Skip to main content

သုခမှတ်စု

ကာမ ၂-မျိုး

(ပရမတ္ထသံခိပ်ဋီကာ)
(၁)ဝတ္ထုကာမ= အဝတ်အစား အိပ်ရာ နေရာ စသည်၌ ဖြစ်သော ကာမ၊
(၂) ကိလေသာ ကာမ= တဏှာရာဂနှင့် စပ်၍ဖြစ်သောကာမ၊ ♦သုခမှတ်စု

ကိန်း ၂-မျိုး

မြန်မာသဒ္ဒါ။
(၁) ဧကဝုစ်ကိန်း =ဧက+ဝစနေ= တစ်တည်းသော အရေအတွက် စကား
(၂) ဗဟုဝုစ်ကိန်း=ဗဟု+ဝစနေ= တစ်ခုထက်ပိုသော အရေအတွက်၊ ♦သုခမှတ်စု

ကမ္ဘာ ၂-မျိုး

ဗုဒ္ဓဝင်။
(၁) သုည ကမ္ဘာ = ဘုရားတစ်ဆူမျှ မပွင့်သောကမ္ဘာ၊
(၂) အသုည ကမ္ဘာ= ဘုရားပွင့်သော ကမ္ဘာ၊ ♦သုခမှတ်စု

ခြေဆေးအင်းပျဉ်လှူရသော အကျိုး ၂-ပါး

(၁) ဆင်ယာဉ်, မြင်း ယာဉ်စသော များသော ယာဉ်တို့ကိုရခြင်း၊
(၂) ကျွန်, သား, မယား အစရှိသည်တို့ ကောင်းစွာလုပ်ကျွေးခြင်း၊ ♦သုခမှတ်စု

ခြင်္သေ့ကဲ့သို့ ကျင့်ရသူ ၂-ယောက်

ခြင်္သေ့မင်းသည် မကြောက်မရွံ့ သတ္တဝါကြီးငယ် ဖမ်းယူသကဲ့သို့ ကျင့်ရာ၏၊
(၁) ပြည့်ရှင်မင်း၊
(၂) တရားသူကြီး၊ ♦သုခမှတ်စု

စစ်ကပ်ခြင်း ၂-ပါး

(၁) စန္ဒကဗျူဟာ= လမင်းပုံ စစ်ကပ်ခြင်း၊ ၎င်းမှာ- လမင်းကို ကြယ်နက္ခတ်ခြံရံသကဲ့သို့ မင်းသည် အလယ်က နေ၍ စစ်သည်ဗိုလ်ပါ အများက ပတ်လည်ဝန်းရံလျက် ရန်သူ့စစ်အပါးသို့ ကပ်ခြင်း၊
(၂) ပဘင်္ကရ ဗျူဟာ= နေမင်းပုံ စစ်ကပ်ခြင်း၊ ၎င်းမှာ နေမင်းကဲ့သို့ မင်းသည်ရှေ့တည့်တည့်မှ နေလျက် စစ်သည်ဗိုလ်ပါက နောက်မှလိုက်ကာ ရန်သူစစ်အပါးသို့ ကပ်ခြင်း၊ ♦သုခမှတ်စု

ဆည်းဆာအချိန် ၂-ပါး

(၁) နံနက်ဆည်းဆာ= နေထက်ဝက်ထွက်သော အချိန်၊
(၂) ညနေဆည်းဆာ= နေထက်ဝက်ဝင်သောအချိန်၊ ♦သုခမှတ်စု

ဉာတိဓနက္ကိတ ဆွေမျိုး ၂-ပါး

(၁) ဘေးဆုံဉာတိ= အမွေဆိုင်ဆွေမျိုး၊
(၂) ဘေးမဆုံဉာတိ= အမွေမဆိုင်ဆွေမျိုး၊ ♦သုခမှတ်စု

ဉာဏ် ၂-မျိုး

(၁) သုတမယဉာဏ်= ကြားနာဖတ်ရှုခဲ့သောကြောင့် သိရှိသော သညာသိ၊
(၂) စိန္တာမယဉာဏ်= မိမိစိတ်နှလုံးနှင့် တွေးဆကြံယူ ကိုယ်တွေ့ရသောပညာသိ၊ ♦သုခမှတ်စု

ထေနဒါသကျွန် ၂-ပါး

(၁) ခိုးပြစ်လျော်ကြေးကို မလျော်နိုင်၍ အမှုရှင်ထံ ကျွန်ဖြစ်ခံရသူ၊
(၂) ခိုးပြစ်လျော်ရန် အခြားသူထံ ငွေချေးယူ၍ အမှုရှင်အား ပေးပြီး နောက် ငွေရှင်ထံ ကျွန်ဖြစ်ခံရသောသူ၊ ♦သုခမှတ်စု

ဒါန ၂-မျိုး

ဒါနဖလုပ္ပတ္တိ။
(၁) ဝဋ္ဋနိဿိတဒါန= လူ့စည်းစိမ် နတ်စည်းစိမ်တို့၏ အကျိုးကို လိုလား၍ သံသရာ ဘဝ ဘဝတို့၌ ခံစားလို၍ ပေးလှူခြင်း၊
(၂) ဝိဝဋ္ဋနိဿိတဒါန= အထက်ကဲ့သို့ မဟုတ်ဘဲ နိဗ္ဗာန်ကိုသာ အာရုံပြု၍ ပေးလှူခြင်း၊ (၎င်းသာလျှင် ပါရမီ မည်၏)၊ ♦သုခမှတ်စု

ဒေဝဓံတရား ၂-ပါး

ဓမ္မပဒ။
(၁) ဟီရိသြတ္တပ္ပ= အရှက် အကြောက်ရှိခြင်း၊
(၂) သကုရဓမ္မသမာဟိတ= ကုသိုလ်တရားကို ဆောက်တည်ခြင်း၊ (တစ်နည်း)
(၁) ဟီရိ= မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊
(၂) သြတ္တပ္ပ= မကောင်းမှုပြုရမည်ကို ကြောက်ခြင်း၊ ♦သုခမှတ်စု

ဓူရ ၂-ပါး

ဓမ္မပဒ။ (ရဟန်းတော်များဆောင်ရွက်ရန် တာဝန် ၂ ခု)
(၁) ဂန္ဓဓူရ= ကျမ်းဂန် စာပေသင်ကြားခြင်း၊
(၂) ဝိပဿနာဓူရ= ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၊ ♦သုခမှတ်စု

ဓာတ်တော် ၂-ပါး

(၁) အသမ္ဘိန္နဓာတ်တော်= စွယ်တော် လေးချောင်း၊ ညှပ်ရိုးတော် ၂-ဖက်၊ နဖူးသင်းကျစ်တော်၊ ၎င်းခုနစ်ပါးတို့ကား ပေထက်၌တင်၍ ထုနှက် သော်လည်း မကွဲချေ၊
(၂) သမ္ဘိန္နဓာတ်တော်= ၄င်းမှ ကြွင်းသော ဓာတ်တော်များ၊ ရှစ်စရွတ်ရှိ၏၊ (တစ်ဆယ့်ခြောက်ကွမ်းစားရှိ၏၊) ♦သုခမှတ်စု

နို့ဓမ်းလှူသော အကျိုး ၂-ပါး

(၁) အိုခြင်း,နာခြင်း,သေခြင်းကင်းရာ အမတ ရသာကို ခံစားရခြင်း၊
(၂) ကာယဂတာသတိကမ္မဋ္ဌာန်းအရသာကို ခံစားရခြင်း၊ ♦သုခမှတ်စု

နစ္စဂီတသိက္ခာပုဒ် ကံ အင်္ဂါ ၂-ပါး

(၁) က,ခြင်းစသည်တို့တွင်တစ်ပါးပါးလည်း ဖြစ်စေ၊
(၂) မိမိကိုယ်တိုင် က,ခြင်း၊ တစ်ပါးသူကို က,စေခြင်း စသည်တို့တွင် တစ်ပါးပါးလည်းဖြစ်စေ၊ ♦သုခမှတ်စု

ပညတ် ၂-ပါး

(၁) ဃနပညတ်=အတောင့်အခဲ အတုံးအလုံးဟု ထင်ကြရသော ခေါ်ဝေါ်ကြသည့် သဘော၊
(၂) ဇီဝပညတ်= အသက်ရှိသော အရှင်ကောင်ဟု ထင်ကြရသော ခေါ်ဝေါ်ကြသည့် သဘော၊ ♦သုခမှတ်စု

ပြိတ္တာ ၂-မျိုး

(၁) နိဇ္ဈာမတဏှိက ပြိတ္တာ=သစ်ခေါင်းတွင်း၌ လောင်သောမီးကဲ့သို့ ကိုယ်တွင်း၌ မီးလျှံပြောင်စွာ လောင်သော ပြိတ္တာ၊
(၂) ခုပ္ပိပါသိကပြိတ္တ= အရာမကသော ဘုရားတို့၏အကြား ကာလပတ်လုံး မွတ်သိပ်ခြင်းခံရသော ပြိတ္တာ၊ ♦သုခမှတ်စု

ဗျာပါဒကံ၏ အင်္ဂါ ၂-ပါး

ပရမတ္ထ သရူပ အနုဝဏ္ဏနာ။
(၁) အခြားသောသတ္တဝါ ဖြစ်ခြင်း၊
(၂) ထိုသတ္တဝါ၏ ပျက်စီးခြင်းကို ကြံခြင်း၊ ♦သုခမှတ်စု

ဘဝ ၂-ပါး

(၁) ပစ္စုပ္ပန်ဘဝ=ယခုမျက်မှောက်ဘဝ၊
(၂) သံသရာဘဝ=နောင် ဖြစ်လတ္တံ့သော ဘဝ၊ ဘုရားလောင်းတို့၏ အဆုံးစွန်ကိုယ်တော်ဖွားရာ ♦သုခမှတ်စု

အမျိုး ၂-ပါး

ဗုဒ္ဓဝင်။
(၁) ခတ္တိယ ကုလ=မင်းမျိုး၊
(၂) ဗြဟ္မဏကုလ=ပုဏ္ဏားမျိုး၊ ♦သုခမှတ်စု

မုဒေါသကျွန် ၂-ပါး

(၁) နှုတ်ပြစ်လျော်ကြေးကို မလျော်နိုင်၍ အမှုရှင်ထံကျွန်ဖြစ်ခံရသူ၊
(၂) မုခပရဇန= နှုတ်ပြစ်လျော်ရန် အခြားသူထံ ငွေကိုချေးငှားယူ၍ အမှုရှင်ကို ပေးလျော်ပြီးနောက် ငွေရှင်ထံ ကျွန်ဖြစ်ခံရသောသူ၊ ♦သုခမှတ်စု

မေထုနဒါသကျွန် ၂-မျိုး

(၁) မေထုန်ပြစ်မှုကို မလျော်နိုင်၍ အမှုရှင်ထံ ကျွန်ဖြစ်ခြင်း၊
(၂) မေထုနပရဓန=မေထုန်မှုပြစ်ကိုလျော်ရန် အခြားသူထံငွေကို ချေးငှားယူ၍ အမှုရှင်ကို ပေးပြီးနောက် ငွေရှင်ထံ ကျွန်ဖြစ် ခံရသူ၊ ♦သုခမှတ်စု

မိုးကောင်းခြင်းနိမိတ် ၂-ပါး

ဣတိဝုတ်အဋ္ဌကထာ။
(၁) ငှက်တို့သည် သစ်ပင်ဖျား၌ အသိုက်ပြုခြင်း၊
(၂) ပုစွန်တို့သည် ရေစတွင် တွင်းဝမထား၊ ကုန်းတွင်း တွင်းဝပြုခြင်း၊ ♦သုခမှတ်စု

မိုးခေါင်ခြင်း နိမိတ် ၂-ပါး

ဣထိဝုတ်အဋ္ဌကထာ။
(၁) ငှက်တို့သည် သစ်ပင်နိမ့်၌ အသိုက်ပြုခြင်း၊
(၂) ပုစွန်တို့သည် ရေစတွင် တွင်းဝထားခြင်း၊ ♦သုခမှတ်စု

မိစ္ဆာဒိဋ္ဌိကံ အင်္ဂါ ၂-ပါး

ပရမတ္ထသရူပအနုဏ္ဏနာ။
(၁) အယူမမှန်သော တရားသဘောဖြစ်ခြင်း၊
(၂) ထိုအယူမမှန်သောသဘောကို မှန်၏ဟု မှတ်ယူ၍ ယုံကြည်သက်ဝင်ခြင်း၊ ♦သုခမှတ်စု

မုန်းသူ ၂-ဦး

အဋ္ဌိသေနဇာတ်။
(၁) တောင်းတတ်သောသူ၊
(၂) တောင်း၍ မပေးသူ၊ ရဟန်းတို့၌ အပ်သော ♦သုခမှတ်စု

သပိတ် ၂ လုံး

(၁) သံသပိတ်၊
(၂) မြေသပိတ်၊ ♦သုခမှတ်စု

လောကပါလတရား ၂-ပါး

ဒုက-အင်္ဂုတ္တိုရ်။
(၁) ဟီရိ= မကောင်းမှုကို ရှက်ခြင်း၊
(၂) သြတ္တပ္ပ= မကောင်းမှုကို ကြောက်ရွံ့ခြင်း၊ ♦သုခမှတ်စု

လက်ထပ်ခြင်း ၂-မျိုး

ပါရာဇိကဏ်အဋ္ဌကထာနိဿယ။
(၁) အာဝါဟ=ယောက်ျားကလေး၏အိမ်တွင် မင်္ဂလာဆောင်ခြင်း၊
(၂) ဝိပါဟ= မိန်းကလေး၏အိမ်တွင် မင်္ဂလာဆောင်ခြင်း၊ ♦သုခမှတ်စု

ဗျာဒိတ်ခံရာအင်္ဂါ ၂-ပါး

လက်ယာရံ လက်ဝဲရံဖြစ်ကုန်သော အဂ္ဂသာဝက၊ အသီတိသာဝက၊ ဘုရားသခင် မယ်တော်၊ ခမည်းတော်၊ အလုပ်အကျွေး၊ သားတော် ၎င်းတို့၏
(၁) စွန့်ကြဲခြင်း၊
(၂) ဆုကို လိုချင်သောဆန္ဒ အားကြီးခြင်း၊ ♦သုခမှတ်စု

လှူခြင်း ၂-မျိုးရ

ဒါနဖလုပ္ပတ္တိ။
(၁) ပုဂ္ဂလိကဒါန=အလှူခံပုဂ္ဂိုလ်ကို ရည်ညွှန်း၍ ပေးသော အလှူဒါန၊
(၂) သံဃိကဒါန=ပုဂ္ဂိုလ်မရွေး သံဃာတော်အပေါင်းကို ရည်ရွယ်၍ လှူသော ဒါန၊ ♦သုခမှတ်စု

ဝေဒနာ ၂-ပါး

(၁) သုခဝေဒနာ=ချမ်းသာသောခံစားမှု၊
(၂) ဒုက္ခဝေဒနာ= ဆင်းရဲသော ခံစားမှု၊ ♦သုခမှတ်စု

သရဏဂုံပျက်ရာသော အကြောင်း ၂-ပါး

(၁) မိစ္ဆာဒိဋ္ဌိအယူကို ပြောင်းယူခြင်း၊
(၂) သေဆုံးခြင်း၊ ♦သုခမှတ်စု

သံဃာတော် ၂-မျိုး

(၁) ပရမတ္ထသံဃာတေ်=မဂ်ဖိုလ်ရ နိဗ္ဗာန်ရောက်ရဟန်းတော်များ၊
(၂) သမ္မုတိသံဃာတော်=ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် ရွတ်ဖတ် သမုတ်အပ်သော ရဟန်းတော်များ၊ ♦သုခမှတ်စု

သမ္မပွလာပဝါစာ၏ကံ အင်္ဂါ ၂-ပါး

ပရမတ္ထသရူပအနုဝဏ္ဏနာ။
(၁) အကျိုးမရှိသောစကားကို ရှေးရှုခြင်း၊
(၂) ထိုသို့ သဘောရှိသော စကားကို ပြောဆိုခြင်း၊ ♦သုခမှတ်စု

သမ္ဗန္ဓ ၂-မျိုး

(၁) သမာနသမ္ဗန္ဓ= သဘောမတူသော ပုဒ်ဝါကျတို့ကိုဆက်စပ်ခြင်း၊
(၂) နိဿိတသမ္ဗန္ဓ= သဘောမတူသော ပုဒ်ဝါကျတို့ကို ဆက်စပ်ခြင်း၊ ♦သုခမှတ်စု

ဟတ္ထဒါသကျွန် ၂-ပါး

(၁) လက်ပြစ်လျော်ကြေးကို မလျော်နိုင်၍ အမှုရှင်ထံကျွန်ဖြစ်ခံရသောသူ၊
(၂) လက်ပြစ်လျော်ရန် အခြားသူထံ ငွေချေးယူ၍ အမှုရှင်အားပေးပြီးနောက် ငွေရှင်ထံ ကျွန်ဖြစ်ခံရသောသူ (ဟတ္ထပရဓန) ♦သုခမှတ်စု

အဉာတိဓနကိရတကျွန် ၂-ပါး

(၁) ဆွေမျိုးမတော်သူကို တန်ဖိုးနှင့်ဝယ်ကျွန်၊ ယောက်ျားဖြစ်အံ့ ကျွန်ဖိုး ၃၀ိ၊ မိန်းမ ဖြစ်အံ့ ၂၅ိ ပေး၍ ဝယ်ရသော ကျွန်၊
(၂) ဆွေမျိုးမတော်သူကို တန်ဖိုးအလွန်နှင့်ဝယ်ကျွန်၊ ယောက်ျား ၃၀ိ ထက်အလွန်၊ မိန်းမမှာ ၂၅ိ ထက် အလွန်ပေး၍ ဝယ်ရသော ကျွန်၊ ♦သုခမှတ်စု

အဗြဟ္မစရိယာသိက္ခာပုဒ်၏ကံ အင်္ဂါ ၂-ပါး

(၁) မှီဝဲလိုသော စိတ်ရှိသည်လည်း ဖြစ်စေ၊
(၂) မဂ်ဖြင့် မဂ်ကို ကျင့်ခြင်း၌ သာယာသည်လည်း ဖြစ်စေ၊ ♦သုခမှတ်စု

အဘိဇ္ဈာ၏ ကံ အင်္ဂါ ၂-ပါး

(၁) သူတစ်ပါး၏ ပစ္စည်းဥစ္စာ မှန်ခြင်း၊
(၂) မိမိဥစ္စာဖြစ်ရန် ရှေးရှု၍ ကြံခြင်း၊ ♦သုခမှတ်စု

ဥပရာဇာဘိသေက ၂-ပါး

(၁) ကနိဋ္ဌဥပရာဇာ= ညီတော်ကိုအိမ်ရှေ့ပေးခြင်း၊
(၂) ပုတ္တနတ္တာဒိဥပရာဇာ= သားကောင်မြေးတော်ကို အိမ်ရှေ့ပေးခြင်း၊ ♦သုခမှတ်စု

အဂ္ဂသာဝက မဟာသာဝကတို့၏ ဖွားရာ ၂-ပါး

(၁) ခတ္တိယ=မင်းမျိုး၊
(၂) ဗြာဟ္မဏ= ပုဏ္ဏားမျိုး၊ ♦သုခမှတ်စု

ဥစ္စာသယန မဟာသယန သိက္ခာပုဒ်ကံ အင်္ဂါ ၂-ပါး

(၁) မြင့်သောနေရာ မြတ်သောနေရာလည်း ဖြစ်စေ၊
(၂) ထိုနေရာ၌ ထိုင်သည် အိပ်သည်လည်း ဖြစ်စေ၊ ♦သုခမှတ်စု

အပ်လှူရသော အကျိုး ၂-ပါး

(၁) စိတ်၏ချမ်းသာခြင်းကို ရခြင်း၊
(၂) ဣရိယာပုတ် လေးပါးတို့၌ ချမ်းသာခြင်း၊ ♦သုခမှတ်စု

ဂန္ဓာရီဝိဇ္ဇာမျိုး ၂-ပါး

(၁) စူဠဂန္ဓာရီ-ဖုတ်ကြီး ၄၀၊ ကဝေ ၉၉ နှင့်တကွ ၃၇ မင်း၊ ကုမ္ဘဏ်, ယက္ခ, ဂန္ဓဗ္ဗ စသော အောက်နတ်ပုဂ္ဂိုလ်တို့ကို စွဲ၍ ပြုလုပ် စီရင်ကြသော အင်း, အိုင်, မန္တန်, ဂါထာ, မန္တရား, လက်ဖွဲ့, ခါးလှဲ့,မှော် စသော ပညာတတ်သူ မှော်ဆရာ၊ ပယောဂဆရာ၊ အောက်လမ်းဆရာ၊ အကြမ်း ဆရာ စသည်မျိုး၊
(၂) မဟာဂန္ဓာရီ=သူရဿတီမယ်တော်ကြီးမှစ၍ ဒေဝီ ၂၀၊ သာသနာစောင့် နတ်မင်းကြီး ငါးပါး၊ စတုလောကပါလ နတ်မင်းကြီး လေးပါး၊ ဘိုးတော် သိကြားမင်းမှစ၍ အထက်နတ်ဟူသမျှနှင့် ဝိဇ္ဇာ, ဇော်ဂျီ, တပဿီတို့၏ အဖြစ်၊ ၎င်းတို့နှင့် သက်ဆိုင်သော၊ ပတ်သက်၍ရသော သိဒ္ဓိအကျိုးရှိသူ ဟူသမျှကို ဆိုသည်၊ ကျမ်းဂန်များ၌၎င်းနှစ်စုသာ မူရင်းပြသည်၊ ♦သုခမှတ်စု

ကထာ ၃-ပါး

(၁) သံဝရာသံဝရကထာ= ဝိနည်းတရားမည်၏၊
(၂) ဒိဋ္ဌိဝိနိဝေဓနကထာ= သုတ်တရားမည်၏၊
(၃) နာမရူပပရိစ္ဆေဒကထာ= အဘိဓမ္မာတရား မည်၏၊ ♦သုခမှတ်စု

ကာမေသုမိစ္ဆစာရကံ မထိုက်သော မိန်းမ ၃-မျိုး

(၁) မိမိပိုင်သော မယား၊
(၂) ပိုင်သူ စောင့်ရှောက်သူတို့က အခွင့်ပေးထားသော မိန်းမ၊
(၃) ပိုင်သူ စောင့်ရှောက်သူ မရှိ လွှတ်ထားသော အရူးမ၊ ♦သုခမှတ်စု

ကာယကံ ၃-ပါး

(၁) ပါဏာတိပါတ= သူ၏ အသက်ကို သတ်ခြင်း၊
(၂) အဒိန္နာဒါန= သူ၏ဥစ္စာကို ခိုးယူခြင်း၊
(၃) ကာမေသုမိစ္ဆာစာရ= သူ၏ သားမယားကို မေထုန်မှီဝဲခြင်း၊ ♦သုခမှတ်စု

ကာလ ၃-ပါး

(၁) ပစ္စုပ္ပန်ကာလ= ယခုဖြစ်တုန်းဖြစ်ဆဲ အချိန်အခါ၊
(၂) အတိတ်ကာလ= လွန်ခဲ့ပြီးသော အချိန်အခါ၊
(၃) အနာဂတ်ကာလ= ဖြစ်လတ္တံ့ ဖြစ်အံ့သော အချိန်အခါ၊ ♦သုခမှတ်စု

ကိလေသာ ၃-မျိုး

(၁) ဝီတိက္ကမကိလေသာ=အာရုံငါးပါးကို နှစ်သက် တွယ်တာ၍ ကာယကံ, ဝစီကံ, မနောကံဖြင့် အလွန်အကျူးလိုက်စားခြင်းဖြင့် ကျူးလွန်ခြင်း၊
(၂) ပရိယုဋ္ဌာနကိလေသာ=အာရုံငါးပါးကိုတွေ့လျှင် နှစ်သက် လိုက်စားခြင်း၊
(၃) အနုသယကိလေသာ= အခါအခွင့်အားလျော်စွာ ပေါ်ပေါက် ဖောက်ပြန်တတ်သော ဖုံးအုပ်နေသည့် ကိလေသာ၊ ♦သုခမှတ်စု

ကိုယ်လုပ်တော် ၃-မျိုး

(၁) ဝတီဘွဲ့ခံ ကိုယ်လုပ်တော်ကြီး၊
(၂) သီရိဘွဲ့ခံ ကိုယ်လုပ်တော်လတ်၊
(၃) မင်းတပ်၍ခေါ်သည့်နှစ်လုံးသုံးလုံး ဘွဲ့ခံ ကိုယ်လုပ်တော်ငယ်များ၊ ♦သုခမှတ်စု

ကိုယ်ဝန်စွဲခြင်း အင်္ဂါ ၃-ပါး

ကဝိလက္ခဏဒီပနီ။
(၁) မိဘနှစ်ပါး၏ စည်း ဝေးခြင်း၊
(၂) သတ္တဝါ စုတိဆဲဖြစ်ခြင်း၊
(၃) ဥတုသမယ ကြုံခြင်း၊ ♦သုခမှတ်စု

ကိုယ်ဝန်ပျက်ခြင်း အင်္ဂါ ၃-ပါး

(၁) လေမှုတ်၍ ပျက်ခြင်း၊
(၂) ပိုးခဲ၍ ပျက်ခြင်း၊
(၃) ကံကြောင့် ပျက်ခြင်း၊ ♦သုခမှတ်စု

ကိတ် (နိမိတ်ကြီး) ၃-ပါး

(၁) အာကာသကိတ်= ထူးခြားစွာ ကြယ်ပျံခြင်း၊ ကြယ်ကြွေခြင်း၊ ဥက္ကာကျခြင်း၊ နေ လ ကြတ်ခြင်း၊ ကြယ်တံခွန်လွှတ်ခြင်း၊ တိမ်တံခွန် ထွက်ခြင်း၊ ဂြိုဟ်အသွားအလာ ဖောက်ပြန်ခြင်း၊ ဗျဂ္ဃဇာ၊ ဝဂ္ဂဇာ၊ သီဟဇာ ကျင့်ခြင်း စသော ကောင်းကင်တွင် ဖြစ်ပေါ်သည့် နိမိတ်များ၊
(၂) ဘောမကိတ်= တောင်ပို့ ပေါက်ခြင်း၊ တောင်ကြီး တောင်ငယ်ပေါ်ခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ပင်လယ် ဝေခြင်း၊ တော်လည်းငလျင်လှုပ်ခြင်း၊ မြေမှ အခိုးအလျှံ ထွက်ခြင်း၊ အိမ်အောက်, နန်းအောက်, ကောင်းတော်အောက်တို့၌ မှိုပွင့်ကြီးများ ပေါက်ခြင်း၊ ကြာပေါက်ခြင်းစသော မြေကြီးနှင့် စပ်ဆိုင်၍ ဖြစ်ပေါ်သမျှ နိမိတ်များ၊
(၃) အန္တလိက္ခကိတ်= ဘုရား စေတီတော်တို့မှ ရောင်ခြည်တော် အကြိမ်ကြိမ်လွှတ်ခြင်း၊ မျက်ရည်ယိုခြင်း၊ သွေး စိမ်း ရှင်ရှင်ယိုခြင်း၊ ချွေးထွက်ခြင်း၊ အမွေးပေါက်ခြင်း၊ သစ်ပင်တို့မှ ရေ,မီး ထွက်ခြင်း အခိုးအလျှံ ထွက်ခြင်း၊ ဇရပ် တန်ဆောင်း, ကျောင်း, နန်းတော်တို့မှ အခိုးထခြင်း အရောင်လွှတ်ခြင်း စသော မြေကြီး နှင့် ကောင်းကင်စပ်ကြားမှ ဖြစ်ပေါ်သမျှ နိမိတ်များ၊ ♦သုခမှတ်စု

ကပ် ၃-ပါး

(၁) ရောဂန္တရကပ်=ရောဂါဆိုး ဖြင့် အထူးနှိပ်စက်သောကပ်၊
(၂) သတ္တန္တရကပ်= ဓားလှံ သေနတ် စသော လက်နက်တို့ဖြင့် သတ်သော ကပ်၊
(၃) ဒုဗ္ဘိက္ခန္တရကပ်= အစားအစာ ငတ်မွတ်ခေါင်းပါးသော ကပ်၊ ♦သုခမှတ်စု

ကံ ၃-ပါး

အဘိဓမ္မတ္ထသင်္ဂဟ။
(၁) ကာယကံ= ကိုယ်ဖြင့်ပြုခြင်း၊
(၂) ဝစီကံ= နှုတ်ဖြင့်ပြုခြင်း၊
(၃) မနောကံ= စိတ်ဖြင့် ပြုခြင်း၊ ♦သုခမှတ်စု

ကမ္ဘာပျက်ခြင်း ၃-ပါး

(၁) တေဇောသံဝဋ္ဋ= လေဖြင့် ပျက်စီးခြင်း၊
(၂) အာပေါ သံဝဋ္ဋ=ရေဖြင့် ပျက်စီးခြင်း၊
(၃) ဝါယောသံဝဋ္ဋ= လေဖြင့် ပျက်စီးခြင်း၊ ♦သုခမှတ်စု

ကျောင်းထိုင်ပုဂ္ဂိုလ်တို့၏ ပျက်စီးခြင်းအကြောင်း ၃-ပါး

(၁) စာပေကျမ်းဂန် လမ်းမှန်မသိခြင်း၊
(၂) ဘုန်းတန်း လာဘ်သပ္ပကာ ပူဇာသက္ကာရ ပရိဝါရ အခြံအရံများခြင်း၊
(၃) သဒ္ဓါမဖြူ အယူဖောက်ပြား မှောက်မှား တိမ်းယိမ်းခြင်း၊ ♦သုခမှတ်စု

ကျုံး ၃-တန်

ကဝိလက္ခဏဒီပနီ ၂၃၇။
(၁) အချောက်ကျုံး၊
(၂) ရေကျုံး၊
(၃) ညွန်ကျုံး၊ ♦သုခမှတ်စု

ကြိယာဝိသေသန ၃-မျိုး

(၁) မူလကြိယာ ဝိသေသန=မူလ သဘောအတိုင်း ကြိယာကို ပြုပြင်သောပုဒ်၊
(၂) သမ္ဗန္ဓ ကြိယာဝိသေသန= ဆက်စပ်၍ ကြိယာကို အထူးပြုသောပုဒ်၊
(၃) ပုစ္ဆာကြိယာဝိသေသန= မေးခွန်းစကားပါသော ကြိယာဝိသေသန၊ ♦သုခမှတ်စု

ကျွန် ၃-မျိုး

(၁) အစေခံကျွန်= လခရိက္ခာ ပေးကမ်း၍ ထားသော ကျွန်၊
(၂) ငွေဝယ်ကျွန်= ဥစ္စာပစ္စည်းရွှေငွေတို့ဖြင့် ဝယ်ယူထားသော ကျွန်၊
(၃) သားပေါက် ကျွန်= ငွေဝယ်ကျွန်မှ ပေါက်ဖွားသော သားသမီးကျွန်၊ ♦သုခမှတ်စု

ကျွန် ၃-ဆက်

(၁) ကျွန်=ငွေဖြင့် ဝယ်ယူ ခိုင်းစားထားသော ငွေဝယ်ကျွန်၊
(၂) သားပေါက်=ငွေဝယ်ကျွန်မှ မွေးသော သားသမီးကျွန်၊
(၃) သားတက်=သားပေါက်ကျွန်မှ မွေးသော သားသမီးကျွန်၊ ♦သုခမှတ်စု

ခေတ် ၃-ပါး

(၁) ဇာတိခေတ်= တစ်သောင်း သေ လောကဓာတ်၊
(၂) အာဏာခေတ်= ကုဋေ တစ်သိန်းသော စကြဝဠာတိုက်၊
(၃) ဝိသခေတ်= အတိုင်းအရှည် မရှိ မရေတွက်နိုင်သော စကြဝဠာတိုက်၊ ♦သုခမှတ်စု

ခွက်လှူသော အကျိုး ၃-ပါး

(၁) ရတနာတို့ဖြင့်ပြီးသော ခွက်တို့ကို ရခြင်း၊
(၂) အထူးထူးသော အသုံးအဆောင်တို့ကို ရခြင်း၊
(၃) ဝတ်ပဋိပတ်နှင့်ပြည့်စုံခြင်း၊ ♦သုခမှတ်စု

ဂါဟတရား ၃-ပါး (စွဲလမ်းသောတရား)

(၁) တဏှာ ဂါဟ=တပ်မက်ခြင်းအားဖြင့် စွဲလမ်းတတ်သော တရား၊
(၂) မာနပါဟ= ငါလူ, ငါနတ်, ငါယောကျ်ားစသည် မာနအားဖြင့် စွဲလမ်းတတ်သော တရား၊
(၃) ဒိဋ္ဌိဂါဟ= ငါကြားသည်၊ ငါမြင်သည်ဟု အယူမှားသောအားဖြင့် စွဲလမ်းတတ်သော တရား၊ ♦သုခမှတ်စု

ဂုဏ် ၃-ပါး

အလင်္ကာနိဿယ
(၁) သတွဂုဏ်= ပညာဖြစ်စေခြင်း၊
(၂) ရဇဂုဏ်= အလိုရမ္မက်ဖြစ်စေခြင်း၊
(၃) တမဂုဏ်= မာန်မာန ဖြစ်စေခြင်း၊ ♦သုခမှတ်စု

စတုလောကပါနတ်ကြီးတို့ လူ့ပြည်တွင် စာရင်းမှတ်ခြင်း ၃-မျိုး

(၁) စတုလောက ပါ အမစ္စနတ်သားများ၊ လဆန်း လဆုတ် ရှစ်ရက်နေ့တွင် မှတ်၏၊
(၂) စတုလောကပါလ ပုတ္တ နတ်သားများ၊ တစ်ဆယ့်လေးရက် လကွယ်နေ့တွင် မှတ်၏၊
(၃) စတုလောကပါလနတ်မင်းကြီးများကိုယ်တိုင်၊ လပြည့် လကွယ်နေ့ များတွင် မှတ်၏၊ ♦သုခမှတ်စု

စေတနာ ၃-တန်

(၁) ပုဗ္ဗစေတနာ= ကုသိုလ်မပြုမီ ကြံစည်သည့်အခါ ဖြစ်သော စေတနာ၊
(၂) မုဉ္စစေတနာ= ကုသိုလ်ပြုစဉ် ဖြစ်ပေါ်လာသော စေတနာ၊
(၃) ပရစေတနာ= ကုသိုလ်ပြုပြီးနောက် ဖြစ်သော စေတနာ၊ ♦သုခမှတ်စု

စေတီ ၃-ပါး

ကလိင်္ဂဗောဓိဇာတ်
(၁) ပရိဘောဂစေတီ= မြတ်စွာဘုရား၏အသုံးအဆောင်ဗောဓိပင်၊
(၂) ဓာတုစေတီ= မြတ်စွာဘုရား၏ဓာတ်တော်၊
(၃) ဓမ္မစေတီ=တရားဒေသနာတော်၊ (တစ်နည်း)
(၁) သာရီရိကစေတီ= ဓာတ်တော်၊
(၂) ပရိဘောဂစေတီ= အသုံးအဆောင်၊ ဗောဓိပင်၊
(၃) ဥဒ္ဒိဿစေတီ= ဆင်းတုတော်၊ ♦သုခမှတ်စု

စေတီတို့၌ ပြာဋိဟာပြခြင်း အကြောင်း ၃-ပါး

(၁) ရဟန္တာပုဂ္ဂိုလ်မြတ်သည် နတ်, လူတို့အား သနားသဖြင့် ငါ၏စေတီ၌ “သို့ ပြာဋိဟာဖြစ်စေသတည်းဟု ဓိဋ္ဌာန်သောကြောင့် ပြခြင်း၊
(၂) နတ်တို့သည် လူတို့အား သနားသဖြင့် ဘုရား, ရဟန္တာတို့၏စေတ၌ီ “သို့ပြာဋိဟာပြခြင်း ဖြင့်သူတော်ကောင်း တရား ပွားစီးလတံ့ဟု မျှော်၍ ဓိဋ္ဌာန်သောကြောင့် ပြခြင်း၊ (သဒ္ဓါကြည်ညိုခြင်း ပြည့်စုံသူ လူတစ်ဦးဦးက ဓိဋ္ဌာန်သောကြောင့်ပြခြင်း၊ ♦သုခမှတ်စု

စောင်း၏ ဂါမ ၃-ပါး

မဃဒေဝ
(၁) ဆဇ္ဇဂါမ= စောင်းလက်ရုံးကိုသုံးပါးပြု၍ အထက်အပုံ၊
(၂) မဇ္ဈိမဂါ= ၎င်း အလယ်ပုံ၊
(၃) သာဓာရဏဂါမ= ၎င်း အောက် အပုံ၊ (၎င်း ကို မာဃဋီကာ၌ ဂန္ဓာရဂါမ ခေါ်သည်၊) ♦သုခမှတ်စု

စစ်ပြန်ခြင်း ၃-ပါး

(၁) အဂ္ဂိဇာလ ဗျူဟာ = မီးထွန်းသကဲ့သို့ စစ်ပြန်ခြင်း၊
(၂) အမာဝါသီ ဗျူဟာ= လကွယ်ကဲ့သို့ စစ်ပြန်ခြင်း၊
(၃) သီဟဂတိဗျူဟာ=ခြင်္သေ့သွားကဲ့သို့ စစ်ပြန်ခြင်း၊ (တစ်နည်း)
(၁) သတ္ထနာဒီ= လက်နက်သံပြု၍ စစ်ပြန်ခြင်း၊
(၂) မဂ္ဂဆိန္န= ခရီးကိုဖျက်၍ ပြန်ခြင်း၊
(၃) စိရဋ္ဌ= မြင့်ကြာစွာနေ၍ ပြန်ခြင်း၊ ♦သုခမှတ်စု

စည် ၃-မျိုး

(၁) ကျည်း ပြညက် ဖြစ်သော ဝင်စည်၊
(၂) စိန့်ပြညက် ဖြစ်သော စည်ဝန်း၊
(၃) မြန်မာပြည်တွင် ဖြစ်သော စည်ဗျော၊ ♦သုခမှတ်စု

စည် ၃-မျိုး

(၁) အာတတ= ညာပိတ်၍ ဘယ်ဖွင့်သောစည်၊
(၂) ဝိတတ= ဘယ်ပိတ်၍ ညာဖွင့်သောစည်၊
(၃) အာတတဝိတတ= နှစ်ဖက်ပိတ်စည်၊♦သုခမှတ်စု

ဆီမီးခွက်လှူသော အကျိုး ၃-ပါး

ဆီမီးခွက်လှူသော အကျိုး ၃-ပါး♦သုခမှတ်စု

ဇာတရူပ ရဇတသိက္ခာပုဒ် ကံ အင်္ဂါ ၃-ပါး

(၁) ရွှေငွေလည်း ဖြစ်စေ၊
(၂) မိမိကိုရည်ညွှန်းအပ်သည်လည်း ဖြစ်စေ၊
(၃) ကိုင်ခြင်း, ခံယူခြင်း, သာယာခြင်းတို့တွင် တစ်ပါးပါးလည်း ဖြစ်စေ၊ ♦သုခမှတ်စု

ဇော ၃-မျိုး

(၁) ကုသိုလ်ဇော= ကောင်းသော စိတ်အစဉ်၊
(၂) အကုသိုလ်ဇော= မကောင်း သောစိတ်အစဉ်၊
(၃) အဗျာကတဇော=ကိစ္စပြီးပြီးသော ပုဂ္ဂိုလ်တို့ သန္တာန်၌ မအောင်သော သဘော၊ ♦သုခမှတ်စု

ဇမ္ဗူဒိပ်ကျွန်း၏ ကဲလွန်ခြင်းသဘောတရား ၃-ပါး

(၁) သူရာ=တိဟိတ်ပဋိသန္ဓေနေခြင်း၊ ပညာအားဖြင့်ရဲရင်ြ့ခင်း၊
(၂) သတိ= တိဟိတ်ပဋိသိန် ပညာခံကြောင့် မြဲမြံသော သတိရှိခြင်း၊
(၃) ဗြဟ္မစရိယ=မြတ်သောအကျင့်နှင့် သီတင်း သုံးရခြင်း၊ “ဂုဏ်သုံးပါးကြောင့် ဇမ္ဗူဒိပ်ကျွန်းသည် တာဝတိံသာနှင့် မြောက်ကျွန်းတို့ထက် မြင့်မြတ်လွန်ကဲ၏၊ ♦သုခမှတ်စု

စျာပန ၃-မျိုး

(၁) အဂ္ဂိစျာပန= အလောင်း ကို မီးရှို့သင်္ဂြိုဟ်ခြင်း၊
(၂) ဘူမိ စျာပန=မြေမြုပ်ခြင်း၊
(၃) ဥဒကစျာပန=ရေတွင်မျှောခြင်း၊ ♦သုခမှတ်စု

ညဉ့် ၃-ယံ

(၁) ပုဗ္ဗယာမ= ညဉ့်ဦးယံ၊
(၂) မဇ္ဈိမယာမ= သန်းခေါင်ယံ၊
(၃) ပစ္ဆိမယာမ=မိုးသောက်ယံ၊ ♦သုခမှတ်စု

တဏှာ ၃-ပါး

(၁) ကာမတဏှာ=ကာမဂုဏ်တရားတို့ကို စွဲလမ်းခြင်း၊
(၂) ဘဝတဏှာ= ဘဝကိုစွဲလမ်းသော၊ သဿတဒိဋ္ဌိနှင့်ယှဉ်သည့် တဏှာ၊
(၃) ဝိဘဝတဏှာ= ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်သော ဘဝမရှိဟူသော တဏှာ စွဲလမ်းခြင်း၊ ♦သုခမှတ်စု

တမန် ၃-မျိုး

(၁) မင်းတစ်ပါးနှင့် တစ်ပါး မိတ်ဖက်ရန် လာသော တမန်၊
(၂) ရန်ဘက်အဖြစ် စစ်ထိုးရန် လာရောက် အကြောင်းကြားသော တမန်၊
(၃) စစ်ပြေငြိမ်းရန် လာရောက်အကြောင်းကြားသော တမန်၊ ♦သုခမှတ်စု

တရားသူကြီး အင်္ဂါ ၃-ပါး

ဓမ္မပဒ
(၁) အနိုင်အထက် မပြုခြင်း၊
(၂) အဂတိ လေးပါး မလိုက်ခြင်း၊
(၃) အမှုနှင့် လျော်ညီစွာ စီရင်ခြင်း၊ ♦သုခမှတ်စု

တိရစ္ဆာန်တို့၏ အသိတရား ၃-ပါး

(၁) အစားအစာ၊
(၂) အအိပ်အနေ၊
(၃) မေထုန်မှီဝဲခြင်း၊ ♦သုခမှတ်စု

တြိကဋုက် ၃-ပါး

(၁) ငရုတ်ကောင်း၊
(၂) ပိတ်ချင်း၊
(၃) ချင်း၊ ♦သုခမှတ်စု

တြိဖလ ၃-ပါး

(၁) ဆီးဖြူသီး၊
(၂) သစ်ဆိပ်သီး၊
(၃) ဖန်ခါးသီး၊ ♦သုခမှတ်စု

ထေရ် ၃-ပါး

(၁) အနုထေရ်= ရဟန်းခံသည်မှ ၁၀ ဝါအထိသော ရဟန်း၊
(၂) မဇ္ဈိမထေရ်= ၁၀ ဝါမှ ဝါတော် ၂၀ အထိ ရဟန်း၊
(၃) မဟာထေရ= ဝါတော် ၂၀ မှ ကျော်သော ရဟန်း၊ ♦သုခမှတ်စု

ဒါနဝတ္ထု ၃-မျိုး

(၁) ဒါနဒါသ= မိမိ သုံးဆောင်သည်ထက် ယုတ်ညံ့သောဝတ္ထု (ဟီနစေတနာ)၊
(၂) ဒါနသဟာယ = မိမိ သုံးဆောင်သည်နှင့် အလားတူဝတ္ထု (မဇ္ဈိမစေတနာ)၊
(၃) ဒါနသာမိ= မိမိ သုံးသည်ထက် မြတ်သောဝတ္ထု (ပဏီတ စေတနာ)၊ ♦သုခမှတ်စု

ဒါသဗျောဂတကျွန် ၃-ပါး

(၁) မုစ္စန အသင်္ကကျွန်= ကျွန်အဖြစ်မှ လွှတ်စဉ် မထွက်မသွား ကျွန်ခံ၍သာ နေသောသူ၊
(၂) သကိမပစ္ဆာဂတကျွန်= ကျွန်အဖြစ်မှ လွှတ်၍ ထွက်သွားပြီးနောက် သခင်အိမ်သို့ ပြန်လာပြီးလျှင် ကျွန်ဖြစ်ခံသောသူ၊
(၃) ဘိက္ခုပစ္ဆာဂတကျွန်= သခင်က ရဟန်းပြု၍ လွှတ်ပြီးနောက် လူထွက်ပြီးလျှင် တစ်ဖန် သခင်ရင်း သားသမီးအိမ်သို့ ပြန်လာ၍ ကျွန်ဖြစ်ခံသူ၊ ♦သုခမှတ်စု

ဒေသ ၃-ပါး

(၁) ဇင်္ဂလဒေသ=တောင်ကမ်းများ၌ ရေရှားသောအရပ်၊
(၂) နှောပကဒေသ = ရွှံ့ရေထူ၍ ငါးပေါသော အရပ်၊
(၃) သိသိရဒေသ= ဆီးနှင်းကျသောအရပ်၊ ♦သုခမှတ်စု

ဒေသသုံးပါး၌ အဓိကပြုသော ဓာတ် ၃-ပါး

(၁) ဇင်္ဂလဒေသ= သလိပ်, အပူ အဓိကလွန်ကဲခြင်း၊
(၂) နှောပကဒေသ=အပုပ် အဓိကလွန်ကဲခြင်း၊
(၃) သိသိရဒေသ=သွေး, သည်းခြေ အဓိကလွန်ကဲခြင်း၊ ♦သုခမှတ်စု

ဒေသနာ ၃-ပါး

(၁) အာဏာဒေသနာ= အာဏာဖြင့် ဆုံးမပညတ်အပ်သော ဝိနည်းပိဋကတ်၊
(၂) ဝေါဟာရ ဒေသနာ= ဝေါဟာရဖြင့် ဟောတော်မူအပ်သော သုတ္တန် ပိဋကတ်၊
(၃) ပရမတ္ထဒေသနာ= ပရမတ္ထအားဖြင့် ဟောတော်မူအပ်သော အဘိဓမ္မာ ပိဋကတ်၊ ♦သုခမှတ်စု

ဒေသနာ ၃-ပါး

(၁) အဿာဒဒေသနာ= လောကီဘက်၌ ခင်မင်ဖွယ် သုခ ချမ်းသာတို့ကို ဟောခြင်း တရား၊
(၂) အာဒနီဝဒေသနာ= လောကီဘက်၌ ထိတ်လန့်ဖွယ် ဒုက္ခဆင်းရဲတို့ကို ဟောခြင်း တရား၊
(၃) နိဿရဏ ဒေသနာ= လောကီဘက်မှ ထွက်မြောက်ရာ နည်းလမ်းတို့ကို ဟောခြင်းတရား၊ ♦သုခမှတ်စု

ဒိဋ္ဌိ ၃-ပါး

(၁) နတ္ထိက ဒိဋ္ဌိ= အကျိုးတရား မရှိဟု ယူဆခြင်း၊
(၂) အကိရိယ ဒိဋ္ဌိ= ကုသိုလ်အကုသိုလ် မရှိဟု ယူဆခြင်း၊
(၃) အဟေတုကဒိဋ္ဌိ= အကျိုးတရားလည်း မရှိ၊ ကံတရားလည်း မရှိဟု ယူဆခြင်း၊ ♦သုခမှတ်စု

ဒဏ္ဍဥပါယ် ၃-ပါး

(၁) ဝဓကဒဏ္ဍ=သတ်ဖြတ်ခြင်း၊ အဆုံးစီရင့်ခြင်း၊
(၂) ဓန နုဂ္ဂဟဏဒဏ္ဍ=ဥစ္စာဒဏ်ထားခြင်း၊ ရာထူးနုတ်ထိမ်းခြင်း၊
(၃) ပရိကိလေသ ဒဏ္ဍ= နှောင်အိမ်သွင်းခြင်း၊ ပုတ်ခတ်ခြင်း၊ ♦သုခမှတ်စု

နဂါးမျိုး ၃-ပါး

(၁) ဒိဋ္ဌဝိသ နဂါးမျိုး= သတ္တဝါတို့ကို မျက်စောင်းထိုး၍ ကြည့်ကာမျှနှင့်ပင် ဖွဲပြာကဲ့သို့ ကြေရလေသည်၊
(၂) ဒိဋ္ဌသ နဂါးမျိုး= သတ္တဝါကို ကိုက်သည်ရှိသော် ဖွဲပြာကဲ့သို့ ကြေရလေသည်၊
(၃) ဖုဋ္ဌဝိသ နဂါးမျိုး= သတ္တဝါကို ထိခိုက်မိသည်ရှိသော် ဖွဲပြာကဲ့သို့ ကြေရလေသည်၊ ♦သုခမှတ်စု

နယ ၃-မျိုး

(၁) ဥဒ္ဒိဿနယ= ကြိယာတွင် တိုက်ရိုက် ညွှန်ပြခြင်း၊
(၂) သံသယနယ= ကြိယာတွင် စိတ်၌သာ ထင်မှတ် ယုံမှားဖွယ်ရာ သုံးခြင်း၊
(၃) အာဏတ္တိ နယ=ကြိယာတွင်မစေခိုင်းခြင်း၊ အလိုရှိခြင်း၊ တောင်းပန်ခြင်း တို့ဖြင့်သုံး သောနည်း မျိုး၊ ♦သုခမှတ်စု

နာမဝိသေသန ၃-မျိုး

(၁) ဂုဏ နာမဝိသေသန= နာမ်ပုဒ်၏ ဂုဏ်အခြင်း အရာကို ပြခြင်း၊
(၂) ပမာဏ နာမဝိသေသန= နာမ်ပုဒ်၏ အတိုင်းအထွာကိုပြခြင်း၊
(၃) နိဒဿန နာမဝိသေသန= နာမ်ပုဒ်ကို ညွှန်ပြသော နာမဝိသေသနမျိုး ♦သုခမှတ်စု

နိယတမိစ္ဆာဒိဋ္ဌိကြီး ၃-ပါး

(၁) အကိရိယဒိဋ္ဌိ=သူ၏အသက်ကို သတ်ခြင်း၊ သတ်စေခြင်း၊ ဥစ္စာကို ခိုးယူခြင်း၊ သူ့မယားကိုလွန်ကျူးခြင်း၊ မုသားဆိုခြင်း စသည်ကို ပြုသော သူအား တစ်စုံတစ်ရာသော မကောင်းမှုမရှိ၊ မကောင်းပြုသည်လည်း မမည်၊ အလှူပေးခြင်း၊ သီလ ဆောက်တည်ခြင်း စသည်ကို ပြုသောသူအား တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်မရ မရှိဟူ၍ယူခြင်း၊
(၂) အဟေတုကဒိဋ္ဌိ= မိစ္ဆာဒိဋ္ဌိတရား ဆယ်ပါးကို စွဲယူခြင်း၊
(၃) နတ္ထိကဒိဋ္ဌိ=သတ္တဝါတို့အား ညစ်ညူးခြင်း၊ ဖြူစင်ခြင်း မရှိဟု စွဲယူခြင်း၊ ♦သုခမှတ်စု

နီတိ ၃-မျိုး

(၁) ဓမ္မနီတိ= ဘုရားဟောကျမ်း၊
(၂) လောကနီတိ= ပစ္စုပ္ပန်၌ လူတို့ သုံးစွဲရာသော နီတိကျမ်း၊
(၃) ရာဇနီတ= အရှင်မင်းစိုးတို့ သုံးစွဲရာသော နီတိကျမ်း ♦သုခမှတ်စု

နေသွားရာလမ်း ၃-ကြောင်း

(၁) အန္တောဝီထိ= အတွင်းလမ်း၊
(၂) မဇ္ဈေ ဝီထိ=အလယ်လမ်း၊
(၃) ဗာဟိရဝီထိ= အပြင်လမ်း၊ ♦သုခမှတ်စု

နစ္စ ဂီတ သိက္ခာပုဒ်၏ ကံအင်္ဂါ ၃-ပါး

(၁) ကခြင်း, သီခြင်း တို့တွင် တစ်ပါးပါးလည်း ဖြစ်စေ၊
(၂) ခွင်ြ့ပုတော်မူသောအကြောင်းကို ကြဉ်၍ သွားရောက်သည်လည်း ဖြစ်စေ၊
(၃) ကြည့်ရှုနားထောင်သည်လည်း ဖြစ်စေ၊ ♦သုခမှတ်စု

နတ် ၃-ပါး

(၁) သမ္မုတိနတ်= လူမင်း (ဧကရာဇ်)၊
(၂) ဥပပတ္တိနတ်=ဥပပါတ် ပဋိသန္ဓေဖြင့်ဖြစ်သော နတ်,ဗြဟ္မာ ဟူသမျှ၊
(၃) ဝိသုဒ္ဓိနတ်= ကိလေသာ စင်ကြယ်ပြီးဖြစ်သော ဘုရား, ရဟန္တာများ၊ ♦သုခမှတ်စု

နန္ဒမူလိုဏ်ဂူ ၃-ပါး

(၁) ရွှေဂူ၊
(၂) ငွေဂူ၊
(၃) ပတ္တမြားဂူ၊ ပတ္တမြားဂူ၌ မဉ္ဇူသကသစ်ပင် ပေါက်လျက် ရှိ၏၊ ♦သုခမှတ်စု

ပဏာမ ၃-မျိုး

(၁) ကာယပဏာမ= ကိုယ်ဖြင့် ညွတ်တွား ကိုင်းရှိုင်းခြင်း၊
(၂) ဝစီပဏာမ= နှုတ်ဖြင့် ညွတ်တွား ကိုင်းရှိုင်းခြင်း၊
(၃) မနောပဏာမ= စိတ်ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း၊ ၎င်းတစ်နည်း-
(၁) ဝန္ဒနာပဏာမ= ဦးခေါင်းမြေချ ဒူးတုပ်ကွ၍ ရှိခိုးခြင်း၊
(၂) ထောမနာပဏာ= ရိုသေညွှတ်ကျိုး မြတ်နိုးသောစိတ်ဖြင့် ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်း၊
(၃) အဉ္ဇလီ ပဏာမ= ရိုသေညွှတ်ကျိုးသော စိတ်ဖြင့်ကိုယ်ကိုအနည်းငယ်ညွှတ်ကိုင်း၍ လက်အုပ်ချီခြင်း၊ ♦သုခမှတ်စု

ပရိနိဗ္ဗာန် ၃-ပါး

(၁) ကိလေသပရိနိဗ္ဗာန်=ဗောဓိပလ္လင်တော်၌ တစ်ထောင့်ငါးရာ ကိလေသာ၏ ကုန်ခြင်း၊
(၂) ခန္ဓပရိနိဗ္ဗာန်= ကုသိနာရုံ၌ ခန္ဓာငါးပါး တရား၏ ကုန်ငြိမ်းခြင်း၊
(၃) ဓာတုပရိနိဗ္ဗာန်= သာသနာငါးထောင်စေ့သောအခါ ဓာတ်တော် အပေါင်းတို့ မဟာဗောဓိပင်သို့ ချည်းစု၍ ကွယ်ပျောက် ငြိမ်းလတ္တံ့ခြင်း၊ ♦သုခမှတ်စု

ပရိသသမ္ပတ္တိ ၃-ပါး(သံဃကံ)

(၁) ကံအား လျောက်ပတ်သော သံဃာတို့၏သိမ်သို့ ရောက်ခြင်း၊
(၂) ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကို ဆောင်ခြင်း၊
(၃) သမ္မုခီဘူတဖြစ်သော ရဟန်းတို့၏ကံကို မမြစ်ခြင်း၊ ♦သုခမှတ်စု

ပရိသတ် အခြံအရံ ကွယ်ကြောင်း ၃-ပါး

(၁) စဉ်းလဲခြင်း၊
(၂) မချစ်မနှစ်လိုဖွယ် ဆိုခြင်း၊
(၃) အစီးအပွား မရှိသည်ကို ပြုခြင်း၊ ♦သုခမှတ်စု

ပရိတ်ရွတ်ခြင်း အင်္ဂါ ၃-ပါး

(၁) အတ္ထ= အနက် ကျန မှန်ကန်စွာ သိခြင်း၊
(၂) ပဒ=ဒီဃ,ရဿနှင့်တကွ အက္ခရာပဒသိခြင်း၊
(၃) သုမန= လာဘ် စသည်ကို မငဲ့မူ၍ ကောင်းသော နှလုံးရှိခြင်း၊ ♦သုခမှတ်စု

ပရိညာ ၃-ပါး

(၁) ဉာတပရိညာ=သဘာဝနှင့်တကွ နာမ်နှင့်ရုပ်တခြားစီနေအောင် သိမြင်သောဉာဏ်၊
(၂) တီရဏပရိညာ= ရုပ်,နာမ်တို့၏ အနတ္တ တရား သဘောကို သိမြင် ဆုံးဖြတ်နိုင်သော ဉာဏ်၊
(၃) ပဟာနပရိညာ= သိမြင် ဆုံးဖြတ်ပြီးနောက် တဏှာ, မာန, ဒိဋ္ဌိကင်း၍ အလင်းသို့ ရောက်သောဉာဏ်၊ ♦သုခမှတ်စု

ပဟာန် ၃-ပါး

(၁) တဒင်္ဂပဟာန်= တစ်ခဏမျှ ကိလေသာကို ပယ်နိုင်ခြင်း၊
(၂) ဝိက္ခမ္ဘနပဟာန်= စျာနန်သမာပတ်တရားဖြင့်ကိလေသာကိုပယ်နိုင်ခြင်း၊
(၃) သမုစ္ဆေဒပဟာန်= မဂ်တရားတို့ဖြင့် ကိလေသာကို အကြွင်းမရှိ ပယ်နိုင်ခြင်း၊ ♦သုခမှတ်စု

ပဟာန် ၃-ပါး (ပဟန-ပယ်ခြင်း)

(၁) ကာမာဝစရပဟာန် =ကာမာစရကုသိုလ်ဖြင့်ပယ်မှုသည် တဒင်္ဂပဟာန်သာမည်၏၊
(၂) မဟဂ္ဂုတ်ပဟာန်=မဟဂ္ဂုတ် ကုသိုလ်ဖြင့်ပယ်မှုသည် တဒင်္ဂ,ဝိက္ခမ္ဘနပဟာန်သာ မည်၏၊
(၃) လောကုတ္တရာ ပဟာန်= လောကုတ္တရာကုသိုလ်ဖြင့် ပယ်မှုသည် တဒင်္ဂ, ဝိက္ခမ္ဘန, သမုစ္ဆေဒပဟာန် သုံးပါးစလုံးဖြင့် ပယ်သည်မည်၏၊ နောက်တစ်နည်းကား သီလ ကုသိုလ်ဖြင့် တဒင်္ဂ၊ သမာဓိကုသိုလ်ဖြင့် တဒင်္ဂ, ဝိက္ခမ္ဘန၊ ပညာကုသိုလ်ဖြင့် တဒင်္ဂ, ဝိက္ခမ္ဘန, သမုစ္ဆေဒ အားဖြင့် ပယ်သည် မည်၏၊ ♦သုခမှတ်စု

ပါရမီ ၃-မျိုး

(၁) ဒသပါရမီဆယ်ပါးကို သားမယား ဥစ္စာစည်းစိမ်ကို ဂရုမထားဘဲ ဖြည့်ခြင်း၊
(၂) ဥပပါရမီ= ပါရမီဆယ်ပါးကို မိမိ၏ ကိုယ်လက်အင်္ဂါကို ဂရုမပြုဘဲ ဖြည်ြ့ခင်း၊
(၃) ပရမတ္ထပါရမီ=ပါရမဆီယ်ပါးကို မိမိ၏ အသက်ကို ဂရုမပြုဘဲ ဖြည့်ခြင်း၊ ♦သုခမှတ်စု

ပိဋကတ် ၃-ပုံ

(၁) ဝိနည်း ငါးကျမ်း၊
(၂) သုတ် သုံးကျမ်း၊
(၃) အဘိဓမ္မာခုနစ်ကျမ်း၊ ♦သုခမှတ်စု

ပိဋကတ်သုံးပုံ သင်ခြင်း ၃-ပါး

(၁) အလဂ္ဂဒ္ဒူပမာ= မြွေဖမ်းယောက်ျားကဲ့သို့ သင်ခြင်း၊ မြွေကို မစူးမစမ်းမဆင်ခြင်ဘဲ အမြီးကိုလည်းကောင်း, အခွေကိုလည်းကောင်း ကိုင်၍ဖမ်းယူသဖြင့် မြွေကိုက်၍ဒုက္ခရောက်ဘိသကဲ့သို့၊ ပိဋကတ်ကိုလည်း သူတစ်ပါးတို့အား နှိပ်နင်းလို၍ လည်းကောင်း, ကျော်အစောလို၍လည်းကောင်း သင်ခြင်း၊
(၂) နိဿရဏတ္ထ= မိမိလည်း တရားကိုသိမှ ကျင့်နိုင်ရှောင်နိုင်ခြင်း၊ အတ္တဟိတ, ပရစိတနှစ်ပါးကို ရည်စူးလျက် မဂ်ဖိုလ်ကို ရောက်နိုင်သည်ဟု ပညာဖြင့်ဆင်ခြင်၍ သင်ခြင်း၊
(၃) ဘဏ္ဍာဂါရိက=ရွှေတိုက် ငွေတိုက်တို့ကို ဘဏ္ဍာစိုး စောင့်ရှောက် ဘိသကဲ့သို့သင်ခြင်း၊ ဒုက္ခသစ္စာ-ခန္ဓာငါးပါးတို့ကို ပိုင်းခြား၍သိခြင်း၊ သမုဒယသစ္စာ-တဏှာကိုပယ်ခြင်း၊ နိရောဓသစ္စာ-နိဗ္ဗန်ကိုမျက်မှောက် ပြုခြင်း၊ မဂ္ဂသစ္စာ-မဂ္ဂင်ရှစ်ပါးကို ပွားစေခြင်း၊ အာသဝေါကုန်ပြီးသောရဟန္တာတို့ သင်ယူခြင်း၊ ♦သုခမှတ်စု

ပုရောဟိတ် အင်္ဂါ ၃-ပါး

(၁) ဗေဒ ဗေဒင်္ဂသတ္ထညော= ဗေဒင်ကျမ်းကြီး ကျမ်းငယ်ကို နှံ့စပ်ခြင်း၊
(၂) ဇပ္ပဟေမပရာယန=ယဇ်ပူဇော်သော သန္ဓေယဉာတာ၌ လိမ္မာခြင်း၊
(၃) အာယုဒီဃမေတ္တာ=မင်းအား အသက်ရှည်ဆု မေတ္တာပြုခြင်း၊ ♦သုခမှတ်စု

ပြာသာဒ်(နန်းမ) ၃-ဆောင်

(၁) ရမ္မ= ဘုံကိုးဆင့်ရှိ၍ နှစ်သက်မွေ့လျောဖွယ်သော ပြာသာဒ်၊
(၂) သုဘ= ဘုံခုနစ်ဆင့်ရှိ၍ မင်္ဂလာရှိသော ပြာသာဒ်၊
(၃) သုရမ္မ= ဘုံငါးဆင့်ရှိသော ပြာသာဒ်၊ ♦သုခမှတ်စု

ဖရုသဝါစာကံ၏ အင်္ဂါ ၃-ပါး

(၁) ဆဲရေးအပ်သော အခြားသူဖြစ်ခြင်း၊
(၂) အမျက်ထွက်သော စိတ်ရှိခြင်း၊
(၃) ဆဲရေးသောစကား ပါးစပ်က လွှတ်ထွက်ခြင်း၊ ♦သုခမှတ်စု

ဖျက်ဆီးတတ်သူ ၃-ဦး

(၁) ကျီးများသည် တော၌ရှိသော သူတစ်ပါး အသိုက်ကိုဖျက်ဆီးတတ်၏၊
(၂) ကြွက်များသည် အိမ်တွင်းရှိပရိဘောဂကို ဖျက်ဆီးတတ်၏၊
(၃) လူယုတ်မာများသည် တိုင်းပြည်တွင်း ချမ်းသာရေးကို ဖျတ်ဆီးတတ်၏၊ ♦သုခမှတ်စု

ဖွားတော်မူစက စကားဆိုသောဘုရားလောင်းအဖြစ် ၃-ပါး

(၁) မဟော်သဓာ၊
(၂) ဝေဿန္တရာ၊
(၃) ဘုရားဖြစ်တော်မူမည့်ဘဝ၊ ♦သုခမှတ်စု

ဗေဒင် ၃-ပုံ

(၁) သာမဗေဒင်= နေလတို့၏သွားရာ ကောင်းကင်လမ်း ကို ၁၂ ရာသီပြုလုပ်၍ မည်သည့်ရာသီတွင် မည်သည့်ဂြိုဟ် ရပ်တန့်သည်ကိုကြည့်၍ ဟောသောကျမ်း၊
(၂) ယဇုဗေဒင်=မကောင်းသော ဘေးရန်အန္တရာယ်တို့မှ လွတ်ကင်းရန် ဂြိုဟ်နတ်စသည်တို့အား ပူဇော်နည်းကို ပြသောကျမ်း၊
(၃) ဣသျှူဗေဒင်=နေကြတ် လကြတ်တို့၏အချိန်အခါကို ကြည့်ရှုပြီးလျှင် ကောင်း မကောင်းကို ညွှန်ပြသောကျမ်း၊က
(၄) အာတပ္ပနဗေဒင်= ပြုစားနည်းကျမ်း၊ ဆုတ်ကပ်သို့ ရောက်၍ တရားမစောင့်သူ များလာသောကြောင့် ကွယ်ပျောက်သွားလေပ္ပြန၊ ♦သုခမှတ်စု

ဗုဒ္ဓဝစန ၃-ပါး

(၁) ပထမ ဗုဒ္ဓဝစန= အနေကဇာတိသံသာရံ အစချီ၍ ဥဒါန်းကျူးသောစကား၊ ဘုရားဖြစ်တော်မူစ၌ဟော၏၊
(၂) ပစ္ဆိမ ဗုဒ္ဓဝစန=ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ အစချီသော စကား၊ အဆုံးစွန်ပရိနိဗ္ဗာန်ပြုတော်မူခါနီး ဟော၏၊
(၃) မဇ္ဈိမဗုဒ္ဓဝစန= သက်တော်ထင်ရှား လေးဆယ့်ငါးဝါ ကာလပတ်လုံး ဟောတော်မူသော စကားများ၊ ♦သုခမှတ်စု

ဗန္ဓအပြား ၃-ပါး၊ ကဗျာဖွဲ့ခြင်း ၃-ပါး

(၁) ဂါထာ= အက္ခရာ၊ ဂိုဏ်း၊ ဂရု၊ လဟုတို့ကို မှတ်၍ ဖွဲ့အပ်သော ဗန္ဓ၊
(၂) စုဏ္ဏိယ=အက္ခရာ၊ ဂိုဏ်း၊ ဂရု၊ လဟုတို့ကို မမှတ်မူ၍ ဖွဲ့အပ်သော ဗန္ဓ၊
(၃) ဝမိ ဿိ =ဂါထာနှင့် စုဏ္ဏိယ နှစ်ပါး စလုံး ရော၍ ဖွဲ့အပ်သော ဗန္ဓ၊ ♦သုခမှတ်စု

ဘဝဂ် ၃-ပါး

(၁) ပုထုဇဉ်ဘဝဂ်=ဝေဟပ္ဖိုလ်ဘုံ၊ ပုထုဇဉ်တို့၏ အထက်ဆုံးဘုံ၊
(၂) အရိယာဘဝဂ်= အကနိဋ္ဌဘုံ၊ အရိယာတို့၏ အထက်ဆုံးဘုံ၊
(၃) သဗ္ဗဘဝဂ်=နေဝသညာနာသညာယတနဘုံ၊ ၃၁ ဘုံတွင် အထက်ဆုံးဘုံ၊ ♦သုခမှတ်စု

ဖိနပ်လှူသော အကျိုး ၃-ပါး

(၁) ဆင်ယာဉ် မြင်းယာဉ် စသော ယာဉ်မျိုးတို့ကို ရခြင်း၊
(၂) ရတနာခြေနင်းကို ရခြင်း၊
(၃) မကောင်းမှုကို သုတ်သင်ခြင်း၌မြဲသော သတိရှိခြင်း၊ ♦သုခမှတ်စု

ဘုရားပရိနိဗ္ဗာန်ပြုရန် ကုသိနာရုံသို့ကြွခြင်းအကြောင်း ၃-ပါး

(၁) မဟာ သုဒဿနသုတ်ကို ဟောတော်မူလိုသောကြောင့်လည်းကောင်း၊
(၂) သုဘဒ္ဒရဟန်း ရဟန္တာ ဖြစ်လတံ့ဟု သိတော်မူခြင်း၊
(၃) ဓာတ်တော်ကြောင့် ခုနစ်ပြည်ထောင် မင်းတို့ စစ်ဖြစ်မည်ကို ဆရာဒေါနပုဏ္ဏား စစ်မဖြစ်အောင် တားနိုင်မည်ကို သိခြင်း၊ ♦သုခမှတ်စု

ဘုရားလောင်း ၃-ပါး

(၁) ဥဂ္ဃဋိတညု=ပညာဓိက ဘုရားလောင်း၊ ပညာ ဉာဏ်အမှူးပြု၍ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်၊
(၂) ဝိပဉ္စိတညု= သဒ္ဓါဓိက ဘုရားလောင်း၊ သဒ္ဓါတရား အမှူးပြု၍ ရှစ်သင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်၊
(၃) နေယျ=ဝီရိယာဓိကဘုရားလောင်း၊ ဝီရိယတရား အမှူးပြု၍ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်၊ ♦သုခမှတ်စု

ဘုရားသခင်တို့ကြွတော်မူသော် ခြေတော်ရာ မထင်ခြင်းကြောင်း ၃-ပါး

(၁) အသားအရေနူးညံ့သိမ်မွေ့လှသဖြင့် ဝါးဂွမ်းကိုချ၍ အရာမထင်ဘိသကဲ့သို့လည်းကောင်း၊
(၂) ခွန်အားကြီးသော သိန္ဓောမြင်းသည် ကြာရွက်တွင် နင်းသော်လည်း အရာမထင်ဘိသကဲ့သို့ လည်းကောင်း၊
(၃) ခြေတော်ထင်ပါမူကားလူအပေါင်း မနင်းဝံ့သည်ဖြစ်၍ ခရီးသွား ဆိတ်လတံ့သည်ကို မြင်တော်မူသောကြောင့် လည်းကောင်း၊ ♦သုခမှတ်စု

ဘုရားသခင်၏ ခြေတော်ရာ ၃-ဆူ

(၁) သီဟိုဠ်ကျွန်းသမန္တကုဋတောင်ထိပ်တွင် မဏိအက္ခိကနဂါးမင်း တောင်းပန်၍ တစ်ဆူ၊
(၂) ဇမ္ဗူဒီပါကျွန်း နမ္မဒါမြစ်နား၌ နမန္တာနဂါးမင်း တောင်းပန်၍တစ်ဆူ၊
(၃) ဇမ္ဗူဒီပါကျွန်း သစ္စဗန္ဓတောင်ထိပ်တွင် သစ္စဗန္ဓမထေရ်တောင်းပန်သောကြောင့် တစ်ဆူ၊ “သို့ အားဖြင့် ခြေတော်ရာသုံးဆူ ချတော်မူ၏၊ ♦သုခမှတ်စု

ဘုရားသခင်၏ဂုဏ်တော် ၃-ပါး

(၁) ဇာတိမဟတ္တဂုဏ်=အမျိုး၏မြင်ြ့မတ်ခြင်း၊
(၂) ပုညမဟတ္တဂုဏ်= ကုသိုလ်ပုည၏မြင့်မြတ်ခြင်း၊
(၃) ဂုဏ်မဟတ္တဂုဏ်= ဂုဏ်တော်၏ မြင့်မြတ်ခြင်း၊ ♦သုခမှတ်စု

ဘုရားသခင်၏ စကား ၃-မျိုး

(၁) လူတို့၏ စကားရှစ်ခွန်းနှင့် အရှင်အာနန္ဒာတစ်ခွန်း ညီမျှ၏၊
(၂) အာနန္ဒာ ၁၆ ခွန်းနှင့် ဘုရားသခင်တစ်ခွန်းညီမျှ၏၊
(၃) လူတို့၏ စကားပေါင်း ၁၂၈ ခွန်းနှင့် မြတ်စွာဘုရားတစ်ခွန်းညီမျှ၏၊ ♦သုခမှတ်စု

ဘေဒဥပါယ် ၃-ပါး

(၁) သိနေဟရာဂါပနယနဘေဒ=ချစ်ခြင်း နှစ်သက်ခြင်းတို့ကို တဖြည်းဖြည်းပယ်ဖျက်ခြင်း၊
(၂) သာဟသောပ္ပါဒနဘေဒ=ဗိုလ်ပါ အစွမ်းပြ၍ ဖိစီးခြင်း၊
(၃) သန္တဇ္ဇန ဘေဒ= ခြိမ်းခြောက်ခြင်း၊ ♦သုခမှတ်စု

ဘတ္တိကကျွန် ၃-ပါး

(၁) ခုနစ်နှစ်အတွင်း ဝယ်သူကိုထမင်းကျွေးသောကျွန်၊
(၂) မူးအင်းနိုင်ယွင်းသူကို ထမင်းကျွေးသော ကျွန်၊
(၃) လုပ်ကြံနိုင်ရွယ်သူကို ထမင်းကျွေးသောကျွန်၊ ♦သုခမှတ်စု

ဘုံ ၃-ပါး

(၁) ကာမ ၁၁ ဘုံ၊
(၂) ရူပ ၁၆ ဘုံ၊
(၃) အရူပ ၄ ဘုံ၊ ♦သုခမှတ်စု

မကိုးအပ်သည့် ၃-ပါး

လောကဟိတဂမ္ဘီရကျမ်း
(၁) မာန်ကို မကိုးအပ်၊
(၂) အားကို မကိုးအပ်၊
(၃) စည်းစိမ်ကို မကိုးအပ်၊ ♦သုခမှတ်စု

မကျော်အပ်သည့် ၃-ပါး

လောကဟိတဂမ္ဘီရကျမ်း
(၁) ကျည်ပွေ့ကို မကျော်အပ်၊
(၂) အရှေ့ထရံကိုမကျော်အပ်၊
(၃) သူတစ်ပါးဦးခေါင်းကို မကျော်အပ်၊ ♦သုခမှတ်စု

မခိုအပ်သည့် ၃-ပါး

လောကဟိတဂမ္ဘီရကျမ်း
(၁) မြန်စွာ ဘုရားအရိပ်ကိုမခိုအပ်၊
(၂) သံဃာ့အရိပ်ကို မခိုအပ်၊
(၃) မိဘအရိပ်ကို မခိုအပ်၊ ♦သုခမှတ်စု

မနောကံ ၃-ပါး

(၁) အဘိဇ္ဈာ=သူတစ်ပါးစည်းစိမ်ကို ငါ့စည်းစိမ် ဖြစ်ပါစေတော့ဟု ကြံခြင်း၊
(၂) ဗျာပါဒ= သူတစ်ပါး ပျက်စီးစေလိုသော ဒေါသရှိခြင်း၊
(၃) မိစ္ဆာဒိဋ္ဌိ=မှားသော အယူကို ယူလွဲနေခြင်း၊ ♦သုခမှတ်စု

မမေးရာသည် ၃-ပါး

လောကဟိတဂမ္ဘီရကျမ်း
(၁) အိပ်ရာထကို မမေးရာ၊
(၂) ခရီးလာခိုက်ကို မမေးရာ၊
(၃) အမျက်ဒေါသနှင့် ပြင်းစွာ လာခိုက်ကို မမေးရာ၊ ♦သုခမှတ်စု

မမှီဝဲအပ်သူ ၃-ယောက်

(၁) အိပ်ကြူးသူ၊
(၂) သေသောက်ကြူးသူ၊
(၃) မေထုန်ကြူးသူ၊ ♦သုခမှတ်စု

မယုံအပ်သော အရပ် ၃-ပါး

(၁) အစောင့် အကြပ်ထားရာ အရပ်၊
(၂) ဘေးဘယ ညှဉ်းဆဲရာ အရပ်၊
(၃) အကျဉ်းခံရာ အရပ်၊ ♦သုခမှတ်စု

မရောင့်ရဲနိုင်ခြင်း ၃-ပါး

(၁) မီးပုံကြီး၊
(၂) သမုဒ္ဒရာ၊
(၃) အလိုကြီးသူ၊ ♦သုခမှတ်စု

မရှက် ၃-ပါး

(၁) ကြိုက်နှစ်သက်၍ မရှက်ခြင်း၊
(၂) ငတ်မွတ်၍ မရှက်ခြင်း၊
(၃) အိပ်ငိုက်၍ မရှက်ခြင်း၊ ♦သုခမှတ်စု

မဟာသမုဒ္ဒရာ၌ တံပိုး ၃-ခု

(၁) မဟိနူတံပိုး = ယူဇနာခြောက်ဆယ်တက်၏၊
(၂) ဝင်္ဂတံပိုး=ယူဇနာ ငါးဆယ်တက်၏၊
(၃) ရောဟတံပိုး= ယူဇနာလေးဆယ်တက်၏၊ ♦သုခမှတ်စု

မဟာသယန ကံအင်္ဂါ ၃-ပါး

(၁) မြင့်သောနေရာ မြတ်သောနေရာလည်းဖြစ်စေ၊
(၂) ထိုနေရာ၌ ထိုင်ခြင်း, အိပ်ခြင်း ပြုသည်လည်း ဖြစ်စေ၊
(၃) မရူးသောသူလည်း ဖြစ်စေ၊ ♦သုခမှတ်စု

မဟာသာလ ၃-မျိုး

(၁) ဗြာဟ္မဏမဟာသလ= ဥစ္စာကြွယ်ဝသော ပုဏ္ဏားမျိုး၊
(၂) ခတ္တိယမဟာသလ= ဥစ္စာကြွယ်ဝသော မင်းမျိုး၊
(၃) ဂဟပတိ မဟာသာလ= ဥစ္စာကြွယ်ဝသော သူကြွယ်မျိုး၊ ♦သုခမှတ်စု

မဟာလတာန်ဆာကို ဝတ်ဆင်ရသူ ၃-ဦး

(၁) ဝိသာခါ၊
(၂) မလ္လိကာ=ဗန္ဓုလစစ်သူကြီးကတော်၊
(၃) သုမန= ဗာရာဏသီ သူဋ္ဌေးကြီး သမီး၊ ♦သုခမှတ်စု

မီး ၃-ပါး

(၁) အာဟုဏေယျဂ္ဂိ= မိဘ၊
(၂) ဂဟပတဂ္ဂိ= လင်ယောက်ျား၊
(၃) ဒက္ခဏေယျဂ္ဂိ= ရဟန်းသံဃာ၊ ထိုသုံးပါးတို့သည် ကျေးဇူးရှင်များ ဖြစ်သည့်အားလျော်စွာ ဆန့်ကျင်ပြစ်များမိမူ အပါယ်လေးပါး၌ လောင်စေတတ်၏၊ ♦သုခမှတ်စု

မင်းတို့ မပစ်ပယ်အပ်သူ ၃-ယောက်

(၁) မင်းအသက်ကို ကယ်ပေးသူ၊
(၂) ဆင်းရဲတော်မူသောအခါ မ,စပေသူ၊
(၃) မင်းအဖြစ်ကို ပေးပေသူ၊ ♦သုခမှတ်စု

မင်းတို့ မမေ့ရာသော အရပ် ၃-ပါး

(၁) ဖွားရာ အရပ်၊
(၂) ဘိသိက်ခံရာအရပ်၊
(၃) ရန်အောင်ရာအရပ်၊ ♦သုခမှတ်စု

မင်းမစီးထိုက်သော ဆင် ၃-မျိုး

(၁) ဟနီ လက္ခဏ ဆင်= ဦးကင်းမှ မြီးညောင့်တိုင် အနက်၊ ကြွင်းသော ကိုယ်လုံး ဖြူ၏၊
(၂) ဒုရလက္ခဏဆင်= အနက် တစ်ကွက် တစ်ကွက်ပြောက်၍ ကြွင်းသောကိုယ်လုံးဖြူ၏၊
(၃) ပါပလက္ခဏဆင်= ဆင်မဖြစ်လျက် ဆင်ထီးကဲ့သို့ အစွယ်ကြီးပေါက်သော ဆင်၊ ♦သုခမှတ်စု

မေတ္တာ ၃-ပါး

(၁) ဟတိ ဖရဏမေတ္တာ= သတ္တဝါအပေါင်းတို့ ဘေးကင်းခြင်းကို လိုလားခြင်း၊
(၂) ဥပစာရမေတ္တာ= ရန်သူ၊ ချစ်သူ၊ လျစ်လျူရှုသူ၊ “ ၃-ယောက်တို့ကို ကိုယ်နှင့် အတူချစ်ခြင်း၊
(၃) အပ္ပနာမေတ္တာ = စျာန်စိတ်နှင့် ယှဉ်သောချစ်ခြင်း၊ ♦သုခမှတ်စု

မာန်တက်ခြင်း ၃-ပါး

(၁) ဇာတိမာန်= ဇာတ်ကိုစွဲ၍ မာန်တက်ခြင်း၊
(၂) ဣဿရိယမာန်= အစိုးရခြင်းကိုစွဲ၍ မာန်တက်ခြင်း၊
(၃) ဂေါတ္တမာန်=အမျိုးအနွယ်ကိုစွဲ၍ မာန်တက်ခြင်း၊ ♦သုခမှတ်စု

မာန် ၃-ပါး

(၁) သေဋ္ဌမန်= ငါသာမြတ်သည်ဟု မာန်ပြုခြင်း၊
(၂) သဒိသမာန်=ငါနှင့်တန်းတူဟု မာန်ပြုခြင်း၊
(၃) ဟီနမာန်= ငါကားယုတ်နိမ့်သူဟု မာန်ပြုခြင်း၊ ♦သုခမှတ်စု

မိန်းမတို့၏ ဂါရဝ ၃-ပါး

(၁) မိခင် ဖခင်တို့ကိုရိုသေခြင်း၊
(၂) ယောက္ခမတို့ကို ရိုသေခြင်း၊
(၃) မိမိလင်သားကို ရိုသေခြင်း၊ ♦သုခမှတ်စု

မိန်းမတို့၏ ဝါရ ၃-ပါး

(၁) ပူစပ်သော အရသာကို မစား မသောက်ခြင်း၊
(၂) ခါးသောအရသာ၊
(၃) ဖန်သော အရသာတို့ကို မစားမသောက်ခြင်း၊ ♦သုခမှတ်စု

မိန်းမတို့၏သီရိ ၃-ပါး

(၁) ကြိုးတန်း ကြိမ်တန်း အောက်ကို မလျှိုးခြင်း၊
(၂) ထဘီပုဆိုးအထက်အောက်လှန်၍ မဝတ်ခြင်း၊
(၃) ခြေမဆေးဘဲ အိပ်ရာ မဝင်ခြင်း၊ ♦သုခမှတ်စု

မိန်းမပျက်တို့၏ ပွားများခြင်းအမှု ၃-ပါး

(၁) နံနက်အချိန်တွင် မစ္ဆရိယတရားပွားများခြင်း၊
(၂) ညနေအချိန်တွင် ဣဿာတရား ပွားများခြင်း၊
(၃) ညဉ့်အချိန်တွင် ရာဂတရား ပွားများခြင်း၊ ♦သုခမှတ်စု

မြေလှုပ်ခြင်း ၃-မျိုး

(၁) သံကိမီ= သက်၍ သက်၍ တုန်လှုပ်၏၊
(၂) သမ္ပကမ္ပိ=တက်၍တက်၍လှုပ်၏၊
(၃) သမ္ပဝေဓိ= ဧယာဉ်ကို လွှဲသကဲ့သို့ နွှဲ၍နွှဲ၍ လှုပ်၏၊ ♦သုခမှတ်စု

မြည်း၏ ကောင်းသောအကျင့် ၃-ပါး

(၁) ပင်ပန်းသော်လည်း လေးသောဝန်ကို ရွက်ဆောင်တတ်ခြင်း၊
(၂) အချမ်းအပူကိုလည်း မကြောက်ခြင်း၊
(၃) ရောင့်ရဲလွယ်ခြင်း၊ ♦သုခမှတ်စု

မြတ်စွာဘုရားဒေသစာရီကြွရာ ခရီး ၃-ကြောင်း

(၁) မဟာမဏ္ဍလ= ၎င်းအရပ်သို့ သီတင်းကျွတ်လဆုတ် ၁ ရက်နေ့ ကောင်းတော်မှထွက်ခဲ့၍ ကိုးလ ကြွတော်မူသည်၊
(၂) မဇ္ဈိမမဏ္ဍလ=၎င်းအရပ်သို့ နတ်တော်လဆန်း ၁ ရက်နေ့ ကောင်းတော်မှ ထွက်ခဲ့၍ ၇ လတိုင်တိုင် ကြွတော်မူသည်၊
(၃) အန္တိမ မဏ္ဍလ= ၎င်းအရပ်သို့ တပို့တွဲလဆန်း ၁ ရက်နေ့ ကောင်းတော်မှ ထွက်ခဲ့၍ ၅ လတိုင်တိုင် ကြွ၍တရားဟော၏၊ ♦သုခမှတ်စု

မြန်မာပြည်အရပ် ၃-ပါး

(၁) သုနာပရန္တ= ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတစ်လျှောက်၊
(၂) တမ္ပဒီပ = ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း မြောက်ပိုင်း၊
(၃) ရာမည= ပဲခူးတိုင်း၊ ♦သုခမှတ်စု

မှီဝဲအပ်သည် ၃-ပါး

(၁) အကြင်သူသည် ပေးခဲသည်ကို ပေးခြင်း၊
(၂) ပြုခဲသည်ကိုပြုခြင်း၊
(၃) သည်းခံခဲသည်ကို သည်းခံခြင်း၊ ♦သုခမှတ်စု

မှန်ကင်းကဲ့သို့ ကျင့်ရာသူ ၃-ယောက်

(၁) အမျိုးမြတ်သူ၊
(၂) ပညာရှိသူ၊
(၃) အရွယ်ကြီးသူ၊ ၎င်းတို့အား ရိုသေရာ၏၊ ♦သုခမှတ်စု

ယောဂ ၃-မျိုး (သဒ္ဒါ)

(၁) အမှယောဂ= ငါ, ကျွနု်ပ် စသည် ပထမပြောသူ၊
(၂) တုမှယောဂ= သင်, မင်းစသည်ဖြင့် ဒုတိယ အပြောခံရသူ၊
(၃) နာမယောဂ= သူ,မိမိ စသည်ဖြင့် တတိယ ပြောခြင်းခံရသူ၊ ♦သုခမှတ်စု

ရတနာ ၃-ပါး

(၁) ဗုဒ္ဓ= ဘုရား၊
(၂) ဓမ္မ=တရား၊
(၃) သံဃ= သံဃာ၊ ♦သုခမှတ်စု

ရဟန်းတို့၌ ကျောင်းအလှူခံခြင်း ၃-ပါး

(၁) ပုဂ္ဂလိကကျောင်း = တစ်ဦးသောပုဂ္ဂိုလ်အား ရည်မှတ်၍ လှူသော ကျောင်း၊
(၂) ဂဏိကကျောင်း= ဂိုဏ်းသံဃာ အပေါင်းအား လှူသော ကျောင်း၊
(၃) သံဃိကကျောင်း = သံဃာဟူသမျှ ရည်၍ လှူသောကျောင်း၊ ♦သုခမှတ်စု

ရဟန်းတို့၌ ခေါင်းအုံးသွတ်ရာ လဲ ၃-ပါး

(၁) ရုက္ခတူလ= လက်ပံ၊ မြိုင်၊ ဝါ၊ မရိုး စသည်တို့၊
(၂) လတာတူလ= နွယ်၊
(၃) ပေါဋကိတူလ=မြက်မျိုး၊ ♦သုခမှတ်စု

ရဟန်းတို့၌ အပ်သော ခွက် ၃-ပါး

(၁) သံခွက်၊
(၂) ကြေးခွက်၊
(၃) ကြေးနီခွက်၊ ♦သုခမှတ်စု

ရဟန်းတို့၌ အပ်သော ထီး ၃-စင်း

(၁) အဝတ်ထီး၊
(၂) နှီးထီး၊
(၃) သစ်ရွက်ထီး၊ ♦သုခမှတ်စု

ရဟန်းတို့အား အာပတ်ဖြင့် စွပ်စွဲထိုက်သော အကြောင်းတရား ၃-ပါး

(၁) ဒိဋ္ဌ =မိမိ၏ ပသာဒစက္ခူဖြင့်သော်လည်းကောင်း၊ ဒိဗ္ဗစက္ခူဖြင့်သော်လည်းကောင်း မြင်ခြင်း၊
(၂) သုတ= မိမိ၏ ပသာဒသောတဖြင့် သော်လည်းကောင်း၊ ဒိဗ္ဗ သောတဖြင့် သော်လည်းကောင်း ကြားခြင်း၊
(၃) ပရိသင်္ကိတ= မိမိသည် လည်းကောင်း၊ သူတစ်ပါးသည် လည်းကောင်း ဒိဋ္ဌ, သုတ, မုတ အစွမ်းဖြင့် ဖြစ်သော စိတ်ဖြင့် ယုံမှား ရွံရှာခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့၏ လက္ခဏာ ၃-ပါး

(၁) သမဏလက္ခဏာ= ကာယဝိညတ်, ဝစီဝိညတ် ပဋိပတ်မယှဉ် ကြည်ရွှင်သော စိတ်ထားနှင့် မတရားသော အကုသိုလ် အမှုတို့ကို မပြုမလုပ် ငြိမ်းချမ်းစေသော သမဏ လက္ခဏ၊
(၂) ပဗ္ဗဇ္ဇလက္ခဏာ= ဒုက္ကဋ်,ဒုဗ္ဘသီမှစ၍ အာပတ်အညစ်အကြေးတို့ကို ဆေးကြောနှင်ထုတ်သော ပဗ္ဗဇ္ဇလက္ခဏာ၊
(၃) ဘိက္ခုလက္ခဏာ= အိုခြင်း, နာခြင်း စသော သံသရာဘေးကို လေးလေးပင်ပင် ရှုမြင်တတ်သော ဘိက္ခုလက္ခဏာ၊ ♦သုခမှတ်စု

ရဟန်းအလဇ္ဇီတို့၏ အင်္ဂါ ၃-ပါး

(၁) သဉ္စိစ္စ အာပတ္တံအာပဇ္ဇတိ= စေတနာနှင့်တကွ အာပတ်သို့ရောက်ခြင်း၊
(၂) အာပတိံပရိဂူဟတိ= ရောက်ပြီးသော အာပတ်ကိုလျှို့ ဝှက်ထားခြင်း၊
(၃) အဂတိဂမနဉ္စဂစ္ဆတိ= မလားအပ်သော အဂတိလေးပါးကို လိုက်စားခြင်း၊ ♦သုခမှတ်စု

ရာဇဒိန္နကျွန် ၃-ပါး

(၁) သာမညပေးသော ကျွန်၊
(၂) အစဉ်အဆက် ပေးသောကျွန်၊
(၃) လက်ဖွဲ့သော ကျွန်၊ ♦သုခမှတ်စု

ရယ်ခြင်း ၃-ပါး

သုဗောဓာလင်္ကာရ
(၁) သူမြတ်ရယ်ခြင်း၊
(၂) သူယုတ်ရယ်ခြင်း၊
(၃) သူလတ်ရယ်ခြင်း၊ သူမြတ်ရယ်ခြင်းနှစ်ပါး၊
(၁) သတိ= မျက်လုံး နှုတ်ခမ်း စဉ်းငယ် အနေပျက်ရုံပြုံးကာ ပြု၍ ရယ်ခြင်း၊
(၂) ဥပဟသိတ=စဉ်းငယ် သွားပေါ်ရုံသာ ရယ်ခြင်း၊ သူလတ်ရယ်ခြင်းနှစ်ပါး၊
(၁) ဝိဟသိတ= ပကတိသော အသံညင်းညင်းထွက်ရုံ ရယ်ခြင်း၊
(၂) ဥပဟသိတ= ပခုံး, ဦးခေါင်း လှုပ်အောင် ရယ်ခြင်း၊ သူယုတ် ရယ်ခြင်းနှစ်ပါး၊
(၁) အပဟသိတ= မျက်ရည်ထွက်အောင် ရယ်ခြင်း၊
(၂) အတိဟသိတ= ခြေပစ်လက်ပစ် မရှိုက်မရှူနိုင်အောင် ရယ်ခြင်း၊ ♦သုခမှတ်စု

ရောင်ခြည်တော် ၃-ပါး

(၁) လက္ခဏာရောင်ခြည်တော်= ဖွားတော်မူသည်မှစ၍ တစ်လံမျှ အတိုင်းအရှည်ရှိရောင်ခြည်တော်၊
(၂) အသီတိနိစ္စလဋ္ဌိတိ= ဘုရား ဖြစ်တော်မူသည်ကစ၍ အလိုအလျောက် အတောင် ၈၀ လင်းသည်၊
(၃) အနန္တ ဒိသဖရဏ=အလိုရှိတော်မူ၍လွှတ်တော်မူလျှင် စကြဝဠာတစ်တိုက်လုံး ဖောက်ထွင်းနိုင်သောရောင်ခြည်တော်၊ ♦သုခမှတ်စု

ရန်အောင်ခြင်းတရား ၃-ပါး

(၁) လိမ္မာခြင်း၊
(၂) ရဲရင့်ခြင်း၊
(၃) ထိုးထွင်းပညာယှဉ်ခြင်း၊ ♦သုခမှတ်စု

ရှင်ပစ္စေကအလောင်းတော်တို့၏ ဖွားရာ အမျိုး ၃-ပါး

(၁) ခတ္တိယ = မင်းမျိုး၊
(၂) ဗြာဟ္မဏ= ပုဏ္ဏားမျိုး၊
(၃) ဂဟပတိ=ကြွယ်မျိုး၊ ♦သုခမှတ်စု

လူကောက်တို့၏ လက္ခဏာ ၃-ပါး

(၁) ပျားသကဲ့သို့ နှုတ်သံ ချိုစွာ မဟုတ်မမှန် ပြောဆိုခြင်း၊
(၂) အပြင်က စီးပွားလိုယောင်နှင့် အတွင်းက အပြစ်ရှာ၍ ကြံတတ်ခြင်း၊
(၃) သူတစ်ပါးအား ချစ်ခြင်းမေတ္တာ ကင်းခြင်း၊ ♦သုခမှတ်စု

လူ ၃-ပါး

(၁) လူ၊
(၂) နတ်၊
(၃) ဗြဟ္မာ၊ ♦သုခမှတ်စု

လူ ၃-မျိုး

(၁) နိယတ= အမိကို သတ်၍ ပဉ္စနာနန္တရိယ ကံကြီးထိုက်သူ၊
(၂) တဿီလ= ပညာရှိတို့၏ ဆုံးမစကားနှင့် ကျင့်ဝတ်ကို လိုက်နာကျင့်ကြံသူ၊
(၃) တဿာဓု= သူတစ်ပါးထက်ပို၍ အကျင့်သိက္ခာ ပြည့်စုံသူ၊ ♦သုခမှတ်စု

လူမိုက်လက္ခဏာ ၃-ပါး

(၁) ဥစ္စာမရှိဘဲလျက် ကာမဂုဏ်ကို အလိုရှိခြင်း၊
(၂) ခွန်အား မရှိဘဲလျက် ခိုက်ရန် ပြုလိုခြင်း၊
(၃) ကျမ်းဂန်အမြင်နည်းလျက် အငြင်းအခုန် ပြုလိုခြင်း၊ ♦သုခမှတ်စု

လောက ၃-ပါး

(၁) သတ္တလောက= လူ, နတ် စသော သတ္တဝါတို့၏ လောက၊
(၂) သင်္ခါရလောက= ပြုပြင်စီရင်တတ်သော လောက၊
(၃) သြကာသလောက= တော,တောင်, ရေ,မြေ သမုဒ္ဒရာ စသော လောက၊ ♦သုခမှတ်စု

လက္ခဏာရေး ၃-ပါး

(၁) အနိစ္စ= “ ရုပ်နာမ် ခန္ဓာငါးပါးတို့သည် အမြဲမဟုတ်၊
(၂) ဒုက္ခ= “ ရုပ်နာမ် ခန္ဓငါးပါးတို့သည် ဆင်းရဲခြင်း တရားဖြစ် ကုန်၏၊
(၃) အနတ္တ= “ရုပ်နာမ် ခန္ဓငါးပါးတို့သည် အစိုးမရ ကိုယ်မဟုတ်၊ ♦သုခမှတ်စု

လက်နက်နှင့် ကင်း၍ မသွားရာသော အရပ် ၃-ပါး

(၁) သူရဲကောင်းတို့သည် ဓား,လှံ, လေးမြား စသော လက်နက်နှင့်ကင်း၍ စစ်မြေပြင်သို့ မသွားရာ၊
(၂) ပညာရှိတို့သည် ကျမ်းဂန်နှင့်ကင်း၍ သဘင်သို့ မသွားရာ၊
(၃) ခရီးသွားတို့သည် ရိက္ခာနှင့် ကင်း၍ ခရီး မသွားရာ၊ ♦သုခမှတ်စု

လင်မယား ဖြစ်ရာသည် ၃-ပါး

(၁) မိဘပေးစား၍ လင်မယားဖြစ်ခြင်း၊
(၂) မိမိတို့၏ သဘောအလျောက် သင့်တင့်နေထိုင်၍ ဖြစ်ခြင်း၊
(၃) အသက်ကို ကယ်သူပြီးသောကျေးဇူးကြောင့်ပိုင်ခြင်း၊ ♦သုခမှတ်စု

ဝိကာလဘောဇန၏ ကံအင်္ဂါ ၃-ပါး

(၁) မွန်းလွဲသည်လည်းဖြစ်စေ၊
(၂) နံနက်အခါ၌သာ သုံးဆောင်ထိုက်သော ယာဝကာလိကလည်း ဖြစ်စေ၊
(၃) မျိုခြင်းလည်း ဖြစ်စေ၊ ♦သုခမှတ်စု

ဝိတက် ၃-ပါး

(၁) ကာမဝိတတ်= ကာမဂုဏ်နှင့်စပ်၍ ကြံစည်ခြင်း၊
(၂) ဗျာပါဒဝိတက်= သူတစ်ပါးတို့အား သတ်ရန် ကြံစည်ခြင်း၊
(၃) ဝိဟိံသဝိတက်= သူတစ်ပါးတို့အား ညှဉ်းဆဲရန် ကြံစည်ခြင်း၊ ♦သုခမှတ်စု

ဝိမောက္ခ ၃-ပါး

(၁) သုညတဝိမောက္ခ= အတ္တဟူသော ဆိတ်ငြိမ်ခြင်းရှိသော သံယောဇဉ် အစရှိသည်တို့မှ လွတ်မြောက်နိုင်သော ပညာ၊
(၂) အနိမိတ္တဝိမောက္ခ= မမြဲသောသံယောဇဉ် အစရှိသည်တို့မှ လွတ်မြောက်နိုင်သော ပညာ၊
(၃) အပ္ပဏိဟိတဝိမောက္ခ= တဏှာ ဟူသော ထောက်တည်ရာ မှီခိုရာ မရှိသော သံယောဇဉ်အစရှိသည်တို့မှ လွတ်မြောက်နိုင်သော ပညာ၊ ♦သုခမှတ်စု

ဝိရတိ ၃-ပါး

(၁) သမ္ပတ္တဝိရတိ= သိက္ခာပုဒ်ကို မဆောက်တည်မူ ကြဉ်အပ်သောဝတ္ထု အနီးသို့ရောက်မှ ကြဉ်ခြင်း၊
(၂) သမာဒါနဝိရတိ= ပါဏာတိပါတာဝေရာမဏိဟု သိက္ခာပုဒ်ကို ဆောက်တည်လျက် ကြဉ်ခြင်း၊
(၃) သမုစ္ဆေဒဝိရတိ= လောကုတ္တရာစိတ်၌ ဖြစ်၍ မကောင်းမှုတို့ကို ဖြတ်သောအားဖြင့် ကြဉ်ခြင်း၊ ♦သုခမှတ်စု

ဝေဒနာ ၃-ပါး

(၁) သုခဝေဒနာ= ကိုယ်၌ ခံသာသော အကြောင်းအရာ၊
(၂) ဒုက္ခဝေဒနာ= ကိုယ်၌ မခံသာသော အကြောင်းအရာ၊
(၃) ဥပေက္ခာဝေဒနာ= ကိုယ်၌ ခံသာသည်လည်း မဟုတ်၊ မခံသာသည်လည်း မဟုတ်သောအကြောင်း အရာ၊ ♦သုခမှတ်စု

ဝတ် ၃-ပါး

(၁) လောကဝတ်= လူတို့ ပြုကျင့်ရာသော ဝတ္တရား၊
(၂) ဓမ္မဝတ်= တရားတော်အတိုင်း ပြုကျင့်ရာသော ဝတ္တရား၊
(၃) ရာဇဝတ် =မင်းတို့ပြုကျင့်ရာသော ဝတ္တရား၊ ♦သုခမှတ်စု

ဝဋ် ၃-ပါး

(၁) ကိလေသဝဋ်= အဝိဇ္ဇာ, တဏှာ, ဥပါဒါန်၊
(၂) ကမ္မဝဋ်= ကမ္မဘဝ တစ်စိတ်, သင်္ခါရ၊
(၃) ဝိပါကဝဋ်= ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဇာတိ, ဇရာ, မရဏ၊ ♦သုခမှတ်စု

ဝိဇ္ဇာ ၃-ပါး (ပု, ဒိ, အာ)

(၁) ပုဗ္ဗေနိဝါသ= ရှေးလွန်လေပြီးသော ဘဝအကြောင်းကို သိနိုင်ခြင်း၊
(၂) ဒိဗ္ဗစက္ခု = နတ်မျက်စိကဲ့သို့ မြင်ခြင်း၊
(၃) အာသဝက္ခယ= အာသဝေါတရား ကုန်ခန်းခြင်း၊ ♦သုခမှတ်စု

ဝုဒ္ဓိ ၃-ပါး

(၁) ဇာတိဝုဒ္ဓိ= အမျိုး ဖြင့် မြတ်ခြင်း၊
(၂) ဂဏု ဝုဒ္ဓိ= ဂုဏ်ကြီးခြင်း၊
(၃) ဝယဝုဒ္ဓိ= အရွယ်ကြီးခြင်း၊ ♦သုခမှတ်စု

ဝန္ဒိကျွန် ၃-ပါး

(၁) ဝန္ဒိ = စစ်မြေအတွင်း သူ့ဘက်က ကိုယ့်ဘက်သို့ ဝင်လာသော သုံ့ရကျွန်၊
(၂) ဂါဟ= စစ်အတွင်း တောတောင် ပုန်းအောင်းသူကို ဖမ်း၍ရသော ဖမ်းရကျွန်၊
(၃) ဟတ္ထက= စစ်အတွင်း ဓားအောက်, လှံအောက်ရောက်မှ ကယ်ဆယ်၍ ရသော လက်ရကျွန်၊ ♦သုခမှတ်စု

ဝိပ္ပလ္လာသ ၃-ပါး (မှောက်မှားသော တရား)

(၁) သညာဝိပ္ပလ္လာသ= အမှတ်မှားသောတရား၊
(၂) ဒိဋ္ဌိဝိပ္ပလ္လာသ= အယူမှားသော တရား၊
(၃) စိတ္တ ဝိပ္ပလ္လာသ=အထင်မှားသော တရား၊ ♦သုခမှတ်စု

သကဒါဂါမ် ၃-ပါး

(၁) ဧကဗဇီ သကဒါဂါမ်= တစ်ကြိမ်သာ ပဋိသန္ဓေနေပြီး ကျွတ်လွတ်သော သကဒါဂါမ်၊
(၂) ဒွိဗီဇသကဒါဂါမ်= နှစ်ကြိမ် ပဋိသန္ဓေနေပြီးမှ ကျွတ်လွတ်သော သကဒါဂါမ်၊
(၃) ဘုံစဉ်စံ သကဒါဂါမ်= တစ်ဘဝပြီး တစ်ဘဝ နိဗ္ဗာန်တိုင် မြင့်မြတ်သွားသော သကဒါဂါမ်၊ ♦သုခမှတ်စု

သမားတို့သိရာသော လက္ခဏာ ၃-ပါး

(၁) ရုဇ္ဇိနဿလက္ခဏာ= အနာတည်းဟူသော ရန်၏အောင်ခြင်းလက္ခဏာ သိရခြင်း၊
(၂) ရသလက္ခဏာ= ဆေးအစာတို့၏ အရသာ လက္ခဏာကို သိရခြင်း၊
(၃) ဘေသဇ္ဇ= ဆေး၏ဒြပ်ကို သိရခြင်း၊ ♦သုခမှတ်စု

သမားတို့ သွေးမစမ်းရသော အချိန် ၃-ပါး

(၁) နေထွက်စ၊
(၂) နေဝင်စ၊
(၃) မွန်းတည့်၊ ♦သုခမှတ်စု

သရဏဂုံ ၃-ပါး

(၁) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ= မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ခြင်း၊
(၂) ဓမ္မံ သရဏံ ဂစ္ဆာမိ= တရားတော်မြတ်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ခြင်း၊
(၃) သံဃံ သရဏံ ဂစ္ဆာမိ= သံဃာတော်မြတ်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ခြင်း၊ ♦သုခမှတ်စု

သရဏဂုံမပျက်သော အကြောင်း ၃-ပါး

(၁) ဒိဋ္ဌိတို့အား အဆွေအမျိုးတည်းဟု ရှိခိုးသော်လည်း ရှိပြီး သရဏဂုံ မပျက်၊
(၂) အတတ်သင်သော တိတ္ထိတို့အားဆရာဟု ရှိခိုးသော်လည်း မပျက်၊
(၃) မင်းဧကရာဇ်တို့အား ကြောက်သဖြင့် ရှိခိုးသော်လည်း မပျက်၊ ♦သုခမှတ်စု

သာသနာ ၃-ပါး

(၁) ယထာပရာဓသာသနာ = ဝိနည်း၊
(၂) ယထာဓမ္မ သာသနာ= အဘိဓမ္မာ၊
(၃) ယထာနုလောမသာသနာ= သုတ္တန်၊ ♦သုခမှတ်စု

သာသနာ ၃-ရပ်

(၁) ပရိယတ္တိသာသနာ = ပိဋကတ်စာပေသင်ကြားခြင်း၊
(၂) ပဋိပတ္တိသာသနာ= တရားတော်နှင့်အညီ ကျင့်ခြင်း၊
(၃) ပဋိဝေဓသာသနာ=ထိုးထွင်း၍ သိခြင်း၊ ♦သုခမှတ်စု

သား ၃-ပါး

(၁) အတိဇာတ= မိဘထက် ဂုဏ်ကျေးဇူး လွန်မြတ်သော သား၊
(၂) အနုဇာတ= မိဘ နှင့် ဂုဏ်ကျေးဇူး တူမျှသောသား၊
(၃) အဝဇာတ= မိဘအောက် ဂုဏ်ကျေးဇူး နိမ့်ညံ့သော သား၊ ♦သုခမှတ်စု

သိကြားမင်းထက် တန်ခိုးကြီးသော နတ် ၃-ပါး

(၁) စူဠရဠနတ်၊
(၂) မဟာရဋ္ဌနတ်၊
(၃) အနေကဝဏ္ဏနတ်၊ အကြောင်းကား- သိကြားမင်းက သာသနာပ ကာလ၌ လှူ၍ ၎င်းနတ်ကြီးများက သာသနာတွင်းတွင် လှူရသော ကောင်းမှုကြောင့် ဖြစ်၏၊ ♦သုခမှတ်စု

သီလ ၃-ပါး ဝိရတိ ၃-ပါး

(၁) သမာဒါနဝိရတိ= တစ်ဦးဦးသော ရဟန်းမိန်းမ၊ ရဟန်းယောက်ျားထံ ခံယူဆောက်တည်ခြင်း၊
(၂) သမ္ပတ္တဝိရတိ= သူတစ်ဦးတစ်ယောက်ထံမှ မခံယူဘဲ ရောက်လာသောဝတ္ထုတို့ကို ရှောင်ကြဉ်ခြင်း၊
(၃) သမုစ္ဆေဒဝိရတိ=သောတာပတ္တိမဂ်,ဖိုလ်ကိုရသည်နှင့် တစ်ပြိုင်နက် မဂ်ဖြင့် ဖြတ်၍ရှောင်ကြဉ်ခြင်း၊ ♦သုခမှတ်စု

သူယုတ်လက္ခဏာ ၃-ပါး

(၁) မခေါ်ဘဲ သူ့အိမ်သို့ သွားလွန်းသူ၊
(၂) သူမမေးဘဲ စကားများသူ၊
(၃) မိမိဂုဏ်ကျေးဇူးကို ပ,လွှားတတ်သောသူ၊ ♦သုခမှတ်စု

သေခါနီး၌လည်းကောင်းပဋိသန္ဓေနေဆဲ၌လည်းကောင်းပြုသော အာရုံ ၃-ပါး

(၁) ကံ= မသေမီကာလ အားထုတ်အပ်သော ကုသိုလ်, အကုသိုလ်စေတနာများ၊
(၂) ကမ္မနိမိတ်= ဒါနဝတ္ထုများကို အာရုံပြု၍ စေတနာပေါ်လာရန် အားထုတ်ခြင်း၊
(၃) ဂတိနိမတ်= ဖြစ်လတ္တံ့သော ဘဝ၏ တစ်ခုခုသော အဆင်း စသည်ထင်ခြင်း၊ ♦သုခမှတ်စု

သင်္ကန်း ၃-မျိုး

(၁) ဥတ္တရာသင်္ဂ= ကိုယ်ဝတ်အပေါ်ရုံ၊
(၂) အန္တဝါသက= သင်းပိုင်၊
(၃) သံဃာဋိ= ဒုကုဋ်၊ နှစ်ထပ် သင်္ကန်းကြီး၊ ♦သုခမှတ်စု

သင်္ခါရ ၃-ပါး (ပြုပြင်စေ့ဆော်တတ်သောတရား)

(၁) ကာယသင်္ခါရ= ကိုယ်ဖြင့် ပြုခြင်း၊
(၂) ဝစီသင်္ခါရ= နှုတ်ဖြင့်ပြုခြင်း၊
(၃) စိတ္တသင်္ခါရ= စိတ်ဖြင့် ပြုခြင်း၊ ♦သုခမှတ်စု

သချင်္ာ ၃-ပါး

(၁) သုတိသချင်္ာ=တစ်ဆယ်မှတစ်ကုဋေအထိသုည ခုနှစ်လုံး ရှိသော အရေအတွက်၊
(၂) ပကောတိသင်္ချာ=တစ်ဆယ်ကုဋေမှ ကုဋေကုဋာအထိ သုည တစ်ဆယ့်လေးလုံး ရှိသော အရေအတွက်၊
(၃) အသချေင်္ယျသချင်္ာ= ပကောတိ သင်္ချာ၏ ဆယ်ဆအရေအတွက် ဖြစ်သော တစ်နောက်မှ သုညတစ်ရာ့လေးဆယ် ရှိသော အရေအတွက်၊ ♦သုခမှတ်စု

သတ္တိ (မင်းတို့၏) ၃-ပါး

(၁) ပဘာဝသတ္တိ=အစိမ်းအကျက်မရွေး ထိုက်လာ,လျှင် ရာဇဒဏ်ပေးခြင်း၊
(၂) ဥဿာဟသတ္တိ= စပါးဆန်ရေ ရွှေငွေ ရတနာတို့ကို အားထုတ် ဆည်းပူးခြင်း၊
(၃) မန္တသတ္တိ= အရေးအရာ အားလျော်စွာ ပညာရှိတို့နှင့် တိုင်ပင်ခြင်း၊ ♦သုခမှတ်စု

သိက္ခာ ၃-ပါး

(၁) အဓိသီလသိက္ခာ= သီလသိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊
(၂) အဓိစိတ္တသိက္ခာ= သမာဓိရအောင် အားထုတ်ခြင်း၊
(၃) အဓိပညာသိက္ခာ= ဝိပဿနာ ပွားခြင်း၊ ♦သုခမှတ်စု

သုက်မလွှတ်သော ပုဂ္ဂိုလ် ၃-ယောက်

(၁) ဆ ကာမာဝစရနတ်= နတ်ပြည် ခြောက်ထပ်မှ နတ်တို့သည် နှစ်ယောက် နှစ်ယောက်တို့၏ ပေါင်းဆုံခြင်းကြောင့် သုက်သည် တည်ရာမှ မလျှောကျမူ၍ တည်မြဲတိုင်းသော နေရာသာလျှင် ခြောက် ငြိမ်းခြင်းသို့ ရောက်လေ၏၊
(၂) အနာဂါမ်နှင့်ရဟန္တာ= ကာမရာဂ မရှိသောကြောင့် သုက်လွှတ်ခြင်းမရှိ၊
(၃) ရူပဗြဟ္မာ=ခွာအပ်ပြီးသော ကာမရာဂရှိသောကြောင့် လည်းကောင်း၊ အာဟာရဖြင့် အသက်မွေးမှု မရှိသောကြောင့် လည်းကောင်း သုက်လွှတ်ခြင်းမရှိ၊ ♦သုခမှတ်စု

သုတ် ၃-ကျမ်း

ဝိနယသမူဟဝိနိစ္ဆယ
(၁) သုတ်သီလက္ခန်ကျမ်း၊
(၂) သုတ်မဟာဝါကျမ်း၊
(၃) သုတ်ပါထေယျကျမ်း၊ ♦သုခမှတ်စု

သန္တောသတရား ရောင့်ရဲခြင်း ၃-ပါး

(၁) ယထာလဘန္တောသ= ရသရွေ့သော ပစ္စည်းဖြင့် နှစ်သက်ခြင်း၊
(၂) ယထာဗလသန္တေသ= မိမိအား တန်ရုံသော ပစ္စည်းဖြင့် နှစ်သက်ခြင်း၊
(၃) ယထာသာရုပ္ပသန္တေသ= မိမိအား လျောက်ပတ်သော ပစ္စည်းဖြင့် နှစ်သက်ခြင်း၊ ♦သုခမှတ်စု

သမ္ဖပ္ပလာပကံ အင်္ဂါ ၃-ပါး

(၁) အနှစ်မရှိသော စကားကို ဆိုလိုသောစိတ်၊
(၂) ၎င်းစိတ်နှင့်ပြောမိခြင်း၊
(၃) သူတစ်ပါးတို့ ယုံကြည်ခြင်း၊ ♦သုခမှတ်စု

သမ္မာသင်္ကပ္ပ ၃-ပါး

(၁) နေက္ခမသင်္ကပ္ပ= အိမ်ထောင်မှုမှ ခွာ၍ သာသနာသို့ ဝင်ရန် ကြံစည်ခြင်း၊ စျာန်တရားရအောင် ကြံစည်ခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် ကြံစည်ခြင်း၊ ဝိပဿနာကို အားထုတ်ရန် ကြံစည်ခြင်း၊ အကုသိုလ်တရားကိုပယ်၍ကုသိုလ်တို့၌ ကြံစည်ခြင်း၊
(၂) အဗျာပါဒသင်္ကပ္ပ= သတ္တဝါအပေါင်းတို့၏ မကောင်းဖြစ်ရန် စိတ်မထားမူ၍ မေတ္တာ စေတနာ ဖြူစင်စွာဖြင့် ချမ်းသာကြောင်းကိုသာ ကောင်းစွာ ကြံခြင်း၊
(၃) အဝိဟိံသသင်္ကပ္ပ= လက်နက်တို့ဖြင့်သူတစ်ပါးအား ညဥှ်းဆဲရန်ဆံလွှာမြူခြမ်းသမျှ မကြံစည်မူ၍ သတ္တဝါတို့အား ဆင်းရဲဒုက္ခမှ လွတ်ရန် ကြံစည်ခြင်း၊ ♦သုခမှတ်စု

သံအမတ်မျိုး ၃-ပါး

(၁) မိတ်ဆက်ရန်လာသော သံအမတ်၊
(၂) စစ်ဖြစ်ရန် ချိန်းဆိုသော သံအမတ်၊
(၃) စစ်ပြေရန် ချုပ်ဆိုရန် လာသော သံအမတ်၊ ♦သုခမှတ်စု

သိမ်ပျက်ခြင်း ၃-ပါး

(၁) နိမိတ္တအသမ္ပတ္တိ= နိမိတ်မပြည့်စုံခြင်း၊
(၂) ပရိသအသမ္ပတ္တိ= အနည်းဆုံး လေးပါးမျှသော ရဟန်း မပြည့်စုံခြင်း၊
(၃) ကမ္မဝါစာ အသမ္ပတ္တိ= ကမ္မဝါစာမပြည့်စုံခြင်း၊ ♦သုခမှတ်စု

သိမ်မြောက်ခြင်း ၃-ပါး

(၁) နိမိတ္တသမ္ပတ္တိ= နိမိတ်ပြည့်စုံခြင်း၊
(၂) ပရိသာ သမ္ပတ္တိ= ရဟန်းလေးပါးထက် ပိုလွန်၍ ပြည့်စုံခြင်း၊
(၃) ကမ္မဝါစာသမ္ပတ္တိ= ကမ္မဝါစာပြည့်စုံခြင်း၊ ♦သုခမှတ်စု

သုံ့ပန်း ၃-မျိုး

(၁) သုံ့ပန်း= တိုက်ပွဲအတွင်း သူ့ဘက်မှ ကိုယ့်ဘက်သို့ အလိုအလျောက် ဝင်လာသူ၊
(၂) ဖမ်းရ= စစ်အတွင်း တောတောင် ပုန်းအောင်း နေရာ ရှာဖွေ ဖမ်းဆီးရမိသူများ၊
(၃) လက်ရ= တိုက်ပွဲအတွင်း ဓားအောက် လှံအောက်ရောက်၍ လက်နက်အချခိုင်းပြီး သိမ်းယူရသောသူများ၊ ♦သုခမှတ်စု

အကျင့်မတူသောလူ ၃-ဦး

(၁) ကောင်းမြတ်သော ကိုယ် အကျင့်အကြံ၊ စိတ် အကျင့်အကြံ ရှိသူ၊
(၂) အလတ်ဖြစ်သော ကိုယ်အကျင့်အကြံ၊ စိတ်အကျင့် အကြံရှိသူ၊
(၃) ယုတ်ညံ့သော ကိုယ်အကျင့်အကြံ၊ စိတ်အကျင့်အကြံရှိသူ၊ ♦သုခမှတ်စု

အခိုးတံလှူသော အကျိုး ၃-ပါး

(၁) ဖြောင့်မတ်သော သတိရှိခြင်း၊
(၂) ကောင်းစွာစေ့စပ်သော အကြောင်းရှိခြင်း၊
(၃) နတ်မျက်စိကို ရခြင်း၊ ♦သုခမှတ်စု

အစွန်း ၃-ပါးမှ လွတ်သော သားငါး ၃-မျိုး

(၁) လူတို့ တန္တိ သတ်လေဘိသည်ကို မိမိကိုယ်ထင်မမြင်သော သားငါး၊
(၂) ရည်၍ သတ်ခြင်း သတင်း ကိုလည်း မကြားထသော သားငါး၊
(၃) ငါ့ကို ရည်ကာသတ်သည်သာဟု ရွံရှာခြင်းလည်း မရှိသော သားငါး၊ ♦သုခမှတ်စု

အဆွေခင်ပွန်း ပျက်စီးကြောင်းတရား ၃-ပါး

(၁) မပြတ်မလပ်ပေါင်းဖော် ဆည်းကပ်ခြင်း မရှိခြင်း၊
(၂) ကောင်းသော ခဲဖွယ် ဘောဇဉ်တို့ကို ရသော်လည်း သတိမရ မပေးကမ်းခြင်း၊
(၃) အခါမဟုတ်သည်၌ နှစ်သက်ဖွယ်ဝတ္ထုကို တောင်းခြင်း၊ ♦သုခမှတ်စု

အညဒိန္နကျွန် ၃-ပါး

(၁) ရာဇဒိန္န= မင်းက ပေးသော ကျွန်၊
(၂) ဉာတိဒိန္န= ဆေမျိုးက ပေးသော ကျွန်၊
(၃) သခိဒိန္န= အဆွေခင်ပွန်းက ပေးသော ကျွန်၊ ♦သုခမှတ်စု

အဒိန္နဒါနကံ အပြစ် ၃-ပါး

(၁) ဥစ္စာမွဲခြင်း၊
(၂) ဆင်းရဲစွာငတ်နေရခြင်း၊
(၃) အလိုမပြည့်ခြင်း၊ ♦သုခမှတ်စု

အပဥစ္စာ ၃-ပါး

(၁) အင်္ဂမ= အသက်မရှိ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊
(၂) ဇင်္ဂမ=အသက်ရှိ၍ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊
(၃) ထာဝရ =မရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ ♦သုခမှတ်စု

အဗဒ္ဓသိမ် ၃-ပါး

(၁) ဂါမသီမ= တစ်ခုသော ဂါမခေတ်ကို အစွဲပြု၍ သမုတ်သောသိမ်၊
(၂) သတ္တဗ္ဘ န္တရသီမ= ရွာမဟုတ်သော တော၌ ထက်ဝန်းကျင် အရပ် ခုနစ်ဘန္တရပိုင်းခြား၍ သမုတ်သောသိမ်၊
(၃) ဥဒကုက္ခေပသီမ= အားအလယ် အလတ်ရှိသော ယောက်ျား၏ သဲတစ်ကျသော်လည်းကောင်း၊ ရေတစ်ကျ သော်လည်းကောင်း ပိုင်းခြား၍ သမုသောသိမ်၊ ♦သုခမှတ်စု

အဘိသိက် ၃-ပါး

(၁) ရာဇာဘိသိက်=မင်းအဖြစ်တင်မြှောသော ဘိသိက်၊ ကဆုန်လမှာ ခံမြဲဓမ္မတာ၊
(၂) မုဒ္ဓါဘိသိက်= ဦးထိပ်၌ ရေသွန်းလောင်းသော ဘိသိက်၊
(၃) သိရီပဝေသနဘိသိက်= ကျက်သရေတင်သော ဘိသိက်၊ ♦သုခမှတ်စု

အမြဲမတည်နိုင်သောအရာ ၃-မျိုး

(၁) သတ္တဝါတို့ ခန္ဓာကိုယ်၊
(၂) မီးခိုး၊
(၃) တိမ်ရုပ်၊ ♦သုခမှတ်စု

အရွယ် ၃-ပါး

(၁) ဗာလ=တစ်ဆယ့်ခြောက်နှစ်အရွယ်အထိ၊
(၂) တရုဏ= တစ်ဆယ့်ခြောက်နှစ်မှ ခုနစ်ဆယ်အရွယ်အထိ၊
(၃) ဝဍ္ဎု-ခုနစ်ဆယ်မှ မသေမချင်း၊ ♦သုခမှတ်စု

အဝီစိငရဲ၏ ငရဲဌာန ၃-ပါး

(၁) ဆဖဿာယတနိကငရဲ= ခြောက်ပါးသောဒွါရ၌အသီးသီး တွေ့ရ, ခံရသော ဝေဒနာ ခြောက်ပါးသော အကြောင်း ဖြစ်သောငရဲ၊
(၂) သင်္ကုသမာဟတငရဲ= သုံးဂါဝုတ်မျှသောကိုယ်ရှိသည် ဖြစ်၍ ငရဲထိန်းတို့သည် ထန်းလုံးပမာဏရှိသော, ပြောင်ပြောင်တောက်သော သံတစို့တို့ဖြင့် ထိုးသော ငရဲ၊
(၃) ပစ္စတ္တဝေဒနီယငရဲ= သံပူမြေထက်၌ ပက်လက်အိပ်စေပြီးသော် ရဲရဲညီးသော သံတံကျင်ကို ရင်မှစ၍ ဦးခေါင်းကျအောင် နှက်ခြင်း၊ ရင်ဝမှ ခြေဖျားကျအောင် နှက်ခြင်း၊ အနှစ်ငါးရာကျမှ ဦးခေါင်းကို ပေါက်ခြင်း၊ ♦သုခမှတ်စု

အာမိသတရား ၃-ပါး

(၁) ကာမာမိသ = ကာမဂုဏ်တရား လိုက်စားခြင်း၊
(၂) လောကာမိသ= လောက ၃-ပါး ခင်တွယ်ခြင်း၊
(၃) ဝဋ္ဋမိသ= ဝဋ် ၃-ပါး ခင်တွယ်ခြင်း၊ ♦သုခမှတ်စု

ဥတု ၃-ပါး

(၁) ဂိမှန္တဥတု= နွေဥတု၊
(၂) ဝဿာနဥတု= မိုးဥတု၊
(၃) ဟေမန္တဥတု= ဆောင်းဥတု၊ ♦သုခမှတ်စု

ဥတု သုံးပါး၌ အဓိကပြုသော ဓာတ် ၃-ပါး

(၁) ဂိမှန္တ=နွေဥတု၊ သည်းခြေ အဓိကပြုခြင်း၊
(၂) ဝဿာန= မိုးဥတု၊ သလိပ်အဓိကပြုခြင်း၊
(၃) ဟေမန္တ= ဆောင်းဥတု၊ လေဓာတ်အဓိကပြုခြင်း၊ ♦သုခမှတ်စု

ဥပုသ်အပြား ၃-ပါး

သင်္ခါရဘာဇနီ
(၁) နိဂဏ္ဌဥပုသ်= ယူဇနာ တစ်ရာအတွင်း၌ ရှိသော သတ္တဝါတို့ကိုသာ ရှောင်မည်၊ ၎င်းမှအပ ငါမရှောင် စသည်ဖြင့် ဆောက်တည် သော ဥပုသ် (တိတ္ထိတို့၏ ဥပုသ်) အကျိုးမရှိ၊
(၂) ဂေါပါဘဥပုသ်= ရတနာသုံးပါး ဂုဏ်ကျေးဇူးတို့ကို မအောက်မေ့ မရွတ်ဖတ်၊ အစားအဝတ်မှစ၍ ဗာဟီရကိစ္စတို့ကို သာ ကြံဆတွေးတော၍ နွားကျောင်းသားတို့သည် နွားစားကျက်ကိုသာ တွေးတော နေဘိသကဲ့သို့ ရှိခြင်း၊ (အကျိုး နည်းပါး၏၊)၊
(၃) အရိယာဥပုသ်= ရတနာသုံးပါး ဂုဏ်တော်ကို အောက်မေ့ရွတ်ဖတ်ခြင်း၊ တရားစကားကိုပြောဟောခြင်း၊ ကုသိုလ် တရားကို ပွားများစေခြင်း၊ (အတုမရှိ အကျိုးကြီး၏၊) ♦သုခမှတ်စု

ဧသိတ ၃-ပါး

(၁) ဓနေသိတ= ဥစ္စာရှာမှီးခြင်း၊
(၂) ဓမ္မေသိတ= တရား ရှာမှီးခြင်း၊
(၃) ဇီဝိတေသိတ = အသက်ရှည်မှုအတွက် ကျန်းမာရေး ရှာမှီးခြင်း၊ ♦သုခမှတ်စု

အိုးလှူသောအကျိုး ၃-ပါး

(၁) ရတနာတို့ဖြင့် ပြီးသော အိုးတို့ကို ရခြင်း၊
(၂) ကျွန်ယောက်ျား, ကျွန်မိန်းမတို့ကို ရခြင်း၊
(၃) အတတ်ပညာတို့ကို တတ်နိုင်သော ပညာရှိခြင်း၊ ♦သုခမှတ်စု

ကူဋမျိုး (စဉ်းလဲခြင်း) ၃-ပါး

သုတ်သီလက္ခန်
(၁) တုလကူဋ= အလေးချိန်စဉ်းလဲ၊
(၂) ကံသကူဋ= တင်းတောင်း, ပြည်ခွက်, စဉ်းလဲ၊
(၃) မာနကူဋ= လက်မ, လက်သစ်, မိုက်, တောင်, တာ, ပေ, ကိုက် စဉ်းလဲ၊ ♦သုခမှတ်စု

တံစိုး ၃-မျိုး

(၁) ပဏ္ဏာကာရတံစိုး= ရွှေ, ငွေ, ကျေးကျွန်, မိန်းမတို့ဖြင့် လက်ဆောင်ထိုးခြင်း၊
(၂) ဝလ္လဘာကာရတံစိုး= အကျွမ်းတဝင် ခင်မင်ရင်းနှီးစွာ မျက်နှာရအောင်ပြုလုပ်ပေါင်းသင်းမှု၊
(၃) မေတ္တာကာရတံစိုး= မေတ္တာဘာဝနာ, သမာဓိ, သစ္စာတရားဖြင့် မိမိအား လေးစားယုံကြည်အောင် ပြုမူမှု၊ (တစ်နည်း)
(၁) ဉာတိသာလောစိတ= သားချင်းဆွေမျိုးတော်၍ လည်းကောင်း၊
(၂) ပိယမိတ္တ= ချစ်ကျွမ်းဝင်သူဖြစ်၍ လည်းကောင်း၊
(၃) ဓနဂ္ဂါဟ= ဥစ္စာကြေးငွေ ယူ၍သော်လည်းကောင်း တရားကို အနိုင်ပေးခြင်းမျိုး၊ ♦သုခမှတ်စု

ထိမ်းမြားမင်္ဂလာပြုခြင်း အမျိုးအစား ၃-ပါး

(၁) အာဝါဟမင်္ဂလာ= ယောက်ျား အိမ်သို့ သတို့သမီးကို ခေါ်ဆောင်လာ၍ ပြုသော မင်္ဂလာ၊
(၂) ဝိပါဟ မင်္ဂလာ= မိန်းကလေး အိမ်သို့ သတို့သားကို ခေါ်ဆောင်လာ၍ ပြုသော မင်္ဂလာ၊
(၃) စရမင်္ဂလာ= အခြားနေရာ၌ကြီးကျယ်ခမ်းနားစွာ ပြုသော မင်္ဂလာ၊ ♦သုခမှတ်စု

ဒေသစာရီ ၃-ပါး

(၁) မဟာမဏ္ဍလဒေသစာရီ= သီတင်းကျွတ် လပြည့်ကျော် သုံးရက်နေ့၌ ရဟန်းတော်များခြံရံကာ ထိုထိုမြို့ရွာ နိဂုံးတို့သို့ တရားဓမ္မ ဟောပြ ဆုံးမတော်မူခြင်း၊ ပစ္စည်းလေးပါး အလှူခံကာ ချီးမြှောက်တော်မူခြင်းတို့ဖြင့် ကိုးလတိုင်တိုင် လှည့်လည်တော်မူ၍ ဝါဆိုခါနီး မှသင့်တော်ရာကောင်း၌ ဝါကပ်တော်မူခြင်း မျိုး၊
(၂) မဇ္ဈိမမဏ္ဍလဒေသစာရီ= တပည့်သာဝကသံဃာတို့ သမထ ဝိပဿနာဉာဏ် နုသေးသည်ဖြစ်၍ တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့ကျမှ အထက်ပါ နည်းအတိုင်း ရှစ်လတိုင်တိုင် လှည့်လည်ကြွချီတော်မူခြင်းမျိုး၊
(၃) အန္တိမမဏ္ဍလ ဒေသစာရီ= ချွတ်ထိုက်သောသတ္တဝါတို့ ဣန္ဒြေနုသေးသည်ဖြစ်အံ့၊ ဝါဆိုရာဌာန၌ပင် နတ်တော်လပြည့်တိုင်အောင် ငံ့လင့်တော်မူ၍ အထက်ပါ နည်းအတိုင်း နတ်တော်လပြည့်ကျော် တစ်ရက်နေ့မှ စ,တင်၍ ကြွချီတော်မူရာ ခုနစ်လပတ်လုံး ကြွချီခြင်း မျိုးဖြစ်သည်၊ ♦သုခမှတ်စု

နတ်ပြည်၌မရကောင်းသောကမ္မဋ္ဌာန်း ၃-မျိုး

(၁) အသုဘဆယ်ပါး ကမ္မဋ္ဌာန်း၊
(၂) ကာယပတာသတိကမ္မဋ္ဌာန်း
(၃) အာဟာရေပဋိကူလသညာ ကမ္မဋ္ဌာန်း၊ ♦သုခမှတ်စု

မုဆိုး ၃-ပါး

(၁) မာဂဝကိ = သားမုဆိုး၊ သားသတ်သမား၊
(၂) သာကုဏိက= ငှက်မုဆိုး၊ ကြက်ငှက်သတ်သူ၊
(၃) ကေဝဋ္ဋ= လူမုဆိုး၊ တံငါ၊ အင်းသားကြီးများ၊ ♦သုခမှတ်စု

လှိုင်းတံပိုးကြီး ၃-မျိုး

သာရတ္ထသင်္ဂဟအဋ္ဌကထာ
(၁) မဟန္တဝီစိ=ယူဇနာ ခြောက်ဆယ်တိုင်အောင်၊
(၂) ဂင်္ဂါဝီစိ=ယူဇနာငါးဆယ်တိုင်အောင်၊
(၃) ရောဟနဝီစိ= ယူဇနာ လေးဆယ် တိုင်အောင်၊ ♦သုခမှတ်စု

သင်္ခါရတရား ၃-ပါး

ယမိုက်၊ ပါ
(၁) ပုညာဘိသင်္ခါရ= မဟာကုသိုလ်၊ ရူပကုသိုလ် စေတနာစု၊ လူ့ဘုံ, နတ်ဘုံ, ရူပဗြဟ္မာဘုံအတွက် ပြုပြင်ပေးသည်၊
(၂) အပုညာ ဘိသင်္ခါရ= အကုသိုလ်စိတ် ၁၂ ခု ယှဉ်သော စေတနာစု၊ အပါယ် ၄ ဘုံအတွက် ပြုပြင်ပေးသည်၊
(၃) အာနဉ္ဇာဘိသင်္ခါရ= အရူပကုသိုလ် ၄ ခု၌ ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာဘုံအတွက် ပြုပြင် စီစဉ်ပေးသည်၊ ♦သုခမှတ်စု

အသင်းအဖွဲ့များ ပျက်စီးကြောင်းတရား ၃-ပါး

(၁) ဗဟုနေတ္တာရ= လမ်းပြနည်းညွှန် အမွန်ဦးစီး အကြီးအမှူးလုပ်လိုသူတို့ ပေါများခြင်း၊
(၂) သဗ္ဗပဏ္ဍိတမာနီ= အသင်း သားအားလုံး ကိုယ့်ကိုယ်ကို ပညာရှိဟုသာ မှတ်ထင်လျက် ဘဝင်မြင့် နေကြခြင်း၊
(၃) ဗဟုမဟိတ္တ= ရာထူး မက်မောသူတွေ ပေါများနေခြင်း၊ ♦သုခမှတ်စု

ကညာ ၄-ရပ်

ကဝိလက္ခဏဒီပနီ
(၁) မင်းမျိုးကညာ၊
(၂) ပုဏ္ဏာမျိုးကညာ၊
(၃) ကုန်သည်မျိုးကညာ၊
(၄) လယ်ထွန်မျိုးကညာ၊ (ဝံသဘေဒနည်း)၊ (တစ်နည်း)
(၁) ဂေါရီ= ရှစ်နှစ်၊
(၂) ကညာ = ဆယ်နှစ်၊
(၃) ကုမာရီ = ဆယ့်နှစ်နှစ်၊
(၄) မဟလ္လိကာ= ဆယ့်နှစ်နှစ်က အထက် အပိုင်းအခြားမရှိ၊ (အာယုဘေဒနည်း)၊ ♦သုခမှတ်စု

ကထာ ၄-ရပ်

(၁) ဒါနကထာ=ပေးကမ်းစွန့်ကြဲခြင်းတို့သည် အယုတ်,အလတ်, အမြတ်အားလျော်စွာ ဒါနကုသိုလ်ဖြစ်ကြောင်း ဟောတော်မူသော ဒေသနာ၊
(၂) သီလကထာ= မကောင်းမှုဖြစ်သော ကိုယ်နှုတ်တို့ကို ရှောင်ကြဉ်လျှင် သီလကုသိုလ်ဖြစ်ကြောင်း ဟောတော်မူသော ဒေသနာ၊
(၃) သမာဓိကထာ= ကိလေသာအာရုံ ကာမဂုဏ်တို့မှ စိတ်ကကိုင်းလွတ်စေ၍ တစ်ခုသော ကမ္မဋ္ဌာန်း အာရုံ၌ အေးမြချမ်းသာ တည်ကြည်စွာနေလျှင် သမာဓိ သမထကုသိုလ်ဖြစ်ကြောင်း ဟောတော်မူသော ဒေသနာ၊
(၄) ပညာကထာ= ပရမတ္ထ အမှန် ရုပ်နာမ်ကို အကောင်မထင် လက္ခဏာရေးတင်၍ ဝိပဿနာရှုရမည်ကို ဟောတော်မူသော ဒေသနာ၊ ♦သုခမှတ်စု

ကရိုဏ်း ၄-ပါး(အက္ခရာရွတ်ရာ)

သဒ္ဒါကြီးပုဒ်စစ်
(၁) ဇိဝှာမဇ္ဈကရိုဏ်း=လျှာလယ် အရပ်မှထွက်ပေါ်သော အသံ၊
(၂) ဇိဝှောပဂ္ဂကရိုဏ်း= လျှာဖျား၏အနီးအပါးမှ ထွက်ပေါ်လာသော အသံ၊
(၂) ဇိဝဉ္စ္ဂကရိုဏ်း= လျှာဖျားအရပ်မှ ထွက်ပေါ်သောအသံ၊
(၄) သကဌာနကရိုဏ်း =လည်ချောင်း အရပ်နှုတ်ခမ်းမှရောပေါင်းထွက်ပေါ်လာသောအသံ၊ ♦သုခမှတ်စု

ကဝိ ၄-ပါး

ပဥှာကထနကျမ်း
(၁) စိန္တာ ကဝိ= ကိုယ်တိုင်ကြံစည်၍ တတ်ခြင်း၊
(၂) သတု ကဝိ= တစ်စုံတစ်ခုကို ကြားဖူး၍ မကြားဖူးသေးသည်ကို စပ်တတ်ခြင်း၊
(၃) အတ္ထကဝိ= အကျယ်ကို အကျဉ်း၊ အကျဉ်းကို အကျယ် စပ်တတ်ခြင်း၊
(၄) ပဋိဘာနကဝိ= သူတစ်ပါး ရေးစပ်ပြီး မြင်၍ မိမိအစွမ်းနှင့် အခြားစာကို စပ်နိုင်ခြင်း၊ ♦သုခမှတ်စု

ကာမဒုဂ္ဂတိ ၄-ဘုံ

(၁) ငရဲ= စီးပွားကြောင်း ကောင်းမှုချမ်းသာ၏သက်သက် မရှိရာဖြစ်သောဘုံ၊
(၂) ပြိတ္တာ(ပေတ) = ချမ်းသာမှု ကင်းသောဘုံ၊
(၃) တိရစ္ဆာန်= အောက်အဖို့အားဖြင့် လားတတ်သော ဘုံ၊
(၄) အသူရကာယ်= ဣဿရိယ, ဘောဂ, ယသ စသည်တို့ဖြင့် ထွန်းတောက်ပခြင်းမှ ကင်းသောဘုံ၊ ♦သုခမှတ်စု

ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်၏ ကံအင်္ဂါ ၃-ပါး

(၁) အဂမနီယဝတ္ထု=မသွားအပ်သောဝတ္ထုလည်းဖြစ်စေ၊
(၂) တသ္မံသေဝနစိတ္တံ= ထိုမသွားအပ်သောဝတ္ထု၌ မှီဝဲလိုသော စိတ်ရှိသော်လည်း ဖြစ်စေ၊
(၃) သေဝနပယောဂေါ= မှီဝဲခြင်း လုံ့လလည်း ပြုစေ၊
(၄) မဂ္ဂေနမဂ္ဂပဋိပတ္တိ အဓိဝါသနံ= မိမိမဂ်ဖြင့် သူ့မဂ် အတွင်းသို့ရောက်သည်ကို သာယာခြင်းလည်း ဖြစ်စေ၊ ♦သုခမှတ်စု

ကာလိက ၄-ပါး

ဝိနယသံခိပ်
(၁) ယာဝကာလိက = ဘောဇဉ် ၅ ပါး၊ ခဲဖွယ် ၁၂ ပါး၊ သီးကြီး, ပါးတို့၊
(၂) ယာမကာလိက= အဖျော်၊
(၃) သတ္တဟကာလိက = ထောပတ်, ဆီဥ, ပျား, တင်လဲ၊
(၄) ယာဝဇီဝက= ကွမ်း, ကွမ်းသီး, ဆေး စသည်များ၊ ♦သုခမှတ်စု

ကိတ်ဂြိုဟ်ဟူသော အခေါ် ပရိယာယ် ၄-ပါး

(၁) ကေတု၊
(၂) ဗြဟ္မ သုတ၊
(၃) ဇုမဝဏ္ဏ၊
(၄) သိခိ၊ ♦သုခမှတ်စု

ကိစ္စကြီး ၄-ပါး

(၁) လောကီ လောကုတ္တရာ ချမ်းသာစေရန် သွားလာနေထိုင်ကျင့်ကြံတတ်အောင် အမှန်သိခြင်းကိစ္စ၊
(၂) သိသည့်အတိုင်း အကုသိုလ်မျိုးကိုမဖြစ်စေရအောင် ရှောင်ကြဉ်ဆင်ခြင်ခြင်းကိစ္စ၊
(၃) သိသည့်အတိုင်း ကုသိုလ်မျိုးတို့ကိုဖြစ်ပွားစေရအောင် ပြုမူသော ကိစ္စ၊
(၄) အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုဖြစ်ပွားစေလျက် ချမ်းသာသုခကို ရဖွယ် ရရန် ကိစ္စ၊ ♦သုခမှတ်စု

ကမ္ဘာပတ်လုံး တည်သော အရာ ၄-ပါး (ကပ္ပဋ္ဌိတိ ၄-ပါး)

ရာဇောဝါဒ
(၁) ရက္ခိုသ် ဘီလူးစောင့်သောရေအိုင်၌ ဘုရားလောင်းမျောက်မင်းသည် ကျူဆစ်ကို ဖောက်၍ ရေသောက်သော ကျူတော အဆစ်မရှိ၊
(၂) ငုံမင်းဖြစ်သောအခါ အဓိဋ္ဌာန်သစ္စကြောင့် တစ်ဆယ့်ခြောက်မင်းပယ်စာ အရပ်သည်လည်း မီးမလောင်၊
(၃) ဃဋိကာရအိမ်ရာ၌လည်း မိုးမစွတ်၊
(၄) လ,ဝန်း၌ ယုန်အရုပ်လည်း မပျောက်၊ ♦သုခမှတ်စု

ကမ္ဘာဦးတွင် အဆုံးအဖြတ် ကိရိယာ ၄-ပါး

(၁) မီး၊
(၂) ရေး၊
(၃) ခဲ၊
(၄) ဆန်၊ ♦သုခမှတ်စု

ကံ ၄-ပါး (အကုသိုလ်ဖြစ်စေ၊ ကုသိုလ်ဖြစ်စေ)

အဘိဓမ္မတ္ထသင်္ဂဟ
(၁) ဒိဋ္ဌဓမ္မဝေဒနိယကံ= မျက်မှောက်ပစ္စက္ခဘဝတွင်ပင် အကျိုးပေးသော ကံ၊
(၂) ဥပပဇ္ဇဝေဒနိယကံ= အကုသိုလ်ဖြစ်စေ၊ ကုသိုလ်ဖြစ်စေ ဒုတိယဘဝမှ အကျိုးပေးသော ကံ၊
(၃) အပရာပရယိ ဝေဒနိယကံ= တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်မအောင် အခွင့်သာတိုင်း အကျိုးပေးသောကံ၊
(၄) အဟောသိကံ= ၎င်းကာလ၌ အကျိုးမပေးသည်ရှိသော်တစ်ပါးသော ကာလ၌လည်း အကျိုးမပေးတော့သော ကံ၊ ♦သုခမှတ်စု

ကံ အပြား ၄-ပါး

အဘိဓမ္မတ္ထသင်္ဂဟ
(၁) ဇနကကံ= ပဋိသန္ဓေ, ပဝတ္တိအကျိုးကို ဖြစ်စေတတ်သော ကံ၊
(၂) ဥပတ္ထမကကံ= ထောက်ပံ့တတ်သောကံ၊ အသက်ရှိသော်လည်း တိရစ္ဆာန်ဖြစ်ရုံမျှကံ၊
(၃) ဥပပီဠကကံ= ကပ်၍နှိပ်စက်တတ်သော ကံ၊ ဥပမာ-လူ၏အဖြစ်ကို ရပါသော်လည်း အမျိုးယုတ်ခြင်း၊ အင်္ဂါမစုံခြင်း၊
(၄) ဥပစ္ဆေဒကကံ=ကပ်၍ ဖြစ်တတ်သော် ကံ၊ ဥပမာ သက်တမ်းမကုန်ဘဲ သေရခြင်း၊ ♦သုခမှတ်စု

ကံအပြား ၄-ပါး

အဘိဓမ္မတ္ထ သရူပဒီပနိ
(၁) ဂရုကံ = ကြီးလေးသော ကံ၊ အမိကို သတ်ခြင်း၊ အဖကိုသတ်ခြင်း၊ ရဟန္တာ ကိုသတ်ခြင်း၊ မြတ်စွာ ဘုရားကို သွေး စိမ်းတည်အောင် ပြုခြင်း၊ သံဃာတော်အချင်းချင်း ကြွဲပားစေခြင်း၊
(၂) အာသနက္နံ= သေခါနီးကာလ၌ ပြုအပ်အောက်မေ့အပ်သောကံ၊
(၃) အာစိဏ္ဏကံ= မပြတ်လေ့ကျက်အပ်သောကံ၊တစ်ကြိမ်တစ်ခါပင် ပြုမိသော်လည်း မပြတ်စွဲမြဲ အောက်မေ့အပ်သောကံ၊
(၄) ကဋတ္တာကံ= ရှေးရှေးဘဝက ပြုခဲ့ဖူးသောကံ၊ ♦သုခမှတ်စု

ကျောက်မျက်ရွဲမျိုး ၄-ပါး

(၁) ဇေယော်= အဆင်း အရောင် အရစ်ရစ် အပတ်ပတ်ရှိသည်၊
(၂) ဥဿဖရား= ထိပ်ဖျား၌ တခွံန်ရှိသည်၊
(၃) ဝေယော်= အဆင်းအရောင်ရွှေတံခွန်ရှိသည်၊
(၄) မယော်ရပ်= အဆင်းအရောင် အဖြူအနီ တံခွန်ရှိသည်၊ ♦သုခမှတ်စု

ကြိယာ ၄-ပါး

မြန်မာသဒ္ဒါ
(၁) ကတ္တုကြိယာ= ပြုမူလုပ်ဆောင်သော ပုဒ်၊ ၎င်းမှတစ်ဖန် (က) သတ္တုသကမ္မကြိယာ= ကမ္မကာရကလက္ခဏာ ပါဝင်သော ကြိယာ၊ (ခ) ကတ္တုအကမ္မကြိယာ= ကမ္မကာရက မပါဝင်သော ကြိယာ၊
(၂) ဘာဝကြိယာ= သဘောအတိုင်းဖြစ်နေသော ကြိယာ၊
(၃) ကာရိုက်ကြိယာ= တစ်စုံတစ်ရာပြုလုပ်စေသော ကြိယာ၊
(၄) ကိတ်ကြိယာ= မျှော်လင့်ကြံစည်ခြင်း ကို ဖော်ပြသော ကြိယာ၊ ♦သုခမှတ်စု

ကြက်၏ ကောင်းသော အကျင့် ၄-ပါး

(၁) ဝုဋ္ဌာနဉ္စ= သူများရှေးဦးနိုးခြင်း၊
(၂) ယုဒ္ဓဉ္စ= ခွပ်ပွဲ၌ ရဲရင့်ခြင်း၊
(၃) ဗန္ဓူဟိသိဝိဘာဂဉ္စ= အဆွေအမျိုးဖြစ်သော ကြက်တို့နှင့် စားစရာတို့ကို ခွဲဝေခြင်း၊
(၄) ထိယာဘကရမဘုတ္တဉ္စ= ကြက်မ၌ မနှိပ်နင်းမူ၍ မေထုန်မှီဝဲခြင်း၊ ♦သုခမှတ်စု

ကြောင်မျိုး ၄-ပါး

(၁) ဇေယော်= ကြိုးစလွယ်တင်၊ အသားဝါသည်၊
(၂) ဝေယော်= ရွှေကြိုး ရက်ဟန် ရှိသည်၊
(၃) ရှိန်ပုတ် = ဝါဝါစိမ်းစိမ်း ရွှေရွှေရှိသည်၊
(၄) ရှိန်တူ = ကြိုးဝိုက်ဝိုက်သဏ္ဌာန်ရှိသည်၊ ♦သုခမှတ်စု

ကျွန် ၄-မျိုး

(၁) အန္တော ဇာတ=အိမ်ပေါက်ကျွန်၊
(၂) ဓနကတီရ =ငွေဝယ်ကျွန်၊
(၃) သာမံဒါသ= ကိုယ်တိုင်ကျွန်ခံသောကျွန်၊
(၄) ကရမာနီတ= စစ်ပွဲမှဖမ်းရသော သုံ့ရကျွန်၊ ♦သုခမှတ်စု

ကျွန်းကြီး ၄-ကျွန်း

သာရတ္ထဒီပနီ
(၁) ပြုဗဝဒိ ဟ= အရှေ့ကျွန်း၊ လဝန်းသဏ္ဌာန် ယူဇနာရ၀၀၀၊
(၂) အပရဂေါရာ= အနောက်ကျွန်း၊ အထက်က အတိုင်း၊
(၃) ဥတ္တရကုရု= မြောက်ကျွန်း၊ လေးထောင့်သဏ္ဌာန် ယူဇနာ ၈၀၀၀၊
(၄) ဇမ္ဗူဒီပါ= တောင်ကျွန်း၊ သုံးထောင့်ပုံသဏ္ဌာန် ယူဇနာ ၁၀၀၀၀၊ ♦သုခမှတ်စု

ကြွက် ၄-ကောင်

အင်္ဂုတ္တိုရ်
(၁) တွင်းကားတူး၏ မနေ၊
(၂) တွင်းကားမတူး တွင်းနေ၏၊
(၃) တွင်းလည်းတူး၏ တွင်းလည်းနေ၏၊
(၄) တွင်းလည်းမတူး တွင်းလည်းမနေ၊ ♦သုခမှတ်စု

ကြွက် ၄-ကောင်နှင့် တူသော ပုဂ္ဂိုလ် ၄-ယောက်

အင်္ဂုတ္တိုရ်
(၁) တရားကိုကား သင်၏၊ သစ္စာလေးပါးကို မသိ၊
(၂) တရားကိုကား မသင်၊ သစ္စာလေးပါးကို သိ၏၊
(၃) တရားကိုလည်း သင်၏၊ သစ္စာလေးပါးကိုလည်း သိ၏၊
(၄) တရားကိုလည်းမသင်၊ သစ္စာလေးပါးကိုလည်း မသိ၊ ♦သုခမှတ်စု

ခင်ပွန်းယုတ် ၄-ပါး

သိင်္ဂါလောဝါဒသုတ်
(၁) အညဒတ္ထုဟရ= မိမိ၏ အကျိုးကိုသာ ငဲ့သည့် ခင်ပွန်းယုတ်၊
(၂) ဝစီပရမ= နှုတ်ဖြင့် သာပေးသကဲ့သို့ ဆိုသည့်ခင်ပွန်းယုတ်၊
(၃) အနုပီယဘာဏ= ချစ်ခင်ယောင်ဆောင်သော ခင်ပွန်းယုတ်၊
(၄) အပါယ သဟာယ=အကျိုးမရှိသော အရာ၌ အဖော်ပြုတတ်သော ခင်ပွန်းယုတ်၊ ♦သုခမှတ်စု

ချစ်ခင်ခြင်းအမြဲမပြထိုက်သူ ၄-ဦး

(၁) ကျွန်ကို ကွယ်ရာတွင်သာ ချီးမွမ်းပြောဆို ချစ်ခင်ခြင်းပြရာ၏၊
(၂) အစေအပါးစာရင်းငှားတို့ကို အစားအသောက် ကျွေးမွေးသည့်အခါသာ ပြရာ၏၊
(၃) သားသမီးတို့ကို အိပ်ပျော်နေရာမှယုယချစ်ခင်ခြင်း ပြရာ၏၊
(၄) မယားကို အဝတ်အစားပေးကမ်းနေစဉ်နှင့် ပျော်ပါးစဉ်မှ ပြရာ၏၊ ♦သုခမှတ်စု

ခြင်္သေ့ ၄-မျိုး

(၁) တဏိ = နွားမပြောက်အဆင်း ရှိ၍ မြက်ကို စားသောခြင်္သေ့၊
(၂) ကာလ= နွားမနက်အဆင်းရှိ၍ မြက်ကိုစားသောခြင်္သေ့၊
(၃) ပဏ္ဍု= ဖျော့သော သစ်ရွက်ရောင်ရှိသောခြသေ့င်္၊
(၄) ကေသရာဇာ= လည်ပင်း၌ နီသော လည်ဆံရှိသောခြင်္သေ့၊ ♦သုခမှတ်စု

ဂုဏကျွန် ၄-ပါး

(၁) အဋ္ဋဒါသ= ရှေ့နေခ,ကြောင့် ဖြစ်သောကျွန်၊
(၂) ဘေသဇ္ဇဒါသ= ဆေးကုခ,ကြောင့် ဖြစ်သောကျွန်၊
(၃) ဘတ္တဒါသ= ကျွေးမွေးသောထမင်းခ,ကြောင့် ဖြစ်သောကျွန်၊
(၄)ဝတ္ထုဒါသ= ယာမြေခ,ကြောင့် ဖြစ်သောကျွန်၊ ♦သုခမှတ်စု

ဂမ္ဘီရ ၄-ပါး

(၁) အတ္ထဂမ္ဘီရ = အကျိုး၏ နက်နဲခြင်း၊
(၂) ဓမ္မဂမ္ဘီရ =အကြောင်း၏ နက်နဲခြင်း၊
(၃) ဒေသနာဂမ္ဘီရ= တရားတော်၏ နက်နဲခြင်း၊
(၄) ပဋိဝေဓ ဂမ္ဘီရ= ပညာ၏ နက်နဲခြင်း၊ ♦သုခမှတ်စု

ဂန္ဓ (အနံ့) ၄-ပါး

(၁) သုဂန္ဓ= ကောင်းသောအနံ့၊
(၂) ဒုဂန္ဓ= မကောင်းသော အနံ့၊
(၃) ဥဂ္ဂတ= ထက်သောအနံ့၊
(၃) အနုဂ္ဂတ= နုံ့သောအနံ့၊ ♦သုခမှတ်စု

ငှက် ၄-မျိုး

(၁) ညွှတ်ကြော့ကွင်း၌မိပြီးလျှင်ညွှတ်ကွင်း၌ပင် သေသွားသော ငှက်တစ်မျိုး၊
(၂) ညွှတ်ကြော့ကွင်းအပြင်၌ နေ၍ ညွှတ်ကွင်း၌မိကာ သေရသော ငှက်တစ်မျိုး၊
(၃) ညွှတ်ကြော့ကွင်း၌ မိပြီးမှ ညွှတ်ကွင်းအပြင်တွင် သေရသော ငှက်တစ်မျိုး၊
(၄) ညွှတ်ကြော့ကွင်း အပြင်တွင်နေ၍ အပြင်၌ပင် သေသွားသော ငှက်တစ်မျိုး၊ ♦သုခမှတ်စု

စကားအရာ အင်္ဂါ ၄-တန်

သုတ္တနိပါတ်
(၁) သုဘာသိတ= အကျိုးစီးပွားနှင့် ယှဉ်သည့် ကောင်းမြတ်သော စကား၊
(၂) ပီယဝါစာ= ချစ် နှစ်လိုဖွယ် ဆိုသောစကား၊
(၃) ဓမ္မဝါစာ= တရားတော်နှင့် ညီညွှတ်သော စကား၊
(၄) သစ္စဝါစာ= ဖြောင့်မှန်သောစကား၊ ♦သုခမှတ်စု

စတုပါရိသုဒ္ဓိသီလ ၄-ပါး

(၁) ပါတိမောက္ခသံဝရသီလ= အာပတ် ခုနစ်ပုံကို ကောင်းစွာ စောင့်ခြင်း၊
(၂) ဣနြိယူ သဝံ ရသီလ = ဣန္ဒြေခြောက်ပါးကို ကောင်းစွာ စောင့်ခြင်း၊
(၃) အာဇိဝပါရိသုဒ္ဓိ သီလ= မိစ္ဆာဇီဝမှ ကြဉ်၍ ကောင်းစွာစောင့်ခြင်း၊
(၄) ပစ္စယသန္နိဿိတသီလ =ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးတည်း ဟူသော ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာတင်၍ ဆင်ခြင် သုံးသပ်ခြင်း၊ ♦သုခမှတ်စု

စတုလောကပါလနတ်ကြီး ၄-ပါး (စတုမဟာရာဇ်)

(၁) ဓတရဋ္ဌနတ်မင်းကြီး = မြင်းမိုရ်တောင်၏ အရှေ့မျက်နှာ အရပ်၌ နေ၏၊
(၂) ဝိရုဠကနတ်မင်းကြီး= မြင်းမိုရ်တောင်၏ တောင်မျက်နှာ အရပ်၌ နေ၏၊
(၃) ဝိရူပက္ခနတ်မင်းကြီး= မြင်းမိုရ် တောင်၏ အနောက်မျက်နှာ အရပ်၌ နေ၏၊
(၄) ကုဝေရနတ်မင်းကြီး= မြင်းမိုရ် တောင်၏ မြောက်မျက်နှာ အရပ်၌ နေ၏၊ ♦သုခမှတ်စု

စတုဝဂ္ဂ ၄-ပါး

သမန္တစက္ခု
(၁) ဓမ္မ= ကိုယ်ကျင့်တရားပြုမှု၊
(၂) အတ္ထ= ကိုယ်အကျိုးစီးပွားပြည့်စုံမှု၊
(၃) ကာမ= လောကီကာမဂုဏ် ခံစားမှု၊
(၄) မောက္ခ= သံသရာဝဋ် အတွင်းမှ လွတ်ကင်း ထွက်မြောက်မှု၊ ♦သုခမှတ်စု

စမ အက္ခရာ ၄-လုံး

(၁) စ၊
(၂) ဓ၊
(၃) ဗ၊
(၄) ဝ၊ ဒေါင်း, ပုစွန်, ဝံ,ငါးနှင့်၊ ညွှန်ကြားတဲ့ စာလေးမယ်၊ (ဦးပုည တေးထပ်၊) ♦သုခမှတ်စု

စာဖတ်ရာတွင် ကွဲပြားသော အက္ခရာ သံ ၄-မျိုး

(၁) သိထိလ အက္ခရာ= အသံကို လျော့လျော့ထား၍ ရွတ်ဖတ်ရသော အက္ခရာ၊ ဥပမာ က,ဂ,စ,ဇ၊
(၂) ဓနိတ အက္ခရာ = အသံကို တင်းတင်းထား၍ ရွတ်ဖတ်ရသော အက္ခရာ၊ ဥပမာ ခ,ဃ,ဆ,စျ၊
(၃) နိဂ္ဂဟိတအက္ခရာ= နှာခေါင်းသံနှင့်ဖတ်ရသော အက္ခရာ၊ ဥပမာ င,ည,ဏ,န,မ၊
(၄) ဝိမုတ္တအက္ခရာ= အားလုံးနှင်နှင် အသံလျော့လျော့ ရွတ်ဖတ်ရသော အ,ဝဂ်များ၊ ဥပမာ ယ,ရ,လ,ဝ,သ,ဟ,ဠ,အ၊ ♦သုခမှတ်စု

စေတီ ထိုက်သူ ၄-ဦး

စွယ်စုံကျော်ထင်၊ ဒု
(၁) သမ္မာသမ္ဗုဒ္ဓ= အလုံးစုံသောတရားကို သိတော်မူသော မြတ်စွာဘုရား၊
(၂) ပစ္စေကဗုဒ္ဓ= အသီးအခြားပွင့်တော်မူသော ဘုရားငယ်၊
(၃) သာဝက= ဘုရား၏တပည့်သား သံဃာတော်၊
(၄) စက္ကဝတ္တိရာဇာ= စကြဝတ္တေမင်း၊ ♦သုခမှတ်စု

စေတီယကျွန် ၄-ပါး

(၁) ကုလုပက= မင်းကို စိုးကပ်ပြုစုသူကို ဝယ်အပ်သောကျွန်၊
(၂) အညဒိန္န= သူတစ်ပါး ပေးလှူသော ကျွန်၊
(၃) သုဒ္ဓါဇာတ= အမအရံစောင့်, အဖ အလွတ် လူဖြစ်သော ကျွန်၊
(၄) ရာဇဒန္နိ= ပြည့်ရှင်မင်းက ပေးသောကျွန်၊ ♦သုခမှတ်စု

စေတီ ၄-ပါး

စေတီယဝိနိစ္ဆယကျမ်း
(၁) ဓာတုစေတီ= ဓာတ်တော်၊
(၂) ဓမ္မစေတီ=တရားတော်၊
(၃) ပရိဘောဂစေတီ = မြတ်စွာဘုရား၏ အသုံးအဆောင်၊
(၄) ဥဒ္ဒိဿစေတီ၊ မြတ်စွာဘုရားကိုယ်စား ရုပ်တု ဆင်းတုတော်၊ ♦သုခမှတ်စု

စက် ၄-ပါး

စတုက္ကအဂုင်္တ္တိုရ်
(၁) ပုဗ္ဗေစကတပညု တာ= ရှေး၌ ပြုဖူးသော ကောင်းမှုရှိသူ၏၊ ပတိရူပဒေသဝါသ= သင့်တင့်လျောက်ပတ်သော အရပ်၌ နေရခြင်း၊
(၃) သပ္ပုရိသူပနိဿယ=ပညာရှိ သူတော်ကောင်းတို့ကို မှီဝဲခြင်း၊
(၄) အတ္တသမ္မာ ပဏိဓိ= မကောင်းသောအမှုကိုစွန့်ပယ်၍ ကောင်းသောအမှုကို ပြုခြင်း၌ စိတ်ခိုင် နိုင်ခြင်း၊ ♦သုခမှတ်စု

စောင်း၏ ကြားခြင်း အချုပ် ၄-ပါး

(၁) တာရ= အလွန်မြင့်သော အသံ၊
(၂) ကလ= အက္ခရာ, ပုဒ်, ဗျည်း မထင်မရှား သာယာသော အသံ၊
(၃) မန္ဒ= နက်သော အသံ၊
(၄) ကာကလီ= သိမ်မွေ့သော အသံ၊ ♦သုခမှတ်စု

စစ်ချီခြင်း ၄-ပါး

သေနင်္ဂဗျူဟာစစ်သမိုင်း
(၁) သပဒဏ္ဍက ဗျူဟာ= ရှားလှံတံကဲ့သို့ ချီခြင်း၊ စစ်ဖျား၊ စစ်လယ်၊ စစ်နောက် အညီအမျှ ချီခြင်း၊
(၂) ပါသာဒိက ဗျူဟာ= ပြာသာဒ်ကဲ့သို့ စစ်ချီခြင်း၊ ရှေ့စစ်ဖျားသွယ်၍ နောက် စစ်အားကြီးစွာနှင့် ချီခြင်း၊
(၃) စင်္ကောဋက ဗျူဟာ= ပန်း ပုံတောင်း သဏ္ဌာန်ကဲ့သို့ စစ်ချီခြင်း၊ ရှေ့စစ်ဖျားကြီး၍ နောက်စစ်အား တရွေ့ရွေ့ငယ်စွာ ချီခြင်း၊
(၄) မုဒိင်္ဂ ဗျူဟာ= မုရိုးစည်သဏ္ဌာန် ကဲ့သို့ စစ်ချီခြင်း၊ စစ်ရင်း စစ်ဖျားသေး၍ အလယ်တွင် အားကြီးစွာ နှင့် ချီခြင်း၊ ♦သုခမှတ်စု

စစ်ဆင်နည်း ၄-ပါး

သေနင်္ဂဗျူဟာစစ်သမိုင်း
(၁) ပဒုမံ= ပဒုမ္မာ ပွင့်ကဲ့သို့ စစ်ဆင်ခြင်း၊
(၂) သကဋံ= လှည်းဦးကဲ့သို့ စစ်ဆင်ခြင်း၊
(၃) စက္ကံ= စက်ဝန်းကဲ့သို့ စစ်ဆင်ခြင်း၊
(၄) ရထံ=ရထားကဲ့သို့ စစ်ဆင်ခြင်း၊ ♦သုခမှတ်စု

စစ်ထဲ၌ မသတ်ရာသည် ၄-ပါး

(၁) လက်နက်ချလျက်ပြေးသူ၊ သို့မဟုတ် ရှိခိုးဦးညွှတ်နေသူ၊
(၂) အဝတ်အစား အလွတ်ပြေးသူ၊
(၃) မိန်းမ၊
(၄) ရဟန်း၊ ♦သုခမှတ်စု

စစ်အင်္ဂါ ၄-ပါး

(၁) ဟတ္တိဂတ=ဆင်စီးစစ်သည်
(၂) အဿဂ=မြင်းစီးစစ်သည်၊
(၃) ရထဂတ= ရထားစီးစစ်သည်၊
(၄) ပတ္တိကာ = ခြေစစ်သည်၊ ♦သုခမှတ်စု

စဏ္ဍာလ ၄-ဦး

(၁) သုဘရာဇာ= သချိုင်းတွင်းတူး မြေမြုပ်သူ၊
(၂) ဖုန်းတောင်းစား =သူတစ်ပါးထံ ဆုတောင်း၍ စားရသူ၊
(၃) ပြည့်တန်ဆာ= ကာမအားဖြင့် ကိုယ်ကိုအပ်၍ စားသောက်ရသူ မိန်းမ၊
(၄) သွေးမစွမ်း=ကုဋ္ဌနူနာစွဲကပ်သူ၊ ♦သုခမှတ်စု

ဆို၍ မနာလိုသူ ၄-ယောက်

(၁) မသဒ္ဓါသူကို သဒ္ဓါတရားရှိအောင် ဆို၍မနာလိုခြင်း၊
(၂) အကြားအမြင်မရှိသူကို အကြားအမြင်ရှိအောင်ဆို၍ မနာလိုခြင်း၊
(၃) ပေးကမ်းစွန့်ကြဲခြင်းမရှိသူကိုပေးကမ်းရန်ဆို၍ မနာလိုခြင်း၊
(၄) ပညာမရှိသူကိုပညာရှိအောင်ဆို၍ မနာလိုခြင်း၊ ♦သုခမှတ်စု

ဇမ္ဗူဒီပါကျွန်း အလုံး ကြားနိုင်သော အသံကြီး ၄-ပါး

(၁) ပုဏ္ဏကဘီလူးသည် ကောရဗျမင်းကြီးနှင့်အန်ကစားရာဝယ် အန်နိုင်၍လက်ပန်းပေါက်တီးလျက် ငါအောင်ပြီဟုဟစ်သောအသံ၊
(၂) ကဿပဘုရားမြတ်စွာသာသနာတော်ရွေ့လတ်သော် မာတလိနတ်သားသည် ခွေးနက်ကြီးအယောင်ဆောင်၍ဟောင်သောအသံ၊
(၃) ကေလာသဘတောင်ထိပ်၌ ရပ်၍ ငါအာဋ္ဌာဝကဟု ဟစ်သော အာဠာဝကဘီလူး၏အသံ၊
(၄) ငါ ကုသမင်းဟု ဟစ်သော ကုသလမင်းကြီး၏ အသံ၊ ♦သုခမှတ်စု

တူရိယာ ၄-မျိုး

(၁) စည်မျိုးတူရိယာ၊
(၂) ကြေးမျိုးတူရိယာ၊
(၃) တံပိုးမျိုး တူရိယာ၊
(၄) အငြိမ့်မျိုး တူရိယာ၊ ♦သုခမှတ်စု

တေဇောဓာတ် ၄-ပါး

(၁) သန္တပ္ပန တေဇော=ချမ်းတုံပူတုံရှိခြင်း၊
(၂) ဒဟ တေဇော =အလွန်ပူခြင်း၊
(၃) ဇိရဏတေဇော=ရင့်ရော်စေခြင်း၊
(၄) ပါစက တေဇော =ကျက်စေခြင်း၊ ♦သုခမှတ်စု

တော် လေးဝ

စပယ်ပင်ဝတ္ထု၊
(၁) အမရာ= မဟော်သဓာ၏မိန်းမ၊
(၂) ကိန္နရီ= စန္ဒကိန္နရီ၊
(၃) မဒ္ဒီ=ဝေဿန္တရာမင်းကြီး၏ မိဖုရား၊
(၄) သမ္ဘူလ= သောတ္ထိသေန၏ မိဖုရား၊ ♦သုခမှတ်စု

ထီးဖြူ ၄-စင်း

ကဝိလက္ခဏဒီပနီ၊
(၁) နဝဒဏ္ဍ= ထီး ရွက်ကိုးဆင့် ထီးရိုး ဆယ်တောင်၊
(၂) မနောဟရ= ထီးရိုးခြောက်တောင်၊
(၃) အာတပတ္တ= ထီးရိုးငါးတောင်၊ “ သုံးပါးကားရာဇပလ္လင်မှာ ဆောင်းသော ထီးများ၊
(၄) ဝိဇယပဉာတ= ထီးရိုး လေးတောင်၊ ထွက်တော်မူရာတွင် ဆောင်း၏၊ ♦သုခမှတ်စု

ဒါနဝတ္ထု ၄-ပါး

ဝိနည်း
(၁) သေနာသန = ကျောင်း၊
(၂) စီဝရ = သင်္ကန်း၊
(၃) ပိဏ္ဍပါတ= ဆွမ်း၊
(၄) ဘေသဇ္ဇ= ဆေး၊ ♦သုခမှတ်စု

ဒါန၏ စင်ကြယ်ခြင်း ၄-ပါး

(၁) အလှူပေးဒါယကာသာစင်ကြယ်၍ အလှူခံပုဂ္ဂိုလ် မစင်ကြယ်သော ဒါန၊
(၂) အလှူ ခံ ပုဂ္ဂိုလ်သာ စင်ကြယ်၍ အလှူဒါယကာမစင်ကြယ်သောဒါန၊
(၃) အလှူခံပုဂ္ဂိုလ်နှင့်တကွ အလှူဒါယကာပါ မစင်ကြယ်သောဒါန၊
(၄) အလှူခံ ပုဂ္ဂိုလ်နှင့်တကွ အလှူဒါယကာပါ စင်ကြယ်သောဒါန၊ ♦သုခမှတ်စု

ဒါသိဇကျွန် ၄-ပါး

(၁) အန္တောဇာတ= မိလာ ဖလာ အိမ်ပေါက် အစဉ်ကျွန်က မွေးသော ကျွန်၊
(၂) ဓနကရိတ= ငွေဝယ်ကျွန်က မွေးသော ကျွန်၊
(၃) ဥဒ္ဓါရ=ပေါင်ကျွန်က မွေးသော ကျွန်၊
(၄) တာဝကာလိကပဝေသန= မြီမဆပ်မီ အခိုက်အတန့် သွင်းထားသော ကျွန်က မွေးသောကျွန်၊ ♦သုခမှတ်စု

ဒိဋ္ဌဓမ္မအကျိုးပွားတိုးစေသော အလှူအင်္ဂါ ၄-ပါး

(၁)ဝတ္ထုသမဒ္ပါ= အလှူ ခံပုဂ္ဂိုလ်တို့သည် ပစ္စေက ဗုဒ္ဓါ ရဟန္တာ၊ သို့မဟုတ် အနာဂါမ်ပုဂ္ဂိုလ် စသည်ဖြင့် မြင့်မြတ်သောသူ ဖြစ်ခြင်း၊
(၂) ပစ္စယသမ္ပဒါ= အလှူဝတ္ထု၏ စင်ကြယ်သော တရားသဖြင့်ရသည့် ပစ္စည်း ဖြစ်ခြင်း၊
(၃) စေတနာသမ္ပဒါ= သောမနဿ သဟဂတ ဉာဏသမ္ပယုတ်နှင့် ယှဉ်၍ စေတနာသုံးတန် ပြဋ္ဌာန်းသော စိတ်ရှိခြင်း၊
(၄) ဂုဏာတိရေကသမဒ္ပါ= အလှူ ခံပုဂ္ဂိုလ်တို့ နိရောဓသမာပတ်မှ ထတော်မူသောအခါဖြစ်သည့် ဂုဏ်နှင့် ပြည့်စုံခြင်း၊ ♦သုခမှတ်စု

ဒုက္ခသစ္စာ၏ အနက် ၄-ချက်

စတုသစ္စဒီပနီ၊
(၁) ပီဠနဋ္ဌော = အပြင်းအပြ နှိပ်စက်တတ်သောသဘော၊
(၂) သင်္ခတဋ္ဌော= အမြဲမပြတ် ပြုပြင်ထူထောင်အပ်သော သဘော၊
(၃) သန္တာပဋ္ဌော= အဖန်ဖန် ကြောင့်ကြ ပူပန် စေတတ်သော သဘော၊
(၄) ဝိပရိဏာမဋ္ဌော= အတည်မမြဲ ဖောက်လွဲဖောက်ပြန်တတ်သော သဘော၊ ♦သုခမှတ်စု

ဓာတ် ၄-ပါး

(၁) ပထဝီ = မြေဓာတ်၊
(၂) အာပေါ= ရေဓာတ်၊
(၃) တေဇော=မီးဓာတ်၊
(၄) ဝါယော=လေဓာတ်၊ ♦သုခမှတ်စု

ဓာတ် ၄-ပါး ပျက်ခြင်း လက္ခဏာ ၄-ပါး

(၁) ပထဝီဓာတ်ပျက်ခြင်း၊
(၂) တေဇောဓာတ်ပျက်ခြင်း၊
(၃) အာပေါဓာတ်ပျက်ခြင်း၊
(၄) ဝါယောဓာတ် ပျက်ခြင်း၊ ♦သုခမှတ်စု

နိရောဓသစ္စာ၏အနက် ၄-ချက်

စတုသစ္စဒီပနီ၊
(၁) နိဿရဏဋ္ဌော= ဒုက္ခလက်မှ ထွက်မြောက်လွတ်လပ်ခြင်း သဘော၊
(၂) ပဝိဝေကဋ္ဌော= နှောင့်ယှက်ခြင်းတို့မှ လွတ်ကင်းသောသဘော၊
(၃) အသေင်္ခတဋ္ဌော= အဖန်ဖန်ပြုပြင်ခြင်းမှ လွတ်သော သဘော၊
(၄) အမတဋ္ဌော= အဖန်ဖန် သေခြင်းမှ လွတ်ကင်းသော သဘော၊ ♦သုခမှတ်စု

နီလာမျိုး ၄-ပါး

(၁) နီလာ၊
(၂) ဂန္ဒနီလာ၊
(၃) ဣန္ဒနီလာ၊
(၄) ဥပနီလာ၊ ♦သုခမှတ်စု

နီလာမျိုး ၄-ပါးတနည်း

(၁) ဝိသျှ= ထင်းရှူးကဲ့သို့ သက်တန့်ရောင် တံခွန်ရှိသည်၊
(၂) နီလာ= ပြာပြာ အောင်မဲညိုသဏ္ဌာန် တံခွန်ရှိသည်၊
(၃) နီလာသာခံ= အပြာပြောက်ပြောက်ကားကား ရှိသည်၊
(၄) ဥပနီလာ= ကြာညိုအဆင်းကဲ့သို့ သဏ္ဌာန်ရှိသည်၊ ♦သုခမှတ်စု

နတ်တို့၏ စုတေသော အကြောင်း၄ ပါး

(၁) အသက်တမ်းကုန်ခြင်းကြောင့်လည်ကောင်း၊
(၂) ကံကုန်ခြင်းကြောင့်လည်းကောင်း၊
(၃) အာဟာရကုန်ခြင်းကြောင့်လည်းကောင်း၊
(၄) အမျက်ထွက်ခြင်းကြောင့် လည်းကောင်း၊ ♦သုခမှတ်စု

နတ် ၄-ပါး

(၁) ကာမာဝစရနတ်၊
(၂) ရူပါဝစရနတ်၊
(၃) အရူပါဝစနတ်၊
(၄) ဝိသုဒ္ဓိနတ်၊ ♦သုခမှတ်စု

နံ့သာမျိုး ၄-ပါး

အဘိဓာန် နိဿယသစ်၊
(၁) ကုကုင်္မံ၊
(၂) လေးညှင်းပွင့်၊
(၃) ကမျည်း၊
(၄) တောင်ဇလပ်၊ ♦သုခမှတ်စု

နွားလားဥသဘ ၄-ခု

(၁) အဖော်နွားတို့၌ကား ကြမ်း၏၊တစ်ပါးနွား၌မကြမ်း၊
(၂) တစ်ပါးနွား၌ကား ကြမ်း၏၊ အဖော်နွား၌မကြမ်း၊
(၃) တစ်ပါးနွား၌လည်း ကြမ်း၏၊ အဖော်နွား၌လည်း ကြမ်း၏၊
(၄) တစ်ပါးနွား၌လည်းမကြမ်း၊ အဖော်နွား၌လည်း မကြမ်း၊ ♦သုခမှတ်စု

နှစ်သက်စေကြောင်း တရား ၄-ပါး

(၁) အလိုရမ္မက်ကြီးသူကို ဥစ္စာ ပေးကမ်းသဖြင့် နှစ်သက်စေရာ၏၊
(၂) ဂုဏ်မာန်ခက်ထန်သူကို လက်အုပ်ချီ၍ နှိပ်ချသဖြင့် နှစ်သက်စေရာ၏၊
(၃) မိုက်မဲသောသူကိုအလိုလိုက်သဖြင့် နှစ်သက် စေရာ၏၊
(၄) ပညာရှိသူကို မှန်သောစကားဆိုသဖြင့် နှစ်သက်စေရာ၏၊ ♦သုခမှတ်စု

ပဋိသန္ဓေ ၄-မျိုး

(၁) အဏ္ဍဇ=ဥ၌တည်၍ဖြစ်သောသန္ဓေ၊
(၂) သံသေဒဇ= သစ်ရွက်သစ်ပွင့်၌ ဖြစ်သောသန္ဓေ၊
(၂) ဇလာဗုဇ= အမိဝမ်း၌ ကလလရေကြည်တည်၍ ဖြစ်သောသန္ဓေ၊
(၄) သြပပါတိက= မွေးဖွားခြင်းမရှိ နတ် ဗြဟ္မာတို့ကဲ့သို့ကိုယ်ထင် ဖြစ်လာသော သန္ဓေ၊ ♦သုခမှတ်စု

ပဋိသန္ဓေ ၄-ပါး

အဘိဓမ္မတ္ထသင်္ဂဟ
(၁) အပါယ်ပဋိသန္ဓေ= ငရဲ, တိရစ္ဆာန်, ပြိတ္တာ,အသူရကယ်တွင် ဖြစ်ခြင်း၊
(၂) ကာမ သုဂတိ ပဋိသန္ဓေ= လူ့ပြည်နတ်ပြည်တွင်ဖြစ်သော ပဋိသန္ဓေ၊
(၃) ရူပါဝစရ ပဋိသန္ဓေ= ရူပါဝစရ ဗြဟ္မာဘုံ ၁၆ တွင် ဖြစ်သော ပဋိသန္ဓေ၊
(၄) အရူပါဝစရ ပဋိသန္ဓေ= အရူပလေးဘုံ၌ဖြစ်သော ပဋိသန္ဓေ၊ ♦သုခမှတ်စု

ပဋိသမ္ဘိဒါဉာဏ် ၄-ပါး

(၁) အတ္ထပဋိသမ္ဘိဒါ= အကျိုးကိုသိသောဉာဏ်၊
(၂) ဓမ္မပဋိသမ္ဘိဒါ= အကြောင်းကိုသိသေ ဉာဏ်၊
(၃၃) နိရုတ္တိပဋိသမ္ဘိဒါ= သဒ္ဒါကို သိတတ်သော ဉာဏ်၊
(၄) ပဋိဘာနပဋိသမ္ဘိဒါ= သစ္စာလေးပါးကို ထိုးထွင်း၍ သိတတ်သော ဉာဏ်၊ ♦သုခမှတ်စု

ပယတ် ၄-ပါး၊ စာရွက်ဖတ်ရာတွင် နှုတ်ခမ်းထား ၄-ပါး

သဒ္ဒါကြီးပုဒ်စစ်
(၁) သံဝုဋ= နှုတ်ခမ်းကို ပိတ်ခြင်း၊
(၂) ဝိဝဋ= နှုတ်ခမ်းကို ဖွင့်ခြင်း၊
(၃) ဖုဋ္ဌ= နှုတ်ခမ်းကို ထိခြင်း၊
(၄) “သံဖုဋ္ဌ= နှုတ်ခမ်းကို စဉ်းငယ်ထိခြင်း၊ ♦သုခမှတ်စု

ပရိသတ် ၄-ပါး

(၁) ရဟန်းယောက်ျား၊
(၂) ရဟန်းမိန်းမ၊
(၃) ဒါယကာ၊
(၄) ဒါယိကာမ၊ ♦သုခမှတ်စု

ပါရာဇိက ၄-ပါး

(၁) မေထုနသိက္ခာပုဒ်၏အင်္ဂါ= မှီဝဲလိုသော စိတ် ရှိသည်လည်း ဖြစ်စေ၊ မဂ်ဖြင့်မဂ်သို့ သွင်းသည်လည်း ဖြစ်စေ (အင်္ဂါ နှစ်ပါး)၊
(၂) အဒိန္နာ ဒါနသိက္ခာပုဒ်၏ အင်္ဂါ= လူ၏ ဥစ္စာ၊ လူ၏ဥစ္စာဟု အမှတ်ရှိခြင်း၊ ခိုးလိုသော စိတ်၊ ပါရာဇိကလောက်သောဝတ္ထု၊ ထိုဝတ္ထုကို ခိုးခြင်း (အင်္ဂါ ၅ ပါး)၊
(၃) မနုဿဝိဂ္ဂဟသိက္ခပုဒ်၏အင်္ဂါ= လူဖြစ်သော သတ္တဝါ၊ သတ္တဝါ ဟူသော အမှတ်၊ သေစေလိုသောစိတ်၊ သတ်ခြင်း လုံ့လ ပယောဂ၊ ထိုပယောဂဖြင့် သေခြင်း (အင်္ဂါ ၅ ပါး)၊
(၄) ဥတ္တရိမနုဿဝိဂ္ဂဟ သိက္ခာပုဒ်၏ အင်္ဂါ= မိမိ၌ ဥတရိးမနုဿဓမ္မ ထင်ရှား မရှိခြင်း၊ ယုတ်မာသောအလိုဖြင့် ထိုဥတ္တရိမနုဿဓမ္မကိုကြားခြင်း၊ သူတစ်ပါးကို မညွှန်းခြင်း၊ အကြင်သူအား ကြား၏၊ ထိုသူ၏ လူဇာတ်ဖြစ်ခြင်း၊ ထိုကြားသော ခဏ၌ သိခြင်း (အင်္ဂါ ငါးပါး)၊ ♦သုခမှတ်စု

ပါရာဇိက ၄-ပါးတနည်း

ဝိနယသံခိပ်
(၁) မေထုနပါရာဇိက= မေထုန်ဟူသောမမြတ်သောအကျင့်ကိုကျင့်ခြင်း၊
(၂) အဒိန္နာဒါန ပါရာဇိက= သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊
(၃) မနုဿဝိဂ္ဂဟ= လူစင်စစ် အသက်ကို သေစေလိုသော စိတ်ဖြင့် သတ်ခြင်း၊
(၄) ဥတ္တရိမနုဿဓမ္မပါရာဇိက = မရသေးသောစျာန်မဂ်ဖိုလ်တရားတို့ကို ရ၏ဟုပြောဟောခြင်း၊ ♦သုခမှတ်စု

ပိဋကတ်လာ ကျွန် ၄-ပါး

(၁) သြတ္တကိ = ငွေနှင့်ဝယ်သော ဓနကိတရ ကျွန်၊
(၂) အန္တောဇာတ= မိဘလာကျွန်၊
(၃) ဒါသဗျောပဂတ= မိမိအလျောက် ခံသောကျွန်၊
(၄) ဝန္ဒိ= သုံ့ပန်းလက်ရကျွန်၊ ♦သုခမှတ်စု

ပိဋကတ်သုံးပုံတို့၏ နက်နဲခြင်း ၄-ပါး

(၁) ဓမ္မ= ပါဠိတော်၏ နက်နဲခြင်း၊
(၂) အတ္ထ= ထိုပါဠိ၏အနက် နက်နဲခြင်း၊
(၃) ဒေသနာ=နှလုံးပေါက်၍ ဟောသော ဝစီဘေဒ သဒ္ဒါနက်နဲခြင်း၊
(၄) ပဋိဝေဓ=ပါဠိကိုလည်းကေင်း အနက်ကိုလည်းကောင်း အဟုတ်အဟပ်သိသော ဉာဏ်၏ နက်နဲခြင်း၊ ♦သုခမှတ်စု

ပိသုဏဝါစာကံ၏ အင်္ဂါ ၄-ပါး

(၁) ခွဲအပ်သော သူတစ်ထူးဖြစ်ခြင်း၊
(၂) ကွဲပြားခြင်းကို အလိုရှိခြင်း၊
(၃) မိမိကို ချစ်စေလိုခြင်း၊
(၄) ထိုသို့ မိမိအားချစ်ခင်ခြင်းကို လုံ့လပြုသောအားဖြင့် ထိုလုံ့လကို သိခြင်း၊ ♦သုခမှတ်စု

ပေါ့သော (အနှစ်မဲ့သော) အမျိုး ၄-ဦး

(၁) တုလံ= လဲဝါဂွမ်း၊
(၂) စပလဇာတိကော = လျှပ်ပေါ်သောသဘောရှိသောသူ၊
(၃) ဝုဍ္ဎုနံ အနောဝါဒေါ= ကြီးသူတို့၏ အဆုံးအမ မခံသောသူ၊
(၄) ဓမ္မေပမာဒကော = တရား၌မေ့လျော့သောရဟန်း၊ ♦သုခမှတ်စု

ပညာရှိတို့ ထင်ရှားမပြရာသည် ၄-ပါး

(၁) အတ္တနောမနောတာပဉ္စ= မိမိ စိတ်နှလုံး ပူပန်ခြင်း၊
(၂) ဃရေဒုစ္စရိတာနိစ = အိမ်၌ သားမြေးကျေးကျွန် မကောင်းသဖြင့် ကျင့်နေခြင်း၊
(၃) ဝဉ္စနဉ္စ= သူလှည့်စားခံရခြင်း၊
(၄) အဝမာနံ= သူ မထီမဲ့မြင်အပြုခံရခြင်းတို့ကို ထင်ရှားမပြရာ၊ ♦သုခမှတ်စု

ပညတ်ကြီး ၄-ပါး

(၁) သမဟူ ဃနပညတ်= အိမ်, လှည်း, ရထား, အဝတ်ပုဆိုးစသည်ကဲ့သို့ အထုထင်ရှား အများပေါင်းစုလုံးထွေး ရှိနေသည်ကို တစ်သားတည်းထင်မြင်ခေါ်ဝေါ်ကြသော သဘော၊
(၂) သန္တတိဃနပညတ်= ယမန်နေ့က သတ္တဝါသည် ယနေ့သတ္တဝါပင်ဖြစ်၏ စသည်ဖြင့် အသီးအသီး တခြားစီ တစ်ဌာနစီ ရှေ့တရား နောက်တရားတွေကို တစ်သားတည်းတစ်ယောက်တည်းဟု ထင်မြင် ခေါ်ဝေါ်ကြသောသဘော၊
(၃) သဏ္ဌာနပညတ်= အတို, အရှည်, အပြား, အလုံး၊လေးထောင့်၊ သုံးထောင့်စသည် သဏ္ဌာန်ကို အနေပုံဟန်နှင့် ခေါ်ဝေါ်ကြသောသဘော၊
(၄) သုဘပညတ်= ဥမ္မာဒန္တီ, ပဘာဝတီ စသည်ဖြင့် အလှအယဉ် အတင့်အတယ် ချောမွေ့ခြင်းတို့ကို ထင်မြင် ခေါ်ဝေါ်ကြသော သဘော၊ ♦သုခမှတ်စု

ပုဂ္ဂိုလ် ၄-ယောက်

စတုက အင်္ဂုတ္တိုရ်
(၁) အတ္တဟိတ ပဋိပန္န၊ ပရဟိတ ပဋိပန္န= မိမိလည်းသီလသမာဓိနှင့်ပြည့်စုံ၏၊ သူတစ်ပါးကိုလည်း ပြည့်စုံစေခြင်းငှာ ဆောက်တည်စေ၏၊
(၂) ပရဟိတ ပဋိပန္န၊ နောအတ္တဟိတ ပဋိပန္န= မိမိကား သီလ သမာဓိနှင့် မပြည့်စုံ၊သူတစ်ပါးတို့ကို ပြည့်စုံစေခြင်းငှာ ဆောက်တည်စေ၏၊
(၃) အတ္တဟိတ ပဋိပန္န၊ နောပရဟိတပဋိပန္န= မိမိသည် သီလသမာဓိနှင့် ပြည့်စုံ၏၊ သူတစ်ပါးကို ကားပြည့်စုံစေခြင်းငှာ မဆောက်တည်စေ၏၊
(၄) နောအတ္တဟိတပဋိပန္န၊ နော ပရဟိတပဋိပန္န= မိမိလည်း သီလ သမာဓိနှင့် မပြည့်စုံ၊ သူတစ်ပါးအားလည်း သီလသမာဓိနှင့် ပြည့်စုံစေခြင်းငှာ မဆောက်တည်စေ၊ (တစ်နည်း)
(၁) ဥဂ္ဃါဋိတညူပုဂ္ဂိုလ်= ဘုရားနှင့် တွေ့ကြုံ၍ တရားအကျဉ်း ကို နာရရုံမျှဖြင့် တရားအဆုံးတွင် မဂ်ဖိုလ်ရ သော ပုဂ္ဂိုလ်၊
(၂) ဝိပဉ္စိတညူ ပုဂ္ဂိလ်= အကျဉ်းဥဒ္ဒေသမျှနှင့်မရ၊ အကျယ်ဝိတ္ထာရ ဖွင့်ပြဝေဖန်၍ဟောမှ မဂ်ဖိုလ်ရသော ပုဂ္ဂိုလ်၊
(၃) နေယျပုဂ္ဂိုလ်= အကျဉ်းအကျယ် ဟောပြီးသော်လည်းမဂ်ဖိုလ်မရသေး၊ ထိုဒေသနာကို နေ့ရက်ရှည်စွာ ကျင့်ကြံအားထုတ်မှ မဂ်ဖိုလ်ရသော ပုဂ္ဂိုလ်၊
(၄) ပဒပရမပုဂ္ဂိုလ်= ထိုတရားကို ဝီရိယနှင့် ကြိုးစားကျင့်ကြံသော်လည်း “ဘဝ မဂ်ဖိုလ်မရ၊ မဂ်ဖိုလ်မျိုးစေ့ ဗီဇမျှသာ ဖြစ်သော ပုဂ္ဂိုလ်၊ (တစ်နည်း) စတုက အင်္ဂုတ္တိုရ်
(၁) တမောတမ ပရာယန ပုဂ္ဂိုလ်= အမျိုးယုတ်သောသူသည် ဒုစရိုက်သုံးပါးကိုကျင့်၍ အပါယ်လားသည်၊
(၂) တမော ဇောတိ ပရာယန= အမျိုးယုတ်သောသူသည် ဒုစရိုက်ကိုကျင့်၍ နတ်ပြည် လားရသည်၊
(၃) ဇောတတိ မ ပရာယန= အမျိုး မြတ်သောသူသည် ဒုစရိုက်ကိုကျင့်၍ အပါယ်လား ရသည်၊
(၄) ဇောတိဇောတိပရာယန= အမျိုး မြတ်သောသူသည် သုစရိုက်ကိုကျင့်၍ နတ်ပြည်သို့လားရသည်၊ ♦သုခမှတ်စု

ပလ္လင် ၄-မျိုး

(၁) အပရာဇတိ =ဘုရား ပလင.်၊
(၂) ဒဗိ =နတ်ပလ္လင်၊
(၃) ရာဇ=မင်းပလ္လင်၊
(၄) ကမလာသန= ဗြဟ္မာပလ္လင်၊ ♦သုခမှတ်စု

ပုဏ္ဏား ၄-မျိုး

(၁) ဗြာဟ္မဏ= အလှူခံခြင်း ဗေဒင်ဟောခြင်း, အသက်မွေးမှု စင်ကြယ်ခြင်းပြုသော ပုဏ္ဏား (စလွယ်, သွယ်)၊
(၂) ခဉာတ= မင်းထံခစား၍ ရဲခွန်ရဲအားနှင့် အသက်မွေးသော ပုဏ္ဏား (စလွယ် ၆ သွယ်)၊
(၃) ဗိသျှ= ရောင်းဝယ်မှု လယ်ထွန်မှုနှင့် အသက်မွေးသော ပုဏ္ဏား (စလွယ်သုံးသွယ်)၊
(၄) သုဒြ= ဆင်းရဲစွာ သူတစ်ပါး၏ အစေအပါးကို ခံ၍ အသက်မွေးသော ပုဏ္ဏား (စလွယ်မရှိ)၊ ♦သုခမှတ်စု

ပုဏ္ဏား ၄-မျိုးတနည်း

(၁) သိက္ခာတင်သော ပုဏ္ဏား၊
(၂) သိက္ခာနှင့် တကွ စလွယ် ပါဆင်သော ပုဏ္ဏား၊
(၃) သိက္ခာမတင်-စလွယ်မဆင်သော ပုဏ္ဏား၊
(၄) စလွယ် သာဆင်၍ သိက္ခာမတင်သော ပုဏ္ဏား၊ ♦သုခမှတ်စု

ပျက်စီးကြောင်း ၄-ပါး

(၁) ရသေ့ရဟန်းဖြစ်လျက် အလိုရမ္မက်ကြီး၍ မရောင့်ရဲသူ၊
(၂) ပြည်ကြီးမင်းဖြစ်လျက် ရောင့်ရဲလွယ်သော မင်း၊
(၃) ပြည်တံဆာမ ဖြစ်လျက် အရှက်အကြောက်ရှိသူ၊
(၄) အမျိုးသမီးမြတ်ဖြစ်လျက် အရှက်အကြောက်မရှိသောသူ၊ ♦သုခမှတ်စု

ပြယိုးယားမျိုး ၄-ပါး

(၁) စမုနာ= နွားနို့အဆင်းကဲ့သို့ ရှိသည်၊
(၂) ရက္ခာ=နွားနို့ အဆင်းရှိသည်၊
(၃) ဗာရာ= ၎င်းအဆင်းရှိသည်၊
(၄) ဖအောင်မြ=၎င်းအဆင်းရှိသည်၊ ♦သုခမှတ်စု

ပြေး၍မတင့်တယ်သောသူ ၄-ဦး

(၁) ပြည့်ရှင်မင်း= “မင်းသည် ရာဇဣန္ဒြေ မရှိ သူရသတ္တိမှလည်းကောင်း၊ တည်ကြည်ခြင်း မှလည်းကောင်း ကင်း၏ဟုကဲ့ရဲ့ရာ၏၊
(၂) မင်းစီးဆင်=တောဆင်ရိုင်းကဲ့သို့ မယဉ်ကျေးရာ၏ဟု ကဲ့ရဲ့ရာ၏၊
(၃) ရဟန်း= တည်ကြည်ခြင်း မရှိ၊ ဣန္ဒြိယသံဝရသီလမှ ကင်းသည်ဟု ကဲ့ရဲ့ရာ၏၊
(၄) မိန်းမ= ယောက်ျားကဲ့သို့ ကလက်၏ဟု ကဲ့ရဲ့ရာ၏၊ ♦သုခမှတ်စု

ပြည်ရွာစည်ပင်ရာ ၄-ပါး

(၁) လယ်လုပ်သူများခြင်း၊
(၂) ကုန်သွယ်သူများခြင်း၊
(၃) သီတင်းသီလပညာရှိများခြင်း၊
(၄) အကြားအမြင်သီလရှိသော ရဟန်း များခြင်း၊ ♦သုခမှတ်စု

ပြိတ္တာ ၄-မျိုး

(၁) ပရဒတ္တူပဇဝီ တိ ပြိတ္တာ = သူတစ်ပါးတို့ ပေးအပ်သော အစာကိုမှီ၍ အသက်ရှင်သော ပြိတ္တာ၊
(၂) ခုပိပ္ပါသိတပြိတ္တာ= ထမင်း ငတ်ခြင်း ရေသိပ်ခြင်းဖြင့် နှိပ်စက်အပ်သော ပြိတ္တာ၊
(၃) နိဇ္ဈာမတဏှိကပြိတ္တာ= အမြဲ ကျွမ်းလောင်းခြင်းကြောင့် ပူလောင်ခြင်းရှိသော ပြိတ္တာ၊
(၄) ကာလကိဉ္စက ပြိတ္တာ =အသူရကာယ်ဟူ၍ သီးခြား ခေါ်ဝေါ်အပ်သော ပြိတ္တာ၊ ♦သုခမှတ်စု

ဖိုလ် ၄-ပါး

အဘိဓမ္မတ္ထသင်္ဂဟ
(၁) သောတာပတ္တိဖိုလ်= သောတာပတ္တိမဂ်၏အကျိုး၊
(၂) သကဒါဂါမိဖိုလ်= သကဒါဂါမိမဂ်၏အကျိုး၊
(၃) အနာဂါမိဖိုလ်= အနာဂါမိမဂ်၏ အကျိုး၊
(၄) အရဟတ္တဖိုလ်= အရဟတ္တမဂ်၏ အကျိုး၊ ♦သုခမှတ်စု

ဖျက်ဆီးတတ်သူ ၄-ဦး

(၁) ကာကော= ကျီးသည် ငှက်သတ္တဝါတို့ကို ဖျက်ဆီးတတ်၏၊
(၂) မူသိကော= ကြွက်သည် အိမ်၌ ဖျတ်ဆီးတတ်၏၊
(၃) ဝါနရော= မျောက်သည် တော၌ ဖျက်ဆီးတတ်၏၊
(၄) ဗြာဟ္မဏော= ပုဏ္ဏားသည် လူတို့ကို ဖျက်ဆီးတတ်၏၊ ♦သုခမှတ်စု

ဗုဒ္ဓဘုမ္မိ ၄-ပါး

(၁) ဥဿာဟ=ဝီရိယ၊
(၂) ဥမင်္ဂ= ပညာ၊
(၃) အဝတ္ထာန= အဓိဋ္ဌာန်၊
(၄) ဟိတ စရိယ= မေတ္တာ ဘာဝနာ၊ ♦သုခမှတ်စု

ဗြဟ္မစိုရ် တရား ၄-ပါး

ဗြဟ္မဝိဟာရ တရား ၄-ပါးပင် ဖြစ်သည်၊
(၁) မေတ္တာ၊
(၂) ကရုဏာ
(၃) မုဒိတာ၊
(၄) ဥပေက္ခာ၊ ♦သုခမှတ်စု

ဗြဟ္မဝိဟာရ တရား ၄-ပါး

အဘိဓမ္မတ္ထ သင်္ဂဟ
(၁) မေတ္တာ=အတိုင်း မသိသော သတ္တဝါပညတ်ကို အာရုံပြု၍ ချစ်ခင်ခြင်း၊
(၂) ကရုဏာ = ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း၊
(၃) မုဒိတာ= သုခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း၊
(၄) ဥပေက္ခာ= ဒုက္ခိတ, သုခိတ သတ္တဝါ ပညတ်ကိုအမျှပြု၍ လျစ်လျူရှုခြင်း၊ ♦သုခမှတ်စု

ဘုရားဆုကို ကိုယ်နှုတ်နှလုံးဖြင့် တောင်းသော ၄-အသင်္ချေ

တထာဂတ ဥဒါနဒီပနီ
(၁) သေလအသင်္ချေ၊
(၂) ဘာသ အသင်္ချေ၊
(၃) ဇယ အသင်္ချေ၊
(၄) ရုစိရ အသင်္ချေ။ ♦သုခမှတ်စု

ဘုရားဖွားဖက်တော် အဝင် ရွှေအိုး ကြီး ၄-လုံး

မာလာလင်္ကာရ
(၁) သင်္ခရွှေအိုး= တစ်ဂါဝုတ်ပမာဏ ရှိ၏၊
(၂) ဇလ ရွှေအိုး = နှစ်ဂါဝုတ် ပမာဏရှိ၏၊
(၃) ဥပ္ပလ ရွှေအိုး = သုံးဂါဝုတ် ပမာဏရှိ၏၊
(၄) ပုဏ္ဍရိက ရွှေအိုး= တစ်ယူဇနာ ပမာဏရှိ၏၊ ♦သုခမှတ်စု

ဘုရားလောင်းပယ်သော ဆု ၄-ပါး

(၁) မိုက်သောသူကို မမြင်ခြင်း၊
(၂) သူမိုက်ဆိုသော စကားကို မကြားခြင်း၊
(၃) သူမိုက်နှင့် ပေါင်းဖော်၍ မနေခြင်း၊
(၄) သူမိုက်ဆိုသော စကားကို မနှစ်သက်ခြင်း ♦သုခမှတ်စု

ဘုရားသခင်တို့မစွန့်သောအရပ် ၄-ပါး(အဝိဇဟိတဌာန)

ဗုဒ္ဓဝင်အဋ္ဌကထာ
(၁) ဗောဓိပင်တော်၊
(၂) ဓမ္မစကြာ ဟောတော်မူရာ မိဂဒါဝုန်တော၊
(၃) တာဝတိံသာမှ သက်တော်မူ လတ်သော် သင်္ကဿနဂိုရ်ပြည်၌ ရှေးဦးစွာ ခြေတော်ရာချခြင်း၊
(၄) ဇေတဝန် ကျောင်းတော်ဂန္ဓကုဋိတိုက်၌ လေးချောင်းသော ညောင်စောင်းခြေတို့၏နေရာ၊ ♦သုခမှတ်စု

ဘုရားသခင်တို့၌ အန္တရာယ်မပြုနိုင်သည် ၄-ပါး

ဗုဒ္ဓဝင်အဋ္ဌကထာ
(၁) ဘုရားသခင်တို့အားရည်ဆောင်ခဲ့သော ပစ္စည်း လေးပါးတို့ကိုတစ်စုံတစ်ယောက်သောသူသည် အန္တရာယ်မပြုနိုင်၊
(၂) ဘုရားသခင်တို့၏အသက်ကိုတစ်စုံတစ်ယောက်သောသူသည်အန္တရာယ် မပြုနိုင်၊
(၃) ဘုရားသခင်တို့၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ကိုတစ်စုံတစ်ယောက်သောသူသည် အန္တရာယ် မပြုနိုင်၊
(၄) ဘုရားသခင်တို့၏ရောင်ခြည်တော်ကိုတစ်စုံတစ်ယောက်သောသူသည် အန္တရာယ် မပြုနိုင်၊ ♦သုခမှတ်စု

ဘုရားဟူသမျှ မစွန့်အပ်သည် ၄-ပါး

(၁) ဗောဓိပင်တော်၊
(၂) ဓမ္မစကြာတရားဟောရာ၊
(၃) ဇေတဝန်ကျောင်းတော်ရာ၊
(၄) ညောင်စောင်းခြေလေးခုရာ၊ ♦သုခမှတ်စု

မကောင်းသူ ၄-ယောက်

မဏိကုဏ္ဍလဇာတ် (၃၅၁)၊
(၁) ပျင်းရိသောလူ၊
(၂) ကိုယ်နှုတ်နှလုံး မစောင့်သော ရဟန်း၊
(၃) မစူးစမ်းသောမင်း၊
(၄) အမျက်ကြီးသောပညာရှိ၊ ♦သုခမှတ်စု

မကြောင့်ကြအပ်သည်ကို ကြောင့်ကြသော သတ္တဝါ ၄-ဦး

(၁) ကြိုးကြာငှက်= မြေကြီးတုန်လှုပ်အံ့သည်ကို စိုးရိမ်၍ အသာအသာ နင်းသည်၊
(၂) မျောက်=မြေကြီးပျောက်အံ့သည်ကို စိုးရိမ်၍ တစ်ညကို သုံးခါဆင်း၍ စမ်းသပ်သည်၊
(၃) တီ= မြေကြီး ကုန်အံ့သည်ကို စိုးရိမ်၍ မြေကို ထွေးအံကြသည်၊
(၄) တီတီတွတ် ငှက်=မိုးပြိုအံ့သည်ကို စိုးရိမ်၍ အိပ်သောအခါ ပက်လက် ခြေမိုးမျှော် အိပ်သည်၊ (သုတ္တနိပါတ် အဋ္ဌကထာ၌ ပုဏ္ဏားသည် အနွယ်အဆက် ပြတ်အံ့သည် ကို စိုးရိမ်၍ သားမယားကို လုပ်ကျွေးသည်ဟု ဆိုသည်၊ မျောက်ကို မဆို၊ သို့ရာတွင် အချို့က မျောက်ကိုသွင်း၍ လေးပါးဆိုကြကြောင်း အစိန္တေယျဝတ္ထု၌ ဆိုသည်၊) ♦သုခမှတ်စု

မကြံစည်အပ်သော (အစိန္တေယျ) အကြောင်း ၄-ပါး

စတုကအင်္ဂုတ္တိုရ်
(၁) ဗုဒ္ဓဝိသယ= ဘုရား တို့အရာ၊
(၂) စျာနဝိသယ= စျာန်တရားအရာ၊
(၃) လောကဝိသယ= လောက အရာ၊
(၄) ကမ္မဝိပါက= ကံ၏ အကျိုး၊ ♦သုခမှတ်စု

မဆည်းကပ်ရာသည် ၄-ပါး

(၁) ကြမ်းတမ်း ရုန့်ရင်း သောသူ၊
(၂) ဝန်တိုသောသူ၊
(၃) အချီး အပင့်မရှိသောသူ၊
(၄) နှိပ်စက်သောသူ၊ ♦သုခမှတ်စု

မယုံအပ်သော စကား ၄-ပါး

(၁) နှစ်ခွဆိုသောစကား၊
(၂) မျက်ကွယ်၌ ဆိုသောစကား၊
(၃) သတင်းမှားထား၍ ဆိုသောစကား၊
(၄) အမျက်ထွက်၍ ဆိုသောစကား၊ ♦သုခမှတ်စု

မရောင့်ရဲခြင်း ၄-ပါး

(၁) မင်းတို့သည် ဥစ္စာ ရွှေငွေများခြင်း၌ မရောင့်ရဲ၊
(၂) ပညာရှိတို့သည် စကားကောင်းဆိုခြင်း၌ မရောင့်ရဲ၊
(၃) မျက်စိသည် ချစ်သော သူတို့ကို ကြည့်ခြင်း၌ မရောင့်ရဲ၊
(၄) သမုဒ္ဒရာသည် ရေပြည့်နေသော်လည်း မရောင့်ရဲ၊ ♦သုခမှတ်စု

မရောင့်ရဲနိုင်ခြင်း ၄-ပါး

(၁) သမုဒ္ဒရာသည် ရေပြည့်နေသော်လည်း မရောင့်ရဲ၊
(၂) ဗြာဟ္မဏပုဏ္ဏားမျိုးသည် ဗေဒင်သင်ခြင်း၌ မရောင့်ရဲ၊
(၃) မင်း ဧကရာဇ်တို့သည် တိုင်းနိုင်ငံ ကျယ်ဝန်းခြင်း၌ မရောင့်ရဲ၊
(၄) မိန်းမတို့သည် ကာမဂုဏ်၌ မရောင့်ရဲ၊ ♦သုခမှတ်စု

မဟာဘုတ် ၄-ပါး

အဘိဓမ္မတ္ထသင်္ဂဟ
(၁) ပထဝီ၊
(၂) အာပေါ၊
(၃) တေဇော၊
(၄) ဝါယော၊ ♦သုခမှတ်စု

မဟေသီဘိသေက ၄-ပါး

(၁) အဂ္ဂမဟေသီဘိသေက= တောင်နန်းမိဖုရားကြီး ဘိသိက်၊
(၂) မဇ္ဈိမ မဟေသီဘိသေက= အလယ်နန်းမတော်ကြီး ဘိသိက်၊
(၃) တိဿမဟေသီဘိသေက=မြောက်နန်းမတော်ဘိသိက်၊
(၄) စူဠမဟေသီ ဘိသေက = အနောက်နန်းမတော်ဘိသိက်၊ ♦သုခမှတ်စု

မာလာဂန္ဓသိက္ခာပုဒ်၏ အင်္ဂါ ၄-ပါး

(၁) ပန်းနံ့သာတို့တွင် တစ်ပါးပါးလည်းဖြစ်စေ၊
(၂) ခွင့်ပြုတော်မူအပ်သောအနစသော အကြောင်း မရှိသည်လည်းဖြစ်စေ၊
(၃) လိမ်းကျံမှုကို ပြုသည်လည်း ဖြစ်စေ၊
(၄) ရူးသောသူ မဟုတ်သည်လည်း ဖြစ်စေ၊ ♦သုခမှတ်စု

မိမိမယား၌ ကာမေသုမိစ္ဆာစာရ ထိုက်ခြင်း ၄-ပါး

(၁) အကာလေ=ရောဂါ၊ ကိုယ်ဝန် အလွန်ရင့်သောအခါ၊
(၂) အာဒေသေ=မိဘဆရာ သူတကာသို့ မြင်သဖြင့် မသင့်သောနေရာ၊
(၃) အဓမ္မေန= ကျင့်ရိုးမဟုတ်ကျင့်ခြင်း၊
(၄) အနင်္ဂေန=ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်သောအခါ၊ ♦သုခမှတ်စု

မုသာဝါဒ၏ ကံအင်္ဂါ ၄-ပါး

(၁) အတထဝတ္ထု= မဟုတ်မမှန်သောဝတ္ထုလည်းဖြစ်စေ၊
(၂) ဝိသံဝါဒန စိတ္တံ= လှည့်စားလိုသော စိတ်ရှိသည်လည်း ဖြစ်စေ၊
(၃) တဇ္ဇော ဝါယာမော= ထိုလှည့်စားလိုသော စိတ်အားလျော်သော လုံ့လလည်း ပြုစေ၊
(၄) တဒတ္ထဝိဇာနနံ= ထိုအဓိပ္ပာယ်ကို နားလည်သည်လည်း ဖြစ်စေ၊ ♦သုခမှတ်စု

မိုး ၄-မျိုး

စတုကအင်္ဂုတ္တိုရ်
(၁) ခြိမ်းကားခြိမ်း၏ မရွာ၊
(၂) ခြိမ်းကားမခြိမ်း ရွာ၏၊
(၃) ခြိမ်းလည်းခြိမ်း၏၊ ရွာလည်း ရွာ၏၊
(၄) ခြိမ်းလည်း မခြိမ်း၊ ရွာလည်းမရွာ၊ ♦သုခမှတ်စု

မိုးနှင့်တူသော ပုဂ္ဂိုလ် ၄-ယောက်

စတုကအင်္ဂုတ္တိုရ်
(၁) ဆိုကားဆို၏၊ အမှုကို မပြုသောပုဂ္ဂိုလ်၊
(၂) ဆိုကား မဆို၊ အမှုပြုသောပုဂ္ဂိုလ်၊
(၃) ဆိုလည်း ဆို၏၊ အမှုကိုလည်းပြုသော ပုဂ္ဂိုလ်၊
(၄) ဆိုလည်း မဆို၊ အမှုကိုလည်း မပြုသောပုဂ္ဂိုလ်၊ ♦သုခမှတ်စု

မဂ် ၄-ပါး

မဂ္ဂ=ခရီး ♦သုခမှတ်စု

မဂ္ဂသစ္စာ၏ အနက် ၄-ချက်

စတုသစ္စဒီပနီ
(၁) နိယျာနဋ္ဌော= သံသရာဝဋ်မှ ထွက်မြောက်ကြောင်း သဘော၊
(၂) ဟေတုဋ္ဌော= လောကုတ္တရာ ဂုဏ်ကျက်သရေအပေါင်းတို့၏ ကောင်းစွာတည်ရာဖြစ်သော သဘော၊
(၃) ဒဿနဋ္ဌော= သစ္စာလေးပါး နှင့် နိဗ္ဗာန်ကိုအမြင်ပေါက်ရောက်ခြင်းသဘော၊
(၄) အဓိပတေယျဋ္ဌော= တဏှာ၏ ကျွန်အဖြစ်မှလွတ်ပြီးလျှင် မိမိအပေါ်တွင် အကြီးအကဲမရှိ အစိုးရခြင်းသဘော၊ ♦သုခမှတ်စု

မင်း ၄-ပါး

(၁) ဝိရူပက္ခ= ဒဋ္ဌဝိသမည်သော နဂါးမျိုးကို အစိုးရသည်၊
(၂) ဧရာပထ= ဒိဋ္ဌ ဝိသမည်သော နဂါးမျိုး ကို အစိုးရသည်၊
(၃) ဆဗျာပုတ္တ= သာသဝသိမည်သော နဂါးမျိုးကို အစိုးရသည်၊
(၄) ကဏှာဂေါတမ= ဒိဋ္ဌဝိသမည်သော မြွေ၊ ဒါယလဝိသမည်သော မြွေ၊ အယုတ်သဖြင့် မြွေစိမ်း အစရှိသော မြွေတို့ကို အစိုးရသည်၊ ♦သုခမှတ်စု

မင်း ၄-မျိုး

(၁) ပဒေသရာဇ်= တစ်စိတ် တစ်ဒေသကို အစိုးရသောမင်း၊
(၂) ဧကရာဇ်=တစ်ကျွန်းလုံးကို အစိုးရသောမင်း၊
(၃) ဒီပရာဇ်= လေးကျွန်းလုံးကိုအစိုးရသောမင်း၊
(၄) မဟာစကရရာဇ်= နတ်ပြည်တိုင်အောင် အစိုးရသော မန္ဓာတ်မင်း၊ သို့မဟုတ် စကြာမင်း၊ ♦သုခမှတ်စု

မင်းတို့ အလိုရှိအပ်သောသူ ၄-ယောက်

(၁) စစမြေပြင်၌ သူရဲကောင်း အဖြစ်တည်တံ့နိုင်သူ၊
(၂) သူကောင်းအဖြစ် ချီးပင့်တော်မူရာ၌ နှလုံးအနေကျသသူ၊
(၃) အရှင့်စီးပွားကို လိုသသူ၊
(၄) ကျွန်ကောင်းပီသသူ၊ ♦သုခမှတ်စု

မေတ္တာ ၄-ပါး

ပဋိသမ္ဘိဒါမဂ်ပါဠိတော်
(၁) အဝေရ ဟောန္တု= ရန်မရှိကြပါစေကုန်သတည်း၊
(၂) အဗျာပဇ္ဇာ ဟောန္တု= ကြောင့်ကြကင်းကြပါစေကုန်သတည်း၊
(၃) အနီဃာ ဟောန္တု= ဆင်းရဲခြင်းကင်းကြပါစေကုန်သတည်း၊
(၄) သုခီအတ္တာနံပရိဟရန္တု= ချမ်းသာစွာမိမိကိုယ်ကို ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း၊ ♦သုခမှတ်စု

မိတ်ဆွေစစ် ၄-ယောက်

(၁) သူ၏ လျှို့ဝှက်စကားကို ပြောကြားလာခြင်း၊ မိမိ၏ လျှို့ဝှက်စကားကိုသကူ လျှို့ဝှက်ထားခြင်း၊
(၂) ဘေးနှင့်ရင်ဆိုင်တွေ့သော်လည်း မစွန့်ပစ်ခြင်း၊
(၃) ဥစ္စာပစ္စည်း၌ မတွန့်တိုခြင်း၊
(၄) သူ့ကို ညှာ၍ မိမိအသက်စွန့်ခြင်း၊ ♦သုခမှတ်စု

မိန်းမ ၄-မျိုး(၎င်းတစ်နည်း)

ကာမသျှတ္တရကျမ်း
(၁) ပဒုမ္မနီမိန်းမ= ဥကဋ္ဌရ၊
(၂) သင်္ခရနီ= ပဏီတ၊
(၃) စိတ္တရနီ= မဇ္ဈိမ၊
(၄) ဟတ္ထနီ= ဟီန၊ ♦သုခမှတ်စု

မိန်းမတို့၏မာန် ၄-ပါး

(၁) ဇာတိ(ကုလ) မာန်=အမျိုးမာန်တက်ခြင်း၊
(၂) ဝယမာန်(ဘောဂ) = အရွယ်မာန်တက်ခြင်း
(၃) ဓနမာန်= ဥစ္စာမာန်တက်ခြင်း၊
(၄) ရူပမာန်= အဆင်းမာန်တက်ခြင်း၊ ♦သုခမှတ်စု

မိန်းမတို့၏ အကျင့် ၄-ပါး

(၁) အမျက်ကြီး၏၊
(၂) ပြုဖူးသော သူ၏ ကျေးဇူးကို မသိတတ်၊
(၃) သူနှစ်ယောက်ကြား၌ ကုန်းစကား တိုက်တတ်ခြင်း၊
(၄) အဆွေခင်ပွန်းကို ဖျက်ဆီးကွဲပြားစေခြင်း၊ ♦သုခမှတ်စု

မိန်းမနှင့် မဆက်ဆံထိုက်သောလူ ၄-ယောက်

(၁) စစ်ချီစစ်တက်သွားသော ယောက်ျား၊
(၂) မြွေအလမ္ပာယ်ပြသော ယောက်ျား၊
(၃) ရေလမ်းခရီး အမြဲသွားရသော ယောက်ျား၊
(၄) ဆင်ထိန်း ဆင်စီး ယောက်ျား၊ ♦သုခမှတ်စု

မိန်းမမြတ် ၄-ပါး(တော်လေးဝ)

(၁) အမရာ= မဟော်သဓာ၏ မယား၊
(၂) ကိန္နရီ= စန္နကိန္နရီ၊
(၃) မဒ္ဒီ= ဝေဿန္တရာ၏မိဖုရား၊
(၄) သမ္ဘူလ=သောတ္ထိသေန၏ မိဖုရား၊ ♦သုခမှတ်စု

မြေလှုပ်ခြင်း ၄-မျိုး

(၁) ဆင်ကဲ့သို့ လှုပ်ခြင်း= အနောက်မြောက်ထောင့်မှ အရှေ့တောင်ထောင့်သို့ လှုပ်ခြင်း၊ ရာသီအားဖြင့် မိဿ၊ ပြိဿ၊ ဗြိစ္ဆာ၊ “သုံးရာသီ၌ တနင်္ဂနွေရပ်စဉ် လှုပ်ခြင်း၊ အကျိုးကား မိုးကောင်းအံ့၊ လူတို့ ဝ,ပြောအံ့၊
(၂) ဝက်ကဲ့သို့ လှုပ်ခြင်း=အနောက်တောင်ထောင့်မှ အရှေ့မြောက်ထောင့်သို့လှုပ်ခြင်း၊ ရာသီအားဖြင့် သိဟ်၊ ကန်၊ ဓနု၊ “သုံးရာသီ၌ တနင်္ဂနွေရပ်စဉ် လှုပ်ခြင်း၊ အကျိုးကား ချမ်းသာစီးပွား များအံ့၊
(၃) မြွေကဲ့သို့ လှုပ်ခြင်း= အရှေ့အနောက်လှုပ်ခြင်း၊ ရာသီအားဖြင့် မေထုန်၊ ကုန်၊ တူ၊ “သုံးရာသီ၌ တနင်္ဂနွေ ရပ်စဉ် လှုပ်ခြင်း၊ အကျိုးကား ငတ်မွတ် ခေါင်းပါးအံ့၊
(၅) လိပ်ကဲ့သို့ လှုပ်ခြင်း= တောင်မြောက် လှုပ်ခြင်း၊ ရာသီအားဖြင့် ကြဋ်၊ မကာရ၊ မိန်၊ “သုံးရာသီ၌ တနင်္ဂနွေ ရပ်စဉ် လှုပ်ခြင်း၊ အကျိုးကား အနာရောဂါများအံ့၊ ♦သုခမှတ်စု

မြို့၏အစာ ၄-ပါး

ရာဇဝင်ကျော်
(၁) မြက်၊
(၂) ထင်း၊
(၃) စပါး၊
(၄) ရေ၊ ♦သုခမှတ်စု

မြို့၏အစာ ၄-ပါးတနည်း

(၁) မြက်, ထင်း, ရေ၊
(၂) စပါး၊
(၃) နှမ်း, ပဲ၊
(၄) ထောပတ်, ဆီဦး, တင်လဲ စသော ဆေး၊ ♦သုခမှတ်စု

မြို့၏အင်္ဂါ ၄-ပါး

(၁) ထင်း၊
(၂) မီး၊
(၃) ရေ၊
(၄) ဆန်စပါး၊ ♦သုခမှတ်စု

မြင်းမိုရ်တောင်၏အရောင် ၄-ပါး

သာရတ္ထဒီပနီ
(၁) အရှေ့မျက်နှာ ငွေရောင်၊
(၂) အနောက်မျက်နှာဖန်ရောင်၊
(၃) တောင်မျက်နှာ ဣန္ဒနီလာ မြရောင်၊
(၄) မြောက်မျက်နှာရွှေရောင်၊ ♦သုခမှတ်စု

မွန် ၄-မျိုး

(၁) မွန်သီး၊
(၂) မွန်နံ၊
(၃) မွန်ညံ့၊
(၄) မွန်အား၊ ♦သုခမှတ်စု

မြားရေးကြီး ၄-ပါး

ဇိနတ္ထပကာသနီ
(၁) အက္ခဏ ဝေမိ= တစ်ခ ဏအတွင်း မြားချက်တစ်ထောင်ပြည့်အောင် ပစ်နိုင်ခြင်း၊
(၂) ဝါလဝေဓိ= သားမြီးဖျားကို မှန်အောင် ပစ်နိုင်ခြင်း၊
(၃) သရဝေဓိ= ရှေ့ပစ်သောမြားကို နောက်ပစ်သောမြားဖြင့် မှန်အောင် ပစ်နိုင်ခြင်း၊
(၄) သဒူဝေဓိ= မိုးမှောင်လကွယ်ည စသည်တို့၌ အသံကြားက ထိအောင် ပစ်နိုင်ခြင်း၊ ♦သုခမှတ်စု

မြွေဆိပ် ၄-ပါး

(၁) အဆိပ်သည် လျင်စွာနှံ့၏၊ အကြာမတည်၊
(၂) အဆိပ်သည် လျင်မြန်စွာကား မနှံ့၊ကြာမြင့်စွာ တည်၏၊
(၃) အဆိပ်သည်လျင်စွာလည်း နှံ့၏၊ ကြာမြင့်စွာလည်း တည်၏၊
(၄) အဆိပ်သည် လျင်စွာလည်း မနှံ့၊ အကြာလည်း မတည်၊ ♦သုခမှတ်စု

မြွေဆိပ်နှင်တူ့သော ပုဂ္ဂိုလ် ၄-ယောက်

(၁) မပြတ်ကား အမျက်ထွက်၏၊ အကြာမတည်၊
(၂) မပြတ်ကားအမျက်မထွက်၊ အကြာတည်၏၊
(၃) မပြတ်လည်း အမျက်ထွက်၏၊ အကြာလည်း တည်၏၊
(၄) မပြတ်လည်း အမျက်မထွက်၊ အကြာလည်း မတည်၊ ♦သုခမှတ်စု

ယောက်ျားတို့၏ လက္ခဏာ ၄-ပါး

(၁) မှန်ကန်စွာပြောဆိုခြင်း၊
(၂) ဥစ္စာရှာခြင်း၊
(၃) ပညာရှိတို့အား တိုင်ပင်ခြင်း၊
(၄) လျှို့ ဝှက်အပ်သည်ကိုသူတစ်ပါးတို့အား မပြောကြားခြင်း၊ ♦သုခမှတ်စု

ယုဂ် ၄-ပါး

သူရိယသိဒ္ဓန္တ
(၁) ကတယုဂ်= ကမ္ဘာတည်စမှ နှစ်ပေါင်း ၁၇၂၈၀၀၀ ကြာသောအပိုင်းအခြား၊
(၂) ဉောတဘာယုဂ်= ကမ္ဘာတည်စမှ နှစ်ပေါင်း ၁၂၉၆၀၀၀ ကြာသော အပိုင်းအခြား၊
(၃) ဒွါပရယုဂ် = ကမ္ဘာတည်စမှ နှစ်ပေါင်း ၈၆၄၀၀၀ ကြာသောအပိုင်းအခြား၊
(၄) ကလိယုဂ် = နှစ်ပေါင်း ၄၂၃၀၀၀ ကြာသော အပိုင်းအခြား၊ ♦သုခမှတ်စု

ရဟန်းတို့ သုံးဆောင်ခြင်း ၄-မျိုး

(၁) ထေယျပရိဘောဂ=ခိုး၍သုံးဆောင်ခြင်း၊
(၂) ဣဏပရိဘောဂ= ကြွေးယူ၍ သုံးဆောင်ခြင်း၊
(၃) ဒါယဇ္ဇပရိဘောဂ= အမွေခံ၍ သုံးဆောင်ခြင်း၊
(၄) သာမိပရိဘောဂ= အရှင်သခင်အဖြစ် မိမိကိုယ်ပိုင်သုံးစွဲခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့အား စောဒနာခြင်း ၄-ပါး

(၁)ဝတ္ထုသန္ဒဿန=ဝတ္ထုကို ပြ၍ စောဒနာခြင်း၊
(၂) အာပတ္တိသန္ဒဿန= အာပတ်ကို ပြ၍ စောဒနာခြင်း၊
(၃) သံဝါသပဋိက္ခေပ = အပေါင်းအသင်းကိုပယ်၍ စောဒနာခြင်း၊
(၄) သာမိစိ ပဋိက္ခေပ= အရိုအသေပြုခြင်းကို ပယ်၍ စောဒနာခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့ ဥပုသ်မပြုမီ ရှေးအဖို့၌ ပြုသင့်ရာသော ပုဗ္ဗကရဏ ၄-ပါး

ဝိနည်းငယ်လေးစောင်နိဿယ
(၁) သိမ်အပြင်၌ တံမြက်လှည်းခြင်း၊
(၂) ဆီမီးညှိခြင်း၊
(၃) သောက်ရေ သုံးရေ ထားခြင်း၊
(၄) နေရာထိုင်ခင်းခင်းခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့၏ ကာလိက ၄-ပါး

ခုဒ္ဒသိက္ခာ
(၁) ယာဝကာလကိ = ဆွမ်း, ဟင်း, မုန့်, ခဲဖွယ် ဘောဇဉ် စသည်များ၊ (၎င်းတို့ကို နေအရုဏ်တက်မှစ၍ မွန်းမတည့်မီ အကပ်ခံ၍ ရဟန်းတို့ သုံးဆောင်အပ်သည်၊)
(၂) ယာမကာလိက= အဖျော်ရှစ်ပါး၊ (၎င်းတို့ကို နေလွဲသည်မှစ၍ ညဉ့်သုံးယံပတ်လုံး ဆာလောင်သောအခါ ဘုဉ်းပေး သုံးဆောင်အပ်သည်၊
(၃) သတ္တာဟကာလိက= ထောပတ်, ဆီဦး, နှမ်းဆီ, ပျား, တင်လဲစသည်များ (၎င်းတို့ကို အကပ်ခံ၍ ခုနစ်ရက်ပတ်လုံး သုံးဆောင်ဘုဉ်းပေးအပ်သည်၊
(၄) ယာဝဇီဝက= ဆီးဖြူ, သျှိသျှား, သဖန်းခါး, ငရုတ်စသော သစ်သီး သစ်ရွက်များ၊ (၎င်းတို့ကို အကြောင်းရှိသော် တစ်သက်ပတ်လုံး သုံးဆောင်အပ်သည်၊) ♦သုခမှတ်စု

ရဟန်းတို့၏သီတင်း ၄-ပါး

(၁) ပါတိမောက္ခသံဝရ သီလ= အာပတ် ခုနစ်ပုံ မသင့်ရအောင် စောင့်ရှောက်ခြင်း၊
(၂) ဣန္ဒြိယသံဝရသီလ= အာရုံ ခြောက်ပါးကို စောင့်ရှောက်ခြင်း၊
(၃) ပစ္စယသန္နိဿိတသီလ = ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးစွဲခြင်း၊
(၄) အာဇီဝပါရိသုဒ္ဓိ သီလ= ကုလဒူသက၊ အနေသန ကင်း၍ တရားနှင့်လျှော်စွာရသောပစ္စည်းကို သုံးဆောင်ခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့၏ အဓိကရုဏ်း ၄-ပါး

