောက်တောင် တခဲး၊ ငရဲး တဆစ်၊ ပူ*အစ် ထန်ပြင်း၊ စပါးဖျင်းသို့၊ စီးဆင်း လျှံခြောင်း၊ ခိုးထောင်းထောင်းနှင့်၊ မြစ်ချောင်းတူလှ၊ ပွက်-ဆူထသား၊ ဘုသနဒီ၊ သညီ မှတ်စွဲး၊ ငရဲး တမျိုး၊ လျှံခိုး မရှိန်၊ မထိန် မတောက်၊ မနောက် မခဲး၊ မရဲး မချင်၊ မီးလွတ်စင်လည်း၊ ရိုးခြင်ဆီတွင်း၊ အကုန် ချင်းအောင်၊ ထွင်း၍့ ဧး+ကျဉ်၊ ရေ့အယဉ်သို့၊ ရှောင်+ကြဉ် မဖြစ်၊ ဆင်းရဲးနစ်သား၊ မြစ်ပမာဏ၊ သီတနဒီ၊ ဤလည်း လွန်ကဲး၊ ငရဲး တသီး၊ ကျားကြီး ဆင်ပေါက်၊ လောဟီကျောက်သို့၊ လန့်ကြောက်ဘွယ်လိ၊ မျက်စိ ခြင်းခြင်း၊ စွယ် ဝင်းဝင်းနှင့်၊ ကောင်းချင်း ရှက်ထွေး၊ တောင်ပြေး မြောက်ရစ်၊ အော်ဟစ် မြူးခုန်၊ သဲးသဲး တုန်အောင်၊ ဝိုင်းကုန် အုန်းအင်း၊ ပြုန်းပြင်း ဆူဝေ၊ မြင်ရုံ သေမျှ၊ ခွေးရွေ ခွေးနက်၊ ကျားထက် ဆိုးကျူး၊ ခွေးဘီလူးတို့၊ ရှူးရှူး ရှင်ရှင်၊ *ရွတ်ရွတ်ငင်၍့၊ လျင်လျင် *ကြွတ်ကြွတ်၊ ပြေး မလွတ်အောင်၊ ကျွတ်ကျွတ် မျိုဝါး၊ ဟပ်စား ကိုက်ခဲး၊ ခွေးငရဲးဟု၊ ခေါ်မြဲး တရပ်၊ ကြံညှပ်ယန္တြား၊ စက်အလားသို့၊ ထွားထွား ညက်ကြိတ်၊ မြည် ကျိတ်ကျိတ်နှင့်၊ ကြောက်ထိတ်ဘွယ်ကြီး၊ တတီးတီးတိ၊ ယိုစီး အယဉ်၊ ညီးညီးပျဉ်၍့၊ *မစဉ် တရစ်၊ ကိုယ်လုံး နစ်မျှ၊ သွေးချောင်းကျသား၊ ယန္တပါသာ၊ သညာ မည်စွဲး၊ ငရဲး တပုံ၊ လုံးစုံ ဘော်ပြ၊ ယမလောကီ၊ တွင်ညီ ခေါ်ရိုး၊ ဤဆယ်မျိုးလည်း၊ ကြောက်စိုး လန့်ဘွယ်၊ ကြီးကျယ် ကိုယ်ဘိ၊ မိုး *ရှိရှိနှင့်၊ မျက်စိ ကြော့*သွေး၊ တွေးတွေး နီမြန်း၊ ကြောင်သန်း တျာတျာ၊ လွန်စွာ ကျယ်ဘိ၊ လူ့ပြည်ယှိသား၊ မောင်းကြီ့းအယောင်၊ မျက်တောင် မညိတ်၊ နက်ရောင် ဘိတ်လျက်၊ သပိတ်လုံ့းနှယ်၊ မျက်လုံး ကျယ်နှင့်၊ အစွယ် ပြူးပြူး၊ ငှက်ပျောဖူးသို့၊ မာန်ရှူး လွန်ဆိုး၊ ရက္ခိုသ်မျိုးသည်။။ အုပ်စိုး ကွပ်ကွပ် မှူးမှူးတည်း။ (၁၃)

(၄၆၆) လုံးစုံ ထိုမျှ၊ ထုတ်ဆိုပြသား၊ ယမလောကီ၊ သညီခေါ်အပ်၊ ဤဆယ်ထပ်နှိုက်၊ လူ့ရပ် လူ့ဘောင်၊ မကြဉ်ရှောင်ဘဲး၊ ''လင်မြှောင် မွေ့လျော်၊ လင်ကို ကျော်၍့၊ အပျော်အပါး၊ *သယောက်ထားနှင့်၊ သောက်စား လူဆိုး၊ မယားခိုးက၊ သားထိုး ငှက်ခတ်၊ သက်သတ် တသွယ်၊ ရောင်းဝယ် စဉ်းလဲး၊ ဆိုဆဲးတတ်သူ၊ လူအမိုက်မျိုး၊ ရှင်ဆိုး ဒုဿီ၊ အလဇ္ဇီနှင့်၊ မညီ တရား၊ အပြစ်အားဖြင့်၊ ကြီးမား ဒုက္ခ၊ ခံကြရ၏၊ ကာယ ဝစီ၊ မနော မှီသား၊ သုံးလီ ဒွါရ၊ ကံ ပါပကို၊ ပြုကြ နည်းငြား၊ ပေါ့သူများကား၊ ဆယ်ပါး ယမ၊ ဥဿဒနှိုက်၊ ခံရတုံကျင်၊ တကြိမ်ပင်တည့်၊ ထို့ပြင် မလျော်၊ မိုက်ခေါင်ကျော်လျက်၊ မတော် *မတကာ၊ ယုတ်မာ ဆိုးဝါး၊ လေ့ကျက်များသော်၊ တပါးက ထွက်၊ တပါး ဆက်၍့၊ လောက်ကျက် အမြဲး၊ နေရာ လွှဲးလျက်၊ ဆင်းရဲး *သွတ်လှယ်၊ အိမ့်သဖွယ်သို့၊ ကြီး-ငယ် ငရဲး၊ ထိုအထဲးနှိုက်၊ ဘန်လဲး သို့စင်၊ ခံရကျင်သည်။။ ထွက်ဝင် စပ်စပ် ကူးကူးတည်း။'' (၁၄)

(ငရဲးခဏ်း ၁၄-ပိုဒ်၊)
(ယမလောကီငရဲး ဆယ်လုံး။)

(၄၆၇) ဤသို့ အလို၊ အကုသိုလ်၏့၊ ထိုထို ပါယ်ရပ်၊ သန္ဓေ ကပ်၍့၊ ကျဉ်းကျပ် ပြင်းထန်၊ ကျိုးပေးဟန်ကို၊ ကျမ်းဂန်အလာ၊ ထင်စွာ သရုပ်၊ ကျဉ်းချုပ် ပိုင်းခြား၊ ပြခဲ့ငြားလည်း၊ မှတ်သား လွယ်စေ၊ ဧကဒေသ၊ တစိတ်မျှတည့်၊ ထိုမှ တသွယ်၊ မှတ်ဘွယ် တချက်၊ ငရဲးသက်ကား၊ အထက် နိရယ၊ အောက်ဒေဝတို့၊ နတ်က တက်နည်း၊ *နိဿရည်းတိုင်၊ လိပ်လည်း မယှိ၊ ခြောက်ထပ်ထိအောင်၊ သိလော စဉ်လာ၊ မဟာတာပန်၊ ခုနစ်ဌာန်နှိုက်၊ မနွန် ထက်ဝက်၊ ထဲးနက် မဟာ၊ ဝီစိမှာမူ၊ ကမ္ဘာအာယု၊ ရှစ်ဆယ် စု၍့၊ တစု တိုင်းရှည့်၊ မနွမ်း ပြည့်တည့်၊ ကံ၏့စွမ်းအား၊ ထိုအကြားလည်း၊ လွတ်ငြားတတ်စွ၊ မမြဲးကြဘူး၊ ဒသကမ္မ၊ ပထအစု၊ မကောင်းမှုကို၊ ဂရုကတ၊ အာစိဏ္ဏဖြင့်၊ မချ တရံ၊ မြဲး မမြံလျှင်၊ *ယိုးယံ မပြတ်၊ လေ့လာတတ်လျက်၊ ပေါက်လွတ် မိုက်စွာ၊ မိစ္ဆာဝါဒ၊ နိယတသို့၊ ဘဝ လုံးလုံး၊ သက်ဆုံးတိုင်အောင်၊ မကြဉ်ရှောင်သည့်၊ ဆိုးခေါင်ကြူးလှ၊ ဘေဒကနှင့်၊ မိ-ဘ ဆရာ၊ ရတနာ သုံးပါး၊ မလွတ်ငြားဘဲး၊ ပြစ်မှား ကြီးထူ၊ ထိုထိုသူတို့၊ လောင်ပူ ပြင်းပြ၊ ဒုက္ခ ကဲးလွန်၊ ဆင်းရဲးဝန်ကို၊ မနွန္တရ၊ ကာလ ပြည့်ကြွယ်၊ အာယု*ကယ်အောင်၊ ကြောက်ဘွယ် *နှရား၊ ကြီးမားစွာလှ၊ ဆုံးဆ မယှိ၊ အဝီစိနှိုက်၊ မြေကြီ့း အောက်ဆုံး၊ ကျ *စုံးစုံးဖြင့်၊ မီးတုံးဖြစ်ထ၊ ခံနေရ၏၊ အချို့ကမူ၊ အရိယူပဝါ၊ အရိယာအား၊ ပြစ်မှား ပြုကြ၊ ပြစ်ဒေါသကြောင့်၊ အဗ္ဗုဒ နိရဗ္ဗုဒ၊ အဟဟနှင့်၊ ဗဗ ဋဋ၊ ထိုမှ တုံပြီ့း၊ သောဂန္ဓိ ဥပ္ပလ၊ ကုမဒ,က၊ နာမ *တသုန်၊ ပုဏ္ဍရီက၊ ပဒုမဟု၊ ရေဆ တွက်ဘွယ်၊ ဆင့်ဆင့် *ကယ်၍့၊ နှစ်ဆယ် နှစ်ဆယ်၊ ရှည်ကြွယ် နှစ်ပေါင်း၊ ခံရရှောင်း၏၊ *၄င်းဒသ၊ နိရယကား၊ သီတ*နရက်၊ တုန်ချက်ချက်ဖြင့်၊ မကျက် မီးလို၊ ဧးစွဆိုရှင့်၊ ထိုဝီစိတိုက်၊ တစိတ်နှိုက်လည်း၊ ဆင်လိုက် မြင်းလိုက်၊ ရထားလိုက်ဖြင့်၊ စစ်တိုက် လိုလား၊ ထိုယောက်ျားတို့၊ ခံငြား တည်ရာ၊ ထိုးခုတ်ကာလျှင်၊ အပရာဇိ၊ မည်ယှိ နာမ၊ တဌာနတည့်၊'' 'ရာဂ ဒေါသ၊ မောဟတရား၊ ပွားထက် ပွားအောင်၊ ပင့်ဆောင် ဆော်နှိုး၊ အမိုက် ပျိုးသည့်၊ လူမျိုး တမည်၊ သဘင်သည်ကား၊ လူ့ပြည်နှိုက်တွင်၊ ပွဲးသဘင်သို့၊ အသွင် ပုံတူ၊ သဏ္ဌာန် ယူ၍့၊ တီးသူ မှုတ်သား၊ က,သမားတိုင်း၊ မခြား ခံရ၊ ပဟာသတည့်၊'' ကမ္မပထာ၊ ညံ့သူမှာကား၊ မဟာတာပန်၊ တဘန် ထို့နောက်၊ ကံလျောက် ချင့်နှိုင်း၊ ညံ့ညံ့တိုင်းလျှင်၊ ထက်ပိုင်း နိရယ၊ ဥဿဒနှင့်၊ ယမလောကီ၊ ထို-ဤ ငရဲး၊ ခံကြ မြဲးသည်။ ။ မလွဲး မှတ်ယုံ၊ ပါယ်ဘုံဌာန၊ ကမ္မ ခွဲးဝေ၊ ထုတ်ဘွေ ကျမ်းလာ၊ လင်္ကာ စည်ကြီး၊ ဆော်တီး ထိန့်ဆူ၊ ရှင်-လူ ကြားစိမ့်၊ ထင်ရှား ပြညွှန်ပေသတည်း။ (၁၅)

(ဤအချကား ၃၅-လုံးချ 'ဇမ္ဗူ့သပြေသီးချ'မျိုး ဟူ၏၊) (အပါယ်ဘုံခဏ်း (၁၉)ပိုဒ်။)
အကုသလကမ္မာနုရူပဂတိဝိဘာဂ ပြီး၏၊

ပဉ္စမပိုင်း ၄- ကာမဝစရနတ်ဘုံခဏ်း

(၄၆၈) မဟာ မဟာ၊ ကြီးမြတ်စွာသား၊ ကာမာဝစရ၊ ကုသလ၏၊ ကမ္မ ဆယ်ဖြာ၊ ပြုကျင့်ရာနှိုက်၊ သဒ္ဓါ ကိလိဌ်၊ ဉာဏ်*မဲ့ ဆိတ်၍့၊ ဒုဟိတ်ကမ္မ၊ ဒုဗ္ဗလဖြင့်၊ ဟီနစေတနာ၊ ကဋတ္တာကြောင့်၊ နုံ့စွာ ညံ့သူ၊ ကျွန်းဇမ္ဗူထက်၊ လူဟု ဖြစ်လည်း၊ နွမ်းညစ် မပြောင်၊ လက်-ခြေ ပြောင်၍့၊ ကုန်းခေါင် မြေ+ကျတ်၊ ဝါကြတ်+ကြတ်နှိုက်၊ ပေါက်လတ်တုံကျင်၊ မြက် သစ်ပင်တို့၊ ရှင်ရုံ ရှင်ဆန်း၊ မလန်း မကြည်၊ မပွားစည်သို့၊ လူမည်ကာမျှ၊ နေသာဒနှင့်၊ စဏ္ဍာလ ကျွန်၊ *ပန်းသွန် ဘင်ကျုံး၊ လူဆုံး လူယုတ်၊ သားမြေး ပြုတ်လျက်၊ သစ်ငုတ်အတူ၊ လူတွင် အထီး၊ မပွားစီးသား၊ *လုံးသီး လုံးပေါ၊ သဘော ယုတ်မာ၊ တမ်းစေ့ကာတည့်၊ လူရာမဝင်၊ တောတွင် ပွားကြီး၊ မြို့ မနီးဘဲး၊ ဖားရီး ဖားရား၊ အိတ်ဂ†ဘရားနှင့်၊ လေး-မြား *တောင့်လွယ်၊ တောဝယ် ပျော်ပိုက်၊ တောစရိုက်ဖြင့်၊ သားလိုက် ပျားဖွပ်၊ လူသွပ် လူရိုင်း၊ လူ*ရုန့်ထိုင်းတို့၊ ယိုင်းယိုင်း ပင်းပင်း၊ တရား သွင်းလည်း၊ ဗူး နားပင်းတွင်၊ ရေ မဝင်သို့၊ နာ့းပြင် မကြား၊ အလွတ် သွား၍့၊ ကျွဲးပါး စောင်းတီး၊ ငြီးသာ ငြီး၏၊ မနီး သုစရိုက်၊ မကြိုက် ကုသိုလ်၊ မိုက်အလိုဖြင့်၊ သက်ကို မွေးခြင်း၊ ဇာတိ ဖျင်းလျက်၊ ချင်းနှင့် က+ချင်၊ လူ့အသွင်မျှ၊ ဆင်+ခြင်ဉာဏ် *မဲ့၊ ချို့တဲ့ ဘောဂ၊ မဝ ရေ-စာ၊ လူပြိတ္တာကား၊ ချမ်းသာ မစုံ၊ *မကုံ *မငံ့၊ ဂုဏ်သိမ်ညံ့သား၊ အဆွံ့ အ,အ၊ ဇစ္စန္တနှင့်၊ *မမ္မ ပဏ္ဍုက်၊ သွင်ယုတ် ကာန်း-ကျိုး၊ ဘုန်း*ကြန့်မျိုးတွင်၊ တန်းခိုး မပေါ်၊ ဖြစ် ညှိုးယော်၏၊ လူစော်နံကာ၊ လူဖြစ်လာသည်။။ လူ့ရွာ အညစ် အညစ်တည်း။ (၁)

(၄၆၉) လွန်တက် တိုးပွား၊ ဒွိ,တိအားဖြင့်၊ နှစ်ပါး သုံးပါး၊ ပိုင်းခြား ပရိစ်၊ ဟိတ်နှင့် ယှဉ်ကာ၊ မဟာအကုသလ၊ စိတ် အဋ္ဌကို၊ ပုညကြိယာ၊ ဆယ်ဖြာ ဝတ္ထု၊ ခြောက်စု အာရုံ၊ လေးစုံ ဓိပတိ၊ တြိကမ္မ၊ ဟီနာစသည်၊ မြှောက်ထ အဖြောက်၊ တသောင့်းခုနစ်ထောင်၊ စွန်းဆောင် နှစ်ရာ၊ ရှစ်ဆယ်သာတွင်၊ ဉာဏ် မပါဘိ၊ ဓိပတိမှ၊ မြှောက်မိသမျှ၊ နှစ်ထောင်ကလျှင်၊ တရာ့ခြောက်ဆယ်၊ နုတ်ပယ်ပြီးနောင်၊ သောင့်းငါးထောင်ထက်၊ *မြားမြောင် စွန်း*ကယ်၊ ရာ့နှစ်ဆယ်တိ၊ မှတ်ဘွယ် သင်္ချာ၊ ကာမာဝစရ၊ ကုသလ၏့၊ ဗေဒအပြား၊ ဝတ္ထုအားဖြင့်၊ ဆယ်ပါး အာဒိ၊ စယှိ အစု၊ ထိုကောင်းမှုကို၊ အပြု ထူးတိုင်း၊ အလှိုင်း ကြီးကျယ်၊ မြတ်မျိုးနွယ်နှိုက်၊ သူကြွယ် သူဋ္ဌေး၊ ပုဏ္ဏေး ပုဏ္ဏား၊ မင်းသား မင်းဆွေ၊ ပဒေသရာဇ်၊ ဧကရာဇ်က၊ စကြဝတေး၊ ကောင်းကျိုးပေးလျက်၊ တရေး ထို့ထက်၊ ထူးလွန်တက်မူ၊ နောက်ဘက် ဂေါယာန်၊ တတန် ပြုဗ္ဗာ၊ ဥတ္တရာနှိုက်၊ ပဒေသာသား၊ ဘဝအားဖြင့်၊ ကြီးမား ချမ်းသာ၊ လွန်ကဲးစွာ၏၊ တဖြာ ထူးလတ်၊ ကုသိုလ်မြတ်သော်၊ နတ် မဟာရာဇ်၊ ငါးဆစ် အာလိန်၊ တောင် နာဂိန်ထက်၊ ဝတိန် ယာမာ၊ တုသိတာနှင့်၊ နိမ္မာ ဝသ၊ ဘုံသို့ ကျအောင်၊ ကာမကုသိုလ်၊ ပစ္စည်း *ကြိုသည်။။ ဤကိုယ်အဖြစ် အဖြစ်တည်း။ (၂)

(၄၇၀) ဤအချက်နှိုက်၊ လူသက် နတ်သက်၊ သီးခြား မြွက်၍့၊ ဆတက် ရှည်တန်၊ ကမ္မန္တရ၊ တစိတ်မျှကို၊ ကျမ်းပြ အညီ၊ လင်္ကာ စီပိမ့်၊ ဇမ္ဗူဒီဘွား၊ ကျွန်းသားများကား၊ တရား ကျင့်ပြု၊ မမြဲးမှုကြောင့်၊ အာယု ပိုင်းခြား၊ နည်း-များ ရှည်-တို၊ ယှိစလိုခဲ့၊ ကုသိုလ် သမ္မာ၊ တည်သော့ခါနှိုက်၊ မဟာကထာန်၊ သင်္ချေလွန်၍့၊ တဘန် ကျင့်ပျောက်၊ ဆယ်နှစ်ရောက်၏၊ အနောက်ကျွန်းကြီး၊ နွားယာဉ်စီးတို့၊ အသီး မှန်စွာ၊ နှစ် ငါးရာနှင့်၊ ပြုဗ္ဗာ ခုနစ်၊ သက်တမ်း ဖြစ်၏၊ တဆစ် ထို့နောက်၊ *မြစ်အောက် ဒိသာ၊ မြောက်ညာ ကုရု၊ ချမ်းသာ စုသား၊ နတ်တု ကျွန်းနေ၊ ပဒေသာ သုံး၊ လူတို့ ထုံးကား၊ သက်ဆုံး *ဘေးဘျမ်း၊ ဥပဒ်ကြမ်းနှင့်၊ ဆံခြမ်း မငွေ့၊ မတွေ့ တရံ၊ ရွယ် သုံးယံလုံး၊ ရှေးကံ တားမြစ်၊ ဆဲ့ခြောက်နှစ်သို့၊ ပျိုမျစ် ဆင်းရောင်၊ နှစ် တထောင်တည့်၊ လူ့ဘောင်နှိုက်ဝယ်၊ နှစ် ငါးဆယ်သော်၊ လေးသွယ် သင်္ကျစ်၊ မဟာရာဇ်နှိုက်၊ စင်စစ် တရက်၊ နေ့ည တွက်တည့်၊ လူ့ရက် နှစ်ဆ၊ နတ် နှစ်ဆဖြင့်၊ လေးဆတက်ချည်း၊ *နိဿရည်းသည်။။ တက်နည်း အဆစ် အဆစ်တည်း။ (၃)

(၄၇၁) ဒေဝလောက၊ နတ်ဌာနဝယ်၊ ဖြစ်ကြကုန် ကျင်၊ မှတ်ကြောင်းအင်ကား၊ အကြင်လူ့ရွာ၊ လူဖြစ်ခါနှိုက်၊ ဆယ်ဖြာ ဒါန၊ ကျင့် သီလဖြင့်၊ ပုညစေ့ ပျိုး၊ ကောင်းမှုမျိုးကို၊ တစိုး တစိ၊ ပြုတုံဘိလည်း၊ ပျင်းရိ ကျော့ဂ†ကျည်း၊ ရှောင်သ*ရည်း၍့၊ ကြည်းကြည်း မရွှင်၊ ကြည်လင် နည်းဘိ၊ ပီတိ *နုန့်နဲ့၊ တငဲ့ငဲ့ဖြင့်၊ ကြွင်း*မဲ့ မဟူ၊ ကိုယ်ထူ ကိုယ်ထ၊ မကြွစလို၊ သူ့ကို စေခိုင်း၊ ပျင်း-ထိုင်းလက္ခဏာ၊ ပြုကာ *မြောင်းမြေ၊ ဝတ်ကျေရုံမျှ၊ သက္ကစ္စနှင့်၊ သာဟတ္ထစစ်၊ မဖြစ်နိုင်စွာ၊ သဒ္ဓါမတ္တ၊ ရာဇညသို့၊ စိတ်က *တီတွက်၊ နှေးဖြည်း ဘက်၏၊ မထက်လွန်မျှို့၊ ထိုသူတို့ကား၊ မြင်းမိုရ် အောက်ထစ်၊ မဟာရာဇ်တွင်၊ နတ်ဖြစ် ညံ့စား၊ နည်းပါး ခြွေရံ၊ စေပါခံ၍့၊ သူ့ထံ ခယ၊ ဂန္ဓဗ္ဗဟု၊ ဟီနကာယ၊ ဒေဝအသင်း၊ ဖြစ်တုံလျှင်း၏၊ ယင်းသည့် ကုသိုလ်၊ ပြုခါ ထိုဝယ်၊ ကိုယ်ကို ချမ်းမြေ့၊ သိမ်တမွေ့ဖြင့်၊ တည်လေ့ မယှိ၊ မိမိစိတ်က၊ နေ မကျဘူး၊ ထိုမှ ဤကို၊ သွား-လာလိုလျက်၊ ကုသိုလ် ပြုငြား၊ မတည်ကြားနှင့်၊ သား-မယားစု၊ အိမ်ထောင်မှုလည်း၊ ဂရုမစိုက်၊ လို မလိုက်ဘဲး၊ စိတ်နှိုက် ညွတ်ခြင်း၊ ပျော်မှု ကင်း၏၊ ယင်းကုသလ၊ စာရိတ္တကြောင့်၊ စန္ဒ-သူရိယာ၊ ဂြိုဟ်-တာရာထက်၊ ငါးရာ နတ်သက်၊ လူ့ရေတွက်မူ၊ မပျက် ခန့်မှန်း၊ ကိန်းဂဏာန်းတိ၊ ကိုးသန်း အနှစ်၊ မဟာရာဇ်၏့၊ သက်ဆစ် ပိုင်းခြား၊ ရှည်သော့အားဖြင့်၊ ခံစား ချမ်းသာ၊ လှည့်လည်ကာသည်။။ လက်ျာအရစ် အရစ်တည်း။ (၄)

(၄၇၂) မိ-ဘ နှစ်ဆူ၊ မြတ်ရွှေဂူသို့၊ မွေးမြူ မငြီး၊ သက်ကြီးတို့အား၊ ခစား ရိုသေ၊ နှုတ်*သံခြေနှင့်၊ ပြေပြေ ပြစ်ပြစ်၊ ချောပစ် မမူ၊ ပေးလှူ မကင်း၊ စွန့်ကြဲးခြင်းက၊ ချွတ်ယွင်း မယှိ၊ ခံချိ သည်းညည်း၊ မျက်နည်း ခေါင်းပါး၊ ဤသို့အားဖြင့်၊ တရား ခုနစ်၊ ကုသိုလ်နှစ်နှင့်၊ စင်စစ် မကွာ၊ ပြည့်စုံစွာသည့်၊ လိမ္မာ မချို့၊ သူမြတ်တို့ကား၊ မြင်းမိုရ်ထိပ်ချာ၊ ဝတိံသာထက်၊ ဣန္ဒာ သက္က၊ ဝါသဝနှင့်၊ များလှ ထံစွာ၊ ဝင်းဝင်းဝါသား၊ သူဇာ ဓမ္မာ၊ နန္ဒာ စိတ္တ၊ ရံခ တုံပါး၊ လွန် ထင်ရှားလျက်၊ သိကြား ယုံကျုံ၊ ဝိသုကြုံက၊ ရှစ်စုံ အင်ယှိ၊ မာတလိဟု၊ သာရထိနတ်၊ ကြီးမြတ် ဘုန်းဂုဏ်၊ တန်းခိုးဟုန်နှင့်၊ ဝရုဏ် ဤသာ၊ ပဇာပတိ၊ စယှိ *ပေါယယ်၊ မိုးပြင်ကြယ်သို့၊ ကြီးကျယ် ထူးမြတ်၊ ဥပပတ်ဖြင့်၊ နတ်တို့ဘုံဝယ်၊ လူ့ပြည်နှယ်လျှင်၊ *နုန့်နယ် နွမ်းညစ်၊ ကပ်ကျစ် ကပိုင်၊ သရိုင် ပျဉ်ပြား၊ ကြေး-သံသားနှင့်၊ သစ်-ဝါး ဝေးလံ၊ ကာရံ မယှိ၊ ဓနိ ဓနုန်း၊ အုန်းနှင့် သက်ကယ်၊ ဘုံကြီးငယ်တို့၊ ယွယ်ဘိ ကင်းကင်း၊ *ဓဝယ်ညှင်းလည်း၊ အရှင်း ပယ်ရှား၊ အလွတ်ထား၏၊ ရွှေသား မြသား၊ ပတ္တမြား စိန်ဖန်၊ ကုသိုလ် ဘန်တိုင်း၊ ဝင်္သဝဏ် မြခဲး၊ မျက်ရွဲး မဏိ၊ ဝေဠုရိဖြင့်၊ အချိ အချိ၊ အံ့ဘိ မနိုင်၊ အဆိုင်ဆိုင်တည့်၊ ရွှေတိုင် ရွှေလျောက်၊ ကြွက်လျှောက် မိုး-+ခြင်၊ ရဲးချင်+ချင်တိ၊ မာရဘင်မုတ်၊ ဥကင်မုတ်က၊ စမုတ် ဝဲး-ယာ၊ လေသာ စနု၊ ဆောင်ပြဒုတို့၊ ရုပ်ထု ပြီပြင်၊ လူစီရင်သို့၊ တုယင် စိန်စစ်၊ စုလစ် ပတ္တမြား၊ မြနရားနှင့်၊ ပြယား ချည်းပေါင်၊ တော်ရနောင် နီလာ၊ သန္တာ ကျေးကွေး၊ ခြူးသေး ခြူးသွယ်၊ ခြူးနွယ် ခြူးပန်း၊ အဆန်းဆန်းသား၊ *ကျီးရန်း ပြောက်စုံ၊ ကျောက်မျိုး ပုံလျက်၊ ရွှေဘုံ ညီးညီး၊ အသီးသီးလည်း၊ ငယ်-ကြီး များစွာ၊ ပျော်ဘွယ်ရာချည်း၊ အာလမ္ဗရ၊ မုဒိင်္ဂနှင့်၊ လက်မ မုရိုး၊ စည်မျိုး ခြောက်သောင်း၊ တညောင်း*ညောင်းဖြင့်၊ အပေါင်း ရွေညီ၊ ဘုံ ကိုယ်စီဝယ်၊ ကျူးသီ ခုန်က၊ ရွှင်ကြ မပြီး၊ ပျော် မငြီးတည့်၊ နတ်တီး နတ်ငြိမ့်၊ တခြိမ့်ခြိမ့်နှင့်၊ သိမ့်သိမ့် သဲးသဲး၊ ရှုမရဲးအောင်၊ နတ်ပွဲးသဘင်၊ အမြဲး ရွှင်၏၊ *ယကင် ဦးလုံး၊ စိန်တုံး စိန်ခက်၊ တလက်လက်ဖြင့်၊ လျှပ်စက်အသွင်၊ ဘုံကြီးရှင်တို့၊ မပင် မပူ၊ စိန်နန်းပြူက၊ ပျူပျူငှာငှာ၊ လမင်းသာသို့၊ စန္ဒာနန၊ ဝင်းဝင်းပသား၊ မဝ ရှုချင်၊ ရွှေပါးပြင်ဝယ်၊ ဝက်ခြင် မှဲ့မဲး၊ မစွဲး မကပ်၊ မစပ် ပြစ်ဆာ၊ ကင်းစင်ကွာ၍့၊ မျက်နှာ ကြည်စိမ်း၊ မြမြရှိမ်းတည့်၊ ငြိမ်းငြိမ်း ဧးလျက်၊ ကုသိုလ်စက်ကြောင့်၊ နတ်သက် တထောင်၊ လူ့ဘောင် တွက်ကျုံး၊ ဂဏာန်းချုံးက၊ သုံးကုဋေ့အစွန်း၊ နှစ်ခြောက်သန်းတိုင်၊ ရွေပြန်း *မြားမြောင်၊ ငါးရာ ထောင်နှင့်၊ မျက်တောင် မခတ်၊ နတ်တို့ အလေ့၊ ပြကတေ့ဖြင့်၊ မရွှေ့ မပြောင်း၊ တပျောင်းပျောင်းသား၊ မ*ညောင်း တရံ၊ စည်းစိမ်ခံ၍့၊ မောင်နှံ ချစ်ကျုံ၊ အသစ် ကြုံသို့၊ အာရုံ *တပ်ပြွေ့၊ သက်တမ်းစေ့အောင်၊ စံမွေ့ မကွာ၊ ရှုစကာလျှင်၊ သာယာ ဖြည်းညှင်း၊ သံညင်းညင်းနှင့်၊ မငြင်း မခုံ၊ နတ်တို့ဘုံထက်၊ ဘော်စုံ ရွှင်မြူး၊ ချစ်ကြည်နူးလျက်၊ ယှဉ်ပူး မေတ္တာ၊ သက်ပမာဖြင့်၊ ချမ်းသာ မကင်း၊ ချစ်ငွေ့သွင်း၍့၊ ချစ်ခြင်း စိတ်တူ၊ ချစ်ကြည်ဖြူသည်။။ သည်းအူ အနစ် အနစ်တည်း။ (၅)

(၄၇၃) ထို့ထက် လွန်စွာ၊ စေတနာဖြင့်၊ လှူဒါ သီ လ၊ မြတ်ပုညကို၊ လုံ့လ မယုတ်၊ အားထုတ် ပြုခြင်း၊ လူ*ခပင်းနှင့်၊ ခုံငြင်း လွန်နည်း၊ ရှောင်*သရည်းလျက်၊ *ခိုက်ဆည်း ရန်လို၊ ဝန်မတိုဘဲး၊ သူ့ကို အပြစ်၊ ကိုယ်ကို ချစ်အောင်၊ မပစ် မချော၊ သဘော ငြိမ့်လေး၊ စိတ်ဧး ကြည်မြေ့၊ သိမ်တမွေ့ဖြင့်၊ အလေ့ကောင်းသူ၊ ထိုမျှလူကား၊ မပူ မဆာ၊ လွန်ချမ်းသာလျက်၊ ဣန္ဒာ စံနေ၊ ဝတိံမြေက၊ တွက်ရေ ယူဇနာ၊ သင်္ချာအဖြောင့်၊ လေးသောင့်းနှစ်ထောင်၊ အမြင့်ဆောင်သား၊ မိုးခေါင် ထက်ခွင်၊ ပန်းဆိုင့်းသွင်ဖြင့်၊ ကောင်းကင် ခွတ်လတ်၊ အာကာဓာတ်ဝယ်၊ ပြာသာဒ် ဝေယန်၊ ဘုံဗိမာန်နှင့်၊ ရေကန် ရေတွင်း၊ ပျော်ခင်း ဥယျာဉ်၊ စပ်ကာယှဉ်၍့၊ အစဉ် အသင့်၊ နိမ့်-မြင့် ပြိုးပြောင်၊ အဆောင်ဆောင်တို့၊ ကျူလောင် မီးကြီး၊ ထိန်ထိန်ညီးသို့၊ တသီး သာယာ၊ ဘုံ ယာမာထက်၊ သုယာမနတ်၊ အမြတ် ပြဋ္ဌာန်း၊ ကြီး ဘုန်းတန်းနှင့်၊ တနန်း တဘုံ၊ စိုးအုပ်ခြုံလျက်၊ *နိတုံ ရောင်မြိုက်၊ မကိုဋ် သင်းကျပ်၊ ကျောက်စုံတပ်သား၊ မြဲးကြပ် ဂုန္တာန်၊ ရွှေနားပန်လည်း၊ ဆယ်ဘန် မီးလှစ်၊ လှော်ဦးသစ်တည့်၊ မညစ် မကြေး၊ ထုံ ဆီမွှေးနှင့်၊ တင်ကျေး တွန့်တွန့်၊ ကွန့်ရရွန့်ဖြင့်၊ ရွှေညွှန့် ဝေဖြာ၊ ပဒေသာတွင်၊ လိုရာ ဆွတ်ချွေ၊ ဝင်းဝင်းရွှေသား၊ ဘော်ခြွေ ပေါယယ်၊ ရွှေဘုံ့လယ်နှိုက်၊ မတ်မယ် မိ*ညဲး၊ များ*ဖြင်ပြဲးလည်း၊ မကျဲး မ*ရုန့်၊ မ*နုန့် မ*သုန်း၊ မပြုန်း မကျည်၊ မြရောင်ကြည်သို့၊ သွယ်ရှည် ဖျားညွတ်၊ ကေသာမြတ်ကို၊ မြိတ်လွှတ် ခွေစည်း၊ ရော့ကရည်းနှင့်၊ *စုလည်း *ယကင်၊ ထုံးဘွဲ့ ဆင်၍့၊ ဘဝင် စိုးစိမ့်၊ မြင်တိုင်း ငြိမ့်၏၊ ရွှေအိမ့် ကြက်သရေ၊ တက်သစ်နေသို့၊ *ရဝေ အပြင်၊ ဗွေပလ္လင်ထက်၊ ဥကင် လှစ်ကျင်း၊ ထီး ရှစ်စင်းကို၊ နတ်မင်း ပီပီ၊ ဝဲး-ယာ စီးပြီး၊ သိင်္ဂိမီးရောင်၊ ညီးညီးလောင်မျှ၊ ရွှေညောင် ပြိုးပြက်၊ ရောင် ချိုးချက်နှင့်၊ မပျက် တရံ၊ ညီလာခံ၍့၊ မင်းစံ ရွှေရည်၊ ထိန်ကြည်ရွှင်*ကြည်း၊ မောင်မယ်*နည်းတို့၊ ပူး*တည်း မကွာ၊ ပြိုင်ယှဉ်ကာတည့်၊ မီးဝါလျှပ်ကဲ့၊ ဝင်းဝင်းလဲ့သား၊ နှစ်ဆယ့်လေးသွယ်၊ စလွယ် သွယ်ပျောင်း၊ ဟုန် ကြော့ပျောင်းနှင့်၊ တပျောင်းပျပျ၊ မိန့်ဟ သာယာ၊ လွန်ချမ်းသာလျက်၊ ဒိဗ္ဗာရမ္မဏ၊ သုခ ရိပ်ငြိမ်၊ နတ်စည်းစိမ်နှိုက်၊ ဖျင်းသိမ်မယှိ၊ ပုညိဒ္ဓိဖြင့်၊ ပရိဝါရ၊ များလှ ငြိမ့်*ညောင်း၊ ကောင်းကင် ချောင်းအောင်၊ ခြောက်သောင်း စည်သံ၊ ညိုးညိုးညံနှင့်၊ ပတ်ခြံ ဝန်းရုံ၊ ခြွေရွေ အုံ၍့၊ ရိပ်*မြုံ ချမ်းမြေ့၊ ပျော်စံမွေ့၏၊ နတ်နေ့ နတ်လ၊ ဝတိန်ကလျှင်၊ လေးဆ တက်ဆောင်၊ နှစ် နှစ်ထောင်တည့်၊ *မြားမြောင် ရှည်လျား၊ လူ့နှစ်အားဖြင့်၊ ပိုင်းခြား ပြဲ့ပြဲ့၊ ရေတွက်ဘွဲ့သော်၊ တဆယ့်လေးကုဋေ၊ လေးသန်းနေလျက်၊ မြေလည်း မဝပ်၊ နေ မလျပ်ဘဲး၊ အောက်ရပ် ဘုမ္မစိုး၊ နတ်အမျိုးနှင့်၊ တန်းခိုး စည်းစိမ်၊ ဘုန်းဂုဏ်သိမ်က၊ ဘုံအိမ် တည်ခြင်း၊ ရောင်အဆင်းတို့၊ အလျှင်း မတူ၊ မိုးနတ်ဟူသည်။။ မိုးသူအစစ် အစစ်တည်း။ (၆)

(၄၇၄) ထို့ထက် လွန်၍့၊ သူ *မွန် သူမြတ်၊ ဗောဓိသတ်တို့၊ ပဋိပတ်မျိုး၊ ကျင့် အားကိုးလျက်၊ ဟောရိုး ကျမ်းဂန်၊ သုတ် သုံးတန်ကို၊ မကျန် အာဂုံ၊ နှုတ်ငုံ ဆောင်ရွက်၊ ကြည် နှစ်သက်၍့၊ လေ့ကျက်သမှု၊ ဗဟုဿုနှင့်၊ သဗ္ဗညု*စော၊ ရှင်တော် ဟောသား၊ လောကုတ် လောကီ၊ နှစ်လီ တက်*ဖြိုး၊ ကောင်းကျိုး ယှဉ်စပ်၊ နာနပ္ပကာ၊ ဒေသနာအရ၊ ဓမ္မအပြား၊ မြတ်တရားကို၊ ကျင့်ငြား ဆောင်တတ်၊ များသူမြတ်က၊ ကမ္မဿကာ၊ သမ္မာဒိဋ္ဌိ၊ ဉာဏ်မျက်စိဖြင့်၊ မြင်သိ အလင်း၊ သူမြတ်သင်းပါ၊ ဝဋ်ကင်းရာမှန်၊ မြိုက်နိဗ္ဗာန်ကို၊ ရည်သန် မုချ၊ တောင့်တ လိုလား၊ သူမြတ်များတို့၊ ထူးခြား လွန်ကဲး၊ ကောင်းကင်ထဲးဝယ်၊ နတ်ပွဲသဘင်၊ နတ်ပဉ္စင်နှင့်၊ နတ်သွင် နတ်ရုပ်၊ ရွှေစင်လုပ်သို့၊ တအုပ် တဝန်း၊ မှည့်မှည့်ရွှန်းမျှ၊ မစွန်း မှဲ့ဂ†ချေ၊ နတ်ခြွေရွေလည်း၊ ခို့ခြေသဖွယ်၊ နုနယ် ခြင်းခြင်း၊ ရွှေ့အဆင်းထက်၊ ဝင်းဝင်း ကြည်လှ၊ မြင် မဝအောင်၊ ပ,သည့် ကိုယ်ရောင်၊ ပြောင်သည့် တန်းဆာ၊ သာသည့် ဘုံနန်း၊ ဆန်းသည့် တု*မဲ့၊ ရှုဘွဲ့ မငြီး၊ အသီးသီးလျှင်၊ ကြီးကြီး ငယ်ငယ်၊ ချစ်ခင်ဘွယ်တည့်၊ ကိုယ်ဝယ် ဒွါရာ၊ လက်မှာ လက်လျောက်၊ မီးလျှံတောက်သို့၊ လက်ကောက် လက်ကြပ်၊ လက်ပြည့် ကျပ်မျှ၊ လက်စွပ် ထိန်ဝင်း၊ ရွှေခြေကျင်းလည်း၊ ရွှေငါးကြင်း+ကြေး၊ ထုပြောက်ရေးနှင့်၊ ယဉ်+ကျေး ကိုယ်ဟန်၊ ရွှေနားပန်မူ၊ မမှန် အဘိုး၊ နေလျှံပြိုးသို့၊ နတ်မိုး မိမယ်၊ ပြစ် စင်ကြယ်တည့်၊ တင့်တယ် လုံးယပ်၊ ကြန် ငါးရပ်နှင့်၊ စေ့စပ် တိုင်ရှဲ့၊ ရှုဘွဲ့အရွယ်၊ မငယ်လှသီး၊ မကြီးလွန်းစွာ၊ သင့်ရုံသာမျှ၊ မျက်နှာ ကြည်ရွှန်း၊ ပပထွန်းသား၊ လဝန်း ကြေးမုံ၊ ရွှေပါးအုံလည်း၊ မယုံ မယွဲ့၊ မှုန် မမဲ့ဘဲး၊ နွဲ့ရွဲ့ မူရာ၊ သွင် ရုပ်ဝါဖြင့်၊ ရှုခါ ရွှင်ပျိုး၊ အိပ်ဘိ နိုး၏၊ မြိုးမြိုး မြမြ၊ နှုတ်ဟ ခွန်းလှယ်၊ သံ ငယ်ငယ်နှင့်၊ မထယ် မထောင့်၊ မအောင့် မအည်း၊ မညဉ်း မညူ၊ လွန်ကြည်ဖြူလျက်၊ မငြူ မစူ၊ မဆူ မမှုန်၊ မ*သုန် မယစ်၊ သည်းအူ နစ်မျှ၊ ချစ်ချစ် ကြင်ကြင်၊ တဝမ်းဝင်သို့၊ ကျွမ်းကျင် စုံမက်၊ နှစ်သက်စဘွယ်၊ *ညဲးမိမယ်ဟု၊ ပြုံးရယ် ရွှင်ပျော၊ ဆိုကြ ပြောလည်း၊ မနောလေးငြိမ့်၊ ဘဝင် စိမ့်အောင်၊ နှစ်သိမ့် အင်*ပြဲ့၊ ဘော်ချင်း နွဲ့၍့၊ မဘွဲ့ ရန်ငြိုး၊ ပီတိ ပျိုး၏၊ ညိုးညိုး ညီးညီး၊ ရှု မငြီးလျှင်၊ ဘုံကြီး ဘုံကျယ်၊ အသွယ်သွယ်နှင့်၊ သုံးဆယ် ပါရမီ၊ ပြည့်ညီ ပြီးစွာ၊ မဟာဗောဓိသတ်၊ လောင်းတော်မြတ်တို့၊ ပျော်မှတ် စံရာ၊ တုသိတာဟု၊ နတ်ရွာ လေးဆင့်၊ ကောင်းကင်မြင့်ထက်၊ အသင့် စီလျဉ်၊ အစဉ် ရှုစိမ့်၊ မြင် နှစ်သိမ့်အောင်၊ မနိမ့် မကွပ်၊ မပျပ် မဝှဲး၊ ရိုးရဲး ရောင်ချစ်၊ အပျစ် အပျစ်၊ မျက်စုံ နစ်လျက်၊ *စုလစ် မွန်းခေါင်၊ *တော်ရနောင်နှင့်၊ *စိုင်ပေါင် *ကျေးကွေး၊ ခြူးသေး နု-ရင့်၊ နေခြည် ပွင့်သို့၊ လွန်တင့် *သရစ်၊ ဘုံသီးဖြစ်၍့၊ နတ်နှစ် လေးထောင်၊ လူ့ဘောင် နှစ်ဘွဲ့၊ ငါးဆဲ့ခုနစ်ကုဋေ၊ တွက်ရေ ခြောက်သန်း၊ နှစ် အစွန်းဖြင့်၊ မခန်း မကုန်၊ ကုသိုလ်ဟုန်ကြောင့်၊ *မသုန် မဖျင်း၊ ရွှေဘုံချင်းတွင်း၊ ခြင်းခြင်း ရောင့်မြူး၊ သာလွန် ကျူး၍့၊ လှော်ဦး ရွှေ့သွင်၊ တု မမြင်သည်။။ ရွှေစင် အနှစ် အနှစ်တည်း။ (ရ)

(၄၇၅) ထို့ထက် လွန်ကဲး၊ ကုသိုလ် မြဲး၍့၊ ဝမ်းထဲး မခွ၊ သောမနနှင့်၊ ကာယ ဝစီ၊ မနော ညီသား၊ သုံးလီ ဒသ၊ ကမ္မ သုစရိုက်၊ ဆောက်တည်ကြိုက်လျက်၊ နှစ်ခြိုက် ကြည်စွာ၊ ဓမ္မာမိသ၊ မြတ် စာဂကို၊ အဆ အဆ၊ မလပ်ရအောင်၊ ဆန္ဒ ဝီရိယ၊ စိတ္တ ဝီမံ၊ ပိုလျှံ မယုတ်၊ *အားသွန်ထုတ်သား၊ မဟုဿာဟ၊ ဝိသေသဖြင့်၊ လုံ့လ ကြီးငြား၊ သူမြတ်များက၊ မယားနှင့် လင်၊ မဆန့်ကျင်ဘဲး၊ ကြင်ကြင်နာနာ၊ လိုရာ သိမ်းမွေး၊ မေတ္တာ ရှေး၍့၊ လုပ်ကျွေးတတ်စွာ၊ သူ*တကာကား၊ ချမ်းသာ မညှိုး၊ တန်ခိုး *မနုံ့း၊ မကျုံ့ စည်းစိမ်၊ ကြီး ရိပ်ငြိမ်နှင့်၊ စံအိမ် စံဘုံ၊ သဒ္ဒါရုံက၊ ရုပ်ပုံ ဆင်းဝါ၊ ဤသုံးဖြာတို့၊ လိုရာ ဆန္ဒ၊ ယှိသမျှတိ၊ ခဏ မဆိုင်း၊ လိုတိုင်း အသစ်၊ ကြံတိုင်း ဖြစ်၍့၊ စင်စစ် ဆန်းကြယ်၊ ပျော်ဘွယ် မချို့၊ ရှုတိုင်း ပျို့သား၊ နတ်တို့ ရုပ်ဝါ၊ မီ့းပမာလျှင်၊ ကြာလေတိုင်း တောက်၊ စုတေ့ရောက်မှ၊ ငြိမ်းပျောက်တုံမျှို့၊ ချုပ်မြဲးတို့နှင့်၊ ရွယ်စို့ ရွယ်မီ၊ ရွယ်ခြောက်လီဖြင့်၊ ရာသီ မလင့်၊ ပန်းမပွင့်ဘဲး၊ မရင့် သား-ရေ၊ လူမျိုးဆွေသို့၊ သန္ဓေ မဆောင်၊ ကိုယ်ရောင် မနွမ်း၊ ရွယ် မရွမ်းတည့်၊ သက်တမ်းအညီ၊ မအိုပြီသို့၊ ဂေါရီကား ရှစ်၊ ဆယ်နှစ် ကညာ၊ ဆဲ့နှစ်မှာမူ၊ ကုမာခေါ်ထုံး၊ ဆဲ့သုံးနှစ်မယ်၊ သွေးစုန်းရွယ်နှင့်၊ တသွယ် ပိုင်းခြား၊ ဆဲ့ငါး မျက်မည်း၊ *ကြည်းကြည်း ကြည်ရွှန်း၊ နှစ်ဆယ် ဆန်းက၊ မျက်ဝန်းမည်တွင်၊ ဤမျှလျှင်သာ၊ တော်ဝင် ရွယ်ကောင်း၊ နတ်မယ်ပေါင်းတို့၊ လဲးပြောင်း ရုပ်လှယ်၊ အသွယ်သွယ်လျှင်၊ ရည်ရွယ် သီးသီး၊ ငယ်-ကြီး နု-ရင့်၊ ရှုဘွယ် သင့်ရုံ၊ စိတ်နှင့် လျှော်အောင်၊ ဘန်ဆောင် အမြဲး၊ နတ်တို့ပွဲးလည်း၊ ခြိမ့်သဲး ပဉ္စင်၊ မပြတ် ရွှင်၍့၊ ကောင်းကင်ထက်ဆို့၊ ပျံမည်သို့တည့်၊ နတ်မြို့တမည်၊ နတ်ပြည် တပွဲး၊ မိုးလယ်ထဲးနှိုက်၊ *လင်းကဲး တဖြာ၊ ရှစ်မျက်နှာလုံး၊ ယှဉ်ကာ မလပ်၊ ဘုံချင်း စပ်၍့၊ ထပ်ထပ် *ပြောထူ၊ နေ ဆူဆူသို့၊ မတူ အာရုံ၊ အပုံပုံလျှင်၊ ဖလ်ဘုံ ရွှေဘုံ၊ *နိထုံ *မီးကျီး၊ လောင်နီး လိလိ၊ တောက်ညိ လျှံခြည်၊ ထိန်ထိန်လည်နှင့်၊ ဧးကြည် စိမ်းညက်၊ ဝါး-ကျူ မြက်သို့၊ မြမျက် တခြား၊ ပတ္တမြားဘုံမျိုး၊ ကောင်းကင် ကျိုးမျှ၊ မိုးလုံး ပြည့်အောင်၊ ညို့ညို့ မှောင်၏၊ ဆင်းရောင် ထွေပြား၊ နုထွားလျ ကိုယ်၊ ရွှမ်းရွှမ်းစိုမျှ၊ ဖြူ-ညို ပြာ-စိမ့်၊ မြင်တိုင်း ဆိမ့်သား၊ နှစ်သိမ့်ဘွယ်မျှို့၊ သပြေတို့နှင့်၊ ရှုဘို့ မညီး၊ ညိုးညိုး ညီးတည့်၊ နတ်သမီး နတ်သား၊ ရွှေသား မြနှစ်၊ ငွေဖေါ့စစ်သို့၊ ကလျစ် *ကလျူ၊ ဦးရရူတည့်၊ ခုမူ တသွယ်၊ ခုဝယ် တဦး၊ အထူးထူးလျှင်၊ ပျော်မြူး နေ့-ည၊ ပျော်ကုန်ကြသား၊ မနာပကာယိကာ၊ မည် သညာဖြင့်၊ ဒေဝါ ထင်ရှား၊ သုံးပါး ပိုင်စိုး၊ နတ်အမျိုးက၊ တန်းခိုး ကြီးဘိ၊ သုနိမ္မိဟု၊ မဟိဒ္ဓိက၊ နတ်မျာ့း*သနင်း၊ ထီး တစင်းနှင့်၊ နတ်မင်း အစစ်၊ ဖြစ်၍့ လွန်တင့်၊ မိုးလယ် မြင့်ထက်၊ ငါးဆင့် နတ်ရွာ၊ ဘုံ နိမ္မာဝယ်၊ ရှည်ကြာ မပျက်၊ လေးဆ တက်တိ၊ နတ်သက် ရှစ်ထောင်၊ လူ့နှစ် ဆောင်မူ၊ *မြားမြောင် တွက်ရေ၊ ကုဋေ ဝဿ၊ နှစ်ရာ့သုံးဆယ်၊ လေးသန်းကယ်အောင်၊ မပြယ် ချစ်ငွေ့၊ တမွေ့မွေ့ဖြင့်၊ တပ်ပြွေ့ မကွာ၊ ငါးကာမာကို၊ လိုရာ ဘန်ဆင်း၊ ဆွေ*သည်ရင်းနှင့်၊ မကင်း တရံ၊ ပျော်ကြ စံသည်။။ မောင်နှံ အချစ် အချစ်တည်း။ (ဂ)

(၄၇၆) ထို့ထက် အလွန်၊ သဘော *မွန်၍့၊ သုံးတန် ကြည်စိတ်၊ ကုသိုလ်ဟိတ်ဖြင့်၊ မပိတ် မစ္ဆေ၊ မဝေ မောဟ၊ အလောဘနှင့်၊ ဒေါသ နည်းစွာ၊ ဓမ္မာမိသ၊ လှူဒါနလည်း၊ ကာလအစဉ်၊ နိစ္စ ယှဉ်လျက်၊ ဝဒညူဂုဏ်၊ *မသုန် မယုတ်၊ *အားသွန် ထုတ်၍့၊ ဥပုသ် မမေ့၊ စောင့်လေ့ မသွေ၊ ဣန္ဒြေ ဆုံးမ၊ ကုသလနှိုက်၊ မချ ရံခါ၊ မြဲးမြံစွာသား၊ ဂုဏာဓိက၊ ဂုဏ် သေဋ္ဌဖြင့်၊ ရှင်မ မဟာ၊ ဝိသာခါနှင့်၊ အနာထပိဏ်၊ ကျော်ရှိန် ပျံ့မွှေး၊ သူဌေးကြီ့းနှယ်၊ သဒ္ဓါ ကြွယ်သည့်၊ အကယ် *မွန်ဖြိုး၊ သူမြတ်မျိုးတို့၊ ထက်မိုး အာကာ၊ မြင့်ဖြူးစွာတွင်၊ ခြောက်ရွာ အထွတ်၊ စံတု လွတ်အောင်၊ စိတ်ညွတ်ရာရာ၊ လိုတိုင်း ပါသား၊ ကာမာဝစရ၊ ဆုံးဌာနဟု၊ ပရနိမ္မိတ၊ ဝသဝတ္တိ၊ ထက်ဘူမိနှိုက်၊ လောကီ့သုခ၊ စံစားကြ၏၊ ကာမချမ်းသာ၊ အောက်နတ်ရွာထက်၊ အသာ ဆယ်ဆ၊ မက ထံပိုး၊ *လှင်ကန် တိုးရှင့်၊ ကောင်းကျိုး ကံကျိုး၊ အမျိုးမျိုးဖြင့်၊ မညှိုး တဆစ်၊ ထင်တိုင်း ဖြစ်၍့၊ အသစ်နှင်နှင်၊ ဆန်းလသွင်သို့၊ လိုအင်အပေါင်း၊ နေ့စဉ် ပြောင်းလျက်၊ မဟောင်း *မမို၊ ရွမ်း မအိုဘဲး၊ *မှိုအသက်စေ့၊ ကြာသရွေ့လုံး၊ ဆုံးမှ အဟုတ်၊ မီးလျှံ *သုတ်သို့၊ *တဖြုတ်ခြည်းသာ၊ ကွယ်ကာ ပျောက်မြဲး၊ သက် မစဲးခင်၊ ရဲးရဲး ထိန်တောက်၊ ထွန်း*သောက် ဝင်းပြောင်၊ မိုက် မမှောင်ဘူး၊ အရောင် ပြိုးပြက်၊ တိုးကာ တက်၍့၊ မပျက် မ+ပြို၊ ရပ်ရွယ် ကိုယ်လည်း၊ +ပျိုတ*လည်လည်၊ လှော်ဦးကြည်သို့၊ *ဆွေသည် *လင်မှီး၊ *ဇနီးသည်ပင်၊ စုံလင် မညှိုး၊ သည်မျိုး *သည်ရင်း၊ ရွေသင်းပင်းနှင့်၊ မပျင်းစနိုင်၊ အဆိုင်ဆိုင်လျှင်၊ မ*ကိုင်ကန်အား၊ ပျော်ဘွယ် များ၏၊ ငါးပါး အာရုံ၊ ထိုနတ်ဘုံကား၊ ပြည့်စုံ ထူးဘိ၊ မည် မယှိဟု၊ မသိဘူးကျင်၊ မထင်တတ်ငြား၊ ရှေးကံအားတည့်၊ အင် ငါးစုံကြန်၊ ကုန် မကျန်အောင်၊ သွင်ဟန် မချို့၊ ရွယ်စို့စို့ဖြင့်၊ ကုသိုလ့်အကျိုး၊ အလှမျိုးတွင်၊ လှစိုး လှမင်း၊ လှ*သနင်းဟု၊ ခံတွင်း မဆံ့၊ ခြီးအံ့သဘော၊ မြတ်ရှင်*စောတို့၊ မြွက်ဟော မ*ကုံ၊ အပုံပုံတည့်၊ ရွှေငုံ ပေါ်သစ်၊ ရွှေဥနှစ်သို့၊ မြိတ်ရစ် မြိတ်ဖြူ၊ တမူ မြိတ်စို့၊ တချို့ မြိတ်လွှတ်၊ ထွတ်ထွတ်*လျကြည်း၊ အလှချည်းသာ၊ *စုလည်း*ယကင်၊ လုံးတင် တခြား၊ ခုနစ်ပြားသာ၊ ပတ္တမြားဆံထုံး၊ ရွှေကုံး တင့်တယ်၊ ဆင် စံပယ်လျက်၊ လူဝယ်ဟူဘိ၊ လူ့ဇာတိနှိုက်၊ တမိသား သွေး၊ ဖြစ်လတ်သေးလည်း၊ ဝေး တသက်သက်၊ နီး ကျက်ကျက်တိ၊ ငှက်ကြက်သဖွယ်၊ မျက် ချုတ်ချယ်၏၊ မောင်-မယ် နှစ်ပါး၊ သက်ပန်အားဖြင့်၊ ရှုစား ဘန်ဘန်၊ မျက်ကြော ပြန်လည်း၊ မဖန် မစပ်၊ ထိုနတ်ရပ်ကား၊ ရင်အပ် တူစုံ၊ ချစ်ငွေ့ လှုံ၍့၊ အာရုံ သက်လှယ်၊ မပြယ်ရက်*နိုး၊ ချစ်သွေး *တိုး၏၊ ကျောက်မျိုး ပျစ်ရှက်၊ ရွှေဘုံထက်နှိုက်၊ ချစ်ဘက် မကွေ၊ ချစ်ကြိုး ခွေ၍့၊ မပြေ ချစ်ဂ†ထုံ့း၊ တလုံ့လုံ့နှင့်၊ ချစ်တုံ့ ချစ်ပတ်၊ မဖြေတတ်သို့၊ ထူးမြတ် နိသင်၊ ကုသိုလ့်ရှင်တို့၊ နတ်သျှင် ဝသ၊ မာရ်မင်း စ,သား၊ စိုးရ ဣဿရိ၊ သမ္ပတ္တိဖြင့်၊ မယှိ နှိုင်းဘွယ်၊ လွန်ကြီးကျယ်၏၊ နတ်ဝယ် နှစ်ပေါင်း၊ လေးဆလောင်းသား၊ သောင်းနှင့် ခြောက်ထောင်၊ လူတို့ဘောင်က၊ တွက်ဆောင်အနေ၊ နှစ်အရေဖြင့်၊ ကုဋေ ကိုးရာ့၊ နှစ်ဆယ်ကလျှင်၊ စွန်းထ ကျော်၍့၊ တကုဋေ့ခြောက်သန်း၊ မြင့်ရှည်*ကျွန်းအောင်၊ ရံဝန်း ရွေပုံ၊ သောင်းသောင်း အုံနှင့်၊ အာရုံ ငါးသွယ်၊ မညှိုးငယ်ဘဲး၊ ကြီးကျယ် မွေ့သိမ်၊ စံ ချမ်းငြိမ်သည်။။ စည်းစိမ် အသစ် အသစ်တည်း။ (၉)

(ကာမာဝစရာနတ်ဘုံခဏ်း ၉-ပိုဒ်၊)
ကာမာဝစရကုသလကမ္မာနုရူပဂတိဝိဘာဂ ပြီး၏၊

ပဉ္စမပိုင်း ၅-ရူပါဝစရဗြဟ္မာ့ဘုံခဏ်း

(၄၇၇) မဟဂ္ဂုတ်ဟု၊ ရွှေနှုတ် ဒေသနာ၊ ကျမ်းအလာတိုင်း၊ ရူပါဝစရ၊ ကုသလနှိုက်၊ စတုက္ကနည်း၊ သိမ်းဆည်းအလို၊ အကျဉ်းဆိုပိမ့်၊ ထိုသည့်ရူပ၊ ကံ လေးဝကား၊ ဒသကသိုဏ်း၊ တဆိုင်း အာဏာ၊ ဆဲ့တဖြာတို့၊ မှန်စွာ မမှား၊ လေးပါး ဈာန်ယှဉ်၊ ဆယ်စဉ် အသုဘ၊ ကာယဂတာ၊ ပထမာတည့်၊ မေတ္တာ ကရု၊ မုဒိ သုံးဆို၊ ဗြဟ္မစိုရ်မူ၊ ယှဉ်လို မုချ၊ ဈာန် တိကရှင့်၊ ဗြဟ္မဝိဟာ၊ ဥပေက္ခာကား၊ များစွာ မရ၊ စတုတ္ထဈာန်၊ လေးတန် အရူပ၊ သမထမူ၊ အရူပပင်၊ ဈာန်လျှင် ရထိုက်၊ မှတ်ယူပိုက်လော့၊ စရိုးက် သပ္ပါယ၊ ဘေဒ ဖြစ်ထွေ၊ သီရုံး ဘွေ၍့၊ ခွဲးဝေ စိတ်ဖျာ၊ အဖြာဖြာကို၊ လင်္ကာ နတ်စောင်း၊ သံညောင်း ကြူးရိုက်၊ ဤဘိုး ထိုက်သား၊ ကျမ်းနှိုက် အလွယ်၊ ရုံးစည်းခြယ်သည်။။ ပန့်နှယ် အပွင့် အပွင့်တည်း။ (၁)

(၄၇၈) ထိုနှိုက် မမှား၊ ဈာန်လေးပါးတွင်၊ ရှေးဖျား ဦးစွာ၊ ငါးအင်္ဂါနှင့်၊ ရူပါ ပထမ၊ ထိုဈာနကို၊ ရသာ ရရုံ၊ မထုံ မလေ့၊ မပွား၍့တိ၊ *မလွေ့ မ*ဖြိုး၊ တန်းခိုး နုဘော်၊ ရှိန်စော် နည်းစွ၊ ပရိတ္တကြောင့်၊ ဗြဟ္မပါရိသဇ္ဇာ၊ ဘုံနှိုက်သာလျှင်၊ ရောင်ဝါ ရှိန်သေး၊ တသိမ် မှေး၍့၊ လုပ်ကျွေး စေပါ၊ အောက်ဗြဟ္မာဖြင့်၊ ကမ္ဘာ မနေ၊ အသင်္ချေ၏့၊ ခွဲးဝေ ကြုံ့ကြုံ့၊ သုံးပုံ့ တပုံ၊ ရှည်တုံ အာယု၊ ကျိုးပေး နု၏၊ မှတ်ရှု တဘန်၊ ယင်းသည့် ဈာန်ကို၊ အတန်ငယ်မှု၊ လေ့လာပြုက၊ အာယုပရိစ္ဆေ၊ သင်္ချေ ကပ်ဝက်၊ ရှည် အသက်နှင့်၊ မထက် လွန်စွ၊ မဇ္ဈိမကြောင့်၊ ဗြဟ္မပုရောဟိတာ၊ ဘုံမှာ ဖြစ်ရှောင်း၊ *၄င်း ထိုဈာန်၊ အလွန် လေ့ကျက်၊ ဝင်-ထွက် *မြောက်မြား၊ အမြတ်အားဖြင့်၊ ပွားများတုံထ၊ ပဏီတကြောင့်၊ ကြီးလှ ရောင်ဝါ၊ မဟာဗြဟ္မေ၊ ဘုံ *ရဝေဝယ်၊ သင်္ချေ ကပ်လုံး၊ ရှည် သက်ဆုံး၏၊ ကျင့်သုံး ဗြဟ္မ၊ စရိယဖြင့်၊ ကာမဆန္ဒ၊ နီဝရဏကို၊ ရှေးက ခွါချန်၊ ဝိက္ခမ္ဘန၊ ကုသလကြောင့်၊ ကာယ ဃာန၊ ဇိဝှါ စ,သား၊ ဘာဝ နှစ်ပါး၊ မယှိငြား၍့၊ ယောက်ျား မိန်းမ၊ မဟူစွဘဲး၊ ပုရိသသဏ္ဌာန်၊ ဟန်ပန် ရူပ၊ သွင် သေဋ္ဌနှင့်၊ ကာမ ငါးလီ၊ နံ့ စိမ်းညီှကို၊ မသီး နှလုံး၊ ဗြဟ္မာ့ထုံးဖြင့်၊ ကျင့်သုံး ဗြဟ္မစိုရ်၊ ပွားရှု ကြို၍့၊ ထိုကိုယ် သက်ဆုံး၊ စံရွှင်ပြုံး၏၊ ဤသုံးဘုံလည်း၊ တပြင်တည်းတွင်၊ ပေါင်းစည်း ခရိုင်၊ ခုံလောက် ဆိုင်သည်။။ ယှဉ်ပြိုင် အသင့် အသင့်တည်း။ (၂)

(၄၇၉) သုံးပါး အင်္ဂါ၊ စုံလင်စွာနှင့်၊ ဝိစာ ဝိတက်၊ သက်သက် မယှိ၊ သပ္ပီတိဖြင့်၊ အဝိတက္က၊ အဝိစာရ၊ အမည်ရသား၊ ဒုတီယမှန်၊ ဤသည့်ဈာန်ကို၊ ရှေးဟန် မပွား၊ ဝင်စား *ကျော့ကျည်း၊ နုဘော် နည်းကြောင့်၊ ကုန်းကြည်း မနှံ့၊ မိုး *မငံ့သို့၊ *အလွှံ့ မပြန့်၊ ဘုန်းဂုဏ် *ကြံ့၍့၊ ငါးသန့်း ငါးသိန်း၊ ရှစ်ထောင်ကိန်းဖြင့်၊ ခန့်ကျိန်း ယူဇနာ၊ ဘုံစဉ် ကွာတွင်၊ ရောင်ဝါ မဘိတ်၊ ညံ့ မှေးမှိတ်သား၊ ပရိတ္တာဘာ၊ ထက်ဘုံမှာလျှင်၊ ကမ္ဘာ နှစ်ခု၊ ပိုင်းခြား ပြု၍့၊ အာယု ကျိုးပေး၊ *နုန့်နဲ့သေး၏၊ တရေး ထိုဈာန်၊ ပွားဟန် ဘာဝနာ၊ အလတ်သာကြောင့်၊ အပ္ပမာဏ၊ ဘုံဌာနနှိုက်၊ တောက်ပ ရောင်ခြည်၊ တိုင်းရှည် မယှိ၊ ထွန်းညိ ကိုယ်ဝါ၊ လေးကမ္ဘာလျှင်၊ ခန္ဓာ သက်မှတ်၊ အကျိုး လတ်၏၊ အမြတ် ဧကန်၊ ထိုသည့်ဈာန်ကို၊ ဘန်ဘန် ပွားများ၊ လေ့လာအားဖြင့်၊ တိမ်ကြား လရောင်၊ ထွန်းပ ပြောင်သို့၊ ရီ့မှောင် မှေးရှက်၊ မကွက် မစွန်း၊ ထိန်ထိန် မွှမ်း၏၊ ညှိထွန်း *ဖြိုးမြိုင်၊ တန်ဆောင်တိုင်မှ၊ အခိုင် အခိုင်၊ အစိုင် အခဲး၊ အရွဲးရွဲးဖြင့်၊ ရဲးရဲး ရိုးရွ၊ ပြတ်ကျ မီးလျှံ၊ ပုံစံ *တရှိ၊ ဘွားဘွားညိလျက်၊ သပ္ပီတိမျိုး၊ တု*မဲ့နိုးအောင်၊ ဈာန်ကျိုး ဥက္ကဌ်၊ ကိုယ်ရောင် မြတ်၍့၊ သတ္တသတ္တဂ္ဂိ၊ စွဲးငြိ ထိန်ငြီး၊ ကမ္ဘာမီးဖြင့်၊ ကပ်ကြီး ခုနစ်ကြိမ်၊ လောင်ဖျက် နှိမ်လည်း၊ ချမ်းငြိမ် ဧးမြတ်၊ လွတ်ကြီး လွတ်သား၊ အာဘဿရာ၊ ဘုံ ဝေဟာဝယ်၊ ကမ္ဘာ ရှစ်ပြန်၊ ရှည်သတ်*မွန်၏၊ ဈာန် ဒုတီယ၊ ဌာန မိုးမြင့်၊ ဤဘုံဆင့်လည်း၊ ရှုတင့် မြိုင်မြိုင်၊ သုံးပါးဆိုင်သည်။။ ဘုံပြိုင် အစွင့် အစွင့်တည်း။ (၃)

(၄၈၀) နှစ်ပါး အင်္ဂါ၊ ပီတိ ကွာ၍့၊ ချမ်းသာ တည်တံ့၊ လွန်ငြိမ်ခံ့လျက်၊ ခိုင်ကြံ့ စိတ်နေ၊ အိုင်ကြီး ရေသို့၊ သုခေကဂ္ဂတ၊ ဧးကြည်လှသား၊ တတီယဈာန်၊ သုံးဆင့်မှန်ကို၊ ပွားဟန် ရှေးပုံ၊ လေ့ မထုံဘဲး၊ ရရုံသာမျှ၊ မလုံ့လ၍့၊ ပရိတ္တသုဘာ၊ ဈာန်ဘုံမှာလျှင်၊ ရောင်ဝါ ဟုပ်ဟုပ်၊ မလှုပ် မလက်၊ တခဲးနက်နှင့်၊ အသက် ဆဲ့ခြောက်၊ ကမ္ဘာပေါက်၏၊ မဘောက်မပြန်၊ ယင်းသည့်ဈာန်ကို၊ အလွန် မချင်၊ ရှေးနည်းသွင်သို့၊ ဆင်ခြင် မများ၊ အလတ်ပွားကြောင့်၊ ပိုင်းခြား မကန့်၊ အရောင်ပြန့်လျက်၊ *သက်ခန့် ကမ္ဘာ၊ ရှေးထက် သာ၍့၊ သင်္ချာ တွက်စစ်၊ သုံးဆဲ့နှစ်ဖြင့်၊ ကျိုး မဇ္ဈိမ၊ အလယ်မျှတိ၊ အပ္ပမာဏသုဘာ၊ ဘုံမှာ ဝိပါက်၊ သန္ဓေသက်၏၊ ထို့ထက် အလွန်၊ ထိုဈာန်*မွန်ကို၊ *အားသွန်ပွားမှု၊ လေ့လာပြုက၊ သုဘကိဏ်မည်၊ ဘုံနှိုက် တည်လျက်၊ ရောင်ခြည် စုပေါင်း၊ တိုက် တသောင်းကို၊ ဆယ်ချောင်း လက်ညွန့်၊ အကုန် ဖြန့်၍့၊ မဆန့်စလောက်၊ ဝင်းဝင်းတောက်နှင့်၊ လင်း*သောက်ထွန်း*စည့်၊ လ,၏့သဖွယ်၊ မိုးပြင်လယ်ထက်၊ တင့်တယ် တု*မဲ့၊ နှိုင်း*မဟဲ့အောင်၊ ခြောက်ဆဲ့လေးထပ်၊ မဟာကပ်လုံး၊ မစပ် မီး-ရေ၊ ကမ္ဘာဝေလည်း၊ လာစေ မဖြုံ၊ တွေ့ မကြုံဘဲး၊ ဘုံ တတီယ၊ ဝေဟာသနှိုက်၊ တည်ကြ တပြိုင်၊ ရှေးနည်း ဆိုင်သည်။။ *ဖြိုးမြိုင် အတင့် အတင့်တည်း။ (၄)

