Skip to main content

လက္ခဏာဒိစတုက္ကပိုင်း

လက္ခဏာဒိစတုက္ကပိုင်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်တို့ကို ရှုသင့်ပုံ

ဓမ္မာနုပဿနာသတိပဋ္ဌာန်ကျင့်စဉ် ကောက်နုတ်ချက်

ဣဓ ဘိက္ခဝေ ဘိက္ခု ----

၁။ ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော

၂။ ဣတိ ဝေဒနာ၊ ဣတိ ဝေဒနာယ သမုဒယော၊ ဣတိ ဝေဒနာယ အတ္ထင်္ဂမော

၃။ ဣတိ သညာ၊ ဣတိ သညာယ သမုဒယော၊ ဣတိ သညာယ အတ္ထင်္ဂမော

၄။ ဣတိ သင်္ခါရာ၊ ဣတိ သင်္ခါရာနံ သမုဒယော၊ ဣတိ သင်္ခါရာနံ အတ္ထင်္ဂမော

၅။ ဣတိ ဝိညာဏံ၊ ဣတိ ဝိညာဏဿ သမုဒယော၊ ဣတိ ဝိညာဏဿ အတ္ထင်္ဂမော။ (ဒီ၊၂၊၂၃၉။ မ၊၁၊၇၈။)

= ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရရဟန်းတော်သည်

၁။ (က) ဤကား ရုပ်တရားတည်း၊

( ခ ) ဤကား ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘော တည်း၊

( ဂ ) ဤကား ရုပ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘော တည်း။

၂။ (က) ဤကား ဝေဒနာတရားတည်း၊

( ခ ) ဤကား ဝေဒနာတရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်း သဘောတည်း၊

( ဂ ) ဤကား ဝေဒနာတရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောတည်း။

၃။ (က) ဤကား သညာတရားတည်း၊

( ခ ) ဤကား သညာတရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်း သဘောတည်း၊

( ဂ ) ဤကား သညာတရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောတည်း။

၄။ (က) ဤကား (စေတသိက်) သင်္ခါရတရားတို့တည်း၊

( ခ ) ဤကား သင်္ခါရတရားတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်း သဘောတည်း၊

( ဂ ) ဤကား သင်္ခါရတရားတို့၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောတည်း။

၅။ (က) ဤကား (အသိစိတ်) ဝိညာဏ်တရားတည်း၊

( ခ ) ဤကား ဝိညာဏ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်း သဘောတည်း၊

( ဂ ) ဤကား ဝိညာဏ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောတည်း။

ဤသို့လျှင် ဥပါဒါနက္ခန္ဓာ (၅)ပါးတည်းဟူသော ဓမ္မသဘောတရားတို့ ၌ ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ (ဒီ၊၂၊၂၃၉။ မ၊၁၊၇၈။)


ဤအထက်ပါ မဟာသတိပဋ္ဌာနသုတ္တန် ဓမ္မာနုပဿနာ ခန္ဓပဗ္ဗ သတိ ပဋ္ဌာန်ကျင့်စဉ် ဒေသနာတော်၌ ---

၁။ ဣတိ ရူပံ = ဤကား ရုပ်တရားတည်း။

၂။ ဣတိ ဝေဒနာ = ဤကား ဝေဒနာတရားတည်း။

၃။ ဣတိ သညာ = ဤကား သညာတရားတည်း။

၄။ ဣတိ သင်္ခါရာ = ဤကား သင်္ခါရတရားတို့တည်း။

၅။ ဣတိ ဝိညာဏံ = ဤကား ဝိညာဏ်တရားတည်း။

ဤသို့လျှင် ဥပါဒါနက္ခန္ဓာ (၅)ပါးတည်းဟူသော ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍နေရန် ယောဂါဝစရ ရဟန်းတော်အား ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။ ယင်း ညွှန်ကြားတော်မူချက်၏ ဆိုလိုရင်းအနက်သဘောတရားကို အဋ္ဌကထာ ဋီကာတို့က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြ၏။ ---


တတ္ထ ဣတိ ရူပန္တိ ဣဒံ ရူပံ, ဧတ္တကံ ရူပံ, ဣတော ဥဒ္ဓံ ရူပံ နတ္ထီတိ ရုပ္ပနသဘာဝဉ္စေဝ ဘူတုပါဒါယဘေဒဉ္စ အာဒိံ ကတွာ လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနဝသေန အနဝသေသရူပပရိဂ္ဂဟော ဝုတ္တော။ ပ ။

ဣတိ ဝေဒနာတိအာဒီသုပိ အယံ ဝေဒနာ, ဧတ္တကာ ဝေဒနာ, ဣတော ဥဒ္ဓံ ဝေဒနာ နတ္ထိ။ အယံ သညာ။ ဣမေ သင်္ခါရာ။ ဣဒံ ဝိညာဏံ, ဧတ္တကံ ဝိညာဏံ, ဣတော ဥဒ္ဓံ ဝိညာဏံ နတ္ထိတိ ဝေဒယိတ-သဉ္ဇာနန-အဘိသင်္ခ ရဏ-ဝိဇာနနသဘာဝဉ္စေဝ သုခါဒိ-ရူပသညာဒိ-ဖဿာဒိ-စက္ခုဝိညာဏာဒိ ဘေဒဉ္စ အာဒိံ ကတွာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန အနဝသေသဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏပရိဂ္ဂဟော ဝုတ္တော။ (ဒီ၊ဋ္ဌ၊၂၊၅၃။ သံ၊ဋ္ဌ၊၂၊၄၄-၄၅။)

လက္ခဏ-ရသ-ပစ္စုပဋိစ္ဌာန-ပဒဋ္ဌာနဝသေနာတိ ကက္ခဠာဒိလက္ခဏဝသေန, သန္ဓာရဏာဒိရသဝသေန, သမ္ပဋိစ္ဆနာဒိပစ္စုပဋ္ဌာနဝသေန, ဘူတတ္တယာဒိပဒဋ္ဌာနဝသေန စ။ (သံ၊ဋီ၊၂၊၅၈။)


အမေး --- ဘုရားရှင်သည် --- ဤကား ရုပ်တရားတည်း။ ဤကား ဝေဒနာတရားတည်း၊ ဤကား သညာတရားတည်း၊ ဤကား သင်္ခါရတရား တို့တည်း၊ ဤကား ဝိညာဏ်တရားတည်းဟု ဤဥပါဒါနက္ခန္ဓာ (၅)ပါးတို့၌ အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍ နေထိုင်ရန် ယောဂါဝစရ ရဟန်း တော်အား ညွှန်ကြားထားတော်မူ၏။ ဤသို့ ညွှန်ကြားတော်မူရာဝယ် ယောဂါ ဝစရ ရဟန်းတော်သည် ယင်းဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို မည်သို့မည်ပုံ သိရမည်နည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ရှုရမည်နည်းဟု မေးရန်ရှိ၏။

အဖြေ --- အဖြေမှာ ဤသို့ ဖြစ်၏။

၁။ ဤကား ရုပ်တရားတည်း၊ ရုပ်တရားကား ဤမျှသာတည်း၊ ဤထက် အပိုအလွန်မရှိဟု သီတ-ဥဏှ = အအေး-အပူ စသော အကြောင်းတရား တို့ကြောင့် ရှေးရှေး ဖြစ်ပေါ်သွားသော ရုပ်သန္တတိ = ဖြစ်စဉ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိ = ဖြစ်စဉ်၏ ဖြစ်ပုံအခြင်းအရာ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ ဖြစ်မှုဟူသော ရုပ္ပနသဘာဝ = ဖောက်ပြန်ခြင်းသဘောကို လည်းကောင်း, ဘူတရုပ် ဥပါဒါရုပ်တည်းဟူသော ထူးထွေကွဲပြားသော (၂၈) မျိုးသော ရုပ်ကိုလည်းကောင်း အစပြု၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် တို့၏ အစွမ်းဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ဟောတော်မူလိုရင်းဖြစ်သည်။ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် ရုပ်အားလုံးကို ကုန်စင်အောင် သိရမည်၊ သိအောင် ရှုရမည်ဟု ဆိုလိုသည်။

ဤကား ဝေဒနာတရားတည်း စသည်တို့၌လည်း ---

၂။ ဤကား ဝေဒနာတရားတည်း၊ ဝေဒနာတရားကား ဤမျှသာတည်း၊ ဤထက် အပိုအလွန် ဝေဒနာမည်သည် မရှိ။

၃။ ဤကား သညာတရားတည်း။ ပ ။

၄။ ဤသည်တို့ကား သင်္ခါရတရားတို့တည်း။ ပ ။

၅။ ဤကား ဝိညာဏ်တရားတည်း၊ ဝိညာဏ်တရားသည် ဤမျှသာတည်း၊ ဤထက်အပိုအလွန် ဝိညာဏ်တရား မည်သည် မရှိဟု ---

၂။ ဝေဒနာက္ခန္ဓာ၏ အာရုံ၏ အရသာကို ခံစားမှုသဘော,

၃။ သညာက္ခန္ဓာ၏ အာရုံကို အမှတ်ပြု၍ သိမှုသဘော,

၄။ သင်္ခါရက္ခန္ဓာ၏ မိမိအကြောင်းတရားတို့သည် အညီအညွတ် ပြီးစေ အပ်သော အကျိုးတရားကို ဖြစ်ပေါ်လာအောင် ပြုပြင်တတ် ပြီးစေ တတ်သောသဘော,

၅။ ဝိညာဏက္ခန္ဓာ၏ အာရုံကို ပိုင်းခြားယူတတ်မှု သိမှုသဘောကိုလည်းကောင်း,

၂။ ဝေဒနာက္ခန္ဓာ၏ သုခဝေဒနာ စသည်ဖြင့် ကွဲပြားမှု,

၃။ သညာက္ခန္ဓာ၏ ရူပသညာ စသည်ဖြင့် ကွဲပြားမှု,

၄။ သင်္ခါရက္ခန္ဓာ၏ ဖဿ စေတနာ စသည်ဖြင့် ကွဲပြားမှု,

၅။ ဝိညာဏက္ခန္ဓာ၏ စက္ခုဝိညာဏ် စသည်ဖြင့် ကွဲပြားမှုကိုလည်းကောင်း

ဤသဘောတရားများကို အစပြု၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့၏အစွမ်းဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ဟောတော် မူလိုရင်း ဖြစ်သည်။ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားအားလုံးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိရမည် သိအောင်ရှုရမည်ဟု ဆိုလိုသည်။ (ဒီ၊ဋ္ဌ၊၂၊၅၃။ သံ၊ဋ္ဌ၊၂၊၄၄-၄၅။)


အထက်ပါ အဋ္ဌကထာများ၌ --- အနဝသေသရူပပရိဂ္ဂဟော ဝုတ္တော။ ပ ။ အနဝသေသဝေဒနာသညာသင်္ခါရဝိညာဏပရိဂ္ဂဟော ဝုတ္တော ဟူသော ညွှန်ကြားချက်များကို သတိပြုပါ။ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဟူသော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ -ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရန် ဖွင့်ဆိုထားတော်မူကြ၏။

၁။ ရုပ်တရား တစ်လုံးလောက်ကိုသာ, သို့မဟုတ်

၂။ နာမ်တရား တစ်လုံးလောက်ကိုသာ, သို့မဟုတ်

၃။ ရုပ်တရားဘက်ကလည်း တစ်လုံးလောက်, နာမ်တရားဘက်ကလည်း တစ်လုံးလောက်ကိုသာ ---

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရမည် ဟူ၍ ကား မညွှန်ကြားကြပေ။ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့ကို အနဝသေသ = အကြွင်းအကျန်မရှိ ကုန်စင်အောင် သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဟူ၍သာ ညွှန်ကြားထားတော်မူ၏။ ထိုကြောင့် ရုပ်ဓာတ် တစ်လုံးလောက်ကို ရှုလျှင်, သို့မဟုတ် နာမ်ဓာတ် တစ်လုံးလောက်ကို ရှုလျှင်, သို့မဟုတ် ရုပ်ဓာတ်ဘက်ကလည်း တစ်လုံးလောက်, နာမ်ဓာတ်ဘက်ကလည်း တစ်လုံးလောက်ကို ရှုလျှင် ကိစ္စပြီးနိုင်သည် နိဗ္ဗာန်သို့ ရောက်ရှိနိုင်သည် ဟူသောအဆိုအမိန့်များမှာ ဘုရားဟောဒေသနာမျဉ်းကြောင်းမှ တိမ်းစောင်း ချွတ်ချော်နေသော အယူအဆတို့သာ ဖြစ်ကြသည်ဟု မှတ်သားနာယူလေရာသည်။


အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားတော်မူချက် နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ---

၁။ ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ် (၂၈)ပါးကိုလည်းကောင်း, ပထဝီ-အာပေါ-တေဇော-ဝါယော စသော ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာ ဆိုင်ရာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,

၂။ သုခဝေဒနာ, ဒုက္ခဝေဒနာ, သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာကိုလည်းကောင်း, ယင်းဝေဒနာ အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,

၃။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္ဓ သညာဟူသော သညာအပြားကိုလည်းကောင်း, ယင်းသညာ အသီး အသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,

၄။ ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ စသော သင်္ခါရက္ခန္ဓာ ၌ အကျုံးဝင်သော စေတသိက် အလုံး (၅၀)ကိုလည်းကောင်း, ယင်း စေတသိက် အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကို လည်းကောင်း,

၅။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယ ဝိညာဏ်, မနောဝိညာဏ်ဟူသော ဝိညာဏ်အပြားကို လည်းကောင်း, ယင်းအသီးအသီးသော ဝိညာဏ်၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း သိအောင် ရှုရမည်။


ဘုရားရှင်၏ တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော်ကောင်းသည် ဤပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဟော ကြားမြွက်ဖော် မိန့်မှာတော်မူချက်ကိုကား ဦးထိပ်ထက်၌ သံမှိုနှက်သကဲ့သို့ စွဲမြဲစွာ မှတ်သားနာယူထားလေရာသည်။


ဥဂ္ဃဋိတညူ - ဝိပဉ္စိတညူ

သစ္စာ (၄)ပါးနှင့်စပ်သော တရားစကားတော်ကို အကျဉ်းချုပ် နာကြား ခွင့် ရရှိရုံမျှဖြင့် သစ္စာ (၄)ပါးကို လျင်မြန်စွာ ထိုးထွင်းသိမြင်သော ပုဂ္ဂိုလ် တို့ကို ဥဂ္ဃဋိတညူပုဂ္ဂိုလ်တို့ဟူ၍ ခေါ်ဆို၏။ သစ္စာ (၄)ပါးနှင့် စပ်သော တရားအကျယ်ကို နာကြားခွင့် ရရှိရုံမျှဖြင့် သစ္စာ (၄)ပါးကို လျင်မြန်စွာ ထိုးထွင်း သိမြင်သော ပုဂ္ဂိုလ်တို့ကို ဝိပဉ္စိတညူပုဂ္ဂိုလ်တို့ဟူ၍ ခေါ်ဆို၏။


တရားနာယူရုံမျှဖြင့် ကျွတ်တမ်းဝင်သွားတော်မူကြကုန်သော ထိုကဲ့ သို့သော သူတော်ကောင်းကြီးများကို ကြည့်၍ --- ထိုပုဂ္ဂိုလ်မြတ်ကြီးတို့သည် အဘယ်မှာလျှင် ရုပ်တရား နာမ်တရားတို့ကို အသေးစိတ် ရှုပွားသုံးသပ်ဖို့ရန် အချိန်ရရှိနိုင်ပါအံ့နည်း။ အဘယ်မှာလျှင် ရုပ်တရားတိုင်း နာမ်တရားတိုင်းကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် တစ်လုံးစီ တစ်လုံးစီ သိမ်းဆည်း ရှုပွားဖို့ရန် အချိန်ရရှိနိုင်ပါအံ့နည်းဟု မေးခွန်းထုတ်တတ်ကြပြန်၏၊ ဆင်ခြင် ပေးကြပြန်၏။ ဤအချက်နှင့် ပတ်သက်၍ သံသယမကင်း ရှိနေသေးကြ သည့် သူတော်ကောင်းတို့အား အနည်းငယ် ရှင်းလင်းတင်ပြပါရစေ ...။


တရားနာယူရုံမျှဖြင့် ကျွတ်တမ်းဝင်သွားတော်မူကြကုန်သော အရှင် သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်ဗာဟိယဒါရုစိရိယ အစရှိကုန် သော ထိုသူတော်ကောင်းကြီးတို့သည်ကား ယေဘုယျအားဖြင့် ပဋိသမ္ဘိဒါ ဉာဏ်တော်မြတ်သို့ ဆိုက်ရောက်တော်မူကြသည့် သူတော်စင်ကြီးတို့သာ ဖြစ် တော်မူကြ၏။


ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄) ပါး

၁။ အတ္ထပဋိသမ္ဘိဒါဉာဏ် --- ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိ သမ္ဘိဒါဉာဏ် မည်၏ = အကြောင်း၏အကျိုး၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏။

၂။ ဓမ္မပဋိသမ္ဘိဒါဉာဏ် --- ဒုက္ခသစ္စာ၏ အကြောင်း သမုဒယသစ္စာ၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏ = အကြောင်းတရား၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏။

၃။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ် --- ထိုဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော အတ္ထ ဓမ္မ သဘာဝတရားတို့၌ အခေါ်အဝေါ် အသုံးအနှုန်းကို ကျွမ်း ကျင်လိမ္မာသော ဉာဏ်သည် အထူးသဖြင့် မာဂဓဘာသာစကား၌ ကျွမ်း ကျင်လိမ္မာသော ဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် မည်၏။

၄။ ပဋိဘာနပဋိသမ္ဘိဒါဉာဏ် --- အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါ ဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တို့ကို တစ်ဖန်ပြန်၍ သိသော ဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်၏။ (အဘိ၊၂၊၃၀၇-၃၀၈။ ဝိသုဒ္ဓိ၊၂၊ရဝ-၇၂။)


ပဋိသမ္ဘိဒါဉာဏ်ကို ရရှိရန် အကြောင်းအင်္ဂါ (၅) ရပ်

သာဝကတို့၏ ပဋိသမ္ဘိဒါဉာဏ်တို့သည် (၅)မျိုးကုန်သော အကြောင်း တရားတို့ကြောင့် စင်ကြယ်သန့်ရှင်းကုန်၏။

ဧတာ အဓိဂမေန ပရိယတ္တိယာ သဝနေန ပရိပုစ္ဆာယ ပုဗ္ဗယောဂေန စာတိ ဣမေဟိ ပဉ္စဟာကာရေဟိ ဝိသဒါ ဟောန္တိ။ ပ ။ ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

၁။ အဓိဂမ = အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြားရှိသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းကြောင့်လည်းကောင်း,

၂။ ပရိယတ္တိ = ဘုရားရှင်၏ ပရိယတ်တရားတော်ကို သင်ယူခြင်း ရွတ် ဖတ်သရဇ္ဈာယ်ခြင်းကြောင့်လည်းကောင်း,

၃။ သဝန = ထိုပါဠိတော်၏ အနက် အဋ္ဌကထာကို နာကြားခြင်းကြောင့် သို့မဟုတ် တရားနာခြင်းကြောင့်လည်းကောင်း,

၄။ ပရိပုစ္ဆာ = ပါဠိတော် အဋ္ဌကထာ စသည်တို့၌ ပဒတ္ထ = ပုဒ်အနက် သဘောအားဖြင့် အသိခက်သောပုဒ်, အဓိပ္ပါယတ္ထ = အနက်အဓိပ္ပါယ် အားဖြင့် အသိခက်သော ပုဒ်တို့ကို မေးမြန်းလျှောက်ထားခြင်း ဆုံး ဖြတ်ခြင်းကြောင့်လည်းကောင်း (ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စ သမုပ္ပါဒ် စသည်တို့နှင့် စပ်သော အနက် အဓိပ္ပါယ်တို့ကို မေးမြန်း လျှောက်ထားခြင်း ဆုံးဖြတ်ခြင်းကြောင့်လည်းကောင်း),

၅။ ပုဗ္ဗယောဂ = ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဆွမ်းခံ အသွားအပြန်တို့၌ ကမ္မဋ္ဌာန်းကိုဆောင်ခြင်း = ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်လျက် အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး ၌ဖြစ်သော မုဉ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ် သို့တိုင်အောင် ဝိပဿနာဘာဝနာကို ပွားများအားထုတ်ခဲ့ဖူးခြင်းကြောင့် လည်းကောင်း ---

ဤ (၅)မျိုးသော အကြောင်းတရားတို့ကြောင့် သာဝကတို့၏ ပဋိ သမ္ဘိဒါဉာဏ်တို့သည် စင်ကြယ်သန့်ရှင်းကုန်၏။ ထိုတွင် ---

၁။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည်လည်းကောင်း,

၂။ ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည်လည်းကောင်း ---

၁။ ပုဗ္ဗယောဂဟူသော ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ သင်္ခါရုပေက္ခာဉာဏ်တို့တိုင်အောင် ဝိပဿနာဘာဝနာကို ပွားများအား ထုတ်ခဲ့ဖူးခြင်းကြောင့််လည်းကောင်း,

၂။ အဓိဂမဟူသော အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ကို ရရှိတော် မူခြင်းကြောင့်လည်းကောင်း ---

ဤ အကြောင်းတရား နှစ်မျိုးကို အမှီပြု၍ ပဋိသမ္ဘိဒါဉာဏ်တို့သို့ ရောက်ရှိတော်မူကြကုန်၏။ သာဝကတို့သည်ကား အထက်တွင် ဖော်ပြထား သော ထိုအကြောင်းတရား (၅)ပါးလုံးတို့ကိုပင် အမှီပြု၍ ပဋိသမ္ဘိဒါဉာဏ် တို့သို့ ရောက်ရှိသွားကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၇၂။)


သေက္ခဘုံ - အသေက္ခဘုံ

ပဋိသမ္ဘိဒါ လေးပါးတို့သည်ကား သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော အောက်မဂ် အောက်ဖိုလ်တို့ဖြင့် ထုံမွမ်းထားအပ်သော စိတ်အစဉ်ဟူသော သေက္ခဘုံ၌လည်းကောင်း, အသေက္ခပုဂ္ဂိုလ်တို့၏ = ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်တို့ဖြင့် ထုံမွမ်းထားအပ်သော စိတ်အစဉ်ဟူသော အသေက္ခဘုံ၌လည်းကောင်း ဤနှစ်မျိုးသော ဘုံဌာနတို့၌ ထိုထို အထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏။


ထိုနှစ်ပါးသော အရာဌာနတို့တွင် အဂ္ဂသာဝကတို့၏လည်းကောင်း, မဟာသာဝကတို့၏လည်းကောင်း ပဋိသမ္ဘိဒါဉာဏ်တို့သည် အသေက္ခဘုံ၌ ထိုထို အထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏ = ရဟန္တာအဖြစ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုလည်း ရရှိတော်မူကြ၏။


အရှင်အာနန္ဒာမထေရ်မြတ်, စိတ္တသူကြွယ်, ဓမ္မိကဥပါသကာ, ဥပါလိ သူကြွယ်, ခုဇ္ဇုတ္တရာဥပါသိကာမ --- အစရှိသော ပုဂ္ဂိုလ်တို့၏ ပဋိသမ္ဘိဒါ ဉာဏ်တို့သည်ကား သေက္ခဘုံ၌် ထိုထိုပဋိသမ္ဘိဒါဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ထိုထို အထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၇၂။)


အရှင်အာနန္ဒာ မထေရ်မြတ်သည် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် တို့ကို ရရှိတော်မူသောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုပါ ရရှိတော်မူ၏။ စိတ္တသူကြွယ်နှင့် ဓမ္မိကဥပါသကာကြီးတို့သည် အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိကြသောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုပါ ရရှိသွားကြ၏။ ဥပါလိသူကြွယ်နှင့် ခုဇ္ဇုတ္တရာ ဥပါသိကာမတို့သည်လည်း သောတာပတ္တိမဂ် ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိသောအခါ ပဋိသမ္ဘိဒါဉာဏ်တို့ကိုပါ ရရှိသွားကြ၏ ဟူလို။

ပုဗ္ဗယောဂ အရေးကြီးပါသည်

ဧတေသု ပန ကာရဏေသု ပရိယတ္တိ, သဝနံ, ပရိပုစ္ဆာတိ ဣမာနိ တီဏိ ပဘေဒေဿဝ ဗလဝကာရဏာနိ။ ပုဗ္ဗယောဂေါ အဓိဂမဿ ဗလဝပစ္စယော၊ ပဘေဒဿ ဟောတိ န ဟောတီတိ? ဟောတိ၊ န ပန တထာ။ ပရိယတ္တိသဝနပရိပုစ္ဆာ ဟိ ပုဗ္ဗေ ဟောန္တု ဝါ မာ ဝါ၊ ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။ ဣမေ ပန ဒွေပိ ဧကတော ဟုတွာ ပဋိသမ္ဘိဒါ ဥပတ္ထမ္ဘေတွာ ဝိသဒါ ကရောန္တီတိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)

ဤအကြောင်းတရား (၅)မျိုးတို့တွင် ---

၁။ ပရိယတ္တိ = ပရိယတ်တရားတော်ကို သင်ယူခြင်း ရွတ်ဖတ်သရဇ္ဈာယ် ခြင်း,
၂။ သဝန = ထိုပရိယတ်တရားတော်ဟူသော ပါဠိတော်၏ အနက် အဋ္ဌကထာကို နာကြားခြင်း - တရားနာခြင်း,
၃။ ပရိပုစ္ဆာ = ပါဠိတော် အဋ္ဌကထာ စသည်တို့၌ ပဒတ္ထ = ပုဒ်အနက် သဘောအားဖြင့် အသိခက်သောပုဒ်, အဓိပ္ပါယတ္ထ = အနက်အဓိပ္ပါယ် အားဖြင့် အသိခက်သော ပုဒ်တို့ကို မေးမြန်းလျှောက်ထားခြင်း - ဆုံး ဖြတ်ခြင်း ---

ဤ (၃)မျိုးကုန်သော အကြောင်းတရားတို့သည်ကား အရိယမဂ်တရား တို့ဖြင့် သိအပ် ရအပ်ပြီးကုန်သော ပဋိသမ္ဘိဒါဉာဏ်တို့၏ ထူးထွေကွဲပြား ခြင်းသို့ ရောက်ခြင်း၏သာလျှင် အားကြီးသော အကြောင်းတရားတို့ ဖြစ်ကြ ကုန်၏။ အဓိဂမ အမည်ရသော အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြား ရှိသော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်ကို ရရှိခြင်း၏ အားကြီးသော အကြောင်းတရားတို့ မဟုတ်ကြလေကုန်။

ပုဗ္ဗယောဂ --- ပုဗ္ဗယောဂ အမည်ရသော ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော သမထ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူး ခြင်းတည်းဟူသော အကြောင်းတရားသည်ကား အဓိဂမ အမည်ရသော အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြား ရှိသော အရိယမဂ်ဉာဏ် အရိယ ဖိုလ်ဉာဏ်ကို ရရှိခြင်း၏ အားကြီးသော အကြောင်းတရား ဖြစ်ပေသည်။

ယင်း ပုဗ္ဗယောဂသည် ပဋိသမ္ဘိဒါဉာဏ်၏ ထူးထွေ ကွဲပြားခြင်း၏ အကြောင်းတရား ဖြစ်လေသလော မဖြစ်လေသလော-ဟု မေးခဲ့သော် အကြောင်းတရား ဖြစ်၏ဟူ၍ပင် ဖြေဆိုလေရာသည်။ (အဓိဂမကား လောကုတ္တရာတရားတည်း။ ပဋိသမ္ဘိဒါဉာဏ်ကား ကာမာဝစရတရားတည်း။သေက္ခပဋိသမ္ဘိဒါဉာဏ်ကား မဟာကုသိုလ် ဉာဏသမ္ပယုတ်, အသေက္ခ ပဋိသမ္ဘိဒါဉာဏ်ကား မဟာကြိယာ ဉာဏသမ္ပယုတ် ကာမာဝစရတရားတည်း။ ဤသို့ မှတ်သားပါလေ။)

သို့သော် ယင်းပုဗ္ဗယောဂသည် အဓိဂမ အမည်ရသော အရိယမဂ် ဉာဏ် အရိယဖိုလ်ဉာဏ်၏ အားကြီးသော အကြောင်းတရား ဖြစ်သကဲ့သို့ ပဋိသမ္ဘိဒါဉာဏ်၏ အားကြီးသော အကြောင်းတရားကား မဟုတ်ပေ။ ပရိယတ္တိ သဝန ပရိပုစ္ဆာဟူသော ဤအကြောင်းတရား (၃)မျိုးတို့သည် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ (တစ်နည်း ရှေးဘဝ၌) ရှိမူလည်း ရှိကြပါစေ, မရှိမူလည်း မရှိကြပါစေ, ပုဗ္ဗယောဂကြောင့် ရှေးရှေး ဘုရားရှင် တို့၏ သာသနာ ရှေးရှေးဘဝ၌လည်းကောင်း, ယခုဘဝ၌လည်းကောင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ခြင်း သင်္ခါရသမ္မသန လုပ်ငန်းရပ်နှင့် ကင်း၍ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိခြင်းမည်သည် မရှိသည်သာတည်း။ ပုဗ္ဗယောဂ အဓိဂမ ဟူသော ဤ အကြောင်းတရား နှစ်ပါးတို့သည်လည်း အညီအညွတ် တပေါင်းတစည်းတည်း ဖြစ်သော်သာလျှင် ပဋိသမ္ဘိဒါဉာဏ်တို့ကို ထောက်ပံ့၍ သန့်ရှင်းသည်တို့ကို ပြုကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)

ဗဟုမ္ပိ ဥဂ္ဂဟေတွာ ပန ပုထုဇ္ဇနဿ ပဋိသမ္ဘိဒါပတ္တိ နာမ နတ္ထိ၊ အရိယသာဝကော နော ပဋိသမ္ဘိဒါပ္ပတ္တော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂၊၊)

= ဘုရားရှင်၏ ပရိယတ်တရားတော်ကို များစွာပင် သင်ယူပြီးသော်လည်း ပုထုဇန်ပုဂ္ဂိုလ်၏ ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ခြင်းမည်သည် မရှိသည်သာ လျှင်တည်း။ အရိယသာဝကဟူသမျှသည် ပဋိသမ္ဘိဒါဉာဏ်သို့ မရောက်သော သာဝကမည်သည် မရှိသည်သာတည်း။ (အဘိ၊ဋ္ဌ၊၂၊၃၇၂။)

အရိယာသူတော်ကောင်းမှန်သမျှတို့သည် သစ္စာလေးပါးတို့ကို ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် အရိယမဂ္ဂသမ္မာဒိဋ္ဌိဉာဏ်တို့ဖြင့် = အနုဗောဓဉာဏ် ပဋိဝေဓ ဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူပြီး ဖြစ်ကြ၏။ ထိုသို့ မသိမမြင်ကြဘဲ အရိယာသူတော်ကောင်းအဖြစ်သို့ကား မရောက်ရှိ နိုင်ကြပေ။ (သံ၊၃၊၃၆၅။ ခု၊၁၊၂၆၆။)

ယင်းသစ္စာလေးပါးတို့တွင် အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ ဩဠာရိက-သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိကဟူသော (၁၁)မျိုးသော အခြင်း အရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့သည် ဒုက္ခသစ္စာ မည်ကြ၏။ (သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ သံ၊၃၊၃၆၉။) ယင်းဒုက္ခသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ်မည်၏၊

အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ၍ ပြုစုပျိုးထောင်အပ်သော သင်္ခါရ ကံတို့သည် သမုဒယသစ္စာ မည်ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။) ယင်းသမုဒယ သစ္စာကိုလည်းကောင်း, သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း သိသောဉာဏ်သည် ဒုက္ခသစ္စာ၏အကြောင်း သမုဒယသစ္စာ၌ သိသောဉာဏ် = ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏။

ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ပထဝီ အာပေါ တေဇော ဝါယော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် စသော ပရမတ္ထ ဓာတ်သားတို့၏ အခေါ်အဝေါ် အသုံးအနှုန်းကို ကျွမ်းကျင်လိမ္မာသော ဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် မည်၏။

ယင်း အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ် တို့ကို တစ်ဖန်ပြန်၍ သိတတ်သော ရှုတတ်သော ဝိပဿနာဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်၏။ (အဘိ၊၂၊၃၀၇-၃၀၈။ ဝိသုဒ္ဓိ၊၂၊ရဝ-၇၂၊၊)

ဤရှင်းလင်းချက်များနှင့် အညီ အရိယာသူတော်ကောင်းတို့သည် ပဋိ သမ္ဘိဒါဉာဏ်သို့ ထိုက်သည့်အားလျော်စွာ ရောက်ရှိတော်မူကြသည်သာ ဖြစ်ကြ၏။ အရှင်မဟာကောဋ္ဌိက မထေရ်မြတ်ကြီးတို့ကဲ့သို့ အလွန် အဆင့် မြင့်မားလှသော ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိတော်မူကြသည့် သူတော် ကောင်းတို့သည်လည်း ရှိကြကုန်ရာ၏။ သာဝကပါရမီဉာဏ်အားလျော်စွာ သစ္စာလေးပါးမျှကိုသာ ထိုးထွင်းသိမြင်ကြသည့် ပဋိသမ္ဘိဒါဉာဏ်သို့ ရောက် ရှိကြကုန်သော အရိယာသူတော်ကောင်းကြီးတို့သည်လည်း ရှိကြကုန်ရာ၏။

အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြားရှိသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အဓိဂမ၏ အားကြီးသော အကြောင်းတရားမှာ ပုဗ္ဗယောဂ ပင် ဖြစ်သည်။ ပုဗ္ဗယောဂနှင့်ကင်း၍ ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိခြင်း မည်သည် မရှိကောင်းသည်သာလျှင် ဖြစ်၏။ ပုဗ္ဗယောဂနှင့် အဓိဂမ နှစ်ပါး စုံမှသာလျှင် ပဋိသမ္ဘိဒါဉာဏ်သို့ ဆိုက်ရောက်နိုင်၏။

အထက်တွင် တင်ပြထားသော အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်ဗာဟိယဒါရုစိရိယ မထေရ်မြတ်ကြီးတို့ကား အရဟတ္တမဂ် အရ ဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက် ပဋိသမ္ဘိဒါဉာဏ် တို့ကိုပါ တစ်ပါတည်း ရရှိတော်မူကြသော သူတော်ကောင်းကြီးများ ဖြစ် တော်မူကြ၏။ ထိုကဲ့သို့သော အသိထူး ဉာဏ်ထူးကြီးများကို ရရှိတော်မူနိုင်ရန် အဂ္ဂသာဝကကြီး နှစ်ပါးတို့သည် အနောမဒဿီဘုရားရှင်၏ သာသနာတော် မှစ၍ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး, အရှင်ဗာဟိယဒါရု စိရိယ ကိုယ်တော်မြတ်ကြီးသည် ပဒုမုတ္တရာဘုရားရှင်၏ သာသနာတော်မှ စတင်၍ ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး ရှေးရှေးဘုရားရှင်တို့၏ သာသ နာတော်တွင်း၌ ပဋိသမ္ဘိဒါဉာဏ်တို့ကို ရရှိခြင်း၏ အကြောင်းတရားတို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ကြပြီး ဖြစ်တော်မူကြ၏။ ထို အကြောင်းတရား (၅)ပါးတို့တွင် ဤ၌ အထူး အလေးဂရုပြု၍ ပြောဆိုလိုသော အကြောင်း တရားကား ပုဗ္ဗယောဂဟူသော အကြောင်းတရားပင် ဖြစ်၏။ ထိုအရှင်မြတ် ကြီးတို့သည် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ အနုလောမ ဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး၌ ဖြစ်လေ့ရှိသော သင်္ခါရုပေက္ခာ ဉာဏ်သို့တိုင်အောင် သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေ တော်မူခဲ့ဖူးကြ၏။ တစ်နည်းအားဖြင့် ဆိုရသော် ---

၁။ ဒုက္ခသစ္စာ အမည်ရသော --- အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-ဩဠာရိက-သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့ဖူးကြ၏၊ သိခဲ့ဖူးကြ၏၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အား ဖြင့် ယင်းတရားများကို ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးကြကုန်၏၊ နင်းနယ်ခဲ့ဖူးကြ ကုန်၏။
၂။ သမုဒယသစ္စာ အမည်ရသော -- ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စ သမုပ္ပါဒ် သဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့ဖူးကြကုန်၏၊ သိခဲ့ဖူး ကြကုန်၏၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးကြကုန်၏၊ နင်းနယ်ခဲ့ဖူးကြကုန်၏။
၃။ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော -- ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးကြကုန်၏၊ နင်းနယ်ခဲ့ဖူးကြကုန်၏၊ ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခ အခြင်းအရာ အနတ္တအခြင်းအရာကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ခဲ့ဖူးကြကုန်၏၊ သင်္ခါရတရားတို့၏ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို လျစ်လျူရှုနိုင်သော ဥဒါသိန်မူနိုင်သော သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်အောင် လုံ့လကြိုးကုတ် အားထုတ်ခဲ့ဖူးကြကုန်၏။

ဤအချက် သုံးရပ်တို့ကား ထိုသူတော်ကောင်းကြီးတို့၏ ပုဗ္ဗယောဂ ကျင့်စဉ်တည်း။ ထိုကြောင့် ထိုသူတော်ကောင်းကြီးတို့တွင် အဂ္ဂသာဝကကြီး နှစ်ဦးသားတို့သည် ဤဘဝဝယ် သောတာပန်မဖြစ်မီ အချိန်၌, အရှင်ဗာဟိ ယဒါရုစိရိယသည် အရဟတ္တဖိုလ်သို့ မဆိုက်မီအချိန်၌ ဒုက္ခသစ္စာ သမုဒယ သစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် မကြိတ်ခြေလိုက်ရသော်လည်း ကြိတ်ခြေဖို့ရန် အချိန်မရလိုက် သော်လည်း ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ကား ယင်း သင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ဉာဏ် ဖြင့် ကြိတ်ခြေခဲ့ဖူးကြသည်သာ ဖြစ်ကုန်၏၊ နင်းနယ်ခဲ့ဖူးကြသည်သာ ဖြစ် ကုန်၏။ ထိုကဲ့သို့ ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးခြင်း နင်းနယ်ခဲ့ဖူးခြင်းသည်ပင် လျှင် သစ္စာလေးပါးကို ထွင်းဖောက်သိမြင်ရေး၌ အားကြီးသော မှီရာ ဥပ နိဿယ အကြောင်းတရားတစ်ခု ဖြစ်လာရပေသည်။

ထိုကဲ့သို့ ပြည့်စုံလုံလောက်သော ပုဗ္ဗယောဂရှိပြီးသူ သူတော်ကောင်း ကြီးများနှင့် အသင်သူတော်ကောင်းသည် ပခုံးချင်းတက်၍ မယှဉ်ပြိုင်သင့် လှပေ။ အကယ်၍ ပခုံးချင်း ယှဉ်ပြိုင်လိုသည် ဖြစ်အံ့၊ ထိုသူတို့သည်ပင် (ဤဘဝဝယ်) လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်-နာမ်တို့ကို မသိမ်းဆည်းဘဲ မဂ် ဖိုလ် နိဗ္ဗာန်ကို ရသွားကြ၏၊ ငါသည်လည်းပဲ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်-နာမ်တို့ကို မသိမ်းဆည်းလျှင်လည်း မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်သည်ဟု အထင်ရောက်ခဲ့သည် ဖြစ်အံ့၊ ထိုသူတော် ကောင်းကြီးတို့ နာကြားသွားကြသော သောတာပန် ဖြစ်ကြသည့် တရား ဒေသနာ, ရဟန္တာဖြစ်တော်မူသည့် တရားဒေသနာတော်တို့ကို နာကြား ကြည့်ပါ၊ သို့မဟုတ် ဖတ်ရှုကြည့်ပါ။ ထိုသို့ နာကြားကြည့်ရုံမျှဖြင့် ဖတ်ရှု ကြည့်ရုံမျှဖြင့် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်၌ မတည်လျှင်, အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်၌ မတည်လျှင် ထိုမထေရ်မြတ်ကြီးတို့နှင့် ပခုံးချင်းတက် ၍ကား မယှဉ်ပြိုင်သင့်လှပေ။

သိတော်မူ မြင်တော်မူ၍ ဟောကြားထားတော်မူသော ဘုရားရှင်၏ တရားတော်၌လည်းကောင်း, တရားတော်၏ အနက်အဓိပ္ပါယ်ကို သိလွယ် အောင် နည်းမှန်လမ်းမှန် ကျင့်နိုင်အောင် ဖွင့်ဆိုထားတော်မူကြသော အဋ္ဌ ကထာတို့အပေါ်၌လည်းကောင်း တရားစစ် တရားမှန်ကို လိုလားတောင့်တ လျက်ရှိသော အမျိုးကောင်းသား အမျိုးကောင်းသမီး မှန်သမျှသည် ယုံကြည် ကိုးစားသော စိတ်ထား ဖြူစင်ဖြောင့်စင်းသော မနသိကာရတရား ထင်ရှား ရှိသင့်လှပေသည်။

__________

လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် အဓိပ္ပါယ်

၁။ လက္ခဏာဒီသု ဟိ တေသံ တေသံ ဓမ္မာနံ သဘာဝေါ ဝါ သာမညံ ဝါ လက္ခဏံ နာမ၊
၂။ ကိစ္စံ ဝါ သမ္ပတ္တိ ဝါ ရသော နာမ၊
၃။ ဥပဋ္ဌာနာကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ။
၄။ အာသန္နကာရဏံ ပဒဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

၁။ လက္ခဏ --- လက္ခဏာသည် သဘာဝလက္ခဏာ သာမညလက္ခဏာ ဟု လက္ခဏာ နှစ်မျိုးရှိ၏။ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာ ဟူသော လက္ခဏာ သုံးပါးတို့သည် သင်္ခါရတရားအားလုံးတို့နှင့် သက်ဆိုင် သောကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏။ ယင်း အများဆိုင် သာမညလက္ခဏာကား ဝိပဿနာပိုင်းနှင့်သာ သက်ဆိုင်သဖြင့် ဝိပဿနာ ပိုင်းသို့ ရောက်ရှိသောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုပွားသုံးသပ်ရမည် ဖြစ်၏။

ရုပ္ပနေဉ္စတ္ထ သီတာဒိဝိရောဓိပစ္စယသန္နိပါတေ ဝိသဒိသုပ္ပတ္တိ။ (မဟာဋီ၊၂၊၈၆။)

ရုပ်တရားအားလုံးတို့၏ သီတ-ဥဏှ = အအေး-အပူစသော ဆန့်ကျင် ဘက် အကြောင်းတရားတို့ကြောင့် ရှေးကဖြစ်သွားသော ရုပ်သန္တတိအစဉ် နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိအစဉ်၏ ဖြစ်ခြင်းဟူသော ဖြစ်ပုံအခြင်းအရာ မတူညီဘဲ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ဖြစ်ခြင်း = ရုပ္ပန လက္ခဏာသည် ရုပ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏။ နာမ်တရားအားလုံးတို့၏လည်း မိမိတို့၏ အာရုံ ပြုရာ ဆိုင်ရာဆိုင်ရာ အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းခြင်းသဘော = နမန လက္ခဏာသည်လည်း နာမ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏။ ဤရုပ်တရား နာမ်တရားတို့၏ ရုပ္ပနလက္ခဏာ, နမနလက္ခဏာဟူသော သာမညလက္ခဏာကား ဤ နာမရူပပရိစ္ဆေဒဉာဏ် ပိုင်းနှင့် သက်ဆိုင်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ဤ နာမရူပပရိစ္ဆေဒဉာဏ် ပိုင်း၌ပင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုရမည် ဖြစ်၏။

ထိုထို ရုပ်တရား နာမ်တရားတို့၏ အများနှင့် မဆက်ဆံသော မိမိ၏ ကိုယ်ပိုင် အမှတ်အသား သဘောရင်းကို သဘာဝလက္ခဏာဟု ခေါ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ ယင်းပရမတ္ထဓမ္မ အသီးအသီး၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကိုလည်း သမ္မာ ဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရ မည် ဖြစ်၏။

၂။ ရသ --- ကိစ္စံ ဝါ သမ္ပတ္တိ ဝါ ရသော နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

ရသော တေဿဝ အတ္တနော ဖလံ ပတိ ပစ္စယဘာဝေါ။ (ဒီ၊ဋီ၊၂၊၅၃၊၊)

ထိုထို ရုပ်တရား နာမ်တရား၏ မိမိ၏အကျိုးကို အစွဲပြု၍ ကျေးဇူး ပြုတတ်သည်၏ အဖြစ်ကို ရသဟု ခေါ်ဆိုသည်။ ယင်း ရသသည်လည်း ပရမတ္ထဓာတ်သားတရားတို့၏ ပြုဖွယ်ကိစ္စဟူသော ကိစ္စရသ, အကြောင်း စုံညီ၍ ဖြစ်ပုံဟူသော သမ္ပတ္တိရသ, တစ်နည်း ထင်ရှားရှိနေသော ဂုဏ်ဟူ သော သမ္ပတ္တိရသဟု ရသနှစ်မျိုး ရှိ၏။ ထိုတွင် အချို့တရား၌ ကိစ္စရသ ထင်ရှား၍ အချို့တရား၌ သမ္ပတ္တိရသ ထင်ရှားကာ အချို့တရား၌ ကိစ္စရသ သမ္ပတ္တိရသ နှစ်မျိုးလုံး ထင်ရှား၏။ ထိုရသများသည် ဆိုင်ရာတရား၌ ထင် ရှားလတ္တံ့။

၃။ ပစ္စုပဋ္ဌာန် --- ဥပဋ္ဌာနာကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

ဥပဋ္ဌာနာကာရောတိ ဂဟေတဗ္ဗဘာဝေန ဉာဏဿ ဥပဋ္ဌဟနာကာရော။ ဖလံ ပန အတ္တနော ကာရဏံ ပဋိစ္စ တပ္ပဋိဗိမ္ဗဘာဝေန, ပဋိမုခံ ဝါ ဥပဋ္ဌာတီတိ ပစ္စုပဋ္ဌာနံ။ (မူလဋီ၊၁၊၆၄။)

ပစ္စုပဋ္ဌာနံ တဿ ပရမတ္ထတော ဝိဇ္ဇမာနတ္တာ ယာထာဝတော ဉာဏဿ ဂေါစရဘာဝေါ။ (ဒီ၊ဋီ၊၂၊၅၃။)

ထိုထို ရုပ်တရား နာမ်တရား၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဟုတ်တိုင်းမှန်စွာ ဉာဏ်၏ ကျက်စားရာအာရုံ၏ အဖြစ်ကို ပစ္စုပဋ္ဌာန်ဟု ခေါ်ဆိုသည်။ ထိုပစ္စုပဋ္ဌာန်သည်လည်း ဥပဋ္ဌာနာကာရပစ္စု ပဋ္ဌာန် ဖလပစ္စုပဋ္ဌာန်ဟု (၂)မျိုး ရှိ၏။ ထိုတွင် ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် ဟူသည် ထိုထို ပရမတ္ထဓာတ်သား တရားတစ်ခုခုကို ရှုဆင်ခြင်သည့်အခါ ဉာဏ်ဖြင့် ယူထိုက်သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ် ဝယ် ထင်လာမြင်လာသော အခြင်းအရာတည်း။ ဖလပစ္စုပဋ္ဌာန်ဟူသည် မိမိ၏ အကြောင်းတရားကို အစွဲပြု၍ ထိုအကြောင်းတရားနှင့် တူသည်၏ အဖြစ်ဖြင့် အကြောင်းတရားသို့ ရှေးရှုတည်နေတတ်သော သဘောတရား တည်း။ ကိစ္စရသကြောင့် ရထိုက်သော အကျိုးတရားပင်တည်း။

၄။ ပဒဋ္ဌာန် --- အာသန္နကာရဏံ ပဒဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

ပဒဋ္ဌာနံ အာသန္နကာရဏံ၊ တေနဿ ပစ္စယာယတ္တဝုတ္တိတာ ဒဿိတာ။ (ဒီ၊ဋီ၊၂၊၅၃။)

ထိုထိုပရမတ္ထဓာတ်သားကို ဖြစ်ပေါ်စေတတ်သော ဝေးသောအကြောင်း တရား နီးသောအကြောင်းတရားဟူသော အကြောင်းတရား များစွာတို့တွင် အနီးကပ်ဆုံးသော အကြောင်းတရားသည် ပဒဋ္ဌာန် မည်၏။ ထိုပဒဋ္ဌာန် ဟူသော စကားဖြင့် ထိုပရမတ်တရား၏ အကြောင်းတရားနှင့် စပ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကို ညွှန်ပြလျက် ရှိ၏။

ကြိုတင်သိမှတ်ရန်

ရုပ်တရား နာမ်တရားတို့ကို ယင်းတို့၏ အမျိုးအစားများကို အကြွင်း အကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်၏ အစွမ်း ဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် သိမ်းဆည်းရမည် ရှုပွားရမည်ဖြစ်ရာ, ရုပ်တရား နာမ်တရားတို့မည်သည်မှာလည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်း အင်သတ္တိ မရှိဘဲ ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အုပ်စုလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိသည့်အလျောက် ရုပ်ကလာပ် နာမ်ကလာပ်များကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ ပရမတ်သို့ဆိုက်အောင် ဓာတ်ခွဲနိုင်ပါမှ ဤ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်ကို ပြည့်ပြည့် စုံစုံ ပုံစံမှန် သဘောပေါက်နိုင်မည် ရှုနိုင်မည် ဖြစ်ပေသည်။

ဤ လက္ခဏာဒိစတုက္ကပိုင်းတွင် ပါဠိကို ကျက်လိုသူတို့အတွက် ပါဠိ သက်သက်ကိုလည်း ဖော်ပြထား၏။ ပါဠိကို မကျွမ်းကျင်သူတို့အတွက် မြန်မာပြန်သက်သက်ကိုလည်း အတိုကောက် ကျက်မှတ်လွယ်ကူရန် ရေးသား ထား၏။ ယင်းလက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို အမှတ်စဉ်အားဖြင့် အောက်ပါအတိုင်း မှတ်သားပါ။ ---

၁။ လက္ခဏ
၂။ ရသ
၃။ ပစ္စုပဋ္ဌာန်
၄။ ပဒဋ္ဌာန် ---

ဤသို့ အစဉ်အတိုင်း အသီးအသီး မှတ်သားပါ။ ဘာသာပြန်ဆိုရာ၌ ပြည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ်နိဿယနှင့် ထိုထိုကျမ်းဆရာမြတ် တို့၏ ဘာသာပြန် အမျိုးမျိုးတို့ကို မှီငြမ်းပြု၍ အတိုဆုံး အလွယ်ဆုံး ဖြစ် အောင် ကျက်မှတ်၍ လွယ်ကူအောင် စီစဉ်ထား၏။ ပါဠိတစ်ချက် အနက် တစ်ချက် ဘာသာပြန်ဆိုနည်းမှာ ပါဠိကို ကျွမ်းကျင်သူများအတွက် အလွန် ကောင်းမွန်သော အလွန်တိကျသော ဘာသာပြန်ဆိုနည်း တစ်ခုပင် ဖြစ် သော်လည်း ပါဠိစာပေ၌ မကျွမ်းကျင်သူများအဖို့ကား ကျက်မှတ်ရန် မလွယ် ကူလှသဖြင့် မြန်မာပြန်သက်သက်ကိုသာ ရေးသားတင်ပြထား၏။

__________

ရုပ် (၂၈) ပါး = ရူပက္ခန္ဓကထာ အခန်း

၁။ ပထဝီဓာတ်

၁။ ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု
၂။ ပတိဋ္ဌာနရသာ
၃။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ
၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၁။ ပထဝီဓာတ်သည်