(၁) ဝိဝါဒဓိကရုဏ်း=ဓမ္မ၊ အဓမ္မ၊ ဝိနယ၊ အဝိနယစသော ဆယ့်နှစ်ပါးသောဝတ္ထုဖြင့် ငြင်းခုံခြင်း၊
(၂) အနုဝါဒ အဓိကရုဏ်း= သီလဝိပတ္တိ၊ အာစာရဝိပတ္တိ၊ ဒိဋ္ဌိဝိပတ္တိဖြင့် စောဒနာခြင်း၊
(၃) အာပတ္တာ ဓိကရုဏ်း=ခုနစ်ပါးသော အာပတ်အစုဖြစ်ခြင်း၊
(၄) ကိစ္စအဓိကရုဏ်း= အပလောကနကံစသည်ဖြစ်ခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့၏ အင်္ဂါ ၄-ပါး

(၁) ခန္တီ= သည်းခံခြင်း၊
(၂) အပ္ပာဟာရတာ = အစာအာဟာရ၌ တပ်မက်ခြင်းနည်းခြင်း၊
(၃) ရတိဝိပ္ပဟာန= မွေ့လျော်ဖွယ်ကို ပယ်ခြင်း၊
(၄) အကိဉ္စန= ကြောင့်ကြခြင်းကင်းခြင်း၊ ♦သုခမှတ်စု

ရေအိုင် ၄-ခု

စတုကအင်္ဂုတ္တိုရ်
(၁) တိမ်ကားတိမ်၏၊ နက်ယောင်ရှိ၏၊
(၂) နက်ကား နက်၏၊ တိမ်ယောင်ရှိ၏၊
(၃) တိမ်လည်းတိမ်၏၊ တိမ်ယောင်လည်း ရှိ၏၊
(၄) နက်လည်း နက်၏၊ နက်ယောင်လည်း ရှိ၏၊ ♦သုခမှတ်စု

ရေအိုင် ၄-ခုနှင့်တူသော ပုဂ္ဂိုလ် ၄-ယောက်

စတုကအင်္ဂုတ္တိုရ်
(၁) ကြည်ဖွယ်ကား ရှိ၏၊ သစ္စာလေးပါးကို မသိ၊
(၂) ကြည်ဖွယ်ကား မရှိ၊ သစ္စာလေးပါးကို သိသည်၊
(၃) ကြည်ဖွယ်လည်း မရှိ၊ သစ္စာလေးပါးကိုလည်း မသိ၊
(၄) ကြည်ဖွယ်လည်း ရှိ၏၊ သစ္စာလေးပါးကိုလည်း သိ၏၊ ♦သုခမှတ်စု

ရန်အောင်ရာ အကြောင်းတရား ၄-ပါး

ဝါနရိန္ဒဇာတ်
(၁) သစ္စာ=မှန်ကန်သော စကားကို ဆိုခြင်း၊
(၂) ဓမ္မ= တရားနှင့်ပြည့်စုံခြင်း, ပညာရှိခြင်း၊
(၃) ဓိတိ= ဝီရိယ ရှိခြင်း၊
(၄) စာဂ= အသက်ကိုစွန့်၍ ရဲရင့်စွာ ပြုခြင်း၊ ♦သုခမှတ်စု

ရွံရှာဖွယ်ကို နှစ်သက်သူ ၄-ဦး

(၁) အရက်သမားသည် ရွံရှာဖွယ်သော အရက်၏အနံ့အရသာကို ကြိုက်၏၊
(၂) ဘိန်းစားသည် ရွံရှာဖွယ်သော ဘိန်း၏ အနံ့အရသာကို ကြိုက်၏၊
(၃) ငါးပိစားသူသည် ရွံရှာဖွယ်သောငါးပိ၏ အနံ့ အရသာကို ကြိုက်၏၊
(၄) ပုထုဇဉ်သည် အသုဘခန္ဓာ၏ အနံ့အရသာ စသည်တို့ကို ကြိုက်၏၊ ♦သုခမှတ်စု

ရှင် ၄-ပါး

ပကိဏ္ဏကဝိသဇ္ဇနာ၊ ပ
(၁) တောင်သမုဒ္ဒရာမှာ ဥပဂုတ္တထေရ်၊
(၂) အနောက်သမုဒ္ဒရာမှာမေခထေရ်၊
(၃) မြောက်သမုဒ္ဒရာမှာ ဘဒ္ဒရထေရ်၊
(၄) အရှေ့သမုဒ္ဒရာမှာ ဓမ္မသာရထေရ်၊ ♦သုခမှတ်စု

ရှင် ၄-ပါးတနည်း

သုံးပုံအိတ်ထောင့်ကျမ်း
(၁) ရှင်ဥပဂုတ်၊ တောင်သမုဒ္ဒရာ၊
(၂) ရှင်မေရသ၊ အနောက်သမုဒ္ဒရာ၊
(၃) ရှင်ခေမာဝတ္ထ၊ မြောက်သမုဒ္ဒရာ၊
(၄) ရှင်ဓမ္မသာရ၊ အရှေ့သမုဒ္ဒရာ၊ ရှင်ဥပဂုတ်၊ တန်ခိုးချုပ်၊ သမုဒ် တောင်မျက်နှာ၊ ရှင်မေရသ၊ ပစ္ဆိမ၊ နေထ နောက်မျက်နှာ၊ ခေမာဝတ္ထ၊ နေတုံထ၊ ဒေသမြောက်မျက်နှာ၊ ဓမ္မသာရ၊ ထေရ်မြတ်လှ၊ နေထ ရှေ့မျက်နှာ၊ ရှင်လေးပါးလျှင်၊ “သည်ပင်၊ ဝမ်းတွင်စွဲမှတ်ပါ၊ ♦သုခမှတ်စု

ရွှေ ၄-မျိုး

(၁) စာမိကရံ= ဂီဝါရွှေ၊ ဂီဝါမည်သော ပန်းပွင့်မှဖြစ်၍ ၎င်းနှင့် တူသောရွှေ၊
(၂) သာတကုမံ့= နိတုံရွှေ၊ ပဒုမ္မာ ဝတ်ဆံမှုန့်နှင့် တူသော ရွှေ၊
(၃) ဇမ္ဗူနဒံ= ဇမ္ဗူရာဇ်ရွှေ၊ ဇမုသပြေသီးမှဖြစ်သော ရွှေ၊
(၄) သိင်္ဂီ= သိ င်္ဂီရွှေ သိင်္ဂီနိက်ရွှေ)၊ သိင်္ဂီမည်သော ငါးအဆင်းနှင့်တူသော ရွှေ၊ ထိုငါးသဏ္ဌာန်ရှိ ကောက်စိုင်မှဖြစ်သောရွှေ၊ ♦သုခမှတ်စု

လူ ၄-မျိုး= ငှက်နှင့်တူသော လူ ၄-မျိုး

(၁) အိမ်ရာထောင်ရာမှ ရဟန်းအဖြစ်သို့ဝင်ကာ အသက်ထက်ဆုံးနေသွားသူ၊
(၂) အိမ်ရာမထောင်ခဲ့ဘဲ ရဟန်းအဖြစ်သို့ဝင်ကာ အသက်ထက်ဆုံးနေသွားသူ၊
(၃) ရဟန်းအဖြစ်မှထွက်၍ အိမ်ရာထောင်ပြီး အသက်ထက်ဆုံးနေသွားသူ၊
(၄) အိမ်ရာထောင်ရင်း သေဆုံးသွားသူ၊ ♦သုခမှတ်စု

လူမိုက်တို့၏ လောင်းတမ်းငယ် ၄-ပါး

ကဝိလက္ခဏဒီပနီ
(၁) စပါး, ပြောင်း, ပဲ စသည်ကိုမြေကြီးအထုနှင့် တူအောင် စုပုံ၍ လောင်းမည်ဆိုခြင်း၊
(၂) ပုဆိုး, အဝတ်တို့ကိုမိုးသို့ထိအောင် လောင်းမည်ဆိုခြင်း၊
(၃) ထောပတ်, ဆီ, ပျား, နို့ရည်တို့ကို သမုဒ္ဒရာရေနှင့်အမျှ လောင်းမည်ဆိုခြင်း၊
(၄) ပတြ္တမား, ရွှေ, ငွေ စသည်တို့ကို တောင်နှင့်အမျှစုပုံ၍ လောင်းမည်ဆိုခြင်း၊ ♦သုခမှတ်စု

လူ၏အဖြစ်နှင့် နတ်ပြည်သို့ရောက်သူ အလောင်းတော် ၄-ပါး

(၁) ဂုတ္တိလစောင်းသမား= နတ်ပြည်၌ တစ်မုဟုတ်၊ လူအရေအတွက် ခုနစ်ရက်၊
(၂) သာဓိနမင်း= နတ်ပြည်၌ ခုနစ်ရက်၊ လူ့အရေအတွက် အနှစ် ၇၀၀၊
(၃) နေမိမင်း= နတ်ပြည်၌ တစ်မုဟုတ်၊ လူ့အရေအတွက် ခုနစ်ရက်၊
(၄) မန္ဓာတ်မင်း= တာဝတိံသာနတ်ပြည်၌ သိကြား ၃၃ ယောက်တို့၏ အသက်အပိုင်းအခြား ကုန်အောင်နေရ၏ (သိကြားမင်းတို့၏အသက် သုံးကုဋေ ခြောက်သန်း)၊ ♦သုခမှတ်စု

လေးသည်ကျော် ၄-ပါး

(၁) ဝါလဝေဓိ=သားမြီးဖျားကိုမှန်အောင် ပစ်နိုင်သော လေးသမား၊
(၂) အက္ခဏဝေဓိ= လျှပ်တစ်ပြက်တွင် အချက်များစွာ ပစ်နိုင်သော လေးသမား၊
(၃) သဒ္ဒဝေဓိ= အသံကြားက မှန်အောင်ပစ်နိုင်သော လေးသမား၊
(၄) သရဝေဓိ= မြားကို မြားချင်းမှန်အောင် ပစ်နိုင်သော လေးသမား၊ ♦သုခမှတ်စု

လောက၌ ချီးမွမ်းရာသော အကြောင်း ၄-ပါး

(၁) သူရဲကောင်းတို့ကို စစ်မြေပြင် ရောက်မှသာလျှင် ချီးမွမ်းရာ၏၊
(၂) ထမင်းဘောဇဉ်ကိုကား စားသောက်၍ အစာကြေမှသာလျှင် ချီးမွမ်းရာသည်၊
(၃) ကောက်စပါးကို အိမ်သို့ ရောက်မှသာလျှင် ချီးမွမ်းရာ၏၊
(၃) ခင်ပွန်းဖြစ်သော မိန်းမကို အရွယ်လွန်မှ သာလျှင် ချီးမွမ်းရာ၏၊ ♦သုခမှတ်စု

လောက၌ မှီဝဲရာသည် ၄-ပါး

(၁) နေကိုကား ကျောကုန်းဖြင့် မှီဝဲရာခြင်း၊
(၂) မီးကိုကား ဝမ်းဖြင့် မှီဝဲရာခြင်း၊
(၃) အစိုးရသော အရှင်ဆရာသမားတို့ကိုကား ခပ်သိမ်းသော အလိုလိုက်သဖြင့် မှီဝဲရာခြင်း၊
(၄) တမလွန်ဘဝကိုကား စဉ်းလဲစဉ်းစားသဖြင့် မှီဝဲရာခြင်း၊ ♦သုခမှတ်စု

လောက၌ ရှောင်ကြဉ်ရာသည် ၄-ပါး

(၁) ဦးချိုရှိသော သတ္တဝါတို့ကို အတောင်ငါးဆယ်ရှိလောက်သောအရပ်က ရှောင်ကြဉ်ရာသည်၊
(၂) အစွယ်ရှိသောဆင်ကို အတောင်တစ်ရာရှိသောအရပ်က ရှောင်ကြဉ်ရာသည်၊
(၃) မြင်း သတ္တဝါတို့ကိုကား အတောင်တစ်ရာအရပ်က ရှောင်ကြဉ်ရာသည်၊
(၄) မကောင်းသောလူယုတ်မာတို့ကိုကား အရပ်ကိုစွန့်သဖြင့် လျှင်စွာ ရှောင်ကြဉ်ရာသည်၊ ♦သုခမှတ်စု

လောကီသမ္ပဒါ ၄-ပါး

(၁) ဥဋ္ဌာနသမ္ပဒါ= ထကြွလုံ့လဝီရိယနှင့် ပြည့်စုံခြင်း၊
(၂) အာရက္ခသမ္ပဒါ= လုံ့လဝီရိယကြောင့် ရရှိသော ဥစ္စာပစ္စည်းတို့ကို မပျောက်ပျက်ရ အောင်ထိန်းသိမ်း စောင့်ရှောက်ခြင်း၊
(၃) ကလျာဏမတိ သမ္ပဒါ= မိတ်ကောင်းဆွေကောင်းနှင့်ပေါင်းဖော်ခြင်း၊
(၄) သမဇီဝိတသမ္ပဒါ= ဥစ္စာအင်အားနှင့် တိုင်းထွာ၍ ညီမျှစွာ အသက်မွေးခြင်း၊ ♦သုခမှတ်စု

လောကုတ္တရာသမ္ပဒါ ၄-ပါး

(၁) သဒ္ဓါသမ္ပဒါ= ရတနာသုံးပါးဂုဏ်နှင့် ကံ, ကံ၏အကျိုးကို ယုံကြည်ခြင်း၊
(၂) သီလသမ္ပဒါ=လူတို့ စောင့်ရှောက်ကျင့်သုံးသော ဂဟဋ္ဌသီလနှင့်ပြည့်စုံခြင်း၊
(၃) စာဂသမ္ပဒါ= တတ်အားသမျှ သူတစ်ပါးတို့ကို ပေးကမ်းစွန့်ကြဲခြင်း၊
(၄) ပညာသမ္ပဒါ= ထိုးထွင်းသော အသိပညာနှင့်ပြည့်စုံခြင်း၊ ♦သုခမှတ်စု

လက်နက် ၄-မျိုး

(၁) မုတ္တလက်နက် = လက်မှလွှတ်ပစ်ရသောလှံရင် အစရှိသည့်လက်နက်မျိုး၊
(၂) အမုတ္တလက်နက်= လက်မှလွှတ်ပစ်ရသော ဓား, သန်လျက်အစရှိသည့် လက်နက်မျိုး၊
(၃) မုတ္တာ မုတ္တလက်နက်= လွှတ်၍လည်း ပစ်ရ၊ မလွှတ်ဘဲလည်း ရိုက်ရသည့် တုတ်, တောင်ဝှေး အစရှိသည့် လက်နက်မျိုး၊
(၄) ယန္တမုတ္တလက်နက်= ယန္တရားဆင်၍ ပစ်လွှတ်ရသော မြား အစရှိသည့်လက်နက်မျိုး၊ ♦သုခမှတ်စု

လက်နက်ကြီး ၄-ပါး

ကလျာဏကာရီကျမ်း
(၁) သိကြားမင်း၏ ဝရဇိန်လက်နက်= မြင်းမိုရ်တောင်ထိပ်က ပစ်ချသော် တစ်သိန်းခြောက်သောင်းရှစ်ထောင် စောက်ရှိသော မြင်းမိုရ်တောင်ကိုဖောက်၍ အောက်သို့ ကျနိုင်၏၊
(၂) ဝေဿဝဏ်နတ်မင်း၏ ရှားလှံတံ လက်နက်= ပစ်လိုက်သော် တစ်ထောင်မကသော ဘီလူးတို့၏လည်ကို ဖြတ်၍ ပြန်လာ၏၊
(၃) ယမမင်း၏ မျက်စောင်းလက်နက်= တစထောင်မကသော ကုမ္ဘဏ်ဘီလူးတို့သည် အိုးခင်းပူတွင်ထည့်သော မုန်ညင်းစေ့ကဲ့သို့ ဖျစ်ဖျစ်မည်၍ ကြေလေ၏၊
(၄) အာဠာဝကဘီလူး၏ ကိုယ်ရုံဘွဲ့ဖြူပုဆိုးလက်နက်= ၎င်းကို ချွတ်၍ ကောင်းကင်သို့ ပစ်သော် တစ်ဆယ့်နှစ်နှစ်ပတ်လုံး မိုးမရွာ၊ မြေတွင်ပစ်သော် တစ်ဆယ့်ခြောက်နှစ်ပတ်လုံး သစ်ပင်မပေါက်၊ သမုဒ္ဒရာသို့ ပစ်သော် အိုးကင်း ပူတွင် ဖျန်းသောရေကဲ့သို့ ခန်း၏၊ မြင်းမိုရ်တောင်ကို ပစ်သော် အတုံးတုံး ပြတ်ကြေနိုင်၏၊ ♦သုခမှတ်စု

လိင် ၄-မျိုး

(၁) ပုလ္လိင်= ယောက်ျား၊ အထီး၊ အဖို၊
(၂) ဣတ္ထိလိင်= မိန်းမ၊ အမ၊
(၃) နပုလ္လိင်= သက်မဲ့ဖြစ်သော အရာဝတ္ထုမျိုး၊
(၄) အနပုလ္လိင်= ယောက်ျား မိန်းမတို့နှင့်ပါ ဆက်စပ်သောအရာဝတ္ထုမျိုး၊ ♦သုခမှတ်စု

ဝစီကံ ၄-ပါး

အဘိဓမ္မတ္ထသင်္ဂဟ
(၁) မုသာဝါဒ= မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း၊
(၂) ပိသုဏဝါစာ= သူနှစ်ယောက် အချစ်ပျက်အောင် ကုန်းချောသော စကားကို ဆိုခြင်း၊
(၃) ဖရုသဝါစာ= နားမခံသာအောင် ကြမ်းတမ်းယုတ်မာစွာသော စကားကို ဆိုခြင်း၊
(၄) သမ္ဖပ္ပလာပဝါစာ= နိဗ္ဗာန်မှ ဖီလာဖြစ်သော ပြိန်ဖျင်းသော စကား ပြောခြင်း၊ ♦သုခမှတ်စု

ဝဇီပရမ ခင်ပွန်းတု ၄-ယောက်

သိင်္ဂါလောဝါဒသုတ်
(၁) ယမန်နေ့က ပေးမည်ဟုမျှော်နေပါသည်၊ ယနေ့ကားကုန်ခဲ့ပြီဟု အတိတ်လောကွတ် ပြောတတ်သူ၊
(၂) ယခု မရှိ နောက်မှ ရစိမ့်မည်ဟု အနာဂတ် လောကွတ် ပြောသူ၊
(၃) မိတ်ဆွေအား ပေးလိုသော်လည်းကျွန်ုပ်မှာ “ဥစ္စာအပြင် မရှိ၍ မပေးရပါဟု ပြောတတ်သူ၊
(၄) မိတ်ဆွေက တစ်စုံတစ်ရာ ငှားလာသောအခါ မငှားရစေခြင်းငှာ လွှဲဖယ်၍ ပြောတတ်သူ၊ ♦သုခမှတ်စု

ဝရဇိန်မျိုး ၄-ပါး

(၁) ခတ္တိယာ=အဆင်း ဝါဝါပြက်ပြက်ရှိသည်၊
(၂) ဗြဟ္မာ= အဆင်းအလျှံ လက်လက်ရှိသည်၊
(၃) ဂဏှာ = အဆင်းမွဲမွဲပြာပြာကြည့်တိုင်း ထိပ်၌ အရိပ်ရှိသည်၊
(၄) ပြဿနာ= အဆင်း ရွှေရောင်ရှိသည်၊ ♦သုခမှတ်စု

ဝိကာလဘောဇနသိက္ခပုဒ်၏ ကံအင်္ဂါ ၄-ပါး

(၁) နေလွဲသည်လည်း ဖြစ်စေ၊
(၂) ဘောဇဉ်ခဲဖွယ်လည်း ဖြစ်စေ၊
(၃) မျိုလည်းမျိုစေ၊
(၄) အရူးအသွပ်မဟုတ်သည်လည်း ဖြစ်စေ၊ ♦သုခမှတ်စု

ဝိနယ မဟာပဒေသ ၄-ပါး

(၁) အပဋိက္ခိတ္တအကပ္ပိယ= ဘုရားမပယ်မြစ်ခဲ့သော မအပ်သောဝတ္ထု၊
(၂) အပဋိက္ခိတ္တကပ္ပိယ= ဘုရားမပယ်မြစ်ခဲ့သော အပ်သောဝတ္ထု၊
(၃) အနနုညာတအကပ္ပိယ= ဘုရားခွင့်မပြုခဲ့သော မအပ်သောဝတ္ထု၊
(၄) အနနုညာတကပ္ပိယ= ဘုရားခွင့်မပြုခဲ့သော အပ်သောဝတ္ထု၊ ♦သုခမှတ်စု

ဝိပတ္တိတရား ၄-ပါး

မနောရထပူရဏီ
(၁) ဂတိဝိပတ္တိ= လားရာဂတိ ဖြစ်ရာ ဘုံဘဝပျက်ခြင်း၊ မကောင်းခြင်း၊
(၂) ကာလဝိပတ္တိ= မင်းနှင့်တကွ လူတို့ တရားမစောင့်ကြသော ကာလပျက်ခြင်း၊
(၃) ပယောဂဝိပတ္တိ= ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကိုပြုခြင်း၊
(၄) ဥပဓိဝိပတ္တိ= အမျိုးကား မြတ်၏၊ အဆင်းအင်္ဂါချို့တဲ့ခြင်း၊ ♦သုခမှတ်စု

ဝေသာရဇ္ဇဉာဏ်တော် ၄-ပါး

(၁) ဗုဒ္ဓတ္တဝေသာရဇ္ဇ၊ ငါသည် ခပ်သိမ်းသော တရားအပေါင်းတို့ကို သိတတ်သော ဘုရားအဖြစ်သို့ ရောက်လေပြီဟု ဝန်ခံခြင်း၊ (ပဉ္စဝဂ္ဂီရဟန်းတို့အား ဓမ္မစကြာတရားတော်ဟောခါနီးတွင် ဘုရားဖြစ်မှန်းမသိက ဟောပချေသော် အကျိုးမရှိဟု သိ၍ ဝန်ခံခြင်း၊)
(၂) အာသဝက္ခယ၊ အာသဝေါ တရားလေးပါးစသော အညစ်အကြေး အကုသိုလ်တရားအပေါင်းတို့ကို အရဟတ္တမဂ် ဉာဏ်တော်ဖြင့် ပယ်ဖျက်သင့်သော တရားတို့ကို ကုန်ပြီဟူ၍ ဝန်ခံခြင်း၊
(၃) အန္တရာယ, ပဉ္စာနန္တရိက်, နိယတမိစ္ဆာဒိဋ္ဌိစသော အန္တရာယ်ကြီးများကို “တရားစုသည် စျာန်မဂ်ဖိုလ်၏ အန္တရာယ်ဟူ၍ လည်းကောင်း၊ ထိုမှတစ်ပါး နတ်ရွာနိဗ္ဗာန်၏ဘေးအန္တရာယ်များကို သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် ဟူ၍ လည်းကောင်း ဟောတော်မူသော အန္တရာယ်လေးပါးတို့ကို အန္တရာယ်မဟုတ်ပါဟု ဆိုနိုင်မည့်သူကို မြင်တော်မမူဟု ရဲဝံ့စွာဆိုခြင်း၊
(၄) နိယျာန၊ သီလ, သမာဓိ, ပညာ ဟူသော သိက္ခာ ၃ပါး, နိယျာနိကမဂ္ဂဝဋ်သုံးပါးမှထွက်မြောက်ကြောင်း လမ်းခရီး ဟူ၍ ညွှန်ပြရာ၌ တစ်စ တုံစ်ယောက်သောသူသည်''လမ်း ကိုလိုက်သော်လည်း မထွက်မြောက်ပါဟု အကြောင်းနှင့်တကွ ဆိုနိုင်မည်ကို မြင်တော်မမူခြင်း၊ ♦သုခမှတ်စု

ဝေးခြင်း ၄-ပါး

(၁) မဟာသမုဒ္ဒရာသည် တစ်ဖက်ကမ်း နှင့် တစ်ဖက်ကမ်း ဝေး၏၊
(၂) နေထွက်ရာတောင်နှင့် နေဝင်ရာတောင် ဝေး၏၊
(၃) ဘဝဂ်နှင့် မြေ ဝေး၏၊
(၄) သူယုတ်နှင့် သူတော်ကောင်း ဝေး၏၊ ♦သုခမှတ်စု

ဝံသ ၄-မျိုး

(၁) ဗြာဟ္မဏဝံသ= သရရှစ်လုံးနှင့် က,င,စ,ဉ,ဋ,ဏ “ဆယ်လေးလုံးတို့သည် ပုဏ္ဏားမျိုးမည်၏၊ နို့စို့အရွယ်၏အခိုက်အတန့်နှင့် တူသောကြောင့် ဗာလအဝတ္ထာ ဟူ၍လည်းခေါ်၏၊
(၂) ခတ္တိယဝံသ =တ,န,ပ,မ,ယ, ရ “ ခြောက်လုံးတို့သည် မင်းမျိုးမည်၏၊ နို့ခွဲသူငယ် အခိုက်အတန့်နှင့် တူသောကြောင့် ကုမာရအဝတ္ထာ ဟူ၍လည်းခေါ်၏၊
(၃) ဝေဿဝံသ= လ,ဝ “နှစ်လုံးသည် အသည်မျိုးမည်၏၊ သူအိုအခိုက်အတန့်နှင့် တူသောကြောင့် ယောဗနအဝတ္တာ ဟူ၍လည်းခေါ်၏၊
(၄) သုဒ္ဒဝံသ= သ,ဟ,ဠ “သုံးလုံးတို့သည် သူဆင်းရဲမျိုး မည်၏၊ သေခါနီးအရွယ် အခိုက်အတန့်နှင့် တူသောကြောင့် ဝုဒ္ဓအဝတ္ထာဟူ၍လည်း ခေါ်သည်၊ မှတ်ချက် ♦သုခမှတ်စု

သတိပဋ္ဌာန် ၄-ပါး

အဘိဓမ္မတ္ထသင်္ဂဟ
(၁) ကာယာနုပဿနာသတိပဋ္ဌာန်= ကိုယ်၊ ကိုယ်၏ လှုပ်ရှား မှုကိုရှုမှတ်ခြင်း၊
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်=ခံစားမှုဝေဒနကို ရှုမှတ်ခြင်း၊
(၃) စိတ္တာနပု ဿနာသတပိ ဋ္ဌာန်=စိတ်ကုရိ မှုှတ်ခြင်း၊
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်= တရားကို ရှုမှတ်ခြင်း၊ ♦သုခမှတ်စု

သမားအင်္ဂါ ၄-ပါး

(၁) ဒိဋ္ဌကမ္မ= မျက်မြင်လက်တွေ့ကုထုံး ဥပဒေသရှိခြင်း၊
(၂) သုစိ= စင်ကြယ်သော အကျင့်သီလရှိခြင်း၊
(၃) ဒက္ခ= ဂမ္ဘီရတိက္ခဉာဏ် ထက်သန်လိမ္မာခြင်း၊
(၄) ဝိဓိတာဂမ= ဆေးကျမ်းစောင်စောင် တတ်မြောက်ခြင်း၊ ♦သုခမှတ်စု

သမုဒယသစ္စာ၏ အနက် ၄-ချက်

စတုသစ္စဒီပနီ
(၁) အာယူဟနဋ္ဌော = ဒုက္ခမှုတို့ကိုသာ စုဆောင်းတတ်သောသဘော၊
(၂) နိဒါနဋ္ဌော= ဒုက္ခလက်စမပြတ်ရအောင် အမြဲဆောင်တတ်သော သဘော၊
(၃) သံယောဂဋ္ဌော= ဒုက္ခမှုတို့နှင့်သာ အမြဲယှဉ်တွဲနှောင်ဖွဲ့တတ်သော သဘော၊
(၄) ပလိဗောဓဋ္ဌော= ဒုက္ခစက်မှ မထွက်ရအောင်နှောင့်ယှက် တားမြစ်တတ်သော သဘော၊ ♦သုခမှတ်စု

သရဏဂုံ ၄-မျိုး

(၁) အတ္တသန္နိယျာတနသရဏဂုံ= ယနေ့မှအစပြု၍ မိမိကိုယ်အား ရတနာသုံးပါး၌သာ ဆောက်နှင်း၍ ကိုယ်ကိုစွန့်ခြင်း၊
(၂) တပ္ပရာယဏ သရဏဂုံ= ယနေ့မှအစပြု၍ မိမိကိုယ်အား ရတနာသုံးပါ၌သာ လဲလျောင်းခြင်း၊
(၃) သိဿဘာဝူပဂမန သရဏဂုံ= ယနေ့မှအစပြု၍ မိမိကိုယ်အား ရတနာသုံးပါ၌သာ တပည့်အဖြစ်ဖြင့် ဆည်းကပ်ခြင်း၊
(၄) ပါဏိပါတ သရဏဂုံ= ယနေ့မှစ၍ မိမိကိုယ်အား ရတနာသုံးပါးတို့၌ ရိုသေမြတ်နိုးစွာ အသက်စွန့်၍ ကိုးကွယ်ဆည်းကပ်လဲလျောင်းခြင်း၊ ♦သုခမှတ်စု

သရဏဂုံဆောက်တည်ခြင်း အကြောင်း ၄-ပါး

(၁) အမျိုးအမှတ်ဖြင့် ရှိခိုးကိုးကွယ်ခြင်း၊ သရဏဂုံမမြောက်၊
(၂) ဘေးကို ကြောက်သောအားဖြင့် ရှိခိုး ကိုးကွယ်ခြင်း၊ မမြောက်၊
(၃) ကျေးဇူးရှင်ဆရာအမှတ်ဖြင့် ရှိခိုးကိုးကွယ်ခြင်း၊ မမြောက်၊
(၄) မြတ်သောအလှူကိုခံတော်မူထိုက်သောအားဖြင့် ရှိခိုး ကိုးကွယ်ခြင်း၊ သရဏဂုံမြောက်၏၊ ♦သုခမှတ်စု

သရက် ၄-လုံး

စတုကအင်္ဂုတ္တိုရ်
(၁) စိမ်းကားစိမ်း၏၊ မှည့်ရောင်ရှိသည်၊
(၂) မှည့်ကားမှည့်၏၊စိမ်းရောင်ရှိသည်၊
(၃) မှည့်ရောင်လည်း ရှိ၏၊ မှည့်လည်း မှည့်၏၊
(၄) စိမ်းရောင်လည်း ရှိ၏၊ စိမ်းလည်းစိမ်း၏၊ ♦သုခမှတ်စု

သရက် ၄-လုံးနှင့်တူသော ပုဂ္ဂိုလ် ၄-ယောက်

စတုကအင်္ဂုတ္တိုရ်
(၁) ကြည်ဖွယ်ကားရှိ၏၊ သစ္စာလေးပါးကို မသိ၊
(၂) ကြည်ဖွယ်ကား မရှိ၊ သစ္စာလေးပါးကို သိသည်၊
(၃) ကြည်ဖွယ်လည်းမရှိ၊ သစ္စာလေးပါးကိုလည်း မသိ၊
(၄) ကြည်ဖွယ်လည်း ရှိ၏၊ သစ္စာလေးပါးကိုလည်း သိ၏၊ ♦သုခမှတ်စု

သာဂရ ၄-ပါး

(၁) သံသာရသာဂရ=ခန္ဓာနှင့် ဓာတ်အာယတနတို့သည် လည်၍ မပြတ်ခြင်း၊
(၂) ဇလသာဂရ= မဟာသမုဒ္ဒရာရေ၏ မပြတ်လည်ခြင်း၊
(၃) နယသာဂရ= ပိဋကတ်သုံးပုံ၊
(၄) ဉာဏသာဂရ= သဗ္ဗညုတဉာဏ်တော်၊ ♦သုခမှတ်စု

သာဓုနရတရား ၄-ပါး

ဝိဓူရဇာတ်
(၁) ယာဘာနုယာယီ= ရှေးသူတော်ကောင်းတို့ သွားရာလမ်းကို ဖြောင့်မှန်စွာလိုက်ခြင်း၊
(၂) အလ္လဉ္စပါဏိပရိဝဇ္ဇယ= စိုစွတ်သောလက်ကို ခြောက်သွေ့ပူလောင်အောင် မပြုခြင်း၊
(၃) မိတ္တအဒုဗ္ဘိ= ခင်ပွန်းအား မပြစ်မှားခြင်း၊
(၄) အသတိနံမာနိဂစ္ဆ=ယုတ်သော မိန်းမတို့၏အလိုကို မလိုက်ခြင်း၊ ♦သုခမှတ်စု

သား ၄-ပါး

(၁) အဉာတဇ= မိမိကိုစွဲ၍ ဖြစ်သောသား၊
(၂) ခေတ္တဇ=အိပ်ရာပလ္လင် ရင်ခွင်၌ ဖြစ်သောသား၊
(၃) အန္တေဝါသိက= တပည့်ခံ၍ အတတ်ပညာသင်သော သား၊
(၄) ဒိန္နက= သူတစ်ပါးတို့က မွေးစေရန် ပေးသောသား၊ ♦သုခမှတ်စု

သိကြားမင်း၏ မိဖုရား ၄-ပါး

(၁) သုဓမ္မာ= နတ်သမီး အခြံအရံ များစွာနှင့် သိကြားမင်း၏ ရှေ့က ခ,စားရသည်၊
(၂) သုဇာတာ= နတ်သမီး အခြံအရံ များစွာနှင့် သိကြားမင်း၏ လက်ယာက ခ,စားရသည်၊
(၃) သုနန္ဒာ= နတ်သမီး အခြံအရံများစွာ နှင့်သိကြားမင်း၏နောက်က ခ,စားရသည်၊
(၄) သုစိတ္တ= နတ်သမီး အခြံအရံများစွာနှင့် သိကြားမင်း၏ လက်ဝဲက ခ,စားရသည်၊ ♦သုခမှတ်စု

သီလသုံးပါး၊ သို့မဟုတ် ၄-ပါး

(၁) ပဉ္စသီလ= ငါးပါးသော သိက္ခာပုဒ် ကို စောင့်ထိန်းခြင်း၊
(၂) အဋ္ဌင်္ဂသီလ= ရှစ်ပါးသော သိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊
(၃) ဒသင်္ဂသီလ = ဆယ်ပါးသော သိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊
(၄) နဝင်္ဂသီလ= ကိုးပါးသော သိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊ ♦သုခမှတ်စု

သုခ ၄-ပါး

စတုကအင်္ဂုတ္တိုရ်
(၁) အတ္ထိသုခံ= ငါ့အား ရှိသည်ဟု မကြောင့်ကြ ဝမ်းမြောက်ချမ်းသာခြင်း၊
(၂) ဘောဂသုခံ= ရှိသည့်အတွက် လှူဒါန်းရပေသည်၊ အလိုရှိတိုင်း စားသုံးရပေသည်ဟု ဝမ်းမြောက် ချမ်းသာခြင်း၊
(၃) အာနဏျသုခံ = မပြည့်စုံမှုကြောင့်သူတစ်ပါးထံသို့ မတောင်းရမ်းရ၊ ကြွေးမြီ မတင်ပေရဟု ဝမ်းမြောက်ချမ်းသာခြင်း၊
(၄) အနဝဇ္ဇသုခံ= အသက်မွေးမှုဥစ္စာအတွက်နှင့် အကုသိုလ် မကောင်းမှု မပြုပေရဟု ဝမ်းမြောက်ချမ်းသာခြင်း၊ ♦သုခမှတ်စု

သုရာမေရယ၏ ကံအင်္ဂါ ၄-ပါး

(၁) သုရာမေရယတို့တွင် တစ်ပါးပါးလည်းဖြစ်စေ၊
(၂) သောက်လိုသောစိတ် ရှေးရှုထင်သည်လည်းဖြစ်စေ၊
(၃) သောက်ရန် အားထုတ်ခြင်းသို့လည်း ရောက်စေ၊
(၄) သောက်သောအခါ လည်မျိုတစ်ဖက်သို့ ရောက်သည်လည်း ဖြစ်စေ၊ ♦သုခမှတ်စု

သူရဲ ၄-ပါး

(၁) စစ်အင်္ဂါ ၄-ပါးပင်ဖြစ်သည်၊ ♦သုခမှတ်စု

သေခြင်းတရား ၄-ပါး

အဘိဓမ္မတ္ထသင်္ဂဟ
(၁) အာယုက္ခယ= အသက်တမ်းနှင့် ကံကုန်၍ သေခြင်း၊
(၂) ကမ္မက္ခယ= ကံကုန်၍ သေခြင်း၊
(၃) ဥဘယက္ခယ= အသက်တမ်းနှင့် ကံကုန်၍ သေခြင်း၊
(၄) ဥပစ္ဆေဒက= အသက်နှင့် ကံနှစ်ပါး ရှိသေးသော်လည်း ဥပစ္ဆေဒကကံကြောင့် သေခြင်း၊ ♦သုခမှတ်စု

သေ ၄-ပါး

ပကိဏ္ဏကဝိသဇ္ဇနာ၊ ပ
(၁) ဝေဘာရတောင်တွင် အရှင်မဟာကဿပထေရ်၊
(၂) သုဘာသာရတောင်တွင် ဥတ္တမထေရ်၊
(၃) ဝေဓိဿကတောင်တွင် ဓမ္မထေရ်၊
(၄) မကုလတောင်တွင် ဥခေရထေရ်၊ ♦သုခမှတ်စု

သေ ၄-ပါး

သုံးပုံအိတ်ထောင်ကျမ်း
(၁) ရှင်ကဿပ၊ ဝေဘာရတောင်၊
(၂) ရှင်သုဘာသာရ၊ ဥတ္တမတောင်၊
(၃) ရှင်ခေမာ၊ မကုလတောင်၊
(၄) ရှင်ဓမ္မယသ၊ ဝေဓိ(ဒိ) ဿကတောင်၊ ဝေဘာရတောင်၊ အလယ်ခေါင်၊ ထွန်းပြောင်ကဿပထေရ်နေရာ၊ သုဘာသာရ၊ နေတုံထ၊ ဥတ္တမတောင်၌သာ၊ မကုလတောင်၊ ထွတ်မြတ်ခေါင်၊ ထွန်းပြောင် ရှင်ခေမာ၊ ဝေဓိဿက၊ တောင်ထိပ်မှ၊ နေထ ခုတိုင်သာ၊ ဓမ္မယသ၊ အမည်ရ၊ တွင်ထ ရဟန္တာ၊ သေလေးပါးလျှင်၊ “သည်ပင်၊ ဝမ်းတွင်စွဲမှတ်ပါ၊ ♦သုခမှတ်စု

သေးငယ်၏ဟု မထီမဲ့မြင် မပြုအပ် ၄-ပါး

(၁) မင်းဧကရာဇ်၊
(၂) ရဟန်း၊
(၃) မြွေ၊
(၄) မီး၊ ♦သုခမှတ်စု

သောတာပတ္တိမဂ်ရရာ အင်္ဂါ ၄-ပါး

(၁) သူတော်ကောင်းကို မှီဝဲ ဆည်းကပ်ရခြင်း၊
(၂) သူတော်ကောင်းတရားကို နာကြားရခြင်း၊
(၃) လေ့လာ သင်ကြားမှတ်သားသမျှတို့ကို အဓိပ္ပာယ်ပေါ်အောင် နှလုံးသွင်းရခြင်း၊
(၄) မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းအားလျော်စွာ ကျင့်ကြံအားထုတ်ရခြင်း၊ ♦သုခမှတ်စု

သောတာပန် ၄-ပါး

(၁) သတ္တက္ခတ္တုပရမသောတာပန်= ခုနစ်ကြိမ် ပဋိသန္ဓေနေပြီးမှ ကျွတ်ရသော သောတာပန်၊
(၂) ကောလံကောလသောတာပန်= ၂၊၃၊၄၊၅၊၆ ကြိမ် ပဋိသန္ဓေနေပြီးမှ ကျွတ်ရသော သောတာပန်၊
(၃) ဧကဗီဇ သောတာပန်= တစ်ကြိမ်သာ ပဋိသန္ဓေနေပြီး ကျွတ်လွတ်ရသော သောတာပန်၊
(၄) ဘုံစဉ်စံသော သောတာပန်= တစ်ဘဝပြီး တစ်ဘဝ နိဗ္ဗာန်တိုင် မြင့်မြတ်သွားသော သောတာပန် ♦သုခမှတ်စု

သောတာပန်တို့၏ အင်္ဂါ ၄-ပါး

(၁) ဗုဒ္ဓဿာဝစ္စပသာဒ= ဘုရားဂုဏ်တော် သက်ဝင်ယုံကြည်ခြင်း၊
(၂) ဓမ္မဿာဝစ္စပသာဒ= တရားဂုဏ်တော်၌ သက်ဝင် ယုံကြည်ခြင်း၊
(၃) သံဃဿာဝစ္စပသာဒ= သံဃာဂုဏ်၌ သက်ဝင် ယုံကြည့်ခြင်း
(၄) သီလသမ္ပန္န= ငါးပါးသီလနှင့်ပြည့်စုံခြင်း၊ ♦သုခမှတ်စု

သင်္ဂဟတရား ၄-ပါး(လူကျင့်)

သုတ်ပါထေယျ၊ သင်္ဂီတိသုတ်
(၁) ဒါနံ= ပေးကမ်းခြင်း၊
(၂) ပီယဝါစာ ချစ်ဖွယ်သော စကားကိုဆိုခြင်း၊
(၃) အတ္ထစရိယာ = သူတစ်ပါးအကျိုးကို ရှာကြ ကျင့်ဆောင် ပေးခြင်း၊
(၄) သမာနတ္တတာ= ကိုယ်တူပြုတန်သည်ကို ကိုယ်တူကြခြင်း၊ ♦သုခမှတ်စု

သင်္ဂဟတရား ၄-ပါး၊ (မင်းကျင့်)

(၁) သဿမေဓ= လယ်မှ ထွက်သောအသီးအနှံများကို ဆယ်ဖို့တစ်ဖို့သာ အခွန်ခွဲခန့်ကောက်ယူခြင်း၊
(၂) ပုရိသာမေဓ= စစ်သည်အမှုထမ်းတို့အား မျိုးရိက္ခာ လ,စာ ပေးကမ်းချီးမြှင့်ခြင်း၊
(၃) ဝါစာပေယျ= သာယာချေငံစွာ ပြောဆိုခြင်း၊
(၄) သမ္မပါသ= ဆင်းရဲသားတို့အား အတိုးမယူဘဲ အရင်းအနှီးကို သုံးနှစ်တိုင် ချေးငှားထုတ်ပေးခြင်း၊ ♦သုခမှတ်စု

သောင်း ၄-ရပ်

ပဥှာကထန
(၁) ဇမ္ဗူဒီပကျွန်း၊
(၂) အဝီစိငရဲကြီး၊
(၃) အသူရာပြည်၊
(၄) တာဝတိံသာ၊ ယူဇနာတစ်သောင်းစီ ကျယ်ကြ၏၊ ♦သုခမှတ်စု

သစ္စာ ၄-ပါး

စတုသစ္စဒီပနီ
(၁) ဒုက္ခသစ္စာ = ခန္ဓာ ငါးပါး၏ ခံစားမှုဟူသမျှ ဆင်းရဲခြင်း မှန်သည်၊
(၂) သမုဒယသစ္စာ= ဆင်းရဲခြင်းအပေါင်းကို ဖြစ်စေတတ်ခြင်း မှန်သည်၊
(၃) နိရောဓသစ္စာ= ဆင်းရဲခြင်းအပေါင်းတို့ ပြီးစီးခြင်း မှန်သည်၊
(၄) မဂ္ဂသစ္စာ= နိရောဓသစ္စာ ဆိုက်ရောက်ကြောင်း လမ်းကောင်းမှန်သည်၊ ♦သုခမှတ်စု

သစ်ပင် ၄-မျိုး

စတုကအင်္ဂုတ္တိုရ်
(၁) သစ်ပင်ကြီးကား အနှစ်မရှိ၊ အရန်သစ်ပင် အနှစ်ရှိ၏၊
(၂) သစ်ပင်ကြီးကား အနှစ်ရှိ၏၊ အရန်သစ်ပင်ကား အနှစ်မရှိ၊
(၃) သစ်ပင်ကြီးလည်း အနှစ်ရှိ၏၊ အရန်သစ်ပင်လည်း အနှစ်ရှိ၏၊
(၄) သစ်ပင်ကြီးလည်းအနှစ် မရှိ၊ အရန်သစ်ပင်လည်း အနှစ်မရှိ၊ ♦သုခမှတ်စု

သစ်ပင်နှင့်တူသော ပုဂ္ဂိုလ် ၄-ယောက်

စတုကအင်္ဂုတ္တိုရ်
(၁) ပုဂ္ဂိုလ်ကား သီလမရှိဘဲ၊ ပရိသတ်ကား သီလရှိ၏၊
(၂) ပုဂ္ဂိုလ်ကား သီလရှိ၏၊ ပရိသတ်ကား သီလမရှိ၊
(၃) ပုဂ္ဂိုလ်လည်း သီလမရှိ၊ ပရိသတ်လည်း သီလ မရှိ၊
(၄) ပုဂ္ဂိုလ်လည်း သီလ ရှိသည်၊ ပရိသတ်လည်း သီလရှိသည်၊ ♦သုခမှတ်စု

သတ္တဝါတို့အား နှိပ်စက်တတ်သော ငတ်ခြင်း ၄-မျိုး

(၁) ထမင်းငတ်ခြင်း၊
(၂) ရေငတ်ခြင်း၊
(၃) အိပ်ငိုက်ခြင်း၊
(၄) ရာဂသောင်းကျန်းခြင်း၊ ♦သုခမှတ်စု

သဒ္ဒ (အသံ) ၄-ပါး

(၁) စိတ္တဇသဒ္ဒ= စကားပြောဟောသော လေသံ၊
(၂) စိတ္တပစ္စယ သဒ္ဒ= စောင်းသံ, ပလွေသံ စသော အသံ၊
(၃) ဥတုဇသဒ္ဒ= မိုးသံ, လေသံ, ဝမ်းတွင်းကမြည်သံ၊
(၄) ဥတုသမုဋ္ဌာနိကသဒ္ဒ= လေခတ်သဖြင့် သစ်ခက် စသည်တို့ အချင်းချင်းတိုက်၍ ဖြစ်သော အသံ၊ ♦သုခမှတ်စု

သဒ္ဓါခြင်း ၄-ပါး

(၁) အာဂမနသဒ္ဓါ= ဘုရားလောင်းတို့၏ သဒ္ဓါခြင်း၊ ဘုရားဆုတောင်းသည်မှလာသောကြောင့် အာဂမနမည်၏၊
(၂) အဓိဂမနသဒ္ဓါ-အရိယာသာဝကတို့၏ သဒ္ဓါခြင်း၊ ထိုးထွင်း၍ လာသောကြောင့် အဓိဂမနမည်၏၊
(၃) သြကပ္ပနသဒ္ဓါ= ရတနာသုံးပါးအား မတုန်မလှုပ်သော သဒ္ဓါခြင်း၊
(၄) ပသာဒသဒ္ဓါ= ကြည်လင်သောစိတ်ဖြင့် ကြည်ညိုဖွယ် သဒ္ဓါခြင်း၊ ♦သုခမှတ်စု

သုတ္တမဟာပဒေသ ၄-ပါး

(၁) ဗုဒ္ဓါပဒေသ= ဘုရားထံမှ ကြားနေရသောတရား၊
(၂) သံဃာပဒေသ= သံဃာတော်ထံမှ ကြားနာရသော တရား၊
(၃) သမ္ဗဟုလထေရာပဒေသ= ဂိုဏ်းမှ ကြားနေရသောတရား၊
(၄) ဧကထေရာ ပဒေသ= မထေရ်ကြီးတစ်ပါးထံမှ ကြားနာရသောတရား၊ ♦သုခမှတ်စု

သမ္ပဇညတရား ၄-ပါး

(၁) သာတ္ထကသမဇ္ပည= ပစ္စုပ္ပန်သံသရာ၌ အကျိုး ရှိ၏, မရှိ၏ဟု သိတတ်ခြင်း၊
(၂) သပ္ပါယသမ္ပဇည= ပစ္စုပ္ပန် သံသရာ၌ လျောက်ပတ်, မလျောက်ပတ်ကို သိတတ်ခြင်း၊
(၃) ဂေါစရသမ္ပဇည= ဣရိယာပုတ် လေးပါး၌ သမထဘာဝနာ၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို မပြတ်မလပ် အာရုံပြုရမည်ကို သိတတ်ခြင်း၊
(၄) အသမ္မောဟသမ္ပဇည= ဣရိယာပုတ်လေးပါး၌ ရုပ်,နာမ် စသည်ကို သိတတ်ခြင်း၊ ♦သုခမှတ်စု

သမ္ပတ္တိတရား ၄-ပါး

မနောရထပူရဏီ
(၁) ဂတိသမ္ပတ္တိ= လားရာဂတိ၊ ဖြစ်ရာဘဘုံဝမပျက်ခြင်း၊ ကောင်းခြင်း၊ ကောင်းမွန်စွာ မပျက်စီးခြင်း၊
(၂) ကာလသမ္ပတ္တိ= မင်းနှင့်တကွ လူတို့ တရားစောင့်သောကာလ၌ ကြုံကြိုက်ခြင်း၊
(၃) ပယောဂသမ္ပတ္တိ= ပြုသင့်သည်ကို ပြုမိခြင်း၊
(၄) ဥပဓိသမ္ပတ္တိ= အမျိုးလည်းမြတ်၏၊ အဆင်း အင်္ဂါလည်း ညီညွတ်၏၊ ♦သုခမှတ်စု

သမ္မပ္ပဓာန် ၄-ပါး(ကောင်းသော ဝါယာမတရား)

အဘိဓမ္မတ္ထသင်္ဂဟ
(၁) မဖြစ်သေးသော ဒုစရိုက်တရားတို့ကို မဖြစ်ပေးလာစေရန် အားထုတ်ခြင်း၊
(၂) ဖြစ်ကုန်ပြီးသော ဒုစရိုက်တရားတို့ကို ပယ်ဖျက်ခြင်းငှာ အားထုတ်ခြင်း၊
(၃) မပြုရသေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာစေရန် အားထုတ်ခြင်း၊
(၄) ပြုပြီးပြုဆဲ ဖြစ်ကုန်သော ဒါန, သီလ, ဘာဝနာ အစရှိသော ကုသိုလ်တရားတို့ကိုအဆင့်ဆင့် တိုးပွားစေခြင်းငှာ အားထုတ်ခြင်း၊ ♦သုခမှတ်စု

သံဝေဂ ၄-ပါး

(၁) စိတ္တု ဉာတာသ သံဝေဂ= ကြောက်မက်ဖွယ်ရုပ်ကိုမြင်၍ ကြောက်လန့်ခြင်း၊
(၂) သြတ္တပ္ပသံဝေဂ= မကောင်းမှုကိုမြင်၍ ကြောက်လန့်ခြင်း၊
(၃) ဉာဏသံဝေဂ= ပဋိသန္ဓေနေခြင်းကိုမြင်၍ ကြောက်လန့်ခြင်း၊
(၄) ဓမ္မ သံဝေဂ= တရားတော်ကိုသိ၍ ကြောက်လန့်ခြင်း၊ ♦သုခမှတ်စု

အဂတိတရား ၄-ပါး

ရာဇသေဝကဒီပနီ
(၁) ဆန္ဒာဂတိ= ချစ်သဖြင့် တစ်ဖက်သတ် စီရင်ခြင်း၊
(၂) ဒေါသာဂတိ= အမျက်ဒေါသကြောင့်တစ်ဖက်သတ်စီရင်ခြင်း၊
(၃) ဘယာဂတိ= ကြောက်ရွံ့သဖြင့် တစ်ဖက်သက် စီရင်ခြင်း၊
(၄) မောဟာဂတိ= တွေဝေ၍ တစ်ဖက်သတ် စီရင်ခြင်း၊ ♦သုခမှတ်စု

အစိန္တေယျ ၄-ပါး

စတုကအင်္ဂုတ္တိုရ်
(၁) ဗုဒ္ဓဝိသယော အစိန္တေယျာ= သဗ္ဗညုတဉာဏ်တော်၏ အရာကို မကြံအပ်၊
(၂) ဣဒ္ဓိဝိသယော အစိန္တေယျော= တန်ခိုးတော်အရာကို မကြံအပ်၊
(၃) ကမ္မဝိပါကော အစိန္တေယျော= ကုသိုလ်အကုသိုလ်ကံ၏ အကျိုးကို မကြံအပ်၊
(၄) လောကဝသိ ယော အစိန္တေယျော= လောကဖြစ်ပျက်ခြင်းကိုအကြံအပ်၊ ♦သုခမှတ်စု

အထက်ကိုယ် ကလာပ်စည်း ၄-ပါး

အဘိဓမ္မတ္ထသင်္ဂဟ
(၁) အဋ္ဌကလာပ်= ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ရုပ် ၈ ခု၊
(၂) ဇီဝိတနဝက ကလာပ်= အဋ္ဌကလာပ်ရုပ် ၈ ခုတွင် ဇီဝိတရုပ်တည့် ၉ ပါး၊
(၃) ကာယဒသကကလာပ်= ဇီဝိတနဝကတွင် ကာယပသာဒထည့် ၁၀ ပါး၊
(၄) ဘာဝသက ကလာပ်= ဇီဝိတနဝကတွင် ဘာဝရုပ်ထည့် ၁၀ ပါး၊ ♦သုခမှတ်စု

အနုကမ္ပမိတ်စစ် ၄-ယောက်

(၁) မိမိ၌ ဥစ္စာမရှိက သူစိတ်ဆင်းရဲခြင်း၊
(၂) မိမိ၌ ဥစ္စာရှိက ဝမ်းမြောက်ခြင်း၊
(၃) မိမိ၏ကျေးဇူးမဲ့ကို ကြားကမနာလိုဘဲဟန့်တား ပိတ်ပင်ခြင်း၊
(၄) မိမိ၏ ကျေးဇူးကို ချီးမွမ်းပြောဆိုခြင်း၊ ♦သုခမှတ်စု

အနုပယီဘာဏ=ခင်ပွန်းတု ၄-ယောက်

သိင်္ဂါလောဝါဒသုတ်
(၁) မကောင်းမှုဖြစ်သော်လည်း မိတ်ဆွေအလိုသို့ လိုက်၍ပြောတတ်သူ၊
(၂) ကောင်းမှုပြုသည်ကို မနှစ်သက်ခြင်း လက္ခဏာ ရှိတတ်သူ၊
(၃) မျက်မှောက်တွင်သာ ချီးမွမ်းခြင်း ပြုတတ်သူ၊
(၄) မျက်ကွယ်တွင် ကဲ့ရဲ့ခြင်း ပြုတတ်သူ၊ ♦သုခမှတ်စု

အဏုမြူ ၄-ပါး

(၁) ရထရေဏုမြူ= သန်းတစ်ကောင်၏ ခုနစ်စိတ် တစ်စိတ် ဖြစ်သော လိက္ခာ မည်သော ပိုးတစ်ကောင်၏ သုံးဆယ့်ခြောက်စိတ်စိတ်သည့်တစ်စိတ်စာမျှ ဖြစ်သော၊ လှည်းရထားမောင်းသောအခါ ထသည့် ဖုန်နုမှုန့်ကလေးကိုခေါ်သည်၊
(၂) တဇ္ဇာရီမြူ= ၎င်း ရထရေဏုမြူတစ်လုံး၏ သုံးဆယ့်ခြောက်စိတ်တစ်စိတ် စာဖုန်နု၊
(၃) အဏုမြူ= ၎င်းတဇ္ဇာရီမြူ၏ သုံးဆယ့်ခြောက်စိတ် တစ်စိတ်စာ ဖြစ်၍ ပြတင်း နံရစသည်မှဝင်သော နေရောင်အတွင်း၌ ထင်မြင်ရသည့် အမှုန်နု၊
(၄) ပရမာဏုမြူ= ၎င်းအဏုမြူတစ်လုံး၏ သုံးဆယ့်ခြောက်စိတ် တစ်စိတ်ဖြစ်သည့် အမှုန်နု၊ (၎င်းကို သာမန်လူတို့၏မျက်စိဖြင့် မမြင်ရ၊ တန်ခိုး ကြီးသော နတ် ဗြဟ္မာတို့မှသာမြင်ရသည်)၊ ♦သုခမှတ်စု

အနန္တ ၄-ပါး

အဋ္ဌသာလိနီ
(၁) ကောင်းကင်၊
(၂) စကြာဝဠာ၊
(၃) သတ္တဝါ၊
(၄) သဗ္ဗညုတဉာဏ်တော်၊ ♦သုခမှတ်စု

အပယသဟာယ၊ ခင်ပွန်းတု ၄-ယောက်

သိင်္ဂါလသုတ်
(၁) သေအရက်သောက်ရာတွင် အဖော်ပြုတတ်သူ၊
(၂) ညအခါ လည်ပတ်ရာတွင်သာအဖော်ပြုတတ်သူ၊
(၃) ပွဲသဘင် ကြည့်ရှုရာတွင်သာ အဖော်ပြုတတ်သူ၊
(၄) လောင်း ကစားတွင်သာ အဖော်ပြုတတ်သူ၊ ♦သုခမှတ်စု

အပါယ် ၄-ပါး

အဘိဓမ္မတ္ထသင်္ဂဟ
(၁) ငရဲ၊
(၂) တိရစ္ဆာန်၊
(၃) ပြိတ္တာ၊
(၄) အသူရကာယ်၊ ♦သုခမှတ်စု

အပွင့်တို့၏ အရွယ် ၄-ပါး

(၁) အငုံကင်း၊
(၂) အငုံနု၊
(၃) အငုံရင့်၊
(၄) အငုံပွင့်၊ ♦သုခမှတ်စု

အဖြေ ၄-ပါး

(၁) ဧကံသဗျာကရဏ= မေးလျှင် မေးတိုင်းသာ ဖြေခြင်း၊
(၂) ဝိဘဇ္ဇဗျာကရဏ= အကျဉ်းမေးသည်ကို အကျယ်ဖြေခြင်း၊
(၃) ပဋိပုစ္ဆာဗျာကရဏ=တစ်ဖန်မေး၍ ဖြေခြင်း၊
(၄) ဌပနိယဗျာကရဏ= မေးသည်ကိုထား၍ တခြား ပုံဆောင်ကာ ဖြေခြင်း၊ ♦သုခမှတ်စု

အဗြဟ္မစရိယ သိက္ခာပုဒ်၏ ကံအင်္ဂါ ၄-ပါး

(၁) လွန်ကျူး၍ ကျင့်အပ်သောမဂ်အပေါက်သုံးပါးတွင် တစ်ပါးပါးဖြစ်စေ၊
(၂) မှီဝဲသွားလာလိုသော စိတ်လည်းရှိစေ၊
(၃) မှီဝဲခြင်း လုံ့လလည်း ရှိစေ၊
(၄) သာယာသည်လည်း ဖြစ်စေ၊ ♦သုခမှတ်စု

အမေး ၄-ပါး

(၁) ဧကံသဗျာကရဏီယပဥှာ= “ကိုယ်သည် အနိစ္စလော၊ ကုသိုလ်သည် ကောင်းကျိုးပေးသလောဟု စ၍ မေးခဲ့သော် တိုက်ရိုက် ဖြေအပ်သော အမေး၊
(၂) ဝိဘဇဗ္ဇျာကရဏယီ ပဥှာ= “ကိုယ်သည် အနိစေ္စ လာ စသည်ဖြင့် မေးခဲ့သော် အကျယ်ဝေဖန်၍ ဖြေအပ်သောအမေး၊
(၃) ပဋိပုစ္ဆာဗျာကရဏီယ ပဥှာ= “ကိုယ်သည် စက္ခုသောတ စသည်တို့သည် အတူတူလော စသည်အားဖြင့်မေးခဲ့သော် တစ်ဖန်ပြန်၍ မေး၍ ဖြေအပ်သော မေးခွန်း၊
(၄) ဌပနီယပဥှာ = ဘုရားနှင့်တရား မည်သည်က မြတ်သနည်းစသော မဖြေအပ်သည်ကို မေးသော မေးခွန်း၊ ♦သုခမှတ်စု

အမျိုး ၄-ပါး

(၁) ခတ္တိယ= မင်းမျိုး၊
(၂) ဗြာဟ္မဏ= ပုဏ္ဏားမျိုး၊
(၃) ဝေဿ=ကုန်သည်မျိုး၊
(၄) သုဒ္ဒ= သူဆင်းရဲမျိုး၊ ♦သုခမှတ်စု

အမျိုးမရှိ ၄-ပါး

(၁) သူဌေးမျိုးလည်း တစ်ပါး၊
(၂) ပညာရှိလည်း တစ်ပါး၊
(၃) မင်းမျိုးလည်း တစ်ပါး၊
(၄) သူဆင်းရဲလည်း တစ်ပါး၊ (တနည်း)
(၁) သဒ္ဓါရိုးလည်း အမျိုး မရှိ၊
(၂) ပညာရိုးလည်းအမျိုး မရှိ၊
(၃) ရဲရိုးလည်း အမျိုးမရှိ၊
(၄) လက္ခဏာ အင်္ဂါနှင့် ပြည့်စုံသော မိန်းမသည်လည်း အမျိုးမရှိ၊ ♦သုခမှတ်စု

အမြတ် ၄-ပါး

(၁) အခါတို့တွင် သရဒကာလဟူသော တန်ဆောင်မုန်းလသည် မြတ်၏၊
(၂) မိန်းမတို့တွင် အဆင်းလှသော မိန်းတမသည်မြတ်၏၊
(၃) သားတို့တွင် သားကြီးသည်မြတ်၏၊
(၃) အရပ်တို့တွင် မြောက်အရပ်မျက်နှာသည် မြတ်၏၊ ♦သုခမှတ်စု

အမြတ် ၄-ပါးတနည်း

(၁) တစ်ဆယ့်နှစ်လတွင် ကဆုန်လသည် မြတ်၏၊
(၂) မိန်းမတို့တွင် နှလုံးကောင်းဖြင့် လင်ကို လုပ်ကျွေးသော မိန်းမမြတ်၏၊
(၃) သားတို့တွင် မိဘကို လုပ်ကျွေးသော သားသည် မြတ်၏၊
(၄) အရပ်တို့တွင် ချမ်းသာစွာ အသက်မွေးရသော အရပ်သည်မြတ်၏၊ ♦သုခမှတ်စု

အမှောင်အမိုက် အင်္ဂါ ၄-ပါး

(၁) လကွယ်နေ့ညလည်း ဖြစ်စေ၊
(၂) သန်းခေါင်အချိန်လည်း ဖြစ်စေ၊
(၃) တိမ်တောင် တိမ်တိုက်များလည်းကောင်းကင် အလုံးကို ဖုံးအုပ်စေ၊
(၄) ကြီးမားသော တောအုပ်အလယ်တွင်လည်း ဖြစ်စေ၊ ♦သုခမှတ်စု

အရိယဝံသဓမ္မ ၄-ပါး

(၁) စီဝရသန္တေသ= သင်္ကန်း၌ ရောင့်ရဲလွယ်ခြင်း၊
(၂) ပိဏ္ဍပါတသန္တောသ= ဆွမ်း၌ ရောင့်ရဲလွယ်ခြင်း၊
(၃) သေနာသနသန္တောသ= ကျောင်း၌ ရောင့်ရဲလွယ်ခြင်း၊
(၄) ဘာဝနာရမ္မတာ= ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်း၌ မွေ့လျော်ခြင်း၊ ♦သုခမှတ်စု

အရူပါဝစရဗြဟ္မာ ၄-ဘုံ

(၁) အာကာသနဉ္စာယတနဘုံ = အဆုံးအစ မရှိသောကောင်းကင်သို့ တက်တတ်သော ဗြဟ္မာတို့၏ နေရာဘုံ၊
(၂) ဝိညာဏဉ္စာယတနဘုံ= ပထမာရုပ္ပဝိညာဉ်သည်လျှင် စျာန်၏ တည်ရာ ဖြစ်သော ဗြဟ္မာတို့၏ နေရာဘုံ၊
(၃) အာကိဉ္စညာယတနဘုံ= စိုးစဉ်းမျှလည်း အကြွင်းမရှိသော ပထမာရုပ္ပ ဝိညာဉ်သည်လျှင်ပင် စျာန်၏ တည်ရာဗြဟ္မာတို့၏ဘုံ၊
(၄) နေဝသညာနာ့သညာယတနဘုံ=ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသည်လျှင် စျာန်၏ တည်ရာဗြဟ္မာတို့၏ဘုံ၊ ♦သုခမှတ်စု

အသေင်္ချယျကပ်ကြီး ၄-ပါး

(၁) ဝိဝဋ္ဋယီအသင်္ချယျကပ်= ကမ္ဘာပြု မိုးရွာသည်မှ စ၍ နေလနက္ခတ်ပေါ်သည့် တိုင်အောင်သော ကာလ၊
(၂) ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်= နေလနက္ခတ်ပေါ်သည်မှစ၍ ကမ္ဘာပျက်မိုး ရွာသည့် တိုင်အောင်သောကာလ၊
(၃) သံဝဋ္ဋအသေင်္ချယျကပ်= ကမ္ဘာပျက်မိုးရွာသည်မှစ၍ မီးလျှံစဲသည့် တိုင်အောင်သောကာလ၊
(၄) သံဝဋ္ဋဋ္ဌာယီအသေင်္ချယျကပ်= မီးလျှံစဲသည်မှစ၍ ကမ္ဘာပြုမိုးရွာသည့် တိုင်အောင်သော ကာလ၊ ♦သုခမှတ်စု

အာရုပ္ပ ၄-ပါး

(၁) အာကာသာနဉ္စာယတန= အဆုံးမရှိသော ကောင်းကင် ပညတ်အာရုံ၊
(၂) ဝိညာဏဉ္စာယတန= အဆုံးမရှိသော ပထမာရုပ္ပဝိညာဉ်အာရုံ၊
(၃) အာကိဉ္စညာယတန= စိုးစဉ်းမျှ အကြွင်းမရှိသောပထမာရုပ္ပဝိညာဉ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘော ပညတ်အာရုံ၊
(၄) နေဝသညာ နာသညာယတန= ရုန့်ရင်းသော သညာမရှိ၊ သိမ်မွေ့သောသညာ မရှိသည်မဟုတ်၊ မနာယတန ဓမ္မာယတန၌အကျုံးဝင်သည်၊ ♦သုခမှတ်စု

အာသဝေါတရား ၄-ပါး

(၁) ကာမာသဝ = ကာမဂုဏ်၌ ကြံစည်တတ်ခြင်း၊
(၂) ဘဝါသဝ= ဘဝ၌ တွေဝေခြင်း၊
(၃) ဒိဋ္ဌာသဝ= အယူဝါဒ၌ တွေဝေခြင်း၊
(၄) အဝိဇ္ဇာသဝ= မိုက်မဲခြင်း၊ ♦သုခမှတ်စု

အာဠာဝက၏ ပုစ္ဆာ ၄-ရပ်

သံယုတ်ပါဋ္ဌိတော်
(၁) လောကသုံးပါး၌ ယောကျ်ား မိန်းမဟူသမျှတို့၏ မြတ်လှ ဥစ္စာ ရတနာကား အဘယ်နည်း၊ အဖြေ= ရတနာ သုံးပါးကို ယုံကြည် ကြည်ညိုခြင်း၊
(၂) လေ့ကျက်ခြင်းတကာတွင် အဘယ်မည်သော အလေ့အကျက်သည် ချမ်းသာကိုဆောင်သနည်း၊ အဖြေ= ကုသိုလ်ကမ္မပထ တရားဆယ်ပါးတည်းဟူသော အလေ့အကျက်၊
(၃) အရသာတို့တွင် အလွန်ကောင်းသော အရသာကား အဘယ်နည်း၊ အဖြေ=မှန်ကန်ဖြောင့်မတ်သော စကားတည်းဟူသော အရသာ၊
(၄) အသက်မွေးခြင်းတို့တွင် အဘယ်အသက်မွေးခြင်းကို မြတ်သည်ဟု ဆိုအံ့နည်း၊ အဖြေ= ပညာဖြင့် အသက်မွေးခြင်း၊ ♦သုခမှတ်စု

အား ၄-ပါး

(၁) ငှက်တို့၏အားသည် ကောင်းကင်ဖြစ်၏၊
(၂) ငါးတို့၏ အားသည် ရေဖြစ်၏၊
(၃) အားနည်းသူ၏အားသည် မင်းဖြစ်၏၊
(၄) ကလေးတို့၏အားသည် ငိုခြင်းဖြစ်၏၊ ♦သုခမှတ်စု

ဣဏကျွန် ၄-ပါး

(၁) ဣဏမလူ ဒါသ= ယူသောမြီရင်း ကြောင့် ဖြစ်သောကျွန်၊
(၂) ဣဏဂ္ဂဒါသ= မြီပွားကြောင့်ဖြစ်သော ကျွန်၊
(၃) ဣဏမူလဂ္ဂဒါသ= မြီရင်းမြီပွားကြောင့် ဖြစ်သော ကျွန်၊
(၄) ဣဏသင်္ကရဒါသ= မြီကိုခံဝန်သောကြောင့်ဖြစ်သောကျွန်၊ ♦သုခမှတ်စု

ဣရိယာပုတ် ၄-ပါး

(၁) ဂမန= သွားခြင်း၊
(၂) ဌာန= ရပ်ခြင်း၊
(၃) အာသန=ထိုင်ခြင်း၊
(၄) သယန= လျောင်းစက်ခြင်း၊ ♦သုခမှတ်စု

ဥပကာရ မိတ်ဆွေစစ် ၄-ယောက်

(၁) သူမေ့လျော့နေသော ပစ္စည်းကို စောင့်ရှောက်တတ်သောသူ၊
(၂) သူ၏ ဥစ္စာပွားတိုးစေမှုကို ဆောင်ရွက်ပေးတတ်သောသူ၊
(၃) ဘေးအန္တရာယ်ရှိက သူ၏ ကိုးကွယ်ရာဖြစ်အောင် တားဆီးသူ၊
(၄) ချေးငှားလာလျှင် သူပြောသည်ထက် နှစ်ဆတိုး၍ ပေးကမ်းသောသူ၊ ♦သုခမှတ်စု

ဥပါဒါန် ၄-ပါး

(၁) ကာမုပါဒါန်= ကာမဂုဏ်၌ စွဲလမ်းခြင်း၊
(၂) ဒိဋ္ဌုပါဒါန်=ဖောက်ပြန်သော အယူ၌ စွဲလမ်းခြင်း၊
(၃) သီလဗတုပါဒါန်= သီလအလေ့အကျင့်၌ စွဲလမ်းခြင်း၊
(၄) အတ္တဝါဒုပါဒါန်= ငါ၏ ကိုယ်ဟု ထင်မှတ်စွဲလမ်းခြင်း၊ ♦သုခမှတ်စု

ဥပါယ် ၄-ပါး

(၁) ဘေဒဥပါယ်= စည်းစိမ်ဥစ္စာ ရာထူးစ,သည် ဖျက်ခြင်း၊
(၂) ဒဏ္ဍဥပါယ်= ဒဏ်ထားဆုံးမခြင်း၊
(၃) သာမဥပါယ်= ကိုယ်နှင့်ထပ်တူချီးမြှောက်ခြင်း၊
(၄) ဒါနဥပါယ်= ပေးကမ်းစွန့်ကြဲခြင်း၊ ♦သုခမှတ်စု

ဥယျာဉ်တွင်း၌ မင်းအဖြစ် အဆောက်အနှင်းခံရသော မင်းတရား ၄-ပါး

(၁) မဟာဇနက၊
(၂) နိဂြောဓ၊
(၃) ဗြဟ္မဒတ္တ၊
(၄) နန္ဒိယ၊ ♦သုခမှတ်စု

ဥသဘနှင့်တူသော ပုဂ္ဂိုလ် ၄-ယောက်

(၁) မိမိပရိသတ်၌ ကြမ်း၏၊ တစ်ပါး၌ မကြမ်း၊
(၂) တစ်ပါး၌ ကြမ်း၏၊ မိမိပရိသတ်၌ မကြမ်း၊
(၃) တစ်ပါး၌ လည်း ကြမ်း၏၊ မိမိပရိသတ်၌လည်း ကြမ်း၏၊
(၄) တစ်ပါး၌လည်း မကြမ်း၊ မိမိပရိသတ်၌လည်း မကြမ်း၊ ♦သုခမှတ်စု

သြဃတရား ၄-ပါး

(၁) ကာမောဃ=ကာမဝဲဂယက်၊
(၂) ဘဝေါဃ=ဘဝ၊
(၃) ဒိဋ္ဌောဃ= မှားသောအယူ၊
(၄) အဝိဇ္ဇောဃ= အမှောင်တရား ဝဲဂရက်၊ ♦သုခမှတ်စု

အိုး ၄-လုံး

(၁) ရေကား ရှိ၏၊ အပိတ်မ ရှိ၏၊ အပိတ်မ ရှိသောအိုး၊
(၂) ရေကား မရှိ၊ အပိတ်ရှိသော အိုး၊
(၃) ရေလည်း မရှိ၊ အပိတ်လည်း မရှိသော အိုး၊
(၄) ရေလည်း ရှိ၏၊ အပိတ်လည်း ရှိသောအိုး၊ ♦သုခမှတ်စု

အိုး ၄-လုံးနှင့်တူသော ပုဂ္ဂိုလ် ၄-ယောက်

(၁) ကြည်ဖွယ်ကား မရှိ၊ သစ္စာလေးပါးကိုသိသည်၊
(၂) ကြည်ဖွယ်ကားရှိ၏၊ သစ္စာ လေးပါးကို မသိ၊
(၃) ကြည်ဖွယ်လည်း မရှိ၊ သစ္စာလေးပါးကိုလည်း မသိ၊
(၄) ကြည်ဖွယ်လည်း ရှိ၏၊ သစ္စာလေးပါးကိုလည်း သိ၏၊ ♦သုခမှတ်စု

အောင်ရာသော အကြောင်းတရား ၄-ပါး

(၁) ကိုယ့်ထက်မြက်သူကို နှိမ့်ချသဖြင့် အောင်ရာ၏၊
(၂) သူရဲကို အဖော်ခွဲသဖြင့် အောင်ရာ၏၊
(၃) ကိုယ့်အောက်နိမ့်သူကိုတံစိုးပေးသဖြင့် အောင်ရာ၏၊
(၄) ကိုယ်နှင့်တူသူကို လုံ့လပြုသဖြင့် အောင်ရာ၏၊ ♦သုခမှတ်စု

အညဒတ္ထုဟရ= ခင်ပွန်းတု ၄-ပါး

သိင်္ဂါလောဝါဒသုတ်
(၁) လက်ချည်း လာ၍ ခင်ပွန်း၏ဥစ္စာကို ယူသွားတတ်သူ၊
(၂) အနည်းငယ်ပေး၍ အများကို ယူသွားတတ်သူ၊
(၃) မိမိ၌ အပြစ်ဘေး တစ်စုံတစ်ရာ ရောက်ရှိသည့်အခါ ထိုဘေးမှ လွတ်ရုံသာ လာရောက် မှီခိုတတ်သူ၊
(၄) အကျိုးခံစားရုံသာ လာရောက်မှီခိုတတ်သူ၊ ♦သုခမှတ်စု

အတ္ထက္ခာယီမိတ်စစ် ၄-ယောက်

သိင်္ဂါလောဝါဒသုတ်
(၁) မကောင်းမှု ဒုစရိုက်တို့ကို ဟန့်တားခြင်း၊
(၂) ကောင်းရာကို တိုက်တွန်းခြင်း၊
(၃) မကြားသေးသောသတင်းကို ပြောကြားလာခြင်း၊
(၄) ကောင်းရာသုဂတိလမ်းကို ပြသဆုံးမခြင်း၊ ♦သုခမှတ်စု

ဣဒ္ဓိပါဒ် ၄-ပါး

အဘိဓမ္မတ္ထသင်္ဂဟ
(၁) ဆန္ဒိဒ္ဓိပါဒ်= တောင့်တခြင်း အမှူးပြု၍ ပြည့်စုံခြင်း၊
(၂) စိတ္တိဒ္ဓိပါဒ်= စိတ်ကို အမှူးပြု၍ ပြည့်စုံခြင်း၊
(၃) ဝီရိယိဒ္ဓိပါဒ်= လုံ့လကို အမှူးပြု၍ ပြည့်စုံခြင်း၊
(၄) ဝီမံသိဒ္ဓိပါဒ်= ပညာကို အမှူးပြု၍ ပြည့်စုံခြင်း၊ ♦သုခမှတ်စု

ဥစ္စာစည်းစိမ်ပျက်စီးကြောင်းတရား ၄-ပါး

(၁) ဣတ္ထိဓုတ္တော = မိန်း မကြူးခြင်း၊
(၂) သုရာဓုတ္တော= သေရည်သေစာကြူးခြင်း၊
(၃) အက္ခဓုတ္တော=အကစားကြူးခြင်း၊
(၄) ပါပမိတ္တော= မကေင်းသော မိတ်ရှိခြင်း၊ ♦သုခမှတ်စု

အိပ်ခြင်း ၄-ပါး

(၁) ကာမဂုဏ်ခံစားသူတို့ အိပ်ခြင်း = လက်ဝဲနံတောင်းဖြင့် အိပ်၏၊
(၂) ပြိတ္တာတို့ အိပ်ခြင်း= ပက်လက်အိပ်၏၊
(၃) ကေသရာဇာခြင်္သေ့တို့အိပ်ခြင်း=လက်ယာနံတောင်းဖြင့် အိပ်၏၊
(၄) ဘုရားသခင်တို့ အိပ်ခြင်း၊ ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြောက်သို့ ဦးခေါင်းပြုလျက် လက်ယာနံတောင်းဖြင့် မထသော အိပ်ခြင်း ♦သုခမှတ်စု

အိပ်မက်ကြောင်း ၄-ပါး

(၁) ရှေး၌ လေ့ကျက်ဖူးခြင်း၊
(၂) နိမိတ်ပြခြင်း၊
(၃) နတ်တို့ လှည့်ပတ်ခြင်း၊
(၄) စိတ်ချောက်ခြားခြင်း၊ ♦သုခမှတ်စု

အိမ်တွင်မွေးအပ်သော ငှက် ၄-မျိုး

(၁) ဥဒေါင်း၊
(၂) ကျေး၊
(၃) ခို၊
(၄) သာလိကာ၊ ♦သုခမှတ်စု

ခက်ကြီး ၄-ပါး

(၁) စစ်ရေး မက်ရေး၊ ရန်သူ့ဘေးကြောင့်၊ အပြေးအလွဲ၊ ဆွေမျိုး ကွဲသား၊ ပြည်ထဲရေးရာ၊ ခက်သည်သာတည်း၊
(၂) အစားအစာ၊ ထွားထွား ဖြည့်ကြေ၊ ရှားပါးလေ၍၊ သေကြေပျောက်စဲ၊ ငတ်မွတ်ကဲလျှင်၊ ပြည်ထဲရေးထက်၊ ဝမ်းရေးခက်၏၊
(၃) ထို့ထက်မှမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ၊ မပေါင်းရဘဲ၊ လွမ်းတပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေး ခက်၏၊
(၄) အထက်ဖော်ပြ၊ ခက်သုံးဝထက်၊ ခက်လှတစ်ပါး၊ ထိုအစားကား၊ မပါးထူထုံ၊ အလွန်နုံတ၊ ပမာဏကို၊ ဘာမျှမသိ၊ ထိုသူထည့်၍၊ မရှိတာထက်၊ မသိခက်သည်၊ ခက်ဘိတရား၊ မျိုးလေးပါးတည်း၊ ခက်ကြီးလေးပါး၊ ကျော်ရှောင်လွှား၊ မမှားချမ်းသာရာ၊ ♦သုခမှတ်စု

ဂန္ဓာရီဝိဇ္ဇာမျိုး ၄-ပါး

(၁) ဆေးဝိဇ္ဇာ ဂန္ဓာရီနတ်= ဆေးဖြင့်စီရင်သည်၊
(၂) ပြဒါးဝိဇ္ဇာ ဂန္ဓာရီနတ်= ပြဒါးရှင်လုံးဖြင့် စီရင်သည်၊
(၃) သံဝိဇ္ဇာ ဂန္ဓာရီနတ်= သံသေလုံးဖြင့် စီရင်သည်၊
(၄) အင်း မန္တန် သမထ ဂန္ဓာရီဝီဇ္ဇာနတ်= ၎င်းတို့၏တန်ခိုးဖြင့် သိဒ္ဓိပြီးသူများ၊ ♦သုခမှတ်စု

စတုဇာတကမျိုး ၄-ပါး(ဘေသဇ္ဇ)

(၁) ဖာလာ၊
(၂) ကရဝေးရွက်
(၃) ကရဝေးခေါက်၊
(၄) ကံ့ကော်ဝတ်ဆံ၊ ♦သုခမှတ်စု

စတုဗလဆေး ၄-ပါး

(၁) စိန်-ဆေး-ကန့်-ဟင်းခေါ်မင်းလေးပါးဆေးကို လုပ်ရတ်ကျမ်းတို့၌ “စတုဗလဆေး''ဟု ခေါ်ဆိုကြသည်၊ ♦သုခမှတ်စု

စတုဗီဇမျိုး ၄-ပါး(ဘေသဇ္ဇ)

(၁) ဇီယာနက်စေ့၊
(၂) ပဲနံ့သာစေ့၊
(၃) စမုန်ဖြူစေ့၊
(၄) စမုန်နီစေ့၊ ♦သုခမှတ်စု

စတုဘုမ္မိကတရား ၄-ပါး

(၁) ကာမဘုံ၌ ဖြစ်သော တရားစု၊
(၂) ရူပဘုံ၌ဖြစ်သောတရားစု၊
(၃) အရူပဘုံ၌ဖြစ်သော တရားစု၊
(၄) အဝတ္ထာဘုံ၌ဖြစ်သော လောကုတ္တရာတရားစု၊ မှတ်ချက် ♦သုခမှတ်စု

စတုမဓုမျိုး ၄-ပါး

(၁) ထောပတ်၊
(၂) ပျားရည်၊
(၃) တင်လဲ၊
(၄) နှမ်းဆီ၊ ၎င်း လေးပါးအမျှစီ၊ နေ(သို့မဟုတ်) မီးချက်၊ ♦သုခမှတ်စု

စတုရင်္ဂဘွဲ့ ဂုဏ်အင်္ဂါ ၄-ပါး

စတုရင်္ဂဗလဟူသော ဘွဲ့ပုံတံဆိပ်၏ အင်္ဂါလေးပါးကို ဆိုသည်၊
(၁) သဒ္ဒါကျမ်းအတတ်၊
(၂) ကဗျာလင်္ကာအတတ်၊
(၃) အမေးပြဿနာဓမ္မသတ်ကျမ်း စကားအတတ်၊
(၄) စစ်ဆင် စစ်ချီ စစ်ထိုး အတတ်၊ ၎င်းအင်္ဂါလေးရပ်တို့၌ ခေါင်းထိပ်အထိ တတ်မြောက်သူ၊ ♦သုခမှတ်စု

စတုဥဏှမျိုး ၄-ပါး (ဘေသဇ္ဇ)

(၁) သင်္ဘောချင်း၊
(၂) ငရုတ်ကောင်း၊
(၃) ပိတ်ချင်းသီး၊
(၄) ပိတ်ချင်းမြစ်၊ ♦သုခမှတ်စု

စန္ဒကူးမျိုး ၄-ပါး(ဘေသဖ္ဓ)

(၁) ရတ္တစန္ဒန= စန္ဒကူး နီ၊
(၂) ကာလာနုသာရီ=စန္ဒကူးရွှေ၊
(၃) ဟရိစန္ဒန= စန္ဒကူးရွှေ၊
(၄) ဂန္ဓသာရ= စန္ဒကူးဖြူ၊ ♦သုခမှတ်စု

စစ်သားတို့ သစ္စာတရား ၄-ပါး

လောကဗျူဟကျမ်း
(၁) ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးအတွက် ပါဏာတိပါတကံကို ခံယူရခြင်း၊
(၂) သူ့ဇနီးမယားသမီးပျိုနှင့် သူတစ်ပါးဥစ္စာကို မကျူးလွန် မလုယူရခြင်း၊
(၃) ရန်သူမဟုတ်သူကို မသတ်ရခြင်း၊
(၄) ရန်သူနှင့် ကြုံက အသက်ကိုစွန့်၍ တိုက်ရခြင်း၊ ♦သုခမှတ်စု

တာဝတိံသာ သုဓမ္မာ အစည်းအဝေး ၄-ပါး

(၁) ဝဿုပနယိကသင်္ဂဟတ္ထံ=ဝါဆိုသောသံဃာတော်တို့ကို ချမ်းသာစွာတရားအားထုတ်နိုင်ရေးအတွက် စောင့်ရှောက်ပေးရန်၊ ပထမဝါဆိုလပြည့်နေ့နှင့် ဒုတိယ ဝါဆိုလပြည့်နေ့၌ စည်းဝေးကာတာဝန်ယူကြစေခြင်း၊
(၂) ပဝါရဏာသင်္ဂဟတ္ထံ= ပဝါရဏပွဲတို့၌ သံဃာတော်များချမ်းသာစွာ ပြုနိုင်ရေးအတွက် တာဝန်ပေးရန် အစည်းအဝေးပြုလုပ်ခြင်း၊
(၃) ဓမ္မသဝနတ္ထံ=တရားနာရန်အလို့ငှာ အစည်းအဝေးကြီးပြုလုပ်ခြင်း၊
(၄) ပါရိစ္ဆတ္တက ကိဠာနဘဝနတ္ထံ= ပင်လယ်ကသစ်ပန်းပွင့်ချိန်၌ ပန်းဆွဲပွဲကြီး ဆင်ယင် ကျင်းပရေးအတွက် သုဓမ္မာဇရပ်ကြီး၌ အစည်းအဝေးပွဲပြုလုပ်ကြခြင်း၊ ♦သုခမှတ်စု

နိရောဓသမာပတ်၏ပုဗ္ဗကရဏကြီး၄ ပါး

(၁) သတ္ထုပကောရ သန=မြတ်စွာဘုရားခေါ်လျှင်သိနိုင်ခြင်း၊
(၂) သံဃ ပဋိမာနန=သံဃာတောင့်တလျှင်သိနိုင်ခြင်း၊
(၃) နာနာဗဒ္ဓအဝိကောပန= မိမိနှင့်စပ်သော သင်္ကန်းပရိက္ခရာတို့ကို မီးစသော ရန်သူများ မဖျက်ဆီးနိုင်ခြင်း၊
(၄) အဒ္ဓါနပရိစ္ဆေဒ= ဝင်စားမည့်နေ့ရက်ကို ပိုင်းခြားသတ်မှတ်ခြင်း၊ ♦သုခမှတ်စု

ပဋိပဒါမျိုး ၄-ပါး

ဝိသုဒ္ဓိမဂ်၊ ပဋိသမ္ဘိဒါမဂ်
(၁) သုခပဋိပဒါခိပ္ပါဘိညာ=ချမ်းသာစွာ ကျင့်လျင်မြန်စွာရ၊
(၂) သုခပဋိပဒါဒန္ဓာဘိညာ= ချမ်းသာစွာကျင့် ကြာမြင့်မှရ၊
(၃) ဒုက္ခပဋိပဒါခိပ္ပါဘိညာ= ဆင်းရဲပင်ပန်းစွာကျင့် လျင်မြန်စွာရ၊
(၄) ဒုက္ခပဋိပဒါဒန္ဓာဘိညာ=ဆင်းရဲပင်ပန်းစွာကျင့် ကြာမြင့်စွာသော နှစ်ကာလတို့မှရ၊ ♦သုခမှတ်စု

ပေ ၄-ပင် ရှင် ၄-ပါး (တစ်နည်း)

ပေလေးပင်ရှင်လေးပါး''ဟု အင်းဝခေတ် မြန်မာစာပေတို့၌ ကျော်ကြားသည့် သိုက်ဝင်ရှင်လေးပါးတို့ဖြစ်သည်၊
(၁) မြို့လုလင်ရွာ ဦးသောကြာ-ဒေါ်နှင်းဆီတို့၏သား၊ ငယ်နာမည်မောင်ဥက္ကာ နောက်အခါ ရှင်ဥတ္တမကျော်၊
(၂) မြို့လုလင်ရွာဦးကြည်- အမိနတ်ထိန်းကြီး မယ်ဒွေးတို့၏သား၊ ငယ်နာမည်မောင်ညို နောင်အခါ ရှင်မဟာသီလဝံသ၊
(၃) သတို့ထမ်းရွာ မိဘမည်ရည်မသိ ရှင်အုန်းညို၊
(၄) မန်ကျည်းယောင်ရွာ မိဘမည်ရည်မသိ ရှင်ခေမာတို့ဖြစ်၏၊ ♦သုခမှတ်စု

ဗုဒ္ဓ၏ ပဋိသမ္ဘိဒါ ၄-ပါး

(၁) လူမျိုးခြားတို့၏ ဘာသာစကား အရပ်ရပ်တို့ကိုနားလည်တော်မူနိုင်သော အတ္ထပဋိသမ္ဘိဒါ၊
(၂) မြတ်စွာဘုရား၏ ဝစန စကားတော်တို့ကို ဇာတ်တူသူ မတူသူ ဘာသာ ဟူသမျှက သိနိုင်သော ဓမ္မပဋိသမ္ဘိဒါ၊
(၃) သဒ္ဒါ၏ အလိုကို ဝိဂြိုဟ် ဝစနတ္ထ ခွဲခြား၍ သိနိုင်သေ နိရုတ္တိပဋိသမ္ဘိဒါ၊
(၄) တရားဟောတော်မူရာ၌ လူအမျိုးမျိုး စရိုက်အမျိုးမျိုး နားလည်နိုင်အောင် တန်ဆာအမျိုးမျိုးဆင်၍ ဟောတော်မူနိုင်သော ပဋိဘာနပဋိသမ္ဘိဒါ၊ ♦သုခမှတ်စု

ရှင်ပင်သာလျောင်း ဦးခေါင်းပြုခြင်း ၄-ပါး

(၁) အရှေ့အရပ်သို့ ဦးခေါင်းပြု၍ တည်ထားသော ရှင်ပင်သာလျောင်း ပုံတော်သည် သာမန်လျောင်းတော်မူခြင်းကို ရည်ညွှန်းဖော်ပြသည်၊
(၂) တောင်အရပ်သို့ ဦးခေါင်းပြု၍ တည်ထားသော ရှင်ပင်သာလျောင်း ပုံတော်သည် ဖလသမာပတ် ဝင်စားတော်မူခြင်းကို ရည်ညွှန်း ဖော်ပြသည်၊
(၃) အနောက်သို့ ဦးခေါင်းပြု၍ တည်ထားသော ရှင်ပင်သာလျောင်း ပုံတော်သည် နိရောဓသမာပတ် ဝင်စားတော်မူခြင်း ကို ရည်ညွှန်း ဖော်ပြပါသည်၊
(၄) မြောက်အရပ်သို့ ဦးခေါင်းပြု၍ တည်ထားသော ရှင်ပင်သာလျောင်းပုံတော်သည် မဟာပရိနိဗ္ဗာန် စံဝင်တော်မူခြင်းကို ရည်ညွှန်းဖော်ပြပါသည်၊ ♦သုခမှတ်စု

လင်နှင့်မယား ဘဝအဆက်ဆက် မကွဲသော တရား ၄-ပါး

စတုကအင်္ဂတ္တိုရ်
(၁) သမသဒ္ဓါ= တူမျှသောသဒ္ဓါတရား ရှိခြင်း၊
(၂) သမသီလ= တူမျှသောသီလရှိခြင်း၊
(၃) သမစာဂ= တူမျှသော စွန့်ကြဲမှုရှိခြင်း၊
(၄) သမပညာ= တူမျှသော အသိပညာရှိခြင်း၊ ♦သုခမှတ်စု

ဝင်းမျိုး ၄-ပါး

(၁) အရှေ့ဝင်း=အရှေ့အရပ် အရှေ့တံခါးစောင့်များ၊ ၎င်းတို့လည်ကုပ်၌ ဓတရဋ္ဌနတ်မင်းကြီး ဂန္ဓဗနတ်ကို စီးဟန် ဆေးနီဖြင့် ထိုးနှံထားသည်၊ မြင်းမိုရ်ရောင်ကိုစွဲ၍ ဖြူသောအလံကို ကိုင်ဆောင်လွှင့်ထူရ၏၊
(၂) အနောက်ဝင်း= အနောက်အရပ် အနောက်တံခါးစောင့်များ၊ ဝိရူပက္ခနတ်မင်းကြီး နဂါးစီးဟန် ဆေးထိုးနှံ ချိပ်ရောင် အလံကိုင်၊
(၃) တောင်ဝင်း= လက်ယာဘက်စောင့် သားများ၊ ဝိရူဋ္ဌကနတ်မင်းကြီး ကုမ္ဘဏ်စီးဟန် ဆေးထိုးနှံ အလံအစိမ်းရောင်၊
(၄) မြောက်ဝင်း = လက်ဝဲဘက်အစောင့်များ၊ ကုဝေရနတ်မင်းခေါ် ဝေဿဝဏ်နတ်မင်းကြီး ဘီလူးစီးဟန် ဆေးထိုးနှံ အလံတော် အဝါရောင် ကိုင်ဆောင်လွှင့်ထူ၏၊ ♦သုခမှတ်စု

သပ္ပါယအပြား မျိုး၄ ပါး

(၁) ဘောဇနသပ္ပါယ= စားသောက်မူ၌ သင့်လျော်လျောက်ပတ်ခြင်း၊
(၂) အာဝါသသပ္ပါယ= နေထိုင်ရာ အိုးအိမ်ကျောင်းတို့ လျောက်ပတ်ခြင်း၊
(၃) ပုဂ္ဂလသပ္ပါယ= ပေါင်းသင်းဆက်ဆံမှု၌ ညီညွတ်သင့်တင့် လျောက်ပတ်ခြင်း၊
(၄) ဥတုသပ္ပါယ= ကျန်းမာရေး၌ သင့်တင့်လျောက်ပတ်ခြင်း၊ ♦သုခမှတ်စု

သီလဝိသုဒ္ဓိအပြား ၄-ပါး

(၁) ဒေသနာသုဒ္ဓိ= ပါတိမေက္ခသံဝရ သီလပျက်လျှင် ဒေသနာကြားခြင်းစသည့် မိမိအာပတ်ဆိုင်ရာနည်းဖြင့် ကုစား စင်ကြယ်ခြင်းမျိုး၊
(၂) သံဝရသုဒ္ဓိ= ဣန္ဒြိယသံဝရသီလ ၆ ပါး၌ တစ်ပါးပါးပျက်လျှင် နောက်မပေါက် ကြားစေရဟု အဓိဋ္ဌာန်တင်၍ စင်ကြယ်ခြင်းမျိုး၊
(၃) ပရိယေဋ္ဌိသုဒ္ဓိ= အာဇိဝပါရိသုဒ္ဓိ သီလပျက်လျှင် ကုလဒူသန အနေသနစသော မိစ္ဆာဇီဝ နောင်ခါမဖြစ်ရအောင် ရှောင်ကြဉ်၍သမ္မာအာဇီဝဖြင့် ရှာမှီးခြင်းမျိုး၊
(၄) ပစ္စဝေက္ခဏာ သုဒ္ဓိ= ဣဏပရိဘောဂ မဖြစ်စေဘဲ ပစ္စည်းလေးပါး၌ ပစ္စဝေက္ခဏာဆင်ခြင်၍ ပစ္စယသန္နိဿိတသီလကို စင်ကြယ်စေခြင်းမျိုး၊ ♦သုခမှတ်စု

အမွှေးမျိုး ၄-ပါး(ဘေသဇ္ဇ)

(၁) သစ်ကြပိုးခေါက်၊
(၂) ဖာလာစေ့၊
(၃) ကရဝေးရွက်၊
(၄) ကံ့ကော်ဝတ်ဆံ၊ ♦သုခမှတ်စု

အားရဆုံးတိုင် မပြည့်နိုင်သူ ၄-ယောက်

မဃဒေဝလင်္ကာ
(၁) သမုဒ္ဒရာသည် ရေဖြင့် မပြည့်နိုင်၊
(၂) ဗြာဟ္မဏသည် ဝေဒကျမ်းသင်ရာ၌ အဆုံးမရှိ၊
(၃) မင်းဧကရာဇ်သည် နိုင်ငံ နယ်ချဲ့၍ အားမရ၊
(၄) မိန်းမသည် ကာမဂုဏ်၌ မရောင့်ရဲ၊ ♦သုခမှတ်စု

ဣစ္ဆာတရား ၄-ပါး

(၁) အတြစ္ဆိ= မိမိနှင့်ထိုက်တန်သလောက်နှင့် မရောင့်ရဲနိုင်ဘဲ အလွန့်အလွန် အလိုကြီးခြင်းမျိုး၊ ကိုယ့်လက်ရှိစည်းစိမ်ထက် သူများခံစားလျက် ရှိသော စည်းစိမ်ကို ပိုမိုနှစ်သက်လိုခြင်းမျိုး၊
(၂) မဟိစ္ဆ= အလိုကြီးခြင်း၊ ဝါကြွား ညာဝါး၍ မိမိမျှတလောက်ရုံထက် အပိုအမိုရအောင် ယူငင်ခြင်းမျိုး၊
(၃) ပါပိစ္ဆ= ယုတ်မာသောအလိုဆိုး၊ မိမိ၌ သီလ သမာဓိ တရားထူးမရှိပါဘဲလျက် ရှိယောင် ဆောင်၍ ကြည်ညိုခံယူကာ လှည့်စားခြင်းမျိုး၊
(၄) အပ္ပစိ =္ဆ အလုနိည်းခြင်း၊ ရောင့်ရဲခြင်း၊ ရသမျှနှင့်သာ တင်းတိမ်ကာ သုံးဆောင်ခြင်းမျိုး၊ ♦သုခမှတ်စု

ကာမဂုဏ် ၅-ပါး၊ သို့မဟုတ် အာရုံ ၅-ပါး

(၁) ရူပါရုံ= ဆင်းကို ခုံမင်လိုက်စားခြင်း၊
(၂) သဒ္ဒါရုံ= အသံကို ခုံမင်လိုက်စားခြင်း၊
(၃) ဂန္ဓာရုံ= အနံ့ကိုခုံမင် လိုက်စားခြင်း၊
(၄) ရသာခုံ= အရသာကိုခုံမင်လိုက်စားခြင်း၊
(၅) ဖောဋ္ဌဗ္ဗာရုံ= အတွေ့ကို ခုံမင်လိုက်စားခြင်း၊ ♦သုခမှတ်စု

ကာမေသုမိစ္ဆာစာရကံ ရှောင်ခြင်းအကျိုး ၅-ပါး

(၁) ခပ်သိမ်းသူတို့ချစ်ခြင်း၊
(၂) မိန်းမအဖြစ်၊ နပုံးအဖြစ်၊ ပဏ္ဍုက်အဖြစ်၊ ဥဘတောဗျည်း အဖြစ်တို့မှလွတ်ခြင်း၊
(၃) ဣန္ဒြေနှင့်ပြည့်စုံခြင်း၊
(၄) ချစ်သူနှင့်မကွေကွင်းရခြင်း၊
(၅) ခပ်သိမ်းသော အင်္ဂါလက္ခဏာနှင့် ပြည့်စုံခြင်း၊ ♦သုခမှတ်စု

ကာလဒါန ၅-ပါး

(၁) အာဂန္တုကဒါန= ဧည့်သည်ဖြစ်သော ရဟန်းကို လှူဒါန်းခြင်း၊
(၂) ဂမိကဒါန= ခရီးသွားဖြစ်သော ရဟန်းကို လှူဒါန်းခြင်း၊
(၃) ဂိလာနဒါန= နဖျားသောရဟန်းကို လှူဒါန်းခြင်း၊
(၄) ဒုဗ္ဘိက္ခဒါန= ငတ်မွတ် ရှားပါးသော ကာလ၌လှူဒါန်းခြင်း၊
(၅) နဝသဿ နဝဖလဒါန= ကောက်ဦး သစ်သီးဦးတို့ကို လှူဒါန်းခြင်း၊ ♦သုခမှတ်စု

ကောလ (ဘေသဇ္ဇ) ၅-ပါး

(၁) ပိတ်မချင်းသီး၊
(၂) ပိတ်ချင်းမြစ်၊
(၃) စရိုမြစ်၊
(၄) ကန့်ချုပ်နီ၊
(၅) ချင်းခြောက်၊ ♦သုခမှတ်စု

ကောလာဟလ ၅-ပါး

ကဝိမဏ္ဍနမေဒနီ
(၁) ကမ္ဘာပျက်မည်ကို အနှစ်တစ်သိန်းက ကျော်သည်၊
(၂) ဘုရားပွင့်မည်ကို အနှစ်တစ်ထောင်က ကျော်သည်၊
(၃) စကြာမင်းဖြစ်မည်ကို အနှစ်တစ်ရာက ကျော်သည်၊
(၄) မင်္ဂလသုတ်တရားဟောမည်ကို တစ်ဆယ့်နှစ်နှစ်က ကျော်သည်၊
(၅) မောနယျပဋိပဒါကျင့်မည်ကို ခုနစ်နှစ်ကကျော်သည်၊ ♦သုခမှတ်စု

ကောင်းခြင်း ၅-ဖြာ

ဓမ္မပဒ
(၁) ဆဝိကလျာဏ= အရေအဆင်း ကောင်းခြင်း၊
(၂) မံသကလျာဏ= အသားအရေ 'ပြည့်ဖြိုး' ကောင်းခြင်း၊
(၃) အဋ္ဌိကလျာဏ= အရိုးအဆစ် 'ပြေပြစ်' ကောင်းခြင်း၊
(၄) ကေသကလျာဏ= ဆံပင်ကောင်းခြင်း၊
(၅) ဝယ ကလျာဏ= အရွယ်တင်ခြင်း၊ ♦သုခမှတ်စု

ကန္တာရ ၅-ပါး

(၁) နိရုဒက ကန္တရ= ရေမရှိသော ခရီးခဲ၊
(၂) ယက္ခကန္တာရ= ဘီလူးဘေးရှိသော ခရီးခဲ၊
(၃) မိဂကန္တာရ= သားရဲတိရစ္ဆာန် ဘေးရှိသော ခရီးခဲ၊
(၄) ဝါလုကန္တာရ= ငတ်မွတ်ခြင်း ဘေးရှိတတ်သော သဲကန္တာရ၊
(၅) စောရကန္တာရ= ခိုးသူ ဓားပြဘေးရှိတတ်သော ခရီးခဲ၊ ♦သုခမှတ်စု

ကပ်မျိုး ၅-ပါး

ဇိဝီတဝဍ္ဎုနဆေးကျမ်း
(၁) ပမ္မ၊
(၂) ပန္န၊
(၃) ကဉာတသင်္ချေ၊
(၄) ဆောင်းမေးခါး၊
(၅) စူလာနဖာ၊ စူလာနဖာပမ္မ၊ ပန္နုစသား၊ ကဉာတသင်ချီ၊ တစ်လီဆောင်းမေးခါး၊ “ငါးပါးကို၊ ကပ်မျိုးဆို၏၊။ နယမာလာ နယရာသီဆေးကျမ်း ♦သုခမှတ်စု

ကပ်မျိုး ၅-ပါး (အတွင်းကပ်မျိုး ၅-ပါး)

(၁) ပန်းနု၊
(၂) ပန်းမ၊
(၃) စူလာနဖာ၊
(၄) ဆောင်းမေးခါး၊
(၅) ကဉာတသင်္ချေ၊ ♦သုခမှတ်စု

ကပ်မျိုး ၅-ပါး ၎င်းကို အပြင်ကပ်မျိုးဟုလည်းခေါ်သည်

(၁) ကပ္ဖိုလ်၊
(၂) ကပ်မ၊
(၃) ကဉာတသင်္ချေ၊
(၄) စူလာနဖာ၊
(၅) ဆောင်းမေးခါး၊ ♦သုခမှတ်စု

ကံကြီး ၅-ပါး ဂရုကံ ၅-ပါး

(၁) မာတုဃာတက= အမိကိုသတ်သောသောအပြစ်၊
(၂) ပိတုဃာတက= အဖကိုသတ်သော အပြစ်၊
(၃) အရဟန္တဃာတက= ရဟန္တာကိုသတ်သောအပြစ်၊
(၄) လောဟိတုပ္ပါဒက= မြတ်စွာဘုရားအား သွေးစိမ်းတည်အောင် ပြုသောအပြစ်၊
(၅) သံဃဘေဒက= သံဃာတော်အချင်းချင်း ကြွဲပားစေသောအပြစ်၊ ♦သုခမှတ်စု

ကျီးတို့၏ ကောင်းသောအကျင့် ၅-ပါး

(၁) လျှို့ဝှက်ရာ၌သာ မေထုန်မှီဝဲခြင်း၊
(၂) အကြိမ်များစွာရှုခြင်း၊
(၃) စားအံ့သောအစာကို ဆွေမျိုးတို့နှင့်တကွ စားခြင်း၊
(၄) ရန်သူကိုအမြဲဂရုပြုခြင်း၊
(၅) မတွယ်တာခြင်း၊ ♦သုခမှတ်စု

ကောက်မျိုး ၅-ပါး

(၁) ဆား၊
(၂) ယမ်း၊
(၃) ဆပ်ပြာ၊
(၄) စဖိုလယ်ပြာ၊
(၅) ကောက်တုံး၊ ♦သုခမှတ်စု

ကောက်မျိုး ၅-ပါးတနည်း

(၁) ကောက်ချင်၊
(၂) ကောက်စက်၊
(၃) ကောက်ခက်၊
(၄) ကောက်ပွင့်၊
(၅) ကောက်မြှုပ်၊ ♦သုခမှတ်စု

ကျောင်းထိုင်ပုဂ္ဂိုလ်တို့၏ အင်္ဂါ ၅-ပါး

(၁) ရဟန်းဘဝနှင့် အနည်းဆုံး ဆယ်ဝါရခြင်း၊
(၂) ဥဘတောဝိဘင်းပါဠိ အဋ္ဌကထားကို အနက်အဓိပ္ပာယ် ထင်မြင်ခြင်း၊
(၃) ပရိဝါကမ္မဝဂ်လာ ကံကြီးကံငယ်တို့ကို သိနားလည်ခြင်း၊
(၄) ခန္ဓကဝတ်တို့ကို များစွာဆိုသော ခုဒ္ဒသိက္ခာကျမ်းများကို သင်ကြားနှုတ်တက်ရစေ၍ သိနားလည်ခြင်း၊
(၅) နာမ်ခုပ် အပိုင်း အခြားများ၊ သင်္ဂြိုဟ်ကျမ်း များကို နားလည်စေ၍ သမထ ဝိပဿနာ တရားတို့ကို ဆုံးမဟောပြောနိုင်ခြင်း၊ ♦သုခမှတ်စု

ကျိန်ခြင်း ၅-ပါး

(၁) သန္ဓေပျက်သတ်သားပြွက်ချဟူသော သန္ဓိကျိန်ခြင်း၊
(၂) မျိုးမဲ့လူယုတ်ဟူသော မိတ္တကျိန်ခြင်း၊
(၃) ဆဲတတ်တောင်းတတ် ပြည်မြတ် ကံကျွေး ခွန်ပေးခံသူဟူသော လစ္စကျိန်ခြင်း၊
(၄) လူလျှပ် လူပေါက် သားယောက်ထားသူဟူသော ဂေါယသျှကျိန်ခြင်း၊
(၅) ရွှေငွေအိုးတို့ကို တောစိုး ရေက တူးဖော်ရ၍ ကြွယ်ဝသူဟူသော အဟိတကျိန်ခြင်း၊ ♦သုခမှတ်စု

ကြငှန်းထီးဖြူ ၅-စင်း

(၁) ကြငှန်းထီး၊
(၂) ဥရုထီး၊
(၃) တမွတ်ထီး၊
(၄) ကနကရဒဏ်ထီး၊
(၅) သမ္မုတိထီး၊ ♦သုခမှတ်စု

ကြာမျိုး ၅-ပါး

(၁) နီလုပ္ပလ= ကြာညို၊
(၂) သေတုပ္ပလ= ကြာဖြူ၊
(၃) လောဟိတုပ္ပလ= ကြာနီ၊
(၄) ပုဏ္ဍရိက= ကြာတံဆိပ်၊
(၅) ပဒုမ= အထပ် တစ်ရာရှိသောကြာ၊ ♦သုခမှတ်စု

ကြာမျိုး ၅-ပါးတနည်း

ဆဒ္ဒန်ဆင်မင်းဝတ္တု
(၁) ကြာပုဏ္ဍရိက်၊
(၂) ကြာတံဆိပ်၊
(၃) ကြာညို၊
(၄) ကြာဖြူ၊
(၅) ကြာနီ၊ ♦သုခမှတ်စု

ကျွန်ကျင့်ဝတ် ၅-ပါး

(၁) မိမိသခင်၏ အမှုတို့ကို စေ့ငှအောင် ပြုစုပြီးမှ နောက်ချန်၍ အိပ်ခြင်း၊
(၂) သခင် မထမီ ထ၍ အမှုတို့ကိုဆောင်ရွက်ခြင်း၊
(၃) သခင်၏ ပစ္စည်းတို့ကို မိမိအား ပေးကမ်းမှသာ ယူခြင်း၊ မခိုးခြင်း၊
(၄) ဆောင်ရွက်ရန် အမှုတို့ကို အားကြိုးမာန်တက် စေ့ငှအောင်ပြုစုခြင်း၊
(၅) သခင်၏ကျေးဇူးကို အမြဲအမှတ်ရ၍ ချီးကျူးခြင်း၊ ♦သုခမှတ်စု

ခဏ ၅-ပါး

အဘိဓာန်
(၁) လက်ဖျစ် ၁တွက်= ၁-ခဏ၊
(၂) ၁၀-ခဏ= ၁-လယ၊
(၃) ၁၀-လယ=၁-ခဏလယ၊
(၄) ၁၀-ခဏလယ=၁-မုဟုတ္တ၊
(၅) ၁၀-မုဟုတ္တ= ၁-ခဏမုဟုတ္တ၊ ♦သုခမှတ်စု

ခိုးခြင်း ၅-ပါး

(၁) ထေယျာဝဟာရ= အိမ်နံရံ ခြံစပ်ဖောက်ခြင်း စသည်ကိုပြု၍ ပုန်းကွယ်လျက်ခိုးခြင်း၊ ချိန်းစဉ်းလဲ၊ တင်းစဉ်းလဲ၊ အသပြာစဉ်းလဲ စသည်တို့ဖြင့် လှည့်ပတ်၍ခိုးခြင်း၊
(၂) ပသာယှာဝဟာရ= အနိုင်အထက်နှိပ်စက်၍ ခိုးခြင်း၊ 'ဓားပြတိုက်ခြင်း'၊
(၃) ပဋိစ္ဆန္နာဝဟာရ= မြက် သစ်ရွက် စသည်တို့ဖြင့် ဖုံးလွှမ်း၍ ခိုးခြင်း၊
(၄) ပရိကပ္ပါဝဟာရ= ဥစ္စာရပ်ကိုကြံ၍ ခိုးခြင်း၊
(၅) ကုသာဝဟာရ= ကမ္ပည်းပြောင်း၍ ခိုးခြင်း၊ ♦သုခမှတ်စု

ခန္ဓာ ၅-ပါး

အဘိဓမ္မတ္တသင်္ဂဟ
(၁) ရူပက္ခန္ဓာ= ဖောက်ပြန်တတ်သော ရုပ်တရားအစု၊
(၂) ဝေဒနာက္ခန္ဓာ= ခံစားတတ်သော တရားအစု၊
(၃) သညာက္ခန္ဓာ= မှတ်တတ်သော တရားအစု၊
(၄) သင်္ခါရက္ခန္ဓာ= ပြုပြင်စီရင်တတ်သော နာမ်တရားအစု၊
(၅) ဝိညာဏက္ခန္ဓာ= သိတတ်သော နာမ်တရားအစု၊ ♦သုခမှတ်စု

ချမ်းသာသော အရိပ်အာဝါသ ၅-ပါး

ဓမ္မနီတီ
(၁) ရုက္ခဿ ဆာယာ= သစ်ပင်၏ အရိပ်၊
(၂) ဉာတိမာတာပိတု= မိဘဆွေမျိုးအရိပ်၊
(၃) အာစရိယဆာယာ= ဆရာ၏အရိပ်၊
(၄) ရညောဆာယာ= မင်း၏အရိပ်၊
(၅) ဇိနဿသာသနံ= မြတ်စွာဘုရား၏ သာသနာအရိပ်၊ ♦သုခမှတ်စု

ခြေသုတ်ပဆိုးလှူသော အကျိုး ၅-ပါး

(၁) ရွှေအဆင်း နှင့်တူသော အဆင်းရှိခြင်း၊
(၂) မြူအညစ်အကြေး ကင်းခြင်း၊
(၃) အရောင်အဝါရှိခြင်း၊
(၄) တန်ခိုး အာနုဘော် ရှိခြင်း၊
(၅) သိမ်မွေ့သော ကိုယ်ရှိခြင်း၊ ♦သုခမှတ်စု

ဂတိ ၅-ပါး

(၁) နရိ ယဂတိ= ငရဲသို့လားခြင်း၊
(၂) ပေတဂတိ= ပြိတ္တာ ဘဝသို့လားခြင်း၊
(၃) တိရစ္ဆာနဂတိ= တိရစ္ဆာန်ဘဝသို့လားခြင်း၊
(၄) မနုဿဂတိ= လူ့ဘဝသို့ လားရခြင်း၊
(၅) ဒေဝဂတိ= နတ်ဘဝသို့လားရခြင်း၊ ♦သုခမှတ်စု

ဂိုဏ်းစိုး နတ်သမီး ၅-ပါး

(၁) သူရဿတီ = မ, ဂိုဏ်းကို စိုးသည်၊ နှုတ်၏ သြဘာမင်္ဂလာဖြစ်စေ၏၊
(၂) သုန္နရီ= န,ဂိုဏ်းကို စိုးသည်၊ ကောင်းမှုအရာ မင်္ဂလာ ဖြစ်စေတတ်၏၊
(၃) မဏိမေခလာ= ဘ,ဂိုဏ်းကို စိုးသည်၊ မြတ်သော အခြွေအရံပေးတတ်၏၊
(၄) သီရိ= ယ,ဂိုဏ်းကို စိုးသည်၊ ကျက်သရေဘုန်းတန်ခိုး တိုးစေ၏၊
(၅) ကာဠကဏ္ဏီ = ဇ,ဂိုဏ်း၊ သ, ဂိုဏ်းတို့ကို စိုးသည်၊ ယုတ်မာသော အကျိုးပေးတတ်၏၊ ♦သုခမှတ်စု

၅-ပါးသီလ

(၁) ပါဏာတိပါတာ ဝေရမဏိ = သူတစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ခြင်း၊
(၂) အဒိန္နာဒါနာ ဝေရမဏိ= သူတစ်ပါး၏ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ခြင်း၊
(၃) ကာမေသု မိစ္ဆာ စာရာဝေရမဏိ= သူတစ်ပါး၏မယားကို ကျူးလွန်ခြင်းမှရှောင်ခြင်း၊
(၄) မုစာဝါဒါ ဝေရမဏိ= လိမ်လည်မုသားပြောဆိုခြင်းမှ ရှောင်ခြင်း၊
(၅) သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ= မေ့လျော့ခြင်း၏အကြောင်း ဖြစ်သော ယစ်မူးစေသော သူရာ ၅-ပါး မေရယ ၅-ပါးတို့ကို စားသောက်ခြင်းမှ ရှောင်ခြင်း၊ ♦သုခမှတ်စု

ငြောင့် ၅-စင်း

(၁) ဗုဒ္ဓေကင်္ခတိ= ဘုရား၌ ယုံမှားခြင်း၊
(၂) ဓမ္မေကင်္ခတိ= တရား၌ ယုံမှားခြင်း၊
(၃) သံဃေ ကင်္ခတိ= သံဃာတော်၌ ယုံမှားခြင်း၊
(၄) သိက္ခာယ ကင်္ခတိ= သိက္ခာပုဒ်၌ ယုံမှားခြင်း၊
(၅) ဗြဟ္မစာရီသု ကုပ္ပတိ= သီတင်း သုံးဖော်တို့၌ အမျက်ထွက်ခြင်း၊ ♦သုခမှတ်စု

စမုံမျိုး ၅-ပါး

(၁) စမုံစပါး၊
(၂) စမုံဖွဲ၊
(၃) စမုံဖြူ၊
(၄) စမွတ်၊
(၅) ဇီယာ၊ ♦သုခမှတ်စု

စားတော်ကဲအင်္ဂါ ၅-ပါး

(၁) ဒက္ခ=အချက်အပြုတ်၌ လိမ္မာခြင်း၊
(၂) သတ္ထပည= ထမင်းဟင်းချက်နည်းကျမ်းကို တတ်ခြင်း၊
(၃) မိတ ပါစက= နှိုင်းယှဉ် တိုင်းထွာ၍ ချက်တတ်ခြင်း၊
(၄) ဘောဇနယုတ္တ= အစာ၌ လုံ့လပြုတတ်ခြင်း၊
(၅) ဝိဘတ္တ= အဝေအဖန်လည်းတတ်ခြင်း၊ ♦သုခမှတ်စု

စေတီယကျွန် ၅-ပါး

(၁) ဝိနူ= သုံ့ကျွန်၊
(၂) သုဒ္ဓါကတိ = စင်ကြယ်သော အမျိုးကို ဝယ်ယူအပ်သောကျွန်၊
(၃) ဥဒ္ဓါရ= အပေါင်ကျွန်၊
(၄) ဣဏ= မြီမှုကြောင့်ဖြစ်သောကျွန်၊
(၅) မေထုန= ကာမမှုကြောင့် ဖြစ်သောကျွန်၊ (လေးပါးစု၌ပါသော စေတီယကျွန်လေးပါးနှင့် ပေါင်းသော် စေတီယကျွန်ကိုးပါးခေါ်သည်၊) ♦သုခမှတ်စု

စက္ခု ၅-ပါး

(၁) မံသစက္ခု= လူတို့၏ ပကတိမျက်စိ၊
(၂) ပညာစက္ခု= ပညာဉာဏ်၊ ပညာစေတသိက်၊
(၃) ဓမ္မစက္ခု= တရားတော် အပေါင်း၊
(၄) ဒိဗ္ဗစက္ခု= နတ်တို့၏ မျက်စိနှင့်တူသော အဘိညာဉ်၊
(၅) ဗုဒ္ဓစက္ခု= ဘုရားသခင်၏ သဗ္ဗညုတဉာဏ်တော်၊ ♦သုခမှတ်စု

စင်္ကြံလျှောက်ခြင်း အကျိုး ၅-ပါး

(၁) ခရီးသွားနိုင်ခြင်း၊
(၂) အားအင်ကြံ့ခိုင်ခြင်း၊
(၃) ရောဂါအမျိုးမျိုးကင်းစင်ခြင်း၊
(၄) အစာကြေကျက်လွယ်ခြင်း၊
(၅) သမာဓိတည်ကြည်ခြင်း၊ ♦သုခမှတ်စု

စစ်တပ်ပါ ပစ္စည်း ၅-မျိုး

(၁) ရိက္ခာ= တပ်သားတိုင်းမှာ နှစ်ပြည်ဝင် ဆန်စလွယ်ကိုယ်စီ 'အိတ်လျားပြု၍ ဆန်ထည့်ပြီး အိတ်ကို ပိတ်၍ ကိုယ်မှာ သိုင်းသည် ရေဘူးအဖြစ်ဖြင့် ဆောင်သော ဘူးသီးလည်လှလုံးချော အခြောက် ကိုယ်စီ၊ တစ်အိုးစားအဖွဲ့တိုင်းမှာ ထမင်းကြေးအိုး ၁၊ ဟင်းကြေးအိုးတစ်၊ ရဘ 'ငါးယောက်စားဗန်း' တစ်၊
(၂) လက်နက်=အကြပ်တိုင်းမှာ ဓားလွယ်ကိုယ်စီ၊ အကြပ်ကိုင်၊ လှံမ တစ်စင်း၊ သေနတ် လေးလက်သော်လည်းကောင်း၊ ခြောက်လက်သော်လည်းကောင်း၊ သေနတ်ကိုင် တစ်ယောက်တွင် ဗန့်ပွေးကြိုး သုံးလွန်းတင် အရှည် ခုနစ်တောင်စီ၊ နားခွက်ဆေးချိန်တစ်ဆယ်ကျပ်၊ ကျည်ယမ်း ချိန်တစ်ပိဿာ၊ ကျည်လုံး ရေ တစ်ရာ၊ ယမ်းတောင့် ငါးဆယ်၊ မီးကောက်ပြား ငါး၊ ဒုံးကလား ကောက်ဆတ် တစ်၊ အုန်းဆန်ကာပတ်အများ၊
(၃) တောခုတ်လမ်းထွင်ရန်= တပ်သားငါးယောက် အတွက် သံချွန်မယ်န လေးချောင်း၊ ဓားမ တစ်၊ ပုဆိန် တစ်၊ တူးရွင်းစောက် တစ်၊ တူးရွင်းပြား တစ်၊ ဆောက်ခုံ တစ်၊ ဆောက်ပြား တစ်၊ လွှ တစ်၊ လက်ရိုက်တစ် ပါမြဲ၊
(၄) ချ,နားသောအခါ နားရန်= တပ်သားတိုင်းမှာ ဖျင်စောင်ကိုယ်စီ၊ တပ်သား ငါးယောက်အတွက် မိုးကာတစ်လိပ် ပါမြဲ၊
(၅) အခြားပစ္စည်း= တပ်သားတိုင်းမှာလွှာ ဖိနပ်ကိုယ်စီ၊ ဆူးထွင်အပ်ကိုယ်စီ၊ သွေး သောက်တစ်ဦးမှာ မောင်းလတ်တစ်လုံး စီ၊အကြပ်တစ်ဦးမှာ ဆော်မောင်း တစ်လုံးစီ၊ တပ်မှူးတစ်ဦးမှာ အနီလေးခု၊ ရွှေတစ်ခု ချယ်သော လူစုမောင်း တစ်လုံးစီပါမြဲ၊ ♦သုခမှတ်စု

စစ်မက်တက်ရာ ၅-ပါး

(၁) ပြည့်ရှင်မင်း ဇာတာစန်းလက်မကောင်းခြင်း၊
(၂) အစားအသောက် ငတ်မွတ်ရှားပါးခြင်း၊
(၃) ကြယ်တာရာ အသွားမမှန်ခြင်း၊
(၄) စစ်သည်များ တိုက်အားမရှိခြင်း၊
(၅) အဓိကရ သစ်ပင်၊ ဘုရား၊ ဂူကျောင်းစသည်တို့ပြိုခြင်း၊ ♦သုခမှတ်စု

စစ်၏လက္ခဏာ ၅-ပါး

(၁) စစ်ဦးခေါင်း= စစ်သူကြီးမည်၏၊
(၂) စစ်မျက်စိ= ဗေဒင်ယဉာတာပညာရှိ၊
(၃) စစ်လက်= ရဲမက်များ၊
(၄) စစ်နား= သူလျှို၊
(၅) စစ်တံခွန်= ဆင်စီး မြင်းစီးသူရဲ၊ ♦သုခမှတ်စု

စိတ်၏အညစ်အကြေး ၅-ပါး

(၁) လောဘ၊
(၂) ဒေါသ၊
(၃) မောဟ၊
(၄) မိဒ္ဓ၊
(၅) ဝိစိကိစ္ဆာ၊ ♦သုခမှတ်စု

စွန့်ခြင်းကြီး ၅-ပါး

ဗုဒ္ဓဝင်
(၁) ဓနပရိစ္စာဂ= စည်းစိမ်ဥစ္စာကို စွန့်ခြင်း၊
(၂) အင်္ဂပရိစ္စာဂ=ခြေလက်မျက်စိစသော အင်္ဂါကြီးငယ်တို့ကိုစွန့်ခြင်း၊
(၃) ပုတ္တပရိစ္စာဂ= သားသသမီးကို စွန့်ခြင်း၊
(၄) ဘရိယပရိစ္စာဂ=မယားကို စွန့်ခြင်း၊
(၅) ဇီဝိတပရိစ္စာဂ= အသက်ကိုစွန့်ခြင်း၊ ♦သုခမှတ်စု

စွန့်အပ်သော မယား ၅-ယောက်

(၁) မြုံသော မိန်းမ၊
(၂) မိန်းမသာဖွားသော မိန်းမတစ်ယောက်၊
(၃) နူသော မိန်းမ၊
(၄) မျောက်မ ထားတတ်သော မိန်းမ၊
(၅) အမျိုးတို့အကျင့်ကို ဖျက်ဆီးတတ်သောမိန်းမ၊ ♦သုခမှတ်စု

ဆရာကျင့်ဝတ် ၅-ပါး

(၁) အသက်မွေးမှု လုံလောက်အောင် အတတ်သင်ပေးခြင်း၊
(၂) မကောင်းမှု ဒုစရိုက်တို့ကို ရှောင်ကြဉ်နိုင်အောင် ဆုံးမပဲ့ပြင်ပေးခြင်း၊
(၃) အတတ်ပညာတို့ကို အကြွင်းမရှိ စေတနာထားခြင်း၊
(၄) ရောက်လတ္တံ့သော ဘေးအန္တရာယ်ကို ကာကွယ်ပေးခြင်း၊
(၅) မိမိထံမှတစ်ဆင့် ပိုမိုသင့်တော်ရာသို့ ညွှန်ပြအပ်ပို့ခြင်း၊ ♦သုခမှတ်စု

ဆားမျိုး ၅-ပါး

(၁) ဆားချို၊
(၂) ဆားတိုင်၊
(၃) သိန္ဓော၊
(၄) ဘင်္ဂလီဆား၊
(၅) ဆားပုပ်၊ ♦သုခမှတ်စု

ဆီကျည်လှူသောအကျိုး ၅-ပါး

(၁) ကောင်းသောကိုယ်အဖြစ်ရှိခြင်း၊
(၂) ကောင်းသော စကားရှိခြင်း၊
(၃) ကောင်းသောနှလုံးရှိခြင်း၊
(၄) မပျံ့လွင့်သော စိတ်ရှိခြင်း၊
(၅) ခပ်သိမ်းသော အစောင့်အရှောက်တို့ဖြင့် စောင့်ရှောက်ခြင်း၊ ♦သုခမှတ်စု

ဆေးမကုအပ်သော လူနာ၏အင်္ဂါ ၅-ပါး

(၁) အကျင့်အနေ အစားအစာမရှောင်ခြင်း၊
(၂) သင့်မြတ်သော အစားအစာကို တိုင်းထွာ၍ မစားခြင်း၊
(၃) ဆရာပေး အပ်သော ဆေးဝါးကို မစားခြင်း၊
(၄) သူနာပြုတို့အား မိမိ၏ဝေဒနာကိုမှန်ကန်စွာ မပြောခြင်း၊
(၅) ရောက်အပ်သော ဝေဒနာကို သည်းမခံခြင်း၊ ♦သုခမှတ်စု

ဆေးသမားအင်္ဂါ ၅-ပါး

(၁) ဆေးကျမ်း အစောင်စောင်တို့ကို နားလည်ခြင်း၊ 'ဗိန္ဒေ'၊
(၂) ဆေးကုခြင်း၌ တတ်မြောက်လိမ္မာရခြင်း၊ 'ဒက္ခ'၊
(၃) ပိယဒဿာ-အရေအဆင်း သန့်ရှင်းစင်ကြယ်ရခြင်း၊
(၄) သေဋ္ဌသီလဂုဏော ပေတော၊ အကျင့် သီလနှင့် ပြည့်စုံရခြင်း၊
(၅) အာယုဗေဒ သတ္တု=ဗေဒင်ပညာကို တတ်မြောက်ခြင်း၊ ♦သုခမှတ်စု

ဆဲခြင်း ၅-ပါး

(၁) စုန်းဟု ဆဲခြင်း၊
(၂) ခိုးသူဟု ဆဲခြင်း၊
(၃) ကျွန်ဟုဆဲခြင်း၊
(၄) အပိုင်းအခြားပျက်သူဟု ဆဲခြင်း၊
(၅) သူသတ်ဟု ဆဲခြင်း၊ ♦သုခမှတ်စု

ဆို၍ မနာလိုသူ ၅-ယောက်

(၁) မသဒ္ဓါသူကို သဒ္ဓါတရားရှိရန် ပြော၍ မနာလို၊
(၂) အကြားအမြင်မရှိသူကို ရှိရန်ပြော၍ မနာလို၊
(၃) ပေးကမ်းစွန့်ကြဲခြင်း မရှိသူကို ပေးကမ်းရန်ပြော၍ မနာလို၊
(၄) ပညာမဲ့သူကို ပညာရှိအောင်ပြော၍ မနာလို၊
(၅) သီလမရှိသူကို သီလစောင့်ရန် ပြော၍ မနာလို၊ ♦သုခမှတ်စု

ဆွမ်းလှူသောအကျိုး ၅-ပါး

(၁) အာယု=အသက်ရှည်ခြင်း၊
(၂) ဝဏ္ဏ= အဆင်းလှခြင်း၊
(၃) သုခ = ချမ်းသာကြီးခြင်း၊
(၄) ဗလ = ခွန်အားကြီးခြင်း၊
(၅) ပဋိဘာန= ဉာဏ်ပညာကြီးခြင်း၊ ♦သုခမှတ်စု

ဇမ္ဗူဒီပါကျွန်း၏ အသရေ ၅-ပါး

(၁) မဟာဗောဓိပင်နှင့် အပရာဇိတပလ္လင်ပေါက်ခြင်း၊
(၂) ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့ ပွင့်တော်မူခြင်း၊
(၃) စကြာ မန္ဓာတ်မင်းတို့ ဖြစ်ပေါ်ကြခြင်း၊
(၄) နိဗ္ဗာန် တူရူ''ကျွန်းကားကမှ ကူးနိုင်ခြင်း၊
(၅) ယူဇနာတစ်သောင်း ဖြစ်၍ ကျွန်းတကာထက် ကျယ်ဝန်းခြင်း၊ ♦သုခမှတ်စု

စျန်မဂ်ဖိုလ်၏ အန္တရာယ် ၅-ပါး

(၁) ကမ္မန္တရာယ်= တိဟိတ်ဖြစ်သော်လည်းပဉ္စာနန္တရိယကံပြုမိမူကား ဒေဝဒတ်စသော သူတို့ကဲ့သို့ မဂ်ဖိုလ်မရသောသူ၊
(၂) ကိလေသန္တရာယ်= ဒိဋ္ဌိအယူကိုယူမိ၍ တိဟိတ်ဖြစ်သော်လည်း မဂ်ဖိုလ်ကို မရထိုက်သောသူ၊
(၃) ဝိပါကန္တရာယ်= အဟိတ်, ဒွိဟိတ် ပဋိသန္ဓေ နေရ၍ မဂ်ဖိုလ်မရသူ၊
(၄) ဥပဝါဒန္တရာယ်= သူတော်ကောင်းကိုပြစ်မှား၍ မဂ်ဖိုလ်မရသူ၊ ကန်တော့သော်ကား လွတ်နိုင်၏၊
(၅) အာဏာဝီတိက္ကမန္တရာယ်= ပညတ်တော်ကို ကျူးလွန်မိ၍ အာပတ်သင့်သောကြောင့် မဂ်ဖိုလ်မရထိုက်သူ၊ ဒေသနာဂါမ်ကို ဒေသနာကြားသော်ကား လွတ်နိုင်၏၊ ♦သုခမှတ်စု

စျာန်အင်္ဂါ ၅-ပါး

အဘိဓမ္မတ္တသင်္ဂဟ
(၁) ဝိတက်=ကြံခြင်း၊
(၂) ဝိစာရ=သုံးသပ်ခြင်း၊
(၃) ပီတိ= နှစ်သက်ခြင်း၊
(၄) သုခ=စိတ်၏ ချမ်းသာခြင်း၊
(၅) ဧကဂ္ဂတာ= စိတ်တည်ကြည်ခြင်း၊ ♦သုခမှတ်စု

ဉေယျဓံတရား ၅-ပါး

(၁) သင်္ခါရ= နာမ် ၅၃ ပါး, နိပါ်န္နရုပ် ၁၈ ပါး, ပေါင်း ၇၁ ပါးကို သင်္ခါရဟု ခေါ်သည်၊
(၂) ဝိကာရ= ကာယဝိညတ်ရုပ်, ဝစီဝိညတ်ရုပ်, လဟုတရုပ်, မုဒုတရုပ်, ကမ္မညတာရုပ်၊
(၃) လက္ခဏ= ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာ “ရုပ်လေးဖြာကို လက္ခဏာ ခေါ်သည်၊
(၄) နိဗ္ဗာန်= ကိလေသာတို့မှ ချုပ်ငြိမ်းရာ နိဗ္ဗာန်တည်း၊
(၅) ပညတ်= လူ, နတ်, ဗြဟ္မာ, ရေ, မြေ, တော, တောင် စသော ပညတ်တရားတည်း၊ ♦သုခမှတ်စု

ဉတ္တိဒေါသ ၅-ပါး

(၁) ဉတ်ထားသောအခါ ပဉ္စင်းလောင်းကို မသုံးသပ်ခြင်း၊ အယံ ဣတ္ထန္နမော၊ အယံ နာဂေါ ဟူ၍ ပဉ္စင်းလောင်းကို မကြားခြင်းကားဝတ္ထုကို မသုံးသပ်သည်မည်၏၊
(၂) သံဃာကို မသုံးသပ်ခြင်း၊ သုဏာတု မေ ဘန္တေသာ ဆို၍ သံဃောကို မရွတ်သည်ကား သံဃာကို မသုံးသပ်သည်မည်၏၊
(၃) ဥပဇ္ဈာယ်ကို မသုံးသပ်ခြင်း၊ တိဿဿဥပသမ္ပဒါပေက္ခောဟု ဥပဇ္ဈာယ်ကို မဆိုသည်ကား ဥပဇ္ဈာယ်ပုဂ္ဂိုလ်ကို မသုံးသပ်သည်မည်၏၊
(၄) ဉတ်ကို မသုံးသပ်ခြင်း၊ အချင်းခပ်သိမ်း ဉတ်မထားသည်ကား ဉတ်ကိုမသုံးသပ်သည်မည်၏၊
(၅) ဉတ်ကို နောက်မှ ရွတ်ခြင်း၊ ကမ္မဝါစာကို ရွတ်ပြီးမှ ဉတ်ကိုရွတ်သည်ကား ဉတ်ကိုနောက်မှ ရွတ်သည် မည်၏၊ ♦သုခမှတ်စု

ဌာန် (အက္ခရာဖြစ်ရာ) ၅-ပါး

သဒ္ဒါကြီးပုဒ်စစ်
(၁) ကဏ္ဌဌာန်= လည်ချောင်းအရပ်၊
(၂) တာလုဌာန်= အာစောက်အရပ်၊
(၃) မုဒ္ဓဌာန်= လျှာထိပ်အရပ်၊
(၄) ဒန္တဌာန်= သွားအရပ်၊
(၅) သြဋ္ဌဌာန်= နှုတ်ခမ်းအရပ်၊ ♦သုခမှတ်စု

တပည့်ကျင့်ဝတ် ၅-ပါး

သိင်္ဂါလောဝါဒသုတ်
(၁) ဆရာ၏အမှုတို့ကို ထကြွနိုးကြားစွာ ဆောင်ရွက်ပေးခြင်း၊
(၂) ဆိုဆုံးမသောဆရာစကားကို ရိုသေစွာနာယူခြင်း၊
(၃) ဆရာရောက်လာသောအခါ ကြိုဆိုခြင်း၊
(၄) ဆရာ့အနားဝယ် နေသောအခါလည်း ခြေဆုပ်လက်နယ် လုပ်ကျွေးခြင်း၊
(၅) သင်ပြသော ပညာများကို သင်အံလေ့ကျင့် ရွတ်ဖတ်ခြင်း၊ ♦သုခမှတ်စု

တမန် ၅-မျိုး

(၁) တမန်= အရှင်မှာတိုင်းဆိုသူ၊
(၂) တံဆေး= မင်းနှစ်ပါးသင့်မြတ်အောင် ပြောဆိုသူ၊
(၃) သုံ့သေး= သူ့စကားကို ထောက်၍ ယုတ်လွန်မဆိုသူ၊
(၄) သံ= လိုသည်ကို တောင်း လာသူ၊
(၅) မင်းစေ= မှာတိုင်းဆို၍ စေဖက်ရမှသွားသူ၊ ♦သုခမှတ်စု

တရားနာခြင်း၏ အကျိုး ၅-ပါး

(၁) မကြားဘူးသော ထုံးနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း၊
(၂) ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲမှတ်မိအောင် နာရခြင်း၊
(၃) ယုံမှားသံသယကို ဖျောက်နိုင်ခြင်း၊
(၄) အယူဝါဒကိုဖြောင့်မတ်စွာ ယူနိုင်ခြင်း၊
(၅) သဒ္ဓါယုံကြည်သောစိတ် တိုးပွားစေခြင်း၊ ♦သုခမှတ်စု

တရားသူကြီးအင်္ဂါ ၅-ပါး

ရာဇနီတိ
(၁) မျိုးနွယ် သီလ ပြည့်စုံခြင်း၊
(၂) အဂတိလေးပါး မလိုက်စားခြင်း၊
(၃) ပညာရှိခြင်း၊
(၄) ချစ်ဖွယ်သော စကားကိုပြောတတ်ခြင်း၊
(၅) ဓမ္မသတ် ရာဇသတ် ဖြတ်ထုံးတို့၌ လိမ္မာခြင်း၊ ♦သုခမှတ်စု

တရားဟောရာ အင်္ဂါ ၅-ပါး

(၁) ဓမ္မကုသလေန= တရား၌ လိမ္မာခြင်း၊
(၂) အတ္တ ကုသလေန= အနက်သဘော၌ လိမ္မာခြင်း၊
(၃) ပုဗ္ဗာပရကုသလေန= စကားအစဉ် ရှေ့နောက် ညီညွတ်ခြင်း၊
(၄) ကာလ = တရားဟောသင့်သော အခါကာလကိုသိခြင်း၊
(၅) ပရိသာ= ပရိသတ်၏ အလိုကို သိခြင်း၊ ♦သုခမှတ်စု

တာဝတိံသာရှိ ဥယျာဉ် ၅-ပါး

(၁) နန္ဒဝန်= တာဝတိံ သာနတ်တို့၏ အလွန်နှစ်လိုမြူးထူးရာ ဥယျာဉ်၊ မြို့၏အရှေ့မျက်နှာ၌ ယူဇနာ '၁၀၀၀'၊
(၂) ဖာရုသက= အသူရတို့ကို ထိုးခုတ်သတ်ဖြတ်အံ့ဟု ကြမ်းကြုတ်သော စကားကိုဆိုရာ ဥယျာဉ်၊ မြို့၏တောင်မျက်နှာ၌ ယူဇနာ '၇၀၀'၊
(၃) စိတ္တလတာ= တာဝတိံသာနတ်တို့သည် အဝတ်တန်ဆာတို့ကိုဆင်ကုန်သဖြင့် ဆန်းကြယ်စွာ ယာဉ်ရထားတို့ကို စီးကုန်လျက် ထိုဥယျာဉ်သို့ ဝင်ကုန်၏၊ အသာဝတီနွယ်ရှိ၏၊ မြို့၏အနောက်မျက်နှာ၌ ယူဇနာ '၅၀၀' ကျယ်၏၊
(၄) မိဿက= နတ်သား နတ်သမီးတို့သည် ရောနှော ကုန်လျက် ရွှင်မြူးခြင်း ရှိကုန်၏၊ မြို့၏ မြောက်ဘက်မျက်နှာ ယူဇနာ '၅၀၀'၊
(၅) မဟာဝန်= ယူဇနာ ၅၀ ရှိသော သုနန္ဒာရေကန်ရှိ၏၊ မြို့၏အရှေ့မျက်နှာတွင် ယူဇနာ '၇၀၀'၊ ♦သုခမှတ်စု

တူရိယာ ၅-ပါး

ရွှေတိဂုံစေတီတော်သမိုင်း
(၁) တစ်ဖက်ပိတ်စည်၊
(၂) နှစ်ဖက်ပိတ်စည်၊
(၃) အလုံးစုံပိတ်စည်၊
(၄) တစ်ခဲနက် အသံ ရှိသောစည်၊
(၅) အခေါင်းရှိသောစည်၊ 'တစ်ခဲနက် အသံရှိသော စည်ကား= မောင်း၊ ကြေးနင်း၊ သံလွင်၊ ကြေးစည်၊ အခေါင်းရှိသော စည်ကား= ခရုသင်း၊ ဒုံမင်း၊ နှဲ၊ ပလွေ၊ ခရာ၊ တံပိုး၊'တူရိယာငါးပါး (တနည်း)
(၁) ပတ်သာ၊
(၂) ဒုံမင်း၊
(၃) ခရုသင်း၊
(၄) စည်ပုတ်၊
(၅) နှဲ၊ ပလွေ၊ (တစ်နည်းငါးမျိုး)
(၁) ကြိုး၊
(၂) ကြေး၊
(၃) သားရေ၊
(၄) လေ၊
(၅) လက်ခုပ်၊ ♦သုခမှတ်စု

တော ၅-မျိုး

(၁) မြိုင်= စိမ်းစမ်းတို့နှင့်တကွ သစ်ပင်များ မြိုင်မြိုင်ဆိုင်ဆိုင်ရှိသော တော၊
(၂) ရဂုံ= အထက်က ကဲ့သို့ မြိုင်ဆိုင်စွာ မဟုတ်ဘဲ ရှိချင်သလိုရှိသည်၊
(၃) ဂနိုင် = အထက်က တောများထက် ကြီးမားစွာ နေရောင်မရှိသော တော၊
(၄) ခင်တန်း = ချုံငယ်တို့ဖြင့်သာ ပြည့်နှက်လျက်ရှိသော တောငယ်၊
(၅) စုံ = တစ်တောမှ တစ်တောသို့ သွားရာ တောလမ်းကလေး၊ ♦သုခမှတ်စု

တိုင်းကားပြည်ရွာ အပြား ၅-ပါး

(၁) နဂရ= မြို့နှင့် စျေးရှိသော အရပ်၊
(၂) ဂါမ= မြို့သာရှိ၍ စျေးမရှိ၊ စျေးသာရှိ၍ မြို့မရှိသောအရပ်၊
(၃) နိဂမ= မြို့လည်း မရှိ၊ စျေးလည်း မရှိ၊ အိမ်, သာရှိသောအရပ်၊
(၄) ဇနပဒ= ထီး တစ်စင်းဆောင်းသော မင်း၏နိုင်ငံအတွင်းတွင်ဖြစ်သော ခရိုင်၊
(၅) ရဋ္ဌ= ထီးတစ်စင်းဆောင်းသော မင်း၏ အာဏာစက်နှံ့လေသော နိုင်ငံအပိုင်းအခြား၊ ♦သုခမှတ်စု

တံမြက်လှူခြင်း လှည်းခြင်း အကျိုး ၅-ပါး

(၁) မိမိစိတ် စင်ကြယ်ခြင်း၊
(၂) သူတစ်ပါး၏စိတ်ကို စင်ကြယ်စေခြင်း၊
(၃) နတ်တို့ဝမ်းမြောက်ခြင်း၊
(၄) မြတ်စွာဘုရား သာသနာကို ချီးမြောက်ခြင်း၊
(၅) သူတော်ကောင်းတို့ အတုသို့လိုက်၍ကျင့်ခြင်း၊ ♦သုခမှတ်စု

ထိခြင်းကြီး ၅-ပါး (ဝပ်လျက်)

(၁) ခြေဖဝါးအပြင်နှစ်ဖက်တို့ကို မြေ၌အညီ ညွတ်တည်စေခြင်း၊
(၂) ပုဆစ် ဒူးဝန်းနှစ်ဖက်တို့ကို မြေ၌ အညီအညွတ်တည်စေခြင်း၊
(၃) တတောင်ဆစ် နှစ်ဖက်တို့ကို မြေ၌ အညီအညွတ် တည်စေခြင်း၊
(၄) လက်ဖဝါးအပြင် နှစ်ဖက်တို့ကိုဖြန့်၍ မြေ၌ အညီအညွတ် တည်စေခြင်း၊
(၅) ဦးခေါင်းကို လက်ဖဝါးမိုး လက်ခုံးတို့၏အပေါ်ထက်၌ တည်စေခြင်း၊ ♦သုခမှတ်စု

ထိခြင်းကြီး ၅-ပါး (ထိုင်လျက်)

သီလက္ခန်ဋီကာသစ်
(၁) ခြေဖဝါးအပြင်နှစ်ဖက်တို့ကို အညီအညွတ် မြေ၌တည်စေခြင်း၊
(၂) ပုဆစ် ဒူးဝန်းနှစ်ဖက်တို့ကို အညီအညွတ်ထောင်စေခြင်း၊
(၃) တတောင်ဆစ်နှစ်ဖက်တို့ကို အညီအညွတ်ထောင်စေခြင်း၊
(၄) လက်ဖဝါးအပြင် နှစ်ဖက်တို့ကို အညီအညွတ်ထိစေခြင်း၊
(၅) လက်အုပ်ကို နဖူးအပြင်၌ ထိစေခြင်း၊ (တစ်နည်းငါးမျိုး) ပါရမီဒီပနီ
(၁) ပူ ဆစ်ဒူး နှစ်ခု၊ လက် နှစ်ခု၊ နဖူး၊ ♦သုခမှတ်စု

ထိခြင်းကြီး ၅-ပါး (မတ်တတ်)

(၁) ခြေဖဝါးအပြင်နှစ်ဖက်တို့ကို အညီအညွတ် မြေ၌တည်စေခြင်း၊ လက်ဖဝါးနှစ်ဖက်တို့ကို အညီအညွတ် အချင်းချင်း ထိစေခြင်း၊ လက်အုပ်ကို နဖူးအပြင်၌ ထိစေခြင်း၊ ♦သုခမှတ်စု

ထိခြင်းကြီး ၅-ပါး (ဗြဟ္မာယု ပုဏ္ဏား)

(၁) အပေါ်ရုံ စမ္ပာယ်တင် လက်ကန်တော့ထိုးခြင်း၊
(၂) လက်အုပ်ချီခြင်း၊
(၃) လက်နှစ်ဖက်ဖြင့် ခြေကို သုံးသပ်ဆုပ်နှယ်ခြင်း၊
(၄) တုပ်ကွဝပ်စင်း ရိုသေလေးမြတ်ခြင်း၊
(၅) မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် ချစ်မြတ်နိုးခြင်း၊ ♦သုခမှတ်စု

ထောပတ်လှူသော အကျိုး ၅-ပါး

(၁) ခွန်အားကြီးခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) မွေးဖျား အထက်သို့ ကော့ရရော့တက်ခြင်း၊
(၄) အနာမရှိခြင်း၊
(၅) သန့်ရှင်း စင်ကြယ်ခြင်း၊ ♦သုခမှတ်စု

ဒါနဥပါယ် ၅-ပါး

(၁) ဒဗဒါန=ယူထားသောအရာကို တစ်ဖန် ပြန်၍မတောင်းဘဲ ယူတော့ဟု ခွင့်ပြုပေးကမ်းလိုက်ခြင်း၊
(၂) အနုမောဒနာ ဒါန= မိမိအား ပန်ကြားသည်ဖြစ်စေ မပန်ကြားသည်ဖြစ်စေ ယူ၍ သုံးဆောင်သည်ကို ဝမ်းမြောက်ခြင်း၊
(၃) အပုဗ္ဗဒါန= ရှေးက မပြုဖူးသော စည်းစိမ်ဥစ္စာကို ပေးကမ်း၍ ချီးမြှောက်ခြင်း၊
(၄) သယံဂါဟ ပဝတ္တန ဒါန= မိမိအား အခန့်မသင့်၍ မည်သူ့ဥစ္စာအား ချေးငှားသုံးဆောင်လေ ငါပေးဆပ်အံ့ဟု သုံးစေခြင်း၊
(၅) ဣဏပ္ပမောစန ဒါန= ချေးငှား၍သုံးဆောင်ပြီးသည်ကို ဆပ်ခြင်း၊ ♦သုခမှတ်စု

ဒါန၏ ဒိဋ္ဌဓမ္မအကျိုး ၅-ပါး

(၁) လူအပေါင်းတို့ ချစ်ခင်နှစ်သက်ခြင်း၊
(၂) သူတော်ကောင်းတို့ ဆည်းကပ်ခြင်း၊
(၃) ကောင်းမြတ်သော ကျော်စောသံသည် ပျံ့နှံ့၍တက်ခြင်း၊
(၄) နတ်ပရိသတ်၊ မင်းပရိသတ်၊ ပုဏ္ဏားပရိသတ်၊ သူကြွယ်ပရိသတ်၊ ရဟန်းပရိသတ်သို့ ချဉ်းကပ်သည်ရှိသော် ကြောက်လန့်ခြင်းမရှိဘဲ ရဲရင့်သည်ဖြစ်၍ မျက်နှာရွှင်လန်း ဝမ်းမြောက်ဝမ်းသာဖြစ်၍ ချဉ်းကပ်ရခြင်း၊
(၅) ကိုယ်ခန္ဓာပျက်ပြား၍ စုတိကျသွားသောအဆုံး၌ ကောင်းမှုရှိသော သူတို့၏ ပျော်စံရာနတ်ရွာ နတ်ပြည်၌ ဖြစ်ရခြင်း၊ ♦သုခမှတ်စု

ဒါယကာတို့၏ ဝတ် ၅-ပါး

(၁) မေတ္တာစိတ်နှင့် ယှဉ်၍ ကြည်ညိုခြင်း၊
(၂) ဆရာရဟန်း၏ အမှုတို့ကို ဆောင်ရွက်ပေးခြင်း၊
(၃) နှိမ့်ချသော ဂါရဝစကားနှင့် အမြဲလျှောက်ထားခြင်း၊
(၄) ဆရာရဟန်း၏ အလိုဆန္ဒတို့ကို အမြဲလှူဒါန်း နိုင်အောင်ပစ္စည်းလေးပါး ဒါယကာအဖြစ်ခံယူခြင်း၊
(၅) တတ်အားသမျှ အမြဲလှူဒါန်းခြင်း၊ ♦သုခမှတ်စု

ဒေဝဒတ်က ဘုရားရှင်ထံ ဂရုက အာပတ်အဖြစ် ပညတ်တော်မူပါဟု လျှောက်သောအကြောင်း ၅-ပါး

(၁) ရဟန်းတို့အသက်ရှည်သမျှ ကာလပတ်လုံး အရညကင်ဓူတင်ကိုသာ ဆောင်ကြရန်၊ ရွာနီးကျောင်း၌နေက ဂရုကအာပတ်သင့်စေရန်၊
(၂) ရဟန်းတို့ ဆွမ်းခံ၍သာ အစဉ်သုံးဆောင်ပါစေ၊ ဒါယကာတို့ ပို့လာသော ဖိတ်သော ဆွမ်းကိုစားက ဂရုက အာပတ်သင့်စေရန်၊
(၃) ရဟန်း တို့ သုသာန် သချႋုင်းကရသော ပံသုကူသင်္ကန်းကိုသာ ဝတ်ဆင်ပါစေ၊ ဒါယကာတို့ လှူသော သင်္ကန်းကိုဝတ်က ဂရုကအာပတ်သင့်စေရန်၊
(၄) ရဟန်းတို့ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်၌ ရုက္ခမူသာနေပါစေ၊ ဒါယကာတို့လှူသော ကျောင်း၌နေက ဂရုက အာပတ်သင့်စေရန်၊
(၅) ရဟန်းတို့ ငါးအမဲကို မသုံးဆောင်ဘဲ သတ်သတ်လွတ်သာ စားပါစေ၊ ငါး အမဲစားက ဂရုကအာပတ်သင့်ပါစေ၊ ♦သုခမှတ်စု

ဒေသနာကိုဖတ်နာရသည့်အတွက် အကျိုးမဖြစ် အပြစ်သာရှိသူ ၅-ဦး

(၁) အသဒ္ဓဿ သဒ္ဓကထာ ဒုကထာ= သဒ္ဓါယုံကြည်ခြင်းမရှိသူအား သဒ္ဓါ၏ဂုဏ်ကျေးဇူးနှင့် စပ်သော စကားသည် မကောင်းသောစကားဖြစ်၏၊
(၂) ဒုဿီလဿ သီလကထာ ဒုကထာ= သီလမရှိသူအား သီလ၏ ကျေးဇူးစကားသည် မကောင်း၊
(၃) အပ္ပသုတဿ ဗဟုသုတကထာ ဒုကထာ= အကြားအမြင် နည်းပါးသောသူအား ၎င်း၏ ကျေးဇူးနှင့် စပ်သော စကားသည် မကောင်း၊
(၄) မစ္ဆရယိဿ စာဂကထာ ဒုကထာ= မလှူဒါန်း မပေးကမ်းလို ဝန်တိုပိတ်ပင်ခြင်းရှိသောသူအား ဒါန၏ကျေးဇူးနှင့် စပ်သောစကားသည် မကောင်း၊
(၅) ဒုပ္ပညာကထာ ဒုကထာ = ပညာမရှိသောသူအား ပညာ၏ ကျေးဇူးနှင့်စပ်သော စကားသည် မကောင်း၊ ♦သုခမှတ်စု

ဒုဿီလ အပြစ် ၅-ပါး

(၁) စည်းစိမ်ချမ်းသာပျက်စီးခြင်း၊
(၂) ယုတ်မာသော သတင်းဖြင့် ကျော်စောခြင်း၊
(၃) ပရိသတ်အလယ်၌ကြောက်ရွံ့စဖွယ် မျက်နှာငယ်ရခြင်း၊
(၄) မိန်းမောတွေဝေလျက်သာ သေရခြင်း၊
(၅) သေသည့်နောက်လည်း အပါယ်လေးပါးကိုရောက်ရခြင်း၊ ♦သုခမှတ်စု

ဒန်ပူစားခြင်း အကျိုး ၅-ပါး

(၁) မျက်စိအမြင် သန့်ရှင်းစင်ကြယ်ခြင်း၊
(၂) ခံတွင်းအနံ့ကောင်းခြင်း၊
(၃) အရသာဆောင် အကြောတို့ သန့်ရှင်းစင်ကြယ်ခြင်း၊
(၄) သည်း ခြေသလိပ်တို့ မမြှေးယှက်ခြင်း၊
(၅) စားသောက်အစာသည် ထိုသူအား နှစ်သက်စေခြင်း၊ ♦သုခမှတ်စု

ဒန်ပူမစားခြင်း အပြစ် ၅-ပါး

(၁) အထက်ကအကျိုးကို ဆန့်ကျင်ဘက်ယူ၊ ♦သုခမှတ်စု

ဒန်ပူလှူသော အကျိုး ၅-ပါး

(၁) သန့်ရှင်းစင်ကြယ်သော လည်ချောင်းရှိခြင်း၊
(၂) အသံသာယာခြင်း၊
(၃) ချောင်းဆိုးအနာမရှိခြင်း၊
(၄) ကုတ်ဟီးအနာ မရှိခြင်း၊
(၅) ခံတွင်းမှ ကြာညိုအနံ့လှိုင်ခြင်း၊ ♦သုခမှတ်စု

ဒုလ္လဘ ၅-ပါး

သုတ်သီလက္ခန်အဋ္ဌကထာ
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရား၏အဖြစ်ကို ရခဲခြင်း၊
(၂) မနုဿတ္တ ဘာဝဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကို ရခဲခြင်း၊
(၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်း၏ အဖြစ်ကို ရခဲခြင်း၊
(၅) သဒ္ဓမ္မသဝနအတိဒုလ္လဘ= သူတော်ကောင်းတရား ကြားနာခြင်းကို အလွန်ရခဲခြင်း၊ ♦သုခမှတ်စု

နဂါးတို့သည် မိမိ၏သဏ္ဌာန်ကို မစွန့်သောအခါ ၅-ပါး

(၁) ပဋိသန္ဓေနေသောအခါ၊
(၂) အရေလဲသောအခါ၊
(၃) အိပ်ပျော်နေသောအခါ၊
(၄) ဇာတ်တူ မေထုန်ကျင့်သောအခါ၊
(၅) သေသောအခါ၊ ♦သုခမှတ်စု

နမော တဿ ဘဂတော အရတော သမ္မာသမ္ဗုဒ္ဓဿ ဆိုသော နတ်မင်းကြီး ၅-ပါး

(၁) သာတာဂိရိ နတ်မင်းကြီး= နမောဟု ရှိခိုး၏၊
(၂) အသူရိန် နတ်မင်းကြီး= တဿဟု ရှိခိုး၏၊
(၃) စတုမဟာရာဇ် နတ်မင်းကြီး လေးပါး= ဘဂဝတောဟုရှိခိုးကြ၏၊
(၄) သိကြားမင်း= အရဟတောဟု ရှိခိုး၏၊
(၅) ဗြဟ္မာမင်း= သမ္မာသမ္ဗုဒ္ဓဿဟု ရှိခိုး၏၊ ♦သုခမှတ်စု

နားတွင်ကြားရသော ဂီတသံ ၅-ပါး

(၁) သံဖျား= အငယ်ဆုံး 'တ္တေ' ဟူသော ညင်းညင်းမြည်သံ၊
(၂) သံချပ်= 'တ္တေ' ဟူ၍ အောက်မြစ်အသံ၊
(၃) တျာ= 'တာ' ဟူ၍ အာကာရန်နှင့် မြည်သည်၊
(၄) တ္တေ='တ္တေ' ဟူ၍ဝိသဇ္ဇနီသံနှင့် မြည်သည်၊
(၅) တျော='တော' ဟူ၍ သြကာရန်နှင့် မြည်သည်၊ ♦သုခမှတ်စု

နိကာယ ၅-ပါး

(၁) ဒီဃနိကာယ်= သုတ်သုံးကျမ်း၊
(၂) မဇ္ဈိမနိကာယ်= ပဏ္ဏာသသုံးကျမ်း၊
(၃) သံယုတ္တနိကာယ်= သံယုတ် ၅-ကျမ်း၊
(၄) အင်္ဂုတ္တရနိကာယ်= အဂုင်္တ္တိုရ်ဆယ်တ့စ်ကျမ်း၊
(၅) ခုဒ္ဒက နိကာယ်= ခုဒ္ဒကပါဌ၊ ဓမ္မပဒစသော ၁, ကျမ်း၊ ♦သုခမှတ်စု

နိယာမ ၅-ပါး

နိယမဒီပနီ
(၁) ဥတုနိယာမ၊
(၂) ဗီဇနိယာမ၊
(၃) ဓမ္မနိယာမ၊
(၄) ကမ္မနိယာမ၊
(၅) စိတ္တနိယာမ၊ (အကျယ်ကို နိယာမ ၆-ပါးတွင် ကြည့်လေ)၊ ♦သုခမှတ်စု

နီဝရဏတရား ၅-ပါး

(၁) ကာမစ္ဆန္ဒနီဝရဏ= မျက်စိ, နား, နှာ, လျှာ, ကိုယ်, မနောဟူသော ခြောက်ပါးသော ဒွါရတို့ဖြင့် ဝေဒနာခံစားချင်သောစိတ်၊ ခံစား၍ အားမရ မတင်းတိမ်နိုင်သောစိတ်၊
(၂) ဗျာပါဒနီဝရဏ= လိုချင်သော်လည်း မရသည့်အတွက် ရပြန်သော်လည်း ကြောင့်ကြသည့်အတွက် စိတ်ပျက်စိတ်အိုက် ပူပန်သော စိတ်၊ 
(၃) ထိနမိဒ္ဓနီဝရဏ= ကိုယ်စိတ်၏ လေးလံထိုင်းမှိုင်း ပျင်းရိသော စိတ်၊
(၄) ဥဒ္ဓစ္စကုက္ကစ္စနီဝရဏ= စိတ်မငြိမ်ဘဲ ပြုမိလေခြင်း မပြုမိလေခြင်းဟူသော ပူပန်သောကစိတ်၊
(၅) ဝိစိကိစ္ဆာနီဝရဏ= စိတ်နှစ်ခွဖြစ်၍ မဆုံးဖြတ်နိုင်သော စိတ်၊ ♦သုခမှတ်စု

နေလတို့၏ အညစ်အကြေး ၅-ပါး

(၁) ရာဟုအသူရိန်၊
(၂) တိမ်တောင်၊
(၃) မီးခိုး၊
(၄) ဆီးနှင်း၊
(၅) မြူ၊ ♦သုခမှတ်စု

နယ်ဆီလှူသော အကျိုး ၅-ပါး

(၁) အပြစ်ကင်းခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) တရားကိုလျင်စွာသိနိုင်ခြင်း၊
(၄) ထမင်းအဖျော် ရ,လွယ်ခြင်း၊
(၅) အသက်ရှည်ခြင်း၊ ♦သုခမှတ်စု

နတ်ကြီး ၅-ပါး

(၁) စန္ဒီနတ်သမီး၊
(၂) သူရဿတီနတ်သမီး၊
(၃) ပရမီသွာ နတ်မင်း၊
(၄) မဟာပိန္နဲနတ်၊
(၅) ဂေါရမန္တနတ်မင်း၊ ♦သုခမှတ်စု

နတ်တို့၏စုတေအံ့သော နိမိတ် ၅-ပါး

(၁) နတ်ပန်းညှိုးခြင်း၊
(၂) နတ်ဝတ် တန်ဆာညှိုးခြင်း၊
(၃) နတ်ကိုယ်ရောင်ကိုယ်ဝါညှိုးခြင်း၊
(၄) နတ်ပြည်၌ မပျော်မွေ့ခြင်း၊
(၅) လက်ကတီးကြားမှ ချွေးယိုခြင်း၊ ♦သုခမှတ်စု

နန်းတွင်းနေရာ ၅-သွယ်

(၁) တော်နေရာ၊
(၂) ဒူးနေရာ၊
(၃) စနည်းနေရာ၊
(၄) အတွင်းဘဝေါ၊
(၅) အပြင်ဘဝေါ၊ ♦သုခမှတ်စု

နန်းမ ၅-ဆောင်

(၁) အဂ္ဂမဟေသိမိဖုရားကြီး နေတော်မူသော တောင်နန်းမ၊
(၂) ဒုတိယမိဖုရား နေတော်မူသော မြောက်နန်း၊
(၃) တတိယမိဖုရား နေသော အလယ် နန်း၊
(၄) စတုတ္ထမိဖုရား နေသော အနောက်နန်း၊
(၅) အိမ်ရှေ့မင်းသားနေသော အရှေ့နန်း၊ ♦သုခမှတ်စု

နိဗ္ဗာန် ၅-မျိုး

(၁) သ ဥပါဒိသေနိဗ္ဗာန်= ခန္ဓာကိုယ် အကြွင်းရှိသေ နိဗ္ဗာန်၊
(၂) အနုပါဒိသေသနိဗ္ဗာန်= ခန္ဓာကိုယ်အကြွင်း မရှိသော နိဗ္ဗာန်၊
(၃) သုညတနိဗ္ဗာန်= ကိလေသာ ဆိတ်သောကြောင့် ရသောနိဗ္ဗာန်၊
(၄) အနိမိတ္တနိဗ္ဗာန်= ကိလေသာကင်းသောကြောင့် ရသည့် နိဗ္ဗာန်၊
(၅) အပ္ပဏိဟိတနိဗ္ဗာန်= တောင့်တခြင်း ကင်းသောကြောင့် ရသည့်နိဗ္ဗာန်၊ ♦သုခမှတ်စု

နံ့သာ ၅-ပါး

လောကဟိတရာသီ
(၁) နံ့သာနီ၊
(၂) နံ့သာဖြူ၊
(၃) အကျော်၊
(၄) စမ္ပာ၊
(၅) ကရမက်၊ ♦သုခမှတ်စု

နာမ် ၅-ပါး

မြန်မာသဒ္ဒါ
(၁) ဧကဝိဒ နာမ်= တစ်ခုတည်းသော အမည်နာမ၊
(၂) ဝေါဟာရ နာမ်= ခပ်သိမ်းသော အမည်နာမတို့နှင့်သက်ဆိုင်ခြင်း၊
(၃) သမူဟ နာမ်= အပေါင်း အသင်းကို ချုပ်၍ခေါ်ခြင်း၊
(၄) ဒဗ္ဗနမ်= ဂုဏ်ဒြပ်တို့၏ အမည်၊
(၅) စိတ္တဇနာမ်= စိတ်တွင် ထင်မြင်စွဲလာသော အမည်၊ ♦သုခမှတ်စု

နွား၏ အရသာ ၅-ပါး

အဘိဓာန်
(၁) နို့ရည်၊
(၂) နို့ဓမ်း၊
(၃) ထောပတ်၊
(၄) ရက်တက်၊
(၅) ဆီဦး၊ ♦သုခမှတ်စု

နှလုံးမြတ်သောသူ၏ အကျိုး ၅-ပါး

(၁) သူခပ်သိမ်း ချစ်ကြည်ခြင်း၊
(၂) သူတော်ကောင်းတို့၌ ဆည်းကပ်ခြင်း၊
(၃) ကျော်စောခြင်း၊
(၄) ပီတိပွားခြင်း၊
(၅) သုဂတိဘဝသို့ လားရခြင်း၊ ♦သုခမှတ်စု

နှောင်ဖွဲ့ ၅-ပါး

(၁) သားသမီးတို့၌ နှောင်ဖွဲ့ခြင်း၊
(၂) မယား၌ နှောင်ဖွဲ့ခြင်း၊
(၃) အဆွေခင်ပွန်း၌ နှောင်ဖွဲ့ခြင်း၊
(၄) စည်းစိမ်ချမ်းသာ နှောင်ဖွဲ့ခြင်း၊
(၅) ရပ်ရွာ၌ နှောင်ဖွဲ့ခြင်း၊ ♦သုခမှတ်စု

ပဓာနိယအင်္ဂါ ၅-ပါး၊ ဝိပဿနာ ကမ္မဋ္ဌာန်းထိုင်ရန် အင်္ဂါ ၅-ပါး

(၁) သဒ္ဓါ= ယုံကြည်သော သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
(၂) အပ္ပာဗာဓ= ကိုယ်လက်အင်္ဂါ ကျန်းမာတောင့်တင်း အနာကင်းခြင်း၊
(၃) အမာယာ= စိတ်နှလုံးဖြောင့်စင်း ကြည်လင်ခြင်း၊
(၄) ဝီရိယ= ဝီရိယ လုံ့လ အားကြိုးမာန်တက်ရှိခြင်း၊
(၅) ပညာ= နာမ်ရုပ် နှစ်တန် ဖြစ်ပျက်ဟန်ကို အမှန်သိခြင်း၊ ♦သုခမှတ်စု

ပသာဒ ၅-ပါး

(၁) စက္ခုပသာဒ= မျက်စိအကြညဓ်ာတ်၊
(၂) သောတပသာဒ= နားအကြည်ဓာတ်၊
(၃) ဃာနပသာဒ= နှာခေါင်းအကြည်ဓာတ်၊
(၄) ဇိဝှာပသာဒ= လျှာဖျားအကြည်ဓာတ်၊
(၅) ကာယပသာဒ= တစ်ကိုယ်လုံးရှိ အသွေးအသား၊ ♦သုခမှတ်စု

ပါဏာတိပါတကံ အင်္ဂါ ၅-ပါး

(၁) သတ္တဝါမှန်ခြင်း၊
(၂) သတ္တဝါဟု အမှတ်ရှိခြင်း၊
(၃) သေစေလိုခြင်း၊
(၄) သေအောင် လုံ့လပြုခြင်း၊
(၅) ထိုလုံ့လကြောင့် သေခြင်း၊ ♦သုခမှတ်စု

ပိသုဏဝါစာကံ အင်္ဂါ ၅-ပါး

(၁) ကွဲပြားအပ်သော ပုဂ္ဂိုလ် နှစ်ဖက်ရှိခြင်း၊
(၂) ကွဲပြားစေလိုသော စိတ်ရှိခြင်း၊
(၃) ကွဲပြားရန် လုံ့လပြုခြင်း၊
(၄) ကွဲပြားစေလိုသူတို့အား နားလည်စေခြင်း၊
(၅) မိမိပယောဂကြောင့် ကွဲပြားရခြင်း၊ ♦သုခမှတ်စု

ပီတိ၅ ပါး

မာလာလင်္ကာရ
(၁) ခုဒ္ဒကာပီတိ= အနည်းငယ် ကြက်သီးထရုံ နှစ်သက်ခြင်း၊
(၂) ခဏိကာပီတိ= လျှပ်ပြက်သကဲ့သို့ တစ်ခဏမျှ နှစ်သက်ခြင်း၊
(၃) သြက္ကန္တိကာ ပီတိ= လှိုင်းတံပိုး ထသကဲ့သို့ ဖြစ်သော နှစ်သက်ခြင်း၊
(၄) ဥဗ္ဗေဂါပီတိ= ကောင်းကင်သို့ ခုန်ပျံတက်နိုင်အောင် နှစ်သက်ခြင်း၊
(၅) ဖရဏာပီတိ= တစ်ကိုယ်လုံး ပျံ့နှံ့စေသောပီတိ၊ ♦သုခမှတ်စု

ပုထုဇဉ်မှန်သမျှတို့ မသိနိုင်သောအရာ ၅-ပါး

(၁) အသက်အပိုင်းအခြားကို မသိခြင်း၊
(၂) အသက်ကိုချွေမည့် ရောဂါကို မသိခြင်း၊
(၃) သေဆုံးရမည့် အချိန်ကို မသိခြင်း၊
(၄) အလောင်းကောင် ပစ်ချရာဌာနကို မသိခြင်း၊
(၅) လားရာဂတိကို မသိခြင်း၊ ♦သုခမှတ်စု

ပုလဲမျိုး ၅-ပါး

(၁) ပုလဲဖြူ၊
(၂) ပုလဲနီ၊
(၃) ပုလဲ၊
(၄) ပုလဲရှပ်၊
(၅) ပုလဲဝါ၊ ♦သုခမှတ်စု

ပဉ္စကဂူနီ ၅-ပါး (ဘေသဇ)

(၁) ပိတ်ချင်းမြစ်၊
(၂) ပိတ်ချင်းသီး၊
(၃) စရို၊
(၄) ကန့်ချုပ်၊
(၅) ချင်းခြောက်၊ ♦သုခမှတ်စု

ပဉ္စကူနီ ၅-ပါး

(၁) ဥသျှစ်၊
(၂) တပဆေး၊
(၃) ကြောင်လျှာ၊
(၄) ယမနေ၊
(၅) သံသတ်၊ (တစ်နည်း)
(၁) သာလဗဏီ၊
(၂) ပြိဿဗဏီ၊
(၃) ကန္နခို၊
(၄) ဆင်ခရမ်း,၊
(၅) လိပ်စရွေ၊ ♦သုခမှတ်စု

ပဉ္စဂူ ၅-ပါး

လောကဟိတ ဂမ္ဘီရကျမ်း
(၁) စရို၊
(၂) ကန့်ချုပ်နီ၊
(၃) ချင်း၊
(၄) ပိတ်ချင်းသီး၊
(၅) ပိတ်ချင်းမြစ်၊(တနည်း)
(၁) ပိတ်ချင်း သီး၊
(၂) ပိတ်ချင်းမြစ်၊
(၃) ကန့်ချုပ်နီ၊
(၄) ချင်း၊
(၅) စရို၊ ♦သုခမှတ်စု

ပဉ္စဝဂ္ဂီ ၅-ပါး

(၁) ကောဏ္ဍညမထေရ်၊
(၂) ဘဒ္ဒိယမထေရ်၊
(၃) ဝပ္ပမထေရ်၊
(၄) မဟာနာမ်မထေရ်၊
(၅) အဿဇိမထေရ်၊ ♦သုခမှတ်စု

ပဉ္စသီလ အကျိုး ၅-ပါး

(၁) စည်းစိမ်ချမ်းသာများခြင်း၊
(၂) ကျော်စောခြင်း၊
(၃) ပရိသတ်အလယ်၌ ရဲရင့်ခြင်း၊
(၄) မတွေမဝေ သေရခြင်း၊
(၅) သုဂတိဘဝသို့ လားရခြင်း၊ ♦သုခမှတ်စု

ပဉ္စာနန္တရိယကံ ၅-ပါး

(၁) မာတုဃာတက= အမိကို သတ်သောကံ၊
(၂) ပိတုဃာတက= အဖကို သတ်သောကံ၊
(၃) အရဟန္တဃာတက= ရဟန္တာကို သတ်သောကံ၊
(၄) လောဟိတုပ္ပါဒက= ဘုရားသခင်ကို သွေးစိမ်းတည်အောင်ပြုခြင်း၊
(၅) သံဃဘေဒက= သံဃာကို ကွဲပြားအောင် ပြုသောကံ၊ ♦သုခမှတ်စု

ပဉ္စင်းမည်သောအင်္ဂါ ၅-ပါး

ပါရာဇိကဏ် အဋ္ဌကထာနိဿယ၊ ဒု
(၁)ဝတ္ထုသမ္ပတ္တိ= နပုန်းပဏ္ဍုက်၊ မာတုဃာတက၊ ပိတုဃတက အစရှိသည်မှကင်းသော အသက်နှစ်ဆယ်ရှိ ပဉ္စင်းလောင်း၊
(၂) ဉတ္တိသမ္ပတ္တိ= ငါးပါးသော ဉတ္တိဒေါသမှကင်းခြင်း၊
(၃) အနုသာဝန သမ္ပတ္တိ= အနုသာဝန ဝိပတ္တိငါးပါးမှ ကင်းခြင်း၊
(၄) သီမသမ္ပတ္တိ= ဝိပ္ပတ္တိ ခပ်သိမ်း၏ လက္ခဏာကို လွန်သော သိမ်ဖြစ်ခြင်း၊
(၅) ပရိသသမ္ပတ္တိ= ပရိသဝိပ္ပတ္တိ သုံးပါးမှ လွတ်ကင်းခြင်း၊ ♦သုခမှတ်စု

ပညာ ၅-ပါး

(၁) ဓမ္မညုတ= အကြောင်းကို သိခြင်း၊
(၂) အတ္ထညုတ= အကျိုးကိုသိခြင်း၊
(၃) မတ္တညုတ= အတိုင်း အရှည်ကိုသိခြင်း၊
(၄) ကာလညုတ= အချိန်အခါ ကာလကို သိခြင်း၊
(၅) ပရိသညုတ= ပရိသတ်သဘောကို သိခြင်း၊ ♦သုခမှတ်စု

ပုတ်ခတ်ပြစ်မရှိ အရပ် ၅-ဌာန

(၁) အများထွက်ဝင်ရာ တံခါး၊
(၂) အများ သွားသည့်လမ်း၊
(၃) စျေး၊
(၄) ဗိုလ်ပါအများ စုရုံးရာ အရပ်၊
(၅) မင်းပွဲသဘင်၊ ♦သုခမှတ်စု

ပဏ္ဍုက် ၅-ပါး

(၁) အာသိတ္တပဏ္ဍုက်= သူတစ်ပါး၏အင်္ဂါဇာတ်ကို မိမိ၏ခံတွင်းဖြင့် စုပ်ယူ၍ သုက်ကိုသွန်းရမှ ရာဂမီးငြိမ်းသော ပဏ္ဍုက်၊
(၂) ဥဿုယ ပဏ္ဍုက်= သူတစ်ပါး၏ မေထုန်အကျင့်ကို တစိမ့်စိမ့်ကြည့်ရှုရသောအခါမှ ရာဂမီးငြိမ်းသော ပဏ္ဍုက်၊
(၃) သြပက္ကမိကပဏ္ဍုက်= တစ်နည်းနည်းသော လုံ့လပယောဂဖြင့် မိမိ၏ ဝှေးစေ့ကို ထုတ်ပစ်သောပဏ္ဍုက်၊
(၄) ပက္ခပဏ္ဍုက်= လဆန်းလဆုတ် ပက္ခတို့၌ ယောကျ်ားသဏ္ဌာန်၊ မိန်းမသဏ္ဌာန် လဲလှယ်၍ဖြစ်သောပဏ္ဍုက်၊
(၅) နပုံသက ပဏ္ဍုက်= ပဋိသန္ဓေအခါကပင် ဣတ္ထိဘော ပုံးဘော မပါသော ပဏ္ဍုက်၊ ♦သုခမှတ်စု

ပန်း ၅-ပါး

(၁) ဇလပ်ပန်း၊
(၂) ကြာပွင့်၊
(၃) မုလေးပွင့်၊
(၄) နေဇာမြက်၊
(၅) ပေါက်ပေါက်၊ ♦သုခမှတ်စု

ပန်းမျိုး ၅-ပါး

(၁) မိဿလင်၊
(၂) မန္နု၊
(၃) ပမ္မ၊
(၄) ပန်းရင်း၊
(၅) ပန်းဥ၊ ♦သုခမှတ်စု

ပုဏ္ဏား ၅-မျိုး

(၁) ဗြဟ္မသမ ဗြာဟ္မဏ= ငယ်စဉ်က ပညာလုံးစုံသင်ပြီးလျှင် တရားသဖြင့် ဥစ္စာရှာ၍ ဆရာအား ပူဇော်ခဲ့ပြီးမှ အိမ်ရာမထောင်ဘဲ တစ်ကိုယ်တည်း တောထွက်လျက် စျာန်တရား ရပြီးကာ နောက်ဘဝ၌ ဗြဟ္မဖြစ်လေ့ရှိသောပုဏ္ဏားမျိုး၊
(၂) ဒေသသမဗြာဟ္မဏ= အထက်ပါအတိုင်း ဗေဒင်သင်ပြီးလျှင် အမျိုးအနွယ်ပြတ်မည်စိုး၍ ဇာတ်တူ ပုဏ္ဏေးမနှင့်သားဦး တစ်ယောက်ရအောင် အိမ်ရာထောင်ပြီးမှတောထွက်၍ နောက်ဘဝ၌ ဗ္မြဟာဖြစ်သော ပုဏ္ဏားမျိုး၊
(၃) မရိယာဒ ဗြာဟ္မဏ= ဇာတိအနွယ် မစစ်သောမိန်းမနှင့် အိမ်တွင်သာ ပညာသင်၍ နေလေ့ရှိသော ပုဏ္ဏားမျိုး၊
(၄) သမ္ဘိန္နမရိယာဒ= မိန်းမမရွေးဘဲ ယုတ်ညံ့သော ဇာတ်နှင့် တရားသဖြင့် စီးပွားရှာကာ အိမ်တွင်နေသော ပုဏ္ဏားမျိုး၊
(၅) ဗြာဟ္မဏစဏ္ဍာလ= မိန်းမမရွေးဘဲ ယုတ်ညံ့သောဇာတ်နှင့် မတရား စီးပွားရှာကာ စင်ကြယ်ခြင်းမရှိသည့် အိမ်တွင်နေသော ပုဏ္ဏားမျိုး၊ ♦သုခမှတ်စု

ပုဏ္ဏားမြတ်တို့၏ အကျင့် ၅-ပါး

(၁) အမျိုးတူ ပုဏ္ဏေးမတို့နှင့် သာပေါင်းဖော်ခြင်း၊
(၂) မိမိ၏ မိန်းမ၌ ဥတုလာမှသာ သံဝါသပြုခြင်း၊
(၃) မိမိမိန်းမကို မရောင်းချခြင်း၊
(၄) ဓန ရွှေငွေတို့ကို မသိမ်းဆည်းခြင်း၊
(၅) နံနက် ညစာ တန်ရုံသာ ရှာဖွေစံစားခြင်း၊ ♦သုခမှတ်စု

ပုဏ္ဏားတို့၏ ပါရာဇိကံကြီး ၅-ပါး

(၁) အမျိုးတူ ပုဏ္ဏားကို သတ်ခြင်း၊
(၂) သေအရက်သောက်ခြင်း၊
(၃) ရွှေစင်ခိုးယူခြင်း၊
(၄) ဆရာ့မယားကို ပြစ်မှားခြင်း၊
(၅) အမိကို သတ်မိခြင်း၊ ပြုမိသော် ဇာတ်ပျက်၏၊ ကုစား၍ မရရာ၊ ♦သုခမှတ်စု

ဗလိ ၅-ပါး

(၁) ဉာတိဗလိ= တိရစ္ဆာန်တို့၏ သိနည်းကျင့်နည်းနှင့် မတူရအောင် ဆွေမျိုး တို့အား ကျင့်ခြင်း ကျွေးမွေးခြင်း၊
(၂) အတိထိဗလိ= ခရီးသွားဧည့်သည်တို့ ရောက်လာသော် အိမ်ရှင်ဝတ္တရားရှိသည့်အတိုင်း ပြုစုခြင်း ကျွေးမွေးခြင်း၊
(၃) ပုဗ္ဗ ပေတဗလိ= လွန်လေကုန်သော မိဘ၊ အဘိုး၊ အဘွား စသည်တို့နှင့် ဆရာသမားတို့ကိုရည်မှတ်၍ လှူဒါန်းပြီးလျှင် ရေစက်သွန်းချ အမျှဝေခြင်း၊ အသက်ရှင်လျက်ရှိသော် ကျွေးမွေးခြင်း၊
(၄) ရာဇဗလိ= မင်းတိုင်းအခွန်တော်ပေးရခြင်း၊
(၅) ဒေဝတာဗလိ= နတ်များကို အပရိဟာနိယ တရားနှင့်အညီ ပူဇော်ပသမြဲအတိုင်း အစဉ်မပြတ်ပူဇော်ခြင်း၊ ♦သုခမှတ်စု

ဗိုလ် ၅-ပါး (ဗလ=အားရှိခြင်း)

အဘိဓမ္မတ္ထသင်္ဂဟ
(၁) သဒ္ဓါဗိုလ်၊
(၂) သတိဗိုလ်၊
(၃) သမာဓိဗိုလ်၊
(၄) ပညာဗိုလ်၊
(၅) ဝီရိယဗိုလ်၊ ♦သုခမှတ်စု

ဗောဓိ ၅-ပါး

(၁) သမ္မာသမ္ဗောဓိ= ပညာဓိကအတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ သဒ္ဓါဓိကအတွက် ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ဝီရိယာဓိကအတွက် တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်းအားဖြင့် ပါရမီဖြည့်ရသည်၊
(၂) ပစ္စေကဗောဓိ= နှစ်သေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်၊
(၃) အဂ္ဂသာဝကဗောဓိ= တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်၊
(၄) မဟာသာဝကဗောဓိ=ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်၊
(၅) ပကတိသာဝကဗောဓိ= ကမ္ဘာအရာ၊ သို့မဟုတ် ကမ္ဘာအထောင်ပါရမီဖြည့်ရသည်၊ ♦သုခမှတ်စု

ဗုဒ္ဓကိစ္စ ၅-ပါး

သုတ်သီလက္ခန်အဋ္ဌကထာ
(၁) ပုရေဘတ္တကိစ္စ=နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ အနုမောဒနာပြုခြင်းကိစ္စ၊
(၂) ပစ္ဆာဘတ္တကိစ္စ= နေလွဲအခါ ညပိုင်း၌ပူဇော်ရန်လာကြသော ဒါယိကာမတို့၏ အပူဇော်ကို ခံလျက် အခွင့်အားလျော်စွာ ဒေသနာဓမ္မ ဟောပြတော်မူခြင်း ကိစ္စ၊
(၃) ပုရိမယာမ ကိစ္စ= ညဉ့်ဦးယံ၌ ရဟန်းပရိသတ်တို့အား တရားဟောခြင်း၊ ကမ္မဋ္ဌာန်းပေးခြင်း စသော ကိစ္စ၊
(၄) မဇ္ဈိမယာမကိစ္စ= သန်းခေါင်ယံ၌ စကြဝဠာ တိုက်တစ်သောင်းမှ စည်းဝေးလာရောက်ကုန်သော နတ် ဗြဟ္မာအပေါင်းတို့၏ အမေးပုစ္ဆာ ပြဿနာတို့ကို ဖြေဆိုတော်မူခြင်းစသောကိစ္စ၊
(၅) ပစ္ဆိမယာမကိစ္စ= မိုးသောက်ယံ၏ သုံးစုတစ်စုတွင် ပထမအစု၌ စင်္ကြကြွတော်မူခြင်း၊ ဒုတိယအစု၌ သီဟသေယျဖြင့်လက်ယာနံတောင်းလျောင်း စက်တော်မူခြင်း၊ တတိယအစု၌ မဟာကရုဏာတော်ဖြင့် စတုတ္ထစျာန် သမာပတ်ကို ဝင်စားတော်မူ၍ ထိုမဟာကရုဏာ သမာပတ်မှ ထတော်မူပြီးလျှင် အရုဏ်တက်ခါနီး၌ ယနေ့ချွတ်ထိုက်သော သတ္တဝါကို ဗုဒ္ဓစက္ခုဉာဏ်တော်ဖြင့် လောကသုံးပါးကို ကြည့်ရှုတော်မူခြင်းကိစ္စ၊ ♦သုခမှတ်စု

ဗုဒ္ဓ၏ စက္ခု ၅-ပါး

(၁) ဣန္ဒြိယပရောပရိယတ္တ၊ အာသယာနုသယဉာဏ်ဟူသော= ဗုဒ္ဓစက္ခု၊
(၂) အောက် မဂ် ဖိုလ် ဉာဏ်ဟူသော= ဓမ္မစက္ခု၊
(၃) သဗ္ဗညုတဉာဏ်ဟူသော= သမန္တစက္ခု၊
(၄) ဒိဗ္ဗစက္ခုအဘိညာဉ်ဟူသော= ဒိဗ္ဗစက္ခု၊
(၅) ပုဗ္ဗေနိဝါသအဘိညာဉ် စသော= ဉာဏစက္ခု၊ ♦သုခမှတ်စု

ဗျသနတရား ၅-ပါး

အနမတဂ္ဂသုတ် ပါဠိတော်နိဿယ
(၁) ဉာတိဗျသန= ဆွေမျိုးတို့၏ပျက်စီးခြင်း၊
(၂) ဘောဂ ဗျသန= ဥစ္စာ စည်းစိမ်တို့ ပျက်စီးခြင်း၊
(၃) ရောဂဗျသန= အနာရောဂါတို့နှိပ်စက်၍ ပျက်စီးခြင်း၊
(၄) ဒိဋ္ဌိဗျသန= အယူမှောက်မှား ပျက်စီးခြင်း၊
(၅) သီလဗျသန= အကျင့်သီလ၏ ပျက်စီးခြင်း၊ ♦သုခမှတ်စု

ဘုရား ၅-ဆူ

(၁) ကကုသန်မြတ်စွာဘုရား၊
(၂) ကောဏဂုံ မြတ်စွာဘုရား၊
(၃) ကဿပ မြတ်စွာဘုရား၊
(၄) ဂေါတမ မြတ်စွာဘုရား၊
(၅) နောင် ပွင့်တော် မူလတ္တံ့သော အရိမေတ္တေယျ မြတ်စွာဘုရား၊ “ဘုရား ၅-ဆူကား “ဘဒ္ဒကပ် ကမ္ဘာတွင် ပွင့်တော်မူကြသည်၊ ♦သုခမှတ်စု

ဘုရား ပရိနိဗ္ဗာန်စံခါနီး အဓိဋ္ဌာန် ၅-ပါး

(၁) ပရိနိဗ္ဗာန်စံပြီးသည့်နောက် ဓမ္မာသောကမင်းသည် မဟာဗောဓိပင်၏ ဒက္ခိဏသာခါ လက်ယာတောင်ကိုင်းကိုသီဟိုဠ်ကျွန်းသို့ ယူဆောင်အံ့ငှာ ကာလ၌ ဆေးဒါန်း မြင်းသီလာဖြင့် သားရာအရပ်မှ အလိုလိုပြတ်စေသတည်း၊
(၂) ထိုဗောဓိကိုင်းသည် အမြစ်, အသီး, အပွင့်, အရွက်ကောင်းစွာထွက်၍ အခက်အလက်ကြားတို့မှ ခြောက်ပါးသော ရောင်ခြည်တော် ကွန်ရက်တို့ ထွက်စေသတည်း၊
(၃) ထိုဗောဓိပင်သည် ကောင်းကင်သို့ ပျံတက်၍ ခုနစ်ရက်ပတ်လုံး ဆီးနှင်းတိမ်တိုက်၌ တည်စေသတည်း၊
(၄) သီဟိုဠ်ကျွန်း အနုရာဓမြို့၏ တောင်မျက်နှာ၌ ရှေးဘုရားတို့၏ ပရိဘောဂစေတီတည်ဖူးရာဌာန၌ ငါဘုရား၏ လက်ယာညှပ်ရိုးတော်ဓာတ်သည် ထန်းခုနစ်ဆင့်မြင့်သော ကောင်းကင်ထက်၌ တန့်နား၍ ငါဘုရား ပြာဋိဟာပြသကဲ့သို့ ရေမီး အစုံနှင့်တကွ ပြစေသတည်း၊
(၅) သီဟိုဠ်ကျွန်း၌ မဟာစေတီတည်သောအခါ ဌာပနာအပ်ကုန်သော တစ်ဒေါဏမျှလောက်သော ငါ၏ ဓာတ်တော်တို့သည် ငါဘုရား၏အသွင်ကို ဆောင်ကုန်လျက် ကောင်းကင်သို့ ပျံတက်၍ ရေမီးအစုံ ယမိုက် ပြာဋိဟာကို ပြရစ်စေသတည်း၊ ♦သုခမှတ်စု

ဘုရားဖြစ်ခါနီးမြင်မက်သော အိပ်မက်ကြီး ၅-ပါး

(၁) စကြဝဠာတိုက် အညီ မဟာပထဝီမြေကြီး ပြည့်တက်လာပြီးလျှင် ကျက်သရေမင်္ဂလာ မဟာသယနခေါ် စက်တော်မူရာ ရတနာသလွန် ဖြစ်လာသည်ဟု မြင်မက်တော်မူခြင်း၊ (၎င်းကားဘုံ သုံးပါးတို့တွင် ဘုရားဖြစ်တော့မည့် ပုဗ္ဗနိမိတ်)၊
(၂) ထိုရတနာသလွန်ထက်ကောင်း ကင်သို့ မျက်နှာပြုလျက် စက်တော်မူရာ ရွှေထွန်း တုံးမျှ ပင်လုံးရှိသော နေဇာမြက်သည် ချက်တော်မှ ကောင်းကင်အထိ အဆင့်ဆင်ြ့မင့်တက်လာသည်ဟု မြင်မက်တော်မူခြင်း၊ (၎င်းကား အထက်ဗြဟ္မာပြည်အထိ တရားသြဇာ အာဏာ တန်ခိုးလွှမ်း မိုးခြင်း၏ ပုဗ္ဗ နိမိတ်)၊
(၃) ဦး မည်းကိုယ်ဖြူ ပိုးဟူသမျှ ခြေမှတက်၍ ပုဆစ်ဒူးဝန်းအထိ ဖုံးလွှမ်းလာသည်ဟု မြင်မက်တော်မူခြင်း၊ (၎င်းကား ကေသာမပယ် စင်ကြယ်ဖြူဆွတ် လူဝတ်ရှိသူတို့ သရဏဂုံ ယူလာခြင်း နိမိတ်)
(၄) ညို၊ ရေ၊ွှ နီ၊ ဖြော့၊အဆင်းလေးပါးဖြင့် ငှက်လေးကောင်တို့သည် လေးမျက်နှာက ကောင်းကင်ခရီး မှ အသီးသီးပြန်လာကြပြီးလျှင် ခြေရင်း၌ ခ,စားသည်နှင့်တစ်ပြိုင်နက်ဆွတ်ဆွတ်ဖြူသော အဆင်းတူ ဖြစ်လာကြသည်ဟု မြင်မက်တော်မူခြင်း၊ (၎င်းကား အမျိုးလေးပါးတို့သည် ဘုရားသာသနာတော်သို့ ရောက်မူ နိဗ္ဗာန် ပေါက်သူ တူခြင်း ပုဗ္ဗနိမိတ်)၊
(၅) သုံးယူဇနာမြင့်တက်သော ဘင်တောင်ကြီးအထက်၌ ဘင်ဖြင့် မလိမ်းကျံဘဲ စင်္ကြံသွားရသည်ဟု မြင်မက်တော်မူခြင်း၊ (၎င်းကား ကာမဂုဏ် အဝင် လေးအင်သော ပစ္စည်းရပ်ကို ငြိကပ်ရင်း ကိလေသာ ကင်း၍ သုံးဆောင်တော်မူခြင်း ပုဗ္ဗနိမိတ်)၊ ♦သုခမှတ်စု

ဘုရားလောင်း တုသိတာနတ်ပြည်မှ ကြည့်ခြင်း ၅-ပါး

(၁) ကာလ= ဘုရားဖြစ်အံ့သောကာလကို ကြည့်တော်မူခြင်း၊
(၂) ဒေသ= အရပ်ကိုကြည့်ခြင်း၊
(၃) ဒီပ= ဖြစ်ရာကျွန်းကို ကြည့်ခြင်း၊
(၄) ကုလ = အမျိုးကို ကြည့်ခြင်း၊
(၅) မာတုအာယုပရိစ္ဆေဒ= မယ်တော်၏ အသက်အပိုင်းအခြားကို ကြည့်ခြင်း၊ ♦သုခမှတ်စု

ဘုရားလောင်း သိဒ္ဓတ်မင်းသား၏ ဆရာ ၅-ပါး

(၁) ဘုရားလောင်း ဖွားတော်မူစ,က လက္ခဏာ ဖတ်သော ပုဏ္ဏား ရှစ်ယောက်ကား ချမ်းသာကြောင်းကို ကြားကုန်၍ အစောင့်အရှောက် ပြုကုန်၏၊
(၂) ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက သဒ္ဓါကျမ်း၊ ဗျာကရိုဏ်းကျမ်း၊ ဆဠင်္ဂကျမ်းတို့ကို သင်စေရန်အပ်သော သဗ္ဗမိတ္တ ပုဏ္ဏား၊
(၃) ဘုရားလောင်းကို ထိတ်လန့် သံဝေဂရစေသော နတ်သား၊
(၄) အာကိဉ္စညာယတနစျာန်၏ ပရိကံကို ကြားစေသော အာဠာရ ရသေ့၊
(၅) နေဝသညာ နာသညာယတနစျာန်၏ ပရိကံကို ကြားစေသော ဥဒကရသေ့၊ ♦သုခမှတ်စု

ဘောဇဉ် ၅-ပါး

(၁) သြဒန=ဆွမ်း၊
(၂) သတ္တု= မုယောမုန့်၊
(၃) ကုမ္မာသ= ပဲမုန့်လုံး၊
(၄) မစ္ဆ= ငါး၊
(၅) မံသ= အမဲဟင်းမျိုး၊ ♦သုခမှတ်စု

မ-ကာရ ပူဇော်ခြင်း၅ ပါး

(၁) မံသ= အသားဖြင့် ပူဇော်ခြင်း၊
(၂) မစ္ဆ= ငါးဖြင့် ပူဇော်ခြင်း၊
(၃) မေရယ= သေအရက်ဖြင့် ပူဇော်ခြင်း၊
(၄) မုဒြ= လက်အုပ်ကြာမုံဖြင့် ပူဇော်ခြင်း၊
(၅) မေထုန= မေထုန်ဖြင့် ပူဇော်ခြင်း၊ ♦သုခမှတ်စု

မစည်အပ်သော အရပ် ၅-ပါး

စာဏကျနီတိ
(၁) ပွဲလမ်းသဘင်၊
(၂) သေရည် သေရက်ဆိုင်၊
(၃) လွှတ်ရုံး၊
(၄) ကစားဝိုင်း၊
(၅) သုသာန် သင်္ချိုင်း၊ ♦သုခမှတ်စု

မတားမြစ်အပ်သော အန္တရာယ် ၅-ပါး

(၁) ကျင်ကြီးစွန့်ခြင်း၊
(၂) ကျင်ငယ်စွန့်ခြင်း၊
(၃) လေစုန်လေသက်ခြင်း
(၄) ဆာလောင် မွတ်သိပ်ခြင်း၊
(၅) အိပ်ချင်ခြင်း၊ ♦သုခမှတ်စု

မတိုင်ပင်ရာသူ ၅-ပါး

(၁) ဣတ္ထိဓုတ္တ= မိန်းမကြူးသောသူ၊
(၂) သုရာဓုတ္တ=သေသောက်ကြူးသူ၊
(၃) မဟိစ္ဆ= အလိုရမ္မက်ကြီးသူ၊
(၄) ကောဓဗဟုလ= အမျက်ကြီးသူ၊
(၅) အဗျတ္တ= မလိမ္မာသူ၊ ♦သုခမှတ်စု

မပြတ်ဆင်ခြင်ရာသော တရား ၅-ပါး

(၁) အိုခြင်းတရား၊
(၂) နာခြင်းတရား၊
(၃) သေခြင်းတရား၊
(၄) ကွဲပြား ယိုယွင်းခြင်းတရား၊
(၅) ကံသာလျှင် အရင်းခံရှိသော တရား၊ ♦သုခမှတ်စု

မယားကျင့်ဝတ် ၅-ပါး

သိင်္ဂါလောဝါဒသုတ်
(၁) အိမ်မှုကိစ္စများကို စေ့ငှအောင် ဆောင်ရွက်ခြင်း၊
(၂) မိမိ၏ လင်ယောက်ျား ရှာဖွေသမျှကို စုဆောင်းမိအောင် ကြိုးစားခြင်း၊
(၃) မိမိ လင်မှတစ်ပါး အခြားယောက်ျားများကို မပြစ်မှားခြင်း၊
(၄) လင်ဆွေမျိုး, မိမိ ဆွေမျိုး, အလှူခံ, အိမ်နီးခြင်း စသည်တို့အား သင့်လျော်သလို ပေးကမ်းချီးမြှင့် လှူဒါန်းခြင်း၊
(၅) မိမိကိစ္စ လင့်ကိစ္စ၌ မပျင်းမရိ ချစ်ဖွယ်ရှိအောင် ဆောင်ရွက်ခြင်း၊ ♦သုခမှတ်စု

မဟလတာတန်ဆာ၏ဂုဏ် ၅-ပါး

(၁) ရွှေစင်တစ်သိန်း၊ ဝဇရီ စိန် လေးကွမ်းစား၊ ပုလဲ တစ်ဆယ့်တစ်ကွမ်းစား၊ သန္တာနှစ်ကွမ်းစား၊ ပတ္တမြား သုံးဆယ့်သုံးကွမ်းစားမျှသော ရတနာတို့ဖြင့် ပြုလုပ်ခြင်း၊
(၂) ပန်းထိမ် ငါးရာတို့ဖြင့် ပြုလုပ်ရခြင်း၊
(၃) လက်ခငွေ တစ်သိန်း ပေးရခြင်း၊
(၄) လေးလတိုင်တိုင် လုပ်ရခြင်း၊
(၅) အဖိုး ကိုးကုဋေ ထိုက်တန်ခြင်း၊ ♦သုခမှတ်စု

မိဘကျင့်ဝတ် ၅-ပါး

သိင်္ဂါလောဝါဒသုတ်
(၁) မကောင်း မှု ဒုစရိုက်တို့ကို မပြုမရိန်ဆုံး မ ဟန့်တားပေးခြင်း၊
(၂) ကောင်းမှု သုစရိုက်တို့ကို ပြုလေ့ရှိအောင် တိုက်တွန်းခြင်း၊
(၃) ငယ်စဉ်က သက်မွေးမှုပညာကို သင်ကြားပေးခြင်း၊
(၄) အရွယ်ရောက်လာသောအခါ အရင်းအနှီးထုတ်မပေး၍ ရောင်း ဝယ်စေခြင်း၊
(၅) သင့်တော်သော အမျိုးသမီးနှင့်ကောင်းစွာ လက်ထပ်ထိမ်းမြားပေးခြင်း၊ ♦သုခမှတ်စု

မီးလှုံခြင်းအပြစ် ၅-ပါး

(၁) မျက်စိအမြင်နည်းခြင်း၊
(၂) အဆင်း ဖောက်ပြန်ခြင်း၊
(၃) အားနည်းခြင်း၊
(၄) အပေါင်းအဖော် ပွားစေခြင်း၊
(၅) မဂ်ဖိုလ်မှဖီလာဖြစ်သော စကားကို ဖြစ်စေခြင်း၊ ♦သုခမှတ်စု

မုနိ ၅-ပါး

(၁) ပစ္စေက မုနိ= ပစ္စေက ဗုဒ္ဓေါ၊
(၂) သေက္ခ မုနိ= သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ပုဂ္ဂိုလ်၊
(၃) အသေက္ခ မုနိ= ရဟန္တာ၊
(၄) အဂါရ မုနိ= အိမ်ရာထောင်ပြီးမှ ဖြစ်သော ရဟန္တာ၊
(၅) အနာဂါရ မုနိ= အိမ်ရာ မထောင်ဘဲဖြစ်သော ရဟန္တာ၊ ♦သုခမှတ်စု

မေရယ ၅-ပါး

(၁) ပုပ္ဖါသဝ= အပွင့်အရည်တို့ကို ရှည်မြင့်စွာ ထုံ၍ ပြုအပ်သော အရက်၊
(၂) ဖလာသဝ= အသီးရည်တို့ကို ရှည်မြင့်စွာ ထုံ၍ပြုအပ်သော အရက်၊
(၃) ဂုဠာသဝ= ကြံရည်ကို ရှည်မြင့်စွာ ထုံ၃ပြုအပ်သော အရက်၊
(၄) မဓွါသဝ= သပြက်သီးစသည်တို့၏ အရည်ကို ရှည်မြင့်စွာ ထုံ၍ပြုအပ်သော အရက်၊
(၅) သမ္ဘာရသံယုတ္တ= ဇီး ဖြူ သျှစ်သျှား အစရှိကုန်သော အထူးထူးကုန်သော အဆောက်အဦတို့၏ အရည်ကို ရှည်မြင့်စွာထုံ၍ ပြုအပ်သော အရက်၊ ♦သုခမှတ်စု

မိုးခေါင်ခြင်းအကြောင်း ၅-ပါး

(၁) ကောင်းကင်တွင် အမုန်ပြင်းသောကြောင့်လည်းကောင်း၊
(၂) ကောင်းကင်တွင် လေပြင်းသောကြောင့်လည်းကောင်း၊
(၃) အသူရိန်နတ်သား လက်ဝါးဖြင့် မိုးရေကိုခံ၍ သမုဒ္ဒရာသို့ သွန်သောကြောင့်လည်းကောင်း၊
(၄) ပဇု္ဇန်နတ်သားသည် စည်းစိမ်၌ မြူးထူ၍ သတိမေ့လျော့သောကြောင့်လည်းကောင်း၊
(၅) လူတို့တရားမစောင့်ခြင်းကြောင့် လည်းကောင်း၊ ♦သုခမှတ်စု

မဂ်ဖိုလ်၏ခေတ်များ

(၁) ပဋိသမ္ဘိဒါနှင့်ပြည့်စုံသော ရဟန္တာခေတ်၊ နှစ်ပေါင်း ၁၀၀၀၊
(၂) သုက္ခဝိပဿက ရဟန္တာခေတ်၊ နှစ်ပေါင်း ၂၀၀၀၊
(၃) အနာဂါမ်ခေတ်၊ နှစ်ပေါင်း ၃၀၀၀၊
(၄) သကဒါဂါမ်ခေတ် နှစ်ပေါင်း ၄၀၀၀၊
(၅) သောတာပန်ခေတ်၊ နှစ်ပေါင်း ၅၀၀၀၊ ♦သုခမှတ်စု

မင်္ဂလာပန်း ၅-ပါး

(၁) နေဇာမြက်၊
(၂) ဆန်ပန်း၊
(၃) မုံညင်း၊
(၄) မုလေးပန်း၊
(၅) ပေါက်ပေါက်၊ ♦သုခမှတ်စု

မင်းခစားတို့ ပြည့်စုံအပ်သော ပညာ ၅-ပါး

(၁) ယောဂသိက္ခာ= စစ်မှုရေးရာ၌လိမ္မာခြင်း၊
(၂) ဝိနိစ္ဆယသိက္ခာ= တရားနှင့် ညီစွာ ဆုံးမရာ၌ လိမ္မာခြင်း၊
(၃) ကေတု သိက္ခ၌= နိမိတ် တဘောင် စနည်းတို့၌ လိမ္မာခြင်း၊
(၄) ပေါရာဏ သိက္ခာ= ရှေးသုံးစကားဟောင်း မင်းစဉ်မင်းဆက် အကြောင်းအရာ၌ လိမ္မာသိကျွမ်းခြင်း၊
(၅) ဟတ္ထိအဿသိက္ခာ= ဆင်စီး မြင်းစီး၌ လိမ္မာခြင်း၊ ♦သုခမှတ်စု

မင်းစီးဆင်၏အင်္ဂါ ၅-ပါး

(၁) သောတာ= ဆိုသောစကားကို နားလည်ခြင်း၊
(၂) ဟန္တာ= သတ်ထိုက်သောသူကို သတ်တတ်ခြင်း၊
(၃) ရက္ခိတာ= အရှင်သခင်ကို စောင့်တတ်ခြင်း၊
(၄) ခန္တာ= ရန်ကို ခံတတ်ခြင်း၊
(၅) ဂန္တာ= လျင်စွာသွားတတ်ခြင်း၊ ♦သုခမှတ်စု

မင်းတို့၏ ဗလ ၅-တန်

(၁) ဘောဂဗလ= ရတနာရွှေငွေ ဆန်ရေစပါးနှင့် ပြည့်စုံခြင်းဟူသောအား၊
(၂) ဗာဟုဗလ= လက်ရုံးအားနှင့် ပြည့်စုံခြင်း၊
(၃) အမစ္စဗလ= ရဲရင့်တည်ကြည်သော မှူးမတ်အပေါင်းနှင့် ပြည့်စုံသောအား၊
(၄) အဘိဇစ္စဗလ= ဘေးဘိုးတို့မှ မပျက်သော မင်းမျိုးမင်းနွယ်ဖြစ်ခြင်း၊
(၅) ပညာဗလ= အမှုအရေး ကြီးငယ်တို့၌ ဝေဖန်ခွဲခြားနိုင်ခြင်းတည်းဟူသောအား၊ ♦သုခမှတ်စု

မင်းတို့၏ ယဇ်ကြီး ၅-ပါး

အဘိဓာန်
(၁) အဿဓေဓ= မြင်းကိုသတ်၍ ယဇ်ပူဇော်ခြင်း၊
(၂) ပုရိသမေဓ= ယောက်ျားကိုသတ်၍ ယစ်ပူဇော်ခြင်း၊
(၃) နရိဂ္ဂဠ = တံခါးကိုလှစ်၍ ယဇ်ပူဇော်ခြင်း၊
(၄) သမ္မာပါသ= ထမ်းပိုးကျင်ကိုပစ်၍ ယဇ်ပူဇော်ခြင်း၊
(၅) ဝါဇာပေယျ= ထောပတ်၊ ပျားသကာကို သောက်၍ ယဇ်ပူဇော်ခြင်း၊ ♦သုခမှတ်စု

မင်းတို့၏ အား ၅-ပါး

(၁) အာဏာဗလ= သြဇာအာဏာကြီးခြင်း၊
(၂) ဘောဂဗလ= စည်းစိမ်အင်အား များခြင်း၊
(၃) ဣဿရိယ= (တိုင်းနိုင်ငံတို့ကို) အစိုးရခြင်း၊
(၄) ကာယဗလ= လက်ရုံး ကိုယ်အားကြီးခြင်း၊
(၅) ဉာဏဗလ= ဉာဏ်ပညာအားကြီးခြင်း၊ ♦သုခမှတ်စု

မင်းမြောက်တန်ဆာ ၅-ပါး

အဘိဓာန်
(၁) ခဂ္ဂ= သန်လျက်၊
(၂) ဆတ္တ= ထီး၊
(၃) ဥဏှိသ=သင်းကျစ်၊
(၄) ပါဒုက=ခြေနင်း(ဥပါဟန)၊
(၅) ဝါလဗီဇ= သားမြီးယပ်၊ (ဧဏိ)၊ ♦သုခမှတ်စု

မစ္ဆေရ (မစ္ဆရိယ) ၅-ပါး မနာလို ဝန်တိုခြင်း)

(၁) လာဘမစ္ဆေရ= သူတစ်ပါးတို့ လာဘ်ရသည်ကို မနာလို ဝန်တိုခြင်း၊
(၂) ဝဏ္ဏမစ္ဆေရ= သူတစ်ပါး အဆင်းလှပသည်ကို မနာလို ဝန်တိုခြင်း၊
(၃) အာဝါသမစ္ဆေရ= သူတစ်ပါး၏ အဆောက်အအုံကြီးသည်ကို မနာလို ဝန်တိုခြင်း၊
(၄) ကုလမစ္ဆေရ = သူတစ်ပါး အမျိုး မြတ်သည်ကိုမနာလို ဝန်တိုခြင်း၊
(၅) ဓမ္မမစ္ဆေရ= သူတစ်ပါး ပညာတတ်မြောက်သည်ကို မနာလိုဝန်တိုခြင်း၊ ♦သုခမှတ်စု

မေတ္တာပို့ရာ အနောဓိသပုဂ္ဂိုလ် ၅-ယောက်

(၁) သဗ္ဗေ သတ္တာ= ခပ်သိမ်းသော သတ္တဝါ၊
(၂) သဗ္ဗေ ပါဏာ= ခပ်သိမ်းသော ထွက်သက်ဝင်သက်ရှိသော သတ္တဝါ၊
(၃) သဗ္ဗေဘူတာ= ခပ်သိမ်းသော ထင်ရှားရှိသော သတ္တဝါ၊
(၄) သဗ္ဗေ ပုဂ္ဂလာ= ခပ်သိမ်းသော တစ်ကျိပ်နှစ်ယောက်သော ပုဂ္ဂိုလ်၊
(၅) သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ= ခပ်သိမ်းသောအတ္တဘော၌ အကျုံးဝင်သော သတ္တဝါ၊ ♦သုခမှတ်စု

မိစ္ဆာဒါနကြီး ၅-ပါး

(၁) မဇ္ဇဒါန= သေရည် သေရက် ပေးလှူခြင်း၊
(၂) သမဇ္ဇဒါန= ပွဲလမ်းသဘင် လှူခြင်း၊
(၃) ဣတ္ထိဒါန= ကာမဂုဏ်ခံစားရန် မိန်းမလှူခြင်း၊
(၄) ဥသဘမာန= နွားမတို့အား နွားလားဥသဘ ပေးလှူခြင်း၊
(၅) စိတ္တကမ္မဒါန= ကိလသာပွားရန် ဆေးရေးအရုပ် လှူခြင်း၊ ♦သုခမှတ်စု

မိတ်ဆွေကျင့်ဝတ် ၅-ပါး

သိင်္ဂါလောဝါဒသုတ်
(၁) အလိုရှိသောအခါတိုင်း မိတ်ဆွေအား ပေးကမ်းချီးမြှင့်ခြင်း၊
(၂) မိမိနှင့် တစ်တန်းတည်းထား၍ ပေါင်းသင်းဆက်ဆံခြင်း၊
(၃) သူ၏စီးပွားကို လိုလားဆောင်ရွက်ပေးခြင်း၊
(၄) ပီယဝါစာစကားနှင့် ပြောဆို၍ဆန့်ကျင်ဘက်မဖြစ်အောင် ကြိုးစားခြင်း၊
(၅) တော်မှန်သော စိတ်ထား အမြဲရှိခြင်း၊ ♦သုခမှတ်စု

မုဒ္ဓါဘိသိက်သွန်းမည့် ရေတွင်ပါသည့် ရတနာ ၅-ပါး

(၁) ရွှေ၊
(၂) ငွေ၊
(၃) ကောက်၊
(၄) ကြေးနီ၊
(၅) သန္တာ၊ ♦သုခမှတ်စု

မုဒ္ဓါဘိသိက် သွန်းရာတွင် ပါဝင်သော အမြိုက် ၅-ပါး

(၁) နို့၊
(၂) နို့ဓမ်း၊ ထောပတ်၊
(၄) ပျားရေ၊
(၅) သကာ၊ ♦သုခမှတ်စု

မုဒ္ဓါဘိသိက် သွန်းလောင်းရာ အင်္ဂါ ၅-ပါး

(၁) အသမ္ဘိန္နမင်းမျိုးမှန်ခြင်း၊
(၂) မင်းကျင့်တရားတည်ခြင်း၊
(၃) တိုင်းသူပြည်သားတို့အား သားတော် မြေးတော်ကဲ့သို့ ချစ်ခြင်း၊
(၄) မေတ္တာစိတ်မျှတခြင်း၊
(၅) တိုင်းသူပြည်သားတို့ကို စောင့်ရှောက်ခြင်း၊ ♦သုခမှတ်စု

မာရ် ၅-ပါး

(၁) ဒေဝပုတ္တမာရ်= မာရ်နတ်သား၊
(၂) ကိလေသမာရ်=တစ်ထောင့်ငါးရာ ကိလေသာ၊
(၃) ခန္ဓမာရ်= လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာ့ခန္ဓာ၊
(၄) မစ္စုမာရ်= သေဆုံးခြင်း မရဏဓာတ်၊
(၅) အဘိသင်္ခါရမာရ်= လောကီကုသိုလ်၊ အကုသိုလ်၊ ♦သုခမှတ်စု

မိန်းမကောင်းလက္ခဏာ ၅-ပါး (ကောင်းခြင်း ၅-ဖြာ)

ဓမ္မပဒ
(၁) ဆဝိကလျာဏ= အရေကောင်းခြင်း၊ အဆင်းချောမွေ့ခြင်း၊
(၂) ဝယကလျာဏ= အရွယ်ကောင်းခြင်း၊
(၃) မံသကလျာဏ= အသားအရေ နူးညံ့ခြင်း၊
(၄) အဋ္ဌိကလျာဏ= အရိုးအဆစ်ပြေပြစ်ခြင်း၊
(၅) ကေသကလျာဏ= ဆံပင်ကောင်းခြင်း၊ ♦သုခမှတ်စု

မိန်းမတို့၏ လော်လည်ခြင်း ၅-ပါး

(၁) အာဟာရလောလ= အစား၌ လျှပ်ပေါ် လော်လည်ခြင်း၊
(၂) အလင်္ကာရလောလ= အဝတ်တန်ဆာ၌ လော်လည်ခြင်း၊
(၃) ပရပုရိသလောလ= ယောက်ျားတစ်ပါး၌ လော်လည်ခြင်း၊
(၄) ဓနလောလ= ဥစ္စာကို တပ်မက်၍ လော်လည်ခြင်း၊
(၅) ပါဒလော်လ= အသွားအလာ၌ လော်လီခြင်း၊ ♦သုခမှတ်စု

မိန်းမမြတ်တို့၏ အင်္ဂါ ၅-ပါး

(၁) အဆင်းလှခြင်း၊
(၂) စည်းစိမ်ချမ်းသာ ရှိခြင်း၊
(၃) သီတင်းသီလ ဆောက်တည်ခြင်း၊
(၄) တတ်သိလိမ္မာခြင်း၊
(၅) လုံ့လဝိရီယရှိခြင်း၊ ♦သုခမှတ်စု

မိန်းမမြတ်တို့၌ အကျင့် ၅-ပါး

(၁) ပုဗ္ဗုဋ္ဌာယိနီ= လင်မထမီ ထခြင်း၊
(၂) ပစ္ဆာနိပါတီ= လင်အိပ်မှ အိပ်ခြင်း၊
(၃) ကိံကာရပဋိသာဝိနီ= ဘယ်အမှုကို လုပ်ဆောင်ရမည်နည်းဟူ၍ လင်၏ အစီရင်ကို ခံ၍ လုပ်ဆောင်ခြင်း၊
(၄) မနာပစာရီ= နှစ်သက်ဖွယ် ကျင့်ခြင်း၊
(၅) ပိယဝါဒိနီ= ပြုံးခြင်း ရှေးရှိသော ချစ်ဖွယ်သောစကားကိုဆိုခြင်း၊ ♦သုခမှတ်စု

မိန်းမအား ၅-ပါး

(၁) ရူပဗလ= အဆင်းအား၊
(၂) ဘောဂဗလ= ဥစ္စာစည်းစိမ်အား၊
(၃) ဉာတိဗလ= ဆွေမျိုးအား၊
(၄) ပုတ္တဗလ = သားသမီးအား၊
(၅) သီလဗလ= အကျင့်သီလအား၊ ♦သုခမှတ်စု

မြို့၏ အင်္ဂါ ၅-ပါး

(၁) ရာဇ= ပြည့်ရှင်မင်း၊
(၂) အမစ္စ= လိမ္မာသောအမတ်၊
(၃) ပုရောဟိတော= ပုရောဟိတ်၊
(၄) သေနင်္ဂ= စစ်အင်္ဂါလေးပါး၊
(၅) တိကိစကြွ=ဆေးသမားကောင်း၊ ♦သုခမှတ်စု

မြစ်ကြီး ၅-သွယ်

(၁) ဂင်္ဂါ၊
(၂) ယမုနာ၊
(၃) အစီရဝတီ၊
(၄) မဟီ၊
(၅) သရဘူ၊ ♦သုခမှတ်စု

မြတ်စွာဘုရား၏ ကိစ္စ ၅-ပါး

(၁) နေ့အခါတွင် လူတို့အား တရားဟောတော် မူ၏၊
(၂) ညအခါ ပထမရှေ့ယံတွင် ရဟန်းတို့အား တရားဟောတော်မူ၏၊
(၃) မဇ္ဈိမအလယ်ယံ ရှေ့အဖို့တွင် နတ်တို့အား တရားဟော၏၊
(၄) မဇ္ဈိမအလယ်ယံ နောက်အဖို့တွင် ဖလသမာပတ်ကို ဝင်စား၍ လျောင်းတော်မူ၏၊
(၅) ပစ္ဆိမ နောက်ယံတွင် ဝေနေယျတို့၏ အနုအရင့်ကို ကြည့်တော်မူ၏၊ ♦သုခမှတ်စု

မြန်မာဘုရင်လက်ထက် အကျဉ်းထောင် အနေအစား ၅-မျိုး

မြန်မာမင်းအုပ်ချုပ်ပုံ
(၁) ဖွားဖက်ကျော်တန်း= အခွင့်အရေးအရဆုံး အတန်းအစား၊
(၂) ဒိုင်းတော်တန်း= အလွန်သက်သာချောင်ချိသော အတန်းအစား၊
(၃) လွတ်စေလေးတန်း= သက်သာချောင်ချိသော အတန်းအစား၊
(၄) လက်ရသုံးတန်း= ပင်ပန်းစွာ နေရသော အတန်းအစား၊
(၅) လက်မထောက်တန်း= အကြမ်းဆုံး အဆင်းရဲဆုံး အတန်းအစား၊ ♦သုခမှတ်စု

မြားရေး ၅-ပါး (သို့မဟုတ်) ၆ ပါး

(၁) ဝင်္ကဝေဓိ= သတ္တဝါ ပုန်းလျှိုး ရာသို့ ကွေ့ကောက်၍ မှန်အောင်ပစ်နိုင်ခြင်း၊
(၂) ခဂ္ဂဝေဓိ= လှံအဖျား သန်လျက်အဖျားတို့ကို ထက်ဝက်ခွဲနိုင်ခြင်း၊
(၃) ဝါလဝေဓိ= သားမြီးဖျားကို ထက်ဝက်ခွဲနိုင်ခြင်း၊
(၄) သဒ္ဒဝေဓိ= အသံကြားကာမျှနှင့် ညတွင်ပစ်နိုင်ခြင်း၊
(၅) ဥဒကဝေဓိ= ရေထဲရှိသတ္တဝါကို ရေအလျင်ကို ဖြတ်၍ပစ်နိုင်ခြင်း၊ “တွင် အက္ခဏဝေဓိ= ထည့်ကခြောက်ပါးဖြစ်၏၊ ♦သုခမှတ်စု

ယထာဘူတဉာဏ် ၅-ပါး

(၁) နာမရူပ ပရိစ္ဆေဒဉာဏ်၊
(၂) ပစ္စယပရိဂ္ဂဟဉာဏ်၊
(၃) အနိစ္စဉာဏ်၊
(၄) ဒုက္ခဉာဏ်၊
(၅) အနတ္တဉာဏ်၊ ♦သုခမှတ်စု

ယာဂုလှူသော အကျိုး ၅-ပါး

(၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ချမ်းသာကြီးခြင်း၊
(၄) ပညာကြီးခြင်း၊
(၅) ခွန်အားကြီးခြင်း၊ ♦သုခမှတ်စု

ယောက်ျားမြတ်တို့၏ အား ၅-ပါး

(၁) လက်ရုံးအား၊
(၂) စည်းစိမ်အား၊
(၃) မှူးမတ်အား၊
(၄) အမျိုးအား၊
(၅) ပညာအား၊ ♦သုခမှတ်စု

ယပ်လှူသော အကျိုး ၅-ပါး

(၁) အချမ်းမရှိခြင်း၊
(၂) အပူမရှိခြင်း၊
(၃) စိတ်ပူလောင်ခြင်း မရှိခြင်း၊
(၄) စိတ်ပူပန်ခြင်း မရှိခြင်း၊
(၅) ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိကိလေသာတို့မှ ငြိမ်းခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့၌ ကပ္ပိခြင်း ၅-ပါး

(၁) အဂိပ္ဂ ရိစိတံ= မီးဖြင့် ကပ္ပိခြင်း၊
(၂) သတ္တ ပရိစိတံ= ဓားဖြင့် ကပ္ပိခြင်း၊
(၃) နခပရိစိတံ= လက်သည်းဖြင့် ကပ္ပိခြင်း၊
(၄) အဗီဇံ= အစေ့မရှိခြင်း၊
(၅) နိဗတ္တဗီဇ= အစေ့ထုတ်ခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့အား ခွင့်ပြုသော ဘုံလျှို၅ ပါး

(၁) ဥဏ္ဏဘိသိ= လူတို့၏ အမွေးမှတစ်ပါး အခြားသောသတ္တဝါအမွေးကို ပြုလုပ်ထားသော ဘုံလျှို၊
(၂) စောဋ္ဌဘိသိ= အသစ်အဟောင်းဖြစ်သော ပုဆိုးတို့ဖြင့် ပြုလုပ်သောဘုံလျှို၊
(၃) ဝါကဘိသိ= လျှော်မျှင်တို့ဖြင့် ပြုလုပ်ထားသော ဘုံလျှို၊
(၄) တိဏဘိသိ= မြက်တို့ဖြင့် ပြုလုပ်ထားသော ဘုံလျှို၊
(၅) ပဏ္ဏဘိသိ= သစ်ရွက်တို့ဖြင့်သွတ်၍ ပြုလုပ်သောဘုံလျှို၊ ♦သုခမှတ်စု

ရဟန်းတို့အား ဥပုသ်မပြုမီ ပြုရာသော ပုဗ္ဗကိစ္စ ၅-ပါး

(၁) ဆန္ဒဆောင်ခြင်း၊
(၂) ပါရိသုဒ္ဓိဆောင်ခြင်း၊
(၃) ဥတုကြိုကားခြင်း၊
(၄) သိမ်ရောက်သော ရဟန်း တို့ကိုရေတွက်ခြင်း၊
(၅) ဘိက္ခုနီမတို့ကို ဆုံးမခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့၏ အညစ်အကြေး ၅-ပါး

(၁) သေသောက်ခြင်း၊
(၂) မေထုန်မှီဝဲခြင်း၊
(၃) ရွှေငွေခံခြင်း၊
(၄) ကုန်သွယ်ခြင်း၊
(၅) လယ်လုပ်ခြင်း၊ ♦သုခမှတ်စု

ရာဂီမျိုး ၅-ပါး

(၁) ပြဒါး၊
(၂) ကြေး၊
(၃) သံ၊
(၄) သွတ်၊
(၅) ဂျွတ်၊ ♦သုခမှတ်စု

ရာဇဂြိုဟ်ပြည်ကို ဝိုင်းရံသော တောင် ၅-လုံး

(၁) ဝေဘာရ၊
(၂) ပဏ္ဍဝ၊
(၃) ဝေပုလ္လ၊
(၄) ဂိဇ္ဈကုဋ်၊
(၅) ဣသိဂိလိ၊ ♦သုခမှတ်စု

ရာဟုဂြိုဟ်ဟူသော အခေါ်ပရိယာယ် ၅-ပါး

(၁) ဥပလိဝ၊
(၂) တမော၊
(၃) ရာဟု၊
(၄) သူရာရီ၊
(၅) သိဟိကာသုတ၊ ♦သုခမှတ်စု

ရေစစ် ဓမ္မကရိုဏ်လှူသော အကျိုး ၅-ပါး

(၁) သူတစ်ပါးထက်လွန်၍ အသက်ရှည်ခြင်း၊
(၂) ခိုးသူရန်သူတို့ မနှိပ်စက်နိုင်ခြင်း၊
(၃) လက်နက်မျိုးဖြင့် မနှိပ်စက်နိုင်ခြင်း၊
(၄) အဆိပ်မျိုးတို့ဖြင့် မနှိပ်စက်နိုင်ခြင်း၊
(၅) အသက်အပိုင်း အခြားမရောက်သမျှ မသေရခြင်း၊ ♦သုခမှတ်စု

ရန်သူမျိုး ၅-ပါး

(၁) ရေ၊
(၂) မီး၊
(၃) မင်း၊
(၄) ခိုးသူ၊
(၅) မချစ်မနှစ်သက်သူ၊ ♦သုခမှတ်စု

ရန်အောင်ရာ တရား ၅-ပါး

(၁) မိမိ၏ လုံ့လအစွမ်းဖြင့် အောင်ခြင်း၊
(၂) အဆွေခင်ပွန်းကောင်းနှင့် အောင်ခြင်း၊
(၃) ဖြောင့်မတ်တည်ကြည်သော စကားဖြင့် အောင်ခြင်း၊
(၄) တံစိုးလက်ဆောင် ပဏ္ဏာပေး၍ အောင်ခြင်း၊
(၅) ဆွေမျိုးအဆက်အနွယ် စပ်၍ အောင်ခြင်း၊ ♦သုခမှတ်စု

ရန်အောင်ရာ တရား ၅-ပါး

(၁) ဂါထာမန္တရား ရွတ်ဖတ်ခြင်း (ဇပ္ပန)၊
(၂) ပညာရှိတို့နှင့် တိုင်ပင်ခြင်း(မန္တေန)၊
(၃) ချစ်ဖွယ်သော စကားဆိုခြင်း (သုဘာ သိတေန)၊
(၄) တံစိုးလက်ဆောင်ပေးခြင်း (အနုပ္ပဒါနေန)၊
(၅) အမျိုးအနွယ် ဆက်စပ်ခြင်း (ပဝေဏိယဝါ)၊ ♦သုခမှတ်စု

ရှင်ပစ္စေက အလောင်းတို့ ဗျာဒိတ်ခံရာ အင်္ဂါ ၅-ပါး

(၁) လူစင်စစ်ဖြစ်ခြင်း၊
(၂) ယောက်ျားစင်စစ်ဖြစ်ခြင်း၊
(၃) ဘုရားပစ္စေကဗုဒ္ဓေါ ရဟန္တာ သာဝကတို့ကို ဖူးတွေ့ရစေ၊
(၄) စွန့်ကြဲခြင်းရှိသည်ဖြစ်စေ၊
(၅) ၎င်းဆုကို လိုချင်အားကြီးသည်လည်းဖြစ်စေ၊ ♦သုခမှတ်စု

ရွှေစင်ရတနာ အညစ်အကြေး ၅-ပါး

(၁) သံ၊
(၂) ကြေး၊
(၃) ခဲမဖြူ၊
(၄) ခဲမမည်း၊
(၅) ငွေ၊ ♦သုခမှတ်စု

ရွှေဘိုမြို့၏ အမည် ၅-မျိုး

(၁) မုဆိုးဗိုလ်၊
(၂) ရွှေဘို၊
(၃) ရန်ကြီးအောင်၊
(၄) ကုန်းဘောင်၊
(၅) ရတနာသိင်္ဃ၊ ♦သုခမှတ်စု

လူတို့၌ အနာရောဂါရခြင်း အကြောင်း ၅-ပါး

ကဝိလက္ခဏ
(၁) ဥတု၊
(၂) ဓာတ်၊
(၃) အရပ်၊
(၄) အရွယ်၊
(၅) အချိန်၊ ♦သုခမှတ်စု

လူမိုက်တို့၏ လောင်းတမ်းကြီး ၅-ပါး

(၁) မေဃ= မိုး ရွာ, မရွာဟု လောင်းခြင်း၊
(၂) ဘူမိ= မြေကွဲအံ့, မကွဲအံ့ဟု လောင်းခြင်း၊
(၃) ပဗတ= တောင်ပြိုအံ့, မပြိုအံ့ဟုလောင်းခြင်း၊
(၄) ဝါတာ= မည်သည့်နေ့ လေကြီးလာ, မလာဟု လောင်းခြင်း၊
(၅) နဒီ= “ကာလရောက်လျှင် “မြစ် တိမ်ကောအံ့ဟု လောင်းခြင်း၊ ♦သုခမှတ်စု

လေမျိုး ၅-ပါး

(၁) နာဂလေ = ပျို့ခြင်း အန်ခြင်း အမှုကို ပြုသောလေ၊
(၂) ကုမ္မလေ= မျက်စိ ခံတွင်းတို့မှ ဖွင့်ခြင်း အမှုကိုပြုသောလေ၊
(၃) ကိကရလေ= ချောင်းဆိုးခြင်း ချေဆတ်ခြင်း အမှုကို ပြုသောလေ၊
(၄) ဒေဝဒတ္တလေ=သမ်းဝေခြင်း အမှုကိုပြုသောလေ၊
(၅) ဝနဉ္စမာလေ= ဟစ်အော်ကြွေးကြော်ခြင်းအမှုကိုပြုသောလေ၊ (တနည်း)
(၁) ပါနလေ= ချက်တိုင်မှ နှာသီးဖျားတိုင်အောင်ရှိသောထွက်သက်လေ၊
(၂) ဥဒါနလေ= ဦးခေါင်းမှ နှာခေါင်းဆုံးအောင် ရှိသောလေ၊
(၃) ဂျာနလေ= နှာခေါင်းအဆုံးမှ ရင်တိုင်အောင် ရှိသောလေ၊
(၄) သမာနလေ=ရင်မှ ချက်တိုင်အောင် တည်သောလေ၊
(၅) အပါနလေ= ချက်မှ ခြေဖဝါး အပြင်တိုင်အောင် ရှိသောလေ၊ ♦သုခမှတ်စု