(၄၈၁) သုခ ကင်း၍့၊ ငြိမ်းခြင်း အစစ်၊ တု မရစ်သား၊ ဥပေက္ခေကဂ္ဂတာ၊ အင်္ဂါ ဒွါယ၊ စတုက္ကဟု၊ သန္တဝုတ္တိ၊ မည်ယှိ ခေါ်ဆို၊ ထိုဈာန်ကိုလျှင်၊ ထိုထိုဘိညာဉ်၊ မယှဉ် စိုးစိ၊ သမာဓိမျှ၊ ဝိနီဝရဏ၊ ကင်းပစေရုံ၊ ပွားလေ့ထုံ၍့၊ *မကြုံ မညံ့၊ ဖွံ့ဖွံ့ *ဖြိုးဖြိုး၊ ဈာန့်အကျိုးကြောင့်၊ တက်တိုး ကမ္ဘာ၊ ကပ် ငါးရာဖြင့်၊ သက်ကြာ မသေ၊ အမြဲးနေသို့၊ မိုး-ရေ လေမှတ်၊ သုံး သံဝဋ်နှင့်၊ လွတ်လွတ် ရှင်းရှင်း၊ ကင်းကြီး ကင်း၍့၊ လွန်ခြင်း သုခိန်၊ တုမချိန်သည့်၊ သုဘကိဏ်မည်တုံ၊ လေဖျက်ဘုံထက်၊ *ပြောတုံ ယူဇနာ၊ သင်္ချာ ရှေးလောက်၊ ခန့်လောက် ဌာန၊ အာကာသဝယ်၊ သဗ္ဗပုထုဇ္ဇန၊ အရိယ ဘဝဂ်၊ မှတ်ချက် ပိုင်းခြား၊ ဘွဂ် သုံးပါးတွင်၊ ခေါ်ငြားမည်ပြု၊ ပုထု ဘုံဆုံး၊ တွက်ကျုံး ဤလျှင်၊ တပါး ဝင်လျက်၊ ကောင်းကင်တမြို့၊ ဖီလာ ဆို့သား၊ မို့မို့ မှိုင်းညို၊ ဝေဟပ္ဖိုလ်နှိုက်၊ အောင်းခို ချမ်းမြ၊ ပျော်စံကြ၏၊ ထိုမျှအထက်၊ ဘုံ ဘဝဂ်တိုင်၊ တက်လည်း အလွယ်၊ အကယ်သဘော၊ အောက်သို့လျှောလည်း၊ လျောလျောသမျှ၊ မခဲးလှတည့်၊ ဗကမည်သီး၊ ဗြဟ္မာကြီးသို့၊ အံ့ခြီးစလောက်၊ မဟာမြောက်၍့၊ မဘောက် မပြန်၊ စုတိလွန်လျက်၊ နိဗ္ဗာန်*တောင်ကိုင်၊ ဘေး*မဲ့ ထိုင်သား၊ ဆုံးတိုင် ဘုံမြတ်၊ မသေတတ်ဟု၊ ယူမှတ် ဒိဋ္ဌိ၊ သေ မသိအောင်၊ စုတိ မထင်၊ တရှင်ရှင်သို့၊ သို့စင် ချမ်းသာ၊ ခံစား ကြာလျက်၊ ဗြဟ္မာတို့တမ်း၊ တီး လက်ပမ်းနှင့်၊ ရွှင် ဝမ်းမြောက်စွာ၊ ဈာန်စကြာဖြင့်၊ ကြေညာ အောက်ထက်၊ ပြန်လှန် ဆက်၍့၊ သက်သက် လူးလာ၊ စုန်-ဆန်ကာသည်။။ လိုရာအခွင့် အခွင့်တည်း။ (၅)

(၄၈၂) စတုက္ကမှတ်၊ ယင်းဈာန်မြတ်ကို၊ ရလတ်တုံထ၊ အယူ ခွ၍့၊ ကမ္မဝါဒီ၊ ဉာဏ်မမှီသည့်၊ ဗာဟီ မုနိ၊ ရှင်တိတ္ထိတို့၊ ကြံမှိ ကြံမှား၊ ဒိဋ္ဌိအားဖြင့်၊ ပြစ်သား စွဲးဆို၊ မနှစ်လိုကြောင့်၊ စိတ်ကို ရွံရှာ၊ ခွါကြီး ခွါ၍့၊ သညာဝိရာဂ၊ ဓီစိတ္တဟု၊ ပွားထတုံမျှို့၊ *စင်စို့ စပ်ကာ၊ မှတ်၍့သာတိ၊ ဘာဝနာတမျိုး၊ ကံ့အကျိုးဖြင့်၊ ထက်မိုး တရပ်၊ ဘုံဝေဟပ်နှင့်၊ တစပ်တည်းသာ၊ ပြိုင်ယှဉ်ကာလျှင်၊ သတ္တာဝါသ၊ တပါး ရလျက်၊ ကာယ ဧကတ်၊ သညာနတ်ဟု၊ သညသတ်ဘုံ၊ နာမ် မစုံနှိုက်၊ ရုပ်ပုံ အတိ၊ စိတ် မယှိဘဲး၊ ဇီဝိနဝက၊ သုဒ္ဓ ဥတု၊ နှစ်ခု ကြွင်းကျန်၊ ရွှေရုပ်ဟန်သို့၊ သဏ္ဌာန်သာမျှ၊ လူ့ဘုံကလျှင်၊ မရဏအခါ၊ ဣရိယာနှင့်၊ ငါးရာ*၄င်း၊ ကမ္ဘာပေါင်းဖြင့်၊ ရှည်ညောင်း ကြာမြင့်၊ ဘုရားပွင့်လည်း၊ ဖူးခွင့် မရ၊ အဏ္ခဏဟု၊ သဗ္ဗဗောဓိသတ်၊ သူမြတ်ထိုထို၊ လောင်းပုဂ္ဂိုလ်တို့၊ မလို ပယ်ပစ်၊ အရပ် ပြစ်တွင်၊ တဖြစ်ဝင်လျက်၊ သို့စင် ချို့တဲ့၊ ကျိုး မ*ဟဲ့သား၊ ဟိတ်*မဲ့ဘဝ၊ ပုဂ္ဂလတို့၊ မောဃချည်းသာ၊ ချည်းနှီး ကြာသည်။။ မိစ္ဆာအကျင့်၊ အကျင့်တည်း။ (၆)

(၄၈၃) ထိုစတုတ္ထ၊ မြတ်ဈာနကို၊ ဟီန မဇ္ဈိ၊ ပဏိ သုံးပါး၊ ဤအပြားဖြင့်၊ ပွား၍့ မှန်စွာ၊ အရိယာဟု၊ နာဂါမ် မည်မှတ်၊ ပုဂ္ဂိုလ်မြတ်တို့၊ သဒ္ဓိန္ဒြိယ၊ ဝေမတ္တဖြင့်၊ သုဒ္ဓဝါသာ၊ ဘုံ ငါးဖြာတွင်၊ အဝိဟာရပ်၊ ဘုံသို့ ကပ်၍့၊ မထပ် တဖန်၊ နေရဗ္ဗာန်နှင့်၊ ညာဆန် တက်ရိုး၊ တမျိုးမျိုးတိ၊ တန်းခိုး ကြီးစွာ၊ ဖြစ်၍့သာလျှင်၊ ကမ္ဘာ တထောင်၊ ရှည်သက် ဆောင်၏၊ ထို့နောင် မှတ်ဘိ၊ ဝီရိယိန္ဒြေ၊ လွန်ထွေ တသီး၊ အားကြီးသူမှာ၊ အတပ္ပါနှိုက်၊ ကမ္ဘာ*၄င်း၊ နှစ်ထောင် ပေါင်းတည့်၊ တကြောင်း ထိုပြီ့း၊ သတိန္ဒြိဖြင့်၊ အဓိကတ္တ၊ လွန်ကိစ္စကြောင့်၊ ထက်မှ တဖြာ၊ သုဒဿာနှိုက်၊ ကမ္ဘာ သက်ရှည်၊ လေးထောင် တည်၏၊ တလည် မမှိန်၊ သမာဓိန်လျှင်၊ ကျောက်စိန်*တမျှ၊ လွန်ထက်ကမူ၊ သာလှ ဌာနီ၊ သုဒဿီဝယ်၊ ကပ်မှီ ကမ္ဘာ၊ ရှစ်ထောင် ကြာရှင့်၊ ပညာဝရဇိန်၊ တောက်ထိန် ရဲးရဲး၊ ထက်လွန်ကဲးက၊ အောင်ပွဲး ဘိသိက်၊ ခံ မဆိတ်သား၊ အကနိဌ်ဘုံ၊ ဝေဟာရုံတွင်၊ ပြီး*ကုံဆုံးကြ၊ မဂ်ကိစ္စဖြင့်၊ ဘဝ ကြာ*ညောင်း၊ ကမ္ဘာပေါင်းလျှင်၊ တသောင်းခြောက်ထောင်၊ ကုန်အောင် မပျက်၊ စံ ငြိမ်သက်လျက်၊ အောက်-ထက်ရပ်ဌာန်၊ စုန်-မဆန်နှင့်၊ တဘန် အသစ်၊ ပြန်မဖြစ်၍့၊ အစစ်သာတိ၊ တု မယှိတည့်၊ သုဒ္ဓိဌာန၊ ဝိသိဋ္ဌဖြင့်၊ ဝိဝဋ္ဋရပ်၊ ခေါ်အပ်သည်သာ၊ ဘုံမှန်စွာကြောင့်၊ သုဒ္ဓါဝါသ၊ ဘူး မရဟု၊ မိန့်ကြ ဓမ္မတာ၊ အစဉ်လာသည့်၊ သုဒ္ဓါမည်တုံ၊ ဤငါးဘုံကား၊ ဇေယျုံ ဗိမာန်၊ ပြည်နိဗ္ဗာန်သို့၊ လမ်းမှန်ကြွရာ၊ အရိယာတို့၊ မင်္ဂလာစခန်း၊ *ကွန်းထောက်နန်းဖြင့်၊ တင့်ဆန်း မိုးခေါင်၊ ပြိုးပြိုးပြောင်သည်။။ ငါးဆောင် အဆင့် အဆင့်တည်း။ (ရ)

(ရူပါဝစရဗြဟ္မာ့ဘုံခဏ်း ရ-ပိုဒ်။)
ရူပါဝစရကမ္မာနုရူပဂတိဝိဘာဂ ပြီး၏၊

ပဉ္စမပိုင်း ၆- အရူပါဝစရဗြဟ္မာ့ဘုံခဏ်း

(၄၈၄) စတုတ္ထဟု၊ ဈာန မည်ဆို၊ ဤဈာန်ကိုတည့်၊ *ငြိုငြို ငြင်ငြင်၊ လွန်ခဲးအင်လျက်၊ ရကျင်တုံကြ၊ အာဠာရနှင့်၊ ဥဒက ဒေဝီ၊ ရှင်ဗာဟီသို့၊ လောကီမုနိ၊ တိတ္ထိ ဝိုးဝါး၊ ပုဂ္ဂိုလ်များတို့၊ ကြံမှား တွေးထင်၊ မိစ္ဆာ ဝင်၍့၊ အကြင် နာမက်၊ နာမ်သက်သက်ကား၊ ကျိုးပျက် ပူချမ်း၊ မယှိစွမ်းကြောင့်၊ ဆံခြမ်း ဒုက္ခ၊ မရနိုင်စွာ၊ ငြိမ်းချမ်းရာ၏၊ ရုပ်သာ ဧကန်၊ ဒုက္ခမှန်ဟု၊ ဘောက်ပြန် ထင်မှန်း၊ အမြင် ဆန်းလျက်၊ ကြက်ကာန်းသဖွယ်၊ တွေ့ရာ တွယ်သို့၊ ရှေးဝယ်ရသား၊ စတုတ္ထဈာန်စိတ်၊ ရုပ်နိမိတ်ကို၊ ပိတ်ပိတ် အရှင်း၊ ကင်းကြီး ကင်းအောင်၊ မသွင်း နှလုံး၊ ပွား မသုံးတိ၊ ပျောက်ဆုံးစေချင်၊ မဆင်ခြင်ဘဲး၊ ကောင်းကင်ပညတ်၊ အမှတ်သညာ၊ ဟင်းလင်းသာဟု၊ အာကာသံ အနန္တံ၊ ပရိကံဖြင့်၊ မညံ မဆိတ်၊ ပွားသည်ဟိတ်ကြောင့်၊ ရုပ်နိမိတ် ကင်း၊ ရတုံလျှင်းသား၊ ယင်းသည့် အရူပ၊ ကုသလဈာန်၊ ကျိုးပေးဟန်ဖြင့်၊ ရုပ်သဏ္ဌာန်*မဲ့၊ နာမ်သာ *ဟဲ့လျက်၊ ချို့တဲ့ ကာယော၊ စတုဝေါဟု၊ မိန့်ဟော ကျမ်းလာ၊ ထက် ဝေဟာတွင်၊ အာကာသာနဉ္စာယတန၊ ဘုံ ပထမနှိုက်၊ ဖြစ်ကြ မှန်စွာ၊ နှစ်သောင်း ကြာသည်။။ ကမ္ဘာ အချင့် အချင့်တည်း။ (၁)

(၄၈၅) ထိုမှ တကြောင်း၊ ထို့ထက် လောင်း၍့၊ ထိုကောင်းကင်မှတ်၊ ထိုပညတ်ကို၊ လွန်လတ်ပြီးခါ၊ စိတ်ကိုသာလျှင်၊ ဝိညာဏံ အနန္တံ၊ ပရိကံမှု၊ ပြု၍့ တဘန်၊ ရတုံပြန်သား၊ ထိုဈာန် ဒုတီယာ၊ စေတနာကြောင့်၊ ဝိညာဏဉ္စာယတန၊ ထက်မှ မြင့်စွာ၊ ဗွေ အာကာထက်၊ ကမ္ဘာ လေးသောင်း၊ တည်နေရှောင်း၏၊ *၄င်း တဖြာ၊ ပထမာ ရုပ်-စိတ်၊ လွန်လိုဟိတ်ဖြင့်၊ ထိုစိတ် စိုးစိ၊ ကင်း မယှိဟု၊ နတ္ထိ ကိဉ္စိ၊ ပြုပြန်ဘိသား၊ ပရိကံဇော၊ နတ္ထိဘောကို၊ မနောနှိုက်တွင်၊ အာရုံထင်၍့၊ ပွားကျင် လွန်စွာ၊ ဘာဝနာကြောင့်၊ အာကိဉ္စညာယတန၊ မည်ရ ဘူမိ၊ ဘုံတတိနှိုက်၊ ဖြစ်ဘိတုံရှောင်း၊ ခြောက်သောင်း ကမ္ဘာ၊ ရှည်*ညောင်း ကြာရှင့်၊ တတီယာရုပ္ပ၊ ဝိညာဏကို၊ သန္တမေတံ၊ ပဏီတမေတံ၊ ပရိကံ တရပ်၊ ထပ်၍့ ပြုဘိ၊ လွန်သတ္တိကြောင့်၊ မယှိ မဟူ၊ ယှိ မဟူဘဲး၊ ရေပူနှိုက်ဝယ်၊ တေဇော့နှယ်သို့၊ *နုန့်နယ် ဈာန၊ သိမ်မွေ့လှသား၊ နေဝသညာ၊ နာသညာဟု၊ အဇာဋာထက်၊ ဘုံ ဘဝဂ်နှိုက်၊ ရှည်သက် လွန်စွာ၊ ကြာကြီး ကြာလျက်၊ မဟာကပ်ပေါင်း၊ ရှစ်သောင်းလေးထောင်၊ ကုန်အောင် မရွေ့၊ တည်နေ မွေ့၏၊ မေ့မေ့ *ကျန်ကျန်၊ ခါ မပြန်သို့၊ နိဗ္ဗာန်ဆိုလောက်၊ ဘုံဆုံး ပေါက်လျက်၊ *အစောက် ကာလ၊ ထို့လောက်မျှတည့်၊ ကမ္ဘာ့အစု၊ သက် အာယုနှင့်၊ ပျောက်လု နီးနီး၊ အချည်းနှီးဖြင့်၊ ရောက်ကြီး ရောက်ရုံ၊ ဤလေးဘုံကား၊ မစုံ ရူပက်၊ လေးနာ မက်မျှ၊ အောက်-ထက် ဆောင်ဆောင်၊ ဖြိုးဖြိုး မှောင်သည်။။ မိုးခေါင် အမြင့် အမြင့်တည်း။ (၂)

(အရူပါဝစရဗြဟ္မာ့ဘုံခဏ်း ၂-ပိုဒ်။)
အရူပါဝစရကမ္မာနုရူပဂတိဝိဘာဂ ပြီး၏၊

ပဉ္စမပိုင်း ရ- ကမ္မဘူမိ သံသန္ဒနာခဏ်း

(၄၈၆) ယင်းသို့ အမှန်၊ ကျမ်းလာဟန်ဖြင့်၊ ဝေဘန် ယုတ္တိ၊ ချင့် နှိုင်းညှိ၍့၊ ပါဠိ အဋ္ဌကထာ၊ ဋီကာစရိယ၊ ဇာတကနှင့်၊ မဇ္ဈိမနိကာယ်၊ ကျမ်း သုံးသွယ်တို့၊ အကျယ် မပြ၊ သာမညဖြင့်၊ ဗြဟ္မာလောကူပဂေါ၊ ဤမျှ ဟောလည်း၊ သဘောအလို၊ ယုတ် မပိုအောင်၊ အကုသိုလ် ဒု၊ ကုသိုလ် သုဟု၊ လေးခု ပါက၊ ဌာန ဘူမိ၊ အစဉ်း သိလော့၊ ဗောဓိပွင့်*လျာ၊ ရင့်ကြောင်းလျာသည့်၊ မဃဒေဝ၊ ဒေဝလောင်းတော်၊ ရသေ့ကျော်ကား၊ လေးဘော် ဗြဟ္မ၊ ဝိဟာရကို၊ လုံ့လ မယုတ်၊ မဟဂ္ဂုတ်ဖြင့်၊ အဟုတ် မှန်စွာ၊ ပွား လေ့လာ၍့၊ ရူပါဝစရ၊ စတုက္က ဆုံး၊ ဈာန်အလုံးကို၊ သိမ်းကျုံး ပြည့်စုံ၊ ပြီး *ကုံလုံကြောင့်၊ ဘုံ စတုတ္ထ၊ ဝေဟာသထက်၊ ဌာန မှိုင်းညို၊ ဝေဟပ္ဖိုလ်ဝယ်၊ ရွှေကိုယ် ညီးညီး၊ သန္ဓေမှီးလျက်၊ ကပ်ကြီး ကမ္ဘာ၊ သက် ငါးရာနှင့်၊ ချမ်းသာ အစစ်၊ ကိုယ်ထင် ဖြစ်၏၊ အစ္စန္တသုခီ၊ သညီဝါဒ၊ ပုဂ္ဂလတို့၊ စွဲးကြ မှတ်ယူ၊ နိဗ္ဗာန်ဟူသည်၊ စံတူ ချမ်းမြ၊ ဈာန်သုခနှင့်၊ ဘဝ သိမ်မွေ့၊ ဗြဟ္မာလေ့တိုင်း၊ မငွေ့ ကာမ၊ ဒုဂ္ဂန္ဓဖြင့်၊ ရာဂ စိမ်းညှော်၊ မညှီစော်ဘဲး၊ အဟော် ဘဝ၊ ဩော် သုခဟု၊ စိတ်ချ ကြည်နူး၊ ဥဒါန်း ကျူးလျက်၊ ဝမ်းမြူး ရွှင်ပျော်၊ လွန် မွေ့လျော်သည်။။ သံတော် အဟန်း အဟန်းတည်း။ (၁)

(၄၈၇) ထိုသို့ ကြီးလှ၊ ဈာန်သုခဖြင့်၊ ဘဝ *တောင်ကိုင်၊ နိဗ္ဗာန်တိုင်သို့၊ *ချက်ရိုင် မိမိ၊ စံရဘိလည်း၊ ဒိဋ္ဌိ ဝိတက်၊ မဘက် မနှော၊ မရော မငြိ၊ လောင်းဗောဓိတို့၊ ဇာတိ ဖြစ်တိုင်း၊ မခိုင်း *မမျဉ်၊ စက်ပိုင်း*ရဉ်သို့၊ အစဉ် ဝါသနာ၊ ထုံပြီးစွာသား၊ ပညာဝရဇိန်၊ စွဲးလက်ချိန်ကြောင့်၊ ဇီဝိန္ဒြိယ၊ ဖြစ်ချစေကာ၊ မဟာပထဝီ၊ ဤမြေ မြင်းမိုရ်၊ ယုဂန္ဓိုရ်တို့၊ ပျက်ပြို ထက်-အောက်၊ စောင်း-မှောက် ပြောင်းပြန်၊ သွေလှန် ယွင်းခွ၊ ဘောက်ပြန်ကြလျက်၊ ကွဲး*ခြစေကာ၊ မစွန့်ရာသား၊ ပါရမီဖြည့်ခြင်း၊ သဘောရင်းနှင့်၊ မကင်းသည်ချည်း၊ ရွှင်*ကြည်းကြည်းဖြင့်၊ ကျော့ကျည်း မယှိ၊ မပျင်းရိတည့်၊ ဇာတိ မြတ်စွာ၊ ဗြဟ္မာ့ရွာဝယ်၊ နေသာ နေသောင့်၊ မကြောင့် မကြ၊ ထာဝရဟု၊ စိတ်ချ ပျပ်စပ်၊ တပ်ကြီ့း တပ်၍့၊ *နေရဗ္ဗာန်မည်၊ ဘေး*မဲ့ပြည်သို့၊ အတည်တကျ၊ စံထိုက်လှသား၊ တောင့်တ *မဲ့ပြီး၊ စည်းစိမ် ကြီးလျက်၊ ချည်းနှီး ချမ်းသာ၊ ခံစားကာလျှင်၊ ဗြဟ္မာတို့နည်း၊ *ထက်ချည်း ယွင်းဖည်၊ စိတ်*ရင် ကျည်၍့၊ ရွှင်ကြည် ဓမ္မဓာတ်၊ သောမနသ်ဟုန်၊ ကိုယ်လုံး တုန်အောင်၊ လှိုက်ခုန် ပြဋ္ဌာန်း၊ *တီး မလန်းဖြင့်၊ ဥဒါန်း ကျူးကာ၊ ဝမ်းမြူးစွာလျှင်၊ ဈာနနိကန္တိ၊ ဒိဋ္ဌိ သဿတ၊ ဘဝတဏှာ၊ မိစ္ဆာ အမြဲး၊ ကပ် မစွဲးဘူး၊ စွန့်ကြဲးအလေ့၊ မမေ့ မကျန်၊ တာသင်္ကြန်ဝယ်၊ ခါမှန် ညောင်ရေ၊ သွန်းမြဲးထွေသို့၊ တက်ဗွေ *ရိပ်မြုံ၊ ဗြဟ္မာ့ဘုံတွင်၊ မျိုးစုံ သီးစွာ၊ ပဒေသာမှ၊ ဗြဟ္မာအများ၊ သူတပါးအား၊ ပိုင်းခြား ဝေငှ၊ ပေးလှူ မျှ၏၊ ဒါနပါရမီ၊ ဖြည့်မြဲး ညီအောင်၊ ဝသီ မကင်း၊ လိုတော်ရင်းတိုင်း၊ စွန့်ခြင်း အမှု၊ အစဉ် ပြု၍့၊ ဝတ္ထု များစွာ၊ အဖြာဖြာနှင့်၊ ပဒေသာခိုင်၊ ပင်ချင်း ဆိုင်သည်။။ ယှဉ်ပြိုင် အတန်း အတန်းတည်း။ (၂)

(၄၈၈) သီလဟူပြီ၊ ပါရမီလည်း၊ ဝိရတီ ချို့၊ ဗြဟ္မာတို့နှိုက်၊ သို့ဖြစ်စေကာ၊ စေတနာဖြင့်၊ ဆယ်ဖြာ အမိုက်၊ ဒုစရိုက်ကို၊ ဘုံလိုက် အမြဲး၊ ကွာရှဲး ပြကတေ့၊ ဘဝလေ့တိုင်း၊ သိမ်မွေ့ စင်စစ်၊ သီလဖြစ်၏၊ ကျင့်ညစ် ယုတ်မာ၊ ကင်းပြီးစွာသည်၊ ကာမာနိဿရဏ၊ နိက္ခမ္မနှင့်၊ သုခ ဒုက္ခ၊ ဓမ္မကထာ၊ ဒေသနာတရား၊ သူတပါးအား၊ ဟောကြား သာကြည်၊ ပညာမည်ရှင့်၊ *ကျိုးကျည် မြဲးဘိ၊ ဝီရိဟူပြီ၊ ခန္တီ သစ္စာ၊ အဓိဋ္ဌာက၊ မေတ္တာ ဥပေက်၊ ဗြဟ္မာ့ဖြစ်နှိုက်၊ စင်စစ် ပြီးခြင်း၊ တရားရင်းတွင်၊ မကင်းတုံစွာ၊ ထုံ လေ့လာ၍့၊ ဆယ် ပါရမီ၊ ပြည့်ကြောင်း ညီ၏၊ စုံစီ မချို့၊ ဤသို့ခြင်းရာ၊ လက္ခဏာဖြင့်၊ မဟာသတ္တ၊ ဗျာဒိတ် ရသည့်၊ ဘုရာ့းအလောင်း၊ ကျင့် မပြောင်းတို့၊ ဆုတောင်း မျိုးစေ့၊ ပြုသော့နေ့က၊ မမေ့စမြဲး၊ ဆောက်တည် ကဲးလျက်၊ ငြိစွဲး သည်းထန်၊ ဗောဓိဉာဏ်နှိုက်၊ ဓိဋ္ဌာန် စိတ်သန်၊ မဘောက်ပြန်ဘဲး၊ သွေလှန် မချ၊ နိယတကြောင့်၊ ဘဝ ဘဝ၊ ဖြစ်သမျှပင်၊ ဒသပါရမီ၊ မြဲး ဝသီနှင့်၊ ယှဉ်မှီ မပြတ်၊ ယုတ်-လတ်မြတ်အား၊ တပါးပါးကို၊ ကြိုးစားသမှု၊ ရွေကို စုသို့၊ *ပြုတ်တု မချွတ်၊ မလွတ် ဘယ်ခါ၊ ဖြည့်ကျင့်စွာသည်။။ သင့်ရာ အခန်း အခန်းတည်း။ (၃)

ဤသို့လျှင်တိ၊ ဤတွင် တဝ၊ ဗြဟ္မစရိယ၊ ခဏ်းသာရသည်၊ ပဉ္စမမြောက်၊ အပြီးရောက်တည်း။
(ကမ္မဘူမိသံသန္ဒနာခဏ်း ၃-ပိုဒ်။)

(ဤကား သက်ပိုင်း လားရာဟူသော နိဒ္ဒေသ၏့ ပဋိနိဒ္ဒေသဖြစ်သော ဂတိဝိဘာဂဝိတ္ထာရတည်း။။ ဤတိုင်အောင်သော အစဉ်ဖြင့် ဗြဟ္မဝိဟာရစရိယခဏ်း ၅၈-ပိုဒ်။)

ဤတွင်ရွေ့ကား ပဉ္စမပိုင်း ပြီး၏၊

ဆဋ္ဌမပိုင်း ၁-မနုဿလောကနခဏ်း

(၄၈၉) တတောင် နှစ်တောင်၊ သုံး-လေးတောင်က၊ ငါးတောင် ခြောက်တောင်၊ ခုနစ်တောင် ဆင့်၊ စွင့်ရရွင့်တိ၊ တောင်မင့်းသညာ၊ မြင်းမိုရ့်တာဖြင့်၊ သင်္ချာ ဝီသ၊ ဥသဘနှင့်၊ ဥသဘ ရှစ်ဆယ်၊ မှတ်ဘွယ် ဂါဝုတ်၊ ဂါဝုတ် လေးဆူ၊ တယူဇနာ၊ ဝေါဟာ ခေါ်ကြ၊ ထိုမျှ ယူဇနာ၊ ပရိမာဖြင့်၊ အနုနာ ဉေယျ၊ သင်္ချာ ပြသား၊ ဆယ်ဆ ထောင်ပေါင်း၊ မြနားဍောင်းသို့၊ တသောင်းတာခတ်၊ ဝန်းပတ် ပင်လယ်၊ ရေပြင်ကျယ်နှိုက်၊ ကျွန်းငယ် ငါးရာ၊ ပရိဝါနှင့်၊ လက်ျာ ပေါ်ထွန်း၊ မြရည် ရွန်းသည့်၊ ဤကျွန်း ဗွေငူ၊ မြေ ဇမ္ဗူထက်၊ မတူ နှိုင်းရာ၊ နတ်တို့ရွာသို့၊ ပြုဗ္ဗာကျွန်းမည်၊ မန္ဓာတ်တည်သား၊ သာစည် မပျက်၊ တိုင်းအချက်ဝယ်၊ ကနက် ထီးဆောက်၊ သုံးကြိမ်မြောက်တိ၊ မိုးအောက် သိကြား၊ နတ်တပါးသို့၊ အများ ထင်ကိုး၊ ရိုညွတ်ကျိုးသည့်၊ သတိုးဘုရင်၊ လောင်းဗုဒ္ဓင်၏့၊ ကျင့်အင် ဗြဟ္မ၊ စရိယကို၊ အစ,က ရုံး၊ စီခဲ့ ကုံးပြီး၊ အဆုံးကဏ္ဍ၊ နိဂမဟု၊ သာရ ပြည့်ရွန်း၊ ဤအခဏ်းကို၊ နိဒါန်း စုံစွာ၊ ယခုခါနှိုက်၊ လင်္ကာ နတ်စောင်း၊ သန်းခေါင် မောင်းဖြင့်၊ *ညှို့ချောင်း ခုနစ်ပင်၊ ငြိမ့်ပွဲး*ရင်သည်။။ လူရှင် နာစိမ့် ကြည်နူးတည်း။ (၁)

(ဤပိုဒ်ကား တတောင် နှစ်တောင်၊ သုံး-လေးတောင်က၊ ငါးတောင် ခြောက်တောင်၊ ခုနစ်တောင် ဆင့်၊ စွင့်ရရွင့်တိ၊ တောင်မင့်းသညာ၊ မြင်းမိုရ့်တာဖြင့်
--- ဟူသော စကားဖြင့် လက်သစ် တောင်တာကို၄င်း၊ တောင်စဉ် ရ-ထပ်ကို၄င်း ထင်မှားအောင် အနက်တူ ရူဠှီသဒ္ဒါဖြင့် လှည့်ပတ်၍့ ဝှက်ရကား ဝဉ္စိကာပဟေဠိမျိုးတည်း။။ တယူဇနာ၊ ဝေါဟာခေါ်ကြ၊ ထိုမျှ ယူဇနာ၊ ပရိမာဖြင့်၊ အနုနာဉေယျ၊ သင်္ချာပြသား- ဟူသော စကားဖြင့် ဝဏ္ဏသင်္ချာနည်းယူမှ တသောင်း ဖြစ်၏၊ နာမသင်္ချာနည်း အနုလုံယူသော် (၁၇၇၃၄)ယူဇနာ။ ပဋိလုံယူသော် (၄၃၇၇၁)ဖြစ်၍့ အမှန် မသိနိုင်သဖြင့် သင်္ချာယူပုံကို တွေဝေအောင် ဝှက်ရကား သင်္ချာတာပဟေဠိမျိုးတည်း။။ မတူ နှိုင်းရာ၊ နတ်တို့ရွာသို့၊ ပြုဗ္ဗာကျွန်းမည်၊ မန္ဓာတ်တည်သား၊ သာစည် မပျက်၊ တိုင်းအချက်ဝယ် -- နှိုက်လည်း ပြုဗ္ဗာကျွန်းမည် ဟူသည်ကား ဝိဒေဟတိုင်း ဟူလိုသည်။ ဤပြုဗ္ဗာကျွန်းမည်ဟူသော စကားသည် ပရိယာယ်သဒ္ဒါကိုသာ ပြ၍့ အမည်ရင်းကို ဝှက်ရကား သမာနပဟေဠိမျိုးတည်း။ မန္ဓာတ်တည်သည်ဟူသော စကားလည်း ဝရမန္ဓာတ်ဟူသည်နှိုက် ရှေ့ ဝရသဒ္ဒါကို ချန်၍့ နောက် မန္ဓာတ်သဒ္ဒါတခုကိုသာ ပြ၍့ ဝှက်ရကား ဧကစ္ဆန္နာပဟေဠိမျိုးတည်း။ ကနက် ထီးဆောက်၊ သုံးကြိမ်မြောက်တိ၊ မိုးအောက် သိကြား၊ နတ်တပါးဟု၊ အများ ထင်ကိုး၊ ရိုညွတ်ကျိုးသည်၊ သတိုးဘုရင်၊ လောင်းဗုဒ္ဓင်၏့ဟူသော စကားလည်း တတီယမြောက် မိထိလာမြို့တည် နန်းတည်ဟူသော အခြင်းအရာမျှကို ပြ၍့ မဃဒေဝမင်းဟူသော အမည်ကို သက်သက် မပြဘဲး ဝှက်ရကား ဥဘယစ္ဆန္နာပဟေဠိမျိုးတည်း။ ဤပဟေဠိ ငါးမျိုးတို့ဖြင့် ရောရကား ဤပိုဒ်သည် သံကိဏ္ဏပဟေဠီ သဒ္ဒတ္ထာလင်္ကာရဝင်္ကဝုတ္တိ' အလင်္ကာဖြစ်သော ပိုဒ်တည်း။)

(၄၉၀) မဃဒေဝ၊ ဣသိန္ဒလျှင်၊ ဗြဟ္မဝိဟာ၊ ဘာဝနာနှင့်၊ ဈာန်သမာပတ်၊ ကျင့်မြတ် သိမ်မွေ့၊ မရွေ့ တည်ကြား၊ မလှုပ်ရှားဘဲး၊ မကျား မကြောင်၊ ပြောင့်ထက် ပြောင်လျက်၊ လေးထောင် သက်တော်၊ လွန်ကျော် အပ၊ ရှစ်သောင်း ရ၍့၊ ဗြဟ္မာ့ဘုံ အောင်း၊ ဘဝပြောင်းသော်၊ မင်းကောင်း သားတော်၊ နောက်နန်းပျော်လည်း၊ ဖြူယော် ဆံပင်၊ တချောင်း မြင်၍့၊ လူ့ခွင် ထီးနန်း၊ မစံမြန်းဘဲး၊ ရဟန်း သိမ်မွေ့၊ ပြုသော့နေ့တည့်၊ ထိုနေ့နှိုက်သာ၊ မဟာမဃ၊ လောင်း ဒေဝ၏၊ မတကဘတ်၊ ပြုလတ် မင်္ဂလာ၊ နရာဓိပတ်၊ ထိုမင်းမြတ်၏၊ ဆံဖြတ် ရိတ်လှည်း၊ ဖန်ရည် စည်း၍့၊ *အရည်းဝင်မှု၊ ရှင်ပြုမင်္ဂလာ၊ သား နန်း*လျာအား၊ ဘ,ရာ တင်မြှောက်၊ နန်းမွေ ကောက်၍့၊ ထီးဆောက်မင်္ဂလာ၊ တဖြာ စင်စစ်၊ ထိုသားချစ်အား၊ မင်းဖြစ်နီးစွာ၊ ဥပရာဟု၊ မင်း*လျာ မှန်းလှည့်၊ *ကွမ်းထည့်မင်္ဂလာ၊ ထိုသည်းချာအား၊ ဌာနန္တရ၊ ဝိသေသဖြင့်၊ ထူးလှ ကြီးကျယ်၊ စလွယ် ရွှေဗောင်း၊ ထပ်လောင်း ထီးစည်၊ သတိုးမည်နှင့်၊ ချစ်ကြည် သက်နှံ၊ နာမံ တံဆိပ်၊ ခတ်နှိပ် အသစ်၊ သင်္ကျစ် ရွှေရေး၊ ဘွဲ့ပေးမင်္ဂလာ၊ ဤငါးဖြာကို၊ တခါ တချက်၊ တကွနက်ဖြင့်၊ တရက်တည်းပြု၊ များလူစုလည်း၊ ဇမ္ဗူ့အလုံး၊ ခေါ်သိမ်းကျုံးသို့၊ ထွန်တုံး ထမ်းပိုး၊ ကြိုးနှင့် တံဖျာ၊ အဖြာဖြာကို၊ ထိုခါ ပယ်ရှဲး၊ မျက်နှာလွဲးလျက်၊ မျိုးပဲး စပါး၊ ကျွဲး-နွား စွန့်ရှောင်၊ အိမ်ထောင် တွင်း-ပြင်၊ အိုးအင် လင်ပန်း၊ ပန်းကန် ဇွန်းနှင့်၊ *ဗန်း စင်ကောက၊ ပစ်ခဲ့ချ၍့၊ ပဉ္စမဟာ၊ လွန်ထူးစွာသား၊ မင်္ဂလာ ကျော်ခြီး၊ ပွဲးတော်ကြီးနှိုက်၊ မငြီးနိုင်အား၊ သား မယားနှင့်၊ သောက်စား ကုန်လျက်၊ ပျော် မပျက်သည်။ ။ နှစ်သက် *ပုလဲး တမူးတည်း။ (၂)

(၄၉၁) မဃဒေဝေါ်၊ ကျွန်းလုံး ကျော်သား၊ တေဇော် ဝင်းပ၊ ထိုမင်းလှ၏့၊ ပုတ္တရာဇာ၊ မင်းမြတ်စွာလည်း၊ မဟာမဃ၊ လောင်းဒေဝသို့၊ ရွယ်လှ နုမျစ်၊ သူငယ့်ဖြစ်ဖြင့်၊ ရှစ်သောင်းလေးထောင်၊ ဘုန်းရောင် ပွင့်ထွား၊ နန်း*လျာအားဖြင့်၊ မှန်းထား စင်စစ်၊ အိမ်ရှေ့ဖြစ်လည်း၊ ရှစ်သောင့်းလေးထောင်၊ နန်းဘောင် ရွှေဘုံ၊ စိုးအုပ် ခြုံ၍့၊ စေးချုံ ရန်ငုတ်၊ ရန်ခလုတ်ကို၊ ထွင်ခုတ် ပယ်ပြီး၊ ပြည်ကြီး ရိပ်ငြိမ်၊ စည်းစိမ်ခံလစ်၊ မင်းကြီး ဖြစ်လည်း၊ ရှစ်သောင့်းလေးထောင်၊ *ဥသျှောင် မြသား၊ ဆံတော်ကြားနှိုက်၊ ဘောက်ပြား မတူ၊ တချောင်း ဖြူ၍့၊ မင်းမူ စွန့်ပစ်၊ ရဟန်းဖြစ်လည်း၊ ရှစ်သောင့်းလေးထောင်၊ သက်စေ့အောင်လျှင်၊ ကျင့်ဆောင် ဗြဟ္မ၊ ဝိဟာရနှင့်၊ မကျ ဈာန်ဟုန်၊ အမ္ဗဝုန်ဝယ်၊ ပျံ*သုန် မြေ-မိုး၊ ငုပ်လျှိုး ပျော်မြူး၊ စံမွေ့ကြူးလျက်၊ ကျေးဇူး ပြည့်စုံ၊ ဗြဟ္မာ့ဘုံသို့။ ။ လားတုံ ထက်ခွင် *ကွန့်မြူးတည်း။ (၃)

(၄၉၂) ထက်ခွင် *ကွန့်မြူး၊ ဈာန်အထူးကြောင့်၊ ကျေးဇူး ပြည့်စုံ၊ ဗြဟ္မာ့ဘုံသို့၊ လားတုံ သတည်း၊ ဤသို့နည်းဖြင့်၊ မင်းချည်းနှင်နှင်၊ သံထင် *မိုးနှောင်း၊ ရိပ်ဖြူဆောင်းသား၊ မင်းပေါင်း အဟို၊ များထိုထိုလည်း၊ အဖို*မဲ့ဘိ၊ မျိုးဇာတိဖြင့်၊ ယောနိသဘာဝ၊ ဗျိုင်းအောက်မတို့၊ မေဃသဒ္ဒံ၊ မိုးကျူးသံကို၊ နာခံ စိတ်မှာ၊ ဓမ္မတာတိုင်း၊ သာယာကုန်ကြ၊ သန္ဓေရသို့၊ မွေးဘ နန်းစံ၊ ဆုံးမသံကို၊ နားယံ တင်ရှောင်း၊ နာ မ*ညောင်းဘဲး၊ နည်းကောင်း တမူ၊ ခံကြ ဟူ၍့၊ ဆံဖြူ တပင်၊ မြင်သည် ထိုနေ့၊ မရွေ့ ဆက်ဆက်၊ ရွှေနန်းထက်က၊ တောထွက်ပြီးသော်၊ ဈာန်မွေ့ပျော်လျက်၊ သက်တော်လည်း ကောင်း၊ တသောင်း ရှစ်ပြန်၊ လေးထောင် လွန်လျှင်၊ လေးဘန် စီချည်း၊ တ*သွန်တည်းတိ၊ *စံနည်းမင်္ဂလာ၊ ဩဘာ နိမိတ်၊ ဗျာဒိတ် သိုက်ပန်း၊ ဓာတ် ကိန်းခန်းက၊ နတ်ညွှန်း ပြဆောင်၊ *တဘောင် *တြင်း၊ အောင်နဝင်းနှင့်၊ ရှေးမင်း သုံးခါ၊ ထောင်တည်စွာသား၊ မိထိလာမည်ရ၊ ဤပြည်မနှိုက်၊ မဃဒေဝ၊ အမ္ဗဝနေ၊ ဥယျာဉ်မြေထက်၊ လေးထွေ ဈာန်ဟုန်၊ မသုန် မကျ၊ ဗြဟ္မာ့နေရပ်၊ ဘုံ ဝေဟပ်သို့၊ ဆိုက်ကပ် လုံးတည်း၊ မလိပ်လည်းတည့်၊ ရုံးစည်း မထောင့်၊ ဂဏာန်း ဖြောင့်က၊ ရှစ်သောင့်းအခေါင်၊ မင်မြားမြောင်တို့၊ လေးထောင်အစု၊ ပြည့်လု အဟုတ်၊ နှစ်ယောက် ယုတ်သည်။။ သမုဒ်ရေ့နှယ် မထူးတည်း။ (၄)

(၄၉၃) 'အနှစ် တထောင်၊ ရှည်ခေါင်မြဲးစွာ၊ လား နတ်ရွာနှင့်၊ အိမ်ရာ မမြန်း၊ ဤသုံးခန်းကား၊ တောင်ကျွန်း လက်ျာ၊ ဝတိံသာထက်၊ ဥတ္တရာငူ၊ မြောက်ကျွန်းသူတို့၊ မတူ ကဲးတက်၊ သာလွန်ချက်တည့်၊ အသက် အဆင်း၊ ချမ်းသာခြင်းမူ၊ ယင်းမြောက်ကျွန်းသား၊ ဇမ္ဗူဘွားထက်၊ သိကြား စံမှတ်၊ ဝတိံနတ်က၊ လွန်မြတ် ကဲးဆင့်၊ ဂုဏ် ထူးမြင့်၏၊ ရဲရင့် သတိ၊ မြတ်စရိကား၊ ဗောဓိပေါက်*နေ၊ ဇမ္ဗူမြေက၊ ပဒေသာကျွန်း၊ ဝတိံ*ကွန်းထက်၊ ဦးစွန်းတမျှ၊ ကဲးလွန်စွဟု၊ ကျမ်းပြ မယုတ်၊ *ညီစွာ ဟုတ်လျက်၊ သမုဒ်ရေ့နှယ်၊ မြစ်*ပင်လယ်သို့၊ မှတ်ဘွယ် အဖြောင့်၊ ကိန်း မထောင့်သား၊'' ရှစ်သောင့်းလေးထောင်၊ ကျင့်ဆောင် ဗြဟ္မ၊ စရိယဖြင့်၊ နန်းက *ဖဲးကြဉ်၊ မင်းပေါင်း စဉ်၍့၊ ပုပ်ကျဉ် ဓမ္မ၊ မယှိရအောင်၊ ယှဉ်ထ အသင့်၊ စဉ် မလွင့်ဘဲး၊ ဘ,မင့်စကား၊ ထောင် ရွှေနားနှင့်၊ မှာထား မိန့်တိုင်း၊ နာညွတ်ရှိုင်း၍့၊ တဝိုင်း တသီး၊ တဂိုဏ်းကြီးဖြင့်၊ ဖြူထီး ရိပ်မိုး၊ ဘိသိက် နှိုးလျက်၊ အုပ်စိုး နိုင်ငံ၊ ဇမ္ဗူယံဝယ်၊ နန်းစံ ရှင်ပြု၊ ဗြဟ္မာစုသား၊ အထု အထ၊ တုမရအောင်၊ ဓမ္မကာမိ၊ ရာဇိသိတို့၊ ပဗ္ဗဇိတ၊ ဝံသ မဟာ၊ အနွယ်လာကြောင့်၊ အနာဂတံ၊ ဖြိုးလျှံစဉ့်တိုင်း၊ ရွှေ*သမိုင်းဖြင့်၊ ကသိုဏ်း တခု၊ နန်းစဉ် ရှု၍့၊ လွှတ်တု မင်္ဂလာ၊ ခြီးတိုင်းသာအောင်၊ ရွှေစာ နန်းပြင်၊ ကမ္ဘာတွင်လျက်၊ မဟာဝင်စောင်၊ ရာဝင်ပြောင်သည်။။ မင်းခေါင် မဃ အမှူးတည်း။ (၅)

(၄၉၄) ဤသို့ ထိုခါ၊ ရှေးဦးစွာက၊ မိထိလာပြည်မ၊ ဝိဒေဟနှိုက်၊ တတီယနန်းတည်၊ သက်တော်ရှည်သား၊ ဘုန်းစည် ပွင့်*လျာ၊ မဟာပုရိ၊ ဗောဓိသတ္တ၊ မဃဒေဝေါ်၊ ဘေးလောင်းကျော်လျှင်၊ မိုးပေါ် ရပ်ပိုင်း၊ တိမ်ပန်းဆိုင်းသို့၊ နတ်တိုင်း တည်ရာ၊ ကာမာဝစရ၊ ဝသဝတ္တိ၊ ဘူမိအထက်၊ ဘုံ လေးဆက်နှိုက်၊ ဘဝဂ် တပါး၊ သုံးဆင့် ခြားပြီး၊ မီးပွား မမွှေ၊ ရေလည်း မကပ်၊ လေ မစပ်သည့်၊ ဝေဟပ္ဖလ၊ စတုတ္ထ *ရိပ်မြုံ၊ ဗြဟ္မာ့ဘုံဝယ်၊ နှစ်ပုံ တွက်ရေ၊ ကုဋေ *မြားမြောင်၊ နှစ်ထောင် မက၊ လူ့ဌာနနှိုက်၊ ကာလ ရှည်လျား၊ သားတော် မြေး-မြစ်၊ ဆက်ခံရစ်၍့၊ မင်းစစ် ရှစ်သောင့်း၊ သုံးထောင် ကိုးရာ့၊ ကိုးကျိပ်ကတိ၊ အဋ္ဌ စွန်းဆောင်၊ ကျော်လွန်အောင်လျှင်၊ လူ့ဘောင် တစိ၊ မရှုမိဘဲး၊ သတိ မရ၊ ဗြဟ္မာ့ချမ်းသာ၊ ခဏတာဖြင့်၊ စံကာနေမှ၊ လူ့လောကတွင်၊ ဝိဒေဟတိုင်း၊ *သမိုင်းတင်စွာ၊ မိထိလာတွင်မည်၊ စံတော်ပြည်နှိုက်၊ ဆက်ရှည် *ဓွန့်ဝေး၊ ငါ့သား မြေးတို့၊ ငါပေး ဆုံးမ၊ ဩဝါဒတိုင်း၊ မချ နှစ်သက်၊ ဦးခေါင်းထက်ဝယ်၊ တခက် ဆံဖြူ၊ မြင်ကာမူဖြင့်၊ ငါ့တူ ဆက်၍့၊ တောထွက် စရိယ၊ နိက္ခမ္မနှိုက်၊ တည်ကြ၏့လော၊ ဆင်ခြင်စောသည်။။ သဘော *လက်မွန် လက်ဦးတည်း။ (၆)

(၄၉၅) ထိုသို့ လက်ဦး၊ အထူး *မဆွ၊ သတိရ၍့၊ ဗြဟ္မာ့နေရပ်၊ ဘုံ ဝေဟပ်က၊ *လျပ်လျပ် လျင်စွာ၊ ဤလူ့ရွာသို့၊ မကြာခဏ၊ ဗြဟ္မာ့သဘော၊ ဉာဏ် မနောဖြင့်၊ သို့လော စေ့ငု၊ မျှော် ကြည့်ရှုက၊ အထု *အထ၊ ရှေ့မှ နောက်မှီ၊ ကြယ့်နှယ် စီ၍့၊ တညီတည်းသာ၊ ကျင့် မကွာဘဲး၊ ခေါင်းမှာ ရေးရေး၊ ဖြူဖွေး ဆံပင်၊ တချောင်း ထင်လျှင်၊ မြင်သည့် ရက်နှိုက်၊ တောထွက်ကုန်ပြီး၊ မငြီး ကြိုးကုတ်၊ အားထုတ် ဗြဟ္မ၊ ဝိဟာရနှင့်၊ မကျ ဈာန်ပါ၊ ရောက်ကြလာသား၊ ဗြဟ္မာချည်းတုံ၊ ဗြဟ္မာ့ဘုံတွင်၊ မကြုံတောင်းစွာ၊ ထိုရော့ခါတိ၊ မိထိလာဂိုဏ်းသီး၊ ဝိုင်းကြီး တခု၊ ခေါ်ပြုလောက်အောင်၊ အဆောင်ဆောင်တို့၊ မိုးခေါင် တခြမ်း၊ ထိန်ထိန်လျှမ်းလျက်၊ သာချမ်း *ရိပ်မြုံ၊ အဘုံဘုံဖြင့်၊ တပုံ တပေါင်း၊ မြို့ပါ ပြောင်းသို့၊ အဟောင်း အသစ်၊ ထပ်ခါ ဖြစ်သား၊ ရှစ်သောင်းအခေါင်၊ လေးထောင်ပျော့ပျော့၊ နှစ်ယောက်လျော့ကို၊ အသော့ ချက်ခြင်း၊ မြင်သိလျှင်းက၊ လွန်ပြင်း သောမနသ်၊ ဓမ္မဓာတ်ဖြင့်၊ ဝိညတ် ဝစီ၊ မိုးလုံး ဟီအောင်၊ မြွက်ချီ သာဓု၊ ကောင်းခြီးပြု၍့၊ ယခု နန်းပေါ်၊ ပျော်သည့်မင်းကား၊ မယွင်း ဤတူ၊ ဆံတည်း ဖြူသော်၊ အယူ မပျက်၊ ရာဝင် ဆက်၍့၊ တောထွက်လိမ့်လော၊ သဘော တဘန်၊ ဆင်ခြင်ပြန်လည်း၊ အမှန် ထွက်လိမ့်၊ မြင် နှစ်သိမ့်လျက်၊ စိမ့်စိမ့် ထပ်ကာ၊ ရှုပြန်ခါမူ၊ နောင်လာ ဆက်မည်၊ မင်းတို့သည်ကား၊ သားစည် မြေးပွား၊ ပျော် လိုက်စား၍့၊ မရှား မရှောင်၊ အိမ်ရာထောင်သည်။။ သေအောင် အညစ် အညူးတည်း။ (ရ)

(၄၉၆) သေအောင် ညစ်ညူး၊ ဝက်ညွန်လူးသို့၊ အမူး အမော်၊ ဘုံနန်းပေါ်နှိုက်၊ အပျော် အပိုက်၊ မွေ့လျော် ကြိုက်၍့၊ စိတ်လိုက် ရွှင်ပျော၊ စရိုက် ပြောလျက်၊ တောမထွက်ဘဲး၊ အဆက် ဤတွင်၊ ပြတ်လိမ့်ပင်ဟု၊ နတ်သျှင် *စောလောင်း၊ မြင်လတ်ရှောင်းက၊ တပေါင်း တရုံး၊ ပုလဲးကုံးသို့၊ စ,ဆုံး အလယ်၊ ဘယ်ဝယ် မဘောက်၊ စဉ်လျောက် ရှေး-နှောင်း၊ အလျင် ကောင်း၍့၊ တချောင်း ဆံဖြူ၊ မြင်မူ ထိုနေ့၊ မမွေ့ နန်းထက်၊ တောထွက်ကိစ္စ၊ စရိယဖြင့်၊ ဗြဟ္မဝိဟာ၊ ဘာဝနာနှင့်၊ ဈာန် သမာပတ်၊ ကျင့်မြတ် ပျော်ဘိ၊ ရာဇိသိတို့၊ ဇာတိလည်း မြင့်၊ အကျင့်လည်း *မွန်၊ အဖြစ်လွန်လျက်၊ မိုးစွန် ဝေဟာ၊ ဗြဟ္မာ့ရွာတွင်၊ ဗြဟ္မာနတ်ကြီး၊ ဘုံ သီးသီးနှင့်၊ ဖြစ်ပြီး ဖြစ်အံ့၊ ဖြစ်လတ္တံ့က၊ အ*လွံ့ *ပြောထူ၊ များဆူဆူကား၊ မှတ်ယူ မဖြောင့်၊ ဂဏာန်း ထောင့်လျက်၊ ရှစ်သောင့်း လေးထောင်၊ မပြည့်ကြောင်၍့၊ *ချောင်ခဲ့ အဟုတ်၊ တယောက် ယုတ်သော်၊ သမုတ် လူတွင်၊ နောင် ရာဝင်တိ၊ ရွှေမင် အက္ခရာ၊ နန်းစဉ်စာနှိုက်၊ တင်ရာ မပြောင်၊ ရာဝင် မှောင်၍့၊ အရောင် နွမ်းညစ်၊ ဖြစ်လိမ့်သကား၊ မလျော်ငြားခဲ့၊ တရား ယှဉ်ပေါင်း၊ အစဉ် ကောင်းလျက်၊ အနှောင်း တယောက်၊ မပျက် လောက်တည့်၊ နောက်နောက်ကမ္ဘာ၊ ရှည်တိုင်း ကြာအောင်၊ စဉ်လာ *ဥဒါန်း၊ တ*မော်ကွန်းဖြင့်၊ မထွန်းစေရ၊ ငါလျှင် စသည့်၊ ငါ့အနွယ်ဆက်၊ ကွယ်မပျက်အောင်၊ ငါဆက်မှသည်၊ သင့်တော်မည်ဟု၊ ကြံစည် ဆုံးဖြတ်၊ ဉာဏ်တော်မြတ်ဖြင့်၊ အမှတ် မခွ၊ စိတ်တော်ချသည်။။ ဗြဟ္မာ့ရွှေဘုံ *ကွန်းဖူးတည်း။ (၈)

ဤကား မဃဒေဝမင်းကြီး၏့ ဗြဟ္မာ့ဘုံနှိုက် စရိယကိစ္စတည်း။ မနုဿာလောကနခဏ်း (၈)ပိုဒ် ပြီး၏၊

ဆဋ္ဌမပိုင်း ၂- နေမိရာဇစရိယခဏ်း

(၄၉၇) ဤသို့ လောင်းလှ၊ *စောဒေဝလျှင်၊ ဗြဟ္မာ့ နန်းဦး၊ ဘုံ*ကွန်းဖူးက၊ ကြံထူး ဆုံးဖြတ်၊ စိတ်တော်မှတ်၍့၊ အမြတ်ကိစ္စ၊ စရိယဖြင့်၊ နိက္ခမ္မမျိုး၊ နွယ်ရိုး စဉ်ကောင်း၊ မင့်းအပေါင်းနှိုက်၊ ရှစ်သောင်းကျော်လှည့်၊ လေးထောင် ပြည့်အောင်၊ ဆက်ပြည့် စရိယာ၊ ကျင့်လိုငှာဟု၊ ဗြဟ္မာတို့ဘုန်း၊ နေ*နှုန်း ထောင်မျှ၊ သာမကသား၊ မဂဓတိုင်းဖြစ်၊ ဂါမခေတ်ဖြင့်၊ နှစ်နှင့် သုံးဆ၊ ပမာဏသို့၊ ကာယ ကြီးကျယ်၊ တင့်တယ် ဥပပတ်၊ ရွှေကိုယ်မြတ်လျှင်၊ ပြသာဒ်ဘုံတွင်း၊ ပျော်ခင်း စံရာ၊ ကမလာသန်၊ ငွေဗိတာန်နှင့်၊ ဝေယန် ဥကင်၊ ကြာပလ္လင်ထက်၊ နေ့သွင် ထွန်းလျက်၊ စံ ငြိမ်သက်မှ၊ ဝန်းရှက် တင်ပျဉ်၊ သမ္ပဇဉ်တိ၊ ပညာ ရှေးယှိ၊ သတိ ပြဌာန်း၊ ဖြောင့်တန်းတန်းဖြင့်၊ ရွှေနန်း တည်ရာ၊ မိထိလာဝယ်၊ တောင်ညာ မကိုဋ်၊ ဝမ်းကြာတိုက်သို့၊ မျှော်စိုက် စိတ်သန်၊ နိမိတ် ဘန်၍့၊ မလွန်သည့်ထက်၊ ငါ့အသက်ဟု၊ ရွှေမျက်တောင် မှိတ်၊ အောင့်သည့်စိတ်ဖြင့်၊ အဓိဋ္ဌာန်မှု၊ ဆောက်တည်ပြုလျက်၊ အာယု ကမ္ဘာ၊ ကပ် ငါးရာလုံး၊ ဗြဟ္မာသက်ကြွင်း၊ များဘိခြင်းကို၊ အလျှင်း မတပ်၊ ဘုံ ဝေဟပ်မှ၊ မြေရပ် လူ့ရွာ၊ စုတိလာသည်။။ လျင်စွာ *ချက်ဖြုတ် မဆိုင်းတည်း။ (၁)

(၄၉၈) ဗောဓိသတ္တ၊ ဗျာဒိတ်ရတို့၊ ဒေဝ ဗြဟ္မာ၊ သက်ရှည်ရာနှိုက်၊ ဖြစ်ပါတုံလည်း၊ ဤသို့ချည်းပင်၊ *ပေါပည်း များထူ၊ ဒိဋ္ဌိဟူသည်၊ စွဲးယူ လွန်ပြင်း၊ လူပြိန်းပျင်းသို့၊ *စင်းလျင်း မရွေ့၊ မေ့ကြီးမေ့လျက်၊ ရိုးတွေ့ ခွေးငတ်၊ *ခြေချွတ်ခဲးစွာ၊ ယူ မိစ္ဆာဖြင့်၊ ဗြဟ္မာနတ်စစ်၊ စည်းစိမ်ယစ်၍့၊ သက်ဆစ် သက်ပိုင်း၊ ရှည်တိုင်း စိမ်တွယ်၊ မစံပယ်ဘူး၊ အတန်ငယ်ရွေ့၊ ခံစား၍့တိ၊ စုတေ့ လူ့ရပ်၊ ကပ်ကြ မှန်စွာ၊ ဓမ္မတာတိုင်း၊ ဤကမ္ဘာတွင်း ဖြစ်ခြင်း များစွာ၊ ဗြဟ္မာ့တို့ရွာနှိုက်၊ မဟာသတ္တ၊ ဘုရာ့းဆုတောင်း၊ *လျာပွင့်လောင်းတို့၊ အသောင်း အသိန်း၊ ကိန်းမျှ မမြင်၊ ဖြစ်ပါကျင်လျက်၊ လူ့ခွင် လူ့ရွာ၊ သက်လာကုန်ကြ၊ စရိယနှင့်၊ ပဉ္စပရိစ္စာ၊ ကျင့်လိုငှာဖြင့်၊ ငါးရာ မက၊ ဇာတ်တော်ရအောင်၊ ဘဝ ယုတ်-မြတ်၊ ဖြစ်လတ်သည်လည်း၊ ဤသို့နည်းတည့်၊ နှုတ်ချည်း ပြေရုံ၊ ဆိုပါတုံလည်း၊ မယုံတို့+ချေ၊ ရှင့်နှုတ်ဖြေဟု၊ ဆင်+ခြေ ထပ်လောင်း၊ သက်သေ တောင်း၍့၊ အကြောင်း စုစီ၊ စုဒ်-စော မှီသော်၊ ဒဠှီ ဉာပက၊ တေနာဟနှင့်၊ တေန ဝုတ္တံ၊ ပိုဒ်ခံ *ခိုင်ကျန်း၊ လက်ရုံးတန်းဖြင့်၊ ရိုက်မွှန်း*သံပ၊ မောင်းချီကြွလျက်၊ အတ္ထသမ္ဗန်၊ ပြညွှန် ထင်စွာ၊ ထုတ်လေပါတည့်၊ ငါသာ မဟုတ်၊ *မှုတ်လော့ ထို့ကြောင့်၊ သိကြောင်း ဖြောင့်ပိမ့်၊ မထောင့် ပါဠိ၊ ပါဌ် စုဏ္ဏိဖြင့်၊ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ၊ သေချာ ကမ္ပည်း၊ နှုတ်တော် တည်း၏၊ သိမ်းဆည်း ကိုယ်-နှုတ်၊ သိက္ခာပုဒ်နှင့်၊ မယုတ် မလွန်၊ အကျင့် *မွန်သား၊ သီလဝန္တ၊ ဟူသမျှတို့၊ တောင့်တ လိုရာ၊ ပြည့်မြဲးသာဟု၊ မြတ်စွာ ရှင်*စော၊ မိန့်ဟော ထင်ရှား၊ မြွက်ဘော်ကြားသည်။။ တရား ရွှေစာ ကသိုဏ်းတည်း။ (၂)

(၄၉၉) လောင်းတော် မဃ၊ ဒေဝ မဟာ၊ သူမြတ်စွာလည်း၊ ဗြဟ္မာနတ်စစ်၊ အဖြစ် ဝင်းဝင်း၊ ဘုံက ဆင်းမှ၊ မိမင်း ကြာခန်း၊ စံမြန်း သိမ်မွေ့၊ လ,စေ့ သန့်စင်၊ *မီးရှူးမြင်သော်၊ ဘခင် လူမှူး၊ သားတော်ဦးအား၊ အထူးသဖြင့်၊ ရွှေဉာဏ် ချင့်လျက်၊ ''ရပ်မြင့် ဒီဃ၊ ဣတ္ထိယတို့၊ တိုက်ထ ရင်နို့၊ သောက်စို့ သူငယ်၊ မော့ကယ်ကယ်နှင့်၊ လည်သွယ် ရှည်မျော၊ အပြစ်*ပြော၏၊ ပုသောသူမှာ၊ လည်တိုရာလျက်၊ လွန်စွာ ကြုံလည်း၊ နာကျည်း ငယ်သူ၊ *ဆူသော် ဆွံ့တတ်၊ သားမြတ်ရှည်မိ၊ နှာခေါင်းပိရှင့်၊ မည်းဘိမိန်းမ၊ ဧးစွ နို့ဟူ၊ အလွန်ဖြူက၊ ပူ၏့ မှတ်ရိုး၊ ချောင်းဆိုး နို့ရည်၊ ချဉ်သည် တသီး၊ ကုတ်ဟီး စပ်ရှား၊ အပြစ်များကို၊ ပယ်ရှားပြီးလျှင်၊ တော်မဝင်ဘဲး၊ ပြစ်စင် လေးငြိမ့်၊ နို့ ချိုဆိမ့်သား၊ နှစ်သိမ့်ဘွယ်စု၊ ရွှေချိုးဥသို့၊ စတုသဋ္ဌိ၊ ဂုဏိ သင်္ချာ၊ လက္ခဏာဖြင့်၊'' ကလျာ ယဉ်အိ၊ မျိုးဇာတိနှင့်၊ ဣတ္ထိဟူထ၊ ဓာတိယတို့၊ နှစ်ရာ့လေးကျိပ်၊ ရွှေနန်းရိပ်ဝယ်၊ ပြည့်သိပ် များစွာ၊ လက် မကွာလျှင်၊ မချာ ည-နေ့၊ မငြီးငွေ့ဘဲး၊ ပိုက်ပွေ့ ကိုယ်စီ၊ တနာရီတွင်၊ လေးလီ ပါဒ်ရ၊ လေးယောက်ကျတိ၊ *ယုယ သိမ်းမွေး၊ နို့ထိန်း ရွေးသည်။။ နတ်သွေး ရောင်လှ ရွယ်ကျိုင်းတည်း။ (၃)

(၅၀၀) ဤသို့ မနှေး၊ နို့ထိန်း ရွေးမှ၊ တရေး ထို့ပြင်၊ မီးရှူး မြင်ပြီး၊ ရက်လျှင် သတ္တ၊ လည်က မရွေ့၊ နန္ဒာနေ့နှိုက်၊ ကောင်းမြေ့ ငြာကြော်၊ ဇမ္ဗူကျော်အောင်၊ အဟော်ဝတ၊ ပုညနိသင်၊ ဘုန်းကျိုးအင်ဖြင့်၊ ရွှေစင် မြသား၊ ပတ္တမြားက၊ ဘိုးများ ရတနာ၊ ပရိဝါနှင့်၊ ဇာနည် ဆင်-မြင်း၊ ကျွန်သင်း ကျေးမက်၊ ရွှေယွန်းထက်တွင်၊ ရွှေအက္ခရာ၊ တင်ကာ *ပြဲ့ပြဲ့၊ လက်တော် ဖွဲ့သား၊ ပေါင်းဘွဲ့ သိမ်းကျုံး၊ ရေ မဆုံးတိ၊ ရှေးထုံး ရှေးစံ၊ နန်းကြီးယံဝယ်၊ စီမံ ကျင်းပ၊ မိုးကြယ် ကျသို့၊ *ဖြင်မျှ အုတ်အော်၊ ဆွေတော် မျိုးစုံ၊ မှူးပုံ မတ်ပေါင်း၊ ခဝပ်*ညောင်း၍့၊ ရှစ်သောင်း လွန်ကျော်၊ ကတော် မောင်းမ၊ *ရံ ဖြဖြနှင့်၊ အလှ နတ်တူ၊ ရွရွဦသည်၊ နန်းသူ ရွယ်နု၊ ရွေတစုတို့၊ *ရတု သံညင်း၊ နားတော်သွင်းက၊ *ဧးချင်း *လူးတား၊ တင်လျှောက်ကြားလျက်၊ ကိုးပါး နဝရတ်၊ မျက်ခတ် ပြိုးပြောင်၊ မီ့းနှယ် လောင်မျှ၊ ကိုးရောင် ထိန်လက်၊ စိန်ပုခက်နှိုက်၊ တင်ဆက် ကြည်နူး၊ ဖျော်ကြ ကျူးသည်။။ ရှေးဦးမင်္ဂလာ ကရိုဏ်းတည်း။ (၄)

(၅၀၁) ရှေးဦး အစ၊ ပထမတိ၊ နတ်သဘန် ရင်၊ စိန်ဧးယင်ထက်၊ ဆက်တင် မြှောက်ခြီး၊ နန်းစဉ် မှီးလျက်၊ မျှို့ကြီးကိစ္စ၊ ဒေါသမင်္ဂလာ၊ ပြုပြီးစွာမှ၊ တရာ ရက်ပေါင်း၊ စေ့ပြန်ရှောင်း၍့၊ နေ့ကောင်း ရက်သာ၊ ဓမ္မတာဖြင့်၊ ဘဒြာ တိထီ၊ ခါညီ ထုံးစံ၊ *အနှုန်း ခံလျက်၊ နာမံ ကရဏ၊ မည်တော်သသည့်၊ နေ့ကျလတ်သော်၊ ခမည်းတော်လျှင်၊ အကျော် ပဏ္ဍိတ်၊ ပုရောဟိတ်များ၊ ဂုဏ်*မြောက်မြားသည့်၊ ပုဏ္ဏားတို့ကို၊ မေးမိန့်ဆိုက၊ ထိုပုရောဟိတ်၊ ပဏ္ဍိတ် ထင်ရှား၊ ဗြဟ္မာ့သားတို့၊ ပိုင်းခြား ကုန်စင်၊ ရှုဆင်ခြင်၍့၊ သိမြင် ဉာဏ၊ တင်ကြောင်း စ,ကား၊ *မဆွ ကမ္ဘာ၊ တည်ဦးစွာနှိုက်၊ ဗြဟ္မာဘုရား၊ ရုံးက ဘွား၍့၊ လေးပါး မျိုးတွင်၊ တန်းခိုး ထင်သည်၊ ဘုရင် ထွတ်ဖျား၊ ကျင့်ဆယ်ပါးနှင့်၊ တရားမင်းမြတ်၊ လောကနတ်၏့၊ သည်းပွတ်တော်ဦး၊ သားတော်ထူးကား၊ ထွတ်ဖူး ဗြဟ္မာ၊ ဘုံက လာ၍့၊ မဟာမဃ၊ ဒေဝ မင်းကျော်၊ ဘေးလောင်းတော်သည်၊ ရှုမြော် အဖြောင့်၊ နွယ်တော် စောင့်လျက်၊ ရှစ်သောင့်းလေးထောင်၊ မပြည့်ယောင်ဟု၊ ပြည့်အောင် ဆက်လက်၊ အကွပ် ပတ်သို့၊ အမြတ်ကိစ္စ၊ ဝိသိဋ္ဌဖြင့်၊ နိက္ခမ္မမျိုး၊ မင်းစိုး ကျင့်ဟောင်း၊ အကျင့်ကောင်းကို၊ ပြည့်ကြောင်း လုံးစုံ၊ ရှေး-နှောင်း ခြုံ၍့၊ ဗြဟ္မာစရိယာ၊ ကျင့်လိုငှာလျှင်၊ မှန်စွာ မချွတ်၊ ဖြစ်သတတ်တည့်၊ ပြတ်၏့ နောက်ဆက်၊ တောမထွက်ပြီ၊ သည့်ထက် မလွန်၊ ရှင့်သား*မွန်သာ၊ ဆုံးစွန် ဆတ်ဆတ်၊ တောထွက်လတ်လိမ့်၊ မင်းမြတ် ဘုန်းလူ၊ မှတ်တော်မူဟု၊ အယူ မပြောင်း၊ ရိုညွတ်ပျောင်းလျက်၊ တချောင်း လက်ညှိုး၊ ထိုး၍့ မုချ၊ တင်ကုန်ကြသည်။။ ဒိဗ္ဗနတ်စက် တနှိုင်းတည်း။ (၅)

