Skip to main content

ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံအပိုင်း

ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံအပိုင်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိရန်

ဧဝမေတ္ထ ခန္ဓာယတနဓာတုပစ္စယပစ္စဝေက္ခဏဝသေနပိ အသမ္မောဟသမ္ပဇညံ ဝေဒိတဗ္ဗံ။ (မ၊ဋ္ဌ၊၁၊၂၆၈။)

ဤအသမ္မောဟသမ္ပဇဉ်ပိုင်းဝယ် ---

၁။ ခန္ဓာ (၅)ပါးနည်း,
၂။ အာယတန (၁၂)ပါးနည်း,
၃။ ဓာတ် (၁၈)ပါးနည်း,
၄။ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံကို ဆင်ခြင်နည်း,

ဤသို့သော နည်းလမ်းများ၏ အစွမ်းဖြင့်လည်း အသမ္မောဟသမ္ပဇဉ် ဉာဏ်ကို ရရှိအောင် ကြိုးစားအားထုတ်ရန် အဋ္ဌကထာကြီးများက ညွှန်ကြား ထားတော်မူကြ၏။ ဤညွှန်ကြားချက်များနှင့်အညီ အသမ္မောဟသမ္ပဇဉ် ဉာဏ်ကို ရရှိရန်အတွက် ပဋိဌာန်းပစ္စည်းဆက်သွယ်ပုံ နည်းလမ်းဖြင့်,အကြောင်း တရားတို့ကို ဆင်ခြင်ပုံ သိမ်းဆည်းပုံအပိုင်းကို ပဋ္ဌာန်းဒေသနာတော်နည်း အားဖြင့် ဉာဏ်ကွန့်မြူးလိုသူ သူတော်ကောင်းများအတွက် ရည်ရွယ်၍ ဤ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံအပိုင်းကို ရေးသားတင်ပြအပ်ပါသည်။

ဤအပိုင်းကို လေ့လာလိုသော အသင်သူတော်ကောင်းသည် ပဋ္ဌာန်း ပါဠိတော် ပစ္စယနိဒ္ဒေသပိုင်းပါဠိတော်ကိုလည်းကောင်း, ယင်းပါဠိတော်၏ မြန်မာပြန် အနက်ကိုလည်းကောင်း, ယင်းပါဠိတော်၏ ဆိုလိုရင်း အနက် အဓိပ္ပါယ်ကိုလည်းကောင်း ကြိုတင်၍ အလွတ်ရအောင် လေ့ကျက်ထားဖို့ လိုအပ်ပေသည်။ သို့မှသာလျှင် ပဋိဌာန်းပစ္စည်းဆက်သွယ်ပုံ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောတရားကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်မည် ဖြစ်ပေသည်။ ထိုသို့ လေ့ကျက်ပြီးသောအခါ အောက်ပါ ပဋိဌာန်းနှစ်ချက်စုကို အလွတ်ရအောင် ထပ်မံ လေ့ကျက်ပါ။ ယင်းပဋိဌာန်းနှစ်ချက်စုကိုလည်း ဆရာ စဉ်ဆက် သင်ကြား ပို့ချလာသည့် နည်းစနစ်အတိုင်း ကျေးဇူးတော်ရင် အဘိဓဇမဟာရဋ္ဌဂုရု သက်တော်ရှည် မစိုးရိမ်ဆရာတော်ဘုရားကြီး၏ - ပဋိဌာန်းအရကောက် အကျဉ်းချုပ် ကျမ်းစာ၌ လာရှိသည့်အတိုင်း ရေးသား တင်ပြအပ်ပါသည်။

__________

နမော ဗုဒ္ဓဿ

ပဋ္ဌာန်း (၂) ချက်စု

သဟဇာတကြီး (၄)

သဟဇာတ, နိဿယ, အတ္ထိ, အဝိဂတတို့၌ ပစ္စည်းတရားကား ---

၁။ အချင်းချင်းအားတပ်သော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး၊

၂။ အချင်းချင်းအားတပ်သော မဟာဘုတ် (၄)ပါး၊

၃။ အချင်းချင်းအားတပ်သော ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး နှင့် ဟဒယဝတ္ထု၊

၄။ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်အား တပ်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် (၄)ခု, ဒွေပဉ္စဝိညာဏ် (၁၀), ရဟန္တာတို့၏ စုတိစိတ် ကြဉ်သော စိတ် (၇၅)၊ စေတသိက် (၅၂)၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး၊

၅။ ဥပါဒါရုပ်အားတပ်သော မဟာဘုတ် (၄)ပါးတည်း။

ပစ္စယုပ္ပန်တရားကား ---

၁။ အချင်းချင်းမှ ထောက်အပ်သော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး၊

၂။ အချင်းချင်းမှ ထောက်အပ်သော မဟာဘုတ် (၄)ပါး၊

၃။ အချင်းချင်းမှ ထောက်အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါးနှင့် ဟဒယဝတ္ထု၊

၄။ နာမက္ခန္ဓာမှ ထောက်အပ်သော စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်၊

၅။ မဟာဘုတ်မှ ထောက်အပ်သော ဥပါဒါရုပ်တည်း။

သဟဇာတလတ် (၄)

အညမည၌ ပစ္စည်းတရားကား ---သဟဇာတ (၁) (၂) (၃) ပစ္စည်းတရားတို့ပင်တည်း။

ပစ္စယုပ္ပန်တရားကား --- သဟဇာတ (၁) (၂) (၃) ပစ္စယုပ္ပန်တရား တို့ပင်တည်း။

ဝိပါက၌ ပစ္စည်းတရားကား ---

၁။ အချင်းချင်းအားတပ်သော ဝိပါက်စိတ် ဆတ္တိံသ၊ စေတသိက် အဋ္ဌတ္တိံသ၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး၊

၂။ ဝိပါက်စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်အားတပ်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် (၄)ခု, ဒွေပဉ္စဝိညာဏ် (၁၀), ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော ဝိပါက်စိတ် ဗာဝီသ၊ စေတသိက် အဋ္ဌတ္တိံသ၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး၊

၃။ ဟဒယဝတ္ထုအား တပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ (၄) ပါးတည်း။

ပစ္စယုပ္ပန်တရားကား ---

၁။ အချင်းချင်းမှ ထောက်အပ်သော ဝိပါက်စိတ် ဆတ္တိံသ၊ စေတသိက် အဋ္ဌတ္တိံသ၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ (၄)ပါး၊

၂။ ဝိပါက် နာမက္ခန္ဓာမှ ထောက်အပ်သော စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်၊

၃။ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာမှ ထောက်အပ်သော ဟဒယ ဝတ္ထုတည်း။

သမ္ပယုတ္တ၌ ပစ္စည်းတရားကား ---သဟဇာတ (၁) ပစ္စည်းတရားတို့ ပင်တည်း။

ပစ္စယုပ္ပန်တရားကား ---သဟဇာတ (၁) ပစ္စယုပ္ပန် တရားတို့ပင် တည်း။

ဝိပ္ပယုတ္တ၌ ပစ္စည်းတရားကား ---သဟဇာတ (၃) (၄) ပစ္စည်း တရားတို့တည်း။

ပစ္စယုပ္ပန်တရားကား --- သဟဇာတ (၃) (၄) ပစ္စယုပ္ပန်တရားတို့ ပင်တည်း။

သဟဇာတငယ် (၇)

ဟေတု၌ ပစ္စည်းတရားကား ---လောဘဒေါသမောဟအလောဘအဒေါသအမောဟတည်း။

ပစ္စယုပ္ပန်တရားကား --- သဟိတ်စိတ် ဧကသတ္တတိ၊ မောဟမူ ဒွေ၌ မောဟ ကြဉ်သော စေတသိက် ဒွေပညာသ၊ သဟိတ် စိတ္တဇရုပ်၊ သဟိတ် ပဋိသန္ဓေကမ္မဇရုပ်တည်း။

အဓိပတိ၌ ပစ္စည်းတရားကား --- အဓိပတိကိစ္စ တပ်ခိုက် ဆန္ဒ, ဝီရိယ, စိတ်, ဝီမံသ (၃)ပါး (၄)ပါးတို့တွင် တစ်ပါးပါးတည်း။

ပစ္စယုပ္ပန်တရားကား --- အဓိပတိပစ္စည်းကို ရခိုက်ရနေ မောဟမူ ဒွေ၊ ဟသိတုပ္ပါဒ်ဇောကြဉ်သော သာဓိပတိဇော (၅၂)ခု၊ အဓိပတိတရားကိုယ်, ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် ဧကပညာသ၊ သာဓိပတိစိတ္တဇရုပ်တည်း။

ကမ္မ၌ ပစ္စည်းတရားကား --- စေတနာတည်း။

ပစ္စယုပ္ပန်တရားကား --- စိတ် (၈၉)၊ စေတနာကြဉ်သော စေတသိက် ဧကပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တည်း။

အာဟာရ၌ ပစ္စည်းတရားကား --- ဖဿ, စေတနာ, ဝိညာဏ်တည်း။

ပစ္စယုပ္ပန်တရားကား ---စိတ် (၈၉)၊ စေတသိက် ဒွေပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တည်း။

ဣန္ဒြိယ၌ ပစ္စည်းတရားကား --- ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ပညာတည်း။

ပစ္စယုပ္ပန်တရားကား --- စိတ် (၈၉)၊ စေတသိက် ဒွေပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တည်း။

စျာန၌ ပစ္စည်းတရားကား --- ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာတည်း။

ပစ္စယုပ္ပန်တရားကား --- ဒွေပဉ္စဝိညာဏ် (၁၀) ကြဉ်သော စိတ် (၇၉)၊ စေတသိက် ဒွေပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တည်း။

မဂ္ဂ၌ ပစ္စည်းတရားကား --- ပညာ, ဝိတက်, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ဒိဋ္ဌိတည်း။

ပစ္စယုပ္ပန်တရားကား --- သဟိတ်စိတ် ဧကသတ္တတိ၊ စေတသိက် ဒွေပညာသ၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ် ပဋိသန္ဓေကမ္မဇရုပ်တည်း။

အာရမ္မဏ ၈-မျိုး (ဝါ) ၁၁-မျိုး

အာရမ္မဏ၌ ပစ္စည်းတရားကား --- အာရုံ (၆)ပါးတည်း။ (ဝါ) ပစ္စုပ္ပန်, အတိတ်, အနာဂတ် ဖြစ်သော စိတ် (၈၉)၊ စေတသိက် ဒွေပညာသ၊ ရုပ် အဋ္ဌဝီသ၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်, ပညတ်တည်း။

ပစ္စယုပ္ပန်တရားကား --- စိတ် (၈၉)၊ စေတသိက် ဒွေပညာသတည်း။

အာရမ္မဏာဓိပတိ, အာရမ္မဏူပနိဿယတို့၌ ပစ္စည်းတရားကား ---- အလေးအမြတ် ပြုအပ်သော ပစ္စုပ္ပန်, အတိတ်, အနာဂတ်, ဣဋ္ဌ ဖြစ်သော နိပ္ဖန္နရုပ် အဋ္ဌာရသဒေါသမူ ဒွေ, မောဟမူ ဒွေ, ဒုက္ခသဟဂုတ် ကာယဝိညာဏ် ကြဉ်သော စိတ် (၈၄)ခု၊ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် သတ္တစတ္တာလီသ၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်တည်း။

ပစ္စယုပ္ပန်တရားကား --- အလေးအမြတ် ပြုတတ်သော လောဘမူစိတ် (၈)ခု၊ မဟာကုသိုလ်စိတ် (၈)ခု၊ မဟာကြိယာဉာဏသမ္ပယုတ်စိတ် (၄)ခု၊ လောကုတ္တရာစိတ် (၈)ခု၊ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ, အပ္ပမညာ ကြဉ်သော စေတသိက် ပဉ္စစတ္တာလီသတည်း။

ဝတ္ထာရမ္မဏပုရေဇာတနိဿယဝတ္ထာရမ္မဏပုရေဇာတဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ္တဝတ္ထာရမ္မဏပုရေဇာတတ္ထိဝတ္ထာရမ္မဏပုရေဇာတအဝိဂတတို့၌ ပစ္စည်းတရားကား --- မရဏာသန္နအခါ စုတိစိတ် မှ ပြန်၍ရေသည်ရှိသော် (၁၇)ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုတည်း။

ပစ္စယုပ္ပန်တရားကား --- ပဉ္စဝေါကာရဘုံ၌ ဝတ္ထာရမ္မဏပုရေဇာတ နိဿယပစ္စည်းကို ရသောအခါ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော တစ်ခုယုတ် (၃၀)၊ တဒါရုံ ဧကာဒသ၊ အဘိညာဏ် ဒွေဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိရတီ, အပ္ပမညာ ကြဉ်သော စေတသိက် စတုစတ္တာလီသတည်း။

အာရမ္မဏပုရေဇာတအာရမ္မဏပုရေဇာတတ္ထိအာရမ္မဏပုရေဇာတအဝိဂတတို့၌ ပစ္စည်းတရားကား --- ပစ္စုပ္ပန် နိပ္ဖန္နရုပ် အဋ္ဌာရသတည်း။

ပစ္စယုပ္ပန်တရားကား --- ပဉ္စဝေါကာရဘုံ၌ အာရမ္မဏပုရေဇာတ ပစ္စည်းကို ရခိုက်ရနေ ကာမစိတ် စတုပညာသ၊ အဘိညာဏ် ဒွေအပ္ပမညာ ကြဉ်သော စေတသိက် ပညာသတည်း။

အနန္တရမျိုး (၇)

အနန္တရသမနန္တရအနန္တရူပနိဿယနတ္ထိဝိဂတတို့၌ ပစ္စည်း တရားကား --- ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော ရှေးရှေးသော စိတ် (၈၉)၊ စေတသိက် ဒွေပညာသတည်း။

ပစ္စယုပ္ပန်တရားကား --- ရဟန္တာတို့၏ စုတိစိတ်နှင့်တကွ နောက် နောက်သော စိတ် (၈၉)၊ စေတသိက် ဒွေပညာသတည်း။

အာသေဝန၌ ပစ္စည်းတရားကား ---အဆုံးဇောကြဉ်သော ရှေးရှေး သော လောကီဇော သတ္တစတ္တာလီသ၊ စေတသိက် ဒွေပညာသတည်း။

ပစ္စယုပ္ပန်တရားကား - ပထမဇော, ဖိုလ်ဇော ကြဉ်သော နောက် နောက်၌ ဖြစ်သော ဇော ဧကပညာသ၊ စေတသိက် ဒွေပညာသတည်း။

အနန္တရမျိုး - ကမ္မ၌ ပစ္စည်းတရားကား ---မဂ် (၄)ခု၌ ရှိသော စေတနာတည်း။

ပစ္စယုပ္ပန်တရားကား - မဂ္ဂါနန္တရဖိုလ် (၄)ခု၊ စေတသိက် ဆတ္တိံသ တည်း။

ဝတ္ထုမျိုး (၆)

ဝတ္ထုပုရေဇာတနိဿယဝတ္ထုပုရေဇာတဝတ္ထုပုရေဇာတဝိပ္ပယုတ္တဝတ္ထုပုရေဇာတတ္ထိဝတ္ထုပုရေဇာတအဝိဂတတို့၌ ပစ္စည်းတရားကား --- ပဝတ္တိအခါ ဆဝတ္ထုတည်း။

ပစ္စယုပ္ပန်တရားကား --- ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပ ဝိပါက် (၄)ခု ကြဉ်သော စိတ် (၈၅)ခု၊ စေတသိက် ဒွေပညာသတည်း။

ဝတ္ထုပုရေဇာတိန္ဒြိယ၌ ပစ္စည်းတရားကား --- ရှေးဦးအစ အတီတ ဘဝင်နှင့် အတူဥပါဒ်သော မဇ္ဈိမာယုက စက္ခုဝတ္ထု ။ ပ ။ ရှေးဦးအစ အတီတဘဝင်နှင့် အတူဥပါဒ်သော မဇ္ဈိမာယုက ကာယဝတ္ထုတည်း။

ပစ္စယုပ္ပန်တရားကား --- ဒွေပဉ္စဝိညာဏ် (၁၀)၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇)ခုတည်း။

ပစ္ဆာဇာတမျိုး (၄)

ပစ္ဆာဇာတပစ္ဆာဇာတဝိပ္ပယုတ္တပစ္ဆာဇာတတ္ထိပစ္ဆာဇာတအဝိဂတတို့၌ ပစ္စည်းတရားကား --- ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပ ဝိပါက် (၄)ခု ကြဉ်သော ပထမဘဝင်အစရှိသော နောက်နောက်၌ဖြစ်သော စိတ် (၈၅)ခု၊ စေတသိက် ဒွေပညာသတည်း။

ပစ္စယုပ္ပန်တရားကား ---ပဋိသန္ဓေ အစရှိသော ရှေးရှေးသော စိတ် နှင့် အတူဥပါဒ်၍ ရုပ်၏ ဌီသို့ ရောက်သော ဧကဇကာယ, ဒွိဇကာယ, တိဇကာယ, စတုဇကာယတည်း။

နာနာက္ခဏိက ကမ္မမျိုး (၆)

နာနာက္ခဏိကကမ္မ၌ ပစ္စည်းတရားကား ----- အတိတ်ဖြစ်သော ကုသိုလ်ကံ (၂၁)၊ အကုသိုလ်ကံ (၁၂) တည်း။

ပစ္စယုပ္ပန်တရားကား --- ဝိပါက်စိတ် ဆတ္တိံသ၊ စေတသိက် အဋ္ဌတ္တိံသ၊ ပဋိသန္ဓေ ကမ္မဇရုပ်၊ အသညသတ် ကမ္မဇရုပ်၊ ပဝတ္တိ ကမ္မဇရုပ်တည်း။

နာနာက္ခဏိကကမ္မမျိုး - အနန္တရသမနန္တရနတ္ထိဝိဂတတို့၌ ပစ္စည်းတရားကား --- မဂ် (၄)ခု၌ ရှိသော စေတနာတည်း။

ပစ္စယုပ္ပန်တရားကား --- မဂ္ဂါနန္တရဖိုလ် (၄)ခု၊ စေတသိက် ဆတ္တိံသ နာမက္ခန္ဓာတည်း။

နာနာက္ခဏိကကမ္မမျိုး - ဥပနိဿယ၌ ပစ္စည်းတရားကား ---- အတိတ် ဖြစ်သော ကုသိုလ်ကံ (၂၁)၊ အကုသိုလ်ကံ (၁၂) တည်း။

ပစ္စယုပ္ပန်တရားကား --- ဝိပါက်စိတ် ဆတ္တိံသ၊ စေတသိက် အဋ္ဌတ္တိံသ နာမက္ခန္ဓာတည်း။

ရူပအာဟာရမျိုး (၃)

ရူပအာဟာရရူပအာဟာရတ္ထိရူပအာဟာရအဝိဂတတို့၌ ပစ္စည်းတရားကား --- စတုသမုဋ္ဌာနိက ဩဇာတည်း။

ပစ္စယုပ္ပန်တရားကား --- ကလာပ်တူ ဩဇာကြဉ်သော ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ်တည်း။

ရူပဇီဝိတိန္ဒြိယမျိုး (၃)

ရူပဇီဝိတိန္ဒြိယရူပဇီဝိတိန္ဒြိယတ္ထိရူပဇီဝိတိန္ဒြိယအဝိဂတတို့၌ ပစ္စည်းတရားကား --- ရုပ်ဇီဝိတိန္ဒြေတည်း။

ပစ္စယုပ္ပန်တရားကား --- ရုပ်ဇီဝိတိန္ဒြေ ကြဉ်သော ကလာပ်တူ ကမ္မဇ ရုပ် (၉)ခု (၈)ခုတည်း။

ပကတူပနိဿယ (၁)

ပကတူပနိဿယ၌ ပစ္စည်းတရားကား --- ဗလဝဖြစ်သော စိတ် (၈၉)၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ၊ ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ်တည်း။

ပစ္စယုပ္ပန်တရားကား --- စိတ် (၈၉)၊ စေတသိက် ဒွေပညာသတည်း။

ပဋ္ဌာန်း (၂) ချက်စု ပြီး၏။

__________

ဆိုလိုရင်းသဘော အကျဉ်းချုပ်

သဟဇာတကြီး, သဟဇာတလတ်, သဟဇာတငယ်ဟူသော သဟဇာတမျိုး၌ အကြောင်းတရားနှင့် အကျိုးတရားတို့ကား ပြိုင်တူဖြစ်ကြသော တရားတို့ပင် ဖြစ်ကြ၏။ ပြိုင်တူဖြစ်ကြသော တရားစုတို့တွင် တစ်ခုသည် တစ်ခုအား ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဟူ၏သို့ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကြသော တရားတို့ ဖြစ်ကြ၏။

အာရမ္မဏမျိုး၌ အကြောင်းပစ္စည်းတရားတို့ကား ကာလသုံးပါး၌ ဖြစ်ကြသော စိတ် စေတသိက် ရုပ် ပရမတ်တရားများနှင့် ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန် ပညတ် တရားတို့ ဖြစ်ကြ၏။ သိစရာအာရုံအဖြစ် ရပ်တည်၍ ကျေးဇူးပြုပေးကြသော အာရမ္မဏ အကြောင်းပစ္စည်းတရားတို့တည်း။ ယင်း အာရုံတို့ကို သိတတ်သော စိတ်စေတသိက် နာမ်တရားစုတို့သည် ပစ္စုပ္ပန် ပစ္စယုပ္ပန် အကျိုးတရားတို့တည်း။ အာရုံနှင့် အာရမ္မဏိကတည်း။ သိစရာ အာရုံနှင့် သိတတ်သော အာရမ္မဏိက နာမ်တရားစုတည်း။

အနန္တရမျိုး၌ အကြောင်းပစ္စည်းတရားကား ရှေးစိတ္တက္ခဏ နာမ် တရားစုတည်း။ အကျိုးပစ္စယုပ္ပန်တရားကား နောက်စိတ္တက္ခဏ နာမ်တရားစု တည်း။ အကြောင်း စိတ္တက္ခဏနှင့် အကျိုးစိတ္တက္ခဏတို့၏ အကြား၌ တစ်စုံ တစ်ခုသော ခြားဆီးထားသောတရား မရှိပေ။

ဝတ္ထုမျိုး၌ အကြောင်းပစ္စည်းတရားတို့ကား ဌီကာလသို့ ရောက်ရှိနေသော ဝတ္ထုရုပ် (၆)မျိုးတို့တည်း။ အကျိုးပစ္စယုပ္ပန်တရားတို့ကား ဆိုင်ရာ နာမ်တရားစုတို့တည်း။ အကြောင်းအကျိုး နှစ်ရပ်လုံးကား ပစ္စုပ္ပန်ချည်း သာတည်း။

ပစ္ဆာဇာတမျိုး၌ အကြောင်းတရားတို့ကား နောက်နောက်သော စိတ္တက္ခဏ နာမ်တရားစုတည်း။ အကျိုးတရားကား ရှေးရှေးသော စိတ်နှင့် အတူဥပါဒ်သော ဌီကာလသို့ ရောက်ရှိလာသော ရုပ်တရားစုတည်း။

နာနာက္ခဏိကကမ္မမျိုး၌ အကြောင်းတရားနှင့် အကျိုးတရားတို့ကား ဖြစ်ပေါ်ကြသည့် ခဏချင်း မတူညီကြပေ။ အကြောင်းပစ္စည်းတရားနှင့် အကျိုးပစ္စယုပ္ပန်တရားတို့သည် ---

၁။ စိတ္တက္ခဏ တစ်ခုသော်လည်းကောင်း = ရှေးစိတ္တက္ခဏနှင့် နောက်စိတ္တက္ခဏသော်လည်းကောင်း (= မဂ်နှင့် ဖိုလ်),
၂။ စိတ္တက္ခဏ များစွာသော်လည်းကောင်း,
၃။ ဘဝသော်လည်းကောင်း,
၄။ ဘဝပေါင်း များစွာသော်လည်းကောင်း,
၅။ ကမ္ဘာပေါင်း များစွာသော်လည်းကောင်း ---

ဝေးကွာမှု ရှိနိုင်၏။

ရူပအာဟာရမျိုး၌ အကြောင်းတရားနှင့် အကျိုးတရား နှစ်မျိုးလုံး သည် ရုပ်တရားစုသာတည်း။ ဩဇာက အာဟာရဇရုပ်တို့အား ကျေးဇူးပြုပုံ အပိုင်းတည်း။ ဌီကာလသို့ ရောက်ရှိလာသော ဩဇာက ဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေပုံအပိုင်းတည်း။

ရူပဇီဝိတိန္ဒြိယမျိုး၌ ကလာပ်တူ ဇီဝိတက ကလာပ်တူ ကမ္မဇရုပ်တို့ အား ကျေးဇူးပြု၏၊ အနုပါလကသတ္တိတည်း။ အကြောင်းအကျိုး နှစ်ရပ်လုံး ရုပ်တရားစုချည်းသာတည်း။ အကြောင်းအကျိုး နှစ်ရပ်လုံး ပြိုင်တူဖြစ်၏။

ပကတူပနိဿယကား --- ပင်ကိုယ်ပကတိသဘောအားဖြင့် အားကြီးသောမှီရာ အကြောင်းပစ္စည်းတရားတည်း။ အကြောင်းတရားပိုင်း၌ စိတ် စေတသိက် ရုပ်တရားများနှင့် ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ် တရားများ ပါဝင်ကြ၏။ အကျိုးတရားပိုင်း၌ စိတ် စေတသိက် တရားတို့သာ ပါဝင်ကြ၏။ အကြောင်းပရမတ်တရားနှင့် အကျိုးပရမတ်တရားတို့ကား စိတ္တက္ခဏချင်း နီးကပ်မှုလည်း ရှိနိုင်၏။ ဝေးကွာမှုလည်း ရှိနိုင်၏။

__________

ကြိုတင် သိမှတ်ထားရန်

ဤအပိုင်းတွင် တိဟိတ် လူသားတစ်ဦး၏ ပဋိသန္ဓေ ခန္ဓာငါးပါး စသည်ကိုသာ ဦးစားပေး၍ ရှေးဦးစွာ ရေးသားတင်ပြအပ်ပါသည်။ ပစ္စုပ္ပန် ပဋိသန္ဓေကိုသာ ရှေးဦးစွာ ဖော်ပြလိုသောကြောင့် ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း ကြောင်းကျိုးဆက်သွယ်ပုံကို ပြန်လည်၍ အာရုံယူထားပါ။ နာမ် ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း စိတ္တက္ခဏ တိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ ခန္ဓာငါးပါးနည်းဖြင့် ကြောင်းကျိုးဆက်သွယ်ပုံကို တင်ပြမည် ဖြစ်ပေသည်။ သို့သော် နာမ်ခန္ဓာတို့၌ကား စုပေါင်း၍ ရေးသား တင်ပြမည် ဖြစ်ပေသည်။

ရုပ် ပစ္စယုပ္ပန်တရားသည် ---

၁။ စိတ္တဇရုပ်,
၂။ ပဋိသန္ဓေ ကမ္မဇရုပ်,
၃။ ဗာဟိရရုပ်,
၄။ အာဟာရဇရုပ်,
၅။ ဥတုဇရုပ်,
၆။ အသညသတ် ကမ္မဇရုပ်,
၇။ ပဝတ္တိကမ္မဇရုပ် ---

ဟူ၍ ဤသို့လျှင် (၇)မျိုး ရှိ၏။ ထိုတွင်လည်း စိတ္တဇရုပ်သည် ---

၁။ ကုသိုလ် စိတ္တဇရုပ်,
၂။ အကုသိုလ် စိတ္တဇရုပ်,
၃။ ဝိပါက် စိတ္တဇရုပ်,
၄။ ကြိယာ စိတ္တဇရုပ် ဟူ၍ (၄)မျိုး ရှိပေသည်။

ယင်းရုပ်တရားတို့သည် ဆိုင်ရာ စိတ္တက္ခဏတို့၌ ထင်ရှားပေလတ္တံ့။ ပဋိသန္ဓေ ကမ္မဇရုပ်သည်လည်း အဟိတ် ပဋိသန္ဓေ ကမ္မဇရုပ်, ဒွိဟိတ် ပဋိသန္ဓေ ကမ္မဇရုပ်, တိဟိတ် ပဋိသန္ဓေ ကမ္မဇရုပ်ဟူ၍ (၃)မျိုး ရှိပြန်ရာ ရှေးဦးစွာ ကာမတိဟိတ် ပဋိသန္ဓေ ကမ္မဇရုပ် ဖြစ်ပေါ်လာပုံကို ရေးသား တင်ပြပေအံ့။

