Skip to main content

အဓမ္မဝါဒဝိနိစ္ဆယကျမ်း (အကျဉ်းချုပ်)

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များ(၁-၁၆)၏

အဓမ္မဝါဒဝိနိစ္ဆယကျမ်း (အကျဉ်းချုပ်)

ဦးညွန့်မောင်(ဓမ္မာစရိယ၊ ဘီအေ၊ အာရ်အယ်လ်) သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူး(ငြိမ်း)

မာတိကာ

၁။ ကျောက်သင်္ဘောဝါဒ
၂။ လူသေလူဖြစ်ဝါဒါနုဝါဒ
၃။ ကြောင်ပန်းတောရဝါဒ
၄။ ကျောက်ပုံတောရဝါဒ
၅။ ဦးမာလာဝရ(ရေတာရှည်)ဝါဒ
၆။ ဓမ္မနီတိဝါဒ
၇။ မိုးညို(မြောက်ဥက္ကလာပ)ဝါဒ

၈။ ထွန်တုံးလက်ကျန်ဦးထင်ဝါဒ
၉။ သိမ်သမုတ်ခြင်းဆိုင်ရာဝါဒ
၁ဝ။ နယ်သိမ်းသိမ်သမုတ်မှုဆိုင်ရာဝါဒ
၁၁။ စမ်းကလေးဝါဒ
၁၂။ မိုးကုတ်ဝိနိစ္ဆယ
၁၃။ ဘိက္ခုနီဘာဝဝါဒ
၁၄။ အောင်ဆန်းတောရဝါဒ
၁၅။ မိုးညှင်းမြို့အရှေ့ရိပ်သာခေမိန္ဒဝါဒ
၁၆။ မြစ်ကြီးနားဝိစိတ္တသာရဝါဒ
၁၇။ ဆူးလေဦးမြင့်သိန်းဝါဒ
၁၈။ ဦးမြတ်သိန်းထွန်းဝါဒ
၁၉။ ဉာဏစာဂီဝါဒ
၂ဝ။ အဓမ္မဝါဒဝိနိစ္ဆယဆိုင်ရာညွှန်ကြားလွှာများ
၂၁။ အဓမ္မဝါဒနှင့်စပ်လျဉ်း၍ညွှန်ကြားလွှာ(နမူနာ)
၂၂။ ဆုံးဖြတ်ပြီးသောအဓမ္မဝါဒများအား ဟောကြားရေးသားဖြန့်ဝေနေမှုကို တားမြစ်ရန်ကိစ္စ
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ထုတ်ပြန်ချက်)
၂၃။ ဆုံးဖြတ်အပ်ပြီးသောအဓမ္မဝါဒစာရင်း(ပူးတွဲ)
၂၄။ ဆုံးဖြတ်အပ်ပြီးသောအဓမ္မဝါဒများအား ဟောကြားရေးသားဖြန့်ဝေနေမှုကို တားမြစ်ရန်ကိစ္စ (ရန်ကုန်တိုင်းသံဃနာယကအဖွဲ့၏ထုတ်ပြန်ချက်)

ဓမ္မနှင့်အဓမ္မ

မြတ်စွာဘုရား၊ ဟောပြထားသည့် တရားဒေသနာ၊ ချိန်စက်ကာဖြင့် ညီရာများကို၊ “ဓမ္မ”ဆိုသော် ဘာကို “အဓမ္မ”ဆိုမည်နည်း။

ကျောက်သင်္ဘောဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁)က ၁၃၄၂-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၄) ရက်၊ ၁၉၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၄) ရက်၊ တနင်္လာနေ့တွင် အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက်ချသည်။

စောဒကပုဂ္ဂိုလ်များ
၁။ ဦးကောသလ္လ၊ ပဓာနနာယကဆရာတော်၊ ရွှေသိမ်တော်စာသင်တိုက်၊ ချောင်းဦးမြို့၊ စစ်ကိုင်းတိုင်း။
၂။ ဦးပဏ္ဍိတ၊ သာသနဓဇသိရီပဝရဓမ္မာစရိယ၊ မြောင်ကျောင်းတိုက်၊ အေလမ်း၊ ဒေးဝန်းအရှေ့ပိုင်း၊ မန္တလေးမြို့။
၃။ ဦးကုသလ၊ သာသနဓဇဓမ္မာစရိယ၊ သရက်မြို့၊ မကွေးတိုင်း။

စုဒိတကပုဂ္ဂိုလ်များ
၁။ ဦးကောဝိဒ၊ ကျောက်သင်္ဘောရိပ်သာ၊ ကျိုက္ကစံဘုရားအရှေ့ဘက်၊ သာသနအလင်းရောင်ကျောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း။
၂။ ဦးဣန္ဒောဘာသ၊ ရွှေကျောင်း၊ ကြာပိုင်ရွာ
၃။ ဦးဝိသုဒ္ဓ၊ မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်း။ ကျောက်သင်္ဘောရိပ်သာ၊ ကျောက်ဆည်မြို့၊ မန္တလေးတိုင်း။
၄။ ဦးနန္ဒိယ၊ ကျောက်သင်္ဘောရိပ်သာ၊ ငါးစို့တိုက်၊ မန္တလေးအရှေ့တောင်မြို့နယ်၊ မန္တလေးတိုင်း။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ
၁။ ဦးသုဒဿန၊ အဂ္ဂမဟာပဏ္ဍိတ (သဘာပတိ)၊ ကိုင်းကုန်းကျောင်းတိုက်၊ ခရမ်းမြို့။
၂။ ဦးဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ (အဖွဲ့ဝင်)
၄ မိုးကောင်းကျောင်းတိုက်၊ မန္တလေး။ ဘိုးဦးစိန်ကျောင်း၊ ဝေါမြို့။
၃။ ဦးသောမာဘိသိရီ (အဖွဲ့ဝင်)
၄။ ဦးဇောတိပါလ (အဖွဲ့ဝင်) ကြခတ်ဝိုင်းကျောင်းတိုက်၊ ပဲခူးမြို့။
၅။ ဦးဝိဇ္ဇောဒယာဘိဝံသ (အဖွဲ့ဝင်) မင်္ဂလာဇေယျုံကျောင်း၊ ဗားကရာတိုက်၊ ရန်ကုန်တိုင်း။
၆။ ဦးကေသရ (အဖွဲ့ဝင်) အောင်မင်္ဂလာကျောင်းတိုက်၊ သရက်မြို့။
၇။ ဦးဝိမလာဘိဝံသ (အဖွဲ့ဝင်) ပုခန်းကျောင်းတိုက်၊ ရွှေဘိုမြို့။

ဓမ္မအဓမ္မနှိုင်းယှဉ်ချက်နှင့် အဓမ္မဝါဒဟုဆုံးဖြတ်ချက်

၁။ မြတ်စွာဘုရား၏ ဝါဒသည် ဓမ္မက္ခန္ဓာတော်ကို အလေးထားသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒ သည် ဓမ္မက္ခန္ဓာတော်ကို အလေးမထားဘဲ ဖြိုခွဲဖျက်ဆီးသောဝါဒ ဖြစ်သည်။
၂။ မြတ်စွာဘုရား၏ဝါဒသည် ရှုမှတ်ပွားများအားထုတ်မှသာ နိဗ္ဗာန်ရသောဝါဒဖြစ်၍ ကျောက်သင်္ဘော ဝါဒသည် ရှုမှတ်ပွားများအားထုတ်မှုမရှိမှ နိဗ္ဗာန်ရသောဝါဒ ဖြစ်သည်။
၃။ မြတ်စွာဘုရား၏ဝါဒသည် ခန္ဓာကိုယ်ကိုရှူလျှင် နိဗ္ဗာန်ရနိုင်သောဝါဒဖြစ်၍ ကျောက်သင်္ဘော ဝါဒသည် ခန္ဓာကိုယ်ကိုရှူလျှင် နိဗ္ဗာန်မရနိုင်သောဝါဒ ဖြစ်သည်။
၄။ မြတ်စွာဘုရား၏ဝါဒသည် ရုပ်နာမ်ကို (ပစ္စက္ခ)မျက်မှောက်ပြုလျက် ရှုရသောဝါဒဖြစ်၍ ကျောက် သင်္ဘောဝါဒသည် ရုပ်နာမ်ကိုမျက်မှောက်ပြုလျက် မရှုရသောဝါဒ ဖြစ်သည်။
၅။ မြတ်စွာဘုရား၏ဝါဒသည် တေဘူမိက သင်္ခါရတို့ကို သတိပြုကာ ပွားများရသောဝါဒဖြစ်၍ ကျောက် သင်္ဘောဝါဒသည် တေဘူမိကသင်္ခါရတို့ကို သတိပြုကာ မပွားများရသောဝါဒ ဖြစ်သည်။
၆။ မြတ်စွာဘုရား၏ဝါဒသည် ထင်ရှားရှိသောရုပ်နာမ်နှစ်ဖြာကို ရှုမှသာ ဝိပဿနာဉာဏ်ဖြစ်ပေါ်လာ သောဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် ထင်ရှားမရှိသောအရာကို ရှုမှသာ ဝိပဿနာဉာဏ်ဖြစ်ပေါ်လာ သောဝါဒ ဖြစ်သည်။
၇။ မြတ်စွာဘုရား၏ဝါဒသည် ခန္ဓာကိုယ်အတွင်းမှာ နိဗ္ဗာန်မရှိသောဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒ


သည် ခန္ဓာကိုယ်အတွင်းမှာ နိဗ္ဗာန်ရှိသောဝါဒ ဖြစ်သည်။
၈။ မြတ်စွာဘုရား၏ဝါဒသည် နောက်ထပ်တစ်ဖန်ပြန်လည်၍မပူလောင်ရသော ငြိမ်းအေးချမ်းသာမှု (သန္တိသုခ) အစစ်အမှန်ဟုတ်သည်ကိုသာ နိဗ္ဗာန်ဟုဟောသောဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် နောက်ထပ်တစ်ဖန်ပြန်လည်၍ ပူလောင်ရသော ငြိမ်းအေးချမ်းသာမှု (သန္တိသုခ) အစစ်အမှန်မဟုတ်သည်ကို နိဗ္ဗာန်ဟုယူဆသောဝါဒ ဖြစ်သည်။
၉။ မြတ်စွာဘုရား၏ဝါဒသည် နိဗ္ဗာန်ကိုလိုချင်တောင့်တမှုကို ကုသိုလ်ဆန္ဒသာဟု ဟောသောဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် နိဗ္ဗာန်ကိုလိုချင်တောင့်တမှုကို အကုသိုလ်သမုဒယတဏှာဟု ယူဆသောဝါဒ ဖြစ်သည်။
၁ဝ။ မြတ်စွာဘုရား၏ဝါဒသည် စိတ်ကိုစိတ်အတိုင်း မထားရသောဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒ သည် စိတ်ကိုစိတ်အတိုင်း ထားရသောဝါဒ ဖြစ်သည်။
၁၁။ မြတ်စွာဘုရား၏ဝါဒသည် အနုသယကိလေသာရှိသောဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် အနုသယကိလေသာမရှိသောဝါဒ ဖြစ်သည်။
၁၂။ မြတ်စွာဘုရား၏ဝါဒသည် သက္ကာယဒိဋ္ဌိကို ပယ်ခွာရသောဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် သက္ကာယဒိဋ္ဌိကို မပယ်ခွာရသောဝါဒ ဖြစ်သည်။
၁၃။ မြတ်စွာဘုရား၏ဝါဒသည် အာရုံကြောင့်စိတ်ဖြစ်ပေါ်လာရသောဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒ သည် စိတ်ကြောင့်အာရုံဖြစ်ပေါ် လာရသောဝါဒ ဖြစ်သည်။
၁၄။ မြတ်စွာဘုရား၏ဝါဒသည် သီလ သမာဓိ ပညာ သိက္ခာသုံးရပ်စလုံးကို ပြည့်စုံစွာအားထုတ်ရသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် သီလ သမာဓိ ပညာသုံးရပ်စလုံးကို ပြည့်စုံစွာ အားမထုတ်ရသော ဝါဒ ဖြစ်သည်။
၁၅။ မြတ်စွာဘုရား၏ ဝါဒသည် စိတ်တရားကို အနိစ္စ၊ အဓုဝဟုဟောသောဝါဒဖြစ်၍ ကျောက်သင်္ဘော ဝါဒသည် စိတ်တရားကို နိစ္စ၊ ဓုဝဟု ယူဆသောဝါဒ ဖြစ်သည်။
ထို့ကြောင့် ကျောက်သင်္ဘောဝါဒကို အဓမ္မဝါဒဟု ဆုံးဖြတ်တော်မူခဲ့ကြသည်။

အဓမ္မဝါဒဟုအဆုံးအဖြတ်ခံရသောကျောက်သင်္ဘောဝါဒဆိုင်ရာစာအုပ်စာရင်း

၁။ ကျောက်သင်္ဘောဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့်တရားတော်များ၊ ဦးစိန်တင် သုခဝတီပုံနှိပ်တိုက် ၈၄/၃၁ လမ်းထောင့်၊ ကျောက်သွေးတန်း၊ မန္တလေး၊ ၁၉၇၃-ခုနှစ်၊ ဇူလိုင်လ (ပဉ္စမအကြိမ်)
၂။ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်တရားစာ ကျောက်ဆည်မြို့ကျောက်သင်္ဘောဆရာတော်ဘုရားကြီး၊ ယောဂီပုံနှိပ်တိုက် အမှတ် (၂၄၅)၊ လွစ္စလမ်း၊ ရန်ကုန်မြို့၊ ပဉ္စမအကြိမ်။


၃။ ဝိမုတ္တိဓမ္မသန္တိသုခတရားတော်၊ ကျောက်ဆည်မြို့ကျောက်သင်္ဘောရိပ်သာ ဦးဝိသုဒ္ဓ၊ အောင်မိတ်ဆက်စာပုံနှိပ်တိုက် အမှတ် (၅၀)၊ ဗိုလ်ချုပ်လမ်း၊ ရန်ကုန်မြို့ ၁၇-၁ဝ-၇၅။
၄။ နိဗ္ဗာန်မြင်သိ ဝိမုတ္တိတရားဒေသနာတော်၊ သင်္ဃန်းကျွန်းကျောက်သင်္ဘောရိပ်သာ ဦးဝိသုဒ္ဓ၊ စန္ဒာဝင်းပုံနှိပ်တိုက်၊ ၂၂/၁၅၇လမ်း၊ တာမွေ၊ ရန်ကုန်မြို့၊ ၁၃၂၈-ခု၊ တော်သလင်းလပြည့်ကျော် ၅-ရက်။
၅။ ကျောက်သင်္ဘောတရားနှင့် အနုသယသဘော၊ ကြာပိုင်ဦးဣန္ဒောဘာသ၊ ပုသိမ်ပုံနှိပ်တိုက် ၆၈/၁၆၅ လမ်း၊ တာမွေ၊ ရန်ကုန်မြို့၊ ၁၉၇၄ - ခု၊ နိုဝင်ဘာလ (၁၉၇၅-ခု) ဇွန်လ (ဒုတိယအကြိမ်)
၆။ ဝိမုတ္တိသာသနာ၊ ကြာပိုင်ဦးဣန္ဒောဘာသ (အရှင်ဝဏ္ဏသီရိ) စာပေလောကပုံနှိပ်တိုက်၊ ၁၇၃၊ ၃၃-လမ်း၊ ရန်ကုန်မြို့၊ ၁၉၇၄ - ခု၊ ဧပြီလ။
၇။ ကျောက်သင်္ဘောတရားနှင့် ခန္ဓာ ၂-လွှာ၊ ကြာပိုင်ဦးဣန္ဒောဘာသ၊ ပုသိမ်ပုံနှိပ်တိုက်၊ ၆၈/၁၆၅လမ်း၊ တာမွေ၊ ရန်ကုန်၊ ၁၃၃၇ ခု၊ သီတင်းကျွတ်လ။
၈။ ယောဂီလက်စွဲသုံးစောင်တွဲ၊ ကျောက်သင်္ဘောဦးနန္ဒိယ၊ နယားပျံပုံနှိပ်တိုက်၊ ကျောက်ကာလမ်း၊ မုံရွာမြို့၊ ၁-၄-၆၅။
၉။ ဗုဒ္ဓလက်ညှိုး၊ ဦးနန္ဒိယ၊ ပုသိမ်ပုံနှိပ်တိုက်၊ ၆၈/၁၆၅ လမ်း၊ တာမွေ၊ ရန်ကုန်မြို့၊ ၁၃၃၆ ခု၊ သီတင်းကျွတ်။
၁၀။ သန္ဒိဋ္ဌိကနိဗ္ဗာန်၊ ဦးနန္ဒိယ၊ ပုသိမ်ပုံနှိပ်တိုက်၊ တာမွေ။
၁၁။ ဓမ္မရေးရာ ပြဿနာများ၊ ဦးနန္ဒိယ၊ ပုသိမ်ပုံနှိပ်တိုက်၊ ၁၃၇၇-ခုနှစ်၊ နတ်တော်လ။
၁၂။ အတိုင်းတိုင်းဋီကာ၊ ပဲခူးဦးစိန်ဖေ၊ သုခဝတီစာပုံနှိပ်တိုက်၊ ၅၄-ဗိုလ်ချုပ်လမ်း၊ မန္တလေးမြို့၊ ၁၃၃၆-ခု၊ သီတင်းကျွတ်။
၁၃။ သစ္စာဉာဏ်မြင်နိဗ္ဗာန်ဝင်၊ ဦးနန္ဒိယ