(၅၀၂) ဟုတ်တိုင်း အမြင်၊ ဉာဏ် ဆင်ခြင်၍့၊ အထင် အရှား၊ ပုဏ္ဏား ပုရောဟိတ်၊ ပဏ္ဍိတ် ဗြဟ္မာ၊ မင်းဆရာတို့၊ ပညာခေါင်ထိ၊ နတ်မျက်စိသို့၊ သိသည့်အရ၊ တင်လျှောက်ကြသော်၊ မွေးဘ မဟာ၊ မင်းရာဇာကား၊ လွန်စွာ ကဲးမောက်၊ ဝမ်းတော် မြောက်၍့၊ *လင်းပြောက် *ပြည့်လျှမ်း၊ နန်းပြင် ကြမ်းဝယ်၊ တင်းကျမ်း ထွေထွေ၊ တခဲးတွေအောင်၊ မရေတွက်အား၊ ဆင်ဝတ်စားနှင့်၊ ဘိုးများ တန်းဆာ၊ ခါသာ ပိတ်အုပ်၊ အထုပ် အထက်၊ *ရွှေလျှက် ငွေလျှက်၊ တလက်လက်တိ၊ အခွက် အထည်၊ အခြည် အကွင်း၊ ကျွန်သင်းပင်းက၊ ဆင်-မြင်း မြို့-ရွာ၊ ဆောက်နှင်းကာလျှင်၊ ခြင်းရာ ကြောင်းလျား၊ သို့ဖြစ်ငြားမူ၊ ငါ့သား မင်းလှ၊ ကုမာရအား၊ နွတ္ထဟူသည်၊ နာမ်ထူးလည်ဖြင့်၊ အမည်ကို ဆန်၊ နေရပ်ပြန်ဟု၊ ဝေဒန္တဂူ၊ ကဝိလူတို့၊ မှတ်ယူ ပိုင်းခြား၊ ဆိုးစကားတိုင်း၊ ရထား မင်းစီး၊ ရွှေလှည်းဘီး၏့၊ ညီးညီး ရောင်တောက်၊ ရွှေကန့်ထောက်ကို၊ မချောက် မချား၊ ထိန်းသော့အားဖြင့်၊ အခြား မထင်၊ ဝန်းကျင် ဘွဲ့ဆိုင်း၊ ဝိုင်း၍့ စေ့စပ်၊ ရွှေအကွပ်နှင့်၊ နှိုင်းအပ်တုံဘိ၊ ပဝတ္တိကြောင့်၊ နိမိကုမာ၊ ရွှေနန်း*လျာဟု၊ လူ့ရွာ နတ်မြေ၊ ထင်ရှားစေအောင်၊ *နှုတ်ရွေမင်္ဂလာ၊ မိန့် ဩဘာဖြင့်၊ သညာ ပျံ့မွှေး၊ မည်တော်ပေး၏၊ ရွှေသွေး ဆင်းဝါ၊ ကြီးပညာနှင့်၊ သမ္ဘာ ဖွံ့ထွား၊ လောင်းမင်းသားလည်း၊ တရား မခွ၊ ငယ်စဉ်ကပင်၊ ဒါန သီလ၊ အဋ္ဌင်္ဂကို၊ လုံ့လ မွေ့လျော်၊ ရွှေစိတ်ပျော်၍့၊ ဘုန်းတော် တန်းခိုး၊ ရွေ့ရွေ့ တိုးသည်။။ လူမျိုး ကြည်ညို ညွတ်ကိုင်းတည်း။ (၆)

(၅၀၃) လူမျိုး ကြည်ညို၊ လောင်းမင်းပျိုလည်း၊ ရွှေကိုယ် နုနယ်၊ မင်းသားရွယ်ဖြင့်၊ စလွယ် ရွှေစစ်၊ ဆဲ့နှစ် ဆဲ့ငါး၊ ဆင် ပျော်ပါး၍့၊ ကစား မြူးယစ်၊ ရွှေဦးသစ်သို့၊ ရှစ်သောင့်းလေးထောင်၊ စံပြီး နောင်မှ၊ ဘုန်းရောင် *ကွန့်ဖြာ၊ ဥပရာဟု၊ နန်း*လျာ အစစ်၊ *အိမ်ရှေ့ဖြစ်လည်း၊ ရှစ်သောင့်းလေးထောင်၊ လွန်အောင် နှစ်ပေါင်း၊ ကြာခဲ့ရှောင်းပြီး၊ ရှစ်သောင်းကျော်ဆောင်၊ မင်းမျာ့း နောင်တွင်၊ *ရွှေတောင် *ဖြိုးမောက်၊ ရွှေ*ကွန်းပြောက်ထက်၊ မပျောက် မင်းကျင့်၊ စိုးစံတင့်လျက်၊ ပယ်လွှင့် ရန်မျိုး၊ ဘုန်းရှိန်မိုးသား၊ တန်းခိုး ဝှန်ခြောင်း၊ ဘ,မင်းကောင်းလျှင်၊ တချောင်း ဆံဖြူ၊ မြင်တော်မူ၍့၊ အယူ မပျက်၊ ရွှေနန်းထက်က၊ တောထွက်သမှု၊ ရဟန်းပြုသော်၊ ကြီးထု ရိပ်ငြိမ်၊ နန်းရွှေအိမ်နှင့်၊ စည်းစိမ် နတ်စစ်၊ မင်းလျှင်ဖြစ်၍့၊ အနှစ် ရှည်ဝေး၊ လွန်လေ ရှေးက၊ ရှစ် လေးထောင် မြှောက်၊ အာဒိမြောက်သား၊ ဘုန်းတောက် မင်းကျော်၊ ရွှေနန်းပျော်သည့်၊ ဘေးတော် မဃ၊ လောင်းဒေဝထက်၊ နှစ်ဆ ဂုဏ်သာ၊ များစွာ ဆက်ဆက်၊ မင်းတို့ထက်ကား၊ မရေတွက်ကောင်း၊ ဂုဏ်ပေါင်း အများ၊ လွန်*မြောက်မြား၏၊ တံခါး လေးသွယ်၊ မြို့လယ် ချက်မ၊ ငါးဌာနနှိုက်၊ ဧရာ့မဏ္ဍပ်၊ ရွှေထွတ်တပ်၍့၊ ရပ်ရှစ်မျက်နှာ၊ လူ*တကာအား၊ လိုရာ လိုရာ၊ စား အစာနှင့်၊ ရတနာ ခုနစ်မျိုး၊ *ရှောက်ရွာမိုးလျှင်၊ သွန်ကြိုး သည်းစွာ၊ ဖြိုးဖြိုး ရွာသို့၊ ရောက်လာသရွေ့၊ မကျန်စေ့အောင်၊ စွန့်လေ့ ခန့်ကျိန်း၊ ဂဏာန်းကိန်းသည်။။ ငါးသိန်း သပြာ၊ နေ့တိုင်းတည်း။ (ရ)

(၅၀၄) ဗောဓိဉာဏ်ခိုင်၊ တပင်တိုင်ဖြင့်၊ လက်ကိုင် မလွဲး၊ အာဂုံ မြဲးလျက်၊ ရဲးရဲး ထွန်း*စည့်၊ ရွှမ်းရွှမ်းပြည့်သည့်၊ ရွမ်းမှည့် သမ္ဘာ၊ လောင်းရာဇာကား၊ ဒယာ မေတ္တာ၊ ကရုဏာဖြင့်၊ သတ္တဝါအများ၊ ပြည်သူ့အားလျှင်၊ ယူမှား သန့်ရှင်း၊ ပါယ်ရွာ ကင်း၍့၊ အဆင်း စသည်၊ ငါးမည် အာရုံ၊ ပြည့်စုံ အချိ၊ ပျော်ဘွယ် ယှိသား၊ ဟရိ ဟရာ၊ ဗြဟ္မာမည်ငြား၊ နတ်သုံးပါးတို့၊ ပျော်ပါး စံကြ၊ တိဒိဝဟု၊ သဂ္ဂလောကာ၊ ဝတိံသာဝယ်၊ ချမ်းသာ တုကင်း၊ ရံရွေသင်းနှင့်၊ ကြီးမင်း ရိပ်ငြိမ်၊ နတ်စည်းစိမ်နှိုက်၊ မွေ့သိမ် နောင်လာ၊ စံစိမ့်ငှာလျှင်၊ သာယာ နှုတ်ချို၊ ဆုံးမ ဆို၏၊ ထိုထိုဌာန၊ ဒေသ ရပ်ရွာ၊ ရှစ်မျက်နှာက၊ သွား-လာ *ပုံယင်၊ များ လူ-ရှင်တို့၊ ခိုဝင် နေ-နား၊ သုံးစား ချို-ချဉ်၊ ဥယျာဉ်ရိပ်ကြီး၊ *ကြောင်းပါးနီးဝယ်၊ သစ်သီးအရာမ်၊ ပန်းအရာမ်နှင့်၊ တင့်စံ သာမော၊ သီး-ပွင့်တောကို၊ မနော ရွှင်ဖြိုး၊ သဒ္ဓါ နှိုး၍့၊ စိုက်ပျိုးကုန်မင်း၊ ပေါ့မပျင်းလင့်၊ သွားခင်း လာတာ၊ သာယာ လမ်းပန်း၊ ဘို့-ညှိဖျန်းလျက်၊ *စောင်းရန်း လုလင်၊ မစင် ညစ်ကြေး၊ ရွှံ့-ညွန်စေးကို၊ ပယ်ဝေး သန့်ရှင်း၊ သုတ်သင် လျှင်းလော့၊ ရေတွင်း ရေကန်၊ သောက်ရန် လမ်းတွင်၊ ရေအိုးစင်က၊ ထို့ပြင် တခြား၊ *တံတား မဏ္ဍပ်၊ စရပ် တန်ဆောင်း၊ ကျောင်း အာဝါသာ၊ ကိန်းဝပ်ရာတည့်၊ သဒါ ဝဍ္ဎန၊ ထာဝရဟု၊ ပုညခေါ်ရိုး၊ ကုသိုလ်မျိုးလည်း၊ အားကြိုးကြရာ၊ ဝေးရပ်ရွာက၊ ရောက်လာ ဧည့်သည်၊ အတည်တည်နှင့်၊ မထေရ် ရဟန်း၊ သင်္ကန်း ခြုံဝတ်၊ သူမြတ်တို့ကို၊ ခရီး *ဆို၍့၊ ဆီးကြို ဆောင်-ပင့်၊ အသင့် ဌာန၊ နေရာ ချလျက်၊ ဖြဖြ ညီညွတ်၊ ပြုဝတ် ပျူငှာ၊ မြဲး မကွာသည်။။ လိမ္မာ ကိုယ်ဘို့ မရိုင်းတည်း။ (၈)

(၅၀၅) 'လိမ္မာအလို၊ ကိုယ်ဘို့ကိုတိ၊ ကုသိုလ်အမျိုး၊ နောင်အကျိုးဟု၊ အားကြိုးအပ်စွာ၊ မပျင်း+ရာဘူး၊ ဓမ္မိ+ယာလဒ္ဓ၊ ပစ္စယဖြင့်၊ အန္န ပါန၊ စသည် ရေ-စာ၊ ရခဲးရာသား၊ ချိန်ခါ ကာလ၊ ရပ်ဒေသနှိုက်၊ အဂ္ဂ ပရမတ်၊ ပုဂ္ဂိုလ်မြတ်အား၊ စွန့်*လွှတ် သဒ္ဓါ၊ လှူရပါသော်၊ ဝမ်းသာ သောမနသ်၊ ဖြစ်တုံလတ်၍့၊ ဥက္ကဌ် ဖလ၊ ကျိုးထူး ရ၏၊'' ''အပ္ပဝတ္ထု၊ မရှုတို့ရာ၊ နည်းမျှသာလည်း၊ တယာ ကွမ်း-ဆေး၊ ရေဧး တခွက်၊ ဆီ တစက်နှင့်၊ လဘက် တရိုး၊ ကြံ တချိုးမျှ၊ မြတ်နိုး ကြည်ဖြူ၊ ဒါသဟူသည်၊ အလှူ ကောင်းမှု၊ ရရာ ပြုလော့၊'' *လှုလှု ရွှင်လန်း၊ ဆွမ်း-ပန်း ဘောဇဉ်၊ ချို-ချဉ် ထူးကွဲး၊ *စမဲး ဟင်းလျာ၊ ယမကာ အဖျော်၊ တရော် ဖက်သက်၊ သရက် တလုံး၊ ပန်းကုံး တခွေ၊ မလွတ်စေနှင့်၊'' 'သပြေ နှရွဲး၊ ပိန္နဲး သစ်သီး၊ ဆေးမျိုးပြီးသား၊ ချင်းဖီး ငရုတ်၊ တိကဋုက်တိ၊ လက်ထုတ် ကရဝေး၊ ဘယဆေးပါ၊ တောင်ဝှေး လက်ကိုင်၊ တတိုင် ဖယောင်း၊ နံ့သာ+ပျောင်းက၊ လူး+ပြောင်းနှင့် ဆပ်၊ ပိစပ် ပဲးမျိုး၊ အင်အိုး အိမ်ဗူး၊ မီးမယ်ဖျူးနှင့်၊ သင်ဖြူး သင်+ဖျာ၊ အဖြာ+ဖြာတည့်၊ အာဝါသထ၊ ချမ်းမြ ရိပ်ကြည်၊ ဧည့်သည် တင်ကုပ်၊ ဆောက်လုပ်သော့အား၊ ပြင်ထား နေ့စပ်၊ ကွမ်းကလပ်နှင့်၊ ကွမ်းကပ် ကွမ်းသို၊ ရေချို ရေဧး၊ ရေနွေး ရေကျက်၊ သောက်ခွက် *ကျည်-တဲး၊ တင့်ကဲး ရောင်လျှံ၊ ထွေးခံ *ပြတို့၊ အစို့စို့လည်း၊ မချို့စေမှု၊ ဝတ်တည်ပြုလော့၊'' ''ဝတ္ထု နည်း-များ၊ မဟူငြားနှင့်၊ *ဒေါမား *ဘောင်းကန်၊ *ဖျဉ်းအိုးတန်ကို၊ ဘွင့်လှန်ထားမြောက်၊ ဆီးရေပေါက်သို့၊ ကျရောက်များကာ၊ ပြည့်တတ်စွာ၏၊'' တဖြာ ထိုမှ၊ ''မနုဿဟု၊ ဘဝ အိမ်ထောင်၊ လူတို့ဘောင်တွင်၊ ညောင်ဗုဒ္ဓဟေ၊ စိုက်လေ တမာ၊ တပင်သာနှင့်၊ မွှေးစွာ ပျံ့ရှား၊ စကားနှစ်ပင်၊ ထို့ပြင် ကံ့ကော်၊ စိုက်သော် မခွ၊ သုံးပင်မျှရှင့်၊ ထိုမှ တချက်၊ သရက် ပဉ္စ၊ သတ္တ ဥသျှစ်၊ ထန်း-ပေ ရှစ်တည့်၊ စင်စစ် မှန်လှ၊ ဤရွေ့မျှဖြင့်၊ စိုက်ရသသူ၊ ထိုသည့်လူကား၊ နောက်မူ အမြဲး၊ ဘဝ လွဲးသော်၊ ငရဲး မုချ၊ မကျနိုင်ရာ၊ မချွတ်စွာဟု၊ ကျမ်းလာ အမှန်၊ ဟောပြညွှန်သည်။။ ပူရာဏ်ဇောတိ သံပိုင်းတည်း။'' (၉)

(၅၀၆) ရှေးခါ ကတိ၊ ကဿပမြတ်စွာ၊ သာသနာဝယ်၊ သင်္ဃာတပါး၊ ထေရ် ဘုရားကို၊ ပိုင်းခြား မှတ်ရည်၊ တထည် သင်္ကန်း၊ လှူဒါန်းခဲ့ရ၊ မိမယ်လှနှင့်၊ ထိုမှ ရောင်ညီး၊ သဖန်းသီးမှည့်၊ အင်ပြည့် နှစ်သက်၊ ကြံရွက် တထမ်း၊ နို့ဓမ်း တမြူ၊ ကပ်လှူရစွာ၊ စေတီသာဝယ်၊ ဂန္ဓာထုံလှောင်း၊ နံ့သာပျောင်းကို၊ ငါးချောင်း လက်ျာ၊ ရိုက်ကာ ပူဇော်၊ ရှစ်ဘော် မယုတ်၊ ဥပုသ် စောင့်သီး၊ နေနီး ချိန်ခါ၊ ကြွလာ ရောက်ငြား၊ ရှင်တပါးအား၊ စိတ်ထား ရွှင်လန်း၊ ဆွမ်းပန်း လှူထ၊ ယောက္ခမအိမ့်ရှင်၊ မိမိလင်ကို၊ ဦးတင် မြတ်လေး၊ လုပ်ကျွေး တုပ်ကွ၊ သူ့ကျွန်မလျက်၊ ဒါန ချို့-ယုတ်၊ ကိုယ်နှုတ် နှလုံး၊ စောင့်သုံး သိမ်မွေ့၊ အိမ်ရှေ့ တရံ၊ ဆွမ်းခံ ကြွသွား၊ အရှင့်အားလျှင်၊ နွားနို့ဆွမ်းလှူ၊ နေပူကျဲးကျဲး၊ ရည်တင်လဲးကို၊ စွန့်ကြဲး စာဂ၊ သောမနနှင့်၊ ကပ်ရတုံရှောင်း၊ တချောင်း ကြံပင်၊ ထို့ပြင် တုံပြီး၊ တည်သီး မှည့်ရွှန်း၊ သင်္ကန်းဆိုးအပ်၊ တောက်ရပ် တစည်း၊ အနည်းမျှသာ၊ လွန်စွာ မများ၊ သခွါး ချိုမြက်၊ ဖက်သက် ချိုမွှန်း၊ နွယ်ငန်း ချိုမော၊ ရရာ ဩဟု၊ သဘော ကြည်နူး၊ ကပ်လှူဖူးနှင့်၊ မယ်ဖျူး မီးဖို၊ ထိုပြီ တချက်၊ ဟင်းရွက် တမြှုပ်၊ ပန်း တဆုပ်မျှ၊ ပူချုပ်ရောဂါ၊ ထေရ်မြတ်စွာအား၊ ပဒုမ္မာကြာစွယ်၊ တစည်းငယ်ဖြင့်၊ အကယ် လှူခြင်း၊ ခံတွင်း နှုတ်သာ၊ တမာ တခက်၊ တခွက် ဟင်းချို၊ ကြည်ညို ရွှင်နှစ်၊ လုပ် ပြေပြစ်သား၊ နှမ်းပျစ် ကြိုင်သင်း၊ ကောင်းညှင်းပေါင်းဟူ၊ တမူ တင့်ဆန်း၊ သက်တင်ရန်းသို့၊ ခါးဗန်းကြိုးသွယ်၊ ရုံသွယ် တသီး၊ ချွေးနှီး အံသကိုဋ်၊ ကိုယ်နှိုက် ဘွဲ့နှောင်၊ သွယ်မြောင် ရှည်မျော၊ အာယောဂပတ်၊ တာလပတ်နှင့်၊ ခပ်သည့် ယင်ယပ်၊ ဒေါင်းမြီးယပ်က၊ ဘိနပ် ထီးပါ၊ ရသာအကျော်၊ ကြိုင်သင်းလှော်သား၊ မုံ့ကြော် မုံ့ပေါင်း၊ ချိုတောင်း သကာ၊ နည်းမျှသာလည်း၊ ရရာ ရရာ၊ တန်ရုံသာမျှ၊ စေတနာ လွန်ကြီး၊ ကုသိုလ် *ဖြီး၍့၊ နတ်သမီးစစ်၊ ဖြစ်ကြ မိုးယံ၊ သိကြာ့းထံဝယ်၊ ခြံရံ ရှေ့-နောက်၊ သုံးကျိပ်မြောက်သည့်၊ တယောက် တထောင်၊ ခြွေရွေ ဆောင်လျက်၊ ခုတောင် စံယှိ၊ ကိုယ်တိုင် သိ၍့၊ ဂုတ္တိဆရာ၊ နတ်တို့ရွာက၊ ပြန်လာ ဟောထား၊ ထင်ရှား ဌုပ္ပတ်၊ ထိုသည့်ဇာတ်ကို၊ ယူမှတ် အထူး၊ မကြားဘူးလော့၊ ကျေးဇူး လွန်*ဖြိုး၊ ကုသိုလ်မျိုးသည်။။ ထက်မိုး နတ်ရွာ ပြည့်လှိုင်းတည်း။ (၁၀)

(၅၀၇) 'ယေ ဂဟဋ္ဌာ၊ ပုညကရာ၊ အစဖြာသား၊ ဂါထာအရ၊ သင်္ကန်း စသည်၊ ဒါနကောင်းမှု၊ လှူဝတ္ထုကို၊ ပေးပြု တဖြာ၊ သရဏာဂုံ၊ မြတ်သုံးစုံကို၊ ထုံသည် တဝ၊ ပဉ္စ အဋ္ဌ၊ ဒသင်္ဂဟု၊ နိစ္စ ဒိဝသ၊ နိယမဖြင့်၊ သီလစောင့်ခြင်း၊ မကင်း တပါး၊ တရားညီစွာ၊ ဓမ္မိယာဖြင့်၊ အိမ်ရာထောင်ငြား၊ သားမယားမှု၊ မွေးပြု ဖြောင့်မှန်၊ ဤလေးတန်နှင့်၊ ဘောက်ပြန်မသွေ၊ လူ့ဘုံနေကို၊ မဟေသက္က၊ ဒေဝထွတ်ဖျား၊ သိကြားနတ်ကျော်၊ မြင်းမိုရ်ပေါ်က၊ *ကော်ရော် ဦးခိုက်၊ ပူဇော်ထိုက်ဟု၊ ကျမ်းနှိုက် ထင်ရှား၊ ဟောမိန့်ထား၏၊'' တပါး လှူမျှ၊ ဝိသေသတည့်၊ ''အန္နဒါန၊ ဟာရကြည်ဖြူ၊ ဆွမ်းအလှူဖြင့်၊ သက်ထို အာယု၊ မန္ဓာတုသို့၊ ရှည်မှု *လွှံ့ပေါ်၊ သက်တမ်း ကျော်၏၊'' တဘော် ဆင်မြန်း၊ ''ဝတ်သင်္ကန်းကို၊ လှူဒါန်းသည့်သူ၊ အဆင်းလှူတည့်၊ နတ်လူတို့ဘောင်၊ ဖြစ်တိုင်း နောင်ဝယ်၊ အခေါင် ဦးစွန်း၊ ကိုယ်ရောင် ထွန်း၍့၊ *တုကျွန်း လွတ်ကွာ၊ မယ်ဥမ္မာနှင့်၊ ပဘာဝတီ၊ နတ်*တပြီသို့၊ အညီ *နှိုင်းရှိ၊ လှခေါင်ထိလိမ့်၊'' ''ဆီမီ့းအလှူ၊ မျက်စိဟူရှင့်၊ ယာဉ်မူ လှူသီး၊ ချမ်းသာ ကြီး၏၊ ခိုမှီး အာဝါ၊ သာယာ ရိမ်ချမ်း၊ ကျောင်း*င်္ခမ်းကား၊ ဆုံးကမ်း မယှိ၊ ကြီးဘိ ကျိုးရပ်၊ နိဗ္ဗာန်ခပ်အောင်၊ မဟပ္ဖလံ၊ *ရှပ်ရဗံတည့်၊ *နက်တံ သာရ၊ နုသာသဖြင့်၊ ဓမ္မတရား၊ သူတပါးအား၊ ဟောကြား ပြသ၊ ဆုံးမတတ်သူ၊ အမြိုက်ဟူသည်၊ အလှူ မျာ့းမင်း၊ အခေါင် ချင်းဟု၊ ကျမ်းရင်း ဓမ္မစက်၊ မိန့်တော် ထွက်သည်။။ တုဘက်မစံ၊ မခိုင်းတည်း။ (၁၁)

(၅၀၈) 'လူ့ရွာနှိုက်ပေ၊ သက် မသေခင်၊ အမွေ ယာ-လယ်၊ ချ ကြွေးဆယ်နှင့်၊ ရောင်း-ဝယ် ရင်းနှီး၊ လွန် ပွားစီးအောင်၊ ရှာမှီးသမှု၊ လုံ့လပြု၍့၊ ရစု ဆောင်သယ်၊ ခြသဖွယ်သို့၊ *တိုက်စယ် *ကျီကြ၊ *ပုတ်ကတ် စသား၊ ထိုမျှ *ခပင်း၊ သိမ်းဆည်းခြင်းဖြင့်၊ မြေတွင်း မြှုပ်ထွေ၊ တခဲးတွေလျက်၊ ကုဋေ ကုဋာ၊ ရတနာလျင်၊ ဥစ္စာ*အကျိ၊ များစွာယှိလည်း၊ ယှိလှည့်စေကာ၊ *ကြမ္မာတရား၊ ကံကို ထား၍့၊ လက်ဝါး ဖွေးဖွေး၊ အမွေး မကပ်၊ မစပ် ကိုယ်မှာ၊ ရွေးသပြာနှင့်၊ ခပ်ပြာ ဆပ်ပြာ၊ စဖိုပြာမျှ၊ သေခါ မပါ၊ လက်ချည်းသာတည့်၊'' ''သံသရာခရီး၊ ကိုယ် ထီးထီးဖြင့်၊ ခါးဆီး ကိုယ်ဝတ်၊ ချွတ်၍့ ယူကာ၊ ထည့်တုံပါလည်း၊ မပါသွားရ၊ အပါယ်ကျ၍့၊ ဘဝ ယုတ်မာ၊ ဆင်းရဲးစွာလိမ့်၊'' ''လှူဒါ သီလ၊ ကိုယ်နှင့် မျှအောင်၊ လုံ့လ မယုတ်၊ *အားသွန်ထုတ်ဟု၊ အဟုတ် နောင်လာ၊ ခန္ဓာကိုယ်ဟောင်း၊ ဘဝပြောင်းသော်၊ သောင်းသောင်း ဝန်းအုံ၊ လူ-နတ်ဘုံဝယ်၊ အာရုံ ငါးဖြာ၊ များပဏ္ဏာနှင့်၊ ခံကာ ဆီးကြို၊ ရှေးက *ဆိုသို့၊ ကုသိုလ်အကျိုး၊ ဆွေမျိုးကောင်းမည်၊ စွဲးမှတ်တည်ဟု၊ သာကြည် ရွှေနှုတ်၊ *သွင်းမှုတ် နား-ပါး၊ လောင်းမင်းဖျားလျှင်၊ တရားဓမ္မ၊ နေ့-ည အစဉ်၊ ဟောပြ ယှဉ်၍့၊ *ပိုက်ယဉ် နယ၊ ဩဝါဒဖြင့်၊ ဆုံးမ မပျင်း၊ ဆင်ရိုင်း သွင်းသို့၊ *ယိုင်းပင်း ဆော်ညွှန်း၊ တိုက်တွန်း မိန့်ဆို၊ မကြည်ညိုလည်း၊ ကြည်ညိုစေမှု၊ မပြုလိုအား၊ ပြုစေငြားလျက်၊ ခံ့ညား လိုက်+နာ၊ လိုဘော်ပါအောင်၊ အာ+ဏာ ဓမ္မစက်၊ နှစ်ပါး ဘက်ပြီး၊ ရွှေလက်တော်ငင်၊ ဆွဲကာတင်သို့၊ အရှင် တဝ၊ မိ,ဘ တဖြာ၊ ဆရာ တမျိုး၊ ပြည်သူ့ကျိုးကို၊ အားကြိုး ကြည်ဖြူ၊ ဆောင်တော်မူ၍့၊ ဇမ္ဗူ ပတ်ကုံး၊ သောင်းရပ် ဆုံးတိ၊ ကျွန်းလုံး မကြွင်း၊ အာဏာ ချင်းလျက်၊ ရာစင်း *ဦးကိုင်၊ ထွတ်ဖူးတိုင်သည်။။ မဏ္ဍိုင် ဥက္ကဌ် *ဓိမိုင်းတည်း။'' (၁၂)

(၅၀၉) ဥက္ကဌ် မဏ္ဍိုင်၊ ထွတ်ဖူးတိုင်လျက်၊ *ဦးကိုင် ရာစင်း၊ ပြည်ပြည်မင်းတို့၊ မာန်တင်းမစောင်၊ ဘုန်းတော် အောင်၍့၊ လက်ဆောင် ရတနာ၊ သက်ပဏ္ဏာနှင့်၊ ကညာ ဆင်-မြင်း၊ ထံတော်ရင်းနှိုက်၊ နှံသွင်း မပျက်၊ ရွှေပန်း ဆက်ပြီး၊ ရွှေစက်တော်စုံ၊ ခ, ခိုလှုံ၏၊ စိုးခြုံ သိမ်းပိုက်၊ ပြည်ထောင်တိုက်အား၊ အမြိုက်ဒေသနာ၊ မိန့် ဩဝါဖြင့်၊ နတ်ရွာ ရောက်ဘို့၊ အကြောင်းတို့သာ၊ ကုသိုလ့်အရေး၊ ဆုံးမပေး၍့၊ ချမ်းအေး ကြည်လင်၊ လှူသဘင်နှင့်၊ ပျော်ရွှင် စံစား၊ လောင်းမင်းဖျားလည်း၊ လေးပါး ဗြဟ္မစိုရ်၊ မြတ်အလိုဖြင့်၊ သငြ်္ဂီုဟ် လေးဆင့်၊ မင်းကျင့် ဆယ်မျိုး၊ တရားရိုးကို၊ *ယိုးယိုး ယံ+ယံ၊ အသက် နှံ၍့၊ တ+ရံ မပြတ်၊ မချွတ် ဘယ်ခါ၊ ကျန်ရာ မယှိ၊ ကျင့်နိုင်ဘိကြောင့်၊ ဓမ္မိကနှင့်၊ ဓမ္မရာဇာ၊ မင်းမြတ်စွာဟု၊ ကြေညာသမိုက်၊ တသောင်း*တိုက်က၊ မကိုဋ်ရတနာ၊ မင်း*တကာနှင့်၊ လေးဖြာ နွယ်မျိုး၊ ရိုညွတ်ကျိုးလျက်၊ ကွယ်ကိုး လေးမြတ်၊ နတ်နှယ် မှတ်သည်။။ မှူးမတ် ခြွေရံ *သဇိုင်းတည်း။ (၁၃)

(၅၁၀) တလအတွင်း၊ ရှစ် *သီတင်းဟု၊ မကင်းခေါ်လေ့၊ ဥပုသ်နေ့တိုင်း၊ မမေ့ ကြွေးကျော်၊ ရွှေစည်တော်နှင့်၊ ပြည်ပေါ်အဝန်း၊ ဆော် တိုက်တွန်းလျက်၊ မယွန်း စဉ်လာ၊ ထိုနေ့ခါတွင်၊ အင်္ဂါ ရှစ်ပါး၊ သီလအားဖြင့်၊ ပိုင်းခြား အဟုတ်၊ ဥပုသ် မယူ၊ ထိုသည့်လူအား၊ မည်သူမဆို၊ တံခါးဗိုလ်က၊ မင်းကို မပြ၊ မဝင်ရအောင်၊ ပြင်က နေစေ၊ တားမြစ်လေ၏၊ ရှစ်ထွေ ဥပုသ်၊ မယုတ် ကြည်ဖြူ၊ စောင့်ယူကုန်ငြား၊ သူတို့အားသာ၊ တံခါး *ဥဒဲး၊ ဘွင့်မြဲး ဘွင့်ထ၊ မင်းကို ပြ၏၊ ဒေသအလိုက်၊ ရိုင်းစရိုက်တိ၊ ဇနပုဒ် တောသား၊ ခေါင်းပါး စာ-ရေ၊ အခြေ မယှိ၊ ဒုက္ခိ ဒုက္ခ၊ မလှ ကိုယ်-စိတ်၊ *ကြမ္မာဟိတ်နှင့်၊ *ဒလိဒ္ဒလာ၊ *ကပဏာဟု၊ ကောင်းစာ ကောင်းကြန်၊ ဘုန်း မသန်သည့်၊ *ထီးကျန်လူစား၊ ဖြစ်တုံငြားလည်း၊ တို့ကား ခုဝယ်၊ မ*ကုံကယ်၍့၊ ဝတ်ဘွယ် စားရာ၊ မယှိပါဟု၊ ဘယ်ခါကိုမျှ၊ မဆိုရတည့်၊ လေးဝ တံခါး၊ ထင်ရှား ဝန်းကျင်၊ မင်းရင်ပြင်နှင့်၊ ငါးခွင်ရပ်နှိုက်၊ မဏ္ဍပ်တော်တွင်း၊ ထမင်း ဟင်းက၊ မကြွင်း စုံလင်၊ ကောင်းစွာ ပြင်၍့၊ ဆင်ယင်စရာ၊ တန်ဆာ ဝတ်စား၊ အသင့် ထား၏၊ ပျံ့ရှား ဂန္ဓာ၊ နံ့သာ မွှေးမျိုး၊ *စရည်းအိုးက၊ *ဖျဉ်းအိုး *ဒေါမား၊ ဖလား *သန္ဓေး၊ ဓား ကတ်ကျေးဖြင့်၊ ညစ်ကြေး ပယ်ငှာ၊ နှုတ် *ပျူဟာနှင့်၊ ဆေတ္တာသမား၊ ခေါ်လင့် ကြား၏၊ ယောက်ျား မိန်းမ၊ ပုရွ ပျို-အို၊ ထိုထို နွယ်ရိုး၊ အမျိုးမျိုးတို့၊ ရေချိုး သုတ်သင်၊ တန်းဆာဆင်လျက်၊ မွှေးမျှင် မုစ္ဆိတ်၊ ပယ်ရိတ် သန့်ရှင်း၊ စားသောက် လျှင်းပြီး၊ *သီတင်း ရှစ်ဖြာ၊ ဆောက်တည်ကာလျှင်၊ လိုရာ မကြွင်း၊ လှည့်လည်ခြင်းဖြင့်၊ နန်းတွင်း နန်းပြင်၊ ရှေ့တော်ဝင်၍့၊ ဖူးမြင်လွယ်ကူ၊ ဆုတော် ယူသည်။။ ဗိုလ်လူ ထိုမျှ၊ တဂိုဏ်းတည်း။ (၁၄)

(၅၁၁) ဤသို့ ဒါန၊ သီလဟူငြား၊ ဂုဏ် နှစ်ပါးဖြင့်၊ ရှေးဖျားလွန်ထ၊ မင်းထိုမျှထက်၊ ဆဆ လွန်သာ၊ လောင်းရာဇာကား၊ ကရုဏာဉာဏ်တော်၊ မြော်ခေါ် အားလှိုင်း၊ လူအရိုင်းကို၊ *ယိုင်းယိုင်း ပင်းပင်း၊ *ပိုက်ဖြားခြင်းဖြင့်၊ သံညင်း နှုတ်တော်၊ အလုပ် ဘော်၍့၊ ဆော်လှော် တိုက်တွန်း၊ မပြတ် ညွှန်း၏၊ တဝန်း အောင်ချာ၊ မိထိလာနှိုက်၊ များစွာ *ဗိုလ်လူ၊ ရွှေပြည်သူလည်း၊ မပူ မညှိုး၊ ရေ*ခမိုးသို့၊ ကောင်းကျိုး ရှာရှာ၊ ကောင်းရာ ကျင့်-ပြု၊ နတ်ရွာဆုနှင့်၊ ကောင်းမှု လိုလို၊ *ဥဒါဟိုတိ၊ ကုသိုလ် မဆိတ်၊ ကိုယ်-စိတ် သုခ၊ ချမ်းမြေ့ကြလျက်၊ ဒါန သီလ၊ အဋ္ဌင်္ဂကို၊ လုံ့လ ကြည်ဖြူ၊ အားထုတ်မူ၍့၊ အယူ အမှား၊ ဘဝ လားသော်၊ ထက်ဖျား နတ်ရွာ၊ ဝတိံသာနှိုက်၊ ဣန္ဒာ*သနင်း၊ နတ်မျာ့းမင်း၏့၊ ထံရင်းအနီး၊ ဝင်းဝင်း ညီးဖြင့်၊ နတ်သမီး နတ်သား၊ ဖြစ်ကြငြား၍့၊ ကြီးမား ရိပ်ငြိမ်၊ ဤစည်းစိမ်ကို၊ မွေ့သိမ် ငါတို့၊ နှစ်လို့ ရွှင်ကြည်၊ စံရသည်ကား၊ လူ့ပြည် သာယာ၊ မိထိလာဝယ်၊ နတ်ရွာ ကယ်တင်၊ ညွှန် ပဲ့ပြင်လျက်၊ *သွန်သင် *ပိုက်ဖြား၊ ကျင့် ဆယ်ပါးနှင့်၊ မင်းဖျား ဘုန်းမော်၊ တရား ပျော်သည့်၊ လောင်းတော် ဗောဓိ၊ သိရီ့ပဝရ၊ ငါ့တို့ဘကြောင့်၊ မုချမသွေ၊ စံရပေဟု၊ *သံခြေ သံညင်း၊ နှုတ်ပြိုင် ငြင်းသို့၊ ကောင်းတင်း ကောင်းသံ၊ မိုးလုံး ညံအောင်၊ မိုးယံ နတ်ရပ်၊ နှံ့စပ် အုတ်အော်၊ သတင်း ကျော်လျက်၊ မြေပေါ် တသောင်း၊ လူအပေါင်းလည်း၊ ဆိုး-ကောင်း စုရာ၊ လောင်းမြတ်စွာအား၊ အံ့အာ မ*ကုံ၊ ကျေးဇူးပုံကို၊ ကြည်ယုံ ရွှင်ပျော၊ စိတ်မနောဖြင့်၊ မပြော မနေ၊ ရသော့ထွေသို့၊ မသွေ မကွင်း၊ ပွဲးနှယ် ကျင်း၍့၊ လောင်းမင်း မြတ်စွာ၊ မဟာဓမ္မရာဇ်၊ နေမြစ် ဘုန်းပွင့်၊ ရန်မျိုး လွင့်သား၊ တို့ရှင့် လက်ရုံး၊ ဇမ္ဗူလုံးကို၊ သိမ်းကျုံးရုံနှင့်၊ ဘယ်ခြီး သင့်လိမ့်၊ *ယခင့် ရှေးသော်၊ ထိုခါရော်က၊ ဘေးတော် မန္ဓာတ်၊ လောင်းမြတ် သာဓိ၊ ဘုန်းယှိ *လွှံ့ကျော်၊ မင်း နှစ်ဘော်သို့၊ မိုးပေါ် သိကြား၊ နတ်ရထားနှင့်၊ လျင်လျား မကြာ၊ ပင့်ဆောင်လာလိမ့်၊ မှန်စွာ မယွင်း၊ မှတ်ကုန်မင်းဟု၊ ခံတွင်း မပိတ်၊ နှုတ် မဆိတ်အောင်၊ ထိတ်ထိတ် မွမ်းမျှ၊ ခြီးမွမ်းကြသည်။။ ပြောပ တစု၊ တဝိုင်းတည်း။ (၁၅)

('ဗျာဇဝဏ္ဏနာ အတ္ထာလင်္ကာရဝင်္ကဝုတ္တိ'ရှိသောပိုဒ်။)

(၅၁၂) တရံခါသော်၊ လောင်းမင်းကျော်လည်း၊ ဥပုသ်တော်ယူ၊ ကြည်ဖြူ နှစ်သက်၊ ရွှေနန်းထက်ဝယ်၊ နံနက်ကတည်း၊ ကိုယ်စောင့်စည်းလျက်၊ *ရထည်း ဖြူစင်၊ စမ္ပယ်တင်၍့၊ မဆင် တန်းဆာ၊ နေ့လုံး ခွါမှ၊ ညဉ့်ခါမသွေ၊ ရောက်ပြန်လေသော်၊ ကြက်သရေဆောင်၊ *ရဝေချောင်နှိုက်၊ ရွှေညောင် ညီးညီး၊ ထွန်း ဆီမီးနှင့်၊ *ပတီး ပိတ်ပါး၊ ခင်းထား သင့်လျော်၊ သလွန်ပေါ်တွင်၊ စက်တော် နှစ်ယံ၊ ဘော်မရံဘဲး၊ ပျော်စံ လုံးလုံး၊ မင်းတို့ထုံးဖြင့်၊ အဆုံးယာမ်ကျ၊ ပစ္ဆိမနှိုက်၊ ထ၍့လည်းစံ၊ ပဟိုရ်သံကို၊ နာခံ စဉ်တိ၊ ဆင်ခြင်မိ၏၊ မယှိ ဆုံးဆ၊ လှူဒါနနှင့်၊ ကာလ မယုတ်၊ ဥပုသ် ဗြဟ္မ၊ စရိယဟု၊ သီလတရား၊ ဤနှစ်ပါးတွင်၊ ငါ့အား မှန်စွာ၊ ဘယ် မြတ်ရာဟု၊ သင်္ကာမကင်း၊ ယှိတုံလျှင်းသော်၊ နတ်မင်း မာဃ၊ ဝါသဝလျှင်၊ ဌာနနေရာ၊ ဝတိံသာက၊ ကမ္ဗလာ မွေ့ညက်၊ မာတင်းချက်ကြောင့်၊ နတ်မျက်စိမြင်၊ ထိုခါပင်တည့်၊ ကိုယ်ထင်ပြကာ၊ သက်ဆင်းလာ၍့၊ ဒါနမည်ငြား၊ ထိုတရားထက်၊ ကြိုးစား *အားသံ၊ ကျင့် *ခြိုးခြံသည်၊ ဗြဟ္မစရိယ၊ ဤကိစ္စကို။။ လင်းပြ ထုတ်ဘော် *သမိုင်းတည်း။ (၁၆)

(၅၁၃) 'ဗြဟ္မစရိယ၊ ဤကိစ္စကား၊ ဂါမ လေ့လာ၊ ညစ်ညူးစွာသား၊ ယုတ်မာ *ဖျင်းသုန်၊ ကာမဂုဏ်ဟု၊ မေထုန် ပျော်ခြင်း၊ ကြဉ် ကင်းရုံမျှ၊ ကျင့် ဟီနဖြင့်၊ ခတ္တိယဇာစ်၊ လူမင်း ဖြစ်၏၊ ပွားလစ် ပရိကံ၊ နိယံ မဆိတ်၊ နိမိတ် ပဋိဘာ၊ ထင်ရုံသာတိ၊ ဥပစာမျှ၊ မဇ္ဈိမဖြင့်၊ ဒေဝ နတ်စစ်၊ ဖြစ်၏့ အမှန်၊ ဈာန် အပ္ပနာ၊ ရအောင်သာလျှင်၊ လွန်စွာ ကျင့်လတ်၊ အမြတ် စရိယ၊ ဥတ္တမကား၊ လောဘ အာသာ၊ ငတ်မွတ်စွာဖြင့်၊ တဏှာ တောင့်တ၊ ဆာ မဝသည့်၊ ကာမဒေဝ၊ ပေတမည်တုံ၊ နတ် ခြောက်ဘုံထက်၊ လုံးစုံ ကျော်ထ၊ ငါးကာမ၏့၊ ဟီနစာရ၊ ယုတ်မာစွသား၊ အာမဂန္ဓော်၊ နံ မစော်ဘဲး၊ မိုးပေါ် ထိပ်စွန်၊ ပြည်နိဗ္ဗာန်နှိုက်၊ အ*မွန် ဗြဟ္မာ၊ စင်ကြယ်စွာ၏၊'' သေချာ မုချ၊ မှတ်အပ်စွာဟု၊ သီလဂုဏ်ပေါင်း၊ သာလွန်ကြောင်းဖြင့်၊ ထိန်းကျောင်း ကိုယ်-နှုတ်၊ ကျင့်အား တုတ်လျက်၊ မယုတ် ဝသီ၊ ဈာန် ယှဉ်မှီသား၊ ယောဂီ မုနေ့၊ ရသေ့ ဗြဟ္မ၊ စရိယနှင့်၊ ဒါနပတိ၊ လှူကျိုး သိသား၊ မိမိကိုယ်ပင်၊ သက်သေတင်၍့၊ ထင်ထင်*၄င်း၊ ရှေးအကြောင်းကို၊ ထုံးဟောင်း ထုတ်ဘော်၊ ကြားလတ်သော်မှ၊ မင်းကျော် သင်္ကာ၊ ရှင်းရှင်း ကွာလျက်၊ ဝမ်းသာ အားရ၊ ထိုက စ၍့၊ ဒါနမျှတည်း၊ ရွှင်*ကြည်းကြည်းဖြင့်၊ *ကျော့ကျည်း ပျင်း-ပေါ့၊ လူသွမ်းသော့သို့၊ အားလျော့ စိတ်အီ၊ တန်လောက်ပြီဟု၊ သွေဖီ ဝမ်းထဲး၊ မ*ရောင့်ရဲးဘဲး၊ လွန်ကဲး ဗြဟ္မ၊ စရိယတိ၊ သီလ ဥပုသ်၊ *အားသွန်ထုတ်သည်။။ မယုတ် လစဉ် ရက်ပိုင်းတည်း။ (၁၇)

(ဤကား နေမိမင်းကြီး ရှေးဦးစွာ 'စရိယကိစ္စ'တည်း။)

(၅၁၄) မိုးနတ် မာဃ၊ ဝါသဝလည်း၊ ထိုက ပြန်မြောက်၊ နတ်ပြည် ရောက်က၊ ရှေ့-နောက် ဝဲး-ယာ၊ ဝေယန္တာဝယ်၊ သူဇာ ဓမ္မာ၊ နန္ဒာ စိတ္တ၊ စသည် ရံပတ်၊ ကြီး-ငယ်-လတ်တိ၊ နတ် မဟေသီ၊ နတ်ဒေဝီတို့၊ ရွေညီ သောင်းပြောင်း၊ ရိုညွတ်ပျောင်း၍့၊ နတ်ဟောင်း နတ်သစ်၊ ထွေးရစ် ဝန်းအုံ၊ သောသောရုံလျက်၊ ရွှေဘုံ အယုဇ္ဈ၊ စိုးပိုင်သသည့်၊ သက္က မဟိန်၊ မြတ်ဒေဝိန်လျှင်၊ အချိန်မတော်၊ ဝတိံပေါ်က၊ ဘော်လှော် *မဲ့ဆန်း၊ ကိုယ်တော် မြန်း၍့၊ ဘယ်နန်း ပြည်နှိုက်၊ စိတ်တော် လိုက်ဖြင့်၊ ပျော်ပိုက် လိုရာ၊ ဘယ်သက်*လျာနှင့်၊ မေတ္တာ နှောင်ချည်၊ ဘွဲ့ပြန်သည်ဟု၊ ရိပ်ခြည် သွေးတို့၊ တင်ကြမျှို့သော်၊ မခို့သရို့၊ အလို့လို့ဖြင့်၊ ထင်ဘို့ယှိတိုင်း၊ အထင်လှိုင်းပြီး၊ ချင့်နှိုင်း မမျှော်၊ အထင် ချော်နှင့်၊ ကရော် *ကမည်၊ နှုတ်ပြယ်ပြည်၍့၊ ထွေလည် ဝိုးဝါး၊ စိတ် ယုံမှားလျက်၊ အများ မယ်တို့၊ မည်သို့ တွေးဆ၊ မထင်ကြလင့်၊ ဝိဒေဟရဌ်၊ တိုင်းမြတ် အောင်ချာ၊ စိုးချုပ်ခြာသည့်၊ မဟာဗောဓိ၊ နေမိ မင်းဖျား၊ မင်းတရား၏့၊ ယုံမှား *ဒွဟ၊ သံသယဖြင့်၊ ကြံဆသည့်တွက်၊ စည်ကြီး ကြက်သို့၊ မာခက် ပဏ္ဍု၊ သည်အမှုကြောင့်၊ ယခု ချက်ချင်း၊ ကိုယ်တိုင် ဆင်း၍့၊ ဖျောက်ရှင်း သင်္ကာ၊ ပြုအံ့ငှာလျှင်၊ လူ့ရွာ ရပ်မြေ၊ ကြွမြန်းလေဟု၊ ဒေဝိန္ဒရာဇ်၊ မိန့်တော် လှစ်က၊ ကြွေးဟစ် နတ်ပေါင်း၊ သာဓု *ညောင်းသည်။။ သောင်းသောင်း ပဲ့တင် ရိုက်အောင်တည်း။ (၁၈)

(၅၁၅) ပဲ့တင် ရိုက်နွဲး၊ သောင်းသောင်း သဲးဖြင့်၊ နတ်ပွဲး စည်ရာ၊ ဝတိံသာနှိုက်၊ ဒေဝါအများ၊ လောင်းမင်းဖျားကို၊ မျက်ဝါးထင်ထင်၊ ဖူးလိုချင်၍့၊ နတ်သျှင် ဣန္ဒာ၊ တို့ထွတ်ချာလျှင်၊ ဆရာလည်း ရ၊ မိဘ ရာတည်၊ မင်းလည်း မည်၍့၊ နတ်ပြည် ရပ်ခွင်၊ ပို့ပေး တင်သည့်၊ ဘုရင်*သနင်း၊ ထိုလူမင်းကို၊ ချက်ချင်း ဆောင်ယူ၊ ပင့်တော်မူဟု၊ မိုးသူ မိုးသား၊ မိုးသိကြားအား၊ လျှောက်ထား ညီညာ၊ တင်ကြရာတွင်၊ ကြော်ငြာ နှံ့သိ၊ မှု*ကုံချိသား၊ မာတလိနတ်၊ ယုံ ကျွန်မတ်ကို၊ စေလတ်သော့အား၊ ထိုနတ်သားလည်း၊ ရထား ဗိမာန်၊ ဝေဇယန်တွင်၊ ရောင်*ဝှန် ထိန်လျှမ်း၊ ကျောက်စုံ ပြွမ်းသား၊ ရင်လွှမ်း ကွန်ယက်၊ ဦးခက် တန်းဆာ၊ ဆန်းကြယ်စွာဖြင့်၊ ရတနာမျိုးခြယ်၊ ဆင်ပေါက်ငယ်မျှ၊ ရှုဘွယ် မရဲး၊ လွန် တင့်ကဲးလျက်၊ မစွဲး နှင်တံ၊ ဟိန်း မခံဘဲး၊ အသံဖြင့်သာ၊ လိုရာရာတိုင်း၊ မှန်စွာ ဆောင်တတ်၊ ဝလာနတ်တိ၊ မျိုးမြတ် တိမ်*ကွန်၊ စိတ်ထက် လွန်သည့်၊ လျင်မြန် *ဖြန်းတော၊ ထောင်သိန္ဓောကို၊ အ*ဆောတလျင်၊ က,ပြီးကျင်မှ၊ ကောင်းကင်ခရီး၊ ယာဉ်ပျံ စီး၍့၊ ညီးညီး ထိန်ရဲး၊ တိမ်ထဲး လှစ်ခွင်း၊ ထွက်ပြောင် ဝင်းသည်။။ နှစ်စင်း လ,၏့ အရောင်တည်း။ (၁၉)

(၅၁၆) နှစ်စင်း လရောင်၊ ပြိုင်ကျင်းဆောင်သို့၊ ပြောင်ပြောင် ဝင်းဝင်း၊ မိုးလုံး လင်းမျှ၊ နတ်မင်း *လုင်၊ ထောင်မြင်းရှင်လည်း၊ ကောင်းကင်ခရီး၊ ယာဉ်ပျံ စီး၍့၊ ကျွန်းကြီး လက်ျာ၊ ဇမ္ဗူညာဝယ်၊ ပုဏ္ဏမာသီ၊ တိထီ ရက်စေ့၊ ပြည့်သည့်နေ့နှိုက်၊ ချမ်းမြေ့ ကြည်လင်၊ နေမင်း ဝင်လျက်၊ ရှေ့ခွင် ဝိဒေ၊ *ဥဒည်းဗွေက၊ *ကျူငွေ အပ၊ မြကား အတွင်း၊ ဧးကြည်လင်းသား၊ လမင်း စန္ဒြ၊ ပြည့်ဝန်းပ၍့၊ တက်စ စွာစွာ၊ ည *ဆည်းဆာတွင်၊ မိထိလာပြည်သူ၊ မျိုး လေးဆူတို့၊ ကြည်ဖြူ ရွှင်မြူး၊ မေးခေါ် ထူးလျက်၊ အိမ်ဦး ဧည့်ခံ၊ မိုးရံ *ပလာ၊ ဆောင်လေသာနှင့်၊ မျက်နှာ ဆိုင်ကြည်၊ ပျော်ကြတည်သား၊ အကျည် ကြမ်းပြင်၊ ဆင်ဝင် ဝဲးလင်း၊ ပြူတင်း ပြူပေါက်၊ လေသောက် ခံ၍့၊ ချမ်းမြေ့ သာယာ၊ နေစဉ့်ခါတိ၊ ပြိုင်ကာ ယှဉ်မှီး၊ လနှင့် နီးအောင်၊ ညီးညီး ထွက်ကာ၊ ဆောင်ယူလာ၍့၊ လိမ္မာ *ကြေပွန်၊ ဉာဏ်ရည် *မွန်သည်၊ တမန် သာရထိ၊ မာတလိလျှင်၊ ခွင့်သိ မျှော်ဆ၊ နိရယနှင့်၊ ဒေဝလမ်းစဉ်၊ ပြခဲ့ ယှဉ်သော်၊ ဓမ္မဉ္စရ၊ လောက ထွတ်ချာ၊ မဟာဗောဓိ၊ နေမိ ဘုန်းတောက်၊ *စော*ရွှေမှောက်လည်း၊ လူ့အောက် မြေထဲး၊ ငရဲး ထပ်ထပ်၊ ဆဲ့ငါးရပ်က၊ တိမ်စပ် မိုးဖျား၊ ကောင်းကင်ကြားနှိုက်၊ ပတ္တမြားဘုံ၊ ရွှေဘုံ ဖလ်ဘုံ၊ မြတ်ဘုံ ကိုယ်စီ၊ ဗီရဏီ သောဏ၊ စသည် ထူးဆန်း၊ ဘုံဆယ်ခန်းနှင့်၊ တောင်တန်း သတ္တရဗ္ဘဏ်၊ ခုနစ်တန်ပါ၊ မကျန် စေ့စိပ်၊ မြင်းမိုရ့်ထိပ်ဝယ်၊ သုံးကျိပ် သုံးပါး၊ သိကြားက စ၊ နတ် ထိုမျှကို၊ ခဏ မျက်ဝါး၊ ရှုခဲ့ငြား၍့၊ တရားဟောကာ၊ ပြန်ခဲ့လာသည်။။ ရက်ကြာ ခုနစ် လူ့ဘောင်တည်း။ (၂၀)

(၅၁၇) တာဝတိံသာ၊ ဘုံသိင်္ဂါတိ၊ ဣန္ဒာ စံခန်း၊ ဝေယန်နန်းက၊ ကြွမြန်း ပြန်မြောက်၊ နန်းသို့ ရောက်သော်၊ ဘုန်းတောက် မင်း*မွန်၊ လူ့ပြည်လွန်အောင်၊ ကျော်*ဝှန် ပေါက်ပြ၊ တန်းခိုး ရှသည့်၊ လူမျာ့း *သျှောင်၊ စောရန်ရှောင်ကား၊ နတ်ဘောင် ဒိဋ္ဌ၊ မြင်ခဲ့ရ၍့၊ ဘဝ ဝတ္တမာန်၊ လူတို့ဌာန်ဝယ်၊ လှူဟန် စွန့်ခြင်း၊ စောင့် *သီတင်းနှင့်၊ မကင်း ကြိုးကုတ်၊ ခါ မယုတ်အောင်၊ အားထုတ် ပြည့်သစ်၊ နန်းစံခေတ်လျှင်၊ အနှစ် ရှစ်သောင်း၊ လေးထောင် *ညောင်းက၊ ဥက္ခောင်းတော်ထက်၊ တခက် ဆံပင်၊ ဖြူရောက်ကျင်၍့၊ အကြင် ရှေးက၊ မာဃဒေဝေါ်၊ ထိုမင်းကျော်သည်၊ မြွက်ဘော် ရွှေနှုတ်၊ မိန့်ခဲ့ထုတ်သား၊ ဥတ္တမင်္ဂရုဟာ မယှံ၊ *နတ်စံ သာရ၊ လေးပါဒတိ၊ ဧကဂါထာ၊ နန်းစဉ်စာကို၊ ရွတ်ကာ ဟောကြား၊ သားတော် ဥပရာ၊ ကာလာဇနက်၊ ရွှေနန်းဆက်အား၊ နန်းထက် တင်ကာ၊ ဘ,ရာ ကုန်စင်၊ အပ်ပြီး ကျင်မှ၊ နန်းပြင် ဘုံပေါ်၊ မင်းဖြစ် လျော်၍့၊ ကိုယ်တော် *လှုလှု၊ ရဟန်းပြုသည်။။ နှိုင်းတု ဗြဟ္မာ့ ရုပ်ယောင်တည်း။ (၂၁)

(၅၁၈) ဗြဟ္မာနှိုင်းတု၊ ရဟန်း ပြုလျက်၊ ပျို-နု သာစွ၊ မဃဒေဝ၊ လောင်းမင်းလှ၏့၊ အမ္ဗဝနံ၊ နာမံ သိဒ္ဓိ၊ ကျော် ကိတ္တိနှင့်၊ ပါဠိအရ၊ မာဂဓဖြင့်၊ ဝနသဒ္ဒေ၊ ဘော်ထွေ ဓာတ်နက်၊ အဟောထွက်တိုင်း၊ ကျေးငှက် ထိုထို၊ များ လူ*ဗိုလ်တို့၊ ပျော်လို လာခဲ့၊ ခေါ်သကဲ့သို့၊ ဆဲ့နှစ်ရာသီ၊ ခါညီ ပွင့်သီး၊ ပန်းစုံ ညီးလျက်၊ ငယ်-ကြီး အုန်းအုန်း၊ တရှုန်းရှုန်းနှင့်၊ ပိတုန်း *ပိလူ၊ ပျားတူ ပျားမွဲး၊ ရစ်ဝဲး ခိုမှီ၊ ဒုန်းချင်းသီသို့၊ ပန်းဆီ ပန်းရက်၊ ပျံ လုယက်၍့၊ နှစ်သက် ယူဆောင်၊ မပြတ်အောင်တည့်၊ ဘိုးခေါင် ဥဩ၊ ကြက်တော တမာ၊ သာရကာတို့၊ သံသာ ရင့်-ကျူး၊ တွန်-မြူး ထက်ခွင်၊ အောက်မြေပြင်လည်း၊ သမင် ဧဏီ၊ စာမြီ တိုး-အောင်း၊ သားပေါင်း သင်းဘွဲ့၊ ဘေး*မဲ့ ပျော်နေ၊ စုံမြိုင်ခြေသို့၊ ဆက်ချေ ဒရယ်၊ ချစ်ခင်ဘွယ်တည့်၊ ငယ်ငယ် ကြီးကြီး၊ ရှုမငြီးနှင့်၊ မြို့နီး မကွာ၊ နောက်မျက်နှာတွင်၊ ရသာ ချို-မြက်၊ သရက် *ဖြင်ပေါ၊ စည်ပင်*ပြောသား၊ မင်းတော ဥယျာဉ်၊ ထိုမြေ*သေဉ်နှိုက်၊ လေးစဉ် ဗြဟ္မ၊ ဝိဟာရကို၊ ရှေးကအလား၊ စီးဖြန်း ပွား၍့၊ ရှည်လျား အနှစ်၊ ရှစ်သောင့်းလေးထောင်၊ လွန်အောင် အထူး၊ ဈာန်ပျော်မြူးမှ၊ ပြောင်းကူး ထက်ရပ်၊ ဘုံ ဝေဟပ်သို့၊ တထပ်*၄င်း၊ ရောက်ပြန်ရှောင်းသည်။။ စံအောင်း ဗြဟ္မာ့ဘုံဆောင်တည်း။ (၂၂)

(ဤကား နေမိမင်းကြီး အဆုံး စရိယကိစ္စတည်း။)
(ဤတို့ဖြင့် စဉ်အလာနှင့်ဟူသော ဥဒ္ဒေသ၏့ နိဒ္ဒေသတည်း။)
နေမိရာဇစရိယခဏ်း (၂၂)ပိုဒ် ပြီး၏၊

ဆဋ္ဌမပိုင်း ၃- သစ္စာပြခဏ်း

သတ္ထာပိ န ဘိက္ခဝေ တထာဂတော ဣဒါနေဝ မဟာဘိနိက္ခမနံ နိက္ခန္တော ပုဗ္ဗေပိ နိက္ခန္တောယေဝါတိ ဣမံ ဓမ္မဒေသနံ အာဟရိတွာ ဒဿေတွာ စတ္တာရိ သစ္စာနိ ပကာသေတိ။

(၅၁၉) သာသတိ အနုသာသတိ၊ ဘွင့်ဘိ ဝိဂ္ဂဟ၊ အနွတ္ထဖြင့်၊ လောက သုံးဆူ၊ နတ်နှင့် လူကို၊ အတူ ပါအောင်၊ မဂ်ရွှေဘောင်နှိုက်၊ တင်ဆောင်လိုစွာ၊ ကရုဏာဖြင့်၊ မကောင်းရာ ကြဉ်၊ ကောင်းရာ ယှဉ်ဟု၊ အစဉ်မပြတ်၊ ဆုံးမတတ်ကြောင့်၊ ပရမတ္ထ၊ ဓာတ်အရကား၊ ဓမ္မသမုဋ္ဌာန်၊ ရွှေဉာဏ် ဒေသနာ၊ ပညာတော်မြတ်၊ ဓမ္မသတ်တည့်၊ လက္ခဏတ္ထ၊ ဌာနျူ စသား၊ ထိုမျှ ဆယ်ဖြာ၊ ဥပစာမူ၊ ခန္ဓာ ပဉ္စက၊ သန္တာနဟု၊ ဒဗ္ဗ ဝိသေသ်၊ ပညတ်ဖြစ်သား၊ ပတ်ရစ် ရုံးဘွဲ့၊ သုံးဆဲ့နှစ်ဖြာ၊ မဟာပုရိသ၊ ဝိစိတြလက္ခဏာတော်ကြီး၊ ညီးညီး *ရွှန်းကယ်၊ လွန်ဆန်းကြယ်သား၊ ရှစ်ဆယ်အစု၊ အနုဗျဉ္ဇန၊ ဗျာမ ပဘာ၊ ရောင် ခြောက်ဖြာက၊ အသာဓာရုဏ်၊ ကိုးပါးဂုဏ်နှင့်၊ သမ္ပုဏ္ဏစစ်၊ တု မရစ်သည့်၊ ရှင်ချစ် မြတ်စွာ၊ *စော သတ္ထာလည်း၊ သံသရာနယ်၊ ကန္တာကျယ်မှ၊ ခြောက်သွယ် ဝိသုဒ်၊ အနုတ္တရ၊ ဝိဇယဟု၊ ဓမ္မစကြာ၊ မဂ်ယဉ်သာဖြင့်၊ ခေမာ ရောက်လို၊ ငါ့မှာ ခိုသည့်၊ ပုဂ္ဂိုလ် ရှစ်ဖြာ၊ သားသည်းချာတို့။။ တထာဂတ၊ ရှင်တို့ ဘ,ကား၊ ဘဝ ဤခါ၊ ဤနှိုက်သာလျှင်၊ မဟာဘိနက္ခမ္မ၊ လွန်မြတ်လှသား၊ ကိစ္စ ထူးလည်၊ ဆုကြီး ရည်၍့၊ တိုင်းပြည် နန်း-ထီး၊ စည်းစိမ်ကြီးကို၊ စွန့်ပြီးတုံလျက်၊ တောထွက်ပြုရေး၊ မဟုတ်သေးတည့်၊ ရှေးသော့ခါလည်း၊ ဤသို့တည်းဟု၊ ဟောနည်း ဘော်ထုတ်၊ စက်မှန် ခုတ်သို့၊ သာမုက္ကံသ၊ ဓမ္မဒေသနာ၊ ဆောင်၍့သာလျှင်၊ သစ္စာ လေးပါး၊ မြတ်တရားကို။။ ထင်ရှား ပြတော်မူသတည်း။ (၁)

(၅၂၀) ဤအရာနှိုက်၊ သစ္စာ ပြဟန်၊ ကျမ်းရင်း ချန်လည်း၊ နည်းမှန် ဟောရိုး၊ လင်္ကာ ပျိုးအံ့၊ ''တန်းခိုး ကြီးစွာ၊ ဗြဟ္မာ သိကြား၊ ဘုန်းအား ရဟတ်၊ လေးကျွန်း ပတ်သည့်၊ မန္ဓာတ်*တမင့်၊ ဖြစ်လင့်စေကာ၊ သတ္တဝါ ကောင်း-ဆိုး၊ အမျိုးမျိုးဖြင့်၊ ထိုစိုး ထိုမင်း၊ ထိုချင်း မချို့၊ ထိုသူတို့ကား၊ ပုဂ္ဂိုလ့်ဝေါဟာ၊ ပညတ်သာမျှ၊ ဇာတိအစ၊ နာမ်-ရုပ်ရသော်၊ ခဏ ခဏ၊ ဘိဇ္ဇနတည့်၊ နိစ္စ သုခ၊ အတ္တမှတ်စွဲး၊ အမြဲး ချမ်းသာ၊ ကိုယ် ငါ အစစ်၊ မှန် မဖြစ်ဘဲး၊ ဖျစ်ဖျစ်မြည်ကာ၊ အကြာ မခံ့၊ တံ့၍့ မနေ၊ ကျွမ်းကြေ လောင်ရှိမ်း၊ သစ်စိမ်း ရွက်လှ၊ မီးနှိုက် ကျသို့၊ တစစ ရင့်၊ ရွယ် ဆင့်ဆင့်နှင့်၊ ဆံပွင့် သွားကြွေ၊ အရေတွန့်ခြင်း၊ အိုမင်း ရွတ်တွ၊ ဇရာ ကျ၍့၊ မရဏစစ်၊ အော်ဟစ် မကင်း၊ သေရခြင်းဖြင့်၊ အချင်း ခပ်သိမ်း၊ ရွေ့ရွေ့ ယိမ်း၏၊ မငြိမ်းနိုင်စွာ၊ လိုရာ မရ၊ ကာရကနှင့်၊ ဇီဝ ပုဂ္ဂိုလ်၊ ငါဟုဆိုသား၊ ကိုယ်ကောင် မယှိ၊ ပကတိပင်၊ မချိနိုင်အောင်၊ မဆောင်နိုင်ရေး၊ အိုတိုင်း ဆွေးလျက်၊ နာဘေး သေဘေး၊ နှိပ်စက်ဘေးနှင့်၊ တေဘူမက၊ ဖြစ်သမျှတိ၊ လောဘကြဉ်ငြား၊ ဤတရားကား။။ မမှား ဒုက္ခသစ္စာတည်း။'' (၂)

(၅၂၁) 'ထိုဒုက္ခစု၊ ထိုအမှုနှိုက်၊ ဂရုကတ၊ တလုံ့လဖြင့်၊ ရွရွ ညံညံ၊ တရံ မပြတ်၊ ငါကောင် မှတ်လျက်၊ လူ-နတ် သိကြား၊ ပုဂ္ဂိုလ်အားဖြင့်၊ ယောက်ျား မိန်းမ၊ စွဲးလန်းကြ၍့၊ တောင့်တ ချစ်ခင်၊ တမင်မင်တည့်၊ ငါ့လင် ငါ့မယား၊ ငါ့သား ငါ့သမီး၊ ငါ့နန်းထီးနှင့်၊ ရှားမှီး ဥစ္စာ၊ မြို့-ရွာ တိုင်းပြည်၊ အိမ်ရာတည်လျက်၊ *လော်လည် မြူးရွှင်၊ ဆုံး မမြင်အောင်၊ လိုချင် မပြီး၊ မငြီး သာယာ၊ လက္ခဏာဖြင့်၊ များစွာ ရှက်ပုံ၊ *စေးပျစ်ချုံသို့၊ အာရုံ ခြောက်ဖြာ၊ တဏှာ သုံးထပ်၊ နှစ်ရပ် သန္တာန်၊ သုံးတန် ကာလ၊ မြှောက်ထ ပွားလစ်၊ တရာ့ရှစ်ဟု၊ ဆိုးညစ် ယုတ်မာ၊ ပျော်တတ်စွာသား၊ တဏှာမည်ယှိ၊ စပ်ယှဉ်ဘိတိုင်း၊ မိမိအမျှ၊ မုချ ဆတ်ဆတ်၊ မြဲး မချွတ်အောင်၊ အူပြတ် သည်းကြွေ၊ အသက် သေနှင့်၊ ထွေထွေ ပြားပြား၊ ထူးထူးအားဖြင့်၊ ပျားလူး သန်+လျက်၊ လျှာဖြင့် +လျက်သို့၊ အနက် လေးပါး၊ ထင်ရှား မြွက်ဟ၊ ဟောဘော်ပြသည့်၊ ဒုက္ခအနေ၊ ဖြစ်စေတတ်ငြား၊ ဤတရားကား။။ မမှား သမုဒယသစ္စာတည်း။'' (၃)

(၅၂၂) 'ဒုက္ခခြင်းရာ၊ ဝဋ်သစ္စာနှင့်၊ တဏှာ မက်ကင်း၊ သက်သက် ရှင်း၍့၊ ငြိမ်းခြင်း *သေတ္တု၊ မြိုက်ဆီ စုသား၊ အနုပါဒိသ်၊ ကြွင်းမဲ့တိတ်အောင်၊ နိမိတ် အတ္တာ၊ ကင်းဆိတ် ကွာလျက်၊ မဂ္ဂါရမ္မဏ၊ ဝိရာဂဟု၊ အမတဓာတ်၊ အမြတ်ဆုံးထား၊ ဤတရားကား။။ မမှား နိရောဓသစ္စာတည်း။ (၄)