ကာမတိဟိတ် ပဋိသန္ဓေ ကမ္မဇရုပ် ဖြစ်ပေါ်လာပုံ

ဟဒယဝတ္ထုမှ တစ်ပါးသော ကာမတိဟိတ် ပဋိသန္ဓေ ကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၂ ၊
၂။ ရုပ်သဟဇာတမျိုး --- ၅ ၊
၃။ ပစ္ဆာဇာတမျိုး --- ၄ ၊
၄။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃ ၊
၅။ နာနာက္ခဏိကကမ္မ --- ၁ ၊

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဟဒယဝတ္ထုမှ တစ်ပါးသော ကာမတိဟိတ် ပဋိသန္ဓေ ကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) ကာမတိဟိတ် ပဋိသန္ဓေ (၄)ခု၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရား တို့က သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၆) ။
( ခ ) အလောဘ အဒေါသ အမောဟ - ဟိတ် (၃)ပါး ပစ္စည်းတရား တို့က ဟေတုသတ္တိ
( ဂ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ
(ဃ) ဖဿ စေတနာ ဝိညာဏ်ပစ္စည်းတရားတို့က အာဟာရသတ္တိ
( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ
( စ ) သောမနဿသဟဂုတ် တိဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်ဖြစ်အံ့ - စျာနင် (၅)ပါး, ဥပေက္ခာသဟဂုတ် တိဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်ဖြစ်အံ့ - စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ
(ဆ) ဝိရတိကြဉ်သော မဂ္ဂင် (၅)ပါးပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၆)။ ( ၆ + ၆ = ၁၂ )။

၂။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ်လေးပါး ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅) ။

၃။ ပစ္ဆာဇာတဖြစ်သော ပထမဘဝင် နာမက္ခန္ဓာ ပစ္စည်းတရားတို့က ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄) ။

၄။ ကလာပ်တူ ရုပ်ဇီဝိတိန္ဒြေ ပစ္စည်းတရားတို့က ရူပဇီဝိတိန္ဒြိယ ရူပဇီဝိတိန္ဒြိယတ္ထိ ရူပဇီဝိတိန္ဒြိယအဝိဂတသတ္တိ၊ (၃)။

၅။ တိဟိတ် ဥက္ကဋ္ဌ ကာမကုသိုလ်ကံ (၄)ခု ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မသတ္တိ၊ (၁)။

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ကျေးဇူး ပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် ---(၁) သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ပဋိသန္ဓေ, (၂) သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက ပဋိသန္ဓေ, (၃) ဥပေက္ခာ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ပဋိသန္ဓေ, (၄) ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက ပဋိသန္ဓေဟု ကာမ တိဟိတ် ပဋိသန္ဓေ (၄)မျိုး ရှိရာ အသင်သူတော်ကောင်းသည် ဤဘဝတွင် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်တွင် ဖြစ်ခဲ့သည့် ပဋိသန္ဓေကိုသာ ရွေးချယ်၍ ရှုပါ။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် ပဋိသန္ဓေဖြစ်လျှင် နာမ်တရား (၃၄), ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၃) - အသီးအသီး ဖြစ်ပေသည်။ အလားတူပင် နာနာက္ခဏိကကမ္မ ပိုင်းတွင်လည်း ကာမတိဟိတ် ကုသိုလ်ကံ (၄)မျိုးတို့တွင် မိမိ၏ ပဋိသန္ဓေကို ဖြစ်စေသော ကံတစ်ခုကိုသာ ရွေးချယ်စိစစ်၍ ရှုပါ။

ဤအထက်တွင် တင်ပြထားသော အကြောင်းပစ္စည်းတရားတို့တွင် ပစ္ဆာဇာတအကြောင်းပစ္စည်းနှင့် နာနာက္ခဏိကကမ္မအကြောင်းပစ္စည်းမှ လွဲ၍ ကြွင်းကျန်သော အကြောင်းပစ္စည်းတရားတို့ကား အကျိုးပစ္စယုပ္ပန်တရား တို့နှင့် ပြိုင်တူဖြစ်ကြ၏။ ထို့ကြောင့် နာမ်သဟဇာတမျိုး ရုပ်သဟဇာတမျိုး တို့၌လည်း အကျုံးဝင်၏။ ဇီဝိတနှင့် ယင်းပဋိသန္ဓေကမ္မဇရုပ်တို့မှာလည်း ပြိုင်တူဖြစ်ကြသော ရုပ်တရား အချင်းချင်းပင် ဖြစ်ကြ၍ ရူပဇီဝိတိန္ဒြိယမျိုးသို့လည်း သက်ဝင်၏။ ကလာပ်တူ ဇီဝိတက ကလာပ်တူ ကမ္မဇရုပ်တို့အား ကျေးဇူးပြုပုံအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုပါ။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းအတိုင်း ကြောင်းကျိုးဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ရှုပြီးသူအတွက် အလွန်ကြီး မခက်ခဲတော့ပြီ။]

ကာမတိဟိတ် ပဋိသန္ဓေကမ္မဇရုပ် ဟဒယဝတ္ထု ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊
၂။ ရုပ်သဟဇာတမျိုး --- ၄ ၊
၃။ ပစ္ဆာဇာတမျိုး --- ၄ ၊
၄။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃ ၊
၅။ နာနာက္ခဏိကကမ္မ --- ၁ ၊

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ကာမတိဟိတ် ပဋိသန္ဓေကမ္မဇရုပ် ဟဒယဝတ္ထု ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) ကာမတိဟိတ် ပဋိသန္ဓေ (၄)ခု၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရား တို့က သဟဇာတ အညမည နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇) ။
( ခ ) အလောဘ အဒေါသ အမောဟ - ဟိတ် (၃)ပါး ပစ္စည်းတရား တို့က ဟေတုသတ္တိ
( ဂ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ
(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ
( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ
( စ ) သောမနဿသဟဂုတ် တိဟိတ် ပဋိသန္ဓေကမ္မဇရုပ် ဟဒယဝတ္ထုဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် တိဟိတ် ပဋိသန္ဓေကမ္မဇရုပ် ဟဒယဝတ္ထုဖြစ်အံ့ - ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ
(ဆ) ဝိရတီကြဉ်သော မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊(၆)။ (၇ + ၆ = ၁၃) ။

၂။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့က သဟဇာတ နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၄) ။

၃။ ပစ္ဆာဇာတဖြစ်သော (ပဋိသန္ဓေနောင်) ပထမဘဝင် နာမက္ခန္ဓာ ပစ္စည်း တရားတို့က ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄) ။

၄။ ကလာပ်တူ ရုပ်ဇီဝိတိန္ဒြေ ပစ္စည်းတရားတို့က ရူပဇီဝိတိန္ဒြိယ ရူပဇီဝိတိန္ဒြိယတ္ထိ ရူပဇီဝိတိန္ဒြိယအဝိဂတသတ္တိ၊ (၃) ။

၅။ တိဟိတ် ဥက္ကဋ္ဌ ကာမကုသိုလ်ကံ (၄)ခု ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မသတ္တိ၊ (၁) ။

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

__________

ကာမတိဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ (၄) ပါး ဖြစ်ပေါ်လာပုံ

ကာမတိဟိတ် ပဋိသန္ဓေ (၄)ခု၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ ရုပ်သဟဇာတမျိုး --- ၆ ၊

၃။ အာရမ္မဏမျိုး --- ၁ ၊

၄။ အနန္တရမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ကာမတိဟိတ် ပဋိသန္ဓေ (၄)ခု၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ကာမတိဟိတ်ပဋိသန္ဓေ (၄)ခု၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ် အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇) ။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ကာမတိဟိတ် ပဋိသန္ဓေ (၄)ခု နာမက္ခန္ဓာ၌ တည်ရှိသော အလောဘ အဒေါသ အမောဟ - ဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ၊

( ဂ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿသဟဂုတ် တိဟိတ်ပဋိသန္ဓေ ဖြစ်အံ့ - စျာနင် (၅) ပါး၊ ဥပေက္ခာသဟဂုတ် တိဟိတ်ပဋိသန္ဓေ ဖြစ်အံ့ စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊

(ဆ) ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၅)ပါး ပစ္စည်း တရားတို့က မဂ္ဂသတ္တိ၊ (၆) ။ (၇ + ၆ = ၁၃) ။

၂။ မိမိဟု ဆိုအပ်သော ကာမတိဟိတ် ပဋိသန္ဓေ (၄)ခု နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆) ။

၃။ ကံ-ကမ္မနိမိတ်-ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော ပစ္စည်း တရားက အာရမ္မဏသတ္တိ၊ (၁) ။

၄။ လွန်လေပြီးသော အတိတ်ဘဝဝယ် ချုပ်လေပြီးသော စုတိစိတ် (၁၉) မျိုးတို့တွင် တစ်မျိုးမျိုးသော စုတိနာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅) ။

၅။ အတိတ်ဖြစ်သော တိဟိတ်ဥက္ကဋ္ဌ ကာမကုသိုလ်ကံ (၄)ခု ပစ္စည်းတရား တို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂) ။

ဤ (၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့် အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် --- ဤ၌လည်း ကာမတိဟိတ် ပဋိသန္ဓေ (၄)မျိုးတို့တွင် သတ္တဝါ တစ်ဦးအတွက် တစ်ခုသော ဘဝဝယ် ပဋိသန္ဓေ တစ်မျိုးသာ ဖြစ်၏။ အလားတူပင် ကာမတိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ကံ (၄)မျိုးတို့တွင် ပဋိသန္ဓေ အကျိုးကို ဖြစ်စေသော ကုသိုလ်ကံမှာ ဘဝတစ်ခုအတွက် တစ်မျိုးသာ ဖြစ်သည်။ သို့သော် ပဝတ္တိအကျိုးနှင့် ပဝတ္တိအကျိုးကို ဖြစ်စေသော ကံတို့မှာ အမျိုးမျိုး ဖြစ်နိုင်ပေသည်။]

ဘဝင်ခန္ဓာ (၅) ပါးမှ ဘဝင်ရူပက္ခန္ဓာ

ယေဘုယျအားဖြင့် ဘဝင်စိတ္တက္ခဏတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်ကောင်းသော ရုပ်တို့ကား ---

(က) စိတ္တဇရုပ်,

( ခ ) ပဝတ္တိကမ္မဇရုပ်,

( ဂ ) ဥတုဇရုပ်,

(ဃ) အာဟာရဇရုပ် - ဤ (၄)မျိုးတို့တည်း။

ယင်းဘဝင်စိတ်တို့၏ ဌီခဏ ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်ကောင်းသော ရုပ်တို့ကား ---

(က) ပဝတ္တိကမ္မဇရုပ်,

( ခ ) ဥတုဇရုပ်,

( ဂ ) အာဟာရဇရုပ် - ဤ (၃)မျိုးတို့တည်း။

[မှတ်ချက် --- ပဋိသန္ဓေနောင် ပထမဘဝင် အစရှိသော အချို့သော ဘဝင်စိတ္တက္ခဏတို့၌ကား အာဟာရဇရုပ်များ မဖြစ်ပေါ်နိုင်ကြသေးပေ။ အမိ စားမျိုလိုက်သော အစာအာဟာရသည် ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်တွင်းသို့ ပျံ့နှံ့ရာ အချိန်ကာလမှစ၍ အာဟာရဇရုပ်များ ဖြစ်ခွင့်ရှိကြပေသည်။]

ဘဝင် ရူပက္ခန္ဓာ

ဘဝင် စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၂ ၊

၂။ ရုပ်သဟဇာတမျိုး --- ၅ ၊

၃။ ပစ္ဆာဇာတမျိုး --- ၄ ၊

၄။ ရူပအာဟာရမျိုး --- ၃ ၊

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့် အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဘဝင်စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) ကာမတိဟိတ်ဘဝင် (၄)ခု၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊(၆)။

( ခ ) ယင်းကာမတိဟိတ် ဘဝင်နာမက္ခန္ဓာ၌တည်ရှိသော အလောဘ အဒေါသ အမောဟ - ဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ၊

( ဂ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿသဟဂုတ် တိဟိတ်ဘဝင်ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် တိဟိတ်ဘဝင်ဖြစ်အံ့ - စျာနင် (၄)ပါး ပစ္စည်း တရားတို့က စျာနသတ္တိ၊

(ဆ) ဝိရတိကြဉ်သော မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊(၆)။ (၆ + ၆ = ၁၂) ။

၂။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၃။ ပစ္ဆာဇာတဖြစ်သော ထိုက်သင့်ရာ ဝိပါက် ကြိယာ နာမက္ခန္ဓာ ပစ္စည်းတရားတို့က ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၄။ ကလာပ်တူဩဇာကြဉ်သော ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့က ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

---

ဘဝင်စိတ်၏ ဥပါဒ်-ဌီ-ဘင်-ခဏတို့နှင့် အတူပြိုင်၍ဖြစ်သော ပဝတ္တိကမ္မဇရုပ်တို့၏ ဖြစ်ပေါ်တည်နေရပုံ

ယင်းပဝတ္တိကမ္မဇရုပ်တရားတို့သည် ---

၁။ ရုပ်သဟဇာတမျိုး --- ၅ ၊

၂။ ပစ္ဆာဇာတမျိုး --- ၄ ၊

၃။ ရူပအာဟာရမျိုး --- ၃ ၊

၄။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃ ၊

၅။ နာနာက္ခဏိကကမ္မ --- ၁ ၊

ဤ (၁၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ယင်းပဝတ္တိကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၂။ ပစ္ဆာဇာတဖြစ်သော ဝိပါက် ကြိယာ နာမက္ခန္ဓာ ပစ္စည်းတရားတို့က ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄) ။

၃။ ကလာပ်တူဩဇာကြဉ်သော ကလာပ်တူ ကလာပ်ပြားဖြစ်သော စတု သမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့က ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

၄။ ကလာပ်တူ ရုပ်ဇီဝိတိန္ဒြေပစ္စည်းတရားတို့က ရူပဇီဝိတိန္ဒြိယ ရူပဇီဝိတိန္ဒြိယတ္ထိ ရူပဇီဝိတိန္ဒြိယအဝိဂတသတ္တိ၊ (၃)။

၅။ အတိတ်ဖြစ်သော ကာမကုသိုလ်ကံ (၈), အကုသိုလ်ကံ (၁၂) - ဤ (၂၀)သော အကြောင်းပစ္စည်းတရားတို့တွင် တစ်မျိုးမျိုးသော ပစ္စည်း တရားတို့က နာနာက္ခဏိကကမ္မသတ္တိ၊ (၁)။

ဤ (၁၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဘဝင်စိတ်၏ ဥပါဒ်-ဌီ-ဘင်-ခဏတို့နှင့် အတူပြိုင်၍ဖြစ်သော ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ဖြစ်ပေါ်တည်နေပုံ

ယင်းဥတုဇရုပ် အာဟာရဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ ရုပ်သဟဇာတမျိုး --- ၅ ၊

၂။ ပစ္ဆာဇာတမျိုး --- ၄ ၊

၃။ ရူပအာဟာရမျိုး --- ၃ ၊

ဤ (၁၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ယင်းဥတုဇရုပ် အာဟာရဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၂။ ပစ္ဆာဇာတဖြစ်သော ဝိပါက် ကြိယာ နာမက္ခန္ဓာ ပစ္စည်းတရားတို့က ပစ္ဆာဇာတ ပစ္ဆာဇာတဝိပ္ပယုတ္တ ပစ္ဆာဇာတတ္ထိ ပစ္ဆာဇာတအဝိဂတသတ္တိ၊ (၄)။

၃။ ကလာပ်တူဩဇာ ကြဉ်သော ကလာပ်တူ ကလာပ်ပြားဖြစ်သော စတု သမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့က ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

ဤ (၁၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် --- ဘဝင်၏နောင်၌ ဘဝင် သို့မဟုတ် စုတိကဲ့သို့သော ဝိပါက်နာမ်တရားစုလည်း ဖြစ်နိုင်၏။ ပဉ္စဒွါရာဝဇ္ဇန်း သို့မဟုတ် မနောဒွါရာဝဇ္ဇန်းကဲ့သို့သော ကြိယာနာမ်တရားစုလည်း ဖြစ်နိုင်၏။ သို့အတွက် ပစ္ဆာဇာတပစ္စည်းပိုင်းတွင် ဝိပါက် ကြိယာ နာမ်တရားများကို ပစ္ဆာဇာတ ပစ္စည်းတရား အဖြစ်ဖြင့် ဖော်ပြထားပါသည်။ တစ်ဖန် ဥတုဇရုပ် အာဟာရဇရုပ်တို့ကို စုပေါင်းရေးသားထားသော်လည်း ရှုသည့်အခါ ခွဲရှုပါ။ ပစ္စည်း အမျိုးအစားနှင့် အရေအတွက် တူညီ၍ စုပေါင်းရေးသားတင်ပြထားခြင်း ဖြစ်ပေသည်။]

ယထာရဟ = ထိုက်သည့်အားလျော်စွာ

ရုပ်သဟဇာတမျိုးကို ဆိုရာ၌ ယထာရဟ = ထိုက်သည့်အားလျော်စွာ၏ အဓိပ္ပါယ်ကား ---

၁။ (၃)ပါး (၃)ပါးကုန်သော မဟာဘုတ် ပစ္စယုပ္ပန်တရားတို့သည် (၁)ပါး (၁)ပါးသော မဟာဘုတ် ပစ္စည်းတရားက ---

၂။ (၁)ပါး (၁)ပါးသော မဟာဘုတ် ပစ္စယုပ္ပန်တရားသည် (၃)ပါး (၃)ပါး ကုန်သော မဟာဘုတ် ပစ္စည်းတရားတို့က ---

၃။ (၂)ပါး (၂)ပါးကုန်သော မဟာဘုတ် ပစ္စယုပ္ပန်တရားတို့သည် (၂)ပါး (၂)ပါးကုန်သော မဟာဘုတ် ပစ္စည်းတရားတို့က --- သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊

၄။ ကလာပ်တူ ဥပါဒါရုပ် ပစ္စယုပ္ပန်တရားတို့သည် ကလာပ်တူ အစိတ် အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့က သဟဇာတ နိဿယ အတ္ထိ အဝိဂတသတ္တိ၊

ဤကဲ့သို့သော သတ္တိတို့ဖြင့် ကျေးဇူးပြုမှုကို ဆိုလိုသည်။ နာမ်ခန္ဓာ (၄)ပါးတို့၌လည်း နည်းမှီ၍ သဘောပေါက်ပါ။

၁။ (၃)ပါး (၃)ပါးကုန်သော နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် (၁)ပါး (၁)ပါးသော နာမက္ခန္ဓာ ပစ္စည်းတရားက ---

၂။ (၁)ပါး (၁)ပါးသော နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားသည် (၃)ပါး (၃)ပါး ကုန်သော နာမက္ခန္ဓာ ပစ္စည်းတရားတို့က ---

၃။ (၂)ပါး (၂)ပါးကုန်သော နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် (၂)ပါး (၂)ပါးကုန်သော နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတ စသောပစ္စယသတ္တိတို့ဖြင့် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုမှုကို ဆိုလိုပေသည်။

---

ကာမတိဟိတ် ဘဝင် နာမက္ခန္ဓာ (၄) ပါး ဖြစ်ပေါ်တည်နေရပုံ

ကာမတိဟိတ် ဘဝင် (၄)ခု၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ကာမတိဟိတ် ဘဝင် (၄)ခု၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ကာမတိဟိတ် ဘဝင် (၄)ခု၊ စေတသိက် (၃၃)-အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရား တို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ကာမတိဟိတ် ဘဝင် (၄)ခု နာမက္ခန္ဓာ၌ တည်ရှိသော အလောဘ အဒေါသ အမောဟ - ဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ၊

( ဂ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿသဟဂုတ် တိဟိတ်ဘဝင် ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် တိဟိတ်ဘဝင် ဖြစ်အံ့ - စျာနင် (၄)ပါး ပစ္စည်း တရားတို့က စျာနသတ္တိ၊

(ဆ) ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၅)ပါး ပစ္စည်း တရားတို့က မဂ္ဂသတ္တိ၊ (၆)။ (၇ + ၆ = ၁၃)။

၂။ အတိတ်ဘဝမရဏာသန္နဇော၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ကာမ တိဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော မိမိ၏ ရှေးဖြစ်သော ကာမတိဟိတ် ဘဝင်နာမက္ခန္ဓာ၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဝုဋ္ဌော နာမက္ခန္ဓာ၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော အဆုံးဇော နာမက္ခန္ဓာ၊

( င ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဒုတိယ တဒါရုံ နာမက္ခန္ဓာ၊

ဤနာမက္ခန္ဓာတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော နာမက္ခန္ဓာ ပစ္စည်း တရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ဖြစ်သောအခါ ကာမတိဟိတ်ပဋိသန္ဓေ နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ မိမိ၏ရှေး၌ ချုပ်လေပြီးသော ကာမတိဟိတ် ဘဝင်နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ဝုဋ္ဌောနာမက္ခန္ဓာနှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထု၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ အဆုံးဇောနာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( င ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ဒုတိယတဒါရုံ နာမက္ခန္ဓာ နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( စ ) မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

ဤဟဒယဝတ္ထုတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော တိဟိတ် ဥက္ကဋ္ဌ ကာမကုသိုလ်ကံ (၄)မျိုးတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် --- နာမ်သဟဇာတမျိုး၌ ထိုက်သည့် အားလျော်စွာ ဟူသည် - နာမ်ခန္ဓာ (၁)ပါးက နာမ်ခန္ဓာ (၃)ပါးအား၊ နာမ်ခန္ဓာ (၃)ပါးက နာမ်ခန္ဓာ (၁)ပါးအား၊ နာမ်ခန္ဓာ (၂)ပါးက နာမ်ခန္ဓာ (၂)ပါးအား အချင်း ချင်း အပြန်အလှန် ကျေးဇူးပြုမှုကို ဆိုလိုသည်။ ဤအပိုင်း၌လည်း ကာမ တိဟိတ် ဘဝင် (၄)မျိုးတို့တွင် မိမိရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ ဘဝင်တစ်မျိုးမျိုးကိုသာ အာရုံယူ၍ ရှုပါ။ ကာမတိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ကံတို့တွင်လည်း အကျိုးပေးနေသော ကံတစ်မျိုးမျိုးကိုသာ အာရုံ ယူ၍ ရှုပါ။]

---

စုတိ ခန္ဓာ (၅) ပါး - (ကာမတိဟိတ် စုတိ)

စုတိအခိုက်၌ကား ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့သည် မဥပါဒ်နိုင်ကြတော့ပေ။ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက် မြောက်သော စိတ်နှင့် အတူဥပါဒ်သော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် တရားတို့သည် ဘင်ကာလသို့ ဆိုက်ရောက်လာကြ၏။ စုတိစိတ်သည် စိတ္တဇ ရုပ်ကို ဖြစ်စေနိုင် မဖြစ်စေနိုင်ဟူသော အချက်နှင့်ပတ်သက်၍ ဆရာမြတ်တို့ အချီအချ စကားများလျက် ရှိကြ၏။ သို့သော် စုတိစိတ်နှင့် နီးကပ်လျက် ရှိသော စိတ်တို့ကား စိတ္တဇရုပ်ကို ဖြစ်စေနိုင်ကြ၏။ ယင်းစိတ္တဇရုပ်တို့ကား စုတိစိတ် အခိုက်ဝယ် ဌီကာလသို့ ရောက်ဆဲသာ ဖြစ်ကြသေး၏။ ယင်း စိတ်တို့ကား ---

၁။ ဇောနောင် စုတိကျသော် ဇောလည်း ဖြစ်နိုင်၏။

၂။ တဒါရုံနောင် စုတိကျသော် တဒါရုံလည်း ဖြစ်နိုင်၏။

၃။ ဘဝင်နောင် စုတိကျသော် ဘဝင်လည်း ဖြစ်နိုင်၏။

ထို့ကြောင့် ယင်းစိတ်တို့၌ ဆိုပြီး ဆိုဆဲ ဆိုလတ္တံ့ စိတ္တဇရုပ်အတိုင်း မှတ်သားပါ။ ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကိုလည်း နည်းတူပင် သဘောပေါက်ပါလေ။

ကာမတိဟိတ် စုတိ နာမက္ခန္ဓာ (၄) ပါး ဖြစ်ပေါ်လာပုံ

ကာမတိဟိတ် စုတိ (၄)ခု၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့် အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ကာမတိဟိတ် စုတိ (၄)ခု၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ကာမတိဟိတ် စုတိ (၄)ခု၊ စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ကာမတိဟိတ် စုတိ (၄)ခု နာမက္ခန္ဓာ၌ တည်ရှိသော အလောဘ အဒေါသ အမောဟ - ဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ၊

( ဂ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( စ ) သောမနဿသဟဂုတ် ကာမတိဟိတ် စုတိ ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် ကာမတိဟိတ် စုတိ ဖြစ်အံ့ - စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊

(ဆ) ဝိရတိကြဉ်သော မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊(၆)။ (၇ + ၆ = ၁၃)။

၂။ ကံ-ကမ္မနိမိတ်-ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံ အကြောင်းပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော မရဏာသန္န ပဉ္စမဇော နာမက္ခန္ဓာ၊

( ခ ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဒုတိယ တဒါရုံ နာမက္ခန္ဓာ၊

( ဂ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ မိမိ၏ ရှေးက ချုပ်လေပြီးသော ကာမတိဟိတ် ဘဝင် နာမက္ခန္ဓာ - ဤပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ မိမိဟုဆိုအပ်သော စုတိစိတ်မှ ပြန်၍ရေတွက်သည်ရှိသော် (၁၇)ချက် မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရား တို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော တိဟိတ် ဥက္ကဋ္ဌ ကာမကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

---

ပဉ္စဒွါရဝီထိအခိုက် ရုပ်တို့၏ ဖြစ်ပေါ်တည်နေပုံ

ပဉ္စဒွါရဝီထိ၌ ---

၁။ ပဉ္စဝိညာဏ်တို့၏ ဥပါဒ်ခဏ-ဌီခဏ-ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်ကောင်းသော ရုပ်တို့ကား (၃)မျိုးတည်း။ ယင်းတို့မှာ ---

(က) ပဝတ္တိကမ္မဇရုပ်,
( ခ ) ဥတုဇရုပ်,
( ဂ ) အာဟာရဇရုပ်တို့တည်း။

၂။ ပဉ္စဝိညာဏ်မှ ကြွင်းသော ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်ကောင်းသော ရုပ်တို့ကား (၄)မျိုးတည်း။ ယင်းတို့မှာ ---

(က) စိတ္တဇရုပ်,
( ခ ) ပဝတ္တိကမ္မဇရုပ်,
( ဂ ) ဥတုဇရုပ်,
(ဃ) အာဟာရဇရုပ်တို့တည်း။

၃။ ယင်းပဉ္စဒွါရဝီထိစိတ်တို့၏ ဌီခဏ ဘင်ခဏတို့နှင့် အတူပြိုင်၍ ဖြစ်ကောင်းသော ရုပ်တို့ကား (၃)မျိုးတည်း။ ယင်းတို့မှာ ---

(က) ပဝတ္တိကမ္မဇရုပ်,
( ခ ) ဥတုဇရုပ်,
( ဂ ) အာဟာရဇရုပ်တို့တည်း။

---

ပဉ္စဒွါရာဝဇ္ဇန်း ခန္ဓာ (၅) ပါး

ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏအခိုက်၌ ခန္ဓာ (၅)ပါးရှိရာ ယင်းတို့တွင် ရူပက္ခန္ဓာကို ရှေးဦးစွာ တင်ပြအပ်ပါသည်။ ထိုရူပက္ခန္ဓာတွင်လည်း (က) စိတ္တဇ ရုပ်, (ခ) ပဝတ္တိကမ္မဇရုပ်, (ဂ) ဥတုဇရုပ် အာဟာရဇရုပ်ဟု (၃)အုပ်စုခွဲ၍ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံကို တင်ပြပေအံ့။

ပဉ္စဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ စိတ္တဇရုပ် ဖြစ်ပေါ်တည်နေပုံ

ပဉ္စဒွါရာဝဇ္ဇန်း စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၉ ၊

၂။ ရုပ်သဟဇာတမျိုး --- ၅ ၊

၃။ ပစ္ဆာဇာတမျိုး --- ၄ ၊

၄။ ရူပအာဟာရမျိုး --- ၃ ၊

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ပဉ္စဒွါရာဝဇ္ဇန်း စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀) - အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရား တို့က သဟဇာတ နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( ခ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ - နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ်သောစျာနင် (၄)ပါး ပစ္စည်းတရားတို့ကစျာနသတ္တိ၊(၄)၊၊ (၅ + ၄ = ၉)။

၂။ ကလာပ်တူအစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၃။ ပစ္ဆာဇာတဖြစ်သော ပဉ္စဝိညာဏ်တို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ ပစ္စည်းတရားတို့က ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၄။ ကလာပ်တူဩဇာ ကြဉ်သော ကလာပ်တူ ကလာပ်ပြားဖြစ်သော စတု သမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့က ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့် အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

---

ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏ ဥပါဒ်-ဌီ-ဘင်-ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ပဝတ္တိ ကမ္မဇရုပ်တို့၏ ဖြစ်ပေါ်တည်နေပုံ

ယင်းပဝတ္တိကမ္မဇရုပ်တရားတို့သည် ---

၁။ ရုပ်သဟဇာတမျိုး --- ၅ ၊

၂။ ပစ္ဆာဇာတမျိုး --- ၄ ၊

၃။ ရူပအာဟာရမျိုး --- ၃ ၊

၄။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃ ၊

၅။ နာနာက္ခဏိကကမ္မ --- ၁ ၊

ဤ (၁၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ယင်းပဝတ္တိကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ်လေးပါး ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၂။ ပစ္ဆာဇာတဖြစ်သော ပဉ္စဝိညာဏ်ပစ္စည်းတရားတို့က ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ကလာပ်တူဩဇာကြဉ်သော ကလာပ်တူ ကလာပ်ပြားဖြစ်သော စတု သမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့က ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

၄။ ကလာပ်တူ ရုပ်ဇီဝိတိန္ဒြေ ပစ္စည်းတရားတို့က ရူပဇီဝိတိန္ဒြိယ ရူပဇီဝိတိန္ဒြိယတ္ထိ ရူပဇီဝိတိန္ဒြိယအဝိဂတသတ္တိ၊ (၃)။

၅။ အတိတ်ဖြစ်သော ကာမ ကုသိုလ်ကံ (၈), အကုသိုလ်ကံ (၁၂), ရူပ ကုသိုလ်ကံ (၅)မျိုး - ပေါင်း (၂၅)မျိုးသော ပစ္စည်းတရားတို့တွင် တစ်မျိုးမျိုးသော ပစ္စည်းတရားက နာနာက္ခဏိကကမ္မသတ္တိ၊ (၁)။

ဤ (၁၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

---

ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏ ဥပါဒ်-ဌီ-ဘင်-ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ဖြစ်ပေါ်တည်နေပုံ

ယင်းဥတုဇရုပ် အာဟာရဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ ရုပ်သဟဇာတမျိုး --- ၅ ၊

၂။ ပစ္ဆာဇာတမျိုး --- ၄ ၊

၃။ ရူပအာဟာရမျိုး --- ၃ ၊

ဤ (၁၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ယင်းဥတုဇရုပ် အာဟာရဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ် (၄)ပါး ပစ္စည်းတရားတို့က ထိုက်သည့်အားလျော်စွာ သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၂။ ပစ္ဆာဇာတဖြစ်သော ပဉ္စဝိညာဏ် ပစ္စည်းတရားတို့က ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ကလာပ်တူဩဇာ ကြဉ်သော ကလာပ်တူ ကလာပ်ပြားဖြစ်သော စတု သမုဋ္ဌာနိကဩဇာ ပစ္စည်းတရားတို့က ရူပအာဟာရ ရူပအာဟာရတ္ထိ ရူပအာဟာရအဝိဂတသတ္တိ၊ (၃)။

ဤ (၁၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့် အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

---

အကျဉ်းချုပ်မှတ်သားရန်

ကာမစိတ် (၅၄) မျိုး - ပဉ္စဒွါရ ပစ္စည်း ခွဲပြချက်

စက္ခုဒွါရ၌ အတိမဟန္တ ရူပါရုံကို အာရုံပြု၍ ဝီထိစိတ်ဖြစ်ဟန်ကား -

အတီတဘဝင် တစ်ကြိမ်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ် (= ပဉ္စဝိညာဏ်)၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ကာမဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်၊ ဘဝင် ဘဝင် ...