လောကီအဘိညာဉ် ၅-ပါး

(၁) ဒိဗ္ဗစက္ခု= နတ်တို့၏ မျက်စိကဲ့သို့ သိမြင်နိုင်ခြင်း၊
(၂) ဒိဗ္ဗ သောတ= နတ်တို့၏ နားကဲ့သို့ ကြားနိုင်ခြင်း၊
(၃) ဣဒ္ဓိဝိဓ= အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း၊
(၄) စေတောပရိယ= သူတစ်ပါး၏ စိတ်အကြံကို သိနိုင်ခြင်း၊
(၅) ပုဗ္ဗေနိဝါသာနုဿတိ= မိမိဖြစ်ခဲ့ဖူးသောဘဝကို သိနိုင်ခြင်း၊ ♦သုခမှတ်စု

လောဟာသတ္တု ၅-ပါး

(၁) ရွှေ၊
(၂) ငွေ၊
(၃) ကြေးနီ၊
(၄) သံ၊
(၅) ခဲ၊ ♦သုခမှတ်စု

လက်နက် ၅-ပါး

(၁) စက်ကွင်း၊
(၂) လေးမြား၊
(၃) တုတ်၊
(၄) ဓား၊
(၅) သံလျက်၊ ♦သုခမှတ်စု

လက်သည်းလှီးဓားငယ် လှူသောအကျိုး ၅-ပါး

(၁) ကျွန်မိန်း မ, ကျွန်ယောကျ်ား, နွား, မြင်းတို့ကိုရခြင်း၊
(၂) များသော သူခစားတို့ရခြင်း၊
(၃) ဆတ္တာသည်တို့ကို ရခြင်း၊
(၄) စားဖိုသည်ကိုရခြင်း၊
(၅) ကချေသည်ကို ရခြင်း၊ ♦သုခမှတ်စု

လင်ကျင့်ဝတ်၅ ပါး

သိင်္ဂါလောဝါဒသုတ်
(၁) မိမိ၏မယားအား မထမီဲမြင် နိုင်လ မိုင်းထက် မပြော မဆိုခြင်း၊
(၂) မိမိရှာဖွေရသမျှ ပစ္စည်းတို့ကို အကုန်ပေးအပ်ခြင်း၊
(၃) မိမိမယားမှ အခြားသော မိန်းမတို့၌ မကျူးလွန် မဖောက်ပြားခြင်း၊
(၄) အဝတ်အစား အဆောင်အယောင်တို့ကို ပေး၍ မြှောက်စားခြင်း၊
(၅) ချစ်ခင်မြတ်နိုးသောစိတ်ဖြင့် ကြင်နာစွာ ယုယခြင်း၊ ♦သုခမှတ်စု

လင်ချစ်သော မိန်းမအင်္ဂါ ၅-ပါး

(၁) အဆင်းလှခြင်း၊
(၂) စည်းစိမ်မချမ်းသာရှိခြင်း၊
(၃) သီတင်းသီလရှိခြင်း၊
(၄) တတ်သိလမ္မာခြင်း၊
(၅) လုံ့လဝီရိယရှိခြင်း၊ ♦သုခမှတ်စု

လောင်းတမ်းကစားခြင်း ၅-ပါး

(၁) ရေငုပ်ရေကူး၊
(၂) သစ်ပင်တက်၊
(၃) အခုန်အလွှား၊
(၄) ဝန်ချီ ဝန်မြှောက်၊
(၅) သန်လျက်ဓားခုတ်၊ ♦သုခမှတ်စု

လှူ၍အကျိုးမရသည့် ၅-ပါး (မိစ္ဆာဒါနကြီး ၅-ပါးနှင့်အတူ)

(၁) သေရည်သေရက် ယစ်မျိုးအလှူ၊
(၂) ကချေသဘင်ဟူသောအလှူ၊
(၃) မေထုန်ဟူသော အလှူ၊
(၄) နွားမများတို့၏ အလယ်၌ နွားလားဥသဘကို လွှတ်၍ လှူသော အလှူ၊
(၅) မိန်းမယောက်ျား မေထုန်မှီဝဲသည်ကို အတုရေး၍ လှူသော အလှူ၊ ♦သုခမှတ်စု

လွှတ်ရုံး ၅-ရပ်

(၁) လွှတ်တော်ကြီး= ဝန်ကြီး မင်းကြီးမှစ၍ လွှတ်တော် အရာရှိများ ပြည်မှုတိုင်းမှုအလုံးစုံကို ဆောင်ရွက်ရသောရုံး၊
(၂) ဗြဲတိုက်= အတွင်းတော် အတွင်း ဝန်ကစ၍ ဗြဲတိုက်အရာရှိများ တိုင်းပြည်မှု၊ အတွင်းတော်မှု၊ အလှူတော် အတန်းတော်မှု အရပ်ရပ်၊ ရာထူးခန့်မှု၊ မြို့ရွာအပေးအအပ် ဘုရင်နှင့်စပ်သမျှ ထိန်းသိမ်းခြင်း၊ သဿမေဓ ပုရိသမေဓတို့ကို ရွက်ဆောင်ရသောရုံး၊
(၃) အရှေ့ရုံး၊ မြို့ဝန်မြို့ကွပ်၊ ထောင်မှူး၊ မြို့စာရေး၊ ရွှေပြည်စိုးမှစ၍ ရာဇဝတ်ရေး၊ ခိုးသေးမီးပွား မီးလောင်ဆင်လွှတ်၊ မြို့ကျော်၊ ရွှေကြိုးသတ်မှတ်သည့် အတွင်းအစောင့်အနေ အခန့်အထား စီရင်ဆုံးဖြတ်ရသောရုံး၊
(၄) အနောက်ရုံး = အနောက်ဝန်၊ ကတော် စာရေးများ၊ (အသက် ၆၀ ကျော် သူကိုမှ ခန့်ထားသည်) မိဖုရားကြီးငယ် အပျိုတော် မှစ၍ မိန်းမနှင့်ဆိုင်ရာ အမှုများကို စီရင်ရသောရုံး၊
(၅) တရားမရုံး= တရားမ တရားသူကြီး၊ တရားနာခံ၊ တရားစာရေးများ တရားမမှုများကို စီရင် ဆုံးဖြတ် ရသောရုံး၊ ♦သုခမှတ်စု

ဝသီဘော် ၅-ပါး

(၁) အာဝဇ္ဇနဝသီ= ရပြီး စျာန်ကို အဖန်ဖန် ဆင်ခြင်ခြင်း၌ အလေ့အကျက်၊
(၂) သမာပဇ္ဇနဝသီ= ရပြီးစျာန် အဖန်ဖန်ဝင်စားခြင်း၌ အလေ့ အကျက်၊
(၃) ပစ္စဝေက္ခဏဝသီ= စျာန်တို့ကို အနုလုံပဋိလုံဆင်ခြင်ခြင်း၌ အလေ့ အကျက်၊
(၄) အဓိဋ္ဌာနဝသီ= “မျှသော အချိန်ပတ်လုံး စျာန်စိတ်သာ ဖြစ်မည်ဟု အဓိဋ္ဌာန်မှု၌ အလေ့အကျက်၊
(၅) ဝုဋ္ဌာနဝသီ= သတ်မှတ်ထားသော အချိန်၌ စျာန်မှ ထနိုင်သည့် အလေ့အကျက်၊ ♦သုခမှတ်စု

ဝါယောပျက်သော လက္ခဏာ ၅-ပါး

(၁) ဝမ်း လျှောခြင်း၊
(၂) အသနံက်ခြင်း၊
(၃) မျက်နှာမဲ့ခြင်း၊
(၄) လျှာရည်ထွက်ခြင်း၊
(၅) စကားမပီခြင်း၊ ♦သုခမှတ်စု

ဝိကတိ ၅-ပါး

(၁) ကံ့ကော်ဝတ်ဆံ၊
(၂) စံပယ်ပွင့်၊
(၃) မြတ်လေးပွင့်
(၄) ချယားပွင့်၊
(၅) ကြာမျိုးငါးပါး၊ ♦သုခမှတ်စု

ဝိနည်း ၅-ကျမ်း

(၁) ပါရာဇိကဏ်ကျမ်း၊
(၂) ပါစိတ်ကျမ်း၊
(၃) မဟာဝါ ကျမ်း၊
(၄) စူဠဝါကျမ်း၊
(၅) ပရိဝါကျမ်း၊ ♦သုခမှတ်စု

ဝိနည်းတော်ကိုသင်ခြင်း အကျိုး ၅-ပါး

(၁) အတ္တနော= မိမိ၏၊ သီလက္ခန္ဓော၊ သီလအစုသည်၊ သုဂုတ္တော၊ ကောင်းစွာလုံခြုံသည်၊ သူရက္ခိတော၊ ကောင်းစွာစောင့်ရှောက်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊
(၂) ကုက္ကုရစ္စပက္ခာနံ= အပ် မအပ်ဟူသောအလိုလိုနှိပ်စက်အပ်သည့် ရဟန်းတို့၏၊ ပဋိဿရဏော၊ ကိုးကွယ်ရာသည်၊ ဟောတိ၊ ဖြစ်၏၊
(၃) သံဃ မဇ္ဈေ= သံဃာ၏ အလယ်၌၊ဝိသာရဒေါ၊ ရဲရင့်သည်ဖြစ်၍၊ ဝေါဟရတိ၊ ဆုံးဖြတ်နိုင်၏၊
(၄) ပစ္စတ္ထိကေ= ရန်သူရဟန်းတို့ကို၊ စဟဓမ္မေန၊ ဟုတ်မှန်သောသဘောဖြင့်၊ သုနိဂ္ဂဟိတံ၊ ကောင်းစွာနှိပ်စက်သင့်သည်ကို၊ နိဂ္ဂဏှာတိ၊ နှိမ်နှင်း နိုင်၏၊
(၅) သဒ္ဓမ္မဋ္ဌိတိယာ= သူတော်ကောင်းတရား ရှည်လျားစွာတည်ခြင်းငှာ၊ ပဋိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ♦သုခမှတ်စု

ဝိမုတ္တိ ၅-ပါး

(၁) တဒင်္ဂဝိမုတ္တိ= ကာမကုသိုလ်ဖြင့် ကိလေသာမှ အခိုက် အတန့်လွတ်မြောက်ခြင်း၊
(၂) ဝိက္ခမ္ဘနဝိမုတ္တိ= မဟဂ္ဂုတ် ကုသိုလ်ဖြင့် ဖယ်ခွာ လွတ်မြောက်ခြင်း၊
(၃) သမုစ္ဆေဒဝိမုတ္တိ= မဂ်ကုသိုလ်ဖြင့် အကြွင်းမဲ့ ပယ်ဖြတ် လွတ်မြောက်ခြင်း၊
(၄) ပဋိပဿဒ္ဓိ= ဖိုလ်စိတ်ဖြင့် အေးငြိမ်း လွတ်မြောက်ခြင်း၊
(၅) နိဿရဏဝိမုတ္တိ= သံသရာမှ လွတ်မြောက်ခြင်း၊ ♦သုခမှတ်စု

ဝေဒနာ ၅-ပါး

(၁) သုခဝေဒနာ= ကိုယ်၌ ခံသာသော အကြောင်းအရာ၊
(၂) ဒုက္ခဝေဒနာ= ကိုယ်၌မခံသာသော အကြောင်း အရာ၊
(၃) သောမနဿဝေဒနာ= စိတ်၌ခံသာသော အကြောင်းအရာ၊
(၄) ဒေါမနဿဝေဒနာ= စိတ်၌ မခံသာသော အကြောင်းအရာ၊
(၅) ဥပေက္ခာဝေဒနာ= ကိုယ်နှင့်စိတ် လျစ်လျူပြုနိုင်သောအကြောင်းအရာ၊ ♦သုခမှတ်စု

ဝိဇ္ဇာဓိုရ် ၅-ပါး

(၁) ဝေဒဝိဇ္ဇာ၌= ဗေဒင်လေးပုံကို အပြီးတိုင်တတ်မြောက်သူ၊
(၂) မန္တဝိဇ္ဇာ= မန္တရား မန္တာန် စသည်တို့ကို အပြီးတိုင်တတ်မြောက်သူ၊
(၃) ဂန္ဓာရီ ဝိဇ္ဇာ= ဆေးကျမ်း ဓာတ်ကျမ်း လောကီကျမ်းတို့ကို အပြီးတိုင် တတ်မြောက်သူ၊
(၄) လောကီမယဝိဇ္ဇာ = သာသနာပအခါ စျာန်ကသိုဏ်းတို့ဖြင့် လေ့လာပြီး မြောက်၍ လောကီအဘိညာဉ် ခြောက်ပါးကို အပိုင်ရသူ၊
(၅) အရိယာဝိဇ္ဇာ= သစ္စာလေးပါး တရားအစစ်ရ၍ ဘုရားရဟန္တာဖြစ်သူ၊ ♦သုခမှတ်စု

ဝိညာဉ် (သိခြင်း) ၅-ပါး

(၁) စက္ခုဝိညာဉ် = မျက်စိဖြင့် မြင်၍ သိခြင်း၊
(၂) သောတဝိညာဉ်= နားဖြင့်ကြား၍ခြင်း၊
(၃) ဃနဝိညာဉ်= အနံ့နံ၍ သိခြင်း၊
(၄) ဇိဝှာဝိညာဉ်= လျှာ၌ အရသာပေါ်၍ သိခြင်း၊
(၅) ကာယဝိညာဉ်=ကိုယ်နှင့် တွေ့ထိ၍ သိခြင်း၊ ♦သုခမှတ်စု

သခင်ကျင့်ဝတ် ၅-ပါး

(၁) အစေခံတို့အား အစားအသောက် ကောင်းမွန် ဝလင်စွာ ကျွေးမွေးခြင်း၊
(၂) သူတို့၏ နေရေးထိုင်ရေးကိုငဲ့ညှာ ရှေ့ရှုဆောင်ရွက်ပေးခြင်း၊
(၃) နာမကျန်းရှိသောအခါ ကရုဏာနှင့်ပြုစု (ကုမ) ပေးခြင်း၊
(၄) အရသာရှိသော စားကောင်းသောက်ဖွယ်တို့ကို ဝေငှခြင်း၊
(၅) နေ့ကြီးရက်ကြီးစသောအခါ များ၌ ရက်ခွင့်ပေးခြင်း၊ ♦သုခမှတ်စု

သပိတ်လှူသော အကျိုး ၅-ပါး

(၁) တစ်စုံ တစ်ခုသော အကြောင်းဖြင့် မတုန်လှုပ်ခြင်း၊
(၂) ကြားအပ် သိအပ်သော တရား၌ သတိနှင့် ပြည့်စုံခြင်း၊
(၃) ပညာနှင့် ပြည့်စုံခြင်း၊
(၄) မပျောက်မပျက်တည်ခြင်း၊
(၅) ဆုံးဖြတ်နိုင်ခြင်း၊ ♦သုခမှတ်စု

သမဏသုခ (ရဟန်းတို့၏ ချမ်းသာခြင်း) ၅-ပါး

ပဉ္စအင်္ဂုတ္တရပါဠိ
(၁) ဆိုး, ကောင်း, ယုတ်, မြတ် ရတတ်သမျှသော သင်္ကန်းနှင့် ရောင့်ရဲလွယ်ခြင်း၊
(၂) ဆိုး, ကောင်း, ယုတ်, မြတ် ရတတ်သမျှသောဆွမ်းဖြင့် ရောင့်ရဲလွယ်ခြင်း၊
(၃) ဆိုး, ကောင်း, ယုတ်, မြတ်ရတတ်သမျှသော အိပ်ရာ နေရာ ကျောင်း ဖြင့် ရောင့်ရဲလွယ်ခြင်း၊
(၄) ဆိုး, ကောင်း, ယုတ်, မြတ် ရတတ်သမျှသောဆေးဖြင့် ရောင့်ရဲလွယ်ခြင်း၊
(၅) မြတ်သောအကျင့်ကို အလွန်မွေ့လျော်စွာ ကျင့်ခြင်း၊ ♦သုခမှတ်စု

သမားတို့ရှောင်အပ်သော တရား ၅-ပါး

(၁) ဟီနဝတ္ထန= ဟောင်းနွမ်းယုတ်ညံ့ သောအဝတ်ကို ဝတ်ဆင်ခြင်း၊
(၂) ဒေါသ= ဒေါသကြီးခြင်း၊
(၃) အတိမာန= ငါဟူသောတံခွန် ကဲလွန်ခြင်း၊
(၄) နိဂမ= အသုံးအနှုန်း ဇနပုဒ်နိဂုံး အကျင့်မျိုး ပြောဆိုခြင်း၊
(၅) နနိမန္တိကဂမန= သူ့အိမ်သူ့ယာ မခေါ်မဖိတ်ပါဘဲ သွားလာခြင်း၊ ♦သုခမှတ်စု

သမားတော် အင်္ဂါ ၅-ပါး

(၁) အာယုဗေဒသတ္ထ= သက်ကြည့် ဗေဒင်တတ်ခြင်း၊
(၂) ဒက္ခ= ဆေးကုခြင်း၌ လိမ္မာတတ်ပွန်ခြင်း၊
(၃) ဗိန္ဓော= ပဉ္စ္ဂုတ် စသော ဆေးကျမ်းအစောင်စောင်တတ်ခြင်း၊
(၄) ပိယဒဿန= ချစ်ခင် ရှုချင်ဖွယ်လည်းရှိခြင်း၊
(၅) သေဋ္ဌသီလဂုဏောပေတ= မြတ်သော သီလကျေးဇူးနှင့် ပြည့်စုံခြင်း၊ ♦သုခမှတ်စု

သလိပ်မျိုး ၅-ပါး

(၁) ကိလေဒက သလိပ်= အစာသစ်အိမ်၌ စွတ်စိုတတ်သော သလိပ်၊
(၂) ဘောဓက သလိပ်= လျှာ၌တည်၍ အရသာကို သိစေသော သလိပ်၊
(၃) တပကသလိပ်မ= ဦး ခေါင်း၌တည်၍ မျကစ် ကိုစွိတ်စတိုတ်သော သလိပ်၊
(၄) အဝလမသလိပ်=
(၅) သိလေသကသလိပ်= အရိုးအဆက်တို့၌ တည်၍ အရိုး အဆက်ကို စေးကပ်စေသောသလိပ်၊ ♦သုခမှတ်စု

သာမဥပါယ် ၅-ပါး

(၁) ဥပကာရဒဿနသာမ= မိမိကို ပြုဖူးသောကျေးဇူးကို ပြောကြားခြင်း၊
(၂) ဂုဏကိတ္တနသာမ= အမှုထမ်း ကျေးကျွန်တို့၏ဂုဏ်ကို ဖော်ခြင်း၊
(၃) သမက္ခနသာမ= ထက်ဝန်းကျင်အရပ်ကို ညွှန်ပြပြောကြားခြင်း၊
(၄) အာယတိံ သံပကာသနသာမ= “အမှုပြုသော် အကျိုးခံစားရလတ္တံ့ဟု အနာဂတ်အကျိုးကို ဖော်ပြခြင်း၊
(၅) အပ္ပနသာမ= အမှုထမ်း ကျေးကျွန်တို့၏ ဦးခေါင်းကောက်ကုန်းကို လက်ဖြင့်သပ်၍ ချီးမွမ်းခြင်း၊ ♦သုခမှတ်စု

သာသနာကွယ်ခြင်း ၅-ပါး

(၁) ပရိယတ္တိအန္တရဓာန= ပိဋကတ်သုံးပုံ ကွယ်ခြင်း၊
(၂) ပဋိပတ္တအန္တရဓာန= အကျင့်သိက္ခာတို့ ကွယ်ခြင်း၊
(၃) ပဋိဝေဓအန္တရ ဓာန= မဂ်ဖိုလ်တို့ကွယ်ခြင်း၊
(၄) လိင်္ဂအန္တရဓာန= ရဟန်းအသွင်းတို့ ကွယ်ခြင်း၊
(၅) ဓာတုအန္တရဓာန= ဓာတ်တော်တို့ကွယ်ခြင်း၊ ♦သုခမှတ်စု

သာသနာငါးထောင်၏ နှစ်အပိုင်းအခြား ၅-ပါး

(၁) ပဋိသမ္ဘိဒါပတ္တ= ဧတဒဂ်ရ ရဟန္တာ တို့၏ သာသနာ အနှစ်တစ်ထောင်၊
(၂) သုက္ခဝိပဿက= ရဟန္တာတို့၏ သာသနာ အနှစ်တစ်ထောင်၊
(၃) အနာဂါမ်= ပုဂ္ဂိုလ်တို့၏ သာသနာ အနှစ်တစ်ထောင်၊
(၄) သကဒါဂါမ်= ပုဂ္ဂိုလ်တို့၏ သာသနာ အနှစ်တစ်ထောင်၊
(၅) သောတာပန်= ပုဂ္ဂိုလ်တို့၏ သာသနာ အနှစ်တစ်ထောင်၊ ♦သုခမှတ်စု

သာသနာတော်ခေတ် ၅-ပါး

(၁) ဝိမုတ္တိခေတ်= ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ပုဂ္ဂိုလ်တို့ မဆိတ်သေးသောခေတ်၊
(၂) သမာဓိခေတ်= အဘိညာဉ်ငါးပါး စျာန်တရားရသောပုဂ္ဂိုလ်တို့ မဆိတ်မသေးသောခေတ်၊
(၃) သီလခေတ်= သီလလေးပါးကို စောင့်ထိန်းသောပုဂ္ဂိုလ်တို့ မဆိတ်သေးသောခေတ်၊
(၄) သုတခေတ်= ပိဋကတ် ကျမ်းစာကို သင်ကြားပို့ချသော ပုဂ္ဂိုလ်ရှိသေးသောခေတ်၊
(၅) ဒါနခေတ်= အလှူဒါန၏ တရားကို အားထားပြု၍ နေသူရှိသောခေတ်၊ ♦သုခမှတ်စု

သာသနာတော်တွင်း၌ မြေမျိုခံရသူ ၅-ဦး

(၁) စိဉ္စမာဏ၊
(၂) သုပ္ပဗုဒ္ဓ၊
(၃) ဒေဝဒတ်၊
(၄) နန္ဒကဘီလူး၊
(၅) နန္ဒလုလင်၊ ♦သုခမှတ်စု

သားချင်း ၅-ဦး

(၁) မိမိ၏ မိဘကမွေးသောသားသမီး (ညီအစ်ကို မောင်နှမ အရင်း)၊
(၂) ဘကြီးကမွေးသော သားသမီး (ညီအစ်ကိုမောင်နှမ တစ်ဝမ်းကွဲ)၊
(၃) မိကြီး မိထွေးကမွေး သောသားသမီး (ညအီစ်ကိုမောင်နှမ တစ်ဝမ်းကွဲ)၊
(၄) ဘထွေး ဦးလေးကမွေးသောသမီး (ညီအစ်ကိုမောင်နှမတစ်ဝမ်းကွဲ)၊
(၅) မိထွေး (အဒေါ်) အရီးကမွေးသော သားသမီး (ညီအစ်ကို မောင်နှမ တစ်ဝမ်းကွဲ)၊ ♦သုခမှတ်စု

သားသမီးကျင့်ဝတ် ၅-ပါး

သိင်္ဂါလောဝါဒသုတ်
(၁) မိဘနှစ်ပါးအား ကျွေးမွေးပြုစုခြင်း၊
(၂) မိဘတို့၏အလုပ်ကိစ္စတို့ကိုဆောင်ရွက်မပေးခြင်း၊
(၃) မိဘတို့၏ အမွေကိုဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ခံယူခြင်း၊
(၄) အလှူအတန်းပြုသမျှ မိဘ တို့ကို အမျှဝေခြင်း၊
(၅) မိဘ၏ ရိုးရာ မျိုးရိုးတို့ကို မဖျက်ဆီးခြင်း၊ စောင့်ရှောက်ခြင်း၊ ♦သုခမှတ်စု

သီတင်းသုံးဖော် ၅-ယောက်

(၁) ရဟန်းယောက်ျား၊
(၂) ရဟန်းမိန်းမ၊
(၃) သိက္ခမာန်၊
(၄) သာမဏေယောက်ျား၊
(၅) သာမဏေမိန်းမ၊ (သိက္ခမာန်သည် ရဟန်းမဟုတ်၊ ပါဏာတိပါတမှစ၍ ဝိသာလဘောဇနတိုင် သိက္ခာပုဒ်ခြောက်ပါးကို ကျင့်သောမိန်းမဖြစ်၏၊) ♦သုခမှတ်စု

သီလအကျိုး ၅-ပါး

(၁) စည်းစိမ်ချမ်းသာ ကြီးကျယ်များပြား တိုးပွားခြင်း၊
(၂) ကောင်းမြတ်သောသတင်းဖြင့် ကျော်စောခြင်း၊
(၃) ပရိသတ်အလယ်၌ မတုန်မလှုပ်ခြင်း၊
(၄) မိန်းမော တွေဝေခြင်းမရှိဘဲ သေရခြင်း၊
(၅) သေသည့်နောက်အပါယ်လေးပါးမှလွတ်၍ သုဂတိဘုံသို့ ရောက်ခြင်း ♦သုခမှတ်စု

သူကြီး ၅-ဦး

(၁) ဇောတိက၊
(၂) မေဏ္ဍက၊
(၃) ဇဋိလ၊
(၄) ပုဏ္ဏ၊
(၅) ကာကဝလိယ၊ ♦သုခမှတ်စု

သူတော်ကောင်းတို့၏အား ၅-ပါး

(၁) သဒ္ဓါဗလ= ရတနာသုံးပါးဂုဏ်၌ မတုန်မလှုပ်ကြည်ညိုခြင်း၊
(၂) ဝီရိယဗလ= အကုသိုလ်တရား ခေါင်း ပါးစေ၍ အကုသိုလ်တရားကို ပွားများစေခြင်းငှာ လုံ့လပြုခြင်း၊
(၃) သတိဗလ= ရုပ်နာမ်ခန္ဓာကို လက္ခဏာရေးသုံးပါးဖြင့် နှလုံးသွင်းခြင်း၊
(၄) သမာဓိဗလ= ဒါန သီလ ဘာဝနာအစရှိသော ကုသိုလ်ကောင်းမှုတို့၌ မတုန်မလှုပ် တည်ကြည်စွာ ရွက်ဆောင်ခြင်း၊
(၅) ပညာဗလ= ထိတ်လန့်ခြင်း သံဝေဂတရားဖြင့် အဖြစ်အပျက်ကို အဖန်ဖန် ဆင်ခြင်ခြင်း၊ ♦သုခမှတ်စု

လူနာများ လိုက်နာရန် အင်္ဂါ ၅-ပါး

(၁) သင့်တင့်သောနေရာ၌ နေထိုင်ရခြင်း၊
(၂) မှီဝဲသင့်သောဆေးကိုသာ သုံးဆောင်မီဝှဲရခြင်း၊
(၃) မသင့်သော အာဟာရများကို ရှောင်ကြဉ်ရခြင်း၊
(၄) ဝေဒနာ၏ အဖြစ်အပျက်ကို မှန်ကန်စွာ ပြောပြခြင်း၊
(၅) ဝေဒနာနှိပ်စက်သည်ကို သည်းခံရခြင်း၊ ♦သုခမှတ်စု

သုရာ ၅-ပါး

(၁) ပိဋ္ဌသုရာ= မုန့်ညက်ကို ရေတို့ဖြင့်နယ်၍ ပြုထားသောအရည်၊
(၂) ပူဝသုရာ= မုန့်တို့ကို အိုးခွက်၌ထည့်ပြီးလျှင် ရေဖြင့်နယ်၍ထားသောအရက်၊
(၃) သြဒနသုရာ= ထမင်းတို့ကို အိုးခွက်၌ထည့်ပြီးလျှင် ရေဖြင့်နယ်ထား၍ ပြုလုပ်ထားသောအရက်၊
(၄) ကဏ္ဏိပက္ခိတ သုရာ= သေ၏မျိုးစေ့ မုန့်ရည်တို့ကိုထည့်၍ ပြုလုပ်ထားသောအရည်၊
(၅) သမ္ဘာရသံယုတ္တသုရာ= ဇာတိပ္ဖိုလ်၊ မုန်ညင်း အစရှိကုန်သော အထူးထူးသော အသီးတို့နှင့် ယှဉ်စပ်၍ ပြုထားသောအရည်၊ ♦သုခမှတ်စု

သူရဲ ၅-ပါး

(၁) မြင်းစိုင်းသည်ကိုမြင်လျှင် မတည်တံ့နိုင်သောသူရဲ၊
(၂) မြင်းစိုင်းသည်ကို မြင်လျှင် တည်တံ့နိုင်၏၊ ဆင် မြင်း ရထား၌ ဆောက်တည်သေ တံခွန်ကိုမြင်လျှင် မတည်တံ့နိုင်သောသူရဲ၊
(၃) မြင်းစိုင်းသည်ကိုမြင်လျှင် တံခွန်ကိုမြင်သည် တည်နိုင်၏၊ ဆင် မြင်း ရထား စသည်တို့၏အသံကိုကြားလျှင် မတည်တံ့နိုင်သော သူရဲ၊
(၄) မြင်းစိုင်းသည်ကိုမြင်၊ တံခွန်ကိုမြင်၊ အသံကိုကြားသည်၊ တည်တံ့နိုင် သေး၏၊ အနည်းငယ် ထိုး ပစ်မိသော် မတည်တံ့နိုင်သောသူရဲ၊
(၅) မြင်းစိုင်း၊ တံခွန်၊ အသံကိုကြား၊ ထိုးပစ်မိလျက် တည်တံ့၍ အောင်မြင်ပြီးမှ ထိုးဝင်သောသူရဲ၊ ♦သုခမှတ်စု

သူရဲနှင့်တူသော ပုဂ္ဂိုလ် ၅-ယောက်

(၁) “အမည်ရှိသော နိဂုံးရွာတွင် မိန်းမသည် အရောင်အဆင်းနှင့် ပြည့်စုံသည်ဟုကြားလျှင် သာသနာတော်၌ မတည်တံ့နိုင်၍ လူထွက်သည်၊
(၂) ရဟန်းသည် မိန်းမ အရောင်အဆင်းနှင့် ပြည့်စုံသည် ကြားသော်တည်တံ့နိုင်၏၊ မြင်သော် မတည်တံ့နိုင်၍ လူထွက်သည်၊
(၃) ဆိတ်ငြိမ်ရာ၌နေသော ရဟန်းသည် မာတုဂါမကပ်၍ ပြောသော်၊ ရယ်သော်၊ မြည်သော် မတည်တံ့နိုင်၍ လူထွက်သည်၊
(၄) ဆိတ်ငြိမ်ရာအရပ်၌ နေသော ရဟန်းသည် မာတုဂါမနှင့်ကပ်၍ အိပ်နေသော်၊ လွှမ်းမိုးသော်၊ သိက္ခာကိုစွန့်၍ မေထုန်မှီဝဲသော ပုဂ္ဂိုလ်၊
(၅) ဆိတ်ငြိမ်ရာအရပ်၌နေသော ရဟန်းဒေသသို့ မာတုဂါမကပ်လတ်၍ အတူအိပ်နေသော်၊ လွှမ်းမိုးသော်၊ ထိုမာတုဂါမကိုလွှတ်၍ မာတုဂါမသွားလေလျှင် တော၊ သစ်ပင်၊ တောင်၊ ချောက်၊ လိုဏ်၊ သုသာန်တို့ကပ်၍ ထက်ဝပ်ဖွဲ့လျက် ကမ္မဋ္ဌာန်းစီးဖြန်း၍ သစ္စာလေးပါးတရားကို သိသောပုဂ္ဂိုလ်၊ ♦သုခမှတ်စု

သေအံ့သော နတ်တို့၏ နိမိတ် ၅-ပါး

(၁) နတ်ပန်းညှိုးခြင်း၊
(၂) မျက်တောင်ခတ်ခြင်း၊
(၃) နတ်ပြည်၌ မပျော်ပိုက်ခြင်း၊
(၄) ကိုယ်ရောင်ညှိုးခြင်း၊
(၅) လက်ကတီးကြားက ချွေယိုခြင်း၊ ♦သုခမှတ်စု

သက္ကရာဇ်ဖြိုသော မင်း ၅-ပါး

(၁) ဘိုးတော်အဉ္စနမင်း = ကပိလဝတ်ပြည်တွင် ဒေဝီလ ရသေ့ကို အမှီပြု၍ မဟာသက္ကရာဇ် ၈၆၄၇ ကို 'ဗာဏာသန္ဓိုဆဗသျှ' ကိန်းအရ ၈၆၄၅ ဖြင့်ဖြို၍ အတို သက္ကရာဇ် ၂ ထားသည်၊
(၂) အဇာတသတ်မင်း= ရာဇဂြိုဟ်ပြည်တွင် မဟာကဿပမေထရ်ကို အမှီပြု၍ မဟာသက္ကရာဇ် ၁၅၀ ကို 'ဗသျှဗေဒရူပ ' ကိန်းအရ ၁၄၈ ဖြင့်ဖြို၍ အတိုသက္ကရာဇ် ၂ ထားသည်၊
(၃) သုမုန္ဒြိမင်း= သရေခေတ္တရာပြည်တွင် အမတ်ပုဏ္ဏားတို့ကို အမှီပြု၍ မဟာသက္ကရာဇ် ၆၂၄ ကို 'ဒေါဒေါ ရသ' ကိန်းအရ ၆၂၂ ဖြင့် ဖြို၍ အတိုသက္ကရာဇ် ၂ ထားသည်၊
(၄) မဟာသင်္ဃရာဇ်မင်း= ပုဂံပြည်တွင် အမတ် ပုဏ္ဏားတို့ကို အမှီပြု၍ မဟာ သက္ကရာဇ် ၅၆၂ ကု'ိဆခပဥ'္စ ကိန်းအရ ၅၆၀ ဖြင့်ဖြို၍ အတိုသက္ကရာဇ် ၂ ထားသည်၊
(၅) မိုးညှင်းမင်းတရား= အဝပြည်တွင် အမတ် ပုဏ္ဏား ရဟန်းတို့ကို အမှီပြု၍ မဟာသက္ကရာဇ် ၈၀၀ ကို 'ဗသျှုဆိဒြမုနိ' ကိန်းအရ ၇၉၈ ဖြင့် ဖြို၍ အတိုသက္ကရာဇ် ၂ ထားသည်၊ ♦သုခမှတ်စု

သင်တုန်းလှူသော အကျိုး ၅-ပါး

(၁) အဆွေ ခင်ပွန်းကောင်း ရခြင်း၊
(၂) လုံ့လဝီရိယရှိခြင်း၊
(၃) သည်းခံနိုင်ခြင်း၊
(၄) မေတ္တာအားကြီးခြင်း၊
(၅) ပညာ ရှိခြင်း၊ ♦သုခမှတ်စု

သစ်ပင်တို့၏ ပဉ္စ ၅-ပါး

(၁) အပေါက်၊
(၂) အမြစ်၊
(၃) အပွင့်၊
(၄) အရွက်၊
(၅) အသီး၊ ♦သုခမှတ်စု

သစ်သီးတို့၏ အရွယ် ၅-ပါး

(၁) အကင်း၊
(၂) အနု၊
(၃) အရင့်၊
(၄) ဝင်းပြောင်၊
(၅) အမှည့်၊ ♦သုခမှတ်စု

သည်းခံရာ၌ အကျိုး ၅-ပါး

(၁) လူအများချစ်ခင်ခြင်း၊
(၂) ရန်ငြိမ်းခြင်း၊
(၃) အပြစ်နည်းခြင်း၊
(၄) မတွေမဝေ သေရခြင်း၊
(၅) သုဂတိဘဝသို့ လားရခြင်း၊ ♦သုခမှတ်စု

သည်းခြေ ၅-ပါး

(၁) ရဉ္စကသည်းခြေ= ကိုယ်အလုံး၌ ပျံ့နှံ့လျက် တည်သော ရသာယနမျိုး အရေအဖတ် ဓာတ် အဆောက်အဦ အမျိုးမျိုးတို့ကို ဖြူ, ဝါ, နီ, ရွှေအထွေထွေသော အရောင်တို့ဖြင့် ဆိုးတတ်သောသည်းခြေ၊
(၂) သာဓက သည်းခြေ= နှလုံး အိမ်၌ တည်၍ အသိပညာ၊ သတိ၊ သမာဓိ စသော လိုအပ်သော အကျိုးကို ပြီးစေတတ်သော သည်းခြေ၊
(၃) လောစကသည်းခြေ= မျက်လုံး၌ အဆင်းကို မြင်စေတတ်သော သည်းခြေ၊
(၄) ပါစက သည်းခြေ= အစာသစ်အိမ်၌ တည်၍ အစာကို ကြေကျက်စေတတ်သော သည်းခြေ၊
(၅) ဘာစက သည်းခြေ= အရေ၌ တည် တစ်ကိုယ်လုံး ပျံ့နှံ့သော သည်းခြေ၊ ♦သုခမှတ်စု

သည်းမခံခြင်း အပြစ် ၅-ပါး

(၁) သူများမနှစ်လိုခြင်း၊
(၂) ရန်များခြင်း၊
(၃) အပြစ်များခြင်း၊
(၄) တွေဝေ၍ သေရခြင်း၊
(၅) အပါယ်သို့ လားရခြင်း၊ ♦သုခမှတ်စု

သလ္လ (ဆူးငြောင့်၊ မြား) ၅-စင်း

(၁) ရာဂ သလ္လ= ရမ္မက်ဟူသောငြောင့်၊
(၂) ဒေါသ သလ္လ= ဒေါသဟူသောငြောင့်၊
(၃) မောဟသလ္လ= အမိုက်ဟူသောငြောင့်၊
(၄) မာန သလ=. မာန်စောင်းဟူသောငြောင့်၊
(၅) ဒိဋ္ဌိ သလ္လ= အယူမှားခြင်း ဟူသောငြောင့်၊ ♦သုခမှတ်စု

သပ္ပုရိသဒါန ၅-ပါး

(၁) သက္ကစ္စ ဒါန= အလှူဝတ္ထုကို အလေးအမြတ်ပြု၍ လှူဒါန်းခြင်း၊
(၂) စိတ္တီက ဒါန= အလှူခံပုဂ္ဂိုလ်ကို အရိုအသေပြု၍ လှူဒါန်းခြင်း၊
(၃) သဟတ္ထ ဒါန= မိမိလက်ဖြင့် ပေးလှူခြင်း၊
(၄) အနပဝိဒ္ဓ ဒါန= မပစ်မလွှတ်ဘဲပေးလှူခြင်း၊
(၅) အာဂမနဒိဋ္ဌိကာ ဒါန= လာလတ္တံ့သော ကံ, ကံ၏ အကျိုးကို ယုံကြည်၍ ပေးလှူခြင်း၊ (တနည်း)
(၁) သဒ္ဓါဒါန= သဒ္ဓါပြဋ္ဌာန်း၍ လှူဒါန်းခြင်း၊
(၂) သက္ကစ္စ ဒါန= အလှူဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို အရိုအသေပြု၍လှူခြင်း၊
(၃) ကာလ ဒါန= သင့်တင့်လျောက်ပတ်သော အခါကာလ၌ ပေးလှူခြင်း၊
(၄) အနုဂ္ဂဟိတစိတ္တဒါန= မလှူမီ, လှူဆဲ, လှူပြီးဖြစ်သော ကာလသုံးပါးတို့၌ နှမြော စုံမက်နှစ်သက် တွန့်တို ဆုတ်နစ်ခြင်း မရှိဘဲ လွတ်လပ်စွာ ပေးလှူခြင်း၊
(၅) အနု ပဟစ္စဒါန= မိမိကိုယ်ကိုလည်း မချီးမြှောက် သူတစ်ပါးအားလည်း မကဲ့ရဲ့ မရှုတ်ချသော စိတ်ဖြင့် လှူဒါန်းခြင်း၊ ♦သုခမှတ်စု

သံယောဇဉ် ၅-ပါး

(၁) ကာမရာဂ သံယောဇဉ်= ကာမဂုဏ်၌ စွဲလမ်းခြင်း၊
(၂) ပဋိဃသံယေဇဉ်= ဒေါသတရား၌ စွဲလမ်းခြင်း၊
(၃) ဒိဋ္ဌိသံယောဇဉ်= မှားသောအယူကို ယူလေ့ရှိခြင်း၊
(၄) ဝိစိကိစ္ဆာ သံယောဇဉ်= တွေးတော ယုံမှားလေ့ရှိခြင်း၊
(၅) ဣဿာ သံယောဇဉ်= သူတစ်ပါးအား မနာလိုခြင်း၊ ♦သုခမှတ်စု

သသံဂ္ဂ(သသံဂ္ဂ=ပေါင်းဖက်ခြင်း၊ရောနှောခြင်း) ၅-ပါး

(၁) ဒဿန သံသဂ္ဂ= မျက်စိခြင်း ပေါင်းဖက်ခြင်း၊ ဆုံခြင်း၊
(၂) သဝနသံသဂ္ဂ= စကားဆုံခြင်း၊ စကားလက် ဆုံကျခြင်း၊
(၃) သမုလ္လပနသံသဂ္ဂ= ကောင်းစွာပြောဟော၍ ဆက်ဆံခြင်း၊
(၄) ပရဘောဂသံသဂ္ဂ= ပစ္စည်း အသုံးအဆောင်ချင်း ဆက်စပ်ပေါင်းဖော်ခြင်း၊
(၅) ကာယသံသဂ္ဂ= ကိုယ်နှင့်ပေါင်းဖက်ခြင်း၊ ♦သုခမှတ်စု

အဒိန္နာဒါနကံရှောင်ခြင်းအကျိုး ၅-ပါး

(၁) ဥစ္စာများခြင်း၊
(၂) အလိုရှိသော စည်းစိမ်ချမ်းသာရခြင်း၊
(၃) ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ခြင်း၊
(၄) လောကုတ္တရာတရား ရလွယ်နိုင်ခြင်း၊
(၅) ချမ်းသာစွာနေရခြင်း၊ ♦သုခမှတ်စု

အဒိန္နာဒါန သိက္ခာပုဒ် အင်္ဂါ ၅-ပါး

(၁) ပရပရိဂ္ဂဟိတံ= သူတစ်ပါးသိမ်း ဆည်းအပ်သော ဥစ္စာလည်းဖြစ်စေ၊
(၂) ပရပရိဂ္ဂဟိတသညိတာ= သူတစ်ပါး သိမ်းဆည်းအပ်သော ဥစ္စာဟု အမှတ်ရှိသည်လည်း ဖြစ်စေ၊
(၃) ထေယျစိတ္တံ= ခိုးယူလိုသောစိတ် ရှိသည်လည်းဖြစ်စေ၊
(၄) ဥပက္ကမော= ခိုးခြင်းငှာ လုံလပြုသည်ကိုလည်း ဖြစ်စေ၊
(၅) တေနကရဏံ= ထိုလုံ့လဖြင့် ခိုးယူသည်လည်း ဖြစ်စေ၊ ♦သုခမှတ်စု

အဓောဝါတလေ၏ လက္ခဏာ ၅-ပါး

(၁) ဝမ်းရောင်ခြင်း၊
(၂) ရင်ပြည့် ရင်လေးခြင်း၊
(၃) လေချုပ်ခြင်း၊
(၄) လေမြင်းသရိုက်ဖြစ်ခြင်း၊
(၅) ဝမ်းသွန်ခြင်း၊ ♦သုခမှတ်စု

အနဝတတ်အိုင်ကိုရံသော တောင် ၅-လုံး

(၁) သုဒဿနတောင်၊
(၂) စိတ္တ ကူဋတောင်၊
(၃) ကာဠကူဋတောင်၊
(၄) ဂန္ဓာမာဒနတောင်၊
(၅) ကေလာသဘတောင်၊ ♦သုခမှတ်စု

အနာရောဂါကင်းရန် ရှောင်ကြဉ်မှု ၅-ပါး

(၁) တန်ခူး၊ ကဆုန်လတို့တွင်= အမောအပန်းမခံခြင်း၊
(၂) နယုန်၊ ဝါဆိုလတို့တွင်= မေထုန်မှုမပြုခြင်း၊
(၃) ဝါခေါင်၊ တော်သလင်းလတို့တွင်= လှောင်ရေ သင်းရေကို မသောက်ခြင်း၊
(၄) သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင်= ချဉ်, စပ်, ငန်, ရသာများကို မစားခြင်း၊
(၅) ဆောင်းရာသီတွင်= နေ့အခါ၌ မအိပ်စက်ခြင်း၊ ♦သုခမှတ်စု

အနုသာဝနဝိပ္ပတ္တိ ၅-ပါး

(၁)ဝတ္ထုကို မသုံးသပ်ခြင်း၊
(၂) ပုဂ္ဂိုလ်ကို မသုံးသပ်ခြင်း၊
(၃) သံဃာကို မသုံးသပ်ခြင်း၊
(၄) ကမ္မဝါစာကို ယုတ်စေခြင်း၊
(၅) အ,ကာလ၌ ရွတ်ခြင်း၊ ♦သုခမှတ်စု

အနန္တော အနန္တ ၅-ပါး

(၁) ဗုဒ္ဓဂုဏော အနန္တော = မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်သည် အဆုံးအပိုင်းအခြား မရှိ၊
(၂) ဓမ္မဂုဏော အနန္တော= တရားတော်ဂုဏ်မကျေးဇူး တော်သည် အဆုံး အပိုင်းအခြားမရှိ၊
(၃) သံဃ ဂုဏော အနန္တော = သံဃာတော်၏ဂုဏ်ကျေးဇူးတော်သည် အဆုံးအပိုင်းအခြား မရှိ၊
(၄) မာတာပိတုဂုဏော အနန္တော= အမိအဘတို့၏ ဂုဏ်ကျေးဇူးတော်သည် အဆုံးအပိုင်းအခြားမရှိ၊
(၅) အာစရိယဂုဏော အနန္တော = ဆရာသမား၏ ဂုဏ်ကျေးဇူးသည် အဆုံး အပိုင်းအခြား မရှိ၊ ♦သုခမှတ်စု

အပူဇော်ခံကြသောဆရာ ၅-ပါး

(၁) မိမိ၌ စင်ကြယ်သောသီလမရှိဘဲ ရှိယောင်ဆောင်၍ သူတစ်ထူးအား လွန်ကျူးစွာ ကဲ့ရဲ့ ရှုတ်ချလျက် မြတ်သောသီလသည် ငါ့၌သာရှိ၏ ဟုဝန်ခံ၍ အခြံအရံ အလုပ်အကျွေးတို့ကို သွေးဆောင် ဖျားယောင်းတတ်သော ဆရာ၊
(၂) မိမိ၌ စင်ကြယ်သော အသက်မွေးခြင်းမရှိဘဲ ရှိယောင်ဆောင်၍ သူတစ်ထူးအား လွန်ကျူးစွာ ရှုတ်ချလျက် မြတ်သောအာဇီဝသည် ငါ့၌သာရှိ၏ဟု ဝန်ခံ၍ အပူဇော်ခံသော ဆရာ၊
(၃) မိမိ၌ မစင်ကြယ်သော အယူစကား တရားဒေသနာရှိလျက် မရှိယောင်ဆောင်၍ သူတစ်ထူးအား လွန်ကျူးစွာ ရှုတ်ချလျက် မြတ်သောအယူဝါဒ ဓမ္မဒေသနာ ငါ့၌သာ ရှိ၏ဟု ဝန်ခံ၍ အပူဇော်ခံ သော ဆရာ၊
(၄) မိမိ၌မစင်ကြယ်သော ဉာဏ်အမြင်ရှိလျက် စင်ကြယ်သော ဉာဏ်အမြင်ရှိ၏ဟု ဝန်ခံ၍ အခြံအရံကို သွေးဆောင်ကာနေသော ဆရာ၊
(၅) မိမိ၌ မစင်ကြယ်သော ဗျာကရိုဏ် သင်ခြင်း ရှိလျက် စင်ကြယ်သော ဗျာကရိုဏ်း သင်ခြင်း ရှိ၏ဟု ဝန်ခံ၍ အခြံအရံကို သွေးဆောင်ကာ ဆရာပြုနေသော ဆရာ၊ ♦သုခမှတ်စု

အဘသတ်မင်းမျိုး ၅-ဆက်

(၁) အဇာတသတ်မင်းကား ခမည်းတော် ဗိမ္ဗိသာရကိုသတ်၍ နန်းလု၏၊
(၂) ဥဒယဘဒ္ဒမင်းကား ခမည်းတော် အဇာတသတ်ကိုသတ်၍ နန်းလု၏၊
(၃) အနုရုဒ္ဓါမင်းကား ခမည်းတော် ဥဒယဘဒူမင်းကိုသတ်၍ နန်းလု၏၊
(၄) မုဏ္ဍမင်းကား ခမည်းတော် အနုရုဒ္ဓါကို သတ်၍ နန်းလု၏၊
(၅) နာဂဒါသမင်းကား ခမည်းတော် မုဏ္ဍမင်းကိုသတ်၍ နန်းလု၏၊ ♦သုခမှတ်စု

အဘိနန္န ၅-ပါး

(၁) ကာမဂုဏ် ၅-ပါးပင်ဖြစ်၏၊ ♦သုခမှတ်စု

အမေး ၅-ထွေ

(၁) အဒိဋ္ဌစောဒနာ= မသိမမြင်သော အနက်အဓိပ္ပာယ်ကို သိမြင်ချင်၍ မေးခြင်း၊
(၂) ဒိဋ္ဌသံသန္ဒနာပုစ္ဆာ= သိပြီးအနက်ကို တူမတူ နှိုင်းယှဉ် လို၍ မေးခြင်း၊
(၃) ဝမိ တိစေဒ္ဆ နာပစု္ဆာ ဒနာ= မှတ်ပြီး သောအဓပ္ပိာယ်ကိုယုံမှား၍ မေးခြင်း၊
(၄) အနုမတိစ္ဆေဒနာပုစ္ဆာ= အလိုသို့လိုက်၍ ဖြေလိုသောကြောင့် မေးခြင်း၊
(၅) ကထေထု ကမျတာပုစ္ဆာ= အကြင် အကြင်သို့ သဘောရှိသော စကားအထူးတို့ကိုလည်း သိမြင်ပါလိမ့်မည်လောဟု ပြောလို၍ မေးခြင်း၊ ♦သုခမှတ်စု

အမျက်ငြိမ်းရန် ဟောသောတရား ၅-ပါး

(၁) လူခပ်သိမ်းတို့ မချစ်ကြခြင်း၊
(၂) နှလုံးမပွားစေအပ်ခြင်း၊
(၃) ရန်များခြင်း၊
(၄) အပြစ်များခြင်း၊
(၅) တွေဝေ၍ သေပြီးနောက် အပါယ် ဒုဂ္ဂတိလားရခြင်း၊ (တစ်နည်း) ကဝိလက္ခဏဒီပနီ
(၁) လူခပ်သိမ်းတို့ မနှစ်လိုခြင်း၊
(၂) ကြမ်းတမ်းခြင်း၊
(၃) နောင်တ တစ်ဖန် ပူပန်ရခြင်း၊
(၄) တွေဝေသဖြင့် သေရခြင်း၊
(၅) သေပြီးနောက် အပါယ် ဒုဂ္ဂတိသို့ ရောက်ရခြင်း၊ ♦သုခမှတ်စု

အမြဲမှီဝဲ မြတ်နိုးခြင်း မပြုအပ်သော မိန်းမ ၅-ယောက်

(၁) အဆင်းအရောင် အလွန်လှသော မိန်းမ၊
(၂) လူအပေါင်းတို့ ကိလေသာဖြင့် ချစ်နေသော မိန်းမ၊
(၃) လင်ရှိမိန်းမ၊
(၄) ကချေသည်၊
(၅) ဥစ္စာပစ္စည်း အလိုကြီးသော မိန်းမ၊ ♦သုခမှတ်စု

အသက်ရှိလျက် သေသူမည်သောသူ ၅-ဦး

(၁) ဆင်းရဲလှစွာသောသူ၊
(၂) အနာမပြတ် နှိပ်စက်သောသူ၊
(၃) မိုက်မဲသောသူ၊
(၄) ကြွေးမြီးများသောသူ၊
(၅) မင်း၌ ကြပ်ကြပ်တည်းတည်း ခ, စားသောသူ၊ ♦သုခမှတ်စု

အသက်ရှည်ရာ အကြောင်း ၅-ပါး

(၁) လျောက်ပတ်သင့်တင့်စွာ ကျင်ြ့ခင်း၊
(၂) လျောက်ပတ်သင့်တင့်စွာစားခြင်း၊
(၃) အစာကြေစေတတ်သော ဆေးဝါးကို မှီဝဲခြင်း၊
(၄) လမ်းလျှောက်ခြင်း (အချိန်မှန်)၊
(၅) မေတ္တာတရား ပွားများခြင်း၊ (တစ်နည်း)
(၁) အစာကြေမှ နောက်ထပ် အစားအစာကိုစားခြင်း၊
(၂) ကျင်ကြီးကျင်ငယ်ကို အချုပ်မခံခြင်း၊ မတားဆီးခြင်း၊
(၃) မေထုန်တရား ရှောင်ရှားခြင်း၊
(၄) သူတစ်ပါးအား မညှဉ်းဆဲခြင်း၊
(၅) မစဉ်းစားဘဲ လျင်မြန်စွာ မပြုခြင်း၊ (၎င်းတစ်နည်း)
(၁) ငါးပါးသီလ မြဲခြင်း၊
(၂) တစ်လင်တစ်မယားသာ နေခြင်း၊
(၃) ခြိုးခြံ၍ စားသောက်ခြင်း၊
(၄) ဗြဟ္မစိုရ်ပွားများခြင်း၊
(၅) အကျင့်မြတ်ခြင်း၊ ♦သုခမှတ်စု

အသုညကမ္ဘာ ၅-ပါး

(၁) သာရကမ္ဘာ= ဘုရားတစ်ဆူပွင့်သဖြင့် အနှစ်သာရရှိသော ကမ္ဘာ၊
(၂) မဏ္ဍကမ္ဘာ= ဘုရားနှစ်ဆူပွင့်သဖြင့် ကောင်းသောကမ္ဘာ၊
(၃) ဝရကမ္ဘာ= ဘုရားသုံးဆူ ပွင့်တော်မူသဖြင့် မြတ်သောကမ္ဘာ၊
(၄) သာရမဏ္ဍကမ္ဘာ= ဘုရားလေးဆူ ပွင့်တော်မူသဖြင့် အနှစ်သာရလည်းရှိ ကောင်းလည်းကောင်းသော ကမ္ဘာ၊
(၅) ဘဒ္ဒကမ္ဘာ= ဘုရားငါးဆူ ပွင့်တော်မူသဖြင့် ကောင်းမြတ်သော ကမ္ဘာ၊ ♦သုခမှတ်စု

အသပွရိသဒါန ၅-ပါး

(၁) အသက္ကစ္စဒါန= အလှူဝတ္ထုကို အလေးအမြတ် မပြုမူ၍ ပေးလှူခြင်း၊
(၂) အစိတ္တိကဒါန= အလှူခံပုဂ္ဂိုလ်ကို အလေးဂရုမပြုမူ၍ ပေးလှူခြင်း၊
(၃) အသဟတဒ္ထါန= မိမလိက် မဟုတ်သ ဖြင့် ပေးလှူခြင်း၊ သူတစ်ပါးအား လှူဒါန်းစေခြင်း၊ အပဝိဒ္ဓဒါန= ပစ်လွှတ်သည်ဖြစ်၍ ပေးလှူခြင်း၊
(၅) အနာဂမန ဒိဋ္ဌိကဒါန= လာလတ္တံ့သော ကံ, ကံ၏အကျိုးကို မယုံကြည်သည် ဖြစ်၍ ပေးလှူခြင်း၊ ♦သုခမှတ်စု

အာနန္ဒာ၏ ဧတဒဂ် ၅-ပါး

(၁) ဓိမတ္တသတိ= အမှတ်လျင်ခြင်း၊
(၂) အဓိတ္တဂတိမာ= အရွတ်လျင်ခြင်း၊
(၃) အဓိမတ္တဓိတိမာ= အမှတ်မြဲခြင်း၊
(၄) ဗဟုသုတ= အကြားအမြင်များခြင်း၊
(၅) ဥပဋ္ဌာက= အလုပ်အကျွေး၌ သိမ်မွေ့ခြင်း၊ ♦သုခမှတ်စု

အာယောဂပတ်လှူသော အကျိုး ၅-ပါး

(၁) စျာန်သမာပတ်တရားတို့၌ မတုန်လှုပ်ခြင်း၊
(၂) ထိုသမာဓိတရား၌ လေ့လာသော ဝသီဘော်ရှိခြင်း၊
(၃) သား, မြေး, ကျေးကျွန်တို့မပြိုမကွဲရှိခြင်း၊
(၄) သူတစ်ပါးတို့ ယုံကြည်သောစကားရှိခြင်း၊
(၅) စည်းစိမ်ချမ်းသာ မပြိုမကွဲရှိခြင်း၊ ♦သုခမှတ်စု

အာလိန် ၅-ဆင့်

(၁) ပထမအာလိန်၊ နဂါးတို့ စောင့်သည်၊
(၂) ဒုတိယ အာလိန်၊ ဂဠုန်တို့ စောင့်သည်၊
(၃) တတိယအာလိန်၊ ကုမ္ဘဏ်တို့ စောင့်သည်၊
(၄) စတုတ္ထအာလိန်၊ ရက္ခိုသ်တို့ စောင့်သည်၊
(၅) ပဉ္စမအာလိန်၊ စတုမဟာရာဇ် နတ်ကြီးလေးပါး စောင့်သည်၊ ♦သုခမှတ်စု

အာဝေဏိကဒုက္ခ ၅-ပါး

(၁) ဆွေမျိုးတို့နှင့်ကွေကွင်း၍ လင်၏ အိမ်သို့ လိုက်ရခြင်း၊
(၂) ဥတလုာရခြင်း၊
(၃) ကိုယ်ဝန်ဆောင်ရခြင်း၊
(၄) သားဖွား ရခြင်း၊
(၅) လင့်ခြေရင်း၌ လုပ်ကျွေးရခြင်း၊ ♦သုခမှတ်စု

အာဟာရသြဇာ၏ အဖြစ် ၅-မျိုး

(၁) မိမိတို့စားသုံးသော အာဟာရ ဘောဇဉ်၏ အနှစ်ဖြစ်သော သြဇာ၏ ငါးပုံတစ်ပုံသည် လောက်တို့စားသည်၊
(၂) ၎င်းငါးပုံ တစ်ပုံသည် ပါစကဓာတ်မီးလောင်၍ ပျောက်ပျက်၏၊
(၃) ၎င်းငါးပုံ တစ်ပုံသည် ကျင်ကြီးဖြစ်၏၊
(၄) ၎င်း ငါးပုံတစ်ပုံသည် ကျင်ငယ်ဖြစ်၏၊
(၅) ကျန်ငါးပုံတစ်ပုံသည် အသွေးအသားဖြစ်၍ ရုပ်ကလပ်အသစ်တွေဖြစ်၏၊ ♦သုခမှတ်စု

ဥပရာဇာနန်းလျာ အိမ်ရှေ့မင်းတို့၏ အင်္ဂါ ၅-ပါး

(၁) မိဘ နှစ်ပါးစုံမှ အမျိုး နန်းဆက်ဖြစ်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ခမည်းတော် မယ်တော်နှင့်တကွ ဆွေတော်မျိုးတော်က နှစ်လိုခြင်း၊
(၄) တိုင်းသူပြည်သား ရဟန်းရှင်လူတို့၏ နှစ်လိုသူဖြစ်ခြင်း၊
(၅) ဆင်စီးမြင်းစီးနှင့်တကွ စစ်အတတ်ကို အပြီးတိုင်တတ်မြောက် လိမ္မာခြင်း၊ ♦သုခမှတ်စု

ဥပါသကာတို့ မရောင်းအပ်သော ကုန် ၅-ပါး

(၁) သတ္တဝဏိဇ္ဇာ= လက်နက်ကုန်လည်း တစ်ပါး၊
(၂) သတ္တဝါဏိဇ္ဇာ= လူကုန်လည်း တစ်ပါး၊
(၃) မံသ ဝါဏိဇ္ဇာ= ကြက်, ဝက် စသော အမဲကုန်လည်း တစ်ပါး၊
(၄) မဇ္ဇဝါဏိဇ္ဇာ= ယစ်မျိုးကုန်လည်း တစ်ပါး၊
(၅) ဝိသဝါဏိဇ္ဇာ= အဆိပ်ကုန်လည်း တစ်ပါး၊ ♦သုခမှတ်စု

အင်္ဂါဇာတ်ခိုင်ခြင်း ၅-ပါး

(၁) ရာဂုပတ္ထမ္ဘ= ရာဂကြောင့် ခိုင်ခြင်း၊
(၂) ပသာဝုပတ္ထမ္ဘ= ကျင်ငယ်သွားလို၍ ခိုင်ခြင်း၊
(၃) ဝစ္စုပတ္ထမ္ဘ= ကျင်ကြီး သွားလို၍ ခိုင်ခြင်း၊
(၄) ဝါတုပတ္ထမ္ဘ= လေခတ်သောကြောင့် ခိုင်ခြင်း၊
(၅) ဥစ္စာလိင်္ဂပါဏဒတ္ထုပတ္ထမ္ဘ= အမွေးများ ပိုးခဲခြင်းကြောင့် ခိုင်ခြင်း၊ ♦သုခမှတ်စု

အင်းပေါက်ခြင်းလက္ခဏာ ၅-ပါး

(၁) အင်းဘောင်ချင်း မထိသောကြောင့် ပေါက်ခြင်း၊
(၂) အက္ခရာမဉ္စဏန်းမမှန်၍ ပေါက်ခြင်း၊
(၃) အက္ခရာသော်လည်းကောင်း၊ ဂဏန်းသော် လည်းကောင်း အင်းဘောင်ကိုထိ၍ ပေါက်ခြင်း၊
(၄) ဂဏန်းစောင်းငိုက်၍ ပေါက်ခြင်း၊
(၅) အင်းကွက် မညီညွတ်၍ ပေါက်ခြင်း၊ ♦သုခမှတ်စု

အင်းပျဉ်လှူသော အကျိုး ၅-ပါး

(၁) မြင့်မြတ်သော အမျိုး၌ဖြစ်ခြင်း၊
(၂) အေးငြိမ်းချမ်းသာရှိခြင်း၊
(၃) ခပ်သိမ်းသောသူတို့ ရိုသေခြင်း၊
(၄) ကျော်စောခြင်း၊
(၅) လေးထောင့်ပလ္လင်ကို ရခြင်း၊ ♦သုခမှတ်စု

ဣန္ဒြေ ၅-ပါး၊ (ဣန္ဒြိယ = စောင့်စည်းခြင်း အုပ်စိုးခြင်း)

(၁) သိဒ္ဓိန္ဒြေ၊
(၂) ဝီရိယိန္ဒြေ၊
(၃) ပညိန္ဒြေ၊
(၄) သမာဓိန္ဒြေ၊
(၅) သတိန္ဒြေ၊ ♦သုခမှတ်စု

အပ်လှူသောအကျိုး ၅-ပါး

(၁) သူတစ်ပါးတို့ ရှိခိုးကိုခံရခြင်း၊
(၂) သူတစ်ပါးတို့ ယုံမှားသင်္ကာကို ဖျောက်နိုင်ခြင်း၊
(၃) အဆင်း လှခြင်း၊
(၄) စည်းစိမ်ချမ်းသာရှိခြင်း၊
(၅) မြတ်သောပညာရှိခြင်း၊ ♦သုခမှတ်စု

ကမ္မဋ္ဌာန်းအားထုတ်ချိန်မဟုတ်သော အခါ ၅-ပါး

ပဉ္စဂုင်္တ္တရပါဠိတော်
(၁) ဇိဏ္ဏဇ ရာဘိဘူတ= ဇရာထောင်း၍ အိုမင်းရွတ်တွသောအခါ၊
(၂) ဗျာဓိနဘိဘူတ= မကျန်းမ္မာ အနာဘေး နှိပ်စက်သောအခါ၊
(၃) ဒုဘိက္ခဒဘပိဏ္ဍ= ငတ်မွတ်ခေါင်းပါး အစာရှားသောအခါ၊
(၄) ဝိဝါဒဘယမတ္တ= အသင်းကွဲ၊ ပါတီကွဲ၊ ပြည်ထဲရေး သူပုန်ထပြီး အချင်း ချင်းတိုက်မခိုက်နေသောအခါ၊
(၅) သံဃဘိန္ဒ= သံဃာချင်း ကွဲပြားပြီး အငြင်းပွားနေသောအခါ၊ ♦သုခမှတ်စု

ကြောင်မျိုး ၅-ပါး (ဘေသဇ္ဇ)

(၁) ကြောင်တောက်၊
(၂) ကြောင်ပန်း၊
(၃) ကြောင်ရှာ (လျှာ)၊
(၄) ကြောင်မီးပူ၊
(၅) ကြောင်ခြစ်၊ (ကြောင်ပျစ် လည်းဟူ)၊ ♦သုခမှတ်စု

တေဇော=ကိုယ်တွင်းမီး ၅-ပါး

(၁) ဥသ္မာမီး= ပကတိကိုယ်ငွေ့၊
(၂) ပါစကမီး= အစာကျေချက်သောဝမ်းမီး၊
(၃) သန္တပ္ပနမီး=ခြစ်ခြစ်တောက် အပူဖျားမျိုး၊
(၄) ဒါဟမီး= လူးလဲအောင် ပူလောင်ခြင်းမျိုး၊
(၅) ဇီရဏမီး= လူကို အိုမင်းဆွေးမြေ့အောင် မသိမသာလောင်သောမီး၊ ♦သုခမှတ်စု

ခွေးမျိုး ၅-ပါး (ဘေသဇ္ဇ)

(၁) ပေါက်ခွေး၊
(၂) ခွေးငယ်ရိုင်းခေါ် ခွေးလည်းယား၊
(၃) ခွေးတောက်ကြီး၊
(၄) ခွေးတောက်သိမ်၊
(၅) ခွေးသေးပန်း၊ ♦သုခမှတ်စု

စဏ္ဍာလ ၅-မျိုး

ဧကကနိပါတ် အပဏ္ဏကဇာတ်အဋ္ဌကထာ
(၁) စဏ္ဍာလ= ဒွန်းစဏ္ဍားမျိုး၊ ပန်းပဲစသည့် အလုပ်ကြမ်းသမားများ၊
(၂) နေသာဒ= တံငါမဆိုး၊
(၃) ပုက္ကုရသ= ပန်း မှိုက်သွန် အညစ်အကြေး သုတ်သင်သူမျိုး၊
(၄) ရထကာရ= သစ်ရွေသမား၊ ရထားလှည်း စသည့် အလုပ်သမားမျိုး၊
(၅) ဝေန= ဝါခုတ်၊ ဝါးခွဲ၊ နှီးထိုး၊ ဖျာရက်စသည် ပြုလုပ်သောသူမျိုး၊ ♦သုခမှတ်စု

ဆွမ်းကပ်ခြင်း အင်္ဂါ ၅-ပါး

(၁) ရှေးရှူလည်းဆောင်၊
(၂) နှစ်တောင့်ထွာရောက်၊
(၃) မြှောက်နိုင်ဝတ္ထု၊
(၄) သုံးခုပေးခြင်း၊
(၅) ခံခြင်းနှစ်လောက်၊ ကျမ်းလာထောက်၊ ကပ်မြောက်အင်္ဂါ ငါးပါးတည်း၊ မှတ်ချက် ♦သုခမှတ်စု

ဇီယာမျိုး ၅-ပါး (ဘေသဇ္ဇ)

(၁) စမစုံ ပါး၊
(၂) စမုံဖွဲ၊
(၃) စမုံဖြူ၊
(၄) စမွတ်၊
(၅) ဇီယာ၊ ၎င်းငါးပါးကို (ပဉ္စဇီယာ) ဇီယာမျိုးငါးပါးဟု ရေးသားကြကုန်၏၊ ♦သုခမှတ်စု

တောထွက်ရဟန်းကြီးတို့၏ ခဲယဉ်းခြင်း ၅-ပါး

(၁) ဒုလ္လဘောသုဝစော= ဆိုဆုံးမရ ခဲယဉ်းခြင်း၊
(၂) ဒုလ္လဘော သုဂ္ဂဟိတဂ္ဂါဟီ= အယူဝါဒကောင်းကို အကောင်းယူနိုင်ရန် ခဲယဉ်းခြင်း၊
(၃) ဒုလ္လဘေပဒက္ခိဏဂ္ဂါဟီ= ရိုသေလိုက်နာကျင့်ကြံရမည့် သြဝါဒ စည်းမျဉ်းကို လိုက်နာရန် ခဲယဉ်းခြင်း၊
(၄) ဒုလ္လဘော ဓမ္မကထိကော= ဓမ္မကထိကဖြစ်ရန် ခဲယဉ်းခြင်း၊
(၅) ဒုလ္လဘော ဝိနယဓရော= ဝိနည်းဓိုရ်ကြီးဖြစ်ရန် ခဲယဉ်းခြင်း၊ (တစ်နည်း)
(၁) ဒုလ္လဘော နိပုဏော= နူးညံ့သိမ်မွေ့ ယဉ်ကျေးဖို့ ခဲယဉ်းခြင်း၊
(၂) ဒုလ္လဘော အာကပ္ပသမဏော= ရဟန်း တို့၏ဟန်ပန်သွင်ပြင် ဝတ်ခံစုားသောက်ပုံကို ပြုနိုင်ရန်ခဲယဉ်းခြင်း၊
(၃) ဒုလ္လဘော ဗဟုဿုတော= ပိဋကတ်စာပေ အကြားအမြင်ရနိုင်ရန် ခဲယဉ်းခြင်း၊
(၄) ဒုလ္လဘော ဓမ္မကထိကော= ဓမ္မကထိက ဖြစ်ရန်ခဲယဉ်းခြင်း၊
(၅) ဒုလ္လဘော ဝိနယ ဓရော= ဝိနည်းဓိုရ်ကြီးဖြစ်ရန် ခဲယဉ်းခြင်း၊ ♦သုခမှတ်စု

တောင့်တ၍ မရကောင်းသောအရာ ၅-ပါး

(၁) ဇရာ=မအိုပါစေနှင့်ဟု တောင့်တ၍ မရ၊
(၂) ဗျာဓိ= မနာပါစေနှင့်ဟု တောင့်တ၍မရ၊
(၃) မရဏ= မသေပါစေနှင့်ဟုတောင့်တ၍မရ၊
(၄) ခယဓမ္မ= ကုန်မခန်းဆုတ်ယုတ်ခြင်း မဖြစ်ပါစေနှင့်ဟု တောင့်တ၍မရ၊
(၅) နဿနဓမ္မ= မပျက်စီးပါစေနှင့်ဟု တောင့်တ၍ မရ၊ ♦သုခမှတ်စု

တိထီ ၅-ပါး (တစ်နည်း)

(၁) စန်းကိုခေါ်သော ဗေဒင်သုံး စကားတစ်မျိုးဟု အကျဉ်းမှတ်လေ၊ လဆန်း ၁-၂-၃-၄ ရက်သည် စန်းအားနည်းသောကြောင့် ဟီနဟန်း တိထီမည်၏၊ လဆန်း ၅-၆-၇-၈-၉-၁၀ ရက်သည် စန်းအားကြီးသောကြောင့် ဇလဝစန်း ဗလဝတိထီမည်၏၊ လဆန်း ၁၁-၁၂-၁၃-၁၄-၁၅- ရက်သည်စန်းအား အလွန်ကြီးသောကြောင့် အတိဗလဝစန်း အတိဗလဝတိထီ မည်၏၊ ထို့အတူ လဆုတ် ၁-၂-၃-၄-၅-၆-၇-၈-၉-၁၀ ရက်သည် စန်းအားကြီးသောကြောင့် ဗလဝစန်း ဗလတိထီမည်၏၊ လဆုတ် ၁၁-၁၂-၁၃-၁၄-၁၅ ရက်သည် စန်းအားနည်းသောကြောင့် ဟီနစန်း ဟီနတိထီမည်၏၊ ထိုတိထီတို့တွင် ဟီနစန်း၊ ဟီနတိထီကိုကား မဆောင်အပ်၊ မကောင်းကျိုး ကိုပေးတတ်သည်၊ ဗလဝစန်း ဗလဝတိထီတို့ကား ကောင်းကျိုးပေးတတ်သည်၊ အတိဗလဝစန်း၊ အတိ ဗလဝတိထီကား အလွန်သော အကျိုးကို ပေးတတ်၏၊ ဒီပိကာဆရာတို့ ဆိုကုန်၏၊ ♦သုခမှတ်စု

တိထီ ၅-ဖြာ မင်္ဂလာ အခါတော်ရွေး

(၁) နန္ဒာတိထီ= မည်သည့်လမဆိုလဆန်း လဆုတ် ၁ ရက် ၆ ရက် ၁၁ ရက်နေ့တို့၌ တနင်္ဂနွေ၊ သောကြာနှင့် ကြိမ်မူနန္ဒာတိထီမည်၏၊ ထိုနေ့၌ ဇရပ်၊ အိမ်၊ ကျောင်း၊ အုတ်ရိုး၊ ပုထိုး၊ စေတီတို့နှင့်တကွ ရေကန်၊ ရေတွင်း၊ တံခွန်၊ မဏ္ဍပ်၊ တံတားစသည်တို့ကို လည်းကောင်း၊ မင်းထံ ခစားခြင်း၊ ခရီးသွားခြင်းတို့ကို လည်းကောင်း ပြုရာသော နေ့ကောင်းနေ့မြတ်ဖြစ်၏၊
(၂) ဘဒြာတိထီ= မည်သည့်လ မဆိုလဆန်း လဆုတ် ၂ ရက် ၇ ရက် ၁၂ ရက်နေ့တို့၌ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် ကြိမ်မူ ဘဒြာတိထီမည်၏၊ ထိုနေ့၌ မင်းထံခစားခြင်း၊ မိတ်ဖွဲ့ခြင်း၊ ကာယသိဒ္ဓိစီရင်ခြင်း၊ အမည်မင်္ဂလာမှည့်ခြင်း၊ ရောင်းဝယ်ခြင်းတို့ကို ပြုရာသော နေ့ကောင်းနေ့မြတ် ဖြစ်၏၊
(၃) ဇေယျာတိထီ= မည်သည့်လမဆို လဆန်း လဆုတ် ၃ ရက် ၈ ရက် ၁၃ ရက်တို့၌ အင်္ဂါနေ့နှင့် ကြိမ်မူ ဇေယျာတိထီ မည်၏၊ ထိုနေ့၌ မြို့ရွာ နန်းတော်တည်ဆောက်ခြင်း၊ ကျုံး၊ မြောင်း၊ တံတားပြုလုပ်ခြင်း၊ ဓား၊ လှံ၊ သေနတ် အမြောက်၊ စိန်ဗုံး၊ အဲမောင်း၊ ချပ်၊ မိန်ညို၊ ကာ၊လွှား၊ ဆင်၊ မြင်း၊ တန်ဆာဆင်ယင် ပြုလုပ်ခြင်း၊ ရန်သူရှိရာ တပ်တည်ခြင်း၊ ကင်းတို ကင်းရှည်ထားခြင်း၊ အောတမန် သံတော်များ စေခန့်ခြင်း၊ မင်းမြောက်တန်ဆာ စီရင်လုပ်ဆောင်ခြင်း၊ ပြာသာဒ် ရထား ဆောက်လုပ်ခြင်း၊ ဘုရားထီးတင်ခြင်း၊ ဘိသိက်ခံယူခြင်း၊ တိုင်းတစ်ပါးနှင့် စာချုပ်ချုပ်ဆိုခြင်း၊ ယဉာတာ ယာယီ ခရီးမှုခြင်းတို့ကို ပြုလုပ်ရာ၌ အကောင်းဆုံးသောအခါဖြစ်သည်၊
(၄) ရတ္တာ တိထီ= မည်သည့်လမဆို လဆန်း လဆုတ် ၄ ရက် ၉ ရက် ၁၄ ရက်တို့၌ စနေနေ့ကြိမ်သော် ရိတ္တာတိထီမည်၏၊ ထိုနေ့၌ အမှုခပ်သိမ်း မဆောင်ကောင်း၊ အကျိုးမဲ့ အချည်းအနှီးဖြစ်တတ်၏၊
(၅) ပုဏ္ဏာတိထီ= မည်သည့်လမဆို လဆန်း လဆုတ်ငါးရက် ၁၀ ရက် ၁၅ ရက်တို့၌ ကြာသပတ္တေနေ့နှင့် ကြိမ်မူ ပုဏ္ဏာတိထီမည်၏၊ ထိုနေ့၌ အတတ်သင်ခြင်း၊ မော်ကွန်းတည်ခြင်း၊ မန္တာနရ်ွတ်ခြင်း၊ ကမည္ပ်း ကောက်စာ ထိုးစိုက်ခြင်း၊ ဥယျာဉ် လယ်ယာစိုက်ပျိုးခြင်း၊ သဘင်ခံခြင်း၊ ယာဉ်ရထား၊လှည်း၊ လှေ၊ သင်္ဘောသစ်တို့ကို စ၍စီးနင်းခြင်း၊ ကျီကြတိုက်တာ ဂိုဒေါင်တို့၌ ဥစ္စာသွင်းခြင်း၊ ထိမ်း မြားမင်္ဂလာပြုခြင်း၊ သားမြေးတို့ကို အဝတ်တန်ဆာပေးခြင်း၊ ဝတ်စား ဆင်ယင်ခြင်း၊ ရတနာအမျိုးမျိုးတို့ကို ရောင်းဝယ်ခြင်း စသည်ပြုရာ၌ အကောင်းဆုံးသော အခါများဖြစ်၏၊ (၎င်းတိထီငါးပါးကို အခါပေးကျမ်းမှ ယူသည်၊) တိထီ ၅-ပါး ဇယားပုံလစဉ် ရက်များ နေ့ တိထီအမည် လဆန်းလဆုတ် ၁-၆-၁၁ ၁နွေ၊ ၆ကြာ နန္ဒာတိထီ။။ ၂-၇-၁၂ ၂လာ၊ ၄ ဟူး ဘဒြာတိထီ။။ ၃-၈-၁၃ အင်္ဂါ ဇေယျာတိထီ။။ ၄-၉-၁၄ စနေ ရိတ္တာတိထီ။။ ၅-၁၁-၁၅ ကြာသပတ္တေ ပုဏ္ဏာတိထီ ♦သုခမှတ်စု

ဒေဝီ ၅-ပါး

လောကီကျမ်း
(၁) သူရဿတီ၊
(၂) စန္ဒီ၊
(၃) ပရမီသွာ၊
(၄) မဟာပိန္နဲ၊
(၅) ဂေါရဝိန္ဒာ၊ ♦သုခမှတ်စု

ဓမ္မဿဝနအကျိုး ၅-ပါး

တရားနာခြင်းကို ဓမ္မဿဝနဟုခေါ်၏၊ တရားနာရာ၌
(၁) မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း၊
(၂) ကြားဖူးသောအကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း၊
(၃) ယုံမှား သံသယဖြစ်နေသောအချက်များ၌ ယုံမှားကင်းရခြင်း၊
(၄) အယူမှန် သမ္မာဒိဋ္ဌိကို ရခြင်း၊
(၅) သဒ္ဓါပညာ တိုးပွား၍ စိတ်ကြည်လင်ခြင်း၊ ♦သုခမှတ်စု

နိကာယ် ၅-ရပ်၏ ဓမ္မက္ခန္ဓများ

အပေါင်းအစု ပေါင်းစုထားသော ကျမ်းစာငါးခု (က) ဒီဃနိကာယ် ၃ ကျမ်း၊ သုတ္တန်မျိုးပါဠိတော်များ=
(၁) သုတ်သီလက္ခန်၊
(၂) သုတ်မဟာဝါ၊
(၃) သုတ်ပါထေယျ၊ (ခ) မဇ္ဈိမနိကာယ် ၃ ကျမ်း၊ သုတ္တန်မျိုး ပါဠိတော်=
(၁) မူလပဏ္ဏာသ၊
(၂) မဇ္ဈမပဏ္ဏာသ၊
(၃) ဥပရိပဏ္ဏာသ၊ (ဂ) သံယုတ္တနိကာယ် ၅ ကျမ်း၊ သုတ္တန်မျိုး ပါဠိတော်များ=
(၁) သဂါထာဝဂ္ဂသံယုတ်၊
(၂) နိဒါနဝဂ္ဂသံယုတ်၊
(၃) ခန္ဓဝဂ္ဂသံယုတ်၊
(၄) သဠာယတနဝဂ္ဂသံယုတ်၊
(၅) မဟာဝဂ္ဂသံယုတ်၊ (ဃ) အင်္ဂုတ္တရနိကာယ် ၁၁ ကျမ်း၊ သုတ္တန်မျိုး ပါဠိတော်များ=
(၁) ဧကဂုင်္တ္တရ၊
(၂) ဒုကင်္ဂုတ္တရ၊
(၃) တိကင်္ဂုတ္တရ၊
(၄) စတုကင်္ဂုတ္တရ၊
(၅) ပဉ္စကင်္ဂုတ္တရ၊
(၆) ဆက္ကင်္ဂုတ္တရ၊
(၇) သတ္တင်္ဂုတ္တရ၊
(၈) အဋ္ဌင်္ဂုတ္တရ၊
(၉) နဝင်္ဂုတ္တရ၊
(၁၀) ဒသင်္ဂုတ္တရ၊
(၁၁) ဧကဒသင်္ဂုတ္တရ၊ (င) ခုဒ္ဒကနိကာယ် သုတ္တန်မျိုး ၁၅ ကျမ်း=
(၁) ခုဒ္ဒကပါဌ၊
(၂) ဓမ္မပဒ၊
(၃) ဥဒါန၊
(၄) ဣတိဝုတ္တက၊
(၅) သုတ္တနိပါတ၊
(၆) ဝိမာနဝတ္တု၊
(၇) ပေတဝတ္တု၊ (ဂ) ထေရဂါထာ၊
(၉) ထေရီ ဂါထာ၊
(၁၀) ပါဌဇာတက၊
(၁၁) မဟာနိဒ္ဒေသ၊
(၁၂) ပဋိသမ္ဘိဒါမဂ်၊
(၁၃) အပဒါန်၊
(၁၄) ဗုဒ္ဓဝင်၊
(၁၅) စရိယာပိဋက၊ ဝိနည်း ၅ ကျမ်း ပါဠိတော်များ =
(၁) ပါရာဇိကဏ်၊
(၂) ပါရာဇိကဏ်၊
(၃) မဟာဝါ၊
(၄) စူဠဝါ၊
(၅) ပရိဝါ၊ အဘိဓမ္မာ ၇ ကျမ်း ပါဠိတော်များ =
(၁) ဓမ္မသင်္ဂဏီ၊
(၂) ဝိဘင်း၊
(၃) ပုဂ္ဂလပညတ်၊
(၄) ဓာတုကထာ၊
(၅) ကထာဝတ္တု၊
(၆) ယမိုက်၊
(၇) ပဋ္ဌာန်း၊ ♦သုခမှတ်စု

ပရိသတ်ကြောက်ရွံ့သော ပုဂ္ဂိုလ် ၅-ယောက်

ပဉ္စင်္ဂုတ္တရ ပါဠိတော်
(၁) အသဒ္ဓပုဂ္ဂိုလ်= သဒ္ဓါတရားမရှိသူ၊
(၂) ဒုဿီလ= အကျင့်သီလ ပျက်နေသူ၊
(၃) အပ္ပသုတ= အကြားအမြင်နည်းသူ၊
(၄) ကုသီတ= အပျင်းထူသူ၊
(၅) ပညာ= ဉာဏ်ပညာမရှိသူ၊ ♦သုခမှတ်စု

ပဟာန် အပြားမျိုး ၅-ပါး

ဓမ္မသင်္ဂဏီပါဠိတော် ၂၀၈၊ ၎င်းအဋ္ဌကထာ ၃၈၆၊ ပဋိသမ္ဘိဒါမဂ်
(၁) တဒင်္ဂပဟာန်=ကာမကုသိုလ်တရားစုဖြင့် ပြုဆဲခဏ၌ပယ်ခြင်း၊
(၂) ဝိက္ခမ္ဘနပဟာန်= မဟဂ္ဂုတ်ကုသိုလ်စုဖြင့် ခေါင်းပါး အောင်ပြုခြင်း၊
(၃) သမုစ္ဆေဒပဟာန်= မဂ်ကုသိုလ်စုဖြင့် အပြတ်ပယ်ခြင်း၊
(၄) ပဋိပဿဒ္ဓိပဟာန်= ဖိုလ်တရားစုဖြင့် ငြိမ်းအေးမှုပြုခြင်း၊
(၅) နိဿရဏ ပဟာန်= ပရိနိဗ္ဗာန်နဓာတ်ဖြင့် ဖြတ်တောက်ထွက်မြောက်သွားခြင်း၊ ♦သုခမှတ်စု

ပဉ္စ ၅-ပါး (ဘေသဇ္ဇ)

(၁) အသီး၊
(၂) အရွက်၊
(၃) အခေါက်၊
(၄) အပွင့်၊
(၅) အမြစ်၊ (ဆေးဖော်ရာတွင် သုံးသည်)၊ ♦သုခမှတ်စု

ပစ္စဝေက္ခဏဉာဏ် ၅-ပါး

(၁) ရှေးဦးစွာ မိမိရပြီးသည့် သောတာပတ္တိမဂ်ကို ဆင်ခြင်ခြင်း၊
(၂) ထိုနောက် ၎င်း၏အကျိုးဖြစ်သော သောတာပတ္တိဖိုလ်ကို ဆင်ခြင်ခြင်း၊
(၃) ထိုနောက် ထိုမဂ်ဖိုလ်တို့၏အာရုံဖြစ်သော နိဗ္ဗာန်ကိုဆင်ခြင်ခြင်း၊
(၄) ထိုနောက် ထိုသောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကို ဆင်ခြင်ခြင်း၊
(၅) ထိုနောက် ထိုသောတာပတ္တမဂ်ဖြင့် မပယ်ရသေးသည့် ကြွင်းကျန်သေးသော ကိလေသာတို့ကို ဆင်ခြင်ခြင်း၊ “သို့ ဆင်ခြင်ခြင်း ငါးမျိုးကို ပစ္စဝေက္ခဏာဉာဏ်ငါးပါးဟု ခေါ်သည်၊ ♦သုခမှတ်စု

ဘေးလွတ်ကြောင်း ၅-ပါး

မဃဒေဝလင်္ကာ
(၁) ပရိတ်= မန္တာန် စသည်တို့ကို ရွတ်ခြင်း၊
(၂) ပညာရှိနှင့်တိုင်ပင်ခြင်း၊
(၃) အနုပီယစကားဖြင့် စေ့စပ်ခြင်း၊
(၄) လက်ဆောင် ပေးကမ်းခြင်း၊
(၅) အဆွေအမျိုး ဆက်စပ်ခြင်း၊ ♦သုခမှတ်စု

မဟာပဉ္စကဂူမျိုး ၅-ပါး (ဘေသဇ္ဇ)

ဗိန္နောဆေးကျမ်းဝေါဟာရ
(၁) ဥသျှစ်မြစ်၊
(၂) သခွတ်မြစ်၊
(၃) ကြောင်လျှာ်မြစ်၊
(၄) ယမနေမြစ်၊
(၅) တပဆေးမြစ်၊ (၎င်းအကျိုးကား လေကို ဖြောင့်စေ၏၊ ဝမ်းကိုကောင်းစေ၏၊ အပူကို ငြိမ်းစေ၏၊) ♦သုခမှတ်စု

မေးမြန်းခြင်းရာ၊ ကြောင်း ၅-ဖြာ၊ ပုစ္ဆာ ၅-ပါးမှတ်

(၁) မန္ဒမောမူတ္တ= ထုံထိုင်း တွေဝေခြင်းကြောင့်မေးမြန်းခြင်း၊
(၂) ပါပိစ္ဆဣဿာပကတ= လူတစ်ဖက်သားအား နှိမ်နင်း နှိပ်စက်လိုသောအလိုဆိုး ယုတ်မာစိတ်မကြောင့်မေးခြင်း၊
(၃) ပရိဘဝ= မာနတရားဖြင့် သူတစ်ပါးအားမထီလေးစားပြုလိုသောကြောင့်မေးခြင်း၊
(၄) ပဥှတုကာမ= မိမိကိုယ်တိုင် အဟုတ်အမှန်သိလိုသောကြောင့် မေးခြင်း၊
(၅) ဇာနေတုကာမ=သူတစ်ပါးမသိသောအရာကိုမှန်ကန်ကျနစွာ သိစေရန်ဖြေကြားလိုသောကြောင့်မေးခြင်း၊ ♦သုခမှတ်စု

မဂ်ဖိုလ် အန္တရာယ်ကြီး ၅-ပါး

ဝိနည်းပါစိတ် ပါဠိတော် မျက်မှောက်ဘဝ၌ သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် နတ်ပြည် စျာန်မဂ်ဖိုလ်တို့ကို တားမြစ်သောတရား ၅-ပါး၊
(၁) ကမ္မန္တရာယ်= ပဉ္စာနန္တရိယကံနှင့် ဘိက္ခုနီမ၌ ကျူးလ်မွှု၊
(၂) ကိလေသန္တရာယ်= ကိလေသာ ဆယ်ပါးတွင်ပါဝင်သော နိယတမိစ္ဆာဒိဋ္ဌိ၊
(၃) ဝိပါန္တရာယ်= အဟိတ်၊ ဒွိဟိတ်၊ ပဋိသန္ဓေ ဝိပါက်စိတ်၊
(၄) အရိယူပဝါဒန္တရာယ်= အရိယာပုဂ္ဂိုလ်မှန်းသိသိ၊ မသိသိ ပြစ်မှားလိုစိတ်ဖြင့် ကဲ့ရဲ့စွပ်စွဲခြင်း (တောင်းပန်လျှင် ပြေပျောက်၏)၊
(၅) အာဏာ ဝီတိကမရန္တရာယ်= လွန်ကျူးသော စေတနာဖြင့် သင့်ရောက်သောအာပတ်၊ ♦သုခမှတ်စု

မိန်းမတို့ မရကောင်းသော ဘဝကြီး ၅-ပါး

ဥပရိပဏ္ဏာသ
(၁) သမ္မာသမ္ဗုဒ္ဓ = ဘုရားဘဝ အဖြစ်၊
(၂) စက္ကဝတ္တိရာဇာ= စကြဝတ္တေမင်းကြီး၊
(၃) မဟာဗြဟ္မာ= ဗြဟ္မာမင်းကြီး၊
(၄) သကေရာ= သိကြားမင်းကြီး၊
(၅) မာရော= မာရ်နတ်မင်းကြီး၊ ♦သုခမှတ်စု

မြတ်နိုးအမြဲ မမှီဝဲရာ မိန်းမ ၅-မျိုး

မဃဒေဝလင်္ကာ
(၁) အလွန့်အလွန် အဆင်းလှသောမိန်းမ၊
(၂) လူချစ်လူခင် ပိုးပန်းသူများသော မိန်းမ၊
(၃) သူတစ်ပါး၏ ဇနီးမယား၊
(၄) သဘင်သည်၊
(၅) ဥစ္စာမက်သောမိန်းမ၊ ♦သုခမှတ်စု

မြက်ပဉ္စမှုမျိုး ၅-ပါး

(၁) ကဏှစု္ဆမလူ = ကြံနက်မြစ်၊
(၂) ကုသမလူ = သမန်းမြက်မြစ်၊
(၃) သဒ္ဒလမူလ= မြေစာမြစ်၊
(၄) ကိစကမူလ= ကိုင်းမြစ်၊
(၅) ဘဒမူလ= ကြားမြက်မြစ်၊ ♦သုခမှတ်စု

လူရဟန္တာ ၅-ဦး

(၁) ဥဂ္ဂသေနသူကြွယ်၊
(၂) သန္တတိအမတ်ကြီး၊
(၃) ဝိတသောကလုလင်၊
(၄) ဒါရုစိပရိဗိုဇ်၊
(၅) ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၊ (ရဟန္တာအဖြစ်သို့ရောက်လျှင် ပရိနိဗ္ဗာန်ပြုကြမြဲ ဖြစ်သည်၊) ♦သုခမှတ်စု

ရဟန်းတို့၌ မရောင့်ရဲနိုင်ခြင်းဒုက္ခ ၅-ပါး

(၁) စီဝရအသန္တုဋ္ဌ= ရရှိရရှိနေသောသင်္ကန်းဖြင့် မရောင့်ရဲနိုင်သောရဟန်း၊
(၂) ပိဏ္ဍပါတအသန္တုဋ္ဌ= ရရှိရရှိနေသော ဆွမ်းဖြင့် မရောင့်ရ်ဲနိုင်သော ရဟန်း၊
(၃) သေနာသနအသနု္တဋ္ဌ= ရရှိပြီး သောကျောင်း အိပ်ရာနေရာဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၄) ဘေသဇ္ဇအသန္တုဋ္ဌ= လက်ရှိဆေးဖြင့် မကျေနပ်သေးခြင်း မရောင့်ရဲနိုင်သော ရဟန်း၊
(၅) ဗြဟ္မစရိယအနုဘိရတ= ရဟန်းကျင့်ဝတ်၌ မပျော်ပိုက် မကျင့်ကြံနိုင်ခြင်း၊ ♦သုခမှတ်စု

ရာထူးရာခံ မခန့်ထိုက်သူ ၅-ယောက်

ပေါရာဏ ဒီပနီ
(၁) မာနိက= မာန်တက်ကြွသူ၊
(၂) မဟိစ္ဆ= လောဘကြီးသူ၊
(၃) နိကတ= ကောက်ကျစ် စဉ်းလဲသူ၊
(၄) အလသ=အပျင်းထူသူ၊
(၅) အကတညု= ကျေးဇူးမသိတတ်သူ၊ ♦သုခမှတ်စု

သမားတော်ကြီးဂုဏ်အင်္ဂါ ၅-ပါး

(၁) ဝေဒပဏ္ဍိတ= ရာသီနက္ခတ် သက်ဖြတ်ဗေဒင်တို့၌ တတ်သိနားလည် လိမ္မာ ကျွမ်းကျင်ခြင်း၊
(၂) ဘ်သ ကရဆေက= ဆေးပေး ဆေးကုမှု၌ ကျွမ်းကျင်ခြင်း၊
(၃) နာနာသတ္ထဒက္ခ= ဆေးကျမ်းအရပ်ရပ် ထိုထိုကျမ်း ကောင်းကျမ်းမြတ်တို့၌ တတ်သိလိမ္မာခြင်း၊
(၄) ဥပဓိသမ္ပတ္တိ = ကြည်ညိုအားကိုးဖွယ် တင့်တယ်ခန့်ညားသော ရုပ်ဆင်းသဏ္ဌာန်နှင့် ပြည့်စုံလုံခြုံသူဖြစ်ခြင်း၊
(၅) ဗြဟ္မစာရီ= ဗြဟ္မာစိုရ်တရားလေးပါးနှင့် ပြည့်စုံလုံခြုံသူဖြစ်ခြင်း၊ ♦သုခမှတ်စု

သာသနာတော်၏သူခိုးကြီး ၅-ဦး

(၁) လူဆိုးအသင်းဖွဲ့၍ အရပ်ရပ် လှည့်ကာပစ္စည်းဥစ္စာ ဓားပြတိုက်သကဲ့သို့ ဓမ္မကထိက အပေါင်းအသင်းနှင့် အရပ်တကာလှည့်လျက် သာသနာ့လုပ်ငန်း မလုပ်ဘဲ သာသနာ့ဝန်ထမ်း ရိက္ခာပစ္စည်း လေးပါးတို့ကို အလှူခံနေကြသော သာသနာ့ရိက္ခာ သူခိုးတစ်ယောက်၊
(၂) လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီဖြည့်၍ ရသော မြတ်စွာဘုရား၏တရားတော်ကို သင်ယူလေလ့ာပြီးလျှင် “ကား (ကိုယ်တွေ့) ငါသိသောတရားဟု ငါမြင်သောတရားဟု ဆို၍ ဘုရားရှင်၏ တရားတော်ကို ခိုးသူတစ်ယောက်၊
(၃) သီလရှိသော ရဟန်းတို့ကို အကျင့်သီလပျက်သည်ဟု အလွဲအမှား လူကြည်ညိုပျက်အောင် ပြောကြားလျက် ရဟန်းကောင်း၏ သီလကို ခိုးယူသူ တစ်ယောက်၊
(၄) သံဃိကပိုင် ဂရုဘဏ်ပစ္စည်းကို လူတို့အား ပေးကမ်း ထောက်ပံ့ခြင်းဖြင့် သံဃာ့ပစ္စည်း ခိုးသူတစ်ယောက်၊
(၅) စျာန် မဂ်ဖိုလ်တရားထူး မရဘဲလျက် မဂ်ရ ဖိုလ်ဝင် ရဟန္တာ အရှင်ဖြစ်နေပြီဟု မိမိကိုယ်ကို ဝါကြွား ပလွှား ညာစားနေသော သူခိုးကြီး တစ်ယောက်၊ ♦သုခမှတ်စု

သာသနာကွယ်ကြောင်းတရား ၅-ပါး (၃ နည်း)

ပဉ္စင်္ဂုတ္တရ (က) အင်္ဂုတ္တိုရ်လာ= တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ပဋိပတ်ကွာ၊ “ငါးဖြာတည်း၊ (ခ) နောက်လာထို့ပြင်၊ စာသင်ပယ်လျှော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွမအံ၊ မကြံမစည်၊ “ငါးမည်တည်း၊ (ဂ) ဝါ-တစ်နည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဆုံးမမယူ၊ စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား၊ “ ငါးပါးသည် ဘုရားသာသနာ ကွယ်ကြောင်းတည်း၊ ♦သုခမှတ်စု

သားသမီး ရလိုခြင်းအကြောင်း ၅-ပါး

ပဉ္စင်္ဂုတ္တရ
(၁) ဘတောဝါ နောဘရိဿတိ= အိုမင်းမစွမ်းရှိသောအခါ ငါတို့အား ပြန်လည်လုပ်ကျွေး ကျေးဇူးဆပ်လတ်အံ့၊
(၂) ကိစ္စံဝါ နောကရိဿတိ= ငါတို့၌ ဖြစ်ပေါ်လာသော မင်းစိုးကိစ္စ အဝဝတို့ကို လုပ်ဆောင်ပေးလတ်အံ့၊
(၃) ကုလဝံသော စိရံဌဿတိ= အမျိုးဆက်နွယ် ရှည်ဖွယ်ဖြစ်လတ်အံ့၊
(၄) ဒါယဇ္ဇံ ပဋိပဇ္ဇိဿတိ= အမွေစား အမွေခံ ကျင့်ကြံလတ်အံ့၊
(၅) ဒက္ခိဏံ အနုပဒဿတိ= တမလွန်ဘဝသွားသောအခါ ငါတို့အားရည်စူး၍ ကုသိုလ်ထူးများပြုလုပ်လျက် အမျှဝေလတ်အံ့၊ ♦သုခမှတ်စု

သီလစောင့်ခြင်း အကျိုး ၅-ပါး

(၁) မမေ့မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာတို့ကို ရရှိ၏၊
(၂) ကောင်းသောသတင်း ကျော်စောခြင်း ဂုဏ်ကိုရ၏၊
(၃) ပရိသတ်လေးပါးအလယ်၌ တင့်တယ်ရဲရင့် ရွှင်ရွှင်လန်းလန်းနေရ၏၊
(၄) မတွေမဝေမမေ့မောဘဲ သေရခြင်းရှိ၏၊
(၅) သေပြီးနောက်တွင် နတ်ရွာ၌ ဖြစ်ရ၏၊ ♦သုခမှတ်စု

သံဝရဝိနည်းမျိုး ၅-ပါး

(၁) သီလသံဝရော၊
(၂) သတိသံဝရော၊
(၃) ဉာဏသံဝရော၊
(၄) ခိန္တသံဝရော၊
(၅) ဝီရိယသံဝရောတိ ပဥဝ္စိဓော၊ သုတ္တနိပါတ အဋ္ဌကထာ ဥရာဝဂ္ဂ၊ အနက်အဓိပ္ပာယ်လွယ်ပြီ၊ ♦သုခမှတ်စု

အစေးမျိုး ၅-ပါး

ဘယဆေးကျမ်းဝေါဟာရ
(၁) ပညောင်စေး၊
(၂) သဖန်းစေ၊
(၃) ဗောဓိညောင်စေး၊
(၄) ညောင်ကျပ်စေး၊
(၅) ညောင်ချဉ်စေး၊ ♦သုခမှတ်စု

အထူးလျှို့ဝှက်အပ်သော အကြောင်း ၅-ပါး

လောကနီတိ
(၁) မိမိမှာ စီးပွားပျက်သည့်အခါ၊
(၂) မိမိမှာ စိတ်ဒုက္ခအကြီးအကျယ် ဖြစ်နေသည့်အခါ၊
(၃) မိမိ၏အိမ်တွင်းရေးမသာယာသည့်အခါ၊
(၄) သူတစ်ပါး၏ အလိမ်အညာကို ခံရသည့်အခါ၊
(၅) သူတစ်ပါးက မိမိအား မထီမဲ့မြင် ရှုတ်ချကဲ့ရဲ့ခြင်း ခံရသည့်အခါ၊ ♦သုခမှတ်စု

အထင်အမြင်သေး ခံရတတ်သူမျိုး ၅-ယောက်

ပဉ္စင်္ဂုတ္တရ
(၁) ပစ္စည်းဥစ္စာ ပေးကမ်းပြီးလျှင် လူပုံအလယ်၌ မိမိကိုယ်ကို ထည်ဝါစွာ ဂုဏ်ဖော်တတ်သူ၊
(၂) ရင်းနှီးစွာ ပေါင်းသင်းပြီး၍ အရည်အချင်းမရှိမှန်း အသိခံရသူ၊
(၃) သူတစ်ပါး ပြောစကားကို ယုံကြည်လွယ်သူ၊
(၄) ခုချစ် ခုမုန်းစသည့် အပြောင်းအလွဲမြန်သူ၊
(၅) လျှပ်ပေါ်လော်လည်၍ ကိုယ်ပိုင်အတွေးအခေါ် အသိဉာဏ်မှန် ညံ့ဖျင်းသူ၊ ♦သုခမှတ်စု

အနာဂါမ်မျိုး ၅-ပါး

မဟာဝဂ္ဂသံယုတ်
(၁) အန္တရာယပရိနိဗ္ဗာယီ= အသက်အပိုင်အခြား အလယ်၌သာလျှင် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
(၂) ဥပဟစ္စပရိနိဗ္ဗာယီ= အသက်အပိုင်းအခြား အလယ်ကိုလွန်၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
(၃) အသင်္ခါရ ပရိနိဗ္ဗာယီ= ချမ်းသာစွာ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
(၄) သသင်္ခါရ ပရိနိဗ္ဗာယီ= ပင်ပန်းဆင်းရဲစွာ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
(၅) ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ= အထက်အထက်သော ဘုံစဉ်၌တပ်သော အယဉ်ဖြင့်အကနိဋ္ဌဘုံသို့ ရောက်သော အနာဂါမ်၊ ♦သုခမှတ်စု

အလဇ္ဇီပုဂ္ဂိုလ်ဖြစ်ကြောင်း အင်္ဂါ ၅-ပါး

(၁) ဘုန်းကံကြီးမား၊
(၂) ခြွေရံများ၍၊
(၃) ပါးရှားသဒ္ဒါ၊
(၄) သက်ဝါကြီးမင်း၊
(၅) စာခေါင်ချင်းဟု၊ ငါးခင်းအညီ၊ အလဇ္ဇီကား၊ တိုက်ကျီအိမ်တွင်း၊ မီးထွန်းလင်း၍၊ အတင်းဝင်လျှိုး၊ ဖြူအောင်ခိုးသည့်၊ သူခိုးအလား၊ ဘုရားရွှေစက်၊ ပေအောင်ဖျက်သည်၊ ရှင်ပျက်အလဇ္ဇီ မိုက်ကြီးတည်း၊ ♦သုခမှတ်စု

အဉ္စလီ ၅-ပါး

(၁) ဖျဉ်၊ ပုဆိုး၊ တဘက်၊ ပဝါကို လက်ကန်တော့တင်ခြင်း၊
(၂) လက်အုပ်ချီမိုးခြင်း၊ ရှိခိုးခြင်း၊
(၃) လက်ဖဝါးနှစ်ဖက်တို့ဖြင့် ကြီးမြတ်သူ၏ ခြေကို ကိုယ်တွယ်ခြင်း၊
(၄) ချစ်ခင်သော မေတ္တာ ရှေ့သွားရှိခြင်း၊
(၅) ရိုသေလေးမြတ်သော စိတ်ထားရှိခြင်း၊ ♦သုခမှတ်စု

အာစရိယမျိုး ၅-ပါး

ဝိနည်းပရိဝါ ပါဠိတော်
(၁) ပဗ္ဗဇ္ဇာ စရိယ = ဥပဇ္ဈာယ်ဆရာ၊
(၂) ဥပသမ္ပဒါစရိယ =ကံဆောင်ပေးသောဆရာ၊
(၃) နိဿယာစရိယ= နိဿရည်းပေးသော ဆရာ၊
(၄) ဥဒ္ဒေသာစရိယ =စာသင်ပေးသောဆရာ၊
(၅) သြဝါဒါစရိယ = ဆိုဆုံးမပေးသောဆရာ၊ ♦သုခမှတ်စု

အောင်နိုင်ခြင်းတရား ၅-ပါး

(၁) အကောဓေန ကောဓံဇိနာတိ= ဒေါသအမျက်ထွက်နေသူကို အမျက်မထွက်သဖြင့် အောင်နိုင်ခြင်း၊
(၂) အသာဓုံသာဓုနာ ဇိနာတိ= မကောင်း ယုတ်မာသူကို ကောင်းသဖြင့် အောင်နိုင်ခြင်း၊
(၃) ကဒရိယံ ဒါနေနဇိနာတိ= စေးနှဲဝန်တိုသူကိုပေးကမ်းခြင်းဖြင့် အောင်နိုင်ခြင်း၊
(၄) အလိကံ သစ္စေန ဇိနာတိ= မဟုတ်မမှန် ဖောက်ပြန်ချွတ်ယွင်း သစ္စာကင်းသောသူကို မှန်ကန်တော် ဖြောင့်ခြင်းဖြင့် အောင်နိုင်ခြင်း၊
(၅) သဗ္ဗအကုသလံ ကုသလေန ဇိနာတိ= ခပ်သိမ်းသော အကုသလဓမ္မပါပအမှုကို ကုသိုလ်တရားဖြင့် အောင်နိုင်ခြင်း၊ ♦သုခမှတ်စု

ဥပါယ်မျိုး ၅-ပါး (တစ်နည်း)

(၁) ကပ္ပ= မိမိအားစွမ်းဖြင့် လုံ့လဖြင့် ပြုလုပ်ခြင်း၊
(၂) မန္တ=ပညာရှိသူတို့နှင့် တိုင်ပင်ဆွေးနွေးခြင်း၊
(၃) သုဘာသိတ= သာယာချေငံ ကျေနပ်ဖွယ်ပြောဆိုခြင်း၊
(၄) ပဝေဏီ=မျိုးနွယ်စဉ်ဆက်တို့၏ ဂုဏ်သိမ်ဥစ္စာကိုဖော်ပြခြင်း၊
(၅) အနပ္ပါဒါန= ပစ္စည်းဥစ္စာ လက်ဆောင်ပဏ္ဏာပေးခြင်း၊ ♦သုခမှတ်စု

ဥပါသကာ အင်္ဂါ ၅-ပါး

(၁) ရတနာသုံးပါး၊ ကံ ကံ၏ အကျိုးကိုသာ ယုံကြည်ခြင်း၊
(၂) ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသောအကျင့်သီလနှင့်ပြည့်စုခြ့င်း၊
(၃) ကာမဂုဏ်နှင့်စပ်သော အာရုံဇောဖြင့် ကြား, နံ, တွေ့ထိမှုတို့ကိုစွဲသိ၍ လောကမင်္ဂလာအယူကို မစွဲယူခြင်း၊
(၄) မြင်, ကြား, နံ, တွေ့ထိသောမင်္ဂလာမှုကို မယုံကြည်မူ၍ အကြောင်းဖြစ်သော ကံတရားကိုသာ ယြုံကည်ခြင်း၊
(၅) ဗုဒ္ဓတရား၏ အဆုံးအမခေါ် သာသနာတော် အတွင်း၌သာ ကုသိုလ်ကောင်းမှုကို ပြုလုပ်ရှာမှီးခြင်း၊ ♦သုခမှတ်စု

ဥဋ္ဌာနသမ္ပဒါမျိုး ၅-ပါး

(၁) ဉာဏသမ္ပတ္တိ= ပြုလုပ်မည့်ကိစ္စ၌ အကျိုးရှိ မရှိကို စိစစ်ဝေဖန်ကာ ဉာဏ်နှင့်ချိန်ရမည်၊
(၂) ဂတိသမ္ပတ္တိ= ထိုကိစ္စ၌ အနေအထား၊ အသွားအလာ၊ အခင်း အကျင်းတို့ကိုအချက်ပိုင်ရမည်၊
(၃) ဥပဓိသမ္ပတ္တိ= ထိုပစ္စည်း၌ လှပ ခိုင်မခန့် ပြီး စလွယ်မခေတ်မီရေးနှင့် ပြည့်စ ရုံ မည်၊
(၄) ကာလသမ္ပတ္တိ= စောလွန်းခြင်း၊ နောက်ကျခြင်း မရှိစေရဘဲ အချိန်သင်ြ့ဖစ်စေရမည်၊
(၅) ပယောဂသမ္ပတ္တိ= မုချအကျိုးရှိမည်ဟု တစ်ခုတည်းသော ဇွဲလုံ့လဖြင့် ကြိုးစားအားထုတ်မှု၊ ♦သုခမှတ်စု

ကထာ ၆-ရပ်

(၁) ဒါနကထာ= ပေးကမ်း စွန့်ကြဲခြင်းတို့သည် အယုတ်, အလတ် အမြတ်အားလျော်စွာ ဒါနကုသိုလ် ဖြစ်ကြောင်း ဟောတော်မူသော ဒေသနာ၊
(၂) သီလ ကထာ= မကောင်း မှုဖြစ်သော ကိုယ်, နှုတ်တို့ကို ရှောင်ကြဥလ်ျှင် သီလ ကုသိုလ်ဖြစ်ကြောင်း ဟောတော်မူသော ဒေသနာ၊
(၃) သဂ္ဂကထာ= ဒါနသီလတို့၏ အကျိုးဖြစ်သော လူစည်းစိမ်, နတ်စည်းစိမ်တို့၏ ကောင်းမြတ်ချမ်းသာကြေင်းကို ဟောတော်မူသော ဒေသနာ၊
(၄) ကာမာနံ အာဒီနဝကထာ= လူစည်းစိမ်, နတ်စည်းစိမ်ဟူသော ကာမဂုဏ်တို့၏ ထိတ်လန့်ကြောက်ရွံ့ဖွယ် အပြစ်ဒုက္ခ ဘေးဘယတွေကိုဟောတော်မူသော ဒေသနာ၊
(၅) နေက္ခမ္မေအာနိသံသကထာ=ကိလေသာ ကာမဂုဏ်ကို စွန့်ခွာနိုင်လျှင် လူနတ်ချမ်းသာမမီသော ချမ်းသာ သုခဖြစ်စေကြောင်း ဟောတော်မူသော ဒေသနာ၊
(၆) မဂ္ဂကထာ= ပူလောင်သော လောကီနယ်မှ နိဗ္ဗာန်သို့ လျင်မြန်စွာ ရောက်စေကြောင်း ဖြစ်သော နည်းလမ်းကို ဟောတော်မူသေ ဒေသနာ၊ ♦သုခမှတ်စု

ကျောင်းကျွန် ၆-ပါး

(၁) အဇဝီ = ပေါင်သေကျွန်၊
(၂) ဇဝီ = ပေါင်သေကျွန်၊
(၃) ဝေသ=ပေါင်သွင်းကျွန်၊
(၄) ဣဏ=မြီမှုကြောင့်ဖြစ်သောကျွန်၊
(၅) မေထုန ပရဓန= ငွေရှင်ထံ လျော်ရန်လာသော ကျွန်ခံရသောသူ၊ ♦သုခမှတ်စု

ကျွန်ကောင်း လက္ခဏာ ၆-ပါး

(၁) အရှင် မကောင်းမှုမှမြစ်သည်လည်းတစ်ပါး၊
(၂) အရှင်ကို ကောင်းမှုပွားစေသည်လည်း တစ်ပါး၊
(၃) အရှင်၌ လျှို့ဝှက်အပ်သော အမှုကို ထင်ရှားမပြုသည်လည်း တစ်ပါး၊
(၄) သူလျှိုထား၍ အရှင်အား သိစေသည်လည်း တစ်ပါး၊
(၅) ဘေးဒဏ်အမှုရှိသောအခါ အရှင်ကို မပစ်မစွန့်ရာသည်လည်း တစ်ပါး၊
(၆) အရှင့်ဂုဏ်ကျေးဇူးကို ချီးမြှောက်လေ့ပြုသည်လည်း တစ်ပါး၊ ♦သုခမှတ်စု

ခါးပန်းကြိုးလှူသော အကျိုး ၆-ပါး

(၁) စျာန်သမာပတ်တို့၌ မတုန်လှုပ်ခြင်း၊
(၂) စျာန်သမာပတ်၌ အလေ့အကျင့်များခြင်း၊
(၃) သားမြေး ကျေးကျွန် ပရိသတ်တို့ မကွဲပြားခြင်း၊
(၄) သူတစ်ပါးတို့ ယုံကြည်လေးမြတ်ခြင်း၊
(၅) အမှုခပ်သိမ်းတို့၌ မမေ့မလျော့သော သတိရှိခြင်း၊
(၆) ထိတ်လန့်ခြင်းမှ ကင်းခြင်း၊ ♦သုခမှတ်စု

ခင်ပွန်းကောင်း လက္ခဏာ သိရာသောအခါ ၆-ပါး

ဓမ္မနီတိ
(၁) အာတုရေ= အနာနှိပ်စက်သောအခါ၌ လည်းကောင်း၊
(၂) ဗျသနေ= စည်းစိမ်ချမ်းသာ ပျက်စီးသောအခါ၌လည်းကောင်း၊
(၃) ဒုဗ္ဘိတွေ= ငတ်မွတ်ရှားပါးသော အခါ၌လည်းကောင်း၊
(၄) ပရိဝိဂ္ဂဟေ= ရန်သူ့လက်သို့ ရောက်သောအခါ၌လည်းကောင်း၊
(၅) ရာဇဒွါရေ= မင်းအိမ်တံခါး၌လည်းကောင်း၊
(၆) သုသာနေစ= သင်္ချိုင်း၌လည်းကောင်း၊ ♦သုခမှတ်စု

ခေါင်းအုံးလှူရသော အကျိုး ၆-ပါး

(၁) မြတ်သောအုံးကရိုခြင်း၊
(၂) မဂ်ဖိုလ်နိဗ္ဗာန်တရားကိုရခြင်း၊
(၃) ဒါနသီလစသော ကုသိုလ်တရားကို ပွားစေခြင်း၊
(၄) ဝတ်ပဋိပတ်နှင့် ပြည့်စုံခြင်း၊
(၅) စင်္ကြံသွားခြင်းစသော မြတ်သော အကျင့်နှင့် ပြည့်စုံခြင်း၊
(၆) သီလအစရှိသော မြတ်သောအကျင့်နှင့် ပြည့်စုံခြင်း၊ ♦သုခမှတ်စု

ခွေးတို့၏ကောင်းသောအကျင့် ၆-ပါး

(၁) အနာလသံ=မပျင်းရိခြင်း၊
(၂) အန္တိသန္တော=ကျွေးသမျှနှင့် တင်းတိမ်ရောင့်ရဲခြင်း၊
(၃) သုနိဒ္ဒါ= အိပ်ပျော်လွယ်ခြင်း၊
(၄) သုပဗောဓနာ= နိုးလွယ်ခြင်း၊
(၅) ဒဋ္ဌဘတ္တိစ= အရှင်ထံ၌ မြဲမြံစွာ ခ,စားခြင်း၊
(၆) သူရ= အရှင်စေရာ မတွန့်သာဘဲ ရဲရင့်ခြင်း၊ ♦သုခမှတ်စု

စကား ၆-ခွန်း

(၁) ဟုတ်လည်းမဟုတ်၊ သူလည်းမနာလို၊ အကျိုးလည်း မရှိ၊
(၂) ဟုတ်ကားဟုတ်၏၊ သူကား မနာလို၊ အကျိုးလည်း မရှိ၊
(၃) ဟုတ်လည်းမဟုတ်၊ အကျိုးလည်း မရှိ၊ သူကား နာလို၏၊
(၄) ဟုတ်လည်းဟုတ်၏၊ သူလည်း နာလို၏၊ အကျိုးကား မရှိ၊
(၅) ဟုတ်လည်းဟုတ်၏၊ အကျိုးလည်း ရှိ၏၊ သူကား မနာလို၊
(၆) ဟုတ်လည်းဟုတ်၏၊ အကျိုးလည်း ရှိ၏၊ သူလည်း နာလို၏၊ (စကား ၆-ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကပိုယ်၊ နှစ်မခွန်းတယဟ်ူရာ၌ ၅နှင့်၆ ကိုသာ ပြောဆိုရာ၏၊ ကျန် ၁-၂-၃-၄ ကို ပယ်ရာ၏၊) ♦သုခမှတ်စု

စကားတစ်ခွန်း၏ အင်္ဂါ ၆-ပါး

(၁) ဟိတ်= အကြောင်းရင်း၊
(၂) ဥပမာ= ပုံပမာ နှိုင်းယှဉ်ချက်၊
(၃) နိဂုံး= စကားအချုပ်၊
(၄) နိဒါန်း= စကား အချီးအကျူး၊
(၅) သက်သေ=ဝတ္ထု သာဓကတင်ပြခြင်း၊
(၆) ပြယုဂ်= မျက်မြင်ဒိဋ္ဌ ကိုယ်တိုင် လုပ်ပြခြင်း၊ ♦သုခမှတ်စု

စရိုက် ၆-ပါး ကမ္မဋ္ဌာန်း

(၁) ရာဂစရိုက်ပုဂ္ဂိုလ်= အသုဘ ဆယ်ပါး၊ ကာယဂတာဿတိ ကမ္မဋ္ဌာန်းနှင့်သင်၏၊
(၂) ဒေါသစရိုက်= အပ္ပမညာ လေးပါး၊ နီလ ပီတ လောဟိတ သြဒါတ ကမ္မဋ္ဌာန်းနှင့်လျောက်ပတ်၏၊
(၃) မောဟစရိုက်= အာနာပါန ကမ္မဋ္ဌာန်း၊ ကြီးသောကသိုဏ်းဝန်းနှင့် သင့်၏၊
(၄) ဝိတက္ကစရိုက်= အာနာပါနကမ္မဋ္ဌာန်း၊ ငယ်သောကသိုဏ်းဝန်းနှင့် သင့်၏၊
(၅) သဒ္ဓါစရိုက်= ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ ကမ္မဋ္ဌာန်းနှင့် သင့်လျော်၏၊
(၆) ဗုဒ္ဓိစရိုက်= မရဏာနုဿတိ၊ ဥပသမာနုဿတိ၊ သညာ၊ ဝဝတ္ထာန် ကမ္မဋ္ဌာန်းတို့နှင့် လျောက်ပတ်၏၊ ♦သုခမှတ်စု

စာရေးတော်တို့၏ အင်္ဂါ ၆-ပါး

(၁) သကိံဥတ္တာဂဟိဒက္ခ= တစ်ကြိမ်ဆိုလျှင် ထိုစကားကိုမှတ်တတ်ခြင်း၊
(၂) သိင်္ဃလေခ= လက်ရေးမြန်ခြင်း၊
(၃) သုလက္ခိတ= လက်ရေးကောင်း မွန်ခြင်း၊
(၄) မေဓာဝီ= လျင်သောပညာရှိခြင်း၊
(၅) ဝါကျပဋုက= စကားတတ်ခြင်း၊
(၆) ဒက္ခ= စာပေအစီအကုံး၌ လိမ္မာခြင်း၊ ♦သုခမှတ်စု

စစ်ခံခြင်း ၆-ပါး

(၁) နဒီစရဗျူဟာ= ရင်ပေါင်တန်း ငှက်ကဲ့သို့ စစ်ခံခြင်း၊ (တစ်နည်း) မြစ်ကိုဖြတ်ကူးသွားသော တတံားကဲ့သို့ တပြေးတည်း ညီညာစွာ တန်း၍ ခံခြင်း၊
(၂) ဝိစ္ဆိကဗျူဟာ= ကင်းလက်မကဲ့သို့ အလယ်တွင် တပ်မနေ၍ လက်ဝဲ လက်ယာနှစ်ဖက် ကင်းလက်မပမာ ထောင်၍ စစ်ခံခြင်း၊
(၃) သကဋဗျူဟာ= လှည်းဦးကင်းကဲ့သို့ ညံ့သော စစ်သည်တို့ကို အလယ်က ထား၍ စွမ်းသောသူရဲတို့ကို အဖက်ဖက်ရံစေလျက် စစ်ခံခြင်း၊
(၄) မဓုဝတ္တနဗျူဟာ= ပျားလပို့ကဲ့သို့ တပ်မကို အလယ်ကထားကာ တစ်စုတစ်ခဲတည်း စစ်ခံခြင်း၊
(၅) ဓင်္ကပါဒဗျူဟာ= ကျီးခြေကဲ့သို့ နောက်တပ်တစ်သွယ် ရှေ့တပ်သုံးသွယ်ထား၍ စစ်ခံခြင်း၊
(၆) ဥဒ္ဓန ဗျူဟာ= ခုံလောက်ကဲ့သို့ စစ်တပ်ကို သုံးစုခွဲ၍ ဖိုခနောက်ဆိုင်ခံခြင်း၊ ♦သုခမှတ်စု

စစ်ခံနည်း ဖျက်နည်း ၆-ပါး

(၁) ယင်ပေါင်ငှက်ကဲ့သို့ စစ်ခံခြင်း၊
(၂) ၎င်းကို ရေယာဉ်စစ်ဖျက်နည်းနှင့် ဖျက်ရခြင်း၊
(၂) ကင်းလက်မကဲ့သို့ စစ်ခံခြင်း= ၎င်းကို ရေယာဉ်စစ်ဖျက်နည်းနှင့် ဖျက်ရခြင်း၊
(၃) လှည်းဦးကင်းကဲ့သို့ စစ်ခံခြင်း = ၎င်းကို လေးညှို့ဖြန့်နည်းနှင့် ဖျက်ရခြင်း၊
(၄) ပျားလပို့ကဲ့သို့ စစ်ခံခြင်း= ၎င်းကို မြွေတွား စစ်ဖျက်နည်းနှင့် ဖျက်ရခြင်း၊
(၅) ကျီး ခြေကဲ့သို့စစ်ခံခြင်း = ၎င်းကို မကန်း စစ်ဖျက်နည်းနှင့် ဖျက်ရခြင်း၊
(၆) ခုံလောက်ကဲ့သို့ စစ်ခံခြင်း= ၎င်းကို ဥသဘ စစ်ဖျက်နည်းနှင့် ဖျက်ရခြင်း၊ ♦သုခမှတ်စု

စစ်ချီမည်ဟု သတိပေးရာ ၆-ပါး

(၁) သေနတ်ပစ်ဖောက်ခြင်း၊
(၂) အမြောက် ပစ်ဖောက်ခြင်း၊
(၃) စစ်တလောက်ရိုက်ခြင်း၊
(၄) စည်ရွမ်းခြင်း၊
(၅) ဗိုလ်မှူးအမှုထမ်းများ ဟစ်ကြွေးခြင်း၊
(၆) စာနှင့် သိစေခြင်း၊ ♦သုခမှတ်စု

စစ်ထိုးခြင်း ၆-ပါး

(၁) ဒွိဇာဓိပ= ဂဠုန်တောင်ကဲ့သို့ စစ်ထိုးခြင်း၊ အလယ်တပ်မ၌ ဘုရင်၊ လက်ဝဲလက်ယာက စစ်ကဲခြံရံ၍ ထိုးခြင်း၊
(၂) ဝါရိဝေဂ= ရေယဉ်ဆင်းသကဲ့သို့ ထိုးခြင်း၊ ရန်သူ့စစ်တပ်သို့ တစ်လုံးတစ်ခဲတည်း မကွဲမပြားဘဲ ဖိစီး၍ ထိုးခြင်း၊
(၃) ဥသဘ= နွားလားဥသဘကဲ့သို့ စစ်ထိုးခြင်း၊ ဦးတည်မိရာ တစ်ဟုန်တည်း လိုက်၍ ထိုးခြင်း၊
(၄) ဓနုက= လေးညှို့ဖြန့်သကဲ့သို့ စစ်ထိုးခြင်း၊ လေးကိုင်းညွှတ်သည့် သဏ္ဍန်ကဲ့သို့ အလယ်က အနည်းငယ်ချိုင့်၍ ထိုးခြင်း၊
(၅) မကရ= မကန်းကွက်ကဲ့သို့ စစ်ထိုးခြင်း၊ လေးထောင့် လေးခု အလယ်တပ်မပြု၍ ထိုးခြင်း၊
(၆) ဘုဇဂ= မြွေတွားသကဲ့သို့ ကွေ့ကွေ့ကောက်ကောက် ထိုးခြင်း၊ ♦သုခမှတ်စု

စစ်မချီရာ ၆-ပါး

(၁) နွေအခါနှင့် မိုးအခါဖြစ်ခြင်း၊
(၂) ခရီးလမ်း မြေရွှံ့နွံများခြင်း၊
(၃) စားသောက်ဖွယ်ရာ ရှားခြင်း၊
(၄) မြက်ရေနည်းပါးခြင်း
(၅) လမ်းကြောင်းကျဉ်းမြောင်းခြင်း၊
(၆) ရှေ့တပ်ဦးပျက်ခြင်း၊ ♦သုခမှတ်စု

စစ်၏ကြီးပွားကြောင်း ၆-ပါး

(၁) စစ်အိပ်= ကိုယ့်တပ်၏ အရပ်အနေ အသွားအလာကို သူ့တပ်သားတို့အား မသိစေရအောင် အသံမပြုဘဲ စစ်အိပ်စေခြင်း၊
(၂) စစ်နိုး= စစ်သည်တော်တို့ နွမ်းရိပန်းညှိုးသောအခါ နိုးကြားရွှင်လန်းလာရအောင် တူရိယာငါးပါးကို တီးမှုတ် ကခုန်စေ၍သော်လည်းကောင်း၊ သေနတ် မီးပေါက်ပစ်ဖောက်စေ၍သော်လည်းကောင်း စစ်နိုးခြင်း၊
(၃) စစ်ပျို= နေ့ရှည် ရက်များ၍ စားနပ်ရိက္ခာ ဆွန့်ရှားလျက် စစ်အိုမင်းခဲ့သော် တိုင်းပြည်တော်က ရိက္ခာသယ်ယူ၍ ကျွေးမွေးကာ စစ်ပျိုစေခြင်း၊
(၄) စစ်ရဲ= စစ်ကြောင်းခရီး မသာယာ၍ ညှိုးနွမ်းကာ စိတ်ထားညံ့ဖျင်းလာသောအခါ အာဏာတော်ဖြင့် ခြိမ်းခြောက်၍ စစ်ရဲစေခြင်း၊
(၅) စစ်ဆိတ်= စစ်အတွင်းရေး အကြံအစည်တို့ကို ဘုရင်မင်းမြတ်နှင့် စစ်သူကြီးနှစ်ဦးတို့သာ တိုင်ပင်နှီးနှော၍ စစ်သည်တော်တို့ မသိအောင် လျှို့ဝှက်ထားကာ စစ်ဆိတ်စေခြင်း၊
(၆) စစ်ရွှင်မ= သူ့တိုင်းသူ့ပြည်တော်ကို အောင်မြင်သောအခါ ပစ္စည်းဘဏ္ဍာတို့အနက် မင်းနှင့် ထိုက်တန်သည်ကိုထား၍ သူရဲတို့အား ထိုက်သလောက် ချီးမြှင့်ပေးကမ်းခြင်းဖြင့် စစ်ရွှင်စေခြင်း၊ ♦သုခမှတ်စု

စိန်မျိုး အပြစ် ၆-ပါး

(၁) လေးထောင့်ချ၊
(၂) ဝမ်းလျှာညီ၊
(၃) ဝမ်းဘဲဥ၊
(၄) ညောင်ရွက်၊
(၅) အစောင်း၊
(၆) အနိမ့်၊ ♦သုခမှတ်စု

စွန့်အပ်သော မယား၏အင်္ဂါ ၆-ပါး

(၁) ဝိဝါဒသီလီ= ငြင်းခုံတတ်သော အလေ့ရှိခြင်း၊
(၂) ဥဿုယာ= ငြူစူစောင်းမြောင်းတတ်ခြင်း၊
(၃) ပဿန္တတဏှိကာ= မြင်တိုင်းကိုလိုချင်မက်မောခြင်း၊
(၄) ဂတာ= သူတစ်ပါးအိမ်သို့ သွားလာတတ်ခြင်း၊
(၅) အမိတာဘုဉ္ဇနာ= အခြင့်အတိုင်းမရှိများစွာ စားတတ်ခြင်း၊
(၆) နိဒ္ဒါ= အိပ်ကြူးတတ်ခြင်း၊ ထိုမိန်းမကို သားတစ်ရာ ရ,စေကာမူ စွန့်အပ်၏၊ ♦သုခမှတ်စု

ဇမ္မူရာဇ်ရွှေစင်ကဲ့သို့ ကျင့်ရာသူ ၆-ယောက်

(၁) အမျိုးမြတ်သူ၊
(၂) သီလစောင့်သော ယောက်ျား၊
(၃) သီလစောင့်သော မိန်းမ၊
(၄) ရဟန်း၊
(၅) ရသေ့၊
(၆) ပုဏ္ဏား၊ “ခြောက်ယောက်ကား ဇမ္ဗူရာဇ် ရွှေစင်သည် ရွှံ့နွံ၌ပစ်သော်လည်း မြူမတင်သကဲ့သို့ ဆင်းရဲသော်လည်း အမျိုးအမည်ကို မစွန့်ရာ၊ ♦သုခမှတ်စု

တမန်အင်္ဂါ ၆-ပါး

စာဏကျနီတိ
(၁) ဒုရှဋဝါကျ= သူ့စကားကိုပျက်အောင် ဖျက်နိုင်ရန်စကားတတ်ခြင်း၊
(၂) ကဋပြာဇဥ= စဉ်းလဲသောပညာရှိခြင်း၊
(၃) ပရစိတ္တော= သူတစ်ပါးစိတ်ကို သိတတ်ခြင်း၊
(၄) ပရံတတွ= သူတစ်ပါးကျမ်းကို တတ်ခြင်း၊ (ဘာသာခြားကို တတ်ခြင်း)၊
(၅) ဒုရောမ= ကြောက်မက်ဖွယ်သော မုတ်ဆိတ် ကျင်စွယ်ရှိခြင်း၊
(၆) ဒုဒြိဂယုမာနိ= နက်နဲသော စကားတတ်ခြင်း၊ ♦သုခမှတ်စု

တရားဂုဏ်တော် ၆-ပါး

(၁) သွာက္ခာတော= တရားတော်သည် အစ, အလယ်, အဆုံး ကောင်းသောဂုဏ်၊
(၂) သန္ဒိဋ္ဌိကော= ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို အောင်တတ်သောဂုဏ်၊
(၃) အကာလိကော= အခါမလင့် ကောင်းကျိုး ချမ်းသာပေးတတ်သောဂုဏ်၊
(၄) ဧဟိပဿိကော= လာလှည့် ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်၊
(၅) သြပနေယျိကော= စိတ်နှင့်မခွာဘဲ ဆောင်ခြင်းငှာထိုက်သောဂုဏ်၊
(၆) ပစ္စတ္တံဝေဒိတဗော ဝိညူဟိ= ပညာရှိတို့သည် မိမိတို့စိတ်၌သိအပ်ခံစားအပ်သောဂုဏ်၊ ♦သုခမှတ်စု

တရားနာခြင်း ၆-မျိုး

(၁) မိမိ သန္တာန်၌ ရှိသော ရာဂ, ဒေါသ, မောဟ ခေါင်းပါးစေရန် နာခြင်း၊
(၂) သဒ္ဓါ, ပညာ, သမာဓိ ပွားစိမ့်သောငှာ နာခြင်း၊
(၃) သောက, ပရိဒေဝကို လွန်မြောက်နိုင်ခြင်းငှာ နာခြင်း၊
(၄) ဒုက္ခ, ဒေါမနဿ ချုပ်ငြိမ်းစိမ့်သောငှာ နာခြင်း၊
(၅) မဂ်ဖိုလ်နှင့် လျော်သော ကျင့်ဝတ်ပဋိပတ်ကို သိစိမ့်သောငှာနာခြင်း၊
(၆) သူတစ်ပါးတို့၏ ချီးမွမ်းထောမနာကို ရစိမ့်သောငှာနာခြင်း၊ ♦သုခမှတ်စု

တရားသူကြီး ၆-ဦး

(၁) အမှုသည်၊
(၂) ရွာစား၊
(၃) မင်းတို့ သမုတ် ပြဋ္ဌာန်းထားသူ၊
(၄) တရားကြပ်ဆင်တတ်သော သမာသာတိက၊
(၅) အနုညာတ၊
(၆) မင်းဧကရာဇ်၊ ♦သုခမှတ်စု

တောင်ဝှေးလှူသော အကျိုး ၆-ပါး

(၁) သားမြေး များခြင်း၊
(၂) မထိတ် မလန့်ခြင်း၊
(၃) သူတစ်ပါးတို့ အနိုင်အထက် မပြုနိုင်ခြင်း၊
(၄) ခပ်သိမ်းသော အစောင့်အရှောက်ရှိခြင်း၊
(၅) မချောမချွတ် ရှိခြင်း၊
(၆) မတုန်မလှုပ် ရှိခြင်း၊ ♦သုခမှတ်စု

တံခါးမှူးတို့၏ အင်္ဂါ ၆-ပါး

(၁) ပေါရာဏနဝဇာနန္တ= လူဟောင်း လူသစ်တို့ကို သိခြင်း၊
(၂) ဗလဝံ= ခွန်အားကြီးခြင်း၊
(၃) ပိယဒဿန= ချစ်ခင်ရှုစဖွယ် ရှိခြင်း၊
(၄) သုစိ= စင်ကြယ်သန့်ရှင်းခြင်း၊
(၅) ခေဒသဟ= အပင်ပန်းလည်း ခံနိုင်ခြင်း၊
(၆) ဒက္ခ= မေးမြန်းစိစစ်ခြင်း၌ လိမ္မာခြင်း၊ ♦သုခမှတ်စု

ထန်းပင်တို့၏အရွယ် ၆-မျိုး

(၁) ကျေးမြီး= အပင်မှ ပေါက်ခါစ၊
(၂) လက်မျှော်၊
(၃) ဆင်ခြေပေါ်၊
(၄) သမီးလှ၊
(၅) ရည်ရ၊
(၆) ပင်ထွက်၊ ♦သုခမှတ်စု

ဒါနဝတ္ထု ၆-ပါး

(၁) ရူပဒါန= အဆင်းအလှူ၊
(၂) သဒ္ဒဒါန= အသံအလှူ၊
(၃) ဂန္ဓဒါန= အနံ့အလှူ၊
(၄) ရသဒါန= ခဲဖွယ် ဘောဇဉ်အလှူ၊
(၅) ဖောဋ္ဌဗဒါန= အုံးမွေ့ရာအလှူ၊
(၆) ဓမ္မဒါန= တရားပေစာအလှူ၊ ♦သုခမှတ်စု

ဒေါသဖြစ်လွယ်သည့်အခါ ၆-ပါး

(၁) ခရီးသွားရာမှ ပြန်လာသော အခိုက်၊
(၂) ထမင်းစားခါစ အခိုက်၊
(၃) အိပ်ရာထစ အခိုက်၊
(၄) ဆာလောင် မွတ်သိပ်နေသော အခိုက်၊
(၅) ဝေဒနာခံနေရသော အခိုက်၊
(၆) စိတ်တွင် အငြိုးဖြစ်နေသောအခိုက်၊ (ဝါ) စိတ်တိုနေခိုက်၊ ♦သုခမှတ်စု

နာယကဂုဏ် ၆-ပါး

(၁) ခမာ= မြေကြီးကဲ့သို့ သည်းခံခြင်း၊
(၂) ဇာဂရယိ = နိုးကြားခြင်း၊ အသွားအလာ အနေအထိုင်တို့၌ သတိရှိခြင်း၊
(၃) ဥဋ္ဌာန= ငယ်သားတို့ထက် ထကြွလုံ့လရှိခြင်း၊
(၄) သံဝိဘာဂ= ဝေဖန်ခွဲခြားနိုင်ခြင်း၊
(၅) ဒယာ= သနားချစ်ခင် ကြင်နာခြင်း၊
(၆) ဣက္ခဏာ= ပညာရှိတို့ကို ဆွေးနွေးမေးမြန်ခြင်း၊ ♦သုခမှတ်စု

နိယာမ ၆-ပါး

(၁) ဗီဇ နိယာမ= အမျိုး ဗီဇကြောင့် စွဲမြဲခြင်း၊ ဥပမာ ထိကခုံးပင်တို့၌ တို့ထိလိုက်လျှင် ရုံးစု၍ သွားခြင်း၊ မြက်သစ်ပင်တို့ အမျိုး နှင့်တူစွာ သီးကြပွင်ြ့ကခြင်း၊ သံသတ္တုတို့သည် သံလိုက်ရှိရာသို့ အလိုအလျောက်လာရခြင်း စသည်ဖြင့် ပြုပြင်သူမရှိဘဲ ဗီဇရုပ်ကို အစွဲပြု၍ သူ့သဘာဝလျောက် အဖြစ်မြဲသော အမူအရာ၊
(၂) ဥတုနိယာမ= ဥတုရာသီအားလျော်စွာ အရပ်ရပ်ရှိ စပါးမျိုး မြက် သစ်ပင်မျိုးတို့၌ သူ့အချိန်ကျလျှင် နှိုးဆော်သူရှိသကဲ့သို့ တညီတညွတ်တည်း သီးကြပွင့်ကြခြင်း၊ သူ့အချိန် သူ့အခါ၌ မိုး ရွာခြင်း၊ လေတိုက်ခြင်း၊ ဆီးနှင်းကျခြင်း၊ ပင်လယ် သမုဒ္ဒရာ၌ ဒီရေတက်ခြင်း၊ သူ့အချိန်ကျလျှင်ကမ္ဘာ မီးလောင်ခြင်း၊ ကမ္ဘာ ပျက်မိုး ရွာခြင်း၊ ကမ္ဘာပြု မိုး ရွာခြင်း စသည်ဖြင့် ပြုပြင်သူမရှိဘဲ ဥတုကိုအစွဲပြု၍ သူ့သဘာဝအလျောက် အဖြစ်မြဲသော အမူအရာ၊
(၃) ကမ္မနိယာမ= မကောင်းမှု ကံကြောင့် ဒုဂ္ဂတိဘုံ၌ ပဋိသန္ဓေ ဖြစ်ပေါ်ရခြင်း၊ ပဝတ္တိအခါ ဒုဂ္ဂတိ သုဂတိဘုံ၌ မကောင်းကျိုး ဖြစ်ပေါ်ခြင်း၊ ကောင်းမှုကံကြောင့် ကောင်းကျိုးဖြစ်ပေါ်ခြင်းစသော ပြုပြင်သူမရှိဘဲ ကံကို အစွဲပြု၍ သူ့ သဘာဝအလျောက် အဖြစ်မြဲသော အမူအရာ၊
(၄) ဓမ္မနိယာမ= ဘုရားလောင်းတို့ ပဋိသန္ဓေနေတော်မူစဉ် ဖွားတော်မူစဉ်ကာလတို့၌ မြေတုန်လှုပ်ခြင်း၊ အရောင်အလင်း ဖြစ်ပေါ်ခြင်း စသော သုံးဆယ့်နှစ်ပါးသော နိမိတ်ကြီးတို့ဖြစ်ပေါ်ခြင်း၊ အဝိဇ္ဇာ ရှိသောသူတို့သန္တာန်မှာ သင်္ခါရစသည်တို့၏ ဖြစ်ပေါ်ခြင်း၊ မဂ်ဉာဏ်နှင့် နိဗ္ဗာန်ကို မြင်လိုက်သည်ရှိသော် အဝိဇ္ဇာ ကုန်ခန်းခြင်း၊ သင်္ခါရ စသည်တို့ ကင်းကြခြင်း၊ အရိယာပုဂ္ဂိုလ်တို့အား ရေနှင့်သေအရက် ရော၍ တိုက်သော်လည်း ရေသာဝင်၍ သေအရက် မဝင်ခြင်း စသည်ဖြင့် တရားဓမ္မကိုအစွဲပြု၍ အဖြစ်မြဲသော အမူအရာထူး၊
(၅) စိတ္တနိယာမ= အာရုံ တိုက်ခိုက်လာလျှင် ပြုပြင်စီရင်သူ မရှိဘဲ သူ့သဘာဝ အလျောက်ဝီထိစိတ် တန်းစဉ်၍ အဖြစ်မြဲသော အမူအရာ၊
(၆) ယောနိ နိယာမ= အချို့သတ္တဝါအား အခြေမရှိ၊ အချို့၌ အခြေနှစ်ချောင်း၊ အခြေ လေးချောင်း၊ အခြေ ၆-ချောင်း၊ အခြေများစွာ စသည်ဖြင့် အသီးသီးရှိကြခြင်း၊ အစွယ်၊ အမြီး၊ အမွေး စသည်တို့၌အချို့ အဆိပ်ရှိခြင်း၊ အချို့၌ မရှိကြခြင်း၊ ပိုးစုန်းကြူးတို့၌ အရောင် တောက်ပခြင်း၊ ကြိုးကြာငှက်တို့အား ရေနှင့် နွား နို့ရော၍တိုက်သော် ရေမဝင်ဘဲနို့သာဝင်ခြင်း စသည်ဖြင့် ယောနိကိုအစွဲပြု၍ ဇာတ်အမျိုး အားလျော်စွာ မတူ ကွဲလွဲကြသော ဖြစ်မြဲအမူအယာ၊ မှတ်ချက် ♦သုခမှတ်စု

နီဝရဏတရား ၆-ပါး(နိဗ္ဗာန်ခရီးကိုတားမြစ်ပိတ်ပင်တတ်ခြင်း)

(၁) ကာမစ္ဆန္ဒနီဝရဏ= ကာမဂုဏ် ငါးပါးတို့၌ တပ်ခြင်း၊
(၂) ဗျာပါဒနီဝရဏ= အမျက်ထွက်ခြင်း၊ ရန်ငြိုး ဖွဲ့ခြင်း၊ ခိုက်ရန်များခြင်း၊
(၃) ထိနမိဒ္ဓနီဝရဏ = ငိုက်မျဉ်းခြင်း၊
(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ= ပျံ့လွင့်ခြင်း၊ အဖန်တလဲလဲ စိုးရိမ်ခြင်း၊
(၅) ဝိစိကိစ္ဆာနီဝရဏ=အာရုံကို မဆုံး ဖြတ်နိုင်ခြင်း၊ ယုံမှား သင်္ကာ ရှိခြင်း၊
(၆) အဝိဇ္ဇာ နီဝရဏ= သစ္စာ လေးပါး ပဋိစ္စသမုပ္ပာဒ် တရားစုကို မသိသောမောဟ၊ ♦သုခမှတ်စု

နေရာအပြစ် ၆-ပါး

(၁) ဝေးလွန်းခြင်း၊
(၂) နီးလွန်းခြင်း၊
(၃) ရှေ့တည့်တည့်ကျခြင်း၊
(၄) နောက်စူးစူးကျခြင်း၊
(၅) မြင့်ရာအရပ်၊
(၆) လေညာ၊ ♦သုခမှတ်စု

နက္ခတ်-နက်သတ်-တာရာ-ကြည်-ကြယ်ဟူသော အခေါ်ပရိယာယ် ၆-ပါး

(၁) နက္ခတ္တ၊
(၂) ဇောတိ၊
(၃) ဘံ၊
(၄) တာရာ၊
(၅) တာရက၊
(၆) ဥဠု၊ ♦သုခမှတ်စု

နတ်ပြည် ၆-ထပ်

(၁) စတုမဟာရာဇ်= နတ်မင်းကြီးလေးပါး စိုးပိုင်သော နတ်ပြည်၊
(၂) တာဝတိံသာ= သုံးကျပ်သုံးယောက်သော သိကြားမင်းပိုင်နတ်ပြည်၊
(၃) ယာမာ= ဆင်းရဲခြင်းမှ ကင်းသော နတ်ပြည်၊
(၄) တုသိတာ= စိတ်၏ နှစ်သက် ပြည့်ဖြိုးခြင်း ရှိသော နတ်ပြည်၊
(၅) နိမ္မာနရတိ= တန်ခိုး ဖန်ဆင်းခြင်း၌ မွေ့လျော်သော နတ်ပြည်၊
(၆) ပရနိမ္မိတဝသဝတ္တီ= တစ်ပါးသော နတ်တို့ ဖန်ဆင်းပြီးသော ကာမဂုဏ်၌ အလိုကို ဖြစ်စေသော နတ်ပြည်၊ ♦သုခမှတ်စု

နိစ္စဒါန ၆-ပါး

(၁) သစ်ပင် ပန်းမန် စိုက်ပျိုးထားခြင်း၊
(၂) လူအပေါင်း တည်းမှီခိုဝင်ရန် ဇရပ် ဆောက်တည်ထားခြင်း၊
(၃) လမ်း၊ စောင်းတန်း၊ လှေကား၊ တံတား စသည် ပြုလုပ်ထားခြင်း၊
(၄) ရေချမ်းစင်များ တည်ထားခြင်း၊
(၅) ရေတွင်း၊ ရေကန်တူးဖော်ခြင်း၊
(၆) သိမ်၊ ကျောင်း၊ ပြာသာဒ်၊ ဂူလိုဏ် စသည် ပြုလုပ်ထားခြင်း၊ ♦သုခမှတ်စု

နာမ်စား ၆-မျိုး

(၁) ပုဂ္ဂလနာမ်စား= လူနတ်ဗြဟ္မာ အစရှိသော ပုဂ္ဂိုလ်တို့၏ အစား သုံးခြင်း၊
(၂) သပစ္စဂမပုဂ္ဂလနာမ်စား= ကိုယ်သို့ တစ်ဖန်ပြန်၍ သုံးစွဲခြင်း၊
(၃) နိဒဿနနာမ်စား= ညွှန်ပြ၍ နာမ်၏ အစားသုံးခြင်း၊
(၄) ပုစ္ဆာနာမ်စား= နာမ်ကိုအမေးပုစ္ဆာ နည်းအားဖြင့် မေး၍သုံးခြင်း၊
(၅) အပဋ္ဌာနနာမ်စား= သေချာစွာ မပြဋ္ဌာန်းသော နာမ်၏အစားသုံးခြင်း၊
(၆) အပဋ္ဌာနသမသ်နာမ်စား= သေချာစွာ မပြဋ္ဌာန်းသော နာမ်အစုအဝေး၏ အစားသုံးခြင်း၊ ♦သုခမှတ်စု

ပထဝီဓာတ်ပျက်ခြင်း လက္ခဏာ ၆-ပါး

(၁) ခြေဖဝါးပက်လက်ရှိခြင်း၊
(၂) ပါးချိတ်ဆက် လျှောကျခြင်း၊
(၃) နားရွက် လျှောကျခြင်း၊
(၄) ဆီးဝမ်းကြောကို လက်နှင့် ထောက်လျှင် လက်ရာ အပိန့်ထခြင်း၊
(၅) အေးစက်စက်ရှိခြင်း၊
(၆) ရွှံ့ချဲ့သို့ လည်းကောင်း၊ နှမ်းဖတ်ကဲ့သို့ လည်းကောင်း ဝမ်းလားခြင်း၊ ♦သုခမှတ်စု

ပယောဂ ၆-ပါး

(၁) သာဟတ္ထိက= မိမိကိုယ်တိုင်သတ်ခြင်း၊
(၂) အာဏတ္တိက = သူတစ်ပါးကို စေခိုင်း၍ သတ်ခြင်း၊
(၃) နိဿဂ္ဂိယ= သေနတ်၊ လေး မြား၊ လှံဓားစသည်ဖြင့် ပစ်လွှတ်၍ သတ်ခြင်း၊
(၄) ထာဝရ= တွင်းတူးခြင်း၊ ဘိ ထောင်ခြင်းစသည်ဖြင့် သတ်ခြင်း၊
(၅) ဝိဇ္ဇာမယ= အင်းအိုင်၊ မန္တာန်၊ ဒဏ်ပြန် အတတ်စသည်ဖြင့် သတ်ခြင်း၊
(၆) ဣဒ္ဓိမယ= တန်ခိုးဖြင့် သတ်ခြင်း၊ ♦သုခမှတ်စု

ပါဏတိပါတကံ ပယောဂ ၆-ပါး

(၁) ကိုယ်တိုင်သတ်ခြင်း၊
(၂) လက်နက်ဖြင့်လွှတ်၍ ပစ်၍သတ်ခြင်း၊
(၃) သူတစ်ပါးကို သတ်ခိုင်းခြင်း၊
(၄) တွင်းကျင်းစသည်နှင့် ထောင်၍ သတ်ခြင်း၊
(၅) ဂါထာမန္တာန်အတတ်ဖြင့် သတ်ခြင်း၊
(၆) ကံကြောင့် ဖြစ်သော တန်ခိုးဖြင့် သတ်ခြင်း၊ ♦သုခမှတ်စု

ပူဇော်အပ်သော အရပ် ၆-ပါး

(၁) ပုဗ္ဗဒိသာ= အရှေ့မျက်နှာတည်းဟူသောမိဘနှစ်ပါး၊
(၂) ဒက္ခိဏဒိသာ= တောင်မျက်နှာနှင့်တူသော ဆရာမြတ်၊
(၃) ပစ္ဆိမဒိသာ= အနောက်မျက်နှာနှင့တ်ူသော သားမယား၊
(၄) ဥတ္တဒိသာ= မြောက်မျက်နှာနှင့် တူသော မိတ်ဆွေ၊
(၅) ဟေဋ္ဌိမဒိသာ= အောက်မျက်နှာနှင့်တူသော ကျေးကျွန်၊
(၆) ဥပရိမဒိသာ= အထက်အရပ်နှင့်တူသော ရဟန်း ပုဏ္ဏား ဘုရား ပစ္စေကဗုဒ္ဓါ၊ ♦သုခမှတ်စု

ပေးခြင်း ၆-ပါး

(၁) ပုည= ကောင်းမှု၏ အစွမ်းအားဖြင့် ပေးခြင်း၊
(၂) ပေမ=ချစ်၍ပေးခြင်း၊
(၃) ဘယ= ကြောက်၍ပေးခြင်း၊
(၄) မောဟ= မိုက်၍ ပေးခြင်း၊
(၅) သိက္ခိတ= အတတ်သင်၍ ပေးခြင်း၊
(၆) ကာမ= ကာမဂုဏ်ကြောင့် ပေးခြင်း၊ ♦သုခမှတ်စု

ပညာရှိ အပြစ် မယူအပ်သူ ၆-ဦး

(၁) ဗာလေစ= သူငယ်၌ လည်းကောင်း၊
(၂) ဥမ္မတ္တကေ= သူရူး၌ လည်းကောင်း၊
(၃) ဘူပေ= မင်း၌ လည်ကောင်း၊
(၄) ဂုရုမာတာပိတူပိ= မိဘဆရာတို့၌ လည်းကောင်း၊
(၅) သံဃေ= ရဟန်း သံဃာတော်တို့၌ လည်းကောင်း၊
(၆) ဇေဋ္ဌေစ ဘာတရိ= အစ်ကိုကြီး၌ လည်းကောင်း အပြစ်မယူအပ်ကုန်၊ ♦သုခမှတ်စု

ပတ္တပိုဏ်ဓူတင်၏အကျိုး ၆-ပါး

(၁) အထူးထူးသော ဘောဇဉ်၌ တပ်သောတဏှာကို ပယ်ဖျောက်ခြင်း၊
(၂) အလွန်အလိုရှိသောစားခြင်းကို ပယ်ရခြင်း၊
(၃) အာဟာရ၌ အတိုင်းအရှည်ကို ရှုခြင်း၊
(၄) ခွက်အစရှိသော ဆောင်ရခြင်းကြောင့်ပင်ပန်းခြင်း၏ မဖြစ်ခြင်း၊
(၅) မပျံ့လွင့်သော စားခြင်းရှိသည်ဖြစ်ခြင်း၊
(၆) အလိုနည်းခြင်း အစရှိသော တရားတို့အား လျော်စွာဖြစ်ခြင်း၊ ♦သုခမှတ်စု

ပတ္တမြားမျိုး ၆-ပါး

(၁) စိဝရက္ခာန်= အချင်းချင်းနီသော အဆင်း၊ အတွင်း ကြာခံသည်၊
(၂) ဂေါမူလာ= ပန်းခရားပွင့် အဆင်း၊ အတွင်းကား ကြာခံသည်၊
(၃) ကွမ်းပြင်ရေ= ရောင်ခြည်လင်းသည်၊ အတွင်းကား ၎င်းနည်းရှိ၏၊
(၄) မင်္သခံ=ဟင်း မျိုးသစ်ကဲ့သို့ရှိ၏၊ အတွင်းကား ၎င်း နည်း ရှိ၏၊
(၅) ဇောလီ= မဏိခပ်မွဲမွဲရှိ၏၊ အတွင်းကား ၎င်းနည်းရှိ၏၊
(၆) သီဟိုဠ်ရဉ်= အရောင်အဆင်း အထက်နည်းရှိ၏၊ ♦သုခမှတ်စု

ပတ္တမြားအပြစ် ၆-ပါး

(၁) သားညစ်သားပုပ်၊
(၂) သတ်ဆတ်၊
(၃) သားထပ်၊
(၄) အသားဝင်၊
(၅) လေတွင်း၊
(၆) ဂေါ်ဝင်၊ ♦သုခမှတ်စု

ပျက်စီးကြောင်းတရား ၆-ပါး

(၁) ဥဿူရသေသျံ= နေမြင့်အောင် အိပ်ခြင်း၊
(၂) အလသျံ= ပျင်းခြင်း၊
(၃) စဏ္ဍိကံ= အမူအကျင့်အဆိုအမိန့် ရက်ရောကြမ်းကြုတ်ခြင်း၊
(၄) ဒီဃသောဏ္ဍိကံ= သေသောက်ကြူးခြင်း၊
(၅) ဧကဿ အဒ္ဓါနဂမနံ= တစ်ယောက်တည်း ခရီးရှည်သွားခြင်း၊
(၆) ပရဒါရုပသေဝနံ= သူ့မယားကိုလည်းယဉ်ပါး ဖျက်ဆီးခြင်း၊ ♦သုခမှတ်စု

ပျင်းရိခြင်း ၆-မျိုး

(၁) ချမ်းလှသေးသည် ဟူသော အကြောင်းဖြင့် ပျင်းခြင်း၊
(၂) ပူလှသေးသည်ဟူသော အကြောင်းဖြင့် ပျင်းခြင်း၊
(၃) စောလွန်းလှသေးသည် ဟူသော အကြောင်းဖြင့် ပျင်းခြင်း၊
(၄) မိုးချုပ်လှပြီ ဟူသော အကြောင်းဖြင့်ပျင်းရိခြင်း၊
(၅) ဆာလောင်လှသေးသည်ဟူသော အကြောင်းဖြင့် ပျင်းရိခြင်း၊
(၆) ဝမ်းဝလှသေးသည်ဟူသောအကြောင်းဖြင့် ပျင်းခြင်း၊ ♦သုခမှတ်စု

ဗေဒင်၏အင်္ဂါကျမ်း ၆-ပါး

(၁) သိက္ခာ၊
(၂) ကမ္မ၊
(၃) ဗျာကရဏ၊
(၄) ဆန္ဒ၊
(၅) ဇောတိသတ္ထ၊
(၆) နိရုတ္တိ၊ ♦သုခမှတ်စု

ဗျည်း ၃၃ လုံးကို ဝဂ်ဖြင့် ပိုင်းခြားခြင်း ၆-ပါး

(၁) ကဝဂ်=က၊ခ၊ဂ၊ဃ၊င၊
(၂) စဝဂ်= စ၊ဆ၊ဇ၊စျ၊ည၊
(၃) ဋဝဂ် ဋ၊ဌ၊ဋ၊၊ဏ၊
(၄) တဝဂ်= တ၊ထ၊ဒ၊ဓ၊န၊
(၅) ပဝဂ်= ပ၊ဖ၊ဗ၊ဘ၊မ၊
(၆) အဝဂ်= ယ၊ရ၊လ၊ဝ၊သ၊ဟ၊ဠ၊အ၊ ♦သုခမှတ်စု

ဘုရားနောက်သို့ အလုပ်အကျွေးအဖြစ် ရဟန်းပြုကြသော သာကီဝင်မင်းသား ၆-ယောက်

(၁) အနုရုသဒ္ဓါ၊
(၂) အာနန္ဒာ၊
(၃) ဘဒ္ဒိယ၊
(၄) ကိမိလ၊
(၅) ဘဂု၊
(၆) ဒေဝဒတ်၊ (ဥပါလိကား ဆတ္တာသည်မျှသာ ဖြစ်၏၊) ♦သုခမှတ်စု

ဘုန်းတော် ၆-ပါး

(၁) ဣဿရိယ= အစိုးရခြင်း၊
(၂) ဓမ္မ= ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
(၃) ယသ= အခြံအရံနှင့် တင့်တယ် ပေါများခြင်း၊
(၄) သီရိ= အသရေတော်နှင့် ပြည့်စုံခြင်း၊
(၅) ကာမ= အလိုတော်ရှိရာ ပြည့်စုံနိုင်ခြင်း၊
(၆) ပယတ္တ= အား, လုံ့လတော်နှင့် ပြည့်စုံခြင်း၊ ♦သုခမှတ်စု

ဘုံလျှို အခင်းလှူသော အကျိုး ၆-ပါး

(၁) ညီညွတ်သော ကိုယ်ရှိခြင်း၊
(၂) သူတစ်ပါးတို့ ရိုသေခြင်း၊
(၃) ရှုကြည့်ချင်ဖွယ်သော ကိုယ်ရှိခြင်း၊
(၄) အခြံအရံများခြင်း၊
(၅) အထူးထူးသော အခင်းတို့ကို ရခြင်း၊
(၆) နူးညံ့ခြင်း၊ ♦သုခမှတ်စု

မဟာသမုဒ္ဒရာ၌ရှိ ငါးကြီး ၆-စင်း

(၁) တမိ ရိ = အလျားယဇူ နာ တစ်ထောင်ရှိ၏၊ နားတို့ကိုလည်းကောင်း အမြီးတို့ကိုလည်းကောင်း လှုပ်သော် ယူဇနာတစ်ရာမျှသောရေသည် လှုပ်၏၊
(၂) တိပိင်္ဂလ= အလျား ယူဇနာ တစ်ထောင်စီရှိ၏၊ နားတို့ကိုလည်းကောင်း အမြီးတို့ကိုလည်းကောင်း လှုပ်သော် ယူဇနာတစ်ရာမျှသော ရေသည် လှုပ်၏၊
(၃) တိမိရတိပိင်္ဂလ= နားနှစ်ဖက်ကို လှုပ်၍ ခေါင်းအမြီးနှင့်တကွမြူးတူးသော် ယူဇနာ ၇၀၀ လှုပ်၏၊ ယူဇနာသုံးရှိရေသည် ၎င်းတို့၏ ကျောက်ကုန်းကို လွန်၍ မစီးနိုင်၊
(၄) အာနန္ဒာ= အလျားယူဇနာ ငါးရာ ရှိ၏၊
(၅) တိမိအာနန္ဒာ= အလျား ယူဇနာ ငါးရာရှိ၏၊
(၆) ဇ္ဇောရဟ= အလျား ယူဇနာ ငါးရာရှိ၏၊ ♦သုခမှတ်စု

မာဂဓာ(မလူ) ဘာသာကိုပြောသူ ၆-ဦး

(၁) ကမ္ဘာဦးက စ၍ ဖြစ်သောလူ၊
(၂) ဘုရား၊
(၃) ပစ္စေကဗုဒ္ဓါ၊
(၄) နတ်၊
(၅) ဗြဟ္မာ၊
(၆) မည်သည့်စကားကိုမျှမကြားဖူးသေးသောသူငယ်၊ ♦သုခမှတ်စု

မင်းတို့ကျင့်ရာ အကျင့် ၆-ပါး

(၁) လယ်လုပ်ခြင်း၊
(၂) ကုန်သွယ်ခြင်း၊
(၃) မြို့ပြတန်ဆောင်းပြုခြင်း၊
(၄) ဆင်ဖမ်းခြင်း၊
(၅) ရွှေငွေဆည်းပူးခြင်း၊
(၆) ပျက်စီးသော ပြည်ရွာတို့ကို ပြုစုတည်ထောင်ခြင်း၊ ♦သုခမှတ်စု

မိတ်ဆွေပျက် ၆-ယောက်

(၁) အလောင်းအစားပြုတတ်သောသူ၊
(၂) မိန်းမလိုက်စားသောသူ၊
(၃) သေရည်သေရက် သောက်စားသောသူ၊
(၄) ပ,လွှားဂုဏ်ပြုတတ်သောသူ၊
(၅) လှည့်စားတတ်သောသူ၊
(၆) နိုင်လိုမင်းထက် နှိပ်စက်လုယူတတ်သောသူ၊ ♦သုခမှတ်စု

မိန်းမတို့၌ အပြစ် ၆-ပါး

(၁) အတိဒီဃော= အရပ် အလွန်မြင့်လွန်းခြင်း၊
(၂) အတိရေဿာ = အရပ် အလွန် ပုခြင်း၊
(၃) အတိထူလ = အလွန် ဝလွန်းခြင်း၊
(၄) အတိကိသ= အလွန်ပိန်လွန်းခြင်း၊
(၅) အတိသြဒါတ= အလွန်ဖြူလွန်းခြင်း၊
(၆) အတိကာဠ= အလွန်မည်းလွန်းခြင်း၊ ♦သုခမှတ်စု

မိန်းမမြတ်တို့၏ အကျင့် ၆-ပါး

(၁) မိမိ လင်အား ကာယကံ, ဝစီကံနှင့်မထီမဲ့မြင် မပြု၊
(၂) မိမိလင်က ရိုသေလေးမြတ်သူတို့ကို မိမိက ရိုသေလေးမြတ်ခြင်း၊
(၃) အိမ်မှုကိစ္စ၌ လုံ့လထကြွ ဝီရိယရှိခြင်း၊
(၄) အစေခံ ခြွေရံသင်းပင်းတို့ကိုထိုက်သလောက် ထောက်ပံ့ချီး မြှောက်ခြင်း၊
(၅) လင်၏ နှစ်သက်ဖွယ်တို့ကို ပြုကျင့်ခြင်း၊
(၆) လင်သား ရှာမှီးအပ်သော ဥစ္စာကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ♦သုခမှတ်စု

မိန်းမယုတ်တို့၏ အပြစ် ၆-ပါး

(၁) သေအရက်ကို သောက်စားခြင်း၊
(၂) အိမ်ထောင်မှုဝန်ကို မပြုမစုပျင်းရိခြင်း၊
(၃) လင်ကို ရန်တွေ့တတ်ခြင်း၊
(၄) သူတစ်ပါးအိမ် သွားလာ လည်ပတ်တတ်ခြင်း၊
(၅) ယောက်ျားတစ်ပါးနှင့် အကျွမ်းတဝင် နေခြင်း၊
(၆) အိမ်တံခါး၌ အမြဲနေ၍ ယောက်ျားတစ်ပါးကို ကြည့်ရှု မျှော်တတ်ခြင်း၊ ♦သုခမှတ်စု

မြို့အင်္ဂါ ၆-ပါး

(၁) ကျုံးမြောင်း၊
(၂) တံတိုင်း၊
(၃) ပစ္စင်၊
(၄) ရင်တား၊
(၅) တံခါး၊
(၆) သူရဲခို၊ ♦သုခမှတ်စု

ရသာ ၆-ပါးနှင့် ဂိုဏ်း ၆-ပါး

(၁) အချို-အဆိမ့်-မဓုရဂိုဏ်း= ပထဝီနှင့် အာပေါကြောင့် ဖြစ်၏၊
(၂) အချဉ်-အမိလဂိုဏ်း= တေဇောနှင့် ပထဝီကြောင့်ဖြစ်၏၊
(၃) အငန်-လဝဏ်ဂိုဏ်း= တေဇောနှင့် အာပေါကြောင့် ဖြစ်၏၊
(၄) အခါး= တိတ္တရဂိုဏ်း= အာကာသဓာတ်နှင့် ဝါယောဓာတ်ကြောင့် ဖြစ်၏၊
(၅) အစပ်-ကဋုကဂိုဏ်း = တေဇောဓာတ်နှင့် ဝါယောဓာတ်ကြောင့် ဖြစ်၏၊
(၆) အဖန်-ကသာဝဂိုဏ်း= ပထဝီဓာတ် ဝါယောဓာတ်ကြောင့် ဖြစ်၏၊ ♦သုခမှတ်စု

ရဟန်းကျင့်ဝတ် ၆-ပါး

(၁) မကောင်းမှု ဒုစရိုက်တို့ကို ရှောင်ကြဉ်ရန် တရားဟောပြဆုံးမခြင်း၊
(၂) ကောင်းရာသုဂတိ ရောက်နိုင်ရန် တိုက်တွန်းနှိုးဆော်ခြင်း၊
(၃) ဓမ္မဒေသနာ အသစ်တို့ကို ဟောကြားခြင်း၊
(၄) နာပြီးသော တရားတို့ကိုမှတ်မိအောင် ပြန်၍ဟောကြားခြင်း၊
(၅) သံသရာ ဘဝတို့၌ ဒါယကာ၏ ကောင်းကျိုးကို လိုလားခြင်း၊
(၆) မေတ္တာစိတ်နှင့် ယှဉ်၍ အကျိုးလိုလားခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့ မသုံးအပ်သော ကနုတံ ၆-မျိုး

(၁) အကွဲပါသောကနုတံ၊
(၂) အဆစ်ပါသော ကနုတံ၊
(၃) အဖုအထစ်ပါသော ကနုတံ၊
(၄) ဆူးရှိသော ကနုတံ၊
(၅) အခေါင်းရှိသော ကနုတံ၊
(၆) ကြမ်းတမ်းသော ကနုတံ၊ ♦သုခမှတ်စု

ရဟန်းတို့ အာပတ်သင့်ခြင်း အကြောင်း ၆-ပါး

(၁) အလဇ္ဇိတာ= အရှက်မရှိခြင်း၊
(၂) အညာဏတာ= သိက္ခာပုဒ်ကို မသိခြင်း၊
(၃) ကုက္ကစ္စပက္ခတာ= ယုံမှား သံသယရှိခြင်း၊
(၄) အကပ္ပိယေ ကပ္ပိယ သညိတာ= မအပ်သည်၌ အပ်သည်ဟုအမှတ်ရှိခြင်း၊
(၅) ကပ္ပိယေ အကပ္ပိယသညိတာ= အပ်သည်၌ မအပ်ဟု အမှတ်ရှိခြင်း၊
(၆) သတိသမ္မောသတာ= သတိတွေဝေခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့၌ အပ်သော သင်္ကန်း ၆-ထည်

(၁) ခေါမတိုင်းဖြစ်ပုဆိုး၊
(၂) ဝါချည်ပုဆိုး၊
(၃) ပိုးချည်ပုဆိုး၊
(၄) ကမလာ၊
(၅) လျှော်ပုဆိုး၊
(၆) ၎င်းငါးပါးတို့ဖြင့်ရော၍ ရက်သောပုဆိုး၊ ♦သုခမှတ်စု

ရယ်မောခြင်း ၆-မျိုး

(၁) သိတ= မျက်လုံးနှုတ်ခမ်း အနေပျက်ရုံ ပြုံးခြင်း၊
(၂) ဟသိတ= သွားပေါ်ရုံကလေးပြုံးခြင်း၊
(၃) ဝိဟသိတ= ပကတိသော အသံညင်းညင်း ထွက်ရုံရယ်ခြင်း၊
(၄) ဥပဟသိတ= ပခုံး ဦးခေါင်းလှုပ်အောင် ရယ်ခြင်း၊
(၅) အပဟသိတ= မျက်ရေထွက်အောင် ရယ်ခြင်း၊
(၆) အတိဟသိတ= ခြေပစ်လက်ပစ် မရှူမရှိူက်နိုင်အောင် ရယ်ခြင်း၊(သူမြတ်တို့ ၁၊၂ နှင့် ရယ်သည်၊ အလယ်တန်းစားတို့ ၃၊၄ နှင့် ရယ်သည်၊သူယုတ်တို့ ၅၊၆ နှင့် ရယ်သည်၊ ♦သုခမှတ်စု

ရဲမက်လက်နက်ကိုင် အမှုထမ်း ၆-မျိုး

(၁) မောလ၊
(၂) ဘူတ၊
(၃) သေနာ၊
(၄) သင်္ခါ၊
(၅) ရိပု= ရန်သူဘက်မှ ရသော သုံ့ပန်းအမှုထမ်း၊
(၆) အဋဝိက၊ ♦သုခမှတ်စု

ရောင်ခြည်တော် ၆-ပါး

(၁) နီလ= အညိုရောင်၊
(၂) ပီတ= ရွှေရောင်၊
(၃) လောဟိတ= အနီရောင်၊
(၄) သြဒါတ= အဖြူရောင်၊
(၅) မဉ္စိဋ္ဌ= မောင်းသောအရောင်၊
(၆) ပဘဿရ= ပြိုးပြိုးပြက်သော အရောင်၊ ♦သုခမှတ်စု

ရှောင်ကြဉ်သွားအပ်သော အရာ ၆-ဦး

(၁) အဂ္ဂိ=မီး၊
(၂) အာပေါ= ရေ၊
(၃) ဣတ္ထိ= မိန်းမ၊
(၄) မိဋ္ဋော= သူမိုက်၊
(၅) သပ္ပေါ= မြွေ၊
(၆) ရာဇကုလာနိ=မင်းမျိုး၊ ♦သုခမှတ်စု

ရွှေတိုက်ဝန် အင်္ဂါ ၆-ပါး

(၁) ကုလုဋဇ= အမျိုးအစဉ်အဆက် ဖြောင့်မတ်ခြင်း၊
(၂) ဝိနိတ= မြဲမြံစွာ စောင့်တတ်ခြင်း၊
(၃) သဗ္ဗရတနာဇာနက= ရတနာအမျိုးမျိုးကို သိတတ်ခြင်း၊
(၄) သုစိ= ဖော်ရွေ စင်ကြယ်ခြင်း၊
(၅) အဝိရဒ္ဓ= မချွတ်ယွင်းအောင် ရွက်ဆောင်တတ်ခြင်း၊
(၆) သာဓု= ကောင်းသော နှလုံး ရှိခြင်း၊ ♦သုခမှတ်စု

လောကီလောကုတ္တရာအကျိုး ပျက်စီးကြောင်း အမှု ၆-ပါး

(၁) နဒ္ဒိ=နေ့ညမစဲ အမြဲအိပ်ခြင်း၊
(၂) ဘန္တ= ထိုင်မိ လဲမိသည့်နေရာမှ မထချင်, မကြွချင်ခြင်း၊
(၃) ဘယ= မကြောက်တန်ဘဲလျက် ကြောက်ရွံ့ခြင်း၊
(၄) ကောဓ= စိတ်မဆိုးတန်ဘဲလျက် စိတ်ဆိုးခြင်း၊
(၅) အလသျ= လွန်စွာ ပျင်းရိခြင်း၊
(၆) ဒီဃသုတ္တတ= အလုပ်ကိစ္စကို နေ့ရက်ဆွဲငင်၍ ဖင့်နွှဲခြင်း၊ ♦သုခမှတ်စု

လောကီအကျိုး ပွားတိုးနိုင်ရာ အကြောင်း ၆-ပါး

(၁) မယားကောင်းကို ရခြင်း၊
(၂) သားအလိမ္မာကို မွေးရာခြင်း၊
(၃) ဥစ္စာပစ္စည်း ပေါများခြင်း၊
(၄) မိမိကိုယ်တိုင် မြော်မြင်လိမ္မာ ဉာဏ်ပညာ ရှိခြင်း၊
(၅) သီတင်းသီလ မြဲခြင်း၊
(၆) ရောဂါဝေဒနာ မငြိတွယ်ခြင်း၊ ♦သုခမှတ်စု

လောင်းတမ်းကစားသူ အပြစ် ၆-ပါး

(၁) နိုင်သူ၌ ရှုံးသူတို့က အငြိုးထားခြင်း၊
(၂) မိမိရှုံးခဲ့သော် စိတ်နှလုံးပူဆွေးတတ်ခြင်း၊
(၃) စည်းစိမ်ဥစ္စာကုန်ခန်း လျော့ပါးခြင်း၊
(၄) တရားသဘင် ရုံး ပြင်ကနားတို့၌ သက်သေလြူကီးအဖြစ် အပယ်ခံရခြင်း၊
(၅) မိတ်ဆွေကောင်းတို့က ရှုတ်ချပြောဆိုတတ်ခြင်း၊
(၆) သူတစ်ပါး သားသမီးက ထိမ်းမြားရန် ငြင်းရှောင်ခံရတတ်ခြင်း၊ ♦သုခမှတ်စု

ဝါယောဓာတ် ၆-ပါး

(၁) အဿာသ= ထွက်သက်လေ၊
(၂) ပဿာသ= ဝင်သက်လေ၊
(၃) ဥဒ္ဓံဝါတ= အထက်သို့ ဆန်သောလေ၊
(၄) အဓောဝါတ= အောက်သို့ စုန်သောလေ၊
(၅) ကောဋ္ဌာသယ= တစ်ကိုယ်လုံး ကိန်းသောလေ၊
(၆) အန္တနုသာရီ= အူတွင်း၌ တည်သောလေ၊ ♦သုခမှတ်စု

ဝိရောဓိ ၆-ပါး

သုဗောဓာလင်္ကာရ
(၁) ဒေသဝိရောဓိ= ဥတုရာသီအလိုက် ပွင့်သောပန်းတို့ကို ကြည်း၌ဖြစ်သည်ကို ရေ၌ဖြစ်သည်၊ ရေ၌ဖြစ်သည်ကို ကြည်း၌ဖြစ်သည် စသည်ဖြင့် ပြောင်းပြန်ရေးသားခြင်း၊
(၂) ကာလဝိရောဓိ= ခေတ်ကာလအလိုက် မည်သည့်အရာမျိုးမဆို ပေါ်ပေါက်လာရကား ဖြစ်လွယ် ပျက်လွယ် အတည်တကျ အဖတ် မတင်မရေမလည်စည်များ၊
(၃) ကလာဝိရောဓိ= တူရိယာနှင့် ဆိုင်သော တီးမှုတ်မှုမျိုးတို့၌လည်းကောင်း၊ သီချင်း အဆိုမှုတ်တို့၌ လည်းကောင်း စည်း ဒုံး လင်းကွင်း ချက် မကျခြင်း၊
(၄) လောကဝိရောဓိ= မည်သည့်စည်းကမ်း နည်းလမ်းမဆို တိုင်ပင်ဆွေးနွေးခြင်း စသော မည်သည့်အသင်း အစည်းအဝေးမဆို လူတို့၏ ဓမ္မတာ သဘာဝနှင့် မညီညွတ်ခြင်း၊
(၅) ဉာယဝိရောဓိ= လျော်ကန် သင့်မြတ်သောအရာ စသည်တို့နှင့် ဆန့်ကျင်ဘက် ဖြစ်ခြင်း၊
(၆) အာဂမဝိရောဓိ= ပိဋကတ်သုံး ပုံ အာဂုံ ယုတ္တိနှင့်တကွ ထင်ထင်ရှားရှား ရှိသည်ကို မလိုက်မနာခံဘဲ ဆန့်ကျင်ဘက်ဖြစ်အောင် ပြုလုပ်ယူသော အမူအရာ၊ ♦သုခမှတ်စု

ဝီထိ ၆-ပါး၊ ဒွါရ ၆-ပါး

(၁) စက္ခုဒွါရဝီထိ= စက္ခုဒွါ၌ အတန်းအစဉ်၊
(၂) သောတဒွါရဝီထိ= သောတဒွါရ၌ အတန်းအစဉ်၊
(၃) ဃာနဒွါရဝီထိ= ဃာနဒွါရ၌ အတန်းစဉ်၊
(၄) ဇိဝှာဒွါရဝီထိ= ဇိဝှာဒွါရ၌ အတန်းအစဉ်၊
(၅) ကာယဒွါရဝီထိ= ကာယဒွါရ၌ အတန်းအစဉ်၊
(၆) မနောဒွါရဝီထိ= မနောဒွါရ၌ အတန်းအစဉ်၊ (ဝီထိမပါလျှင် ဒွါရ ၆-ပါးမည်၏၊)၊ ♦သုခမှတ်စု

ဝါကျတ္ထဒေါသ ၆-ပါး

သုဗောဓာလင်္ကာရ
(၁) အပကမရ ဒေါသ=ရှေ့ နောက်စကားအစဉ် မညီမညွတ် ချွတ်ယွင်းခြင်း၊
(၂) သြစိတြဟနီ ဒေါသ= ကိုယ်ကိုချီး မြှင့်၍ ဆိုခြင်း၊ ရှေ့ဆို နှောင်းပျက် ယုတ္တိမရှိအောင်ဆိုခြင်း၊
(၃) ဘဂ္ဂရီတိ ဒေါသ= ဝိဘတ် အနက်စဉ် ကျိုးပြတ်ခြင်း၊
(၄) သသံသယဒေါသ= အနက်အဓိပ္ပာယ်အမျိုးမျိုး ယူရန်ရှိ၍ ယုံမှား သဖွယ်ရှိခြင်း၊
(၅) ဂါမ္မဒေါသ= ဝါကျ အသွားအလာ ကောင်းသော်လည်း အနက်အဓိပ္ပာယ်မှာ ရုန့်ရင်းကြမ်းတမ်းခြင်း၊
(၆) ဒုဋ္ဌာလင်္ကာရဒေါသ= အလင်္ကာကိုဖျက်၍ဆိုခြင်း၊ ♦သုခမှတ်စု

ဝိညာဏ် ၆-ပါး

(၁) စက္ခုဝိညာဏ်= မျက်စိအိမ်၌ အသိ၊
(၂) သောတ ဝိညာဏ်= နားအိမ်၌အသိ၊
(၃) ဃာနဝိညာဏ်= နှာခေါင်းအိမ်၌အသိ၊
(၄) ဇိဝှာ ဝိညာဏ်= လျှာအိမ်၌အသိ၊
(၅) ကာယဝိညာဏ်= တစ်ကိုယ်လုံး၌အသိ၊
(၆) မနောဝိညာဏ်= နှလုံးအိမ်၌မနောအသိ၊ ♦သုခမှတ်စု

ဝံသ ၆-ပါး

(၁) ဒလိဒ္ဒဝံသ= ဆင်းရဲသားအကြောင်းကို စပ်ဆိုသောအခါ အစ၌ 'က-ခ-ဂ-ဃ-င' ၎င်းအက္ခရာတို့ဖြင့် ချီစပ်ရာ၏၊
(၂) အမစ္စဝံသ= မှူးတော် မတ်တော်များအကြောင်း စပ်ဆိုသောအခါ အစ၌ 'စ-ဆ-ဇ-စျ-ည' ၎င်း အက္ခရာတို့ ဖြင့် ချီစပ်ရာ၏၊
(၃) ဂဟပတိဝံသ= သူကြွယ်မျိုးကို စပ်ဆိုရာ အစ၌ 'ဋ-ဌ-ဍ-ဎ-ဏ' ၎င်းအက္ခရာတို့ဖြင့် ချီစပ်ရာ၏၊
(၄) သေဋ္ဌဝံသ = သူဌေးမျိုးတို့ အကြောင်းကို စပ်ဆိုသောအခါ အစ၌ 'တ-ထ-ဒ-ဓ-န' ၎င်းအက္ခရာတို့ဖြင့် ချီစပ် ရာ၏၊
(၅) ရတနတ္တယဝံသ= ရတနာသုံးပါးအကြောင်းကို စပ်ဆိုသောအခါ အစ၌ 'ပ-ဖ-ဗ-ဘ-မ' ၎င်းအက္ခရာတို့ဖြင့် ချီစပ်ရာ၏၊
(၆) ဗြာဟဏ္မ ဝသံ = ပုဏ္ဏားမျိုး အကြောင်းကို စပ်ဆိုရာ အစ၌ 'ယ-ရ-လ-ဝ-သ-ဟ' ၎င်းအက္ခရာတို့ဖြင့် အစချီ စပ်ရာ၏၊ ♦သုခမှတ်စု

သဘင်ပွဲလမ်းအပြစ် ၆-ပါး

(၁) ကခြင်း၊
(၂) သီဆိုခြင်း၊
(၃) အတီး အမှုတ်တီးခြင်း၊
(၄) အကျိုးမရှိသော စကားကိုဆိုခြင်း၊
(၅) လက်ခုပ်တီး၍ အပေါင်းဖွဲ့ခြင်း၊
(၆) အိုးစည်တီးခြင်း၊ ♦သုခမှတ်စု

သမားတို့ သွေးစမ်းရာသော ဌာန ၆-ပါး

(၁) လက်ကောက်ဝတ်၊
(၂) လက်မရင်း၊
(၃) လက်ဝါး၊
(၄) ခြေမရင်း၊
(၅) ခြေဖမိုးအထက်၊
(၆) ခြေမျက်စိအောက်၊ ♦သုခမှတ်စု

သုရာမေရယကံ အပြစ် ၆-ပါး

(၁) အငြင်းအခုံများခြင်း၊
(၂) မျက်စိစသော အနာမျိုးဖြစ်ခြင်း၊
(၃) အကျော်အစောမဲ့ခြင်း၊
(၄) ကိုယ်အင်္ဂါအလုံခြင်း၊
(၅) ပညာမဲ့ခြင်း၊
(၆) ပစ္စည်းဥစ္စာ ကုန်ခန်းခြင်း၊ ♦သုခမှတ်စု

သေရည်သောက်စားခြင်း အပြစ် ၆-ပါး

(၁) ဥစ္စာကုန်ခန်းခြင်း၊
(၂) ခိုက်ရန် ဖြစ်ပွားတတ်ခြင်း၊
(၃) ရောဂါအန္တရာယ်ဖြစ်ပေါ်နိုင်ခြင်း၊
(၄) ဂုဏ်သတင်း ပျက်စီးခြင်း၊
(၅) ကိုယ်လက်အင်္ဂါ မလံသု ဖြင့် အရှက်ရ တတ်ခြင်း၊
(၆) ပညာနည်း ပါးခြင်း၊ ♦သုခမှတ်စု

သိက္ခမာန်တို့၏ သိက္ခာပုဒ် ၆-ပါး

(၁) ပါဏာတိပါတာဝေရမဏိ= သူတစ်ပါး အသက်ကို မသတ်ခြင်း၊
(၂) အဒိန္နာဒါနာ ဝေရမဏိ= သူတစ်ပါးဥစ္စာ မခိုး မယူခြင်း၊
(၃) အဗြဟ္မစရိယာ ဝေရမဏိ=မေထုန်မှီဝဲခြင်းမှ ရှောင်ခြင်း၊
(၄) မုသာဝါဒါ ဝေရမဏိ=မုသားမသုံးခြင်း၊
(၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ= သေရည်သေရက် ရှောင်ခြင်း၊
(၆) ဝိကာလဘောဇနာ ဝေရမဏိ= နေ့လညွဲ စာစားခြင်းမှရှောင်ခြင်း၊ (''သိက္ခာပုဒ်တို့ကို နှစ်နှစ်တိုင်တိုင် ထိန်းရ၏၊) ♦သုခမှတ်စု

သံတော်ခံ၏အင်္ဂါ ၆-ပါး

(၁) ပညဝံ= ပညာလည်းရှိထသော၊
(၂) ဝါကျဝံ= စကားအချိတ်အဆက်ကိုလည်း သိထသော၊
(၃) သူရံ= ရဲရင့်ထသော၊
(၄) ပရစိတ္တာနုလက္ခဏံ= သူတစ်ပါးတို့၏စိတ်ကို သိမှတ်ထသော၊
(၅) သန္တံ= ယဉ်ကျေးသောစိတ်ရှိထသော၊
(၆) ယထောကရဝါဒိဉ္စ= ဆိုတိုင်းပြန်ကြားထသော၊ ♦သုခမှတ်စု

ဟိတ် ၆-ပါး

(၁) လောဘဟိတ်မ= တပ်မက်ခြင်း၊
(၂) ဒေါသဟိတ်= ပြစ်မှားခြင်း၊
(၃) မောဟိတ်= တွေဝေခြင်း (မသိတတ်ခြင်း)
(၄) အလောဘဟိတ်= တပ်မက်ခြင်းမရှိ၊
(၅) အဒေါသဟိတ်= ပြစ်မှားခြင်းမရှိ၊
(၆) အမောဟဟိတ်= တွေဝေခြင်းမရှိ၊ ♦သုခမှတ်စု

အကြီးအမှူးတို့၏ အင်္ဂါ ၆-ပါး

(၁) နာယကဂုဏ် ၆-ပါးပင် ဖြစ်သည်၊ ♦သုခမှတ်စု

အကျွမ်းတဝင် မထွက်ရာသော ၆-ဌာန

(၁) ပြည့်တန်ဆာမအိမ်၊
(၂) လင်ကွာ မိန်းမအိမ်၊
(၃) မုဆိုးမအိမ်၊
(၄) အပျိုဟိုင်းကြီးများအိမ်၊
(၅) ပဏ္ဍုက်၏ အိမ်= ဘိက္ခုနီအိမ်ဟုလည်း ပြ၏၊
(၆) သေသောက်ကြူးအိမ်၊ ♦သုခမှတ်စု

အခါမဲ့သွားခြင်း အပြစ် ၆-ပါး

(၁) မိမိမရှိခိုက် သားမယားကို အစော်ကားခံရတတ်ခြင်း၊
(၂) မိမိဥစ္စာကို သူတစ်ပါးတို့ အလွယ်နှင့် ယူနိုင်ခြင်း၊
(၃) မိမိအားရန်သူတို့က အလွယ်နှင့် ကြံစည်သတ်ပုတ်နိုင်ခြင်း၊
(၄) မကောင်းသော အခြေအနေနှင့် တွေ့တတ်ခြင်း၊
(၅) သူတစ်ပါးနှင့် မှား၍ အနှိပ်စက်ခံရတတ်ခြင်း၊
(၆) သူတစ်ပါး၏ အစွပ်အစွဲကို ခံရတတ်ခြင်း၊ ♦သုခမှတ်စု

အခေါဘဏီတပ်တွင် ပါဝင်သော စစ်ဖွဲ့၆ မျိုးနှင့်ဖွဲ့နည်း

(၁) ဆင်တစီးတွင်= ဆင်စီးသူရဲ၊ ကုန်းလယ်စီး၊ နောက်ပဲ့စီး၊ လှံကမ်း 'လက်ယာ လက်ဝဲ' နှစ်ယောက်စီ၊ ဆင်ခြေဖုံး၊ ဆင်မြီး စောင့်၊ ဆငက်ံကျွေး၊ ၁၀ ယောက်၊
(၂) မြင်းတစ်စီးတွင်= မြင်း စီးသူရဲ၊ လှံကမ်း လက်ယာ လက်ဝဲ၊ မြင်းကံကျွေး၊ ၄ ယောက်၊
(၃) ရထား တစ်စီးတွင်= ရထားစီးသူရဲ၊ နပန်းစောင့် လက်ယာ လက်ဝဲ၊ လှံကမ်း လက်ယာ လက်ဝဲ၊ငါးယောက်၊
(၄) သူရဲကောင်း၊
(၅) သမီးကညာ၊
(၆) အလုပ်အကျွေး၊ ဆင်တစ်စီးကို ရထား တစ်ရာ ရံသည်၊ ရထားတစ်စီးကို မြင်းတစ်ရာ ရံသည်၊ မြင်းတစ်စီးကို သူရဲကောင်းတစ်ရာ ရံသည်၊ သူရဲကောင်းတစ်ယောက်ကို သမီးကညာ တစ်ရာ ရံသည်၊ သမီးကညာတစ်ယောက်ကို အလုပ်အကျွေး မိန်းမတစ်ရာ ရံသည်၊ သို့ဖြစ်၍ ဆင်ကိုးထောင်၊ ရထားကိုးသိန်း၊ မြင်းကိုးကုဋေ၊ သူရဲကောင်းကုဋေကိုးရာ၊ သမီးကညာ ကုဋေကိုးသောင်း၊ အလုပ်အကျွေးမိန်းမ ကုဋေ ကိုးသန်း၊ အလုံးစုံ ပေါင်းသော် အခေါဘဏီ ဖြစ်၏၊ စုစုလှူပေါင်း (၉၀၉၀၉၀၉၀၉၀၉၀၀၀)၊ ♦သုခမှတ်စု

အချယ်ကလာပ်စည်း ၆-ပါး

(၁) စက္ခုဒသက ကလာပ်၊
(၂) သောတဒသက ကလာပ်၊
(၃) ဃာနဒသက ကလာပ်၊
(၄) ဇိဝှာဒသက ကလာပ်၊
(၅)ဝတ္ထုဒသကကလာပ်၊
(၆) သဒ္ဒနဝက ကလာပ်၊ ♦သုခမှတ်စု

အငြိမ့်တီးမျိုး ၆-ပါး

(၁) စောင်း၊
(၂) ညှင်း၊
(၃) မိကောင်း၊
(၄) အောင်းကလေး၊
(၅) ပတ္တလား၊
(၆) တယော၊ ♦သုခမှတ်စု

အစပ် ၆-ပါး

(၁) ချိန်ခွင်လျှာ စပ်နည်း= ချိန်ခွင်လျှာသည် အလယ်ဗဟို၌ တည့်တည့်မတ်မတ်နေသကဲ့သို့ အလယ်ချက်ဖြစ်သော အသတ်သည် ရှေ့နောက် ဝဲယာမလိုက်ပါသော စပ်နည်းမျိုးဖြစ်သည်၊
(၂) ဘီလူးရယ်စပ်နည်း= ပျို့ကဗျာ လင်္ကာတို့၏သဘောရင်းမှာ သုံးပိုဒ်ရှိ အစပ်တို့သည် အသတ်ကာရံ သုံးချက် ညီညွတ်စွာ စပ်ရိုး ရှိသော်လည်း ကာရံသုံး ချက်ကို မငဘဲ့ နှစ်ချက်ဖြင်ယိ့မ်း၍ ဘီလူးရယ်ကဲ့သို့ မဖွယ်မရာ စပ်နည်းမျိုးဖြစ်သည်၊
(၃) ဦးတိုက်စပ်နည်း= ပထမပိုဒ် အဆုံး ကာရံနှင့် ဒုတိယ ပိုဒ်အစကာရံကို ဦးတိုက်၍ စပ်နည်းမျိုး ဖြစ်သည်၊
(၄) ထိပ်ချင်းခပ်စပ်နည်း= ပထမပိုဒ်၌ ပညတ်သံ၊ လဟုသံ၊ အလိုမရှိအပ်သော အသံတို့ကိုထား၍ ဒုတိယနှင့် တတိယပိုဒ်တို့တွင် ပရမတ်သံ၊ ဂရုသံ၊ အလိုရှိအပ်သော အသံတို့ကိုထားလျက် စပ်သည့်စပ်နည်းမျိုး ဖြစ်သည်၊
(၅) ထိပ်ချင်းချွတ် စပ်နည်း= ပထမပိုဒ်၌ ပရမတ်သံ၊ ဂရုသံ၊ အလိုရှိအပ်သော အသံတို့ကိုထား၍ ဒုတိယ နှင့်တတိယပိုဒ်တို့တွင် ပညတ်သံ၊ လဟုသံ အလိုမရှိအပ်သော အသံတို့ကို ထားလျက် အသတ်မညီညွတ် ချွတ်ယွင်းသော စပ်နည်းမျိုးဖြစ်သည်၊
(၆) သတ်စေ့နှက် သုံးချက်အညီစပ်နည်း= အသတ်ခြောက်ပါးတို့တွင် တစ်ပါးပါးဖြင့် ကာရန်သုံးချက်စေ့အောင် အစပ်မပျက်စေဘဲ အညီအညွတ် စပ်နည်းမျိုးဖြစ်သည်၊ ♦သုခမှတ်စု

အဒိန္နာဒါန သိက္ခာပုဒ်၏ ပယောဂ ၆-ပါး

(၁) သာဟတ္ထိက= မိမိကိုယ်တိုင် ခိုးခြင်း၊
(၂) အာဏတ္တိက = သူတစ်ပါးကို စေခိုင်း၍ ခိုးခြင်း၊
(၃) နိဿဂ္ဂိယ=ကင်း ထားရာ အရပ်အပသို့ ကင်းခွန်ကိုလွတ်၍ ခိုးခြင်း၊
(၄) ထာဝရ= ထောပတ်အိုးဆီအိုး စသည်တို့၌ ပုဆိုးသားရေနယ် စသည်တို့ကိုထည့်၍ ခိုးခြင်း၊
(၅) ဝိဇ္ဇာ မယ= မန္တာန်စုပ်၍ ခိုးခြင်း၊
(၆) ဣဒ္ဓိမယ= ကိုယ်နှုတ်ဖြင့် လုံ့လပြု၍ တန်ခိုးဖြင့် ခိုးခြင်း၊ ♦သုခမှတ်စု

အပေါက် ၆-ပါး

(၁) ပျင်းရိခြင်း၊
(၂) ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်း၊
(၃) လုံ့လမရှိခြင်း၊
(၄) ယုံမှားခြင်း၊
(၅) အိပ်ကြူးခြင်း၊
(၆) တဆန့်ကျင်ကျင် ကိုယ်လက်လေးလံခြင်း၊ ♦သုခမှတ်စု

အဘိညာဏ် ၆-ပါး

အဘိ=ထူးခြားသော မြင့်မြတ်သော၊ ဉာဏ=ဉာဏ်
(၁) ဒိဗ္ဗစက္ခု= နတ်မျက်စိကဲ့သို့ သိမြင်နိုင်ခြင်း၊
(၂) ဒိဗ္ဗသောတ= နတ်တို့၏ နားကဲ့သို့ ကြားနိုင်ခြင်း၊
(၃) ဣဒ္ဓိဝိဓ= အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း၊
(၄) စေတောပရိယ= သူတစ်ပါး၏ စိတ်အကြံကိုသိနိုင်ခြင်း၊
(၅) ပုဗ္ဗေနိဝါသ မိမိဖြစ်ခ့ဖဲူးသော ဘဝတို့ကို သိနိုင်ခြင်း၊
(၆) အသဝက္ခယ= အာသဝေါတရား လေးပါးတို့ ကုန်ခန်းခြင်း၊ ♦သုခမှတ်စု

အမူအရာ ကလာပ် ၆-ပါး

(၁) ကာယဝိညတ္တိနဝက ကလာပ်၊
(၂) ဝစီဝိညတ္တိသဒ္ဒဒသက ကလာပ်၊
(၃) လဟုတာဒိ ကလာပ်၊
(၄) ကာယဝိညတ္တိ လဟုတာဒိ ကလာပ်၊
(၅) သဒ္ဒလဟုတာဒိ ကလာပ်၊
(၆) ဝစီဝိညတ္တိသဒ္ဒလဟုတာဒိကာလပ်၊ ♦သုခမှတ်စု

အရသာ ၆-ပါး

(၁) အချို၊
(၂) အချဉ်၊
(၃) အဖန်၊
(၄) အခါး၊
(၅) အငန်၊
(၆) အစပ်၊ ♦သုခမှတ်စု

အလောင်းအလျာတို့၏ အလိုတော် ၆-ပါး

(၁) လောဘတရားတို့မှ ကင်းလိုခြင်း၊
(၂) ဒေါသတရားတို့မှ ကင်းလိုခြင်း၊
(၃) မောဟတရားတို့မှ ကင်းလိုခြင်း၊
(၄) တောထွက်လိုသောစိတ်ရှိခြင်း၊
(၅) ဆိတ်ငြိမ်ရာ၌ငြိမ်သက် တည်ကြည်ခြင်း၊
(၆) သံသရာဝဋ်မှ ထွက်မြောက်လိုခြင်း၊ ♦သုခမှတ်စု

အသာဓာရဏ ဉာဏ်တော် ၆-ပါး

(၁) မဟာကရုဏာ သမပတ္တိဉာဏ်= မြင်မြင်သမျှ ဝေနေယျတို့ကို ရင်၌ဖြစ်သော သားကဲ့သို့ သနားကြင်နာတော်မူခြင်း၊
(၂) ဣနြိယိ ပရောပရိယတ္တိဉာဏ်= သတ္တဝါအပေါင်းတို့၏ ဣန္ဒြေနုရင့်ကို ထောက်ချင့် ဆင်ခြင်တော်မူနိုင်ခြင်း၊ (မည်သည့်အခါ အကျွတ်တရား ရလိမ့်မည်ဟု သိတော်မူသည်)၊
(၃) သဗ္ဗညုတဉာဏ်= အလုံးစုံသော တရားအပေါင်းတို့ကို အကြွင်းမရှိ သိမြင်တော်မူခြင်း၊
(၄) ယမကပါဋိဟာရိယဉာဏ်= ကိုယ်တော်မှ ရေ,မီးအစုံတို့ကိုထွက်အောင် ဖန်ဆင်းတော်မူခြင်း၊
(၅) အာသယာနုသယဉာဏ်= သတ္တဝါတို့၏ အလိုဆန္ဒကို သိတော်မူခြင်း၊
(၆) အနာဝရဏဉာဏ်= အလုံးစုံသော အခြင်းအရာကို ဆီးတားပိတ်ပင်ခြင်းမရှိ သိမြင်တော်မူနိုင်ခြင်း၊ ♦သုခမှတ်စု

အသက်ရှည်ကာ စည်းစိမ်တည်နိုင်သော အမှု ၆-ပါး

(၁) ရေစစ်လှူဒါန်းခြင်း၊
(၂) ဆေးလှူဒါန်းခြင်း၊
(၃) ကောင်းလှူဒါန်းခြင်း၊
(၄) ဟောင်းနွမ်းပျက်စီးသော အရာဝတ္ထုများကို အသစ်ပြုပြင်၍ လှူဒါန်းခြင်း၊
(၅) ငါးပါးသီလ စောင့်ထိန်းခြင်း၊
(၆) ရှစ်ပါးသီလ စောင့်ထိန်းခြင်း၊ ♦သုခမှတ်စု

အသတ် ၆-ပါး

(၁) ပÂသတ်၊
(၂) မÂသတ်၊
(၃) နိဂ္ဂဟိတ် သေးသေး တင်သတ်၊
(၄) တÂသတ်၊
(၅) နÂသတ်၊
(၆) ရှိသင့်သော ယုတ္တအသတ်၊ (တနည်း)
(၁) ပရမတ်သံ= မဖောက်ပြန်သော စကား'ပ' သတ် 'မ' သတ်၊
(၂) ဂရုသံ= အလေးဖြစ်သောစကား 'ပ' သတ်၊ 'မ' သတ်၊
(၃) အနိစ္ဆိတသံ=အလိုမရှိအပ်သော စကား 'ပ' သတ်၊ 'မ' သတ်၊
(၄) ပညတ်သံ= ခေါ်ဝေါ်ပညတ်ချက်စကား'တ'သတ်၊ 'န'သတ်၊
(၅) လဟုသံ= ပေါ့သောစကား 'တ'သတ်၊ 'န'သတ်၊
(၆) ဣစ္ဆိတသံ= အလိုရှိအပ်သော စကား 'တ'သတ်၊ 'န'သတ်၊ ♦သုခမှတ်စု

အသံ ၆-ပါး

(၁) ပရမတ်သံ= ပရမတ္ထတရား လေးပါးကို ဖော်ပြသော အသံ၊
(၂) ဂရုသံ= လေးတွဲ့နက်နဲသော အသံ၊
(၃) အနိဋ္ဌသံ= အလိုမရှိအပ်သော အသံ၊
(၄) ပညတ်သံ= ပရမတ္ထတရားမှတစ်ပါးသော သမ္မုတိပညတ်ကို မှီတွယ်၍ ဖြစ်သောအသံ၊
(၅) လဟုသံ= ပေါ့လျော့ ပေါ်လွင်သော အသံ၊
(၆) ဣဋ္ဌသံ= အလိုရှိအပ်သော အသံ၊ ♦သုခမှတ်စု

အာဇာနည် ၆-မျိုး

(၁) ဟတ္ထာ ဇာနေယျ= ဆင်အာဇာနည်၊
(၂) အဿာဇာနေယျ= မြင်းအာဇာနည်၊
(၃) ပုရိသာဇာနေယျ= လူအာဇာနည်၊
(၄) သီဟာဇာနေယျ= ခြင်္သေ့ အာဇာနည်၊
(၅) ဥသဘာဇာနေယျ= နွားလားဥသဘ အာဇာနည်၊
(၆) ခီဏာသဝ= ရဟန္တာ အာဇာနည်၊ ♦သုခမှတ်စု

အာပေါဇာတ်ပျက် လက္ခဏာ ၆-ပါး

(၁) ရောင်ရမ်းခြင်း၊
(၂) ကိုယ်သား ကိုယ်ရေ ၆-သွေ့ခြင်း၊
(၃) ခြေလက်မသိမ်းလိုခြင်း၊
(၄) လျှာမလိမ်းနိုင်ရှိခြင်း၊
(၅) မေးခိုင်ခြင်း၊
(၆) ကိုယ်လက် ခိုင်မာတောင့်တင်းခြင်း၊ ♦သုခမှတ်စု

ဥတု ၆-ပါး

(၁) သိသီရ= ပြာသိုလဆုတ် ၁ ရက်မှ တပေါင်းလပြည့်နေ့အထိ၊
(၂) ဝသန္တ=တပေါင်းလဆုတ် ၁ ရက်မှ ကဆုန်လပြည့်နေ့ အထိ၊
(၃) ဂိမှ= ကဆုန် လဆုတ် ၁ ရက်မှ ဝါဆိုလပြည့်နေ့အထိ၊
(၄) ဝဿာန= ဝါဆိုလဆုတ် ၁ ရက်မှ တော်သလင်းလပြည့်နေအထိ၊
(၅) သရဒ= တော်သလင်းလဆုတ် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ၊
(၆) ဟေမ= တန်ဆောင်မုန်းလဆုတ် ၁ ရက်မှ ပြာသိုလပြည့်နေ့အထိ၊ ♦သုခမှတ်စု

ဥတု ၆-ပါး (ရတုအခါ ၆-ပါး)

(၁) သိသိရသတု= တပို့တွဲနှင့် တပေါင်းလ၊
(၂) ဝသန္တဥတု= တန်ခူးနှင့် ကဆုန်လ၊
(၃) ဂိမှန္တဥတု= နယုန်နှင့် ဝါဆိုလ၊
(၄) ဝဿာနဥတု= ဝါခေါင်လ နှင့် တော်သ လင်း လ၊
(၅) သရဒဥတု= သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလ၊
(၆) ဟေမန္တဥတု= နတ်တော်လနှင့် ပြာသိုလ၊ ♦သုခမှတ်စု

ဧကာသနိကဓူတင်၏အကျိုး ၆-ပါး

(၁) အနာနည်းခြင်း၊
(၂) ကြောင့်ကြနည်းခြင်း၊
(၃) ပေါ့ပါးထကြွခြင်း၊
(၄) အားရှိခြင်း၊
(၅) ချမ်းသာစွာ နေရခြင်း၊
(၆) ရသတဏှာကို ဖျောက်ရခြင်း၊ ♦သုခမှတ်စု

အင်အား, အသက် ဆုတ်ယုတ်ပျက်စီးတတ်သော အကြောင်း ၆-ပါး

(၁) နေ့အခါ မေထုန်မှီဝဲခြင်း၊
(၂) နေ့အခါ အိပ်ခြင်း၊
(၃) ငါးရက်က ကျော်လွန်ပြီး သောနို့ချဉ်ကို စားခြင်း၊
(၄) သားပုပ် ငါးပုပ်ကို စားခြင်း၊
(၅) အသက်ငါးဆယ်ကျော်လွန်ပြီးသောမိန်းမကို ပေါင်းဖော်မှီဝဲခြင်း၊
(၆) တော်သလင်းလ နေရောင်ခံခြင်း၊ ♦သုခမှတ်စု

အဇ္ဈာသယ ၆-ပါး

(၁) နိက္ခမဇ္ဈာသယ= ရဟန်းအဖြစ်ကို အလိုရှိခြင်း၊
(၂) ပဝိဝေကဇ္ဈာသယ= ဆိတ်ငြိမ်ခြင်းကို အလိုရှိခြင်း၊
(၃) အလောဘဇ္ဈာသယ= တပ်နှစ်သက်ခြင်း ကင်းသည်ကို အလိုရှိခြင်း၊
(၄) အဒေါသဇ္ဈာသယ= ပြစ်မှားခြင်း ကင်းသည်ကို အလိုရှိခြင်း၊
(၅) အမောဟဇ္ဈာသယ=မိုက်မဲတွေဝေခြင်း ကင်းသည်ကို အလိုရှိခြင်း၊
(၆) နိဿရဏဇ္ဈာသယ= ဝဋ်တရားမှ ထွက်မြောက်ခြင်းကို အလိုရှိခြင်း၊ ♦သုခမှတ်စု

အဍ္ဍကကျွန် ၆-ပါး

(၁) မုခဒါသ= နှုတ်မှုကြောင့် ဖြစ်သော ကျွန်၊
(၂) ဟတ္ထဒါသ= လက်မှုကြောင်ြ့ဖစ်သောကျွန်၊
(၃) ထေနဒါန=ခိုးမှုကြောင့် ဖြစ်သော ကျွန်၊
(၄) မေထုနဒါသ= မေထုန်ကာမမှုကြောင့် ဖြစ်သောကျွန်၊
(၅) ဣဏဒါသ= မြီမှုကြောင့် ဖြစ်သောကျွန်၊
(၆) ဂုဏဒါသ= ဂုဏ်ကျေးဇူးကြောင့် ဖြစ်သောကျွန်၊ ♦သုခမှတ်စု

ဥစ္စာပျက်ကြောင်း ၆-ပါး

(၁) သေရည် သေရက် သောက်စားခြင်း၊
(၂) အခါမဲ့၌ လမ်းသွားခြင်း၊
(၃) ပျော်ပွဲသဘင်တို့ကို ကြည်ရှုခြင်း၊
(၄) အလောင်းအစား ပြုခြင်း၊
(၅) မကောင်းသော မိတ်မဆွေနှင့် ပေါင်းသင်းခြင်း၊
(၆) စီးပွားရှာရာ၌ပျင်းရိခြင်း၊ ♦သုခမှတ်စု

ဣန္ဒြေ ၆-ပါး

(၁) စက္ခုဣန္ဒြေ= မျက်စိကို အုပ်စိုးသောတရား၊
(၂) သောတိန္ဒြေ= နားကို အုပ်စိုး သောတရား၊
(၃) ဃာနိန္ဒြေ= နှာခေါင်းကို အုပ်စိုးသောတရား၊
(၄) ဇိဝှိန္ဒြေ= လျှာကို အုပ်စိုးသောတရား၊
(၅) ကာယိန္ဒြေ= ကိုယ်ကို အုပ်စိုးသော တရား၊
(၆) မနိန္ဒြေ= စိတ်ကို အုပ်စိုးသောတရား၊ ♦သုခမှတ်စု

အိပ်မက်ဖြစ်ရာသူ ၆-ယောက်

(၁) လေရှိသောသူ၊
(၂) သည်းခြေ ပျက်သောသူ၊
(၃) သလိပ်ပျက်သောသူ၊
(၄) သန္နိပါတ်စွဲသောသူ၊
(၅) နတ်တို့ ဖြားယောင်းသောသူ၊
(၆) နိမိတ်ဖြစ်သောသူ၊ ♦သုခမှတ်စု

ကမ္မဋ္ဌာန်းပေးစွမ်းနိုင်သော ဆရာ အပြား ၆-ပါး

(၁) ရဟန္တာပုဂ္ဂိုလ်၊
(၂) အနာဂါမ်၊
(၃) သကဒါဂါမ်၊
(၄) သောတာပန်၊
(၅) စျာနလာဘီခေါ် စျာန်ရပုဂ္ဂိုလ်၊
(၆) ပိဋကတ် သုံးပုံဆောင်ပုဂ္ဂိုလ်၊ နှစ်ပုံဆောင် ပုဂ္ဂိုလ်၊ တစ်ပုံဆောင် ပုဂ္ဂိုလ်၊ အဋ္ဌကထာဆောင် ပုဂ္ဂိုလ်၊ ကမ္မဋ္ဌာန်းတရား အားထုတ်လေ့လာ ဆည်းပူးသူ၊ သီလဝန္တလက္ခိယော ဗဟုသုတပုဂ္ဂိုလ်တို့ ဟူ၏၊ ♦သုခမှတ်စု

ကာရက ၆-ပါး (သဒ္ဒါ)

(၁) က၊ သည်၊ လက္ခဏာရှိသော ကတ္တုကာရက၊
(၂) ကို၊ သို့၊ လက္ခဏာရှိသော ကမ္မကာရက၊
(၃) ဖြင့်၊ လက္ခဏာရှိသော ကရဏ ကာရက၊
(၄) အား၊ ငှာ၊ လက္ခဏာရှိသော သမ္ပဒါနကာရက၊
(၅) က၊ မှ၊ အောက်၊ ထက်၊ လက္ခဏာရှိသော အပါဒါနကာရက၊
(၆) က၊၌၊ တွင်၊ မှာ၊ လက္ခဏာရှိသော သြကာသကာရက၊ ♦သုခမှတ်စု

ကောက်မုရင်းမျိုး ၆-ပါး

(၁) ငမန်းဥနီ၊
(၂) ငမန်းဥဖြူ၊
(၃) ဥဖြူမူရင်း၊
(၄) ငလူးအိုင်၊
(၅) ဥသျှစ်၊
(၆) ဖျင်ကသေ၊ ♦သုခမှတ်စု

ကုသိုလ် ၆-မျိုး

(၁) အာရာမရောပါကုသိုလ် (ငှက်ပျော၊ ပိနဲ၊္န မာလကာ၊ သရက် စသောသီးစားပင်များ၊ စံပယ် နှင်းဆီ စသော ရှုခင်းအလှပန်းပင်များ စိုက်ပျိုး၍ ကုသိုလ်ယူခြင်း)၊
(၂) ဝနရောပါကုသိုလ် (ကုက္ကိုလ်၊ မန်ကျည်း၊ ညောင် စသော အရိပ်အာဝသမှီခိုရန် သစ်ပင်ကြီးများ စိုက်ပျိုး၍ ကုသိုလ်ယူခြင်း)၊
(၃) သေတုကရဏကုသိုလ် (လူနှင့် တိရစ္ဆာန်များ ဒုက္ခ မရောက်စေရန် လမ်း၊ တံတားများဆောက်လုပ် ပြုပြင် ကုသိုလ်ယူခြင်း၊
(၄) ပပဉ္စကုသိုလ် (ရေချမ်းစင် တည်၍ ကုသိုလ်ယူခြင်း၊
(၅) ဥဒပါနဉ္စကုသိုလ် (အများသူငါ သုံးစွဲရန် ရေတွင်း၊ ရေကန်တူးဖော်ကုသိုလ်ယူခြင်း)၊
(၆) ဥပဿယကုသိုလ်ယူခြင်း)၊ ♦သုခမှတ်စု

ဂါရဝတရား ၆-ပါး

(၁) သတအရိ သဂါရဝ= ဘုရား၌ ရိုသေရခြင်း၊
(၂) ဓမ္မေသဂါရဝ= တရား၌ ရိုသေခြင်း၊
(၃) သံဃေ သဂါရဝ= သံဃာတော်၌ ရိုသေခြင်း၊
(၄) သိက္ခာယ သဂါရဝ= ကိုယ်ကျင့်တရား၌ ရိုသေခြင်း၊
(၅) အပ္ပမာဒေသဂါရဝ= မမေ့မလျော့မူ၌ ရိုသေရခြင်း၊
(၆) ပဋိသန္တာရ သဂါရဝ= မိတ်ဖွဲ့စေစ့ပ်မှု၌ရိုသေရခြင်း၊ ♦သုခမှတ်စု

ဇာဂဂုဏ် ၆-ပါး

(၁) ဝိဂတမလမစ္ဆေရ= မစ္ဆေရမှကင်းစင်ခြင်းဂုဏ်၊
(၂) စာဂ= ပေးလှူစွန့်ကြဲနိုင်မှုဂုဏ်၊
(၃) ပယတပါဏိ= စင်ကြယ်သော လက်ရှိခြင်း ဂုဏ်၊
(၄) ယာစကယောဂ= အလှူခတို့နှင့် ယှဉ်ခြင်းဂုဏ်၊
(၅) သံဝိဘာဂရတာ= ဝေဖန်ခြင်း၌ မွေ့လျော်မှုဂုဏ်၊
(၆) ဝေါသဂ္ဂရတ= စွန့်ကြဲခြင်း၌ မွေ့လျော်မှုဂုဏ်၊ ♦သုခမှတ်စု

ဆဗ္ဗဂ္ဂီရဟန်းကြီး ၆-ပါး

(၁) အဿဇိ၊
(၂) ပုနဗ္ဗသုက၊
(၃) မေတ္တိယ၊
(၄) ဘူမဇက၊
(၅) ပဏ္ဍက၊
(၆) လောဟိတက၊ ♦သုခမှတ်စု

တိတ္ထိဂိုဏ်းဆရာကြီး ၆-ယောက်

မူလပဏ္ဏာသပါဠိတော်
(၁) ပူရဏကဿပ၊
(၂) မက္ခလိဂေါသာလ၊
(၃) နိဂဏ္ဌနာဋပုတ္တ၊
(၄) သဉ္စယဗေလဋ္ဌပုတ္တသိဉ္စည်း၊
(၅) ပကုဓကသစ္စာယန၊
(၆) အဇိတကေသကမလ၊ ♦သုခမှတ်စု

တော်ဖြောင့်ရခြင်း ၆-ပါး

(၁) ကတညူ= သူပြုဖူးသော ကျေးဇူးကိုသိရ ဆပ်ရခြင်း၊
(၂) ကတဝေဒီ= သူ့ကျေးဇူးကို ဖော်ထုတ်မြွက်ဆို ချီးကျူးရခြင်း၊
(၃) ဒဋ္ဋီတ္ထီ= မိမိ ဆိုသောစကားကို မြဲမြံတည်ကြည်စွာရှိအောင် ပြုရခြင်း၊
(၄) ဒုက္ခံ= သူဆင်းရဲကို ကိုယ့်ဆင်း ရဲကဲ့သို့ မှတ်ထင်ရခြင်း၊
(၅) ကလျာဏမတ္တိဗန္ဓ= အဆွေ ခင်ပွန်းကောင်းတို့နှင့် မိတ်ဆက်ပြုဖွဲ့ရခြင်း၊
(၆) မိတ္တသံသဂ္ဂ= ပေါင်းသင်း ဆက်ဆံပြီး မိတ်ဆွေကောင်းတို့အား မပြစ်မှားရခြင်း၊ အစဉ်ပေါင်းရခြင်း၊ ♦သုခမှတ်စု

နှလုံးသွေးရောင်မျိုး ၆-ပါး

(၁) ရာဂစရိုက် ထူပြောသူ၏ နှလုံးသွေးရည်သည် ချိပ်ရည်ကဲ့သို့ နီမောင်းသောအရောင်ရှိ၏၊
(၂) ဒေါသစရိုက် ထူပြောသူ၏ နှလုံးသွေးသည် ထောက်ရှာ သီး မှည့က် ဲ့သို့ မည်း နက်သော အဆင်း ရှိ၏၊
(၃) မောဟစရိုက် ထူပြောသူ၏ နှလုံး သွေးသည်ဟင်းလျာဆေးရည်ကဲ့သို့ဖျော့တော့သောအဆင်း ရှိ၏၊
(၄) ဝိတက်စရိုက် ထူပြောသူ၏ နှလုံးသွေးသည် မဖြူမညို ပဲစင်းငုံအဆင်း ကဲ့သို့ ဖျော့တော့သောအဆင်းရှိ၏၊
(၅) သဒ္ဓါစရိုက် ထူပြောသူ၏ နှလုံးသွေးသည် မဟာ လှေကားပန်းအဆင်းကဲ့သို့ ဝါဝင်းကြည်လင်သော အဆင်းရှိ၏၊
(၆) ပညာ စရိုက် ထူပြောသူ၏ နှလုံးသွေးသည် ပွတ်သစ်စပတ္တမြားကဲ့သို့ သန့်ရှင်းစင်ကြယ်သော အရောင်အဆင်းရှိ၏၊ ♦သုခမှတ်စု

ပကိဏ်းစေတသိက် ၆-ပါး

(၁) ဝိတက်= ယှဉ်ဖက်တရားစုကို အာရုံသို့ ရှေ့ရှု တင်ပေးခြင်း လက္ခဏာရှိ၏၊
(၂) ဝိစာရ= အာရုံကို အဖန်ဖန်သုံးသပ်ခြင်း လက္ခဏာ ရှိ၏၊
(၃) အဓိမောက္ခ= ဆုံးဖြတ်ခြင်း လက္ခဏာရှိ၏၊
(၄) ဝီရိယ= ကြိုးစား အားထုတ်ခြင်း လက္ခဏာ ရှိ၏၊
(၅) ပီတ= နှစ်သက်ခြင်း လက္ခဏာ ရှိ၏၊
(၆) ဆန္ဒ= အာရုံပြုလိုသော သဘောလက္ခဏာ ရှိ၏၊ ♦သုခမှတ်စု

ပညတ်မျိုး ၆-ပါး

မူလပဏ္ဏာသ
(၁) ဝိဇ္ဇမာနပညတ်= ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်, ဝေဒနာ, သညာစသော အမည်ပညတ်မျိုး၊
(၂) အဝိဇ္ဇာ မာနပညတ်= ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မြေ၊ တောင်၊ လူ၊ နတ်၊ ရဟန်း စသောအမည် ပညတ်မျိုး၊
(၃) ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်= ထင်ရှားရှိ၍ ထင်ရှားမရှိသော ဆဋ္ဌာဘိည ရဟန်း စသည့် အမည်ပညတ်မျိုး၊
(၄) အဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်= ထင်ရှား မရှိ၍ ထင်ရှားရှိသော ဣတ္ထိသဒ္ဒေါ စသော အမည်ပညတ်မျိုး၊
(၅) ဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်= ထင်ရှားရှိသည်ဖြစ်၍ ထင်ရှားရှိသော စက္ခုဝိညာဏစသော အမည် ပညတ်မျိုး၊
(၆) အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်= ထင်ရှားမရှိသည်ဖြစ်၍ ထင်ရှား မရှိသော ရာဇပုတ္တော စသော အမည်ပညတ်မျိုး၊ ♦သုခမှတ်စု

ပလ္လင် ၆-ပါး

(၁) ကမလာသနပလ္လင်= ကြာပလ္လင် ဗြဟ္မာမင်းတို့ထိုင်သည်၊
(၂) ဒိဗ္ဗာသနပလ္လင်= နတ်မင်းတို့ထိုင်သည်၊
(၃) ရာဇပလ္လင်= လူမင်းတို့ထိုင်သည်၊
(၄) အဋ္ဋကရဏပလ္လင်= တရားသူကြီးတို့ထိုင်သည်၊
(၅) ဓမ္မာသနပလ္လင်= ဓမ္မကထိကတို့ထိုင်သည်၊
(၆) အပရာဇိပလ္လင်= မြတ်စွာဘုရားသခင်ထိုင်သည်၊ ♦သုခမှတ်စု

မှော်ပညာမျိုး ၆-ပါး ၆-လီ

ပဟေသရကျမ်း၊ ကဝေသာရကျမ်း၊ သရဆူကျမ်း
(၁) ဆေးမှော်၊
(၂) ရုက္ခမူမှော်၊
(၃) အင်း မှော်၊
(၄) ပထမံမှော်၊
(၅) စမမှော်၊
(၆) သမာဓိမှော်ဟူ၍ ၆-ဆူမျှလာရှိလေသည်၊ ထိုမှော်ကြီး ၆-ဆူမှတစ်ပါးလည်း မိမိတို့နှစ်သက်ရာ ဂိုဏ်းဆရာကြီးများ၏ ယူဆချက်များအရ ဂိုဏ်းခွဲမှော်ဟူ၍ ၆-ဆူရှိပြန်သည်၊
(၁) ရုက္ခစိုးမှော်၊
(၂) အဋ္ဌာရသမှော်၊
(၃) ပိဋကတ်မှော်၊
(၄) မဟိဒ္ဓိဝိပဿနာမှော်၊
(၅) ဒေဝရာသီမှော်၊
(၆) ဒေဝီသူရဿတီမှော်၊ ♦သုခမှတ်စု

ရာဇဂုစ် ၆-ပါး၊ ဘုရင်များ၊ ပြင်ထားအဆင့်ဆင့်

အမရကောသအဘိဓာန်ဋီကာ
(၁) သန္ဓိဂုဏ်= ရန်သူတို့နှင့် သင့်တင့်အောင် တစ်စုံတစ်ခုသောလက်ဆောင်ဖြင့် စေ့စပ်နိုင်မှု၊
(၂) ဝိဂ္ဂဟ ဂုဏ်= သူ့နိုင်ငံကို စစ်ထိုးနိုင်အောင် ပြုစွမ်းနိုင်မှု၊
(၃) ယာနဂုဏ်= ရန်သူတို့ကို တိုက်ခိုက် နိုင်ရန် ချီတက်နိုင်ရေး ယာဉ်ရထား အင်အားရှိခြင်း၊
(၄) အာသနဂုဏ်= ခံစစ်ထိုးစစ်စသည်တို့အတွက် နေရာကောင်း၌ ရှိနေမှု၊
(၅) ဒွိဓာဂုဏ်= သူ့စစ်တပ် အင်အားညီညွတ်မှုတို့ကို ကွဲပြားအောင်ပြု၍ အနိုင်ယူနိုင်မှု နည်းပရိယာယ်၊
(၆) အာသယဂုဏ်= ရန်သူတို့ ကြောက်လန့်ဖွယ်ရာ မဟာမိတ်နိုင်ငံကြီးများ အမှီထား ရှိမှု၊ ♦သုခမှတ်စု

သလွန်ညောင်စောင်းခံ ရုပ် ၆-မျိုး

(၁) ငှက်၊
(၂) ဝက်၊
(၃) ဘီလူး၊
(၄) ဗူး၊
(၅) ရှူးပျံ၊
(၆) ကား၊ ♦သုခမှတ်စု

သမာဓိကြီးထွားကြောင်း ၆-ပါး

(၁) စိတ္တဖာသု= စိတ်ချမ်းသာခြင်း၊
(၂) သရီရဖာသု= ကိုယ်ချမ်းသာခြင်း၊
(၃) အာဟာရဖာသု= မိမိလိုရာကို စားရခြင်း၊
(၄) သေနာသနဖာသု= ကျောင်း၊ နေရာသန့်ရှင်း ကောင်းမွန်ခြင်း၊
(၅) ပုဂ္ဂဖာသု= သီတင်းသုံးဖော် သင့်တင့်ညီညွတ်ခြင်း၊
(၆) ဥတုဖာသု= အပူအအေးမျှတခြင်း၊ ♦သုခမှတ်စု

သာရဏီယတရား ၆-ပါး

ဝိနည်းပရိဝါပါဠိတော်
(၁) ကာယကံမေတ္တာ= သီတင်းသုံးဖော်တို့၌ မျက်မှောက်၊ မျက်ကွယ်ဘယ်နေရာမှာမဆို မေတ္တာ နှင့်ယှဉ်သော ကာယကံမှုကို ပြုစုခြင်း၊
(၂) ဝစီကံမေတ္တာ= အထက်ပါအတိုင်း ဝစီကံမှုကို ပြုစုအားထုတ်ရခြင်း၊
(၃) မနောကံမေတ္တာ= ထို့အတူ စိတ်ဖြင့် အမြဲချစ်ကြည် လေးမြတ်ရခြင်း၊
(၄) အပဋိဝိဘတ္တဘောဂီ= တရားသဖြင့် ရလာသော လာဘ် ပစ္စည်းကို အယုတ်ဆုံး တစ်ယောက်စာ မဝတဝမျှရသော ဆွမ်း ကိုသော်မျှ မခွဲမချန် သီလကျင့်ဖက် သီတင်းသုံးဖော်တို့နှင့် အတူတကွ ညီမျှစွာ ဝေငှဆက်ဆံ စားသောက်နေထိုင်လေ့ရှိခြင်း၊
(၅) သီလသာမညဂတော ဝိဟရတိ သဗြဟ္မစာရီဟိ= သီတင်းသုံးဖော်တို့၏ ဖြူစင်မြင့်မြတ်သော သီလနှင့်အတူ မိမိ သီလကိုလည်း ဖြူစင် မြင့်မြတ်စွာ ထိန်းစောင့်လျက် မျက်မှောက်မျက်ကွယ် သူတော်ကောင်းတို့ ချီးမွမ်းဖွယ် ဖြစ်အောင် နေထိုင်လျက် အတူကျင့်ကြ၏၊
(၆) ဒိဋ္ဌိသာမညဂတော ဝိဟိရိတသဗြဟ္မစာရီဟိ= နိဗ္ဗာန်မဂ် ဖိုလ် ရောက်ကြောင်း ကောင်း မြတ်သောအယူကိုသီတင်းသုံး ဖော်တို့နှင့်အတူ ကောင်းစွာ ယူလျက်နေ၏၊ ♦သုခမှတ်စု

အမွေခံထိုက်သောသား ၆-ပါး

အဋ္ဋသင်္ခေပကျမ်း၊ ဓမ္မသတ်ပေါင်းချုပ်ကျမ်း၊ ပထမတွဲ ပုဒ်မ ၁၆၊ ၁၈ မနုကျယ် ဒသမတွဲ
(၁) သြရသ= ရင်၌ဖြစ်သောသား၊
(၂) ခေတ္တဇ= ကျွန်မနှင့်သင့်နေရာမွေးသောသား၊
(၃) ဟေဋ္ဌိမ= အမြှောင်မယားသား၊
(၄) ပုဗ္ဗက= မယားပါ လင်ပါအသက်သား၊
(၅) ကတိ မိး = အမွေခံသားအဖြစ်ဖြင့် အထင်အရှား မွေးစားသောသား၊
(၆) အပတိဋ္ဌ= ကောက်၍ မွေးသောသား၊ (ဆရာဇီဝကတို့လို သားမျိုး)၊ ♦သုခမှတ်စု

အမွေမခံထိုက်သော ၆-ပါး

အဋ္ဋသင်္ခေပကျမ်း
(၁) ဒိန္နကသား= သူတစ်ပါးက ပေး၍ရသောသားမျိုး၊
(၂) သဟောတ္တသား= ဝယ်၍ရသောသားမျိုး၊
(၃) ပုနာနုဗဝသား= မိမိမယား သူတစ်ပါးနှင့် ပျော်ပါး၍(သို့မဟုတ်) ညား၍ရသောသား၊
(၄) ကီဠိတ သား=ကစားမြူးထူးရာ ရသောသား၊
(၅) သွနုတ္တသား= မိဘစကား နားမထောင် ခွေးနှင့်တူသော သား၊ (မိဘကို ရန်သူကဲ့သို့ ကျင့်သောသားမျိုး ဟူလို)
(၆) စတတဘတ္တသား= ထမင်းငတ်သည့်အခါ မှီခိုလာသည့် သားမျိုး၊ ♦သုခမှတ်စု

အနာဂါမ်၏ အင်္ဂါလက္ခဏာ ၆-ပါး

အင်္ဂုတ္တိုရ်ဆက္က
(၁) မဆုတ်နစ်သော သဒ္ဓါရှိခြင်း၊
(၂) မကောင်းမှုတို့၌ လွန်စွာရှက်ခြင်း၊
(၃) ဒုစရိုက်မှုတို့၌ လွန်စွာကြောက်ခြင်း၊
(၄) လွန်ကဲသော ဝီရိယရှိခြင်း၊
(၅) သီလတရား လွန်စွာကောင်းခြင်း၊
(၆) ပညာအဆင်အခြင် လွန်စွာ ရှိခြင်း၊ ♦သုခမှတ်စု