(၅၂၃) ယထာဘူတ၊ ရှင် *စော ပြသား၊ ဒုက္ခ သမုဒယ၊ နိရောဓက၊ စသည့် လက္ခဏာ၊ သိတတ်စွာသည့်၊ သမ္မာဒိဋ္ဌိ၊ သိသည့်အရ၊ နိရောဓကို၊ တောင့်တ မျှော်ရှေး၊ တရေးရေးဖြင့်၊ ကြံတွေး လက္ခဏာ၊ တင်တတ်စွာသည့်၊ သမ္မာသင်္ကပ္ပ၊ ဆိတ်က ဆိုးယုတ်၊ ဝစီ နှုတ်နှိုက်၊ ဒုစရိုက်ကို၊ မကြိုက် ပယ်ခွာ၊ ကြဉ်တတ်စွာသည့်၊ သမ္မာဝါစ၊ ကာယဒုစ္စရိ၊ ဝိရမိကို၊ ကြဉ်ဘိ သည်မှာ၊ သမ္မာကမ္မန္တ၊ ကာယ ဝစီ၊ နှစ်လီ ဒုစရိုက်၊ ထိုအမိုက်ကို၊ ကိုယ်နှိုက် တခု၊ သက်မွေးမှုကြောင့်၊ မပြု ကြဉ်ခွာ၊ သမ္မာအာဇီဝ၊ နိရောဓခွင်၊ ရောက်ချင် ကြပ်ကြပ်၊ ပယ်အပ် ပယ်ရှား၊ ပွားအပ် ပွား၍့၊ အားထုတ်တတ်စွာ၊ သမ္မာဝါယာမ၊ နိရောဓဓာတ်၊ တရားမြတ်ကို၊ မပြတ် မရွေ့၊ တစေ့စေ့ဖြင့်၊ အောက်မေ့သည်မှာ၊ သမ္မာသတိ၊ နီဝရဏကင်း၊ ကိလေ ရှင်း၍့၊ ယင်းသည့်အမြတ်၊ နိရောဓာတ်နှိုက်၊ သက်လတ် အပ္ပနာ၊ တည်ကြည်စွာသည်၊ သမ္မာသမာဓိ၊ မည်ယှိ ထင်ရှား၊ ဤရှစ်ပါးကား။။ မမှား မဂ္ဂသစ္စာတည်း။ (၅)

(၅၂၄) ဒုက္ခလက္ခဏာ၊ ဒုက္ခသာတည့်၊ သတ္တဝါ ပုဂ္ဂိုလ်၊ ငါကောင် ကိုယ်နှင့်၊ ခေါ်ဆိုတုံငြား၊ ယောက်ျား မိန်းမ၊ စသည် မဟုတ်၊ သမုတ် ဝေါဟာရ၊ ပညတ်မျှသာ၊ အမြုံမသား၊ ဟူသော့လားသို့၊ ထင်ရှား မယှိ၊ ယူ ဒိဋ္ဌိတို့၊ ပရိကပ္ပိတ၊ အဘာဝဟု၊ သစ္စ ကိစ္စ၊ ကတ သုံးတန်၊ သုံးပါးဉာဏ်ဖြင့်၊ ဟုတ်မှန် မယွင်း၊ ထိုးဘောက်ထွင်း၍့၊ သိခြင်း ပြုခြင်း၊ တပ်ခြင်း မုချ၊ ပြီးထသည်ကား၊ ဒုက္ခအားကို။။ ပိုင်းခြား သိသည့်သဘောတည်း။ (၆)

(၅၂၅) ယင်းသို့ ပိုင်းခြား၊ သိသော့အားဖြင့်၊ ရေလား လျှပ်လျှပ်၊ နေရောင် ဟပ်သား၊ *တံလှပ်ကို ရေ၊ မှတ်မှားလေလည်း၊ ရေမဟုတ်မှန်း၊ သိ ဖြောင့်တန်းက၊ ငြိစွန်း အာသာ၊ မတပ်ရာသို့၊ တဏှာ ကင်း-ကွယ်၊ ဉာဏ် သုံးသွယ်ဖြင့်၊ စွန့်ပယ်အပ်ထ၊ သမုဒယမည်ငြား၊ ဤတရားကို။။ ပယ်ရှား သိသည့်သဘောတည်း။ (ရ)

(၅၂၆) ပိုင်းခြား ပယ်ဘိ၊ ဤသို့ သိက၊ တေဘူမိလယ်၊ သံသာနယ်နှိုက်၊ ကိုးကွယ်ရာတည့်၊ ယှိသို့ မထင်၊ ညဉ့်မှောင်တွင်နှိုက်၊ အကြင်ယောက်ျား၊ နိုးတကြားဖြင့်၊ နွားဟု မှတ်ပြီး၊ ကျားကို စီးသော်၊ နေ-မီး လင်းဘိ၊ ကျားမှန်း သိက၊ မချိ စိတ်မှာ၊ ထွက်ပြေးရာသို့၊ မျှော်ကာ အဟုတ်၊ *စရကုတ်ဖြင့်၊ အားထုတ်သော့လား၊ သုံးပါး ဉာဏ်မှု၊ ပြီးကြောင်းပြုမှ၊ ငါးခု ခန္ဓာ၊ လွတ်ငြိမ်းရာကို၊ ရည်ကာ စောထ၊ သဘော ချလျက်၊ နိရောဓရောက်၊ အာရုံ လျှောက်၍့၊ မျက်မှောက်ပြုသည့်သဘောတည်း။ (၈)

(၅၂၇) နိရောဓရောက်၊ မျက်မှောက်ပြုလို၊ ထိုပုဂ္ဂိုလ်ကား၊ ကျားကို ကြောက်က၊ ထွက်မြောက် ပြေးခွင့်၊ အသင့် ရှုကြံ၊ သစ္စံ ကောင်းပြု၊ သက်မှု အားထုတ်၊ *တဖြုတ် မမေ့၊ တည်စေ၍့တိ၊ ခုန်ဆွေ့ယောက်ျား၊ ပြေးသော့လားသို့၊ သုံးပါး ဝိရတိ၊ အာဒိဗြဟ္မ၊ စရိယဟု၊ သံလ *တမွတ်၊ အာဇီဝဌ်နှင့်၊ မချွတ် ပြီးငြား၊ အပြား ရှစ်အင်၊ ထိုမဂ္ဂင်ကို၊ အကြင် သုံးပါး၊ ဉာဏ်တရားဖြင့်၊ ဖြစ်ပွားစေသည့်သဘောတည်း။ (၉)

(၅၂၈) ဤသို့ မှန်စွာ၊ အလင်္ကာဖြင့်၊ သစ္စာ လေးပါး၊ ပိုင်းခြား ပယ်ဖျောက်၊ မျက်မှောက် ပွားဟန်၊ ဓိပ္ပာယ်ပြန်သည်။။ မှတ်ရန် အကျဉ်းသဘောတည်း။ (၁၀)

သစ္စပရိယောသာနေ ကေစိ သောတာပန္နာ အဟေသုံ၊ ကေစိ သကဒါဂါမိနော၊ ကေစိ အနာဂါမိနော။

(၅၂၉) သစ္စာ သိမ်းကျုံး၊ ပြသော ဆုံးနှိုက်၊ စုရုံး ညီညာ၊ စည်းဝေးရာတွင်၊ အာသယာနုသယ၊ စရိတက၊ စသည့် သိမ်မွေ့၊ စွဲးလေ့ ကိန်းတတ်၊ မပြတ် ဖြစ်ခြင်း၊ နှလုံးသွင်းတည့်၊ အတွင်းနှိုက် ထုံ၊ ဝေနေပုံ၏့၊ နုလုံ စရိယ၊ ယောဂ ဣန္ဒြေ၊ နု-ရင့်ထွေဖြင့်၊ ကေစိ အချို့၊ ရဟန်းတို့အား၊ နှစ်ဘို့ မယှိ၊ သစ္စာ သိ၍့၊ ဒိဋ္ဌိ ကင်္ခါ၊ စင်စစ် ကွာလျက်၊ သေသာ ကုသလ၊ ကြွင်းပါပနှိုက်၊ အပါယဂါမိ၊ ပယ်သတ္တိနှင့်၊ ယောနိ ဓမ္မတာ၊ ငှက်*တန်ထွာဖြင့်၊ ကြိုးကြာတို့အား၊ နှစ်ပါး နို့-ရေ၊ ရောထွေ တိုက်က၊ မျိုကျိုက် နို့သာ၊ ရေမပါသို့၊ ပမာ ထို့တူ၊ မွေးစဟူသည်၊ ငယ်မူ ငယ်ရာ၊ ငယ်ဘာသာနှင့်၊ သညာ *နုံ့နဲ့၊ အမှတ် *မဲ့လည်း၊ သူငယ့်ခံတွင်း၊ နို့သေ သွင်းသော်၊ မယွင်း မှန်စွာ၊ နို့သာ ဝင်လျက်၊ သေ အန်ထွက်သား၊ မဂ်၏့သတ္တိ၊ ပြီး သိဒ္ဓိနှင့်၊ အဘိဌာန၊ အဘဗ္ဗဟု၊ အရိယနွယ်၊ အပါယ် လေးပါး၊ တံခါး ပိတ်ဘိ၊ မြတ်ဇာတိဖြင့်၊ အာဒိ မဂ္ဂ၊ လက်ဦး ရ၍့၊ ဈာနလာဘီ၊ ဈာန်ယှဉ်မှီသော်၊ ဝသီ ငါးစုံ၊ ဗြဟ္မာ့ဘုံသို့၊ ရောက်တုံလတ်က၊ အောက်နတ် လူ့ရွာ၊ မသက်လာဘဲး၊ အနာဂါမိ၊ မဂ်ဉာဏ်ယှိသို့၊ အနိဝတ္တန၊ သဘာဝသည်။။ ကာမ မနှောင့် ကုန်ပြီတည်း။ (၁၁)

(၅၃၀) ထိုမှ အပ၊ နိဇ္ဈာနမူ၊ တိက္ခ မဇ္ဈုံ၊ မုဒုံ ပညတ်၊ အထူး မှတ်လျက်၊ ဝိပဿနိန္ဒြေ၊ သုံးထွေအရ၊ နိယာမတည့်၊ ဧကဗီဇ၊ ကောလ သတ္တက်၊ သုံးချက် ပိုင်းခြား၊ ဘဝအားဖြင့်၊ ခေါင်းပါး သန့်စင်၊ ကျွတ်ပန်း ဆင်ပြီး၊ တမ်းဝင် ရှေးဦး၊ ကျေးဇူး *ဖြိုးကယ်၊ *မနုန့်နယ်ဘဲး၊ လူဝယ် နတ်စစ်၊ တစ်-နှစ် သုံး-လေး၊ တွက်ရေး ငါး-ခြောက်၊ ထက်-အောက် ပြန်လစ်၊ ရောရာ ဖြစ်လျက်၊ ခုနစ် မလွန်၊ ဘဝဝန်ကို၊ မှောက်သွန် ပယ်ချ၊ နိယတကြောင့်၊ အဋ္ဌမမြောက်၊ မပေါက် သန္ဓေ၊ မနေရလျှင်း၊ ဇာတိ ဖျင်း၍့၊ အချင်း ခပ်သိမ်း၊ ပြီးငြိမ်း ဧကန်၊ *နေရဗ္ဗာန်သို့၊ လမ်းမှန် ရှေးရိုး၊ အဖြောင့် ထိုးသား၊ သုံးမျိုး ဖလဋ္ဌာန်၊ ပုဂ္ဂိုလ်*မွန်ဟု၊ သောတာပန်မည်၊ မဟာထေရ်နှိုက်၊ တည်လေကုန်ကြ၊ အချို့ကမူ၊ ကာမရာဂ၊ ဒေါသ ခေါင်းပါး၊ ရွေ့ရွေ့ ယားလျက်၊ တရား နှစ်ဆ၊ နှစ်ဆင့် ရ၍့၊ ဣဓ တတ္ထ၊ စသည့် ငါးစု၊ ဝေဘန် ပြုသား၊ ညစ်ကျု ဖျင်းသိမ်၊ ကာမအိမ်သို့၊ တကြိမ် ပြန်လာ၊ သကဒါတည့်၊ ချို့မှာမူကား၊ ခေါင်းပါး ကျန်ထ၊ ထိုကာမနှင့်၊ ဒေါသ *အထည်း၊ သမုဒည်းကို၊ ခါတည်း မကြွင်း၊ မကျန် ကင်းအောင်၊ ပယ်ရှင်းကုန်ကြ၊ အကုပ္ပဟု၊ တတီယမှန်၊ နှစ် ဝေါဒါန်ဖြင့်၊ သုံးဘန် စင်မြောက်၊ မဂ်ဉာဏ် ရောက်လျက်၊ နတ်ခြောက် လူ့ရွာ၊ အောက်ကာမာသို့၊ တခါ မပြန်၊ ဗြဟ္မာ ဆန်၍့၊ နိဗ္ဗာန် လက်နီး၊ နာဂါမ် ပြီးသည်။။ ခရီး မထောင့် ကုန်ပြီတည်း။ (၁၂)

(ဤကား 'သစ္စာပြရှောင်း'ဟူသော ဥဒ္ဒေသ၏့ နိဒ္ဒေသ။)
သစ္စာပြခဏ်း (၁၂)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၄-ဇာတ်တော်ပေါင်းခဏ်း

ဣတိ ဘဂဝါ ဣမာနိ ဒွေ ဝတ္ထူနိ ကထေတွာ အနုသန္ဓိံ ဃဋ္ဋေတွာ ဇာတကံ သမောဓာနေသိ။

(၅၃၁) ဤသို့ ကျယ်ဘွင့်၊ ဟင်းလင်း ပွင့်အောင်၊ *ယခင့် အောက်က၊ ဇာတ်လုံး ပြ၍့၊ ဆုံးကျ ဆစ်ပိုင်း၊ ဟောခဲ့လှိုင်းပြီး၊ တုနှိုင်းမရ၊ သုံးလောကတွင်၊ ပြိုင်ကြ မကြွင်း၊ အခေါင်ချင်းလျက်၊ အောင်ခြင်း ရှစ်ဘော်၊ ပွဲးတိုင်း ကျော်သည့်၊ ဘုန်းတော် ခြောက်ပုံ၊ ပြည့်စုံ တမျိုး၊ ညစ်ဆိုး ကိလေ၊ တွင်းရန်မွှေကို၊ ဗုဒ္ဓဟေ ပင်မင်း၊ ဗောဓိရင်းနှိုက်၊ အချင်း အစောက်၊ စိန်ခုံမြှောက်သို့၊ မြေပေါက် ပြိုးပြောင်၊ ဆဲ့လေးတောင်ဖြင့်၊ အရောင် ဝင်းဖြာ၊ ဝဇိရာသန၊ ပလ္လင်လှတိ၊ မာရဝိဇည်း၊ စိန်*ပြတည်းထက်၊ *ဥဒည်း နေရုဏ်၊ ရောင်ဟုန် တက်လင်း၊ ပေါ်ထွက် ချင်းအောင်၊ ညဉ့်ခြင်း ထွားထွား၊ မာရ် ငါးပါးလုံး၊ သိကြား လက်ချိန်၊ ဝရဇိန်ထက်၊ အရှိန် ကြီးမြတ်၊ ရွယ်တိုင်း ပြတ်သား၊ အရဟတ်လက်နက်၊ မြမြထက်သည့်၊ စက်သီလဝင်၊ မဂ်ဉာဏ်ရှင်ဖြင့်၊ ကုန်စင် ပြစ်ပြစ်၊ ချုံစေးပျစ်သို့၊ ခုတ်ပစ် ကြွင်းမဲ့၊ ကျန် မ*ဟဲ့အောင်၊ ချိုးဖဲ့နိုင်တတ်၊ ဘဂျနတ်ဟု၊ အမြတ်ဆုံးတင်၊ ဘုန်းတော့်ရှင်ကား၊ မဂ္ဂင် ရှစ်မည်၊ ကျွတ်ပွဲး စည်သည့်၊ *ဇည်တဝန်မည်သီး၊ ကျောင်းတိုက်ကြီးတွင်၊ *ပုံဖြီး များစွာ၊ သင်္ဃာ ထေရ၊ သာဝကတို့၊ ဓမ္မသဘင်၊ ညီလာခွင်နှိုက်၊ အကြင် ဟောမှတ်၊ အတိတ်ဇာတ်နှင့်၊ ဤဝတ္တမာန်၊ ပစ္စုပ္ပန်တိ၊ နှစ်တန် စပ်ပြီး၊ နှောနှီးသဖြင့်၊ *ယခင့် တိတ်က၊ နိမိတ် ပဝတ်၊ အနွတ် ရုဠှီ၊ နာမ် ငါးလီတွင်၊ ဤမည်သသူ၊ ထိုသည့်လူကား၊ ခုမူ စင်စစ်၊ ဤသူဖြစ်ဟု၊ ဘွင့်လှစ် အမှန်၊ မြတ်ရွှေဉာဏ်ဖြင့်၊ နုသန်*၄င်း၊ စပ်တုံရှောင်း၍့။။ ဇာတ်ပေါင်း *ရုံးတော်မူသတည်း။ (၁)

တဒါ ကပ္ပကော အာနန္ဒော အဟောသိ၊ ပုတ္တော ရာဟုလော၊ မဃဒေဝေါ ရာဇာ ပန အဟမေဝါတိ။

(၅၃၂) ဧကမူလာ၊ ဒွိရာဝဋ္ဋ၊ တိမလနှင့်၊ ပဉ္စ ပတ္ထဋ်၊ ဒွါဒဝဋ်ဟု၊ မချွတ် လက္ခဏာ၊ တည်ရာ တပါး၊ လှည့်သွား နှစ်စု၊ နောက်မှု သုံးသင်း၊ နှံ့ခြင်း ငါးကွဲး၊ ဝဲး ဆဲ့နှစ်ခွေ၊ အမြဲးနေသား၊ လေးထွေ သမုဒ်၊ ရေ*အစုတ်သို့၊ *ရစ်ဝုက် ဗလဝ၊ ကိလေသဟု၊ ဩဃ လေးသွယ်၊ ရေပြင်ကျယ်ကို၊ အလယ် ပဋိပဒ်၊ ငါ့နည်း တတ်၍့၊ အပတ်*တကုတ်၊ မထုတ် အားပါး၊ ရပ်မနားဘဲး၊ ကူးသွား ထုတ်ချောက်၊ ထိုဘက် ရောက်သည့်၊ ရှစ်ယောက် အရိယာ၊ သား သင်္ဃာတို့။။ မဟာမဃ၊ လူမျာ့း ဘ,ဟု၊ ဒေဝ မင်းကျော်၊ ဖြစ်ခါသော်နှိုက်၊ ထုတ်ဘော် ခွန်းမြွက်၊ ငါ့မိန့်ချက်ကို၊ ဦးထက် ဆင်သည်၊ ဆေတ္တာသည်ကား၊ *ဓွန့်ရှည် အကိန်း၊ ကပ်တသိန်းထက်၊ မြည်ဟိန်း စက္ကဝါ၊ တုန်အက်ငြာလျက်၊ ဖီလာ အောက်ထက်၊ ဘဝဂ် ကြော်ချောက်၊ ဘုန်းတော် ခြောက်နှင့်၊ နှစ်ယောက် မပြူ၊ စံ မတူအောင်၊ တဆူတည်းသာ၊ ထူးမြတ်စွာဖြင့်၊ တရာ ပွင့်ချပ်၊ ငွေကြာယပ်သို့၊ လျှပ်လျှပ် ရောင်ညီး၊ ကြာလှည်းဘီးသည်၊ မြေကြီးက ပေါက်၊ ဘွားတော် အောက်နှိုက်၊ မောက်မောက် စွင့်စွင့်၊ ကားကား ပွင့်၍့၊ အသင့် အသင့်၊ ရှုတင့်စရာ၊ စကြာ ရွှေဘွား၊ လှမ်းကြွသွားတိုင်း၊ မဆိုင်း ခံပြု၊ ပေါ်လာမှုကြောင့်၊ ပဒုမုတ္တရ၊ နာမ ထင်ရှား၊ ထိုဘုရား၏့၊ ညီဘွားမှန်လှ၊ သုမနကုမာ၊ ဖြစ်သော့ခါတိ၊ မဟာဥပဋ္ဌာက၊ သုမနပင်၊ အမည်တွင်သည့်၊ ကျွမ်းဝင် ဘုရား၊ ထေရ်ရှင့်အားကို၊ မျက်ဝါး မြင်ရ၊ ထိုက စ၍့၊ ဒါန ကြီးစွာ၊ ပြု၍့သာလျှင်၊ ဆယ်ဖြာ *သီတင်း၊ တဝါတွင်းလုံး၊ ခြေရင်း ကပ်ရပ်၊ မြဲးကြပ် ဆောက်တည်၊ ဆုကြီး ရည်မှ၊ ကျင်လည်သမျှ၊ ကာလအကြား၊ မင်းဖြစ်များလျက်၊ ဘုရားအလောင်း၊ ငါနှင့် ပေါင်း၍့၊ တကြောင်း တဆစ်၊ ခိုက်ရန်ဖြစ်လည်း၊ သတ်ညှစ် သေမှု၊ မပြုကြဘဲး၊ မြဲးကြ မေတ္တာ၊ သံသရာဝယ်၊ တည်ရာမယှိ၊ ဘောက်ပြီး ဘောက်ပြန်၊ အတန်တန်ဖြင့်၊ ဘန်ဘန် များစွာ၊ ဖြစ်ခဲ့ လာပြီး၊ ငါနှင့် တူပြီ၊ စံပျော်ညီလျက်၊ တုသီနန်းက၊ စုတေ့ကြသော်၊ ငါ့ဘ နောင်မွေး၊ ညီးထွေး ဘုန်းယှိ၊ နတ်တရှိသို့၊ အမိတောဒန၊ မင်းသကျ၏့၊ ဩရသစစ်၊ ရင်နှစ် သည်းချား၊ ငါဘုရားနှင့်၊ မခြား နေ့ချင်း၊ ဘွားမြင်လျှင်းမှ၊ ကြီး*ပြင်းကြမြောက်၊ ငါ၏ နောက်နှိုက်၊ မင်းခြောက်ယောက်တူ၊ ရဟန်းမူသော်၊ မိုက်မြူ ကင်းစ၊ မဂ်ဦး ရ၍့၊ သေက္ခ ပဋိသမ္ဘဒါ၊ နှိုင်းရာ *မဲ့လစ်၊ တုမရစ်တည့်၊ ရှစ်သောင့်းလေးထောင်၊ ကုန်အောင် ဓမ္မက္ခန်၊ ကျမ်း သုံးတန်ကို၊ ပြန်လှန် ဆောက်ရွက်၊ ကျောက်ထက်စာလား၊ တည်နိုင်အားနှင့်၊ တဘွား ရပ်ရှောင်း၊ ကြွ မပြောင်းခင်၊ ခြောက်သောင်း ပုဒ်ပိုင်၊ သင်နိုင် ပြန်နိုင်၊ ကြံ့ခိုင် ဝီရိယ၊ ကြီး လုံ့လကြောင့်၊ ဓမ္မရတနာ၊ ဘဏ္ဍာဂါရိုက်၊ ရွှေတိုက်ဝန်ကြီး၊ ဌာနန်ပြီးလျက်၊ *စောဓီး ငါ့ဝယ်၊ ဝါနှစ်ဆယ်က၊ ပယ်လည်း လေးတန်၊ ပန်လည်း လေးခု၊ လုပ်ကျွေးမှုနှင့်၊ ငါးစု ဧတဒဂ်၊ ရာထူး တက်၍့၊ ထက်မြက် မြန်လျင်၊ စက်အသွင်သို့၊ သူလျှင် နှုတ်ဟ၊ တပုဒ် စက၊ ရှစ်ဆ လွန်ကျူး၊ ထစ်ထစ် မြူးအောင်၊ အထူး ထင်ရှား၊ အံ့ လေးပါးလည်း၊ ဘုရား ငါ့နှယ်၊ အကယ် မယွင်း၊ ပြည့်စုံခြင်းနှင့်၊ နွယ်ရင်းလည်းဖြစ်၊ ငါရှင်ချစ်နှိုက်၊ သဲးနစ် သက်စွန့်၊ *အစိုး သွန့်၍့၊ မတွန့် မကွက်၊ ခင်-စုံမက်လျက်၊ နှစ်သက် *ပြင်းဝှန်၊ ချစ်ခြင်း လွန်သည်။။ အာနန် ငါ၏့ ညီဘွားတည်း။ (၂)

(၅၃၃) ထိုရော့အခါ၊ ဥပရာဟု၊ မင်း *လျာ *ကွမ်းထည့်၊ ဘုန်းရောင် မှည့်၍့၊ ငါ့၏့ ကိုယ်စား၊ ငါ တင်ထားသည့်၊ ငါ့သား နန်းဆက်၊ နောက်နန်း တက်ကား၊ အထက် ကမ္ဘာ၊ တသိန်းခါနှိုက်၊ ထိုကြာ ခံအပ်၊ သဗ္ဗသတ္တုတ်၊ ဒွိပဒုတ်ဟု၊ ပဒုမုတ်မည်တွင်၊ ဘုရားရှင်၏့၊ မျက်မြင် *ဂင်္ဂါ၊ ထင်ရှားစွာတိ၊ ခြောက်ဖြာ ရောင်ရှိန်၊ ထွန်းလင်းချိန်ပင်၊ ပထဝိန္ဒရ၊ နာဂရာဇာ၊ ဖြစ်ခါကာလ၊ ရှင်ရဋ္ဌလောင်း၊ မိတ်ကောင်း ဣန္ဒာ၊ ညီညာသမှု၊ တိုက်တွန်းပြုလျက်၊ နတ်-လူ့ *သျှောင်၊ ငါးမာရ် ရှောင်သည်၊ ဘုန်းခေါင် သိသုဒ်၊ *ဇလဇုတ္တရ၊ သမ္ဗုဒ္ဓအား၊ ဆဠာဘိညာဏ်၊ ယှဉ်သည် တန်းခိုး၊ မြေလျှိုး မိုးပျံ၊ အရဟံတို့၊ ထေရ်ရံ *အရာ၊ သင်္ဃာ သိန်းနှင့်၊ ဆောင်ပင့် ခဏ၊ နဂါး ရပ်ခွင်၊ မဏ္ဍပ်ပြင်ဝယ်၊ ပဉ္စင် ဆော်ကြွေး၊ လှူကြီး ပေး၍့၊ လုပ်ကျွေးလတ်က၊ ဗာတ္တိံသ မဟာပုရိသလက္ခဏာ၊ ဖျားမြတ်စွာနှင့်၊ ပမာ တူ*လျော်၊ ရွှေလှော် ဦးသစ်၊ ငွေကြာမြစ်သို့၊ ပျိုမျစ် ရွယ်နု၊ ငယ်သွေး စုသား၊ ဥပရေဝတ၊ ဘုရာ့းသားတော်၊ ရှင်ကျော် ဘုန်းဝေ၊ သာမဏေကို၊ စေ့ရေ မျက်ဝါး၊ မြင်ငြားတုံထ၊ သည်က စ၍့၊ ဘုရာ့သားစစ်၊ ငါလည်း ဖြစ်လျက်၊ ကျင့်ချစ်တတ်စွာ၊ သိက္ခာကာမ၊ ဧဒဂ် ရပြီး၊ ဘဝ ငြိမ်းလို၊ တောင်းဆု ဆိုမှ၊ ထိုကိုယ် ယုတ်-မြတ်၊ ကျင်လည်လတ်လည်း၊ သောဝစ္စဿတာ၊ မင်္ဂလာဖြင့်၊ ဝါသနာထုံလှ၊ ဆုံးမ နာလွယ်၊ ချစ်ခင်ဘွယ်နှင့်၊ တင့်တယ် ရုပ်ဝါ၊ သားမောင်ဇာသို့၊ ငါ၏့ ရင်နှစ်၊ များစွာ ဖြစ်၍့၊ စွန့်လစ် သူ့ထံ၊ စေခံ ပေးငြား၊ မပယ်ရှားဘဲး၊ သားကို စွန့်မှု၊ ဘုရားဆုကြောင့်၊ ငါပြုသမျှ၊ ခံရှာရပြီး၊ ဘဝဆုံးလစ်၊ ယခုဖြစ်နှိုက်၊ ရှေးဇာစ် ဝါသနာ၊ အထုံပါလျက်၊ ဗိမ္မာ ရွှေလှော်၊ ငါနှင့် ပျော်က၊ ယသော်ဝမ်းတွင်၊ သန္ဓေဝင်၍့၊ ငါလျှင် ဘုရား၊ ဥယျာဉ်သွားစဉ်၊ လေးပါး နိမိတ်၊ သံဝေ ထိတ်လျက်၊ ဘိက္ခု သမဏ၊ သောက မထင်၊ ရဟန့်းသွင်ကို၊ မြင်သည့် ခဏ၊ သဘောကျ၍့၊ ဧးမြ စိတ်သာ၊ စံခိုက်ခါဝယ်၊ တောင်ညာဘုရား၊ သားတော် ဘွားဟု၊ တပါး မတ်ရောက်၊ တင်လာ လျှောက်က၊ ကြောဘောက် ရိုးတွင်း၊ ခြင်ဆီ ချင်းမျှ၊ ချစ်ခြင်း ပိယ၊ ဖြစ်ထသမှု၊ လ ဣန္ဒုကို၊ ရာဟုနတ်သား၊ ဖမ်းသော့လားသို့၊ ငါ့အား ညစ်ကျု၊ နှောင်ဘွဲ့ပြုဟု၊ ရာဟု ဇာတော၊ နှုတ် ဩဘာ လှစ်၊ ဥဒါန်းဖြစ်ကို၊ ဘိုးချစ် ဘုန်းလူ၊ နိမိတ် ယူ၍့၊ ပုံတူ မခြား၊ နန်းပြိုင် ထားသည့်၊ ငါ့သား သက်စု၊ တောထွက်မှုကို၊ ရာဟု ငါ့မြေး၊ ဖမ်းလဿေးဟု၊ မည်ပေး ပြုထ၊ ထိုသည့် ညပင်၊ လက်မျှ ထိရုံ၊ မစမ်းတုံဘဲး၊ တံခါးခုံက၊ မျှော် မှန်းဆ၍့၊ ဗိမ္ဗာ့ ရင်ကြား၊ ထားသည့်အသွင်၊ ရှုခဲ့ကျင်မှ၊ ငါလျှင် ဆုတ်လျက်၊ တောထွက် စွန့်ပစ်၊ ဘုရားဖြစ်အောင်၊ ခုနစ်နှစ်ကြာ၊ ရွှေပြည်သာသို့၊ ရောက်လာ ပထမ၊ ဆွမ်းခံကြွသော်၊ အဋ္ဌ နရသီ၊ ဂါထာ စီ၍့၊ တီတီ တာတာ၊ ခြီးဆိုကာနှင့်၊ ဗိမ္ဗာ သူ့မိ၊ ညွှန်ဘိရကား၊ ရက်လည်ငြားက၊ ငါ့အား ချစ်စိတ်၊ ဘိတ်သည့်ရေ့နှယ်၊ တပ်ကာ တွယ်ပြီး၊ ချစ်ဘွယ်စကား၊ ဘုန်း ဘ,ဖျားဟု၊ လိုက်ငြား ကျောင်းရောက်၊ တောင်းလျှောက် အမွေ၊ ငါ ဘုန်းဝေလည်း၊ သာမဏေဆု၊ မွေပေးပြုသော်၊ ငယ်နု ပျိုမျစ်၊ ခုနစ်နှစ်က၊ ရှင်ချစ် ငါ့ထံ၊ ရှင်ငယ် ခံ၍့၊ အမ္ဗလဋ္ဌိက၊ သုတ္တန္တဖြင့်၊ ဆုံးမ မိန့်သံ၊ နာခံ မပျက်၊ မတက် မာန၊ ပိယဝါစာ၊ ချစ်စရာနှင့်၊ သင်္ဃာများလယ်၊ ပျော် တင့်တယ်လျက်၊ တဆယ်နှင့် ရှစ်၊ ရွယ်သက်ဆစ်သို့၊ ရောက်လစ် ပြန်ရာ၊ ငါ့၏့ နောက်မှ၊ ဆွမ်းခံကြွစဉ်၊ ရူပရာဂ၊ ဝိတက္ကကြောင့်၊ သမ္ဗုဒ္ဓ ငါ၊ မဟာရာဟုလောဝါဒ၊ သုတ္တန္တဖြင့်၊ ဆုံးမပေး၍့၊ နှစ်ဆယ်စေ့သော်၊ မရွေ့သမှု၊ ပြုသည့် ပဉ္စင်၊ ဉာဏ်လျှင် ရင့်ထ၊ ထိုဝါမျှနှိုက်၊ စူဠရာဟုလောဝါဒ၊ သုတ္တန္တဖြင့်၊ ဆုံးမသော့ထွေ၊ နာပလေက၊ ကုဋေ တထောင်၊ ရာပြန် ဆောင်သား၊ *မြားမြောင် သင်္ချာ၊ နတ်ဗြဟ္မာနှင့်၊ အဝတ္ထာဘုံ၊ ဇာတိမြုံသည့်၊ လေးစုံ မဂ္ဂ၊ ပြီး ကိစ္စဖြင့်၊ အသေက္ခကြီး၊ ဖိုလ်ထီး အရဟတ်၊ ဧးမြတ် လွန်စွာ၊ ညီးညီးကာလျက်၊ ရဟန္တာစစ်၊ ဆုံးစွန် ဖြစ်၍့၊ လွန်ချစ် သီလ၊ ဝိသိဋ္ဌဖြင့်၊ ကိကီဝ အဏ္ဍံ၊ မိန့်သံ ဂါထာ၊ ညီစွာ *တမျှ၊ နောက်ကာလဝယ်၊ သင်္ဃာ့လယ်ဘောင်၊ တု*မဲ့အောင်လျှင်၊ ဆောင်သည့် ဂုဏ်ဝါ၊ လွန် ထူးစွာကြောင့်၊ သိက္ခာကာမ၊ ရသည့် ဧတဒဂ်၊ ညာနေ တက်၍့၊ စက်လက္ခဏာ၊ ဆင်း ရုပ်ဝါလည်း၊ ငါနှင့် မခြား၊ လွန် ထင်ရှားလျက်၊ အများ မျက်ရှု၊ ချစ်ဘွယ် စုသည်။။ ရာဟု ငါ၏့ ချစ်သားတည်း။ (၃)

(၅၃၄) မိထိလာပြည်မ၊ ဝိဒေဟနှိုက်၊ လူများ *ဥသျှောင်၊ စိုး အခေါင်ဖြင့်၊ *မြားမြောင် ကြာ*ညောင်း၊ နှစ်အပေါင်းတိ၊ အသောင်း အသောင်း၊ ရှစ်ပြန် နှောင်းမှ၊ ထောင်ပေါင်း လေးလီ၊ လေးကြိမ်စီ၍့၊ ဒီဃာယုက၊ နတ်*တမျှသို့၊ တတီယနန်းတည်၊ သက်ရှည် ဘုန်းကြီး၊ နေ့နှယ် ညီးလျက်၊ နန်းထီး စွန့်ကြွ၊ တောထွက် စ၍့၊ ဗြဟ္မာ့ဘုံအောင်၊ တပြည်ထောင်သည့်၊ မင်းခေါင် မာဃ၊ *စောဒေဝကား၊ *မဆွ စွာစွာ၊ ကမ္ဘာဘာက၊ မဟာဓမ္မရာဇ်၊ ရှစ်ချစ်အပေါင်း၊ မရေကောင်းနှိုက်၊ ဆုတောင်း စိတ်မျှ၊ ပြုထ ရှည်ကြာ၊ သုမေဓာသော်၊ အင်္ဂါ ရှစ်ပါး၊ စုံသော့အားဖြင့်၊ ဘုရား ဒီပင်၊ ဗျာဒိတ် တင်တိုင်း၊ ဗုဒ္ဓဝင်စဉ်၊ ကမ္ဘာ ယှဉ်၍့၊ စီလျဉ် မှတ်မူ၊ တဆူ သာရ၊ ဒွေ မဏ္ဍနှင့်၊ ဝရ သုံးဖြာ၊ သာရမဏ္ဍ၊ လေးဗုဒ္ဓတိ၊ ဘဒ္ဒ ငါးပါး၊ ဘုရားနှင့် ကပ်၊ ပညတ် ငါးအင်၊ ကမ္ဘာတွင်နှိုက်၊ ဒီပင်္ကရာ၊ မြတ်စွာ ရှင်*စော၊ ပွင့်သော ကမ္ဘာ၊ တဖြာ ထို့ပြင်၊ သုမင်္ဂလ၊ သုမနနှင့်၊ ရေဝတ သောဘီ၊ ပွင့်ကြ စီသား၊ အညီ ဧကန်၊ သာရမဏ်တည့်၊ တဖန် ထိုမှ၊ ကောဏ္ဍညသမ္ဗုဒ်၊ ပဒုမုတ်က၊ သိဒ္ဓတ္ထ ဝိပဿီ၊ တွင်ညီ သာရ၊ အနောမ ပဒုမ၊ နာရဒနှင့်၊ ပိယ အတ္ထ၊ ဓမ္မဟူသည်၊ သုံးမည် သာလှ၊ သမ္ဗုဒ္ဓတို့၊ ဝရမည်သာ၊ သုမေဓာ သုဇာတ၊ မြတ်တိဿနှင့်၊ ဖုဿဟုပြီ၊ သိခီ ဝေဿဘူ၊ အတူ မဏ္ဍ၊ ကြွင်းထ သုံးလူ့၊ ကကုသန္ဓ၊ ကောဏဂမနနှင့်၊ ကဿပမြတ်စွာ၊ ပွင့်ရာ ဘဒ္ဒ၊ သည်သို့ကျအောင်၊ ပွင့်ကြသရွေ့၊ ပွင့်တိုင်းစေ့ပင်၊ ခြင်္သေ့တပါး၊ နဂါး နှစ်ဦး၊ ဘီလူး တခါ၊ ဣန္ဒာ တဖြစ်၊ လူဇာစ် ဆဲ့ကိုး၊ ဇာတ်နွယ်ရိုးကား၊ မင်းမျိုး အဋ္ဌ၊ ဗြာဟ္မဏ သတ်၊ စက္ကဝတ် ဒွေး၊ သူဌေး ဧက၊ မာဏဝ သုံး၊ နှလုံး သိမ်မွေ့၊ သူတော့်လေ့ဖြင့်၊ ရသေ့ ပဉ္စ၊ သမဏ နော၊ အရောရောတည့်၊ ရှင်*စော မြတ်စွာ၊ ငါဆရာလျှင်၊ ကမ္ဘာ သိန်းနေ၊ လေးသင်္ချေတွင်၊ လေးထွေ သစ္စာ၊ *မုံရင့် ကြာသို့၊ ငုံအာ သင်းကြူ၊ ပွင့်ကြ မူသည့်၊ လေးဆူ ကြိမ်တစ်၊ သုံးဆူ နှစ်နှင့်၊ တွက်စစ် မမှား၊ နှစ်ပါး သုံးလီ၊ တစ်စီ လေးဆင့်၊ ငါးဆူ ပွင့်မှာ၊ တကြိမ်သာတည့်၊ မြတ်စွာ ပွင့်ရပ်၊ ဆဲ့တကပ်နှိုက်၊ သဗ္ဗညုတ၊ မြတ်ဉာဏနှင့်၊ ဗုဒ္ဓတံဆိပ်၊ ငါးမာရ် နှိပ်သား၊ နှစ်ကျိပ် သုံးပါး၊ ရှင်တော်များ၏့၊ ထံပါး ကျိုးနွံ၊ ဗျာဒိတ် ခံ၍့၊ နာမံ တိုင်းပြည်၊ ပွင့်သည် ဗောဓိ၊ ဘ-မိ အဂ္ဂ၊ ဥပဋ္ဌနှင့်၊ ကျား-မ နှစ်ပုံ၊ အစုံ စီချည်း၊ တသံတည်းဖြင့်၊ *လိပ်လည်း ယွင်း*မဲ့၊ သောင်းတိုက် နဲ့အောင်၊ နှစ်ဆဲ့ လေးထပ်၊ တံဆိပ် ကွပ်သို့၊ ပေးအပ် မဆိတ်၊ ''ရွှေဗျာဒိတ်ကို၊ *ကြိတ်ကြိတ် ကြည်ဖြူ၊ အမြဲး ယူပြီး၊ ဇမ္ဗူဌာန၊ ဤကျွန်းမှလျှင်၊ ဒီပ စကြာဝဠာ၊ တပါးမှာသို့၊ လားရာ မယှိ၊ မြဲးတုံဘိလျက်၊ ဝီစိ လောကန်၊ သည်းထန် လောင်ဆာ၊ နိဇ္ဈာ ခုပိ၊ ကဉ္စိ ကာလ၊ ငုံးက အောက်ဟူ၊ လူမှာ *ဆွံ့-အ၊ ဇာစ္စန္ဓနှင့်၊ သောတဝိကလ၊ မိန်းမ ဥဘတောဗျည်း၊ ဘုန်းနည်း ကြန်ယုတ်၊ ပဏ္ဍုက် ပဉ္စာ၊ မိစ္ဆာ နိယတ၊ အရူပ အသညာ၊ ဘုံသုဒ္ဓါတည့်၊ မဟာပုရိ၊ ဗောဓိသတ္တ၊ ဗျာဒိတ်ရတို့၊ မကျ မနစ်၊ မဖြစ်ထိုက်ရာ၊ နိသံသာဖြင့်၊ အဋ္ဌာရသ၊ အဘဗ္ဗခေတ်၊ တဆဲ့ရှစ်နှိုက်၊ မဖြစ်ခဲ့ဘဲး၊ လွဲးကြီး လွဲး၍့၊'' ''ထွတ်ကဲး ဘုန်းလူ၊ သယမ္ဘူစစ်၊ ကိုယ်တော် ဖြစ်အောင်၊ ဆုတ်*နစ် *မဲ့ငြား၊ ဆယ်ပါး ပါရမီ၊ ငါးလီ မဟာပရိစ္စာဂ၊ စရိယ သုံး၊ အကုန် ကျုံး၍့၊ ကြုံးကြုံး ဝါးဝါး၊ ငါသို့ကားဟု၊ အသား မြေထု၊ သွေးစု ပင်လယ်၊ ရေပြင်ကျယ်နှင့်၊ မိုးကြယ် မျက်လုံး၊ ပမာ ရှုံးအောင်၊ အဆုံး မယှိ၊ ပြုဘိ ကြီးစွာ၊ ပြု၍့သာလျှင်၊ မဟာဝေဿန်၊ ဆုံးစွန် ဘဝ၊ ရောက်ကာလနှိုက်၊ သက်မျှ သည်းချာ၊ လွန်ချစ်စွာသား၊ ကဏှာ ဇာလီ၊ မဒ္ဒီမိဖုရား၊ သား မယားကို၊ ပုဏ္ဏားတို့လက်၊ ချ ရေစက်နှင့်၊ အသက် ဆုံးခါ၊ တုသိတာဝယ်၊ ချမ်းသာ တု*မဲ့၊ ငါးဆဲ့ခုနစ်ကုဋေ၊ တွက်ရေ အစွန်း၊ နှစ် ခြောက်သန်းတိ၊ စံမြန်းစဉ့်ခိုက်၊ သောင်းတိုက် စက္ကဝါ၊ ဗြဟ္မာ နတ်များ၊ ပန်သော့အားဖြင့်၊'' ဘုရားဖြစ်ဘို့၊ လူတို့ဌာနီ၊ ပြည် ကပီဝယ်၊ သာကီမျိုးမြတ်၊ သမ္ဘိန်ဇာတ်တို့၊ မပြတ် စပ်ကာ၊ မင်း ဥက္ကာ၏့၊ သကျာဝတ၊ မိန့်ဩဇာတိုင်း၊ နှမနှင့် မောင်၊ တည်ထောင် ပြည်ကြီး၊ နန်းထီး အုပ်မိုး၊ ဆက်စိုး စံပျော်၊ နွယ်တော် စဉ်ရှေး၊ တဝေး မပြား၊ တရား တည်ဖြောင့်၊ မြဲးစွာ စောင့်လျက်၊ ရှစ်သောင့်းလေးထောင်၊ စွန်းဆောင် တွက်စစ်၊ တကျိပ်နှစ်တည့်၊ ပွားသစ် နွယ်စင်၊ မဟာဝင်တို့၊ သောင်းခွင် *လွှံ့ကျော်၊ တုမမြော်သား၊ ဘေးတော် ဇေယျ၊ ဘိုး သီဟတိုင်၊ သကျ နွယ်ရိုး၊ အစဉ် စိုးလျက်၊ တန်းခိုး မတိမ်၊ စည်းစိမ် မပျက်၊ ရာကျော် သက်နှင့်၊ နန်းထက် ဘုံပေါ်၊ နိဗ္ဗာန်ပျော်သည့်၊ တေဇော် တောက်ပ၊ ငါ့ခမည်းမြတ်၊ သုဒ္ဓေါ်နတ်၏့၊ သတ်မှတ် ဘုန်းယှိ၊ သူဇာမိသို့၊ အချိ *ပြောထူ၊ များ ရှင်-လူတို့၊ မြင်သူ မူးမက်၊ မသွားရက်အောင်၊ မွေ့ညက် သားရေ၊ ဣန္ဒြေနှင့်၊ သရေ ရွှန်းညိ၊ သမ္ပတ္တိကြောင့်၊ သိရီ့မဟာ၊ ဘွဲ့ဦးသာသား၊ မာယာ ညာနန်း၊ မိ*ကြငှန်း၏့၊ ကြာခန်း ဝမ်းတိုက်၊ ပျော်ပိုက် ကိန်းဝင်၊ သောင်း ပဲ့တင်ဖြင့်၊ သံထင် ကြိုးရိုက်၊ ဘဝဂ် ဆိုက်သား၊ တုန်ရိုက် င+ရင်၊ *ဧးယင်+ယင်သို့၊ ကောင်းကင် ရေ-မြေ၊ ဆူလှိုက်ဝေလျက်၊ သန္ဓေကိစ္စ၊ ပစ္ဆိမနေ့၊ တည် သိမ်မွေ့ပြီး၊ ချိန်စေ့ ဆယ်လ၊ ရက်ရ သုံးရာ၊ ကာလ ကြာအောင်၊ ရင့်မာ ဣန္ဒြေ၊ စံငြိမ်နေမှ၊ ပိုး-လေ ဥတု၊ စုံတခုမျှ၊ မြူဏု မသန်း၊ လျှမ်းလျှမ်း ယိုစီး၊ ဓာတ်ရောင် မီးနှင့်၊ ညီးညီး ထိန်ဝင်း၊ ဖလ်ကြုတ်တွင်းဝယ်၊ ရွှေဆင်းတုလား၊ တူ မခြားတိ၊ မယ်ဘွား ပြင်က၊ ရှုထ မပြတ်၊ သောင်းတိုက် နတ်တို့၊ ရံပတ် စောင့်နေ၊ ဘေး*မဲ့စေလျက်၊ ပင်ခြေ ရှင်းရှင်း၊ နတ်တို့ ကျင်းသား၊ အင်ကြင်း စုံစီ၊ ပွင့်သိင်္ဂိသို့၊ လုမ္ဗနီ သာမော၊ ဥယျာဉ်တောနှိုက်၊ ရှင်*စော ငါလျှင်၊ ဗောဓိပင်နှင့်၊ နတ်သွင် ယသော်၊ ညီတော် အာနန်၊ မြင်းတော် ကဏ်က၊ ငဆန် ကာဠု၊ လေးခု ရွှေအိုး၊ ပြိုးပြိုး ရောက်လက်၊ တပြိုင်နက်ဖြင့်၊ ဘွားဘက်တော်စစ်၊ ဤခုနစ်နှင့်၊ သုံးခေတ် လူ့ခွင်၊ တု မမြင်အောင်၊ သန့်စင် ဘွားမြောက်၊ တဆဲ့ခြောက်သို့၊ ရွယ်ရောက် သက်ဆစ်၊ တိုင်တုံလစ်က၊ ရွှေစစ် ဆင်းဝါ၊ မင်း ဗိမ္ဗာနှင့်၊ ဣန္ဒာ သူဇာ၊ ပမာ *တညီ၊ ဆောင် ကိုယ်စီဖြင့်၊ သာကီပျိုပေါင်း၊ လေးသောင်း ခ-ရံ၊ ဘိသိက်ခံပြီး၊ မောင်နှံ မကွာ၊ နှစ်ကြာ ဆဲ့သုံး၊ လုံးလုံး မပျက်၊ နန်ထက် စံစား၊ သားတော် ရာဟု၊ မြင်ရှု မျက်နှာ၊ ထိုနေ့သာလျှင်၊ စွန့်ခွါ ရက်ရက်၊ ညဉ့်သန်နက်နှိုက်၊ ဘွားဘက်တော် ဆန်၊ မြင်းတော် ကဏ်နှင့်၊ ရှင်ကျွန် သုံးပါး၊ လိုတူအားဖြင့်၊ ယောက်ျားတွက်ရေ၊ ဗိုလ်ခြေ ခန့်ကျုံး၊ လက်ရုံး နှစ်ထောင်၊ ဆွဲးဆောင် ဘွင့်-ပိတ်၊ ခဲး*ကျိတ်ကျိတ်တိ၊ မြဲးကြိတ် ကျပ်တည်း၊ သံဟီ*+ကြည်းလျက်၊ အ+ကျည်း မင်းတုတ်၊ ချမြှုပ် လျှိုထား၊ မြို့တံခါးကို၊ နတ်များ အသင့်၊ ဘွင့်လှစ်ထားရာ၊ ထွက်ကြွလာသော်၊ စကြာရောက်အံ့၊ ဆိုင်းငံ့ ပြန်သွား၊ မာရ်နတ် တားလည်း၊ ပယ်ရှားတုံလျက်၊ စိတ် မကွက်ဘဲး၊ တောထွက်ခဲ့ပြီး၊ သုံးပြည်ကြီးကို၊ ခရီး ပြင်း*ဝှန်၊ လွန်စေ ညဉ့်ခြင်း၊ ကျော်ထုတ်ချင်းတည့်၊ *သောက်လင်း ရောင်ဝါ၊ အရုဏ်လာက၊ နော်မာကမ်းယပ်၊ ထိုမှာရပ်သို့၊ ဆိုက်ကပ် ကျော်လျက်၊ သဲးဘော်လျှက်နှင့်၊ တဘက် သောင်ဝယ်၊ ဖြတ်ပယ် *သျှောင်လုံး၊ မင်းသုံး ဝတ်လဲး၊ ချွတ်လွဲး စွန့်ကာ၊ ဗြဟ္မာ လှူဒါန်း၊ ကြာသင်္ကန်းနှင့်၊ ရဟန်းပြုမော၊ ဥရုတောတွင်၊ ရိုး-ကြော ကျန်လစ်၊ ကိုယ်ရေ စစ်အောင်၊ ခြောက်နှစ် ဒုက္ကရ၊ ကျင့်ထ ပြီးခါ၊ သေနာရွာမှ၊ သူဇာ ကပ်လှူ၊ ဆွမ်းဖြူ နို့ဓမ်း၊ ခံယူ လှမ်း၍့၊ မြစ်ကမ်း နေရဉ်၊ တင်ပျဉ် ခွေရှက်၊ ငြိမ်သက် တည်းချုပ်၊ ရွှေဉာဏ် အုပ်ပြီး၊ တလုပ် တရက်၊ ချိန်ကာ တွက်သို့၊ တလမြက်ခန့်၊ လုပ်ဖြန့် ရေချိုး၊ လေးဆဲ့ကိုးဖြင့်၊ ပြည့်ဖြိုးအင်တက်၊ ဘုန်းပေးလျက်တိ၊ ရွှေခွက် ညာဆန်၊ ဝမ်းဘဲးဟန်သို့၊ ဓိဋ္ဌာန် စွန့်မျှော၊ ညနေစောနှိုက်၊ တောက ထွက်လာ၊ လမ်းမှာ တွေ့ကြ၊ သောတ္ထိယထံ၊ လှူခံ မြက်ဆုပ်၊ ရွက်အုပ် မြဝေ၊ ဗုဒ္ဓဟေပင်ရင်း၊ ဗောဓိမင်းအောက်၊ ဖြန့်ကျင်း ထိုင်မြောက်၊ ပလ္လင် ပေါက်၍့၊ လာရောက် ရှူးရှူး၊ မာရ်စစ်ရူးတိ၊ ကြောက်မူးဘွယ်လိ၊ မြေမုန့်ရှိဖြင့်၊ အချိ ပြောဟုံ၊ ဝိုင်းအုံ ကြွေးဟစ်၊ လျှပ်စစ် မိုဃ်းကြိုး၊ နတ်စက်မျိုးနှင့်၊ လေဆိုး တိုက်လွှင့်၊ တောင်ကြီး လွင့်လောက်၊ မာရ်မင့်း ရန်ကြီး၊ ရန်တမီးကို၊ ပျက်စီးစေတတ်၊ ဘဝဂ် ပြတ်မျှ၊ ရိုက်ခတ် ပဲ့တင်၊ မြေအပြင်နှင့်၊ ကောင်းကင် မိုးလုံး၊ အုပ်ဖုံး ပိတ်စပ်၊ လင်းကွင်း ရှပ်သို့၊ ဘိညှပ် ကြိုးခုန်၊ သောင်းတိုက် တုန်အောင်၊ ရွှေပုညာဘိ၊ တု မယှိသား၊ ဓိပတိ ခေါင်မှူး၊ ဘုန်းတော် ထူးဖြင့်၊ ပွဲးဦး အောင်မြင်၊ ဇေယျာ*ရင်မှ၊ ချုပ်ဝင် စက်နေ၊ ညဦးခြေဝယ်၊ ပုဗ္ဗေနိဝါသ၊ သန်းခေါင်ကျသော်၊ ဒိဗ္ဗ လက်ရောက်၊ မိုးသောက် နေစက်၊ အရုဏ်တက်နှိုက်၊ နဲးနက် သမုပ္ပါဒ်၊ ဒွါဒသ်အစု၊ ဆဲ့နှစ်ခုကို၊ အနုလုံ ပဋိလုံ၊ နှုတ်ငုံ ဘန်ဘန်၊ ပြန်လှန် အောက်-ထက်၊ ဉာဏ်စက် ဝရဇိန်၊ လွှတ်ချိန် မိုဃ်းကြိုး၊ ဖြတ်ချိုး *အက်ခြ၊ လောင်မီး ချသို့၊ ခုဒ္ဒကကျမ်းလာ၊ ရှစ်ရာနှင့် တစ်၊ ကိလေစစ်နှိုက်၊ ရာ့ရှစ် တဏှာ၊ ပယ်နှုတ်ကာလျှင်၊ မိစ္ဆာ ဒွါသဌ်၊ ထည့်လတ် တုံ့ပြန်၊ အနုပ္ပန်နှင့်၊ ဥပ္ပန် နှစ်ပါး၊ ထပ်ပွား မြှောက်*ကြို၊ ဆယ်ပါး ပိုကို၊ မလို ပယ်ချ၊ ဦနသင်္ချာ၊ ထောင့်ငါးရာဟု၊ ကိလေသာဆိုး၊ မိုက်မျက်မျိုးကို၊ ပြတ်ကြိုး မွကြေ၊ ပြာကျစေလျက်၊ ပစ်ချေ ညက်မှ၊ အာသဝက်ဉာဏ်၊ မဂ်ဆုံးစွန်ဖြင့်၊ သုံးတန် အဝိဇ္ဇာ၊ ပြီးမြောက်စွာ၍့၊ နုပါဒိဓာတ်၊ အမြတ်ဆုံးစွန်၊ ရောက်ကြောင်းမှန်သည့်၊ လေးတန် ပိုင်းခြား၊ မဂ်အကြားတွင်၊ ရငြားအလို၊ မဂ်-ဖိုလ် နိဗ္ဗာန်၊ ပယ်ကျန် ကိလေ၊ ဤငါးထွေနှိုက်၊ မသွေ ဆတ်ဆတ်၊ ဆင်ခြင်တတ်လျက်၊ ဒဿနစစ်၊ တစ်စီဖြစ်သား၊ ပစ္စဝေက္ခဏာမည်ယှိ၊ ဉာဏ်ဝီထိမျိုး၊ ဆဲ့ကိုးချက် နောက်၊ မဘောက် မပြန်၊ နာဝရဏ်ဖြင့်၊ သမန္တစက်၊ စံ မဘက်အောင်၊ ဝက်ဝက် ခြားပိုင်း၊ ဉေယျဂိုဏ်းကို၊ ယှိတိုင်း မကြွင်း၊ မယှိခြင်းမျှ၊ ခြွင်းတော့သည်သာ၊ ပိတ် မကာဘဲး၊ နောင်လာ ခုတိတ်၊ ပရိတ် မဟဂ်၊ ကိုးချက် လောကုတ်၊ မယုတ် လုံးစုံ၊ အာရုံ ခြောက်ဘို့၊ တရားတို့လည်း၊ အလို့အလျောက်၊ *လျင်ရှောက် မ*ညောင်း၊ တပေါင်း ချက်ပြီး၊ သီးသီး စည်ကာ၊ လိုရာ အကြိမ်၊ ဆွတ်ချွေနှိမ်သို့၊ သကိံ ကမာ၊ သိနိုင်စွာကြောင့်၊ ကြံငှာ မယှိ၊ အံ့ဘွယ်ချိသား၊ အစိန္တိယာ၊ မဟာဝဇိရ၊ ဉာဏ ကြီးထု၊ သဗ္ဗညုဟု၊ အတု *မဲ့တုံ၊ ဗုဒ္ဓဘုံသို့၊ လုံးစုံ ရောက်ဆိုက်၊ အောင်လံ စိုက်၍့၊ သောင်းတိုက် *ဝှန်ဝေ၊ ကျော်နှံ့စေလျက်၊ အသင်္ချေယျံ၊ နာမံ တံဆိပ်၊ ခတ်နှိပ် မဆုံး၊ သုံးခေတ်လုံးတွင်၊ ဘက် မမြင်သည်။။ ငါလျှင် သုံးလူ့ထွတ်ထားတည်း။ (၄)

(ဤကား ဇာတ်ပေါင်းဟူသော ဥဒ္ဒေသ၏့ နိဒ္ဒေသတည်း။)
မဃဒေဝဇာတကံ နဝမံ။

(၅၃၅) ငါးရာ့ငါးသွယ်၊ မြစ် ကြီး-ငယ်ထက်၊ လွန် *ကယ် များမြတ်၊ ထိုမျှဇာတ်တိ၊ နိပါတ် ကျမ်းစစ်၊ နှစ်ဆဲ့နှစ်တွင်၊ ရှေးဖြစ် အစ၊ ဧကနိပါတ်၊ ဇာတ် ရာ့ငါးဆယ်၊ သုံးသွယ် သင်္ဂဟ၊ ပဏ္ဏာသတွင်၊ ပထမပဏ္ဏာ၊ သင်္ဂါ တင်ချက်၊ ထိုငါးဝဂ်တွင်၊ မပျက် အမှန်၊ အပဏ္ဏက၊ ပထမတည့်၊ ဒသ ဇာတ်စု၊ အပေါင်းပြုတွင်၊ ကိုးခုမြောက်ထ၊ နဝမဟု၊ မဃဒေဝ၊ ဇာတကသည်။။ ကိစ္စ ပြီးမြောက် ပြည့်စုံ ရောက်တည်း။ (၅)

(''ဤကား နိဂုံး၊ အဆုံး ကမ္ပတ်၊ အပြီသတ်အောင်''ဟူသော ဥဒ္ဒေသ၏့ နိဒ္ဒေသတည်း။)
ဇာတ်ပေါင်းခဏ်း (၅)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း ၁- ဓမ္မစရိယာနုယောဇဉ်

(၅၃၆) မှတ်ကြ ပဏ္ဍိ၊ စစ်ရိုး သိစိမ့်၊ အာဒိ ရှေးဖျား၊ ကြားသည့်ကျမ်းနှိုက်၊ ရှင်တော်*ရိုက်သည့်၊ အမြိုက် ဆောင်ငြား၊ မြတ်တရားကား၊ တပါး ရသ၊ ဓမ္မ ဝိနည်း၊ ပေါင်းစည်း ဒုက၊ ပထမ မဇ္ဈိ၊ ပစ္ဆိဝစန၊ ခွဲးထ သုံးမှတ်၊ ပိဋကတ် သုံးဖြာ၊ ဒေသနာနှင့်၊ ကထာ သာသန၊ သုံးစီ ပြလျက်၊ ပဉ္စနိကာယ်၊ ကိုးသွယ် အင်္ဂါ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်း၊ လေးထောင် ပေါင်းဟု၊ မှတ်ကြောင်း ဆယ်ဖြာ၊ စစ်ရိုးလာတွင်၊ မှန်စွာ ဘော်ထုတ်၊ ဝိမုတ်ရသ၊ တကိစ္စတည့်၊ ဓမ္မ မဇ္ဈိမ၊ သုတ္တန္တ ပိဋကတ်၊ ပညတ် များစွာ၊ ဝေါဟာ ဒိဋ္ဌိ၊ ဝိနိဝေဌန၊ ယထာနုလောမ၊ ခုဒ္ဒကမျိုး၊ ဟောရိုး ဇာတ်မှန်၊ တောထွက်ဟန်ဖြင့်၊ နုသန် ဧကာ၊ ဖြစ် ခြင်းရာကြောင့်၊ ခန္ဓာ ဧက၊ တပါး ရရှင့်၊ သည်မျှ ရွေ့သာ၊ အဋ္ဌကထာ *နိဿရည်း၊ သုတ်စစ်နည်းသည်။။ ရုံးစည်း အသင့် မှတ်ရုံတည်း။ (၁)

(၅၃၇) ထိုမှတုံပြီ့း၊ နေတ္တိ အလင်္ကာ၊ များစွာ ဆန်း ကြယ်၊ ဆိုနည်း ကျယ်၍့၊ မလွယ် သိခက်၊ လွန်နဲးနက်၏၊ မှတ်ချက် ဓမ္မ၊ လိုရင်းပြက၊ မဃဒေဝ၊ သတ္တမဟာ၊ မြတ်ရာဇာ၏့၊ မိန့်မှာ ဟောထ၊ ဒေဝဒူတာ၊ ပုဒ်အလာဖြင့်၊ ခေါင်းမှာ မယွင်း၊ ဆံဖြူခြင်းကား၊ သေမင်း မိုးနတ်၊ ဝိသုဒ်မြတ်တို့၊ သေမှတ် သေစာ၊ ပြ-ကြားလာဟု၊ ဂါထာ အနက်၊ ဤအချက်ကို၊ မပျက် နှလုံး၊ စွဲးသုံးသော့အား၊ မြဲး မှတ်သား၍့။။ တရားယူသင့် ရေးပုံတည်း။ (၂)

(၅၃၈) တရားရေးပုံ၊ ယူတုံ မှတ်ဘိ၊ ရသတိဖြင့်၊ 'မိမိခေါင်းတွင်၊ ဆံဖြူ မြင်သော်၊ ငါလျှင် အပြီး၊ သေချိန်နီးခဲ့၊ သမီးနှင့် သား၊ မယားနှင့် လင်၊ သက်နှယ် ကြင်လည်း၊ အသျှင်သေမင်း၊ မကြာ ခွင်းလိမ့်၊ သေခြင်း နီးစွာ၊ ရောက်သော့ ငါအား၊ အိမ်မှာ ပျော်ကျိုး၊ ဘယ်ယှိနိုးအံ့၊ နေကြိုး နေကြား၊ ကျင့် ပြောက်ကျားနှင့်၊ လေးပါး ပါယ်ထဲး၊ မီးငရဲးမှ၊ လွတ်မြဲးမဟူ၊ သတိမူလော့၊ ငယ်သူ*တကာ၊ နုသေးစွာဖြင့်၊ ခိဍာဒသက၊ မန္ဒာစသား၊ *ပတ်လျ စိုရွှင်၊ *လုလင်*သမဲး၊ လုမိ*ညဲးနှင့်၊ ဉာဏ်မွဲး တုံးပေ၊ မိုက်မူးဝေသည်၊ လူလေ လူဝါး၊ လူပြိန်းများသို့၊ ပျော်ပါး စိတ်ကြိုက်၊ ဝသီ လိုက်၍့၊ စရိုက် ယုတ်မာ၊ ဝါသနာ ဆိုးဝါး၊ တမားမားဖြင့်၊ တရား လက်စွဲး၊ မယှိဘဲးလျှင်၊ မကွဲး စုဝေး၊ အိမ်-သား-မြေးနှင့်။။ သေရေး မလှ မလုံတည်း။'' (၃)

(၅၃၉) 'သေရေး မလုံ၊ မလှတုံဘဲး၊ အာရုံတိမ်းကာ၊ ဥစ္စာ ခမ်းနား၊ လယ်-ယာများနှင့်၊ မယားကို စွဲး၊ သားကို စွဲးကြောင့်၊ ငရဲး နစ်လေ၊ ကြက်မြွေ ကျေးသား၊ ခွေး-နွား ဘုတ်-ပြိတ်၊ အဟိတ် ယုတ်မာ၊ ဖြစ်ကြစွာခဲ့၊ သမ္မာ မလို၊ ကုသိုလ် မကြိုက်၊ ဒုစ္စရိုက်ဖြင့်၊ ကြက်တိုက် အန်ခတ်၊ ပတတ် ယုန်ထိုး၊ ယစ်မျိုး *သောက်တုတ်၊ ယစ်*ထုတ် လေ့လာ၊ သေစာ ဘင်းဘိန်း၊ တဖိန်းဖိန်းနှင့်၊ ပိန်း၍့ မူးဝေ၊ မိုး-မြေ မသိ၊ ဟူဘိပမာ၊ မေ့လျော့စွာလျက်၊ ပါယ်ရွာစီးပွား၊ တမားမားတည့်၊ ကြိုးစား သက်လုံး၊ လူမိုက်ထုံးကား၊ မတုံး လက်စ၊ သေ မလှဘူး၊ ထိုမျှ တိမ်းယူ၊ အ*ပြိန်းလူနှင့်၊ မတူစေရ၊ မဃဒေဝေါ်၊ လောင်းတော်*သနင်း၊ နေမိမင်းသို့၊ စွန့်ကင်း ပိုင်ပိုင်၊ မတတ်နိုင်လည်း၊ လက်ကိုင် သမ္မာ၊ ယူဖြောင့်စွာလျက်၊ မိစ္ဆာ မငြိ၊ ဒိဋ္ဌိ မယှဉ်၊ ပညာဉ် မခွ၊ ပမာဒဖြင့်၊ ပါပမနော်၊ မမွေ့လျော်ဘဲး၊ လူ့ဘော် ကျင့်သုံး၊ သူတော့်ထုံးကို။။ နှလုံးပိုက်ကြ အာရုံတည်း။'' (၄)

(၅၄၀) သတ္တဝါတွင်၊ အမြင် စက္ခု၊ ငါးပါးစုသည့်၊ သဗ္ဗညုဘုရား၊ ခြေရာများတွင်၊ ထင်ရှား ကြီးစွာ၊ ဆင့်ခြေရာတည့်၊ နံ့သာမျိုးစစ်၊ အမြစ်တွင်သော်၊ အကျော်နက် ကျူး၊ အနှစ်ထူးကား၊ စန္ဒကူးနီသာ၊ အပွင့်မှာမူ၊ မုလေး ဟူ၏၊ လူတို့*သနင်း၊ မင်းတွင် စကြာ၊ အင်္ဂါ ဗုဒ္ဓ၊ စသည် ငါးပါး၊ ပဉ္စတားဟု၊ ထင်ရှား ထိန်ဖြာ၊ ဂြိုဟ်*တကာတွင်၊ သောကြာ စိုင်ရှူး၊ ထွန်းမြူး တောက်ပြောင်၊ ကြယ်မျာ့းဘောင်တွင်၊ လရောင် လွန်ကဲး၊ မှောင်တခဲးကို၊ ဘောက်ခွဲး ပယ်ခြင်း၊ ရောင်အလင်းတွင်၊ နေမင်း ပြဘင်၊ မြစ်တွင် သမုဒ်၊ အဟုတ် ကြီးမား၊ တောင်ကား မြင်းမိုရ်၊ ''ကုသိုလ် ပညတ်၊ တရားရပ်တွင်၊ အပ္ပမာဒ၊ ထူးမြတ်လှဟု၊ လူ့ဘ မဟေ၊ သုံးလူ့ဆွေတို့၊ ဟောပေတိုင်းသာ၊ မမေ့ရာသား၊ ရတနာ သုံးမျိုး၊ ကြည် မြတ်နိုး၍့၊ ကိုးကွယ် နေ့-ည၊ ဆည်းကပ်ကြလျက်၊ ဒါန သီလ၊ အဋ္ဌင်္ဂဟု၊ ဗြဟ္မစာရီ ကျင့် ဝသီဖြင့်၊ အညီ ထုံမှု၊ ဆောက်တည်ပြုက၊ ဆတ္တုပါဟန၊ ဓမ္မိကနှင့်၊ နန္ဒမာတာ၊ ဝိသာခါသို့။။ နတ်ရွာ မြဲးလိမ့် ကြည်ယုံတည်း။'' (၅)

(၅၄၁) အထု အထ၊ လူ့ဘဝနှိုက်၊ ပုရွ ကြီး-ငယ်၊ မျိုးနွယ် ယုတ်မြတ်၊ အတတ်ပညာ၊ ဥစ္စာ ယှိ*မဲ့၊ ချို့တဲ့ ပြည်စုံ၊ မ*ကုံလုံနှင့်၊ *ကုံလုံ *ပြောထူ၊ အို ရှင်-လူတို့။။ ''ဆံဖြူ ကြိုးကြယ်၊ ရုပ်ဆိုးရွယ်နှင့်၊ တွင်ကျယ်ဘိနိုး၊ သွားပါး +ကျိုးလည်း၊ အား+ကြိုး မာန်တက်၊ စိတ်စက် မချ၊ လွန်မြောက်ကြွ၍့၊ ပိုးခြ ပရွက်၊ ရွရွတက်သို့၊ အသက် ရှာရှာ၊ မရှက်စွာတည့်၊'' ''အရာ မလျော်၊ ရွယ် မတော်လျက်၊ လော်လော်မာမာ၊ ကိလေသာဖြင့်၊ လူ့ရွာ ပျော်ဘိန်း၊ ဆင် ဆေးမိန်းသို့၊ *အပြိန်း *အပြောင်၊ တွေ့ မရှောင်ဘဲး၊ သိမ်းဆောင် သောင်းပြောင်း၊ ငယ်ငေါင်းအရွယ်၊ မြေးမျှနှယ်ဘိ၊ အဘယ်*ကလျာ၊ ပျိုနုစွာနှင့်၊ အိမ်ရာ ယှဉ်မှီး၊ ပင်အို သီးသို့၊ မကြီး မပြင်း၊ ဖြစ်လာ ကင်း၍့၊ သားပျင်း ပုလု၊ ငယ်နု ပွေ့ချီ၊ အီအီ အိုအို၊ တဆိုဆိုတည့်၊'' ''ရွယ်ပျို နုရွ၊ ရူပ ရုပ်ဆင်၊ နတ်အသွင်သို့၊ အပြင်အလျာ၊ တင့်တယ်စွာသား၊ ကညာ သွယ်လျ၊ သူငယ်မကို၊ မရနိုင်သော်၊ အိုဘော် အိုချင်း၊ နားပါး သွင်း၍့၊ ပျော်ခြင်း မထိုက်၊ အားကုန် ဟိုက်လျက်၊ လျှာနှိုက် မစို၊ သွားစွယ် တိုနှင့်၊ ခွေးအို ရိုးကိုက်၊ စိတ်လိုလိုက်သို့၊ စရိုက် မှေးထူ၊ အပြိန်းလူတို့၊ မသူတော်လေ့၊ ပျော် *တပ်ပြွေ့လျက်၊ မမေ့ ရံခါ၊ ပယ် မကွာဘူး၊ များစွာ ပတ်ရစ်၊ ငယ်နုမျစ်သား၊ မြေးမြစ် သားနှောင်း၊ နွားနှယ်ကျောင်း၍့၊ အပေါင်း ကြွက်ဆူ၊ ဘရဘူနှင့်၊ ငယ်မူ ငယ်ရူ၊ ခေါင်းလုံးဖြူအောင်၊ မသူတော့်ငြမ်း၊ မသော့သွမ်းသည်။။ အိုလမ်း ကျကြစေသတည်း။ (၆)