ဤဝီထိ၌ ဇောဌာနတွင် တည်ရှိကြကုန်သော ---

(က) ကုသိုလ်,
( ခ ) အကုသိုလ်,
( ဂ ) ကြိယာဇောစိတ်တို့သည်

၁။ သဟဇာတမျိုး,
၂။ အာရမ္မဏမျိုး,
၃။ အနန္တရမျိုး,
၄။ ဝတ္ထုမျိုး,
၅။ ပကတူပနိဿယမျိုး,

ဤ (၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုခြင်းကြောင့် ဥပါဒ်ခဏအားဖြင့် ဖြစ်ပေါ်၍ ဌီခဏအားဖြင့် တည်နေကြရကုန်၏။

ဝိပါက်စိတ်တို့သည်ကား --အထက်ပါ (၅)မျိုးတို့တွင် နာနာက္ခဏိက ကမ္မမျိုးကို ထည့်၍ (၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုခြင်းကြောင့် ဥပါဒ်ခဏအားဖြင့် ဖြစ်ပေါ်၍ ဌီခဏအားဖြင့် တည်နေကြရကုန်၏။ ဤကား အကျဉ်းချုပ် မှတ်သားထားရန်တည်း။

ပဉ္စဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ

ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၀ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ယင်းပဉ္စဒွါရာဝဇ္ဇန်း အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည်

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀) - အစိတ် အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ (၆ + ၄ = ၁၀)။

၂။ ပစ္စုပ္ပန် ရူပါရုံပစ္စည်းတရားတို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။ (သဒ္ဒါရုံစသည် နည်းတူတည်း။)

၃။ မိမိ၏ရှေးက ချုပ်လေပြီးသော ဘဝင်္ဂုပစ္ဆေဒ နာမက္ခန္ဓာ ပစ္စည်းတရား တို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ ယင်းဘဝင်္ဂုပစ္ဆေဒ နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်း တရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊(၅)။

၅။ ဗလဝ ဖြစ်သော = အားကောင်းသော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရား တို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

---

စက္ခုဝိညာဏ် ခန္ဓာ (၅) ပါး

စက္ခုဝိညာဏ် (= ပဉ္စဝိညာဏ်) ၏ ဥပါဒ်-ဌီ-ဘင် ခဏတို့နှင့် အတူ ပြိုင်၍ ဖြစ်သော ပဝတ္တိကမ္မဇရုပ်တို့၏ ဖြစ်ပေါ်တည်နေပုံ

ယင်းပဝတ္တိကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ ရုပ်သဟဇာတမျိုး --- ၅ ၊

၂။ ပစ္ဆာဇာတမျိုး --- ၄ ၊

၃။ ရုပ်အာဟာရမျိုး --- ၃ ၊

၄။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃ ၊

၅။ နာနာက္ခဏိကကမ္မ --- ၁ ၊

ဤ (၁၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။ (၁၊၃၊၄-၅ - တို့ကား ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာ၌ ဆိုခဲ့သည်နှင့် တူ၏။)

၂။ ပစ္ဆာဇာတဖြစ်သော သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာ ပစ္စည်းတရားတို့က ပစ္ဆာဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၄)။ (ဤမျှသာ ထူးသည်။)

ဥတုဇရုပ် - အာဟာရဇရုပ်

စက္ခုဝိညာဏ်၏ (ပဉ္စဝိညာဏ်၏) ဥပါဒ်-ဌီ-ဘင်-ခဏတို့နှင့် အတူ ပြိုင်၍ ဖြစ်သော ဥတုဇရုပ် အာဟာရဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ ရုပ်သဟဇာတမျိုး --- ၅ ၊

၂။ ပစ္ဆာဇာတမျိုး --- ၄ ၊

၃။ ရူပအာဟာရမျိုး --- ၃ ၊

ဤ (၁၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။ (ပဉ္စဒွါရာဝဇ္ဇန်း၌ ဆိုခဲ့သည့်နည်းကို မှီး၍ သိလေ။ ပစ္ဆာဇာတပစ္စည်းတရား မှာ သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာ ဖြစ်သည်။)

__________

စက္ခုဝိညာဏ် နာမက္ခန္ဓာ ဖြစ်ပေါ်တည်နေရပုံ

စက္ခုဝိညာဏ်စိတ်၊ သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) - အစိတ် အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၀ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၆ ၊

၅။ ကမ္မမျိုး --- ၂ ၊

၆။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

စက္ခုဝိညာဏ်စိတ်၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇) - အစိတ် အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော စက္ခုဝိညာဏ်စိတ်၊ သဗ္ဗ စိတ္တသာဓာရဏစေတသိက် (၇) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော စက္ခုဝိညာဏ် နာမက္ခန္ဓာ၌ တည်ရှိသော စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊ (၃)။ (၇ + ၃ = ၁၀)။

၂။ ပစ္စုပ္ပန် ရူပါရုံ ပစ္စည်းတရားတို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ချုပ်လေပြီးသော ပဉ္စဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ ရှေးဦးအစ အတီတဘဝင်နှင့် အတူဥပါဒ်သော မဇ္စျိမာယုက စက္ခု ဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

၅။ အတိတ်ဖြစ်သော ကာမ ကုသိုလ်ကံ အကုသိုလ်ကံတို့တွင် တစ်မျိုးမျိုး သော ကံပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယ သတ္တိ၊ (၂)။

၆။ ဗလဝ ဖြစ်သော = အားကောင်းသော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ် (= အာလော က...) ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

__________

သမ္ပဋိ စ္ဆိုင်း ခန္ဓာ (၅) ပါး

သမ္ပဋိ စ္ဆိုင်း ရူပက္ခန္ဓာ

သမ္ပဋိ စ္ဆိုင်း စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၀ ၊

၂။ ရုပ်သဟဇာတမျိုး --- ၅ ၊

၃။ ပစ္ဆာဇာတမျိုး --- ၄ ၊

၄။ ရူပအာဟာရမျိုး --- ၃ ၊

ဤ (၂၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သမ္ပဋိစ္ဆိုင်း စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) သမ္ပဋိစ္ဆိုင်းစိတ်၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀)-အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာ၌ တည်ရှိသော စေတနာပစ္စည်းတရားက သဟဇာတကမ္မ သတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ - နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ (၆ + ၄ = ၁၀)။

[မှတ်ချက် --- (၂-၄)တို့ကား တူပြီ။ (၃) ပစ္ဆာဇာတ၌ ပစ္ဆာဇာတ ပစ္စည်းတရားကား သန္တီရဏ နာမက္ခန္ဓာတည်း။ ဤမျှသာ ထူးသည်။ သမ္ပဋိစ္ဆိုင်း နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင်-ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ပဝတ္တိကမ္မဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့ကိုလည်း ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာ၌ ဆိုခဲ့သည်ကို နည်းမှီး၍ ရှုလေ။ ဤ၌ ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း အကုသလဝိပါက် သမ္ပဋိစ္ဆိုင်း (၂)မျိုးလုံးကိုပင် စုပေါင်း၍ ရေးသား တင်ပြထားသည်။ ရှုကွက်တူ၍ စုပေါင်းတင်ပြထားသော်လည်း ရှုသော အခါ၌ကား ခွဲ၍ရှုပါ။ အာရုံမှာ ဣဋ္ဌာရုံဖြစ်က ကုသလဝိပါက် အနိဋ္ဌာရုံ ဖြစ်က အကုသလဝိပါက် ဖြစ်သည်။]

သမ္ပဋိ စ္ဆိုင်းနာမက္ခန္ဓာ

သမ္ပဋိစ္ဆိုင်းစိတ်၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်းစေတသိက် (၁၀) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၁ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ကမ္မမျိုး --- ၂ ၊

၆။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သမ္ပဋိစ္ဆိုင်းစိတ်၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော သမ္ပဋိစ္ဆိုင်းစိတ်၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀) - အစိတ် အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော သမ္ပဋိစ္ဆိုင်းနာမက္ခန္ဓာ ၌ တည်ရှိသော စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ (၇ + ၄ = ၁၁)။

၂။ ပစ္စုပ္ပန်ရူပါရုံ ပစ္စည်းတရားတို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ချုပ်လေပြီးသော စက္ခုဝိညာဏ်နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ စက္ခုဝိညာဏ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံတို့တွင် တစ်မျိုးမျိုးသော ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

၆။ ဗလဝ ဖြစ်သော အားကောင်းသော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရား တို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

__________

သန္တီရဏ ခန္ဓာ (၅) ပါး

သန္တီရဏ - စိတ္တဇရုပ်

သန္တီရဏ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရား တို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၀ ၊

၂။ ရုပ်သဟဇာတမျိုး --- ၅ ၊

၃။ ပစ္ဆာဇာတမျိုး --- ၄ ၊

၄။ ရူပအာဟာရမျိုး --- ၃ ၊

ဤ (၂၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သန္တီရဏ နာမက္ခန္ဓာကြောင့် ဖြစ်ပေါ်လာကုန်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) သန္တီရဏစိတ်၊ ဆန္ဒ ဝီရိယ ကြဉ်သော (ဥပေက္ခာဖြစ်လျှင် ပီတိပါ ကြဉ်သော) အညသမာန်းစေတသိက် (၁၁^၁၀) - အစိတ် အပေါင်း နာမက္ခန္ဓာပစ္စည်းတရားတို့က သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော သန္တီရဏ နာမက္ခန္ဓာ၌ တည်ရှိသော စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ - နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( င ) သောမနဿသဟဂုတ် သန္တီရဏ စိတ္တဇရုပ် ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် သန္တီရဏ စိတ္တဇရုပ် ဖြစ်အံ့ - ပီတိ ကြဉ်သော စျာနင် (၄)ပါး - ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ (၆ + ၄ = ၁၀) ။

[မှတ်ချက် --- (၂-၄)တို့ကို ပြဆိုခဲ့ပြီးသည့်အတိုင်းသာ နည်းမှီး၍ ရှုလေ။ ပစ္ဆာဇာတ၌ ပစ္ဆာဇာတပစ္စည်းတရားမှာ ဝုဋ္ဌောနာမက္ခန္ဓာ ပစ္စည်း တရားတို့ ဖြစ်ကြသည်။ ။ သန္တီရဏနာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင်-ခဏ တို့နှင့် အတူပြိုင်၍ဖြစ်ကြသော ပဝတ္တိကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် တို့ကိုလည်း ပြဆိုခဲ့ပြီးသည့်အတိုင်းသာ မှတ်သားပါ။ နည်းမှီး၍ ရှုပါ။]

သန္တီရဏ နာမက္ခန္ဓာ

သန္တီရဏ စိတ် + စေတသိက် = အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန် တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၁ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

၆။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သန္တီရဏစိတ်၊ ဆန္ဒ (ပီတိ) ဝီရိယကြဉ်သော အညသမာန်းစေတသိက် (၁၁^၁၀) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော သန္တီရဏစိတ်၊ ဆန္ဒ (ပီတိ) ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၁^၁၀) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော သန္တီရဏ နာမက္ခန္ဓာ၌ တည်ရှိသော စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( င ) သောမနဿသဟဂုတ် သန္တီရဏစိတ် ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ဖြစ်အံ့ - ပီတိ ကြဉ်သော

စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ (၇+ဝ၄ =၁၁)။

၂။ ပစ္စုပ္ပန်ရူပါရုံ ပစ္စည်းတရားတို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ချုပ်လေပြီးသော သမ္ပဋိစ္ဆိုင်းနာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ သမ္ပဋိစ္ဆိုင်းနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော ကာမ ကုသိုလ်ကံ အကုသိုလ်ကံတို့တွင် တစ်မျိုး မျိုးသော ကံပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယ သတ္တိ၊ (၂)။

၆။ ဗလဝ ဖြစ်သော = အားကောင်းသော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်း ဖြစ်ထိုက်သော အချို့သော ပညတ် ပစ္စည်းတရား တို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

__________

ဝုဋ္ဌော ခန္ဓာ (၅) ပါး

ဝုဋ္ဌော နာမက္ခန္ဓာ - စိတ္တဇရုပ် (ရူပက္ခန္ဓာ)

ဝုဋ္ဌောနာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည်

၁။ နာမ်သဟဇာတမျိုး --- ၉ ၊

၂။ ရုပ်သဟဇာတမျိုး --- ၅ ၊

၃။ ပစ္ဆာဇာတမျိုး --- ၄ ၊

၄။ ရူပအာဟာရမျိုး --- ၃ ၊

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဝုဋ္ဌောနာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည်

၁။ (က) ဝုဋ္ဌောစိတ်၊ ဆန္ဒ ပီတိ ကြဉ်သော အညသမာန်း စေတသိက် (၁၁) - အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ဝုဋ္ဌောနာမက္ခန္ဓာ၌ တည်ရှိသော စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ-နာမ်ဣန္ဒြေ (၅)ပါး ပစ္စည်း တရားတို့က ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ (၅ + ၄ = ၉)။

[မှတ်ချက် --- (၂-၄) တို့ကို နည်းတူ မှတ်ပါ။ ပစ္ဆာဇာတ၌ ပစ္ဆာဇာတ ပစ္စည်းတရားကား ပထမဇောနာမက္ခန္ဓာတည်း။ ။ ဝုဋ္ဌောနာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင်-ခဏတို့နှင့် အတူပြိုင်၍ ဖြစ်ကြသော ပဝတ္တိကမ္မဇရုပ် ဥတုဇ ရုပ် အာဟာရဇရုပ်တို့ကိုလည်း ပြဆိုခဲ့ပြီးသည့်အတိုင်း မှတ်သားပါလေ၊ ရှုပါလေ။]

ဝုဋ္ဌော နာမက္ခန္ဓာ ဖြစ်ပေါ်တည်နေရပုံ

ဝုဋ္ဌောစိတ်၊ ဆန္ဒ ပီတိ ကြဉ်သော အညသမာန်း စေတသိက် (၁၁) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၀ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဝုဋ္ဌောစိတ်၊ ဆန္ဒ ပီတိ ကြဉ်သော အညသမာန်း စေတသိက် (၁၁) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ဝုဋ္ဌောစိတ်၊ ဆန္ဒ ပီတိ ကြဉ်သော အညသမာန်း စေတသိက် (၁၁) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ဝုဋ္ဌောနာမက္ခန္ဓာ၌ တည်ရှိသော စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ - နာမ်ဣန္ဒြေ (၅)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( င ) ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ (၆ + ၄ = ၁၀)။

၂။ ပစ္စုပ္ပန်ရူပါရုံ ပစ္စည်းတရားတို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ချုပ်လေပြီးသော သန္တီရဏ နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ သန္တီရဏစိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ ဗလဝ ဖြစ်သော = အားကောင်းသော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရား တို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

__________

မဟာကုသိုလ် ပထမဇော ခန္ဓာ (၅) ပါး (ပဉ္စဒွါရဝီထိ)

မဟာကုသိုလ် ပထမဇော ရူပက္ခန္ဓာ

မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၂ ၊

၂။ ရုပ်သဟဇာတမျိုး --- ၅ ၊

၃။ ပစ္ဆာဇာတမျိုး --- ၄ ၊

၄။ ရူပအာဟာရမျိုး --- ၃ ၊

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) မဟာကုသိုလ် ပထမဇောစိတ်၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) -အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( ခ ) ဒွိဟိတ်စိတ္တဇရုပ် ဖြစ်အံ့ - အလောဘ အဒေါသ၊ တိဟိတ် စိတ္တဇရုပ် ဖြစ်အံ့ - အလောဘ အဒေါသ အမောဟ - ဤ ဟိတ်နှစ်ပါး သုံးပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ၊

( ဂ ) ဒွိဟိတ်စိတ္တဇရုပ် ဖြစ်အံ့ - ဆန္ဒ ဝီရိယ စိတ်၊ တိဟိတ်စိတ္တဇရုပ် ဖြစ်အံ့ - ဆန္ဒ ဝီရိယ စိတ် ဝီမံသ - (၃)ပါး (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရားတို့က အဓိပတိသတ္တိ၊

(ဃ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( စ ) ဒွိဟိတ်စိတ္တဇရုပ် ဖြစ်အံ့ - ပညာကြဉ်သော နာမ်ဣန္ဒြေ (၇)ပါး တိဟိတ်စိတ္တဇရုပ် ဖြစ်အံ့ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရား တို့က ဣန္ဒြိယသတ္တိ၊

(ဆ) သောမနဿသဟဂုတ် စိတ္တဇရုပ် ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် စိတ္တဇရုပ် ဖြစ်အံ့ - စျာနင် (၄)ပါး ပစ္စည်း တရားတို့က စျာနသတ္တိ၊

( ဇ ) ဒွိဟိတ်စိတ္တဇရုပ် ဖြစ်အံ့ - ဝိရတိ ပညာ ကြဉ်သော မဂ္ဂင် (၄)ပါး တိဟိတ်စိတ္တဇရုပ် ဖြစ်အံ့ - ဝိရတိ ကြဉ်သော မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၇)။ (၅ + ၇ = ၁၂)။

[မှတ်ချက် --- (၂-၄)တို့ကား တူပြီ။ (၃)ပစ္ဆာဇာတ၌ ပစ္ဆာဇာတ ဖြစ်သော ဒုတိယဇော နာမက္ခန္ဓာတရားစုတို့မှာ ပထမဇော စိတ္တဇရုပ်၏ ပစ္ဆာဇာတ အကြောင်းပစ္စည်းတရားတည်း။ ဒုတိယဇော စိတ္တဇရုပ်၌ တတိယဇော နာမက္ခန္ဓာတရားစုတည်း။ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။ မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင်-ခဏတို့နှင့် အတူ ပြိုင်၍ ဖြစ်ကြသော ပဝတ္တိကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကိုလည်း ပြဆိုခဲ့ပြီးသည့်အတိုင်းသာ မှတ်သားပါလေ၊ ရှုပါလေ။ ။ မဟာကုသိုလ် ဒုတိယဇောစသည်နှင့်လည်းကောင်း, ကြိယာဇော အကုသိုလ်ဇောတို့နှင့် လည်းကောင်း အတူဥပါဒ်သော စိတ္တဇရုပ်၊ ယင်းဇောတို့၏ ဥပါဒ်-ဌီ-ဘင်-ခဏတို့နှင့် အတူပြိုင်၍ ဖြစ်သော ပဝတ္တိကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် တို့ကိုလည်း ပြဆိုခဲ့ပြီးသည်တို့ကို နည်းမှီး၍ ရှုလေ။]

မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ ဖြစ်ပေါ်တည်နေရပုံ

(ပဉ္စဒွါရဝီထိ)

မဟာကုသိုလ် ပထမဇောစိတ်၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မဟာကုသိုလ် ပထမဇောစိတ်၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဟာကုသိုလ် ပထမ ဇောစိတ်၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃)-အစိတ် အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မဟာကုသိုလ် ပထမ ဇောနာမက္ခန္ဓာ၌ တည်ရှိသော ဒွိဟိတ်ဇော ဖြစ်အံ့ - အလောဘ အဒေါသ၊ တိဟိတ်ဇော ဖြစ်အံ့ - အလောဘ အဒေါသ အမောဟ - ဤဟိတ် (၂)ပါး (၃)ပါး ပစ္စည်းတရားတို့က ဟေတု သတ္တိ၊

( ဂ ) သာဓိပတိဒွိဟိတ်ဇော ဖြစ်အံ့ - ဆန္ဒ ဝီရိယ စိတ်၊ သာဓိပတိ တိဟိတ်ဇော ဖြစ်အံ့ - ဆန္ဒ ဝီရိယ စိတ် ဝီမံသ - အဓိပတိ တရားကိုယ် (၃)ပါး (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်း တရားတို့က အဓိပတိသတ္တိ၊

(ဃ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မဟာကုသိုလ် ပထမ ဇော နာမက္ခန္ဓာ၌ တည်ရှိသော စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( စ ) ဒွိဟိတ်ဇော ဖြစ်အံ့ - ပညာကြဉ်သော နာမ်ဣန္ဒြေ (၇)ပါး၊ တိဟိတ်ဇော ဖြစ်အံ့ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

(ဆ) သောမနဿသဟဂုတ်ဇော ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာ သဟဂုတ်ဇော ဖြစ်အံ့ - ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်း တရားတို့က စျာနသတ္တိ၊

( ဇ ) ဒွိဟိတ်ဇော ဖြစ်အံ့ - ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၄)ပါး၊ တိဟိတ်ဇော ဖြစ်အံ့ - ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၇)။ (၆ + ၇ = ၁၃)။

၂။ ပစ္စုပ္ပန်ရူပါရုံ ပစ္စည်းတရားတို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတ သတ္တိ၊ (၄)။

၃။ ချုပ်လေပြီးသော ဝုဋ္ဌောနာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ ဝုဋ္ဌောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ ဗလဝဖြစ်သော = အားကောင်းသော အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော စိတ် (၈၇)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယ သတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

__________

မဟာကုသိုလ် ဒုတိယဇော ရူပက္ခန္ဓာကို နည်းမှီး၍ ရှုလေ။

မဟာကုသိုလ် ဒုတိယဇော နာမက္ခန္ဓာ (ပဉ္စဒွါရဝီထိ)

မဟာကုသိုလ် ဒုတိယဇောစိတ်၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၆ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၉)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မဟာကုသိုလ် ဒုတိယဇောစိတ်၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဟာကုသိုလ် ဒုတိယ ဇောစိတ်၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃)-အစိတ် အစိတ် နာမက္ခန္ဓာပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မဟာကုသိုလ် ဒုတိယ ဇောနာမက္ခန္ဓာ၌ တည်ရှိသော ဒွိဟိတ်ဇော ဖြစ်အံ့ - အလောဘ အဒေါသ၊ တိဟိတ်ဇော ဖြစ်အံ့ - အလောဘ အဒေါသ အမောဟ - ဤဟိတ် (၂)ပါး (၃)ပါး ပစ္စည်းတရားတို့က ဟေတု သတ္တိ၊

( ဂ ) သာဓိပတိ ဒွိဟိတ်ဇော ဖြစ်အံ့ - ဆန္ဒ ဝီရိယ စိတ်၊ သာဓိပတိ တိဟိတ်ဇော ဖြစ်အံ့ - ဆန္ဒ ဝီရိယ စိတ် ဝီမံသ - ဤအဓိပတိ တရားကိုယ် (၃)ပါး (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရား တို့က အဓိပတိသတ္တိ၊

(ဃ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( စ ) ဒွိဟိတ်ဇော ဖြစ်အံ့ - ပညာကြဉ်သော နာမ်ဣန္ဒြေ (၇)ပါး၊ တိဟိတ်ဇော ဖြစ်အံ့ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

(ဆ) သောမနဿသဟဂုတ်ဇော ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာ သဟဂုတ်ဇော ဖြစ်အံ့ - ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်း တရားတို့က စျာနသတ္တိ။

( ဇ ) ဒွိဟိတ်ဇော ဖြစ်အံ့ - ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၄)ပါး၊ တိဟိတ်ဇော ဖြစ်အံ့ - ပညာ ဝိတက် ဝီရိယ သတိ ဧတဂ္ဂတာ - မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၇)။ (၆ + ၇ = ၁၃)။

၂။ ပစ္စုပ္ပန်ရူပါရုံ ပစ္စည်းတရားတို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ချုပ်လေပြီးသော မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ ပစ္စည်းတရား တို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

၄။ မဟာကုသိုလ် ပထမဇောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်း တရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ ဗလဝ ဖြစ်သော = အားကောင်းသော အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော စိတ် (၈၇)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယ သတ္တိ၊ (၁)။

ဤ (၂၉)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် --- မဟာကုသိုလ် တတိယဇောမှ သတ္တမဇောတိုင်အောင် သော ဇောတို့ကို ဒုတိယဇောကို နည်းမှီး၍ သိလေ ရှုလေ။ ဒုတိယဇော သည် တတိယဇော၏၊ တတိယဇောသည် စတုတ္ထဇော၏၊ စတုတ္ထဇော သည် ပဉ္စမဇော၏၊ ပဉ္စမဇောသည် ဆဋ္ဌဇော၏၊ ဆဋ္ဌဇောသည် သတ္တမ ဇော၏ အနန္တရမျိုး အကြောင်းတရား ဖြစ်၏။ ဤမျှသာ ထူး၏။]

အကုသိုလ်ဇော ခန္ဓာ (၅) ပါး

အကုသိုလ်ဇော ရူပက္ခန္ဓာကို ဆိုခဲ့ပြီးရူပက္ခန္ဓာကို နည်းမှီး၍ သိလေ ရှုလေ။ အကုသိုလ်ဇော နာမက္ခန္ဓာတို့ကို စုပေါင်း၍ရေးသားတင်ပြပေအံ့။

အကုသိုလ်ဇော နာမက္ခန္ဓာ ဖြစ်ပေါ်တည်နေရပုံ

(ပဉ္စဒွါရဝီထိ)

အကုသိုလ် ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရား တို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အကုသိုလ် ဒွါဒသ ပထမဇော၊ စေတသိက် (၂၇) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အကုသိုလ်ဒွါဒသ ပထမ ဇော - အစိတ်အစိတ် နာမက္ခန္ဓာပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ယင်းအကုသိုလ် ပထမဇော နာမက္ခန္ဓာ၌ တည်ရှိသော - လောဘမူဇော ဖြစ်အံ့ လောဘ မောဟဒေါသမူဇော ဖြစ်အံ့ - ဒေါသ မောဟမောဟမူဇောဖြစ်အံ့ - မောဟ - ဤဟိတ် (၂)ပါး (၁)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ

( ဂ ) သာဓိပတိ လောဘမူ ဒေါသမူဇော ဖြစ်အံ့ - ဆန္ဒ ဝီရိယ စိတ် အဓိပတိ တရားကိုယ် (၃)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်း တရားတို့က အဓိပတိသတ္တိ

(ဃ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

( င ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

( စ ) လောဘမူ ဒေါသမူ ဥဒ္ဓစ္စသမ္ပယုတ်ဇော ဖြစ်အံ့ - ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ - နာမ်ဣန္ဒြေ (၅)ပါး၊ ဝိစိကိစ္ဆာ သမ္ပယုတ်ဇော ဖြစ်အံ့ - ဇီဝိတ စိတ် ဝေဒနာ ဝီရိယ - နာမ်ဣန္ဒြေ (၄)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

(ဆ) သောမနဿသဟဂုတ်ဇော ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဒေါမနဿ သဟဂုတ် ဥပေက္ခာသဟဂုတ်ဇော ဖြစ်အံ့ - ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ

( ဇ ) ဒိဋ္ဌိဂတသမ္ပယုတ်ဇော ဖြစ်အံ့ - ဝိတက် ဝီရိယ ဧကဂ္ဂတာ ဒိဋ္ဌိ မဂ္ဂင် (၄)ပါး၊ ဒိဋ္ဌိဂတဝိပ္ပယုတ်ဇော ဒေါသမူဇော ဥဒ္ဓစ္စသမ္ပယုတ်ဇော ဖြစ်အံ့ - ဝိတက် ဝီရိယ ဧကဂ္ဂတာ မဂ္ဂင် (၃)ပါး၊ ဝိစိကိစ္ဆာသမ္ပယုတ်ဇော ဖြစ်အံ့ - ဝိတက် ဝီရိယ မဂ္ဂင် (၂)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၇)။ (၆ + ၇ = ၁၃)။

၂။ ပစ္စုပ္ပန်ရူပါရုံ ပစ္စည်းတရားတို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ချုပ်လေပြီးသော ဝုဋ္ဌောနာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ ဝုဋ္ဌောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ ဗလဝ ဖြစ်သော = အားကောင်းသော လောကီစိတ် (၈၁)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်း တရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် --- ဒုတိယဇော အကုသိုလ် နာမက္ခန္ဓာဖြစ်မူ အနန္တရမျိုး၌ ချုပ်လေပြီးသော ပထမဇောနာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ (၆)မျိုး၊ ဝတ္ထုမျိုး၌ ပထမ ဇောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ (၅)မျိုး - ဤမျှသာ ထူး၏။ အာသေဝနပိုလာသဖြင့် အားလုံးပေါင်း ပစ္စည်း (၂၉)မျိုး ဖြစ်၏။ နည်းမှီး၍ရှုလေ။ တတိယဇောစသည်၌လည်း သိလောက်ပြီ၊ နည်းမှီး၍သာ ရှုပါ။ သဘော တူရာကို စုပေါင်း၍ ရေးသားတင်ပြထားသော်လည်း ဇော စိတ္တက္ခဏ တစ်ခုအတွင်း၌ အကုသိုလ်ဇောအားလုံး ပြိုင်တူ မဖြစ်နိုင်ဘဲ တစ်မျိုးသာ ဖြစ်နိုင်သဖြင့် လက်တွေ့ရှုသောအခါ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြထားသည့်အတိုင်း ဇောတစ်မျိုးစီကိုသာ ခွဲ၍ ရှုပါ။]

တဒါရုံ ခန္ဓာ (၅) ပါး

စက္ခုဒွါရဝီထိ (ပဉ္စဒွါရဝီထိ)များ၌ အာရုံသည် ဣဋ္ဌာရုံဖြစ်က သဟိတ် တဒါရုံ, အာရုံသည် အနိဋ္ဌာရုံဖြစ်ပါက အဟိတ်တဒါရုံဟု တဒါရုံနှစ်မျိုးလုံး ထိုက်သည့်အားလျော်စွာ ကျနိုင်၏။ ဤတွင် သဟိတ်တဒါရုံ = မဟာဝိပါက် တဒါရုံကို ရှေးဦးစွာ တင်ပြအပ်ပါသည်။ မဟာဝိပါက်တဒါရုံသည်လည်း (၈)မျိုးရှိရာ ဤ၌ စုပေါင်း၍ ရေးသားတင်ပြအပ်ပါသည်။ သို့သော် လက်တွေ့ ရှုသော အခါ၌ကား ဝီထိတစ်ခု အတွင်းဝယ် တဒါရုံ တစ်မျိုးသာ ကျခွင့် ရှိသဖြင့် တစ်မျိုးစီသာ ခွဲ၍ ရှုပါ။

သဟိတ်ပထမတဒါရုံ နာမက္ခန္ဓာ စိတ္တဇရုပ် ဖြစ်ပေါ်တည်နေရပုံ

သဟိတ်ပထမတဒါရုံ = မဟာဝိပါက်တဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၂ ၊

၂။ ရုပ်သဟဇာတမျိုး --- ၅ ၊

၃။ ပစ္ဆာဇာတမျိုး --- ၄ ၊

၄။ ရူပအာဟာရမျိုး --- ၃ ၊

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သဟိတ်ပထမတဒါရုံ နာမက္ခန္ဓာကြောင့်ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန် တရားတို့သည် ---

၁။ (က) သဟိတ်ပထမတဒါရုံဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တ ခန္ဓာအား ကျေးဇူးပြုတတ်သော သဟိတ်တဒါရုံ နာမက္ခန္ဓာ၌ တည်ရှိသော ဒွိဟိတ်တဒါရုံ စိတ္တဇရုပ် ဖြစ်အံ့ - အလောဘ အဒေါသတိဟိတ်တဒါရုံ စိတ္တဇရုပ် ဖြစ်အံ့ - အလောဘ အဒေါသ အမောဟ၊ ဤဟိတ် (၂)ပါး (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

(ဃ) ဖဿ စေတနာ ဝိညာဏ်ပစ္စည်းတရားတို့က အာဟာရသတ္တိ

( င ) ဒွိဟိတ်တဒါရုံ စိတ္တဇရုပ် ဖြစ်အံ့ - ပညာကြဉ်သော နာမ်ဣန္ဒြေ (၇)ပါး၊ တိဟိတ်တဒါရုံ စိတ္တဇရုပ် ဖြစ်အံ့ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( စ ) သောမနဿသဟဂုတ် ပထမတဒါရုံ စိတ္တဇရုပ် ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် ပထမတဒါရုံ စိတ္တဇရုပ် ဖြစ်အံ့ - ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ

(ဆ) ဒွိဟိတ်ပထမတဒါရုံ စိတ္တဇရုပ် ဖြစ်အံ့ - ဝိရတိ ပညာ ကြဉ်သော မဂ္ဂင် (၄)ပါး၊ တိဟိတ်ပထမတဒါရုံ စိတ္တဇရုပ် ဖြစ်အံ့ - ဝိရတိ ကြဉ်သော မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၆)။ (၆ + ၆ = ၁၂)။

[မှတ်ချက် --- (၂-၄)တို့ကား တူပြီ။ (၃)ပစ္ဆာဇာတပစ္စည်းတရားမှာ ပစ္ဆာဇာတဖြစ်သော သဟိတ်ဒုတိယတဒါရုံ နာမက္ခန္ဓာ ဖြစ်သည်။ သဟိတ် ပထမတဒါရုံ နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင် ခဏတို့နှင့် အတူပြိုင်၍ဖြစ်သော ပဝတ္တိကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကိုလည်း ပြဆိုခဲ့ပြီးသည့်အတိုင်း နည်းမှီး၍ ရှုလေ။ သဟိတ်ဒုတိယတဒါရုံ နာမက္ခန္ဓာ စိတ္တဇရုပ် စသည်တို့ကိုလည်း ပြဆိုခဲ့ပြီးသည့်အတိုင်း သိပါလေ။ တဒါရုံနောင်ကျသော ဘဝင် နာမက္ခန္ဓာသည် ပစ္ဆာဇာတ အကြောင်းတရား ဖြစ်သည်။]

သဟိတ် မဟာဝိပါက်တဒါရုံ နာမက္ခန္ဓာ ဖြစ်ပေါ်တည်နေရပုံ

သဟိတ် မဟာဝိပါက်တဒါရုံ (၈)၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

၆။ ပကတူပနိဿယ --- ၁ ၊

ဤ (၃၀)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

သဟိတ် မဟာဝိပါက်တဒါရုံ (၈)၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) (ရံခါ ၃၂-၃၁) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရား တို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော သဟိတ်တဒါရုံ (၈)၊ ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) (ရံခါ ၃၂-၃၁) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ယင်းသဟိတ်တဒါရုံ နာမက္ခန္ဓာ၌ တည်ရှိသော ဒွိဟိတ်တဒါရုံ ဖြစ်အံ့ - အလောဘ အဒေါသတိဟိတ်တဒါရုံ ဖြစ်အံ့ - အလောဘ အဒေါသ အမောဟ - ဤဟိတ် (၂)ပါး (၃)ပါး ပစ္စည်းတရားတို့က ဟေတု သတ္တိ

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

( င ) ဒွိဟိတ်တဒါရုံ ဖြစ်အံ့ - ပညာကြဉ်သော နာမ်ဣန္ဒြေ (၇)ပါး၊ တိဟိတ်တဒါရုံ ဖြစ်အံ့ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( စ ) သောမနဿတဒါရုံ ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာတဒါရုံ ဖြစ်အံ့ - ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ

(ဆ) ဒွိဟိတ်တဒါရုံ ဖြစ်အံ့ - ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ-မဂ္ဂင် (၄)ပါး၊ တိဟိတ်တဒါရုံ ဖြစ်အံ့ - ပညာ ဝိတက် ဝီရိယသတိ ဧကဂ္ဂတာ - မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၆)။ (၇ + ၆ = ၁၃)။

၂။ ပစ္စုပ္ပန်ရူပါရုံ ပစ္စည်းတရားတို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

၃။ ပထမတဒါရုံ ဖြစ်အံ့ - ချုပ်လေပြီးသော သတ္တမဇော နာမက္ခန္ဓာ၊ ဒုတိယတဒါရုံ ဖြစ်အံ့ - ချုပ်လေပြီးသော ပထမတဒါရုံ နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ ပထမတဒါရုံ ဖြစ်အံ့ - သတ္တမဇောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊ ဒုတိယတဒါရုံ ဖြစ်အံ့ - ပထမတဒါရုံနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော ဗလဝဖြစ်သော = အားကောင်းသော ကာမကုသိုလ် ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

၆။ ဗလဝ ဖြစ်သော = အားကောင်းသော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရား တို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၃၀)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ် ပထမတဒါရုံ နာမက္ခန္ဓာ စိတ္တဇရုပ် ဖြစ်ပေါ်တည်နေပုံ

အဟိတ်ပထမတဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၀ ၊

၂။ ရုပ်သဟဇာတမျိုး --- ၅ ၊

၃။ ပစ္ဆာဇာတမျိုး --- ၄ ၊

၄။ ရူပအာဟာရမျိုး --- ၃ ၊

ဤ (၂၂)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ်ပထမတဒါရုံ နာမက္ခန္ဓာကြောင့် ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အဟိတ်ပထမတဒါရုံစိတ် (သောမနဿဖြစ်လျှင် ဆန္ဒ ဝီရိယ ကြဉ်သော, ဥပေက္ခာဖြစ်လျှင် ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော) အညသမာန်း စေတသိက် (၁၁) သို့မဟုတ် (၁၀) - အစိတ် အပေါင်း နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ နိဿယ ဝိပါက ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

(ဃ) ဇီဝိတ စိတ် ဝေဒနာ - နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( င ) အဟိတ် သောမနဿသဟဂုတ် ပထမတဒါရုံ စိတ္တဇရုပ် ဖြစ်အံ့ စျာနင် (၅)ပါး၊ အဟိတ် ဥပေက္ခာသဟဂုတ် ပထမတဒါရုံ စိတ္တဇ ရုပ် ဖြစ်အံ့ - ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ (၆ + ၄ = ၁၀)။

[မှတ်ချက် --- (၂-၄) တို့ကား ရှေး၌ ဆိုခဲ့ပြီးသည်နှင့် တူပြီ။ ပစ္ဆာဇာတ၌ ဒုတိယတဒါရုံ နာမက္ခန္ဓာ ပစ္စည်းတရား ဖြစ်သည်။ ဤမျှသာ ထူးသည်။ ။ အဟိတ် ပထမတဒါရုံ နာမက္ခန္ဓာ၏ ဥပါဒ်-ဌီ-ဘင် ခဏ တို့နှင့် အတူပြိုင်၍ ဖြစ်ကြသော ပဝတ္တိကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် တို့ကိုလည်း ပြဆိုခဲ့ပြီးသည့်အတိုင်း နည်းမှီး၍ သိလေ။ ။ အဟိတ်ဒုတိယ တဒါရုံ စိတ္တဇရုပ်ကိုလည်း အဟိတ်ပထမတဒါရုံ စိတ္တဇရုပ်ကို နည်းမှီး၍ သိပါလေ။ ပစ္ဆာဇာတမျိုး၌ ပစ္ဆာဇာတပစ္စည်းတရားမှာ ပစ္ဆာဇာတဖြစ်သော တဒါရုံနောင်ကျသော ပထမဘဝင် နာမက္ခန္ဓာ ပစ္စည်းတရား ဖြစ်သည်။ ဤမျှသာ ထူးသည်။ ။ အဟိတ်တဒါရုံ (၃)ခု၌ သဟဇာတမျိုးကြောင့် ဖြစ်ပေါ်ရပုံကို သန္တီရဏစိတ် (၃)ခုနှင့် အတူသိလေ။ အာရမ္မဏမျိုး စသည် တို့ကြောင့် ဖြစ်ပေါ်ရပုံကိုကား သဟိတ်တဒါရုံနှင့် အတူသိလေ။]

ဤတွင် စက္ခုဒွါရဝီထိ စိတ္တက္ခဏအသီးအသီး၌ ခန္ဓာ (၅)ပါး ဖွဲ့၍ ယင်းခန္ဓာ (၅)ပါး အသီးအသီး၌ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ အပိုင်းကို ခြုံ၍ တင်ပြပြီးလေပြီ။ သို့သော် လက်တွေ့ရှုရာ၌ကား နာမ်ကမ္မဋ္ဌာန်းပိုင်းဇယား များတွင် ရေးသားတင်ပြထားသည့်အတိုင်း စိတ္တက္ခဏတိုင်း၌ ခွဲ၍ ရှုပါ။ သောတဒွါရဝီထိ စသည်တို့၌ ထူးခြားမှုမှာ ဤသို့ ဖြစ်၏။

၁။ သောတဒွါရဝီထိစိတ် ဖြစ်အံ့ - ပစ္စုပ္ပန်သဒ္ဒါရုံ

၂။ ဃာနဒွါရဝီထိစိတ် ဖြစ်အံ့ - ပစ္စုပ္ပန်ဂန္ဓာရုံ

၃။ ဇိဝှါဒွါရဝီထိစိတ် ဖြစ်အံ့ - ပစ္စုပ္ပန်ရသာရုံ

၄။ ကာယဒွါရဝီထိစိတ် ဖြစ်အံ့ - ပစ္စုပ္ပန်ဖောဋ္ဌဗ္ဗာရုံ

ဤ အသီးအသီးသော ပစ္စည်းတရားက အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

ဤမျှသာ ထူး၏။ ကြွင်းသော ပစ္စည်းတရားတို့က ကျေးဇူးပြုပုံ၌ စက္ခုဒွါရဝီထိစိတ်တို့၌ ဆိုခဲ့ပြီးသည်ကို နည်းမှီး၍ ရှုလေ။

ကာမဇော မနောဒွါရိကစိတ် ဖြစ်ပေါ်တည်နေရပုံ

ကာမဇော မနောဒွါရိကစိတ်တို့သည် အကျဉ်းအားဖြင့် ---

၁။ မနောဒွါရာဝဇ္ဇန်း

၂။ ဇော

၃။ တဒါရုံတည်း။

စိတ္တုပ္ပါဒ်၏ အစွမ်းဖြင့်ကား ---

၁။ မနောဒွါရာဝဇ္ဇန်း - ၁ ၊

၂။ ဇော - ၇ ၊

၃။ တဒါရုံ - ၂ ၊

အားလုံးပေါင်းသော် - ၁၀ - ကြိမ်တည်း။

အကျယ်အားဖြင့်ကား ---

၁။ မနောဒွါရာဝဇ္ဇန်း - ၁ ၊

၂။ ကာမဇော - ၂၉ ၊

၃။ တဒါရုံ - ၁၁ ၊

အားလုံးပေါင်းသော် - ၄၁ - တည်း။

မနောဒွါရာဝဇ္ဇန်း ခန္ဓာ (၅) ပါး

ရူပက္ခန္ဓာကို နည်းမှီး၍ သိပါ ရှုပါ။ နာမက္ခန္ဓာကို ဆက်လက်၍ တင်ပြ အပ်ပါသည်။

မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ

မနောဒွါရာဝဇ္ဇန်းစိတ်ဆန္ဒ ပီတိ ကြဉ်သော အညသမာန်းစေတသိက် (၁၁) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၀ ၊

၂။ အာရမ္မဏမျိုး --- ၁^၄^၆ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၂^၂၅^၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ် တည်နေရကုန်၏။

ထိုတွင် နာမ်သဟဇာတမျိုး (၁၀)နှင့် ပကတူပနိဿယ (၁) အကြောင်း ပစ္စည်းတရားတို့က ကျေးဇူးပြုပုံအပိုင်းကို ဝုဋ္ဌောနာမက္ခန္ဓာပိုင်း၌ ဆိုခဲ့သည့် နည်းအတိုင်း သိရှိပါလေ ရှုပါလေ။ အနည်းငယ် ထူးရာကိုသာ ဆိုပေအံ့။

၂။ အာရမ္မဏမျိုး

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

(က) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော စိတ် (၈၉)၊ စေတသိက် (၅၂) - အတိတ်အနာဂတ် နိပ္ဖန္နရုပ် (၁၈)၊ တေကာလိက အနိပ္ဖန္န ရုပ် (၁၀)၊ နိဗ္ဗာန်ပညတ် - ဤအာရုံ (၆)ပါးတို့တွင် တစ်ပါး ပါးသော အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် နိပ္ဖန္နရုပ် (၁၈) ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရား တို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

( ဂ ) မရဏာသန္နအခါ သာမန်အားဖြင့် အာရုံပြုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရား တို့က အာရမ္မဏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၆)။

၃။ အနန္တရမျိုး

မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၃။ အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဘဝင်္ဂုပစ္ဆေဒ (၁၉)ခု နာမက္ခန္ဓာ ပစ္စည်းတရားတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ ပစ္စည်း တရားက အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ ဝတ္ထုမျိုး

၄။ ပဉ္စဝေါကာရ ဘဝင် (၁၅)ခု နာမက္ခန္ဓာတို့တွင် မိမိ၏ (= မနောဒွါရာဝဇ္ဇန်း၏) အခြားမဲ့၌ ချုပ်လေပြီးသော တစ်မျိုးမျိုးသော ဘဝင် နာမက္ခန္ဓာ၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ပစ္စည်း တရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

ဤမျှသာ ထူးသည်။

မဟာကုသိုလ် ဉာဏသမ္ပယုတ် မနောဒွါရိက ပထမဇော နာမက္ခန္ဓာ ဖြစ်ပေါ်တည်နေရပုံ

[ရူပက္ခန္ဓာကို နည်းမှီး၍ ရှုလေ။]

၁။ အရဟတ္တမဂ် အရဟတ္တဖိုလ်ကြဉ်သော စိတ် (၈၇)၊

၂။ စေတသိက် (၅၂)၊

၃။ ရုပ် (၂၈)၊

၄။ နိဗ္ဗာန်

၅။ ပညတ်

ဤအာရုံ(၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံကို အာရုံပြု၍ မနောဒွါရိက မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇောဝီထိသည် ဖြစ်ပေါ်လာ၏။ ဤ ဝီထိ၌ မဟာကုသိုလ် ဉာဏသမ္ပယုတ် ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁^၄^၆^၃ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၅^၂၈^၃၀^၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ် တည်နေရကုန်၏။

မဟာကုသိုလ် ဉာဏသမ္ပယုတ် ပထမဇောစိတ်ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရား တို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဟာကုသိုလ် ဉာဏ သမ္ပယုတ် ပထမဇောစိတ်ဝိရတိ အပ္ပမညာ ကြဉ်သော စေတသိက် (၃၃) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မဟာကုသိုလ် ဉာဏ သမ္ပယုတ် ပထမဇော နာမက္ခန္ဓာ၌ တည်ရှိသော အလောဘ အဒေါသ အမောဟ - ဤဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ

( ဂ ) သာဓိပတိ တိဟိတ်ဇော ဖြစ်အံ့ - ဆန္ဒ ဝီရိယ စိတ် ဝီမံသ အဓိပတိတရားကိုယ် (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်း တရားတို့က အဓိပတိသတ္တိ၊ (သဟဇာတာဓိပတိ)

(ဃ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

( င ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

( စ ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

(ဆ) သောမနဿသဟဂုတ်ဇော ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာ သဟဂုတ်ဇော ဖြစ်အံ့ - ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်း တရားတို့က စျာနသတ္တိ

( ဇ ) ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၅)ပါး ပစ္စည်း တရားတို့က မဂ္ဂသတ္တိ၊ (၇)။ (၆ + ၇ = ၁၃)။

၂။ အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော စိတ် (၈၇)၊ စေတသိက်(၅၂)၊ ရုပ် (၂၈)၊ နိဗ္ဗာန်ပညတ် - ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံကို သာမန်အားဖြင့် အာရုံပြုတတ်သော မဟာကုသိုလ် ဉာဏ သမ္ပယုတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

(က) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော အရဟတ္တမဂ် အရဟတ္တ ဖိုလ် ကြဉ်သော စိတ် (၈၇)၊ စေတသိက် (၅၂)၊အတိတ်အနာဂတ် နိပ္ဖန္နရုပ် (၁၈)၊ တေကာလိက အနိပ္ဖန္နရုပ် (၁၀)၊ ပညတ် - ဤ အာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန်နိပ္ဖန္နရုပ် (၁၈) ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရား တို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

( ဂ ) မရဏာသန္နအခါ သာမန်အားဖြင့် အာရုံပြုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရား တို့က အာရမ္မဏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၆)။

အလေးအမြတ်အားဖြင့် အာရုံပြုတတ်သော မဟာကုသိုလ် ဉာဏ သမ္ပယုတ်ဇော နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော အရဟတ္တမဂ်ကြဉ်သော ကုသိုလ်စိတ် (၂၀) နာမက္ခန္ဓာအောက်ဖိုလ် (၃)ခု နာမက္ခန္ဓာနိဗ္ဗာန် ပစ္စည်းတရားတို့က အာရမ္မဏ အဓိပတိ ဥပနိဿယသတ္တိ၊ (၃)။

၃။ ချုပ်လေပြီးသော မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

[မှတ်ချက် --- အကယ်၍ ဒုတိယဇော နာမက္ခန္ဓာ ပစ္စယုပ္ပန်တရား ဖြစ်အံ့ - ချုပ်လေပြီးသော ပထမဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။ ဤမျှသာ ထူးသည်။ တတိယဇော စသည်၌လည်း အလားတူပင် အာသေဝန အကြောင်း တစ်ခုသာ ပိုသည်။]

၄။ မနောဒွါရာဝဇ္ဇန်းနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ ဗလဝ ဖြစ်သော = အားကောင်းသော အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော စိတ် (၈၇)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယ သတ္တိ၊ (၁)။

ဤ (၂၅^၂၈^၃၀^၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ် တည်နေရကုန်၏။ (ဒုတိယဇောစသည်ကို နည်းမှီး၍ ရှုလေ။ တဒါရုံကိုလည်း ပဉ္စဒွါရ၌ ဆိုခဲ့သည်ကို နည်းမှီး၍ ရှုလေ)။

မဟာကုသိုလ် ဉာဏဝိပ္ပယုတ်ဇော နာမက္ခန္ဓာ

၁။ လောကီစိတ် (၈၁)၊

၂။ စေတသိက် (၅၂)၊

၃။ ရုပ် (၂၈)၊

၄။ ပညတ်

ဤအာရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို အာရုံပြု၍ မနောဒွါရိက မဟာကုသိုလ် ဉာဏဝိပ္ပယုတ် ဇောဝီထိ စိတ်အစဉ်သည် ဖြစ်ပေါ် လာ၏။ ဤဝီထိ၌ မဟာကုသိုလ် ဉာဏဝိပ္ပယုတ် ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁^၄^၆^၃ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၅^၂၈^၃၀^၂၇) မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ် တည်နေရကုန်၏။ (ဒုတိယဇောစသည်ဖြစ်လျှင် အနန္တရမျိုး၌ အာသေဝန ထပ်ထည့်ပါ။)

[မှတ်ချက် --- ဤ၌ သဟဇာတမျိုး၊ အနန္တရမျိုး၊ ဝတ္ထုမျိုး၊ ပကတူပ နိဿယမျိုးတို့ကို နည်းမှီး၍ ရှုလေ။]

အာရမ္မဏမျိုး

ရံခါ သာမန်အားဖြင့် အာရုံပြုတတ်သော မဟာကုသိုလ် ဉာဏဝိပ္ပယုတ်ဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

(က) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော လောကီစိတ် (၈၁)၊ စေတသိက် (၅၂)၊ အတိတ်အနာဂတ်နိပ္ဖန္နရုပ် (၁၈)၊ တေကာလိက အနိပ္ဖန္နရုပ် (၁၀)၊ ပညတ် ပစ္စည်းတရားတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် နိပ္ဖန္နရုပ် (၁၈)၊ အာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရားတို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

( ဂ ) မရဏာသန္နအခါ သာမန်အားဖြင့် အာရုံပြုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်၏ ဥပါဒ် ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က အာရမ္မဏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

ရံခါ အလေးအမြတ်အားဖြင့် အာရုံ ပြုတတ်သော မဟာကုသိုလ် ဉာဏဝိပ္ပယုတ်ဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

ရံခါ အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော လောကီကုသိုလ် သတ္တရသ (= ၁၇) နာမက္ခန္ဓာ ဓမ္မာရုံ ပစ္စည်းတရားတို့က အာရမ္မဏ အဓိပတိ ဥပနိဿယသတ္တိ၊ (၃)။

(သဟဇာတမျိုး၊ အာရမ္မဏမျိုး၊ အနန္တရမျိုး၊ ဝတ္ထုမျိုး၊ ပကတူပနိဿယ အားလုံးပေါင်းသော်)

ဤ (၂၅^၂၈^၃၀^၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ် တည်နေရကုန်၏။

[မှတ်ချက် --- ဉာဏဝိပ္ပယုတ် မဟာကုသိုလ်ဇော ဖြစ်သဖြင့် ပညိန္ဒြေ စေတသိက် မယှဉ်ရကား သဟဇာတမျိုးဝယ် - ဟေတုပစ္စည်းတရား၌ အလောဘ အဒေါသ - ဟိတ် (၂)ပါး၊ ဣန္ဒြိယပစ္စည်းတရား၌ ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ - နာမ်ဣန္ဒြေ (၇)ပါး၊ မဂ္ဂပစ္စည်း တရား၌ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့ ဖြစ်ကြသည်။ နည်းမှီး၍သာ ရှုပါလေ။]

သဟိတ် မဟာဝိပါက် တဒါရုံ နာမက္ခန္ဓာ

မနောဒွါရဝီထိသဟိတ် မဟာဝိပါက် တဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

၆။ ပကတူပနိဿယ --- ၁ ၊

ဤ (၃၀)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မနောဒွါရဝီထိတဒါရုံနာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့၏ သဟဇာတမျိုး အာရမ္မဏမျိုး အနန္တရမျိုး ပစ္စည်းတရားတို့ကို ပဉ္စဒွါရ၌ ဆိုခဲ့သည့် နည်းအတိုင်း သိလေ။ ဝတ္ထုမျိုးစသည်ကို ဆိုပေအံ့။

၄။ ဝတ္ထုမျိုး

၄။ ပထမတဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

ကာမသတ္တမဇော နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

ဒုတိယ တဒါရုံ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား ဖြစ်အံ့ ---

ပထမတဒါရုံ နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

နာနာက္ခဏိကကမ္မမျိုး

၅။ (က) ကုသလဝိပါက်တဒါရုံ (၁၀)၊ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် ဗလဝဖြစ်သော = အားကောင်းသော တစ်မျိုးမျိုးသော အတိတ်ကာမကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