ရတနာဒီပံပုံနှပ်တိုက်၊ ၈၆-ဆိုင်းတန်း၊ မန္တလေး။ ၁၃၃၁-ခု။
၁၄။ သစ္စာဉာဏ်ပေါက် နိဗ္ဗာန်ရောက်၊ ဦးပဏ္ဍိစ္စ၊ ပုသိမ်ပုံနှိပ်တိုက်။
၁၅။ နိဗ္ဗာန်ကိုမြင် ဉာဏ်လေယာဉ်၊ ဦးပညာစက္က၊ လယ်တီမဏ္ဍိုင်ပုံနှိပ်တိုက်၊ ၁၆၈-၄၇လမ်း၊ ရန်ကုန်။
၁၆။ ဝိမုတ္တိအရသာ ဓမ္မသာကစ္ဆာမင်္ဂလာ၊ ဦးဩသဓနှင့်ဦးဣန္ဒာစာရ၊ သီရိမင်္ဂလာပုံနှိပ်တိုက်၊ ၆-လမ်း၊ ပေါင်းတည်မြို့။

အဓမ္မဝါဒဟုအဆုံးအဖြတ်ခံရသောကျောက်သင်္ဘောဝါဒဆိုင်ရာစာမူများ

၁၇။ ဗာဟိယသုတ္တန်တရားတော်၊ ကြာပိုင်ဦးဣန္ဒောဘာသ။
၁၈။ မေတ္တသုတ်ကျင့်စဉ်၊ ဦးနန္ဒိယ

အဓမ္မဝါဒဟုအဆုံးအဖြတ်ခံရသောကျောက်သင်္ဘောဝါဒဆိုင်ရာအသံဖမ်းတိပ်ကြိုးခွေများ

၁၉။ ကြာပိုင်ကျောက်သင်္ဘောဦးဣန္ဒောဘာသနှင့် ချောင်းဦးမြို့ နယ်၊ မှန်ချိုရွာ ဒကာများဆွေးနွေးသော
(၁) အနုသယကိလေသာ ရှိ/မရှိ
(၂) သတိပဋ္ဌာန် ပွားရေး၊ မပွားရေး
(၃) ဝိပဿနာ ပွားရေး၊ မပွားရေး

လူသေလူဖြစ်ဝါဒါနုဝါဒ

နိုင်ငံတော်သီးခြားဝါနည်းစိုရ်အဖွဲ့(၂)က ၁၃၄၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၂)ရက်၊ ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်၊ ကြာသပတေးနေ့တွင် အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက်ချသည်။

စောဒကပုဂ္ဂိုလ်များ
၁။ ဦးစန္ဒိမာ၊ မိတ္ထီလာမြို့။ ဓမ္မာစရိယကျောင်းတိုက်။
၂။ ဦးပညာသီဟ၊ မေမြို့။ ရတနာမရ်အောင်ကျောင်းတိုက်။
၃။ ဦးဝိသုဒ္ဓ၊ မန္တလေးမြို့။ လောကမှန်ကင်းကျောင်းတိုက်။
၄။ ဦးပညာသာမိ၊ သာစည်မြို့ ရေလည်ကျောင်းတိုက်။

စုဒိတကပုဂ္ဂိုလ်များ
၁။ ဦးဥဇ္ဇောတိက ဒေးဒရဲမြို့။
၂။ ဦးဇဝန (နေရှင်နယ်) တောင်တွင်းကြီးမြို့။
၃။ ဦးဇဝန (ငါးဆင့်) တောင်တွင်းကြီးမြို့။
၄။ ဦးဆန္ဒာဓိက(နတ်မှီ) တောင်တွင်းကြီးမြို့။
၅။ သခင်မြတ်ဆိုင် ရန်ကုန်မြို့။
၆။ ဦးခင်ဟန် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၊ ရန်ကုန်မြို့။
၇။ ဦးရွှေပြည့် တောင်ကုတ်မြို့။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ
၁။ ဘဒ္ဒန္တဃောသိတာဘိဝံသ (သဘာပတိ) ယောသိတာရာမတိုက်၊ ထားဝယ်မြို့။
၂။ ဘဒ္ဒန္တဇဝနာဘိဝံသ (အဖွဲ့ဝင်) ဇဝနာဘိဝံသာရုံကျောင်းတိုက်၊ ကြို့ပင်ကောက်မြို့။
၃။ ဘဒ္ဒန္တဓမ္မာဘိဝရ (အဖွဲ့ဝင်) ကံတွင်းဆုတောင်းပြည့်ကျောင်း၊ ပြည်မြို့။
၄။ ဘဒ္ဒန္တကုမာရ (အဖွဲ့ဝင်) မဟာဝိသုတာရာမတိုက်၊ မကွေးမြို့။
၅။ ဘဒ္ဒန္တ ဉာနိက (အဖွဲ့ဝင်) ပဇ္ဇောတာရုံကျောင်းတိုက်၊ မြောင်းမြမြို့။

ဓမ္မအဓမ္မနှိုင်းယှဉ်ချက်နှင့် အဓမ္မဝါဒဟုဆုံးဖြတ်ချက်

၁။ မြတ်စွာဘုရား၏ ဝါဒသည် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ပရမတ္ထတရားလေးပါးကို အခြေခံ၍ ရုပ်ဝတ္ထုခြောက်ပါး၊ အာရုံခြောက်ပါး ဝိညာဏ်ခြောက်ပါးတို့ကို ၂၄-ပစ္စည်း၌သွင်း၍ ရှင်းလင်းသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် ၎င်း၏နောက်လိုက်သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့၏ဝါဒသည် ပသာဒရုပ်ငါးပါး၊ အာရုံ ငါးပါကိုသာ ကွက်၍ယူပြီး ယင်းရုပ်ကို အရှိတရား နိစ္စတရားအဖြစ် မူသေကိုင်ပြီး နာမ်တရားကိုမူ အဖြစ် တရား လက်အောက်ခံတရားအဖြစ်ထားရှိသော ဧကစ္စသဿတရုပ်ဝါဒမျိုး ဖြစ်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် ရုပ်ဝါဒအမြင်ဖြင့်သာ အရာရာကို သုံးသပ်ရှုမြင်ပြီး ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ အမြတ်ဆုံးရတနာတို့ကို ပုတ်ခတ်ပယ်ဖျက်ခြင်းအားဖြင့် သရဏဂုံမရှိသော ဘာသာသာသနာမဲ့အဖြစ်တွင်သာ ရှိသည်။
၂။ မြတ်စွာဘုရား၏ ဝါဒသည် လူသေသောအခါ ဒေဝဂတိ၊ မနုဿဂတိ၊ တိရစ္ဆာနဂတိ၊ ပေတဂတိ၊ နိရယဂတိ (နတ်၊ လူ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ ငရဲ) ဟူသော ဂတိငါးပါးကို မိမိတို့ ပြုလုပ်သော ကုသိုလ်အကုသိုလ် ကံအားလျော်စွာ လားရောက်ရသောဝါဒ ဖြစ်သည်။
တောင်တွင်းကြီးဦးဥက္ကဋ္ဌ၏ဝါဒသည် ရုပ်ဝါဒအမြင်အတိုင်း “လူသေလျှင် နောက်ထပ်လူဖြစ်ရန် မလို အကယ်၍ ဖြစ်ဦးမည်ဆိုလျှင် လူမှတစ်ပါး အခြားသောလားဖွယ် မရှိ။ လူသာလျှင် ဖြစ်ရမည်”ဟု ဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိကို ယူသောအားဖြင့် ဗုဒ္ဓဝါဒကို ဆန့်ကျင်သောဝါဒ ဖြစ်သည်။
၃။ မြတ်စွာဘုရား၏ ဝါဒသည် ဩကာသလောကဖြစ်သော ၃၁-ဘုံ၏ ပင်ကိုယ်အားဖြင့် တည်ရှိနေ သည်ကို လက်ခံပြီး ထို ၃၁-ဘုံ၌ဖြစ်ရန် အကြောင်းတရားများ၊ ထို ၃၁-ဘုံမှ ထွက်မြောက်ရန် နည်းလမ်းများ ကို ညွှန်ပြသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့်တကွ တပည့်နောက်လိုက်တို့သည် ၎င်းတို့၏ မျက်စိဖြင့် မြင်သော လူ့ဘုံနှင့် တိရစ္ဆာန်ဘုံ ကိုသာ လက်ခံ၍ ၃၁-ဘုံကို လက်မခံသောဝါဒရှိသူများဖြစ်သည့်ပြင် မြတ်စွာဘုရားကိုပင် ၃၁-ဘုံ ဝါဒ

၁၀
လက်မခံလေဟန် စွပ်စွဲထားသည်။
၄။ မြတ်စွာဘုရား၏ဝါဒသည် ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာ ဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ၊ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိအားဖြင့် စစ်မှန်သော သမ္မာဒိဋ္ဌိ (၆) မျိုးကို အခြေခံသည့်အတိုင်း ကံ၊ ကံ၏ အကျိုးတရားကို သက်ဝင်ယုံကြည်မှု ကမ္မဿကတာသမ္မာဒိဋ္ဌိကို အခြေခံကစ၍ လက်ခံသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် ၎င်း၏တပည့်နောက်လိုက်များ၏ ဝါဒသည် အလှူပေးခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဘာဝနာ အားထုတ်ခြင်း စသည်ဖြင့် ကံ၊ ကံ၏အကျိုးတရားဆိုင်ရာ ကိစ္စများကို အဇိတကေသကမ္ဗလတိတ္ထိတက္က တွန်းကဲ့သို့ ပယ်သောဝါဒ ဖြစ်သည်။
၅။ မြတ်စွာဘုရား၏ ဝါဒသည် မြတ်စွာဘုရား ရရှိတော်မူသော ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ ဉာဏ်တော် ဆယ်ပါးတို့အရ ရှေးအတိတ်ကာလကိုမြင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ နောက်လာမည့် အနာဂတ် ကာလကိုမြင်သော အနာဂတံသဉာဏ်၊ ပစ္စုပ္ပန်ကိုရှုမြင်သော ဝိပဿနာဉာဏ်စသည်တို့ဖြင့် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးကို သူ့နေရာနှင့်သူ ကျယ်ကျယ်ပြန့်ပြန့် လက်ခံသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့၏ ဝါဒသည် ရုပ်ဝါဒအမြင်ဖြင့် ပုခက်နှင့် ခေါင်းကြားဟူသော ပစ္စုပ္ပန်ကိုသာယူသည့် အလွန်ကျဉ်းမြောင်းသောဝါဒ ဖြစ်သည်။
၆။ မြတ်စွာဘုရား၏ ဝါဒသည် အလွန်လေးနက်ကျယ်ပြန့်လှသော အဘိဓမ္မာဒေသနာတော်ကို မြတ်စွာ ဘုရားကိုယ်တိုင်တော် ဟောကြားပြီး ပညာဧတဒဂ်ရ လက်ျာရံရှင်သာရိပုတ္တရာမှ တစ်ဆင့် လူ့လောက၌ ဖြန့်ဝေခဲ့သော ဒေသနာဖြစ်သည့်ပြင် မြတ်စွာဘုရားကိုယ်တော်တိုင် ဝိနည်းပညတ်ချက်များ၌လည်းကောင်း၊ သံယုတ်ပါဠိတော်စသော သုတ်တရားတော်များ၌လည်းကောင်း အဘိဓမ္မာသဘောများကို အများအပြား ထည့်သွင်းဟောကြားထားသည်ဖြစ်၍ အဘိဓမ္မာသည် အခြေခံအားဖြင့် ဘုရားဟောစင်စစ်ဖြစ်ကြောင်း မှန်ကန်စွာ လက်ခံကျင့်သုံးသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ဝါဒသည် အဘိဓမ္မာတရားတော်၌ ကျယ်ပြန့်လေးနက်သော တရားဓမ္မပိုင်းကို မသုံးသပ်မရှုမြင်နိုင်ကြဘဲ ဘာသာခြား လူမျိုးခြားတို့၏ စာပေလမ်းကြောင်းမှ ပေါ်ပေါက် လာသော အပေါ်ယံအပယိကဖြစ်သည့် သမိုင်းကြောင်းအမြင်ဖြင့် “အဘိဓမ္မာ ဘုရားဟောမဟုတ်”ဟု တာဝန် မဲ့ရေးသားမှုများကို အဟုတ်မှတ်ကာ “ဗုဒ္ဓအဘိဓမ္မာကို ဘုရားဟော မဟုတ်'ဟု အမှန်တရားနှင့် ဆန့်ကျင်ပြီး ယူသောဝါဒ ဖြစ်သည်။
၇။ မြတ်စွာဘုရား၏ဝါဒသည် သုမေဓာရှင်ရသေ့ဘဝမှစ၍ “သဗ္ဗညုတံ ပါပုဏိတွာ သန္တာရေဿံ သဒေဝကံ - သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်သောအခါ လူနတ်ဗြဟ္မာ သတ္တဝါတို့ကို ကယ်တင်အံ့” ဟူသော ရည်ရွယ်မျှော်မှန်းချက်ကြီးသည် မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့် မဟာဗောဓိပင်ရင်း၌