(၅၄၂) 'ပုထုဇန်လိုက်၊ လူ့စရိုက်ဖြင့်၊ ငယ်နှိုက် မွေ့လျော်၊ လူမှု ပျော်၍့၊ မော်မော် ကြွားကြွား၊ မေ့လျော့ငြားလည်း၊ တရား သိလောက်၊ ရွယ်ရောက်အနေ၊ ဣန္ဒြေ ငါး၊ ရင့်သောအားဖြင့်၊ လျော့ပါး ဇီဝိတိန်၊ သားပိန် ရေခန်း၊ နေဝယ်လှန်းသို့၊ မလန်း သွေ့ညှိုး၊ ရုပ်-ရွယ် ဆိုးလျက်၊ သွားကျိုး ဆံဖြူ၊ ဖြစ်သော်မူတိ၊ လူသူတဝေး၊ အိမ်-သား-မြေးတို့၊ မလေး *မနာ၊ ပမာ မပြု၊ ဂရု မထား၊ မ*လောက်လားဘဲး၊ အများသူငယ်၊ လူတို့လယ်နှိုက်၊ အရွယ် မလျော်၊ မုန်းဆေးဖေါ်သို့၊ လူဘော်မသွင်း၊ ရွယ် ခေါင်ချင်း၍့၊ သေခြင်း နီးစွာ၊ ငါ ရောက်လာဟု၊ ဝါသနာ ငယ်ကြိုက်၊ ဒုစ္စရိုက်မှ၊ ကျိုက်ကျိုက် လောင်ဆူ၊ ရွံဘွယ်ဟူသား၊ သံပူ မစင်၊ အမြင် *ပြက်ပြက်၊ ထိုနှစ်ဘက်ကို၊ လက်ဖြင့် ရွံ့ရွံ့၊ မကိုင်ဝံ့သို့၊ ပြုအံ့ မယှိ၊ ရှက်ကြောက်ဘိလျက်၊ ဇာတိ ဝယ၊ သူရအစစ်၊ ဗာဟုသစ်ဟု၊ ပိုင်းဆစ် လေးပါး၊ ရှုသောအားဖြင့်၊ ထွတ်ထား ဒွိပဒုတ်၊ မြတ် သမ္ဗုဒ်တို့၊ ရွှေနှုတ် ချိုမော၊ မြွက်ဘော် ဟောသား၊ လောကပါလ၊ သုက္က ဒေဝဓံ၊ နာမံ သုံးမည်၊ ရွှေဘွဲ့ချည်လျက်၊ နတ်ပြည် ထင်ရှား၊ ထူးဂုဏ်အားနှင့်၊ တရား နှစ်ရပ်၊ ဟိရောတ္တပ်ကို။။ ကိုယ်ကြပ် ရကြစေသတည်း။'' (ရ)

(၅၄၃) 'ဟိရီ ဩတ္တပ်၊ ကိုယ်ကို ကြပ်၍့၊ တည်းကွပ် မယှိ၊ သတိ မရ၊ လူထိုမျှကား၊ လောက လူဝယ်၊ ကဲ့ရဲ့ဘွယ်နှင့်၊ အပါယ် ဆင်းခွင့်၊ ဟင်းလင်း ပွင့်ခဲ့၊ ခွေးနှင့် ဝက်လား၊ ကျွဲး-နွား သိုး-ဆိတ်၊ အဟိတ်တိရစ္ဆာန်၊ သဏ္ဌာန်*တမျှ၊ မိုက် မောဟဖြင့်၊ ဘဝ ဆုံတွေ့၊ ဘုံအလေ့သာ၊ အောက်မေ့ သိမှတ်၊ ကြံစည်တတ်၍့၊ လူ-နတ်စီးပွား၊ မပြီးငြားတည့်၊ မြသားအယောင်၊ မွေးအတောင်နှင့်၊ ဆင်းရောင် လှရှောင်း၊ ငှက်ဥဒေါင်းလျှင်၊ ရှက်-ကြောက် ဟိရီ့၊ မယှိ သော့သွမ်း၊ ကျင့် ဟော့ရမ်း၍့၊ ဖုံးလွှမ်းအပ်ရာ၊ ကိုယ်အင်္ဂါကို၊ ဘွင့်ကာပြငြား၊ က,သော့အားကြောင့်၊ မယားရတနာ၊ ရလုစွာနှိုက်၊ လွဲးကာ သွေချွတ်၊ မရ လွတ်၏၊'' ''အမြတ် ထင်ရှား၊ နှစ်ပါး ကိုယ်ကြပ်၊ ဟိရောတ္တပ်နှင့်၊ မြဲးကပ်ယှိသူ၊ ထိုနတ်-လူမှ၊ သပ္ပူရိသ၊ ဟူထိုက်စွဟု၊ ရှေးက အထူး၊ တောမြိုင်ဦးဝယ်၊ ဘီလူး ကြည်ညွတ်၊ မစား လွှတ်၏၊ ဘုံထွတ် မြင့်မား၊ မြင်းမိုရ်ဖျားထက်၊ သိကြား စံရာ၊ ဝတိံသာဝယ်၊ ရင်းချာ သုံးပါး၊ အစ်မများကို၊ တရား အောင်ကာ၊ နတ် ခြောက်ရွာတိုင်၊ ကြေညာ မဆံ့၊ သတင်း နှံ့သား၊ မွှေးပျံ့ သညာ၊ ဣန္ဒာ သတ်မှတ်၊ ဟိရီနတ်လည်း၊ သူမြတ် အားလုံး၊ ချစ် စုရုံး၏၊ မဆုံး ခြီးသံ၊ ဒေဝဓံဟု၊ စံရွှေနီလား၊ အမြတ်ထားသည့်၊ တရား နှစ်ရပ်၊ ကိုယ်နှိုက် ကပ်၍့။။ ထိန်းကွပ် မ,ကြစေသတည်း။'' (၈)

(၅၄၄) ထိန်းအုပ်ကွပ်၍့၊ မစပ် မိစ္ဆာ၊ စိတ် သဒ္ဓါဖြင့်၊ ဒေဝါသုရ၊ သင်္ဂါမနှိုက်၊ သိကြာ့း မိန့်သံ၊ ရဲးဆေးနှံသို့၊ ဘယံ ဆမ္ဘိ၊ မယှိ ပျောက်ပ၊ ကင်းတတ်စွသား၊ သက္က ဣန္ဒာ၊ ပဇာပတိ၊ ကြီးဘိ ဘုန်းဟုန်၊ ဝရုဏ်ဒေဝ၊ ဤသာနတို့၊ ဆောက်ကြ ဖြိုးလျှံ၊ နတ်အလံထက်၊ အရဟံ သွာခါတ၊ စသည် သုပ္ပဋိပ်၊ မာရ်နှိပ် ပယ်ဖျောက်၊ ကိုး-ခြောက် နဝ၊ တုမရသည့်၊ နုတ္တရဂုဏ်ထူး၊ ကျေးဇူး *ဖြိုးပုံ၊ ဘေးမျိုး လုံကို၊ အာရုံ မြတ်နိုး၊ မပြတ် ကိုးလျက်၊ ရှိခိုး နေ့-ည၊ မြဲး မခွက၊ အစလသဒ္ဓါ၊ မဂ် သောတာဖြင့်၊ အနာထပိဏ်၊ ကျော်ရှိန် လူမှာ၊ ဝိသာခါနှင့်၊ ဂန္ဓမာနတ်၊ နာဂဒတ်က၊ စူဠမဟာ၊ ဣန္ဒာ နေကဝဏ်၊ သူ*မွန် ခုနစ်ပါး၊ တရား မြဲးမြံ၊ ဘုံစဉ်စံတို့၊ ဥဒ္ဓံသောတ၊ ရောက်ထ မှန်စွာ၊ ဘုံ သုဒ္ဓါဝယ်၊ ကမ္ဘာအပေါင်း၊ သုံးသောင်းတထောင်၊ စေ့အောင် ချမ်းသာ၊ ငြိမ်းဧးစွာလျှင်၊ သဥပါဒိ၊ လက်ယှိ အမြတ်၊ နိဗ္ဗာန်ဓာတ်နှင့်၊ တည်လတ် ဆုံးပိတ်၊ အကနိဌ်နှိုက်၊ ဝဋ်ဆိတ် ကင်းရာ၊ ရှင်းရှင်း ကွာသည်၊ ခေမာ ဘုံနန်း၊ ဝင်ကြ မြန်းသို့၊ ဖြောင့်တန်း ဧကန်၊ *နေရဗ္ဗာန်လိမ့်၊ ညာဆန် ဘဝ၊ မဟူကလည်း၊ ဒေဝ ထက်ရပ်၊ ခြောက်ထပ် လူးလာ၊ ပျော်မြူးကာဖြင့်၊ လူ့ရွာလည်းကောင်း၊ ခန္ဓာဟောင်းကို၊ ပြောင်းရုံ လဲးရုံ၊ တဘုံ ဆင်း-တက်၊ ချမ်းသာ စက်ကား၊ မပျက်သော့ထွေ၊ စုန်-ဆန်နေ၍့၊ မသေစာရင်း၊ ရွှေစာ သွင်းလျက်၊ ကောင်းခြင်းအလား၊ တရား မရိုင်း၊ လူ-နတ် ပိုင်းသည်။။ ဖြစ်တိုင်း လှကြာစေသတည်း။ (၉)

ဓမ္မစရိယာနုယောဇဉ် (၉)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း ၂- ဓမ္မစရိယာနိသံသဒီပနီ

(၅၄၅) ခုနစ် မဟာ၊ ရတနာတိ၊ သဒ္ဓါ ပတ္တ မြား၊ ဘိုးများ နဂ္ဃ၊ သီလ ပုလဲး၊ မျက်ရွဲး သုတ၊ စာဂ သန္တာ၊ ပညာ စိန်ကျောက်၊ ထိန်တောက် ဝင်းညိ၊ ဟိရီ့ *ကျော့ငွေ၊ ဩတ္တပ် ရွှေဟု၊ မသွေ ပြညွှန်၊ ဥစ္စာ*မွန်နှင့်၊ ဂုဏဝန်ကျော်၊ အို သူတော်တို့။။ ရှုမြော် ပညိန်၊ နှိုင်းချိန် မမေ့၊ တရား မွေ့၍့၊ စေ့စေ့ ဆင်ခြင်၊ သိစေချင်၏၊ ''ကိုယ်ပင် တရား၊ အခြား မဟုတ်၊ မုချ မှန်ဘိ၊ သုတယှိက၊ သပ္ပုရိခေါ်၊ မြတ်သူတော်ကား၊ အကျော် ခုနစ်ပါး၊ ဥစ္စာ များ၍့၊ တရား ယုံလစ်၊ သီလ ချစ်လျက်၊ ခုနစ် သုစရိုက်၊ ကိုယ်နှိုက် ဖြူဆွတ်၊ အာဇီဝဌ်နှင့်၊ မချွတ် ပြည့်ငြား၊ ပြီးသောအားဖြင့်၊ မလား ပါယ်ရပ်၊ မကပ် ဝေးကွာ၊ ကျင့် သမ္မာနှင့်၊ အရိယာသူ*မွန်၊ သောတာပန်သို့၊ လမ်းမှန် ဖြောင့်စွာ၊ မထောင့်ရာသည်။။ နတ်ရွာ ရောက်ရေး၊ ကွာမဝေး။'' (၁)

(၅၄၆) စုလစ် တရာ၊ ဆန်းကြယ်စွာသား၊ ရတနာဘုံထွတ်၊ ကောင်းကင် ညွတ်မျှ၊ *တမွတ် ကြက်သရေ၊ တက်သစ် နေသို့၊ ရွှေ တခဲးနက်၊ ပြိုးပြိုးပြက်တိ၊ ခွဲးဝက် ယူဇနာ၊ ကျယ်စွာ နံ-လျား၊ အစောက်အားမူ၊ နွားမင်း ရှစ်တွန်၊ နည်းညွှန် မှတ်ပြု၊ ရှစ်ဥသဘ၊ တစ်ကဏ္ဍဖြင့်၊ မြားကျ တထောင်၊ အမြင့်ဆောင်သည့်၊ ရွှေတောင် *ဖြိုးမောက်၊ နန်းမြေပေါက်နှင့်၊ မိုးအောက် ဝန်းကျင်၊ တု မမြင်အောင်၊ လူ့ခွင် စည်းစိမ်၊ စံ မွေ့သိမ်လျက်၊ ကြိမ်ကြိမ် လူ့ရွာ၊ မသက်လာဘဲး၊ ကာမာဝစရ၊ သုခ *ပြောစည်၊ မိုးမြင့်တည်သား၊ ခြောက်ပြည် နတ်ရွာ၊ နိမ္မာ ဝသ၊ စသည် ထက်-အောက်၊ ဘန် ခေါက်ခေါက်တိ၊ ဆုံးရောက် စံကာ၊ ပြန် လူးလာဖြင့်၊ ချမ်းသာအတိ၊ ဘဒ္ဒဇိဟု၊ ဘုန်းယှိ ထင်ရှား၊ သူဌေ့းသားသို့၊ အပြား ခုနစ်၊ ဥစ္စာနှစ်နှင့်၊ စင်စစ် *ကုံလုံ၊ ခိုင် ပြည့်စုံက၊ လူ့ဘုံ နတ်ရွာ၊ နိဗ္ဗုတာသည်။။ မြတ်ရွာ ပေါက်ရေး၊ ကြာမနှေး။ (၂)

(ဤနှစ်ပိုဒ်ကား အချီ-အချ ပိုဒ်စုံ 'ကိုးတွင်းပြည့်'၊)

(၅၄၇) 'နတ်သိကြားဂ†သျှင်၊ နတ်များရှင်လည်း၊ လူ့ခွင် လူမှာ၊ လူဖြစ်ခါက၊ ရွာ မစလ၊ ထိုဂါမနှိုက်၊ မာဃမည်ငြား၊ မြတ်ယောက်ျားတည့်၊ မယား လေးယောက်၊ လက်အောက် လူစစ်၊ သုံးကျိပ်နှစ်နှင့်၊ လွန်ချစ် ကုသိုလ်၊ အလို မြတ်လှ၊ ယွင်း မခွရှင့်၊ နေ့-ည မပြတ်၊ အိမ်ရှေ့နတ်သို့၊ မြတ်မြတ်နိုးနိုး၊ စိတ်ကို နှိုးပြီး၊ ရှိခိုး ဦးတင်၊ ကြည်လင် ညွတ်တွား၊ ထိပ်ထက် ထားလျက်၊ ခ,စား မပျင်း၊ လုပ်ကျွေးခြင်းဖြင့်၊ မကင်း ဝီရိယ၊ ကိုယ်တိုင် ထ၍့၊ မိ-ဘ နှစ်ဆူ၊ မွေးမြူ မငြီး၊ သက်ကြီး ရိုသေ၊ ကုလေ ဇေဋ္ဌ၊ စသည့်တရား၊ ခုနစ်ပါးမြတ်၊ ပဋိပတ်ကို၊ မချွတ် ကျင့်*နေ၊ မြဲးသော့ထွေနှင့်၊ *ဗိုလ်ခြေ သွား-လာ၊ သာယာစခန်း၊ လမ်းပန်း သုတ်သင်၊ လူ-ရှင် သုံးအပ်၊ စရပ် ရေကန်၊ ပန်းမာန် ဥယျာဉ်၊ အစဉ် ပြုစု၊ ကောင်းမှု မမေ့၊ အားထုတ် လေ့၍့၊ စုတေ့သော့ခါ၊ ဝတိံသာဝယ်၊ ဣန္ဒာ ဒေဝရာဇ်၊ နတ်မင်း ဖြစ်၏၊ စင်စစ် ထို့တူ၊ ကောင်းနည်း ယူက၊ မည်သူမဆို၊ ဖြစ်ရာ ကိုယ်နှိုက်၊ ကုသိုလ်အကျိုး၊ ဘုန်း ဝေဖြိုး၍့၊ တန်ခိုး မကျော်ဘိမူကား။'' (၃)

(၅၄၈) မှတ်ဘိ နားတင်၊ များ လူ-ရှင်တို့၊ ပြည်တွင် ဗာရာ၊ ပန်းမှာ မုလေး၊ အဧး သီတာ၊ ရေမှာ မိုးများ၊ ယောက်ျားတွင်ပေ၊ ပရမေသုရာ၊ မိန်းမမှာကား၊ ကညာ ပျိုစင်၊ သီးတွင် သရက်၊ သားတွင် ဝက်ဟူ၊ မြစ်မူ ဂင်္ဂါ၊ ထူးမြတ်စွာသို့၊ ''သတ္တဝါတွင်၊ ဆုကြီးဆင်သား၊ ဗုဒ္ဓင်္ကူထွတ်၊ ဗောဓိသတ်ဟု၊ သူမြတ်တို့သာ၊ ဉာဏ် စိန္တာဖြင့်၊ သမ္မာဒိဋ္ဌိ၊ အသိ သန့်ရှင်း၊ အပြစ် ကင်း၏၊'' *ခပင်း ထိုမျှ၊ ''လူ့လောကနှိုက်၊ အန္ဓပုထုဇဉ်၊ ဉာဏ် မယှဉ်ကား၊ အစဉ် မှားလေ့၊ ထင်သရွေ့ဖြင့်၊ လျော့မေ့ သတိ၊ မယှိ ပညာ၊ သဒ္ဓါ နည်းပါး၊ အမိုက်အားဖြင့်၊ တရား မတည်၊ မကျည် *မခိုင်၊ ယိမ်းယိုင် စောင်းငဲ့၊ အယူ ယွဲ့၏၊ ဂုဏ်*မဲ့ တက္ကတွန်း၊ ရဟန်း အလဇ္ဇီ၊ ကျင့် ဒုဿီနှင့်၊ မညီ တရား၊ သူတို့အားလည်း၊ ဘုရား ရဟန္တာ၊ အရိယာဟု၊ မိစ္ဆာ စွဲးငြိ၊ မှီဝဲးမိက၊ အသိ ကျင့်ချွတ်၊ သုနက္ခတ်သို့၊ မပြတ် အောက်လျှိုး၊ ဂတိ ဆိုး၍့။။ မြန်းညှိုး မယော်ဘိမူကား။'' (၄)

(၄င်း ၂-ပိုဒ်လည်း၊ ရှေး 'ကိုးတွင်းပြည့်အတူ'။)

(၅၄၉) ဘုရား ချစ်ရှင်၊ ဟော *သွန်သင်သား၊ ''ကိုးအင် ဓမ္မဓာတ်၊ တရားမြတ်ကို၊ မပြတ် သင်ကြား၊ နာသူအားလျှင်၊ ငါးပါးနိသင်၊ အကျိုး ထင်၏၊ *ပုံပြင် ထုံးဟောင်း၊ ရှေးနှောင်း ခုဖြစ်၊ စင်စစ် ကောင်း-ဆိုး၊ ကြောင်း-ကျိုးစကား၊ နည်းနာများကို၊ မကြားစဖူး၊ ကြားရ ထူး၏၊ ကြားဦး ရှေးက၊ ကြားပြီးစွလည်း၊ ကြားရ တဘန်၊ ကြည်လင်ပြန်၏၊ ဉာဏ်မမှီငြား၊ ထင် ယုံမှားလည်း၊ ပယ်ရှား ဖျောက်ပ၊ ကင်းစေရ၏၊ ဝါဒ မထောင့်၊ ယူဖြောင့် စိတ်ကြည်၊ ဤငါးမည်တိ၊ *ကျိုးကျည် မြဲးဘိ၊ မပျင်းရိနှင့်၊ အသိပွားမှု၊ နာကြား ရှုလျက်၊ ဖတ်ပြု ခါခါ၊ များ လေ့လာလော့၊ ဝါသနာဘာဂီ၊ ထုံ ဝသီဖြင့်၊ လောကီ လောကုတ်၊ ကျိုး မယုတ်ဘူး၊ ဗဟုဿုတ၊ နားဝ ဘန်ဘန်၊ ကျမ်းဂန် အကြား၊ သိ-မြင် များက၊ ယောက်ျား လူ*မွန်၊ သူ့ထက် လွန်၍့။။ တံခွန်မစိုက်ဘိချေကား။'' (၅)

(၅၅၀) '''''''''*စုလျား သစ်လွင်၊ ကတော့တင်၍့၊ ရင်ပြင်တော်ရပ်၊ ကျောင်းကန် ကပ်လျက်၊ တင့်အပ် သိမ်မွေ့၊ သူ*မွန်လေ့ဖြင့်၊ မမေ့စေရ၊ သတိမလော့၊ ဗုဒ္ဓမာမက၊ ဗုဒ္ဓဂါရဝါ၊ ဗုဒ္ဓါနုဿတိ၊ အစယှိသား၊ အပရိဟာနီ၊ မြတ်စာရီလည်း၊ ထုံမှီ ဝမ်းထဲး၊ ခါးဝတ် မြဲးသို့၊ မှတ်စွဲးကုန်ကြ၊'' သီဟဠဝယ်၊ တိဿမာဏဝ၊ သုမနကုမာ၊ တူ နှစ်ဖြာသို့၊ ''ရတနာသုံးပါး၊ အမြတ်အားလျှင်၊ ဦးဖျား လက်ချီ၊ အဉ္ဇလီဖြင့်၊ ထို-ဤကိစ္စ၊ ဟူသမျှနှိုက်၊ စိတ်က မပျက်၊ ဆောင် လေ့ကျက်တည့်၊ ခွေး-ဝက် ကျွဲး-နွား၊ မြည်းလား သိုး-ဆိတ်၊ အဟိတ်မျိုးတန်၊ တိရစ္ဆာန်နှင့်၊ ဘောက်ပြန် ယူဆန်း၊ မြတ်မှန်း မသိ၊ ဒိဋ္ဌိ မကိုင်း၊ လူ့အရိုင်းသို့၊ ခိုင်း-ထိုင်း ကျားတား၊ ကားရား ကိုးရိုး၊ မြင် မဆိုးအောင်၊ မြတ်နိုး တွေ့ရာ၊ ပြုနိုင်စွာက၊ နတ်ရွာ မိုးစွန်၊ ကောင်းခြီး တွန်၍့။။ သံ*ဝှန် မဆိုက်ဘိချေကား။'' (၆)

(၅၅၁) ရှုမော မြင့်ခေါင်၊ လေးသွယ်ရောင်နှင့်၊ ရွှေတောင်ကနက်၊ မြင်းမိုရ်ထက်နှိုက်၊ ချင့်တွက် ယူဇနာ၊ ရာ ခုနစ်ပြန်၊ မြင့်ဖြိုး*သွန်သား၊ ဝေယံဘုံထွတ်၊ နန်းပြာသာဒ်ဝယ်၊ ''နတ်မြတ် မဟာ၊ ဒေဝိန္ဒာလျှင်၊ သူဇာ ဓမ္မာ၊ နန္ဒာ စိတ္တ၊ စသည့် နောက်-ရှေ့၊ နှစ်ကုဋေ့ငါးသန်း၊ နတ်ရွေပြန်းတို့၊ ထက်ဝန်း ပတ်ခြံ၊ သောင်းသောင်းရံလည်း၊ ဗြဟ္မစရိယ၊ စာရိတဖြင့်၊ တလ ရှစ်ကြိမ်၊ ကျင့် မွေ့သိမ်လျက်၊ စည်းစိမ် မခံ၊ ခြွေရံ ခွါရှင်း၊ ကိုယ်ရှောင် ကင်း၍့၊ *သီတင်း မယုတ်၊ ဥပုသ် မမေ့၊ စောင့်ဓလေ့၏၊ မရွေ့ စဉ်စီ၊ လစဉ် မှီလျက်၊ အဋ္ဌင်္ဂိက၊ မြတ်သီလနှင့်၊ ဒသနိယံ၊ ကျင့်မြဲးမြံက၊ သုဇမ္ပတိ၊ ဘုန်းယှိ မြတ်စွာ၊ နတ်ဣန္ဒာသို့၊ ကာမာဝစရ၊ ဗြဟ္မာ စသား၊ ဘဝ ညာဆန်၊ တက်မည် မှန်သည်။။ နိဗ္ဗာန် မ*တိုးတည်လိမ့်ကား။'' (ရ)

(၅၅၂) မုနော တင့်ဆောင်၊ နန်း *ရွှေတောင်ထက်၊ ''''''''''*မြားမြောင် သေနင်၊ ထက်ဝန်းကျင်နှိုက်၊ တွင်း-ပြင် ထပ်ထပ်၊ မြဲးကြပ်ကြပ်ဖြင့်၊ စပ်မျှ မကွာ၊ ခြံရံကာလျက်၊ မနာပါလို၊ မအိုပါစေ၊ မသေပါရ၊ ပါယ် မကျအောင်၊ တကြ တကြောင့်၊ လုံ့လ စောင့်လည်း၊ ၄င်း ထို့ကိုယ်၊ နာ-အို-သေခြင်း၊ ဘောက်ပြန်ခြင်းက၊ လွတ်ခြင်း မယှိ၊'' စောင့်ဘိ သီလ၊ စာရိတ္တမှ၊ ကင်းထ အလိုက်၊ ''ဒုစ္စရိုက်နှင့်၊ စိတ်ကြိုက် မွေ့လျော်၊ မေ့ကျူး ပျော်သည့်၊ မသူတော်ဆိုး၊ ထိုလူမျိုးတို့၊ စောက်ထိုး ပါယ်တွင်း၊ ကျရောက်ခြင်းမှ၊ လွတ်ကင်းစိမ့်ငှါ၊ မတက်ရာတည့်၊'' ''သမ္မာ မကြိုက်၊ စရိုက် ယုတ်မာ၊ လူမိုက်စွာမူ၊ ရံခါ ကုသိုလ်၊ မပြုလိုဘူး၊ ကိုယ်ကို မြတ်နိုး၊ အမျိုး မြတ်စွာ၊ သူတို့မှာကား၊ သမ္မာဒိဋ္ဌိ၊ အသိမြင် သန်၊ မဘောက်ပြန်သည်။။ ဓိဋ္ဌာန် မ*ကျိုးကျည်လိမ့်သား။'' (၈)

(၄င်း ၂-ပိုဒ်လည်း ရှေးအတူ အစတလုံးချန်။)

(၅၅၃) ဗြဟ္မာ့ခန်းဝါ၊ ဘုံသုဒ္ဓါဝယ်၊ အနာဂါမ်မြတ်၊ ခီဏာနတ်တိ၊ 'သမာပတ် ရှစ်စဉ်၊ ခြောက် ဘိညာဏ်နှင့်၊ ဈာန်ယာဉ်ပျံ စီး၊ ဗြဟ္မာကြီးတို့၊ မီး ခုနစ်ကြိမ်၊ ရေ တကြိမ်နှင့်၊ ရှစ်ကြိမ်မြောက်ခါ၊ ရေမလာဘဲး၊ လေသာ ဖျက်*နေး၊ ခြောက်ဆဲ့လေးဟု၊ တွက်ရေး သင်္ချာ၊ အစဉ်လာသား၊ ကမ္ဘာပျက်နည်း၊ *နိဿရည်းတိုင်း၊ *လိပ်လည်း မယှိ၊ ဤသို့တိတွင်၊ လောင်ညိ ထိန်ညီး၊ မီး ဒုတီယ၊ သတ္တက၏၊ ပထမအဂ္ဂိ၊ ကြိမ် အာဒိဟု၊ ကေစိ အချို့၊ ယူတုံမျှို့သား၊ ''ငါတို့တစု၊ နေတည်ပြုသည့်၊ ဤခုကမ္ဘာ၊ ပေါ်ဦးခါနှိုက်၊ သုညာသုည၊ ကမ္ဘာ့ဓမ္မတာ၊ လက္ခဏာကို၊ ရွှေကြာနိမိတ်၊ ဖတ်မြဲးဟိတ်ဖြင့်၊ အကနိဋ္ဌ၊ ဗြဟ္မာ့ရပ်သာ၊ ဘုံက လာ၍့၊ လက်ျာကျွန်းစစ်၊ မဇ္ဈေခေတ်တွင်၊ ရှေးဖြစ် နှောင်းပျက်၊ ဇမ္ဗူ့ချက်ဟု၊ အောင်*နက်သန်စုံ၊ လယ်ခုံ ဓိပတိ၊ အောင်ကိန်းယှိသား၊ ဗောဓိရာ*ရိုက်၊ အောင်မြေတိုက်ဝယ်၊ အောင်သိုက်ဩဘာ၊ ငါးပွင့် ကြာနှင့်၊ မင်္ဂလာ ဥက္ကဌ်၊ လွန်ထူးမြတ်ကြောင့်၊ မိုးနတ် ဝိသုဒ်၊ ဗြဟ္မာ့နှုတ်ဖြင့်၊ မိန့်ထုတ် ပညတ်၊ ဘဒ္ဒကပ်ဟု၊ သျှရဗ္ဗဇညော်၊ ငါးဆူ ပေါ်သား၊ အကျော် သညာ၊ ဤကမ္ဘာထက်၊ များစွာ *ပြောထူ၊ နတ်နှင့် လူတွင်၊ ဇမ္ဗူကျွန်းဘွား၊ သောင်းရပ်သားအား၊ တရားစည်ကြီး၊ ငါးကြိမ် တီး၍့၊ ပွဲးသီး အောင်သံ၊ ငါးကြိမ်ခံရှင့်၊ ဓမ္မုဿဝ၊ ဗုဒ္ဓ ဩဝါ၊ သာသနာတိ၊ မဟာသမယ၊ ဒုလ္လဘနှိုက်၊ အရကြုံချက်၊ ပုညစက်နှင့်၊ မပျက် မှန်ဘိ၊ လူ့ဇာတိတို့၊ ပဏိဓိဂုဏ်၊ *ယွင်း မ*သုန်ဘဲး၊ စက်ဟုန် မဆိုင်း၊ လိုရာ စိုင်းက၊ နတ်တိုင်း ကာမာ၊ ထက်ဗြဟ္မာနှင့်၊ နိဗ္ဗုတာရုံ၊ ဘေး*မဲ့ လုံသည်၊ ရွှေဘုံ ပြာသာဒ်၊ ပြည်ရိမဒ်သို့၊ မချွတ် ရောက်နိုင်၊ အခေါင်တိုင်၍့၊ သုံးဆိုင် ဘုံလေ့၊ ဝဋ်မီးငွေ့ဖြင့်၊ စုတေ့ ပဋိသန်၊ အဘန်ဘန်လျှင်၊ ဖြစ်ပြန် ပျက်ခြင်း၊ ဒုက္ခ ကင်းလျက်၊ သေမင်း မမြင်၊ ငြိမ်းရာ ဝင်သည်။။ ကယ်လျှင် မဆိတ်ကြသော်ကား။'' (၉)

(၅၅၄) ကမ္ဘာ့တန်းဆာ၊ ဓမ္မတာဖြင့်၊ ဗြဟ္မာသမုတ်၊ စတု ယုဂ်တွင်၊ မယုတ် ခန့်ကိန်း၊ လေးသိန်းသုံးသောင်း၊ နှစ်ထောင် ဆောင်းသား၊ နှစ်ပေါင်း ရေတွက်၊ ကလိသက်ရှင့်၊ ပွားတက် နှစ်ဆ၊ ဒွါပရမှန်၊ သုံးပြန် တြေတာ၊ လေးဖြာ ကတ၊ ဟူစွ *၄င်း၊ လေးရပ် ပေါင်း၍့၊ သိကြောင်း တွက်ဆန့်၊ ဂဏာန်း ဖြန့်သော်၊ တသန့်းခုနစ်သိန်း၊ ရေကိန်း အဖြောင့်၊ နှစ်သောင့်းရှစ်ထောင်၊ *မြားမြောင် အကယ်၊ ထိုနှစ်ကျယ်ဖြင့်၊ ခေါက်လှယ် ခေါက်လှယ်၊ ကပ်ဆုံး ကွယ်အောင်၊ လူဝယ် ရှည်လျား၊ ယုဂ် လေးပါးတို့၊ လှည့်ငြား ဘန်ဘန်၊ အပြန်ပြန်တည့်၊ လေးတန် ယုဂ၊ ထိုလောက်မျှတွင်၊ ကတ နှစ်တွင်း၊ လူ*ခပင်းတို့၊ မကြွင်း *ဥဿုံ၊ လုံးစုံ သမ္မာ၊ မှန်သစ္စာ၏၊ တြေတာတုံ၊ လေးပုံ ပုံငြား၊ သုံးပုံအားဖြင့်၊ တရား တည်ကြ၊ တပုံ ပ,၏၊ ဒွါပရစက်၊ ထိုယုဂ်သက်နှိုက်၊ ထက်ဝက် ကောင်း-ဆိုး၊ နှစ်မျိုးညီတိ၊ ယုဂ် ကလိကား၊ အသိ အယူ၊ အမူ ကောင်းစွာ၊ သတ္တဝါ နည်းလှ၊ တဘို့မျှဖြင့်၊ သုံးဆ ချွတ်ယွင်း၊ တရား ကင်း၏၊ ယင်း ကလိယုဂ်၊ သမုတ် လူ့ဘောင်၊ နှစ် *ယခေါင်တွင်၊ နှစ်ထောင်ကျော်ထ၊ ငါးရာ့ခုနစ်ဆယ်၊ ပြည့်*ကယ်တုံလျက်၊ ဆန်းလွန်တက်မှ၊ ''ရာသက်ကာလ၊ ဟာယနနှိုက်၊ သကျသီဟ၊ ဂေါတမဟု၊ လောကထွတ်ထား၊ မြတ်ဘုရားလျှင်၊ ထင်ရှား လူ့ရွာ၊ ဖြစ်ပွင့်လာ၍့၊ သတ္တဝါ *ဗိုလ်လူ၊ ဟိန္ဒဂူကို၊ ကယ်ယူသော့အား၊ တရားစည်ကြီး၊ ခြိမ့်မျှ တီးလျက်၊ နှစ်သီး ငါးထောင်၊ စေ့အောင် ပျမ်းချိ၊ ထောင်စီ ညှိ၍့၊ ပဋိသမ္ဘိဒါ၊ ဆဠာဘိည၊ တေဝိဇ္ဇာနှင့်၊ သုက္ခဝိပဿက၊ နာဂါမ် စသား၊ အရိယဂိုဏ်း၊ မြတ်ခေတ်ပိုင်းဖြင့်၊ ပြန့်လှိုင်း အဟုတ်၊ စဉ် မယုတ်အောင်၊ လောကုတ်သဘင်၊ မဂ်ပွဲး *ရင်သည်။။ ပါယ်ခွင် မပိတ်ကြသော်ကား။'' (၁၀)

(၄င်း နှစ်ပိုဒ်လည်း ရှေးအတူ အချီ-အချ ပိုဒ်စုံ 'ကိုးတွင်ပြည့်'၊)
ဓမ္မစရိယာနိသံသဒီပနီ (၁၀)ပိုဒ် ပြီး၏၊
ဆဋ္ဌပိုင်း ၅- နိဂမခဏ်း ၃- သာသနဒူရေနိဒါန်း

(၅၅၅) ဖြိုးလော့ မင်္ဂလာ၊ ဤအရာနှိုက်၊ သာသနာနိဒါန်း၊ သန်း၍့ ညွန့်ညွန့်၊ သိကြောင်း *ကွန့်ပိမ့်၊ ဂုဏ်တံခွန့်ရှင်၊ ထွတ်ဆုံးတင်သည့်၊ သုံးခွင် လူ့ဆွေ၊ တို့စိန္တေကား၊ သင်္ချေ လေးလွှာ၊ ကမ္ဘာ ကိန်းမှတ်၊ တသိန်း*မြတ်ထက်၊ ပညတ် နာမ၊ သာရမဏ္ဍ၊ ကမ္ဘာမ,ဝယ်၊ ဗြဟ္မာ့ဝံသာ၊ သုမေဓာဟု၊ သညာ မည်ရ၊ ဈာနယောဂီ၊ လောကီ မုနေ့၊ ဘိညာဏ် မွေ့သား၊ *ရသေ့မူနည်း၊ *အရည်း ရှင်တော်၊ ဖြစ်လတ်သော်တည့်၊ သုံးဘော် လူ့ခွင်၊ တုမမြင်သည့်၊ ဒီပင်္ကရာ၊ မြတ်စွာ ဘုန်းလျှံ၊ ရှင်တော့်ထံနှိုက်၊ မိန့်သံ ရွှေခွန်း၊ ကျယ် မညွှန်းဘဲး၊ ဥဒါန်း လှစ်ထုတ်၊ သံခိပ်ပုဒ်မျှ၊ တဥဒ္ဒေသ၊ ဗုဒ္ဓဩဝါ၊ ဒေသနာ ဓမ္မစက်၊ ဂါထာဝက်ဖြင့်၊ ဖိုလ်-မဂ် လေးဖြာ၊ သုံး ဝိဇ္ဇာနှင့်၊ ပဋိသမ္ဘိဒါ လေးစဉ်၊ အဘိညာဏ် ခြောက်ပါး၊ တရား လက်ရောက်၊ မျက်မှောက် မှန်စွာ၊ ပြုနိုင်ရာသား၊ မဟာဝိသိဌ်၊ တိဟိတ် ပဋိသန်၊ ဈာန်သမာဓိ၊ လက်ယှိ မကွာ၊ ကြီးပညာနှင့်၊ ဥဂ္ဃါဋိတညု၊ ဗုဒ္ဓင်္ကုသည်။။ နှိုင်းတု ပြိုင်မတူသတည်း။ (၁)

(၅၅၆) နှိုင်းတု မတူ၊ ဂုဏ် ဝိဘူနှင့်၊ ဗုဒ္ဓင်္ကူယောက်ျား၊ ဖြစ်သော့အားကြောင့်၊ တပါးတည်းသာ၊ သံသရာမှ၊ ကူးငှါ မပျော်၊ စိတ်တော် မညွတ်၊ သုံးပါးဝဋ်နှိုက်၊ မလွတ် ကျန်နေ၊ ဘော် မိတ်ဆွေကို၊ ရွှေကရုဏာ၊ မဟာဓမ္မဓာတ်၊ မုဋ္ဌာန်မြတ်ဖြင့်၊ မပြတ် ဆော်ညွှန်း၊ တိုက်တွန်း လွန်ကြင်၊ ဖြစ်လတ် ကျင်၍့၊ ဒီပင်္ကရာ၊ ဤမြတ်စွာသို့၊ နောင်လာ ကပ်နှိုက်၊ သဗ္ဗဟိန္ဒဂူ၊ ခပ်သိမ်းသူတို့၊ တဆူ ကိုးရာ၊ ငါလည်း စင်စစ်၊ ဘုရားဖြစ်၍့၊ မွန်းနစ် ဝေနေ၊ များတတွေကို၊ ကိလေသဏ္ဏဝ၊ ဝဋ်ဩဃမှ၊ အမတအောင်ချာ၊ ကျွန်းသောင် ညာသို့၊ မဟာတရဏီ၊ အဋ္ဌင်္ဂိ ရွှေဘောင်၊ ဘုံရှစ်ဆောင်ဖြင့်၊ ရောက်အောင် ကူးပို့၊ ကူးတို့မှူးမည်၊ ရွယ်ရည် အင်ပြည့်၊ ကြံတုံလှည့်မှ၊ ငါ၏့ ကိုယ်-သက်၊ ကျောက်ပျဉ့်ထက်နှိုက်၊ ညက်ညက် ကြေမုန့်၊ နံ့သာမှုန့်သို့၊ တ*နှုန့် စင်စစ်၊ မြူတည်း ဖြစ်၍့၊ ရှင်ချစ် လောကနာ၊ *စောမြတ်စွာနှင့်၊ သင်္ချာ တွက်ကိန်း၊ လေးသိန်း အရိယာ၊ သင်္ဃာ ပရမတ်၊ ဝိသုဒ်နတ်တို့၊ သတပတ် ရွှေစင်၊ ဘွားတော်ပြင်ဝယ်၊ ကယ်တင် လိမ်းကျံ၊ မံ,စေသတည်း၊ မ*လိပ်လည်းဟု၊ အသည်း မြေ*ရှိ၊ သမာဓိ မြင်းမိုရ်၊ အလို စက္ကဝါ၊ မက သာအောင်၊ မဟာဓိကာရ၊ ဥဿာဟဖြင့်၊ ဆန္ဒ ကြီးမား၊ လွန် တည်ကြားသည်။။ ယောက်ျားမြတ် တဆူသတည်း။ (၂)

(ဤအချကား 'နာမဓာတ် ချနည်း။')

(၅၅၇) မဟာဓိကာရ၊ ဥဿာဟဖြင့်၊ ဆန္ဒကြီးစွာ၊ ဖြစ်၍့သာလျှင်၊ ရမ္မာဝတီ၊ ပူရီ ပြည်သူ၊ နတ်နှင့် လူတို့၊ အလှူသဘင်၊ ပွဲးကြီးခွင်နှိုက်၊ မြေပြင် မကောင်း၊ ရွှံ့သွန်ပျောင်းထက်၊ မပြောင်း လက်ရှက်၊ ဥက္ခောင်း ရွက်ပြီး၊ မှောက်လျက် စင်းစင်း၊ တံတားခင်း၍့၊ ကြွနင်းစိမ့်ငှါ၊ ခန္ဓာကိုယ် သက်၊ ငဲ့ကွက် မတွန့်၊ စွန့်ကြီး စွန့်မှ၊ ရဲးညွန့် ခေါင်ထိ၊ တုမယှိအောင်၊ တိမိငါးမှာ၊ ယူဇနာဖြင့်၊ အရာ နှစ်ကြိမ်၊ တိပိင်္ဂလာ၊ သုံးရာ ကိုယ်ယှိ၊ တိမိပိင်္ဂလ၊ လေးရာကျလျက်၊ တိမိရပိင်္ဂလ၊ ငါးဆ အရာ၊ အာနန္ဒာနှင့်၊ အဇ္ဈာရောဟ၊ ထောင်စီမျှသား၊ အဋ္ဌ ငါးမင်း၊ ထိုရှစ်စင်းတို့၊ ပျော်ခင်းနေရာ၊ ယူဇနာ လေးထောင်၊ ရှစ်သောင်းဆောင်လျက်၊ နက်ခေါင် ကျယ်စွာ၊ မဟာသမုဒ္ဒရာဇ်၊ ပင်လယ်မြစ်ကို၊ လက်ပစ်ကူးကာ၊ ယူပိမ့် ငါဟု၊ မဟာဗောဓိ၊ တုမယှိသား၊ ဓိပတိဆု၊ သဗ္ဗညုကို။။ *လှုလှု ပန်ဆင် ချူသတည်း။ (၃)

(ဤပိုဒ်ကား ''ဥဿာဟဌာယီဘာဝ၊ ဝီရရသ''ကို ပြသည်။)

(၅၅၈) မဟာဗောဓိ၊ တုမယှိသား၊ ဓိပတိဆု၊ သဗ္ဗညုကို၊ *လှုလှု ရွှင်ပြုံး၊ ရွှေနှလုံးဖြင့်၊ စွဲးသုံး စိတ်သန်၊ ဓိဋ္ဌာန် ဆောက်တည်၊ မြဲး *ခိုင်ကျည်၍့၊ ရဲးရည် ညွှန့်ခူး၊ ရွှေစက်ဦးနှိုက်၊ နဖူး လက်ထား၊ အလျားမှောက်လျက်၊ ကိုယ်-သက် စွန့်လှူ၊ ဗုဒ္ဓင်္ကူလျှင်၊ လူ၏့အဖြစ်၊ ယောက်ျားစစ်မှန်၊ ဈာန်ဘိညာဏ်ရ၊ ဗုဒ္ဓ ဖူးတွေ့၊ ရသေ့အမူ၊ စွန့်လှူ သက်ကို၊ အလို ဆုတောင်း၊ ဤသို့ ပေါင်းသား၊ အကြောင်းစုံစီ၊ အင် ရှစ်လီနှင့်၊ အညီ ပြည့်ပုံ၊ စုံဘိရကား၊ ဘုရားချစ်သျှင်၊ ဂုဏ်ပေါင်းရှင်ဟု၊ ဒီပင်*သနင်း၊ သုံးလူ့မင်းလည်း၊ အချင်းခပ်သိမ်း၊ မှတ်ထိမ်း ပြဋ္ဌာန်း၊ သောင်းတိုက်ခန်းလုံး၊ ရိုက်မွှန်း ပဲ့တင်၊ ကြားနှံ့ထင်အောင်၊ ရှစ်အင် သံတော်၊ ဗြဟ္မကြော်သို့၊ မြွက်ဘော် မိန့်ဟ၊ ပိုင်းခြားပြ၍့၊ မိ-ဘ မည်ရည်၊ နေပြည် သစ်ပင်၊ လူ-ရှင် ပရိသတ်၊ အမြတ် နှစ်ပါး၊ ယောက်ျား မိန်းမ၊ လုပ်ကျွေး စသား၊ နိယတ အောင်ဟိတ်၊ နှုတ်ဘိသိက်ဖြင့်။။ ဗျာဒိတ် ကြာနံ့ ကြူသတည်း။ (၄)

(၅၅၉) ယင်းသို့ အောင်ဟိတ်၊ သောင်းတိုက် ထိတ်သား၊ ဘိသိက် ပဝရ၊ နိယတ ပြဋ္ဌာန်း၊ ဗျာဒိတ်ပန်းကို၊ လန်းလန်း ရွှင်အိ၊ ပီတိသောမန၊ ဗလဝဖြင့်၊ ခဏ လျောင်းရာ၊ *မျောက်မျဉ်းခါဝယ်၊ မင်း*လျာ အိပ်မက်၊ မြင်သော့ထက်လျှင်၊ ဆထက် ထောင်-ရာ၊ ဝမ်းမြောက်စွာလျက်၊ စိတ်မှာ အမြဲး၊ စွဲးကြီး စွဲး၍့၊ ရဲးရဲး ရွှင်ပျော်၊ ဦးထိပ်ပေါ်နှိုက်၊ ပန်တော်မူထ၊ ထိုဘဝက၊ စ၍့ တွက်ရေ၊ သင်္ချေအပေါင်း၊ လေးကြိမ်နှောင်းမှ၊ အသောင်း ဆယ်ထပ်၊ မဟာကပ်တိ၊ အနပ္ပကမ်း၊ ဆုံးကမ်း မယှိ၊ အပရိမေယျ၊ ကာလပတ်လုံး၊ ငယ်ငုံးမျှစင်၊ အကြင် အကြင်၊ ဖြစ်တိုင်းပင်သာ၊ ကျင်လည်သမျှ၊ ဘဝ များစွာ၊ ရှည်ကြာသရွေ့၊ မမေ့ မလျော့၊ စိတ် မလျော့ဘဲး၊ မပေါ့ မယုတ်၊ မဆုတ် *မနစ်၊ *အားသစ် လုံ့လ၊ ဝီရိယဖြင့်၊ ဒသ ဥပ၊ ပရမဟု၊ တိံသ ပါရမီ၊ သုံးလီ စရိယ၊ ပရိစ္စာဂ ငါးသီး၊ စွန့်ခြင်းကြီးကို၊ အပြီး ရောက်ငှါ၊ ဖြစ်များစွာနှိုက်၊ ဥစ္စာရတနာ၊ ပြည်-ရွာ တိုင်းကား၊ သား မယားနှင့်၊ နား-နှာ မျက်စိ၊ လောဟိ မံသ၊ ဟတ္ထ ပါဒါ၊ အင်္ဂါအပေါင်း၊ ဥက္ခောင်း သည်း-အူ၊ နုတ်ယူ ပြတ်ပိုင်း၊ လိုတိုင်း မကြွင်း၊ ပေးလှူခြင်းဖြင့်၊ လောင်းမင်း ဘုန်းလှိုင်၊ ဝေဿန်တိုင်အောင်၊ မကိုင် *မကန်၊ စွန့်ဟန် ငါးသီး၊ *ချက်ကုံ ပြီးသည်။။ ကျင့်ကြီး ပါရဂူသတည်း။ (၅)

(ဤလည်း 'နာမဓာတ်ချနည်းပင်')
သာသနဒူရေနိဒါန်း (၅)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း၊ ၄- သာသနအဝိဒူရေနိဒါန်း

(၅၆၀) ဝေဿန္တရာ၊ မဟာဗောဓိ၊ လောကီ့ *တမွတ်၊ လူ့ထွတ် မှန်ကင်း၊ မင်း၏့ဘဝ၊ နန္တရနှိုက်၊ သဗ္ဗဗုဒ္ဓင်္ကူ၊ ပါရဂူတို့၊ ချိန်ယူ ထောက်ချင့်၊ အခါလင့်လျက်၊ လေးဆင့် နတ်ရွာ၊ တုသိတာဝယ်၊ မဟာသမ္ပတ်၊ နတ်တို့ သုခ၊ ခံစားကြသို့၊ သေတကေတု၊ မရုရာဇာ၊ မဟာဣဒ္ဓိပါဒ်၊ တန်းခိုးမြတ်သား၊ နတ်မင်းတဆူ၊ ဖြစ်တော်မူ၍့၊ လူတို့ နှစ်ဘွဲ့၊ ငါးဆဲ့ခုနစ်ကုဋေ၊ တွက်ရေ ခြောက်သန်း၊ နှစ်ကုန်*ကျွန်းက၊ ခန့်မှန်း အသက်၊ မှန်ဆက်ဆက်ဖြင့်၊ လူ့ရက် မယွင်း၊ ခုနစ်ကြွင်းဝယ်၊ ကိုယ်ဆင်း ဘောက်ကာ၊ တန်းဆာ ညစ်မြန်း၊ ပန်ပန်း ညှိုးပြီး၊ လက်ကတီးက၊ ချွေးစီး ယိုတုံ၊ နတ်ဘုံ မမွေ့၊ ငြီးငွေ့သော့အား၊ နိမိတ် ငါးတို့၊ ထင်ရှားဖြစ်လာ၊ ထိုအခါတွင်၊ ဣန္ဒာ ဒေဝါ၊ ဗြဟ္မာ နတ်ပေါင်း၊ တိုက် တသောင်းက၊ ဥက္ခောင်း ညွတ်တွား၊ ညီညာ ပြား၍့၊ ဘုရားဖြစ်ကြောင်း၊ *ပန်ထွာ တောင်းသည်။။ *နှစ်ထောင်း ကြည်စိတ် ဖြူသတည်း။ (၁)

(၅၆၁) ကြည်ဖြူ *နှစ်ထောင်း၊ တိုက် တသောင်းမှ၊ နတ်ပေါင်း ညွတ်ခ၊ တောင်းပန်ကြ၍့၊ ကာလ ဒေသ၊ ကျွန်းဒီပနှင့်၊ ကုလ ဇနေတ္တိ၊ ဟူဘိ ငါးဖြာ၊ မဟာဝိလောကန၊ ကိစ္စ ခြားပိုင်း၊ ရှုမြင်တိုင်းဖြင့်၊ ညှိနှိုင်း ပရွစ္ဆိန်၊ ရွှေဉာဏ် ချိန်လျက်၊ ပညိန္ဒြေ၊ မကင်းစေဘဲး၊ ဒေဝဒဟ၊ မယ်တော် ဘ,တိ၊ အဉ္ဇနမင်း၊ ဖြိုကြွင်း ကောဇာ၊ နှစ် ဝေါဟာလျှင်၊ သင်္ချာ တွက်ဘွဲ့၊ ခြောက်ဆဲ့ခုနစ်၊ သက္ကရာဇ် အတို၊ ဝါဆို ပုဏ္ဏမီ၊ ယုန် စန္ဒီနှင့်၊ အာသာဠှီနတ်၊ ဆင် နက္ခတ်တို့၊ ယှဉ်လတ်တုံလျှင်း၊ ကြွက်မင်း ဒိနေ၊ သန်းခေါင်ဘွေတွင်၊ သောင်းမြေ ဌာနီ၊ ပြည် ကပီနှိုက်၊ သာကီယာဘိ၊ အာဒိပဝရ၊ နေက နွယ်စစ်၊ ဥက္ကာရာဇ်၏့၊ ရင်နှစ်တော်ရင်း၊ ကိုးယောက်မင်းတွင်၊ ခံတွင်း အာစက်၊ မီးလျှံထွက်သား၊ ရုံးလက် ဝရဇိန်၊ ဘုန်းစက်ရှိန်နှင့်၊ အာ*ဟိန္ဒမှူး၊ ဘေးတော်ဦးတိ၊ လွန်ထူး တေဇာ၊ ဥက္ကာမုခ၊ မင်းက စချီ၊ ကြယ့်နှယ် စီ၍့၊ သာကီနွယ်နတ်၊ စဉ် မပြတ်ဖြင့်၊ ဥက္ကဌ် ဘုန်းမော်၊ ကျွန်းလုံး ကျော်သည့်၊ သုဒ္ဓေါ်*သနင်း၊ သကျမင်း၏့၊ မိချင်း ဘချင်း၊ စံရွှေချင်းသို့၊ မျိုးချင်း မြတ်နွယ်၊ မောင်လှယ် နှမ၊ ချစ် မဝဘဲး၊ အလှ စံကင်း၊ လက်ျာနှင်းသား၊ မိမင်း တောင်ညာ၊ မာယာ ဘုရား၊ ရှစ်သောင်းဖျား၏့၊ ပတ္တမြားလိုဏ်ဂူ၊ ဝမ်း မဉ္ဇူဝယ်၊ ဆယ်ဆူ သုံးလီ၊ ပါရမီ ပုည၊ ဝိသိဋ္ဌကြောင့်၊ ဓမ္မနိယံ၊ ထုံးစံ လက္ခဏာ၊ ဓမ္မတာဖြင့်၊ စကြဝဠာ သောင်းတိုက်၊ ပဲ့တင်ရိုက်အောင်၊ ဆူလှိုက် ရေ-မြေ၊ တုန်လှုပ်ဝေလျက်၊ အနေကန် ဧကန်၊ မဝေဘန်သာ၊ များမြတ်စွာသား၊ မဟာကုသလ၊ ဥက္ကဋ္ဌ၏့၊ ပထမအသင်္ခါရိက်၊ ဝိပါက်စိတ်ဖြင့်၊ တိဟိတ် ပဋိသန်၊ ဆုံးစွန် မြတ်လောင်း၊ စံနေ အောင်းသည်။။ နတ်ပေါင်း သာဓု ယူသတည်း။ (၂)

(၅၆၂) နတ်ပေါင်း ကြည်ဖြူ၊ သာဓု ယူ၍့၊ ဗုဒ္ဓင်္ကူထွတ်၊ ဆုံးမြတ် သန္ဓေ၊ စံနေ ကိန်းထ၊ ထိုကာလနှိုက်၊ ဓမ္မနိယံ၊ ထုံးစံ ကိစ္စ၊ သဘာဝကား၊ လောကနှိုက်တွင်၊ ဘုရင် ဧကရာဇ်၊ ရိတ်ဖြူ လှစ်၍့၊ မင်းစစ် တပါး၊ ထင်ရှားယှိခါ၊ ရာဇာ တဦး၊ အထူး ဘယ်က၊ မပေါ်ရချေ၊ ပေါ်လျှင် သေသည်၊ ပဝေဏီမှု၊ စံ တခုရှင့်၊ မင်းဟု ဖြစ်ရှောင်း၊ မပြိုင်ကောင်းတည့်၊ တိမ်းစောင်း ထီးဖြူ၊ လဲးတော်မူလည်း၊ မထူအပ်စွ၊ မတင်ရဘူး၊ ရာဇတန္တိ၊ ထုံး မသိ၍့၊ ထူမိ တင်မိ၊ ပြုသည်ယှိက၊ ထိ၏ မင်းဒဏ်၊ ပုန်ကန် ပြစ်ကြီး၊ ဆွေနီး မျိုးသက်၊ ခုနစ်ဆက်လုံး၊ ပြုန်းပျက် မကြွင်း၊ လောင်တိုက် သွင်း၏၊ မယွင်း ထို့သွင်၊ ပမာပင်တည့်၊ ရှင်ပစ္စေက၊ သမ္ဗုဒ္ဓမျှ၊ ထိုက စပြု၊ သဗ္ဗညုတို့၊ ဓာတု *နေရဗ္ဗာန်၊ မလွန်မချင်း၊ ဤခေတ်တွင်းနှိုက်၊ ပွင့်ခြင်း အသစ်၊ ပြိုင် မဖြစ်အောင်၊ ပယ်မြစ် ဟန့်တား၊ ခါ ပိုင်းခြားလျက်၊ ဘွားသည့်နေ့မူ၊ သယမ္ဘူဟူသမျှ၊ မတူရကြောင်း၊ ယှိက မကြွင်း၊ ရှင်းလင်းသော့အား၊ လားကြ နိဗ္ဗာန်၊ အကုန် လွန်ဟု၊ ပြင်းထန် မိန့်တော်၊ ထုတ်ပြန် ဆော်သို့၊ ထိုရော် သည်းစွာ၊ ရိုက်ကြည်းငြာ၍့၊ ကြေညာ အောက်-ထက်၊ ဘဝဂ် လန့်ကြိမ်း၊ ပြို ညွတ်တိမ်းမျှ၊ ခေတ်သိမ်းလက္ခဏာ၊ ဓမ္မတာဖြင့်၊ စကြဝဠာ ပတ်ဝိုက်၊ ဇာတိတိုက်လုံး၊ လှိုက်လှိုက် တုန်နှိုး၊ ပဲ့တင် *ကြိုးသည်။။ မြေ-မိုး သိမ့်သိမ့် ဆူသတည်း။ (၃)

(ဤအပိုဒ်ကား ရှေးအနန္တရနှိုက် 'ဓမ္မနိယာမ'ဟူသော စကားကို ဖွင့်သတည်း။)

(၅၆၃) သိမ့်ဆူ မြေ-မိုး၊ ဘဝဂ် *ကြိုးမျှ၊ ဆော်နှိုး ရိုက်ခြမ်း၊ သောင်းတိုက် ယိမ်းအောင်၊ ခေတ်သိမ်းဥပဒေ၊ နိမိတ်တွေဖြင့်၊ သန္ဓေကိစ္စ၊ စံနေမျှလျက်၊ ဆယ်လ ရက်ကြာ၊ မင်းသကျာတို့၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်တွင်၊ နှစ်သစ် အတာ၊ တက်ဦးစွာတိ၊ ဝိသာခါနက္ခတ်၊ နဝင်း ပါဒ်နှင့်၊ စီးနတ် ပြိုင်ပ၊ ကဆုန်လ၏့၊ ပုဏ္ဏမင်္ဂလာ၊ နေ့ သောကြာဝယ်၊ ခါတော် နေညီး၊ တချက်တီးနှိုက်၊ ဂြိုဟ်ကြီး အာဒိစ္စ၊ ဗုဒ္ဓဘရဂူ၊ အတူ ဗြိဿ၊ စီးလှ ဗြိစ္ဆာ၊ အင်္ဂါ မေထု၊ ဂုရု ကုမ္ဘေ၊ စနေ မိန်စက်၊ လဂ်နှင့် ရာဟု၊ သိဟ်တွင် စုစဉ်၊ သာဓု ကြီးစွာ၊ ကောင်းခြီး သာ၍့၊ *ကျာကျာ ကြော်ထိန့်၊ မြည်အိန့် ထိန်းထိန်း၊ စည် မုဒိန်းသို့၊ ဟိန်းဟိန်း သံဝါ၊ သွက်သွက်ငြာလျက်၊ စကြဝဠာ တသောင်း၊ တိုက်အပေါင်းလုံး၊ ရိုက်*ညောင်း တုန်နဲ့၊ သုံးဆဲ့နှစ်ဝ၊ ပုဗ္ဗနိမိတ်၊ အံ့ဘွယ်ဟိတ်ဖြင့်၊ အကနိဌ်နတ်၊ ဗြဟ္မာမြတ်တို့၊ ဥက္ကဌ် ဆူဆူ၊ သရဘူကို၊ စုံတူ ရွှေစက်၊ နင်းလျက် နှစ်ဘော်၊ တု မမြှော်အောင်၊ မယ်တော် ဒေဝီ၊ ဝမ်းစေတီမှ၊ ဆန့်ချီ လက်ရုံး၊ ငါဟု ကြုံး၍့၊ သောင်းလုံး ပူဇော်၊ ဘွားမြင် မြော်သည်။ ။ နှိုင်းလျော် မြဝေး ပူသတည်း။ (၄)

(ဤအချလည်း 'နာမဓာတ်ချနည်း'ပင်တည်း။)

(၅၆၄) ဤသို့ ဘုန်းထူ၊ ဗုဒ္ဓင်္ကူကား၊ မတူ လူ့ခွင်၊ တု မမြင်အောင်၊ မိခင် မယ်မင်း၊ ကြာတိုက်တွင်းမှ၊ *ခပင်း ထိုမျှ၊ လောကပါလာ၊ ဣန္ဒာ သူယံ၊ သဟံ မဟာ၊ ဘုံသုဒ္ဓါက၊ ဗြဟ္မာတို့ထိပ်၊ နင်းနှိပ် ရွှေစက်၊ ရွှေကွန်ယက်နှင့်၊ သစ်နက် ဘွဲ့ဖြူ၊ ခံကြ ယူသည့်၊ နတ်-လူတို့လက်၊ အဆက်ဆက်နှိုက်၊ ရပ်လျက် သာယာ၊ ချမ်းမြေ့စွာလျှင်၊ သက်လာ ငြိမ့်လေး၊ ညစ်ကြေး မတင်၊ မြမျက်ရှင်သို့၊ သန့်စင် ဘွားမြောက်၊ မြေသို့ ရောက်သော်၊ မင်းမြှောက်တန်ဆာ၊ ဆင်ကာ စံပယ်၊ မင်း၏့နှယ်တည့်၊ တင့်တယ် ဝင်းဝင်း၊ စုရပ်လျှင်းမှ၊ *ခပင်း ဒိသာ၊ ဆယ်မျက်နှာလုံး၊ မဟာဝိလောကန၊ လွန်မြတ်လှသား၊ ကြည့်ထ မကြွင်း၊ ဗြဟ္မာမင်းနှင့်၊ နတ်မင်း သောင်းတိုက်၊ နောက်တော်လိုက်၍့၊ ပတ်ဝိုက် ခြံရံ၊ ကောင်းကင်ယံဝယ်၊ ဖြိုးလျှံ လက်လက်၊ ရွှေကနက်ကို၊ ဖြူရွက်သာမျှ၊ ထင်ပြပြတိ၊ လူမျာ့းမျက်စိ၊ မြင်စေ သိလျက်၊ သိရီ့စက္ကင်၊ ဘွားရွှေစင်ဖြင့်၊ မြောက်ခွင် ကြွတမ်း၊ ခုနစ်လမ်းစေ့၊ လှမ်း၍့ အဆုံး၊ လက်ရုံး တန်းကာ၊ ငါနှင့် ငါသာ၊ ပမာတူမော၊ တု*မဲ့သောဟု၊ အဂ္ဂေါဟမသ္မိ၊ စယှိ သုံးခွန်း၊ ထက်ဝန်း တုန်-ချောက်၊ ခြင်္သေ့ ဟောက်သို့၊ ထိတ်-ကြောက်*မဲ့စွာ၊ သီဟနာဖြင့်၊ စကြဝဠာ သောင်းလုံး၊ ကြားစေ ကြုံး၍့၊ ပက်ကုံး နတ်လူ၊ ကောင်းတင်း ယူလျက်၊ ကြည်ဖြူ ဦးခိုက်၊ ဖူးထိုက် *ကော်ရော်၊ ပူဇော် ပန်းဆက်၊ ဆယ်စုံလက်ဖြင့်၊ ထိပ်ထက် မကြွင်း၊ တင်ကြလျှင်းသည်။ ။ ဝင်းဝင်း ရွှေဇမ္ဗူသတည်း။ (၅)

(ဤအပိုဒ်လည်း 'အနန္တရ'ပိုဒ်၏ အဘွင့်ပင်။)

(၅၆၅) ပူဇော် မြှောက်ခြီး၊ အသီးသီးတည့်၊ ပြုပြီးကုန်သော်၊ လောင်းရွှေလှော်ကို၊ ပြည်တော် ဆောင်ကြ၊ ကောဏ္ဍညနှင့်၊ ကာဠဒေဝီ၊ ဗေရာဂီတို့၊ တညီတညွတ်၊ မြေလက်ခတ်သို့၊ မချွတ် ဘုရား၊ ဖြစ်လိမ့်သားဟု၊ ဟောကြား မိန့်ချက်၊ တင်ဆက် လျှောက်ထွေ၊ သပြေ ရိပ်*ကွန်း၊ ရွေ့ မယွန်းဘဲး၊ ဝန်း၍့ တည်ရှောင်း၊ မွန်းယိမ်းစောင်းလည်း၊ မပြောင်း မလှည့်၊ ကျွန်၏့ပမာ၊ ပဋိဟာနှင့်၊ များစွာ ဝေးခေါင်၊ နှစ် တထောင်က၊ လူ့ဘောင် ပေါ်ထွန်း၊ နတ်ညွှန်း ကောဠာ၊ ဩဘာ*တြင်း၊ တဘောင် ချင်းဖြင့်၊ ခံတွင်း မဆိတ်၊ သောင်းလုံး ထိတ်အောင်၊ နိမိတ် လက္ခဏာ၊ အဖြာဖြာကို၊ မင်္ဂလာမုခ၊ တိုက်လောကလုံး၊ မြွက်ကြ မ*စဲး၊ ရွှေနန်းထဲးဝယ်၊ အမြဲး ပျော်မှီး၊ ရွေ့ရွေ့ ကြီးလျက်၊ ပြီးစီး ထိုမျှ၊ တတ်ကိစ္စကြောင့်၊ သိဒ္ဓ အတ္ထ၊ ဒွိပဒဖြင့်၊ နာမ ပညတ်၊ လောင်း သိဒ္ဓတ်ဟု၊ လူ-နတ် သမိုက်၊ သောင်းတိုက် လွှံ့ကြော်၊ မည်တော် ရွှေဘွဲ့၊ အတု *မဲ့နှင့်၊ တဆဲ့ခြောက်နှစ်၊ ရွယ်တော်သစ်က၊ ဆဲ့ရှစ်တတ်မျိုး၊ တတ်ရိုး ထိုထို၊ လိုလို ပြီးလစ်၊ တု မရစ်ဘဲး၊ ကြိုးထစ် ဝရဇိန်၊ မိုဃ်းကြိုးရှိန်သို့၊ အရိန္ဒမာ၊ စကြာ လေးကြီး၊ တင်ပြီး ဆန့်တန်း၊ ရိုက်ဖြန်း ညှိုးသံ၊ ဆူလှိုက်ညံအောင်၊ မိုးယံ မြေကြော၊ ကြောက်ဘွယ်မောမျှ၊ တောင်-တော *အက်ခြ၊ ဘုန်းတော် ပြ၍့၊ ဒေဝဒဟ၊ ပြည်မ စိုးသီး၊ တဆူ ထီးနှင့်၊ ဝရီးမင်းကျော်၊ ဆွေတော် တသင်း၊ ကြောက်ရွံ့ခြင်းကြောင့်၊ ဆက်နှင်း ရင်နှစ်၊ သမီးစစ်တို့၊ လွန်ချစ်မဝ၊ လေးသောင်းမျှတွင်၊ ဘဒ္ဒကစ္စာ၊ ဗိမ္ဗာ ယသော်၊ သုံးမည်ကျော်သား၊ လူ့ဘော် ခြောက်နတ်၊ ကာမဓာတ်နှိုက်၊ လွန်မြတ် ရူပ၊ တု မရအောင်၊ အလှခေါင်ထိ၊ မိဘုန်းယှိကို၊ သာဘိသေကာ၊ တင်လက်ျာဖြင့်၊ ဗြဟ္မာရေသွန်း၊ သုံးဆောင်နန်းထက်၊ သိမ်းမြန်း *ဦးကိုင်၊ ဘ,ဘုန်းလှိုင်နှင့်၊ ထီးပြိုင် နန်းပွား၊ နှစ်ဆူအားဖြင့်၊ မျိုးခြား မနှောင့်၊ မောင်နှံစောင့်သည့်၊ ရှစ်သောင်းနှစ်ထောင်၊ စွန်းဆောင် ကျိပ်နှစ်၊ သမ္ဘိန်စစ်တို့၊ နေမြစ်မဟာ၊ မင်း*ကာထက်၊ သက္ကာသိသ+က္က၊ မသ+က္ကဝယ်၊ သ+က္ကခေါင်ဖျား၊ နတ်သိကြားသို့၊ ကြီးမား ရိပ်ငြိမ်၊ မင်းစည်းစိမ်ကို၊ မွေ့သိမ် စံလစ်၊ ဆဲ့သုံးနှစ်တွင်၊ စင်စစ် မယွက်၊ ခုနစ်ရက်တွင်း၊ ရွှေစက်ရင်းသို့၊ *လက်ငင်း *ဆောလျင်၊ ကြာမတင်သည်။ ။ စက်ရှင် ရောက်လု ဟူသတည်း။ (၆)

(၅၆၆) ရောက်လု စက်ရှင်၊ ထိုခါတွင်တိ၊ ညာတင် ယသော်၊ တောင်နန်းပျော်လျှင်၊ သားတော် မျက်ရှု၊ သက်လုံး စုသည့်၊ ရာဟု ဘုန်း*ဟေ့၊ ဘွားသည့်နေ့ပင်၊ ချိန်စေ့အခါ၊ နတ်သုဒ္ဓတို့၊ ပြလာ နိမိတ်၊ လေးပါး ဟိတ်ကြောင့်၊ လန့်ထိတ် လွန်ပြင်း၊ တောထွက်ခြင်းဖြင့်၊ အလျှင်း မငဲ့၊ ကိုးဆဲ့ခုနစ်၊ သက္ကရာဇ်ဝေါဟာ၊ နှစ် ကောဇာတွင်၊ ဝါဆို ပုဏ္ဏမီ၊ နေ့ စန္ဒီဝယ်၊ ညရီ လွန်လျှင်း၊ သန်းခေါင်တွင်းနှိုက်၊ မြင်း ကဏ္ဍက၊ မတ် ဆန္နနှင့်၊ ထွက်ကြွပြီးခါ၊ ညဉ့်ခြင်း ခွါ၍့၊ နော်မာ မြစ်ဆိပ်၊ သဲးသောင်ထိပ်ဝယ်၊ ချိပ်ချိပ် ညိုရောင်၊ ပိတုန်းတောင်သို့၊ ကေသျှောင် ပယ်ဖြတ်၊ သုဒ္ဓါနတ်၏့၊ သတပတ်မုံ*ရင့်၊ ငါးစုံပွင့်တွင်၊ လေးဆင့်မြောက်စွာ၊ ငွေချပ်လွှာနှင့်၊ မြတ်ကမ္ဘာပန်း၊ ကြာသင်္ကန်းဖြင့်၊ ရဟန်းအသွင်၊ ယူ-ဆင် သပ္ပါယ်၊ တောလယ် ခိုမှီး၊ ကျင့်ကြီး ပြင်းစွာ၊ ခြောက်နှစ်ကြာအောင်၊ အစာ မသုံး၊ လုံးလုံး ပယ်ထ၊ ဒုက္ကရဖြင့်၊ လုံ့လ တု*မဲ့၊ ကျင့်ပြီးခဲ့မှ၊ သုံးဆဲ့ငါးနှစ်၊ ရောက်လစ်သော့ခါ၊ ကောဇာ နှစ်စု၊ ရာ့သုံးခုတွင်၊ ဣန္ဒုစကြာ၊ လ စန္ဒာနှင့်၊ ဝိသာခါနက္ခတ်၊ ပါဒ် နဝင်းညီ၊ ပုဏ္ဏမီဟု၊ တိထီ ခါစေ့၊ ဗုဒ္ဓနေ့နှိုက်၊ မရွေ့ စသာ၊ ဓမ္မတာဖြင့်၊ ဃနာ ခံ၍့၊ ထိုနေ့ နေစက်၊ အရုဏ်တက်နှင့်၊ ပြိုင်လျက် ပွင့်မည်၊ ရွယ်ခန့်ရည်သို့၊ ချမ်းကြည် ရိပ်သာ၊ အဇပါ၏့၊ ရင်းမှာ ကပ်လျက်၊ ငြိမ်သက် သိမ်မွေ့၊ အဘိတ်နေ့က၊ ဘုန်း*ဟေ့ မြတ်လျာ၊ စံနေပါသည်။။ ပြုဗ္ဗာ ရှေ့တူရူသတည်း။ (ရ)