၁။ ခက်မာခြင်း ( = တောင့်မာခြင်း, ခိုင်မာခြင်း) သဘောလက္ခဏာ ရှိ၏။
၂။ မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း (ကိစ္စ) ရသ ရှိ၏။
၃။ မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့ကို အောက်က ခံထားတတ် သော သဘောတရားဟု ယောဂီ၏ ဉာဏ်တွင် ရှေးရှူထင်ခြင်း ပစ္စု ပဋ္ဌာန် ရှိ၏။
၄။ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါးလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

မှတ်ချက် --- အထက်ပါ ဘာသာပြန်ဆိုချက်မှာ အတိုဆုံး ဘာသာပြန် ဆိုချက် တစ်မျိုးပင် ဖြစ်သည်၊ ထိုဘာသာပြန်ကို နားလည်ရန် ထပ်မံ ရှင်း လင်းချက်များကား လိုအပ်နေမည်သာ ဖြစ်သည်။ သို့သော် စာနေကျဉ်းရန် လည်းကောင်း, နောက်နောက် လက္ခဏ-ရသ စသည်တို့၌ နည်းတူ မှတ်သား နိုင်ရန်လည်းကောင်း ရည်ရွယ်၍ အနည်းငယ် တိုတောင်းသော ဘာသာ ပြန်ဆိုမှု တစ်ခုကို ထပ်မံ တင်ပြအပ်ပါသည်။ အတိုကောက်ပင် ရေးသား ထားသော်လည်း အထက်ပါ ဘာသာပြန်အတိုင်း အရကျက်လိုက ကျက်ပါ။ သဘောအဓိပ္ပါယ်ကိုမူကား အထက်ပါ ဘာသာပြန်အတိုင်းသာ မှတ်သားပါ။ ကြွင်းကျန်သော လက္ခဏ-ရသ စသည်တို့၌လည်း နည်းတူပင် သဘော ပေါက်ပါ။

၁။ ပထဝီဓာတ်

၁။ ခက်မာခြင်း ( = တောင့်မာခြင်း, ခိုင်မာခြင်း) သဘော ... လက္ခဏ
၂။ မိမိမှ ကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏
တည်ရာဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ မိမိမှ ကြွင်းသော ကလာပ်တူ ရုပ်တရားတို့ကို အောက်က
ခံထားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ... ပဒဋ္ဌာန်

၂။ အာပေါဓာတ်

၁။ အာပေါဓာတု ပဂ္ဃရဏလက္ခဏာ
၂။ ဗြူဟနရသာ
၃။ သင်္ဂဟပစ္စုပဋ္ဌာနာ
၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၂။ အာပေါဓာတ်

၁။ ယိုစီးခြင်းသဘော ... လက္ခဏ
၂။ အတူဖြစ်သော ရုပ်တရားတို့ကို တိုးပွားစေခြင်း ... (ကိစ္စ) ရသ
၃။ ကလာပ်တူ ရုပ်တရားတို့ကို ဖွဲ့စည်းခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ... ပဒဋ္ဌာန်

၃။ တေဇောဓာတ်

၁။ တေဇောဓာတု ဥဏှတ္တလက္ခဏာ
၂။ ပရိပါစနရသာ
၃။ မဒ္ဒဝါနုပ္ပဒါနပစ္စုပဋ္ဌာနာ
၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၃။ တေဇောဓာတ်

၁။ ပူမှုသဘော (အေးမှုသဘော) ... လက္ခဏ
၂။ ကလာပ်တူ ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း ... (ကိစ္စ) ရသ
၃။ ကလာပ်တူ ရုပ်တရားတို့ကို နူးညံ့အောင် လျော်စွာ
ပြုပြင်ပေးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ... ပဒဋ္ဌာန်

၄။ ဝါယောဓာတ်

၁။ ဝါယောဓာတု ဝိတ္ထမ္ဘနလက္ခဏာ
၂။ သမုဒီရဏရသာ
၃။ အဘိနီဟာရပစ္စုပဋ္ဌာနာ
၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

၄။ ဝါယောဓာတ်

၁။ ထောက်ကန်မှုသဘော = တောင့်မာစေမှုသဘော ... လက္ခဏ
၂။ တွန်းကန်ခြင်း = ရွေ့ရှားစေခြင်း ... (ကိစ္စ) ရသ
၃။ အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှတစ်နေရာသို့
ရှေးရှူ သယ်ဆောင်ပေးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ... ပဒဋ္ဌာန်

၅။ စက္ခုပသာဒ

၁။ (က) ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ
( ခ ) ဒဋ္ဌုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ စက္ခု
၂။ ရူပေသု အာဝိဉ္ဆနရသံ
၃။ စက္ခုဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ
၄။ ဒဋ္ဌုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၁။ (က) ရူပါရုံ၌ (၏) ရှေးရှူ ထိခိုက်ခြင်းကို ထိုက်သော
(= ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော) မဟာဘုတ်တို့ကို
ကြည်လင်စေခြင်းသဘော ... လက္ခဏ
( ခ ) ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံ
ရှိသောကံကြောင့် ဖြစ်သော မဟာဘုတ်တို့ကို
ကြည်လင်စေခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံတို့၌ (ရူပါရုံတို့ဘက်သို့) ပုဂ္ဂိုလ်ကိုလည်းကောင်း,
ဝီထိစိတ်အစဉ်ကိုလည်းကောင်း ဆွဲဆောင်သွားခြင်း ... (ကိစ္စ) ရသ
၃။ စက္ခုဝိညာဏ်၏ တည်ရာဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံ
ရှိသောကံကြောင့် ဖြစ်သော (စက္ခုပသာဒ၏ မှီရာ)
ကလာပ်တူ မဟာဘုတ် ... ပဒဋ္ဌာန်

၆။ သောတပသာဒ

၁။ (က) သဒ္ဒါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ
( ခ ) သောတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ သောတံ
၂။ သဒ္ဒေသု အာဝိဉ္ဆနရသံ
၃။ သောတဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ
၄။ သောတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၆။ သောတပသာဒ

၁။ (က) သဒ္ဒါရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော
(ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော) မဟာဘုတ်တို့ကို
ကြည်လင်စေခြင်းသဘော ... လက္ခဏ
( ခ ) သဒ္ဒါရုံကို ကြားလိုသော သဒ္ဒတဏှာလျှင် အကြောင်းရင်းခံ
ရှိသောကံကြောင့် ဖြစ်သော မဟာဘုတ်တို့ကို
ကြည်လင်စေခြင်းသဘော ... လက္ခဏ
၂။ သဒ္ဒါရုံတို့၌ (သဒ္ဒါရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို
ဆွဲဆောင်သွားခြင်း ... (ကိစ္စ) ရသ
၃။ သောတဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဒါရုံကိုကြားလိုသော သဒ္ဒတဏှာလျှင် အကြောင်းရင်းခံရှိသော
ကံကြောင့်ဖြစ်သော (သောတပသာဒ၏မှီရာ) မဟာဘုတ် ... ပဒဋ္ဌာန်

၇။ ဃာနပသာဒ

၁။ (က) ဂန္ဓာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ
( ခ ) ဃာယိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ ဃာနံ
၂။ ဂန္ဓေသု အာဝိဉ္ဆနရသံ
၃။ ဃာနဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ
၄။ ဃာယိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၇။ ဃာနပသာဒ

၁။ (က) ဂန္ဓာရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော
(ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော) မဟာဘုတ်တို့ကို
ကြည်လင်စေခြင်းသဘော ... လက္ခဏ
( ခ ) ဂန္ဓာရုံကို နမ်းရှူလိုသော ဂန္ဓတဏှာလျှင် အကြောင်းရင်းခံ
ရှိသောကံကြောင့် ဖြစ်သော မဟာဘုတ်တို့ကို
ကြည်လင်စေခြင်းသဘော ... လက္ခဏ
၂။ ဂန္ဓာရုံတို့၌ (ဂန္ဓာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို
ဆွဲဆောင်သွားခြင်း ... (ကိစ္စ) ရသ
၃။ ဃာနဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဂန္ဓာရုံကို နမ်းရှူလိုသော ဂန္ဓတဏှာလျှင် အကြောင်းရင်းခံရှိသော
ကံကြောင့်ဖြစ်သော (ဃာနပသာဒ၏မှီရာ) မဟာဘုတ် ... ပဒဋ္ဌာန်

၈။ ဇိဝှါပသာဒ

၁။ (က) ရသာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏာ
( ခ ) သာယိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏာ ဝါ ဇိဝှါ
၂။ ရသေသု အာဝိဉ္ဆနရသာ
၃။ ဇိဝှါဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနာ
၄။ သာယိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

၈။ ဇိဝှါပသာဒ

၁။ (က) ရသာရုံ၌ (၏) ရှေးရှူ ထိခိုက်ခြင်းကို ထိုက်သော
(ရှေးရှူ ရိုက်ခတ်ခြင်းငှာ ထိုက်သော) မဟာဘုတ်တို့ကို
ကြည်လင်စေခြင်းသဘော ... လက္ခဏ
( ခ ) ရသာရုံကို လျက်လို စားလို သောက်လိုသော ရသတဏှာလျှင်
အကြောင်းရင်းခံရှိသောကံကြောင့် ဖြစ်သော
မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
၂။ ရသာရုံတို့၌ (ရသာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို
ဆွဲဆောင်သွားခြင်း ... (ကိစ္စ) ရသ
၃။ ဇိဝှါဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ရသာရုံကို လျက်လို စားလို သောက်လိုသော ရသတဏှာလျှင်
အကြောင်းရင်းခံရှိသောကံကြောင့် ဖြစ်သော
(ဇိဝှါပသာဒ၏ မှီရာ) မဟာဘုတ် ... ပဒဋ္ဌာန်

၉။ ကာယပသာဒ

၁။ (က) ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော
( ခ ) ဖုသိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏော ဝါ ကာယော
၂။ ဖောဋ္ဌဗ္ဗေသု အာဝိဉ္ဆနရသော
၃။ ကာယဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနော
၄။ ဖုသိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၀။ ဝိသုဒ္ဓိ၊၂၊၇၄။)

၉။ ကာယပသာဒ

၁။ (က) ဖောဋ္ဌဗ္ဗာရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော
(ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော) မဟာဘုတ်တို့ကို
ကြည်လင်စေခြင်းသဘော ... လက္ခဏ
( ခ ) ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိလိုသော ဖောဋ္ဌဗ္ဗတဏှာလျှင်
အကြောင်းရင်းခံရှိသောကံကြောင့် ဖြစ်သော
မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
၂။ ဖောဋ္ဌဗ္ဗာရုံတို့၌ (ဖောဋ္ဌဗ္ဗာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို
ဆွဲဆောင်သွားခြင်း ... (ကိစ္စ) ရသ
၃။ ကာယဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိလိုသော ဖောဋ္ဌဗ္ဗတဏှာလျှင်
အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော
(ကာယပသာဒ၏ မှီရာ) မဟာဘုတ် ... ပဒဋ္ဌာန်

၁၀။ ရူပါရုံ

၁။ စက္ခုပဋိဟနနလက္ခဏံ ရူပံ
၂။ စက္ခုဝိညာဏဿ ဝိသယဘာဝရသံ
၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနံ
၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၅။ ဝိသုဒ္ဓိ၊၂၊၇၆။)

၁၀။ ရူပါရုံ

၁။ စက္ခုပသာဒ၌ (ကို) ထိခိုက်ခြင်းသဘော =
ရိုက်ခတ်ခြင်းသဘော ... လက္ခဏ
၂။ (က) စက္ခုဝိညာဏ်၏ အာရုံဖြစ်ခြင်း = စက္ခုဝိညာဏ်အား
အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ... (ကိစ္စ) ရသ
( ခ ) စက္ခုဝိညာဏ်အား ကျေးဇူးပြုတတ်သော
အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း
= အာရမ္မဏပစ္စယသတ္တိဟူသောဂုဏ် ... (သမ္ပတ္တိ) ရသ
၃။ စက္ခုဝိညာဏ်၏ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း
သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိ (= ရူပါရုံ)၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ... ပဒဋ္ဌာန်

၁၁။ သဒ္ဒါရုံ

၁။ သောတပဋိဟနနလက္ခဏော သဒ္ဒေါ
၂။ သောတဝိညာဏဿ ဝိသယဘာဝရသော
၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော
၄။ စတုမဟာဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၆။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁၁။ သဒ္ဒါရုံ

၁။ သောတပသာဒ၌ (ကို) ထိခိုက်ခြင်း
(ရိုက်ခတ်ခြင်း) သဘော ... လက္ခဏ
၂။ (က) သောတဝိညာဏ်၏ အာရုံဖြစ်ခြင်း = သောတဝိညာဏ်အား
အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ... (ကိစ္စ) ရသ
၂။ ( ခ ) သောတဝိညာဏ်အား ကျေးဇူးပြုတတ်သော
အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း
= အာရမ္မဏပစ္စယသတ္တိဟူသောဂုဏ် ... (သမ္ပတ္တိ) ရသ
၃။ သောတဝိညာဏ်၏ ကျက်စားရာ
အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိ (= သဒ္ဒါရုံ)၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ... ပဒဋ္ဌာန်

၁၂။ ဂန္ဓာရုံ

၁။ ဃာနပဋိဟနနလက္ခဏော ဂန္ဓော
၂။ ဃာနဝိညာဏဿ ဝိသယဘာဝရသော
၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော
၄။ စတုမဟာဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၆။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁၂။ ဂန္ဓာရုံ

၁။ ဃာနပသာဒ၌ (ကို) ထိခိုက်ခြင်း (ရိုက်ခတ်ခြင်း) သဘော ... လက္ခဏ
၂။ (က) ဃာနဝိညာဏ်၏ အာရုံဖြစ်ခြင်း = ဃာနဝိညာဏ်အား
အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ... (ကိစ္စ) ရသ
( ခ ) ဃာနဝိညာဏ်အား ကျေးဇူးပြုတတ်သော
အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း
= အာရမ္မဏပစ္စယသတ္တိဟူသောဂုဏ် ... (သမ္ပတ္တိ) ရသ
၃။ ဃာနဝိညာဏ်၏ ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း
သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိ (= ဂန္ဓာရုံ)၏မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ... ပဒဋ္ဌာန်

၁၃။ ရသာရုံ

၁။ ဇိဝှါပဋိဟနနလက္ခဏော ရသော
၂။ ဇိဝှါဝိညာဏဿ ဝိသယဘာဝရသော
၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော
၄။ စတုမဟာဘူတပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၅၇။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁၃။ ရသာရုံ

၁။ ဇိဝှါပသာဒ၌ (ကို) ထိခိုက်ခြင်း (ရိုက်ခတ်ခြင်း) သဘော ... လက္ခဏ
၂။ (က) ဇိဝှါဝိညာဏ်၏ အာရုံဖြစ်ခြင်း = ဇိဝှါဝိညာဏ်အား
အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ... (ကိစ္စ) ရသ
( ခ ) ဇိဝှါဝိညာဏ်အား ကျေးဇူးပြုတတ်သော
အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း
= အာရမ္မဏပစ္စယသတ္တိဟူသောဂုဏ် ... (သမ္ပတ္တိ) ရသ
၃။ ဇိဝှါဝိညာဏ်၏ ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း
သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိ (= ရသာရုံ)၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ... ပဒဋ္ဌာန်

၁၄။ ဣတ္ထိန္ဒြေ = ဣတ္ထိဘာဝရုပ်

၁။ ဣတ္ထိဘာဝလက္ခဏံ ဣတ္ထိန္ဒြိယံ
၂။ ဣတ္ထီတိ ပကာသနရသံ
၃။ ဣတ္ထိလိင်္ဂနိမိတ္တကုတ္တာကပ္ပါနံ ကာရဏဘာဝပစ္စုပဋ္ဌာနံ
၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁၄။ ဣတ္ထိန္ဒြေ = ဣတ္ထိဘာဝရုပ်

၁။ ဣတ္ထိ = အမျိုးသ္မီး ဖြစ်ကြောင်းသဘော ... လက္ခဏ
၂။ ဤသူကား အမျိုးသ္မီးဟု ထင်ရှားပြခြင်း ... (ကိစ္စ) ရသ
၃။ (က) ဣတ္ထိလိင်္ဂ = အမျိုးသ္မီး အသွင်သဏ္ဌာန်,
( ခ ) ဣတ္ထိနိမိတ္တ = အမျိုးသ္မီးဟုသိကြောင်း အမှတ်အသား,
( ဂ ) ဣတ္ထိကုတ္တ = အမျိုးသ္မီး အပြုအမူ,
(ဃ) ဣတ္ထိအာကပ္ပ= အမျိုးသ္မီးအသွင်အပြင်တို့၏
အကြောင်းဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဣတ္ထိန္ဒြေ၏မှီရာ ကလာပ်တူ ကမ္မဇမဟာဘုတ် ... ပဒဋ္ဌာန်

၁၅။ ပုရိသိန္ဒြေ = ပုရိသဘာဝရုပ်

၁။ ပုရိသဘာဝလက္ခဏံ ပုရိသိန္ဒြိယံ
၂။ ပုရိသောတိ ပကာသနရသံ
၃။ ပုရိသလိင်္ဂနိမိတ္တကုတ္တာကပ္ပါနံ ကာရဏဘာဝပစ္စုပဋ္ဌာနံ
၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၈။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁၅။ ပုရိသိန္ဒြေ = ပုရိသဘာဝရုပ်

၁။ အမျိုးသားဖြစ်ကြောင်းသဘော ... လက္ခဏ
၂။ ဤသူကား အမျိုးသားဟု ထင်ရှားပြခြင်း ... (ကိစ္စ) ရသ
၃။ (က) ပုရိသလိင်္ဂ = အမျိုးသား အသွင်သဏ္ဌာန်,
( ခ ) ပုရိသနိမိတ္တ = အမျိုးသားဟုသိကြောင်း အမှတ်အသား,
( ဂ ) ပုရိသကုတ္တ = အမျိုးသား အပြုအမူ,
(ဃ) ပုရိသအာကပ္ပ = အမျိုးသား အသွင်အပြင်တို့၏
အကြောင်းဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ပုရိသိန္ဒြေ၏မှီရာ ကမ္မဇမဟာဘုတ် ... ပဒဋ္ဌာန်

၁၆။ ဇီဝိတိန္ဒြေ = ရုပ်ဇီဝိတ

၁။ သဟဇာတရူပါနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ
၂။ တေသံ ပဝတ္တနရသံ
၃။ တေသညေဝ ဌပနပစ္စုပဋ္ဌာနံ
၄။ ယာပယိတဗ္ဗဘူတပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁၆။ ဇီဝိတိန္ဒြေ = ရုပ်ဇီဝိတ

၁။ အတူဖြစ်သော ကလာပ်တူ ကမ္မဇရုပ်တို့ကို
စောင့်ရှောက်ခြင်းသဘော ... လက္ခဏ
၂။ ထိုကလာပ်တူ ကမ္မဇရုပ်တို့ကို ဥပါဒ်မှသည် ဘင်သို့တိုင်အောင်
ဖြစ်စေခြင်း = မျှစေခြင်း = အသက်ရှည်စေခြင်း ... (ကိစ္စ) ရသ
၃။ ထိုကလာပ်တူ ကမ္မဇရုပ်တို့ကို ဘင်မတိုင်မီ အသက်ရှည်အောင်
တည်အောင် ထားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိသည် ဖြစ်စေအပ် မျှစေအပ် အသက်ရှည်စေအပ်သော
ကလာပ်တူ ကမ္မဇမဟာဘုတ် ... ပဒဋ္ဌာန်

၁၇။ ဟဒယဝတ္ထု

၁။ မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု
၂။ တာသညေဝ ဓာတူနံ အာဓာရဏရသံ
၃။ ဥဗ္ဗဟနပစ္စုပဋ္ဌာနံ
၄။ စတုမဟာဘူတပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ မနောဓာတ် + မနောဝိညာဏဓာတ်တို့၏
မှီရာဖြစ်ခြင်းသဘော ... လက္ခဏ၊

၂။ ထိုဓာတ်နှစ်ပါးတို့၏သာလျှင် တည်ရာဖြစ်ခြင်း ... (ကိစ္စ) ရသ၊

၃။ ထိုဓာတ်နှစ်ပါးတို့ကို ထမ်းဆောင်ထားတတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ မိမိ (ဟဒယဝတ္ထု)၏မှီရာ ကလာပ်တူ ကမ္မဇမဟာဘုတ် ... ပဒဋ္ဌာန်။

၁၈။ ကဗဠီကာရ အာဟာရ

၁။ ဩဇာလက္ခဏော ကဗဠီကာရော အာဟာရော
၂။ ရူပါဟရဏရသော
၃။ ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော
၄။ ကဗဠံ ကတွာ အာဟရိတဗ္ဗဝတ္ထုပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၂၊၈၀။)

၁။ စားမျိုအပ်သော အစာအာဟာရ၏ အဆီအစေး
ဩဇာသဘော ... လက္ခဏ၊

၂။ အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း ... (ကိစ္စ) ရသ၊

၃။ အာဟာရဇရုပ်ကို ဖြစ်စေခြင်းဖြင့် ရူပကာယကို
ထောက်ပံ့ခိုင်ခံ့စေတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ စားမျိုအပ်သော အစာအာဟာရ ... ပဒဋ္ဌာန်။

၁၉။ အာကာသဓာတ်

၁။ ရူပပရိစ္ဆေဒလက္ခဏာ အာကာသဓာတု
၂။ ရူပပရိယန္တပ္ပကာသနရသာ
၃။ (က) ရူပမရိယာဒပစ္စုပဋ္ဌာနာ
( ခ ) အသမ္ဖုဋ္ဌဘာဝဆိဒ္ဒဝိဝရဘာဝပစ္စုပဋ္ဌာနာ ဝါ
၄။ ပရိစ္ဆိန္နရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ ရုပ်ကလာပ်တို့ကို ပိုင်းခြားတတ်သောသဘော ... လက္ခဏ၊

၂။ ရုပ်ကလာပ်တို့၏ အဆုံးအပိုင်းအခြားကို
ထင်ရှားပြခြင်း ... (ကိစ္စ) ရသ၊

၃။ (က) ရုပ်ကလာပ်တို့၏ နယ်ခြားဒေသ သဘောတရား ...
( ခ ) မဟာဘုတ်တို့၏ မထိအပ်သည်၏အဖြစ်ဟူသော သဘောတရား
( ဂ ) ရုပ်ကလာပ်တို့၏ အပေါက်အကြား၏အဖြစ်
ဟူသော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ အပိုင်းခြားခံရသော ရုပ်ကလာပ်များ ... ပဒဋ္ဌာန်။

၂၀။ ကာယဝိညတ်

၁။ အဘိက္ကမာဒိပဝတ္တကစိတ္တသမုဋ္ဌာနဝါယောဓာတုယာ သဟဇရူပကာယ ထမ္ဘန-သန္ဓာရဏ-စလနဿ ပစ္စယော (ဝါယောဓာတုအဓိကာနံ စိတ္တဇမဟာဘူတာနံ) အာကာရဝိကာရော ကာယဝိညတ္တိ
၂။ အဓိပ္ပါယပကာသနရသာ
၃။ ကာယဝိပ္ဖန္ဒနဟေတုဘာဝပစ္စုပဋ္ဌာနာ
၄။ စိတ္တသမုဋ္ဌာနဝါယောဓာတုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ ေ့ရှသို့တက်ခြင်းစသည်ကို ဖြစ်စေတတ်သော စိတ္တဇဝါယောဓာတ်၏
အတူဖြစ်သော ရူပကာယကို ထောက်ပံ့ခိုင်ခံ့စေခြင်း,
ကောင်းစွာတည်စေခြင်း, လှုပ်ရှားစေခြင်း၏အကြောင်းဖြစ်သော
(ဝါယောဓာတ်၏သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော
စိတ္တဇမဟာဘုတ်တို့၏) အမူအရာ အထူးသဘော ... လက္ခဏ၊

၂။ လှုပ်ရှားသောသူ၏ အတွင်းသဘော အလိုဆန္ဒကို
သူတစ်ပါးအား ထင်ရှားပြခြင်း ... (ကိစ္စ) ရသ၊

၃။ ကိုယ်တုန်လှုပ်ခြင်း၏ အကြောင်းဖြစ်ခြင်း
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ် ... ပဒဋ္ဌာန်။

၂၁။ ဝစီဝိညတ်

၁။ ဝစီဘေဒပဝတ္တကစိတ္တသမုဋ္ဌာနပထဝီဓာတုယာ ဥပါဒိဏ္ဏဃဋ္ဋနဿ
ပစ္စယော (ပထဝီဓာတုအဓိကာနံ စိတ္တဇမဟာဘူတာနံ) အာကာရ-
ဝိကာရော ဝစီဝိညတ္တိ
၂။ အဓိပ္ပါယပ္ပကာသနရသာ
၃။ ဝစီဃောသဟေတုဘာဝပစ္စုပဋ္ဌာနာ
၄။ စိတ္တသမုဋ္ဌာနပထဝီဓာတုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ စကားသံအထူးကို ဖြစ်စေတတ်သော, စကားသံဖြစ်ရာဌာန၌
တည်သော ကမ္မဇပထဝီဓာတ်ကို ထိခိုက်ခြင်း၏ အကြောင်း
ဖြစ်သော ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော
စိတ္တဇမဟာဘုတ်တို့၏ ထူးခြားသောအမူအရာသဘော ... လက္ခဏ၊

၂။ စကားပြောဆိုသူ၏ အတွင်းသဘော အလိုဆန္ဒကို
သူတစ်ပါးအား ထင်ရှားပြခြင်း ... (ကိစ္စ) ရသ၊

၃။ စကားသံဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်ခြင်း
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ စိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ် ... ပဒဋ္ဌာန်။

၂၂။ ရူပဿ လဟုတာ

၁။ အဒန္ဓတာလက္ခဏာ ရူပဿ လဟုတာ
၂။ ရူပါနံ ဂရုဘာဝဝိနောဒနရသာ
၃။ လဟုပရိဝတ္တိတာ ပစ္စုပဋ္ဌာနာ
၄။ လဟုရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= စိတ္တဇရုပ်တို့၏)
မလေးမလံ မနှေးကံမှုသဘော = ပေါ့ပါးမှုသဘော ...

( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= ဥတုဇရုပ်တို့၏)
မလေးမလံ မနှေးကံမှုသဘော = ပေါ့ပါးမှုသဘော ...

( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= အာဟာရဇရုပ်
တို့၏) မလေးမလံ မနှေးကံမှုသဘော
= ပေါ့ပါးမှုသဘော ... လက္ခဏ၊

၂။ ထိုရုပ်တို့၏ လေးလံမှုကို ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ၊

၃။ ထိုရုပ်တို့၏ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန်
ပြောင်းရွှေ့ပြန်လှန်၍ ဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ပေါ့ပါးသော ထိုရုပ်များ ... ပဒဋ္ဌာန်။

၂၃။ ရူပဿ မုဒုတာ

၁။ အထဒ္ဓတာလက္ခဏာ ရူပဿ မုဒုတာ
၂။ ရူပါနံ ထဒ္ဓဘာဝဝိနောဒနရသာ
၃။ သဗ္ဗကိရိယာသု အဝိရောဓိတာ ပစ္စုပဋ္ဌာနာ
၄။ မုဒုရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈။)

၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= စိတ္တဇရုပ်တို့၏)
မခက်ထန် မကြမ်းတမ်းမှုသဘော = နူးညံ့မှုသဘော ...

( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= ဥတုဇရုပ်တို့၏)
မခက်ထန် မကြမ်းတမ်းမှုသဘော = နူးညံ့မှုသဘော ...

( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= အာဟာရဇရုပ်
တို့၏) မခက်ထန် မကြမ်းတမ်းမှုသဘော
= နူးညံ့မှုသဘော ... လက္ခဏ၊

၂။ ထိုရုပ်တို့၏ ခက်ထန်ကြမ်းတမ်းမှုကို ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ၊

၃။ အလုံးစုံသော ကိုယ်မှုကိစ္စတို့၌ မဆန့်ကျင်သော
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ နူးညံ့သော ထိုရုပ်များ ... ပဒဋ္ဌာန်။

၂၄။ ရူပဿ ကမ္မညတာ

၁။ သရီရကိရိယာနုကူလကမ္မညဘာဝလက္ခဏာ ရူပဿ ကမ္မညတာ
၂။ အကမ္မညတာဝိနောဒနရသာ
၃။ အဒုဗ္ဗလဘာဝပစ္စုပဋ္ဌာနာ
၄။ ကမ္မညရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈-၇၉။)

၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= စိတ္တဇရုပ်တို့၏)
( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= ဥတုဇရုပ်တို့၏)
( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= အာဟာရဇရုပ်
တို့၏) ကိုယ်မှုကိစ္စတို့အားလျော်စွာ
အမှု၌ ခံ့ညားမှု အချိုးကျ အဆင်ပြေမှုသဘော ... လက္ခဏ၊

၂။ (ဝါယောဓာတ် ပျက်ပြားသဖြင့်) ကိုယ်မှုကိစ္စ၌
မခံ့ညားမှုကို ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ၊

၃။ ရုပ်တို့၏ အားမနည်းသည့် သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ အမှု၌ ခံ့ညားသော ထိုရုပ်များ ... ပဒဋ္ဌာန်။

၂၅။ ရူပဿ ဥပစယ

၁။ အာစယလက္ခဏော ရူပဿ ဥပစယော
၂။ ပုဗ္ဗန္တတော ရူပါနံ ဥမ္မုဇ္ဇာပနရသော
၃။ (က) နိယျာတနပစ္စုပဋ္ဌာနော
( ခ ) ပရိပုဏ္ဏဘာဝပစ္စုပဋ္ဌာနော ဝါ
၄။ ဥပစိတရူပပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၃၆၃-၃၆၄။ ဝိသုဒ္ဓိ၊၂၊၇၉။)

၁။ (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော ...

( ခ ) ဣန္ဒြေပြည့်စုံသည့်တိုင်အောင် အထက်အထက်၌
တိုးတက်၍ ဖြစ်ခြင်းသဘော ... လက္ခဏ၊

၂။ ရှေးအဖို့မှ = ရှေးဖြစ်သော အနာဂတ်အဖို့မှ = မဖြစ်မီ ရှေးအစွန်းမှ
ရုပ်တရားတို့ကို ပေါ်လှာစေသကဲ့သို့ ဖြစ်ခြင်း ... (ကိစ္စ) ရသ၊

၃။ (က) ဤသည်တို့ကား ရုပ်တရားတို့တည်းဟု ထိုရုပ်တရားတို့က
ဆောင်နှင်းပြသကဲ့သို့ဖြစ်ခြင်း သဘောတရား ...
= အပ်နှင်းတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

( ခ ) တစ်နည်း - ရုပ်အစစ်တို့၏ ပြည့်ပြည့်စုံစုံဖြစ်ခြင်း
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဖြစ်ဆဲရုပ်များ ... ပဒဋ္ဌာန်။

၂၆။ ရူပဿ သန္တတိ

၁။ ပဝတ္တိလက္ခဏာ ရူပဿ သန္တတိ
၂။ အနုပ္ပဗန္ဓနရသာ
၃။ အနုပစ္ဆေဒပစ္စုပဋ္ဌာနာ
၄။ အနုပ္ပဗန္ဓကရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၄။ ဝိသုဒ္ဓိ၊၂၊၇၉။)

၁။ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ေ့ရှနောက် အစဉ်မပြတ်
ဆက်ကာ ဆက်ကာ ဖြစ်ခြင်းသဘော ... လက္ခဏ၊

၂။ ေ့ရှနောက် အစဉ်မပြတ် အဆင့်ဆင့် ဖွဲ့စပ်ခြင်း ... (ကိစ္စ) ရသ၊

၃။ ေ့ရှနောက် အစဉ်မပြတ် စေ့စပ်ဖွဲ့ယှက်တတ်သော သဘောတရား
= အဆက်မပြတ် ဖြစ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ေ့ရှနောက် အစဉ်မပြတ် ဖွဲ့စပ်အပ်သကဲ့သို့ဖြစ်သော
ရုပ်တရား ... ပဒဋ္ဌာန်။

၂၇။ ရူပဿ ဇရတာ

၁။ ရူပပရိပါကလက္ခဏာ ရူပဿ ဇရတာ
၂။ ဥပနယနရသာ
၃။ သဘာဝါနပဂမေပိ နဝဘာဝါပဂမပစ္စုပဋ္ဌာနာ, ဝီဟိပုရာဏဘာဝေါ ဝိယ
၄။ ပရိပစ္စမာနရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၅။ ဝိသုဒ္ဓိ၊၂၊၈၀။)

၁။ ရုပ်အစစ်တို့၏ ရင့်ကျက်ခြင်း ဟောင်းခြင်းသဘော ... လက္ခဏ၊

၂။ ပျက်ခြင်း ဘင်သို့ (= မရဏသို့) ကပ်၍ဆောင်ခြင်း ... (ကိစ္စ) ရသ၊

၃။ ဆိုင်ရာသဘာဝလက္ခဏာ မကင်းသေးသော်လည်း အသစ်၏
အဖြစ်မှ (= အသစ်၏အဖြစ်ဟု ဆိုအပ်သော ဖြစ်ခြင်း
အခိုက်အတန့်မှ) ကင်းခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်၊

(ကောက်စပါးတို့၏ ဟောင်းကုန်သည်၏ အဖြစ်ကဲ့သို့ မှတ်ပါ။)

၄။ ရင့်ကျက်ဆဲရုပ်များ ... ပဒဋ္ဌာန်။

၂၈။ ရူပဿ အနိစ္စတာ

၁။ ပရိဘေဒလက္ခဏာ ရူပဿ အနိစ္စတာ
၂။ သံသီဒနရသာ
၃။ ခယဝယပစ္စုပဋ္ဌာနာ
၄။ ပရိဘိဇ္ဇမာနရူပပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၅။ ဝိသုဒ္ဓိ၊၂၊၈၀။)

၁။ ရုပ်အစစ်တို့၏ ထက်ဝန်းကျင်အားဖြင့်
ပြိုပျက်ခြင်းသဘော ... လက္ခဏ၊

၂။ (ဌီကာလသို့ရောက်သော ရုပ်ကို ဖျက်ဆီးသည်၏ အဖြစ်ဖြင့်)
ရုပ်အစစ်တို့ကို နစ်မြုပ်စေခြင်း ... (ကိစ္စ) ရသ၊

၃။ ရုပ်အစစ်တို့၏ ကုန်ခြင်း ပျက်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ထက်ဝန်းကျင်အားဖြင့် ပြိုပျက်ဆဲသော ရုပ်များ ... ပဒဋ္ဌာန်။

သိမ်းဆည်းရှုပွားပုံနှင့် ပတ်သက်၍ အကြံပေးချက်

အသင်သူတော်ကောင်းသည် ေ့ရှဦးစွာ ဤရုပ် (၂၈)ပါးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ကျေပွန်စွာ အလွတ်ရအောင် ကျက်ထားပါ။ ရုပ်အားလုံး၏ လက္ခဏ-ရသစသည်ကို ကျေကျေပွန်ပွန် အလွတ်ရရှိသော အခါမှ စက္ခုဒွါရ၌ တည်ရှိသော (၅၄)မျိုးသော ရုပ်တရားတို့က စတင်၍ လက္ခဏ-ရသစသည့် ရှုကွက်ကို ရှုကြည့်ပါ။ ဤရှုကွက်မှာ သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ရုပ်အတုံးအခဲများကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး လျက် ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်တရားတို့ကို ပိုက်စိပ်တိုက်၍ သိမ်းဆည်းရသော ပရမတ်ကိုသာ မြင်အောင်ကြည့်ရသော လုပ်ငန်းခွင် ဖြစ် ၏။ ထိုကြောင့် စက္ခုဒသကကလာပ်စသော ထိုထိုရုပ်ကလာပ်အလိုက် ယင်း ကလာပ် အသီးအသီး၌ တည်ရှိသော ပထဝီ အာပေါ တေဇော ဝါယော စသော ပရမတ္ထဓာတ်သား အသီးအသီးကို တစ်လုံးစီ တစ်လုံးစီ ရှုပါ။

ဥပမာ --- စက္ခုဒသကကလာပ်၌ ရုပ်ပရမတ်သဘောတရား (၁၀)မျိုး ရှိရာ ယင်းပရမတ်တရားများမှ ပထဝီကို ရွေးထုတ်၍ ယင်းပထဝီ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ရှုပါ။ ထိုနောင် ယင်းစက္ခုဒသကကလာပ်၌ တည်ရှိသော အာပေါဓာတ်၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဆက် ရှုပါ။ အလားတူပင် ယင်းစက္ခုဒသကကလာပ်၌ပင် တည်ရှိသော တေဇော ဓာတ်စသည့် ကြွင်းကျန်သော ရုပ်တရား အသီးအသီး၏ အသီးအသီးသော လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို တစ်လုံးစီ တစ်လုံးစီ ပိုက်စိပ်တိုက် ၍ သိမ်းဆည်းပါ။ ဤ၌ ယင်းစက္ခုဒသကကလာပ်ဟု ဆိုခြင်းမှာ စက္ခုဒသ ကကလာပ်ချင်းတူညီ၍ ဧကတ္တနည်းအရ ဆိုခြင်းသာ ဖြစ်သည်။ တစ်ခု တည်းသော စက္ခုဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရား တို့ကို ရုပ်တရားတိုင်း၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းနိုင်လောက်အောင် ယင်းစက္ခုဒသကကလာပ်က သက်တမ်းရှည် နေသည်ဟုကား မဆိုလိုပါ။ စက္ခုဒသကကလာပ်ချင်းတူညီ၍ ဧကတ္တနည်း အရသာ ဆိုခြင်းဖြစ်သည်။ အလားတူပင် ပထဝီဓာတ် အာပေါဓာတ် စသည် တို့၌လည်း ဧကတ္တနည်းအရသာ ပထဝီဓာတ်ချင်းတူညီ၍ အာပေါဓာတ်ချင်း တူညီ၍ ဆိုသည်ဟု သဘောပေါက်ပါ။ နာမ်ပိုင်း၌လည်း နည်းတူ သဘော ပေါက်ပါ။

စက္ခုဒွါရဝယ် ယင်းစက္ခုဒသကကလာပ်၌ (၁၀)မျိုးသော ရုပ်တရား တို့တွင် တစ်မျိုးတစ်မျိုး၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပြီးသောအခါ စက္ခုဒွါရ၌ပင်တည်ရှိသော ကာယဒသကကလာပ် ၌ (၁၀)မျိုးသော ရုပ်တရား, ဘာဝဒသကကလာပ်၌ (၁၀)မျိုးသော ရုပ်တရား, စိတ္တဇအဋ္ဌကလာပ်၌ (၈)မျိုးသော ရုပ်တရား, ဥတုဇအဋ္ဌကလာပ်၌ (၈)မျိုး သော ရုပ်တရား, အာဟာရဇအဋ္ဌကလာပ်၌ (၈)မျိုးသော ရုပ်တရား - ဤ ရုပ်တရား အသီးအသီး၌လည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ရှုကွက်ကို ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။

စက္ခုဒွါရ၌ (၅၄)မျိုးသော ရုပ်တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် အဇ္ဈတ္တဝယ် သိမ်းဆည်းပြီးသောအခါ ဗဟိဒ္ဓ၌လည်း ပုံစံတူပင် ဆက်လက်၍ သိမ်းဆည်းပါ။ ထိုနောင် သောတဒွါရ စသည်တို့၌ လည်းကောင်း, (၄၂)ကောဋ္ဌာသတို့၌လည်းကောင်း, စိတ္တဇ ဥတုဇ အာဟာရဇ ရုပ်တို့၌လည်းကောင်း - ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြထားသည့် အတိုင်း ရုပ်အစစ် ရုပ်အတုအားလုံးကို ကုန်စင်အောင် သိမ်းဆည်းပါ။

စက္ခုပသာဒ စသော ကမ္မဇရုပ်တို့၏ လက္ခဏ-ရသ စသည့်ရှုကွက်၌ အတိတ်ဘဝထိုထိုဝယ် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ၍ ပြုစုပျိုးထောင် ခဲ့သော သင်္ခါရ ကံနှင့် ကြောင်းကျိုးစပ်ကာ သိမ်းဆည်းရှုပွားရမည့် ရှုကွက် အချို့တို့လည်း ပါဝင်ကြ၏။ ယင်းရှုကွက်တို့ကား ပဋိစ္စသမုပ္ပါဒ် = ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရားတို့ကို သိမ်းဆည်းထားပြီးသူ ယောဂီသူ တော်ကောင်းတို့သာ သိမ်းဆည်းရှုပွား၍ ရနိုင်သော ရှုကွက်တို့ ဖြစ်ကြ၏။ ဤကဲ့သို့သော ရှုကွက်အချို့ကို ငဲ့ညှာ၍ ဤလက္ခဏာဒိစတုက္ကပိုင်းကို ပဋိစ္စ သမုပ္ပါဒ်ပိုင်းပြီးမှ ဤကျမ်း၌ ရေးသားတင်ပြခြင်း ဖြစ်ပေသည်။

သတိပြုရန် အခြားအချက်တစ်ရပ်ကား ဤသို့ဖြစ်၏ --- ယင်းစက္ခု ဒသကကလာပ်၌ တည်ရှိသော ပထဝီဓာတ်ကို ရှုပြီးသည့်အတွက် စက္ခုဒွါရ ၌ပင် တည်ရှိသော ကာယဒသကကလာပ်ဝယ် ပထဝီဓာတ်ကို မရှုဘဲ မနေ ပါနှင့်။ ရုပ်တုံးရုပ်ခဲ ရုပ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနေသော လုပ်ငန်း ခွင်ဖြစ်ရကား ရုပ်ကလာပ်တို့၌ ဃနပြိုအောင်သာ ရှုပါ။ စက္ခုဒွါရ၌ (၅၄), သောတဒွါရ၌ (၅၄) စသည်ဖြင့် ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြထားသည့် အတိုင်း ထိုထိုဒွါရ ထိုထိုကောဋ္ဌာသတို့၌ ရုပ်အမျိုးအစား ကုန်စင်အောင်သာ သိမ်းဆည်းရှုပွားပါ။

ရူပက္ခန္ဓာ ပြီး၏။

__________

ဝိညာဏက္ခန္ဓကထာ အခန်း

၁။ ဝိညာဏက္ခန္ဓာ

အာရမ္မဏံ စိန္တေတီတိ စိတ္တံ၊ ဝိဇာနာတီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၁၊၁၀၆။)

၁။ ဝိဇာနနလက္ခဏံ စိတ္တံ
၂။ ပုဗ္ဗင်္ဂမရသံ
၃။ သန္ဒဟနပစ္စုပဋ္ဌာနံ
၄။ နာမရူပပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

နာမပဒဋ္ဌာနံ။ (အရူပဘုံအတွက်)

၁။ အာရုံကို သိခြင်း = အာရုံကို ရယူခြင်းသဘော ... လက္ခဏ၊

၂။ အာရုံကို သိမှု၌ ပဓာန ေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း ... (ကိစ္စ) ရသ၊

၃။ စိတ်အစဉ်အဆက် မပြတ်ရအောင် နောက်နောက်စိတ်ကို
ဖွဲ့စပ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ နာမ်-ရုပ် (အရူပဘုံအတွက် - နာမ်) ... ပဒဋ္ဌာန်။

ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇။)

၂။ ပဋိသန္ဓေစိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ ပဋိသန္ဓိစိတ္တံ
၂။ ပဋိသန္ဓာနရသံ
၃။ သန္ဒဟနပစ္စုပဋ္ဌာနံ
၄။ နာမရူပပဒဋ္ဌာနံ

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-
ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော
အာရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ ဘဝနှစ်ခုကို = ေ့ရှဘဝစိတ်အစဉ်နှင့် နောက်ဘဝစိတ်အစဉ်ကို
ဆက်စပ်ပေးခြင်း ... (ကိစ္စ) ရသ၊

၃။ ဘဝနှစ်ခုကို = ေ့ရှဘဝစိတ်အစဉ်နှင့် နောက်ဘဝစိတ်အစဉ်ကို
ဆက်စပ်ပေးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ယှဉ်ဖက် စေတသိက် နာမ် + မှီရာဝတ္ထုရုပ် ... ပဒဋ္ဌာန်။

၃။ ဘဝင်စိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ ဘဝင်္ဂစိတ္တံ
၂။ ဘဝင်္ဂရသံ
၃။ သန္ဒဟနပစ္စုပဋ္ဌာနံ
၄။ နာမရူပပဒဋ္ဌာနံ

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-
ဂတိနိမိတ်ဟူသောအာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော
အာရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ ေ့ရှနောက် စိတ်အစဉ် မပြတ်ရအောင် ဘဝ၏အကြောင်းတရား
အဖြစ် တည်နေခြင်း (= ဘဝင်္ဂကိစ္စ) ... (ကိစ္စ) ရသ၊

၃။ ေ့ရှနောက် စိတ်အစဉ်မပြတ်ရအောင် စိတ်အစဉ်ကို
ဆက်စပ်ပေးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ယှဉ်ဖက် စေတသိက် နာမ် + မှီရာဝတ္ထုရုပ် ... ပဒဋ္ဌာန်။

၄။ ပဉ္စဒွါရာဝဇ္ဇန်း = ကိရိယာ မနောဓာတ်

၁။ စက္ခုဝိညာဏာဒိပုရေစရရူပါဒိဝိဇာနနလက္ခဏာ မနောဓာတု
၂။ အာဝဇ္ဇနရသာ
၃။ ရူပါဒိအဘိမုခဘာဝပစ္စုပဋ္ဌာနာ
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ။ (သာ ဥပေက္ခာယုတ္တာဝ ဟောတိ။) (ဝိသုဒ္ဓိ၊၂၊၈၆။)

၁။ စက္ခုဝိညာဏ် စသည်တို့၏ ေ့ရှသွားဖြစ်၍ (ေ့ရှကဖြစ်၍) ရူပါရုံ
စသည့် အာရုံတို့ကို သိခြင်းသဘော = ရယူခြင်းသဘော ... လက္ခဏ၊

၂။ (ရူပါရုံစသည့် ပဉ္စာရုံကို) နှလုံးသွင်းခြင်း = ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ၊
တစ်နည်း --- စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ
တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင်
မူလအာရုံဟောင်းကို စွန့်စေခြင်း ... (ကိစ္စ) ရသ၊

၃။ ရူပါရုံစသည့် အာရုံဘက်သို့ ရှေးရှူ မျက်နှာမူသည့်
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်စိတ်အစဉ် ပြတ်စဲခြင်း = ဘဝင်စိတ်
ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်။

ဤအထက်ပါ ပဉ္စဒွါရာဝဇ္ဇန်း = ကိရိယာမနောဓာတ်၏ ရှုကွက်မှာ ရူပါရုံ စသည့် ပဉ္စာရုံကို အာရုံပြုသည့် ပဉ္စဒွါရာဝဇ္ဇန်း ငါးမျိုးကို စုပေါင်း၍ ရေးသား ထားခြင်း ဖြစ်သည်။ လက်တွေ့ရှုသောအခါ၌ကား ပဉ္စဒွါရာဝဇ္ဇန်းသည် အာရုံ ငါးမျိုးလုံးကို ပြိုင်တူ မသိနိုင်သဖြင့် အာရုံတစ်မျိုးစီကို သိသော ပဉ္စဒွါရာဝဇ္ဇန်း တစ်မျိုးစီကို ခွဲ၍ ရှုရမည်ဖြစ်သည်။ သို့အတွက် ရူပါရုံကို အာရုံပြုသည့် ပဉ္စဒွါရာဝဇ္ဇန်း = အာဝဇ္ဇန်း၏ရှုကွက်မှာ ဤသို့ ဖြစ်၏။

အာဝဇ္ဇန်း - ရူပါရုံကို အာရုံပြုသည်။

၁။ စက္ခုဝိညာဏပုရေစရရူပဝိဇာနနလက္ခဏာ မနောဓာတု
၂။ အာဝဇ္ဇနရသာ
၃။ ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနာ
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ

၁။ စက္ခုဝိညာဏ်၏ ရှေးကဖြစ်၍ ရူပါရုံကို သိခြင်း =
ရယူခြင်းသဘော ... လက္ခဏ၊

၂။ ရူပါရုံကို နှလုံးသွင်း ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ၊
တစ်နည်း --- စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ
တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင်
ဘဝင်အာရုံကို စွန့်စေခြင်း ... (ကိစ္စ) ရသ၊

၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်အယဉ် ပြတ်စဲခြင်း = ဘဝင်္ဂုပစ္ဆေဒ =
ရပ်သောဘဝင် ... ပဒဋ္ဌာန်။

အာဝဇ္ဇန်း - သဒ္ဒါရုံကို အာရုံပြုသည်။

၁။ သောတဝိညာဏပုရေစရသဒ္ဒဝိဇာနနလက္ခဏာ မနောဓာတု
၂။ အာဝဇ္ဇနရသာ
၃။ သဒ္ဒါဘိမုခဘာဝပစ္စုပဋ္ဌာနာ
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ

အာဝဇ္ဇန်း - ဂန္ဓာရုံကို အာရုံပြုသည်။

၁။ ဃာနဝိညာဏပုရေစရဂန္ဓဝိဇာနနလက္ခဏာ မနောဓာတု
၂။ အာဝဇ္ဇနရသာ
၃။ ဂန္ဓာဘိမုခဘာဝပစ္စုပဋ္ဌာနာ
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ

အာဝဇ္ဇန်း - ရသာရုံကို အာရုံပြုသည်။

၁။ ဇိဝှါဝိညာဏပုရေစရရသဝိဇာနနလက္ခဏာ မနောဓာတု
၂။ အာဝဇ္ဇနရသာ
၃။ ရသာဘိမုခဘာဝပစ္စုပဋ္ဌာနာ
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ

အာဝဇ္ဇန်း - ဖောဋ္ဌဗ္ဗာရုံကို အာရုံပြုသည်။

၁။ ကာယဝိညာဏပုရေစရဖောဋ္ဌဗ္ဗဝိဇာနနလက္ခဏာ မနောဓာတု
၂။ အာဝဇ္ဇနရသာ
၃။ ဖောဋ္ဌဗ္ဗာဘိမုခဘာဝပစ္စုပဋ္ဌာနာ
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ

(ဖောဋ္ဌဗ္ဗာရုံ အမည်ရသော အာရုံမှာ ပထဝီ တေဇော ဝါယောဟု သုံးမျိုး ရှိသဖြင့် ပထဝီဓာတ်ကို အာရုံယူ၍ တစ်ကြိမ်, တေဇောဓာတ်ကို အာရုံယူ၍ တစ်ကြိမ်, ဝါယောဓာတ်ကို အာရုံယူ၍ တစ်ကြိမ် --- ဤသို့ သုံးကြိမ် ခွဲ၍ ရှုပါ။ မြန်မာပြန်အနက်အဓိပ္ပါယ်ကို စက္ခုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်းကို နည်းမှီ၍ သိပါလေ။)

၅။ စက္ခုဝိညာဏ်

၁။ စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ စက္ခုဝိညာဏံ
၂။ ရူပမတ္တာရမ္မဏရသံ
၃။ ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနံ
၄။ ရူပါရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိခြင်း =
ရယူခြင်းသဘော ... လက္ခဏ၊

၂။ ရူပါရုံ အရောင်မျှကိုသာ သိခြင်း အာရုံယူခြင်း ... (ကိစ္စ) ရသ၊

၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ရူပါရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်
(= ပဉ္စဒွါရာဝဇ္ဇန်းစိတ်) ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်။

၆။ သောတဝိညာဏ်

၁။ သောတသန္နိဿိတသဒ္ဒဝိဇာနနလက္ခဏံ သောတဝိညာဏံ
၂။ သဒ္ဒမတ္တာရမ္မဏရသံ
၃။ သဒ္ဒါဘိမုခဘာဝပစ္စုပဋ္ဌာနံ
၄။ သဒ္ဒါရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ သောတဝတ္ထုကို မှီဖြစ်၍ သဒ္ဒါရုံကို သိခြင်း =
ရယူခြင်းသဘော ... လက္ခဏ၊