အနုတ္တရိယတရား ၆-ပါး

ပဋိသမ္ဘိဒါမဂ်
(၁) ဒဿနာနုတ္တရိယ= မြင်ရခြင်းတကာတို့တွင် ရတနာသုံးပါးကိုမြင်ရခြင်းသည် အမြတ်ဆုံး၊
(၂) သဝနာနုတ္တရိယ= ကြားရခြင်း တာကာတို့တွင် ရတနာသုံးပါးနှင့်စပ်သောအသံကို ကြားရခြင်းသည် အမြတ်ဆုံး၊
(၃) လာဘာနုတ္တရိယ= ရခြင်းတကာတို့တွင် ရတနာသုံးကိုရခြင်းသည် အမြတ်ဆုံး၊
(၄) ပါရိစရိယာနုတ္တရိယ = လုပ်ကျွေးခြင်းတကာတို့တွင် ရတနာသုံးပါးကိုလုပ်မကျွေးရခြင်း အမြတ်ဆုံး၊
(၅) အနုဿတာနုတ္တရိယ= အောက်မေ့ခြင်းတကာတို့တွင် ရတနာသုံးပါးကို အောက်မေ့ရခြင်းသည် အမြတ်ဆုံး၊
(၆) သိက္ခာနုတ္တရိယ= အကျင့်တကာတို့တွင် ရတနာသုံးပါးဂုဏ်တရားကို ကျင့်ရခြင်းသည် အမြတ်ဆုံး၊ ♦သုခမှတ်စု

အင်အား, အသက် ပျက်စီးရာအကြောင်း ၆-ပါး

မဃဒေဝလင်္ကာ
(၁) မလတ်ဆတ်သောအသားကို စားခြင်း၊
(၂) အရွယ်လွန်သော မိန်းမနှင့် မေထုန်ပြုခြင်း၊
(၃) တော်သလင်းလ၌ နေအပူကြာမြင့်စွာခံခြင်း၊
(၄) သုံးရက်ကျော်လွန်သော ဒိန်ချဉ်ကို သောက်ခြင်း၊
(၅) အရုဏ်အခါ မေထုန်ပြုခြင်း၊
(၆) နံနက် နေထွက်သည် အထိ အိပ်ခြင်း၊ ♦သုခမှတ်စု

ကတော် ၇-ပါး(ကဝေသာရ)

(၁) ယောကတော်၊
(၂) နှော ကတော်၊
(၃) ရေယဉ်ကတော်၊
(၄) စကြာကတော်၊
(၅) အနောက်ဘက်ကတော်၊
(၆) စကားကတော်၊
(၇) မြောက်ဘက်ကတော်၊ ♦သုခမှတ်စု

ကလာ ၇-ပါး(ကလာ=ဓာတ်တစ်ပါးတစ်ပါး၏အပိုင်းအခြား)

(၁) ပထမ ကလာ= အသားကိုဆောင်တတ်သော ကလာ၊
(၂) ဒုတိယ ကလာ= သွေးကိုဆောင် တတ်သော ကလာ၊
(၃) တတိယ ကလာ= အဆီကိုဆောင်တတ်သော ကလာ၊
(၄) စတုတ္ထ ကလာ=ဝမ်း၌ သလိပ်ကိုဆောင်တတ်သော ကလာ၊
(၅) ပဉ္စမ ကလာ= အစာ ဟောင်းကို ဆောင်တတ်သော ကလာ၊
(၆) ဆဋ္ဌမကလာ= ဝမ်း မီးကို ဆောင်တတ်သော ကလာ၊
(၇) သတ္တမကလာ= သုတ်ကို ဆောင်တတ်သော ကလာ၊ ♦သုခမှတ်စု

ကာမသုဂတိ ၇-ဘုံ

(၁) မနုဿဘုံ= များသော ကုသိုလ်စိတ်ရှိသောဘုံ၊ လူ့ပြည်၊
(၂) စတုမဟာရာဇ်= ဓတရဋ္ဌ၊ဝိရုဠက၊ ဝိရူပက္ခ၊ ကုဝေရ တည်းဟူသော နတ်မင်းကြီးလေးဦး စိုး ပိုင်သောနတ်ပြည်၊
(၃) တာဝတိံသာ= သုံးကျိပ်သုံး ယောက်သော သိကြားမင်းတို့၏နေရာ နတ်ပြည်၊
(၄) ယာမာ=ဆင်းရဲခြင်းမှ ကင်းသော နတ်ပြည်၊
(၅) တုသိတာ= စိတ်၏ နှစ်သက်ပြည့်ဖြိုးခြင်းသို့ ရောက်သော နတ်ပြည်၊
(၆) နိမ္မာနရတိ= တန်ခိုး ဖန်ဆင်းခြင်း၌ မွေ့လျော်ခြင်းရှိသော နတ်ပြည်၊
(၇) ပရနိမ္မိတဝသဝတ္တီ= တစ်ပါးနတ်တို့ ဖန်ဆင်းသော ကာမဂုဏ်၌ အလိုကိုဖြစ်စေသော နတ်ပြည်၊ ♦သုခမှတ်စု

ကိုယ့်ကိုယ် ကိုယ်ဖော် မသူတော် ၇-ပါး

စကားပုံတစ်ထောင်အဖြေ
(၁) တစ်တီတူးငှက်၊
(၂) တောက်တဲ့
(၃) ဇီးကွက်၊
(၄) ဒီးဒုတ်၊
(၅) ရွှေပြည်စိုး၊
(၆) ဥသြ၊
(၇) ခွေးခေါ်ရစ်ငှက်၊ ♦သုခမှတ်စု

ကိုယ်ဝန်ရခြင်းအကြောင်း ၇-ပါး

(၁) တပ်သော စိတ်ဖြင့် ကိုယ်လက်ကို သုံးသပ်၍ သော်လည်းကောင်း၊
(၂) တပ်သော စိတ်ဖြင့် အဝတ်ပုဆိုးကို ကိုင်၍သော်လည်းကောင်း၊
(၃) တပ်သောစိတ်ဖြင့်သုက်ရေကို စုပ်မျို၍ သော်လည်းကောင်း၊ ချက်ကို သုံးသပ်၍သော်လည်းကောင်း၊
(၅) တပ်သောစိတ်ဖြင့် စိန်းစိန်းကြည့်ရှု၍ သော်လည်းကောင်း၊
(၆) တပ်သောစိတ်ဖြင့် နမ်းရှုပ်ခြင်းပြု၍သော်လည်းကောင်း၊
(၇) တပ်သောစိတ်ဖြင့်အသံကို ကြားရ၍သော်လည်းကောင်း၊ ♦သုခမှတ်စု

ကောက်မျိုး ၇-ပါး

အဘိဓာန်
(၁) သာလိ= သလေး ကောက်ကြီး၊ ကောက်ညှင်း၊
(၂) ဝီဟိ= ကောက်လတ်၊ ကောက်ကြမ်း၊ ငစိန်၊ ငကောက်၊
(၃) ကုဒြူသ= လူး၊
(၄) ဂေါဓုမ= နတ်ကောက်၊ ဂျုံ၊
(၅) ဝရက= ပြောင်း၊
(၆) ယဝ= မုယော၊ ဘာလီ၊
(၇) ကင်္ဂု= ဆပ်၊ ♦သုခမှတ်စု

ကပ်မျိုး ၇-ပါး

(၁) ပန်းနု၊
(၂) ပန်းမ၊
(၃) စူလာနဖာ၊
(၄) ကဉာတသင်္ချေ၊
(၅) ကုလားဆောင်းမေးခါး၊
(၆) ကွတ်ကရာ၊
(၇) ကပ္ဖိုလ်၊ ♦သုခမှတ်စု

ခုနစ်ပြည်ထောင်မင်း

(၁) မလ္လာမင်း= မလ္လာပြည်၊
(၂) အဇာတသတ်မင်း= ရာဇဂြိုဟ်ပြည်၊
(၄) လိစ္ဆဝီမင်း= လိစ္ဆဝီပြည်၊
(၅) ကပိလဝတ်မင်း= ကပိလဝတ်ပြည်၊
(၅) အလ္လကပ္ပမင်း= အလ္လကပ္ပပြည်၊
(၆) ကောလိယမင်း= ကောလိယပြည်၊
(၇) ပါဝါမင်း= ပါဝါပြည်၊ ♦သုခမှတ်စု

ခင်ပွန်းကောင်း ၇-ယောက်

(၁) ပေးခဲစွာသောဝတ္ထုကို ပေး၏၊
(၂) ပြုခဲစွာသောအမှုကို ပြု၏၊
(၃) သည်းခံနိုင်ခဲသောအမှုကို သည်းခံ၏၊
(၄) မိမိ၏ လျှို့ဝှက်အပ်သောအမှုကို ထိုသူအား ထင်ရှားစေ၏၊
(၅) သူ၏ လျှို့ဝှက်အပ်သော အမှုကို အလွန်လျှို့ ဝှက်၏၊
(၆) ဘေးရန်ရှိသောအခါ မစွန့်ပယ်ခြင်း၊
(၇) ဥစ္စာ ကုန်သဖြင့် မထီမဲ့မြင်မပြု၊ ♦သုခမှတ်စု

ခင်ပွန်းမြတ် လက္ခဏာ ၇-ပါး

(၁) အနလေဿာ= ပျင်းရိခြင်းလည်း မရှိ၊
(၂) အစဏ္ဍိကေရာ= ကြမ်းကြုတ်ခြင်းလည်း မရှိ၊
(၃) အသဋ္ဌော= စဉ်းလဲခြင်းလည်းမရှိ၊
(၄) သုစိ= စင်ကြယ်ကောင်းမွန်သော ကိုယ်နှုတ်အမူအရာ ရှိ၏၊
(၅) သစ္စဝါဒီ= မှန်သောစကားကိုသာ ဆိုတတ်၏၊
(၆) အလုဒ္ဓေါ= မက်မောခြင်း လောဘနည်း၏၊
(၇) အတ္ထကာမောစ= အစီးအပွားလည်း အလိုရှိ၏၊ ♦သုခမှတ်စု

ခိုင်းစေအပ်သော ကျွန် ၇-ယောက်

(၁) ဓနကရိတ= ကြေးဝယ်ကျွန်၊
(၂) ဒါသိဇ=ကျွန်မ၏သား
(၃) အန္တောဇ= မိရိုးဖလာကျွန်၊
(၄) အညဒိန္န= သူတစ်ပါးပေး၍ရသော ကျွန်၊
(၅) အှုာ= ကျေးဇူး ဂုဏ်ဖြင့်တရားဆင်၍ ရသောကျွန်၊
(၆) ဘတ္တာ = ထမင်းစားကျွန်၊
(၇) ဝေရိဇယာ= ရန်အောင်ရာ ရသောကျွန်၊ ♦သုခမှတ်စု

ဂီတအသံ ၇-ပါး

(၁) ညှင်းလုံး= ၎င်းမှာ အငယ်ဆုံး အသံဖြစ်သည်၊ သံရိုး၊ ရေသံဟုခေါ်၏၊
(၂) အောက်ပြန်= လေးပေါက်သံဟုခေါ်သည်၊
(၃) ပုလဲ= တျောဟူ၍လည်းကောင်း၊ သဖြန်ဟူ၍လည်းကောင်း ခေါ်သည်၊
(၄) ပဉ္စမသံ= မြင်းစိုင်း ကြေးခရာသဟုံ ခေါ်သည်၊
(၅) နှစ်သံ= နှစ်ဆင့်သံ၊
(၆) ခြောက်သံ= ခြောက်ပေါက် ဟူ၍လည်းကောင်း၊ ခြောက်သွယ်ညွန့် ဟူ၍ လည်းကောင်း ခေါ်သည်၊
(၇) သုံးသံ= သုံးပေါက်သံ၊ ပြည်တော်သံ၊ ♦သုခမှတ်စု

စပါးမျိုး ၇-ပါး

(၁) သလေးစပါး၊
(၂) ကောက်စပါး၊
(၃) မုယောစပါး၊
(၄) နတ်ကောက်စပါး၊
(၅) ပြောင်း၊
(၆) လူး၊
(၇) ဆပ်၊ (၎င်းတို့ကို ရဟန်းတို့ မကိုင်အပ်၊) ♦သုခမှတ်စု

စာပေကျမ်းဂန် မတတ်နိုင်သူ ၇-ဦး

(၁) အိပ်ကြူးသောသူ၊
(၂) မေ့လျော့တတ်သူ၊
(၃) ချမ်းသာစွာ နေလိုသူ၊
(၄) အနာရှိသောသူ၊
(၅) ပျင်းသောသူ၊
(၆) အလိုကြီးသူ၊
(၇) အမှု၌မေ့လျော့တတ်သူ၊ ♦သုခမှတ်စု

စကြဝတေးမင်း၏ရတနာ ၇-ပါး

(၁) စကြာရတနာ၊
(၂) ဆင်ရတနာ၊
(၃) မြင်းရတနာ၊
(၄) မိဖုရားရတနာ၊
(၅) ပတ္တမြားရတနာ၊
(၆) သူဌေးကြီးရတနာ၊
(၇) သားကြီးရတနာ၊ ♦သုခမှတ်စု

စောင်း၏အသံ ၇-ပါး

အဘိဓာန်
(၁) ဥသဘ= နွားလားဥသဘတွန်သံနှင့်တူသောအသံ၊
(၂) ဓေဝတ= မြင်းသံနှင့် တူသောအသံ၊
(၃) ဆဇ္ဇ= ဥဒေါင်း ကော်ကော်မြည်သံနှင့် တူသောအသံ၊
(၄) ဂန္ဓာရ= ဆိတ်မြည်သံနှင့် တူသောအသံ၊
(၅) မဇ္ဈိမ= ကြိုးကြာ မြည်သံနှင့်တူသောအသံ၊
(၆) ပဉ္စမ= ဥသြစသော အသံသာသည့်ငှက်တို့၏ မြည်တွန်ရင့်ကြွေးသံနှင့်တူသောအသံ၊
(၇) နိသာဒ= ဆင်တောသံပေးသကဲ့သို့သော အသံ၊ ♦သုခမှတ်စု

စစ်ရှုံးခြင်း ၇-ပါး

(၁) အစားရိက္ခာမရှိခြင်း၊
(၂) စစ်သည်တို့ စိတ်ပျက်ခြင်း၊
(၃) လက်နက်ခဲယမ်း ရှားခြင်း၊
(၄) ကြယ်လအသွားမမှန်ခြင်း၊
(၅) ပညာရှိ၊ မရှိခြင်း၊
(၆) စစ်သည်ခြင်း နှိပ်စက် လှည့်စားခြင်း၊
(၇) စစ်သည်မယား အိမ်၌ ဖောက်ပြန်ခြင်း၊ ♦သုခမှတ်စု

စစ်၏အစီအရင် ၇-ပါး

သေနင်္ဂဗျူဟာပျို့
(၁) သေနင်္ဂ=စစ်၏ အင်္ဂါ ခုနစ်ပါး၊
(၂) သေနာဂတိ=စစ်ချီခြင်းလေးပါး၊
(၃) သေနုပဂ= စစ်ကပ်ခြင်း နှစ်ပါး၊
(၄) သေနာယုဒ္ဓ= စစ်ထိုးခြင်း ခြောက်ပါး၊
(၅) သေနာပဋိဂ္ဂဟ= စစ်ခံခြင်း ခြောက်ပါး၊
(၆) သေနာဘေဒ= စစ်ဖျက်ခြင်း ခြောက်ပါး၊
(၇) သေနာနိဝတ္တန= စစ်ပြန်ခြင်း သုံးပါး၊ ♦သုခမှတ်စု

စစ်၏ အစိတ်အပိုင်း ၇-ပါး

(၁) စစ်ခေါင်း = ပညာရှိစစ်သူကြီး၊
(၂) စစ်နား= သူလျှိုကောင်း၊
(၃) စစ်မျက်စိ= ဟူးရားဗေဒင် မြော်မြင်တတ်ကျွမ်းသော သမားဖြူ သမားညို၊
(၄) စစ်ခါး= ရဲစွမ်းသော သူရဲကောင်းများ၊
(၅) စစ်ခံတွင်း= စကားအရာ အင်္ဂါ ရှစ်တန်နှင့် အရာရာနှံ့စပ်သောကျေပွန်သူ၊
(၆) စစ်လက်= များစွာသော သေနတ် လက်နက်ကိုင်စွဲသည့် ခြေသည်သူရဲ၊
(၇) စစ်ခြေ= များစွာသော ဆင်စီးသူရဲ၊ မြင်းစီးသူရဲ၊ ♦သုခမှတ်စု

စစ်၏အင်္ဂါ ၇-ပါး

(၁) ကောဋိမူလဗျူဟာ= စစ်ဖျားစစ်လျင်၊ (၎င်းကားဗိုလ်မှူး၊ ဗိုလ်မချုပ်၊ စစ်ကဲ၊ နာခံ၊ သံဆင့်တို့နှင့်တကွ တပ်တစ်တပ်ဖွဲ့ စည်း၍ ရှေ့ဖျားကချီတက်ပြီးလျှင် ရန်သူတို့ကို ကင်းထောက်ခြင်း)၊
(၂) ဥရဗျူဟာ= စစ်၏ ရင်ဝ၊ (အထက်ပါအတိုင်း ဗိုလ်ပါ အင်အားများစွာနှင့် စစ်ဖျား စစ်လျင်၏ နောက် မလှမ်းမကမ်းမှ ထက်ချပ်လိုက်ပါရသောတပ်)၊
(၃) ကစ္ဆဗျူဟာ= စစ်၏ပခုံး၊ (အထက်ပါအတိုင်း စစ်ဖျားစစ်လျင်၏ နှစ်ဆအင်အားများ၍ တစ်တပ်မှာ စစ်ရင်ဝ၏ လက်ဝဲ၊ တစ်တပ်မှာ လက်ယာအားဖြင့် မလှမ်းမကမ်းမှ လိုက်ရသောတပ်)၊
(၄) ပဿဗျူဟာ= စစ်၏နံပါး၊ (အထက်ပါအတိုင်း တပ်နှစ်တပ်ဖွဲ့၍ တစ်တပ်တစ်တပ်၌ စစ်ရင်ဝဖြစ်သောတပ်နှင့် ဗိုလ်ပါအင်အားချင်း တူမျှလျက် (စစ်ဝမ်း) ဖြစ်သော တပ်မကြီး၏ လက်ဝဲလက်ယာ မလှမ်း မကမ်းမှလိုက်ရသောတပ်)၊
(၅) မဇ္ဈဗျူဟာ= စစ်၏ဝမ်း၊ (အထက်ပါအတိုင်း ဗိုလ်ပါ အင်အားကို စစ်၏ ရင်ဝထက် ပိုမို များပြားစေပြီးလျှင် စစ်၏ ရင်ဝနောက်မှ တည့်တည့်နေရသည်၊ ဘုရင်မင်းမြတ်ကိုယ်တိုင် စစ်ထွက်လျှင်''စစ်ဝမ်းမှာပင်နေရသည်၊ ဘုရင်မင်း မြတ်ကိုယ်တိုင် မထွက်ဘဲ အိမ်ရှေ့မင်းထွက်သော် အိမ်ရှေ့မင်း၊ သို့မဟုတ်မှ စစ်သူကြီးနေရသည်)၊
(၆) ပိဋ္ဌိ ဗျူဟာ= စစ်၏ကျောက်ကုန်း၊ (အထက်ပါအတိုင်း ဗိုလ်ပါအင်အားမှာ စစ်ရင်ဝ၊ စစ်နံပါးတို့ထက် အနည်းငယ် ပိုမိုများပြားစေ၍ တပ်တစ်တပ် ဖွဲ့စည်းပြီးလျှင် စစ်၏ ဝမ်းဖြစ်သော တပ်မကြီး၏ နောက်တည့်တည့်မှ မလှမ်း မကမ်းလိုက်ရသောတပ်)၊
(၇) ပဋိဂ္ဂဟဗျူဟာ= စစ်ခံတပ်၊ (အထက်ပါအတိုင်း ဗိုလ်ပါအင်အား များနိုင်သမျှများ၍ စစ်၏ ကျောက်ကုန်း နောက်တည့်တည့်မှ မလှမ်းမကမ်းလိုက်ရသောတပ်)၊ ♦သုခမှတ်စု

စစ်အောင်မြေ ရွေးရာ ၇-ဖြာ

(၁) စစ်မြေ ကုန်းပြင် သာယာခြင်း၊
(၂) မြက်၊ ရေ ရနိုင်လွယ်ကူခြင်း၊
(၃) ရန်သူတို့က တိုက်ရန်မလွယ်ကူခြင်း၊
(၄) သူလျှိုအဝင်ခက်ခြင်း၊
(၅) သစ်ဝါးစသည်တို့ ရနိုင်ခြင်း၊
(၆) သစ်ဥ သစ်မြစ် စားကောင်း ရနိုင်ခြင်း၊
(၇) ရိက္ခာမျိုး ရနိုင် လွယ်ကူခြင်း၊ ♦သုခမှတ်စု

စုန်း ၇-မျိုး

(၁) ဆင်ကွပ်၊
(၂) နဖားတပ်၊
(၃) ရွာသူ၊
(၄) ရွာသမီး၊
(၅) ကဝေ၊
(၆) အိမ့်တလိမ့်၊
(၇) ဇော်ဂနီ၊ ♦သုခမှတ်စု

ဆွေ ၇-ဆက်

(၁) ကိုယ်ကို အလယ်ထား၃၊
(၂) (အထက်ကို) အဘ၊
(၃) အဘိုး၊
(၄) အဘေး၊
(၅) (အောက်ကို) သား၊
(၆) မြေး၊
(၇) မြစ်၊ ♦သုခမှတ်စု

ဉာတိဒိန္န ကျွန် ၇-ပါး

(၁) ဝန္ဒိ=သုံ့ရကျွန်ကို ပေးသောကျွန်၊
(၂) ဂါဟ=ဖမ်း ရကျွန်ကို ပေးသောကျွန်၊
(၃) ဟတ္ထက= လက်ရကျွန်ကို ပေးသောကျွန်၊
(၄) နိဿိတ= မှီတင်းနေရှာ သော ကျွန်ကို ပေးသောကျွန်၊
(၅) အဉာတဇ= သားရင်းကို ပေးသောကျွန်၊
(၆) အန္တောဇာတ= အိမ်ပေါက် အစဉ်ကို ပေးသောကျွန်၊
(၇) ဓနကိရတ=ငွေနှင့်ဝယ်သောကျွန်ကို ပေးသောကျွန်၊ ♦သုခမှတ်စု

တရော် ၇-ပါး

(၁) ကင်ပွန်း၊
(၂) တရော်ဖြူ၊
(၃) တရော်ညို၊
(၄) နှစ်ပင်တရော်၊
(၅) တလိုင်းတရော်၊
(၆) နတ်သမီးဖက်သက်၊
(၇) သနတ်တရော်၊ ♦သုခမှတ်စု

တူရိယာ ဂီတသံ ၇-ပါး

(၁) မြန်မာခေါ်ပုလဲ၊ ကျမ်းခေါ် မဇ္ဈိမ= ကြိုးကြာသံ၊ နှဲကြီးခေါ် တစ်ပေါက်၊
(၂) မြန်မာခေါ် ဒူရက၊ ဂန္တ၊ ကျမ်းခေါ် ဂန္ဓာရ- ဆိတ်သံ၊ နှဲကြီးခေါ် နှစ်ပေါက်၊
(၃) မြန်မာခေါ် ပြည်တော်ပြန်၊ ကျမ်းခေါ် ဥသဘ- နွားလားသံ၊ နှဲကြီးခေါ် သုံးပေါက်၊
(၄) မြန်မာခေါ် အောက်ပြန်၊ ကျမ်းခေါ် ပဉ္စ- ဥသြသံ၊ နှဲကြီးခေါ် လေးပေါက်၊
(၅) မြန်မာခေါ် မြင်းစိုင်း၊ ကျမ်းခေါ်ဆဇ္ဇ- ဥဒေါင်းသံ၊ နှဲကြီးခေါ် ငါးပေါက်၊
(၆) မြန်မာခေါ် ခြောက်သွယ်ညွန့်၊ ကျမ်းခေါ် ဓေဝတ-မြင်းဟီသံ၊ နှဲကြီးခေါ် ခြောက်ပေါက်၊
(၇) မြန်မာခေါ် ညှင်းလုံး၊ ကျမ်းခေါ်နိသာဒ- ဆင်အော်သံ၊ နှဲကြီးခေါ် ခုနစ်ပေါက်၊ ♦သုခမှတ်စု

တူရိယာသံ ၇-ပါး

(၁) ညှင်းလုံး= အငယ်ဆုံးအထက်ကို အစဉ်အတိုင်းအသံကြီး၍ သွားသည်၊ ၎င်းညှင်းလုံးသံကိုပင် 'သံရိုး' လည်းခေါ်သည်၊ 'ရေသံ' လည်ခေါ်သည်၊
(၂) အောက်ပြန်= လေးပေါက်သံ ခေါ်သည်၊
(၃) ပုလဲ= သံဖျား တျောလည်းခေါ်သည်၊ 'သဖြန်' လည်းခေါ်သည်၊
(၄) ပဉ္စသံ= မြင်းစိုင်း၊ ကြေးခရားသံ 'ငါးပေါက်သံ' အသီးသီးခေါ်ကြသည်၊
(၅) နှစ်သံ= ဒူရက၊ နှစ်ပေါက်သံခေါ်သည်၊
(၆) ခြောက်သံ= ခြောက်ပေါက် (ခြောက်သွယ်ညွန့်) ခေါ်ကြ၏၊
(၇) သုံးသံ= ပြည်တော်သံ (သုံးပေါက်သံ) ခေါ်ကြသည်၊ ♦သုခမှတ်စု

တေဇောဓာတ်ပျက် လက္ခဏာ ၇-ပါး

(၁) အသမံာခြင်း၊
(၂) နားရွက်လန်ခြင်း၊
(၃) နားရွက်ထူခြင်း၊
(၄) သွားကို အထက်နှုတ်ခမ်း မလွှမ်း အုပ်နိုင်ခြင်း၊
(၅) မျက်လုံးဝင်ခြင်း၊
(၆) မျက်တွင်းနက်ခြင်း၊
(၇) ပြင်းထန်စွာ အပူမှစဲ၍ ညင်းညင်း သာသာမျှ နွေးခြင်း၊ ♦သုခမှတ်စု

တင့်တယ်ခြင်း ၇-ပါး

(၁) မင်းဧကရာဇ်တို့၏ တင့်တယ်ခြင်းကား ပေးကမ်းစွန့်ကြဲခြင်း၊
(၂) စာမရီသားတို့၏ တင့်တယ်ခြင်းကား အမြီးဆံရှိခြင်း၊
(၃) ကေသရာဇာတို့၏ တင့်တယ်ခြင်းကား စွမ်းပကား ရဲရင့်ခြင်း၊
(၄) ဂဠုန်မင်းတို့၏ တင့်တယ်ခြင်းကား စွမ်းပကားရှိခြင်း၊
(၅) ပညာရှိတို့၏ တင့်တယ်ခြင်းကား ပွဲအလယ်၌ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုခြင်း၊
(၆) သူရဲကောင်းတို့၏ တင့်တယ်ခြင်းကား စစ်မြေပြင်၌ ရပ်တန့်ခြင်း၊
(၇) ရသေ့ ရဟန်းတို့၏ တင့်တယ်ခြင်းကားမှန်သောစကားကို ဆိုခြင်း၊ ♦သုခမှတ်စု

တောင်စဉ် ၇-ထပ်

(၁) ယုဂန္ဓိုရ်တောင်၊
(၂) ဣသိန္ဓိုရ်တောင်၊
(၃) ကရဝိကတောင်၊
(၄) သုဒဿနတောင်၊
(၅) နေမိန္ဓရတောင်၊
(၆) ဝိနတ္တကတောင်၊
(၇) အဿကဏ်တောင်၊ ♦သုခမှတ်စု

ထွက်သက် ဝင်သက် ကင်းသူ ၇-ယောက်

(၁) အမိဝမ်း၌ကိန်းသောသူ၊
(၂) ရေမွန်းနစ်သောသူ၊
(၃) မိန်းမောသောသူ၊
(၄) သေသောသူ၊
(၅) စတုတ္ထစျာန်ဝင်စားသူ၊
(၆) အရူပဘုံ၌ ဖြစ်သောသူ၊
(၇) နိရောဓသမာပတ် ဝင်စားသူ၊ ♦သုခမှတ်စု

ဒုက္ခ ၇-ပါး

(၁) ဒုက္ခ ဒုက္ခ=ဝေဒနာ အားဖြင့်လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း၊ ဆင်းရဲလှသော ကာယိကဒုက္ခ၊ စေတသိက ဒုက္ခဆင်းရဲခြင်း၊
(၂) ဝိပရိဏာမ ဒုက္ခ= စည်းစိမ် ချမ်းသာမျိုးတို့ ဖောက်ပြန်ပျက်စီးသောအခါ တွေ့ကြုံခံစားရသော ဆင်းရဲခြင်း၊
(၃) သင်္ခါရ ဒုက္ခ= ခန္ဓာ နာမ်ရုပ်စသော သင်္ခါရတရားဟူသမျှတို့သည် တစ်ခုပျက်လျှင် တစ်ခုဖြစ်အောင် ရွက်ဆောင်ကြိုးစား အားထုတ်ပြုပြင်ရသော ဆင်းရဲခြင်း၊
(၄) ပဋိစ္ဆန္နဒုက္ခ= နားကိုက်ခြင်း၊ ခါးကိုက်ခြင်း၊ ရာဂကြောင့် ပူလောင်ခြင်း၊ ဒေါသကြောင့် ပူလောင်ခြင်း စသော ကိုယ်၌ ဖြစ်သော အနာ၊ စိတ်၌ဖြစ်သောအနာရောဂါတို့ကို မေးကြည့်မှသိနိုင်သောကြောင့်လည်းကောင်း၊
(၅) အပဋိစ္ဆန္န ဒုက္ခ= ၃၂ ပါးသော ကမ္မကရဏအမှု စသည်တို့ကြောင့် ဖြစ်သော အနာရောဂါကို မမေးဘဲနှင့် သိနိုင်သောကြောင့် လည်းကောင်း၊ အနာရောဂါ ဖြစ်ကြောင်းလုံ့လပယောဂ၏ ထင်ရှားစွာ ဖြစ်ခြင်းကြောင့်လည်းကောင်း၊
(၆) ပရိယာယဒုက္ခ=ဒုက္ခစင်စစ် ဧကန်ဖြစ်သော ဒုက္ခ ဒုက္ခတစ်ခုကိုချန်ထား၍ ကျန်သော ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခယ ပဋိစ္ဆန္နဒုက္ခ၊ အပဋိစ္ဆန္န ဒုက္ခမျိုးသည်လည်းကောင်း၊ ဇာတိဇရာဗျာဓိ မရဏ စသော ဒုက္ခမျိုးသည် လည်းကောင်း၊ ဒုက္ခစင်စစ်မဟုတ်သော်လည်း အမျိုး မျိုး အဖုံဖုံသော ဆင်းရဲဒုက္ခတို့၏ အကြောင်းဝတ္ထုဖြစ်သောကြောင့်ဆင်းရဲခြင်း၊
(၇) နိပ္ပရိယာယဒုက္ခ= ဒုက္ခ ဒုက္ခကိုကား ဘယ်နည်း နှင့်မျှ ရှောင်လွှဲ၍ မရသောကြောင့် ဆင်းရဲခြင်း၊ ♦သုခမှတ်စု

ဒန်ပူ မစားရာသော ပုဂ္ဂိုလ် ၇-ဦး

(၁) ချေဆတ်သောသူ၊
(၂) နားနာရှိသော သူ၊
(၃) သွားနာရှိသော သူ၊
(၄) ဖျားဦးဖျားစရှိသောသူ၊
(၅) ခရရုပ်နာရှိသောသူ၊
(၆) ချောင်းဆိုးသောသူ၊
(၇) မူးဝေသောသူ၊ ♦သုခမှတ်စု

ဓာတ် ၇-ပါး (ကိုယ်ကိုဆောင်တတ် ဓာတ်မည်၏)

(၁) ဆီကြည်၊
(၂) အသွေး၊
(၃) အသား၊
(၄) အဆီခဲ၊
(၅) အရိုး၊
(၆) ချဉ်ဆီ၊
(၇) သုက်၊ ♦သုခမှတ်စု

ဓာတ် ၇-ပါး၏ ကိစ္စ ၇-ရက်

(၁) ရွှင်ပျခြင်း၊
(၂) ယှဉ်ခြင်း၊
(၃) လိမ်းကျံခြင်း၊
(၄) အငွေ့ရခြင်း၊
(၅) ဆောင်ခြင်း၊
(၆) ပြည့်ခြင်း၊
(၇) ကိုယ်ဝန်ရခြင်း၊ ♦သုခမှတ်စု

နာခံတော်ကြီး အင်္ဂါ ၇-ပါး

(၁) အမှတ်အသားမြဲ၍ ကုန်စင်အောင်လျှောက်တတ်ခြင်း၊
(၂) စစ်ပွဲကို ကြည့်ရှုနားလည်ခြင်း၊
(၃) စကားချိုသာခြင်း၊
(၄) ဘာသာခြားစကား တတ်မြောက် ရေးသားနိုင်ခြင်း၊
(၅) သတိရှိခြင်း၊
(၆) ဝီရိယရှိခြင်း၊
(၇) စာစီစာကုံး အနှုန်းအဖွဲ့တတ်ခြင်း၊ ♦သုခမှတ်စု

ပညာရှိ လက္ခဏာ ၇-ပါး

(၁) သဒ္ဓါ= ကံ၏အကျိုးကို ယုံကြည်ခြင်း၊
(၂) ဟိရီစ= မကောင်းမှုမှရှက်ခြင်း၊
(၃) သြတ္တပ္ပ= မကောင်းမှုမှ ထိတ်လန့်ကြောက်ရွံ့ခြင်း၊
(၄) ဗဟုသစ္စံ= အကြားအမြင်များခြင်း၊
(၅) ဝီရိယ= လုံ့လ အားထုတ်ခြင်း၊
(၆) သတိ= မမေ့လျော့ခြင်း၊
(၇) ပညာ= မြော်မြင်တတ်သော ပညာရှိခြင်း၊ ♦သုခမှတ်စု

ပုတ်ခတ်၍ အပြစ်မရှိသူ ၇-ပါး

(၁) သူအို၊
(၂) သူနာ၊
(၃) သူငယ်၊
(၄) သီလအလွန်ရှိသူ၊
(၅) သူရူး၊
(၆) မင်းဧကရာဇ်၊
(၇) သား ငါးမစားသော ပုဏ္ဏား၊ ♦သုခမှတ်စု

ဗောဇ္ဈင် ၇-ပါး

(၁) သတိသမ္ဗောဇ္ဈင်၊
(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင်၊
(၃) ဝီရိယသမ္ဗောဇ္ဈင်၊
(၄) ပီတိသမ္ဗောဇ္ဈင်၊
(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
(၆) သမာဓိသမ္ဗောဇ္ဈင်၊
(၇) ဥပေက္ခာသမ္ဗောဇ္ဈင်၊ ♦သုခမှတ်စု

ဗြဟ္မာ့ဦးခေါင်းကို သင်္ကြန်တစ်လှည့်စီ ကိုင်ရသော နတ်သမီး ၇-ပါး

(၁) ဒင်္ဃီ၊
(၂) မဟောရဏ၊
(၃) ဂေါရဝသေန၊
(၄) ကညာ၊
(၅) မန္တာ၊
(၆) ရက္ခိတာ၊
(၇) ပကရာ၊ ♦သုခမှတ်စု

ဘုရားဆုကို စိတ်ဖြင့်သာ တောင်းသော ၇-သင်္ချေ

(၁) နန္ဒ၊
(၂) သုနန္ဒ၊
(၃) ပထဝီ၊
(၄) မဏ္ဍ၊
(၅) ဓရဏီ၊
(၆) သာဂရ၊
(၇) ပုဏ္ဍရိက၊ ♦သုခမှတ်စု

ဘုရား သိက္ခာပုဒ်တော်များကို ပညတ်တော်မူရာဌာနဖြစ်သော တိုင်းကြီးရ တိုင်း

(၁) ဝေသာလီ၊
(၂) ရာဇဂြိုဟ်၊
(၃) သာဝတ္ထိ၊
(၄) အာဠဝီ၊
(၅) သက္ကတိုင်း၊
(၆) ဘဂ္ဂတိုင်း၊
(၇) ကောသမ္ဗီ၊ ♦သုခမှတ်စု

ဘုံစဉ်စံ ၇-ဦး

(၁) အနာထပိဏ် သူဌေး၊
(၂) ဝိသာခါ ကျောင်းအမ၊
(၃) ဂန္ဓမာ နတ်သား၊
(၄) နာဂဒတ္တ၊
(၅) မဟာဣန္ဒာ၊
(၆) စူဠဣန္ဒာ၊
(၇) နေကဝဏ္ဏ၊ ♦သုခမှတ်စု

ဖွားဖက်တော် ၇-ပါး

(၁) ညီတော်အာနန္ဒာ၊
(၂) မဟာဗောဓိပင်၊
(၃) ကာဠုဒါယီအမတ်၊
(၄) ယသောဓရာမင်းသမီး၊
(၅) မြင်းမြီးဆွဲ မောင်ဆန်၊
(၆) ရွှေအိုးကြီး လေးလုံး၊
(၇) ကဏ္ဍက စီးတော်မြင်း၊ ♦သုခမှတ်စု

မခိုင်းစေအပ်သော ကျွန် ၇-ယောက်

(၁) သခင်လက်မှ ရဟန်းပြုသောကျွန်၊
(၂) သခင်လက်မှ ပုဏ္ဏားပြုသော ကျွန်၊
(၃) ရဟန်း၏ ကျွန်၊
(၄) ပုဏ္ဏား၏ ကျွန်၊
(၅) အလွန် သီလရှိသော ကျွန်၊
(၆) ပျော်ပိုက်၍ မှီနေသော ကျွန်၊
(၇) ခြံပွတ်အတွင်း မှီနေသော ကျွန်၊ ♦သုခမှတ်စု

မယားခိုးခြင်း ၇-ပါး

(၁) ဟတ္ထာဂါဟ= လက်ကိုကိုင်ခြင်း၊
(၂) ဃရပတ္တ= သူ့လင်မရှိခိုက် အိမ်၌ရောက်လာခြင်း၊
(၃) ဂုယှဌာန= လျှို့ဝှက်ရာ၌ ကာမဂုဏ်နှင့် စပ်သော စကားပြောခြင်း၊
(၄) သလ္လာပ= ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ= တင်းတိမ်အတွင်းသို့ ဝင်ရောက်ခြင်း၊
(၆) ဒွါရ= တံခါးအတွင်းသို့ ဝင်ရောက်ခြင်း၊
(၇) သေယျ= အိပ်ရာသို့ ရောက်ခြင်း၊ ♦သုခမှတ်စု

မယားအပြား ၇-ပါး

(၁) ဝဓကသမာ= ရန်သူနှင့်တူသော မယား၊
(၂) စောရသမာ= ခိုးသူနှင့်တူသော မယား၊
(၃) အယျသမာ= အရှင်နှင့်တူသော မယား၊
(၄) မာတုသမာ= အမိနှင့်တူသောမယား၊
(၅) ဘဂိနီသမာ=နှမနှင့်တူသော မယား၊
(၆) သခိသမာ= အဆွေနှင့်တူသော မယား၊
(၇) ဒါသိသမာ= ကျွန်နှင့် တူသောမယား၊ ♦သုခမှတ်စု

မလ ၇-ပါး(မလ= ဓာတ်မှဖြစ်သော ကိုယ်၏ အညစ်အကြေး)

(၁) စိတ်ကြည်လင်သည်မှ သွေးဖြစ်၏၊
(၂) သွေးမှ အသားဖြစ်၏၊
(၃) အသားမှ အဆီခဲဖြစ်၏၊
(၄) အဆီခဲမှ အရိုးဖြစ်၏၊
(၅) အရိုးမှခြင်ဆီဖြစ်၏၊
(၆) ခြင်ဆီမှ သုက်ဖြစ်၏၊
(၇) သုက်မှ သြဇာဖြစ်၏၊ ♦သုခမှတ်စု

မိလာ ဖလာ အိမ်ပေါက်ကျွန် ၇-ပါး

(၁) အန္တောဇာတ = မိလာ, ဖလာအိမ်ပေါက်ကျွန်၊
(၂) သုတော= ၎င်းကျွန်၏ သားပေါက်၊
(၃) နတ္တော= ၎င်းသားပေါက်၏ မြေးလတ်၊
(၄) မြေးလတ်၏ သား သြတ္တလတ်၊
(၅) ပေါနတ္တော= သြတ္တလတ်၏သား ကျွန်ဆက်၊
(၆) ပေါပနတ္တော= ကျွန်ဆက်၏သားကျွန်ပင်၊
(၇) အနုပေါနတ္တော= ကျွန်ပင်သား ကျွန်စည်၊ ♦သုခမှတ်စု

မုသာဝါဒကံ ရှောင်ခြင်း အကျိုး ၇-ပါး

(၁) သန့်ရှင်းသော ဣန္ဒြေနှင့် ပြည့်စုံခြင်း၊
(၂) ကိုယ်သဏ္ဌာန် လှပခြင်း၊
(၃) ကောင်းသော အသွေးရှိခြင်း၊
(၄) ကြာညိုနံ့မွေးခြင်း၊
(၅) သြဇာတိကရမ ရှိခြင်း၊
(၆) သူခပ်သိမ်း ကြည်ညိုခြင်း၊
(၇) ကြာညိုပွင့်ကဲ့သို့ မျက်နှာရွှင်ခြင်း၊ ♦သုခမှတ်စု

မေထုန်ကြောင့်ဖြစ်သော အပြစ် ၇-ပါး

(၁) မိမိ၏ တန်ခိုး ယုတ်လျော့ခြင်း၊
(၂) ပညာဉာဏ် ယုတ်လျော့ခြင်း၊
(၃) ခွန်အား ယုတ်လျော့ခြင်း၊
(၄) ကိုယ်လက်အရေအသား ပူလောင်ခြင်း၊
(၅) အဆင်းအရောင် အသွေးအမွေး ပျက်စီးခြင်း၊
(၆) ကုတ်ဟီးချောင်းဆိုး အနာမျိုး တည်တတ်ခြင်း၊
(၇) ၉၆ ပါးရောဂါဝေဒနာလည်း အလွယ်တကူ ကပ်နိုင်ခြင်း၊ ♦သုခမှတ်စု

မေထုန်ငယ် ၇-ပါး

သတ္တအင်္ဂုတ္တိုရ်
(၁) မိန်းမတို့က နံ့သာစသည်ဖြင့် သုံးသပ်ပေးသည်ကို သာယာခြင်း၊
(၂) မိန်းမတို့နှင့် ပြုံးရယ်ကစား ပျော်ပါးမြူးတူးခြင်း၊
(၃) မိန်းမတို့အား စိန်းစိန်းစိုက်၍ကြည်ခြင်း၊
(၄) မိန်းမအသံကို သာယာခြင်း၊
(၅) ရှေးအခါက ပြုကျင့်ဖူးသော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်း၊
(၆) သူတစ်ပါးတို့ပြုကျင့်သော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်း၊
(၇) “သီလ ကြောင့် နတ်ရွာသုဂတိဘုံဘဝသို့ ရပါလို၏ဟု တောင့်တခြင်း၊ ♦သုခမှတ်စု

မင်္ဂလာ ၇-ရပ်

(၁) ဇာတမင်္ဂလာ= ဖွားမြင်သည်နှင့် တစ်ပြိုင်နက်ပြုသောမင်္ဂလာ၊
(၂) သီလဂ္ဂဟန မင်္ဂလာ= သီလယူစေသော မင်္ဂလာ၊
(၃) နာမကရဏ မင်္ဂလာ= အမညမ်ှည့်သော မင်္ဂလာ၊
(၄) အာဟာရ ပရိဘောဂမင်္ဂလာ= ထမင်း အစာခွံ့သော မင်္ဂလာ၊
(၅) ကဏ္ဏဝိဇ္ဈန မင်္ဂလာ= နားထွင်း မင်္ဂလာ၊
(၆) ဒုဿဂဟနမင်္ဂလာ= အဝတ်ပုဆိုး ဆင်သော မင်္ဂလာ၊
(၇) စူဠကပ္ပနမင်္ဂလာ=သျှောင်ထုံးသောမင်္ဂလာ၊ ♦သုခမှတ်စု

မင်းတို့ ပြကတေ့ ၇-ပါး

(၁) ပြည့်ရှင်မင်းလည်းတစ်ပါး၊
(၂) အရှင့်အလိုသို့လိုက်၍ အမှုကိုထမ်းဆောင်သော အမတ်လည်းတစ်ပါး၊
(၃) သူတော်ကောင်းရှိသော ဇနပုဒ်လည်းတစ်ပါး၊
(၄) ကျုံးသုံးတန် ခိုင်ခန့်သော မြို့လည်း တစ်ပါး၊
(၅) အပြစ်နှင့်လျော်စွာ ဒဏ်ပေးခြင်းလည်း တစ်ပါး၊
(၆) ပြည့်စုံသော စဲ့ ကျီကျရေကန်လည်း တစ်ပါး၊
(၇) ပြည်ထောင်ချင်း မင်း အဆွေခင်ပွန်းလည်း တစ်ပါး၊ ♦သုခမှတ်စု

မေတ္တာပို့ရာ သြဓိသပုဂ္ဂိုလ် ၇-ယောက်

(၁) သဗ္ဗာ ဣတ္ထိယော= ခပ်သိမ်းသောမိန်းမ၊
(၂) သဗ္ဗေ ပုရိသာ= ခပ်သိမ်းသော ယောက်ျား၊
(၃) သဗ္ဗေအရိယာ= ခပ်သိမ်းသော အရိယာပုဂ္ဂိုလ်၊
(၄) သဗ္ဗေအနရိယာ= ခပ်သိမ်းသော ပုထုဇဉ်ပုဂ္ဂိုလ်၊
(၅) သဗ္ဗေ ဒေဝါ= ခပ်သိမ်းသော နတ်ဗြဟ္မာ၊
(၆) သဗ္ဗေ မနုဿာ= ခပ်သိမ်းသောလူ၊
(၇) သဗ္ဗေ ဝိနိပါတိကာ= ခပ်သိမ်းသော ဝိနိပါတိက အသူရကာယ်၊ ♦သုခမှတ်စု

မုဒ္ဓါဘိသိက်သွန်းရာတွင် ပါဝင်သော သူပါ ၇-ပါး

(၁) ပွဲလျက်၊
(၂) ထောပတ်၊
(၃) ကုလားစပါး၊
(၄) နေစာမြက်၊
(၅) နှမ်း၊
(၆) သကြား၊
(၇) ကရမက်၊ ♦သုခမှတ်စု

မိန်းကလေးများ၏ မင်္ဂလာ ၇-ပါး

(၁) ဘတ္တမင်္ဂလာ = ထမင်းခွံ့သော မင်္ဂလာ၊
(၂) ကေသစ္ဆေဒန မင်္ဂလာ= ငယ်ဆံဖြတ်သော မင်္ဂလာ၊
(၃) တမုလဘတ္တ မင်္ဂလာ= ကွမ်း ဖတ်ခွံ့ခြင်း မင်္ဂလာ၊
(၄) ရဝန္ဒိုဒဿနမင်္ဂလာ= နေ,လပြခြင်း မင်္ဂလာ၊
(၅) ဒေါဠာကရဏ မင်္ဂလာ= ပုခက်တင်မင်္ဂလာ၊
(၆) ကဏ္ဏဝိဇ္ဈနမင်္ဂလာ= နားသမင်္ဂလာ၊
(၇) အာဝါဟ မင်္ဂလာ= ထိမ်းမြား မင်္ဂလာ၊ ♦သုခမှတ်စု

မိန်းမတို့၏ အပြစ် ၇-ပါး

စာဏကျနီတိ
(၁) အနျတံ= မဟုတ်မမှန်ပြောဆိုခြင်း၊
(၂) သာဟသံ လျှို့ဝှက်ခြင်း၊
(၃) မာယာ= လှည့်ပတ်ခြင်း၊
(၄) မုဋ်တွံ= မိုက်မဲ တွေဝေခြင်း၊
(၅) အတိလောဘတာ= အလွန်လောဘကြီးခြင်း၊
(၆) အသောစ= မစင်ကြယ်ခြင်း၊
(၇) နိဒယတွံစ= အမသနားခြင်း၊ (တနည်း)
(၁) အသတျံ= ဖောက်ပြန်မှားယွင်းတတ်သော မိစ္ဆာစာရ အကျင့်ကို ကျင့်တတ်ခြင်း၊
(၂) သာဟတံ= မစူးမစမ်း အရမ်းမဲ့ အမှုကိစ္စတို့ကို ပြုတတ်ခြင်း၊
(၃) မာယာ= ကောက်ကျစ်စဉ်းလဲ အနည်းနည်းသော မာယာများတတ်ခြင်း၊
(၄) မစ္ဆရိယံ= ဝန်တိုမိစ္ဆာရှိတတ်ခြင်း၊
(၅) အတိလုဒ္ဓတာ=တဏှာရာဂ လောဘရမ္မက် အလွန်အားကြီးတတ်ခြင်း၊
(၆) နိဂ္ဂုဏတွံ= အဆန်းတကြယ်စီမံအပ်သော ကိစ္စတို့၌ မသိမလိမ္မာခြင်း၊
(၇) အသောစတွံ= အတွင်းအပဖြစ်သောအပြစ်တို့၌ မစင်ကြယ်သောစိတ်ရှိတတ်ခြင်း၊ ♦သုခမှတ်စု

မျိုးဆက် ၇-ဆက်

(၁) ကိုယ်ကိုအလယ်ထား၍ အထက်ကို
(၁) အဘ၊
(၂) အဘိုး၊
(၃) အဘေး၊
(၄) အဘီ၊
(၅) အဘဲ၊
(၆) အဘော၊
(၇) အဘွေး၊ အထက် ၇-ဆက်၊ အောက်သို့
(၁) သား၊
(၂) မြေး၊
(၃) မြစ်၊
(၄) တီ၊
(၅) တွတ်၊
(၆) ကျွတ်၊
(၇) မြှော့၊ (''ကား ဝိနည်းတော်အတိုင်း) ♦သုခမှတ်စု

မျက်စဉ်းဆေးလှူသော အကျိုး ၇-ပါး

(၁) ကျယ်သော မျက်စိရှိခြင်း၊
(၂) ဖြူသော မျက်စိရှိခြင်း၊
(၃) ရွှေသော မျက်စိရှိခြင်း၊
(၄) မနောက်မကျု ကြည်လင်ခြင်း၊
(၅) ခပ်သိမ်းသောအနာမှ ကင်းခြင်း၊
(၆) နတ်မျက်စိကိုရခြင်း၊
(၇) ပညာ တည်းဟူသော မျက်စိကိုရခြင်း၊ ♦သုခမှတ်စု

မြို့အင်္ဂါ ၇-ပါး

အဘိဓာန်
(၁) သာမိ=ပြည့်ရှင်မင်း၊
(၂) အမစ္စ= အမတ်ပညာရှိ၊
(၃) သခါ= အဆွေခင်ပွန်း၊
(၄) ကောသ= ကျီကျ ဘဏ္ဍာ၊
(၅) ဒုဂ္ဂ= ခဲခက်သော ကျုံးမြောင်း၊
(၆) ရဋ္ဌ= တိုင်းနိုင်ငံ၊
(၇) ဗလ= ရဲမက် ဗိုလ်ပါ ဆင် မြင်း အင်အား၊ ♦သုခမှတ်စု

မြို့၏တန်ဆာ ၇-ပါး

(၁) ဧသိကာ=တံခါး၊
(၂) ပရိက္ခာ= ကျုံး၊
(၃) အနုမတ္တာ =သူရဲခို သူရဲပုန်း၊
(၄) အာဝဓုံ=လက်နက်၊
(၅) ဗလံ= ဗိုလ်ပါရဲမက်၊
(၆) ဒေါဝါရိက=တံခါးမှူး တံခါးစောင့်=
(၇) ပါကာရော=မြို့ရိုးတံတိုင်း၊ ♦သုခမှတ်စု

မြက်မျိုးအဝင် အပင် ၇-ပါး

(၁) ဆတ်သွားပင်၊
(၂) စွနပ် လွန်ပင်၊
(၃) အုန်း ပင်၊
(၄) ပေပင်၊
(၅) ထန်းပင်၊
(၆) ကွမ်းသီးပင်၊
(၇) ဓနိပင်၊ ♦သုခမှတ်စု

မြန်မာ ၇-မျိုး

(၁) မြနမ်ာ၊
(၂) ပြူ၊
(၃) တောင်သူ၊
(၄) ကမ်းယံ၊
(၅) ယော၊
(၆) ရခိုင်၊
(၇) ထားဝယ်၊ (သက် ဟူ၍လည်း ရှိသေးသည်၊) ♦သုခမှတ်စု

မြားအား အစွမ်း ၇-ပါး

(၁) လက်ဆယ့်နှစ်သစ်ထူသော ရေသဖန်းပျဉ်ကိုထုတ်ချင်းထွင်းအောင် ပစ်ခြင်း၊
(၂) လက်ရှစ်သစ်ထူသော ပိတောက်နှစ်ပျဉ်ကို ထုတ်မချင်းထွင်း အောင် ပစ်ခြင်း၊
(၃) လက်လေးသစ်ထူသော ကြေးနီပြားကိုထုတ်မချင်း ထွင်းအောင် ပစ်ခြင်း၊
(၄) လက်နှစ်သစ်ထူသော သံပြားကို ထုတ်ချင်း ထွင်းအောင်ပစ်ခြင်း၊
(၅) ပုတိစ်ရာဝန်တင်သောလှည်းကို နောက်မှရှေ့၊ ရှေ့ မှနောက်ထွင်း ဖောက်အောင် ပစ်ခြင်း၊
(၆) ကောက်ရိုးအပြည့်တင်သောလှည်းကို နောက်မှရှေ့၊ ရှေ့မှနောက် ထွင်းဖောက်အောင် ပစ်ခြင်း၊
(၇) သဲအပြည့်တင်သော လှည်းကို နောက်မှရှေ့၊ ရှေ့မှနောက် ထွင်းဖောက်အောင် ပစ်ခြင်း၊ ♦သုခမှတ်စု

ရတနာ ၇-ပါး

အဘိဓာန်
(၁) သား၊
(၂) သမီး၊
(၃) ကျေးကျွန်၊
(၄) ဆင်၊
(၅) မြင်း၊
(၆) ကျွဲ၊
(၇) နွား၊ ♦သုခမှတ်စု

ရတနာ ၇-ပါး

(၁) သုဝဏ္ဏ=ရွှေ၊
(၂) ရဇတ=ငွေ၊
(၃) မုတ္တ=ပုလဲ၊
(၄) မဏိ=မြေ၊
(၅) ဝေဠုရိယ=ကြောင်မျက်ရွဲ၊
(၆) ဝဇိရ=စိန်၊
(၇) ပဝါဠ= သန္တာ၊ ♦သုခမှတ်စု

ရဟန်းတို့၏ ပဋိဂ္ဂဟ ဝိဇဟန အကပ်ပျက်ခြင်း ၇-ပါး

(၁) လိင်္ဂပရိဝတ္တန= ရဟန်း လိင်ပြန်သဖြင့် အကပ်ပျက်ခြင်း၊
(၂) ကာလံကိရိယ = သေသဖြင့် အကပ်ပျက်ခြင်း၊
(၃) သိက္ခာပစ္စက္ခာန= သိက္ခာစွန့်သဖြင့် အကပ်ပျက်ခြင်း၊
(၄) ဟီနာယာဝတ္တန=လူထွက်သဖြင့် အကပ်ပျက်ခြင်း၊
(၅) အနုပသမ္ပန္နဒါန= လူသာမဏေတို့အားပေးသဖြင့် အကပ်ပျက်ခြင်း၊
(၆) အနုပေက္ခ ဝိသဇ္ဇန= ငဲ့ကွက်ခြင်းကင်း၍စွန့်သဖြင့် အကပ်ပျက်ခြင်း၊
(၇) စောရာဒိအစ္ဆိန္ဒိတွာ ဂဟဏ= ခိုးသူစသည် လုယူသဖြင့် အကပ်ပျက်ခြင်း၊ ♦သုခမှတ်စု

လူပျိုတော်တို့၏ အင်္ဂါ ၇-ပါး

(၁) သုဇာနန္တ= အရှင်၏အလိုကို သိတတ်ခြင်း၊
(၂) သုစိ=စင်ကြယ်သန့်ပြန့်ခြင်း၊
(၃) ဒက္ခ= လိမ္မာခြားနားခြင်း၊
(၄) ဓမ္မိက= မရမ်းမကား တရားကို စောင့်ခြင်း၊
(၅) ဗဟုသတ္ထက= ကျမ်းဂန် အကြားအမြင် များခြင်း၊
(၆) အလောဘ= လိုချင်ခြင်း နည်းပါးခြင်း၊
(၇) အပ္ပမာဒ= မမေ့လျော့ သတိရှိခြင်း၊ ♦သုခမှတ်စု

လောကီ လောကုတ္တရာအကျိုး ပွားတိုးစေမှု ၇-ပါး

(၁) သပ္ပါယကာရီ= ကိုယ်နှင့် လျောက်ပတ်စွာ ပြုမူနေထိုင်ခြင်း၊
(၂) မတ္တဇာနန= သင့်တင့်သောအစာကို အတိုင်းအရှည်သိ၍ စားသောက်ခြင်း၊
(၃) ပရိဏတဘောဇီ= ကြေကျက်ခဲသောအစာကို ပယ်၍ ကြေလွယ်သော အစာကို စားခြင်း၊
(၄) ကာလစာရီ= အချိန်ကာလ၌သာ သွားလာလှည့်ပတ်ခြင်း၊
(၅) ဗြဟ္မစာရီ=မေထုန်မှုမပြုခြင်း၊
(၆) သီလဝန္တ=ဝါရိတ္တာ စာရိတ္တာ သီလမြဲခြင်း၊
(၇) ကလျာဏမိတ္တတာ= မိတ်ကောင်း ဆွေကောင်းရှိခြင်း၊ ♦သုခမှတ်စု

လောကုတ္တရာ ရတနာ ၇-ပါး

(၁) သဒ္ဓါ = ဘုရားအစရှိသော ကောင်းမှု၌ သဒ္ဒါ တရားပြည့်စုံခြင်း၊
(၂) သတိ= ဘုရား တရား အစရှိသော ကောင်းမှုအာရုံ၌ သတိရှိခြင်း၊
(၃) ဝီရိယ= ဝိရိယတရားရှိခြင်း၊
(၄) ပညာ= ထိုးထွင်း၍သိတတ်ခြင်း၊ တရားကျမ်းဂန်တို့၌ လိမ္မာခြင်း၊
(၅) ဗဟုသစ္စ=အကြားအမြင် များခြင်း၊
(၆) ဟီရိ= ဒုစရိုက်တရားတို့ကို ပြုလုပ်ရန် ရှက်ခြင်း၊
(၇) သြတ္တပ္ပ= ဒုစရိုက်တရားတို့ကို ပြုလုပ်ရန် ကြောက်လန့်ခြင်း၊ ♦သုခမှတ်စု

လောင်းတမ်းကစားခြင်း ၇-ပါး

(၁) အပြေးပြိုင်၊
(၂) မြင်းပြိုင်၊
(၃) ကြက်တိုက်၊
(၄) နွားတိုက်၊
(၅) ခိုသွေး၊
(၆) လှေပြိုင်၊
(၇) လှည်းပြိုင်၊ ♦သုခမှတ်စု

ဝိသုဒ္ဓိ ၇-ပါး

(၁) သီလဝိသုဒ္ဓိ= လူတို့၌လည်း လူတို့အလျောက်၊ ရဟန်းတို့၌လည်း ရဟန်းတို့အလျောက် သီလစင်ကြယ်ခြင်း၊
(၂) စိတ္တဝိသုဒ္ဓိ= ကမ္မဋ္ဌာန်းအားထုတ်သဖြင့် အာရုံထင်မြင်၍ ဥပစာရစျာန်စိတ်၏ စင်ကြယ်ခြင်း၊
(၃) ဒိဋ္ဌိ ဝိသုဒ္ဓိ= ရုပ်နာမ်နှစ်ပါးသာ ဘုံသုံးပါး၌ရှိသည်ဟု ဧကန်အမှန်မြင်သော နာမရူပပရိစ္ဆေဒဉာဏ်၏ စင်ကြယ်ခြင်း၊
(၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ= ယုံမှားခြင်းဝိစိကိစ္ဆာကို လွန်မြောက်နိုင်သော ပစ္စယပရိဟဉာဏ်၏ စင်ကြယ်ခြင်း၊
(၅) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ= မဂ်ဟုတ်သည် မဟုတ်သည်ကို ဧကန်အမှန်သိသော ဉာဏ်မြင်၏စင်ကြယ်ခြင်း၊
(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ= ဥဒယဗယဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် အားထုတ်၍ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း ကို ဧကန်အမှန်သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း၊
(၇) ဉာဏဒဿနဝိသုဒ္ဓိ= နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို အားထုတ်၍ နိဗ္ဗာန်ကို ဧကန်အမှန်သိသော မဂ်ဉာဏ်အမြင်၏ စင်ကြယ်ခြင်း၊ ♦သုခမှတ်စု

သာမိဒိန္န ကျွန် ၇-ပါး

(၁) ဉာတိဒိန္နကျွန် ၇-ပါးနှင့် အလားတူ၊ ♦သုခမှတ်စု

သုဂတိအဟိတ် ပဋိသန္ဓေ ၇-ယောက်

(၁) ဇစ္စန္ဓ= အမိဝမ်းတွင်းက ကန်းသူ၊
(၂) ဇစ္စဗဓိရ= အမိဝမ်းတွင်းမှ ပင်းသောသူ၊
(၃) ဇစ္စမူဂ= အမိဝမ်းတွင်းမှ အ,သော သူ၊
(၄) ဇစ္စဧဠ= အမိဝမ်းတွင်းက တောင်မြောက်မှ မမှတ်နိုင်အောင် ထိုင်းသူ၊
(၅) ဇစ္စုမ္မတ္တက= အမိဝမ်းတွင်းက ရူးနှမ်းသောသူ၊
(၆) ပဏ္ဍုက်= ယောက်ျားမဟုတ်မိန်းမ မဟုတ်သူ၊
(၇) ဥဘတောဗျဉ်း= ယောက်ျားတစ်လှည့် မိန်းမတစ်လှည့် ဖြစ်သူ၊ ♦သုခမှတ်စု

သူ့မြို့မှာ စုံစမ်း၍သိရသော အကြောင်း ၇-ပါး

(၁) တို့ကသူလျှို လွှတ်သဖြင့် သိရာသည်၊
(၂) သူက လွှတ်သည်ကို တို့က ကင်းစောင့်သဖြင့် သိရာသည်၊
(၃) တို့က ကုန်ပြုသွားသဖြင့် သိရာသည်၊
(၄) သူကကုန်ပြုလာသူတို့အား ပေးကမ်းဖြားယောင်း၍ သိရာသည်၊
(၅) တို့က တမန်စေသဖြင့်သိရာသည်၊
(၆) သူ့ အရပ်မှ လာသော သူတို့အား ဥပါယ်တမျဉ်ဖြင့် စုံစမ်း၍ သိရသည်၊
(၇) သူ့တမန်ကိုပေးကမ်းစုံစမ်းသဖြင့် သိရာသည်၊ ♦သုခမှတ်စု

သူတော်ကောင်းဥစ္စာရ ဖြာ

(၁) သဒ္ဓါ =ရတနာသုံးပါးဂုဏ်ကိုယုံကြည်ခြင်း၊ ကံ,ကံ၏ အကျိုးကို ယုံကြည်ခြင်း၊
(၂) သီလ=ပဉ္စသီ၊ အဋ္ဌင်္ဂသီလနှင့် ပြည့်စုံခြင်း၊
(၃) သုတ= အကြားအမြင်များခြင်း၊
(၄) စာဂ= ပေးကမ်းစွန့်ကြဲခြင်း၊
(၅) ပညာ= လောကီ လောကုတ္တရာ ပညာနှစ်ပါးနှင့် ပြည့်စုံခြင်း၊
(၆) ဟီရိ= သူတော်ကောင်းတို့ ကဲ့ရဲ့ရမည်ကို ရှက်ခြင်း၊ မကောင်းမှုကို ရှက်ခြင်း၊
(၇) သြတ္တပ္ပ= ပစ္စုပ္ပန် သံသရာဘေးကို ကြောက်လန့်ခြင်း၊ မကောင်းမှုကို လန့်ခြင်း၊ ♦သုခမှတ်စု

သုရာမေရယကံရှောင်ခြင်း အကျိုး ၇-ပါး

(၁) ကာလသုံးပါး၌ ဖြစ်သော ကိစ္စလျင်စွာ သိခြင်း၊
(၂) ကောင်းသော သတ္တိရှိခြင်း၊
(၃) မရူးသွပ်ခြင်း၊
(၄) မှန်သောစကားကို ဆိုတတ်ခြင်း၊
(၅) ချောပစ်သောစကား ကြမ်းကြုတ်သော စကားကို မဆိုတတ်ခြင်း၊
(၆) မကောင်းမှုမှ ရှက်ခြင်း၊
(၇) မကောင်းမှုမှ ကြောက်ခြင်း၊ ♦သုခမှတ်စု

သောတာပန်နှင့် အလားတူသော ကျင့်ဝတ် ၇-ပါး

(၁) သရဏဂသုံးပါးနှင့် ပြည့်စုခြင်းလည်း တစ်ပါး၊
(၂) သီလ နှင့် ပြည့်စုခြင်းလည်း တစ်ပါး၊
(၃) တစ်ခုသော စာရေးတံရှိခြင်းလည်း တစ်ပါး၊
(၄) တစ်ခုသော လဆန်းပက္ခ လဆုတ်ပက္ခ၌လှူအပ်သော ဆွမ်းဝတ်ရှိခြင်းလည်း တစ်ပါး၊
(၅) တစ်ခုသော ဝါဆိုကျောင်း ရှိခြင်းလှည်း တစ်ပါး၊
(၆) တစ်ခုသော ရေကန်ရှိခြင်းလည်း တစ်ပါး၊
(၇) တစ်ခုသော ဇရပ်ရှိခြင်းလည်း တစ်ပါး၊ ♦သုခမှတ်စု

သစ်ကြီး ၇-ပင်

(၁) သပြေပင်= ဇမ္ဗူဒီပါကျွန်းတွင် ရှိသည်၊
(၂) ကုက္ကိုပင်= ပြုဗ္ဗဝိဒေဟ အရှေ့ကျွန်းတွင် ရှိသည်၊
(၃) ထိန်ပင်= အပရဂေါယာန အနောက်ကျွန်းတွင် ရှိသည်၊
(၄) ပဒေသာပင်= ဥတရး ကုရုမြောက်ကျွန်းတွင် ရှိသည်၊
(၅) သခွတ်ပင်=အသူရာပြည်တွင် ရှိသည်၊
(၆) လက်ပံပင်= ဂဠုန်ပြည်တွင် ရှိသည်၊
(၇) ပင်လယ် ကသစ်ပင်= တာဝတိံသာနတ်ပြည်တွင် ရှိသည်၊ ♦သုခမှတ်စု

သတ္တဋ္ဌာန ၇-ပါး

(၁) အောင်မြင်တော်မူသောဗောဓိပင်၏ အရှေ့ မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန၊
(၂) ဗောဓိပင်၏ မြောက်ဘက် ဆယ်လံကွာဌာန အနိမိသအရပ်၊
(၃) ဗောဓိပင်နှင့် အနိမိသအကြား နှစ်လံကွာဌာန ရတနာစင်္ကြံ၊
(၄) ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်၊
(၅) ဗောဓိပင်၏အရှေ့ ၃၂ လံကွာ အဇပါလဆိတ်ကျောင်း ညောင်ပင်၊
(၆) ဗောဓိပင်၏ အရှေ့တောင် ၁၅လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန၊
(၇) ဗောဓိပင်၏ တောင်ဘက် ၁၁လံ ကွာ လင်းလွန်းပင်အရပ်၊ ♦သုခမှတ်စု

သံဃိကဒါန ၇-ပါး

(၁) သက်တော်ထင်ရှား ဘုရားရှိစဉ်ကာလ၌ဘုရားအမှူး ရ ပါးစုရှိသော ရဟန်းယောကျ်ား သံဃာ၊ ရဟန်းမိန်းမ သံဃာတို့အားလှူသောဒါနသည် ဗုဒ္ဓပမုခ ဥဘတော သံဃိကဒါန မည်၏၊
(၂) ဘုရားသခင် ပရိနိဗ္ဗာန် စံတော်မူသည့်နောက် ရုပ်ပွားဆင်း တုတော် စေတီတော်တို့နှင့် အတူတကွ ရဟန်းယောကျ်ားသံဃာ ရဟန်းမိန်းမသံဃာ နှစ်ပါးတို့အား လှူသောဒါနသည် ဥဘတော သံဃိကဒါနမည်၏၊
(၃) ရဟန်းယောကျ်ားသံဃာတို့အားသာ လှူသောဒါနသည် ဘိက္ခုသံဃိကဒါန မည်၏၊
(၄) ရဟန်း မိန်းမသံဃာတို့အား လှူသောဒါနသည် ဘိက္ခုနီသံဃိကဒါန မည်၏၊
(၅) ရဟန်းယောက်ျားသံဃာမှ “မျှလောက်သော သံဃာ၊ ရဟန်းမိန်းမသံဃာမှ “မျှလောက်သော သံဃာဟုရည်ညွှန်း၍ လှူသောဒါနသည် ဘိက္ခု ဘိက္ခုနီ ဥဒ္ဒိဿကသံဃိကဒါန မည်၏၊
(၆) ရဟန်းယောက်ျား သံဃာမှ “မျှလောက်သော သံဃာဟုရည်ညွှန်း၍ လှူသောဒါနသည် ဘိက္ခု ဥဒ္ဒိဿက သံဃိကဒါန မည်၏၊
(၇) ရဟန်းမိန်းမ သံဃာမှ “မျှလောက်သောသံဃာဟု ရည်ညွှန်း၍ လှူသောဒါနသည် ဘိက္ခုနီဥဒ္ဒဿက သံဃိကဒါန မည်၏၊ ♦သုခမှတ်စု

ဟိမဝန္တာတောရှိ အိုင်ကြီး ၇-အိုင်

(၁) သီဟပ္ပပါတ အိုင်၊
(၂) မန္ဒာကိနီ အိုင်၊
(၃) ကဏ္ဏမုဏ္ဍအိုင်၊
(၄) ရထကာရအိုင်၊ (အနက်အကျယ် ယူဇနာ ၅၀ စီရှိကြ၏)
(၅) အနောတတ်အိုင်၊
(၆) ဆဒ္ဒန်အိုင်၊
(၇) ကုဏာလအိုင်၊ ♦သုခမှတ်စု

အကာလသေခြင်း ၇-ပါး

(၁) အစာအာဟာရကို မရ ငတ်မွတ်၍ သေခြင်း၊
(၂) သောက်ရေမရ၍ သေခြင်း၊
(၃) မြွေခဲ၍ သေခြင်း၊
(၄) အဆိပ်ကို စားမိ၍ သေခြင်း၊
(၅) မီးလောင်၍ သေခြင်း၊
(၆) ရေနစ်၍ သေခြင်း၊
(၇) ဓား လှံ ထိုးမိ၍ သေခြင်း၊ ♦သုခမှတ်စု

အကျွမ်းမဝင်ရာ ၇-ပါး

သုဗောဓာလင်္ကာရ
(၁) ဣတ္ထိ = မိန်းမ၊
(၂) ဒုဇ္ဇနာ = သူယုတ်၊
(၃) ဝိသဿ= အဆိပ်၊ (အဆိပ်ရှိသော သတ္တဝါလည်းဟူ)
(၄) သိင်္ဂိနော= ဦးချိုရှိသော သတ္တဝါ၊
(၅) ရောဂါ= အနာရောဂါ၊
(၆) နဒီ= မြစ်၊
(၇) ရာဇ= မင်း၊ ♦သုခမှတ်စု

အပရိဟာနိယတရား ၇-ပါး(လူ့ဝတ်) စီးပွားမဆုတ်ယုတ်ဘဲတိုးပွားကြောင်းတရား

(၁) သတ္တဝါရဝတာ= မြတ်စွာဘုရား၌ ရိုသေခြင်း၊
(၂) ဓမ္မဂါရဝတာ= တရားတော်၌ ရိုသေခြင်း၊
(၃) သံဃ ဂါရဝတာ= သံဃာတော်၌ ရိုသေခြင်း၊
(၄) သိက္ခာဂါရဝတာ= အကျင့်သိက္ခာ တို့၌ ရိုသေခြင်း၊
(၅) သမာဓဂိါရဝတာ=သမာဓိကိုရိုသေခြင်း၊တည်ကြည်ခြင်း ရှိခြင်း၊
(၆) ကလျာဏမိတ္တတာ= ကောင်းသော အဆွေခင်ပွန်းရှိခြင်း၊
(၇) သောဝစဿတာ= ပညာရှိတို့ ဆုံးမသည်ကို နာယူခြင်း၊ ♦သုခမှတ်စု

အပရိဟာနိယ တရား ၇-ပါး (မင်းကျင့်)

မဟာပရိနိဗ္ဗာနသုတ်
(၁) သန္နိပါတ=တစ်နေ့ကိုသုံး ခါညီလာခံ၍ စည်းဝေးခြင်း၊
(၂) ပညတ္တိပဋိပဇ္ဇဿ = ရှေး မင်းတို့ပညတ်သောထုံးတမ်းကို မပျက်စေဘဲကျင့်ခြင်း၊
(၃) သမဂ္ဂ= အမှုအရေးကို (အများနှင့်) ညီညွတ်စွာ ဆောင်ရွက်ခြင်း၊
(၄) သုဝစ= ပညာဂုဏ်ကြီးသူတို့ ဆုံးမရာကို လိုက်နာခြင်း၊
(၅) အပသယှ= အမျိုးသမီးတို့ကို အနိုင်အထက် သိမ်းမယူခြင်း၊
(၆) ဗလိ= မြို့တွင်း မြို့ပြင်ရှိ နတ်များကိုထုံး စံအတိုင်း ပ,သခြင်း၊
(၇) ဂုတ္တိ= တိုင်းပြည်တွင်းရှိသော ရသေ့ရဟန်း တို့ကို မွေ့လျော်အောင် မလာသေးသော ရသေ့ရဟန်းတို့ကို လာရောက်အောင် ချီးမြှာက်စောင့်ရှောက်ခြင်း၊ ♦သုခမှတ်စု

အဘိဓမ္မာ ၇-ကျမ်း

(၁) ဓမ္မသင်္ဂဏီကျမ်း၊
(၂) ဝိဘင်းကျမ်း၊
(၃) ဓာတုကထာ ကျမ်း၊
(၄) ပုဂ္ဂလပညတ်ကျမ်း၊
(၅) ကထာဝတ္ထုကျမ်း၊
(၆) ယမိုက် ကျမ်း၊
(၇) ပဋ္ဌာန်းကျမ်း၊ ♦သုခမှတ်စု

အဘိသိက် ၇-ပါး

(၁) မုဒ္ဓါဘိသေက= ရွှေနန်းဥကင် ဖွင့်သော ဘိသိက်၊
(၂) ဥပရာဇာဘိသေက= အိမ်ရှေ့မင်း မြှောက်ခြင်း၊
(၃) မင်္ဂလာ ဘိသေက= ဆင်ဖြူ အစရှိသော နန်းစည်းစိမ်ရခြင်း၊
(၄) မဟေသီ ဘိသေက= မိဖုရား မြှောက်သောအခါ၊
(၅) သီရိယာဘိသေက= ကျက်သရေ တိုးစေရန်ပြုခြင်း၊
(၆) အာယုဒီဃာ ဘိသေက= အသက်ရှည်စေရန်ပြုခြင်း၊
(၇) ဇေယျာဘိသေက= စစ်ပွဲ နိုင်သောအခါ ပြုခြင်း၊ ♦သုခမှတ်စု

အဘိညာဉ် ၇-ပါး

(၁) ဣဒ္ဓိဝိဓ၊
(၂) ဒိဗ္ဗစက္ခု၊
(၃) ဒိဗ္ဗသောတ၊
(၄) စေတောပရိယ၊
(၅) ပုဗ္ဗေနိဝါသ၊
(၆) ယထာကမ္မုပဂ၊
(၇) အနာဂတံသ၊ ♦သုခမှတ်စု

အဝိဟာဘုံသို့ရောက်ဆဲခဏ၌ ရဟန္တာဖြစ်ကြသူ ၇-ဦး

(၁) ဥပက၊
(၂) သလ ဘဏ္ဍ၊
(၃) ပုက္ကုသာတိ၊
(၄) ဘဒ္ဒိယ၊
(၅) စဏ္ဍဒေဝ၊
(၆) ဗဟုရန္တီ၊
(၇) ပိင်္ဂယ၊ ♦သုခမှတ်စု

အသံ ၇-မျိုးတူရာ တိုက်ဆိုင်ချက် ၇-မျိုး

ကျမ်းခေါ် မြန်မာခေါ်
(၁) ဥသဘ သုံးသံ၊
(၂) ဓေဝတ ခြောက်သံ၊
(၃) ဆဇ္ဇ ငါးသံ၊
(၄) ဂန္ဓာရ နှစ်သံ၊
(၅) မဇ္ဈိမ ပုလဲသံ၊
(၆) ပဉ္စမ အောက်ပြန်သံ၊
(၇) နိသာဒ ညှင်းလုံးသံ၊ ♦သုခမှတ်စု

အာပတ် ၇-ပါး

(၁) ပါရာဇိက၊
(၂) သံဃဒိသိက်၊
(၃) ပါစိတ်၊
(၄) ထုလ္လစ္စည်း၊
(၅) ဒုက္ကဋ်၊
(၆) ဒုဗ္ဘာသီ၊
(၇) ပါဋိဒေသနီ၊ ♦သုခမှတ်စု

အာသယ ၇-ပါး

(၁) ရင်၌ သလိပ်၏တည်ရာဖြစ်၏၊
(၂) ရင်မှ အောက်အဖို့၌ အစာသစ်၏ တည်ရာဖြစ်၏၊
(၃) ချက်မှ အထက်ဖြစ်သော လက်ဝဲအဖို့၌ဝမ်းမီးတည်း ဟူသော တေဇော၏ တည်ရာဖြစ်၏၊
(၄) ချက်မှ အောက် လေ၏တည်ရာဖြစ်၏၊
(၅) လေ၏တည်ရာအောက်မှအစာဟောင်း၏တည်ရာဖြစ်၏၊
(၆) ဆီးချိုင့်သည်ကျင်ငယ်၏တည်ရာဖြစ်၏၊
(၇) ရင်၌သွေးရှင်၏တည်ရာဖြစ်၏၊သလိပ်၏ တည်ရာလည်းဖြစ်၏၊ ♦သုခမှတ်စု

အင်းကန်းခြင်း ၇-ပါး

(၁) အက္ခရာ အင်းသွားမမှန်၍ ကန်းခြင်း၊
(၂) နက္ခတ် မမှန်၍ ကန်းခြင်း၊
(၃) ဂဏန်းအက္ခရာ အတိုအရှည် အကြီးအငယ် မညီ၍ ကန်းခြင်း၊
(၄) အကမရာ အကျောက်အကန် အလှည့်မမှန်၍ ကန်းခြင်း၊
(၅) မသိုးမသန့်သောသူကိုင်မိ၍ ကန်းခြင်း၊
(၆) သီလမရှိဘဲ ချခြင်းကြောင့် ကန်းခြင်း၊
(၇) ဂါထာ အစုပ် အမွှန်း ချွတ်ယွင်း၍ ကန်းခြင်း၊ အင်းကျိုးခြင်း လက္ခာခုနှစ်ပါး ♦သုခမှတ်စု

ကလျာဏမိတ္တ အင်္ဂါ ၇-ပါး

(၁) သီလ =ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း၊
(၂) သမာဓိ= ကိုယ် နှုတ် စိတ် ငြိမ်သက်တည်ကြည်ခြင်း၊
(၃) ပညာ=ရုပ် နာမ် ပဋိစ္စသမုပ္ပါဒ်တို့ကို သိခြင်း၊
(၄) ဓမ္မဌာန=သစ္စာလေးပါး၊ ဘာဝနာတရားတို့ကို ဟောကြားနိုင်ခြင်း၊
(၅) ပေယျဝါစ= လိုက်နာဖွယ်သောစကားတို့ကို ဆိုတတ်ခြင်း၊
(၆) အတ္ထစရိယ=သူ့ကောင်းကျိုးကို ကျင့်သုံးနိုင်ခြင်း၊
(၇) သမာနတ္ထတာ= မိမိနှင့်တူမျှသော အကျိုးတရားကို ဖြစ်စေနိုင်ခြင်း၊ ♦သုခမှတ်စု

ကလျာဏမိတ္တဖြစ်ကြောင်း ဂုဏ်အင်္ဂါ ၇-ပါး

(၁) ဂရုဂုဏ်= အထက်ပါကလျာဏမိတ္တအင်္ဂါ ၇-ပါးနှင့် ပြည့်စုံသူဖြစ်၍ အလေးအမြတ် ပြုအပ်သောဂုဏ်၊
(၂) ဘာဝနီယဂုဏ်= ထို့အတူဖြစ်၍ ချီးမွမ်းအပ်သောဂုဏ်၊
(၃) ဝတ္တာရဂုဏ်= သူတစ်ပါးတို့အား ဆိုဆုံးမချင်သောဂုဏ်၊
(၄) ဝစနက္ခမဂုဏ်= မသိရင် သူတစ်ပါးတို့ မေးလျှောက်သောစကားကို ခံနိုင်ဖြေစွမ်းနိုင်သောဂုဏ်၊
(၅) ဂမ္ဘီရကထံ ကထာဂုဏ်= ရုပ်နာမ်နှင့်စပ်၍ နက်နဲစွာ ဟောပြောတတ်သောဂုဏ်၊
(၆) အဌာနေ နေစနိယောဇတိ ဂုဏ်=အကျိုးမဲ့ရာတို့၌ မပြောဆို မတိုက်တွန်း မယှဉ်စပ်သောဂုဏ်၊
(၇) ဘဇိတဗဂုဏ်= သိက္ခာသုံးပါး သင်္ဂဟတရား လေးပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍မှီဝဲဆည်းကပ်ခံထိုက်သောဂုဏ်၊ ♦သုခမှတ်စု

ကြီးပွားတိုးတက်ကြောင်းတရား ၇-ပါး

(၁) ဥဋ္ဌာနတော=မပျင်းမရိ လုံ့လရှိသောသူ၊
(၂) သတိမတော= သတိသမ္ပဇဉ်ရှိသူ၊
(၃) သုစိကမ္မဿ= လုပ်ငန်း၌ သန့်ရှင်းသပ်ရပ် ကောင်းမွန်သူ၊
(၄) နိသမ္မကာရိနော= စူးစမ်းဆင်ခြင်ပြီးမှ အလုပ်လုပ်သူ၊
(၅) သညတဿ=ကိုယ်နှုတ်စိတ်တို့ကို နိုင်နင်းစွာ စောင့်ထိန်းနိုင်သူ၊
(၆) ဓမ္မဇီဝိနော=တရားသော နည်းလမ်းဖြင့် အသက်မွေးသူ၊
(၇) အပ္ပမတ္တဿ = ကုသိုလ်တရား၌ မမေ့လျော့သူ၊ ♦သုခမှတ်စု

စမုန်မျိုး ၇-ပါး(တစ်နည်း)

(၁) ဇီယာ၊
(၂) စမုတ်၊
(၃) စမုန်စပါး၊
(၄) စမုန်ဖွဲ၊
(၅) စမုန်ဖြူ၊
(၆) စမုန်နီ၊
(၇) စမုန်နက်၊ ♦သုခမှတ်စု

စုန်းမျိုးရ ပါး၊ တစ်နည်း ၈ ပါး

(၁) ခြေစုန်း= ၎င်းကား သစ်သီးပွင့်ကို စားသည်၊ ခြေကိုသော်လည်းကောင်း ခြေရာကိုသော်လည်းကောင်း ကိုယ်တိုင်ကိုင်ရမှ ဖမ်းစားနိုင်သည်၊ ၎င်းကို ရွာသူဟုသမုတ်သည်၊
(၂) ခေါင်း စုန်း = ၎င်းကား သစ်သီးမှည့် အချိုအချဉ်ကို စားသည်၊ ကိုယ်ကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း ကိုယ်တိုင်ထိရမှ ဖမ်းစားနိုင်သည်၊ ၎င်းကို 'နဖားထပ်' ဟုသမုတ်သည်၊
(၃) ကိုယ်စုန်း= ၎င်းကား မစင်ချေးခြောက်ကိုစားသည်၊ ခြေရာကိုသော်လည်းကောင်း၊ အရိပ်ကိုသော်လည်းကောင်း၊ ကိုယ်ကိုသော်လည်းကောင်း ကိုယ်တိုင်ထိရမှ ဖမ်းစားနိုင်သည်၊ ၎င်းကို (ဆင်ကွက်) ဟုသမုတ်သည်၊
(၄) မောက်လုံး စုန်း = ၎င်းကား အသွေးအသား အရေကိုစားသည်၊ ကိုယ်တိုင်မြင်ရ၊ ထိရ၊ နမ်းရှုပ်ရမှ ဖမ်း စားနိုင်သည်၊ ၎င်းကို စုန်းဟုသမုတ်သည်၊
(၅) မောင်ပြား စုန်း = ၎င်းကား အအူအသည်း အမြစ်တို့ကို စားသည်၊ ကိုယ်တိုင် မြင်ရ၊ ထိရ၊ နမ်း ရှုပ်ရ မှ ဖမ်းစားနိုင်သည်၊ ၎င်းကို ရွာသမီးဟု သမုတ်သည်၊
(၆) အိန့်တလိန့် စုန်း= ၎င်းကား အကြော်အလှော် အဆိမ့်အအိမ့်တို့ကို စားသည်၊ ကိုယ်မှ မိမိလက်အောက်ရှိ ၃၇ မင်းနတ်တို့ကို စေပါးခိုင်း ခန့် ဖမ်း စားနိုင်သည်၊ ၎င်းကို ဇော်ဂနီဟု သမုတ်သည်၊
(၇) ကဝေမြောက်စုန်း= ၎င်းကား လူသွေး လူသား လူရိုးတို့ကို စားသည်၊ အမည်နာမကို သိကမိမိလက်အောက်ရှိ နတ်တို့ကို စေပါးခိုင်းခန့်ဖမ်းစားနိုင်သည်၊ ၎င်းကို ကဝေ ဟုသမုတ်သည်၊ မှတ်ချက် ♦သုခမှတ်စု

ဆွမ်းဘတ်မျိုးရ ပါး

(၁) သံဃဘတ်= တိုက်သံဃာအားလုံးအား ပေးလှူသောဆွမ်း၊
(၂) သုဒေသူ ဘတ်= ဘတ္တုဒေသူက ရဟန်းကိုရည်ညွှန်းလှူသောဆွမ်း၊
(၃) နိမတန္တန ဘတ်= ပင့်ဖိတ်၍ လှူသောဆွမ်း၊
(၄) သလာကဘတ်= မဲချ၍လှူ သောဆွမ်း၊
(၅) ပက္ခိကဘတ်= ဆန်း, ဆုတ်ပက္ခ၌ ရက်သတ်မှတ်၍ လှူသောဆွမ်း၊
(၆) ဥပေါသထိကဘတ်= ဥပုသ်နေ့၌ လှူသော ဆွမ်း၊
(၇) ပါဋိပဒိကဘတ်= ဥပုသ်ထွက်၌ လှူသောဆွမ်း၊ ♦သုခမှတ်စု

တိုင်းပြည်အင်္ဂါ ၇-ဖြာ

သူကရသာရနီတိ
(၁) ပြည့်ရှင်မင်း = သမ္မတမင်းရှိစေရမည်၊
(၂) ဝန်ကြီး=သံကြီးမင်းတိုင်ပင်အမတ်များ၊
(၃) စစ်မက်ကူညီရေး မဟာမိတ်များ၊
(၄) စားနပ်ရိက္ခာ ရွှေ ငွေ ဘဏ္ဍာများ၊
(၅) ကျုံး မြောင်း ခံတပ် နယ်စပ်တံတိုင်း တောင်တော၊
(၆) ကျယ်ပြန့်သော တိုင်းနိုင်ငံဖြစ်ရခြင်း၊
(၇) စစ်သည်ဗိုလ်ပါ စစ်အင်္ဂါ၍ ခု၊ ကြည်း၊ ရေ၊ လေတပ်စု ရှိစေရမည်၊ ♦သုခမှတ်စု

ဒေဝီ ၇-ပါး

လောကီကျမ်း
(၁) မိန္နရဒေဝီ၊
(၂) သကရေ ဒေဝီ၊
(၃) မေခလာဒေဝီ၊
(၄) ကန္နရာ ဒေဝီ၊
(၅) ရုက္ခဒေဝီ၊
(၆) စန္ဒာဒေဝီ၊
(၇) စန္ဒဒေဝီ၊ ♦သုခမှတ်စု

နားလည် လိမ္မာရာ တရား ၇-ပါး

သုတ်ပါထေယျ
(၁) ဓမ္မညူ= ပါဌ်၌ လိမ္မာခြင်း၊ ကိုယ်ကျင့်တရား၌ နားလည်ရခြင်း၊
(၂) အတ္ထညူ= အနက်၌ ကျွမ်းကျင်ခြင်း၊ အကျိုးရရေး၌ နားလည်ရခြင်း၊
(၃) အတ္တညူ= ကိုယ်ရေးကိုယ်တာ၌ လိမ္မာခြင်း၊
(၄) ကာလညူ= အချိန်ကာလအပိုင်းအခြားကို သိခြင်း၊
(၅) မတ္တညူ= အတိုင်း အရှည်ပမာဏကို သိခြင်း၊ အလိုက်သိခြင်း၊
(၆) ပရိသညူ= ပရိသတ်အလိုသဘော၌ သိရှိလိမ္မာခြင်း၊
(၇) ပုဂ္ဂလညူ= ပုဂ္ဂိုလ်၏ အလိုသဘော၌ ပါးနပ်လိမ္မာရခြင်း၊ ♦သုခမှတ်စု

နေရောင်ခြည် ၇-မျိုး

(၁) အနီရောင်၊
(၂) အဖြူရောင်၊
(၃) ညိုစိမ်းရောင်၊
(၄) အဝါရောင်၊
(၅) မှောင်မှိုင်းရောင်၊
(၆) ခရမ်းရောင်၊
(၇) ပြိုးပြက်ရောင်၊ ♦သုခမှတ်စု

ဗြာဟ္မဏအစစ်ဖြစ်ကြောင်း အင်္ဂါ ၇-ပါး

(၁) ဗာဟိတပါပဓမ္မော = မကောင်းမှုကို အပပြုပြီးဖြစ်ခြင်း၊
(၂) နိဟုံဟုင်္ကော= တဟုန်းဟုန်းမာန်မူမှ ကင်းစင်ခြင်း၊
(၃) နိကရသာဝေါ= ကိလေသာအစွန်းအငြိမှ ကင်းစင်ခြင်း၊
(၅) ဝေဒန္တဂူ= အရဟတ္တဖိုလ်( နိဗ္ဗာန်) သို့ရရောက်ပြီးခြင်း၊
(၆) ဝသုတိ ဗြဟ္မစရိယ = မှန်ကန်သော မဂ်အကျင့်ကို ကျင့်သုံးပြီးပြီ၊
(၇) ဥဿဒါနတ္ထိ = ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိဟူသော ဥဿဒတရားငါးပါး မရှိခြင်း၊ “တရားခုနစ်ပါးနှင့်ပြည့်စုံသူကို ဗြာဟ္မဏဟု ခေါ်သည် ဟူ၏၊ ♦သုခမှတ်စု

ဘုရားရှင်ကိုယ်တိုင်ခရီးဦးကြိုပြု၍ချီးမြှောက်ခံရသူပုဂ္ဂိုလ်ထူးကြီး ၇-ယောက်

(၁) အရှင်မဟာကဿပထေရ်၊
(၂) မဟာကပ္ပိနထေရ်၊
(၃) အနုရုဒ္ဓါထေရ်၊
(၄) ကောဋိကဏ္ဏသောဏထေရ်၊
(၅) ဝနဝါသီတိဿသာမဏေ၊
(၆) ရေဝတသာမဏေ၊
(၇) ပုက္ကုသာတိမင်းကြီး၊ ♦သုခမှတ်စု

မင်္ဂလာပန်း ၇-မျိုး

မင်္ဂလာဆောင်ပွဲသဘင်ပွဲ၌ ယဉာတာပန်း ၇-မျိုး သတို့သား သတို့သမီးတို့ ထိမ်းမြားသောနေ့သည်
(၁) တနင်္ဂနွေနေ့ ဖြစ်မူ=ကံ့ကော်ပန်းကို ဆောင်ရသည်၊
(၂) တနင်္လာနေ့ဖြစ်မူ= နှင်းဆီပန်းကို ပန်ဆောင်ရသည်၊
(၃) အင်္ဂါနေ့ဖြစ်မူ=ဇလပ်ပန်းကို ပန်ဆောင်ရသည်၊
(၄) ဗုဒ္ဓဟူးနေ့ဖြစ်မူ=စံပယ်ပန်း၊ သပြေပန်း၊
(၅) ကြာသပတေးနေ့ဖြစ်မူ=သီး၊ သီသက်ပန်း၊
(၆) သောကြာနေ့ဖြစ်မူ=ဒန်းပန်း၊နှင်းပန်း၊
(၇) စနေနေ့ဖြစ်မူ=အုန်း ပန်း၊''သို့လျှင် မိမိတို့၏ အညွန့် နာမ်သင့်ပန်းများကို ပန်ဆင်၍ မင်္ဂလာမှု ပြုကြကုန်ရာသည်၊ ♦သုခမှတ်စု

ရဟန်းတို့၏ အပရိဟာနိယတရား ရပါး (တစ်နည်း)

မဟာပရိနိဗ္ဗာနသုတ်
(၁) ညီညွတ်စွာ မပြတ်စည်းဝေးခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊
(၂) အစည်းအဝေးသို့ အညီအညွတ်စုရုံး တက်ရောက်၍ သံဃာ၏ပြုဖွယ်ကိစ္စတို့ကို အညီအညွတ်ပြုကုန်လျက်ညီညာစွာ ထပြန်ကြခြင်း၊
(၃) ပညတ်ပြီး ဓမ္မဝိနယတို့ကို အစဉ်အလိုက်နာကျင့်သုံးခြင်း၊ မပယ်ဖျက်ခြင်း၊ အသစ်မပြုပြင်ခြင်း၊
(၄) ထေရ်ဝါကြီးသော ဂုဏဝန္တ၊ သီလဝန္တ၊ဗဟုသုတဓရ ရဟန်းကြီးတို့အား ရိုသေလေးမြတ်ခြင်း၊ ပူဇော်ခြင်း၊ ၎င်းတို့၏ ဆိုဆုံးမချက် တို့ကို နာယူခြင်း၊
(၅) မိမိသန္တာန်၌ ဖြစ်သော လောဘတဏှာ အလိုဆိုးသို့ မလိုက် မပါနေခြင်း၊
(၆) စျာန်မဂ်ဖိုလ်ကို ရလွယ်ကြောင်းဖြစ်သော တောရကျောင်းတို့၌ ငဲ့သောစိတ်ရှိခြင်း၊
(၇) မိမိတို့ကျောင်းအရံသို့ မလာရောက်ဖူးသေးသော သုဝေသလ သီတင်းသုံးဖော် ရဟန်းတော်ကိုလာရောက်စေခြင်း၊ လာရောက်ပြီးသော သီတင်းသုံး ဖော်တို့ ချမ်းသာစွာ နေခြင်းငှာ စောင့်ရှောက်ဝတ် ပြုခြင်း၊ ♦သုခမှတ်စု

လောဟာမျိုး ၇-ပါး(တစ်နည်း)

(၁) ဇာတိလောဟာခေါ် မူလဇာတ်အားဖြင့် ဖြစ်လာသော သတ္တုဓာတ်မျိုး ၇-ပါးဟူ၏၊
(၁) သိသေ၊
(၂) သိရှင်၊
(၃) ရွှေ၊
(၄) ငွေ၊
(၅) ခဲမဖြူ၊
(၆) ခဲမနက်၊
(၇) ကြေးနီ၊ ♦သုခမှတ်စု

သမုဒ္ဒရာကြီး ၇-စင်း(တစ်နည်း)

(၁) နရမာလိသမုဒ္ဒရာ=ဝဇီရစိန်ရတနာတို့ဖြင့်ပြန့်ပြောလျက် စိန်ရောင်တောက်ကာ ထက်သောနှာခေါင်း လူ့ကိုယ်နှင့်တူသော ငါးအပေါင်းတို့ ပျော်မြူး၍နေ၏၊
(၂) အဂ္ဂိမာလိသမုဒ္ဒရာ= များစွာသောရွှေတို့ဖြင့် ပြန့်ပြောလျက် ရွှေ၏ အရောင်တို့ကြောင့် မီးရောင်ကဲ့သို့ ပြောင်ပြောင်တောက်၍ နေ၏၊
(၃) ဒဓိမာလိသမုဒ္ဒရာ= များစွာသော ငွေထုငွေရောင်တို့ကြောင့် နို့ရည်နို့ဓမ်း ကဲ့သို့ ဖြူဖွေးတောက်ပြောင်ရှိနေ၏၊
(၄) ကုသမာလိသမုဒ္ဒရာ= ပေါများသော ပတ္တမြားတို့၏ ရောင်ခြည်တို့ကြောင့် စိမ်းညိုသော သမန်းမြက်ခင်းကြီးကဲ့သို့ ရှိ၏၊
(၅) နဠမာလိသမုဒ္ဒရာ= များစွာသော ကျောက်မျက်ရွဲခေါ် ကျောက်စိမ်းရတနာတို့၏ရောင်ခြည်ကြောင့် ဝါးကျူတောကြီး ကဲ့သို့ရှိ၏၊
(၆) နမာလိသမုဒ္ဒရာ=ပြန့်ပြော ပေါများသော သန္တာရှိသောကြောင့် ရဲရဲနီသော အဆင်းရှိ၏၊
(၇) ဗလဝါမုခ သမုဒ္ဒရာ= အဝီစိ ငရဲကြီး၏ တခံါးနှင့်ဆက်စပ်လျက်ရှိ၏၊ ထို့ကြောင့် ရံခါ ငရဲတံခါး ပွင့်လက်သော် ငရဲမီးလျှံသည်ထွက်၍ ကြောက်မက်ဖွယ်သော ဝဲသြဃကြီးကို ဖြစ်စေလျက် ပြင်းစွာသော အသံတို့ဖြင့် မြည်ဟီး၍နေ၏၊ ♦သုခမှတ်စု

သပ္ပုရိသဂုဏ် အင်္ဂါ ၇-ပါး

(၁) ပိယဂုဏ်= သတ္တဝါမှန်သမျှ ချစ်မြတ်နိုးလှခြင်း၊
(၂) ဂုရုဂုဏ်= ကမ္ဘာသားအားလုံးတို့ လေးစားနိုင်သော ကိုယ်ကျင့်သိက္ခာရှိရခြင်း၊
(၃) ဘာဝနိယဂုဏ်= ဝေဖန်သုံးသပ်နိုင်သော ဉာဏ်ရှိရခြင်း၊
(၄) ဝတ္တဂုဏ် = မေးသမျှ ချေပဖြေဆိုနိုင်မှု ရှိရခြင်း၊
(၅) ဝစနက္ခမဂုဏ်= မေးမြန်း ပြောဆိုသမျှ သည်းခံနိုင်ရခြင်း၊
(၆) ဂမ္ဘီရဂုဏ်= နက်နဲခက်ခဲသောတရားမြတ်ကို ဟောကြားထုတ်ဖော်ပြနိုင်မှု ရှိရခြင်း၊
(၇) နောစဌာနဂုဏ်= မလျော်ရာဌာန၌ မဟောပြ မတိုက် တွန်းမှုရှိခြင်း၊ ♦သုခမှတ်စု

သက္ကရာဇ်ဖြိုသောမင်း ၇-ပါး

(၁) အာကာရဋ္ဌမင်းကြီး လက်ထက် ကမ္ဘာ ဦးကာလမှစ၍ (မဟာသုဒ္ဓဝယပ္ပ) ဟူသော ပဋိကတ်သင်္ချာကိန်းနှင့် အညီသက္ကရာဇ် ၁၁၄၉၇၈၅ ခုနှစ်တို့ကိုဖြိုခဲ့သည်၊ ထို့နောက်
(၂) ကုသမင်းကြီး လက်ထက်မှာ (နာတိမဇလဒ္ဓံ ဝိယ) ဟူသော ပိဋကတ်သင်္ချာကိန်းခန်းနှင့်အညီ သက္ကရာဇ် ၁၄၉၃၈၅၆၉ ယော ခုနှစ်တို့ကို ဖြိုခဲ့လေသည်၊ ၎င်းနောက်
(၃) ဘိုးတော် အဉ္စနမင်းကြီးသည် ဒေဝီလ ရသေ့နှင့် တိုင်ပင်ကာ (မာဃစန္ဒေ) သို့မဟုတ် (ဏဝစန္ဒေ) ဟူသော ပိဋကတ်သချင်္ာကိန်းနှင့်အညီ ၈၆၄၅ ခုနှစ်တို့ကို ဖြိုခဲ့လေသည်၊ ထို့နောက် မြတ်စွာဘုရားသခင်ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ သာသနာနှင့် ကောဇာနှစ် ညီစေရန်၊
(၄) အဇာတသတ်မင်းကြီး နှင့်ရှင်မဟာကဿပမထေရ်တိုင်ပင်ကာ (ဒေဝီယ ) ဟူသော ပိဋကတ်သင်္ချာကိန်းနှင့်အညီ သက္ကရာဇ် ၁၄၈ ခုနှစ်တို့ကို ဖြိုလိုက် ပြန်လေသည်၊ ထို့နောက် ၆၂၄ ခုနှစ်သို့ ရောက်သောအခါ
(၅) သုမုန္ဒရီမင်းကြီးသည် သီရိခေတ္တရာ ပြည်ကြီး၌ (ဒေါဒေါရသ) ကိန်းခန်းအရ ၂ ခုကြွင်းထား၍ သက္ကရာဇ် ၆၂၂ ခုနှစ်တို့ကို ဖြိုလိုက် ပြန်လေသည်၊ ထို့နောက် ၅၆၂ ခုနှစ်သို့ ရောက်ပြန်သောအခါ
(၆) ပုပ္ပါး စောရဟန်းမင်းကြီးသည် ပုဂံပြည်၌ (အလံဗိတ) ကိန်းကြုံ၍ (စဆပဉ္စန်း) နှစ်ခေါ်သော ၅၆၀ တို့ကို ၂ ခု ကြွင်းထားလျက်ဖြိုလိုက်မလေသည်၊ ထုမှိနောက်သက္ကရာဇ် ၈၀၀ ခုနှစ်သို့ ရောက်သောအခါ
(၇) မိုးညှင်းမင်းတရားကြီးသည် 'အဋ္ဌနဝ သတ္တကိန်း' သို့မဟုတ် 'ဗသျှူဆိန္ဒိမုနီ' ကိန်းအရ ၇၉၈ ခုနှစ်တို့ကို ဖြိုပြန်သော်လည်း ကိန်းခန်းမရောက်၍ မပြိုမကျဟု ပညာရှိတို့ ဆိုကြကုန်၏၊ ထို့နောက်ကား သက္ကရာဇ် ဖြိုမင်း မပေါ်သေးပေ၊ ♦သုခမှတ်စု

သီလအပြား ၇-ပါး

(၁) ငါးပါးသီလရိုးရိုး= သာမန် လူ နတ် တိရစ္ဆာန်တို့အတွက် နိစ္စသီလမျိုး၊
(၂) ငါးပါးသီလ အထူး= ကောမာရဗြဟ္မစရိယ သီလမျိုး၊
(၃) ခြောက်ပါးသီလ= ဘိက္ခုနီလောင်း သိက္ခမာန်များအတွက်၊
(၄) ရှစ်ပါးသီလ= ဥပေါသထသီလမျိုး၊
(၅) ကိုးပါးသီလ=စကြာမင်းနှင့် မိဖုရားကြီးများ၊ သားတော်သမီးတော် ဆွေတော် မျိုးတော်၊ တိုင်းသူပြည်သားတို့ စောင့်ထိန်းသော ဥပေါသထသီလမျိုး၊
(၆) ဆယ်ပါးသီလ= လူသာမဏေတို့ သီလ လူအတွက် နိစ္စသီလမျိုး၊
(၇) စတုပါရိသုဒ္ဓိသီလ= ရဟန်းတော်များ သီလ၊ ♦သုခမှတ်စု

သီဟိုဠ်ကျွန်း၏ အမည်မျိုး ၇-ပါး

(၁) လင်္ကာဒီပ= လင်းယင်ရွက်နှင့် တူသောကျွန်း၊
(၂) တမပါဏဒိပီ = မြေနီရှိသဖြင့် ၎င်း၌ကိုင်တွယ်ထောက်လှမ်း သောလက်မှာ နီသောကျွန်း၊
(၃) သီဟဠဒီပ= သီဟဗာဟုဝတ္ထုလာခြင်္သေ့ကျွန်း၊
(၄) သြဇာဒီပ= မြေဆီမြေသြဇာ ကောင်းသောကျွန်း၊ (ကကုသန်ဘုရားလက်ထက်အမည်)
(၅) ဝရဒီပ= ကြီးမြတ်ကျွန်း (ကောဏာဂုံဘုရားလက်ထက်အမည်)၊
(၆) မဏ္ဍလဒီပ= ကြည်လင်ကျွန်း(ကဿပဘုရားလက်ထက်အမည်)၊
(၇) သီရိလင်္ကာ= ကျက်သရေဆောင်ကျွန်း(ယခုအမည်) ♦သုခမှတ်စု

သူခိုးကြီးတို့ လိုက်နာစောင့်ထိန်းသည့် အင်္ဂါ ၇-ပါး

(၁) မိမိ၏ ရန်သူမဟုတ်သည့်အသက်အရွယ်ကြီးသူကလေးသူငယ် အကျင့်သီလဂုဏ်ရှိသည်တို့ကို ရိုက်နှက် ပုတ်ခတ်မှုမပြုခြင်း၊
(၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
(၃) မိန်းမကို မသတ်ခြင်း၊
(၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
(၅) ရှင်ရဟန်းတို့ကို မလုယက်ခြင်း၊
(၆) မင်းဘဏ္ဍာတို့ကို မလုယက်ခြင်း၊
(၇) ရွာ နိဂုံး မင်းနေပြည်တော်အနီး၌ မလုယက် မတိုက်ခိုက်ခြင်း၊ ♦သုခမှတ်စု

အနုသယ ၇-ပါး

မဟာနိဒ္ဒေသ
(၁) ကာမရာဂါနုသယ = ကာမဂုဏ် တပ်မက်နှစ်သက်သောလောဘ၊
(၂) ဘဝရာဂါနုသယ= ဘဝ၌ တပ်မက်နှစ်သက်သော လောဘ၊
(၃) ပဋိဃာနုသယ= ပြစ်မှားကြမ်းကြုတ်သော ဒေါသ၊
(၄) မာနာနုသယ= မောက်ကြွားထောင်လွှားခြင်း မာန၊
(၅) ဒိဋ္ဌာနုသယ= မှားသောအယူဝါဒကိုယူခြင်း ဒိဋ္ဌိ၊
(၆) ဝိစိကိစ္ဆာနုသယ= ရတနာသုံးပါးစသည်၌ သို့လော သို့လော တွေးတောခြင်း ဝိစိကိစ္ဆာ၊
(၇) အဝိဇ္ဇာနုသယ= မသိမလိမ္မာ တွေဝေမိုက်မဲခြင်း မောဟ၊ ♦သုခမှတ်စု

အသက်မရှူသူ ၇-ယောက်

ပဋိသမ္ဘိဒါမဂ်
(၁) အမိဝမ်း၌နေသူ၊
(၂) ရေနစ်ရေငုပ်နေသူ၊
(၃) ဗြဟ္မာဟူသမျှ၊
(၄) နိရောဓသမာပတ်ဝင်စားသူ၊
(၅) ပဉ္စမစျာန်ပုဂ္ဂိုလ်၊
(၆) တွေဝေမေ့မျောနေသူ၊
(၇) သေသောသူ၊ ♦သုခမှတ်စု

အသပ္ပါယအပြား ၇-ပါး

(၁) အာဝါသအသပ္ပါယ = မိမိတို့နှင့် မလျောက်ပတ် မတင့်တယ် မသင့်မြတ်သော ကျောင်း အိပ်ရာနေရာ၊
(၂) ဂေါစရအသပ္ပါယ= မိမိတို့၏စိတ်ကြိုက်နှင့်ဆန့်ကျင်ဘက်ဖြစ်၍ ဆင်းရဲငြိုငြင်စွာ သွားရသော ဆွမ်း ခံရွာ၊
(၃) ဘဿအသပ္ပါယ= ဝိနည်းပါဠိတော် စသည်တို့မှ လာသော သုဂတိဘုံ စျာန်မဂ်ဖိုလ်နိဗ္ဗာန်တို့နှင့် ဝေးကွာဖီလာဖြစ်သော ၃၂ ပါးသောတိရစ္ဆာနကထာခေါ် စကား၊
(၄) ပဂလ္လ အသပ္ပါယ= သီလ သမာဓိ ပညာ ဗဟဿုတစသော ဂုဏ်ထူး မရှိ အတ္ထိန္ဓ လူ့ဗာလဖြစ်၍ မမှီဝဲ မပေါင်း သင်းအပ်သော ပုဂ္ဂိုလ်၊
(၅) ဘောဇနသပ္ပါယ= မိမိတို့ စိတ်ကြိုက်ဖြစ်သော ဘောဇဉ်ခဲဖွယ် အာဟာရတို့ကို တစ်ခါတလေမျှ မသုံးဆောင် မမှီဝဲရသော အရပ်ဒေသ၊
(၆) ဥတုသပ္ပါယ= မိမိတို့ ရူပကာယအား မသင့်လျော် မလျောက်ပတ်စေသော ဥတုရှိသောအရပ်ဒေသ၊
(၇) ဣရိယာပထအသပ္ပါယ= အိပ်, ထိုင်, ရပ်, သွား ဣရိယာပုတ်လေးပါးတို့တွင် မိမိတို့နှင့် မလျောက်ပတ်သော ဣရိယာပုတ်၊ ♦သုခမှတ်စု

အသမ္ဘိန္နဓာတ်တော် ၇-ဆူ

(က) နဖူးသင်းကျစ်တော်ဓာတ် ၁ ဆူ၊ (ခ) စွယ်တော် ဓာတ် ၄ ဆူ၊ (ဂ) ညှပ်ရိုးတော်ဓာတ် ၂ ဆူ၊ (ပေါင်း ၇ ဆူ)၊ ♦သုခမှတ်စု

ဥပါသကာ အင်္ဂါ ၇-ပါး(တစ်နည်း)

သတ္တအင်္ဂုတ္တိုရ်
(၁) မြတ်စွာဘုရား၏ တပည့်သား သံဃာတော် အရှင်မြတ်တို့အား ဖူးမြင်ခြင်းမှ မယုတ်မလျောြ့ခင်း၊
(၂) သူတော်ကောင်းတို့ ဟောကြားညွှန်ပြဆိုဆုံးမသော တရားစကားကို နာယူခြင်း၌ မမေ့လျော့ခြင်း၊
(၃) ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေလျက် ရှစ်ပါး, ဆယ်ပါးစသော သီလများကို ရံခါစောင့်ရှောက်ဆောက်တည်ခြင်း၊
(၄) အတုမရှိသော မြတ်စွာဘုရားသခင်၏ သာသနာတော်ထမ်း ရဟန်းသာဏေ စသည်တို့၌သာ အကြည်ညို များခြင်း၊
(၅) မချုပ်မချယ် လွတ်လွတ် ကျွတ်ကျွတ်တရားတော်ကို နာယူကာ ကျင့်ကြံခြင်း၊
(၆) ဗုဒ္ဓ၏ သာသနာတော်မှတစ်ပါး အခြားသာသနာ၌ အလှူခံ ပုဂ္ဂိုလ်ကို မရှာခြင်း၊
(၇) မြတ်စွာဘုရား၏ တပည့်သားတို့အားသာ ရှေးဦးစွာ ပေးလှူလေ့ရှိခြင်း၊ ♦သုခမှတ်စု

ကာရက ၈-မျိုး

(၁) ကတ္တာကာရက= ကြိယာကိုပြီးစေတတ်သောပုဒ်၊ သည်၊ ကား၊မှာ၊က-ဆုံးသည်၊
(၂) ကမ္မကာရက= ကံကိုပြီးစေတတ်သောပုဒ်၊ ကို၊သို့၊ ဆုံးသည်၊
(၃) ကရဏကာရက= နှင့်၊ ဖြင့် စသော လက္ခဏာအဆုံးရှိ ကြိယာကို ပြီးစေသောပုဒ်၊
(၄) သမဒ္မါန ကာရက=အား၊ ဖို့၊ ငှာ ဟူသော လက္ခဏာစကားများ၊
(၅) အပါဒါနကာရက= မှ၊ အောက်၊ ထက်၊ က၊ ဟူသော ဖဲကြဉ်အပ်သော စကားများ၊
(၆) သာမိကာရက=၏ဟူသောလက္ခဏာစကားများ၊
(၇) သြကာသကာရက= ၌၊ ဝယ်၊ တွင်၊ မှာ ဟူသည့် တည်ရာကိုပြခြင်း၊
(၈) အာလပနကာရက= အို၊ဟယ် ဟူသော လက္ခဏာအဆုံးရှိ ခေါ်ဝေါ်ခြင်း၊ ♦သုခမှတ်စု

ကိုယ်ဝန်စွဲခြင်း အင်္ဂါ ၈-ပါး(ပဋိသန္ဓေ)

(၁) ကိုယ်လက်နှီးနှောခြင်း၊ (ကာယသံသဂ္ဂ)၊
(၂) ပုဆိုး၌တင်သော သုက်ကိုစုတ်ယူခြင်း၊(စောဠဂ္ဂဟဏ)၊
(၃) သုက်ကို သောက်ခြင်း(အသုစိပါန)၊
(၄) ချက်ကိုသုံးသပ်ခြင်း(နာဘိပရာမသနာ)၊
(၅) အဆင်းကို ရှူခြင်း(ရူပဒဿန)၊
(၆) အသံကိုကြားခြင်း(သဒ္ဒသဝန)၊
(၇) အနံ့ကို ရှူခြင်း(ဂန္ဓဃာယန)၊
(၈) မေထုန သံဝါသပြုခြင်း(အဇ္ဈာစာရ)၊ ♦သုခမှတ်စု

ကျေး ၈-မျိုး

(၁) ဖောင်းကား၊
(၂) တမာ၊
(၃) ကျေးသန္တာ၊
(၄) ကျေးဝါ၊
(၅) ကျေးကျုတ်၊
(၆) ကြက်တော၊
(၇) ကုလား၊
(၈) ကျေးပုဏ္ဏား၊ ♦သုခမှတ်စု

ကျေးဇူးရှင် ၁၀ ပါးကို ပြစ်မှားသူတို့အပြစ် ၈-ပါး

(၁) မြေမျိုတတ်ခြင်း၊
(၂) သစ်, ကျားတို့၏ အစာဖြစ်တတ်ခြင်း၊
(၃) မိကျောင်းတို့၏အစာ ဖြစ်တတ်ခြင်း၊
(၄) ဘီလူးများ ဖမ်းစားတတ်ခြင်း၊
(၅) လှေမှောက်၍ ရေဘေး သင့်တတ်ခြင်း၊
(၆) စိတ်နောက် ရူးသွပ်တတ်ခြင်း၊
(၇) သွေးအန်ရောဂါ ဖြစ်တတ်ခြင်း၊
(၈) မိုးကြိုး အပစ်ခံရတတ်ခြင်း၊ ♦သုခမှတ်စု

ကျောက်မျက်ရှင် ၈-ပါး

(၁) ပတ္တမြား၊
(၂) ဥဿဖရား၊
(၃) မသာရကန်၊
(၄) စိန်၊
(၅) မြ၊
(၆) နီလာ၊
(၇) ပြယိုယား၊
(၈) ဂေါ်မုတ်၊ ♦သုခမှတ်စု

ဂိုဏ်း ၈-ပါး

(၁) မဂိုဏ်း(မတ်ဘုံဇေ) ဂရုသုံးလုံး ၂၂၂၊
(၂) နဂိုဏ်း(နသဘိ ) လဟု သုံးလုံး ၂၁၁၊
(၄) ယဂိုဏ်း(ယတိမ်သတ်) လဟု ဂရု ဂရု ၁၂၂၊
(၅) ဇဂိုဏ်း (ဇနပု) လဟု ဂရု လဟု ၁၂၁၊
(၆) သဂိုဏ်(သုလိသွာ) လဟု လဟု ဂရု ၁၁၂၊
(၇) ရဂိုဏ် (ရာမိကြတ်) ဂရု လဟု ဂရု ၂၁၂၊
(၈) တဂိုဏ်း (တတ်အာသ) ဂရု ဂရု လဟု ၂၂၁၊ ♦သုခမှတ်စု

ဂိုဏ်းစောင့်နတ် ၈-ပါး

(၁) ဘုမ္မစိုး=မ,ဂိုဏ်းကိုစောင့်၍ လယ်မြေတို့ကို ရစေတတ်၏၊
(၂) သိကြား=န,ဂိုဏ်းကိုစောင့်၍ အသက်ရှည်တတ်ခြင်း၊
(၃) လနတ်= ဘ,ဂိုဏ်းကိုစောင့်၍ အခြံအရံ များတတ်ခြင်း၊
(၄) တိမ်နက်= ယ,ဂိုဏ်း ကိုစောင့်၍ တည်ကြည်ခြင်း၊
(၅) နေနတ်=ဇ,ဂိုဏ်းကိုစောင့်၍ ဆင်းရဲခြင်း၊
(၆) လေနတ်= သ,ဂိုဏ်းကိုစောင့်၍ အရပ်တစ်ပါးသွားခြင်း၊
(၇) မီးနတ်= ရ,ဂိုဏ်းကို စောင့်၍ မီးသင့်ခြင်း၊
(၈) အာကာသစိုး= တ,ဂိုဏ်းကိုစောင့်၍ အမျိုးမဲ့ခြင်း၊ ♦သုခမှတ်စု

ဂိုဏ်းယှဉ်နက္ခတ် ၈-ပါး

(၁) ဇေဋ္ဌနက္ခတ်=နက္ခတ်တကာတို့တွင် ကြီးမှူးပြဋ္ဌာန်းခြင်း၊ နားတောင်း သဏ္ဌာန် လုံး ရေ '၁၈'၊မဂိုဏ်း၊
(၂) ဘရဏီနက္ခတ်=ယမမင်းနှင့်တူသည်ဖြစ်၍ အရောင်အားဖြင့် အရပ်ထက်ဝန်းကျင် ပျံ့နှံ့၏၊ ခုံလောက်သဏ္ဌာန် ၂လုံး၊ နဂိုဏ်း၊
(၃) မိဂသီနက္ခတ်= သမင်ဦးခေါင်း နှင့်တူသည်၊ လုံးရေ ၅၊ ဘဂိုဏ်း၊
(၄) သတ္တဘိသျှ= ဆေးဝါးဖော်စပ်ရာကောင်းခြင်း၊ခက်ရင်းခွသဏ္ဌာန် လုံးရေ ၂၄၊ ယဂိုဏ်း၊
(၅) ပုဏ္ဏဖုသျှ= သတ္တဝါတို့အကျိုး မိုးရွာတတ်ခြင်း လှေ သဏ္ဌာန် လုံးရေ ၇၊ ဇဂိုဏ်း၊
(၆) သွာတိနက္ခတ်= တင့်တယ်ခြင်း၊ ပတ္တမြားသဏ္ဌာန် လုံးရေ ၁၅၊ သဂိုဏ်း၊
(၇) ကြတ္တိကာ နက္ခတ်= မီးကဲ့သို့ ပူလောင်ခြင်း၊ ကြက်ငယ်စု သဏ္ဌာန် ၃၀ လုံး၊ ရဂိုဏ်း၊
(၈) သရဝဏ်နက္ခတ်= ကောင်းကျိုး မကောင်းကျိုး မပြတ်ပေးခြင်း၊ တောင်ဝှေးသဏ္ဌာန် ၂၂ လုံး၊ တ,ဂိုဏ်း၊ ♦သုခမှတ်စု

ဂြိုဟ်ကြီး ၈-လုံး၊

(၁) တနင်္ဂနွေဂြိုဟ်=အရှေ့မြောက်အရပ်ရှိ ဂဠုန်စီး၍နေသောဂြိုဟ်မင်း၊
(၂) တနင်္လာဂြိုဟ်=အရှေ့အရပ်ရှိ ကားစီး၍နေသော ဂြိုဟ်မင်း၊
(၃) အင်္ဂါဂြိုဟ်=အရှေ့တောင်အရပ်ရှိခြင်္သေ့စီးနေသော ဂြိုဟ်မင်း၊
(၄) ဗုဒ္ဓဟူးဂြိုဟ်= တောင်အရပ်ရှိ ဆင်စီး၍နေသော ဂြိုဟ်မင်း၊
(၅) စနေဂြိုဟ်= အနောက်တောင်အရပ်ရှိ နဂါးစီး၍နေသော ဂြိုဟ်မင်း၊
(၆) ကြာသပတေးဂြိုဟ်= အနောက်အရပ်ရှိကြွက်ကိုစီး၍နေသော ဂြိုဟ်မင်း၊
(၇) ရာဟုဂြိုဟ်= အနောက်မြောက်အရပ်ရှိဟိုင်းစီး၍နေသော ဂြိုဟ်မင်း၊
(၈) သောကြာဂြိုစ်= မြောက်အရပ်ရှိ ပူးကိုစီး၍နေသော ဂြိုဟ်မင်း၊ ♦သုခမှတ်စု

ဂြိုဟ်ကြီး ၈-လုံး

(၁) တနင်္ဂနွေဂြိုဟ်မင်း= အရှေ့မြောက်အရပ်တွင် ဂဠုန်စီး၍ ခြောက်နှစ်နေသော ပါပဂြိုဟ် သို့မဟုတ် ရဝိဂြိုဟ်၊
(၂) တနင်္လာဂြိုဟ်မင်း=အရှေ့အရပ်တွင် ကားမင်းစီး၍ ဆယ့်ငါးနှစ်နေသော စန္ဒဂြိုဟ်၊
(၃) အင်္ဂါဂြိုဟ်မင်း=အရှေ့တောင်အရပ်တွင်ခြင်္သေ့စီး၍ ၈-နှစ်နေသော သောမဂြိုဟ်၊ ပါပဂြိုဟ်၊
(၄) ဗုဒ္ဓဟူးဂြိုဟ်မင်း=တောင်အရပ်တွင် ဆင်မင်းစီး၍ တစ်ဆယ့်ခုနစ်နှစ်နေသော ဗုဒ္ဓဟူးဂြိုဟ်၊
(၅) ကြာသပတေးဂြိုဟ်မင်း=အနောက်မြောက်မျက်နှာတွင် ကြွက်မင်းစီး၍ တစ်ဆယ့်ကိုး နှစ်မနေသော ဂရုဂြိုဟ်၊
(၆) သောကြာဂြိုဟ်မင်း = မြောက်အရပ်တွင် ပူးမင်းစီး၍ နှစ်ဆယ့်တစ်နှစ်နေသော ဂြိုဟ်၊
(၇) စနေဂြိုဟ်မင်း= အနောက်တောင်အရပ်တွင် နဂါးမင်းစီး၍ ဆယ်နှစ်နေသော ပါပဂြိုဟ်၊
(၈) ရာဟုဂြိုဟ်မင်း= အနောက်မြောက်အရပ်တွင် ဟိုင်းဆင်စီး၍ တစ်ဆယ့်တစ်နှစ် နေသော ရာဟုဂြိုဟ် ပါပဂြိုဟ်၊ ♦သုခမှတ်စု

ငရဲကြီး ၈-ထပ်

(၁) သိဉ္ဇိုးငရဲ=အသက်ရှည်စွာ ငရဲသားတို့ ခံရသောငရဲ၊
(၂) ကာလသုတ်=အလျှံပြောင်ပြောင် တောက်သောတမျဉ်းခြည်ကိုချ၍ ၈-မြှောင့်၊ တစ်ဆယ့်ခြောက်မြှောင့်ရွေသော ငရဲ၊
(၃) သံဃာတ= အလျှံပြောင်ပြောင် တောက်သော သံတောင်တို့ဖြင့် ကြိတ်လျက် ခံရသော ငရဲ၊
(၄) ရောရုဝ= နီသော အသွေးအလျှံပြည့်အောင် ခံရသော ငရဲ၊
(၅) မဟာရောရုဝ= သွေးများစွာ ဖြင့် ပြည့်လျှံအောင်ခံရသော ငရဲ၊
(၆) တပန္န= မတုန်လှုပ်နိုင်ကုန်လျက် ပူစေသော ငရဲ၊
(၇) မဟာတာပန္န= များစွာပူပန်ခြင်းကို ခံရသော ငရဲ၊
(၈) အဝီစိ=မီးလျှံတို့၏ လည်းကောင်း၊ ငရဲသူ သတ္တဝါတို့၏ လည်းကောင်း၊ ထိုငရဲသူ သတ္တဝါတို့၏ ဆင်းရဲ၏ လည်းကောင်း၊ အကြားအပေါက် မရှိ ခံရသော ငရဲ၊ ♦သုခမှတ်စု

စလွယ်ဆင်ယင်ရသော ပုဂ္ဂိုလ် ၈-ဦး

(၁) ဗိသျှပုဏ္ဏား=စလွယ်သုံးသွယ်၊
(၂) ခတ္တိယပုဏ္ဏား=စလွယ်ခြောက်သွယ်၊
(၃) ဗြာဟ္မဏပုဏ္ဏား= စလွယ်ကိုးသွယ်၊
(၄) မှူးကြီး မတ်ကြီး သေနာပတိ= စလွယ် ဆယ့်နှစ်သွယ်၊
(၅) မင်းဆွေမင်းမျိုး = စလွယ်တစ်ဆယ့်ငါးသွယ်၊
(၆) မင်းညီမင်းသား=စလွယ် တစ်ဆယ့် ၈-သွယ်၊
(၇) အိမ်ရှေ့မင်း= စလွယ်နှစ်ဆယ့်တစ်သွယ်၊
(၈) ဘုရင်= စလွယ်နှစ်ဆယ့် လေးသွယ်၊ ♦သုခမှတ်စု

စာစပ်နည်း ၈-မျိုး

(၁) နဘေစပ်နည်း= ကာရန်သုံး ချက်ထပ်၍ စပ်သောနည်းကိုဆိုသည်၊
(၂) ပြန်ကာဟပ်စပ်နည်း= ပြန်ကာဟပ်၍စပ်သောနည်းကိုပင် ခေါ်သဖြင့် ပထမပိုဒ် လေးလုံးမှာ နှစ်လုံး စီ နဘေထပ်၍ တစ်ဖန် ၎င်း လေးလုံးကိုပင် ဒုတိယ ပိုဒ်က အုပ်စပ်သည်၊ တတိယပိုဒ်နှင့် စတုတ္ထပိုဒ်မှာကား မိမိဉာဏ် အာဝဇ္ဇန်း လက်တန်းတခင်္ဏုပ္ပတ္တိသာလျှင်ပဋ္ဌာနဖြစ်သည်၊
(၃) ကတ္တားစပ်နည်း = ရွှေငါးမျိုးကို ရောနှောခြူးအုံခြူးပန်း ပုတီးလက်ကောက် စသော တန်ဆာတို့ကို ပြုလုပ်သကဲ့သို့ ကောင်းမြတ်သောနည်း ဖြစ်၍ ပထမပိုဒ်ကြဉ်သော ဒုတိယ တတိယ စသည်ဖြင့် ရှေ့ပုဒ်နှင့် နောက်ပုဒ်ကိုငဲ့လျက်စပ်သောနည်း ဖြစ်သည်၊
(၄) ရွက်ချပ်စပ်နည်း=သစ်ရွက်သည် များသောအားဖြင့် နှစ်ရွက်စီချပ်၍ ထပ်နေဘိသကဲ့သို့ ထို့အတူ နှစ်ပိုဒ်စီ နှစ်ပိုဒ်စီထပ်၍ စပ်သော နည်းဖြစ်သည်၊
(၅) ချိန်ခွင်လျှာစပ်နည်း= ချိန်ခွင်လျှာနှင့်တူသော အပိုဒ်တစ်မျိုးကို အလယ်ကထား၍ ၎င်းအပိုဒ်သည် တတိယအပိုဒ်ကိုသာ ငဲ့သောအားဖြင့် ပထမအပိုဒ်၏ အဆုံးအလုံးနှင့် တတိယအပိုဒ်အဆုံးအလုံးကို ကာရန်ညီစေလျက် စပ်ခြင်းဖြစ်သည်၊
(၆) ခြင်္သေ့လည်ပြန်စပ်နည်း=ခြင်္သေ့တို့မည်သည် ရှေ့သို့ တူရူသွားရာမှ နောက်သို့ ပြန်လည်လှည့်ခဲကြသဖြင့် တစ်ခါတစ်ရံမှသာ လည်ပြန်၍ နောက်သို့လှည်ြ့ကည့်ဘိသို့ ထို့အတူ ပထမအချိုး သုံးပိုဒ်အနက်တတိယ အပိုဒ် အလုံးခံထားသော်လည်း ဒုတိယအချိုး၏ ပထမပိုင်း ဒုတိယပိုင်းတို့သည် အထက် ပထမအချိုး တတိယ ပိုဒ်မခံထားသောကာရန်ကိုမအုပ်မူ၍ အချင်းချင်းသာ စာအုပ်အခံကာရန် ပြုကြလေသည်၊
(၇) တေ့ဆက်စပ်နည်း၊ သို့မဟုတ် ဂဟေဆက်နည်း= ဂဟေကိုတေ့၍ စပ်သကဲ့သို့ ပထမပိုဒ် နဘေကာရန်နှစ်ချက်ထား၍ ဒုတိယပိုဒ်မှာလည်း ထိုနည်း အတူထားခြင်းအားဖြင့် ပထမပိုဒ်ကို ဒုတိယပိုဒ်က အုပ်၍ စပ်သောနည်း ကိုဆိုသည်၊
(၈) နဘေပြန်ကာဟပ်စပ်နည်း= နဘေကဲ့သို့ စပ်သော်လည်း ကာရန်ကို အစုံအလင် မစပ်မူ၍ ပထမပိုဒ်နှင့် ဒုတိယပိုဒ်မှာ လေးလုံး စီထားပြီးလျှင် တတိယပိုဒ်မှာ ပြန်ကာ ဟပ်စပ်နည်းကိုလိုက်၍ အပိုအမို ထား၍ စပ်ခြင်းဖြစ်သည်၊ ♦သုခမှတ်စု

စစ်ကဲအင်္ဂါ ၈-ပါး

(၁) အောင်မြေကို ရွေးတတ်ခြင်း၊
(၂) ဗိုလ်ထုတို့ကို ခန့်တတ်ခြင်း၊
(၃) စစ်ရိပ်နားလည်ခြင်း၊
(၄) အပေးအကမ်း လိမ္မာခြင်း၊
(၅) သူတစ်ပါးဥစ္စာကို မှတ်တတ်ခြင်း၊
(၆) ဓား လှံ ဒိုင်းချက်တတ်ခြင်း၊
(၇) ဆင်စီးတတ်ခြင်း၊
(၈) မြင်းစီးတတ်ခြင်း၊ ♦သုခမှတ်စု

စစ်ရာထူး အနိမ့် အမြင့် ၈-ပါး

(၁) အိုးစား= တပ်သားငါးယောက်ကို အုပ်ချုပ်သူ၊
(၂) အကြပ်= အိုးစားနှစ်ဖွဲ့ကို အုပ်ချုပ်သူ၊ ၁၀ ယောက်အုပ်၊
(၃) သွေးသောက်= အကြပ် ငါးယောက်အပေါ်မှာ ဦးစီးသူ၊ ၅ဝအုပ်၊
(၄) တပ်မှူး= သွေးသောက် နှစ်ယောက်အပေါ်မှာ ဦးစီးသူ၊ ၁ဝဝအုပ်၊
(၅) ဗိုလ်= တပ်မှူး ငါးယောက်အပေါ်မှာဦးစီးသူ၊ ၅ဝဝအုပ်၊
(၆) တပ်ပေါင်းဗိုလ်= တစ်ယောက် ထက်ပိုသော ဗိုလ်တို့အပေါ်မှာ ဦးစီးပြုသူ၊
(၇) ဗိုလ်ချုပ်= တစ်ယောက်ထက်ပိုသော တပ်ပေါင်းဗိုလ်တို့အပေါ်မှာ ဦးစီးပြုသူ၊
(၈) ဗိုလ်မှူး= စစ်ဘုရင် တစ်ယောက်ထက်ပိုသော ဗိုလ်ချုပ်တို့အပေါ်မှာ ဦးစီးပြုသည်၊ စစ်ချီသောအခါ ရှင်ဘုရင်ပါလျှင် ရှင်ဘုရင်သည် တပ်မ၌စစ်ဘုရင်ဖြစ်သည်၊ ရှင်ဘုရင်မပါလျှင် တစ်ခါတစ်ရံ မင်းသားကြီး၊ ဘုရင်ခံတို့ကို စစ်ဘုရင်ခန့်၍ တပ်မကို အုပ်ချုပ်ကွပ်ကဲစေသည်၊ တစ်ခါတစ်ရံ ဝန်ကြီးများကို ဗိုလ်မှူးခန့်၍ တပ်မကို အုပ်ချုပ်ကွပ်ကဲစေသည်၊ ဗိုလ်မှာ စစ်ချီသောအခါ မြင်းစီး၍လိုက်ရသည်၊ ထီးရွက် ရွှေပိန်းချ၊ တပ်ဗိုလ်မှာ မြင်းနှင့် ထီးနီ၊ ထီးအထွတ်နှင့် ထီးနာရွက်ရွှေချ၊ သွေးသောက်မှာ မြင်းနှင့် ထီးနီ၊ အထွတ်နီ နားရွက်နီ၊ ♦သုခမှတ်စု

စစ်သူကြီး လက္ခဏာ ၈-ပါး

(၁) အကြားအမြင် များခြင်း၊
(၂) သီလ သီတင်းရှိခြင်း၊
(၃) ရဲရင်ြ့ခင်း၊
(၄) အမှုကိုပြီးအောင် ပြုလေ့ရှိခြင်း၊
(၅) လုံ့လဝီရိယရှိခြင်း၊
(၆) ခွန်အား စွမ်းပကားရျိုခြင်း၊
(၇) သူ့ဥစ္စာကို မလိုချင်သောစိတ်ရှိခြင်း၊
(၈) အရောင်းအဆင်းရှိခြင်း၊ ♦သုခမှတ်စု

စိန်ဌာန ၈-ပါး

(၁) အင်္ဂလိပ်၊
(၂) ဘနာရပ်၊
(၃) ဘတီးဝီ၊
(၄) ယိုးဒယား၊
(၅) နာရကတ္တိ၊
(၆) မုနဲစိန်၊
(၇) ဘန်စိန်၊
(၈) မှန်စိန်၊ ♦သုခမှတ်စု

စိန်မျိုး အသားနေ ၈-ပါး

(၁) အသားချေ၊
(၂) စိန်ဖြူ၊
(၃) စိန်နီ၊
(၄) ကြက်ဆီ၊
(၅) စိန်ပြာ၊
(၆) စိန်စိမ်း၊
(၇) စိန်နက်၊
(၈) ရိုးမှား ♦သုခမှတ်စု

ဆီမီးလှူသော အကျိုး ၈-ပါး

(၁) ဒိဗ္ဗစက္ခုဉာဏ်ကို ရခြင်း၊
(၂) အမိဝမ်းတွင်းမှ ကန်းသောအမျိုး၌မဖြစ်ခြင်း၊
(၃) တွေဝေငိုက်မျဉ်းခြင်းမှ ကင်းခြင်း၊
(၄) ကြည်လင်သော မျက်စိရှိခြင်း၊
(၅) အမျိုးစည်းစိမ် အခြံအရံအားဖြင့် မြတ်ခြင်း၊
(၆) အမှတ်မရှိသော အရပ်၌ ရှိသောဝတ္ထုတို့ကိုထအို ရပ်မှ မြင်နိုင်ခြင်း၊
(၇) တောကပ်သော အရောင် ရှိခြင်း၊
(၈) နတ်ကဲ့သို့ တင့်တယ်ခြင်း၊ ♦သုခမှတ်စု

ဆင် ၈-မျိုး

(၁) ပုဏ္ဍရိကဆင်= ပဒုမ္မာကြာဖြူအဆင်း၊ မိုးကြိုးအသံ၊
(၂) ဗာမနဆင်=ပတ္တမြားအဆင်း၊ စည်ကြီးအသံ၊
(၃) ကုမုဒဆင်= ကြာနီအင်း၊ တောကြက်တွန်သံ၊
(၄) ပုပ္ပန္တဆင်=ကွမ်းသီးမှည့် အဆင်း၊ မိုးဟိန်းသံ၊
(၅) သာမဆင်= ရွှေအဆင်း၊ ဘားအိုင်မြည်သံ၊
(၆) အဉ္ဇမဆင်= အောင်မဲညိုပွင့်အဆင်း၊ ခရုသင်းသံ၊
(၇) ကပ္ပဘုမ္မဆင်= မြေဇာညွန့်အဆင်း၊ နွားလားဥသဘအသံ၊
(၈) သုပ္ပတိဋ္ဌဆင်= နံနက် အိုးသစ်အဆင်း၊ နေ့လည် ကြာရိုးနီအဆင်း၊ ညနေ ကျွဲချိုဖြူအဆင်း၊ ကြိုးကြာသံ၊ ♦သုခမှတ်စု

ဆင် ၈-မျိုး

(၁) ပုရိမကဏ္ဏဃဋ္ဋနဆင်= နားရွက်ခပ်သော ရှေ့၌နားချင်းထိ၏၊
(၂) ပစ္ဆိမကဏ္ဏဃဋ္ဋနဆင်=နောက်၌ နားချင်းထိ၏၊
(၃) နဝဋ္ဌိကဆင်=နှာမောင်း၊ အစွယ်၊ ခြေ၊ တန်ဆာ၊ အမြီး၊ မြေထိ၏၊
(၄) ဂေါပုဆင်= အမြီး သရက်ကင်းသို့လည်းကောင်း၊ နွားမြီးကဲ့သို့ လည်းကောင်းရှိ၏၊
(၅) သီဟဃဆင်= နောက်နိမ့်ရှေ့ မြင့်ခြင်္သေ့သဏ္ဌာန်ရှိ၏၊
(၆) ဝီသတိနခဆင်= ခြေသည်း လည်းသည်း နှစ်ဆယ်ရှိသည်၊
(၇) ဧကဒန္တီဆင်=အာခေါင်မှထွက်၍ လက်ယာစွယ်ဖုံးမှထွက်သော အစွယ်ရှိ၏၊
(၈) သင်္ခဒန္တီဆင်= ခရုသင်းပွတ်သစ်နှင့်တူသောအစွယ် လက်ယာခြေ ရှိ၏၊ ♦သုခမှတ်စု

ဆန်းဂိုဏ်း ၈-ပါး

(၁) မ,ဂိုဏ်း၊ မတ်ဘုမ်ဇေ=မဉာတာ ၂၂၂၊
(၂) န,ဂိုဏ်း၊ နသိတ=မဉာတာ ၁၁၁၊
(၃) ဘ,ဂိုဏ်း၊ ဘူလမိ=မဉာတာ ၂၁၁၊
(၄) ယ,ဂိုဏ်း၊ ယတိမ် သတ်=မဉာတာ ၁၂၂၊
(၅) ဇ,ဂိုဏ်း၊ ဇနေပု=မဉာတာ ၁၂၁၊
(၆) သ,ဂိုဏ်း၊ သုလိ သွာ = မဉာတာ ၁၁၂၊
(၇) ရ,ဂိုဏ်း၊ ရာမိကြတ် =မဉာတာ ၂၁၂၊
(၈) တ,ဂိုဏ်း၊ တတ် အာသ = မဉာတာ ၂၂၁၊ ♦သုခမှတ်စု

တမန်တို့၏အင်္ဂါ ၈-ပါး

(၁) ကြားနာတတ်ခြင်း၊
(၂) ကြားနာစေတတ်ခြင်း၊
(၃) မှတ်တတ်ခြင်း၊
(၄) ဆောင်တတ်ခြင်း၊
(၅) သိတတ်ခြင်း၊
(၆) သိစေတတ်ခြင်း၊
(၇) အကျိုးစီးပွား ရှိ, မရှိ၌ လိမ္မာခြင်း၊
(၈) ခိုက်ရန်မပြုတတ်ခြင်း၊ ♦သုခမှတ်စု

တရားသူကြီး အင်္ဂါ ၈-ပါး

မနုဿရရွှေမျဉ်း
(၁) အမျိုးမြတ်ခြင်း၊
(၂) သီလရှိခြင်း၊
(၃) ဂုဏ်ရှိခြင်း၊
(၄) သစ္စာမှန်ခြင်း၊
(၅) နာပျော်ဖွယ်ရှိခြင်း၊
(၆) သန့်ရှင်းပြေပြစ်ခြင်း၊
(၇) ကျစ်လျစ်သော စကားရှိခြင်း၊
(၈) တရားအရာ၌ လိမ္မာခြင်း၊ ♦သုခမှတ်စု

တရားသူကြီးအင်္ဂါ ၈-ပါး

ဝိနိစ္ဆယရာသီ
(၁) အမျိုးမြတ်ခြင်း၊
(၂) သီလရှိခြင်း၊
(၃) ဂုဏ်ရှိခြင်း၊
(၄) သစ္စာမှန်ခြင်း၊
(၅) သူ၏စိတ်ကိုယူသကဲ့သို့ သာယာစွာဆိုခြင်း၊
(၆) ပြေပြစ်သောစကားကို ဆိုတတ်ခြင်း၊
(၇) စဉ်းလဲသောအမှုတို့တွင် လိမ္မခြင်း၊
(၈) တရားသူကြီးအဖြစ်ကို တစ်ပါးသူတို့ ဆောင်တတ်ခြင်း၊ ♦သုခမှတ်စု

တောရဆောက်တည်သူတို့၏ အကျိုး ၈-ပါး

(၁) ဘဝဒိဋ္ဌိပ္ပဟာန= ဘဝသည်မြဲ၏ ဟူသော သဿတဒိဋ္ဌိအယူကို ပယ်ရခြင်း၊
(၂) ဇီဝိတနိကန္တိပရိစ္စာဂ=အသက်၌ တပ်နှစ်သက်သောနိကန္တိကိုစွန့်ခြင်း၊
(၃) သဒါယုတ္တပယုတ္တ= အခါခပ်သိမ်း ဘာဝနာနှင့် ယှဉ်ခြင်း၊
(၄) ဝိသုဒ္ဓဇီဝတာ= စင်ကြယ်သော အသက်မွေးမှုရှိခြင်း၊
(၅) ဥဿုက္ကပဟာန= အမှုကြီးငယ်တို့၌ လုံ့လမပြုခြင်း၊
(၆) ဝိဂတဘယတာ= ကြောက်လန့်ခြင်းကင်းခြင်း၊
(၇) ခန္တီသောရစ္စပဋိလာဘ= သည်းခံခြင်း၊ ကောင်းသောအမှု၌ မွေ့လျော်ခြင်း၊
(၈) အရတိရတိသဟနတ= ကုသိုလ်၌ မမွေ့လျော်နိုင်ခြင်း၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းတို့ကို နှိမ်နင်းနိုင်ခြင်း၊ ♦သုခမှတ်စု

တန်ခိုးတော် ၈-ပါး

(၁) ကိုယ်တော်ကိုအဏုမြူပမာ ငယ်စွာ ဖန်ဆင်းတော်မူနိုင်ခြင်း၊
(၂) ရေပြင် မြေ မိုးပျံလျှိုးငုံ့တွားသွားတာ်မူနိုင်ခြင်း၊
(၃) မြင်းမိုရ်တောင်၏ အပြန်ရာထောင် စကြဝဠာနှင့်အမျှ ကြီးအောင် ဖန်ဆင်းတော်မူနိုင်ခြင်း၊
(၄) စကြဝဠာတစ်ခုလုံးကို ဖီလာထုတ်ချောက်ဟင်းလင်း ပေါက်အောင်ဖန်ဆင်း နိုင်ခြင်း၊
(၅) မနောဓိဋ္ဌာန် စိတ်တော်ကြံတိုင်း ပြီးမြောက်ခြင်း၊
(၆) သုံးဆယ့်တစ်ဘုံ့ကိုအုပ်စိုး နှိမ်နင်းတော် မူနိုင်ခြင်း၊
(၇) စျာန်တရားတို့ကို အမြဲမပြတ်လေ့လာတော်မူနိုင်ခြင်း၊
(၈) အသက်မရှိသော မြင်းမိုရ်တောင် စသည်တို့က အလိုရှိလျှင် ရွှေဖဝါးအောက်သို့ ညွတ်ငိုက်လာရခြင်း၊ ♦သုခမှတ်စု

တံပိုးမျိုး ၈-ပါး

(၁) ဒုလောင်၊
(၂) ခရာကောက်၊
(၃) ခရာမြွာ၊
(၄) လက်တံရှည်၊
(၅) တုလ၊
(၆) နှဲ၊
(၇) ပြွေ၊
(၈) ဖက်လိပ်၊ ♦သုခမှတ်စု

ထီးတော် ၈-စင်း

(၁) ကနကရဒဏ်၊
(၂) သူရိယ၊
(၃) ပဒုမ၊
(၄) သမ္မုတိ=(လက်ဝဲ၊)
(၅) တမု၊
(၆) စန္ဒ၊
(၇) ကုမုဒ၊
(၈) ဝိသကြုံ=(လက်ယာ)၊ လက်ဝဲကားမင်းဆောင်း၏၊ လက်ယာကား မိဖုရားဆောင်း၏၊ ♦သုခမှတ်စု

ထီးလှူသောအကျိုး ၈-ပါး

(၁) အချမ်းမရှိခြင်း၊
(၂) အပူမရှိခြင်း၊
(၃) အညစ်အကြေးကင်းခြင်း၊
(၄) ဘေးရန်မရှိခြင်း၊
(၅) စိုးရိမ်ကြောင့်ကြမရှိခြင်း၊
(၆) သူခပ်သိမ်းတို့ ရိုသေခြင်း၊
(၇) နူးညံ့သောကိုယ်ရှိခြင်း၊
(၈) နူးညံ့သော စိတ်ရှိခြင်း၊ ♦သုခမှတ်စု

ဒါနအပြား ၈-ပါး

အဋ္ဌအင်္ဂုတ္တိုရ်
(၁) ဆန္ဒဒါန=ချစ်သောအားဖြင့် ပေးလှူခြင်း၊
(၂) ဒေါသဒါန= အမျက်ထွက်၍ ပေးလှူခြင်း၊
(၃) မောဟဒါန=ကံ,ကံ၏အကျိုးကို မသိသောအားဖြင့် ပေးလှူခြင်း၊
(၄) ဘယဒါန= ကဲ့ရဲ့မည့်ဘေး အပါယ်ဘေးမှ ကြောက်၍ လှူခြင်း၊
(၅) ကုလဝံသဒါန=ငါတို့ဘိုးဘွား မိဘမှ ဆင်းသက်၍ အစဉ်အလာ ကိုးကွယ်သောပုဂ္ဂိုလ်၊ ဆွေမျိုးဉာတကာ တော်သော ပုဂ္ဂိုလ်၊ ထိုပုဂ္ဂိုလ်ကို မလှူဘဲ မနေထိုက်ဟု နှလုံးသွင်း၍ပေးလှူခြင်း၊
(၆) သဂ္ဂလောကဒါန=နတ်ပြည်သို့ရောက်ခြင်းငှာ ပေးလှူခြင်း၊
(၇) သောမနဿဒါန= စိတ်ကို နှစ်သက် ဝမ်းမြောက်ခြင်းငှာ ပေးလှူခြင်း၊
(၈) စိတ္တာလင်္ကာရဒါန= စိတ်ကို ဝိပဿနာ တန်ဆာဆင်၍ ပေးလှူခြင်း၊ ♦သုခမှတ်စု

ဒါနအပြား ၈-ပါး

(၁) အာသဇ္ဇဒါန=ရောက်ဆဲခဏ၌ပေးလှူခြင်း၊
(၂) ဘယဒါန= သူတစ်ပါးတို့ ကဲ့ရဲ့ရှုပ်ချခြင်းဘေး၊ အပါယ်ဘေးတို့ကို ကြောက်ရွံ့၍ ပေးလှူခြင်း၊
(၃) အတီတာပေက္ခဒါန= ငါ့အားပစ္စည်းဝတ္ထုကိုပေးဖူးသောသူဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
(၄) အနာဂတာပေက္ခာ ဒါန= “ပုဂ္ဂိုလ်အား ယခုလှူလျှင် နောင် ငါ့အားတစ်စုံတစ်ခုသောဝတ္ထုပေးလတ္တံ့ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
(၅) သာဟုဒါန=ဒါနဟူသည် ပညာရှိတို့ချီး မွမ်းအပ်သောကြောင့် ကောင်း၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
(၆) နာရဟဒါန= စားနိုင်သောသူသည် မစားနိုင်သောသူအား(မစားရသူအား) မပေးဘဲ မနေထိုက်ဟု ပေးလှူခြင်း၊
(၇) အဗ္ဘုဂ္ဂစ္ဆဒါန= “အလှူကို လှူသည်ရှိသော် ကောင်းသော ကျော်စောသံသည်လွှမ်းမိုး၍ တက်လတ္တ့ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
(၈) စိတ္တာလင်္ကာရဒါန= ဝိပဿနာစိတ်၏ တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း၊ ♦သုခမှတ်စု

ဒုက္ခ ၈-ပါး

(၁) ဇာတိဒုက္ခ= ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊
(၂) ဇရာဒုက္ခ= အိုမင်းရင့်ရော်ရခြင်း ဆင်းရဲ၊
(၃) ဗျာဓိဒုက္ခ= နာမကျန်းဖြစ်ရခြင်း ဆင်းရဲ၊
(၄) မရဏဒုက္ခ= စုတေလွန်ရခြင်း ဆင်းရဲ၊
(၅) အပိယေဟိ သမ္ပယောဂဒုက္ခ= မချစ်မနှစ်သက်အပ်သော သတ္တဝါနှင့်အတူ ကြုံရခြင်းဆင်းရဲ၊
(၆) ပိယေဟိဝိပ္ပယောဂဒုက္ခ= ချစ်နှစ်သက်အပ်သူနှင့်ကွဲနေရခြင်း ဆင်းရဲ၊
(၇) ယံပိစ္ဆံ န လဘတိဒုက္ခ=လိုသည့်အရာကို မရသော ဆင်းရဲ၊
(၈) ပဉ္စုပါဒါနက္ခန္ဓဒုက္ခ= ခန္ဓာငါးပါး ဖြစ်ပေါ်နေရခြင်း ဆင်းရဲ၊ ♦သုခမှတ်စု

နိုင်ငံကျယ်ခြင်းအကြောင်း ၈-ပါး

(၁) စစ်၏ခေါင်း မည်သော စစ်သူကြီးရှိသည်၊
(၂) စစ်၏ မျက်စိမည်သော ဟူးရားတပ်ရှိသည်၊
(၃) စစ်၏ နားမည်သော လိမ္မာသောသူလျှိုရှိသည်၊
(၄) စစ်၏ အားမည်သော ဗိုလ်ပါများရှိသည်၊
(၅) စစ်၏ ခံတွင်းမည်သော လိမ္မာသောတမန်ရှိသည်၊
(၆) စစ်၏ အစွယ်မည်သော အမတ်သူရဲကောင်းရှိသည်၊
(၇) စစ်၏ အခြေမည်သော ခြေသည် သူရဲကောင်းရှိသည်၊
(၈) စစ်အင်္ဂါမည်သော မြင်းကောင်း ဆင်ကောင်း လက်နက်ကောင်း ရှိသည်၊ ♦သုခမှတ်စု

နတ်သမီး ၈-ပါး

(၁) သူရဿတီ= ပိဋကတ်သုံးပုံနှင့် ဗေဒင်လေးပုံကို စောင့်ရှောက်သည်၊
(၂) နန္ဒာဒေဝီ= အကြင်လူတို့သည် အိပ်ခြင်း နေခြင်း သင့်မသင့်ကို ကြည့်ရှုမ,စရ၏၊
(၃) မနောဟရီ= ထီးဖြူ ရထား ထမ်းစင် သံလျှင်း အိမ် နန်းပြာသာဒ် စသော လူတို့နေရာ အရပ်ရပ်ကို စောင့်ကြပ် ကြည့်ရှုရသည်၊
(၄) ဖုသာကီ =စစ်ထွက်ခြင်း၊ ခရီးသွားခြင်း၊ လှေသင်္ဘော သွားခြင်းတို့ကို စောင့်ရှောက် ကြည့်ရှုရသည်၊
(၅) ရမ္မာဒေဝ= အကြင်နတ်သမီး ကညာလုလင်ပျိုတို့၏ မသင့်တင့်သော အကြောင်းတို့ကိုဖျက်ဆို၍ ကောင်းအောင် စောင့်ရှောက်ရ၏၊
(၆) ကာလဒေဝီ= စပါးစသော အသီးအနှံ ဟူသမျှတို့ကို မပျက်စီးအောင် စောင်မကြည့်ရှုရသည်၊
(၇) ဂန္ဓပ္ပိ=သတ္တရဘန် တောင်စဉ်ခုနစ်ထပ်ကို ကြည့်ရှုရ၏၊
(၈) ပိနတ္တရီ= မင်္ဂလာဟူသမျှကို ကြည့်ရှုစောင်မရသည်၊ ♦သုခမှတ်စု

နှာလှူသော အကျိုး ၈-ပါး

(၁) သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊
(၂) သီလ တရားနှင့် ပြည့်စုံခြင်း၊
(၃) မကောင်းမှုမှ ရှက်ခြင်း၊
(၄) မကောင်းမှုမှ ကြောက်လန့်ခြင်း၊
(၅) အကြားအမြင်များခြင်း၊
(၆) ပေးကမ်းစွန့်လှူခြင်း ရှိခြင်း၊
(၇) သည်းခံခြင်းရှိခြင်း၊
(၈) ပညာအမြော်အမြင်နှင့် ပြည့်စုံခြင်း၊ ♦သုခမှတ်စု

ပဒ ဒေါသ ၈-ပါး

(၁) ဝိရုဒ္ဓတ္ထန္တရ ဒေါသ= မလိုအပ်သောအနက်ထူးဖြင့် ဆန့်ကျင်၍ ဆိုခြင်း၊
(၂) အဓျတ္ထဒေါသ= မတန်မရာ ဂုဏ်ကြီးနှင့် ချီးမွမ်း၍ ဝိသေသန လွန်ခြင်း၊
(၃) ကိလိဋ္ဌဒေါသ= သဒ္ဒါ ရေးအားဖြင့်အနက်ကိုအသိခက်အောင်ဆိုခြင်း၊
(၄) ဝိရောဓဒေါသ= ဒေသ၊ ကာလ၊ တီးမှုတ်မှုစသည်တို့၌ ဆန့်ကျင်ခြင်း၊
(၅) နေယျဒေါသ=ပုဒ်တစ်ပါးကိုဆောင်မှ အနက်အဓပ္ပိာယ်ကုသိ ရိခြင်း၊
(၆) ဝိသေသနာ ပေက္ခဒေါသ=ဝိသေသနတစ်ပါးကို ငြဲ့ခင်း၊
(၇) ဟီနတ္ထဒေါသ= ဂုဏ်ငယ်၍ ဂုဏ္တေကြီးသောကြောင့် ယုတ်သော အနက်ရှိခြင်း၊
(၈) အနတ္ထဒေါသ= အနက် အဓိပ္ပာယ်မရှိဘဲ ပုဒ်ပြည့်ရုံမျှဆိုခြင်း၊ ♦သုခမှတ်စု

ပရိက္ခ ၈-ပါး

(၁) သင်းပိုင်= ခါးဝတ်သင်္ကန်း၊
(၂) ဧကသီ= အပေါ်ရုံသင်္ကန်း
(၃) ဒုကုဋ်= နှစ်ထပ်သင်္ကန်းကြီး၊
(၄) သပိတ်၊
(၅) သင်ဓုန်း၊
(၆) အပ်၊
(၇) ခါးပန်းကြိုး၊
(၈) ရေစစ်၊ ♦သုခမှတ်စု

ပုလဲ ၈-မျိုး

(၁) ဟယမုတ္တ= မြင်းနှင့်တူသော ပုလဲ၊
(၂) ဂဇမုတ္တ= ဆင်နှင့်တူသော ပုလဲ၊
(၃) ရထမုတ္တ= ရထားနှင့်တူသော ပုလဲ၊
(၄) အာမလကမုတ္တ= သျှိသျှားသီး နှင့်တူသော ပုလဲ၊
(၅) ဝလယမုတ္တ= လက်ကောက်နှင့်တူသော ပုလဲ၊
(၆) အင်္ဂုလိဝေဓမုတ္တ= လက်စွပ်နှင့်တူသော ပုလဲ၊
(၇) ကကုဖေလမုတ္တ= ရေခံတက်သီးနှင့်တူသော ပုလဲ၊
(၈) ပကတိမုတ္တ= ပြကတေ့သဘောရှိ ပုလဲ၊ ♦သုခမှတ်စု

ပုလဲ ၈-မျိုး

(၁) ဟတ္ထိကုမ္ဘ= ဆင်ဦးကင်း၌ဖြစ်သောပုလဲ၊
(၂) ဝရာဟဒါဋ္ဌ=ဝင်္ကစွယ်၌ဖြစ်သော ပုလဲ၊
(၃) ဝလာဟက= တိမ်တိုက်၌ဖြစ်သော ပုလဲ၊
(၄) ဝေဠု=ဝါး၌ဖြစ်သော ပုလဲ၊
(၅) မစ္ဆသီရ= ငါးဦးခေါင်း၌ဖြစ်သော ပုလဲ၊
(၆) ဘုဇင်္ဂသီသ= မြွေဦးခေါင်း၌ဖြစ်သော ပုလဲ၊
(၇) သင်္ခါ= ခရုသင်း၌ဖြစ်သော ပုလဲ၊
(၈) သိပ္ပိ= ယောက်သွား၌ဖြစ်သော ပုလဲ၊ ♦သုခမှတ်စု

ပုလဲမျိုး ၈-ပါး

(၁) ဂဇမုတ္တာ = ရွှေအသားကဲ့သို့ အဆင်း ရှိခြင်း၊
(၂) သူကရမုတ္တ= ဝက်စွယ်၏ အရောင်ကဲ့သို့ရှိခြင်း၊
(၃) ဘုဇင်္ဂသီသမုတ္တာ= အနီမျိုး တစ်ပြုံးရှိသည်၊
(၄) ဝလာဟကမုတ္တာ= တိမ်မှဖြစ်သည်၊ မှောင်မျိုးကို ပျောက်စေတတ်၏၊
(၅) မစ္ဆာ မုတ္တာ= ငါးဖယ်ကျောက်ကုန်းကဲ့သို့ ဆတ်ဆတ်ခုန်တတ်၏၊ အရောင်လျှပ်လျှပ် ရှိ၏၊ အလုံးကား ကလောသီးခန့် ရှိသည်၊
(၆) သင်္ခမုတ္တ= ခရုသင်း ဝမ်းရေးကဲ့သို့လျှပ်လျှပ်ရှီသည်၊ အလုံးကား ၎င်းနည်း၊
(၇) သိပ္ပိမုတ္တာ= အရည်တွေတွေရှိသည်၊ ပင်လယ်၌ရ၏၊
(၈) ဝေဠုမုတ္တာ= ဝါးမှထွက်သည်၊ အဆင်း ကြာဖက်သဏ္ဌာန်ရှိ၏၊ ♦သုခမှတ်စု

ပုလဲမျိုး အရောင် ၈-ပါး

(၁) ဝီရောဇမုတ္တာ= အထွေထွေ အရောင် အဆင်းရှိသည်၊
(၂) ဝင်္သမုတ္တာ= ကျေး၏ အရောင်ကဲ့သို့ရှိသည်၊
(၃) ပသသျှမုတ္တ= ပြိုးပြိုးပြက် တစ်ခဲနက်အရောင်ရှိသည်၊
(၄) ရဇတမုတ္တာ= ငွေ၏ အရောင်အဆင်း ရှိသည်၊
(၅) သုဝဏ္ဏမုတ္ထာ = ရွှေ၏ အရောင်အဆင်း ရှိသည်၊
(၆) နလီ မုတ္တ= ညိုသော အရောင်အဆင်းရှိသည်၊
(၇) ပီတမုတ္တာ= ရွှေသော အရောင်အဆင်းရှိသည်၊
(၈) ကဏှမုတ္တာ= မည်းသော အရောင်အဆင်းရှိသည်၊ ♦သုခမှတ်စု

ပဲခွပ်လှူရသော ၈-ပါး

(၁) ရဲရင့်ခြင်း၊
(၂) ကြောက်ရွံ့ခြင်းမှကင်းခြင်း၊
(၃) ဝေသာရဇ္ဇဉာဏ်ရခြင်း၊
(၄) တည်ကြည်ခြင်း၊
(၅) လုံ့လဝီရိယရှိခြင်း၊
(၆) အခါခပ်သိမ်း အားထုတ်သောစိတ်ရှိခြင်း၊
(၇) ကိလေသာကို ဖြတ်တောက်သောဉာဏ်ရခြင်း၊
(၈) သိမ်မွေ့နူးညံ့စင်ကြယ်သော ကိုယ်ရှိခြင်း၊ ♦သုခမှတ်စု

ပဉ္ဇင်းဖြစ်ခြင်း ၈-ပါး၊ ဥပသမ္ပဒါ ၈-ပါး

(၁) ဧဟိဘိက္ခုခေါ်တော်မူ၍ ပဉ္ဇင်းဖြစ်စေတတ်ခြင်း၊ (ဧဟိဘိက္ခုဥပသမ္ပဒ)၊
(၂) သရဏဂုံသုံးပါးဖြင့်သာ ဖြစ်စေခြင်း၊ (အနုညာတဥပသမ္ပဒ )၊
(၃) အဆုံးအမကို ခံသဖြင့် ဖြစ်စေခြင်း၊ (သြဝါဒ ပဋိဂ္ဂဟဏဥပသမ္ပဒ)၊
(၄) ပြဿနာကိုဖြေသဖြင့် ဖြစ်ခြင်း၊ (ပဥှာဗျာကရဏ ဥပသမ္ပဒ)၊
(၅) ဂရုဓမ္မတရား ၈-ပါးကိုခံသဖြင့် ဖြစ်စေခြင်း၊ (ဂရုဓမ္မ ပဋိဂ္ဂဟဏ)၊ ဥပသမ္ပဒ တရား ၈-ပါးကိုခံသဖြင့် ဖြစ်စေခြင်း၊
(၆) တမန်စေသဖြင့် ဖြစ်ခြင်း၊ (ဒူတေန ဥပသမ္ပဒ)၊
(၇) ဉတ်ကမ္မဝါစာ ၈-ကြိမ်ရွတ်သဖြင့် ဖြစ်ခြင်း၊ (အဋ္ဌဝါစိကဥပသမ္ပဒ)၊
(၈) ဉတ္တိစတုတ္ထကံဖြင့်ဖြစ်ခြင်း၊ (ဉတ္တိစတုတ္ထကမ္မ ဥပသမ္ပဒ)၊ ♦သုခမှတ်စု

ပညာရကြောင်း ၈-ပါး

(၁) အရွယ်ကောင်းခြင်း၊
(၂) အခြံအရံကောင်းခြင်း၊
(၃) မေးမြန်းခြင်း၊
(၄) အမြဲနေခြင်း၊
(၅) အသင့်နှလုံးသွင်းခြင်း၊
(၆) စကားဆွေးနွေးခြင်း၊
(၇) ချစ်သောသူကို မှီဝဲခြင်း၊
(၈) သင့်တင့်သောအရပ်၌ ဖြစ်ခြင်း၊ ♦သုခမှတ်စု

ပညာပွားကြောင်း တရား ၈-ပါး

(၁) အသက်အရွယ်ကြီးရင့်ခြင်း၊
(၂) မေးမြန်းခြင်း၊
(၃) အကြားအမြင်များခြင်း၊
(၄) အခြံအရံများခြင်း၊
(၅) ကောင်းသောနှလုံးရှိခြင်း၊
(၆) နှိုင်းယှဉ်ခြင်း၊
(၇) ချစ်သောသူတို့နှင့် ပေါင်းဖက်နေရခြင်း၊
(၈) တင့်အပ်သောအရပ်၌ နေရခြင်း၊ ♦သုခမှတ်စု

ပညာပွားရာသော အကြောင်းတရား ၈-ပါး

(၁) (သု) သုဏေယျ = ကြားနာရာ၏၊
(၂) (စိ) စိန္တေယျ=ကြံစည်ရာ၏၊
(၃) (ပု) ပုစ္ဆေယျ=မေးမြန်းရာ၏၊
(၄) (ဘာ) ဘာသေယျ=ပြောဆိုရာ၏၊
(၅) (ဝိ) ဝိစာရေယျ=စူးစမ်းဆင်ခြင်ရာ၏၊
(၆) (လိ) လိခေယျ=ရေးသားရာ၏၊
(၇) (သိ) သိက္ခေယျ=လေ့ကျင့်ရာ၏၊
(၈) (ဓာ) ဓာရေယျ=နှုတ်ငုံဆောင်ရာ၏၊ ♦သုခမှတ်စု

ပလ္လင် ၈-ခန်း

(၁) သီဟာသနပလ္လင်=ခြင်္သေ့ရုပ်ခံ၊ ယမနေသား၊ ပူဇော်ခံသည်၊ (မြေနန်းပြသာဒ်၌ရှိသည်)၊
(၂) ဟံသာသနပလ္လင်= ဟင်္သာရုပ်ခံ၊ သင်္ကန်း သား၊ ရတနာသုံးပါးပူဇော်သည်၊ (ဇေတဝန်ဆောင်တွင်း)၊
(၃) သင်္ခါသနပလ္လင်= ခရုသင်းခံ၊ သရက်သား၊ တရားနာသည်၊ (ဗောင်းတော်ဆောင်တွင်း)၊
(၄) ဘမရာသနပလ္လင်= ပိတုန်းခံ၊ ကရဝေးသား၊ စက်တော်ခေါ်သည်၊ (ဗြဲတိုက်ဆောင်တွင်း)၊
(၆) မယုရာသနပလ္လင်=ဥဒေါင်းခံ၊ ပေါက်သား၊ ဆင်မြင်းသိမ်းသည်၊ (မြောက် စမုတ်ဆောင်တွင်း)၊
(၇) မိဂါသနပလ္လင်= သမင်ခံသဖန်းသား၊ ဆွေးနွေးတိုင်ပင်သည်၊ (တောင်စမုတ်ဆောင်တွင်း)၊
(၈) ပဒုမာသနပလ္လင်=ပဒုမ္မာကြာခံ၊ ပိန္နဲသား၊ မိဖုရားများ ပူဇော်ရာခံသည်၊ (အနောက်ပွဲတက်ဆောင်တွင်း)၊ ♦သုခမှတ်စု

ပုဏ္ဏားမြတ်တို့၏ အကျင့် ၈-ပါး

(၁) ၈-ပါး၊ ဆယ်ပါး စသည့် ဥပုသ်ပြုခြင်း၊
(၂) အခါမလပ်ပှသ္စငီါးပါး၌ကိုယ်၌ မြဲခြင်း၊
(၃) ဖြောင့်ညီမှန်ကန်ခြင်း၊
(၄) အမျက်ဒေါသမရှိခြင်း၊
(၅) ဣန္ဒြေစောင့်ထိန်းခြင်း၊
(၆) သည်းခံခြင်း၊
(၇) မိမိ၏ ဇာတ်အတိုင်း အကျင့်မပျက်ခြင်း၊
(၈) သူတစ်ပါးကို မညှဉ်းဆဲခြင်း၊ ♦သုခမှတ်စု

ဗုဒ္ဓဟူးဂြိုဟ်ဟူသော အခေါ်ပရိယာယ် ၈-ပါး

(၁) ဗုဒ္ဓ၊
(၂) စန္ဒသုတ၊
(၃) ညေယျ၊
(၄) ဝိဗုဓော၊
(၅) ဗောဓန၊
(၆) ကုမာရ၊
(၇) ရာဇပုတ္တ၊
(၈) တာရာပုတ္တ၊ ♦သုခမှတ်စု

ဗျာဒိတ်ရရာ အင်္ဂါ ၈-ပါး

(၁) မနုဿတ္တ= လူစင်စစ်ဖြစ်ရခြင်း၊
(၂) လိင်္ဂသမ္ပတ္တိ= ယောကျ်ားစင်စစ်ဖြစရ်ခြင်း၊
(၃) ဟေတု= တိဟိတ်ပုဂ္ဂိုလ် ဖြစ်ရခြင်း၊
(၄) သတ္ထာရ ဒဿန= ဘုရားကိုလည်း ဖူးမြင်ရခြင်း၊
(၅) ပဗ္ဗဇ္ဇာ= ရသေ့ရဟန်းဖြစ်ရငြ်း၊
(၆) ဂုဏသမ္ပတ္တိ= စျာန်သမာပတ်နှင့် ပြည့်စုံရခြင်း၊
(၇) အဓိကာရော= ဘုရားဆုကိုလည်း တောင်းယူခြင်း၊
(၈) ဆန္ဒ= ဘုရားအဖြစ်ကို အလိုရှိသော ဆန္ဒရှိရခြင်း၊ ♦သုခမှတ်စု

ဘုရားလက်ထက် မြေလှုပ်ခြင်း ၈-ပါး

(၁) တောထွက်တော်မူသောအခါ၊
(၂) ဗောဓိပင်သို့ ကပ်တော်မူသောအခါ၊
(၃) ပုံသုကူပုဆိုး ကောက်တော်မူသောအခါ၊
(၄) ၎င်းကိုဖွပ်သောအခါ၊
(၅) ကာလဏရာမသုတ် ဟောတော်မူသောအခါ၊
(၆) ဂေါတမကသုတ် ဟောတော်မူသောအခါ၊
(၇) ဗြဟ္မဇာလသုတ် ဟောတော်မူသောအခါ၊
(၈) ဝေဿန္တရာဇာတ် ဟောတော်မူသောအခါ၊ ♦သုခမှတ်စု

ဘုရားလောင်းဖွားစက လက္ခဏဖတ်သော ပုဏ္ဏား ၈-ယောက်

(၁) ရာမပုဏ္ဏား၊
(၂) ဇေပုဏ္ဏား၊
(၃) လက္ခဏ ပုဏ္ဏား၊
(၄) မန္တကိ ပုဏ္ဏား၊
(၅) ယညပုဏ္ဏား၊
(၆) သုဘောဇပုဏ္ဏား၊
(၇) သုယာမပုဏ္ဏား၊
(၈) ကောဏ္ဍညပုဏ္ဏား၊ ♦သုခမှတ်စု

ဘုရားဟူသမျှ မတူကြရာ ၈-ပါး

(၁) အသက်တော်၊
(၂) အရပ်တော်၊
(၃) အမျိုးဇာတ်၊
(၄) ဒုက္ကရစရိယာ၊
(၅) ရောင်ခြည်တော်၊
(၆) တောထွက်တော်မူရာ စီးသောယာဉ်၊
(၇) ပွင့်တော်မူရာ ဗောဓိပင်၊
(၈) ပလ္လင်တော်၊ ♦သုခမှတ်စု

ဘိက္ခုနီမတို့၏ ဂရုဓမ္မတရား ၈-ပါး

(၁) အဝါတစ်ရာရှိသော ဘိက္ခုနီမသည် ယနေ့ပြုစသော ရဟန်းယောက်ျားအား ညွတ်တွားရိုသေရခြင်း၊
(၂) ရဟန်းယောက်ျားကင်းသော ကျောင်းရပ်၌ ဝါမကပ်ရခြင်း၊
(၃) လခွဲတစ်ကြိမ် ရဟန်းယောကျ်ားတို့အား နှစ်ပါးသော ဓမ္မတို့ကို တောင်းပန်ရခြင်း၊
(၄) ဝါကျွတ်သောအခါ ဥဘတောသံဃာ၌ ပဝါရဏာပြုရခြင်း၊
(၅) ပက္ခမာနတ်ကို နှစ်စဉ်မပြတ်ကျင့်ရခြင်း၊
(၆) သိက္ခမာန်အဖြစ်၌ နှစ်နှစ်တိုင်အောင်တည်ပြီးမှ ဥဘတောသံဃာ၌ ဥပသမ္ပဒကံဆောင်ရခြင်း၊
(၇) ရဟန်းယောက်ျားတို့အား ပရိယာယ်စကားမျှဖြင့်လည်း မဆဲရေးမမြည်တမ်းရခြင်း၊
(၈) ရဟန်းယောက်ျားတို့ ဟောကြားဆုံးမတိုင်း လိုက်နာရခြင်း၊ ♦သုခမှတ်စု

ဘုန်းတော် ၈-ပါး

(၁) အဏိမာ= ကိုယ်တော်ကို ငယ်အောင် ဖန်ဆင်းတော်မူနိုင်သော ဘုန်းတော်၊
(၂) မဟိမာ= ကိုယ်တော်ကို အလိုရှိတိုင်း ကြီးအောင် ဖန်ဆင်းတော်မူနိုင်သော ဘုန်းတော်၊
(၃) ပတမိးာ= အလိုရှိရာအရပ်သို့ ခဏခြင်း ကြွတော်မူနိုင်ခြင်း ဘုန်းတော်၊
(၄) လင်္ဃိမာ= ကိုယ်တော်ကို အလွန်လျင်မြန်ပေါ့ပါးစွာရှိအောင်ပြုစွမ်းနိုင်သော ဘုန်းတော်၊
(၅) ပါကမ္မ= အဆင်းအရောင် အမျိုးမျိုး ခဏခြင်းဖန်ဆင်းတော်မူနိုင်သော ဘုန်းတော်
(၆) ဣသိတာ= မိမိကိုယ်စိတ်၌လည်းကောင်း ဂိုဏ်းသံဃာ၌လည်းကောင်း လောကကြီးတစ်ခုလုံးကို အစိုးရသော ဘုန်းတော်၊
(၇) ဝသိတာ= စျာန်ဝင်စားရာ အဘိညာဉ်ဝင်စားရာတို့၌ ဝသီဘော်ငါးပါးကိုလျင်မြန်စွာ လေ့လာဝင်စားတော်မူနိုင်သော ဘုန်းတော်၊
(၈) ယတ္ထကာမာဝသာယိတာ=ဣဒ္ဓိဝိဓတန်ခိုး ဖန်ဆင်းရာ၌ အဓိဋ္ဌာန်သောအတိုင်း ကာလဌာနကို မလွန်ကျူးစေဘဲ ပြီးဆုံးတော်မူသော ဘုန်းတော်၊ ♦သုခမှတ်စု

မတိုင်ပင်အပ်သော ၈-ယောက်

(၁) ရာဂပြောသူ၊
(၂) ဒေါသပြောသူ၊
(၃) မောဟပြောသူ၊
(၄) မာနပြောသူ၊
(၅) လောဘကြီးသူ၊
(၆) ပျင်းရိသောသူ၊
(၇) တစ်ယောက်တည်း ကြံတတ်သူ၊
(၈) မိုက်သောသူ၊ ♦သုခမှတ်စု

မတိုင်ပင်အပ်သော အရပ် ၈-ပါး

(၁) မညီမညွတ်သောအရပ်၊
(၂) သဘင်အရပ်၊
(၃) လေထန်သောအရပ်၊
(၄) ဖုံးလွှမ်းရာအရပ်၊
(၅) နတ်တို့နေရာအရပ်၊
(၆) ခရီးလမ်း၊
(၇) စစ်မြေပြင်အရပ်၊
(၈) ရေခပ်ဆိပ်၊ ♦သုခမှတ်စု

မသွားလာအပ်သောမိန်းမမျိုး ၈-ယောက်

(၁) မာတုရက္ခိတ= အမိစောင့်သောမိန်းမ၊
(၂) ပိတုရက္ခိတ= အဘစောင့်သော မိန်းမ၊
(၃) မာတု ပိတုရက္ခိတ= မိဘနှစ်ပါးစုံစောင့်သော မိန်းမ၊
(၄) ဘာတုရက္ခိတ= မောင်ကြီး မောင်ငယ်စောင့်သော မိန်းမ၊
(၅) ဘဂိနိရက္ခိတ= ညီမ အစ်မ စောင့်သော မိန်းမ၊
(၆) ဉာတိရက္ခိတ=ဆွေမျိုးစောင့်သော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ= အနွယ်စောင့်သော မိန်းမ၊,
(၈) ဓမ္မရက္ခိတ= သီတင်းသုံးဖော်စောင့်သော မိန်းမ၊ ♦သုခမှတ်စု

မဟာသမုဒ္ဒရာ၏ အံ့ဖွယ် ၈-ပါး

(၁) အစဉ်အတိုင်း ရျိုင်းဝှမ်းခြင်း၊
(၂) ကမ်း ကိုမလွန်ခြင်း၊
(၃) အကောင်ပုပ်ကိုကမ်းသို့တင်ခြင်း၊
(၄) မြစ်ကြီး ငါးစင်းတို့ သမုဒ္ဒရာသို့ ရောက်လျှင်အမည်ကိုစွန့်ခြင်း၊
(၅) ယုတ်တက်ခြင်းမရှိခြင်း၊
(၆) တစ်ခုတည်းသော ဆားငန်ရည်ရှိခြင်း၊
(၇) ရတနာတို့၏ တည်ရာဖြစ်ခြင်း၊
(၈) ငါးကြီး ၈-စင်းနှင့် နတ်တို့၏ နေရာဖြစ်ခြင်း၊ ♦သုခမှတ်စု

မိုးရွာခြင်း အကြောင်း ၈-ပါး

(၁) နတ်တို့၏အာနုဘော်ကြောင့် ရွာခြင်း၊
(၂) နဂါးတို့၏အာနုဘော်ကြောင့် ရွာခြင်း၊
(၃) ဂဠုန်တို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၄) သစ္စာ၏အာနုဘော်ကြောင့် ရွာခြင်း၊
(၅) မာရ်နတ်၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၆) တန်ခိုးကြီးသူတို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၇) ဥတုညီညွတ်ခြင်းကြောင့် ရွာခြင်း၊
(၈) ကမ္ဘာပျက်လို၍ ရွာခြင်း၊ ♦သုခမှတ်စု

မဂ္ဂင် ၈-ပါး

(၁) သမ္မာဒိဋ္ဌိ= ကောင်းသောမြင်ခြင်း၊
(၂) သမ္မာသင်္ကပ္ပ= ကောင်းသောကြံခြင်း၊
(၃) သမ္မာဝါစာ= ကောင်းစွာဆိုခြင်း၊
(၄) သမ္မာကမ္မန္တ= ကောင်းသောပြုခြင်း၊
(၅) သမ္မာအာဇီဝ= ကောင်းသောအသက်မွေးခြင်း၊
(၆) သမ္မာ ဝါယာမ= ကောင်းသောအားထုတ်ခြင်း၊
(၇) သမ္မာသတိ= ကောင်းသော အောက်မေ့ခြင်း၊
(၈) သမ္မာသမာဓိ= ကောင်းသောတည်ကြည်ခြင်း၊ (တနည်း)
(၁) သမ္မာဒိဋ္ဌိ= သစ္စာလေးပါးတရားကို ကောင်းစွာမြင်ခြင်း၊
(၂) သမ္မာသင်္ကပ္ပေါ= ဝိတက်သုံးပါးမှကင်း၍ ကောင်းသော အကြံကို ကြံခြင်း၊
(၃) သမ္မာဝါစာ= ဝစီဒုစရိုက်လေးပါးမှကြဉ်၍ ကောင်းသောစကားကို ဆိုခြင်း၊
(၄) သမ္မာကမ္မန္တော= ကာယ ဒုစရိုက်သုံးပါးမှကြဉ်၍ ကောင်းသောအမှုလုပ်ခြင်း၊
(၅) သမ္မာအာဇီဝေါ= အဓမ္မိက ဝါဏိဇ္ဇငါးပါးမှကြဉ်၍ အသက်မွေးခြင်း၊
(၆) သမ္မာ ဝါယာမော= ကုသိုလ်တရားတို့ကို ဖြစ်အောင် လုံ့လပြုခြင်း၊
(၇) သမ္မာသတိ= နီဝရဏတရား စသည်တို့ကို အဖန်ဖန်အောက်မေ့ငြ်း၊
(၈) သမ္မာသမာဓိ= ကုသိုလ်တရားတို့ကို အာရုံ၌ တည်ကြည်မြဲမြံစွာ ထားနိုင်ခြင်း၊ ♦သုခမှတ်စု

မင်းကျင့်တရား ၈-ပါး

(၁) မယ်တော် ခမည်းတော်တို့၌ ကောင်းစွာကျင့်ခြင်း၊
(၂) သားတော် သမီးတော်တို့၌ ကောင်းစွာ ကျင့်ခြင်း၊
(၃) ဆွေတော်မျိုးတော် မှူးမတ် စသည်တို့၌ ကောင်းစွာကျင့်ခြင်း၊
(၄) ဆင် မြင်း ရဲမက် ဗိုလ်ပါတို့၌ ကောင်းစွာကျင့်ခြင်း၊
(၅) ရွာငယ် ရွာကြီးတို့၌ ကောင်းစွာကျင့်ခြင်း၊
(၆) တိုင်းနိုင်ငံ ဇနပုဒ်တို့၌ကောင်းစွာကျင့်ခြင်း၊
(၇) ရဟန်း ပုဏ္ဏားတို့၌ ကောင်းစွာကျင့်ခြင်း
(၈) သားငှက်တို့၌ ကောင်းစွာကျင့်ခြင်း၊ ♦သုခမှတ်စု

မင်းတိုင်ပင်အမတ်တို့၏ အင်္ဂါ ၈-ပါး

(၁) သုတ ဝါ= များသောအကြားအမြင်ရှိခြင်း၊
(၂) သီလဝါ= သီလသီတင်းရှိခြင်း၊
(၃) သူရော= ရဲရင့်ခြင်း၊
(၄) ဝိရဝါ= လုံ့လရှိခြင်း၊ (၆၅) သိဒ္ဓိကော= အမှုပြီးအောင် စီရင်နိုင်ခြင်း၊
(၆) ဗလ= စွမ်းအား သတ္တိရှိခြင်း၊
(၇) အလုဒ္ဓေါ= လောဘနည်းခြင်း၊
(၈) ပိယရူပ= ချစ်ဖွယ်သော အရောင်အဆင်းရှိခြင်း၊ ♦သုခမှတ်စု

မိန်းမတို့နှင့် နှိုင်းယှဉ်လောက်သောအရပ် ၈-ပါး

(၁) လမ်းဆုံလမ်းခွ၊
(၂) သစ်ပင်ရိပ်၊
(၃) ရေဆိပ်၊
(၄) တံတား၊
(၅) စျေးလယ်၊
(၆) မဏ္ဍပ်၊
(၇) ဇရပ်၊
(၈) သေတင်းကုပ်၊ ♦သုခမှတ်စု

မိန်းမလက် ၈-ပါး

(၁) မှိတံ= ပြုံးစစနဲ့ လုပ်ပြခြင်း၊
(၂) ဟာသော= အသံထွက်အောင် ရယ်ပြခြင်း၊
(၃) ဘယော= ကြောက်ဟန်ဆောင်ပြခြင်း၊
(၄) လဇ္ဇာ= ရှက်စနိုးဟန်ဆောင်ပြခြင်း၊
(၅) မန္ဒဝါစား= မပွင့်တပွင့်ပြောခြင်း၊
(၆) အဒေက္ခဏာ= မျက်စောင်းထိုးခြင်း၊
(၇) ရုဒါစ= ငိုခြင်း၊
(၈) “သံကလဟာ=ခနိုးခနဲ့ပြောခြင်း၊ ♦သုခမှတ်စု

မိန်းမများ လင်ကို မကြည်သောအခါ ၈-ပါး

(၁) လင်မွဲ၍သော်လည်းကောင်း၊
(၂) လင်မ္မာ၍သော်လည်းကောင်း၊
(၃) လင်သေရည်သောက်စား၍သော်လည်းကောင်း၊
(၄) လင်မိုက်မဲသောကြောင့်လည်းကောင်း၊
(၅) လင်ဖျင်း အ, သောကြောင့်လည်းကောင်း၊
(၆) လင်ပျင်းရိသောကြောင့်လည်းကောင်း၊
(၇) လင်အိုမင်းမစွမ်းရှိသောကြောင့်လည်းကောင်း၊
(၈) လင်က မိန်းမ၏ ကာမအလိုကို မပေးစွမ်းနိုင်သောကြောင့်လည်းကောင်း၊ ♦သုခမှတ်စု

မိန်းမမြတ်တို့၏ အကျင့် ၈-ပါး

(၁) သုသံဝိဟိတကမ္မန္တ= အိမ်တွင်း မူကိုကောင်းစွာစီရင်ခြင်း၊
(၂) သင်္ဂဟိတပရိဇန= အစေခံအခြွေအရံတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း၊
(၃) ဘတ္တုမနာပစရဏ= လင်၏ နှစ်လိုဖွယ်ကိုပြုခြင်း၊
(၄) သမ္ဘတာနုရက္ခဏ= လင်ရှာသော ပစ္စည်းတို့ကို ကောင်းစွာစောင့်ရှောက်ခြင်း၊
(၅) သဒ္ဓါသမ္ပန္န= ရတနာ သုံးပါးကို ယုံကြည်လေးမြတ်ခြင်း၊
(၆) သီလသမ္ပန္န= အကျင့်သီလနှင့် ပြည့်စုံခြင်း၊
(၇) စာဂသမ္ပန္န= ပေးကမ်းစွန့်ကြဲရာ၌ နှမြောတွန့်တိုစိတ် မရှိခြင်း၊
(၈) ပညာသမ္ပန္န= နောင်တမလွန် ချမ်းသာရေးအတွက် ပညာရှိခြင်း၊ ♦သုခမှတ်စု

မိန်းမမြတ် ၈-ယောက်

(၁) ထမင်း စားသောအခါ မိခင်ကဲ့သို့လုပ်မကျွေးသောမိန်းမ၊
(၂) လင်ကို အဝတ်အစားပြုပြင်တတ်သော မိန်းမ၊
(၃) လင်ကို မောင်ကဲ့သို့ ရိုသေတတ်သော မိန်းမ၊
(၄) ကျွန်မကဲ့သို့ လုပ်ကျွေးတတ်သော မိန်းမ၊
(၅) ဘေးရှိသောအခါ အတိုင်အပင်ရသော မိန်းမ၊
(၆) မွေ့လျော်ပျော်ဖွယ်ကို ပြုတတ်သော မိန်းမ၊
(၇) အရောင်အဆင်းပြုပြင်တတ်သော မိန်းမ၊
(၈) လင်၏ အလိုကိုလိုက်၍ သည်းခံနိုင်သော မိန်းမ၊ ♦သုခမှတ်စု

မြမျိုး ၈-ပါး

(၁) ဓူလီ= စိမ်းစိမ်းမွဲမွဲ ခဝဲပွင့်သဏ္ဌာန်ရှိသည်၊
(၂) ဓူလာ= စိမ်းစိမ်းပြာပြာ အဆင်းရှိသည်၊
(၃) ကွတ္တရာ= အရောင်အဆင်း ဝင်းဝင်းရှိသည့်စိမ်းသည်၊
(၄) သွာခါ= ကျေးတောင် အဆင်းသဏ္ဌာန်ရှိသည်၊
(၅) ကာလာ=အစိမ်းအတွင်း အမည်း ပြောက်ရှိသည်၊
(၆) ဝင်သ ဝတ်= အဆင်းဝင်း ဝင်းဟွန်းဟွန်း ရှိသည်၊
(၇) ခံမြ= ဝင်းဝင်းမှည့်မှည့် ရှိသည်၊
(၈) ကိတ္တပတ်= အဆင်း မိုးရေမြှုပ် အဖပ်ကဲ့သို့ ရှိသည်၊ ♦သုခမှတ်စု

မြေလှုပ်ခြင်းအကြောင်း ၈-ပါး

(၁) ရေကြောင့် လှုပ်ခြင်း၊
(၂) ဘုရားလောင်း ပဋိသန္ဓေနေ၍ လှုပ်ခြင်း၊
(၃) ဖွားတော်မူ၍ လှုပ်ခြင်း၊
(၄) ဘုရားဖြစ်တော်မူ၍ လှုပ်ခြင်း၊
(၅) ဓမ္မစကြာတရားဟော်တော်မူ၍ လှုပ်ခြင်း၊
(၆) အာယုသင်္ခါရ လွှတ်တော်မူသောအခါ၌ လှုပ်ခြင်း၊
(၇) မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်တော်မူ၍ လှုပ်ခြင်း၊
(၈) တန်ခိုးအာနုဘော်ကြီးသူတို့၏ တန်ခိုးကြောင့် လှုပ်ခြင်း၊ ♦သုခမှတ်စု

မြင်းဆိုးမြင်းယုတ် လက္ခဏ ၈-ပါး

(၁) ရှေ့သို့နှင်သော် နောက်သို့ ဆုတ်သည်၊ ရထားကို ကျောက်ကုန်းဖြင့် နောက်သို့ရွှေ့စေတတ်သည်တစ်ပါး၊
(၂) ရှေ့သို့နှင်သော် ခုန်လွှားသည်၊ ဝက်စွယ်ကို ချိုးတတ်သည်၊ လှံတံကို ချိုးတတ်သည် တစ်ပါး၊
(၃) ရှေ့သို့နှင်သော် ရထားဝက်စွယ်ကို နင်း၍ ချိုး တတ်သည်တစ်ပါး၊
(၄) ခရီး မဟုတ်ရာ သွားတတ်သည်တစ်ပါး၊
(၅) ရှေ့သို့နှင်သော် ပတတ်ရပ်တတ်သည်တစ်ပါး၊
(၆) ရှေ့သို့နှင်သော် နှင်တံဇက်ကြိုးတို့ကို ကိုက်ဖြတ်၍ ထွက်ပြေး တတ်သည်တစ်ပါး၊
(၇) ရှေ့သို့နှင်သော် ရှေ့ မတိုး နောက်မဆုတ် မြဲမြံစွာ ရပ်နေခြင်း တစ်ပါး၊
(၈) ရှေ့သို့ နှင်သော် ခြေကိုသာလှုပ်၍ နေခြင်းတစ်ပါး၊ ♦သုခမှတ်စု

မြင်းမင်္ဂလာ၏ ဖြူဆွတ်သောအင်္ဂါ ၈-ပါး

(၁) မျက်နှာ၊
(၂) အမြီး၊
(၃) လည်ဆံ၊
(၄) ရင်ဘတ်၊
(၅) ညာလက်၊
(၆) ဘယ်လက်၊
(၇) ညာခြေ၊
(၈) ဘယ်ခြေ၊ ♦သုခမှတ်စု

မြင်းမြတ်တို့၏ လက္ခဏာ ၈-ပါး

(၁) အမိအဘနှစ်ပါးစုံ အာဇာနည်ဝလာဟကစသော မြင်းကောင်းမြင်းမြတ်မျိုးမှန်သဖြင့် ဥဘတောသုဇာတဖြစ်ခြင်းတစ်ပါး၊
(၂) သိန္ဓဝဇနပုဒ်ဟူသော မြင်းကောင်း မြင်းမြတ်၏ဖြစ်ရာအရပ်၌ ဖြစ်သဖြင့်ဘူမသုဇာတ ဖြစ်ခြင်းတစ်ပါး၊
(၃) အစာမရွေး ကျွေးသမျှကိုစားခြင်း သုဘရတာ ဖြစ်သည်တစ်ပါး၊
(၄) မစင်ပုပ်ကိုစက်ဆုပ်ရွံရှာတတ်သောသဘော ရှိသည် တစ်ပါး၊
(၅) မွေ့လျော်ပျော်ပါးစွာ သွားလာတတ်သည်ဖြစ်၍ တစ်ပါးသော မြင်းတို့ကို မထိတ်လန့် စေတတ်သည်တစ်ပါး၊
(၆) မိမိအရှင် ဆုံးမရာ နာယူ၍ စဉ်းလဲ ကောက်ကျစ်ခြင်းမရှိခြင်းတစ်ပါး၊
(၇) အတွက်အကပ်မရှိ ဝန်ကိုဆောင်ယူ၍ ဖြောင့်စွာသွားခြင်းတစ်ပါး၊
(၈) အသက်ဆုံးသည့်တိုင်အောင် ခွန်အားမလျော့ခြင်းတစ်ပါး၊ ♦သုခမှတ်စု

ယောက်ျား မိန်းမတို့၏ နှောင်ဖွဲ့ခြင်းတရား ၈-ပါး

(၁) ရုဏ္ဏေန ဗန္ဓတိ= ကရုဏာသက်အောင် ငိုယို၍ နှောင်ဖွဲ့ခြင်း၊
(၂) ဟသိတေန ဗန္ဓတိ= ချစ်ကြည်အောင် ပြုံးရွှင်၍ နှောင်ဖွဲ့ခြင်း၊
(၃) ဘဏိတေန ဗန္ဓတိ= နားဝင်ချိုအောင် ပြောဆို၍ နှောင်ဖွဲ့ခြင်း၊
(၄) အာကပ္ပေန ဗန္ဓတိ= အဝတ်တန်ဆာ လှပစွာဖြင့် နှောင်ဖွဲ့ခြင်း၊
(၅) ဝနဘင်္ဂေန ဗန္ဓတိ= တောမှပန်းသစ်သီးစသည်တို့ဖြင့် နှောင်ဖွဲ့ခြင်း၊
(၆) ဂန္ဓေန ဗန္ဓတိ= မွှေး ရနံ့တို့ဖြင့် နှောင်ဖွဲ့ခြင်း၊
(၇) ရသေနဗန္ဓတိ= စားကောင်းသော အရသာတို့ဖြင့် နှောင်ဖွဲ့ခြင်း၊
(၈) ဖေဿန ဗန္ဓတိ= ကိုယ်အတွေ့ဖြင့် နှောင်ဖွဲ့ခြင်း၊ ♦သုခမှတ်စု

ယုံမှားခြင်း ၈-ပါး

ဓမ္မစကြာ
(၁) သတအရိကင်္ခတိ= ဘုရား၌ ယုံမှားခြင်း၊
(၂) ဓမ္မေကင်္ခတိ= တရားတော်၌ ယုံမှားခြင်း၊
(၃) သံဃေ ကင်္ခတိ= သံဃာတော်၌ ယုံမှားခြင်း၊
(၄) သိက္ခာယ ကင်္ခတိ= သိက္ခာ သုံးပါး၌ ယုံမှားခြင်း၊
(၅) ပုဗ္ဗန္တေ ကင်္ခတိ= ရှေ့အစွန်း၌ ယုံမှားခြင်း၊
(၆) အပရန္တေ ကင်္ခတိ= နောက်အစွန်း၌ ယုံမှားခြင်း၊
(၇) ပုဗ္ဗန္တာပရန္တေ ကင်္ခတိ= ရှေ့နောက်အစွန်း နှစ်ပါး၌ ယုံမှားခြင်း၊
(၈) ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု ကင်္ခတိ= “ဇာတိစသော အကြောင်းတရားတို့ကို စွဲ၍ဖြစ်ကုန်သော ဇရာမရဏ စသော အကျိုးတရားတို့၌ ယုံမှားခြင်း၊ ♦သုခမှတ်စု

ရသေ့ ၈-မျိုး

သမန္တစက္ခု
(၁) သပုတ္တဘရိယ= သားမယား မွေး၍ နေထိုင်သောရသေ့၊
(၂) ဥဉာစ္ဆ ရိယ= ကောကန်ယ်တလင်း၌ အလှူခံစားသောရသေ့၊
(၃) အဂ္ဂိပက္ကိက = ဆန်အလှူခံ၍ ချက်စားသောရသေ့၊
(၄) အသာမပါက= ဆွမ်းခံစားရသောရသေ့၊
(၅) အယမုဋ္ဌိက= သစ်ခေါက်ခွာစားသောရသေ့၊
(၆) ဒန္တိဝ ကရလိက= သစ်ခေါက်ကို ကိုက်စားသောရသေ့၊
(၇) ပဝတ္တဖလဘောဇန= သစ်သီးကို ပစ်ခြွေစားသောရသေ့၊
(၈) ပဏ္ဍပလာသိက= အလိုလိုကြွေသောသစ်သီးကို စားသောရသေ့၊ ♦သုခမှတ်စု

ရဟန်းတို့၏ ကုလဒူသက ၈-ပါး

(၁) သစ်သီးပေးခြင်း၊
(၂) ကသယ်မှုန့်ပေးခြင်း၊
(၃) ဒန်ပူပေးခြင်း၊
(၄) ဝါးပေးခြင်း၊
(၅) ဆေးကုပေးခြင်း၊
(၆) ဒါယကာတို့ အစေအပါးခံပြုခြင်း၊
(၇) ပန်းပေးခြင်း၊
(၈) မြေဖြူပေးခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့၏ အဓိပ္ပာယအလို ၈-ပါး

(၁) စာဝနာဓိပ္ပာယ= သာသနာတော်မှ ရွေ့လျောစေခြင်း၊
(၂) အက္ကောသာဓိပ္ပာယ= ဆဲရေးလိုခြင်း၊
(၃) ကမ္မဓိပ္ပာယ= ကံပြုလိုခြင်း၊
(၄) ဝုဋ္ဌာနဓိပ္ပာယ= အာပတ်မှ ထစေလိုခြင်း၊
(၅) ဥပေါသထဌပနာဓိပ္ပာယ= ဥပုသ်ကို ထားလိုခြင်း၊
(၆) ပဝါရဏာဌပနာဓိပ္ပာယ= ပဝါရဏာကို ထားလိုခြင်း၊
(၇) အနုဝိဇ္ဇနာဓိပ္ပာယ= မေးစိစစ်လိုခြင်း၊
(၈) ဓမ္မကထာဓိပ္ပာယ= တရားဟောလိုခြင်း၊ ♦သုခမှတ်စု

ရာဇဂုဏ် ၈-ပါး

(၁) သိကြားမင်းကဲ့သို့ကျင်ြ့ခင်း = သိကြားမင်းသည် နှိပ်တန်သည့် နတ်ကိုနှိပ်၍ ချီးမြှောက်တန်သည့်နတ်ကို ချီးမြှောက်သကဲ့သို့ ကျင်ြ့ခင်း၊
(၂) နေကဲ့သို့ ကျင်ြ့ခင်း = နေမင်းသည် ဖြည်းညင်းစွာမိုးရေကို ခန်းစေသကဲ့သို့ မင်းတို့သည်လည်း အခွန်အတုတ်ကို ဖြည်းညင်းစွာ တောင်းခံယူကုန်ရာသည်၊
(၃) လကဲ့သို့ ကျင်ြ့ခင်း = လပြည့်ဝန်းသည် မြင်မြင်သသူတို့အား ဝမ်းမြောက်ခြင်းကို ဖြစ်စေသကဲ့သို့ မင်းတို့သည်လည်း ရွှင်လန်း သာယာစွာ ပြောဆိုသဖြင့် မှူးမတ် ပြည်သူ ရှင်လူအပေါင်းတို့အား ဝမ်းမြောက်ခြင်းကို ဖြစ်စေရာသည်၊
(၄) လေကဲ့သို့ ကျင့်ခြင်း= လေသည် သတ္တဝါအပေါင်းတို့၏ ကိုယ်တွင်းသို့ဝင်၍ သွားသကဲ့သို့ ပြည့်ရှင်မင်းတို့သည်လည်း တိုင်းသူပြည်သားတို့၏ အမူအရာ ချမ်းသာဆင်းရဲကိုလည်းကောင်း၊ မိမိတို့၏ အကျိုးအပြစ်ကိုလည်းကောင်း ကိုယ်တိုင် လှည့်လည်၍ သို့မဟုတ် အမတ်သူလျှိုထား၍ သိအောင် ပြုကုန်ရာသည်၊
(၅) ယမမင်းကဲ့သို့ ကျင့်ခြင်း= ယမမင်းသည် မုန်းသူချစ်သူဟူ မရှိ၊ ရောက်လာသူအား ကံနှင့်လျော်စွာ စီရင်သကဲ့သို့ မင်းတို့သည်လည်းချစ်သူ မုန်းသူမရွေးဘဲ အမှုနှင့် လျော်ညီစွာ စီရင်ရာသည်၊
(၆) သမုဒ္ဒရာကဲ့သို့ကျင်ြ့ခင်း = သမုဒ္ဒရာသည် ရေကို မတောင့်တ သကဲ့သို့ ပြည့်ရှင်မင်းတို့သည်လည်း ဥစ္စာကို မတောင့်တဘဲ ထုံးစံရှိရာ ရထိုက်သမျှကိုသာ ခံယူကုန်ရာသည်၊
(၇) မြေကဲ့သို့ ကျင်ြ့ခင်း = မြေကြီးသည်သတ္တဝါအပေါင်းတို့၏ မှီခိုရာဖြစ်သကဲ့သို့ မင်းတို့သည်လည်း သင်္ဂဟ တရားလေးပါးဖြင့် ပြည်သူအပေါင်းတို့၏ မှီခိုရာဖြစ်အောင် ကျင့်ခြင်း၊
(၈) မိုးကဲ့သို့ကျင့်ခြင်း= မိုးသည် သတ္တဝါအပေါင်းတို့အား မိုးရေဖြင့် ရောင့်ရဲစေဘိသကဲ့သို့ မင်းတို့သည်လည်း အမှုထမ်းတို့အား မျိုးရိက္ခာ အဝတ်အစားတို့ဖြင့် ရောင့်ရဲစေရန် ကျင့်ဆောင်ရမည်၊ ♦သုခမှတ်စု

ရူပ်ပမာန (ရုပ်အသွင်) ၈-ပါး

(၁) အရှည်၊
(၂) အတို၊
(၃) အလုံး၊
(၄) အဝန်း၊
(၅) အနိမ့်၊
(၆) အမြင့်၊
(၇) ညီညွတ်ခြင်း၊
(၈) မညီညွတ်ခြင်း၊ ♦သုခမှတ်စု

ရူးသွပ်ခြင်း ၈-ပါး

(၁) ကာမုမ္မတ္တက= တဏှာရမ္မက်ဖြင့် ရူးသွပ်သောသူ၊
(၂) ကောဓုမ္မတ္တက = အမျက်ဒေါသဖြင့် ရူးသွပ်သောသူ၊
(၃) ဒိဋ္ဌုမ္မတ္တက= အယူဖောက်ပြန်ရူး သွပ်သောသူ၊
(၄) မောဟုမ္မတ္တက = မိုက်မဲသဖြင့် ရူး သွပ်သောသူ၊
(၅) ယက္ခုမ္မတ္တက= ဘီလူးဖမ်းစား၍ ရူးသွပ်သောသူ၊
(၆) ပိတ္တုမ္မတ္တက= သည်းခြေပျက်၍ ရူးသွပ် သောသူ၊
(၇) သုရုမ္မတ္တက= သေအရက် သောက်စား၍ ရူးသွပ်သောသူ၊
(၈) ဗျသနမ္မတ္တက= စည်းစိမ်ပျက်၍ ရူးသွပ်သောသူ၊ ♦သုခမှတ်စု

ရပ်ပြစ် ၈-ပါး

(၁) ငရဲ၊
(၂) တိရစ္ဆာန်၊
(၃) ပြိတ္တာ၊
(၄) အသညသတ်ဘုံ၊
(၅) သာသနာတွင်း ဣန္ဒြေချိုသူ၊
(၆) မိစ္ဆာဒိဋ္ဌိ၊
(၇) ပစ္စန္တရာဇ်၊
(၈) သာသနာပတွင် တိဟိတ်ပုဂ္ဂိုလ်၊ ♦သုခမှတ်စု

ရှစ်ပါးသီလ(အဋ္ဌင်္ဂသီလ)

(၁) ပါဏာတိပါတာဝေရမဏိ= သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ခြင်း၊
(၂) အဒိန္နာဒါန ဝေရမဏိ= သူ့ဥစ္စာခိုးခြင်းမှ ကြဉ်ရှောင်ခြင်း၊
(၃) အဗြဟ္မစရိယာ= မေထုန်မှီဝဲခြင်း ဟု ဆုအိပ်သော မမြတ်သော အကျင့်ကို ကြဉ်ရှောင်ခြင်း၊
(၄) မုသာဝါဒ= မုသားပြောဆိုခြင်းကို ကြဉ်ရှောင်ခြင်း၊
(၅) သုရာ မေရယမဇ္ဇပမာဒဋ္ဌာန= ယစ်မျိုးတို့ကို ကြဉ်ရှောင်ခြင်း၊
(၆) ဝိကာလဘောဇနာ ဝေရမဏိ= နေ့လွဲညစာစားခြင်းကို ကြဉ်ရှောင်ခြင်း၊
(၇) နစ္စ၊ ဂီတ၊ ဝါဒိတ၊ ဝိသုက၊ ဒဿန၊ မာလာဂန္ဓ၊ ဝိလေပန၊ ဓာရဏ၊ မဏ္ဍန၊ ဝိဘူသနဋ္ဌာနာ= ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်း၊ ၎င်း တို့ကို ကြည့်ရှုနားထောင်ခြင်း မှ ကြည်ရှောင်ခြင်း၊ ပန်း ပုန်ခြင်း၊ နံ့သာမှုန့်လိမ်းခြင်း၊ နံ့သာပျောင်းလိမ်းခြင်းမှကြဉ်ရှောင်ခြင်း၊
(၈) ဥစ္စာသယန မဟာသယနာ =မြင့်သောနေရာ(တစ်ထောင့်ထွာ ) မြတ်သောနေရာတို့၌အိပ်ခြင်း၊လျောင်းခြင်း၊ ထိုင်ခြင်းတို့ကို ရှောင်ခြင်း ♦သုခမှတ်စု

လောကဓံတရား ၈-ပါး

(၁) လာဘ= လာဘ်များခြင်း၊
(၂) အလာဘ= လာဘ်နည်းခြင်း၊
(၃) ယသ= အခြံအရံများခြင်း၊
(၄) အယသ= အခြံအရံနည်းခြင်း၊
(၅) နိန္ဒာ= ကဲ့ရဲ့ခြင်း၊
(၆) ပသံသာ= ချီးမွမ်းခြင်း၊
(၇) သုခ= ချမ်းသာခြင်း၊
(၈) ဒုက္ခ= ဆင်းရဲခြင်း၊ ♦သုခမှတ်စု

ဝါစင်္ဂ ၈-ပါး

(၁) နာမ်= အမည်ခေါ်ဝေါ်သမျှတို့ ဖြစ်သည်၊
(၂) နာမ်စား= အထက်ပါနာမ်၏ အစားသုံး သောစကား၊
(၃) နာမဝိသေသန= နာမ်၏ အကြောင်းအရာကို ဖော်ပြသောစကား၊
(၄) ကြိယာ= နာမ်၏ပြုလုပ်ခြင်းကိုပြသောစကား၊
(၅) ကြိယာဝိသေသန= ကြိယာ၏ အကြောင်းအရာကို ဖော်ပြသော စကား၊
(၆) ဝိဘတ်= ဝေဖန်ပိုင်းခြားခြင်း၊
(၇) သမ္ဗန္ဓ= ပုဒ်တို့ကိုဖြစ်စေ၊ ဝါကျတို့ကို ဖြစ်စေ ဆက်စပ်ခြင်း၊
(၈) အာမေဋိတ်= ရုတ်တရက် ထွက်သောစကား၊ ♦သုခမှတ်စု

ဝိသာခါ ရသောဆု ၈-ပါး

(၁) သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းခြင်း၊
(၂) အာဂန္တုရဟန်းအား ဆွမ်းလှူခြင်း၊
(၃) ခရီးသွားရဟန်းအား ဆွမ်းလှူခြင်း၊
(၄) ဖျားနာသောရဟန်းအား ဆွမ်းလှူခြင်း၊
(၅) ဖျားနာသော ရဟန်းကိုလုပ်ကျွေးသော ရဟန်းအား ဆွမ်းလှူခြင်း၊
(၆) ဖျားနာသော ရဟန်းအား ဆေးလှူခြင်း၊
(၇) အမြဲယာဂုလှူခြင်း၊
(၈) ဘိက္ခုနီသံဃာအား ရေသနုပ် သင်္ကန်း လှူခြင်း၊ ♦သုခမှတ်စု

ဝီထိ ၈-တန်

(၁) ရှေး ဦးစွာ ရသော အာဒိကမ္မိကဝီထိ၊
(၂) ဝိတက်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ၊
(၃) ဝိစာရကို ဆင်ခြင်သော ဝီထိ၊
(၄) ပီတိကို ဆင်ခြင်သည့် ဝီထိ၊
(၅) သုခကိုဆင်ခြင်သည့် ဝီထိ၊
(၆) ဧကဂ္ဂတာကိုဆင်ခြင်သည့် ဝီထိ၊
(၇) အပေါင်းကိုဆင်ခြင်သည့် ဝီထိ၊
(၈) သမာပတ္တိ ဝီထိ၊ ♦သုခမှတ်စု

ဝီရိယာရမ္ဘဟူသော အားထုတ်ခြင်း လုံ့လ ၈-ပါး

(၁) ခရီးသွားအပ်သော ကိစ္စရှိလျှက်ထိုကိစ္စကိုဖျောက်၍ လုံ့လပြုခြင်း၊
(၂) ခရီးရောက်သည်ဖြစ်၍ ပင်ပန်းလျက် အညောင်းအညာပြေအောင် မနေမူ၍ အားထုတ်ခြင်း၊
(၃) ပြုအပ်သော အမှုကိစ္စရှိသော် ထိုကိစ္စကိုထား၍ လုံ့လပြုခြင်း၊
(၄) အမှုကိစ္စပြီးဆဲဆဲလျက် အပန်းဖြေအောင်မနေ လုံ့လပြုခြင်း၊
(၅) တစ်စိုးတစ်စိ မအီမသာရှိလျက် ဖျောက်၍ လုံ့လပြုခြင်း၊
(၆) မကျန်း မ္မာရှိသောအခါ၌ ပကတိကျန်းမာအောင် မငံ့လင့်ဘဲလုံ့လပြုခြင်း၊
(၇) အစားအသောက်နည်းသဖြင့် ကိုယ်လက်ပေါ့ပါးသည်ကို အကြောင်း ပြု၍ လုံ့လ ပြုခြင်း၊
(၈) အစားအသောက်များ၍ ကိုယ်လက်မခန့် မကျန်းမာသည်ကို အကြောင်းပြု၍ လုံ့လပြုခြင်း၊ ♦သုခမှတ်စု

ဝိဇ္ဇာ ၈-ပါး

(၁) ပုဗ္ဗေနိဝါသဉာဏ်= ရှေး၌နေဖူးသော ခန္ဓာ အစဉ်ကိုသိတော်မူခြင်း၊
(၂) ဒိဗ္ဗစက္ခုဉာဏ်= နတ်မျက်စိကဲ့သို့ မြင်နိုင်ခြင်း၊
(၃) အသာဝက္ခယဉာဏ်= အာသဝေါတရားလေးပါးကင်းတော်မူခြင်း၊
(၄) ဣဒ္ဓိဝိဓဉာဏ်= တန်ခိုး ဖြင့်အထူးထူး အပြားပြား ဖန်ဆင်းနိုင်ခြင်း၊
(၅) ဒိဗ္ဗသောတ= နတ်တို့၏ နားကဲ့သို့ ကြားနိုင်ခြင်း၊
(၆) စေတောပရိယဉာဏ်= သူတစ်ပါးစိတ်အကြံကို သိတော်မူနိုင်ခြင်း၊
(၇) ဝိပဿနာဉာဏ်= ရုပ်နာမ်တရားတို့၌ လက္ခဏာယာဉ် သုံးပါးဖြင့် မြင်နိုင်ခြင်း၊
(၈) မနောမယိဒ္ဓိဉာဏ်= စိတ်လိုရာကို သိတော်မူခြင်း ♦သုခမှတ်စု

သပိတ်မှောက်ရာ အင်္ဂါ ၈-ပါး

(၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ= ရဟန်းတို့အား လာဘ်မရစေခြင်းငှာ လုံ့လပြုခြင်း၊
(၂) ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ= ရဟန်းတို့အား အကျိုးစီးပွားမရှိစေခြင်းငှာ လုံ့လပြုခြင်း၊
(၃) ဘိက္ခူနံ အဝါသာယ ပရိသက္ကတိ= ရဟန်းတို့အား မနေစေခြင်းငှာ လုံ့လပြုခြင်း၊
(၄) ဘိက္ခူနံ အက္ကောသတိ ပရိဘာသတိ= ရဟန်းတို့အားဆဲရေးဆိုမြည်ရေရွတ်ခြင်း၊
(၅) ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ= ဘုရားကျေးဇူးမဲ့ကိုဆိုခြင်း၊
(၇) ဓမ္မဿ အဝဏ္ဏံဘာသတိ= တရားကျေးဇူး မဲ့ကို ဆိုခြင်း၊
(၈) သံဃဿ အဝဏ္ဏံ ဘာသတိ= သံဃာကျေးဇူးမဲ့ကို ဆိုခြင်း၊ ♦သုခမှတ်စု

သမဏတဒြ (ရဟန်းတို့၏ကောင်းမြတ်ခြင်း) ၈-ပါး

သဋ္ဌိနိပါတ်သောနကဇာတ်
(၁) ဥစ္စာ စပါး မထားသိုဘဲ သူတစ်ပါး ချက်ပြုတ်ပြီးစေအပ်သော အစာအာဟာရကို ရှာမှီး၍မျှတခြင်း၊
(၂) အပြစ်ကင်းသော ဆွမ်းကိုသုံးဆောင်၍ တစ်စုံတစ်ခုသော ကိလေသာသည် မနှိပ်စက်၊
(၃) အေးငြိမ်းချမ်းသာသော ဆွမ်းကိုသုံးဆောင်၊ တစ်စုံတစ်ခုသော ကိလေသာသည် မနှိပ်စက်၊
(၄) ဒါယကာ ဒါယိကာမတို့၌မငြိတွယ်ဘဲ အရပ်ရပ်သို့ လှည့်လည်သွား နိုင်ခြင်း၊
(၅) မြို့ရွာကို မီးလောင်စေကာမူ ရဟန်းတို့၏ ဥစ္စာကို မီးမလောင်ခြင်း၊
(၆) တိုင်းနိုင်ငံအလုံး လုယူတိုက်ဖျက်သူပေါ်စေ၊ ရဟန်းတို့၏ ဥစ္စာကို မလုယက်နိုင်ခြင်း၊
(၇) ခိုးသားဓားပြတို့ ပိတ်ဆို့အပ်သောခရီးသို့လည်းကောင်း၊ အခွန်အကောက်ရှိသော အရပ်သို့လည်းကောင်း၊ သပိတ်သင်္ကန်းကိုယူဆောင်၍ ချမ်းသာစွာ သွားနိုင်ခြင်း၊
(၈) အကြင်အရပ်သို့ ဖဲသွားလိုသည်ရှိသော် ငဲ့ကွက်ငြိတွယ်မရှိ သွားနိုင်ခြင်း၊ ♦သုခမှတ်စု

သမဏသုခ(ရဟန်းတို့၏ချမ်းသာခြင်း) ၈-ပါး

အဋ္ဌသာလိနီအဋ္ဌကထာ
(၁) ဥစ္စာ စပါး သိမ်းဆည်းခြင်း မရှိသည်၏ အဖြစ်၊
(၂) အပြစ်မရှိသောဆွမ်းကို ရှာမှီးသည်၏ အဖြစ်၊
(၃) ငြိမ်းအေး ပြီးသောဆွမ်းကို သုံးဆောင်သည်၏ အဖြစ်၊
(၄) မင်းတို့၏ အခွန်အတုတ်မှ လွတ်ကင်းသည်၏ အဖြစ်၊
(၅) အဆောက်အဦးတို့၌ ကင်းသော ဆန္ဒရာဂရှိသည်၏ အဖြစ်၊
(၆) ခိုးသူလုယက်ခြင်းဘေးမှ ကင်းလွတ်သည်၏ အဖြစ်၊
(၇) မင်း၊ မင်းနှင့်စပ်သော အမတ်ကြီးတို့နှင့် ရောနှောခြင်းမရှိသည်၏ အဖြစ်၊
(၈) အရပ်လေးမျက်နှာတို့၌ အပိတ်အပင် အတားအဆီး မရှိသည်၏ အဖြစ်၊ ♦သုခမှတ်စု

သမာပတ် ၈-ပါး

(၁) ပဌမစျာန်= ရူပစျာန်၊
(၂) ဒုတိယစျာန်= ရူပစျာန်၊
(၃) တတိယစျာန်၊
(၄) စတုတ္ထစျာန်=၊
(၅) အာကာသာနဉ္စာယတနစျာန်၊
(၆) ဝိညာဏဉ္စယတနစျာန်၊
(၇) အာကိဉ္စညာယတနစျာန်၊
(၈) နေဝသညာနာသညာယတနစျာန်၊ (နိရောဓသမာပတ်တစ်ပါးကိုပါထည့်မူ ၉ ပါးဖြစ်၏)၊ ♦သုခမှတ်စု

သမီးပေးခြင်း ၈-ပါး

(၁) ဗြဟ္မာ= အမျိုးမြတ်၍ ပေးခြင်း၊
(၂) ဒဒေယာ= အသွင်းပေးမည်ဆို၍ ပေးခြင်း၊
(၃) ကရေယာ= အမှုလုပ်ဆောင်မည်ဆို၍ ပေးခြင်း၊
(၄) သူရာ= ခဲယဉ်းသောအမှုကို ထုတ်ဆောင်မည်ဆို၍ ပေးခြင်း၊
(၅) ဥဗ္ဘိဂ္ဂသာ= ထိတ်လန့်၍ ပေးခြင်း၊
(၆) ဘဋကာ= မှီခိုခ, ယမ်းနေထိုင်၍ ပေးခြင်း၊
(၇) အဗျာဓိတာ= အနာမှလွတ်စေမည်ဆို၍ ပေးခြင်း၊
(၈) သာမဿာ= သဘောတူ၍ ပေးခြင်း၊ ♦သုခမှတ်စု

သရဏဂုံသုံးပါးကို ခံယူဆောက်တည်ခြင်း၏အကျိုး ၈-ပါး

(၁) အရပ်ရှစ်မျက်နှာ၌ သူခပ်သိမ်းတို့၏ အပူဇော်ကိုခံရခြင်း၊
(၂) ထက်မြက်သောပညာရှိခြင်း၊
(၃) အလုံးစုံသော နတ်တို့ မိမိအလိသို့ လိုက်ရခြင်း၊
(၄) မနှိုင်းယှဉ်နိုင်သော စည်းစိမ် ချမ်းသာနှင့် ပြည့်စုံခြင်း၊
(၅) အဆင်းလှခြင်း၊
(၆) ခပ်သိမ်းသောသူတို့ ချစ်မြတ်နိုးခြင်း၊
(၇) ဖြစ်မိသော အဆွေခင်ပွန်းကို မပျက်စီးခြင်း၊
(၈) များမြတ်သော အခြံအရံရှိခြင်း၊ ♦သုခမှတ်စု

သာတွိကာဘာဝ ၈-မျိုး

(၁) ထမ္ဘ= မိမိအစွမ်းဖြင့် ကိုယ်စိတ်ခိုင်ခံ့ခြင်း၊
(၂) ပလယ= ထွက်သက်မျှကြွင်းအောင်မိန်းမောခြင်း၊
(၃) ရောမဉ္စ= ကြက်သီးမွေးညင်း ထခြင်း၊
(၄) သေဒ= ချွေးထွက်ခြင်း၊
(၅) အဿု= မျက်ရည်ကျခြင်း၊
(၆) ဝေပထု= ကိုယ်စိတ်တုန်လှုပ်ခြင်း၊
(၇) ဝေဝဏ္ဏ= အဆင်းဖောက်ပြန်ခြင်း၊
(၈) ဝိသရတာ= အသံပျက်ခြင်း၊ ♦သုခမှတ်စု

သူတစ်ပါးအသက်ကို သတ်သောသူ ၈-ယောက်

(၁) ဒေါသပြောသောသူသည် ဒေါသ၏အစွမ်းဖြင့်၊
(၂) ရာဂပြောသောသူသည် ရာဂ၏ အစွမ်းဖြင့်၊
(၃) မောဟ ပြောသောသူသည် မောဟ၏ အစွမ်းဖြင့်၊
(၄) မာနပြောသောသူသည် မာန၏အစွမ်းဖြင့်၊
(၅) လောဘပြောသောသူသည် လောဘ၏ အစွမ်းဖြင့်၊
(၆) အသက်မွေးခြင်း၌ ကြောင့်ကြစိုးရိမ်သောသူသည် အသက်မွေးမှုကြောင့်၊
(၇) မိုက်သောသူသည် မသိသည့်အစွမ်းဖြင့်၊
(၈) အစိုးရသောမင်းသည် ဆုံးမလိုသည်၏အစွမ်းဖြင့်၊ ♦သုခမှတ်စု

သေခြင်းတရား ၈-ပါး၊ အနာရောဂါ ၈-ပါး

မိလိန္ဒပဥှာပါဠိတော်
(၁) ဝါတသမုဋ္ဌာနေန= လေပျက်ခြင်းကြောင့် သေရခြင်း၊
(၂) ပိတ္တသမုဋ္ဌာနေန၏ သည်းခြေပျက်ခြင်းကြောင့် သေရခြင်း၊
(၃) သေမှသမုဋ္ဌာနေန= သလိပ်ပျက်ခြင်းကြောင့် သေရခြင်း၊
(၄) သန္နိပါတိကေန= လေ သည်း ခြေ သလိပ်သုံး ပါးလုံး ပျက်စီး၍ သေရခြင်း၊
(၅) ဥတုဝိပရိဏာမေန= ဥတုဖောက်ပြန်ပြောင်းလဲ၍ သေရခြင်း၊
(၆) ဝိသမပရိဝာနေန= ကိုယ်ကိုမညီမညွတ်မအောင် လုပ်ခြင်းကြောင့်လည်းကောင်း၊
(၇) သြပကမရိကေန= ကိုယ့်လုံ့လ သူ့လုံ့လကြောင့် သေအောင်ပြု၍လည်းကောင်း၊
(၈) ကမ္မဝိပါကေန= အကုသိုလ်ကံကြောင့် ပျက်စီးသေရခြင်း၊ ♦သုခမှတ်စု

သင်္ကန်းလှူခြင်း အကျိုး ၈-ပါး

(၁) အဆင်းလှခြင်း၊
(၂) မြူအညစ်အကြေးကင်းခြင်း၊
(၃) အရောင်အဝါရှိခြင်း၊
(၄) တန်ခိုးအာနုဘော်ရှိခြင်း၊
(၅) သိမ်မွေ့သောကိုယ် ရှိခြင်း၊
(၆) ဖြူသော အဝတ်ပုဆိုးရှိခြင်း၊
(၇) ရွှေသော အဝတ်ပုဆိုးရှိခြင်း၊
(၈) နီသော အဝတ်ပုဆိုး ရှိခြင်း ♦သုခမှတ်စု

သချင်္ာကြီး ၈-ပါး

(၁) သတကောဋိ= ကုဋေတစ်ရာ ၁ နောက်မှ သုည ၉ လုံးရှိသော သချင်္ာအရေအတွက်၊
(၂) ပကောဋိ= ၁ နောက်မှ သုည ၁၄ လုံးရှိသော သချင်္ာအရေအတွက်၊
(၃) ကောဋိပ္ပကောဋိ= ၁ နောက်မှ သုည ၂၁ လုံးရှိသော သချင်္ာအရေအတွက်၊
(၄) နဟုတ= ၁ နောက်မှ သုည ၂၈ လုံးရှိသော သချင်္ာအရေအတွက်၊
(၅) နိန္နဟုတ= ၁ နောက်မှ သုည ၃၅ လုံးရှိသော သချင်္ာ အရေအတွက်၊
(၆) နိရဗ္ဗုဒ= ၁ နောက်မှ သုည ၃၆ လုံးရှီသော သချင်္ာ အရေအတွက်၊
(၇) အက္ခောဘိဏီ= ၁ နောက်မှ သုည ၄၂ လုံးရှိသော သချင်္ာ အရေအတွက်၊
(၈) အသချေင်္ယ= ၁ နောက်မှ သုည ၁၄၀ လုံးရှိသော သချင်္ာ အရေအတွက်၊ ♦သုခမှတ်စု

သေက္ခ, အသေက္ခပုဂ္ဂိုလ် ၈-ယောက်

(၁) သောတပတ္တိမဂ်၊
(၂) ၎င်းဖိုလ်၊
(၃) သကဒါဂါမိမဂ်၊
(၄) ၎င်းဖိုလ်၊
(၅) အနာဂါမိမဂ်၊
(၆) ၎င်းဖိုလ်၊
(၇) အရဟတ္တမဂ်၊ ၎င်းတို့သည် သေက္ခပုဂ္ဂိုလ် ၇ ယောက်၊ သေက္ခ= ကိလေသာတို့ကို သုတ်သင်ဆဲ၊
(၈) အရဟတ္တဖိုလ်= အသေက္ခပုဂ္ဂိုလ်၊ ကိလေသာတို့ကိုသုတ်သင်ပြီး၊ ♦သုခမှတ်စု

သတ္တုဓာတ် ၈-ပါး

(၁) ရွှေ၊
(၂) ငွေ၊
(၃) ကြေးနီ၊
(၄) ကြေးဝါ၊
(၅) သံဖြူ၊
(၆) ခဲ၊
(၇) သံ၊
(၈) သံမဏိ၊ ♦သုခမှတ်စု

သဒ္ဒ (အသံ) ၈-ပါး

(၁) ဥပါတ္တ မဟာဘတူ ဟေတကု = ဉာဏသတ္တိရှိသောသတ္တဝါတို့မှ ဖြစ်ခြင်း၊
(၂) အနုပါတ္တ မဟာဘူတ ဟေတုက= ဉာဏသတ္တိမရှိသော အရာဝတ္ထုတို့မှ ဖြစ်ခြင်း၊
(၃) သတွချာ= သတ္တဝါတို့မှဖြစ်ခြင်း၊
(၄) အသတွာချ= ဥတုဖြစ်သော မိုးလေစသော အသံ၊ “လေးပါးတွင် မနောဇနှင့် အမနောဇဟု နှစ်ပါးစီရှိ၍ အသံပေါင်းရှစ်ပါး ဖြစ်၏၊ ♦သုခမှတ်စု

သဒ္ဒါကြီး ၈-စောင်

(၁) သန္ဓိ၊
(၂) နာမ်၊
(၃) ကာရက၊
(၄) သမာသ်၊
(၅) တဒ္ဓိတ်၊
(၆) အာချာတ်၊
(၇) ကိတ်၊
(၈) ဥဏာဒ်၊ ♦သုခမှတ်စု

သပ္ပုရိသဒါန ၈-ပါး

(၁) သစိုဒါန= သန့်ရှင်းစင်ကြယ်သောပစ္စည်းဝတ္ထုကို ပေးလှူခြင်း၊
(၂) ပဏီတဒါန= မွန်မြတ်သောပစ္စည်းဝတ္ထုကို ပေးလှူခြင်း၊
(၃) ကာလဒါန= သင့်တင့်လျောက်ပတ်သောကာလ၌ ပေးလှူခြင်း၊
(၄) ဝိစေယျဒါန= လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်၍ ပေးလှူခြင်း၊
(၅) အဘိဏှဒါန= နေ့စဉ်မပြတ် ပေးလှူခြင်း၊
(၆) ကပ္ပိယဒါန= ရဟန်းတို့အား လျောက်ပတ်သော ပစ္စည်းဝတ္ထုကို ပေးလှူခြင်း၊
(၇) စိတ္တပသာဒဒါန= လှူစဉ်ဆဲအခါ၌ စိတ်ကို ကြည်လင်စေ၍ ပေးလှူခြင်း၊
(၈) အတ္တမနဒါန= ပေးလှူပြီးသည့်နောက် ဝမ်းမြောက်ခြင်း၊ ♦သုခမှတ်စု

သံဝေဂတရား ၈-ပါး

(၁) လှပ နုနယ်သော ရူပါရုံရှိသော်လည်း နောက်ဆုံးတွင် အိုကြမည်၊
(၂) စည်းစိမ်ကြီးကျယ်နေသော်လည်း နောက်ဆုံးတွင် ပျက်စီးရမည်၊
(၃) ချစ်ခင်စွာ ပေါင်းသင်းနေကြရသော်လည်း နောက်ဆုံးတွင် ကွဲပြား ကွေကွင်းရမည်၊ အသက်ရှင်နေကြရသော်လည်း နောက်ဆုံးတွင် သေကြရမည်၊
(၅) မာန်မာန တက်ကြွနေသော်လည်း နောက်ဆုံးတွင် အောက်ကျကြရမည်၊
(၆) ချစ်ခင်နေကြသော်လည်း နောက်ဆုံးတွင် သောကဖြစ်ကြရမည်၊
(၇) ချီးမွမ်းခြင်းခံကြရသော်လည်း နောက်ဆုံးတွင် ရှုတ်ချခံကြရမည်၊
(၈) ချမ်းသာကြသော်လည်း ဒုက္ခ နောက်ဆုံးဖြစ်ကြရမည်၊ ♦သုခမှတ်စု