၁၁
ပြည့်မြောက်တော်မူပြီး အတုမရှိသော ဘုရားဖြစ်ကာ သဗ္ဗညုတဉာဏ်ကို အမှန်စင်စစ် ရတော်မူခြင်း၊ “ယနေ့လက်ရှိ သင်္ဂါယနာခြောက်တန်တင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ပါဠိတော်အုပ်ရေ(၄၀)ခန့်ကို ဟော နိုင်သည့်ပုဂ္ဂိုလ်မျိုးသည် အလုံးစုံသောဉာဏ်အမြင်ရှိသည့် သဗ္ဗညုတဉာဏ်အရှင်သာလျှင် ဖြစ်ရမည်ဟူသော အထောက်အထားအရ ဗုဒ္ဓမြတ်စွာဘုရားသည် အမှန်စင်စစ် သဗ္ဗညုတဉာဏ်တော်ကို ရရှိသူ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ထိုကဲ့သို့သော သက်သေအထောက်အထားတို့ကို မျက်ကွယ် ပြုလျက် ရုပ်ဝါဒအမြင်ဖြင့် ဆန့်ကျင်ရေးအတွက် သဗ္ဗညုတဉာဏ်တော်ကို ထိပါးပုတ်ခတ် စော်ကားသည်။
၈။ မြတ်စွာဘုရား၏ ဝါဒသည် ဝိပဿနာ၏ အခြေခံဖြစ်သော သမထလမ်းစဉ်နှင့် လောကုတ္တရာ၏ အခြေဖြစ်သော ဝိပဿနာလမ်းစဉ်တို့ကို အခိုင်အမာတည်ဆောက်၍ ဝေနေယျသတ္တဝါတို့အား သံသရာ မှ လွတ်မြောက်ရေးအတွက် စီစဉ်ညွှန်ကြားသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် စုဒိတကသခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှလူများသည် ရုပ်ဝါဒအမြင်အရ ဘဝ သံသရာနှင့် သံသရာမှ လွတ်မြောက်မှုကို လက်သင့်မခံသူများပီပီ ဘဝသံသရာမှ လွတ်မြောက်ကြောင်း ဖြစ်သော သမထ၊ ဝိပဿနာလမ်းစဉ်တို့ကို ဖျက်ဆီးသောဝါဒ ရှိကြသည်။
၉။ မြတ်စွာဘုရား၏ဝါဒသည် ဝိနည်းကျင့်ဝတ်သိက္ခာတော်များကို ရဟန်းတို့၏အသက် သာသနာတော်၏ အသက်အဖြစ် အလေးအနက်ထားကာ ခုဒ္ဒါနုခုဒ္ဒ-အသေးအဖွဲသိက္ခာပုဒ်များပါမကျန် အလေးဂရုပြု၍ ကျင့်သုံးလိုက်နာသည့်ဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ဝါဒသည် ဝိနည်းကျင့်ဝတ်များကို ဥပါဒါန်အစွဲအလမ်းများဟု သမုတ် ကာ ဝိနည်းကျင့်ဝတ်ကို မျက်ကွယ်ပြုသော အဝိနယဝါဒ ဖြစ်သည်။
၁၀။ မြတ်စွာဘုရား၏ဝါဒသည် မြတ်စွာဘုရား ပညတ်တော်မူသော ဝိနည်းကျင့်ဝတ်သိက္ခာပုဒ်များကို ကိုယ်ဝယ်ဆင်မြန်း၍ လိုက်နာကျင့်သုံးကာ ရဟန်းကောင်းရှင်ကောင်း သံဃာတော်ကောင်းတို့ကို ချီးမွမ်း ထောပနာ ဩဘာပြုသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် တပည့်ကြီးသခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှလူတို့သည် ဝိနည်းတရားတော် နှင့်အညီ ကျင့်ကြံနေထိုင်ကြသော အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာ ဂါရိက အစရှိသော ကျောက်ထီးတန္တု အလေးပြုအပ်သော သူတော်ကောင်း ရဟန်းသံဃာတော်များကို “အချောင် သမားတွေ”စသည်ဖြင့် ပက်ပက်စက်စက် ဆဲရေးပုတ်ခတ်သော မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသ ဝါစာ၊ သမ္ဖပ္ပလာပဟူသော ဝစီဒုစရိုက်လေးပါး အခြေခံပြီး သံဃာအား ဆဲရေးသော သံဃအက္ကောသဝါဒရှိသူ ဖြစ်သည်။
၁၁။ မြတ်စွာဘုရား၏ဝါဒသည် မေတ္တာသစ္စာနှင့်ကိုယ်ကျင့်တရားကို အခြေခံသော ရတနသုတ်၊ မေတ္တ သုတ်စသော သုတ်တရားမျိုးကို အဖန်ဖန်ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ကုသိုလ်တရားကို ပွားစေပြီး

၁၂
ဘေးအန္တရာယ်တို့ကို တားဆီးကာကွယ်သည့် ပရိတ်ဒေသနာတော်များအဖြစ်ခွင့်ပြုသောဝါဒ (ဝါ)ပရိတ်ရွတ် ကောင်းသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ဝါဒသည် ဗြာဟ္မဏတို့၏ မန္တန်ရွတ်ပုံ၊ မဟာယာနတို့၏ ပရိတ်ရွတ်ပုံ တို့၏ အင်္ဂါလက္ခဏာများနှင့် မတူကွဲပြား ခြားနားမှုကို နားမလည်ကြဘဲ အသံတူကာမျှဖြင့် သဘောတူမှတ်၍ ဗုဒ္ဓဘာသာတို့၏ ပရိတ်ရွတ်ခြင်းစသော အစဉ်အလာကောင်းများကို ဖျက်ဆီးသောဝါဒ ဖြစ်သည်။
၁၂။ မြတ်စွာဘုရား၏ဝါဒသည် မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များ၊ စေတီတော်ပုထိုးတော်များ၊ ဆင်းတုတော်များ၊ ဆံတော်ဓာတ်တော်များ စသည်တို့ကို မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်တို့ကို အာရုံပြု၍ ရှိခိုးပူဇော် ကိုးကွယ်သမှုပြုရန် ခွင့်ပြုသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ထိုကဲ့သို့သော ဓာတ်တော်၊ မွေတော်၊ စေတီတော်၊ ဆင်းတုတော် စသည်တို့ကို ကိုးကွယ်ပူဇော်ခြင်းကို ဆန့်ကျင်သောဝါဒ ဖြစ်ရုံမျှမက ဦးဥက္ကဋ္ဌသည် မိမိရုပ်ဝါဒီတစ်ဦး ဖြစ် ကြောင်းကို အခိုင်အမာ ပြသရာရောက်စေသည့် ရုပ်ဝါဒအမြင်ဖြင့် အရဟတ္တဓဇသင်္ကန်းတော်ကို မိန်းမ ထမီနှင့်လည်းကောင်း၊ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား၏ ဆံတော်ဓာတ်မြတ်ကို မြင်းမြီးနှင့် လည်းကောင်း၊ ယုတ်ယုတ်မာမာ ခိုင်းနှိုင်းပြီး သင်္ကန်းနှင့် ဆံတော်ကို ထမီနှင့်မြင်းမြီးလောက်မျှ အသုံးမကျ သည့်ဘဝသို့ရောက်အောင် ရှက်ဖွယ်လိလိ ရေးသားထုတ်ဝေသော အရှက်မဲ့၊ အလဇ္ဇီဝါဒရှိသူ ဖြစ်သည်။
၁၃။ မြတ်စွာဘုရား၏ ဝါဒသည် ကံ၊ ကံ၏အကျိုးကို အခြေခံသည်အားလျော်စွာ ဘုရား၊ တရား၊ သံဃာ၊ ဆရာမိဘတို့အား ရှိခိုးပူဇော်ခြင်း၊ ဂုဏ်တော်ပွားများခြင်း စသောအမှုတို့ကို ကုသိုလ်ရသောအလုပ်များအဖြစ် သတ်မှတ်၍ အားပေးသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ရုပ်ဝါဒီများပီပီ ရုပ်မျက်လုံးဖြင့် ကုသိုလ်ရသည်ဆိုသည်ကို မမြင်ရ သောကြောင့် လက်မခံဘဲ ဗုဒ္ဓဘာသာတို့၏ ဓလေ့ကောင်းဖြစ်သော ဘုရားရှိခိုးခြင်း၊ ဆီမီးပူဇော်ခြင်း၊ ဆွမ်း တော်ကပ်ခြင်း စသော ဘာသာသာသနာရေးလုပ်ငန်းတို့ကို ဖျက်ဆီးသောဝါဒရှိသူများ ဖြစ်သည်။
၁၄။ မြတ်စွာဘုရား၏ဝါဒသည် ကံ၊ ကံ၏အကျိုးကိုလည်းကောင်း၊ ဘဝသံသရာမှ ထွက်မြောက်မှုတို့ကို လည်းကောင်း၊ ကျယ်ကျယ်ပြန့်ပြန့်လက်ခံသောဝါဒဖြစ်သည်အားလျော်စွာ ကောင်းသောဖက်၌ သီလခံယူ ခြင်းပြုလုပ်သည့် ကုသိုလ်အကျိုးကြောင့် ရရှိနိုင်သည့် အချက်များကို ညွှန်ပြပြောကြားခြင်းဟုဆိုအပ်သော ဆုပေးခြင်း၊ ကုသိုလ်ရှင်၏ ဆန္ဒပြင်းပြမှုကို မြွက်ဆိုသောဆုတောင်းခြင်း၊ လူသေသောအခါ သေသူ ရှင်သူနှစ်ဦးလုံးအတွက် အကျိုးရှိနိုင်သော သပိတ်သွတ်ခြင်းစသော အမှုတို့ကို ကုသိုလ်ကောင်းမှုအဖြစ် သတ်မှတ်၍ အားပေးသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် သခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် ထိုအမှုကိစ္စတို့ကို ရုပ်ဝါဒအမြင်ဖြင့် သုံးသပ်၍ ကုသိုလ်ကောင်းမှုဆိုင်ရာ သာသနာမှုဓလေ့ကောင်းတို့ကို ပယ်သောဝါဒရှိသူများ ဖြစ်သည်။

၁၃
၁၅။ မြတ်စွာဘုရား၏ဝါဒသည် အင်္ဂုတ္တိုရ်ပါဠိတော် သဒ္ဓမ္မသမ္မောသသုတ်၌ ဟောကြားထားသည့်အတိုင်း သူတော်ကောင်းတရားတော်၌ မတွေဝေစေရန် သူတော်ကောင်းတရားတော် မကွယ်ပစေရန် အက္ခရာပုဒ် ဗျည်းတို့ကို ကောင်းစွာထားရမည်။ အနက်ကိုလည်း ကောင်းစွာ ဆောင်ရမည်ဟု “အက္ခရာတစ်လုံး ဘုရား တစ်ဆူ”ကဲ့သို့ တန်ဖိုးထားသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် ၎င်း၏နောက်လိုက် ရုပ်ဝါဒီများ၏ဝါဒသည် ပါဠိကို အဘိဓာန်တွင် ဖော်ပြသော ရင်းမြစ် အနက်လောက်ကိုပင် မှန်မှန်မယူဘဲ ၎င်းတို့၏ ရုပ်ဝါဒအခြေခံအမြင်နှင့်ကိုက်ညီအောင် ပါဠိစကားလုံးများ ကို ထင်သလို အနက်ပေးကြပြီး သာသနဓမ္မ အမှန်တရားဟူသမျှကို ဥပါဒါန် ပုဒ်မတပ်ကာ ဖျက်ဆီးပစ်ရန် ကြိုးစားသော သာသနပစ္စတ္ထိကဝါဒ ဖြစ်သည်။
၁၆။ မြတ်စွာဘုရား၏ဝါဒသည် လူတို့၌ရှိသော ကိလေသာ(၁၀)ပါးတို့ကို အဆင့်လိုက်အဆင့်လိုက် အမှန် တကယ် အပြီးအပြတ် ပယ်သတ်နိုင်သူမျိုးကိုသာ အရိယာဟုသတ်မှတ်ပြီး ထိုသို့ကိလေသာ ပယ်သတ်ရာ ၌ အဆင့်လိုက်ပေါ်ထွန်းသော နိဗ္ဗူတဓာတ်ကိုလည်းကောင်း၊ နောက်ဆုံးတွင် အကြောင်းတဏှာချုပ်ငြိမ်း၍ အကျိုးရုပ်နာမ်ချုပ်ငြိမ်းသည့် သန္တိသုခအမတဓာတ်ကိုလည်းကောင်း အစစ်အမှန်နိဗ္ဗာန်အဖြစ် သတ်မှတ်သော ဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ဝါဒသည် အရိယာနှင့်နိဗ္ဗာန်ကို အထက်ပါဘုရားဟောအဓိပ္ပာယ်များ နှင့် ဆန့်ကျင်လျက်ဖော်ပြထားကြသဖြင့် ထေရဝါဒပိဋကတ်တော်နှင့် မကိုက်ညီမနှီးနှောမိသောဝါဒ ဖြစ်သည်။
၁၇။ မြတ်စွာဘုရား၏ဝါဒသည် သံဂါယနာခြောက်တန်တင် ပိဋကတ်သုံးပုံ၌ ပါရှိသော ဓမ္မစက္ကပဝတ္တန သုတ်အတိုင်း သစ္စာလေးပါး၊ အပြန်သုံးပါး၊ ခြင်းရာတစ်ဆယ့်နှစ်ပါးရှိသော သစ္စာလမ်းကြောင်းကို ဖော်ပြသည့် ဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ဤကဲ့သို့ လေးနက်သည့် ဓမ္မစကြာတရားတော်ကြီးကိုပင်လျှင် အရှက်မဲ့ဖျက်ဆီးကာ လူသေလူဖြစ် ဓမ္မစကြာအဖြစ် ဖော်ပြဝံ့သော သာသနာသွေဖီရေးဝါဒရှိသူများ ဖြစ် သည်။
၁၈။ မြတ်စွာဘုရား၏ဝါဒသည် လိမ်လည်ခြင်း၊ လှည့်ပတ်ခြင်း၊ ကောက်ကျစ်ခြင်းတို့ကို အလွန်စက်ဆုပ် သည်အားလျော်စွာ စကားမှန်တရားမှန်ကိုသာ ဟောကြားပြောဆိုသော သစ္စဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့်တကွ ဦးကိုကိုလေး၊ သခင်မြတ်ဆိုင်၊ အဘိဓမ္မာဆရာစိန်၊ သမ္မာဒိဋ္ဌိသုတေသီ စသော သူတို့သည် ၎င်းတို့၏ သန္တာန်၌ တည်ထိန်းနေသော ရုပ်ဝါဒအမြင်ဖြင့် ဆိုခဲ့သည့်လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ကောက်ကျစ်ခြင်းတို့ကို အပြစ်ဟူ၍ မမြင်ဘဲ ဘုရားမဟောသော “လောကသမုဒယဉ္စ အတ္ထိ၊ လောကနိ ရောဓဉ္စ နတ္ထိ” ဟူသော လက်ဖြစ်ပါဠိအတုမျိုးကို ဗုဒ္ဓဘုရားဟော ပါဠိအဖြစ် ပြောင်ပြောင်တင်းတင်းကြီး လိမ်လည်လှည့်ဖြား ဖော်ပြခြင်းအားဖြင့် ဘုရားမဟောသည်ကို အဟောလုပ်ကာ သာသနာတော်၌ အဓိက