၂။ သဒ္ဒါရုံ အသံမျှကိုသာ သိခြင်း = အာရုံယူခြင်း ... (ကိစ္စ) ရသ၊

၃။ သဒ္ဒါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ သဒ္ဒါရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် =
အာဝဇ္ဇန်းစိတ်၏ (= ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏) ကင်းချုပ်ခြင်း =
ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်။

၇။ ဃာနဝိညာဏ်

၁။ ဃာနသန္နိဿိတဂန္ဓဝိဇာနနလက္ခဏံ ဃာနဝိညာဏံ
၂။ ဂန္ဓမတ္တာရမ္မဏရသံ
၃။ ဂန္ဓာဘိမုခဘာဝပစ္စုပဋ္ဌာနံ
၄။ ဂန္ဓာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ ဃာနဝတ္ထုကို မှီဖြစ်၍ ဂန္ဓာရုံကို သိခြင်း =
ရယူခြင်းသဘော ... လက္ခဏ၊

၂။ ဂန္ဓာရုံ = အနံ့မျှကိုသာ သိခြင်း = အာရုံယူခြင်း ... (ကိစ္စ) ရသ၊

၃။ ဂန္ဓာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဂန္ဓာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် =
အာဝဇ္ဇန်းစိတ်၏ (= ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏) ကင်းချုပ်ခြင်း =
ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်။

၈။ ဇိဝှါဝိညာဏ်

၁။ ဇိဝှါသန္နိဿိတရသဝိဇာနနလက္ခဏံ ဇိဝှါဝိညာဏံ
၂။ ရသမတ္တာရမ္မဏရသံ
၃။ ရသာဘိမုခဘာဝပစ္စုပဋ္ဌာနံ
၄။ ရသာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ ဇိဝှါဝတ္ထုကို မှီဖြစ်၍ ရသာရုံကို သိခြင်း =
ရယူခြင်းသဘော ... လက္ခဏ၊

၂။ ရသာရုံ = အရသာမျှကိုသာ သိခြင်း = အာရုံယူခြင်း ... (ကိစ္စ) ရသ၊

၃။ ရသာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ရသာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် =
အာဝဇ္ဇန်းစိတ်၏ (= ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏) ကင်းချုပ်ခြင်း =
ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်။

၉။ ကာယဝိညာဏ်

၁။ ကာယသန္နိဿိတဖောဋ္ဌဗ္ဗဝိဇာနနလက္ခဏံ ကာယဝိညာဏံ
၂။ ဖောဋ္ဌဗ္ဗမတ္တာရမ္မဏရသံ
၃။ ဖောဋ္ဌဗ္ဗာဘိမုခဘာဝပစ္စုပဋ္ဌာနံ
၄။ ဖောဋ္ဌဗ္ဗာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ ကာယဝတ္ထုကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံကို သိခြင်း =
ရယူခြင်းသဘော ... လက္ခဏ၊

၂။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိမျှကိုသာ သိခြင်း =
အာရုံယူခြင်း ... (ကိစ္စ) ရသ၊

၃။ ဖောဋ္ဌဗ္ဗာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့်
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် =
အာဝဇ္ဇန်းစိတ်၏ (= ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏) ကင်းချုပ်ခြင်း =
ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်။

၁၀။ သမ္ပဋိစ္ဆိုင်း = လက်ခံ (ဝိပါက်မနောဓာတ်)

၁။ စက္ခုဝိညာဏာဒီနံ အနန္တရံ ရူပါဒိဝိဇာနနလက္ခဏာ မနောဓာတု
၂။ ရူပါဒီနံ သမ္ပဋိစ္ဆနရသာ (= ရူပါဒိသမ္ပဋိစ္ဆနရသာ)
၃။ တထာဘာဝပစ္စုပဋ္ဌာနာ (= ရူပါဒိသမ္ပဋိစ္ဆနဘာဝပစ္စုပဋ္ဌာနာ)
၄။ စက္ခုဝိညာဏာဒိအပဂမပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၀၄။ ဝိသုဒ္ဓိ၊၂၊၈၅။)

၁။ စက္ခုဝိညာဏ် စသည်တို့၏ အခြားမဲ့၌ဖြစ်၍ ရူပါရုံစသည်ကို
သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ ရူပါရုံစသည့် အာရုံကို လက်ခံခြင်း ... (ကိစ္စ) ရသ၊

၃။ ရူပါရုံစသည့်အာရုံကို လက်ခံတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ စက္ခုဝိညာဏ်စသည်တို့၏ ကင်းချုပ်ခြင်း = ချုပ်ပျက်ခြင်း ... ပဒဋ္ဌာန်။

[မှတ်ချက် --- ဤအထက်ပါ လက္ခဏ-ရသ စသည်တို့မှာ အာရုံ (၅)ပါး အတွက် ခြုံ၍ ရေးသားထားချက်ဖြစ်၏။ ဤသမ္ပဋိစ္ဆိုင်းစိတ်သည် စိတ္တက္ခဏ တစ်ခု အတွင်း၌ အာရုံ (၅)မျိုးလုံးကို ပြိုင်တူ မသိပေ။ ထိုကြောင့် လက္ခဏ-ရသ စသည်ကို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာရုံအလိုက် ခွဲ၍ သီးသန့်ရှုပါ။ ရူပါရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ်, သဒ္ဒါရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ် --- ဤသို့ စသည်ဖြင့် (၅)မျိုး ခွဲရှုပါ။]

ရူပါရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ် (စက္ခုဒွါရဝီထိ)

၁။ စက္ခုဝိညာဏဿ အနန္တရံ ရူပါရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု
၂။ ရူပါရမ္မဏသမ္ပဋိစ္ဆနရသာ
၃။ ရူပါရမ္မဏသမ္ပဋိစ္ဆနဘာဝပစ္စုပဋ္ဌာနာ
၄။ စက္ခုဝိညာဏာပဂမပဒဋ္ဌာနာ

၁။ စက္ခုဝိညာဏ်၏ အခြားမဲ့၌ဖြစ်၍ ရူပါရုံကို သိခြင်း =
ရယူခြင်းသဘော ... လက္ခဏ၊

၂။ ရူပါရုံကို လက်ခံခြင်း ... (ကိစ္စ) ရသ၊

၃။ ရူပါရုံကို လက်ခံတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ စက္ခုဝိညာဏ်၏ ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်။

သဒ္ဒါရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ် (သောတဒွါရဝီထိ)

၁။ သောတဝိညာဏဿ အနန္တရံ သဒ္ဒါရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု
၂။ သဒ္ဒါရမ္မဏသမ္ပဋိစ္ဆနရသာ
၃။ သဒ္ဒါရမ္မဏသမ္ပဋိစ္ဆနဘာဝပစ္စုပဋ္ဌာနာ
၄။ သောတဝိညာဏာပဂမပဒဋ္ဌာနာ

ဂန္ဓာရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ် (ဃာနဒွါရဝီထိ)

၁။ ဃာနဝိညာဏဿ အနန္တရံ ဂန္ဓာရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု
၂။ ဂန္ဓာရမ္မဏသမ္ပဋိစ္ဆနရသာ
၃။ ဂန္ဓာရမ္မဏသမ္ပဋိစ္ဆနဘာဝပစ္စုပဋ္ဌာနာ
၄။ ဃာနဝိညာဏာပဂမပဒဋ္ဌာနာ

ရသာရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ် (ဇိဝှါဒွါရဝီထိ)

၁။ ဇိဝှါဝိညာဏဿ အနန္တရံ ရသာရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု
၂။ ရသာရမ္မဏသမ္ပဋိစ္ဆနရသာ
၃။ ရသာရမ္မဏသမ္ပဋိစ္ဆနဘာဝပစ္စုပဋ္ဌာနာ
၄။ ဇိဝှါဝိညာဏာပဂမပဒဋ္ဌာနာ

ဖောဋ္ဌဗ္ဗာရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ် (ကာယဒွါရဝီထိ)

၁။ ကာယဝိညာဏဿ အနန္တရံ ဖောဋ္ဌဗ္ဗာရမ္မဏဝိဇာနနလက္ခဏာ
မနောဓာတု
၂။ ဖောဋ္ဌဗ္ဗာရမ္မဏသမ္ပဋိစ္ဆနရသာ
၃။ ဖောဋ္ဌဗ္ဗာရမ္မဏသမ္ပဋိစ္ဆနဘာဝပစ္စုပဋ္ဌာနာ
၄။ ကာယဝိညာဏာပဂမပဒဋ္ဌာနာ

[မှတ်ချက် --- ဤ၌လည်း ပထဝီဓာတ်ကို အာရုံယူ၍ တစ်ကြိမ်, တေဇောဓာတ်ကို အာရုံယူ၍ တစ်ကြိမ်, ဝါယောဓာတ်ကို အာရုံယူ၍ တစ်ကြိမ် ဤသို့ သုံးကြိမ် ခွဲရှုပါ။]

၁၁။ သန္တီရဏ (= အဟိတ်ဝိပါက် မနောဝိညာဏဓာတ်)

၁။ အဟေတုကဝိပါကာ သဠာရမ္မဏဝိဇာနနလက္ခဏာ ဒုဝိဓာပိ
သန္တီရဏာဒိကိစ္စာ မနောဝိညာဏဓာတု
၂။ သန္တီရဏာဒိရသာ
၃။ တထာဘာဝပစ္စုပဋ္ဌာနာ
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၃၀၅။ ဝိသုဒ္ဓိ၊၂၊၈၅။)

သောမနဿ ဥပေက္ခာအားဖြင့် နှစ်မျိုးပြားသော သန္တီရဏ စသော လုပ်ငန်းကိစ္စကို ရွက်ဆောင်သော အဟိတ်ဝိပါက် မနောဝိညာဏဓာတ်သည်

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ အာရုံကို စူးစမ်းခြင်း စသော ... (ကိစ္စ) ရသ၊

၃။ အာရုံကို စူးစမ်းတတ်သော သဘောတရား စသည် ... ပစ္စုပဋ္ဌာန်၊

၄။ မှီရာ ဟဒယဝတ္ထုရုပ် ... ပဒဋ္ဌာန်။

[မှတ်ချက် --- ဤစိတ်သည် သောမနဿ ဥပေက္ခာအားဖြင့် နှစ်မျိုးပြား ၏။ ဥပေက္ခာကား အဟိတ်ကုသလဝိပါက် အကုသလဝိပါက်ဟု နှစ်မျိုးပြား ၏။ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်သည် ကာမသုဂတိဘုံ၌, အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်သည် အပါယ်ဘုံ၌ ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စတို့ကိုလည်း ရွက်ဆောင်၏။ ဤသန္တီရဏစိတ် (၃)မျိုး လုံးသည် သန္တီရဏကိစ္စအပြင် တဒါရုံကိစ္စကိုလည်း ရံခါ ရွက်ဆောင်ပေး၏၊ အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၏။ သန္တီရဏကိစ္စကို ရွက်ဆောင်ခိုက်၌ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံငါးပါးကို, တဒါရုံကိစ္စ ကို ရွက်ဆောင်ခိုက်၌ အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြု၏။ လက်တွေ့ ရှုရာ၌ကား အာရုံ (၆)ပါးလုံးကို ပြိုင်တူ အာရုံမပြုနိုင်သဖြင့် ခွဲရှုရမည် ဖြစ် သည်။ အလားတူပင် တစ်ခုတည်းသော စိတ်က စိတ္တက္ခဏတစ်ခု အတွင်း၌ သန္တီရဏကိစ္စ တဒါရုံကိစ္စ စသည်ကို မရွက်ဆောင်နိုင်သဖြင့် သန္တီရဏကိစ္စ စသည်ကိုလည်း ခွဲရှုရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် သန္တီရဏကိစ္စကို ရွက်ဆောင်ခိုက်၌ အာရုံ (၅)ပါးခွဲ၍ ထပ်မံဖော်ပြအပ်ပါသည်။]

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု ---

၁။ ရူပါရမ္မဏဝိဇာနနလက္ခဏာ
၂။ သန္တီရဏရသာ
၃။ သန္တီရဏဘာဝပစ္စုပဋ္ဌာနာ
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ

သန္တီရဏကိစ္စကို ရွက်ဆောင်သော အဟိတ်ဝိပါက် မနောဝိညာဏ ဓာတ်သည် ---

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ ရူပါရုံကို စူးစမ်းဆင်ခြင်ခြင်း ... (ကိစ္စ) ရသ၊

၃။ ရူပါရုံကို စူးစမ်းဆင်ခြင်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ မိမိ၏ မှီ၍ ဖြစ်ရာ ဟဒယဝတ္ထု ... ပဒဋ္ဌာန်။

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု ---

၁။ သဒ္ဒါရမ္မဏဝိဇာနနလက္ခဏာ
၂။ သန္တီရဏရသာ
၃။ သန္တီရဏဘာဝပစ္စုပဋ္ဌာနာ
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု ---

၁။ ဂန္ဓာရမ္မဏဝိဇာနနလက္ခဏာ
၂။ သန္တီရဏရသာ
၃။ သန္တီရဏဘာဝပစ္စုပဋ္ဌာနာ
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု ---

၁။ ရသာရမ္မဏဝိဇာနနလက္ခဏာ
၂။ သန္တီရဏရသာ
၃။ သန္တီရဏဘာဝပစ္စုပဋ္ဌာနာ
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု ---

၁။ ဖောဋ္ဌဗ္ဗာရမ္မဏဝိဇာနနလက္ခဏာ
၂။ သန္တီရဏရသာ
၃။ သန္တီရဏဘာဝပစ္စုပဋ္ဌာနာ
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ

၁၂။ ဝုဋ္ဌော (= သာဓာရဏာ ကိရိယာ မနောဝိညာဏဓာတ်)

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု သဠာရမ္မဏဝိဇာနနလက္ခဏာ
၂။ ကိစ္စဝသေန ပဉ္စဒွါရမနောဒွါရေသု ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာ
၃။ တထာဘာဝပစ္စုပဋ္ဌာနာ
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတုဘဝင်္ဂါနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာမနောဝိညာဏဓာတ်သည် ---

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ ပဉ္စဒွါရ၌ အာရုံကို ဆုံးဖြတ်ခြင်း,
မနောဒွါရ၌ အာရုံကို ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ၊

၃။ ပဉ္စဒွါရ၌ အာရုံကို ဆုံးဖြတ်တတ်သော သဘောတရား, မနောဒွါရ၌
အာရုံကို ဆင်ခြင်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ပဉ္စဒွါရ၌ အဟိတ်ဝိပါက် မနောဝိညာဏဓာတ် =
သန္တီရဏစိတ်၏ ချုပ်ပျက်ခြင်း,
မနောဒွါရ၌ ဘဝင်၏ ချုပ်ပျက်ခြင်း ... ပဒဋ္ဌာန်။

[မှတ်ချက် -- ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာ မနောဝိညာဏဓာတ် ဟူသော မနောဒွါရာဝဇ္ဇန်းစိတ်သည် ပဉ္စဒွါရ၌ ဝေါဋ္ဌဗ္ဗနကိစ္စ = ဝုဋ္ဌောကိစ္စ, မနောဒွါရ၌ အာဝဇ္ဇန်းကိစ္စကို ရွက်ဆောင်၏။ ယင်းကိစ္စနှစ်မျိုးကို တစ်ပေါင်း တည်းပြု၍ အဋ္ဌကထာက ဖော်ပြထားပါသည်။ လက်တွေ့ရှုရာ၌ကား ခွဲ၍ ရှုရမည် ဖြစ်သည်။ သို့အတွက် ဤ၌ ဝုဋ္ဌောကိစ္စကိုသာ ထပ်မံ၍ တင်ပြပေအံ့။ ပဉ္စဒွါရ၌လည်း အာရုံ (၅)မျိုး ရှိသဖြင့် အာရုံတစ်မျိုးစီကိုသာ ယင်းစိတ်က အာရုံပြုနိုင်သဖြင့် ရူပါရုံကို အာရုံပြုသည့် ဝုဋ္ဌောကိစ္စကို ထပ်မံ၍ တင်ပြ ပေအံ့။]

စက္ခုဒွါရဝီထိ - ဝုဋ္ဌော

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ရူပါရမ္မဏဝိဇာနနလက္ခဏာ
၂။ ဝေါဋ္ဌဗ္ဗနရသာ
၃။ တထာဘာဝပစ္စုပဋ္ဌာနာ (= ဝေါဋ္ဌဗ္ဗနဘာဝပစ္စုပဋ္ဌာနာ)
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာ မနောဝိညာဏဓာတ် = ဝုဋ္ဌော သည် ---

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ ရူပါရုံကို (ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့်)
ဆုံးဖြတ်ခြင်း ... (ကိစ္စ) ရသ၊

၃။ သန္တီရဏ ယူထားသည့် အာရုံကိုပင် (ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ
စသည်ဖြင့်) ဆုံးဖြတ်သကဲ့သို့ဖြစ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ အဟိတ်ဝိပါက် မနောဝိညာဏဓာတ် = သန္တီရဏစိတ် (၃)မျိုးတို့တွင်
တစ်မျိုးမျိုးသောစိတ်၏ ကင်းချုပ်ခြင်း = ချုပ်ပျက်ခြင်း ... ပဒဋ္ဌာန်။

သောတဒွါရဝီထိ - ဝုဋ္ဌော

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု သဒ္ဒါရမ္မဏဝိဇာနနလက္ခဏာ
၂။ ဝေါဋ္ဌဗ္ဗနရသာ
၃။ တထာဘာဝပစ္စုပဋ္ဌာနာ
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဃာနဒွါရဝီထိ - ဝုဋ္ဌော

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ဂန္ဓာရမ္မဏဝိဇာနနလက္ခဏာ
၂။ ဝေါဋ္ဌဗ္ဗနရသာ
၃။ တထာဘာဝပစ္စုပဋ္ဌာနာ
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဇိဝှါဒွါရဝီထိ - ဝုဋ္ဌော

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ရသာရမ္မဏဝိဇာနနလက္ခဏာ
၂။ ဝေါဋ္ဌဗ္ဗနရသာ
၃။ တထာဘာဝပစ္စုပဋ္ဌာနာ
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ကာယဒွါရဝီထိ - ဝုဋ္ဌော

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ဖောဋ္ဌဗ္ဗာရမ္မဏဝိဇာနနလက္ခဏာ
၂။ ဝေါဋ္ဌဗ္ဗနရသာ
၃။ တထာဘာဝပစ္စုပဋ္ဌာနာ
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

မနောဒွါရဝီထိ - မနောဒွါရာဝဇ္ဇန်း

ဤမနောဒွါရာဝဇ္ဇန်း၏ လက္ခဏ-ရသ စသည့်ရှုကွက်ကို မနောဒွါရတွင် တင်ပြပေအံ့။

၁၃။ ဇော - ကုသိုလ်ဇော

၁။ အနဝဇ္ဇသုခဝိပါကလက္ခဏံ ကုသလံ
၂။ အကုသလဝိဒ္ဓံသနရသံ
၃။ ဝေါဒါနပစ္စုပဋ္ဌာနံ
၄။ ယောနိသောမနသိကာရပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

၁။ အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းသဘော ... လက္ခဏ၊

၂။ အကုသိုလ်ကို ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ၊

၃။ ဖြူစင်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ ယောနိသောမနသိကာရ = အာရုံကို နည်းမှန်လမ်းမှန်
နှလုံးသွင်းခြင်း ... ပဒဋ္ဌာန်။

၁။ အဝဇ္ဇပဋိပက္ခတ္တာ ဝါ အနဝဇ္ဇလက္ခဏမေဝ ကုသလံ
၂။ ဝေါဒါနဘာဝရသံ
၃။ ဣဋ္ဌဝိပါကပစ္စုပဋ္ဌာနံ
၄။ ယောနိသောမနသိကာရပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

တစ်နည်း --- အပြစ်နှင့်တကွဖြစ်သော အကုသိုလ်၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ---

၁။ အပြစ်မရှိခြင်းသာလျှင် ဖြစ်သောသဘော ... လက္ခဏ၊

၂။ ဖြူစင်ခြင်း ... (သမ္ပတ္တိ) ရသ၊

၃။ ကောင်းမြတ်သော ဣဋ္ဌဝိပါက အကျိုးတရားရှိမှု ... (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ ယောနိသောမနသိကာရ = အာရုံကို နည်းမှန်လမ်းမှန်
နှလုံးသွင်းခြင်း ... ပဒဋ္ဌာန်။

၁၃။ ဇော - အကုသိုလ်ဇော

၁။ သာဝဇ္ဇဒုက္ခဝိပါကလက္ခဏံ အကုသလံ
၂။ အနတ္ထဇနနရသံ
၃။ သံကိလေသပစ္စုပဋ္ဌာနံ
၄။ အယောနိသောမနသိကာရပဒဋ္ဌာနံ။ (အနုဋီ၊၁၊၁၂၆။)

၁။ အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းသော
အကျိုးရှိခြင်းသဘော ... လက္ခဏ၊

၂။ အကျိုးမဲ့ကို ဖြစ်စေခြင်း = မကောင်းကျိုးကို
ဖြစ်စေခြင်း ... (ကိစ္စ) ရသ၊

၃။ စိတ်အစဉ်ကို ညစ်နွမ်းစေတတ်သော
သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

၄။ အယောနိသောမနသိကာရ =
အာရုံကို နည်းမှားလမ်းမှား နှလုံးသွင်းခြင်း ... ပဒဋ္ဌာန်။

၁။ ဂါရယှဘာဝတော ဝါ သာဝဇ္ဇလက္ခဏံ
၂။ သံကိလေသဘာဝရသံ
၃။ အနိဋ္ဌဝိပါကပစ္စုပဋ္ဌာနံ
၄။ အယောနိသောမနသိကာရပဒဋ္ဌာနံ။ (အနုဋီ၊၁၊၁၂၆။)

တစ်နည်း -- အကုသိုလ်တရားတို့သည် စင်စစ် ကဲ့ရဲ့ထိုက်သောကြောင့်

၁။ အပြစ်နှင့်တကွ ဖြစ်ခြင်းသဘော ... လက္ခဏ၊

၂။ စိတ်အစဉ် ညစ်နွမ်းသည်၏အဖြစ်နှင့် ပြည့်စုံခြင်း ... (သမ္ပတ္တိ) ရသ၊

၃။ မကောင်းသော အနိဋ္ဌဝိပါက အကျိုးရှိမှု ... (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ အယောနိသောမနသိကာရ = အာရုံကို
နည်းမှားလမ်းမှား နှလုံးသွင်းခြင်း ... ပဒဋ္ဌာန်။

[မှတ်ချက် --- အာရုံကို နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် ဆုံးဖြတ်ချက် ချခြင်းသည် အယောနိသောမနသိကာရ မည်၏။ အာရုံကို အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စသည်ဖြင့် ဆုံးဖြတ်ချက် ချခြင်းသည် ယောနိသော မနသိ ကာရ မည်၏။ အယောနိသောမနသိကာရကား အကုသိုလ်တရားတို့၏ အနီး ကပ်ဆုံး အကြောင်း ပဒဋ္ဌာန် ဖြစ်၏။ ယောနိသောမနသိကာရကား ကုသိုလ် တရားတို့၏ အနီးကပ်ဆုံး အကြောင်း ပဒဋ္ဌာန် ဖြစ်၏။ တရားကိုယ်မှာ ဤ အရာ၌ ပဉ္စဒွါရဝီထိဝယ် ဝုဋ္ဌောနာမ်တရား (၁၂)ကိုလည်းကောင်း, မနောဒွါရ ဝီထိဝယ် မနောဒွါရာဝဇ္ဇန်း နာမ်တရား (၁၂)ကိုလည်းကောင်း ရည်ညွှန်း ထားပေသည်။]

၁၄။ တဒါရုံ

၁။ သဠာရမ္မဏဝိဇာနနလက္ခဏံ တဒါရမ္မဏံ
၂။ တဒါရမ္မဏရသံ
၃။ တထာဘာဝပစ္စုပဋ္ဌာနံ
၄။ ဇဝနာပဂမပဒဋ္ဌာနံ

[မှတ်ချက် --- ဤကား အာရုံ (၆)ပါးကို အာရုံယူသည့် တဒါရုံ (၆)မျိုး လုံးကို စုပေါင်း၍ ရေးသားထားချက်ပင် ဖြစ်သည်။ လက်တွေ့ရှုရာ၌ကား အာရုံတစ်ပါးစီ ခွဲ၍ ရှုရမည်ဖြစ်သဖြင့် လက်တွေ့ရှုတတ်ရန် အာရုံတစ်ပါးစီ ကို အာရုံပြုသည့် တဒါရုံ (၆)မျိုးကို ထပ်မံ၍ ဖော်ပြပေအံ့။]

စက္ခုဒွါရဝီထိတဒါရုံ

၁။ ရူပါရမ္မဏဝိဇာနနလက္ခဏံ တဒါရမ္မဏံ
၂။ တဒါရမ္မဏရသံ
၃။ တထာဘာဝပစ္စုပဋ္ဌာနံ (= တဒါရမ္မဏဘာဝပစ္စုပဋ္ဌာနံ)
၄။ ဇဝနာပဂမပဒဋ္ဌာနံ

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ ဇောယူသည့် အာရုံကိုပင် လိုက်၍ အာရုံယူခြင်း ... (ကိစ္စ) ရသ၊

၃။ ဇောယူသည့် အာရုံကိုပင် လိုက်၍
အာရုံယူတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဇောစိတ်၏ ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်။

သောတဒွါရဝီထိတဒါရုံ စသည်

၁။ သဒ္ဒါရမ္မဏဝိဇာနနလက္ခဏံ။ ပ ။
ဂန္ဓာရမ္မဏဝိဇာနနလက္ခဏံ။ ပ ။
ရသာရမ္မဏဝိဇာနနလက္ခဏံ။ ပ ။
ဖောဋ္ဌဗ္ဗာရမ္မဏဝိဇာနနလက္ခဏံ။ ပ ။
ဓမ္မာရမ္မဏဝိဇာနနလက္ခဏံ တဒါရမ္မဏံ
၂။ တဒါရမ္မဏရသံ
၃။ တထာဘာဝပစ္စုပဋ္ဌာနံ (= တဒါရမ္မဏဘာဝပစ္စုပဋ္ဌာနံ)
၄။ ဇဝနာပဂမပဒဋ္ဌာနံ

၁၅။ မနောဒွါရာဝဇ္ဇန်း (မနောဒွါရဝီထိ)

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု
သဠာရမ္မဏဝိဇာနနလက္ခဏာ
၂။ မနောဒွါရေ အာဝဇ္ဇနရသာ
၃။ တထာဘာဝပစ္စုပဋ္ဌာနာ (= အာဝဇ္ဇနဘာဝပစ္စုပဋ္ဌာနာ)
၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာ မနောဝိညာဏဓာတ် = မနော ဒွါရာဝဇ္ဇန်းသည် ---

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ၊

၃။ မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်တတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်အယဉ် ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်။

[မှတ်ချက် -- တစ်ခုတည်းသော မနောဒွါရာဝဇ္ဇန်းက အာရုံ (၆)ပါးလုံးကို ပြိုင်တူ အာရုံမယူနိုင်သဖြင့် အာရုံ (၆)မျိုး ခွဲ၍ ရှုရမည်ဖြစ်သည်။ ထိုကြောင့် အာရုံ (၆)မျိုး ခွဲ၍ ထပ်မံ တင်ပြအပ်ပါသည်။]

ရူပါရုံကို အာရုံယူသည့် မနောဒွါရာဝဇ္ဇန်း

ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ---

၁။ ရူပါရမ္မဏဝိဇာနနလက္ခဏာ
၂။ မနောဒွါရေ အာဝဇ္ဇနရသာ
၃။ တထာဘာဝပစ္စုပဋ္ဌာနာ (= အာဝဇ္ဇနဘာဝပစ္စုပဋ္ဌာနာ)
၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာ မနောဝိညာဏဓာတ် = မနော ဒွါရာဝဇ္ဇန်းသည် ---

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ မနောဒွါရ၌ထင်လာသော ရူပါရုံကို ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ၊

၃။ မနောဒွါရ၌ထင်လာသော ရူပါရုံကို ဆင်ခြင်တတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဘဝင်အယဉ် ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း
(= ဘဝင်္ဂုပစ္ဆေဒ) ... ပဒဋ္ဌာန်။

သဒ္ဒါရုံစသည်ကို အာရုံယူသည့် မနောဒွါရာဝဇ္ဇန်း

ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ---

၁။ သဒ္ဒါရမ္မဏဝိဇာနနလက္ခဏာ။ ပ ။
ဂန္ဓာရမ္မဏဝိဇာနနလက္ခဏာ။ ပ ။
ရသာရမ္မဏဝိဇာနနလက္ခဏာ။ ပ ။
ဖောဋ္ဌဗ္ဗာရမ္မဏဝိဇာနနလက္ခဏာ။ ပ ။
ဓမ္မာရမ္မဏဝိဇာနနလက္ခဏာ
၂။ မနောဒွါရေ အာဝဇ္ဇနရသာ
၃။ တထာဘာဝပစ္စုပဋ္ဌာနာ (= အာဝဇ္ဇနဘာဝပစ္စုပဋ္ဌာနာ)
၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

[မှတ်ချက် -- အနက်အဓိပ္ပါယ် သဘောပေါက်လောက်ပေပြီ၊ နည်းမှီး၍ ရှုပါလေ။]

၁၆။ ဟသိတုပ္ပါဒ်စိတ်

သောမနဿသဟဂတာဟေတုကကိရိယာ ---

၁။ သဠာရမ္မဏဝိဇာနနလက္ခဏာ
၂။ ကိစ္စဝသေန အရဟတံ အနုဠာရေသု ဝတ္ထူသု ဟသိတုပ္ပါဒနရသာ
၃။ တထာဘာဝပစ္စုပဋ္ဌာနာ
၄။ ဧကန္တတော ဟဒယဝတ္ထုပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၈၇။)

သောမနဿသဟဂုတ် အဟိတ်ကိရိယာစိတ် = ဟသိတုပ္ပါဒ်စိတ်သည်

၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ ကိစ္စ၏ အစွမ်းဖြင့် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာလျှင်
မမြတ်ထွတ်ကုန်သော အရိုးစုပြိတ္တာအဆင်း စသော
အာရုံတို့၌ ပြုံးရွှင်ခြင်းကိုသာလျှင် ဖြစ်စေခြင်း ... (ကိစ္စ) ရသ၊

၃။ ထိုကဲ့သို့ ပြုံးရွှင်ခြင်းကို ဖြစ်စေတတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဧကန်အားဖြင့် မှီရာဖြစ်သော ဟဒယဝတ္ထု ... ပဒဋ္ဌာန်။

[မှတ်ချက် -- ဤဟသိတုပ္ပါဒ်စိတ်ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန် ၌သာလျှင် ဖြစ်သော စိတ်အမျိုးအစား ဖြစ်သဖြင့် ရဟန္တာပုဂ္ဂိုလ်တို့သာ ရှုရမည့်စိတ် ဖြစ်ပေသည်။]

၁၇။ စုတိစိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ စုတိစိတ္တံ
၂။ စဝနရသံ
၃။ တထာဘာဝပစ္စုပဋ္ဌာနံ
၄။ ဇဝနတဒါရမ္မဏဘဝင်္ဂါနံ အညတရာပဂမပဒဋ္ဌာနံ

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-
ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် အာရုံ တစ်မျိုးမျိုးကို
သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊

၂။ ဘဝမှ ရွေ့လျောခြင်း ... (ကိစ္စ) ရသ၊

၃။ ဘဝမှ ရွေ့လျောတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ (က) ဇောနောင် စုတိကျအံ့, ဇော၏ချုပ်ပျက်ခြင်း
( ခ ) တဒါရုံနောင် စုတိကျအံ့, တဒါရုံ၏ချုပ်ပျက်ခြင်း
( ဂ ) ဘဝင်နောင် စုတိကျအံ့, ဘဝင်၏ချုပ်ပျက်ခြင်း ... ပဒဋ္ဌာန်။

ဝိညာဏက္ခန္ဓာ ပြီး၏။

__________

ဝေဒနာက္ခန္ဓကထာ အခန်း

၁။ သုခဝေဒနာ

၁။ ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ သုခံ
၂။ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ
၃။ ကာယိကအဿာဒပစ္စုပဋ္ဌာနံ
၄။ ကာယိန္ဒြိယပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်း ... (ကိစ္စ) ရသ၊

၃။ ကိုယ်၌ဖြစ်သော သာယာအပ်သော
(= သာယာဖွယ်) သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ် ... ပဒဋ္ဌာန်။

၂။ ဒုက္ခဝေဒနာ

၁။ အနိဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ ဒုက္ခံ
၂။ သမ္ပယုတ္တာနံ မိလာပနရသံ
၃။ ကာယိကာဗာဓပစ္စုပဋ္ဌာနံ
၄။ ကာယိန္ဒြိယပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို ညှိုးကြုံစေခြင်း ... (ကိစ္စ) ရသ၊

၃။ ကိုယ်၌ဖြစ်သော နှိပ်စက်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ် ... ပဒဋ္ဌာန်။

၃။ သောမနဿဝေဒနာ

၁။ ဣဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ သောမနဿံ
၂။ ယထာ တထာ ဝါ ဣဋ္ဌာကာရသမ္ဘောဂရသံ
၃။ စေတသိကအဿာဒပစ္စုပဋ္ဌာနံ
၄။ ပဿဒ္ဓိပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ သဘာဝ+ပရိကပ္ပ ဖြစ်သော ဣဋ္ဌာရုံကို
ခံစားခြင်းသဘော ... လက္ခဏ၊

၂။ သဘာဝအားဖြင့်ဖြစ်စေ, ပရိကပ္ပအားဖြင့်ဖြစ်စေ အာရုံကို
ဣဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခြင်း ... (ကိစ္စ) ရသ၊

၃။ စိတ်၌မှီသော သာယာဖွယ် သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ပဿဒ္ဓိ = စိတ်+စေတသိက်တို့၏ ငြိမ်းအေးခြင်း ... ပဒဋ္ဌာန်။

[သဘာဝဣဋ္ဌာရုံဟူသည် ပင်ကိုယ်သဘာဝအတိုင်း အလိုရှိအပ်သော ဣဋ္ဌာရုံတည်း။ ပရိကပ္ပဣဋ္ဌာရုံဟူသည် ဣဋ္ဌဖြစ်အောင် ကြံဆောင်ပြုပြင်၍ ထားအပ်သော အာရုံတည်း။ ငါးပိသည် ပင်ကိုယ်က အနိဋ္ဌာရုံဖြစ်သော်လည်း ဣဋ္ဌဖြစ်အောင် ပြုပြင်မွမ်းမံလိုက်သောအခါ ဣဋ္ဌဖြစ်လာ၏သို့ မှတ်ပါ။]

တစ်နည်း - သောမနဿဝေဒနာကို ဖွင့်ဆိုထားပုံ

၁။ သာတလက္ခဏံ သုခံ (= သောမနဿံ)
၂။ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ
၃။ အနုဂ္ဂဟဏပစ္စုပဋ္ဌာနံ
၄။ ပဿဒ္ဓိပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

၁။ မိမိကိန်းဝပ်ရာ သတ္တဝါနှင့် သမ္ပယုတ္တဓမ္မတို့ကို
အာရုံ၌ သာယာစေတတ်သော သဘောတရား ... လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို လွန်စွာတိုးပွားစေခြင်း ... (ကိစ္စ) ရသ၊

၃။ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ပဿဒ္ဓိ = စိတ် + စေတသိက်တို့၏
ငြိမ်းအေးခြင်း ပဿဒ္ဓိ ... ပဒဋ္ဌာန်။

[မှတ်ချက် -- ဤဒုတိယတစ်နည်းဖွင့်ဆိုချက်ကား အပ္ပနာစျာန်သို့ မဆိုက်သေးသော ခဏိကသမာဓိ, ပရိကမ္မသမာဓိ, ဥပစာရသမာဓိတို့နှင့် ယှဉ်သော သုခ = သောမနဿဝေဒနာ, အပ္ပနာစျာန်နှင့်ယှဉ်သော သုခ = သောမနဿဝေဒနာ, ဝိပဿနာဉာဏ်နှင့် ယှဉ်သော သုခ = သောမနဿ ဝေဒနာတို့ကို အထူးရည်ညွှန်းထားပေသည်။ ပထမအဖွင့်ကား သုခ = သော မနဿဝေဒနာအားလုံးအတွက်ပင် ဖွင့်ဆိုထား၏၊ သို့သော် လောဘမူ သောမနဿဝေဒနာဖြစ်မူ ပဿဒ္ဓိမှာ ပဒဋ္ဌာန်မဖြစ်နိုင်သဖြင့် ဝတ္ထု-အာရုံ-သမ္ပယုတ္တဓမ္မဟူသော အကြောင်းသုံးမျိုးတို့တွင် တစ်မျိုးမျိုးသည်သာလျှင် ပဒဋ္ဌာန်ဖြစ်နိုင်ပေသည်။]

၄။ ဒေါမနဿဝေဒနာ

၁။ အနိဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ ဒေါမနဿံ
၂။ ယထာ တထာ ဝါ အနိဋ္ဌာကာရသမ္ဘောဂရသံ
၃။ စေတသိကာဗာဓပစ္စုပဋ္ဌာနံ
၄။ ဧကန္တေနေဝ ဟဒယဝတ္ထုပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၈။ ဝိသုဒ္ဓိ၊၂၊၉၁၊၊)

၁။ သဘာဝ+ပရိကပ္ပ ဖြစ်သော အနိဋ္ဌာရုံကို
ခံစားခြင်းသဘော ... လက္ခဏ၊

၂။ သဘာဝအားဖြင့်ဖြစ်စေ, ပရိကပ္ပအားဖြင့်ဖြစ်စေ အာရုံကို
အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခြင်း ... (ကိစ္စ) ရသ၊

၃။ စိတ်၌မှီသော အနာ = စိတ်၌မှီသော နှိပ်စက်တတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဧကန်အားဖြင့်သာလျှင် ဟဒယဝတ္ထု ... ပဒဋ္ဌာန်။

[မှတ်ချက် -- သဘာဝအားဖြင့် အနိဋ္ဌဖြစ်သောအာရုံကို အနိဋ္ဌအခြင်း အရာအားဖြင့် ခံစားမှုသည်လည်း ဒေါမနဿဝေဒနာပင် ဖြစ်၏။ တိတ္ထိ တို့သည် သဘာဝအတိဣဋ္ဌာရုံဖြစ်သော ဘုရားအစရှိသောအာရုံကို အနိဋ္ဌ ဟု အယူရှိကြ၏၊ ပရိကပ္ပအနိဋ္ဌာရုံတည်း။ ယင်းတိတ္ထိတို့၏ ကြံစည်စိတ်ကူးမှု ကြောင့် ခံယူချက်မှားမှုကြောင့် ယင်းတို့အဖို့ ဣဋ္ဌသည်ပင် အနိဋ္ဌဖြစ်နေ၏။ ယင်းအနိဋ္ဌာရုံကို ပရိကပ္ပအားဖြင့် အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင် ခံစားခြင်းသည်လည်း ဒေါမနဿဝေဒနာပင် ဖြစ်၏။]

၅။ ဥပေက္ခာဝေဒနာ

၁။ မဇ္ဈတ္တဝေဒယိတလက္ခဏာ ဥပေက္ခာ
၂။ သမ္ပယုတ္တာနံ နာတိဥပဗြူဟနမိလာပနရသာ
၃။ သန္တဘာဝပစ္စုပဋ္ဌာနာ
၄။ နိပ္ပီတိကစိတ္တပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၉၁။)

၁။ သဘာဝ+ပရိကပ္ပ ဖြစ်သော အလယ်အလတ် မဇ္ဈတ္တာရုံကို
အလယ်အလတ် လျစ်လျူခံစားခြင်းသဘော ... လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို မတိုးပွားစေလွန်း
မညှိုးကြုံစေလွန်းခြင်း ... (ကိစ္စ) ရသ၊

၃။ ငြိမ်သက်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ပီတိကင်းသောစိတ် = ပီတိမယှဉ်သောစိတ် ... ပဒဋ္ဌာန်။

စျာနုပေက္ခာ = တတိယစျာန်နှင့် ယှဉ်သော တတြမဇ္ဈတ္တတာ

၁။ မဇ္ဈတ္တလက္ခဏာ စျာနုပေက္ခာ
၂။ အနာဘောဂရသာ
၃။ အဗျာပါရပစ္စုပဋ္ဌာနာ
၄။ ပီတိဝိရာဂပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၂၁၈။)

၁။ အလယ်အလတ်၌ တည်မှုသဘော ... လက္ခဏ၊

၂။ မွန်မြတ်သော ပဏီတသုခ၌သော်မှ နှလုံးမသွင်းခြင်း ... (ကိစ္စ) ရသ၊

၃။ မွန်မြတ်သော ပဏီတသုခ၌ ကြောင့်ကြမစိုက်တတ်သော
သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊
တစ်နည်း -- သမ္ပယုတ်တရားတို့ကို မွန်မြတ်သော ပဏီတသုခ
ကြောင့်ကြမစိုက်စေခြင်းဟူသော အကျိုးကို
ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ ပီတိ၌ စက်ဆုပ်ခြင်း (= ပီတိကို လွန်မြောက်ခြင်း) ... ပဒဋ္ဌာန်။

အဒုက္ခမသုခါ = ဥပေက္ခာဝေဒနာ = စတုတ္ထဇ္ဈာနုပေက္ခာ

၁။ ဣဋ္ဌာနိဋ္ဌဝိပရီတာနုဘဝနလက္ခဏာ ဥပေက္ခာ
၂။ မဇ္ဈတ္တရသာ
၃။ အဝိဘူတပစ္စုပဋ္ဌာနာ
၄။ သုခနိရောဓပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၂၂၂။)

၁။ ဣဋ္ဌာရုံ အနိဋ္ဌာရုံ၏ ပြောင်းပြန်ဖြစ်သော
ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်းသဘော
(= ဣဋ္ဌမဇ္ဈတ္တာရုံ၏ အရသာကို ခံစားခြင်းသဘော) ... လက္ခဏ၊

၂။ အလယ်အလတ် မဇ္ဈတ္တသဘော၌ တည်ခြင်း =
လျစ်လျူရှုခြင်း ... (ကိစ္စ) ရသ၊

၃။ မထင်ရှားသော ခံစားမှု သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ သုခချုပ်ခြင်း (= သုခချုပ်ရာ စတုတ္ထစျာန်၏ ဥပစာရ) ... ပဒဋ္ဌာန်။

ဝေဒနာက္ခန္ဓာ ပြီး၏။

__________

သညာက္ခန္ဓကထာ အခန်း

သညာစေတသိက်

၁။ သဉ္ဇာနနလက္ခဏာ သညာ
၂။ (က) ပစ္စာဘိညာဏရသာ
( ခ ) ပုနသဉ္ဇာနနပစ္စယနိမိတ္တကရဏရသာ, ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ
၃။ (က) ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏပစ္စုပဋ္ဌာနာ, ဟတ္ထိဒဿကအန္ဓာ ဝိယ
( ခ ) အာရမ္မဏေ အနောဂါဠှဝုတ္တိတာယ အစိရဋ္ဌာနပစ္စုပဋ္ဌာနာ ဝါ, ဝိဇ္ဇု ဝိယ
၄။ ယထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ, တိဏပုရိသကေသု မိဂပေါတကာနံ ပုရိသာတိ ဥပ္ပန္နသညာ ဝိယ။ (အဘိ၊ဋ္ဌ၊၁၊၁၅၃-၁၅၄။)

၁။ သဉ္ဇာနနလက္ခဏာ သညာ
၂။ တဒေဝေတန္တိ ပုနသဉ္ဇာနနပစ္စယနိမိတ္တကရဏရသာ, ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ
၃။ ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏပစ္စုပဋ္ဌာနာ, ဟတ္ထိဒဿကအန္ဓာ ဝိယ
၄။ ယထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ, တိဏပုရိသကေသု မိဂပေါတကာနံ ပုရိသာတိ ဥပ္ပန္နသညာ ဝိယ။ (ဝိသုဒ္ဓိ၊၂၊၉၂။)

၁။ အညို အရွှေ စသည်ပြားသော အာရုံကို အမှတ်ပြု၍
သိခြင်း = မှတ်သိ သိခြင်းသဘော ... လက္ခဏ၊

၂။ (က) ရှေးအမှတ်ဖြင့် နောက်ထပ်သိခြင်း ... (ကိစ္စ) ရသ၊
( ခ ) ထိုဟာ ဒါပဲဟု နောက်ထပ်တစ်ဖန် မှတ်သိ သိခြင်း၏
အကြောင်းဖြစ်သော အမှတ်အသားကို သိခြင်း ... (ကိစ္စ) ရသ၊
(သစ်သားစသည်တို့၌ လက်သမား စသူတို့၏ မှတ်သားပုံကဲ့သို့ တည်း။)

၃။ (က) စိတ်က စွဲယူထားသည့် အမှတ်နိမိတ် (= အမှတ်အသား)
အတိုင်း အာရုံကို နှလုံးသွင်းခြင်းကို ပြုတတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်၊
(ဆင်စမ်းသော သူကာဏ်းတို့ကဲ့သို့ မှတ်ပါ။)

( ခ ) အာရုံ၌ သက်ဝင်သောဖြစ်ခြင်း မရှိသည်၏အဖြစ်ကြောင့် =
အာရုံကို နက်နက်နဲနဲ မယူတတ်သည်၏ အဖြစ်ကြောင့်
ကြာမြင့်စွာ တည်တံ့ခြင်း မရှိသောသဘောတရား ... ပစ္စုပဋ္ဌာန်၊
(လျှပ်စစ် လျှပ်နွယ် လျှပ်စီးကဲ့သို့ မှတ်ပါ။)

၄။ ထင်လာတိုင်းသော အာရုံ ... ပဒဋ္ဌာန်။
(မြက်ဖြင့် ပြုလုပ်ထားသော ယောက်ျားရုပ်တို့၌ သားသမင်တို့၏ ယောက်ျားတို့ဟု ဖြစ်သော အမှတ်သညာကဲ့သို့တည်း။)

သညာက္ခန္ဓာ ပြီး၏။


သင်္ခါရက္ခန္ဓကထာ အခန်း

ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ အမည်ရသော ဝေဒနာ သညာတို့နှင့် တကွ အားလုံးစေတသိက် အလုံး (၅၂)လုံးရှိ၏။ ယင်းစေတသိက် (၅၂)မျိုးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏ ---

၁။ အကောင်း အဆိုး နှစ်ဘက်ရ အညသမာန်းစေတသိက် ၁၃-မျိုး

၂။ ယုတ်ညံ့သော အကုသိုလ်စေတသိက် ၁၄-မျိုး

၃။ တင့်တယ် ကောင်းမြတ်သော သောဘဏစေတသိက် ၂၅-မျိုး

အားလုံးပေါင်းသော် ၅၂-မျိုး

ဤ (၅၂)မျိုးသော စေတသိက်တို့တွင် ဝေဒနာ သညာ စေတသိက် (၂)မျိုးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ရေးသားတင်ပြပြီး လေပြီ။ ယခုအခါ၌ သင်္ခါရက္ခန္ဓာ စာရင်းဝင် စေတသိက် (၅၀)တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ရှုကွက်တို့ကို ဆက်လက်၍ ရေးသားတင်ပြပေအံ့။

သဗ္ဗစိတ္တသာဓာရဏ စေတသိက်

၁။ ဖဿ

ဖုသတီတိ ဖေဿာ

၁။ သွာယံ ဖုသနလက္ခဏော
၂။ သင်္ဃဋ္ဋနရသော
၃။ သန္နိပါတပစ္စုပဋ္ဌာနော, ဝေဒနာပစ္စုပဋ္ဌာနော ဝါ
၄။ အာပါထဂတဝိသယပဒဋ္ဌာနော (အာပါတဂတဝိသယပဒဋ္ဌာနော)။ (အဘိ၊ဋ္ဌ၊၁၊၁၅၁-၁၅၂။ ဝိသုဒ္ဓိ၊၂၊၉၃။)

၁။ အာရုံကို တွေ့ထိခြင်းသဘော ... လက္ခဏ၊

၂။ အာရုံ-ဝိညာဏ်ကို ပွတ်ချုပ်ထိခိုက်ခြင်း ... (ကိစ္စ) ရသ၊
တစ်နည်း -- အာရုံနှင့် ဝိညာဏ်ကို ဆက်စပ်ပေးခြင်း ... (ကိစ္စ) ရသ၊
တစ်နည်း --- ဝတ္ထုအာရုံတို့၏ ပေါင်းဆုံထိခိုက်ခြင်းနှင့်
ပြည့်စုံခြင်း ... (သမ္ပတ္တိ) ရသ၊

၃။ (က) ဝတ္ထု+အာရုံ+ဝိညာဏ် (၃)ပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသောသဘောတရား ... (ဥပဋ္ဌာနာကာရ)ပစ္စုပဋ္ဌာန်၊

( ခ ) တစ်နည်း --- ဝေဒနာဟူသော အကျိုးတရားကို ဖြစ်ပေါ်
စေတတ်သော သဘောတရား ... (ဖလ) ပစ္စုပဋ္ဌာန်၊

၄။ ထင်ခြင်းသို့ (ရှေးရှူကျခြင်းသို့) ရောက်ရှိလာသောအာရုံ ... ပဒဋ္ဌာန်။

၂။ စေတနာ

စေတယတီတိ စေတနာ, သဒ္ဓိံ အတ္တနာ သမ္ပယုတ္တဓမ္မေ အာရမ္မဏေ အဘိသန္ဒဟတီတိ အတ္ထော

၁။ သာ စေတယိတလက္ခဏာ, စေတနာဘာဝလက္ခဏာတိ အတ္ထော
၂။ အာယူဟနရသာ
၃။ သံဝိဒဟနပစ္စုပဋ္ဌာနာ သကိစ္စပရကိစ္စသာဓိကာ ဇေဋ္ဌသိဿမဟာဝဍ္ဎကီအာဒယော ဝိယ
အစ္စာယိကကမ္မာနုဿရဏာဒီသု စ ပနာယံ သမ္ပယုတ္တာနံ ဥဿဟနဘာဝေန ပဝတ္တမာနာ ပါကဋာ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၁၅၄-၁၅၅။ ဝိသုဒ္ဓိ၊၂၊၉၃။)

စေ့ဆော်တတ်သော သဘောတရားသည် စေတနာ မည်၏၊ မိမိနှင့် အတူတကွ ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံ၌ အဆက်မပြတ်အောင် ဖွဲ့စပ်တတ်၏၊ အဆက်မပြတ်အောင် ဖြစ်စေတတ်၏ဟု ဆိုလိုသည်။

၁။ မိမိနှင့်အတူ သမ္ပယုတ်တရားတို့ကို အာရုံ၌ စေ့အောင် စပ်အောင်
အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်ခြင်းသဘော ... လက္ခဏ၊

၂။ (သမ္ပယုတ်တရားတို့ကို မိမိတို့၏ကိစ္စ၌ ဖရိုဖရဲကြဲ၍ မနေအောင်)
ပေါင်းစုရုံးစည်းခြင်း = ကြောင့်ကြဗျာပါရ ပြုခြင်း ... (ကိစ္စ) ရသ၊

၃။ စီမံတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊
(မိမိကိစ္စ သူတစ်ပါးကိစ္စကို ပြီးစီးစေတတ်ကုန်သော တပည့်ကြီး လက် သမားကြီး စသောသူတို့ကဲ့သို့ မှတ်ပါ၊၊)

၄။ (က) ဝတ္ထု, (ခ) အာရုံ, (ဂ) ဖဿ-မနသိကာရ ဦးဆောင်သည့်
ယှဉ်ဖက်သမ္ပယုတ်တရားတို့တွင် တစ်မျိုးမျိုးသောတရား ... ပဒဋ္ဌာန်။