ဝိမောက္ခ ၈-ပါး

(၁) ရူပ စျာန်နှင့် ပြည့်စုံသောသူသည် ရုပ်တို့ကို ရှုနေ၏၊
(၂) မိမိသန္တာန်၌ ရုပ်ကို အမှတ်မပြုမူ၍ ပြင်ပ၌ ရုပ်တို့ကိုရှု၏၊
(၃) တင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်းနေ၏၊
(၄) အာကာသာနဥည္စာယတန စျာန်သို့ ရောက်၍ နေ၏၊
(၅) ဝိညာဏဉ္စယတနစျာန်သို့ ရောက်၍နေ၏၊
(၆) အာကိဉ္စညာယတနစျာန်သို့ ရောက်၍နေ၏၊
(၇) နေဝသညာနာသညာယတနစျာန်သို့ ရောက်၍နေ၏၊
(၈) နိရောဓသမာပတ်သို့ ရောက်၍နေ၏၊ ♦သုခမှတ်စု

သံဝေဂဝတ္ထု ၈-ပါး

သံဝေဂဝတ္ထုဒီပနီ
(၁) ဇာတိ= ပဋိသန္ဓေနေရခြင်း၊
(၂) ဇရာ= အိုရခြင်း၊
(၃) ဗျာဓိ= နာရခြင်း၊
(၄) မရဏ= သေရခြင်း၊
(၅) အပါယဒုက္ခ= အပါယ်လေးပါးဒုက္ခ၊
(၆) အတီတ ဝဋ္ဋမူလကဒုက္ခ = အတိတ်၌ ဝဋ်ရိလျှင် အကြောင်းရင်းရှိသောဒုက္ခ၊
(၇) အနာဂတဝဋ္ဋမူလက= အနာဂတ်၌ ဝဋ်ရှိလျှင် အကြောင်းရင်းရှိသော ဒုက္ခ၊
(၈) ပရိယေသနဒုက္ခ= စားဝတ်နေရေးအတွက် ရှာမှီးရခြင်း ဒုက္ခ၊ ♦သုခမှတ်စု

သိမ်သမုတ်ရာတွင် ကြားအပ်သော နိမိတ် ၈-ပါး

(၁) ပဗ္ဗတနိမိတ္တ= တောင်ကိုနိမိတ်သတ်မှတ်ခြင်း၊
(၂) ပါသာဏနိမိတ္တ= ကျောက်ဖျာကို နိမိတ်သတ်မှတ်ခြင်း၊
(၃) ဝနနိမိတ္တ= တောကို နိမိတ်သတ်မှတ်ခြင်း၊
(၄) ရုက္ခနိမိတ္တ= သစ်ပင်ကို နိမိတ်သတ်မှတ်ခြင်း၊
(၅) မဂ္ဂနိမိတ္တ= ခရီးလမ်းကို နိမိတ်သတ်မှတ်ခြင်း၊
(၆) ဝမ္မိကနိမိတ္တ= တောင်ပို့ကို နိမိတ်သတ်မှတ်ခြင်း၊
(၇) နဒီနိမိတ္တ= မြစ်ကို နိမိတ် သတ်မှတ်ခြင်း၊
(၈) ဥဒကနိမိတ္တ= ရေကို နိမိတ်သတ်မှတ်ခြင်း၊ ♦သုခမှတ်စု

အတွင်းဝန်၏ အင်္ဂါ ၈-ပါး

(၁) ရက္ခတိန္ဒြိယံ= ဣန္ဒြေစောင့်စည်းခြင်း၊
(၂) သာဓုတ္တံ= သဘောကောင်းခြင်း၊
(၃) နာနာဘာသာသုကောဝိဒံ= အထူးထူးသော ဘာသာတို့ တတ်ခြင်း၊
(၄) ဓမ္မရတံ= တရားနှင့် မွေ့လျော်ခြင်း၊
(၅) မုခ ပေက္ခံ= အရှင်၏ မျက်နှာရိပ်ကို သိတတ်ခြင်း၊
(၆) နာနာသိပ္ပဝိသာရဒံ= အထူးထူးသော အတတ်တို့ကို တတ်ခြင်း၊
(၇) ကုလသီလယုတ္တံ= အမျိုးတို့၏ အကျင့်နှင့်ယှဉ်ခြင်း၊
(၈) ဘီတံ= အရှင်ကိုလည်း ကြောက်ရွံ့ခန့်ညားတတ်ခြင်း၊ ♦သုခမှတ်စု

အနိယတဘူမိက ဓမ္မ ၈-ပါး(အထူးမပြုအပ်သော သဘောတရား)

(၁) ကုက္ကုစ္စ= နောင်တ ပူပန်ခြင်း၊ ယုံမှားသံသယဖြစ်ခြင်း၊
(၂) မိဒ္ဓ= ငိုက်မျဉ်းခြင်း၊ စေတသိက်တို့၏မခံ့ခြင်း၊
(၃) ဝိတက္က= အထူးကြံခြင်း၊
(၄) ဝိစာရ= သုံးသပ် စီရင် ဆင်ခြင်ခြင်း၊
(၅) ရာဂ= တပ်စွမ်းမက်မောခုံမင်ချစ်ခင်ခြင်း၊
(၆) ဒေါသ= ပြစ်မှားခြင်း၊ ဖျက်ဆီးခြင်း၊ မုန်းခြင်း၊
(၇) မာ= ထောင်လွှား တက်ကြွခြင်း၊
(၈) ဝိစိကိစ္ဆာ= မဆုံးဖြတ်နိုင်ခြင်း၊ သို့လော သို့လော ဖြစ်ခြင်း၊ ♦သုခမှတ်စု

အပြင်အောင်ခြင်း ၈-ပါး

(၁) မာရ်နတ်၊
(၂) အာဠာဝကဘီလူး၊
(၃) နာဠာဂီရိဆင်၊
(၄) အဂုင်္လိမာလခိုးသား၊
(၅) စိဉ္စမာနသတို့သမီး၊
(၆) သစ္စက ပရိဗိုဇ်၊
(၇) နန္ဒောပနန္ဒ နဂါးမင်း၊
(၈) ဗကဗြဟ္မာ၊ ♦သုခမှတ်စု

အပြစ် ၈-ပါး၊ ပျက်စီးရခြင်းတရား ၈-ပါး

(၁) မင်းဘေးကြောင့် အမျိုး ပျက်စီးရခြင်း၊
(၂) ခိုးသူဘေးကြောင့် အမျိုးပျက်စီးရခြင်း၊
(၃) မီးဘေးကြောင့် အမျိုးပျက်စီးရခြင်း၊
(၄) ရေဘေးကြောင့် အမျိုးပျက်စီးရခြင်း၊
(၅) မြှုပ်ထားသော ပစ္စည်းများ ရွှေ့ပြောင်း၍သွားခြင်၊
(၆) ပြုလုပ်သမျှ မကောင်းဖြစ်၍ ပျက်စီးရခြင်း၊
(၇) အမျိုးဥစ္စာ စည်းစိမ်ကို ဖျက်ဆီးမည့်သူ ပေါ်လာခြင်း၊
(၈) အမျိုးဥစ္စာ ကိုယ်ခန္ဓာတို့ပါ အမြဲမနေ သေရခြင်း၊ ♦သုခမှတ်စု

အဖျော် ၈-ပါး

(၁) အမပါန= သရက်သီးအဖျော်၊
(၂) စောစပါန= တောငှက်ပျောသီး အဖျော်၊
(၃) မောစပါန= အိမ်ငှက်ပျောသီး အဖျော်၊
(၄) ဇမ္ဗုပါန= သပြေသီး အဖျော်၊
(၅) မဓုကပါန= သစ်မြည်စည်သီး အဖျော်၊
(၆) မုဒ္ဒိကပါန= မုဒရက်သီးအဖျော်၊
(၇) သာလူကပါန= ကြာစွယ်အဖျော်၊
(၈) ဖာရုသကပါန= ဖက်သက် တရော်အဖျော်၊ ♦သုခမှတ်စု

အဘိညာဏ် အင်္ဂါ ၈-ပါး

(၁) အလွန်စင်ကြယ်ခြင်း၊
(၂) ဖြူစင်ခြင်း၊
(၃) ကိလေသာရာဂကို ဖျောက်ခြင်း၊
(၄) နူးညံ့စွာဖြစ်ခြင်း၊
(၅) တန်ခိုးဖန်ဆင်းခြင်း၌ စွမ်းနိုင်ခြင်း၊
(၆) စင်ကြယ်သော အာရုံ၌သာ တည်ကြည်ခြင်း၊
(၇) မတုန်မလှုပ်သောအဖြစ်သို့ ရောက်ခြင်း၊
(၈) လျင်သောစိတ်ရှိခြင်း၊ ♦သုခမှတ်စု

အရိယာ ၈-ပါး

(၁) သောတာပတိမး ဂ္ဂဋ္ဌာန်၊
(၂) သကဒါဂါမိမဂ္ဂဋ္ဌာန်၊
(၃) အနာဂါမိမဂ္ဂဋ္ဌာန်၊
(၄) အရဟတ္တမဂ္ဂဋ္ဌာန်၊ (မဂ္ဂဋ္ဌာန် လေးယောက်)၊
(၅) သောတာပတ္တိဖလဋ္ဌာန်၊
(၆) သကဒါဂါမိဖလဋ္ဌာန်၊
(၇) အနာဂါမိ ဖလဋ္ဌာန်၊
(၈) အရဟတ္တဖလဋ္ဌာန်၊ (ဖလဋ္ဌာန်လေးယောက်)၊ ♦သုခမှတ်စု

အရပ် ၈-မျက်နှာ

(၁) ပုရိတ္ထမာယာ ဒိသာယ= အရှေ့အရပ်၊
(၂) ပစ္ဆိမာယဒိသာယ= အနောက်အရပ်၊
(၃) ဥတ္တရာယ ဒိသာယ= မြောက်အရပ်၊
(၄) ဒက္ခိဏာယ ဒိသာယ= တောင်အရပ်၊
(၅) ပုရတ္ထိမာယ အနုဒိသာယ= အရှေ့မြောက်အရပ်၊
(၈) ပစ္ဆိမာယ အနုဒိသာယ= အနောက်တောင်အရပ်၊
(၇) ဥတ္တရာယ အနုဒိသာယ= အနောက်မြောက်အရပ်၊
(၈) ဒက္ခိဏာယ အနုဒိသာယ= အရှေ့တောင်အရပ်၊ ♦သုခမှတ်စု

အဝိနိဗ္ဘောဂ (အဋ္ဌကလာပ်ရုပ်) ၈-ပါး

(၁) ပထဝီ၊
(၂) အာပေါ၊
(၃) တေဇော၊
(၄) ဝါယော၊
(၅) ဝဏ္ဏ၊
(၆) ဂန္ဓ၊
(၇) ရသ၊
(၈) သြဇာ၊ ♦သုခမှတ်စု

အသပ္ပုရိသ ဒါန ၈-ပါး

(၁) အသုစိဒါန= မသန့်ရှင်း မစင်ကြယ်သောဝတ္ထုကို ပေးလှူခြင်း၊
(၂) ဟီနဒါန= ယုတ်သောဝတ္ထုကိုပေးလှူခြင်း၊
(၃) အကာလ ဒါန= အခါကာလ မဟုတ်သည်၌ ပေးလှူခြင်း၊
(၄) အဝိစေယျဒါန= မရွေးချယ်ဘဲပေးလှူခြင်း၊
(၅) အကပ္ပယိ ဒါန= မအပ်သောဝတ္ထုကို ပေးလှူခြင်း၊
(၆) ကိဉ္စိဒါန=တစ်ရံတစ်ခါသာ ပေးလှူခြင်း၊
(၇) အမနာပဒါန= ဝမ်းမြောက်ဝမ်းသာ မရှိသောစိတ်ဖြင့် ပေးလှူခြင်း၊
(၈) အပသာဒ ဒါန= မကြည်ညိုဘဲ ပေးလှူခြင်း၊ ♦သုခမှတ်စု

အသံတော် ၈-ပါး

(၁) သန့်ရှင်းသည်၊
(၂) သာယာသည်၊
(၃) သိလွယ်သည်၊
(၄) နာပျော်ဖွယ်ရှိသည်၊
(၅) ဖရိုဖရဲကင်းသည်၊
(၆) လုံးစည်းသည်၊
(၇) နက်နဲသည်၊
(၈) ပဲ့တင်ထပ်သည်၊ ♦သုခမှတ်စု

အာနန္ဒာ၏ဆု ၈-ပါး

(၁) သင်္ကန်းတော်ကိုမပေးအပ်သည်တစ်ပါး၊
(၂) ဆွမ်းကို မပေးအပ်သည် တစ်ပါး၊
(၃) ဂန္ဓကုဋီတိုက်၌ အတူမနေအံ့သည် တစ်ပါး၊
(၄) ဒါယကာတို့ ဖိတ်မန်ရာအရပ်သို့ ခေါ်၍မသွားအံ့သည် တစ်ပါး၊ (''ကား ပယ်ဆု လေးပါး)၊
(၁) သဒ္ဓါသူတို့၏ နိမန္တနကို ဝန်ခံမိသောအရပ်သို့ ကြွတော်မူရန်၊
(၂) မြတ်စွာဘုရားကို ဖူးမြင်အံ့ငှာ လာသောပရိသတ်တို့ကို အထံတော်သို့ကပ်၍ လျှောက်နိုင်ရန်၊
(၄) လူနတ်တို့အား မျက်ကွယ်တွင် ဟောတော်မူသော တရားအပေါင်းတို့ကို အာနန္ဒာအား ပြန်၍ ဟောပြတော်မူရန်၊ (''ကားတောင်းဆုလေးပါး) ♦သုခမှတ်စု

အား ၈-ပါး

(၁) သူငယ်တို့အားကား ငိုခြင်း၊
(၂) မိန်းမတို့ အားကား အမျက်ထွက်ခြင်း၊
(၃) ခိုးသူတို့အားကား လက်နက်၊
(၄) မင်းတို့ အားကား အစိုးရခြင်း၊
(၅) သူမိုက်တို့ အားကား ပြင်းစွာရယ်ခြင်း၊
(၆) ပညာရှိတို့အားကား ရွှင်ခြင်းကို ချုပ်ခြင်း၊
(၇) အကြားအမြင် များသောသူတို့ အားကား ဆင်ခြင်ခြင်း၊
(၈) ရဟန်းပုဏ္ဏားတို့အားကား သည်းခံခြင်း၊ ♦သုခမှတ်စု

ကျမ်းစာအမျိုးအစား ၈-ပါး

(၁) အဋ္ဌကထာ= သင်္ဂါယနာတင် ပိဋကတ်ပါဠိတော်မူရင်း၏ အနက်ကိုဖွင့်ပြသောကျမ်း များ၊
(၂) ဋီကာ= အဋ္ဌကထာ၏ အနက်ကိုဖွင့်ပြသောကျမ်းများ၊
(၃) အနု= ဋီကာ၏အနက်ကို အနုစိတ်ဖွင့်ပြသော ကျမ်းများ၊
(၄) မဓု၏ အနု၏အနက်ကိုပင်ထပ်ဖွင့်၍ ပြသောကျမ်း များ၊
(၅) လက်သန်း = အထက်ပါ ကျမ်းစာတို့ကို အကျဉ်းချုံး၍ ထိမိအောင်ပြသောကျမ်းများ၊
(၆) ဂဏ္ဌိ= အထက်ပါ ကျမ်းစာတို့၏ ခက်ဆစ်ပုဒ်တို့ကို ထုတ်ကာ ရှင်းပြသော ကျမ်းစာများ၊
(၇) ယောဇနာ= ဒေသအားလျော်စွာ အနက်ဘာသာ ပြန်ကြသော ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့၏ ဘာသာပြန်ကျမ်းမား၊
(၈) ဂန္ဓန္ဓရ= ပါဠိအဋ္ဌကထာ စသည့် ကျမ်းစာတို့ကို ခေါ်ဆို၏၊ ♦သုခမှတ်စု

တာဒိဂုဏ်တော် ၈-ပါး

မူလပဏ္ဏာသ
(၁) လောကဓံတရား ၈-ပါးတို့တွင် အကောင်း လေးပါးနှင့် တွေ့၍ ဝမ်းသာအားရ မရှိ၊ အဆိုး လေးပါးနှင့် တွေ့၍လည်း ဝမ်းနည်း ကြေကွဲမှု မရှိ၊ ပကတိတူမျှသော စိတ်တော်ရှိခြင်းဂုဏ်၊ ♦သုခမှတ်စု

တိတ္ထိတို့ ရဟန်းပြုလိုသော ပေးရမည့်ဝတ်အကျင့် ၈-ပါး

ဝိနည်းမဟာဝါ
(၁) အလွန်စောစွာ ရွာတွင်းသို့ မဝင်ရ၊ အလွန်နေမမြင့်မီ ကျောင်းသို့အရောက် ပြန်လာရမည်၊
(၂) မကျက်စား အရောတဝင် မပြုရသော ပြည့်တန်ဆာမ၊ မုဆိုးမ၊ အပျိုဟိုင်းကြီး၊ ပဏ္ဍုက်၊ရဟန်းမတို့နှင့် ရောနှောစွာ မဆက်ဆံရခြင်း၊
(၃) သီတင်းသုံးဖော်တို့၏ ကိစ္စကြီးငယ်တို့ကို အလိုက်သိစွာ ပြုလုပ် ဆောင်ရွက်ပေးရခြင်း၊
(၄) သီလ သမာဓိ ပညာကိုလိုလားဆန္ဒကြီးစွာဖြင့် ပါဠိအနက်အဓိပ္ပာယ်တို့ကို သင်ယူမေးမြန်း ဆွေးနွေးရခြင်း၊
(၅) တိတ္ထိတို့၏ အမှား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို နှစ်သက်စွာ လက်ခံပြောကြားရခြင်း၊
(၆) တိတ္ထိတို့၏ ဂုဏ်ကျေးဇူးကို ပြောဆိုစကား၌ မနှစ်သက် လက်မခံရခြင်း၊
(၇) ဘုရား တရား သံဃာတော်တို့၏ ကျေးဇူးတရားကိုကဲ့ရဲ့ပြောကြားသောစကား၌ မနှစ်သက် လက်မခံရခြင်း၊
(၈) ရတနာသုံး ပါး၏ ဂုဏ်ကျေးဇူး စကားတို့ကို ချီးမွမ်း ပြောကြားရခြင်း နှစ်သက်စွာ နာယူလက်ခံခြင်း ♦သုခမှတ်စု

ထိမ်းမြားမင်္ဂလာမျိုး၈ ပါး

(၁) ဗြဟ္မာ = ရာထူး ဂုဏ်သိမ် ဓနရှိန် အမျိုး မြတ်တို့အားလေးစား ပူဇော်သောအားဖြင့် သမီးပေးမင်္ဂလာပြုခြင်း၊
(၂) ဒဒေယျ= လုပ်ရေးကိုင်တာ၌ ဖြတ်လတ်သေချာ၍ သဘောကျကာ သမီးနှင့်ပေးစားသော မင်္ဂလာ=
(၃) ကိရိယာ= သူ၏ ပစ္စည်းဘဏ္ဍာရတနာရွှေငွေစသည်ကို ယူထားမိ၍ သမီးပေးရခြင်း မင်္ဂလာ၊
(၄) ပညာ= လူလိမ္မာပညာရှိအား မိမိသမီးကိုလိမ္မာအောင် သွန်သင်ရန် ရည်မှန်း၍ ပေါင်းသင်းဖို့ ပေးစားလိုက်ခြင်း မင်္ဂလာ၊
(၅) အသတု = သူ၏ လက်ဆောင်ဘဏ္ဍာတွေကို မရအရချူယူပြီး ဆွေမျိုးဉာတိမျှမသိရအောင် သမီးကို လက်သိပ်ထိုးလိုက်ခြင်း မင်္ဂလာ၊
(၆) ဂန္တဗာ= မိဘနှစ်ဦးနှစ်ဖက် သဘောတူ၍ ကြည်ဖြူစွာ ပေးစားလက်ထပ်ခြင်း မင်္ဂလာ၊
(၇) အမ္ဘာဟိတ= နိုင်ထက်ကလူ ဇွတ်အတင်းယူရမည်ဟု ညှဉ်းဆဲနှိပ်စက်၍ ပေးစားခြင်း မင်္ဂလာ၊
(၈) သာမဿာ= လူငယ်အချင်းချင်းမှောက်မှောက်မှားမှား ချစ်မီးပွား၍နေသည်ကိုတွေ့ရ၍ ပေးစားခြင်း မင်္ဂလာ၊ ♦သုခမှတ်စု

နိသဇ္ဇဒေါသမျိုး ၈-ပါး (နေရအပြန်)

(၁) အတိဒူရ= ဝေးလွန်းသောနေရာ၊
(၂) အစ္စသန္န= နီးလွန်းသောနေရာ၊
(၃) ဥပရိဝါတ= လေညာ လေတင်အရပ်၊
(၄) ဥန္နတပဒေသ= မြင့်လွန်းသောနေရာ၊
(၅) အတိသမ္မုခ= မျက်နှာနှင့် တည့်တည့်အရပ်၊
(၆) အတိပစ္ဆာ= နောက်ကျောတည့်တည့်အရပ်၊
(၇) သြနတ= နိမ့်ကျလွန်းသော နေရာ၊
(၈) ပဿ= ဘေးတိုက်တည့်တည့်နေရာ၊ ♦သုခမှတ်စု

ပဋိသမ္ဘိဒါဉာဏ်ရကြောင်း အင်္ဂါ ၈-ပါး

(၁) ပုဗ္ဗယောဂ= ရှေးဘဝ၌ ၎င်းဉာဏ်မျိုးစေ့ ထူထောင်ဆုတောင်းစိုက်ပျိုးခဲ့ခြင်း၊
(၂) ဗာဟုသစ္စ= အကြားအမြင်များခြင်း၊
(၃) ဒေသိယဘာသာဆေက= ဒေသအမျိုးမျိုးတို့၌ ပြောကြားသော ဘာသာစကားအမျိုးမျိုးတို့ကို တတ်သိလိမ္မာခြင်း၊
(၄) အာဂမ= မြတ်စွာဘုရား၏ ပါဠိတော်ကိုအာဂုံဆောင်ခြင်း၊
(၅) ပရိပုစ္ဆာ= ပါဠိတော် အဋ္ဌကထာတို့၌ မေးမြန်းလေ့ရှိခြင်း၊
(၆) အဓိဂမ= စျာန် မဂ် ဖိုလ်တရားကိုရခြင်း၊
(၇) ဂုရုသန္နိဿယ= ဗဟုသုတပြည့်စုံသော ဆရာ့ထံပါး၌ ဆည်းကပ်ခစားခြင်း၊
(၈) မိတ္တသမ္ပတ္တိ= ပညာရှိ မိတ်ဆွေကောင်းတို့နှင့် ပြည့်စုံခြင်း၊ ♦သုခမှတ်စု

ဗျာဒိတ်ခံရာအင်္ဂါ ၈-ပါး

(၁) မနုဿတ္တ= လူစင်စစ်ဖြစ်ရခြင်း၊
(၂) လိင်္ဂသမ္ပတ္တိ= ယောက်ျားစင်စစ်ဖြစ်ရခြင်း၊
(၃) ဟေတု= တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရခြင်း၊
(၄) ပဗ္ဗဇ္ဇ= ရသေ့ ရဟန်းဖြစ်ရခြင်း၊
(၅) ဂုဏသမ္ပတ္တိ= စျာန်သမာပတ်နှင့် ပြည့်စုံရခြင်း၊
(၆) သတ္ထာရဒဿန= ဘုရားကို တွေ့ဆုံဖူးမြင်ရခြင်း၊
(၇) အဓိကာဝရာ= ဘုရားဆုကို တောင်းယူခြင်း၊
(၈) ဆန္ဒ= ဘုရားဖြစ်ရန် ဆန္ဒကြီးမားခြင်း၊ ♦သုခမှတ်စု

သမုဒ္ဒရာ၏ အံ့ဖွယ် ၈-ပါး

အဋ္ဌင်္ဂုတ္တရ
(၁) ကမ်းစပ်မှစ၍ အစဉ်အတိုင်း နိမ့်လျောနက်ရှိုင်းသွားခြင်း၊
(၂) ရေသည် ကမ်းကိုမကျော်လွန်ဘဲ တည်နေခြင်း၊
(၃) အကောင်ပုပ် အမှိုက်သရိုက်တို့ကို ပင်လယ်ထဲ၌မထားဘဲ ကမ်းကုန်းအရပ်သို့ တင်ပို့ခြင်း၊
(၄) မြစ်ကြီးငါးသွယ် မြစ်ငါးရာတို့မှ စီးဝင်လာသောရေဟူသမျှတို့၏ မူလအမည် ပျောက်စေပြီး မဟာသမုဒ္ဒရာရေဟူသော အမည်တစ်ခုကိုသာ ရစေခြင်း၊
(၅) မြစ်ကြီး မြစ်ငယ် အင်း အိုင် ချောင်း မြောင်း ကောင်းကင်ဝဠာရှစ်မျက်နှာမှ အခါမလပ်မည်မျှပင် မြစ်ရေ မိုးရေတို့ စီးဝင်လာသော်လည်း မဟာသမုဒ္ဒရာ၏ ပြည့်လျှံ ယုတ်လျော့မှု မရှိခြင်း၊
(၆) ရေချို ရေဖန် ရေငန် ရေခါးဟူ၍ ရသာထွေပြားသည့် ရေများမည်မျှပင်စီးဝင်လာစေ ဆားငန်ရေဟူသော တစ်ခုတည်းသော အရသာကိုသာ ထားရှိခြင်း၊
(၇) လောကီ ရတနာခုနစ်ပါး၊ ဆယ်ပါးတို့၏ တည်ရာဖြစ်ခြင်း၊
(၈) ယူဇနာများစွာ ခန္ဓာရှိသောငါးကြီးတို့နှင့်တကွ ရေဘီလူး နဂါး အသူရာနတ်ကြီးများစသည်တို့၏ ကျက်စားရာ ဖြစ်ခြင်း၊ ♦သုခမှတ်စု

သံဝေဂဝတ္ထုမျိုး ၈-ပါး

မူလပဏ္ဏာသ

(၁) ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊
(၂) အိုရခြင်းဆင်းရဲ၊
(၃) နာရခြင်း ဆင်းရဲ၊
(၄) သေရခြင်းဆင်းရဲ၊
(၅) ငရဲဘုံ၌ခံရခြင်း ဆင်းရဲခြင်း၊
(၆) ပြိတ္တာဘုံ၌ ခံရခြင်း ဆင်းရဲ၊
(၇) အသူရကာယ်ဘုံ၌ခံရခြင်း ဆင်းရဲ၊
(၈)တိရစ္ဆာန်ဘုံ၌ ခံရခြင်းဆင်းရဲ။ ♦သုခမှတ်စု

သီလဂုဏ် ၈-ပါး

သံယုတ်ပါဠိတော်
(၁) အခဏ္ဍ= မကျိုး သောဂုဏ်၊
(၂) အဆဒ္ဒိ= မပေါက်သောဂုဏ်၊
(၃) အသဗလ= မပြောက်သောဂုဏ်၊
(၄) အကမ္မာသ= မကားသော ဂုဏ်၊
(၅) ဘုဇသိ = ကိလေသာမှ တောလ်ှန်သောဂုဏ်၊
(၆) ဝိညူပသဋ္ဌ= ပညာရှိတို့ ချီး မွမ်း အပ်သောဂုဏ်၊
(၇) အပရာမဋ္ဌ= တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမှုဂုဏ်၊
(၈) သမာဓိ ပဝတ္တန= သမာဓိသုံးပါးကို ဖြစ်စေတတ်သောဂုဏ်၊ ♦သုခမှတ်စု

အဓိဒေဝဉာဏဒဿနတရား ၈-ပါး

သရုပ်ပြအဘိဓာန်
(၁) နတ်တို့၏ အရောင်အဝါကို သိစွမ်းနိုင်ခြင်း၊
(၂) နတ်တို့၏ အဆင်းကို မြင်နိုင်စွမ်း နိုင်ခြင်း၊
(၃) နတ်တို့နှင့်အတူနှီးနှော ပြောဆိုနိုင်ခြင်း၊
(၄) လာသောနတ်တို့၏ အမျိုးအမည် ဘုံဌာနကို သိစွမ်းနိုင်ခြင်း၊
(၅) ဖြစ်လာကြသော နတ်တို့၏ ဘဝရှေးကံ အကြောင်းရင်းကို သိစွမ်းနိုင်ခြင်း၊
(၆) နတ်တို့၏ အစာအာဟာရ ခံစား စံစားမှုကိစ္စအဝဝတို့ကို သိစွမ်းနိုင်ခြင်း၊
(၇) နတ်တို့၏ ဘုံဌာနအလိုက် မည်၍မည်မျှတည်နေနိုင်ကြောင်း သက်တမ်းအစားစားကို ပိုင်းခြား၍ သိစွမ်းနိုင်ခြင်း၊
(၈) မိမိသည် “နတ်တို့နှင့် ရှေးဘဝက အတူတကွ နေထိုင်ခဲ့ဖူးသည်၊ မနေခဲ့ဖူးသည်တို့ကို သိစွမ်းနိုင်ခြင်း၊ ♦သုခမှတ်စု

အနရိယ ဝေါဟာရမျိုး ၈-ပါး

ခုဒ္ဒကဝတ္ထုပါဠိတော်နှင့် ပါစိတ်အဋ္ဌကထာ
(၁) အဒိဋ္ဌေ ဒိဋ္ဌဝါဒိတာ= မမြင်ကို အမြင်လုပ်၍ ပြောခြင်း၊
(၂) အသုတေ သုတဝါဒိတာ= မကြားကို အကြားလုပ်၍ပြောခြင်း၊
(၃) အမုတေ မုတဝါဒိတာ= မထိကို အထိလုပ်၍ ပြောခြင်း၊
(၄) အဝိညာတေ ဝိညာတဝါဒိတာ= မသိကို အသိလုပ်၍ ပြောခြင်း၊
(၅) ဒိဋ္ဌေ အဒိဋ္ဌဝါဒိတာ= အမြင်ကို မမြင်လုပ်၍ ပြောခြင်း၊
(၆) သုတေ အသုတဝါဒိတာ= အကြားကို မကြားလုပ်၍ ပြောခြင်း၊
(၇) မုတေ အမုတ ဝါဒိတာ= အထိကို မထိလုပ်၍ ပြောခြင်း၊
(၈) ဝိညာတေအဝိညာတဝါဒိတာ= အသိကို မသိလုပ်၍ ပြောခြင်း၊ ♦သုခမှတ်စု

အရိယာတို့ နှလုံးမသွင်း မပြုလုပ်သော တရား ၈-ပါး

(၁) သင်္ခါရတရားမှုကို သုခဟု နှလုံးမသွင်းခြင်း၊
(၂) အတ္တဟု နှလုံးမသွင်းခြင်း၊
(၃) မာတုယာတက၊
(၄) ပိတုဃာတက၊
(၅) အရဟန္တဃာတက၊
(၆) လောဟိတုပ္ပါဒက၊
(၇) သံဃဘေဒကကံတို့ကို မကျူးလွန်တော့ခြင်း၊
(၈) ဗုဒ္ဓသာသနာတော်မှ တစ်ပါးသော ဆရာတို့ကို မရှာမှီးတော့ခြင်း၊ ♦သုခမှတ်စု

အာဇီဝဋ္ဌမက ရှစ်ပါးသီလ ၈-ပါး

(၁) ပါဏာပါတကိံကို စောင်ထိ့န်းခြင်း၊
(၂) အဒိန္နာဒါနကံကို စောင်ထိ့န်းခြင်း၊
(၃) အဗြဟ္မစရိယကံကို စောင့်ထိန်းခြင်း၊
(၄) မုသာဝါဒကံကို စောင့်ထိန်းခြင်း၊
(၅) ပိသုဏဝါစာကံကို စောင့်ထိန်းခြင်း၊
(၆) ဖရုသဝါစာကံကို စောင့်ထိန်းခြင်း၊
(၇) သမ္ဖပ္ပလာပကံကို စောင့်ထိန်းခြင်း၊
(၈) မိစ္ဆာဇီဝကံကို ရှောင်ကြဉ်ခြင်း၊ ♦သုခမှတ်စု

ကိုးခန်းပျို့တွင် ပါဝင်သော အခန်း ၉-ခန်း

(၁) ဟတ္ထိပါလာ တောထွက်ခန်း၊
(၂) အဿပါလ တောထွက်ခန်း၊
(၃) ဂေါပါလ တောထွက်ခန်း၊
(၄) အဇပါလ တောထွက်ခန်း၊
(၅) ပုရောဟိတ်ပုဏ္ဏားကြီး တောထွက်ခန်း၊
(၆) ပုဏ္ဏေးမကြီး တောထွက်ခန်း၊
(၇) ဧသုကာရီမင်းကြီး တောထွက်ခန်း၊
(၈) ၎င်းမိဖုရားကြီးနှင့် ခုနစ်ပြည်ထောင်သားတို့ တောထွက်ခန်း၊
(၉) ဇာတ်ပေါင်းခန်း၊ ♦သုခမှတ်စု

ကိုး တိုင်းကိုးဌာန

(၁) ကသီမရ ဂန္ဓာရတိုင်း၊ ဟိမဝန္တာ၏ အနောက်မြောက်ဘက် (ကက်ရှမီးယား)၊
(၂) မဟိံသကမဏ္ဍလတိုင်း၊ အိန္ဒိယနယ်တောင်ပိုင်း (မိုင်းစိုး)၊
(၃) ဝနဝါသီအရပ် (ဟိုက်ဒြပ်ဘတ်)၊
(၄) မဟာရဋ္ဌတိုင်း (ဘုံဘေနယ်)၊
(၅) အပရန္တတိုင်း (မာလဝါနယ်)၊
(၆) ယောနကတိုင်း (ပါးရှား၊ တူရကီ၊ ဂရိတ်၊ အီတလီ)၊
(၇) စိနရဋ္ဌတိုင်း (ဟိမဝန္တာအရပ်ရှိ စိန့်တိုင်းတရုပ်ပြည်)၊
(၈) သုဝဏ္ဏဘူမိတိုင်း (ရှမ်း၊ မြန်မာ၊ ယွန်းစသော အရပ်များ)၊
(၉) သီဟိုဠ်ကျွန်း၊ ♦သုခမှတ်စု

၉-ပါးသီလ

(၁) ပါဏာတိပါတာက ဝေရမဏ= သူ့အသက်သတ်ခြင်း မှ ရှောင်ကြဉ်ခြင်း၊
(၂) အဒိန္နာဒါနာ ဝေရမဏိ= မပေးမလှူသော သူ့ပစ္စည်းကို ရှောင်ကြဉ်ခြင်း၊
(၃) အဗြဟ္မစရိယာ ဝေရမဏိ= မမြတ်သော မေထုန်မှီဝဲခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၄) မုသာဝါဒ ဝေရမဏိ= လိမ်လည်လှည့်ဖျားခြင်း မှ ရှောင်ကြဉ်ခြင်း၊
(၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာန= သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၆) ဝိကာလ ဘောဇနာ ဝေရမဏိ= နေလွဲညစာ စားခြင်း မှ ရှောင်ကြဉ်ခြင်း၊
(၇) နစ္စ၊ ဂီတ၊ ဝါဒိတ၊ ဝိသုက၊ ဒဿနာ ဝေရမဏိ= ကခြင်း၊ သီချင်း၊ တီးမှုတ်ခြင်းကို ကြည့်ရှုနားထောင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မာလာဂန္ဓ၊ ဝိလေပန၊ ဓာရဏ၊ မဏ္ဍန၊ ဝိဘူသနဋ္ဌာနာ ဝေရမဏိ= ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်း၊ နံ့သာပျောင်းတို့ဖြင့် အပြေအပြစ် ပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိ= မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၉) မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏ ဘူတေသု ဖရိတွာ ဝိဟရဏံ= ခပ်သိမ်းသောသတ္တဝါတို့၌ မေတ္တာစိတ်ဖြင့် ပျ့နှံ့၍ နေခြင်း၊ ♦သုခမှတ်စု

ကညာ ၉-ရပ်

(၁) ဒါရိကာ= ခုနစ်နှစ်၊
(၂) ဂေါရီ= ရှစ်နှစ်၊
(၃) ကညာ= ဆယ်နှစ်၊
(၄) ကုမာရီ= ဆယ့်နှစ်နှစ်၊
(၅) သွေး စုန်း = ဆယ့်သုံးနှစ်၊
(၆) မျက်မည်း = ဆယ့်ငါးနှစ်၊
(၇) မျက်ဝန်း = နှစ်ဆယ်၊
(၈) မျက်ညွတ်= နှစ်ဆယ့်ငါးနှစ်၊
(၉) မြောင်းတူး =လေးဆယ်၊ ♦သုခမှတ်စု

ကမ္မဝါ ၉-ခန်း

(၁) ဥပသမ္ပဒခန္ဓက =ရဟန်းခံကမ္မဝါတစ်ခန်း၊
(၁) ကထိနက္ခန္ဓက= ကထိန်ခင်း ကထိန်နုတ် ကမ္မဝါတစ်ခန်း၊
(၃) သီမာခန္ဓက= သိမ်သမုတ် သိမ်နုတ် ကမ္မဝါတစ်ခန်း၊
(၄) ဥပေါသထာဂါရခန္ဓက=ဥပုသ်အိမ်သမုတ် ကမ္မဝါတစ်ခန်း၊
(၅) ထေရသမ္မုတိခန္ဓက= ထေရ်သမုတ်ကမ္မဝါတစ်ခန်း၊
(၆) နာမသမ္မုတိခန္ဓက=နာမည်သမုတ် ကမ္မဝါတစ်ခန်း၊
(၇) နိဿယမုတ္တသမ္မုတိခန္ဓက= နိဿရည်းလွတ် သမုတ် ကမ္မဝါတစ်ခန်း၊
(၈) ကပ္ပိယဘူမိသမ္မုတိခန္ဓက= အပ်သောကျောင်းနေရာ သမုတ် ကမ္မဝါတစ်ခန်း၊
(၉) ကုဋိဝတ္ထုသြလောကနသမ္မုတိခန္ဓက= ကျောင်းရာကို ကြည့်ရှုစစ်ဆေးရန် သမုတ်သော ကမ္မဝါတစ်ခန်း၊ မှတ်ချက် ♦သုခမှတ်စု

ကြာသပတေးဂြိုဟ်ဟူသော အခေါ်ပရိယာယ် ၉-ပါး

(၁) သူရမန္တ၊
(၂) သူရာစရိယ၊
(၃) ဂုရု၊
(၄) ဇီဝှ၊
(၅) ဗြဟပတိ၊
(၆) အင်္ဂီရသ၊
(၇) သူရီ၊
(၈) ဝါဂိသ၊
(၉) ဝစသံပတိ၊ ♦သုခမှတ်စု

ဂြိုဟ်ကြီး ၉-လုံး

(၁) တနင်္ဂနွေဂြိုဟ်၊
(၂) တနင်္လာဂြိုဟ်၊
(၃) အင်္ဂါဂြိုဟ်၊
(၄) ဗုဒ္ဓဟူးဂြိုဟ်၊
(၅) ကြာသပတ္တေဂြိုဟ်၊
(၆) သောကြာဂြိုဟ်၊
(၇) စနေဂြိုဟ်၊
(၈) ရာဟုဂြိုဟ်၊
(၉) ကိတ်ဂြိုဟ်၊ ♦သုခမှတ်စု

စစ်သူကြီးအင်္ဂါ ၉-ပါး

(၁) တစ်ဖက်ရန်သူကို နှိမ်နင်းနိုင်သော ပညာရှိခြင်း၊
(၂) စစ်အောင်မြင်ရာမြေကိုသတိတ်ခြင်း၊
(၃) အရေးမသာသောအခါ စစ်သည်သူရဲတို့ကို မစွန့်ခြင်း၊
(၄) ဆင်းရဲဖော် ချမ်းသာဖက်မျှခြင်း၊
(၅) စွမ်းပကား ခွန်အားကြီးခြင်း၊
(၆) စင်ကြယ်သန့်ပြန့်ခြင်း၊
(၇) သေနင်္ဂဗျူဟာ ကျမ်းကို တတ်ခြင်း၊
(၈) စစ်သည်သူရဲတို့ကို မပင်ပန်းအောင် စီရင်တတ်ခြင်း၊
(၉) လုံ့လ ရဲရင့်ခြင်းနှင့် ပြည့်စုံခြင်း၊ ♦သုခမှတ်စု

တရားသူကြီးအင်္ဂါ ၉-ပါး

မာနုဿိက
(၁) ဗဟုသုတများခြင်း၊
(၂) စကား ဆန်း ကြယ်ခြင်း၊
(၃) နူးညံ့ခြင်း၊
(၄) ရဲရင့်ခြင်း၊
(၅) တည်ကြည်ခြင်း၊
(၆) ပိဋကတ်ဗေဒင် တတ်ခြင်း၊
(၇) ထုံးပုံနည်းနာ မှတ်တတ်ခြင်း၊
(၈) သဘင်အလယ်၌ ဆိုဝံ့ခြင်း၊
(၉) သူခပ်သိမ်းတို့၏ စကားကို မှတ်သားခြင်း၊ ♦သုခမှတ်စု

တာရာကြီး ၉-လုံး

(၁) ကျီးတာရာ၊
(၂) ဟင်္သာ၊
(၃) ပုစွန်၊
(၄) ချိန်၊
(၅) ဆံကျင်၊
(၆) တံငါ၊
(၇) ဆင်၊
(၈) မြင်း၊
(၉) ဗျိုင်း၊ ♦သုခမှတ်စု

တူရိယာ ၉-မျိုး

ရွှေဘုံနိဒါန်း
(၁) စည်ဝန်း၊
(၂) စည်ဗြော၊
(၃) နှဲ၊
(၄) ခရာ၊
(၅) သပြေသာ၊
(၆) လက်ချပ်၊
(၇) တံပိုး၊
(၈) ဒုံမင်း၊
(၉) ခရုသင်း၊ ♦သုခမှတ်စု

ဒေဝီ ၉-ပါး(ကဝေသာရ)

(၁) သူရဿတီ၊
(၂) ဂဟပတိ၊
(၃) စန္ဒီ၊
(၄) စန္ဒာ၊
(၅) စိဉာတ၊
(၆) သီရိ၊
(၇) ကိစ္စရာ၊
(၈) ဟီရိ၊
(၉) ပဏ္ဏ၊ ♦သုခမှတ်စု

ဒွါရ ၉-ပေါက်

(၁) စက္ခု+ ၂၊
(၂) သောတ+၂၊
(၃) ဃာန+၂၊
(၄) ခံတွင်း+၁၊
(၅) ဝစ္စမဂ်(ကျင်ကြီးပေါက်) +၁၊
(၆) ပဿာမဂ် (ကျင်ငယ်ပေါက်) +၁၊ စုစုပေါင်း ၉-ပေါက်၊ ♦သုခမှတ်စု

နဝရတ် ၉-ပါး

(၁) ဣန္ဒနီလာ၊
(၂) စိန်၊
(၃) ဂေါမုတ်၊
(၄) ဥဿဖယား၊
(၅) မြ၊
(၆) သန္တာ၊
(၇) ပုလဲ၊
(၈) ကြောင်၊
(၉) ပတ္တမြား၊ ♦သုခမှတ်စု

နက္ခတ် ၉-ခိုင်

(၁) ဒလိဒ္ဒ နက္ခတ်၊
(၂) မဟဒ္ဓန နက္ခတ်၊
(၃) စောရ နက္ခတ်၊
(၄) ရာဂ နက္ခတ်၊
(၅) ဒေဝ နက္ခတ်၊
(၆) ဒေဝီ နက္ခတ်၊
(၇) ဝါဏိဇ္ဇ နက္ခတ်၊
(၈) အဟစ္စ နက္ခတ်၊
(၉) သမဏ ဗြာဟ္မဏ နက္ခတ်၊ ♦သုခမှတ်စု

နတ်နက္ခတ် ၉-လုံး

(၁) အဿဝဏီနက္ခတ် ၁ လုံး၊
(၂) မိဂသီနက္ခတ်ငါးလုံး၊
(၃) ရေဝတီနက္ခတ် ၂၇ လုံး၊
(၄) ဟသတနက္ခတ် ၂၈ လုံး၊
(၅) ဖုသျှ နက္ခတ် ၂၉လုံး၊
(၆) ပုဏ္ဏဖုသျှနက္ခတ် ၃၀ လုံး၊
(၇) အနုရာဓနက္ခတ် ၃၁ လုံး၊
(၈) သရဝဏ်နက္ခတ် ၂၂ လုံး၊
(၉) သွာတိနက္ခတ် ၁၅ လုံး၊ ♦သုခမှတ်စု

နတ်ပူးသူတို့၌ ရှိသော အင်္ဂါ ၉-ပါး(ဥမ္မာဒနိဒါန်း)

(၁) သန္တုဋ္ဌော= ရောင့်ရဲလွယ်၏၊
(၂) သုစိ= စင်ကြယ်သန့်ရှင်း၏၊
(၃) ရတိဒိဗ္ဗမာလဂန္ဓော= ကဲလွန်သော နတ်ပန်းကဲ့သို့ အနံ့ရှိ၏၊
(၄) နိဒ္ဒန္တိ= အိပ်ပျော်ခြင်းမရှိ၊
(၅) အဓိကသက္ကတ ဘာသီ= မူလက စာမတတ်သော်လည်း သက္ကတမာဂဓဘာသာတို့ကို ပြောနိုင်ခြင်း၊
(၆) တေဇသီ= တန်ခိုးရှိ၏၊
(၇) ထိရနယနော= မမှိတ်သော မျက်စိရှိ၏၊
(၈) ဝရပဒါတ= ကောင်းမြတ်သောဝတ္ထုကို ပေးတတ်၏၊
(၉) ဗြာဟ္မဏျော ဘဝတိ= မြတ်သောအကျင့်ရှိသူကို ချစ်တတ်၏၊ ♦သုခမှတ်စု

ပဋိသန္ဓေနေခြင်းကာလ အပိုင်းအခြား ၉-ပါး

(၁) ကလလသတ္တာဟ= ရေကြည်အဖြစ် ခုနစ်ရက်၊
(၂) အဗ္ဗုဒသတ္တာဟ= အမြှုပ်အဖြစ် ခုနစ်ရက်၊
(၃) ပေသိ သတ္တာဟ= သားတစ်အဖြစ် ခုနစ်ရက်၊
(၄) ဃနသတ္တာဟ= မာချောကျစ်လျစ်သောအဖြစ် ခုနစ်ရက်၊
(၅) ပသာဓသတ္တာဟ= ခြေလက် ဦးခေါင်းစသော ခက်မငါးဖြာဖြစ်ပေါ်သော ခုနစ်ရက်၊
(၆) ပရိပါကပဉ္စသတ္တာဟ= ပသာဒရုပ် မပါသေးဘဲ နား နာမျက်စိပေါ်လျက် သတ္တဝါကောင် ပီသစွာနေသော ခုနစ်ရက်ငါးလီ၊
(၇) စက္ခာဒိသတ္တာဟ= စက္ခုသောတ ဃာနဇိဝှာရုပ်လေးခု တစ်ပြိုင်တည်းပေါ်သော ခုနစ်ရက်၊
(၈) ပရိပါကသတ္တာဟသုံးဆယ်= အထက်ပါ ဖြစ်ပေါ်ပြီး သတ္တဝါကို ရင့်ကျက်စေသော ခုနစ်ရက် အလီပေါင်း ၃၀၊
(၉) ကောသာဒိသတ္တာဟ= ဆံအမွေး ခြေသည်းလက်သည်းတို့ ဖြစ်ပေါ်သော ခုနစ်ရက်၊ စုစုပေါင်း နှစ်ရာ့ကိုးဆယ့်လေးရက်၊ လနှင့်တွက်သော် ၉ လ ၂၄ ရက် “အခါတွင် သတ္တဝါကောင် ပသီစွာ ရင့်မ်ာခိုင်ခံ့၍ ဖွားမြင်ခြင်းငှာ လျောက်ပတ်တော့သည်၊ ၉ လနှင့် ၂၄ ရက်ကို ယေဘုယျသို့လိုက်၍ ဆယ်လမှ ဖွားသည်ဟု ဆိုကြလေသည်၊ ♦သုခမှတ်စု

ပါဏာပါတိကံ အပြစ် ၉-ပါး

(၁) အင်္ဂါကိုယ်လက်တို့ ချို့တဲ့ခြင်း၊
(၂) ရုပ်ရည် မွဲပြာ ကြမ်းတမ်းခြင်း၊
(၃) ခွန်အားယုတ်ခြင်း၊
(၄) လျင်မြန်ခြင်းမရှိ၊
(၅) ပေါ်လာသောဘေးကို ကြောက်တတ်ခြင်း၊ ဘေးမှမလွတ်ခြင်း၊
(၆) သူတစ်ပါး၏ ပယောဂဖြင့် သေရခြင်း၊
(၇) အနာရောဂါဘယ စွဲကပ်ခြင်း၊
(၈) အခြွေအရံ မရှိခြင်း၊ ရှိပြီး အခြွေအရံတို့ပျက်စီးရခြင်း၊
(၉) အသက်တမ်းအတိုင်းမနေရခြင်း၊ ♦သုခမှတ်စု

ပိဋကတ်သုံးပုံ၏ အင်္ဂါ ၉-ပါး

(၁) သုတ္တ= ဥဘတောဝိဘင်း၊ နိဒ္ဒေသ၊ ခန္ဓက၊ မဟာဝါ၊ စူဠဝါ၊ ပရိဝါ၊ သုတ္တနိပါတ်၊ မင်္ဂလသုတ်၊ ရတနသုတ်စသည် သုတ်ဟူ၍ အမည်ရှိသရွေ့ တရားတော်များ၊
(၂) ဂေယျ= အလုံးစုံသော ဂါထာရှိသော သုတ်၊ အထူးအားဖြင့်သံယုတ်၌ အလုံး စုံသော သဂါထာဝဂ်ကိုလည်း ဂေယျမည်၏ဟုမှတ်၊
(၃) ဝေယျာကရဏ= အဘိဓမ္မာ ပိဋကတ်သည်လည်းကောင်း၊ ဂါထာမရှိသောသုတ်သည်လည်းကောင်း၊ အင်္ဂါရှစ်ပါးတို့ဖြင့် မရေတွက်အပ်သော တရားတော်များ၊
(၄) ဂါထာ= ဓမ္မပဒ၊ ထေရဂါထာ၊ ထေရီဂါထာစသည့် သုတ္တနိပါတ်၌လာသောသုတ်ဟူ၍ အမည်ရှိသောသက်သက်သောဂါထာများ၊
(၅) ဥဒါန= သောမနဿဉာဏ်ဖြင့်ရွတ်တော်မူအပ်သော အနေက ဇာတိသံသာရံ အစရှိသော ၈၂ သုတ်၊
(၆) ဣတိဝုတ္တက= ဝုတ္တံဟေတံဘဂဝတာဟု အစချီထားအပ်သော တစ်ရာတစ်ဆယ့်ရှစ်သုတ်၊
(၇)ဇာတက= ၅၅၀ သော ဇာတ်တော်များ၊
(၈) အဗ္ဘူတဓမ္မ= အံ့ဖွယ်နှင့်ယှဉ်သော ခပ်သိမ်းသောသုတ်၊
(၉) ဝေဒလ္လ= ဝမ်းမြောက်ဝမ်းသာခြင်းကိုရ၍ မေးအပ်ဖြေအပ်ကုန်သော သုတ္တန်တရားတော်များ၊ ♦သုခမှတ်စု

ပုဂံရွှေစည်းခုံဘုရား၏ အံ့ဖွယ် ၉-ပါး

(၁) ထီးတော်ကို သံမဆိုင်းရခြင်း၊
(၂) အရိပ်တော်တံတိုင်း အတွင်းက မထွက်ခြင်း၊
(၃) စည်းခုံတော်ပေါ်က ရွှေလှောင်စက္ကူ တံတိုင်းအပြင်သို့ မထွက်မကျခြင်း၊
(၄) တစ်မျက်နှာက တီးသည့်စည်သံကို တစ်မျက်နှာက မကြားရခြင်း၊
(၅) တန်ဆောင်မုန်းလပြည့ပ်ွဲတော်၌ ပထမသပိတ်မှာ ဆွမ်းဦးအောင် မတင်နိုင်ခြင်း၊
(၆) အဝေးကကြည့်လျှင် ကုန်း၊ အရံတွင်းကို ရောက်လျှင် ကျင်းကဲ့သို့ ထင်ရခြင်း၊
(၇) တံတိုင်းအတွင်း မိုး ရေမတင်နိုင်ခြင်း၊
(၈) တံတိုင်းအတွင်း၌ ပရိသတ် ဝင်နိုင်သမျှ ဝင်သော်လည်း မပြည့်နိုင်ခြင်း၊
(၉) တံတိုင်းအတွင်းရှိ ချယားပင်က ဆယ့်နှစ်ရာသီ အမြဲပွင့်၍နေခြင်း၊ ♦သုခမှတ်စု

ပုဏ္ဏား ၉-မျိုး

(၁) ဗြာဟ္မဏ= အလှူခံဥစ္စာရှာမှီး၍ အိမ်ထောင်ပြုသော ပုဏ္ဏား၊
(၂) ဘသှိျ= လယ်ယာကိုင်းကျွန်း လုပ်၍ အိမ်မထောင်ပြုသော ပုဏ္ဏား၊
(၃) ဗြဟ္မစာရီ= အိမ်ထောင်ခြင်းမပြုဘဲ အလှူခံ၍ တော၌နေလေ့ရှိသော ပုဏ္ဏား၊
(၄) ခတ္တိယ= မင်းပြုသော ပုဏ္ဏားမျိုး၊
(၅) ဘာရဒွါဇ= ဇာတ်ပျက်သော ပုဏ္ဏား၊
(၆) ဒယီ= အလှူခံ၍ ရောင်းဝယ်ဖောက်ကား၍ အိမ်ထောင်ပြုသော ပုဏ္ဏား၊
(၇) စန္ဒာလ (စဏ္ဍာလ) = ဇာတ်ပျက်၍ အပေါင်းအသင်းမှပယ်သော ပုဏ္ဏား၊
(၈) ရက္ခတိ(ရက္ခိတ) = အမျိုးစစ်မှ ဆင်းသက်လာသော ပုဏ္ဏား၊
(၉) တပသီ (တပဿီ) = တောထွက်၍ တရားမှီးသော ပုဏ္ဏား၊ ♦သုခမှတ်စု

ပုဏ္ဏားတို့၏ ပါရာဇိကံငယ် ၉-ပါး

(၁) မိန်းမကိုသတ်ခြင်း၊
(၂) နွားကိုသတ်ခြင်း၊
(၃) သူငယ်ကိုသတ်ခြင်း၊
(၄) ဇာတ်မတူသူကိုသတ်ခြင်း၊
(၅) အမျိုးယုတ်သူထံမှထမင်း တောင်းခြင်း၊
(၆) သန္ဓေကိုဖျက်ဆီးခြင်း၊
(၇) သူတစ်ပါးသားမယားကို ဖျက်ဆီးခြင်း၊
(၈) ရွှေမှတစ်ပါးသော ဥစ္စာပစ္စည်းကို ခိုးယူခြင်း၊
(၉) နွားသားစားခြင်းကိုပြုမိသော မိမိတို့ထုံးတမ်းအလာ ဥပုသ်ပြုမှ အပြစ်ကင်းလွတ်၍ ဇာတ်မြဲ၏၊ ♦သုခမှတ်စု

ဗိုလ်မှူးအင်္ဂါ ၉-ပါး

(၁) ရန်သူအား ရဲဝံ့စွာ စီရင်တိုက်ခိုက်နိုင်ခြင်း၊
(၂) အောင်မြေခုနစ်ပါးကို သိခြင်း၊
(၃) စစ်ရေးကို နားလည်ခြင်း၊
(၄) ရဲမက်တို့ အစားအသောက် ညီမျှစေခြင်း၊
(၅) စွမ်းပကားရှိခြင်း၊
(၆) ရောဂါစင်ကြယ်ခြင်း၊
(၇) မျိုးနွယ်စင်ကြယ်ခြင်း၊
(၈) အမှု၌ တည်ကြည်ခြင်း၊
(၉) သစ္စာရှိခြင်း၊ ♦သုခမှတ်စု

ဘဝကြီး ၉-ပါး

(၁) ကာမဘဝ၊
(၂) ရူပဘဝ၊
(၃) အရူပဘဝ၊
(၄) သညီဘဝ၊
(၅) အသညီဘဝ၊
(၆) နေဝသညီနာသညီဘဝ၊
(၇) ပဉ္စဝေါကာရဘဝ၊
(၈) စတုဝေါကာရဘဝ၊
(၉) ဧကဝေါကာရဘဝ၊ ♦သုခမှတ်စု

ဘီလူးနက္ခတ် ၉-လုံး

(၁) ကြတ္တိကာ= နက္ခတ်၍ လုံး၊
(၂) မာဃ= နက္ခတ် ၉ လုံး၊
(၃) အဿလိဿ= နက္ခတ် ၁၀ လုံး၊
(၄) သတ္တဗိသျှ= နက္ခတ် ၁၄ လုံး၊
(၅) စိတ္တရ= နက္ခတ် ၁၆ လုံး၊
(၆) ဇေဋ္ဌ= နက္ခတ် ၁၈ လုံး၊
(၇) ဓနသိဒ္ဓိ= နက္ခတ် ၂၃ လုံး၊
(၈) မူလ= နက္ခတ် ၂၄ လုံး၊
(၉) ဝိသာခါ= နက္ခတ် ၁၄ လုံး၊ ♦သုခမှတ်စု

ဘုရား ၉-ဆူ

သဇ္ဇနဝိလာသနီ
(၁) မြတ်စွာဘုရား= မဇ္ဈမိ ဗွေချက်၊ အလယ်ကွက်၌နေတော်မူ၏၊
(၂) သာရိပုတ္တရာ= ဘုရား၏တောင်အရပ်၌ နေတော်မူ၏၊
(၃) အာနန္ဒာ= ဘုရား၏ အနောက်ခွင်၌ နေတော်မူ၏၊
(၄) မောဂ္ဂလ္လာန်= ဘုရား၏ မြောက်မျက်နှာ၌ နေတော်မူ၏၊
(၅) ကောဏ္ဍည= မျက်နှာပြင်အရှေ့ခွင်၌ နေတော်မူ၏၊
(၆) ဂဝံပတိ= ဘုရား၏ အနောက်မြောက်၌နေတော်မူ၏၊
(၇) ဥပါလိ= ဘုရား၏အနောက်တောင်၌ နေတော်မူ၏၊
(၈) ခဒိရရေဝတ= ဘုရား၏ အရှေ့တောင်၌ နေတော်မူ၏၊
(၉) ရာဟုလာ= ဘုရား၏ အရှေ့မြောက်၌နေတော်မူ၏၊ ♦သုခမှတ်စု

ဘုရားဂုဏ်တော် ၉-ပါး

(၁) အရဟံ= လူသုံးပါးတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သောဂုဏ်၊
(၂) သမ္မာသမ္ဗုဒ္ဓေါ= အလုံးစုံသော တရားအပေါင်းကို သိတော်မူသောဂုဏ်၊
(၃) ဝိဇ္ဇာစရဏ သမ္ပန္နော= ဝိဇ္ဇာ ၃ ပါး၊ရှစ်ပါး၊ စရဏတရား ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူသောဂုဏ်၊
(၄) သုဂတော= ကောင်းသောစကားကိုသာ ဆိုတော်မူသောဂုဏ်၊
(၅) လောကဝိဒူ= လောကသုံးပါးကို သိတော်မူသောဂုဏ်၊
(၆) အနုတ္တရော ပုရသိဒမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာ သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမသောဂုဏ်၊
(၇) သတ္ထာ ဒေဝ မနုဿာနံ= လူသုံးပါးတို့၏ ဆရာဖြစ်သော ဂုဏ်၊
(၈) ဗုဒ္ဓေါ= သစ္စာလေးပါးကို သိတော်မူသောဂုဏ်၊
(၉) ဘဂဝါ= ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံသောမူသောဂုဏ်၊ ♦သုခမှတ်စု

ဘုရားဆုကိုနှုတ်မြွက်၍ကောင်းသော ၉-သချေင်္

(၁) သဗ္ဗဘဒ္ဒ၊
(၂) သဗ္ဗဖုလ္လ၊
(၃) သဗ္ဗရတန၊
(၄) ဥသဘန္ဓ၊
(၅) မာနိတ၊
(၆) ပဒုမ၊
(၇) ဥသဘ၊
(၈) ခက္ခန္ဓုတ္တမ၊
(၉) သဗ္ဗဘလ္လ၊ ♦သုခမှတ်စု

ဘုရားထုရန်ပုံဟန် ၉-ပါး

(၁) ဗောဓိပင်နှင့် ရွှေပုလ္လင်၌ မာရ်စစ်သည်ကို အောင်တော်မူသောပုံ၊
(၂) အနိမိသ၌ ရပ်နေတော်မူသောပုံ၊
(၃) ရတနာစင်္ကြံ၌ စင်္ကြံသွားတော်မူသောပုံ၊
(၄) ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရား ဟောနေတော်မူသောပုံ၊
(၅) အာဠာရဥဒကတို့သည် ရှုံးခြင်းကြီး ရှုံးလေစွတကားဟု လက်ဖျစ်တီး၍ ရင်ဘတ်တော်ကို လက်ဖြင့်အုပ်ကာ အံ့တော်မူသောပုံ၊
(၆) ရှင်အာနန္ဒာအား လက်သန်းတော်ဖြင့် မြေမှုန့်ကို ကောက်ယူ၍ 'အာနန္ဒာ လက်သည်းဖျားတွင်ပါသော မြေသည် များမည်လော၊ နှစ်သိန်း လေးသောင်း ရှိသောမြေမှုန့်သည်များမည်လော'ဟု လက်သန်းတော်ကိုချီ၍ ပြတော်မူပုံ၊
(၇) ကပ္ပိန္နမင်းကို ရုပ်တု ဖန်ဆင်းတော်မူ၍ ပြတော်မူပုံ၊
(၈) ကျောင်းတော်၌ လျောင်းစက်၍ ကျိန်းတော်မူနေသောပုံ၊
(၉) ပရိနိဗ္ဗာန်ပြုတော်မူသောပုံ၊ ♦သုခမှတ်စု

ဘောဇဉ် ၉-ပါး(ရဟန်းသုံးဆောင်သော)

(၁) သပ္ပိ= ထောပတ်၊
(၂) နဝနီတံ= ဆီဦး၊
(၃) တေလံ= ဆီ၊
(၄) မဓု= ပျား၊
(၅) ဖာဏိတံ= တင်လဲ၊
(၆) မစ္ဆော= ငါး၊
(၇) မံသ= အမဲ၊
(၈) ခီရံ= နို့ရည်၊
(၉) ဒဓိ= နို့ဓမ်း၊ ♦သုခမှတ်စု

မတိုင်ပင်အပ်သူ ၉-ယောက်

(၁) ရာဂပြောသူ၊
(၂) ဒေါသပြောသူ၊
(၃) မောဟပြောသူ၊
(၄) ကြောက်တတ်သူ၊
(၅) အာမိသတရားသုံးပါး လိုလားသူ၊
(၆) မိန်းမ၊
(၇) သေသောက်ကြူးသူ၊
(၈) ပဏ္ဍုက်၊
(၉) သူငယ်၊ ♦သုခမှတ်စု

မိုးကြိုး ၉-မျိုး

(၁) အသညာမိုးကြိုး= တန်ခိုးအသံဖြင့် သညာကင်း သောမိုး ကြိုး၊
(၂) ဝိစကရာ= စက်အဝန်းကို ပြုတတ်သောမိုးကြိုး၊
(၃) သတေရာ= အမှိုက်ကို ပိုင်းဖြတ်သကဲ့သို့ ကျတတ်သော မိုးကြိုး၊
(၄) ဂဂ္ဂရာ= ဂဂ္ဂရာဟူသော အသံရှိသော မိုးကြိုး၊
(၅) ကပိသီသာ= မျောက်၏ဦးခေါင်း အခြင်းအရာရှိသော မိုးကြိုး၊
(၆) မစ္ဆဝိလောဠိကာ= တုန်လှုပ်သော ငါးကဲ့သို့သော မိုး ကြိုး၊
(၇) ကကု ရုဋကာ= ဖြန့်အပ်သော အတောင်ရှိသော ကြက်နှင့်တူသော မိုးကြိုး၊
(၈) ဒဏ္ဍမဏိကာ= ထွန်တုံးနှင့် တူသော မိုးကြိုး၊
(၉) သုက္ခာသနိမိုးကြိုး= မိုးရွာလျက်ပင်လည်း အလျှံနှင့်တကွ ဖြစ်သည်၏အဖြစ်ကြောင့် ရေဖြင့်မစွတ်မူ၍ ခြောက်သောမိုးကြိုး၊ ♦သုခမှတ်စု

မင်းတို့၏ နဝရတ် ၉-ပါး

ကဝိလက္ခဏဒီပနီ
(၁) ပြည်ကြီးဝန်ကို ရွက်ဆောင်သော အမတ်ကြီးတို့သည် ပြည်၏ ဦးကင်းမည်၏၊
(၂) ရဟန်းတို့သည် ပြည်၏ တံခွန်မည်၏၊
(၃) ဗေဒင်အရာ ဆေးအရာ၌ လိမ္မာသောဆရာတို့သည် ပြည်၏ မျက်စိမည်၏၊
(၄) သူလျှိုတို့သည် ပြည်၏ နားမည်ကုန်၏၊
(၅) မင်းဆွေ မင်းမျိုးတို့သည် ပြည်၏အစွယ် မည်၏၊
(၆) အမျိုးသမီးတို့သည် ပြည်၏ မျက်နှာမည်၏၊
(၇) သူဌေးသူကြွယ်တို့သည် ပြည်၏ ဝမ်းမည်၏၊
(၈) စစ်သည်အပေါင်းသည် ပြည်၏ ခြေမည်၏၊
(၉) လက်နက်တို့သည် ပြည်၏ လက်မည်၏၊ ၎င်းတို့ကို မချိုးမဖြတမ် ဖျက်ဆီးကြရာ၊ ♦သုခမှတ်စု

မိန်းမမြတ်တို့၏ အင်္ဂါ ၉-ပါး

(၁) အိပ်ရာနေရာကို ကောင်းစွာသုတ်သင်ခြင်း၊
(၂) ယောက်ျားတစ်ပါးသို့ စိတ်နှလုံးမကူးခြင်း၊
(၃) လင်ရှာ၍ ရသောဥစ္စာကို ကောင်းစွာသိုမှီး၍ လုံ့လကြီးစွာပြုခြင်း၊
(၄) လင်အိပ်ရာက မထမီ မိမိက ရှေးဦးစွာထခြင်း၊
(၅) လင်အိပ်သည့်နောက်မှ အိပ်ခြင်း၊
(၆) အလုပ်အကြံ အစရှိသည်တို့၌ လင်၏ အစီအရင်ကိုခံခြင်း၊
(၇) အာဏာကို မဆန်မူ၍လင်၏ အလိုကို လိုက်ခြင်း၊
(၈) ချစ်သနားဖွယ်သော စကားကို နူးညံ့စွာ ပြောတတ်ခြင်း၊
(၉) အပူအချမ်းကို သိတတ်ခြင်း၊ ♦သုခမှတ်စု

မျက်ငြိုး ၉-ပါး

ကဝိလက္ခဏဒီပနီ
(၁) ငါ၏အကျိုးမဲ့ကိုပြုဖူးလေပြီ၊
(၂) ပြုလည်းပြုဆဲ၊
(၃) နောင်လည်း ပြုလတ္တံ့ ဟူ၍ မိမိကိုယ်ကို အကြောင်းပြု၍ သုံးပါး၊
(၄) ငါ၏ အဆွေခင်ပွန်း၏ အကျိုးမဲ့ကို ပြုဖူးလေပြီ၊
(၅) ပြုဆဲ၊
(၆) ပြုလတ္တံ့ ဟူ၍ အဆွေခင်ပွန်းကို အကြောင်း ပြု၍သုံးပါး၊
(၇) ငါ၏ ရန်သူ၏ အကျိုး စီးပွားကို ပြုဖူးလေပြီ၊
(၈) ပြုဆဲ၊
(၉) ပြုလတ္တံ့ဟူ၍ ရန်သူကို အကြောင်းပြု၍ သုံးပါး၊ ♦သုခမှတ်စု

ယောက်ျားတို့၏ မာယာ ၉-ပါး

(၁) အမျိုး၏ဂုဏ်ကို ပြတတ်ခြင်း၊
(၂) ပညာ၏ ဂုဏ်ကို ပြတတ်ခြင်း၊
(၃) ပစ္စည်း၏ဂုဏ်ကို ပြတတ်ခြင်း၊
(၄) ဝမ်းသာဝမ်းနည်း ပြုတတ်ခြင်း၊
(၅) အစဉ်မပြတ်နောက်ယောင်ခံခြင်း၊
(၆) အစားအသောက် လက်ဆောင်များပေးကမ်းခြင်း၊
(၇) မြှောက်ပင့်ချီးမွမ်းတတ်ခြင်း၊
(၈) အဝတ်အစား ပြောင်းလဲတတ်ခြင်း၊
(၉) ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြတတ်ခြင်း၊ ♦သုခမှတ်စု

ရသ ၉-ပါး

အလင်္ကာနိဿယ
(၁) သိင်္ဂါရရသ= ချစ်ခင်ခြင်း၊
(၂) ဟဿရသ= ရယ်ရွှင်ခြင်း၊
(၃) ကရုဏာရသ= သနားကြင်နာခြင်း၊
(၄) ရုဒ္ဒရသ= ကြမ်းကြုတ်ခက်ထန်ခြင်း၊
(၅) ဝီရရသ= ရဲရင့်ခြင်း၊
(၆) ဘယာနကရသ= ကြောက်ရွံ့ခြင်း၊
(၇) ဝိဘစ္ဆရသ= စက်ဆုတ်ခြင်း၊
(၈) အဗ္ဘုတရသ= အံ့သြခြင်း၊
(၉) သန္တရသ= ငြိမ်းအေးခြင်း၊ (မိဘ၏ အချစ်ဟူသော ဝစ္ဆလျ'ဝစ္ဆလ' ရသကို ထည့်၍ ရသဆယ်ပါးဟုလည်း ဆိုသည်၊) ♦သုခမှတ်စု

ရွှေမျိုး ၉-ပါး

(၁) သာတကုမ္ဘ၊
(၂) နိတုံ၊
(၃) ဇမ္ဗူရာဇ်၊
(၄) ကာလီ၊
(၅) မဂ္ဂဋ၊
(၆) မာရိတ၊
(၇) ဒသဝိဒ္ဓ၊
(၈) ယုတ္တက၊
(၉) သြက္ကရုပ္ပန္န၊ ♦သုခမှတ်စု

လူ့နက္ခတ် ၉-ပါး

(၁) ဘရဏီ= နက္ခတ် ၂ လုံး၊
(၂) ပြုပ္ပာသဠ်= နက္ခတ် ၄ လုံး၊
(၃) ပြုပ္ပာပရပိုဒ်= နက္ခတ် ၆ လုံး၊
(၄) ဥတ္တရာဘရဂုဏီ= နက္ခတ် ၁၁ လုံး၊
(၅) ဥတ္တရာ သဠ်= နက္ခတ် ၁၂ လုံး၊
(၄) အဒြ= နက္ခတ် ၂၁ လုံး၊
(၇) ရောဟနီ= နက္ခတ် ၂၅ လုံး၊
(၈) ဘရဏီ= နက္ခတ် ၂၆ လုံး၊
(၉) ဥတ္တရာပရပိုဒ်= နက္ခတ် ၂၀ လုံး၊ ♦သုခမှတ်စု

လောကုတ္တရား တရား ၉-ပါး

မဂ် ၄+ဖိုလ် ၄+နိဗ္ဗာန် ၁= ပေါင်းသော် ၉ ပါးရ၏၊ ♦သုခမှတ်စု

ဝါကျဒေါသ ၉-ပါး

(၁) ဧကတ္ထဒေါသ= ဝါကျတို့တွင် အကျိုးမရှိဘဲ သဒ္ဒါအားဖြင့်လည်းကောင်း၊ အနက်အားဖြင့်လည်းကောင်း အထပ်ထပ်ဆိုခြင်း ပုနရုတ္တိ ဒေါသ လည်းခေါ်၏၊
(၂) ဘဂ္ဂီရတိဒေါသ= ဆိုအံ့သောငှာ အားထုတ်သောစကား အစဉ်ပျက်ခြင်း၊
(၃) ဗျာကိဏ္ဏဒေါသ= ကမောက်ကမ ရောပြွမ်းရှုပ်ထွေးအောင်ဆိုခြင်း၊
(၄) ဂါမ္မဒေါသ= ဝါကျ၌ ရိုင်းပျစွာသော စကားနှင့် သုံးစွဲစပ်ဆိုခြင်း၊
(၅) ယတိဟနီ ဒေါသ= ဖြတ်၍ ရွတ်ဖတ်သင့်သည်၌ မဖြတ်ရအောင် စီကုံးခြင်း၊
(၆) ကမစ္စုကဒေါသ= ထုံးစံအတိုင်း အစဉ်ပျက်ခြင်း၊
(၇) အတိဝုတ္တဒေါသ= မထိုက်မတန် အလွန်အကျူး ချီးမွမ်းခြင်း၊
(၈) အပေတတ္ထဒေါသ= ဝါကျ၌ အဓိပ္ပာယ် မကောက်နိုင်အောင် တောင်ဆိုမြောက်ဆို စပ်ဆိုခြင်း၊
(၉) သဗ္ဗန္ဓဖရုသ ဒေါသ= ကြမ်းတမ်းသော အက္ခရာ အများအပြားနှင့် ရေးသားခြင်း၊ ♦သုခမှတ်စု

ဝါကျဒေါသ ပရိဟာရ် ၉-ပါး

(၁) ဧကတ္ထပရိဟာရ်၊
(၂) ဘဂရ္ဂီတပရိဟာရ်၊
(၃) ဗျာကိဏ္ဏပရိဟာရ်၊
(၄) ဂါမ္မပရိဟာရ်၊
(၅) ယတိဟီနပရိဟာရ်၊
(၆) ကမစ္စုတ ပရိဟာရ်၊
(၇) အတိဝုတ္တပရိဟာရ်၊
(၈) အပေတတ္ထပရိဟာရ်၊
(၉) ဗန္ဓဖရုသပရိဟာရ်၊ ♦သုခမှတ်စု

ဝင် ၉-ဝင်

(၁) ဗုဒ္ဓဝင်= ဘုရားအစဉ်အဆက်ကို ပြသောကျမ်း၊
(၂) မဟာဝင်= ဆွေတော်မျိုးတော် အစဉ်အဆက်ကို ပြသောကျမ်း၊
(၃) ရာဇဝင်= မင်း အစဉ်အဆက်ကို ပြသောကျမ်း၊
(၄) အနာဂတဝင်= လာလတ္တံ့သော ဘုရားအစဉ်အဆက်ကို ပြသောကျမ်း၊
(၅) ဒါဌာဓာတုဝင်= ဘုရား၏ ဓာတ်တော်တို့၏ အစဉ်အဆက်ကိုပြသောကျမ်း၊
(၆) ဒီပဝင်= ကျွန်းကြီးတို့၏ အစဉ်အဆက်ကို ပြသောကျမ်း၊
(၇) ထူပဝင်= စေတီပုထိုးတို့၏ အစဉ်အဆက်ကို ပြသောကျမ်း၊
(၈) ဗောဓိဝင်= မြတ်စွာ ဘုရားပွင့်တော်မူရာ ဗောဓိပင်အကြောင်းကို ပြသောကျမ်း၊
(၉) သာသနာဝင်= သာသနာတော် အစဉ်အဆက်ကို ပြသောကျမ်း၊ ♦သုခမှတ်စု

သပိတ်အိတ်လှူသော အကျိုး၉ ပါး

(၁) မြင့်မြတ်သောအမျိုး၌ဖြစ်ခြင်း၊
(၂) စည်းစိမ်ချမ်းသာ ရှိခြင်း၊
(၃) ခပ်သိမ်းသောသူတို့ ရိုသေခြင်း၊
(၄) ကျော်စောခြင်း၊
(၅) များသော ကျီတို့ကုရိခြင်း၊
(၆) များသောတိုက်တာတို့ကို ရခြင်း၊
(၇) အထူးထူးသော အိတ်တို့ကိုရခြင်း၊
(၈) များသော ပူတာတံတင်းတို့ကိုရခြင်း၊
(၉) များသော အသုံးအဆောင်တို့ကိုရခြင်း ♦သုခမှတ်စု

သီးကြီး ၉-ပါး

(၁) ထန်းသီး၊
(၂) အုန်းသီး၊
(၃) ပိန္နဲသီး၊
(၄) တောင်ပိန္နဲသီး၊
(၅) ဘူးသီး၊
(၆) ဖရုံသီး၊
(၇) သခွားငဆစ်သီး၊
(၈) သခွားငပြုတ်သီး၊
(၉) သခွားငကြောင်သီး၊ ♦သုခမှတ်စု

သောကြာဂြိုဟ်ဟူသော အခေါ်ပရိယာယ် ၉-ပါး

(၁) ဘဂဇု၊
(၂) ဒေစ္စမန္တ၊
(၃) ဒစ္စဓျက္ခ၊
(၄) ပုရောဟိတ၊
(၅) ဥသန၊
(၆) ဘဂ္ဂဝ၊
(၇) သုတ္တ၊
(၈) ဘဂု၊
(၉) ဒေစ္စဂုရု၊ ♦သုခမှတ်စု

သံဃာတော်ဂုဏ် ၉-ပါး

(၁) သုပ္ပဋိပန္နော= သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာ ကျင့်တော်မူသောဂုဏ်၊
(၂) ဥဇုပ္ပဋိပန္နော= သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာ ကျင့်သောဂုဏ်၊
(၃) ဉာယပ္ပဋိပန္နော= နိဗ္ဗာန်၏အကျိုးငှာ ကျင့်တော်မူသောဂုဏ်၊
(၄) သာမိစိပ္ပဋိပန္နော= အရိုအသေပြုထိုက်အောင် သိက္ခာတို့ကို ရိုသေသောဂုဏ်၊
(၅) အာဟုနေယျော= အဝေးမှဆောင်၍ သီလဝန္တတို့အား လှူအပ်သော ပစ္စည်းကို ခံတော်မူထိုက်သောဂုဏ်၊
(၆) ပါဟုနေယျော= ချစ်နှစ်လုအိပ်သော ဧည့်သည်တို့အဖို့စီရင်ထားသော မြတ်သောအလှူကို ခံတော်မူထိုက်သောဂုဏ်၊
(၇) ဒက္ခိဏေယျော= တမလွန်လောကကို ယုံကြည်၍ ပေးအပ်သော မြတ်သောအလှူကို ခံတော်မူထိုက်သောဂုဏ်၊
(၈) အဉ္စလီ ကရဏီယျော= ကောင်းမှုကို အလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ ထိုက်တော်မူသောဂုဏ်၊
(၉) အနုတ္တရံပုညက္ခေတ္တ= ကောင်းမှုတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ် ဖြစ်သောဂုဏ်၊ ♦သုခမှတ်စု

အဓောမုခ နက္ခတ် ၉-ပါး၊ (အဓောမုခ= အောက်သို့မျက်နှာမူသော)

(၁) မူလ၊
(၂) အဿလိသ၊
(၃) ကြတ္တိကာ၊
(၄) ဝိသာခါ၊
(၅) ဘရဏီ၊
(၆) မာဃ၊
(၇) ပြုဗာသဠ်၊
(၈) ပြုဗာပရပိုဒ်၊
(၉) ပြုဗာဘရဂုဏ္ဏီ၊ ♦သုခမှတ်စု

အမြုတေ ၉-ပါး

(၁) ရဇတ မုတ္တာအမြုတေ= ငွေအဆင်းကဲ့သို့ ဖြူသော အရောင်ရှိ၏၊ စားကောင်းသောက်ဖွယ် ကျေးဇူးပြု၏၊
(၂) သုဝဏ္ဏ မုတ္တာအမြုတေ= ရွှေနီ အဆင်းကဲ့သို့ နီသော အရောင်ရှိ၏၊ နှစ်သက်ဖွယ်အဆင်းသဏ္ဌာန် ကျေးဇူးပြု၏၊
(၃) ဂံသမုတ္တာအမြုတေ= ကြေးနီ မရမ်း စေ့အဆင်းကဲ့သို့ နီသောအရောင်ရှိ၏၊ ကြောက်လန့်ဖွယ်သောအသံကို ကျေးဇူးပြု၏၊
(၄) လောဟိတမုတ္တာ အမြုတေ၏ အောင်မည်းညိုပွင့်ကဲ့သို့ အဆင်းအရောင်ရှိ၏၊ အခြွေအရံ ကျေးဇူးပြု၏၊
(၅) နီလမုတ္တာအမြုတေ= ညိုမောင်းသော အဆင်းအရောင်ရှိ၏၊ အဝတ်ပုဆိုးကို ကျေးဇူးပြု၏၊
(၆) ပီတမုတ္တာ အမြုတေ= မြသားမြရည် အဆင်းကဲ့သို့ စိမ်းသောအရောင်ရှိ၏၊ ဥယျာဉ်သစ်သီးသစ်ပွင့်တို့ကို ကျေးဇူးပြု၏၊
(၇) ကာဠမတ္တာအမြုတေ= မင်သွေးကဲ့သို့ နက်သောအရောင်ရှိ၏၊ ရှိန်းဆာယာ ကွယ်ကာ စေတတ်ခြင်းဖြင့် ကျေးဇူးပြု၏၊
(၈) ပဘဿရ မုတ္တာ အမြုတေ= အနီ အဝါ အပြာ အစိမ်း အဖြူ အမောင်းခြောက်သွယ်သော အရောင်ရှိ၏၊ အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်းကွယ်ပျောက်စေခြင်း၊ နှစ်သက်ဖွယ် အသံသာယာခြင်း၊ ရန်သူကို အောင်ခြင်း၊ ဘီလူးသစ် ကား မြွေအဆိပ်မျိုး သင့်သော အောက်များကို ပယ်ရှားခြင်း ကျေးဇူး ပြု၏၊
(၉) ဝိယောဇနမုတ္တာ အမြုတေ= နဝရတ် ၉-ပါးအဆင်းကဲ့သို့ ပြိုးပြိုးပြက်ပြက်တစ်ခဲနက် ဝင်းဝင်းပြောင်ပြောင် ဆီမီးရောင် ထွန်းပခြင်းရှိ၏၊ ကောင်းကင်ပျံခြင်း၊ မြေလျှိုးခြင်း၊ လူတို့နှစ်သက်ခြင်း၊ ရန်သူအပေါင်း ကြောက်ရွ့ခြင်း၊ အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်း၊ သေနတ် သစ်ချွန် ဓား လှံ လက်နက် မစူးရှနိုင်ခြင်း၊ ခွန်အားကြီးခြင်း၊ ရွှေငွေရတနာတို့နှင့်တကွ အသုံးအဆောင်မျိုး ဟူသမျှကို အကျိုး ပြုစေတတ်၏၊ ♦သုခမှတ်စု

အသက်တစ်ရာကျော်နေရသော အရိယာ ၉-ယောက်

(၁) ဝိသာခါ၊
(၂) ပေါက္ခရသာတိပုဏ္ဏား၊
(၃) ဗြဟ္မာယုပုဏ္ဏား၊
(၄) သေလပုဏ္ဏား၊
(၅) အရှင်အာနန္ဒာ၊
(၆) အရှင်ကဿပ၊
(၇) အရှင် အနုရုဒ္ဓါ၊
(၈) ဗာဝရီပုဏ္ဏား၊
(၉) အရှင်ဗာကုလ၊ ♦သုခမှတ်စု

အာဠာဝကဘီလူး၏ လက်နက်ကြီး ၉-ပါး

(၁) လေ၊
(၂) မီး၊
(၃) ရေ၊
(၄) မိုး၊
(၅) သဲ၊
(၆) ညွန်၊
(၇) ပုဆိုး၊
(၈) နတ်စက်၊
(၉) ဘွဲ့ဖြူ၊ ♦သုခမှတ်စု

အင်္ဂါဂြိုဟ်ဟူသော အခေါ်ပရိယာယ် ၉-ပါး

(၁) အင်္ဂါရက၊
(၂) ကုဇ၊
(၃) ဘောမ၊
(၄) လောဟိတင်္ဂ၊
(၅) မဟိသုတ၊
(၆) အာရ၊
(၇) ဇဂတိသုတ၊
(၈) ဝင်္ကိ၊
(၉) ကြုရက္ခ၊ ♦သုခမှတ်စု

အတ္တဒိဋ္ဌိကို ဖျက်ဆီးသောဉာဏ် ၉-ပါး

(၁) နာမရူပ ပရိစ္ဆေဒဉာဏ်၊
(၂) ပစ္စယ ပရိဂ္ဂဟဉာဏ်၊
(၃) အနိစ္စဉာဏ်၊
(၄) ဒုက္ခဉာဏ်၊
(၅) အနတ္တဉာဏ်၊
(၆) နိဗ္ဗိဒါဉာဏ်၊
(၇) မဂ်ဉာဏ်၊
(၈) ဖိုလ်ဉာဏ်၊
(၉) ပစ္စဝေက္ခဏာဉာဏ်၊ ♦သုခမှတ်စု

တပ်မတော်ဖွဲ့နည်း ၉-ရပ်

(၁) ပတ္တိတပ်= ရထားတစ်ဆောင်၊ ဆင်ပြောင်တစီး၊ မြင်းသုံးစီးနှင့်၊ ရဲကြီးငါးယောက်၊ နန်းစဉ်လျှောက်ဖြင့်၊ ထိုလောက်စစ်သည်၊ ပတ္တိမည်၊
(၂) သေနာမုခတပ်= ထိုသည်ပတ္တိ၊ သုံးပြန်ရှိက၊ ခေါ်ဘိသညာ၊ သေနာမုခ၊
(၃) ဂုမတပ်= ထိုမုခအား၊ သုံးခုပွားသော်၊ မည်ငြားဂုမ၊
(၄) ဂဏတပ်= ဂုမ္ဗမြောက်သုံး၊ ခေါ်ထုံးဂဏ၊
(၅) ဝါဟိနီတပ်= ဂဏသုံးလီ၊ ဝါဟိနီတည့်၊
(၆) ပုတနာတပ်= ဝါဟိနီစစ်၊ သုံးပြန်ဖြစ်က၊ တွင်လစ်ပုတန၊
(၇) စမူတပ်= ပုတနာဟူ၊ သုံးဆယူသော်၊ စမူမည်ငြား၊
(၈) အဏိကီနီတပ်= စမူအားလျှင်၊ မြှောက်ပွားကြိ၊ အဏိကီနီ၊
(၉) ခေါဘဏီတပ်= ယင်းဆယ်လီဖြင့် ခေါဘဏီစစ် ၉ ဆင့်ဖြစ်၏၊ ♦သုခမှတ်စု

ဒေဝီ ၉-ပါး (တစ်နည်း)

လောကီကျမ်း
(၁) မာတာဒေဝီ၊
(၂) ဣရဋသီ၊
(၃) ဣရဋတီ၊
(၄) မဏီမေခလ၊
(၅) သူရဿတီ၊
(၆) မာယာဒေဝီ၊
(၇) ဇဂြိဒေဝီ၊
(၈) ဗြာဂြီဒေဝီ၊
(၉) ဇာရုဝတီ၊ ♦သုခမှတ်စု

နှုတ်မလုံသူမျိုး ၉-ယောက်

(၁) ရာဂစရိတ= ရာဂထူပြောသူ၊
(၂) ဒေါသစရိတ= ဒေါသကြီးသူ၊
(၃) မောဟစရိတ= တွေဝေထိုင်းမှိုင်းသူ၊
(၄) ဘီရုက= ကြောက်တတ်သူ၊ သတ္တိနည်းသူ၊
(၅) အာမိသဂရုတ= လာဘ်လာဘ တပ်မက်သူ၊
(၆) ဣတ္ထိ= မိန်းမ၊
(၇) သောဏ္ဍ= သေသောက်ကြူးယစ်ထုပ်၊
(၈) ပဏ္ဍက= ပဏ္ဍုက်၊
(၉) ဒါရက= ကလေးသူငယ်၊ ♦သုခမှတ်စု

နို့ထိန်းအင်္ဂါ ၉-ပါး

ဗုဒ္ဓဝင်အဋ္ဌကထာ
(၁) မမြင့်လွန်း၊
(၂) မနိမ့်လွန်း၊
(၃) မကြုံလွန်း၊
(၄) မဆူလွန်း၊
(၅) မမည်းလွန်း၊
(၆) မဖြူလွန်း၊
(၇) ရင်သား မရှည်လွန်း၊
(၈) မတိုလွန်း၊
(၉) ချောင်းဆိုးပန်းနာ မရှိသူ ဖြစ်စေရမည်ဟူ၏၊ ♦သုခမှတ်စု

မာန်တက်ခြင်း ၉-ပါး

အကျယ်ဣတိဝုတ္တက(ပါ) ၂၇၀၊ (ဋ္ဌ) ၃၂၅ နှင့် နဝင်္ဂုတ္တရ(ပါ)
(၁) ဇာတိမဒ= ဇာတ်ကိုစွဲ၍ဲ မာန်တက်ခြင်း၊
(၂) ဂေါတ္ထမဒ= မျိုးနွယ်ကိုစွဲ၍ မာန်တက်ခြင်း၊
(၃) သိပ္ပမဒ= အတတ်ပညာကိုစွဲ၍ မာန်တက်ခြင်း၊
(၄) အာရောဂျဒ= အနာရောဂါကင်းမှုကိုစွဲ၍ မာန်တက်ခြင်း၊
(၅) ယောဗ္ဗမဒ= အရွယ်နုပျိုခြင်းကိုစွဲ၍ မာန်တက်ခြင်း၊
(၆) ဇီဝိတမဒ= အသက်ရှည်ခြင်းကိုစွဲ၍ မာန်တက်ခြင်း၊
(၇) ဝဏ္ဏရူပမဒ= အဆင်းလှခြင်းကိုစွဲ၍ မာန်တက်ခြင်း၊
(၈) သောဘဂ္ဂမဒ= ဘောဂပေါကြွယ် တင့်တယ်မှုမျိုးကိုစွဲ၍ မာန်တက်ခြင်း၊
(၉) ပရိဝါရမဒ= ကျော်စောသတင်းခြံရံများခြင်းကိုစွဲ၍ မာန်တက်ခြင်း၊ ၎င်းမာန်တက်ခြင်းတို့ကို ရှောင်ရှားရမည်ဟု ဘုရားရှင် ဟောကြားဆုံးမတော်မူသည်၊ ♦သုခမှတ်စု

မိစ္ဆာဝိတက်မျိုး ၉-ပါး

(၁) ကာမဝိတက်= ကာမဂုဏ်၌ ကြံစည်မွေ့လျော်ခြင်း၊
(၂) ဉာတိဝိတက်= ဆွေမျိုးအတွက် ကြံစည်မှုမျိုး၊
(၃) ဇနပဒဝိတက်= တိုင်းပြည် ဇနပုဒ်အတွက် ကြံစည်ချက်များ၊
(၄) အမရဏဝိတက်= မအိုမနာ မသေလိုခြင်း၊
(၅) အနဝညတဝိတက်= မထီမဲ့ပြုရန် ကြံစည်ခြင်း၊
(၆) လာဘဝိတက်= လာဘ်ပစ္စည်းရေး၌ ကြံစည်ခြင်း၊
(၇) သက္ကာယဝိတက်= စွဲလမ်းမှု တပ်နှစ်သက်မှု၌ ကြံစည်ခြင်း၊
(၈) ကိတ္တိဝိတက်= ကျော်စောလိုမှု၌ ကြံစည်ခြင်း၊
(၉) ဂေဟသိတဝိတက်= အိုးအိမ်ကိုမှီ၍ ကြံစည်ခြင်းမျိုး၊ ♦သုခမှတ်စု

မိန်းမတို့၏ အပြစ် ၉-ပါး

နဝင်္ဂုတ္တရ
(၁) အသုစိ= မစင်ကြယ်ခြင်း၊
(၂) ဒုဂန္ဓ= မကောင်းသော အနံ့ရှိခြင်း၊
(၃) သဘီရု= အအိပ်ကြီးခြင်း၊
(၄) သပဋိဘယ= ကြောက်လန့်တတ်ခြင်း၊
(၅) ကောဓန= အမျက်ထွက်လွယ်ခြင်း၊
(၆) ဥပနာဟ= ရန်ငြိုးဖွဲ့တတ်ခြင်း၊
(၇) သောရဝိသ= ရာဂထူထပ်ခြင်း၊
(၈) ဒုဇိဝှ= လျှာနှစ်ခွရှိခြင်း၊
(၉) မိတ္တဒုဗ္ဘိ= မိတ်ပျက်လွယ်တတ်ခြင်း၊ ♦သုခမှတ်စု

ရှမ်း ၉-ဆက်၊ ၉-စော်ဘွား

(၁) မိုးကောင်းစော်ဘွား၊
(၂) မိုးညှင်းစော်ဘွား၊
(၃) သောင်သွတ်စော်ဘွား၊
(၄) မိုးမိတ်စော်ဘွား၊
(၅) မိုးနဲစော်ဘွား၊
(၆) သိန္နီစော်ဘွား၊
(၇) မိုင်းပဲစောဘွား၊
(၈) ညောင်ရွှေစော်ဘွား၊
(၉) သီပေါစော်ဘွား၊ ♦သုခမှတ်စု

လယ်တွင်း ၉-ခရိုင်

(၁) စောလှမြို့နယ်၊
(၂) ပင်လယ်နက်၊
(၃) မြစ်သားနယ်၊
(၄) ပျဉ်းမနားနယ် တို့ဖြစ် ဇော်ဂျီမြစ်၏ မှီရာ၊
(၅) မြောင်လှနယ်၊
(၆) မြင်းခုံတိုင်နယ်၊
(၇) မကတရာနယ်၊
(၈) ပန်နယ်၊
(၉) မြင်စိုင်းမြို့နယ်ခရိုင်၊ ♦သုခမှတ်စု

သူတစ်ပါးအား မပြောအပ်သော အကြောင်းအရာ ၉-ပါး

(၁) အာယု= မိမိနေရအံ့သော အသက်အပိုင်းအခြား၊
(၂) ဝိတ္တ= မိမိပိုင် စည်းစိမ်ဥစ္စာ ရတနာဟူသမျှ၊
(၃) ဂေဟဆိဒ္ဓ= မိမိ၏ အိမ်၌ မလုံခြုံသောနေရာနှင့် အပြစ်အနာအဆာ ဟူသမျှ၊
(၄) မန္တ= လျှို့ဝှက်အပ်သော တိုင်ပင်ဆွေးနွေးမှုများ၊
(၅) မေထုန်= ကိုယ့်မယားအား သံဝါသမှုစပ်ယှက်ပုံ၊ ပြုပုံနည်းနှင့် ပြုသောနေရာဌာန၊
(၆) ဘေသဇ္ဇနယ= ခက်ခဲစွာ ဖော်စပ်အပ်သော ဆေးစွမ်းကောင်းများ၊
(၇) တပ= မိမိ၏ ခြိုးခြံစွာသော အကျင့်၊
(၈) ဒါန= လှူဒါန်းပေးကမ်းခြင်း၊
(၉) အပမာဏ= မိမိအား သူတစ်ပါးတို့က ပမာမထား မလေးစားပုံ အခြင်းအရာ၊ ♦သုခမှတ်စု

ကထာဝတ္ထုကျင့် ၁၀-ခု

(၁) အနဘိဇ္ဈာကထာ= အလိုနည်းခြင်းနှင့် စပ်သည်ကို ပြောဟောခြင်း၊
(၂) သန္တုဋ္ဌိကထာ=ရောင့်ရဲလွယ်ခြင်းနှင့် စပ်သည်ကို ပြောဟောခြင်း၊
(၃) ဝိဝေကကထာ= ဆိတ်ငြိမ်ခြင်း နှင့် စပ်သည်ကို ပြောဟောခြင်း၊
(၄) အသံသဂ္ဂကထာ= ဒဿနသသံဂ္ဂ သဝနသသံဂ္ဂ ကာယသသံဂ္ဂ စသည်တို့နှင့် မစပ်သည်ကိုပြောဟောခြင်း၊
(၅) ဒါနကထာ= အလှူဒါနကထာကို ပြောဟောခြင်း၊
(၆) သီလကထာ= သီလသီတင်းနှင့် စပ်သည်ကို ပြောဟောခြင်း၊
(၇) သမာဓိကထာ= တည်ကြည်ခြင်း စကားကောင်းခြင်းကို ပြောဟောခြင်း၊
(၈) ပညာကထာ= ပညာနှင့်စပ်သည်ကိုပြောဟောခြင်း၊
(၉) ဝိမုတ္တိကထာ= ဗိုလ်လေးပါးနှင့်စပ်သော စကားကို ပြောဟောခြင်း၊
(၁၀) ဝိမုတ္တိဉာဏဒဿနကထာ= ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သောစကားကို ပြောဟောခြင်း၊ ♦သုခမှတ်စု

ကသိုဏ်း ၁၀-ပါး

(၁) ပထဝကီ သိုဏ်း = မြေကြီးကုရှိုသောကသိုဏ်း၊
(၂) အာပေါကသိုဏ်း= ရေကိုရှုသောကသိုဏ်း၊
(၃) တေဇောကသိုဏ်း= မီးကရိုှုသောကသိုဏ်း၊
(၄) ဝါယောကသိုဏ်း= လေကိုရှုသော ကသိုဏ်း၊
(၅) နီလကသိုဏ်း= ညိုသော အဆင်းကိုရှုသော ကသိုဏ်း၊
(၆) ပီတကသိုဏ်း= ရွှေသောအဆင်းကို ရှုသော ကသိုဏ်း၊
(၇) လောဟိတကသိုဏ်း= နီသောအဆင်းကိုရှုသော ကသိုဏ်း၊
(၈) သြဒါတကသိုဏ်း= ဖြူသောအဆင်းကိုရှုသော ကသိုဏ်း၊
(၉) အာကာသကသိုဏ်း= ကောင်းကင်ကိုရှုသောကသိုဏ်း၊
(၁၀) အာလောက ကသိုဏ်း= နံရံပေါက် စသည်တို့၌ထင်သော အရောင်အလင်းကိုရှုသော ကသိုဏ်း၊ ♦သုခမှတ်စု

ကိလေသာ ၁၀-ပါး

(၁) လောဘ= တပ်မက်ခြင်း၊
(၂) ဒေါသ= အမျက်ထွက်ခြင်း၊
(၃) မောဟ= တွေဝေမိုက်မဲခြင်း၊
(၄) မာန= ထောင်လွှားခြင်း၊
(၅) ဒိဋ္ဌိ= အယူ မှားခြင်း၊
(၆) ဝိစိကိစ္ဆာ= ရှစ်ပါးသောတရား၌ ယုံမှားခြင်း၊
(၇) ထိန= စိတ်၏ မခန့်ခြင်း၊
(၈) ဥဒ္ဓစ္စ= စိတ်၏ ပျံ့လွင့်ခြင်း၊
(၉) အဟီရိက= မကောင်းမှုမှ မရှက်ခြင်း၊
(၁၀) အနောတ္တပ္ပ= မကောင်းမှုမှ မထိတ်လန့်ခြင်း၊ ♦သုခမှတ်စု

ကုသလမဟာဘူမိကဓမ္မ (ကုသိုလ်မှုအားထုတ်စဉ်ဖြစ်သောအရာ) ၁၀-ပါး

(၁) သဒ္ဓါ= စိတ်၏ သန့်ရှင်း ကြည်လင်ခြင်း၊
(၂) အပ္ပမာဒ= မမေ့မလျော့ရှိခြင်း၊
(၃) ပဿဒ္ဓိ= စိတ်၏ ပေါ့ပါးငြ်း၊
(၄) ဥပက္ခော=မျှတခြင်း (မစွဲလမ်းခြင်း)၊
(၅) ဟီရိ= မိမိ မကောင်းမှုလုပ်ရန်ရှက်ခြင်း၊
(၆) သြတ္တပ္ပ= မိမိမကောင်းမှုလုပ်ရန် ကြောက်ခြင်း၊
(၇) အလောဘ= စွန့်လွှတ်ခြင်း၊
(၈) အဒေါသ= မေတ္တာရှိခြင်း၊
(၉) အဟိံသာ= မညှဉ်းဆဲခြင်း၊
(၁၀) ဝီရိယ= လုံ့လစိုက်ခြင်း၊ ♦သုခမှတ်စု

ကျေးဇူးရှင် ၁၀-ပါး

(၁) ခင်ပွန်းကြီး ၁၀-ပါးပင် ဖြစ်သည်၊ ♦သုခမှတ်စု

ကျေးဇူးရှင် ၁၀-ပါးကိုပူဇော်ရိုသေသူတို့၏ အကျိုး ၁၀-ပါး

(၁) တစ်ပါးရွာသို့ သွားလျှင် အစားအစာမရှားပါးခြင်း၊
(၂) ရောက်ရာအရပ်၌ အပူဇော်ခံရခြင်း၊
(၃) ရန်သူမျိုးငါးပါးကမနှိပ်စက်ခြင်း၊
(၄) မျက်နှာမြင်က ချစ်ခင်သူပေါများခြင်း၊
(၅) ပွဲအလယ်၌ ရဲဂုဏ်ရှိခြင်း၊
(၆) မိမိ၏ ကျေးဇူးသတင်း ပျံ့လွင့်ခြင်း၊
(၇) အခြံအရံ အမြဲမပြတ်ရှိခြင်း၊
(၈) ဆင်၊ မြင်း၊ ကျွဲ၊ နွား ပေါများလျက် စပါးသီးနှံ မပျက်မစီးခြင်း၊
(၉) တောင်စောက် ချောက်ကမ်း၌ ကျသော်လည်း တည်ရာရနိုင်ခြင်း၊
(၁၀) သားသမီးနှင့်တကွ အခြေအမြစ်ကြီးကျယ်ခြင်း၊ ♦သုခမှတ်စု

ကျေးဇူးရှင် ၁၀-ပါးကို ပစ်မှားသူတို့၏ အပြစ် ၁၀-ပါး

(၁) ကြီးမားသောဝေဒနာမျိုးကို ခံစားရတတ်ခြင်း၊
(၂) စည်းစိမ်လျော့ပါးတတ်ခြင်း၊
(၃) နေအိမ် မီးလောင်တတ်ခြင်း၊
(၄) ကျိုးပျက်သောအင်္ဂါနှင့် သက်တမ်းကုန်ရခြင်း၊
(၅) နူနာရောဂါ စွဲကပ်တတ်ခြင်း၊
(၆) စိတ်ဖောက်ပြန်သော သူရူးဖြစ်တတ်ခြင်း၊
(၇) မင်းဘေးမင်းဒဏ် ကျရောက်တတ်ခြင်း၊
(၈) သူတစ်ပါး၏ အစွပ်အစွဲ ခံရတတ်ခြင်း၊
(၉) မျိုးဆွေတို့နှင့် ကွဲပြားရတတ်ခြင်း၊
(၁၀) ရွှေ ငွေ ကျွဲ နွား ပျက်ပြားတတ်ခြင်း၊ ♦သုခမှတ်စု

ကြေးသံ ၁၀-ပါး

(၁) စည်းစုတ်၊
(၂) ခွက်ခွင်း၊
(၃) ကြေးနင်း၊
(၄) မောင်း၊
(၅) ခေါင်းလောင်း၊
(၆) ကြေးစည်၊
(၇) နရည်းဇရာ၊
(၈) ဆည်းလည်း၊
(၉) ကြေးပတ်၊
(၁၀) အိုးစည်၊ ♦သုခမှတ်စု

ခင်ပွန်းကြီး ၁၀-ပါး

(၁) ဗုဒ္ဓ= ဘုရား၊
(၂) ပစ္စေကဗုဒ္ဓါ= အသီးအခြားဖြစ်သောဘုရားငယ်၊
(၃) အရဟ= ရဟန္တာ၊
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ တပည့်ကြီး၊
(၅) မာတာ= အမိ၊
(၆) ပိတာ= အဘ၊
(၇) ဂုရု= အလေးအမြတ်ပြုအပ်သော ဆရာ၊
(၈) သတ္ထာ= ဆုံးမသော ဆရာ၊
(၉) ဓမ္မဒေသကာ= တရားဟောပြသူ၊
(၁၀) ဒါယကာ= ပေးကမ်းသောသူ၊ ♦သုခမှတ်စု

ဂုဏ် ၁၀-ပါး(အလင်္ကာ)

(၁) ပသာဒဂုဏ်ဆိုသည်ကား= စကားအစပ်နီး၍ သိလွယ်သော အနက်အဓိပ္ပာယ်ရှိသဖြင့် ကြည်ညိုဖွယ်ရှိသောဂုဏ်၊
(၂) သြဇဂုဏ်ဆိုသည်ကား= က= ဝိဘတ် အဆုံးမထင်ခြင်း၊ ခ= အကျယ်ကို အကျဉ်း၊ ဂ=အကျဉ်းကို အကျယ် ရေးစပ်သောဂုဏ်၊
(၃) မဓုရတာဂုဏ်ဆိုသည်ကား= က=အသံတူပုဒ်ချင်းနီးသော ပဒါသတ္တိ၊ ခ= အက္ခရာတူ အထပ်ထပ်ဆိုသော အနုပ္ပာသအားဖြင့် နား၏တန်ဆာ ချိုသာ နာဖွယ်ရှိသောဂုဏ်၊
(၄) သမတာဂုဏ်= က= လျော့သောအသံဖြင့် ရွတ်ဖတ်ရသော က,ဂ,ဃ,င, စ,ဇ,ည, ဋ,ဍ,ဏ, တ,ဒ,န, ပ,ဗ,မ, ယ,ရ,လ,ဝ,သ,ဟ,ဠ,အ ဟူသော သိထိလအက္ခရာ ၂၃ လုံးတို့ဖြင့် စီကုံးခြင်း၊ ခ= ဆိုခဲ့ပြီးသော ပြင်းပြင်းရွတ်ဖတ်ရသော ခ,ဃ,ဆ,စျ,ဌ,ထ,ဓ,ဖ,ဘ ဟူသော ဓနိတအက္ခရာဆယ်လုံးတို့နှင့် အမျှရော၍ စီကုံးခြင်း၊
(၅) သုခုမာလတာဂုဏ်= သိထိလအက္ခရာများ၍ ဓနိတအက္ခရာ နည်းသဖြင့် ရွတ်ဆိုဖို့ရာ လွယ်ကူလျက် ယဉ်ကျေးသော အစပ်အဟပ်များ၊
(၆) သိလေသဂုဏ်= ဓနိတအက္ခရာမျိုးကို မကင်းစေဘဲ ချောမော ပြေပြစ်သော ပုဒ်ချင်းနီးကပ်၍ ပမာပမည်း ဟပ်လျက် စပ်ခြင်း၊
(၇) ဥဒါရတာဂုဏ်= က= လွန်ကဲသောဂုဏ်ထက် အထူးလွန်ကဲသော ဂုဏ်ကိုပြခြင်း၊ ခ= ချီးမွမ်းအပ်သောဂုဏ်တို့ဖြင့် ဝမ်းမြောက်ဖွယ်ရာပြခြင်း၊
(၈) ကန္တိဂုဏ်= ကြီးကျယ်သော စကားဖြစ်သော်လည်း အပြောကြီးသည်ဟု ဆိုဖွယ်ရာမရှိဘဲ နှစ်သက်ဖွယ်ရာစီကုံးခြင်း၊
(၉) အတ္ထဗျတ္တိဂုဏ်= က= တခြားသဒ္ဒါ ခ= တခြားအနက်ကိုမဆောင်ရဘဲ အနက်အဓိပ္ပာယ်မျိုး ပါရှိအောင်စပ်ခြင်း၊
(၁၀) သမာဓိဂုဏ်= လောကီထုံးစံအတိုင်း တိုက်ရိုက် မုချမဟုတ်ဘဲတင်စားသော ဥပစာ စကားဖြင့် ရေးသားစီကုံးခြင်း၊ ♦သုခမှတ်စု

စကားအရာအင်္ဂါ ၁၀-ပါး

(၁) ကာလဝါဒီ= ပြောချိန် ပြောခွင့်သင့်မှ ပြောဆိုခြင်း၊
(၂) ဘူတဝါဒီ= ဟုတ်မှန်သောစကားကိုသာ ပြောဆိုခြင်း၊
(၃) ဓမ္မဝါဒီ= တရားနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း၊
(၄) အတ္ထဝါဒီ= အကျိုးနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း၊
(၅) ပိယဝါဒီ= ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း၊
(၆) မိဟိတ ပုဗ္ဗဘာဏီ= ပြုံးရွှင်ခြင်းကို ရှေးဦးပြု၍ ပြောဆိုခြင်း၊
(၇) မိတဘာဏီ= မပိုမလွန် ချင့်ချိန်၍ ပြောဆိုခြင်း၊
(၈) အတုရိတဝါဒီ= အဆောတလျင် မပြောဆိုခြင်း၊
(၉) ပေါရီ= ပြည်ကြီးသူ ပြည်ကြီးသားတို့၏ ဓလေ့ထုံးစံသို့ လိုက်၍ ပြောဆိုခြင်း၊ (မြို့ကြီးသူ မြို့ကြီးသားကို ဆိုလိုသည်)၊
(၁၀) ဝိသဒဝါဒီ= သန့်ရှင်း သေချာ အက္ခရာ ဌာန် ကရိုဏ်းကျအောင် ပြောဆိုခြင်း၊ ♦သုခမှတ်စု

စနေဂြိုဟ်ဟူသော အခေါ်ပရိယာယ် ၁၀-ပါး

(၁) သောရီ၊
(၂) သနေစရ၊
(၃) ပင်္ဂု၊
(၄) ကောန၊
(၅) သူရိယသုတ၊
(၆) မန္ဒ၊
(၇) အသိတ၊
(၈) ဝါတင်္ဂ၊
(၉) ဆာယာပုတ္တ၊
(၁၀) အသိတမရ၊ ♦သုခမှတ်စု

စလွယ်တင်ပုဏ္ဏားတို့၏ အကျင့်၁၀ ပါး

(၁) ကိုယ်နှုတ်နှစ်ပါးစောင့်စည်းခြင်း၊
(၂) ရာဂမထူခြင်း၊
(၃) ကိလေသာငြိမ်းပယ်ခြင်း၊
(၄) စင်ကြယ်သော အသက်မွေးမှုရှိခြင်း၊
(၅) ရောင့်ရဲ ခြိုးခြံနိုင်ခြင်း၊
(၆) ဖြောင့်မတ်သော စိတ်ထားရှိခြင်း၊
(၇) ရတနာသုံးပါးကို အမြဲမပြတ် ဆည်းကပ်ခြင်း၊
(၈) သည်းခံခြင်း၊
(၉) သစ္စာရှိခြင်း၊
(၁၀) သနားတတ်ခြင်း၊ ♦သုခမှတ်စု

စာရွတ်ဖတ်ရာတွင် အသံ ၁၀-ပါး

(၁) ရဿ၊
(၂) ဒီဃ၊
(၃) ဂရု၊
(၄) လဟု၊
(၅) ဃောသ၊
(၆) အဃောသ၊
(၇) သိထိလ၊
(၈) ဓနိတ၊
(၉) ဌာန်၊
(၁၀) ကရိုဏ်း၊ ♦သုခမှတ်စု

စာရွတ်ဖတ်ရာ သဒ္ဒါ ၁၀-ပါး

(၁) ဓနိတ= တင်းတင်းရွတ်ရခြင်း၊
(၂) သိထိလ = လျော့လျော့ ရွတ်ရခြင်း၊
(၃) ဒီဃ= ရှည်ရှည်ဆွဲ၍ ရွတ်ရခြင်း၊
(၄) ရဿ=တိုတုရွိတရ်ခြင်း၊
(၅) ဂရု= လေးလေးရွတ်ရခြင်း၊
(၆) လဟု= ပေါ့ပေါ့ရွတ်ရခြင်း၊
(၇) သမ္ဗန္ဓ= စပ်၍စပ်၍ရွတ်ရခြင်း၊
(၈) ဝ ဝတ္ထိတ=ခြားဖြတ်၍ရွတ်ရခြင်း၊
(၉) ဝိမုတ္တ= သံလွှင့်ဖွင့်၍ရွတ်ခြင်း၊
(၁၀) နိဂ္ဂဟိတ= နှုတ်ခမ်းကို ပိတ်၍ရွတ်ခြင်း၊ ♦သုခမှတ်စု

စက္ကဝတ္တိကျင့်ဝတ် ၁၀-ပါး

(၁) (က) ဒါန= အလှူပေးခြင်း၊ (ခ) ဒမ= စက္ခုစသော ဣန္ဒြေကို ဆုံးမခြင်း၊ (ဂ) သံယမ= ကိုယ်နှုတ်ကို စောင့်စည်းခြင်း၊
(၂) ခတ္တိယေသု= အဘိသိတ်ခံလေပြီးသောမင်းတို့အား မြည်း၊ မြင်း၊ အဿဇာနည် စသော ရတနာတို့ကို ပေးခြင်းဖြင့် ချီးမြှောက်ခြင်း၊
(၃) အနုယုတ္တေသု= မိမိထံ၌နေကုန်သော မင်းမှူးမတ်တို့အား ထိုက်သည့် အားလျော်စွာ ယာဉ် သံလျင်း ပေးခြင်းဖြင့် နှစ်သက်စေခြင်း၊
(၄) ဗြာဟ္မဏဂဟပတိကေသု= ပုဏ္ဏားတို့အား ထမင်းအဖျော်ပုဆိုး စသော လှူဖွယ်ဝတ္ထုတို့ကိုသူကြွယ်တို့အား ထမင်း၊ မျိုး စေ့၊ ထွန်တုံး၊ ထွန်သွား၊ နွားလား စသည်တို့ကို ပေးခြင်း၊
(၅) နိဂမာဇနပဒေသု= နိဂုံး ဇနပုဒ်တို့အား ထမင်း၊ မျိုးစေ့၊ ထွန်တုံး၊ ထွန်သွား၊ ကျွဲနွား တို့ကိုပေးခြင်း၊
(၆) သမဏဗြာဟ္မဏေသု= ရဟန်း ပုဏ္ဏားတို့အား ပရိက္ခရာဖြင့် လှူဒါန်းပူဇော်၍ အရိုအသေပြုခြင်း၊
(၇) မိဂပက္ခိသု= သားတို့အား လည်းကောင်း၊ ငှက်တို့အား လည်းကောင်း ဘေးမဲ့ပေးသဖြင့် သက်သာရာကိုရစေခြင်း၊
(၈) အဓမ္မကာရပ္ပဋိက္ခေပ= မတရားသော အမူအရာတို့ကို မပြုစေခြင်း၊
(၉) အဓနာနံ ဝနာနုပ္ပါဒနံ= ဥစ္စာ မရှိသူတို့အား ဥစ္စာကိုဖြစ်စေခြင်း၊
(၁၀) သမဏဗြာဟ္မဏေ= ရဟန်း ပုဏ္ဏား တို့သို့၊ ဥပသင်္ကမိတွာ ပဥှာပုစ္ဆာနံ၊ ကပ်၍ ကုသိုလ်, အကုသိုလ်, သာဝဇ္ဇ, အနဝဇ္ဇ,သေဝိတဗ္ဗ, အသေဝိတဗ္ဗ တရားတို့ကို မေး၍ အကုသိုလ်ကို ပယ်ခြင်း ကုသိုလ်ကို ဆောက်တည်ခြင်း၊ ♦သုခမှတ်စု

စစ်ဆင်နည်း ၁၀-ပါး

သေနင်္ဂဗျူဟာစစ်သမိုင်း
(၁) မေဃဂတိ= တိမ်တိုက်သွားသကဲ့သို့ စစ်ဆင်ခြင်း၊
(၂) သပ္ပေါဂတိ= မြွေတွားသကဲ့သို့ စစ်ဆင်ခြင်း၊
(၃) မဏ္ဍုကဂတိ= ဖားခုန်သကဲ့သို့ စစ်ဆင်ခြင်း၊
(၄) သီဟဂတိ=ခြင်္သေ့သွားသကဲ့သို့ စစ်ဆင်ခြင်း၊
(၅) ဗျဂ္ဃဂတိ= ကားချောင်းသကဲ့သို့ စစ်ဆင်ခြင်း၊
(၆) မဓုတာ= ပျားလပို့ကဲ့သို့ စစ်ဆင်ခြင်း၊
(၇) ဇာဝါကုရံ= ပိုက်ခံသကဲ့သို့ စစ်ဆင်ခြင်း၊
(၈) ဇန္တုကာ=ခြပုန်းတက်သကဲ့သို့ စစ်ဆင်ခြင်း၊
(၉) ဒွိဇဂတိ= ဟင်္သာပျံသကဲ့သို့ စစ်ဆင်ခြင်း၊
(၁၀) သေလောသိင်္ဂံ= ကောက်တောင်အပြင်ကဲ့သို့ စစ်ဆင်ခြင်း၊ ♦သုခမှတ်စု

စစ်ရှုံးရာသော အကြောင်း ၁၀-ပါး

မဟာရာဇဝင်ကြီး
(၁) မင်း အမတ်စသည်တို့ ယစ်ဝသောကြောင့်လည်းကောင်း၊
(၂) ပြည်သူတို့ အနာအဖျားများသောကြောင့်လည်းကောင်း၊
(၃) စစ်သည်သူရဲတို့ နှလုံးပျော့ညံ့သောကြောင့်လည်းကောင်း၊
(၄) မင်းမရဲသောကြောင့်လည်းကောင်း၊
(၅) မကောင်းသောအခါ နက္ခတ်ကို ယှဉ်မိသောကြောင့်လည်းကောင်း၊
(၆) သူကယဉာတာ မန္တာန် အင်းအိုင် စီရင်သောကြောင့်လည်းကောင်း၊
(၇) ဆင်မြင်း မကောင်းသောကြောင့် လည်းကောင်း၊
(၈) မင်း နှင့် အမတ် မညီညွတ်သောကြောင့်လည်းကောင်း၊
(၉) သူရဲကောင်း မရှိသောကြောင့်လည်းကောင်း၊
(၁၀) ငတ်မွတ်ရှားပါးသောကြောင့် လည်းကောင်း၊ ♦သုခမှတ်စု

စစ်အောင်ရာ ၁၀-ပါး

(၁) တိုင်းပြည်သာယာခြင်း၊
(၂) မင်းနှင့် အမတ် သစ္စာညီညွတ်ခြင်း၊
(၃) သူရဲအပေါင်း တည်ကြည်စွာစွန့်၍ တိုက်ခြင်း၊
(၄) လက်နက်အင်အား ဆင်မြင်းများခြင်း၊
(၅) အစာရေစာ ပေါများခြင်း၊
(၆) မင်းကြီးနှင့်တိုင်း ပြည် ဇာတာနံကောင်းခြင်း၊
(၇) သူလျှိုကောင်းခြင်း၊
(၈) ရန်သူ့တပ်ပျက်ခြင်း၊
(၉) ရန်သူ့တိုင်းပြည် ကပ်သုံးပါးတွင် တစ်ပါးပါး ဆိုက်ရောက်ခြင်း၊
(၁၀) စစ်သည် တပ်သား မယားများ တရားစောင့်ခြင်း၊ ♦သုခမှတ်စု

စစ်၏ အသံ ၁၀-ပါး

သေနင်္ဂဗျူဟာစစ်သမိုင်း
(၁) ဆင်သံ၊
(၂) မြင်းသံ၊
(၃) ရထားသံ၊
(၄) ဗိုလ်ခြေသံ၊
(၅) သေနတ် အမြောက်သံ၊
(၆) တိုက်မောင်းသံ၊
(၇) တိုက်စည်သံ၊
(၈) တံပိုးမှုတ်သံ၊
(၉) မုဒိန်းသံ၊
(၁၀) စည်ကြီးသံ၊ ♦သုခမှတ်စု

စိတ္တမဟာဘူမိတ ဓမ္မ ၁၀-ပါး

(၁) ဝေဒနာ= ခံစားခြင်း၊
(၂) သည= အမည်နာမ (စွဲမှတ်ခြင်း)၊
(၃) စေတနာ= စေ့ဆော်ခြင်း၊
(၄) ဆန္ဒ= အလိုရှိခြင်း၊
(၅) ဖဿ= အာရုံနှင့် ဣန္ဒြေတို့ ရှေးဦးစွာ ဆက်စပ်ခြင်း၊
(၆) ပညာ= အပြားအားဖြင့် သိခြင်း၊ (မတိ)
(၇) သတိ= အောက်မေ့ခြင်း၊
(၈) မနသိကာရ= နှလုံးသွင်းခြင်း၊
(၉) အဓိမောက္ခ= ဆုံးဖြတ်ခြင်း၊
(၁၀) သမာဓိ= တည်ကြည်ခြင်း၊ ♦သုခမှတ်စု

ဆေးလှူသော အကျိုး ၁၀-ပါး

(၁) အသက်ရှည်ခြင်း၊
(၂) ခွန်အားကြီးခြင်း၊
(၃) အဆင်းလှခြင်း၊
(၄) အခြံအရံများခြင်း၊
(၅) ကိုယ်၏ချမ်းသာခြင်း၊
(၆) စိတ်၏ချမ်းသာခြင်း၊
(၇) ဘေးဥပဒ် အန္တရာယ်မရှိခြင်း၊
(၈) စိုးရိမ်ကြောင့်ကြ မရှိခြင်း၊
(၉) သူတစ်ပါးတို့ ရိုသေခြင်း၊
(၁၀) ချစ်သောသူနှင့် မကွေမကွင်းရခြင်း၊ ♦သုခမှတ်စု

ဆင် ၁၀-မျိုး

(၁) ကာဠာဝက= လူဆယ်ယောက်ခန့် အားရှိသောဆင်၊
(၂) ဂင်္ဂေယျ= ဂင်္ဂါမြစ်၌ ကျက်စားသောဆင်၊
(၃) ပဏ္ဍရ= ဖျော့သော ရွှေရောင်ရှိသောဆင်၊
(၄) ပိင်္ဂလ = နီကျင့်ကျင့်အရောင်ရှိသော ဆင်၊
(၅) ဂန္ဓ= မွှေးကြိုင်သောဆင်၊
(၆) မင်္ဂလ= ကတိုးနံ့ကဲ့သို့ မွှေးသောဆင်၊
(၇) ဟေမ= ရွှေရောင်ရှိသောဆင်
(၈) ဥပေါသထ= ကောင်းကင်သို့ သွားတတ်သောဆင်၊
(၉) တမ= ကြေးနီအရောင်ရှိသောဆင်၊
(၁၀) ဆဒ္ဒန်= မြင့်မြတ်၍ အားအကြီးဆုံးဆင်၊ အစွယ်ရောင် ခြောက်မျိုးရှိဆင်၊ ♦သုခမှတ်စု

ဆင် ၁၀-ပါး(မဟာပရိနိဗ္ဗာနသုတ်အဋ္ဌကထာကျမ်းလာ)

(၁) ဂေါခရိ၊
(၂) ကဠာပ၊
(၃) ဂင်္ဂေယျ၊
(၄) အဆင်းလှခြင်း၊
(၅) ပဗ္ဗတေယျ၊
(၆) မေဟဝတ၊
(၇) တမ၊
(၈) မန္ဒာကိနီ၊
(၉) ဥပေါသထ၊
(၁၀) ဆဒ္ဒန္တ၊ ♦သုခမှတ်စု

ဆွမ်းလှူသော အကျိုး ၁၀-ပါး

(၁) အသက်ရှည်ခြင်း၊
(၂) ခွန်အားကြီးခြင်း၊
(၃) လုံ့လဝီရိယရှိခြင်း၊
(၄) အဆင်းလှခြင်း၊
(၅) အခြံအရံများခြင်း၊
(၆) ချမ်းသာခြင်း၊
(၇) ထမင်းကို ရလွယ်ခြင်း၊
(၈) အဖျော်ကို ရလွယ်ခြင်း၊
(၉) မကြောက်မရွံ့ ရဲရင့်ခြင်း၊
(၁၀) ပညာကြီးခြင်း၊ ♦သုခမှတ်စု

ဇာတ်ကြီး ၁၀-စောင်(ဇာတက=ရှေးဘဝအဖြစ်)

(၁) တေမိဇာတ်= မြတ်စွာ ဘုရားတောထွက်တော်မူခြင်းကို အကြောင်းပြု၍ မင်းဧကရာဇ်လုပ်ခဲ့ရသဖြင့် ငရဲတွင် နစ်ခဲ့ရကြောင်း နောင်တ တရားရရှိကြောက်ရွံ့၍ တစ်ဆယ်ခုနစ်နှစ်နှစ်ကာလပတ်လုံး စကားမပြော တုံဏှိဘောနေပြီးလျှင် တောထွက်ခြင်းအကြောင်းကို ဟောသည်၊
(၂) ဇနက = မြတ်စွာဘုရား တောထွက်မတော်မူခြင်းကို အကြောင်း ပြု၍ ယောက်ျားကောင်းတို့၏လုံ့လဝီရိယကြောင့် ပင်လယ်တွင်း သင်္ဘော ပျက်ရာမှ ခမည်း တော်၏ ရွှေနန်းစည်းစိမ်ကို ရရှိပြီးနောက် သရက်နှစ်ပင်၏ အခြင်းအရာကို သံဝေဂယူ၍ တောထွက်တော်မူခြင်းအကြောင်းကို ဟောတော်မူသည်၊
(၃) သုဝဏ္ဏလျှံ= (သုဝဏ္ဏသာမ) အမိ အဘတို့ကိုဆွမ်းခံလုပ်ကျွေးသော ရဟန်းကို အကြောင်းပြု၍ သုဝဏ္ဏလျှံ ရသေဘဝဖြစ်စဉ် မျက်မမြင် မိဘတို့အား လုပ်ကျွေးခဲ့ကြောင်း ဟောတော်မူသည်၊
(၄) နေမိ= ဝိဒေဟရာဇ်တိုင်း မိထိလာပြည်ကြီး၌ တရားသဘင်ကြီးစွာဖြစ်မည်ကို မြင်တော်မူ၍ ဟောတော်မူသည်၊
(၅) မဟော်သဓာ= မြတ်စွာဘုရား၏ ပညာပါရမီတော်ကို ချီးမွမ်းသော ရဟန်းတို့ကိုအကြောင်း ပြု၍ ဟောတော်မူသည်၊
(၆) ဘူရိဒတ်= သီလဆောက်တည်နေကြသော သီတင်းသည်တို့ကို အကြောင်းပြု၍ မြေကြီးကဲ့သို့ သည်းခံခဲ့ကြောင်း ဟောတော်မူ၏၊
(၇) စန္ဒကုမာရ= ဒေဝဒတ်သည် ဘုရားကိုသတ်၍ မိမိကိုယ်တိုင်ဘုရားဖြစ်လိုကြောင်းကို အကြောင်းပြု၍ ဟောသည်၊
(၈) နာရဒ= ဥရုဝေလ ကဿပတို့၏မှားသောအယူ ပျက်သည်ကို ချီးမွမ်းကြသည်ကို အကြောင်း ပြု၍ ဟောသည်၊
(၉) ဝိဓူရ= မြတ်စွာဘုရားသည် မသူတော်တို့၏ အယူကို ဖျက်ဆီး၍ နိဗ္ဗာန်လမ်းခရီး ညွှန်ကြားနိုင်ကြောင်း ရဟန်းတို့က ချီးမွမ်းကြသဖြင့် ၎င်းကို ဟောသည်၊
(၁၀) ဝေဿန္တရာ= ပေါကတရဝဿ မိုးရွာခြင်းကို အကြောင်းပြု၍ တွန့်တိုခြင်းမရှိ ရက်ရောစွာ ပေးလှူခဲ့ကြောင်း ဟောတော်မူသည်၊ ♦သုခမှတ်စု

ဇပ္ပဉာဏ် ၁၀-ပါး

(၁) စိတ်ဓာတ် မညစ်နွမ်းဘဲ အမြဲစင်ကြယ် သန့်ရှင်းခြင်း၊
(၂) နတ်ဝိဇ္ဇာ စသော တန်ခိုးကြီးသူတို့ အမြဲစောင်မ ကြည့်ရှုခြင်း၊
(၃) အသိဉာဏ် တစ်နေ့တစ်ခြား ကြီးမာလာခြင်း၊
(၄) ကိစ္စအမျိုးမျိုးကို လွယ်ကူစွာ အောင်ပန်း ဆွတ်ခူးနိုင်ခြင်း၊
(၅) စီးပွားရေး ပေါင်းသင်းဆက်ဆံရေး ပြည့်စုံခြင်း၊
(၆) လူအပေါင်းတို့က မိမိအား ရိုသေလေးမြတ်ကြခြင်း၊
(၇) သူတစ်ပါးတို့၏ စိတ်အကြံကို ကြိုတင်၍ သိနိုင်ခြင်း၊
(၈) ရန်ခပ်သိမ်းတို့မှပျောက်ကင်းအောင်မြင်ခြင်း၊
(၉) ကျရောက်လတ္တ့သော ဘေးအန္တရာယ်တို့ကို ကြိုတင်သိမြင်၍ လွတ်မြောက်အောင် နည်းလမ်းကို ရခြင်း၊
(၁၀) လောကီအရေးကိစ္စတို့တွင် လူအပေါင်းတို့က မိမိ၏ အလိုသို့လိုက်ပါရခြင်း၊ ♦သုခမှတ်စု

ညောင်စောင်း အင်းပျဉ်လှူသော အကျိုး ၁၀-ပါး

(၁) ရတနာဖြင့်ပြီးသော ညောင်စောင်းအင်းပျဉ် တို့ကိုရခြင်း၊
(၂) ရတနာဖြင့်ပြီးသော ပြသာဒ်တို့ကို ရခြင်း၊
(၃) အဖိုးထိုက်သော အိပ်ရာနေရာတို့ကို ရခြင်း၊
(၄) ဆင်ယာဉ်ကို ရခြင်းစ၊
(၅) မြင်းယာဉ်ကိုရခြင်း၊
(၆) ထမ်းစင်ယာဉ်တို့ကိုရခြင်း၊
(၇) သံလျဉ်းယာဉ်ကိုရခြင်း၊
(၈) ကျွန်မိန်းမတို့ကို ရခြင်း၊
(၉) ကျွန်ယောက်ျားတို့ကို ရခြင်း၊
(၁၀) တန်ဆာဆင်ပြီးသော မိန်းမတို့ကို ရခြင်း၊ ♦သုခမှတ်စု

ဉာဏ်တော် ၁၀-ပါး

(၁) ဌာနဌာန ကောသလ္လဉာဏ်၊
(၂) ဝိဘာဂဉာဏ်၊
(၃) သဗ္ဗတ္ထဂါမိနိဉာဏ်၊
(၄) နာနာဓာတုဉာဏ်၊
(၅) အဓိမုတ္တိဉာဏ်၊
(၆) ဣုန္ဒြိယပရောပရိယတ္တိဉာဏ်၊
(၇) စျာနတိသံကိလေသဉာဏ်၊
(၈) ပုဗ္ဗေနိဝါသဉာဏ်၊
(၉) ဒိဗ္ဗစက္ခုဉာဏ်၊
(၁၀) အာသဝက္ခယဉာဏ်၊ ♦သုခမှတ်စု

ဌာယီဘာဝ ၁၀-မျိုး၊ ရသ ၁၀-ပါး

(၁) ရတိ= မိန်းမ ယောက်ျားတို့ ချစ်ကြိုက်ခြင်း၊
(၂) ဟာသ= ပြုံးရယ်ခြင်း၊
(၃) သောက= စိုးရိမ်ကြောင့်ကြ သနားကြင်နာခြင်း၊
(၄) ကောဓ= အမျက်ဒေါသ ကြမ်းကြုတ်ခြင်း၊
(၅) ဥဿာဟ=ရဲရင့်ခြင်းဟူသော လုံ့လဝီရိယ၊
(၆) ဘယ= ကြောက်လန့်ခြင်း၊
(၇) ဇိဂုစ္ဆာ=စက်ဆုပ် ရွံရှာခြင်း၊
(၈) ဝိမှယ= အံ့သြခြင်း၊
(၉) သမ= ငြိမ်သက်တည်ကြည်ခြင်း၊
(၁၀) ဝလစ္ဆ= တဏှာရာဂမဟုတ်သောချစ်ခြင်း၊ ♦သုခမှတ်စု

တော ၁၀-ပါး

(၁) ဖျား= တောစပ် တောင်ငယ်၊
(၂) ဂနိုင်= တောနက်ကြီး၊
(၃) မြိုင်= စိမ့်စမ်းတို့ဖြင့် မြေစွတ်စိုလျက်ရှိသော တော၊
(၄) ရဂုံ= ခြောက်သွေ့သောတော၊
(၅) စုံ= စန္ဒကူးစသည့် နံ့သာပင်ပေါက်သောတော၊
(၆) ဟေဝန်= ဆီးနှင်းဖုံးလွှမ်းသော တော၊
(၇) အင်တိုင်း= သစ်ပင်ကြီးများပေါက်သော တောရိုးရိုး၊
(၈) စေးပျစ်= ချုံနွယ်များစွာရှိသော တော၊
(၉) ခင်တန်း= ချုံငယ်များ စီတန်းလျက်ရှိသောတော၊
(၁၀) ရဟန်းတို့ သာသနာတော်ကို စောင့်သည်၊ ♦သုခမှတ်စု

တိုင်းပြည်စည်ပင်ရာ အကြောင်း ၁၀-ပါး

(၁) နေလဂြိုဟ်သွားမှန်သည်၊
(၂) မိုးမှန်စွာ ရွာသည်၊
(၃) မြေသြဇာရှိ၍ အသီးကောင်းသည်၊
(၄) သစ်ကားစသော အန္တရာယ်မရှိသည်၊
(၅) မုဒိန်းတန္တငြိမ်းသည်၊
(၆) စစ်မက်မရှိသည်၊
(၇) အချင်းချင်း မညှဉ်းဆဲသည်၊
(၈) တရားဖြောင့်သည်၊
(၉) ရတနာသုံးပါးကို ရိုသေကြသည်၊
(၁၀) ရဟန်းတို့ သာသနာတော်ကို စောင့်သည်၊ ♦သုခမှတ်စု

ဒါနဝတ္ထု ၁၀-ပါး

(၁) အန္န= ဆွမ်းအလှူ၊
(၂) ပါန= အဖျော်အလှူ၊
(၃) ဃရ= ကျောင်းအလှူ၊
(၄) ဝတ္ထ= အဝတ်ပုဆိုးအလှူ၊
(၅) ယာန= ယာဉ် အစီးအနင်းအလှူ၊
(၆) မာလာ= ပန်းအလှူ၊
(၇) ဝိလေပန= နံ့သာပျောင်းအလှူ၊
(၈) ဂန္ဓ= အနံ့အလှူ၊
(၉) မာလာ= ပန်းအလှူ၊
(၁၀) ပဒီပ= ဆီမီးအလှူ၊ ♦သုခမှတ်စု

ဒုစရိုက်တရား ၁၀-ပါး

(၁) ပါဏာတိပါတ= သူ့အသက်ကိုသတ်ခြင်း၊
(၂) အဒိန္နာဒါန= သူ့ဥစ္စာကိုခိုးယူခြင်း၊
(၃) ကာမေသုမိစ္ဆာစာရ= သူ့အိမ်ရာကို ပြစ်မှားခြင်း၊ (ကာယကံ ၃ ပါး)၊
(၄) မုသာဝါဒ= မဟုတ်မမှန် ပြောဆိုခြင်း၊
(၅) ပိသုဏဝါစာ= ကုန်းချောခြင်း၊
(၆) ဖရုသဝါစာ= ကြမ်းတမ်းသော စကား ပြောဆိုခြင်း၊
(၇) သမ္ဖပ္ပလာပဝါစာ= အကျိုးမရှိသောစကားကို ဆိုခြင်း၊ (ဝစီကံ ၄ ပါး)၊
(၈) အဘိဇ္ဈာ= သူတစ်ပါးစည်းစိမ်ကို ရှေ့ရှုကြံခြင်း၊
(၉) ဗျာပါဒ= သူတစ်ပါး ပျက်စီးအောင် ကြံစည်တောင့်တခြင်း၊
(၁၀) မိစ္ဆာဒိဋ္ဌိ= မှားသောအယူကို ယူခြင်း၊ (မနောကံ သုံးပါး)၊ ♦သုခမှတ်စု

ဒုတယိ သင်္ဂါယနာတင်ရသော အဓမ္မဝါဒ ၁၀-ပါး

(၁) ရဟန်းတို့အား ယမန်နေ့က အကပ်ခံအပ်သော ယာဝဇကီဝတ္ထုကို''နေ့ ဆွမ်းစသော ယာဝကာလကိ နှင့်ရော၍သုံး ဆောင်သော သဒ္ဓါဓိကာရက ပါစိတ်သင့်သည်ဟု ပညတ်တော်မူပါလျက်သားချိုဖြင့် သိုမှီး၍ထားသော အကပ်ခံပြီးသော ဆားကို နောက်နေ့အခါ စားသုံးရန်မရှိခဲ့သော် ဆွမ်းနှင့်ရော၍ သုံးဆောင်ခြင်းငှာ အပ်၏၊ သန္နိဓိမဖြစ်ဟု အယူရှိသည်၊
(၂) နေရိပ် လက်နှစ်သစ် မွန်းလွဲသည်တိုင်အောင် ဆွမ်းစားကောင်း၏ဟု အယူရှိခြင်း၊
(၃) ရွာတစ်ပါးသို့ သွားလိုသော ရဟန်းသည် ပဝါရိတ်သင့်လျက် အတိရိတ်ဝိနည်းကံ မပြုဘဲ ဆွမ်းစားခြင်းသည်အပ်၏ဟု အယူရှိခြင်း၊
(၄) တစ်သိမ်တည်း နေလျက် နှစ်စုသုံးစုသော သံဃာတို့သည် ဥပုသ်ပဝါရဏာစသော ကံပြုခြင်းသည်အပ်၏၊ ဝဂ်မဖြစ်ဟု အယူရှိခြင်း၊
(၅) မလာသေးသော ရဟန်းတို့၏ အလိုကိုလာသောအခါမှယူအံ့ဟူ၍ မလာမီက သံဃာကံ့ကိုပြုခြင်းငှာ အပ်၏ဟု အယူရှိခြင်း၊
(၆) ဥပဇ္ဈာယ်တို့၏ အလေ့အကျင့်ဟူသမျှသည်အပ်၏ဟုအယူရှိခြင်း၊
(၇) နို့ရည်အဖြစ်မှ နို့ဓမ်းအဖြစ်သို့ လွန်၍ မရောက်သေးသောနို့ကို ဘုဉ်းပေး၍ ပဝါရိတ်သင့်သော ရဟန်းသည် အတိရိတ်ဝိနည်းကံမပြုဘဲ သုံးဆောင်ခြင်းငှာအပ်၏ဟု အယူရှိခြင်း၊
(၈) မရင့်သေးသောသေနုကို သောက်ခြင်းငှာ အပ်၏ဟုအယူရှိခြင်း၊
(၉) အဆာမရှိသော နိသီဒိုင်သည် အပ်၏ဟု အယူရှိခြင်း၊
(၁၀) သံဃာကိုရည်၍ လှူသော ရွှေ ငွေသည် အပ်၏ဟု အယူရှိခြင်း၊ ♦သုခမှတ်စု

ဒဏ် ၁၀-ပါး

(၁) ကြမ်းကြုတ်သော ဝေဒနာကို ခံရခြင်း၊
(၂) ကိုယ်ပျက်ခြင်း၊
(၃) အနာရောက်ခြင်း၊
(၄) ရူးသွပ်ခြင်း၊
(၅) မင်းဒဏ်သင့်ခြင်း၊
(၆) ကြီးစွာသော စွပ်စွဲခြင်းကို ခံရခြင်း၊
(၇) အဆွေအမျိုး ပျက်စီးခြင်း၊
(၈) စည်းစိမ်ချမ်းသာ ပျက်စီးခြင်း၊
(၉) အိမ်ကို မီးလောင်ခြင်း၊
(၁၀) ငရဲလားခြင်း၊(တနည်း)
(၁) ကြမ်းတမ်းသော ရောဂါဝေဒနာစွဲကပ်ခြင်း၊
(၂) ရင်းနှီးသော ပစ္စည်း ဆုံးတတ်ခြင်း၊
(၃) လက်ဖြတ် ခြေဖြတ်ခံရခြင်း၊ ကိုယ်အင်္ဂါ ပျက်စီးခြင်း၊
(၄) ကန်း နာ ဆွံ့နာ နူနာတို့စွဲကပ်ခြင်း၊
(၅) ရူး သွပ်ခြင်း၊
(၆) စည်းစိမ်ကို လုခြင်း၊ ရာထူးကိုနုတ်ပစ်ခြင်း၊ မင်းဒဏ်တွေ့ရခြင်း၊
(၇) မဟုတ်မတရား ကြီးမားသော စွပ်စွဲခြင်း ခံရခြင်း၊
(၈) မှီခိုလောက်သော ဆွေမျိုးတို့ ဥစ္စာကုန်ခမ်း ပျက်စီးခြင်း၊
(၉) သိမ်းဆည်းထားသော သက်ရှိသက်မဲ့ ပစ္စည်းများ ပျက်စီးခြင်း၊
(၁၀) အိမ်ကို ပကတိလောင်မီးကျ၍ ခဏ ခဏလောင်တတ်ခြင်း၊ ♦သုခမှတ်စု

ဒဏ် ၁၀-ပါး (ရှင်ကျင့်ဝတ်)

(၁) နေ့လွဲညစာစားခြင်း၊
(၂) သဘင်မှုကို ကြည့်ရှုနားထောင်ခြင်း၊
(၃) ပန်းပန်ခြင်း၊ နံ့သာဆောင်ခြင်း၊
(၄) မြင့်မြတ်သောနေရာ၌နေခြင်း၊
(၅) မအပ်သော ရွှေ ငွေ ပိုက်ဆံကိုင်ခြင်း၊
(၆) ရဟန်းတို့ကိုလာဘ်မရအောင်လုပ်ခြင်း၊
(၇) ရဟန်းတို့ကို နေရာမရအောင်ပြုခြင်း၊
(၈) ရဟန်းတို့ကို အကျိုးယုတ်အောင်ပြုခြင်း၊
(၉) ရဟန်းတို့ကို ဆဲခြင်း၊
(၁၀) ရဟန်းတို့ကို ကုန်းတိုက်ခြင်း၊ ♦သုခမှတ်စု

ဒန်ပူ မစားကောင်းသော အသား ၁၀-ပါး

(၁) ချိုသောသစ်သား၊
(၂) ချဉ်သောသစ်သား၊
(၃) ငန်သောသစ်သား၊
(၄) ဆတ်သွားသား၊
(၅) စွန်ပလွံသား၊
(၆) အုန်းသား၊
(၇) ပေသား၊
(၈) ထန်းသား၊
(၉) ကွမ်းသီးသား၊
(၁၀) ဓနိသား၊ ♦သုခမှတ်စု

နောင်တ ၁၀-မျိုး

(၁) ငယ်စဉ်က ပညာမသင်ခဲ့မိခြင်း၊
(၂) ဒုတိယအရွယ်က ဥစ္စာမစုမိခြင်း၊
(၃) သူတစ်ပါး၏ အချစ်ကို ဖျက်ဆီးခဲ့မိခြင်း၊
(၄) သူ့အသက်ကို သတ်၍ စားခမဲိ့ခြင်း၊
(၅) သူတစ်ပါးသားမယားကို ဖျက်ဆီး ခဲ့မိခြင်း၊
(၆) ပစ္စည်း ရှိလျှက် အလှူ ဒါန မစွန့်ကြခဲ့မိခြင်း၊
(၇) မွေးမိ မွေးဘတို့ကို မကွယ်လွန်မီက မပြုစုခဲ့ရခြင်း၊
(၈) သူတော်ကောင်းတို့၏ ဆုံး မစကားကို မနာယူခဲ့မိခြင်း၊
(၉) ပညာရှိထံ နည်းနာ မခံခဲ့မိခြင်း၊
(၁၀) ငယ်စဉ်က အကျင့်မကောင်းခဲ့ခြင်း၊ ♦သုခမှတ်စု

နံ့သာ ၁၀-ပါး

(၁) အမြစ်နံ့သာ= ကာလာနုသာရီ စသည်ကဲ့သို့သော အမြစ်နံ့သာ၊
(၂) အနှစ်နံ့သာ= စန္ဒကူးစသည်ကဲ့သို့သော အနှစ်နံ့သာ၊
(၃) အကာနံ့သာ= ထင်းရှုး စသည်ကဲ့သို့သော အကာနံ့သာ၊
(၄) အခေါက်နံ့သာ= သစ်ကြပိုး စသည်ကဲ့သို့သော အခေါက်နံ့သာ၊
(၅) အလွှာ နံ့သာ= သီး စသည်ကဲ့သို့သော အလွှာ နံ့သာ၊
(၆) အရည်နံ့သာ= ပွဲလျက်စသည်ကဲ့သို့သော အရည်နံ့သာ၊
(၇) အရွက်နံ့သာ= ကွမ်းစသည်ကဲ့သို့သော အရွက်နံ့သာ၊
(၈) အသီးနံ့သာ= ဇာတိပ္ဖိုလ်စသည်ကဲ့သို့သော အသီးနံ့သာ၊
(၉) အပွင့်နံ့သာ= ကံ့ကော် စသည်ကဲ့သို့သော အပွင့်နံ့သာ၊
(၁၀) ပင်စည်နံ့သာ= သင်္ကန်း စသည်ကဲ့သို့သော ပင်စည်နံ့သာ၊ ♦သုခမှတ်စု

ပဋိသန္ဓေနေဆဲ ကာလအပိုင်းအခြား ၁၀-ပါး

(၁) ကလလသတ္တာဟ= ကလလ ရေကြည်အဖြစ် သားအိမ်တွင်း၌ တည်သောခုနစ်ရက်၊
(၂) အဗ္ဗုဒ သတ္တာဟ= အမဲဆေးရည်အဆင်းဖြင့် အမြုပ်ဖြစ်၍ တည်သောခုနစ်ရက်၊
(၃) ပေသသိတ္တာဟ= ခဲနက်ရည် အဆင်းနှင့် တူသော သားသစ်အဖြစ် ခုနစ်ရက်၊
(၅) ပသာဓသတ္တာဟ= ခက်မငါးဖြာထွက်ရန် အဖုပေါ်၍ လာသော ခုနစ်ရက်၊
(၆) ပရိဏကသတ္တာဟ= ရုပ်စဉ်အတိုင်း ရင့်ကျက်သော ကာလခုနစ်ရက်၊
(၇) စက္ခုသတ္တာဟ= စက္ခုဖြစ်၍ တည်သောကာလ ခုနစ်ရက်၊
(၈) သောတသတ္တာဟ= သောတဖြစ်၍ တည်သောကာလ ခုနစ်ရက်၊
(၉) ဃာနသတ္တာဟ= ဃာနဖြစ်၍ တည်သောကာလ ခုနစ်ရက်၊
(၁၀) ဇိဝှာသတ္တာဟ= ဇိဝှာဖြစ်၍ တည်သောကာလ ခုနစ်ရက်၊ “အခါ သားသူငယ် အကောင် ထင်ရှားပြီ၊ ၎င်းအတွင်း ဆံပင် မွေးညင်း ခြေသည်းလက်သည်းတို့ ထိုက်သည့်အားလျော်စွာ ဖြစ်လာကုန်၏၊ ၄၂ သတ္တာဟ ကိုးလနှင့် နှစ်ဆယ့်လေးရက်= ၂၉၄ ရက်ကြာမှ အလုံးစုံပြည့်စုံ၍ မွေးဖွားချိန်ရောက်သည်၊ ♦သုခမှတ်စု

ပါရမီ ၁၀-ပါး

(၁) ဒါန= ပေးလှူခြင်း၊
(၂) သီလ= သီလစောင့်ခြင်း၊
(၃) နိကမ္ခ = တောထွက်ခြင်း၊
(၄) ခန္တီ= သည်းခံခြင်း၊
(၅) အဓိဋ္ဌာန= အဓိဋ္ဌာန် ဆောက်တည်ခြင်း၊
(၆) သစ္စာ= မှန်ကန်စွာ ပြောဆိုခြင်း၊
(၇) ဝီရိယ= ထကြွလုံ့လရှိခြင်း၊
(၈) ပညာ= ဉာဏ်နှင့် ပြည့်စုံခြင်း၊
(၉) မေတ္တာ= ချစ်ခြင်း၊
(၁၀) ဥပေက္ခာ= လျစ်လျူရှုခြင်း၊ (ဒသပါရမီ) ♦သုခမှတ်စု

ပုတ်ခတ်ခြင်း ၁၀-ပါး

(၁) ဆံဆွဲခြင်း၊
(၂) ခေါင်းဆွဲခြင်း၊
(၃) ပါးနား မျက်နှာ ပုတ်ခတ်ခြင်း၊
(၄) နားကဖိဲုြ့ခင်း၊
(၅) ခြေနှင့် ကျောက်ဖြစ်ခြင်း၊
(၆) သွေး စီး သွေးမြင် ပြုခြင်း၊
(၇) ကိုယ်လုံး ရောင်စေခြင်း၊
(၈) အရိုးကျိုးအောင်ပြုခြင်း၊
(၉) အိုရာပါအောင် ပြုခြင်း၊
(၁၀) အသေသတ်ခြင်း၊ ♦သုခမှတ်စု

ပုညကိရိယာ ၁၀-ပါး

(၁) ဒါန= ပေးကမ်းလှူဒါန်းခြင်း၊
(၂) သီလ= သီလဆောက်တည်ခြင်း၊
(၃) ဘာဝနာ= ကမ္မဋ္ဌာန်းဘာဝနာ ပွားများခြင်း၊
(၄) အပစာယန= သက်ကြီးမိဘစသည်တို့ကို ရိုသေခြင်း ပူဇော်ခြင်း၊
(၅) ဝေယျာဝစ္စ= ရတနာသုံးပါးနှင့်သက်ကြီး မိဘ စသည်တို့ကို ရိုသေခြင်း ပူဇော်ခြင်း၊
(၆) ဝေယျာဝစ္စ= ရတနာသုံးပါးနှင့် သက်ကြီးမိဘတို့၏ အမှုကို ဂရုစိုက်၍ ရွက်ဆောင်ခြင်း၊
(၆) ပတ္တိဒါန=မိမိရရှိသော ကုသိုလ်အဖို့ကိုသာဓုခေါ်စေခြင်း၊ အမျှပေးခြင်း၊
(၇) ပတ္တာနုမောဒနာ= သူတစ်ပါးတို့ ပေးဝေသောကုသိုလ်အဖို့ကိုသာဓုခေါ်ခြင်း၊
(၈) ဓမ္မသဝန= သူ့တရားကို ကြားနာခြင်း၊
(၉) ဓမ္မဒေသနာ= သူတစ်ပါးကို တရားဟောခြင်း၊
(၁၀) ဒိဋ္ဌိဇုကမ္မ= ဖြောင့်မတ်စွာ အယူရှိခြင်း၊ ♦သုခမှတ်စု

ပုဏ္ဏား ၁၀-ပါး

(၁) တိကိစ္ဆသမဗြာဟ္မဏ= ဆေးဆရာပြုလျက် အသက်မွေးသောပုဏ္ဏား၊
(၂) ပါရိစာရိကာသမဗြာဟ္မမဏ= ကျွန်ကဲ့သို့ အစေအပါးခံ၍ အသက်မွေးသော ပုဏ္ဏား၊
(၃) နိဂ္ဂါဟကသမဗြာဟ္မဏ= အလှူခံဇွဲကြီးသော ပုဏ္ဏား၊
(၄) ခါဏုဃာတသမဗြာဟ္မဏ= ရူပဆိုးယုတ် မီးလောင်ငုတ်နှင့်တူသော ပုဏ္ဏား၊
(၅) ဝါဏိဇသမဗြာဟ္မဏ= ကုန်ရောင်းကုန်ဝယ်နှင့် အသက်မွေးသော ပုဏ္ဏား၊
(၆) အဗဋ္ဌသမဗြာဟ္မဏ= ကျွဲ နွားမွေး၍ လယ်ယာလုပ်စားသော ပုဏ္ဏား၊
(၇) ဂေါဃာတသမဗြာဟ္မဏ= ကျွဲ နွားစသည်တို့ကို သတ်၍ ကြမ်းကြုတ်စွာ အသက်မွေးသောပုဏ္ဏား၊
(၉) လုဒ္ဒကသမဗြဟ္မဏ= မုဆိုးတံငါအဖြစ်ဖြင့် အသက်မွေးသော ပုဏ္ဏား၊
(၁၀) မလမဇ္ဇသမဗြာဟ္မဏ= သူတစ်ပါး၏ အညစ်အကြေးကို ပယ်ရှားပေးကာ ဆတ္တာသည်အဖြစ်ဖြင့် အသက်မွေးသော ပုဏ္ဏား၊ ♦သုခမှတ်စု

ဘူး,ဓား, တံတင်း, ခွက်, ကြုတ် လှူသောအကျိုး ၁၀-ပါး

(၁) ခပ်သိမ်းသော အခါတို့၌ လုံခြုံခြင်း၊
(၂) များသော အခြံအရံရှိခြင်း၊
(၃) ဝေဖန်နိုင်သော ပညာရှိခြင်း၊
(၄) သိမ်မွေ့နူး ညံ့ခြင်း၊
(၅) စိုး ရိမ်ကြောင့်ကြခြင်းမှကင်းခြင်း၊
(၆) များသော ဂုဏ်ကျေးဇူးတို့ကိုရခြင်း၊
(၇) ညီညွတ်သော ခြေဖဝါးရှိခြင်း၊
(၈) ထိတ်လန့်ခြင်းမှ ကင်းခြင်း၊
(၉) ရွှေ ငွေ ဘဏ္ဍာစသော အသုံး အဆောင်ရှိခြင်း၊
(၁၀) ထိုထို ရတနာတို့မပျောက်မပျက်ခြင်း၊ ♦သုခမှတ်စု

ဗေဒင်သုံးပုံကိုပြုသူ ရသေ့ဆရာ ၁၀-ယောက်

(၁) အဋ္ဌက၊
(၂) ဝါမက၊
(၃) အင်္ဂီရသ၊
(၄) ဘဂု၊
(၅) ယမတဂ္ဂိ၊
(၆) ဝါသိဋ္ဌ၊
(၇) ဘာရဒွါဇ၊
(၈) ကဿပ၊
(၉) ဝေသာမိတ္တ၊
(၁၀) ဝါမဒေဝရသေ့၊ ♦သုခမှတ်စု

ဗြဟ္မစရိယတရား ၁၀-ပါး

(၁) ဒါန၊
(၂) ဝေယျာဝစ္စ၊
(၃) ပဉ္စသီလ၊
(၄) အပ္ပမညာ၊
(၅) မေထုနဝိရတိ၊
(၆) သဒါရသန္တောသ၊
(၇) ဝီရိယ၊
(၈) ဥပေါသထင်္ဂ၊
(၉) အရိယမဂ္ဂ၊
(၁၀) သာသနာ၊ ♦သုခမှတ်စု

ဘုရားမတင် နတ်မဝင် လူတွင် ၁၀-ပွင့်ပန်း

(၁) ပန်းတမော=့ ကျောက်ဆ စ်တတ်သူ၊
(၂) ပန်းတော့= အင်္ဂတေလုပ်တတ်သူ၊
(၃) ပန်းရန်= အုတ်စီ အလုပ်တတ်သူ၊
(၄) ပန်းပဲ= သံထည် လုပ်တတ်သူ၊
(၅) ပန်းတဉ်း= ကြေးထည် လုပ်တတ်သူ၊
(၆) ပန်းပု= ပန်းပြောက် ထုလုပ်တတ်သူ၊
(၇) ပန်းပွတ်= သစ်သားကို ပွတ်ခံတတ်သူ၊
(၈) ပန်းယွန်း= ယွန်းပြောက် ထိုးတတ်သူ၊
(၉) ပန်းချီ= ဆေးရေးပုံဆွဲတတ်သူ၊
(၁၀) ပန်းထိမ်= ရွှေထည် ငွေထည် လုပ်တတ်သူ၊ ♦သုခမှတ်စု

ဘုရားသခင်တို့၏ အားတော် ၁၀-ပါး

(၁) လူဗိုလ်ခြေတစ်ကျိပ်အားကိုကာလာဝကဆင်တစ်စီးနှင့် ညီမျှ၏၊
(၂) ကာလာဝကဆင် ၁၀-စီး= ဂင်္ဂေယျဆင်တစ်စီး၊
(၃) ဂဂေင်္ယျဆင် ၁၀-စီး= ပဏ္ဍရဆငတ်စီး၊
(၄) ပဏ္ဍရဆင် ၁၀-စီး= တမဆင်တစီး၊
(၅) တမဆင် ၁၀-စီး= မင်္ဂလဆင်တစ်စီး၊
(၆) ပိင်္ဂလဆင် ၁၀-စီး= ဂန္ဓဆင်တစ်စီး၊
(၇) ဂန္ဓဆင် ၁၀-စီး= မင်္ဂလဆင်တစ်စီး၊
(၈) မင်္ဂလဆင် ၁၀-စီး= ဟေမဆင်တစ်စီး၊
(၉) ဟေမဆင် ၁၀-စီး= ဥပေါသထဆင် တစ်စီး၊
(၁၀) ဥပေါသထဆင် ၁၀-စီး=ဆဒ္ဒန်ဆငတ်စီး၊ (ဆဒ္ဒန်ဆင် ၁၀-စီးအားကို မြတ်စွာဘုရား ဆောင်နိုင်၏၊ ပကတိဆင်မည်းအားဖြင့် ကုဋေတစ်ထောင် လူတို့အားဖြင့် ကုဋေတစ်သောင်း နှင့် ညီမျှ၏၊ကေသရာဇခြင်္သေ့အားသည် ၎င်းတို့အတူပင်ဟုမှတ်)၊ ♦သုခမှတ်စု

မပေါင်းဖော်ရာသည် ၁၀-ပါး

(၁) ရန်သူ၊
(၂) သူမိုက်၊
(၃) သူ့ကျေးဇူးကိုချေ တတ်သောသူ၊
(၄) သူ့ပစ္စည်းကိုလိုချင်တတ်သောသူ၊
(၅) သေသောက်ကြူးသူ၊
(၆) ဆုံးမ မခံလိုသူ၊
(၇) အမွတ်နှစ်ပါးကို မမြင်သူ၊
(၈) မတည်ကြည်သူ၊
(၉) မိမိ အပြစ်ကို မမြင်သူ၊
(၁၀) သူ့အပြစ်ကို မြင်တတ်သောသူ၊ ♦သုခမှတ်စု

မင်းကျင့်တရား ၁၀-ပါး

(၁) ဒါနံ= ပေးလှူခြင်း၊
(၂) သီလံ= ငါးပါးသီလနှင့် ပြည့်စုံခြင်း၊
(၃) ပရိစ္စာဂံ= အမှုထမ်းတို့အား ရိက္ခာပေးကမ်းခြင်း၊
(၄) အဇ္ဇဝံ= ရိုးသားဖြောင့်မတ်ခြင်း၊
(၅) မဒ္ဒဝံ= သာယာနူးညံ့စွာ ပြောဆိုကျင့်ကြံခြင်း၊
(၆) တပံ= အကျင့်သီလတို့ကို ခြိုးခြံစွာ စောင့်သုံးခြင်း၊
(၇) အကောဓံ= အမျက် မထွက်ခြင်း၊
(၈) အဝိဟိံသံ= မနှိပ်စက်ခြင်း၊
(၉) ခန္တီ= သည်းခံခြင်း၊
(၁၀) အဝိရောဓနံ= ပြည်သူတို့သဘောနှင့် မဆန့်ကျင်ခြင်း၊ ♦သုခမှတ်စု

မင်းတိုင်ပင်ရာသူ ၁၀-ယောက်

(၁) မင်း၏ မယ်တော်၊
(၂) မိဖုရား၊
(၃) မင်းသမီး၊
(၄) အိမ်ရှေ့မင်း၊
(၅) အမတ်ကြီး၊
(၆) ပုရောဟိတ်၊
(၇) သူဌေး၊
(၈) ပညာရှိ တံခါးစောင့်၊
(၉) ရထားထိန်း၊
(၁၀) စာချီ၊ ♦သုခမှတ်စု

မဉ္ဇူသကပန်းပင်၏ဂုဏ် ၁၀-ပါး

(၁) ဂန္ဓမာဒနတောင် ပတ္တမြားဂူ၌သာ ပေါက်ရောက်ခြင်း၊
(၂) အမြင့်ယူဇနာတစ်ရာ၊ အချင်းယူဇနာတစ်ရာရှိခြင်း၊
(၃) အရှင်ပစ္စေက ဗုဒ္ဓါတို့ ကြွလာလျှင် ခပ်သိမ်းသော ရတနာတို့နှင်ြ့ပည့်စုံသော မဏ္ဍပ်ကြီးကဲ့သို့ တင့်တယ်စွာ တည်းခိုဖွယ်ဖြစ်ခြင်း၊
(၄) မဉ္ဇူသကပန်းမှိုက်ကို လေဖြင့် တံမြက်လှည်း၍ သန့်ရှင်းစင်ကြယ်စေခြင်း၊
(၅) သဲမြေဖြင့်ညညွီတ်အောင် လေဖြင့်တလင်းညှိ၍ တင့်တယ်စေခြင်း၊
(၆) ခပ်သိမ်းသောအနံ့တို့ကို လေဖြင့် ပျံ့လွင့်၍ တည်ခြင်း၊
(၇) လေတို့သည် ပန်းကိုဆွတ်၍ ပန်းမွေ့ရာခင်းခြင်း၊
(၈) ရေကို အနောတတ်အိုင်မှလေဆောင်ယူ၍ သွန်းလောင်းရှင်သန်စေခြင်း၊
(၉) ပစ္စေကဗုဒ္ဓါတို့ စည်းဝေးခြင်း သမာပတ်ဝင်စားခြင်း၊ ပစ္စေကဗုဒ္ဓါတို့ ပွင့်တော်မူရာ ဖြစ်ခြင်း၊
(၁၀) ရေ ကြည်း တောတောင်တို့တွင် ပွင့်ကုန်သော ပန်းတကာတို့ထက် မွှေးကြိုင်လှခြင်း၊ ♦သုခမှတ်စု

မိစ္ဆာဒိဋ္ဌိတရား ၁၀-ပါး

(၁) နတ္ထိ ဒိန္နံ= ပေးလှူခြင်း၏ အကျိုး မရှိ၊
(၂) နတ္ထိယိဋ္ဌံ= များမြတ်စွာ ပူဇော်ခြင်း၏အကျိုး မရှိ၊
(၃) နတ္ထိ ဟုတံ= စေလွှတ်ပို့သ သက္ကာရ ရပြုခြင်း၏အကျိုး မရှိ၊
(၄) နတ္ထိသုကတဒုကဋရာနံကမ္မာနံ ဝိပါကော= ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုး မရှိ၊
(၅) နတ္ထိ အယံလောကော= ပစ္စုပ္ပန် လောကမရှိ၊ တမလွန်၌ ပင်ပြတ်၏၊
(၆) နတ္ထိ ပရလောကေ= တမလွန်ကောကမရှိ၊ ပစ္စုပ္ပန်၌ပင် ပြတ်၏၊
(၇) နတ္ထိ မာတာ= အမိ၌ ကောင်းစွာကျင်ြ့ခင်း ပြစ်မှားခြင်းတို့၏ အကျိုး အပြစ်မရှိ၊
(၈) နတ္ထိ ပိတာ= အဖ၌ ကောင်းစွာကျင့်ခြင်း ပြစ်မှားခြင်းတို့၏ အကျိုးအပြစ်မရှိ၊
(၉) နတ္ထိသတ္တာ သြပပါတိကာ= သေပြီး၍ ပဋိသန္ဓေနေရသော သတ္တဝါမရှိ၊
(၁၀) နတ္ထိ လောကေ သမဏဗြာဟ္မဏ သမဂ္ဂတာ သမာပဋိပ္ပန္နာ ယေ ဣမဉ္စလောကံ ပရဉ္စလောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ= အနုလောမ ပဋိပါဒ်ကို ကျင့်ကုန်သော ဓမ္မိက သမဏဗြာဟ္မဏတို့သည် လည်းကောင်း၊ လောကနှစ်ပါးကိုအလိုလိုသိ၍ ဟောပြနိုင်သော သဗ္ဗညုဗုဒ္ဓသည်လည်းကောင်း မရှိ၊ ♦သုခမှတ်စု

မာရ်နတ်၏စစ်သည် ၁၀-ပါး

(၁) ကာမ၊
(၂) မမွေ့မလျော်ခြင်း၊ (တရား၌ မမွေ့မလျော်ခြင်း)၊
(၃) မွတ်သိပ်ဆာလောင်ခြင်း၊
(၄) တပ်မက်မှုတဏှာ၊
(၅) ထိနမိဒ္ဓ၊ (ငိုက်မျဉ်း တွေဝေခြင်း)၊
(၆) ကြောကလ်န့်ခြင်း၊
(၇) ယမုံှားခြင်း၊ (တရား၌ ယုံမှားခြင်း)၊
(၈) သူ့ကျေးဇူးကို ချေဖျက်ခြင်း၊ မာန်တက်ခြင်း၊
(၉) မမှန်မကန်ရအပ်သော ပူဇော်သက္ကာရ အခြံအရံကိုနှစ်သက်ခြင်း၊
(၁၀) မိမိကိုယ်ကို ချီးပ၍ သူတစ်ပါးကို ရှုတ်ချခြင်း၊ ♦သုခမှတ်စု

မာရ်စစ်သည် ၁၀-ပါး

(၁) ကာမပဌမသေနာ=ဝတ္ထုကာမ ကိလေသာကာမ ခုံမင်ခြင်း ပထမ စစ်သည်တော်၊
(၂) အရတိဒုတိယသေနာ= ရဟန်းအဖြစ် မမွေ့လျော်နိုင်ခြင်း သမထဘာဝနာတို့၌ မမွေ့လျော်နိုင်ခြင်း၊
(၃) ခုပ္ပိပါသာ တတိယသေနာ= အစားအစာ၌ ရမ္မက်ထူခြင်း အဆင်းရဲ မခံနိုင်ခြင်း၊
(၄) တန္ဒိ စတုတ္ထ သေနာ= ပျင်း၍ စိတ်ကုန်ခမ်းခြင်း၊ အားလျော့ခြင်း၊
(၅) ထိနမိဒ္ဓ ပဉ္စမသေနာ= ပျင်း၍ငိုက်မျဉ်းခြင်း,၊ မှိုင်တွေငေးမောခြင်း၊
(၆) ဘီရူ ဆဋ္ဌသေနာ= အပျင်းစိတ်ကြောင့် မောဟများ၍ ကြောက်ရွံ့ထိတ်လန့်ခြင်း၊
(၇) ဝိစိကိစ္ဆာ သတ္တမသေနာ= တရားကျင့်သော် စိတ်ဒွဟိ ဖြစ်ခြင်း၊
(၈) မက္ခထမ္ဘ အဋ္ဌမသေနာ= တရားရပြန်သော်လည်း ထိုဂုဏ်ကြောင့် ရိုသေထိုက်သူတို့အား မောက်မာခြင်း၊
(၉) တဏှာမာန နဝမသေနာ= မိမိ၏ ဂုဏ်ကြောင့်ရအပ်သော လာဘလ်ာဘ အခြံအရံ တန်ခိုး ကိတ္တိကို နှစ်သက်သာယာတက်ကြွခြင်း၊
(၁၀) အဝဇာန ဒသမသေနာ= မိမိ၏ ဂုဏ်ကြောင့် သူတစ်ပါးအား မထီလေးစား မထီမဲ့မြင် ပြုမူခြင်း၊ ♦သုခမှတ်စု

မြို့ရွာပျက်မှုအကြောင်း ၁၀-ခု

မဃဒေဝလင်္ကာ
(၁) ဂြိုဟ်ကြီးရှစ်လုံးတို့ အသွားအလာ မမှန်ခြင်း၊
(၂) နေသွားမမှန်ခြင်း၊
(၃) လ,သွားမမှန်ခြင်း၊
(၄) မိုးစွေခြင်း၊
(၅) မိုးခေါင်ခြင်း၊
(၆) ရေကြီးခြင်း၊
(၇) ကြမ်းပိုး ပိုးဟပ် ပေါများခြင်း၊
(၈) တောတိရစ္ဆာန်ဝင်ခြင်း၊
(၉) ခိုးသူဓားပြ ထကြွခြင်း၊
(၁၀) ကြခတ်ဝါးသုံးခြင်း၊ ♦သုခမှတ်စု

မြို့ရွာပျကမ်ှု ကြောင်း ၁၀-ခု၊(တစ်နည်း) မြို့ရွာပျက်မည် ကြောင်း ၁၀-တည်း

သာရတ္ထဒီပနီ ဂြိုဟ်မရှစ်ထောင့်၊ မဖြောင့်သွားလား၊ ခေါင်းပါးစာရေ၊ ချိန်နေမမှန်၊ ရွာသွန်မြူးခုန်၊ ပဇ္ဇုန်ထွေထူး၊ လေရူးပေါ်ပေါ်၊ ဖြော်ဖြော်တက်တိုး၊ မိုးကြိုးအသံ၊ လ,မှန်ကြူးထ၊ ဒေါင့်ဒဲစသည်၊ လုပ်ထ ယာခင်း၊ ကျဆင်း ပိုးထူ၊ ခွေးအူချိန်လွဲ၊ တောင်ထဲကြွက်နက်၊ တောကြက်သင်းခို၊ ရွာကိုဝင်လျှိုး၊ ကြမ်းပိုး ပိုးဟပ်၊ ပေါလတ်များစွာ၊ နှံစာသူငယ်၊ ပေါယယ်ရောက်ကြ၊ ဗျဂ္ဃစိမ်းစား၊ သစ်ကားရဲယောင်၊ မရှောင်လုယူ၊ ခိုးသူလည်း ထ၊ ပြည်မအုပ်စိုး၊ မင်း စိုး များလတ်၊ ကြခတ်ဝါးကြီး၊ သီး သောကြောင်းဟိတ်၊ ဆယ်နိမိတ်၊ ♦သုခမှတ်စု

မြို့၏အသံ ၁၀-ပါး

(၁) ဆင်သံ၊
(၂) မြင်းသံ၊
(၃) ရထားသံ၊
(၄) ခရုသင်းသံ၊
(၅) လက်ခတ်သံ၊
(၆) စည်သံ၊
(၇) မောင်းကြေးနင်းသံ၊
(၈) ခွက်ခွင်းသံ၊
(၉) စားလှည့်ကြကုန်ဟု ခေါ်သံ၊
(၁၀) သောက်လှည့်ကြကုန်ဟုခေါ်သံ၊ ♦သုခမှတ်စု

မြင့်မိုရ်တောင်၏ ကျက်သရေ ၁၀-ပါး

(၁) ရေတွင်အောက် ယူဇနာ ရှစ်သောင်း လေးထောင်ရှိခြင်း၊
(၂) ရေပေါ်တွင် ယူဇနာ ရှစ်သောင်းလေးထောင်ဖြစ်၍ အမြင့်ဆုံးဖြစ်၏၊
(၃) ကျွန်းကြီးလေးကျွန်း သမုဒ္ဒရာကြီးလေးစင်း အလယ်၌ရှိခြင်း၊
(၄) သတ္တရဘန် တောင်စဉ်ခုနစ်ထပ်ဝန်းရံခြင်း၊
(၅) သီတာခုနစ်တန် ဝန်းရံခြင်း၊
(၆) နေလ နက္ခတ်တာရာ လှည့်ပတ်သွားလာခြင်း၊
(၇) အာလိန် ငါးဆင့်ရှိခြင်း၊
(၈) စတုမာဟာရာဇ်နတ်ကြီးလေးပါးနေရာ နတ်ပြည်လေးရပ်ရှိခြင်း၊
(၉) တာဝတိံသာ သိကြားမင်းနေရာ သုဒဿနမြို့၊ ဝေဇယန္တာနန်း၊ သုဓမ္မာဇရပ်၊ ဥယျာဉ် အသွယ်သွယ်နှင့် တင့်တယ်ခြင်း၊
(၁၀) အရောင်လေးပါး ရှိခြင်း၊ ♦သုခမှတ်စု

ရတနာ ၁၀-ပါး

(၁) ရွှေငွေ၊
(၂) စိန်၊
(၃) ကြောင်၊
(၄) ပလဲု၊
(၅) သန္တာ၊
(၆) နီလာ၊
(၇) ဂေါ်မုတ်၊
(၈) မြ၊
(၉) ပတ္တမြား၊
(၁၀) ဥဿဖရား၊ ♦သုခမှတ်စု

ရတနာ ၁၀-ပါး

(၁) မုတ္တာ = ပုလဲ၊
(၂) မဏိ= မြ၊
(၃) ဝေဠုရယိ = ကြောင်၊
(၄) သင်္ခ= ခရုသင်း၊
(၅) သိလာ= ကောက်သလင်း၊
(၆) ပဝါဠ= သန္တာ၊
(၇) ရဇတ= ငွေ၊
(၈) ဟေမ= ရွှေ၊
(၉) လောဟိတင်္က= ပတ္တမြားနီ၊
(၁၀) မသာရဂလ္လ= ပတ္တမြားပြောက်၊ ♦သုခမှတ်စု

ရသ ၁၀-ပါး

ဌာယီဘာဝ ၁၀-မျိုးပင် ဖြစ်သည်၊ ♦သုခမှတ်စု

ရဟန်းတို့ ဆဲရေးခြင်း ၁၀-ပါး

(၁) ဇာတိ= ယုတ်မာသောအမျိုးဟု ဇာတိကိုဖော်ပြ၍ ဆဲရေးခြင်း၊
(၂) နာမ= ယုတ်မာသောအမည်ကို ဖော်ခြင်း၊
(၃) ဂေါတ္တ= ယုတ်မာသောအနွယ်၊
(၄) ကမ္မံ= ယုတ်မာသောအမှု၊
(၅) သိပ္ပံ= ယုတ်မာသော အတတ်၊
(၆) အာဗာဓ= ယုတ်မာသောအနာ၊
(၇) လိင်္ဂိကံ= ယုတ်မာသောအသွင်၊
(၈) ကိလေသာ= ယုတ်မာသော ကိလေသာ၊
(၉) အာပတ္တိ= ယုတ်မာသောအာပတ်၊
(၁၀) အကေရာသော= ယုတ်မာသော ဆဲရေးခြင်း၊ ♦သုခမှတ်စု

ရဟန်းတို့ မအပ်သော သပိတ် ၁၀-လုံး

(၁) ရွှေသပိတ်၊
(၂) ငွေသပိတ်၊
(၃) ပတ္တမြားသပိတ်၊
(၄) ဝါးသပိတ်၊
(၅) ဖန်သပိတ်၊
(၆) ကျောက်သပိတ်၊
(၇) စဉ့်သပိတ်၊
(၈) သလွှဲသပိတ်၊
(၉) ဦးခေါင်းခွံသပိတ်၊
(၁၀) ကြေးနီသပိတ်၊ ♦သုခမှတ်စု

ရဟန်းတို့ မမှီဝဲအပ်သော အသား ၁၀-ပါး

(၁) ဆင်သား၊
(၂) မြင်းသား၊
(၃) ကျားသား၊
(၄) လူသား၊
(၅) အောင်းသား၊
(၆) ခွေးသား၊
(၇) မြွေသား၊
(၈) ဝံသား၊
(၉) ခြင်္သေ့သား၊
(၁၀) သစ်သား၊ (ရည်မှန်း၍ သတ်သောအသား) ♦သုခမှတ်စု

ရဟန်းတို့ မသုံးသပ်အပ်သော(အနာမာသ) ရတနာ ၁၀-ပါး

(၁) ရွှေ၊
(၂) ငွေ၊
(၃) မြ၊
(၄) ပုလဲ၊
(၅) ကြောင်၊
(၆) ခရုသင်း၊
(၇) သန္တာ၊
(၈) နီလာ၊
(၉) ပတ္တမြားနီ၊
(၁၀) ပတ္တမြားပြောက်၊ ♦သုခမှတ်စု

ရဟန်းတို့၏ အန္တရာယ် ၁၀-ပါး

(၁) ရာဇန္တရာယ= မင်းအန္တရာယ်၊
(၂) စောရန္တရာယ= သူခိုးအန္တရာယ်၊
(၃) အဂ္ဂိန္တရာယ= မီးအန္တရာယ်၊
(၄) ဥဒကန္တရာယ= ရေအန္တရာယ်၊
(၅) မနုဿန္တရာယ= လူအန္တရာယ်၊
(၆) အမနုဿန္တရာယ= ဘီလူးအန္တရာယ်၊
(၇) ဝါဠန္တာရာယ= သားရဲအန္တရာယ်၊
(၈) သရိသပန္တရာယ= မြွေအန္တရာယ်၊
(၉) ဇီဝိတန္တရာယ= အသက်အန္တရာယ်၊
(၁၀) ဗြဟ္မစရိယန္တရာယ= သာသနာတော်၏ အန္တရာယ်၊ ♦သုခမှတ်စု

ရဟန်း ဒုဿီလ၏ ဂုဏ်ကျေးဇူး ၁၀-ပါး

(၁) ဘုရားရှင်၌ ရိုသေခြင်းရှိသည်၊
(၂) တရားတော်၌ ရိုသေခြင်းရှိသည်၊
(၃) သံဃာတော်၌ ရိုသေခြင်းရှိသည်၊
(၄) သီတင်းသုံးဖော်တို့၌ ရိုသေခြင်းရှိသည် ♦သုခမှတ်စု

ရဟန်းဒုဿလီ၏ အလှူရေစက်ကို သုတ်သင်ခြင်း၁၀ ပါး

(၁) အပြစ်မရှိသော ပရိက္ခရာတို့ကို ဆောင်တတ်ခြင်း၊
(၂) ဦးပြည်းသော ရသေ့ရဟန်း၏ အသွင်အပြင်ကို ဆောင်တတ်ခြင်း၊
(၃) သံဃာတော်ဟု မှတ်အပ်သော အယူသို့ဝင်ခြင်း၊
(၄) ရတနာသုံးပါးကို ကိုးကွယ် ဆောက်တည်ခြင်း၊
(၅) ကမ္မဋ္ဌာန်းအိမ်၌ နေလေ့ရှိခြင်း၊
(၆) ဘုရားရှင်သာသနာတော်မြတ်ကို ဆောင်သောသူကို ရှာလေ့ရှိခြင်း၊
(၇) မြတ်သော တရားဒေသနာကိုဟောတတ်ခြင်း၊
(၈) တရားတည်း ဟူသောဆီမီး၏ တည်ရာလားရာရှိခြင်း၊
(၉) ဘုရားရှင်သည် လောသုံးပါးထက်မြတ်၏ဟု ဧကန်ဖြောင့်သော အယူရှိခြင်း၊
(၁၀) ဥပုသ်ဆောက်တည်ခြင်း၊ ♦သုခမှတ်စု

ရေလှူသော အကျိုး ၁၀-ပါး

(၁) လျင်မြန်ခြင်း၊
(၂) ကျော်စောခြင်း၊
(၃) စင်ကြယ်ခြင်း၊
(၄) မွတ်သိပ်ခြင်းမှ ကင်းခြင်း၊
(၅) အခြံအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ခွန်အားကြီးခြင်း၊
(၉) ပညာကြီးခြင်း၊
(၁၀) ချမ်းသာခြင်း၊ ♦သုခမှတ်စု

ရင့်မာတစ်ကျိပ်

(၁) မေတ္တေယျ၊
(၂) ရာမမင်း၊
(၃) ကောသလမင်း၊
(၄) အဘိဘူနတ်၊
(၅) ဒီဃသောဏီအသူရာ၊
(၆) သုဘလုလင်၊
(၇) စင်္ကီပုဏ္ဏာ၊
(၈) တောဒေယျပုဏ္ဏား၊
(၉) နာဠာဂီရိဆင်၊
(၁၀) ပါလိလဲဆင်၊ ♦သုခမှတ်စု

ရှိမခိုးထိုက်သူ ၁၀-ပါး

ခုဒ္ဒသိက္ခာ
(၁) ရဟန်းကြီးသည် ရဟန်းငယ်အား ရှိမခိုးထိုက်၊
(၂) ရဟန်းဖြစ်လျက် လူသာမဏေတို့အား ရှိမခိုးထိုက်၊
(၃) နာနာသံဝါသကဖြစ်သော အဓမ္မဝါဒီကို ရှိမခိုးထိုက်၊
(၄) မာတုဂါမကို ရှိမခိုးထိုက်၊
(၅) ပဏ္ဍုက်ကို ရှိမခိုးအပ်၊
(၆) ပရိဝတ် ဆောက်တည်ဆဲကိုလည်း ရှိမခိုး အပ်၊
(၇) အဗ္ဘာန်ထိုက်သည်ကိုလည်း ရှိမခိုးအပ်၊
(၈) ဥက္ခိတ္တကကံ ထိုက်သူကိုလည်း ရှိမခိုးအပ်၊
(၉) မာနတ်ကျင့်ဆဲကိုရှိမခိုးအပ်၊
(၁၀) မူလအရင်းသို့ ငင်ထိုက်သောသူကို ရှိမခိုးအပ်၊ ♦သုခမှတ်စု

လောက၌ကဲ့ရဲ့တတ်သောသူ ၁၀-ပါး

(၁) မုဆိုးမ၊
(၂) အားနည်းသောသူ၊
(၃) အဆွေခင်ပွန်း မရှိသောသူ၊
(၄) လေးသောအနာရှိသောသူ၊
(၅) အစားကြီး သောသူ၊
(၆) မကောင်းသော ခင်ပွန်းရှိသောသူ၊
(၇) ဥစ္စာမရှိသောသူ၊
(၈) အကျင့် ယုတ်သောသူ၊
(၉) လုံ့လချို့သောသူ၊
(၁၀) ကြမ္မာယုတ်သောသူ၊ ♦သုခမှတ်စု

လိင် ၁၀-ပါး (ရှင်ကျင့်)

(၁) သူအသက်ကိုသတ်ခြင်း၊
(၂) သူတစ်ပါး ပစ္စည်းကိုခိုးခြင်း၊
(၃) မုသား ပြောဆိုခြင်း၊
(၄) အရက်သေစာ သောက်စားခြင်း၊
(၅) မမြတ်သောမေထုန်ပြုခြင်း၊
(၆) ဘုရားကိုကဲ့ရဲ့ခြင်း၊
(၇) တရားကိုကဲ့ရဲ့ခြင်း၊
(၈) သံဃာကိုကဲ့ရဲ့ခြင်း၊
(၉) ဘိက္ခုနီမကိုဖျက်ခြင်း၊
(၁၀) မှားသောအယူကိုယူခြင်း၊ ♦သုခမှတ်စု

ဝိပဿနာညစ်ညူးကြောင်းအန္တရာယ် ၁၀-ပါး

(၁) သြဘာသ= အရောင်အလင်း၊
(၂) ပီတိ= နှစ်သက်ခြင်း၊
(၃) ပဿဒ္ဓိ= ငြိမ်းခြင်း၊
(၄) အဓိမောက္ခ= သဒ္ဓါယုံကြည်ခြင်း၊
(၅) ပဂ္ဂဟ= ထောက်ပံ့ခိုင်စေခြင်း၊
(၆) သုခ= ချမ်းသာခြင်း၊
(၇) ဉာဏ= အလွန်ထက်သန်သော ဝိပဿနာဉာဏ်၊
(၈) ဥပဋ္ဌာန= ကြာမြင့်စွာကပြုခဲ့ပြီးသောအမှုကို ထင်နိုင်ခြင်းသတိ၊
(၉) ဥပေက္ခာ= လျစ်လျူရှုခြင်း၊
(၁၀) နိကန္တိ= ဉာဏ်ကိုးပါး၌တပ်နှစ်သက်ခြင်း၊ ♦သုခမှတ်စု

ဝိပဿနာဉာဏ် ၁၀-ပါး

(၁) နိဗ္ဗာန်ရောက်ကြောင်း ဉာဏ် ၁၆ ပါးအနက်သမ္မသနဉာဏ်မှစ၍ အနုလောမဉာဏ်အထိဆယ်ပါးကို ဝိပဿနာဉာဏ်ဆယ်ပါးဟုခေါ်သည်၊ ♦သုခမှတ်စု

ဝိသာခါအားဆုံးသော ပဋိစ္ဆန္န သြဝါဒ ၁၀-ပါး

(၁) အိမ်းတွင်းကမီးကို အပြင် မထုတ်ရာ၊ အိမ်တွင်းကရန်စကားကို အပြင်သို့မရောက်စေရာ၊
(၂) အိမ်ပက မီးကိုအတွင်းမယူရာ၊ အိမ်ပက ရန်စကားကို အိမ်တွင်းသို့ မရောက်စေရာ၊
(၃) ပေးတတ်သောသူကိုသာ ပေးရာ၏၊ ဥစ္စာကို ပြန်၍ပေးသောသူကို ချေးငှားရာ၏၊
(၄) မပေးတတ်သောသူကို မပေးရာ၊ ပြန်၍မဆပ်သူကို မချေးငှားရာ၊
(၅) မြဲမြံသောနေရာ၌ရလာသော် လည်းကောင်း၊ မရလာသော် လည်းကောင်း ကောင်းစွာ သိုမှီးရာ၏၊ သိက္ခာ သီလ ထူးမြတ်သော ရတနာသုံးပါးတို့၏ထံ၌ လည်းကောင်း၊ သက်ကြီး ရွယ်ရင့်တို့ထံ၌လည်းကောင်း သံသရာမျိုးဖြစ်သော အလှူကိုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကောင်းစွာ ပေးလှူရာ၏၊
(၆) ယောက္ခမတို့ နားမျက်စိ မပူဆာအောင် ချမ်းသာစွာ နေရာ၏၊ ယောက္ခမကို မပန်မကြားဘဲ အမှုကိုမပြုရာ၊
(၇) ချမ်းသာစွာ စားရာ၏၊ ယောက္ခမတို့၏ ရှေးဦးစွာ မစားမသောက်ရာ၊
(၈) ချမ်းသာစွာ အိပ်ရာ၏၊ ယောက္ခမတို့၏ ရှေးဦးစွာ မအိပ်ရာ၊ ရှေးဦးစွာ ထ,ရာ၊
(၉) လောင်တတ်သောမီးကို ရိုသေစွာ မွေးအပ်၏၊ မရိုသေ မခံ့ညားမူ မီးကဲ့သို့ လောင်တတ်သော ယောက္ခမနှင့်လင်ကို ရိုသေစွာ ပြုစုလုပ်ကျွေးရာ၏၊
(၁၀) အိမ်ဦးနတ်ကို မပြတ်ရှိခိုးရာ၏၊ အိမ်ဦးနတ်တည်းဟူသော ယောက္ခမနှင့်လင်ကို ရိုသေမြတ်နိုးရာ၏၊ ♦သုခမှတ်စု

ဝေသန္တရာ၏စိတ်ထား ၁၀-ပါး

(၁) ဒမေ= စက္ခုအစရှိသော ဣန္ဒြေကို ဆုံးမခြင်း၌လည်းကောင်း၊
(၂) သမေ= စက္ခုအစရှိသော ဣန္ဒြေကို ငြိမ်သက်စေခြင်း၌ လည်းကောင်း၊
(၃) ခန္တိယံ= သည်းခံခြင်း၌လည်းကောင်း၊
(၄) သံဝရေ= စောင့်စည်းခြင်း၌လည်းကောင်း၊
(၅) နိယမေ= မြဲစွာ ဆောက်တည်ခြင်း၌ လည်းကောင်း၊
(၆) အကေရာဓေ= အမျက်ဒေါသ မရှိသည်၌လည်းကောင်း၊
(၇) အဝိဟိံသာယံ= သူတစ်ပါးကို မညှဉ်းဆဲခြင်း၌လည်းကောင်း၊
(၈) သစ္စေ= မှန်သော စကား၌ လည်းကောင်း၊
(၉) သောစေယျ= ဆောက်တည်အပ်သော သီလ၏ စင်ကြယ်ခြင်း၌လည်းကောင်း၊
(၁၀) မေတ္တာယျံ= ချစ်ခြင်း၌လည်းကောင်း၊ ♦သုခမှတ်စု

သပိတ်လှူရသော အကျိုး ၁၀-ပါး

(၁) ရတနာမျိုးတို့ဖြင့်ပြီးသော ခွက်တို့ကိုရခြင်း၊
(၂) ဘေးဥပဒ်မရှိခြင်း၊
(၃) စိုးရိမ်ကြောင့်ကြ မရှိခြင်း၊
(၄) သူတစ်ပါးတို့ ရိုသေခြင်း၊
(၅) ထမင်း အဖျော် အိပ်ရာနေရာတို့ကို ရရှိခြင်း၊
(၆) စည်းစိမ်ချမ်းသာမပျောက်မပျက်ခြင်း၊
(၇) တည်ကြည်သော စိတ်ရှိခြင်း၊
(၈) တရားကို အလိုရှိခြင်း၊
(၉) ကိလေသာအားနည်း ခေါင်းပါးခြင်း၊
(၁၀) အာသဝေါတရားကင်းခြင်း၊ ♦သုခမှတ်စု

သမားတို့ ဦးစွာ စစ်ဆေးကြည့်ရှုအပ်သော လက္ခဏာ ၁၀-ပါး

(၁) အဆင်း၊
(၂) အသံ၊
(၃) မျက်စိ၊
(၄) နား၊
(၅) နှာ၊
(၆) လျှာ၊
(၇)၊ ချွေး၊
(၈) ကျင်ကြီး၊
(၉) ကျင်ငယ်၊
(၁၀) သွေးတိုးခြင်း၊ ♦သုခမှတ်စု

သုစရိုက် ၁၀-ပါး

(၁) ပါဏာတိပါတာ ဝေရမဏိ= သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၂) အဒိန္နာဒါနာ ဝေရမဏိ= သူ့ဥစ္စာကိုခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၃) ကာမေသုမိစ္ဆာစာရာ ဝေရာမဏိ= သူ့သားမယားကို လွန်ကျူးခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၄) မုသာဝါဒါ ဝေရမဏိ= မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၅) ပိသုဏဝါစာ ဝေရမဏိ= ကုန်းတိုက်စကား ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၆) ဖရုသဝါစာ ဝေရမဏိ= ကြမ်းတမ်းသောစကားကိုပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၇) သမ္ဖပ္ပလာပါ ဝေရမဏိ= ပြိန်ဖျင်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၈) အနဘိဇ္ဈာ= သူ့စည်းစိမ်ကို ရှေ့ရှုမကြံခြင်း၊
(၉) အဗျာပါဒ= သူတစ်ပါးကို ပျက်စီးစေလိုသော စိတ်မရှိခြင်း၊
(၁၀) သမ္မာဒိဋ္ဌိ= မှန်ကန်သော အယူကို ယူခြင်း၊ ♦သုခမှတ်စု

သူမိုက်ကြီး ၁၀-ယောက်

(၁) မုန့်ဆန်းစား၊
(၂) မေးမှားမျိုးနွယ်၊
(၃) ရေဆယ်၊
(၄) ဝံကူ၊
(၅) မီးယူ၊
(၆) သစ်ခုတ်၊
(၇) ပုံးစလုံး၊
(၈) ပဲပြုတ်၊
(၉) ဆေးပေါင်း၊
(၁၀) သမင်ရောင်း၊ ♦သုခမှတ်စု

သူမိုက်ကြီး ၁၀-ပါး

သမန္တစက္ခု
(၁) မုန့်ဆန်းစားဟူသည် ရှေးအခါ လူတစ်ယောက်သည် မုန့်ဆန်း စားနေရာ ယောက္ခမက မေးသော မုန့်ဆန်းကို အာလုပ်တွင် အပြည့်ငုံလျက် ယောက္ခမကို ရှက်သဖြင့် ပါးရောင်သည်ဟု ပြော၏၊ ယောက္ခမလည်း ပါးရောင်သည်ကို စူးထိုးမှသာ ပေါက်မည်ဆိုသော် အထိုးခံ၍ စူးထိုးမှ ထိုးသောအပေါက်က မုန့်ဆန်းထွက်၍ ယောက္ခမသိလေသည်၊
(၂) မေးမှားမျိုးဟူသည်ကား- မိန်းမ နှစ်ယောက်သွားသည်ကိုလူတစ်ယောကက် အရှင်မတို့ ဘယ့်နှယ်မတော်ကြသနည်းဟုမေးရာ မိန်းမကြီးက ကျွန်ုပ်တို့ဦးရီးကို သည်သူငယ်မဦးရီးက ဦးရီးတော်ဟု ပြောသဖြင့် ထိုသူက ညီအစ်မဟုဖြေလေသည်၊ (အမှန်ကား သားအမိ)၊
(၃) ရေဆယ်ဟူသည်ကား- ရေနစ်သူကို အရမ်းဆယ်သောကြောင့် နှစ်ယောက်စလုံး သေရ၏၊
(၄) ဝံကူ ဟူသည်- လူကိုဝံကကိုက်ရာ နောက်က နေ၍မကူ၊ ရှေ့ကူမိသောကြောင့် သူ့ကိုပါ အကိုက်ခံရ၍ သေလေ၏၊
(၅) မီးယူဟူသည်ကား လူမိုက်သည် ပုဆိုးနှင့်မီးကို ညှိယူခဲ့သောကြောင့် မီးလောင်၍ သေရသည်၊
(၆) သစ်ခုတ်ဟူသည်- သူတစ်ယောက်သည် သူတစ်ပါး သစ်ပင်ခုတ်ရာ ခေါင်းနှင့်ဝင်၍ ခံသောကြောင့် သေရသည်၊
(၇) ပုန်းစလုပ်ဟူသည်- အမှိုက်စင်ကြယ်ရာမပုန်းဘဲ အမှိုက်တောမှာ ပုန်းသောကြောင့် မြွေကိုက်၍ သေရသည်၊
(၈) ပဲပြုတ်ဟူသည်- ပဲအသွေ့ကိုဝယ်၍ ပေါ့ပေါ့ ထမ်းရမည်ကို ပြုတ်၍ထမ်းသောကြောင့် ဝန်လေးတွေ့ရသည်၊
(၉) ဆေးပေါင်းဟူသည်ကား- ပျားရည်တစ်လက်ဖက်နှင့် ရှားစောင်းစေးတစ်စက် ပေါင်းရမည်ကို ရှားစောင်းစေး တစ်လက်ဖက်နှင့် ပျားရည်တစ်စက်ပေါင်း၍ လူနာကို တိုက်သဖြင့် သေရလေသည်၊
(၁၀) သမင်ရောင်းဟူသည်ကား- မုဆိုးတစ်ယောက်သည်သမင်ကြီး တစ်ခု သမင်ငယ်တစ်ခုကို ရောင်းမည်လာရာ လူတစ်ယောက်က အဖိုးကို မေးသဖြင့် အကြီးနှစ်ကျပ်၊ အငယ်တစ်ကျပ်ဟုပြောသော် အငယ်ကို တစ်ကျပ်ပေး၍ ဝယ်ပြီးမှ တစ်ဖန် အကြီးကိုဝယ်သော် နှစ်ကျပ်ဟုဆိုလျှင် အခုန တစ်ကျပ်ပေးပြီးပြီ အခု သမင်ငယ်ကို တစ်ကျပ်နှင့်ထား၍ ရောင်းပါဟု ပြောပြီး ဝယ်သွားလေ၏၊ ♦သုခမှတ်စု

သိဒ္ဓိ ၁၀-ပါး

(၁) အာရောဂျ သိဒ္ဓိ= အနာရောဂါကင်းခြင်း၊
(၂) ယောဗန သိဒ္ဓိ= မအိုခြင်း၊
(၃) အာယု သိဒ္ဓိ= အသက်ရှည်ခြင်း၊
(၄) ကာယ သိဒ္ဓိ= ဓား လှံ သေနတ်ပြီးခြင်း၊
(၅) ပီယ သိဒ္ဓိ= သူတကာက ချစ်ခြင်း၊
(၆) ဓန သိဒ္ဓိ= ရွှေ ငွေ ဖြစ်ခြင်း၊
(၇) ပထဝီ သိဒ္ဓိ= မြေကြောရှုံ့ခြင်း၊
(၈) ဥဒက သိဒ္ဓိ= ရေပေါ်၌ သွားနိုင်ခြင်း၊
(၉) အာကာသ သိဒ္ဓိ= ကောင်းကင်၌ သွားနိုင်ခြင်း၊
(၁၀) ဣဒ္ဓိဝိဓ သိဒ္ဓိ= အထူးအထူး အပြားပြား တန်ခိုးပြနိုင်ခြင်း ♦သုခမှတ်စု

သိဒ္ဓိ ၁၀-ပါး

(၁) စိန္တမယ ဣဒ္ဓိ= အတတ်ပညာဖြင့် စိတ်မှ ရွတ်ဆို၍ ကောင်းကင်၌ ဆင်မြင်း စသော ထူးဆန်းသော အရာဌာနဟူသမျှတို့ကို ဖန်ဆင်း၍ ပြနိုင်ခြင်း၊
(၂) ဥဒက သိဒ္ဓိ= ရေပေါ်တွင် ဣရိယာပုတ် လေးပါးဖြင့် ပြုလုပ်နေထိုင်နိုင်ခြင်း၊
(၃) ပထဝီ သိဒ္ဓိ= ယူဇနာ ထောင်သောင်း ဝေးကွာလှသော ခရီးကို မျက်စိ မှိတ်ခါမျှနှင့် လိုရာအရပ်သို့ ရောက်နိုင်ခြင်း၊
(၄) ဓန သိဒ္ဓိ= ရတနာ ရွှေငွေ ဆန်ရေစပါး စသည်တို့ကို အလိုရှိသမျှ လက်ညှိုးဖြင့်ထိုးကာ ပြီးစီးဖြစ်မြောက်စေနိုင်ခြင်း၊
(၅) အာယု သိဒ္ဓိ= အသက် တစ်ထောင်တစ်သိန်း ရှိသော်လည်း ဆယ့်ငါးနှစ်သားအရွယ် စသည်ဖြင့် အသက်ရှည်စွာ နေထိုင်နိုင်ခြင်း၊
(၆) အာကာသ သိဒ္ဓိ= ကောင်းကင်၌ သွားလာနိုင်ခြင်း၊
(၇) အာရောဂျ သိဒ္ဓိ= အသက်ရှည်သမျှ ကာလပတ်လုံး အနာရောဂါ ကင်း ရှင်းခြင်း၊
(၈) ကာယ သိဒ္ဓိ= ဓား လှံ သေနတ် အမြောက် စိန်ပြောင်း စသည်တို့ ပြီးစီးခြင်း၊
(၉) ပီယ သိဒ္ဓိ= မြင်မြင်သမျှ သတ္တဝါတို့က ချစ်ခင်သော စိတ်ဓာတ် ဖြစ်ပေါ်စေခြင်း၊
(၁၀) ဣဒ္ဓိဝိဓ သိဒ္ဓိ= တန်ခိုး အမျိုးမျိုး ပုံဟန် သဏ္ဌာန် အမျိုးမျိုးတို့ကို ဖန်ဆင်းနိုင်ခြင်း၊ ♦သုခမှတ်စု

သုက်လွှတ်ခြင်း၌ သာယာသော အကြောင်းတရား ၁၀-ပါး

(၁) မုစ္စနဿာဒ= သုက်မထွက်မီ ရှေ့အဖို့၌ ရာဂနှင့်ယှဉ်၍သာယာခြင်း၊
(၂) မုတ္တဿာဒ= သုက်လွှတ်ပြီးမှ ရာဂနှင့်ယှဉ်၍သာယာခြင်း၊
(၃) မေထုနဿဒ= မေထုန်အကျင့်၌ ရာဂနှင့်ယှဉ်၍ သာယာခြင်း၊
(၄) ဖဿဿာဒ= အတွေ့၌ ရာဂနှင့် ယှဉ်၍ သာယာခြင်း၊
(၅) ကဏ္ဍုဝနဿာဒ= ပွေးဝဲ အစရှိသော အနာများကို ကုတ်ဖျောက်ခြင်း၌ သာယာခြင်း၊
(၆) ဒဿနဿာဒ= ကြည့်ရှုခြင်း၌ ရာဂနှင့်ယှဉ်၍ သာယာခြင်း၊
(၇) နိသဇ္ဇဿာဒ= အနေအထိုင်၌ ရာဂနှင့်ယှဉ်၍ သာယာခြင်း၊
(၈) ဝါစဿာဒ= စကားပြောဆိုခြင်း၌ ရာဂနှင့်ယှဉ်၍ သာယာခြင်း၊
(၉) ဂေဟသိတပေမ= အမိအဘအစရှိသော အမှတ်အဖြစ်ဖြင့် ချစ်ခြင်းနှင့်ယှဉ်၍ သာယာခြင်း၊
(၁၀) ဝနဘင်္ဂိယ= တစ်စုံတစ်ခုသောအရပ်မှ တစ်စုံတစ်ယောက်သော သူက ပေးအပ်ဆောင်ကြဉ်းလိုက်သော ပန်းမန်သစ်သီး လက်ကိုင်ပုဝါစသော ပစ္စည်းတို့၌ ရာဂနှင့်ယှဉ်၍ သာယာခြင်း၊ ♦သုခမှတ်စု

သံဃိကဒါန ၁၀-ပါး

(၁) ဗုဒ္ဓပမုခ = ဘုရားအမှူးရှိသော ရဟန်း ယောကျ်ား ရဟန်း မိန်းမတို့အား လှူခြင်း၊
(၂) ဥဘတောသံဃိက= ဘုရားပရိနိဗ္ဗာန်ပြုပြီးသည့်နောက် ရဟန်းယောက်ျား ရဟန်း မိန်းမတို့အား လှူခြင်း၊
(၃) ဘိက္ခုသံဃိက = တိုက်အလုံး၊ တစ်ကျောင်းလုံးရှိ သံဃာတို့အား လှူဒါန်းခြင်း၊
(၄) ဘိက္ခုနီသံဃိက= တိုက်အလုံး၊ တစ်ကျောင်းလုံးရှိ ရဟန်းမိန်းမတို့အား လှူဒါန်းခြင်း၊
(၅) ဘိက္ခု ဘိက္ခုနီ ဥဒ္ဒိဿ သံဃိက= တစ်ကျောင်း လုံးကို မတတ်နိုင်၍ ဆယ်ပါးဖြစ်စေ၊ ငါးပါးဖြစ်စေ၊ တစ်ပါးတည်းဖြစ်စေ ရဟန်း ယောက်ျား ရဟန်း မိန်းမတို့ကိုသံဃာတော် ညွှန်းချတော်မူပါဟု သံဃာကြီးထံ၌ဖြစ်စေ ဆွမ်းညွှန်းရဟန်းထံ၌ဖြစ်စေ သံဃာအများထံ၌ဖြစ်စေ တောင်းပန်၍ ထိုအရှင်တို့ ညွှန်းချသော ရဟန်း မိန်းမ ရဟန်းယောကျ်ားတို့အား ပေးလှူခြင်း၊
(၆) ဘိက္ခုဥဒ္ဒိဿ သံဃိကဒါန= အထက်နည်းအတိုင်း ညွှန်းချ၍ ရဟန်းယောက်ျား သက်သက်တို့ကို ပေးလှူခြင်း၊
(၇) ဘိက္ခုနီဥဒ္ဒိဿ သံဃိကဒါန အထက်နည်းအတိုင်း ညွှန်းချ၍ ရဟန်းမိန်းမ သက်သက်တို့ကို ပေးလှူခြင်း၊
(၈) ဗုဒ္ဓပမုခဘိက္ခု သံဃိကဒါန= ဘုရားအမှူးရှိသော သံဃာတော်တို့အား ပေးလှူခြင်း၊
(၉) စတုဒိသာ သံဃိကဒါန= ဘုရားအမှူးရှိသော ရောက်ပြီး ရောက်ဆဲ ရောက်လတ္တံ့ ဖြစ်သော အရပ်လေးမျက်နှာရှိ သံဃာတော်တို့အား ပေးလှူခြင်း၊
(၁၀) စတုဒ္ဒိသာဘိက္ခု သံဃိကဒါန= ဘုရားကို အမှူးမပြုမူ၍ ရောက်ပြီး ရောက်ဆဲ ရောက်လတ္တံ့ဖြစ်သော အရပ်လေးမျက်နှာရှိ သံဃာတော်တို့အား ပေးလှူခြင်း၊ ♦သုခမှတ်စု

သံယောဇဉ် ၁၀-ပါး

(၁) ကာမရာဂသံယောဇဉ်= ကာမဘုံအာရုံ၌ ဖွဲ့ယှက်ခြင်း၊
(၂) ရူပ ရာဂ သံယောဇဉ်= ရူပ ဘုံအာရုံ၌ ဖွဲ့ယှက်ခြင်း၊
(၃) အရူပ ရာဂသံယောဇဉ်= အရူပဘုံအာရုံ၌ ဖွဲ့ယှက်ခြင်း၊
(၄) ပဋိဃသံယောဇဉ်= ရန်မီး၌ ဖွဲ့ယှက်ခြင်း၊
(၅) မာနသံယောဇဉ်= ထောင်လွှားခြင်း၌ ဖွဲ့ယှက်ခြင်း၊
(၆) ဒိဋ္ဌိသံယောဇဉ်= မှားသောအယူ၌ ဖွဲ့ယှက်ခြင်း၊
(၇) သီလဗ္ဗတပရာမာသ သံယောဇဉ်= သီလ အကျင့်ကို သုံးသပ်ခြင်း၌ ဖွဲ့ယှက်ခြင်း၊
(၈) ဥဒ္ဓစ္စကုက္ကုစ္စ သံယောဇဉ်= ပျံ့လွင့် စိုးရိမ်ခြင်း၌ ဖွဲ့ယှက်ခြင်း၊
(၉) ဝိစိကိစ္ဆာ သံယောဇဉ်= ယုံမှားခြင်း၌ ဖွဲ့ယှက်ခြင်း၊
(၁၀) အဝိဇ္ဇာ သံယောဇဉ်= သစ္စာလေးပါးတရားတို့ကို မသိခြင်း၌ ဖွဲ့ယှက်ခြင်း၊ ♦သုခမှတ်စု

အကျွမ်းမဝင်ရာ ၁၀-ပါး

(၁) မြွေကို အကျွမ်း မဝင်ရာ၊
(၂) နေကို အကျွမ်း မဝင်ရာ၊
(၃) မီးကို အကျွမ်းမဝင်ရာ၊
(၄) ရေကို အကျွမ်းမဝင်ရာ၊
(၅) ခွေးကို အကျွမ်း မဝင်ရာ၊
(၆) ကျွဲကို အကျွမ်းမဝင်ရာ၊
(၇) ဆင်ကို အကျွမ်းမဝင်ရာ၊
(၈) လူရူးကို အကျွမ်းမဝင်ရာ၊
(၉) အရှင်မင်းစိုးကို အကျွမ်းမဝင်ရာ၊
(၁၀) အရှင်နှင့်စပ်သော ကျွန်ကို အကျွမ်းမဝင်ရာ၊ ♦သုခမှတ်စု

အနုဿတိ ၁၀-ပါး

(၁) ဗုဒ္ဓါနုဿတိ= မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို အဖန်ဖန် အောက်မေ့ခြင်း၊
(၂) ဓမ္မာနုဿတိ= တရားတော်၏ ဂုဏ်တော်ခြောက်ပါးကို အဖန်ဖန်အောက်မေ့ခြင်း၊
(၃) သံဃာနုဿတိ= သံဃာတော်၏ ဂုဏ်တော်ကိုးပါးကို အဖန်ဖန်အောက်မေ့ခြင်း၊
(၅) သီလာနုဿတိ= မိမိ၏ သီလဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း၊
(၅) စာဂါနုဿတိ= မိမိ၏ စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန် အောက်မြေ့ခင်း၊
(၆) ဒေဝတာနုဿတိ= နတ်တို့၏ သဒ္ဓါ အစရှိသောဂုဏ်ကို စံထား၍ မိမိ၏ သဒ္ဓါ အစရှိသောဂုဏ်ကို အဖန်ဖန်အောက်မြေ့ခင်း၊
(၇) ဥပသမာနုဿတိ= နိဗ္ဗာန်၏ ဝိရာဂ စသောဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
(၈) မရဏာနုဿတိ= သေခြင်းတရားကို အဖန်ဖန်အောက်မေ့ခြင်း၊
(၉) ကာယဂတာနုဿတိ= ၃၂ ကောဋ္ဌာသကို အဖန်ဖန်အောက်မြေ့ခင်း၊
(၁၀) အာနာပါနာနုဿ တိ= ထွက်သက်ဝင်သက်ကို အာရုံပြု၍ အဖန်ဖန် အောက်မေ့ခြင်း၊ ♦သုခမှတ်စု

အမှီကိုဖျက်တတ်သည့် ၁၀-ပါး

(၁) ကိုယ်တွင်ဖြစ်တတ်သော အနာလည်းတစ်ပါး၊
(၂) အအူတွင်ဖြစ်တတ်သော ပိုးလည်းတစ်ပါး၊
(၃) အစေ့မှဖြစ်တတ်သော ပိုးလည်းတစ်ပါ၊
(၄) အနွယ်လည်း ပိုးလည်းတစ်ပါး၊
(၅) ပွတ်ခုံတွင်ဖြစ်တတ်သော မီးလည်းတစ်ပါး၊
(၆) သေစေတတ်သော အဆိပ်လည်း တစ်ပါး၊
(၇) အမိဝမ်းကိုဖောက်၍ရသော မြင်းလည်းတစ်ပါး၊ (အဿထိုရ်မြင်းကိုဆိုလိုသည်၊)
(၈) နေ၏ အန္တရာယ်ကိုပြုတတ်သော တိမ်လည်းတစ်ပါး၊
(၉) အရှင့်စီးပွားကို ဖျက်တတ်သော ကျွန်လည်းတစ်ပါး၊
(၁၀) သံတွင်ဖြစ်သော သံချေးလည်းတစ်ပါး၊ ♦သုခမှတ်စု

အရိယဓမ္မ သီလ ၁၀-ပါး

(၁) ပါဏာတိပါတာ ဝေရမဏိ= သူ့အသက်သတ်ခြင်းမှ ရှောင်ခြင်း၊
(၂) အဒိန္နာ ဒါနာ ဝေရမဏိ= သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်ခြင်း၊
(၃) ကာမေသု မိစ္ဆာစာရာ ဝေရမဏိ= သူမယားကျူးလွန်ခြင်းမှ ရှောင်ခြင်း၊
(၄) မုသာဝါဒါ ဝေရမဏိ= မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ခြင်း၊
(၅) ပိသုဏဝါစာ ဝေရမဏိ= ကုန်းတိုက်စကားပြောဆိုခြင်းမှ ရှောင်ခြင်း၊
(၆) ဖရုသဝါစာ ဝေရမဏိ= ကြမ်းတမ်းသောစကား ဆဲသောစကားမှ ရှောင်ခြင်း၊
(၇) သမ္ဖပ္ပလာပဝါစာ ဝေရမဏိ= ပြိန်ဖျင်းသောစကား ပြောဆိုခြင်းမှ ရှောင်ခြင်း၊
(၈) အဘိဇ္ဈာယ ဝေရမဏိ= သူ့စည်းစိမ်ကို ငါ့စည်းစိမ်ဖြစ်ပါလေတော့ဟု ကြံခြင်းမှ ရှောင်ခြင်း၊
(၉) ဗျာပါဒါ ဝေရမဏိ= သူတစ်ပါးတို့အား ပျက်စီးကြောင်း ကြံခြင်းမှ ရှောင်ခြင်း၊
(၁၀) မိစ္ဆာဒိဋ္ဌိယာ ဝေရမဏိ= မှားသောအယူကို ယူခြင်းမှ ရှောင်ခြင်း၊ ♦သုခမှတ်စု

အရပ် ၁၀-မျက်နှာ

(၁) ပုရတ္ထိမာယ ဒိသာယ= အရှေ့အရပ်မျက်နှာ၊
(၂) ပစ္ဆိမာယ ဒိသာယ= အနောက်အရပ်မျက်နှာ၊
(၃) ဥတ္တရာယ ဒိသာယ= မြောက်အရပ်မျက်နှာ၊
(၄) ဒက္ခိဏာယ ဒိသာယ= တောင်အရပ်မျက်နှာ၊
(၅) ပုရတ္ထိမာမယ အနဒိုသာယ= အရှေ့မြောက်အရပ်မျက်နှာ၊
(၆) ပစ္ဆိမာယ အနုဒိသာယ= အနောက်တောင်အရပ် မျက်နှာ၊
(၇) ဥတ္တရာယ အနုဒိသာယ= အနောက်မြောက်အရပ်မျက်နှာ၊
(၈) ဒက္ခိဏာယ အနုဒိသာယ= အရှေ့တောင် အရပ်မျက်နှာ၊
(၉) ဟေဋ္ဌိမာယ ဒိသာယ= အောက်အရပ်မျက်နှာ၊
(၁၀) ဥပရိမာယ ဒိသာယ= အထက်အရပ် မျက်နှာ၊ ♦သုခမှတ်စု

အရွယ် ၁၀-ပါး

(၁) မန္ဒ= ပညာနုံ့သောအရွယ်၊
(၂) ရှို = စိတ်ပျ့လွင့်သောအရွယ်၊
(၃) ဝဏ္ဏ= အဆင်းဆောင်သောအရွယ်၊
(၄) ဗလ= ခွန်အားပြည့်စုံသောအရွယ်၊
(၅) ပညာ= ပညာရသောအရွယ်၊
(၆) ဟာယန= အားယုတ်သောအရွယ်၊
(၇) ပဗ္ဘာရ= လေးလံသော အရွယ်၊
(၈) ကုဋိလ= ကိုင်းညွတ်ခါးကုန်းသော အရွယ်၊
(၉) မုဟ= တွေဝေသော အရွယ်၊
(၁၀) သယန= တုံးလုံးနေရသော အရွယ်၊ ♦သုခမှတ်စု

အသုဘ ၁၀-ပါး

(၁) ဥဒ္ဓုမာတက= ဖူး ဖူးရောင်သည်ဖြစ်၍ စက်ဆုပ်ဖွယ်အကောင်ပုပ်၊
(၂) ဝိနီလက= အဖြူအနီရော၍ အညိုရောင်ပေါက်၍ စက်ဆုပ်ဖွယ် အကောင်ပုပ်၊
(၃) ဝိပုဗ္ဗက= ယိုသောပြည်ရှိသည်ဖြစ်၍ စက်ဆုပ်ဖွယ် အကောင်ပုပ်၊
(၄) ဝိစ္ဆိဒ္ဒက= အလယ်နှစ်ပိုင်း ပြတ်သည်ဖြစ် စက်ဆုပ်ဖွယ် အကောင်ပုပ်၊
(၅) ဝိက္ခာယိတက= ခွေး၊ မြေခွေးစသည်တို့ ခဲအပ်သည်ဖြစ်၍ စက်ဆုပ်ဖွယ် အကောင်ပုပ်၊
(၆) ဝိက္ခတ္တက= ၎င်းတို့ အပိုင်းပိုင်းပြတ်၍ ပစ်ထားသော အကောင်ပုပ်၊
(၇) ဟတဝိက္ခိတ္တက= အပိုင်းပိုင်းပြတ်၍ ဓားဖြင့်မွှမ်း၍ ဖရိုဖရဲ ကြဲပစ်ထားသော အကောင်ပုပ်၊
(၈) လောဟိတက= သွေယိုနေ၍ စက်ဆုပ်ဖွယ် အကောင်ပုပ်၊
(၉) ပုဠုဝက= ပိုးလောက်တို့ဖြင့် ပြည့်သည်ဖြစ်၍ စက်ဆုပ်ဖွယ် အကောင်ပုပ်၊
(၁၀) အဋ္ဌိက= အရိုးစုသာရှိသည်ဖြစ်၍ စက်ဆုပ်ဖွယ် အကောင်ပုပ်၊ ♦သုခမှတ်စု

အားတော် ၁၀-ပါး

(၁) ကာဠာဝကဆင်= လူဆယ်ယောက်ခန့် အင်အားကြီးသော ဆင်မျိုး၊
(၂) ဂင်္ဂေယျဆင်= ကာဠာဝကဆင်ဆယ်ကောင်မျှ အင်အားကြီးသောဆင်၊ လူတစ်ရာနှင့်မျှ၏၊
(၃) ပဏ္ဍရဆင်= ဂင်္ဂေယျဆင် ဆယ်ကောင်မျှ (လူတစ်ထောင်) အင်အားကြီး၏၊
(၄) ပိင်္ဂလဆင်= ပဏ္ဍရဆင် ဆယ်ကောင်မျှ (လူတစ်သောင်း) အင်အားရှိ၏၊
(၅) ဂန္ဓဆင်= ပိင်္ဂလဆင် ဆယ်ကောင်မျှ (လူတစ်သိန်း) အင်အားရှိ၏၊
(၆) မင်္ဂလဆင်= ဂန္ဓဆင် ဆယ်ကောင်မျှ ဖြစ်သော (လူတစ်သန်း) အင်အားရှိ၏၊
(၇) ဟေမဆင်= မင်္ဂလဆင်ဆယ်ကောင်နှင့်မျှသော (လူတစ်ကုဋေ) အင်အားရှိ၏၊
(၈) ဥပေါသထဆင်= ဟေမဆင် ဆယ်ကောင်နှင့်မျှသော (လူဆယ်ကုဋေ) အင်အား ရှိ၏၊
(၉) တမဆင်= ဥပေါသထဆင် ဆယ်ကောင်နှင့်မျှသော (လူကုဋေ တစ်ရာ) အင်အားရှိ၏၊
(၁၀) ဆဒ္ဒန်ဆင်= တမဆင်ဆယ်ကောင်နှင့်မျှသော (လူ ကုဋေ တစ်ထောင်) အားရှိ၏၊ မြတ်စွာဘုရား အင်အားတော်ကား ဆဒ္ဒန် တစ်ရာနှင့်မျှသော (လူကုဋေတစ်သိန်း) မျှရှိ၏၊ ♦သုခမှတ်စု

ဥပစာ ၁၀-ပါး

(၁) ကာရဏူပစာ= အကြောင်း၏အမည်ကို အကျိုး၌တင်စား၍ ခေါ်ခြင်း၊
(၂) ဖလူပစာ= အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍ ခေါ်ခြင်း၊
(၃) သဒိသူပစာ= အတူဖြစ်သောဝတ္ထု၏အမည်ကို အတူရှိသောဝတ္ထု၌ တင်စား၍ ခေါ်ခြင်း၊
(၄) ဌာနူပစာ= ဌာန၏အမည်ကို ဌာနီ၌ တင်စား၍ ခေါ်ခြင်း၊
(၅) ဌာနျူပစာ= ဌာနီ၏အမည်ကို ဌာန၌ တင်စား၍ ခေါ်ခြင်း၊
(၆) ဂုဏူပစာ= ဂုဏ်၏ အမည်ကို ဂုဏ္တေ၌ တင်စား၍ ခေါ်ခြင်း၊
(၇) ဧကဒေသပူ စာ= အပေါင်း၏အမည်ကို အနည်းငယ်၌ တင်စား၍ ခေါ်ခြင်း၊
(၈) သမီပူပစာ= အနီးတွင်ရှိသောဝတ္ထု အမည်ကို အနီး၌ဖြစ်သောဝတ္ထု၌ တင်စား၍ ခေါ်ခြင်း၊
(၉) တဒ္ဓမ္မူပစာ= ရှိသောဝတ္ထုအမည်ကို မရှိသောဝတ္ထု၌ တင်စား၍ ခေါ်ခြင်း၊
(၁၀) အဘေဒ ဘေဒူပစာ= မကွဲပြားဘဲလျက် ကွဲပြားဘိသကဲ့သို့ ခေါ်ခြင်း၊ ♦သုခမှတ်စု

ဥပါသကာဂုဏ် ၁၀-ပါး

(၁) သံဃာတော်နှင့်တူမျှသော ဆင်းရဲချမ်းသာရှိ၍ တရားတော်လျှင် အမွန်ရှိခြင်း၊
(၂) အားနှင့်လျော်စွာ ကောင်းစွာ ဝေဖန်တတ်ခြင်း၊
(၃) ဘုရားသခင်သာသနာတော်၏ ယုတ်မလျော့သည်ကိုမြင်လျှင် ပွားများအောင်လုံ့လပြုခြင်း၊
(၄) အသက်ဘေးသို့ ရောက်သည်ဖြစ်စေ သာသနာတော်မှ တစ်ပါးသောသူကို ဆရာဟု မညွှန်ပြခြင်း၊
(၅) ကိုယ်နှင့်စပ်သော အမှုကိုလည်းကောင်း၊ စိတ်နှင့်စပ်သော အမှုကိုလည်းကောင်း စောင့်ရှောက်ခြင်း၊
(၆) အညီအညွတ်၌ မွေ့လျော်ခြင်း၊
(၇) အံ့ဖွယ်သရဲ၏ အစွမ်းဖြင့် သာသနာတော်၌ မကျင်ြ့ခင်း၊
(၈) ဘုရားရှင်ကို ကိုးကွယ်ခြင်း၊
(၉) တရားတော်ကိုကိုးကွယ်ခြင်း၊
(၁၀) သံဃာတော်ကိုကိုးကွယ်ခြင်း၊ ♦သုခမှတ်စု

ဥပကိလေသ ဘူမိကဓမ္မ ၁၀-ပါး(ကိလေသာဖြစ်စေသည့် တရား)

(၁) ကောဓ= စိတ်ဆိုးခြင်း၊
(၂) မက္ခ= လိမ်လည်ခြင်း၊ (ကျေးဇူးကို ချေဖျက်ခြင်း၊ အလေးမဲ့ပြုခြင်း)၊
(၃) မစ္ဆရိယ= ဝန်တိုခြင်း၊
(၄) ဣဿာ= မနာလိုခြင်း၊
(၅) ပြဒါသ= မကောင်းသောဝတ္ထုတို့ကိုယူလိုခြင်း၊
(၆) ဝိဟိံသာ= ညဥှ်းဆဲခြင်း၊
(၇) ဥပနာဟ= မိတ်ဖျက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊
(၈) မာယာ= လိမ်လည်လှည့်ပတ်ခြင်း၊
(၉) သာဌေယျ= စဉ်းလဲကောက်ကျစ်ခြင်း၊
(၁၀) မဒ= မာန်ယစ်ခြင်း၊ ထောင်လွှားခြင်း၊ ♦သုခမှတ်စု

ဥပေက္ခာ ၁၀-ပါး

(၁) ဆဠင်္ဂုပေက္ခာ= ကောင်းမကောင်းသော အာရုံခြောက်ပါး၌ ဝမ်းသာသည်လည်းမရှိ၊ ဝမ်းနည်းသည်လည်းမရှိ လျစ်လျူရှုခြင်း၊
(၂) ဗြဟ္မဝိဟာရုပေက္ခာ= သဗ္ဗေသတ္တာ ကမ္မဿကာ စသောအားဖြင့် ခပ်သိမ်းသောသတ္တဝါတို့၌ လျစ်လျူရှုခြင်း၊
(၃) ဗောဇ္ဈင်္ဂုပေက္ခာ= ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ စသည်တို့ဖြင့်လာသော သဟဇာတ်တို့၌ လျစ်လျူရှုခြင်း၊
(၄) ဝီရိယဥပေက္ခာ= လုံ့လပြင်းစွာ အားထုတ်ခြင်းလည်းမရှိသော လျစ်လျူရှုခြင်း၊
(၅) သင်္ခါရုပေက္ခာ= သင်္ခါရတရားတို့၌ လျစ်လျူရှုခြင်း၊
(၆) ဝေဒနုပေက္ခာ= အဒုက္ခ မသုခဝေဒနာကား ဝေဒနုပေက္ခာတည်း၊
(၇) ဝိပဿနုပေက္ခာ= ဝိပဿနာဉာဏ်ကား ဝိပဿနုပေက္ခာတည်း၊
(၈) တဉာတမဇ္ဈတ္တုပေက္ခာ= သဟဇာတ်တရားတို့ကို အမျှရှုသော ဥပေက္ခာ စေတသိက်ကား တဉာတမဇ္ဈတ္တုပေက္ခာတည်း၊
(၉) စျာနုပေက္ခာ= ဥပေက္ခ ကောစ ဝိဟရတိ ပါဠိလာသော မြတ်လှစွာသော တတိယစျာန်၌သာ လျစ်လျူရှုခြင်း၊
(၁၀) ပါရိသုဒ္ဓိ ဥပေက္ခာ= စတုတ္ထစျာန် ဥပေက္ခာကား ပါရိသုဒ္ဓိဥပေက္ခာတည်း၊ ♦သုခမှတ်စု

ဧတဒဂ် လူမိန်းမ ၁၀-ယောက်

(၁) သူဌေးသမီး သုဇာတာ= ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဧတဒဂ်ရသည်၊
(၂) ဝိသာခါ= ပေးလှူတတ်သည့် အရာ၌ ဧတဒဂ်ရသည်၊
(၃) ခုဇ္ဇုတ္တရာ= အကြားအမြင် များသည့်အရာ၌ ဧတဒဂ်ရသည်၊
(၄) သာမာဝတီ= မေတ္တာဖြင့် နေသည့်အရာ၌ ဧတဒဂ်ရသည်၊
(၅) နန္ဒမာတာ ဥတ္တရာ= စျာန်ဝင်စားသောအရာ၌ ဧတဒဂ်ရသည်၊
(၆) သုပ္ပဝါသာ= အကောင်း အမြတ်ပေးလှူ သည့်အရာ၌ ဧတဒဂ်ရသည်၊
(၇) သုပ္ပိယာ= သူနာကို လုပ်ကျွေးတတ်သည့်အရာ၌ ဧတဒဂ်ရသည်၊
(၈) ကာတိယာနီ= မတုန်မလှုပ် ကြည်ညိုရာ၌ ဧတဒဂ်ရသည်၊
(၉) နကုလမာတာ= အကျွမ်းဝင်ခြင်း၌ ဧတဒဂ်ရသည်၊
(၁၀) ကာဠီဒါယိကာမ= တစ်ဆင့်ကြား၍ ကြည်ညိုသောအရာ၌ ဧတဒဂ်ရသည်၊ ♦သုခမှတ်စု

ဧတဒဂ်ရလူယောက်ျား ၁၀-ယောက်

(၁) တပုဿ ဘလိ.ကညီနောင်= ရှေးဦးစွာ သရဏဂုံတည်သောအရာ၌ ဧတဒဂ်ရသည်၊
(၂) အနာထပိဏ်သူဌေး= ပေးလှူတတ်သောအရာ၌ ဧတဒဂ်ရသည်၊
(၃) စိတ္တသူကြွယ်= တရားဟောသော အရာ၌ ဧတဒဂ်ရသည်၊
(၄) ဟတ္ထာဠဝက= သင်္ဂဟဝတ္ထုလေးပါးဖြင့် သင်္ဂြိုလ်တတ်သည့် အရာ၌ ဧတဒဂ်ရသည်၊
(၅) မဟာနာမ် သာကီဝင်= အခါမပြတ် အမြတ်အကောင်း ပေးလှူတတ်သည့်အရာ၌ ဧတဒဂ်ရသည်၊
(၆) ဥဂ္ဂသူကြွယ်= နှစ်သက်ရာအမြတ်ကို ပေးလှူတတ်သည့်အရာ၌ ဧတဒဂ်ရသည်၊
(၇) ဥဂ္ဂတသူကြွယ်= သံဃာအား လုပ်ကျွေးသည့်အရာ၌ ဧတဒဂ်ရသည်၊
(၈) သုရဗန်= မတုန်မလှုပ် ကြည်ညိုရာ၌ ဧတဒဂ်ရသည်၊
(၉) ဇီဝက= ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သည့်အရာ၌ ဧတဒဂ်ရသည်၊
(၁၀) နကုလပိတာ= အကျွမ်းဝင်သောအရာ၌ ဧတဒဂ်ရသည်၊ ♦သုခမှတ်စု

ဣန္ဒြေ ၁၀-ပါး

(၁) နား= အာကာသဓာတ်၌ မှီ၏၊
(၂) နှာခေါင်း= ပထဝီဓာတ်၌မှီ၏၊
(၃) မျက်စိ= တေဇောဓာတ်၌မှီ၏၊
(၄) အရေ= ဝါယောဓာတ်၌မှီ၏၊
(၅) မျက်စိ= တေဇောဓာတ်၌မှီ၏၊ (အသိဖြစ်ခြင်းငါးပါး)၊
(၆) စကား= ပြောဆိုခြင်း၊
(၇) လက်= ယူခြင်း၊
(၈) ခြေ= လှမ်းခြင်း၊
(၉) နိမိတ်= မွေ့လျော်ခြင်း၊
(၁၀) ပဿာဝမဂ်= စွန့်ထုတ်ခြင်း၊ (အမှုပြုခြင်းငါးပါး)၊ ♦သုခမှတ်စု

ကာယနုဂ္ဂဟတရား ၁၀-ပါး(ကိုယ်ကာယနှင့် စပ်လျဉ်း၍ မကောင်းခြင်းတရား)