( ခ ) အကုသလဝိပါက် ဥပေက္ခာသဟဂုတ် တဒါရုံ (၁)၊ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ဗလဝဖြစ်သော = အားကောင်း သော အတိတ်အကုသိုလ်ကံ (၁၂) ပစ္စည်းတို့တွင် တစ်မျိုး မျိုးသော အကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

၆။ (ပကတူပနိဿယ တူပြီ။)

ဤ (၃၀)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ်တဒါရုံ (၃) ခု နာမက္ခန္ဓာ

အဟိတ် ပထမတဒါရုံ နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၁ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

၆။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် --- အဟိတ်တဒါရုံ (၃)ခု၌ သဟဇာတမျိုးကြောင့် ဖြစ်ပေါ်ရပုံကို သန္တီရဏစိတ် (၃)ခုနှင့် အတူသိလေ။ အာရမ္မဏမျိုး စသည် တို့ကြောင့် ဖြစ်ပေါ်ရပုံကိုကား သဟိတ်တဒါရုံနှင့် အတူသိလေ။]

မရဏာသန္နအခါ ဝတ္ထုမျိုး

မရဏာသန္နအခါ မနောဒွါရာဝဇ္ဇန်းကာမဇော (၂၉)၊ တဒါရုံ (၁၁)၊ စုတိနာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် စုတိစိတ်မှ ပြန်၍ ရေတွက် သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်၏ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅) - ဤပစ္စည်းတရားတို့က ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ထိုကာမဇော မနောဒွါရဝီထိ၌ အကယ်၍ လောဘဇော စောသည် ဖြစ်အံ့ - မနောဒွါရာဝဇ္ဇန်းနှင့် တဒါရုံတို့ကို အထက်ပါ မနောဒွါရာဝဇ္ဇန်း တဒါရုံတို့ကို နည်းမှီး၍ ရှုပါ။ လောဘမူဇော နာမက္ခန္ဓာ ဖြစ်ပေါ်လာပုံကို ဆက်လက်၍ တင်ပြပေအံ့။

မနောဒွါရိက လောဘမူဇော နာမက္ခန္ဓာ

လောဘမူဇော နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၃ ၊

၂။ (က) အာရမ္မဏမျိုး --- ၁^၄^၆ ၊

( ခ ) အာရမ္မဏမျိုး --- ၃^၆^၈ ၊

၃။ အနန္တရမျိုး --- ၆ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၆^၂၉^၃၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ် တည်နေရကုန်၏။ တစ်နည်း --- ဤ (၂၈^၃၁^၃၃)မျိုးသော အကြောင်းပစ္စည်း တရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြု ပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

လောဘမူဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော လောဘမူစိတ် (၈)ခု၊ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် (၂၂) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော လောဘမူနာမက္ခန္ဓာ၌ တည်ရှိသော လောဘ မောဟ - ဤဟိတ် (၂)ပါး ပစ္စည်း တရားတို့က ဟေတုသတ္တိ၊

( ဂ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

(ဃ) ဆန္ဒ ဝီရိယ စိတ် (၃)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရား တို့က အဓိပတိသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် - ဤနာမ်အာဟာရ (၃)ပါး ပစ္စည်း တရားတို့က အာဟာရသတ္တိ၊

( စ ) ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ - နာမ်ဣန္ဒြေ (၅)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

(ဆ) သောမနဿသဟဂုတ် စိတ် (၄)ခု ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ်စိတ် (၄)ခု ဖြစ်အံ့ - ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊

( ဇ ) ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)ခု ဖြစ်အံ့ - ဝိတက် ဝီရိယ ဧကဂ္ဂတာ ဒိဋ္ဌိ - မဂ္ဂင် (၄)ပါး၊ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄)ခု ဖြစ်အံ့ - ဝိတက် ဝီရိယ ဧကဂ္ဂတာ - မဂ္ဂင် (၃)ပါး - ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၇)။ (၆ + ၇ = ၁၃)။

၂။ (A) သာမန်အားဖြင့် အာရုံပြုတတ်သော လောဘမူစိတ် (၈)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

(က) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော လောကီစိတ် (၈၁)၊ စေတသိက် (၅၂)၊ အတိတ်အနာဂတ် နိပ္ဖန္နရုပ် (၁၈)၊ တေ ကာလိက အနိပ္ဖန္နရုပ် (၁၀)၊ ပညတ် - ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန်နိပ္ဖန္နရုပ် (၁၈)၊ ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရား တို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

( ဂ ) မရဏာသန္နအခါ သာမန်အားဖြင့် အာရုံပြုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရား တို့က အာရမ္မဏ ပုရေဇာတ နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၆)။

၂။ (B) အလေးအမြတ်အားဖြင့် အာရုံပြုတတ်သော လောဘမူစိတ် (၈) ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

(က) ရံခါ အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော ဒေါသမူ ဒွေ၊ မောဟမူ ဒွေ၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ် ကြဉ်သော လောကီစိတ် (၇၆)၊ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် (၄၇)၊ အတိတ်အနာဂတ် နိပ္ဖန္နရုပ် (၁၈) ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရား တို့က အာရမ္မဏ အဓိပတိ ဥပနိဿယသတ္တိ၊ (၃)။

( ခ ) ရံခါ အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန်နိပ္ဖန္နရုပ် (၁၈) - ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်း တရားတို့က အာရမ္မဏ အဓိပတိ ဥပနိဿယ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ဂ ) မရဏာသန္နအခါ အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော - စုတိစိတ်မှ ပြန်၍ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်း တရားတို့က အာရမ္မဏ အဓိပတိ နိဿယ ဥပနိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၈)။

၃။ ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည် ဖြစ်၍ ချုပ်လေပြီးသော မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ ပစ္စည်းတရား တို့က - [ဒုတိယဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့က။ ပ ။ သတ္တမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန် တရားတို့သည် အခြားမရှိသည် ဖြစ်၍ ချုပ်လေပြီးသော ဆဋ္ဌဇော နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရားတို့က] အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

၄။ ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယ ဝတ္ထု။ ပ ။ [သတ္တမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ဆဋ္ဌဇော နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်သော ဟဒယ ဝတ္ထု] ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

Ġ မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ရေတွက်သည်ရှိသော် (၁၇)ချက် မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယ ဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၅)။

၅။ ဗလဝ ဖြစ်သော အားကောင်းသော လောကီစိတ် (၈၁)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်း ဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်း တရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၆^၂၉^၃၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က, တစ်နည်း (၂၈^၃၁^၃၃) မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မနောဒွါရိက ဒေါသဇော - မောဟဇော နာမက္ခန္ဓာ ဖြစ်ပေါ်တည်နေရပုံ

ဒေါသမူ မောဟမူ ပထမဇော - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန် တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် --- ပဉ္စဒွါရ၌ ဆိုခဲ့သည်ကို နည်းမှီး၍ ရှုလေ။ အနန္တရ မျိုး၌ ပထမဇော၏ အနန္တရအကြောင်းမှာ မနောဒွါရာဝဇ္ဇန်း၊ ဒုတိယ ဇော၏ အနန္တရအကြောင်းမှာ ပထမဇော။ ပ ။ သတ္တမဇော၏ အနန္တရ အကြောင်းမှာ ဆဋ္ဌဇော အသီးအသီး ဖြစ်သည်။ ဝတ္ထုမျိုး၌လည်း နည်းတူ သဘောပေါက်ပါလေ။]

ပဉ္စဒွါရိက ဟသိတုပ္ပါဒ်ဇော နာမက္ခန္ဓာ ဖြစ်ပေါ်တည်နေရပုံ

ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ ပဉ္စဒွါရဝီထိ မနောဒွါရဝီထိတို့၌ ဇောအရာဝယ် ကြိယာဇောများ စောကြ၏။ ဟသိတုပ္ပါဒ်ကြိယာဇောစိတ်နှင့် မဟာကြိယာဇောစိတ်တို့ ဖြစ်ကြ၏။ အရိုးစုပြိတ္တာကဲ့သို့သော မထွတ်မြတ်သော အာရုံတို့၌ ရဟန္တာအရှင်မြတ်တို့၏သန္တာန်ဝယ် ပြုံးရွှင်မှုကို ဖြစ်စေသော စိတ်မှာ ဟသိတုပ္ပါဒ်ကြိယာဇောစိတ် ဖြစ်၏။ ရဟန္တာအရှင်မြတ်တို့၏သန္တာန်၌ ဖြစ်ပေါ်သွားကြသော ဝိပဿနာဇောစိတ်တို့ကား မဟာကြိယာဇောစိတ် တို့ပင် ဖြစ်ကြ၏။ ဤသို့ စသည်ဖြင့် သီလ သမာဓိ ပညာသိက္ခာ သုံးရပ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်သွားကြသော ကာမကြိယာဇောစိတ်တို့ကို သဘောပေါက်ပါ။

အသင်သူတော်ကောင်းသည် အကယ်၍ ပုထုဇဉ် အဆင့်တွင်သာ တည်ရှိနေသေးပါက သို့မဟုတ် သေက္ခအရိယာ သူတော်ကောင်း အဆင့် တွင်သာ တည်ရှိနေသေးပါက ယင်းကြိယာဇောတို့၏ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ အပိုင်းကို ရှုရန် မလိုပါ။ ပါရမီအားလျော်စွာ ရဟန္တာအဆင့်သို့ ရောက်ရှိသွားပါမှ ရှုရန်ဖြစ်သည်။ ဤ၌ ရှုလိုသောအခါ ရှုနိုင်ရန်ရည်ရွယ်၍ ယင်းကြိယာဇောတို့၌ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ အပိုင်းကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။ ရှေးဦးစွာ ပဉ္စဒွါရဝီထိ၌ တည်ရှိသော ဟသိတုပ္ပါဒ်ဇော နာမက္ခန္ဓာပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ အပိုင်းကို တင်ပြပေအံ့။

ဟသိတုပ္ပါဒ် ပထမဇော၊ ဆန္ဒကြဉ်သော အညသမာန်း စေတသိက် (၁၂) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၀ ၊

၂။ အာရမ္မဏမျိုး --- ၄ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဟသိတုပ္ပါဒ် ပထမဇော၊ ဆန္ဒကြဉ်သော အညသမာန်း စေတသိက် (၁၂) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ဟသိတုပ္ပါဒ်ပထမဇော၊ ဆန္ဒကြဉ်သော အညသမာန်း စေတသိက် (၁၂) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ဟသိတုပ္ပါဒ်ပထမ ဇော နာမက္ခန္ဓာ၌ တည်ရှိသော စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

(ဃ) ဇီဝိတ စိတ် ဝေဒနာ ဝီရိယ ဧကဂ္ဂတာ - နာမ်ဣန္ဒြေ (၅)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

( င ) စျာနင် (၅)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ ( ၆ + ၄ = ၁၀)။

[မှတ်ချက် --- အာရမ္မဏမျိုး၊ အနန္တရမျိုး၊ ဝတ္ထုမျိုး - ပစ္စည်းတရား တို့က ကျေးဇူးပြုပုံသည် မဟာကုသိုလ် ပထမဇော နာမက္ခန္ဓာ၌ ဆိုခဲ့ သည်နှင့် တူပြီ။]

၅။ ဗလဝ ဖြစ်သော အားကောင်းသော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရား တို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၅)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် --- ဒုတိယဇော စသည်၌ အာသေဝန ပစ္စည်းတစ်ခု ပိုလာ၏။ နည်းမှီး၍ ရှုလေ။ မဟာကြိယာဇောကိုလည်း မဟာကုသိုလ်ဇော နည်းတူ မှတ်ပါ။ ဟသိတုပ္ပါဒ်ဇော စောသည့် ပဉ္စဒွါရဝီထိနှင့် မဟာကြိယာ ဇော စောသည့် ပဉ္စဒွါရဝီထိတို့၌ တည်ရှိကြသော ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ တဒါရုံတို့ကိုလည်း အထက်တွင် ဆိုခဲ့သည့်အတိုင်းသာ မှတ်သားပါလေ၊ ရှုပါလေ။]

ယခုတစ်ဖန် ဟသိတုပ္ပါဒ်ဇော မဟာကြိယာဇော စောသည့် မနောဒွါရဝီထိကို ဆက်လက်၍ တင်ပြအပ်ပါသည်။

မနောဒွါရိက ဟသိတုပ္ပါဒ်ဇော နာမက္ခန္ဓာ

ဟသိတုပ္ပါဒ်စိတ် (၁)၊ ဆန္ဒကြဉ်သော အညသမာန်း စေတသိက် (၁၂)၊ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၀ ၊

၂။ အာရမ္မဏမျိုး --- ၁^၄^၆ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၂^၂၅^၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က ကျေးဇူး ပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဟသိတုပ္ပါဒ်စိတ် (၁)၊ ဆန္ဒကြဉ်သော အညသမာန်း စေတသိက် (၁၂) အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ဟသိတုပ္ပါဒ်စိတ် (၁)၊ ဆန္ဒကြဉ်သော အညသမာန်း စေတသိက် (၁၂)၊ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ဟသိတုပ္ပါဒ် နာမက္ခန္ဓာ၌ တည်ရှိသော စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ။

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ။

(ဃ) ဇီဝိတ စိတ် ဝေဒနာ - နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ။

( င ) စျာနင် (၅)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ (၆ + ၄ = ၁၀)။

သာမန်အားဖြင့် အာရုံပြုတတ်သော ဟသိတုပ္ပါဒ်နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၂။ (က) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော ကာမစိတ် (၅၄)၊ စေတသိက် (၅၂)၊ အတိတ်အနာဂတ် နိပ္ဖန္နရုပ် (၁၈)၊ တေကာလိက အနိပ္ဖန္နရုပ် (၁၀) - ဤကာမအာရုံ (၆)ပါးတို့တွင်တစ်ပါးပါးသော အာရုံပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် နိပ္ဖန္နရုပ် (၁၈)၊ ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရား တို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

( ဂ ) မရဏာသန္နအခါ သာမန်အားဖြင့် အာရုံပြုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရား တို့က အာရမ္မဏ နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၆)။

၃။ အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ မနောဒွါရာဝဇ္ဇန်း နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ ဗလဝဖြစ်သော = အားကောင်းသော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရား တို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၂^၂၅^၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ် တည်နေရကုန်၏။

ဒုတိယဇောစသည်၌ အာသေဝနပစ္စည်း ထပ်တိုးသဖြင့် (၂၃^၂၆^ ၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က ကျေးဇူးပြုပေးကြသည်ဟု မှတ်ပါ။ မနောဒွါရာဝဇ္ဇန်းနှင့် ဇော တဒါရုံ ရှုကွက်ကို အထက်၌ ဆိုခဲ့သည်ကို နည်းမှီး၍ ရှုလေ။

မဟာကြိယာဇော နာမက္ခန္ဓာ

စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ နိဗ္ဗာန်ပညတ် - ဤအာရုံ (၆)ပါးတို့တွင် တစ်ပါးပါးကို အာရုံပြု၍ မဟာကြိယာ ဉာဏသမ္ပယုတ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်သည် ဖြစ်ပေါ်လာ၏။ ထိုတွင် မနောဒွါရာဝဇ္ဇန်းကို မဟာကုသိုလ်ဇောဝီထိ၌ ဆိုခဲ့သည်ကို နည်းမှီး၍ ရှုလေ။ မဟာ ကြိယာ ဉာဏသမ္ပယုတ်ဇောကို ဆိုပေအံ့။

မဟာကြိယာ ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရား တို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁^၄^၆^၃ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၅^၂၈^၃၀^၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ် တည်နေရကုန်၏။

မဟာကြိယာ ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရား တို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဟာကြိယာ ပထမဇော အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့ကသဟဇာတအညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) ဒွိဟိတ်ဇော ဖြစ်အံ့ - အလောဘ အဒေါသတိဟိတ်ဇော ဖြစ်အံ့ အလောဘ အဒေါသ အမောဟ - ဤဟိတ် (၂)ပါး (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ၊

( ဂ ) သာဓိပတိ ဒွိဟိတ်ဇော ဖြစ်အံ့ - ဆန္ဒ ဝီရိယ စိတ်သာဓိပတိ တိဟိတ်ဇော ဖြစ်အံ့ - ဆန္ဒ ဝီရိယ စိတ် ဝီမံသ - အဓိပတိ တရားကိုယ် (၃)ပါး (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်းတရား တို့က အဓိပတိသတ္တိ၊

(ဃ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ပထမဇော နာမက္ခန္ဓာ၌ တည်ရှိသော စေတနာပစ္စည်းတရားက သဟဇာတကမ္မ သတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ၊

( စ ) ဒွိဟိတ်ဇော ဖြစ်အံ့ - ပညာကြဉ်သော နာမ်ဣန္ဒြေ (၇)ပါး၊ တိဟိတ်ဇော ဖြစ်အံ့ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

(ဆ) သောမနဿသဟဂုတ်ဇော ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာ သဟဂုတ်ဇော ဖြစ်အံ့ - ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်း တရားတို့က စျာနသတ္တိ၊

( ဇ ) ဒွိဟိတ်ဇော ဖြစ်အံ့ - ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၄)ပါး၊ တိဟိတ်ဇော ဖြစ်အံ့ - ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၅)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၇)။ (၆ + ၇ = ၁၃)။

၂။ သာမန်အားဖြင့် အာရုံပြုတတ်သော မဟာကြိယာ ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

(က) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော စိတ် (၈၉)၊ စေတသိက် (၅၂)၊ အတိတ်အနာဂတ် နိပ္ဖန္နရုပ် (၁၈)၊ တေကာလိက အနိပ္ဖန္နရုပ် (၁၀)၊ ပညတ် - ဤအာရုံ (၆)ပါး ပစ္စည်းတရားတို့တွင် တစ်မျိုးမျိုးသော အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ရံခါ သာမန်အားဖြင့် အာရုံပြုအပ်သော ပစ္စုပ္ပန် နိပ္ဖန္နရုပ် (၁၈) ဤ အာရုံ (၆)ပါးတို့တွင် တစ်မျိုးမျိုးသော အာရုံ ပစ္စည်းတရား တို့က အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတသတ္တိ၊ (၄)။

(ဃ) အလေးအမြတ်အားဖြင့် အာရုံပြုတတ်သော မဟာကြိယာ ဉာဏ သမ္ပယုတ် ပထမဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အလေးအမြတ်အားဖြင့် အာရုံပြုအပ်သော အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်ဟူသော ဓမ္မာရုံ ပစ္စည်းတရားတို့တွင် တစ်မျိုး မျိုးသော ပစ္စည်းတရားတို့က အာရမ္မဏ အဓိပတိ ဥပနိဿယ သတ္တိ၊ (၃)။

[မှတ်ချက် ---အနန္တရမျိုး, ဝတ္ထုမျိုး, ပကတူပနိဿယတို့ကို မဟာ ကုသိုလ်ဇော၌ ဆိုခဲ့သည်တို့ကို နည်းမှီး၍ သိရှိပါလေ။]

ဤ (၂၅^၂၈^၃၀^၂၇) မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ် တည်နေရကုန်၏။

[မှတ်ချက် ---ဒုတိယဇော စသည်၌ အနန္တရမျိုးဝယ် အာသေဝန ပစ္စည်းကို ထပ်ထည့်သော် -၂၆^၂၉^၃၁^၂၈ -အသီးအသီး ဖြစ်သည်။]

အပ္ပနာဇော - မနောဒွါရဝီထိ

ကာမဇောနှင့် အပ္ပနာဇော

၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် စိတ်၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာ ကုသိုလ်စိတ် နှစ်မျိုးတို့၏ နောင်၌ ဖြစ်ကောင်းသော အပ္ပနာဇော တို့ကား ---

(က) မဟဂ္ဂုတ်ကုသိုလ် သောမနဿသဟဂုတ်ဇော --- ၄ ၊

( ခ ) မဂ် သောမနဿသဟဂုတ်ဇော --- ၁၆ ၊

( ဂ ) အောက်ဖိုလ် သောမနဿသဟဂုတ်ဇော --- ၁၂ ၊

အားလုံးပေါင်းသော် --- ၃၂ ၊

၂။ ဥပေက္ခာ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်၊ ဥပေက္ခာ သဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ဤစိတ်နှစ်မျိုးတို့၏ နောင်၌ ဖြစ်ကောင်းသော အပ္ပနာဇောတို့ကား-

(က) မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာသဟဂုတ်ဇော --- ၅ ၊

( ခ ) မဂ် ဥပေက္ခာသဟဂုတ်ဇော --- ၄ ၊

( ဂ ) အောက်ဖိုလ် ဥပေက္ခာသဟဂုတ်ဇော --- ၃ ၊

အားလုံးပေါင်းသော် --- ၁၂ ၊

၃။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကြိယာ စိတ်၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာ ကြိယာစိတ် - ဤမဟာကြိယာစိတ် နှစ်မျိုးတို့၏နောင်၌ ဖြစ်ကောင်းသော အပ္ပနာဇောတို့ကား ---

(က) မဟဂ္ဂုတ်ကြိယာ သောမနဿသဟဂုတ်ဇော --- ၄ ၊

( ခ ) အရဟတ္တဖိုလ် သောမနဿသဟဂုတ်ဇော --- ၄ ၊

အားလုံးပေါင်းသော် --- ၈ ၊

၄။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ်၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ်မဟာကြိယာစိတ် နှစ်မျိုးနောင်၌ ဖြစ်ကောင်းသော အပ္ပနာဇော တို့ကား ---

(က) မဟဂ္ဂုတ်ကြိယာ ဥပေက္ခာသဟဂုတ်ဇော --- ၅ ၊

( ခ ) အရဟတ္တဖိုလ် ဥပေက္ခာသဟဂုတ်ဇော --- ၁ ၊

အားလုံးပေါင်းသော် --- ၆ ၊

မဟဂ္ဂုတ် ကုသိုလ်ဇောဝီထိ

မဟဂ္ဂုတ် ကုသိုလ်ဇောဝီထိတို့မှာ ---

၁။ အာဒိကမ္မိက မဟဂ္ဂုတ် ကုသိုလ်ဇောဝီထိ --- ၉ ၊

၂။ သမာပတ္တိ မဟဂ္ဂုတ် ကုသိုလ်ဇောဝီထိ --- ၉ ၊

အားလုံးပေါင်းသော် --- ၁၈ ၊

အာဒိကမ္မိက မဟဂ္ဂုတ် ကုသိုလ်ဇောဝီထိ

ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု၊ ထိုနောင် မဟဂ္ဂုတ် ကုသိုလ်ဇော (၉)မျိုးတို့တွင် တစ်မျိုးမျိုးသည် အာဒိကမ္မိကဖြစ်၍ တစ်ကြိမ်စီသာ အပ္ပနာဇော သမာဓိကိစ္စကို ရွက်ဆောင်လျက် ဖြစ်၍ ချုပ်၏။ ထိုနောင် တိဟိတ်ဘဝင် (၁၃)မျိုးတို့တွင် တစ်မျိုးမျိုး သည် ဘဝင် ဘဝင်ဟု ဘဝင်ကိစ္စကို ရွက်ဆောင်လျက် ဖြစ်ထိုက်သမျှ ဖြစ်၍ ချုပ်၏။

သမာပတ္တိ မဟဂ္ဂုတ် ကုသိုလ်ဇောဝီထိ

ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု၊ ထိုနောင် မဟဂ္ဂုတ် ကုသိုလ်ဇော (၉)မျိုးတို့တွင် တစ်မျိုးမျိုးသည် ဘဝင်အယဉ်ကဲ့သို့ အကြိမ်များစွာ အပ္ပနာဇော သမာဓိကိစ္စကို ရွက်ဆောင်လျက် ဖြစ်၍ ချုပ်၏။ ထိုနောင် တိဟိတ်ဘဝင် (၁၃) မျိုးတို့တွင် တစ်မျိုးမျိုး သည် ဘဝင် ဘဝင်ဟု ဘဝင်ကိစ္စကို ရွက်ဆောင်လျက် ဖြစ်ထိုက်သမျှ ဖြစ်၍ ချုပ်၏။

မဟဂ္ဂုတ် ကုသိုလ်ဇော နာမက္ခန္ဓာ

မဟဂ္ဂုတ်ကုသိုလ်ဇော (၉)မျိုး နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် ---

၁။ သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၆ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မဟဂ္ဂုတ် ကုသိုလ်ဇော (၉)မျိုး နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဟဂ္ဂုတ်ကုသိုလ် (၉)မျိုး အစိတ်အစိတ် နာမက္ခန္ဓာပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မဟဂ္ဂုတ်ကုသိုလ် (၉) ခု နာမက္ခန္ဓာ၌ တည်ရှိသော အလောဘ အဒေါသ အမောဟ ဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ၊

( ဂ ) ဆန္ဒ ဝီရိယ စိတ် ဝီမံသ (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်း တရားတို့က အဓိပတိသတ္တိ၊

(ဃ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ၊

( င ) ဖဿ စေတနာ ဝိညာဏ် - နာမ်အာဟာရ (၃)ပါး ပစ္စည်းတရား တို့က အာဟာရသတ္တိ၊

( စ ) ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ -နာမ် ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ၊

(ဆ) ပထမစျာန် မဟဂ္ဂုတ်ကုသိုလ် ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဒုတိယ စျာန် မဟဂ္ဂုတ်ကုသိုလ် ဖြစ်အံ့ - စျာနင် (၄)ပါး၊ တတိယစျာန် မဟဂ္ဂုတ်ကုသိုလ် ဖြစ်အံ့ - စျာနင် (၃)ပါး၊ စတုတ္ထစျာန် မဟဂ္ဂုတ် ကုသိုလ် ဖြစ်အံ့ - စျာနင် (၂)ပါး၊ ပဉ္စမစျာန် မဟဂ္ဂုတ်ကုသိုလ် (၅) ဖြစ်အံ့ - စျာနင် (၂)ပါး - ပစ္စည်းတရားတို့က စျာနသတ္တိ၊

( ဇ ) ပထမစျာန် မဟဂ္ဂုတ်ကုသိုလ် ဖြစ်အံ့ - ဝိရတိကြဉ်သော မဂ္ဂင် (၅)ပါး၊ ဒုတိယစျာန် မဟဂ္ဂုတ်ကုသိုလ်, တတိယစျာန် မဟဂ္ဂုတ် ကုသိုလ်, စတုတ္ထစျာန် မဟဂ္ဂုတ်ကုသိုလ်, ပဉ္စမစျာန် မဟဂ္ဂုတ် ကုသိုလ် (၅) ဖြစ်အံ့ - ဝိရတိ ဝိတက် ကြဉ်သော မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၇)။ (၆ + ၇ = ၁၃)။

၂။ ပထမစျာန် ရူပကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည်-

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အသုဘပညတ် (၁၀)ပါး၊

( ဂ ) ကာယဂတာသတိ၏ အာရုံဖြစ်သော (၃၂)ကောဋ္ဌာသပညတ်

(ဃ) အာနာပါနဿတိ၏အာရုံဖြစ်သော ဝင်သက်ထွက်သက် ပညတ် = အာနာပါနပဋိဘာဂနိမိတ်

( င ) မေတ္တာ၏အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါ ပညတ်

( စ ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါ ပညတ်

(ဆ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါပညတ်

ဤ (၂၅)မျိုးသော ပညတ်အာရုံတို့တွင် တစ်မျိုးမျိုးသော ထိုက်သင့်ရာ ပညတ်အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

ဒုတိယစျာန် ရူပကုသိုလ် တတိယစျာန် ရူပကုသိုလ်, စတုတ္ထစျာန် ရူပ ကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = အာနာပါနပဋိဘာဂနိမိတ်

( ဂ ) မေတ္တာ၏အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါ ပညတ်

(ဃ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါ ပညတ်

( င ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါပညတ်

ဤ (၁၄)မျိုးသော ပညတ်အာရုံတို့တွင် တစ်မျိုးမျိုးသော ထိုက်သင့်ရာ ပညတ် အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

ပဉ္စမစျာန် ရူပကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည်-

(က) ကသိုဏ်းပညတ် (၁၀) ပါး၊

( ခ ) အာနာပါနဿတိ၏အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = အာနာပါနပဋိဘာဂနိမိတ်

( ဂ ) ဥပေက္ခာဗြဟ္မဝိဟာရ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်

ဤ (၁၂)မျိုးသော ပညတ်အာရုံတို့တွင် တစ်မျိုးမျိုးသော ထိုက်သင့်ရာ ပညတ်အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

အာကာသာနဉ္စာယတနကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - အာကာသကသိုဏ်းသည် ကြဉ်အပ်သော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးကို ခွာ၍ ရအပ်သော ကောင်းကင်ပညတ် ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

ဝိညာဏဉ္စာယတနကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အတိတ်ဖြစ်သော အာကာသာနဉ္စာယတနကုသိုလ် နာမက္ခန္ဓာ ပစ္စည်း တရားတို့က အာရမ္မဏသတ္တိ၊ (၁)။