၃။ ဧကဂ္ဂတာ = သမာဓိ

အာရမ္မဏေ စိတ္တံ သမံ အာဓိယတိ, သမ္မာ ဝါ အာဓိယတိ, သမာဓာနမတ္တမေဝ ဝါ ဧတံ စိတ္တဿာတိ သမာဓိ

၁။ (က) ပါမောက္ခလက္ခဏော သမာဓိ
( ခ ) အဝိသာရလက္ခဏော
( ဂ ) အဝိက္ခေပလက္ခဏော ဝါ
၂။ သဟဇာတာနံ သမ္ပိဏ္ဍနရသော နှာနိယစုဏ္ဏာနံ ဥဒကံ ဝိယ
၃။ (က) ဥပသမပစ္စုပဋ္ဌာနော
( ခ ) ဉာဏပစ္စုပဋ္ဌာနော ဝါ
သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတီတိ ဟိ ဝုတ္တံ
၄။ ဝိသေသတော သုခပဒဋ္ဌာနော
နိဝါတေ ဒီပစ္စီနံ ဌိတိ ဝိယ စေတသော ဌိတီတိ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၆၁-၁၆၂။ ဝိသုဒ္ဓိ၊၂၊၉၄။)

အာရုံ၌ စိတ်ကို အညီအညွတ်ထားတတ်သော သဘောတရားသည် သမာဓိ မည်၏။ တစ်နည်း --- အာရုံ၌ စိတ်ကို ကောင်းစွာထားတတ်သော သဘောတရားသည် သမာဓိ မည်၏။ တစ်နည်း --- အာရုံ၌ စိတ်ကို ကောင်းစွာ အညီအညွတ်ထားခြင်းမျှသည် သမာဓိ မည်၏။

၁။ (က) အကြီးအမှူး၏ အဖြစ်ဟူသောသဘော
= အကြီးအမှူး ဖြစ်ခြင်းသဘော
= အာရုံ၌ သမ္ပယုတ်တရားတို့၏ အကြီးအမှူး
ပါမောက္ခဖြစ်ခြင်းသဘော ... လက္ခဏ၊

( ခ ) မိမိ၏ ပင်ကိုယ်သဘောအတိုင်း အာရုံ၌ မပျံ့လွင့်ခြင်းသဘော
= အာရုံ၌ မရွေ့မလည် တည်ခြင်းသဘော ... လက္ခဏ၊

( ဂ ) အာရုံ၌ သမ္ပယုတ်တရားတို့၏
မပျံ့လွင့်ကြောင်းသဘော ... လက္ခဏ၊

၂။ (ရေချိုးကသယ်မှုန့်တို့ကို = ဆပ်ပြာမှုန့်တို့ကို အတုံးအခဲဖြစ်အောင်
ပေါင်းစုပေးတတ်သော ရေကဲ့သို့) အတူဖြစ်သော
သဟဇာတ်တရားတို့ကို ပေါင်းစုခြင်း ... (ကိစ္စ) ရသ၊

၃။ (က) ငြိမ်သက်သောသဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်၊

( ခ ) ဉာဏ်တည်းဟူသော အကျိုးတရားကို
ဖြစ်စေတတ်သော သဘောတရား
= ဉာဏ်ဖြစ်ကြောင်း သဘောတရား ... (ဖလ) ပစ္စုပဋ္ဌာန်၊
(အာရုံ၌ ကောင်းစွာ ထားအပ်သော စိတ်ရှိသူ = သမာဓိရှိသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ဟု ဘုရားရှင်သည် ဟော ကြားထားတော်မူအပ်ပြီ၊ --- သံ၊၂၊၁၂။)

၄။ အထူးအားဖြင့် = များသောအားဖြင့် သုခဝေဒနာ ... ပဒဋ္ဌာန်။

၄။ ဇီဝိတ

၁။ အတ္တနာ အဝိနိဘုတ္တာနံ ဓမ္မာနံ အနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ
၂။ တေသံ ပဝတ္တနရသံ
၃။ တေသံယေဝ ဌပနပစ္စုပဋ္ဌာနံ
၄။ ယာပယိတဗ္ဗဓမ္မပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၇။)

ရူပါရူပဇီဝိတိန္ဒြိယာနံ သမာနလက္ခဏာဒိံ ဝတ္တုံ အတ္တနာ အဝိနိဘုတ္တဓမ္မာနန္တိ အာဟ။ (မူလဋီ၊၁၊၉၀။)

၁။ မိမိနှင့် အသီးအခြား မခွဲခြားအပ်ကုန်သော အတူဖြစ်ဖက်
= သဟဇာတ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော ... လက္ခဏ၊

၂။ ထိုအတူဖြစ်သော သဟဇာတ်တရားတို့ကို ဥပါဒ်မှ ဘင်သို့တိုင်အောင်
ဖြစ်စေခြင်း = မျှစေခြင်း = အသက်ရှည်စေခြင်း ... (ကိစ္စ) ရသ၊

၃။ ထိုအတူဖြစ်သော သဟဇာတ်တရားတို့ကိုပင် ဘင်သို့မတိုင်မီ
တည်အောင်ထားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ မိမိသည် ဖြစ်စေအပ် = မျှစေအပ် = အသက်ရှည်စေအပ် =
ရောက်စေအပ်သောတရား ... ပဒဋ္ဌာန်။

[သမ္ပယုတ္တာနံ - ဟုဆိုလိုက်လျှင် သမ္ပယုတ္တပစ္စည်းတပ်သော နာမ်တရား နှင့်သာ ဆိုင်၏။ ဤ၌ကား ရုပ်ဇီဝိတိန္ဒြေ နာမ်ဇီဝိတိန္ဒြေ နှစ်မျိုးတို့၏ သဘာဝ လက္ခဏာ စသည်တို့၏ တူညီမှုရှိပုံကို ဖွင့်ဆိုခြင်းငှာ - အတ္တနာ အဝိနိဘုတ္တာနံ ဓမ္မာနံ = မိမိနှင့် အသီးအခြား မခွဲခြားအပ်ကုန်သော အတူဖြစ်ဖက် သဟဇာတ်တရားတို့ကို စောင့်ရှောက်ခြင်း သဘောလက္ခဏာ ရှိ၏ --- ဤသို့ စသည်ဖြင့် ဖွင့်ဆိုထားတော်မူ၏။ (မူလဋီ၊၁၊၉၀။) ထိုကြောင့် ရုပ်ဇီဝိတိန္ဒြေကို ရုပ်ပိုင်း၌ ဖွင့်ဆိုရေးသားခဲ့ပြီး ဖြစ်သဖြင့် နာမ်ဇီဝိတိန္ဒြေကိုသာ ကွက်၍ ဆိုရ သော် လက္ခဏ-ရသ စသည်ကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည်။]

၁။ သမ္ပယုတ္တဓမ္မာနံ အနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ
၂။ တေသံ ပဝတ္တနရသံ
၃။ တေသံယေဝ ဌပနပစ္စုပဋ္ဌာနံ
၄။ ယာပယိတဗ္ဗဓမ္မပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁။၁၆၇။)

၁။ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော ... လက္ခဏ၊

၂။ ထိုသမ္ပယုတ်တရားတို့ကို ဥပါဒ်မှ ဘင်သို့တိုင်အောင် ဖြစ်စေခြင်း =
မျှစေခြင်း = အသက်ရှည်စေခြင်း ... (ကိစ္စ) ရသ၊

၃။ ထိုသမ္ပယုတ်တရားတို့ကိုပင် ဘင်မတိုင်မီ တည်အောင်
ထားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ မိမိသည် ဖြစ်စေအပ် = မျှစေအပ် = အသက်ရှည်စေအပ် =
ရောက်စေအပ်သော သမ္ပယုတ်တရား ... ပဒဋ္ဌာန်။

၅။ မနသိကာရ

တတ္ထ အာရမ္မဏပဋိပါဒကော မနသ္မိံ ကာရောတိ မနသိကာရော

၁။ သော သာရဏလက္ခဏော
၂။ သမ္ပယုတ္တာနံ အာရမ္မဏေ သမ္ပယောဇနရသော (သံယောဇနရသော)
၃။ အာရမ္မဏာဘိမုခဘာဝပစ္စုပဋ္ဌာနော
၄။ အာရမ္မဏပဒဋ္ဌာနော
သင်္ခါရက္ခန္ဓပရိယာပန္နော, အာရမ္မဏပဋိပါဒကတ္တေန သမ္ပယုတ္တာနံ သာရထိ ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

အာရုံကို စီရင်တတ် ထင်စေတတ် ထိရောက်စေတတ်သော အာရမ္မဏ ပဋိပါဒကမနသိကာရသည် စိတ်၌ အာရုံကို ပြုတတ် ပြုပေးတတ်သော ကြောင့် (= စိတ်၌ အာရုံကို ထင်လာအောင် ပြုပေးတတ်သောကြောင့်) မနသိကာရ မည်၏။ ထို မနသိကာရ စေတသိက်၏ လက္ခဏ စသည်မှာ ဤသို့တည်း။

၁။ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှူမောင်းနှင်သကဲ့သို့
ပြေးစေသကဲ့သို့ ဖြစ်ခြင်းသဘော =
သမ္ပယုတ်တရားတို့ကို အာရုံသို့ ဖြောင့်ဖြောင့်မတ်မတ် သွားစေခြင်း
မောင်းနှင်ပေးခြင်းသဘော ... လက္ခဏ၊

၂။ သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စပ်စေခြင်း ... (ကိစ္စ) ရသ၊

၃။ အာရုံဘက်သို့ ရှေးရှူ မျက်နှာမူတတ်သောသဘောတရား ...ပစ္စုပဋ္ဌာန်၊

၄။ အာရုံ ... ပဒဋ္ဌာန်။

မနသိကာရစေတသိက်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏၊ အာရုံကို စီရင်တတ် ထင်စေတတ် အာရုံသို့ ထိရောက်စေတတ်သည်၏ အဖြစ်ကြောင့် အာဇာနည်မြင်းတို့ကို မောင်းနှင်တတ်သော ရထားထိန်းကဲ့သို့ သမ္ပယုတ်တ ရားတို့ကို အာရုံသို့ ရှေးရှူနှင်တတ် ပြေးစေတတ်သော တရားဟူ၍ (= အာရုံ ဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့် တွန်းပို့ပေးတတ်သော တရားဟူ၍) မှတ်ပါ။

မနသိကာရ (၃) မျိုး

၁။ အာရုံကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော အာရမ္မဏပဋိပါဒကမနသိကာရ,
၂။ ဝီထိစိတ်ကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော ဝီထိပဋိပါဒကမနသိကာရ,
၃။ ဇောစိတ်ကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော ဇဝနပဋိပါဒကမနသိကာရ ---
ဤသို့လျှင် မနသိကာရ သုံးမျိုး ရှိ၏။ ထိုတွင် ---

၁။ အာရမ္မဏပဋိပါဒကမနသိကာရကား မနသိကာရ စေတသိက်တည်း။ သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏။

၂။ ဝီထိပဋိပါဒကမနသိကာရကား ပဉ္စဒွါရာဝဇ္ဇန်းစိတ်တည်း။ ယင်းပဉ္စဒွါရာ ဝဇ္ဇန်းစိတ်သည် မိမိ၏ နောက်၌ စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ စသော ဝီထိစိတ်အစဉ်ကို ဆက်လက်ဖြစ်ပေါ်စေတတ်၏၊ ဝိညာဏက္ခန္ဓာ၌ အကျုံးဝင်၏။

၃။ ဇဝနပဋိပါဒကမနသိကာရကား မနောဒွါရာဝဇ္ဇန်းတည်း။ ယင်း မနော ဒွါရာဝဇ္ဇန်းသည် မိမိ၏ နောက်၌ ဇောစိတ်အစဉ်ကို ဖြစ်ပေါ်လာစေ တတ်၏၊ ဝိညာဏက္ခန္ဓာ၌ပင် အကျုံးဝင်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

ထိုတွင် ဝီထိပဋိပါဒကမနသိကာရ, ဇဝနပဋိပါဒကမနသိကာရ ဟူသော ဤ မနသိကာရ နှစ်မျိုးကိုပင် ယောနိသောမနသိကာရ, အယောနိသော မနသိကာရဟု ကျမ်းဂန်များ၌ အသုံးများ၏။ မုချအားဖြင့် ဇောနာမ်တရားစု တို့သည်သာလျှင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရ ဟူသော အမည်ကို ရရှိကြ၏။ အာဝဇ္ဇန်းတို့မှာ ဇောအလားရှိသောကြောင့် သာလျှင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရ ဟူသော အမည်ကို ရရှိကြပေသည်။ ယင်းအာဝဇ္ဇန်း နှစ်မျိုးတို့၏ မနသိကာရ အမည် ရရှိပုံနှင့် ပတ်သက်၍ အဋ္ဌကထာများက ဤသို့ ဖွင့်ဆိုထား၏ ---

ပုရိမမနတော ဝိသဒိသမနံ ကရောတီတိပိ မနသိကာရော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

ရှေးဘဝင်စိတ်အစဉ်မှ မတူသော ဝီထိစိတ် ဇောစိတ်အစဉ်ကို ပြုတတ် သောကြောင့် မနသိကာရမည်သည် ဟူလို။ ဤ အထက်ပါ လက္ခဏ-ရသ စသည်တို့ကား ယင်းမနသိကာရ နှစ်မျိုး၏ လက္ခဏ-ရသ စသည်တို့ကား မဟုတ်ကုန်။ အာရမ္မဏပဋိပါဒကမနသိကာရ အမည်ရသော မနသိကာရ စေတသိက်၏ လက္ခဏ-ရသ စသည်တို့သာ ဖြစ်ကြ၏။

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

မနသိကာရ စေတသိက်ဖြင့် နှလုံးသွင်းပါမှ အာရုံ ထင်မြင်သည်၊ ပဉ္စဒွါရာဝဇ္ဇန်းဖြင့် ေ့ရှစိတ်က နောက်စိတ်အထူးကို ပြုမှ (= ပဉ္စဒွါရာဝဇ္ဇန်းက ရှေးဘဝင်စိတ်မှ ထူးသော ဝီထိစိတ်အစဉ်ကို ပြုလုပ်ပေးပါမှ) ပဉ္စဒွါရဝီထိ ဖြစ်သည်။ ထိုအတူ မနောဒွါရာဝဇ္ဇန်းဖြင့် ရှေးစိတ်က နောက်စိတ်အထူးကို ပြုမှ (= မနောဒွါရာဝဇ္ဇန်းက ရှေးဘဝင် စိတ်အစဉ်မှ ထူးသော ဇောစိတ် အစဉ်ကို ပြုလုပ်ပေးပါမှ) မနောဒွါရဝီထိဇော ဖြစ်သည် ဟူလိုသည်။ ဝိတက် သည် သမ္ပယုတ်တရားတို့ကို အာရုံ၌ တင်တတ်သည်။ စေတနာသည် စေ့ဆော်တတ်သည်။ မနသိကာရသည် အာရုံကို ဆောင်တတ်သည်။ ယင်းသို့ ဖြစ်သော် ဤတရားသုံးပါးသည် မထူးပြားသကဲ့သို့ ရှိ၏၊ အဘယ်သို့ ထူးပြား သနည်း ဟူမူကား ---

ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံ၌ တင်ဘိသကဲ့သို့ ဖြစ်တတ် ၏။ စေတနာသည် အာရုံ၌ ဝိတက် တင်အပ်သော တရားတို့ကို မိမိနှင့်တကွ ယှဉ်စေတတ်၏၊ စစ်မြေပြင်၌ ဗိုလ်ပါကို ယှဉ်စေတတ်သော ဗိုလ်မှူးကဲ့သို့ တည်း။ မနသိကာရသည် ဝိတက်တင်အပ်သော အာရုံ၌ သမ္ပယုတ်တရား တို့ကို ရှေးရှူယှဉ်စေတတ်၏၊ အာဇာနည်မြင်းတို့ကို ရထား၌ ယှဉ်စေတတ် သော ရထားထိန်းကဲ့သို့တည်း။ ဤသို့ ဝိတက်, စေတနာ, မနသိကာရ တရား သုံးပါး ထူးပြားသည်။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၈၅။)

ပကိဏ်း စေတသိက် (၆) လုံး

၁။ ဝိတက္က = ဝိတက်

ဝိတက္ကေတီတိ ဝိတက္ကော, ဝိတက္ကနံ ဝါ ဝိတက္ကော, ဦဟနန္တိ ဝုတ္တံ ဟောတိ

၁။ သွာယံ အာရမ္မဏေ စိတ္တဿ အဘိနိရောပနလက္ခဏော
၂။ အာဟနနပရိယာဟနနရသော
၃။ အာရမ္မဏေ စိတ္တဿ အာနယနပစ္စုပဋ္ဌာနော
၄။ အာရမ္မဏပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၁၅၇။ ဝိသုဒ္ဓိ၊၁၊၁၃၈။)

အာရုံကို ကြံတတ်သောသဘော, ကြံခြင်းသဘောသည် ဝိတက်မည်၏။ စိတ်ကို အာရုံသို့ ရောက်၍ ရောက်၍သွားအောင် တင်ပေးမှုကိုပင် ကြံခြင်း ဟု ပြောဆိုကြသည်။ ထိုဝိတက်၏ လက္ခဏ စသည်ကား ဤသို့တည်း။

၁။ အာရုံ၌ စိတ်ကို ရှေးရှူတင်ပေးခြင်းသဘော ... လက္ခဏ၊

၂။ အာရုံကို ရှေးဦးအစစွာ တီးခေါက်ခြင်း, ထက်ဝန်းကျင် တီးခေါက်ခြင်း,
ရှေးရှူတီးခေါက်ခြင်း, လှည့်ပတ်၍ တီးခေါက်ခြင်း၊ တစ်နည်း ---
= အာရုံကို ထပ်တလဲလဲ တီးခေါက်ခြင်း = ရှုခြင်း ... (ကိစ္စ) ရသ၊

၃။ အာရုံပေါ်သို့ ရောက်အောင် စိတ်ကို ရှေးရှူ ဆွဲဆောင်
သွားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ အာရုံ (ဝတ္ထု + အာရုံ + ဖဿ ...) ... ပဒဋ္ဌာန်။

၂။ ဝိစာရ

အာရမ္မဏေ တေန စိတ္တံ ဝိစရတီတိ ဝိစာရော, ဝိစရဏံ ဝါ ဝိစာရော, အနုသဉ္စရဏန္တိ ဝုတ္တံ ဟောတိ။ သွာယံ ---

၁။ အာရမ္မဏာနုမဇ္ဇနလက္ခဏော
၂။ တတ္ထ သဟဇာတာနုယောဇနရသော
၃။ စိတ္တဿ အနုပ္ပဗန္ဓနပစ္စုပဋ္ဌာနော (အနုပ္ပဗန္ဓပစ္စုပဋ္ဌာနော)
၄။ အာရမ္မဏပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၁၊၁၅၈။)

စိတ်သည် ထိုသဘောတရားကြောင့် အာရုံ၌ လှည့်လည် ကျက်စား တတ်၏၊ ထိုကြောင့် အာရုံ၌ စိတ်၏ လှည့်လည်ဖြစ်ကြောင်း သဘောတရား သည် = အာရုံ၌ စိတ်ကို လှည့်လည်စေတတ်သော သဘောတရားသည် ဝိစာရ မည်၏။ အာရုံ၌ အဖန်ဖန် ကောင်းစွာ လှည့်လည်ခြင်းဟု ဆိုလို၏။

၁။ အာရုံကို အဖန်ဖန် ဆုပ်နယ်ခြင်း = သုံးသပ် ဆင်ခြင်ခြင်း =
ပွတ်တိုက်ခြင်းသဘော ... လက္ခဏ၊

၂။ ထိုအာရုံ၌ အတူဖြစ်သော သဟဇာတ်တရားတို့ကို အဖန်ဖန်
အထပ်ထပ် ယှဉ်ကပ်စေခြင်း ... (ကိစ္စ) ရသ၊

၃။ ယူအပ်ပြီးသော အာရုံ၌ စိတ်ကို အစဉ်မပြတ်အောင်
ဖွဲ့စပ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ အာရုံ (တစ်နည်း --- ဝတ္ထု + အာရုံ + ဖဿ ...) ... ပဒဋ္ဌာန်။

၃။ အဓိမောက္ခ

အဓိမုစ္စနံ အဓိမောက္ခော။ သော ---

၁။ သန္နိဋ္ဌာနလက္ခဏော
၂။ အသံသပ္ပနရသော
၃။ နိစ္ဆယပစ္စုပဋ္ဌာနော
၄။ သန္နိဋ္ဌေယျဓမ္မပဒဋ္ဌာနော (= သန္နိဋ္ဌာတဗ္ဗဓမ္မပဒဋ္ဌာနော)
အာရမ္မဏေ နိစ္စလဘာဝေန ဣန္ဒခီလော ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

အာရုံ၌ သက်ဝင်ခြင်း အာရုံကို ဆုံးဖြတ်ခြင်းသဘောသည် အဓိမောက္ခ တည်း၊ ထို အဓိမောက္ခ၏ လက္ခဏာ စသည်တို့မှာ ဤသို့တည်း ---

၁။ အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချခြင်းသဘော ... လက္ခဏ၊

၂။ ထိုဤ ရွေ့ရှား အာရုံကို မဆုံးဖြတ်နိုင်သော ဝိစိကိစ္ဆာတရား၏
ဆန့်ကျင်ဘက် ဖြစ်ခြင်း ... (ကိစ္စ) ရသ၊

၃။ အာရုံကို ဆုံးဖြတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ဆုံးဖြတ်အပ်သော အာရုံဓမ္မ ... ပဒဋ္ဌာန်။

၄။ ဝီရိယ

၁။ ဥဿဟနလက္ခဏံ (ဥဿာဟလက္ခဏံ) ဝီရိယံ
၂။ သဟဇာတာနံ ဥပတ္ထမ္ဘနရသံ
၃။ အသံသီဒနဘာဝပစ္စုပဋ္ဌာနံ
၄။ (က) သံဝိဂ္ဂေါ ယောနိသော ပဒဟတီတိ ဝစနတော သံဝေဂပဒဋ္ဌာနံ
( ခ ) ဝီရိယာရမ္ဘဝတ္ထုပဒဋ္ဌာနံ ဝါ
သမ္မာ အာရဒ္ဓံ သဗ္ဗသမ္ပတ္တီနံ မူလံ ဟောတီတိ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၄။ ဝိသုဒ္ဓိ၊၂၊၉၃။)

၁။ ထိုထိုကိစ္စကို ကောင်းစွာ ကြိုးစားအားထုတ်ခြင်းသဘော =
လွန်စွာ လုံ့လပြုခြင်းသဘော ... လက္ခဏ၊
တစ်နည်း - ရသည့်ဆင်းရဲ အံကြိတ်ခဲ၍
အမြဲသည်းခံခြင်းသဘော ... လက္ခဏ၊

၂။ သဟဇာတ်တရားတို့ကို အားပေးထောက်ပံ့
ခိုင်ခံ့စေခြင်းသဘော ... (ကိစ္စ) ရသ၊

၃။ မဆုတ်နစ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ (က) သံဝေဂဉာဏ်ရှိသူသည် နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်၏ (အံ၊၁၊၄၃၀။) ဤသို့ ဘုရားရှင် ဟောတော်မူခြင်းကြောင့်
သံဝေဂဉာဏ် ... ပဒဋ္ဌာန်၊

( ခ ) တစ်နည်း - ဝီရိယာရမ္ဘဝတ္ထု ... ပဒဋ္ဌာန်။

သံဝေဂပဒဋ္ဌာနံ - သံဝေဂဉာဏ်

၁။ ဇာတိဘေး = ပဋိသန္ဓေ တည်နေရမှု ဘေးဆိုးကြီး
၂။ ဇရာဘေး = အိုရမှု ဘေးဆိုးကြီး
၃။ ဗျာဓိဘေး = နာရမှု ဘေးဆိုးကြီး
၄။ မရဏဘေး = သေကျေ ပျက်စီးရမှု ဘေးဆိုးကြီး
၅။ အပါယ် သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီး
၆။ အတိတ် သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ
၇။ အနာဂတ် သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ
၈။ အာဟာရ ပရိယေသန ဒုက္ခ = ပစ္စုပ္ပန်၌ အစာအာဟာရ (စည်းစိမ်ဥစ္စာ) ရှာမှီးရခြင်း ဒုက္ခ ---
ထို (၈)ဌာနတို့ကို အာရုံပြု၍ စဉ်းစားဆင်ခြင်သောအခါ ထိတ်လန့် ကြောက်ရွံ့ကြောင်းဖြစ်သော ဩတ္တပ္ပနှင့်တကွ = ဩတ္တပ္ပနှင့် ယှဉ်လျက် ဉာဏ် သည် ဖြစ်ပေါ်လာရ၏၊ သဟောတ္တပ္ပဉာဏ်ဟု ခေါ်ဆို၏။ ယင်း သဟောတ္တပ္ပဉာဏ်ကိုပင် သံဝေဂဟု ခေါ်ဆို၏။ ထိုသံဝေဂဉာဏ်ရှိသူသည် ဒါနမှု သီလမှု ဘာဝနာမှု စသည့် ကုသိုလ်ကောင်းမှုများ၌ ထက်ထက်သန်သန် အားတက်သရော ရှိတတ်ရကား ထိုသံဝေဂဉာဏ်သည် ဝီရိယဖြစ်ဖို့ရန် အနီး စပ်ဆုံး အကြောင်းတရား ဖြစ်ရလေသည်။

ဝီရိယာရမ္ဘဝတ္ထုပဒဋ္ဌာနံ ဝါ

(၁) ခရီးသွားခါနီးနေခြင်း, (၂) ခရီးသွားပြီးစဖြစ်ခြင်း,
(၃) တစ်စုံတစ်ခုအမှုကိစ္စကို ပြုခါနီးနေခြင်း, (၄) ပြုပြီးစဖြစ်ခြင်း,
(၅) မကျန်းမမာစပြုနေခြင်း, (၆) ကျန်းမာပြီးစဖြစ်ခြင်း,
(၇) ဆွမ်းလုံလောက်စွာ မရခြင်း, (၈) အလွန်ပေါများစွာရခြင်း,
ဝီရိယဖြစ်ခြင်းအားလျော်သော ယောနိသောမနသိကာရ-ပစ္စဝေက္ခဏ ဉာဏ် = နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သော ဆင်ခြင်ဉာဏ်နှင့် အတူတကွဖြစ်သော ဤ (၈)ပါးတို့သည် ဝီရိယဖြစ်ကြောင်း ဝီရိယာရမ္ဘဝတ္ထုတို့ မည်၏။ တစ်နည်း ထို (၈)ပါးလျှင် အကြောင်းရင်းခံ ရှိကုန်သော ယောနိသော မနသိကာရ-ပစ္စဝေက္ခဏဉာဏ် = နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သော ဆင်ခြင်ဉာဏ်တို့သည် = ဆင်ခြင်ဉာဏ် ပြဓာန်းသော စိတ်စေတသိက်တို့ သည် ဝီရိယာရမ္ဘဝတ္ထုတို့ မည်၏။ သို့သော် အယောနိသောမနသိကာရ ရှိသူအဖို့ ဤ (၈)ပါးတို့သည်ကား အပျင်းကြောထူဖို့ရန် အကြောင်းတရားတို့ ဖြစ်ကြပြန်သည်။ (အံ၊၃၊၁၄၇-၁၅၀ - ကြည့်ပါ။)

၅။ ပီတိ

ပီဏယတီတိ ပီတိ, သာ ---

၁။ သမ္ပိယာယနလက္ခဏာ
၂။ ကာယစိတ္တပီဏနရသာ, ဖရဏရသာ ဝါ
၃။ ဩဒဂျပစ္စုပဋ္ဌာနာ
၄။ အာရမ္မဏပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၁၊၁၅၈။ ဝိသုဒ္ဓိ၊၁၊၁၃၉။)

ကိုယ်စိတ်တို့ကို နှစ်သက်ပြည့်ဖြိုး တိုးပွားစေတတ်သော သဘောတရား သည် ပီတိ မည်၏။ ထိုပီတိသည် ---

၁။ အာရုံကို နှစ်သက်ခြင်း (ချစ်မြတ်နိုးခြင်း) သဘော ... လက္ခဏ၊

၂။ (က) ကိုယ်စိတ်နှစ်ပါးကို နှစ်သက်ပြည့်ဖြိုး
ပွားတိုးစေခြင်း ... (ကိစ္စ) ရသ၊

( ခ ) တစ်နည်း - မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့်
တစ်ကိုယ်လုံးသို့ ပျံ့နှံ့စေခြင်း ... (ကိစ္စ) ရသ၊

၃။ ကိုယ်စိတ်တို့ကို ရွှင်လန်းတက်ကြွစေတတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ အာရုံ (တစ်နည်း -- ဝတ္ထု + အာရုံ + ဖဿ...) ... ပဒဋ္ဌာန်။

၆။ ဆန္ဒ

ဆန္ဒောတိ ကတ္တုကာမတာယေတံ အဓိဝစနံ, တသ္မာ သော ---

၁။ ကတ္တုကာမတာလက္ခဏော ဆန္ဒော, (ကတ္တုကမျတာလက္ခဏော
ဆန္ဒော။)
၂။ အာရမ္မဏပရိယေသနရသော
၃။ အာရမ္မဏေန အတ္ထိကတာပစ္စုပဋ္ဌာနော
၄။ တဒေဝဿ ပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၇၆-၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

ဆန္ဒဟူသည် အာရုံကို ပြုခြင်းငှာ = ပြုလုပ်ခြင်းငှာ အလိုရှိသူ၏ အဖြစ်၏ အမည်တည်း။ အာရုံ တစ်ခုခုကို ပြုလိုခြင်း ရယူလိုခြင်းသဘော သည် ဆန္ဒတည်း။

၁။ အာရုံကို ပြုလုပ်ခြင်းငှာ အလိုရှိသူ၏အဖြစ်ဟူသောသဘော= အာရုံကို
ပြုလုပ်လိုခြင်းသဘော (လိုလားတောင့်တခြင်းသဘော) ... လက္ခဏ၊

၂။ အာရုံကို ရှာမှီးခြင်း ... (ကိစ္စ) ရသ၊

၃။ အာရုံကို အလိုရှိသော သဘောတရား = အာရုံကို
လိုလားတောင့်တမှု သဘောတရား ... ပစ္စုပဋ္ဌာန်၊

၄။ ထိုအလိုရှိအပ်သော အာရုံ ... ပဒဋ္ဌာန်။

အကုသိုလ်စေတသိက် (၁၄) လုံး

၁။ မောဟ

၁။ မောဟော စိတ္တဿ အန္ဓဘာဝလက္ခဏော၊ အညာဏလက္ခဏော ဝါ၊

၂။ အသမ္ပဋိဝေဓရသော၊ အာရမ္မဏသဘာဝစ္ဆာဒနရသော ဝါ၊

၃။ အသမ္မာပဋိပတ္တိပစ္စုပဋ္ဌာနော၊ အန္ဓကာရပစ္စုပဋ္ဌာနော ဝါ၊

၄။ အယောနိသောမနသိကာရပဒဋ္ဌာနော။

သဗ္ဗာကုသလာနံ မူလန္တိ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈၊၊)

၁။ (က) စိတ်၏ ပရမတ္ထဓမ္မ သဘာဝမှန်ကို ဟုတ်တိုင်းမှန်စွာ မသိ
မမြင်နိုင်ခြင်းဟူသော ပညာမျက်စိကာဏ်းသည်၏
အဖြစ်ဟူသောသဘော၊ တစ်နည်း - ပညာမျက်စိ
ကာဏ်းသောစိတ် ဖြစ်ကြောင်းသဘော ... လက္ခဏ

( ခ ) တစ်နည်း - ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်ခြင်းသဘော
= ပရမတ္ထဓမ္မ သဘာဝမှန်ကို အမှန်အတိုင်း မထွင်းဖောက်
မသိမမြင်ခြင်းသဘော ... လက္ခဏ

၂။ (က) ပရမတ္ထဓမ္မ သဘာဝမှန်ကို = အာရုံ၏ သဘောမှန်ကို
ကောင်းစွာ ထွင်းဖောက်၍ သိခြင်းငှာ မစွမ်းနိုင်သည်၏
အဖြစ်နှင့် ပြည့်စုံခြင်း ... (ကိစ္စ) ရသ

( ခ ) တစ်နည်း - ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို
ဖုံးလွှမ်းခြင်း ... (ကိစ္စ) ရသ

၃။ (က) မသင့်မလျော် မတော်မမှန်သော ပဋိပတ်ကျင့်စဉ်ကို ဖြစ်စေ
တတ်သော သဘောတရား၊ တစ်နည်း - ကောင်းမွန်
မှန်ကန်စွာ မကျင့်ခြင်းတည်းဟူသော အကျိုးကို
ဖြစ်စေတတ်သော သဘောတရား ... (ဖလ) ပစ္စုပဋ္ဌာန်
တစ်နည်း - သမ္မာပဋိပတ်ကျင့်စဉ်၏
ဆန့်ကျင်ဘက်သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

( ခ ) တစ်နည်း - ပညာမျက်စိကာဏ်းအောင်
ပြုတတ်သောသဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

၄။ အယောနိသောမနသိကာရ = အာရုံကို (= ပရမတ္ထအာရုံကို)
နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် နှလုံးသွင်းမှားမှု ... ပဒဋ္ဌာန်

ဓမ္မသဘာဝဿ ယာထာဝတော အဒဿနံ စိတ္တဿ အန္ဓဘာဝေါ။ (မဟာဋီ၊၂၊၁၄၉။)

ပရမတ္ထဓမ္မသဘာဝကို ဟုတ်တိုင်းမှန်စွာ ပရမတ်သို့ဆိုက်အောင် သိခြင်း သဘောကား ပညာတည်း။ ထိုပညာမျက်စိ မရှိသော ပညာမျက်စိ ကာဏ်း နေသော စိတ်ဓာတ် ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ မောဟတည်း။

၁။ ပရမတ္ထဓမ္မသဘာဝအာရုံ၌ သမ္ပယုတ်တရားတို့ကို တွေဝေစေတတ် သော သမ္ပယုတ်တရားတို့၏ တွေဝေကြောင်းဖြစ်သော သဘောတရား သည်,

၂။ တစ်နည်း -- ပရမတ္ထဓမ္မအာရုံ၌ မိမိကိုယ်တိုင်လည်း တွေဝေတတ်သော သဘောတရားသည်,

၃။ တစ်နည်း --- ပရမတ္ထဓမ္မအာရုံ၌ တွေဝေခြင်းမျှဖြစ်သော သဘော တရားသည် မောဟ မည်၏။

ဤ၌ တွေဝေခြင်းဟူသည် အာရုံ၏ သဘောမှန်ကို = ပရမတ္ထဓမ္မ အာရုံ၏ ပရမတ္ထဓမ္မ သဘာဝမှန်ကို မသိခြင်းပင်တည်း။ တစ်နည်း -- ဉာဏ် သည် ပရမတ္ထဓမ္မ သဘာဝမှန်ကို သိသော်လည်း မောဟကား ထိုအမှန်ကို မသိဘဲ ထိုပရမတ္ထ သဘာဝမှန်များကို ပြောင်းပြန်လှန်၍ နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အသိမှားလေသည်။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် စသည်ဖြင့် အသိမှားလေသည်။ ထိုကြောင့် ဉာဏ်၏ဆန့်ကျင်ဘက်ဖြစ်ခြင်း သဘောတရားသည် မောဟ၏ သဘာဝလက္ခဏာပင် ဖြစ်သည်။

၂။ အဟိရိက

၁။ ကာယဒုစ္စရိတာဒီဟိ အဇိဂုစ္ဆနလက္ခဏံ အဟိရိကံ၊ အလဇ္ဇာလက္ခဏံ ဝါ၊

၂။ အလဇ္ဇနာကာရေန ပါပါနံ ကရဏရသံ၊

၃။ အလဇ္ဇနာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊

၄။ အတ္တနိ အဂါရဝပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာဋီ၊၂၊၁၄၉။)

၁။ မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို
မစက်ဆုပ်ခြင်းသဘော ... လက္ခဏ
တစ်နည်း --- မကောင်းမှု အကုသိုလ်တရား+ဒုစရိုက်တရားတို့မှ
မရှက်ခြင်းသဘော ... လက္ခဏ

၂။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို
ပြုခြင်း ... (ကိစ္စ) ရသ

၃။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ
မတွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ မိမိကိုယ်ကို မရိုသေ မလေးစားခြင်း ... ပဒဋ္ဌာန်

န ဟိရိယတီတိ အဟိရိကော။ (ဝိသုဒ္ဓိ၊၂၊၉၈။)

၁။ မရှက်တတ်သော ပုဂ္ဂိုလ်သည် အဟိရိက

၂။ မရှက်တတ်သော စိတ်သည် အဟိရိက

၃။ အဟိရိကစေတသိက်နှင့် ယှဉ်တွဲဖြစ်သော သမ္ပယုတ်တရားစုသည် အဟိရိကတည်း။

အဟိရိကဿ ဘာဝေါ အဟိရိကံ (အဟိရိက္ကံ)၊ (ဝိသုဒ္ဓိ၊၂၊၉၈။)

၁။ မရှက်တတ်သော ပုဂ္ဂိုလ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော,

၂။ မရှက်တတ်သော စိတ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော,

၃။ မရှက်တတ်သော သမ္ပယုတ်တရားစု ဖြစ်ရန် အကြောင်းဖြစ်သော သဘော ---
ဤသဘောတရားသည် အဟိရိကစေတသိက်တည်း။

၃။ အနောတ္တပ္ပ

၁။ ကာယဒုစ္စရိတာဒီဟိ အသာရဇ္ဇလက္ခဏံ အနောတ္တပ္ပံ။ အနုတ္တာသလက္ခဏံ ဝါ၊

၂။ အနုတ္တာသာကာရေန ပါပါနံ ကရဏရသံ၊

၃။ အနုတ္တာသာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊

၄။ ပရေသု အဂါရဝပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာဋီ၊၂၊၁၄၉။)

၁။ မကောင်းမှု အကုသိုလ်တရား+ဒုစရိုက်တရားတို့ကို
မကြောက်ရွံ့ခြင်းသဘော ... လက္ခဏ
တစ်နည်း --- မကောင်းမှု အကုသိုလ်တရား+ဒုစရိုက်တရားတို့ကို
မထိတ်လန့်ခြင်းသဘော ... လက္ခဏ

၂။ မထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို
ပြုခြင်း ... (ကိစ္စ) ရသ

၃။ မထိတ်လန့်တတ်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ
မတွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သူတစ်ပါးတို့၌ (= တို့ကို) မရိုသေ မလေးစားခြင်း ... ပဒဋ္ဌာန်

န ဩတ္တပ္ပံ အနောတ္တပ္ပံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။)

န ဩတ္တပ္ပတီတိ အနောတ္တပ္ပံ။ (ဝိသုဒ္ဓိ၊၂၊၉၈။)

မကောင်းမှု အကုသိုလ်တရား+မကောင်းမှု ဒုစရိုက်တရားတို့မှ မထိတ် လန့်တတ်သော သဘောတရားသည် အနောတ္တပ္ပစေတသိက်တည်း။

၁။ ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အဟိရိက = အရှက် မရှိသူသည် မကောင်းမှုကို မရွံ။

၂။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ ဩတ္တပ္ပ မရှိသူသည် လည်း မကောင်းမှုမှ မကြောက်ရွံ့။ (မဟာဋီ၊၂၊၁၄၉။)

၄။ ဥဒ္ဓစ္စ

ဥဒ္ဓတဿ ဘာဝေါ (ဥဒ္ဓတဘာဝေါ) ဥဒ္ဓစ္စံ၊ တံ ---

၁။ စေတသော အဝူပသမလက္ခဏံ ဝါတာဘိဃာတစလဇလံ ဝိယ၊

၂။ အနဝဋ္ဌာနရသံ ဝါတာဘိဃာတစလဓဇပဋာကာ ဝိယ၊

၃။ ဘန္တတ္တပစ္စုပဋ္ဌာနံ ပါသာဏာဘိဃာတသမုဒ္ဓတဘသ္မံ ဝိယ၊

၄။ စေတသော အဝူပသမေ အယောနိသောမနသိကာရပဒဋ္ဌာနံ။

စိတ္တဝိက္ခေပေါတိ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၂။ ဝိသုဒ္ဓိ၊၂၊၉၉။)

ယဿ ဓမ္မဿ ဝသေန ဥဒ္ဓတံ ဟောတိ စိတ္တံ၊ တံသမ္ပယုတ္တဓမ္မာ ဝါ၊ သော ဓမ္မော ဥဒ္ဓစ္စံ။ (မဟာဋီ၊၂၊၁၅၀။)

အထက်အထက်၌ တုန်လှုပ်တတ်သောစိတ်၏ = ပျံ့လွင့်သောစိတ်၏ = တက်ကြွ တုန်လှုပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏၊ တစ်နည်း - အထက်အထက်၌ တုန်လှုပ်တတ်သော သမ္ပယုတ်တရား အပေါင်း၏ = ပျံ့လွင့်သော သမ္ပယုတ်တရားအပေါင်း၏ = တက်ကြွ တုန်လှုပ် သော သမ္ပယုတ်တရားအပေါင်း၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏။ ဥဒ္ဓစ္စနှင့် ယှဉ်ဖက် စိတ်စေတသိက် တရားစုတို့သည် ဥဒ္ဓစ္စကြောင့် အာရုံ၌ မငြိမ်မသက် ပျံ့လွင့်နေရ၏၊ ယင်း စိတ်စေတသိက်တို့၏ အာရုံ၌ ပျံ့လွင့်ကြောင်း သဘောတရားသည် ဥဒ္ဓစ္စမည်၏ ဟူလိုသည်။

၁။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော ရေကဲ့သို့ စိတ်
မငြိမ်သက်ခြင်းသဘောတရား ... လက္ခဏ

၂။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော တံခွန်အလံကဲ့သို့
စိတ်ငြိမ်ဝပ်စွာ မတည်တံ့ခြင်း ... (ကိစ္စ) ရသ

၃။ ပြာပုံပေါ်သို့ ကျောက်ခဲကို ပစ်ချလိုက်သဖြင့် အထက်သို့
လွင့်တက်သော ပြာကဲ့သို့ စိတ် မရပ်မတည် ချာချာလည်
တုန်လှုပ်တတ်သည့်သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ စိတ် မငြိမ်သက်ရာ အာရုံတို့၌ အယောနိသောမနသိကာရဖြစ်ခြင်း
တစ်နည်း --- စိတ်မငြိမ်သက်ခြင်းဟူသော အကျိုးကြောင့်
အယောနိသောမနသိကာရ ဖြစ်ခြင်း ... ပဒဋ္ဌာန်

အဝူပသမောတိ အသန္နိသိန္နသဗ္ဘာဝမာဟ။ (မူလဋီ၊၁၊၁၂၀။)

အဝူပသမောတိ အသန္နိသိန္နအပ္ပသန္နဘာဝမာဟ။ (မဟာဋီ၊၂၊၁၅၀။)

မငြိမ်သက်မှု = အဝူပသမ ဟူသည်လည်း စိတ်၏ သို့မဟုတ် သမ္ပယုတ် တရားစုတို့၏ အာရုံတစ်ခုတည်းပေါ်၌ စုဝေးတည်နေခြင်း၏ ထင်ရှားမရှိ သည်၏အဖြစ်ကို ကြည်ကြည်လင်လင် မရှိသည်၏ အဖြစ်ကို ဆိုလိုပေသည်။ လေအဟုန် တိုက်ခတ်မှုကြောင့် ရေအယဉ်၏ မငြိမ်သက်ခြင်းကဲ့သို့ အာရုံကို ငြိမ်သက်စွာ မယူနိုင်ခြင်းသည် ဥဒ္ဓစ္စ၏ သဘောလက္ခဏာတည်း။

၅။ လောဘ

လုဗ္ဘန္တိ တေန သယံ ဝါ လုဗ္ဘတိ၊ လုဗ္ဘနမတ္တမေဝ ဝါ တန္တိ လောဘော။

၁။ လောဘော အာရမ္မဏဂ္ဂဟဏလက္ခဏော မက္ကဋာလေပေါ ဝိယ၊

၂။ အဘိသင်္ဂရသော တတ္တကပါလေ ခိတ္တမံသပေသိ ဝိယ၊

၃။ အပရိစ္စာဂပစ္စုပဋ္ဌာနော တေလဉ္ဇနရာဂေါ ဝိယ၊

၄။ သံယောဇနိယဓမ္မေသု အဿာဒဒဿနပဒဋ္ဌာနော။

သော တဏှာနဒီဘာဝေန ဝဍ္ဎမာနော သီဃသောတာ နဒီ ဝိယ မဟာသမုဒ္ဒံ အပါယမေဝ ဂဟေတွာ ဂစ္ဆတီတိ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။)

သမ္ပယုတ်တရားတို့၏ အာရုံကို လိုလားတပ်မက်တတ်ခြင်း၏ အကြောင်း ဖြစ်သော သဘောတရားသည် လောဘ မည်၏။ တစ်နည်း - မိမိကိုယ်တိုင် အာရုံကို လိုလားတပ်မက်တတ်သော သဘောတရားသည် လောဘ မည်၏။ တစ်နည်း - အာရုံကို လိုလားတပ်မက်ခြင်းမျှသာဖြစ်သော သဘောတရား သည် လောဘ မည်၏။

၁။ မျောက်နှဲစေးကဲ့သို့ အာရုံကို ငါ့ဟာဟူ၍
စွဲယူခြင်းသဘော ... လက္ခဏ

၂။ လောလောပူသော အိုးကင်း၌ ပစ်ချအပ်သော အသားတစ်ကဲ့သို့
အာရုံ၌ အလွန်ငြိကပ်ခြင်း ... (ကိစ္စ) ရသ

၃။ အဝတ်၌ စွန်းထင်းနေသော ဆီမင်၏ တပ်စွဲခြင်းကဲ့သို့ အာရုံကို
မစွန့်လွှတ်နိုင်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သံယောဇဉ်ဖြစ်ရာ အာရုံတရားတို့၌ သာယာဖွယ်
သုဘဟု ရှုမြင်တတ်သော ဒိဋ္ဌိ ... ပဒဋ္ဌာန်

အာရမ္မဏဂ္ဂဟဏံ မမ ဣဒန္တိ တဏှာဘိနိဝေသဝသေန အဘိနိဝိဿ အာရမ္မဏဿ အဝိဿဇ္ဇနံ၊ န အာရမ္မဏကရဏမတ္တံ။ (မဟာဋီ၊၂၊၁၄၉။)

အာရမ္မဏဂ္ဂဟဏ --- လောဘက အာရုံကို ယူခြင်းဟူရာ၌ အာရုံကို ယူကာမျှမတ္တ (= အာရုံပြုကာမျှမတ္တ)ကား မဟုတ်၊ လောဘ အကြီးအငယ် အလိုက် ထိုက်သည့်အားလျော်စွာ အာရုံကို - ဤကား ငါ့ဟာဟု တဏှာဘိနိဝေသ = တဏှာဖြင့် မြဲမြံစွာ နှလုံးသွင်းခြင်း၏အစွမ်းဖြင့် မြဲမြံစွာ နှလုံး သွင်း၍ အာရုံကို မစွန့်လွှတ်နိုင်ခြင်းသဘော, တမ်းတမ်းစွဲ ငမ်းငမ်းတက် တပ်မက်ခင်မင် လိုချင်သော စွဲယူမှုမျိုးတည်း။ ထိုကြောင့် လောဘ၏ အာရုံ ယူပုံကို မျောက်နှဲစေးက မျောက်ကို ဖမ်းယူထားပုံဖြင့် ဥပမာပြကြသည်။

၆။ ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိ

မိစ္ဆာဒိဋ္ဌီတိ အယာထာဝဒိဋ္ဌိ၊ ဝိရဇ္ဈိတွာ ဂဟဏတော ဝါ ဝိတထာ ဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ၊ အနတ္ထာဝဟတ္တာ ပဏ္ဍိတေဟိ ဇိဂုစ္ဆိတာ ဒိဋ္ဌီတိပိ မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာသင်္ကပ္ပါဒီသုပိ ဧသေဝ နယော။ အပိစ မိစ္ဆာ ပဿန္တိ တာယ, သယံ ဝါ မိစ္ဆာ ပဿတိ, မိစ္ဆာဒဿနမတ္တမေဝ ဝါ ဧသာတိ မိစ္ဆာဒိဋ္ဌိ။

၁။ အယောနိသော အဘိနိဝေသလက္ခဏာ မိစ္ဆာဒိဋ္ဌိ၊

၂။ ပရာမာသရသာ၊

၃။ မိစ္ဆာဘိနိဝေသပစ္စုပဋ္ဌာနာ၊

၄။ အရိယာနံ အဒဿနကာမတာဒိပဒဋ္ဌာနာ။

ပရမံ ဝဇ္ဇန္တိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၂၉၀။ ဝိသုဒ္ဓိ၊၂၊၉၈။)

၁။ မိစ္ဆာဒိဋ္ဌိ ဟူသည်ကား မဟုတ်မမှန်သောအားဖြင့် သိမြင်တတ်သော အယူတည်း။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် အယာထာဝ အနက်ဟော တည်း။)

၂။ တစ်နည်း --- ချွတ်ယွင်း၍ လွဲချော်၍ စွဲယူခြင်းကြောင့် ချွတ်ယွင်း ဖောက်ပြန် မမှန်သောအယူသည် မိစ္ဆာဒိဋ္ဌိတည်း။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် ဝိတထ အနက်ဟောတည်း။)

၃။ တစ်နည်း --- အကျိုးစီးပွားမဲ့ကို ရွက်ဆောင်တတ်သည့်အတွက် ပညာ ရှိတို့သည် စက်ဆုပ်အပ်သော အယူဝါဒ ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် ဇိဂုစ္ဆန အနက်ဟောတည်း။)

၄။ တစ်နည်း -- သမ္ပယုတ်တရားတို့၏ ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှား ယွင်းယွင်း သိမြင်ခြင်း၏ အကြောင်းရင်းဖြစ်သော သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏။ တစ်နည်း --- မိမိ မိစ္ဆာဒိဋ္ဌိ ကိုယ်တိုင်က ပရမတ္ထဓမ္မ သဘာဝအာရုံကို မှားမှားယွင်းယွင်း မြင်တတ်သော သဘောတရား ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏။ တစ်နည်း --- ပရမတ္ထဓမ္မသဘာဝ အာရုံကို မှားမှားယွင်းယွင်း မြင်ခြင်းမျှ သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏။

မိစ္ဆာတိ ဓမ္မသဘာဝဿ ဝိပရီတံ၊ နိစ္စာဒိတောတိ အတ္ထော။ (မဟာဋီ၊၂၊၁၄၉။)

ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း မြင်မှုဟူသည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ရုပ်နာမ်ပရမတ္ထဓမ္မသင်္ခါရတရားတို့အပေါ်၌ အမြင်မှားမှုတည်း။ ရုပ်နာမ်ပရမတ္ထဓမ္မသင်္ခါရတရားတို့ကား အနိစ္စ ဒုက္ခ အနတ္တ အသုဘတရားတို့သာ စင်စစ် ဖြစ်ကြကုန်၏။ မိစ္ဆာဒိဋ္ဌိကား ထိုရုပ် နာမ် သင်္ခါရပရမတ္ထဓမ္မတို့ကို နိစ္စ သုခ အတ္တ သုဘဟု မှားမှားယွင်းယွင်း မြင်မှုတည်း။ (မဟာဋီ၊၂၊၁၄၉။)

၁။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု
မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းသဘော ... လက္ခဏ

၂။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု
မှားသောအားဖြင့် သုံးသပ်ခြင်း ... (ကိစ္စ) ရသ