(၁) သီတံ= အအေးခံရခြင်း၊
(၂) ဥဏှံ= အပူခံရခြင်း၊
(၃) ဇိဃစ္ဆာ = ဆာလောင်ရခြင်း၊
(၄) ပိပါသာ= ရေငတ်ရခြင်း၊
(၅) ဥစ္စာရော= ကျင်ကြီးစွန့်ရခြင်း၊
(၆) ပဿာဝ= ကျင်ငယ်စွန့်ရခြင်း၊
(၇) ထိနမိဒ္ဓ= အိပ်ငိုက်ရခြင်း၊
(၈) ဇရာ= အိုမင်း ကြီး ရင့်ရခြင်း၊
(၉) ဗျာဓိ= နာရခြင်း၊
(၁၀) မရဏ= သေခြင်း၊ ♦သုခမှတ်စု

ကိုးကွယ်ရာတရား ၁၀-ပါး

(၁) သီလ၊
(၂) ဗဟုသုတ၊
(၃) ကလျာဏမိတ္တ၊
(၄) သောဝစ္စဿတာ၊
(၅) အနာလသ၊
(၆) ပိယ၊
(၇) သမုဒါဟာရ၊
(၈) အာရဒ္ဓဝီရိယ၊
(၉) သန္တုဋ္ဌိ၊
(၁၀) သတိမာ၊ ♦သုခမှတ်စု

ကောက်လတ်မျိုး ၁၀-ပါး

(၁) ဇဂါတာ၊
(၂) မယ်စော၊
(၃) အံ့ပေါ၊
(၄) ပြစ်ထူ၊
(၅) သလဲဖြူ၊
(၆) ဆန်မြူကြမ်း၊
(၇) ရွှေအပ်၊
(၈) ဖွတ်မြီး၊
(၉) ငှက်ပျောညွန့်၊
(၁၀) နမသလေး၊ ♦သုခမှတ်စု

ဂါရဝတရား ၁၀-ပါး

(၁) ဗုဒ္ဓဂါရဝ= ဘုရားရှင်အား လေးစားရခြင်း၊
(၂) ဓမ္မဂါရဝ= တရားတော်အား လေးစားရခြင်း၊
(၃) သံဃဂါရဝ= သံဃာတော်အား လေးစားရခြင်း၊
(၄) သိက္ခာဂါရဝ= ကျင့်ကြံလေ့လာမှု၌ လေးစားရခြင်း၊
(၅) သမာဓိဂါရဝ= တည်ကြည်ဖြောင့်မတ်မှု၌ လေးစားရခြင်း၊
(၆) အပ္ပမာဒဂါရဝ= ကောင်းမှုမင်္ဂလာ၌ မမေ့မလျော့ လေးစားရခြင်း၊
(၇) ပဋိသန္ဓာရဂါရဝ= ပေါင်းသင်းဆက်ဆံမှု ပြေပြစ်ချောမောရေး၌ လေးစားရခြင်း၊
(၈) ဟီရိဂါရဝ= မကောင်းမှုပြုလုပ်ရမည်မှ ရှက်ခြင်း၌ လေးစားရခြင်း၊
(၉) သြတ္တပ္ပဂါရဝ= မကောင်းသော အလုပ်ပြုလုပ်ရမည်မှ ကြောက်ခြင်း၌ လေးစားရခြင်း၊
(၁၀) အညမညဂါရဝ= အချင်းချင်းအတူနေသူများအား တစ်ဦးကိုတစ်ဦး လေးစား ရိုသေမှု ရှိရခြင်း၊ ♦သုခမှတ်စု

ဆဲရေးကြီးမျိုး ၁၀-ပါး(တစ်နည်း)

(၁) စောရသိ= သူခိုး၊
(၂) ဗာလောသိ= ငမိုက်၊
(၃) မူဠောသိ= ငမေ့ကောင်, ငထူ, ငထိုင်း၊
(၄) ထေနောသိ= သူခိုး၊
(၅) သြဋ္ဌောသိ= ငကုံး, ကုလားအုပ်၊
(၆) မေဏ္ဍောသိ= သိုး ဆိတ်၊
(၇) ဂေါဏောသိ= ငနွား, နွားကောင်း၊
(၈) ဂဒြဘောသိ= မြည်းကောင်၊
(၉) တိရစ္ဆာနဂတောသိ= တိရစ္ဆာဆန်ကောင်၊
(၁၀) နေရယိကောသိ= ငရဲကောင်၊ ♦သုခမှတ်စု

ဆယ်လီရွေး ၁၀-ပါး

(၁) ပရမာဏုမြူဥ ၃၆ လုံး၊ အဏမြူ ၁ လုံး၊
(၂) အဏုမြူ ၃၆ လုံး၊ (ကညစ်ချေး) လိက္ခမြူ ၁ လုံး၊
(၃) လိက္ခမြူ ၇ လုံး၊ (သန်းဦးခေါင်း) ဦကာ ၁ လုံး၊
(၄) ဦကာ ၇ လုံး၊ မုန်ညင်းစေ့ ၁ လုံး၊
(၅) မုန်ညင်းစေ့ ၃ လုံး၊ နှမ်း ၁ လုံး၊
(၆) နှမ်းစေ့ ၄ လုံး၊ ဆန် ၁ လုံး၊
(၇) ဆန်စေ့ ၄ လုံး၊ ချင်ရွေးငယ် ၁ လုံး၊
(၈) ချင်ရွေးငယ် ၆ လုံး၊ တစ်ပဲငယ်၊
(၉) ၂ ပဲငယ်၊ တစ်မူးငယ်၊
(၁၀) ၁ဝမူးငယ်၊ တစ်ကျပ်၊ မှတ်ချက် ♦သုခမှတ်စု

ပံသုကူသင်္ကန်း ၁၀-မျိုး

ဝိနည်းပရိဝါ
(၁) သောသာနိကံ= သုသာန်၌ စွန့်ပစ်ထားသော အဝတ်ပုဆိုး၊
(၂) ဥန္ဒူရဒခါယိတံ= ကြွက်ကိုက်၍ စွန့်ပစ်ထားသော်လည်းကောင်း၊
(၃) ဥပစိကခါယိတံ=ခြစား၍ စွန့်ပစ်ထားသော်လည်းကောင်း၊
(၄) အဂ္ဂိဒါုံ=မီးလောင် မီးပေါက်၍ စွန့်ပစ်ထားသော်လည်းကောင်း၊
(၅) ဂေါခါယိတံ= နွားခဲစား၍ စွန့်ပစ်ထားသော်လည်းကောင်း၊
(၆) အဇိကာခါယိတံ= ဆိတ်ခဲစား၍ စွန့်ပစ်ထားသော်လည်းကောင်း၊
(၇) အဘိသေကိယံ= အဘိသိက်ပွဲ၌ စွန့်ပစ်ထား သော်လည်းကောင်း၊
(၈) ထူပစီဝရံ= စေတီပုထိုး၌ လှူထားသော်လည်းကောင်း၊
(၉) ပါပဏိကံ= အိမ်စျေးအနီး၌ စွန့်ပစ်ထားသော်လည်းကောင်း၊
(၁၀) ဘတပဋိယာဘတံ= သုသာန်လိုက်ပို့သောသူတို့ ပြန်လာသောအခါ အမင်္ဂလာဟု စွန့်ပစ် လိုက်သော အဝတ်ပုဆိုး၊ ♦သုခမှတ်စု

မထီမဲ့မြင်ပြုခြင်း ခံရတတ်သူ ၁၀-ယောက်

မိလိန္ဒပဥှာ
(၁) လင်ကွာ လင်သေမိန်းမ၊
(၂) အင်အားဗလ နည်းသူ၊
(၃) ဆွေမျိုးမိတ္တကင်းမဲ့သူ၊
(၄) အစားအသောက်ကြီးသူ၊
(၅) မကောင်းယုတ်မာသော မိတ်ဆွေနှင့် ပေါင်းသူ၊
(၆) ပစ္စည်းဥစ္စာမရှိသူ၊
(၇) ကိုယ်ကျင့်သီလ မရှိသူ၊
(၈) ကိစ္စကြီးငယ်၌ မေ့လျော့တတ်သူ၊
(၉) အနာရောဂါ ထူပြောသူ၊
(၁၀) ဝီရိယ မရှိသူ ပျင်းထူသူ၊ ♦သုခမှတ်စု

မင်းပေါင်း ၁၀-ပါးဆေး

(၁) ဗြဟ္မာမင်း= ဆေးဥတစ်လုံး၊
(၂) သိကြားမင်း= နနွင်းမင်း၊
(၃) ဗိဿနိုးမင်း= ငွေပန်းမင်း၊
(၄) စကြဝတ္တေမင်း= တိလက်သာ၊
(၅) မိုးမင်း= ဂမုံးရွှေဝါကြီး၊
(၆) လေမင်း= ဂမုံးရွှေဝါငယ်၊
(၇) ဂုံမင်း= ဂုံမင်းပင်၊
(၈) သက်ငယ်မင်း= သမန်းမြက်၊
(၉) လ၉မင်း= ဂမုံးလ၉ဝင်း၊
(၁၀) ကျက်သရေမင်း= ဂမုံးပေါင်း၊ ဂမုံးကျက်သရေဆောင်၊ ♦သုခမှတ်စု

ရဟန်းကျောင်းများ ၁၀-ပါး

သာမညဖလသုတ်
(၁) ဝိဝိတ္တသေနာသန= အမိုးအကာအခင်းတို့ဖြင့် ဆိတ်ငြိမ်ရာ၌ ဆောက်လုပ်သောကျောင်း၊
(၂) အရည= တောရကျောင်း၊ ရွာနီး ချုပ်စပ် တောငယ်မျိုး၊
(၃) ရုက္ခမူလ= သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်၊
(၄) ပဗ္ဗတ= တောင်ပေါ် တောင်စောင်း တောင်သာယာ၊
(၅) ကန္ဒရ= ချောက်ချောင် သာယာသော ကမ္ဘားရံ၊
(၆) ဂိရီဂုဟ= တောင်ခေါင်း ဥမင်လိုဏ်ဂူ၊
(၇) သုသာန= သင်္ချိုင်း သုသာန်၊
(၈) ဝနပတ္ထ= တောအုပ် တောနက် ရွာဝေး ခေါင်ခေါင် တောကြီး၊
(၉) အဗ္ဘောကာဆ= လွင်ပြင်လဟာပြင်၊
(၁၀) ပလာလပုဉ္ဇ= ကောက်ရိုးပုံ, မြက်ပုံ၊ ၎င်းအုံသောကျောင်း ♦သုခမှတ်စု

ရောဂါပျောက်ငြိမ်းကြောင်းတရား ၁၀-ပါး

(၁) အနိစ္စသညာ= သင်္ခါရတရား၏ မမြဲစွဲမှု၌ ပွားများရှုမှတ်ခြင်း၊
(၂) အနတ္တသညာ= အစိုင်အခဲ မြဲစွဲစွာ မတည်နေခြင်း ဟူသော၊
(၃) အသုဘသညာ= မတင့်တယ်ဟူသော၊
(၄) အာဒီနဝသညာ= ကိုးစားရာမရှိ ဆင်းရဲအတိဟူသော၊
(၅) ပဟာနသညာ= ပယ်ရှားစွန့်ပစ်ရေးဟူသော၊
(၆) ဝိရာဂသညာ= တပ်မက်ကင်းရေးဟူသော၊
(၇) နိရောဓသညာ= ချုပ်ငြိမ်းပြတ်စဲခြင်းဟူသော၊
(၈) အနဘိရတိသညာ= လောကကြီး၌ မွေ့လျော်ဖွယ်မရှိဟူသော၊
(၉) အနိစ္ဆသညာ= ပြုပြင်ရသော လောက၌ အလိုမဲ့ခြင်း၊
(၁၀) အနာပါနဿတိ= ထွက်သက် ဝင်သက်ကို အောက်မေ့ခြင်း၊ ♦သုခမှတ်စု

ရယ်ဖွယ် ၁၀-ပါး

စိန္တကျော်သူဦးသြရေး သြဝါဒထူးပျို့
(၁) ဆယ်ပါးရယ်ဖွယ်၊ မှတ်မကြောင်းသွယ်ပိမ့်၊ ဉာဏ်ကျယ်ပါလျက်၊ ပွဲလယ်ချက်ဝယ်၊ နှုတ်ထွက်ယွင်းပါး၊ ဖွင့်ဆိုမှားအံ့၊
(၂) ခ,စားသူမှာ၊ သူ့လိုရာသို့၊ လိုက်နာရလျက်၊ မာနတက်အံ့၊
(၃) လက္ခဏာမဲ့၊ ချို့တဲ့ဥစ္စာ၊ ဆင်းရဲစွာလျက်၊ ကာမဂုဏ်မှု၊ လုံ့လပြုအံ့၊
(၄) ပြီးထုထပ်ပွား၊ ဥစ္စာများလျက်၊ မိုက်ကားဖုံးလွှမ်း၊ မပေးကမ်းဘဲ၊ ဒါနနည်းအံ့၊
(၅) ငြိမ်းချမ်းသာယာ၊ နေ,နေပါလျက်၊ သူ့မှာမှီနေ ခစားလေ၊
(၆) သားရေလျော့ပါး၊ အိုလှည့်ငြားလျက်၊ တရားမဂ်ဖိုလ်၊ မမှီခိုအံ့၊
(၇) ရန်ဖြိုပယ်လှစ်၊ ပြည့်ရှင်ဖြစ်လျက်၊ မူညစ်ဆိုးနွမ်း၊ မှူးမတ်သွမ်းနှင့်၊ ချစ်ကျွမ်း ဝင်ဝင်၊ ရေးတိုင်ပင်အံ့၊
(၈) သန့်စင်နွယ်ဇာ်တ်၊ မျိုးရိုးမြတ်လျက်၊ အတတ်မသင့်၊ နားဝင်မ ကျွမ်း၊ လောလည်သွမ်းအံ့၊
(၉) မနွမ်းဂုဏ်အင်၊ ယောကျ်ားစင်လျက်၊ ချစ်ခင်စိုးပိုင်၊ မယားနိုင်အံ့၊
(၁၀) သုံးဆိုင်ဗေဒင်၊ ကုန်စင်မြောက်များ၊ ထုံး နှယ်ထွားလည်း၊ ပုဏ္ဏားဖြစ်လျက်၊ ရယ်ဖွယ်ထင်သည်၊ သည့်ပြင်ရယ်ဆေး ရမည်ဝေး၊ ♦သုခမှတ်စု

ရင့်မာတစ်ကျိပ် (တစ်နည်း)

(၁) ဂေါတမမြတ်စွာဘုရားသခင်၏ ပါရမီတော်ဖြည့်ရာ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုများမှာ ပါရမီနုစဉ်က အကြောင်းများဖြစ်၍ တေ,ဇ, သု,နေ,မ,ဘု,စ,နာ,ဝိ,ဝေ ဟူသော ဇာတ်ကြီးဆယ်ဘွဲ့ဝတ္ထုတော်များသည် အရင့်အမာ အလောင်းအလျာတို့ ဖြစ်သည်ဟူ၍ “နုမှာငါးရာ ရင်မ့ာတစ်ကျိပ်' ဟူသော စကားစဉ်လည်း ရှိသေးသည်၊ ♦သုခမှတ်စု

ဝိပဿနာဉာဏ် ၁၀-ပါး

(၁) သမ္မသနဉာဏ်= ရုပ်နာမ်တရားစုကို လက္ခဏာ သုံးပါးတင်၍ ဆင်ခြင်သုံးသပ်သောဉာဏ်၊
(၂) ဥဒယဗ္ဗယဉာဏ်= ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်ပုံကို ရှုသောဉာဏ်၊
(၃) ဘင်္ဂဉာဏ်= ရုပ်နာမ် တရားစုတို့၏ အပျက်ကိုရှုသောဉာဏ်
(၄) ဘယဉာဏ်= ရုပ်နာမ်တို့၏ ကြောက်မက်ဖွယ်ဘေးကို ရှုသော ဉာဏ်၊
(၅) အာဒနီဝဉာဏ်= ရုပ်နာမ်တို့၏အပြစ်ကုရှုသောဉာဏ်၊
(၆) နဗ္ဗိဒါဉာဏ်= ရုပ်နာမ်တို့၌ ငြီးငွေ့သောဉာဏ်၊
(၇) မုစ္စိတုကမျတာဉာဏ်= သင်္ခါရတို့မှ လွတ်မြောက်သောဉာဏ်၊
(၈) ပဋိသင်္ခါဉာဏ်= ထိုသင်္ခါရတို့၌ အနိစ္စ ဒုက္ခ အနတ္တဟု ထပ်မံ၍ရှုသောဉာဏ်၊
(၉) သင်္ခါရုပေက္ခာဉာဏ်= သင်္ခါရတို့ လျစ်လျူရှုနိုင်သော ဉာဏ်၊
(၁၀) အနု လောမဉာဏ်= ပြဆိုပြီးသော ဉာဏ်စဉ်ရှစ်ပါးတို့မှ မဂ်ဖိုလ်တရားတို့ကို ပေါင်းကူးပမာ လျော်စွာရှိသောဉာဏ်၊ ♦သုခမှတ်စု

အနှောင်အဖွဲ့ကြီးမျိုး ၁၀-ပါး

မိလိန္ဒပဥှာပါဠိတော်
(၁) မာတု= အမိ၊
(၂) ပိတု= အဖေ၊
(၃) ဘရိယ = မယား၊
(၄) ပုတ္တ= သားသမီး၊
(၅) ဉာတိသင်္ဂဟ= အဆွေအမျိုး၊
(၆) မိတ္တသဟာယ= အပေါင်းအဖော်၊
(၇) ဘောဂဓန= ဥစ္စာရွှေငွေ၊
(၈) လာဘသက္ကာရ= လာဘ်အပူအဇော်၊
(၉) ဣဿရ= အစိုးရခြင်း၊
(၁၀) ပဉ္စကာမဂုဏ= ငါးပါး ကာမဂုဏ်၊ ♦သုခမှတ်စု

အရိယာဝါသတရား ၁၀-ပါး

သုတ်ပါထေယျ
(၁) ပဉ္စင်္ဂဝိပ္ပဟိန= နီဝရဏတရားငါးပါးတို့ကို ပယ်ပြီးခြင်း၊
(၂) ဆဠင်္ဂသမန္နာဂတ= အာရုံ ၆ ပါးအတွေ့၌ သာ, မသာ မရှိခြင်း၊
(၃) ကောရက္ခ= ကံသုံးပါး မကျူးလွန်မှု၌ သတီနှင့် အမြဲနေ၏၊
(၄) စတုရာပေဿန= ပညာဖြင့်သာ မှီဝဲ, သည်းခံ, ကြဉ်ရှောင်, ပယ်ဖျက်ခြင်းကိစ္စ ၄ ပါးတို့၌ အမြဲဆင်ခြင်၍ ပြုခြင်း၊
(၅) ပနုဏ္ဏပစ္စေကသစ္စ= ငါ့ဉာဏ်မြင်နှင့် ငါ့အယူသာ မှန်၏ဟူသော ဒိဋ္ဌိသစ္စာကို ပယ်ခြင်း၊
(၆) သမဝယသဋ္ဌေသန= အကျင့်ကို ရှာမှီးခြင်းမှ ငြိမ်းပြီးဖြစ်၍ ချမ်းသာစွာ နေခြင်း၊
(၇) အနာဝလိ သကင်္ပ္ပ= သင်္ကပ္ပသုံးပါးကို ပယ်၍ နေခြင်း၊
(၈) ပဿဒ္ဓကာယသင်္ခါရ= စတုတ္ထစျာန်ကို ဝင်စား၍နေခြင်း၊
(၉) သဝိုမုတ္တစိတ္တ= ရာဂ ဒေါသ မောဟ တို့မှ စိတ်လွတ်၍ နေခြင်း၊
(၁၀) သဝိုမုတ္တ ပညာ= ရာဂ ဒေါသ မောဟတို့ကို ပယ်ပြီးဖြတ်ပြီး တစ်ဖန် မဖြစမ် ပေါ်မှုသဘောကိုသိ၍နေခြင်း၊ ♦သုခမှတ်စု

အရိယာကထာမျိုး ၁၀-ပါး

မဟာနိဒ္ဒေသ
(၁) အပ္ပိစ္စကထာ= အလိုနည်းမှုနှင့် စပ်သောစကား၊
(၂) သနု္တဋ္ဌိကထာ= ရောင့်ရဲလွယ်မှုနှင့်စပ်သော၊
(၃) ပဝိဝေကကထာ= ဆိတ်ငြိမ်မှုနှင့် စပ်သော၊
(၄) အသံသဂ္ဂကထာ= ရှင်လူတို့နှင့်ရောရောယှက်ယှက်မဆက်ဆံလိုကြောင်းနှင့် စပ်သော၊
(၅) ဝီရိယာရမ္ဘကထာ= ဝိပဿနာတရား အားထုတ် ကြိုးစားမှုနှင့်စပ်သော၊
(၆) သီလကထာ= သီလနှင့် စပ်သော၊
(၇) သမာဓိကထာ= သမာဓိနှင့် စပ်သော၊
(၈) ပညာကထာ= ပညာနှင့်စပ်သော၊
(၉) ဝိမုတ္တိကထာ= မဂ်ဖိုလ်နှင့်စပ်သော၊
(၁၀) ဝိမုတ္တိဉာဏဒဿနကထာ= ပစ္စဝေက္ခဏာဉာဏ်ဖြင့်စပ်သောစကား၊ ♦သုခမှတ်စု

အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး

မိလိန္ဒပဥှာ
(၁) သမဇ္ဇဒါန= ကချေအလှူ၊ အငြိမ့်ဇာတ်ပွဲ၊
(၂) မဇ္ဇဒါ= သေရည်သေရက်အလှူ၊
(၃) ဣတ္ထိဒါန= မိန်းမအလှူ၊
(၄) ဥသဘ ဒါန= နွားလား၊ မြင်းလားအလှူ၊
(၅) စိတ္တကမ္မဒါန= ကာမဂုဏ်ကို ဆွပေးသော ပန်းချီ ဆေးရေးအလှူ၊
(၆) သတ္တဒါန= လက်နက်ခဲယမ်းမီးကောက် အလှူ၊
(၇) ဝိသဒါန= အဆိပ်အလှူ၊
(၈) သင်္ခလိကဒါန= လက်ထိပ်၊ သံခြေကျဉ်း နှောင်ကြိုး အလှူ၊
(၉) ကုက္ကုဋသူကရဒါန= ကြက် ဝက် သားကောင်အလှူ၊
(၁၀) တုလာကူဋ မာနကူဋဒါန= ချိန်စဉ်းလဲ တင်းစဉ်းလဲအလှူ၊ ♦သုခမှတ်စု

ဣဒ္ဓိမျိုး ၁၀-ပါး

(၁) အဓိဋ္ဌာန်နိဒ္ဓိ= မိမိ၏ မူလရုပ်သွင်တူဖန်ဆင်းခြင်း၊
(၂) ဝိကုဗ္ဗနိဒ္ဓိ= မိမိအသွင်စွန့်၍ နဂါး ဂဠုန်ရုပ် စသည်ဖန်ဆင်းခြင်း၊
(၃) မနောမယိဒ္ဓိ= မိမိကိုယ်ကို အဆင်းသဏ္ဌာန်ကို စိတ်အလိုအတိုင်း ပြီးစေခြင်း၊
(၄) ဉာဏဝိပ္ဖာရိဒ္ဓိ= အနာဂါမ်ရဟန္တာတို့၏ အရဟတ္တမဂ်ဉာဏ်ကိုမရမီ ရှေ့အဖို့ ရပြီးနောက်အဖို့တို့၌ သူတစ်ပါး၏ လုံ့လပယောဂဖြင့် မသေနိုင်ခြင်းမျိုး၊
(၅) သမာဓိဝိပ္ဖာရဒ္ဓိ= အနာဂါမ်ရဟန္တာ တို့၏ နိရောဓသမာပတ် ဝင်စားခိုက်သူတစ်ပါး လုံ့လပယောဂဖြင့် မသေနိုင်ခြင်းမျိုး၊
(၆) အရိယိဒ္ဓိ= အရိယာတို့၏ အနိဋ္ဌစသည့် အာရုံကို ဣဋ္ဌာရုံပြု၍ ရှုနိုင်ခြင်းမျိုး၊
(၇) ကမ္မဇိဒ္ဓိ= ငှက်စသည်တို့၏ ကောင်းကင်၌ ပျံနိုင်ခြင်းမျိုး၊
(၈) ပုညဝတောဣဒ္ဓိ= စကြာမင်း စသည်တို့၏ မိုးကောင်းကင်၌ စစ်အင်္ဂါလေးပါးနှင့်သွားနိုင်ခြင်းမျိုး၊
(၉) ဝိဇ္ဇာမယိဒ္ဓိ= ဝိဇ္ဇာဓိုရ်စသည်တို့၏ မြေလျှိုးမိုးပျံ တန်ခိုးဟူသမျှ၊
(၁၀) အတ္တအတ္တသမ္မာ ပယောဂပစ္စယိဒ္ဓိ= ကတအတတ် ၆၄ရပ်နှင့် အဋ္ဌာရသ ဝိဇ္ဇာအတတ်မျိုးဟူသမျှ၊ ♦သုခမှတ်စု

ဥပက္ကိလေသတရား ၁၀-ပါး(မဂ်တုဖိုလ်တုတရား ၁၀-ပါး)

ပဏ္ဏာသ
(၁) သြဘာသ= ထူးကဲလွန်မြတ် ကြည်လင် တောက်ပသော ဝိပဿနာ အလင်းရောင် နှစ်သက်စရာ အာရုံတစ်မျိုးကို မဂ်ဟု ထင်တတ်ခြင်း၊
(၂) ဉာဏ= ရုပ်နာမ်ဓမ္မတော်၏ ဖြစ်ပျက်မှုတို့ကို ကျကျနန ကျေကျေနပ်နပ် ပိုင်းခြား၍ ထက်မြက်စူးရှကာ တွေ့မြင်ရသောဉာဏ်အမြင်ကို မဂ်ဟု ထင်တတ်ခြင်း၊
(၃) ပီတိ= နှစ်သက်စရာ ပီတိမျိုး၅ပါးတို့ ပေါ်၍ ပေါ်၍လာခြင်းကိုပင် မဂ်ဟုထင်နေတတ်ခြင်း၊
(၄) ၁ တစ်နေ့လုံး တစ်ညလုံးထိုင်နေသော်လည်း ကိုယ်စိတ်တို့ ငြိမ်းချမ်းအေးမြ၍နေခြင်း၊ ၂ လေးလံထိုင်းမှိုင်းခြင်းကင်း၍ ပေါ့ပါးဖြတ်လတ်ကာနေခြင်း၊ ၃ ကြမ်းတမ်း ခက်ထန်ခြင်းကင်း၍ နူးညံ့ကာနေခြင်း၊ ၄ ညောင်းညာ နာကျင်မှုကင်း၍ သန့်ရှင်း စင်ကြယ်စွာ ရှိနေခြင်း၊ ၅ ခန့်ညားတည်ကြည်၍ နေခြင်း၊ ၆ အာရုံ တစ်ပါးဆီသို့ ကောက်ကွေ့သွားသည်မရှိ ပကတိ ဖြောင့်မတ်စွာ ရှိနေခြင်းတို့ကြောင့် သိကြား နတ်တို့ ခံစားရသော သုခထက် ဆထက်လွန်ကျူး အထူးချမ်းသာမှု ရှိနေခြင်းကို မဂ်ဟု ထင်တတ်ခြင်း၊
(၅) သုခ= ကိုယ်လုံးစိမ့်မျှ ချမ်းသာ၍နေသော သုခတစ်မျိုးကို မဂ်ဟုထင်နေတတ်ခြင်း၊
(၆) အဓိမောက္ခ= ကိလေသာကင်းကာ ဘုရား တရား သံဃာ၌ အလွန်ကြည်ညိုယုံကြည်၍လာသော သဒ္ဓါကိုပင် မဂ်ဟု ထင်မှတ် နေတတ်ခြင်း၊
(၇) ပဂ္ဂဟ = ဝိပဿနာတရား၌ အထူးကြိုးစား မှတ်သားမှု မပြုရတော့ဘဲ သူ့သဘောသူ ဆောင်ယူကာ ကောင်းစွာ ချီးပင့်၍နေသော သမ္မာဝါယာမ မဂ္ဂင်ကိုပင် မဂ်ဖိုလ်ဟု ထင်နေတတ်ခြင်း၊
(၈) ဥပဋ္ဌာန= ဝိပဿနာနှင့်ယှဉ်သည့် အလွန်ခိုင်မတ်သော သတိသည် ရုပ် နာမ် ဓမ္မတို့၌ မမေ့တော့ဘဲ နှလုံးသွင်း ဆင်ခြင်အောက်မေ့တိုင်း ရနေမှုကိုပင် မဂ်ဟုထင်ကာနေ တတ်ခြင်း၊
(၉) ဥပေက္ခာ = ရုပ် နာမ် ဓမ္မ သင်္ခါရတို့အပေါ်၌ ရှေးကကဲ့သို့ ကြောင်ြ့ကစိုက်ခြင်း အထောက်အပံ့အကူအညီ စသည်တို့ မပြုရတော့ဘဲ လျစ်လျူရှုကာ သင်္ခါရ အမှတ်တို့၌ အလွန်အားရှိသော ဥပေက္ခာဉာဏ်ကိုပင် မဂ်ဟုထင်မှတ်ကာ နေခြင်း၊
(၁၀) နိကန္တိ= ဝိပဿနာတရားပွားများ အားထုတ်နေသောယောဂီသည် ဖော်ပြပါ သြဘာသစသော နှစ်သက် တွယ်တာစရာတို့ဖြင့် ယှဉ်တွဲပေါ်ပေါက်၍ လာသော ဝိပဿနာ ဓမ္မအပေါ်၌ အာသာရမ္မက် စပ်ယှက်ခင်မင်၍နေသော သိမ်မွေ့ငြိမ်သက်သည့် တဏှာကိုပင် ပယ်ဖျောက်ခြင်းငှာ မတတ်နိုင်ဘဲ မဂ်ဟု အထင်စွဲနေတတ်ပြန်ခြင်းတို့ဖြစ်၏၊ ♦သုခမှတ်စု

ကာမ ၁၁ ဘုံ

(၁) ငရဲ၊
(၂) တိရစ္ဆာန်၊
(၃) ပြိတ္တာ၊
(၄) အသူရကာယ်=(အပါယ် ၄ ဘုံ)၊
(၅) စတုမဟာရာဇ်၊
(၆) တာဝတိံသာ၊
(၇) ယာမာ၊
(၈) တုသိတာ၊
(၉) နိမ္မာနရတိ၊
(၁၀) ပရနိမ္မိတဝသဝတီ (နတ်ပြည် ၆)၊
(၁၁) လူ့ဘုံ၊ ♦သုခမှတ်စု

ကိလေသာ ၁၁ ပါး

(၁) ကောဓ= အမျက်ထွက်ခြင်း၊
(၂) ဥပနာဟ= ရန်ငြိုးဖွဲ့ခြင်း၊
(၃) ထမ္ဘ= ရိုသေထိုက်သူကို မရိုသေခြင်း၊
(၄) သာရမ္ဘ= သူတစ်ပါး မခံသာအောင် ယှဉ်ပြိုင်ခြင်း၊
(၅) မက္ခ= ကျေးဇူးမဲ့ကိုပြောခြင်း၊ ကျေးစွပ်ခြင်း၊
(၆) ပဠသ= မိမိထက် သာလွန်သူကို သာလွန်သည်ဟု မပြောဘဲ ဂုဏ်ပြိုင်ခြင်း၊
(၇) မာယာ= မိမိ၏ မကောင်း မှုကို ဖုံးထားကာကွယ်ခြင်း၊
(၈) သာဌေယျ= ဥစ္စာဓန သဒ္ဓါ သီလ သုတပညာ ဂုဏ်မရှိဘဲ ရှိယောင်ဆောင်ခြင်း၊
(၉) အတြိစ္ဆာ= အတူတူရပါလျက် သူတစ်ပါးရသည်ကပါ လိုချင်ခြင်း၊
(၁၀) မဟိစ္ဆာ = မိမိ၏သီလ ပညာဂုဏ်ဓနတို့ကို ရှိသည်ထက်ကြီးကျယ်အောင် ပြောခြင်း၊ ပြခြင်း၊ ပြုမူခြင်း၊
(၁၁) ပါပိစ္ဆာ= ယုတ်မာသော စိတ်ရှိခြင်း၊ ♦သုခမှတ်စု

ကုန်းဘောင် ၁၁ ဆက်

(၁) အလောင်းဘုရားကြီး= ရွှေချက်သိုစေတီ ဒါယကာ ၁၁၁၄ ခုနှစ် နန်းတက်၍ စည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈၊ နံတော် သောကြာသား၊
(၂) သားတော်စစ်ကိုင်း မင်း = နောင်တော်ကြီးဟုလည်း တွင်သည်၊ မဟာနန္ဒာ ကန်တွင်း စည်းခုံစေတီ ဒါယကာ ၁၁၂၂ ခုနှစ် နန်းတက်၍ စည်းစိမ်သုံးနှစ်၊ အိမ်နိမ့် ၂၆၊ နံတော် အင်္ဂါသား၊ ငယ်မည် (ဦးကောက်)၊
(၃) ညီတော်ဆင်ဖြူရှင်= နိဗ္ဗာန်ဆိပ်ဦးစေတီ ဒါယကာ ၁၁၂၅ ခုနှစ် နန်းတက်၍ စည်းစိမ် ၁၃ နှစ်၊ အိမ်နိမ့် ၂၇၊ နံတော် တနင်္ဂနွေသား၊ (ဦးဂွ)၊
(၄) သားတော်စဉ့်ကူးမင်း= မိုးထိကျောင်း ဒါယကာ ၁၁၃၈ ခုနှစ် နန်းတက်၍ စည်းစိမ် ၆ နှစ်၊ အိမ်နိမ့် ၂၈၊ နံတော် တနင်္ဂနွေသား (မောင်ရဲလှ)၊
(၅) ဖောင်းကားမင်း= ၁၁၄၃ ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇ ရက်၊ အိမ်နိမ့် ၁၈၊ နောင်တော်ကြီးဘုရား၏ သားတော်ဖြစ်သည်၊ ငယ်မည် (မောင်မောင်)၊
(၆) ဗဒုံမင်း=(ဘိုးတော်ဦးဝိုင်း) အမရပူရ ပထမနန်းတည်၊ အောင်မြေလောကစေတီ ဒါယကာ ၁၁၄၃ ခုနှစ် နန်းတက်၍ စည်းစိမ် ၃၇ နှစ်၊ အိမ်နိမ့် ၃၈၊ နံတော် တနင်္လာသား၊ အလောင်း မင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတောင်( ဦးဝိုင်း )၊
(၇) ဘကြီးတော် မှန်နန်းရှင်= မဟာဝိဇယရံသီစေတီတော် ဒါယကာ၊ စတုတ္ထအဝမြို့တည် ၁၁၈၁ ခုနှစ် နန်းတက်တော်မူ၍ စည်းစိမ် ၁၈ နှစ်၊ အိမ်နိမ့် ၃၅၊ နံတော် သောကြာသား (မောင်စိန်)၊ နန်းကျပြီးနောက် ရှစ်နှစ်ကြာမှနတ်ရွာစံသည်၊
(၈) ညီတော် သာယာဝတီမင်း= ကုန်းဘောင်မင်းဟုလည်း ခေါ်သည်၊ လောကမဏိစူဠာစေတီ ဒါယကာ၊ အမရပူရ ဒုတိယ မြို့တည် ၁၁၉၉ ခုနှစ် နန်းတက်၊ နန်းစည်းစိမ် ၉ နှစ်၊ အိမ်နိမ့် ၅၀၊ နံတော် ဗုဒ္ဓဟူးသား(မောင်ခင်)၊
(၉) သားတော်ပုဂံမင်း= မဟာလောကရံသီစေတီ ဒါယကာ ၁၂၀၈ ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၆ နှစ် အိမ်နိမ့် ၃၅၊ နံတော် သောကြားသား (မောင်ထောင်)၊
(၁၀) ညီတော်မင်းတုန်းမင်း= မဟာလောကမာရဇိန်စေတီ ဒါယကာ မန္တလေး ရတနာပုံမြို့တည် ပဉ္စမသင်္ဂါယနာတင် ၁၂၁၄ ခုနှစ် နန်းတက်၍ စည်းစိမ် ၂၆ နှစ်၊ အိမ်နိမ့် ၃၈၊ နံတော် အင်္ဂါသား (မောင်လွင်)၊
(၁၁) သားတော်သီပေါမင်း= မာရ်အောင်ရတနာစေတီ ဒါယကာ မန္တလေးရတနာပုံ ဒုတိယနန်းစံ ၁၂၄၀ ပြည့်နှစ် နန်းတက် စည်းစိမ် ၇ နှစ်၊ အိမ်နိမ့် (၁၂၄၇ ခုနှစ်တွင် ပါတော်မူသည်)၊ ♦သုခမှတ်စု

တနင်္ဂနွေ ဟူသော အခေါ် ပရိယာယ် ၁၁ ပါး

(၁) နေ၏ပရိယာယ် ၁၁ပါးပင်ဖြစ်သည်၊ ♦သုခမှတ်စု

နေဟူသော အခေါ်ပရိယာယ် ၁၁ ပါး(တနင်္ဂနွေအခေါ်လည်း ထို့အတူ)

(၁) အာဒိစ္စ၊
(၂) သဝိတ၊
(၃) သူရိယ၊
(၄) ဘာသက္ကရ၊
(၅) အကရ၊
(၆) ဒိဝါကရ၊
(၇) တိက္ခသုံ၊
(၈) တပနော၊
(၉) ဘာဏု၊
(၁၀) သဟဿသု၊
(၁၁) ပဘာကရ၊ ♦သုခမှတ်စု

ပရိတ်ကြီး ၁၁ သုတ်

(၁) မင်္ဂလသုတ်၊
(၂) ရတနသုတ်၊
(၃) မေတ္တသုတ်၊
(၄) ခန္ဓသုတ်၊
(၅) မောရသုတ်၊
(၆) ဝဋ္ဋသုတ်၊
(၇) ဓဇဂ္ဂသုတ်၊
(၈) အာဋာနာဋိယသုတ်၊
(၉) အင်္ဂုလိမာလသုတ်၊
(၁၀) ဗောဇ္ဈင်္ဂသုတ်၊
(၁၁) ပုဗ္ဗဏှသုတ်၊ ♦သုခမှတ်စု

ပါဏာတိပါတာကံ ရှောင်သူအကျိုး ၁၁ ပါး

(၁) အင်္ဂါ ကြီး ငယ်မချို့တြဲ့ခင်း၊
(၂) အလုံးအရပ်နှင့် ပြည့်စုံခြင်း၊
(၃) ခြေလက်နူးညံ့ခြင်း၊
(၄) ခွန်အားကြီးခြင်း၊
(၅) စကားသန့်ရှင်းခြင်း၊
(၆) ဖြောင့်သော ကိုယ်ရှိခြင်း၊
(၇) ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း၊
(၈) သူတစ်ပါးတို့သတ်၍ မသေရခြင်း၊
(၉) အခြံအရံများခြင်း၊
(၁၀) ကြောင့်ကြမရှိခြင်း၊
(၁၁) ချစ်သူတို့နှင့် မကွဲရခြင်း၊ ♦သုခမှတ်စု

ပညာရှိ စွန့်ပယ်ရာသောသူ ၁၁ ဦး

(၁) လောဘံ= အလိုကြီးသူ၊
(၂) ကောဓံ= အမျက်ကြီးသောသူ၊
(၃) မဒံ= မာန်ယစ်သောသူ၊
(၄) မာနံ= ထောင်လွှားသောသူ၊
(၅) တိန္ဒံ= ပျင်းသောသူ၊
(၆) ဣဿံ= သူတစ်ပါး၏ စည်းစိမ်ကို ငြူစူတတ်သူ၊
(၇) ပမာဒံ= ကုသိုလ် ကောင်းမှု၌ မေ့လျော့သောသူ၊
(၈) သောဏ္ဍံ= သေအရက် သောက်ကြူးသောသူ၊
(၉) နိဒ္ဒါလုကံ= အအိပ်ကြူးသောသူ၊
(၁၀) မက္ခံ= ကျေးဇူးချေတတ်သောသူ၊
(၁၁) မစ္ဆေရဉ္စ= ဝန်တိုသောသူ၊ ♦သုခမှတ်စု

ဗဒ္ဓသိမ် ၁၁ ပါး

(၁) အတိခုဒ္ဒကသီမ= နှစ်ကျိပ်တစ်ယောက်သောရဟန်းတို့ မနေအပ်သော အလွန်ငယ်သောသိမ်၊
(၂) အကိမဟန္တသီမ= သုံးယူဇနာထက် တစ်ဆံခြည်မျှ ကြီးသောသိမ်၊
(၃) ခဏ္ဍသီမ= နိမိတ်မစပ်သောသိမ် (ဝါ) ကျိုးသောသိမ် (ဝါ) နိမိတ်မလောက်သော အခွံလျင် အနှစ်ရှိသော သစ်ငုတ်၊ မြှေုံစသည်တို့ကို နိမိတ်ပြုလျက်သမုတ်သောသိမ်၊
(၄) ဆာယာ နိမိတ္တသီမ = တောတောင်အစရှိသော အရိပ်ကို နိမိတ်ပြု၍ သမုတ်သောသိမ်၊
(၅) အနိမိတ္တသီမ= ကြားအပ်သော နိမိတ်ရှစ်ပါးကို မကြားမူ၍ သမုတ်သောသိမ်၊
(၆) ဗဟိသီမ= သိမ်အပ၌ရပ်၍ နိမိတ်ကြားလျက် သမုတ်သောသိမ်၊
(၇) နဒီသီမ= မြစ်၌ သမုတ်သော သိမ်၊
(၈) သမုဒ္ဒသီမ= သမုဒ္ဒရာ၌ သမုတ်သောသိမ်၊
(၉) ဇာတဿရသီမ= ထုံးအိုင်၌ သမုတ်သောသိမ်၊
(၁၀) သမ္ဘန္ဒိ သီမ = မိမိသိမ်နှင့်သူတစ်ပါးသိမ်ကို နိမိတ်ချင်း စပ်၍ သမုတ်သောသိမ်၊
(၁၁) အဇ္ဈောတအရန္တ သီမ= မိမိသိမ်နှင့် သူတစ်ပါးသိမ်ကို အလုံးစုံသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း အတွင်းပြု၍ သမုတ်သောသိမ်၊ ♦သုခမှတ်စု

မီး ၁၁ ပါး

(၁) လောဘမီး = တပ်နှစ်သက်ရသဖြင့် ပူလောင်ခြင်း၊
(၂) ဒေါသမီး= စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း၊
(၃) မောဟမီး= အဟုတ်အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း၊
(၄) ဇာတိမီး = ဘဝအသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း၊
(၅) ဇရာမီး = အိုမင်းရသဖြင့် ပူလောင်ခြင်း၊
(၆) မရဏမီး= သေပျက်ရသဖြင့် ပူလောင်ခြင်း၊
(၇) သောကမီး = စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း၊
(၈) ပရိဒေဝမီး= ငိုကြွေးရသဖြင့် ပူလောင်ရခြင်း၊
(၉) ဒုက္ခမီး= ဒုက္ခဆင်းရဲကြောင့် မသာယာသဖြင့် ပူလောင်ရခြင်း၊
(၁၀) ဒေါမနဿမီး= စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း၊
(၁၁) ဥပါယာသမီး= စိတ်ပင်န်းဆင်းရဲသဖြင့် ပူလောင်ခြင်း၊ ♦သုခမှတ်စု

မေတ္တာအကျိုး ၁၁ ပါး

(၁) ချမ်းသာစွာ အိပ်ရသည်၊
(၂) ချမ်းသာစွာ နိုးရသည်၊
(၃) မကောင်းသောအိပ်မက် မမြင်သည်၊
(၄) လူနတ် ချစ်သနားသည်၊
(၅) ဘေးလွတ်အောင် နတ်တို့စောင်မသည်၊
(၆) မီးမလောင်နိုင်သည်၊
(၇) ဓားလက်နက် မထိနိုင်သည်၊
(၈) အဆိပ်နှင့် မသေနိုင်သည်၊
(၉) မကောင်းသောစိတ်ပျောက်သည်၊
(၁၀) မျက်နှာ အဆင်းလှသည်၊
(၁၁) မတွေဝေဘဲသေ၍ ဗြဟ္မာပြည်သို့ ရောက်သည်၊ ♦သုခမှတ်စု

မြင်း ၁၁ ပါး

ကဝိလက္ခဏဒီပနီ
(၁) သိန္ဓော၊
(၂) ဝေလာဟက၊
(၃) ကောင်းကင်ခွဲ၊
(၄) တိမ်တိုက်ကွန့်မြူး၊
(၅) ရွှေစင်တုနှိုင်း၊ (''ငါးမျိုးသည် သမုဒ္ဒရာ၊ ကောင်းကင်၊ မြင်းမိုရ်တောင်ခြေ၊ အနဝတတ်အိုင်နား၊ ပုပ္ပားတောင်ခြေတွင်ဖြစ်၏၊ မြင်း ပျံတိမ်ညွန့် စားမျိုးဟူ၏)၊
(၆) လေ၊
(၇) လှီ၊
(၈) ပွေး၊
(၉) ပုစည်း၊
(၁၀) မည်း၊ (''ငါးပါးကား လူ့ပြည်တွင်ဖြစ်၏)၊
(၁၁) ဝါပလေ (၎င်းအမျိုး၏ အကြောင်း မတွေ့ရ)၊ ♦သုခမှတ်စု

အညစ်အကြေး ၁၁ ပါး

(၁) ဝိစိကိစ္ဆာ၊
(၂) အမနသိကာရ၊
(၃) ထိနမိဒ္ဓ၊
(၄) ဆမ္ဘိတတ္တ၊
(၅) ဥပလဝ၊
(၆) ဒုဋ္ဌုလ္လ၊
(၇) အစ္စာရဒ္ဓဝီရိယ၊
(၈) အတိလီန ဝီရိယ
(၉) အဘိဇပ္ပ၊
(၁၀) နာနတ္တသညီ၊
(၁၁) အဘိနဇ္ဈာပဒိတ္တ၊ ♦သုခမှတ်စု

ကောက်လျင်မျိုး ၁၁ ပါး

(၁) ပုန့်သင်ကြောင်၊
(၂) ပုန့်သက်ဖြူ၊
(၃) ကောက်လျင်ဖြူ၊
(၄) ကောက်လျင်နီ၊
(၅) မောင်ပလောင်၊
(၆) ဝင်မစဲ၊
(၇) စသာ၊
(၈) ရေနွယ်နီဖြူ၊
(၉) ကွမ်းစား၊
(၁၀) မက်လိပ်မျိုး၊
(၁၁) မူရင်း၊ မှတ်ချက် ♦သုခမှတ်စု

ဘွဲ့ထူးဂုဏ်ရည် ၁၁ မျိုး

(၁) အမြင့်ဆုံးသတိုးဘွဲ့ = သတိုးသုဓမ္မ မဟာသက်တော်ရှည် စသည်၊
(၂) ၎င်းအောက်မင်းကြီးဘွဲ့= မင်းကြီးဇေယျဂါမဏိစည်၊
(၃) ၎င်းအောက် မဟာဘွဲ့ = မဟာမင်းထင်ရာဇကျော် စသည်၊
(၄) ၎င်း အောက် မင်းသုံးထပ်ဘွဲ့= မင်းမဟာ၊ မင်းထင်၊ မင်းခေါင် စသည်၊
(၅) ၎င်းအောက် မင်းနှစ်ထပ်ဘွဲ့= မင်းထင်၊ မင်းလုသင်္ခယာစသည်၊
(၆) ၎င်းအောက် မင်းတပ်ဘွဲ့= မင်းထင်ကျော်သူစသည်၊
(၇) ၎င်းအောက် နေမျိုးမင်းတပ်ဘွဲ့= နေမျိုးမင်းထင်၊ သိင်္ခသူ စသည်၊
(၈) ၎င်းအောက်နေမျိုးဘွဲ့= နေမျိုးသိဒ္ဓိရာဇာ စသည်၊
(၉) ၎င်းအောက် နော်ရထာဘွဲ့= စည်သူနော်ရထာ၊ လက်ဝဲနော်ရထာ စသည်၊
(၁၀) ၎င်းအောက် ရွှေတောင်ဘွဲ့= နရာရွှေတောင် စသည်၊
(၁၁) အနိမ့်ဆုံးအမည်ပျောက်ဘွဲ့ = ပျံချီရာဇာ၊ ရဲထွဋ် ပျံတင်၊ ရန်အောင်စက်၊ စကရပျံချီ၊ လက်ဝဲသုန္ဒရစသည်၊ ♦သုခမှတ်စု

သမာဓိဖြစ်ကြောင်း ၁၁ ပါး

(၁)ဝတ္ထု စင်စေ= ပစ္စည်းလေးပါးစသောဝတ္ထုများ စင်ကြယ်သန့်ရှင်း အပြစ်ကင်းရခြင်း၊
(၂) ဣန္ဒြေမျှစွာ= သဒ္ဓါနှင့်ပညာ ဝီရိယနှင့် သမာဓိကိုမျှတရစေခြင်း၊
(၃) လိမ္မာနိမိတ္တ= ကသိုဏ်းနိမိတ်တို့ကိုယူရာ၌ လိမ္မာရခြင်း၊
(၄) ပဂ္ဂဟ= ဝီရိယလျော့ခြင်းစသည်ဖြစ်သောအခါ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိသမ္ဗောဇ္ဈင်တရားတို့ဖြင့် စိတ်ကိုချီးမြှောက်ပေးရခြင်း၊
(၅) နိဂ္ဂဟံ= ဝီရိယလွန်၍စိတ်ပျံ့လွင့်သောအခါ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာသမ္ဗောဇ္ဈင်တို့ဖြင့် စိတ်ကိုနှိမ်ပေးရခြင်း၊
(၆) သမ္ပဟံသာ= ပညာပယောဂနည်းပါး၍ ငြိမ်သက်သောသုခကို မရခြင်းကြောင့် စိတ်မနှစ်သက်သောအခါ သံဝေဂဝတ္ထုရှစ်ပါးကို ဆင်ခြင်၍လည်းကောင်း၊ ရတနာသုံးပါးဂုဏ်ကို အောက်မေ့၍ သော်လည်းကောင်း စိတ်ကိုရွှင်စေရခြင်း၊
(၇) ဥပေက္ခာနှင့်= လျော့ခြင်း၊ လွန်ခြင်းကင်း၍ တစ်ပါးအာရုံ၌သာ အညီအညွတ် ရှု၍နေရခြင်း၊
(၈) ပျံ့လွင့်သူကြဉ်= စိတ်ပျံ့လွင့်သူကို ရှောင်ကြဉ်ရခြင်း၊
(၉) တည်ကြည်ယှဉ်မှ= တည်ကြည်သူကို မှီဝဲယှဉ်ကပ်ရခြင်း၊
(၁၀) စျာန ဝိမောက်= စျာန်ဝိမောက္ခကို ဆင်ခြင်ရခြင်း၊
(၁၁) ဓိမုတ်လျောက်သည်= ပွင့်မြောက် ဓိတိ၊ ဆယ့်တစ်တည်း၊ သမာဓိကိုဖြစ်ရန် ညွတ်ကိုင်း ရှိုင်းဝှမ်းသော ကြိုးစားစိတ်ရရှိခြင်း၊ ♦သုခမှတ်စု

အဘဗ္ဗပုဂ္ဂိုလ် တစ်ကျိပ် တစ်ယောက်

(၁) ပဏ္ဍက= ပဏ္ဍုက်၊
(၂) ထေယျသံဝါ သက= ရှင်ရဟန်းအသွင်ကို ခိုးယူ၍ ရှင်ရဟန်းစစ်တို့နှင့် ပေါင်းသင်းနေထိုင်သူ၊
(၃) တိတ္ထိယပက္ကန္တက = တိတ္ထိတို့ထံသို့ ရဟန်း ဘောင်မှပယ်ခွာသွားသူ၊
(၄) တိရစ္ဆာန= တိရစ္ဆာန်၊
(၅) မာတုဃာတက= အမိကိုသတ်သူ၊
(၆) ပိတုဃာတက= အဖကို သတ်သူ၊
(၇) အရဟန္တဃာတက= ရဟန္တာကိုသတ်သူ၊
(၈) လောဟိတုပ္ပါဒက= ဘုရားအား သွေး စိမ်တည်အောင်ပြုသူ၊
(၉) သံဃာ့ဘေဒက= သံဃာကို ဂိုဏ်း ခွဲသူ၊
(၁၀) ဘိက္ခုနီဒူသက= ရဟန်းမိန်းမကိုဖျက်ဆီးသူ၊
(၁၁) ဥဘတောဗျဉ္စနက= နှစ်လိင် ရှိသူ၊ ရဟန်းမခံထိုက်သူပုဂ္ဂိုလ် (သို့မဟုတ်) စျာန်မဂ်ဖိုလ်ကို မရထိုက်သော ပုဂ္ဂိုလ်တစ်ကျိပ်တစ်ယောက်ကို ခေါ်ဆိုသည်၊ ♦သုခမှတ်စု

ကိုယ်စောင့်နတ် ၁၂ ပါး

(၁) သတ္တဘာဂ= ဖူးစာရေးကို စောင်မခြင်း ပြုသောနတ်၊
(၂) သူရဿတီ= ပညာရေးကိုအားပေးခြင်း ပြုသောနတ်သမီး၊
(၃) သကျ= ဥစ္စာ စည်းစိမ်ကို စောင့်ရှောက်ခြင်း ပြုသောနတ်၊
(၄) မဟိရာဇာ= အိပ်မက်ကောင်းကို ပေးတတ်ခြင်းပြုသောနတ်၊
(၅) ကရဝါ= ကာမစည်းစိမ်ကို အားပေးခြင်းပြုသောနတ်၊
(၆) ယောတက= သွားလာရာကိုစောင့်ရှောက်ခြင်း ပြုသောနတ်၊
(၇) ကလျာဏီ= ကောင်းသော စကားကို မှတ်ယူခြင်းပြုသော နတ်သမီး၊
(၈) စန္ဒာဒေဝီ= ကျက်သရေတိုးအောင်ပြုသော နတ်သမီး၊
(၉) နရိန္ဒာဒေဝီ= အိပ်သောအခါ ခေါင်းရင်းက စောင့်သော နတ်သမီး၊
(၁၀) မဟာပိန္နဲ=
(၁၁) လက္ချမီ=
(၁၂) ဝါမသူရာ (ကောင်းမှု မကောင်းမှုကို မှတ်ယူသောနတ် ၃-ပါး)၊ ♦သုခမှတ်စု

ခဲဖွယ် ၁၂ ပါး

(၁) အမြစ်၊
(၂) အဖု၊
(၃) အဥ၊
(၄) အညှောက်၊
(၅) ပင်စည်၊
(၆) အခေါက်၊
(၇) အရွက်၊
(၈) အပွင့်၊
(၉) အစေ့၊
(၁၀) အမှုန့်၊
(၁၁) အစေး၊
(၁၂) အဖူး၊ ♦သုခမှတ်စု

ခံဝန်သူ ၁၂ ပါး (ပဋိညာဉ်၊ ပဋိညာ=ကတိစကား)

ကဝိလက္ခဏဒီပနီ
(၁) မြေးယူသည်ကို အဘိုးခံဝန်ခြင်း၊
(၂) သားယူသည်ကို အဖခံဝန်ခြင်း၊
(၃) အဘိုးယူသည်ကို မြေး ခံဝန်ခြင်း၊
(၄) အဖယူသည်ကို သားခံဝန်ခြင်း၊
(၅) မြီစားလည်းဖြစ် မြီတိုင်လည်းဖြစ်ခံဝန်ခြင်း၊
(၆) ယူစဉ် မြီတိုင်ဖြစ်၍ အတူစားသူ ခံဝန်ခြင်း၊
(၇) ကျွန်ယူသည်ကိုသခင် ခံဝန်ခြင်း၊
(၈) တပည့်ယူသည်ကို ဆရာ ခံဝန်ခြင်း၊
(၉) ဆရာယူသည်ကို တပည့်ခံဝန်ခြင်း၊
(၁၀) ဆွေမျိုးတစ်ဦး ယူသည်ကို ဆွေမျိုးတစ်ဦးက ခံဝန်ခြင်း၊
(၁၁) မြီစားတင်သွင်းသူ ခံဝန်ခြင်း၊
(၁၂) မြီရှင်တင်သွင်းသူ ခံဝန်ခြင်း၊ ♦သုခမှတ်စု

စာရွတ်ဖတ်ရန် နှုတ်ခမ်းလျှာထား ၁၂ ပါး

(၁) အဖွင့်၊
(၂) အပိတ်၊
(၃) အလိပ်၊
(၄) အဖြန့်၊
(၅) အဆန့်၊
(၆) အကွေး၊
(၇) လေဖြေး၊
(၈) လေထုတ်၊
(၉) လျှာလှုပ်၊
(၁၀) လျှာလိပ်၊
(၁၁) လျှာပိတ်၊
(၁၂) လျှာထား၊ ♦သုခမှတ်စု

စာရွတ်ဖတ်ရန် အသံ ၁၂ ပါး

(၁) သံလွှတ်၊
(၂) သံလွှင့်၊
(၃) သံရင့်၊
(၄) သံညင်း၊
(၅) သံပြင်၊
(၆) သံရပ်၊
(၇) သံဖြတ်၊
(၈) လေထုတ်၊
(၉) သံငုတ်၊
(၁၀) သံပေါ်၊
(၁၁) သံဂေါ်၊
(၁၂) သံတမ်း၊ ♦သုခမှတ်စု

စကြဝတေးမင်းတို့ ကျင့်ရာ ၁၂ ပါး

(၁) အတွင်းတော်သားဗိုလ်ပါတို့၌ ကောင်းစွာကျင်ြ့ခင်း၊
(၂) ဘိသိက်ခံသောမင်းတို့၌ ကောင်းစွာ ကျင့်ခြင်း၊
(၃) ပုဏ္ဏားတို့၌ ကောင်းစွာကျင့်ခြင်း၊
(၄) သူကြွယ်တို့၌ ကောင်းစွာကျင့်ခြင်း၊
(၅) နိဂုံးဇနပုဒ်တို့၌ ကောင်းစွာကျင့်ခြင်း၊
(၆) ပုထုဇဉ်ရဟန်း အရိယာရဟန်းတို့၌ ကောင်းစွာကျင့်ခြင်း၊
(၇) သားမျိုးတို့၌ ကောင်းစွာကျင့်ခြင်း၊
(၈) ငှက်မျိုးတို့၌ ကောင်းစွာကျင့်ခြင်း၊
(၉) မတရားသောအမူအကျင့်ကို ပယ်စွန့်ခြင်း၊
(၁၀) ဆွေတော်မျိုးတော်တို့၌ ကောင်းစွာ ကျင့်ခြင်း၊
(၁၁) ဥစ္စာရင်းနှီး ပေးကမ်းခြင်း၊
(၁၂) ရဟန်း ပုဏ္ဏားတို့သို့ကပ်၍ ပြဿနာမေးခြင်း၊ ♦သုခမှတ်စု

စစ်အောင်ရာအကြောင်း ၁၂ ပါး

(၁) စီရင်ရာ၌ လိမ္မာခြင်း၊
(၂) မင်းနှင့် အမတ်ညီညွတ်ခြင်း၊
(၃) ပေးကမ်းခြင်း၌ အမျက်မရှိခြင်း၊
(၄) စစ်သူကြီးခန့်ထား စီရင်တိုင်း သူရဲသူခက်တို့၌ တည်ခြင်း၊
(၅) သူရဲကောင်း ဖျားယောင်း၍ အောင်ခြင်း၊
(၆) ယဉာတာမန္တာန်ကြောင့်အောင်ခြင်း၊
(၇) ဇာတာစန်းလဂ်ကောင်းသဖြင့် အောင်ခြင်း၊
(၈) မျိုးရိက္ခာ များခြင်း၊
(၉) မင်းစသော ပြည်သူတို့အနာကင်း၍ အောင်ခြင်း၊
(၁၀) သူလျှိုကိုစေ၍ အောင်ခြင်း၊
(၁၁) ပြည်စောင့်နတ်ကို မပြတ်ပူဇော်သဖြင့် အောင်ခြင်း၊
(၁၂) ဆင်ကောင်း မြင်းကောင်းများသဖြင့် အောင်ခြင်း၊ ♦သုခမှတ်စု

စည်မျိုး ၁၂ ပါး

(၁) မြောက်စည်၊
(၂) သံလွင်စည်၊
(၃) စည်ဗြော၊
(၄) စည်ကြီး၊
(၅) ဒုံမင်း၊
(၆) စည်ဝန်း၊
(၇) စည်သေး၊
(၈) စည်ပုတ်၊
(၉) စည်ပန်းတောင်း၊
(၁၀) ပတ်သား၊
(၁၁) တစ်ဖက်ပိတ်စည်၊
(၁၂) အိုင်စည်၊ ♦သုခမှတ်စု

တေဇောဓာတ် ၁၂ ပါးကိုခွဲပြချက်

(၁) သန္တပ္ပနတေဇော လက္ခဏာ ၃ ပါး၊ (က) နွေးခြင်း၊ (ခ) ပူခြင်း၊ (ဂ) ပြင်းစွာပူခြင်း၊
(၂) ဒဟတေဇောလက္ခဏ ၃ ပါး (က) မွတ် သိပ်ဆာလောင်ခြင်း၊ (ခ) စိတ်ချောက်ချားခြင်း၊
(၈) လက်ပစ်ခြေပစ်ရှိခြင်း၊
(၃) သီတတေဇောလဏာ ၃ ပါး (က) ကြက်သီးထခြင်း၊ (ခ) ချမ်းခြင်း၊ (ဂ) စွတ်စိုခြင်း၊
(၄) ပါစကတေဇော လက္ခဏာ ၃ ပါး (က) အစာမကြေခြင်း၊ (ခ) ပျင်းရိခြင်း၊ (ဂ) တွေဝေခြင်း၊ ♦သုခမှတ်စု

နတ်ကြီး၁၂ ပါး

(၁) ဓတရဋ္ဌ၊
(၂) ဝိရူဠက၊
(၃) ဝိရူပက္ခ၊
(၄) ကုဝေရ၊
(၅) ပရမိသံ၊
(၆) ပရမိသွာ၊
(၇) ပုဏ္ဏက၊
(၈) မဟာပိန္နဲ၊
(၉) အာဠာဝက၊
(၁၀) အဿမုခိ၊
(၁၁) မနုဿီဟ၊
(၁၂) သီဟရာဇာ၊ ♦သုခမှတ်စု

ပဋိစ္စသမုပ္ပါဒ် ၁၂ ပါး

(၁) အဝိဇ္ဇာ= အဟုတ်အမှန်ကို မသိတတ်သောတရား၊
(၂) သင်္ခါရ= ပြုပြင်စေ့ဆော်တတ်သောတရား၊
(၃) ဝိညာဏ= ပဋိသန္ဓေ ဝိညာဉ်စိတ်၊
(၄) နာမရူပ= နာမ်ရုပ်၊
(၅) သဠာယတန= စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, မန ဟူသော အာယတနခြောက်ပါး၊
(၆) ဖဿ= အာရုံကို တွေ့တတ်သောသဘောတရား၊
(၇) ဝေဒနာ= ခံစားတတ်သော သဘောတရား၊
(၈) တဏှာ= တပ်မက်သော သဘောတရား၊
(၉) ဥပါဒါန်= စွဲလမ်း သော သဘောတရား၊
(၁၀) ဘဝ= ဖြစ်ရာဘဝ သဘောတရား၊
(၁၁) ဇာတိ= ဖြစ်ပေါ်မှု သဘောတရား၊
(၁၂) ဇရာမရဏ= အိုမင်းရင့်ရော်ခြင်း သဘောတရား၊ ပျက်စီးသေဆုံးခြင်း သဘောတရား၊ ♦သုခမှတ်စု

ပုဂ္ဂိုလ် တစ်ကျိပ်နှစ်

(၁) ဒုဂ္ဂတိ အဟိတ်၊
(၂) သုဂတိအဟိတ်၊
(၃) ဒွိဟိတ်၊
(၄) တိဟိတ် (ပုထုဇဉ် ၄ ယောက်)၊
(၅) သောတာပတ္တိ မဂ္ဂဋ္ဌာန်၊
(၆) သကဒါဂါမိမဂ္ဂဋ္ဌာန်၊
(၇) အနာဂါမိမဂ္ဂဋ္ဌာန်၊
(၈) အရဟတ္တပမဂ္ဂဋ္ဌာန်၊ (မဂ္ဂဋ္ဌာန် ၄ ယောက်)၊
(၉) သောတာပတ္တိ ဖလဋ္ဌာန်၊
(၁၀) သကဒါဂါမိဖလဋ္ဌာန်၊
(၁၁) အနာဂါမိဖလဋ္ဌာန်၊
(၁၂) အရဟတ္တ ဖလဋ္ဌာန်၊ (ဖလဋ္ဌာန် ၄- ယောက်) မဂ္ဂဋ္ဌာန် ၄ နှင့် ဖလဋ္ဌာန် ၄ ယောက်ကို အရိယာပုဂ္ဂိုလ် ၈ ယောက် ခေါ်သည်၊ ♦သုခမှတ်စု

ပန်းပေါင်း (လောကီကျမ်း) ထဲတွင် ပါဝင်သော ပန်း ၁၂ ပါး

(၁) မိဿရာသီ၏ ရာသီပန်းဖြစ်သော ကံ့ကော်ပန်း၊
(၂) ပြိဿရာသီ၏ ရာသီပန်းဖြစ်သော စကား၊
(၃) မေထုန်ရာသီ၏ ရာသီပန်းဖြစ်သော စံပယ်၊
(၄) ကြဋ်ရာသီ၏ ရာသီပန်းဖြစ်သော ပုန်းညက်၊
(၅) သိဟ်ရာသီ၏ ရာသီပန်းဖြစ်သော ခတ္တာ၊
(၆) ကန်ရာသီ၏ ရာသီပန်းဖြစ်သော ရင်းမာ၊
(၇) တူရာသီ၏ ရာသီပန်းဖြစ်သော ကြာမျိုးငါးပါး၊
(၈) ဗြိစ္ဆာရာသီ၏ ရာသီပန်းဖြစ်သော ခဝဲ၊
(၉) ဓနုရာသီ၏ ရာသီပန်းဖြစ်သောသဇင်၊
(၁၀) မကာရရာသီ၏ ရာသီပန်းဖြစ်သော ခွာညို၊
(၁၁) ကုံရာသီ၏ ရာသီ ပန်းဖြစ်သော ပေါက်လဲ၊
(၁၂) မိန်ရာသီ၏ ရာသီပန်းဖြစ်သော သရဖီ၊ ♦သုခမှတ်စု

ပြိတ္တာ ၁၂ မျိုး

(၁) ဝန္တာသပြိတ္တာ= ဆာလောင်မွတ်သိပ်ခြင်းနှိပ်စက်သည်ဖြစ်၍ မခံမရပ်နိုင်သဖြင့် သူတစ်ပါးတို့ စွန့်ပစ်အပ်သော တံတွေး၊ နှပ်၊ အန်ဖတ်တို့ကိုသာ စားရသောပြိတ္တာ၊
(၂) ကုဏပါသပြိတ္တာ= မြွေကောင်ပုပ်၊ ခွေးကောင်ပုပ်၊ လူကောင်ပုပ်တို့ကိုသာ စားရသောပြိတ္တာ၊
(၃) ဂူထခါဒကပြိတ္တာ= မစင်ကိုသာ စားရသောပြီတ္တာ၊
(၄) အဂ္ဂိဇာလမုခ ပြိတ္တာ= နေ့ညပတ်လုံး ခံတွင်းမှ မီးလျှထွံက်သော ပြိတ္တာ၊
(၅) သူစိမုခပြိတ္တာ= ကြီးသောကိုယ်၊ ရှည်သောလည်ပင်းနှင့် ခံတွင်းကား အပ်နဖားပေါက်မျှသာ ရှိသောကြောင့် ရသောအစာတို့ကို နားပေါက်၊ နှာခေါင်းပေါက်တို့က သွတ်သွင်းရသောပြိတ္တာ၊
(၆) တဏှာဋ္ဋိတပြိတ္တာ= ရေအလွန်ငတ်သော အဖြစ်နှင့် ဆင်းရဲကြီးစွာ နေရသောပြိတ္တာ၊
(၇) သုနိဇ္ဈာမကပြိတ္တာ = အလွန်အရုပ်ဆိုး၍ မကောင်းသော ကိုယ်နံ့ထွက်လျက် မီးလောင်ငုတ်နှင့်တူသောပြိတ္တာ၊
(၈) သတ္ထင်္ဂ ပြိတ္တာ=်ဓားသွား ငါးမျှားချိတ်နှင့်တူသော လက်သည်း၊ ခြေသည်းတို့ဖြင့် မိမိ ကိုယ်အင်္ဂါကို ကုတ်ဖဲ့၍ အသားအသွေးကို စားရသောပြိတ္တာ၊
(၉) ပဗ္ဗတင်္ဂပြိတ္တာ= တောင်မျှလောက် ရှိသော ကိုယ်မှ နေ့ည၌ အခိုးထွက်လျက်ရှိသော ပြိတ္တာ၊
(၁၀) အဇဂရင်္ဂပြိတ္တာ = စပါးကြီး မြွေနှင့်တူသော ကိုယ်နှင့် နေ့ညဉ့်လှည့်လည်၍ ဒုက္ခခံစားနေရသော ပြိတ္တာ၊
(၁၁) ဝေမာနိကပြိတ္တာ= ရံခါကုသိုလ်ကံ၏ အကျိုးအားဖြင့် နတ်ဗိမာန်၌ နတ်စည်း စိမ်ကို ခံစားရ၍ ရံခါ အကုသိုလ်ကံ၏ အကျိုးအားဖြင့် ဒုက္ခကိုခံစားရသော ပြိတ္တာ၊
(၁၂) မဟိဒ္ဓိကပြိတ္တာ= ပြိတ္တာတို့အပေါ်၌ အကြီးအမှူးအရာ၌ တည်သော်လည်း ထမင်းအဖျော်တို့ကို သုံးဆောင်ခြင်းငှာ မစွမ်းနိုင်သော ပြိတ္တာ၊ ♦သုခမှတ်စု

ဗြဟ္မစရိယတရာ ၁၂ ပါး

(၁) ဗြဟ္မစရိယတရား ဆယ်ပါးတွင်
(၁၁) ဓမ္မဒေသနာ၊
(၁၂) အဇ္ဈသယ၊ ပေါင်း ၁၂ ပါး၊ ♦သုခမှတ်စု

မိဖုရား ၁၂ မျိုး

(၁) တောင်နန်းမတော် မိဖုရားကြီး၊
(၂) မြောက်နန်း မတော်မိဖုရား၊
(၃) အနောက်နန်းမတော် မိဖုရား၊
(၄) အလယ်နန်းမတော် မိဖုရား၊
(၅) တောင်ဆောင်တော်မိဖုရား၊
(၆) မြောက်ဆောင်မိဖုရား၊
(၇) တောင်ရွှေရေးဆောင် မိဖုရား၊
(၈) မြောက်ရွှေရေးဆောင် မိဖုရား၊
(၉) တန်းလျားရ မိဖုရား၊
(၁၀) တန်းလျားမရ မိဖုရား၊
(၁၁) ဒေဝီဘွဲ့ခံ မိဖုရား၊
(၁၂) မဟေသီဘွဲ့ခံ မိဖုရား၊ ♦သုခမှတ်စု

မယ်တော်မာယာ၏ အံ့ဖွယ် ၁၂ ပါး

(၁) တစ်ကွမ်းစားအိုးမှ ဘယ်အခါမှ ထမင်းမလျော့သောအိုးကို ရရှိခြင်း၊
(၂) အနာနှိပ်စက်သူအား ကိုင်တွယ်လျင် အနာပျောက်ကင်းနိုင်ခြင်း၊
(၃) အလိုရှိမူ ကိုင်တွယ်သောဝတ္ထုမှန်သမျှ ရွှေဖြစ်ခြင်း၊
(၄) မျိုးစေ့ သစ်စေ့ကို စိုက်လျင် ချက်ချင်းသီးပွင့်ခြင်း၊
(၅) ရေအလိုရှိက တောင်ထိပ်မှ ရေထွက်ခြင်း၊
(၆) အစာလိုက တောင်စောင့် မြို့စောင့်နတ်တို့က ပေးခြင်း၊
(၇) အဝတ်လိုက နတ်တို့ပေးခြင်း၊
(၈) အိပ်သော် နတ်မင်း ရှစ်ယောက် အမြဲစောင့် ရှောက်ရခြင်း၊
(၉) လမ်းသွားရာတွင် ဗကနတ်တို့က စောင့်ရှောက်ရခြင်း၊
(၁၀) ပူအိုက်သည်ရှိသော နတ်တို့က ရေလာဆက်ခြင်း၊
(၁၁) ချမ်းအေးသော် နတ်တို့က ပုဆိုးဆက်ခြင်း၊
(၁၂) အလှူဒါနပြုလိုမူ ရတနာမိုး ရွာချခြင်း၊ ♦သုခမှတ်စု

မင်္ဂလာ ၁၂ ပါး

(၁) ဂဗ္ဘသာဝကမင်္ဂလာ= ပဋိသန္ဓေစွဲသည့်နေ့ကစ၍ ရံခါရံခါ မင်္ဂလာပြုပေးခြင်း၊
(၂) ဝိဇာတမင်္ဂလာ= ဖွားမြင်သောအခါ ပြုသောမင်္ဂလာ၊
(၃) အာဟာရပရိဘောဂမင်္ဂလာ= သူငယ်ကို ထမင်းခွံ့သော မင်္ဂလာ၊
(၄) တမုလဘတ္တ မင်္ဂလာ= ကွမ်းခွံ့သောမင်္ဂလာ၊
(၅) ဒေါဠာကရဏမင်္ဂလာ= ဧယာဉ်လွှဲသော မင်္ဂလာ၊
(၆) ကေသစ္ဆေဒနမင်္ဂလာ= ဆံပယ်သော မင်္ဂလာ၊
(၇) ဂေဟာကရဏ မင်္ဂလာ= အိမ်သစ်တက်သော မင်္ဂလာ၊
(၈) သာမဏေရပဗ္ဗဇ္ဇမင်္ဂလာ= ရှင်ပြုသော မင်္ဂလာ၊
(၉) ကဏ္ဏဝိဇ္ဈနမင်္ဂလာ= နားသသော မင်္ဂလာ၊
(၁၀) ဒုဿဂဟနမင်္ဂလာ= ပုဆိုးထဘီဝတ်သော မင်္ဂလာ၊
(၁၁) စူဠဂဟနမင်္ဂလာ= ဆံထုံးဥသျှောင်ထုံးသော မင်္ဂလာ၊
(၁၂) အာဝါဟဝိဝါဟမင်္ဂလာ= လက်ထပ်မင်္ဂလာ၊ ♦သုခမှတ်စု

မင်းကျင့်တရား ၁၂ ပါး

(၁) ရတနာသုံးပါးကိုပြစ်မှားတော်မမူခြင်း၊
(၂) အဘိဇ္ဈာကို ရှောင်တော်မူခြင်း၊
(၃) အလှူပေးသူတို့အား နှစ်လိုတော်မူခြင်း၊
(၄) ပညာရှိတို့ကို မြတ်နိုးစွာ ပေါင်းယှဉ်တော်မူခြင်း၊
(၅) လျင်စွာအလှူပေးတော်မူခြင်း၊
(၆) ဓမ္မသတ် စသော အရိုးကို ယူတော်မူခြင်း၊
(၇) ပုံစံနည်းနာကို ယူတော်မူခြင်း၊
(၈) ပုံပြင်ကို ယူတော်မူခြင်း၊
(၉) ပဉ္စသီငါးပါးကို ဆောက်တည်တော်မူခြင်း၊
(၁၀) အမျက်ကို ချုပ်တော်မူခြင်း၊
(၁၁) အကုသိုလ် ဒွါဒသကို ပြုတော်မူခြင်း၊
(၁၂) ပြည်သူရဟန်းတို့အား ကောင်းစွာ အုပ်ချုပ်တော်မူခြင်း၊ ♦သုခမှတ်စု

မင်းတိုင်း ၁၂ မူ

(၁) တမာစေး၊
(၂) လျှော်၊
(၃) ကော်၊
(၄) အုံတုံ၊
(၅) လဲမှို့၊
(၆) တင်လဲ၊
(၇) ဥသျှစ်၊
(၈) မုရိုးစစ်မီးသွေး၊
(၉) ထန်းဖူးစည်း၊
(၁၀) မန်ကျည်းမှည့်၊
(၁၁) ရေနံ၊
(၁၂) ပွဲလျက်၊ အထက်အရာများကို အသည်ဝန်၊ အသည်စာရေးတို့က အသည်၊ အလာ၊ ကပ်ပါးတို့ထံမှ လွှတ်တော်ကို အလိုရှိသည့် အခါတိုင်း ခွဲခန့်တောင်းခံ ဆက်သွင်းရသည်၊ ♦သုခမှတ်စု

မာန်တက်ခြင်း ၁၂ ပါး

(၁) သေယျမန်= ငါမြတ်၏ဟု မာန်တတ်ခြင်း၊
(၂) သဒိသမာန်= ငါသူတို့နှင့်တူ၏ဟု မာန်တက်ခြင်း၊
(၃) ဟီနမာန်= ငါသူတို့အောက် ယုတ်၏ဟု မာန်တက်ခြင်း၊
(၄) သေယျဿ သေယျမာန်= မြတ်သည်ဖြစ်လျက် ငါမြတ်၏ဟု မာန်တက်ခြင်း၊
(၅) သေယျဿ သဒိသမာန်= မြတ်သည်ဖြစ်လျက် ငါသူနှင်တူ၏ဟု မာန်တက်ခြင်း၊
(၆) သေယျဿဟီနမာန်= မြတ်သည်ဖြစ်လျက် ငါသူတို့အောကယုတ်၏ ဟု မာန်တက်ခြင်း၊
(၇) သဒိသဿ သေယျမာန်= သူနှင့်တူသည်ဖြစ်လျက် သူထက်မြတ်၏ဟု မာန်တက်ခြင်း၊
(၈) သဒိသဿ သဒိသ မာန်= သူနှင့်တူသည်ဖြစ်လျက် သူနှင့်တူ၏ဟု မာန်တက်ခြင်း၊
(၉) သဒိသဿ ဟီနမာန်= သူနှင့်တူသည်ဖြစ်လျက် သူ့အောက်ယုတ်၏ဟုမာန်တက်ခြင်း၊
(၁၀) ဟနီဿ သေယျမာန်= သူ့အောက်ယုတ်လျက် သူ့ထက်မြတ်၏ဟု မာန်တက်ခြင်း၊
(၁၁) ဟီနဿ သဒိသမာန်= သူ့အောက်ယုတ်လျက် သူနှင့်တူ၏ဟု မာန်တက်ခြင်း၊
(၁၂) ဟီနဿ ဟီနမာန်= သူအောက်ယုတ်လျက် သူ့အောက်ယုတ်၏ဟု မာန်တက်ခြင်း၊ ♦သုခမှတ်စု

မိန်းမ တစ်ကျိပ်နှစ်ယောက်

(၁) သာရက္ခ= အစောင့်အရှောက်နှင့်တကွဖြစ်သော မိန်းမ(လင်ရှိမိန်းမ)၊ ပေးစားရန် စပ်ထားသော မိန်းမ၊
(၂) သပရိဒဏ္ဍ= ဒဏ်ထားသော မိန်းမ၊
(၃) ဓနကရီက= ဥစ္စာဖြင့်ဝယ်သော မယား၊
(၄) ဆန္ဒဝါသိနီ= နှစ်ဦးအလိုတူ၍နေသော မယား၊
(၅) ဘောဂဝါသိနီ= စည်းစိမ်ကြောင့်နေသော မယား၊
(၆) ပဋဝါသိနီ= အဝတ်ပုဆိုးပေး၍ ပေါင်းဖော်အပ်သော မယား၊
(၇) သြဒကပတ္တကိနီ= ရေခွက်၌လက်စုံချ၍ ထိမ်းမြားအပ်သော မယား၊
(၈) သြဘဋစုမဋ= ခေါင်းခုကိုချစေ၍ နေသောမယား၊
(၉) ဒါသီစ ဘရိယ= ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မယား၊
(၁၀) ကမ္မကာရီစ ဘရိယ= အမှုလုပ်လည်းဖြစ် မယားလည်းဖြစ် သောမယား၊
(၁၁) ဇောဟဋ= စစ်တိုက်ရာမှဆောင်လာသော မယား၊
(၁၂) မုဟုတ္တိက= တစ်ခဏမျှနေသော ပြည့်တန်ဆာမ စသော မယား၊ ♦သုခမှတ်စု

မြားရေး ၁၂ ပါး

(၁) မြားကို မကန်းကွက်ဖြစ်အောင် ပစ်လွှတ်ခြင်း၊ (သရဝဋ္ဋနအတတ်)၊
(၂) မြားကိုစက်ဝန်းဖြစ်အောင်ပစ်လွှတ်ခြင်း၊ (စက္ကဝိမဓံသနအတတ်)
(၃) မြားကို နွယ်တန်းဖြစ်အောင်ပစ်လွှတ်ခြင်း၊ (သရလဋ္ဌိအတတ်၊)
(၄) မြားကို ကြိုးနွယ်ဖြစ်အောင် ပစ်လွှတ်ခြင်း၊ (သရရဇ္ဇု အတတ်၊)
(၅) မြားကို မြားခြင်းမှန်အောင် ပစ်လွှတ်ခြင်း၊ (သရပဋိဗာဟနအတတ်၊)
(၆) မြားကို မြားပြသားဒ်ဖြစ်အောင် ပစ်လွှတ်ခြင်း၊ (သရပါသာဒအတတ်၊)
(၇) မြားကို မြားမဏ္ဍပ်ဖြစ်အောင်ပစ် လွှတ်ခြင်း၊ (သရမဏ္ဍပအတတ်၊)
(၈) မြားကို စောင်းတန်း ဖြစ်အောင် ပစ်လွှတ်ခြင်း၊ (သရသော ပါနအတတ်၊)
(၉) မြားကို မိုးရွာသကဲ့သို့ဖြစ်အောင် ပစ်လွှတ်ခြင်း၊ (သရဝဿ အတတ်၊ )
(၁၀) မြားကိုတံတိုင်းခတ်သကဲ့သို့ဖြစ်အောင် ပစ်လွှတ်ခြင်း၊ (သရပါကာရ အတတ်၊)
(၁၁) မြားကို ရေကန်ကဲ့သို့ဖြစ်အောင် ပစ်လွှတ်ခြင်း၊ (သရပေါကတရဏီ အတတ်)၊
(၁၂) မြားကို ကြာချပ်ကဲ့သို့ဖြစ်အောင် ပစ်လွှတ်ခြင်း၊ (သရပဒုမ အတတ်၊) ♦သုခမှတ်စု

ယိုးဒယား ၁၂ ခန်း (မဟာဂီတ)

(၁) ဖရင်းချား= ပန်းမြိုင်လယ် ယိုးဒယားသီချင်း၊
(၂) ငုငစ်= မှိုင်းမှုန်ပြာညို၊
(၃) ခမိန်= တောတောင်ဆွယ်၊
(၄) ထနောက်= တော မြိုင်ခြေလမ်း၊
(၅) ခက်မွန်= နှင်းယွန်းခါဟေမန်၊
(၆) ထပ်တွန့်= ခိုင်ပန်းစုံ၊
(၇) ဖရံတင်= ရွှေကညာ၊
(၈) မဟိုးသီး= ဝေဇယန္တာ၊
(၉) ချွတ်ချံ= မှော်ရုံဟေဝန်၊
(၁၀) ဖရင်း= အေးအေးခြူရေးချိုက်၊ (လွမ်းပိုအောင်) ချူချာလည်းခေါ်၏၊
(၁၁) ကပီ= ဆန်းနွေဦး၊
(၁၂) ကရောင်း= တောမြိုင်စွန်း၊ ♦သုခမှတ်စု

ယိုးဒယား ၁၂ ခန်း(ဂတီ)

(၁) ဖရံတင်= ရွှေကညာ အစချီယိုး ဒယား၊
(၂) ခက်မွန် = နှင်းယွန်းသောဟေမန်၊
(၃) ခမိန်= တောတောင်ဆွယ်၊
(၄) ထနောက်= တောမြိုင်ခြေလှမ်း၊
(၅) ဖျင်းခြား= ပန်းမြိုင်လယ်၊
(၆) ထပ်တွန့်= ခိုင်ပန်းစုံ၊
(၇) ချွတ်ချ= မှော်ရုံဟေဝန်၊
(၈) ငုငစ်= မှိုင်းမှုန်ပြာညို၊
(၉) ချူချား= လွမ်းပိုအောင် အစချီ ယိုးဒယားသီချင်း၊
(၁၀) ကပီ= ဆန်းနွေဦး၊
(၁၁) အလေဟေ့= တလိုင်း စိတ်ခြယ်ညိုလင်း အစချီသီချင်း၊ (တလိုင်းသံပါနေသည်)၊
(၁၂) မဟိုရ်သီ= ဝေဇယန္တာအစချီယိုးဒယားသီချင်း၊ ♦သုခမှတ်စု

ရဟန်းတို့ ရောင့်ရဲခြင်း သန္တောသ ၁၂ ပါး

(၁) ယထာလာဘ သန္တောသ= ရသမျှ သောလာဘ်ဖြင့် ရောင့်ရဲခြင်း၊
(၂) ယထာဗလ သန္တောသ= အလွန်ကြီး ရလာသော်လည်း မိမိအားဖြင့် လျော်ခုံမျှသော သုံးဆောင်ခြင်း၊
(၃) ယထာသာရုပ္ပ သန္တောသ= ရရသမျှတို့တွင် အယုတ်ကိုသာ သုံးခြင်း၊ “သုံးပါးသည် (က) ဆွမ်း၌လည်းကောင်း၊ (ခ) သင်္ကန်း၌လည်းကောင်း၊ (ဂ) ကောင်း၌လည်းကောင်း၊ (ဃ) ဆေး၌ လည်းကောင်း= သုံးပါးစီဝေဖန်၍ ၁၂ ပါး ဖြစ်၏၊ ♦သုခမှတ်စု

ရဟန်းတို့ရှောင်အပ်သော အနေသန ၁၂ ပါး

(၁) ဝေဠုဒါနံ= ဝါးပေးခြင်း၊
(၂) ပတ္တဒါနံ= သစ်ရွက်ပေးခြင်း၊
(၃) ပုပါ်ဒါနံ= ပန်းပေးခြင်း၊
(၄) ဖလဒါနံ= သစ်သီးပေးခြင်း၊
(၅) ဒန္တကဋ္ဌဒါနံ= ဒန်ပူပေးခြင်း၊
(၆) မုခေါဒကဒါနံ= မျက်နှာ သစ်ရေပေးခြင်း၊
(၇) သိနာနဒါနံ= မျက်နှာချေပေးခြင်း၊
(၈) စုဏ္ဏဒါနံ= ကသယ် မှုန့်ပေးခြင်း၊
(၉) မတ္တိကဒါနံ= မြေစိုင်ပေးခြင်း၊
(၁၀) စာဋုကမျတာ= ချစ်ဖွယ်သောစကားကိုဆိုခြင်း၊
(၁၁) မုဂ္ဂသူပကထာ= ပဲနောက်ဟင်းသည် တစ်ချို့နပ် တစ်ချို့မနပ်သကဲ့သို့ စကားဆိုခြင်း၊
(၁၂) ပရဘိ တျကထာ= အမျိုးသားငယ်ကို ချီပိုးခြင်း၊ ဇင်္ယပေသနီယ ကမ္မံ= သလုံး မြင်းခေါင်းဖြင့် အစေအပါးခံခြင်း၊ ဝေဇ္ဇကမ္မ= ဆေးကုခြင်း၊ ဒူတကမ္မ= တမန်အဖြစ်သွားခြင်း၊ ဗဟုဂမန= ဒါယကာတို့ လယ်ယာ စသော အပသို့သွားခြင်း၊ ပိဏ္ဏပဋိပဏ္ဍိ ဒါန= လာဘ်ကိုငဲ့၍ ဆွမ်းတုံ့ပေးခြင်း၊ အနုပ္ပဒါန= လာဘ်ကိုငဲ့၍ တံစိုးပေးခြင်း၊ဝတ္ထုဝိဇ္ဇာ= ဘူမိနက်သန် မြေကြန်အတတ်၊ နက္ခတ္တဝိဇ္ဇာ= နက္ခတ်တာရာအတတ်၊ အင်္ဂဝိဇ္ဇာ= အင်္ဂဝိဇ္ဇာအတတ်၊ ♦သုခမှတ်စု

ရာသီ ၁၂ ပါး

(၁) မိဿ= တန်ခူး၊
(၂) ပြိဿ= ကဆုန်၊
(၃) မေထုန်= နယုန်၊
(၄) ကာရကဋ်= ဝါဆို၊
(၅) သိဟ်= ဝါခေါင်၊
(၆) ကန်= တော်သလင်း၊
(၇) တူ= သီတင်းကျွတ်၊
(၈) ဗြိစ္ဆာ= တန်ဆောင်မုန်း၊
(၉) ဓနု= နတ္တော်၊
(၁၀) မကာရ= ပြာသို၊
(၁၁) ပုံ= တပို့တွဲ၊
(၁၂) မိန်= တပေါင်း၊ ♦သုခမှတ်စု

ရာသီ ၁၂ ပါး၊ ပန်းနက္ခတ်နှင့် ပွဲတော်များ

(၁) တန်ခူးလ= မဿိ ရာသီ၊ စိတြနက္ခတ်နှင့် ယှဉ်၍ ရင်ခတ်ကံ့ကော်ပွင့်၊ သင်္ကြန်ပွဲ၊
(၂) ကဆုန်လ= ပြိဿရာသီ၊ ဝိသာခါ နက္ခတ်နှငယ့်ှဉ်၍ စကားပန်း၊ ညောင်ရေပ၊ွဲ
(၃) နယုန်လ= မေထုန်ရာသီ၊ ဇေဋ္ဌနက္ခတ်နှင့်ယှဉ်၍ စံပယ် မြတ်လေးပွင့်၊ စာပြန်ပွဲ၊
(၄) ဝါဆိုလ= ကရကဋ်ရာသီ၊ အာသဠှီ နက္ခတ်နှင့်ယှဉ်၍ ပုန်းညက်ပွင့်၊ ပဉ္စင်းခံပွဲ၊
(၅) ဝါခေါင်လ= သိဟ်ရာသီ၊ သရဝဏ် နက္ခတ်နှင့်ယှဉ်၍ ခတ္တာပွင့်၊ စာရေးတံ ဒါနပွဲ၊
(၆) တော်သလင်းလ= ကန်ရာသီ၊ အဒြနက္ခတ်နှင့်ယှဉ်၍ ရင်းမာပွင့်၊ လှေပွဲ၊
(၇) သီတင်းကျွတ်လ = တူရာသီ၊ အဿဝဏီ နက္ခတ်နှင့်ယှဉ်၍ ကြာမျိုးငါးပါးပွင့် မြင့်မိုရ်မီးပွဲ၊
(၈) တန်ဆောင်မုန်းလ= ဗြိစ္ဆာရာသီ၊ ကြတ္တိကာနက္ခတ်နှင့်ယှဉ်၍ ခဝဲပွင့်၊ ကထိန်ပွဲ၊
(၉) နတ်တော်လ= ဓနုရာသီ၊ မိဂသီနက္ခတ်နှင့်ယှဉ်၍ ဂမုန်း အင်၊ သဇင်ပွင့်၊ နတ်ပွဲ မဟာပိန္နဲပွဲ၊
(၁၀) ပြာသိုလ= မကာရရာသီ၊ ဖုသျှနက္ခတ်နှင့်ယှဉ်၍ ခွာညိုပွင့်၊ မြင်းခင်းသဘင်ပွဲ၊
(၁၁) တပို့တွဲလ = ကုံရာသီ၊ မာဃနက္ခတ်နှင့်ယှဉ်၍ ပေါက်လဲပွင့်၊ မီးပုံးပွဲ၊ ယာဂုပွဲ၊
(၁၂) တပေါင်းလ= မိန်ရာသီ၊ ဖဂ္ဂုဏနက္ခတ်နှင့်ယှဉ်၍ အင်ကြင်း သရဖီ ပိတောက်ဖူး၊ သဲပုံစေတီပွဲ၊ ♦သုခမှတ်စု

ရာသီမိုး ၁၂ ပါး

မြန်မာမင်းအုပ်ချုပ်ပုံ၊ ဒု
(၁) သင်္ကြန်မိုး = တန်ခူး မည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး၊
(၂) မြေသင်းမိုး= ကဆုန်လအတွင်း၊ မြေသင်း ပျ့ ပျ့၊ မိုး နံ့နံ့၊
(၃) မြက်သားမိုး =နယုန် မိုးသေး၊ မြက်သားမွေး၊
(၄) မိကျောင်းမိုး= ဝါဆိုတစ်ကြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး၊
(၅) မိုးဖွဲဖွဲ= ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ခြစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်းတဖွဲဖွဲ၊
(၆) စားဖိုဆင်းရဲမိုး= တော်သလင်းတိမ်ညို၊ စာဖိုသည်ဆင်းရဲ၊ မိုးမစဲ၊
(၇) ပလ္လင်ဆေးမိုး= သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး၊
(၈) ဆီးနှစ်းတစ်လိုက်၊ မိုး တစ်ဖြိုက်= တန်ဆောင်မုန်းအတွင်း၊ ဆီးနှင်း တစ်လိုက်၊ မိုးတစ်ဖြိုက်၊
(၉) ဓားလှီးမိုး= နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မိုးဓားလှီး၊
(၁၀) နှမ်းပျက်မိုး= ပြာသိုအတွင်း၊ ဆီးနှင်းရောယှက်၊ နှမ်းထောင်ပျက်၊
(၁၁) ကျန်မိုးကြွင်း= တပို့တွဲ၊ ဖွဲ့နွဲ့ရွာခြင်း၊ ကျန်မိုးကြွင်း၊
(၁၂) မိုးသားကြူး= တပေါင်းတန်ခူး၊ မိုးသားကြူး၊ ♦သုခမှတ်စု

ရွှေစင် ၁၂ ပါး

ရာဇောဝါဒ
(၁) နီဖလံ၊
(၂) နာရဏီ၊
(၃) နာရဝေါ၊
(၄) နာလိကာ၊
(၅) နာလိမုတ္တာ၊
(၆) အဉ္စန၊
(၇) အဉ္စနိမုတ္တ၊
(၈) အုဇတာစနီ၊
(၉) ဇာတရူပ၊
(၁၀) ဥရနီတာ၊
(၁၁) သိင်္ဂနိက္ခ၊
(၁၂) ဇမ္ဗူရာဇ်၊ ♦သုခမှတ်စု

လှေတော် ၁၂ ပါး

(၁) သုံးလုပူဇော်၊
(၂) သုံးလုကြငှန်း၊
(၃) ပြည်ကြီးနောင်၊
(၄) ဝဇီရသင်္ခ၊
(၅) အောင်သာတန်ခိုး၊
(၆) မိုးအောက်ကြယ်၊
(၇) စွယ် လက်ယာသစ်၊
(၈) နဝရတ်၊
(၉) ပြည်ကြီးဝမ်း၊
(၁၀) တင့်ရာပြည့်စုံ၊
(၁၁) လင်းဇင်း၊
(၁၂) နဂါးကြေး၊ ♦သုခမှတ်စု

လှေလှော်ခြင်းဟန် ၁၂ ပါး

(၁) ရေပေါက်ကြဲဟန်၊
(၂) ပုလဲ သီဟန်၊
(၃) ဟင်္သာဖိုဝဲဟန်၊
(၄) ဟင်္သာ အဖော်ခေါ်ဟန်၊
(၅) ဇင်ယော်သုတ်ဟန်၊
(၆) ဇင်ယော်ဝဲဟန်၊
(၇) အိမ်မိုးခြင်တင်ဟန်၊
(၈) နတ်သမီးပန်းကုံးဟန်၊
(၉) နတ်သမီး ပန်းကုံး ဆင်ဟန်၊
(၁၀) ပန်းဆွန်ဟန်၊
(၁၁) ပန်းဝတ်ချွေဟန်၊
(၁၂) ပန်းတောင်ချီဟန်၊ ♦သုခမှတ်စု

ဝဋ်တော် ၁၂ ပါး

အပါဒါန် အဋ္ဌကထာ၊ ပ၊
(၁) ဒုက္ကရ စရိယာခြောက်နှစ်ကျင့်ရခြင်း၊ ကဿပဘုရားလက်ထက် ဇောတိပါလပုဏ္ဏားဖြစ်စဉ် ဘုရားဖြစ်မည်ဆိုလျှင် ခြောက်လမဟုတ် ခြောက်နှစ် ဒုက္ကရစရိယာကျင့်ပါမည်ဆိုသော ဝစီပါက်တော်၊
(၂) စိဉ္စမာဏ ကိုယ်ဝန်နှင့်တကွ စွပ်စွဲခြင်းခံရခြင်း၊ ရှေးအခါသေသောက်ကြူးဖြစ်စဉ် ပစ္စေကဗုဒ္ဓါတစ်ပါးအား ဆွမ်းရပ်နေတော်မူရာရာ အကျင့်ယုတ်ဟုပြောမိခြင်း ဝိပါက်တော်၊
(၃) သုန္ဒရီပရိဗိုဇ်မ၏ အစွပ်စွဲခံရခြင်း၊ ရှေးအခါ မုနာဠိအမည်နှင့် လူဖြစ်စဉ် ပစ္စေကဗုဒ္ဓါအား အကျင့်ယုတ်ဟု စွပ်စွဲခဲ့ခြင်း ဝိပါက်တော်၊
(၄) သုန္ဒရီသေရာတွင် တိတ္ထိတို့ သတင်းလွှင့်၍ လူအများယုံမှားခံရခြင်း၊ အလောင်းတော် ရသေ့ဖြစ်စဉ် စျာန်ပျံရသေ့တစ်ဦးအား ငြူစူခဲ့ဖူးသော ဣဿာဝိပါက်တော်၊
(၅) ဒေဝဒတ်၏ ကျောက်တုံး လှိမ့်ချခြင်းကို ခံရခြင်း၊ သူကြွယ်မျိုးဖြစ်စဉ် ညီကိုလှည့်ဖြားခေါ်သွား၍ ကျောက်လွှာဖြင့် ဖိညှပ် ထုသတ်ခဲ့မိသော ဝိပါက်တော်၊
(၆) ကျောက်လွှာထိခြင်းကြောင့် ခြေမတော်တွင် သွေးစိမ်းတည်ရခြင်း၊ ရှေးက သူငယ်ဖြစ်စဉ် ပစ္စေကဗုဒ္ဓါတစ်ပါးအား ခဲဖြင့်ပစ်ရာခြေတွင်သွေးယိုခဲ့ဖူးသောဝိပါက်တော်၊
(၇) ဆွမ်းခံကြွတော်မူရာ ဒေဝဒတ်တို့၏ အစီရင်ဖြင့် နာဠာဂီရိဆင်နှင့်တွေ့ခြင်း၊ ရှေးအခါ ဆင်ထိန်းဖြစ်စဉ် ရှင်ပေစ္စကဗုဒ္ဓါ တစ်ပါးအား ဒေါသနှင့် ဆင်နှင့် လိုက်၍ တိုက်ခဲ့သော ဝိပါက်တော်၊
(၈) ခြေမတော်တွင် ကျောက်လွှာကြောင့်အနာတည်ရာ ဇီဝက ဓားနှင့်ခွဲခြင်း၊ ပဒေသရာဇ်မင်းဖြစ်စဉ် မူးယစ်သောက်စား၍ လူအရှင်လတ်လတ်ကို ဓားဖြင့်ထိုးဖြတ်ခြင်း ပြုခဲ့သော ဝိပါက်တော်၊
(၉) ရံဖန်ရံခါ ခေါင်းခဲတော်မူရခြင်း၊ ရှေးအခါ တံငါဖြစ်စဉ် ငါးဦး ခေါင်းကို ထုရိုက်ရာတွင် ဝမ်းမြောက်ခဲ့ဖူးသော ဝိပါက်တော်၊
(၁၀) မာရ်နှိုးဆော်၍ ဝေရဉ္စာတိုင်းသားတို့၏ ကပ်လှူသော မုယောဆွမ်းကို စားတော်မူရခြင်း၊ မထင် မရှားသော အမျိုးသားဖြစ်စဉ် ရဟန်းတော်များ ဆွမ်းစားနေသည်ကို ဆွမ်းကြမ်းစားဟု ပြစ်မှားပြောဆိုခဲ့ဖူးသော ဝိပါက်တော်၊
(၁၁) ခါးတော်ကိုက်ခဲသော ဝေဒနာခံစားရခြင်း၊ ရှေးသောအခါ လက်ဝှေ့သမားဖြစ်စဉ် နိုင်လျှင် ခါးရိုးကို မြေနှင့်ကိုင်ရိုက်ခဲ့ဖူးသော ဝိပါက်တော်၊
(၁၂) ဆဒ္ဒန်ဆယ်စီးအားကြီးတော်မူငြားသော်လည်း ဝမ်းတော်သွန်၍ အလွန်အားနွဲ့တော်မူရခြင်း၊ ဆေးဆရာဖြစ်စဉ် သူဌေးသားတစ်ယောက်အား ကုစားရာ အခမပေးလို၍ မသက်သာသေးဟု လိမ်လည်ပြောဆိုရာတွင် ဝမ်းလားဆေးကို တိုက်ကျွေးခဲ့ဖူးသော ဝိပါက်တော်၊ ♦သုခမှတ်စု

ဝဏ္ဏပဓာန (အဆင်းအရောင်) ၁၂ ပါး

(၁) အညို ရောင်၊
(၂) အရွှေရောင်၊
(၃) အဖြူရောင်၊
(၄) အနီရောင်၊
(၅) မိုးသားရောင်၊
(၆) မီးခိုးရောင်၊
(၇) ပန်းရောင်၊
(၈) ရေညှိရောင်၊
(၉) အရိပ်ရောင်၊
(၁၀) အပူရောင်၊
(၁၁) အလင်းရောင်၊
(၁၂) အမှောင်ရောင်၊ ♦သုခမှတ်စု

ဝိပ္ပလ္လာသ(မှောက်မှားသောတရား) ၁၂ ပါး

(၁) အသုဘေ သုဘသညာ= မတင့်တယ်သော ခန္ဓာငါးပါး၌ တင့်တယ်၏ဟု မှတ်ထင်ခြင်း၊
(၂) အနိစ္စေ နိစ္စသညာ= အမြဲမတည်သော ခန္ဓာငါးပါး၌မြဲ၏ဟု မှတ်ထင်ခြင်း၊
(၃) ဒုက္ခေသုခသညာ= ဆင်းရဲအတိသာဖြစ်သော ခန္ဓာငါးပါး၌ ချမ်းသာ၏ဟု မှတ်ထင်ခြင်း၊
(၄) အနတ္တေ အတ္တသညာ= အနှစ်သာရ အတ္တမဟုတ်သော ခန္ဓာငါးပါး၌ အနှစ်သာရ အတ္တ ဟုတ်၏ဟု မှတ်ထင်ခြင်း၊ (အထက်''လေးပါးကား သညာဝိပ္ပလ္လာသ ၄ ပါးတည်း)၊
(၅) အသုဘေသုဘဒိဋ္ဌိ= အသုဘ၌ သုဘဟုမြင်ခြင်း၊
(၆) အနိစ္စေနိစ္စ ဒိဋ္ဌိ= အနိစ္စ၌နိစ္စဟုမြင်ခြင်း၊
(၇) ဒုက္ခေ သုခဒိဋ္ဌိ= ဒုက္ခ၌သုခဟုမြင်ခြင်း၊
(၈) အနတ္တေ အတ္တဒိဋ္ဌိ= အနတ္တ၌ အတ္တဟုမြင်ခြင်း၊ (အထက်''လေးပါးကား ဒိဋ္ဌိဝိပ္ပလ္လာသ ၄ ပါးတည်း)၊
(၉) အသုဘေ သုဘစိတ္တ= အသုဘ၌ သုဘဟုကြံတတ်ခြင်း၊
(၁၀) အနိစ္စေနိစ္စစိတ္တ= အနိစ္စ၌နိစ္စဟုကြံတတ်ခြင်း၊
(၁၁) ဒုက္ခေ သုခစိတ္တ= ဒုက္ခ၌ သုခဟု ကြံတတ်ခြင်း၊
(၁၂) အနတ္တေ အတ္တစိတ္တ= အနတ္တ၌ အတ္တဟု ကြံတတ်ခြင်း၊ (အထက်ပါ “လေးပါးကား စိတ္တဝိပ္ပလ္လာသ ၄ ပါးတည်း)၊ ♦သုခမှတ်စု

သမားတို့ သွေးမစမ်းရသောသူ ၁၂ ယောက်

(၁) နေပူမီးပူခံပြီး စသူ၊
(၂) ရေချိုး ပြီးစသူ၊
(၃) အိပ်ပျော်နေသောသူ၊
(၄) ထမင်းစားဆဲသူ၊
(၅) ဆာလောင် မွတ်သိပ်နေသောသူ၊
(၆) အပူစာ မှီဝဲပြီးစသူ၊
(၇) မေထန်ကြူး နေသောသူ၊
(၈) ဒေါသဝင်နေသောသူ၊
(၉) ဘောဇဉ်စားပြီးစသူ၊
(၁၀) ဆီလိမ်းနယ်နေသောသူ၊
(၁၁) ပင်ပန်းနေသောသူ၊
(၁၂) လျောင်းနေသောသူ၊ ♦သုခမှတ်စု

သမားအင်္ဂါ ၁၂ ပါး

(၁) နာနာနယသုဂန္ထ= အထူးထူးသော ဆေးကျမ်းတို့ကို တတ်သိခြင်း၊
(၂) ဒိဋ္ဌကမ္မသမ္ပန္န= လက်တွေ့ကုထုံးဥပဒေသရှိခြင်း၊
(၃) ဒက္ခ= ဆေးကုအရာ လိမ္မာခြင်း၊
(၄) ဟတ္ထသီဃံ= အကိုင်အတွယ် လက်လျင်မြန်ခြင်း၊
(၅) ပရပသန္န= သူတစ်ပါးတို့၏ ကြည်ညိုလေးမြတ်ရှိထိုက်ခြင်း၊
(၆) သူရသတ္တိ= မကြောက်မလန့် ခံ့ခံ့မားမား ရဲရင့်သော တရားရှိခြင်း၊
(၇) ပဋိသန္ဓိဉာဏ= ပင်ကိုပဋိသန္ဓေဉာဏ်ကောင်းခြင်း၊
(၈) ပစ္စုပ္ပန္နဉာဏ= ပစ္စုပ္ပန်ဉာဏ် ပါရမီသမ္ဘာရနှင့် ပြည့်စုံခြင်း၊
(၉) သုဘာသိတ=သာယာနာပျော်ဖွယ်စကားချိုသာခြင်း၊
(၁၀) ဥဿဟ= ထကြွလုံ့လရှိခြင်း၊
(၁၁) ဒဗ= ဆေးကောင်းဝါးကောင်း ရှိခြင်း၊
(၁၂) သစ္စာ=မှန်ကန်လှစွာ သစ္စာတရားရှိခြင်း၊ ♦သုခမှတ်စု

သုဇာတာလှူသော ဃနာနို့ဆွမ်း၏ အကျိုး ၁၂ ပါး

(၁) မွတ်သိပ်ခြင်း ပျောက်၍ အားပြည့်ခြင်း၊
(၂) ချင်ခြင်းပျောက်၍ ရောင့်ရဲခြင်း၊
(၃) မမွေ့လျော်ခြင်းပျောက်၍ မွေ့လျော်ခြင်း၊
(၄) ပျောင်းနွမ်းခြင်းပျောက်၍ ခန့်ကျန်းခြင်း၊
(၅) အမျက်ပဋိဃာတ် ဒေါသပျောက်၍ ငြိမ်းခြင်း၊
(၆) အငြိုးဖွဲ့ခြင်းဖျောက်၍ မေတ္တာသက်ခြင်း၊
(၇) အငြင်းအခုံ ခိုက်ရန်ပျောက်၍ အချင်းချင်း မေတ္တာစပ်ခြင်း၊
(၈) သူနှစ်ဦးတို့ ချောပစ် ကုန်းတိုက်ကင်း၍ ညီညွတ်စေ့စပ်ခြင်း၊
(၉) အချမ်းပျောက်၍ လုံခြင်း၊
(၁၀) အပူ ပျောက်၍ ချမ်းသာခြင်း၊
(၁၁) ဆန့်ကျင်ခြင်း၊ ကိုယ်လက်လေးခြင်း ပျောက်၍ပေါ့ခြင်း၊
(၁၂) အိပ်မွေ့ခြင်းပျောက်၍ နေထိုင်နေစောင့်ခြင်း၊ သင်းသီးဥစ္စာ ၁၂ ပါး ♦သုခမှတ်စု

အဖျားမျိုး ၁၂ ပါး

(၁) ကိုယ်၌ဖြစ်သောအဖျား၊
(၂) စိတ်၌ဖြစ်သောအဖျား၊
(၃) နုံ့သောအဖျား၊
(၄) ထက်သောအဖျား၊
(၅) အတွင်း၌တည်သောအဖျား၊
(၆) အပ၌တည်သော အဖျား၊
(၇) ပကတိအဖျား၊
(၈) ဖောက်ပြန်သော ဝိဂတိ အဖျား၊
(၉) ကုစားလွယ်သောအဖျား၊
(၁၀) ကုစား၍ မလွယ်သောအဖျား၊
(၁၁) အစာမကြေဘဲ ဖျားသောအဖျား၊
(၁၂) အစာကြေလျက် ဖျားသော အဖျား၊ ♦သုခမှတ်စု

အာနာပါနကမ္မဋ္ဌာန်း၌ ထင်မြင်လာမြဲဖြစ်သော နိမိတ် ၁၂ ပါး

(၁) ကြယ်၏ အရောင်အဆင်းကဲ့သို့ လက်လက်ကြည်ကြည်ထင်ခြင်း၊
(၂) ပတြ္တမားလုံး ပတ္တမြားသွယ် ပတ္တမြားကုံး ပတ္တမြားခက်ကဲ့သို့ ထင်ခြင်း၊
(၃) ပုလဲလုံး ပုလဲသွယ် ပုလဲကုံးသစ်ချွန်ကဲ့သို့ထင်ခြင်း၊
(၆) ဆောက်လုံး ကြိုးကဲ့သို့လည်းကောင်း၊ တောပန်း ဆူးပန်းသွယ်ကဲ့သို့လည်းကောင်း၊ မီး ခိုး လျှံကဲ့သို့ လည်းကောင်း ထင်ခြင်း၊
(၇) ပင့်ကူချည်ပင့်ကူမျှင်ကဲ့သို့ ထင်ခြင်း၊
(၈) တိမ်တောင် တိမ်ထပ်လွှာကဲ့သို့ ထင်ခြင်း၊
(၉) ပဒုမ္မာ ကြာပွင့်ကဲ့သို့ ထင်ခြင်း၊
(၁၀) ပကတိသော ပဒုမ္မာ ကြာမျှမက အလွန်ရှုချင်ဖွယ် ဖြစ်အောင် ထင်ခြင်း၊
(၁၁) လပြည့်ဝန်း လဝိုင်းကြီးကဲ့သို့ ထင်ခြင်း၊
(၁၂) နေဝန်း နေဝိုင်းကြီးကဲ့သို့ ထင်ခြင်း၊ ♦သုခမှတ်စု

အာပေါဓာတ် ၁၂ ပါးကိုပြခြင်း

(၁) သည်းခြေ၊
(၂) သလိပ်၊
(၃) ပြည်၊
(၄) သွေး၊
(၅) ချွေး၊
(၆) အဆီ၊
(၇) မျက်ရည်၊
(၈) ဆီကြည်၊
(၉) တံတွေး၊
(၁၀) နှပ်၊
(၁၁) အစေး၊
(၁၂) ကျင်ငယ်၊ ♦သုခမှတ်စု

တက်ရေး ၁၂ ခန်း

(၁) ရေပေါက်ကြဲဟန်၊
(၂) ပုလဲ သ္ပဟန်၊
(၃) ပန်း ဝတ်ချွေဟန်၊
(၄) ဟင်္သာဖိုဝဲဟန်၊
(၅) ဟင်္သာအဖော်ခေါ်ဟန်၊
(၆) ဇင်ယော်သုတ်ဟန်၊
(၇) ဇင်ယော်ဝဲဟန်၊
(၈) အိမ်မိုးခြင်တင်ဟန်၊
(၉) နတ်သမီးပန်းကုံးဟန်၊
(၁၀) နတ်သမီး ပန်းကုံးဆင်ဟန်၊
(၁၁) ပန်းဆွတ်ခူးဟန်၊
(၁၂) ပန်းတောင်းချီဟန်၊ ♦သုခမှတ်စု

ဒေဝီ ၁၂ ပါး

လောကီကျမ်း
(၁) သတ္တဝါဘာဂါ၊
(၂) သရူ ဿတီ၊
(၃) မဟာလက္ခီ၊
(၄) ဗလိရာဇာ၊
(၅) ဝါမာသူရ၊
(၆) ဇလသင်္ချာ၊
(၇) ဂရာပါက၊
(၈) ယောဂန္တရာ၊
(၉) ကလျာဏင်္ဂါ၊
(၁၀) နန္ဒာဒေဝီ၊
(၁၁) နရိန္ဒာဒေဝီ၊
(၁၂) မဟာဗိဿနိုး၊ ♦သုခမှတ်စု

ဒေဝီ ၁၂ပါး(တစ်နည်း)

လောကီကျမ်း
(၁) သူရဿတီဒေဝီ၊
(၂) စန္ဒီဒေဝီ၊
(၃) နိဉာတဒေဝီ၊
(၄) မနောဟရီဒေဝီ၊
(၅) ဖုဿဝတီဒေဝီ၊
(၆) ရမ္မာဒေဝီ၊
(၇) ကာရဒေဝီ၊
(၈) ဂန္ဓဗီဒေဝီ၊
(၉) ဝိနတအရီဒေဝီ၊
(၁၀) စန္ဒာဒေဝီ၊
(၁၁) ပရမေသွာဒေဝီ၊
(၁၂) မဏိ မေခလာဒေဝီ၊ ♦သုခမှတ်စု

မိဘဂုဏ် ၁၂ ပါး

(၁) အာပါဒကဂုဏ် (ခွင်းပဘေးဒဏ် ရန်မာန်ကင်းပျောက်သားသမီး တို့၏ ပွားစီးခြင်းသို့ရောက်အောင် စောင့်ရှောက်တတ်သော)၊
(၂) ပေါသကဂုဏ် (နှလုံးသွေးစစ် နို့ချိုနှစ်ကို သောက်စို့စေလျက် ယုယပိုက်ထွေး မွေးကျွေးတတ်သော)၊
(၃) ဒေဿတာရဂုဏ် (ရှုဖွယ်လုံးစုံ အာရုံဟူသမျှကို ပြပေတတ်သော)၊
(၄) ဗြဟ္မာဂုဏ် (သန္ဓေတည်စ ထိုကာလမှ စ၍မှန်စွာ ဗြဟ္မာအလား သားသမီးတို့၌ ပွားစီးဗြဟ္မစိုရ် ကြည်ညိုပိုက်ကျုံး နှလုံးမူတတ်၍)၊
(၅) ပုဗ္ဗဒေဝတာ (အကျိုးများအောင် တိုးပွားစောင့်ကြပ် မစတတ်သော အိမ်ဦးနတ်နှင့်တူသော၊
(၆) ပုဗ္ဗာစရိယဂုဏ် (ဆရာတို့ထံ မအပ်နှံသေး ငယ်ရွယ်သွေးက ရှေးဦးရှေးဖျား သင်ကြားပြုပြင် သွန်သင်ပြသ ဆုံးမတတ်သော)၊
(၇) အာဟုနေယျဂုဏ် (ခရီးဝေးစွာ ဆောင်ယူလာပြီး သားသမီးတို့၏ပစ္စည်းအလှူကို ခံယူ သိမ်းပိုက်တတ်သော၊
(၈) သုဟဒဂုဏ် (သားကိုရရန် တောင်းဆုပန်၍ သည်းရန်မျက်ဖြေ သားသက်ဝေ၌ အရေထူးပါး အကြောများနှင့် ရိုး သားထွင်း ဖောက်ခြင်ဆီရောက်ထိ ချစ်ခြင်းရှိတတ်သော၊
(၉) ဇနေတ္တဂိုဏ် (ကိုးလ ဆယ်လစသည့်တစ်မူ ကြည်ဖြူနှစ်သက် ဆောင်ရွက်မကွာ ကြင်နာသနား သတို့သားကို ဖွားမြင်ပေတတ်သော)၊
(၁၀) တေသယန္တိဂုဏ် (ကိုယ်စိတ်မချမ်း ငိုမြည်တမ်းက ရွှင်လန်းစိမ့်ရေး နို့ချိုကျွေးလျက် တေးသီချင်းတို့ဖြင့်သာညင်းကျူးငြိမ့် နှစ်သိမ့်စေတတ်သော၊
(၁၁) ပေါသေနဂ္တုဏ် (လေပူနေပူ ညှဉ်းပန်းဟူက ကြည်ဖြူလန်းဆန်း မြတ်နိုးရတနာ သားသည်းချာကို ကောင်းစွာ စောင်မ ယုယလေးမြတ် မွေးပေတတ်သော)၊
(၁၂) ဂေါပယန္တိဂုဏ် (မိမျိုးဖလာ ရတနာရွှေငွေ လယ်ယာမြေကို အမွေခံနှစ် စံရစ်စရာ ဖြစ်စိမ့်ငှာဟု ကောင်းစွာသိုမှီး သိမ်းဆည်း စောင့်ရှောက်တတ်သော)၊ ♦သုခမှတ်စု

ယိုးဒယားအက ၁၂ မျိုး၊ မြန်မာ ရှေးရိုးအက ၁၂ မျိုး

(၁) မောင်းတော်အက၊
(၂) မှန်တော်ရှု အက၊
(၃) ပန်း စိုက်အက၊
(၄) သားပိုက်အက၊
(၅) ကောက်ကောက် အက၊
(၆) ဆံတော်သိမ်းအက၊
(၇) ဖျင်းချင်အက၊
(၈) ဖျင်းဖျတ်ဖျတ်အက၊
(၉) ချွတ်ကြီးအက၊
(၁၀) ချွတ်ငယ်အက၊
(၁၁) ထပီအက၊
(၁၂) ကရောင်းအက၊ ♦သုခမှတ်စု

သုညတရား ၁၂ ပါး

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ
(၁) န သတ္တော= ရုပ်ဝေဒနာစသည်တို့ကား နာမ်ရုပ် သာဖြစ်၏၊ သတ္တဝါမဟုတ်၊
(၂) န ဇီဝေါ= (ယ) ဇီဝမဟုတ်၊ အသက် မဟုတ်၊
(၃) န နရော (ယ) လူမဟုတ်၊ နတ်မဟုတ်၊
(၄) န မာဏဝေါ= (ယ) လုလင် မဟုတ်၊
(၅) န ဣတ္ထိ= (ယ) မိန်းမ မဟုတ်၊
(၆) န ပုရိသော= (ယ) ယောက်ျား မဟုတ်၊
(၇) န အတ္တာ= (ယ) အတ္တမဟုတ်၊
(၈) န အတ္တနိယံ= (ယ) အတ္တပိုင် ပစ္စည်းမဟုတ်၊
(၉) နာဟံ= (ယ) ငါမဟုတ်၊
(၁၀) န မမ= (ယ) ငါ၏ဥစ္စာမဟုတ်၊
(၁၁) န အညဿ= (ယ) သူတစ်ပါး၏ ဥစ္စာမဟုတ်၊
(၁၂) န ကဿစိ= (ယ) တစ်စုံတစ်ယောက်၏ ဥစ္စာမဟုတ်၊ ♦သုခမှတ်စု

အပျိုတော် ၁၂ ထွေအက

အနုပညာရှင် ဦးဘိုး စိန်ကြီးထံမှ
(၁) နတ်အက၊
(၂) မြင်းအက၊
(၃) ဗြောအက၊
(၄) အိုးစည်အက၊
(၅) မျောက်အက၊
(၆) ဘီလူးအက၊
(၇) ဇော်ဂျီအက၊
(၈) ဝန်အက၊
(၉) ဒိုးပတ်အက၊
(၁၀) အပြောင်အရွှမ်းအက၊
(၁၁) သူငယ်တော်အက၊
(၁၂) အဘိုးအိုအက၊ ♦သုခမှတ်စု

အပျို တော်ကကြိုး (ပလို့) ၁၂ မျိုး

(၁) မျက်ခုံး ပလို့၊
(၂) မေးပလို့၊
(၃) ပခုံး ပလို့၊
(၄) ရင်ပလို့၊
(၅) လက်ခုံးပလို့၊
(၆) လက်ခုံပလို့၊
(၇) တစ်ခြမ်းပလို့၊
(၈) အရုပ်ကြိုးလိမ်ပလို့၊
(၉) ဘယ်ခြေညာလကပ် လို့၊
(၁၀) စပုံ လို့၊
(၁၁) လက်စုံပလို့၊
(၁၂) နတ်ယိုင်အက၊ ♦သုခမှတ်စု

အာယတန ၁၂ ပါး

သဠာယတနသံယုတ်
(၁) စက္ခာယတန= စက္ခုပသာဒခေါ် မျက်စိအကြည်ဓာတ်၊
(၂) သောတာယတန= သောပသာဒခေါ်နားအကြည်ဓာတ်၊
(၃) ဃာနာယတန= ဃာနပသာဒခေါ် နှာခေါင်းအကြည်ဓာတ်၊
(၄) ဇိဝှာယတန= ဇိဝှာပသာဒခေါ် လျှာအကြည်ဓာတ်၊
(၅) ကာယာယတန= ကာယပသာဒခေါ် ကိုယ်အကြည်ဓာတ်၊
(၆) မနာယတန= စိတ် ၈၉ ခုဟု ဆိုအပ်သော မနောအကြည်ဓာတ်၊
(၇) ရူပါယတန= အဆင်းအာရုံ၊
(၈) သဒ္ဒါယတန= အသံအာရုံ၊
(၉) ဂန္ဓာယတန= အနံ့အာရုံ၊
(၁၀) ရသာယတန= အရသာအာရုံ၊
(၁၁) ဖောဋ္ဌဗာယတန= ပထဝီ တေဇောဝါယောဟု ဆိုအပ်သော ဓာတ်သုံးပါး အပေါင်း အတွေ့အာရုံ၊
(၁၂) ဓမ္မာယတန= စေတသိက် ၅၂ ပါး၊ သုခုမရုပ် ၁၆ ပါး၊ နိဗ္ဗာန်ဟု ဆိုအပ်သော ဓမ္မာရုံ၊ ♦သုခမှတ်စု

စစ်ဖြစ်ကြောင်း ၁၃ ပါး

(၁) နိုင်ငံကို လိုခြင်း၊
(၂) ဥစ္စာကိုလိုခြင်း၊
(၃) ဆင်ကောင်း မြင်းကောင်းကိုလိုခြင်း၊
(၄) သမီးကညာကိုလိုခြင်း၊
(၅) ကုန်းတိုက် ဥပါယ်ပြုခြင်း၊
(၆) သစ္စာဖောက်ပြန်ခြင်း၊
(၇) စေပါးသောစကား အနိမ့်အကျ ကိုမသိခြင်း၊
(၈) အဆွေအမျိုးတို့ကို ဖျက်ဆီးခြင်း၊
(၉) မိမိမြို့ကို မစောင့်ခြင်း၊
(၁၀) သူရဲကောင်း စစ်သည်မရှိခြင်း၊
(၁၁) ကုန်သည်တို့ကြောင်ြ့ဖစ်ခြင်း၊
(၁၂) အငြိုးဖွဲ့ခြင်း၊
(၁၃) အမျက်ကြီးခြင်း၊ ♦သုခမှတ်စု

စစ်မှုမထမ်းရသူ ၁၃ ယောက်(ဗိုလ်မှူးကြီး သတိုးမဟာဗန္ဓုလ၏အမိန့်ဆင့်စာမှ)

(၁) မျက်စိမှုံမွဲသူ၊
(၂) မျက်စိတိမ်စွဲသူ၊
(၃) မျက်ခမ်းစပ်သူ၊
(၄) ပန်းနာ ရောဂါရှိသူ၊
(၅) ဒူလာရောဂါရှိသူ၊
(၆) မှင်တက်ရောဂါရှိသူ၊
(၇) အိပ်ရာ ယောင်ယမ်းတတ်သူ၊
(၈) ကိုယ်ထက် ဒူးရှည် ပေါင်ရှည်သူ၊
(၉) ခြေသိမ်နေသူ၊
(၁၀) လက်သိမ်နေသူ၊
(၁၁) အသက် ၂၀ မပြည့်သေးသူ၊
(၁၂) အသက် ၅၀ မှ ကျော်သူ၊
(၁၃) ခေါင်းရှုပ်သူ (စိတ်နောက်သူ)၊ ♦သုခမှတ်စု

ဓူတင် ၁၃ ပါး

(၁) ပံသုကူဓူတင်= ဂဟပတိစီဝရံ ပဋိက္ခိပါမိ၊ ပံသုကူလိကင်္ဂံသမာဒိယာမိ၊ ဂ ဟပတိစီဝရံ၊ ဒါယကာတို့ လှူအပ်သော သင်္ကန်းကို၊ ပဋိက္ခိပါမိ၊ ပယ်၏၊ ပံသုကူလကင်္ဂံ၊ ပံသုကူဆောက်ခြင်းတည်းဟူသော အင်္ဂါကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊
(၂) တိစီဝရိတ်ဓူတင်= စတုတ္ထ စီဝရံ ပဋိက္ခိပါမိ၊ တေစီဝရိကဂ ႍ သမာဒိယာမိ၊ စတုတ္ထစီဝရံ၊ လေးထည်မြောက်သော သင်္ကန်းကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ တေစီဝရကိင်္ဂံ၊ တိစီဝရိတ်ဟူသော အင်္ဂါကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊
(၃) ပိဏ္ဍပါတ်ဓူတင်= အတိရေကလာဘံ ပဋိက္ခိပါမိ၊ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ၊ အတိရေကလာဘံ၊ ပိဏ္ဍိယာလောပ ဘောဇဉ်ထက်လွန်သော လာဘ်ကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ ပိဏ္ဍပါတိကင်္ဂံ၊ ပိဏ္ဍပါတ်ကျင့်ဝတ်တည်းဟူသော အင်္ဂါကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊
(၄) သပဒါနဓူတင်= လောလုပ္ပစာရံ ပဋိက္ခိပါမိ၊ သပဒါန စာရိကင်္ဂံ သမာဒိယာမိ၊ လောလုပ္ပစာရံ၊ ကုသိုလ်ဘဏ္ဍာကို ပြင်းစွာလုယက်တတ်သော တဏှာ၏ အဖြစ်တည်းဟူသော လောလုပ္ပစာရကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ သပဒါနစာရိကင်္ဂံ၊ အိမ်စဉ် ရွာစဉ် မပြတ်ခံခြင်းတည်းဟူသော သပဒါန စာရိကဓူတင်ကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊
(၅) ဧကာသနိက်ဓူတင်= နာနာသနဘောဇနံ ပဋိက္ခိပါမိ၊ ဧကာသနိကင်္ဂံ သမာဒိယာမိ၊ နာနာသန ဘောဇနံ၊ တစ်ထိုင်တည်းမှ တစ်ပါး အထူးထူးသော ဣရိယာပုတ်နေရာ၌ စားသောက်ခြင်းကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ ဧကာသနိကင်္ဂ၊ တစ်ထိုင်တည်းသာနေ၍ ဘုဉ်းပေးခြင်းတည်းဟူသော ဓူတင်ကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊
(၆) ပတ္တပိုဏ်ဓူတင်= ဒုတိယဘာဇနံ ပဋိက္ခိပါမိ၊ ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ၊ ဒုတိယ ဘာဇနံ၊ သပိတ်မှ နှစ်ခုမြောက်သော ဘောဇဉ်ထည့်ရာ ခွက်ကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ ပတ္တပိဏ္ဍိကင်္ဂံ၊ ပတ္တပိုဏ်ဟူသော အင်္ဂါကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊
(၇) ခလုပစ္ဆာ ဘတ္တိကဓူတင်= အတိရိတ္တဘောဇနံ ပဋိက္ခိပါမိ၊ ခလုပစ္ဆာ ဘတ္တိကင်္ဂံ သမာဒိယာမိ၊ အတိရိတ္တ ဘောဇနံ၊ ပဝါရိတ်သင့်လေပြီးသော နောက်မှရသည်ဖြစ်၍ ဝိနည်းကံအလျောက် အတိရိတ် ဖြစ်ပြီးသောဆွမ်းကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ ခလုပစ္ဆာဘတ္တိကင်္ဂံ၊ အတိရိတ်ဖြစ်ပြီးသည့် နောက်မှရသောပစ္ဆာဘက်ကို ဝိနည်းကံ အလျောက်ပြု၍ မဘုဉ်းပေးခြင်းတည်းဟူသော အင်္ဂါကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊
(၈) အရညကင်ဓူတင်= ဂါမန္တသေနာသနံ ပဋိက္ခိပါမိ၊ အရညိကင်္ဂံ သမာဒိယာမိ၊ ဂါမန္တသေနာသနံ၊ ဥပစာရနှင့်တကွရွာကျောင်းကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ အရိညကင်္ဂံ၊ တော၌ အရုဏ်တက်စေခြင်းတည်းဟူသော အင်္ဂါကို၊ သမာဒိယာမိ၊ ဆောက် တည်ပါ၏၊
(၉) ရုက္ခမူဓူတင်= ဆန္နံ ပဋိက္ခိပါမိ၊ ရုက္ခမူလိကင်္ဂံ သမာဒိယာမိ၊ ဆန္နံ၊ အုတ်အစရှိသော ငါးပါးသော မိုးအပ်သောအရိပ်ကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ ရုက္ခမူလိကင်္ဂံ၊ သစ်ပင်ရင်း၌သာ နေခြင်းကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊
(၁၀) အဗ္ဘောကာသိဓူတင်= ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ၊ အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ၊ ဆန္နဉ္စ၊ အမိုးကိုလည်းကောင်း၊ ရုက္ခမူလဉ္စ၊ သစ်ပင်ရိပ်ကို လည်းကောင်း၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ အဗ္ဘောကာသိကင်္ဂံ၊ လွင်ဖြစ်သော ကောင်းကင်ရိပ်၌ နေခြင်းကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊
(၁၁) သုသာန်ဓူတင်= နသုသာနံ ပဋိက္ခိပါမိ၊ သောသာနိကင်္ဂံ သမာဒိယာမိ၊ နသုသာနံ သုသာနကော အညံ၊ သုသာန် လက္ခဏာမရှိသော တစ်ပါးသော နေရာအရပ်ကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ သောသာနိ ကင်္ဂံ၊ သုသာန်လက္ခဏာရှိသော အရပ်၌ နေခြင်း ကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊
(၁၂) ယထာသန္ဓတိဓူတင်= သေနာသန လောလုပ္ပံ ပဋိက္ခိပါမိ၊ ယထာသန္ဓကို ကင်္ဂံ သမာဒိယာမိ၊ သေနာသန လောလုပ္ပံ၊ ရဟန်းတစ်ပါးကို ထစေခြင်း၊ တိုးဝှေ့၍ အိပ်ခြင်းအစရှိသော သေနာသန လောလုပ္ပကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ ယထာ သန္ဓတိကင်္ဂံ၊ ယထာသန္ထတိအင်္ဂါကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊
(၁၃) နိသဇ်ဓူတင်= သေယျံ ပဋိက္ခိပါမိ၊ နေသဇ္ဇိကင်္ဂံ သမာဒိယာမိ၊ သေယျံ၊ အိပ်ခြင်းကို၊ ပဋိက္ခိပါမိ၊ ပယ်ပါ၏၊ နေသဇ္ဇိကင်္ဂံ၊ နိသဇ်အင်္ဂါကို၊ သမာဒိယာမိ၊ ဆောက်တည်ပါ၏၊ ♦သုခမှတ်စု

ရဟန်းမခံထိုက်သော ပုဂ္ဂိုလ် ၁၃ ပါး

(၁) ဦနဝီသတိဝဿ= ပဋိသန္ဓေယူသည့်နေ့မှစ၍ အနှစ် နှစ်ဆယ် မပြည့်သေးသောသူ၊
(၂) အန္တိမဝတ္ထုအဇ္ဈာပန္နာ= ပါရာဇိကကျပြီးပုဂ္ဂိုလ်၊
(၃) ပဏ္ဍုက်= သူတစ်ပါးသုက်သွေးကို စုပ်ယူသောသူ၊
(၄) ထေယျသံဝါသက= ထေရ်ရဟန်းယောင်ဆောင်သော ပုဂ္ဂိုလ်၊
(၅) တိတ္ထိယပက္ကန္တက = တိတ္ထိဘောင်သို့ပြေးဝင်သောသူ၊
(၆) တိရစ္ဆာန်= နတ်နဂါးစသော လူဇာတ်မဟုတ်ဘဲ လူယောင်ဆောင်နေသူ၊
(၇) မာတုဃာတက= အမိကိုသတ်သော သူ၊
(၈) ပိတုဃာတက= အဘကို သတ်သောသူ၊
(၉) အရဟန္တဃာတက= ရဟန္တာကို သတ်သောသူ၊
(၁၀) သံဃဘေဒက= သံဃာကို ဂိုဏ်းခွဲသူ၊
(၁၁) လောဟိတုပ္ပါဒက= ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုသူ၊
(၁၂) ဘက္ခိုနီးဒူသက= ဘိက္ခုနီမကို မေထုန်ဖြင့် ဖျက်ဆီးသူ၊
(၁၃) ဥဘတောဗျည်း = မိန်းမ ယောကျ်ား လဲလှယ်ဖြစ်သော ပုဂ္ဂိုလ်၊ ♦သုခမှတ်စု

သူရဲ ၁၃ မျိုး

(၁) ဟတ္ထာယရောဟ= ဆင်စီးသူရဲ၊
(၂) အဿာရောဟ= မြင်းစီးသူရဲ၊
(၃) ရထိက = ရထားစီးသူရဲ၊
(၄) ဓနုဂ္ဂဟ = လေးစွဲသူရဲ၊
(၅) စေလက= စစ်အောင်လံကိုင်သူရဲ၊
(၆) စလက= စစ်အစီအစဉ် တတ်သောသူရဲ၊
(၇) ပိဏ္ဍဒါယကိ = ရန်သူ့ခေါင်းကို ဖြတ်နိုင်သောသူရဲ၊
(၈) ဥဂ္ဂါ ရာဇပုတ္တ= မင်းညီမင်းသားသူရဲ၊
(၉) ပက္ခိန္ဒန= ရန်သူတပ်တွင်းသို့ ဝင်ဝံ့သောသူရဲ၊
(၁၀) မဟာနာဂ= ဆင်ပြောင်နှင့် တိုက်ဝံ့သောသူရဲ၊
(၁၁) သူရာ= ကိုယ်စွမ်းကို အားကိုးသောသူရဲ၊
(၁၂) စမ္မရောစိန= သားရေဝတ်သူရဲ၊
(၁၃) ဒါသပုတ္တ= ကျွန်သူရဲ၊ ♦သုခမှတ်စု

ဧတဒဂ်ရသော ရဟန်းမိန်းမ ၁၃ ယောက်

(၁) မဟာပဇာပတိဂေါတမီထေရီ၊ နေ့ညအပိုင်း အခြားကိသိုတတ်သောအရာ၌ ဧတဒဂ်ရသည်၊
(၂) ခေမာထေရီ၊ ပညာကြီးသည့်အရာ၌ ဧတဒဂ်ရသည်၊
(၃) ဥပ္ပလဝဏ်ထေရီ၊ တန်ခိုးအရာ၌ ဧတဒဂ်ရသည်၊
(၄) ပဋာစာရီထေရီ၊ ဝိနည်းဆောင်သောအရာ၌ ဧတဒဂ်ရသည်၊
(၅) ဓမ္မဒိန္နာထေရီ၊ တရားဟောသောအရာ၌ ဧတဒဂ်ရသည်၊
(၆) နန္ဒာထေရီ၊ စျာန်ဝင်စားသောအရာ၌ ဧတဒဂ်ရသည်၊
(၇) သောဏာထေရီ၊ လုံ့လအားထုတ်သော အရာ၌ ဧတဒဂ်ရသည်၊
(၈) သကုလာထေရီ၊ ဒိဗ္ဗစက္ခုအရာ၌ ဧတဒဂ်ရသည်၊
(၉) ဘဒ္ဒါကုဏ္ဍလကေသာထေရီ၊ လျင်စွာတရားကို သိသောအရာ၌ ဧတဒဂ်ရသည်၊
(၁၀) ဘဒ္ဒါကာပိလာနီထေရီ၊ ပုဗ္ဗေနိဝါသဉာဏ်အရာ၌ ဧတဒဂ်ရသည်၊
(၁၁) ဘဒ္ဒ ကစ္စနာထေရီ၊ ဉာဏ်အမြင်ကြီးသည့်အရာ၌ ဧတဒဂ်ရသည်၊
(၁၂) ကိသာဂေါတမီထေရီ၊ ညစ်နွမ်းခေါင်းပါးသော သင်္ကန်းကိုဆောင်ရာ၌ ဧတဒဂ်ရသည်၊
(၁၃) သိင်္ဂါလမာတာ ထေရီ၊ သဒ္ဓါအားကြီးသည့်အရာ၌ ဧတဒဂ်ရသည်၊ ♦သုခမှတ်စု

စက်ကြီး တစ်ဆယ့်သုံးပါး

ရှေးကရွတ်ဆိုကြသော အန္တရာယ်ကင်း ဘုရားရှိခိုး
(၁) အောင် ၁၀၈ ကွက်ဗုဒ္ဓစက်= ဘုရား၏စက်လက္ခဏာ ၁၀၈ ပါး၊
(၂) တစ်ဆယ့်လေးချက် ဓမ္မစက်= မဂ် ၄ ပါး၊ ဖိုလ် ၄ ပါး၊ သွာက္ခာတ စသော တရားဂုဏ်တော် ၆ ပါးကိုဆိုလိုသည်၊
(၃) တစ်ဆယ့်ရှစ်ချက် သံဃာ့စက်= ပရမတ္ထသံဃာခေါ် အရိယာသံဃာရှစ်ပါး၊ သမ္မုတိသံဃာ တစ်ပါး၊ ပေါင်း သံဃာတော်ကိုးပါးနှင့် သံဃာ့ဂုဏ်တော်ကိုးပါးကို ဆိုလိုသည်၊
(၄) လရောင် ဝင်းလျက် ရှင်ရင်းပစ္စေကဗုဒ္ဓ ရဟန္တာစက်= ပစ္စေက ဗုဒ္ဓါ အရှင်မြတ်တို့၏ဂုဏ်တော်တည်းဟူသော ကိုယ်တော်ရောင်ကိုဆိုသည်၊
(၅) မြင်းမိုရ်တောင်ဦး မကကျူးလျက် မိဘစက်= မာတာပိတဂုဏ် အနန္တကို ဆိုသည်၊
(၆) ဂုဏ်ကျေးဇူးကို အထူးသိလျက် ဆရာစက်= ဆရာ့ကျေးဇူးဂုဏ်ကို အထူးသိရမည်ဟု ဆိုလိုသည်၊
(၇) ဗြဟ္မစိုရ် လက်နက် ဗြဟ္မာ့စက်= ဗြဟ္မစရိယတရား လေးပါး၊
(၈) မိုးကြိုး လက်နက် သိကြားစက်၊
(၉) လောင်မီးကျလျက် နတ်တို့စက်၊
(၁၀) ဘွဲ့ဖြူ လက်နက် ဘီလူးစက်= ဘွဲ့ဖြူခေါ် မီးတောက်စေတတ်သည့် လက်နက် တစ်မျိုး၊ ၎င်းသည် အဝတ်ပုဆိုး ကြိုးဝန်းသဖွယ်ဖြစ်၍ လူကိုပစ်လိုက်က ထိလျှင် မီးတောက်သည်ဟူ၏၊
(၁၁) တောင်ဟုန်ပြင်းလျက် ဂဠုန်စက်၊
(၁၂) အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်၊
(၁၃) သုံး ထောင်သချင်္ာ ဟေမဝန္တာ အာဏာစိုး လျက် သဟီ စက်= စက်ကြီး တစ်ဆယ့်သုံးပါး ရွတ်သံကြားက ဘေးများမြင်မူ မကောင်းစုကို ဝေးကကြဉ်ရှောင် အောင်စေတတ်သည့် မြတ်သည့်ပညာ ဆရာတည်း၊ သြောင်း နမော ဗုဒ္ဓါနုဘာဝေန၊ သြောင်း နမော ဓမ္မာနုဘာဝေန၊ သြောင်း နမော သံဃာနုဘာဝေန၊ သြောင်း နမော ဒူရေ ဒူရေ သွားဟုံဟုံ၊ ♦သုခမှတ်စု

မိန်းမတို့ဖောက်ပြန်ပျက်စီးကြောင်းတရား ၁၃ ပါး

ဟိတောပဒေသကျမ်း
(၁) သပဓာန= ကိစ္စတိုင်း၌ ကိုယ်တိုင်စိုးမိုးလုပ်ကိုင် အာဏာပိုင်ပြဋ္ဌာန်းမှု ရနေခြင်း၊
(၂) ပိတုမန္ဒိရ နိဝသန= အဘနှင့်သာ ကြာမြင့်စွာအုပ်ထိန်းခံ၍ နေရခြင်း၊
(၃) ယာဉောတာဿဝအင်္ဂတိ= အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွဲခြင်း၊
(၄) ပုရိသ သနိမိဂေါဋ္ဌီ= ယောက်ျားတို့နှင့် ဝိုင်းဖွဲ့ ရယ်မော တသောသော နေထိုင်ခြင်း၊
(၅) အနယိ မဝါသ= အိမ်တကာလျှောက်လည်၍နေခြင်း၊
(၆) ဝိဒေသဝါသ= တစ်မြို့ တစ်ရွာ တစ်နယ် တစ်ရပ်သို့ အမြဲမတည် တစ်ယောက်တည်း လှည့်လည်နေထိုင်ခြင်း၊
(၇) သကုလဋ သံသဂ္ဂ= လော်လည် သော့သွမ်းသော မိန်းမရမ်းတို့နှင့်အတူ ပေါင်းသင်းနေထိုင်ခြင်း၊
(၈) နိဇာယဝုတ္တိဗျာသန= သက်မွေးဝမ်းကျောင်း ကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊
(၉) ပတိဝုဒ္ဓက= လင်ယောက်ျား သက်ကြီးရွင်းယို အရွယ်အိုခြင်း၊
(၁၀) ဣဿိတ= လင်ဖြစ်သူက အချောင်မယား အမြှောင်မယား ထား၍ ပျော်ပါးကာနေခြင်း၊
(၁၁) ပဝါသန= လင်ယောကျ်ားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊
(၁၂) ပါန= သေအရက် သောက်ခြင်း၊
(၁၃) သုပ္ပ= ယောက်ျားတစ်ပါးနှင့် ပျော်ပါး ပေါင်းဖက်နေရသည်ဟု အိပ်မက်ခါ လွန်မင်းစွာ အိပ်ခြင်း၊ ♦သုခမှတ်စု

အလိုလိုက်ရာသည် ၁၃ ပါး

(၁) အဆွေခင်ပွန်းကို နှလုံးဖြောင့်မတ်သဖြင့်လည်းကောင်း၊
(၂) ရန်သူကို ဥပါယ်တမျဉ်ဖြင့်လည်းကောင်း၊
(၃) အလိုရမက်ကြီးသူကို ဥစ္စာပေးသဖြင့်လည်းကောင်း၊
(၄) အစိုးရသူကို သူ့အမှုကိစ္စဆောင်ရွက်ပေးသဖြင့်လည်းကောင်း၊
(၅) ရသေ့ရဟန်းတို့ကို ရိုသေသဖြင့်လည်းကောင်း၊
(၆) သတို့သမီးကို ချစ်ခြင်းဖြင့်လည်းကောင်း၊
(၇) လက်အောက်ငယ်သားကိုမျှတမှုဂုဏ်ကျေးဇူးဖြင့်လည်းကောင်း၊
(၈) ဒေါသအမျက်မာန်ကြီး သူကို ချီးမွမ်းခြင်းဖြင့် လည်းကောင်း၊
(၉) ဆရာကိုရှိခိုး ရိုသေခြင်း ဖြင့်လည်းကောင်း၊
(၁၀) သူမိုက်ကိုလိုက်လျောသောစကားဖြင့်လည်းကောင်း၊
(၁၁) ပညာရှိကို အတတ်ပညာပေးခြင်းဖြင့် လည်းကောင်း၊
(၁၂) အစားကြူးသူကိုအရသာပေးခြင်းဖြင့် လည်းကောင်း၊
(၁၃) အလုံးစုံသောသူကို အကျင့်သီလဖြင့်လည်းကောင်း အလိုလိုက်ရာ၏၊ ♦သုခမှတ်စု

ကိလေသာ ၁၄ ပါး

(၁) လောဘ= တပ်မက်တောင့်တခြင်း၊
(၂) ဒေါသ= ခက်ထန်ကြမ်းကြုတ်ခြင်း၊
(၃) မောဟ= အမှန်ကို မသိဘဲမိုက်မဲခြင်း၊
(၄) မာန= ထောင်လွှားတက်ကြွခြင်း၊
(၅) ဒိဋ္ဌိ= အမြင်မှား အယူမှားခြင်း၊ (၆) ဝိစိကိစ္ဆာ= သို့လောသို့လော တွေးတောယုံမှားခြင်း၊
(၇) ထိန= ပျင်းရိညုှိးနွမ်းခြင်း၊
(၈) ဥဒ္ဓစ္စ= စိတ်ပျံ့လွင့်ခြင်း၊
(၉) အဟီရိက= မကောင်းမှုကို မရှက်ခြင်း၊
(၁၀) အနောတ္တပ္ပ= မကောင်းမှုကို မကြောက်ရွံ့ခြင်း၊
(၁၁) ဣဿာ= သူတစ်ပါးချမ်းသာသည်ကို မမြင်ချင် မကြားချင် ငြူစူတတ်ခြင်း၊
(၁၂) မစ္ဆရိယ= ဝန်တိုသဘောရှိခြင်း၊
(၁၃) ကုက္ကုစ္စ = မကောင်းမှုပြုမိလေခြင်းဟု နောင်တပူပန်ခြင်း၊
(၁၄) မိဒ္ဓ= လေးလံထိုင်း မှိုင်းခြင်း၊ မှတ်ချက် ♦သုခမှတ်စု

ကိုယ်ဝန်ရှိစဉ် ရှောင်ကြဉ်ရာသော အကြောင်း ၁၄ ပါး

ဘာဝပ္ပကာသကျမ်း
(၁) ငိုကြွေးခြင်း၊
(၂) လက်သည်းခြေသည်း လှီးဖြတ်ခြင်း၊
(၃) ကိုယ်ကို ဆီဖြင့်သုတ်လိမ်းနှိပ်နှယ်ခြင်း၊
(၄) နံ့သာလိမ်းခြင်း၊
(၅) မျက်စိတို့ကို ဆေးဖြင့်ကွင်းခြင်း၊
(၆) ရေချိုးခြင်း၊
(၇) နေ့၌ အိပ်ခြင်း၊
(၈) ပြေးသွားခြင်း၊
(၉) အလွန်ကျယ်သောအသံကို နားထောင်ခြင်း၊
(၁၀) ပြင်းစွာရယ်ခြင်း၊
(၁၁) အလွန်စကားများခြင်း၊
(၁၂) အပင်ပန်းခံခြင်း၊
(၁၃) မြေတူးခြင်း၊
(၁၄) လေတိုက်ခံခြင်း၊ ♦သုခမှတ်စု

စိတ္တဝိပ္ပယုတ္တဓမ္မ ၁၄ ပါး

(၁) ပတ္တိ= ဓမ္မတို့ကို သဏ္ဌာန်အသွင် သတ်မှတ်ထားလေ့ရှိသော သတ္တိ၊
(၂) အပတ္တိ= ပတ္တိ၏ ဝိရောဓိဓမ္မ၊
(၃) နိကာယ သဘာဂတာ= သတ္တဝါတို့တွင် မျှတစွာ ဖြစ်လေ့ရှိသော ဓမ္မ၊
(၄) အသညိက= ရှေးကံသို့အားလျော်စွာ လူကို စေတနာမရှိသော သမာဓိ၌ ပြောင်းလဲပေးသော သတ္တိ၊
(၅) အသညီသမာပတ္တိ= စိတ်ကို လေ့ကျင့်ခြင်းဖြင့် သမာဓိအဆင့်တို့ ဖြစ်ပေါ်သွားခြင်း၊
(၆) နိရောဓိသမာပတ္တိ= စေတနာကိုပိတ်၍ နိရောဓိဖြစ်စေသော သတ္တိ၊
(၇) ဇီဝိတ= မြားကိုပစ်သောအခါ ပစ်သည်မှကျလာသည့်တိုင်အောင် သူ၏ သတ္တိကို ပြယုဂ်ဖော်ပြသကဲ့သို့ မွေးဖွားသည်မှ သေသည်အထိ အသက်ရှင်နေသော သတ္တိ၊
(၈) ဇာတိ= မွေးဖွားခြင်း၊
(၉) ဌိတိ= အသက်ရှင်နေခြင်း၊ တည်ကြည်မြဲမြံခြင်း၊
(၁၀) ဇရာ= အိုမင်း ယိုယွင်းခြင်း၊
(၁၁) အနိစ္စတာ= ပျက်စီးခြင်း၊
(၁၂) နာမကာယ= ပုဒ် ပဒ၊
(၁၃) ပဒကာယ= ဝါကျ၊
(၁၄) ဗျဉ္ဇနကာယ= ဝဏ္ဏ၊ (အက္ခရာ) ♦သုခမှတ်စု

ဒါန ၁၄ ပါး (ဝေလာမသုတ်)

(၁) အလောင်းတော်ဝေလာမပုဏ္ဏားအလှူ၊
(၂) သောတာပန်တစ်ပါးကို အလှူပြုခြင်း= နံပါတ် ၁ ထက်မြတ်၏၊
(၃) ၎င်းတစ်ရာကို အလှူပြုခြင်း= နံပါတ် ၂ ထက်မြတ်၏၊
(၄) သကဒါဂါမ်တစ်ပါးကို အလှူပြုခြင်း= နံပါတ် ၃ ထက်မြတ်၏၊
(၅) ၎င်းတစ်ရာကို အလှူပြုခြင်း= နံပါတ် ၄ ထက်မြတ်၏၊
(၆) အနာဂါမ်တစ်ပါးကို အလှူပြုခြင်း= နံပါတ် ၅ ထက်မြတ်၏၊
(၇) ၎င်း တစ်ရာကို အလှူပြုခြင်း= နံအါတ် ၆ ထက်မြတ်၏၊
(၈) ရဟန္တာတစ်ပါးကို အလှူပြုခြင်း= နံပါတ် ၇ ထက်မြတ်၏၊
(၉) ၎င်းတစ်ရာကို အလှူပြုခြင်း= နံပါတ် ၈ ထက်မြတ်၏၊
(၁၀) အရှင်ပစ္စေက ဗုဒ္ဓါတစ်ပါးကို အလှူပြုခြင်း= နံပါတ် ၉ ထက် မြတ်၏၊
(၁၁) ၎င်းတစ်ရာကို အလှူပြုခြင်း= နံပါတ်ဆယ်ထက်မြတ်၏၊
(၁၂) မြတ်စွာဘုရားတစ်ပါးကို အလှူပေးခြင်း= နံပါတ် ၁၁ ထက်မြတ်၏၊
(၁၃) ဘုရားအမှူးရှိသော သံဃိကဆွမ်း အလှူပေးခြင်း= နံပါတ် ၁၂ ထက်မြတ်၏၊
(၁၄) စတုဒိသာ သံဃိကကျောင်း အလှူပေးခြင်း= အမြတ်ဆုံး ဖြစ်၏၊ ♦သုခမှတ်စု

မအောင့်နိုင်သောအဟုန် ၁၄ ပါး

(၁) ခုဒ္ဒါ= ဆာလောင်ခြင်း၊
(၂) တြိသျှန= မွတ်သိပ်ခြင်း၊
(၃) နိဒ္ဒါ= အိပ်ချင်ခြင်း၊
(၄) မလ= ကျင်ကြီးစွန့်လိုခြင်း၊
(၅) မုတ္တံ= ကျင်ငယ်စွန့်လိုခြင်း၊
(၆) ဒကာရ= လေချဉ်တက်ခြင်း၊
(၇) ဝမ္မန= ပျို့အန်ခြင်း၊
(၈) အဝေါယု= လေသက်လိုခြင်း၊
(၉) အဿု= မျက်ရေထွက်လိုခြင်း၊
(၁၀) ခွါသွဝေ= မောပန်းသည်ကို ဖြေလိုခြင်း၊
(၁၁) ခံဆီ= ချောင်းဆိုးလိုခြင်း၊
(၁၂) ဆိံက= ချေဆတ်လိုခြင်း၊
(၁၃) ကျမုဟာ= သန်းဝေလိုခြင်း၊
(၁၄) ကာမဒေဝ= ကာမဂုဏ်ကို မအောင့်အီးနိုင်ခြင်း၊ ♦သုခမှတ်စု

မင်းတို့ပြုစုတော်မူရာသူ ၁၄ ယောက်

(၁) မင်းကို စောင့်ရှောက်သူ၊
(၂) ချစ်ကြင်နာသူ၊
(၃) စီးပွားရှိမဲ့ကိုမြင်သူ၊
(၄) အမှုရှိသောစွန့်ဖော်ရသူ၊
(၅) စွန့်ဆိုလျှင်စွန့်သူ၊
(၆) ရန်အောင်ဖန်များသူ၊
(၇) အမျိုးရှိသူ၊
(၈) မြို့ပြ စည်ပင်အောင်ပြုသူ၊
(၉) မေ့နေသောအခါ လှုံ့ဆော်သူ၊
(၁၀) တည်ကြည် ခိုင်ခန့်သူ၊
(၁၁) သူ မစီရင်နိုင်သည်ကို ဟုတ်မှန်အောင် စီရင်နိုင်သူ၊
(၁၂) သူ မရောက်သော ခရီးကို ရောက်နိုင်သူ၊
(၁၃) အမှုတော်ကို မရိုး မမယ်ထမ်းသူ၊
(၁၄) သားတော်အစဉ် မြေးတော်အဆက် မြတ်တော်အညွန့် မဖောက်မပြန် အရှင်မှတ်သူ၊ ♦သုခမှတ်စု

လ,ဟူသော အခေါ်ပရိယာယ် ၁၄ ပါး၊ (တနင်္လာဂြိုဟ်အခေါ်လည်း ထို့အတူ)

(၁) ဣန္ဒု၊
(၂) စန္ဒ၊
(၃) နက္ခတ္တရာဇာ၊
(၄) သောမ၊
(၅) နိသာကရ၊
(၆) သြသဓိသ၊
(၇) ဟိမရံသီ၊
(၈) သသင်္က၊
(၉) စန္ဒိမာ၊
(၁၀) သသီ၊
(၁၁) သီတရံသီ၊
(၁၂) နိသာနာထ၊
(၁၃) ဥဠုရာဇာ၊
(၁၄) မာ၊ ♦သုခမှတ်စု

သရ ၁၄ လုံး

(၁) အ၊
(၂) အာ၊
(၃) ဣ၊
(၄) “၊
(၅) ဥ၊
(၆) ဦ၊
(၇) ဧ၊
(၈) အဲ၊
(၉) သြ၊
(၁၀) သြော်၊
(၁၁) အံ၊
(၁၂) အား၊
(၁၃) အို၊
(၁၄) အုံ၊ ♦သုခမှတ်စု

အဖျားရောဂါ ကပ်ငြိလတ္တံ့သော လက္ခဏာ ၁၄ ပါး

(၁) လုံ့လမရှိဘဲ မောပန်းခြင်း၊
(၂) စိတ်မကြည်သာခြင်း၊
(၃) အရေအဆင်းဖောက်ပြန်ခြင်း၊
(၄) ခံတွင်း၌ အရသာပျက်ခြင်း၊
(၅) မျက်ရေ နှာရေမွှန်၍ ယိုထွက်ခြင်း၊
(၆) လေ နေပူစသော ဥတုကို အလိုမရှိခြင်း၊
(၇) အဖန်ဖန်သမ်း ဝေခြင်း၊
(၈) ကိုယ်လက်ကိုက်ခဲခြင်း၊
(၉) ကိုယ်လက် လေးလံခြင်း၊
(၁၀) ကြက်သီးထခြင်း၊
(၁၁) နှုတ်မမြိန်ခြင်း၊
(၁၂) မိုက်ခြင်း မူးဝေခြင်း၊
(၁၃) ရုပ်ညှိုးနွမ်းခြင်း၊
(၁၄) ပူတုံ အေးတုံ မမျှခြင်း၊ ♦သုခမှတ်စု

အမတ် ၁၄ ပါး

(၁) မန္တိ= မင်းတိုင်ပင်အမတ်၊
(၂) သေနာနိ= ဗိုလ်မှူးအမတ်၊
(၃) အက္ခဒေဿာ= တရားဆုံး ဖြတ်တတ်သော အမတ်၊
(၄) ဒေါဝေါရိကော= တံခါးမှူးအမတ်၊
(၅) အနိကဋ္ဌော= ကိုယ်တော်စောင့်အမတ်၊ (ကိုယ်ရံတော်)
(၆) မလ္လကာ= လက်ပမ်းသည်အမတ်၊ (လက်ဝှေ့တော်)
(၇) သေဝကော= မင်းခစားအမတ်၊
(၈) ဟေရိညကော= ရွှေငွေမူ၌ သိလိမ္မာသောအမတ် (စံကိုင်ပွဲစား)
(၉) အဓိကကော= တစ်ရွာတွင် ကြီးကဲသော အမတ်၊ (ကလန်)
(၁၀) ဂေါပေါ= များစွာသောရွာတွင် ကြီးကဲသော အမတ်၊ (သံပျင်)
(၁၁) စရော= သူလျှိုအမတ်၊
(၁၂) ဒူတော= တမန်အမတ်၊
(၁၃) ဂဏကော= ဂဏန်းဟူးရား အမတ်၊
(၁၄) လေခတော= စာရေးစာချီအမတ်၊ ♦သုခမှတ်စု

အလှူခံတစ်ကျိပ်လေးပါး

(၁) တိရစ္ဆာန်၊
(၂) ဒုဿီလ၊
(၃) သီလဝန္တ၊
(၄) ရသေ့စျာန်ပျံ၊
(၅) သောတာပတ္တိမဂ်ပုဂ္ဂိုလ်၊
(၆) သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်၊
(၇) သကဒါဂါမိမဂ်ပုဂ္ဂိုလ်၊
(၈) သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်၊
(၉) အနာဂါမိမဂ်ပုဂ္ဂိုလ်၊
(၁၀) အနာဂါမိဖိုလ်ပုဂ္ဂိုလ်၊
(၁၁) အရဟတ္တမဂ်ပဂ္ဂိုလ်၊
(၁၂) အရဟတ္တဖိုလ်ပုဂ္ဂိုလ်၊
(၁၃) ပစ္စေကဗုဒ္ဓါ၊
(၁၄) သမ္မာသမ္ဗုဒ္ဓ၊ ♦သုခမှတ်စု

ပညာအပြား ၁၄ ပါး

(၁) ကြီးမြတ်လှသော မဟာပညာ၊
(၂) ထူထဲ ခိုင်ခံ့သော ပုထုပညာ၊
(၃) ပြန့်ပြောသော ဝေပုလ္လပညာ၊
(၄) နက်နဲသော ဂမ္ဘီရ ပညာ၊
(၅) အောက်ပုဂ္ဂိုလ်တို့ မသိစွမ်းနိုင်သော အသမတ္တပညာ၊
(၆) မြေကြီးအထုနုှင့်တူသော ဘူမိပညာ၊
(၇) ပွားများသော ဗာဟုလ္လပညာ၊
(၈) လျင်မြန်သော သီဃပညာ၊
(၉) ပေါ့ပါးသော လဟုပညာ၊
(၁၀) ရွှင်လန်းသော ဟာသပညာ၊
(၁၁) လျင်မြန်စွာသိစွမ်းနိုင်သော ဇဝနပညာ၊
(၁၂) ထက်မြက်သော တိက္ခပညာ၊
(၁၃) သူတစ်ပါးတို့၏ ယုံမှား သင်္ကာကို ဖြေဖျောက်နိုင်သော ပရပ္ပဝါဒ မဒ္ဒနပညာ၊
(၁၄) သူတစ်ပါးတို့ မိစ္ဆာ အယူကို နှိမ်နင်းနိုင်သော နိဗ္ဗေဓိကပညာ၊ ♦သုခမှတ်စု

ဘိသိက်မျိုးပြား ၁၄ ပါး

(၁) ခတ္တိယာဘိသိက်
(၂) ရာဇာဘိသိက်မ= ၎င်းနှစ်မျိုးကား မင်းမြှောက်သောဘိသိက်၊
(၃) သကလာဘိသိက်= တိုင်း ပြည်သာယာစေရန် ခံသောဘိသိက်၊
(၄) ဝဇိယာဘိသိက်
(၅) ဇေယျာဘိသိက် = ၎င်း နှစ်မျိုးကား စစ်အောင်ရန်ခံသောဘိသိက်၊
(၆) သီရိပဝေသနာဘိသိက်= ကျက်သရေတိုးစေရန်ခံသော ဘိသိက်၊
(၇) မဟာဘိသိက်= စီးပွားချမ်းသာ တိုးစေရန်ခံသော ဘိသိက်၊
(၈) မင်္ဂလာ ဘိသိက်= ဆင်ရတနာ သိမ်းသည့်အခါခံသော ဘိသိက်၊
(၉) ဝိဝါဟာညဘိသိက် = ထိမ်း မြား မင်္ဂလာလက်ထပ်သည့်အခါခံသော ဘိသိက်၊
(၁၀) ဒွါရာဘိသိက်မ= နန်းသိမ်းသည့်အခါ ခံသော ဘိသိက်၊
(၁၁) အာယုဒီဃာဘိသိက်= အသက်ရှည်စေရန်ခံသော ဘိသိက်၊
(၁၂) ဥပရာဇာဘိသိက် = အိမ်မရှေ့မင်း ဖြစ်သည့်အခါ ခံသောဘိသိက်၊
(၁၃) မဟေသီဘိသိက် = မိဖုရားမြှောက်သည့်အခါ ခံသော ဘိသိက်၊ မှတ်ချက် ♦သုခမှတ်စု

မေထုံမမှီဝဲအပ်သော မိန်းမမျိုး ၁၄ ပါး

(၁) ဥတုလာနေသူ၊
(၂) အလိုမရှိသူ၊
(၃) ညစ်နွမ်း မသန့်စင်သူ၊
(၄) မချစ်ခင်သူ၊
(၅) ပြည့်တန်ဆာမ၊
(၆) အရွယ်ကြီးရင့်သူ၊
(၇) ရောဂါသည်မ၊
(၈) ကိုယ်အင်္ဂါချို့တဲ့သူ၊
(၉) ကိုယ်ဝန်ဆောင်မ၊
(၁၀) ရန်သူမ၊
(၁၁) အင်္ဂါဇာတ်၌ အနာရှိသူ၊
(၁၂) လင်ရှိသူ၊
(၁၃) မာတုရက္ခိတစသည်ရှိသူ၊
(၁၄) သီလရှင်မ၊ ထို ၁၄ ယောက်တို့သည် အချို့ကား ကျန်းမာရေးကို ထိခိုက်စေ၍၊ အချို့ကား ဘာသာတရားနှင့် လောကဝတ်ဥပဒေများက တားမြစ်၍ အပြစ်ရှိသည်၊ ♦သုခမှတ်စု

အကုသိုလ်စေတသိက် ၁၄ ပါး

(၁) လောဘ= ဆာလောင်တွယ်တာကာ သာယာခင်မင်ခြင်း လက္ခဏာ၊
(၂) ဒေါသ= ကြမ်းတမ်း ပြစ်မှား နှိပ်စက်ပျက်စီးခြင်း၊ လက္ခဏာ၊
(၃) မောဟ= အမှန်တရားကို မသိခြင်း၊
(၄) အဟီရိက= မကောင်းမှု ပြုရမှာ မရှက်ခြင်း၊
(၅) အနောတ္တပ္ပ= မကောင်းမှုပြုရမှာ မကြောက်မလန့်ခြင်း၊
(၆) ဥဒ္ဓစ္စ= ပျံ့လွင့်တုန်လှုပ်ခြင်း၊
(၇) မာန= ငါကွဟု ထောင်လွှားခြင်း၊
(၈) ဒိဋ္ဌိ = အမှားကိုအမှန်ဟု စွဲယူထားခြင်း၊
(၉) ဣဿ= သူတစ်ပါးအား မလိုတမာ ငြူစူလာခြင်း၊
(၁၀) မစ္ဆရိယ= မိမိစည်းစိမ်ကို နှမြောဝန်တို မဆက်ဆံလိုလျက် ဖုံးဝှက်ကာထားခြင်း၊
(၁၁) ကုက္ကုစ္စ= ပြုပြီးသား အကုသိုလ် မပြုလိုက်ရသည့် ကုသိုလ်တို့အတွက် နောင်မှတကား ပူပန်လာခြင်း၊
(၁၂) ထိန= ကုသိုလ်ပြုရာ၌ စိတ်ဓာတ် လျော့ပါးအားနည်းခြင်း၊
(၁၃) မိဒ္ဓ= ထိန်ကြောင်ထိုင်းမှိုင်း ငိုက်မျဉ်း၍ လာခြင်း၊
(၁၄) ဝိစိကိစ္ဆ= ကောင်းမှုကိုသိုလ်တရား၌ ယုံရမည်လား၊ မယုံရမည်လား၊ ♦သုခမှတ်စု

စရဏတရား ၁၅ ပါး

(၁) သီလသံဝရ= သီလများကို ကောင်းစွာထိန်းခြင်း၊
(၂) ဣန္ဒြိယသံဝရ= စက္ခုစသော ဣန္ဒြေတို့ကို လျှပ်ပေါ်လော်လည်ခြင်းမရှိစေမူ၍ ငြိမ်ဆိမ်စွာ စောင်ထ့န်းခြင်း၊
(၃) ဘောဇနမတ္တညုတာ= ဘောဇဉ်တို့ကိုသုံး ဆောင်မူ၌ အတိုင်းအရှည်ကို သိခြင်း၊
(၄) ဇာဂရိယာနုယောဂ= နိုးကြားခြင်း၊
(၅) သဒ္ဓါ= ဘုရားစသည်၌ ယုံကြည်ခြင်း၊
(၆) သတိ= ရတနာသုံးပါး စသည်၌ အောက်မေ့ခြင်း၊
(၇) ဟီရိ= ဒုစရိုက်တရားမှ ရှက်ခြင်း၊
(၈) သြတပ္ပ = ဒုစရိုက်တရားမှလန့်ခြင်း၊
(၉) ဗာဟုဿစ္စ= များသော အကြားအမြင်ရှိခြင်း၊
(၁၀) ဝီရိယ= မဆုတ်မနစ်ကြိုးစားခြင်း၊
(၁၁) ပညာ= ဆင်ခြင်တိုင်းထွာ ကောင်းစွာသိမြင်ခြင်း၊
(၁၂)
(၁၃)
(၁၄)
(၁၅) စျာန်အင်္ဂါ ၄ ပါး၊ ♦သုခမှတ်စု

စေတီယကျွန် ၁၅ ပါး

(၁) ကျောင်းကျွန် ၆ ပါးနှင့် စေတီယကျွန် ၉ ပါး ပေါင်းသော် စေတီယကျွန် ၁၅ ပါးဖြစ်သည်၊ ♦သုခမှတ်စု

ပလ္လင်လှူရသောအကျိုး ၁၅ ပါး

(၁) ရတနာတို့ဖြင့်ပြီး သော အခင်း အိပ်ရာတို့ကိုရခြင်း၊
(၂) ရတနာပြဿဒ်တို့ကို ရခြင်း၊
(၃) အဖိုးထိုက်သောအခင်းကို ရခြင်း၊
(၄) ဆင်ယာဉ်ကို ရခြင်း၊
(၅) မြင်းယာဉ်ကို ရခြင်း၊
(၆) ရတနာထမ်းစင်ကို ရခြင်း၊
(၇) ကျွန်မိန်းမကို ရခြင်း၊
(၈) ကျွန်ယောက်ျားတို့ကို ရခြင်း၊
(၉) ရတနာသံလျင်းကို ရခြင်း၊
(၁၀) တန်ဆာဆင်ပြီးသော မိန်းမတို့ကို ရခြင်း၊
(၁၁) မြတ်သော အမျိုး၌ ဖြစ်ခြင်း၊
(၁၂) များသောစည်းစိမ် ရှိခြင်း၊
(၁၃) ထူးမြတ်သောစည်းစိမ်ရှိခြင်း၊
(၁၄) ဝန်တိုခြင်းမှ ကင်းခြင်း၊
(၁၅) အလိုရှိရာအရပ်၌ ပလ္လင်ကို ရခြင်း၊ ♦သုခမှတ်စု

မဂ်ဖိုလ်တရားကို ထိုးထွင်း၍ မသိနိုင်သူ ၁၅ ဦး

(၁) တိရစ္ဆာန်၊
(၂) ပြိတ္တာ၊
(၃) မိစ္ဆာဒိဋ္ဌိ၊
(၄) ကောက်ကျစ်စဉ်းလဲသူ၊
(၅) အမိသတ်သူ၊
(၆) အဘသတ်သူ၊
(၇) ရဟန္တာ သတ်သူ၊
(၈) သံဃာကိုသင်းခသွဲ္ဒ၊
(၉) ဘုရားကို သွေးစိမ်းတည်အောင်ပြုသူ၊
(၁၀) ရဟန်းအသွင်ခိုးသူ၊
(၁၁) တိတ္ထိ၊
(၁၂) ဂရုကအာပတ်သင့်သူ၊
(၁၃) ပဏ္ဍုက်၊
(၁၄) ဥဘတောဗျဉ်း၊
(၁၅) အသက်ခုနစ်နှစ်အောက် ငယ်သူ၊ ♦သုခမှတ်စု

ရွှေမျိုးပရိယာယ် ၁၅ ပါး

(၁) ဟေမံ၊
(၂) ဟိရည၊
(၃) ကဉ္စနာ၊
(၄) သင်္ဂါ၊
(၅) စာမိကရ၊
(၆) ဇာတရူပ၊
(၇) ဇမ္ဗူနဒ၊
(၈) တပနိယ၊
(၉) သုဝဏ္ဏ၊
(၁၀) သိင်္ဂိ၊
(၁၁) စာရု၊
(၁၂) ကမူ၊
(၁၃) သတ္ထုပဏ္ဏော၊
(၁၄) သောဏ္ဏံ၊
(၁၅) ဟာဋကံ၊ ♦သုခမှတ်စု

သမားအင်္ဂါ ၁၅ ပါး

(၁) ပဉ္စသီငါးပါးမြဲခြင်း၊
(၂) ဝိပဿနာ ဘာဝနာ အမြဲ နှလုံးသွင်းခြင်း၊
(၃) နှုတ်သစ္စာ တည်မြဲခြင်း၊
(၄) လောဘ ဒေါသမရှိ သည်းခံခြင်း၊
(၅) မာနတရား မရှိခြင်း၊
(၆) စကားချိုသာခြင်း၊
(၇) ချစ်ခင်ဖွယ် သန့်ရှင်း စင်ကြယ်ခြင်း၊
(၈) မခေါ်ဘဲ သူတစ်ပါးအိမ်သို့ မလည်ခြင်း၊
(၉) သုံးဆယ့်တစ်ဘုံ ဝေနေယျတို့အား နေ့ည မေတ္တာ ပို့ခြင်း၊
(၁၀) ကျမ်း စာဗေဒင် သိမြင်တတ်ကျွမ်းခြင်း၊
(၁၁) ဆေးကျမ်း အစောင်စောင် လေ့လာခြင်း၊
(၁၂) အဘိဓမ္မာတရား၌ လိမ္မာခြင်း၊
(၁၃) လက်တွေ့ကုထုံး စုံလင်ဆည်းပူးခြင်း၊
(၁၄) ဆေးကုရာရ ပညာဖြင့်ဆင်ခြင်ခြင်း၊
(၁၅) သူနာလက္ခဏာနှင့် ရုပ်ကိုကြည့်၍ ပိုင်းဖြတ်နိုင်ခြင်း၊ ♦သုခမှတ်စု

စိတ္တဇရုပ် ၁၅ ပါး

(၁) ကာယဝိညတ်ရုပ်၊
(၂) ဝစီဝိညတ်ရုပ်၊
(၃) ဆန္ဒရုပ်၊
(၄) လဟုတာရုပ်၊
(၅) မုဒုတာရုပ်၊
(၆) ကမ္မညတာရုပ်၊
(၇) ပထဝီရုပ်၊
(၈) တေဇောရုပ်၊
(၉) အာပေါရုပ်၊
(၁၀) ဝါယောရုပ်၊
(၁၁) ဝဏ္ဏရုပ်၊
(၁၂) ဂန္ဓရုပ်၊
(၁၃) ရသရုပ်၊
(၁၄) သြဇာရုပ်၊
(၁၅) အာကာသဓာတ်ခေါ် ပရိစ္ဆေဒရုပ်၊ ♦သုခမှတ်စု

နိယာမတရား ၅ ပါး၊ တစ်နည်း ၁၅ ပါး

(၁) စိတ္တနိယာမ= စိတ်တို့၏ အစဉ်အတိုင်း ရှေ့ စိတ်နောက်စိတ်ဖြစ်ပွားသော သဘောတရား၊
(၂) ကမ္မနိယာမ= ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ ကံနှင့်အလားတူစွာ ကမ္မဝိပါက်တရား ချမ်းသာ ဆင်းရဲတို့ ဖြစ်ပွားခြင်းသဘော၊
(၃) ဗီဇနိယာမ= သစ်စေ့၊ သစ်ညွန့် စသည်တို့၏ မူလမျိုးရိုးပင်ရင်းနှင့် အလားတူစွာ ပေါက်ခြင်းသဘော၊
(၄) ဥတုနိယာမ= ဆောင်း နွေ မိုးလယ် ဥတုတို့၌ နှင်းကျခြင်း၊ ပူအိုက်ခြင်း၊ မိုးလည်းရွာခြင်းစသော အစဉ်မပြတ်အလားတူဖြစ်ခြင်းသဘော၊
(၅) ဓမ္မနိယာမ= ရေတို့၌ နိမ့်ရာသို့ စီးဆင်းခြင်း၊ သစ်ညွန့်တို့၏ ကောင်းကင်သို့ထိုး တက်ခြင်း၊ နေလ ကြယ်တာရာတို့၏ ထွန်းလင်းတောက်ပ လှည့်လည်ခြင်းစသော သဘောတရားစု၊
(၆) ကပ္ပနိယာမ= ကမ္ဘာ၏ ပထမ တည်ထောင် ဖြစ်ပေါ်ပျက်စီး ပြုပြင်ပြောင်းလဲနေခြင်း သဘော၊
(၇) လိင်္ဂ နိယာမ= ထီးမသတ္တဝါတို့၏ အချင်းချင်း မတူ ထူးခြားသော အသွင် အသံသဘော၊
(၈) ပထဝီနိယာမ= မြေ၏ တည်ရာ မှီရာဖြစ်ခြင်း ခက်မာ ခိုင်ခန့်ခြင်း သဘော၊
(၉) အာပေါနိယာမ= ရေ၏ နိမ့်ရာသို့ စီးဆင်းခြင်း၊ အေးမြခြင်း၊ ပျော့ပြောင်းခြင်းသဘော၊
(၁၀) တေဇောနိယာမ= မီး၏ ပူလောင်ခြင်း၊ မြိုက်ကျွမ်းခြင်း၊ ကြေညက်စေခြင်း၊ ရင့်ရော် ဆွေးမြေ့စေခြင်း၊ ချမ်းအေးခြင်းသဘော၊
(၁၁) ဝါယောနိယာမ= လေ၏ တွန်းကန်ထကြွလှုပ်ရှားတောင့်ခိုင်ခြင်းသဘော၊
(၁၂) အာကာသနိယာမ= ကောင်းကင်၏ ဟင်းလင်းပွင့်ခြင်း၊ ရေးခြစ်၍ မရခြင်း၊ အဆင်းအရောင် ရုပ်သွင် ကင်းခြင်းသဘော၊
(၁၃) သူရိယနိယာမ= နေမင်း၏ အရောင်အဆင်းကို ပေးခြင်း၊ လက်ယာရစ် အမြဲလှည့်လည်ခြင်း၊ အရှေ့မှထွက်၍ အနောက်သို့ ဝင်ခြင်းသဘော၊
(၁၄) စန္ဒတာရကနိယာမ= လနှင့် ကြယ်တာရာတို့၏ အလင်းရောင်ကို ပေးခြင်း၊ အမြဲလက်ယာရစ်လှည့်လည်၍ သွားခြင်း၊ အရှေ့မှထွက်ပြီး အနောက်သို့ ဝင်ခြင်းသဘော၊
(၁၅) ပဋိစ္စိသမုပ္ပါဒနိယာမ= ကုသိုလ် အကုသိုလ် တရားတို့၏ တစ်ခုဖြစ်လျှင် အခြားတစ်ခု ဖြစ်ပေါ်လာခြင်း၊ သဘောတရားတစ်ခု ချုပ်လျှင် အခြား တစ်ခုချုပ်သွားသော သဘောတရား ၇ မျိုး၊ ♦သုခမှတ်စု

ကောသလမင်း အိပ်မက် ၁၆ ချက်

(၁) နွားနက်လေးခု၊ ဝှေ့မူဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွှဲသည်မြင်၊ အရှေ့အနောက်၊ တောင်မြောက်မိုးဆင်၊ ခြိမ်းသံပေး၊ မိုးဝေးလွင့်ပျောက်စင်၊
(၂) မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေမြင်၊ အရွယ်မမျှ၊ ပျိုမမယ်ခင်၊ သမီးသား၊ လင်ထားအိမ်ထောင်ချင်၊
(၃) ယနေ့ ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ၊ သမီးနှင့်သား၊ စီးပွားပိုင်ရာ၊ မိနှင့်ဘ၊ ကျွေးမှ စားရမှာ၊
(၄) နွားကြီးမကြိုက်၊ ဝန်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ဝပ်လဲနေတယ်၊ ကြီးသူပယ်ရှား၊ မြှောက်စားလူငယ်၊ တိုင်ပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်၊
(၅) ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးကျွေးသမျှ၊ မဝနိုင်ပါ၊ မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဖက်စား၊ တရားစီရင်မှာ၊
(၆) ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတံ၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်၊ မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ၊
(၇) ရှေ့ကကျစ်ချ၊ လွန်စ ကြိုးကို၊ ခွေးမ ခိုးစား၊ ကိုက်ဝါးကာမျို၊ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်မျှောင်အား၊ မယားလောကွတ်ပို၊
(၈) အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်၊ ဆင်းရဲသူများ၊ ဝတ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေတောင်းခံ၊
(၉) ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလည်နောက်လျက်၊ ကမ်းဖက်ကြည်ပြန်၊ မြို့တွင်းပွေရှုပ်၊ ခွန်တုတ်တောင်းခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်၊
(၁၀) တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ၊ မင်းနှင့်လူများ၊ တရားမမှီ၊ မိုးသုံးစား၊ ကွက်ကားရွာချမည်၊
(၁၁) မွှေးထုံနံ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင်လဲ၊ သုံးစွဲစားပြန်၊ အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်၊
(၁၂) သံကြေးမပေါင်း၊ ဘူးတောင်းဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နှစ်မြုပ်လုံးစုံ၊ ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကသုံးမကုန်၊
(၁၃) အိမ်လုံး တောင်လုံး၊ ကျောက်တုံး ကျောက်ဖြာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်ခါ၊ ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ၊
(၁၄) အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို၊ ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို၊
(၁၅) အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာ၊ ခ စားနေရှာ၊ ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ဝပ်တွားနေရမှာ၊
(၁၆) ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကား၊ ခုန်လွှားပြေးပြန်၊ သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း၊ ပုန်းအောင်းတောမြိုင်ယံ၊ ♦သုခမှတ်စု

ခင်ပွန်းတု ၁၆ ယောက်

(၁) အညဒတ္ထုဟရ ခင်ပွန်းတု ၄ ယောက်၊
(၂) ဝစီပရမခင်ပွန်းတု ၄ ယောက်၊
(၃) အနုပီယဘာဏ ခင်ပွန်းတု ၄ ယောက်၊
(၄) အပါယသဟာ ခင်ပွန်းတု ၄ ယောက်၊ ပေါင်း ၁၆ ယောက်ဖြစ်သည်၊ ♦သုခမှတ်စု

စျာန်မဂ်ဖိုလ်ကိုမရသူ ၁၆ ဦး

(၁) တိရစ္ဆာန်၊
(၂) ပြိတ္တာ၊
(၃) မိစ္ဆာဒိဋ္ဌိ၊
(၄) အံ့ဖွယ်သရဲကို ပြုသော ကုဟကပုဂ္ဂိုလ်၊
(၅) အမိကို သတ်သောသူ၊
(၆) အဘကိုသတ်သောသူ၊
(၇) ရဟန္တာကို သတ်သောသူ၊
(၈) သံဃာကို သင်းခွဲသောသူ၊
(၉) ဘုရားကို သွေးစိမ်းတည်အောင် ပြုကျင့်သောသူ၊
(၁၀) ထေယျသံဝါသက ပုဂ္ဂိုလ်၊
(၁၁) တိတ္ထိတို့သို့ ပြေးဝင်သောပုဂ္ဂိုလ်၊
(၁၂) ဘိက္ခုနီမကို ဖျက်ဆီး သောသူ၊
(၁၃) တစ်ဆယ့်သုံး ပါးသော သံဃာဒိသိသ်အာပတ်တို့တွင်တစ်ပါးပါးရောက်၍ အာပတ်မှ မထသေးသောသူ၊
(၁၄) ပဏ္ဍုက်၊
(၁၅) ဥဘတောဗျည်း၊
(၁၆) လူစင်စစ်ဖြစ်သော်လည်း အသက် ခုနစ်နှစ်အောက်ရှိသော ကလေး၊ ♦သုခမှတ်စု

တိုင်းကြီး ၁၆ တိုင်း

(၁) အင်္ဂတိုင်း၊
(၂) မဂဓတိုင်း၊
(၃) ကာသိတိုင်း၊
(၄) ကောသလတိုင်း၊
(၅) ဝဇ္ဇီတိုင်း၊
(၆) မလ္လာတိုင်း၊
(၇) ဝင်္ဂတိုင်း၊
(၈) ကုရုတိုင်း၊
(၉) ပဉ္စာလတိုင်း၊
(၁၀) မဒ္ဒတိုင်း၊
(၁၁) သူရအဂ္ဂသေနတိုင်း၊
(၁၂) အသကတိုင်း၊
(၁၃) စေတိယတိုင်း၊
(၁၄) အဝန္တိတိုင်း၊
(၁၅) ဂန္ဓာရတိုင်း၊
(၁၆) ကမောဇတိုင်း၊ ♦သုခမှတ်စု

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ် ၁၆ ပါး

(၁) နာမရူပ ပရိစ္ဆေဒဉာဏ်= ဘုံသုံးပါး၌ ရုပ် နာမ်နှစ်ပါးကို ပိုင်းခြား၍သိသောဉာဏ်၊
(၂) ပစ္စယပရိဂ္ဂဟဉာဏ်= ရုပ်နာမ် နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်၊
(၃) သမ္မသနဉာဏ်= ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုသုံးသပ်သောဉာဏ်၊
(၄) ဥဒယဗ္ဗယ ဉာဏ်= ရုပ်နာမ်နှစ်ပါးဖြစ်ပျက်ပုံကိုရှုသဖြင့် ဖြစ်ပေါ်လာသောဉာဏ်၊
(၅) ဘင်္ဂဉာဏ်= ရုပ်နာမ်နှစ်ပါးပျက်စီးခြင်းကိုရှုသည်၏ အစွမ်းဖြင့်ထင်မြင်သော ဉာဏ်၊
(၆) ဘယဉာဏ်= ရုပ်နာမ်နှစ်ပါးပျက်စီးခြင်းကို ဘေးဟူ၍ရှုသည်၏အစွမ်းဖြင့် ထင်မြင်သောဉာဏ်၊
(၇) အာဒီနဝဉာဏ်= ထိုဘေးကို ဆင်းရဲခြင်းအပြစ်ဟုရှုသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်၊
(၈) နိဗ္ဗိန္ဒဉာဏ်= ရုပ်နာမ်ခန္ဓာ သင်္ခါရဖြစ်ပျက်ပုံ အလုံးစုံကို စက်ဆုပ်ရွံရှာ ငြီးငွေ့ဖွယ်ဟုမြင်သော ဉာဏ်၊
(၉) မုဉ္စိတုကမျတာ ဉာဏ်= ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ခြင်းမှ လွတ်ထွက်ရာ နိဗ္ဗာန်သို့ညွှတ်သောဉာဏ်၊
(၁၀) ပဋိသင်္ခါ ဉာဏ်= ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ထွက်ကြောင်း ဖြစ်ရန်ဆင်ခြင်သောဉာဏ်၊
(၁၁) သင်္ခါရုပေက္ခာဉာဏ်= ရုပ်နာမ် ခန္ဓာသင်္ခါရတို့၌ ချစ်ခြင်း၊ မုန်းခြင်းတို့မှကြဉ်ရှောင်၍ လျစ်လျူပြုသော ဉာဏ်၊
(၁၂) အနုလောမဉာဏ်= ရှေးဉာဏ်များ ဖြစ်ပေါ်ပြီး မြောက်သဖြင့်သတိပဋ္ဌာန် စသော ဗောဓိပက္ခိယတရား ၃၇ ပါးတို့အားလျော်စွာ ဖြစ်သောဉာဏ်၊
(၁၃) ဂေါဉာတဘူဉာဏ်= ပုထုဇဉ်အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဉာဏ်၊
(၁၄) မဂ္ဂဉာဏ်= နိဗ္ဗာန်ကို သိမြင်သောမဂ်ဉာဏ်၊
(၁၅) ဖလဉာဏ်= နိဗ္ဗာန်ကို သိမြင်သောဖိုလ်ဉာဏ်၊
(၁၆) ပစ္စဝေက္ခဏာဉာဏ်= မဂ်ဖိုလ် နိဗ္ဗာန်ပယ်ပြီး မပယ်ပြီးသော တရားငါးပါးတို့ကို ဆင်ခြင်သောဉာဏ်၊ ♦သုခမှတ်စု

မာန်တက်ခြင်း ၁၆ ပါး

(၁) မာန်= မာန်တက်ခြင်း၊
(၂) အတိမာန်= အလွန်မာန်တက်ခြင်း၊
(၃) မာနာတိမာန်= မာနထက်အလွနမ်ာန်တက်ခြင်း၊
(၄) ဇာတိမာန်= အမျိုးကိုစ၍ဲ မာန်တက်ခြင်း၊
(၅) ဂေါတ္တမာန်= အနွယ်ကိုစွဲ၍ မာန်တက်ခြင်း၊
(၆) အာရောဂျမာန်= ရောဂါမရှိသည်ကို စွဲ၍ဲ မာန်တက်ခြင်း၊
(၇) ယောဗ္ဗနမာန်= အရွယ်ကိုစွဲ၍ မာန်တက်ခြင်း၊
(၈) ဇီဝိတမာန်= အသက်ရှည်သည်ကိုစွဲ၍ မာန်တက်ခြင်း၊
(၉) လာဘမာန်= လာဘ်ကိုစွဲ၍ မာန်တက်ခြင်း၊
(၁၀) သက္ကာရမာန်= ပူဇာသက္ကာရကို စွဲ၍ မာန်တက်ခြင်း၊
(၁၁) ဂရုဂါရဝမာန်= သူတစ်ပါးတို့ အလေးအမြတ်ပြုသည်ကိုစွဲ၍ မာန်တက်ခြင်း၊
(၁၂) ပုရက္ခာမာန်= ရှေ့သွား အကြီးပြုရသည်ကို မာန်တက်ခြင်း၊
(၁၃) ပရိဝါရမာန်= အခြံအရံများသည်ကိုစွဲ၍ မာန်တက်ခြင်း၊
(၁၄) ဘောဂမာန်= စည်းစိမ်ဥစ္စာရှိသည်ကိုစွဲ၍ မာန်တက်ခြင်း၊
(၁၅) ဝဏ္ဏမာန်= အဆင်းလှသည်ကိုစွဲ၍ မာန်တက်ခြင်း၊
(၁၆) သုတမာန်= အကြားအမြင်များသည်ကိုစွဲ၍ မာန်တက်ခြင်း၊ ♦သုခမှတ်စု

ယုံမှားခြင်း ၁၆ ပါး

ဓမ္မစကြာ
(၁) အဟောသိံနုခေါ အဟံ အတီတမဒ္ဓါနံ= အဟံ၊ ငါသည်၊ အတီတမဒ္ဓါနံ၊ အတိတ်ကာလ၌၊ အဟောသိံ နုခေါ၊ ဖြစ်ဖူးလေပြီလောဟူသော မူလပဏ္ဏာသ ပါဠိတော် စသည်တို့နှင့်အညီ သဿတဒိဋ္ဌိအယူကိုအမှီပြု၍ အတီတဘဝ အတိတ်ကာလက မိမိဟူသော အတ္တဇီဝ ပုဂ္ဂလသတ္တ၏ ထင်ရှားရှိမူကို ယူမှားလျက် ငါသည် အတိတ်ဘဝ အတိတ်ကာလက ဖြစ်ဖူးလေပြီလောဟု ယုံမှားခြင်းတစ်ပါး၊
(၂) နနုခေါ အဟောသိံအဟံ အတီတမဒ္ဓါနံ= ဟူသော ပါဠိတော်နှင့်အညီ ဥစ္ဆေဒဒိဋ္ဌိအယူကိုမှီ၍ အတိတ်ဘဝ အတိတ်ကာလက မိမိဟူသော အတ္တဇီဝ ပုဂ္ဂလသတ္တ၏ ထင်ရှားမရှိမူကို မှားယူလျက် ငါသည် အတိတ်ဘဝကာလက မဖြစ်ခဲ့ဘူးလောဟု ယုံမှားခြင်း၊
(၃) ကိံနုခေါ အဟောသိံ အဟံ အတီတ မဒ္ဓါနံ= ဇာတ်လိင်ပဋိသန္ဓေတို့ကို အမှီပြု၍ မင်းပုဏ္ဏား ကုန်သည် သူဆင်း ရဲ လူ နတ် ဗြဟ္မာ ရဟန်းတို့တွင် ဘယ်အမျိုး၌ ဖြစ်ခဲ့လေသနည်းဟု ယုံမှားခြင်း၊
(၄) ကထံနုခေါ အဟောသိံ အဟံ အတီတမဒ္ဓါနံ= သဏ္ဌာန်ကို အမှီပြု၍ အရပ်ရှည် သလော၊ အရပ်နိမ့်သလော၊ ဖြူသလော၊ မဲသလော စသည်ဖြင့် ယုံမှားခြင်း၊
(၅) ကိံဟုတွာ ကိံအဟောသိံနုခေါ အဟံ အတီတမဒ္ဓါ နံ=ဇာတက် အို မှီပြု၍ မင်း မျိုး၌ ဖြစ်ပြီး မှ ရဟန်း ပုဏ္ဏား ကုန်သည်သူဆင်းရဲတို့တွင် တစ်ခုခု၌ ဖြစ်ဖူးလေသလောဟု ယုံမှားခြင်း၊ (''ကား အတိတ်ဘဝအတွက် ယုံမှားခြင်းငါးပါး)၊
(၆) ဘဝိဿာမိ နုခေါ အဟံ အနာဂတ မဒ္ဓါနံ= အဟံ၊ ငါသည်၊ အနာဂတမဒ္ဓါနံ၊ နောင်အနာဂတ်ကာလ၌၊ ဘဝိဿာမိနုခေါ၊ ဖြစ်ရ ဦးမည်လောဟု ယုံမှားခြင်း၊
(၇) နနုခေါ ဘဝိဿာမိ အဟံ အနာဂတမဒ္ဓါနံ= မိမိသေပျောက်သည့် နောက်ဘဝ၌ မဖြစ်ရတောြ့ပီလောဟုယုံမှားခြင်း၊
(၈) ကိံနုခေါ ဘဝိဿာမိ အဟံ အနာဂတမဒ္ဓါနံ= ငါသည် နောက်ကာလ၌ နောင်ဘဝ၌ မင်းမျိုးပုဏ္ဏားမျိုး ကုန်သည်မျိုး စသည်တို့တွင် ဘယ်အမျိုး၌ ဖြစ်ရဦးမည်နည်းဟု ယုံမှားခြင်း၊
(၉) ကထံနုခေါ ဘဝိဿာမိ အဟံ အနာဂတမဒ္ဓါနံ= ငါသည် နောင်ကာလ၌ အရပ်ရှည်ရှည်ဖြစ်မည်လော၊ ပုမည်လော၊ မည်းမည်လော၊ ဖြူမည်လော စသည် ယုံမှားခြင်း၊
(၁၀) ကိံဟုတွာ ကိံဘဝိဿာမိ အဟံ အနာဂတမဒ္ဓါနံ= ငါသည် နောင်ဘဝ၌ မင်းမျိုးဖြစ်ပြီးမှ ပုဏ္ဏားမျိုး သူဌေးမျိုး ဆင်းရဲမျိုး ရဟန်းမျိုးဖြစ်ရမည်လော စသည်ဖြင့် ယုံမှားခြင်း၊ (''ကားအနာဂတ်ဘဝ၌ယုံမှားခြင်း ငါးပါး)၊
(၁၁) အဟံ နုခေါ အသ္မိ= အဟံ ငါသည်၊ အသ္မိနုခေါ၊ ဖြစ်လေသလော၊ ရှိလေသလောဟု ယုံမှားခြင်း၊
(၁၂) နောနုခေါသ္မိ= အတ္တဇီဝပုဂ္ဂလသတ္တဟူသော ငါသည်မရှိဘူးလားမဟုတ်ဘူးလားဟု ယုံမှားခြင်း၊
(၁၃) ကိံနုခေါသ္မိ= မင်းဖြစ်လျက် မိမိ၏မင်းအဖြစ်ကိုယုံမှားခြင်း၊ နတ်ဗြဟ္မာဖြစ်လျက် ရုပ်ရှိသလော မရှိသလောဟုယုံမှားခြင်း၊ ရဟန်းဖြစ်လျက် ကိုယ်ကျင့်တရား ပျက်ပြီလောဟု ယုံမှားခြင်း၊
(၁၄) ကထံနုခေါ သ္မိ= ကိုယ်ထဲ၌ အသက်လိပ်ပြာ ရှိသည်ဟု ယူပြီးလျှင်ထိုလိပ်ပြာသည် ပုပုလား၊ ရှည်ရှည်လား၊ အဘယ်ကဲ့သို့ နေမည်နည်းဟုယုံမှားခြင်း၊
(၁၅) အဟံနုခေါ သတ္တော ကုတော အာဂတော= ထိုလိပ်ပြာသည် ဘယ်ဘဝမှ ယခုဘဝသို့ ရောက်လာသနည်း စသည် ယုံမှားခြင်း၊
(၁၆) သောကုဟိံ ဂါမိ ဘဝိဿတိ= ထိုလိပ်ပြာသည် နောင်ဘယ်ဘဝသို့သွားမည်နည်း စသည်ဖြင့်ယုံမှားခြင်း၊ ♦သုခမှတ်စု

ရူပါဝစရဗြဟ္မာ ၁၆ ဘုံ

(၁) ဗြဟ္မပါရသိဇ္ဇာဘုံ= မဟာဗြဟ္မာတို့၏ အလုပ်အကျွေး ဖြစ်သော ဗြဟ္မာတို့၏နေရာဘုံ၊
(၂) ဗြဟ္မပုရောဟိတာဘ မဟာဗြဟ္မာတို့၏ ပုရောဟိတ် အမတ်ရာထူးဖြစ်သော ဗြဟ္မာတို့၏ဘုံ၊
(၃) မဟာဗြဟ္မာဘုံ= ကြီးမြတ်သောဗြဟ္မာတို့၏ နေရာဘုံ၊
(၄) ပရိတ္တာဘုံ၏ ကိုယ်ရောင်ကိုယ်ဝါနည်းသောဘုံ၊
(၅) အပမ္ပာဏာဘုံ= အာဘရဿရာဗြဟ္မာ တို့ထက်ကိုယ်ရောင်ကိုယ်ဝါ နည်း သော ဗြဟ္မာဘုံ၊
(၆) အာဘဿရာဘုံ= လျှပ်စစ်ပြက်သကဲ့သို့ အရောင်တလက်လက်ထွက်သော ဗြဟ္မာဘုံ၊
(၇) ပရိတ္တသုဘာဘုံ= တစ်ခဲနက်ဖြစ်၍ မတုန်မလှုပ် တင့်တယ်သော ကိုယ်ရောင်ရှိသောဗြဟ္မာဘုံ၊
(၈) အပ္ပမာဏသုဘာဘုံ= အတိုင်း အရှည်မရှိတစ်ခဲနက် တင့်တယ်ကောင်းမြတ်သော ကိုယ်ရောင်ရှိသော ဗြဟ္မာဘုံ၊
(၉) သုဘကိဏှာဘုံ= အပေါင်းဖြင့်တစ်ခဲနက် တင့်တယ်ကောင်းမြတ်သော ကိုယ်ရောင် ရှိသောဘုံ၊
(၁၀) အသညသတ်ဘုံ= သညာက္ခန္ဓာ မရှိသောဘုံ၊
(၁၁) ဝေဟပ္ဖိုလ်ဘုံ= ပြန့်ပြောသော အကျိုးရှိသော ဗြဟ္မာဘုံ၊
(၁၂) အဝိဟာဘုံ= မိမိတို့၏ နေရာကိုမစွန့်သော ဘုံ၊
(၁၃) အတပ္ပါဘုံ= တစ်စုံတစ်ခုသော အကြောင်း ကြောင့် မရောင့်ရဲတတ် မပူပန်တတ် သောဘုံ၊
(၁၄) သုဒဿာဘုံ= မြတ်သော ရုပ်အဆင်း သဏ္ဌာန်ကြောင့် ချမ်းသာသဖြင့် ရှုအပ်သောဘုံ၊
(၁၅) သုဒဿီဘုံ= အလွန်စင်ကြယ်သော စက္ခု ဝိညာဉ်ဖြင့် ချမ်းသာစွာ ရှုတတ်သောဘုံ၊
(၁၆) အကနိဋ္ဌာဘုံ= အောက်ဗြဟ္မာတို့ထက် ကြီးသောကိုယ် တည်ရှိသောဘုံ၊ ♦သုခမှတ်စု

ရန်သူ မုန်းသူတို့၏ လက္ခဏာ ၁၆ ပါး

(၁) မြင်လျှင်မပြုံး၊
(၂) နှလုံးမသာ၊
(၃) မျက်နှာမပေး၊
(၄) ကျင့်ရေးဆန့်ကျင်၊
(၅) ရန်တွင်မှီခို၊
(၆) မိတ်ကိုပယ်ရှား၊
(၇) မြှောက်စားမလို၊
(၈) ဆဲဆိုသူဖက်၊
(၉) လျှို့ဝှက်မကြား၊
(၁၀) ဝှက်ထား ဖော်ဆို၊
(၁၁) မှုကိပြစ်ရှာ၊
(၁၂) ပညာပစ်တင်၊
(၁၃) ပျက်လျှင်ဝမ်းသာ၊
(၁၄) ပွားလာမုန်းထား၊
(၁၅) စားထူးရ မေ့၊
(၁၆) နေလေ့မတ၊ ♦သုခမှတ်စု

ဥပဒ္ဒဝေါ ၁၆ ပါး

(၁) ရေရွတ်ဆဲရေးခြင်း၊
(၂) တံခါးဖြင့် နှောင်ဖွဲ့ခြင်း၊
(၃) ကြိုးဖြင့်နှောင်ဖွဲ့ခြင်း၊
(၄) ခြေကျင်းဖြင့် နှောင်ဖွဲ့ခြင်း၊
(၅) ကြိမ်ဖြင့်နှောင်ဖွဲ့ခြင်း၊
(၆) နွယ်ဖြင့် နှောင်ဖွဲ့ခြင်း၊
(၇) တိုက်တွင်းလှောင်ခြင်း၊
(၈) အရံအဆီး ဖြင့် နှောင်ဖွဲ့ခြင်း၊
(၉) ရွာဖြင့် နှောင်ဖွဲ့ခြင်း၊
(၁၀) နိဂုံးဖြင့်နှောင်ဖွဲ့ခြင်း၊
(၁၁) မြို့ဖြင့် နှောင်ဖွဲ့ခြင်း၊
(၁၂) တိုင်းဖြင့် နှောင်ဖွဲ့ခြင်း၊
(၁၃) ဇနပုဒ်ဖြင့် နှောင်ဖွဲ့ခြင်း၊
(၁၄) “အရပ်မှမရွှေ့ မပြောင်းနှင့်ဟု အဆိုခံရခြင်း၊
(၁၅) ဥစ္စာကို ဆောင်ယူခြင်း၊
(၁၆) ရေရွတ်ခြင်းစသော အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစားရခြင်း၊ ♦သုခမှတ်စု

မဂ်ဖိုလ်မရထိုက်သူ ၁၆ ယောက်

မိလိန္ဒပဥှာပါဠိတော်
(၁) တိရစ္ဆာန်၊
(၂) ပြိတ္တာ၊
(၃) အယူမှားယွင်းသူ၊
(၄) စဉ်းလဲကောက်ကျစ်သူ၊
(၅) အမိကို သတ်သူ၊
(၆) အဖကို သတ်သူ၊
(၇) ရဟန္တာကို သတ်သူ၊
(၈) သံဃာကို သင်းခွဲသူ၊
(၉) ဘုရားကို သွေးစိမ်းတည်စေသူ၊
(၁၀) ရဟန်းအသွင်ကိုခိုးသူ၊
(၁၁) တိတ္ထိဘောင်၌ ပြောင်းရွှေ့နေသူ၊
(၁၂) ဘိက္ခုနီမကို ဖျက်ဆီးသူ၊
(၁၃) သံဃာဒိသိသ် အာပတ်သင့်နေသော ရဟန်း၊
(၁၄) ပဏ္ဍုက် ၅ မျိုး၌ပါဝင်နေသူ၊
(၁၅) ဥဘတောဗျည်းခေါ် ထီးဿမ အင်္ဂါ ဇာတ် ၂ မျိုးပါရှိသူ၊
(၁၆) သုံးနှစ်၊ နှစ်နှစ်အောက် ငယ်ရွယ်သူ၊ ♦သုခမှတ်စု

သီလ ညှိုးနွမ်းပျက်စီးခြင်းတရား ၁၆ ပါး

(၁) လာဘ= လာဘ်ကိုငဲ့၍ ပျက်စီးခြင်း၊
(၂) ယသ= ခြွေရံကျော်စော်မှုကိုငဲ့သောကြောင့်လည်းကောင်း၊
(၃) ဉာတိ= ဆွေမျိုးကြောင့်လည်းကောင်း၊
(၄) အင်္ဂါ= ခြေလက်စသည်ကြောင့်လည်းကောင်း၊
(၅) ဇီဝိတ= အသက်ကြောင့်လည်းကောင်း၊
(၆) ခဏ္ဍာ= ကျိုးခြင်းဖြင့်လည်းကောင်း၊ ဆိဒ္ဒ= ပေါက်ခြင်းကြောင့်လည်းကောင်း၊
(၈) သဗ္ဗလ= ပြောက်ခြင်းကြောင့် လည်းကောင်း၊
(၉) ကမ္မာသ= ကြားခြင်းဖြင့်လည်းကောင်း၊
(၁၀) မိန်းမတို့က နံ့သာစသည်ဖြင့် သုံးသပ်ပေးသည်ကို သာယာခြင်း လည်းကောင်း၊
(၁၁) မိန်းတို့နှင့် ပြုံးရယ်ကစား ပျော်ပါးမြူးထူးခြင်းလည်းကောင်း၊
(၁၂) မိန်းမတို့အား စိန်းစိန်း စိုက်၍ကြည်ြ့ခင်းလည်းကောင်း၊
(၁၃) မိန်းမအသံကို သာယာခြင်း လည်းကောင်း၊
(၁၄) ရှေးအခါက ပြုကျင့်ဖူးသော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်း လည်းကောင်း၊
(၁၅) သူတစ်ပါးတို့ ပြုကျင့်သော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်းလည်းကောင်း၊
(၁၆) “သီလကြောင့် နတ်ရွာသုဂတိ ဘုံဘဝသို့ ရပါလို၏ဟု တောင့်တခြင်းလည်းကောင်း ♦သုခမှတ်စု

ဥပဒ္ဒဝေါ ၁၆ ပါး (တစ်နည်း)

သမ္မောဟဝိနောဒနီ
(၁) ပဋိသန္ဓေ နေရခြင်း၊
(၂) အိုရခြင်း၊
(၃) နာရခြင်း၊
(၄) သေရခြင်း၊
(၅) မင်းဆိုးတို့၏ဘေးဆိုးထိခြင်း၊
(၆) မီးဘေး သင့်ခြင်း၊
(၇) ခိုးသူဘေးသင့်ခြင်း၊
(၈) ရေကြီးဘေးသင်ြ့ခင်း၊
(၉) ရေဝဲဘေး သင့်ခြင်း၊
(၁၀) လှိုင်းတံပိုးဘေးသင့်ခြင်း၊
(၁၁) လပိုင်ငါးရဲဘေးသင့်ခြင်း၊
(၁၂) မိကျောင်းဘေးသင့်ခြင်း၊
(၁၃) မိမိကိုယ်ကြောင့်ဖြစ်သောကဲ့ရဲ့ခြင်း၊
(၁၄) သူတစ်ပါးကြောင့်ဖြစ်သော ကဲ့ရဲ့ခြင်း၊
(၁၅) ဒဏ်သင့်ခြင်း၊
(၁၆) အပါယ်သို့ ကျရောက်ခြင်း၊ ♦သုခမှတ်စု

ဘုရားရှိခိုးရသော အကျိုး ၁၇ ပါး

(၁) သူတစ်ပါးတို့ ရှိခိုးခံထိုက်ခြင်း၊
(၂) စိတ်၏ ရဲရင့်တည်ကြည်ခြင်း၊
(၃) သေသည်၏အခြားမဲ့၌ သုဂတိဘဝကိုရခြင်း၊
(၄) နောင်ဘုရားနှင့် တွေ့သောအခါ သစ္စာလေးပါးကို သိလွယ်ခြင်း၊
(၅) အမျိုးမြတ်ခြင်း၊
(၆) သူတစ်ပါးတို့၏ အရိုအသေအပြုကို ခရံခြင်း၊
(၇) ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း၊
(၈) အဆင်းကောင်းခြင်း၊
(၉) ကိုယ်အနံ့မွှေးခြင်း၊
(၁၀) ခံတွင်းအနံ့မွှေးခြင်း၊
(၁၁) ကြီးကျယ်သောဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
(၁၂) နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
(၁၃) ထက်သောဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
(၁၄) လျင်မြန်သောဉာဏ်နှင့် ပြည့်စုံခြင်း၊
(၁၅) ရွှင်သောဉာဏ်နှင့် ပြည့်စုံခြင်း၊
(၁၆) ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
(၁၇) စကားကောင်းကိုဆိုနိုင်ခြင်း၊ ♦သုခမှတ်စု

မင်းချီးမြှောက်သူ ၁၇ ယောက်

(၁) မင်းကိုချစ်မြတ်နိုးသူ၊
(၂) အမျိုး ကောင်းသူ၊
(၃) မင်းကိုစောင့်ရှောက်သူ၊
(၄) စီးပွားရှိမဲ့ကို မြင်နိုင်သူ၊
(၅) အကြောင်းရှိက စွန့်ဖော်ရသူ၊
(၆) ရန်အောင်ဖန်များသူ၊
(၇) စည်ပင်အောင်ပြုတတ်သူ၊
(၈) မေ့လျော့သည်ကိုလှုံ့သူ၊
(၉) တည်ကြည်သူ၊
(၁၀) မစီရင်နိုင်သောအမှုကို စီရင်နိုင်သူ၊
(၁၁) မပေါက်ရောက်နိုင်သောခရီးကို ရောက်နိုင်သူ၊
(၁၂) မဖင့် မနွဲ့အားထုတ်သူ၊
(၁၃) သားစဉ်မြေးဆက်က အရှင်မှတ်သောသူ၊
(၁၄) မင်း အလိုရှိသူ၊
(၁၅) စစ်မြေပြင်အရပ်၌ သူရဲကောင်းတို့ တိုင်ပင်ရာ၌ နှလုံး အနေကျသူ၊
(၁၆) အမြိန်အရသာ စားသောအခါ ချစ်သူ၊
(၁၇) စီးပွားကိုလိုသော ပညာရှိ၊ ♦သုခမှတ်စု

မြင်းစီးခြင်း ၁၇ ပါး

(၁) မြင်းပြေးစဉ် ခြေစုံရပ်၍ စီးခြင်း၊
(၂) မြင်းပြေးစဉ် ခြေတစ်ဖက်နင်း၍ တစ်ဖက်ထောင်လျက် စီးခြင်း၊
(၃) မြင်းပြေးစဉ် မှောက်ခုံအလျားက-တွင်ဝပ်၍ က-ဦးက ငြောင်း၊ ငြောင်းက က-ဦးကို အပြန်ပြန်ပြောင်း၍စီးခြင်း၊
(၄) မြင်းပြေးစဉ် က-တစ်ဖက်က လက်ပြု၍ ဘယ်ညာပြောင်းလျက်စီးခြင်း၊
(၅) မြင်းပြေးစဉ် မြင်းကျောက်ကုန်းပေါ်တွင် ချပ်ကိုဝတ်လျက် စီး၍လိုက်ခြင်း၊
(၆) မြင်းပြေးစဉ် ဓားနှင့်လှံကို မြင်းကျောက်ကုန်းကနေ၍ အလဲအလှယ်ပြုမိအောင်ယူ၍စီးခြင်း၊
(၇) မြင်းပြေးစဉ် အသူရာတည်ဟန်ပြု၍ ခြေကိုမိုးမြှောက် ခေါင်းဦးစောက်ပြု၍ စီးခြင်း၊
(၈) မြင်းပြေးစဉ် လက်နှစ်ဖက်က က-ကိုကိုင်၍ မြင်းနံစောင်းတွင် တံခွန်လွှင်သကဲ့သို့ ပြု၍စီးခြင်း၊
(၉) မြင်းပြေးစဉ်ထက်ဝယ်ဖွဲ့၍ စီးခြင်း၊
(၁၀) မြင်းပြေးစဉ် မြင်းမိုရ်တောင်ကို နဂါးပတ်ဟန်ပြု၍ မြင်းလည်ပင်းကို ဦးခေါင်းလျှို၍ခရုပတ် လှည့်လျက် တစ်ဖက်ကသည် တစ်ဖက်သို့ လည်အောင်ပြု၍ စီးခြင်း၊
(၁၁) မြင်းပြေးစဉ် မြင်းတင်ခုံ၌ရပ်၍ စီးခြင်း၊
(၁၂) မြင်းပြေးစဉ် မြင်းမှသက်၍ တစ်ဖန်ကုန်းတက်သို့ပြန်တက်၍ စီးခြင်း၊
(၁၃) မြင်းပြေးစဉ် ဆံပြတ်ဟန်၊ မျောက်မြေကို စမ်းဟန်၊ ကောင်းကင်သို့ မော်၍ ကသိုဏ်းရှုဟန်၊ခြင်္သေ့စံပယ်ဟန်ပြု၍ စီးခြင်း၊
(၁၄) မြင်း ပြေးစဉ်တွင် မြေသို့သက်၍ လက်ဝဲကသည် လက်ယာ, လက်ယာကသည် လက်ဝဲ ခုန်တက်၍ ခြေရာမတိမ်း ကုန်းတွင်ကျစေ၍ စီးခြင်း၊
(၁၅) မြင်းပြေးစဉ် မြင်း၏လျင်ခြင်း ကို မျှစေ၍ စီးခြင်း၊
(၁၆) မြင်းပြေးစဉ် မြင်း၏လျင်ခြင်းကို လွန်စေ၍ စီးခြင်း၊
(၁၇) မြင်းပြေးစဉ် ဘီလူးဖမ်းဟန်၊ အသူရာဖမ်းဟန်ပြု၍ စီးခြင်း၊ ♦သုခမှတ်စု

သတိဖြစ်ရာ အခြင်းအရာ ၁၇ ပါး

(၁) အထူးသိသောအားဖြင့် သတိဖြစ်၏၊
(၂) အမြဲမှတ်သားသောအားဖြင့်လည်းကောင်း၊
(၃) ရုန့်ရင်းသည်ကို သိအပ်သောအားဖြင့်လည်းကောင်း၊
(၄) အကျိုး စီးပွား ရှိ၏ ဟသု အိပ်သောအားဖြင့်လည်းကောင်း၊
(၅) သဘာဂ သဘောတူအာရုံရှိသောအားဖြင့်လည်းကောင်း၊
(၆) ဝိသဘာဂ သဘောမတူအာရုံရှိသောအားဖြင့်လည်းကောင်း၊
(၇) စကားကို အောက်မေ့စေသိစေသောအားဖြင့် လည်းကောင်း၊
(၈) အမှတ်လက္ခဏာအားဖြင့် လည်းကောင်း၊
(၉) အဖန်တလဲလဲ အောက်မေ့စေသောအားဖြင့် လည်းကောင်း၊
(၁၀) လက်ရေးကိုပြသဖြင့်လည်းကောင်း၊
(၁၁) ရေတွက်သောအားဖြင့်လည်းကောင်း၊
(၁၂) ဆောင်ရွက်သောအားဖြင့် လည်းကောင်း၊
(၁၃) ဘာဝနာအားဖြင့် လည်းကောင်း၊
(၁၄) ပုရပိုက်ပေတို့၌ ရေးမှတ်သဖြင့် လည်းကောင်း၊
(၁၅) အနီး၌ထားအပ်သောကြောင့် လည်းကောင်း၊
(၁၆) အစဉ်ခံစားဖူးသောအားဖြင့်လည်းကောင်း၊ ♦သုခမှတ်စု

နေ့၌အိပ်သင့်သောသူ ၁၇ ဦး

(၁) အပင်ပန်းခံသူ၊
(၂) မေထုန်မှီဝဲပြီးစသူ၊
(၃) ခရီးပြင်းသွားသူ၊
(၄) ဆင်မြင်းတို့ ပန်းအောင်သူ၊
(၅) ကိုယ်လက် နွမ်းနယ်သူ၊
(၆) ဝမ်းသက်သူ၊
(၇) ရင်ကျပ် ရင်ဘတ်နာရှိသူ၊
(၈) ပန်းနာရှိသူ၊
(၉) ရေငန်နာရှိသူ၊
(၁၀) သက်လုံပျက်သူ၊
(၁၁) လေနာရှိသူ၊
(၁၂) ဓာတ်အားခွန်အား ကုန်ခန်းသူ၊
(၁၃) သလိပ်ကုန်ခန်းသူ၊
(၁၄) သူအို၊
(၁၅) သေအရက်များစွာယစ်သူ၊
(၁၆) အဇိဏ္ဏနာရှိသူ၊
(၁၇) ညဉ့်ကို မအိပ်ရသူ၊ ♦သုခမှတ်စု

ဘုရားရှိခိုး အကျိုး ၁၇ မျိုး

စေတီအတူ၊ စိတ်မူတည်ကြည်၊ ရောက်မည်နတ်ရွာ၊ သစ္စာသိလွယ်၊ မြတ်နွယ်အမျိုး၊ ရိုကျိုးခဲ့ရ၊ ပြည့်ဝအင်္ဂါ၊ ဆင်းလှစွာနှင့်၊ ကာယာခံတွင်း၊ ကြိုင်သင်းမွှေးကြူ၊ ကြီးမူပညာ၊ နတ်ရွာထက်ရွှင်၊ လျင်မြန်ဘုန်းကြွယ်၊ ကောင်းကြွယ်စကား၊ ဆိုနိုင်ငြားသည်၊ ဘုရားရှိခိုးရကျိုး ၁၇ မျိုးတည်း၊ ♦သုခမှတ်စု

ကစားခြင်း ၁၈ ပါး

(၁) စစ်တုရင်၊
(၂) တံကျစ်၊
(၃) လေးကွက်၊
(၄) စကြော၊
(၅) ကုလားတောင်၊
(၆) တန်၊
(၇) ဝက်ခေါက်၊
(၈) အိမ်ကျင်၊
(၉) ကြွေအန်၊
(၁၀) ကြွေမှောက်ကြွေလှန်၊
(၁၁) သတိပဋ္ဌာန်၊
(၁၂) သေသဝိဇ္ဇာ၊
(၁၃) အုတ်ခဲပစ်၊
(၁၄) တုတ်ပစ်၊
(၁၅) ကောက်ပစ်၊
(၁၆) လေးပစ်၊
(၁၇) လှံထိုး၊
(၁၈) သေနတ်ပစ်၊ ♦သုခမှတ်စု

ဘုရားလောင်းတို့ မဖြစ်ထိုက်သော အရပ် ၁၈ ပါး

(၁) အမိဝမ်းမှ ကန်းသည်ဖြစ်တော်မမူ၊
(၂) အမိဝမ်းမှ နားပင်းသည်ဖြစ်တော်မမူ၊
(၃) ရူးသွပ်ပျံ့လွင့်သည် ဖြစ်တော်မမူ၊
(၄) အရိယိုသည်ဖြစ်တော်မမူ၊
(၅) ဆွံ့သည်ဖြစ်တော်မမူ၊
(၆) မိလက္ခုတောင်သူမျိုး၌ ဖြစ်တော်မမူ၊
(၇) ကျွန်မဝမ်း၌ ဖြစ်တော်မမူ၊
(၈) နိယတမိစ္ဆာဒိဋ္ဌိအယူရှိသည် ဖြစ်တော်မမူ၊
(၉) လိင်ပြန်သည် ဖြစ်တော်မမူ၊
(၁၀) အနန္တရယိကံငါးပါးကို ပြုတော်မမူ၊
(၁၁) နူသောအနာရှိသည် ဖြစ်တော်မမူ၊
(၁၂) တိရစ္ဆာန်အမျိုး၌ ငယ်စွအဆုံး ငုံးငှက်အောက်အယုတ်၊ ကြီးစွအဆုံး ဆင်ပြောင် ထက်လွန်ဖြစ်တော်မမူ၊
(၁၃) ခုပိပ္ပါသိကပြိတ္တာ၊ နိဇ္ဈာမတဏကှိ ပြိတ္တာ၊ ကာလကဉ္ဇိက အသူရာတို့၌ ဖြစ်တော်မမူ၊
(၁၄) အဝီဝိငရဲ၊ လောကန္တရက်ငရဲတို့၌ ဖြစ်တော်မမူ၊
(၁၅) ကာမာဝစရနတ်တို့တွင် မာရ်နတ် ဖြစ်တော်မမူ၊
(၁၆) ရူပါဝစရဘုံတွင် အသညသတ်ဘုံ၊ သုဒ္ဓါ ဝါသဘုံ၌ ဖြစ်တော်မမူ၊
(၁၇) အရူပ ဘုံ၌ ဖြစ်တော်မမူ၊
(၁၈) တစ်ပါးသော စကြဝဠာတို့၌ ပြောင်း၍ ဖြစ်တော်မမူ၊ ♦သုခမှတ်စု

မဟာသယန ၁၈ မျိုး

(၁) လက်လေးသစ်ထက်လွန်သော အမွေးရှိသော ကော်ဇောကြီး၊
(၂) ရတနာတို့ဖြင့် ဆန်းကြယ်သော သားမွေးဖြင့်ပြီးသော အခင်း၊
(၃) သားမွေး ဖြင့် ပြုအပ်သော ဖြူသောအခင်း၊
(၄) တစ်ခဲနက်ပန်းပွင့်ရှိသော သားမွေးဖြင့် ပြီးသောအခင်း၊
(၅) လဲဖြင့် သွတ်သော သားမွေးဖြင့်ပြီးသော အခင်း၊
(၆) ခြသေ့င်္ရုပ်၊ ကားရုပ်စသောအရုပ်တို့ဖြင့်ဆန်း ကြယ်သောသားမွေး ဖြင့်ပြီးသောအခင်း၊
(၇) တစ်ဖက်သာ အမွေးရှိသော သားမွေး ဖြင်ြ့ပီးသော အခင်း၊
(၈) နှစ်ဖက်သာ အမွေးရှိသော သားမွေး ဖြင့်ပြီးသော အခင်း၊
(၉) ရွှေချည်ဖြင့် ချုပ်အပ်သော လျှော်ဖြင့်ရော၍ ရက်သော အခင်း၊
(၁၀) ရွှေချည်ဖြင့်ချုပ်အပ်သော ပိုးချည်ဖြင့် ရက်သော အခင်း၊
(၁၁) တစ်ကျိပ်ခြောက်ယောက်သော ကချေသည်တို့သည် ရပ်၍ က-လောက်သော သားမွေးဖြင့်ပြီးသောအခင်း၊
(၁၂) ဆင်ကုန်းနှီး၊
(၁၃) မြင်းကုန်းနှီး၊
(၁၄) ရထားကုန်းနှီး၊
(၁၅) ညောင်စောင်းနှင့်အမျှပြု၍ ချုပ်သောအခင်း၊
(၁၆) ဝံပိုင်ရေဖြင့် ချုပ်အပ်သော အခင်း၊
(၁၇) အထက်၌ ဗိတာန်နီကြက်အပ်သောအခင်း၊
(၁၈) ခေါင်းအုံး ခြေအုံး နှစ်ဖက်ရှိသောအခင်း၊ ♦သုခမှတ်စု

ဝိဇ္ဇာအတတ် ၁၈ ရပ်

ဗိသနုရာဏ်ကျမ်း
(၁) မန္တန် မန်းမှုတ်နည်း ကပ္ပကျမ်း အတတ်၊
(၂) အသံနေအသံထား သဒ္ဒါ ပုဒ်ပါဌ်တို့ကိုပြရာ ဗျာကရဏကျမ်း အတတ်၊
(၃) ဂြိုဟ်နက္ခတ်တို့၏ ဇောတသိ တ္ထကျမ်း အတတ်၊
(၄) ဗျည်း သရနှင့် ဌာန်ကရိုဏ်း ပယတ်တို့ကို ပြဆိုရာ သိက္ခာကျမ်းအတတ်၊
(၅) သဒ္ဒါတွင် ဝဏ္ဏလာပုံ ပစ္စည်းသက်ရောက်ပုံ ဝိဂြိုဟ် လုပ်ပုံတို့ကိုပြဆိုရာ နိရုတ္တိကျမ်း အတတ်၊
(၆) ဂါထာဗန္ဓတို့ကိုဖွဲ့ဆိုရာ ဆန္ဒောဝိစိတိ ဆန်းကျမ်းအတတ်၊
(၇) သာမမည်သော ဗေဒင်ကျမ်းအတတ်၊
(၈) ယဇုမည်သော ဗေဒင်ကျမ်းအတတ်၊
(၉) ဣရုမည်သော ဗေဒင်ကျမ်းအတတ်၊
(၁၀) အာထဗ္ဗဏ ဗေဒင်ကျမ်း အတတ်၊
(၁၁) ကံတရားတို့၏ အကြောင်းအရာ ဗြဟ္မာတို့၏ အကြောင်း အရာတို့ကိုပြသည့် ဝီမံသာကျမ်း အတတ်၊
(၁၂) တက်ကျမ်း အမျိုး မျိုးတို့ကိုပြဆိုသောနျာယကျမ်း အတတ်၊
(၁၃) တရားဥပဒေတို့ကိုပြဆိုရာ ဓမ္မသတ္တကျမ်း အတတ်၊
(၁၄) ရှေးဟောင်းအတတ်ပညာ အကြောင်းအရာ စကားတို့ကို ပြဆိုရာ ပုရာဏကျမ်း အတတ်၊
(၁၅) အာယုဗေဒဆေးကျမ်း အတတ်၊
(၁၆) မန္တန်ဖြင့် မန်းမှုတ်ပစ်ခတ်အပ်သော ဓနုဗေဒ လေးပစ်အတတ်၊
(၁၇) တီးမှုတ်သီဆို ကခုန်ရာဖြစ်သော ဂန္ဓဗ္ဗအတတ်၊
(၁၈) စကားရည်စစ်ထိုးပွဲနှင့်ယဉ်ကျေးစွာ ပြောဆိုနည်းတို့ကိုပြသည့် အတ္တသတကျမ်းအတတ်၊ ♦သုခမှတ်စု

သူယုတ်လက္ခဏာ ၁၈ ပါး

(၁) အနံအလျားခြားနားမသိသာအောင် ကြီးစွာသောဖဝါးရှိခြင်း၊
(၂) ပဲ့ပဲ့ကုပ်ကုပ် ပုပ်သော ခြေသည်းလက်သည်းရှိခြင်း၊
(၃) ပါးရေတွန့်လျှော ကျောဝမ်း တစ်ကိုယ်လုံးမှ စက်ဆုပ်ဖွယ် ထမင်းဆုပ်ဆွဲသကဲ့သို့ တွဲရရွဲကျသော အသားလည်းရှိခြင်း၊
(၄) အံသွားကျိုးပြတ်၍ အထက်နှုတ်ခမ်းများလည်းပါးရိုးခိုက်လုနီး ထုကြီးလျက်ရှည်ခြင်း၊
(၅) ပါးစောင်နှစ်ဖက်မှ ယိုထွက်သောအရည်သည် စက်ဆုပ်လိခမန်းရှိခြင်း၊
(၆) မကျိုးဘဲ ကျန်သေးသည့် ရှေ့သွားလည်း နှုတ်ခမ်းသားမဖုံးနိုင်အောင်ခေါခြင်း၊
(၇) ရင်ပိန်ဖျားမောက်ကောက်သော နှာယောင်လည်းရှိခြင်း၊
(၈) အိုးစရည်းလောက်နီးနီး အိုင့်ကြီးသော ဝမ်းလည်းရှိခြင်း၊
(၉) ထွန်ကိုင်းလ,ရေးကဲ့သို့ ကောက်ကွေးသော ကျောက်ကုန်းလည်းရှိခြင်း၊
(၁၀) တစ်ဖက်ကျဉ်းကျယ် မတင့်တယ်သော မျက်စိရှိခြင်း၊
(၁၁) ဖြူနီပြောက်ကား ဖွားရရွားထသော မုတ်ဆိတ်ကျင်စွယ်ရှိခြင်း၊
(၁၂) ဦးခေါင်း၌ ဆံပင်လည်း ဖြူနီရောထွေး၍ ရွှေရောင်အဆင်းလည်းရှိခြင်း၊
(၁၃) အခေါက်ထူစွာ တွန့်လိမ်သော အရေရှိခြင်း၊
(၁၄) ရင်ဘတ် လည်ပင်း မျက်နှာစသည်တို့၌ မှဲ့မည်းပြောက်ကား၍ စက်ဆုပ်ဖွယ် ရှိခြင်း၊
(၁၅) မွဲပြာသီမှောင်ကြောင်သော မျက်စိရှိခြင်း၊
(၁၆) ခါး၊ ကျောက်ကုန်း၊ လည်ကုပ်၊ “သုံးပါးသော အရပ်တို့၌ ရှိုင်းချိုင့်ခြင်း၊
(၁၇) အရိုးဆက်မစပ်၍ တဆတ်ဆတ်ခါလျက်ဆာသောသွားခြင်းဖြင့် ခွင်ကောက်သော ခြေလည်းရှိခြင်း၊
(၁၈) ကြီး မြင့်ကြံ့ခိုင်သောကိုယ်၊ ရုန့်ရင်း ကြမ်းတမ်းသော အမူအရာရှိခြင်း၊ ♦သုခမှတ်စု

အဋ္ဌာရသသပ္ပိ ၁၈ ပါး(အတတ်)

(၁) သတို= အကြားအမြင်အတတ်၊
(၂) သမ္မုတိ= ဓမ္မသတ်အတတ်၊
(၃) သင်္ချာ= အရေအတွက် ဂဏန်းအတတ်၊
(၄) ယောဂါ= တံစည်း စူး ဆောက်စသောအတတ်၊
(၅) နီတိ= အကျင့်တရားကိုပြသဆုံးမသော နီတိ အတတ်၊
(၆) ဝိသေသကာ= ယာယီ ယဉာတာစသော ဗျာကရုဏ်းအတတ်၊
(၇) ဂန္ဓဗာ= စောင်းညင်းစသော ကဗျာလင်္ကာအတတ်၊
(၈) ဂဏိကာ= လက်ဆစ်ချိုး၍ ရေတါက်သောအတတ်၊
(၉) ဓနုဗေဒါ= ဒူးလေးအတတ်၊
(၁၀) ပုရာဏာ= စကားဟောင်းအတတ်၊ (ပေါရာဏ)၊
(၁၁) တိကိစကြွ= ဆေးအတတ်၊
(၁၂) ဣတိဟာသ= ရယ်ရွှင်ဖွယ်အတတ်၊(ရှေးစကားဟောင်းအတတ်)၊
(၁၃) ဇောတိ= ဗေဒင်အတတ်၊
(၁၄) မာယာ= လှည့်ပတ်မှုအတတ်၊
(၁၅) ဆန္ဒတိ= ဆန်းကျမ်းအတတ်၊
(၁၆) ကေတု= သံတမန်အတတ်၊
(၁၇) မန္တာ= မန္တန်အတတ်၊
(၁၈) သဒ္ဒါ= သဒ္ဒါကျမ်းအတတ်၊ ♦သုခမှတ်စု