အာကိဉ္စညာယတနကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အာကာသာနဉ္စာယတနစျာန်စိတ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ် ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

နေဝသညာနာသညာယတနကုသိုလ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန် တရားတို့သည် - အတိတ်ဖြစ်သော အာကိဉ္စညာယတနကုသိုလ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

၃။ ပထမ မဟဂ္ဂုတ်ကုသိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတိုသည် - အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဂေါတြဘုကိစ္စတပ်သော သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက သို့မဟုတ် အသင်္ခါရိက မဟာကုသိုလ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

ဒုတိယဇော အစရှိသော နောက်နောက်သော မဟဂ္ဂုတ်ကုသိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပထမဇော အစ ရှိသော ရှေးရှေးသော ဇောတူ မဟဂ္ဂုတ်ကုသိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

ပထမ မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာသဟဂုတ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဂေါတြဘုကိစ္စတပ်သော မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်ဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတ သတ္တိ၊ (၆)။

ဒုတိယဇော အစရှိသော နောက်နောက်သော မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာသဟဂုတ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပထမဇော အစရှိသော ရှေး ရှေးသော ဇောတူ မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာသဟဂုတ်ဇော (၅)ခု နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

၄။ ပထမ မဟဂ္ဂုတ်ကုသိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတိုသည် - ဂေါတြဘုကိစ္စတပ်သော သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

ဒုတိယဇော အစရှိသော နောက်နောက်သော မဟဂ္ဂုတ်ကုသိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - ပထမဇော အစရှိသော ရှေးရှေးသော ဇောတူ မဟဂ္ဂုတ် ကုသိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာတို့၏ ဥပါဒ် ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

ပထမ မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာသဟဂုတ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - ဂေါတြဘုကိစ္စတပ်သော ဥပေက္ခာ သဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ် သသင်္ခါရိက သို့မဟုတ် အသင်္ခါရိက နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

ဒုတိယဇော အစရှိသော နောက်နောက်သော မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာသဟဂုတ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - ပထမဇော အစရှိသော ရှေးရှေးသော ဇောတူ မဟဂ္ဂုတ် ကုသိုလ် ဥပေက္ခာသဟဂုတ်ဇော (၅)ခု နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ မဟဂ္ဂုတ်ကုသိုလ် (၉)မျိုး နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ဗလဝ ဖြစ်သော အားကောင်းသော အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော စိတ် (၈၇)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယ သတ္တိ၊ (၁)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အကယ်၍ အသင်သူတော်ကောင်းသည် ရဟန္တာအဖြစ်သို့ ဆိုက်ရောက်ပြီး၍ စျာန်သမာပတ်တို့ကိုလည်း ရရှိခဲ့ပါမူ အောက်ပါ မဟဂ္ဂုတ် ကြိယာဇောတို့၏ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ အပိုင်းကိုလည်း ရှုနိုင်ပါသည်။

မဟဂ္ဂုတ် ကြိယာဇော နာမက္ခန္ဓာ

မဟဂ္ဂုတ်ကြိယာဇော (၉)မျိုး နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဟဂ္ဂုတ်ကြိယာဇော (၉)၊ ဝိရတိကြဉ်သော စေတသိက် (၃၅)၊ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မဟဂ္ဂုတ်ကြိယာဇော (၉)ခု နာမက္ခန္ဓာ၌ တည်ရှိသော အလောဘ အဒေါသ အမောဟ ဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ

( ဂ ) ဆန္ဒ ဝီရိယ စိတ် ဝီမံသ (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်း တရားတို့က အဓိပတိသတ္တိ

(ဃ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

( င ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

( စ ) ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

(ဆ) ပထမစျာန် မဟဂ္ဂုတ်ကြိယာစိတ် (၁) ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဒုတိယစျာန် မဟဂ္ဂုတ်ကြိယာစိတ် (၁) ဖြစ်အံ့ - စျာနင် (၄)ပါး၊ တတိယစျာန် မဟဂ္ဂုတ်ကြိယာစိတ် (၁) ဖြစ်အံ့ - စျာနင် (၃)ပါး၊ စတုတ္ထစျာန် မဟဂ္ဂုတ်ကြိယာစိတ် (၁) ဖြစ်အံ့ - စျာနင် (၂)ပါး၊ ပဉ္စမစျာန် မဟဂ္ဂုတ်ကြိယာစိတ် (၅) ဖြစ်အံ့ - စျာနင် (၂)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ

( ဇ ) ပထမစျာန် မဟဂ္ဂုတ်ကြိယာစိတ် (၁) ဖြစ်အံ့ - ဝိရတိကြဉ်သော မဂ္ဂင် (၅)ပါး၊ ဒုတိယစျာန် မဟဂ္ဂုတ်ကြိယာစိတ် (၁), တတိယ စျာန် မဟဂ္ဂုတ်ကြိယာစိတ် (၁), စတုတ္ထစျာန် မဟဂ္ဂုတ်ကြိယာ စိတ် (၁), ပဉ္စမစျာန် မဟဂ္ဂုတ်ကြိယာစိတ် (၅) ဖြစ်အံ့ - ဝိရတိ ဝိတက် ကြဉ်သော မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ (၇)။ (၆ + ၇ = ၁၃)။

၂။ (က) ပထမစျာန် ရူပကြိယာ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် (၂၅)မျိုးသော ပညတ်အာရုံတို့တွင် တစ်မျိုးမျိုးသော ပညတ်အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ဒုတိယစျာန် ရူပကြိယာ, တတိယစျာန် ရူပကြိယာ, စတုတ္ထစျာန် ရူပကြိယာ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် (၁၄) မျိုးသော ပညတ်အာရုံတို့တွင် တစ်မျိုးမျိုးသော ပညတ်အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

( ဂ ) ပဉ္စမစျာန် ရူပကြိယာ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် (၁၂)မျိုးသော ပညတ်အာရုံတို့တွင် တစ်မျိုးမျိုးသော ပညတ် အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

(ဃ) အာကာသာနဉ္စာယတနကြိယာ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အာကာသကသိုဏ်းသည် ကြဉ်အပ်သော ကသိုဏ်း (၉)မျိုးတို့တွင် တစ်မျိုးမျိုးကို ခွာ၍ ရအပ်သော ကောင်းကင် ပညတ် ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

( င ) ဝိညာဏဉ္စာယတနကြိယာ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် အတိတ်ဖြစ်သော အာကာသာနဉ္စာယတန ကုသိုလ် + ကြိယာ နှစ်ပါးတို့တွင် တစ်ပါးပါးသော အာရုံ ပစ္စည်းတရား တို့က အာရမ္မဏသတ္တိ၊ (၁)။

[မှတ်ချက် --- ဤဘဝ + ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကုသိုလ်၊ ဤဘဝသာ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကြိယာ - ဤ ကုသိုလ် + ကြိယာ နှစ်မျိုးလုံး သည် ဝိညာဏဉ္စာယတနကြိယာဇော နာမက္ခန္ဓာအာရုံ ဖြစ်နိုင်သည် ဟူ၏။]

( စ ) အာကိဉ္စညာယတနကြိယာ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - အာကာသာနဉ္စာယတနစျာန်စိတ်၏ မရှိခြင်းတည်း ဟူသော နတ္ထိဘောပညတ် ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

(ဆ) နေဝသညာနာသညာယတနကြိယာ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန် တရားတို့သည် - အတိတ်ဖြစ်သော အာကိဉ္စညာယတနကုသိုလ် ကြိယာ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံ ပစ္စည်းတရား တို့က အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ပထမ မဟဂ္ဂုတ်ကြိယာ သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဂေါတြဘုကိစ္စတပ်သော မဟာကြိယာ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

( ခ ) ပထမ မဟဂ္ဂုတ်ကြိယာ ဥပေက္ခာသဟဂုတ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဂေါတြဘုကိစ္စတပ်သော မဟာကြိယာ ဥပေက္ခာ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

( ဂ ) ဒုတိယဇော အစရှိသော နောက်နောက်သော မဟဂ္ဂုတ်ကြိယာ သောမနဿ^ဥပေက္ခာ သဟဂုတ်ဇော နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပထမဇော အစရှိသော ရှေးရှေးသော ဇောတူ မဟဂ္ဂုတ်ကြိယာ သောမနဿ^ဥပေက္ခာ သဟဂုတ်ဇော နာမက္ခန္ဓာ ပစ္စည်းတရား တို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတ သတ္တိ၊ (၆)။

၄။ (က) ပထမ မဟဂ္ဂုတ်ကြိယာ သောမနဿ သဟဂုတ်ဇော (၄)ခု နာမ က္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - ဂေါတြဘုကိစ္စ တပ်သော မဟာကြိယာ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( ခ ) ဒုတိယဇော အစရှိသော နောက်နောက်သော မဟဂ္ဂုတ် ကြိယာ သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန် တရားတို့သည် - ပထမဇော အစရှိသော ရှေးရှေးသော ဇောတူ မဟဂ္ဂုတ်ကြိယာ သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ တို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်း တရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( ဂ ) ပထမ မဟဂ္ဂုတ်ကြိယာ ဥပေက္ခာသဟဂုတ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - ဂေါတြဘုကိစ္စတပ်သော မဟာ ကြိယာ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

(ဃ) ဒုတိယဇော အစရှိသော နောက်နောက်သော မဟဂ္ဂုတ်ကြိယာ ဥပေက္ခာသဟဂုတ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - ပထမဇော အစရှိသော ရှေးရှေးသော ဇောတူ မဟဂ္ဂုတ်ကြိယာ ဥပေက္ခာသဟဂုတ်ဇော (၅)ခု နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရား တို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ မဟဂ္ဂုတ်ကြိယာဇော (၉)ခု၊ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ဗလဝ ဖြစ်သော = အားကောင်းသော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ်ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အရိယမဂ်ဇော နာမက္ခန္ဓာ

အရိယမဂ်ဇော (၂၀) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် --

၁။ သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၃ ၊

၃။ အနန္တရမျိုး --- ၆ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အရိယမဂ်ဇော (၂၀) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် --

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အရိယမဂ်ဇော (၂၀)၊ အပ္ပမညာ ကြဉ်သော စေတသိက် (၃၆) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော အရိယမဂ်ဇော (၂၀) နာမက္ခန္ဓာ၌ တည်ရှိသော အလောဘ အဒေါသ အမောဟဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ

( ဂ ) ဆန္ဒ ဝီရိယ စိတ် ဝီမံသ (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်း တရားတို့က အဓိပတိသတ္တိ

(ဃ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

( င ) ဖဿ စေတနာ ဝိညာဏ် - နာမ်အာဟာရ (၃)ပါး ပစ္စည်းတရား တို့က အာဟာရသတ္တိ

( စ ) ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

(ဆ) ပထမစျာန်မဂ်စိတ် (၄)ခု ဖြစ်အံ့ - စျာနင် (၅)ပါး,

ဒုတိယစျာန်မဂ်စိတ် (၄)ခု ဖြစ်အံ့ - စျာနင် (၄)ပါး,

တတိယစျာန်မဂ်စိတ် (၄)ခု ဖြစ်အံ့ - စျာနင် (၃)ပါး,

စတုတ္ထစျာန်မဂ်စိတ် (၄)ခု ဖြစ်အံ့ - စျာနင် (၂)ပါး,

ပဉ္စမစျာန်မဂ်စိတ် (၄)ခု ဖြစ်အံ့ - စျာနင် (၂)ပါး -

ပစ္စည်းတရားတို့က စျာနသတ္တိ

( ဇ ) ပထမစျာန်မဂ်စိတ် (၄)ခု ဖြစ်အံ့ - မဂ္ဂင် (၈)ပါး၊ ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ပဉ္စမစျာန်မဂ်စိတ် ဖြစ်အံ့ - ဝိတက် ကြဉ်သော မဂ္ဂင် (၇)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၇)။ (၆ + ၇ = ၁၃)။

၂။ နိဗ္ဗာန်အာရုံ ပစ္စည်းတရားတို့က အာရမ္မဏ အဓိပတိ ဥပနိဿယ သတ္တိ၊ (၃)။

၃။ (က) အရိယမဂ် သောမနဿသဟဂုတ်ဇော (၁၆)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဂေါတြဘု ဝေါဒါန် ကိစ္စတပ်သော မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

( ခ ) အရိယမဂ် ဥပေက္ခာသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အခြားမရှိသည်ဖြစ်ချုပ်လေပြီးသော ဂေါတြဘု ဝေါဒါန် ကိစ္စတပ်သော မဟာကုသိုလ် ဥပေက္ခာ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ အာသေဝန နတ္ထိ ဝိဂတသတ္တိ၊ (၆)။

၄။ (က) အရိယမဂ် သောမနဿသဟဂုတ်ဇော (၁၆)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - ဂေါတြဘု ဝေါဒါန် ကိစ္စတပ်သော မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( ခ ) အရိယမဂ် ဥပေက္ခာသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - ဂေါတြဘု ဝေါဒါန် ကိစ္စတပ်သော မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူ ပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ (က) သောတာပတ္တိမဂ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - ဗလဝ ဖြစ်သော = အားကောင်းသော လောကီစိတ် (၈၁)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

( ခ ) သကဒါဂါမိမဂ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - ဗလဝ ဖြစ်သော = အားကောင်းသော လောကီစိတ် (၈၁)၊ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်း တရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

( ဂ ) အနာဂါမိမဂ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - ဗလဝ ဖြစ်သော = အားကောင်းသော လောကီစိတ် (၈၁)၊ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယ သတ္တိ၊ (၁)။

(ဃ) အရဟတ္တမဂ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - ဗလဝ ဖြစ်သော = အားကောင်းသော လောကီစိတ် (၈၁)၊ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်အနာဂါမိမဂ် အနာဂါမိဖိုလ်စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်း တရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၈)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဖလသမာပတ္တိဝီထိ

မဂ္ဂါနန္တရဖိုလ်ဇော (၂၀) ဖြစ်ပေါ်လာပုံ

မဂ္ဂါနန္တရဖိုလ်ဇော (၂၀)၊ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည်-

၁။ သဟဇာတမျိုး --- ၁၄ ၊

၂။ အာရမ္မဏမျိုး --- ၃ ၊

၃။ အနန္တရမျိုး --- ၆ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ ပကတူပနိဿယ --- ၁ ၊

ဤ (၂၉)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မဂ္ဂါနန္တရဖိုလ်ဇော (၂၀)၊ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည်-

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဂ္ဂါနန္တရဖိုလ်ဇော (၂၀)၊ အပ္ပမညာ ကြဉ်သော စေတသိက် (၃၆) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

( ခ ) သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မဂ္ဂါနန္တရဖိုလ်ဇော (၂၀) နာမက္ခန္ဓာ၌ တည်ရှိသော အလောဘ အဒေါသ အမောဟ ဟိတ် (၃)ပါး ပစ္စည်းတရားတို့က ဟေတုသတ္တိ

( ဂ ) ဆန္ဒ ဝီရိယ စိတ် ဝီမံသ (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်း တရားတို့က အဓိပတိသတ္တိ

(ဃ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

( င ) ဖဿ စေတနာ ဝိညာဏ် - နာမ်အာဟာရ (၃)ပါး ပစ္စည်းတရား တို့က အာဟာရသတ္တိ

( စ ) ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

(ဆ) ပထမစျာန် မဂ္ဂါနန္တရဖိုလ်စိတ် (၄)ခု ဖြစ်အံ့ - စျာနင် (၅)ပါး၊

ဒုတိယစျာန် မဂ္ဂါနန္တရဖိုလ်စိတ် (၄)ခု ဖြစ်အံ့ - စျာနင် (၄)ပါး၊

တတိယစျာန် မဂ္ဂါနန္တရဖိုလ်စိတ် (၄)ခု ဖြစ်အံ့ - စျာနင် (၃)ပါး၊

စတုတ္ထစျာန် မဂ္ဂါနန္တရဖိုလ်စိတ် (၄)ခု ဖြစ်အံ့ - စျာနင် (၂)ပါး၊

ပဉ္စမစျာန် မဂ္ဂါနန္တရဖိုလ်စိတ် (၄)ခု ဖြစ်အံ့ - စျာနင် (၂)ပါး

ပစ္စည်းတရားတို့က စျာနသတ္တိ

( ဇ ) ပထမစျာန် မဂ္ဂါနန္တရဖိုလ်စိတ် ဖြစ်အံ့ - မဂ္ဂင် (၈)ပါး၊ ဒုတိယစျာန် မဂ္ဂါနန္တရဖိုလ်စိတ် (၄)ခု, တတိယစျာန် မဂ္ဂါနန္တရဖိုလ်စိတ် (၄)ခု, စတုတ္ထစျာန် မဂ္ဂါနန္တရဖိုလ်စိတ် (၄)ခု, ပဉ္စမစျာန် မဂ္ဂါနန္တရဖိုလ် စိတ် (၄)ခု ဖြစ်အံ့ - ဝိတက်ကြဉ်သော မဂ္ဂင် (၇)ပါး ပစ္စည်း တရားတို့က မဂ္ဂသတ္တိ၊ (၇)။ (၇ + ၇ = ၁၄)။

၂။ နိဗ္ဗာန်အာရုံ ပစ္စည်းတရားတို့က အာရမ္မဏ အဓိပတိ ဥပနိဿယ သတ္တိ၊ (၃)။

၃။ အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ဆိုင်ရာ အရိယမဂ်ဇော (၂၀) တို့တွင် တစ်မျိုးမျိုးသော မဂ်ဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ ကမ္မ နတ္ထိ ဝိဂတသတ္တိ၊ (၆)။

၄။ အရိယမဂ်ဇော (၂၀)တို့တွင် မိမိဆိုင်ရာ အရိယမဂ်ဇော နာမက္ခန္ဓာဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ (က) သောတာပတ္တိဖိုလ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - ဗလဝ ဖြစ်သော = အားကောင်းသော လောကီစိတ် (၈၁)၊ သောတာပတ္တိမဂ်စိတ်စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်း ဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

( ခ ) သကဒါဂါမိဖိုလ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် - ဗလဝ ဖြစ်သော = အားကောင်းသော လောကီစိတ် (၈၁)၊ သောတာပတ္တိမဂ်စိတ်သောတာပတ္တိဖိုလ်စိတ်သကဒါဂါမိမဂ်စိတ်စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

( ဂ ) အနာဂါမိဖိုလ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် ဗလဝ ဖြစ်သော = အားကောင်းသော လောကီစိတ် (၈၁)၊ သောတာပတ္တိမဂ်စိတ်သောတာပတ္တိဖိုလ်စိတ်သကဒါဂါမိမဂ်စိတ်သကဒါဂါမိဖိုလ်စိတ်အနာဂါမိမဂ်စိတ်စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သော ပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

(ဃ) အရဟတ္တဖိုလ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် ဗလဝ ဖြစ်သော အားကောင်းသော လောကီစိတ် (၈၁)၊ သောတာပတ္တိမဂ်စိတ်သောတာပတ္တိဖိုလ်စိတ်သကဒါဂါမိ မဂ်စိတ်သကဒါဂါမိဖိုလ်စိတ်အနာဂါမိမဂ်စိတ်အနာဂါမိ ဖိုလ်စိတ်အရဟတ္တမဂ်စိတ်စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (၁)။

ဤ (၂၉)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဖလသမာပတ္တိဖိုလ်ဇော (၂၀) ဖြစ်ပေါ်လာပုံ

ဘဝင်္ဂစလနဘဝင်္ဂုပစ္ဆေဒမနောဒွါရာဝဇ္ဇန်းအနုလုံ (၄)ကြိမ် သို့မဟုတ် (၃)ကြိမ် - ထိုနောင် သောတာပတ္တိဖိုလ်စိတ် အစဉ်သည် (သကဒါဂါမိ ဖိုလ်စိတ် အစဉ်သည် ^အနာဂါမိဖိုလ်စိတ် အစဉ်သည် ^အရဟတ္တဖိုလ်စိတ် အစဉ်သည်) ဘဝင်အယဉ်ကဲ့သို့ အကြိမ်များစွာဖြစ်၍ ချုပ်၏။ ထိုနောင် တိဟိတ်ဘဝင် (၁၃)ခုတို့တွင် ထိုက်သင့်ရာ ဘဝင်တစ်ခုခုသည် ဘဝင် ဘဝင် ...ဟု ဘဝင်ကိစ္စကို ရွက်ဆောင်လျက် ဖြစ်ထိုက်သမျှဖြစ်၍ ချုပ်၏။

[မှတ်ချက် --- သောတာပတ္တိဖလသမာပတ္တိဝီထိ သကဒါဂါမိဖလ သမာပတ္တိဝီထိ အနာဂါမိဖလသမာပတ္တိဝီထိတို့၌ အနုလုံကိစ္စတပ်သော စိတ်တို့ကား မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် (၄)မျိုးတို့တွင် တစ်မျိုး မျိုးတည်း။ အရဟတ္တဖလသမာပတ္တိဝီထိအနုလုံကိစ္စတပ်သော စိတ်တို့ကား မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် (၄)မျိုးတို့တွင် တစ်မျိုးမျိုးတည်း။ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိဖလသမာပတ်ကို, သကဒါဂါမ် ပုဂ္ဂိုလ်သည် သကဒါဂါမိဖလသမာပတ်ကို, အနာဂါမ်ပုဂ္ဂိုလ်သည် အနာဂါမိ ဖလသမာပတ်ကို, ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖလသမာပတ်ကို အသီး အသီး ဝင်စားနိုင်သည်။ မိမိဆိုင်ရာ ဖလသမာပတ်ကို ဝင်စား၍ ယင်းဖလ သမာပတ် အတွင်းရှိ အရိယဖိုလ်ဇောကိုလည်းကောင်း, မဂ္ဂဝီထိအတွင်း၌ တည်ရှိသော မဂ္ဂါနန္တရဖိုလ်ဇောမှ တစ်ပါးသော ဖိုလ်ဇောတို့ကိုလည်းကောင်း အောက်ပါအတိုင်း ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံကို ရှုနိုင်သည်။]

အထူးမှတ်သားရန်

အရိယမဂ္ဂဝီထိအတွင်း၌ အရိယမဂ်၏ နောင်၌ ဆိုင်ရာ အရိယဖိုလ် ဇောသည် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် စော၏။ ထိုတွင် မဂ္ဂါနန္တရဖိုလ်ဇော ဟူသည် ဆိုင်ရာအရိယမဂ်၏ နောက်၌ ကပ်လျက်ဖြစ်ပေါ်သွားသော ဆိုင်ရာ အရိယဖိုလ်ဇောတည်း။ ထင်ရှားစေအံ့ --- မဂ္ဂဝီထိအတွင်း၌ ထိုအရိယဖိုလ် ဇောမှာ (၂)ကြိမ် သို့မဟုတ် (၃)ကြိမ် ကျတတ်ရာ - ပထမအရိယဖိုလ်ဇောမှာ မဂ္ဂါနန္တရအရိယဖိုလ်ဇောဖြစ်၍ ဒုတိယအရိယဖိုလ်ဇော သို့မဟုတ် ဒုတိယ အရိယဖိုလ်ဇော တတိယအရိယဖိုလ်ဇောတို့မှာ မဂ္ဂါနန္တရဖိုလ်ဇောမှ တစ်ပါးသော ဖိုလ်ဇောတို့ပင်တည်း။

တစ်ဖန် အရိယာသူတော်ကောင်းတို့သည် မိမိတို့ရရှိထားသည့် အရိယ ဖိုလ်များကို တစ်ဖန်ပြန်၍ ဝင်စားနိုင်ကြ၏။ ဖလသမာပတ်ဟု ခေါ်ဆို၏။ ထိုဖလသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိသော ဖိုလ်ဇောတို့မှာလည်း မဂ္ဂါနန္တရဖိုလ်ဇောမှ တစ်ပါးသော ဖိုလ်ဇောများပင်တည်းဟု မှတ်ပါ။

မဂ္ဂါနန္တရဖိုလ်ဇောပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံကို ရေးသားတင်ပြ ခဲ့ပြီးဖြစ်၏။ ယခုတစ်ဖန် မဂ္ဂါနန္တရဖိုလ်ဇောမှ တစ်ပါးသော ဖိုလ်ဇော = ဖလသမာပတ္တိဖိုလ်ဇော နာမက္ခန္ဓာတို့၌ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံအပိုင်းကို ရေးသားတင်ပြပေအံ့။

မဂ္ဂါနန္တရဖိုလ်ဇော (၂၀)မှ တစ်ပါးသော ဖိုလ်ဇော (၂၀) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၄ ၊

၂။ အာရမ္မဏမျိုး --- ၃ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

၆။ ပကတူပနိဿယ --- ၁ ၊

ဤ (၃၀)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

မဂ္ဂါနန္တရဖိုလ်ဇော (၂၀)မှ တစ်ပါးသော ဖိုလ်ဇော (၂၀) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော မဂ္ဂါနန္တရဖိုလ်ဇော (၂၀)မှ တစ်ပါးသော ဖိုလ်ဇော (၂၀)၊ အပ္ပမညာကြဉ်သော စေတသိက် (၃၆)၊ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော မဂ္ဂါနန္တရဖိုလ်ဇော (၂၀)မှ တစ်ပါးသော ဖိုလ်ဇော (၂၀)နာမက္ခန္ဓာ၌ တည်ရှိသော

( ခ ) အလောဘ အဒေါသ အမောဟ - ဟိတ် (၃)ပါး ပစ္စည်းတရား တို့က ဟေတုသတ္တိ

( ဂ ) ဆန္ဒ ဝီရိယ စိတ် ဝီမံသ (၄)ပါးတို့တွင် တစ်ပါးပါးသော ပစ္စည်း တရားတို့က အဓိပတိသတ္တိ

(ဃ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

( င ) ဖဿ စေတနာ ဝိညာဏ် - နာမ်အာဟာရ (၃)ပါး ပစ္စည်းတရား တို့က အာဟာရသတ္တိ

( စ ) ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ - နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

(ဆ) ယင်း မဂ္ဂါနန္တရဖိုလ်ဇောမှ တစ်ပါးသော ဖိုလ်ဇောသည် --- ပထမစျာနိကဖိုလ်ဇော ဖြစ်အံ့ - စျာနင် (၅)ပါး,

ဒုတိယစျာနိကဖိုလ်ဇော ဖြစ်အံ့ - စျာနင် (၄)ပါး,

တတိယစျာနိကဖိုလ်ဇော ဖြစ်အံ့ - စျာနင် (၃)ပါး,

စတုတ္ထစျာနိကဖိုလ်ဇော ဖြစ်အံ့ - စျာနင် (၂)ပါး,

ပဉ္စမစျာနိကဖိုလ်ဇော ဖြစ်အံ့ - စျာနင် (၂)ပါး - ပစ္စည်းတရား တို့က စျာနသတ္တိ

( ဇ ) ယင်းဖိုလ်ဇောသည် ပထမစျာနိကဖိုလ်ဇော ဖြစ်အံ့ - မဂ္ဂင် (၈)ပါး ဒုတိယစျာနိကဖိုလ်ဇော, တတိယစျာနိကဖိုလ်ဇော, စတုတ္ထ စျာနိကဖိုလ်ဇော, ပဉ္စမစျာနိကဖိုလ်ဇော ဖြစ်အံ့ - ဝိတက် ကြဉ်သော မဂ္ဂင် (၇)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၇)။ ( ၇ + ၇ = ၁၄)။

၂။ နိဗ္ဗာန်အာရုံ ပစ္စည်းတရားတို့က အာရမ္မဏ အဓိပတိ ဥပနိဿယ သတ္တိ၊ (၃)။

၃။ (က) ပထမ အောက်ဖိုလ် သောမနဿသဟဂုတ်ဇော (၁၂) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော အနုလုံကိစ္စတပ်သော မဟာကုသိုလ် သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။ [ဤ၌ ဖလသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော ပထမဆုံးဖိုလ်ဇောကို ရည်ညွှန်းထားသည်။]

( ခ ) ဒုတိယဖိုလ်ဇော အစရှိသော (= မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိ နှစ်မျိုးလုံးအတွင်း၌ တည်ရှိသော ဒုတိယဖိုလ်ဇော အစရှိသော) နောက်နောက်သော အောက်ဖိုလ် သောမနဿ သဟဂုတ်ဇော (၁၂) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အခြား မရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပထမဖိုလ်ဇော အစရှိသော ရှေးရှေးသော ဇောတူ အောက်ဖိုလ် သောမနဿသဟဂုတ်ဇော (၁၂) နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

( ဂ ) ပထမ အောက်ဖိုလ် ဥပေက္ခာသဟဂုတ်ဇော (၃)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် (ဖလသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော ပထမဆုံးဖိုလ်ဇောကို ရည်ညွှန်းထားသည်။) - အခြားမရှိသည် ဖြစ်၍ ချုပ်လေပြီးသော အနုလုံကိစ္စတပ်သော မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