၁၄
ရုဏ်းများဖြစ်အောင် ဖန်တီးသော အဖျက်သမားများသာ ဖြစ်သည်။
၁၉။ မြတ်စွာဘုရား၏ဝါဒသည် ဘုရားဆုကိုတောင်းသည်မှစ၍ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပူးတော်မူ ခဲ့ပြီး နောက်ဆုံးဘုရားဖြစ်မည့်ဘဝ၌ မယ်တော်ဝမ်း၌ သန္ဓေယူခြင်း၊ ဖွားမြင်တော်မူခြင်း၊ တောထွက်တော်မူ ခြင်း၊ ဒုက္ကရစရိယကျင့်တော်မူခြင်း၊ ဗောဓိပင်၌ ဘုရားဖြစ်တော်မူခြင်း(ဗုဒ္ဓဝင်)တို့ကို အတုယူဖွယ်၊ အားကျ ဖွယ်ဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် နောက်လိုက်ရုပ်ဝါဒသမားတို့သည် ဗုဒ္ဓရှင်ကို ရုပ်အမြင်နှင့် ယှဉ်ကြည့်ပြီး မတန်မရာ မထီလေးစားစော်ကားသော ယုတ်ညံ့သည့် ဝါဒရှိသူများသာ ဖြစ်သည်။
၂၀။ မြတ်စွာဘုရား၏ဝါဒသည် မြတ်စွာဘုရားနှင့်တကွ တပည့်သားသံဃာတော်တို့သည် မြတ်စွာဘုရား ရှင်ကိုယ်တိုင် ဟောပြောခဲ့သော ပါဠိတော်တို့ကိုလည်းကောင်း၊ တပည့်သားတို့ဟောအပ်သော်လည်း မြတ်စွာ ဘုရား၏ အတည်ပြုချက် ရရှိသောပါဠိတော်တို့ကိုလည်းကောင်း၊ မြတ်စွာဘုရားက အကျဉ်းချုပ် ဟောခဲ့ သော မာတိကာကို အကျယ်ချဲ့ထားသည့် ပါဠိတော်တို့ကိုလည်းကောင်း၊ ဗုဒ္ဓဝါဒနှင့်အညီ ဆွေးနွေး ဟော ပြောထားသော ပါဠိတော်တို့ကိုလည်းကောင်း၊ သာသနာ့အန္တရာယ် အသွယ်သွယ်မှ ကာကွယ်ရန်အလို့ငှာ ခေတ်အလိုက် သံဂါယနာခြောက်တန်တင်၍ သန့်စင်ခဲ့ခြင်းအမှုသည် အလွန်ခိုင်မာသော သာသနာ့ မှတ်တိုင်အဖြစ် ခံယူထားကြသောဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ဝါဒသည် လူမျိုးခြားဘာသာခြားတို့၏ စာပေစည်းရုံးမှုနောက်သို့ လိုက်ပါကာ သံဂါယနာခြောက်တန်၏ ခိုင်မာမှုကို ပေါ့ပျက်သေးသိမ်အောင်လုပ်သော သာသနာဖျက်ဝါဒ ဖြစ်သည်။
၂၁။ မြတ်စွာဘုရားနှင့်တပည့်သံဃာတို့၏ဝါဒသည် သံဂါယနာခြောက်တန်တင် ပါဠိတော်များမှာ အနှစ် သာရအားဖြင့် မည်သည့်ဘာသာ အယူဝါဒနှင့်မျှ ရောယှက်ခြင်းမရှိ၊ ဗုဒ္ဓဝါဒစစ်စစ်ကိုသာ ဖော်ပြသော ပါဠိတော်များအဖြစ် သင်အံလေ့ကျက် စိစစ်သုံးသပ် ကျင့်ကြံချက်များဖြင့် အတည်ပြုပြီး လက်ခံထားသော ဝါဒ ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် ၎င်း၏နောက်လိုက်တို့၏ဝါဒသည် မိမိတို့၏ ရုပ်ဝါဒအမြင်နှင့်မကိုက်ညီသော ပါဠိတော် များကို ဘုရားဟောမဟုတ်ဟူ၍လည်းကောင်း၊ ဟိန္ဒူဗြာဟ္မဏဝါဒတွေဟူ၍လည်းကောင်း သမုတ်ပြီး ဘာသာ သာသနာကို ရိုးသားစွာ ကျင့်ကြံအားထုတ်လျက်ရှိသော ပုဂ္ဂိုလ်များအား အထင်မှား၊ အမြင်မှား ဖြစ်အောင် လှည့်ဖြားလိမ်ညာပြီး ဘုရားဟောပါဠိတော်များကို ဖြုတ်ထုတ်သတ်သောဝါဒ ဖြစ်သည်။
ဖော်ပြပါ အကြောင်းအချက်များကြောင့် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂)ဝိနည်းဓိုရ် ဆရာတော်များအားလုံးက အဓမ္မဝါဒသာဖြစ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

၁၅

အဓမ္မဝါဒဟုဆုံးဖြတ်ခံရသောလူသေလူဖြစ်ဝါဒါနုဝါဒဆိုင်ရာစာအုပ်စာတမ်းများ

၁။ လူသေလူဖြစ်၊ ရှင်ဥက္ကဋ္ဌ ၁-၉-၁၉၆၃၊ ဒုတိယအကြိမ်
၂။ ဗုဒ္ဓဓမ္မစကြာ၊ တောင်တွင်းကြီးနတ်မှီတောရ ရှင်ဥက္ကဋ္ဌဟောသည်။ ၁၉၆၄-ခု၊ စက်တင်ဘာလ
၃။ တောင်တွင်းကြီးဗုဒ္ဓတက္ကသိုလ် အရှင်ဥက္ကဋ္ဌ “ဗုဒ္ဓအဘိဓမ္မာ” စတုတ္ထလက်ဆောင် ၁၃၁၆-ခု
၄။ အစွဲပြုတ်တဲကုပ်ရွှေနန်းတော်၊ ရှင်ဥက္ကဋ္ဌ ရေး ၁၆၉၃- ခု၊ မေလ (၁) ရက်
၅။ ဗုဒ္ဓလမ်းစဉ်၊ ရှင်ဥက္ကဋ္ဌ ဒုတိယအကြိမ် ၁၉၆၂-ခု၊
၆။ အနတ္တရောင်ခြည်၊ ရှင်ဥက္ကဋ္ဌ ပထမနှိပ် ၁၃၂၄ - ခု၊ သီတင်းကျွတ်လ
၇။ ဟိုယောဂီ သင်ဘယ်ဆီသွားမလဲ၊ ရှင်ဥက္ကဋ္ဌ ဒုတိယနှိပ်၊ ၁၉၆၂-ခု၊ အောက်တိုဘာလ။
၈။ ရှင်ဥက္ကဋ္ဌ ပြုစုသော ဗုဒ္ဓမှတ်ကျောက် ၁၉၆၃ - ခု၊ ဒီဇင်ဘာလ
၉။ ဗုဒ္ဓဘရွန်တော်၊ ရှင်ဥက္ကဋ္ဌ ၁၉၆၁ - ခု၊ အောက်တိုဘာလ၊ ပထမနှိပ်
၁၀။ အသင်လူသား ဘာမှားနေသလဲ၊ ရှင်ဥက္ကဋ္ဌ ၁၉၆၆ - ခု၊ ဇူလိုင်လ၊ (၁) ရက်
၁၁။ ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ၊ ကိုကိုလေး အဘိဓမ္မာဆရာစိန် တည်းဖြတ်သည်။ ၁၉၆၄ -ခု အောက်တိုဘာလ (၁)ရက်
၁၂။ အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာ၊ အဘိဓမ္မာ ဆရာစိန် ၂၀-၅-၆၅
၁၃။ လူသေလူဖြစ် ပြဿနာ၊ သခင်မြတ်ဆိုင်မေး၊ ရှင်ဥက္ကဋ္ဌဖြေ။ ပထမနှိပ်၊ ၁၉၆၄-ခု၊ နိုဝင်ဘာလ။

၁၆
၁၄။ ဗုဒ္ဓ၏ မိဂဒါဝုန်တရား၊ သခင်မြတ်ဆိုင် ဖွင့်သည်။
၁၅။ ဗုဒ္ဓဝိပဿနာ (၁) သခင်မြတ်ဆိုင် ပထမအကြိမ်၊ ၁၉၆၄ - ခု။
၁၆။ ဗုဒ္ဓဝိပဿနာ (၂) သခင်မြတ်ဆိုင် ၁၉၆၇ - ခု၊ ဇန္နဝါရီ။
၁၇။ သမ္မာဒိဋ္ဌိသုတေသနနှင့် ရေနံချောင်းအရေးတော်ပုံ (သို့မဟုတ်) ဗုဒ္ဓဝါဒနှင့် ဘဝသံသရာ ၁၉၆၄ - ခု၊ ဩဂုတ်လ။
၁၈။ ဘဝရေစီး၊ ရှင်ဥက္ကဋ္ဌ ၁၉၆၁ - ခု၊ စက်တင်ဘာလ၊ (၂၂) ရက်
၁၉။ ဗုဒ္ဓဝါဒအခြေခံသင်တန်း သင်တန်းအမှတ်စဉ်(၁)၊ သင်တန်းမှတ်စုများ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၊ (အဖွဲ့ဝင်များသာ)
၂၀။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် ဗုဒ္ဓဝါဒအခြေခံသင်တန်း၊ သင်တန်းမှတ်စု (သင်တန်းသားများအတွက်သာ)
၂၁။ ဝိမုတ္တိရသအရကောက်ကျမ်း၊ ဦးကိုကိုလေး (ပုံနှိပ်ထုတ်ဝေသူမပါ)
၂၂။ သစ္စာဓမ္မစာစောင် အတွဲ (၁) အမှတ်(၁) (၂) (၃) (၄) (၅) အတွဲ (၂) အမှတ်(၇) (၈) (၉) (၁၀) (၁၁) (၁၂) အတွဲ (၃) အမှတ်(၁) (၂) (၃) (၇) (၁၂) အတွဲ (၄) အမှတ် (၇) (၈) စုစုပေါင်း (၁၈) စောင်
၂၃။ သစ္စာဓမ္မရေးရာစာစောင် အတွဲ (၁) အမှတ် (၅) (၆) (၇) (၈) (၉)
၂၄။ သစ္စာဗိမာန်၊ စည်းရုံးရေးနှင့် အဘိဓမ္မာရေးရာ (ပြန်တမ်း) အတွဲ (၁) အမှတ် (၃) (၆) အတွဲ (၂) အမှတ် (၅)
၂၅။ ဓမ္မအလင်းရောင် အတွဲ (၂) အမှတ် (၆) (၇) (၈) အတွဲ (၃) အမှတ် (၂) (၃) (၄)
၂၆။ အမှန်တရားသုတေသနစာစောင် အမှတ် (၁) (၂) (၃) (၄) (၅) (၆)

၁၇
၂၇။ လက်ရွေးစင်သီးသန့်ပိဋကတ်တော်ကောက်နုတ်ချက်များ၊ သခင်မြတ်ဆိုင်။
၂၈။ နိကာယ်၏ နိကာယ်နှင့် ဒေးဒရဲမြို့ ကျောက်တိုင်မှစာများ (ကွင်းကျောင်းတိုက်)
၂၉။ ဗုဒ္ဓသာသနာသမိုင်း (အကျဉ်း) ပဉ္စနိကာယဓမ္မသာကစ္ဆာအဖွဲ့ ၁၃၃၀ ၊ နတ်တော်လဆန်း(၁၅)ရက် ကွင်းကျောင်းတိုက်၊ ဒေးဒရဲ
၃၀။ အနတ္တဝါဒနှင့် လောက်လမ်းသဖွယ် ဝိဉာဉ်တွယ်ဟူသောအတ္တဝါဒ တင်ပြသူ ဦးရွှေပြည့်၊ တောင်ကုတ်မြို့ (အဖွဲ့ဝင်များအတွက်သာ)
၃၁။ နတ်နှင့်ငရဲ ဘယ်မှာလဲ တင်ပြသူ ဦးရွှေပြည့် တောင်ကုတ်မြို့။
၃၂။ ဗုဒ္ဓသိပ္ပံပရိသတ်တော်လှန်ရေး လူသားတွေအမြင် ဘာသာစီးပွားရေးနှင့် လူမှုစီးပွားရေး။
၃၃။ ရွှေအဘိဓမ္မာ တောင်ကုတ်၊ ရခိုင်ပြည်နယ်၏ မေးခွန်းစာစောင်
၃၄။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်အယူဝါဒရေးရာဆိုင်ရာ ခံယူချက်သဘောထားစာရွက်၊

၁၈

ကြောင်ပန်းတောရဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၃)၏ ဆုံးဖြတ်ချက်များမှ အဓမ္မဟုဆုံးဖြတ်သော အချက် များကို ထုတ်နုတ်ဖော်ပြထားပါသည်။ ၁၃၄၃ ခု၊ ကဆုန်လဆန်း ၄-ရက်၊ ၅-ရက်၊ (၂၆-၄-၈၂) (၂၇-၄- ၈၂)နေ့တို့၌ အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

စောဒကပုဂ္ဂိုလ်များ
၁။ ဦးပညာဝံသ ... တလုတ်ထော်ရွာကျောင်း၊ ဟင်္သာတမြို့နယ်၊ ဧရာဝတီတိုင်း။
၂။ ဦးသုဇာတ ... ရတနာမာရ်အောင်တိုက်၊ မကျည်းခွရွာ၊ ချောင်းဦးမြို့နယ်၊ စစ်ကိုင်းတိုင်း။
၃။ ဦးဂမ္ဘီရဗုဒ္ဓိ ဓမ္မာစရိယပါဠိပါရဂူ၊ သုခိတာရုံစာသင်တိုက်၊ ဝေါမြို့၊ ပဲခူးတိုင်း။
၄။ ဦးဇောတိက (ဓမ္မာစရိယ) သာစည်ကျောင်းတိုက်၊ မင်းခေါင်ရွာ၊ ချောင်းဦးမြို့နယ်၊ စစ်ကိုင်းတိုင်း။

စုဒိတကပုဂ္ဂိုလ်များ
၁။ ဦးနန္ဒိယ ကြောင်ပန်းတောရတိုက်၊ ဘုတလင်မြို့၊ စစ်ကိုင်းတိုင်း။
၂။ ဦးနန္ဒိယ (၂)
၃။ ဦးယုဝိန္ဒ ကြောင်ပန်းဓမ္မာရုံကျောင်း၊ အောင်မင်္ဂလာရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်း။
၄။ ဦးပဏ္ဍိတ ကြောင်ပန်းကျောင်း၊ ကျောက်ရေတွင်းရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း။
၅။ ဦးသုန္ဒရ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ
၁။ ဦးဩဘာသ သရက်တောကျောင်း၊ ကျောက်မဲမြို့။
၂။ ဦးပဏ္ဍဝ ရွှေအင်းရိပ်သာ၊ တပ်ကုန်းမြို့။
၃။ ဦးနာရဒါဘိဝံသ မစိုးရိမ်ကျောင်းတိုက်၊ မန္တလေးမြို့။
၄။ ဦးကဝိဓဇ မဟာဝိဇယာရာမတိုက်၊ ဆင်ဖြူကျွန်းမြို့။
၅။ ဦးနေမိန္ဒ မဟာဝိဇယာရာမတိုက်၊ ပခုက္ကူမြို့။
၆။ ဦးတိလောကသာရ ... မြို့သစ်ကျောင်း၊ မလှိုင်မြို့။
၇။ ဦးဝိမလ မဟာလယ်တီတိုက်၊ မုံရွာမြို့။

ကြောင်ပန်းကျမ်းစာအဆိုနှင့်ပါဠိစာပေအဆိုနှိုင်းယှဉ်ချက်

ကြောင်ပန်းတောရဝါဒကို ဆုံးဖြတ်ရာတွင် ဓမ္မ ၁၉-ချက်၊ အဓမ္မ ၂၂-ချက်ဆုံးဖြတ်ထားသည်။ အဓမ္မ ၂၂-ချက်တို့ကို ပါဠိစာပေအဆိုနှင့် နှိုင်းယှဉ်ချက်အကျဉ်းကို ဖော်ပြပါသည်။