အံ့ဖွယ်တော် ၁၈ ပါး

(၁) ဝတ်တော်မူသောသင်္ကန်း တော်သည်ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရှိ၊
(၂) ပရိကတရာရှစ်ပါးကို ဆောင်တော်မူလျှင် ကိုယ်တော်နှင့်မထိ၊ လက်လေးသစ်မျှ ကွာရခြင်း၊
(၃) တောထွက်တော်မူစက ပယ်ဖြတ်တော်မူသော ဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံးတည်တော်မူခြင်း၊
(၄) ဆွမ်းစားပြီးသောအခါ သပိတ်တော်ဆေးလျှင် လက်တော်စင်နှင့်လေသည်၊ လက်တော်ဆေးက သပိတ်တော်စင်နှင့်လေသည်၊
(၅) မုန်ညင်းစေ့ခန့်မျှသော ကြုတ်ထဲသို့ဝင်တော်မူနိုင်ခြင်း၊
(၆) ရောင်ခြည်တော်ခြောက်ပါး လွှတ်တော်မူသော် ဆယ်မျက်နှာအရပ်ကို ထွင်းဖောက်၍သွားခြင်း၊
(၇) ဝေနေယျသတ္တဝါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတ ဘုရားပေါင်းအသင်္ချေ ဖန်ဆင်းတော်မူနိုင်ခြင်း၊
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကလိုည်းကောင်း ပေးတော်မူနိုင်ခြင်း၊
(၉) အထက်ကောင်းကင်တွင် လ,ဝန်းပေါ်သကဲ့သို့ မြင့်တော်မူနိုင်ခြင်း၊
(၁၀) အသံတော်ရှစ်ပါးနှင့်တရားဟောတော်မူရာ အလုံးစုံသော ပရိသတ်တို့ ကပ်၍ဟောဘိသကဲ့သို့ ကြားရခြင်း၊
(၁၁) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းနိုင်ခြင်း၊
(၁၂) ကျွတ်အံ့သော သတ္တဝါတို့ကို မဟာကရုဏာသမာပတ္တိဉာဏ်ဖြင့် သိနိုင်ခြင်း၊ (တစ်နည်း) ခပ်သိမ်းသောသတ္တဝါတို့ကို ကရုဏာတရားပွားများအားကြီးခြင်း၊
(၁၃) လူ နတ် ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော ဣန္ဒြေနုရင့်ကို သိတော်မူခြင်း၊
(၁၄) အထက်ပါ ၁၃ ပါးနှင့် ဉေယျဓံတရား ၅ ပါးကို သိနိုင်ခြင်း၊ ပေါင်း ၁၈ ပါး၊ (ကဝိလက္ခဏာ) တစ်နည်းကား “ကဲ့သို့ ဉေယျဓံတစ်ပါးကိုသိခြင်း၌ တစ်ပါးတည်း အမှတ်ဖြင့် အောက်ပါအရာများကိုပါ ထည်းသွင်း ယူလေသည်၊
(၁၅) အလိုရှိ၍ လက်တော်ကို ဆန့်လိုက်လျှင် သပိတ်တော် အလိုအလျောက် ရောက်လာခြင်း၊
(၁၆) ရေအစုံမီးအစုံနှင့် တန်ခိုးပြာဋိဟာ ပြတော်မူနိုင်ခြင်း၊
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟောရန် ပကတိသုံးဖဝါး ၂ လှမ်းတည်းနှင့် ကြွရောက်တော်မူနိုင်ခြင်း၊
(၁၈) ဒေသစာရီ ကြွချီတော်မူလျှင် ခြေရာမထင်သည့်ပြင် မြေအညီအညွတ် ဖြစ်ရခြင်း၊ “ကား အာစရိယဝါဒတည်း၊ ကြိုက်ရာ ကိုယူကြလေ၊ ♦သုခမှတ်စု

နူနာမျိုး ၁၈ ပါး

(၁) ကာပါလိက= ကိုယ်ရေ နီညို, အဖုပေါက်ကြမ်းခြောက်၍ အလွန်နာကျင်ခြင်းဖြစ်၏၊
(၂) သြဒုမ္ပရ= ကိုယ်ရေနီ, သဖန်းသီးဖုထ, အလွန်ယား-ဆံပင်အမွေး ဖျော့တော့သော အဆင်း ရှိ၏၊
(၃) မဏ္ဍလ= ကိုယ်ရေ ဖြူ, နီ, စေးထန်းထန်း အဖုအကွက် ထ၏၊
(၄) ဣက္ခဇိဝှါ= အနာဖြစ်ရာ၌ လျှာကဲ့သို့ရှိ၏၊ အတွင်း၌ဝါ ညိုရှိ၏၊ နာကျင်၏၊
(၅) ပုဏ္ဍရိက= အရေသည် ကြာရွက်နုကဲ့သို့ စဉ်းငယ်နီ၍ ဖြူ၏၊
(၆) သီမေ= အရေ ကြေးနီအဆင်းကဲ့သို့ ရှိ၏၊ ယား၏၊ ခြေထောက် ခြေ လက်တစ်စတစ်စ ပျံ့နှံ့၍တက်၏၊
(၇) ကာက= အရည်ချင်းရွှေကဲ့သို့ရှိ၏၊ အတွင်း၌ညို၏၊ ဘေးနားနီ၏၊ ခြောက်သွေ့ကိုက်ခဲနာကျင်၏၊
(၈) ကေကုဋ္ဌ= ချွေးမထွက် ငါးတစ်ငါးတုံးကဲ့သို့ကြီးစွာဖြစ်ပေါ်လာတတ်၏၊
(၉) ဂဇဓမ္မ= အရေသည် ဆင်ရေကဲ့သို့ထူ၏၊
(၁၀) ဒမ္မဒလ= ယား၏၊ အနီရောင်ရှိ၏၊ အဖုတို့ဖြင့်ပြည့်၏၊ အဖုပေါက်ကွဲလျက် အဝတ်ပုဆိုး တို့ဖြင် အထိမခံနိုင်အောင် နာကျင်၏၊
(၁၁) ကိဋိတ= ခြောက်သောအရောင်ရှိ၏၊ ညိုမည်း၏၊ ကြမ်းထော်၏၊
(၁၂) ဝေပါဒိက= လက်ခြေတို့၏ အရေသည် ကွဲပျက်ပေါက်ပဲ့ခြင်းသို့ရောက်၏၊ အလွန်နာကျင်၏၊
(၁၃) အလသ= အရေ၌ များစွာယား၍ အဖုကြီးတွေ ပေါ်ပေါက်လာ၏၊
(၁၄) ဒဒ္ဒု= အရေနီလျက် ယားပြီး အဖုတို့ထတတ်၏၊
(၁၅) ပါမာ= ပူလောင်၏၊ ယား၏၊ သေးငယ်သော ဖုကလေးများ ပေါ်ပေါက်လာတတ်၏၊
(၁၆) ဝိပ္ဖေါနက= အရေ၌ ညိုညိုနီနီ သေးငယ်သော အဖုကလေးတွေ ဖြစ်လာတတ်၏၊
(၁၇) သတာရု= အရေ၌ နီနီအဖုကြီး တွေထတတ်၏၊
(၁၈) ဝိဓစ္စိကာ= အရိုး အဆစ်တို့ကို ဆွေးမြည့် ပြုတ်ပြတ်စေ၏၊ ♦သုခမှတ်စု

ဘုရားလောင်းတို့ မဖြစ်ထိုက်သော အရပ် ၁၈ ပါး

(၁) အမိဝမ်းမှ ကန်းသည် ဖြစ်တော်မမူ၊
(၂) အမိဝမ်းမှ နားပင်းသည် ဖြစ်တော်မမူ၊
(၃) ရူးသွပ် ပျံ့လွင့်သည် ဖြစ်တော်မမူ၊
(၄) အရိယိုသည် ဖြစ်တော်မမူ၊
(၅) ဆွံ့သည် ဖြစ်တော်မမူ၊
(၆) မိလက္ခုတောင်သူမျိုး၌ ဖြစ်တော်မမူ၊
(၇) ကျွန်မဝမ်း၌ ဖြစ်တော်မမူ၊
(၈) နိယတ မိစ္ဆာဒိဋ္ဌိအယူရှိသည် ဖြစ်တော်မမူ၊
(၉) လိင်ပြန်သည် ဖြစ်တော်မမူ၊
(၁၀) အနန္တရိယ ကံငါးပါးကို ဖြစ်တော်မမူ၊
(၁၁) နူသောအနာရှိသည် ဖြစ်တော်မမူ၊
(၁၂) တိရစ္ဆာန် အမျိုး၌ ငယ်စွာအဆုံးငုံးငှက်အောင်၊ အယုတ်ကြီးစွာအဆုံး ဆင်ပြောင်ထက်လွန် ဖြစ်တော်မမူ၊
(၁၃) ခုပ္ပိဝါသိကပြိတ္တာ၊ နိစ္ဈာမတဏှိကပြိတ္တာ၊ ကာလကဉ္ဇိက အသုရာတို့၌ ဖြစ်တော်မမူ၊
(၁၄) အဝိစိငရဲ၊ လောကန္တရက်ငရဲတို့၌ ဖြစ်တော်မမူ၊
(၁၅) ကာမာဝစရနတ်တို့တွင် မာရ်နတ်ဖြစ်တော်မမူ၊
(၁၆) ရူပဝစရဘုံတွင် အသညသတ်ဘုံ၊ သုဒ္ဓါဝါသဘုံ၌ ဖြစ်တော်မမူ၊
(၁၇) အရူပဘုံ၌ ဖြစ်တော်မမူ၊
(၁၈) တစ်ပါးသောစကြဝဠာတို့၌ ပြောင်း၍ဖြစ်တော်မမူ၊ ♦သုခမှတ်စု

အာဝေဏိကဂုဏ်တော် ၁၈ ပါး

(၁) အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံဉာဏံ= အတိတ်အဖို့၌ဉာဏ်တော်၏အပိတ်အပင်အတားအဆီးမရှိခြင်း၊
(၂) အနာဂတံသေ= အနာဂတ်အဖို့၌လည်း ၎င်းအတိုင်းပင်၊
(၃) ပစ္စုပ္ပန္နံသေ= ပစ္စုပ္ပန် အဖို့၌လည်း ၎င်း အတိုင်းပင်၊
(၄) သဗ္ဗံကာယကမ္မံဉာဏပုဗ္ဗမင်္ဂမံ ဉာဏာနု ပရိဝတ္တံ= ကာယကံမှုအလုံးစုံ၌ ဉာဏ်တော်သာလျှင် ရှေ့သွားရှိခြင်း၊ ဉာဏ်တော်သို့သာ အစဉ်လိုက်ခြင်း၊
(၅) သဗ္ဗံဝစီကမ္မံ= ဝစီကံမှုတို့၌လည်း ၎င်းအတိုင်းပင်၊
(၆) သဗ္ဗံ မနောကမ္မံ= မနောကံမှုတို့၌လည်း ၎င်းအတိုင်းပင်၊
(၇) နတ္ထိဆန္ဒဿဟာနိ= အလိုဆန္ဒတော်၏ ယုတ်လျော့နားနည်းမှု မရှိခြင်း၊
(၈) နတ္ထိဝီရိယဿဟာနိ= အားထုတ်မှုဝီရိယ၌လည်း ၎င်းအတိုင်းပင်၊
(၉) နတ္ထိသမာဓိ ဿဟာနိ= သမာဓိတော်၌လည်း ၎င်းအတိုင်းပင်၊
(၁၀) နတ္ထိပညာယဟာနိ= ပညာတော်အရာ၌လည်း ၎င်းအတိုင်းပင်၊
(၁၁) နတ္ထိဓမ္မဒေသနာယဟာနိ= တရားဟောရာ၌လည်း ၎င်းအတိုင်းပင်၊
(၁၂) နတ္ထိဝိမုတ္တိယာဟာနိ= ဝိမုတ္တိတရားဖို့၌လည်း ၎င်းအတိုင်းပင်၊
(၁၃) နတ္ထိဒဝါ= ပြက်ရယ်ပြုမှု မြူးထူးမှုမရှိခြင်း၊
(၁၄) နတိအရဝါ= ချွတ်ချော် တိမ်းပါးမှုမရှိခြင်း၊
(၁၅) နတ္ထိ အဖုဋံ= ဉာဏ်တော်နှင့် မတွေ့ထိသောအရာဟူ၍ မရှိခြင်း၊
(၁၆) နတ္ထိ ဝေဂါယိတတ္တံ= အဆောတလျင်ပြုရသည်၏ အဖြစ်မျိုးမရှိခြင်း၊
(၁၇) နတ္ထိအဗျာဝဋမနော= ကြောင့်ကြမဲ့စိတ်မျိုး မရှိခြင်း၊
(၁၈) နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ= ပညာဉာဏ် မဆင်မခြင် ရှုလေ့မရှိခြင်း၊ ♦သုခမှတ်စု

ဆေးအစာတို့၏ကိစ္စ ၁၉ ပါး

(၁) အာရောဟန= တက်ခြင်း၊
(၂) သြရောဟန= သက်ခြင်း၊
(၃) အာရောဟနောရောဟန= တက်သက်နှစ်ပါးဖြစ်ခြင်း၊
(၄) ဥဂ္ဂိရဏ= အန်ခြင်း၊
(၅) ဝိရေစန= ဝမ်းကျခြင်း၊
(၆) သန္တန = ငြိမ်ဝပ်ခြင်း၊
(၇) ကုစ္ဆိဗန္ဓန =ဝမ်းချုပ်ခြင်း၊
(၈) ကုစ္ဆိဂ္ဂိဇောတန= ဝမ်းမီးတောက်ခြင်း၊
(၉) ကိသ= ကြုံခြင်း၊
(၁၀) ထူလ= ဝခြင်း၊
(၁၁) ဒီဃာယုက= အသက်ရှည်ခြင်း၊
(၁၂) သုက္ကဝဍ္ဎန= သုက်ပွားခြင်း၊
(၁၃) ကပ္ဖောဋ= ဖောယောင်ခြင်း၊
(၁၄) ဝိနာသ= ကြေပျက်ခြင်း၊
(၁၅) ဥဟန= ပူလောင်ခြင်း၊
(၁၆) ဘမ= မူးဝေခြင်း၊
(၁၇) ဟာသ= ရွှင်ခြင်း၊
(၁၈) မရဏ= သေခြင်း၊
(၁၉) ဝိသဝူပသမ= အဆိပ်ငြိမ်းခြင်း၊ ♦သုခမှတ်စု

ပြည်ကြီး ၁၉ ပြည်

(၁) ဗာရာဏသီပြည်ကြီး၊
(၂) သာဝတ္ထိပြည်ကြီး၊
(၃) ဝေသာလီပြည်ကြီး၊
(၄) မိထိလာပြည်ကြီး၊
(၅) အာဠဝီပြည်ကြီး၊
(၆) ကောသမ္ဘီပြည်ကြီး၊
(၇) ဥဇ္ဇေနီပြည်ကြီး၊
(၈) တကရသီလပြည်ကြီး၊
(၉) သာဂလပြည်ကြီး၊
(၁၀) သံသုမာရဂီရိပြည်ကြီး၊
(၁၁) ရာဇဂဟပြည်ကြီး၊
(၁၂) ကာပိလဝတ္ထုပြည်ကြီး၊
(၁၃) သာကေတပြည်ကြီး၊
(၁၄) ဣန္ဒပတ္ထနဂိုရ်ပြည်ကြီး၊
(၁၅) ဥဂ္ဂဋ္ဌပြည်ကြီး၊
(၁၆) ပါဋလိပုတ်ပြည်ကြီး၊
(၁၇) စေတုတ္တရာပြည်ကြီး၊
(၁၈) သကဿင်္ နဂရို်ပြည်ကြီး၊
(၁၉) ကုသိနာရာမပြည်ကြီး၊ ♦သုခမှတ်စု

မြေကြီးဟူသောအခေါ် ပရိယာယ် ၁၉ ပါး

(၁) ဝသနု ထရာ= မြေ၊
(၂) ဆမာ= မြေ၊
(၃) ဘူမိ=မြေ၊
(၄) ပထဝီ=မြေ၊
(၅) မေဒနီ=မြေ၊
(၆) မဟီ=မြေ၊
(၇) ဥဗီ=မြေ၊
(၈) ဝသုမတိ= မြေ၊
(၉) ဂေါ=မြေ၊
(၁၀) ကု=မြေ၊
(၁၁) ဝသုဓာ=မြေ၊
(၁၂) ဓရဏီ= မြေ၊
(၁၃) ပုထဝီ=မြေ၊
(၁၄) ဇာဂတီ=မြေ၊
(၁၅) ဘူရီ=မြေ၊
(၁၆) ဘူ=မြေ၊
(၁၇) ဘူတဓရာ= မြေ၊
(၁၈) အဝနီ=မြေ၊
(၁၉) ဓရာ= မြေ၊ ♦သုခမှတ်စု

ဒိဋ္ဌဓမ္မနိဗ္ဗာန် ၁၉ ပါး

ဒိဋ္ဌဓမ္မနိဗ္ဗာနသုတ် နဝင်္ဂုတ္တရ
(၁) ဝိနီဝရဏနိဗ္ဗာန်၊
(၂) ပထမစျာန်နိဗ္ဗာန်၊
(၃) ဒုတိယစျာန် နိဗ္ဗာန်၊
(၄) တတိယစျာန် နိဗ္ဗာန်၊
(၅) စတုတ္ထစျာန် နိဗ္ဗာန်၊
(၆) ပဉ္စမစျာန် နိဗ္ဗာန်၊
(၇) အာကာသနဉ္စာယတနေ နိဗ္ဗာန်၊
(၈) အာကိဉ္စညာယတနေ နိဗ္ဗာန်၊
(၉) ဝိညာဏဉ္စာယတနေ နိဗ္ဗာန်၊
(၁၀) နေဝသညာနာသညာယတနေ နိဗ္ဗာန်၊
(၁၁) သညာဝေဒယိတနိရောဓနိဗ္ဗာန်၊
(၁၂) သောတာပတ္တိမဂ္ဂနိဗ္ဗာန်၊
(၁၃) သောတာပတ္တိဖလ နိဗ္ဗာန်၊
(၁၄) သကဒါဂါမိမဂ္ဂ နိဗ္ဗာန်၊
(၁၅) သကဒါဂါမိဖလ နိဗ္ဗာန်၊
(၁၆) အနာဂါမိမဂ္ဂနိဗ္ဗာန်၊
(၁၇) အနာဂါမိဖလ နိဗ္ဗာန်၊
(၁၈) အရဟတ္တမဂ္ဂ နိဗ္ဗာန်၊
(၁၉) အရဟတ္တဖလ နိဗ္ဗာန်၊ ♦သုခမှတ်စု

သောဘဏသာဓာရဏစေတသိက် ၁၉ ပါး

(၁) သဒ္ဒါ= ရတနာသုံးပါးကိုကြည်ညိုခြင်း၊ ကံ-ကံ၏အကျိုးကိုယုံကြည်ခြင်း၊
(၂) သတိ= ကုသိုလ်အစု၌မမေ့မလျော့သော အောက်မြေ့ခင်းလက္ခဏာ၊
(၃) ဟီရိ= အယုတ်တရား၌ စက်ဆုပ်ရွံရှားခြင်း လက္ခဏာ၊
(၄) သြတ္တပ္ပ= မကောင်းမှု၌ ကြောက်လန့်ခြင်း လက္ခဏာ၊
(၅) အလောဘ= ကာမဂုဏ်အာရုံ၌ စိတ်၏မက်မောတွယ်တာမှုမရှိခြင်း၊
(၆) အဒေါသ= ဆန့်ကျင် မုန်းတီး ကြမ်းတမ်း ခက်ထန်မှု မရှိခြင်း၊
(၇) တဉာတမဇ္ဈတတ္တာ= ချစ်, မုန်း မပါ ညီမျှစွာဆောင်ခြင်းလက္ခဏာ၊
(၈) ကာယပဿဒ္ဓိ= ကိလေသာအပူတို့၏ ငြိမ်းအေးခြင်း၊
(၉) စိတ္တပဿဒ္ဓိ= ကိလေသာအပူတို့၏ ငြိမ်းအေးချမ်းသာခြင်း လက္ခဏာ၊
(၁၀) ကာယလဟုတာ= ကိလေသာဝန်ထုပ်မှ ပေါ့ပါးခြင်း၊
(၁၁) စိတ္တလဟုတာ= ကိလေသာဝန်ထုပ်မှ ပေါ့ပါးခြင်း၊
(၁၂) ကာယမုဒုတာ= ကိလေသာ ခက်ထန်ခြင်းတို့မှ ကင်းငြိမ်းနူးညံ့ခြင်း လက္ခဏာ၊
(၁၃) စတ္တိမုဒုတာ= ကိလေသာ ခက်ထန်ခြင်းတို့မှ ကင်းငြိမ်းနူးညံ့ခြင်း လက္ခဏာ၊
(၁၄) ကာယကမ္မညတာ= ကုသိုလ်အလုပ်၌ ခံ့ညားထည်ဝါ ငြိမ်းချမ်းခြင်းအသွင်ကိုဆောင်ခြင်း လက္ခဏာ၊
(၁၅) စိတ္တကမ္မညတာ= ကုသိုလ်အလုပ်၌ ခန့်ညားထည်ဝါ ငြိမ်းအေးခြင်းအသွင်ကိုဆောင်ခြင်းလက္ခဏာ၊
(၁၆) ကာယပါဂုညတာ= ကုသိုလ်တရား၌ ငြိမ်းအေးစွာလေ့လာခြင်းလက္ခဏာ၊
(၁၇) စိတ္တပါဂုညတာ= ကုသိုလ်တရား၌ ငြိမ်းချမ်းစွာ လေ့လာခြင်းလက္ခဏာ၊
(၁၈) ကာယုဇုက္ခာ= နိဗ္ဗာန ဓာတ်စခန်းကိုသာ ဖြောင့်မတ်တန်းတန်း လမ်းလွဲမပါသော လက္ခဏာ၊
(၁၉) စိတ္တုဇုက္ခာ= နိဗ္ဗာန ဓာတ်စခန်းကိုသာ ဖြောင့်မတ်တန်းတန်း လမ်းလွဲမပါသော လက္ခဏာ၊ ♦သုခမှတ်စု

ဆေးအစာတို့၏ဂုဏ် ၂၀ ပါး

(၁) ဂရုဂုဏ်မ= ကြေခဲကျက်ခဲသော ဆေးမျိုး အစာမျိုး၊
(၂) လဟုဂုဏ်= ကြေလွယ် ကျက်လွယ်သော ဆေးမျိုးအစာမျိုး၊
(၃) မန္ဒဂုဏ်= နှေးသော ဆေးမျိုးအစာမျိုး၊
(၄) အာသုဂုဏ်= လျင်သောဆေးမျိုးအစာမျိုး၊
(၅) ဟိမဂုဏ်= အေးသော ဆေးမျိုးအစာမျိုး၊
(၆) ဥဏဉ္စုဏ်= ပူသောဆေးမျိုးအစာမျိုး၊
(၇) သန္ဒဂုဏ်= အစိုင်အခဲဖြစ်သောဆေးမျိုးအစာမျိုး၊
(၈) ဒြဝဂုဏ်= အရည်အလင် ဖြစ်သောဆေးမျိုးအစာမျိုး၊
(၉) သိနိဒ္ဓဂုဏ်= အဆီအစေးဖြစ်သောဆေးမျိုးအစာမျိုး၊
(၁၀) လုခဂုဏ်= အဆီအစေးမရှိခြောက်သွေ့သောဆေးမျိုး အစာမျိုး၊
(၁၁) သိလက္ခဏဂုဏ်= မထက်သော ဆေးမျိုးအစာမျိုး၊
(၁၂) တိက္ခဂုဏ်= ထက်သော ဆေးမျိုးအစာမျိုး၊
(၁၃) မုဒုဂုဏ်= နူးညံ့သိမ်မွေ့သော ဆေးမျိုးအစာမျိုး၊
(၁၄) ကက္ခသဂုဏ်= ကြမ်းတမ်းသော ဆေးမျိုးအစာမျိုး၊
(၁၅) ထိရဂုဏ်= မပျံ့နှံ့တတ်သော ဆေးမျိုးအစာမျိုး၊
(၁၆) ရသဂုဏ်= ပျံ့နှံ့တတ်သော ဆေးမျိုးအစာမျိုး၊
(၁၇) သုခုမဂုဏ်= ကိုယ်တွင်းသို့ စိမ့်ဝင်တတ်သော ဆေးမျိုး အစာမျိုး၊
(၁၈) ထူလဂုဏ်= ကိုယ်တွင်းသို့မစိမ့်မဝင် လူကိုဝစေသော ဆေးမျိုးအစာမျိုး၊
(၁၉) ဝိသဒဂုဏ်= မစေးမထန်း မပြစ်မချွဲသော ဆေးမျိုးအစာမျိုး၊
(၂၀) ပိစ္ဆိလဂုဏ်= စေးထန်းပြစ်ချွဲသော ဆေးမျိုး အစာမျိုး၊ ♦သုခမှတ်စု

ပထဝီဓာတ် ၂၀ ကိုပြခြင်း

(၁) ဆံပင်၊
(၂) အမွေး၊
(၃) ခြေသည်းလက်သည်း၊
(၄) သွား၊
(၅) အရေ၊ ၉၆) အသား၊
(၇) အကြော၊
(၈) အရိုး၊
(၉) ချဉ်ဆီ၊
(၁၀) အညှို့၊
(၁၁) နှလုံး၊
(၁၂) အသည်း၊
(၁၃) အမြှေး၊
(၁၄) အဖျဉ်း၊
(၁၅) အဆုတ်၊
(၁၆) အူမ၊
(၁၇) အူသိမ်၊
(၁၈) အစာသစ်၊
(၁၉) အစာဟောင်း၊
(၂၀) ဦးနှောက်၊ ♦သုခမှတ်စု

ရွှေမျိုး ၂၀ ပါး

(၁) အညမတ်= ငွေကွ ဖြစ်သည့်ရေ၊ွှ
(၂) အဉ္စမတ်= ငွေက ဖြစ်သည့်ရွှေ
(၃) အရမတ်= ငွေက ဖြစ်သည်ရွှေ၊
(၄) နာရမတ်= ငွေက ဖြစ်သည့်ရွှေ၊
(၅) နာရဏီ= နဂါးကဖြစ်သည့်ရွှေ၊
(၆) နာဠမိုတ်= နဂါးက ဖြစ်သည့်ရွှေ၊
(၇) နာဠာ= နဂါးကဖြစ် သည့်ရွှေ၊
(၈) နာရကာ= နဂါးကဖြစ်သည့်ရွှေ၊
(၉) ဥရနီ= မြေကဖြစ်သည့်ရွှေ၊
(၁၀) ဥရဝုတ်=မြေကဖြစ်သည့်ရွှေ၊
(၁၁) ဥတဝါ= မြေကဖြစ်သည့်ရွှေ၊
(၁၂) အတ္ထ ရဏီ= မြေကဖြစ်သည့်ရွှေ၊
(၁၃) ရာဂီသုဝဏ္ဏ= ရာဂီမျိုးငါးပါးမှ မြောက်သည့်ရွှေ၊
(၁၄) မဏိသုဝဏ္ဏ= ရာဂီမျိုးငါးပါးမှ မြောက်သည့်ရွှေ၊
(၁၅) သုဝဏ္ဏရသိ= ရာဂီမျိုး ငါးပါးမှ မြောက်သည့်ရွှေ၊
(၁၆) သာရသုဝဏ္ဏ= ရာဂီမျိုးငါးပါးမှ မြောက်သည့်ရွှေ၊
(၁၇) ဇာတရူပ= တစ်နည်း မြေကထွက်သည်၊
(၁၈) ဝိမာန= တစ်နည်း မြေက ထွက်သည်၊
(၁၉) သင်္ဂနိက်= တစ်နည်း မြေကထွက်သည်၊
(၂၀) စမ္မနာထ= တစ်နည်း မြေကထွက်သည်၊ ♦သုခမှတ်စု

သလိပ်နာ၏လက္ခဏာ ၂၀ ပါး

(၁) ကိုယ်သားကိုယ်ရေ မျက်စိမျက်နာကြည်လင်ခြင်း၊
(၂) လျှာ ချွဲကျိခြင်း၊
(၃) နှလုံးနာခြင်း၊
(၄) လျှာ ချိုဆိမ့်ခြင်း၊
(၅) ချောင်းဆိုးခြင်း၊
(၆) ကိုယ်သားကိုယ်ရေ ကျိန်းစပ်နာကျင်ခြင်း၊
(၇) ရင်ပြည့် ရင်လေးခြင်း၊
(၈) လက်ခြေဆော့ခြင်း၊ ၎င်း ၈ ပါးနှင့် တေဇောဓာတ်လက္ခဏာ ၁၂ ပါးပေါင်းသော် လက္ခဏာ ၂၀ ဖြစ်ပါ၏၊ ♦သုခမှတ်စု

သက္ကာယဒိဋ္ဌိ ၂၀ ပါး

မူလပဏ္ဏာသ
(၁) ရုပ်သည်ပင်လျှင်ငါ၊
(၂) ငါသည်ပင်လျှင်ရုပ်၊
(၃) ရုပ်၌ ငါရှိသည်၊
(၄) ငါ၌ ရုပ်ရှိသည်၊
(၅) ကျန်ခန္ဓာတို့၌လည်း “နည်းအတိုင်း ၄ ပါးစီယူပါ ၂၀ ဖြစ်၏၊ ပုံ= ဝေဒနာသည်ပင်လျှင် ငါ၊ ငါသည်ပင်လျှင် ဝေဒနာ၊ ဝေဒနာ၌ ငါရှိသည်၊ ငါ၌ ဝေဒနာရှိသည်ဟူ၏၊ သညာ, သင်္ခါရ, ဝိညာဉ်တို့၌လည်း “နည်းအတိုင်းပင်ယူပါလေ၊ ♦သုခမှတ်စု

အုပ်ထိန်းခြင်းရှိသော မိန်းမ ၂၀ ပါး

(၁) မာတုရက္ခိ = အမိအုပ်ထိန်းသောမိန်းမ၊
(၂) ပိတုရက္ခိတ= အဘအုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတုရက္ခိတ= မိဘနှစ်ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ= မောင်ကြီး မောင်ငယ်တို့ အုပ်ထိန်းသော မိန်းမ၊
(၅) ဘဂိနိရက္ခိတ= အစ်မကြီးအစ်မငယ်အုပ်ထိန်းသော မိန်းမ၊
(၆) ဉာတိ ရက္ခတိ = ဆွေမျိုး အုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တက္ခတိ = အနွယ်တူအုပ်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ= သီတင်းသုံးဖော် စောင့်ရှောက် အုပ်ထိန်းသော မိန်းမ၊ (၎င်း ၈ ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာလွန်ကျူးသူယောကျ်ားများမှာသာ ကံထိုက်သည်ဟူ၏)၊
(၉) သာရက္ခာ = ထိမ်းမြားကြောင်းလမ်း ပြီးသူ လက်ထပ်ပြီးသူ လင်အုပ်ထိန်းသော မိန်းမ၊
(၁၀) သပရိဒဏ္ဍာ= မင်းတို့ကောက်ယူရန် သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသော မိန်းမ၊
(၁၁) ဓနကရိတာ= ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသော မိန်းမ၊
(၁၂) ဆန္ဒ ဝါသိနီ= သဘောတူ အလိုယူ၍ ညားနေသော မိန်းမ၊
(၁၃) ဘောဂဝါသိနီ= စည်းစိမ်ပေး၍ ပေါင်းဖော်နေသော မိန်းမ၊
(၁၄) ပဋဝါသိနီ= ပုဆိုးပေး၍ (ပုဆိုးတန်းတင်) ပြု၍နေသော မိန်းမ၊
(၁၅) သြဒပတ္တကိနီ= ရေခွက်၌ လက်ဆုံချ၍ မိဘနှစ်ပါးထိမ်းမြားပေးသောမိန်းမ၊
(၁၆) သြဘဋစုမဋာ= ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသောမိန်းမ၊
(၁၇) ဒါသီစဘရိယာစ= ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊
(၁၈) ကမ္မ ကာရီစဘရိယာစ= အမှုလုပ်လည်းဖြစ် မယားလည်း ဖြစ်သောမိန်းမ၊
(၁၉) ဓဇာဟဋာ= စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ= တစ်ခဏမျှ ပေါင်းဖော်ရန် ငှားရမ်းထားသော ခေတ္တမယားဖြစ်သူမိန်းမ၊ မှတ်ချက် ♦သုခမှတ်စု

ဥစ္စာသယန မဟာသယနမျိုးအပြား ၂၀ ပါး

(၁) အာသန္ဒီ= လူတန်းစေ့သူတို့၏တစ်တောင့်ထွာထက်လွန်သောအခြေရှိသည့် ညောင်စောင်း၊ အင်းပျဉ်၊ ခုတင်အထူးများ၊
(၂) ပလ္လင်္က= အခြေ၌ခြင်္သေ့သားရဲရုပ်တပ်သော ပလ္လင်နေရာ၊
(၃) ဂေါနက= လက်လေးသစ်ထက်ကျော်လွန်သော မွေးရှည်ကော်ဇောကြီး၊
(၄) စိတ္တက= အရုပ်၊ ပန်းကွက်တို့ဖြင့် ဆန်းကြယ်စွာ ရက်လုပ်ထားသော သားမွေးခင်၊
(၅) ပဋိက= သားမွေးဖြင့်ပြုလုပ်အပ်သော ခင်းနှီးဖြူ၊
(၆) ပဋလိက= ပန်းပြောက်ခြယ်သောသားမွေးအခင်း၊
(၇) တူလိက= လဲမျိုးသုံးပါးဖြင့် သွတ်သွင်းထားသော မွေ့ရာခင်း၊
(၈) ဝိကတိက=ခြင်္သေ့ ကျားသစ်စသော အရုပ်တို့ဖြင့် ဆန်းကြယ်သော သိုးမွေး ခင်းနှီး၊
(၉) ဥဒ္ဒလောမိ= နှစ်ဖက်အမွေးရှိသောသားမွေးခင်းနှီး၊
(၁၀) ဧကန္တလောမိ= တစ်ဖက်သာအမွေးရှိသောသားမွေးခင်းနှီး၊
(၁၁) ကဋ္ဋိဿ= ရတနာရွှေငွေတို့ဖြင့် ချုပ်ကပ်လိမ်းကျံထားသော ပိုးချည်ရက်အခင်း၊
(၁၂) ကောသေယျ= ရတနာရွှေချည် ငွေချည်တို့အကြား၌ ပိုးချည်ဖြင့်ရက်လုပ်ထားသော ခင်းနှီး၊
(၁၃) ကုတ္တက= ကချေသည်မ ၁၆ ယောက်တို့ က၉လောက်သော သားမွေး ကော်ဇောကြီးမျိုး၊
(၁၄) ဟတ္ထတ္ထရဏ= ကောင်းမြတ်သော ဆင်ကုန်းနှီး၊
(၁၅) အဿတအရဏ= ကောင်းမြတ်သော မြင်းကုန်းနှီး၊
(၁၆) ရထတအရဏ= ရထား၌ခင်းသော နူးညံ့အိစက်သည့်ခင်းနှီး၊
(၁၇) အဇိနပ္ပဝေဏီ= ညောင်စောင်းပမာဏ ချုပ်လုပ်ထားသည့် သစ်နက်ရေအခင်းကြီး၊
(၁၈) ကဒလိမိဂပဝရ ပစ္စတအရဏ= ဝံပိုင့်ရေဖြင့် ပြုလုပ်ထားသည့် မြတ်သော ခင်းနှီး၊
(၁၉) သဥတ္တရစ္ဆဒ= နီသောဗိတာန် မျက်နှာကြက်အောက်ရှိ သားမွေးခင်းနှီး၊
(၂၀) ဥဘတောလောဟိတ ကူပဓာန= ခြေအုံးခေါင်းအုံး နှစ်ဖက်တပ်ထားသည့် အခင်းတစ်မျိုး၊ ♦သုခမှတ်စု

ပြိတ္တာ ၂၁ မျိုး

(၁) အဋ္ဌိသင်္ခလိကပြိတ္တာ = အသားအသွေး မရှိဘဲ အရိုးစု အရိုးဆက်သာရှိသော ပြိတ္တာ၊
(၂) မံသပေသိကပြိတ္တာ= အသားတစ်သာရှိသောပြိတ္တာ၊
(၃) မံသပိဏ္ဍပြိတ္တာ= အသားဆိုင်သာရှိသော ပြိတ္တာ၊
(၄) နိစ္ဆဝိပုရိသပြိတ္တာ= အရေမရှိဘဲ ယောက်ျားသဏ္ဌာန်ထင်သော ပြိတ္တာ၊
(၅) အသိလောမပြိတ္တာ= သန်လျက်အမွေးရောက်သော ပြိတ္တာ၊
(၆) သတ္တိလောမပြိတ္တာ= လှံအမွေးရောက်သောပြိတ္တာ၊
(၇) ဥသုလောမပြိတ္တာ= မြားအမွေးရောက်သော ပြိတ္တာ၊
(၈) သူစိလောမပြိတ္တာ= အပ် အမွေးရောက်သော ပြိတ္တာ၊
(၉) ဒုတိယ သူစိလောမ ပြိတ္တာ= အပ်တို့သည် ခေါင်းမှဝင် ပါးစပ်မှထွက်သော ပြိတ္တာ၊
(၁၀) ကုမ္ဘဏ္ဍပြိတ္တာ= အိုးစရည်းခန့် ပမာဏ ဝှေးစေ့ရှိသော ပြိတ္တာ၊
(၁၁) ဂူထကူပ နိမုဂ္ဂ ပြိတ္တာ= ကျင်ကြီးတွင်း၌ဖြစ်ရသော ပြိတ္တာ၊
(၁၂) ဂူထခါဒကပြိတ္တာ= မစင်ကိုသာစားရသောပြိတ္တာ၊
(၁၃) နိစ္ဆဝိတ္ထပြိတ္တာ = အရေမရှိသောမိန်းမ၊
(၁၄) ဒုဂ္ဂန္ဓပြိတ္တာ= အနံ့အလွန်ဆိုးသောမိန်းမ၊
(၁၅) သြကိလိနိ ပြိတ္တာ= မီးကျီးထင်းပုံ၌ အိပ်ရသောမိန်းမ၊
(၁၆) အသီသက ပြိတ္တာ= ဦးခေါင်းမပါ ရင်၌သာ မျက်စိ ခံတွင်းရှိသော ပြိတ္တာ၊
(၁၇) ဘိက္ခုပြိတ္တာ= ဒုကုဋ်၊ သပိတ်၊ ခါးပန်း၊ ကိုယ်ဝတ်တို့သည် အလျှံပြောင်ပြောင်တောက်သော ရဟန်းပြိတ္တာ၊
(၁၈) ဘိက္ခုနီပြိတ္တာ= အထက်နည်း၊
(၁၉) သိက္ခမာန ပြိတ္တာ= အထက်နည်း၊
(၂၀) သာမဏေရပြိတ္တာ= အထက်နည်း၊
(၂၁) သာမဏေရီ ပြိတ္တာ= အထက်နည်း၊ ♦သုခမှတ်စု

ရတနာပုံနေပြည်တော်ရှိ ဥယျာဉ် ၂၁ ရပ်

(၁) မဟာဟေမာဇလ၊
(၂) မဟာအာသောက၊
(၃) မဟာအဉ္စနကေသီ၊
(၄) မဟာသီရိသုမန၊
(၅) မဟာသီရိဘုဉ္စန၊
(၆) မဟာသီရိဖလ္လက၊
(၇) မဟာသိဒ္ဓိလ၊
(၈) မဟာဇေယျဗလ၊
(၉) မဟာသီရိမန္ဒာဝရ၊
(၁၀) မင်္ဂလာဥယျဉ်တော်၊
(၁၁) မဟာသီရိဟေမဝန်၊
(၁၂) သီရိမနော်ပထ၊
(၁၃) မဟာပဒုမ၊
(၁၄) မဟာမေဃဝန၊
(၁၅) သီရိမဟိဿရ၊
(၁၆) မဟာမုဒ္ဓိက၊
(၁၇) မဟာဒေဝတာ၊
(၁၈) မဟာသီတလ၊
(၁၉) မဟာဂီရိစိဉာတစဉ်၊
(၂၀) သီရိမနော်ရမ္မ၊
(၂၁) မဟာဂီရိနန္ဒဝန်၊ ♦သုခမှတ်စု

ရဟန်းတို့၏ ဝဇ္ဇနီယပုဂ္ဂိုလ် ၂၁ ယောက်

(၁) ဂဟဋ္ဌ= လူ၊
(၂) ဘိက္ခုနီ= ရဟန်း မိန်းမ၊
(၂) သိက္ခမာနံ= သိက္ခမာန်မ၊
(၄) သာမဏေရ= သာမဏေ ယောက်ျား၊
(၅) သာမဏေရီ= သာမဏေမိန်းမ၊
(၆) သိက္ခာပစ္စက္ခာတက= သိက္ခာချပြီးသော ရဟန်း၊
(၇) အန္တိမဝတ္ထု အဇ္ဈာပန္နက = ပါရာဇိက ကျသော ရဟန်း၊
(၈) အာပတ္တယာ အဒဿနေ ဥက္ခိတ္တက = အာပတ်ကိုမရှုသော ရဟန်း၊
(၉) အာပတ္တိယာ အပ္ပဋိကမ္မေ ဥက္ခတ္တိက= အာပတ်ကိုမကုသော ရဟန်း၊
(၁၀) ပါပိကာယ ဒိဋ္ဌိယာ အပ္ပဋိနိဿဂ္ဂေဥက္ခိတ္တက= ယုတ်မာသောအယူကိုမစွန့်သော ရဟန်း၊
(၁၁) ပဏ္ဍက= ပဏ္ဍုက်၊
(၁၂) ထေယျသံဝါသက= ရဟန်း ယောင်ဆောင်နေသူ၊
(၁၃) တိတ္ထိယပက္ကန္တက = တိတ္ထိဘောင်သို့ သွားရောက်ဝင်နေသော ရဟန်း၊
(၁၄) တိရစ္ဆာနဂတ= ရဟန်းမပြုထိုက်သော လူယောင် ဆောင်နေသည့် တိရစ္ဆာန်မျိုး၊
(၁၅) မာတုဃာတက= အမိကိုသတ်သောသူ၊
(၁၆) ပိတုဃာတက= အဘကိုသတ်သောသူ၊
(၁၇) အရဟန္တဃာတက= ရဟန္တာကိုသတ်သောသူ၊
(၁၈) ဘိက္ခုနီဒူသက= ဘိက္ခုနီမကို ဖျက်ဆီးသူ၊
(၁၉) သံဃဘေဒက= သံဃာသင်း ခွဲသူ၊
(၂၀) လောဟိတုပ္ပါဒက= ဘုရားရှင်အား သွေး စိမ်းတည်အောင်ပြုသူ၊
(၂၁) ဥဘတောဗျဉ္ဇနက= ဥဘတောဗျည်း၊ ♦သုခမှတ်စု

ရဟန်းတို့၏ အနေသန ၂၁ ပါး

(၁) ဝေဇ္ဇ= ဆေးကုခြင်း၊
(၂) ဒူတ = တမန်မှု ပြုခြင်း၊
(၃) ပဟိဏက= အစေပါးခံ၍ သွားခြင်း၊
(၄) ဂဏ္ဍပါလ= အိုင်းအမာကိုဖောက်ခြင်း၊
(၅) အရုမက္ခန = အနာကိုဆေးလိမ်း ပေးခြင်း၊
(၆) ဥဒ္ဓံဝိရေစန= ပျို့အန်ဆေးပေးခြင်း၊
(၇) အဓော ဝိရေစန= ဝမ်းကျဆေးပေးခြင်း၊
(၈) နတ္ထုတေလိက= နှာနှပ်ဆီချက်ပေးခြင်း၊
(၉) ဝဏတေလိက= အနာသုတ်ဆီချက်ပေးခြင်း၊
(၁၀) ဝေဠု= ဝါးပေးခြင်း၊
(၁၁) ပတ္တ= သစ်ရွက်ပေးခြင်း၊
(၁၂) ပုပ္ဖ = အပွင့်ပေးခြင်း၊
(၁၃) ဖလ= အသီးပေးခြင်း၊
(၁၄) နှာန= ရေချိုးက သယ်မှုန့်ပေးခြင်း၊
(၁၅) ဒန္တ= ဒန်ပူပေးခြင်း၊
(၁၆) မုခေါဒက= မျက်နှာသစ်ရေပေးခြင်း၊
(၁၇) ဇဏ္ဏ= ဆပ်ပြာမှုန့်ပေးခြင်း၊
(၁၈) မတ္တကိ = မြေညက်မှုန့် ပေးခြင်း၊
(၁၉) စာဋု= ဒါယကာကိုချီးမြှောက်၍ ပြောခြင်း၊
(၂၀) မုဂ္ဂ= ပဲနောက်ဟင်းကဲ့သို့ မမှန်စကားပြောခြင်း၊
(၂၁) ဘဋု= ရွာသူသားငယ်ကို ချီပိုးခြင်း၊ ♦သုခမှတ်စု

အုပ်ထိန်းရာသောမိန်းမ ၂၁ ပါး

(၁) သက်ရွယ်ကြီး သောမိန်းမ၊
(၂) ရူးသောမိန်းမ၊
(၃) နူသောမိန်းမ၊
(၄) ကိုယ်ဝန်ရှိသောမိန်းမ၊
(၅) အရွယ်မရောက်သေးသောမိန်းမ၊
(၆) ခရီးဝေးကလာသောမိန်းမ၊
(၇) မြီကိုလို၍ ချုပ်ထားသောမိန်းမ၊
(၈) အဘစောင့်သောမိန်း မ၊
(၉) အမိစောင့်သော မိန်းမ၊
(၁၀) အဘိုးစောင့်သော မိန်းမ၊
(၁၁) အဘွားစောင့်သောမိန်းမ၊
(၁၂) အစ်မစောင့်သောမိန်းမ၊
(၁၃) ညီမစောင့်သောမိန်းမ၊
(၁၄) မောင်ကြီးစောင့်သော မိန်းမ၊
(၁၅) မောင်ငယ်စောင့်သော မိန်းမ၊
(၁၆) မိကြီးစောင့်သော မိန်းမ၊
(၁၇) မိထွေးစောင့်သောမိန်းမ၊
(၁၈) ဘကြီးစောင့်သော မိန်းမ၊
(၁၉) ဘထွေးစောင့်သော မိန်းမ၊
(၂၀) ဦးရီးစောင့်သော မိန်းမ၊
(၂၁) အရီးစောင့်သော မိန်းမ၊ ♦သုခမှတ်စု

ငွေမျိုး ၂၂ ပါး

(၁) ရူပိယ၊
(၂) ရဇတ၊
(၃) သဇု္ဇ၊
(၄) သဇ္ဇ၊
(၅) ရုပိန၊
(၆) မြင်းက၊
(၇) မိုင်းမော်၊
(၈) တောင်ကဲ၊
(၉) ကျိုင်းတောင်၊
(၁၀) ထိပ်ကူ၊
(၁၁) တာမုံ၊
(၁၂) ဖွယ်၊
(၁၃) ဘင်ဘွာ၊
(၁၄) ငွေစိမ်း၊
(၁၅) စည်မည်၊
(၁၆) နာဟူ၊
(၁၇) ကုံခေါ်၊
(၁၈) သာခွါ၊
(၁၉) ကျူ၊
(၂၀) ချော်ပင်ပေါက်၊
(၂၁) ရွှေတောင်လက်ယာ၊
(၂၂) ဇေယျာကျော်၊ ♦သုခမှတ်စု

စောင်း၏သုတိ ၂၂ ပါး

(၁) တာရ၊
(၂) ကလ၊
(၃) မနူ၊ (ဥသဘအသကံ ကြားခြင်း ၃ ပါး)၊
(၄) တာရ၊
(၅) မန္ဒ ) ဓေဝတအသံကကြားခြင်း ၂ ပါး)၊
(၆) တာရ၊
(၇) ကလ၊
(၈) မန္ဒ၊
(၉) ကာကလီ၊ (ဆဇ္ဇအသံကကြားခြင်း ၄ ပါး)၊
(၁၀) တာရ၊
(၁၁) ကလ၊
(၁၂) မန္ဒ၊
(၁၃) ကာကလီ၊ (ဂန္ဓာရအသံကကြားခြင်း ၄ ပါး)၊
(၁၄) တာရ၊
(၁၅) ကလ၊
(၁၆) ကာကလီ၊ (မဇ္ဈိမအသံကကြားခြင်း ၃ ပါး)၊
(၁၇) ကလ၊
(၁၈) ကာကလီ၊ (ပဉ္စမအသံကကြားခြင်း ၂ ပါး)၊
(၁၉) တာရ၊
(၂၀) ကလ၊
(၂၁) မန္ဒ၊
(၂၂) ကာကလီ၊ (နိသာဒအသံကကြားခြင်း ၄ ပါး)၊ ♦သုခမှတ်စု

ပတ္တမြားမျိုး ၂၂ ပါး

(၁) ကောက်ရိပ်၊
(၂) ကောက်ပြိုင်၊
(၃) ကောက်ထား၊
(၄) ကောက်တန်၊
(၅) ပန်းရည်၊
(၆) ပန်းရင်း၊
(၇) ကျောကပ်ွင့်၊
(၈) ကောက်စွဲ၊
(၉) ကောက်ဝင်၊
(၁၀) ပထဲ၊
(၁၁) ရဟဲ၊
(၁၂) အသားကျိတ်၊
(၁၃) ဂေါ်ကွန်ချာ၊
(၁၄) နီမာ၊
(၁၅) အမာဖြူ၊
(၁၆) ဆီးဖြူကုန်း၊
(၁၇) ဘိုဦးကောက်၊
(၁၈) စုစိ၊
(၁၉) ဂုဏ်ကောက်၊
(၂၀) ခပ်ကောက်၊
(၂၁) ဝမ်းရက်၊
(၂၂) ပတ္တမြားစိမ်း၊ ♦သုခမှတ်စု

ရဟန်းကောင်းတို့၏ အသွင်မူရာဂုဏ် ၂၂ ပါး

(၁) သေက္ခပုဂု္ဂိလ်ဟုထင်မှတ်ခြင်း၊
(၂) ရဟန္တာဟု ထင်မှတ်ခြင်း၊
(၃) အရိယာတို့နှင့်တူသော အကျင့်ရှိခြင်း၊
(၄) တူသောနေထိုင်ခြင်းရှိခြင်း၊
(၅) တူသောဣန္ဒြေရှိခြင်း၊
(၆) တူသောဆင်းရဲခြင်း ရှိခြင်း၊
(၇) တူသောသည်းခံခြင်းရှိခြင်း၊
(၈) တစ်ကိုယ်ထီးတည်း အကျင့်ရှိခြင်း၊
(၉) တစ်ကိုယ်ထီးတည်း မွေ့လျော်ခြင်း၊
(၁၀) တစ်ယောက်ထီးတည်း ကျိန်းအောင်းခြင်း၊
(၁၁) မကောင်းမှုမှရှက်ခြင်း၊
(၁၂) မကောင်းမှုမှလန့်ခြင်း၊
(၁၃) သဓမ္မ အကျင့်ကို အားထုတ်ခြင်း၊
(၁၄) ကုသိုလ်၌ မမေ့လျော့ခြင်း၊
(၁၅) သုက်လွှတ်ခြင်း ကာမမှဖဲကြဉ်ခြင်း၊
(၁၆) ပါဠိကိုသင်ယူခြင်း၊
(၁၇) အဋ္ဌကထာသင်ယူခြင်း၊
(၁၈) သီလသမာဓိ ပညာဂုဏ်တို့၌ မွေ့လျော်ခြင်း၊
(၁၉) ကင်းသော တပ်မက်မှုရှိခြင်း၊
(၂၀) သိက္ခာပုဒ်တော်ကို ဖြည့်ကျင့်ခြင်း၊
(၂၁) ဖန်ရည်စွန်းသောသင်္ကန်းကို ဆောင်ခြင်း၊
(၂၂) ဦးပြည်း ဦးခေါင်းရှိခြင်း၊ ♦သုခမှတ်စု

ပါဏာတိပါတာကံ၏မကောင်းကျိုး ၂၃ မျိုး

(၁) ကိုယ်အင်္ဂါချို့တြဲ့ခင်း၊
(၂) လုံးရပ်နေထား အချိုးအစားမကျခြင်း၊
(၃) နုံ့နှေးလေးဖင့်ခြင်း၊
(၄) ခြေ လက်ဖဝါးမညီခြင်း၊
(၅) မလှပမတင့်တယ်ခြင်း၊
(၆) အရေအဆင်းမပြောင်ဝင်းခြင်း၊
(၇) အသားအရေကြမ်းတမ်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာမပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူမရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ်ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက် အတိဘေးသင့်တတ်ခြင်း၊
(၁၅) သူများပယောဂကြောင့် သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံစရာကောင်းသော ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သောကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြစိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန်များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်း၊ ♦သုခမှတ်စု

ရတနာမျိုး၂၃ ပါး

(၁) ဝရဇိန်ကျောက်၊
(၂) မဟာနီလာကျောက်၊
(၃) ဣန္ဒနီလာကျောက်၊
(၄) မသာရဂလ်ကျောက်၊
(၅) ကြောင်မျက်ရွဲ၊
(၆) ပဒုမရာဂကျောက်၊
(၇) ဥဿဖယားကျောက်၊
(၈) ကရတ္တဝန်ကျောက်၊
(၉) သလာကကျောက်၊
(၁၀) သန္တာကျောက်၊
(၁၁) ဇောတိရ်သကျောက်၊
(၁၂) ဂေါမုတ်ကျောက်၊
(၁၃) ဂေါမိတ်ကျောက်၊
(၁၄) သောဂန္ဓိကျောက်၊
(၁၅) ပုလဲ၊
(၁၆) ခရုသင်း၊
(၁၇) မျက်စည်းကျောက်၊
(၁၈) ရာဇဝတ္တကျောက်၊
(၁၉) ပတ္တမြားကျောက်၊
(၂၀) ကျောက်သလင်း၊
(၂၁) စိန်ကျောက်၊
(၂၂) ရွှေ၊
(၂၃) ငွေ၊ ♦သုခမှတ်စု

ကျောက်မျက်ရွဲ ၂၄ ပါး

(၁) ဝရဇိန်ကျောက်၊
(၂) မဟာနီလာကျောက်၊
(၃) ဣန္ဒနီလာကျောက်၊
(၄) မသာရဂလ်ကျောက်၊
(၅) ကြောင်မျက်ရွဲ၊
(၆) ပဒုမရာဂကျောက်၊
(၇) ဥဿဖရားကျောက်၊
(၈) ကရတ္တဝန်ကျောက်၊
(၉) သုလာကကျောက်၊
(၁၀) အမြတ်ကျောက်၊
(၁၁) လောဟိတင်္ကကျောက်၊
(၁၂) ဖန်မှန်ကျောက်၊
(၁၃) သန္တာ၊
(၁၄) ဇောတရတ်၊
(၁၅) ဂေါမုတ်၊
(၁၆) ဂေါမိတ်၊
(၁၇) သောဂန္ဓိကကျောက်၊
(၁၈) ပုလဲ၊
(၁၉) ခရုသင်း၊
(၂၀) မျက်စည်းကျောက်၊
(၂၁) ရာဇဝတ္တကျောက်၊
(၂၂) မြကျောက်၊
(၂၃) ပယင်းကျောက်၊
(၂၄) ဗြဟ္မဏိကျောက်၊ ♦သုခမှတ်စု

၂၄ ပစ္စည်း(ပဋ္ဌာန်း)

ပဋ္ဌာန်းပါဠိတော်
(၁) ဟေတုပစ္စယော= ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ်ကျေးဇူး ပြုသောတရား၊
(၂) အာရမ္မဏ ပစ္စယော= အာရုံဖြစ်၍ ကျေးဇူး ပြုသောတရား၊
(၃) အဓိပတိပစ္စယော= ကြီးကဲစိုးမိုး၍ ကျေးဇူးပြုသောတရား၊
(၄) အနန္တရပစ္စယော =အခြားမဲ့ဖြစ်သောနာမ်အား ကျေးဇူးပြုသောတရား၊
(၅) သမနန္တရ ပစ္စယော= အခြားမဲ့နာမ်အား ကောင်းစွာကျေးဇူးပြုသောတရား၊
(၆) သဟဇာတပစ္စယော= အတူတကွဖြစ်၍ ကျေးဇူးပြုသောတရား၊
(၇) အညမညပစ္စယော= အချင်းချင်း ပြန်လှန်၍ ကျေးဇူးပြုသောတရား၊
(၈) နိဿယပစ္စယော= မှီရာအဖြစ်ဖြင့် ကျေးဇူးပြုသောတရား၊
(၉) ဥပနိဿယပစ္စယော= အားကြီးသော မှီရာအဖြစ်ဖြင့် ကျေးဇူးပြုသောတရား၊
(၁၀) ပုရေဇာတပစ္စယော= ရှေးဦးအဖြစ်နှင့်၍ ကျေးဇူးပြုသောတရား၊
(၁၁) ပစ္ဆာဇာပစ္စယော= နောက်မှဖြစ်၍ ကျေးဇူးပြုသောတရား၊
(၁၂) အာသေဝနပစ္စယော= အရှိန်အဟုန်အထုံကိစ္စဖြင့် ကျေးဇူးပြုသောတရား၊
(၁၃) ကမ္မပစ္စယော = အမှုပြီးမြောက်ရန် နှိုးဆော်ခြင်းကိစ္စုဖြင့် ကျေးဇူးပြုသောတရား၊
(၁၄) ဝိပါကပစ္စယော= မှည့်ရင့်၍ အဟုန်အရှိန် ငြိမ်းစဲခြင်းကိစ္စဖြင့် ကျေးဇူးပြုသောတရား၊
(၁၅) အာဟာရပစ္စယော= ဆောင်မှု ထောက်ပံ့မှုဖြင့် ကျေးဇူးပြုသောတရား၊
(၁၆) ဣန္ဒြိယပစ္စယော= မိမိတို့၏ အသီးသီးသောကိစ္စဖြင့် အစိုးတရ ကျေးဇူးပြုသော တရား၊
(၁၇) စျာနပစ္စယော= ရှုစားခြင်းကိစ္စဖြင့် ကျေးဇူးပြုသောတရား၊
(၁၈) မဂ္ဂပစ္စယော= ခရီးလမ်းကိစ္စဖြင့် ကျေးဇူးပြုသောတရား၊
(၁၉) သမ္ပယုတ္တပစ္စယော= ယှဉ်ခြင်းကိစ္စဖြင့်ကျေးဇူးပြုသောတရား၊
(၂၀) ဝိပ္ပယုတ္တပစ္စယော= မယှဉ်ဘဲ ကျေးဇူးပြုသောတရား၊
(၂၁) အတ္ထိပစ္စယော= ပစ္စုပ္ပန်ထင်ရှားရှိဆဲ အနေအားဖြင့် ကျေးဇူးပြုသောတရား၊
(၂၂) နတ္ထိပစ္စယော= ထင်ရှားမရှိဘဲ ကျေးဇူးပြုသောတရား၊
(၂၃) ဝိဂတပစ္စယော= ကင်း၍ ကျေးဇူးပြုသောတရား၊
(၂၄) အဝိဂတပစ္စယော= မကင်းဘဲ ပစ္စုပ္ပန်ရှိဆဲအနေဖြင့် ကျေးဇူးပြုသောတရား၊ ♦သုခမှတ်စု

၂၄ ပစ္စည်း

ပဋ္ဌာန်းပါဠိတော်
(၁) ဟေတုပစ္စယော၊
(၂) အာရမ္မဏပစ္စယော၊
(၃) အဓိပတိပစ္စယော၊
(၄) အနန္တရပစ္စယော၊
(၅) သမနန္တရပစ္စယော၊
(၆) သဟဇာတပစ္စယော၊
(၇) အညမညပစ္စယော၊
(၈) နိဿယပစ္စယော၊
(၉) ဥပနိဿယပစ္စယော၊
(၁၀) ပုရေဇာတပစ္စယော၊
(၁၁) ပစ္ဆာဇာတပစ္စယော၊
(၁၂) အာသေဝနပစ္စယော၊
(၁၃) ကမ္မပစ္စယော၊
(၁၄) ဝိပါကပစ္စယော၊
(၁၅) အာဟာရပစ္စယော၊
(၁၆) ဣန္ဒြိယ ပစ္စယော၊
(၁၇) စျာနပစ္စယော၊
(၁၈) မဂ္ဂပစ္စယော၊
(၁၉) သမ္ပယုတ္တပစ္စယော၊
(၂၀) ဝိပ္ပယုတ္တပစ္စယော၊
(၂၁) အတ္ထိပစ္စယော၊
(၂၂) နတ္ထိပစ္စယော၊
(၂၃) ဝိဂတ ပစ္စယော,
(၂၄) အဝိဂတပစ္စယော၊ ♦သုခမှတ်စု

အဘိသိက်အင်္ဂါ ၂၄ ပါး

(၁) ခဂ္ဂေါ= သန်လျက်၊
(၂) ဆတ္တ= ထီး၊
(၃) ဥဏှီသ= သင်းကျစ်၊
(၄) ပါဒုကာ= ခြေနင်း၊
(၅) ဝါဠဗီဇနီ=သားမြီးယပ်၊
(၆) သင်္ခ=ခရုသင်း၊
(၇) ဂင်္ဂေါဒက= ဂင်္ဂါရေ၊
(၈) ဝဍ္ဎမာန= တန်ဆာဆင်သောနံ့သာမှုန့်၊
(၉) ဝဋံသက= နားတောင်း၊
(၁၀) ဘိဂ်ကေ= ရွှေကရား၊
(၁၁) နန္ဒိယာဝဋ္ဋ= ရွှေနှင့်လုပ်သောကျီး ခြေဇလပ်ပွင့်သဏ္ဌာန်ရွှေပန်း၊
(၁၂) သုဝဏ္ဏပါတိ= ရွှေခွက်၊
(၁၃) ကဋစ္ဆု= ရွှေဟင်းချိုဇွန်း၊
(၁၄) သိဝိက= ရွှေထမ်းစင်၊
(၁၅) ကညာ= အမျိုးကောင်းမင်းသမီး၊
(၁၆) အ-ဓောဝိတ ဒုဿယုဂ= အပူနှင့်တွေ့ကာမျှနှင့် ဖြူသော ဘွဲ့ဖြူပုဆိုးအစုံ၊
(၁၇) ဟတ္ထပုဉ္ဆန = လက်သုတ်ပဝါ၊
(၁၈) ဝေဌန= ဦးခေါင်း ဦးရစ်၊
(၁၉) သာရပါမင်္ဂ= မြတ်သောစလွယ်၊
(၂၀) အဟိစန္ဒန= စန္ဒကူးရွှေ၊
(၂၁) အရုဏဝတိမတ္တိက= နေအရုဏ်အဆင်းရှိသော မြေညက်အစိုင်အခဲ၊
(၂၂) အဉ္ဇန= မျက်စဉ်းကျောက်၊
(၂၃) အမတောသဓ= အမြိုက်နှင့် တူသောဆေး၊
(၂၄) ဒေဝီ= မိဖုရား၊ ♦သုခမှတ်စု

ခိုးခြင်း ၂၅ ပါး

(၁) အာဒိယေယျ= ဥယျာဉ်အရံ ကျောင်းကန်လယ်ယာ အစရှိသည်ကို တရားဆင်၍ယူခြင်း၊
(၂) ဟရေယျ= မိမိဆောင်ခဲ့သောသူ၏ ဥစ္စာကိုယူခြင်း၊
(၃) အဝဟရေယျ= မိမိ၏ထံ၌နှံထားသောဥစ္စာကိုယူခြင်း၊
(၄) ဣရိယာ ပထံဝိကောပေယျ= ဣရိယာပုတ်ကိုပျက်စေ၍ယူခြင်း၊
(၅) ဌာနာစာဝေယျ= တည်ရာမှရွေ့စေ၍ ယူခြင်း၊ (နာနာဘဏ္ဍပဉ္စက၊ အဝိညာဏက ရောထယှက်ပူးအထူးထူးသော ဘဏ္ဍာကိုယူခြင်း ၅ ပါး)၊
(၆) အာဒိယေယျ= သူ့ကျွန် သူ့နွား သူ့မယားကိုတရားဆင်၍ ယူခြင်း၊
(၇) ဟရေယျ= မိမိဆောင်ခဲ့သော ကျွန် နွား စသည်တို့ကိုယူခြင်း၊
(၈) အဝဟရေယျ= မိမိ၏ထံ၌နှံထားသော ကျွန် နွား စသည်တို့ကိုယူခြင်း၊
(၉) ဣရိယာပထံဝိကောဝေယျ= ဣရိယာပုတ်ကိုပျက်စေ၍ယူခြင်း၊
(၁၀) ဌာနာစာဝေယျ= ထားရာမှရွေ့စေ၍ယူခြင်း၊ (ဧက ဘဏ္ဍပဉ္စက၊ သဝိညာဏက ဘဏ္ဍာကိုယူခြင်း ၅ ပါး)၊
(၁၁) သာဟတ္ထိက= မိမိကိုယ်တိုင်ခိုးယူခြင်း၊
(၁၂) အာဏတ္တိက= သူတစ်ပါးကို ခိုးစေခြင်း၊
(၁၃) နိဿဂ္ဂိယ= လွှတ်လိုက်သောဝတ္ထုဖြင့် ခိုးခြင်း၊
(၁၄) အတ္ထသာဓက= မခိုးမီက ကံမြောက်ရခြင်းတည်းဟူသော အကျိုးကို ပြီးစေတတ်သောခိုးခြင်း၊
(၁၅) ဓုရနိက္ခေပ= ဝန်ချ၍ ခိုးခြင်း၊ (သာဟတ္ထကပဉ္စကခိုးခြင်း)၊
(၁၆) ပုဗ္ဗပယောဂ= သူ့ကိုစေရာ ရှေးအခါကဖြစ် သောခိုးခြင်း၊
(၇) သဟပယောဂ= တံသင်း ကျောက်တိုင်ကို ပြောင်းသည်နှင့်တကွ ဖြစ်စေသော ခိုးခြင်း၊
(၁၈) သံဝိဓာဝဟာရော= ညီညွတ်တိုင်ပင်၍ ခိုးခြင်း၊
(၁၉) သင်္ကေတကမ္မ= ချိန်းချက်သောအမှုဖြင့် ခိုးခြင်း၊
(၂၀) နိမိတ္တကမ္မ= မျက်မှောင်ချီခြင်း လက်ပြခြင်းဖြင့် ခိုးခြင်း၊ (ပုဗ္ဗပယောဂ ပဉ္စကခိုးခြင်း)၊
(၂၁) ထေယျာဝဟာရော= ချိန်စဉ်းလဲ တင်းစဉ်းလဲ သပြာစဉ်းလဲ စသည်ဖြင့် ခိုးခြင်း၊
(၂၂) ပသယှာဝဟာရော= အနိုင်အထက်နှိပ်စက်ဖိစီး၍ယူခြင်း၊
(၂၃) ပရိကပ္ပါဝဟာရော= ဥစ္စာအရပ်ကို ကြံစည်၍ ခိုးခြင်း၊
(၂၄) ပဋိစ္ဆန္နာ ဝဟာရော= မြက်သစ်ရွက်စသည်ဖြင့် ဖုံးလွှမ်း၍ ခိုးခြင်း၊
(၂၅) ကုသာဝဟာရော= ကမ္ပည်း ပြောင်း၍ ခိုးခြင်း၊ (ထေယျာဝဟာရပဉ္စက ခိုးခြင်း ၅ ပါး)၊ ♦သုခမှတ်စု

ဆရာတို့၏ဂုဏ် ၂၅ ပါး

(၁) အခါခပ်သိမ်းစောင့်ရှောက်ခြင်းကို ဖြစ်စေအပ်၏၊
(၂) မှီဝဲအပ်သည် မမှီဝဲအပ်သည်ကို သိအပ်၏၊
(၃) မေ့လျော့သည် မမေ့လျော့သည်ကို သိအပ်၏၊
(၄) အိပ်ရာနေရာကို သိအပ်၏၊
(၅) အနာရှိသည်ကို သိအပ်၏၊
(၆) ဘောဇဉ်ရအပ်သည် မရအပ်သည်ကို သိအပ်၏၊
(၇) အထူးမရှိသည်ကို သိအပ်၏၊
(၈) အစာကို ကောင်းမွန်စွာ ဝေဖန်အပ်၏၊
(၉) အကျိုးစီးပွား၌ သက်သာရာကို ရစေအပ်၏၊
(၁၀) ကောင်းသောအလုပ်အကျွေးကို သိအပ်၏၊
(၁၁) အစာရှာမှီးခြင်း၌ အလုပ်အကျွေးကို သိအပ်၏၊
(၁၂) နေရာအရပ်၌ အလုပ်အကျွေးကိုလည်း သိအပ်၏၊
(၁၃) ဆရာသည် တပည့်နှင့် ရယ်မှုကို မပြုအပ်၊
(၁၄) တပည့်နှင့်အကျွမ်းတဝင် မပြုအပ်၊
(၁၅) တပည့်၏အပြစ်ကို မြင်သော်လည်း သည်းခံအပ်၏၊
(၁၆) တပည့်ကို အရိုအသေပြုသည် မဖြစ်ရာ၊
(၁၇) အတတ်ကို လျှို့ဝှက်သဖြင့် ပြုရာ၏၊
(၁၈) အတတ်ကို အကြွင်း မထားသဖြင့် ဖြစ်ရာ၏၊
(၁၉) ငါ၏ အတတ်ကို သိစေအံ့ဟုသိစေချင်သောစိတ်ကို ဖြစ်ရာ၏၊
(၂၀) အဘယ်သို့လျှင်''တပည့်သည် အတတ်ပညာမှ မမေ့မလျော့ဖြစ်အံ့ဟု ပွားသောစိတ်ကို ဖြစ်စေအပ်၏၊
(၂၁) “ တပည့်ကို သင်ကြားအပ်သော အစွမ်းသတ္တိဖြင့် အားကြီးသည်ကိုပြုအံ့ဟု စိတ်ကို ဖြစ်စေအပ်၏၊
(၂၂) မေတ္တာစိတ်ကို ဖြစ်စေအပ်၏၊
(၂၃) ဘေးရန်ရှိသော ကာလတို့၌ မစွန့်အပ်၊
(၂၄) အမှုကိစ္စပြုဖွယ်၌ မမေ့လျောအ့ပ်၊
(၂၅) တပည့်သည် မေ့လျော့ မှားယွင်းတတ်သော် တရားနှင့်လျော်သဖြင့် ချီးမြှောက်အပ်၏၊ ♦သုခမှတ်စု

ဘေး ၂၅ ပါး (ပရိတ်ကြီးအလာ)

(၁) ရာဇဘယံ= မင်းဘေး၊
(၂) စောရဘယံ= ခိုးသူဘေး၊
(၃) မနုဿဘယံ= လူဘေး၊
(၄) အမနုဿဘယံ= နတ်ဘီလူးဘေး၊
(၅) အဂ္ဂိဘယံ= မီးဘေး၊
(၆) ဥဒကဘယံ= ရေဘေး၊
(၇) ဝိသာစဘယံ= တစ္ဆေမြေဖုတ်ဘေး၊
(၈) ခါဏုကဘယံ= သစ်ငုတ်ခလုတ်ဘေး၊
(၉) ကဏ္ဋကဘယံ= ဆူးငြောင့်ဘေး၊
(၁၀) နက္ခတ္တဘယံ= မကောင်းသော နက္ခတ်ဘေး၊
(၁၁) ဇနပဒရောဂ္ဂယံ= ဇနပုဒ်၌ဖြစ်သောအနာရောဂါဘေး၊
(၁၂) အသဒ္ဓမ္မဘယံ= မသူတော်တို့၏ဘေး၊
(၁၃) အသန္ဒိဋ္ဌိဘယံ= အမြင်မှားသောဘေး၊
(၁၄) အသပ္ပုရိသဘယံ= သူယုတ်မာတို့၏ဘေး၊
(၁၅) စဏ္ဍဟတ္တိဘယံ= ဆင်ဆိုး ဆင်ကြမ်းဘေး၊
(၁၆) စဏ္ဍအဿဘယံ= မြင်းဆိုး မြင်းကြမ်းဘေး၊
(၁၇) စဏ္ဍ ဂေါဏဘယံ= နွားဆိုးနွားကြမ်းဘေး၊
(၁၈) စဏ္ဍကုက္ကူရဘယံ= ခွေးဆိုး ခွေးကြမ်းဘေး၊
(၁၉) စဏ္ဍ အဟိဘယံ= မြွေဆိုး မြွေကြမ်းဘေး၊
(၂၀) စဏ္ဍဝိစ္ဆိကဘယံ= ကင်းဆိုး ကင်းကြမ်း ဘေး၊
(၂၁) စဏ္ဍဒီပိဘယံ= သစ်ဆိုးသစ်ကြမ်းဘေး၊
(၂၂) စဏ္ဍအစ္ဆဘယံ= ဝက်ဝံ ဆိုး ဝက်ဝံကြမ်း၊
(၂၃) စဏ္ဍတရစ္ဆဘယံ= အောင်းဆိုး အောင်းကြမ်းဘေး၊
(၂၄) စဏ္ဍသူကရဘယံ= ဝက်ဆိုး ဝက်ကြမ်းဘေး၊
(၂၅) စဏ္ဍမဟိံသ ဘယံ= ကျွဲဆိုး ကျွဲကြမ်းဘေး၊ ♦သုခမှတ်စု

ဘေး ၂၅ ပါး

(၁) အဆွေအမျိုးပျက်စီးခြင်းဘေး၊
(၂) အနာနှိပ်စက်ခြင်းဘေး၊
(၃) ဥစ္စာပျက်စီးခြင်းဘေး၊
(၄) သီလပျက်စီးခြင်းဘေး၊
(၅) အယူပျက်စီးခြင်းဘေး၊
(၆) မင်းဘေး၊
(၇) ခိုးသူဘေး၊
(၈) ရန်သူဘေး၊
(၉) ငတ်မွတ်သောဘေး၊
(၁၀) မီးဘေး၊
(၁၁) ရေဘေး၊
(၁၂) လှိုင်းတံပိုးထခြင်းဘေး၊
(၁၃) ဝဲဘေး၊
(၁၄) မိကျောင်းဘေး၊
(၁၅) မကန်းသားရဲဘေး၊
(၁၆) မိမိကိုယ်ကို နောင်တ ပူပန်ခြင်းဘေး၊
(၁၇) သူတစ်ထူးစွပ်စွဲခြင်းဘေး၊
(၁၈) နှုတ်ဒဏ်၊ လက်ဒဏ်၊ ကြေးငွေဒဏ်သင့်သောဘေး၊
(၁၉) မကောင်းသောအဖြစ်သို့ လားရခြင်းဘေး၊
(၂၀) ပရိသတ်ဘောင်၌ ရှက်ရွံ့သောဘေး၊
(၂၁) သူတစ်ပါးတို့ကို ယှဉ်မှီ၍ အသက်မွေးရသောဘေး၊
(၂၂) ပဋိသန္ဓေနေရခြင်းဘေး၊
(၂၃) အိုရခြင်းဘေး၊
(၂၄) နာရခြင်းဘေး၊
(၂၅) သေရခြင်းဘေး၊ ♦သုခမှတ်စု

ရတုကဗျာ ချီနည်းချနည်း ၂၅ ပါး

(၁) ထူးဆန်းထွေလာ= သုံးပုဒ်လုံးပင် အရှည်အတိုမညီ အချီအချမတူခြင်း၊
(၂) ညွန့်ရှည်= အသတ်ရှိသော စကားလုံးဖြင့်သာ စပ်ဆိုခြင်း၊
(၃) ပေါက်ပြ= မသတ်သော အက္ခရာသတ်သောအက္ခရာတို့နှင့် အချီ အချအမျှချခြင်း၊
(၄) ငုံဖူး= '၃'ဟူသော အက္ခရာမပါ၊ တစ်ပါးသော အသတ်ဖြင့်သာစပ်ဆို၍ ချီချခြင်း၊
(၅) ပုလဲသွယ်= အသတ်ပါ ရောနှောလျက် အချီအချ
(၃) ဟူသော အက္ခရာပါခြင်း၊
(၆) လည်ကုပ်ချီ= ရှေ့အပိုဒ်၏ ဒုတိယပါဒ တတိယပါဒတို့တွင် တစ်ပါးပါးသောပါဒ၌ အက္ခရာကိုလည်းကောင်း၊ အဓိပ္ပာယ်ကိုလည်းကောင်း လည်ကုပ်တွင်ယူ၍ချီခြင်း၊
(၇) အဖျားကောက်= ရှေ့ပုဒ်၏ အချတွင်ပါသော အက္ခရာကိုလည်းကောင်း၊ အဓိပ္ပာယ်ကိုလည်းကောင်းယူ၍ ချီခြင်း၊
(၈) ရွှေလောင်းပျံ= က,စ,တ,ယ,ပ,ရ,မှ၊ “အက္ခရာတို့ဖြင့် ချီခြင်းချခြင်း၊
(၉) သော်တာရောင်= အသတ်တူ၊ အသံတူ၊ ကာရန်တူ၊ စပ်ဆိုချခြင်း၊
(၁၀) ကက္ကူဆူးချီ ကက္ကူဆူးချ= သုံးပုဒ်လုံးပင် အချီအချမညီခြင်း၊
(၁၁) နေရောင်ခြည်ပြေး= က,တ,ထ ဟူသော အက္ခရာသုံးလုံးတွင် တစ်လုံးလုံးဖြင့် ချခြင်း၊
(၁၂) ဖျောက်ဆိပ်လလယ်= သက်သက်သော ဝဏ္ဏတစ်လုံး နှစ်လုံးအကြားတွင်ပါ၍ အသတ်ရှိသော အက္ခရာဖြင့်သာ ချခြင်း၊
(၁၃) ညွန့်ဟုန်= ဝ,သတ်အက္ခရာများ၍ စပ်ဆိုချခြင်း၊
(၁၄) ခိုင်ညွှတ်ခက်ဖြာ= အဖျား၌ ခုနစ်လုံးချခြင်း၊
(၁၅) မဏိဆံကျင်= အဖျား၌ ကိုးလုံးချခြင်း၊
(၁၆) အာသာဝတီဝတ်ဆံ= အဖျား၌ တစ်ဆယ့် တစ်လုံးချခြင်း၊
(၁၇) မဏိဦးပြည်း= အဖျား၌ တစ်ဆယ့်ငါးလုံးချခြင်း၊
(၁၈) ဇော်တစ်ခိုင်လုံး = အဖျား၌တစ်ဆယ့်ကိုးလုံးချခြင်း၊
(၁၉) မပြတ်ကေသာ= အဖျား၌ နှစ်ဆယ့်ငါးလုံးချခြင်း၊
(၂၀) ဇမ္ဗုသပြေသီးမှည့်= အဖျား၌ သုံးဆယ့်ငါးလုံးချ ခြင်း၊
(၂၁) ချိန်ခွင်ညှာ= ပထမပိုဒ်၌ အဖျားပြု၍ ဒုတိယပိုဒ်၌ အဖျားပြု၍ တတိယပိုဒ်၌ အချရင်းကို ပထမပိုဒ်၌ အဖျားပြု၍ ဒုတိယပိုဒ်သာ ထူးစေလျက် စပ်ဆိုစီကုံးခြင်း၊ ပထမပိုဒ်နှင့် တတိယပိုဒ်သာသံတူချ၍ ဒုတိယပိုဒ်တို့၌ သံကွဲချခြင်း၊
(၂၂) ဘီလူးရယ်= သရူပသဝဏ္ဏ ဖြစ်သော အက္ခရာ အသတ်သံတို့ဖြင့် လှီးလွှဲပြု၍ စပ်ဆိုစီကုံးခြင်း၊
(၂၃) စာကျိုး= င,သတ်နှင့် ည,သတ် သဝေခြားနှင့် အသတ်ရှိခြင်း စသည်တို့ကို စပ်ဆိုစီကုးံခြင်း၊
(၂၄) စာထုံး= င,သတ်နှင့် ည,သတ်၊ တ,သတ်နှင့် ပ,သတ်၊ န,သတ်နှင့် မ,သတ် စသည်ဖြင့် စပ်ခြင်း ချီခြင်း စီကုံးခြင်း၊
(၂၅) စာဆန်း= အထက်ဆိုအပ်ခဲ့ပြီးသောနည်းတို့မှတစ်ပါး ထားလိုတိုင်း အက္ခရာဖြင့်ချခြင်း အသတ် အသံကာရန် မညီညွတ်ခြင်း၊ မလိမ္မာသောသူငယ်တို့သည် မဖွယ်မရာ မပီမပြင်ပြောဆိုသောစကားနှင့် တူချေသတည်း၊ ♦သုခမှတ်စု

စိတ်ဓာတ်အားနည်းခြင်းအကြောင်းတရား ၂၅ ပါး

(၁) ကောဓ= အမျက်ထွက်ခြင်း၊
(၂) ဥပနာဟ= ရန်ငြိုးဖွဲ့ခြင်း၊
(၃) မက္ခ= ကျေးဇူးမဲ့ပြုခြင်း၊
(၄) ပလာသ= တုပြိုင်ခြင်း၊
(၅) ဣဿာ= ငြူစူခြင်း၊
(၆) မစ္ဆရိယ= ဝန်တိုခြင်း၊
(၇) မာယာ=လှည့်ပတ်ခြင်း၊
(၈) သာဌေယျ= စဉ်းလဲခြင်း၊
(၉) ထမ္ဘ= မိုက်မဲခိုင်ခံ့ခြင်း၊
(၁၀) သာရမ္ဘ= သူ့သီလကိုဖျက်ဆီးခြင်း၊
(၁၁) မာန= စိတ်ကြီးဝင်ခြင်း၊
(၁၂) အတိမာန= အလွန်စိတ်ကြီးဝင်ခြင်း၊
(၁၃) မဒ= မာန်ဖြင့် ယစ်ခြင်း၊
(၁၄) ပမာဒ= မေ့လျော့ခြင်း၊
(၁၅) ထိန= စိတ်၏လျော့ကျခြင်း၊
(၁၆) မိဒ္ဓ= ငိုက်မျဉ်းခြင်း၊
(၁၇) အာလသျ= ပျင်းရိခြင်း၊
(၁၈) ပါပမိတ္တာတာ= ခင်ပွန်းယုတ်နှင့် ပေါင်းဖော်ခြင်း၊
(၁၉) ရူပ= အဆင်း၌ တပ်မက်လွန်းခြင်း၊
(၂၀) သဒ္ဒ= အသံ၌ တပ်မက်လွန်းခြင်း၊
(၂၁) ဂန္ဓ= အနံ့၌ တပ်မက်လွန်ခြင်း၊
(၂၂) ရသ= အရသာ၌ တပ်မက်လွန်းခြင်း၊
(၂၃) ဖောဋ္ဌဗ္ဗ = အတွေ့၌ တပ်မက်လွန်းခြင်း၊
(၂၄) ခုဒ္ဒါပိပါသ= ဆာလောင်မွတ်သိပ်ခြင်း၊
(၂၅) အရတိ= တရား၌ မမွေ့လျော်ခြင်း၊ ♦သုခမှတ်စု

အဝန္နိယပုဂ္ဂိုလ် ၂၅ ပါး

ပရိဝါပါဠိတော်
(၁) အန္တရဃရံ ပဝိဋ္ဌော အဝန္ဒိယော= မြို့တွင်းရွာတွင်း ဝင်သွားနေသော ရဟန်း၊
(၂) ရစ္ဆာဂတော= ခရီးလမ်းသွားနေသော ရဟန်း၊
(၃) သြတမသိတော= မှောင်ကြီးမဲမဲထဲ၌နေသော ရဟန်း၊
(၄) အသမန္နော ဟရန္ဓော= စိတ်ဝင်စားစွာ အလုပ်လုပ်နေသော ရဟန်း၊
(၅) သုတ္တော= အိပ်ပျော်နေသော ရဟန်း၊
(၆) ယာဂုပါနေ= ယာဂုသောက်နေသော ရဟန်း၊
(၇) ဘတ္တဂ္ဂေ= ဆွမ်းစားကျောင်း၌ ဆွမ်းဖြင့်စီမံနေသော ရဟန်း၊
(၈) ကောဝတ္တော= ရန်သူဂိုဏ်း၊ ရန်သူဖက်၌ ပါသော်လည်းကောင်း၊
(၉) အညာဝိဟိတော= တစ်ခုခု ကြံစည်စိတ် ကူးနေသော်လည်းကောင်း၊
(၁၀) နဂ္ဂေါ=အဝတ်မဆီး ဗလာကိုယ်တည်းနေသော်လည်းကောင်း၊
(၁၁) ခါဒန္တော= ခဲဖွယ် ၁၂ ပါး ခဲစားနေသော်လည်းကောင်း၊
(၁၂) ဘုဉ္ဇန္တော= ဘောဇဉ် ၅ ပါး စားနေသော်လည်းကောင်း၊
(၁၃) ဥစ္စာရံ ကရောန္တော= ကျင်ကြီး စွန့်နေသော်လည်းကောင်း၊
(၁၄) ပဿာဝံကရောန္ဓော= ကျင်ငယ်စွန့်နေသော်လည်းကောင်း၊
(၁၅) ဥက္ခိတ္တကော= သံဃာမှကြဉ်ထားသော်လည်းကောင်း၊
(၁၆) ပစ္ဆာဥပသမ္ပန္နော= မိမိအောက်ငယ်သော ရဟန်း၊
(၁၇) အနုပသမ္ပန္နော= ရဟန်း မဟုတ်သူဟူသမျှ၊
(၁၈) အဓမ္မဝါဒီ= အယူချွတ်လွဲနေသော ရဟန်းကြီး၊
(၁၉) မာတုဂါမော= မိန်းမမှန်သမျှ၊
(၂၀) ပဏ္ဍကော= ပဏ္ဍုက်ရဟန်း၊
(၂၁) ပါရိဝါသိကော= ပရိဝတ် (သံဃာဒိသိသ်အာပတ်ဖြေ) နေသောရဟန်း၊
(၂၂) မူလာယပရိကဿနာရဟော= သံဃာဒိသိသ်အာပတ်ဖြေဆဲ၌ အာပတ် ထပ်သင့်၍ မူရင်းမှပြန်ကျင့်နေသော ရဟန်း၊
(၂၃) မာနတ္တာရဟော= သံဃာဒိသိသ်အာပတ်ဖြေပြီးသဖြင့် သံဃာမြတ်နိုးထိုက်သော ရဟန်း၊
(၂၄) မာနတ္တာစာရိကော= သံဃာ ဒိသိသ်အာပတ်ဖြေပြီးသဖြင့် သံဃာမြတ်နိုးရန် ကျင့်နေသော ရဟန်း၊
(၂၅) အဗ္ဘနာ ရဟော အဝန္ဒိယော= သံဃာမြတ်နိုးအောင် ကျင့်ပြီး၍ သံဃာတော်သို့ ပြန်သွင်း ထိုက်သော ရဟန်း၊ ♦သုခမှတ်စု

ဆေးအစာတို့၏ သတ္တိ ၂၆ ပါး

ဒဗ္ဗဂုဏပကာသနီ
(၁) ဒီပနသတ္တိ= အစာကမို ကျေစေဘဲ ဝမ်းမီးကို တောက်စေတတ်သော ဆေးအစာမျိုး၊
(၂) ပါစနသတ္တိ= အစာကိုကျေစေလျက် ဝမ်းမီးကိုမတောက်စေတတ်သော ဆေးအစာမျိုး၊
(၃) သမနသတ္တိ= ဒေါသမလတို့ကို အတွင်း၌ပင် ကြေကျက်စေ၍ ပြင်ပသို့မထုတ်နှင်တတ်သော ဆေးအစာမျိုး၊
(၄) အနုလောမနသတ္တိ= ဒေါသမလတို့ကို အတွင်း၌ပင် မကြေကျက်စေဘဲ အောက်သို့နှင်ထုတ် ထွက်ဆင်းစေတတ်သော ဆေးအစာမျိုး ♦သုခမှတ်စု

ဒန်ပူစားရာသော အသား ၂၇ ပါး

ဒဗ္ဗဂုဏပကာသနီ
(၁) တလည်း= အဆင်းအင်္ဂါ လှပစေ၏၊
(၂) ခတက်= အိပ်မက်မကောင်းမမြင်မက်ခြင်း နိမိတ်မကောင်း ပယ်ရှားစေခြင်း ရှိ၏၊
(၃) လက်ထုတ်= အိပ်မက်မကောင်း မမြင်မက်ခြင်း နိမိတ်မကောင်း ပယ်ရှားစေခြင်းရှိ၏၊
(၄) စမ္ပယ်= အိပ်မက်မကောင်းမမြင်မက်ခြင်း၊ နိမိတ်မကောင်းပယ်မကောင်း ပယ်ရှားစေခြင်းရှိ၏၊
(၆) ဥသျှစ်= ဥစ္စာရွှေငွေကြွယ်ဝစေတတ်၏၊
(၇) သင်းဝင်= ရန်အမျိုးမျိုးနိုင်စေတတ်၏၊
(၈) ပညောင်= ပါစကဝမ်းမီးတောက် ကြွ၍ အစာကြေလွယ်လျက် ဗလအစွမ်းပေးစေတတ်၏၊
(၉) သျှား= ခံတွင်းအနံ့ မွှေးစေတတ်၏၊
(၁၀) စကား= အသံကောင်းစေတတ်၏၊
(၁၁) ညောင်ကြက်= အကျိုးကြီးမား ပေါများစေတတ်၏၊
(၁၂) ဇလပ်= အနာရောဂါမှန်သမျှ ကင်းပပျောက်ငြိမ်းစေ၏၊
(၁၃) စစ်သိမ်= အနာရောဂါမှန်သမျှ ကင်းပပျောက်ငြိမ်းစေ၏၊
(၁၄) ထိမ်= လုံ့လနှင့်ပညာ နှစ်ဖြာအကျိုး ပြီးစေတတ်၏၊
(၁၅) သဖန်း= ပြောဆိုသမျှ အောင်မြင်တတ်၏၊
(၁၆) မရမ်း= ကိုးဆယ့်ခြောက်ပါးသော ရောဂါပျောက်ကင်းတတ်၏၊
(၁၇) ကုက္ကို= အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အနာကင်းခြင်းဖြစ်စေတတ်၏၊
(၁၈) ဆီးချို= မြိန်မြတ်သော သြဇာအရသာတို့၏ ပြည့်ဝစေတတ်၏၊
(၁၉) ဆီးချဉ်= မြိန်မြတ်သော သြဇာအရသာတို့၏ ပြည့်ဝစေတတ်၏၊
(၂၀) တောကြက်မောက်= ဉာဏ်ထက်မြက်စေတတ်၏၊
(၂၁) ပိတောက်= မိတ်ကောင်း ဆွေကောင်းရတတ်၏၊
(၂၂) လွန်= ရဲရင့်သောသတ္တိရှိစေတတ်၏၊
(၂၃) မုရိုး= အမှုအခင်း အောင်မြင်တတ်၏၊
(၂၄) သရက်= ရုပ်အဆင်း ပျိုမြစ်၍ အနာရောဂါ ကင်းတတ်၏၊
(၂၅) သပြက်= မိတ်ကောင်းဆွေကောင်းရတတ်၏၊
(၂၆) မြတ်လေး= ပညာဉာဏ် တိုးပွားစေတတ်၏၊
(၂၇) စမ္ပာ= မကောင်းသော အတိတ်နိမိတ်တို့မှ ကာကွယ်စေတတ်၏၊ ♦သုခမှတ်စု

နက္ခတ် ၂၇ ပါး

(၁) မြန်မာနက္ခတ်ကျမ်းများအရ ကောင်းကင်တွင် နက္ခတ် ၂၇ လုံးရှိသည်၊ မြတ်စွာဘုရားလက်ထက်မတိုင်မီက အဘိဇိဟူသောနက္ခတ်တစ်လုံးပါ နက္ခတ် ၂၈ လုံးရှိခဲ့၍ နောင်တွင် အဘိဇိနက္ခတ် ပျောက်ကွယ်သဖြင့် နက္ခတ် ၂၇ လုံးသာ ကျန်သည်၊ နက္ခတ် ၂၇ လုံးမှာ အဿလိဿ၊ ဘရဏီ၊ ကြတ္တိကာ၊ ရောဟဏီ၊ မိဂသီ၊ အဒြ၊ ပုဏ္ဏဖုသျှု၊ ဖုသျှ၊ အသလိဿ၊ မာဃ၊ ပြုဗာဘရဏီဂုဏီ၊ ဥတ္တရာဘရဂုဏီ၊ ဟသဒ၊ စိဉာတ၊ သွာတိ၊ ဝိသာခါ၊ အနုရာဓ၊ ဇေဋ္ဌ၊ မူလ၊ ပြုဗာသဠ်၊ ဥတ္တရာသဠ်၊ သရဝဏ်၊ ဓနသိဒ္ဓိ၊ သတ္တတိသျှ၊ ပြုဗာပုရပိုက်၊ ဥတ္တရာပုရပိုက်၊ ရေဝတီ ဟူ၍ ဖြစ်သည်၊ ထိုနက္ခတ် ၂၇ လုံးနှင့် စပ်လျဉ်း၍ နက္ခတ်လုံးရေနှင့် ပုံပန်းသဏ္ဌာန်တို့မှာ တစ်ကျမ်းနှင့်တစ်ကျမ်း မတူညီသော်လည်း အများအသိ အမှတ်ပြုသောလုံးရေနှင့် ပုံပန်းသဏ္ဌာန်တို့ကို အောက်တွင် ဖော်ပြထားသည်၊
(၁) အဿဝဏီနက္ခတ်မှာ မြင်းခေါင်းသဏ္ဌာန် ခြောက်လုံးရှိ၍ တူရာသီ စန်းယှဉ်နက္ခတ်ဖြစ်သည်၊ အဿိမည်သောနတ် အစိုးရသည်၊
(၂) ဘရဏီနက္ခတ်မှာ ခုံလောက်သဏ္ဌာန်သုံးလုံး ရှိ၍ ဗီရဏီနတ်သမီးဘုံဗိမာန်ဖြစ်သည်ဆို၏၊ ထိုနက္ခတ်ကို ယမမင်းအစိုးရကြောင်းလည်းဆိုသည်၊
(၃) ကြတ္တိကာနက္ခတ်မှာ ကြက်ငယ်စုသဏ္ဌာန် ခုနစ်လုံးရှိသည်၊ ဖျောက်ဆိပ်ကြယ်ဟုလည်းကောင်း သူခိုးနက္ခတ်ဟူ၍လည်းကောင်း ခေါ်သည်၊ ယင်းနက္ခတ်ကို မီးနတ်မင်း အစိုးရကြောင်းဆို၏၊ (''နက္ခတ် သုံးလုံးသည် ကျီးတာရာနှင့် ယှဉ်၍သွား၏၊)
(၄) ရောဟဏီနက္ခတ်မှာ ငါးကြင်းသဏ္ဌာန် ဆယ်လုံးရှိသည်၊ ထိုနက္ခတ်ကို ဗြဟ္မာနတ်အစိုးရကြောင်း ဆိုသည်၊
(၅) မိဂသီနက္ခတ်မှာ လိပ်ခေါင်းသဏ္ဌာန်သုံးလုံး ရှိသည်၊ ထိုနက္ခတ်ကို သသီအမည်ရှိသော လ,နတ်သားစောင့်ကြောင်းဆိုသည်၊
(၆) အဒြနက္ခတ်မှာ လိပ်လက် သဏ္ဌာန်တစ်လုံးရှိသည်၊ ထိုနက္ခတ်ကို ပရမီသွာ နတ်မင်း အစိုးရကြောင်း ဆိုသည်၊ (အထက်ပါ နက္ခတ်သုံးလုံးကား ဟင်္သာတာရာနှင့် ယှဉ်၍သွား၏၊)
(၇) ပုဏ္ဏဖုသျုနက္ခတ်မှာ အဖန်တလဲလဲမိုးကိုရွာစေတတ်သောကြောင့် ထိုသို့ ခေါ်သည်၊ လုံးရေငါးလုံးရှိ၍ ပုံသဏ္ဌာန်မှာ သင်္ဘောသဏ္ဌာန်ဖြစ်၏၊ ထိုနက္ခတ်ကို အဒိတိ နတ်သမီး အစိုးရကြောင်း ဆိုသည်၊
(၈) ဖုသျှနက္ခတ်မှာ ကျွေးမွေးခြင်း၊ ပွားများခြင်း အနက်ကိုစွဲ၍ ဖုသျှဟုခေါ်ခြင်းဖြစ်သည်၊ နက္ခတ်လုံးရေ ဆယ်လုံးရှိ၍ ငှက်ချေး သဏ္ဌာန်ဖြစ်သည်၊ ထိုနက္ခတ်ကို ဇီဝဂြိုဟ်နတ်မင်း အစိုးရကြောင်း ဆိုသည်၊
(၉) အသလိဿနက္ခတ်မှာ ခက်ရင်းသဏ္ဌာန် လေးလုံး ရှိ၏၊ ထိုနက္ခတ်ကို ဖဏိမည်သော မြွေနတ်မင်းအစိုးရကြောင်းဆိုသည်၊ (''နက္ခတ် သုံးလုံးကား ပုစွန်တာရာနှင့် ယှဉ်၍ သွား၏၊)
(၁၀) မာဃနက္ခတ်မှာ သံကောက်သဏ္ဌာန် လေးလုံးရှိသည်၊ ထိုနက္ခတ်ကို ပီတရာနတ်မင်းအစိုးရကြောင်း ဆိုသည်၊
(၁၁) ပြုဗ္ဗာဘရဂုဏီ နက္ခတ်မှာ ဥတ္တရာ ဘရဂုဏီနက္ခတ်နှင့် ပေါင်း၍ ညောင်စောင်းသဏ္ဌာန် လေးလုံးရှိသည်၊ ထိုနက္ခတ်ကို ယောနိနတ်အစိုးရကြောင်း ဆိုသည်၊
(၁၂) ဥတ္တရာ ဘရဂုဏီနက္ခတ်မှာ ပြုဗ္ဗာဘရဏီ နက္ခတ်နှင့် ပေါင်း၍ ညောင်စောင်းသဏ္ဌာန် လေးလုံးရှိကြောင်းဆိုသည်၊ ထိုနက္ခတ်ကို အယမနက် အစိုးရကြောင်းလည်း ဆိုသည်၊ (''နက္ခတ်သုံးလုံးကား ချိန်တာရာနှင့်ယှဉ်၍သွား၏၊)
(၁၃) ဟဿဒ နက္ခတ်မှာ လက်ဝါးနှင့်တူ၍ခေါ်ခြင်းဖြစ်သည်၊ လက်ငါးချောင်းသဏ္ဌာန် ငါးလုံးရှိကြောင်းဆိုသည်၊ ထိုနက္ခတ်ကို နေနတ်မင်း အစိုးရကြောင်းလည်းဆိုလေသည်၊
(၁၄) စိဉာတနက္ခတ်မှာ ပုလဲသဏ္ဌာန်တစ်လုံး ရှိသည်၊ ထုနိ က္ခတ်ကိုတမနတ်အစိုး ရသည်ဟုဆိုသည်၊
(၁၅) သွာတိနက္ခတ်မှာ ကသစ်ပွင့်သဏ္ဌာန် နှစ်လုံး ရှိသည်၊ ထိုနက္ခတ်ကို ပဝနမည်သော လေနတ်မင်းအစိုးရသည်ဟု ဆိုသည်၊ (ယင်းနက္ခတ်သုံးလုံးကား ဆံကျင်တာရနှင့် ယှဉ်၍သွား၏၊)
(၁၆) ဝိသာခါနက္ခတ်မှာ ပတ်ဆိုင်းဝိုင်းသဏ္ဌာန် ၁၄ လုံးရှိသည်၊ ထိုနက္ခတ်ကို သက္ကာနီမည်သော သိကြားမိဖုရား သုဇာတာ အစိုးရကြောင်းဆိုသည်၊
(၁၇) အနုရာဓနက္ခတ်မှာ နဂါးလည်ဆစ်သဏ္ဌာန် ၁၅ လုံးရှိသည်၊ ထိုနက္ခတ်ကို မိတ္တမည်သောနတ် အစိုးရကြောင်းဆိုသည်၊
(၁၈) ဇေဋ္ဌနက္ခတ်မှာ နဂါးချက်မဟုခေါ်၍ ၅ လုံးရှိ၏၊ ထိုနက္ခတ်ကို သိကြားမင်းအစိုးရ ကြောင်းဆိုသည်၊ (''နက္ခတ်သုံးလုံးကား တံငါတာရာနှင့် ယှဉ်၍သွား၏၊)
(၁၉) မူလနက္ခတ်မှာ လေးလုံးရှိ၍ နဂါးအမြီးဟုခေါ်သည်၊ ထိုနက္ခတ်ကို နိရတိရက္ခိုသ် အစိုးကြောင်းဆိုသည်၊
(၂၀) ပြုဗ္ဗာသဠ်နက္ခတ်မှာ ဥတ္တရာသဠ်နက္ခတ်နှင့်ပေါင်း၍ ဆင်မလှမ်းဟန် လေးလုံးရှိကြောင်းဆိုသည်၊ ထိုနက္ခတ်ကို တောယရေနတ် အစိုးရကြောင်းလည်း ဆိုသည်၊
(၂၁) ဥတ္တရာသဠ်နက္ခတ်မှာ ပြုဗ္ဗာသဠ်နက္ခတ်နှင့် ပေါင်း၍ ဆင်မလှမ်းဟန် လေးလုံးရှိကြောင်းဆိုသည်၊ ထိုနက္ခတ်ကို အဿိဒေဝနတ် အစိုးရကြောင်းလည်း ဆိုသည်၊ (''နက္ခတ်သုံးလုံးကား ဆင်တာရာနှင့်ယှဉ်၍ သွား၏၊)
(၂၂) သရဝဏ်နက္ခတ်မှာ မြားသဏ္ဌာန် (ဝါ) မောင်ရင်ဆိုင်းထမ်း သဏ္ဌာန်သုံးလုံးတန်း လျက်ရှသိည်၊ ထိုနက္ခတ်ကို ဟရီမည်သောဗိဿနိုးနတ်မင်း အစိုးရကြောင်း ဆိုသည်၊
(၂၃) ဓနသိဒ္ဓိနက္ခတ်မှာ အင်ကြင်းသီးသဏ္ဌာန် လေးလုံးရှိသည်၊ ထိုနက္ခတ်ကို ဝသုနတ်မင်း အစိုးရကြောင်းဆိုသည်၊
(၂၄) သတ္တဘိသျှနက္ခတ်မှာ ဆုံကြီးသဏ္ဌာန် ခြောက်လုံးရှိသည်၊ ထိုနက္ခတ်ကို ဝရုဏနတ်မင်း အစိုးရကြောင်း ဆိုသည်၊ (ယင်းနက္ခတ်သုံးလုံး ကား မြင်းတာရာနှင့် ယှဉ်၍သွားလေသည်၊)
(၂၅) ပြုဗ္ဗာပုရပိုက်နက္ခတ်မှာ နွားခြေနွားလက်နှင့် တူ၍ ခေါ်ဆိုခြင်းဖြစ်သည်၊ ဥတ္တရာ ပုရပိုက်နက္ခတ်နှင့်ပေါင်း၍ အင်းပျဉ်သဏ္ဌာန်လေးလုံးရှိသည်ဟုဆိုသည်၊ ထိုနက္ခတ်ကို အဇဒေဝနတ်မင်း အစိုးရကြောင်းလည်းဆိုသည်၊
(၂၆) ဥတ္တရာ ပုရပိုက်နက္ခတ်မှာ ပြုဗ္ဗာပုရပိုက်နက္ခတ်နှင့်ပေါင်း၍ အင်းပျဉ်သဏ္ဌာန်လေးလုံး ရှိကြောင်း ဆိုသည်၊ ထိုနက္ခတ်ကို အဟိပြနနတ်မင်း သို့မဟုတ် အဟိဗုဓနတ်မင်း အစိုးရကြောင်းလည်းဆိုသည်၊
(၂၇) ရေဝတီ နက္ခတ်မှာ မြုံးသဏ္ဌာန် ကိုးလုံးရှိကြောင်း ဆိုသည်၊ ထိုနက္ခတ်မှာ အဿဝဏီမှ စ၍ ရေသော် ၂၇ လုံးမြောက် နောက်ဆုံးနက္ခတ်ဖြစ်သည်၊ ထိုနက္ခတ်ကို ပုမာနတ် အစိုးရကြောင်းဆိုသည်၊ (''နက္ခတ်သုံးလုံးကား ဗျိုင်းတာရာနှင့်ယှဉ်၍သွား၏) နက္ခတ် ၂၇ လုံးတို့သည် ရာသီစက်လှည့်၍ အစဉ်အတိုင်း တစ်ရာသီမှ တစ်ရာသီကူးဝင်ကြရာ တစ်ရာသီလျှင် နှစ်လုံး၊ တစ်ပါဒ်အားဖြင့် ၁၂ ရာသီတွင် နက္ခတ်စက် တစ်ပတ်လည်မိ၍ တစ်နှစ်ဟုခေါ်သည်၊ ၁၂ ရာသီစန်းယှဉ် နက္ခတ်များမှာ ရာသီ အလိုက် ၁၂ လုံးရှိသည်၊ ♦သုခမှတ်စု

နက္ခတ် ၂၇ လုံး

လောကုပ္ပတ္တိပကာသနီ၊အကျယ်ကိုသိလိုမူ ဝေါဟာရလိနတ္ထဒီပနီတွင်ကြည့်၊
(၁) အဿဝဏီ= ခြောက်လုံး၊ နှစ်လုံး၊ သုံးလုံး မြင်းခေါင်းနှင့် တူ၏၊
(၂) ဘရဏီ= သုံးလုံး ခုံလောက်နှင့် တူ၏၊
(၃) ကြတ္တိကာ= ခုနစ်လုံး ကြက်သငယ်စုနှင့် တူ၏၊ တစ်နည်း စပါးစု သဏ္ဌာန်ဆိတ်ချိုဟန်နှင့်တူ၏၊
(၄) ရောဟဏီ= ဆယ်လုံး ငါးကြင်းပွတ်နှင့်တူ၏၊ တစ်နည်း ငါးလုံး၊ လှည်းဦးပွတ်နှင့် တူ၏၊
(၅) မိဂသီ= သုံးလုံး သမင်ဦးခေါင်းနှင့်တူ၏၊
(၆) အဒြ= တစ်လုံးတည်း၊ မှန်ကူသီးနှင့်တူ၏၊
(၇) ပုဏ္ဏဖုသျှု= ငါးလုံးသင်္ဘောနှင့် တူ၏၊ တစ်နည်း သုံးလုံး ဥဗျိုင်းနှင့်တူ၏၊
(၈) ဖုသျှ= ဆယ်လုံးမိုးစွေပန်းနှင့် တူ၏၊ တစ်နည်း လေးလုံး ဆောင်ပန်း ခြေနှင့်တူ၏၊
(၉) အဿလဿိ = လေးလုံး ငါးလုံး ခက်ရင်း ခွနှင့်တူ၏၊
(၁၀) မာဃ= လေးလုံးသံကောက်နှင့်တူ၏၊
(၁၁) ပြုဗဘရဂုဏ္ဏီ= လေးလုံးစီ ညောင်စောင်းနှင့်တူ၏၊
(၁၃) ဟဿဒ= ငါးလုံး လက်ဝါးနှင့်တူ၏၊
(၁၄) စိဉာတ= တစ်လုံး ပတ္တမြားအရည်နှင့်တူ၏၊
(၁၅) သွာဒိ= နှစ်လုံး ကသစ်ပွင့်နှင့် တူ၏၊
(၁၆) ဝိသာခါ= ၁၄ လုံး၊ ၁၅ လုံး ဆိုင်းဝိုင်းနှင့်တူ၏၊
(၁၇) အနုရာဓ= ၁၅ လုံး၊ ၄ လုံး နဂါးလည်ဆစ်နှင့်တူ၏၊
(၁၈) ဇေဋ္ဌ= ၅ လုံး၊ ၂ လုံး ကောက်ပြင် (ပယောနဂါးချက်) နှင့်တူ၏၊
(၁၉) မူလ= ၄ လုံး၊ ၇ လုံး ကင်းမြီးကောက်နှင့် တူ၏၊
(၂၀) ပြုပ္ပါသဠ်= ၄ လုံး၊ ၂ လုံးစီ ဆင်ခြေနှင့်တူ၏၊
(၂၁) ဥတ္တရာသဠ်= ၄ လုံး၊ ၂ လုံးစီ ဆင်ခြေနှင့်တူ၏၊
(၂၂) သရဝဏ်= ၃ လုံး မြားနှင့်တူ၏၊
(၂၃) ဓနသိဒ္ဓိ= ၄ လုံး အင်ကြင်းသီးနှင့်တူ၏၊ တစ်နည်း ရွှေထီးအရှည်နှင့်တူ၏၊
(၂၄) သတ္တ ဘိသျှ= ၆ လုံး၊ ၁ လုံးတည်း ဆီပွတ်ဆုံနှင့်တူ၏၊ တစ်နည်း မှန်ကူနှင့် တူ၏၊
(၂၅) ပြုပ္ပါဘဒြပိုဒ်= ၄ လုံး၊ ၂ လုံးစီ ခြေဖဝါးနျင့်တူ၏၊
(၂၆) ဥတ္တရာဘဒြပိုဒ်= ၄ လုံး၊ ၂ လုံးစီ ခြေဖဝါးနှင့် တူ၏၊
(၂၇) ရေဝတီ= ၉ လုံး၊ ၅ လုံး မြုံးနှင့်တူ၏၊ ကျိတ်နက္ခတ်ကား တစ်လုံး ယခုကွယ်ခဲ့ပြီ၊ အဘိဇိကား တစ်လုံး နွားဦးခေါင်းနှင့် တူ၏၊ ♦သုခမှတ်စု

ဓူတင်တရား၏ ဂုဏ်ကျေးဇူး ၂၈ ပါး

(၁) သုဒ္ဓါဇီဝ = အသက်မွေးစင်ကြယ်ခြင်း၊
(၂) သုခံဖလ= ချမ်းသာသော အကျိုးရှိခြင်း၊
(၃) အနဝဇ္ဇ= အပြစ်မရှိခြင်း၊
(၄) န ပရဒုက္ခာဝဟန= သူတစ်ပါးတို့ဆင်းရဲကို မဆောင်ခြင်း၊
(၅) အဘယ= ဘေးမရှိခြင်း၊
(၆) အသမ္ပိလန= သူတစ်ပါးတို့ကို နှိပ်စက်ခြင်းမရှိခြင်း၊
(၇) ဧကန္တဝဍ္ဎိုက= စင်စစ်ပွားစီးခြင်း၊
(၈) အပရိဟာနိယ= ကုသိုလ်တရားမှ မယုတ်ခြင်း၊
(၉) အမာယာ= စဉ်းလဲစဉ်းစားမရှိခြင်း၊
(၁၀) အာရက္ခ= သေခြင်းကိုစောင့်ရှောက်တတ်ခြင်း၊
(၁၁) ပတတ္ထိဒ= တောင့်တတိုင်းအကျိုးပေးခြင်း၊
(၁၂) သံဝရဟတိ = စောင့်စည်းသော အစီးအပွားရှိခြင်း၊
(၁၃) သဗ္ဗသတ္တဒမန= ခပ်သိမ်းသောသတ္တဝါတို့ကို ဆုံးမတတ်ခြင်း၊
(၁၄) ပတိရူပ=လျောက်ပတ်သောတရားဖြစ်ခြင်း၊
(၁၅) အနိဿိတ=ကိလေသာတို့ကိုမှီဝဲ၍ မနေခြင်း၊
(၁၆) ဝိပ္ပမုတ္တ= ကိလေသာမှ လွတ်ခြင်း၊
(၁၇) ရာဂက္ခယ= ရာဂကုန်ခြင်း၊
(၁၈) ဒေါသက္ခယ=ဒေါသကုန်ခြင်း၊
(၁၉) မောဟက္ခယ=မောဟကုန်ခြင်း၊
(၂၀) မာနပ္ပဟာန=မာနကိုပယ်ခြင်း၊
(၂၁) ကဝိတက္ကစ္ဆေဒန=မိစ္ဆာဝိတက်ကို ဖြတ်တတ်ခြင်း၊
(၂၂) ကင်္ခါ ဝိတရဏ= ယုံမှားခြင်းမှ ကူးမြောက်ခြင်း၊
(၂၃) အရတိပ္ပဟာန= မမွေ့လျော်ခြင်းကို ဖျောက်တတ်ခြင်း၊
(၂၄) ကောသဇ္ဇဝိဒ္ဓံသန= ပျင်းရိခြင်းကို ဖျောက်တတ်ခြင်း၊
(၂၅) ခမန= သည်း ခတံတ်ခြင်း၊
(၂၆) အတလု = အတမု ရှိသောတရားဖြစ်ခြင်း၊
(၂၇) အပ္ပမာဏ=မနှိုင်းရှည်အပ်သောဂုဏ်ရှိခြင်း၊
(၂၈) သဗ္ဗဒုက္ခက္ခယဂမန= အလုံးစုံ ဆင်းရဲ၏ ကုန်ခြင်းသို့ ရောက်ခြင်း၊ ♦သုခမှတ်စု

နှစ်ကျိပ်ရှစ်ဆူ

ဗုဒ္ဓဝင်အဋ္ဌကထာ
(၁) တဏှင်္ကရာဘုရား=ဒုက္ကရစရိယာ ခုနစ်ရက်ကျင့်တော်မူ၏၊ စရည်းပင်၌ ပွင့်တော်မူ၍ သက်တော်တစ်သိန်းနေတော်မူ၏၊
(၂) မေဓင်္ကရာဘုရား =ဒုက္ကရစရိယာ လ,ခွဲကျင့်တော်မူ၏၊ ပေါက်ပင်၌ပွင့်တော်မူ၍ သက်တော်ကိုး သောင်းနေတော်မူ၏၊
(၃) သရဏင်္ကရာဘုရား=ဒုက္ကရစရိယာတစ်လကျင့်တော်မူ၏၊ သခွပ်ပင်၌ ပွင့်တော်မူ၍ သက်တော်ရှစ်သောင်း နေတော်မူ၏၊
(၄) ဒီပင်္ကရာဘုရား= ဒုက္ကရစရိယာ ခုနစ်ရက်ကျင့်တော်မူ၏၊ ညောင်ကြတ်ပင်၌ ပွင့်တော်မူ၍ သက်တော် တစ်သိန်း နေတော်မူ၏၊
(၅) ကောဏ္ဍညဘုရား=ဒုက္ကရစရိယာ ဆယ်လကျင့်တော်မူ ၏၊ ကြောင်လျှာပင်၌ ပွင့်တော်မူ၍ သက်တော်တစ်သိန်း နေတော်မူ၏၊
(၆) မင်္ဂလ ဘုရား=ဒုက္ကရစရိယာ ရှစ်လ ကျင့်တော်မူ၏၊ ကံ့ကော်ပင်၌ပွင့်တော်မူ၍ သက်တော်ကိုးသောင်း နေတော်မူ၏၊
(၇) သုမနဘုရား= ဒုက္ကရစရိယာ ဆယ်လကျင့်တော်မူ၏၊ ကံ့ကော်ပင်၌ ပွင့်တော်မူ၍ သက်တော် ကိုးသောင်း နေတော်မူ၏၊
(၈) ရေဝတဘုရား =ဒုက္ကရစရိယာခုနစ်လ၊ ကံ့ကော်ပင်၌ ပွင့်တော်မူ၍ သက်တော် ခြောက်သောင်းနေ တော်မူ၏၊
(၉) သောဘတိ ဘုရား= ဒုက္ကရစရိယာ ခုနစ်ရက်ကျင့်တော်မူ၏၊ ကံ့ကော်ပင်၌ ပွင့်တော်မူ၍ သက်တော်ကိုးသောင်းနေတော်မူ၏၊
(၁၀) အနောမဒဿီဘုရား = ဒုက္ကရစရိယာ ဆယ်လကျင့်တော်မူ၏၊ ဖောက်ကြံ့ပင်၌ ပွင့်တော်မူ၍ သက်တော်တစ်သိန်း နေတော်မူ၏၊
(၁၁) ပဒုမဘုရား= ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျှာပင်၌ ပွင့်တော်မူ၍ သက်တော်တစ်သိန်း နေတော်မူ၏၊
(၁၂) နာရဒဘုရား= ဒုက္ကရစရိယာ ခုနစ်ရက်၊ ကြောငလ်ျှာပင်၌ ပွင့်တော်မူ၍ သက်တော်ကိုး သောင်း နေတော်မူ ၏၊
(၁၃) ပဒုမုတ္တရဘုရား=ဒုက္ကရစရိယာ ခုနစ်ရက်၊ ထင်းရှူးပင်၌ ပွင့်တော်မူ၍ သက်တော် တစ်သိန်းနေတော်မူ၏၊
(၁၄) သုမေဓဘုရား= ဒုက္ကရစရိယာ လ,ခွဲ (ရှစ်လ)၊ ထိမ်ပင်၌ ပွင့်တော်မူသည်၊ သက်တော် ကိုးသောင်း နေတော်မူ၏၊
(၁၅) သုဇာတဘုရား=ဒုက္ကရစရိယာကိုးလာ၊ ဝါးပင်၌ ပွင့်တော်မူသည်၊ သက်တော်ကိုးသောင်း နေတော်မူ၏၊
(၁၆) ပီယဒဿီဘုရား= ဒုက္ကရစရိယာခြောက်လ၊ ရေခံတက်ပင်၌ ပွင့်တော်မူသည်၊ သက်တော် ကိုးသောင်း နေတော်မူ၏၊
(၁၇) အတ္ထဒဿီ ဘုရား=ဒုက္ကရစရိယာရှစ်လ၊ စကားပင်၌ ပွင့်တော်မူသည်၊ သက်တော်တစ်သိန်းနေ တော်မူ၏၊
(၁၈) ဓမ္မဒဿီဘုရား= ဒုက္ကရစရိယာ ခုနစ်ရက်၊ လိပ်ဆူးရွှေပင်၌ ပွင့်တော်မူသည်၊ သက်တော် တစ်သိန်း နေတော်မူ၏၊
(၁၉) သိဒ္ဓတ္ထဘုရား= ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင်၌ ပွင့်တော်မူသည်၊ သက်တော် တစ်သိန်းနေတော်မူ၏၊
(၂၀) တိဿဘုရား=ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင်၌ ပွင့်တော်မူသည်၊ သက်တော်တစ်သိန်း နေတော်မူ၏၊
(၂၁) ဖုဿဘုရား= ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင်၌ ပွင့်တော်မူသည်၊ သက်တော် ကိုးသောင်း နေတော်မူ၏၊
(၂၂) ဝိပဿီဘုရား=ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင်၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်သောင်း နေတော်မူသည်၊
(၂၃) သိခီဘုရား=ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင်၌ ပွင့်တော်မူသည်၊ သက်တော်ခုနစ်သောင်းနေတော်မူသည်၊
(၂၄) ဝေဿဘူဘုရား =ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်၌ ပွင့်တော်မူသည်၊ သက်တော် ခြောက်သောင်း နေတော်မူသည်၊
(၂၅) ကကုသန်ဘုရား=ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင်၌ပွင့်တော်မူသည်၊ သက်တော် လေးသောင်း နေတော်မူ၏၊
(၂၆) ကောဏာဂုံဘုရား =ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင်၌ ပွင့်တော်မူသည်၊ သက်တော် သုံးသောင်း နေတော်မူ၏၊
(၂၇) ကဿပဘုရား=ဒုက္ကရစရိယာ ခုနစ်ရက်၊ ပညောင်ပင်၌ ပွင့်တော်မူသည်၊ သက်တော်နှစ်သောင်း နေတော်မူ၏၊
(၂၈) ဂေါတမဘုရား =ဒုက္ကရစရိယာ ခြောက်နှစ်၊ ညောင်ဗုဒ္ဓဟေပင်၌ ပွင့်တော်မူသည်၊ သက်တော်ရှစ်ဆယ် နေတော်မူသည်၊ ♦သုခမှတ်စု

မဟောသဓာပညာရှိ၏ ဂုဏ်ကျေးဇူး ၂၈ ပါး

(၁) ရဲရင့်သည်၊
(၂) မကောင်းမှုမှ ရှက်သည်၊
(၃) မကောင်းမှုမှ ကြောက်သည်၊
(၄) အပင်းအသင်းများသည်၊
(၅) အဆွေခင်ပွန်းနှင်ြ့ပည့်စုံသည်၊
(၆) သည်းခံခြင်း ရှိသည်၊
(၇) သီလနှင့်ပြည့်စုံသည်၊
(၈) မှန်သော စကားကို ဆိုတတ်သည်၊
(၉) စင်ကြယ်သောတရားနှင့် ပြည့်စုံသည်၊
(၁၀) အမျက်ဒေါသ နည်းသည်၊
(၁၁) အလွန်မာန် မခက်ထန်သည်၊
(၁၂) သူတစ်ပါးကို ငြူစူစောင်း မြောင်းခြင်း မရှိသည်၊
(၁၃) ဝီရိယနှင့် ပြည့်စုံသည်၊
(၁၄) သူတစ်ပါးကိုလည်း ဝီရိယနှင့် အားထုတ်စေတတ်သည်၊
(၁၅) သင်္ဂြိုလ်ထောက်ပံ့ခြင်းရှိသည်၊
(၁၆) ပေးကမ်းဝေဖန် ခွဲခြမ်းခြင်းနှင့် ပြည့်စုံသည်၊
(၁၇) ပြေပြစ်သည်၊
(၁၈) သူတစ်ပါးအား နှိမ့်ချတတ်သည်၊
(၁၉) သိမ်မွေ့သော စကားကို ဆိုတတ်သည်၊
(၂၀) စဉ်းလဲစဉ်းစားမရှိသည်၊
(၂၁) လှည့်ပတ်ခြင်းမရှိသည်၊
(၂၂) အလွန်သော ပညာနှင့်ပြည့်စုံသည်၊
(၂၃) ကျော်စောသည်၊
(၂၄) အတတ်ပညာနှင့် ပြည့်စုံသည်၊
(၂၅) မှီခိုလာသူတို့၏အကျိုးစီးပွားကို ပြုတတ်သည်၊
(၂၆) သူအပေါင်းတို့ တောင့်တအပ်သည်၊
(၂၇) ဥစ္စာများသည်၊
(၂၈) အခြံအရံများသည်၊ ♦သုခမှတ်စု

ရတုချနည်း ၂၈ ပါး

(၁) ထူးဆန်းထွေလာ၊
(၂) အညွန့်မဲ့၊ မီးထင်းစဟုလည်းခေါ်သည်၊
(၃) ကုက္ကုဆူးချီ ကုက္ကုဆူးချ၊
(၄) စာကျိုး၊
(၅) စာတုံး၊
(၆) ဘီလူး ရယ်၊
(၇) ညွန့်ရှင်၊
(၈) စာဆန်း၊
(၉) ပေါက်ပြ၊
(၁၀) ငုံဖူး၊
(၁၁) ပုလဲသွယ်၊
(၁၂) လည်ကုပ်ချီ၊
(၁၃) အဖျားကောက်၊
(၁၄) စမ္ပယ်ချီ စမ္ပယ်ချ၊
(၁၅) မြင်းဆက်ခွချနည်း၊
(၁၆) ရွှေလောင်းပြန်၊
(၁၇) သော်တာရောင်၊
(၁၈) နေရောင်ခြည်ပြေး (သို့မဟုတ်) ညွန့်လန်း၊
(၁၉) ဖျောက်ဆိပ်လယ်၊
(၂၀) ညွန့်ဟုံ၊
(၂၁) ခိုင်ညွတ်ဖြာ၊
(၂၂) မဏိဆံကျင်၊
(၂၃) အာသာဝတီ ဝတ်ဆံ၊
(၂၄) မဏိဦးပြည်း၊
(၂၅) ဇော်တစ်ခိုင်လုံး၊
(၂၆) မပြတ်ကေသာ၊
(၂၇) ဇမ္ဗူ့သပြေသီး၊
(၂၈) ချိန်ခွင်လျှာ၊ ♦သုခမှတ်စု

ရုပ် ၂၈ ပါး

(၁) ပထဝီ= အမာဓာတ်၊
(၂) အာပေါ=အရေဓာတ်၊
(၃) တေဇော=အငွေ့ဓာတ်၊
(၄) ဝါယော=လေဓာတ်၊
(၅) ဝဏ္ဏ=အဆင်း၊
(၆) ဂန္ဓ=အနံ့၊
(၇) ရသ= အရသာ၊
(၈) သြဇာ= အနှစ်(အဝိနိဗ္ဘောဂရုပ်ရှစ်ပါး)၊
(၉) ကာယပသာဒ= ကိုယ်အကြည်ဓာတ်၊
(၁၀) ဇီဝိတ= အသက်၊
(၁၁) ဣတ္ထိဘာဝ= မိန်းမရုပ်၊
(၁၂) ပုမ္ဘာဝ= ယောကျ်ားရုပ်၊ (အထည်ကိုယ်ရုပ်ဆယ့်နှစ်ပါး)၊
(၁၃) စက္ခုပသာဒ= မျက်စိအကြည်ဓာတ်၊
(၁၄) သောတပသာဒ= နားအကြည်ဓာတ်၊
(၁၅) ဃာနပသာဒ= နှာခေါင်းအကြည်ဓာတ်၊
(၁၆) ဇိဝှါပသာဒ=လျှာအကြည်ဓာတ်၊
(၁၇) ဟဒယဝတ္ထု= နှလုံးဟဒယဓာတ်၊
(၁၈) သဒ္ဒ= အသံ၊ (အချယ်ရုပ် ၆-ပါး)၊
(၁၉) ကာယဝိညတ်၊
(၂၀) ဝစီ ဝိညတ်၊
(၂၁) လဟုတာ၊
(၂၂) မုဒုတာ၊
(၂၃) ကမ္မညတာ၊ (အမူရုပ်ငါးပါး)၊
(၂၄) ဥပ စယ၊
(၂၅) သန္တတိ၊
(၂၆) ဇရတာ၊
(၂၇) အနိစ္စတာ၊ (ရန်သူရုပ်လေးပါး)၊
(၂၈) ပရိစ္ဆေဒအာကာသ၊ ♦သုခမှတ်စု

ရုပ်စဉ် ကပြရာ အရုပ် ၂၈ ရုပ်

(၁) နတ်ကတော် ၂-ရုပ်၊
(၂) မြင်း ၁-ရုပ်၊
(၃) ဆင်ဖြူ ၁-ရုပ်၊
(၄) ဆင်မည်း ၁-ရုပ်၊
(၅) ကား ၁-ရုပ်၊
(၆) မျောက် ၁-ရုပ်၊
(၇) ကြက်တူရွေး ၁-ရုပ်၊
(၈) နဂါး ၁-ရုပ်၊
(၉) ဘီလူး ၂-ရုပ်၊
(၁၀) ဇော်ဂျီ ၁-ရုပ်၊
(၁၁) ဝန် ၄-ရုပ်၊
(၁၂) ရှင်ဘုရင် ၁-ရုပ်၊
(၁၃) မင်းသား ၁-ရုပ်၊
(၁၄) မင်းသမီး ၁-ရုပ်၊
(၁၅) မင်းသားကြီး မျက်နှာနီ ၁-ရုပ်၊
(၁၆) မင်းသားကြီး မျက်နှာဖြူ ၁-ရုပ်၊
(၁၇) ပုဏ္ဏား ၁-ရုပ်၊
(၁၈) ရသေ့ ၁-ရုပ်၊
(၁၉) နတ် ၁-ရုပ်၊
(၂၀) ဗြဟ္မာ ၁-ရုပ်၊
(၂၁) အမယ်အို ၁-ရုပ်၊
(၂၂) လူပျက် ၂-ရုပ်၊ ပေါင်း ၂၈-ရုပ်၊ (ရုပ်(အဋ္ဌဝီသ) ၂၈-ပါးကို ရည်ရွယ်ထားသည်၊) ♦သုခမှတ်စု

ဘုရားဆင်းတုတော်ကို ထုလုပ်ပူဇော်ခြင်းအကျိုး ၂၉ ပါး

(၁) မဇ္ဈိမဒေသ၌သာ ဖြစ်ရခြင်း၊
(၂) ယောက်ျားမြတ်ဖြစ်သော လူ၏အဖြစ်ကို ဖြစ်ရခြင်း၊
(၃) ဣန္ဒြေချို့တဲ့မှု မဖြစ်ခြင်း၊
(၄) အပါယ်လေးပါးသို့ မလားရခြင်း၊
(၅) ဒွန်းစဏ္ဍားအမျိုး၌ မဖြစ်ရခြင်း၊
(၆) ကျွန်မျိုး၌ မဖြစ်ရခြင်း၊
(၇) လောကန္တရိက်ငရဲ၌ မဖြစ်ရခြင်း၊
(၈) ယုတ်မာသောအမျိုး၌ မဖြစ်ရခြင်း၊
(၉) ရွှေအဆင်းကဲ့သို့ အဆင်းလှခြင်း၊
(၁၀) ဘုန်းတန်ခိုး ကြီးခြင်း၊
(၁၁) မြင်သမျှသောသအူ ပေါင်းတို့ ချစ်ခင်ခြင်း၊
(၁၂) ကောင်းမြတ်သော လာဘ် လာဘ ပေါများခြင်း၊
(၁၃) ကျီကျဘဏ္ဍာနှင့် ပြည့်စုံခြင်း၊
(၁၄) များသော ကျွဲ နွား ဆင်မြင်းဥစ္စာ ရွှေငွေနှင့် ပြည့်စုံခြင်း၊
(၁၅) မိမိ ကြံစည်တိုင်းပြည့်စုံခြင်း၊
(၁၆) နတ်မင်းကြီး ဖြစ်ခြင်း၊
(၁၇) စကြဝတ္တေမင်းအဖြစ်ကို ရခြင်း၊
(၁၈) သိကြားမင်းအဖြစ် အကြိမ် တစ်ထောင် ဖြစ်နိုင်ခြင်း၊
(၁၉) စကြဝတေးမင်းအဖြစ် အကြိမ်တစ်ထောင် ဖြစ်နိုင်ခြင်း၊
(၂၀) ပဒေသရာဇ်အဖြစ်ကိုကား မရေမတွက်နိုင်အောင် ဖြစ်နိုင်ခြင်း၊
(၂၁) ဘုရားဆုကို ရနိုင်ခြင်း၊
(၂၂) ပစ္စေကဗုဒ္ဓါဆုကို ရနိုင်ခြင်း၊
(၂၃) သာဝကဆုကို ရနိုင်ခြင်း၊
(၂၄) မင်း ပုဏ္ဏားမျိုးဖြစ်သော မြတ်သော အမျိုး၌သာ ဖြစ်ခြင်း၊
(၂၅) ယုတ်ညံ့သိမ်ဖျင်းသော အမျိုး၌မဖြစ်ခြင်း၊
(၂၆) ချမ်းသာခြင်း၊ လာဘ်များခြင်း, အခြံအရံများခြင်း, ပညာကြီးခြင်း၊ တန်ခိုးကြီးခြင်း, အနာရောဂါကင်းခြင်း “ခြောက်ပါးသော အကျိုးတရားတို့နှင့်ပြည့်စုံခြင်း၊
(၂၇) အသက်ရှည်ခြင်း, ခွန်အားကြီးခြင်း, မြဲမြံသောပညာရှိခြင်း, ရဲရင့်ခြင်း, အကြားအမြင်များခြင်း၊ ထက်သောပညာရှိခြင်း, ချစ်ဖွယ်သောရုပ်လက္ခဏာရှိခြင်း, “ခုနစ်ပါးသောအကျိုး တရားတို့နှင့်ပြည့်စုံခြင်း၊
(၂၈) သံသရာ၌ ကျင်လညရ်သည် ရှိသော မနှိုင်းယှဉ်အပ်သော စည်းစိမ်ချမ်းသာတို့ကို ရခြင်း၊
(၂၉) နိဗ္ဗာန်ရွှေပြည်မြတ်သို့ ရောက်ရခြင်း၊ ♦သုခမှတ်စု

စစ်ဆင်နည်း ၂၉ ပါး

(၁) မဏ္ဍူကဗျူဟာ=ခြင်္သေ့သည် ဖားသူငယ်ကိုကားမလောက်လား အားတက်မာန်ကြိုး စစ်ထိုး၍ ရွှံ့အိုင်တွင်းသို့ အပြင်းလိုက်လေသော် ခရီးလွန်၍ ပင်ပန်းနစ်မြုပ်သေဆုံးခြင်း၊
(၂) သပ္ပဗျူဟာ= ၎င်းဖားတို့ကိုမျက်စောင်းရိပ်ကာမျှဖြင့် ဖွဲပြာဖြစ်စေနိုင်လောက်အောင် တန်ခိုးရှိသော နဂါးမျိုးတို့နှင့် မိတ်ဖွဲ့၍ တိုက်ခြင်း၊
(၃) ဥပါယဗျူဟာ= ဥပါယ်တံမျဉ်ဖြင့် ကြံစည်၍တိုက်ခြင်း၊
(၄) ဣတ္ထိဗျူဟာ= မိန်းမတို့၏မာယာဖြင့် မြှူ၃တိုက်ခြင်း၊
(၅) သုဝဗျူဟာ= တိရစ္ဆာန်ကျေးသားကို လူ့စကားသင်၍ ပြေပြစ်စေသကဲ့သို့ သူ့စစ်သည်ကိုဝတ္ထုကျမ်းဂန်ထုံးစံပြ၍ ပြေလည်စေမှုငြိမ်းအောင်ပြုခြင်း၊
(၆) မေဃဗျူဟာ= တစ်ခဲနက်သောအသံနှင့် တညီတညာတည်း တိုက်ခြင်း၊
(၇) ပတ္တဗျူဟာ= သူလျှိုလွတ်ထား၍တိုက်ခြင်း၊
(၈) ဝိဒ္ဓဗျူဟာ=''သည်ရန်သူဟု အတပ်အသိ ယုံမှားသင်္ကာ ရှိစဉ် စဉ်းစား ဉာဏ်ယှဉ်၍ ဆင်ခြင်ကာတိုက်ခြင်း၊
(၉) ဓာရကဗျူဟာ=တပ်ချတိုင်း လေးမျက်နှာတို့၌ ဖိုခနောက်ဆိုင် ဗိုလ်ပါ ဆင်မြင်း ခင်းကျင်း စီရင်ထားခြင်း၊
(၁၀) ပဒုမဗျူဟာ= ကြာပွင့်ကြာချပ်တို့ကဲ့သို့ အဆင့်ဆင့်အထပ်ထပ်စီရင်ခြင်း၊
(၁၁) မဓုဗျူဟာ= အုံကိုထိလျှင် ပျားအများ တရုံးရုံး ဝန်းအုံညီညာစွာ ကိုက်တုပ်ကြသကဲ့သို့တစ်ပါးသော နိုင်ငံကို ကိုယ်က စစ်မတိုက်ဘဲ သူက တိုက်လာသော် ညီညာ ဖျဖျဝန်းဝိုင်းကြခြင်း၊
(၁၂) ဘေရီဗျူဟာ= တူရိယာမျိုးတို့တွင် စည်ကြီးသံသာ လွှမ်းမိုးသကဲ့သို့ အလုံးစုံသောတပ်ကို တစ်အာဏာတည်းဖြင့်စိုးကွပ်တိုက်ခိုက်ခြင်း၊
(၁၃) ကီဋကဗျူဟာ=ပိုး ရွ့ခြပုရွက်တို့သည် ငယ်သောအကောင်ဖြစ်လျက် များစွာသောဝတ္ထုတို့ကို ဆောင်ယူသကဲ့သို့ တစ်ဖက်သားရန် အဆမတန် အားကြီးသော်လည်း ရဲမက်တစ်စု ညီညီညွတ်ညွတ် ရွပ်ရွပ်ချွံချွံတိုက်ခြင်း၊
(၁၄) ရုက္ခဗျူဟာ= သစ်စေ့ကိုစိုက်ပျိုး၍ ရေသွန်းလျှင် တရွေ့ရွေ့ တစ်နေ့ထက် တစ်နေ့ အပင်ပေါက်ရောက်အကိုင်းအခက် စည်ပင်ပွားများသကဲ့သို့ တစ်ဆင့်ထက်တစ်ဆင့် တစ်နေ့တစ်ခြား ဗိုလ်ခြေပွား၍ တိုက်ခြင်း၊
(၁၅) ဥဂ္ဂတဗျူဟာ=ရဲရင့်သန်စွမ်းသော စစ်သားကိုအပြင်က စက်ဝန်းလည်သကဲ့သို့ အနှံ့အပြား ပတ်ပတ်လည်ထားပြီးလျှင် အင်အားနည်းသော စစ်သည်ရဲမက်ကို ပျှမ်းမျှ၍ အလယက်ရှိစေခြင်း၊
(၁၆) အဂ္ဂိဗျူဟာ =မီးတို့ သဘောသည် သစ်ဆွေးသစ်ရောင်း အဟောင်းအမြင်းတို့ကို ကုန်အောင်လောင်၍ မီးရှိန်မီးကျီးကြီးပွားမှ သစ်ပင် သစ်ခက် စိမ်းစိမ်းစိုစိုတို့ကို မကျန်မကြွင်းစေရအောင်လောင်သကဲ့သို့ ရှေးဦးစွာ တပ်သိမ် တပ်ငယ် လွယ်ရာတို့ကို တိုက်ဖျက်သိမ်းယူ၍ အင်အားများကာမှ တပ်ကြီးတပ်ခိုင်တို့ကို နိုင်အောင်တိုက်ယူခြင်း၊
(၁၇) ကာကဗူဟာ=ကျီးရဲသည် လူပုံထဲဝယ် ပျံကာဝဲ၍ ငါးအမဲတို့ကို သုတ်ယူသကဲ့သို့ မိမိတို့က စစ်သည်အင်အားနည်းသော်လည်း သူ့ စစ်သည်အများကို ရုတ်တရက် ဝင်၍ လိုက်လံထိုးခုတ်ခြင်း၊
(၁၈) ဗျဂ္ဃဗျူဟာ= ကားသည် ခြေလေးဘက် ခေါင်း အမြီးတို့ကို မလှုပ်မရှား အသာသွား၍ အစာကို ဖမ်းသကဲ့သို့ တစ်ဖက်ရန်သူတို့ မသိရအောင် တိတ်တဆိတ်ကွယ်ကာ ပုန်းအောင်း ချောင်းမြောင်း တိုက်ခိုက်ခြင်း၊
(၁၉) မက္ကဋကဗျူဟာ= အတန့်တန့် အကန့်အကွက် အယှက်အတင် ချည်မျှင် ရှုပ်ထွေး ပင့်ကူမြှေးကဲ့သို့ စည်းဝေးမြဲ့မြဲ့ တရွေ့ရွေ့ ကဲ့ဝှက်ရုံးစု၍ တပ်ပုံပြုခြင်း၊
(၂၀) စိရဗျူဟာ= သူ့မြို့ကို ကြည်းရေအထပ်ထပ် ပတ်ပတ်ဝန်းရံ စီမခံန့်ထား အစားအစာ လုံလောက်စွာဖြင့် နှစ်ကြာလရှည်ကြံစည်တိုက်ခိုက်ခြင်း၊
(၂၁) ဟာသ ဗျူဟာ= တပ်တွင်ပါသဖြင့်သူရဲသူခက်တို့ စိတ်နှလုံး ရွှင်ပြုံးချမ်းသာစွာ ရှိအောင် အစားအစာ ရွှေငွေဘဏ္ဍာမှစ၍ မ-စဖြန့်ဖြူးခြင်း၊
(၂၂) သသဗျူဟာ= ယုန်နားရွက်ကဲ့သို့တစ်ဖက်တစ်ချက် လက်ဝဲလက်ယာ နှစ်သွယ် တပ်စွန်းထား၍ လက်ယာက စစ်ရေး နိမ့်သော လက်ဝဲ၊ လက်ဝဲက စစ်ရေးနိမ့်သော် လက်ယာ ကူညီ ဝိုင်းဝန်း တိုက်ခိုက်ခြင်း၊
(၂၃) ဥဒကဗျူဟာ= တစ်ဖက်ရန်သူ ထွက်ပေါ်လာသော် ရဲမက်တို့အား နှလုံးစိတ်ဝမ်း မပင်ပန်းရအောင် မာန်စောင်အမျက်မထွက်ဘဲ ပညာတည်းဟူသော ရေချမ်းဖြင့် ဆွတ်ဖြန်းကြံဆောင်၍ ရန်အောင်စေခြင်း၊
(၂၄) စန္ဒဗျူဟာ= ကောင်းကင်အပြင်ဝယ် ကြယ်တာရာ အပေါင်းအလယ် လမင်းသဖွယ် ဗိုလ်ပေါင်းဝန်းရံလျက်ခင်းကျင်း တိုက်ခိုက်ခြင်း၊
(၂၅) သူရိယဗျူဟာ= နေမင်းသည် ကျွန်း ကြီးလေးကျွန်းကျွန်းငယ် နှစ်ထောင်တို့ကို အရောင်ဖြင့်ထွန်းလင်းနိုင်သော်လည်း ငယ်လှစွာသော ဝါးလုံးတွင်းသို့ အရောင်အလင်း မထွန်းလင်းနိုင်သကဲ့သို့ အရေးမသာ အလုပ်အကြံခက်လျှင် ခက်ခဲသောတပ်ကိုလွှဲ၍ သူရဲသူခက်တို့ကို ရဲရင့်အောင် အနှံ့အပြားတိုက်ခြင်း၊
(၂၆) ဓညဗျူဟာ= တောသူယောကျ်ားသည် ကောက်လျင် ကောက်လတ်ကောက်ကြီး လယ်ကော လယ်ဝှမ်း လယ်ချိုင့်များကို ဆင်ခြင်၍ ပျိုးရင့် ပျိုးနု အလျောက် ချင့်ချိန်စိုက်ပျိုးသကဲ့သို့ စစ်လက် စစ်ရင့် စစ်နု စစ်စုံ စစ်မ အနေ အထားကျကျအစဉ်သင့်တပ်ချခြင်း၊
(၂၇) ယက္ခဗျူဟာ= မျက်မာန်ဟူးဟူး ဘီလူးများကဲ့သို့ တွေ့မြင်လေသမျှသောရန်သူကို စားမတတ် ဝါးမတတ် ရွပ်ရွပ်ချွံချွံ တိုက်ခြင်း၊
(၂၈) နိဂြောဓဗျူဟာ=ပညောင်ပင်ကြီးသည် များစွာသော မြစ်သေး၊ မြစ်မွှာတို့ကြောင့် လေမုန်တိုင်းတိုက်သော်လည်း မငိုက်မယိုင် ကြံ့ကြံ့ခိုင်သကဲ့သို့ တပ်ထောင်တာလုံလုံခြုံခြုံ မရွေ့မရှား ရှိစေခြင်း၊
(၂၉) သိဒ္ဓိဗျူဟာ= တိုင်းတစ်ပါးကို တိုက်ခိုက်၍ နိုင်သော် နောက်နောင် လက်မထူဝံ့အောင် ဆင်မြင်းလက်နက် လူသူအကုန်အစင် သိမ်းယူပြီးလျှင် ထိုမြို့ ထိုရွာတွင် အရည်အချင်းရှိသူကို အလုံးအရင်း ဆင်မြင်း လက်နက်နှင့် မြို့စားမြို့ကွပ်ခန့်အပ်ခြင်း၊ ♦သုခမှတ်စု

ပါရမီအပြား ၃၀

(၁) အထက်က ဒသပါရမီ ၁၀-ပါး၊ ဒါနဥပပါရမီ၊ သီလဥပါရမီ၊ နိက္ခမဥပပါရမီ စသည်ဖြင့် ဥပပါရမီ ၁၀-ပါး၊ ဒါနပရမတ္ထပါရမီ၊ သီလပရမတ္ထ၊ နိက္ခမပါရမတ္ထစသည်ဖြင့် ပရမတ္ထပါရမီ ၁၀-ပါး၊ (ဒသပါရမီ=သားမယားဥစ္စာစည်းစိမ် ဂရုမထားဘဲ ဖြည့်သည်၊ ဥပပါရမီ=မိမိကိုယ်၏ အင်္ဂါကြီးငယ် ဂရုမထားဘဲ ဖြည့်သည်၊ ပရမတ္ထပါရမီ=အသက်ကို ပဓာနမထားဘဲဖြည့်သည်၊) ♦သုခမှတ်စု

ဘုရားသခင်တို့၏ ဓမ္မတာ ၃၀

(၁) အလောင်းတော်သည် အဆုံးစွန်သောဘဝ၌ မယ်တော်ဝမ်းတွင် ပဋိသန္ဓေနေသည်၊
(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္လင်ဖြင့် ရှေ့သို့မျက်နှာပြု၍ နေသည်၊
(၃) အလောင်းတော်ကို မယ်တော်ရပ်လျက် ဖွားသည်၊
(၄) တောအရပ်၌သာ ဖွားတော်မူသည်၊
(၅) ဖွားပြီးသောခဏ၌ အလောင်းတော်သည် အရပ်လေးမျက်နှာကိုကြည့်၍ မြောက်အရပ်သို့ ခုနစ်ဖဝါးလှမ်းပြီးလျှင် ငါသာလျှင် အကြီးအမြတ်တည်းဟု ကြုံးဝါးတော်မူသည်၊
(၆) သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးထင်၍ သားတစ်ယောက်မြင်ပြီမှ တောထွက်တော်မူသည်၊
(၇) အရဟတ္တဖိုလ်၏တံခွန်ဖြစ်သော ရဟန်းအဖြစ်ကိုယူပြီးမှ ဒုက္ကရစရိယာကျင့်တော်မူသည်၊
(၈) ဘုရားဖြစ်မည့်နေ့ နွားနို့ဃနာဆွမ်းကို ဘုဉ်းပေးတော်မူသည်၊
(၉) မြက်အခင်း၌ နေတော်မူလျက် ဘုရားအဖြစ်သို့ ရောက်သည်၊
(၁၀) အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူသည်၊
(၁၁) မာရ်စစ်သည်ကို အောင် တော်မူသည်၊
(၁၂) ဗောဓိပလ္လင်၌သာ ဝိဇ္ဇာသုံးပါးကို အစပြု၍ ဆ အသာဓာရဏအစရှိသော ကျေးဇူးတော်အပေါင်းကို ရတော်မူသည်၊
(၁၃) ဗောဓိပင်၏ ထက်ဝန်းကျင်၌သာ သတ္တသတ္တာဟ ကျင့်သည်၊
(၁၄) တရားဟောစိမ့်သောငှာ ဗြဟ္မာမင်းတောင်းပန်ရသည်၊
(၁၅) ဣသိပတနမိဂါဝုန်တော၌သာ ဓမ္မစကြာဟောသည်၊
(၁၆) တပို့တွဲလပြည့်နေ့၌သာ ပါတိမောက်ပြတော်မူသည်၊
(၁၇) ဇေတဝန်ကျောင်းတော်၌သာ နေစမှတ်ပြုသည်၊
(၁၈) သာဝတ္ထိပြည်၌သာ ယမိုက်ပြာဋိဟာကို ပြတော်မူသည်၊
(၁၉) တာဝတိံသာ၌သာ အဘိဓမ္မာတရားဟောတော်မူသည်၊
(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူသည်၊
(၂၁) ဖလသမာပတ်ကိုမပြတ် ဝင်စားတော်မူသည်၊
(၂၂) နံနက်အခါ၊ ညဉ့်အခါတို့၌ ကျွတ်ထိုက်သော ဝေနေယျတို့ကို ကြည့်ရှုတော်မူသည်၊
(၂၃) အကြောင်းရှိလျှင်ဝိနည်းတရားတို့ကို ပညတ်တော်မူသည်၊
(၂၄) အတ္ထုပ္ပတ္တိရှိလျှင် ဇာတ်တရားကို ဟောတော်မူသည်၊
(၂၅) ဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌ ဗုဒ္ဓဝင်ကို ဟောတော်မူ၏၊
(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကားကို ပြောတော်မူသည်၊
(၂၇) ဒါယကာတို့ ဖိတ်၍ ဝါဆိုတော်မူသော် ဝါကျွတ်လျှင် ဒါယကာတို့အားပန်ကြားပြီးမှ ကြွသွားတော် မူသည်၊
(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါးကိုပြုတော်မူသည်၊
(၂၉) ပရိနိဗ္ဗာန် ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်၊
(၃၀) အကုဋေနှစ်သန်းလေးသိန်းသောသမာပတ်ကို ဝင်စားတော်မူပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်၊ ♦သုခမှတ်စု

မေထုန်မဂ် ၃၀

(၁) လူမိန်းမ၏=ဝစ္စမဂ်၊ ပဿာဝမဂ်၊ မုခမဂ် ၃-ပါး၊ နတ်မိန်းမ တို့၏=ဝစ္စမဂ်၊ ပဿာဝမဂ်၊ မုခမဂ် ၃-ပါး၊ တိရစ္ဆာန်မိန်းမ၏=ဝစ္စမဂ်၊ ပဿာဝမဂ်၊ မုခမဂ် ၃-ပါး၊ လူဥဘတောဗျည်း၏=ဝစ္စမဂ်၊ ပဿာဝမဂ်၊ မုခမဂ် ၃-ပါး၊ နတ်ဥဘတောဗျည်း၏=ဝစ္စမဂ်၊ ပဿာဝမဂ်၊ မုခမဂ် ၃-ပါး၊ တိရစ္ဆာန်ဥဘတော ဗျည်း၏=ဝစ္စမဂ်၊ ပဿာဝမဂ်၊ မုခမဂ် ၃-ပါး၊ လူယောက်ျား၏=ဝစ္စမဂ်၊ မုခမဂ်၂-ပါး၊ နတ်ယောက်ျား၏=ဝစ္စမဂ်၊ မုခမဂ် ၂-ပါး၊ တိရစ္ဆာန်ယောက်ျား၏=ဝစ္စမဂ်၊ မုခမဂ် ၂-ပါး၊ လူပဏ္ဍုက်၏=ဝစ္စမဂ်၊ မုခမဂ်၂-ပါး၊ နတ်ပဏ္ဍုက်၏=ဝစ္စမဂ်၊ မုခမဂ်၂-ပါး၊ တိရစ္ဆာန်ပဏ္ဍုက်၏=ဝစ္စမဂ်၊ မုခမဂ်၂-ပါး၊ ♦သုခမှတ်စု

ရှမ်းမျိုး ၃၀

မြန်မာမင်းအုပ်ချုပ်ပုံ၊ ဒု
(၁) လင်းသက်၊
(၂) ချင်း၊
(၃) ဂုံ၊
(၄) ရင်း၊
(၅) ကတူး၊
(၆) မြုံ၊
(၇) အကြော်၊
(၈) ဂင်၊
(၉) ရှိန်၊
(၁၀) ဇဝါ၊
(၁၁) မျက်နှာမည်း၊
(၁၂) ကသည်း၊
(၁၃) ရေမီးထွက်၊
(၁၄) ကရက်၊
(၁၅) လဝ၊
(၁၆) ပန်းလောင်း၊
(၁၇) တရက်၊
(၁၈) ရွန်၊
(၁၉) ဓနု၊
(၂၀) ဟူအူ၊
(၂၁) ကရင်၊
(၂၂) ချင်း၊
(၂၃) မနော၊
(၂၄) ရှမ်း၊
(၂၅) လဝိုက်၊
(၂၆) တရုတ်၊
(၂၇) ယိုးဒယား၊
(၂၈) တနဲ၊
(၂၉) သက်၊
(၃၀) လင်း၊ ♦သုခမှတ်စု

သရဏဂုံ ၃၀

(၁) ဇာတိပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
(၂) ဇာတိပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
(၃) ဇာတိပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ၊
(၄) ဘောဂပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
(၅) ဘောဂပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
(၆) ဘောဂပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ၊
(၇) ဇီဝိတပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
(၈) ဇီဝိတ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
(၉) ဇီဝိတပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ၊
(၁၀) ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
(၁၁) ယာဝဇီဝံ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
(၁၂) ယာဝဇီဝံ သံဃံ သရဏံ ဂစ္ဆာမိ၊
(၁၃) မရဏကာလံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
(၁၄) မရဏကာလံ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
(၁၅) မရဏကာလံ သံဃံ သရဏံဂစ္ဆာမိ၊
(၁၆) မရဏကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
(၁၇) မရဏကာလပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
(၁၈) မရဏကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ၊
(၁၉) အရဟတ္တမဂ္ဂကာလံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
(၂၀) အရဟတ္တမဂ္ဂကာလံ ဓမ္မံသရဏံ ဂစ္ဆာမိ၊
(၂၁) အရဟတ္တမဂ္ဂကာလံ သံဃံ သရဏံ ဂစ္ဆာမိ၊
(၂၂) အရဟတ္တမဂ္ဂကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာနျ၊
(၂၃) အရဟတ္တမဂ္ဂ ကာလပရိယန္တံဓမ္မံ သရဏံ ဂစ္ဆာမိ၊
(၂၄) အရဟတ္တမဂ္ဂကာလပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ၊
(၂၅) နိဗ္ဗာနကာလံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
(၂၆) နိဗ္ဗာနကာလံ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
(၂၇) နိဗ္ဗာနကာလံ သံဃံ သရဏံ ဂစ္ဆာမိ၊
(၂၈) နိဗ္ဗာန ကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
(၂၉) နိဗ္ဗာနကာလပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
(၃၀) နိဗ္ဗာနကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ၊ ♦သုခမှတ်စု

ဥဒ္ဒံဝါတလေ၏ လက္ခဏာ ၃၀

(၁) ချေဆပ်ခြင်း၊
(၂) ကြို့ထိုးခြင်း၊
(၃) သမ်းခြင်း၊
(၄) လေတက်ခြင်း၊
(၅) သီးခြင်း၊
(၆) ချောင်းဆိုးခြင်း၊
(၇) နောက်ကျိခြင်း၊
(၈) ငိုက်မျဉ်းခြင်း၊
(၉) မေ့လျော့ခြင်း၊
(၁၀) မှိုင်တွေခြင်း၊
(၁၁) တစ်ကိုယ်လုံးနာကျင်ခြင်း၊
(၁၂) နားအူခြင်း၊
(၁၃) နားလေထွက်ခြင်း၊
(၁၄) မျက်စိကြောင်တောင်ကွယ်ခြင်း၊
(၁၅) အကြောတင်းခြင်း၊
(၁၆) လေးလန်ခြင်း၊
(၁၇) နှုတ်မမြိန်ခြင်း၊
(၁၈) လွန်စွာအိပ်ခြင်း၊
(၁၉) အိပ်မက်ထွေထွေရာရာမက်ခြင်း၊
(၂၀) တက်ခြင်း၊
(၂၁) နင်ဆို့ခြင်း၊
(၂၂) ရင်ပြည့်ခြင်း၊
(၂၃) ရှိုက်ခြင်း၊
(၂၄) ဟိုက်ခြင်း၊
(၂၅) နှုတ်လျှာလေးခြင်း၊
(၂၆) လက်ခြေကွေးကောက်ခြင်း၊
(၂၇) မည်သို့ဖြစ်သည်မသိ သတိမေ့လျော့ခြင်း၊
(၂၈) ကယောင်ကတမ်းပြောခြင်း၊
(၂၉) ထိတ်လန့်ခြင်း၊
(၃၀) ကိုယ်လက်ကွာက်၍ ဖောယောင်ခြင်း၊ ♦သုခမှတ်စု

အရိယာသာဝကတို့၏ ဂုဏ်ကျေးဇူးတော် ၃၀

သရုပ်ပြအဘိဓာန်
(၁) ကောင်းစွာ အဖြစ် နူးညံ့သိမ်မွေ့သော မေတ္တာစိတ်ရှိခြင်း၊
(၂) ဖျက်ဆီးအပ်ဖျောက်အပ် နှိပ်အပ်သော မာနရှိခြင်း၊
(၃) မတုန်မလှုပ်အမြဲထိုးထွင်း၍ယုံကြည်ခြင်းသဒ္ဓါတရားရှိခြင်း၊
(၄) ရွှင်မြူးသောစိတ်ကို ပြည့်စုံစွာဆုံးမခြင်းရှိ၍ ငြိမ်သက်ချမ်းမြေ့သော သမာပတ်ကိုရခြင်း၊
(၄) မြတ်သောသီလ ရှိသည်ဖြစ်၍ ကောင်းသောအနံ့ဖြင့် ထုံမွှမ်းခြင်း၊
(၆) နတ်လူတို့ ချစ်မြတ်နိုးတတ်ခြင်း၊
(၇) နှစ်သက်အပ်သောသူဟူ၍ အာသဝကုန်ပြီးသော သူမြတ်တို့ တောင့်တအပ်ခြင်း၊
(၈) နတ်လူတို့ ရိုသေအပ်၊ ရှိခိုးအပ်ခြင်း၊
(၉) ပညာရှိတို့ချီးမွမ်းအပ်ခြင်း၊
(၁၀) လူ့ပြည်နတ်ပြည်၌ လူနတ်အပေါင်းနှင့် မရောနှောခြင်း၊
(၁၁) အနည်းငယ်သော အပြစ်၌လည်း ဘေးဟုရှုခြင်း၊
(၁၂) သမ္ပတ္တိနှင့်ပြည့်စုံသော သူတို့အား မဂ်ဖိုလ်အကျိုးကို ပြီးစေတတ်ခြင်း၊
(၁၃) အလိုရှိတောင့်တသော် များမြတ်သောပစ္စည်းကို ရနိုင်ခြင်း၊
(၁၄) မြဲသောကျောင်း အိပ်ရာ နေရာ မရှိခြင်း၊
(၁၅) စျာန်နှင့်ယှဉ်၍ မြတ်သော နေလေ့ရှိခြင်း၊
(၁၆) ထွေးယှက်သော ကိလေသာကွန်ယက်ကို ဖျက်ဆီးခြင်း၊
(၁၇) မြတ်သော မဂ်ဖိုလ်တရားကို လျှို့ဝှက် ဖုံးလွှမ်းခြင်း၊
(၁၈) လားလတ္တံ့သော ဂတိကိုတားမြစ်ခြင်း၊
(၁၉) အပ္ပနာသို့ရောက်သော တရားရှိခြင်း၊
(၂၀) နှိမ့်ချစွာနေခြင်း၊
(၂၁) အပြစ်မရှိသော အသုံးအဆောင်ရှိခြင်း၊
(၂၂) ဂတိတရားမှလွတ်ခြင်း၊
(၂၃) ယုံမှားသင်္ကာမှ ကူးမြောက်ခြင်း၊
(၂၄) ဝိမုတ္တိ စျာန်ကိုအလိုရှိခြင်း၊
(၂၅) မြင်အပ်သော တရားရှိခြင်း၊
(၂၆) မတုန် မလှုပ် မြဲသည်ဖြစ်၍ ဘေးကိုတားမြစ်စေသောသူတို့၏မှီခိုရာသို့ရောက်ခြင်း၊
(၂၇) ကောင်းစွာ ပြတ်အပ်သော အနုသယရှိခြင်း၊
(၂၈) အာသဝေါကုန်ခြင်းသို့ရောက်ခြင်း၊
(၂၉) ငြိမ်သက်ချမ်းမြေ့သော သမာပတ်၌ များစွာနေလေ့ရှိခြင်၊
(၃၀) ရဟန်း ကျေးဇူးဂုဏ်နှင့် အလုံးစုံပြည့်စုံခြင်း၊ ♦သုခမှတ်စု

ဘုံ ၃၁

ကာမ ၁၁ ဘုံနှင့်
(၁) ဗြဟ္မဝါရိသဇ္ဇာ၊
(၂) ဗြဟ္မပုရောဟိတာ၊
(၃) မဟာဗြဟ္မာ၊
(၄) ပရိတ္တာဘာ၊
(၅) အပ္ပမာဏာဘာ၊
(၆) အာဘဿရာ၊
(၇) ပရိတ္တသုဘာ၊
(၈) အပ္ပမာဏသုတာ၊
(၉) သုဘကိဏှာ၊
(၁၀) ဝေဟပိါ်ုလ်၊
(၁၁) အသညသတ်၊
(၁၂) အဝိဟာ၊
(၁၃) အတပ္ပါ၊
(၁၄) သုဒဿာ၊
(၁၅) သုဒဿီ၊
(၁၆) အကနိဋ္ဌ၊ (ရူပ ၁၆ ဘုံ)၊
(၁၇) အာကာသာနဉ္စယတန၊
(၁၈) ဝိညာဏဉ္စယတန၊
(၁၉) အာကိဉ္စညာယတနံ၊
(၂၀) နေဝသညာ နာသညာယတန၊ (အရူပလေးဘုံ၊) ♦သုခမှတ်စု

ကောဋ္ဌာသ ၃၂ ပါး(ဒွတ္တိံသကာယ)

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ
(၁) ကေသာ= ဆပံင်၊
(၂) လောမာ=အမွေး၊
(၃) နခါ=ခြေသည်း လက်သည်း၊
(၄) ဒန္တာ=သွား၊
(၅) တစော=အရေ၊
(၆) မံသံ= အသား၊
(၇) နှာရု=အကြော၊
(၈) အဋ္ဌိ=အရိုး၊
(၉) အဋ္ဌိမိဉ္စံ= ရိုးတွင်းချဉ်ဆီ
(၁၀) ဝက္ကံ=အညှို့၊
(၁၁) ဟဒယံ=နှလုံး၊
(၁၂) ယကနံ=အသည်း၊
(၁၃) ကိလောမကံ= အမြှေး၊
(၁၄) ပိဟကံ=အဖျဉ်း၊
(၁၅) ပပ္ဖာသံ=အဆုပ်၊
(၁၆) အန္တံ=အူမ၊
(၁၇) အန္တဂုဏံ=အူသိမ်အူဖွဲ့၊
(၁၈) ဥဒရိယံ=အစာသစ်၊
(၁၉) ကရီသံ=အစာဟောင်း၊
(၂၀) မတ္ထလုင်္ဂံ=ဦးနှောက်၊
(၂၁) ပိတ္တံ=သည်းခြေ၊
(၂၂) သေမှံ=သလိပ်၊
(၂၃) ပုဗ္ဗော=ပြည်၊
(၂၄) လောဟိတံ=သွေး၊
(၂၅) သေဒေါ=ချွေး၊
(၂၆) မေဒေါ=အဆီခဲ၊
(၂၇) အဿု=မျက်ရည်၊
(၂၈) ဝသာ=ဆီကြည်၊
(၂၉) ခေဠော=တံတွေး၊
(၃၀) သိင်္ဃာဏိကာ=နှပ်၊
(၃၁) လသိကာ=အစေး၊
(၃၂) မုတ္တံ=ကျင်ငယ်၊ ♦သုခမှတ်စု

ကံကြမ္မာ

(၁) ဆူးရှိသောကြိမ်ဖြင့် ရိုက်ခြင်း၊
(၂) ဆူးမရှိသောကြိမ်ဖြင့် ရိုက်ခြင်း၊
(၃) ဆောက်ပုတ်ဖြင့် ရိုက်ခြင်း၊
(၄) လက်ကိုဖြတ်ခြင်း၊
(၅) ခြေကိုဖြတ်ခြင်း၊
(၆) နားကိုဖြတ်ခြင်း၊
(၇) နှာခေါင်းကိုဖြတ်ခြင်း၊
(၈) နား နှာခေါင်းကိုဖြတ်ခြင်း၊
(၉) ဦးခေါင်းခွံကို ခွာ၍ ပူလွန်းသောသံတွေခဲကို ထည့်သဖြင့် ကျိုက်ကျိုက်ဆူသော ပအုံးရည်သဖွယ်ရှိအောင် ပြုခြင်း၊
(၁၀) နားပန်အပိုင်းအခြားရှိသောအရေနှင့်တကွ ဆံပင်ကိုနုတ်၍ ကြမ်းတမ်းသော ကျောက်ဖြင့်ပွတ်လျက် ခရုသင်းသဖွယ် ရှိအောင် ပြုခြင်း၊
(၁၁) သံတံကျင်ဖြင့် ခံတွင်းကိုဖွင့်စေ၍ ခံတွင်းထဲ၌ မီးထွန်းခြင်း၊ မျက်နှာကို ဆောက်ပုတ်နှင့်ရွေ၍ ခံတွင်း၌ သွေးပြည့်စေလျက် နေကိုငုံသော ရာဟုသဖွယ်ပြုခြင်း၊
(၁၂) ကိုယ်အလုံးကို ဆီပုဆိုးရစ်၍ မီးရှိုသဖြင့် ဆီမီးတောင်သဖွယ် ပြုခြင်း၊
(၁၃) လက်၌ ဆီပုဆိုးရစ်၍ မီးရှိုသဖြင့် ဆီမီးတောင်သဖွယ် ပြုခြင်း၊
(၁၄) ရေမျိုအောက်မှစ၍ ဖမျက်တိုင်အောင် အရေထွာပြီးမှ ကြိုးဖြင့်ဖွဲ့၍ ခင်းလျက် မိမိအရေကိုနင်းစေသဖြင့် ပြိတ်မြက်ရွက်သဖွယ် အရေခွာခြင်း၊
(၁၅) လက်မှစ၍ အရေခွာ၍ ခါး၌ ထားခြင်း၊ ခါးမှစ၍ အရေကိုခွာ၍ ဖမျက်၌ ထားခြင်း၊
(၁၆) တစ်တောင်နှစ်ဘက်၌ သံခြေကျင်းခတ်၍ သံနှက်ပြီး ထက်ဝန်းကျင် မီးထည့်၍ လေးဘက်တွားလျက်ရှိစေခြင်း၊
(၁၇) နှစ်ဘက်အသွားရှိသော ငါးမျှားချိတ်ဖြင့် ခတ်၍ အရေအသား အကြောတို့ကို ကွာကျစေ၍ အရိုးကြဲကြဲသာ တည်စေခြင်း၊
(၁၈) ထက်လှစွာသော ပဲခွပ်ဖြင့်ရွေလျက် တစ်သပြာမျှလောက်သော သားတစ်ကျစေခြင်း၊
(၁၉) ထိုထိုကိုယ်အစိတ်၌ လှံစသောငါးမျှားချိတ်ဖြင့်ခတ်၍ ဝက်မှင်ဘီးဖြင့် ဆားငန်ရေစသည်ကိုပွတ်၍ အရေအသား အကြောတို့ကို ကွာကျစေလျက် အရိုးသာတည်စေခြင်း၊
(၂၀) နံပါးတစ်ဖက် စောင်းအိပ်စေလျက် နားထင်နှင့် မြေကို သံတံကျင်နှက်ပြီးမှ ခြေကိုကိုင်၍ လှည့်ခြင်း၊
(၂၁) အပေါ်အရေအသားတို့ကို မစုတ်မပဲ့စေဘဲ ကျောက်သားဖြင့် အရိုးတို့ကိုထုပြီးသော် ဆံဖြင့်ရစ်၍ ခွေလျက်ထားခြင်း၊
(၂၂) လောလောပူသောဆီဖြင့် လောင်းခြင်း၊
(၂၃) အစာငတ်သော ခွေးတို့ကို ခဲစေခြင်း၊
(၂၄) အသက်ရှင်လျက် တံကျင်၌ လျှိုခြင်း၊
(၂၅) သံလျက်ဖြင့် ဦးခေါင်းကိုဖြတ်ခြင်း၊
(၂၆) ပူစွာသောသံတွေကို လက်ယာလက်၌ စိုက်နှက်ခြင်း၊
(၂၇) ပူစွာသောသံတွေကို လက်ဝဲခြေ၌ စိုက်နှက်ခြင်း၊
(၂၈) ပူစွာသော သံတွေကို လက်ဝဲလက်၌ စိုက်နှက်ခြင်း၊
(၂၉) ပူစွာသောသံတွေကို လက်ယာခြေ၌ စိုက်နှက်ခြင်း၊
(၃၀) ပူစွာသောသံတွေကို ရင်ဝ၌စိုက်နှက်ခြင်း၊
(၃၁) ဓားမတို့ဖြင့် ရွေခြင်း၊
(၃၂) ပဲခွပ်တို့ဖြင့်ရွေခြင်း၊ ♦သုခမှတ်စု

ဓမ္မစကြာတရားဟောရာ ဖြစ်ပေါ်သော နိမိတ်ကြီး ၃၂ ပါး

(၁) လောကဓာတ်တစ်သောင်း တုန်လှုပ်ခြင်း၊
(၂) အပူအအေးမျှတခြင်း၊
(၃) တစ်သောင်းသော လောကဓာတ်၌ ရုတ်တရက်အသံတိတ်၍ ငြိမ်သက်သွားခြင်း၊
(၄) လေပြင်းမုန်တိုင်း မလာခြင်း၊
(၅) လေပြည်လေညင်း တိုက်ခိုက်ခြင်း၊
(၆) မြစ်အပေါင်းတို့၌ ရေမစီးဘဲ တန့်ရပ်ခြင်း၊
(၇) ပန်းသစ်ပင်အပေါင်းတို့ တစ်ပြိုင်နက်ပွင့်ခြင်း၊
(၈) ကောင်းကင်၌ တည်သော အကာသဋ္ဌရတနာတို့ရောင်ဝါဖြင့် ကွန့်မြူးခြင်း၊
(၉) လူ့ပြည်နတ်ပြည်တို့၌သာရှိသော တူရိယာအပေါင်းတို့ တစ်ပြိုင်နက် အလိုလိုမြည်ခြင်း၊
(၁၀) ကောင်းကင်မှ နတ်ပန်းမိုးရွာချခြင်း၊
(၁၁) တစ်ပြိုင်နက်ပဲ့တင်ဟီးခြင်း၊
(၁၂) ငရဲကြီး ရှစ်ထပ်၌ ငရဲမီး ငြိမ်းခြင်း၊
(၁၃) အညစ်အကြေးကင်းစင်လျက် ကောင်းကင်ကနေဝန်း အထူးသဖြင့်ထွန်းလင်းခြင်း၊
(၁၄) နေ့အခါ၌ ကြယ်တာရာတို့ကိုမြင်ရခြင်း၊
(၁၅) မိုး မရွာဘဲ ကောင်းကင်မှ နတ်ရေစင် သွန်းချခြင်း၊
(၁၆) ဂြိုဟ်ကြီးခုနစ်လုံးတို့ကြည်လင်ထင်ရှားစွာ ပေါ်လာခြင်း၊
(၁၇) သတ္တာဗီသနက္ခတ်များလည်း ထင်ရှားစွာပေါ်လာခြင်း၊
(၁၈) လဝန်းသည် ပြုဗ္ဗာသဠ်နက္ခတ်နှင့်ယှဉ်၍ ပေါ်လာခြင်း၊
(၁၉) တွင်း, ဂူ, လိုဏ်ခေါင်း အောင်း၍နေသောသတ္တဝါတို့ ထွက်လာခြင်း၊
(၂၀) လူအပေါင်းတို့ အလိုခပ်သိမ်း ငြိမ်း၍ ရောင့်ရဲခြင်း၊
(၂၁) ကိုးဆယ့်ခြောက်ဖြာဝေဒနာ စွဲကပ်သူတို့ ပျောက်ကင်းခြင်း၊
(၂၂) ဆာလောင်မွတ်သိပ်မှု ပြေခြင်း၊
(၂၃) ပြိတ္တာအပေါင်း ဝ-ပြောခြင်း၊
(၂၄) ကိလေသာ တရားငြိမ်းခြင်၊
(၂၅) အပါယ်လေးပါး၌ ဒုက္ခဘေးကင်းခြင်း၊
(၂၆) တစ်လောကလုံး၌ မြူအညစ်အကြေးကင်း၍ သန့်ရှင်းကြည်လင်ခြင်း၊
(၂၇) မကောင်းသော အနံ့ပျောက်ခြင်း၊
(၂၈) နတ်ပန်းနံ့သာ ကြိုင်လှိုင်ခြင်း၊
(၂၉) နတ်ပြည်ခြောက်ဘုံတို့နှင့် ရူပဗြဟ္မာ ၁၆ ဘုံကို အကုန် မြင်ရခြင်း၊
(၃၀) ငရဲကြီးရှစ်ထပ်၌ ခံနေကြရသော သတ္တဝါအလုံးစုံကို အကုန် မြင်ရခြင်း၊
(၃၁) မြို့တံခါး အိမ်တံခါးမှစ၍ ပိတ်ထားသမျှ အလုံးစုံ အကုန်ပွင့်ခြင်း၊
(၃၂) သတ္တဝါအပေါင်းတို့၌ သေမှု, ပဋိသန္ဓေမှု, ဖွားမြင်မှုမရှိခြင်း၊ ♦သုခမှတ်စု

ပုသိမ် ၃၂ မြို့

(၁) ဟိုင်းကြီးမြို့၊
(၂) ငပုတောမြို့၊
(၃) သာပေါင်းမြို့၊
(၄) ကောက်ချောင်းကြီးမြို့၊
(၅) ကောက်ချောင်းကလေးမြို့၊
(၆) အော်ဘော်မြို့၊
(၇) သီဒါမြို့၊
(၈) လေးမျက်နှာမြို့၊
(၉) အုတ်ဖိုမြို့၊
(၁၀) မြောင်းမြမြို့၊
(၁၁) လပွတ် ကုလားမြို့၊
(၁၂) ခလောက်ချိုက်မြို့၊
(၁၃) သီကွင်းမြို့၊
(၁၄) စပယ်ရုံမြို့၊
(၁၅) ကျောက်ကုန်း မင်းမနိုင်မြို့၊
(၁၆) အဲလောင်မြို့၊
(၁၇) ခဲလောင်မြို့၊
(၁၈) တောင်လုံးမြို့၊
(၁၉) ကျုံပျော်မြို့၊
(၂၀) မုတ္တဝတီမြို့၊
(၂၁) ဓမြင်ထုံ ပန်းတနော်မြို့၊
(၂၂) မရမ်းကျုကုံး မြို့၊
(၂၃) မင်း ဂရုမြို့၊
(၂၄) ဓနုဖြူမြို့၊
(၂၅) ဇလွန်မြို့၊
(၂၆) ဟင်္သာတမြို့၊
(၂၇) ကနောင်မြို့၊
(၂၈) မြန်အောင်ဂူထွက်မြို့၊
(၂၉) ကြံခင်းမြို့၊
(၃၀) ဖက်ယားမြို့၊
(၃၁) ဒန်ဘီမြို့၊
(၃၂) ခုံးသလင်းမြို့၊ ♦သုခမှတ်စု

မြတ်စွာဘုရား၏ မဟာပုရိသလက္ခဏာတော်ကြီး၃၂ ပါး

(၁) သုပ္ပတိဋ္ဌတိ ပါဒ= ရွှေခြေနင်းအပြင်ကဲ့သို့ ညီညွတ်သော ခြေဖဝါးတော်၊
(၂) စက္ကပူရိတပါဒ= တစ်ထောင်သော အကန့်အကွက်နှင့်တကွ လက္ခဏာတော်အပေါင်း အပြည့်ရှိသောခြေဖဝါးတော်၊
(၃) အာယတပဏှိ= ခြေကို လေးပုံ ပုံ၍ တစ်ပုံမျှလောက် ရှည်သွယ်ပြည်ြ့ဖိုးသော ဖနောင့်တော်၊
(၄) ဒီဃဂုင်္လိ= မျောက်မင်း၏ ခြေချောင်း လက်ချောင်းကဲ့သို့ အရင်းမှ အဖျားတိုင် သွယ်ပျောင်းလျက် တင့်တယ် ရှည်သွယ်သော လက်ချောင်းတော်၊
(၅) မုဒုတလုဏဟတ္ထပါဒ= အကြိမ်တစ်ရာဖတ်အပ်သော ဝါဂွမ်းစိုင်ကဲ့သို့ တစ်သားတည်း တူမျှစွာ နူးညံ့သော ခြေဖဝါးတော် လက်ဖဝါးတော်ရှိခြင်း၊
(၆) ဇာလဟတ္ထပါဒ= ခြေချောင်းတော် လက်မတော်မှတစ်ပါး လက်ချောင်းတော်လေးခုစီ တညီတညွတ်တည်း ရှိသည်ဖြစ်၍ နှစ်သက်အံ့ဖွယ် လွန်တင့်တယ်သောခြေချောင်းလက်ချောင်းရှိတော်မူခြင်း၊
(၇) ဥဿင်္ခပါဒ= ဖမိုးတော်မှ အထက်သို့လက်လေးသစ်တက်၍ မြင့်သော ဖမျက်တော်၊
(၈) ဧဏဇီင်္ဃ= ဧဏီမည်သော သားကောင်၏ မြင်းခေါင်းကဲ့သို့ ချောပြည့်လုံးလျောင်းသော သလုံးမြင်းခေါင်းရှိတော်မူခြင်း၊
(၉) ဒီဃဟတ္ထ= ကိုယ်တော်ကို မကိုင်းမညွတ်မူ၍ ပုဆစ်ဒူးနှစ်ဘက် ရောက်သော လက်တော်နှစ်ဘက်ရှိခြင်း၊
(၁၀) ကောသောဟိတဝတ္ထဂုယှ= အအိမ်ဖြင့်ဖုံးလွှမ်းအပ်သော ယောက်ျားမြတ်နိမိတ် ရှိတော်မူခြင်း၊
(၁၁) သုဝဏ္ဏ ဝဏ္ဏ= ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့ ပြေပြစ်ဝါဝင်းသော အဆင်းအရေမြတ်နှင့် ပြည့်စုံခြင်း၊
(၁၂) သုခမစ္ဆဝိ= ပွေး, ညှင်း, တင်းတိပ်, ဝက်ခြံ, မှည့်မည်း စသော အညစ်အကြေးမရှိသန့်ရှင်း စင်ကြယ်သော အသားအရေရှိခြင်း၊
(၁၃) ဧကေကလောမ= မွေးညင်းတွင်းတစ်တွင်း၌ မွေးညင်းတော်တစ်ပင်စီသာ ပေါက်ရောက်ခြင်း၊
(၁၄) ဥဒ္ဓဂ္ဂလောမ= သုံးကြိမ် လက်ယာရစ် လည်သည်၏ အဆုံး၌ တင့်တယ်တော်မူသော ရွှေမျက်နှာတော်ကို ရှုမျှော်ဘိ သကဲ့သို့ အထက်ညွတ်သော မွေးညင်းတော်၊
(၁၅) ဗြဟ္မုဇုဂတ္တ= ဗြဟ္မာမင်းကိုယ်ကဲ့သို့ ခါး ပုဆစ် ဒူး သုံးပါးသောအရပ်တို့၌ မကိုင်း မညွတ်ဖြောင့်မတ်သော ကိုယ်တော်၊
(၁၆) သတ္တုဿဒ= လည်ကုပ်၊ လက်ဖမိုး နှစ်ဘက်၊ ပခုံး စွန်းနှစ်ဘက်၊ ခြေဖမိုး နှစ်ဘက်၊ ၇-ပါးသော အရပ်တို့၌ ပြည့်ဖြိုးသော အသားတော်ရှိခြင်း၊
(၁၇) သီပုဗ္ဗဍ္ဎုကာယ=ခြင်္သေ့မင်း၏ရှေ့ထက်ဝက်သော ကိုယ်ကဲ့သို့ပြည့်ဖြိုး ကြီးမားခံ့ညားသော ကိုယ်တော်၊
(၁၈) စိတန္တရံသ= လက်ပြင်တော် နှစ်ဘက်နောက် အလယ် ကျောပြင်သည် ချိုင့်နိမ့်ခြင်းမရှိ ပကတိ ညီညွတ်စွာ တည်သော အသားအလွှာသည် ခါးတော်မှစ၍ လည်ကုပ်တော်တိုင် ဖုံးလွှမ်းခြင်း၊
(၁၉) နိဂြောဓပရိမဏ္ဍလ= အရပ်တော်နှင့် အလံတော် ညီမျှသဖြင့် ပညောင်ပင်အဝန်းကဲ့သို့ ဝိုင်းဝန်းတော်မူသော ရူပကာယတော်၊
(၂၀) သမဝဋ္ဋက္ခန္ဓ= ရွှေမုရိုးစည်ကိုထောင်၍ ထားသကဲ့သို့ တပြေးတည်း စည်းလုံးညီညွတ်သော လည်တော်ရှိခြင်း၊
(၂၁) ရသဂ္ဂသဂ္ဂိ= အနည်းငယ်ခန့် နှမ်းစေ့မျှ အရသာကို သုံးဆောင်မှီဝဲသောအခါ တစ်ကိုယ်လုံး ပျံ့နှံ့တည်နိုင်အောင် ဆောင်နိုင်သော အကြောများရှိခြင်း၊
(၂၂) သီဟဟနု=ခြင်္သေ့မင်း၏ မေးကဲ့သို့သော မေးတော်ရှိခြင်း၊
(၂၃) စတ္တာလသီ ဒန္တ= သွားတော် လေးဆယ် အစေ့အင ရှိတော်မူခြင်း၊
(၂၄) သမဒန္တ= ညီညွတ်သော သွားတော်ရှိတော်မူခြင်း၊
(၂၅) အဝိရဠဒန္တ= မကြဲမကွာ စေ့စပ်သော သွားတော်ရှိခြင်း၊
(၂၆) သုသုက္ကဒါဌ= ဖြူစင်သော စွယ်တော်လေးခုရှိခြင်း၊
(၂၇) ပဟူတ ဇိဝှာ= ရှည်လျားကျယ်ပြန့်သော လျှာတော်ရှိခြင်း၊
(၂၈) ဗြဟ္မဿရ= ဗြဟ္မာမင်း၏ အသံကဲ့သို့သောအသံတော်ရှိခြင်း၊
(၂၉) အဘိနီလနေတ္တ= အလွန်ညိုဝင်းသည့် မျက်လုံးတော်ရှိခြင်း၊
(၃၀) ဂေါပခုမ= မွေးစ နွားသူငယ်၏ မျက်တောင်မွေးကဲ့သို့ အလွန်နူးညံ့သော မျက်တောင်မွေးတော်ရှိခြင်း၊
(၃၁) ဥဏ္ဏာ ဇာတ= မျက်မှောင်တော် နှစ်ခုအကြား၌ ဥဏ္ဏလုံမွေးရှင်တော် ပေါက်ခြင်း၊
(၃၂) ဥဏှီသသီသ = လက်ယာတော် နားပန်စွန်း မှ လက်ဝဲတော် နားပန်စွန်းအထိ တက်သော နဖူးသင်းကျစ်တော် ရှိခြင်း၊ ♦သုခမှတ်စု

ရှေးမင်းတို့ ဆုံးမ ကွပ်မျက်ပုံ ၃၂ မျိုး

(၁) ကြိုးဖြင့် အမျိုးမျိုးချည်တုပ်ခြင်း၊
(၂) သံခြေကျင်းစသည် ခတ်ခြင်း၊
(၃) ဝါးခြမ်းဖြင့် ရိုက်ခတ်ခြင်း၊
(၄) ကြိမ်ဖြင့် ရိုက်ခတ်ခြင်း၊
(၅) တုတ်လှံတံဖြင့် ရိုက်ခတ်ခြင်း၊
(၆) ဦးခေါင်းဇောက်ထိုး ခြေမိုးမျှော် ဆွဲခြင်း၊
(၇) တိုင်စသည်တွင်ချည်၍ ခွေးရဲတို့ကို ကိုက်စေခြင်း၊
(၈) မြေတွင်တစောင်းအိပ်စေ၍ နား၌သံမယ်နနှက်ခြင်း၊
(၉) နှုတ်ခမ်းနှစ်ဘက်တို့၌ ငါးမျှားချိတ်နှင့် ချိတငင်ဆွငဲင်ယူခြင်း၊
(၁၀) မြေတွင်ပက်လက်အိပ်မစေ၍ ခြေ လက် အစုံတို့၌ သံမယ်နလေးချက်နှက်ခြင်း၊
(၁၁) တစ်ကိုယ်လုံး ဓားလှံတို့ဖြင့် ထိုးခုတ်ပြီးလျှင် ဆားမံခြင်း၊
(၁၂) အရေမခွာဘဲ အရိုးကို ကျောက်ဖြင့်ထုခြင်း၊
(၁၃) လက်ကို ဖြတ်ခြင်း၊
(၁၄) ခြေကို ဖြတ်ခြင်း၊
(၁၅) လက်ခြေနှစ်ပါးကိုဖြတ်ခြင်း၊
(၁၆) နားကို ဖြတ်ခြင်း၊
(၁၇) နှာခေါင်းကို ဖြတ်ခြင်း၊
(၁၈) နားနှင့်နှာခေါင်းကိုဖြတ်ခြင်း၊
(၁၉) ဦးခေါင်း ခွံကို ခွာ၍ သံပူရဲရဲတောက်၌ ဦးဇောက်ထိုး ချခြင်း၊
(၂၀) ဦးခေါင်း ခွံကိုခွာ၍ ဦးခေါင်းရိုးကို ခရုသင်းကဲ့သို့ ဖြူအောင်ပြုခြင်း၊
(၂၁) ခံတွင်းကို သံညှပ်ဖြင့် ဖွင့်၍ ခံတွင်းအတွင်းတွင် မီးတောက်ဖြစ်စေခြင်း၊
(၂၂) ကိုယ်ထက်ဝက်ကို အရေခွာခြင်း၊
(၂၃) တစ်ကိုယ်လုံးက အရေကိုခွာခြင်း၊
(၂၄) တစ်ကိုယ်လုံးအသားကို ဓားဖြင့် အတစ်တစ် လှီးချခြင်း၊
(၂၅) ကျိုက်ကျိုက်ဆူသော ဆီပူဖြင့် လောင်းစေခြင်း၊
(၂၆) ဆီဆွတ်သောအဝတ်ဖြင့် လက်ကို ရစ်ပတ်၍ မီးတောက်စေခြင်း၊
(၂၇) ပူစွာသောသံတသင်းကို လက်၌စိုက်ခြင်း၊
(၂၈) ဦးခေါင်းကို ဖြတ်ခြင်း၊
(၂၉) ခြေလက်တို့ကိုချည်၍ ရင်ဝကို ပုဆိန်ဖြင့် ပေါက်ခြင်း၊
(၃၀) လူကို တိုင်နှင့်ကပ်ချည်၍ အောက်ဒွါရမှ သံတံကျင်ဖြင့် ထိပ်သို့ပေါက်အောင် လျှိုထားခြင်း၊
(၃၁) နှစ်ပိုင်း ဖြစ်အောင်ကိုယ်အလယ်မှနေ၍ ခါးကို ဖြတ်ခြင်း၊
(၃၂) သံအိုးကင်း၌ ထည့်၍ လှော်ခြင်း၊ ♦သုခမှတ်စု

ဟံသာဝတီ ၃၂ မြို့

(၁) ကျောက်မော်မြို့၊
(၂) အမဲမြို့၊
(၃) တုံဇရစ်မြို့၊
(၄) ကျည်ကူမြို့၊
(၅) စစ်တောင်းမြို့၊
(၆) ဒင်းမဲ့မြို့၊
(၇) ဇရွဲမြို့၊
(၈) အသားမြို့၊
(၉) မော်ပျို့မြို့၊
(၁၀) လကွန်းဗျည်းမြို့၊
(၁၁) အခံရိန်မြို့၊
(၁၂) မအူမြို့၊
(၁၃) ရမ္မနဂိုမြို့၊
(၁၄) ရမ္မဝတီမြို့၊
(၁၅) မော်ဘီမြို့၊
(၁၆) လိုင်မြို့၊
(၁၇) ဘောင်လင်းမြို့၊
(၁၈) တန်းတောကြီးမြို့၊
(၁၉) တီတွတ်မြို့၊
(၂၀) ဇေဋ္ဌမြို့၊
(၂၁) ဇောင်းတူမြို့၊
(၂၂) ဘားကိုင်မြို့၊
(၂၃) ထုန်မခန်မြို့၊
(၂၄) ရဲနြွှဲမို့၊
(၂၅) မေရဥရ္စ မြို့၊
(၁၆) တင်ပေါင်မြို့၊
(၂၇) မင်းရဲလှမြို့၊
(၂၈) ကောလိယမြို့၊
(၂၉) ပိုင်းတာမြို့၊
(၃၀) ယွန်ဇလင်မြို့၊
(၃၁) ဝင်ပြိုင်မြို့၊
(၃၂) ဟင်္သာဇိုင်ကနိန်မြို့၊ ♦သုခမှတ်စု

တိရစ္ဆာနကထာစကား ၃၂ ပါး

မဟာဝဂ္ဂသံယုတ်ပါဠိတော်
(၁) ရာဇကထံ= မင်းနှင့်စပ်သောစကား၊
(၂) စောရကထံ= ခိုးသူနှင့် စပ်သောစကား၊
(၃) မဟာမတ္တကထံ= အမတ်ကြီးနှင့် စပ်သော စကား၊
(၄) သေနာကထံ= စစ်သည်နှင့် စပ်သောစကား၊
(၅) ဘယကထံ= ကြောက်မက်ဖွယ်နှင့်စပ်သောစကား၊
(၆) ယုဒ္ဓကထံ= စစ်တိုက်ခြင်းနှင့် စပ်သောစကား၊
(၇) အနက္န ထံ= စားဖွယ်နှင့် စပ်သောစကား၊
(၈) ပါနကထံ= သောက်ဖွယ်နှင့် စပ်သောစကား၊
(၉) ဝတက္ထ ထံ= အဝတ်နှင့် စပ်သောစကား၊
(၁၀) သယနကထံ= အိပ်ရာနှင့် စပ်သောစကား၊
(၁၁) မာလာကထံ= ပန်းနှင့်စပ်သောစကား၊
(၁၂) ဂန္ဓကထံ= နံ့သာမွှေး ထုနှံင့် စပ်သော စကား၊
(၁၃) ဉာတိကထံ= ဆွေမျိုး နှင့်စပ်သောစကား၊
(၁၄) ယာနကထံ= ယာဉ်နှင့်စပ်သောစကား၊
(၁၅) ဂါမကထံ= ရွာနှင့် စပ်သောစကား၊
(၁၆) နိဂမကထံ= နိဂုံးနှင့်စပ်သောစကား၊
(၁၇) နဂရထံ= မြို့နှင့်စပ်သောစကား၊
(၁၈) ဇနပဒကထံ= နယ်နှင့်စပ်သောစကား၊
(၁၉) ဣတ္ထိကထံ= မိန်းမနှင့်စပ်သော စကား၊
(၂၀) ပုရိသကထံ= ယောက်ျားနှင့် စပ်သောစကား၊
(၂၁) သူရကထံ=သူရဲကောင်း နှင့်စပ်သော စကား၊
(၂၂) ဝိသိခါကထံ= မြို့တွင်းလမ်း နှင့်စပ်သောစကား၊
(၂၃) ကုမ္ဘဌာနကထံ= ရေခပ်ဆိပ်နှင့် စပ်သောစကား၊
(၂၄) ပုဗ္ဗပေတကထံ= သေလွန်သူနှင့်စပ်သောစကား၊
(၂၅) နာနတ္တကထံ= အထွေထွေနှင့်စပ်သောစကား၊
(၂၆) လောကက္ခာယိကံ= လောကကြောင်းနှင့် စပ်သောစကား၊
(၂၇) သမုဒ္ဒက္ခာယိကံ= သမုဒ္ဒရာပင်လယ်နှင့် စပ်သောစကာ၊
(၂၈) ဣတိဘဝါဘဝကထံ= ကြီး ပွား ဆုတ်ယုတ်ခြင်း နှင့်စပ်သောစကား၊
(၂၉) ဂမိကကထံ= ခရီးသည်နှင့် စပ်သောစကား၊
(၃၀) ကုမရကထံ= လူပျိုနှင့် စပ်သော စကား၊
(၃၁) ကုမာရီကထံ= အပျိုနှင့်စပ်သောစကား၊
(၃၂) ကုမ္ဘဒါသိကထံ= ရေရွက်ကျွန်မနှင့် စပ်သောစကား၊ ♦သုခမှတ်စု

မုတ္တမ ၃၂ မြို့

(၁) ကော့ပိန်၊
(၂) ကျိုင်း၊
(၃) စွယ်ယေ၊
(၄) အောင်သို့၊
(၅) ကျိတ်၊
(၆) မြဝတီ၊
(၇) ပေါင်၊
(၈) သဇိုစ်၊
(၉) ထားကျိုင်၊
(၁၀) ကျိုင်းဘွဲ့၊
(၁၁) မော်လမြိုင်၊
(၁၂) အထရံ၊
(၁၃) ဝယ်ယော်၊
(၁၄) ပါခရု၊
(၁၅) လမိုင်း၊
(၁၆) ရေး၊
(၁၇) ဘီလူးကျွန်း၊
(၁၈) ဓရယ်၊
(၁၉) ဇရာ၊
(၂၀) ကွန်း၊
(၂၁) ဇမိ၊
(၂၂) လကွန်းဗျည်း၊
(၂၃) မြိုင်၊
(၂၄) အလှိုင်၊
(၂၅) ယင်းငြိမ်း၊
(၂၆) ကော့၊
(၂၇) တိုဝန်း၊
(၂၈) အီဗျစ်၊
(၂၉) အိပဲ၊
(၃၀) တိုက်ကလား၊
(၃၁) ယင်အုံ၊
(၃၂) ဘုံဂမိ တို့တည်း၊ ♦သုခမှတ်စု

ဗျဘိစာရီဘာဝ ၃၃ မျိုး

(၁) နိဗ္ဗေဒ= ငြီးငွေ့ခြင်း၊
(၂) တက္က= ကြံစည်ခြင်း၊
(၃) သင်္ကာ= ယုံမှားခြင်း၊
(၄) သမ= ပင်ပန်းခြင်း၊
(၅) ဓိတိ= ရောင့်ရဲခြင်း၊
(၆) ဇဠတာ= မှိန်းမှိုင်တွေဝေခြင်း၊
(၇) ဒီနတာ= တစ်ယောက်တည်းဆင်းရဲရခြင်း၊
(၈) ဥဂ္ဂ= ကြမ်းကြုတ်ခြင်း၊
(၉) အလသတ္တ= ပျင်းရိခြင်း၊
(၁၀) သုတ= အိပ်စက်ပျော်ခြင်း၊
(၁၁) တာသ= ထိတ်လန့်တုန်လှုပ်ခြင်း၊
(၁၂) ဂိလာန= အားမရှိခြင်း၊
(၁၃) ဥဿုကရ =လုံ့လထုတ်ခြင်း၊
(၁၄) ဟရသိ = ကြည်ညိုခြင်း၊
(၁၅) သတိ= အောက်မေ့ခြင်း၊
(၁၆) ဣဿာ= ငြူစူခြင်း၊
(၁၇) ဝိသဒ= မလှုပ်ချင်အောင် နွမ်းနယ်ခြင်း၊
(၁၈) အဗဟိဒ္ဓါ= ဣန္ဒြေဟန်လုပ်ခြင်း၊
(၁၉) စိန္တာ= တည်ကြည်ခြင်း၊
(၂၀) ဂဗ=မာန်မာန၊
(၂၁) အပမာရ= တက်ချက်ခြင်း၊ ဝက်ရူးဖမ်းခြင်း၊
(၂၂) မရိသ= ဒေါသဟူသော သည်းမခံခြင်း၊
(၂၃) မဒ= စည်းစိမ်ယစ်မူး၍ မေ့ခြင်း၊
(၂၄) မတ= ဉာဏ်ပညာဟူသော သိမြင်ခြင်း၊
(၂၅) ဥမ္မာဒ= ရူးသွပ်ခြင်း၊
(၂၆) မောဟ= မိုက်မဲ တွေဝေခြင်း၊
(၂၇) ဝိဗောဓ= မအိပ်စက်နိုင်ခြင်း၊
(၂၈) နိဒ္ဒါ= အိပ်စက်ခြင်း၊
(၂၉) အာဝေဂ= စိတ်လွဲခြင်း၊ မျက်စိ ပြာဝေခြင်း၊
(၃၀) သဗိဠ= ရှက်ခြင်း၊
(၃၁) မရဏ=သေခြင်း၊
(၃၂) သစပလျ= လျှပ်ပေါ် လော်လည်ခြင်း၊
(၃၃) ဗျာဓိ= အနာ ရောဂါ၊ ♦သုခမှတ်စု

ရှမ်းပြည်နယ် ၃၃ နယ်

ရှမ်းတို့ဌာနီ၌ ပြည်နယ်ပေါင်းမှာ တေတ္တိံသ ခေါ် ၃၃ နယ်ရှိ၍ တာဝတိံသာနတ်ပြည်အလား မွေ့လျော်ပျော်ရွှင်ဖွယ် များစွာတို့နှင့် ပြည့်စုံသဖြင့် စတုရန်းမိုင်ပေါင်း ၅၆၆၄၅ ကျယ်လျက် စော်ဘွား ၁၆ ယောက်၊ မြို့စား ၁၃ ယောက်နှင့် ငွေခွန်မှူး ၄ ယောက်တို့က အုပ်ချုပ်ကြရသည်၊ (''ကား အင်္ဂလိပ်လက်အောက်မှာ နေရစဉ်က ဖြစ်၏၊)
(၁) ကျိုင်းတုံနယ်၊
(၂) မိုးနဲနယ်၊
(၃) ညောင်ရွှေနယ်၊
(၄) ရပ်စောက်နယ်၊
(၅) လဲချားနယ်၊
(၆) မောက်မယ်နယ်၊
(၇) မိုင်းပန်နယ်၊
(၈) မိုင်းပွန်နယ်၊
(၉) စကားနယ်၊
(၁၀) နောင်မွန်နယ်၊
(၁၁) မိုင်းနောက်၊
(၁၂) မိုင်းကိုင်း၊
(၁၃) ကျေးသီးမန်းစံ၊
(၁၄) လွယ်လုံ၊
(၁၅) သထုံ၊
(၁၆) ဗန်းရင်၊
(၁၇) ဟိုပုန်း၊
(၁၈) နန်းခုတ်၊
(၁၉) စကွယ်နယ်၊
(၂၀) မိုင်းရှူး၊
(၂၁) သမခမ်း၊
(၂၂) ပွေးလှ၊
(၂၃) ဘော်နယ်၊
(၂၄) ရွာငံနယ်၊
(၂၅) ပင်မှီ၊
(၂၆) ကျုံးနယ်၊
(၂၇) ပင်းဒယ၊ “ကား တောင်ပိုင်းရှမ်းပြည်နယ် ၂၇ နယ်တည်း၊
(၁) သီပေါနယ်၊
(၂) တောင်ပိုင်း၊
(၃) မိုင်းရယ်နယ်၊
(၄) မြောက်သိန္နီနယ်၊
(၅) မိုး မိတ်နယ်၊
(၆) မိုးလင်းနယ်၊ “ကား မြောက်ပိုင်း ရှမ်းပြည်နယ် ၆ နယ်တည်း၊ ပေါင်း ၃၃ နယ်ဖြစ်၏၊ ♦သုခမှတ်စု

ရောဂါ ၃၄ မျိုး

(၁) စက္ခုရောဂေါ= မျက်စိ၌ဖြစ်သောအနာ၊
(၂) သောတရောဂေါ= နား၌ဖြစ်သောအနာ၊
(၃) ဃာနရောဂါ= နှာခေါင်း၌ဖြစ်သောအနာ၊
(၄) ဇိဝှာရောဂေါ= လျှာ၌ဖြစ်သောအနာ၊
(၅) ကာယရောဂေါ= ကိုယ်၌ဖြစ်သောအနာ၊
(၆) သီသရောဂေါ= ခေါင်း၌ဖြစ်သောအနာ၊
(၇) ကဏ္ဏရောဂေါ= နားရွက်၌ ဖြစ်သော အနာ၊
(၈) မုခရောဂေါ= ခံတွင်း၌ဖြစ်သောအနာ၊
(၉) ဒန္တရောဂေါ= သွား၌ ဖြစ်သော အနာ၊
(၁၀) ကာသောရောဂေါ= ခေါင်းဆိုးနာ၊
(၁၁) သာသောရောဂေါ= ကြို့ထိုးသောအနာ၊
(၁၂) ပိနာသောရောဂေါ= နှာခေါင်းဖု၌ဖြစ်သောအနာ၊
(၁၃) ဋာဟောရောဂေါ= ကိုယ်တွင်းပူသောအနာ၊
(၁၄) ဇရောရောဂေါ= ဖျားနာ၊
(၁၅) ကုစ္ဆိ ရောဂေါ= ဝမ်း၌ဖြစ်သောအနာ၊
(၁၆) မုစ္ဆာ ရောဂေါ၏ မူး ဝေသောအနာ၊
(၁၇) ပက္ခန္ဒိကာ ရောဂေါ=သွေး အန်သော အနာ၊
(၁၈) သလူာရောဂေါ= ဝမ်း လေထိုးကျင့်သောအနာ၊
(၁၉) ဝိသူစိကာရောဂေါ= ဝမ်းကျသောအနာ၊
(၂၀) ကုဋ္ဌရောဂါ=နူနာ၊
(၂၁) ဂဏ္ဍောရောဂေါ=ထွတ်မြင်းနာ၊
(၂၂) ကိလာသောရောဂေါ= ပြောက်ကားသော ညှင်းအနာ၊
(၂၃) သောသောရောဂေါ=အသွေးအသား ခန်းခြောက်စေသောအနာ၊
(၂၄) အပမာရောဂေါ=ဘီလူးဖမ်းသောဝက်ရူးနာ၊
(၂၅) ဒဒ္ဒုရောဂေါ= ဝဲကြီးဝဲစိုအနာ၊
(၂၆) ကဏ္ဍုရောဂေါ= ဝဲခြောက်နာ၊
(၂၇) ကစ္ဆုရောဂေါ= ပွေးနာ၊
(၂၈) နခသာရောဂေါ= လက်သည်းတို့ဖြင့်ခြစ်မိရာ၌ဖြစ်သောအနာ၊
(၂၉) ဝိတစ္စိကာ ရောဂေါ= လက်ဖဝါးခြေဖဝါးကွဲသောအနာ၊
(၃၀) လောဟိတပိတ္တံရောဂေါ=ပိတ်ကိုက်နာ၊
(၃၁) မဓု မေဟောရောဂေါ= မြင်းသရိုက်နာ၊
(၃၂) အံသာရောဂေါ= အရိယိုသောအနာ၊
(၃၃) ပိဠကာရောဂေါ= ကိုယ် ရောင်သောအနာ၊
(၃၄) ဘဂန္ဒလာ= ဘဂန္ဒိုလ်နာ၊ ♦သုခမှတ်စု

ကောက်ညှင်းမျိုး ၃၄ ပါး

(၁) ခွေးအာကပ်၊
(၂) ချင်းတွင်း၊
(၃) နနွင်းဝါ၊
(၄) ဝက်လည်၊
(၅) ရွဲ၊
(၆) အိပ်ပုံ၊
(၇) အိပ်သွန်၊
(၈) ဖိုးစောင်ခြုံ၊
(၉) မူရင်းပြန်၊
(၁၀) ခွံဝါပေါက်ဝါကြီး၊
(၁၁) ကောက်။ှင်းဖြူ၊
(၁၂) ငနှံကြီး၊
(၁၃) ငဆားကြီး၊
(၁၄) ငပြာကြီး၊
(၁၅) ဆင်ပေါက်၊
(၁၆) ပဇင်းတောင်၊
(၁၇) ဖဲစောင်ခြုံ၊
(၁၈) ရှင့်သွေး၊
(၁၉) ရှစ်သောင်းမွှေး၊
(၂၀) ခေါ်မောက်၊
(၂၁) ချိုးလည်ပြောက်၊
(၂၂) မဲပန်းညို၊
(၂၃) အုန်းခိုင်၊
(၂၃) မော်လမြိုင်၊
(၂၅) မီးတုတ်၊
(၂၆) မောင်မခေါ်၊
(၂၇) ခေါ်လိန်၊
(၂၈) ခေါ်သာ၊
(၂၉) မကိုဋ်၊
(၃၀) ဝက်ဆီ၊
(၃၁) ဝက်လက်သည်း၊
(၃၂) ငချိတ်မည်း၊
(၃၃) ကြွက်သွား၊
(၃၄) ဆင်ဝမ်းဖျဉ်၊ ♦သုခမှတ်စု

အတ္ထာလင်္ကာရ ၃၅ ပါး

အလင်္ကာနိဿယ
(၁) အတိသယဝုတ္တိအလင်္ကာ=ထူးလွန်းသည်ကို ပြဆို၍တန်ဆာဆင်ခြင်း၊
(၂) ဥပမာအလင်္ကာ= နှိုင်းခိုင်း၍ တန်ဆာဆင်ခြင်း၊
(၃) ရူပကအလင်္ကာ= ထပ်တူပြု၍တန်ဆာဆင်ခြင်း၊
(၄) အာဝုတ္တိအလင်္ကာ= ထပ်၍ ဆိုခြင်းဖြင့် တန်ဆာဆင်ခြင်း၊
(၅) ဒီပကအလင်္ကာ= ထွန်းပြ၍ တန်ဆာဆင်ခြင်း၊
(၆) အက္ခေပကအလင်္ကာ= တားမြစ်၍တန်ဆာဆင်ခြင်း၊
(၇) အတ္ထန္တရနျာသ အလင်္ကာ= တစ်ပါးသောဝါကျ၏အနက်ကိုပြီးစေ၍ တန်ဆာဆင်ခြင်း၊
(၈) ဗျတိရေကအလင်္ကာ = အထူးပြ၍တန်ဆာဆင်ခြင်း၊
(၉) ဝိဘာဝနာ အလင်္ကာ= ထင်စွာ ပြ၍ တန်ဆာဆင်ခြင်း၊
(၁၀) ဟေတုအလင်္ကာ= အကြောင်းဖြင့် တန်ဆာဆင်ခြင်း၊
(၁၁) ကမအလင်္ကာ= အစဉ်ညီမျှစွာပြု၍ တန်ဆာဆင်ခြင်း၊
(၁၂) ဝိယတရအလင်္ကာ= အလွန်အကဲ ချစ်နှစ်သက်သည်ကိုပြ၍ တန်ဆာဆင်ခြင်း၊
(၁၃) သမာသဝုတ္တိ အလင်္ကာ= ဥပမာနဖြင့် ဥပမေယျကို ပြဆို၍ တန်ဆာဆင်ခြင်း၊
(၁၄) ပရိကပ္ပနာ အလင်္ကာ =ကြံဆ၍ တန်ဆာဆင်ခြင်း၊
(၁၅) သမာဟိတအလင်္ကာ= အကြောင်းတစ်ပါးရပုံကိုပြ၍ တန်ဆာဆင်ခြင်း၊
(၁၆) ပရိယာယဝုတ္တိအလင်္ကာ= ပရိယာယ်ဆို၍ တန်ဆာဆင်ခြင်း၊
(၁၇) ဗျာဇောပဝဏ္ဏနာအလင်္ကာ= ကဲ့ရဲ့ယောင်မူ၍ ချီးမွမ်းရာရောက်အောင် တန်ဆာဆင်ခြင်း၊
(၁၈) ဝိသေသဝုတ္တိအလင်္ကာ = အထူးကို ပြဆို၍ တန်ဆာဆင်ခြင်း၊
(၁၉) ရုဠာ ဟင်္ကာရအလင်္ကာ= ကြုံးဝါးခြင်းဖြင့် တန်ဆာဆင်ခြင်း၊
(၂၀) သိလေသ အလင်္ကာ = အနက်ဖက်စပ် ကပ်တွဲ၍ တန်ဆာဆင်ခြင်း၊
(၂၁) တုလျယော ဂိတာအလင်္ကာ = ဂုဏ်ထူးထား၍ တန်ဆာဆင်ခြင်း၊
(၂၂) နိဒဿနအလင်္ကာ= အကျိုးတစ်ပါး ဆက်ပြ၍ တန်ဆာဆင်ခြင်း၊
(၂၃) မဟန္တတ္တအလင်္ကာ= ကြီးကျယ်ခမ်းနားပုံပြ၍ တန်ဆာဆင်ခြင်း၊
(၂၄) ဝဉ္စနာအလင်္ကာ= လျှို့ဝှက်၍ တန်ဆာဆင်ခြင်း၊
(၂၅) အပ္ပက တထုတိအလင်္ကာ= မပြုလုပ်နိုင်သောအရာ၌ ချီးမွမ်း၍ တန်ဆာဆင်ခြင်း၊
(၂၆) ဧကာဝဠိအလင်္ကာ= ဂုဏ်ထူးစဉ်လျက် တန်ဆာဆင်ခြင်း၊
(၂၇) အညမညအလင်္ကာ= အပြန်အလှန် တန်ဆာဆင်နည်းဖြင့် တန်ဆာဆင်ခြင်း၊
(၂၈) သဟဝုတ္တိ အလင်္ကာ=တကွဖြစ်သည်ကို ပြဆို၍ တန်ဆာဆင်ခြင်း၊
(၂၉) ဝိရောဓိအလင်္ကာ= ဆန့်ကျင်ဖက်ရောနှော၍ တန်ဆာဆင်ခြင်း၊
(၃၀) ပရိဝုတ္တိ အလင်္ကာ = အပေးအယူပြု၍ တန်ဆာဆင်ခြင်း၊
(၃၁) ဘမအလင်္ကာ= ထင်ယောင် ထင်မှားပြု၍ တန်ဆာဆင်ခြင်း၊
(၃၂) ဘာဝအလင်္ကာ= သဘောပြ၍ တန်ဆာဆင်ခြင်း၊
(၃၃) မိဿအလင်္ကာ= ရောနှော၍ တန်ဆာဆင်ခြင်း၊
(၃၄) အာသီသ အလင်္ကာ=တောင့်တ၍ တန်ဆာဆင်ခြင်း၊
(၃၅) ရသီအလင်္ကာ= ရသပေါ်ထွက်အောင်ပြု၍ တန်ဆာဆင်ခြင်း၊ ♦သုခမှတ်စု

စိန်၊ ၎င်းအကွက်နေ ၃၆ ပါး

(၁) ဇွန်ရိုး၊
(၂) အုံးခရိုင်၊
(၃) လေးဘက်ခရိုင်၊
(၄) တာပလာ၊
(၅) တာပုံ၊
(၆) ခရာသီ၊
(၇) ရင်ကွဲ၊
(၈) ကျဘန်း၊
(၉) မြို့မှို၊
(၁၀) ကြက်လျှာပြန်၊
(၁၁) အုပ်ဆောင်း၊
(၁၂) နာရကတ္တိဆင်၊
(၁၃) ကော်ဝယော်၊
(၁၄) ၎င်းနာရံသီ၊
(၁၅) ကောက်ဓွန်ပြတ်၊
(၁၆) စိန်စမျိုး၊
(၁၇) အောက်ကြီး၊
(၁၈) အောက်နည်း၊
(၁၉) မှည့်မည်း၊
(၂၀) အလျား၊
(၂၁) အဝန်း၊
(၂၂) အစောင်း၊
(၂၃) တစ်ဖက်နိမ့်၊
(၂၄) ကွက်တို၊
(၂၅) ကွက်ကြဲ၊
(၂၆) ကြောင်မွေး၊
(၁၇) အမြှုပ်များ၊
(၂၈) အနားစီ၊
(၂၉) အနားပြတ်၊
(၃၀) မှတ်ကျဲ၊
(၃၁) မှတ်ရွဲ၊
(၃၂) ထောင့်ပဲ့၊
(၃၃) ထောင့်ယွင်း၊
(၃၄) အသားဖုံး၊
(၃၅) အသားပွ၊
(၃၆) အသားပြတ်၊ ♦သုခမှတ်စု

အဲမောင်းရေး ၃၆ မျိုး

(၁) ပယ်ဝန်း= သက်တင်ရေသောက်ဟန်၊
(၂) ပယ်စိတ်= ခြင်္သေ့တန်းဆွဲဟန်၊
(၃) ပယ်ခွဲ= စလွယ်တင်ဟန်၊
(၄) စန္ဒရခွက်= သိကြားတန်ဆောင် ကိုင်ဟန်၊
(၅) လေးကျွန်းမှန်ကူ=ဗြဟ္မာလက်လှမ်းဟန်၊
(၆) ဘုံနန်းတန်ဆောင်= ကဦးဟန်၊
(၇) စွန်ဝဲ= ဟင်္သာတောင်ယှက်ဟန်၊
(၈) ဆင်တူး= စွန်တောင်ဖြန့်ဟန်၊
(၉) ရွှေနန်းတိုင်စီ= ကြင်စပန်းတငဟ်န်၊
(၁၀) ကြာချပ်= တင်ပိုက်စီးဟန်၊
(၁၁) အုန်းပင်ရေသွန်း=ဂဠုန်တောင်ညှပ်ဟန်၊
(၁၂) နွယ်ထွက်= တိမချည်ဖုံးဟန်၊
(၁၃) စွန်သုတ်=တံပိုးသွဲ့ဟန်၊
(၁၄) ရှစ်မြှောင့်ခိုနန်း= အမြီးသွေးဟန်၊
(၁၅) လက်ယာ ဆက်ကြာဖူး=လက်ဝဲဝလွယ်တင်ဟန်၊
(၁၆) နွယ်ဝင်= ပြည်လုံးရစ်လည်ဟန်၊
(၁၇) နဝရတ်ရေလည်= ကြက်မိုးစွတ် ခါဟန်၊
(၁၈) ရာဇမတ်= ရေရစ်လည်ဟန်၊
(၁၉) ခိုနန်း ပုံလိမ်= ကညောင်းတင်ဟန်၊
(၂၀) ရေတံခွန်= ပင်လယ်တောင်ဝှေးစွဲဟန်၊
(၂၁) မြင်းမိုရ်ပုံလိမ်= လက်ဝဲကဦးဟန်၊
(၂၂) ကြာယပ်= လက်ဝဲရင်အုပ်ဟန်၊
(၂၃) နတ်သားဗိမာန်= လက်ယာရင်အုပ်ဟန်၊
(၂၄) ကျွဲတုံးတင်= ရေပြွက်ဟန်လွဲဟန်၊
(၂၅) မင်တင်= ဝါကြိတ်လိမ်ဟန်၊
(၂၆) ကွန်း ရုံးတက်=ခြည်သွက်ဟန်၊
(၂၇) ခရုပတ်ပုစ္ဆန်း=တန်းဆွဲဟန်၊
(၂၈) ပိုးခြည်လွှား = ဗယ်ညာ လှံရေးကစားဟန်၊
(၂၉) ကြာသွက်အိုး= ရွှေလှံဝဲရစ်ထောက်ကစားဟန်၊
(၃၀) ရွှေတံဆိပ်= ဆင်ကန်းတောတိုးဟန်၊
(၃၁) ဝန်းကျင်ပတ်သန်း = သမက်စောင်ရင်းစီးဟန်၊
(၃၂) ဘီလူးတိုင်ရေးလု= ရွှေလှံကားမြီးဆွဲဟန်၊
(၃၃) ဘီလူးပုခက်စီး=ကျွဲမြီးခတ်ဟန်၊
(၃၄) ဘီလူးနားထွင်း= ရွှေလှံဆံထုံးရစ်ဟန်၊
(၃၅) ဟန်ယဉ်=ရွှေလှံလက်ဝဲကိုင်ဟန်၊
(၃၆) ရေကန် သက်ဆင်း= ရွှေလှံ ဗယ်ညာလွှဲဟန်၊ ♦သုခမှတ်စု

ကျွန် ၃၇ မျိုး

(၁) ဓနကီရတ= ငွေဝယ်ကျွန်၊
(၂) အန္တောဇာတ= မိလာဖလာ အိမ်ပေါက်ကျွန်၊
(၃) ဒါသဗျောပဂတ= မိမိအလိုအလျောက်ဖြစ်သောကျွန်၊
(၄) ဝန္ဒိ= သုံ့ဖမ်းလက်ရသိမ်းကျွန်၊
(၅) အဋ္ဋိက=တရားဆောင်၍ရသောကျွန်၊
(၆) ဒါသဇ= ကျွန်က မွေးသောကျွန်၊
(၇) အညဒန္နိ=သူတစ်ပါးအားပေးသောကျွန်၊
(၈) ဘတ္တကိ = ထမင်းကျွေးခနှင့်ရသောကျွန်၊
(၉) ခေတ္တသဒိက=ဝင်းခြံအတွင်းနေသောကျွန်၊
(၁၀) နိဿိတ=အိမ်ပေါ်တွင်မှီနေသောကျွန်၊
(၁၁) ဝိပ္ပဒါသ= ပုဏ္ဏား ချင်းချင်း ဖြစ်သောကျွန်၊
(၁၂) ဝိပ္ပတရ=သူတစ်ထူးထံ ဖြစ်သောပုဏ္ဏားကျွန်၊
(၁၃) ဘိက္ခုဒါသ= ရဟန်းချင်းချင်း ဖြစ်သောကျွန်၊
(၁၄) ဘိက္ခုတရ= အခြားသူထံခံရသော ရဟန်းကျွန်၊
(၁၅) အတိသီလ= အလွန်သီလရှိသောကျွန်၊
(၁၆) စေတီယ= ဘုရားကျွန်၊
(၁၇) အာရာမကိ =အရံစောင့် ကျောင်း ကျွန်၊
(၁၈) ပဋိရူပက=ကိုယ်စားခံသောကျွန်၊
(၁၉) သင်္ကရ= ခံဝန်၍ ခံရသောကျွန်၊
(၂၀) ဘယတာန= ဘေးကို တားမြစ်သော ကျေးဇူးအတွက်ခံရသောကျွန်၊
(၂၁) ဥဒ္ဓါရာ=အပေါင်ကျွန်၊
(၂၂) ဉာတိဒါသ= ဆွေမျိုးကျွန်၊
(၂၃) ဣဏ= မြီမှုကြောင့် ဖြစ်သောကျွန်၊
(၂၄) ထေန= ခိုးမှုကြောင့်ဖြစ်သောကျွန်၊
(၂၅) မခု = နှုတ်မှုကြောင့် ဖြစ်သောကျွန်၊
(၂၆) ဟတ္ထ= လက်မှုကြောင့်ဖြစ်သောကျွန်၊
(၂၇) ရာဇဒိန္နာ = မင်း ဝေပေးသောကမန်၊
(၂၈) ဣဏသက္ကင်္ = ကြွေးကိုတိုင်၍ ဖြစ်သောကျွန်၊
(၂၉) ဒါသသင်္ကရ= ကျွန်ကိုယ်တိုင် ဖြစ်သောကျွန်၊
(၃၀) ကနိဋ္ဌဘဂိနိ ပဋိရူပက= အစ်မကိုယ်စား ညီမခံရသော ကျွန်၊
(၃၁) ဇေဋ္ဌဘဂိနိ ပဋိရူပက= ညီမ ကိုယ်စား အစ်မခံရသောကျွန်၊
(၃၂) ဘာတုပဋိရူပက= ညီကိုယ်စားအစ်ကိုခံရသောကျွန်၊
(၃၃) ကနိဋ္ဌပဋိရူပက= အစ်ကိုကိုယ်စား ညီ ခံရသောကျွန်၊
(၃၄) ပိတုပဋိရူပက= သားကိုယ်စား အဖခံရသောကျွန်၊
(၃၅) ပုတ္တပဋိရူပက= အဖကိုယ်စား သားခံရသောကျွန်၊
(၃၆) ပတိပဋိရူပက= မယားအတွက် အလွတ်လူခံရသော လင်ကျွန်၊
(၃၇) ဘရိယပဋိရူပက= လင်အတွက် အလွတ်လူခံရသော မယားကျွန်၊ ♦သုခမှတ်စု

တူရိယာ ၃၇ ပါး

(၁) စည်အုံ၊
(၂) စည်ဗြော၊
(၃) မရိုးစည်၊
(၄) မြှောက်စည်၊
(၅) စည်ပုတ်၊
(၆) စည်ဝန်း၊
(၇) စည်ဒိုး၊
(၈) စည်အိုင်၊
(၉) စည်ပတ်သာ(ဗုံသာ)၊
(၁၀) စည်ပန်းတောင်း၊
(၁၁) စည်ဒုမံင်း၊
(၁၂) တစ်ဖက်ပိတစ်ည်၊
(၁၃) စည်သံလွင်၊
(၁၄) ခွက်ခွင်း၊
(၁၅) စည်းစုတ်၊
(၁၆) မောင်းကလေး၊
(၁၇) ဆည်းလည်း(ခြူ)၊
(၁၈) ခေါင်းလောင်း၊
(၁၉) နရည်းဆရာ၊
(၂၀) ကြေးနင်း၊
(၂၁) ကြေးစည်၊
(၂၂) ကြေးပတ်၊
(၂၃) ကြေးအိုးစည်၊
(၂၄) ခရာမြွာ၊
(၂၅) ခရာကောက်၊
(၂၆) ဒူလောင်း၊
(၂၇) လက်တံရှည်၊
(၂၈) ဘက်လိပ်၊
(၂၉) ချည်ချောင်း၊
(၃၀) ပလွေ၊
(၃၁) နွှဲ (တံပိုး)၊
(၃၂) တယော၊
(၃၃) မိကျောင်း၊
(၃၄) စောင်း၊
(၃၅) ညှင်း၊
(၃၆) ပတ္တလား၊
(၃၇) အောင်းကလေး၊ ♦သုခမှတ်စု

ဗောဓိပက္ခိယတရား ၃၇ ပါး

(၁) သတိပဋ္ဌာန် ၄+သမ္မပ္ပဓာန် ၄+ဣဒ္ဓိပါဒ် ၄+ ဣန္ဒြေ ၅+ဗောဇ္ဈင် ၇+မဂ္ဂင် ၈=၃၇၊ ♦သုခမှတ်စု

လှေလှော်ခြင်းတက်ရေး ၃၇

(၁) ဘုရားရှိခိုး၊
(၂) ရွှေလောင်းချီ၊
(၃) ရွှေလောင်းထွက်၊
(၄) ရွှေတောင်ရှည်၊
(၅) တက်ကောက်၊
(၆) တက်မြောက်၊
(၇) တက်တန်း၊ ၉၈) တက်စောင်း၊
(၉) တက်ထောင်၊
(၁၀) တက်ယှက်၊
(၁၁) တက်ဝှက်၊
(၁၂) တက်ခက်၊
(၁၃) တက်လှ၊
(၁၄) အိမ်မိုးခြင်တင်၊
(၁၅) ဇင်ယော်သုတ်၊
(၁၆) ဇင်ယော်ဝဲ၊
(၁၇) ဝမ်းဘဲတောင်ဖြန်ံ့၊
(၁၈) ဝမ်းဘဲကန်၊
(၁၉) လက်မြန်၊
(၂၀) ခေါ်တော်မူ၊
(၂၁) နတ်သမီးပန်းဆွတ်၊
(၂၂) နတ်သမီးပန်းလှမ်း၊
(၂၃) နတ်သမီးပန်းတောင်း၊
(၂၄) စပယ်ငုံ၊
(၂၅) သန်လျက်ထမ်း၊
(၂၆) ဆေးတံတော်ထိုး၊
(၂၇) ရာဇမှတ်ကြီး၊
(၂၈) ရာဇမှတ်ငယ်၊
(၂၉) နေရောင်ကာ၊
(၃၀) နေရောင်ပြေး၊
(၃၁) တင်းတိမ်ရံ၊
(၃၂) တင်းတိမ်လှစ်၊
(၃၃) သုံးချက်ပေါက်၊
(၃၄) သုံးဖန်ချီ သုံးဖန်ချ၊
(၃၅) ဆင်စွယ်ပန်းယှက်၊
(၃၆) ကိန္နရာတောင်ယှက်၊
(၃၇) ရွှေငှက်တောင်ခတ်၊ ♦သုခမှတ်စု

သီချင်းသံရေး ၃၇ ချင်း

(၁) အချီးကြီးသံ၊
(၂) အချီးငယ်၊
(၃) ဆရာတောင်း၊
(၄) ဆရာပန်၊
(၅) ဆရာညွှန်း၊
(၆) အတွင်းတီးပြေး၊
(၇) ပြင်တီးပြေး၊
(၈) ဆင်ဖြူရေချ၊
(၉) ရွှေပလ္လင်တည်၊
(၁၀) ဗောဓိညောင်ရွှေရွက်၊
(၁၁) ဇမ္ဗူ့သပြေသီးကြွေ၊
(၁၂) ငါးကြင်းမြီးခတ်သံ၊
(၁၃) ဘီလူးမစည်သံ၊
(၁၄) ခရုသင်းသံ၊
(၁၅) မြစ်တွေး ကွန့်လန်း၊
(၁၆) မြတ်တွေးတွန်သံ၊
(၁၇) သိကြားဥသျှောင်သံ၊ ၉၁၈) သိကြားခလုတ်သံ၊
(၁၉) သိကြားရေကန်တင်သံ၊
(၂၀) သိကြားလောက်ပစ်သံ၊
(၂၁) ကင်းပတ်ကြီးသံ၊
(၂၂) ကင်းပတ်ငယ်သံ၊
(၂၃) မျောက်မင်းညည်းသံ့၊
(၂၄) ထုံး ၆ တန်သံ၊
(၂၅) မိတ္ထီလာကန်ပေါက်သံ၊
(၂၆) သပြေလားသံ၊
(၂၇) ပြုံးကာရွယ်ရွှင်သံ၊
(၂၈) နောက်ပြလှသတ်သံ၊
(၂၉) ကာကာသာဝန်းလည်သံ၊
(၃၀) ပွင့်လှရွှေဝါသံ၊
(၃၁) လုလင်ပြန်တော်စည်သံ၊
(၃၂) လက်ခုပ်တီးသံ၊ လင်္ကာဝုတ္တိသံဟုလည်းခေါ်သည်၊
(၃၃) မြင်းလှစာတောင်းသံ၊
(၃၄) မြင်းလှခွာသံ၊
(၃၅) ဆင်မ အီချင်းသံ၊ တံငါမအီချင်းသံဟုလည်း ခေါ်သည်၊
(၃၆) စကြာမင်းဘိသိက်မြှောက်သံ၊
(၃၇) ကရဝိက်ငှက်မင်းတွန်သံ၊ ♦သုခမှတ်စု

၃၇ မင်းနတ်နှင့် ၃၇ မင်းနတ်သံသီချင်း

(၁) သိကြားနတ်သီချင်း၊
(၂) မဟာဂီရိနတ်သီချင်း၊
(၃) နှမတော်တောင်ကြီးရှင်နတ်သီချင်း၊
(၄) သုံးပန်လှနတ်သီချင်း၊
(၅) သံတော်ခံနတ်သီချင်း၊
(၆) ရွှေနော်ရထာနတ်သီချင်း၊
(၇) အောင်စွာမကြီးနတ်သီချင်း၊
(၈) ငါးစီးရှင်နတ်သီချင်း၊
(၉) အောင်ပင်လယ်နတ်သီချင်း၊
(၁၀) မင်းသားမောင်ရှင်နတ်သီချင်း၊
(၁၁) တောင်မကြီးနတ်သီချင်း၊
(၁၂) ညောင်ချင်းနတ်သီချင်း၊
(၁၃) တပင်ရွှေထီးနတ်သီချင်း၊
(၁၄) မင်းရဲအောင်တင်နတ်သီချင်း၊
(၁၅) ရှင်တော်နတ်သီချင်း၊
(၁၆) တောင်ငူမင်းခေါင်နတ်သီချင်း၊
(၁၇) ရွှေနဘေနတ်သီချင်း၊
(၁၈) ထီးဖြူဆောင်းမယ်တော်နတ်သီချင်း၊
(၁၉) ရွှေစစ်သည်နတ်သီချင်း၊
(၂၀) မယ်တော်ရွှေစကားနတ်သီချင်း၊
(၂၁) မောင်ပိုး ကူနတ်သီချင်း၊
(၂၂) ယွန်းဘုရင်နတ် သီချင်း၊
(၂၃) မောင်မင်းဖြူနတ်သီချင်း၊
(၂၄) မန္တလေးဘိုးတော်နတ်သီချင်း၊
(၂၅) ရွှေဖျင်းကြီးနတ်သီချင်း၊
(၂၆) ရွှေဖျင်းငယ်နတ်သီချင်း၊
(၂၇) ထီးဖြူဆောင်း နတ်သီချင်း၊
(၂၈) မင်းစည်သူနတ်သီချင်း၊
(၂၉) ရှင်ကွနတ်သီချင်း၊
(၃၀) မြောက်ဘက်ရှင်မနတ်သီချင်း၊
(၃၁) မင်းကျော်စွာနတ်သီချင်း၊
(၃၂) မင်းတရားနတ်သီချင်း၊
(၃၃) ရှင်ကုန်းနတ်သီချင်း၊
(၃၄) ရှင်နဲမိနတ်သီချင်း၊
(၃၅) ပရိမ္မမင်းခေါင်နတ်သီချင်း၊
(၂၆) အနောက်မိဖုရားနတ်သီချင်း၊
(၃၇) မြောက်မင်းရှင်ဖြူနတ်သီချင်း၊ ♦သုခမှတ်စု