(၅၆၇) ထိုရော့ကာလ၊ ထိုဒေသနှိုက်၊ သေနမည်တုံ၊ ထိုနိဂုံဝယ်၊ ပြည့်စုံ ချမ်းသာ၊ သုဇာတာဟု၊ ကြော်ငြာ ဝေး-နီး၊ ဌေ့းသမီး၏့၊ အသီး စင်စစ်၊ သုံးနှစ် တခါ၊ ဒေဝတာအား၊ ကြီးစွာ အမြဲး၊ ပူဇော်ပွဲးနှင့်၊ မလွဲး ကြိုက်ကြုံ၊ ခါခိုက် ဆုံ၏၊ *ရဂုံ သာမော၊ နွယ်ချိုတောနှိုက်၊ ဘော်နှော တကွ၊ ထောင် နွားမကို၊ ကာလ ကြာ*ညောင်း၊ ဝစွာ ကျောင်းပြီး၊ နို့ကောင်း ချိုမြတ်၊ ရေမစွက်ဘဲ၊ ခွဲးဝက် ခုနစ်ဘန်၊ တကောင်ကျန်နှင့်၊ နို့ပြန်တိုက်လျက်၊ ရှစ်ကောင်နက်မှ၊ ယူချက်သမှု၊ နို့နှစ် ပြုသော်၊ စတုမဟာရာဇ်၊ နတ်စစ် လေးဖြာ၊ လက်နတ် ကာ၍့၊ ဣန္ဒာ မီးထိုး၊ ထီးမိုး ဗြဟ္မာ၊ တိုက်စကြာက၊ ရသာ လောင်းဖြည့်၊ နတ်ပေါင်း ထည့်လျက်၊ နှစ်ပြည့် ဩဇာ၊ နတ်သုဓာသို့၊ ဆာလောင် ငြိမ်းကင်း၊ ချင်ခြင်း ပြယ်ဘိ၊ ပျင်းရိ မထင်၊ ကြည်လင် *ခံ့ကျန်း၊ မစွန်း မျက်မာန်၊ ငြိုးရန် ပျောက်တုံ၊ ငြားခုံ မဖြစ်၊ ချောပစ် မဟူ၊ ချမ်း-ပူ မဆံ၊ လေးလံ *မဲ့ထ၊ ဒွါဒသဟု၊ များလှ နိသင်၊ ကျိုးအင် ထူးလှ၊ ဝိသေသနှင့်၊ ပမာဏအား၊ ခန့် ပိုင်းခြားမူ၊ ကွမ်းစား ဆဲ့နှစ်၊ ကုဋုံ တစ်မျှ၊ မပျစ် မချွဲး၊ မပျော့နဲးတိ၊ မခဲး မမာ၊ လျောက်ပတ်စွာသား၊ သူဇာ လှူ-ကပ်၊ နို့နပ်ဃနာ၊ ဆွမ်းဩဇာကို၊ ခံကာ ထိုမှ၊ ထိုခဏဝယ်၊ ကာလ မလွန်၊ ဘုန်းတော် ညွှန်နှိုက်၊ သိန်းတန် မယုတ်၊ ရာပြည့်ခုတ်သား၊ ရွှေအုပ် ဘိုး*နဂ်၊ မြတ်ရွှေခွက်ဖြင့်၊ ရွှေလက်တော်နှိုက်၊ ဆောင်ပိုက် ရွှေကိုယ်၊ မငြင်ငြိုဘဲး၊ မြညိုရေ+ယဉ်၊ စီးထွေယှဉ်သား၊ နေ+ရဉ် ကမ်းကွေ့၊ မြစ်သောင် ဗွေ့ထက်၊ တစေ့ခန့်ယှိ၊ ထန်းသီ့းသဖွယ်၊ မကြီး-ငယ်တိ၊ လေးဆယ်နှင့် ကိုး၊ ပြည့်ဖြိုး လုပ်လှ၊ ဘုဉ်းပေးမှလျှင်၊ ချမ်းမြ ငြိမ်းငြိမ်း၊ နေမွန်းယိမ်းနှိုက်၊ မြက်စိမ်းခံကာ၊ လှည့်လက်ျာဖြင့်၊ ပါရမီတော်၊ ရဲးဘော် ရန်နှိပ်၊ ဗိုလ် သုံးကျိပ်နှင့်၊ ကြံသိပ် မြဲးမြဲး၊ ဘုန်းတော် ကဲး၍့၊ အရဲး ဘက်*မဲ့၊ ကိုယ်ရံ ဘွဲ့ပြီး၊ တဆဲ့ရှစ်မင်း၊ ပယ်ကွင်း ရပ်သာ၊ စည်မျက်နှာသို့၊ ဇေယျာပထဝီ၊ ဘူသီ ခရာဇ်၊ မြေနှစ် မဏ္ဍ၊ ကမ္ဘာ့*သေတ္တု၊ အောင်ကိန်း စုသား၊ ဇမ္ဗူ့မင်္ဂလာ၊ ဗွေချက်ချာထက်၊ မဟာဗုဒ္ဓဟေ၊ ငါးမာရ် ချွေသည့်၊ ရွှေညောင် ဗောဓိ၊ သိရီ့ ဝေလျှပ်၊ အောင်မြေရပ်ကို။။ အောင်တပ် နင်းတော်မူသတည်း။ (၈)

(၅၆၈) အောင်တပ်တော်နင်း၊ ဗောဓိရင်းဝယ်၊ ဖြန့်ကျင်း မြတ်ဆုပ်၊ ကြဲးကာ လှုပ်က၊ တုလုပ် နတ်-လူ၊ မတူနိုင်ရာ၊ ဆန်းကြယ်စွာလျှင်၊ ဝိတ္ထာယာမ၊ ဥဗ္ဗေဓဖြင့်၊ စုဒ္ဒသ ဟတ်၊ မြေဥက္ကဌ်သို့၊ အမြတ်*စတေ၊ အသရေမျိုးစု၊ ဘုန်းတော် ပြုလျက်၊ စံတု မယှိ၊ ပေါ်လာဘိသား၊ ပရာဇိဘုံ၊ ရောင်မျိုး စုံနှင့်၊ စိန်ခုံ ရတနာ၊ ဝဇိရာ ပြိုးပြက်၊ ပလ္လင်ထက်နှိုက်၊ မပျက် ဓိဋ္ဌာန်၊ အင် လေးတန်ဖြင့်၊ စိတ်သန် *ခိုင်ကျန်း၊ စံမြန်း ဘွဲ့ခွေ၊ နေတော်မူထ၊ ထိုခဏတိ၊ ကာလနဂါး၊ သိကြား သူယံ၊ သဟံ ဗြဟ္မာ၊ မိုးကာ ထီးကြီး၊ သားမြီး ယပ်ဝန်း၊ ဩဘာညွှန်းလျက်၊ ရိုက်မွှန်း သံကြော်၊ မှုတ်ဆော် ခရု၊ ခြီးမြှောက် ပြု၍့၊ တစု တခဲး၊ ခြိမ့်ခြိမ့်သဲးအောင်၊ နတ်ပွဲး ဝန်ကျင်၊ ပူဇော် *ရင်စဉ်၊ ခြောက်ခွင် ပိုင်ကျုံး၊ ထောင် လက်ရုံးနှင့်၊ ဟစ်ကြုံး ကြော်ငြာ၊ မာရ် မိစ္ဆာလျှင်၊ မာန်ပါ ကြောက်ဘွယ်၊ တန်းခိုးကြွယ်တိုင်း၊ ကြီးကျယ် မိုး*ရှိ၊ မိုးလုံးဘိသို့၊ ဂီရိမေခလာ၊ ဆင်စကြာ၏့၊ ယူဇနာ ချင့်တွက်၊ သုံးရာ ဝက်ထက်၊ ရာဘက် ငါးရာ၊ ဝဲး ငါးရာတိ၊ မုတ္တာမုတ္တ၊ အာဝုဓဟု၊ ရရက စု၊ *ရောရု သိမ်းကာ၊ နာနာ မုသလ၊ ဖာလပဗ္ဗတ၊ ဤသို့ စသား၊ များလှ တို-ရှည်၊ အတည်တည်ဖြင့်၊ ကျည်ပွေ့ ဖရင်း၊ လွှ ခက်ယင်းပါ၊ ရဲးတင်း လျှံထိန်၊ ပုဆိန် ဆောက်ပုတ်၊ ချိုး-နုတ် ဆွဲးငင်၊ သစ်ပင် တောင်ထွတ်၊ မြစ်ရင်းချွတ်လျက်၊ ပစ်သွတ် ရှုန်းရှုန်း၊ *နပုန်း မြား-လေး၊ သက်တင့်ကွေးသို့၊ ရောထွေး သံချောင်း၊ *လှင်ကန်တောင်းက၊ *အဲးမောင်း အိမ့်ဓား၊ အသွား တဘက်၊ နှစ်ဘက် သုံးဘက်၊ လေးဘက် မြမြ၊ ထိတိုင်းရှအောင်၊ ထက်လ မြိုက်သွန်း၊ သန်လျှက် ချွန်းနှင့်၊ စက်ဝန်း လဝက်၊ နတ်စက် ဝရဇိန်၊ စွဲးချိန် ရှုပ်ရှက်၊ ထောင် လက်နက်ဖြင့်၊ အောက်-ထက် ဝဲး-ယာ၊ ရံဝန်းလာသည်။။ ဗိုလ်ပါ သောင်းသောင်း ဦသတည်း။ (၉)

(၅၆၉) အောက်-ထက် ဝဲး-ယာ၊ နောက် စကြာတိုင်၊ ဘယ်-ညာ ဝန်းပတ်၊ မိုး-မြေ ညွတ်မျှ၊ လောကဓာတ် တခြမ်း၊ ပြည့် တင်းကျမ်းဖြင့်၊ လွန်ကြမ်း မိုက်ဆိုး၊ ဗိုလ်အားကိုး၍့၊ မိုဃ်းကြိုး သိန်း-သန်း၊ ထစ်ခြိမ်းဖြန်းလျက်၊ လျှပ်ပန် ကြိတ်စုံ၊ ဝိဇ္ဇုမ္မာလ၊ မိုးလုံး ဖြာပြီး၊ ရုပ်ဝါ ထူးပြား၊ အခြားခြားနှင့်၊ ကိုယ်ကား တပုံ၊ ခေါင်း တပုံဖြင့်၊ မြင်ရုံ သေလောက်၊ ကြောက်ဘွယ့် *တေ၊ ကုဋေဋေလျှင်၊ ရေနေ ကြည်းနေ၊ အဟိတ်တွေတည့်၊ တစ္ဆေ စိမ်းဝါး၊ တောသား ရဲးခက်၊ သံဘက် *ဥပါ၊ မိစ္ဆာ ပြိတ္တာ၊ ဘူတာဘူတ၊ ဒါနဝက၊ ယက္ခ ရက္ခိုသ်၊ အမိုက် သင်းဘွဲ့၊ သိမ်းခေါ်ခဲ့သား၊ တဆဲ့တစ် ခရိုင်၊ လက်နိုင် နောက်ပါ၊ များသေနာနှင့်၊ အာဏာ ထစ်ကြိုး၊ နေနတ်စိုးဟု၊ လေ-မိုး ကျောက်ခဲး၊ လွှတ်ကြဲး စက်ပျံ၊ မီးလျှံ သဲး-ပြာ၊ ညွန်ပါ မှောင့်မျိုး၊ လက်နက် ကိုးဖြင့်၊ လွှမ်းမိုး ခြိမ့်ညံ၊ စစ်ကြီး ရံသော်၊ သယမ္ဘူကြီး၊ ပွင့်နီးလုစွာ၊ မဟာဗောဓိ၊ လောင်း ပစ္ဆိတို့၊ သတိ သမ္ပဇဉ်၊ မြဲးယှဉ် ဣန္ဒြေ၊ ခိုင်ခံ့ထွေဖြင့်၊ သန္ဓေသက်ခြင်း၊ ဝမ်းတွင်း တည်ရာ၊ ဘွားခါကာလ၊ သုံးဌာနလုံး၊ စိတ်မျှ ဝမ်းတွင်း၊ ကြောက်ထိတ်ခြင်းနှင့်၊ အလျှင်း မဆံ၊ န ဘယံကြောင့်၊ သဟံ ဣန္ဒ၊ သုယာမတို့၊ ကာလနာဂိန်၊ ဒေဝိန် ဒေဝါ၊ စွန့် ပြေးခွါလျက်၊ မြတ်စွာ *ရှင်နည်း၊ တပါးတည်းသာ၊ ယှိတုံပါလည်း၊ ရတနာပလ္လင်၊ *ပြတည်းပြင်ထက်၊ တမျှင် မွေးညှင်း၊ လှုပ်ခြင်း မဖြစ်၊ မာရ်မင့်းစစ်ကို၊ လက်ဖျစ် မတီး၊ ရေးကြီး မထင်၊ ဗိုလ်စစ်အင်ဖြင့်၊ သေနင် မကျင်း၊ လက်နက် ကင်းလျက်၊ မြူညှင်း မြေမှုန့်၊ ညက်ညက် မုန့်သား၊ သဲးစုန့် ဂင်္ဂါ၊ မရေသာသို့၊ ကမ္ဘာအနေ၊ လေး သင်္ချေနှင့်၊ လွန်လေ *အပြိန်း၊ ကပ် တသိန်းလုံး၊ မဟိန်း မဟဲး၊ မညဲး မညူ၊ ကြည်ဖြူ မညို၊ ဖြည့်ခဲ့ ကြိုသည်၊ ထိုထို ပါရမီ၊ မဟူပြီသေး၊ မဝေး တီတ၊ တတီယဝယ်၊ ကြွေကျ ပြိုနီး၊ မြေကြီး ခုနစ်ကြိမ်၊ မငြိမ် ပတ်ချုပ်၊ တုန်လှုပ်စေလျှင်း၊ စွန့်လှူခြင်းဖြင့်၊ လောင်းမင်း ဘုန်း*ဝှန်၊ ဝေဿန်ဘဝ၊ နှောင်းဆုံးစွက၊ ဒါနရန်ဖြို၊ တပ်ဦးဗိုလ်မျှ၊ မြင်းမိုရ် တသောင်း၊ တိုက်ပေါင်း ဆယ်ထောင်၊ ဝန်းမြောင် ပတ်ကုံး၊ မြေဆုံး ရေဆုံး၊ မိုးလုံး ရိုက်တုန်၊ လှိုက်ခုန် စက္ကဝါ၊ ဘက်တော်ပါလျက်၊ ပြာကို လွှင်မှုတ်၊ လေပြင်းသုတ်သို့၊ တမုဟုတ်တွင်း၊ ခဏခြင်းတိ၊ နေမင်း စက်ရှင်၊ တောင် အတ္ထင်သို့၊ မဝင်မီသာ၊ များမကြာခင်၊ မင်္ဂလာဇေယျ၊ ပထမ ရန်မီး၊ အောင်ခြင်းကြီးဖြင့်၊ ပြီးစီး ဘုန်းခေါင်၊ ပွဲးဦး အောင်၍့။။ အောင်လံ စိုက်လွှင့် ထူသတည်း။ (၁၀)

(ကြိယာဝိသေသာလင်္ကာရ, သမာဟိတာလင်္ကာရပင်။)

(၅၇၀) ဘုန်းခေါင် ဘုန်းမြတ်၊ တို့ *စောထွတ်ကား၊ လောကဓာတ် တပိုင်း၊ တင်းကျမ်း မှိုင်းအောင်၊ ရံဝိုင်း နောက်ပါ၊ များ သေနာနှင့်၊ သေနင်္ဂါ ဆိုင်၊ ပြိုင်အံ့ *ဆောလျင်၊ ဂီရိဆင်ထက်၊ စီးကျင် *ဟုံးစုံး၊ ငါဟု ကြုံး၍့၊ လက်ရုံး တထောင်၊ စွဲးဆောင် လက်နက်၊ နတ်စက် ကိုးပါး၊ ပစ်သော့အားဖြင့်၊ *စုလျား ဘွဲ့ဖြူ၊ ခြေသုတ်လှူလျက်၊ ကိုးဆူ မိုဃ်းကြိုး၊ လက်နက်မျိုးလည်း၊ ပန်းမိုး ဖြော်ဖြော်၊ ကြဲးပူဇော်ပြီး၊ ဘုန်းတော် မြှောက်ခြီး၊ နတ်ဆင်ကြီးနှိုက်၊ စီး၍့ လျင်စွာ၊ ပြေးအံ့ လာသို့၊ အကြာ မလင့်၊ မာရ်မင်း လွင့်သော်၊ စိုက်လွှင့် အောင်လံ၊ ပွဲးဦးခံ၍့၊ နေ့ယံ ကုန်ကင်း၊ နေမင်း ကွယ်ပ၊ ညဦးစနှိုက်၊ ဘဝအတိတ်၊ ဖုံးပိတ်တတ်စွာ၊ အဝိဇ္ဇာကို၊ ဝိဇ္ဇာ လင်းစေ၊ တစင်းနေသို့၊ ပုဗ္ဗေ လက်ရောက်၊ သန်းခေါင်လောက်နှိုက်၊ လက်အောက် ဝန်းကျင်၊ နတ်နှယ် မြင်သည့်၊ သန့်စင် ထက်မြက်၊ ဒိဗ္ဗစက် ဝိဇ္ဇာ၊ လိုတော်ပါ၍့၊ ဉာဏ်ဝါ ထွန်းတောက်၊ မိုးသောက်ကာလ၊ ပစ္ဆိမနှိုက်၊ ပဋိစ္စသမုပ္ပါဒ်၊ ဒွါဒသ် အင်္ဂါ၊ ဆဲ့နှစ်ဖြာကို၊ ဝိပဿနာဉာဏ်စု၊ သုံးခု ပွားမြှောက်၊ သုံးဆဲ့ခြောက်တိ၊ သိန်းလောက် ကုဋေ၊ တိုက်တွင်းနေကို၊ ကုန်စေ ညက်ညက်၊ ဆင်ခြင် သက်၍့၊ ရေတွက်အံ့ငှါ၊ မတတ်ရာလည်း၊ သင်္ချာနယ၊ အမြွက်ပြက၊ ထိုမျှ သိန်းဆိုက်၊ ကုဋေတိုက်မှ၊ ရထိုက် ထို့လောက်၊ ကုန် မကောက်ဘဲး၊ တယောက်စီပေ၊ ယူ၍့ ရေသော်၊ ကုဋေ သုံးသန့်း၊ ခြောက်သိန်းခန့်တိ၊ ပွားပြန့် မဟာ၊ များ- မြတ်စွာသား၊ ဝိပဿနာ ဉာဏ်ရှိန်၊ ဝရဇိန် မိုဃ်းကြိုး၊ မိုက်မျက်မျိုးကို။။ ပစ်ချိုး သယမ္ဘူသတည်း။ (၁၁)

('နာမဓာတ်ချ'ပင်၊ 'ကြိယာပရိကပ္ပါလင်္ကာရ'ရှိသော ပိုဒ်။)

(၅၇၁) သယမ္ဘူမျိုး၊ ဉာဏ်မိုဃ်းကြိုးဖြင့်၊ ပစ်ချိုး ကုန်စင်၊ စစ်ဦးထွင်ပြီး၊ အသင်္ခတ၊ ဘဝဆုံးထွတ်၊ ဘုံဝိဝဋ်သို့၊ ဂေါတြဘု တဘန်၊ ဝေါဒါန် သုံးချက်၊ တပ်စဉ် တက်၍့၊ အာသဝက္ခယ၊ ဉာဏ ဝိဇ္ဇာ၊ မဟာဝဇိရုတ်၊ စက် အာဝုဓ်ဖြင့်၊ မြစ်-ငုတ် မကြွင်း၊ ရန် *ခပင်းကို၊ ပယ်ရှင်း သုတ်သင်၊ ပွဲးဦး*ရင်သည့်၊ အောင်မြင် ကိစ္စ၊ အာဒိကဖြင့်၊ ကိလေသပရိနဗ္ဗာန၊ ပထမ *နေရဗ္ဗာန်၊ *လက်မွန် ထိုရော်၊ ပြီးလတ်သော်တည့်၊ သက်တော် လုံးရပ်၊ ကျင့်အပ် မျိုးနွယ်၊ ခြောက်သွယ် ရောင်ပ၊ နိစ္စလဟု၊ ပဉ္စ ဝေမတ်၊ မည်မှတ် ငါးဖြာ၊ မတူရာမျှ၊ သည်သာ ထူးခြား၊ နောင်တော်များနှင့်၊ မပြား လုံးစုံ၊ *ချက်ကုံ ပြီးမြောက်၊ ထွတ်တိုင် ရောက်၍့၊ ဝိမောက္ခန္တိက၊ ဆုံး ဖလနှင့်၊ ဗုဒ္ဓပညတ်၊ တံဆိပ်ခတ်သား၊ မြတ် သယမ္ဘူ၊ မည်တော် ယူလျက်၊ ဘူပထဗျာ၊ စက္ကဝါ မြင်းမိုရ်၊ ယုဂန္တိုတို့၊ ထိုထို ပတ်ကုံး၊ သောင်းလုံး ပြို-အက်၊ ပဲ့တင်နှက်၍့၊ မဂ်လည်း လေးဆူ၊ ဖိုလ် လေးဆူဖြင့်၊ ရှစ်ဆူ စကြာ၊ ဖြူရွက် ကာပြီး၊ ပစ္စဝေက္ခဏာ၊ တဆဲ့ကိုးပါး၊ ဘုရားတို့တမ်း၊ မင်းခမ်း ပြောင်ဝင်း၊ ခင်းကျင်း စေ့ငု၊ စတု ဝေသာရဇ္ဇ၊ ဆ အသာဓာရဏ၊ သတ္တ သမ္ဗောဇ္ဈင်၊ မဂ္ဂင် ရှစ်ဘော်၊ ဂုဏ်တော် ကိုးတန်၊ ဉာဏ်တော် ဆယ်ပါး၊ စသောအားဖြင့်၊ များ-မြတ်လှစွာ၊ ဂုဏ် တန်းဆာကို၊ ကုန်ငှါ မလပ်၊ ဆင်ယင်အပ်လျက်၊ ရှရဗ္ဗဇဉ်၊ စံမယှဉ်သည့်၊ သဗ္ဗညုတ၊ မြတ်ဉာဏဟု၊ သေဋ္ဌ ဇေဋ္ဌံ၊ ဂုဏ်ပေါင်းရံသား၊ ရောင်လျှံ ဦးစိုက်၊ မကိုဋ်ရတနာ၊ မဟာဝဇိရ၊ မကုဋနှင့်၊ ဓမ္မစက္ကဝတ်၊ အတုလွတ်အောင်၊ အထွတ် ခေါင်ဖျား၊ မင်းတရားစစ်၊ ကိုယ်တော် ဖြစ်သည်။။ သုံးခေတ် စံမပြူတည်း။ (၁၂)

(အစိုင်အခဲ-ဝတ္ထု-တန်းဆာ-မကိုဋ်သဘောကို အစိုင်အခဲ မဟုတ်သော

ဂုဏ်တော်များနှိုက် တင်သော သမာဓိဂုဏ်ရှိသော လင်္ကာ။)
သာသနအဝိဒူရေနိဒါန်း (၁၂)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း၊ ၅- သာသနသန္တိကေနိဒါန်း

(၅၇၂) ဘုရား ဖြစ်စ၊ ကဆုန်လ၏့၊ ပုဏ္ဏ ရက်ဝါ၊ နေ့ကသာလျှင်၊ *နွယ်သာ ခေါ်လှည့်၊ ဝါဆို ပြည့်အောင်၊ ရက်ရှည် ခြောက်ဆယ်၊ နှစ်လဝယ်ကား၊ ဘယ်ဘယ် လူ-နတ်၊ မ*ခြေချွတ်ဘဲး၊ သတ္တ ရက်လုံး၊ ဆုံးပစေလျက်၊ ပလ္လင်ထက်နှိုက်၊ ဖွဲ့ရှက် သပ္ပါယ်၊ စံ တင့်တယ်ရှင့်၊ နောင်ဝယ် ထိုမှ၊ ဒေဝ များစွာ၊ နတ်*တကာ၏့၊ မိစ္ဆာ ဝိတက်၊ တွေးကြံချက်ကို၊ ပယ်ဖျက် ကင်းစေ၊ သင်္ကာ ပြေအောင်၊ မီး-ရေ နှစ်ပုံ၊ ယမိုက်စုံဖြင့်၊ ပြတုံခဲ့ပြီး၊ ပင်ဗောဓိမှ၊ အနိမိသ၊ ဌာန တထောက်၊ တာ ဆဲ့ခြောက်ဝယ်၊ ရှေ့မြောက် ဒိသာ၊ ရပ်မျက်နှာက၊ ရတနာ စိန်ပြင်၊ ရွှေပလ္လင်ကို၊ မြတ်ရှင် ဇိနော်၊ ရပ်ကာ မျှော်၍့၊ မျက်တော် မညိတ်၊ မမှိတ် ရှုကာ၊ ရက်လည် ကြာ၏၊ ဆယ်တာ ကျော်ငြား၊ ထိုအကြားတွင်၊ နတ်များ ဘန်လာ၊ ရှေ့ဒိသာနှိုက်၊ ရတနာ ဝင်းလျှံ၊ ရွှေစင်္ကြံထက်၊ ကြွ-စံပယ်လစ်၊ ခုနစ်ရက်စင်၊ လွန်ပြီး ကျင်သော်၊ နောက်ခွင် ရပ်သာ၊ ဆဲ့သုံးတာဝယ်၊ ရတနာဃရ၊ ရွှေအိမ်လှထက်၊ သတ္တ ရက်ကြာ၊ ဘိဓမ္မာကို၊ မြတ်စွာ ဆင်ခြင်၊ ဉာဏ်တော် တင်လျက်၊ ကောင်းကင် စကြာဝဠာ၊ ဖီလာ ထက်အောက်၊ ထွင်းဘောက် နှံ့အောင်၊ တပြောင်ပြောင်လျှင်၊ ခြောက်ရောင်တော် လွှတ်၊ စံနေလတ်၏့၊ တာခတ် ပြုဗ္ဗ၊ ငါးရာကြတွင်၊ အဇပါလ၊ နိဂြောဓနှိုက်၊ အလှ တုမဲ့၊ စံ *မဟဲ့သား၊ တဆဲ့နှစ်နှစ်၊ ဆဲ့သုံးနှစ်က၊ ပျိုစစ် ရွယ်စင်၊ *ယကင် *စုလည်း၊ ကြက်တောင်စည်းလျက်၊ *မျက်မည်း နုထွား၊ လျလျ ခါးဖြင့်၊ တသား မမြင်၊ တသား မြင်တိ၊ ရွှေရင် ညံ့စိ၊ နှစ် သား-မိနှင့်၊ ယဉ်အိ ရုပ်ရည်၊ တည်ကြည် ငြိမ်မြတ်၊ ရွယ်လတ် ရွယ်ကြီး၊ မာရ့်သမီးတို့၊ ခြောက်သီး ခြောက်ပုံ၊ လိုတော် *ကုံအောင်၊ အာရုံတော်နှိုး၊ နတ်တန်းခိုးဖြင့်၊ ကြိုး၍့ *အားသွန်၊ ကြိမ် ဘန်ဘန်လျှင်၊ သဏ္ဌာန် ရုပ်ပြောင်း၊ ရာစီ လောင်းလျက်၊ ဖြားယောင်း လုံ့လ၊ ပြုသမျှကို၊ ယဿ ဇိတံ၊ နာဝဇယတိ၊ အစယှိသား၊ ပါဠိဒေသနာ၊ ဂါထာ သုံးပိုဒ်၊ မိန့်တော် ရိုက်၍့၊ ဖိုလ်မြိုက် သုခ၊ စံ ချမ်းမြလျက်၊ သတ္တ *၄င်း၊ ရက်ပေါင်း တွက်ဘွဲ့၊ လွန်ပြီးခဲ့ရှင့်၊ နှစ်ဆဲ့ရှစ်တာ၊ ရှေ့တောင်မှာလျှင်၊ မုစလိန္ဒာအိုင်နား၊ နဂါး ပူဇော်၊ စံပျော် ခုနစ်၊ တွက်စစ် ရက်ပေါင်း၊ လွန်တုံရှောင်းပြီး၊ *၄င်း တောင်ရပ်၊ နီးကပ် မဝေး၊ တာ လေးဆယ်ကွာ၊ ရာဇာယတန၊ သာလှ *ရိပ်ကွန်း၊ မြထီးဝန်းသို့၊ လင်းလွန်းပင်ရင်း၊ စံခြင်း ငြိမ်သက်၊ ခုနစ်ရက်ဖြင့်၊ လွန်ထွက်တုံမြောက်၊ ထိုပြီ့း နောက်နှိုက်၊ ပြန်ခေါက် လှည့်ကာ၊ အဇပါဝယ်၊ ဗြဟ္မာသဟံ၊ တောင်း ခွင့်ခံသည်။။ ထုံးစံ ရှေးက ပဝေတည်း။ (၁)

(၅၇၃) ရှေးက တန္တီ၊ ပဝေဏီဖြင့်၊ နည်းမှီ ထုံးစံ၊ အ *နှုန်းခံမှ၊ သဟံဗြဟ္မာ၊ ခွင့်ပန်ထွာ၍့၊ ယူဇနာ ဆဲ့ရှစ်၊ ကွာလစ် ဓွန့်တာ၊ မိဂဒါသို့၊ ဒေသစာချီထ၊ နေ့ချင်း ကြွပြီး၊ ပုဏ္ဏ ရက်ဝါ၊ *လနွယ်တာနှိုက်၊ မင်္ဂလာ ချမ်းမြေ့၊ စနေနေ့ဝယ်၊ ဘုန်း*ဟေ့ မြတ်*မွန်၊ မြတ်ရွှေဉာဏ်ဖြင့်၊ အပြန် သုံးခါ၊ ခြင်းရာ ဆဲ့နှစ်၊ စတုသစ်တိ၊ ဘွင့်လှစ် နဲးနက်၊ ဓမ္မစက်ကို၊ ဘဝဂ် *နရက်၊ အောက်-ထက် ကြေညာ၊ ဟောလှည့်ကာလျှင်၊ ဗာရာဏသီ၊ ဝါကပ်မှီ၏၊ ဒုတီယ တတီယ၊ စတုတ္ထနှင့်၊ သတ္တရသာ၊ ဝါတော် ဆင့်တိုး၊ နှစ်ဆယ်ဖြိုးအောင်၊ လူမျိုး မှီခို၊ ရာဇဂြိုဟ်ဝယ်၊ ခေါက်ကြို တုံ့ပြန်၊ ငါးတန် ဝဿ၊ ဝါတော် မျှ၏၊ ပဉ္စမမှာ၊ ပြည်ဝေသာနှင့်၊ ခြောက်ဝါ မကုလ၊ သတ္တမကား၊ သက္က ပုရိန်၊ တာဝတိန်ထက်၊ ဒေဝိန်ဌာန၊ ရှစ်ဝါရနှိုက်၊ ဘဂ္ဂတိုင်းသာ၊ ကိုးဝါ တုံပြီ၊ ကောသမ္ဗီနဂရ၊ ဒသမသော်၊ ရှင်တော် ဘော်နည်း၊ တပါးတည်းဖြင့်၊ ပလလည်း တောရပ်၊ တထပ် နောက်မှာ၊ ဆဲ့တဝါမူ၊ နာဠာဂါမ၊ ဒွါဒသနှိုက်၊ ဝေရဉ္ဇပြည်၊ တမည် ပေါင်းရုံး၊ ဆဲ့သုံး ဆဲ့ရှစ်၊ ဆဲ့ကိုးစစ်ကား၊ တွင်လစ် အညီ၊ စာလီ ပဗ္ဗတ၊ စုဒ္ဒသမှ၊ ဇေတ ကျောင်းသာ၊ ဆဲ့ငါးဝါကို၊ ရွှေချက်သိုသည့်၊ ကပိုလ်ပြည်ကြီး၊ စံ ပျော်မှီး၏၊ ထိုပြီး နောက်မှာ၊ ဆဲ့ခြောက်ဝါသော်၊ အာဠဝီပြည်မ၊ ဤသို့ ပြသား၊ ပထမဗောဓိ၊ ဝီသတိဝယ်၊ အနိဗဒ္ဓ၊ မြဲး မမျှဘဲး၊ ဒေသစာရီ၊ ရောက်ရာ မှီ၍့၊ ထိုဤ ပြည်-ရပ်၊ ဝါတော် ကပ်၏၊ နောက်ထပ် ပစ္ဆိ၊ ဗောဓိမည်ပေး၊ နှစ်ဆဲ့လေးကား၊ ရှေးသို့ ဘုန်းမော်၊ စိတ်တော် မညွတ်၊ ပြည်သာဝတ်တွင်၊ နိဗဒ္ဓဝါ၊ အရာ မရွေ့၊ အရှေ့ ရွှေဘုံ၊ ပုဗ္ဗာရုံနှင့်၊ မြေခုံဌာန၊ ဒက္ခိဏဟု၊ နာမသမိုက်၊ တောင်တိုက် ဇေတဝန်၊ ကျောင်း နှစ်ဌာန်ဝယ်၊ လှည့်ဘန် ဝါရ၊ အစဉ် မျှ၍့၊ ပစ္ဆိမအခါ၊ ဝေဠုရွာနှိုက်၊ ဝါတော် အဆုံး၊ ဝေနေ သုံးကို၊ သိမ်းကျုံး ချွတ်ကယ်၊ ကပ် စံပယ်သည်။။ လေးဆယ့်ငါးဝါ့ တွက်ရေတည်း။ (၂)

(၅၇၄) ဤသို့ စေ့ငု၊ ချဉ့်းခဲ့ပြုတိုင်း၊ သုံးလူ့ပတ္တမြား၊ တို့ထွတ်ဖျားလျှင်၊ ဘုရား ဖြစ်စ၊ သတ်ဌာနနှိုက်၊ သတ္တ သတ္တာ၊ နဝါစာလီ၊ ရက်ကို စီပြီး၊ အာသာဠှီပုဏ္ဏမ၊ နွယ်တာလ၏့၊ ပြည့်ထအခါ၊ မိဂဒါဝယ်၊ နေစကြာ လစကြာ၊ အစုံ ဖြာလျက်၊ မင်္ဂလာတိုက်ပေါင်း၊ တသောင်း စကြဝဠာ၊ သွက်သွက်ငြာအောင်၊ ဓမ္မစကြာတရား၊ ဟောကြား နှံ့မွှေ၊ လှည့်စေသည်က၊ ပထမမှု၊ အစပြု၍့၊ ကုသိနာရုံ၊ *ရဂုံ အင်ကြင်း၊ မလ္လာမင်းတို့၊ ခင်းကျင်း ပြုဘန်၊ ရွှေသလွန်ထက်၊ ဟန္ဒ ဒါနိ၊ အစယှိသား၊ ပါဠိ ဆုံးတိုင်၊ ခရိုင် တိုင်းကြီး၊ နန်းထီး ဇနပိုဒ်၊ တိုက်တိုက် စက္ကဝါ၊ လူ့ရွာ နတ်ပြည်၊ လှည့်လည် ကြွရွန်း၊ ကောဏ္ဍည်းသခင်၊ အရှင်သုဘဒ်၊ စ,ဆုံး မှတ်၍့၊ လူ-နတ် ဗြဟ္မာ၊ ကျွတ်ထိုက်စွာသား၊ သတ္တဝါ ဝေနေယျ၊ ဘဗ္ဗပုဂ္ဂိုလ်၊ များ ထိုထိုအား၊ ရွှေကိုယ်တော်တိုင်၊ လက်ကိုင် နိစ္စ၊ မြိုက်ဆု ငှလျက်၊ ကာလ တွက်ဘွဲ့၊ လေးဆယ့်ငါးနှစ်၊ ခါ-ခေတ် သမယ၊ ဒုလ္လဘဟု၊ ဗုဒ္ဓယုဂ်ကောင်း၊ မသာတောင်းသား၊ မြတ်ပေါင်း မင်္ဂလာ၊ လွန်သာယာအောင်၊ နတ်ရွာ မဂ်-ဖိုလ်၊ *ဥဒါဟိုဖြင့်၊ ထိုထို မြှော်လင့်၊ လမ်းကြီး ဘွင့်၍့၊ ကျွတ်ခွင့် ကြော်ကြား၊ တရား စည်ကြီး၊ ရိုက်တီး ခတ်ဆော်၊ ဆောင်ပြီးသော်တိ၊ သက်တော် ရှစ်ဆယ်၊ ပြည့်ကယ်ရကား၊ ဘုရာ့းကိစ္စ၊ တိံသဓမ္မတာ၊ စုံလင်စွာ၍့၊ ကောဇာသက္ကရာဇ်၊ အဌ်-ဇောဧက်တွင်၊ နှစ်သစ် ပေါ်စ၊ ကဆုန်လပြည့်၊ ထွန်း*စည့် စန္ဒာ၊ ဝိသာခါနှင့်၊ ပြိုင်ကာ ယှဉ်၍့၊ အင်္ဂါနေ့နှိုက်၊ အရှေ့ ရောင်ဝါ၊ အရုဏ်လာဝယ်၊ ဥတ္တရာဘိမု၊ ရှေးရှုပြုသား၊ ကေတုမာလာ၊ လျောင်း လက်ျာဖြင့်၊ အပ္ပမာဒေန၊ ပစ္ဆိမတိ၊ ဆုံးမ သံတော်၊ ဆိတ်ပြီးသော်လျှင်၊ နိရော်ဓဘုံ၊ ရည်လတ်တုံမှ၊ အနုလုံ ပဋိလုံ၊ နှစ်စုံ သမုပ္ပါဒ်၊ ဒွါဒသ် သိမ်မွေ့၊ ပြန်လှန် စေ့အောင်၊ နေ့နေ့တိုင်းပေ၊ ကုဋေ သိန်းစီ၊ အညီ မပြတ်၊ ဝင်လေ့ မှတ်တိုင်း၊ အရဟတ္တဖလသမာ၊ လွန်မြတ်စွာဖြင့်၊ သင်္ချာ တွက်ခန့်း၊ နှစ်သန့်းလေးသိန်း၊ ကိန်းလည်း *ကုံင၊ မကျန်ရဘဲး၊ ဒသအသုဘ၊ ဒွတ္တိံသနှင့်၊ အဋ္ဌ ကသိဏာ၊ မေတ္တာ ကရု၊ မုဒိ အာန၊ အာကာသဟု၊ ဌာန တွက်ရေး၊ နှစ်ဆဲ့လေးနှိုက်၊ မနှေး ဝင်ဟန်၊ ဈာန် ပထမ၊ ဒွတ္တိံသနှင့်၊ အသုဘ ချန်၊ ပယ်ကျန်ဌာန၊ တေရသနှိုက်၊ ဒုတီယ တတီယ၊ ဈာန် ဒုကတည့်၊ အဋ္ဌ ကသိဏာ၊ ဥပေက္ခာ အာန၊ အာကာသနှင့်၊ အရူပ လေးပါး၊ ဤဆဲ့ငါးနှိုက်၊ ဝင်စား စတုတ္ထ၊ အစဉ် မျှပြီး၊ ခီဏ မြတ်စွာ၊ အရဟာတို့၊ နိဗ္ဗုတာခေါင်၊ ကူးခပ် အောင်သား၊ ဈာန်နောင် ဇောနောင်၊ နှစ်ပါး နောင်တည့်၊ ဘုန်းခေါင် သာမိ၊ မာရဇိမူ၊ လောကိဈာန၊ စတုတ္ထမှ၊ ထ၍့ ပြီးလစ်၊ ပစ္စဝေက္ခဏာ၊ နှစ်ဖြာ*၄င်း၊ ဇောနောင် နှောင်းဝယ်၊ ကျရှောင်း စ,တွင်၊ ထိုဘဝင်နှိုက်၊ ဆုံးခွင်ရောက်ဘိ၊ စုတိဌာန၊ ပြီး ကိစ္စဖြင့်၊ သင်္ခါရနိမိတ်၊ တိတ်ဆိတ် ကုန်ခန်း၊ မသန်း နိစ္စ၊ အစ္စန္တသုခ၊ လွန်ချမ်းမြသား၊ ကြီးလှ လေးလွန်၊ ခန္ဓာဝန်ကို၊ မှောက်သွန် ပယ်ချ၊ သက္ကာယ၏့၊ နိရောဓဓာတ်၊ အမြတ်ခေါင်ထိ၊ နုပါဒိဟု၊ သီတိဘူတ၊ ပြည် သိဝသို့၊ ခန္ဓပရိနိဗ္ဗာန၊ ဒုတီယ*နေရဗ္ဗာန်၊ ခါ မပြန်သည်။။ စံလွန် မြန်းကြွ ဝင်လေတည်း။ (၃)

သာသနသန္တကေနိဒါန်း (၃)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း၊ ၅- နိဂမခဏ်း၊ ၆- လင်္ကာသာသနာ့နိဒါန်း

(၅၇၅) ခန္ဓပရိနိဗ္ဗာန၊ ဒုတီယ *နေရဗ္ဗာန်၊ စံပြီး လွန်သော်၊ ဘဝန္တဂု၊ သဗ္ဗညုကား၊ ဓာတုပရိနိဗ္ဗာန၊ တတီယ*နေရဗ္ဗာန်၊ နောင်ဘို့ ချန်၍့၊ မလွန်မီငြား၊ ဤအကြားနှိုက်၊ နောက်ပွား သတ္တဝါ၊ ဝေနေယျာအား၊ အသာဓာရုဏ်၊ မဟာဂုဏ်ဖြင့်၊ သမ္ပုဏ္ဏဟိတ်၊ ရွှေနိမိတ်ကြောင့်၊ ဗျာဒိတ် ရွှေခွန်း၊ ညွှန်း၍့ ပိုင်းခြား၊ ကိုယ်တော် ပွားတိ၊ တရား ရှစ်သောင်း၊ ဓာတ်ပေါင်း ရှစ်စိတ်၊ ပရိက္ခရာ၊ မဟာဗောဓိ၊ ပရိဘောဂ၊ ဆံတော် စသား၊ ထိုမျှ *မြားမြောင်၊ မွေ ကုန်အောင်ကို၊ ငါးထောင် နှစ်ပေါင်း၊ နောင် ကြာ*ညောင်းအောင်၊ ခါကောင်း ပညတ်၊ ထားခဲ့ အပ်လျက်၊ လူ့ရပ် နတ်ဌာန်၊ နိဗ္ဗာန် ပြည်ကြီး၊ ခရီး မဆိတ်၊ စည် မတိတ်ဘဲး၊ မပိတ် ဟင်းလင်း၊ ထွန်းဝင်း သာသနာ၊ ထိန်ထိန်ဖြာ၍့၊ သာယာ စည်ကား၊ လွန့်ပြန့်ပွား၏၊ အများ အများ၊ ဤသို့အားဖြင့်၊ ဘုရားမြတ်ပေါင်း၊ ရှစ်သောင်း မက၊ ကိုယ်တိုင် ကြွသို့၊ ဌာန အဟို၊ ရပ် ထိုထိုနှိုက်၊ မဂ်ဖိုလ် နတ်ရွာ၊ လမ်း ပွင့်-သာသည်။။ မိစ္ဆာ ကင်းပ ပြစ်*ချေတည်း။ (၁)

(၅၇၆) မြတ်ဖျား ဘုန်းမော်၊ ဂုဏ် ကိုးဘော်နှင့်၊ ရှင်တော်ဘုရား၊ ကြွသွား နိဗ္ဗာန်၊ စံပြီး လွန်မှ၊ သုံးတန် ပိဋကတ်၊ ပရိယတ်ကို၊ ညီညွတ် ညှိနှိုင်း၊ ရွတ်ဆိုလှိုင်း၍့၊ တိုင်း မဂဓိုရ်၊ ရာဇဂြိုဟ်နှင့်၊ နဂိုရ် အောင်ချာ၊ ပြည် ဝေသာနှိုက်၊ အဇာတသတ္တု၊ သုသု သည်းချာ၊ မင်း ကာဠာကို၊ မှီရာပြုကြ၊ လေးလ တခါ၊ နှစ် တရာတွင်၊ မဟာကဿပ၊ ထေရ် ယသတို့၊ ပထမ ဒုတီယာ၊ သင်္ဂါ နှစ်ထောက်၊ တင်ပြီး နောက်တိ၊ ဘုန်းတောက် ဓမ္မာ၊ မင်းမြတ်စွာ၏့၊ သာသနာနုဂ္ဂဟ၊ ဗလဝဖြင့်၊ နတ်ရွာ့အယောင်၊ လေးထောင် ရှစ်သောင်း၊ မြို့ပေါင်း ခွန်ချိ၊ *နက်သန်ယှိသည့်၊ ပါတလိပုတ္တ၊ ရာဌာနနှိုက်၊ နှစ်ရာ့သုံးဆယ်၊ ငါးခု*ကယ်သား၊ နှစ်ကြွယ် ပြည့်ထ၊ ရောက်ကာလဝယ်၊ တတီယသင်္ဂါယနာ၊ တင်ပြီးခါသော်၊ ထေရာဓိပတိ၊ မောဂ္ဂလိပုတ္တ၊ တိဿမြတ်စွာ၊ ဂိုဏ်းဆရာလျှင်၊ မဟာမဟိန္ဒ၊ စသည် သီးသီး၊ ဘိညာဏ် ပြီးသား၊ ထေရ်ကြီး ကိုးပါး၊ ခြွေရံများနှင့်၊ *မြောက်မြား ဂုဏ်ဝါ၊ ထင်ရှားစွာကို၊ ကိုးဌာနပိုင်း၊ ကိုးရပ် တိုင်းသို့၊ ကိုးဂိုဏ်းဘွဲ့ကာ၊ သာသနာ ခွဲးဝေ၊ ပြုပြန်စေ၍့၊ သောင်းမြေ နဂိုရ်၊ ပြည် ထိုထိုနှင့်၊ သီဟိုဠ် ခေါ်ညွှန်း၊ လင်္ကာကျွန်းရပ်၊ တည်ထွန်း သာသနာ၊ စည် ပြန့်စွာ၏၊ ထိုလင်္ကာဗွေ၊ ကျွန်းရပ်မြေသို့၊ ခြောက်ထွေ ဘိညာ၊ ကြီးတေဇာနှင့်၊ မဟာမဟိန်၊ မြတ်ထေရိန်လျှင်၊ စက်ရှိန် ကြွရွန်း၊ တည်စေထွန်းသည်။။ ထိုကျွန်း တခေတ် တမြေတည်း။ (၂)

(၅၇၇) တတီယသဘင်၊ သင်္ဂါတင်သား၊ ဘုရင် *သတိုး၊ မြေ-မိုး ထွင်းဘောက်၊ ထက်-အောက် ယူဇနာ၊ ဇမ္ဗူချာသို့၊ ပဏ္ဏာ ခွန်ကျုံး၊ အာဏာ ဖုံး၍့၊ ကျွန်းလုံး ပိုင်သ၊ အစိုးရလျက်၊ ဗလစက္ကရတ်၊ နေနတ်ဝံသာ၊ မဟာပုညဇိဒ်၊ ဂုဏ်ဟိတ် ဓိပတိ၊ ဘုန်းထူးယှိသည့်၊ သိရီ့ဓမ္မ၊ အသောကဟု၊ *ပြောပ များစွာ၊ ကြီးတေဇာနှင့်၊ အံ့ရာ မပြီး၊ ထိုမင်းကြီးလည်း၊ အသီး သက္ကရာဇ်၊ ခြောက်နှစ် ကောဇာ၊ တက်သောခါတိ၊ မြတ်စွာ လူ့ဘ၊ ပွင့်တော်စက၊ ကိုးလ တခါ၊ ငါးဝါ တခေါက်၊ ရှစ်ဝါမြောက်နှိုက်၊ ကြွရောက် သုံးကြိမ်၊ မွေ့သိမ် ဖလ၊ ဘန်ဘန် မျှလျက်၊ နင်းချ ရတနာ၊ ရွှေစက်ရာနှင့်၊ လင်္ကာဒီပ၊ သီဟဠဗွေ၊ တကျွန်းမြေသို့၊ ဗုဒ္ဓဟေ သီရိ၊ ပင်ဗောဓိ၏့၊ ဒက္ခိဏသာခါ၊ လက်ျာ ဒုမရာဇ်၊ တောင်ကိုင်းစစ်ကို၊ ရင်နှစ်တော်လှ၊ ချစ်မဝသား၊ သင်္ဃမိတ္တာ၊ မဟာထေရီ၊ ဘိက္ခုနီနှင့်၊ တုညီ မချို့၊ ဆောင်ကာ ပို့၍့၊ နှစ်လို့ ကြည်စွာ၊ ကျွန်းလင်္ကာတွင်၊ ဒေဝါနံပိယ၊ မင်း တိဿလျှင်၊ မဟိန္ဒ ရဟန္တာ၊ ထေရ်မြတ်စွာနှင့်၊ အနုရာဓ၊ ဌာန ကျော်ခြီး၊ မြို့တော်ကြီးနှိုက်၊ ခြားသီး ပရိုဏ်း၊ *တံတိုင်း ဝန်းကျင်၊ တန်းဆာဆင်၍့၊ မဟင်္ဂဏ၊ မာဠကဖြင့်၊ သာလှ ကျယ်ဝင်း၊ လွန်ပြန့်ရှင်းသား၊ ခင်းကျင်း စီမံ၊ ပလ္လင်ပျံထက်၊ တင်ခံ စိုက်ပျိုး၊ ကိုးကွယ်သော့အား၊ ထင်ရှား ကြေငြာ၊ တနိမ္မာသို့၊ ထိုလင်္ကာဘုံ၊ ကျွန်း မြေခုံဝယ်၊ မရုမ္ပိယ၊ တိဿမင်းက၊ အရင်းစ၍့၊ ဘုရာ့းသာသနာ၊ ရှည်မြင့်ကြာအောင်၊ ရောင်ဝါ ပြောင်းရွှန်း၊ တက်နေဝန်းသို့၊ တည်ထွန်း စည်ကား၊ လူအများတို့၊ တရားလက်ကိုင်၊ လေးခိုင် မဂ်ဖူး၊ ဆွတ်ယူ ခူးလျက်၊ အထူး မှန်စွာ၊ စဉ် မကွာဘဲး၊ သမ္မာဒိဋ္ဌိ၊ ဉာဏ်မျက်စိနှင့်၊ အသိ သန့်ရှင်း၊ မိစ္ဆာ ကင်း၍့။။ အလင်း မြင်ကြ မသွေတည်း။ (၃)

လင်္ကာသာသနာ့နိဒါန်း (၃)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း၊ ရ- ရာမညသာသနာ့နိဒါန်း

(၅၇၈) သပြေအငူ၊ မြရည်လူသား၊ ဇမ္ဗူ အောင်ချက်၊ ငါတို့ဘက်လည်း၊ သူ့ထက် ရှေးဦး၊ ကိုယ်တိုင် ဖူး၍့၊ ကြည်နူး သဒ္ဓါ၊ သရဏာဖြင့်၊ ဒွေဝါစိက၊ တပုဿနှင့်၊ ဘလ္လိက ညီ-နောင်၊ နတ် နှိုးဆောင်လျက်၊ မြရောင် ရိပ်*ကွန်း၊ လင်းလွန်းဌာန၊ သတ္တာဟက၊ ပထမ ဦးခေါင်၊ ဆုထူး အောင်၍့၊ ပင့်ဆောင် ပူဇော်၊ ဆံတော် ရှစ်ချောင်း၊ ရောင်မောင်းမောင်းတို့၊ ကိန်းအောင်း တည်ရာ၊ *လက်မွန်စွာတည့်၊ ဥက္ကလာမြို့၊ သာမို့မို့နှင့်၊ အောင်မျှို့ တဂိုဏ်း၊ တံခွန်လှိုင်းသား၊ မွန်တိုင်းဌာန၊ ရာမညကို၊ ပထမ အာဒိ၊ စိုးအုပ်ဘိသား၊ သိရီ့မာသောက၊ မည်နာမဖြင့်၊ အဘ သံသေ၊ မိ ရေနတ်မျိုး၊ တန်းခိုး နေစက်၊ မင့်းလက်ထက်ဝယ်၊ အဆက် မဝေး၊ ရှေး အတီတ၊ နန္တရက၊ ဘဝ ယှဉ်မှီ၊ နောင်-ညီ အထူး၊ ဖြစ်ခဲ့ဖူးသည့်၊ ကျေးဇူး *မြောက်မြား၊ ခြောက်ပါး ဘိညာ၊ ကြီး တေဇာနှင့်၊ ရဟန္တာ ရှင်ပျံ၊ ဂဝမ္ပတိ၊ ထေရ် ဘုန်းယှိကြောင့်၊ မုနိ သကျ၊ မြန်းလာ ကြွ၍့၊ ဒုတီယ ထပ်ခါ၊ သာသနာလျှင်၊ တည်လာတုံမြောက်၊ ထိုနောက် ဘဂဝန်၊ ပြည်နိဗ္ဗာန်သို့၊ စံလွန်ခဲ့လျှင်း၊ မီးပုံတွင်းမှ၊ ဝင်းဝင်း ထိန်လဲ့၊ စိန်တုံးကဲ့သို့၊ သုံးဆဲ့သုံးချောင်း၊ အပေါင်း မွေဓာတ်၊ သွားတော်မြတ်ကို၊ ဣဒ္ဓိပါဒ်ရှင်၊ ထေရ်သခင်သည်၊ ကောင်းကင် မိုးယံ၊ ဆောင်ခဲ့ ပျံ၍့၊ ဘုန်းလျှံ ကြီးဘိ၊ သီရီမာသောက၊ သီဟကုမာ၊ ထိုရာဇာအား၊ ကရုဏာ ရှေ့ထား၊ ပေးသော့အားဖြင့်၊ ဘုရားမြတ်စွာ၊ သာသနာသည်၊ ရောင်ဝါ ထွန်းပ၊ တတီယ တချက်၊ ဆင်းလာ သက်မှ၊ အထက် ခြားပိုင်း၊ ကိုးတိုင်း ကိုးဌာန၊ ဝေပုံကျတွင်၊ တပါးဝင်၍့၊ အသျှင်သောဏ၊ ဥတ္တရတို့၊ စတုတ္ထ တရပ်၊ ထပ်၍့ တဘန်၊ ပြုပြန်ကြရာ၊ သုဓမ္မာပုရ၊ သုဝဏ္ဏဘုံ၊ သထုံမည်သီး၊ မွန့်ပြည်ကြီးလျှင်၊ နန်း-ထီး မယုတ်၊ တိုင်းသီး ထုတ်၍့၊ ပုရုတ္တမ၊ ဗုဒ္ဓသာသနာ၊ တည်ရာအစစ်၊ *အမွန်ဖြစ်သည်။။ တက်သစ်နေမင့်း သရေတည်း။

ရာမညသာသနာ့နိဒါန်း (၁)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း၊ ၅- နိဂမခဏ်း ၈- မြန်မာ့သာသနာ့နိဒါန်း

(၅၇၉) ထိုမှ တခြား၊ ဘုန်းခြောက်ပါးနှင့်၊ ဘုရားမြတ်စွာ၊ လောကနာလျှင်၊ အဝါ နှစ်ဆယ်၊ ပြည့်ကယ် ကျော်ထ၊ မဇ္ဈိမဗောဓိ၊ ရောက်ဘိ ထိုခါ၊ သုနာပရန္တ၊ မရမ္မနှိုက်၊ ဝါဏိဇရွာသား၊ တရား လက်ယှိ၊ မဟိဒ္ဓိဟုန်၊ ဘိညာဂုဏ်နှင့်၊ မဟာပုဏ်မည်ရ၊ ထေရ် လူ့ဘသည်၊ မလယကျွန်းဖြစ်၊ နံ့သာစစ်ဖြင့်၊ ဆီနှစ် ရဲးရဲး၊ ဘိုးကဲး လွန်ကျူး၊ *အမွန်း ထူးသား၊ စန္ဒကူးရွှေဘုံ၊ ဂန္ဓာရုံကျောင်း၊ မြတ်တန်ဆောင်းနှိုက်၊ ကိန်းအောင်စိမ့်ငှါ၊ ပင့်လျှောက်ရာတွင်၊ ဆဠာဘိည၊ ပရမဝိသုဒ်၊ တပါးယုတ် ငါးရာ၊ အရဟာချည်း၊ ငါးဖြာ ဝသီ၊ ဂုဏ်ဆီ *နက်ကိ၊ တန်းခိုးယှိသား၊ သီတိပရမတ်၊ များ ထေရ်မြတ်နှင့်၊ နတ် ဝိသုကံ၊ စီမံ ပြုပြင်၊ *ယာဉ်ညဉ် ပြာသာဒ်၊ ငါးရာမြတ်ဖြင့်၊ လူ-နတ် *ဦးကိုင်၊ ထွတ်ဘုန်းလှိုင်လျှင်၊ ကိုယ်တိုင်တော်သာ၊ ကြွခဲ့ လာ၍့၊ သုနာတိုင်းရဌ်၊ ပရန်ဓာတ်ဝယ်၊ မြတ် ဂန္ဓာရုံ၊ ရွှေဘုံ ကရမက်၊ ကျောင်းတော်ထက်နှိုက်၊ ခုနစ်ရက်လုံး၊ မြိုက်ရေ ကျုံး၍့၊ သောက်သုံးစေ*မျှို့၊ ပြည်သူတို့လည်း၊ မဂ်-ဖိုလ်ရသာ၊ လေးသစ္စာကို၊ ထိုခါ နှစ်ထောင်း၊ သိကြရှောင်းသည်။။ ကျော်သောင်း ခုနစ် ဗိုလ်ခြေတည်း။ (၁)

(၅၈၀) ထိုသို့ စင်စစ်၊ မြတ်ရှင်ချစ်လျှင်၊ ခုနစ်ရက်လုံး၊ ဆုံးပစေ၍့၊ ညဉ့်-နေ့ မခြား၊ တရား မြိုက်ရည်၊ တိုက်ပြီးသည်မှ၊ ပြန်လည်*နစ်သော်၊ နံမြစ် သာယာ၊ ကမ်းခြေမှာလျှင်၊ နမ္ပဒါနဂါးမင်း၊ ညွတ်စင်း ဝပ်တွား၊ ပန်သော့အားနှင့်၊ တောင်ဖျား ထိပ်စွန်၊ ထိုရပ်ဌာန်ဝယ်၊ သစ္စဗန် ရှင်ရင်း၊ တောင်းပန်ခြင်းကြောင့်၊ *သနင်း ဘုန်းမော်၊ ရှင်တော်ဘုရား၊ လိုတော်အားဖြင့်၊ ပုဏ္ဏား ဒေါဏ၊ ပုတ္တသာရီ၊ မာဂဏ္ဍီတို့၊ သုံးလီခြင်းတ၊ ထိုကိစ္စမှ၊ ဌာန အခြား၊ ရပ်တပါးနှိုက်၊ ရွှေဘွား ညံ့-နု၊ ဝါဂွမ်းစုနှင့်၊ လွှတ်တု အားအန်၊ နောင်ကျန် ထောက်ထား၊ ကြောင်း သုံးပါးကြောင့်၊ ကြွသွားတိုင်းပင်၊ ရာမထင်လည်း၊ ဤတွင် မယွင်း၊ ထင်စေလျှင်းဟု၊ ကွင်းကွင်း ပြက်ပြက်၊ တခဲးနက်သား၊ ကျောက်ထက် ထင်ရှား၊ ရေးသား ပြည့်စုံ၊ ဖယောင်းပုံသို့၊ လိုရုံ အိပြောင်း၊ အံ့ဘွယ်ကောင်းအောင်၊ *ပုန်တောင်း ကန့်ချက်၊ ရာ့ရှစ်ကွက်နှင့်၊ ရွှေစက်တံဆိပ်၊ နင်းနှိပ် နှစ်ဆူ၊ ချတော်မူလျက်၊ နတ်-လူ အုတ်အော်၊ ရှိပူဇော်၍့၊ ရှင်တော်ဘုရား၊ ထင်ရှားစဉ့်ခါ၊ မဟာသာဝက၊ ပုဏ္ဏ သစ္စဗန်၊ ထေရ်*မွန်တို့က၊ တည်ဦး စပြီး၊ ယောနကဓမ္မရက္ခိတ၊ ထေရ မဟာ၊ ခြောက် ဘိညာနှင့်၊ ရဟန္တာသခင်၊ မြတ်အသျှင်တို့၊ ရှုမြင် ဉာဏ်ဖြင့်၊ ခွဲးဝေ ချင့်သား၊ *ယခင့် အထက်၊ ကိုးတိုင်းချက်တွင်၊ တကွက် မှတ်ရာ၊ အဝင်ပါလျက်၊ သာသနာ ထပ်ဆင့်၊ ပြုပြန်ခြင့်းကြောင့်၊ မင်းနှင့် ပြည်သူ၊ များ ရှင်-လူတို့၊ အယူ သမ္မာ၊ ခုတိုင် ကြာအောင်၊ သုနာပရန်၊ ရန်မာန် ပယ်နှိပ်၊ တမ္ဗဒိပ်ဟု၊ တံဆိပ် နှစ်ထပ်၊ စက်ရှင်ကွပ်သား၊ မြန့်ရပ် စည်ဆိုင်း၊ မြန်မာ့တိုင်းလည်း၊ ပြိုင်ခိုင်း ဘက်ကွာ၊ သာသနာ၏့၊ တည်ရာ တသီး၊ *အမွန် ဖြီးသည်။။ တိုင်းကြီး ပြည်ပြည့် ထိပ်ဗွေတည်း။ (၂)

(၅၈၁) ဤသို့ အဆင့်၊ နိဒါန်း ဘွင့်၍့၊ *ယခင့် ခြားပိုင်း၊ ပြခဲ့တိုင်းဖြင့်၊ တလိုင်းရာဇာ၊ မြန်မာ မန္ဓာတ်၊ မျိုး နေနတ်တို့၊ မပြတ် သာသနာ၊ ခြီးမြှောက်ကာတိ၊ မဟာစူဠ၊ သမ္ဘဝ၏့၊ နှစ်ပါး သည်းပွတ်၊ အတုလွတ် ခေါင်၊ သုရာ အောင်သည်၊ ဒွတ္တပေါင်နတ်၊ စက္ကရတ်တို့၊ ပြာသာဒ် *ရဝေ၊ စံမှတ်နေသည့်၊ သရေခေတ္တ၊ ပြည်က စ၍့၊ မြန်မာ့ဂိုဏ်းပွား၊ အစဉ် ကြားက၊ ကျား-ဗူး-ရှူး-ဝက်၊ ငှက်ရန်ပျက်ကို၊ နတ်စက် ဝရဇိန်၊ ပစ်ချိန် ခွင်းသတ်၊ အောင်ခင်း မှတ်သား၊ ရိမဒ် နာမံ၊ ပုဂံ မြင်းစိုင်း၊ စစ်ကိုင်း ပင်းယ၊ ပြည် အင်းဝနှင့်၊ သိင်္ဃ ကုန်းဘောင်၊ ရန်အောင် အမရ၊ ပဉ္စမသင်္ဂါယနာ၊ တင်ရွတ်ရာတိ၊ ရတနာပုံ၊ သာမျိုး စုံသည့်၊ ရွှေဘုံ*ကြငှန်း၊ မန်းပြည် သီခရ၊ ပုရိန္ဒနှိုက်၊ အစ ရန်နှည်၊ မြို့နန်းတည်သား၊ ဘုန်းစည် ပထမ၊ လူမျာ့း ဘ,နှင့်၊ ဒုတီယမြောက်၊ ရာ မပျောက်ဘဲး၊ ကွန်းပြောက် သိမ်းမြန်း၊ ရွှေနန်း တက်စံ၊ ဆက်ခံ မမှား၊ နတ်တပါးသို့၊ တရား ထိန်းစောင့်၊ သမ္မာဖြောင့်သား၊ မာရ်အောင့်ဒါယကာ၊ မဟာဧကရာဇ်၊ နေမြစ် ပဝရ၊ မင်းသို့ကျအောင်၊ မြန်မာ့ ရွှေဘုန်း၊ မို့းနှယ်ချုန်း၍့၊ နေ*နှုန်းပွင့်ရာ၊ *ဟော်ကွန်းသာနှင့်၊ ပြုဗ္ဗာတကြော၊ တည်ပြန့်*ပြောသား၊ *မော ကိုးပြည်ထောင်၊ မင်းတို့ဘောင်ပါ၊ ကုန်အောင် ထိုမျှ၊ တိုက်လောကလုံး၊ ဗုဒ္ဓသာသနာ၊ ရောင်ဝါ နေ-မီး၊ မက ညီး၍့၊ ပွားစီး စည်ဖြာ၊ ထွန်းလင်း သာသည်။။ မိစ္ဆာ မသမ်း မဝေတည်း။ (၃)

(၅၈၂) မန်းပြည် သီခ ရ၊ ပုရိန္ဒနှိုက်၊ ဒုတီယ နေမင်း၊ ဘုန်းရောင် ကင်း၍့၊ အလင်း ကွယ်ပျောက်၊ ရွှေကွန်းပြောက်မှ၊ အနောက် ဂေါယာန်၊ ဝင်ခဲ့ပြန်သော်၊ အနန္တရ၊ ဝိသေသဖြင့်၊ ဝိသိဋ္ဌဂုဏ်၊ ခြီးမကုန်အောင်၊ ပုညာဘိသင်္ခါရ၊ ဇနကကုသိုလ်၊ ပစ္စည်း *ကြို၍့၊ ဝိတိုရိယာ၊ မဟာရာနီ၊ နတ် ဣန္ဒီသို့၊ ဧကရီ*တမွတ်၊ မိဘုန်းထွတ်လျှင်၊ စက္ကဝတ်ကြီး၊ မန္ဓာတ်နီးမျှ၊ ဘုန်းမီး တန်ဆောင်၊ ထွန်းညီးထောင်၍့၊ မန်းအောင်မြေချက်၊ နန်းကနက်ကို၊ မြန်းတက် အုပ်မိုး၊ ဆက်လာ စိုး၏၊ တန်းခိုး ပုညဇိဒ်၊ ဂုဏ်မဟိဒ်ဖြင့်၊ အတိတ်ကာလ၊ *ရှေးမဆွက၊ ဒိဋ္ဌမင်္ဂလိကာ၊ မိမြတ်စွာသည်၊ မဟာဗြဟ္မိန်၊ လောကိန္ဒရာဇ်၊ ခင်ပွန်းစစ်ဟု၊ မဖြစ်စတောင်း၊ ရာမင်းပေါင်းတို့၊ ဥက္ခောင်း မကိုဋ်၊ ခြေဦးခိုက်၍့၊ ဖူးတိုက်ကုန်ရ၊ ပုံ*တမျှတည့်၊ မိန်းမအုပ်သည်၊ ရပ်-တိုင်းပြည်ကား၊ မတည် ပျက်*ဆော၊ နီတိဟောကို၊ ထူးသောပုည၊ ဝိသိဋ္ဌဖြင့်၊ ဒေါသ ဝိရုဒ်၊ အဖြေထုတ်သို့၊ သမ္ဗုဒ္ဓဖျား၊ မြွက်ဘော်ကြားတိုင်း၊ တရားအလို၊ ဘုန်းကုသိုလ်နှင့်၊ ဝိတိုရိယာ၊ ရွှေဘွဲ့သာသည်။။ ဣန္ဒာနီမြတ် နတ်ဆွေတည်း။ (၄)

(၅၈၃) ဝိတိုရိယာ၊ ရွှေဘွဲ့သာသည့်၊ မဟာဧကရီ၊ ဣန္ဒနီမြတ်၊ မိဘုန်းနတ်ကား၊ ပြာသာဒ် ရွှေဘုံ၊ သိနေရုံနှင့်၊ တူပုံ မချို့၊ နတ်တို့ နေရပ်၊ ဆိုစအပ်သား၊ ဗိလပ်ကျွန်းမြေ၊ *ကွန်း*ရဝေက၊ တဧကရိန်၊ တနေထိန်သို့၊ စက္ကိန္ဒြိ၊ ဓိပတိဂိုဏ်း၊ *စိုးဓိမိုင်းလျက်၊ တိုင်း ဣန္ဒြိယ၊ ဥရောပက၊ ဧရှသမိုက်၊ ကမ္ဘာတိုက်တွင်၊ မကိုဋ် ပြဋ္ဌာန်း၊ မန်းပြည်နန်းကို၊ သိမ်းမြန်းပြီးခါ၊ တသညာဖြင့်၊ ပြည်-ရွာလောက၊ ဩကာသနှိုက်၊ ဒိစတြိတ်၊ နိမိတ် နယ်ရပ်၊ ဆပ္ပဒေဝီ၊ စိတ် ဝေညီလျက်၊ အစီ အလျဉ်၊ အစဉ် ခွဲးခြမ်း၊ ပြည် ငြိမ်းချမ်းအောင်၊ သံလမ်း ကြေးကြိုး၊ ဓာတ်အိုး ဓာတ်ရုံ၊ ဘူတာရုံနှင့်၊ ဂါတ်ရုံ ထောင်-ရုံး၊ သည်အားလုံးကို၊ ထုံး ဥပဒေ၊ အနေကျမှု၊ စီမံ ရှု၍့၊ တိုင်းပြု ပြည်ပြု၊ ကမ္ဘာပြုသည်။။ သတ္တုပကာရဂုဏ်ပေတည်း။ (၅)