၁၉
၁။ တုံး၊ နေ၊ ကြက်စသည်တို့ကို ကြောင်ပန်းဆရာများက တုံးစသည်ပင် နာမ်၊ နာမ်သည်ပင် တုံးစသည်ဖြင့် အာရုံနှင့် အာရမ္မဏိက မခွဲဘဲ အာရုံနှင့် အာရမ္မဏိကကို တစ်သားတည်း ယူဆထားသည်။
ပါဠိစာပေကမူ တုံးစသည်သည် အာရုံ၊ နာမ်စိတ်သည် အာရမ္မဏိကဟူ၍ ဆိုထားသည်။
၂။ သက္ကာယဒိဋ္ဌိရှိနေသူမှန်သမျှ ဗုဒ္ဓဘာသာမဖြစ်၊ သရဏဂုံ မတည်ဟု ကြောင်ပန်းခြောက်စောင်တွဲ ဆရာက ဖော်ပြထားသည်။
ပါဠိစာပေကမူ လောကိယသရဏဂုံ လောကုတ္တရာသရဏဂုံ ၂-မျိုးရှိသည်။ သက္ကာယဒိဋ္ဌိ ရှိနေသော် လည်း လောကိယသရဏဂုံ တည်နိုင်သည်ဟု အဆိုရှိသည်။
၃။ မဟာကုသိုလ်ဉာဏသမ္ပယုတ်လေးခုနှင့် ပြုပြုသမျှသော ကုသိုလ်မှသာ ပုညကိရိယာဆိုပါဟု ကြောင် ပန်းကျမ်းဆရာများက ဆိုသည်။
ပါဠိစာပေကမူ ပုညကိရိယာမှာ ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ် ၂-မျိုးရှိသည်ဟု ဆိုသည်။
၄။ တကယ်ပရမတ်ဆတ်ဆတ်ကို တကယ်ထိထိမိမိနှင့် တကယ်သိမြင်လျှင် ဘယ်အနိစ္စ၊ ဘယ်ဒုက္ခ၊ ဘယ်အနတ္တဟု ရှုဖွယ်ရာမလို၊ တကယ်ပြီးစီးပါ၏။ ဝိသုဒ္ဓိ(၇)ပါး၊ ဝိပဿနာတရားဟု တခမ်းတနားလုပ်ဖွယ် မရှိ၊ အကုန်ငြိမ်းပါ၏ဟု ကြောင်ပန်းခြောက်ဆောင်တွဲဆရာက ဆို၏။
ပါဠိစာပေကမူ နေယျပုဂ္ဂိုလ်အတွက် ဝိသုဒ္ဓိ(၇)ပါးကို တခမ်းတနားလုပ်၍ အားထုတ်ရမည်ဟု ဆို၏။
၅။ လဟာပြင်ကြီးအတိသာ ဩကာသလောကမည်၏ဟု ကြောင်ပန်းခြောက်စောင်တွဲဆရာက ဆို၏။
ပါဠိစာပေကမူ အနိန္ဒိယဗုဒ္ဓဖြစ်သော ဥတုဇအဋ္ဌကလာပ်တို့၏ အပေါင်းအစုဖြစ်သည့် တောတောင် ရေမြေ အစရှိသော အရာဝတ္ထုများသည် ဩကာသလောကမည်၏ဟု ဆို၏။
၆။ ဝိညာဏံ အနိဒဿနံစသော ပါဠိဂါထာကို အနိစ္စဓာတ် သင်္ခတပရမတ်ရအောင် ခြောက်စောင်တွဲ ဆရာက အနက်ပေးပြထားသည်။
ပါဠိစာပေကမူ ဝိညာဏံ၊ အနိဒဿနံ ၂-ပုဒ်အရ နိဗ္ဗာန်ကိုသာ ယူရမည်ဟု ဆို၏။
၇။ ဝိညာဏံ၊ အနိဒဿနံ စသော ဂါထာအရ သင်္ခတ အသင်္ခတ တရား၂-မျိုးလုံးရနိုင်ပုံကို ခြောက်စောင် တွဲဆရာက ဆိုသည်။
ပါဠိစာပေကမူ ဝိညာဏံ၊ အနိဒဿနံ ဟူသော ၂-ပုဒ်အရ သင်္ခတ အသင်္ခတ ၂-မျိုးစလုံးကို မကောက် ယူရ၊ အသင်္ခတနိဗ္ဗာန်တစ်မျိုးတည်းကိုသာ ကောက်ယူရမည်ဟု ဆိုသည်။
၈။ နိဗ္ဗာန်ကို ဂေါစရဇ္ဈတ္တဟု ကြောင်းပန်းဟောပုံကျမ်းဆရာနှင့် မူလဋီကာဆရာကြီးက ပြဆိုထားသည်။ ဓမ္မသင်္ဂဏီပါဠိတော် (၂၇၃)ကမူ ဗဟိဒ္ဓဟု ပြဆိုထားသည်။
၉။ “ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗတော ပဘံ”ကို ထုတ်ပြ၍ ကောင်းကင်ကို သတ္တဝါခေါ်ကြောင်း၊ ငါခေါ် ကြောင်း၊ ကိုယ်ခေါ် ကြောင်း ခြောက်စောင်တွဲဆရာက ပြဆိုထားသည်။

၂ဝ
အမှန်မှာ သင်္ခတ၊ အသင်္ခတ (၂) မျိုးလုံးကို ပြသောစကားများ ဖြစ်သည်။ စောဒကဆရာများ တင်သည့် အတိုင်း ကောင်းကင်ဘုံကို သတ္တဝါခေါ်သည်ဟူသော စကားမျိုးမဟုတ်။ သင်္ခတ၊ အသင်္ခတ (၂)မျိုးရစကား ဖြစ်ကြောင်းကိုသာ ကျမ်းဆရာပြလိုရင်းဖြစ်သည်။
ပါဠိစာပေကမူ ဝိညာဏံ၊ အနိဒဿနံ၊ ၂-ပုဒ်အရ နိဗ္ဗာန်ကိုသာ ကောက်ယူရမည်ဟု ပြဆိုထားသည်။
၁၀။ နိဗ္ဗာနံ ပစ္ဆေတွာဟူသောအဋ္ဌကထာ၏ သဘောကား သစ္စာလေးပါးကို ပိုင်းခြားသိမြင်မှ နိဗ္ဗာန်ကို တောင်းရာကျသည်ဟု ကြောင်ပန်းဆရာက ဆိုထားသည်။
ပါဠိစာပေကမူ သစ္စာလေးပါးတရားကို မသိသော်လည်း မိမိလိုရာကို ဆုဆောင်းကောင်းကြောင်း ပြဆိုထားသည်။
၁၁။ သမုဒယသစ္စာကို တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်အားဖြင့် ပြတ်စဲချုပ်ငြိမ်းစေပြီးမှ တဏှာမဖက် ဝဋ်မှထွက်လိုသောဆန္ဒ မဟာကုသိုလ်ဉာဏသမ္ပယုတ်လေးခုဖြင့် ပြုသမျှသော ကောင်းမှု ကုသိုလ်ကို ပါရမီကုသိုလ်ဆိုသည်ဟု ခြောက်စောင်တွဲဆရာက ပြဆိုထားသည်။
ပါဠိစာပေကမူ မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ်လေးခု၌ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်များမရှိ တဒင်္ဂပဟာန်သာ ရှိသည်ဟု ပြဆိုထားသည်။
၁၂။ ဒုစရိုက် ၁၀-ပါးကြောင့်ဖြစ်သော အကုသိုလ်ကံတစ်ဆယ်၊ ပုညကိရိယာဝတ္ထုဆယ်ပါးကြောင့်ဖြစ်သော ကုသိုလ်ကံတစ်ဆယ်၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းကြောင့်ဖြစ်သော ရူပါဝစရကုသိုလ်ကံ ၅-ခု၊ အရူပကုသိုလ်ကံ ၄-ခုအားဖြင့် ကံပေါင်း ၂၉-ခုဟု ခြောက်စောင်တွဲဆရာက ပြဆိုထားသည်
ပါဠိစာပေကမူ ကာမရူပကုသိုလ်ကံစေတနာ ၁၃-ခု၊ အကုသိုလ်ကံစေတနာ ၁၂-ခု၊ အရူပကုသိုလ် ကံစေတနာ (၄)ခု စုစုပေါင်း (၂၉)ဟု ပြဆိုထားသည်။
၁၃။ ဒုစရိုက်ပြုသူ ငရဲမကျဟု တိုက်ရိုက်အဓိပ္ပါယ်သက်ရောက်သော စကားမျိုးကို ခြောက်စောင်တွဲဆရာက သုံးနှုန်းသည်။
ပါဠိစာပေကမူ သမ္မုတိဒေသနာပုဂ္ဂလကထာကို ဒုဿီလော သီလဝိပန္နော (ပ) နိရယံ ဥပပဇ္ဇတိဟု အကွက်ကျကျ သုံးနှုန်းသည်။
၁၄။ ထိုအခါ အနှစ်ဒြဗ်နိမိတ်မကပ်သော အနိစ္စပရမတ်သာ ငရဲသို့ရောက်ပါသည်ဟု ခြောက်စောင်တွဲ ဆရာက ဆိုထားသည်။
ပါဠိစာပေကမူ အတိတ်ဘဝက ရုပ်နာမ်ခန္ဓာတို့သည် ပစ္စုပ္ပန်ဘဝသို့ ပြောင်းရွှေ့လာကြသည် မဟုတ်၊ အတိတ်ဘဝက ပြုခဲ့သောကံစသော အကြောင်းသတ္တိကြောင့်သာ ဝိပါက်ဝိညာဉ်အမှူးရှိသော အသစ်ဖြစ် သော ပရမတ်တရားများသာ ဖြစ်ပေါ်လာသည်ဟု ပြဆိုထားသည်။
၁၅။ လူရှိသည်၊ နတ်ရှိသည်။ လူ့ပြည်ရသည်၊ နတ်ပြည်ကျသည်။ ဤသို့အစရှိသော အထင်အမြင်စုသည်

၂၁
စက္ခုစသော ဝိညာဏ်ခြောက်ပါး၏သဘော၊ မိစ္ဆာဝင်နေသော ဝိညာဉ်သိ၊ ဝိညာဉ်ထင်၊ ဝိညာဉ်မြင် ဖြစ်သည်။ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါခပဲ ငရဲမရှိဟု သိမြင်မှုသည် ဝိပဿနာဉာဏ်ယှဉ် ပညာသိ ပညာထင် ပညာမြင် ဖြစ်သည်ဟု ကျမ်းဆရာက ပြဆိုထားသည်။
ပါဠိစာပေကမူ သမ္မုတိဒေသနာပုဂ္ဂလကထာကိုပင် အကွက်ကျကျ ပြဆိုထားသည်။
၁၆။ သင်္ခါရလောကအရ အနိန္ဒိယဗုဒ္ဓအဝိညာဏကတစ်မျိုးတည်းကိုသာ ကောက်ယူထားသည်။
ပါဠိစာပေကမူ သင်္ခါရလောကအရ ဣန္ဒြိယဗုဒ္ဓ၊ အနိန္ဒိယဗဒ္ဓ (၂) မျိုးလုံးကို ကောက်ယူရမည်ဟု ပြဆိုထားသည်။

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

ဖော်ပြပါ အကြောင်းအချက်များကြောင့် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၃)ဝိနည်းဓိုရ် ဆရာတော်များအားလုံးက အဓမ္မဝါဒသာဖြစ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

မှတ်ချက်
ဆုံးဖြတ်ချက်နှင့်အညီ ထုတ်ယူထားသော နှိုင်းယှဉ်ချက်ဖြစ်၍ ဆုံးဖြတ်ချက်ကို ထပ်မံဖော်ပြခြင်း မပြုတော့ဘဲ အကျဉ်းအားဖြင့် မှတ်သားခွဲခြားနိုင်လောက်ပြီဟု ယူဆပါသည်။

၂၂

ကျောက်ပုံတောရဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၄)က ၁၃၄၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၆-၇-၈)ရက်၊
၁၉၈၂ ခုနှစ်၊ နိုဝင်ဘာလ (၇-၈-၉)ရက်တို့တွင် အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

စောဒကပုဂ္ဂိုလ်များ
၁။ ဦးပဏ္ဍိတ - ဝိသိဋ္ဌဒီဃဘာဏက၊ ဆားကန်ကျောင်း ဦးစံဖေလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်။
၂။ ဦးဝိသုဒ္ဓါစာရ - ပဒါန်းကျောင်း၊ ပဒါန်းကျေးရွာ၊ ငဖဲမြို့၊ မကွေးတိုင်း။
၃။ ဦးဉာဏသာမိ - လိပ်တောင်အနောက်ကျောင်း၊ မင်းဘူးမြို့နယ်၊ မကွေးတိုင်း။ (ဓမ္မာစရိယ၊ ဝိနယဓရ၊ ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ)
၄။ ဦးအဂ္ဂဓမ္မ - မာရ်အောင်ကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့။

စုဒိတကပုဂ္ဂိုလ်များ
၁။ ဦးဥက္ကံသ - ကမ္ဘာ့ဝိပဿနာဗဟိုသင်တန်းကျောင်း၊ ပုရွက်ဆိပ်ကုန်းရပ်ကွက်၊ မြောက်ဥက္ကလာပ။
၂။ ဦးစိန္တာမယဉာဏသိဒ္ဓိ - ဝိဘဇ္ဇဝါဒီကျောင်း၊ ပုရွက်ဆိပ်ကုန်းရပ်ကွက်၊ မြောက်ဥက္ကလာပ။
၃။ ဦးကောဝိဒ - ကျောက်ပုံတောရသီးခြားကမ္ဘာ့ဝိပဿနာနေယျသင်တန်းကျောင်း၊ ပုရွက်ဆိပ်ကုန်းရပ်ကွက်၊ မြောက်ဥက္ကလာပ။
၄။ ဦးဉာဏောဘာသ - ကျောက်ပုံတောရသီးခြားကမ္ဘာ့ဝိပဿနာနေယျသင်တန်းကျောင်း၊ ပုရွက်ဆိပ်ကုန်းရပ်ကွက်၊ မြောက်ဥက္ကလာပ။
၅။ ဦးစန်းမောင် - ကြည့်မြင်တိုင်။
၆။ ပုသိမ်ဆရာညွှန့် - ကျောက်စရစ်ကုန်းရပ်ကွက်
၇။ ဦးနေဝင်းသိန်း - (၇)ရပ်ကွက်၊ တောင်ဥက္ကလာပ၊ ရန်ကုန်မြို့။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၄)ဆရာတော်များ
၁။ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ (သဘာပတိ) - ရွှေကျင်ကျောင်းတိုက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။
၂။ ဘဒ္ဒန္တပညိန္ဒာဘိဝံသ (အဖွဲ့ဝင်)
၃။ ဘဒ္ဒန္တဓမ္မသာရာဘိဝံသ (အဖွဲ့ဝင်) - မဟာအော်မြေဘုံစံကျောင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၂၃

၄။ ဘဒ္ဒန္တအရိယဝံသ (အဖွဲ့ဝင်) - အဘယခေမိကာရုံကျောင်း၊ တောင်ကုတ်မြို့၊ ရခိုင်ပြည်နယ်။
၅။ ဘဒ္ဒန္တဝေပုလ္လာဘိဝံသ (အဖွဲ့ဝင်) - အောင်မြေဘုံသာကျောင်း၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်း။
ရွှေဘုံသာကျောင်း၊ ဟဲယားရွာမ၊ ညောင်ရွှေမြို့၊ ရှမ်းပြည်နယ်။

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

၁။ မြတ်စွာဘုရား၏ ဝါဒတော်သည် သဗ္ဗညုတဉာဏ်တော်ဖြင့် သိမြင်ဟောကြားတော်မူသော ယထာဘူတဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ဝိတဏ္ဍဝါဒ တက္ကဝါဒ ဖြစ်သည်။

၂။ မြတ်စွာဘုရား၏ ဝါဒတော်သည် အာနာပါနပဗ္ဗ၊ ဣရိယာပထပဗ္ဗ စသောကမ္မဋ္ဌာန်းများကို ပုထုဇဉ် ပုဂ္ဂိုလ်များ ပွားများရသောဝါဒ ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် အာနာပါနပဗ္ဗ၊ ဣရိယာပထပဗ္ဗ စသော ကမ္မဋ္ဌာန်းများကို ပုထုဇုဉ်ပုဂ္ဂိုလ်များ မပွားရသောဝါဒ ဖြစ်သည်။

၃။ မြတ်စွာဘုရား၏ ဝါဒတော်သည် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဖြစ်ပျက်ကို ရှူရသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဖြစ်ပျက်ကို မရှုသောဝါဒ ဖြစ်သည်။

၄။ မြတ်စွာဘုရား၏ ဝါဒတော်သည် ပဉ္စင်းခံရာ၌ အရိယာသံဃာမပါသော်လည်း ရဟန်းအဖြစ်သို့ ရောက်နိုင်သော ဝါဒတော် ဖြစ်သည်။ ကျောက်ပုံတောရဝါဒသည် ပဉ္စင်းခံရာ၌ အရိယသံဃာမပါဝင်က ရဟန်းအဖြစ်သို့ မရောက်နိုင်သောဝါဒ ဖြစ်သည်။
မြတ်စွာဘုရား၏ ဝါဒတော်သည် ယခုခေတ် ဉာတ္တိစတုတ္ထကံဖြင့်သာ ရဟန်းဖြစ်သောဝါဒ၊ ဝိပဿနာ ဖြင့်သာ သောတာပန်ဖြစ်သောဝါဒ ဖြစ်သည်။

ကျောက်ပုံတောရဝါဒသည် သင်တန်း(၉)ရက်တက်ပြီးက အလိုလို သောတာပန်ရဟန်းဖြစ်သော ဝါဒ ဖြစ်သည်။

၅။ မြတ်စွာဘုရား၏ဝါဒသည် သမ္မာဒိဋ္ဌိစသော ရှစ်ပါးအပေါင်းကို မဂ္ဂဟု ဟောတော်မူသော ဝါဒတော် ဖြစ်သည်။ ကျောက်ပုံတောရဝါဒသည် စေတနာကို မဂ္ဂဟု ဟောသောဝါဒ ဖြစ်သည်။