၃။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားသော
အားဖြင့် လွန်လွန်ကဲကဲ စွဲမြဲစွာ နှလုံးသွင်းတတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို ဖူးမြင်ခြင်းငှာ
အလိုမရှိသူဖြစ်ခြင်း ... ပဒဋ္ဌာန်

၇။ မာန

မညတီတိ မာနော။

၁။ မာနော ဥန္နတိလက္ခဏော၊

၂။ သမ္ပဂ္ဂဟရသော၊

၃။ ကေတုကမျတာပစ္စုပဋ္ဌာနော၊

၄။ ဒိဋ္ဌိဝိပ္ပယုတ္တလောဘပဒဋ္ဌာနော။

ဥမ္မာဒေါ ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

ငါတကားဟု ထောင်လွှားပြုလျက် မှတ်ထင်တတ်သော သဘောတရား သည် မာန မည်၏။

၁။ ထောင်လွှား တက်ကြွခြင်းသဘော, စိတ်ဓာတ် တက်ကြွ
မြင့်မောက်ခြင်းသဘော ... လက္ခဏ

၂။ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း =
မြှောက်ပေးခြင်း ... (ကိစ္စ) ရသ

၃။ တုရင်မှန်ကင်းကဲ့သို့ ပြုလိုသည့်သဘောတရား
= အရာရာတွင် အသာယူလိုသည့် သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဒိဋ္ဌိနှင့် မယှဉ်သော လောဘ ... ပဒဋ္ဌာန်

၈။ ဒေါသ

ဒုဿန္တိ တေန, သယံ ဝါ ဒုဿတိ, ဒုဿနမတ္တမေဝ ဝါ တန္တိ ဒေါသော။

၁။ ဒေါသော စဏ္ဍိက္ကလက္ခဏော ပဟဋာသီဝိသော ဝိယ၊

၂။ (က) ဝိသပ္ပနရသော ဝိသနိပါတော ဝိယ၊

( ခ ) အတ္တနော နိဿယဒဟနရသော ဝါ ဒါဝဂ္ဂိ ဝိယ၊

၃။ ဒုဿနပစ္စုပဋ္ဌာနော (= ဒူသနပစ္စုပဋ္ဌာနော) လဒ္ဓေါကာသော ဝိယ သပတ္တော၊

၄။ အာဃာတဝတ္ထုပဒဋ္ဌာနော၊ ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၂၉၈။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

၁။ ဒေါသ --- သမ္ပယုတ်တရားတို့၏ ပျက်စီးကြောင်းဖြစ်သော သဘော တရားသည် ဒေါသ မည်၏။ တစ်နည်း --- သမ္ပယုတ်တရားတို့ကို ဖျက်ဆီး ကြောင်းဖြစ်သော သဘောတရားသည် ဒေါသ မည်၏။ ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို သမ္ပယုတ်တရားတို့ကလည်း ဖျက် ဆီး၏၊ ဒေါသကလည်း ဖျက်ဆီး၏။ သမ္ပယုတ်တရားတို့၏ ပျက်စီးခြင်းမှာ ဒေါသကြောင့် ပျက်စီးရသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့၏ ပျက်စီး ကြောင်း သဘောတရားလည်း ဖြစ်၏၊ သမ္ပယုတ်တရားတို့ကို ပျက်စီးအောင် ဖျက်ဆီးခြင်းမှာလည်း ဒေါသကြောင့်သာ ဖျက်ဆီးသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့ကို ဖျက်ဆီးကြောင်းသဘောတရားလည်း ဖြစ်ပေသည်။

၂။ တစ်နည်း -- မိမိဒေါသ ကိုယ်တိုင်ကလည်း ပျက်စီးတတ်သောသဘော တရား ဖြစ်သောကြောင့် ဒေါသ မည်၏။ တစ်နည်း --- မိမိဒေါသ ကိုယ်တိုင် ကလည်း ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက် ဆီးတတ်သောသဘော ဖြစ်သောကြောင့်လည်း ဒေါသ မည်၏။

၃။ တစ်နည်း --- ကိုယ်စိတ်နှစ်ပါးတို့၏ ပျက်စီးခြင်းသဘောမျှသည် သို့မ ဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ပျက်စီးခြင်းသဘောမျှသည် ဒေါသ မည်၏။

ထိုဒေါသလက္ခဏ ရသ စသည်မှာ အောက်ပါအတိုင်း ဖြစ်၏။

၁။ (က) စိတ် (= ကိုယ်+စိတ်) ရုန့်ရင်း ခက်ထန်ကြမ်းတမ်းခြင်း
သဘော ... လက္ခဏ

( ခ ) ခက်ထန်ကြမ်းတမ်းသော ကိုယ် စိတ်
ဖြစ်ကြောင်းသဘော ... လက္ခဏ

(တုတ် လှံကန်ဖြင့် အပုတ်ခတ်ခံရသော မြွေဟောက်ကဲ့သို့ မှတ်ပါ၊၊)

၂။ (က) မြွေဆိပ်တက်သကဲ့သို့ မိမိကိုယ်ကို ဖောက်ပြန်
တုန်လှုပ်စေခြင်း ... (ကိစ္စ) ရသ

( ခ ) တစ်နည်း - မြွေဆိပ်တက်သကဲ့သို့ ကိုယ်၏ ဖောက်ပြန်
တုန်လှုပ်ခြင်း ... (သမ္ပတ္တိ) ရသ

( ဂ ) တောမီးကဲ့သို့ မိမိ (= ဒေါသ)၏ မှီရာ ဟဒယဝတ္ထုကို
(ဝါ) ကိုယ်စိတ်ကို ပြင်းစွာ လောင်ကျွမ်းခြင်း ... (ကိစ္စ) ရသ

၃။ ကိုယ်စိတ်နှစ်ပါးကို, တစ်နည်း မိမိ သူတစ်ပါး နှစ်ဦးသားတို့၏
အကျိုးစီးပွားကို ဖျက်ဆီးတတ်သောသဘောတရား ... ပစ္စုပဋ္ဌာန်

(အခွင့်အလမ်း သာနေသော ရန်သူကဲ့သို့ မှတ်ပါ။)

၄။ ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၉)ပါး,
သို့မဟုတ် (၁၀)ပါး ... ပဒဋ္ဌာန်

အဆိပ်နှင့် ရောနှောနေသော ကျင်ငယ်ပုပ်ကဲ့သို့ မှတ်ပါ။

အာဃာတဝတ္ထု (၉) ပါး, (၁၀) ပါး

၁။ မိမိ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၂။ မိမိ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၃။ မိမိ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုး ဖွဲ့၏၊

၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၇။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုး ဖွဲ့၏၊

၈။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ယခု ပြုနေပြီဟု အမျက်ထွက်၏ ရန်ငြိုး ဖွဲ့၏၊

၉။ မိမိမုန်းသူ၏ အကျိုးစီးပွားကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊

၁၀။ အဋ္ဌာနကောပ = အရာမဟုတ်သည်၌ အမျက်ထွက်၏။

ဤ (၁၀)ပါးသည် ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၁၀)ပါး ဖြစ်သည်။ (အဘိ၊၁၊၂၁၆။ စာပိုဒ်-၁၀၆၆၊၊)

အဋ္ဌာနကောပ --- အဋ္ဌာနဌာန-သဒ္ဒါသည် ကာရဏ-အနက်ဟော တည်း၊ စိတ်ဆိုးခြင်း၏ အကြောင်း မဟုတ်ရာ၌ စိတ်ဆိုးခြင်းကို အဋ္ဌာနေ ကောပေါ အဋ္ဌာနကောပေါ --- အရ အဋ္ဌာနကောပဟု ခေါ်သည်။ အဋ္ဌာနကောပ = အရာဌာနမဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက် ထွက်ခြင်း၏ အကြောင်းကို အဋ္ဌသာလိနီအဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။ ဒေါသစရိုက် ထူပြောသော အချို့သောပုဂ္ဂိုလ်သည် ---

၁။ မိုးရွာလွန်း၏ဟု အမျက်ထွက်၏၊

၂။ မိုးမရွာဟု အမျက်ထွက်၏၊

၃။ နေပူလွန်း၏ဟု အမျက်ထွက်၏၊

၄။ နေမပူဟု အမျက်ထွက်၏၊

၅။ လေတိုက်ပြန်လည်း အမျက်ထွက်၏၊

၆။ လေမတိုက်ပြန်လည်း အမျက်ထွက်၏၊

၇။ တံမြက်လှည်းခြင်းငှာ မစွမ်းနိုင်၍ ဗောဓိရွက်တို့အား အမျက်ထွက်၏၊

၈။ လေတိုက်လွန်း၍ သင်္ကန်းရုံထားခြင်းငှာ မစွမ်းနိုင်၍ လေအား အမျက် ထွက်၏၊

၉။ တိုက်မိ၍ ချော်လဲသော် သစ်ငုတ်အား အမျက်ထွက်၏။

ဤသို့သော အရာဌာနမဟုတ်သည်၌ အမျက်ထွက်ခြင်းမျိုးကို ရည်ရွယ် ၍ အဋ္ဌာနကောပ = အရာဌာန မဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းသည် ဖြစ်ပေါ်လာ၏ - ဟု ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၉၉။)

တစ်ဖန် မူလဋီကာ၌ အဋ္ဌာနကောပ (၉)မျိုးကို ဆက်လက် ဖော်ပြထား ပြန်၏၊ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။

၁။ ငါ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊

၂။ ငါ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊

၃။ ငါ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက် ထွက်၏၊

၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊

၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက် ထွက်၏၊

၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ် ဟု အမျက်ထွက်၏၊

၇။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊

၈။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊

၉။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ် ဟု အမျက်ထွက်၏။

ဤသို့ ဖြစ်ပေါ်လာသော အမျက်ဒေါသသည်လည်း အရာဝတ္ထု မဟုတ် သည်၌ ဖြစ်ပေါ်လာသောကြောင့် အဋ္ဌာနကောပသာ ဖြစ်သင့်ပေသည်။ (မူလဋီ၊၁၊၁၆၈-၁၆၉။)

ဤ မူလဋီကာဆရာတော်၏ ဖွင့်ဆိုချက်မှာ သုတ္တနိပါတအဋ္ဌကထာ ဥရဂသုတ် စာမျက်နှာ (၁၁)၌ လာရှိသော ဖွင့်ဆိုချက်နှင့် တူညီလျက်ပင် ရှိ၏။ ယင်းဥရဂသုတ်အဋ္ဌကထာ၌ အာဃာတဝတ္ထု (၁၉)ပါး လာရှိပေသည်။ ယင်းတို့မှာ ---

၁။ ပထမ ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး,

၂။ နောက်ထပ် မူလဋီကာက ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး,

၃။ အဋ္ဌာနကောပ (၁)ပါး,
အားလုံးပေါင်းသော် (၁၉)ပါးတည်း။

သင်္ဂီတိသုတ် (ဒီ၊၃၊၂၁၈။), အာဃာတဝတ္ထုသုတ် (အံ၊၃၊၂၀၈။) တို့၌ ပထမဦးစွာ ဖော်ပြထားသော မူရင်း အာဃာတဝတ္ထု (၉)ပါး လာရှိပေသည်။ ဤအာဃာတဝတ္ထု အားလုံးသည်ပင် ဒေါသဖြစ်ဖို့ရန် အနီးစပ်ဆုံးအကြောင်း တရားများပင် ဖြစ်ကြပေသည်။

၉။ ဣဿာ

ဣဿတီတိ ဣဿာ၊ ဣဿာယနာ ဣဿာ။

၁။ ဣဿာ ပရသမ္ပတ္တီနံ ဥသူယနလက္ခဏာ၊

၂။ တတ္ထေဝ အနဘိရတိရသာ၊

၃။ တတော ဝိမုခဘာဝပစ္စုပဋ္ဌာနာ၊

၄။ ပရသမ္ပတ္တိပဒဋ္ဌာနာ။ သံယောဇနန္တိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

ငြူစူတတ်သော သဘောတရားသည် ဣဿာ မည်၏။
ငြူစူခြင်းကို ပြုခြင်းသည် ဣဿာ မည်၏။

၁။ သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းသဘော
= သည်းမခံနိုင်ခြင်းသဘော ... လက္ခဏ

၂။ ထိုသူတစ်ပါးတို့၏ စည်းစိမ်တို့၌ပင်လျှင် မမွေ့လျော်နိုင်ခြင်း
= မွေ့လျော်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း ... (ကိစ္စ) ရသ

၃။ ထိုသူတစ်ပါးတို့၏ စည်းစိမ်မှ မရှုစိမ့်နိုင်ဘဲ မျက်နှာလွှဲတတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သူတစ်ပါးတို့၏ စည်းစိမ် ... ပဒဋ္ဌာန်

ဥသူယနံ အသဟနံ။ (မဟာဋီ၊၂၊၁၅၂။)

သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းဟူသည် ထိုသူတစ်ပါးတို့၏ စည်းစိမ်ဂုဏ်သိရ်တို့ကို မြင်ရ ကြားရ၍ သည်းမခံနိုင်ခြင်း သဘောတည်း။ ကိုယ့်ထက်သာ မနာလိုမှုသဘောတည်း။

၁၀။ မစ္ဆရိယ

မစ္ဆရဘာဝေါ မစ္ဆရိယံ။

၁။ မစ္ဆရိယံ လဒ္ဓါနံ ဝါ လဘိတဗ္ဗာနံ ဝါ အတ္တနော သမ္ပတ္တီနံ နိဂူဟနလက္ခဏံ၊

၂။ တာသံယေဝ ပရေဟိ သာဓာရဏဘာဝအက္ခမနရသံ၊

၃။ သင်္ကောစနပစ္စုပဋ္ဌာနံ၊ ကဋုကဉ္စုကတာပစ္စုပဋ္ဌာနံ ဝါ၊

၄။ အတ္တသမ္ပတ္တိပဒဋ္ဌာနံ။ စေတသော ဝိရူပဘာဝေါတိ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

ဝန်တိုတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် မစ္ဆရိယ မည်၏။

၁။ ရပြီး ရဆဲ ရလတ္တံ့ ဖြစ်ကုန်သော မိမိ၏ စည်းစိမ်တို့ကို
လျှို့ဝှက်ခြင်းသဘော ... လက္ခဏ

၂။ ထိုစည်းစိမ်တို့ကိုပင် သူတစ်ပါးတို့နှင့်ဆက်ဆံမှုကို သည်းမခံနိုင်ခြင်း
= သည်းခံခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း ... (ကိစ္စ) ရသ

၃။ (မိမိစည်းစိမ်တို့ကို သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းကို
မနှစ်သက်သောအခြင်းအရာအားဖြင့်)
(က) တွန့်တိုခြင်းသဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

( ခ ) ခါးစပ်သော ခံပြင်းသော
သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

( ဂ ) တစ်နည်း - မသာယာ မနှစ်သက်သော အခြင်းအရာ,
ဆင်းရဲသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော
အကျိုးကို ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ မိမိ၏ စည်းစိမ်ဥစ္စာ ... ပဒဋ္ဌာန်

၁၁။ ကုက္ကုစ္စ

ကုစ္ဆိတံ ကတံ ကုကတံ၊ တဿ ဘာဝေါ ကုက္ကုစ္စံ။

၁။ ကုက္ကုစ္စံ္စ ပစ္ဆာနုတာပလက္ခဏံ၊

၂။ ကတာကတာနုသောစနရသံ၊

၃။ ဝိပ္ပဋိသာရပစ္စုပဋ္ဌာနံ၊

၄။ ကတာကတပဒဋ္ဌာနံ။

ဒါသဗျံ ဝိယ ဒဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

ရွံရှာစက်ဆုပ်အပ်သော ပြုပြီးဒုစရိုက် မပြုလိုက်မိသော သုစရိုက်သည် ကုကတ မည်၏။ ထိုကုကတ မည်သော ရွံရှာစက်ဆုပ်အပ်သော ပြုပြီး ဒုစရိုက် မပြုလိုက်မိသော သုစရိုက်အမှုကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှလုံးမသာယာသော စိတ္တုပ္ပါဒ်၏ ဖြစ်ကြောင်းဖြစ်ရာသဘောသည် ကုက္ကုစ္စ မည်၏၊ တစ်နည်း - စက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်သည် ကုကတ မည်၏၊ ထိုစက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ကုက္ကုစ္စ မည်၏။

၁။ နောင်တတစ်ဖန် ပူပန်ခြင်းသဘော ... လက္ခဏ

၂။ ပြုအပ်ပြီးသော ဒုစရိုက် မပြုလိုက်မိသော သုစရိုက်သို့
အဖန်တလဲလဲ လျှောက်၍ ဝမ်းနည်းခြင်း စိုးရိမ်ခြင်း ... (ကိစ္စ) ရသ

၃။ စိတ်နှလုံးပူပန်လျက် အဖန်ဖန် အောက်မေ့ခြင်းကို
ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်
တစ်နည်း - စိတ်နှလုံး မသာမယာခြင်း ရှိသော
သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

၄။ (က) ပြုပြီး ဒုစရိုက် ( ခ ) မပြုလိုက်မိသော သုစရိုက်၊ တစ်နည်း -
(က) ပြုပြီးအကုသိုလ် ( ခ ) မပြုလိုက်မိသောကုသိုလ် ... ပဒဋ္ဌာန်

၁၂။ ထိန

၁။ ထိနံ အနုဿာဟလက္ခဏံ၊

၂။ ဝီရိယဝိနောဒနရသံ၊

၃။ သံသီဒနပစ္စုပဋ္ဌာနံ၊

၄။ အရတိဝိဇမ္ဘိကာဒီသု (အရတိတန္ဒိဝိဇမ္ဘိတာဒီသု) အယောနိသော-

မနသိကာရပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉၊၊)

၁။ အားမထုတ်ခြင်းသဘော = အားတက်သရော
မရှိခြင်းသဘော ... လက္ခဏ

၂။ ဝီရိယကို ဖျက်ဆီးခြင်း = ဝီရိယကို ပယ်ရှားခြင်း ... (ကိစ္စ) ရသ

၃။ ထိုထိုကိစ္စ၌ ဆုတ်နစ်တတ်သော သဘောတရား
တစ်နည်း --- သမ္ပယုတ်တရားတို့၏ ဆုတ်နစ်ကြောင်း
သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း --- သမ္ပယုတ်တရားတို့၏ ဆုတ်နစ်ခြင်းကို
ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ ဆိတ်ငြိမ်သော တောကျောင်း တောင်ကျောင်းတို့၌လည်းကောင်း,
လွန်ကဲမြင့်မြတ်သော သမထ ဝိပဿနာကုသိုလ်တို့၌လည်းကောင်း
မမွေ့လျော်ခြင်း ပျင်းရိခြင်း ကိုယ်တဆန့်ကျင်ကျင် ရှိခြင်းစသည်
တို့ကြောင့် အယောနိသောမနသိကာရ ဖြစ်ခြင်း, ပျင်းရိဖွယ်
အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း ... ပဒဋ္ဌာန်

၁၃။ မိဒ္ဓ

၁။ မိဒ္ဓံ အကမ္မညတာလက္ခဏံ၊

၂။ ဩနဟနရသံ။

၃။ (က) လီနတာပစ္စုပဋ္ဌာနံ၊ (ခ) ပစလာယိကာနိဒ္ဒါပစ္စုပဋ္ဌာနံ ဝါ၊

၄။ အရတိတန္ဒိဝိဇမ္ဘိတာဒီသု အယောနိသောမနသိကာရပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

၁။ ထိုထိုအမှု၌ စေတသိက်တို့၏ မခံ့ညားသည်၏ အဖြစ်ဟူသော
သဘော ... လက္ခဏ

၂။ ဝိညာဏ် ဒွါရတို့ကို ပိတ်ထား+ဖွဲ့ထားခြင်း၊ တစ်နည်း --- သမ္ပယုတ်
တရားတို့ကို လေးတွဲ့တွဲ့ဖြစ်အောင် ဖွဲ့ထားခြင်း ... (ကိစ္စ) ရသ

၃။ (က) အာရုံကို ယူခြင်း၌ တွန့်ဆုတ်တတ်သော
သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

( ခ ) တစ်နည်း - မျက်တောင်တစ်လှုပ်လှုပ် ရှိအောင် အိပ်ချင်
ငိုက်မျဉ်းခြင်း အကျိုးကို ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ တောကျောင်း တောင်ကျောင်း သမထ ဝိပဿနာ ကုသိုလ်တရားတို့၌
မမွေ့လျော်နိုင်ခြင်း ပျင်းရိခြင်း ကိုယ်လက်တဆန့်ကျင်ကျင်ရှိခြင်း
စသည်တို့ကြောင့် အယောနိသောမနသိကာရ ဖြစ်ခြင်း ... ပဒဋ္ဌာန်

၁၄။ ဝိစိကိစ္ဆာ

ဝိဂတာ စိကိစ္ဆာတိ ဝိစိကိစ္ဆာ။ သဘာဝံ ဝါ ဝိစိနန္တော ဧတာယ ကိစ္ဆတိ ကိလမတီတိ ဝိစိကိစ္ဆာ။

၁။ ဝိစိကိစ္ဆာ သံသယလက္ခဏာ၊

၂။ ကမ္ပနရသာ၊

၃။ (က) အနိစ္ဆယပစ္စုပဋ္ဌာနာ၊

( ခ ) အနေကံသဂါဟပစ္စုပဋ္ဌာနာ ဝါ၊

၄။ အယောနိသောမနသိကာရပဒဋ္ဌာနာ။

(ဝိစိကိစ္ဆာယံ အယောနိသောမနသိကာရပဒဋ္ဌာနာ။)

ပဋိပတ္တိအန္တရာယကရာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၃၀၀။ ဝိသုဒ္ဓိ၊၂၊၁၀၁၊၊)

သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန် စသော ဝိစိကိစ္ဆာဖြစ်ရာ (၈) ဌာနတို့၌ ဟုတ်လေသလော မဟုတ်လေသလော စသည်ဖြင့် ယုံမှားမှု ဖြစ် နေလျှင် ဉာဏ်ပညာတည်းဟူသောဆေးဖြင့် ကုစားခြင်းမှ ကင်းသောကြောင့် ဉာဏ်ပညာတည်းဟူသော ဆေးဖြင့် ကုသဖို့ရန် အလွန်ခဲယဉ်းသောကြောင့် ဝိစိကိစ္ဆာ မည်၏။ (ကုသ၍ လုံးလုံး မရနိုင်သည်ကား မဟုတ်၊ ဉာဏ်တည်း ဟူသော ဆေးဖြင့် ကုသဖို့ရန် ခဲယဉ်းသောကြောင့်သာ ဤသို့ ဆိုသည်၊၊)

တစ်နည်း --- ဘုရားစစ် ဘုရားမှန် စသော သဘောမှန်, ပရမတ္ထဓမ္မ သဘာဝတို့၏ အနိစ္စ စသော သဘောမှန်ကို စူးစမ်းရှာဖွေလတ်သော် စူး စမ်းရှာဖွေသူ၏ စိတ်ဓာတ် ပင်ပန်းကြောင်းသဘောတရား ဖြစ်ခြင်းကြောင့် လည်း ဝိစိကိစ္ဆာ မည်၏။

၁။ (၈-ဌာနတို့၌) ယုံမှားခြင်းသဘော ... လက္ခဏ

၂။ (၈-ဌာနတို့တွင်) အထူးထူးသောအာရုံ၌ စိတ်၏
တုန်လှုပ်ခြင်း ... (ကိစ္စ) ရသ

၃။ (က) (၈-ဌာန) အာရုံကို မဆုံးဖြတ်နိုင်ခြင်းဟူသော
နှစ်လုံးနှစ်ခွကို ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

( ခ ) (၈-ဌာန) အာရုံ၌ အမျိုးမျိုးအဖုံဖုံ ယူတတ်သောအခြင်းအရာ
အားဖြင့်ဖြစ်သောသဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

၄။ ဝိစိကိစ္ဆာဖြစ်ရာ (၈-ဌာန) အာရုံတို့၌ အယောနိသော
မနသိကာရ ဖြစ်ခြင်း ... ပဒဋ္ဌာန်

ပဋိပတ်ကျင့်စဉ်၏ အန္တရာယ်ကို ပြုတတ်သောတရားဟု မှတ်ပါ။

သံသယလက္ခဏာဟူသည်

၁။ တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား၊

၂။ မဂ္ဂင် (၈)ပါးတည်းဟူသော ထိုတရားအတိုင်းကျင့်လျှင် နတ်ရွာနိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ဆိုတာ တကယ်ထင်ရှား ရှိမှရှိပါရဲ့လား၊ ပရိယတ်တရားတော်တွေကော တကယ်မှ မှန်ကန်ပါ့မလား။

၃။ မဂ္ဂင် (၈)ပါးတည်းဟူသော သံသရာမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းကို တကယ်ကျင့်၍ သံသရာမှ ထွက်မြောက်ကြောင်း တရားကို တကယ်သိသည့် အရိယာသံဃာစစ် သံဃာမှန်ဟူသည် တကယ်ထင်ရှား ရှိမှရှိပါ့မလား၊

၄။ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့၏ အကျိုးတရားသည် တကယ်ထင်ရှား ရှိမှရှိပါ့မလား။

၅။ သံသရာ၏ ေ့ရှအစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ဘဝ အတိတ်ခန္ဓာ ဟူသည် တကယ်ထင်ရှား ရှိမှ ရှိပါရဲ့လား၊ ယခုမှ ဖန်ဆင်းရှင် တစ်ဦးဦးက ဖန်ဆင်းလိုက်၍ စတင်ဖြစ်လာရသလား၊

၆။ သံသရာ၏ နောက်အစွန်းဟု ခေါ်ဆိုအပ်သော အနာဂတ် ခန္ဓာငါးပါး ဟူသည် တကယ်ထင်ရှား ရှိမှ ရှိနိုင်ပါ့မလား၊ နိဗ္ဗာန်ကို မရရှိသေးလျှင် နောက်၌ ရောက်ရှိဖို့ရာ ဘဝရှိသေးတယ်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား၊ ယခုဘဝတွင်ပင် သေလျှင် ပြတ်သွားလေမလား၊

၇။ သံသရာ၏ ေ့ရှအစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ဘဝ အတိတ်အဖို့ ခန္ဓာငါးပါး, သံသရာ၏ နောက်အစွန်းဟု ခေါ်ဆိုအပ်သော အနာဂတ် ဘဝ အနာဂတ်အဖို့ ခန္ဓာငါးပါး နှစ်မျိုးလုံးသည်လည်း တကယ်ထင်ရှား ရှိမှရှိပါ့မလား၊

၈။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ - ဤသို့ စသည်ဖြင့် လာရှိသော ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တို့၏ လည် ပတ်ပုံအစဉ်ကို ဖော်ပြသော ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားဟူသည် တကယ် မှန်မှမှန်ပါ့မလား။ ပြုသမျှ ကောင်းမှု မကောင်းမှုသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ စွမ်းအင်သတ္တိ ကျန်ရစ်သည်ဆိုတာ ဟုတ်မှဟုတ်နိုင်ပါ့မလား၊ ထိုကံ၏ အကျိုးများကို ရလိမ့်မည်ဆိုတာ ဟုတ်မှဟုတ်နိုင်ပါ့မလား။

အဘိဓမ္မာနည်းအရ ဤ (၈)ဌာနတို့၌ ဤသို့ ဖြစ်လေသလော, ဤသို့ မဖြစ်လေသလော, ဟုတ်လေသလော, မဟုတ်လေသလော --- ဤသို့ စသည်ဖြင့် ထက်ဝန်းကျင် ရွေ့လျားသည်၏ အစွမ်းဖြင့် ဝေ့လည်လည် ဖြစ် တတ်သော သဘောတရားကို သံသယ = ယုံမှားမှုဟု ခေါ်သည်။

နိစ္စံ နု ခေါ ဣဒံ, အနိစ္စံ နု ခေါတိအာဒိပဝတ္တိယာ ဧကသ္မိံ အာကာရေ သဏ္ဌာတုံ အသမတ္ထတာယ သမန္တတော သေတီတိ သံသယော။ (အဘိ၊ဋ္ဌ၊၁၊၃၀၁။)

ဤရုပ်တရားသည် (ဤနာမ်တရားသည်) နိစ္စလေလော အနိစ္စလေလော ဤသို့စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကြောင့် နိစ္စ၏ အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ, အနိစ္စ၏အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ --- ဤသို့စသော တစ်ခုတည်းသော အခြင်းအရာ၌ ကောင်းစွာ တည်ခြင်းငှာ မစွမ်းနိုင်သည့်အတွက် ထက်ဝန်းကျင်၌ ဝေ့လည်လည်ဖြစ်တတ် သောကြောင့်လည်း သံသယ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၁။) ဝိစိကိစ္ဆာကား ယင်းကဲ့သို့ ယုံမှားသံသယဖြစ်ခြင်း သဘောလက္ခဏာ ရှိပေသည်။

ဉာဏ်ဖြင့် ဆင်ခြင်ပါ

တသ္မာ တိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)

ရဟန်းတို့ ... ထိုသို့ ပုထုဇန် သတ္တဝါမှန်သမျှတို့သည် ဒိဋ္ဌိတည်း ဟူသော တောက်ကို လည်ပင်း၌ ဆွဲကာ ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော သက္ကာယချည်တိုင်၌ တဏှာတည်းဟူသော ကြိုးဖြင့် ချည်နှောင်ထားအပ် သည် ဖြစ်သောကြောင့် --- ဤသာသနာတော်မြတ်အတွင်း၌ သင်ချစ်သား တို့သည် သင်ချစ်သမီးတို့သည် -ဤ ငါတို့၏စိတ်သည် နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်ကာလတို့ပတ်လုံး ရာဂကြောင့် ဒေါသကြောင့် မောဟ ကြောင့် ညစ်နွမ်းနေရပေ၏ --- ဟူ၍ မိမိတို့၏ စိတ်ကို အမြဲမပြတ် မကြာ ခဏ ဉာဏ်ဖြင့် ဆင်ခြင်ပေးပါ။ ရဟန်းတို့ ...စိတ်ဓာတ် ညစ်နွမ်းခြင်း ကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏ (ပင်ပန်းကြရကုန်၏ ဆင်းရဲကြ ရကုန်၏)။ စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် စင်ကြယ် ကြရကုန်၏။ (သံ၊၂၊၁၂၃။)

__________

သောဘဏစေတသိက် အပိုင်း

၁။ သဒ္ဓါ

၁။ သဒ္ဓါ --- (က) သဒ္ဒဟနလက္ခဏာ၊ (ခ) ဩကပ္ပနလက္ခဏာ ဝါ၊

၂။ (က) ပသာဒနရသာ ဥဒကပ္ပသာဒကမဏိ ဝိယ၊

( ခ ) ပက္ခန္ဒနရသာ ဝါ ဩဃုတ္တရဏော ဝိယ၊

၃။ (က) အကာလုဿိယပစ္စုပဋ္ဌာနာ၊ (ခ) အဓိမုတ္တိပစ္စုပဋ္ဌာနာ ဝါ၊

၄။ (က) သဒ္ဓေယျဝတ္ထုပဒဋ္ဌာနာ၊ (ခ) သဒ္ဓမ္မဿဝနာဒိသောတာပတ္တိယင်္ဂပဒဋ္ဌာနာ ဝါ။

ဟတ္ထဝိတ္တဗီဇာနိ ဝိယ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၉၄၊၊)

၁။ (က) ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုကို
ယုံကြည်ခြင်းသဘော ... လက္ခဏ

( ခ ) တစ်နည်း - ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ အစဉ်အတိုင်း
သက်ဝင်၍ ဤဝတ္ထုသည် ဤသို့သဘောရှိ၏ဟု ဆုံးဖြတ်ခြင်း
သဘော = သက်ဝင်ယုံကြည်ခြင်းသဘော ... လက္ခဏ

၂။ (က) ရေနောက် မြူနည်ကို ကြည်စေတတ်သော စက္ကဝတ်မင်းဖျား၏
ပတ္တမြားရတနာကဲ့သို့ ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု
သမ္ပယုတ်တရားတို့ကို ကြည်လင်စေခြင်း ... (ကိစ္စ) ရသ

( ခ ) မိကျောင်း မကန်း စသည်ပြွမ်းသောရေအယဉ်ကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ကူးခပ်ဝံ့သော ယောက်ျားကဲ့သို့ ယုံကြည်
ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ မိမိလည်း ပြေးဝင်ခြင်း သက်
ဝင်ခြင်း, သဟဇာတ်တရားတို့ကိုလည်း သဒ္ဓေယျဝတ္ထုသို့
မနစ်မဆုတ် စုပ်စုပ်သက်ဝင်စေခြင်း ... (ကိစ္စ) ရသ

၃။ (က) သဒ္ဓေယျဝတ္ထု၌ သမ္ပယုတ်တရားတို့၏ မနောက်ကျုသည်၏
အဖြစ်ဟူသော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

( ခ ) တစ်နည်း--- မယုံကြည်ခြင်း အဿဒ္ဓိယ, မှားမှားယွင်းယွင်း
နှလုံးသွင်းခြင်း မိစ္ဆာဓိမုတ္တိ၏ ဆန့်ကျင်ဘက် ဖြစ်၍
သဒ္ဓေယျဝတ္ထု၌ တည်လျက် ဆုံးဖြတ်တတ်သော
သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

တစ်နည်း - သဒ္ဓေယျဝတ္ထုတို့၌ ဆုံးဖြတ်ခြင်းဟူသော
အကျိုးကို ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ (က) ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု ... ပဒဋ္ဌာန်

( ခ ) တစ်နည်း - သဒ္ဓမ္မဿဝန = သူတော်ကောင်းတရား နာကြားခြင်း
စသော သောတာပတ္တိမဂ်၏အကြောင်းအင်္ဂါရပ်များ... ပဒဋ္ဌာန်

ရတနာသုံးတန် ကံ - ကံ၏အကျိုးတရားစသည့် ဝိစိကိစ္ဆာ၏ ဆန့်ကျင် ဘက် (၈)ဌာနတို့ကား သဒ္ဓေယျဝတ္ထုပင်တည်း။


သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါရပ် (၄) မျိုး

၁။ သပ္ပုရိသသံသေဝန = သစ္စာလေးပါးတရားတော်ကို မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိသည်တိုင်အောင် ဟောကြားပြသ ဆိုဆုံးမပေးနိုင်သော သူတော်သူမြတ်တို့ကို မှီဝဲဆည်းကပ်ခြင်း,

၂။ သဒ္ဓမ္မဿဝန = သစ္စာလေးပါးနှင့်စပ်သော သူတော်ကောင်းတရားကို နာကြားခြင်း = ကြားနာခြင်း,

၃။ ယောနိသောမနသိကာရ = ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ရုပ်တရား နာမ်တရားဟု, အကြောင်းတရား အကျိုး တရားဟု, အနိစ္စတရား ဒုက္ခတရား အနတ္တတရား အသုဘတရားဟု နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း,

၄။ ဓမ္မာနုဓမ္မပဋိပတ္တိ = လောကုတ္တရာတရား (၉)ပါးအားလျော်သော သရဏဂုံ သီလမှစ၍ အနုလောမဉာဏ်သို့တိုင်အောင်သော အရိယမဂ်၏ ေ့ရှအဖို့၌ ဖြည့်ကျင့်ဆည်းပူးအပ်သော သီလ သမာဓိ ပညာ ကျင့်စဉ် တို့ကိုကျင့်ခြင်း --

ဤ (၄)ပါးတို့ကား သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါရပ် (၄)မျိုး တို့တည်း။

ကုသိုလ်တရားတို့ကို = ကုသိုလ်တရားတည်းဟူသော ရတနာတို့ကို ကောက်ယူရာ၌ သဒ္ဓါတရားသည် လက်နှင့်တူ၏။ လောကီ လောကုတ္တရာ စည်းစိမ်သမ္ပတ္တိအားလုံးကို ပြီးစီးပြည့်စုံစေရာ၌ သဒ္ဓါတရားသည် မိမိ လက် ဝယ်ရှိသော ဥစ္စာနှစ်နှင့်တူ၏။ မဂ်သီး ဖိုလ်သီး နိဗ္ဗာန်သီးတည်းဟူသော မသေရာ အမြိုက်သီးတို့ကို သီးပွင့်စေရာ၌ သဒ္ဓါသည် မျိုးစေ့နှင့်တူ၏။ (မူလဋီ၊၁၊၈၉။)


၂။ သတိ

၁။ အပိလာပနလက္ခဏာ သတိဥပဂ္ဂဏှနလက္ခဏာ စ၊

၂။ အသမ္မောသနရသာ၊ (အသမ္မောသရသာ၊)

၃။ အာရက္ခပစ္စုပဋ္ဌာနာဝိသယာဘိမုခီဘာဝပစ္စုပဋ္ဌာနာ ဝါ၊

(ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနာ ဝါ၊)

၄။ ထိရသညာပဒဋ္ဌာနာကာယာဒိသတိပဋ္ဌာနပဒဋ္ဌာနာ ဝါ။

အာရမ္မဏေ ဒဠှံ ပတိဋ္ဌိတတ္တာ ပန ဧသိကာ ဝိယ, စက္ခုဒွါရာဒိရက္ခဏတော ဒေါဝါရိကော ဝိယ စ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။ ဝိသုဒ္ဓိ၊၂၊၉၄။)

၁။ (က) သတိပဋ္ဌာန် စသော အာရုံ၌ = သတိ၏တည်ရာ ကာယ ဝေဒနာ
စိတ္တ ဓမ္မစသော အာရုံ၌ သမ္ပယုတ်တရားတို့ကို ဘူးတောင်းကဲ့သို့
မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ မလှုပ်မရှား မြဲစွာ အောက်မေ့ စေခြင်းသဘော ... လက္ခဏ

တစ်နည်း --- မိမိ သတိကိုယ်တိုင်က သတိ၏တည်ရာ ရုပ်နာမ်
စသောအာရုံ၌ ဘူးတောင်းကဲ့သို့ မပေါ်လွင်ဘဲ ကျောက်ဖျာကဲ့သို့ မလှုပ်မရှား မြဲစွာအောက်မေ့ခြင်းသဘော ... လက္ခဏ

တစ်နည်း --- သတိ၏တည်ရာ အရှုခံအာရုံဖြစ်သော ရုပ်နာမ်
စသောအာရုံတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေခြင်း
ခိုင်မြဲစေခြင်းသဘော ... လက္ခဏ

တစ်နည်း --- သတိပဋ္ဌာန် စသော ကုသိုလ်တရားကို
အမှတ်ရစေခြင်း အောက်မေ့စေခြင်းသဘော ... လက္ခဏ

( ခ ) တစ်နည်း - အကျိုးရှိသော ကောင်းသောအကျင့်တို့ကို
သိမ်းပိုက်ခြင်းသဘော ... လက္ခဏ

၂။ အာရုံကို ပျောက်ပျက်စေတတ်သော မေ့လျော့ခြင်း ပမာဒကို
ဖျက်ဆီးခြင်း = အာရုံကို မပျောက်ပျက်စေခြင်း ... (ကိစ္စ) ရသ

၃။ (က) စိတ်ကို စောင့်ရှောက်တတ်သော သဘောတရား၊
တစ်နည်း - အရှုခံအာရုံကို စောင့်ရှောက်တတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်

( ခ ) တစ်နည်း - အာရုံဘက်သို့ စိတ်၏ ရှေးရှူမျက်နှာမူကြောင်း
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ (က) မြဲမြံသော အမှတ်သညာ ... ပဒဋ္ဌာန်

( ခ ) တစ်နည်း ကာယ အစရှိသော သတိပဋ္ဌာန် သို့မဟုတ် ကာယ
အစရှိသည်ကို အာရုံပြု၍ဖြစ်သော သတိပဋ္ဌာန် ... ပဒဋ္ဌာန်


သတိ နှင့် မနသိကာရ

သမ္ပယုတ္တဓမ္မေ အာရမ္မဏာဘိမုခံ သာရေန္တော ဝိယ ဟောတီတိ မနသိကာရော သာရဏလက္ခဏော ဝုတ္တော။ သတိယာ အသမ္မုဿနဝသေန ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနတာ၊ မနသိကာရဿ ပန သံယောဇနဝသေန အာရမ္မဏာဘိမုခဘာဝပစ္စုပဋ္ဌာနတာတိ အယမေတေသံ ဝိသေသော။ (မဟာဋီ၊၂၊၁၄၇။)

သတိနှင့် မနသိကာရ နှစ်မျိုးလုံးသည် ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာန = အာရုံဘက်သို့ ရှေးရှူ မျက်နှာမူခြင်း သဘောတရားဟူသော ပစ္စုပဋ္ဌာန် ရှိကြသည်ချည်း ဖြစ်ကြ၏။ အထူးမှာ ဤသို့တည်း --- ယှဉ်ဖက် သမ္ပယုတ် တရားတို့ကို အာရုံသို့ ရှေးရှူ ပြေးသွားစေဘိသကဲ့သို့ဖြစ်သောကြောင့် မနသိကာရကို သာရဏလက္ခဏ = အာရုံဘက်သို့ သမ္ပယုတ်တရားတို့ကို မောင်း နှင်ခြင်း သဘောလက္ခဏာ ရှိ၏ဟု ဆို၏။ သတိကား အာရုံကို မပျောက်ပျက် စေခြင်း = မေ့လျော့ခြင်းကို ဖျက်ဆီးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေး ရှူ မျက်နှာမူတတ်သော သဘောတရား အဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ မနသိကာရကား သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စပ် ပေးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူ မျက်နှာမူတတ်သော သဘော တရား အဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာ၏။ ဤသို့ ထူး သည်ဟု မှတ်ပါ။ (မဟာဋီ၊၂၊၁၄၇။)


၃။ ဟိရီ

၁။ ပါပတော ဇိဂုစ္ဆနလက္ခဏာ ဟိရီ

၂။ လဇ္ဇာကာရေန ပါပါနံ အကရဏရသာ

၃။ လဇ္ဇာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနာ

၄။ အတ္တဂါရဝပဒဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၂၊၉၄။)

၁။ မကောင်းမှုမှ စက်ဆုပ်ခြင်းသဘော ... လက္ခဏ

၂။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို
မပြုခြင်း ... (ကိစ္စ) ရသ

၃။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ
တွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ မိမိကိုယ်ကို ရိုသေလေးစားခြင်း ရှိမှုသဘော ... ပဒဋ္ဌာန်


၄။ ဩတ္တပ္ပ

၁။ ဥတ္တာသနလက္ခဏံ ဩတ္တပ္ပံ

၂။ ဥတ္တာသာကာရေန ပါပါနံ အကရဏရသံ

၃။ ဥတ္တာသာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနံ

၄။ ပရဂါရဝပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၉၄။)

၁။ မကောင်းမှုမှ ထိတ်လန့်ခြင်းသဘော ... လက္ခဏ

၂။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို
မပြုခြင်း ... (ကိစ္စ) ရသ

၃။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ
တွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သူတစ်ပါးကို ရိုသေလေးစားခြင်း ရှိမှုသဘော ... ပဒဋ္ဌာန်

ကာယဒုစရိုက် စသည်တို့ကြောင့် ရှက်တတ်သော သဘော, ကာယ-ဒုစရိုက် စသည်တို့မှ ရှက်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့ကို ရှက်တတ်သော သဘောတရားသည် ဟိရီ မည်၏။ ဟိရီဟူသည် ရှက်ခြင်း၏ အမည် ဖြစ်သည်။ ကာယဒုစရိုက် စသည်တို့ကြောင့် ရရှိမည့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဆင်းရဲဒုက္ခကို ကြောက်လန့်တတ်သောသဘော, ကာယဒုစရိုက် စသည်တို့မှ ကြောက်လန့်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့ကို ကြောက်လန့်သော သဘောတရားသည် ဩတ္တပ္ပ မည်၏။ ဤ ဩတ္တပ္ပ ဟူသည် ထိတ်လန့်ခြင်း = ဥဗ္ဗေဂ၏ အမည် ဖြစ်သည်။

မိမိကိုယ်ကို အလေးဂရုပြု၍ ရှက်သဖြင့် အမျိုးကောင်းသား တစ်ဦး သည် သို့မဟုတ် အမျိုးကောင်းသမီး တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏။ သို့အတွက် ဟိရီသည် အမျိုးကောင်းသမီး ချွေးမနှင့် တူ၏။ သူတစ်ပါးကို အလေးဂရုပြု၍ ထိတ်လန့်သဖြင့် အမျိုးကောင်းသား တစ်ဦးသည် သို့မဟုတ် အမျိုးကောင်းသမီး တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏။ ထိုကြောင့် ဩတ္တပ္ပသည် ပြည့်တန်ဆာမနှင့် တူ၏။ (ဝိသုဒ္ဓိ၊၂၊၉၄။)

အမျိုးကောင်းသမီး ဖြစ်သော ချွေးမသည် မိမိ၏ မြင့်မြတ်သော မျိုးရိုး ဇာတိ ရှိပုံကို ဆင်ခြင်၍ မိမိကိုယ်ကို မိမိ ရိုသေလေးစားသောအားဖြင့် မိမိအိမ်ရှင်မှ တစ်ပါးသောယောကျ်ားနှင့် ဖောက်ပြားရမည့်အရေးမှ စက်ဆုပ် ရွံရှာ၏၊ ထိုဟိရီ ရှိသူသည်လည်း မိမိ၏ မြင့်မြတ်သော ဇာတ် အမျိုးအနွယ်, ကြီးရင့်လာသောအရွယ်, ရဲစွမ်းသတ္တိ, အကြားအမြင် ဗဟုသုတရှိမှုဂုဏ်ကို ဆင်ခြင်၍ --- ငါကဲ့သို့သောသူသည် ဤကဲ့သို့သော ဒုစရိုက်မှုမျိုးကို မပြု ထိုက်၊ ဤဒုစရိုက်မှုမျိုးမည်သည်ကား အမျိုးဇာတ်ယုတ်ညံ့သူ, အသက်အရွယ် ငယ်သူ, ရဲစွမ်းသတ္တိမရှိသူ, ဗဟုသုတနည်းပါးသူ, ပညာမဲ့ လူမိုက်ငတုံးတို့၏ လုပ်ရပ်မျိုးသာ ဖြစ်သည် --- ဟု မိမိကိုယ်ကို အလေးဂရုပြုလျက် ဒုစရိုက်မှ စက်ဆုပ်ရွံရှာ ရှောင်ခွာလေ၏။

ပြည့်တန်ဆာမသည် ကိုယ်ဝန်တည်လာလျှင် ယောကျ်ားတို့က စက် ဆုပ်တတ်ရကား ယောကျ်ားတို့ကို လေးစားသောအားဖြင့် ကိုယ်ဝန်တည် မည့်ဘေးမှ ကြောက်ရွံ့တတ်၏၊ ထို့အတူ ဩတ္တပ္ပ ရှိသူသည်လည်း -- သူ တော်ကောင်း ...သင်သည် အကယ်၍ မကောင်းမှုကို ပြုအံ့၊ ဤသို့ ပြုခဲ့ သော် ရဟန်းယောကျ်ားပရိသတ် ရဟန်းမိန်းမပရိသတ် လူဒါယကာပရိသတ် လူဒါယိကာမပရိသတ်ဟူသော ပရိသတ် (၄)ပါးတို့ အလယ်ဝယ် အကဲ့ရဲ့ ခံရပေလတ္တံ့၊ မြို့ကြီးသားသည် မစင်ကို စက်ဆုပ်သကဲ့သို့ ထို့အတူ ပညာရှိ သူတော်ကောင်းတို့သည် မကောင်းမှုပြုသော သင့်ကို ကဲ့ရဲ့စက်ဆုပ်ကုန် လတ္တံ့၊ အိုသူတော်ကောင်း ...သီလကို ချစ်မြတ်နိုးတော်မူကြသည့် ပညာရှိ သူတော်ကောင်းတို့က သင့်ကို ရှောင်ကြဉ်အပ်သော် ဝိုင်းပယ်လိုက်သော် သင်သည် အသို့ပြုလတ္တံ့နည်း --- ဤသို့ ဆင်ခြင်လျက် သူတစ်ပါးတို့ကို ရိုသေလေးစားခြင်းဟူသော ဗဟိဒ္ဓလျှင် ဖြစ်ကြောင်းရှိသော ထိတ်လန့်မှု ကြောင့် မကောင်းမှုကို မပြုပေ။


၅။ အလောဘ

၁။ (က) အလောဘော အာရမ္မဏေ စိတ္တဿ အဂေဓလက္ခဏော

( ခ ) အလဂ္ဂဘာဝလက္ခဏော ဝါ ကမလဒလေ ဇလဗိန္ဒု ဝိယ

၂။ အပရိဂ္ဂဟရသော (အပရိဂ္ဂဟဏရသော) မုတ္တဘိက္ခု ဝိယ

၃။ အနလ္လီနဘာဝပစ္စုပဋ္ဌာနော အသုစိမှိ ပတိတပုရိသော ဝိယ။ (အဘိ၊ဋ္ဌ၊၁၊၁၇၀-၁၇၁။ ဝိသုဒ္ဓိ၊၂၊၉၄။)

၁။ (က) အာရုံ၌ စိတ်၏ မတပ်မက်ခြင်း မမက်မောခြင်း
သဘော ... လက္ခဏ

( ခ ) တစ်နည်း - ကြာဖက်အပြင်၌ ရေပေါက်သည် မငြိကပ်
သကဲ့သို့ ထို့အတူ အာရုံ၌ စိတ်၏ မငြိကပ်သည်၏
အဖြစ်ဟူသောသဘော ... လက္ခဏ

၂။ ကိလေသာတို့မှ လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မည်သည့်
ဝတ္ထုကိုမျှ ငါ့ဟာဟု မသိမ်းပိုက်သကဲ့သို့ ထို့အတူ အာရုံကို ငါ့ဟာ
ငါ့ဥစ္စာဟု စွဲလမ်းခြင်း၏ အစွမ်းဖြင့် မသိမ်းပိုက်ခြင်း ... (ကိစ္စ) ရသ

၃။ မစင်တွင်း၌ ကျရောက်နေသော ယောကျ်ားကဲ့သို့
အာရုံ၌ မငြိကပ်လိုသော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ အာရုံ (တစ်နည်း --- ဝတ္ထု+အာရုံ+ဖဿစသည့် သမ္ပယုတ် တရားများ) တစ်နည်း--- ယောနိသောမနသိကာရ ... ပဒဋ္ဌာန်

၁။ ယှဉ်ဖက်သမ္ပယုတ်တရားတို့၏ အာရုံ၌ မတပ်မက်တတ်ကြောင်း ဖြစ် သော သဘောတရားသည် အလောဘ မည်၏။

၂။ မိမိ အလောဘကိုယ်တိုင်ကလည်း အာရုံကို မတပ်မက်သော သဘော တရား ဖြစ်သောကြောင့် အလောဘ မည်၏။

၃။ အာရုံကို မတပ်မက်ခြင်းမျှသာဖြစ်သော သဘောတရားသည် အလောဘ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၉၄။)


၆။ အဒေါသ

၁။ (က) အဒေါသော အစဏ္ဍိက္ကလက္ခဏော

( ခ ) အဝိရောဓလက္ခဏော ဝါ အနုကူလမိတ္တော ဝိယ

၂။ (က) အာဃာတဝိနယရသော

( ခ ) ပရိဠာဟဝိနယရသော ဝါ စန္ဒနံ ဝိယ

၃။ သောမ္မဘာဝပစ္စုပဋ္ဌာနော ပုဏ္ဏစန္ဒော ဝိယ။ (အဘိ၊ဋ္ဌ၊၁၊၁၇၁။ ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ (က) စိတ်မခက်ထန် မကြမ်းတမ်းသည်၏ အဖြစ်ဟူသောသဘော
တစ်နည်း - စိတ်ခက်ထန် ကြမ်းတမ်းသည်၏ အဖြစ်ဟူသော
ကောပ၏ ဆန့်ကျင်ဘက်သဘော ... လက္ခဏ