(၅၈၄) သတ္တုပကာ၊ သမ္ပဒါတိ၊ ပုညာဘိသန္ဒ၊ ဝိသေသထူး၊ ဂုဏ် လွန်ကျူးကို၊ ခြီးကြူးအံ့ငှါ၊ မကုန်ရာသား၊ မဟာဧကရီ၊ ဒေဝီ*တမွတ်၊ မိဘုန်းထွတ်ကား၊ ဖြန့်လွှတ် စက်ရှင်၊ ရေပြင် မြေကြော၊ ဘုန်းသံကျောဖြင့်၊ တိုက် လောကဓာတ်၊ လှည့်ခဲပတ်၍့၊ မြန်ရဌ် တိုင်းခန်း၊ မန်းပြည်နန်းကို၊ သိမ်းမြန်း စိုးလစ်၊ ဆဲ့ငါးနှစ်သို့၊ စင်စစ် ရောက်ခါ၊ ရွှေခန္ဓာသည်၊ တရာ ပြည့်လု၊ ဧကုနဝီ၊ မရောက်မီတွင်၊ ယာယီကိန်းဆိုက်၊ ဇာတိလိုက်ဖြင့်၊ ကြိုက်ခဲ့တုံရှောင်း၊ ရွယ်တော် *ညောင်းဟု၊ ရုပ်ဟောင်း စွန့်ပစ်၊ ရုပ်သစ် လဲးတုံ၊ ကောင်းကင်ဘုံနှိုက်၊ ခိုလှုံ ထက်ယံ၊ ပြောင်းတက် စံက၊ သက်နှံ ဘုန်းထက်၊ ရာတော် ဆက်၍့၊ ဧဒွက်ဘုရား၊ သားတော် မြတ်စွာ၊ ဥပရာလျှင်၊ မဟာပုညဇိဒ်၊ ဘုန်းတော်ဟိတ်နှင့်၊ ဂရိတ် ဘရီတန်၊ လန်ဒန် ရွှေနန်း၊ ဘုံကြငှန်းကို။ ။ သိမ်းမြန်းရာ*ရိုက် ခံမွေတည်း။ (၆)

(၅၈၅) လန်ဒန်ရွှေနန်း၊ ဘုံ *ကြငှန်းကို၊ သိမ်းမြန်း စံထ၊ သတ္တမမြောက်၊ ရာ မပျောက်ဘိ၊ ကွန်းပြောက် ဥကင်၊ မင်းပွဲး*ရင်မှ၊ တိုင်းခွင် ကျယ်တိုင်း၊ တေဇာလှိုင်းလျက်၊ မြောက်ပိုင်းဌာန၊ ဓုဝံကျသား၊ အမရဒီပံ၊ မေရိကံတိုင်၊ ကျော်သံ သတင်း၊ ပြန့်နှံ့ခြင်းဖြင့်၊ မင်းမင်း*တကာ၊ ကြည်ညိုစွာလျက်၊ သစ္စာ မလှန်၊ မဘောက်ပြန်ဘဲး၊ အင်္ဂလန်မည်၊ တိုင်းရွှေပြည်က၊ လေးတည်သမိုက်၊ ကမ္ဘာတိုက်တွင်၊ မကိုဋ်တဆူ၊ နေတူ တခု၊ မဏ္ဍိုင်ပြုလျက်၊ သုံးလူ့ မြတ်စွာ၊ သာသနာကို၊ ဘာသာအလျောက်၊ ထူး မမြှောက်လည်း၊ ထက်-အောက် *ဗိုလ်ထု၊ ဝေနေစုအား၊ သတ္တုပကာ၊ သမ္ပဒါဖြင့်၊ ကြေညာ ထုတ်ခတ်၊ လောကဓာတ်လုံး၊ နတ်နှင့် တူ*နိုး၊ စက်ရှိန် မိုး၍့၊ အုပ်စိုး မနှောင့်၊ ဘုန်းတော် စောင့်က၊ နှစ်ထောင့်လေးရာ၊ ကျော်တိုင်သာလျှင်၊ သာသနာနေဝန်း၊ လိုလို ထွန်းသည်။။ ကျွန်းကျွန်း ကမ္ဘာ မြေ-ရေတည်း။ (ရ)

မြန်မာ့သာသနာ့နိဒါန်း (ရ)ပိုဒ် ပြီး၏၊
ဤတွင်ရွေ့ သာသနနိဒါနဒီပနီ (၂၆)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း၊ ၉- သာမညနိဂုံး

(၅၈၆) မှတ်လော့ နောင်လာ၊ *သမိုင်းဖြာပိမ့်၊ မဟာဝုန်မြိုင်၊ ပန်းစုံလှိုင်လျက်၊ *ဂနိုင် *ဦးဆောက်၊ *ဖြိုးဖြိုးမောက်နှင့်၊ ထက်-အောက် သံတောင်၊ ရှစ်ဆယ်အောင်လျှင်၊ ပြိုးပြောင် စက္ကိ၊ *နက်သန်ယှိ၍့၊ ဘူမိဇာလ၊ တေဇ ထင်ရှား၊ မြွေ-ကြောင်-ကျားကို၊ ဘား-ကြွက် သမင်၊ အောင်မြင် နိုင်ရာ၊ *မော်ကွန်းသာသား၊ မဟာနဂရ၊ ကပိလဟု၊ သက္ကတိုင်းမြေ၊ *တိုက်မဇ္ဈေက၊ နေသာကီမြတ်၊ သမ္ဘိန်နတ်တို့၊ သင်္ကဿမည်၊ တကောင်းပြည်ကို၊ ထောင်တည် မြဲးမြံ၊ နှစ်ကြိမ် စံ၍့၊ ပုဂံ ပဉ္စာ၊ စဉ်ပြီးခါမှ၊ စုန်လာ ရပ်*ကြေ၊ ပြူနတ်ဆွေနှင့်၊ ဘေဒါယဉ်ပွေ့၊ ရသေ့သမီး၊ စုံမှီး ယှဉ်မှီ၊ နောင်-ညီ မင်းလှ၊ သမ္ဘဝတို့၊ လောကတံခွန်၊ မြတ်ဆုံးလွန်သား၊ ဘဝန္တဂူ၊ သယမ္ဘူလျှင်၊ နိဗ္ဗူ ရွှေနန်း၊ သိမ်းမြန်းစံမြောက်၊ ဝင်ပြီး နောက်တွင်၊ နှစ် ခြောက်ဆယ်ရ၊ ပြည့်သော် ကတိ၊ မူလ အရင်း၊ သကျအင်းဝယ်၊ နန်းခင်း တည်ခါ၊ စဉ်ခဲ့ လာတိုင်း၊ သာသနာ*သိုက်၊ စကြာရိုက်ဖြင့်၊ ညာ*တိုက် ဆန်လစ်၊ သရေခေတ်နှိုက်၊ နေမြစ် ဝံသာ၊ နွယ်တော် ဖြာသား၊ မဟာသမ္ဘဝ၊ မင်း စူဠ၏၊ နှစ်ပါး သီးခေါင်၊ ဒွတ္တပေါင်ဟု၊ ရန်အောင် ဘက်ကျုံး၊ ထောင် လက်ရုံးနှင့်၊ သောင်းလုံး ခွန်ဆော်၊ တုမမြော်သည်။။ ဘုန်းတော် မို့းနှယ် ထစ်ချုန်းတည်း။ (၁)

(၅၈၇) သာသနာနှစ်၊ တရာ့တစ်နှိုက်၊ ခေတ္တ ရွှေပြည်၊ ထောင်တည် စိုးဆောင်၊ ဒွတ္တပေါင်ဟု၊ ရန်အောင် ဘက်ကျုံး၊ ထောင် လက်ရုံးနှင့်၊ သောင်းလုံး ခွန်ချိ၊ တု မယှိသား၊ တြိနေတ္တ၊ မင်းက စ၍့၊ မဉ္စဗီသံ၊ ရွှေနန်း စံလျက်၊ ပုဂံ ရိမဒ်၊ ပြည်မြတ် အောင်ချာ၊ ပဉ္စာပဉ္စ၊ ရွှေပန်း ရသည့်၊ ပင်းယ ခြောက်ဆက်၊ နောက်ဘက် မြန့်တိုင်း၊ ပရန်ဂိုဏ်းတွင်၊ စစ်ကိုင်း ခုနစ်ဆူ၊ တောင်ငူ ရန်နှိပ်၊ သုံးကျိပ်လေးပါး၊ တရား မကွာ၊ ပြည်မှာ တွက်ကျုံး၊ နှစ်ကျိပ်သုံးနှင့်၊ တိုက်လုံး ခွန်သ၊ ပြည်ရွှေဝနှိုက်၊ တိံသရာဇာ၊ ဝတိံသာသို့၊ ရတနာသိင်္ဃ၊ အမရကား၊ နဝ ရာဇိန်၊ ဘုန်းရှိန် နေ-လ၊ ကြီး တေဇနှင့်၊ ရာ့ရှစ်ကျိပ်ကိုး၊ နေမျိုး နွယ်ခြား၊ အစဉ်အားဖြင့်၊ တရား မဘောက်၊ *စော*ရွှေမှောက်တို့၊ မြစ်လျှောက် ဝဲး-ယာ၊ တိုင်း သုနာနှင့်၊ မင်္ဂလာရန်နှိပ်၊ တမ္ဗဒိပ်ဟု၊ တံဆိပ် နှစ်ဘော်၊ ဇမ္ဗူကျော်အောင်၊ ရှင်တော်ဘုရား၊ ထင်ရှားစဉ်က၊ စက်ရှင်ချလျက်၊ အင်္ဂ မဂဓ၊ တကွ ရံဆိုင်း၊ နှစ်တိုင်း ခွန်*ကြို၊ ရာဇဂြိုဟ်သို့၊ နုပျို သာယာ၊ မြန်ရဌ်ချာထက်၊ မဟာရာဇဌာန်၊ ဝေယန် *ဖြိုးမောက်၊ မိုးသို့ ပေါက်မျှ၊ စိုက်-ဆောက် နန်း-ထီး၊ ရွှေစည် တီး၍့၊ ပြည်ကြီး ကိုးဆင့်၊ ရိပ်ဖြူ ဘွင့်သည်။။ လင်းပွင့် သရေ ရွှေဘုန်းတည်း။ (၂)

(၅၈၈) ရွှေဘုန်း သရေ၊ တက်သစ် နေသို့၊ တဧကရာ၊ ရှစ်ထီး ကာ၍့၊ သီဟာ လျှံတင့်၊ ပလ္လင်မြင့်နှင့်၊ ဥကင့်စတေ၊ လင်းပွင့်ဝေမှ၊ ဧရာမြစ်မှူး၊ ကမ့်းနဖူးထက်၊ မန်းဦး ဗျာဒိတ်၊ တိတ်နှင့် အလိုက်၊ သိုက်နှင့် ညီစွာ၊ ဩဘာအရ၊ ရွှေဉာဏ် ဆ၍့၊ လောကဟိတ၊ စရိယဖြင့်၊ မဃဒေဝ၊ လောင်းလှ မဟာ၊ မိထိလာရွှေပြည်၊ နန်းသစ်တည်နှင့်၊ *တရည် *နှုန်းဆောင်၊ မြန်ရဌ်ခေါင်ဝယ်၊ ကုန်းဘောင်သမ္မတ၊ သမ္ဘိန္နနှိုက်၊ ဒသမ*စောမီး၊ မနောထီးနှင့်၊ *စစ်စီး တု*မဲ့၊ နှိုင်း*ရှဲ့ဘက် ယှား၊ ကျင့် ဆယ်ပါးဖြင့်၊ တရား မွေ့လျော်၊ သောင်းလုံးကျော်အောင်၊ ဘုန်းတော် ထွန်းပ၊ ကျွန်းကျွန်း ခလျက်၊ ရာ့ကိုးကျိပ်မြောက်၊ ရာဝင်ပေါက်၍့၊ ထို့လောက် ဤလောက်၊ များ*ရွှေမှောက်တွင်၊ နှစ်ယောက် မပြူ၊ နှစ်ဆူ မထွက်၊ ဓမ္မစက်ကို၊ ကျောက်ထက် ထင်စွာ၊ ကြေ ကမ္ဘာအောင်၊ သေချာ *ကုံင၊ ရေး ထုသပြီး၊ ဉာဏ ကြံထက်၊ နတ်စိန်စက်သို့၊ သေလက္ခရာ၊ မဟာရုဠှ၊ ဝိသေသတည့်၊ ပဉ္စမသင်္ဂါယနာတင်၊ ဘုရင် ဓိပတိ၊ တြိဘဝန၊ တိုက်လောကထက်၊ သူရိယမိတ်၊ အာဒိစ္စဝံသာ၊ နေနွယ်လာသည့်၊ ကြည်သရာခေါင်၊ မင်းမျာ့း နောင်လျှင်၊ ဘုန်းရောင် နေဝါ၊ ကြီး သမ္ဘာဖြင့်၊ ရင့်မာကျိပ်ဝင်၊ ဗျာဒိတ်ဝင်နှင့်၊ သိုက်ဝင် ဓာတ်ဝင်၊ နတ်သျှင် ညွှန်ပြ၊ ကိန်းစုံရလျက်၊ လောက ဥသျှောင်၊ ပြည်ကြီး ထောင်၍့၊ ရွှေတောင် သီခရာဇ်၊ မန်းမြေခေတ်နှိုက်၊ မြားပစ် တထောင်၊ နန်း*ရွှေဘောင်သို့၊ တူယောင် မယွင်း၊ ဘုန်း ဘန်ဆင်းသား၊ လျှံဝင်း သရေ၊ နန်း*ရဝေနှင့်၊ မန်းရွှေ အောင်မျှို့၊ သာပေါင်း ကြို့သည်။။ နတ်မြို့ နိမ္မာ တ*နှုန်းတည်း။ (၃)

(၅၈၉) နတ်မြို့ နိမ္မာ၊ *နှုန်းချိန်ရာဖြင့်၊ ရတနာပုံ၊ ဇေယျာ လှုံသား၊ ရွှေဘုံ မန်းခေတ်၊ နန်းမြေသစ်မှ၊ မြစ်*အောက် ညာဌာန်၊ ဧရာဆန်၍့၊ အပရန်ဂိုဏ်း၊ နောက်ဘက်တိုင်းတည့်၊ နတ်သိုင်း စကြာ၊ စိုးရစွာသား၊ မဟာဝေသဝဏ်၊ နေရာချွန်သည့်၊ နတ်*မွန် ဆိုင်ရာ၊ မြင်းမိုရ့် ညာဝယ်၊ အာဋာနာဋ၊ ဝိသာဏက၊ စသည် မှိုင်းညှို့၊ ဆဲ့တမြို့သို့၊ အစို့ အစို့၊ †ဂမျှို့ကြက်သရေ၊ အထွေထွေတွင်၊ ဂုဏ်နေ မခန်း၊ တောင်မြစ်တန်း၍့၊ ရစ်သန်း သီတာ၊ လွန်သာယာလျှက်၊ မဟာဒေဝီ၊ ဣန္ဒနီသို့၊ မဟေသီမြတ်၊ ဧကီနတ်၏့၊ ပိုင်းမှတ်စားရာ၊ ပင်တိုင်ခါက၊ မင်္ဂလာမြို့သီး၊ ပျော်မငြီးမျှ၊ ရွာကြီး ရွာငယ်၊ သာ တင့်တယ်သား၊ သန်လယ် မုရင်း၊ ယာ ကောက်ခင်းနှင့်၊ ဝင်းဝင် ပြောင်ပြောင်၊ သာသနာရောင်လည်း၊ တန်ဆောင် ဓမ္မအိမ်၊ ရွှေသိမ် ရွှေကျောင်း၊ တန်ဆောင်း ပြာသာဒ်၊ မွေဓာတ် သရီ၊ စေတီ ဗောဓိ၊ သိရီ့မျှို့ပေါင်း၊ ရှုမ*ညောင်းတည့်၊ မျိုးကောင်း သူတော်၊ များတဘော်တို့၊ ရွှေဗော်ဓိပင်၊ ခုံပလ္လင်၏့၊ ရင်ပြင်တော်ရင်း၊ သာ တလင်းနှိုက်၊ ပန်းခင်း ပျံ့လှိုင်၊ ထုံသင်းကြိုင်လျက်၊ မုခ်လိုဏ် မထုတ်၊ သမုတ် ရုဠှီ၊ ပွတ်နှယ် ညီသား၊ စေတီ *ဖြိုးမြိုင်၊ အဆိုင်ဆိုင်နှင့်၊ မုခ်-လိုဏ် ရှိ*မဲ့၊ ထူးဘွဲ့ သညာ၊ ဝေါဟာ ခေါ်ရိုး၊ ပုထိုး ထူပ၊ များလှ *ပည်းထူ၊ အဆူဆူဝယ်၊ ကြည်ဖြူ *ကော်ရော်၊ ရှိ-ပူဇော်၍့၊ ရွှင်ပျော် စိတ်ယဉ်၊ ကုသိုလ် ယှဉ်လျက်၊ အစဉ် မပြောင်း၊ နံ့သာပျောင်းနှင့်၊ သွန်းလောင်း ရေစက်၊ ည-နံနက်ဖြင့်၊ ဝတ်တက် ဆွမ်းပန်း၊ ညှိထွန်း ဆီမီး၊ ရှုမငြီးအောင်၊ ညီးညီး မိုးယံ၊ ထိန်ထိန်လျှံသည်။ ။ စည်သံ နေ-ည ပြိုးပြုန်းတည်း။(၄)

(၅၉၀) စည်သံ ပြိုးပြုန်း၊ ညိုးညိုးညုန်းနှင့်၊ ခြိမ့်အုန်း ရွမ်းဆော်၊ ကုသိုလ် ပျော်၍့၊ မျိုးဘော် ငယ်-ကြီး၊ သမီး *လုလင်၊ သား မိခင်က၊ *ယကင် *စုလည်း၊ မြိတ်စည်းလျ ကိုယ်၊ ဖြူ-ညို ပြာ-စိမ့်၊ နှစ်သိမ့်ဘွယ်*မျှို့၊ *သပြေတို့နှင့်၊ ရွယ်ပျို့ ရွယ်မှည့်၊ သလိ *သလွင်း၊ ရောနှောခြင်းဖြင့်၊ ပေါင်းသင်း ယှဉ်ကာ၊ ကြည် မေတ္တာလျက်၊ မကွာ မကွာ၊ သရဏာဟု၊ ရတနာ ရွှေကုံး၊ ပဒသုံးဖြင့်၊ ရှစ်လုံး ညီညှိ၊ ခရာချိသည့်၊ ဂါယတ္တိဆန်း၊ သာဝိတ်ပန်းကို၊ လန်းလန်း ကြည်ရွှင်၊ ထိပ်ဝယ်တင်၍့၊ ပန်ဆင် မကင်း၊ ခါမယွင်းအောင်၊ *သီတင်း မယုတ်၊ *အားသွန်ထုတ်လျက်၊ ဥပုသ် ဗြဟ္မ၊ စရိယလည်း၊ စောင့်ကြ မပြီး၊ ရွှင်မငြီးသား၊ ရပ်ကြီးတမည်၊ မြို့ထူးလည်နှိုက်၊ မထေရ် မဟာ၊ အကြင် ငါလျှင်၊ ငယ်ခါ ရွယ်*လူး၊ စာသင်ဦးက၊ အထူး မှတ်မှတ်၊ နေမိဇာတ်ကို၊ ထေရ်မြတ်ဆရာ၊ ညွှန် မိန့်မှာနှင့်၊ ဦးစွာ သင်ရ၊ ထိုက စ၍့၊ မဃဒေဝ၊ ဘုရာ့းအလောင်း၊ ကျင့်တော်ဟောင်းကို၊ *နှစ်ထောင်းခဲ့ရင်း၊ ကြည်ညိုခြင်းဖြင့်၊ ဝမ်းတွင်း ဆွတ်နူး၊ ဂုဏ်အထူးအား၊ ကျေးဇူးဆပ်မည်၊ ရွယ် ဆောက်တည်သည်။။ ကြံစည် စိတ်က ရည်*ဆုန်းတည်း။ (၅)

(၅၉၁) ကြံစည် စိတ်က၊ ဆယ်ဝါရတွင်၊ စ၍့ ရေးသား၊ ပြုပါငြားလည်း၊ ဘုရားအမှု၊ ရှင်-လူ့အရေး၊ ရှုပ်ထွေးတုံလျှင်း၊ သို့အခင်းကြောင့်၊ တင်းလင်း ထားသို၊ မပြီးလိုခဲ့၊ ပုဂ္ဂိုလ်တယောက်၊ မဟာမြောက်မှ၊ အောက်မေ့ပြန်ဘိ၊ ရ သတိဖြင့်၊ နှမိ နှမြော၊ လွန်ခဲ့သောဟု၊ မျောသွား ရေဝယ်၊ လိုက်၍့ဆယ်သို့၊ အကယ်သဘော၊ ကြည်စိတ်ဇောနှင့်၊ မနောပိုက်ထား၊ ဤဇာတ်သွားကို၊ အများ*တကာ၊ နာထိုက်စွာတို့၊ ကြားငှါ တရပ်၊ ဆပ်သား ကျေးဇူး၊ ကြောင်း နှစ်ဦးဖြင့်၊ နည်းထူး များလှ၊ ကျမ်း ထိုမျှက၊ သုတ ပေါင်းကာ၊ ပြုတတ်စွာကြောင့်၊ မဟာသုတကာရီ၊ သညီ တပ်ဘွဲ့၊ လင်္ကာသွဲ့၍့၊ ခြောက်ဆဲ့ခြောက်ခု၊ နှစ်အစုတွင်၊ ဥတု ဝဿာန်၊ *နံကာလွန်မှ၊ လမှန် *သစ်ဆင်း၊ တော်သလင်း၏့၊ လမင်း စန္ဒီ၊ မကွယ်မီဝယ်၊ စုဒ္ဒသီစက်၊ ပူးမင်းရက်နှိုက်၊ စာတက် စာနာ၊ သင်္ဃာအများ၊ တပည့်သားအား၊ ပြုငြား မချွတ်၊ စာပို့ဝတ်လည်း၊ မလွတ်စေရ၊ ပို့ချပြီးခါ၊ ထိုင်ရာ မထ၊ လက် မကြွဘဲး၊ ထိုည နာရီ၊ ရှစ်ချက်ဆီတွင်၊ ဤစာ နတ်မောင်း၊ အောင်စေ*ညောင်းသည်။။ တိုက်သောင်း ကြားစေ ခြိမ့်အုန်းတည်း။ (၆)

သာမညနိဂုံး (၆)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း၊ ၁၀- ဂုဠှဌာနဝိသေသနိဂုံး

(၅၉၂) ကြားပိမ့် သိစေ၊ ဉာဏ်ယှိ ဖြေလော့၊ သပြေ လူ့တိုင်း၊ မြတ် *ကြံသိုင်းတို့၊ မနောဂိုဏ်းတွင်၊ အာဒိဝင်သား၊ အကြင် ဟောဘွင့်၊ *ယခင့် ထိုပုဒ်၊ ထိုပြယုဂ်ကို။။ ဘော်ထုတ် စလေ *လက်မွန်တည်း။ (၁)

(၅၉၃) ထိုမှ နောက်တွင်၊ သုံးလူ့ရှင်လျှင်၊ မဂ္ဂင် ရွှေဘောင်၊ ဘုံ ရှစ်ဆောင်နှင့်၊ *မြားမြောင် တဘော်၊ တင်ပို့ ဆော်၍့၊ ဝါတော် ဒွါဒ၊ ကပ်ထ ထိုပြည်၊ အမည် မယုတ်၊ နောက် တည်ပုဒ်ကို။။ အဟုတ် ချဉ်းလေ အမှန်တည်း။ (၂)

(၅၉၄) ယင်းသို့ နှစ်ပုဒ်၊ ထုတ်၍့ နာမံ၊ သမာသ်ကြံသော်၊ မနံ ရဉ္ဇေတိ၊ ပါဠိဝိဂ္ဂဟ၊ ကိတန္တဖြင့်၊ မန ရှေ့ပါဌ်၊ ရန္ဇဓာတ်နှင့်၊ ဆုံးဖြတ် သိပ်သည်း၊ အ,ပစ္စည်းတည့်၊ သိမ်းဆည်း မှတ်ပိုက်၊ ကာရိုက် ကတ္တုတ်၊ နည်း နိရုတ်ဖြင့်၊ မယုတ် မှန်လှ၊ ရ လ,ပြုကာ၊ ပုဒ်ပြီး ရှာလော့၊ ခရာ လေးချက်၊ ထိုအနက်တွင်၊ ပဉ္စမက် နှစ်၊ တံခွန်လှစ်၍့၊ စင်စစ် မယွင်း၊ ရွှေတိုက်သွင်းသည်။။ မည်ရင်း သာလှ ရပ်ဌာန်တည်း။ (၃)

(ဤပိုဒ်တို့ကား 'နာမန္တရိကပဟေဠိတည်း။)
ဂုဠှဋ္ဌာနဝိသေသနိဂုံး (၃)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း၊ ၁၁- ဂုဠှနာမဝိသေသနနိဂုံး

(၅၉၅) ဉာဏ်ဖြင့် ရှုလော့၊ တာလုဇက္ခရ၊ ရှစ်လုံးပြတွင်၊ ဇေတနက်ယှိ၊ ကာရိယဟော၊ သဘော မပျက်၊ အနက် ဒွယတ်၊ တပ်သည် ဝါစက၊ ကောသကျမ်းလာ၊ ထိုခရာကို။။ ဦးစွာ *မဆွ ခေါ်ဘိလော့။ (၁)

(၅၉၆) ထိုနောက် တဝ၊ ဒန္တဇနှိုက်၊ စိတ္တ မာလုတ၊ နာဂအနက်၊ တချက် ပစ္စည်း၊ ဗျည်းဟော အက္ခရာ၊ ငါးဖြာ အတ္ထ၊ ဝါစကကို။။ ခေါ်ကြ အာလုပ် ဘော်မိလော့။ (၂)

(၅၉၇) ထိုဌာနဇ၊ သုဂတမြတ်၊ ဗန္ဓနတ်နှင့်၊ ပြုမှတ် ကာရိယ၊ သမ္ပုဏ္ဏဟု၊ အတ္ထ လေးပါး၊ ဟောငြား မပျက်၊ ဧကက္ခရာ၊ တလုံး စာကို။ ။ ဉာဏ်ဇာနေယျ မြော်ယှိလော့။ (၃)

(၅၉၈) ယင်းသို့ မပျက်၊ သုံးလုံးထွက်သား၊ တျက္ခရ၊ ဒွန်ချည်း ကျပြီး၊ ဩဇဂုဏ်ပြု၊ သမာသ်စုမှ၊ လဟုသက်သက်၊ န-ဂိုဏ်းထွက်၍့၊ ယှဉ်ဘက် မနှောင့်၊ ဣန္ဒာစောင့်လျက်၊ ရန်ငြောင့် ရန်ဆိုး၊ ကြံတိုင်း ညှိုးသား၊ ကျော်ဟိုး သက်ရှည်၊ မဟာထေရ်လျှင်၊ ဉာဏ်ဇာနည်စစ်၊ နတ်ပစ် ဝရဇိန်၊ စက်ပုဆိန်သို့၊ ပညိန္ဒြိယ၊ ထိတိုင်း ရှသည်။။ နာမသညာ ကျော်သိလော့။ (၄)

(ဤပိုဒ်တို့လည်း 'နာမန္တရိကပဟေဠိ'ပင်။)

(၅၉၉) တပုံ သိလော့၊ ဝီထိမည် မှတ်၊ လွန်မွေ့မြတ်သည့်၊ ပရမတ်အရာ၊ ပဉ္စဒွါတွင်၊ ပရိတ္တာရုံ၊ နှစ်စုံနှိုက်ကား၊ ထင်ရှား မယှိ၊ အတိမဟန္တာ၊ မဟန္တာနှင့်၊ ဝိဘူတာ ဝိဘူတ၊ ဖြစ်သမျှနှိုက်၊ ကြိယသဘော၊ ဝုဋ္ဌောမည်မှန်း၊ အာဝဇ္ဇန်းတို့၊ *အခြန်း မဲ့ပြု၊ ပစ္စည်းမှုကြောင့်၊ ထိုနှစ်ခုနောက်၊ ဌာန ရောက်၍့၊ မဘောက် မယွင်း၊ အချင်းချင်းအား၊ တပ်ခြင်း မသွေ၊ အာသေဝန၊ ပစ္စည်းရလျက်၊ နောက်မှ နှစ်စုံ၊ တဒါရုံကို၊ ကြိုက်ကြုံစိမ့်ငှာ၊ အနန္တရာဒိ၊ ခြား မယှိအောင်၊ သတ္တိပြီးတတ်၊ စိတ္တုပ္ပါဒ်နှင့်။ ။ ပညတ် နာမ်ချင်း *လျော်သတည်း။ (၅)

(သဒ္ဒါအနက်ကို မပြဘဲး ဝှက်ထားသော 'ဥဘယစ္ဆန္နာပဟေဠိ'မျိုးတည်း။)

(၆၀၀) သိလော တဘန်၊ ဇာတိဉာဏ်ဖြင့်၊ ပဋိဘာန် ထက် မြက်၊ ဝေပူမျက်နှင့်၊ စက် ဝရဇိန်၊ နတ်ပစ် စိန်သို့၊ ကဝိန္ဒာဘိ၊ ချိန်ရာ ထိလျက်၊ ဉာဏ်သိဒ္ဓိကြီး၊ ပွင့်နီး ပန်ဆု၊ ဤကျမ်းပြုသား၊ ဂရု ဇာနည်၊ မဟာထေရ်ကား၊ ရောင်ခြည် ထောင်ပွင့်၊ ယုဂန်မြင့်က၊ နေနှင့် ဘက်ဆိုင်၊ အပျံ ပြိုင်၍့၊ အောင်နိုင် ပွဲးရ၊ ဟံသိန္ဒနှင့်၊ ဂုဏ နာမ်ချင်း၊ တူ မယွင်းတည့်၊ ထိုဟင်္သာမျိုး၊ နွယ်ရိုး မမှီ၊ ရုဠှီ မလွှား၊ တင်စား မမူ၊ နာမ်ချင်း တူမျှ၊ မဟူစွဘူး၊ သုတ များစွာ၊ ပဒေသာသို့၊ မဟာထေရ၊ မြောက်ထ တုံလျှင်း၊ ရပ် မကြွင်းအောင်၊ သတင်း ထုတ်ချောက်၊ လေ့နှယ် ပေါက်၍့၊ ထက်အောက် နှံ့သိ၊ တသိဒ္ဓိကြီး၊ ဩဘာ ပြီးလျက်၊ မြစ်နီး ညာကြေ၊ သောင် ကမ်းခြေနှင့်၊ ပွတ်ကျေ ပွတ်ခုံ၊ ခေါ်တုံ တရပ်၊ ထန်းရွက်ယပ်နှိုက်၊ လိုအပ် မချွတ်၊ တူး-ပွတ်-ခက်ထွေ၊ ရေ-မီး-လေကို၊ ရှာဘွေလိုခါ၊ မရရာဟု၊ ကြံငှာ ကြံခွင့်၊ မယှိသင့်သို့၊ ထိုနှင့် တူစွာ၊ ပညာ ဝိစိတ်၊ တိဟိတ် ဉာဏ၊ ပဏ္ဍိတတို့၊ ကာဝိယဂိုဏ်း၊ ဉာဏ် ကရိုဏ်းနှင့်၊ *ကြံသိုင်း*တကာ၊ ခံတွင်းမှာလည်း၊ သာယာ ချို-ဆိမ့်၊ နှစ်သိမ့်ဘွယ်မျိုး၊ အကျိုးယှိတွန်၊ စကား*မွန်ကို၊ *တတ်ပွန် မသိ၊ မယှိစတောင်း၊ မဆို ကောင်းဟု၊ ကျမ်းဟောင်း မိန့်မြွက်၊ နီတိ ထွက်တိုင်း၊ မ*ယွက် မှန်လှ၊ ချက်တိုင်း ရလျက်၊ သုတဗုဒ္ဓိ၊ ကဝိလက္ခဏာ၊ မြောက်ပြီးစွာသည်။။ ကြေညာ ပွဲးတိုင်း ကျော်သတည်း။ (၆)

(ဤအပိုဒ်ကား မလိုအပ်သောအနက်ကို မယူရအောင် မြစ်သဖြင့် ဝှက်ရကား နိဘူတပဟေဠိအတ္ထာလင်္ကာ့ရ'မျိုးတည်း။)

(၆၀၁) တနည်း မှတ်လော့၊ ပရမတ္ထ၊ မြတ်လှ ဒေသနာ၊ ဘိဓမ္မာသဘော၊ ရှင်တော် ဟောသား၊ ဝုဋ္ဌောနောင်မှ၊ ဇဝနနှင့်၊ ဇဝနမည်လျှင်း၊ ဟင်္သာမင်းတို့၊ လျင်ခြင်း တဝ၊ ဇဝနတည့်၊ ဇဝနပညာ၊ မဟာသာရိ၊ ထေရ် ဘုန်းယှိလည်း၊ သဒိသဟူ၊ နတ်နှင့် လူတွင်၊ သယမ္ဘူမြတ်၊ သုံးလူ့ထွတ်မှ၊ အလွတ်ထား၍့၊ တပါး ပြိုင်ဘက်၊ တူ မထွက်ရှင့်၊ ထက်မြက် စူးဝင်၊ စိန်အသွင်သို့၊ မြန်-လျင် ဟာသ၊ ဇဝနသည်။။ ဉာဏ ကဝိန္ဒော်သတည်း။ (ရ)

(ဤပိုဒ်ကား အမည်ကို တိုက်ရိုက် ပြလျက် တပါးကို ယူမှတ်ရန် တွေဝေအောင် အမည်နာမ ပညတ်ကို ဝှက်ထားရကား 'သံမုဠှာပဟေဠိ'မျိုးတည်း။)
ဂုဠှနာမဝိသေသနနိဂုံး (ရ)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း၊ ၁၂- ပဘဝဒဿနနိဂုံး

(၆၀၂) မှတ်စိမ့် သေချာ၊ အကြင် ငါကား၊ မကာရလောပ၊ အံ့ခြီးကြလျက်၊ ဉာဏဝရဇိန်၊ တောက်ထိန် ပြောင်ဝင်း၊ အခေါင်ချင်းသည့်၊ တောင်တွင်းအကျော်၊ ဆရာတော်၏့၊ အာဘော် နည်းယူ၊ တံခွန်ထူသား၊ တဆူ လက်တွင်း၊ တပည့်ရင်းမှ၊ သက်ဆင်း နွယ်လာ၊ ထေရာဝံသ၊ ပဒီပဖြင့်၊ စတုတ္ထမြောက်၊ ရောက်ခဲ့တုံပြီး၊ ခံ ရင်းနှီး၍့၊ ဉာဏ်ကြီး လက်ဝေ၊ မျိုးလိုက်မွေသို့၊ အခြေပါဒ၊ ကြံ့ကြံ့ရအောင်၊ နည်းပြ လိမ္မာ၊ မြတ်ဆရာမှ၊ စဉ်လာ ဟောရိုး၊ နည်းနာ ခိုး၍့၊ *တံပိုး *တံစယ်၊ ရေပင်လယ်နှိုက်၊ လှေငယ် *တံစွက်၊ ကူးနိုင် ခက်သို့၊ ကျယ်-နက်လှစွာ၊ အဏ္ဏဝါနှင့်၊ ခြင်းရာ*တမျှ၊ ပမာ ပြလည်း၊ ယောက်ျာ့းတံခွန်၊ လူ့ရည်*မွန်သော်၊ မိုးစွန် အထွတ်၊ ကြယ်ကို ဆွတ်က၊ မလွတ်ဟူထ၊ နည်းအရဖြင့်၊ သဒ္ဒဗျူဟာ၊ သင်္ချာ လိန်-အန်၊ ကာရန် ရုပ်-ဓာတ်၊ အန္တတ် ဗာဟျတ်၊ သင် ဆုံးဖြတ်လျက်၊ သမာသ် တဒ္ဓုတ်၊ အာချာတ် ကြုတ်ဟု၊ လေးပုဒ် မူလ၊ အရင်း စပြီး၊ ဝါကျ နိပ္ဖန်၊ ခြောက်တန် ကာရက၊ သာဓနနှင့်၊ ပဒ ရူပ၊ လိင်္ဂ ဓာတု၊ လေးခု မာလာ၊ လက္ခဏာလည်း၊ လိမ္မာ အဟုတ်၊ သူငယ့်နှုတ်က၊ ပြယုဂ်ပြီးတူ၊ ပေါင်းယူ အာကတိ၊ နိရုတ်ယှိတိုင်း၊ ပိသောဒရ၊ စသည် ဂုဏ်မျိုး၊ ဟောရိုး စုံစွာ၊ ဆယ်ဖြာ ဝါစ္စ၊ ဝါစကအပြား၊ လေးပါး ဆယ်ပါး၊ ပိုင်းခြား စေ့စပ်၊ ဒြဗ် သကတ်၊ ပညတ် ပရမတ်၊ ဝါစ္စတ် ဒဿန၊ ငါးတန်ပြသား၊ မုချ ဥပစာ၊ အလင်္ကာနှိုက်၊ ကိုးဖြာ ဗျင်္ဂျ၊ နည်း နယနှင့်၊ ဘာဝ ဝိဘာဝ၊ နုဘာဝတိ၊ သဘာဝဝုတ်၊ ဝင်္ကဝုတ်က၊ ဝုတ် မတြာ၊ ဂါထာဘွဲ့နည်း၊ တောဒည်း မဉ္ဇရီ၊ ဝစီ နှုတ်တက်၊ ဆောင် လေ့ကျက်၍့၊ အနက်ဟောဘွယ်၊ အသွယ်သွယ်ဖြင့်၊ ပရိယာယ် ဝေဝုစ်၊ သမ္ဗန်ထုတ်လည်း၊ *တဖြုတ် မဆိုင်း၊ စက်သို့ ပိုင်းလျက်၊ မထိုင်းသဘော၊ ပွတ်နှယ် ချောသည်။။ စုဒ်-စော အာဘော် နှိုက်နှဲးတည်း။ (၁)

(၆၀၃) စုဒ်-စော အာဘော်၊ ထုတ်မျှော် *နှိုက်နှဲး၊ ဝက်ဝက်ကွဲးအောင်၊ ဖြတ်ခွဲး နှိုင်းဆ၊ စက်နှယ် ရှလျက်၊ ဆရာ့လက်ဆုပ်၊ အတွင်းငုပ်သား၊ *မှန်ထုပ် ရှို့ဝှက်၊ သိ ခဲးခက်တိ၊ အနက် အဓိပ္ပါယ်၊ ကျဉ်း-ကျယ် ချဲ့-ချုပ်၊ သရုပ် သကန်၊ ကျမ်းရိုး*ပွန်အောင်၊ နှုတ်ဝန် မလေး၊ စိန့်နှယ် သွေးလျက်၊ ဆိုရေး ဆန်းကြယ်၊ လေးဆယ် နည်းမြတ်၊ အတ္ထာပတ်နှင့်၊ နိတတ် နေယျစ်၊ ပုဒ်စစ် ပါဌ်ကောက်၊ ရှေ့နောက် နုသန်၊ သမ္ဗန် ယောဇန၊ စသည် သံဝဏ္ဏနာ၊ ဘိဓမ္မာနှိုက်၊ ခန္ဓာ အာယတန၊ ဓာတု စသား၊ ထိုမျှ နည်းမျိုး၊ အာဂုံ ကိုး၍့၊ ဟောရိုး လေ့လာ၊ လက္ခဏာက၊ လွန်စွာ ခက်စု၊ သိမ်မွေ့ နုသည့်၊ ပစ္စု ပဒဌ်၊ ဂမ္ဘီရတ်နှင့်၊ ပရမတ် ပစ္စည်း၊ ဓာတ်-ပစ္စည်းလည်း၊ သိမ်းဆည်း ဖြာဖြာ၊ နှီးနှောဖျာမှ၊ ပညာ သုတ၊ မရသေးစွာ၊ ကျမ်းဂန် စာကို၊ နှုတ်မှာ အမြဲး၊ တတ်နိုင်ခဲး၏၊ နှုတ်ထဲး လေ့လေ့၊ တတ်နိုင်၍့လည်း၊ မမေ့ မှတ်စွဲး၊ ဆောင်နိုင်ခဲး၏၊ ဝမ်းထဲး အကယ်၊ ဆောင်-မှတ် လွယ်လည်း၊ ဓိပ္ပါယ် အနက်၊ ဝက်ဝက် ဝေခွဲး၊ သိနိုင်ခဲး၏၊ ထိုခဲး သုံးဖြာ၊ လွန်မြောက်စွာမှ၊ ပညာယှိမြတ်၊ ကဝိထွတ်ဟု၊ မချွတ် မှတ်ရာ၊ မိန့် စဉ်လာတိုင်း၊ စိန္တာ သုတ၊ အတ္ထ ပဋိဘာန်၊ လေးတန် ကဝိ၊ ဖြစ်ကြောင်း ညှိလျက်၊ သု-စိ-ပု-ဘား၊ ဝိလိအားဖြင့်၊ ခြောက်ပါး အင်္ဂါ၊ ပြီး စုံစွာအောင်၊ ဘာသာ တခန်း၊ ထူးဆန်း ပွေလီ၊ ဘင်္ဂရီနှင့်၊ နာဂရီ သီဟိုဠ်၊ ထိုထို အက္ခရာ၊ နာနာ လိက္ခန၊ တကိစ္စဖြင့်၊ သိပ္ပ ဝိဇ္ဇာ၊ တတ်ကောင်းရာကို၊ ဝါသနာ စရိုက်၊ ဝသီ လိုက်၍့။ ။ ငါနှိုက် အစဉ် ကပ်စွဲးတည်း။ (၂)
(၆၀၄) မြင်းမိုရ့် ခြေရင်း၊ လေးရောင်လင်းသား၊ လေးစင်း နက်ကျယ်၊ ရှစ် အံ့ဘွယ်နှင့်၊ လေးသွယ်
*အစုတ်၊ ရေ သမုဒ်နှိုက်၊ လှိုင်းပုတ် ထက်-အောက်၊ မြူး မွှေနှောက်သည့်၊ ထောင်လောက် ယူဇနာ၊ အာနန္ဒာသို့၊ ဓမ္မက္ခန္ဓာ ရှစ်သောင်း၊ လေးထောင် ပေါင်းထက်၊ ကျမ်းဟောင်း ကျမ်းသစ်၊ ဘွင့်လှစ် သံဝဏ္ဏနာ၊ ဋ္ဌကထာနှင့်၊ ဋီကာ အနု၊ မဓု ဆက်သန်း၊ ဆန်း အလင်္ကာ၊ ယောဇနာ ဂဏ္ဌိ၊ နေတ္တိဟာရ၊ နီတိ စသား၊ နျာသ သံပျင်၊ ထို့ပြင် များစွာ၊ မဟာကစ္စည်း၊ နိရုတ်နည်းဖြင့်၊ သိမ်းဆည်း ကျယ်ဝင်း၊ ဟောရင်း မာဂဓ၊ ကျမ်း ထိုမျှကို၊ ဆရာ့ နည်းယူ၊ ပါရဂူစိမ့်၊ ရွယ်ချူ အားထုတ်၊ မယုတ် ပြင်းစွာ၊ သင် လေ့လာလျက်၊ စကြာ မန္ဓာတ်၊ လေးကျွန်းနတ်တို့၊ အမြတ်ရတနာ၊ ခုနစ်ဖြာထက်၊ အရာ အရာ၊ မက သာအောင်၊ မဟာဒုလ္လဘ၊ ရကြီး ရဟု၊ ရွှင်ပျ မနသီ၊ လက်ရုံးချီ၍့၊ လောကီ ဝေဒလ်၊ ဘာသန္တရ၊ သက္ကဋလည်း၊ လေ့လာ နှုတ်တက်၊ သင်အံ ကျက်မှ၊ ဝိဒဂ် ဒဏ္ဍီ၊ ကျမ်း ပဉ္စီနှင့်၊ ပါဏီ မုဒ္ဓ၊ သိဒ္ဓန္တက၊ စသည့် ဗျာကရိုဏ်း၊ ယှိတိုင်း မကျန်၊ မောဂ္ဂလာန်ပါ၊ ဘိဓာန် အမရ၊ ကောသ ကျမ်းစု၊ နိဃဏ္ဍုမျိုး၊ ဟောရိုး ထိုထို၊ ဂန္ထန္တိုရ်ကို၊ ပုဂ္ဂိုလ်တယောက်၊ ဝိဇ္ဇာမြောက်အောင်၊ လမ်းပေါက် ခရီး၊ သိဒ္ဓိ ပြီး၍့၊ အံ့ခြီး ထောမနာ၊ တဩဘာဖြင့်၊ ငါသာ ငါနှိုင်း၊ ပမာခိုင်းသည်။။ ပြိုင်တိုင်း အောင်စိမ့် ကျော်သဲးတည်း။ (၃)

(၆၀၅) *မခို့သရို့၊ ဉာဏ်နို့စို့နှင့်၊ အချို့ ရှင်-လူ၊ ငါ့အောက်သူတို့၊ ငြူစူမကင်း၊ ဝန်တိုခြင်းဖြင့်၊ ဝမ်းတွင်း စိတ်ကြံ၊ ဤစာသံကို၊ နာခံ မဆိမ့်၊ မနှစ်*သိမ့်ဘဲး၊ မစိမ့် နားတွင်၊ မာန *ဖြင်ဟု၊ နှုတ်လွင် နှုတ်ဦး၊ နှုတ် မကျူးလင့်၊ အထူး ငါ့လား၊ သင် ကြိုးစား၍့၊ တအားကျရန်၊ ဟုတ်တိုင်း ပြန်၏၊ ဉာဏ်လည်း တဝ၊ ကံ တဝနှင့်၊ လုံ့လ မယုတ်၊ *အားသွန်ထုတ်က၊ *ခြုတ်ခြုတ် အောက်တိုင်၊ ငုပ်နိုင် သဲးကျ၊ ဆိုစကြသည့်၊ ရှေးက စကား၊ မယုံမှားလင့်၊ မြို့ဘွား တောဘွား၊ ဇာတိအားဖြင့်၊ မြို့သား တောနေ၊ မဟူချေတည့်၊ ဉာဏ်ခြေယှိသူ၊ ကဝိဟူသည်၊ ဝေဘူတောင်က၊ မြမဏိရာဇ်၊ ကျောက်မင်းစစ်နှင့်၊ ရှေ့ မဇ္ဈဂုံ၊ မြို့ မစုံမှ၊ မီးပုံကြီးလယ်၊ မီးပုံငယ်သို့၊ တင့်တယ် ထွန်းလစ်၊ မဟော် ဖြစ်၏၊ စင်စစ် မှတ်လေ၊ သို့ ဖြစ်ချေလည်း၊ သေလေ သေလေ၊ တောင်တောင်တွေတိုင်း၊ လွန်ထွေ ဘိုးများ၊ ပတ္တမြား မထွက်၊ ဖြူ-နက် ဆင်တွေ၊ ဂဇေ ဇေတိုင်း၊ *မြုတေ ရိုးရဲး၊ ပုလဲး မယှိ၊ များဘိ မြိုင်ခြေ၊ ဝနေ နေတိုင်း၊ နီ-ရွှေ နံ့မြူး၊ စန္ဒကူး မပေါက်၊ မိုးအောက် ရပ်မြေ၊ ဌာနေ နေလည်း၊ ကဝေ မြောက်သူ၊ ပဏ္ဍိတ်လူလျှင်၊ တဆူ ဖြစ်ခဲး၊ မလွဲး ဧကန်၊ ဟုတ်လှ မှန်၏၊ ဉာဏ်နှင့် သတိ၊ ဝီရိယိန္ဒြေ၊ သုံးထွေ ပြဌာန်း၊ သဒ္ဓါ လန်း၍့၊ စပ်ဆန်း မဟူ၊ ပါရဂူကြီး၊ *ပြောင်မြောက်ပြီးသား၊ ရှေး*တီး ဉာဏဝန်၊ ဆရာ*မွန်တို့၊ နည်းညွှန် လက်သုံး၊ လေးလုံး ကာရန်၊ သုံးချက်မှန်ဖြင့်၊ နယ်ပြန် နယ်မှန်၊ စိတ်ဘန် သီရုံး၊ စပ်ရိုးထုံးကို၊ နှလုံးနှိုက် ရှု၊ ကသိုဏ်းပြု၍့၊ ဤခု နောင်လာ၊ သုတ ရှာသား၊ ပစ္ဆာဂတ၊ သဇ္ဇနတို့၊ ဓမ္မသံဝေ၊ ရ,ပစေနှင့်၊ ဉာဏ်ခြေ နည်းမူ၊ မှတ်ယူစိမ့်ငှာ၊ ကရုဏာလည်း၊ ငါနှိုက် အပြင်း၊ တိုက်တွန်းခြင်းကြောင့်၊ ယင်းအလင်္ကာ၊ ဤကျမ်းစာကို၊ နာနာနယ၊ နည်းစုံ ပြ၍့၊ အစ အဆုံး၊ စီခဲ့ ကုံးသည်။။ နတ်သုံး တိမ်တိုက် ပုလဲးတည်း။ (၄)

ပဘဝဒဿနနိဂုံး (၄)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း၊ ၁၃- ပတ္ထနာအာသီသဒဿနနိဂုံး

(၆၀၆) ဤသို့ ယခု၊ ရေးစီပြုသား၊ ကောင်းမှု မင်္ဂလာ၊ ထူးမြတ်စွာသည့်၊ ပုညာဘိသန်၊ မဟာဉာဏ်ကြောင့်၊ ဆုပန် လက်ရောက်၊ မမြောက်သမျှ၊ ဘဝထိုထို၊ ဖြစ်ရာ ကိုယ်နှိုက်၊ အလိုယှိရာ၊ ဣစ္ဆာသယ၊ ပြီး ကိစ္စနှင့်၊ နိမ့်ကျ မယှိ၊ ဇာတိပုည၊ ဂုဏ မဟတ်၊ အမြတ်*စတေ၊ တိဟိတ်နေလျက်၊ သန္ဓေ ဥက္ကဋ္ဌ၊ လောင်း မဃသို့၊ ကာမ ညစ်ညူး၊ မယစ်မူးဘဲး၊ အထူး မကွာ၊ ဉာဏ် သမ္မာဖြင့်၊ ကျွတ်ကာမတ္တ၊ ကျွတ်ကုန်ကြသား၊ သာဝကဆု၊ ကိုယ်တခုမျှ၊ လွတ်မှု မကြံ၊ ဆုကြီး သံ၍့၊ သယမ္ဘူ တ၊ မြတ်ဉာဏနှင့်၊ သစ္စ နာမံ၊ နွတ္ထ ခံသည်၊ သမ္မာသမ္ဗုဒ်၊ နုတ္တရစစ်၊ တု မရစ်ဘဲး၊ ရှစ် *မာရဂင်၊ မဂ်*ယာဉ်ညင်ဖြင့်၊ ခေမင်္ဂတ၊ ဘုံသို့ကျအောင်၊ များလှ တတွေ၊ ဘော် မိတ်ဆွေတို့၊ ဝေနေ ယှိသရွေ့၊ မကျန်စေ့အောင်၊ ဆောင်၍့ ကိုယ်တိုင်၊ မြို့ *တောင်ကိုင်သို့၊ ပို့နိုင်တုံထ၊ သုံးလောကဂိုဏ်း၊ သုံးခေတ် တိုင်းကို၊ ကွပ်ထိုင်း သိမ်းခြုံ၊ သုံးဘုံ စိုးလစ်၊ ဓမ္မရာဇ်ဟု၊ ဖြစ်စိမ့် မယွင်း၊ နှလုံးသွင်းလျက်၊ *ရိုးရင်း ပတ္ထနာ၊ ငါ *ပန်ထွာ၏၊ သစ္စာ ဉာဏ်ပင်၊ မပွင့်ခင်လည်း၊ ရာဝင် စည်ကား၊ ငါးကျိပ်ငါးတွင်၊ ရှေးဖျားမည်ထုတ်၊ ရန်မြစ် ခုတ်သည်၊ သမုဒ္ဒရာဇ်၊ *စောစစ် မဟာ၊ နော်ရထာနှင့်၊ ကျစွာမင်းကြီး၊ ပြူစောထီးက၊ နန်း-ထီး တည်ထောင်၊ သေဉ်လည်ကြောင် ကျန်စစ်သား၊ ပိုင်းခြား တထွေ၊ စလေ ကုလားကျ၊ သီဟပတေ့၊ ဘုန်း*ဟေ့ *ရန်ငူး၊ မင်း သုံးဦးစီ၊ ထူး၍့ မင်းချည်း၊ တယောက်တည်းလျက်၊ ကျော်သည်း နာမံ၊ ပြည် ပုဂံဝယ်၊ နန်းစံ မင်းစစ်၊ ပြန်ကာဖြစ်သို့၊ မြတ်ခေတ် ငါးထောင်၊ သာသနာရောင်လျှင်၊ ထွန်းပြောင်သမျှ၊ လူ့ဘဝနှင့်၊ သမဏချည်း၊ သူတော့်နည်းကို။။ ငါလည်း ဖြည့်လို ဘန်လဲးတည်း။ (၁)

(၆၀၇) ဤသို့ *၄င်း၊ ဇာတိ ပြောင်းလည်း၊ ကျင့်ဟောင်း ဝသီ၊ မြတ် စာရီနှင့်၊ အညီ လေ့တူ၊ သူတော့်မူဖြင့်၊ အယူ သမ္မာ၊ တည်ကြည်စွာလျက်၊ မန္ဒာ ခိဍ၊ ငယ်သော်ကလျှင်၊ စ၍့ နည်းနာ၊ တတ်စရာသား၊ သဒ္ဒါ ရုပ်ပိုင်း၊ ဓာတ်-ပုဒ် ဂိုဏ်းနှိုက်၊ ဆုတ်ဆိုင်း မယှိ၊ လိမ္မာ သိ၍့၊ အဘိဂမ္ဘီ၊ လေးလီ ပရမတ်၊ နှုတ်လွတ် လေ့လာ၊ နေ့ညဝါလည်း၊ မဟာပြောင်မြောက်၊ နည်း*ကုံလောက်လျက်၊ အာသောက် မုန်ဝ၊ စွယ်စုံလှသား၊ ကုဉ္ဇရကြီး၊ ထေရ်*ပေါက်ထီးတို့၊ ပွဲးသီးခံရာ၊ သုဓမ္မာဝယ်၊ ငါသာ ငါနှင့်၊ နှိုင်းသော် သင့်အောင်၊ ရဲးရင့် တောက်တောက်၊ ခြင်္သေ့ ဟောက်သို့၊ ပြန်လျှောက် ဘောင်ဘောင်၊ ပွဲးတိုင်း အောင်၍့၊ လေးထောင် ရှစ်သောင်း၊ အပေါင်း ဓမ္မက္ခန်၊ မဟဏ္ဏဝ၊ သာဂရစက်၊ နယ ကျယ်ဝင့်၊ ဟောဘော်ဘွင့်သား၊ ရှင်ပင့် အာဂုံ၊ အလုံးစုံတိ၊ သုံးပုံ ပိဋကတ်၊ ပရိယတ်ကို၊ တတ်မှတ် မကျန်၊ အောက်-ထက် လှန်ပြီး၊ ဂန္ထန္တရ၊ သုတ *ပွားလူး၊ ဆည်းပူး စုံစီ၊ နာဂရီ ဗင်္ဂရီ၊ မာဂဓီက၊ ထို-ဤ များစွာ၊ ဘာသာ *ဖြင်ပြွမ်း၊ ထိုထိုကျမ်းလည်း၊ ဘက်ကမ်း ပါရဂူ၊ ရောက်စိမ့်ဟူ၍့၊ ဆုယူ *ပန်ထွာ၊ ပတ္ထနာ၏၊ သံသရာကာလ၊ မဆုံးဆကြောင့်၊ သမဏ သကျ၊ မြတ်ဘာဝကို၊ မရ တဆစ်၊ ထိုထို ဇာစ်ဖြင့်၊ ဖြစ်ရာ ဖြစ်ရာ၊ ဘဝမှာလည်း၊ သတ္တဝါ *ဗိုလ်လူ၊ ဟိန္ဒဂူကို၊ ချိန်ယူ မဆိုင်း၊ စိုးကွပ်ထိုင်း၍့၊ လိုတိုင် မချွတ်၊ ပြီးစေတတ်သား၊ ကြီးမြတ် ဂုဏ်ဟိတ်၊ ပုညဇိဒ်မျိုး၊ တန်းခိုး နုဘော်၊ တု မမြော်နှင့်၊ ကြံသော် မယွင်း၊ ပြည့်စုံခြင်းဖြင့်၊ အချင်းခပ်သိမ်း၊ ပြီးငြိမ်း လိုရာ၊ ဖြည့်နိုင်စွာသား၊ စကြာမင်းစစ်၊ နန္ဒရာဇ်သို့၊ သစ်သစ် မကြွင်း၊ ဘုန်း ဘန်ဆင်းလျက်၊ *ခပင်း လောက၊ လူထိုမျှ၏့၊ ဟိတ သုခ၊ အတ္ထကိုသာ၊ ပြုနိုင်စွ၍့၊ နောင်လာဘဝ၊ ပစ္ဆိမသို့၊ ရောက်ထသော့ခါ၊ အကြင် ငါလျှင်၊ မဟာဗောဓိ၊ သိရီံ လျှံဘိတ်၊ ပရာဇိတ်နှိုက်၊ ဖြတ်ရိတ် ပယ်ရှင်း၊ မာရ် ငါးသင်းကို။။ ခါခြင်း ပြီးစေ အောင်ပွဲးတည်း။ (၂)

(၆၀၈) ယင်းသည့် ကုသိုလ်၊ အဘို့ကိုလည်း၊ နှိုင်းဆို *တန္တု ပမာပြုသော်၊ တခုအနက်၊ ဆီမီးခွက်က၊ ကူးဆက် သောင်းထောင်၊ မကအောင်လျှင်၊ ယူဆောင် ယူဆောင်၊ ညှိ ထွန်းပြောင်တိုင်း၊ အရောင် ဆင့်ဆင့်၊ ထပ်ထပ် ပွင့်လျက်၊ ကုန်လင့် မနား၊ ပွားသား ပွားသို့၊ မခြား ထို့တူ၊ မည်သူမဆို၊ ရစေလို၍့၊ မြင်းမိုရ် စက္ကဝါ၊ ပမာ ဆယ်စု၊ နှိုင်း မတုအောင်၊ ဗဟုပကာရ၊ ဂုဏ် ကြီးလှသား၊ မိဘ နှစ်ဖြာ၊ မြတ်ဆရာနှင့်၊ ရာဇာ*သနင်း၊ *ရောင်းရင်း ငယ်ဘော်၊ ဆွေတော် မျိုးစပ်၊ အရပ်နေစု၊ စတုပစ္စယာ၊ ဒါယကာ ဒါယိကာမ၊ ဂေါစရဂံ၊ နိယံ မပြတ်၊ နိစ္စဗဒ်ဖြင့်၊ ယုတ်-မြတ် ကြည်ဖြူ၊ ပေးလှူတတ်စွာ၊ မြို့-ရွာ ပတ်ကုံး၊ သိမ်းကျုံး လုံးစုံ၊ နိဂုံ ဇနပဒ၊ ဝေး-နီး စသည်၊ ယှိကြ ထိုထို၊ များ လူ*ဗိုလ်ပါ၊ ကိုယ်ကို စောင့်တတ်၊ နတ်နှင့် တကွ၊ ဘုမ္မ ရုက္ခာ၊ အာကာသ*စိုး၊ တန်းခိုး မဟိဒ်၊ ပုညဇိဒ်နှင့်၊ စိတ္တသေန၊ ဂန္ဓဗ္ဗက၊ စသည် တွက်ဘွဲ့၊ နှစ်ဆဲ့ရှစ်ဦး၊ နတ်စစ်မှူးဟု၊ အထူးမည်ရ၊ အဋ္ဌဝီသ၊ ယက္ခ မဟာ၊ သေနာပတိ၊ ထိုပြီ့း တထွေ၊ မဟေ သုရာ၊ ဥမ္မာပတေ့၊ မုနေ့ ဒါယကာ၊ ငါးရာ သားပေါင်း၊ ဆင့်ခေါင်း နတ်ကိုယ်၊ အလို ဖြည့်တတ်၊ သူရဿတီ၊ စန္ဒီ သီဝ၊ သောမ ယမ၊ ဝဿဝရော၊ လောကပါလာ၊ ပိတရာလည်း၊ ဣန္ဒာ သူယံ၊ သဟံ တုရူ၊ သနံကူနှင့်၊ ဘိဘူ ဗက၊ ဟာရိတ် စသား၊ ဒသ ဣဿရ၊ လောက သဟသ်၊ ဝန်းပတ် ရံခြုံ၊ မဟာ*ဗြုံတို့၊ *ပြောဟုံ ဆူဆူ၊ မိုးသူ မိုးသား၊ မြေဘွား ရေပေါက်၊ ထိုရွေ့လောက်တိ၊ ထက်-အောက် ဝန်းကျင်၊ များ *ပုံယင်အား၊ အကြင် ယှိသမျှ၊ မကျန်ရအောင်၊ စေ့င မသွေ၊ အမျှဝေသည်။။ ရစေ ငါ့နှယ် *တပဲးတည်း။ (၃)

(၆၀၉) ဤကုသလ၊ နုဘာဝကြောင့်၊ ခတ္တိယမျိုး၊ ဘုန်းရှိန်မိုးသား၊ မြေစိုး ရေစိုး၊ တန်းခိုး ပုညဇိဒ်၊ ဂုဏ် မဟိဒ်နှင့်၊ ဘိသိက် သွန်းခံ၊ ရွှေနန်းစံတို့၊ နိုင်ငံ ခြားသီး၊ သား သမီးမှု၊ အစပြုလျက်၊ ပေါင်းစု မှတ်သား၊ ဆဲ့သုံးပါးကြောင့်၊ တိုင်းကား ပြည်ကြီး၊ ပျက်စီး နစ်နာ၊ မချမ်းသာအောင်၊ ဗိုလ်ပါ အားကိုး၊ လက်ရုံး မိုး၍့၊ စစ်ထိုး မပြု၊ မာန် မခုဘဲး၊ ပြည်သူ့ ချမ်းသာ၊ ပွားကြောင်း ရှာလျက်၊ မေတ္တာ ရောရှက်၊ တဝမ်းထွက်သို့၊ စုံမက်သော့အား၊ တရား *ခိုင်ကျည်၊ ဆယ်ပါး တည်၍့၊ ကြည်စေသတည်း၊ မိုးလည်း ချိန်မှန်၊ ကာလ တန်ရုံ၊ မလွန် မချို့၊ မင်းတို့ တရား၊ စောင့်သော့အားဖြင့်၊ မမှား ရာသီ၊ ကြိမ် အညီမြင့်၊ လေးလီ မာသ၊ ဝဿန္တစက်၊ မိုးလတွက်နှိုက်၊ ငါးရက် ဆယ်ရက်၊ ဆဲ့ငါးရက်တိုင်း၊ မပျက်စေကြောင်း၊ ရွာသွန်း လောင်း၍့၊ မိုးကောင်း နတ်ရည်၊ မြည်စေသတည်း၊ လူလည်း လူချင်း၊ ရာ့ တသင်းတို့၊ *သီတင်း သိက္ခာ၊ ပညာ အယူ၊ သဘောတူတည့်၊ ရှင်မူ ရှင့်လျောက်၊ ကျင့် မဘောက်ဘဲး၊ မနောက် စိတ်ဖြူ၊ ငြူစူ ချင်းချင်း၊ မယှိခြင်းဖြင့်၊ မကင်း ဗြဟ္မစိုရ်၊ ချစ် ကြည်ညိုလျက်၊ နှစ်ကိုယ် တစိတ်၊ ဆွေမိတ် ပြကတေ့၊ သူတော့်လေ့မှ၊ မရွေ့သော့အား၊ တရားရောင်ခြည်၊ မြဲး နှောင်ချည်၍့၊ တည်စေသတည်း၊ ပွားဆည်း ကုသိုလ်၊ သမ္မာလိုဖြင့်၊ ထိုထို ပုည၊ မြတ်ဓမ္မနှင့်၊ နိစ္စ မကင်း၊ ပြုနိုင်ခြင်းကြောင့်၊ ကိုယ်တွင် တည်ဘိ၊ ကိန်းနေယှိသား၊ ဒိဋ္ဌိနှင့် ဉာဏ်၊ နှစ်တန် အာသယည်း၊ ပွား ပယ်နည်းကို၊ နိဿရည်း ရရ၊ ကြိုး လုံ့လ၍့၊ မချ ရံခါ၊ စဉ် မကွာဘဲး၊ နတ်ရွာ ခြောက်တန်၊ ဗြဟ္မာဆန်သည်။။ နိဗ္ဗာန် ရောက်စေ ဆင့်ကဲးတည်း။ (၄)

(၆၁၀) အကြောင်း တစိတ်၊ ထူးဂုဏ်ဟိတ်နှင့်၊ နိမိတ် ဝိသေသ်၊ ကျမ်းရိုးစစ်က၊ အပြစ်တင်ဘွယ်၊ ပယ်၍့ ခဲးခက်၊ အထူးထွက်သော်၊ မိန့်မြွက် ဝိသေ၊ သတ္ထပေဟု၊ ကဝေမြောက်စွာ၊ မဟာပုင်္ဂဝ၊ ထူးဂုဏ်လှသား၊ အာသဘကြီး၊ ညီးညီး ဉာဏ်ဝါ၊ ရှေးဆရာတို့၊ ကဗျာ နိယံ၊ ဆိုမိန့်သံတိုင်း၊ နာခံ မှတ်သား၊ အထူး ကြားပိမ့်၊ ဘုရားဆုပန်၊ ပွင့်လုမှန်သား၊ ဘုန်းသန် မဃ၊ လောင်း ဒေဝသို့၊ လောကဟိတ၊ စရိယ၏့၊ ဒိဋ္ဌ တမလွန်၊ ကျိုး နှစ်တန်ကို၊ ရွှေဉာဏ် တိဟိတ်၊ ခွဲးစိတ် လက်ယှိ၊ မြင်-သိ မုချ၊ ဓမ္မိကနှင့်၊ ဓမ္မရာဇာ၊ မည်ထိုက်စွာအောင်၊ ရတနာ ပုံ၊ ရွှေဘုံ ပြည်ကြီး၊ နန်း-ထီး စိုက်ထူ၊ တည်တော်မူသည်၊ ပြည်သူမျာ့း ဘ၊ လောက *ဥသျှောင်၊ ထွတ်မင်းခေါင်ကား၊ ပြည်ထောင် အုပ်စိုး၊ မင်းအမျိုးက၊ နွယ်ရိုး လေးဖြာ၊ ဝေနေယျာအား၊ ကြင်နာ*ပိုက်ဖြား၊ ဆောင် စီးပွားနှင့်၊ ဘုရားမြတ်စွာ၊ သာသနာကို၊ ပစ္စယာ ဓမ္မ၊ နုဂ္ဂဟနှင့်၊ ဆုံးဆ မယှိ၊ အသဒိသ၊ နိစ္စ မပြတ်၊ ခြီးမြှောက်လတ်၍့၊ ဇာသတ် ကာဠာ၊ ဓမ္မာသောက၊ မင်းဝဋ္ဋတို့၊ ပထမ ဒုတီယ၊ တတီယနှင့်၊ စတုတ္ထစင်၊ သင်္ဂိတင်လည်း၊ နှုတ်တွင် ရွတ်ကာ၊ ပေထက်သာတည့်၊ ရတနာပုံမည်၊ မန်းရွှေပြည်ကို၊ ထောင်တည် အာဒိ၊ *စောဘုန်းယှိမူ၊ ရဝိ သသိ၊ ဂိရိ ဗဟို၊ ယုဂန္ဓိုရ်နှင့်၊ မြင်းမိုရ် စက္ကဝါ၊ စကြာ နေ-လ၊ သဿတတို့၊ ထွန်းပ မြဲးယှိ၊ တည်နေဘိသို့၊ တိပိဋကာ၊ ကျမ်း သုံးဖြာကို၊ သာသနာ ငါးထောင်၊ *ယခေါင် ထိုမျှ၊ ကာလပတ်လုံး၊ ကမ္ဘာဆုံးအောင်၊ ကျုံး၍့ မကျေ၊ တည်ပစေဟု၊ ရွှေဉာဏ် စိန်စက်၊ အမြင် ထက်၍့၊ သေလက္ခရ၊ ရေး ထုသပြီး၊ ပဉ္စမသဘင်၊ သင်္ဂါတင်၏၊ ဘုရင် ခေါင်မှူး၊ ဘုန်းတော် ထူးဖြင့်၊ ကျေးဇူး ကြီးလှ၊ ဝိသေသကြောင့်၊ သာသနာ့ဒါယကာ၊ မင်းမြတ်စွာလျှင်၊ စကြာဒေဝီ၊ မဟေသီက၊ ရွေညီ လေးဖြာ၊ ရံ များစွာနှင့်၊ ဒေဝါလယ၊ နတ်ဌာနနှိုက်၊ ဆဆ ဝေဖြိုး၊ ဘုန်းတော် တိုး၍့။။ တန်းခိုး တောက်စေ မ*စဲးတည်း။ (၅)

(၆၁၁) အတူမျှသာ၊ စုဒ်ထုတ်ရာဖြင့်၊ မှတ်ကာ ပက္ခန်၊ တဘို့ ပြန်အံ့၊ ဘုန်းသန် ဓိပတိ၊ နေပြိုင်ညိလျက်၊ အာဒိကမ္မိက၊ နန်းတည် စ၍့၊ ပဉ္စမတွင်၊ သင်္ဂါတင်သည်၊ ဘုရင်ထွတ်ဖျား၊ မင်းတရားကား၊ ရာပွား ထောင်ပွား၊ သိကြားမျက်စိ၊ သဟဿိသို့၊ ဇာတိ ဥက္ကဌ်၊ ဉာဏ်တော်မြတ်နှင့်၊ မဟတ္တဟိတ်၊ ထူး နိမိတ်ကြောင့်၊ ခု-တိတ် နာဂတ်၊ ဆုံးဖြတ်ချက်မှန်၊ စစ်သဏ္ဌာန်ဖြင့်၊ ဗိမာန် ပြည်ကြီး၊ ထောင်တည် ပြီးမှ၊ ရှစ်ထီးကနက်၊ မိုး မပျက်ဘဲး၊ စိုးလျက် နန်းပေါ်၊ နတ်ပြည် ပျော်၏၊ သားတော် နွယ်ဆက်၊ နောက်နန်းတက်မူ၊ ရွှေသက် နုနယ်၊ နှစ်နှစ်ဆယ်က၊ လူဝယ် နတ်စစ်၊ ဘုန်းတော်သစ်၍့၊ မင်းဖြစ် နန်းထိုင်၊ ပြည်ကြီး ပိုင်လျက်၊ ရောက်တိုင် ခုနစ်၊ နန်းစံခေတ်တွင်၊ ကိုယ့်ပစ် စိုးစိ၊ မြူ မယှိလည်း၊ ပြည်ကြီ့းကိစ္စ၊ မှု ကမ္မကြောင့်၊ ရာဇဓမ္မ၊ သဘာဝဖြင့်၊ လောကထုံးစံ၊ လောကဓံလျောက်၊ နိုင်ငံ တိုင်းမှု၊ မင်းတွင် စု၍့၊ ပြည်သူ့အတွက်၊ ဝန်ကြီး ရွက်ပြီး၊ သူ့ဘက် လိုရာ၊ ကိုယ်တိုင်သာလျှင်၊ တောင်ညာ ဧကီ၊ မဟေသီနှင့်၊ သိင်္ဂိ ရွှေသီး၊ ရှုမညီးသား၊ သမီးတော်မြတ်၊ နှစ်ပါးနတ်ပါ၊ ပြာသာဒ် ရွှေဘုံ၊ နန်း *နိတုံက၊ လုံးစုံ ပြည်ကြီး၊ စွန့်ခွါပြီးလျှင်၊ မနီး ပင်လယ်၊ ခြားရာ နယ်သို့၊ နေကွယ် လပျောက်၊ ချုပ် ဝင်ရောက်သို့၊ ဘုန်းတောက် လေးဖြာ၊ မငြင်းစွာဘဲး၊ ဝင်္ကပါတောင်၊ တောမြိုင်ချောင်ဝယ်၊ မင်းခေါင် ဝေဿန်၊ ဝင်သော့ဟန်တိ၊ ဒေသန္တရ၊ စံမြန်းကြသား၊ ဒိဋ္ဌလောလော၊ ဤသဘောဖြင့်၊ ထူးသော ကြောင်းဟိတ်၊ ထိုနိမိတ်ကို၊ ပဏ္ဍိတ် သူတော်၊ များ တဘော်တို့၊ ရှုမြော် လုံးစုံ၊ အာရုံ ဝမ်းတွင်း၊ ပြုမိလျှင်းက၊ လွန်ပြင်း ကြင်နာ၊ ဖြစ်ထိုက်စွာ၏၊ ကရုဏာရသ၊ ဤကိစ္စဖြင့်၊ ကာရုညပတ်၊ *စောမင်းမြတ်လည်း၊ ညာနတ်ဒေဝီ၊ တူညီ နှစ်ဘော်၊ ရင်သွေးတော်က၊ ကိုယ်ပေါ် ကိုယ်တွင်း၊ ဘေးရန် ကင်း၍့၊ ဘုန်းရင်း သမ္ဘာ၊ ပွင့်လင်း သာလျက်၊ မဟာပုရိ၊ ဗောဓိသတ္တော၊ ဝေဿန်*စောသို့၊ မနောရထာ၊ စကြာ ရွှေစိတ်၊ မကိလိဌ်ဘဲး၊ ယထိစ္ဆိတ၊ သိကြား မ၍့၊ တောင့်တ မကြာ၊ လိုရာ မဆိုင်း၊ ဉာဏ်ကရိုဏ်းဖြင့်။။ ကြံတိုင်း ပြည်စေ မလဲးတည်း။ (၆)