၆။ မြတ်စွာဘုရား၏ ဝါဒတော်သည် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများကို ကောင်းမွန်မှန်ကန် သောအကျင့်ဟု ဟောပြသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ကောင်းမှုများကို သီလဗ္ဗတပရာမာသဟု ယူဆသောဝါဒ ဖြစ်သည်။

၇။ မြတ်စွာဘုရား၏ ဝါဒတော်သည် အသင်္ခတကို နိဗ္ဗာန်ဟု ဟောတော်မူသော ဝါဒတော် ဖြစ်သည်။ ကျောက်ပုံတောရဝါဒသည် အသင်္ခတကို နိဗ္ဗာန်မဟုတ်ဟု ယူသောဝါဒ ဖြစ်သည်။

၂၄

၈။ မြတ်စွာဘုရား၏ ဝါဒတော်သည် ပဉ္စသီလစသည်ကို သီလဟု ဟောတော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ယောက်ျားမိန်းမစသော ပုံသဏ္ဌာန်ကို ပယ်သတ်ခြင်းသည်လည်းကောင်း၊ အတ္တအတ္တနိယမှ လွန်မြောက်ခြင်းသည်လည်းကောင်း သီလမည်၏ဟု ယူဆသောဝါဒ ဖြစ်သည်။

၉။ မြတ်စွာဘုရား၏ ဝါဒတော်သည် သီလ၊ သမာဓိ၊ ပညာဟု ပဋိပတ္တိက္ကမကို ဟော်တော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ပညာ၊ သီလ၊ သမာဓိဟု ပဋိပတ္တိက္ကမကို ပြောင်းပြန်ယူဆသောဝါဒ ဖြစ်သည်။

၁၀။ မြတ်စွာဘုရား၏ ဝါဒတော်သည် ရုပ်နာမ်ဓမ္မတို့၏ သန္တတိကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုရမည်ဟု ဟောတော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ရုပ်နာမ်ဓမ္မတို့၏ သန္တတိကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု မရှုရဟု ယူဆသော ဝါဒ ဖြစ်သည်။

၁၁။ မြတ်စွာဘုရား၏ ဝါဒတော်သည် အနိစ္စစသောအားဖြင့် ရုပ်နာမ်တို့ကို ရှုမှတ်သောဉာဏ်ကို ဝိပဿနာဟု ဟောတော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် “သင်ယူ မှတ်သား၊ နာကြား တွေးကြံ၊ မကျေနပ်၊ နောက်ထပ် မေးမြန်း ရန်”ဟူသော ကလျာဏအင်္ဂါငါးတန်အရ သုတမယ၊ စိန္တာမယ အသိမျှကိုပင် ဝိပဿနာဟု ယူဆသော ဝါဒ ဖြစ်သည်။

၁၂။ မြတ်စွာဘုရား၏ ဝါဒတော်သည် ဝဋနိဿိတကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိတို့ကိုသာ မိစ္ဆာပဋိပဒါဟု ဟောတော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ကမ္မဿကတာသမ္မာဒိဋ္ဋိ၊ ဈာနသမ္မာဒိဋ္ဌိ မှန်သမျှကို မိစ္ဆာပဋိပဒါဟု ယူဆသောဝါဒ ဖြစ်သည်။

၁၃။ မြတ်စွာဘုရား၏ ဝါဒတော်သည် ဒေသနာတော်ကို အရာအားလျော်စွာ ပရိယာယ နိပ္ပရိယာယ အားဖြင့် ဟောကြားတော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ဒေသနာတော်ကို နိပ္ပရိယာယအားဖြင့်သာ ယူဆသောဝါဒ ဖြစ်သည်။

၁၄။ မြတ်စွာဘုရား၏ ဝါဒတော်သည် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ အယူများကို မှားသောအယူဟု ဟောတော်မူသော ဝါဒတော် ဖြစ်သည်။

၂၅

ကျောက်ပုံတောရဝါဒသည် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ အယူများကို အမှားအမှန် နှစ်မျိုးရှိ၏ဟု ယူဆသောဝါဒ ဖြစ်သည်။

၁၅။ မြတ်စွာဘုရား၏ ဝါဒတော်သည် သမ္မသနဉာဏ်ကို အဓိကထား၍ ပွားများရသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် သမ္မသနဉာဏ်ကို အဓိကထား၍ မပွားများရသောဝါဒ ဖြစ်သည်။

၁၆။ မြတ်စွာဘုရား၏ ဝါဒတော်သည် ဥဂ္ဃဋိတညူစသော ပုဂ္ဂိုလ်လေးယောက်တို့အတွက် ဘုရားပွင့် တော်မူ၏ဟု မှတ်ယူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ဥဂ္ဃဋိတညူစသော ပုဂ္ဂိုလ်သုံးယောက်အတွက်သာ ဘုရားပွင့်တော်မူ သည်။ ပဒပရမပုဂ္ဂိုလ်အတွက် ဘုရားပွင့်တော်မူသည်မဟုတ်ဟု ယူဆသောဝါဒ ဖြစ်သည်။

၁၇။ မြတ်စွာဘုရား၏ ဝါဒတော်သည် ရုပ်တဖွားဖွားနာမ်တဖွားဖွားကို ဝိပဿနာရှုရသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ရုပ်တဖွားဖွားနာမ်တဖွားဖွားကို ဝိပဿနာမရှုရသောဝါဒ ဖြစ်သည်။

၁၈။ မြတ်စွာဘုရား၏ ဝါဒတော်သည် သိတတ်တာက နာမ်၊ မသိတတ်တာက ရုပ်၊ ညွတ်တတ်တာက နာမ်၊ ဖောက်ပြန်တတ်တာက ရုပ် စသည်ဖြင့် ပိုင်းခြားသိသောဉာဏ်ကို နာမရူပပရိစ္ဆေဒဉာဏ်ဟု ဟောတော် မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ယင်းဆိုအပ်ခဲ့ပြီးအတိုင်း ပိုင်းခြားသိတတ်သောဉာဏ်ကို နာမရူပပရိစ္ဆေဒဉာဏ် မဟုတ်ဟု ယူဆသောဝါဒ ဖြစ်သည်။

၁၉။ မြတ်စွာဘုရား၏ ဝါဒတော်သည် အာရုံခြောက်ပါးတရားများကို ကာလသုံးပါး၌ ဖြစ်၏ဟု ဟောတော် မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် အာရုံခြောက်တရားများကို ကာလသုံးပါးမှ လွတ်၏ဟု ယူဆသောဝါဒ ဖြစ်သည်။

၂၀။ မြတ်စွာဘုရား၏ ဝါဒတော်သည် ဟဒယဝတ္ထုသည် မနောဓာတ်၊ မနောဝိညာဏဓာတ်တို့၏မှီရာ ဖြစ်၏ဟူ၍လည်းကောင်း၊ စေတနာကို ကံခေါ်၏ဟူ၍လည်းကောင်း၊ ကံဆိုသည်မှာ ပြုလုပ်မှုသာ ဖြစ်၏ဟူ၍ လည်းကောင်း ဟောတော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ဟဒယဝတ္ထုဟူသည် နှလုံးသွေး ဖြစ်၏ဟူ၍လည်းကောင်း၊ နှလုံးသွေးကို ပါဠိလို ကမ္မဟူ၍လည်း ခေါ်၏ဟူ၍လည်းကောင်း၊ မြန်မာလို အရှိန်ဖြစ်၏ဟူ၍လည်းကောင်း ယူဆသောဝါဒ ဖြစ်သည်။

၂၁။ မြတ်စွာဘုရား၏ ဝါဒတော်သည် နိဗ္ဗာန်ကို သန္တိသုခသဘာဝအားဖြင့် ထင်ရှားသော သဘောတရားဟု ဟောတော်မူသော ဝါဒတော် ဖြစ်သည်။

၂၆

ကျောက်ပုံတောရဝါဒသည် နိဗ္ဗာန်ကို ချုပ်ငြိမ်းရုံမျှသာ ဖြစ်၏ဟု ယူဆသော သဘာဝဝါဒ ဖြစ်သည်။

၂၂။ မြတ်စွာဘုရား၏ ဝါဒတော်သည် ကိလေသာမှကြွင်းသော ခန္ဓာရှိသော ငြိမ်းအေးမှုကို သဥပါဒိသေသနိဗ္ဗာန်ဟု ဟောတော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ကိလေသာတန်းလန်းနှင့် သိနေတာ သဥပါဒိသေသနိဗ္ဗာန် ကိလေသာ ကုန်မှ သိတာ အနုပါဒိသေသနိဗ္ဗာန်ဟု ယူဆသောဝါဒ ဖြစ်သည်။

၂၃။ မြတ်စွာဘုရား၏ ဝါဒတော်သည် ရာဂဝိနယပဋိပန္န(-ရာဂကိုပယ်ဖို့ရာကျင့်သောပုဂ္ဂိုလ်)အရ ထိုနေ့ ရှင်ဖြစ်သော ဘဏ္ဍာကိုင်သာမဏေအထိ ကျင့်ဆဲမှန်သမျှ ဟောတော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် သေက္ခပုဂ္ဂိုလ် (၇)ယောက်ကိုသာ ယူဆသောဝါဒ ဖြစ်သည်။
မြတ်စွာဘုရား၏ ဝါဒတော်သည် သေက္ခ အသေက္ခ၊ သီလဝန္တ ပုထုဇဉ်အားလုံး အလှူခံထိုက်သော ပုဂ္ဂိုလ်အဖြစ် ဟောတော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် သေက္ခ အသေက္ခပုဂ္ဂိုလ်များကိုသာ အလှူခံထိုက်သောပုဂ္ဂိုလ်အဖြစ် ယူဆသောဝါဒ ဖြစ်သည်။

၂၄။ မြတ်စွာဘုရား၏ ဝါဒတော်သည် လက္ခဏာရေးသုံးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဟောတော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် အနတ္တ၊ အနိစ္စ၊ ဒုက္ခဟု ဒေသနာက္ကမ အစဉ်မကျဘဲ ယူဆသောဝါဒ ဖြစ်သည်။

၂၅။ မြတ်စွာဘုရား၏ ဝါဒတော်သည် ဘုံသုံးဆယ့်တစ်ကို ကိုယ်တော်တိုင် ဟောတော်မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် ဘုံသုံးဆယ့်တစ်ကို ဘုရားကိုယ်တိုင်မဟော အများပြောဟု ယူဆသော ဝါဒ ဖြစ်သည်။

၂၆။ မြတ်စွာဘုရား၏ ဝါဒတော်သည် စိတ်၊ စေတသိက်၊ ရုပ်တရားများကို သင်္ခါရလောကဟု ဟောတော် မူသော ဝါဒတော် ဖြစ်သည်။
ကျောက်ပုံတောရဝါဒသည် စိတ်၊ စေတသိက်၊ ရုပ်တရားများကို ဩကာသလောကဟု ယူဆသော ဝါဒ ဖြစ်သည်။

ဖော်ပြပါအချက်များကြောင့် ကျောက်ပုံတောရဝါဒကို အဓမ္မဝါဒဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ် အဖွဲ့အမှတ်(၄)က တညီတညွတ်တည်း ဖြစ်တော်မူခဲ့ကြသည်။

၂၇

အဓမ္မဝါဒဟုအဆုံးအဖြတ်ခံရသောကျောက်ပုံတောရဆိုင်ရာစာအုပ်စာတမ်းများ
၁။ ဗုဒ္ဓဝါဒနှင့် လုပ်ငန်းစဉ် - ရေးသူ ဦးစံရင်
၂။ အရိယဝိဇ္ဇာသင်္ကြန်စာ - ထုတ်ဝေဖြန့်ချိသူ ဦးဝဏ္ဏသာမိ
၃။ သင်္ဂါယနာ ကဗျာစာ - ရေးသူ ဦးစံရင်
၄။ နိဗ္ဗာန်အမတ ဩဝါဒကထာ ... ဦးစံရင်
၅။ ထင်လေးလုံး - ဦးစံရင်
၆။ ကာယိကဒုက္ခဝိမုတ္တိကျမ်း - ဦးစံရင်
၇။ မေးခွန်းပေါင်းချုပ်ကျမ်း - ဦးစံရင်
၈။ အဓိကဝိပဿနာကျမ်း - ဦးစံရင်
၉။ ကမ္ဘာ့ဝိပဿာနာ ၁၈-ချက် - ဦးစံရင်
၁၀။ နေပဣပညာအနုစိတ်ကျမ်း (ပ-တွဲ) - ဦးစံရင်
၁၁။ နိဗ္ဗာန်သွားခန်း ဖြတ်လမ်းသင်တန်း ရေးသူ ဦးနေဝင်းသိန်း
၁၂။ ကမ္ဘာ့ဝိပဿနာကျမ်း (ပ-တွဲ) (နေယျသင်တန်း)
၁၃။ စံပြဝိပဿနာ ရေးသူ - နေမျိုးရာဇာဦးမောင်ကြီး။ (ပညာနေတ္တိဝိပဿနာနည်း၊ ဒဿနသမ္ပဒါနည်းတို့ကို လက်ခံသူ။)
၁၄။ မှတ်ပုံတင်သင်တန်း - ဦးစံရင်
၁၅။ လေးလွှာဖျက်ခန်းအနတ္တဝိပဿနာကျမ်း - ရေးသူ- ဦးဝီရိယာဓိကဉာဏ
၁၆။ အနုစိတ်ဝိနိစ္ဆယအမေးအဖြေကျမ်း(၁) - ရေးသူ - ပဟိုရ်စည် ဦးဝိဇယျ
၁၇။ နာတိသင်္ခေပပညာသိဝိပဿနာကျမ်း - ရေးသူ - ဓမ္မဒီပ ဦးဉေ ယျ
၁၈။ ကဗျာ့မေဒနီကျမ်းငယ် - ဦးစံရင်
၁၉။ ကမ္ဘာ့ဝိပဿနာမဂ္ဂင် ရှစ်စောင်တွဲ - တာဝန်ခံ - ဦးသုန်
၂ဝ။ ဝိဘဇ္ဇဝါဒပကာသနီကျမ်းမှ ကောက်နုတ်ချက် ... ရေးသူ - ပုသိမ်ဆရာညွန့်
၂၁။ ၉-ကြိမ်မြောက်ကမ္ဘာ့ဝိပဿနာဆရာအားဂုဏ်ပြုပူဇော်ပွဲအထိမ်းအမှတ်စာစောင် - စီစဉ်ရေးသားပြုစုသူ - ပုသိမ်ဆရာညွန့်
၂၂။ ပုသိမ်ဆရာညွန့် လက်ကမ်းစာစောင် ၃-စောင်
ထို့ပြင် တရားတိပ်ခွေများလည်း ရှိသည်။

၂၈

ဦးမာလာဝရ(ရေတာရှည်)ဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၅)က ၁၃၄၄-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄) ရက်၊ ၁၉၈၃-ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

စောဒကပုဂ္ဂိုလ်များ
၁။ ဦးဘဒ္ဒိယ - သာဂရမြို့။
၂။ ဦးမုနိတ - ရေတာရှည်မြို့။
၃။ ဦးသာသန - ဆွာမြို့။

စုဒိတကပုဂ္ဂိုလ်များ
၁။ ဦးမာလာဝရ - ကညင်အိုင်ကျေးရွာ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်း။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ
၁။ ဘဒ္ဒန္တဝိဇယ (သဘာပတိ) - ကွမ်းခြံကုန်းကျောင်း၊ ဝါးခယ်မမြို့
၂။ ဘဒ္ဒန္တပဏ္ဍိစ္စ (အဖွဲ့ဝင်) - ဓမ္မိကာရုံပါဠိတက္ကသိုလ်၊ ရန်ကုန်မြို့
၃။ ဘဒ္ဒန္တနန္ဒိယ (အဖွဲ့ဝင်) - ပညာပဇ္ဇောတာရုံကျောင်း၊ ပေါက်ခေါင်းမြို့
၄။ ဘဒ္ဒန္တနေမိန္ဒ (အဖွဲ့ဝင်) - မဟာဝိဇယာရာမတိုက်၊ ပခုက္ကူမြို့
၅။ ဘဒ္ဒန္တသီလဝံသ (အဖွဲ့ဝင်) - ဝန်းသိုကျောင်း၊ မြစ်ကြီးနားမြို့