(ဃ) (မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိ နှစ်မျိုးလုံးအတွင်း၌ တည်ရှိသော) ဒုတိယဖိုလ်ဇော အစရှိသော နောက်နောက်သော အောက်ဖိုလ် ဥပေက္ခာ သဟဂုတ်ဇော (၃)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် အခြားမရှိသည် ဖြစ်၍ ချုပ်လေပြီးသော ပထမဖိုလ် ဇော အစရှိသော ရှေးရှေးသော ဇောတူ အောက်ဖိုလ် ဥပေက္ခာ သဟဂုတ်ဇော (၃)ခု နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

( င ) ပထမ အရဟတ္တဖိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည် ဖြစ်၍ ချုပ်လေပြီးသော အနုလုံကိစ္စတပ်သော မဟာကြိယာ သောမနဿသဟဂုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတ သတ္တိ၊ (၅)။ (ဖလသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော အရဟတ္တဖိုလ် ပထမဇောကို ရည်ညွှန်းထားသည်။)

( စ ) (အရဟတ္တမဂ္ဂဝီထိ အရဟတ္တဖလသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော) ဒုတိယဇော အစရှိသော နောက်နောက်သော အရဟတ္တဖိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည် ဖြစ်၍ ချုပ်လေပြီးသော ပထမဇော အစရှိသော ရှေးရှေး သော ဇောတူ အရဟတ္တဖိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတ သတ္တိ၊ (၅)။

(ဆ) (အရဟတ္တဖလသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော) ပထမ အရဟတ္တဖိုလ် ဥပေက္ခာသဟဂုတ်ဇော (၁) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော အနုလုံကိစ္စတပ်သော မဟာကြိယာ ဥပေက္ခာသဟဂုတ် ဉာဏ သမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက ဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတ သတ္တိ၊ (၅)။

( ဇ ) (အရဟတ္တမဂ္ဂဝီထိ အရဟတ္တဖလသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော) ဒုတိယဇော အစရှိသော နောက်နောက်သော အရဟတ္တဖိုလ် ဥပေက္ခာသဟဂုတ်ဇော (၁) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော ပထမဇော အစရှိသော ရှေးရှေးသော ဇောတူ အရဟတ္တဖိုလ် ဥပေက္ခာသဟဂုတ် ဇော (၁) နာမက္ခန္ဓာ (၄)ပါး ပစ္စည်းတရား တို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

(စျ) နိရောဓသမာပတ်မှ ထသောအခါ အနာဂါမ်ပုဂ္ဂိုလ်အနာဂါမိ ဖိုလ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အခြားမရှိသည်ဖြစ်၍ ချုပ်လေပြီးသော နေဝသညာနာသညာယတနကုသိုလ် အဆုံးဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

(ည) နိရောဓသမာပတ်မှ ထသောအခါ ရဟန္တာပုဂ္ဂိုလ်အရဟတ္တ ဖိုလ်ဇော (၅)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အခြားမရှိသည် ဖြစ်၍ ချုပ်လေပြီးသော နေဝသညာနာသညာယတနကြိယာ အဆုံးဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ (က) (ဖလသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော) ပထမ အောက်ဖိုလ် သောမနဿသဟဂုတ်ဇော (၁၂) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန် တရားတို့သည် အနုလုံကိစ္စတပ်သော မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( ခ ) (မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော) ဒုတိယဇော အစရှိသော နောက်နောက်သော အောက်ဖိုလ် သောမနဿ သဟဂုတ်ဇော (၁၂) နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ပထမဇော အစရှိသော ရှေးရှေးသော ဇောတူ အောက်ဖိုလ် သောမနဿ သဟဂုတ်ဇော (၁၂) နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( ဂ ) (ဖလသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော) ပထမ အောက်ဖိုလ် ဥပေက္ခာသဟဂုတ်ဇော (၃)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရား တို့သည် အနုလုံကိစ္စတပ်သော မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယ ဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

(ဃ) (မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော) ဒုတိယ ဇော အစရှိသော နောက်နောက်သော အောက်ဖိုလ် ဥပေက္ခာ သဟဂုတ်ဇော (၃)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ပထမဇော အစရှိသော ရှေးရှေးသော ဇောတူ အောက်ဖိုလ် ဥပေက္ခာသဟဂုတ်ဇော (၃)ခု နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်း တရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( င ) (အရဟတ္တဖလသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော) ပထမ အရဟတ္တဖိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အနုလုံကိစ္စ တပ်သော မဟာ ကြိယာ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူ ပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( စ ) (အရဟတ္တမဂ္ဂဝီထိ အရဟတ္တဖလသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော) ဒုတိယဇော အစရှိသော နောက်နောက်သော အရဟတ္တဖိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ပထမဇော အစရှိသော ရှေးရှေး သော ဇောတူ အရဟတ္တဖိုလ် သောမနဿသဟဂုတ်ဇော (၄)ခု နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယ ဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

(ဆ) (အရဟတ္တဖလသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော) ပထမ အရဟတ္တဖိုလ် ဥပေက္ခာသဟဂုတ်ဇော (၁)ခု နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရားတို့သည် အနုလုံကိစ္စတပ်သော မဟာကြိယာ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက သို့မဟုတ် သသင်္ခါရိက နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( ဇ ) (အရဟတ္တမဂ္ဂဝီထိ အရဟတ္တဖလသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော) ဒုတိယဇော အစရှိသော နောက်နောက်သော အရဟတ္တဖိုလ် ဥပေက္ခာသဟဂုတ်ဇော (၁)ခု နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရားတို့သည် ပထမဇော အစရှိသော ရှေးရှေးသော ဇောတူ အရဟတ္တဖိုလ် ဥပေက္ခာသဟဂုတ်ဇော (၁)ခု နာမက္ခန္ဓာ တို့၏ ဥပါဒ်ခဏနှင့် အတူပြိုင်၍ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်း တရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

( စျ ) နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ်ဇော (5)ခု၊ အရဟတ္တဖိုလ်ဇော (5)ခု နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရား တို့သည် မိမိ မိမိတို့၏ ရှေးစိတ္တက္ခဏ တစ်ချက်ခန့် ကာလ၌ ဖြစ်သော ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (5)။

5။ မဂ္ဂါနန္တရဖိုလ်ဇော (20)မှ တစ်ပါးသော ဖိုလ်ဇော (20) နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရားတို့သည် ဗလဝဖြစ်သော အတိတ် အရိယမဂ် ကုသိုလ်ကံ (20) ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (2)။

6။ (က) သောတာပတ္တိဖိုလ်ဇော (5)ခု နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရား တို့သည် ဗလဝဖြစ်သော လောကီစိတ် (81)၊ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်စေတသိက် (52)၊ ရုပ် (28)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (1)။

( ခ ) သကဒါဂါမိဖိုလ်ဇော (5)ခု နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရား တို့သည် ဗလဝဖြစ်သော လောကီစိတ် (81)၊ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်စေတသိက် (52)၊ ရုပ် (28)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (1)။

( ဂ ) အနာဂါမိဖိုလ်ဇော (5)ခု နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရား တို့သည် ဗလဝဖြစ်သော လောကီစိတ် (81)၊ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်အနာဂါမိ မဂ် အနာဂါမိဖိုလ်စေတသိက် (52)၊ ရုပ် (28)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (1)။

(ဃ) အရဟတ္တဖိုလ်ဇော (5)ခု နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရား တို့သည် ဗလဝဖြစ်သော လောကီစိတ် (81)၊ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်အနာဂါမိ မဂ် အနာဂါမိဖိုလ်အရဟတ္တမဂ် အရဟတ္တဖိုလ်စေတသိက် (52)၊ ရုပ် (28)၊ ပစ္စည်းဖြစ်ထိုက်သော အချို့သောပညတ် ပစ္စည်းတရားတို့က ပကတူပနိဿယသတ္တိ၊ (1)။

ဤ (30)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် ---နာနာက္ခဏိကကမ္မမျိုးအရိယမဂ် ကုသိုလ်ကံကို စုပေါင်း၍ ရေးသားတင်ပြထားပါသည်။ လက်တွေ့ရှုသောအခါ ဆိုင်ရာ အရိယမဂ်တရားကြောင့် ဆိုင်ရာ အရိယဖိုလ် ဖြစ်ပုံကိုသာ ရှုပါ။]

သံသရာခရီးတစ်လျှောက်

ဤတွင် တိဟိတ်လူသားတစ်ဦး ဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော ဘဝတစ်လျှောက်အတွင်း၌ ဖြစ်သင့် ဖြစ်ထိုက်သော စိတ္တက္ခဏ အမျိုးအစားတို့၏ အခိုက်အတန့် အသီးအသီး၌ ခန္ဓာ (၅)ပါး ဖွဲ့၍ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံအပိုင်းကို ရေးသားတင်ပြ ပြီးခဲ့လေပြီ။ အသင်သူတော်ကောင်းသည် မိမိရှုနိုင်သမျှ စိတ္တက္ခဏတို့၌ ခန္ဓာ (၅)ပါးဖွဲ့၍ အထက်ပါအတိုင်း နည်းမှီး၍ ရှုပါ။

အဒ္ဓါပစ္စုပ္ပန် အမည်ရသော ပစ္စုပ္ပန် ဘဝတစ်လျှောက်အတွင်း၌ ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် အသင်သူတော်ကောင်းရုပ်နာမ်သန္တာန် အစဉ်ဝယ် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ စိတ်အမျိုးအစားတို့၏ စိတ္တက္ခဏ တိုင်းဝယ် ခန္ဓာ (၅)ပါးနည်းဖြင့် ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံကို ရှုပြီးသောအခါ အတိတ်အဆက်ဆက်သို့လည်းကောင်း, အနာဂတ်အဆက်ဆက်သို့လည်းကောင်း ပြောင်း၍ ရှုနိုင်ပေပြီ။

ထို့သို့ ရှုရာ၌ ဘဝတစ်ခု၏ အတွင်း၌ ဖြစ်ပေါ်နေသော စိတ္တက္ခဏ တိုင်းဝယ် တည်ရှိသော ခန္ဓာငါးပါးတိုင်းကိုကား ကုန်စင်အောင် မရှုနိုင်။ အမျိုးအစားကိုသာ စွမ်းနိုင်သမျှ ကုန်စင်အောင် ရှုရန်ဖြစ်သည်ကို သတိပြုပါ။

မြုပ်တစ်ခါ ပေါ်တစ်လှည့်ဖြင့် သံသရာတစ်လျှောက်ဝယ် ကျင်လည် ခဲ့ရာ ရံခါ အကုသိုလ်ကံက အကျိုးပေးရန် အခွင့်သာသဖြင့် အပါယ်သို့ ကျရောက်ခဲ့ရသည်လည်း ရှိ၏။ ရံခါ ကုသိုလ်ကံက အကျိုးပေးရန် အခွင့်သာ သဖြင့် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ အထက်တန်းကျကျ မျက်နှာပန်း လှလှဖြင့် စံမြန်းခဲ့ရသည်လည်း ရှိ၏။ ထိုဘဝတို့၌လည်း ပစ္စုပ္ပန်ဘဝနည်းတူ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံကို ရှုနိုင်ပေသည်။ ထိုသို့ ရှုရာ၌ ဝီထိစိတ္တက္ခဏရှိ ခန္ဓာငါးပါးတို့ကို အထက်တွင် ဖော်ပြထားသည့်အတိုင်း နည်းမှီး၍ ရှုပါ။ ဤတွင် ဝီထိမုတ်စိတ်တို့ကိုသာ ဆက်လက်၍ ရေးသားတင်ပြပေအံ့။

အဟိတ် ပဋိသန္ဓေ ဖြစ်ပေါ်လာပုံ

[မှတ်ချက် --- ရူပက္ခန္ဓာကို နည်းမှီး၍ ရှုပါ။]

၁။ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ,

၂။ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ - ဟု

အဟိတ် ပဋိသန္ဓေ နှစ်မျိုး ရှိ၏။

၁။ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏကား အပါယ်ဘုံသား သတ္တဝါတို့၏ ပဋိသန္ဓေတည်း။

၂။ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏကား ---

က။ ဇစ္စန္ဓ = ပဋိသန္ဓေအားဖြင့် ကာဏ်းသူ = သန္ဓေကာဏ်း

ခ။ ဇစ္စဗဓိရ = ပဋိသန္ဓေအားဖြင့် နားထိုင်းသူ = သန္ဓေပင်း

ဂ။ ဇစ္စဃာနက = ပဋိသန္ဓေအားဖြင့် ဃာနပသာဒ မရှိသူ၊

ဃ။ ဇစ္စမူဂ = ပဋိသန္ဓေအားဖြင့် စကားမပီဘဲ ဆွံ့အသူ

င။ ဇစ္စဇဠ = ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်းဖျင်းအသူ = တင်းတောင်း ပမာဏ မူးမတ်ပဲရွေး အေ့ရှ အနောက် တောင် မြောက် စသည်ကိုမျှ မသိသူ

စ။ ဇစ္စုမ္မတ္တက = ပဋိသန္ဓေအားဖြင့် ရူးနှန်းသူ

ဆ။ ပဏ္ဍက = ပဏ္ဍုက် = ပန်းစုပ်

ဇ။ ဥဘတောဗျဉ္ဇနက = ဥဘတောဗျည်း = ဗျည်းနှစ်ခု ရှိသူ သို့မဟုတ် ယောက်ျားတစ်လှည့် မိန်းမတစ်လှည့် ဗျည်းထင်ရှားသူ

စျ။ နပုံသက = နပုံပဏ္ဍုက် = မိန်းမအင်္ဂါလည်း မထင်ရှား ယောက်ျား အင်္ဂါလည်း မထင်ရှားသူ

ည။ မမ္မ = မန်းစွဲသူ = စကားပြောလျှင် အမျှင်မပြတ်ဘဲ ဒရွတ်ဆွဲ၍ ပြောရသူ - ဤသို့စသော လူစဉ်မမီသူများနှင့် ---

ဋ။ ဝိနိပါတိကာသုရ = ဘုမ္မစိုးနတ်ကြီးများကို မှီခိုကပ်ရပ်၍ နေကြ ရသော စည်းစိမ်ဥစ္စာ အိပ်ရာနေရာ ကောင်းမွန်စွာ မရှိဘဲ ဖောက်ပြန် ပျက်စီး၍နေသော နတ်သေး နတ်မွား နတ်အငယ်စားတို့၏ ပဋိသန္ဓေတည်း။

ယင်းစိတ်သည် ဘဝ၏ အစတွင် ပဋိသန္ဓေကိစ္စကို ရွက်ဆောင်၍ အလယ်တွင် ဘဝင်ကိစ္စကို ရွက်ဆောင်ပြီးလျှင် အဆုံးတွင် စုတိကိစ္စကို ရွက်ဆောင်ပေသည်။ ယခုအခါ ပဋိသန္ဓေကစ၍ တင်ပြပေအံ့။

အဟိတ်ပဋိသန္ဓေ (၂)ခု၊ နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရားတို့သည်-

၁။ နာမ်သဟဇာတမျိုး --- 11 ၊

၂။ ရုပ်သဟဇာတမျိုး --- 6 ၊

၃။ အာရမ္မဏမျိုး --- 1 ၊

4။ အနန္တရမျိုး --- 5 ၊

5။ နာနာက္ခဏိကကမ္မမျိုး --- 2 ၊

ဤ (25)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ်ပဋိသန္ဓေ (2)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (10)၊ အစိတ်အစိတ် နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရားတို့သည်-

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အဟိတ်ပဋိသန္ဓေ (2)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (10)၊ အစိတ်အစိတ်နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (7)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော အဟိတ် ပဋိသန္ဓေ (2)ခု နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

(ဃ) ဇီဝိတ စိတ် ဝေဒနာ - နာမ်ဣန္ဒြေ (3)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( င ) ပီတိ ကြဉ်သော စျာနင် (4)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (4)။ (7 + 4 = 11)။

2။ မိမိဟုဆိုအပ်သော အဟိတ်ပဋိသန္ဓေ နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားက သဟဇာတ အညမည နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (6)။

3။ ကံ-ကမ္မနိမိတ်-ဂတိနိမိတ် (3)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံ ပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (1)။

4။ (လွန်လေပြီးသော အတိတ်ဘဝ) ကာမစုတိ (10)တို့တွင် တစ်မျိုးမျိုး သော နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (5)။

5။ (က) ဒုဂ္ဂတိ အဟိတ်ပဋိသန္ဓေ (1)၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (10)၊ အစိတ်အပေါင်း နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရားတို့သည် - အတိတ်ဖြစ်သော ဥဒ္ဓစ္စစေတနာ ကြဉ်သော အကုသိုလ်ကံ (11)မျိုးတို့တွင် တစ်မျိုးမျိုး သော အကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (2)။

( ခ ) သုဂတိ အဟိတ်ပဋိသန္ဓေ (1)၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (10)၊ အစိတ်အပေါင်း နာမက္ခန္ဓာ (4)ပါး ပစ္စယုပ္ပန်တရားတို့သည် - အတိတ်ဖြစ်သော ဒွိဟိတ် ဩမက ကာမကုသိုလ်ကံ (4)မျိုးတို့တွင် တစ်မျိုးမျိုးသော ပစ္စည်း တရားက နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (2)။

ဤ (25)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

[မှတ်ချက် ---ရူပက္ခန္ဓာကို နည်းမှီး၍ ရှုလေ။ အဟိတ်ဘဝင် နာမက္ခန္ဓာကို ဆက်လက်၍ တင်ပြပေအံ့။]

အဟိတ် ဘဝင် ဖြစ်ပေါ်လာပုံ

အဟိတ်ဘဝင် (၂)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀)၊ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၁ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ်ဘဝင် (၂)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀)၊ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အဟိတ်ဘဝင် (၂)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀) ပစ္စည်းတရားတို့က - သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော အဟိတ်ဘဝင် (၂)ခု၊ နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

(ဃ) ဇီဝိတ စိတ် ဝေဒနာ - နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( င ) ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ (၇ + ၄ = ၁၁)။

၂။ ကံ-ကမ္မနိမိတ်-ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံ ပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ပဋိသန္ဓေ နာမက္ခန္ဓာ၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဘဝင် နာမက္ခန္ဓာ၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဝုဋ္ဌော နာမက္ခန္ဓာ၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော အဆုံးဇော နာမက္ခန္ဓာ၊

( င ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော တဒါရုံ နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ အဟိတ်ပဋိသန္ဓေ နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ မိမိ၏ရှေးဘဝင် နာမက္ခန္ဓာ နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ဝုဋ္ဌောနာမက္ခန္ဓာနှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထု၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ အဆုံးဇော နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( င ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ဒုတိယတဒါရုံ နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( စ ) မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်း တရားတို့က - နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ (က) ဒုဂ္ဂတိအဟိတ် ဘဝင် (၁)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀)၊ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အတိတ်ဖြစ်သော ဥဒ္ဓစ္စစေတနာ ကြဉ်သော အကုသိုလ်ကံ (၁၁)မျိုးတို့တွင် တစ်မျိုးမျိုးသော ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

( ခ ) သုဂတိ အဟိတ်ဘဝင် (၁)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀)၊ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အတိတ်ဖြစ်သော ဒွိဟိတ် ဩမက ကာမကုသိုလ်ကံ (၄)ပါးတို့တွင် တစ်မျိုးမျိုးသော ကာမကုသိုလ် ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယ သတ္တိ၊ (၂)။

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

__________

အဟိတ် စုတိ ဖြစ်ပေါ်လာပုံ

အဟိတ်စုတိ (၂)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၁ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အဟိတ်စုတိ (၂)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀)၊ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည်-

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အဟိတ်စုတိ (၂)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်းစေတသိက် (၁၀) - အစိတ် အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က - သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော အဟိတ်စုတိ (၂)ခု နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

( ဂ ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

(ဃ) ဇီဝိတ စိတ် ဝေဒနာ - နာမ်ဣန္ဒြေ (၃)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( င ) ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ၊ (၄)။ (၇ + ၄ = ၁၁)။

၂။ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော မရဏာသန္န ပဉ္စမဇော နာမက္ခန္ဓာ၊

( ခ ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဒုတိယ တဒါရုံ နာမက္ခန္ဓာ၊

( ဂ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော အဟိတ် ဘဝင် နာမက္ခန္ဓာ ဤပစ္စည်းတရားတို့က - အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ မိမိဟုဆိုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက် မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားက နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ (က) ဒုဂ္ဂတိ အဟိတ်စုတိ (၁)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀) - အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် အတိတ်ဖြစ်သော ဥဒ္ဓစ္စစေတနာ ကြဉ်သော အကုသိုလ်ကံ (၁၁)မျိုးတို့တွင် တစ်မျိုးမျိုးသော အကုသိုလ် ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယ သတ္တိ၊ (၂)။

( ခ ) သုဂတိ အဟိတ်စုတိ (၁)ခု၊ ဆန္ဒ ပီတိ ဝီရိယ ကြဉ်သော အညသမာန်း စေတသိက် (၁၀) - အစိတ်အပေါင်း နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် - အတိတ်ဖြစ်သော ဒွိဟိတ် ဩမက ကာမကုသိုလ်ကံ (၄)မျိုးတို့တွင် တစ်မျိုးမျိုးသော ကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၄)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

__________

အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်သံသရာ တစ်လျှောက်ဝယ် ဒွိဟိတ်သတ္တဝါတစ်ဦး ဖြစ်ခဲ့ငြားအံ့ - ထိုအခါတွင် ယင်းဒွိဟိတ် ပဋိသန္ဓေ ဘဝင် စုတိ နာမက္ခန္ဓာတို့၌ ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံအပိုင်းကို အောက်ပါအတိုင်း ရှုပါလေ။

ကာမဒွိဟိတ် ပဋိသန္ဓေ ဖြစ်ပေါ်လာပုံ

ဒွိဟိတ် ပဋိသန္ဓေ (၄)ခု၊ ဝိရတိ အပ္ပမညာ ဉာဏ် ကြဉ်သော စေတသိက် (၃၂)၊ အစိတ်အစိတ် နာမက္ခန္ဓာ(၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ ရုပ်သဟဇာတမျိုး --- ၆ ၊

၃။ အာရမ္မဏမျိုး --- ၁ ၊

၄။ အနန္တရမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဒွိဟိတ် ပဋိသန္ဓေ (၄)ခု၊ ဝိရတိ အပ္ပမညာ ဉာဏ်ကြဉ်သော စေတသိက် (၃၂)၊ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ဒွိဟိတ်ပဋိသန္ဓေ (၄)ခု၊ ဝိရတိ အပ္ပမညာ ဉာဏ် ကြဉ်သော စေတသိက် (၃၂)၊ အစိတ် အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က - သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ဒွိဟိတ်ပဋိသန္ဓေ (၄) ခု နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) အလောဘ အဒေါသ ဟိတ် (၂)ပါး ပစ္စည်းတရားတို့က ဟေတု သတ္တိ

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

( င ) ပညာကြဉ်သော နာမ်ဣန္ဒြေ (၇)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယ သတ္တိ

( စ ) သောမနဿသဟဂုတ် ဒွိဟိတ်ပဋိသန္ဓေ ဖြစ်အံ့ - (ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ) စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် ဒွိဟိတ် ပဋိသန္ဓေဖြစ်အံ့ - (ဝိတက် ဝိစာရ ဥပေက္ခာ ဧကဂ္ဂတာ) စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ

(ဆ) ဝိရတိ ပညာ ကြဉ်သော မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂ သတ္တိ၊ (၆)။ (၇ + ၆ = ၁၃)။

၂။ မိမိဟုဆိုအပ်သော ဒွိဟိတ်ပဋိသန္ဓေ (၄)ခု နာမက္ခန္ဓာနှင့် အတူဥပါဒ် သော ဟဒယဝတ္ထု ပစ္စည်းတရားက သဟဇာတ အညမည နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

၃။ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော အာရုံပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၄။ ချုပ်လေပြီးသော ရူပစုတိ (၅)ခု၊ ကာမစုတိ (၁၀) နာမက္ခန္ဓာ ပစ္စည်း တရားတို့တွင် တစ်မျိုးမျိုးသော နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော တိဟိတ်ဩမက ဒွိဟိတ်ဥက္ကဋ္ဌ ကာမကုသိုလ်ကံ (၈)မျိုးတို့တွင် တစ်မျိုးမျိုးသော ပစ္စည်းတရားက နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

__________

ဒွိဟိတ် ဘဝင် နာမက္ခန္ဓာ ဖြစ်ပေါ်လာပုံ

ဒွိဟိတ်ဘဝင် (၄)ခု၊ ဝိရတိ အပ္ပမညာ ဉာဏ် ကြဉ်သော စေတသိက် (၃၂)၊ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဒွိဟိတ်ဘဝင် (၄)ခု၊ ဝိရတိ အပ္ပမညာ ဉာဏ် ကြဉ်သော စေတသိက် (၃၂)၊ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ကာမဒွိဟိတ်ဘဝင် (၄)ခု၊ ဝိရတိ အပ္ပမညာ ဉာဏ် ကြဉ်သော စေတသိက် (၃၂)၊ အစိတ် အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က - သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ဒွိဟိတ်ဘဝင် နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) အလောဘ အဒေါသ ဟိတ် (၂)ပါး ပစ္စည်းတရားတို့က ဟေတု သတ္တိ

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

( င ) ပညာကြဉ်သော နာမ်ဣန္ဒြေ (၇)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယ သတ္တိ

( စ ) သောမနဿသဟဂုတ် ဒွိဟိတ်ဘဝင် ဖြစ်အံ့ - ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ - စျာနင် (၅)ပါး၊ ဥပေက္ခာ သဟဂုတ် ဒွိဟိတ်ဘဝင် ဖြစ်အံ့ - ဝိတက် ဝိစာရ ဥပေက္ခာ ဧကဂ္ဂတာ - စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ

(ဆ) ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၄)ပါး ပစ္စည်းတရား တို့က မဂ္ဂသတ္တိ၊ (၆)။ (၇ + ၆ = ၁၃)။

၂။ ဒွိဟိတ်ဘဝင် (၄)ခု၊ ဝိရတိ အပ္ပမညာ ဉာဏ် ကြဉ်သော စေတသိက် (၃၂)၊ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုး သော အာရုံ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဒွိဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာ၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ မိမိ၏ရှေးက ချုပ်လေပြီးသော ဒွိဟိတ်ဘဝင် နာမက္ခန္ဓာ၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဝုဋ္ဌော နာမက္ခန္ဓာ၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော အဆုံးဇော နာမက္ခန္ဓာ၊

( င ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဒုတိယ တဒါရုံ နာမက္ခန္ဓာ ပစ္စည်းတရားတို့က - အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ဒွိဟိတ်ပဋိသန္ဓေ (၄)ခု နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ မိမိ၏ ရှေးက ဖြစ်သော ဒွိဟိတ်ဘဝင် နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ဝုဋ္ဌော နာမက္ခန္ဓာနှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထု၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ အဆုံးဇော နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( င ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ဒုတိယတဒါရုံ နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( စ ) မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်း တရားတို့က - နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော တိဟိတ်ဩမက ဒွိဟိတ်ဥက္ကဋ္ဌ ကာမကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဒွိဟိတ် စုတိ နာမက္ခန္ဓာ ဖြစ်ပေါ်လာပုံ

ဒွိဟိတ်စုတိ (၄)ခု၊ ဝိရတိ အပ္ပမညာ ဉာဏ် ကြဉ်သော စေတသိက် (၃၂)၊ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့် အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဒွိဟိတ်စုတိ (၄)ခု၊ ဝိရတိ အပ္ပမညာ ဉာဏ် ကြဉ်သော စေတသိက် (၃၂)၊ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ဒွိဟိတ်စုတိ (၄)ခု၊ ဝိရတိ အပ္ပမညာ ဉာဏ် ကြဉ်သော စေတသိက် (၃၂)၊ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ဒွိဟိတ်စုတိ (၄)ခု နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) အလောဘ အဒေါသ ဟိတ် (၂)ပါး ပစ္စည်းတရားတို့က ဟေတု သတ္တိ

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

( င ) ပညာကြဉ်သော နာမ်ဣန္ဒြေ (၇)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယ သတ္တိ

( စ ) သောမနဿသဟဂုတ် ဒွိဟိတ်စုတိ ဖြစ်အံ့ - စျာနင် (၅)ပါး၊ ဥပေက္ခာသဟဂုတ် ဒွိဟိတ်စုတိ ဖြစ်အံ့ - ပီတိကြဉ်သော စျာနင် (၄)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ

(ဆ) ဝိရတိ ပညာ ကြဉ်သော မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂ သတ္တိ၊ (၆)။ (၇ + ၆ = ၁၃)။