(၆၁၂) သမ္မုတိနတ်၊ ဥပပတ်နှင့်၊ အမြတ် ဝိသုဒ်၊ သမုတ်ခေါ်ရိုး၊ နတ် သုံးမျိုးတို့၊ ရိုကျိုး ထိပ်နှိုက်၊ စက်စုံခိုက်လျက်၊ သုံးတိုက်လုံ့း ထွတ်၊ *တမွတ် ရတနာ၊ မဟာအတုလ၊ မကုဋဖြင့်၊ ဒေဗ ဒေဗေါ်၊ ခေတ်လုံးကျော်၍့၊ အဟော် အစ္ဆရိ၊ တုမယှိအောင်၊ ကလိယုဂ်လူ၊ မှောင်မိုက် ထူတွင်၊ ရောင်ဖြူ ဝင်းပ၊ အလင်းပြသည့်၊ သကျသီဟ၊ ဂေါတမဟု၊ ဂေါတ္တ မည်ကျော်၊ ဂုဏ်း ကိုးဘော်နှင့်၊ တိလော်ကနတ်၊ မြတ်ထက် မြတ်၏့၊ ပညတ် တင်ထား၊ မိန့်ခဲ့ ကြားသား၊ သုံးပါး စကြာ၊ သာသနာလည်း၊ ဝေဖြာ မမှိန်၊ နေဝါထိန်သို့၊ အရှိန် မညှိုး၊ တိုးထက် တိုး၍့၊ ဖြိုးဖြိုး မဆုံး၊ ကမ္ဘာလုံးနှင့်၊ ခုံးခုံး မိုးအောက်၊ ထိုရွေ့လောက်ဖြင့်၊ တည်ဆောက် မဇ္ဈေ၊ ကပ်လုံး နေသည့်၊ ရွှေ တခဲးနက်၊ ရဲးရဲးလက်တိ၊ အောက်-ထက် ခပ်သွယ်၊ အလယ် ခပ်ဖြိုး၊ စည် မုရိုးသို့၊ *တူနိုး နှိုင်းချိန်၊ လေရောင် ထိန်လျက်၊ အာလိန် ငါးဆင့်၊ နိမ့်-မြင့် တောင်စဉ်၊ ဥယျာဉ် နတ်မြစ်၊ ကသစ် အာသာ၊ နန္ဒာ နန္ဒဝန်၊ *အမွန် ဓိပတိ၊ သိရီ့ *မျှို့ပေါင်း၊ မြင့်ဆောင်း *ဗဟို၊ ရွှေ*တန်သိုသို့၊ မြင်းမိုရ် ယုဂန်၊ သတ္တဗ္ဘာန်ပါ၊ ဟေမဝန်တောင်-တော၊ အံ့ဘွယ်*ပြောသား၊ သာမော တင့်ဆန်း၊ *ဦးဆောက်ပန်းနှင့်၊ တွင်းဝန်း စက္ကဝါ၊ တောင်ကြီး ကာ၍့၊ မဟာလောဏိ၊ ဆားတိ ငန်ငန်၊ ပြည့်ဝှန် တင်းကျမ်း၊ နပ္ပကမ်းမျှ၊ မောက်လျှမ်း ရေလျှံ၊ ပင်လယ်ယံဝယ်၊ အရံ အပွား၊ ငါးရာ ငါးရာ၊ ကိုယ်စီပါလျက်၊ မဟာဒီပ၊ ဌာန လေးကျွန်း၊ တဝန်း တဝန်း၊ ပေါ်ထွန်း မောက်မောက်၊ လူနေပေါက်သည့်၊ လူရောက်သမျှ၊ တိုက်လောကနှိုက်၊ တည်ကြ ရပ်ခွင်၊ အကြင် အကြင်၊ ထက်ဝန်းကျင်တိ၊ မြေပြင် ရေပြင်၊ နေဝင် နေထွက်၊ နယ်စက် ပတ်ကုံး၊ အဆုံး နှံ့အောင်၊ ဘုန်းတော် ဆောင်၍့၊ *မြားမြောင် *ပေါယယ်၊ ဗိုလ်နိကာယ်၏့၊ စိတ်ဝယ် စွဲးဘိ၊ အမြဲး ငြိသား၊ ဒိဋ္ဌိ နှစ်ဖြာ၊ မိစ္ဆာ မိုက်မည်း၊ အာသယည်းကို၊ ပယ်လှည်း ရှင်းချ၊ အလင်း ပြလျက်၊ သဒ္ဓမ္မခေတ်၊ ငါးထောင်နှစ်ထက်၊ ပွားသစ် သရေ၊ ရွှန်းရွှန်းဝေသည်။။ ထွန်စေ ရောင်ဝါ အမြဲးတည်း။ (ရ)

(ဤ ရ-ပိုဒ်ကား 'အာသီသာလင်္ကာရ'ပိုဒ်တို့တည်း။)
ပတ္ထနာအာသီသဒဿနနိဂုံး (ရ)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း၊ ၁၄- နယဒဿနနိဂုံး

(၆၁၃) ပသာဒေါဇော၊ သဘော ထင်စွာ၊ အလင်္ကာနှိုက်၊ ဂါထာ *ယခင့်၊ ကျူးဆိုဘွင့်သား၊ စပ်သင့် ပုဒ်စဉ်၊ နီးယှဉ် တင့်တယ်၊ သိလွယ် အနက်၊ နှစ်ချက် စုံလှ၊ ပသာဒတည့်၊ ဩဇမှာကား၊ သမသ်များနှင့်၊ စကား နာဘွယ်၊ ကျဉ်း-ကျယ် ချဲ့-ချုံ့၊ မှတ်ပုံ့ လက္ခဏာ၊ စွဲး သေချာရှင့်၊ တဖြာ ထိုမှ၊ ဒီဃပုဒ်ချင်း၊ ရဿချင်းနှင့်၊ ဌာန်ချင်း တူဟုတ်၊ သံယုတ် ပါယှိ၊ ဓနိ ပါခြင်း၊ ပုဒ်ချင်း နီးစွာ၊ လွန်သာယာသည့်၊ ပဒါသတ္တိ၊ မည်ယှိ ခေါ်ပြု၊ မဓုရတာ၊ ခရာ တူပုဒ်၊ ထပ်ထပ် ထုတ်လည်း၊ သမုတ် သညာ၊ အနုပ္ပါသ၊ မဓုရတည့်၊ ပဒ လေးလီ၊ သိထီလချင်း၊ ညီစေခြင်းနှင့်၊ မယွင်း ဓနိ၊ ညီစွာ ချိက၊ မိဿိ ရောရာ၊ သုံးမျိုး ပါလည်း၊ သမတာခေါ်ထုံး၊ လေးပုဒ်လုံးနှိုက်၊ စီကုံး သိထိ၊ များစေဘိလျက်၊ ဓနိတက္ခရာ၊ နည်းမျှသာလျှင်၊ ပါသည့် အချင်း၊ သိမ်မွေ့ခြင်းနှင့်၊ သေခြင်းဟူစွာ၊ လူ့ဝေါဟာကို၊ နတ်ရွာ စံကြွ၊ ဆိုခြင်း စသား၊ ဂါမ္မ ကင်းဝေး၊ ယဉ်ကျေးသမှု၊ ခေါ်ဝေါ်ပြုလည်း၊ သုခုမာလာ၊ မည်ထ တသီး၊ ဌာန်နီး စသည်၊ ပေါင်းတည်ပုဒ်ချင်း၊ မကွာခြင်းနှင့်၊ မကင်း ဓနိ၊ ပါဘိ နည်းလှ၊ သိလေသတည့်၊ ကဲးဆ လွန်ကျူး၊ ဂုဏ်ထူး အယှိ၊ ပြဆိုဘိနှင့်၊ ဝိသေသန၊ ပါသမျှကား၊ ဥဒါရတာ၊ မှတ်ကုန်ရာ၏၊ လူ့ရွာ ထုံးတမ်း၊ စည်းကမ်း မလွန်၊ ပညဝန်တို့၊ ကောင်း*မွန် နှစ်လို့၊ ခြင်းရာတို့ကား၊ ရွှင်ပျို့ နာအီ၊ ဂုဏ် ကန္တီတည့်၊ ထိုပြီ အပ၊ နေယျ ပြစ်ကွာ၊ သဒ္ဒါ အနက်၊ မထည့်စွက်ဘဲး၊ နှစ်ချက်အရ၊ ထင်စွာလှကား၊ အတ္ထဗျတ္တိ၊ သက်ယှိမူရာ၊ သက်*မဲ့မှာလျှင်၊ တင်ကာ ခေါ်ခြင်း၊ အဆင်း ရှိမြော်၊ ဆင်း*မဲ့ပေါ်တွင်၊ တင်ခေါ် သာညှိ၊ ရသာယှိကို၊ မယှိနှိုက် တည်၊ အရည်မဟူ၊ အရည်မူငြား၊ ကတ္တားယှိ*ဟဲ့၊ ကတ္တု*မဲ့နှိုက်၊ တင်ဘွဲ့ တဖြာ၊ စိုင်ခဲး မာကို၊ ခိုင်မာ*မဲ့ထက်၊ တင်လျက် ခေါ်ဘိ၊ သမာဓိဟု၊ ကဝိလက္ခဏာ၊ ဂုဏ် ဆယ်ဖြာလည်း၊ အလင်္ကာကြီး၊ ပုဒ်တိုင်း ပြီးသည်။။ မှီးလော့ နောက်လူ ဉာဏ်ခိုးတည်း။ (၁)

(၆၁၄) ဇာတိ ဒဗ္ဗ၊ ဂုဏ ကြိယာ၊ နာမ်ပါ ငါးချက်၊ မုချနက်နှင့်၊ ဖြစ်-ပျက် အံ့ဘွယ်၊ ဆန်းကြယ် ထွေပြား၊ ခိုက်တန့်အားဖြင့်၊ ဖြစ်ငြားတုံထ၊ သဘာဝကို၊ ဘွင့်ပြသည်မှာ၊ သဘာဝဝုတ်၊ ငါးမျိုး ထုတ်လော့၊ မုချအလို၊ မဆို တိုက်ရိုက်၊ သွေဝိုက် ဝဲး၍့၊ ထူးကဲး လွန်စွာ၊ ပြဆိုပါက၊ အတ္ထာတိသယ၊ ဝင်္ကဝုတ္တိ၊ အမည်ယှိ၏၊ တူဘိ နှစ်ဖြာ၊ မထင်စွာကို၊ ထင်ရာနှင့် ထုတ်၊ အဟုတ် နှိုင်းကာ၊ ယှဉ်စပါသော်၊ ဥပမာဟူထ၊ ရုပ်တူပြကို၊ ရူပကမည်၊ *လည်လည် ထပ်ထပ်၊ ဆိုအပ်တုံဘိ၊ အာဝုတ္တိတည့်၊ ဆီမီ့းပမာ၊ တနေရာက၊ များစွာပြမူ၊ ဒီပကမှတ်၊ ထူးမြတ် ခြင်းရာ၊ ဆိုလိုပါ၍့၊ ကာလ သုံးပါး၊ ပယ်သော့အားဖြင့်၊ မြစ်တားပြုက၊ အက္ခေပရှင့်၊ ရှေးပြတုံငြား၊ ထိုစကားကို၊ တပါးအနက်၊ တူစွာ ဆက်၍့၊ ဘော်ထွက် ပြဟန်၊ အတ္ထန္တရ၊ နျာသဟူ၊ အတူ ယှဉ်ကာ၊ ဆိုပါတုံလျက်၊ အထူး ထွက်၍့၊ ဆိုမြွက်ပြန်ဘိ၊ ဗျတိရိက်မျိုး၊ ဖြစ်ရိုး လူမှာ၊ ထင်စွာတုံရှောင်း၊ အကြောင်းကို ထား၊ ကြောင်း တပါးဖြင့်၊ ပြငြား အရာ၊ ဝိဘာဝန၊ ဇနက ဉာပက၊ နှစ်ပါး ပြသော်၊ မည်ရ ဟေတု၊ ခေါ်ပြု အစဉ်၊ မြဲးယှဉ် ကမ၊ ထိုမှ တသွယ်၊ နှစ်သက်ဘွယ်ဖြင့်၊ ဓိပ္ပါယ် အနက်၊ ဆိုချက် သာလှ၊ ပိယတရ၊ နာမ မည်ထွေ၊ ဥပမေကို၊ မြှုပ်သွေ ထားချန်၊ ဥပမာန်မျှ၊ အကျဉ်းပြက၊ သမာသအလင်္ကာ၊ ဖြစ်ရင်းစွာမှ၊ ခြင်းရာ တပါး၊ တူရာအားဖြင့်၊ ရှာငြား ကြံအပ်၊ ပရိကပ်ရှင့်၊ တရပ် ထိုပြီ့း၊ လိုယှိအပ်စွာ၊ အားထုတ်ပါ၍့၊ လိုရာ ပြီးမှု၊ ကြောင်း တခုကို၊ ရပြုတုံဘိ၊ သမာဟိတည့်၊ ပရိယာယ၊ ဤဝင်္ကကား၊ ရှောင်ထ သွေဝဲး၊ လှီးလွဲး ဆိုဘွယ်၊ ဝိုက်ကာ သွယ်သည်။။ ပြယာယ် ရိပ်ပြ ယောင်ယိုးတည်း။ (၂)

(၆၁၅) ထိုမှ တသွယ်၊ ဆိုဘွယ် စောင်း ရွဲ့၊ ကဲ့ရဲ့ယောင်ပြု၊ ခြီးမွမ်းမှုကား၊ မှတ်ရှုသဘော၊ ဗျာဇောပဝဏ္ဏနာ၊ ဂုဏ်တဖြာကို၊ ထူးဆိုလို၍့၊ ထိုထိုဂုဏ၊ ကြိယနှင့်၊ ဒဗ္ဗ ဇာတိ၊ မယှိ ချို့ခြင်း၊ ဆိုလျှင်းတုံပြီး၊ မြှောက်ခြီးပြုရာ၊ မှန်စွာ ဝိသေသ၊ ကြုံးပ ခြင်းရာ၊ ရဲးရင့်စွာကား၊ ရုဠှာဟင်္ကာရ၊ အတ္ထ နှစ်ပြင်၊ လိုရာတင်တိုင်း၊ ဆန့်ကျင်မယှိ၊ ရဘိနိုင်စွ၊ သိလေသတည့်၊ တကွ တူပြီ၊ အညီ ယှဉ်ပြွမ်း၊ ခြီးမွမ်း ကဲ့ရဲ့၊ ဆိုဘွဲ့ပြုထ၊ တုလျယောဂိ၊ မိမိ ပြခြင်း၊ အနက်ရင်းနှင့်၊ ကျိုးချင်း တူစွာ၊ ပြရာ နိဒသ်၊ ကြီးမြတ် တေဇ၊ တန်းခိုး စသား၊ ဆန္ဒ ဘောဂ၊ ထုတ်ဆိုပြက၊ မဟန္တသမိုက်၊ ခြီးထိုက်သည်ကို၊ ဝှက် မဆိုဘဲး၊ ထိုနှင့်အမူ၊ တူ မတူငြား၊ တပါးကိုသာ၊ ပြခြင်းရာကို၊ ဝဉ္စနာခေါ်ဘိ၊ မိမိကိစ္စ၊ ငြီးငွေ့စကြောင့်၊ ယုတ်မျှကိုလျက်၊ နှစ်သက်တုံလျှင်း၊ ခြီးမွမ်းခြင်းကား၊ မည်ရင်း နာမ၊ အပ္ပကတတ္ထုတိ၊ ထိုပြီ့း တထွေ၊ နောက်ပုဒ်နေဖြင့်၊ ဝိသေသန၊ ဆင့်ဆင့်ပြသော်၊ ခေါ်ထ မှန်စွာ၊ ဧကာဝဠီ၊ တူညီ မယွင်း၊ ချင်းချင်း နှစ်ခု၊ ကျေးဇူးပြုကြ၊ အညမညတ်၊ မည်မှတ် သညာ၊ ကြိယာဂုဏ၊ တူမောစွကြောင့်၊ တကွ ဖြစ်ချက်၊ ဆိုမြွက် ဘော်ပြ၊ သဟဝုတ္တိ၊ သိလော့ တကွဲး၊ လွန်ကဲးသည်ကို၊ ဆိုလိုသဖြင့်၊ မသင့် အနက်၊ ဆန့်ကျင်ဘက်ကို၊ ရောရှက် နှီးနှော၊ ပြသဘောကား၊ ဝိရောဓိတာ၊ ဦးစွာ ပေးပြု၊ ယူမှု လွန်မင်း၊ ကျိုးဖြစ်ခြင်းကို၊ ဆိုလျှင်း အဟုတ်၊ ပရိဝုတ်ရှင့်၊ မယုတ် တူလှ၊ ထင်မှားစွမူ၊ ဘမဟူလော့၊ သူ၏့အပြစ်၊ မြစ်၍့ ဆိုထ၊ အလိုပြက၊ ဘာဝ မှတ်ရာ၊ အလင်္ကာများ၊ ရောငြား မိဿက၊ တောင့်တတုံလတ်၊ အာသီမှတ်ပြီး၊ ထူးမြတ် လက္ခဏာ၊ လွန်သာယာအောင်၊ သိင်္ဂါရသ၊ ပါထ အညီ၊ ရသီ လင်္ကာရ၊ မည်ခေါ်ကြ၏၊ ပေါင်းပြ တွက်ဘွဲ့၊ ကျယ် မချဲ့သား၊ သုံးဆဲ့ငါးပုဒ်၊ ဝင်္ကဝုတ်သည်။။ မယုတ် နည်းနာ စုံဖြိုးတည်း။ (၃)

(၆၁၆) ဘာဝ ဝိဘာဝ၊ နုဘာဝဟု၊ ကေဋုဘကျမ်း၊ ခွဲးခြမ်း မိန့်ဆို၊ ဤအလိုဖြင့်၊ ထိုထို ကိစ္စ၊ မြဲးမြံလှအောင်၊ စိတ္တဝိသေသ်၊ စိတ်ဖြစ် ထူးလေ့၊ မရွေ့ ဖြစ်ငြား၊ ကြားသူ မြင်သူ၊ *ဗိုလ်လူသဘော၊ မနော ငြိကပ်၊ သာယာအပ်ကြောင့်၊ ပညတ်ခေါ်ညီ၊ ဌာယီဘာဝ၊ ရသ ကိုးပါး၊ ကျမ်းနှိုက် ကြား၏၊ ယောက်ျား မိန်းမ၊ ဘာဝအလိုက်၊ ချစ်-ကြိုက် မြင်ရုံ၊ မဆုံသေးရ၊ အယောဂတည့်၊ ထိုမှ နှစ်သက်၊ မနှစ်သက်၍့၊ ပေါင်းဘက် ကွာကြ၊ သံယောဂနှင့်၊ ဝိယောဂမျိုး၊ ဖြစ်ရိုး မှန်လှ၊ ကာမ ယုဒ္ဓ၊ ဓမ္မမည်ဘိ၊ သုံးပါးယှိသား၊ ရတိဘာဝ၊ သိင်္ဂါရတည့်၊ ရွှင်ပ ပြုံး-ရယ်၊ မှတ်ဘွယ် ဟာဿ၊ ကြောင့်ကြ သနား၊ ဤနှစ်ပါးကား၊ မည်ငြား နာမ၊ သောက ကရုဏာ၊ ဟူစပါလော့၊ မျက်ပ ဖရုသ်၊ ကြမ်းကြုတ် ကောဓ၊ ရုဒြတည့်၊ ယုဒ္ဓ ဓမ္မ၊ လှူဒါနနှိုက်၊ လုံ့လ ရဲးရင့်၊ မှတ်သင့် ဥဿာဟ၊ ဝီရလည်းဟူ၊ ကြောက်မူ ဘယ၊ ဘယာနကရှင့်၊ ထိုမှ တအုပ်၊ စက်ဆုပ် ရွံရှာ၊ ဇိဂုစ္ဆာနှင့်၊ ဝိဘစ္ဆာခေါ်ပြု၊ အံ့ဩမှုကား၊ မှတ်ရှု ဝိမှယ၊ အဗ္ဘုတမည်၊ ငြိမ်သက်တည်ကို၊ ခေါ်သည် သမ၊ သန္တဟူငြား၊ ဤကိုးပါးတည့်၊ ရှေ့ကား ဘာဝ၊ နောက် ရသဟု၊ မှတ်ကြ မမှား၊ ထူး မခြားဘူး၊ တပါး ထိုမှ၊ ထိုဘာဝနှင့်၊ ကိစ္စ လျော်ရာ၊ ဆက်ဆံစွာလျက်၊ ပျောက်ကွာ ထင်ရှား၊ ရှေးရှုအားဖြင့်၊ နှစ်ပါး သတ္တိ၊ ဖြစ်လေ့ယှိသား၊ ဗျဘိစာရီ၊ တွင်ညီ ဘာဝ၊ သိကုန်ကြလော့၊ ဒဗ္ဗတည်းဟူ၊ အကြောင်းမူကား၊ မှတ်ယူ သညာ၊ အာလမ္ဗဏ၊ ဝိဘာဝရှင့်၊ ထိုမှ အပ၊ ထူးကိစ္စဖြင့်၊ ဌာန အလင်း၊ ထုံသင်း ဂန္ဓ၊ ထင်ကြောင်း စသား၊ ကာရဏဟူပြီ၊ ဥဒ္ဒီပန၊ အမည်ပြ၏၊ ဖလခေါ်မှု၊ အကျိုးစုကို၊ အနုဘာဝ၊ သာတွိကဟု၊ ခေါ်ထအနေ၊ မြဲးမသွေတည့်၊ ခွဲးဝေ ဤမျှ၊ ကျမ်းလာ ပြတိုင်း၊ ဘာဝ ငါးဖြာ၊ လွန်သာယာလျက်၊ ရသာ ထွေပြား၊ ပိုဒ်တိုင်းအားဖြင့်၊ စာသား ချို-မှည့်၊ နှစ်-ဆီ ပြည့်သား၊ နတ်၏့ သုဓာ၊ နတ်ဩဇာနှင့်၊ အလင်္ကာစုံ၊ သဒ္ဒါရုံဖြင့်၊ မြန့်ဘုံ ကျွန်းခွင်၊ ထက်ဝန်းရွှင်အောင်၊ စာပဉ္စင်ကြီး၊ မှုတ်-တီး သံညှင်း၊ ပွဲးစုံကျင်းသည်။။ နတ်မင်းသဘင် တူနိုးတည်း။ (၄)

(၅၁၇) ဌာယီဘာဝ၊ အကျဉ်းမျှဖြင့်၊ ပြခဲ့ ထင်စွာ၊ ထိုကိုးဖြာ၏့၊ အင်္ဂါ ခြံရံ၊ ဆက်ဆံ အတူ၊ ဖြစ်မြဲးဟူ၍့၊ ရှေးရှု အထူး၊ မကျူးလွန်ဘိ၊ ဖြစ်လေ့ယှိသား၊ ဗျဘိစာရ၊ ဤဘာဝလည်း၊ ပေါင်းစည်း တွက်ဘွဲ့၊ သုံးဆဲ့သုံးပါး၊ ပြား၏့ ခြင်းရာ၊ လက္ခဏာကို၊ လင်္ကာသရုပ်၊ ချုပ်၍့ တထွေ၊ ပြ-ညွှန်ပေအံ့၊ နိဗ္ဗေ ငြီးငွေ့၊ အောက်မေ့ ပျင်းရိ၊ အသိပညာ၊ ဣဿာ မိန်းမှိုင်၊ မအိပ်နိုင်ကျင်၊ အိပ်ချင် ဟန်လုပ်၊ စိတ် တုန်လှုပ်ဘိ၊ မျက်စိ မူး-ပြာ၊ ရောဂါ လျပ်ပေါ်၊ အိပ်ပျော် အားထုတ်၊ ကြမ်းကြုတ် နွမ်းနယ်၊ အားကွယ် *မာန်ကျန်း၊ ပင်ပန်း ရူး-တက်၊ သေ-ရှက် မိုက်မဲး၊ *ရောင့်ရဲး တည်ကြား၊ ယုံမှား အကြံ၊ သည်းမခံခြင်း၊ ကြည်ညိုခြင်းနှင့်၊ ယစ်ခြင်း *ထီးကျန်၊ ကျမ်းဂန် လာယှိ၊ ဗျာဘိစာရီ၊ မှတ် နည်းမှီလော့၊ ထိုပြီ တဝ၊ သာတွိကကား၊ ထမ္ဘမည်ငြား၊ နှစ်ပါး ကိုယ်-စိတ်၊ ခက်ကျိတ် တည်တံ့၊ ခိုင်မာ ခံ့၏၊ မကြံ့ မိန်းမော၊ နစ်မျော မေ့ထ၊ ပလယမည်ခြင်း၊ မွေးညှင်း ကြက်သီး၊ ဘီးဘီး ထကြွ၊ ရောပဉ္စတည့်၊ သေဒ ချွေးထွက်၊ မျက်ရည်စက်ကား၊ ခေါ်ငြား အဿု၊ ဝေပထု တုန်လှုပ်၊ ဆင်း-ရုပ် ဘောက်ပြန်၊ ဝေဝဏ္ဏိယ၊ မှတ်အပ်စွရှင့်၊ ဝိသရမည်၊ မကြည် သံပျက်၊ ဤရှစ်ချက်ဟု၊ ကျမ်းထွက်အလာ၊ အလင်္ကာနှိုက်၊ ဆရာ သင်္ဃရက်၊ မိန့်မြွက်ဆိုတိုင်း၊ မလှိုင်း မကျယ်၊ အကျဉ်းသွယ်သည်။။ ဝမ်းဝယ် မှတ်ရန် အကျိုးတည်း။ (၅)

(၆၁၈) ပဒ ဝါကျ၊ တဒတ္ထဟု၊ ဒေါသအပြား၊ သုံးပါးတို့တွင်၊ အ ကြင် အကြင်၊ လောကတွင်တိ၊ ဆန့်ကျင်ဘက်မျိုး၊ အဆိပ်မိုးဖြင့်၊ ကောင်းကျိုး ချမ်းသာ၊ ပေးတတ်စွာဟု၊ ဆိုရာ မဟုတ်၊ ဤပြယုဂ်ကား၊ ဝိရုဒ္ဓတ္ထန္တရ၊ ဒေါသ မည်ထူး၊ အပြစ် ကျူး၏၊ စုန်းကြူးပိုးရောင်၊ ဆယ်ရပ်ဘောင်ကို၊ ပြောင်ပြောင် ထွန်းတတ်၊ ဂုဏ် လွန်မြတ်၍့၊ အဓျတ္ထ၊ ဒေါသမည်စွာ၊ သဒ္ဒါ အနက်၊ သိခက်သမျှ၊ ကိလိဋ္ဌတည့်၊ ထိုမှ ကြံစိပ်၊ တောင်ထိပ် ကြာပေါက်၊ အနောက် နေထွက်၊ ဆိုချက်အရ၊ ဒေသ ကာလ၊ ကလာ စသား၊ ဉာယ အာဂုံ၊ လူ့ဘုံ နတ်ရွာ၊ သတ္တဝါလောက၊ ဟူသမျှနှင့်၊ သမ မယှိ၊ ဝိရောဓိဟူ၊ မှတ်လေမူလော့၊ ရောင်ဖြူ ဆယ်ရပ်၊ နှံ့စပ် ထွန်းပြောင်၊ ဆိုသော့ယောင်သို့၊ ဆောင်၍့ပြောမှ၊ သိပြန်ရသော်၊ နေယျဒေါသ၊ ဟူတုံကြ၏၊ သမ္ဘဝနက်၊ ဗျဘိနက်ဖြင့်၊ ရောယှက်တုံမျှို့၊ မည်သို့ မသိ၊ ထူး မယှိသား၊ မျက်စိ ပြူးပြူး၊ မိန်းမူး တည့်တည့်၊ စိမ်းစိမ်းကြည့်ဟု၊ ဆိုသည့်အရာ၊ ဝိသေသနာပေက္ခ၊ ပုဒ်ဒေါသတည့်၊ ထိုမှ တလှစ်၊ ပုဒ် ဝိသေသ်ကို၊ နွမ်းညစ်တတ်စေ၊ ပုဒ်-ဝိသေ မြင့်၊ ကြက်သရေ တန်းခိုး၊ ညှိုးယုတ် မပြောင်၊ ပိုးစုန်းရောင်ကို၊ ကုန်အောင် ပယ်ရှင်း၊ ထွန်းနိုင် လင်းသား၊ နေမင်း ပြဘင်၊ ဟူသောသွင်သို့၊ ဆိုကျင် ဟီနတ်၊ ဒေါသ မှတ်လော့၊ နိပါတ် ဥပသာ၊ ပုဒ်ပြည့်ကာမျှ၊ နက် မရဘဲး၊ ပါထတုံလေ၊ ဝိသေ ဝိသေသ်၊ ထိုပုဒ် နှစ်ပင်၊ အပြစ် မလွတ်၊ ဖြစ်တုံလတ်ကြောင့်၊ အနတ္ထက၊ ခေါ်မှတ်ကြသည်။။ ပဒဒေါသ ရှစ်မျိုးတည်း။ (၆)

(၆၁၉) ထိုမှ တသွယ်၊ ဝါကျဝယ်ကား၊ ပရိယာယ် မဟုတ်၊ ဝေဝုစ်မဟူ၊ ရှေးမူ တသီး၊ ဆိုပြီးလျက်သာ၊ သဒ္ဒါ အနက်၊ နှစ်ချက် ထပ်ပို၊ တဘန် ဆိုသော်၊ ရေကို ပေးတတ်၊ ရေပေးနတ်တို့၊ ဧကတ် သမုတ်၊ ပုနရုတ်တည့်၊ အားထုတ် ဆိုချက်၊ အစဉ်ပျက်က၊ ဘဂ္ဂရီတိ၊ မည်ရှိ ခေါ်လင့်၊ မစပ်သင့်နှင့်၊ စပ်သင့်ပုဒ်ကို၊ နီး-ဝေးဆိုသော်၊ ထိုသည့်ဝါကျ၊ ဗျာကိဏ္ဏတည့်၊ ဂါမအလိုက်၊ အပျိုမိုက်ကား၊ မကြိုက် ငါ့ကို၊ ဘဲ့ကြောင့်ဆိုသို့၊ မချို မယဉ်၊ *နားချဉ် နားခါး၊ စကား ရုန့်ကြမ်း၊ ရွာသူ့တမ်းဖြင့်၊ မချမ်း နားဝယ်၊ နာဘွယ် မယှိ၊ ဆိုဘိတုံထ၊ လွန်ရိုးပြသား၊ ဂါမ္မဒေါသာ၊ မှတ်အပ်စွာ၏၊ ဖြတ်ရာ မဖြတ်၊ အာချာတ် နာမ်ပုဒ်၊ လေးလုံး ယုတ်တွင်၊ *ပြတ်တုတ် အလယ်၊ မပြုဘွယ်ရှင့်၊ အကယ်၍့တိ၊ ဖြတ်သည်ယှိက၊ ယတိဟီန၊ ဒေါသမည်စွာ၊ သင်္ဃာ တရား၊ ဘုရားဆိုချက်၊ အစဉ် ပျက်ကား၊ ဆက်ဆက် မှတ်ပြု၊ ကမစ္စုတည့်၊ မာတုဂါမ၊ သားမြတ်ပြလျှင်၊ မိုးဝအပြင်၊ ကောင်းကင် မဆံ့၊ ဟူလတ္တံ့ဟု၊ ခြီးအံ့ ရူးမူး၊ ဆိုထူး ဆိုချွန်၊ ဆိုလွန် ဆိုနှုတ်၊ အတိဝုတ်ဟု၊ သမုတ် လူ့ပြည်၊ ဒေါသမည်၏၊ နွားမသည်သား၊ မြက်စားဟူလျှင်း၊ ကင်းသည့် ပိဏ္ဍတ်၊ ဓိပ္ပါယ် ချွတ်အောင်၊ ဥမ္မတ်စကား၊ အရူးလားသို့၊ ဆိုငြားတုံလတ်၊ အပေတည်တည့်၊ ပေါက်လွှတ် တောသံ၊ လူရိုင်းသံသို့၊ ရွတ်သံ ပြင်းပြ၊ ဓနိတနှင့်၊ ဃောသအက္ခရာ၊ အပါ များက၊ ဗန္ဓဖရုသ်၊ ခေါ်သမုတ်၏၊ သုတ် လက္ခဏာ၊ ပြယုဂ်ပါလျှင်၊ လင်္ကာ ပိုင်းခြား၊ သံချို ကြားသည်။။ မှတ်သား ဝါကျ ပြစ်ကိုးတည်း။ (ရ)

(၆၂၀) ဝါကျအနက်၊ ဆိုစဉ် ဖျက်၍့၊ ယထာက္ကမ၊ မကျ စဉ်လာ၊ ဘာဝနာ ဒါန၊ သီလတရား၊ အကျိုးအားဖြင့်၊ ခံစား ရိပ်ငြိမ်၊ စည်းစိမ် ဥစ္စာ၊ နတ်ရွာ နိဗ္ဗာန်၊ ဆိုသော့ဟန်သို့၊ မမှန်အချက်၊ ကြောင်း-ကျိုး ပျက်က၊ အပက္ကမ၊ ဒေါသဝါကျတ်၊ ဟူ၍့ မှတ်လော့၊ မြတ်၏ ငါ့ကိုယ်၊ သူ့ထက်ပိုဟု၊ ကိုယ့်ကို ကိုယ်ရှင်၊ ခြီးမွမ်းကျင်နှင့်၊ သက်ပင် တပါး၊ စွန့်နိုင်ငြားလျက်၊ သား-သမီးကို၊ အလို မရဲး၊ စွန့်နိုင်ခဲးဟု၊ ချွတ်လွဲး ယွင်းဘောက်၊ ရှေ့-နောက် မညီ၊ ဤသည့်ဒေါသ၊ ဩစိတျတည့်၊ ဥပသဂ္ဂ၊ နိပါတနှင့်၊ သဗ္ဗနာမ် ဝိဘတ်၊ အစဉ် ချွတ်က၊ မည်မှတ် သညီ၊ ဘဂ္ဂရီရှင့်၊ ထို-ဤအနက်၊ နှစ်ချက် နှစ်သွယ်၊ ယုံမှားဘွယ်ဖြင့်၊ အကယ်သဘော၊ ဂေါပဒဿန၊ ဟူတုံထသို့၊ သံသယခေါ်၊ မလျော်စကား၊ မကြားစသာ၊ ကြမ်းကြုတ်စွာသား၊ ဆိုငှါ ခက်စွ၊ ထိုဒေါသကား၊ ဂါမ္မဟူပေ၊ ထွေထွေ ထိုမျှ၊ ပြစ်ဒေါသတို့၊ ဝါကျတွင်းမှာ၊ ရောယှက် ပါက၊ ဒုဋ္ဌာလင်္ကာရ၊ ဒေါသ ခေါ်ရိုး၊ ခြောက်မျိုး ဝါကျတ်၊ ဤသို့ မှတ်လော့၊ ကျမ်းမြတ် ရွှေစာ၊ ဤလင်္ကာကား၊ ရှစ်ဖြာ ပဒ၊ ကိုး ဝါကျနှင့်၊ ဝါကျတ္ထ ခြောက်၊ ပြစ်မျိုး ပျောက်၍့၊ မပြောက် *ပြစ်ဆာ၊ ကင်းစင်ကွာသည်။။ မဟာနဂ္ဃ အဘိုးတည်း။ (၈)

(၆၂၁) တပုံ သိလော့၊ သန္ဓိပုဒ်ရှက်၊ စပ်၍့ ဝှက်က၊ သိခက်လှစွာ၊ ထိုသဒ္ဒါကား၊ သမာဂတာ၊ သညာတွင်ညီ၊ ပဟေဠီတည့်၊ ထိုပြီ တမူ၊ အနက်တူငြား၊ သဒ္ဒါအားဖြင့်၊ ဝှက်ထားသည်မှာ၊ ဝဉ္စိတာမည်ပေး၊ အစပ် ဝေးမှု၊ ပြုသည့်အရာ၊ ဥက္ကန္တာခေါ်ထုံး၊ အသုံးနည်းစွာ၊ သဒ္ဒါ ပါဌ်-ပုဒ်၊ ဝှက် ဆိုထုတ်က၊ ပမုဿိတာ၊ ပစ္စယာဒေသ၊ စသည် အထား၊ မထင်ရှားအောင်၊ ဝှက်ငြား ဖရုသ်၊ ဝေဝုစ် ပရိယာယ်၊ သဒ္ဒါသွယ်၍့၊ ဖုံးကွယ် အတ္ထ၊ အမည်ပြသော်၊ သမာနသဒ္ဒါ၊ မှတ်တို့ရာ၏၊ များစွာ စဉ်လျက်၊ သမ္ဗန်နက်ဖြင့်၊ ဆက်၍့ တည်ယှိ၊ ပရိဟာရိနီ၊ ပဟေဠီဟူလစ်၊ ဤခုနစ်ကား၊ စင်စစ် မည်ရိုး၊ သဒ္ဒါမျိုးတည့်၊ ကြိုး၍့ မှတ်ယူ၊ သဒိသူအား၊ နက်တူထား၍့၊ တပါး လိုလို၊ ဝှက်ဆိုသမျှ၊ သမာနရူပါ၊ သင်္ချာအနက်၊ ယူပုံ ခက်က၊ သင်္ချာတမည်၊ တတည် မှတ်ရေး၊ ဂုဏ် ဂုဏေးနက်၊ တူလျက် မလွဲး၊ မျိုးကွဲးလက္ခဏာ၊ ခြင်းရာ တပါး၊ ဆိုငြား ဝှက်ဘိ၊ ပကပ္ပိတည့်၊ မသိစေငှါ၊ မည်သဒ္ဒါကို၊ ထွေရာ ဆန်းပြား၊ အနက်အားဖြင့်၊ များစွာ ကြံဘန်၊ ဆိုဝှက်ဟန်ကား၊ နာမန္တရိ၊ မည်ယှိ တချက်၊ အနက် သဒ္ဒါ၊ တူလှစွာကြောင့်၊ မလိုရာနက်၊ ပယ်လျက် ပြကာ၊ နိဘူတာ သမိုက်၊ တိုက်ရိုက်ပြလျက်၊ အနက်တပါး၊ ထင်မှားသည်မှာ၊ သံမုဠှာမည်မှတ်၊ သမာသ် ရှေ့ပုဒ်၊ ပယ်နုတ် ဝှက်လစ်၊ ဧကစ္ဆန္နာ၊ နှစ်ဖြာ ပုဒ်လုံး၊ ဝှက်ဖုံး ကွယ်ထ၊ ခြင်းရာမျှဖြင့်၊ ပြ၍့ ဆိုရာ၊ သညာ စင်စစ်၊ ဥဘယစ်ရှင့်၊ နှစ်သုံး လေး-ငါး၊ ရောငြား ပဟေ၊ ဝှက်လေသော့ခါ၊ သံကိဏ္ဏာမည်၊ ဤသည် ရှစ်မျိုး၊ အနက်ရိုးတည့်၊ ကိုးနှင့် ခုနစ်၊ ပေါင်းလစ်တုံမြောက်၊ ဆဲ့ခြောက် အညီ၊ ပဟေဠီသည်။။ နည်းမှီ မှတ်ယူ လက်ချိုးတည်း။ (၉)

(၆၂၂) တနည်း မှတ်လော့၊ ပြလတ်ပိမ့်ငှါ၊ ဤအခါတည့်၊ ကဗျာ ရတု၊ ဆိုမှု စီကုံး၊ အစဉ် ထုံးကား၊ သုံးပုဒ်လုံးမူ၊ အတူ ချီ-ချ၊ ယှိက မည်မှန်း၊ ထူးဆန်း ထွေလာ၊ ဟုခရာနှင့်၊ ချပါ အကဲ့၊ အညွန့် *မဲ့ဟူ၊ တမူ နာမ၊ ထင်းမီးစတည့်၊ ချီ-ချ သုံးလီ၊ မညီ *ကျီးကျူး၊ ကက္ကူဆူးဟု၊ အထူး မှတ်လေ၊ သဝေ အသတ်၊ သတ် မသတ်မျိုး၊ စာကျိုးခေါ်ကြ၊ ငည-တ-ပ၊ န-မ နှစ်ရပ်၊ သံတူ စပ်သော်၊ ပညပ် ခေါ်ထုံး၊ စာတုံးမည်ရ၊ အန္တ မမှန်၊ ကာရန် မတူ၊ စာဆန်းဟူ၏၊ သရူ သဝဏ်၊ ထပ်ဟန် မလွဲး၊ အသတ် လဲး၍့၊ လှီးလွဲး တသွယ်၊ ဘီလူးရယ်တည့်၊ သူငယ် မလိမ္မာ၊ ဘွယ်ရာ မယှိ၊ ဆိုဘိသော့လား၊ စကား မည်ကာ၊ မစပ်ရာသား၊ လက္ခဏာ ခုနစ်၊ စင်စစ် မှတ်ဘိ၊ အမြဲး သိလော့၊ သတ်ယှိ ချလျှင်၊ ညွန့်ရှင်ဟူလတ်၊ သတ်*မဲ့တုံလျှင်း၊ ချီ-ချခြင်းကို၊ ပေါက်ပြ ဆို၏၊ ထိုမှ တဖြာ၊ ၍့ခရာလျှင်၊ မပါ ချ-ချီ၊ သညီ ငုံဖူး၊ အထူး မှန်မော၊ သတ်ရော၍့ပါ၊ ချီ-ချရာကား၊ သညာ မှတ်ဘွယ်၊ ပုလဲးသွယ်ရှင့်၊ ရှေးဝယ် *မဆွ၊ ပုဒ်အစ၏့၊ ဒု-တ အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပါယတ္ထ၊ ချီတုံကမူ၊ နာမသညီ၊ လည်ကုပ်ချီတည့်၊ ထိုပြီ တဝ၊ ရှေးပုဒ်ချနှိုက်၊ ပါထ ခရာ၊ အဓိပ္ပါဖြင့်၊ ယူကာ ချီမြောက်၊ အဖျားကောက်တည့်၊ ထို့နောက် သမုတ်၊ ချီပုဒ်ကို ချ၊ ချပုဒ်တိုင်း ချီ၊ ဤသို့စီမူ၊ စမ္ပါယ်ချီ စမ္ပါယ်ချ၊ အချပုဒ်နှင့်၊ ကာရန် သင့်အောင်၊ ချီလင့်တုံထ၊ မြင်းဆက်ခွတည့်၊ ရှေးက ဉာဏဝန်၊ ဆရာ*မွန်တို့၊ နည်းညွှန် မှတ်ဘွယ်၊ မိန့်ခဲ့သွယ်တိုင်း၊ မကျယ် မကျဉ်း၊ လင်္ကာ ချဉ်းသည်။။ ရွှေမျဉ်း ရွှေတံ ရွှေကြိုးတည်း။ (၁၀)

(၆၂၃) က-စ-တ-ယ၊ ပ-ရ-မတို့၊ သတ္တ ဗျဉ္ဇနာ၊ ချ-ချီရာလည်း၊ မည်သာ တတန်၊ ရွှေလောင်းပြန်ရှင့်၊ မှတ်ရန် တမူ၊ သတ်တူ သံတူ၊ ကာရန်တူ ချ၊ လ၏့ မည်ဆောင်၊ သောတာရောင်တည့်၊ ထို့နောင် တပါး၊ ခြား၍့ မှတ်ကြ၊ က-တ-ထဖြင့်၊ ချသည့် တမည်၊ နေရောင်ခြည်ပြေး၊ တရေး ညွန့်လန်း၊ ခေါ်မှန်း စဉ်ဆက်၊ သက်သက် ဝဏ္ဏ၊ ဧက ဒွယာ၊ အကြားပါလတ်၊ သတ်*မဲ့အက္ခရာ၊ ချတုံပါသော်၊ တွင်ခေါ် မြဲးသိပ်၊ ဖျောက်ဆိပ် လ,လယ်၊ တသွယ် မည်မှတ်၊ မသတ် နည်းငြား၊ အသတ် များတုံ၊ စာညွန့်ဟုံတည့်၊ မှတ်ပုံ အဆုံး၊ ခုနစ်လုံး ချ၊ ဟူသမျှကား၊ နာမ ပညတ်၊ ခိုင်ညွတ်ခက်ဖြာ၊ နဝါ ချဘိ၊ မဏိဆံကျင်၊ ထိုပြင် တဆစ်၊ ဆဲ့တစ် ချမှာ၊ အာသာဝတီ၊ ဆဲ့ငါးပြီမူ၊ မှတ်ယူ မည်ယှိ၊ မဏိဥပြည်း၊ တနည်း ထိုမှ၊ ဆဲ့ကိုး ချမှာ၊ ဇောတခိုင်လုံး၊ ချထုံး တလီ၊ ပဉ္စဝီကား၊ တွင်ညီ မည်မှတ်၊ မပြတ် ကေသာ၊ ပဉ္စာတိံသ၊ နာမ မည်ပြု၊ ဇမ္ဗူ့သပြေ၊ ထို့ထက်ထွေ၍့၊ ချစေ လင်္ကာ၊ ထုံး မလာတည့်၊ နည်းနာ လက်ယှိ၊ အရိုး သိလော့၊ ကဝိကဏ္ဌ၊ ပါသ ခေါ်ညွှန်း၊ နန်းစဉ် ထွန်းသည်။။ *မော်ကွန်း ရွှေပွင့် တင်ထိုးတည်း။ (၁၁)

(၆၂၄) မှတ်ကြောင်း သိစိမ့်၊ ပဏ္ဍိ ကဝိန်၊ သုခမိန်တို့၊ ပညိန္ဒြိယ၊ သတိ စသား၊ ကုသလဇော၊ ယောနိသောဖြင့်၊ သဘော ကြည်ဖြူ၊ ဖတ် နာမူလော့၊ ဖတ်သူ နာသား၊ ယောက်ျား မိန်းမ၊ ဝဒန္တနှင့်၊ သုဏန္တဆို၊ နှစ်ပါး ထိုတွင်၊ ပုဂ္ဂိုလ် ဝဒန်၊ ဖြစ်ရိုးမှန်ကား၊ *လက်မွန် ဆတ်ဆတ်၊ ပရမတ်ဖြင့်၊ ပညတ် တဇ္ဇာ၊ ဥပါဒါ သမူဟ၊ သန္တာနနှင့်၊ အတ္ထသင်္ကေတ၊ သဒ္ဒပညတ်၊ မှတ်၍့ ဦးစွာ၊ မနောဒွါက၊ ကာမာဝစရ၊ ကုသလဇောစစ်၊ ချက် ခုနစ်နှင့်၊ တူဖြစ် ဝစီ၊ ဝိညတ် မှီ၍့၊ မြွက်ချီ သဒ္ဒ၊ ဒသ ကလာပ်၊ ထိုကလာပ်မှ၊ ဓာတ်တေဇကား၊ သဒ္ဒနဝက၊ ဥတုဇကို၊ ဆင့်ထ ထပ်ထပ်၊ ဖြစ်စေအပ်လျက်၊ ကလာပ် ထိုတွင်၊ ပါကျင် အညီ၊ ပထဝီနှင့်၊ ငါးလီ ဌာန်မှ၊ ကမ္မဇမည်မှတ်၊ ဖြစ်ပေါ်လတ်သည့်၊ မြေဓာတ် နှစ်ပါး၊ ထိခိုက်ငြား၍့၊ နား၏့ ဝိသယ၊ ရုပ် သဒ္ဒတို့၊ ဖြစ်ကြ အသံ၊ ညိုးညိုးညံတည့်၊ ထိုအသံက၊ ပြန်ကာ ချသော်၊ သုဏန္တ နား၊ နာသူများ၏့၊ ကြားသော် ခဏ၊ သဒ္ဒပညတ်၊ မည်မှတ် နာမ၊ သင်္ကေတက၊ အတ္ထ စဉ်လျှောက်၊ တဇ္ဇာ ရောက်အောင်၊ ဉာဏ်လျောက်ပြန်၍့၊ သိစလေ့၏၊ သိမ့်မွေ့ လုံးစုံ၊ အာရုံ အာရမ္မဏိ၊ ပေါင်းညှိ စိတ်ဖြာ၊ အက္ခရာ တလုံး၊ နှစ်-သုံး-လေးချက်၊ ဝီထိ ဆက်၍့၊ အနက် သိမြဲး၊ ထပ် မ*စဲးဖြင့်၊ ကြားဆဲး ကြားပြီး၊ ဆီမီး-ရေယဉ်၊ အစဉ်မပြတ်၊ စိတ္တုပ္ပါဒ်နှင့်၊ သံဓာတ် အက္ခရာ၊ လွန်ကာ ချုပ်ထ၊ ဤခြင်းတကား၊ အနိစ္စ ဒုက္ခ၊ အနတ္တချည်း၊ သိမ်းဆည်း ကုန်အောင်၊ တိမ်တောင် မီးခိုး၊ စက်သံမျိုးသို့၊ ကြောင်း-ကျိုး စပ်ကာ၊ ထင်လာ ပေါ်ငုပ်၊ နာမ်-ရုပ် သက်သက်၊ ဖြစ်-ချုပ်ပျက်ဟု၊ တိလက္ခဏာ၊ တင်၍့သာလျှင်၊ ဝိပဿနာဖြစ်ကြောင်း၊ ဖတ် နာကောင်းသည်။။ နတ်မောင်း ရွှေစည် ဆော်နှိုးတည်း။ (၁၂)

နယဒဿနနိဂုံး (၁၂)ပိုဒ် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း၊ ၁၅- သဗ္ဗနိဂမနိဂုံး

(၆၂၅) စရိယာပိဋက၊ ပဏ္ဏာသနှင့်၊ ဧကနိပါတ်၊ သုတ်-ဇာတ် သုံးမျိုး၊ အရင်း ကိုးမှ၊ ဟောရိုး ပါဠိ၊ စုံလင် ညှိလျက်၊ ဘွင့်ဘိ အဋ္ဌကထာ၊ ဋီကာ ထိုမျှ၊ ကျမ်းပေါင်း ပြသား၊ မဃဒေဝ၊ ဇာတက၏့၊ အစ အဆုံး၊ လင်္ကာ ကုံး၍့၊ နိဂုံးတိုင်အောင်၊ အပြီး ဆောင်သည်။။ စာစောင် ကျမ်းသစ် တုမရစ်တည်း။ (၁)

ဤသို့လျှင်တိ၊ ဤတွင် ရုံးပေါင်း၊ အကုန် ပေါင်း၍့၊ ဇာတ်ပေါင်း နိဂမ၊ ခဏ်း ဆုံးပြသည်။။ ဆဋ္ဌ လုံးစုံ ပြီး*ကုံလုံတည်း။

သဗ္ဗနိဂမနိဂုံး (၁)ပိုဒ် ပြီး၏၊
(အလုံးစုံ ဇာတ်ပေါင်းခဏ်း (၉၅)ပိုဒ်။)
ဆဋ္ဌပိုင်းကြီး ဤတွင် ပြီး၏၊

ဆဋ္ဌပိုင်း ၅- နိဂမခဏ်း၊ ၁၆- ကျမ်းပြုဆရာတော်ဘုရား နိဂုံး

(၁) မှတ်သားစေလို၊ သံပေါက်ဆို၊ နောင်ကို သိစေရာ။
(၂) အကြင် ငါသည်၊ မြို့ မန်လည်၊ စွဲးတည် သန္ဓိခါ။
(၃) တိ-သုည်-ဒွေး-ဧက်၊ သက္ကရာဇ်၊ ဘွားလစ် ထိုကောဇာ။ (၄) ဆဲ့နှစ်နှစ်တွင်း၊ ကျောင်း အပ်နှင်း၊ မပျင်း သင်-လေ့လာ။ (၅) ထိုနှစ်တွင်းဝယ်၊ သူငယ်ဘာဝ၊ သင်ထ မငြီး၊ ပရိတ်ကြီး၊ သင်ပြီး နှုတ်တက်စွာ။
(၆) ထို့နောက်ကာလ၊ ဉာဏ် မြော်ဆ၊
*မဆွ ထေရ်မြတ်စွာ။ (ရ) ဆယ်စောင် မည်မှတ်၊ နေမိဇာတ်၊ နိပါတ် ကျမ်းမဟာ။ (၈) သင်စေ ရှေးဦး၊ *ပကတူး၊ ဉာဏ်မြူး ရွှင်စိမ့်ငှါ။
(၉) ထိုဇာတ်တော်တွင်၊ ရှေးဦးထင်၊ ဗုဒ္ဓင် လောင်းရာဇာ။ (၁၀) မဃ စိုးမင်း၊ တောထွက်ခြင်း၊ ဝမ်းတွင်း ကြည်သဒ္ဓါ။ (၁၁) နှစ် နှစ်ဆယ်တွင်း၊ ကယ် မကြွင်း၊ သင်ခြင်း နေ့-ညဝါ။ (၁၂) သဒ္ဒါ ပရမတ်၊ နည်းစုံ တတ်၊ ပုဒ်-ဓာတ် သုတ်သင်ကာ။ (၁၃) သူငယ် သာမဏေ၊ ကျောင်းမှာပေ၊ အနေ မပျက်စွာ။ (၁၄) ပဉ္စင်းခံ၍့၊ ဆယ်ဝါစေ့၊ အောက်မေ့ ရှေးသဒ္ဓါ။
(၁၅) မဃစိုးဇာတ်၊ အဋ္ဌုပ္ပတ်၊ ထူးမြတ် ဤခြင်းရာ။
(၁၆) လင်္ကာ အထူး၊ ဘွဲ့ကာကျူး၊ ကျေးဇူး ဆပ်စိမ့်ငှါ။
(၁၇) ကြံစည် စိတ်က၊ ရေးစီစ၊ ကာလ ထိုအခါ။
(၁၈) ဘုရားကမ္မ၊ မှုကိစ္စ၊ ဖြစ်ထ ကြီးကျယ်စွာ။
(၁၉) ထိုကြောင့် လပ်လျား၊ ဖြတ်ကာ ထား၊ နှစ်များ ရှည်မြင့်ကြာ။ (၂၀) ဆ-ဆ-ဒွေး-ဧက်၊ သက္ကရာဇ်၊ ရောက်လစ် ပြန်သော့ခါ။ (၂၁) ရပြန် သတိ၊ အောက်မေ့မိ၊ ဆက်ဘိ ဘန်တခါ။
(၂၂) လောကဓမ္မ၊ ရာဇ သုံးမျိုး၊ စုံ ပြည့်ဖြိုး၊ နည်းရိုး မှတ်စရာ။ (၂၃) ရှေးဝေါဟာရ၊ ပေါရာဏနှင့်၊ ချီ-ချ မမှား၊ စပ် ခြောက်ပါး၊ ခွဲးထား သတ်စုံပါ။
(၂၄) မကြွင်းစေဘိ၊ စပ်ရိုး သိ၊ ကဝိ လက္ခဏာ။
(၂၅) ငါတို့ အရင်း၊ နွယ်သက်ဆင်း၊ တောတွင်း ကျော်ဆရာ။ (၂၆) စတုတ္ထမြောက်၊ ငါသို့ ရောက်၊ အထောက် ဝေးမကွာ။ (၂၇) ဆရာ ဆက်ဆက်၊ နွယ် ဆင်းသက်၊ မပျက် စဉ်အလာ။ (၂၈) စာပေ သင်မြဲး၊ မပြတ် စွဲး၊ နက်နဲး ကြံလေ့လာ။
(၂၉) နည်းနာ စုံညီ၊ ကျမ်း ဂမ္ဘီ၊ အဆီအနှစ်သာ။
(၃၀) နည်းမသိဘဲး၊ ပြစ်တင် ရဲး၊ စွပ်စွဲး မပြုရာ။
(၃၁) နည်းသိသသူ၊ လွန်ကြည်ဖြူ၊ မှတ်ယူ မငြီးရာ။
(၃၂) နည်းနာ ရကြောင်း၊ ရှင်-လူပေါင်း၊ နည်းကောင်း မှတ်ဘို့ရာ။ (၃၃) ဤစာ အဆုံး၊ ကမ္ပတ်ဖုံး၊ နိဂုံး နိဋ္ဌိတာ။

ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ပေးသနားတော်မူခဲ့သော စာပိုဒ်များ တလုံးမကျန် အလုံးစုံ ထည့်သွင်း ပုံနှိပ် လုပ်ဆောင်အပ်ပါသော မဟာသုတကာရီ မဃဒေဝလင်္ကာတော်သစ်ကြီး ပြီးဆုံးခြင်းသို့ ရောက်ပေသတည်း။
မန်လည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်း

ပိဋကတ္တယကောဝိဒ, ဘာသန္တရဆေက, ကဗျာ့ပါရဂူ ဖြစ်တော်မူသည့် မန်လည်ဆရာတော်ဘုရားကြီးသည်ကား အထက်မြန်မာပြည် မန်လည်မြို့ကြီးနှိုက် သစ်ကုန်သည်ကြီးများ အထက်မြန်မာပြည် မန်လည်မြို့ကြီးနှိုက် သစ်ကုန်သည်ကြီးများ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၁၂- ရက်၊ အင်္ဂါနေ့ ညဉ့် ၃- ချက်တီးနှိုက် ဘွားမြင်တော်မူခဲ့လေသည်။ သူ၏ ငယ်နာမည်မှာ 'မောင်မာ'ဖြစ်ပြီး သူ ၃- နှစ်အရွယ်တွင် ဝန်းသိုမြို့ တောင်ပေါ်ကျောင်းမှ ဘုန်းကြီး ဦးပန်းအောင်ထံနှိုက် မြန်မာစာကို သင်ယူခဲ့လေသည်။

ထိုသူငယ်သည် ကဝိလက္ခဏာ ဇာတိပါ၍ လာသည်နှင့် အသက် ၁၆-နှစ် မတိုင်မီကပင် ကဗျာ-လင်္ကာများကို အထူး ဝါသနာပါရှိသောကြောင့် ရှေးပညာရှိများ ရေးသားသော မြန်မာ ပျို့ကဗျာ-လင်္ကာများကို တစတစ ကြည့်ရှု လေ့လာပြီးလျှင် မိမိလည်း တတ်စွမ်းသမျှ လေးချိုး ဒွေးချိုး တေးထပ် စသည်များကို ရေးသားလေ့ ရှိခဲ့လေသည်။ ဇာတိရင်းက ကဗျာ ဝါသနာပါ၍့လာသော ဝသီဉာဏ်သည် ဤ'မဟာသုတကာရီ မဃဒေဝလင်္ကာသစ်'ကို ရေးသား ပြန့်နှံ့ခြင်းအားဖြင့် ကဗျာအရာနှိုက် ပါရဂူမြောက် ဖြစ်ကြောင်းကို အောင်လံ တံခွန် စိုက်ထူ၍့ ပြတော်မူ၏၊

အသက် ၁၅-နှစ် အရွယ်တွင် မိခင် ကွယ်လွန်ပြီးနောက် ၁၆-နှစ် အရွယ်တွင် ဝန်းသိုစော်ဘွား၏့ နောင်တော် ဘုန်းကြီးထံမှာပင် 'သျှင်ဇဝန' ဘွဲ့ခံကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ ထို့နောက် ၆-ဝါတိုင်တိုင် ကျမ်းဂန်များကို သင်ကြားတော်မူခဲ့ရာ ရဟန်းအဖြစ်သို့ မရောက်မီပင် တတ်မြောက်တော်မူလေသည်။ ၁၂၂၅-ခုနှစ်တွင် ပဉ္စင်းဖြစ်၍့ တဝါရ မြောက်တော်မူပြီးနောက် မူလ ရဟန်းခံခဲ့ရင်းဖြစ်သော သိမ်ကို ဝိနယကုက္ကုစ္စသဘောထားဖြင့် သံသယရှိပြန်သည်နှင့် ၁၂၂၅-ခုနှစ် တပေါင်းလပြည့်ကျော် ၅-ရက်နေ့တွင် မဲးဇာမြစ်အတွင်း ဥဒကုက္ခေပ နဒီသိမ်နှိုက် သံဃာတော် ဆယ်ပါးနှင့် တကွ ဒုတီယအကြိမ် ဥပသမ္ပဒကံအားဖြင့် ရဟန်းခံတော်မူပြန်လေသည်။ ဥပဇ္ဈာယ်ဆရာကား မန်လည်မြို့ အနောက်ဘက်တိုက် ဝါတော် ၆၀-ရှိ အသျှင်ဂုဏဝါမထေရ်မြတ်' ပေတည်း။

ပထမ ရဟန်းပြုစဉ်အခါက ရရှိသော ဝါကို မရေတွက်ဘဲး ဒုတီယ ရဟန်းခံတော်မူပြီးနောက် ၁၂၂၆-ခုနှစ်ဝါက စ၍့ အတည်ပြုကာ ရဟန်းဝါကို ရေတွက်တော်မူသည်။

ဒုတီယအကြိမ် ရဟန်းခံတော်မူပြီးနောက် ၃-ရက်မြောက်တွင် ကျေးဇူးရှင် ဖြစ်တော်မူသော 'အသျှင်နန္ဒမဉ္စူမထေရ်မြတ်'သည် ကွယ်လွန်တော်မူလေ၏၊

၁၂၂၈-ခုနှစ်၊ ၃-ဝါမြောက်တွင် မန္တလေးမြို့ အနောက်ပြင် ထီးလင်းတိုက်မှာ ဝါဆိုတော်မူ၍့ မန်လည်မြို့ဝန် မင်းထင်မင်းလှသမန္တရာဇာ'က ကိုးကွယ် လှူဒါန်းသော ပိဋကတ်တော်များကို ကြီးကြပ် ကူးယူ ရေးသားတော်မူသည်။

ထိုနောက် မန်လည်မြို့နေရင်း လေးထပ်ကျောင်းသို့ ပြန်လည်တော်မူပြီးလျှင် ခိုဝင် လာရောက်ကြသော စာသင်သားတို့အား စာပေ သင်ကြား ပို့ချ၍့ အားလပ်သောအခါမှာလည်း ကျမ်းဂန်များကို ရေးသားတော်မူလေသည်။

ဉာဏ်မီး တောက်စ ရဟန်း ၁၀-ဝါအရတွင် ဤမဃဒေဝလင်္ကာသစ်ကို စ၍့ ရေးသားတော်မူခဲ့ရာ များပြားလှသော သာသနာရေးကိစ္စများကိုလည်း တဖက်မှ ဆောင်ရွက်နေရသဖြင့် သာသနာရေးကိစ္စများကိုလည်း တဖက်မှ ဆောင်ရွက်နေရသဖြင့် ခုနှစ်နှိုက် ဆက်လက်၍့ ရေးသားခဲ့ပြန်ရာ ၁၂၆၆-ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄-ရက်၊ သောကြာနေ့ ည ၈-နာရီအချိန်တွင် တော်သလင်းလပြည့်ကျော် ၁၄-ရက်၊ သောကြာနေ့ ည ၈-နာရီအချိန်တွင် ခုနှစ်တွင် မိုးကုတ်မြို့သို့ သာသနာပြု ကြွတော်မူ၏၊ ၁၂၇၄-ခုနှစ်တွင် သီပေါမြို့ မဟာရာဇာ စော်ဘွားကြီး ပင့်လျှောက်၍့ သာသနာပြု သီပေါမြို့ မဟာရာဇာ စော်ဘွားကြီး ပင့်လျှောက်၍့ သာသနာပြု ရက်နေ့တွင် အင်္ဂလိပ်အစိုးရတို့ လှူဒါန်းသော အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်'ကို ခံယူတော်မူသည်။ ၁၂၈၁-ခုနှစ်နှိုက် ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရားအတွက် အင်းတော်မြို့ သစ်တောဝန်ထောက်ကြီး ဦးဘိုးသင်း ခေါင်းဆောင်ပြုပြီး အထူးမီးရထားဖြင့် စစ်ကိုင်းမြို့သို့ ကြွချီပြီးမှ တဆင့် ဧရာဝတီရေလမ်းခရီးဖြင့် ပခုက္ကူ, ပြည်, ဇလွန်, ဟင်္သတ, ပုသိမ်, ရန်ကုန်မြို့များသို့ ကြွရောက်၍့ သာသနာပြုတော်မူသည်။ ၁၂၈၂-ခုနှစ်၊ တပေါင်းလတွင် ရန်ကုန်မြို့ ပုဇွန်တောင် ညောင်ကုန်းတိုက်နှိုက် တရားဓမ္မ ဟောပြပြီးခါ အထက် အညာ မန်လည်မြို့သို့ ပြန်လည် ရောက်ရှိတော်မူ၏၊

၁၂၈၂-ခုနှစ်၊ တော်သလင်းလဆန်း ၁၂-ရက်၊ သောကြာနေ့ ညနေ ၃-နာရီတွင် ပျံလွန်တော်မူလေသည်။ ထိုမန်လည်ဆရာတော်ဘုရားကြီးသည် ဗင်္ဂလီ နာဂရီ, သီဟိုဠ်, မာဂဓီ စသော ဘာသန္တရကျမ်းများကိုလည်း တတ်မြောက်တော်မူ၏၊ ဗေဒင်ကျမ်းပေါင်း များစွာတို့နှင့် တကွ တတ်သင့် တတ်ထိုက်သော ပညာ ဗဟုဿုတ သိပ္ပါယတနများကိုလည်း တတ်ကျွမ်းတော်မူ၏၊ မကာရလောပတဆူ ဖြစ်ကြီး ဖြစ်တော်မူသော တောင်တွင်းကြီးဆရာတော် ခင်ကြီးဖျော်မှ ဆက်နွယ်၍့ လာသောကြောင့် အရာရာတွင် ပါရဂူမြောက် ဆိုလောက်ဘွယ် တတ်ကျွမ်းတော်မူ၏၊

အရာရာတွင် ပါရဂူမြောက် ဆိုလောက်ဘွယ် တတ်ကျွမ်းတော်မူ၏၊

တောင်တွင်းဆရာတော် ခင်ကြီးဖျော်၊ ၂-ဦးဇိန၊ ၃-ဦးပညာ၊ ၄-ဦးနန္ဒမဉ္ဇူ၊ ၅-ယခု မန်လည်ဆရာတော်ဘုရားကြီးဖြစ်၍့ တောင်တွင်းဆရာတော်မှ ရေတွက်လျှင် ငါးဆင့်မြောက် ကျတော်မူ၏၊ ဦးဇိနမှ စ၍့ ယခု ဆရာတော်ကြီး တိုင်အောင် ဆရာတော်ကြီး လေးပါးတို့သည် ယခု မန်လည်ကျောင်းတိုက်ကြီးအတွင်းမှာ အစဉ် သီတင်သုံးတော်မူကြသော ပုဂ္ဂိုလ်မြတ်ကြီးများ ဖြစ်ကြလေသည်။ တောင်တွင်းဆရာတော်၏ တပည့်ရင်း ဦးဇိနမှ စ၍့ ဆက်လက်သည်ရှိသော် ယခု ဆရာတော်ဘုရားကြီးသည် စတုတ္ထ လေးဆက်မြောက် ဖြစ်တော်မူ၏၊ ဤစတုတ္ထမြောက်ကို ရည်တော်မူ၍့ မဃဒေဝလင်္ကာသစ် နိဂုံးတွင် -

မှတ်စိမ့် သေချာ၊ အကြင် ငါကား၊ မကာရလောပ၊ အံ့ခြီးကြလျက်၊ ဉာဏဝရဇိန်၊ တောက်ထိန် ပြောင်ဝင်း၊ အခေါင်ချင်းသည့်၊ တောင်တွင်းအကျော်၊ ဆရာတော်၏့၊ အာဘော် နည်းယူ၊ တံခွန်ထူသား၊ တဆူ လက်တွင်း၊ တပည့်ရင်းမှ၊ သက်ဆင်း နွယ်လာ၊ ထေရာဝံသ၊ ပဒီပဖြင့်၊ စတုတ္ထမြောက်၊ ရောက်ခဲ့တုံပြီး၊''ဟူ၍့၄င်း၊ ''ငါတို့အရင်း၊ နွယ်သက်ဆင်း၊ တောင်တွင်း ကျော်ဆရာ။ စတုတ္ထမြောက်၊ ငါသို့ရောက်၊ အထောက် ဝေး-မကွာ''ဟူ၍့၄င်း၊ ဆရာတော်ဘုရားကြီး ကိုယ်တိုင် စပ်ဆိုတော်မူခဲ့လေသည်။

ထိုမန်လည်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော ဤ'မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီး'သည် ထုံးတီး နည်းနာ၊ အဖြာဖြာနှင့်၊ ဥပမာ ဥပမေယျ စသည် စုံလင်၊ ပုံပြင် ဝတ္ထု အစုစုတို့ဖြင့် တန်းဆာဆင်ကာ များစွာသော ဇာတ်-နိပါတ်-ရာဇဝင်, ဆေးကျမ်း, ဓာတ်ကျမ်း, နက္ခတ်ကျမ်း, ဗေဒင်ကျမ်း စသော လောကီ လောကုတ္တရာ ဗဟုဿုတ အနှစ်သာရတို့နှင့် ပြည်ဝ စုံလင်သည်ဖြစ်ရကား ထို'မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီး'ကို ပါဠိဆရာ ဦးဖြေ တည်းဖြဋ် ပြင်ဆင်လျက် ကျွနု်ပ်တို့ ပြည်ကြီးမဏ္ဍိုင်ပိဋကတ်ပုံနှိပ်တိုက်'တွင် စက်တင် ပုံနှိပ် လုပ်ဆောင်အပ်ပါသတည်း။

၂၄၂၃၂၇၇

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