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

(က) ဦးမာလာဝရသည် ဗုဒ္ဓသာသနာတော်၏ သရဏဂုံ(၃)ပါးကို ဖယ်ရှားလျက် သာသနာတော်မှအပ ဖြစ်သော မိမိတို့၏ မိစ္ဆာသရဏဂုံများကို ယုံကြည်လက်ခံ ဟောပြောခြင်းကြောင့်လည်းကောင်း
(ခ) ဦးမာလာဝရသည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော အရိယကန္တ၊ ပကတိစာရိတ္တငါးပါး၊

၂၉

ပဉ္စသီကျင့်ဝတ်ကို ပယ်ရှား၍ မိစ္ဆာသီလများကို လက်ခံယုံကြည်လျက် သူတစ်ပါးအား ဟောပြော ခြင်းကြောင့်လည်းကောင်း
(ဂ) ဦးမာလာဝရသည် မြတ်စွာဘုရား၏ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါး အကျင့် တရားတို့ကို ဖယ်ရှားလျက် မှားယွင်းစွာ ကြံဆထားသော မိမိတို့၏ မိစ္ဆာအကျင့်တရားတို့ကို စွဲယူဟောပြောခြင်းကြောင့်လည်းကောင်း
(ဃ) ထေရဝါဒ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ အနက်အဓိပ္ပါယ်တို့ကို ဖောက်ဖောက်ပြားပြား လွဲမှားစွာ ဖော်ထုတ်လျက် ထေရဝါဒ ပိဋကတ်တို့ကို လက်ခံယုံကြည်ခြင်းမရှိသောကြောင့်လည်းကောင်း
(င) မြတ်စွာဘုရား၏ သာသနာတော်အဆုံးအမသည် သီလ၊ သမာဓိ၊ ပညာ သိက္ခာ(၃)ပါးနှင့် ပြည့်စုံ စေသောအဆုံးအမ ဖြစ်၍ ဦးမာလာဝရ၏ဝါဒသည် ကိုယ်တွင်းရှိ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်နှင့် ကမ္ဘာမြေကြီးကိုသာ ဖော်ပြသော မျက်တွေ့ လက်တွေ့ ဝါဒ ဖြစ်သောကြောင့်လည်းကောင်း၊
(စ) မြတ်စွာဘုရား၏ အဆုံးအမတော်သည် ဗြဟ္မာ၊ နတ်၊ ငရဲ၊ ဗြဟ္မာပြည်၊ နတ်ပြည်၊ ငရဲပြည်-အရှိကို လက်ခံသောဝါဒ ဖြစ်၍ ဦးမာလာဝရ၏ဝါဒသည် နတ္ထိ သတ္တာ ဩပပါတိကာဝါဒဟူသော မိစ္ဆာ ဝါဒဖြစ်သောကြောင့်လည်းကောင်း
(ဆ) မြတ်စွာဘုရား၏ ဝါဒတော်သည် ဓမ္မဝိနယတို့ကို ချမှတ်၍ တည်တံ့စေသောဝါဒ ဖြစ်၍ ဦးမာလာ ဝရ၏ဝါဒသည် ဓမ္မဝိနယတို့ကို အမြစ်ကစ၍ ဖြိုဖျက်ပျက်စီးစေသောဝါဒသာ ဖြစ်သောကြောင့် လည်းကောင်း

စုဒိတက ဦးမာလာဝရ၏ ဝါဒသည် ထေရဝါဒ ပိဋကတ်ဟု ဆိုအပ်သော သာသနဓမ္မနှင့် ဥဇုပစ္စနိက- ဖြောင့်ဖြောင့်ဆန့်ကျင်သော ထေရဝါဒမှအပဖြစ်သော အဓမ္မဝါဒသာ ဖြစ်သည်ဟု နိုင်ငံတော်သီးခြားဝိနည်း ဓိုရ်အဖွဲ့အမှတ်(၅)ဆရာတော်များ အားလုံးတို့က တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

မှတ်ချက်
၂၀၀၉-ခုနှစ်ရိုက် ဝိနိစ္ဆယစာအုပ်တွင်-
(က) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်၏ ဩဝါဒ (မပါ)။
(ခ) အဓမ္မဝါဒ စွန့်လွှတ်ကြောင်း (မပါ)။
(ဂ) ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ (မပါ)။
(ဃ) စောဒက၏ စောဒနာလွှာအကျယ် (မပါ)။
(င) စုဒိတက၏ သောဓနာလွှာအကျယ်က များနေသည်။

၃ဝ

ဓမ္မနီတိဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၆)သည် ၁၃၄၅ခုနှစ်၊ ( )လ၊ ( )ရက်နေ့တွင် အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက် ချမှတ်တော်မူသည်။

စောဒကပုဂ္ဂိုလ်များ
၁။ ဦးဝိမလဗုဒ္ဓိ - သာကေတမြို့
၂။ အရှင်ဉာဏိဿရ (ဓမ္မာစရိယ) - ငါးသိုင်းချောင်းမြို့
၃။ အရှင်စက္ကိန္ဒ - သာကေတမြို့
၄။ ဦးရေဝတ - မုတ္တမကျေးရွာ၊ ပေါင်မြို့နယ်။

စုဒိတက
ဦးပညာဝံသ - ဓမ္မနီတိဗိမာန်ကျောင်း၊ သာကေတမြို့။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ
၁။ ဘဒ္ဒန္တတိက္ကိန္ဒိယ (သဘာပတိ) - ကျောင်းတော်ရာရွှေကျင်တိုက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
၂။ ဘဒ္ဒန္တဥတ္တရာဘိဝံသ (အဖွဲ့ဝင်) - သီတာရုံကျောင်း၊ သရက်တောတိုက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
၃။ ဘဒ္ဒန္တက၀ိန္ဒ (အဖွဲ့ဝင်) - ထုံးအိုင်အလယ်ကျောင်း၊ ဖားအံမြို့၊ ကရင်ပြည်နယ်။
၄။ ဘဒ္ဒန္တကုမာရာဘိဝံသ (အဖွဲ့ဝင်) - ဗန်းမော်ကျောင်းတိုက်၊ တက္ကသိုလ်စာတိုက်၊ မန္တလေး။
၅။ ဘဒ္ဒန္တကောဏ္ဍည (အဖွဲ့ဝင်) - မဟာဝိသုဒ္ဓါရုံပါဠိတက္ကသိုလ်ကျောင်းတိုက်၊ နန္ဒဝန်လမ်း၊ဗဟန်းမြို့နယ်၊ ရန်ကုန်

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

၁။ ဓမ္မနီတိသည် “သဿတဒိဋ္ဌိ ဗုဒ္ဓဘာသာ”ဟု စွပ်စွဲဆဲရေးသဖြင့် ဓမ္မနီတိဝါဒသည် ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်ကို စော်ကားဖျက်ဆီးသောဝါဒ ဖြစ်သောကြောင့်လည်းကောင်း၊

၃၁

၂။ ဓမ္မနီတိသည် “ကုသိုလ်၊ အကုသိုလ်မရှိ။ ရုပ်နာမ်ပရမတ် မရှိ။ သံဃာဆွမ်းလောင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဘုရားဂုဏ်တော်ပွားခြင်း၊ ဘုရားရှိခိုးခြင်းသည် အဝီစိကျနေသည်။ သီလမရှိသူက ငါးပါးသီလရှိသူထက် လွတ်လပ်တယ်၊ ငါးပါးသီလသမားက ရှစ်ပါးသီလသမားထက် ပို၍ လွတ်လပ်တယ်”စသည်တို့ကို ဟော ပြောသဖြင့် ဓမ္မနီတိဝါဒသည် အရည်းကြီးအဇိတ၏ နတ္ထိကဝါဒ၏နောက်လိုက်ဝါဒသာ ဖြစ်သောကြောင့် လည်းကောင်း၊

၃။ ဓမ္မနီတိသည် “ပကတိ(ခေါ်)ဓာတ်မသည် ပုရိသ(ခေါ်)ဖိုဓာတ်နှင့် ပေါင်းစပ်သောအခါ သတ္တဝါတို့ ၏ ခန္ဓာကိုယ်ကို ဖန်တီးသည်”ဟူသော ကပိလရသေ့၏ ဝါဒမှားသို့ အတုလိုက်လျက် “မိဘတို့ကြောင့် ဖြစ်လာသော ကလလရေကြည်က မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်၊ လက်ခြေ စသော ခန္ဓာကိုယ်ကောင်ကို ဖန်တီးသည်”ဟု ဟောပြောသဖြင့် ဓမ္မနီတိဝါဒသည် မြတ်ဗုဒ္ဓဝါဒတော်ကို ဆန့်ကျင်သော အညတိတ္ထိယဝါဒ တို့၏ နောက်လိုက်ဝါဒသာဖြစ်သောကြောင့်လည်းကောင်း၊

၄။ ပစ္စယာကာရေ ဉာဏံ ဩတာရေတွာဟူသော အဋ္ဌကထာပါဠိမှန်ကို ကရဇကာယေ ဉာဏံ ဩတာရေတွာဟု ပြင်ဆင်တုပ ပါဠိလွဲကိုပြလျက် “မိဘတို့၏ ကိလေသာသောင်းကျန်းမှုကြောင့် ဖြစ်လာသော ကလလရေကြည်ကို ဘဝအစ စွဲစရာရှာမရတဲ့ အနတ္တ သုည”ဟု ဟောပြောသဖြင့် ဓမ္မနီတိဝါဒသည် ဗုဒ္ဓ သာသနာတော်ကို ပယ်လှန်ဖျက်ဆီးသောဝါဒဖြစ်သောကြောင့်လည်းကောင်း၊

၅။ “ရုပ်နာမ်ရှုဝိပဿနာသည် အလွဲအမှားသာ ဖြစ်သည်။ ရုပ်နာမ်လွတ်ဝိပဿနာသာ လမ်းမှန်ဖြစ် သည်”ဟု ဟောပြောသဖြင့် ဓမ္မနီတိဝါဒသည် ဗုဒ္ဓ၏ အရိယလမ်းကြောင်းမှန် သာသနာတော်ကို ဆန့်ကျင် ဖျက်ဆီးသောကြောင့်လည်းကောင်း၊

၆။ ဤပြခဲ့ပြီးအချက်တို့မှတစ်ပါး ဤရုံးတော်က အကျယ်စိစစ်ပြခဲ့ပြီးသော အခြားအကြောင်းတို့ကြောင့် လည်းကောင်း-
ဓမ္မနီတိဝါဒသည် ဗုဒ္ဓသာသနာတော်၏ ဆန့်ကျင်ဘက် သာသနာဖျက် အဓမ္မဝါဒ အဝိနယဝါဒ စစ်စစ်သာ ဖြစ်သည်ဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၆)ဝိနည်းဓိုရ်ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်သည်။

၇။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၆)ရုံးတော်သို့ သက်သေခံပစ္စည်းအဖြစ် တင်ပြထားသော ဓမ္မနီတိဝါဒ စာအုပ်(၃)အုပ်နှင့် အသံဖမ်းတိတ်ခွေ(၃၉)ခွေတို့၌ ပါရှိသောဓမ္မနီတိတရားများ၊ ဤသက်သေ ခံပစ္စည်း၌ မပါဝင် ကျန်ရှိ နေသေးသော တိတ်ခွေတို့၌ ပါရှိသော ဓမ္မနီတိတရားများ၊ ဓမ္မနီတိဝါဒနှင့် ဆက်စပ် နေသော တရားများသည်လည်း ထေရဝါဒ ပိဋကတ်တော်လာ ဓမ္မဝိနယများနှင့် ဆန့်ကျင်ဘက် ဖြစ်ရကား အဓမ္မဝါဒ ဖြစ်ကုန်သည်ဟူ၍ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၆)ဝိနည်းဓိုရ်ဆရာတော် များအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

၃၂

၈။ ထိုမှတစ်ပါး ထိုဓမ္မနီတိဝါဒနှင့် ဆက်စပ်လျက်ရှိနေသော ဓမ္မနီတိသင်တန်း အစရှိသော အမည် များနှင့် တံဆိပ်တုံး ဆိုင်းဘုတ် အစရှိသော ထိုဓမ္မနီတိဝါဒကို ဖော်ပြသိစေလျက်ရှိသော အထိမ်းအမှတ် ပစ္စည်းဝတ္ထုမှန်သမျှအားလုံးတို့သည် ဓမ္မနီတိ၏အဓမ္မဝါဒကို ဖော်ပြရာရောက်သောကြောင့် အဓမ္မနှင့် သက်ဆိုင်သောပစ္စည်းများ ဖြစ်ကုန်သည်ဟူ၍ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၆) ဝိနည်းဓိုရ် ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

၉။ ထိုဓမ္မနီတိဝါဒနှင့် ထိုဓမ္မနီတိဝါဒမှ ဆက်စပ်ပေါက်ပွားလာသော ဝါဒတို့ကို ရေးသားဟောပြော ကြသော ရဟန်းရှင်လူတို့သည်လည်းကောင်း၊ ထိုဓမ္မနီတိဝါဒတို့ကို လိုက်နာကျင့်ကြံအားထုတ်ကြသည့် ရဟန်း ရှင်လူတို့သည်လည်းကောင်း၊ ထိုဓမ္မနီတိဝါဒတို့ကို နှစ်သက်လိုလားစွာ အားပေးထောက်ခံကြသော ရဟန်း ရှင်လူတို့သည်လည်းကောင်း အဓမ္မဝါဒီတို့သာ မည်ကုန်၏ဟူ၍ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၆) ဝိနည်းဓိုရ်ဆရာတော်များအားလုံးတို့က တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

၃၃

မိုးညို(မြောက်ဥက္ကာလာပ)ဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၇)က ၁၃၄၅ ခုနှစ်၊ နယုန်လပြည့်ကျော်(၉)ရက် (၄-၇-၈၃) တနင်္လာနေ့တွင် အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

စောဒကပုဂ္ဂိုလ်များ
၁။ ဦးဝိစာရ - ပခုက္ကူကျောင်း၊ အာသာဝတီကျောင်းတိုက်၊ မြောက်ဥက္ကလာပ။
၂။ ဦးပဏ္ဍဝံသ - မဏိရတနာကျောင်း၊ ဇမ္ဗူအေးကျောင်းတိုက်၊ မြောက်ဥက္ကလာပ။
၃။ ဦးသာသန - သာသနဝေပုလ္လကျောင်း၊ အာသာဝတီကျောင်းတိုက်၊ မြောက်ဥက္ကလာပ။

စုဒိတကပုဂ္ဂိုလ်
၁။ ဦထွန်းရှိန် - မိုးညိုဦးသူရိယ (ခ) ဦးထွန်းရှိန်၊ အမှတ်၁၉၈၊ ဝဇီရာ(၃)လမ်း၊ ဓ/ရပ်ကွက်၊ မြောက်ဥက္ကလာပ။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ
၁။ ဘဒ္ဒန္တဝေပုလ္လာဘိဝံသ (သဘာပတိ) - ပတ္တမြားတိုက်၊ မန္တလေးအနောက်တောင်မြို့နယ်။
၂။ ဘဒ္ဒန္တစန္ဒောဘာသ (အဖွဲ့ဝင်) - ရွှေတောင်ကျောင်း၊ ပဲခူးမြို့။
၃။ ဘဒ္ဒန္တနန္ဒဝံသ (အဖွဲ့ဝင်) - မြို့မကျောင်း ... အင်းတော်မြို့။
၄။ ဘဒ္ဒန္တဇောတိက (အဖွဲ့ဝင်) - ဝိဇ္ဇာဘာဂီကျောင်း သထုံမြို့။
၅။ ဘဒ္ဒန္တတိလောကသာရ (အဖွဲ့ဝင်) - မြို့သစ်ကျောင်း မလှိုင်မြို့。