၂။ ဒွိဟိတ်စုတိ (၄)ခု၊ ဝိရတိ အပ္ပမညာ ဉာဏ် ကြဉ်သော စေတသိက် (၃၂)၊ အစိတ်အပေါင်း နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုး သော ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော မရဏာသန္န ပဉ္စမဇော နာမက္ခန္ဓာ၊

( ခ ) တဒါရုံ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဒုတိယ တဒါရုံ နာမက္ခန္ဓာ၊

( ဂ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ မိမိ၏ရှေးက ချုပ်လေပြီး သော ဘဝင်နာမက္ခန္ဓာ ပစ္စည်းတရားတို့က - အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ မိမိဟုဆိုအပ်သော စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက် မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရား တို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော တိဟိတ်ဩမက ဒွိဟိတ်ဥက္ကဋ္ဌ ကာမကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။



အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်သံသရာ တစ်လျှောက်ဝယ် ရူပဘုံ အချို့၌ ကျင်လည်ခဲ့ဖူးသည် ဖြစ်ငြားအံ့၊ ထိုအခါဝယ် အောက်ပါ ရူပါဝစရ ပဋိသန္ဓေ ဘဝင် စုတိ နာမက္ခန္ဓာတို့၏ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံအပိုင်းကို ရှုပါ။ ဤ၌ ရူပါဝစရ ပဋိသန္ဓေ ဘဝင် စုတိတို့ကို စုပေါင်း၍ ရေးသားတင်ပြထားပါသည်။ လက်တွေ့ရှုသောအခါ၌ကား ဆိုင်ရာ ပဋိသန္ဓေ ဘဝင် စုတိတို့ကို တစ်မျိုးစီ ခွဲ၍ ရှုပါ။

ရူပ ပဋိသန္ဓေ နာမက္ခန္ဓာ ဖြစ်ပေါ်လာပုံ

ရူပ ပဋိသန္ဓေ (၅)ခု၊ ဝိရတိကြဉ်သော စေတသိက် (၃၅) [တစ်နည်း ၃၄^၃၃^၃၂^၃၁] အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ ရုပ်သဟဇာတမျိုး --- ၆ ၊

၃။ အာရမ္မဏမျိုး --- ၁ ၊

၄။ အနန္တရမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ရူပ ပဋိသန္ဓေ (၅)ခု၊ ဝိရတိကြဉ်သော စေတသိက် (၃၅)၊အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ရူပပဋိသန္ဓေ (၅)ခု၊ ဝိရတိ ကြဉ်သော စေတသိက် (၃၅) (တစ်နည်း - ၃၄^၃၃^၃၂^၃၁) အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က - သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ရူပပဋိသန္ဓေ (၅)ခု၊ နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) အလောဘ အဒေါသ အမောဟ ဟိတ် (၃)ပါး ပစ္စည်းတရား တို့က ဟေတုသတ္တိ

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( စ ) ပထမစျာန် ပဋိသန္ဓေ ဖြစ်အံ့ - ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ စျာနင် (၅)ပါး၊ ဒုတိယစျာန် ပဋိသန္ဓေ ဖြစ်အံ့ - ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ - စျာနင် (၄)ပါး၊ တတိယစျာန် ပဋိသန္ဓေ ဖြစ်အံ့ - ပီတိ သုခ ဧကဂ္ဂတာ - စျာနင် (၃)ပါး၊ စတုတ္ထစျာန် ပဋိသန္ဓေ ဖြစ်အံ့ - သုခ ဧကဂ္ဂတာ - စျာနင် (၂)ပါး၊ ပဉ္စမစျာန် ပဋိသန္ဓေ ဖြစ်အံ့ - ဥပေက္ခာ ဧကဂ္ဂတာ - စျာနင် (၂)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ

(ဆ) ပထမစျာန် ပဋိသန္ဓေ ဖြစ်အံ့ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ - မဂ္ဂင် (၅)ပါး၊ ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ပဉ္စမစျာန် ပဋိသန္ဓေ ဖြစ်အံ့ - သမ္မာဒိဋ္ဌိ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ - မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၆)။ (၇ + ၆ = ၁၃)။

၂။ မိမိဟု ဆိုအပ်သော ရူပပဋိသန္ဓေ (၅)ခု နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရားက သဟဇာတ အညမည နိဿယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၆)။

၃။ ပထမစျာန် ပဋိသန္ဓေ ဖြစ်အံ့ ---

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အသုဘပညတ် (၁၀)ပါး၊

( ဂ ) ကာယဂတာသတိ၏ အာရုံဖြစ်သော ဆံပင်အစရှိသော ကာယ ကောဋ္ဌာသပညတ်၊

(ဃ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် = အာနာပါနပဋိဘာဂနိမိတ်ပညတ်၊

( င ) မေတ္တာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါ ပညတ်၊

( စ ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါ ပညတ်၊

(ဆ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါ ပညတ်၊

ဤ (၂၅)မျိုးသော ပညတ်ကမ္မနိမိတ်တို့တွင် တစ်ပါးပါးသော ပညတ် ကမ္မနိမိတ်၊

ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ပဋိသန္ဓေ ဖြစ်အံ့ ---

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် = အာနာပါနပဋိဘာဂနိမိတ်ပညတ်၊

( ဂ ) မေတ္တာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါ ပညတ်၊

(ဃ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါ ပညတ်၊

( င ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါပညတ်၊

ဤ (၁၄)မျိုးသော ပညတ်ကမ္မနိမိတ်တို့တွင် တစ်မျိုးမျိုးသော ပညတ် ကမ္မနိမိတ်၊

ပဉ္စမစျာန် ပဋိသန္ဓေဖြစ်အံ့ ---

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက်ထွက်သက် = အာနာပါနပဋိဘာဂနိမိတ်ပညတ်၊

( ဂ ) ဥပေက္ခာ၏ (= ဥပေက္ခာဗြဟ္မဝိဟာရ၏) အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်၊

ဤ (၁၂)မျိုးသော ပညတ်ကမ္မနိမိတ်၊

ဤ ပညတ်ကမ္မနိမိတ်တို့တွင် တစ်မျိုးမျိုးသော ပညတ်ကမ္မနိမိတ် ပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၄။ ချုပ်လေပြီးသော ပဉ္စဝေါကာရ တိဟိတ်စုတိ (၉)ခုတို့တွင် တစ်မျိုးမျိုး သော နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော ရူပကုသိုလ်ကံ (၅) ပစ္စည်းတရားတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၇)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ရူပ ဘဝင် ဖြစ်ပေါ်လာပုံ

ရူပဘဝင် (၅)ခု၊ နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် ---

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ရူပဘဝင် (၅)ခု၊ ဝိရတိကြဉ်သော စေတသိက် (၃၅) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ရူပဘဝင် (၅)ခု၊ စေတသိက် (၃၅) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ရူပဘဝင် (၅)ခု နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) အလောဘ အဒေါသ အမောဟ - ဟိတ် (၃)ပါး ပစ္စည်းတရား တို့က ဟေတုသတ္တိ

( ဂ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( စ ) ပထမစျာန် ဖြစ်အံ့ - စျာနင် (၅)ပါး,

ဒုတိယစျာန် ဖြစ်အံ့ - စျာနင် (၄)ပါး,

တတိယစျာန် ဖြစ်အံ့ - စျာနင် (၃)ပါး,

စတုတ္ထစျာန် ဖြစ်အံ့ - သုခ ဧကဂ္ဂတာ စျာနင် (၂)ပါး,

ပဉ္စမစျာန် ဖြစ်အံ့ - ဥပေက္ခာ ဧကဂ္ဂတာ စျာနင် (၂)ပါး - ပစ္စည်း တရားတို့က စျာနသတ္တိ

(ဆ) ပထမစျာန် ဖြစ်အံ့ - ပညာ ဝိတက် ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၅)ပါး၊ ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ပဉ္စမစျာန် ဖြစ်အံ့ - ပညာ ဝီရိယ သတိ ဧကဂ္ဂတာ မဂ္ဂင် (၄)ပါး ပစ္စည်း တရားတို့က မဂ္ဂသတ္တိ၊ (၆)။ (၇ + ၆ = ၁၃)။

၂။ ပထမစျာန် ဘဝင် ဖြစ်အံ့ ---

(က) ကသိုဏ်းပညတ် (၁၀) ပါး၊

( ခ ) အသုဘပညတ် (၁၀)ပါး၊

( ဂ ) ကာယဂတာသတိ၏ အာရုံဖြစ်သော ကာယကောဋ္ဌာသပညတ်၊

(ဃ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = အာနာပါနပဋိဘာဂနိမိတ်၊

( င ) မေတ္တာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါ ပညတ်၊

( စ ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါ ပညတ်၊

(ဆ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါပညတ်၊

ဤ (၂၅)မျိုးသော ပညတ်ကမ္မနိမိတ်တို့တွင် တစ်မျိုးမျိုးသော ပညတ် ကမ္မနိမိတ်၊

ဒုတိယစျာန်ဘဝင်တတိယစျာန်ဘဝင် စတုတ္ထစျာန်ဘဝင် ဖြစ်အံ့ --

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အာနာပါနဿတိ၏ အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = အာနာပါနပဋိဘာဂနိမိတ်၊

( ဂ ) မေတ္တာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါ ပညတ်၊

(ဃ) ကရုဏာ၏ အာရုံဖြစ်သော ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါ ပညတ်၊

( င ) မုဒိတာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ သတ္တဝါပညတ်၊

ဤ (၁၄)မျိုးသော ပညတ်ကမ္မနိမိတ်တို့တွင် တစ်မျိုးမျိုးသော ပညတ် ကမ္မနိမိတ်၊

ပဉ္စမစျာန်ဘဝင် ဖြစ်အံ့ ---

(က) ကသိုဏ်းပညတ် (၁၀)ပါး၊

( ခ ) အာနာပါနဿတိ၏အာရုံဖြစ်သော ဝင်သက် ထွက်သက် ပညတ် = အာနာပါနပဋိဘာဂနိမိတ်၊

( ဂ ) ဥပေက္ခာ၏ အာရုံဖြစ်သော ခပ်သိမ်းသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်၊

ဤ (၁၂)မျိုးသော ပညတ်ကမ္မနိမိတ်၊

ဤပညတ်ကမ္မနိမိတ်တို့တွင် တစ်မျိုးမျိုးသော ပညတ်ကမ္မနိမိတ် ပစ္စည်းတရားက အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ရူပ ပဋိသန္ဓေ နာမက္ခန္ဓာ၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ရူပဘဝင် နာမက္ခန္ဓာ၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ဝုဋ္ဌော နာမက္ခန္ဓာ၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော အဆုံးဇော နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ရူပပဋိသန္ဓေ နာမက္ခန္ဓာ နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ မိမိ၏ ရှေး ရူပဘဝင်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( ဂ ) ဝုဋ္ဌော၏ အခြားမဲ့၌ ဖြစ်သောအခါ ဝုဋ္ဌော နာမက္ခန္ဓာနှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထု၊

(ဃ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ အဆုံးဇော နာမက္ခန္ဓာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

( င ) မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇) ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၊

ဤထိုက်သင့်ရာ ဟဒယဝတ္ထု ပစ္စည်းတရားတို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော ရူပကုသိုလ်ကံ (၅)မျိုးတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယ သတ္တိ၊ (၂)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ရူပ စုတိ ဖြစ်ပေါ်လာပုံ

ရူပစုတိ (၅)ခု၊ ဝိရတိကြဉ်သော စေတသိက် (၃၅) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ ဝတ္ထုမျိုး --- ၅ ၊

၅။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ရူပစုတိ (၅)ခု၊ ဝိရတိကြဉ်သော စေတသိက် (၃၅) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော ရူပစုတိ (၅)ခု၊ ဝိရတိ ကြဉ်သော စေတသိက် (၃၅) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်း တရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော ရူပစုတိ (၅)ခု နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) အလောဘ အဒေါသ အမောဟ ဟိတ် (၃)ပါး ပစ္စည်းတရား တို့က ဟေတုသတ္တိ

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( စ ) ပထမစျာန်စုတိ ဖြစ်အံ့ - စျာနင် (၅)ပါး,

ဒုတိယစျာန်စုတိ ဖြစ်အံ့ - စျာနင် (၄)ပါး,

တတိယစျာန်စုတိ ဖြစ်အံ့ - စျာနင် (၃)ပါး,

စတုတ္ထစျာန်စုတိ ဖြစ်အံ့ - သုခ ဧကဂ္ဂတာ စျာနင် (၂)ပါး,

ပဉ္စမစျာန်စုတိ ဖြစ်အံ့ - ဥပေက္ခာ ဧကဂ္ဂတာ စျာနင် (၂)ပါး - ဤ ပစ္စည်းတရားတို့က စျာနသတ္တိ

(ဆ) ပထမစျာန်စုတိ ဖြစ်အံ့ - ဝိရတိကြဉ်သော မဂ္ဂင် (၅)ပါး၊ ဒုတိယ စျာန် တတိယစျာန် စတုတ္ထစျာန် ပဉ္စမစျာန် စုတိ ဖြစ်အံ့ - ဝိရတိ ဝိတက် ကြဉ်သော မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၆)။ (၇ + ၆ = ၁၃)။

၂။ (က) ပထမစျာန်စုတိ ဖြစ်အံ့ - ကသိုဏ်းပညတ် (၁၀)ပါး။ ပ ။ ဤ (၂၅)မျိုးသော ပညတ်ကမ္မနိမိတ်တို့တွင် တစ်မျိုးမျိုးသော ပညတ် ကမ္မနိမိတ်

( ခ ) ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် စုတိ ဖြစ်အံ့ - ကသိုဏ်း (၁၀)ပါး။ ပ ။ ဤ (၁၄)မျိုးသော ပညတ်ကမ္မနိမိတ်တို့တွင် တစ်မျိုးမျိုးသော ပညတ်ကမ္မနိမိတ်

( ဂ ) ပဉ္စမစျာန်စုတိ ဖြစ်အံ့ - ကသိုဏ်းပညတ် (၁၀)ပါး။ ပ ။ ဤ (၁၂)မျိုးသော ပညတ်ကမ္မနိမိတ်တို့တွင် တစ်မျိုးမျိုးသော ပညတ် ကမ္မနိမိတ်

ဤထိုက်သင့်ရာ ပညတ်ကမ္မနိမိတ် ပစ္စည်းတရားတို့က အာရမ္မဏ သတ္တိ၊ (၁)။

၃။ (က) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော မရဏာသန္န ပဉ္စမဇော နာမက္ခန္ဓာ

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ မိမိ၏ရှေးက ချုပ်လေပြီးသော ရူပဘဝင် နာမက္ခန္ဓာ - ဤထိုက်သင့်ရာ နာမက္ခန္ဓာ ပစ္စည်း တရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ မိမိဟုဆိုအပ်သော ရူပစုတိမှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက် မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု ပစ္စည်းတရား တို့က နိဿယ ပုရေဇာတ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၅။ အတိတ်ဖြစ်သော ရူပကုသိုလ်ကံ (၅)ခု ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၆)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

__________

အရူပ ပဋိသန္ဓေ ဖြစ်ပေါ်လာပုံ

အရူပ ပဋိသန္ဓေ (၄)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည်

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အရူပ ပဋိသန္ဓေ (၄)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည်

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အရူပပဋိသန္ဓေ (၄)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀) - အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတ သတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော အရူပပဋိသန္ဓေ (၄)ခု နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) အလောဘ အဒေါသ အမောဟ - ဤဟိတ် (၃)ပါး ပစ္စည်း တရားတို့က ဟေတုသတ္တိ

( ဂ ) စေတနာ ပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

(ဃ) ဖဿ စေတနာ ဝိညာဏ် ပစ္စည်းတရားတို့က အာဟာရသတ္တိ

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( စ ) ဥပေက္ခာ ဧကဂ္ဂတာစျာနင် (၂)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ

(ဆ) ပညာ ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၆)။ (၇ + ၆ = ၁၃)။

၂။ (က) အာကာသာနဉ္စာယတနပဋိသန္ဓေ ဖြစ်အံ့ - အာကာသကသိုဏ်း သည် ကြဉ်အပ်သော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးကို ခွာ၍ ရအပ်သော ကောင်းကင်ပညတ် ကမ္မနိမိတ်

( ခ ) ဝိညာဏဉ္စာယတနပဋိသန္ဓေ ဖြစ်အံ့ - အတိတ်ဖြစ်သော အာကာသာနဉ္စာယတနကုသိုလ်ဟု ဆိုအပ်သော မဟဂ္ဂုတ်ကံ-နိမိတ်

( ဂ ) အာကိဉ္စညာယတနပဋိသန္ဓေ ဖြစ်အံ့ - အာကာသာနဉ္စာယတန စျာန်စိတ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ် ကမ္မနိမိတ်

(ဃ) နေဝသညာနာသညာယတနပဋိသန္ဓေ ဖြစ်အံ့ - အတိတ်ဖြစ်သော အာကိဉ္စညာယတနကုသိုလ်ဟု ဆိုအပ်သော မဟဂ္ဂုတ် ကံ-နိမိတ်

ဤထိုက်သင့်ရာပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) အာကာသာနဉ္စာယတနပဋိသန္ဓေ ဖြစ်အံ့ - ချုပ်လေပြီးသော ပဉ္စဝေါကာရ တိဟိတ်စုတိ (၉)ခု၊ အာကာသာနဉ္စာယတနစုတိ

( ခ ) ဝိညာဏဉ္စာယတနပဋိသန္ဓေ ဖြစ်အံ့ - ချုပ်လေပြီးသော ပဉ္စဝေါကာရ တိဟိတ်စုတိ (၉)ခု၊ အာကာသာနဉ္စာယတနစုတိဝိညာဏဉ္စာယတနစုတိ

( ဂ ) အာကိဉ္စညာယတနပဋိသန္ဓေ ဖြစ်အံ့ - ချုပ်လေပြီးသော ပဉ္စဝေါကာရ တိဟိတ်စုတိ (၉)ခု၊ အာကာသာနဉ္စာယတနစုတိဝိညာဏဉ္စာယတနစုတိအာကိဉ္စညာယတနစုတိ

(ဃ) နေဝသညာနာသညာယတနပဋိသန္ဓေ ဖြစ်အံ့ - ချုပ်လေပြီးသော တိဟိတ်စုတိ (၁၃)ခု၊

စုတိတို့တွင် ထိုက်သင့်ရာ စုတိ နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ အတိတ်ဖြစ်သော အရူပကုသိုလ်ကံ (၄)မျိုးတို့တွင် ထိုက်သင့်ရာ တစ်မျိုးမျိုးသော ကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အရူပ ဘဝင် ဖြစ်ပေါ်လာပုံ

အရူပ ဘဝင် (၄)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀) - အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည်

၁။ နာမ်သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အရူပ ဘဝင် (၄)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀) - အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည်

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အရူပဘဝင် (၄)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀) - အစိတ်အစိတ်နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော အရူပဘဝင် (၄)ခု နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) အလောဘ အဒေါသ အမောဟ - ဟိတ် (၃)ပါး ပစ္စည်းတရား တို့က ဟေတုသတ္တိ

( ဂ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

(ဃ) ဖဿ စေတနာ ဝိညာဏ် - နာမ်အာဟာရ (၃)ပါး ပစ္စည်းတရား တို့က အာဟာရသတ္တိ

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( စ ) ဥပေက္ခာ ဧကဂ္ဂတာ စျာနင် (၂)ပါး ပစ္စည်းတရားတို့က စျာန သတ္တိ

(ဆ) ပညာ ဝီရိယ သတိ ဧကဂ္ဂတာ - မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂသတ္တိ၊ (၆)။ (၇ + ၆ = ၁၃)။

၂။ (က) အာကာသာနဉ္စာယတနဘဝင် (၁)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀)၊ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အာကာသကသိုဏ်း သည် ကြဉ်အပ်သော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးကို ခွာ၍ ရအပ်သော အာကာသပညတ် = ကောင်းကင်ပညတ် ကမ္မနိမိတ် ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

( ခ ) ဝိညာဏဉ္စာယတနဘဝင် (၁)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀)၊ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အတိတ်ဖြစ်သော အာကာသာနဉ္စာယတနကုသိုလ်ကံ-နိမိတ် ပစ္စည်းတရားတို့က အာရမ္မဏ သတ္တိ၊ (၁)။

( ဂ ) အာကိဉ္စညာယတနဘဝင် (၁)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀)၊ အစိတ်အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အာကာသာနဉ္စာယတန စျာန်စိတ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ် ကမ္မနိမိတ် ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

(ဃ) နေဝသညာနာသညာယတနဘဝင် (၁)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀)၊ အစိတ် အစိတ် နာမက္ခန္ဓာ (၄)ပါး ပစ္စယုပ္ပန်တရားတို့သည် - အတိတ် ဖြစ်သော အာကိဉ္စညာယတနကုသိုလ်ကံ-နိမိတ် ပစ္စည်းတရား တို့က အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ပဋိသန္ဓေ၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော ထိုက်သင့်ရာ အရူပပဋိသန္ဓေ နာမက္ခန္ဓာ

( ခ ) ဘဝင်၏ အခြားမဲ့၌ ဖြစ်သောအခါ မိမိ၏ ရှေးက ချုပ်လေပြီးသော အရူပဘဝင် နာမက္ခန္ဓာ

( ဂ ) ဇော၏ အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော အဆုံးဇော နာမက္ခန္ဓာ

ဤထိုက်သင့်ရာ နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ အတိတ်ဖြစ်သော အရူပကုသိုလ်ကံ (၄)မျိုးတို့တွင် တစ်မျိုးမျိုးသော ထိုက်သင့်ရာ ကုသိုလ်ကံ ပစ္စည်းတရားတို့က နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အရူပ စုတိ ဖြစ်ပေါ်လာပုံ

အရူပစုတိ (၄)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀)၊ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ သဟဇာတမျိုး --- ၁၃ ၊

၂။ အာရမ္မဏမျိုး --- ၁ ၊

၃။ အနန္တရမျိုး --- ၅ ၊

၄။ နာနာက္ခဏိကကမ္မမျိုး --- ၂ ၊

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အရူပစုတိ (၄)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀)၊ အစိတ်အစိတ် နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့သည် ---

၁။ (က) အချင်းချင်းအား ကျေးဇူးပြုတတ်သော အရူပစုတိ (၄)ခု၊ ဝိရတိ အပ္ပမညာ ဝိတက် ဝိစာရ ပီတိ ကြဉ်သော စေတသိက် (၃၀)၊ အစိတ်အစိတ်နာမက္ခန္ဓာ ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ အတ္ထိ အဝိဂတသတ္တိ၊ (၇)။

သမ္ပယုတ္တခန္ဓာအား ကျေးဇူးပြုတတ်သော အရူပစုတိ (၄)ခု နာမက္ခန္ဓာ၌ တည်ရှိသော ---

( ခ ) အလောဘ အဒေါသ အမောဟ ဟိတ် (၃)ပါး ပစ္စည်းတရား တို့က ဟေတုသတ္တိ

( ဂ ) စေတနာပစ္စည်းတရားက သဟဇာတကမ္မသတ္တိ

(ဃ) ဖဿ စေတနာ ဝိညာဏ် - (၃)ပါး ပစ္စည်းတရားတို့က အာဟာရ သတ္တိ

( င ) နာမ်ဣန္ဒြေ (၈)ပါး ပစ္စည်းတရားတို့က ဣန္ဒြိယသတ္တိ

( စ ) ဥပေက္ခာ ဧကဂ္ဂတာ စျာနင် (၂)ပါး ပစ္စည်းတရားတို့က စျာနသတ္တိ

(ဆ) ဝိရတိ ဝိတက် ကြဉ်သော မဂ္ဂင် (၄)ပါး ပစ္စည်းတရားတို့က မဂ္ဂ သတ္တိ၊ (၆)။ (၇ + ၆ = ၁၃)။

၂။ (က) အာကာသာနဉ္စာယတနစုတိ ဖြစ်အံ့ - အာကာသကသိုဏ်း သည် ကြဉ်အပ်သော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးကို ခွာ၍ရအပ်သော ကောင်းကင်ပညတ် ကမ္မနိမိတ်

( ခ ) ဝိညာဏဉ္စာယတနစုတိ ဖြစ်အံ့ - အာကာသာနဉ္စာယတန ကုသိုလ်ဟု ဆိုအပ်သော မဟဂ္ဂုတ်ကုသိုလ်ကံ-နိမိတ်

( ဂ ) အာကိဉ္စညာယတနစုတိ ဖြစ်အံ့ - အာကာသာနဉ္စာယတန စျာန်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ် ကမ္မနိမိတ်

(ဃ) နေဝသညာနာသညာယတနစုတိ ဖြစ်အံ့ - အာကိဉ္စညာယတန ကုသိုလ်ဟု ဆိုအပ်သော မဟဂ္ဂုတ်ကုသိုလ်ကံ-နိမိတ်

ဤ ထိုက်သင့်ရာ ပစ္စည်းတရားတို့က အာရမ္မဏသတ္တိ၊ (၁)။

၃။ (က) ဇော၏အခြားမဲ့၌ ဖြစ်သောအခါ ချုပ်လေပြီးသော မရဏာသန္န ပဉ္စမဇော နာမက္ခန္ဓာ

( ခ ) ဘဝင်၏အခြားမဲ့၌ ဖြစ်သောအခါ မိမိ၏ ရှေး၌ ချုပ်လေပြီးသော အရူပဘဝင် နာမက္ခန္ဓာ

ဤထိုက်သင့်ရာ နာမက္ခန္ဓာ ပစ္စည်းတရားတို့က အနန္တရ သမနန္တရ ဥပနိဿယ နတ္ထိ ဝိဂတသတ္တိ၊ (၅)။

၄။ အတိတ်ဖြစ်သော အရူပကုသိုလ်ကံ (၄)ခုတို့တွင် တစ်မျိုးမျိုးသော ပစ္စည်းတရားက ထိုက်သည့်အားလျော်စွာ နာနာက္ခဏိကကမ္မ ပကတူပနိဿယသတ္တိ၊ (၂)။

ဤ (၂၁)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ထိုက်သည့်အားလျော်စွာ ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အသင်သူတော်ကောင်းသည် အကယ်၍ အတိတ်သံသရာ တစ်ခွင်ဝယ် အရူပဘုံ၌ ကျင်လည်ကျက်စားခဲ့ဖူးသည်ဖြစ်အံ့ - အထက်ပါ ထိုက်သင့်ရာ အရူပ ပဋိသန္ဓေ ဘဝင် စုတိတို့ကို ရှုပါ။ အနာဂတ်၌လည်း အရူပဘုံတွင် ကျင်လည်ရလတ္တံ့ ဖြစ်ပါက ပုံစံတူပင် ရှုပါ။ အကယ်၍ အသင်သူတော်ကောင်းသည် အသညသတ်ဘုံ၌ ကျင်လည်ခဲ့ဖူးသည် ဖြစ်အံ့ - အသညသတ် ကမ္မဇရုပ်၌ ပဋိသန္ဓေပစ္စည်းဆက်သွယ်ပုံ အပိုင်းကို အောက်ပါအတိုင်း ရှုပါ။

__________

အသညသတ်ကမ္မဇရုပ်

အသညသတ် ကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့သည် ---

၁။ ရုပ်သဟဇာတမျိုး --- ၅ ၊

၂။ နာနာက္ခဏိကကမ္မမျိုး --- ၁ ၊

၃။ ရူပဇီဝိတိန္ဒြိယမျိုး --- ၃ ၊

ဤ (၉)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ကျေးဇူး ပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

အသညသတ်ကမ္မဇရုပ်သည် ---

၁။ ကလာပ်တူ အစိတ်အပေါင်း မဟာဘုတ်ပစ္စည်းတရားတို့က သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတသတ္တိ၊ (၅)။

၂။ အတိတ်ဖြစ်သော ရူပပဉ္စမစျာန် ကုသိုလ်ကံ ပစ္စည်းတရားက နာနာက္ခဏိကကမ္မသတ္တိ၊ (၁)။

၃။ ကလာပ်တူ ရုပ်ဇီဝိတိန္ဒြေ ပစ္စည်းတရားတို့က ရူပဇီဝိတိန္ဒြိယ ရူပဇီဝိတိန္ဒြိယတ္ထိ ရူပဇီဝိတိန္ဒြိယအဝိဂတသတ္တိ၊ (၃)။

ဤ (၉)မျိုးသော အကြောင်းပစ္စည်းတရားတို့က တစ်ပြိုင်နက် ကျေးဇူး ပြုပေးခြင်းကြောင့် ဖြစ်ပေါ်တည်နေရကုန်၏။

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း

ဖားအောက်တောရ

ကောဇာသက္ကရာဇ် ၁၃၆၇-ခုနှစ်

__________

Comments

Popular posts from this blog

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

ဇာတကပါဠိ (ပဌမော ဘာဂေါ)

ဝိနယဝိနိစ္ဆယော

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...