( ခ ) တစ်နည်း - အရာရာ၌ လိုက်လျောတတ်သော
မိတ်ဆွေကောင်းကဲ့သို့ မဆန့်ကျင်ခြင်းသဘော ... လက္ခဏ

၂။ (က) ရန်ငြိုးဖွဲ့မှု ဒေါသစုကို ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ

( ခ ) တစ်နည်း - စန္ဒကူးကဲ့သို့ ဒေါသအပူကို
ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ

၃။ စန်းလအသွင် ကြည်လင်အေးမြသောသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ အာရုံ (တစ်နည်း - ဝတ္ထု+အာရုံ+ဖဿစသည့် သမ္ပယုတ်တရားများ)
တစ်နည်း - ယောနိသောမနသိကာရ ... ပဒဋ္ဌာန်


၇။ တတြမဇ္ဈတ္တတာ

၁။ တတြမဇ္ဈတ္တတာ စိတ္တစေတသိကာနံ သမဝါဟိတလက္ခဏာ

၂။ (က) ဦနာဓိကတာနိဝါရဏရသာ၊ ( ခ ) ပက္ခပါတုပစ္ဆေဒနရသာ ဝါ

၃။ မဇ္ဈတ္တဘာဝပစ္စုပဋ္ဌာနာစိတ္တစေတသိကာနံ အဇ္ဈုပေက္ခနဝသေန သမပ္ပဝတ္တာနံ အာဇာနေယျာနံ အဇ္ဈုပေက္ခနသာရထိ ဝိယ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

၁။ ယှဉ်ဖက် စိတ်+စေတသိက် = သမ္ပယုတ်တရားတို့ကို မိမိ မိမိ၏ ကိစ္စ၌
အညီအမျှ ထမ်းဆောင်စေခြင်း ဖြစ်စေခြင်းသဘော ... လက္ခဏ

၂။ (က) သမ္ပယုတ်တရားတို့၏ မိမိ မိမိ၏ ကိစ္စတို့၌ ယုတ်လျော့သည်၏
အဖြစ် ပိုလွန်သည်၏အဖြစ်ကို တားမြစ်ခြင်း ... (ကိစ္စ) ရသ

( ခ ) တစ်နည်း - ယုတ်လျော့သည့်ဘက် ပိုလွန်သည့်ဘက်၌ ကျရောက်
ခြင်းကို = ဘက်လိုက်ခြင်းကို ဖြတ်တောက်ခြင်း ... (ကိစ္စ) ရသ

တစ်နည်း - ထိနမိဒ္ဓလွန်ကဲသော တွန့်ဆုတ်သော စိတ်ဓာတ်
မာနဦးဆောင်သော မော်ကြွားသော စိတ်ဓာတ်ဟူသော
အယုတ်အလွန် နှစ်ပါးကို တားမြစ်ခြင်း ... (ကိစ္စ) ရသ

၃။ အလယ်အကြား၌တည်သော သဘောရှိသူ၏ အဖြစ်ဟူ၍
တစ်နည်း --- အလယ်အလတ် လျစ်လျူရှုတတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သမ္ပယုတ်တရားများ (တစ်နည်း - ဝတ္ထု+အာရုံ+ဖဿ စသည့် သမ္ပယုတ်တရားများ) တစ်နည်း - ယောနိသောမနသိကာရ ... ပဒဋ္ဌာန်


၈ - ၉။ ကာယပဿဒ္ဓိ - စိတ္တပဿဒ္ဓိ

၁။ ကာယစိတ္တဒရထဝူပသမလက္ခဏာ ကာယစိတ္တပဿဒ္ဓိယော

၂။ ကာယစိတ္တဒရထနိမ္မဒ္ဒနရသာ (ကာယစိတ္တဒရထနိမဒ္ဒနရသာ၊)

၃။ ကာယစိတ္တာနံ အပရိပ္ဖန္ဒနသီတိဘာဝပစ္စုပဋ္ဌာနာ (အပရိပ္ဖန္ဒသီတိဘာဝ ပစ္စုပဋ္ဌာနာ၊)

၄။ ကာယစိတ္တပဒဋ္ဌာနာ

ကာယစိတ္တာနံ အဝူပသမကရဥဒ္ဓစ္စာဒိကိလေသပဋိပက္ခဘူတာတိ
ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ စေတသိက်ပူ စိတ်ပူတို့ကို ငြိမ်းအေးစေခြင်းသဘော ... လက္ခဏ

တစ်နည်း - စေတသိက်ပူ စိတ်ပူတို့၏
ငြိမ်းအေးခြင်းသဘော ... လက္ခဏ

၂။ စေတသိက်ပူ စိတ်ပူတို့ကို နှိမ်နင်း ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ

၃။ စေတသိက် + စိတ်တို့၏ ငြိမ်သက် အေးမြသော
သဘောတရား ... ပစ္စုပဋ္ဌာန်

တစ်နည်း --- စေတသိက် စိတ်တို့၏ မတုန်လှုပ်ကုန်သည်၏အဖြစ်
ငြိမ်းအေးကုန်သည်၏အဖြစ်ဟူသော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ စေတသိက် + စိတ် ... ပဒဋ္ဌာန်

စေတသိက် စိတ်တို့၏ မငြိမ်သက်မှုကို ပြုတတ်ကုန်သော ဥဒ္ဓစ္စစသော ကိလေသာတို့၏ = ကိလေသာအပူမီးတို့၏ ဆန့်ကျင်ဘက်ဖြစ်မှုသဘော တရားဟု မှတ်ပါ။ ကာယပဿဒ္ဓိကာယအရ ဝေဒနာ သညာ သင်္ခါရ ဟူသော စေတသိက် နာမ်ခန္ဓာသုံးပါးကို အရကောက်ယူပါ။ စိတ္တပဿဒ္ဓိ၌ စိတ်အရ ဝိညာဏက္ခန္ဓာကို အရကောက်ယူပါ။(အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)


၁၀ - ၁၁။ ကာယလဟုတာ - စိတ္တလဟုတာ

၁။ ကာယစိတ္တလဟုတာ ကာယစိတ္တဂရုဘာဝဝူပသမလက္ခဏာ

၂။ ကာယစိတ္တဂရုဘာဝနိမ္မဒ္ဒနရသာ

၃။ ကာယစိတ္တာနံ အဒန္ဓတာပစ္စုပဋ္ဌာနာ

၄။ ကာယစိတ္တပဒဋ္ဌာနာ

ကာယစိတ္တာနံ ဂရုဘာဝကရထိနမိဒ္ဓါဒိကိလေသပဋိပက္ခဘူတာတိ
ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ စေတသိက် စိတ်တို့၏ လေးလံမှုကို
ငြိမ်းအေးစေခြင်းသဘော ... လက္ခဏ

တစ်နည်း --- စေတသိက် စိတ်တို့၏ လေးလံမှုတို့၏
ငြိမ်းအေးခြင်းသဘော ... လက္ခဏ

၂။ စေတသိက် စိတ်တို့၏ လေးလံမှုကို နှိမ်နင်း
ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ

၃။ စေတသိက် စိတ်တို့၏ မလေးမလံ မနှေးကန်သည့်
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ စေတသိက် + စိတ် ... ပဒဋ္ဌာန်

စေတသိက်စိတ်တို့၏ လေးလံကုန်သည်၏အဖြစ်ကို ပြုတတ်ကုန်သော ထိနမိဒ္ဓပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏ဟု မှတ်ပါ။

အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိ ကြကုန်သော အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို သိမ်းဆည်းရာ၌လည်းကောင်း, ယင်းခန္ဓာငါးပါး၏ အကြောင်းတရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း, အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာငါးပါး = သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာရှုရာ၌လည်းကောင်း လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန် ၍ သိမ်းဆည်းနိုင်ခြင်း ဝိပဿနာရှုနိုင်ခြင်းသည် ယင်း လဟုတာစေတသိက် တို့၏ စွမ်းအားပင် ဖြစ်ပေသည်။


၁၂ - ၁၃။ ကာယမုဒုတာ - စိတ္တမုဒုတာ

၁။ ကာယစိတ္တမုဒုတာ ကာယစိတ္တထဒ္ဓဘာဝဝူပသမလက္ခဏာ

(ကာယစိတ္တတ္ထမ္ဘဝူပသမလက္ခဏာ။)

၂။ ကာယစိတ္တထဒ္ဓဘာဝနိမ္မဒ္ဒနရသာ

၃။ အပ္ပဋိဃာတပစ္စုပဋ္ဌာနာ

၄။ ကာယစိတ္တပဒဋ္ဌာနာ

ကာယစိတ္တာနံ ထဒ္ဓဘာဝကရဒိဋ္ဌိမာနာဒိကိလေသပဋိပက္ခဘူတာတိ
ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ စေတသိက် စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို ငြိမ်းအေးစေခြင်း
သဘော ... လက္ခဏ

တစ်နည်း --- စေတသိက် စိတ်တို့၏ ခက်ထန်ခိုင်မာမှု၏
ငြိမ်းအေးခြင်းသဘော ... လက္ခဏ

၂။ စေတသိက်စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို နှိမ်နင်း
ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ

၃။ တစ်စုံတစ်ခုသော အာရုံအပေါ်၌ စေတသိက် စိတ်တို့၏
မထိခိုက်သောသဘောတရား, တစ်နည်း --- မထိပါးတတ်သော
သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

တစ်နည်း - သမ္ပယုတ်တရားတို့၏ တစ်စုံတစ်ခုသော အာရုံ၌ မထိ-
ခိုက်ခြင်းဟူသောအကျိုးကို ရှေးရှူဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ စေတသိက် + စိတ် ... ပဒဋ္ဌာန်

စေတသိက် စိတ်တို့၏ ခက်ထန်ခိုင်မာသည်၏အဖြစ်ကို ပြုတတ်ကုန် သော ဒိဋ္ဌိ မာန ပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်သော သဘောတရားများဟု မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

အကြင်တရားတို့သည် မောဟနှင့်ယှဉ်သော အကုသိုလ်တရားတို့ကဲ့သို့ လေးလံမှု မရှိဘဲ မပျက်စီးသော မချို့တဲ့သော လဟုတာ ရှိကုန်၏၊ လဟုတာ နှင့် ပြည့်စုံကုန်၏။ ထိုတရားတို့၏လည်း ကောင်းမှုကုသိုလ်ကို ပြုလုပ်ခြင်း၌ မထိပါး မချုပ်ချယ်ခြင်းသည် မုဒုတာတည်း။ မထိပါး မချုပ်ချယ်ခြင်းကြောင့် မုဒုတာ စသော ရုပ်တို့နှင့် တူကုန်ရကား နာမ်တရားတို့၏လည်း နူးညံ့မှု သဘော ပျော့ပြောင်းမှုသဘော စသည်တို့ကို ဘုရားရှင်သည် ဟောကြား တော်မူပေသည်။ (မူလဋီ၊၁၊၉၇။)


၁၄ - ၁၅။ ကာယကမ္မညတာ - စိတ္တကမ္မညတာ

၁။ ကာယစိတ္တကမ္မညတာ ကာယစိတ္တအကမ္မညဘာဝဝူပသမလက္ခဏာ

၂။ ကာယစိတ္တာနံ အကမ္မညဘာဝနိမ္မဒ္ဒနရသာ

၃။ ကာယစိတ္တာနံ အာရမ္မဏကရဏသမ္ပတ္တိပစ္စုပဋ္ဌာနာ

၄။ ကာယစိတ္တပဒဋ္ဌာနာ

ကာယစိတ္တာနံ အကမ္မညဘာဝကရာဝသေသနီဝရဏပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာတာ ပသာဒနီယဝတ္ထူသု ပသာဒါဝဟာဟိတကိရိယာသု ဝိနိယောဂက္ခမဘာဝါဝဟာ သုဝဏ္ဏဝိသုဒ္ဓိ ဝိယာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ စေတသိက် စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှုကို
ငြိမ်းအေးစေခြင်းသဘော ... လက္ခဏ

တစ်နည်း - စေတသိက် စိတ်တို့၏ ကောင်းသောအမှု၌
မခံ့ညားမှု၏ ငြိမ်းအေးခြင်းသဘော ... လက္ခဏ

၂။ စေတသိက် စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှုကို
နှိမ်နင်းဖျက်ဆီးခြင်း ... (ကိစ္စ) ရသ

၃။ စေတသိက် စိတ်တို့၏ အာရုံပြုခြင်း၏ပြည့်စုံကြောင်း
သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

တစ်နည်း - စေတသိက် စိတ်တို့၏ ပြည့်ပြည့်စုံစုံ အာရုံကိုယူနိုင်ခြင်း
ဟူသော အကျိုးကို ရှေးရှူ ဖြစ်စေတတ်ကုန်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ စေတသိက် + စိတ် ... ပဒဋ္ဌာန်

စေတသိက် စိတ်တို့၏ ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသော ပုညကိရိယ = ကောင်းမှုလုပ်ငန်း၌ မခံ့ညားကုန်သည်၏အဖြစ်ကို ပြုတတ် ကုန်သော ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာတို့မှ ကြွင်းကုန်သော ကာမစ္ဆန္ဒ စသော ကိလေသာတို့နှင့်လည်းကောင်း, ထိုကိလေသာတို့နှင့် တူသော တည် ရာ မှီရာရှိကြကုန်သော ကိလေသာနီဝရဏတို့၏လည်းကောင်း ဆန့်ကျင် ဘက် ဖြစ်ကုန်၏ဟု မှတ်ပါ။ ထို ကမ္မညတာစေတသိက်တို့သည် ရတနာ သုံးပါး စသည့် ကြည်ညိုဖွယ်ဝတ္ထုတို့၌ ကြည်ညိုခြင်းကို ရွက်ဆောင်တတ် ရွက်ဆောင်ပေးတတ်ကုန်၏။ အလွန် သန့်ရှင်းစင်ကြယ်သော လှော်သစ်စ ဦးသစ်စ လှော်ပြီး ဦးပြီးသော ရွှေသည် ပုတီး နားတောင်း စသော တန်ဆာ ပြုလုပ်မှုတို့၌ သုံးစွဲခြင်းငှာ သင့်လျော်လျောက်ပတ် ကောင်းမြတ် ခံ့ညားသ ကဲ့သို့ အလားတူပင် ထိုကမ္မညတာစေတသိက်တို့သည် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာစီးပွားကို ဧကန်ပေးတတ်သော ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသည့် အကျိုးစီးပွားရှိသည့် လုပ်ငန်းရပ်တို့၌ ယှဉ်စပ် သုံးစွဲမှု၌ ခံ့ညားသည်၏ အဖြစ်ကို ရွက်ဆောင်တတ်ကုန်၏၊ ရွက်ဆောင် ပေးတတ်ကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)


၁၆ - ၁၇။ ကာယပါဂုညတာ - စိတ္တပါဂုညတာ

၁။ ကာယစိတ္တပါဂုညတာ ကာယစိတ္တာနံ အဂေလညဘာဝလက္ခဏာ

၂။ ကာယစိတ္တဂေလညနိမ္မဒ္ဒနရသာ

၃။ နိရာဒီနဝပစ္စုပဋ္ဌာနာ

၄။ ကာယစိတ္တပဒဋ္ဌာနာ

ကာယစိတ္တဂေလညကရအဿဒ္ဓိယာဒိကိလေသပဋိပက္ခဘူတာတိ
ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၉၆။)

၁။ စေတသိက် စိတ်တို့၏ မနာဖျားခြင်းသဘော
= မနာကျင်ခြင်းသဘော ... လက္ခဏ

၂။ စေတသိက် စိတ်တို့၏ နာဖျားခြင်း = နာကျင်ခြင်းကို
နှိမ်နင်းဖျက်ဆီးခြင်း ... (ကိစ္စ) ရသ

၃။ စေတသိက် စိတ်တို့၏ အပြစ်အနာကင်းသော = အပြစ်အနာ
မရှိသောသဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

တစ်နည်း - စေတသိက် စိတ်တို့၏ အပြစ်အနာကင်းသည်၏
အဖြစ် = အပြစ်မရှိသည်၏အဖြစ်ဟူသော အကျိုးကို
ရှေးရှူဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ စေတသိက် + စိတ် ... ပဒဋ္ဌာန်

စေတသိက်စိတ်တို့၏ နာဖျားခြင်း မကျန်းမာခြင်း နာကျင်ခြင်းကို ပြုတတ်ကုန်သော ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အပေါ်၌ မယုံကြည်နိုင်ကုန်သော = အဿဒ္ဓိယ ပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက်သဘောတရားများ ဖြစ်ကြကုန်၏ဟု မှတ်ပါ။

ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့အပေါ်၌ မယုံကြည် နိုင်မှုကို အဿဒ္ဓိယတရားဟု ခေါ်၏။ ယင်း အဿဒ္ဓိယတရားကို အခြေ တည်၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်တရားစုတို့ကား စေတသိက် စိတ်တို့၏ အနာအဆာများ ဖြစ်ကြ၏။ ယင်း အကုသိုလ် အနာအဆာတရား တို့ စွဲကပ်နေသော စိတ်ကို နာဖျားနေသောစိတ် နာကျင်နေသောစိတ် မကျန်းမာနေသောစိတ်ဟု ခေါ်ဆိုရ၏၊ ကိလေသာ အနာရောဂါပိုးများ အထိုး အဆွ ခံနေရသောကြောင့် ဖြစ်၏။ ယင်း ကိလေသာ အနာရောဂါပိုးများ အထိုးအဆွ ခံနေရသော စိတ်ဓာတ်သည် ဒါန သီလ သမထ ဝိပဿနာ ဘာဝနာစသည့် ပုညကိရိယာ = ကောင်းမှုလုပ်ငန်းရပ်တို့၌ ယုံကြည်မှု မရှိ သဖြင့် စိတ်ဝင်စားမှုလည်း မရှိပေ။ ယင်းကောင်းမှုကုသိုလ်တို့ကိုလည်း မပြု ပေ။ ယင်းသို့ ပြုလေ့ မရှိသဖြင့်လည်း ယင်း အဿဒ္ဓိယရှိနေသူ၏ စေတသိက် စိတ်တို့သည် ယင်း ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသည့် ကောင်းမှုကုသိုလ်အာရုံတို့အပေါ်၌ အဝါးဝစွာ ပွန်းတီးခြင်း လေ့လာနိုင် နင်းခြင်း ကျွမ်းကျင်ခြင်း မညောင်နာခြင်း စသော သဘောတရားများလည်း မဖြစ်နိုင်၊ ပါဂုညတာစေတသိက်တို့ မဖြစ်နိုင်။ ဤ ပါဂုညတာစေတသိက် တို့ကား ယင်းအဿဒ္ဓိယပြဓာန်းသော အကုသိုလ်တရားစုနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်ကြ၏။ ယင်း အဿဒ္ဓိယ ပြဓာန်းသော အကုသိုလ်တရား စုတို့ကို နှိမ်နင်းဖျက်ဆီးနိုင်ကြပေသည်။


၁၈ - ၁၉။ ကာယုဇုကတာ - စိတ္တုဇုကတာ

၁။ ကာယစိတ္တုဇုကတာ ကာယစိတ္တအဇ္ဇဝလက္ခဏာ

၂။ ကာယစိတ္တကုဋိလဘာဝနိမ္မဒ္ဒနရသာ

၃။ အဇိမှတာပစ္စုပဋ္ဌာနာ

၄။ ကာယစိတ္တပဒဋ္ဌာနာ

ကာယစိတ္တာနံ ကုဋိလဘာဝကရမာယာသာဌေယျာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၉၆။)

၁။ စေတသိက် စိတ်တို့၏ ဖြောင့်မတ်ခြင်းသဘော ... လက္ခဏ

၂။ စေတသိက် စိတ်တို့၏ ကောက်ကျစ်မှုတို့ကို နှိမ်နင်း
ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ

၃။ စေတသိက် စိတ်တို့၏ မကောက်ကျစ်သည့်
သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

တစ်နည်း --- စေတသိက် စိတ်တို့၏ (သမ္ပယုတ်တရားတို့၏)
အချင်းခပ်သိမ်း မကောက်ကျစ်သည်၏ အဖြစ်ဟူသော
အကျိုးကို ရှေးရှူဖြစ်စေတတ်ကုန်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ စေတသိက် + စိတ် ... ပဒဋ္ဌာန်

စေတသိက် စိတ်တို့၏ ကောက်ကျစ်ကုန်သည်၏ အဖြစ်ကို ပြုတတ် ကုန်သော မာယာ သာဌေယျ ပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်သော သဘောတရားတို့ဟူ၍ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၉၆။)

မာယာသည် မိမိပြုပြီးသော မိမိ၌ ထင်ရှားရှိသောအပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာ ရှိ၏။ သာဌေယျသည် မိမိ၌ ထင်ရှားမရှိသော ဂုဏ် ကျေးဇူးကို ထုတ်ဖော်ချီးမွမ်းခြင်း သဘောလက္ခဏာ ရှိ၏ဟု အဋ္ဌကထာ၌ ဆိုအပ်ကုန်သော မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်း ကွယ်ကာ၍ အပြစ်မရှိလေဟန်ဖြင့် လိမ်လည်လှည့်ပတ်ခြင်း, မိမိမှာ မရှိသော ဂုဏ်ကို ရှိလေယောင် ဟိတ်ဟန်ဆောင်လျက် စဉ်းလဲကောက်ကျစ်ခြင်းဟူသော အခြင်းအရာအားဖြင့် ဖြစ်ကုန်သော အကုသိုလ်ခန္ဓာတို့သည်လည်းကောင်း, ထို မာယာ သာဌေယျ၌ တည်၍ ထပ်ဆင့် ဖြစ်ပွားလာကြကုန်သော ကိလေသာတရားစုတို့သည်လည်းကောင်း မာယာ သာဌေယျ စသည် မည်ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၄၇၅။ မဟာဋီ၊၂၊၁၄၆။)

တရားကိုယ်အားဖြင့် ရံခါ လောဘ ပြဓာန်းသော, ရံခါ မာန ပြဓာန်း သော အကုသိုလ်ခန္ဓာများသာ အဖြစ်များဖွယ်ရာ ရှိသည်။

ဧတ္ထ စ စိတ္တပဿဒ္ဓိအာဒီဟိ စိတ္တမေဝ ပဿဒ္ဓံ, လဟု, မုဒု, ကမ္မညံ, ပဂုဏံ, ဥဇု စ ဟောတိ။ ကာယပဿဒ္ဓိအာဒီဟိ ပန ရူပကာယောပိ။ တေနေဝေတ္ထ ဘဂဝတာ ဓမ္မာနံ ဒုဝိဓတာ ဝုတ္တာ၊ န သဗ္ဗတ္ထ။ (မဟာဋီ၊၂၊၁၄၆၊၊)

စိတ္တပဿဒ္ဓိဖြင့် စိတ်၏ ငြိမ်းအေးမှု, စိတ္တလဟုတာဖြင့် စိတ်၏ ပေါ့ပါးမှု, စိတ္တမုဒုတာဖြင့် စိတ်၏ နူးညံ့မှု, စိတ္တကမ္မညတာဖြင့် စိတ်၏ ကောင်းသော အမှု၌ ခံ့ညားမှု, စိတ္တပါဂုညတာဖြင့် စိတ်၏ ကောင်းသောအမှု၌ ပွန်းတီးမှု လေ့လာနိုင်နင်းမှု ကျွမ်းကျင်မှု, စိတ္တုဇုကတာဖြင့် စိတ်၏ ဖြောင့်မတ်မှုသာ အသီးအသီး ဖြစ်နိုင်၏။ ကာယပဿဒ္ဓိ စသည်တို့ဖြင့်ကား ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာဟူသော နာမကာယသည်လည်းကောင်း, ရူပကာယသည်လည်းကောင်း ငြိမ်းအေးမှု, ပေါ့ပါးမှု, နူးညံ့မှု, ကောင်းသော အမှု၌ ခံ့ညားမှု, ကောင်းသောအမှု၌ လေ့လာ ပွန်းတီးမှု ကျွမ်းကျင်မှု, ဖြောင့်မတ်မှုများ ဖြစ်ကြ၏။ ထိုကြောင့် ကာယပဿဒ္ဓိ စသည်တို့၌သာလျှင် ဘုရားမြတ်စွာသည် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ စသည်ဖြင့် နှစ်မျိုးစီ ခွဲ၍ ဟောကြားတော်မူသည်။ သမာဓိ စသော အလုံးစုံသော တရားတို့၌ နှစ်မျိုးစီ ခွဲ၍ မဟောအပ်ပေ။ (မဟာဋီ၊၂၊၁၄၆၊၊)

ယင်းကာယပဿဒ္ဓိ စသော ယုဂဠစေတသိက်တို့နှင့် ယှဉ်တွဲလျက်ရှိ သော မွန်မြတ်သော ပဏီတစိတ်တို့ကြောင့် ဖြစ်ကုန်သော မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားမှုကို အထူးရည်ညွှန်းထား ပေသည်။


၂၀ - ၂၁ - ၂၂။ ဝိရတိစေတသိက် သုံးပါး

၁။ တိဿောပိ ဝိရတိယော ကာယဒုစ္စရိတာဒိဝတ္ထူနံ အဝီတိက္ကမလက္ခဏာအမဒ္ဒနလက္ခဏာတိ ဝုတ္တံ ဟောတိ

၂။ ကာယဒုစ္စရိတာဒိဝတ္ထုတော သင်္ကောစနရသာ

၃။ အကိရိယပစ္စုပဋ္ဌာနာ

၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ

ပါပကိရိယတော စိတ္တဿ ဝိမုခီဘာဝဘူတာတိ (ဝိမုခဘာဝဘူတာတိ) ဒဋ္ဌဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၇။)

[မှတ်ချက် --- အဋ္ဌကထာများ၌ အထက်ပါအတိုင်း ဝိရတိစေတသိက် သုံးပါးလုံးကို တပေါင်းတစည်းတည်း ပြု၍ လက္ခဏ ရသ စသည်တို့ကို ဖွင့်ဆိုထားပေသည်၊ ဉာဏ်ရင့်သူတို့ကား သဘောပေါက်၍ ရှုကွက်ကိုလည်း နားလည်နိုင်၍ ရှုတတ်ကြမည် ဖြစ်သည်။ ဉာဏ်နုသူတို့ကား ရှုကွက်ကို သဘောပေါက်ချင်မှ ပေါက်ပေမည်။ သို့အတွက် ယင်း စေတသိက်တို့ကို တစ်လုံးစီခွဲ၍ ထပ်မံ၍ ရေးသားတင်ပြထားပါသည်။ စိတ္တက္ခဏ တစ်ချက် အတွင်း၌ တစ်နည်း - ဇောဝီထိစိတ်အစဉ် တစ်ခုအတွင်း၌ ယင်း ဝိရတိ စေတသိက်တို့သည် လောကီအခိုက်၌ တစ်လုံးစီသာ ဖြစ်နိုင်၍ ယင်း စေတသိက်တို့ကို သိမ်းဆည်းရှုပွားသောအခါ၌လည်း တစ်လုံးစီသာ ခွဲ၍ ရှုရမည် ဖြစ်သောကြောင့်တည်း။]


၂၀။ သမ္မာဝါစာ

၁။ သမ္မာဝါစာ ဝစီဒုစ္စရိတဝတ္ထူနံ အဝီတိက္ကမလက္ခဏာ

၂။ ဝစီဒုစ္စရိတဝတ္ထုတော သင်္ကောစနရသာ

၃။ အကိရိယပစ္စုပဋ္ဌာနာ

၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ

၁။ ဝစီဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို မလွန်ကျူးခြင်းသဘော
(မကျော်နင်းခြင်းသဘော ဟူလိုသည်။) ... လက္ခဏ

၂။ ဝစီဒုစရိုက်၏ တည်ရာဝတ္ထုမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ

၃။ ဝစီဒုစရိုက်ကို မပြုမကျင့်သော သဘောတရား = (ဝစီဒုစရိုက်
ကို မပြုမကျင့် ရှောင်ကြဉ်သော သဘောတရား) ... ပစ္စုပဋ္ဌာန်

၄။ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, အလိုနည်းခြင်း = အပ္ပိစ္ဆတာ
စသော ဂုဏ် ... ပဒဋ္ဌာန်

[မှတ်ချက် --- ဝစီဒုစရိုက် လေးမျိုး ရှိနေသဖြင့် တစ်ခုခုကို အာရုံယူ၍ ရှုရန် ဖြစ်သည်။ သို့မဟုတ် ဝစီဒုစရိုက် တစ်ခုစီကို အာရုံယူ၍ ရှုပါ။ မုသား စကား ပြောဆိုခြင်း ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှုကို ပုံစံထုတ်၍ ထပ်မံ တင်ပြ အပ်ပါသည်။]

၁။ သမ္မာဝါစာ မုသာဝါဒဿ အဝီတိက္ကမလက္ခဏာ

၂။ မုသာဝါဒါ သင်္ကောစနရသာ

၃။ အကိရိယပစ္စုပဋ္ဌာနာ

၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ

၁။ မုသားစကား ပြောဆိုခြင်းကို မလွန်ကျူးခြင်း ... လက္ခဏ

၂။ မုသားစကား ပြောဆိုခြင်းမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ

၃။ မုသားစကား ပြောဆိုခြင်းကို မပြုကျင့်သော
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ
စသော ဂုဏ် ... ပဒဋ္ဌာန်

[ပိသုဏဝါစာ = ကုန်းတိုက်စကား, ဖရုသဝါစာ = ကြမ်းတမ်းသော စကား, သမ္ဖပ္ပလာပါ = ပြိန်ဖျင်းသောစကားတို့ကို ပြောကြားခြင်းမှ ရှောင် ကြဉ်ခြင်းတို့၌လည်း နည်းမှီး၍ ရှုပါ။]


၂၁။ သမ္မာကမ္မန္တ

၁။ သမ္မာကမ္မန္တော ကာယဒုစ္စရိတဝတ္ထူနံ အဝီတိက္ကမလက္ခဏော

၂။ ကာယဒုစ္စရိတဝတ္ထုတော သင်္ကောစနရသော

၃။ အကိရိယပစ္စုပဋ္ဌာနော

၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော.

၁။ ကာယဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို
မလွန်ကျူးခြင်းသဘော ... လက္ခဏ

၂။ ကာယဒုစရိုက်မှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ

၃။ ကာယဒုစရိုက်ကို မပြုကျင့်သောသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ
စသောဂုဏ် ... ပဒဋ္ဌာန်


ပါဏာတိပါတ ကာယဒုစရိုက်မှ ရှောင်ကြဉ်မှု ပုံစံ

၁။ သမ္မာကမ္မန္တော ပါဏာတိပါတဿ အဝီတိက္ကမလက္ခဏော

၂။ ပါဏာတိပါတာ သင်္ကောစနရသော

၃။ အကိရိယပစ္စုပဋ္ဌာနော

၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော

၁။ ပါဏာတိပါတကို မလွန်ကျူးခြင်းသဘော ... လက္ခဏ

၂။ ပါဏာတိပါတမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ

၃။ ပါဏာတိပါတကို မပြုကျင့်သောသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ
စသော ဂုဏ် ... ပဒဋ္ဌာန်

[အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ ဒုစရိုက်တို့မှ ရှောင်ကြဉ်မှုတို့၌လည်း နည်းမှီး၍ ရှုပါ။]


၂၂။ သမ္မာအာဇီဝ

၁။ သမ္မာအာဇီဝေါ မိစ္ဆာဇီဝဿ အဝီတိက္ကမလက္ခဏော

၂။ မိစ္ဆာဇီဝတော သင်္ကောစနရသော

၃။ အကိရိယပစ္စုပဋ္ဌာနော

၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော.

၁။ မိစ္ဆာဇီဝကို မလွန်ကျူးခြင်းသဘော ... လက္ခဏ

၂။ မိစ္ဆာဇီဝမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ

၃။ မိစ္ဆာဇီဝကို မပြုကျင့်သော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ
စသော ဂုဏ် ... ပဒဋ္ဌာန်

[မှတ်ချက် --- ဤမိစ္ဆာဇီဝပိုင်း၌လည်း ပုံစံအမျိုးမျိုးပင်ရှိ၏။ ရဟန်း တော်များနှင့်သက်ဆိုင်သော မိစ္ဆာဇီဝ, လူပိုင်းနှင့်သက်ဆိုင်သော မိစ္ဆာဇီဝဟု များစွာရှိ၏။ မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ဖူးသော မိစ္ဆာဇီဝ တစ်ခုခုကို အာရုံယူ၍သာ ရှုပါ။ ဥပမာ --- မိမိအတွက် ကြက်ကိုသတ်၍ ချက်ကျွေးရာ၌ သိသဖြင့် မစားဘဲ ရှောင်ကြဉ်လိုက်၏။ ယင်းရှောင်ကြဉ်မှုမျိုးကို အာရုံယူ၍ ရှုပါ။]

၁။ ဥဒ္ဒိဿကတဿ မံသဿ ပရိဘုဉ္ဇနဿ အဝီတိက္ကမလက္ခဏော သမ္မာအာဇီဝေါ

၂။ ဥဒ္ဒိဿကတဿ မံသဿ ပရိဘုဉ္ဇနတော သင်္ကောစနရသော

၃။ အကိရိယပစ္စုပဋ္ဌာနော

၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော.

၁။ ရည်ညွှန်းသားကို သုံးဆောင်ခြင်းကို မလွန်ကျူးခြင်း
သဘော ... လက္ခဏ

၂။ ရည်ညွှန်းသားကို သုံးဆောင်ခြင်းမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ

၃။ ရည်ညွှန်းသားကို သုံးစွဲခြင်းကို မပြုကျင့်သော
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ
စသောဂုဏ် ... ပဒဋ္ဌာန်

ဝိရတိသုံးပါးတို့ကို မကောင်းမှုကိုပြုခြင်းမှ စိတ်၏ မျက်နှာလွှဲတတ် သည်၏ အဖြစ်ဖြင့် ဖြစ်တတ်ကုန်သော သဘောတရားတို့ဟူ၍ မှတ်ပါ။


ဗြဟ္မဝိဟာရ စေတသိက်များ

မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟု ဗြဟ္မဝိဟာရ စေတသိက် (၄)မျိုး ရှိ၏၊ ဗြဟ္မစိုရ်တရား လေးပါးဟူ၍လည်း ခေါ်၏၊ အပ္ပမညာတရား လေးပါး ဟူ၍လည်း ခေါ်၏။ ယင်းလေးမျိုးတို့တွင် မေတ္တာ၏ တရားကိုယ်မှာ အဒေါသစေတသိက်ပင် ဖြစ်သည်။ သို့သော် အဒေါသတိုင်းကား မေတ္တာ မဟုတ်ပေ။ အဒေါသတိုင်းကား မေတ္တာ မဟုတ်သဖြင့် မေတ္တာအဆင့်သို့ ရောက်နေသော, အထူးသဖြင့် မေတ္တာစျာန် အဆင့်သို့ ရောက်နေသော အဒေါသလက္ခဏ ရသ စသည်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။

မေတ္တာ (= အဒေါသ)

၁။ ဟိတာကာရပ္ပဝတ္တိလက္ခဏာ မေတ္တာ

၂။ ဟိတူပသံဟာရရသာ

၃။ အာဃာတဝိနယပစ္စုပဋ္ဌာနာ

၄။ သတ္တာနံ မနာပဘာဝဒဿနပဒဋ္ဌာနာ

ဗျာပါဒူပသမော ဧတိဿာ သမ္ပတ္တိသိနေဟသမ္ဘဝေါ ဝိပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

၁။ သတ္တဝါတို့၏ အကျိုးစီးပွားကိုကျင့်သော (လိုလားသော)
အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ

၂။ သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်း ... (ကိစ္စ) ရသ

တစ်နည်း --- အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်းဟူသော
ဂုဏ် ရှိ၏။ ... (သမ္ပတ္တိ) ရသ

၃။ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်တတ်သော
သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

တစ်နည်း --- ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ခြင်းဟူသော
အကျိုးကို ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ သတ္တဝါတို့၏ မြတ်နိုးဖွယ် မနာပ အဖြစ်ကို ရှုသော
ယောနိသောမနသိကာရ ... ပဒဋ္ဌာန်

သတ္တဝါတို့ကို ဖျက်ဆီးလိုသော ပျက်စီးစေလိုသော ဗျာပါဒ = ဒေါသဝိက္ခမ္ဘနပဟာန်အားဖြင့် ငြိမ်းအေးခြင်းသည် ဤမေတ္တာ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း၊ ချစ်ခြင်းတဏှာ၏ ဖြစ်ပေါ်လာခြင်းသည် ပျက်စီးခြင်း ဝိပတ္တိ တည်း၊၊ (အဘိ၊ဋ္ဌ၊၁၊၂၃၇။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

မေတ္တာမုခေန ဟိ ရာဂေါ ဝေဉ္ဇတိ = မေတ္တာကို ေ့ရှထား၍ ရာဂသည် လှည့်ပတ်တတ်၏၊ ရာဂက မေတ္တာ အယောင်ဆောင်၍ လှည့်ပတ်တတ်၏။ မေတ္တာပွားရင်း ရာဂဖြစ်လာခဲ့သော် မေတ္တာဘာဝနာ ပျက်စီးတော့၏ ဟူလို သည်။


၂၃။ ကရုဏာ

၁။ ဒုက္ခာပနယနာကာရပ္ပဝတ္တိလက္ခဏာ ကရုဏာ

၂။ ပရဒုက္ခာသဟနရသာ

၃။ အဝိဟိံသာပစ္စုပဋ္ဌာနာ

၄။ ဒုက္ခာဘိဘူတာနံ အနာထဘာဝဒဿနပဒဋ္ဌာနာ

ဝိဟိံသူပသမော တဿာ သမ္ပတ္တိသောကသမ္ဘဝေါ ဝိပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၇-၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

၁။ သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုခြင်းဟူသော
အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ပယ်ရှားလိုသည်၏ အဖြစ်ဖြင့် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို
သည်းမခံနိုင်ခြင်း ... (ကိစ္စ) ရသ

၃။ သတ္တဝါတို့အား ညှဉ်းပန်းနှိပ်စက်ခြင်း ဝိဟိံသာ၏ဆန့်ကျင်ဘက်
ဖြစ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

တစ်နည်း --- သတ္တဝါတို့ကို မညှဉ်းဆဲခြင်းကို ရှေးရှူ
ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ ဆင်းရဲဒုက္ခဖြင့် အနှိပ်စက်ခံရကုန်သော သတ္တဝါတို့၏ ခိုကိုးရာမဲ့ကို
ရှုမြင်တတ်သော ယောနိသောမနသိကာရ ... ပဒဋ္ဌာန်

သတ္တဝါတို့အပေါ်၌ ညှဉ်းပန်းနှိပ်စက်တတ်သော ဒေါသဝိက္ခမ္ဘန ပဟာန်အားဖြင့် = ကရုဏာစျာန်သမာပတ်ဖြင့် ခပ်ကြာကြာ ခွာထားနိုင်သော အားဖြင့် ငြိမ်းအေးခြင်းသည် ထိုကရုဏာ၏ ပြည့်စုံခြင်း သမ္ပတ္တိ မည်၏။ ကောင်းစွာ ကိစ္စပြီးစီးခြင်း မည်၏။ သတ္တဝါတို့၏ ဆင်းရဲဒုက္ခဖြင့် အလွှမ်းမိုး အဖိစီး ခံရခြင်းကြောင့် (ယင်းဒုက္ခကို မြင်သိရသဖြင့်) သောက၏ ဖြစ်ခြင်း သည် ကရုဏာ၏ ပျက်စီးခြင်း ဝိပတ္တိ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၂၃၇-၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁။)

ကရုဏာမုခေန သောကော ဝေဉ္ဇတိ = ကရုဏာကို ေ့ရှထားလျက် သောကသည် လှည့်စားတတ်၏၊ သောကသည် ကရုဏာယောင်ဆောင်၍ လှည့်စားတတ်၏။ ကရုဏာလိုလိုနှင့် သောကဖြစ်နေတတ်သည် ဟူလိုသည်။

၂၄။ မုဒိတာ

၁။ ပမောဒနလက္ခဏာ မုဒိတာ

၂။ အနိဿာယနရသာ

၃။ အရတိဝိဃာတပစ္စုပဋ္ဌာနာ

၄။ သတ္တာနံ သမ္ပတ္တိဒဿနပဒဋ္ဌာနာ

အရတိဝူပသမော တဿာ သမ္ပတ္တိ၊ ပဟာသသမ္ဘဝေါ ဝိပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။ ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ သုခိတသတ္တဝါတို့အပေါ်၌ ကြည်ရွှင်
ဝမ်းမြောက်ခြင်းသဘော ... လက္ခဏ

သုခိတသတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို
ကြည်ရွှင်ဝမ်းမြောက်ခြင်းသဘော ... လက္ခဏ

၂။ သူတစ်ပါး၏ စည်းစိမ်ကို မငြူစူခြင်း ... (ကိစ္စ) ရသ

တစ်နည်း --- ငြူစူခြင်း ဣဿာ၏ ဆန့်ကျင်ဘက် ဖြစ်၍
ထိုဣဿာကို ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ

၃။ သူတစ်ပါးတို့၏ ဥစ္စာစည်းစိမ်ဂုဏ်သိရ်တို့၌ မမွေ့လျော်
မနှစ်သက်ခြင်း အရတိကို ပယ်ဖျောက်သော အခြင်းအရာ
အားဖြင့် ဖြစ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

တစ်နည်း --- အရတိကို ပျောက်ငြိမ်းခြင်း အကျိုးကို
ရှေးရှူ ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ သတ္တဝါတို့၏ စည်းစိမ် ကုံလုံပြည့်စုံသည်ကို အသင့်ရှုမြင်နိုင်သော
ယောနိသောမနသိကာရ ... ပဒဋ္ဌာန်

အရတိမုဒိတာစျာန်၏ စွမ်းအားကြောင့် ခပ်ကြာကြာ ခွာထားနိုင် သော ဝိက္ခမ္ဘနပဟာန်အားဖြင့် ပျောက်ငြိမ်းခြင်းသည် ထိုမုဒိတာ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း၊ ကောင်းစွာ ကိစ္စပြီးစီးခြင်းတည်း။ ဂေဟသိတပီတိ = ကာမ ဂုဏ်အိမ်ကို မှီ၍ ဖြစ်သော ပီတိ၏ အစွမ်းဖြင့် ပျော်ရွှင်ခြင်း၏ ဖြစ်ခြင်းသည် ပျက်စီးခြင်း ဝိပတ္တိတည်း။ (အဘိ၊ဋ္ဌ၊၁၊၃၅၉။ ဝိသုဒ္ဓိ၊၂၊၇၇။)

ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့နှင့် ကုံလုံပြည့်စုံသော သတ္တဝါတို့ကိုလည်း ကောင်း, ထိုသတ္တဝါတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကိုလည်းကောင်း တွေ့မြင် သောအခါ ယောနိသောမနသိကာရ မဖြစ်ဘဲ တစ်ခါတစ်ရံ အယောနိသော မနသိကာရ ဖြစ်တတ်၍ ထိုသတ္တဝါနှင့် ယင်း၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့ အပေါ်၌ တပ်မက်မှု တဏှာလောဘ အရင်းခံလျက် ကြည်ရွှင် ဝမ်းမြောက်မှု ပီတိလည်း ဖြစ်တတ်၏။ ယင်းပီတိကား တဏှာလောဘ စသည့် ကိလေသာ တို့၏ စံအိမ်ဖြစ်သော ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်ပေါ်လာသော ဂေဟသိတ ပီတိတည်း။ ယင်းဂေဟသိတပီတိ၏ အစွမ်းဖြင့် ရွှင်လန်းဝမ်းမြောက်မှု စိတ် တက်ကြွမှုသည် ပဟာသ မည်၏။ တရားကိုယ်အားဖြင့် လောဘ ပြဓာန်း သော လောဘမူ သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်များတည်း။ ယင်း ပဟာသ ဖြစ်ပေါ်ခဲ့သော် မုဒိတာသည် ပျက်စီးလေပြီ။ ပဟာသကား မုဒိတာ အတု တည်း၊ မုဒိတာယောင်ဆောင်၍ လှည့်ပတ်တတ်၏ ဟူလိုသည်။ (မဟာဋီ၊၁၊၃၈၀-ကြည့်ပါ။)


ဥပေက္ခာဗြဟ္မဝိဟာရ (= တတြမဇ္ဈတ္တတာ)

၁။ သတ္တေသု မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ ဥပေက္ခာ

၂။ သတ္တေသု သမဘာဝဒဿနရသာ

၃။ ပဋိဃာနုနယဝူပသမပစ္စုပဋ္ဌာနာ

၄။ ကမ္မဿကာ သတ္တာ၊ တေ ကဿ ရုစိယာ သုခိတာ ဝါ ဘဝိဿန္တိ၊ ဒုက္ခတော ဝါ မုစ္စိဿန္တိ၊ ပတ္တသမ္ပတ္တိတော ဝါ န ပရိဟာယိဿန္တီတိ ဧဝံ ပဝတ္တကမ္မဿကတာဒဿနပဒဋ္ဌာနာ

ပဋိဃာနုနယဝူပသမော တဿာ သမ္ပတ္တိဂေဟဿိတာယ အညာဏုပေက္ခာယ သမ္ဘဝေါ ဝိပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁-၃၁၂။)

၁။ သတ္တဝါတို့အပေါ်၌ လျစ်လျူရှုခြင်းဟူသော
အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ

၂။ သတ္တဝါတို့အပေါ်၌ မုန်းခြင်း ချစ်ခြင်းသို့မကျ ညီမျှသည်၏
အဖြစ်ကိုသာ ရှုခြင်း ... (ကိစ္စ) ရသ

၃။ သတ္တဝါတို့အပေါ်၌ မုန်းခြင်း ချစ်ခြင်း၏ ငြိမ်းအေးခြင်း
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သတ္တဝါတို့သည် မိမိတို့ပြုသောကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ထိုသတ္တဝါတို့သည် အဘယ်သူ၏ အလိုဆန္ဒအတိုင်း ---

(က) သုခရှိသူတို့သော်လည်း ဖြစ်ကုန်လတ္တံ့နည်း၊

(မေတ္တာပို့တိုင်း မချမ်းသာနိုင် ဟူလို။)

( ခ ) ဒုက္ခမှလည်း လွတ်နိုင်ကုန်လတ္တံ့နည်း၊

(ကရုဏာပွားသူ၏ အလိုအတိုင်း ဆင်းရဲမှ မလွတ်နိုင် ဟူလို။)

( ဂ ) လက်ရှိစည်းစိမ်မှမူလည်း မဆုတ်ယုတ်ဘဲ ရှိကုန်လတ္တံ့နည်း၊

(မုဒိတာပွားသူ၏ အလိုအတိုင်းလည်း လက်ရှိ စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ဘဲ မရှိနိုင် ဟူလို။)

ဤသို့သော အခြင်းအရာအားဖြင့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို
ရှုမြင်တတ်သော ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် ... ပဒဋ္ဌာန်

မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းအေးခြင်းသည် = မုန်းတတ်သော ဒေါသ, ချစ်တတ်သော လောဘ၏ ငြိမ်းအေးခြင်းသည် ထိုဥပေက္ခာဗြဟ္မဝိဟာရ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း။ ကာမဂုဏ်အိမ်၌ မှီသော ဂေဟဿိတ အညာဏုပေက္ခာ၏ ဖြစ်ခြင်းသည် ပျက်စီးခြင်း ဝိပတ္တိတည်း။ (အဘိ၊ဋ္ဌ၊၁၊၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁-၃၁၂။)

လောဘမူ ဥပေက္ခာသဟဂုတ်စိတ် လေးခု၊ မောဟမူ ဒွေ၌ ယှဉ်သော မောဟသည်လည်းကောင်း, ဥပေက္ခာဝေဒနာသည်လည်းကောင်း အညာဏု ပေက္ခာ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၄၈၉-၄၉၀။ မူလဋီ၊၁၊၁၀၇၊၊ အနုဋီ၊၁၊၁၁၅၊၊)


၂၅။ အမောဟ = ပညိန္ဒြေ = ပညာ

၁။ (က) အမောဟော ယထာသဘာဝပဋိဝေဓလက္ခဏော

( ခ ) အက္ခလိတပဋိဝေဓလက္ခဏော ဝါ ကုသလိဿာသခိတ္တဥသု-

ပဋိဝေဓော ဝိယ

၂။ ဝိသယောဘာသနရသော ပဒီပေါ ဝိယ

၃။ အသမ္မောဟပစ္စုပဋ္ဌာနော အရညဂတသုဒေသကော ဝိယ။ (ဝိသုဒ္ဓိ၊၂၊၉၅။)

၁။ (က) ပရမတ္ထဓမ္မတို့၏ ဟုတ်မှတ်တိုင်းသော သဘာဝလက္ခဏာ,
သာမညလက္ခဏာကို ထိုးထွင်းသိခြင်းသဘော ... လက္ခဏ

( ခ ) တစ်နည်း - ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်
အပ်သောမြား၏ စူးဝင်ခြင်းကဲ့သို့ ပရမတ္ထဓမ္မအာရုံကို
မချွတ်ချော်မူ၍ ထွင်းဖောက်သိမြင်ခြင်းသဘော ... လက္ခဏ

၂။ ဆီမီးကဲ့သို့ အာရုံကို ထွန်းပြခြင်း လင်းစေခြင်း ... (ကိစ္စ) ရသ

= (အာရုံကို ဖုံးလွှမ်းတတ်သော မောဟအမိုက်တိုက်ကို ပယ်ဖျောက် ခြင်း ဟူလိုသည်။)

၃။ တစ်စုံတစ်ခုသော အာရုံ၌လည်း မတွေဝေသော အခြင်းအရာ
အားဖြင့် ဖြစ်ခြင်းသဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

တစ်နည်း --- အာရုံ၌ တွေဝေခြင်း သမ္မောဟ၏ ဆန့်ကျင်ဘက်၏
အဖြစ်ကြောင့် တွေဝေခြင်း ကင်းသည်၏ အဖြစ်တည်းဟူသော
အကျိုးကို ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

တောလမ်းခရီး၌ ကျွမ်းကျင်သော လမ်းပြကဲ့သို့ မှတ်ပါ။

၁။ ဓမ္မသဘာဝပဋိဝေဓလက္ခဏာ ပညာ

၂။ ဓမ္မာနံ သဘာဝပဋိစ္ဆာဒကမောဟန္ဓကာရဝိဒ္ဓံသနရသာ

၃။ အသမ္မောဟပစ္စုပဋ္ဌာနာ

၄။ သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတီတိ ဝစနတော ပန သမာဓိ တဿာ ပဒဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၆၈။)

၁။ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာဟူသော
သဘောမှန်ကို ထိုးထွင်းသိခြင်းသဘော ... လက္ခဏ

၂။ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာကို
ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို
ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ

၃။ ပရမတ္ထဓမ္မသဘာဝတို့၌ မတွေဝေသော အခြင်းအရာအားဖြင့်
ဖြစ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်

၄။ တည်ကြည်သော သမာဓိရှိသောသူသည် မဖောက်မပြန်
ဟုတ်တိုင်းမှန်စွာ သိမြင်၏ဟု ဘုရားရှင်သည် ဟောကြား
ထားတော်မူသောကြောင့် သမာဓိသည် ထိုပညာ၏ ... ပဒဋ္ဌာန်

(ဤပဒဋ္ဌာန်ကား ဝိပဿနာဉာဏ်အတွက် အထူးရည်ညွှန်းထားသည် ဟု မှတ်ပါ။ မဟာဋီ၊၂၊၇၆။)


အသမ္မောဟပစ္စုပဋ္ဌာန်

အသမ္မောဟပစ္စုပဋ္ဌာန --- ဥပ္ပဇ္ဇမာနော ဧဝ ဟိ ပညာလောကော ဟဒယန္ဓကာရံ ဝိဓမေန္တော ဧဝံ ဥပ္ပဇ္ဇတိ၊ တတော ဧဝ ဓမ္မသဘာဝေသု အသမ္မုယှနာကာရေန ပစ္စုပတိဋ္ဌတီတိ အသမ္မောဟပစ္စုပဋ္ဌာနာ။ ကာရဏဘူတာ ဝါ သယံ ဖလဘူတံ အသမ္မောဟံ ပစ္စုပဋ္ဌာပေတီတိ ဧဝမ္ပိ အသမ္မောဟပစ္စုပဋ္ဌာနာ။ (မဟာဋီ၊၂၊၇၆။)