အတွင်း ၃၇ မင်း

(၁) ဣန္ဒယက္ခမဟာယက္ခနတ်၊
(၂) သောမယက္ခ မူလယက္ခနတ်၊
(၃) ဝရုဏယက္ခ မဟာယက္ခနတ်၊
(၄) ဘာရဒွါဇယက္ခ မဟာယက္ခနတ်၊
(၅) ပဇာပတိယက္ခ မဟာယက္ခနတ်၊
(၆) စန္ဒနယက္ခ မဟာယက္ခန်၊
(၇) ကာမသေဋ္ဌယက္ခ မဟာယက္ခနတ်၊
(၈) ကိန္နဃဏ္ဍုယက္ခ မဟာယက္ခ၊
(၉) နိဃဏ္ဍုယက္ခ မဟာယက္ခနတ်၊
(၁၀) ပနာဒယက္ခ သေနာပတိနတ်၊
(၁၁) သြပမညယက္ခ သေနာပတိနတ်၊
(၁၂) ဒေဝသုကယက္ခ သေနာပတိနတ်၊
(၁၃) စိတ္တသေနယက္ခ သေနာပတိနတ်၊
(၁၄) နဠောရာဇယက္ခ သေနာပတိနတ်၊
(၁၅) ဇနေသဘယက္ခ သေနာပတိနတ်၊
(၁၆) သာတာဂီရိယက္ခ သေနာပတိနတ်၊
(၁၇) ဟေမဝတယက္ခ သေနာပတိနတ်၊
(၁၈) ပုဏ္ဏကယက္ခ သေနာပတိနတ်၊
(၁၉) ကရတိယယက္ခ သေနာပတိနတ်၊
(၂၀) သီဝကယက္ခ သေနာပတိနတ်၊
(၂၁) မုစလိန္ဒယက္ခ သေနာပတိနတ်၊
(၂၂) ဝေသာ မိတ္တယက္ခသေနာပတိနတ်၊
(၂၃) ယုဂန္ဓရယက္ခသေနာပတိနတ်၊
(၂၄) ဂေါပလယက္ခ သေနာပတိနတ်၊
(၂၅) သုပ္ပရောဓယက္ခ သေနာပတိနတ်၊
(၂၆) ဟီရိယက္ခ သေနာပတိနတ်၊
(၂၇) နေတ္တိယက္ခ သေနာပတိနတ်၊
(၂၈) မန္ဒိယယက္ခသေနာပတိနတ်၊
(၂၉) ပဉ္စာလယက္ခ သေနာပတိနတ်၊
(၃၀) အာဠာဝကယက္ခ သေနာပတိနတ်၊
(၃၁) ပဇ္ဇုန္နယက္ခသေနာပတိနတ်၊
(၃၂) သုမနယက္ခ သေနာပတိ နတ်၊
(၃၃) သုမုခယက္ခ သေနာပတိနတ်၊
(၃၄) ဒဓိမုခယက္ခ သေနာပတိနတ်၊
(၃၅) မဏိယက္ခ သေနာပတိနတ်၊
(၃၆) မဏိဓရယက္ခ သေနာပတိနတ်၊
(၃၇) သေရိသကယက္ခ သေနာပတိနတ်၊ ♦သုခမှတ်စု

အတွင်း ၃၇ မင်း နတ်တစ်မျိုး

(၁) သိကြား၊
(၂) မဟာဂီရိ၊
(၃) နှမတော်တောင်ကြီးရှင်၊
(၄) ရွှေနပေ၊
(၅) တောင်မကြီး၊
(၆) သုံးပန်လှ၊
(၇) ရှင်နဲမိ၊
(၈) ထီးဖြူဆောင်းမယ်တော်၊
(၉) ပရိမမရှင်မင်းခေါင်၊
(၁၀) ရှင်ကွ၊
(၁၁) ထီးဖြူဆောင်း၊
(၁၂) မန္တလေးဘိုးတော်၊
(၁၃) ရွှေဖျဉ်းကြီး၊
(၁၄) ရွှေဖျဉ်းငယ်၊
(၁၅) ညောင်ချဉ်း၊
(၁၆) ကိုးကျောင်းတကာ၊
(၁၇) မင်းကျော်စွာ
(၁၈) မင်းစည်သူ၊
(၁၉) အောင်စွာမင်းကြီး၊
(၂၀) ရွှေစစ်သင်၊
(၂၁) မယ်တော်ရွှေစကား၊
(၂၂) ငါးစီးရှင်၊
(၂၃) အနောက်မိဖုရား၊
(၂၄) မင်းတရားကြီး၊
(၂၅) မောင်ပိုးတူ၊
(၂၆) အောင်ပင်လယ်ဆင်ဖြူရှင်၊
(၂၇) ရှင်ကုန်း၊
(၂၈) သံတော်ခံ၊
(၂၉) ရွှေနော်ရထာ၊
(၃၀) မြောက်ဘက်ရှင်မ၊
(၃၁) တပင်ရွှေထီး၊
(၃၂) ယွန်းဘုရင်၊
(၃၃) တောင်ငူရှင်မင်းခေါင်၊
(၃၄) မင်းရဲ အောင်ထင်၊
(၃၅) ရှင်တော်၊
(၃၆) အောင်မင်းဖြူ၊
(၃၇) မင်းသားမောင်ရှင်၊ ♦သုခမှတ်စု

အပြင် ၃၇ မင်း

(၁) တေရဋ္ဌ၊ ပြသမင်္ဂီဟုလည်းခေါ်သည်၊
(၂) ဝိရူဠက၊ရွှေပြည်စင်ဟုလည်းခေါ်သည်၊
(၃) ဝိရူပက္ခ၊ ဘုံသကြီးဟုလည်း ခေါ်သည်၊
(၄) ကုဝေရ၊ ဆွေသင်ဟုလည်း ခေါ်သည်၊
(၅) ဇမ္ဗူ့ဒီပ၊ရွှေမြို့ဆင်ဟုလည်းခေါ်သည်၊
(၆) ဇမ္ဗူ တံဆိပ်၊ ရွှေညိုဆင်ဟုလည်း ခေါ်သည်၊
(၇) ဇမ္ဗူ့ချမ်းသာ၊
(၈) ဇမ္ဗူ့ ကျက်သရေ၊
(၉) ဇမ္ဗူ့သပြေ၊
(၁၀) ဇမ္ဗူ့တန်ဆောင်၊
(၁၁) ဇမ္ဗူ့တမွတ်၊
(၁၂) ဇမ္ဗူ့မှန်ကင်း၊
(၁၃) ရွှေသက်စိုး၊
(၁၄) ရသမင်္ဂီ၊
(၁၅) မဟေသရ၊
(၁၆) ရွှေပြည်သင်၊
(၁၇) ထုံသင်းကြီး၊
(၁၈) အာဠဝီ၊
(၁၉) အာဠာ၊
(၂၀) ကြေးစန္ဒီ၊
(၂၁) ကြေးစန္ဒာ၊
(၂၂) မာရ်နတ်၊
(၂၃) သကဒါဂါမ်နတ်၊
(၂၄) သရသွာတိ၊
(၂၅) နေ့်သ၊
(၂၆) ဆင်ဖြူရှင်၊
(၂၇) ဆွေသင်၊
(၂၈) ဖက်မရှင်၊
(၂၉) မြင်းဖြူရှင်၊
(၃၀) ယဉ်နှင်း အနာဂါမ်ပဇာရွှေသပိတ်စောင့်နတ်၊
(၃၁) အနာဂါမ် သောတာပန်နတ်၊
(၃၂) သောတာပန် သကဒါဂါမ်နတ်၊
(၃၃) ဖိုးထင်၊
(၃၄) သိကြား၊
(၃၅) ရွှေမြို့ရှင်၊ ကိုးမြို့ရှင် ဟုလည်းခေါ်သည်၊
(၃၆) ရွှေစကား၊
(၃၇) ပွဲစားကြီး၊ ♦သုခမှတ်စု

အယောင်ဆောင်ခြင်း ၃၇ ပါး

(၁) ရာဂသည် မေတ္တာယောင်ဆောင်တတ်၏၊
(၂) သောကသည် ကရုဏာယောင်ဆောင်တတ်၏၊
(၃) လောဘမူသောမနဿသည် မုဒိတာဗြဟ္မဝိဟာရယောင်ဆောင်တတ်၏၊
(၄) ကုသိုလ်တရားတို့၌ အားမထုတ်ခြင်း ဝန်ချခြင်းတို့သည် ဥပေက္ခာဗြဟ္မဝိဟာရယောင်ဆောင်တတ်၏၊
(၅) စိတ်ပူပန်ခြင်း ဒေါသ ဒေါမနဿတရားသည် ဝဋ်ဆင်းရဲကို ထိတ်လန့်ခြင်း သံဝေဂ ယောင်ဆောင်တတ်၏၊
(၆) ပုဂ္ဂိုလ်ယုတ်မြတ် ကြည်ညိုအပ် မကြည်ညိုအပ် ရွေးချယ်စုံစမ်းခြင်း၌ မကြည်ညိုတတ်သော အသဒ္ဓိယ ဟုဆိုအပ်သော မက္ခပဠာသီအကုသိုလ်တရားသည် စုံစမ်းခြင်းပညာယောင်ဆောင်တတ်၏၊
(၇) သဒ္ဓါအားကြီးရာ၌ ဆိုးကောင်း ယုတ်မြတ် မမှတ်မထင် မဆင်ခြင်တတ် ပညာကင်းလွတ် မသိတတ်သောမောဟသည် သဒ္ဓါယောင်ဆောင်တတ်၏၊
(၈) မကောင်းမှုကို ကဲ့ရဲ့ ရှုတ်ချရာ၌ သူတစ်ပါးတို့၏ အပြစ်ကို ရှုလေ့ရှိသော ဂရဟာ, ဝမ္ဘနာ, အက္ကောသန ဟူသော မသူတော်တရားသည် ပါပဂရဟိတာဟု ဆိုအကပ်သော သူတော်ကောင်းတရားယောင်ဆောင်တတ်၏၊
(၉) တပည့်သားတို့ကို နှိမ်နင်း ဆုံးမရာ၌ နှုတ်ကြမ်းခြင်း ဖရုသဝါစာအကုသိုလ်တရားသည် နိဂ္ဂယှဝါဒိတာဟု ဆိုအပ်သော သူတော်ကောင်းတရားယောင်ဆောင်တတ်၏၊
(၁၀) မိမိကိုယ်ကို ဒါယကာတို့ အောက်နှိမ့်ချ၍ ပြောဆိုသောအားဖြင့် လာဘ်ကို ရှာခြင်းဟူသော စာဋုကမျတာ အနေသနတရားသည် ပိယဝါဒိတာဟူသော မေတ္တာယောင်ဆောင်တတ်၏၊
(၁၁) အာဇီဝပါရိသုဒ္ဓိသီလကို ဖြည့်ကျင့်ရာ၌ မိမိ၏ပစ္စည်းတို့ကိုဝေဖန်၍ သုံးဆောင်လေ့မရှိသော လောဘမစ္ဆေရ အကုသိုလ်တရားသည် အာဇီဝပါရိသုဒ္ဓိသီလ ယောင်ဆောင်တတ်၏၊
(၁၂) မိမိပစ္စည်းဥစ္စာတို့ကို အလဇ္ဇီပုဂ္ဂိုလ်နှင့် ဝေဖန်ဖြန့်ဖြူး၍ သုံးဆောင်ခြင်းမိစ္ဆာဇီဝ အလဇ္ဇီပဂ္ဂဟ အကုသိုလ်တရားသည် သံဝိဘာဂနာယကဂုဏ် တည်းဟူသော သဒ္ဓါ မေတ္တယောင်ဆောင်တတ်၏၊
(၁၃) တရားနှင့်လျော်သော ဝစနပဋိ သန္ဓာရ၊ ဓမ္မ ပဋိသန္ဓာရတို့ဖြင့် ဒါယကာတို့အား မချီးမြှောက်ခြင်းဟု ဆိုအပ်သောကရုဏာမေတ္တာ သဒ္ဓါကင်းသော မသူတော်တရားသည် လူတို့နှင့်နှီးနှောခြင်း မရှိရဟူသော ဂိဟိ အသသံဂ္ဂ သီလယောင်ဆောင်တတ်၏၊
(၁၄) လူတို့နှင့် တရားမသင့်ရောနှောခြင်းဟု ဆိုအပ်သော အာစာရဝိပ္ပတ္တိမိစ္ဆာဇီဝအကုသိုလ်တရားသည် သင်္ဂဟဟုဆုအိပ်သော သဒ္ဓါ မေတ္တာ ကရုဏာ ယောင်ဆောင်တတ်၏၊
(၁၅) သူနှစ်ယောက်တို့၏အကြား ကွဲပြားစိမ့်ငှာ ကုန်းချောပြောဆိုခြင်း မသူတော်တရားသည် သစ္စဝါဒိတာဟူသော သူတော်ကောင်း တရားအယောင်ဆောင်တတ်၏၊
(၁၆) အဝိသုဏဝါစာ သုစရိုက်တရားအရာ၌ သူတစ်ပါးတို့ အကျိုးမဲ့ လိုလားခြင်းတည်ဟူသောဣဿာ မစ္ဆေရ ဒေါသမူ အကုသိုလ်တရားသည် သူတစ်ပါးတို့ ပျက်ပြားကြလတ္တံ့သည်ကို သိမြင်လျက် ကုန်းတိုက်ရာ ရောက်မည်ကြောင့် မပြောဆိုဝံ့သည့်အဟန် အယောင်ဆောင်တတ်၏၊
(၁၇) မိမိဒါယကာအိမ်တွင် ဝင်ရောက်လာသူ အလှူခံတို့အား နှလုံးမသာမယာခြင်း ဒေါသ မစ္ဆေရရန်သည် ဒါယကာတို့အား သနားခြင်းကရုဏာဟန်အယောင်ဆောင်တတ်၏၊
(၁၈) နောက်သားနောင်လာ သံဃာတော်တို့အတွက် အာဝါသကို ကျွဲနွားလူသူ လုယူ ဖျက်ဆီးသည့်အခါ မသဒ္ဓါ မကြည်ညိုဝန်တိုခြင်း အာဝါသမစ္ဆေရ အကုသိုလ်တရားသည် သဒ္ဓါမေတ္တာ ယောင်ဆောင်တတ်၏၊
(၁၉) တရား ဟောအပ်သော ကုသိုလ်တရားအရာ၌ ဓမ္မစ္ဆေရ အကုသိုလ်တရားသည် လှည့်ပတ် အယောင်ဆောင်တတ်၏၊
(၂၀) ဂိုဏ်းသံဃာတပည့်များကို တရားကျမ်းဂန် သင်ကြား ပို့ချချီးမြှောက်ခြင်းဟု ဆိုအပ်သော သဒ္ဓါ မေတ္တာ ကရုဏာ အရာ၌ ဂိုဏ်းအပေါင်းအဖော်ကို တွယ်တာခြင်း သင်္ဂဏိကာရာမ တဏှာသည် ဂဏာနုဂ္ဂဟသဒ္ဓါ မေတ္တာယောင်ဆောင်တတ်၏၊
(၂၁) အကျိုးမဲ့သော စကားတို့နှင့်တကွ ကာလရှည်ကြာ ပြောဆိုမိခြင်း ဘဿာရာမတဏှာသည် ဓမ္မဒေသနာကိုမွေ့လျော်ယောင်ဆောင်တတ်၏၊
(၂၂) ရဟန်းတရား၌ မမွေ့လျော်နိုင်ခြင်း၊ အမှုသစ်၌သာ မွေ့လျော်နိုင်ခြင်း၊ တဏှာဟူသောကမ္မရာမ ပပဉ္စတရားသည် ကုသိုလ်ကောင်းမှု၌ မွေ့လျော်ခြင်းဟူသော ပုညာရာမအယောင်ဆောင်တတ်၏၊
(၂၃) ပဋိကူလသညာကမ္မဋ္ဌာန်းအရာ၌ စက်ဆုပ်ရွံရှာနှလုံးမသာခြင်း ဗျာပါဒသည် ပဋိကူလသညာ ကမ္မဋ္ဌာန်းထင်ယောင်ဆောင်တတ်၏၊
(၂၄) ပဋိကူလသညာကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ရွံရှာအပ်သောအာရုံကို မရွံရှာခြင်းဖြစ်ရာ၌ ကာမတဏှာသည် ရာဂစရိုက်အစွမ်းဖြင့် မရွံရှာသည်ကိုလျက် ပဋိကူလသညာ ကမ္မဋ္ဌာန်းထင်သော အားဖြင့် မရွံရှာယောင် ဆောင်တတ်၏၊
(၂၅) ဘာဝနာ ကမ္မဋ္ဌာန်းအရာ၌ ငိုက်မျဉ်းခြင်းထိနိမိဒ္ဓစသည် သမာဓိယောင်ဆောင်တတ်၏၊
(၂၆) မထိုင်မရပ် မပြတ်ပြန်လှန် စင်္ကြံသွားခြင်းစသည် ကမ္မဋ္ဌာန်းကို ကြိုးပမ်း အားထုတ်ရာ၌ ကမ္မဋ္ဌာန်းကို မဝင်မသက်စိတ်ထွက်ပြေးသွားခြင်း ဥဒ္ဓစ္စတရားသည် ဝီရိယ တိုးပွား ယောင်ဆောင်တတ်၏၊
(၂၇) ဝိနယကုက္ကုစ္စအားဖြင့် မအပ်လိမ့်ယောင် အပ်လိမ့်ယောင်နှင့်မရှောင်ပြုမိသဖြင့်နှလုံးမသာ ဝိပ္ပဋိသာရ ကုက္ကုစ္စသည် သိက္ခာကာမ ကုက္ကုစ္စ ယောင်ဆောင်တတ်၏၊
(၂၈) သကဝါဒ ပရဝါဒ ပက္ခ နှစ်ပါးတို့၌ ယုတ္တာယုတ္တိ ရှိ မရှိကို ကြံစည်စုံစမ်းရာ၌ သကဝါဒ၌ သို့လော သို့လော သင်္ကာယုံမှားခြင်း ဝိစိကိစ္ဆာ အယုတ်တရားသည် စူးစမ်း ဆင်ခြင်တတ်သောပညာ အယောင်ဆောင်တတ်၏၊
(၂၉) ဣဋ္ဌအနိဋ္ဌ အာရုံတို့၌ ဝမ်းမနည်း ဝမ်းမသာ လျစ်လျူရှုခြင်း၊ ဥပေက္ခာတရား အရာ၌ ဆိုးကောင်းယုတ်မြတ် မသိတ်၍ အမှတ်မဲ့နေခြင်း အညာဏုပေက္ခာ ဟူသော မောဟတရားသည် ဆိုးကောင်းယုတ်မြတ် သိတတ်လျက်သာ လျစ်လျူရှုရသည်ဟူသော ဉာဏုပေက္ခာယောင် ဆောင်တတ်၏၊
(၃၀) ပရမတ္ထသဘောကို နစ်နောဆင်ခြင်တတ်သောပညာအရာ၌ သတ္တဇီဝါ ငါသူတစ်ပါးမဟုတ်၊ နာမ်ရုပ်အစုမျှသာ ဖြစ်၍ လှံဓားဖြင့်ထိုးခုတ်ခြင်းကို ပြုသော်လည်း ပကတိအားဖြင့် ပျက်စီးခြင်း သဘောရှိသော ဇီဝိတိန္ဒြေကို မဖျက်ဆီးနိုင်ရာ ရုပ်ကလာပ်အကြားကိုသာ လှံသွား ဓားသွား ကျရောက်သည်ဖြစ်၍ ပဏဝမ မဖြစ်နိုင်ရာဟူသော အကိရိယဒိဋ္ဌိ အစရှိသော မိစ္ဆာဒိဋ္ဌိ တရားသည် ဉာဏ်ကြီးသည့် အယောင်ဆောင်တတ်၏၊
(၃၁) သားသမီးခြွေရံ ပရိသတ်တို့ တွယ်တာမက်မောခြင်း ကင်းသော ဝိရာဂတရားအရာ၌ သူတစ်ပါးတို့အား သနားခြင်းမရှိ နိကရုဏာ သဘောတရားသည် နှစ်သက်တွယ်တာခြင်း ကင်းသည့် အဟန်အယောင်ဆောင် တတ်၏၊
(၃၂) ဘုရားခွင့်ပြုတော်မူသည်ကို ငါ မှီဝဲသည်ဟူသောအမှတ်ဖြင့် သဒါရ ဟူသော စိုးပိုင်အာရုံ ကာမဂုဏ်အမှု၌ တွယ်တာမက်မောခြင်းတဏှာသည် အပ်သည်ကိုသာ ငါ မှီဝဲအပ်သည်ဟူသောအမှတ်ကို ဖြစ်စေသဖြင့်အယောင်ဆောင်တတ်၏၊
(၃၃) ကိုယ့်ရှင်ကိုယ်သာ ကိုယ့်ဆရာဟု ပညာအားကိုးအမြတ်တနိုးပြုရာ၌ သီတင်းသုံးဖော် ဆရာသမား သူတစ်ပါးတို့၏ အဆုံးအမကိုမလိုက်နာနိုင်ခြင်း အယုတ်တရားသည် အတ္ထာဓပိ တဟိန် အယောင်ဆောင်တတ်၏၊
(၃၄) ဓမ္မဝိဟာရီသာ ပမာဏဟု နှလုံးပြုသဖြင့် သီတင်းသုံးသံဃာတော်တို့ ကံကြီးကံငယ် မှုကြီး မှုငယ်တို့ကြောင့် စည်းဝေးကြသည့်အခါ အညီအညွတ် မလာမရောက်မလောက် မလား လေးစားမပြုနေခြင်းဟူသော သဗြဟ္မစာရီ အဂါရဝတရားသည် မိမိလည်း တရားတစ်ခု အာရုံပြု၍ ကောင်း သော နေခြင်း ဖြင့်သာနေပါသည် အမှတ်ကို ဖြစ်စေသဖြင့် အယောင်ဆောင်တတ်၏၊
(၃၅) သီတင်းသုံးဖော် ဆရာ သခင်တို့အား လောကအကြိုက် အလိုလိုက်၍ တရားမငဲ့ မျက်နှာငဲ့ကာ ပြုရသော ဝေယျာဝစ္စတို့သည် ဆရာသခင် အရှင်များကို ခံ့ညားရိုသေခြင်း လောကာဓိပတိဟူသော ဂါရဝတရားယောင် ဆောင်တတ်၏၊
(၃၆) အတိုင်းအရှည်နှင့်ယှဉ်၍ စကားပြောဆိုခြင်း သတိသမ္ပဇညတရားအရာ၌ စကားအလွန်နည်းပါးခြင်း၊ သီတင်းသုံးဖော် အာဂန္တုကတို့နှင့် ဝမ်းမြောက်ဝမ်းသာ မပြောဆိုနိုင်ခြင်း အာလသိယ မာနထမ္ဘသာရမ္ဘတရားသည် စကားအရာ၌ အတိုင်း အရှည်ကိုသိသောအတိသမ္မဇညအယောင်ဆောင်တတ်၏၊
(၃၇) သီတင်းသုံးဖော် အာဂနု္တကရဟန်းတို့နှင့် ဝမ်းမြောက်ဝမ်းသာပြောဆိုလေ့ရှိသော သဒ္ဓါ မေတ္တာကုသိုလ်တရားအရာ၌ အလွန်အယုတ် ဟုတ်မဟုတ်ကို မဆင်ခြင်၊ ဆိုချင်မက်မော အလှိုင်းတကြီး ပြောဆိုမိသော မာယာ သာဌေယျအယုတ်တရားသည် ဝမ်းမြောက်ဝမ်းသာ သဒ္ဓါ ကြည်ညိုဆိုသော အယောင်ဆောင်တတ်၏၊ ♦သုခမှတ်စု

ဓားရေး ၃၇ မျိုး

နဝဒေးလူးတားမှ သုတေသနပြုလုပ်သည်၊
(၁) ဓားချီ၊
(၂) ဓားခင်း၊
(၃) မျက်နှာကာ၊
(၄) ဓားလှ၊
(၅) ဓားလျှိုး၊
(၆) မှောက်ထိုးရပ်၊
(၇) ရင်ခွဲ၊
(၈) အသားလှန်၊
(၉) ဓားခုတ်၊
(၁၀) ဇင်ယောက်သုတ်၊
(၁၁) တစ်ဖက်ထိုး၊
(၁၂) ရှေ့လှည်း၊
(၁၃) နောက်လှည်း၊
(၁၄) ရွှေနှုတ်မြွက် ယာလှ၊
(၁၅) ရွှေနှုတ်မြွက် ဝဲလှ၊
(၁၆) စွန်သုတ်၊
(၁၇) ပါးကပ်၊
(၁၈) ပန်းကုံးဖြတ်၊
(၁၉) ဓားလွှင့်၊
(၂၀) ပန်းကုံးသီ၊
(၂၁) ဆက်ရက်ခုန်၊
(၂၂) မီးတိုင်ပြ၊
(၂၃) ပိုးချည်လွှား၊
(၂၄) သက်တင်ရေသောက်၊
(၂၅) ရွှေဘယက်လည်လျှောက်၊
(၂၆) ဒေါင်း မြီးကာ၊
(၂၇) ကားမြီးဆွဲ၊
(၂၈) ဓားရွက်၊
(၂၉) လက်ကောက်ဝတ်၊
(၃၀) မောင်းကပ်၊
(၃၁) ရွှေနှုတ်လည်လျှောက်၊
(၃၂) နောက်လည်လျှောက်၊
(၃၃) ဓားသွဲ့၊
(၃၄) ဓားပြ၊
(၃၅) တစ်ဖက်နုတ်၊
(၃၆) နှစ်ဖက်နုတ်၊
(၃၇) နောက်လှည့်၊ ♦သုခမှတ်စု

မြင်းခင်း ၃၇ မျိုး

ရှေးမြန်မာဘုရင်မင်းမြတ်တို့ လက်ထက်က ပြာသိုလမြင်းခင်းပွဲသခင်၌ မြင်းရေးပြ အလှမြင်းစီးနည်း ၃၇ ပါးကို ဆိုသည်၊ ထိုနည်းကို မဃဒေဝလင်္ကာ အပိုဒ်ရေ ၃၃၈ ဖြင့် ပြဆိုအံ့၊ လွှတ်နန်းရင်ပြင်၊ ရှေ့တော်ခွင်ဝယ်၊ ဆင်ကိုဆင်ခြင်း၊ မြင်းလည်းမြင်းနှင့်၊ စီးနင်းမောင်းနှင်၊ စက်တော်တင်၍၊ နတ်သွင်ရွှေကိုယ်၊ ရွယ်ပျိုရှုသင့်၊ ဘုန်းပွင့်ပွင့်ဖြင့်၊ သက်တင့်ရေသောက်၊ ပြန်ခေါက်ဝဲကာ၊ ဗြဟ္မာလက်လှမ်း၊ ရွှေကွမ်းရုံတက်၊ မပျက်ဟန်လှ၊ သိကြားတန်ဆောင်၊ ဂဠုန်တောင်နှင့်၊ စွန်တောင်ဖြန့်လေ့၊ခြင်္သေ့ တန်းဆွဲ၊ ကိုယ်တော်နွှဲ၍၊ ပယ်ခွဲပယ်စိတ်၊ ဝါကြိတ်ခိုနန်း၊ စောင်းရန်သမက်၊ လက်ဆက်ကြာဖူး၊ ဆင်ထူးပုခက်၊ နွယ်ထွက်နွယ်ဝင်၊ အုန်းပင်ရေသွန်း၊ လေးကျွန်း မှန်ကူ၊ စံမတူတိ၊ တမူတင့်လွန်၊ ရွှေတံခွန်ယောင်၊ တန်ဆောင်ဘုံနန်း၊ ထူးဆန်းရှစ်မြှောင့်၊ ရှစ်ထောင့်ပုံကွဲ၊ စွန်ဝဲ စွန်သုတ်၊ သမုတ်ကျယ်ချဲ့၊ စ၉ချီဘွဲ့သား၊ သုံးဆယ့်ခုနစ်မျိုး၊ ရှေးသတိုးတို့၊ စည်းရုံး စုပေါင်း၊ ပြန်လှန်ပြောင်းလျက်၊ အဲမောင်းဝင့်ချီ၊ ရှုဖွယ်အီ၏၊ ♦သုခမှတ်စု

ရကင်းသံ ၃၇ ချင်း

(၁) အချီကြီးသံ၊
(၂) အချီပြင်သံ၊
(၃) ဆရာတောင်းသံ၊
(၄) ဆရာပန်သံ၊
(၅) ဆရာညွှန်းသံ၊
(၆) အတွင်းတီးပြေသံ၊
(၇) အပြင်တီးပြေသံ၊
(၈) ဆင်ဖြူရေချသံ၊
(၉) ရွှေပလ္လင်တည်သံ၊
(၁၀) ဗောဓိရွက်သံ၊
(၁၁) ဇမုသပြေသီးကြွေသံ၊
(၁၂) ငါးကြင်းမီးခတ်သံ၊
(၁၃) ခရုသင်းသံ၊
(၁၄) ခွက်ခွင်းသံ၊ (၁၄၏၅) ဘီလူးဝမ်းရေကြိုးသံ၊
(၁၆) မြစ်တွေးလန့်တွန်သံ၊
(၁၇) မြစ်တွေးငှက်တွန်းသံ၊
(၁၈) သိကြား အုပ်ဆောင်းသံ၊
(၁၉) သိကြားခလုတ်သံ၊
(၂၀) သိကြားရေကန်တင်သံ၊
(၂၁) သိကြားလောက်ပစ်သံ၊
(၂၂) ကင်းပတ်ကြီးသံ၊
(၂၃) ကင်းပတ်ယင်သံ၊
(၂၄) သပြေတ္တေသံ၊
(၂၅) ထုံးကိုးတန်သံ၊
(၂၆) မျောက်မင်းအူသံ၊
(၂၇) မိတ္ထီလာကန် ပေါက်သံ၊
(၂၈) ပြုံးကာရယ်ရွှင်သံ၊
(၂၉) နောက်မြင်းလှသံ၊
(၃၀) သကာဝန်းလည်သံ၊
(၃၁) ပွင့်လှရွှေဝါသံ၊
(၃၂) လုလင်ပြန်တောစည်သံ၊
(၃၃) လင်္ကာကုန္တီသံ၊
(၃၄) မြင်းလှစာတောင်းသံ၊
(၃၅) မြင်းလှခွာသံ၊
(၃၆) တံငါမအဲချင်းသံ၊
(၃၇) စကြာမင်းဘိသိက်မြှောက်သံ၊ ♦သုခမှတ်စု

မင်္ဂလာတရား ၃၈ ပါး

(၁) အသေဝနာ စ ဗာလာနံ= လူမိုက်တို့ကို မဆည်းကပ်ခြင်း၊
(၂) ပဏ္ဍိတာနဉ္စ သေဝနာ=ပညာရှိတို့ကိုဆည်းကပ်ခြင်း၊
(၃) ပူဇာ စ ပူဇနေယျာနံ= ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း၊
(၄) ပတိရူပ ဒေသဝါသောစ= သင့်တသောအရပ်၌ နေထိုင်ခြင်း၊
(၅) ပုဗ္ဗေ စ ကတပုညတာ= ပြုခဲ့သော ကောင်းမှုရှိသောသူဖြစ်ခြင်း၊
(၆) အတ္တသမာပဏီဓိ= မိမိကိုယ်ကိုကောင်းစွာ ဆောက်တည်ခြင်း၊
(၇) ဗာဟုဿစ္စ= အကြားအမြင်များသောသူ၏ အဖြစ်ဖြစ်ခြင်း၊
(၈) သိပ္ပ= လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း၊
(၉) ဝိနယော စ သုသိက္ခိတော= ကောင်းစွာသင်အပ်သော ဝိနည်းတရားရှိခြင်း၊
(၁၀) သုဘာသိတ ဝါစာ=ကောင်းစွာဆိုခြင်း၊
(၁၁) မာတာပိတု ဥပဋ္ဌာန= အမိအဖတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း၊
(၁၂) ပုတ္တဒါရဿသင်္ဂဟ=သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း၊
(၁၃) အနာကုလကမ္မန္တာ= အနှောင့်အယှက်မရှိသောအမှုတို့ကိုသာပြုခြင်း၊
(၁၄) ဒါနဉ္စ= အလှူပေးခြင်း၊
(၁၅) ဓမ္မစရိယ= မြတ်သောအကျင့်တို့ကိုကျင့်ခြင်း၊
(၁၆) ဉာတကာနဉ္စသင်္ဂဟ = ဆွေမျိုးတို့အားထောက်ပံ့ခြင်း၊
(၁၇) အနဝဇ္ဇာနိကမ္မာနိ= အပြစ်မရှိသော အမှုတို့ကိုပြုခြင်း၊
(၁၈) ပါပအာရတီ=မကောင်းမှမှ ဝေးစွာ ရှောင်ကြဉ်ခြင်း၊
(၁၉) ပါပဝိရတီ= မကောင်းမှုမှအထူးရှောင်ကြဉ်ခြင်း၊
(၂၀) မဇ္ဇပါနသံယမော = သေရည်သေရက်ကိုသောက်စားခြင်းမှရှောင်ကြဉ်ခြင်း၊
(၂၁) အပ္ပမာဒေါ စ ဓမ္မေသု= ကောင်းမှုကုသိုလ်တို့၌ မမေ့မလျော့ခြင်း၊
(၂၂) ဂါရဝ= ရိုသေထိုက်သူတို့အားရိုသေခြင်း၊
(၂၃) နိဝါတ=မိမိကိုယ်ကို နှိမ့်ချခြင်း၊
(၂၄) သနု္တဋ္ဌီ= ရောင့်ရဲလွယ်ခြင်း၊
(၂၅) ကတညုတ= သူပြုဖူးသော ကျေးဇူးကိုသိခြင်း၊
(၂၆) ကာလေန ဓမ္မဿဝန= သင့်တင့်လျောက်ပတ်သောအခါ၌ သူတော်ကောင်း တရားကို နာယူခြင်း၊
(၂၇) ခန္တီ= သည်းခံခြင်း၊
(၂၈) သောဝစဿတာ= သူတော်ကောင်း တို့ ဆုံး မအပ်သော စကားကို နာလွယ်ခြင်း၊
(၂၉) သမဏာနဉ္စ ဒဿန= ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း၊
(၃၀) ကာလေနဓမ္မသာကစ္ဆာ= သင့်တင့် လျောက်ပတ်သောအခါ၌ တရားတော်ကို ဆွေးနွေး မေးမြန်းခြင်း၊
(၃၁) တပေါ= ခြိုးခြံစွာကျင့်ခြင်း၊
(၃၂) ဗြဟ္မစရိယ= မြတ်သောအကျင့်တို့ကိုကျင့်ခြင်း၊
(၃၃) အရိယသစ္စာနဒဿန= အရိယသစ္စာတို့ကို သိမြင်ခြင်း၊
(၃၄) နိဗ္ဗာန သစ္ဆိကိရိယာ= နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၊
(၃၅) န ကမ္ပတိ= လောကဓံတရားတို့နှင့် တွေ့သော် တုန်လှုပ်သောစိတ်မရှိခြင်း၊
(၃၆) အသောက= လောကဓံတရားတို့နှင့် တွေ့သော် စိုးရိမ်သော စိတ်မရှိခြင်း၊
(၃၇) ဝိရဇံ= လောကဓံတရားတို့နှင့် တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း၊
(၃၈) ခေမံ= လောကဓံတရားတို့နှင့်တွေ့သော် စိတ်၌ ဘေးမရှိခြင်း၊ ♦သုခမှတ်စု

နည်း ၄၀

ပိဋကတ်တော် ကျမ်းဂန်များသည် အထူးထူးသော နည်းတို့ဖြင့် သိမ်မွေ့နက်နဲ၏၊ ထိုသိမ်မွေ့ နက်နက်ကြောင်းဖြစ်သော နည်းတို့သည် လေးဆယ်မျှ ရှိကြသည်ဟု ဆိုစမှတ်ပြုကြကုန်၏၊ နည်းလေးဆယ်ဟု ခေါ်စမှတ်ပြုသည့်အတိုင်း ခေါင်းစဉ်တပ်သော်လည်း ယခုခေတ်တွင် အသုံးပြုနေကြဖြစ်သော နည်းငါးဆယ့်ငါးပါးကိုပင် အကျဉ်းအားဖြင့် ပြဆိုပေအံ့၊
(၁) အနီးကိုဆိုသဖြင့် အဝေးကိုလည်းရသော နည်းသည် ပစ္စာသန္နနည်းမည်၏၊
(၂) အစဉ်အတိုင်းမဆိုမူ၍ အနီးမှစ၍ ဆိုသောနည်းသည် ပစ္စာသန္နနည်းမည်၏၊
(၃) ပြဋ္ဌာန်းသည်ကို ဆိုသဖြင့် မပြဋ္ဌာန်းသည်ကိုလည်း ရသောနည်းသည် ပဓာနနည်း မည်၏၊
(၄) အစိတ်ကိုမှတ်၍ ဆိုသဖြင့် အပေါင်းကလိုည်း ရသောနည်းသည် ဥပလက္ခဏနည်းမည်၏၊
(၅) အထင်ကို ဆိုသဖြင့် အလုံးစုံကို ရသော နည်းသည် နိဒဿနနည်းမည်၏၊
(၆) ဌာနီဖြင့် ဌာနကိုမှတ်၍ အများကို ဆိုသဖြင့် အနည်းကိုလည်း ရသောနည်းသည် ယေဘုယျနည်းမည်၏၊
(၇) ဌာနဖြင့် ဌာနီကိုမှတ်၍အများကို ဆိုသဖြင့် အနည်းကိုလည်း ရသောနည်းသည် တဗဟုလနည်းမည်၏၊
(၈) မကင်းရာကို ဆိုသဖြင့် မကင်းတတ်သည်ကိုလည်း ရသောနည်းသည် နာနန္တရိက နည်းမည်၏၊
(၉) မကင်းတတ်သည်ကို ဆိုသဖြင့် မကင်းရာသည်ကိုလည်းရသောနည်းသည် အဝိနာဘာဝနည်းမည်၏၊
(၁၀) ဆက်ဆံသဖြင့် မမှတ်မူ၍ မဆက်ဆံသဖြင့် မှတ်၍ ဆိုသောနည်းသည် အသာဓာရဏနည်း မည်၏၊
(၁၁) တက်ရာသက်ရာ၌ သားတို့၏ခြေရာကိုမြင်သဖြင့် ကျောက်ဖျာ၌ သားတို့၏ခြေရာ သိရသကဲ့သို့ အစအဆုံးကို ဆိုသဖြင့် အလယ်ကိုလည်း သိရသောနည်းသည် မိဂပဒဝလဉ္စနနည်းမည်၏၊
(၁၂) တစ်ပုဒ်တည်း ဖြစ်လျက် သတ္တိပြားသဖြင့် နှစ်နက်ရကောင်းသောနည်းသည် ဘိန္နသတ္တိသမဝေတနည်းမည်၏၊
(၁၃) တစ်ပုဒ်တည်းဖြစ်လျက် အချင်းချင်းစပ်သဖြင့် များသောအနက်ကို ဟောစွမ်းနိုင်သောနည်းသည် သိလေသနည်းမည်၏၊
(၁၄) ဆီမီးသည် တစ်ပြိုင်နက် အမိုက်ကို ဖျောက်ခြင်း၊ အလင်းကိုပြုခြင်း၊ ဆီကိုခန်းစေခြင်း၊ ဆီမီးစာကို ကုန်စောခြင်းကိစ္စကို ပြီးစေနိုင်သကဲ့သို့ တစ်ပုဒ်တည်းဖြစ်လျက် များသောအနက်ကို ဟောစွမ်း နိုင်သောနည်းသည် ပဒီပနည်း မည်၏၊
(၁၅) တစ်ခုသော ရက်ကန်းသားသည် နှစ်ထပ်ချည် ဖြစ်သကဲ့သို့ တစ်ပုဒ်တည်းဖြစ်လျက်နှစ်နက်ကို ဟောစွမ်း နိုင်သောနည်းသည်တန္တနည်းမည်၏၊
(၁၆) တစ်ခုကိုချေ၍ တစ်ခု ကြွင်းပြုသောနည်းသည် ဧကသေသနည်းမည်၏၊
(၁၇) အနက်ပြားလျက် သဒ္ဒါချင်းတူသည်၏အဖြစ်ဖြင့် တစ်ခုတည်း ညွှန်ပြသောနည်းသည် သာမညနိဒ္ဒေသနည်း မည်၏၊
(၁၈) သစ်ပင် မရှိခဲ့သော်သစ်ပင်ရိပ် ပျောက်သကဲ့သို့ နိမိတ်မရှိခဲ့သော ကာရိယပျောက်ရာသောနည်းသည် မဟိရုဟနည်းမည်၏၊
(၁၉) စန္ဒြကန်ကျောက်ကြောင့် ဖြစ်သော ရေသည် စန္ဒြကန်ကျောက် မရှိသော်လည်း မပျောက်သကဲ့သို့ နိမိတ်မရှိသော်လည်း ကာရယိ မပျောက်သောနည်းသည် စန္ဒြကန္တနည်း မည်၏၊
(၂၀) သူရကန်ကျောက်ကြောင့်ဖြစ်သောမီးသည် သူရကန်ကျောက် မရှိသော်လည်း မပျောက်သကဲ့သို့ နိမိတ်မရှိသော်လည်းကာရိယ မပျောက်သောနည်းသည် သူရိယကန္တနည်းမည်၏၊
(၂၁) သရက်ပင်ရင်း၌ချိုးရေတည်ခြင်းဟူသော ကြိယာတစ်ခုတည်းဖြင့် သရက်ပင်ကို ရေသွန်းခြင်း၊ ဆရာကို ရေချိုးစေခြင်းတည်းဟူသော နှစ်ကိစ္စ ပြီးသကဲ့သို့ တစ်ချက်တည်း ပြသဖြင့်နှစ်နက်ပြီးသော နည်းသည် အမသေစန ဂုရုသိနနှာနနည်းမည်၏၊
(၂၂) ဂေါသဒ္ဒါသည် ယှဉ်ဖက် ဗလိဗဓူသဒ္ဒါ၏ အနက်ကိုချန်၍ နွားငယ်နွားလတ်ဟူသော အနက်ကို ဟောသကဲ့သို့ ယှဉ်ဖက်သဒ္ဒါ၏ အနက်ကို ချန်၍ ဟောသောနည်းသည် ဂေါဗလိဗဒ္ဒနည်းမည်၏၊
(၂၃) ပုညသဒ္ဒါသည် ယှဉ်ဖက် ဉာဏသမ္ဘာရသဒ္ဒါ၏ အနက်ကိုချန်၍ ဉာဏ်၏ အဆောက်အဦမှတစ်ပါး ကောင်းမှုကိုသာ ဟောသကဲ့သို့ ယှဉ်ဖက်သဒ္ဒါ၏ အနက်ကိုချန်၍ ဟောသောနည်းသည် ပုညဉာဏသမ္ဘာရနည်း မည်၏၊
(၂၄) လိုက်သဖြင့် သိအပ်သော အနက်ရှိသောနည်းသည် အဓိကာရနည်း မည်၏၊
(၂၅) လည်၍ယူသဖြင့် သိအပ်သောနည်းသည် အာဝုတ္တိနည်းမည်၏၊
(၂၆) ဝဲသည် အထပ်ထပ်လည်သကဲ့သို့ ရုပ်တစ်ခု၌ များစွာသော သုတ်တို့ဖြင့် စီရင်ရသောနည်းသည် အာဝဋ္ဋနည်းမည်၏၊
(၂၇) တစ်လှေဖြင့် တင်သောဝန်ကို တစ်လှေဖြင့်၊ တစ်လှည်းဖြင့် တင်သောဝန်ကို တစ်လှည်းဖြင့် တင်ဆောင်သကဲ့သို့ ရုပ်တစ်ခု၌ များစွာသောသုတ်တို့ဖြင့် စီရင်သောနည်းသည် နာဝါသကဋနည်းမည်၏၊
(၂၈) အရေအတွက်အားလျော်စွာ ယူရသောနည်းသည် ယထာသင်္ချာနည်း မည်၏၊
(၂၉) ထိုယထာသင်္ချာနည်းသည်ပင် အစဉ်အတိုင်းယူရသောကြောင့် ယထာက္ကမနည်း မည်၏၊
(၃၀) ရသင့်သည်အားလျော်စွာ ရယူရသောနည်းသည် ယထာလာဘနည်းမည်၏၊
(၃၁) တစ်ခုတည်း၌ တည်လျက် အလုံးစုံသောဝါကျအား ကျေးဇူးပြုတတ်သောနည်းသည် ဒီပကနည်းမည်၏၊
(၃၂) ဆိုခဲ့ပြီးသည်မှ လည်းကောင်းဆိုလတ္တံ့သည်မှလည်းကောင်း အကြွင်းကို ယူရသောနည်းသည် ပါရိသေသနည်းမည်၏၊
(၃၃) ယဉ်သောနွားဖြင့် ရိုင်းသောနွားကို ဖမ်းသကဲ့သို့ ထင်သဖြင့် မထင်သည်ကို သိစေသောနည်းသည် ဂေါဂဏှနည်းမည်၏၊
(၃၄) ကျီးသည် မျက်စိတစ်ဖက်ဖြင့် အစာနှင့် ရန်သူနှစ်ပါးကို ကြည့်သကဲ့သို့ နှစ်ပုဒ်ကို ငဲ့သောနည်းသည်ကာကောလောကနနည်းမည်၏၊
(၃၅) ငှက်သည် သစ်ပင်သို့ အလိုလိုကပ် သကဲ့သို့ သုတ်ဖြင့် မကပ်ဘဲ အလိုလို ကပ်သောနည်းသည် ရုက္ခသကုဏ နည်းမည်၏၊
(၃၆) ဆင်စွယ်ကို ဖြတ်သကဲ့သို့ သံဝဏ္ဏေတဗ္ဗပုဒ်ကို ဖြတ်၍ထားသော နည်းသည်ဒန္တစ္ဆေဒနည်းမည်၏၊
(၃၇) ဆင်စွယ်ကို တစ်ဖန် ပွတ်ပြန်သကဲ့သို့ သံဝဏ္ဏေတဗ္ဗအတိုင်း တစ်ဖန်ထားပြန်သောနည်းသည် ဒန္တသောဓနနည်းမည်၏၊
(၃၈) မြွေသည်အရေသစ်ကို ရသဖြင့် အရေဟောင်းကို စွန့်သကဲ့သို့ အနက်သစ်ကိုဟောသဖြင့်အနက်ဟောင်းကို စွန့်သောနည်းသည် တစေသဇ္ဇနည်း မည်၏၊
(၃၉) တစ်အိမ်၌ရသောဆွမ်း၌ ထပ်၌ တစ်အိပ်၌ဆွမ်းကို ခံသကဲ့သို့ အနက်ဟောင်း၌ ထပ်၍ အနက်သစ်ကို ဟောသောနည်းသည် ဘိက္ခာစရိယနည်းမည်၏၊
(၄၀) ရသင့်တိုင်းကို မယူမူ၍ အလွန်ကိုသာ ယူရသောနည်းသည် အတိသယနည်းမည်၏၊
(၄၁) သစ်ပင်တက်ရာ၌ အထက်အောက် ခေါ်ဝေါ်သကဲ့သို့ အထက် အောက် မရကောင်းသောအနက်၌ အထက်အောက် ခေါ်ဝေါ်သောနည်းသည် ရုက္ခာရုဠနည်းမည်၏၊
(၄၂) ခရီးသွားရာ၌ ရောက်ပြီးသည်ကိုနောက်၊ မရောက်သေးသည်ကို ရှေ့ ခေါ်ဝေါ်သကဲ့သို့ ရှေ့ခေါ်ဝေါ်မြဲအတိတ်ကို နောက်၊ နောက်ခေါ်ဝေါ်မြဲ အနာဂတ်ကို ရှေ့ခေါ်ဝေါ်သောနည်းသည် မဂ္ဂဂ္ဂမနည်းမည်၏၊
(၄၃) မဆိုသော်လည်း လိုအပ်သောအနက်ပြီးသောနည်းသည် အဝုတ္တသိဒ္ဓိနည်း မည်၏၊
(၄၄) မကင်းရာသည်ဖြစ်၍ အနက်ရောက်သောအားဖြင့် ယူအပ်သောနည်းသည် အတ္ထာပန္နနည်း မည်၏၊
(၄၅) ပြန်သောအားဖြင့် ယူရသောနည်းသည် ဗျတိရေကနည်းမည်၏၊
(၄၆) တိုက်ရိုက်ဆိုတိုင်း ယအူပ်သောအနက်ရှိသောနည်းသည် နိတတ္ထနည်းမည်၏၊
(၄၇) ဆောင်၍ယူအပ်သော အနက်ရှိသောနည်းသည်နေယျတ္ထနည်းမည်၏၊
(၄၈) ဝါကျ အနက်သို့ အစဉ်လိုက်တတ်သောအနက်၌ ခေါ်ဝေါ်အပ်သောနည်းသည် အနွတ္ထနည်း မည်၏၊
(၄၉) ထို၌ထင်သောနည်းဖြင့် “၌ခေါ်ဝေါ်အပ်သောနည်းသည် ရုဠီနည်း မည်၏၊
(၅၀) ရှေး၌ဖြစ်ဖူးသော အလားအားဖြင့် ထို၌ခေါ်ဝေါ်အပ်သော နည်းသည်ဘူတပုဗ္ဗဂတိကနည်းမည်၏၊
(၅၁) ပြီးပြီးလျက် အလွန်အားဖြင့် ဆိုအပ်သောနည်းသည် ဥက္ကဋ္ဌနည်းမည်၏၊
(၅၂) အပြားမဲ့အားဖြင့် ဆိုအပ်သောနည်းသည် ဘေဒနည်း မည်၏၊
(၅၃) တစ်စိတ်အားဖြင့် ခေါ်ဝေါ်အပ်သောနည်းသည် ဧကဒေသဝေါဟာရနည်း မည်၏၊
(၅၄) အက္ခရာလာခြင်း အစရှိသည်ကို စီရင်သောနည်းသည် နိရုတ္တိနည်းမည်၏၊
(၅၅) လိင် အစရှိသည်ကို ပြန်သောနည်းသည် ဝိပလ္လာသ နည်း မည်၏၊ (အကျယ်ကို တောင်တွင်းသာသနာပိုင် ဆရာတော်ဘုရားကြီး၏သဒ္ဒါကြီး ပုဒ်စစ်တွင်ရှု)၊ ♦သုခမှတ်စု

တော ၄၀ ခေါ် ဘာဝနာ ၄၀

(၁) အနိစ္စတော= မမြဲတတ်သောကြောင့်လည်းကောင်း၊
(၂) ဒုက္ခတော= ဆင်း ရတဲတ်သောကြောင့်လ်ည်းကောင်း၊
(၃) ရောဂတော= အနာများတတ်သောကြောင့်လည်းကောင်း၊
(၄) ဂန္ဓတော= ပုပ်စပ် နံစော်တတ်သာကြောင့်လည်းကောင်း၊
(၅) သလ္လတော= ကိလောသ၌ ငြိတတ်သောကြောင့် လည်းကောင်း၊
(၆) အာဗာဓတော= အနာနှိပ်စက်တတ်သောကြောင့်လည်းကောင်း၊
(၇) ဝယတော= ပျက်တတ်သောကြောင့်လည်းကောင်း၊
(၈) ဝယ လောကတော= လောကသုံး ပါးတို့၌ ပျက်တတ်သောကြောင့်လည်းကောင်း၊
(၉) “တိတော= “ခန္ဓာကို စွန့်တတ်သောကြောင့် လည်းကောင်း၊
(၁၀) ဥပဒ္ဒဝတော= ဥပ္ပဒ္ဒဝေါနှိပ်စက်တတ်သောကြောင့်လည်းကောင်း၊
(၁၁) ဘယတော= ဘေးဘယ ဖြစ်တတ်သောကြောင့်လည်းကောင်း၊
(၁၂) အဘရိ ပိုတော= အလွန်ကြောက်တတ်သောကြောင့်လည်းကောင်း၊
(၁၃) ဥပသဂ္ဂတော= ကပ်၍ စီရင်တတ်သောကြောင့်လည်းကောင်း၊
(၁၄) စလတော= တုန်လှုပ်တတ်သောကြောင့်လည်းကောင်း၊
(၁၅) ပဘဂုင်္တော= များသောအားဖြင့် ပျောက်ပျက်တတ်သောကြောင့်လည်းကောင်း၊
(၁၆) အဓူဝတော= မမြဲတတ်သောကြောင့်လည်းကောင်း၊
(၁၇) အတာဏတော= ကိုးကွယ်ရာမရှိသောကြောင့် လည်းကောင်း၊
(၁၈) အလေဏတော= ပုန်းအောင်းရာမရှိသောကြောင့်လည်းကောင်း၊
(၁၉) အသရဏတော= ဆည်းကပ်ရာမရှိသောကြောင့်လ်ည်းကောင်း၊
(၂၀) အာသဝတော= အာသဝေါတရား၏အာရုံဖြတ်တတ်သောကြောင့်လည်းကောငး၊
(၂၁) တုစ္ဆတော= အချည်းနှီး ဖြတ်တတ်သောကြောင့်လ်ည်းကောင်း၊
(၂၂) သုညတော = တိတ်ဆိတ်သောကြောင့် လည်းကောင်း၊
(၂၃) အနတ္တတော= ကိုယ်မဟုတ်သောကြောင့်လည်းကောင်း၊
(၂၄) အာဒီနဝတော= အပြစ်ဖြစ်တတ်သောကြောင့်လည်းကောင်း၊
(၂၅) ဝိပရိဏာမဓမ္မတော= အသစ်ဖောက်ပြန်တတ်သောကြောင့်လည်းကောင်း၊
(၂၆) အသာရတော= အနှစ်မရှိသောကြောင့်လည်းကောင်း၊
(၂၇) အလ္လမူလကတော= ပျက်ခြင်းအရင်းရှိသောကြောင့်လည်းကောင်း၊
(၂၈) ဝဓနတော = သတ်၍ ဖြတ်တတ်သောကြောင့်လည်းကောင်း၊
(၂၉) ဝိဘဝတော=ဘဝအကူးသို့ အဖန်တလဲလဲ ပြောင်းတတ်သောကြောင့်လည်းကောင်း၊
(၃၀) သိဝဌာနတော= သင်္ချိုင်း၌ ဖြစ်တတ်သောကြောင့်လည်းကောင်း၊ (သာသဝတော= အာသဝေါတရားတို့ ဖြစ်ရာအကြောင်း ဖြစ်သောကြောင့်)၊
(၃၁) သံခေတ္တတော= အခိုက်အတန့် တဒင်္ဂဖြစ်တတ်သောကြောင့် လည်းကောင်း၊ (သခင်္တ တော=အကြောင်းတရားတို့ ပြုစီရင်တတ်သောကြောင့်)၊
(၃၂) အာမိသတော= အစာကို မှီတတ်သောကြောင့် လည်းကောင်း၊
(၃၃) ဇာတိဓမ္မတော= ပဋိသန္ဓေနေတတ်သောကြောင့်လည်းကောင်း၊
(၃၄) ဇရာဓမ္မတော= အိုတတ်သောကြောင့် လည်းကောင်း၊
(၃၅) မရဏဓမ္မတော= သေတတ်သောကြောင့်လည်းကောင်း၊
(၃၆) သောကဓမ္မတော= စိုး ရိမ်တတ်သောကြောင့်လည်းကောင်း၊
(၃၇) ပရိဒေဝဓမ္မတော= ငိုကြွေးတတ်သောကြောင့်လည်းကောင်း၊
(၃၈) ဥပယာသဓမ္မတော= သက်ကြီးရှိုက်တငင် ပင်ပန်းတတ်သောကြောင့် လည်းကောင်း၊
(၃၉) သံကိလေသကိ ဓမ္မတော= ညစ်ညူးတတ်သောကြောင့်လည်းကောင်း၊
(၄၀) နိဿရဏဓမ္မတော= လဲလျောင်းရာမရှိသောကြောင့်လည်းကောင်း၊ ♦သုခမှတ်စု

ဘာဝနာ ၄၀

(၁) ကသိုဏ်းဆယ်ပါး၊ အသုဘ ၁၀ ပါး၊ အနုဿတိ ၁၀ ပါး၊ အပ္ပမညာ ၄ ပါး၊ သညာယ ၁ ပါး၊ ဝဝတ္ထန် ၁ ပါး၊ အာရုပ္ပ ၄ ပါး၊ ပေါင်း ၄၀၊ ♦သုခမှတ်စု

မိန်းမတို့မာယာ ၄၀

ကုဏာလဇာတ်ဘာသာပြန်
(၁) ဝိဇမ္ဘတိ= တင့်တယ်စံပယ်သော အမူအရာကိုပြု၏၊
(၂) ဝိနမတိ= တစ်ခုခုကိုချ၍ ကျောက်ကုန်းကို မြင်စေခြင်းငှာ ကုန်း၍ကောက်၏၊
(၃) ဝိလာသတိ= ဣရိယာပုတ်ဖြင့်လည်းကောင်း၊ ဖြီးလိမ်းပြင်ဆင်ခြင်းဖြင့် လည်းကောင်း တင့်တယ်အောင်ပြု၏၊
(၄) ဝိလဇ္ဇတိ= ရှက်ယောင်ဆောင်၏၊
(၅) နခေန နခံ ဃဋ္ဋေတိ= လက်သည်းချင်းပွတ်၏၊
(၆) ပါဒေန ပါဒံ အက္ကမတိ= ခြေတစ်ဖက်ဖြင့် ခြေတစ်ဖက်ကို နင်း၏၊
(၇) ကဋ္ဌေန ပထဝိံ လေခတိ= တုတ်ဖြင့်မြေကို ရေးခြစ်၏၊
(၈) ဒါရကံ ဥလ္လင်္ဃတိ= ကလေးကိုချီ၏၊
(၉) ဒါရကံ ဥလ္လင်္ဃာပေတိ= သူတစ်ပါးကို ချီစေ၏၊
(၁၀) ကီဠတိ= မိမိက က၏၊
(၁၁) ကီဠာပေတိ= ကလေးကို အကခိုင်း၏၊
(၁၂) စုမတိ= ကလေး၏ပါး စသည်ကို ပါးစပ်နှင့်စုပ်၏၊
(၁၃) စုမာပေတိ= ကလေးကို အစုပ်ခိုင်း၏၊
(၁၄) သုဉ္ဇတိ= နိုင် နိုင်စ-သည်ဖြင့်စားဟန်ပြု၏၊
(၁၅) ဘုဉ္ဇာပေတိ= ကလေးကိုစားစေ၏၊
(၁၆) ဒဒါတိ= တစ်ခုခုကိုကလေးအား ပေး၏၊
(၁၇) ယာစတိ= ကလေးလက်က ဟာကို တောင်း၏၊
(၁၈) ကတမနုကရောတိ= ကလေးကိုအတုလိုက်၍ ပြောင်၏၊
(၁၉) ဥစ္စံဘာသတိ= အသံကျယ်ကျယ်ပြော၏၊
(၂၀) နိစံဘာသတိ= တိုးတိုး ပြော၏၊
(၂၁) အဝိဝိစ္စံ ဘာသတိ= တိုက်ရိုက်ပြော၏၊
(၂၂) ဝိဝိစ္စံ ဘာသတိ= မခို့တရို့ဘာလိုလိုပြော၏၊
(၂၃) နစ္စဂီတ ရောဒိတေန နိမိတ္တံကရောတိ= ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊ ငိုခြင်းတို့ဖြင့် အရိပ် နိမိတ်ကိုပြု၏၊
(၂၄) ဇဂ္ဃတိ= အသံကျယ်ကျယ် ပြင်းစွာရယ်၏၊
(၂၅) ပေက္ခတိ= တစိန်းစိန်းနှင့်စိုက်၍ကြည့်၏၊
(၂၆) ကဋိစာလေတိ= ခါးကိုလှုပ်စေ၏၊
(၂၇) ဂုယှဘဏ္ဍံ သဉ္စာလေတိ= အတွင်းသားများကို လှုပ်စေ၏၊
(၂၈) ဦရုံ ဝိဝရတိ= ပေါင်ကို ဖွင့်၏၊
(၂၉) ဦရုံ ဝိဒဟတိ= ပေါင်ကိုပိတ်၏၊
(၃၀) ထနံ ဒေဿတိ= သားမြတ်ကို ပြ၏၊
(၃၁) ကစ္ဆံ ဒေဿတိ= လက်ကတီးကိုပြ၏၊
(၃၂) နာဘိံ ဒေဿတိ= ချက်ကိုပြ၏၊
(၃၃) အက္ခံ နိခနတိ= မျက်စိမှိတ်၍ ပြ၏၊
(၃၄) ဘမုကံ ဥက္ခိပတိ=မျက်စပစ်၏၊
(၃၅) သြဋ္ဌံ ဥပလိခတိ= သွားဖြင့် နှုတ်ခမ်းကို ကိုက်၏၊
(၃၆) ဇိဝှံနိလ္လာဠေတိ=လျှာ ကိုထုတ်၏၊
(၃၇) ဒုဿံမုစ္စတိ= ထဘီကို ကျွတ်ဟန်ပြု၏၊
(၃၈) ဒုဿံပတိဗန္ဓတိ =ထဘီကိုပြင်၍ဝတ်၏၊
(၃၉) သိရသံ မုစ္စတိ=ဆံထုံးကိုဖြေ၏၊
(၄၀) သိရသံ ဗန္ဓတိ = ဆံထုံးကိုပြင်၍ ထုံး၏၊ ♦သုခမှတ်စု

သည်းခြေဓာတ် လက္ခဏာ ၄၀

(၁) ခပ်ပြယ်ပြယ်နေခြင်း၊
(၂) ရဲရဲနီခြင်း၊
(၃) မောင်းမောင်းကြီးနီခြင်း၊
(၄) ညိုညိုရှိခြင်း၊
(၅) မည်းမည်းနက်နက်ရှိခြင်း၊
(၆) ဝင်းဝင်းရွှေရွှေရှိခြင်း၊
(၇) ဝါဝါပြေပြေရှိခြင်း၊
(၈) ဖြူရောင်ရှိခြင်း၊
(၉) ကြောင်ကြောင်ပြာပြာ ရှိခြင်း၊
(၁၀) ကိုယ်၌ အညိုအပြာရှိခြင်း၊
(၁၁) ပြောက်ပြောက်ကျားကျားရှိခြင်း၊
(၁၂) အဆိပ်တက်သကဲ့သို့ဖြစ်ခြင်း၊
(၁၃) သွေးလျှံခြင်း၊
(၁၄) လျှာခါးခြင်း၊
(၁၅) ဆီးအမြှုပ်များခြင်း၊
(၁၆) အနာ၌ပြည်တည်ခြင်း၊
(၁၇) အသားဖုခြင်း၊
(၁၈) ရစ်၍နာခြင်း၊
(၁၉) သွေးဆူခြင်း၊
(၂၀) မြှော့တွယ်သကဲ့သို့ ဖြစ်ခြင်း၊
(၂၁) အနာမြုံခြင်း၊
(၂၂) ဇက်ကျိုးခြင်း၊
(၂၃) ဒေါသကြီးခြင်း၊
(၂၄) စိတ်ပေါ့ခြင်း၊
(၂၅) တုန်လှုပ်ခြင်း၊
(၂၆) အသားအရေတွန့်ခြင်း၊
(၂၇) အက်ကွဲခြင်း၊
(၂၈) မငြိမ်သက်ခြင်း၊ ၎င်းသည်းခြေလက္ခဏာ ၂၈ ပါးနှင့် တေဇောဓာတ် ၁၂ ပါးပေါင်းသော သည်းခြေလက္ခဏာ ၄၀ ဖြစ်သည်၊ ♦သုခမှတ်စု

သံလေခိတဗ္ဗတရား ၄၄ ပါး

(၁) ဝိဟသိံ က= ညှဉ်းဆဲနှိပ်စက်ခြင်း၊
(၂) ပါဏာတိပါတ= အသက်သတ်ခြင်း၊
(၃) အဒိန္နာဒါနာ= ခိုးယူခြင်း၊
(၄) အဗြဟ္မစရိယ= မေထုန်ကျင့်ခြင်း၊
(၅) မုသာဝါဒ= လိမ်လည်ခြင်း၊
(၆) ပိသုဏဝါစာ= ကုန်းတိုက်ပြောဆိုခြင်း၊
(၇) ဖရုသဝါစာ= ကြမ်းတမ်းစွာ ပြောဆိုခြင်း၊
(၈) သမ္ဖပ္ပလာပ=ပေါ့ရွှတ်သောစကားပြောဆိုခြင်း၊
(၉) အဘိဇ္ဈာ= သူ့ပစ္စည်း ကိုရလိုခြင်း၊
(၁၀) ဗျာပါဒ= ပျက်စီး စေလိုခြင်း၊
(၁၁) မိစ္ဆာဒိဋ္ဌိ= အယူမှားကိုယူခြင်း၊
(၁၂) မိစ္ဆာသင်္ကပ္ပ=မကောင်းသောအကြံကို ကြံခြင်း၊
(၁၃) မိစ္ဆာဝါစာ= မကောင်းသောစကားကိုပြောခြင်း၊
(၁၄) မိစ္ဆာကမ္မန္တ= မကောင်းသောအမှုကိုပြုခြင်း၊
(၁၅) မိစ္ဆာအာဇီဝ= မကောင်းသော အသက်မွေးမှုရှိခြင်း၊
(၁၆) မိစ္ဆာဝါယာမ= မကောင်းသောလုံ့လရှိခြင်း၊
(၁၇) မိစ္ဆာဉာဏီ= လွဲမှားသောဉာဏ်ရှိခြင်း၊
(၁၈) မိစ္ဆဝိမုတ္တိ= သံသရာမှ လွတ်ကြောင်း မဟုတ်သော တရားစု၊
(၁၉) ထိနမိဒ္ဓပရိယုဋ္ဌိတ= ပျင်းရိထိုင်းမှိုင်းခြင်း၊
(၂၀) ဥဒ္ဓစ္စ=စိတ်ပျံ့လွင့်ခြင်း၊
(၂၁) စိစိကိစ္ဆာ=ယုံမှားသံသယရိခြင်း၊
(၂၂) ကောဓ=အမျက်ထွက်ခြင်း၊
(၂၃) ဥပနာဟ= ရန်ငြိုးဖွဲ့ခြင်း၊
(၂၄) မက္ခီ= ကျေးဇူးမသိတတ်မှု၊
(၂၅) ပဠာသီ= ဂုဏ်ပြိုင်မှု၊
(၂၆) ဣသာ= အလိုကြီးခြင်း၊
(၂၇) မစ္ဆရိယ= မနာလိုခြင်း၊
(၂၈) မာယာ=လှညပ့်တ်ခြင်း၊
(၂၉) သာဌေယျ= စဉ်း လဲခြင်း၊
(၃၀) ထဒ္ဓ= ခက်ထန်ခြင်း၊
(၃၁) အတိမာန=အလွန်မာနကြီးခြင်း၊
(၃၂) ပမတ္တ=ကောင်းမှု၌မေ့လျော့ခြင်း၊
(၃၅) အသဒ္ဓ= သဒ္ဓါတရားနည်းပါးခြင်း၊
(၃၆) အဟီရိက= ဒုစရိုက်မှမရှက်ခြင်း၊
(၃၇) အနောတ္တပ္ပ=ဒုစရိုက်မှမကြောက်ခြင်း၊
(၃၈) အပ္ပသုတ= ဗဟုသုတနည်းခြင်း၊
(၃၉) ကုသိတ= အပျင်းထူခြင်း၊
(၄၀) မုဋ္ဌဿတိ= သတိပျက်မှု၊
(၄၁) ဒုပ္ပညာ=ပညာမဲ့ခြင်း၊
(၄၂) သန္ဒိဋ္ဌိပရာမာသီ= အမှား ယူခြင်း၊
(၄၃) အာဒါနဂ္ဂါဟိ= အမှားကိုစွဲနေခြင်း၊
(၄၄) ဒုပ္ပဋိနိဿဂ္ဂိ= မှားကြောင်း ဟောပြသော်လည်း မစွန့်နိုင်ခြင်း၊ ♦သုခမှတ်စု

ဝါတော်စဉ် ၄၅ ဝါ

(၁) ဣသိပတန=မိဂဒါဝုန်တော်၊
(၂) ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊
(၃) ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊
(၄) ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊
(၅) ဝေသာလီပြည် မဟာဝုန်တော ဇရပ်ကျောင်း၊
(၆) မကုလတောင် ချရားတော၊
(၇) တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၊
(၈) သဂ္ဂတိုင်း သံသုမာရဂိရိပြည် အဂ္ဂါသယဇနပုဒ်အနီး ဘေသကလ မိဂဒါဝုန်တော၊
(၉) ဥတေနမင်း၏ နေရာ ကောသမီပြည် ကောသမ္ဗီသူဌေးလှူသော ဃောသိတာရုံ၊ ကုက္ကုဋာရုံ ပါဝါရိကာရုံ ကျောင်းသုံးရပ်၊
(၁၀) ပလလေယျကတော အင်ကြင်းပင်ရိပ်၊
(၁၁) နာဠ မည်သော ပုဏ္ဏားရွာ၏အနီး နာဠိကာရုံကျောင်း၊
(၁၂) ဝေရဉ္စတိုင်း၏ အနီးကြီးစွာသော တမာပင်ရင်း၊
(၁၃) စာလိယတောင်၊
(၁၄) သာဝတ္ထိပြည် ဇေတဝန်ကျောင်း၊
(၁၅) ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၊
(၁၆) အာဠဝီပြည်အနီး မဟာဝုန်ကျောင်း၊
(၁၇) ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊
(၁၈) စာလိယတောင်၊
(၁၉) စာလိယတောင်၊
(၂၀) ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊
(၂၁) မှ
(၄၄) သာဝတ္ထိပြည်၏ တောင်မျက်နှာ ဇေတဝန်ကျောင်း၊
(၄၅) ဝိသာခါ၏ ပုဗ္ဗာရုံကျောင်း၊ ♦သုခမှတ်စု

ဝန်စုမင်းမျိုး ၅၀

မှော်ပီဆရာသိန်းကြီး
(၁) ဆင်ဝန်၊
(၂) အောက်မားဝန်၊
(၃) ဆင်ဖြူဝန်၊
(၄) စီးတော် မြင်းဝန်၊
(၅) စို့ ၄၀ ဒိုင်း ဝန်၊
(၆) ကျောင်းဟန်ဝန်၊
(၇) ရွှေပြည်ဝန်၊
(၈) နောက်တော်ပါမြင်းဝန်၊
(၉) ကသည်းမြင်းဝန်၊
(၁၀) အက္ကပတ်မြင်းဝန်၊
(၁၁) နန်းဦး မင်္ဂလာမြင်းဝန်၊
(၁၂) တောင်ရွှေပြည် ရန်အောင်မြင်းဝန်၊
(၁၃) မြောက်ရွှေပြည်တော် တံခွန်ဆက်မြင်းဝန်၊
(၁၄) ကျုံးဝန်၊
(၁၅) အုတ်ဝန်၊
(၁၆) နန်းကံကျွေးဝန်၊
(၁၇) ယွန်းစုဝန်၊
(၁၈) သူရဲဝန်၊
(၁၉) အမြောက်ဝန်၊
(၂၀) ကျီဝန်(နန်းထိန်း နန်းအုပ် ဆေးသမား)၊
(၂၁) အဝေးကျီဝန် (ဘဏ္ဍာတိုက်)၊
(၂၂) ငွေခွန်ဝန်၊
(၂၃) ပုဏ္ဏားဝန်၊
(၂၄) ကုလားဝန်၊
(၂၅) ကသည်းဝန်၊
(၂၆) ဆတ္တာဝန်၊
(၂၇) အရွတ်ဝန် (ကုဋ္ဌနူနာဆိုင်ရာ)၊
(၂၈) အမွေဝန်(သုသာန်ဆိုင်ရာ အမွေတိုက်)၊
(၂၉) ဖောင်ဝန်(လှေသမာန်ဆိုင်ရာ)၊
(၃၀) မဟာဒါန်ဝန် (အလှူ ဒါနဆိုင်ရာ)၊
(၃၁) ဝတ်မြေဝန်(ဘုရားစေတီနှင့်ဆိုင်ရာ)၊
(၃၂) တံဆိပ်တာ်ဝန်(ဘွဲ့ပုံတံဆိပ်ဆိုင်ရာ)၊
(၃၃) အိမ်ရှေ့ဝန်၊
(၃၄) ဖန်ချက်ဝန်၊
(၃၅) သံချက်ဝန်၊
(၃၆) ပန်းတဉ်းဝန်၊
(၃၇) ပန်းဘဲဝန်၊
(၃၈) ဒနက်ပလာဆင်ဝန်၊
(၃၉) ရွှေတိုက်ဝန်၊
(၄၀) အချုပ်ဝန်၊
(၄၁) မြေနန်း ဝန်၊
(၄၂) ခင်မ မင်းဝန်၊
(၄၃) ရေကြည်ဝန်၊
(၄၄) စားတော်ဝန်၊
(၄၅) စက်ဝန်၊
(၄၆) တရုတ်ဝန်၊
(၄၇) ယိုးဒယားဝန်၊
(၄၈) တိရစ္ဆာန်ဝန်၊
(၄၉) သဘင်ဝန်၊
(၅၀) ပန်းထိမ်ဝန်၊ ♦သုခမှတ်စု

ဆံထုံးထုံးနည်း ၅၅ မျိုး

(၁) မြိတ်ဖြူ၊
(၂) မြိတ်စို့၊
(၃) သွယ်ညို့မြိတ်လွတ်၊
(၄) ရစ်ပတ်စုလည်း၊
(၅) ရော့ရည်း ထုံးဖွဲ့၊
(၆) တုမဲ့ရွှေရောင်၊
(၇) တိမ်မတောင်တက်သစ်၊
(၈) လျှပ်စစ်တပြက်၊
(၉) စဝှက်ရောင်ပြေး၊
(၁၀) နှင်းသေးမစို့၊
(၁၁) ကြာညို့ဝတ်ဆံ၊
(၁၂) ဓူဝံနှိုင်းရှည်၊
(၁၃) ဦးပြည်း ရွှင်ပျော်၊
(၁၄) ဇင်ရော်ဝမ်းဘဲ၊
(၁၅) ပုလဲကိုးလုံး၊
(၁၆) ဂမုန်း ငုံအာ၊
(၁၇) လေသာဝေလ့ည်၊
(၁၈) မြူခြညမ် တင်၊
(၁၉) ယဂင်ထုံထုံး၊
(၂၀) လုံးတင်ခရုချောင်၊
(၂၁) ထုံးကြောင်းထုံးကြား၊
(၂၂) ငါးပါးမြိတ်စို့၊
(၂၃) အောင်မျှို့နမိတ်၊
(၂၄) ကရဝိတ်နှုတ်သီး၊
(၂၅) ဆိတ်သမီး၊
(၂၆) ပန်းပြီးငါးထွေ၊
(၂၇) နေအရုဏ်ခံ၊
(၂၈) ညဉ့်ယံသောက်ရှူး၊
(၂၉) တိမ်ဦးနဂါး၊
(၃၀) လေးပါး ရာသီ၊
(၃၁) နှိုင်ပြီစံလွတ်၊
(၃၂) နဂါးပတ်ကျော့ကွင်း၊
(၃၃) နန်းတွင်းမဉ္ဇူ၊
(၃၄) ထွက်ပြူမု်ခဝ၊
(၃၅) မဒုမ္မသိဒ္ဓိ၊
(၃၆) မဏိကိုးပါး၊
(၃၇) ချရားပွင့်သေး၊
(၃၈) ယုန်ရေးလလယ်၊
(၃၉) နေဝယ်ဥဒေါင်း၊
(၄၀) သုံးချောင်းခြူးယှက်၊
(၄၁) စဝှက်ရောင်ချော၊
(၄၂) သင်္ဘောတံခွန်၊
(၄၃) အနန္တဖုသျှ၊
(၄၄) မောရဂီသါ၊
(၄၅) ဟင်္သာစာခွ့၊
(၄၆) ပဇင်း တောင်ဖြန့်၊
(၄၇) သည်းညွန့်လက်သ၊
(၄၈) ကွမ်းလင်နောက်တွဲ၊
(၄၉) မုတ္တာရွဲ၊
(၅၀) ပုလဲကွန်ချာ
(၅၁) ရတနာမဏ္ဍိုင်၊
(၅၂) ပွင့်ဆိုင် ပုဏ္ဍရိက်၊
(၅၃) နဂါးအိတ်မလေးထောင့်၊
(၅၄) ရှစ်မမြှောင့်ပြနက် ဘက်၊
(၅၅) ပန်းယှက်ခေါင်ဗွေ၊ ♦သုခမှတ်စု

ကြိယာ ၆၀

ကဗျာဗန္ဓသာရ
(၁) လျှင်၊
(၂) လျှင်း၊
(၃) မူကား၊
(၄) ဝယ်၊
(၅) သား၊
(၆) တမင့်၊
(၇) ချိမ့်၊
(၈) ဖြင့်၊
(၉) တွင်၊
(၁၀) ၏၊
(၁၁) ပိမ့်၊
(၁၂) လှည့်၊
(၁၃) မည်၊
(၁၄) အံ့၊
(၁၅) လော၊
(၁၆) တုံ၊
(၁၇) မံ၊
(၁၈) သော်၊
(၁၉) ခံ့၊
(၂၀) ဘူး၊
(၂၁) သော၊
(၂၂) မူလော၊
(၂၃) ရကား၊
(၂၄) မူ၊
(၂၅) အား၊
(၂၆) မှ၊
(၂၇) က၊
(၂၈) လိမ့်စွ၊
(၂၉) တ္တံ့၊
(၃၀) လည်း၊
(၃၁) တိ၊
(၃၂) တည်း၊
(၃၃) ချည်း၊
(၃၄) ဟု၊
(၃၅) ခဲ့၊
(၃၆) နည်း၊
(၃၇) နှိုက်၊
(၃၈) လျက်၊
(၃၉) ကြောင့်၊
(၄၀) ထက်၊
(၄၁) မို့၊
(၄၂) လည်၊
(၄၃) စံ့၊
(၄၄) သည်၊
(၄၅) စိမ့်၊
(၄၆) တုံ့၊
(၄၇) လိမ့်၊
(၄၈) တည့်၊
(၄၉) တော့၊
(၅၀) ကား၊
(၅၁) လော့၊
(၅၂) ရွေ့၊
(၅၃) သို့၊
(၅၄) မျှ၊
(၅၅) တို့၊
(၅၆) ငှာ၊
(၅၇) ရှင့်၊
(၅၈) တမုံ့၊
(၅၉) နှင့်၊
(၆၀) ကို၊ ♦သုခမှတ်စု

ကုလားမျိုး ၆၀

(၁) သူရဲ၊
(၂) ပူရန္တေ၊
(၃) အာသံ၊
(၄) ရေသူ၊
(၅) ပန်းသေး၊
(၆) ပရိကတရား၊
(၇) ဘင်္ဂလား၊
(၈) ကုလားဖြူ၊
(၉) ဘုရင်ဂျီ၊
(၁၀) ဘာလီ၊
(၁၁) သီဟိုဠ်၊
(၁၂) သိန်း၊
(၁၃) စန္ဒာ၊
(၁၄) မောပါ၊
(၁၅) ဒေကို၊
(၁၆) နောထို၊
(၁၇) စောရာ၊
(၁၈) ပစ္ဆိမာ၊
(၁၉) ဘောဒ၊
(၂၀) သုတ္တံ၊
(၂၁) စင်းကြန့်၊
(၂၂) ဦပြဲ၊
(၂၃) ဇိနပတ္တံ၊
(၂၄) ပူရံ၊
(၂၅) သင်းတွဲ၊
(၂၆) တိလပ်၊
(၂၇) ပရမံ၊
(၂၈) ကလံ၊
(၂၉) ကလယ်၊
(၃၀) ပြင်သစ်၊
(၃၁) ဟေရတယ်၊
(၃၂) ဗာရာဏသီ၊
(၃၃) အင်္ဂလိပ်၊
(၃၄) လဟုံ၊
(၃၅) ဒုဒလီ၊
(၃၆) မဒရပ်၊
(၃၇) အင်ကျယ်၊
(၃၈) ကရှူး၊
(၃၉) ဗသျှူး၊
(၄၀) ခလာသီ၊
(၄၁) အာရပ်၊
(၄၂) အာရမ္မဏီ၊
(၄၃) တပသီ၊
(၄၄) ပသီ၊
(၄၅) ဥတ္တရာ၊
(၄၆) လတ္တိကာ၊
(၄၇) စေတုတ်၊
(၄၈) သတ္တဟန်၊
(၄၉) ရတိ၊
(၅၀) ဘိန်းရီး၊
(၅၁) မက္ကတိ၊
(၅၂) တူလီ၊
(၅၃) ဟော်ရတယ်၊
(၅၄) ဇဝိ၊
(၅၅) ဘုရင်ဂီ၊
(၅၆) ရမ္မံ၊
(၅၇) အော်လံတေ၊
(၅၈) အော်လံတစ်၊
(၅၉) ရစ်ပလစ်၊
(၆၀) ကုလား၊ ♦သုခမှတ်စု

နာရီ(မြန်မာ) ၆၀

လ နေ့နာရီ ညနာရီ တန်ခူး ၃၀ ၃၀ ကဆုန် ၃၂ ၂၈ နယုန် ၃၄ ၂၆ ဝါဆို ၃၆ ၂၄ ဝါခေါင် ၃၄ ၂၆ တော်သလင်း ၃၂ ၂၈ သီတင်းကျွတ် ၃၀ ၃၀ တန်ဆောင်မုန်း ၂၈ ၃၂ နတ်တော် ၂၆ ၃၄ ပြာသို ၂၄ ၃၆ တပို့တွဲ ၂၆ ၃၄ တပေါင်း ၂၈ ၃၂ ပတ်သံတာရှည်၊ တီးသံမြည်၊ လက်ဆည်ကံစာရေး၊ တစ်ဆယ်တိုးလျှင်၊ ထမ်းပိုးတင်၊ ညဉ့်လျှင်အကြွင်းဆေး၊ ♦သုခမှတ်စု

အနုပညာဟု ခေါ်ဆိုအပ်သော ကလာအတတ်မျိုး၆၄ ရပ်

ဘာဂဝတ ပုရာဏ်ကျမ်းနှင့် သုကျနီတိကျမ်းတို့တွင်ကား ကလာမျိုး ၆၄ ရပ် ရှိကြောင်းကိုပြဆိုလျက်ရှိပေ၏၊ ဣတ္ထိလိင်ဖြစ်သော ကလာ၏အနက်မှာအဝတ်တန်ဆာတို့ကို ဆင်ယင်ပေးမှု ဝတ္ထာလင်္ကာရ သန္ဓာနအတတ်၊
(၄) လူ့ပုံအမျိုးမျိုး တို့ကို ကောင်းစွာပြုပြင်၍ ပေးနိုင်ခြင်းဟု ဆိုအပ်သော အနေကရူပ ဝိဘာဂကရဏအတတ်၊
(၅) အိပ်ရာခုတင် စသည်တို့ကို တင့်တယ်စွာ ပြင်ဆင်တတ်ခြင်း၊ ပန်းစသည်တို့ကိုလည်း ထို့အတူ ပြင်ဆင်တတ်ခြင်း အတတ်ဟု ဆိုအပ်သော သေယျတ္ထရဏာတိသံယောဂ ပုပ္ဖာဒိဂန္ထန အတတ်၊
(၆) လူအပေါင်းတို့အား ကစားမျိုးစုံတို့ဖြင့် နှစ်သက်စေတတ်သော အနေကကီဠာရဉ္ဇန အတတ်၊
(၇) နေရာ အမျိုးမျိုးတို့၌ နည်းအမျိုးမျိုးဖြင့် ကာမမွေ့လျော်ပုံတို့ကို သိသော အတတ်ဖြစ်သည့် အနေကာသန သန္ဓာနရတိဇာနနအတတ်၊
(၈) သေရည်သေရက်အမျိုးမျိုးတို့ကို ပြုလုပ်သည့်မဇ္ဇာသဝါဒိကရဏအတတ်၊
(၉) စူးဝင်စေတတ်သော မြား ကျည်ဆံနှင့် အနာဟူသမျှတို့ကို ခွဲစိတ်ကုနိုင်ခြင်း အတတ်ဖြစ်သည့် သလ္လဟာရဏဝဏာ ဝိဇ္ဈနအတတ်၊
(၁၀) စဖိုသည်အတတ်ဟု ဆိုအပ်သော အချက်အပြုတ်တို့ကို ကျွမ်းကျင်သည့် အန္နာဒိပစနအတတ်၊
(၁၁) စိုက်ပျိုးခြင်းဟု ဆိုအပ်သော လယ်ယာဥယျာဉ် ပြုစုသည့်ဗီဇရောပဏာဒိအတတ်၊
(၁၂) ကျောက်ခဲရွှေစသော ဓာတ်တို့ကို ခွဲစိတ်ခြင်း၊ ပြာချခြင်းအတတ်ဟု ဆိုအပ်သော ပါသာဏဓာတွာဒိ ဝိဓာကရဏ ဘသ္မီကရဏ အတတ်၊
(၁၃) ထန်းလျက်၊ ကြံသကာ၊ တင်လဲ၊ သကြား စသည်တို့ကိုချက်လုပ်ခြင်းဟုဆုအိပ်သော ဥစ္ဆုဝိကာရကရဏအတတ်၊
(၁၄) ရွှေစ သောဓာတ်နှင့်ဆေးတို့ကို ယှဉ်စပ်သည့် ဓာတောသမိသံယောဂါဒိ ကြိယာအတတ်၊
(၁၅) ရွှေ ငွေစသော ဓာတ်တို့ကို ရောစပ်ခြင်း၊ ခွဲထုတ်ခြင်းဟု ဆိုအပ်သော ဓာတုသံယောဂဝိဘာဂကရဏ အတတ်၊
(၁၆) ဓာတ်မျိုးစုံ စပ်နည်းတို့ကို ရှေးဦးစွာ စမ်းသပ်ပြုလုပ်နိုင်ခြင်း အတတ်ဟု ဆိုအပ်သော ဓာတွာဒိသံယောဂ ပုဗ္ဗဝိညာဏအတတ်၊
(၁၇) ယမ်း ဆား ဆပ်ပြာတို့ကို ထုတ်လုပ်တတ်ခြင်း ဟု ဆိုအပ်သော မာရိနိကရာသနအတတ်၊
(၁၈) ချိန်ရွယ်ရာသို့ လက်နက်တို့ကို ပစ်လွှတ်နိုင်ခြင်း အတတ်ဟု ဆိုအပ်သောသတ္ထသန္ဓာန ဝိက္ခေပအတတ်၊
(၁၉) လက်ပန်းလုံးခြင်း နပန်းသတ်ခြင်းဟု ဆိုအပ်သော မလ္လယုဒ္ဓ အတတ်၊
(၂၀) လက်ဝှေ့သတ်ခြင်းဟု ဆိုအပ်သော ပြာဟုယုဒ္ဓ အတတ်၊
(၂၁) ရန်သူ၏လက်ချက်မှ လွတ်မြောက်အောင် ရှောင်ရှားနိုင်ခြင်း အတတ်ဖြစ်သည့် ပတိကြိယာအတတ်၊
(၂၂) အတီး အမှုတ်တို့ဖြင့်တီးမှုတ်၍ စစ်ဆင် စစ်တက်ခြင်းဟု ဆိုအပ်သော ဗျူဟာစရနာဒိကရဏအတတ်၊
(၂၃) နတ်တို့အားနှစ်သက်စေခြင်းဟု ဆိုအပ်သော ဒေဝတာတောသနအတတ၊
(၂၄) ရထားမောင်းခြင်း၊ ဆင်စီးခြင်း၊ မြင်းစီးခြင်း အတတ်ဟု ဆိုအပ်သော ရထဟတ္ထိ အဿာဒိရောဟဏ အတတ်၊
(၂၅) အိုးလုပ်ခြင်း၊ အုတ်လုပ်ခြင်း အတတ်ဟု ဆိုအပ်သောမတ္တိကာဘဏ္ဍ သံကြိယယအတတ်၊
(၂၆) ပန်းပုလက်သမားအတတ်ဟု ဆိုအပ်သောကဋ္ဌာဘဏ္ဍ သံကြိယာအတတ်၊
(၂၇) ကျောက်ရုပ်၊ ကျောက်ပန်း၊ ကျောက်ဆစ်အတတ်ဟု ဆိုအပ်သော ပါသာဏဘဏ္ဍ သံကြိယာအတတ်၊
(၂၈) ပန်းပဲ၊ ပန်းတဉ်းစသော ကြေးထည်၊ သံထာည်မျိုးစုံတို့ကို ပြုလုပ်နိုင်သည့် အတတ်ပညာဟု ဆိုအပ်သော ဓာတုဘဏ္ဍာသံကြိယာအတတ်၊
(၂၉) ပန်းချီပုံဆွဲ အတတ်ဖြစ်သည့်စိတ္တာဒျယ လေခအတတ်၊
(၃၀) ရေတွင်း၊ ရေကန်၊ ချောင်းမြောင်း တူးခြင်း၊ မြေကွက်ညှိခြင်း အတတ်ဟုဆိုအပ်သော အဠာ ဂဝ ပိပါသာဒသမဘူမိကြိယာအတတ်၊
(၃၁) နာရီ စက် စသည်မျိုးစုံတို့ကို လုပ်ဆောင်နိုင်သည့် ယန္တရကရဏအတတ်၊
(၃၂) ဆိုးဆေးအမျိုးမျိုးတို့ကို ထုတ်လုပ်နိုင်သော ဝဏ္ဏရဉ္စန အတတ်၊
(၃၃) ရေ၊ လေ၊ မီး စက် အမျိုးမျိုးတို့ကို ပြုလုပ်နိုင်သည့် ဇပဝါယွဂ္ဂိသံယောဂနိရောဓကြိအယအတတ်၊
(၃၄) ယာဉ်မျိုးစုံတို့ကို ပြုလုပ်နိုင်သည့် ယာနကရဏအတတ်၊
(၃၅) ချည်မျှင် ချည်ကြိုးတို့ကို ထုတ်ငင်နိုင်သော သုတ္တာဒိရဇ္ဇကရဏအတတ်၊
(၃၆) အထည်မျိုးစုံ ရက်လုပ်နိုင်သောဝတ္ထုဝါယနအတတ်၊
(၃၇) ရတနာတို့၏ ကောင်းမကောင်းကို သိရသော ရတနာဝေဓာဒိသန္တ ဘန္တညာဏ အတတ်၊
(၃၈) ရွှေစသည်တို့၏ ကောင်း မကောင်း မှန် မမှန်ကိုသိသော သုဝဏ္ဏာဒိ ယတာယတဝိခုဘန အတတ်၊
(၃၉) ရွှေ စသည် ကိတ် ရတနာတို့ကို ပြုလုပ်နိုင်ခြင်း ကိတ္တိမသုဝဏ္ဏ ရတနာဒိကြိယာ ဝိညာပနအတတ်၊
(၄၀) ပန်းရံအတတ်ဟုဆိုသော လေပါဒိသံကြိယာ အတတ်၊
(၄၁) သားရေနယ် အတတ်ဟု ဆိုသော စမ္မမဒ္ဒဝါဒိ ကြိယာအတတ်၊
(၄၂) ပုံစံမျိုးစုံတို့ကိုထုတ်လုပ်နိုင်သော ရွှေပန်းထိမ်အတတ်ဟု ဆိုအပ်သော သုဝဏ္ဏဒျာလင်္ကာရ ကြိယာအတတ်၊
(၄၃) သားကောင်၏ ပုံကို မပျက်စေရဘဲ သားရေကိုခွာဆုတ်နိုင်သည့် အတတ်ဟု ဆိုသော ပသုစမ္မင်္ဂနီဟာရကြိယာအတတ်၊
(၄၄) နို့ညှစ်ခြင်းမှစ၍ ထောပတ်တိုင်အောင် ပြုလုပ်နိုင်သည့် အတတ်ဟု ဆိုသော ဒုဒ္ဓဒေါဟာဒိ ဝိညာဏအတတ်၊
(၄၅) သင်တိုင်းအကျႌ စသည်တို့ကို ချုပ်လုပ်ခြင်းဟု ဆိုအပ်သော ကဉ္ဇန ကာဒိသိဗနအတတ်၊
(၄၆) ရေကူးခြင်း အတတ်ဟု ဆိုအပ်သော ဇလတရဏ အတတ်၊
(၄၇) အိမ်သုံး ပရိဘောဂတို့ကို ပြောင်လက်စင်ကြယ်အောင် ပြုလုပ်နိုင်ခြင်းဟု ဆိုအပ်သော ဂေဟဘဏ္ဍဘိမဇ္ဇနအတတ်၊
(၄၈) ခဝါသည် အတတ်ဟုဆိုအပ်သော ဝတ္ထသမ္မဇ္ဇန အတတ်၊
(၄၉) ဆတ္တာသည် အတတ်ဟု ဆိုအပ်သော ခုရကမ္မအတတ်၊
(၅၀) အမဲဆီစသည်တို့ကို ထုတ်ယူခြင်းအတတ်ဟုဆိုအပ်သော ဆီလမံသာဒိသိနေဟနိဏ္ဏာသန အတတ်၊
(၅၁) လယ်ထွန်ခြင်း အတတ်ဟု ဆိုအပ်သောသီရာဒျာကဿနအတတ်၊
(၅၂) သစ်ပင်ကတိုက်ခြင်း အတတ်ဟု ဆိုအပ်သော ရုက္ခာရောဟအတတ်၊
(၅၃) အရှင်သခင်၏ စိတ်တိုင်းကျအောင် လုပ်ကျွေးခြင်းဟု ဆိုအပ်သော မနောနုကူလ သေဝါကရဏအတတ်၊
(၅၄) နှီးဖျာ၊ နှီးခွက်၊ မြက်ဖျာ၊ မြက်ခွက် စသည်တို့ကို ပြုလုပ်နိုင်သည့်ဝေနတိဏာဒိပတ္တကရဏအတတ်၊
(၅၅) အိုးခွက်ပန်းကန် ပြုလုပ်ခြင်းတည်းဟူသော ကာစပတ္တာဒိကရဏအတတ်၊
(၅၆) ရေယူခြင်း ရေထုတ်ခြင်း ရေလှောင်ခြင်း ရေပေးခြင်း အတတ်ဟုဆိုအပ်သော ဇလသံသေစနဟရဏ အတတ်၊
(၅၇) သံမဏိသံရေကျိုစက် လက်နက်မျိုးစုံတို့ကိုပြုလုပ်နိုင်ခြင်း အတတ်ဟူသော လောဟာဘိသာရသတ္ထက ကရဏအတတ်၊
(၅၈) ဆင်ကုန်းနှီး၊ မြင်းကုန်းနှီး ပြုလုပ်ခြင်း အတတ်ဟု ဆိုအပ်သော ဟတ္ထိအဿာဒိပိဋ္ဌတအရဏကြိယာအတတ်၊
(၅၉) ကလေးငယ်တို့အား စောင့်ရှောက်မွေးမြူရေးဟုဆိုအပ်သော သုသုသံရက္ခဏ ဓာရဏကြိယာအတတ်၊
(၆၀) အပြစ်ရှိသူတို့ကိုအပြစ်ရှိသည့်အားလျော်စွာ ရိုက်နှက်ခြင်းဟု ဆိုအပ်သော အပရာဓိဏနု နုညာဏအတတ်၊
(၆၁) ဘာသာမျိုးစုံတို့၏ အက္ခရာပေစာတို့ကို ရေးသားနိုင်ခြင်း အတတ်ဟုဆိုအပ်သော နာနာဒေသီယဝဏ္ဏလေခနအတတ်၊
(၆၂) ကွမ်းယာခြင်း ကွမ်းပြင်ခြင်း စသည့် တမ္ဗုလာရက္ခာ ဒိကြိယာအတတ်၊
(၆၃) ထို ကလာ ၆၂ မျိုး တို့၌ အလျင်အမြန်ပြုလုပ်သင့်က လျင်မြန်စွာ ပြုလုပ်ခြင်းဟု ဆိုအပ်သော ပဘိဒါနဂုဏ်၊
(၆၄) ဆေးလေးစွာပြုလုပ်သင့်က ဆေးလေးစွာပြုလုပ်ခြင်းဟု ဆိုအပ်သော အာဒါနဂုဏ်၊ “သို့အားဖြင့် လူမှုရေးအဖြာဖြာတို့နှင့် သက်ဆိုင်သောအနုပညာအတတ်မျိုး ၆၄ ပါးရှိကြောင်းကို သုတဂဝေသီ ထို “ နွယ်ဖွား အမျိုးကောင်းသားသမီးတို့သည်ကောင်းစွာ မှတ်သားအပ်တော့သတည်း၊ ♦သုခမှတ်စု

ကာရန် ၆၄ ပါး

(၁) အ၊
(၂) အာ၊
(၃) အား၊
(၄) အိ၊
(၅) အီ၊
(၆) အီး၊
(၇) ဥ၊
(၈) ဦ၊
(၉) ဦး၊
(၁၀) အေ၊
(၁၁) အေ့၊
(၁၂) အေး၊
(၁၃) အဲ၊
(၁၄) အဲ့၊
(၁၅) အဲး၊
(၁၆) အော့၊
(၁၇) အော်၊
(၁၈) အော၊
(၁၉) အက်၊
(၂၀) အောက်၊
(၂၁) အိုက်၊
(၂၂) အင်၊
(၂၃) အင့်၊
(၂၄) အင်း၊
(၂၅) အောင်၊
(၂၆) အောင့်၊
(၂၇) အောင်း၊
(၂၈) အိုင်၊
(၂၉) အိုင့်၊
(၃၀) အိုင်း၊
(၃၁) အစ်၊
(၃၂) အည်၊
(၃၃) အည့်၊
(၃၄) အည်း၊
(၃၅) အဉ်၊
(၃၆) အဉ့်၊
(၃၇) အတ်၊
(၃၉) အိတ်၊
(၄၀) အုတ်၊
(၄၁) အန်၊
(၄၂) အန့်၊
(၄၃) အန်း၊
(၄၄) အိန်၊
(၄၅) အိန့်၊
(၄၆) အိန်း၊
(၄၇) အုန်၊
(၄၈) အုန့်၊
(၄၉) အုန်း၊
(၅၀) အပ်၊
(၅၁) အိပ်၊
(၅၂) အုပ်၊
(၅၃) အမ်၊
(၅၄) အမ့်၊
(၅၅) အမ်း၊
(၅၆) အိမ်၊
(၅၇) အိမ့်၊
(၅၈) အိမ်း၊
(၅၉) အုမ်၊
(၆၀) အုမ့်၊
(၆၁) အုမ်း၊
(၆၂) အို၊
(၆၃) အိုး၊ ♦သုခမှတ်စု

ကောင်း ၆၄ ရပ်

(၁) ခြေဖဝါးလက္ခဏာ ၁၃-ပါး၊
(၂) ကိုယ်လက္ခဏာ ၁၆-ပါး၊
(၃) စိတ်လက္ခဏာ ၆-ပါး၊
(၄) လက်ဖဝါးလက္ခဏာ ၉-ပါး၊
(၅) လည်ပင်း လက္ခဏာ ၁-ပါး၊
(၆) အသံလက္ခဏာ ၃-ပါး၊
(၇) မျက်နှာလက္ခဏာ ၈-ပါး၊
(၈) နားလက္ခဏာ ၁-ပါး၊
(၉) မျက်စိလက္ခဏာ ၄- ပါး၊
(၁၀) ဆံပင်လက္ခဏာ ၃-ပါး၊ ပေါင်း ၆၄-ပါး၊ ကောင်း ၆၄ ရပ်(မိန်းမ) စွယ်စုံကျော်ထင် ♦သုခမှတ်စု

ဧတဒဂ်ရပုဂ္ဂိုလ်ပေါင်း ၇၅ ပါး ဧတဒဂ်ရ ရဟန်း ၄၁ ပါး

(၁) အဂ္ဂရတ္တညူဘွဲ့ရသူ=အရှင်ကောဏ္ဍည၊
(၂) အဂ္ဂမဟာပညာဘွဲ့ရသူ= အရှင်သာရိပုတ္တရာ၊
(၃) အဂ္ဂဣဒ္ဓိမန္တဘွဲ့ရ= အရှင်မမောဂလ္လာန်၊
(၄) အဂ္ဂဓုတင်္ဂဓရဘွဲ့ရသူ= အရှင်မဟာကဿပ၊
(၅) အဂ္ဂဒိဗ္ဗစက္ခု ဉာဏ်ဘွဲ့ရသူ= အရှင်အနုရုဒ္ဓါ၊
(၆) အဂ္ဂဥစ္စကုလိကဘွဲ့ရသူ= အရှင်ဘဒ္ဒိယ၊
(၇) အဂ္ဂမဉ္ဇူသရဘွဲ့ရသူ= အရှင်လကုဏ္ဍကဘဒ္ဒိယ=
(၈) အဂ္ဂသီဟနာဒိကဘွဲ့ရသူ= အရှင်ပိဏ္ဍောလဘာရဒွါဇ၊
(၉) အဂ္ဂဓမ္မကထိကဘွဲ့ရသူ= အရှင်ပုဏ္ဏ၊
(၁၀) အကျဉ်းကိုအကျယ်ဖွဲ့တတ်ရာ၌ဘွဲ့ရသူ= အရှင်မဟာကစ္စည်း၊
(၁၁) အဂ္ဂစေတောဝိဓဘွဲ့ရသူ= အရှင်စူဠပန်၊
(၁၂) အဂ္ဂသညာဝိဝဋ္ဋကုသလဘွဲ့ရသူ= အရှင်မဟာပန်၊
(၁၃) ကိလေသာကင်း၍နေသောအရာနှင့် မြတ်သောအလှူခံပုဂု္ဂိလ်အရာတို့၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ= အရှင်သုဘူတိထေရ်၊
(၁၄) အရညကင်တောရဘွဲ့ရသူ= ရှားတောနေအရှင်ရေဝတထေရ်၊
(၁၅) စျာန်ဝင်စားသောအရာ၌ဘွဲ့ရသူ= အရှင်ကင်္ခါရေဝတ၊
(၁၆) လုံ့လဝီရိယရှိရာ၌ ဘွဲ့ရသူ= အရှင်ကောဋိဝီသသောဏ၊
(၁၇) အဂ္ဂကလျာဏ ဝါက္ကရဘွဲ့ရသူ=အရှင်ကုဋိကဏ္ဏသောဏ၊
(၁၈) အဂ္ဂလာဘီဘွဲ့ရသူ=အရှင်သီဝလိ၊
(၁၉) အဂ္ဂသဒ္ဓါဓိမုတ္တဘွဲ့ရသူ= အရှင်ဝက္ကလိ၊
(၂၀) အဂ္ဂသိက္ခာကာမဘွဲ့ရသူ= အရှင်ရာဟုလာ၊
(၂၁) အဂ္ဂသဒ္ဓါပဗ္ဗဇတိ ဘွဲ့ရသူ= အရှင်ရဋ္ဌပါလ၊
(၂၂) အဂ္ဂအဌမသလာက ဂဏှန္တဘွဲ့ရသူ= အရှင်ကောဏ္ဍဓာန၊
(၂၃) အဂ္ဂပဋိဘာနဝန္တဘွဲ့ရသူ= အရှင်ဝင်္ဂီသ၊
(၂၄) အဂ္ဂခိပ္ပါဘိညာဘွဲ့ရသူ= အရှင်အာနန္ဒာ၊
(၂၅) အဂ္ဂသေနာသန ပညာပကဘွဲ့ရသူ= အရှင်ဒဗ္ဗ၊
(၂၆) အဂ္ဂဒေဝါနံပိယမနာပဘွဲ့ရသူ= အရှင် ပိလိန္ဒဝစ္ဆ၊
(၂၇) အဂ္ဂခိပ္ပါဘိညာဘွဲ့ရသူ= အရှင်ဒါရုစိ၊
(၂၈) အဂ္ဂစိတ္တကထိကဘွဲ့ရသူ= အရှင်ကုမာရကဿပ၊
(၂၉) အဂ္ဂပဋိသမ္ဘိဒါပတ္တဘွဲ့ရသူ= အရှင်မဟာကောဋ္ဌိက၊
(၃၀) ဧတဒဂ်ငါးတန်ဘွဲ့ရသူ=အရှင်အာနန္ဒာ၊
(၃၁) အဂ္ဂမဟာပရိသဘွဲ့ရသူ= အရှင် ဥရုဝေဠကဿပ၊
(၃၂) အဂ္ဂကုလပသာဒကဘွဲ့ရသူ= အရှင်ကာဠုဒါယီ၊
(၃၃) အဂ္ဂအပ္ပါဗာဓိကဘွဲ့ရသူ= အရှင်ဗာကုလ၊
(၃၄) အဂ္ဂပုဗ္ဗေနိဝါသ အနုဿန္တ ဘွဲ့ရသူ = အရှင်သောဘိတ၊
(၃၅) အဂ္ဂဝိနယဓရဘွဲ့ရသူ= အရှင်ဥပါလိ၊
(၃၆) အဂ္ဂဘိက္ခုနောဝါဒကဘွဲ့ရသူ= အရှင်နန္ဒက၊
(၃၇) အဂ္ဂဣန္ဒြိယဂုတ္တဒွါရဘွဲ့ရသူ= အရှင်နန္ဒ၊
(၃၈) အဂ္ဂဘိက္ခုသြဝါဒကဘွဲ့ရသူ= အရှင်မဟာကပ္ပိန၊
(၃၉) အဂ္ဂတေဇော ဓာတုကုသလဘွဲ့ ရသူ= အရှင်သာဂတထေရ်၊
(၄၀) အဂ္ဂပဋိဘာနေယျကဘွဲ့ရသူ= အရှင်ရာဓ၊
(၄၁) အဂ္ဂလူခစီဝရဓရဘွဲ့ရသူ= အရှင်မောဃရာဇ၊ ♦သုခမှတ်စု

ဧတဒဂ်ရ ရဟန်းမ ၁၃ ပါး

(၁) အဂ္ဂရတ္တညူဘွဲ့ ရသူ= မိထွေးတော်ဂေါတမီထေရီ၊
(၂) အဂ္ဂမဟာပညာဘွဲ့ရသူ=ခေမာထေရီ၊
(၃) တန်ခိုးကြီးခြင်းအရာ၌ ဘွဲ့ရသူ= ဥပ္ပလဝဏ်ထေရီ၊
(၄) အဂ္ဂဝိနယဓရဘွဲ့ ရသူ= ပဋာစာရီထေရီ၊
(၅) အဂ္ဂဓမ္မကထိကဘွဲ့ရသူ= ဓမ္မဒိန္နာထေရီ၊
(၆) အဂ္ဂစျာယိကာဘွဲ့ရသူ= နန္ဒာထေရီ၊
(၇) လုံ့လဝီရိယကောင်းဘွဲ့ရသူ= သောဏာထေရီ၊
(၈) ဒိဗ္ဗစက္ခုဉာဏ်ဘွဲ့ရသူ= ဗကုလာထေရီ၊
(၉) အဂ္ဂခိပ္ပါဘိညာဘွဲ့ရသူ= ဘဒ္ဒါကုဏ္ဍလကေသာထေရီ၊
(၁၀) ပုဗ္ဗေနိဝါသဉာဏ် ဘွဲ့ ရသူ=ဘဒ္ဒါ ကပိလာနီထေရီ၊
(၁၁) ဉာဏ်အမြော်အမြင်ကြီးရာ၌ဘွဲ့ ရသူ= ဘဒ္ဒကဉ္စနာယသောဓရာထေရီ၊
(၁၂) အဂ္ဂလူခစီဝရဓာရီဘွဲ့ရသူ= ကိသာ ဂေါတမီ ထေရီ၊
(၁၃) အဂ္ဂသဒ္ဓါဓိမုတ္တဘွဲ့ရသူ= သိင်္ဂါလမာတာထေရီ၊ ♦သုခမှတ်စု

ဧတဒဂ်ရအမျိုးသမီး ၁၀ ဦး

(၁) အဂ္ဂပထမသရဏဂမနဘွဲ့ရသူ= သုဇာတာ၊
(၂) အလှူဒါန အရာ၌ ဘွဲ့ရသူ= ကျောင်းအမကြီးဝိသာခါ၊
(၂) အဂ္ဂဗဟုသုတဘွဲ့ရသူ= ခုဇု္ဇတ္တရာ၊
(၄) အဂ္ဂမေတ္တာဝိဟာရီဘွဲ့ ရသူ= သာမာဝတီ၊
(၅) အဂ္ဂစျာယီဘွဲ့ရသူ=နန္ဒမာတာဥတ္တရာ၊
(၆) အဂ္ဂပဏီတဒါယိကာဘွဲ့ရသူ= သုပ္ပဝါသာ၊
(၇) အဂ္ဂဂိလာနုပဋ္ဌာကဘွဲ့ရသူ= သုပ္ပိယာ၊
(၈) အဂ္ဂအဝေစ္စပသန္နဘွဲ့ရသူ= ကောတိယာနိ၊
(၉) အဂ္ဂဝိဿာသိကဘွဲ့ရသူ= နကုလမာတာ၊
(၁၀) အဂ္ဂအနုဿဝပသန္န ဘွဲ့ရသူ= ကာလီ၊ ♦သုခမှတ်စု

ဧတဒဂ်ရအမျိုးသား ၁၁ ဦး

(၁) ရှေးဦးစွာ ဒွေဝါစိက သရဏဂုဏ်ကို ခံယူရသူ =တပုဿကုန်သည်၊
(၂) ၎င်း၏ညီ=ဘလ္လိကကုန်သည်၊
(၃) အလှူဒါနအရာ၌ ဘွဲ့ရသူ= အနာထပိဏ်သူဌေး၊
(၄) တရားဟောကောင်းသောဘွဲ့ရ= စိတ္တသူကြွယ်၊
(၅) သင်္ဂဟဝတ္ထုလေးပါးဖြင့် ထောက်ပံ့သောဘွဲ့ ရသူ= ဟတ္ထာဠာဝက၊
(၆) အဂ္ဂပဏီတ ဒါယကာဘွဲ့ ရသူ= မဟာနာမ်သာကီဝင်မင်း၊
(၇) အဂ္ဂမာနာပ ဒါယကာဘွဲ့ ရသူ= ဝေသာလီမြို့နေ ဥဂ္ဂသူကြွယ်၊
(၈) အဂ္ဂသံဃုပဋ္ဌာကဘွဲ့ရသူ= ဟတ္ထိဂါမရွာနေ ဥဂ္ဂသူကြွယ်၊
(၉) အဝေစ္စပသန္နဘွဲ့ရသူ= သူရပန်၊
(၁၀) ပုဂ္ဂလပသန္နဘွဲ့ရသူ= ဆရာဇီဝက၊
(၁၁) အဂ္ဂဝိဿာသက ဘွဲ့ရသူ= နကုလပိတာ၊ (ရဟန်း၊ ရဟန်းမ၊ အမျိုးသမီး၊ အမျိုးသား စုစုပေါင်းသော ၇၅ ပါးဖြစ်သည်၊) ♦သုခမှတ်စု

လေးမျိုး ၈၀

(၁) ဥဒ္ဓံဝါတလေ၏ လက္ခဏာ ၃၀၊
(၂) အဓောဝါတလေ၏ လက္ခဏာ ၅၊
(၃) ကောဋ္ဌာသယလေ ၂၄၊
(၄) အန္တာနုသယလေ ၇၊
(၅) အဿာသ ပဿသလေ၊
(၆) တေဇော ၁၂၊ ပေါင်း ၈၀၊ ♦သုခမှတ်စု

အသီတိမဟာသာဝက ရှစ်ကျိပ်

လက်ယာတော်ရံ ရဟန္တာမထေရ် ၄၀၊
(၁) အရှင်သာရိပုတ္တရာ=ပညာကြီးသောအရာ၌ ဧတဒဂ်ရသည်၊
(၂) အရှင်ကောဏ္ဍည= တရားဦးရ၍ ရတ္တညူအရာ၌ ဧတဒဂ်ရသည်၊
(၃) အရှင်ဘဒ္ဒိယ၊
(၄) အရှင်ဝပ္ပ၊
(၅) အရှင်မဟာနာမ်၊
(၆) အရှင်အဿဇိ၊
(၇) အရှင်နာလက၊
(၈) အရှင်ယသ၊
(၉) အရှင်ဝိမလ၊
(၁၀) အရှင်သုှဗာဟု၊
(၁၁) အရှင်ပုဏ္ဏဇိ၊
(၁၂) အရှင်ဂဝံပတိ၊
(၁၃) အရှင်ဥရုဝေဠကဿပ= အခြံအရံပရိသတ်များသောအရာ၌ ဧတဒဂ်ရသည်၊
(၁၄) အရှင်နဒီကဿပ၊
(၁၅) အရှင်ဂယာကဿပ၊
(၁၆) အရှင်မဟာကဿပ= ဓူတင် ၁၃ ပါးကို ဆောင်ခြင်း အရာ၌ ဧတဒဂ်ရသည်၊
(၁၇) အရှင်ကစ္စည်း= အကျဉ်း ပါဠိတော်ကို အကျယ်ဝေဖန်ဟောပြောသောအရာ၌ ဧတဒဂ်ရသည်၊
(၁၈) အရှင်ကောဋ္ဌကိ = ပဋိသမ္ဘိဒါပတ္တအရာ၌ ဧတဒဂ်ရသည်၊
(၁၉) အရှင်မဟာကပ္ပိန = ရဟန်းတို့ကို ဆုံးမသောအရာ၌ ဧတဒဂ်ရသည်၊
(၂၀) အရှင်စုန္ဒ၊
(၂၁) အရှင်ဥပါလိ= ဝိနည်းကိုဆောင်သောအရာ၌ ဧတဒဂ်ရသည်၊
(၂၂) အရှင်အနုရုဒ္ဓါ= ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ ဧတဒဂ်ရသည်၊
(၂၃) အရှင်ကင်္ခါရေဝတ= စျာန်ကိုများစွာ ဝင်စားသောအရာ၌ ဧတဒဂ်ရသည်၊
(၂၄) အရှင်အာနန္ဒာ= ဗဟုသုတ-သတိမန္တ-ဂတိမန္တ-ဓိတိမန္တ-ဥပဋ္ဌာကအရာ ငါးမျိုး၌ ဧတဒဂ်ရသည်၊
(၂၅) အရှင်နန္ဒက= ဘိက္ခုနီမတို့ကို ဆုံးမသောအရာ၌ ဧတဒဂ်ရသည်၊
(၂၆) အရှင်ဘဂုလ၊
(၂၇) အရှင်နန္ဒိယ၊
(၂၈) အရှင်ဘဒ္ဒိယ(ကာဠိဂေါဓာသား) အမျိုးမြတ်ခြင်း၌ ဧတဒဂ်ရသည်၊
(၂၉) အရှင်ကိမိလ၊
(၃၀) အရှင်ရာဟုလာ=သိက္ခာကာမအရာ၌ ဧတဒဂ်ရသည်၊
(၃၁) အရှင်သီဝလိ= လာဘ်ပေါများခြင်းအရာ၌ ဧတဒဂ်ရသည်၊
(၃၂) အရှင်ဒဗ္ဗ= သံဃာတော်တို့အားအိပ်ရာနေရာ ခင်းခြင်းအရာ၌ ဧတဒဂ်ရသည်၊
(၃၃) အရှင်ဥပသေန= ပရိသတ်နှင့်တကွ အလုံးစုံကြည်ညိုဖွယ်ရှိသောအရာ၌ ဧတဒဂ်ရသည်၊
(၃၄) အရှင်ခဒိရရေဝတ = အရညာကင်ဓူတင်ဆောင်သောအရာ၌ ဧတဒဂ်ရသည်၊
(၃၅) အရှင်ပုဏ္ဏ(မန္တာနပုတ္တ)၊
(၃၆) အရှင်ပုဏ္ဏ(သုနာပရန္တ)၊
(၃၇) အရှင်သောဏ(ကောဠိဝိသ) =အာရဒ္ဓဝီရိယအရာ၌ ဧတဒဂ်ရသည်၊
(၃၈) အရှင်သောဏ (ကုဋိကဏ္ဏ) = ကောင်းသောစကားရှိသောအရာ၌ ဧတဒဂ်ရသည်၊
(၃၉) အရှင်ရာဓ= တရားကို ထင်မြင် လွယ်သော ဉာဏ်ပဋိဘာန်နှင့် ပြည့်စုံသောအရာ၌ ဧတဒဂ်ရသည်၊
(၄၀) အရှင်သုဘူတိ= ကိလေသာကင်း၍ နေသောအရာ၌ ဧတဒဂ်ရသည်၊ ♦သုခမှတ်စု

လက်ဝဲတော်ရံ ရဟန္တာမထေရ် ၄၀

(၁) အရှင်မဟာမောဂလ္လာန်= တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ရသည်၊
(၂) အရှင်အင်္ဂုလိမာ၊
(၃) အရှင်ဝက္ကလိ= သဒ္ဓါတရား အားကြီးသောအရာ၌ ဧတဒဂ်ရသည်၊
(၄) အရှင်ကာဠုဒါယီ= ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်းအရာ၌ ဧတဒဂ်ရသည်၊
(၅) အရှင်မဟာဥဒါယီ၊
(၆) အရှင်ပိလိန္ဒဝစ္ဆ= နတ်တို့ ချစ်ခင်သောအရာ၌ ဧတဒဂ်ရသည်၊
(၇) အရှင် သောဘိတ= ပုဗ္ဗေနိဝါသအဘိညာဉ်အရာ၌ ဧတဒဂ်ရသည်၊
(၈) အရှင်ကုမာရကဿပ= ဆန်းကြယ်စွာ တရားစကားဟောတတ်သောအရာ၌ ဧတဒဂ်ရသည်၊
(၉) အရှင်ရ၏ပါလ =သဒ္ဓါပဗ္ဗဇိတအရာ၌ ဧတဒဂ်ရသည်၊
(၁၀) အရှင်ဝင်္ဂီသ=ဘုရားဂုဏ် စသည်ကိုရုတ်ခြည်း ချီးမွမ်း ဖွဲ့ဆိုနိုင်သောဉာဏ်ပဋိဘာန်ရှိသောအရာ၌ ဧတဒဂ်ရသည်၊
(၁၁) အရှင်သဘိယ၊
(၁၂) အရှင်သေလ၊
(၁၃) အရှင်ဥပါဝါန၊
(၁၄) အရှင် မေဃိက၊
(၁၅) အရှင်သာဂတ= တေဇောဓာတ်ဝင်စားမှု ကျွမ်းကျင်ခြင်းအရာ၌ ဧတဒဂ်ရသည်၊
(၁၆) အရှင်နာဂိတ၊
(၁၇) အရှင်လကုဏ္ဍကဘဒ္ဒိယ= အသံ သာယာသောအရာ၌ ဧတဒဂ်ရသည်၊
(၁၈) အရှင်ပိဏ္ဍောလဘာရဒွါဇ=ခြသေ့င်္မင်းကဲ့သို့ ရဲရင့်စွာ ကြုံးဝါးမြွက်ဆိုခြင်းအရာ၌ ဧတဒဂ်ရသည်၊
(၁၉) အရှင်မဟာပန္ဓက= အရူပစျာန်ဝင်စားမှု ကျွမ်းကျင်သောအရာ၌ ဧတဒဂ်ရသည်၊
(၂၀) အရှင်စူဠပန္ဓက= မနောမယ အဘိညာဉ် ဖန်ဆင်းနိုင်သောအရာ၌ ဧတဒဂ်ရသည်၊
(၂၁) အရှင်ဗာကုလ= အနာရောဂါကင်းသောအရာ၌ ဧတဒဂ်ရသည်၊
(၂၂) အရှင်ကောဏ္ဍဓာန= စာရေးတံဦးယူရာ၌ ဧတဒဂ်ရသည်၊
(၂၃) အရှင်ဒါရုစိရိယ= လျင်မြန်စွာ မဂ်ဖိုလ် အသိဉာဏ်ရှိသောအရာ၌ ဧတဒဂ်ရသည်၊
(၂၄) အရှင်ယသောဇ၊
(၂၅) အရှင် အဇိတ၊
(၂၆) အရှင် တိဿမေတ္တယျ၊
(၂၇) အရှင်ပုဏ္ဏက၊
(၂၈) အရှင်မေတ္တဂူ၊
(၂၉) အရှင်ဇောတိကဓောတက၊
(၃၀) အရှင်ဥပသီသ၊
(၃၁) အရှင်နန္ဒ(ညီတော် မင်းနန်) = ဣန္ဒြေကိုစောင့်သောအရာ၌ ဧတဒဂ်ရသည်၊
(၃၂) အရှင်ဟေမက၊
(၃၃) အရှင်တောဒေယျ၊
(၃၄) အရှင်ကပီ၊
(၃၅) အရှင်ဇတုကံဏီ၊
(၃၆) အရှင် ဘဒြာဝုဓ၊
(၃၇) အရှင်ဥဒယ၊
(၃၈) အရှင်ပေါသလ၊
(၃၉) အရှင်ပိင်္ဂီယ၊
(၄၀) အရှင် မောဃရာဇ၊ ♦သုခမှတ်စု

ပိုးမျိုးရှစ်ဆယ်၊ အမှန်ကား ၈၃ ပါး

(၁) စလ=မည်သောပိုး၊
(၂) ပိင်္ဂလ=မည်သောပိုး၊ ဆံရင်းကိုမှီ၃နေကုန်၏၊
(၃) ဥမ္မတ္တ=မည်သောပိုး၊
(၄) အန္တောဥမ္မတ္တ= မည်သောပိုး၊ ဦးနှောကိုစားလျက် နေကြကုန်၏၊
(၅) နှာရုမုခ= မည်သောပိုး၊ မျက်စိကိုမှီလျက် မျက်စိအရင်းကိုစား၍သော်လည်းကောင်း၊
(၆) ဒန္တမုခ=မည်သောပိုး၊ သောတကိုမှီ၍ မျက်စိအရင်းကိုစား၍သော်လည်းကောင်း၊
(၇) မံသတာ= မည်သောပိုး၊ ဃာနကိုမှီလျက် မျက်စိအရင်းကိုစား၍နေကြကုန်၏၊
(၈) ဏမုခ= မည်သောပိုး၊
(၉) အပဋိဘယ= မည်သောပိုး၊ လျှာရင်း ကိုမီလျှက် လျှာရင်း ကိုစား၍ နေကြသောပိုး၊
(၁၀) ကပေါလ၊
(၁၁) စ္စရန္တ၊
(၁၂) စရုဏ၊
(၁၃) ပန္နက=သွားကိုမှီလျက် သွားရင်းကိုစား၍နေကြသည်၊
(၁၄) လောဟ= ခြေသည်းလက်သည်းကိုမှီ၍ အရေလွှာကိုစားလျက် လည်းကောင်း၊
(၁၅) ဆဝ=အကြောကို မှီ၍ စား၍သော်လည်းကောင်း၊
(၁၆) ဆဝဋ္ဌ= အသွေး ကိုမှီ၍ စား၍သော်လည်းကောင်း နေကုန်၏၊
(၁၇) တုလန၊
(၁၈) ရတ္တ၊
(၁၉) လောဟိတ= အသားစိုင်ကိုမှီ၍စား၍ သော်လည်းကောင်း၊ အကြောကိုမှီ၍စား၍သော်လည်းကောင်း နေကုန်၏၊
(၂၀) ဝေရစ္ဆ၊
(၂၁) မဟာဝေရမ္ဘ= “နှစ်မျိုးသည် လည်ချောင်းကို မှီ၍ စား၍ နေကြကုန်၏၊
(၂၂) တုလန၊
(၂၃) ရတ္ထာ၊
(၂၄) လောဟိတ= ရိုးတွင်းခြင်ဆီကို စားလျက်နေကြကုန်၏၊
(၂၅) ဝတာ၊
(၂၆) ဝဂု္ဂတတာ=အညှို့ကိုမှီ၃စား၍ နေကြကုန်၏၊
(၂၇) ဒန္တ၊
(၂၈) မဟာဒန၊္တ
(၂၉) ရောဟိတ၊
(၃၀) ဗဟာရောဟိတ=ဟဒယဝတ္ထုကိုမှီ၍ ၎င်းကို စားလျက် ရြှိက၏၊
(၃၁) ဝရဏု၊
(၃၂) တဏှာ၊
(၃၃) သီလဝ၊
(၃၄) မဟာသီလဝ= အသည်းကိုမှီလျက် အသည်းရင်းကိုစား၍ နေကြ၏၊
(၃၅) အဋ္ဌိသိဓ၊
(၃၆) အဒဠ သဒ္ဓ၊
(၃၇) အဋ္ဌိသီလသ၊
(၃၈) အဋ္ဌိသိင်္ဂါ၊
(၃၉) မုဒုခ၊
(၄၀) မုဉ္စသီဝ=ဝမ်းလျာသရက်ရွက်ဟု ဆိုအပ်သောအဖျဉ်းကိုမှီ၍ အသားဖျဉ်းကိုစားလျက်လည်းကောင်း၊ အမြှေးရင်းကိုမှီ၍ အသားဖျဉ်းကိုစားလျက်လည်းကောင်း နေကြကုန်၏၊
(၄၁) သောတ၊
(၄၂) လောဟိတ၊
(၄၃) ကာဠ၊
(၄၄) ကဠေသိရ၊
(၄၅) စူကာ၊
(၄၆) မဟာစူကာ၊ ကာလဦးဆောင်းထပ်ဟု ခေါ်အပ်သော အဆုပ်ကို စားလျက် နေကြကုန်၏၊
(၄၇) စူရန္တ၊
(၄၈) မဟာစူရန္တ၊
(၄၉) သိပ္ပ၊
(၅၀) မဟာသိပ္ပ၊
(၅၁) အန္တဝရ၊
(၅၂) ပက္ကာသရ၊ အဆူကိုမှီ၃အဆူရင်းကို စားလျက် နေကုန်၏၊
(၅၃) ဥဇ္ဇဝ၊
(၅၄) သြဇဝ၊
(၅၅) နေဇ္ဇ၊
(၅၆) သဇ္ဇဝ၊ အစာသစ်ကို လည်းကောင်း၊ အစာဟောင်းကိုလည်းကောင်း၊ ကျင်ကြီးသစ်ကို လည်းကောင်း၊ ကျင်ကြီးဟောင်းကို လည်းကောင်းအမှီပြု၍ ၎င်းဝတ္ထုအရင်းကို စားလျက်ရှိ၏၊
(၅၇) နီလ၊
(၅၈) ပီတ၊
(၅၉) ဥဠာရ၊
(၆၀) ဒါနဝ၊
(၆၁) အသမိုခ၊
(၆၂) ဝဟံန၊
(၆၃) ဗဟိဒ္ဓ၊
(၆၄) ဟေန၊
(၆၅) မုဥိခ္စါဒ၊
(၆၆) ဝိသာလဟမခို၊ သည်း ခြေကလိုည်းကောင်း၊ သလိပ်ကိုလည်းကောင်း၊ ပြည်စုကို လည်းကောင်း၊ သွေးစုကို လည်းကောင်း၊ ချွေးစုကို လည်းကောင်း၊ အဆီခဲကိုလည်းကောင်း၊ မျက်ရည်ကိုလည်းကောင်း၊ ဆီကြည်ကို လည်းကောင်း အမှီပြု၍၎င်းဝတ္ထုအရင်းကို စားလျက်ရှိ၏၊
(၆၇) အတိမုခ၊
(၆၈) ဇာလမုခ၊ ဟဒယဝတ္ထု သွေးကို သောက်လျက်နေ၏၊
(၆၉) ကရ၊
(၇၀) ကရန္ဒ၊
(၇၁) ကရတိယ၊
(၇၂) ကံဟက၊
(၇၃) သတ္ထ၊ ရှေ့အဖို့ဖြစ်သောကိုယ်ကိုမှီ၍ ထိုကိုယ်ကိုစားလျက်နေ၏၊
(၇၄) လောဟမုခ၊
(၇၅) မဟာလောဟမုခ၊
(၇၆) အာလောဟမုခ၊
(၇၇) မဟာအာလောဟမုခ၊
(ရဂ) နှာရုမုခ၊ နောက်အဖို့ဖြစ်သော ကိုယ်ကိုမှီ၍ ထိုကိုယ်ကို စားလျက်ရှိ၏၊
(၇၉) ဝဏ္ဏ၊
(၈၀) စတ္တာသိရ၊
(၈၁) ဝှေဇိဏှ၊
(၈၂) ဇီဏှသိဝရ၊
(၈၃) ပုထုလ၊ အောက်အဖို့ဖြစ်သော ကိုယ်ကိုမှီ၍ ထိုကိုယ်၏ အသားကို စားလျက် နေကြ၏၊ ♦သုခမှတ်စု

လက္ခဏာငယ် ၈၀

ဇိနာလင်္ကာရဋီကာ ၁၉၁ မှ ထုတ်ယူသည်၊
(၁) စိတင်္ဂုလီ= အကြားမထင် စေ့စပ်သော ခြေချောင်းလက်ချောင်း၊
(၂) အနုပုဗ္ဗဂုင်္လီ= သွယ်ရှူး ဖြူးဖြောင့်သော ခြေချောင်းလက်ချောင်း၊
(၃) ဝဋ္ဋင်္ဂုလီ= လုံးလျောင်းချောမွေ့သော ခြေချောင်းလက်ချောင်း၊
(၄) တမနခ= နီမြန်းသော ခြေသည်းလက်သည်း၊
(၅) တုင်္ဂနခ= ရှည်သွယ် မြင့်မားသော ခြေသည်းလက်သည်၊
(၆) သိနိဒ္ဓနခ= ပြေပြစ် ချောမွေ့သော ခြေသည်းလက်သည်း၊
(၇) နိဂုဠ ဂေါပ္ဖက = ပြေပြစ်ကောင်း မွန်သောဖမျက်၊
(၈) သမပါဒ= တိတိညီညီရှိသောခြေ၊
(၉) ဂဇသမာနကမ= ဆဒ္ဒန်ဆင်မင်း၏ သွားခြင်းကဲ့သို့သော သွားခြင်း၊
(၁၀) သီဟသမာနကမ= ကေသရီအလားကဲ့သို့ သွားပုံ ယဉ်ခြင်း၊
(၁၁) ဟံသသမာနကမ= ဟင်္သာမင်း သွားခြင်းကဲ့သို့ အထူးတင့်တယ်သောသွားဟန်၊
(၁၂) ဥသဘ သမာနမက= ဥသဘနွားမင်းနှင့် တူသောသွားခြင်း၊
(၁၃) ဒက္ခိဏဝဧက္ကမ= လက်ယာခြေချီသဖြင့် လက်ယာရစ်သွားခြင်း၊
(၁၄) သမန္တစာရုဇာဏုမဏ္ဍလ= ထက်ဝန်းကျင်လုံးချောသော ပုဆစ်ဒူးဝန်း၊
(၁၅) ပရိပုဏ္ဏပရုသိ ဗျဉ္စန = ပြည့်စုံသော ယောက်ျားမြတ်တို့၏နိမိတ်၊
(၁၆) အဆိန္ဒနာဘိ= အရေးအကြောင်း မပြတ်သောချက်၊
(၁၇) ဂမ္ဘီရနာဘိ= ပုလဲခွက်ကဲ့သို့နက်သောချက်၊
(၁၈) ဒက္ခဏိ ဝဋ္ဋနာဘိ= လက်ယာရစ် လည်သော ဗွေရှိသောချက်၊
(၁၉) ဣဘကရသဒိသဥရုဘူဇ= ဆင်နှာမောင်းကဲ့သို့ သွယ်ပျောင်း ချောပြေသော ပေါင် လက်ရုံး၊
(၂၀) သုဝိတတ္တဂတ္တ= ထက်အောင် နံလျားတစ်သားတည်း ညီညွတ်သော ကိုယ်၊
(၂၁) အနုပုဗ္ဗဂတ္တ= အစဉ်အတိုင်း ချောပြေညီညွတ်သော ကိုယ်၊
(၂၂) ပရမိ၏ဂတ္တ= ထက်ဝန်းကျင်မှ ချောမွေ့လှပသော ကိုယ်၊
(၂၃) သြဏတုဏ္ဏတသဗဂတ္တ= ရှိုင်းသင့်ရာ၌ ရှိုင်း၍ ဖြိုးသင့်ရာ၌ဖြိုး အမျိုးမျိုး တင့်တယ်သော ရှုချင်ဖွယ် ကောင်းသောကိုယ်၊
(၂၄) အလိနဂတ္တ= အရေရှုံ့တွန့်ခြင်းမှ ကင်းသောကိုယ်၊
(၂၅) တိလကာဒိရဟိတဂတ္တ= ဝက်ခြံမှဲ့ညှင်း တင်းတိပ်စသည်တို့မှ ကင်းဝေးသော ကိုယ်၊
(၂၆) အနုပုဗ္ဗရုစိဂတ္တ= အစဉ်အတိုင်း နှစ်သက်မြတ်နိုးဖွယ် ရှိသောကိုယ်၊
(၂၇) ဝိသုဒ္ဓဂတ္တ= စင်ကြယ်သန့်ရှင်း အညစ်အကြေး ကင်းသောကိုယ်၊
(၂၈) သုခုမာလဂတ္တ= နူးညံ့ပျော့ပျောင်းသော ကိုယ်၊
(၂၉) သမ္မဂတ္တ= မြင်ရသူတို့ အေးမြ ကြည်လင်သောကိုယ်၊
(၃၀) ဥဇ္ဇလိတဂတ္တ= ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော ကိုယ်၊
(၃၁) ဝိမလဂတ္တ= ကိုယ်ဆီချွေးစေး မထင်သန့်စင်သောကိုယ်၊
(၃၂) ကောမလဂတ္တ= နှစ်မြို့စိုပြည်သော ကိုယ်၊
(၃၃) သိနိဒ္ဓဂတ္တ= ပြေပြစ်ချောမွေ့ သောကိုယ်၊
(၃၄) သုဂန္ဓဂတ္တ= ပန်းပေါင်းစုံတို့ကဲ့သို့ ထုံမွှေး ကြူသင်းသော ကိုယ်၊
(၃၅) ကောဋိသဟဿဗလဓာရဏ= ဗိုလ်ခြေကုဋေ တစ်ထောင်အားကိုဆောင်သော ကိုယ်၊
(၃၆) သုဝဏ္ဏတုင်္ဂနာသ= ရွှေချွန်းသဖွယ် တင့်တယ် မြင့်ချွန်းသော နှာခေါင်း၊
(၃၇) ရတ္တဒိဇမံသံ=နီမြန်း လှသော သွားဖုံး၊
(၃၈) သုဒ္ဓဒန္တ= ဖွေးဖြူစင်ကြယ်သောသွား၊
(၃၉) သိနိဒ္ဓဒန္တ= ထွက်ဝင် မရှိ ပကတိ ညီညာ၍ သိမ်မွေ့ကျစ်လျစ်သောသွား၊
(၄၀) ဝိသုဒ္ဓိန္ဒြိယ = သန့်ရှင်းသော အဆင်း ဣန္ဒြေရှိခြင်း၊
(၄၁) သုဝဋ္ဋဒါ၏= ပုလဲချောင်းကဲ့သို့ ကောင်းစွာ လုံးဝန်းတိကျသော သွားစွယ်၊
(၄၂) တိက္ခဂ္ဂဒါ၏= အဖျားချွန်သော သွားစွယ်၊
(၄၃) ရတ္တောဋ္ဌ= နီမြန်းသော နှုတ်ခမ်း၊
(၄၄) အာယတဝဒန= ကျယ်ပြန့်ခံ့ညားသော ခံတွင်း၊
(၄၅) သုဂန္ဓမုခ= မွှေးကြူ ကြိုင်လျှမ်းသော ခံတွင်း၊
(၄၆) ဂမ္ဘီရပါဏိလေခ= ထင်ရှားသော လက္ခဏာ အရေးအကြောင်း၊
(၄၇) ဥဇုလေခ=ဖြောင့်တန်းသော လက္ခဏာ အရေး အကြောင်း၊
(၄၈) အာယတလေခ= ရှည်လျားသော လက္ခဏာ အရေးအကြောင်း၊
(၄၉) သုရုစိရသဏ္ဌာနလေခ= နှစ်သက်ရှုချင်စရာ လက္ခဏာသဏ္ဌာန် အရေးရှိခြင်း၊
(၅၀) ပရိမဏ္ဍလကာယဇုတကိ = တစ်လံမျှလောက်သော ရောင်ခြည်အလင်း ဓာတ်သည် ကိုယ်ကို ဝန်းဝိုင်း၍ တံတိုင်းပမာ တောက်ပ ထွန်းလင်းနေခြင်း၊
(၅၁) ပရိပုဏ္ဏက ပေါလ=ပြည့်ဖြိုးဖောင်းကြွသောပါးပြင်၊
(၅၂) ရုစိယဉာတာယတ ဝိသာလ နေတ္တ= အဆင်းငါးသွယ် ကွန့်မြူးစံပယ် ရှည်လျားပြန့်ကျယ် ဝါထယ်ခံ့ညားသော မျက်လုံး၊
(၅၃) ပဉ္စပသာဒနေတ္တ= ညိုရွှေဖြူနီ တစ်လီအနက် ရောင်လျှံထွက်သည့် မျက်လုံး၊
(၅၄) ကုဉ္စိဂ္ဂဘမုက=ကော့ရရော့ မော့ချီသောမျက်တောင် မျက်ခုံး၊
(၅၅) မုဒုတလုဏရတ္တဇိရ= နူးညံ့နီထွေးသော လျှာ၊
(၅၆) အာယတစာရုကဏ္ဏ= တင့်တယ်နုထွားရှည်လျားသပ္ပာယ် ပြန့်ကျယ်သော နားရွက်၊
(၅၇) နိဂ္ဂဏိသိရ= ဖုထစ်မရှိ ပကတိ ချောမွေ့သော ဦးခေါင်း၊
(၅၈) နဂိုဠသိရ= စောင်း ရွဲ့ မထင် အပြင်ညီသောဦး ခေါင်း၊
(၅၉) ဆတ္တသန္နိဘစာရုသီသ= ထီးမိုးအသွင် ထက်ဝန်းကျင်တိတိ၌ ရောင်လျှံညီးသောဦးခေါင်း၊
(၆၀) သုဂန္ဓမုဒ္ဓ= ရနံ့ပေါင်းစုံတို့နှင့် လှိုင်ထုံမွှေးပျံ့သော ဦးထိပ်၊
(၆၁) အာယတပုထုလနလာဋ= ရွှေပြားအလား နံလျားကျယ်ပြန့်သော နဖူး သင်းကျစ်၊
(၆၂) သုသဏ္ဍာနဘမုက= သုံးရက်လကွေး သက်တန့်ရေးပမာ တင့်တယ်စွာသောမျက်ခုံး၊
(၆၃) အနုလောမ ဘမုက = အဖျား သွေးသွယ် အလွန်တင့်တယ်သော မျက်မွှေးမျက်တောင်၊
(၆၄) အာယတမဟန္တဘမုက= ထည်ဝါခံ့ညား ရှည်လျားကျယ်ပြန့်သော မျက်မှောင်၊
(၆၅) သဏှလောမ ဘမုက = နူးညံ့သော အမွေးရှိသောမျက်ခုံး၊
(၆၆) သပလောမ= မွေးညင်းတွင်း ချင်းစီ၍ ညီညာဖြောင့်တန်းစွာ ပေါက်သော မွေးညင်းများ၊
(၆၇) ကောမလလောမ= နူးညံ့ စိုပြည်စိမ်းညိုသောမွေးညင်း၊
(၆၈) ဘိဒဉ္စနလောမ= မျက်စဉ်းညိုတွင် စိမ်းလွင်ညိုမှောင်သောမွေးညင်း၊
(၆၉) ဒက္ခဏိ ဝဋ္ဋလောမ= လက်ယာရစ်လည်၍ ညာဘက်သို့ အဖျားတည်သော မွေးညင်း၊
(၇၀) သိနိဒ္ဓလောမ= ကောက်ကွေ့လိမ်တွန့်ခြင်း မရှိ ပကတိ သန့်ရှင်းသော မွေးညှင်း၊
(၇၁) သုနိကကေသ= ပိတုန်းကောင်ကဲ့သို့ ညိုမှောင် မည်းနက်သော ဆံပင်၊
(၇၂) ဒက္ခိဏဝဋ္ဋကေသ= လက်ယာရစ်ခွေ ဦးထိပ်ဗွေ၌ တည်နေသောဆံပင်၊
(၇၃) သုသဏ္ဍာနကေသ= ဆံပင်တွင်းညီ၍ ဖြောင့်တန်းစီရီစွာ ပေါက်သော ဆံပင်၊
(၇၄) သိနိဒ္ဓ ကေသ= ကောက်ကွေ့ လိမ်တွန့်ခြင်းမရှိ ပကတိ ပြေပြစ်သန့်ရှင်း သောဆံပင်၊
(၇၅) သဏှကေသ= နူးညံ့သိမ်မွေ့သေးသွယ်ပျော့ပျောင်းသောဆံပင်၊
(၇၆) အလုလိတကေသ= မရှုပ်ထွေးသော ဆံပင်၊
(၇၇) ကောမလကေသ= စိုပြည် နုနယ်သော ဆံပင်၊
(၇၈) သမသုဂန္ဓကေသ= စံပယ်မြတ်လေးပန်းတို့ကဲ့သို့ မွှေးသော ဆံပင်၊
(၇၉) သုခုမ အဿာသပဿာသ= ရှူ ရှုကြိမ်ထင် အလွန်ပင် သိမ်မွေ့သော ထွက်သက်ဝင်သက်ရှိ၍ သက်လုံကောင်းခြင်း၊
(၈၀) ကေတုမာလရတနဝိစိတ္တ= ကေတုမာလာခေါ် ဦးခေါင်းပေါ်၌ မကိုဋ်ပုံပမာ ရောင်စုံဖြာထွက်နေခြင်း၊ ♦သုခမှတ်စု

စိတ်တစ်ခုယုတ် ၉၀

ဓမ္မသင်္ဂဏီအဋ္ဌကထာ ၃၁၈ နှင့် ဝိသုဒ္ဓိမဂ် ဒု-အုပ် ၈၂ တို့၌ အကျယ်ရှု၊ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါရှိသမျှတို့၏ သန္တာန်၌ ဆိုင်ရာဆိုင်ရာ ဖြစ်သော စိတ်အစုကို တစ်ခုမကျန် အကျဉ်းအားဖြင့် ရေတွက်သော် ၈၉ ပါး၊ ၉၀-ပြည့်ဖို့ရာ တစ်ခုယုတ်လျော့နေ၍ 'တစ်ခုယုတ် ကိုးဆယ်'ဟု ခေါ်ဆိုရလေသည်၊
(၁) ကာမစိတ် ၅၄ ပါး၊
(၂) ရူပစိတ် ၁၅ ပါး၊
(၃) အရူပစိတ် ၁၂ ပါး၊
(၄) လောကုတ္တရာစိတ် ၈ ပါး၊ ♦သုခမှတ်စု

အနာမျိုး ၉၆-၉၈-ပါး

(၁) စက္ခုရောဂါ= မျက်စိ၌ ဖြစ်သောအနာ၊
(၂) သောတရောဂါ= နား၌ဖြစ်သောအနာ၊
(၃) ဃာနရောဂါ= နှာခေါင်း၌ဖြစ်သောအနာ၊
(၄) ဇိဝှါရောဂါ= လျှာ၌ဖြစ်သောအနာ၊
(၅) ကာယရောဂါ= ကိုယ်၌ ဖြစ်သောအနာ၊
(၆) သီသရောဂါ= ဦးခေါင်း၌ဖြစ်သောအနာ၊
(၇) ကဏ္ဏရောဂါ= နားရွက်၌ဖြစ်သောအနာ၊
(၈) မုခရောဂါ=ခံတွင်း၌ဖြစ်သောအနာ၊
(၉) ဒန္တရောဂါ= သွား၌ဖြစ်သောအနာ(သွားကိုက်နာ)၊
(၁၀) ကာသော= ချောင်းဆိုးနာ၊
(၁၁) သာသော= ကုပ်ဟီးနာ(ပန်းနာရှူနာ)၊
(၁၂) ပိနာသော= ဖွတ်သိုနာ ထိပ်ကပ်နာ (ဆောင်း မေးခါးနာ)၊
(၁၃) ဋာဟော= ကိုယ်တွင်း၌ပူသောအနာ၊
(၁၄) ဇရော= အဖျားနာ၊
(၁၅) ကုစ္ဆိရောဂါ= ဝမ်း၌ဖြစ်သောအနာ၊
(၁၆) မုစ္ဆာ= မူးဝေမိန်းမောသောအနာ၊
(၁၇) ပက္ခန္ဒိကာ= သွေးအန်နာ၊
(၁၈) သူလာ= ဘေးထိုးရင်ကြပ်နာ၊
(၁၉) ဝိသုစ္ဆိကာ= ဝမ်းကျနာ၊
(၂၀) ကုဋ္ဌံ= နူသောအနာ၊
(၂၁) ဂဏ္ဍော= ထွတ်မြင်း နာ၊ အိုင်း နာ၊
(၂၂) ကိလာသော= ခရုသင်း၊ သမင်ရက်၊ ကွက်သောအနာ၊
(၂၃) သောသော= အသွေးအသားခန်းခြောက်သော ခရရုပ်နာ၊
(၂၄) အပမာရော= ဝက်ရူးနာ၊
(၂၅) ဒဒ္ဒူ= ဆိတ်လည်နူနာ(ဝဲစို ဝဲကြီး)၊
(၁၆) ကဏ္ဍု=ဝဲခြောက်နာ၊
(၂၇) ကစ္ဆု= ပွေးနာ၊
(၂၈) နခသာ= လက်သည်း ခြစ်မိရာ၌ ဖြစ်သောအနာ၊
(၂၉) ဝိတိစ္ဆကာ= လက်ဖဝါးခြေဖဝါးကွဲသောအနာ၊
(၃၀) လောဟိတပိတ္တံ= ပိတ်ကိုက်နာ၊
(၃၁) မဓုမေဟော= ဒူလာသရောနာ၊ (ကျင်ပြောနာ)၊
(၃၂) အံသာ=မြင်းသရိုက်နာ(ဒူလာလိပ်ခေါင်းနာ)၊
(၃၃) ပိဠိကာ= ဝက်ခြံနာ၊
(၃၄) ဘဂန္ဒလာ= အရည်တစိုစိုယိုသော ဘဂန္ဒိုလ်နာ၊
(၃၅) ပိတ္တသမုဋ္ဌာနာအာဗာဓာ= သည်းခြေကြောင့်ဖြစ်သောအနာ၊
(၃၆) သေမှသမုဋ္ဌာနာအာဗာဓာ= သလိပ်ကြောင့်ဖြစ်သောအနာ၊
(၃၇) ဝါတသမုဋ္ဌာနအာဗာဓာ= လေကြောင့်ဖြစ်သောအနာ၊
(၃၈) သန္နိပါတိကာအာဗာဓာ= လေသလိပ်ကြောင့် ဖြစ်သောအနာ၊
(၃၉) ဥတုပရိဏာမဇာအာဗာဓာ= ဥတုပြောင်းလဲခြင်းကြောင့် ဖြစ်သောအနာ၊
(၄၀) ဝိသမပံရိဟာရဇာ အာဗာဓာ= ကိုယ်ကိုမသင့်စွာဆောင်၍ ဖြစ်သောအနာ၊
(၄၁) သြပက္ကမိကာ အာဗာဓာ= ကိုယ့်လုံ့လ သူ့လုံ့လကြောင့် နာအောင်တမင်လုပ်၍ ဖြစ်သောအနာ၊
(၄၂) ကမ္မဝိပါကဇာ အာဗာဓာ= ဥပပီဠကကံ ဥပစ္ဆေဒကကံတို့ နှိပ်စက်ခြင်းကြောင့် ဖြစ်သောအနာဟူ၍ မဟာနိဒ္ဒေသ၊ စူဠနိဒ္ဒေသတွင် ၄၂-ပါး၊
(၄၃) ဂဟဏီ= ဝမ်းမီးပျက်ဝမ်းကိုက်နာ၊
(၄၄) ပဏ္ဍုရောဂါ= အဆင်းဖြော့တော့သောဝါသင့်နာ၊
(၄၅) ရာဇယက္ခမာ= သုက်ပျက်၍ ချည့်နဲ့သောအနာ၊
(၄၆) ဟိကရာရောဂါ= ကြို့ထိုးနာ၊
(၄၇) အရောစကရောဂါ= နှုတ်မမြိန်နာ(စားသောက်မကောင်းသော ဝေဒနာ)၊
(၄၈) ဆဒ္ဒိရောဂါ= ပျို့အနတ်သော အနာ၊
(၄၉) ဥမ္မာဒရောဂါ= ရူးသွပ်သော အနာ၊
(၅၀) ဦရုထမ္ဘရောဂါ= ပေါင်တောင့်တင်းသောအနာ၊
(၅၁) အာမာဝါတ ရောဂါ= တစ်ကိုယ်လုံး တောင့်တင်းသောအနာ၊
(၅၂) ဥပဒါဝတ္တရောဂါ= ဝမ်းဖောဝမ်းရောနာ၊
(၅၃) ဂူလမရောဂါ= ဝမ်း၌ အလုံးအခဲစွဲသော အနာ၊
(၅၄) ဟဒယရောဂါ= နှလုံး သည်းပွတ်နာ၊
(၅၅) ဥရောဂဟရောဂါ= ရင်အောင့်သောအနာ၊
(၅၆) မုတ္တကိစ္ဆရောဂါ = ဆီးအောင့် ကျင်အောင့်သောအနာ၊
(၅၇) မုတ္တယာတရောဂါ= ဆီးဝမ်းချုပ် သောအနာ၊
(၅၈) အသမရီရောဂါ့= ကောက်တည်သောအနာ၊
(၅၉) ပိဟလရောဂါ= အဖျင်းအဆုပ်နာ၊
(၆၀) သောတရောဂါ= ကိုယ်ရောင်သော သာနာရုပ်အနာ၊
(၆၁) ဂလပဏ္ဍိရောဂါ= လည်ပင်းကြီးသောအနာ(ဆင်ခူလည်ဖြတ်နာဟူ၍ လည်းပေးကြသည်)၊
(၆၂) ပဏ္ဍမာလာ ရောဂါ= ဆီးသီးခန့်အလုံး ပေါက်တတ်သောမြင်း စဉ်နာ၊
(၆၃) ဂန္တိရောဂါ= ကြွက်နို့နာ၊
(၆၄) သီပဒရောဂါ= ခြေထုံနာ (ခြေသလုံးရောင်နာ)၊
(၆၅) ဝိဒြဓိရောဂါ= အနာ့ပဆုပ် (သွေးစုနာ၊ သက်တန့်နာ)၊
(၆၆) ဘန္ဓရောဂါ= အရိုးကျိုးသောအနာ၊ ဆတ်သောအနာ၊
(၆၇) ဥပဒံသရောဂါ= ဂုရင်ဂျီနာ၊
(၆၈) သုကရောဂါ= အင်္ဂါဇာတ်၌ အဖုပေါက်သော ရောဂါ၊
(၆၉) ဝိသပ္ပရောဂါ= ဝက်သက်နာ၊ ရေယုံနာဟုလည်း ရှိ၏၊
(၇၀) မသုရိက ရောဂါ= ကောက်နာ၊
(၇၁) နှာရုရောဂါ= ချည်မျှင်ကဲ့သို့ အကြောထါက်သောအနာ၊
(၇၂) ဝိပ္ဖေါဋရောဂါ= မီးလောင်မာနာ၊
(၇၃) အဇိဏ္ဏရောဂါ= အစာမကြေသောအနာ၊
(၇၄) အာဋာယရောဂါ= ဝမ်းကြောတင်းသောရောဂါ၊
(၇၅) ဂန္ဓာပစီရောဂါ= ကြပ်နာ၊
(၇၆) ဂလဂဟရောဂါ= လည်ချောင်းနာ၊
(၇၇) အာနာယရောဂါ= ဝမ်းချုပ်နာ၊
(၇၈) ဝိဋကရောဂါ= အနာစိမ်း၊
(၇၉) ဝါတဏ္ဍရောဂါ= လိင်ဥရောင်သာမုဿနာ၊
(၈၀) ဝိပါဒိကာရောဂါ= ခြေဖောသောအနာ၊ ခြေပူနာလည်းဟူ၊
(၈၁) ကီဋပရောဂါ= ဆင်ခူလည်ပြတ်နာ၊
(၈၂) အဇဂန္ဓိကော= နို့သတ်နာ၊
(၈၃) ပါသာဏဂဒ္ဒကံ= မေးနှင့် လည်ချောင်းအစပ်၌ ပေါက်သောအနာ၊
(၈၄) ကစ္ဆရောဂါ= လက်ခုံးနံဘေး ခုံး၍ ပေါက်သောအနာ၊
(၈၅) စိပ္ပရောဂါ= လက်သည်းခြေသည်း ပုပ်သောအနာ၊
(၈၆) ကဒရန္တုရောဂါ= တံသင်းနာ၊ အနာ့သစ်ငုတ်၊
(၈၇) ဣန္ဒြေလုတ္တရောဂါ= မိတ်နာ၊ ကြာဆူးနာ၊
(၉၀) ဟသရုရောဂါ= သင်းလိပ်နာ၊
(၉၁) တိလကာလကရောဂါ = မှဲ့နာ၊
(၉၂) မုခဗျင်္ဂရောဂါ= ပါးသက်နာ၊
(၉၃) ပရိဝတ္တိကရောဂါ= မုဿကုပ်နာ၊
(၉၄) အပေါဋိကရောဂါ= လိင်ရေလျော့သောအနာ၊
(၉၅) မဏိဓမ္မရောဂါ= ကျင်သွားလိင်သေနာ၊
(၉၆) နိရုဒ္ဓပကဿရောဂါ= ကျင်ချုပ်လိင်သေနာ၊
(၉၇) ဂူဒဉာတံသ ရောဂါ= ဘင်ထွက်သောအနာ၊
(၉၈) ဝိသရောဂါ= အဆိပ်သင့်သော အနာ၊ အနာမျိုး ၉၆-ပါးဟူရာ၌ ၎င်း ၉၈-ပါးတွင် သဘောတူ အဓိပ္ပာယ်တူနှစ်ပါးကို နုတ်၍ ယူကြရာသည်၊ ♦သုခမှတ်စု

စုန်း ၉၉-ပါး(ကဝေသာရ)

(၁) စမျည်းကိုင် စုန်း ၆၊
(၂) ရူပဝိပရိစုန်း ၆၊
(၃) ကုဋဒိဗ္ဗစုန်း ၁၂၊
(၄) နာနာရုပ်စုန်း ၉၊
(၅) ကုလဝံသစုန်း ၇၊
(၆) ဗာလိစုန်း ၇၊
(၇) စက်စုန်း ၄၊
(၈) ကဝေပျံစုန်း ၉၊
(၉) ဂန္ဓဗစုန်း ၇၊
(၁၀) နဂဝံသစုန်း ၄၊
(၁၁) စဏ္ဍာလစုန်း ၆၊
(၁၂) တေဇစုန်း ၆၊
(၁၃) ဘက္ခစုန်း ၇၊
(၁၄) တိရစ္ဆာန်စုန်း ၉၊ စုစုပေါင်း=၉၉၊ ♦သုခမှတ်စု

ငါးမျိုးတစ်ရာ နန်းတွင်းမှာရေးကာပုံနှင့်ပြ

(၁) ငါးကြင်း၊
(၂) ငါးသိုင်း၊
(၃) ငါးစင်ရိုင်း၊
(၄) ငါးမြစ်ချင်း၊
(၅) ငါးတင်ဝန်၊
(၆) ငါးဖယ်လောင်း၊
(၇) ငါးခုံးမ၊
(၈) ငါးထွေ၊
(၉) ငါးရစ်၊
(၁၀) ငါးလိုက်၊
(၁၁) ငါးလင်ဝန်၊
(၁၂) ငါးထရွက်၊
(၁၃) ငါးပျက်၊
(၁၄) ငါးပြေမ၊
(၁၅) ငါးသလဲထိုး၊
(၁၆) ငါးစင်စပ်၊
(၁၇) ရင်ပေါင်စာ၊
(၁၈) ငါးစင်း ပြား၊
(၁၉) ငါးစင်းလုံး၊
(၂၀) ငါးကြောင်း၊
(၂၁) ငါးဖောင်ရိုး၊
(၂၂) ငါးမြွေ၊
(၂၃) ငါးရွေး၊
(၂၄) ငါးရှဉ့်၊
(၂၅) ငါးဆန်၊
(၂၆) ငါးလူး၊
(၂၇) ငါးလဲ၊
(၂၈) ငါးနောက်သွား၊
(၂၉) ငါးမြင်း၊
(၃၀) ရွှေစာရေး၊
(၃၁) ငါးခရင်းပူ၊
(၃၂) ငါးအုံတုံ၊
(၃၃) ငါးဖန်းမ၊
(၃၄) ငါးရံ့ဒိုင်း၊
(၃၅) ငါးတန်၊
(၃၆) ငါးဆင်၊
(၃၇) ငါးမန်း၊
(၃၈) ကကတစ်၊
(၃၉) ကကလောင်၊
(၄၀) ကသပေါင်း၊
(၄၁) ကကူရန်၊
(၄၂) ကဘီလူး၊
(၄၃) ငါးမြင်းကွမ်းစား၊
(၄၄) ငါးပုတ်သင်၊
(၄၅) ငါးခူ၊
(၄၆) ငါးမြင်းကျည်တောက်၊
(၄၇) ငါးတောက်တဲ့၊
(၄၈) ငါးအိုက်၊
(၄၉) ငါးပုဏ္ဏား၊
(၅၀) ငါးနွား၊
(၅၁) ငါးကျွဲ၊
(၅၂) ငါးစွန်၊
(၅၃) ငါးသေတ္တာ၊
(၅၄) ငါးပါး၊
(၅၅) ငါးတံခွန်၊
(၅၆) ငါးပျံ၊
(၅၇) ငါးဝင်၊
(၅၈) ငါးနက်ပြာ၊
(၅၉) ငါးကျုတ်၊
(၆၀) ငါးပြောက်၊
(၆၁) ငါးကျောက်ဖား၊
(၆၂) ငါးလဝါ၊
(၆၃) ငါးမောင်းမ၊
(၆၄) ငါးပြင်လက်၊
(၆၅) ငါးပတ်၊
(၆၆) ငါးလေးထောင့်၊
(၆၇) ငါးရင်ကုန်၊
(၆၈) ငါးတီ၊
(၆၉) ငါးဘရွဲ၊
(၇၀) ငါးကရား၊
(၇၁) ငါးမြင်းလှ၊
(၇၂) ငါးသံကောက်၊
(၇၃) ငါးလိပ်၊
(၇၄) ငါးသံချိတ်၊
(၇၅) ငါးရောင်၊
(၇၆) ငါးဘိန်၊
(၇၇) ငါးပတက၊
(၇၈) ငါးလိပ်၊
(၇၉) ငါးဆကာ၊
(၈၀) ငါးတောတူ၊
(၈၁) ငါးပဟုံ၊
(၈၂) ငါးဖေး၊
(၈၃) ငါးတောက်၊
(၈၄) ငါးလွန်းထိုး၊
(၈၅) ငါးဆောင်၊
(၈၆) ငါးနုသန်း၊
(၈၇) ငါးစင်း၊
(၈၈) ငါးဝက်မ၊
(၈၉) ငါးသားတစ်၊
(၉၀) ငါးဘီလူး၊
(၉၁) ရွှေငါး၊
(၉၂) ငွေငါး၊
(၉၃) ငါးနံချောင်၊
(၉၄) ငါးပိုက်တောင်၊
(၉၅) ငါးပုစွန်၊
(၉၆) ငါးတန်း၊
(၉၇) ငါးပြင်တောင်၊
(၉၈) ငါးမြင်းအုဖော့၊
(၉၉) ငါးလကာ၊ (၁၀၀) ငါးသလောက်၊ ♦သုခမှတ်စု

လူမျိုး ၁၀၁-ပါး

(၁) မြန်မာ ၇-မျိုး၊ တလိုင်း ၄-မျိုး၊ ရှမ်း ၃၀-မျိုး၊ ကုလား ၆၀-မျိုး၊ ပေါင်း ၁၀၁-ပါး၊ ♦သုခမှတ်စု

ဘုရား၏ဖဝါးတော်တွင် ပေါ်လွင်ထင်ရှားသော ၁၀၈ ကွက် စက်လက္ခဏာများ

ဂုဠတ္ထဝိနိစ္ဆယ
(၁) သတ္တိ= လှံမပုံ၊
(၂) သီရိဝစ္ဆ= ကျက်သရေတိုက်ပုံ၊
(၃) နန္ဒိယာဝဋ္ဋ=ဇလပ်ပွင့်ပုံ၊
(၄) သောဝတ္တိက=လည်ရေးသုံးဆင့်ပုံ၊
(၅) ဝဋံသက= ဦးဆောက်ပန်းပုံ၊
(၆) ဝုဍ္ဎမာန=ထမင်းပွဲပုံ၊
(၇) ဘဒ္ဒပီ၏= ရွှေအင်းပျဉ်ပုံ၊ ၉၈) အင်္ကုသ= ရွှေချွန်းတောင်းပုံ၊
(၉) ပါသာဒ= ရြွှေပသာဒ်ပုံ၊
(၁၀) တောရဏ= ရေတွှ ရိုဏ်တိုင်ပု၊ံ
(၁၁) သေတစ္ဆတ္တ= ထီးဖြူပုံ၊
(၁၂) ခဂ္ဂ= သန်လျက်ပုံ၊
(၁၃) တာရဝဏ္ဍ= ထမ်းရွက် ယပ်ဝန်းပုံ၊
(၁၄) မယုရဟတ္ထ= ဥဒေါင်းမြီး စည်းယပ်ပု၊ံ
(၁၅) စမရီစဟတ္ထ= စာမရီသားမြီးယပ်ပု၊ံ
(၁၆) ဥဏှီသ= ရွှေသင်းကျစ်ပုံ၊
(၁၇) ပတ္တ=မြသပိတ်ပုံ၊
(၁၈) မဏိ=ပတ္တမြားရတနာပုံ၊
(၁၉) သုမဒါမ=မုလေးပန်းကုံးပုံ၊
(၂၀) နီလုပ္ပလ=ကြာညိုပန်းပုံ၊
(၂၁) ရတ္တုပ္ပလ= ကြာနီပန်းပုံ၊
(၂၂) သေတုပ္ပလ= ကြာဖြူပန်းပုံ၊
(၂၃) ပဒုမ= ပဒုမ္မာကြာပန်းပုံ၊
(၂၄) ပုဏ္ဍရိက= ပုဏ္ဍရိတ် ကြာပန်းပုံ၊
(၂၅) ပုဏ္ဏဃဋ= ရေပြည့်အိုးပုံ၊
(၂၆) ပုဏ္ဏပါတိ=ရေပြည့်ဖလားပုံ၊
(၁၇) သမုဒ္ဒ= သမုဒ္ဒရာလေးစင်းပုံ၊
(၂၈) စက္ကဝါဠ= စကြဝဠာ တောင်ပုံ၊
(၂၉) မေရု=မြင်းမိုရ်တောင်ပုံ၊
(၃၀) သူရိယမဏ္ဍလ= နေစက်ဝန်းပုံ၊
(၃၁) စန္ဒမဏ္ဍလ=လစက်ဝန်းပုံ၊
(၃၂) နက္ခတ္တ= နက္ခတ် ၂၇ လုံးပုံ၊
(၃၃) စတုမဟာဒီပ= အရှေ့ကျွန်းပုံ၊
(၃၄) စတုမဟာဒီပ= အနောက်ကျွန်းပုံ၊
(၃၅) စတုမဟာဒီပ =တောင်ကျွန်းပုံ၊
(၃၆) စတုမဟာဒီပ= မြောက်ကျွန်းပုံ၊
(၃၇) စက္ကဝတ္တိ= ရတနာ ၇ ပါးနှင့်တကွ စကြာမင်းရုပ်ပုံ၊
(၃၈) ဒက္ခိဏာဝဋ္ဋသင်္ခ= လက်ယာရစ် ခရုသင်းပုံ၊
(၃၉) သုဝဏ္ဏမစ္ဆယုဂလ= ရွှေငါးကြင်း အစုံခုပ်ပွဲ၊
(၄၀) စက္ကာဝုဓ= လက်နက်စကြာပုံ၊
(၄၁) သတ္တမဟာင်္ဂဂါ၊
(၄၂) သတ္တမဟာင်္ဂါ၊
(၄၃) သတ္တမဟာဂင်္ဂါ၊
(၄၄) သတ္တမဟာဂင်္ဂါ၊
(၄၅) သတ္တမဟာဂင်္ဂါ၊
(၄၆) သတ္တမဟာဂင်္ဂါ၊
(၄၇) သတ္တမဟာဂင်္ဂါ၊
(၄၈) သတ္တကူဋပဗ္ဗတာ=ယုဂန္ဓိုလ်တောင်ပုံ၊
(၄၉) သတ္တကူဋပဗ္ဗတာ= “သန္ဓိုရ်တောင်ပုံ၊
(၅၀) သတ္တကူဋပဗ္ဗတာ= ကရဝိကတောင်ပုံ၊
(၅၁) သတ္တကူဋပဗ္ဗတာ= သုဒဿနတောင်ပုံ၊
(၅၂) သတ္တကူဋပဗ္ဗတာ= နေမိန္ဒရတောင်ပုံ၊
(၅၃) သတ္တကူဋပဗ္ဗတာ= ဝိနတ္တကတောင်ပုံ၊
(၅၄) သတ္တကူဋပဗ္ဗတာ= အဿကဏ်တောင်ပုံ၊
(၅၅) သတ္တမဟာသရ=သီဟာပ္ပပါတိုင်း၊
(၅၆) သတ္တမဟာသရ= မန္ဒာကိဏီအိုင်၊
(၅၇) သတ္တမဟာသရ=ကဏ္ဏမုဏ္ဍအိုင်၊
(၅၈) သတ္တမဟာသရ= ရထကာရအိုင်၊
(၅၉) သတ္တမဟာသရ= အနောတတ်အိုင်၊
(၆၀) သတ္တမ ဟာသရ=ဆဒ္ဒန်အိုင်၊
(၆၁) သတ္တ မဟာသရ=ကုဏာလအိုင်၊
(၆၂) သုပဏ္ဏရာဇာ=ဂဠုန်ငှက်မင်းပုံ၊
(၆၃) သံသုမာရ ရာဇာ=မိကျောင်း မင်းပုံ၊
(၆၄) ဓဇပဋာက= တံခွန်ကုက္ကားမုလေးပွားပုံ၊
(၆၅) သုဝဏ္ဏ သိဝိကာ= ရွှေသန်လျှင်းပုံ၊
(၆၆) သုဝဏ္ဏဝါဠဗီဇနီ=ရွှေဖြင့်ပြီးသော သားမြီးယပ်ပုံ၊
(၆၇) ကလောသပဗ္ဗတံ= ကောသငွေတောင်ကြီးပုံ၊
(၆၈) သီဟရာဇာ= ကေသရာ ခြင်္သေ့မင်းပုံ၊
(၆၉) ဗျဂ္ဃရာဇာ=ကျားမင်းပုံ၊
(၇၀) ဝဠာဟက အဿရာဇာ= ဝဠာဟက မြင်းပျံပုံ၊
(၇၁) ဥပေါသထဆန္ဒန္တနာဂရာဇာ= ဥပေါသထ ဆဒ္ဒန်ဆင်မင်းပုံ၊
(၇၂) ဗာသုကီနာဂရာဇာ= ဗာသုကီနဂါးမင်းပုံ၊
(၇၃) ဟံသရာဇာ= ရွှေဟင်္သာ မင်းပုံ၊
(၇၄) ဥသဘရာဇာ= နွားလားဥသဘပုံ၊
(၇၅) ဧရာဝဏ= ဦးခေါင်း ၃၃ လုံးရှိ ဧရာဝဏ် ဆင်မင်းပုံ၊
(၇၆) သုဝဏ္ဏမက္က=ရွှေမကန်းရုပ်ပုံ၊
(၇၇) စတုမုခ= မျက်နှာလေးမျိုးပုံ၊ (လေးကျွန်းသားမျက်နှာများဆိုလိုသည်၊)၊
(၇၈) သုဝဏ္ဏနာဝါ= ရွှေလှေယာဉ်ပုံ၊
(၇၉) သဝစ္ဆဓေနု= သားငယ်နှင့်တကွနွားမပုံ၊
(၈၀) ကိံပုရိသ= ကန္နိရာဖိုရုပ်ပုံ၊
(၈၁) ကိပုရိသီ= ကိန္နရာမရုပ်ပုံ၊
(၈၂) ကရဝိက= ကရဝိက်ငှက်မင်းပုံ၊
(၈၃) မယူရရာဇာ= ရွှေဥဒေါင်းမင်းပုံ၊
(၈၄) ကောဉ္စရာဇာ= ကြိုးကြာငှက်မင်းပုံ၊
(၈၅) စက္ကဝါကရာဇာ= စက္ကဝက်ငှက်မင်းပုံ၊
(၈၆) ဇီဝဇီဝကရာဇာ= ဇီဝစိုးငှက်မင်းပုံ၊
(၈၇) ဆဒေဝလောက=စတုမဟာရာဇ်နတ်ပြည်ပုံ၊
(၈၈) ဆဒေဝလောက= တာဝတိံသာနတ်ပြည်ပုံ၊
(၈၉) ဆဒေဝလောက=ယာမာနတ်ပြည်ပုံ၊
(၉၀) ဆဒေဝလောက= တုသိတာနတ်ပြည်ပုံ၊
(၉၁) ဆဒေဝလောက= နိမ္မာနရတိ နတ်ပြည်ပုံ၊
(၉၂) ဆဒေဝလောက= ပရနိမ္မိတ ဝသဝတ္တီနတ်ပြည်ပုံ၊
(၉၃) ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မာပြည်ပုံ၊
(၉၄) ဗြဟ္မပုရောဟိတာ ဗြဟ္မာပြည်ပုံ၊
(၉၅) မဟာဗြဟ္မာပြည်ပုံ၊
(၉၆) ပရိတ္တဘာ ဗြဟ္မာပြည်ပုံ၊
(၉၇) အပ္ပမာဏာဘာ ဗြဟ္မာပြည်ပုံ၊
(၉၈) အာဘဿရာ ဗြဟ္မာပြည်ပုံ၊
(၉၉) ပရိတ္တသုဘာ ဗြဟ္မာပြည်ပုံ၊ (၁၀၀) အပ္ပမာဏသုဘာ ဗြဟ္မာပြည်ပုံ၊ (၁၀၁) သုဘကိဏ္ဏာ ဗြဟ္မာပြည်ပုံ၊ (၁၀၂) ဝေဟပ္ဖိုလ် ဗြဟ္မာပြည်ပုံ၊ (၁၀၃) အသညသတ် ဗြဟ္မာပြည်ပုံ၊ (၁၀၄) အဝိဟာဗြဟ္မာပြည်ပုံ၊ (၁၀၅) အာတပ္ပါ ဗြဟ္မာပြည်ပုံ၊ (၁၀၆) သုဒဿာ ဗြဟ္မာပြည်ပုံ၊ (၁၀၇) သုဒဿီ ဗြဟ္မာပြည်ပုံ၊ (၁၀၈) အကနိဋ္ဌ ဗြဟ္မာပြည်ပုံ၊ ♦သုခမှတ်စု

ရဟန်းတို့၏ နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ်သော သိက္ခာပုဒ်

ပါရာဇိက ၄ ပါး၊ အနိယတသိက္ခာပုဒ် ၂ ပါး၊ သံဃာဒိသိသ် ၁၃ ပါး၊ နိဿဂ္ဂိအာပတ် ၃၀၊ ပါစိတ်အာပတ် ၉၂ ပါး၊ ပါဋိဒေသနီအာပတ် ၄ ပါး၊ သေခိယဝတ် ၇၅ ပါး၊ အဓိကရဏသမထ ၇ ပါး၊ ပေါင်း=၂၂၇၊ ရဟန်းတို့ကျင့်အပ်သော သိက္ခာပုဒ် ၂၂၇ ပါး၊ ♦သုခမှတ်စု

ပါရာဇိကသိက္ခာပုဒ် ၄ ပါး

(၁) ပ- မေထုနပဋိသေဝန =မေထုန်မှီဝဲခြင်း၊
(၂) ဒု- အဒိန္နာဒါန်=ခိုးယူခြင်း၊ ခိုးယူစေခြင်း၊
(၃) တ-မနုဿဝိဂ္ဂဟ= လူဇာတ်ဖြစ်သူကိုသတ်ခြင်း၊ သတ်စေခြင်း၊
(၄) စ-ဥတ္တရိမနုဿဓမ္မ= စျာန်မရသည်ကို ရသည် ဟု ကြွားခြင်း ♦သုခမှတ်စု

သံဃာသိသ် ၁၃ ပါး

(၁)
(၅) ၁- သုက္ကဝိဿဋ္ဌိ=မိမိလုံ့လ သူတစ်ပါး လုံ့လဖြင့် သုက်လွတ်စေခြင်း၊
(၆)၂-ကာယသံသဂ္ဂ=သာယာလိုသော စိတ်ဖြင့် မာတုဂါမ၏ ကိုယ်အင်္ဂါကြီးငယ်ကို ကိုင်ခြင်း၊ ထိခြင်း၊
(၇) ၃-ဒုဋ္ဌုလ္လဝါစာ= သာယာသော စိတ်ဖြင့် မာတုဂါမအား ဝစ္စမဂ် ပဿာဝမဂ်နှင့်စပ်သော ရုန့်ရင်းသော စကားကိုဆိုခြင်း၊
(၈) ၄-အတ္တကာမပါရိစရိယ=မေထုန်ကိုအလှူခံခြင်း၊
(၉) ၅-သဉ္စရိတ္တ= အောင်သွယ်မပေးခြင်း၊
(၁၀) ၆-ကုဋိကာရ= ကိုယ်တိုင် တောင်းအပ်သော အဆောက်အဦဖြင့် ဆောက်လုပ်သူ ဒါယကာမရှိသော ကျောင်းကို ပမာဏကိုလွန်၍ ကျောင်းကိုဆောက်ခြင်း၊
(၁၁) ၇-ဝိဟာရကာရ= ဆောက်လုပ်သူဒါယကာရှိသော ကြီးသောကျောင်း ကို လိုသော ရဟန်းသည်ကျောင်းနေရာကိုကြားရန်ရဟန်းတို့ကိုမ ပင့်ဆောင်ဘဲ ကြီးသောကျောင်းကိုဆောက်ခြင်း၊
(၁၂) ၈-ဒုဋ္ဌဒေါသ= ပြစ်မှားလိုသော စိတ်ဖြင့် တစ်ပါးသောရဟန်းကို မြင်ခြင်း, ကြားခြင်း, ရွံ့ရှားခြင်းမရှိဘဲ ပါရာဇိကဖြင့် စွပ်စွဲခြင်း၊
(၁၃) ၉=အညဘာဂိယ=ပြစ်မှားသောစိတ်ဖြင့် တစ်ပါးသော ရဟန်းကို တစ်စုံတစ်ခုသော အမြွက်ဖြင့် ပါရာဇိကအာပတ်ဖြင့် စွပ်စွဲခြင်း၊
(၁၄) ၁၀-သံဃဘေဒက= ညီညွတ်သော ရဟန်း သံဃာကိုကွဲပြားအောင်ပြုခြင်း၊
(၁၅) ၁၁- ဘေဒါနုဝတ္တက= သံဃာကွဲပြားအောင် ပြုသောရဟန်းသို့အတုလိုက်၍ ပြုခြင်း၊
(၁၆) ၁၂-ဒုဗစ= ဆိုနိုင်ခက်သောအကျင့်ကို ကျင့်ခြင်း၊
(၁၇) ၁၃-ကုလဒူသက= သစ်သီးပေခြင်း၊ ပန်းပေးခြင်း စသည်ဖြင့် ဒါယကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးခြင်း၊ ♦သုခမှတ်စု

အနိတသိက္ခာပုဒ် ၂ ပါး

(၁၈) ၁-ပထမအနိယတ= မာတုဂါမနှင့် တစ်ယောက်ချင်း နံရံစသည်ဖြင့် ကွယ်သောအရပ်၌ နေခြင်းကြောင့် သုံးပါးသော အာပတ်တို့တွင် အရိယာဖြစ်သူတို့က တစ်ပါးပါးသောအာပတ်ဖြင့် စွပ်စွဲသည်ကို ဝန်ခံခြင်း၊
(၁၉) ၂-ဒုတိယအနိယတ= မာတုဂါမနှင့်တစ်ယောက်ချင်း နံရံစသည်ဖြင့်ကွယ်သောအရပ်၌ နေခြင်းကြောင်း နှစ်ပါးသော အာပတ်တို့တွင် အရိယာဖြစ်သူတို့က တစ်ပါးပါးသော အာပတ်ဖြင့် စွပ်စွဲသည်ကို ဝန်ခံခြင်း၊ ♦သုခမှတ်စု

နိဿဂ္ဂိပါစိတ် ၃၀

(၂၀) ၁-ပထမကထိန= အဓိဋ္ဌာန်ပြုသော သင်္ကန်းစသည်မှတစ်ပါး ပိုလွန်သော သင်္ကန်းစသည်တို့ကို ဆယ်ရက်ထက်ပို၍ထားခြင်း၊
(၂၁) ၂-ဒုတိယကထိန=သမ္မုတိရသောရဟန်းမှတစ်ပါးတိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်းနှင့် တစ်ညမျှ ကင်း၍နေခြင်း၊
(၂၂) ၃-တတိယကထိန= သင်္ကန်းကာလ၌ရအပ်သော သင်္ကန်းစသည်တို့ကို အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ တစ်လထက်ပို၍ ထားခြင်း၊
(၂၃) ၄-ပုရာဏစီဝရ= ဆွေမျိုးမတော်သော ဘိက္ခုနီမကို မိမိသင်္ကန်းဟောင်းကို ဖွပ်, ဆိုး, လျှော်, နယ်စေခြင်း၊
(၂၄) ၅-စီဝရပ္ပဋိဂ္ဂဟဏ=ဆွေမျိုးမတော်သော ဘိက္ခုနီမ၏ သင်္ကန်းကို လဲလှယ်သည်မှ တစ်ပါး တောင်းခံခြင်း၊
(၂၅) ၆- အညာတကဝိညတ္တိ= အခါနှစ်ပါးကိုချန်လှပ်၍ ဆွေမျိုး မတော်သော ဒါယကာ ဒါယိကာမတို့ထံသင်္ကန်း တောင်းခြင်း၊
(၂၆) ၇-တတုတ္တရိက = သင်္ကန်းခိုး ပျောက်ခြင်းခံရသော ရဟန်းသည် ဆွေမျိုးမတော်သော ဒါယကာ ဒါယိကာမတို့ထံ သင်းပိုင်ကိုယ်ဝတ် ထက်ပို၍ သင်္ကန်းတောင်းခြင်း၊
(၂၇) ၈-ဥပက္ခဋ= အဆွေ အမျိုးမတော်သော ဒါယကာဒါယိကာမတို့ထံ သင်္ကန်းဖိုးထက်ပို၍ အလှူခံစေခြင်း၊ ဒါယကာ လှူလိုသောသင်္ကန်းထက် ကောင်းမွန်ကြီးကျယ်သော သင်္ကန်းကို စီရင်စေခြင်း၊
(၂၈) ၉-ဒုတိယဥပက္ခဋ = အဆွေအမျိုး မတော်သော ဒါယကာနှစ်မယောက်တို့ထံသင်္ကန်း ဖိုးထက်ပို၍ အလှူခံခြင်း၊ ဒါယကာထံ လိုသောသင်္ကန်းထက် ကောင်းမွန်ကြီးကျယ်သော သင်္ကန်းကို နှစ်ဦးစပ်၍ လှူကြစေခြင်း၊ စီရင်ကြစေခြင်း၊
(၂၉) ၁၀- ရာဇသိက္ခာ ပဒ=ကပ္ပိယထံရှိသော သင်္ကန်းဖိုးကို သုံးကြိမ်ထက်ပို၍ တောင်းခြင်း၊ ခြောက်ကြိမ် ထက်ပို၍ ရပ်ခြင်း၊ (''ကား စီဝရဝဂ် ၁၀-ပုဒ်)၊
(၃၀) ၁၁-ကောသိယ= ပိုးချည်နှင့် ရောသောအခင်းကို မိမိအကျိုးငှာပြုခြင်း၊
(၃၁) ၁၂-သုဒ္ဓကာဠာဇဠက လောမ= အမည်း သက်သက်သော သိုး မွေးအခင်းကို မိမိအကျိုးငှာပြုခြင်း၊
(၃၂) ၁၃- ဒွေဘာဂ ဧဠကလောမ= အသစ်ဖြစ်သော အခင်းကို ရောစပ်အပ်သော သိုးမွေး အရောင်အချိုး အဖို့အတိုင်း မစီရင်ခြင်း၊
(၃၃) ၁၄-ဆဗဿ=အခင်းသစ်ကို စီရင်၍ ခြောက်နှစ်ပတ်လုံး ဆောင်ပြီးလျှင် ၎င်းခြောက်နှစ်အတွင်း၌ မူလအခင်းကို မစွန့်မူ၍ နောက်ထပ် အခင်းသစ်ကို အလှူခံခြင်း၊
(၃၄) ၁၅-နိသီဒန သန္ထတ= နိသီဒိုင်အခင်းကို အခင်းဟောင်းနံပါးတစ်ဖက်မှ မြတ်စွာဘုရား လက်သန်း တစ်ထွာမျှကိုယူ၍ အခင်းသစ်တွင် ဖြည့်စွက်စပ်ဖက်၍ မစီရင်ခြင်း၊
(၃၅) ၁၆-ဧဠက လောမ = အဓွန့်ရှည်သော ခရီးသွားရဟန်းသည်သိုး မွေးထည်ကို ဆောင်ယမူည့်သူ မရှိသော်လည်း သုံးယူဇနာထက် လွန်၍ ဆောင်ယူခြင်း၊
(၃၆) ၁၇-ဧဠကလောမ ဓောပါပန =ဆွေမျိုးမတော်သော ဘိက္ခုနီမတို့အား သိုးမွေးထည်တို့ကို ဖွပ်ဆိုးရှုပ်ထွေးသည်ကို ဖြေစေခြင်း၊
(၃၇) ၁၈-ဇာတရူပရဇတ=ရွှေငွေပိုက်ဆံတို့ကို ကိုင်ခြင်း၊ ခံစေခြင်း၊ အနီး၌ ကပ်လှူထားသည်ကို သာယာခြင်း၊
(၃၈) ၁၉-ရူပိယ သံဝေါဟာရ= ခုတ်လုပ်ပြီးသော မခုပ်လုပ်သေးသော ရွှေငွေကိုဖလှယ်ခြင်း၊
(၃၉) ၂၀-ကယဝိက္ကယ=သင်္ကန်းစသော ကပ္ပိယဘဏ္ဍာ စသည်တို့ကို ဖလှယ်ခြင်း၊ (''ကား ဧဠကလောမဝဂ် ၁၀ ပုဒ်)၊
(၄၀) ၂၁-ဒသာဟအတိရေကပတ္ထ=ဆယ်ရက်မှလွန်၍ မိမိရရှိသော သပိတ်ကို အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ ထားခြင်း၊
(၄၁) ၂၂-ဦနပဉ္စဗန္ဓန=ငါးဖွဲ့ အောက်ယုတ်သောသပိတ်ရိလျှက်နှင့် နောက်ထပ်သပိတ်အသစ်ထပ်တောင်းခြင်း၊
(၄၂) ၂၃-ဘေသဇ္ဇပဋိသာရဏယီ = ထောပတ်တင်လဲ စသည်တို့ကို ခုနစ်ရက်ထက်ပို၍ သိုမှီးထားခြင်း၊
(၄၃) ၂၄-ဝဿိကသာဋိကစီဝရ= မိုးရေ ခံသင်္ကန်းရှာမှီးသောကာလ မဟုတ်သည့် တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့မှစ၍ နယုန်လကွယ်နေ့တိုင်အောင် ခုနစ်လခွဲအတွင်း၌ ရှာမှီးခြင်း၊
(၄၄) ၂၅-စီဝရအစ္ဆိန္ဒန= သင်္ကန်းကိုကိုယ်တိုင်ပေးပြီးမှ နှလုံးမသာယာခြင်း၊ စိတ်ဆိုးခြင်း ဖြစ်၍ တစ်ဖန်ပြန်၍ လုယက်ခြင်း၊ လုယက်စေခြင်း၊
(၄၅) ၂၆-သုတ္ထဝိညတ္တိ= ကိုယ်တိုင်ချည်တောင်း၍ ရက်ကန်းသည်တို့ငိ သင်္ကန်းရက်စေခြင်း၊
(၄၆) ၂၇-မဟာပေသကာရ= ဆွေမျိုးမတော်သော ရက်ကန်းသည်သို့ကပ်၍ သင်္ကန်းကို အလျားအနံ အထူအားဖြင့် ကောင်းမွန်စွာရက်၍ ငါ့အားလှူလျှင် အယုတ်ဆုံး ဆွမ်းစသော ခဲဖွယ်ဝတ္ထုတို့ကို ပေးမည်ဟုပြောခြင်း၊
(၄၇) ၂၈-အစ္စေကစီဝရ= အဆောတလျင် လှူသော သင်္ကန်းအား သင်္ကန်းကာလကို လွန်၍ထားခြင်း၊
(၄၈) ၂၉-သာသင်္က=ရွံ့ရှားဖွယ်ဘေးရန်ရှိ တောကျောင်းနေရဟန်းသည် အကြောင်းမရှိဘဲ ရွာတွင်း၌ ထားအပ်သော တိစီဝရိတ် အဓိဋ္ဌာန်တင်အပ်သောသင်္ကန်းနှင့် သမ္မုတိမရဘဲ ကင်း၍နေခြင်း၊
(၄၉) ၃၀-ပရိဏတ= သံဃိကပစ္စည်းကို သိလျက်နှင့် မိမိသို့ ညွတ်စေခြင်း၊ (''ကား ပတ္တဝဂ် ၁၀-ပါးတည်း)၊ နိဿဂ္ဂိအပ်း ၃၀-ပြီး၏၊ ♦သုခမှတ်စု

သုဒ္ဓပါစိတ် ၉၂ ပါး

(၅၀) ၁-သမ္ပဇာနမုသာဝါဒ=သိလျက်နှင့် ချွတ်ယွင်းသော စကားကို ပြောခြင်း၊
(၅၁) ၂-သြမသဝါဒ= ရဟန်းကို သိလျက်နှင့် ဆဲရေးခြင်း၊
(၅၂) ၃-ပေသုည= ရဟန်းတို့ကို ချောပစ် ကုန်းတိုက်ခြင်း၊
(၅၃) ၄-ပဒသောဓမ္မ= လူသာမဏေကို ပါဠိအဋ္ဌကထာကို ပုဒ်ပြိုင်နှုတ်ပြိုင် သင်ပေးခြင်း၊
(၅၄) ၅-သဟသေယျ= လူသာမဏေနှင့် တစ်မိုးတစ်ရံတည်း၌ သုံးရက်ကကျော်လွန်၍ အိပ်ခြင်း၊
(၅၅) ၆-ဒုတိယသဟသေယျ=တစ်မိုးတစ်ရံတည်း၌ မာတုဂါမနှင့် အိပ်ခြင်း၊
(၅၆) ၇-ဓမ္မဒေသနာ= မာတုဂါမကို မာဂဓဘာသာဖြင့် ငါးပုဒ်ခြောက်ပုဒ်ထက်ပို၍ တရားဟောခြင်း၊
(၅၇) ၈-ဘူတာရောစန= မိမိ၌ထင်ရှားရှိသော စျာန် မဂ်ဖိုလ် တရားကိုလူသာမဏေတို့အား ပြောကြားခြင်း၊
(၅၈) ၉-ဒုဋ္ဌုလ္လာရောစန= သံဃာဒိသိသ်အာပတ်သင့်သော ရဟန်း၏အာပတ်ကို လူသာမဏေတို့အား ပြောကြားခြင်း၊
(၅၉) ၁၀-ပထဝီခဏန= ကျောက်နှင့် ရောသောမြေ မဟုတ်မူ၍ မြေသက်သက်ကို တူးဆွခြင်း၊ တူးစေခြင်း၊ (''ကား မုသာဝါဒဝဂ် ၁၀ ပုဒ်ပြီး၏)၊
(၆၀) ၁၁-ဘူတဂါမ= ကြီးပွားဆဲ ကြီးပွားပြီးဖြစ်သော မြက်သစ်ပင်ကို ဖျက်ဆီးခြင်း၊
(၆၁) ၁၂-အညဝါဒက= မေးသည်မှ တစ်ပါးသော စကားကိုပြောခြင်၊
(၆၂) ၁၃-ဥဇ္ဈာပနက=သိက္ခာပုဒ်ကို ကဲ့ရဲ့ရှုတ်ချခြင်း၊
(၆၃) ၁၄-ပထမသေနာသန= လွင်တီးခေါင်၌ထားသော သံဃာ့ဥစ္စာဖြစ်သော ညောင်စောင်းစသည်တို့ကို မသိမ်းခြင်း၊
(၆၄) ၁၅-ဒုတိယသေနာသန=သံဃာ၏ဥစ္စာဖြစ်သော ကျောင်း၌ အိပ်ရာနေရာကို မသိမ်းခြင်း၊
(၆၅) ၁၆-အနုပခဇ္ဇ= မထေရ်ကြီးတို့ကိ တိုးဝှေ့၍ အိပ်ခြင်း၊
(၆၆) ၁၇- နိက္ကဍ္ဎုန= အမျက်ထွက်၍ ရဟန်းကို သံဃိကကျောင်းမှနှင်ထုတ်ခြင်း၊
(၆၇) ၁၈- ဝေဟာသကုဋိ=အခင်းမရှိသော ကျောင်း၌ဆန့်တန်းပေါ်တွင် ညောင်စောင်းခင်း၍ အိပ်ခြင်း၊
(၆၈) ၁၉-မလ္လကဝိဟာရ= ကြီးသောကျောင်းကို စိမ်းသော ကောက်ပဲ မရှိရာအရပ်၌ ရပ်၍ အလွန်စီရင်ခြင်း၊
(၆၉) ၂၀-သပ္ပါဏက= ပိုးမွှားရှိသောရေကို မြက်သစ်ပင်ရှိသော အရပ်၌ စွန့်ခြင်း၊ စွန့်စေခြင်း၊ (''ကား ဘူတဂါမဝဂ် ၁၀ ပုဒ်တည်း)၊
(၇၀) ၂၁-သြဝါဒ=သမ္မုတိမရဘဲ ဘိက္ခုနီမကို ဂရုဓံ ရှစ်ပါးဖြင့် ဆုံးမခြင်း၊
(၇၁) ၂၂-အတ္ထင်္ဂတ= သမ္မုတိရသော်လည်း နေဝင်လျှင်ဘိက္ခုနီမကျောင်းသို့သွား၍ ဆုံးမခြင်း၊
(၇၂) ၂၃-ဘိက္ခုနုပဿယ= ဘိက္ခုနီမ မနာမဖျားဘဲ ဘိက္ခုနီမကျောင်းသို့သွား၍ ဆုံးမခြင်း၊
(၇၃) ၂၄-အာမိသ=ဘိက္ခုနီမအား ဆုံးမသော ရဟန်းကို သင်္ကန်းစသည်တို့ကို ရခြင်းကြောင့် ဆုံးမသည်ဟု တစ်ပါးသော ရဟန်းကို ပြောဆိုခြင်း၊
(၇၄) ၂၅-စီဝရဒါန= အဆွေအမျိုးမတော်သော ဘိက္ခုနီမကို သင်္ကန်း လဲလှယ်သည်မှ တစ်ပါး သင်္ကန်းကိုပေးခြင်း၊
(၇၅) ၂၆-စီဝရသဗ္ဗိန= ဆွေမျိုး မတော်သော ရဟန်းမိန်းမကို သင်္ကန်းချုပ်ပေးခြင်း၊ ချုပ်စေခြင်း၊
(၇၆) ၂၇-သံ ဝိဓာန= အခါကိုကြဉ်၍ ဘိက္ခုနီမနှင့် တစ်ကြောင်းတည်းသော ခရီးကို သွားခြင်း၊
(၇၇) ၂၈-နာဝါဘိရုဟန =ဖီလာကူးသည်ကိုထား၍ ဘိက္ခုနီမနှင့် တိုင်ပင်၍ အထက်အောက် ဖြစ်သော ရေကြောင်းကို တစ်စင်းတည်းသောလှေဖြင့် သွားခြင်း၊
(၇၈) ၂၉-ပရိပါစိတ=လူတို့စီရင်သည်မှတစ်ပါး ဘိက္ခုနီမစီရင်သော ဆွမ်းကို သိလျက် စားခြင်း၊
(၇၉) ၃၀- ရဟောနိသဇ္ဇ=ဘိက္ခုနီမနှင့် ဆိတ်ကွယ်ရာ အရပ်၌ နေခြင်း၊ (''ကား သြဝါဒဝဂ် ၁၀ ပုဒ်တည်း)၊
(၈၀) ၃၁-အာဝါသထ= မနာမဖျားဘဲ ဧည့်သည်ကို တည်းခိုးရာ ဇရပ်၌ထားသောဆွမ်းကို တစ်ကြိမ်ထက် ပိုလွန်၍ စားခြင်း၊
(၈၁) ၃၂- ဂဏဘောဇန= အခါခုနစ်ပါးကို ကြဉ်၍ ဂဏဘောဇဉ် စားခြင်း၊
(၈၂) ၃၃-ပရမ္ပရဘောဇန=အခါကိုကြဉ်၍ ရှေ့ဖိတ်သောဆွမ်းကို မစားဘဲ နောက်ဖိတ်သော ဆွမ်းကိုစားခြင်း၊
(၈၃) ၃၄-ကာဏမာတု= ဧည့်သည်တို့၏ ရက္ခိာအကျိုးငှာ စီရင်အပ်သောမုန့်ကို နှစ်သပိတ်သုံးသပိတ်ထက်ခံခြင်း၊
(၈၄) ၃၅-ပထမ ပဝါရဏာ= ပဝါရိတ်သင့်သော ရဟန်းသည် အတိရိတ်ဝိနည်းကံ မပြုဘဲ ခဲဖွယ်ဘောဇဉ်ကို စားခြင်း၊
(၈၅) ၃၆-ဒုတိယပဝါရဏာ=ပဝါရိတ် သင့်ပြီးသောရဟန်းကိသိလျက် အတိရိတ် ဝိနည်းကံမပြုသောခဲဖွယ်ဘောဇဉ်ကို ယုတ်မာသောစိတ်ဖြင့် တိုက်တွန်းလျက် စားစေခြင်း၊
(၈၆) ၃၇- ဝိကာလဘောဇန= နေလွဲသောအခါ ခဲဖွယ်ဘောဇဉ်ကို စား ခြင်း၊ ခဲခြင်း၊
(၈၇) ၃၈-သန္နိဓိကာရက= အကပ်ခံပြီးသောခဲဖွ်ဘောဇဉ်ကို သိုမှီး၍စားခြင်း၊
(၈၈) ၃၉- ပဏီတဘောဇန= ဘောဇဉ်ကိုးပါးကို မနာ မဖျားဘဲ သူတစ်ပါးထံမှာ တောင်း၍ စားခြင်း၊
(၈၉) ၄၀-ဒန္တပေါဏ= ရေ, တံပူ(ဒန်ပူ) မှတစ်ပါးခဲဖွယ်ဘောဇဉ်ကို အကပ်မခံဘဲ စားခြင်း၊ (''ကား ဘောဇန ဝဂ် ၁၀ ပုဒ်တည်း)၊
(၉၀) ၄၁-အစေလက=အဝတ်မဝတ်သော တက္ကတွန်း စသည်တို့ကို မိမိ၏ လက်ဖြင့် ခဲဖွယ်ဘောဇဉ်ကို ပေးခြင်း၊
(၉၁) ၄၂-ဥယျောဇန= ယုတ်မာသောအကျင့်ဖြင့်ဆွမ်းအလို့ငှာ အတူသွားသောရဟန်းကို တစ်စုံတစ်ခုသောဝတ္ထုကိုပေး၍ဖြစ်စေ၊မပေးမူ၍ဖြစ်စေ အရပ်တစ်ပါးသို့နှင်ခြင်း၊
(၉၂) ၄၃-သ ဘောဇန= မကင်းသောရာဂ ရှိသော လင်မယား နှစ်ယောက်နေရာ အခန်းသို့ဝင်ခြင်း၊
(၉၃) ၄၄- ရဟောပဋိစ္ဆန္န=နရံစသည် ဖုံးလွှမ်းလျက် မာတုဂါမနှင့် တစ်ယောက်ချင်းချင်းနေခြင်း၊
(၉၄) ၄၅- ဒုတိယရဟောနိသဇ္ဇ= ဆိတ်ကွယ်ရာအရပ်၌ မာတုဂါမနှင့် တစ်ယောက် ချင်းချင်းနေခြင်း၊
(၉၅) ၄၆-စာရိတ္တ= အခါကိုကြဉ်၍ ဘောဇဉ်ဖြင့် ဖိတ်အပ်သာ ဆွမ်းကို စားပြီးသော်လည်းကောင်း၊ မစားရသေးသော်လည်းကောင်း ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ ဖိတ်အပ်သောအိမ်မှ တစ်ပါးသော အိမ်သို့ လှည့်လည်ခြင်း၊
(၉၆) ၄၇-မဟာနာမ=ဆေးပစ္စည်းဖြင့် နေ့, လ, ရက် အပိုင်း အခြားထက် အလွန်သာယာခြင်း၊
(၉၇) ၄၈-ဥယျုတ္တ= အကြောင်းရှိသည်ကိုကြဉ်၍ ပြည်မှ ထွက်သော စစ်အင်္ဂါလေးပါးကိုကြည့်ခြင်း၊
(၉၈) ၄၉-သေနာဝါသ= အကြောင်းရှိလျက်စစ်သည်ဘောင်၌ နှစ်ည သုံးညထက် လွန်၍နေခြင်း၊
(၉၉) ၅၀- ဥယျောဓိက= စစ်သည်ဘောင်၌နေသော ရဟန်းသည် တက်၍ တက်၍ ထိုးပစ်ရာကိုသော်လည်းကောင်း၊ ဗိုလ်ပါ ရဲမက် ရေတွက်ရာကိုသော်လည်းကောင်း၊ စစ်ဆင်ရာကိုသော်လည်းကောင်း ကြည့်ရှုခြင်း၊ (''ကား အစေလကဝဂ် ၁၀ ပုဒ်တည်း)၊
(၁၀၀) ၅၁-သုရာပါန= သေအရက်ကို သောက်ခြင်း၊
(၁၀၁) ၅၂-အင်္ဂုလိပတောဒက =ရယ်မြူးလို၍ ချိုင်းထိုး၍ ကစားခြင်း၊
(၁၀၂) ၅၃-ဟသဓမ္မ=ဖမျက်နစ်လောက်သော ရေ၌မြူးတူးလိုသဖြင့် ကစားခြင်း၊
(၁၀၃) ၅၄-အနာဒရိယ= ပုဂ္ဂလဓမ္မကို မရိုသေခြင်း၊
(၁၀၄) ၅၅-ဘိံသာပန= ရဟန်းတစ်ပါးကို ချောက်လှန့်ခြင်း၊
(၁၀၅) ၅၆-ဇောတိ= ဆီမီးထွန်းခြင်းကိုထား၍ မနာမဖျားဘဲ လှုံလသိုည်ဖြစ်၍ မီးမွှေးခြင်း၊ မွှေးစေခြင်း၊
(၁၀၆) ၅၇-နဟာန=အခါကိုကြဉ်၍ လခွဲမတိုင်မီ ရေချိုးခြင်း၊
(၁၀၇) ၅၈-ဒုဗဏ္ဏက္ကဏ= သင်္ကန်းအသစ်ကို ကပ္ပဗိန္ဒု မထိုးဘဲဝတ်ခြင်း၊
(၁၀၈) ၅၉- ဝိကပ္ပန=ဝိကပ္ပနာပြုသောသင်္ကန်းကို ပစ္စုဒ္ဓိုရ်မပြန်ဘဲဝတ်ခြင်း၊
(၁၀၉) ၆၀-အပနိဓာန= ရယ်မြူးလိုသည်ဖြစ်၍ ရဟန်းပရိကတရာတို့ကို ဝှက်ခြင်း၊ ဝှက်စေခြင်း၊ (''ကား သုရာပါနဝဂ် ၁၀ ပုဒ်တည်း)၊
(၁၁၀) ၆၁-သဉ္စိစ္စ= သတ်လိုသောစိတ်ဖြင့် သတ္တဝါတိရစ္ဆာန်တို့ကို သတ်ခြင်း၊
(၁၁၁) ၆၂-သပ္ပါဏက= သိလျက်နှင့် ပိုးရှိသောရေကိုသောက်ခြင်း၊
(၁၁၂) ၆၃-ဥက္ကောဋန= ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန်ဖြစ်အောင်ပြုခြင်း၊
(၁၁၃) ၆၄-ဒုဋ္ဌုလ္လ= တစ်ပါးသော ရဟန်း၏ သံဃာဒိသိသ်အာပတ်ကိုသိလျက်နှင့်ဖုံး လွှမ်းခြင်း၊
(၁၁၄) ၆၅-ဦနဝီသတိဝဿ= အသက်နှစ်ဆယ်မပြည့်သေးသူကိုသိလျက်နှင့် ဥပဇ္ဈာယ်ပြု၍ ရဟန်းခံခြင်း၊
(၁၁၅) ၆၆-ထေယျသတ္ထ= ကင်းကို ရှောင်လိုသော သူခိုးကုန်သည်တို့နှင့် သိလျက် တိုင်ပင်၍ ခရီးသွားခြင်း၊
(၁၁၆) ၆၇-သံဝိဓာန= မာတုဂါမနှင့် တိုင်ပင်၍ တစ်ကြောင်းတည်း ခရီးသွားခြင်း၊
(၁၁၇) ၆၈-အရိ၏ = ပညတ္တိ ဝီတိကမရန္တရာယ်ကိုပြုခြင်း၊
(၁၁၈) ၆၉- ဥက္ခိတ္တသမ္ဘောဂ= ဥက္ခိတ္တက္ကဟန်းနှင့် အာမိသသမ္ဘောဂ ဓမ္မသမ္ဘောဂပြုခြင်း၊ တစ်မိုးတစ်ရံတည်းသော ကျောင်း၌ အိပ်ခြင်း၊
(၁၁၉) ၇၀-ကဏ္ဋက= ဒဏ္ဍကမ္မနာသနဖြင့် ဖျက်ဆီးအပ်သော သာမဏေကို သိလျက် သင်္ကန်း စသည်ပေးခြင်း၊ ဝတ်ကြီးဝတ်ငယ်ကို သာယာခြင်း၊ တကွမူလည်း သုံးဆောင်ခြင်း၊ တစ်မိုးတစ်ရံတည်း အိပ်ခြင်း၊ (''ကားသပွါဏကဝဂ် ၁၀ ပုဒ်တည်း)၊
(၁၂၀) ၇၁- သဟဓမ္မိက=သိက္ခာပုဒ်တော်ဖြင့် ဆုံးမသည်ကို မခံလိုခြင်း၊
(၁၂၁) ၇၂- ဝိလေနခန= သိက္ခာပုဒ်ကို ကဲ့ရဲ့ခြင်း၊
(၁၂၂) ၇၃-မောဟန= မောဟနက ကံပြုခံရခြင်း၊
(၁၂၃) ၇၄-ပဟာရ= အမျက်ထွက်၍ ရဟန်းကိုပုတ်ခတ်ခြင်း၊
(၁၂၄) ၇၅-တလသတ္တကိ = အမျက်ထွက်၍ ရဟန်းကိုလက်ဝါးဖြင့် ပုတ်ခတ်ခြင်း၊
(၁၂၅) ၇၆- အမူလက= မြင်ခြင်း, ကြားခြင်း, ရွံ့ရှာခြင်း မရှိဘဲ တစ်ပါးသော ရဟန်းကို သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲခြင်း၊
(၁၂၆) ၇၇- သဉ္စိစ္စ= တစ်ပါးသော ရဟန်းကို စိတ်နှလုံး မချမ်းမသာ ဖြစ်စေခြင်း၊
(၁၂၇) ၇၈-ဥပဿုတိ= တိတ်တိတ်ပုန်း၍ သူတစ်ပါးတို့ပြောနေသော စကားကို ကြားကောင်းသော အရပ်ကနေ၍ နားထောင်ခြင်း၊
(၁၂၈) ၇၉-ကမ္မပ္ပဋိဗာဟန= ဆန္ဒပေးပြီးလျက် ဓမ္မကံကိုကဲ့ရဲ့ခြင်း၊
(၁၂၉) ၈၀- ဆန္ဒံအဒတွာဂမန= သံဃာအစည်းအဝေး၌ အဆုံးအဖြတ်ဖြစ်ဆဲတွင် ဆန္ဒမပေးဘဲ နေရာမှ ထ၉သွားခြင်း၊
(၁၃၀) ၈၁-ဒဗု လ=သံဃာနှင့်တကွ သင်္ကန်း ပေးပြီးသည်ကို နောက်မှရှုတ်ချခြင်း၊
(၁၃၁) ၈၂-ပရိဏာမန= သံဃာအား ညွတ်လေပြီးသော လာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေခြင်း၊ (''ကား သဟဓမ္မိကဝဂ် ၁၂ ပုဒ်တည်း)၊
(၁၃၂) ၈၃-အန္တေပုရ= မိမိလာသည်ကို မပန်ကြားဘဲ မင်း၏ အခန်းသို့ ဝင်ခြင်း၊
(၁၃၃) ၈၄-ရတန= ဒါယကာ၏ ရတနာဆယ်ပါးစသော ဥစ္စာကို သိလျက် လောဘဖြင့် သိမ်းဆည်းခြင်း၊ သိမ်းဆည်းစေခြင်း၊
(၁၃၄) ၈၅-ဝိကာလဂါမပ္ပဝေသန= အနီးရှိရဟန်းကို မပန်ကြားဘဲ နေလွဲအခါ ရွာတွင်းသို့ဝင်ခြင်း၊
(၁၃၅) ၈၆- သူစိဃရ= အရိုး, ဆင်စွယ်, သားချိုတို့ဖြင့် ပြီးသောအပ်ကျည်ကို ပြုစေခြင်း၊
(၁၃၆) ၈၇-မဉ္စပီ၏= ညောင်စောင်း အင်းပျဉ်၏ခြေကို ပမာဏထက် လွန်၍ပြုခြင်း၊
(၁၃၇) ၈၈-တူလောနဒ္ဓ= လဲဖြင့် ပြီးအပ်သော ညောင်စောင်းအင်းပျဉ်ကိုပြုခြင်း၊
(၁၃၈) ၈၉-နိသီဒန= ပမာဏထက်လွန်၍ နိသီဒိုင်ကိုပြုခြင်း၊
(၁၃၉) ၉၀- ကဏ္ဍုပ္ပဋိစ္ဆာဒိ= ပမာဏထက် လွန်၍ အမာလွှမ် သင်္ကန်းကို ပြုခြင်း၊
(၁၄၀) ၉၁-ဝဿိက သာဋိက= ပမာဏထက် လွန်သော မိုးရေခံသင်္ကန်းကိုဆောင်ခြင်း၊
(၁၄၁) ၉၂-နနူ= မြတ်စွာဘုရား၏သင်္ကန်းတော်နှင့် ပမာဏတူသောသင်္ကန်းကိုသော်လည်းကောင်း၊ လွန်သောသင်္ကန်းကိုသော်လည်းကောင်း ပြုခြင်း၊ (''ကား ရတနဝဂ် ၁၀ ပုဒ်တည်း)၊ ♦သုခမှတ်စု

ပါဋိဒေသနီ ၄ ပါး

(၁၄၂) ၁-ပထမပါဋိဒေသနီယ= ရွာတွင်း၌ အဆွေမတော်သော ဘိက္ခုနီမ၏လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိ၏လက်ဖြင့် ခံ၍စားခြင်း၊
(၁၄၃) ၂- ဒုတိယပါဋိဒေသနီယ= အိမ်၌ဆွမ်းစားစဉ် ဘိက္ခုနီမက စီရင်စောခြင်း၊
(၁၄၄) ၃-တတိယပါဋိဒေသနီယ=သေက္ခဟု သမုတ်အပ်သော ဒါယကာ၏အိမ်အတွင်း၌မဖိတ်ဘဲ ဆွမ်းစသည်ကို မိမိလက်ဖြင့်ခံခြင်း၊
(၁၄၅) ၄-စတုတ္ထပါဋိကဒေသနီယ= ရွံရှာဖွယ်ရှိသော ဘေးရှိသော တောကျောင်း၌ မခံမီ ရှေ့အဖို့၌ ရွံရှာဖွယ်ဘေး သံသယရှိသည်ကို အလှူဒကာကိုမကြားဘဲ အရံတွင်း၌ ခဲဖွယ်ဘောဇဉ်ကို မိမိ၏ လက်ဖြင့် မနာမဖျားဘဲ ခံယူခြင်း၊ (''ကား ပါဋိဒေသနီ ၄ ပုဒ်တည်း)၊ ♦သုခမှတ်စု

သေခိယ ၇၅ ပါး

(၁၄၆) ၁-ပရိမဏ္ဍလ= သင်းပိုင်ကို ညီညွတ်စွာမဝတ်ခြင်း၊
(၁၄၇) ၂-ပရိမဏ္ဍလ= ကိုယ်ဝတ်ကို ညီညွတ်စွာမရုံခြင်း၊
(၁၄၈) ၃-သုပ္ပဋိစ္ဆန္န= လည်,လက်ကောက်ဝတ်တိုင်အောင် မဖုံးလွှမ်းဘဲ ရွာတွင်းသို့ သွားခြင်း၊
(၁၄၉) ၄-သုပ္ပဋိစ္ဆန္န=လည်,လက်ကောက်ဝတ်တိုင်အောင် မဖုံးလွှမ်းဘဲ ရွာတွင်း၌ နေခြင်း၊
(၁၅၀) ၅-သုသံဂုတ=ရွာတွင်း၌ လက်ခြေကို ကစား၍ သွားခြင်း၊
(၁၅၁) ၆-သုသံဂုတ= ရွာတွင်း၌လက်ခြေကိုမစား၍နေခြင်း၊
(၁၅၂) ၇-သြက္ခိတ္တစက္ခု= ရွာတွင်း၌ လေးတောင်ထက် ပိုကြည့်၍သွားခြင်း၊
(၁၅၃) ၈-သြက္ခိတ္တစက္ခု= ရွာတွင်း၌ လေးတောင်ထက် ပိုကြည့်၍ နေခြင်း၊
(၁၅၄) ၉-ဥက္ခတ္တိကာ= ရွာတွင်း၌ သင်္ကန်းကို ပင့်၍သွားခြင်း၊
(၁၅၅) ၁၀-ဥက္ခိတ္တ=ရွာတွင်း၌ သင်္ကန်းကို ပင့်၍နေခြင်း၊ (''ကား ပရိမဏ္ဍလဝဂ် ၁၀ ပုဒ်တည်း)၊
(၁၅၆) ၁၁-ဥဇ္ဈဂ္ဃိက= ရွာတွင်း၌ ပြင်းစွာရယ်လျက် သွားခြင်း၊
(၁၅၇) ၁၂-ဥဇ္ဈဂ္ဃိကာယ=ရွာတွင်း၌ ပြင်းစွာရယ်လျက်နေခြင်း၊
(၁၅၈) ၁၃-ဥစ္စသဒ္ဒ= ရွာတွင်း၌ငယ်သောအသံဖြင့် ပြော၍မသွားခြင်း၊
(၁၅၉) ၁၄-ဥစ္စသဒ္ဒ= ရွာတွင်း၌ ငယ်သောအသံဖြင့် ပြော၍မနေခြင်း၊
(၁၆၀) ၁၅-ကာယပ္ပစာလက= ရွာတွင်း၌ ကိုယ်ကိုလှုပ်၍ သွားခြင်း၊
(၁၆၁) ၁၆-ကာယပ္ပစာလက= ရွာတွင်း၌ ကိုယ်ကို လှုပ်၍နေခြင်း၊
(၁၆၂) ၁၇-ဗာဟုပ္ပစာလက= ရွာတွင်း၌ လက်ရုံးကိုလှုပ်၍ သွားခြင်း၊
(၁၆၃) ၁၈-ဗာဟုပ္ပစာလက= ရွာတွင်း၌ လက်ရုံးကို လှုပ်၍နေခြင်း၊
(၁၆၄) ၁၉-သီသပ္ပ စာလက= ရွာတွင်း၌ ဦးခေါင်းလှုပ်၍သွားခြင်း၊
(၁၆၅) ၂၀-သီသပ္ပစာလက= ရွာတွင်း၌ ဦးခေါင်းလှုပ်၍နေခြင်း၊ (''ကား ဥဇ္ဈဂ္ဃီကဝဂ် ၁၀ ပုဒ်တည်း)၊
(၁၆၆) ၂၁-ခမ္ဘကတ= ရွာတွင်း၌ ခါးထောက်၍သွားခြင်း၊
(၁၆၇) ၂၂-ခမ္ဘကတ= ရွာတွင်း၌ ခါးထောက်၍ နေခြင်း၊
(၁၆၈) ၂၃-သြဂုဏ္ဌိတ= ရွာတွင်း၌ ဦးခေါင်းခြုံ၍သွားခြင်း၊
(၁၆၉) ၂၄-သြဂုဏ္ဌတိ = ရွာတွင်း၌ ဦး ခေါင်းခြုံ၍နေခြင်း၊
(၁၇၀) ၂၅-ဥက္ကုဋိက= ရွာတွင်း၌ ဖဝါးစွန်းဖြင့် နင်း၍ သွားခြင်း၊
(၁၇၁) ၂၆-ပလ္လတ္ထိက=ရွာတွင်း၌ အယောဂပတ်ပြုလျက်နေခြင်း၊
(၁၇၂) ၂၇-သက္ကစ္စ ပဋိဂ္ဂဟဏ= သတိကိုဖြစ်စေ၍ ဆွမ်းကို ရိုသေစွာ မခံခြင်း၊
(၁၇၃) ၂၈-ပတ္တ သညီ ပဋိဂ္ဂဟဏ= သပိတ်ကို အမှတ်မပြုဘဲ ဆွမ်းခံခြင်း၊
(၁၇၄) ၂၉-သမသူပက= ဆွမ်း၏ လေးပုံတစ်ပုံမျှပဲနောက်စသောဟင်းကိုမခံခြင်း၊
(၁၇၅) ၃၀-သမတိတ္တိက= သပိတ်အတွင်း အနားအရေးနှင့် အမျှထက် ပိုလွန်၍ခံခြင်း၊ (''ကားခမ္ဘကတဝဂ် ၁၀ ပုဒ်တည်း)၊
(၁၇၆) ၃၁-သက္ကစ္စ= ဆွမ်းကိုရိုသေစွာမစားခြင်း၊
(၁၇၇) ၃၂- ပတ္တသညီ= ဆွမ်းကိုသပိတ်၌အမှတ်ပြု၍ မစားခြင်း၊
(၁၇၈) ၃၃-သပဒါန=ဆွမ်းကို အစဉ်အတိုင်း မစားခြင်း၊
(၁၇၉) ၃၄-သမသူပက= ဆွမ်း၏လေးဖို့တစ်ဖို့မျှသော ပဲနောက်ဟင်း စသည်ကိုမစားခြင်း၊
(၁၈၀) ၃၅-နထူပကတ= ဆွမ်းဦးကို နှိပ်၍ စားခြင်း၊
(၁၈၁) ၃၆-သြဒနပ္ပဋိစ္ဆာဒန=များလိုသောစိတ်ဖြင့် ဟင်းလျာကို ဆွမ်းဖြင့် ဖုံးလွှမ်းခြင်း၊
(၁၈၂) ၃၇- သူပေါဒနဝိသုတ္တိ= မနာမဖျားဘဲ မိမိအကျိုးငှာ ခဲဖွယ် ဘောဇဉ်ကို တောင်းခြင်း၊
(၁၈၃) ၃၈-ဥဇ္ဈာနသညီ= ကဲ့ရဲ့လိုသောစိတ်ဖြင့် သူတစ်ပါး၏ သပိတ်ကိုကြည့်ခြင်း၊
(၁၈၄) ၃၉-ကဗဠ= အလွန်ကြီး သော ဆွမ်းလုတ်ကိုြ့ပုခြင်း၊
(၁၈၅) ၄၀-အာလောပ= ဆွမ်းလုတ်ကို အဝန်းညီစွာမပြုခြင်း၊ (''ကား သက္ကစ္စဝဂ် ၁၀ ပုဒ်တည်း)၊
(၁၈၆) ၄၁= အနာဟဋ= ဆွမ်းလုတ်ကို မရောက်မီ ခံတွင်းကိုဖွင့်ခြင်း၊
(၁၈၇) ၄၂-ဘုဉ္ဇမာန= လက်ငါးခေါင်းကို ခံတွင်းသို့ ထည့်ခြင်း၊
(၁၈၈) ၄၃-သကဗဠ= ဆွမ်းလုတ်နှင့်တကွ စကားပြောခြင်း၊
(၁၈၉) ၄၄-ပိဏ္ဍုက္ခေပက= ဆွမ်းလုတ်ကိုမြှောက်၍စားခြင်း၊
(၁၉၀) ၄၅-ကဗဠာဝစ္ဆေဒ= ဆွမ်းလုတ်ကို ဖြတ်၍ စားခြင်း၊
(၁၉၁) ၄၆-အဝဂဏ္ဍကာရက= မျောက်ကဲ့သို့ ဆွမ်းကိုပါးစောင်၌ ထားခြင်း၊
(၁၉၂) ၄၇- ဟတ္ထုနိဒ္ဓုနက= လက်ကိုခါ၃စားခြင်း၊
(၁၉၃) ၄၈-သိတ္ထာ ဝကာရက= ဆွမ်းလုံးကို ကြဲ၍ စားခြင်း၊
(၁၉၄) ၄၉- ဇိဝှာနိစ္ဆာရက= လျှာကိုထုတ်၍ စားခြင်း၊
(၁၉၅) ၅၀- စပုစပုကာရက= စပ်စပ်စပ်စပ်မြည်အောင်စားခြင်း၊ (''ကား ကဗဠဝဂ် ၁၀ ပုဒ်တည်း)၊
(၁၉၆) ၅၁-သုရုသုရုကာရက= ရှုတ်ရှုတ်ရှုတ်ရှုတ် မြည်အောင် စားသောက်ခြင်း၊
(၁၉၇) ၅၂-ဟတ္ထနိလ္လေဟက= လက်ကိုလျက်၍ စားခြင်း၊
(၁၉၈) ၅၃- ပတ္တ နလ္လေဟက= သပိတ်ကိုခြစ်၍စားခြင်း၊
(၁၉၉) ၅၄-သြဋ္ဌ နိလ္လေဟက- နှုတ်ခမ်းကို လျက်၍စားခြင်း၊
(၂၀၀) ၅၅-သာမိသ= ဆွမ်းစသော အာမိသရှိသောလက်ဖြင့် သောက် ရေခွက်ကိုကိုင်ခြင်း၊
(၂၀၁) ၅၆-သသတ္ထိက= ဆွမ်းလုံးနှင့်တကွ သပိတ်ဆေးရေကိုရွာတွင်း၌ စွန့်ခြင်း၊
(၂၀၂) ၅၇-ဆတ္တပါဏိ= ထီး လက်၌ရှိသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၀၃) ၅၈-ဒဏ္ဍပါဏိ= လှံတံ လက်နက်ရှိသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၀၄) ၅၉-သတ္ထပါဏိ= ဓား လက်နက်ရှိသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၀၅) ၆၀-အာဝုဓပါဏိ= လေးရှိသော မနာမဖျားသူကိုတရားခြင်း၊ (''ကား သုရုသုရုဝဂ် ၁၀ ပုဒ်တည်း)၊
(၂၀၆) ၆၁-ပါဒုက=ခြေနင်းစီးသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၀၇) ၆၂-ဥပဟန= ဖိနပ်စီးသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၀၈) ၆၃-ယာနဂတ =ယာဉ်စီးသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၀၉) ၆၄-သယန= အိပ်ရာ၌နေသော မနာမဖျားသူကိုတရားဟောခြင်း၊
(၂၁၀) ၆၅-ပလ္လတ္ထိကာယ= လက် အာယောဂပတ်၊ ပုဆိုးအာယောဂပတ်ဖွဲ့လျက်နေသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၁၁) ၆၆-ဝေိ၏တ= ဦးရစ်ပေါင်းသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၁၂) ၆၇-သြဂုဏ္ဌိတ = ဦးခေါင်းခြုံသော မနာမဖျားသောသူကို တရားဟောခြင်း၊
(၂၁၃) ၆၈-ဆမာ= မြေ၌နေ၍ နေရာ၌နေသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၁၄) ၆၉-နီစာသန=အနိမ့်၌ နေလျက် အမြင့်၌နေသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၁၅) ၇၀- ဌိတ=ရပ်လျက် ထိုင်နေသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၁၆) ၇၁- ပစ္ဆတောဂမန= နောက်မှ လိုက်လျက် မနာမဖျားဘဲ ရှေ့ကသွားသူကို တရားဟောခြင်း၊
(၂၁၇) ၇၂-ဥပ္ပထေန ဂမန= လမ်းမဟုတ်သောနေရာမှနေ၍ လမ်း၌သွားသော မနာမဖျားသူကို တရားဟောခြင်း၊
(၂၁၈) ၇၃- ဌိတောဥစ္စာရ= မနာမဖျားဘဲ ရပ်၍ ကျင်ကြီး ကျင်ငယ် စွန့်ခြင်း၊
(၂၁၉) ၇၄- ဟရိတေဥစ္စာရ= စိမ်းသော မြက်သစ်ပင်ရှိရာအရပ်၌ ကျင်ကြီးကျင်ငယ် တံတွေးစွန့်ခြင်း၊
(၂၂၀) ၇၅-ဥဒကေဥစ္စာရ= သုံးဆောင်ကောင်းသော ရေ၌ ကျင်ကြီး ကျင်ငယ်တံတွေးစွန့်ခြင်း၊ (''ကား ပါဒုကဝဂ် ၁၅-ပုဒ်၊ သေခိယ ၇၅-ပါး ပြီး၏)၊
(၂၂၁) ၁-သမ္မုခါဝိနယ= သံဃဓမ္မဝိနယပုဂ္ဂလ မျက်မှောက်ဖြစ်သော သမ္မုခရဝိနည်း၊
(၂၂၂) ၂-သတိဝိနယ= ရဟန္တာ အားပေးသော သတိဝိနည်း၊
(၂၂၃) ၃-အမူဠှဝိနယ= ဥမ္မတ္တက ရဟန်းအား ပေးသော အမူဠှဝိနည်း၊
(၂၂၄) ၄-ပဋိညာယကာ ရေတဗ္ဗ= ဝန်ခံတိုင်းသာဆုံး ဖြတ်ရခြင်း၊
(၂၂၅) ၅-ယေဘုယျ=ဓမ္မဝါဒီပုဂု္ဂိလ်များရာသို့ လိုက်၍ပြုရခြင်း၊
(၂၂၆) ၆-တဿပါပိယသိက= ဥပဝါဠ ရဟန်းကဲ့သို့ယုတ်မာသောသူအား ပြုအပ်သော ဉတ္တိစတုတ္ထကံကိုပြုခြင်း၊
(၂၂၇) ၇-တိဏဝတ္ထာရက= မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့ ပြုခြင်း၊ (''ကား အဓိကရဏသမထ ၇-ပါးတည်း)၊ ♦သုခမှတ်စု

ဘိက္ခုနီမတို့၏ သိက္ခာပုဒ် ၃၁၁ ပါး

ပါရာဇိက ၈၊ သံဃာသိသ် ၁၇၊ နိဿဂ္ဂိယပါစိတ် ၃၀၊ သုဒ္ဓပါစိတ် ၁၆၆၊ ပါဋိဒေသနီယ ၈၊ သေခိယ ၇၅၊ အဓိကရဏသမထ ၇၊ ပေါင်း=၃၁၁-ပါး၊ ♦သုခမှတ်စု

မေတ္တာ ၅၂၈

ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၊ ဗြဟ္မဝိဟာရ နိဒ္ဒေသ။ မေတ္တာပို့ရာ၌ သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ၊ သဗ္ဗေ ဘူတာ၊ သဗ္ဗေ ပုဂ္ဂလာ၊ သဗ္ဗေ အတ္ထဘာဝပရိယာပန္နာ-ဟူသော မရည်ညွှန်းသော အနောဓိသပုဂ္ဂိုလ် ၅၊ သဗ္ဗာ ဣတ္ထိယော၊ သဗ္ဗေ ပုရိသာ၊ သဗ္ဗေ အရိယာ၊ သဗ္ဗေ အရိယာ၊ သဗ္ဗေ ဒေဝါ၊ သဗ္ဗေ မနုဿာ၊ သဗ္ဗေ ဝိနိပါတိကာ-ဟူသော ရည်ညွှန်းအပ်သော သြဓိသပုဂ္ဂိုလ် ၇၊ နှစ်ရပ်ပေါင်း ပုဂ္ဂိုလ် ၁၂-ကို အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီယာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု-ဟူသော မေတ္တာပို့စကား ၄-ခွန်းနှင့် မြှောက် ၄၈-ဖြစ်၏၊ ယင်း ၄၈-ကို အရပ်ဆယ်မျက်နှာနှင့် မြှောက်သော် ၄၈၀-ဖြစ်သည်၊ အရပ်ကိုမမှတ်ဘဲ ပို့သော ၄၈-နှင့် အရပ်ဆယ်မျက်နှာမှတ်၍ပို့သော ၄၈၀-နှစ်ရပ် ပေါင်းလျှင် ၅၂၈-ဖြစ်သည်၊ ♦သုခမှတ်စု

ဇာတ်တော် ၅၅၀

၅၅၀-ဇာတ်တော်တို့ကို သုတ္တန်ပိဋကတ်တော် ခုဒ္ဒကနိကာယ် အဝင်အပါ ပါဌဇာတ်ပါဠိတော်တွင် ဟောတော်မူရာ ၅၅၀ ဟုခေါ်သော်လည်း စင်စစ်မှာ ၅၄၇ သာရှိသည်၊ ဂဏန်းပြတ် အခေါ်လွယ်အောင်သာ ခေါ်ဝေါ်ခြင်းဖြစ်၏၊
(၁) ဧကနိပါတ်၌ ဇာတ်ပေါင်း ၁၅၀၊
(၂) ဒုကနိပါတ်၌ ဇာတ်ပေါင်း ၁၀၀၊
(၃) တိကနိပါတ်၌ ဇာတ်ပေါင်း ၅၀၊
(၄) စတုက္ကနိပါတ်၌ ဇာတ်ပေါင်း ၅၀၊
(၅) ပဉ္စကနိပါတ်၌ ဇာတ်ပေါင်း ၂၅၊
(၆) ဆက္ကနိပါတ်၌ ဇာတ်ပေါင်း ၂၀၊
(၇) သတ္တကနိပါတ်၌ ဇာတ်ပေါင်း ၂၁၊
(၈) အဋ္ဌကနိပါတ်၌ ဇာတ်ပေါင်း ၁၀၊
(၉) နဝကနိပါတ်၌ ဇာတ်ပေါင်း ၁၂၊
(၁၀) ဒသနိပါတ်၌ ဇာတ်ပေါင်း ၁၆၊
(၁၁) ဧကာဒသနိပါတ်၌ ဇာတ်ပေါင်း ၉၊
(၁၂) ဒွါဒသနိပါတ်၌ ဇာတ်ပေါင်း ၁၀၊
(၁၃) တေရသနိပါတ်၌ ဇာတ်ပေါင်း ၁၀၊
(၁၄) ပကိဏ္ဏကနိပါတ်၌ ဇာတ်ပေါင်း ၁၃၊
(၁၅) ဝီသတိနိပါတ်၌ ဇာတ်ပေါင်း ၁၄၊
(၁၆) တိံသနိပါတ်၌ ဇာတ်ပေါင်း ၁၀၊
(၁၇) စတ္တာလီသ၌ ၅၊
(၁၈) ပညာသ ၃၊
(၁၉) သဋ္ဌိ ၂၊
(၂၀) သတ္တတိ ၂၊
(၂၁) အသီတိ ၅၊
(၂၂) မဟာနိပါတ်၌ တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ ဟူသော ဇာတ်ကြီး ၁၀၊ ပေါင်း=၅၄၇၊ ♦သုခမှတ်စု

ကိလေသာ ၁၅၀၀

နာမ်-နိ-လက်-ကိုခံ၊ သန်-ကိလေနှင့် မြှောက်၊ နာမ်-စိတ် ၁၊ စေတသိက် ၅၂ ဟူသော နာမ်တရား ၅၃၊ နိ-နိပ္ဖန္နရုပ် ၁၈၊ လက်-လက္ခဏရုပ် ၄၊ ပေါင်း ၇၅ ပါးကိုတည်၍ သန်-အဇ္ဈတ္တ၊ ဗဟိဒ္ဓသန္တန် ၂ ပါးနှင့် မြှောက် ၁၅၀၊ ၎င်းကို ကိလေသာ ၁၀-ပါးနှင့်မြှောက် ၁၅၀၀-ကိလေသာဖြစ်သည်၊ ♦သုခမှတ်စု

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