သင်္ခါရတရားတို့ကို သိမ်းဆည်းနေသော ဝိပဿနာရှုပွားသုံးသပ်နေ သော ဉာဏ်မှ ထွက်ပေါ်လာသော = ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ပညာ အရောင်အလင်းသည် ဖြစ်ပေါ်လာခဲ့သည်ရှိသော် နှလုံးအိမ်၌ ရှိသော အ မိုက်မှောင်ကို လွင့်စေလျက် ပယ်ဖျောက်လျက်သာ ဖြစ်ပေါ်လာတတ်၏၊ ထိုကြောင့်ပင်လျှင် ပရမတ္ထဓမ္မသဘာဝတို့၏ သဘာဝလက္ခဏာ သာမည လက္ခဏာ အာရုံတို့၌ မတွေဝေသော အခြင်းအရာအားဖြင့်ဖြစ်သောသဘော တရားဟု ယင်းပညာကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော ယော ဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်တွင် ရှေးရှူထင်လာပေသည်၊ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ တစ်နည်း --- ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ သာမည လက္ခဏာတို့ကို ထွင်းဖောက်သိမြင်နေသော အကြောင်းဖြစ်သော ဉာဏ် ပညာသည် မတွေဝေစေခြင်းတည်းဟူသော အကျိုးတရားကို ရှေးရှူဖြစ်စေ တတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။ (မဟာဋီ၊၂၊၇၆။)

ဤ မဟာဋီကာ ဆရာတော်၏ စကားရပ်များမှာ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာတို့ကို ရှုနေသောဉာဏ်၌ အရောင် အလင်းရှိကြောင်း အထောက်အထားတစ်ရပ်ပင် ဖြစ်သည်။ တစ်နည်းဆို ရသော် ယင်းဉာဏ်ကြောင့် အရောင်အလင်းများ ထွက်ပေါ်လာနိုင်ကြောင်း အထောက်အထားတစ်ရပ်ပင် ဖြစ်သည်။ အဋ္ဌသာလိနီအဋ္ဌကထာတွင် ပညာလက္ခဏ ရသ စသည်တို့ကို အောက်ပါအတိုင်းလည်း ဖွင့်ဆိုထားတော် မူ၏။

၁။ (က) ယထာသဘာဝပဋိဝေဓလက္ခဏာ ပညာ

( ခ ) အက္ခလိတပဋိဝေဓလက္ခဏာ ဝါ ကုသလိဿာသခိတ္တဥသု-

ပဋိဝေဓော ဝိယ

၂။ ဝိသယောဘာသရသာ ပဒီပေါ ဝိယ

၃။ အသမ္မောဟပစ္စုပဋ္ဌာနာ အရညဂတသုဒေသကော ဝိယ။ (အဘိ၊ဋ္ဌ၊၁၊၁၆၆။)

၁။ (က) ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာ
သာမညလက္ခဏာကို ထိုးထွင်းသိခြင်းသဘော ... လက္ခဏ

( ခ ) တစ်နည်း - ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်အပ်
သောမြား၏ ထိုးထွင်းခြင်း = ထွင်းဖောက်ခြင်းကဲ့သို့ ပရမတ္ထဓမ္မ
အာရုံကို မချွတ်မယွင်း ထိုးထွင်း၍သိခြင်းသဘော ... လက္ခဏ

၂။ ဆီမီးကဲ့သို့ ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို ထွန်းပြခြင်း =
လင်းစေခြင်း ... (ကိစ္စ) ရသ

၃။ တောလမ်းခရီး၌ ကျွမ်းကျင်သောလမ်းပြကဲ့သို့ တွေဝေခြင်း
သမ္မောဟ၏ ဆန့်ကျင်ဘက်သဘောတရား ... ပစ္စုပဋ္ဌာန်။ (အဘိ၊ဋ္ဌ၊၁၊၁၆၆။)

ဤကား ဒုက္ခသစ္စာ စသည်ဖြင့် အရိယသစ္စာ (၄)ပါးတို့ကို ကွဲကွဲပြားပြား သိတတ်သောကြောင့် ပညာ မည်၏၊ စတုသစ္စသမ္မာဒိဋ္ဌိတည်း။ ရှေးမဟာ အဋ္ဌကထာ၌ကား -- အနိစ္စ ဒုက္ခ အနတ္တဟု ကွဲကွဲပြားပြား သိစေတတ် သောကြောင့် ပညာမည်၏ဟု ဖွင့်ဆိုထားပေသည်။ ထိုပညာသည်ပင် သစ္စာ လေးချက် သဘောနက်ကို ဖုံးလွှမ်း ကာကွယ်တတ်သော သိခွင့်မပေးတတ်သော အဝိဇ္ဇာကို လွှမ်းမိုးဖိစီးနိုင်သည့်အတွက် အကြီးအကဲ၏အဖြစ်ဟူသော အနက်သဘောကြောင့် ဣန္ဒြေလည်း မည်၏။ တစ်နည်း - သစ္စာလေးချက် သဘောနက်ကို ပြက်ပြက်ထင်ထင် သိမြင်သည့် ဒဿနလက္ခဏာအရာ၌ သမ္ပယုတ်တရားတို့ကို မိမိအစိုးရသူ၏ အဖြစ်ကို ပြုစေတတ်သောကြောင့် ဣန္ဒြေ မည်၏။ ထိုကြောင့် ပညာသည်ပင် ဣန္ဒြေ မည်ရကား ပညိန္ဒြေ ဟူလိုသည်။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။)

သာ ပနေသာ ဩဘာသနလက္ခဏာ စ ပညာ, ပဇာနနလက္ခဏာ စ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။)

ဩဘာသနလက္ခဏာ --- နံရံလေးဘက် ကာရံထားသော အိမ်တွင်း၌ ညဉ့်အခါ ဆီမီးကို ညှိထွန်းအပ်သည်ရှိသော် ပကတိမျက်စိကို ကာဏ်းအောင် ပြုလုပ်တတ်သော အမိုက်မှောင်သည် ချုပ်ပျောက်ရသကဲ့သို့ ဤဥပမာအတူ ပင်လျှင် ပညာသည် ပရမတ္ထဓမ္မအာရုံကို တစ်နည်း အရိယသစ္စာလေးပါး တည်းဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း ဩဘာသနလက္ခဏာ ရှိပေသည်။

ပညောဘာသသမော ဩဘာသော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၁၊၁၆၆။)

ပညာအရောင်အလင်းနှင့်တူသော အရောင်အလင်းမည်သည် မရှိပေ။ မှန်ပေသည် - ဝိပဿနာဉာဏ်ပညာ ရှိသော ဝိပဿနာဉာဏ်ပညာနှင့် ပြည့် စုံနေသော ပုဂ္ဂိုလ်သည် တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေ လတသော် (= တစ်ကြိမ်လောက်ထိုင်၍ ဝိပဿနာတရားကို ရှုပွားနှလုံးသွင်း ခဲ့သော်) တစ်သောင်းသော လောကဓာတ်သည် တစ်ခုတည်းသော အရောင် အလင်း ရှိနိုင်၏ = လောကဓာတ်တိုက်ပေါင်း တစ်သောင်းလုံးဝယ် အရောင် အလင်းသည် တစ်ဆက်တည်း လင်းနေနိုင်ပေသည်။ (ဥပက္ကိလေသ အရောင် အလင်းမျိုးကို = ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အ လင်းမျိုးကို အထူးရည်ညွှန်း၍ ဆိုသည်မှတ်ပါ။) (အဘိ၊ဋ္ဌ၊၁၊၁၆၅-၁၆၆။)

ထိုကြောင့် အရှင်နာဂသေန မထေရ်သည် ဤသို့ မိန့်ဆိုတော်မူ၏---

ဒါယကာတော် မဟာရာဇ ...ယောကျ်ားတစ်ဦးသည် အမိုက်မှောင် အတိ ဖြစ်နေသော အိမ်ထဲ၌ ဆီမီးကို သွင်းယူသွားလေရာ၏၊ သွင်းယူအပ်ပြီး သော ဆီမီးသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့, အရောင်အလင်းကို ဖြစ်စေသကဲ့သို့, အလင်းရောင်ကို ထင်ရှားပြသကဲ့သို့, ရူပါရုံ အမျိုးမျိုးတို့ကို ထင်ရှားအောင် ပြုသကဲ့သို့ --- ဒါယကာတော် မဟာရာဇ ...ဤဥပမာ အတူပင်လျှင် ပညာသည် ဖြစ်ပေါ်လာလတ်သော် ---

၁။ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးပစ်၏၊

၂။ ဝိဇ္ဇာတည်းဟူသော အရောင်ကို ဖြစ်စေ၏၊

၃။ ဉာဏ်တည်းဟူသော အလင်းရောင်ကို ထင်ရှားပြ၏၊

၄။ အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုလုပ်၏။

ဒါယကာတော် မဟာရာဇ ...ဤသို့လျှင် ပညာသည် ပရမတ္ထဓမ္မ အာရုံကို = အရိယသစ္စာလေးပါးတည်းဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း ဩဘာသနလက္ခဏာ ရှိပေသည်။ (မိလိန္ဒ၊၃၈။ အဘိ၊ဋ္ဌ၊၁၊၁၆၆။)


နာမ်တရားများကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရှုပွားပုံစနစ်

အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည် ၍ အာရုံယူထားပါ။ အာနာပါနစျာန်နာမ်တရားတို့က စတင်၍ သိမ်းဆည်း လိုသည်ဖြစ်အံ့။ အာနာပါနပထမစျာန်၌ နာမ်တရား (၃၄)လုံးရှိရာ ရှေးဦးစွာ ယင်းနာမ်တရား (၃၄)လုံးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အသီး အသီးကို ကျေပွန်အောင် နှုတ်တိုက်ရအောင် ကျက်ထားပါ။ ကျေကျေ ညက်ညက် ပိုင်ပိုင်နိုင်နိုင် အလွတ်ရရှိသောအခါ အာနာပါနပထမစျာန်ကို ပြန်၍ ဝင်စားပါ။ ယင်းပထမစျာနသမာပတ္တိဝီထိ နာမ်တရားစုတို့ကို (သဘာဝ လက္ခဏာကို ဦးစားပေး၍) တစ်ဖန် သိမ်းဆည်းပါ။ ပထမစျာနသမာပတ္တိ ဝီထိဇယားတွင် ဖော်ပြထားသည့်အတိုင်း ---

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး,

၂။ ဇောအသီးအသီး၌ နာမ်တရား (၃၄)လုံးစီ ---

ဤသို့ အသီးအသီးရှိရာ မနောဒွါရာဝဇ္ဇန်းစိတ္တက္ခဏတွင် အသိစိတ်ကို = မနောဒွါရာဝဇ္ဇန်းစိတ်ကို စတင်၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရှုပွားပါ။ ထိုနောင် ဖဿလက္ခဏ ရသ စသည်ကို ရှုပါ။ ထိုနောင် ဝေဒနာ = ဥပေက္ခာဝေဒနာလက္ခဏ ရသ စသည်ကို ရှုပါ။ ဤသို့ စသည်ဖြင့် မနောဒွါရာဝဇ္ဇန်းစိတ္တက္ခဏ အတွင်း၌ တည်ရှိကြသော - အသိစိတ်, ဖဿ, ဝေဒနာ (ဥပေက္ခာ), သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ, ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ - ဟူသော (၁၂) လုံးသော ပရမတ်တရားတို့၏ လက္ခဏ ရသ စသည်တို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲ၍ (၁၂)လုံး ပြည့်အောင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ စျာန်ကို အကြိမ်ကြိမ် ဝင်စားဖို့ကား လိုအပ်ပါသည်။ စျာန်မှ ထကာ ထကာ ယင်းပရမတ်တရားတို့၏ လက္ခဏ ရသ စသည်တို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။

ထိုနောင် ပရိကံ ဥပစာ အနုလုံ ဂေါတြဘု အမည်ရသော ဥပစာရ သမာဓိဇော အသီးအသီး၌လည်းကောင်း, ပထမစျာန်ဇောစိတ္တက္ခဏ တစ် ခုခု၌လည်းကောင်း နာမ်တရား (၃၄)လုံးစီ အသီးအသီးရှိရာ ယင်း (၃၄) လုံးသော နာမ်တရားတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲခြား၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။ အသိစိတ်မှ စ၍ ပညာ = ပညိန္ဒြေသို့တိုင်အောင် နာမ်တရားတိုင်း နာမ်တရားတိုင်း၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းပါ။ ပထမစျာနသမာပတ္တိဝီထိ အတွင်း၌ရှိသော နာမ်တရားများကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်း အားဖြင့် ကျေနပ်အောင် သိမ်းဆည်းပြီးသောအခါ ဒုတိယစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော နာမ်တရားတို့ကိုလည်း နည်းတူပင် ဆက်လက်၍ သိမ်းဆည်းပါ။ တတိယစျာနသမာပတ္တိ စတုတ္ထစျာနသမာပတ္တိဝီထိတို့အတွင်း ၌ တည်ရှိကြသော နာမ်တရားတို့၌လည်း နည်းတူပင် ဆက်လက်၍ သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ စျာန်ကို အကြိမ်ကြိမ် ဝင်စားဖို့ကား လိုအပ်သည်ကို သတိပြုပါ။

ကသိုဏ်း (၁၀)ပါး, ဗြဟ္မစိုရ်တရား လေးပါး, အသုဘစျာန် စသည့် စျာန်နာမ်တရားတို့၌လည်းကောင်း, အကယ်၍ အသင်သူတော်ကောင်းသည် သမာပတ် (၈)ပါးလုံးကို ဤအပိုင်း၌ လေ့ကျင့်ထားပြီးသူဖြစ်ပါက နေဝသညာ နာသညာယတနစျာန်မှလွဲ၍ ကြွင်းကျန်သော စျာန်နာမ်တရားတို့၌လည်းကောင်း အလားတူပင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။ သာဝကတို့သည် နေဝသညာနာသညာယတနစျာနသမာပတ် တရားတို့ကို အနုပဒဓမ္မ ဝိပဿနာ နည်းအားဖြင့် တစ်လုံးစီ တစ်လုံးစီ ဝိပဿနာ မရှုနိုင်ဘဲ ကလာပသမ္မသနနည်းအားဖြင့်သာ ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုနိုင်ရကား ယင်းနေဝသညာနာသညာယတန သမာပတ်အတွင်း၌ တည်ရှိသော နာမ်တရားတို့ကိုလည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် တစ်လုံးစီ တစ်လုံးစီ မသိမ်းဆည်းနိုင်ဟု မှတ်ပါ။

ဤနည်းကိုမှီ၍ရုပ်(၂၈)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ---

၁။ ရူပါရုံလိုင်း --- စက္ခုဒွါရဝီထိ - မနောဒွါရဝီထိ

၂။ သဒ္ဒါရုံလိုင်း --- သောတဒွါရဝီထိ - မနောဒွါရဝီထိ

၃။ ဂန္ဓာရုံလိုင်း --- ဃာနဒွါရဝီထိ - မနောဒွါရဝီထိ

၄။ ရသာရုံလိုင်း --- ဇိဝှါဒွါရဝီထိ - မနောဒွါရဝီထိ

၅။ ဖောဋ္ဌဗ္ဗာရုံလိုင်း --- ကာယဒွါရဝီထိ - မနောဒွါရဝီထိ

၆။ ဓမ္မာရုံလိုင်း --- မနောဒွါရဝီထိ

ဝီထိ အသီးအသီးတို့၏ အတွင်း၌ တည်ရှိကြသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း အသိစိတ်, ဖဿ, ဝေဒနာ စသော ပရမတ္ထဓာတ်သားတိုင်းကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။ ဝီထိတစ်မျိုးတစ်မျိုး၌ ကုသိုလ် ဇောဝီထိ အကုသိုလ်ဇောဝီထိတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် စိတ္တက္ခဏတိုင်း၌ စိတ်စေတသိက် အရေအတွက်များ ကို ဖော်ပြထား၏။ စိတ္တက္ခဏတိုင်း၌ နာမ်တရားတိုင်းကို သိမ်းဆည်းရှုပွားပါ။

ထိုသို့ သိမ်းဆည်းရာ၌ ဝီထိစဉ်တစ်ခုအတွင်းဝယ် စိတ္တက္ခဏတစ်ခုတွင် ဖဿလက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်းဆည်းပြီးဖြစ်၍ အခြား စိတ္တက္ခဏတစ်ခုတွင် တည်ရှိသော ဖဿကိုလည်း မသိမ်းဆည်းဘဲ မထားပါနှင့်။ ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဃနအသီးအသီးကို = နာမ်တုံး နာမ်ခဲကို ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနေသော လုပ်ငန်းရပ်ဖြစ်၍ ဝီထိ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားတိုင်း နာမ်တရား တိုင်းကိုပင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ ရံခါ ဝီထိစိတ်တို့၏ အကြားအကြား၌ တည်ရှိသော ဘဝင်နာမ်တရားတို့၌လည်း နည်းတူ သိမ်းဆည်းပါ။ ပဋိသန္ဓေ နာမ်တရား စုတိနာမ်တရားတို့ကိုလည်း ပုံစံတူပင် ဆက်လက်သိမ်းဆည်းပါ။


ဧကတ္တနည်းကို သဘောပေါက်ဖို့ လိုအပ်ပါသည်

ထိုသို့ သိမ်းဆည်းရာ၌ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့သည် အလွန် လျင်လျင်မြန်မြန် ဖြစ်ပျက်နေရကား မျက်စိ တစ်မှိတ် လျှပ်တစ်ပြက် အတွင်း၌ ကုဋေတစ်သိန်းခန့် ဖြစ်ပြီး ပျက်နိုင်ရကား ထိုသို့ သိမ်းဆည်းဖို့ရန် = ဝီထိစိတ္တက္ခဏတိုင်း၏ နာမ်တရားတိုင်းကို အထူး သဖြင့် အချို့သော ဇောနာမ်တရားတို့၌ (၃၄)လုံးအထိရှိရာ ယင်းနာမ်တရား တိုင်းကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းဖို့ရန် အချိန်ရနိုင်ပါ့မလားဟု မေးမြန်းလိုကြ၏။ ဤအရာ၌ ဧကတ္တနည်းကို သဘော ပေါက်ဖို့ လိုအပ်ပေသည်။ ဥပမာ - ပထမဇောနာမ်တရား (၃၄)လုံး ဆိုကြစို့၊ နောက်ထပ် အလားတူ ပထမဇောနာမ်တရားမျိုးကို ဆိုလိုသည်ဟု မှတ်ပါ။ ပထမဇောနာမ်တရားချင်း တူညီ၍ ဆိုခြင်းသာ ဖြစ်သည်ဟု မှတ်ပါ။ စက္ခုဝိညာဏ်စိတ္တက္ခဏ နာမ်တရားစုတို့ကို ရှုရာ၌ အလားတူ စက္ခုဝိညာဏ် နာမ် တရား အသီးအသီးကိုပင် ဆိုလိုသည်ဟု သဘောပေါက်ပါ။ စိတ္တက္ခဏ တစ်ခုသည် ထိုမျှလောက် သိမ်းဆည်းနိုင်အောင် အချိန်ကြာကြာ တည်နေ သည်ဟူ၍ကား မဆိုလိုပါ။

ဗဟိဒ္ဓ --- အဇ္ဈတ္တ၌ ရုပ်နာမ်တို့ကို လက္ခဏ ရသ စသည်အားဖြင့် သိမ်းဆည်းသည့်အတိုင်း ဗဟိဒ္ဓ၌လည်း နည်းတူပင် ဆက်လက်သိမ်းဆည်း ပါ။ အနီးမှ အဝေးသို့ တစ်စတစ်စ ချဲ့၍ သိမ်းဆည်းတတ်ဖို့ လိုသည်။

စိတ္တက္ခဏတိုင်း --- စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ရှုရမည်ဟု ဆို သဖြင့် အယူအဆ မမှားစေလိုပါ။ စိတ္တက္ခဏတိုင်းဟူသည် နာမ်ကမ္မဋ္ဌာန်း ပိုင်းဇယားများတွင် တင်ပြထားသည့် စိတ္တက္ခဏတိုင်းကိုသာ ဆိုလိုပါသည်။ စိတ္တက္ခဏအမျိုးအစားကိုသာ ဆိုလိုသည်။ ဘဝတစ်လျှောက် ဖြစ်ဖြစ်သမျှ စိတ်အားလုံးကို မဆိုလိုပါ။ ဥပမာ စက္ခုဒွါရဝီထိ တစ်ဝီထိစိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရား အသီးအသီးကို ဆိုလို၏။ ဘဝတစ်လျှောက် ဖြစ်ပေါ်သွားကြသော စက္ခုဒွါရဝီထိတိုင်း ဝီထိတိုင်း၏ စိတ္တက္ခဏတိုင်းဝယ် တည်ရှိကြသော နာမ်တရားတိုင်းကို ကုန်စင်အောင် ရှုရမည်ဟုကား မဆိုလိုပါ။ ဘဝတစ်လျှောက် ဖြစ်ပေါ်သွားကြသော စက္ခုဒွါရဝီထိပေါင်းကား မရေ မတွက်နိုင်အောင် များပြားလှသည်သာ ဖြစ်၏။ အလားတူပင် သောတဒွါရဝီထိစသည်တို့၌လည်း သဘောပေါက်ပါ။

သင်္ခါရက္ခန္ဓာ ပြီး၏။


__________

ပဋိစ္စသမုပ္ပါဒ်အခန်း

အထက်ပါအတိုင်း ဒွါရ (၆)ပါးနှင့် (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအသီးအသီးကိုလည်းကောင်း, အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိစသော ဝီထိ (၆)မျိုးတို့၌ တည်ရှိသော နာမ်တရား အသီးအသီးကိုလည်းကောင်း လက္ခဏ-ရသ- ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပြီးသောအခါ တစ်ဖန် ရုပ်ပရမတ် နာမ်ပရမတ်တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ဦးစားပေး၍ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ---

၁။ ရုပ်တရားကို သိမ်းဆည်းခြင်း,

၂။ နာမ်တရားကို သိမ်းဆည်းခြင်း,

၃။ ရုပ်-နာမ် ခွဲခြင်း,

၄။ ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားခြင်း ---

ဤ (၄)မျိုးသော လုပ်ငန်းရပ်တို့ကို ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေး သားတင်ပြခဲ့သည့်အတိုင်း ထပ်မံ၍ ပြုလုပ်ပါ။ ထိုနောင် ---

၁။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဖြင့် အကြောင်းတရား အကျိုးတရားတို့ကို ထပ်မံ၍ သိမ်းဆည်းပါ။

၂။ ပဋိစ္စသမုပ္ပါဒ် ပထမနည်းဖြင့်လည်း အကြောင်းတရား အကျိုးတရား တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။

ထိုနောင် အောက်ပါအတိုင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်းဆည်းပါ။


၁။ အဝိဇ္ဇာ

၁။ အညာဏလက္ခဏာ အဝိဇ္ဇာ

၂။ သမ္မောဟနရသာ

၃။ ဆာဒနပစ္စုပဋ္ဌာနာ

၄။ အာသဝပဒဋ္ဌာနာ၊ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ ပရမတ္ထဓမ္မသဘာဝမှန်ကို မသိခြင်းသဘော ... လက္ခဏ

တစ်နည်း - ပရမတ္ထဓမ္မသဘာဝမှန်ကို သိတတ်သောဉာဏ်၏
ဆန့်ကျင်ဘက်ဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ယှဉ်ဖက်သမ္ပယုတ်တရားတို့ကိုလည်းကောင်း, ထိုအဝိဇ္ဇာနှင့်ပြည့်စုံသော
ပုဂ္ဂိုလ်ကိုလည်းကောင်း ပြင်းစွာ တွေဝေစေခြင်း ... (ကိစ္စ) ရသ

၃။ ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းတတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ အာသဝေါတရား (၄)ပါး ... ပဒဋ္ဌာန်


၂။ သင်္ခါရ

၁။ အဘိသင်္ခရဏလက္ခဏာ သင်္ခါရာ

၂။ အာယူဟနရသာ

၃။ စေတနာပစ္စုပဋ္ဌာနာ

၄။ အဝိဇ္ဇာပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ (ကံဖြစ်အောင်ပြုလုပ်ခြင်း) ပြုပြင်ခြင်း ပြုစီမံခြင်းသဘော ... လက္ခဏ

၂။ ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း
ကြောင့်ကြဗျာပါရပြုခြင်း ... (ကိစ္စ) ရသ

တစ်နည်း--- ဝိညာဏ် နာမ်ရုပ်ဟူသော အကျိုးတရားကို
ပေါင်းစုရုံးစည်းခြင်း ... (ကိစ္စ) ရသ

တစ်နည်း--- အပေါင်းအစု ဖြစ်သော ဝိညာဏ် နာမ်ရုပ်
အကျိုးတရားကို ဖြစ်စေခြင်း ... (ကိစ္စ) ရသ

၃။ စေတနာ ပဓာနဟု ယောဂီဉာဏ်တွင် ရှေးရှူထင်ခြင်း
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ အဝိဇ္ဇာ ... ပဒဋ္ဌာန်

ပဋိသန္ဓိဇနနတ္ထံ အာယူဟန္တိ ဗျာပါရံ ကရောန္တီတိ အာယူဟနရသာ။ (မူလဋီ၊၂၊၉၀။)

သင်္ခါရတို့သည် ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ အားထုတ်တတ်ကုန်၏၊ ကြောင့်ကြဗျာပါရကို ပြုကုန်၏ = ကြောင့်ကြစိုက်ကုန်၏၊ ထိုကြောင့် အာယူ-ဟနရသဟု ဆိုသည်။ အကြင်သဘောတရားကြောင့် ကုသိုလ် အကုသိုလ် တရားတို့ကို အကျိုးပေးခြင်း သဘောရှိသော ဝိပါကဓမ္မတို့ဟူ၍ ဆိုအပ် ကုန်၏။ ထိုသဘောတရားသည် အာယူဟန မည်၏။ ထိုအာယူဟနဟူသည် အဘယ်နည်း --- အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ မပယ်သတ်အပ်သေးသော မဖြတ်အပ်သေးသော တဏှာ အဝိဇ္ဇာ မာန ထင်ရှားနေသေးသော ရုပ်နာမ် သန္တာန်အစဉ်ဝယ် ပဋိသန္ဓေကို ဖြစ်စေခြင်းအကျိုးငှာ ကုသိုလ် အကုသိုလ် တရားတို့၏ ကြောင့်ကြဗျာပါရနှင့်တကွ ဖြစ်ကုန်သည်၏ အဖြစ်တည်း။ အရဟတ္တမဂ်ဖြင့် မပယ်သတ်အပ်သေးသော အဝိဇ္ဇာ တဏှာ မာန ထင်ရှား ရှိနေသေးသော ရုပ်နာမ်သန္တာန်အစဉ်ဝယ် ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုးကိုဖြစ်စေနိုင်သော သဘာဝစွမ်းအင် ထင်ရှားရှိနေမှုကိုပင် သင်္ခါရတို့၌ ကြောင့်ကြဗျာပါရနှင့်တကွ ဖြစ်သည်ဟု ဆိုသည်။ ယင်း သဘောတရားကို ပင် သင်္ခါရရသ = ကိစ္စရသဟု ဆိုသည်။ တစ်နည်း --- သင်္ခါရပစ္စယာ ဝိညာဏံ-အရ ဝိညာဏ်ကိုလည်းကောင်း, ဝိညာဏပစ္စယာ နာမရူပံ-အရ နာမ်ရုပ်ကိုလည်းကောင်း - ဤ ဝိညာဏ် နာမ်ရုပ်ဟူသော အကျိုးတရားစုကို အုပ်စုအလိုက် အပေါင်းအစုအလိုက် ဖြစ်အောင် ပြုလုပ်ခြင်း ဖြစ်စေခြင်း သည်ပင် သင်္ခါရ၏ လုပ်ငန်းကိစ္စတည်း။ (မူလဋီ၊၂၊၉၀။ အနုဋီ၊၂၊၉၅။)


၃။ ဝိညာဏ်

၁။ ဝိဇာနနလက္ခဏံ ဝိညာဏံ

၂။ ပုဗ္ဗင်္ဂမရသံ

၃။ ပဋိသန္ဓိပစ္စုပဋ္ဌာနံ

၄။ သင်္ခါရပဒဋ္ဌာနံ၊ ဝတ္ထာရမ္မဏပဒဋ္ဌာနံ ဝါ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉၊၊)

၁။ အာရုံကို သိခြင်း = အာရုံကို ရယူခြင်းသဘော ... လက္ခဏ

၂။ နာမ်ရုပ်တို့၏ ပဓာန ရှေးသွားခေါင်းဆောင် ဖြစ်ခြင်း ... (ကိစ္စ) ရသ

၃။ ရှေးဘဝနှင့်တကွ ဆက်စပ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သင်္ခါရ, တစ်နည်း မှီရာဝတ္ထုရုပ်နှင့် ထင်လာသောအာရုံ ... ပဒဋ္ဌာန်


၄။ နာမ်ရုပ်မှ - နာမ် = စေတသိက်

၁။ နမနလက္ခဏံ နာမံ

၂။ သမ္ပယောဂရသံ

၃။ အဝိနိဗ္ဘောဂပစ္စုပဋ္ဌာနံ

၄။ ဝိညာဏပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ အာရုံသို့ ညွတ်ခြင်းသဘော ... လက္ခဏ

၂။ ဝိညာဏ်နှင့် အတူတကွလည်းကောင်း, အချင်းချင်းလည်းကောင်း
ယှဉ်စပ်ခြင်း ... (ကိစ္စ) ရသ

၃။ အသီးအသီး ခွဲခြား၍ မရသော = ခွဲခြား၍ မဖြစ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဝိညာဏ် ... ပဒဋ္ဌာန်


(နာမ်-ရုပ်မှ) ရုပ်

၁။ ရုပ္ပနလက္ခဏံ ရူပံ

၂။ ဝိကိရဏရသံ

၃။ အဗျာကတပစ္စုပဋ္ဌာနံ

၄။ ဝိညာဏပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ ဖောက်ပြန်ခြင်းသဘော ... လက္ခဏ

၂။ (သမ္ပယောဂလက္ခဏာ မရှိသောကြောင့်) ရုပ်အချင်းချင်းမတွဲ
ဖရိုဖရဲ ကျဲခြင်း ... (ကိစ္စ) ရသ

၃။ ကုသိုလ် အကုသိုလ် မဟုတ်သော အဗျာကတ
သဘောတရား ... ပစ္စုပဋ္ဌာန်

တစ်နည်း - အာရုံကို မယူတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဝိညာဏ် ... ပဒဋ္ဌာန်


၅။ သဠာယတန

၁။ အာယတနလက္ခဏံ သဠာယတနံ

၂။ ဒဿနာဒိရသံ

၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ

၄။ နာမရူပပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ ထိခိုက်ခြင်း = အားထုတ်ခြင်းသဘော ... လက္ခဏ

တစ်နည်း --- အာယမည်သော စိတ်စေတသိက်တို့ကို
ချဲ့ထွင်ခြင်းသဘော ... လက္ခဏ

၂။ မြင်ခြင်း (ကြားခြင်း, နံခြင်း, လျက်ခြင်း, တွေ့ထိခြင်း,
သိခြင်း) ... (ကိစ္စ) ရသ

၃။ ထိုက်သည့်အားလျော်စွာ ပဉ္စဝိညာဏဓာတ် မနောဓာတ်
မနောဝိညာဏဓာတ်တို့၏ မှီရာဝတ္ထုအဖြစ်, ဝင်ထွက်ရာ
ဒွါရအဖြစ် ဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

ဤတွင် အာယတန (၆)ပါးလုံးကို ပေါင်းစု၍ ရေးသားထားသဖြင့် ခွဲ၍ ရှုခဲ့သော် အောက်ပါအတိုင်း ရှုပါ။


စက္ခာယတန

၁။ အာယတနလက္ခဏံ စက္ခာယတနံ

၂။ ဒဿနရသံ

၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ

၄။ နာမရူပပဒဋ္ဌာနံ

၁။ ရူပါရုံ၏ ရှေးရှူထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ

တစ်နည်း - အာယ မည်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ
စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ

၂။ ရူပါရုံကို မြင်ခြင်း = ရူပါရုံကို ရယူခြင်း ... (ကိစ္စ) ရသ

(အာရုံယူ၍ရခြင်း ဟူလို - မဟာဋီ၊၂၊၂၅၄။)

၃။ စက္ခုဝိညာဏ်၏ မှီရာဝတ္ထု, စက္ခုဒွါရဝီထိ နာမ်တရားစု၏
ဝင်ထွက်ရာ ဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်


သောတာယတန

၁။ အာယတနလက္ခဏံ သောတာယတနံ

၂။ သဝနရသံ

၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ

၄။ နာမရူပပဒဋ္ဌာနံ

၁။ သဒ္ဒါရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ

တစ်နည်း --- အာယမည်သော သောတဒွါရဝီထိ မနောဒွါရဝီထိ
စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ

၂။ သဒ္ဒါရုံကို ကြားခြင်း = သဒ္ဒါရုံကို ရယူခြင်း ... (ကိစ္စ) ရသ

၃။ သောတဝိညာဏ်၏ မှီရာဝတ္ထု, သောတဒွါရဝီထိနာမ်တရားစု၏
ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်


ဃာနာယတန

၁။ အာယတနလက္ခဏံ ဃနာယတနံ

၂။ ဃာယနရသံ

၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ

၄။ နာမရူပပဒဋ္ဌာနံ

၁။ ဂန္ဓာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ

တစ်နည်း --- အာယမည်သော ဃာနဒွါရဝီထိ မနောဒွါရဝီထိ
စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ

၂။ ဂန္ဓာရုံကို နံခြင်း = ဂန္ဓာရုံကို ရယူခြင်း ... (ကိစ္စ) ရသ

၃။ ဃာနဝိညာဏ်၏ မှီရာဝတ္ထု, ဃာနဒွါရဝီထိနာမ်တရားစု၏
ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်


ဇိဝှါယတန

၁။ အာယတနလက္ခဏံ ဇိဝှါယတနံ

၂။ သာယနရသံ

၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ

၄။ နာမရူပပဒဋ္ဌာနံ

၁။ ရသာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ

တစ်နည်း --- အာယမည်သော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ
စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ

၂။ ရသာရုံကို လျက်သိခြင်း = ရသာရုံကို ရယူခြင်း ... (ကိစ္စ) ရသ

၃။ ဇိဝှါဝိညာဏ်၏ မှီရာဝတ္ထု, ဇိဝှါဒွါရဝီထိနာမ်တရားစု၏
ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်


ကာယာယတန

၁။ အာယတနလက္ခဏံ ကာယာယတနံ

၂။ ဖုသနရသံ

၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ

၄။ နာမရူပပဒဋ္ဌာနံ

၁။ ဖောဋ္ဌဗ္ဗာရုံ၏ ရှေးရှူထိခိုက်ခြင်းငှာထိုက်သောသဘော ... လက္ခဏ

တစ်နည်း --- အာယမည်သော ကာယဒွါရဝီထိ မနောဒွါရဝီထိ
စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ

၂။ ဖောဋ္ဌဗ္ဗာရုံကို ထိသိခြင်း = ဖောဋ္ဌဗ္ဗာရုံကို ရယူခြင်း ... (ကိစ္စ) ရသ

၃။ ကာယဝိညာဏ်၏ မှီရာဝတ္ထု, ကာယဒွါရဝီထိနာမ်တရားစု၏
ဝင်ထွက်ရာ ဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်


မနာယတန

၁။ အာယတနလက္ခဏံ မနာယတနံ

၂။ ဝိဇာနနရသံ (ပုဗ္ဗင်္ဂမရသံ)၊

၃။ ဒွါရဘာဝပစ္စုပဋ္ဌာနံ

၄။ နာမရူပပဒဋ္ဌာနံ

၁။ ဓမ္မာရုံ၏ ရှေးရှူ ထင်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ

တစ်နည်း - အာယမည်သော မနောဒွါရဝီထိ စိတ်စေတသိက်
တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ

၂။ ဓမ္မာရုံကို သိခြင်း = ဓမ္မာရုံကို ရယူခြင်း ... (ကိစ္စ) ရသ

တစ်နည်း - အာရုံကို သိမှု၌ ပဓာန ရှေးသွားခေါင်းဆောင်
ဖြစ်ခြင်း ... (ကိစ္စ) ရသ

၃။ မနောဝိညာဏ် နာမ်တရားစု၏ = မနောဒွါရဝီထိနာမ်တရားစု၏
ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

အာယတနလက္ခဏန္တိ ဃဋနလက္ခဏံ, အာယာနံ တနနလက္ခဏံ ဝါ။အာယတနံ ဃဋနန္တိ စ တံတံဒွါရိကဓမ္မပ္ပဝတ္တနမေဝ ဒဋ္ဌဗ္ဗံ။ (အနုဋီ၊၂၊၉၅။ မဟာဋီ၊၂၊၂၅၄။)


ကာရဏူပစာရစကား

ဒဿနဿ ယထာသကံ ဝိသယဂ္ဂဟဏဿ ကရဏတော ဒဿနရသံ။ (မဟာဋီ၊၂၊၂၅၄။)

စက္ခာယတန စသည့် ရုပ်အာယတနတို့ကား ရူပါရုံ စသည့် မိမိတို့ ဆိုင်ရာအာရုံကို အာရုံမယူနိုင်ပေ မသိနိုင်ပေ။ ရုပ်တရားတို့သည် အာရုံကို မယူတတ်သော အနာရမ္မဏတရားတို့ ဖြစ်ကြ၏။ သို့သော် ဤ၌ စက္ခာယတန စသည့် ရုပ်အာယတနတို့သည် ဒဿနကိစ္စ = မြင်ခြင်းကိစ္စ စသည်ကို ရွက် ဆောင်ကြောင်း ဖွင့်ဆိုထား၏။ ထိုစကားရပ်တို့မှာ ကာရဏူပစာရ စကားရပ် တို့သာ ဖြစ်ကြ၏။ စက္ခာယတန စသည်သည် စက္ခုဝိညာဏ် စသည်တို့၏ အကြောင်းတရားဖြစ်ခြင်းသည်ပင် ဒဿနကိစ္စ စသည်မည်၏။ စက္ခာယတန = စက္ခုဝတ္ထု = စက္ခုဒွါရသည် ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်နှင့်တကွ သော နာမ်တရားစုတို့၏ မှီရာအကြောင်းတရားမျှသာ ဖြစ်၏၊ ဝတ္ထုပုရေ-ဇာတ နိဿယပစ္စယ အကြောင်းတရားတည်း။ အကျိုးဖြစ်သော စက္ခု-ဝိညာဏ်ရူပါရုံကို မြင်ခြင်း ဒဿနကိစ္စကို အကြောင်းဖြစ်သော စက္ခာ ယတန၌ တင်စား၍ အကြောင်းဖြစ်သော စက္ခာယတနဒဿနကိစ္စ ရှိသ ကဲ့သို့ တင်စား၍ဆိုသော ကာရဏူပစာရစကားတည်း။ သောတာယတန စသည်တို့၌လည်း နည်းတူမှတ်ပါ။

ဆိုင်ရာ ဆိုင်ရာ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာကြသော စိတ် စေတသိက် တရားတို့ကို အာယဟု ခေါ်ဆို၏၊ ထိုအာယမည်သော စိတ် စေတသိက်တရားတို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သော တရားများကို အာယတနဟု ဆိုသည်။ သို့သော် မဓု၌ကား --- အာယာနံ သုခဒုက္ခာနံ, သံသာရဒုက္ခာနံ ဝါ --- ဟု ဖွင့်ဆိုထား၏။ ယင်း မဓုအလိုအားဖြင့် သုခ ဒုက္ခတို့ကို သို့မဟုတ် သံသာရဒုက္ခတို့ကို အာယဟု ဆိုလို၏။ ထို သုခ ဒုက္ခ သို့မဟုတ် သံသာရဒုက္ခတို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သောတရားတို့ သည် အာယတန မည်၏ဟု မှတ်ပါ။

စက္ခုဒွါရ စသော ထိုထိုဒွါရ၌ ဖြစ်သော စိတ်စေတသိက် = ဓမ္မတို့၏ ဖြစ်ခြင်းကိုပင်လျှင် အာယတနဟူ၍လည်းကောင်း, ဃဋနဟူ၍လည်းကောင်း ဤ၌ ဆိုလို၏ဟု မှတ်ပါ။ (အနုဋီ၊၂၊၉၅။)

၆။ ဖဿ

၁။ ဖုသနလက္ခဏော ဖေဿာ
၂။ သင်္ဃဋ္ဋနရသော
၃။ သင်္ဂတိပစ္စုပဋ္ဌာနော
၄။ သဠာယတနပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ အာရုံကို တွေ့ထိခြင်းသဘော ... လက္ခဏ

= အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့်
ဖြစ်ခြင်းသဘော ... လက္ခဏ

၂။ အာရုံကို ပွတ်ချုပ်ထိပါးခြင်း = အာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ

၃။ ဝတ္ထု+အာရုံ+ဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့်
ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သဠာယတန ... ပဒဋ္ဌာန်

ဤအထက်ပါ လက္ခဏ ရသ စသည့် ရှုကွက်မှာ စက္ခုသမ္ဖဿ စသော ဖဿ (၆)မျိုးလုံးအတွက် ခြုံငုံ၍ ဖွင့်ဆိုထားသော အဖွင့်သာ ဖြစ်ပါသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် လက်တွေ့ရှုသောအခါ၌ကား စက္ခုသမ္ဖဿ စသော ဖဿများကို တစ်မျိုးစီသာ ခွဲ၍ ရှုရမည် ဖြစ်ပါသည်။ စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ ဖဿ (၆)မျိုးလုံးသည် ပြိုင်တူမဖြစ်နိုင်သောကြောင့်ပင် ဖြစ်ပေ သည်၊ ထိုကြောင့် ခွဲရှုပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။

စက္ခုသမ္ဖဿ

၁။ ဖုသနလက္ခဏော စက္ခုသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော
၃။ သင်္ဂတိပစ္စုပဋ္ဌာနော
၄။ စက္ခာယတနပဒဋ္ဌာနော

၁။ ရူပါရုံကို တွေ့ထိခြင်းသဘော = ရူပါရုံကို တွေ့ထိသော
အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ရူပါရုံကို ပွတ်ချုပ်ထိပါးခြင်း = ရူပါရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ

၃။ စက္ခုဝတ္ထု+ရူပါရုံ+စက္ခုဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံ
ခြင်းကြောင့် ဖြစ်ပေါ်လာသောသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ စက္ခာယတန ... ပဒဋ္ဌာန်

သောတသမ္ဖဿ

၁။ ဖုသနလက္ခဏော သောတသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော
၃။ သင်္ဂတိပစ္စုပဋ္ဌာနော
၄။ သောတာယတနပဒဋ္ဌာနော

၁။ သဒ္ဒါရုံကို တွေ့ထိခြင်းသဘော = သဒ္ဒါရုံကို တွေ့ထိသော
အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ

၂။ သဒ္ဒါရုံကို ပွတ်ချုပ်ထိပါးခြင်း = သဒ္ဒါရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ

၃။ သောတဝတ္ထု+သဒ္ဒါရုံ+သောတဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံ
ခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သောတာယတန ... ပဒဋ္ဌာန်

ဃာနသမ္ဖဿ

၁။ ဖုသနလက္ခဏော ဃာနသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော
၃။ သင်္ဂတိပစ္စုပဋ္ဌာနော
၄။ ဃာနာယတနပဒဋ္ဌာနော

၁။ ဂန္ဓာရုံကို တွေ့ထိခြင်းသဘော = ဂန္ဓာရုံကို တွေ့ထိသော
အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ဂန္ဓာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဂန္ဓာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ

၃။ ဃာနဝတ္ထု+ဂန္ဓာရုံ+ဃာနဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံ
ခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဃာနာယတန ... ပဒဋ္ဌာန်

ဇိဝှါသမ္ဖဿ

၁။ ဖုသနလက္ခဏော ဇိဝှါသမ္ပေဿာ
၂။ သင်္ဃဋ္ဋနရသော
၃။ သင်္ဂတိပစ္စုပဋ္ဌာနော
၄။ ဇိဝှါယတနပဒဋ္ဌာနော

၁။ ရသာရုံကို တွေ့ထိခြင်းသဘော = ရသာရုံကို တွေ့ထိသော
အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ရသာရုံကို ပွတ်ချုပ်ထိပါးခြင်း = ရသာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ

၃။ ဇိဝှါဝတ္ထု+ရသာရုံ+ဇိဝှါဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့်
ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဇိဝှါယတန ... ပဒဋ္ဌာန်

ကာယသမ္ဖဿ

၁။ ဖုသနလက္ခဏော ကာယသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော
၃။ သင်္ဂတိပစ္စုပဋ္ဌာနော
၄။ ကာယာယတနပဒဋ္ဌာနော

၁။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိခြင်းသဘော = ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော
အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ဖောဋ္ဌဗ္ဗာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဖောဋ္ဌဗ္ဗာရုံ၌
ထိခတ်ခြင်း ... (ကိစ္စ) ရသ

၃။ ကာယဝတ္ထု+ဖောဋ္ဌဗ္ဗာရုံ+ကာယဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံ
ခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ကာယာယတန ... ပဒဋ္ဌာန်

မနောသမ္ဖဿ

၁။ ဖုသနလက္ခဏော မနောသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော
၃။ သင်္ဂတိပစ္စုပဋ္ဌာနော
၄။ မနာယတနပဒဋ္ဌာနော

၁။ ဓမ္မာရုံကို တွေ့ထိခြင်းသဘော = ဓမ္မာရုံကို တွေ့ထိသော
အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ဓမ္မာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဓမ္မာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ

၃။ မနောဒွါရ+ဓမ္မာရုံ+မနောဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံ
ခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ မနာယတန ... ပဒဋ္ဌာန်

မနောသမ္ဖဿ --- မနောသမ္ဖဿကား အလွန် အရာကျယ်၏။ ပဉ္စ ဝိညာဏ်နှင့်ယှဉ်သော စက္ခုသမ္ဖဿစသော ဖဿငါးမျိုးကလွဲလျှင် ကြွင်း ကျန်သော ဝီထိစိတ် ဝီထိမုတ်စိတ် အားလုံးနှင့် ယှဉ်သော ဖဿဟူသမျှသည် မနောသမ္ဖဿချည်းသာတည်း။ အာရုံ (၆)ပါးလုံးကိုပင် ထိုက်သည့်အားလျော် စွာ အာရုံပြုပေသည်။ အထက်တွင် ဓမ္မာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောသမ္ဖဿကိုသာ ပုံစံထုတ်၍ ရေးသားထားပါသည်။ သုတ္တန်နည်းအရ မနောသမ္ဖသောတိ ဘဝင်္ဂသဟဇာတော သမ္ဖေဿာ - ဟူသော သံယုတ် အဋ္ဌကထာ ပဟာနသုတ္တန်အဖွင့်နှင့်အညီ (သံ၊ဋ္ဌ၊၃၊၅။) ဘဝင်စိတ်နှင့် ယှဉ် သော ဖဿမှာ မနောသမ္ဖဿ မည်ပေသည်။ အာဝဇ္ဇနံ ဘဝင်္ဂတော အမောစေတွာ မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။ (သံ၊ဋ္ဌ၊၃၊၅။) ဟူသော အဖွင့်နှင့်အညီ ဘဝင်စိတ်နှင့် ယှဉ်သော ဖဿ, မနောဒွါရာဝဇ္ဇန်းနှင့် ယှဉ် သော ဖဿ - ဤဖဿနှစ်မျိုးလုံးသည်လည်း မနောသမ္ဖဿ မည်ပေသည်။

သို့အတွက် ပဋိသန္ဓိမနောသမ္ဖဿ, ဘဝင်္ဂမနောသမ္ဖဿတို့ကို ဤ၌ ဦးစားပေး၍ ရှုပါ။ ကြွင်းမနောသမ္ဖဿတို့၌လည်း ရှုနိုင်လျှင်လည်း ကောင်း သည်သာ ဖြစ်သည်။ သို့သော် သုတ္တန္တဘာဇနီယ-နည်းအရ ဤ မနော သမ္ဖဿမှာ ဝိပါကဝဋ်တွင် အကျုံးဝင်သော ဖဿသာ ဖြစ်သဖြင့် ဝိပါက် မနောသမ္ဖဿကိုသာ ဦးစားပေး၍ ရှုပါ။ မနာယတနအရ သမ္ပယုတ် မနာ ယတနကိုသာ ဦးစားပေး၍ ရှုပါ။

---

၇။ ဝေဒနာ

၁။ အနုဘဝနလက္ခဏာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ
၄။ ဖဿပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ အာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ

၂။ အာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ

၃။ သုခသဘောတရား, ဒုက္ခသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဖဿ ... ပဒဋ္ဌာန်

အဟိတ်အကုသလဝိပါက် ဥပေက္ခာဝေဒနာကား အနိဋ္ဌသဘာဝ ဖြစ် သောကြောင့် ဒုက္ခဝေဒနာဖြင့်, ကုသလဝိပါက် ဥပေက္ခာဝေဒနာကား ဣဋ္ဌ သဘာဝ ဖြစ်သောကြောင့် သုခဝေဒနာဖြင့် ပေါင်းရုံးရေတွက်ထားသည်။ ထိုကြောင့် သုခဝေဒနာ ဒုက္ခဝေဒနာ နှစ်မျိုးကိုသာ ဖော်ပြထားသည်။ (မူလဋီ၊၂၊၉၁။) အကယ်၍ ဝေဒနာကို (၆)မျိုး ခွဲ၍ ရှုလိုပါက အောက်ပါအတိုင်း ရှုပါ။

စက္ခုသမ္ဖဿဇာ ဝေဒနာ

၁။ ရူပါရမ္မဏာနုဘဝနလက္ခဏာ စက္ခုသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ
၄။ စက္ခုသမ္ဖဿပဒဋ္ဌာနာ

၁။ ရူပါရုံကို = ရူပါရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ

၂။ ရူပါရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ

၃။ သုခသဘောတရား
(ကုသလဝိပါက် စက္ခုဝိညာဏ်နှင့်ယှဉ်သောဝေဒနာ)
ဒုက္ခသဘောတရား
(အကုသလဝိပါက် စက္ခုဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်

၄။ စက္ခုသမ္ဖဿ ... ပဒဋ္ဌာန်

[မှတ်ချက် --- စက္ခုသမ္ဖဿဇာ ဝေဒနာအရ ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စိတ္တက္ခဏတို့၌ယှဉ်သော ကုသလဝိပါက် အ ကုသလဝိပါက် ဝေဒနာတို့ကို အာရုံယူ၍လည်း ရှုနိုင်ပါသည်။ သောတသမ္ဖဿဇာ ဝေဒနာ စသည်တို့၌လည်း နည်းတူပင်တည်း။]

သောတသမ္ဖဿဇာ ဝေဒနာ

၁။ သဒ္ဒါရမ္မဏာနုဘဝနလက္ခဏာ သောတသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ
၄။ သောတသမ္ဖဿပဒဋ္ဌာနာ

၁။ သဒ္ဒါရုံကို = သဒ္ဒါရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ

၂။ သဒ္ဒါရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ

၃။ သုခသဘောတရား
(ကုသလဝိပါက် သောတဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)၊
ဒုက္ခသဘောတရား (အကုသလဝိပါက်
သောတဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်

၄။ သောတသမ္ဖဿ ... ပဒဋ္ဌာန်

ဃာနသမ္ဖဿဇာ ဝေဒနာ

၁။ ဂန္ဓာရမ္မဏာနုဘဝနလက္ခဏာ ဃာနသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ
၄။ ဃာနသမ္ဖဿပဒဋ္ဌာနာ

၁။ ဂန္ဓာရုံကို = ဂန္ဓာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ

၂။ ဂန္ဓာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ

၃။ သုခသဘောတရား
(ကုသလဝိပါက် ဃာနဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)
ဒုက္ခသဘောတရား (အကုသလဝိပါက်
ဃာနဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်

၄။ ဃာနသမ္ဖဿ ... ပဒဋ္ဌာန်

ဇိဝှါသမ္ဖဿဇာ ဝေဒနာ

၁။ ရသာရမ္မဏာနုဘဝနလက္ခဏာ ဇိဝှါသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ
၄။ ဇိဝှါသမ္ဖဿပဒဋ္ဌာနာ

၁။ ရသာရုံကို = ရသာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ

၂။ ရသာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ

၃။ သုခသဘောတရား
(ကုသလဝိပါက် ဇိဝှါဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)၊
ဒုက္ခသဘောတရား
(အကုသလဝိပါက် ဇိဝှါဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)... ပစ္စုပဋ္ဌာန်

၄။ ဇိဝှါသမ္ဖဿ ... ပဒဋ္ဌာန်

ကာယသမ္ဖဿဇာ ဝေဒနာ

၁။ ဖောဋ္ဌဗ္ဗာရမ္မဏာနုဘဝနလက္ခဏာ ကာယသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ
၄။ ကာယသမ္ဖဿပဒဋ္ဌာနာ

၁။ ဖောဋ္ဌဗ္ဗာရုံကို = ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို
ခံစားခြင်းသဘော ... လက္ခဏ

၂။ ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ

၃။ သုခသဘောတရား
(ကုသလဝိပါက် ကာယဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)
ဒုက္ခသဘောတရား
(အကုသလဝိပါက်ကာယဝိညာဏ်နှင့်ယှဉ်သောဝေဒနာ) ... ပစ္စုပဋ္ဌာန်

၄။ ကာယသမ္ဖဿ ... ပဒဋ္ဌာန်

မနောသမ္ဖဿဇာ ဝေဒနာ

၁။ ဓမ္မာရမ္မဏာနုဘဝနလက္ခဏာ မနောသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ
၄။ မနောသမ္ဖဿပဒဋ္ဌာနာ

၁။ ဓမ္မာရုံကို = ဓမ္မာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ

၂။ ဓမ္မာရုံကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ

၃။ သုခသဘောတရား
(ကုသလဝိပါက် မနောဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)
ဒုက္ခသဘောတရား
(အကုသလဝိပါက် မနောဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်

၄။ မနောသမ္ဖဿ ... ပဒဋ္ဌာန်

[မှတ်ချက် --- သုတ္တန္တဘာဇနီယနည်းအရ ဝေဒနာ (၆)မျိုးလုံးမှာ ဝိပါက် ဝေဒနာချည်း ဖြစ်ကြသဖြင့် အာရုံ (၆)ပါးကို ထိုက်သည့်အားလျော်စွာ အာရုံ ပြုကြသည့် ဝိပါက်ဝေဒနာ အားလုံးကို ရှုနိုင်ပါက ပို၍ကောင်းပါသည်၊၊]

---

၈။ တဏှာ

၁။ ဟေတုလက္ခဏာ တဏှာ
၂။ အဘိနန္ဒနရသာ
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ
၄။ ဝေဒနာပဒဋ္ဌာနာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌
မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဝေဒနာ ... ပဒဋ္ဌာန်

တဏှာသည် ဒုက္ခသစ္စာ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး၏ အ-ကြောင်းရင်း သမုဒယသစ္စာတရား ဖြစ်၏။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ တရား ဖြစ်ခြင်းကြောင့် တဏှာကို ဟေတုလက္ခဏာ = ဒုက္ခ၏ ဖြစ်ကြောင်း သဘောလက္ခဏာ ရှိ၏ဟု ဆိုသည်။ ယင်းတဏှာကို --- တတြ တတြာဘိနန္ဒိနီ = ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ အလွန်နှစ်သက်တတ်သော သဘောတရားဟု ဓမ္မစကြာဒေသနာတော် စသည်တို့၌ ဘုရားရှင်သည် ဟောကြားထားတော် မူခြင်းကြောင့် တဏှာသည် ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ အလွန်နှစ်သက်ခြင်း ကိစ္စရသ ရှိပေသည်။ စိတ်၏လည်းကောင်း, တစ်နည်း ပုဂ္ဂိုလ်၏လည်းကောင်း ရူပါရုံ အစရှိသော အာရုံတို့၌ မတင်းတိမ်နိုင် မရောင့်ရဲနိုင်သည်၏အဖြစ်ဖြင့် ဖြစ်တတ်၍ ယင်းတဏှာကို ဝိပဿနာဉာဏ်ဖြင့် ယူအပ်ရကား - အတိတ္တိဘာဝပစ္စုပဋ္ဌာနာ = စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရားအဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ် တွင် ရှေးရှူ ထင်လာပေသည်။ (မူလဋီ၊၂၊၉၁။)

ထိုတဏှာမှာလည်း ရူပတဏှာ စသည်ဖြင့် (၆)မျိုးပြားသဖြင့် အောက်ပါ အတိုင်း (၆)မျိုးပင် ခွဲ၍ ရှုလိုပါကလည်း ခွဲရှုပါ။

ရူပတဏှာ

၁။ ဟေတုလက္ခဏာ ရူပတဏှာ
၂။ အဘိနန္ဒနရသာ
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ
၄။ စက္ခုသမ္ဖဿဇာ ဝေဒနာ = စက္ခသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ရူပါရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ရူပါရုံ၌ မတင်းတိမ်
မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ စက္ခုသမ္ဖဿဇာ ဝေဒနာ = စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

သဒ္ဒတဏှာ

၁။ ဟေတုလက္ခဏာ သဒ္ဒတဏှာ
၂။ အဘိနန္ဒနရသာ
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ
၄။ သောတသမ္ဖဿဇာ ဝေဒနာ = သောတသမ္ဖဿပစ္စယာ ဝေဒနာ
ပဒဋ္ဌာနာ

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ

၂။ သဒ္ဒါရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ သဒ္ဒါရုံ၌ မတင်းတိမ်
မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ သောတသမ္ဖဿဇာ ဝေဒနာ = သောတသမ္ဖဿပစ္စယာ
ဝေဒနာ ... ပဒဋ္ဌာန်

ဂန္ဓတဏှာ

၁။ ဟေတုလက္ခဏာ ဂန္ဓတဏှာ
၂။ အဘိနန္ဒနရသာ
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ
၄။ ဃာနသမ္ဖဿဇာ ဝေဒနာ = ဃာနသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ဂန္ဓာရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဂန္ဓာရုံ၌ မတင်းတိမ်
မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဃာနသမ္ဖဿဇာ ဝေဒနာ = ဃာနသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

ရသတဏှာ

၁။ ဟေတုလက္ခဏာ ရသတဏှာ
၂။ အဘိနန္ဒနရသာ
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ = ဇိဝှါသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ရသာရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ရသာရုံ၌ မတင်းတိမ်
မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ = ဇိဝှါသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

ဖောဋ္ဌဗ္ဗတဏှာ

၁။ ဟေတုလက္ခဏာ ဖောဋ္ဌဗ္ဗတဏှာ
၂။ အဘိနန္ဒနရသာ
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ
၄။ ကာယသမ္ဖဿဇာ ဝေဒနာ = ကာယသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ဖောဋ္ဌဗ္ဗာရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဖောဋ္ဌဗ္ဗာရုံ၌ မတင်းတိမ်
မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ကာယသမ္ဖဿဇာ ဝေဒနာ = ကာယသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

ဓမ္မတဏှာ

၁။ ဟေတုလက္ခဏာ ဓမ္မတဏှာ
၂။ အဘိနန္ဒနရသာ
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ
၄။ မနောသမ္ဖဿဇာ ဝေဒနာ = မနောသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ဓမ္မာရုံ၌ အလွန် နှစ်သက်ခြင်း ... (ကိစ္စ) ရသ

၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဓမ္မာရုံ၌ မတင်းတိမ်
မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ မနောသမ္ဖဿဇာဝေဒနာ = မနောသမ္ဖဿပစ္စယာ ဝေဒနာ... ပဒဋ္ဌာန်

[မှတ်ချက် --- အတိတ်အကြောင်းတရား (၅)ပါးကြောင့် ပစ္စုပ္ပန် အကျိုး တရား (၅)ပါး ဖြစ်၍, ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးကြောင့် အနာဂတ် အကျိုးတရား (၅)ပါး ဖြစ်၏ - ဟူသော ဒေသနာတော်များနှင့် အညီ ပစ္စုပ္ပန် တဏှာသည် အနာဂတ်ခန္ဓာကို ဖြစ်စေမည့် အကြောင်းတရားပိုင်းတွင် အကျုံး ဝင်၍ ပစ္စုပ္ပန်ခန္ဓာ (၅)ပါးကို ဖြစ်စေသော တဏှာသည် အတိတ်အကြောင်း တရားပိုင်းတွင် အကျုံးဝင်ပေသည်။ ထိုကြောင့် ပစ္စုပ္ပန်တဏှာသည် အနာဂတ်ခန္ဓာကို ဖြစ်စေမည့် ဝဋ္ဋကထာပိုင်းတွင် အကျုံးဝင်သည်ကိုလည်းကောင်း, ဆိုင်ရာအတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော တဏှာသည် ပစ္စုပ္ပန်ခန္ဓာကို ဖြစ်စေသည့် ဝဋ္ဋကထာပိုင်းတွင် အကျုံးဝင်သည်ကိုလည်းကောင်း သတိပြုပါ။ ပစ္စုပ္ပန်တဏှာကို ရှုရာ၌ အနာဂတ်ခန္ဓာကို ဖြစ်စေမည့် အကြောင်းတရား ပိုင်းတွင် အကျုံးဝင်နေသည်ကိုကား မမေ့ပါနှင့်။ တဏှာနှင့်တကွသော ဆိုင်ရာ အကြောင်းတရားများနှင့် ဆိုင်ရာအကျိုးတရားများကို အကြောင်း အကျိုး စပ်တတ်ဖို့ကား အရေးကြီးလှသော အပိုင်းကဏ္ဍပင် ဖြစ်သည်။]

---

၉။ ဥပါဒါန = ဥပါဒါန်

၁။ ဂဟဏလက္ခဏံ ဥပါဒါနံ
၂။ အမုဉ္စနရသံ
၃။ တဏှာဒဠှတ္တဒိဋ္ဌိပစ္စုပဋ္ဌာနံ
၄။ တဏှာပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)

၁။ အာရုံကို ပြင်းစွာ စွဲလမ်းခြင်း = စွဲမြဲစွာ ယူခြင်းသဘော ... လက္ခဏ

၂။ (တဏှာ ဒိဋ္ဌိတို့ဖြင့် အာရုံကို မှားမှားယွင်းယွင်း
နှလုံးသွင်းခြင်း၏ အစွမ်းဖြင့်) အာရုံကို မလွှတ်ခြင်း ... (ကိစ္စ) ရသ

၃။ (က) တဏှာ၏ ခိုင်မြဲမှု သဘောတရား (ကာမုပါဒါန်အတွက်)
( ခ ) ဒိဋ္ဌိ = အယူမှားမှု သဘောတရား (ကျန်ဥပါဒါန်
သုံးပါးအတွက်) ... ပစ္စုပဋ္ဌာန်

၄။ တဏှာ ... ပဒဋ္ဌာန်

ဥပါဒါန် လေးမျိုး

၁။ ကာမုပါဒါန် --- အာရုံငါးပါး ကာမဂုဏ်တရားတို့၌ ထိုထို ဘုံဘဝ၌ ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်း သဘောတရား၊

၂။ ဒိဋ္ဌုပါဒါန် --- အတ္တဝါဒုပါဒါန် သီလဗ္ဗတုပါဒါန် နှစ်မျိုးမှလွဲ၍ ကြွင်း ကျန်သော မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ အမျိုးမျိုး၌ ပြင်းစွာ စွဲလမ်းခြင်း စွဲမြဲစွာယူခြင်း သဘောတရား၊

၃။ သီလဗ္ဗတုပါဒါန် --- နွားအကျင့် ခွေးအကျင့် စသည့် မှားယွင်းသည့် ဝတအကျင့်ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏ သံသရာမှ လွတ်-မြောက်နိုင်၏ဟု ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်း သဘောတရား၊

၄။ အတ္တဝါဒုပါဒါန် --- (က) ဖန်ဆင်းရှင်ပရမအတ္တ၊ ( ခ ) အဖန်ဆင်းခံရ သော ဇီဝအတ္တရှိ၏ စသည်ဖြင့် အတ္တဝါဒကို လက်ခံသော အတ္တဝါဒကို ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်း သဘောတရား၊

ဤသို့အားဖြင့် ဥပါဒါန် (၄)မျိုး ရှိပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပေါ်ခဲ့ဖူးသော, ဖြစ်ပေါ်ဆဲ ဖြစ်သော, ဖြစ်ပေါ်လတ္တံ့ ဖြစ်သော ဥပါဒါန်ကို ရွေးချယ်၍ ရှုရန် ဖြစ်သည်။ အတိတ် အကြောင်းတရား (၅)ပါးတို့တွင် ပါဝင်သော ဥပါဒါန်သည် ဥပါဒါန် (၄)မျိုး တို့တွင် မည်သို့သော ဥပါဒါန် ဖြစ်ခဲ့သည်ကို ရွေးချယ်စိစစ်၍ ရှုပါ။ တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးတို့တွင် အထူးသဖြင့် ကောင်းမှုကုသိုလ် တစ်ခုခုကို ပြု၍ အနာဂတ်ဘဝအတွက် ဆုတောင်းပန်ထွာစဉ် မည်သည့် ဥပါဒါန်တရားတို့သည် ဖြစ်ပေါ်ခဲ့သည် ဖြစ်ပေါ်နေသည်ကို စိစစ်စူးစမ်း၍ ရှုပါ။ အကယ်၍ အသင်သူတော်ကောင်းအတွက် ဒုတိယအနာဂတ်ဘဝ စသည့် အနာဂတ်ဘဝများသည် ထင်ရှားရှိနေကြသေးလျှင်လည်း ပထမ အနာဂတ် စသည်၌ ဖြစ်ပေါ်လတ္တံ့သော ဥပါဒါန်ကိုလည်း အလားတူပင် စိစစ် စူးစမ်းရှာဖွေ၍ ရှုပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် ကာမုပါဒါန်ကို ဝိပဿနာဉာဏ်ဖြင့် သိမ်း ဆည်းရှုပွားသောအခါ ယင်းကာမုပါဒါန်ကို ခိုင်မြဲသော တဏှာအဖြစ်ဖြင့် ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ကြွင်းကျန်သော ဥပါဒါန် သုံးပါးကို သို့မဟုတ် ယင်းဥပါဒါန် သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားလိုက်သောအခါ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် မှားယွင်း သော မိစ္ဆာဒိဋ္ဌိအဖြစ်ဖြင့် ရှေးရှူ ထင်လာပေသည်။ (မူလဋီ၊၂၊၉၁။)

---

၁၀။ ဘဝ

၁။ ကမ္မကမ္မဖလလက္ခဏော ဘဝေါ
၂။ ဘာဝနဘဝနရသော
၃။ ကုသလာကုသလာဗျာကတပစ္စုပဋ္ဌာနော
၄။ ဥပါဒါနပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)

[မှတ်ချက် --- အထက်ပါ အဋ္ဌကထာများ၌ ဘဝအရ (၁) ကမ္မဘဝ (၂) ဥပပတ္တိဘဝ နှစ်မျိုးလုံးကိုပင် စုပေါင်း၍ တစ်ပေါင်းတည်း ရေးသား တင်ပြထားတော်မူ၏။ ထိုကြောင့် ဉာဏ်နုသူများအတွက် ရှုကွက်ကို သဘော ပေါက်နိုင်ရန် ခွဲ၍ ရှုရမည့် ရှုကွက်ကို ထပ်မံ ရေးသားတင်ပြအပ်ပါသည်။]

(က) ကမ္မဘဝ

၁။ ကမ္မလက္ခဏော ကမ္မဘဝေါ
၂။ ဘာဝနရသော
၃။ ကုသလာကုသလပစ္စုပဋ္ဌာနော
၄။ ဥပါဒါနပဒဋ္ဌာနော

၁။ ကံဟူသောသဘော = ကံဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ဥပပတ္တိဘဝကို ဖြစ်စေခြင်း ... (ကိစ္စ) ရသ

၃။ ကုသိုလ် + အကုသိုလ် သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဥပါဒါန် ... ပဒဋ္ဌာန်

(ခ) ဥပပတ္တိဘဝ

၁။ ကမ္မဖလလက္ခဏော ဥပပတ္တိဘဝေါ
၂။ ဘဝနရသော
၃။ အဗျာကတပစ္စုပဋ္ဌာနော
၄။ ဥပါဒါနပဒဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)

၁။ ကမ္မဖလ = ကံ၏ အကျိုးဟူသောသဘော
= ကံ၏ အကျိုးဖြစ်ခြင်းသဘော ... လက္ခဏ

၂။ ကံကြောင့်ဖြစ်ခြင်း ... (ကိစ္စ) ရသ

၃။ ကုသိုလ် အကုသိုလ် မဟုတ်သော ဝိပါက်အဗျာကတ
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ ဥပါဒါန် ... ပဒဋ္ဌာန်

ရှုကွက်ကို သတိပြုရန်

သံသရာခရီးကား ရှည်လျားလှ၏။ ရံခါ ကုသိုလ်ကံက အကျိုးပေး၍ သုဂတိဘဝ၌ စံရသော်လည်း ရံခါ အကုသိုလ်ကံက အကျိုးပေး၍ ဒုဂ္ဂတိ ဘဝ၌ ခံခဲ့ရသည်လည်း များစွာပင် ရှိပေသည်။ ကုသိုလ်ကမ္မဘဝကြောင့် ကုသလဝိပါက် ဥပပတ္တိဘဝ, အကုသိုလ်ကမ္မဘဝကြောင့် အကုသလဝိပါက် ဥပပတ္တိဘဝများသည် ထိုက်သလို ဖြစ်ခဲ့ကြ၏။ သံသရာခရီး မဆုံးသေးက အနာဂတ်၌လည်း နည်းတူပင်တည်း။ အသင်သူတော်ကောင်းသည် မိမိ၏ သံသရာခရီးစဉ်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်းသာ ရှုပါ။

---

၁၁။ ဇာတိ

၁။ တတ္ထ တတ္ထ ဘဝေ ပဌမာဘိနိဗ္ဗတ္တိလက္ခဏာ ဇာတိ
၂။ နိယျာတနရသာ
၃။ အတီတဘဝတော ဣဓ ဥမ္မုဇ္ဇနပစ္စုပဋ္ဌာနာ
ဖလဝသေန ဒုက္ခဝိစိတ္တတာပစ္စုပဋ္ဌာနာ ဝါ
၄။ (ကမ္မဘဝပဒဋ္ဌာနာ။) (အဘိ၊ဋ္ဌ၊၂၊၉၀။ ဝိသုဒ္ဓိ၊၂၊၁၃၀။)

၁။ ထိုထိုဘဝ၌ တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော
ခန္ဓာအစဉ်၏ လက်မွန်အစ အသစ်ဖြစ်ခြင်း = ေ့ရှဦးစွာ
ထင်ရှားဖြစ်ခြင်းသဘော ... လက္ခဏ

၂။ (ထိုတစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်ကို
ဝဋ်သားသတ္တဝါအား ရော့ ယူလောဟု) ဆောင်နှင်း
ပေးအပ်သကဲ့သို့ ဖြစ်ခြင်း ... (ကိစ္စ) ရသ

၃။ အခြားမဲ့ အတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝ၌ ခန္ဓာအစဉ်ကို ထင်ရှား
ဖော်တတ်သော = ပေါ်လာစေတတ်သောသဘောတရား... ပစ္စုပဋ္ဌာန်
တစ်နည်း-- ဒုက္ခအစု၏ ဆန်းကြယ်သည်၏အဖြစ်ဟူသော
အကျိုးကို ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ ကမ္မဘဝ ... ပဒဋ္ဌာန်

တစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော တစ်ခုသောဘဝ၌ အကျုံး ဝင်သော ခန္ဓာအစဉ်၏ ရှေးဦးအစဖြစ်ခြင်း ဖြစ်၍ဖြစ်ကုန်သော ခန္ဓာတို့ သည်ကား ပဋိသန္ဓေခန္ဓာတို့ပင်တည်း။ ထိုကြောင့် ဇာတိကို ပဌမာဘိနိဗ္ဗတ္တိ လက္ခဏာ = လက်မွန်အစ အသစ်ဖြစ်ခြင်း = ေ့ရှဦးစွာ ထင်ရှားဖြစ်ခြင်း သဘောလက္ခဏာ ရှိ၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၆၁။)

---

၁၂။ ဇရာ

၁။ ခန္ဓပရိပါကလက္ခဏာ ဇရာ
၂။ မရဏူပနယနရသာ
၃။ ယောဗ္ဗန္နဝိနာသပစ္စုပဋ္ဌာနာ
၄။ (ဇာတိပဒဋ္ဌာနာ။) (အဘိ၊ဋ္ဌ၊၂၊၉၄။ ဝိသုဒ္ဓိ၊၂၊၁၃၂။)

၁။ တစ်ခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာတို့၏ ရင့်ရော်ဟောင်းမြင်း
သည်၏ အဖြစ်ဟူသော ရင့်ကျက်ခြင်းသဘော ... လက္ခဏ

၂။ သေခြင်း = ပျက်ခြင်းမရဏသို့ ကပ်၍ဆောင်ခြင်း ... (ကိစ္စ) ရသ

၃။ အရွယ်ကောင်းသည်၏ အဖြစ်ကို ဖျက်ဆီးတတ်သော
သဘောတရား ... ပစ္စုပဋ္ဌာန်
= ကောင်းသောအရွယ်၏ ပျက်စီးကြောင်းသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ (ဇာတိ) ... ပဒဋ္ဌာန်

---

၁၂။ မရဏ

၁။ စုတိလက္ခဏံ မရဏံ
၂။ ဝိယောဂရသံ
၃။ ဝိပ္ပဝါသပစ္စုပဋ္ဌာနံ
၄။ (ဇာတိပဒဋ္ဌာနံ။) (အဘိ၊ဋ္ဌ၊၂၊၉၅။ ဝိသုဒ္ဓိ၊၂၊၁၃၃။)

၁။ တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်၏ ရွေ့လျောခြင်း
သဘော = ပစ္စုပ္ပန်ဘဝမှ ရွေ့လျောခြင်းသဘော ... လက္ခဏ

၂။ (က) ပြည့်စုံသော ဘဝခန္ဓာတို့နှင့် ကင်းခြင်း =
ကင်းစေခြင်း ... (ကိစ္စ) ရသ
( ခ ) တစ်နည်း --- ဘဝခန္ဓာတို့နှင့် ကွေကွင်းရခြင်းနှင့်
ပြည့်စုံခြင်း ... (သမ္ပတ္တိ) ရသ

၃။ ပစ္စုပ္ပန်ဘဝမှ = ရောက်ဆဲဂတိမှ ကွေကွင်းရခြင်း
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ (ဇာတိ) ... ပဒဋ္ဌာန်

[မှတ်ချက် --- ဤ ဇာတိ-ဇရာ-မရဏတို့ကို သမုတိသစ္စာပိုင်း ပရမတ္ထ သစ္စာပိုင်း နှစ်ပိုင်းခွဲ၍ ရှုလိုပါက ရှုနိုင်ပါသည်။ သမုတိသစ္စာအားဖြင့် ဘဝ တစ်ခုဝယ် ပဋိသန္ဓေကား ဇာတိ, စုတိကား မရဏ, အိုမင်းသည့်ခန္ဓာတို့ ကား ဇရာတို့တည်း။ ပရမတ္ထသစ္စာအားဖြင့်ကား ထိုထိုရုပ်နာမ်တို့၏- ဥပါဒ် ကား ဇာတိ, ဌီကား ဇရာ, ဘင်ကား မရဏတည်း။]

---

သောက

၁။ အန္တော နိဇ္ဈာနလက္ခဏော သောကော
၂။ စေတသော ပရိနိဇ္ဈာယနရသော
၃။ အနုသောစနပစ္စုပဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၉၇။ ဝိသုဒ္ဓိ၊၂၊၁၃၄။)

၁။ အတွင်း၌ လောင်မြိုက်ခြင်းသဘော ... လက္ခဏ
တစ်နည်း-- စိတ်၏ ပူပန်ခြင်းသဘော ... လက္ခဏ

၂။ စိတ်ကို ထက်ဝန်းကျင် လောင်မြိုက်ခြင်း ... (ကိစ္စ) ရသ

၃။ ဉာတိဗျသန စသည်တို့အားလျော်စွာ, ထိုဂုဏ် အပြစ်တို့
အားလျော်စွာ အဖန်ဖန် စိုးရိမ်ခြင်း ဝမ်းနည်းခြင်း
သဘောတရား ... ပစ္စုပဋ္ဌာန်

၄။ (တွေ့ထိအပ်သော ဉာတိဗျသနစသော တစ်မျိုးမျိုးသော
အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

[မှတ်ချက် --- အဋ္ဌကထာများ၌ ဇာတိမှ စ၍ ဥပါယာသတိုင်အောင် ပဒဋ္ဌာန်ကို ဖော်ပြဖွင့်ဆိုချက် မလာရှိပေ။ ဤကျမ်း၌လည်း သောက စသည် ကား ဇာတိ၏ မုချမဟုတ်သော အကျိုးဆက်များ ဖြစ်၍ ဤနေရာမှ စ၍ ပဒဋ္ဌာန်ကို ပါဠိလို မဖော်ပြတော့ဘဲ မြန်မာပြန်၌သာ လက်သည်းကွင်းငယ် ဖြင့် ဖော်ပြထားပါသည်။ သို့သော် ပဒဋ္ဌာန်ကား မရှိသည်မဟုတ် ရှိသည်သာ ဖြစ်သည်။ ပဒဋ္ဌာန်များစွာ ရှိနိုင်၍ ထူးကဲသော အကြောင်းတရားများ မဟုတ်၍ မဖွင့်ဆိုခြင်း ဖြစ်ပေရာသည်။ --- အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ - စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော် သုတ္တန္တဘာဇနီယနည်း၌ ဘုရားရှင် ဟောကြားထားတော်မူခြင်းကြောင့် ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော အကြောင်းတရား တစ်မျိုးမျိုးသည် ပဒဋ္ဌာန်ပင်တည်းဟု မှတ်ပါ။ ယင်းသဘောတရားတို့ကို တစ်နည်းတစ်ဖုံအားဖြင့် ဆိုရမူ မှီရာ ဝတ္ထုရုပ် သို့မဟုတ် ဆိုင်ရာဒွါရတို့ကို ဉာတိဗျသန စသော ဆိုင်ရာအနိဋ္ဌာရုံ တို့က ရိုက်ခတ်သောအခါ ဖဿ စသော သမ္ပယုတ်တရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသဖြင့် ဒေါမနဿဝေဒနာ ဟူသော သောက စသည်တို့သည် ဖြစ်ပေါ်လာကြရ၏။ သို့အတွက် ဝတ္ထု = ဒွါရ, အနိဋ္ဌာရုံ, ဖဿ စသော သမ္ပယုတ်တရားတို့ကား ပဒဋ္ဌာန်ပင်တည်း။]

---

ပရိဒေဝ

၁။ လာလပ္ပနလက္ခဏော ပရိဒေဝေါ
၂။ ဂုဏဒေါသပရိကိတ္တနရသော
၃။ သမ္ဘမပစ္စုပဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၉၈။ ဝိသုဒ္ဓိ၊၂၊၁၃၄။)

၁။ အဖန်ဖန် ငိုကြွေးမြည်တမ်းခြင်း = ပြောဆိုခြင်းသဘော ... လက္ခဏ

၂။ ဂုဏ် အပြစ်တို့ကို ထုတ်ဖော်ပြောဆိုခြင်း ... (ကိစ္စ) ရသ

၃။ ပရိဒေဝ ကိန်းဝပ်ရာ သတ္တဝါ၏ သို့မဟုတ် စိတ်၏ မရပ်မတည်
ချာချာလည်ကြောင်း သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း --- စိတ်ဝေနောက် မူးလည်ခြင်း အကျိုးကို
ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်

၄။ (တွေ့ထိအပ်သော ဉာတိဗျသနစသော တစ်မျိုးမျိုးသော
အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

---

ဒုက္ခ

ဒုက္ခံ နာမ ကာယိကံ ဒုက္ခံ

၁။ တံ ကာယပီဠနလက္ခဏံ
၂။ ဒုပ္ပညာနံ ဒေါမနဿကရဏရသံ
၃။ ကာယိကာဗာဓပစ္စုပဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၁၃၄။)

ကိုယ်၌ဖြစ်သော ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ သည် ဒုက္ခ မည်၏။ (ယင်းဒုက္ခဝေဒနာကို ရွေးထုတ်၍ ရှုပါ။)

၁။ ကိုယ်ကို နှိပ်စက်ခြင်းသဘော ... လက္ခဏ

၂။ ပညာမဲ့တို့၏ စိတ်နှလုံး မသာယာခြင်းကို ပြုခြင်း ... (ကိစ္စ) ရသ

၃။ ကိုယ်၌ မှီသော နာကျင်မှုသဘောတရား ... ပစ္စုပဋ္ဌာန်

၄။ (ယင်းဒုက္ခကို ဖြစ်စေတတ်သော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

---

ဒေါမနဿ

ဒေါမနဿံ နာမ မာနသံ ဒုက္ခံ

၁။ တံ စိတ္တပီဠနလက္ခဏံ
၂။ မနောဝိဃာတရသံ
၃။ မာနသဗျာဓိပစ္စုပဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၂၊၁၃၅။)

တရားကိုယ်မှာ ဒေါမနဿဝေဒနာပင် ဖြစ်သည်၊ စိတ်ဆင်းရဲခြင်းတည်း။

၁။ စိတ်ကို နှိပ်စက်ခြင်းသဘော ... လက္ခဏ

၂။ ဗျာပါဒ = ဒေါသနှင့် ယှဉ်သည်၏ အစွမ်းဖြင့် စိတ်ကို
ညှဉ်းဆဲခြင်း ... (ကိစ္စ) ရသ

၃။ စိတ်နှလုံး၌ မှီသော အနာရောဂါ ... ပစ္စုပဋ္ဌာန်

၄။ (ယင်းဒေါမနဿကို ဖြစ်စေသော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

ဒေါမနဿဝေဒနာသည် ဒုက္ခဒုက္ခဖြစ်သောကြောင့်လည်းကောင်း, ကာယိကဒုက္ခကို ဆောင်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဒုက္ခ မည်၏။ မှန်ပေသည် --- စိတ်ဆင်းရဲခြင်းနှင့် ပြည့်စုံသော သတ္တဝါတို့သည် ဆံပင်ကို ကြဲဖြန့်၍ ငိုမြည်တမ်းကြကုန်၏၊ ရင်ဘတ်တို့ကို ထုရိုက် ကြိတ်နှိပ် ကြကုန်၏၊ ရှေးရှူ လူးလည်းကုန်၏၊ ကိုယ်ကို လူးလှိမ့်ကုန်၏၊ ဇောက်ထိုး မိုးမြော် လဲကုန်၏ = ကျွမ်းထိုးချ ကျကုန်၏၊ မိမိကိုယ်ကို ဓားလက်နက်ဖြင့် ထိုးခုတ် သတ်သေကြကုန်၏၊ အဆိပ်ကို စားကြကုန်၏၊ ကြိုးဆွဲချ သေကြ ကုန်၏၊ မီးပုံတွင်းသို့ ခုန်ဆင်းကြကုန်၏၊ ဤသို့စသော အထူးထူး အပြားပြား ရှိသော ထိုဆင်းရဲကို ခံစားရကုန်၏။ (ဝိသုဒ္ဓိ၊၂၊၁၃၅။)

---

ဥပါယာသ

ဥပါယာသော နာမ ဉာတိဗျသနာဒီဟိ ဖုဋ္ဌဿ အဓိမတ္တစေတောဒုက္ခပ္ပဘာဝိတော ဒေါသောယေဝသင်္ခါရက္ခန္ဓပရိယာပန္နော ဧကော ဓမ္မောတိ ဧကေ။ (ဝိသုဒ္ဓိ၊၂၊၁၃၅။)

၁။ စိတ္တပရိဒဟနလက္ခဏော ဥပါယာသော၊ (ဝိသုဒ္ဓိ၊၂၊၁၃၅။)
ဗျာသတ္တိလက္ခဏော၊ (အဘိ၊ဋ္ဌ၊၂၊၉၉။)

၂။ နိတ္ထုနနရသော
၃။ ဝိသာဒပစ္စုပဋ္ဌာနော။ (အဘိ၊ဋ္ဌ၊၂၊၉၉။ ဝိသုဒ္ဓိ၊၂၊၁၃၅။)

ဉာတိဗျသန စသည်တို့သည် တွေ့ထိအပ်သော သတ္တဝါ၏ လွန်ကဲသော စိတ်ဆင်းရဲခြင်းသည် ဖြစ်စေအပ်သော ဒေါသသည်ပင်လျှင် ဥပါယာသ မည်၏။ (ဒေါမနဿဝေဒနာမဟုတ် ဟူလိုသည်။) သင်္ခါရက္ခန္ဓာ၌ အကျုံးဝင် သော အကုသိုလ်စေတသိက် (၁၄)လုံးမှ တစ်မျိုးသော တစ်ခုသော စေတသိက်ဟု ဧကေဆရာတို့က ဆိုကြ၏။ (ဝိသုဒ္ဓိ၊၂၊၁၃၅။)

၁။ စိတ်ကို ထက်ဝန်းကျင်မှ လောင်ခြင်းသဘော ... လက္ခဏ
တစ်နည်း --- ဉာတိဗျသန စသည်တို့၌ ဖောက်ဖောက်ပြန်ပြန်
ငြိကပ်ခြင်းသဘော ... လက္ခဏ

၂။ ညည်းတွားခြင်းကို ပြုခြင်း ... (ကိစ္စ) ရသ
တစ်နည်း --- ညည်းတွားခြင်းလျှင် ပြည့်စုံခြင်း ... (သမ္ပတ္တိ) ရသ

၃။ ဉာတိဗျသန စသော အာရုံ၌ ကိုယ်စိတ်တို့ကို နစ်မြုပ်
စေတတ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း --- ဉာတိဗျသန စသော အာရုံ၌ ကိုယ်စိတ်၏
နစ်မြုပ်ခြင်းကို ဖြစ်စေတတ်၏ ... (ဖလ)ပစ္စုပဋ္ဌာန်

၄။ (တွေ့ထိအပ်သော ဉာတိဗျသနစသော တစ်မျိုးမျိုးသော
အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

[မှတ်ချက် --- ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ - စိတ္တပရိဟဒနလက္ခဏော = ဥပါယာသသည် စိတ်ကို ထက်ဝန်းကျင်မှ လောင်ခြင်းသဘောလက္ခဏာ ရှိ၏ ဟု လာရှိ၏။ သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ကား --- ဗျာသတ္တိလက္ခဏော = ဉာတိဗျသန စသော အာရုံတို့၌ ဖောက်ဖောက်ပြန်ပြန် ငြိကပ်ခြင်းသဘော လက္ခဏာ ရှိ၏ဟု လာရှိ၏။]

သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ

ရာဂ ဒေါသ မောဟ မကင်းသေးသော သတ္တဝါတစ်ဦး၏ ဘဝဝယ် ယေဘုယျအားဖြင့် ဤ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ကား အထွတ်တပ်လျက်ပင် ရှိနေတတ်ပေ၏။ အထက်တွင် ရေးသားတင်ပြခဲ့သည့် အတိုင်း ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော ဗျသနတရား တစ်ခုခုနှင့် ကြုံတွေ့ရသော သတ္တဝါတစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်လာသော စိုးရိမ်မှု ဝမ်းနည်းကြေကွဲမှုသည်သာ သောက ဖြစ်၏။

ဒေါမနဿတစ်မျိုး --- သောကဟု အထင်မှားနေသော ဒေါမနဿ တစ်မျိုးလည်း ရှိသေး၏၊ ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း, ကလေး သူငယ် လူမမယ်အတွက် အရာရာမှာ စိုးရိမ်ခြင်း, ချစ်ခင်သူများ အရပ်တစ်ပါး သို့ သွားသောအခါ ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်း - ဤသို့ စသည်ဖြင့် စိုးရိမ်ကြောင့်ကြမှုများရုံတွင်သာမက ငါမရှိလျှင် သင်းတို့တော့ ခက်ရစ်တော့မှာပဲဟု နောက်ဆက်တွဲ စိုးရိမ်မှုတို့မှာ သောက မဟုတ်၊ ရိုးရိုး ဒေါမနဿသာတည်း။

ရာထူး ဂုဏ်သိရ် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသည့် အခါ လွန်စွာ ဝမ်းနည်းကြ၏၊ အားငယ်ကြ၏၊ ကြေကွဲကြ၏၊ ဤဝမ်းနည်း အားငယ်မှု ကြေကွဲမှုကား သောက အမည်ရသည့် ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မှု ကြေကွဲမှုကို မျိုသိပ်၍ မထားနိုင်သည့်အခါ ပရိဒေဝ ဟု ခေါ်ဆိုသော ငိုကြွေးသံ တစ်မျိုးသည် ပေါ်လာတတ်ပေသည်။ ပရိဒေဝမီး ဟု ခေါ်ဆိုရာ၌ ငိုသံကို အစွဲပြု၍ ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက် အောင် ဝမ်းတွင်း၌ အပြင်းအထန် ပူပန် တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ဆိုရခြင်း ဖြစ်သည်။ ယင်းသောက ပရိဒေဝ တရားတို့ကား တရားသောနည်းလမ်းဖြင့် သို့မဟုတ် တရားဓမ္မဖြင့် မဖြေသိမ့် နိုင်ပါက အသက်ကိုပင် ကုန်ဆုံးစေသည်အထိ ဒုက္ခမီး တောက်လောင် တတ်ပေသည်။

သောကပရိဒေဝါနံ သမတိက္ကမာယ (မ၊၁၊၇၁။) ဟူသော မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်နှင့် အညီ သောက ပရိဒေဝတို့ကို လွန်မြောက် ကြောင်း အကောင်းဆုံးသောကျင့်စဉ် အပြစ်အကင်းဆုံးသောကျင့်စဉ် အမွန် မြတ်ဆုံးသောကျင့်စဉ်ကား သတိပဋ္ဌာန်ဒေသနာတော်၌ လာရှိသော ကျင့်စဉ် များပင် ဖြစ်ကြပေသည်။ ထိုကျင့်စဉ်တို့တွင် ဤပစ္စယပရိဂ္ဂဟဉာဏ် အမည်ရ သော ပဋိစ္စသမုပ္ပါဒ်ရှုကွက်သည်လည်း ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ပင် ရှိပေသည်။

ဤပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်း အားဖြင့် သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးလုံး အတွင်း၌ သိမ်းဆည်းရှုပွားဖို့ကား လိုအပ်ပေသည်။ ထိုသို့ ရှုနိုင်ရေးအတွက် အသင်သူတော်ကောင်းသည် ရုပ်သက်သက်ကို သိမ်းဆည်းခြင်း, နာမ်သက်-သက်ကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို ပိုင်းခြား မှတ်သားခြင်းဟူသော နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း လုပ်ငန်းခွင်များကို ပြုလုပ် ပြီးသောအခါ ပဋိစ္စသမုပ္ပါဒ်ပဉ္စမနည်း ရှုကွက်ကို ပြန်လည်၍ သိမ်းဆည်း ရှုပွားပါ။ ထိုနောင် ပဋိစ္စသမုပ္ပါဒ်ပထမနည်း ရှုကွက်ကို ပြန်လည်၍ သိမ်း ဆည်း ရှုပွားပါ။ ထိုနောင် အောက်ပါအတိုင်း ပြုကျင့်ပါ။

---

လက္ခဏ-ရသ စသည်ကို ရှုပုံ

ပထမအတိတ်တွင် ဖြစ်ခဲ့သော အဝိဇ္ဇာကြောင့် ယင်းပထမအတိတ်တွင် ပင်ဖြစ်ခဲ့သော သင်္ခါရဖြစ်ပုံဟူသော အဝိဇ္ဇာနှင့် သင်္ခါရတို့၏ ကြောင်းကျိုး ဆက်နွယ်မှု သဘောတရားကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းပါ ပိုင်းခြား ယူပါ။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ သိမြင်သောအခါ အဝိဇ္ဇာ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်း-ဆည်း ရှုပွားပါ။

တစ်ဖန် ယင်းအတိတ်ဘဝက ထူထောင်ခဲ့သော သင်္ခါရကြောင့် ပစ္စုပ္ပန် ပဋိသန္ဓေဝိညာဏ် ဖြစ်ပုံကို = သင်္ခါရနှင့် ပဋိသန္ဓေဝိညာဏ်တို့၏ ကြောင်း ကျိုး ဆက်နွယ်မှု သဘောတရားကို ဉာဏ်ဖြင့် သိမြင်သောအခါ သင်္ခါရ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဆက်လက်ရှုပါ။ ဤနည်းကို နည်းမှီ၍ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသသို့တိုင်အောင် အကြောင်းနှင့် အကျိုးတို့၏ ကြောင်းကျိုးဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဆက်လက်ရှုပါ။

၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား (ပထမ)အတိတ်အဓွန့်ကာလ တရားစုတည်း။

၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ (= ကမ္မဘဝ)တို့ကား ပစ္စုပ္ပန်အဓွန့်ကာလ တရားစုတို့တည်း။

၃။ ဇာတိ (= ဥပပတ္တိဘဝ)၊ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ကား (ပထမ)အနာဂတ်အဓွန့်ကာလ တရားစုတို့တည်း။

ဤနည်းကို နည်းမှီ၍ ---

၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား (ဒုတိယ)အတိတ်အဓွန့်ကာလတရားစုတို့တည်း။

၂။ ဝိညာဏ်၊ နာမ်ရုပ် ။ ပ ။ ဘဝ (= ကမ္မဘဝ)တို့ကား (ပထမ)အတိတ် အဓွန့်ကာလ တရားစုတို့တည်း။

၃။ ဇာတိ (= ဥပပတ္တိဘဝ) ။ ပ ။ ဥပါယာသတို့ကား ပစ္စုပ္ပန်အဓွန့်ကာလ တရားစုတို့တည်း။

ဤနည်းကို နည်းမှီ၍ အတိတ်အဆက်ဆက်သို့လည်းကောင်း,
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား ပစ္စုပ္ပန်အဓွန့်ကာလ တရားစုတို့တည်း။

၂။ ဝိညာဏ် ။ ပ ။ ဘဝ (= ကမ္မဘဝ)တို့ကား (ပထမ)အနာဂတ်အဓွန့်-ကာလ တရားစုတို့တည်း။

၃။ ဇာတိ (= ဥပပတ္တိဘဝ) ။ ပ ။ ဥပါယာသတို့ကား (ဒုတိယ)အနာဂတ် အဓွန့်ကာလ တရားစုတို့တည်း။

ဤနည်းကို နည်းမှီ၍ အနာဂတ်အဆက်ဆက် ဆုံးသည်တိုင်အောင် လည်းကောင်း သဘောပေါက်ပါ။

အတိတ်ဘက်သို့လည်း ဉာဏ်ကိုစေလွှတ်၍ များစွာ ရှုနိုင်သည်။ အနာဂတ်သို့လည်း ဉာဏ်ကိုစေလွှတ်၍ များစွာ ရှုနိုင်သည်။ သံသရာခရီး ဆုံးသည် တိုင်အောင် ရှုနိုင်ပေသည်။ ထိုသို့ရှုရာ၌ ထိုထိုဘဝ၌ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်းသာ သိမ်းဆည်းရှုပွားပါ။

---

ရည်ရွယ်ချက်

ထိုသို့ သိမ်းဆည်းရှုပွားရခြင်း၏ ရည်ရွယ်ချက်မှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရား အစုအပုံနှင့် အကျိုးတရား အစုအပုံသာ ရှိသည်၊ ပြုလုပ်တတ်သူ ဖန်ဆင်းတတ်သူ အပြုလုပ်ခံရသူ အဖန်ဆင်းခံရသူ လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ရာမည်သည် မရှိဟု အသိဉာဏ် သန့်ရှင်းရန်လည်း အကြောင်းတစ်ရပ် ---

အကြောင်း အကျိုး နှစ်ရပ်လုံးတို့ အပေါ်၌ လက္ခဏာယာဉ် သုံးချက် တင်၍ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် အကြောင်းအကျိုး နှစ်ရပ်လုံးတို့ အပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ စသော ကိလေသာအစွဲများသည် တဒင်္ဂအားဖြင့် ချုပ်ငြိမ်းသွားကြမည် ဖြစ်၏။ ယင်း ဝိပဿနာဉာဏ်တို့က အဆင့်ဆင့် အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးခဲ့သော် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် ဖြစ်ပေါ် လာကြမည်ဖြစ်ပေသည်။ ယင်းမဂ်ဉာဏ်တို့က ကိလေသာတို့ကို သမုစ္ဆေဒ အားဖြင့် အဆင့်ဆင့် အကြွင်းမဲ့ ပယ်ကြမည် ဖြစ်၏။ မဂ်ဉာဏ်အဆင့်ဆင့် တို့က ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ် သတ်ခဲ့သော် အကြောင်းတရားများ = ကံ ကိလေသာများ ကုန်ဆုံးသွားကြ မည်ဖြစ်၏။ အကြောင်းတရားများ ကုန်ဆုံးသွားခဲ့သော် အကျိုး သံသရာဝဋ် ဒုက္ခလည်း ကုန်ဆုံးသွားမည် ဖြစ်ပေသည်။ ဤသို့လျှင် အကြောင်း အကျိုး နှစ်ရပ်လုံးတို့အပေါ်၌ စွဲနေသော ကိလေသာတို့ကို တဒင်္ဂ သမုစ္ဆေဒအားဖြင့် ပယ်သတ်နိုင်ရန်လည်း အကြောင်းတစ်ရပ် ---

ဤအကြောင်းနှစ်ရပ်ကြောင့် ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ကို ကုန်စင်အောင် စွမ်းနိုင်သမျှ ယခုကဲ့သို့ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ သိမ်းဆည်းရှုပွား ရခြင်းပင် ဖြစ်ပေသည်။

---

ကြိုတင်ပြင်ဆင်ပါ

ထိုသို့ ကံ-ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်ရေးအတွက် သောက ပရိဒေဝတို့ကို ကျော်လွှားလွန်မြောက်နိုင်ရေးအတွက် အရိယမဂ်ဉာဏ်ကို ရ ရှိရေးအတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် အသင်သူတော် ကောင်းသည် ဝိပဿနာသို့ တက်လှမ်းရတော့မည်ဖြစ်၏။ ဝိပဿနာသို့ တက် လှမ်းနိုင်ရေးအတွက် အောက်ပါအချက်များကို ကြိုတင်ပြင်ဆင်ပါ။

အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ---

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း (ရူပပရိဂ္ဂဟ)
၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း (အရူပပရိဂ္ဂဟ)
၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း (ရူပါရူပပရိဂ္ဂဟ)
၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း (နာမရူပဝဝတ္ထာန)
၅။ ပစ္စုပ္ပန်ခန္ဓာငါးပါး၏ အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း (ပစ္စယပရိဂ္ဂဟ)
၆။ အတိတ် အနာဂတ် ခန္ဓာတို့၏အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း (အဒ္ဓါနပရိဂ္ဂဟ)

ဤလုပ်ငန်းရပ်တို့ကို တစ်ဖန် ပြန်၍ ပြုလုပ်ပါ။ ဝိပဿနာအတွက် ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်သည်။ တစ်ဖန် ..

ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံမမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ --- (သံ၊၂၊၅၆။)

ဤသို့စသည့် အနတ္တလက္ခဏသုတ္တန် စသော ထိုထိုဒေသနာတော်တို့နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် -- အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိက - ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေကြသည့် ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည် ဖြစ်သည့်အတွက် မိမိရှုနိုင်သမျှ အတိတ် အဆက်ဆက်မှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်အထိ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံးတို့၌ ---

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း (အတိတ်မှ အနာဂတ်အထိ)
၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း ။
၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း ။
၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း ။
၅။ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း ။

ဤလုပ်ငန်းခွင်ကြီး (၅)ရပ်ကို တစ်ဖန်ပြုလုပ်ပါ။ ထိုသို့ သိမ်းဆည်းရာ၌ ခပ်စိပ်စိပ် ရုပ်နာမ်တို့ကို သိမ်းဆည်းပါ။ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် သိမ်းဆည်းပါ။ တစ်ဖန် ယင်းရုပ်နာမ်တို့ကို (၅)ပုံ ပုံ၍ ခန္ဓာငါးပါးနည်းဖြင့်လည်း အတိတ်မှသည် အနာဂတ်ဆုံးသည် အထိ တိုးလျှိုပေါက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ဝီထိ တစ်ခုနှင့် တစ်ခု၏ အကြားတွင် တည်ရှိသော ဘဝင်နာမ်တရားစုတို့ကိုလည်း ရောနှောလျက် သိမ်းဆည်းပါ။ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်းသာ ခပ်စိပ်စိပ် သိမ်းဆည်းပါ။ ထိုနောင် အတိတ်မှသည် အနာဂတ်ဆုံးသည်အထိ အကြောင်းတရား အကျိုးတရား တို့ကိုလည်း သိမ်းဆည်းပါ။

---

အနုဗောဓဉာဏ်

နာမရူပပရိစ္ဆေဒေါ, တဿ စ ပစ္စယပရိဂ္ဂဟော န ပဌမာဘိနိဝေသမတ္တေန ဟောတိ၊ အထ ခေါ တတ္ထ အပရာပရံ ဉာဏုပ္ပတ္တိသညိတေန အနု အနု ဗုဇ္ဈနေန။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)

ဤနာမရူပပရိစ္ဆေဒဉာဏ်နှင့် ထိုနာမ်ရုပ်၏ အကြောင်းတရားကို သိမ်း ဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်သည်ကား ေ့ရှဦးအစ စလျှင်စချင်း ပထမအကြိမ် တစ်ကြိမ်တစ်ခါ နှလုံးသွင်းရုံမျှဖြင့် လိုရင်းကိစ္စကား မပြီး၊ အကယ်စင်စစ်မှာမူ ထိုဉာဏ်နှစ်ပါး၌ (= ထိုရုပ်နာမ်ကို သိမ်းဆည်းရာ + ထိုရုပ်နာမ်၏ အကြောင်းတရားကို သိမ်းဆည်းရာ၌) တပြောင်းပြန်ပြန် အဖန် ဖန် အထပ်ထပ် ဉာဏ်၏ဖြစ်ခြင်းဟု ခေါ်ဆိုအပ်သော အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ထိုးထွင်းသိခြင်းဖြင့်သာလျှင် လိုရင်းကိစ္စ ပြီးစီးနိုင်ပေသည်။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)

ထိုကြောင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် - နှစ်ပါးကို အနုဗောဓဉာဏ်ဟူ၍ ခေါ်ဆိုပေသည်။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းနိုင်သဖြင့် ကာလသုံးပါး, သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို နေရာတကျ သိမ်းဆည်းနိုင်ပါက ဝိပဿနာသို့ ကူးရန် အသင့်ဖြစ်ပေပြီ။

ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း
ဖားအောက်တောရ
ကောဇာသက္ကရာဇ် - ၁၃၆၇ - ခုနှစ်

Comments

Popular posts from this blog

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

သာရတ္ထဒီပနီ-ဋီကာ (တတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါစိတ္တိယ-အဋ္ဌကထာ +နိဿယ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...