၃၄

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

၁။ ထေရဝါဒကျမ်းစာအဖြာဖြာတို့၌ သမထ, ဝိပဿနာ ဤနှစ်ဖြာတို့သည် ယုဂါနဒ္ဓ သမထယာနိက ဝိပဿနာယာနိက မဂ္ဂဇ္ဈိဓာ နိဗ္ဗာန်သွားကြောင်း နည်းကောင်းကျင့်ထုံး စွဲသုံးစရာ ဘာဝနာနည်းနှစ်ပါးတို့ဖြင့် မဂ်တရားဖိုလ်တရားကို ရနိုင်ရောက်နိုင်ကြောင်း ထင်ထင်ရှားရှား ဟောကြားဖွင့်ဆိုထားသည်။ မိုးညို(မြောက်ဥက္ကလာပ)ဝါဒမှာမူ သီလနှင့် သမထကို အလွဲလွဲ အမှားမှား ယူဆလျက် သမထဖြင့် မဂ်တရားဖိုလ်တရားကို မရနိုင်ဟု သမထယာနိကလမ်းစဉ်ကို ပစ်ပယ်သောဝါဒ ဖြစ်သည်။

၂။ ထေရဝါဒ ပိဋကတ်တော်တို့က ပရိညာသုံးပါးတွင် -
ဉာတပရိညာမှာ ရုပ်နာမ်တရားတို့၏ လက္ခဏာသိမှု
တီရဏပရိညာမှာ ရုပ်နာမ်ကို လက္ခဏဉာဏ်ဖြင့် ဖြတ်တောက်ခုတ်စဉ်း၍ အတွင်းကျကျသိမှု
ပဟာနပရိညာဆိုသည်မျာ ရုပ်နာမ်ကို အတွင်းကျကျ သိ၍ ငြီးငွေ့ ပယ်ရှားမှုဟု ဆိုသည်။
မိုးညို(မြောက်ဥက္ကလာပ)ဝါဒကမူ အပြားအားဖြင့် အထူးသိရသော ဝိပဿနာဉာဏ်ကို ဉာတပရိညာ, လက္ခဏဉာဏ်ကို တီရဏပရိညာ, ဖြစ်ပျက်လောက ဓမ္မကာလ သုံးပါးမှ လွန်မြောက်၍ မဖြစ်မပျက် လောကုတ္တရာနယ်အတွင်းသို့ ရောက်သောအရာကို ပဟာနပရိညာဟု ဆိုသည်။

၃။ ဗုဒ္ဓဘာသိတ ထေရဝါဒ ပိဋကတ်စာပေတို့တွင် ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ ဤရုပ်ရှစ်ခုကို အဋ္ဌကလာပ်ရုပ်ဟု ဆိုသည်။
မိုးညို(မြောက်ဥက္ကလာပ)ဝါဒကမူ ပထဝီဓာတ်၏ ပျော့သဘော မာသဘော ၂ ခု ၊ အာပေါဓာတ်၏ ဖွဲ့ပတ်သဘော,ယိုစီးသဘော ၂ ခု၊ တေဇောဓာတ်၏ ပူသဘော အေးသဘော ၂ ခု၊ ဝါယောဓာတ်၏ တွန်းကန်သဘော ရွေ့လျောသဘော ၂ ခု၊ ဤသဘော ၄-ခု (၄ စုံ)ကို အဋ္ဌကလာပ်ဟု ဆိုသည်။

၄။ ဗုဒ္ဓဘာသိတ ထေရဝါဒ ပိဋကတ်စာပေတို့က ဓာတ်ကြီးလေးပါး၌ ပထဝီသည်ပင် ဓာတ်, ဓာတ်သည် သည်ပင် ပထဝီ စသည်ဖြင့်လည်းကောင်း၊ ပထဝီစသော ဓာတ်ကြီးလေးပါး၏ ဖြစ်ကြောင်းတရားမှာ ကံ, စိတ်, ဥတု, အာဟာရတို့သာ ဖြစ်သည်ဟုလည်းကောင်း ဟောကြားဖွင့်ဆိုထားသည်။
မိုးညို(မြောက်ဥက္ကလာပ)ဝါဒကမူ ဓာတ်ဟူသည်က အကြောင်း၊ ပထဝီစသည်က အကျိုးဟူ၍ လည်းကောင်း၊ အကြောင်းဓာတ်သည် အကျိုးပထဝီမဟုတ်, အကျိုးပထဝီသည် အကြောင်းဓာတ် မဟုတ် ဟူ၍လည်းကောင်း ယူဆရေးသား ဟောကြားသောဝါဒ ဖြစ်သည်။

၅။ ထေရဝါဒ ပိဋကတ်စာပေတို့က အဟောတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ, နတ္ထိကဒိဋ္ဌိဟူသော နိယတမိစ္ဆာဒိဋ္ဌိ တို့ကိုသာ မိစ္ဆာဒိဋ္ဌိဟု ဆိုသည်။
မိုးညို(မြောက်ဥက္ကလာပ)ဝါဒကမူ မိန်းမပဲ၊ ယောက်ျားပဲ၊ ကျွဲပဲ၊ နွားပဲ၊ ခွေးပဲ ကြောင်ပဲဟု

၃၅

ခေါ်ဝေါ်နေမှုကို မိစ္ဆာဒိဋ္ဌိဟု ဆိုထားသည်။

၆။ ဗုဒ္ဓဘာသိတ ထေရဝါဒ ပိဋကတ်စာပေတို့က-
(၁)မြင်မှု၌ စက္ခုပသာဒနှင့် ရူပါရုံ တွေ့ဆုံလာလျှင် စက္ခုဝိညာဉ်(မြင်သိမှု)စိတ် ဖြစ်ပေါ်လာကြောင်း၊
(၂)စက္ခုဝိညာဉ် (မြင်သိ)စိတ် ဖြစ်ပေါ်လာလျှင် (ဝီထိသဘောအရ စက္ခုဒွါရဝီထိ တဒနုဝတ္တကဝီထိများကျကာ) ရူပါရုံကို မြင်ရကြောင်း၊
(၃) စက္ခုပသာဒသည် ရုပ်တရားဖြစ်၍ ရုပ်၏ဖောက်ပြန်မှုလက္ခာဏာတို့သည် မူလကပင် ရှိပြီးဖြစ်နေကြောင်း ဆိုသည်။
မိုးညို(မြောက်ဥက္ကလာပါ)ဝါဒကမူ-
(၁) စက္ခုဝိညာဉ်စိတ်ဖြစ်ရုံမျှဖြင့် မမြင်ရသေး၊ စက္ခုဝိညာဉ်ပေါ်မှာ မနောအကြည်တစ်ခု ထပ်မံ ပေါ်ပေါက် လာရသေးကြောင်း၊
(၂) စက္ခုဝိညာဉ်စသည်တို့မှာ ရုပ်ဝိညာဉ်များဖြစ်၍ မြင်သိရန်အတွက် မနောအကြည်၌သာ မှီရကြောင်း မနောအကြည်ပါမှ စက္ခုဝိညာဉ်စသည်ဖြစ်ကြောင်း၊
(၃) စက္ခုအကြည်ကို အဆင်းက ထိခိုက်မှ ဖောက်ပြန်မှုပေါ် သဖြင့် ပစ္စုပ္ပန်ရုပ်ခေါ် ရကြောင်း စသည်ဖြင့် ရှုတ်ရှုတ်ထွေးထွေး ရေးသားပြောဟောသောဝါဒ ဖြစ်သည်။

၇။ ဗုဒ္ဓဘာသိတ ထေရဝါဒကမူ စက္ခုဝိညာဉ်ဖြစ်ကြောင်းမှာ စက္ခုပသာဒ၊ ရူပါရုံ၊ အလင်းဓတ်နှင့် နှလုံးသွင်းမှုဟု (၄)မျိုးရှိသကဲ့သို့ မနောဒွါရမနောဝိညာဉ်စိတ်ဖြစ်ပေါ်ရာတွင်လည်း ဘဝင်စိတ်၊ ဓမ္မာရုံ၊ ဟဒယဝတ္ထုနှင့် နှလုံးသွင်းမှု အကြောင်း(၄)မျိုးရှိကြောင်း ဟောကြားဖွင့်ဆိုထားသည်။
မိုးညို(မြောက်ဥက္ကလာပ)ဝါဒကမူ စက္ခု ရူပါရုံက အကြောင်း၊ မြင်မှုက အကျိုးဖြစ်သကဲ့သို့ မနတ်၌ ဓမ္မဓာတ်နှင့် မနောအကြည်က အကြောင်း၊ ယင်းအကြောင်းနှစ်ပါးကြောင့် မနောထဲ၌ ပစ္စုပ္ပန်ဖောက်ပြန်မှု ရုပ်ပရမတ်ဖြစ်နေကြောင်း စသည်ဖြင့် ရေးသားဟောပြောသောဝါဒ ဖြစ်သည်။

၈။ ဗုဒ္ဓဘာသိတထေရဝါဒက-
(၁) အနုသယသည် သတ္တဝါတို့ သန္တာန်၌ အစဉ်ကိန်းလျက်ရှိရာ ပဋိသန္ဓေအခါ ကလလရေကြည် ရုပ်ကလပ်စတင်ဖြစ်ပေါ်သည်ကပင် စ၍ကိန်းနေကြောင်း။
(၂) ကိန်းနေသော အနုသယကိလေသာဓာတ်သည် အကြောင်းတိုက်ဆိုင်က ပရိယုဋ္ဌာနကိလေသာ၊ ဝီတိက္ကမကိလေသာများ ဖြစ်လာရကြောင်း ဟောကြားဖွင့်ဆိုသည်။
မိုးညို(မြောက်ဥက္ကလာပ)ဝါဒကမူ-
(၁) မွေးစကလေး၌ အနုသယမရှိ၊ ကြီးလာမှ အနုသယများ ဖြစ်ပေါ်လာကြကြောင်း (မူလဟောပြောချက်)

၃၆

(၂) ကလေးငယ်၌ရှိသော အနုသယမျိုးစေ့သည် အကြောင်းတိုက်ဆိုင်က အနုသယဖြစ်လာကြောင်း (နောက်ပြင်ဆင်ချက်)ဟူ၍ ယူဆရေးသားဟောပြောသောဝါဒ ဖြစ်သည်။

၉။ ဗုဒ္ဓဘာသိတ ထေရဝါဒက-
(၁) ရုပ်နာမ်သင်္ခါရတို့ကို သဘာဝလက္ခဏာအားဖြင့် မှတ်သိစဉ်တွင်ပင် ဖြစ်မှုပျက်မှုတို့ကိုလည်း တွေ့ မြင်လာရပြီး မမြဲဟုရှုတတ်သောဉာဏ်ကို အနိစ္စာနုပဿနာဉာဏ်
(၂) အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့သည် တစ်ပါးကိုမြင်က ကျန်နှစ်ပါးကို (အနိစ္စကိုမြင်က ဒုက္ခ အနတ္တကို၊ ဒုက္ခကိုမြင်က အနိစ္စ အနတ္တကို၊ အနတ္တကိုမြင်က အနိစ္စ ဒုက္ခကို) မြင်သည်ဟု ဟောကြားဖွင့်ဆို သည်။
မိုးညို(မြောက်ဥက္ကလာပ)ဝါဒကမူ-
(၁) အကြောင်းလက္ခဏာကြောင့် အကျိုးအနိစ္စ ဖြစ်သည်ဟု ပိုင်းခြားသိမြင်မှုကို အနိစ္စာနုပဿနာ
(၂) အကြောင်းအနိစ္စ၊ အကျိုးဒုက္ခ။ အကျိုးအနိစ္စဒုက္ခ၊ အကြောင်းအနတ္တဟု ယူဆရေးသား ဟောပြော သောဝါဒ ဖြစ်သည်။

ထို့ကြောင့် အဓမ္မဝါဒစစ်စစ် ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်ကြီးများက ဆုံးဖြတ်တော်မူခဲ့သည်။
အဓမ္မဝါဒဟုဆုံးဖြတ်ခံရသောမိုးညိုဝါဒဆိုင်ရာသက်သေခံစာအုပ်စာတမ်းများ
၁။ သောတာပန်စခန်း ဝိပဿနာကျမ်း
၂။ ဓမ္မရသ အနတ္တကျမ်း (တတိယတွဲ)
၃။ မိုးညိုဝိပဿနာ ဓမ္မတက္ကသိုလ်ကျမ်း (စတုတ္ထတွဲ)
၄။ မိုးညိုသမ္မာဒိဋ္ဌိ အလင်းပြကျမ်း
၅။ မိုးညိုဝိပဿနာ ပြန့်ပွားရေးအဖွဲ့ စည်းမျဉ်းဥပဒေစာအုပ်

၃၇

ထွန်တုံးလက်ကျန်ဦးထင်ဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(ဂ)ဝိနည်းဓိုရ်ဆရာတော်များက ၁၃၄၇ခုနှစ်၊ နတ်တော် လပြည့်ကျော် (၃) ရက် (၃၀-၁၂-၈၅) တနင်္လာနေ့၌ စစ်ကိုင်းတိုင်း၊ မြောင်းမြို့နယ်၊ ကျောင်းဖြူကျေးရွာ ဦးထင်၏ထွန်တုံးလက်ကျန်ဝါဒကို အဓမ္မဝါဒဟု ဆုံးဖြတ်ချက်ချမှတ်တော်မူခဲ့ကြသည်။

စောဒကပုဂ္ဂိုလ်များ
၁။ ဦးကောသလ္လ - နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ရွှေတောင်ဦးကျောင်း၊ မြောင်းမြို့နယ်၊ စစ်ကိုင်းတိုင်း။
၂။ ဦးဝိစာရဓမ္မ - နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပခုက္ကူကျောင်း၊ (၂)ရပ်ကွက်၊ မြောင်ဥက္ကလာပ၊ ရန်ကုန်တိုင်း။

စုဒိတကပုဂ္ဂိုလ်များ
၁။ ဦးညိုမောင် - ဥက္ကဋ္ဌ၊ သာသနာ့အကျိုးဆောင်အဖွဲ့။ အမှတ် ၂၇၆၊ အမှတ်(၆)၊ ကွေ့ကြီးရပ်၊ မြင်းခြံမြို့။
၂။ ဦးသံလုံး - ဒုတိယဥက္ကဋ္ဌ၊ သာသနာ့အကျိုးဆောင်အဖွဲ့။ အမှတ် ၃၇၇၊ အောင်ချမ်းသာရပ်ကွက်၊ မန္တလေးအနောက်တောင်မြို့နယ်။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ
၁။ ဘဒ္ဒန္တဝဏ္ဏသာရ (သဘာပတိ) - ဘုရားသုံးဆူကျောင်း၊ သန်လျင်မြို့နယ်၊ ရန်ကုန်တိုင်း။
၂။ ဘဒ္ဒန္တအာစာရာဘိဝံသ (အဖွဲ့ဝင်) - မင်္ဂလာရာမတိုက်၊ ရေဦးမြို့၊ စစ်ကိုင်းတိုင်း။
၃။ ဘဒ္ဒန္တကောသလ္လ (အဖွဲ့ဝင်) - ပဉ္စနိကာယသာသနာ့ဗိမာန်ကျောင်း၊ ရန်ကင်းမြို့နယ်။
၄။ ဘဒ္ဒန္တပညာဝံသ (အဖွဲ့ဝင်) - ကံသာကျောင်း၊ ယင်းမာပင်မြို့နယ်၊ စစ်ကိုင်းတိုင်း။
၅။ ဘဒ္ဒန္တဝဏ္ဏာဘိဝံသ (အဖွဲ့ဝင်) - သီရိမင်္ဂလာမှန်ကျောင်း၊ ဒိုက်ဦးမြို့နယ်၊ ပဲခူးတိုင်း။

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

၁။ ဦးထင်၏ဝါဒသည် “တရားထူးမရလျှင် ပိဋကတ်မပိုင် တရားထူးရမှသာ ပိဋကတ်ပိုင်၏”ဟု ယူဆ ပြောဆို၍ ဗုဒ္ဓဘာသိတထေရဝါဒ ပိဋကတ်စာပေကမူ တရားထူးရပြီးဖြစ်စေ၊ မရသေးဖြစ်စေ၊ ပရိယတ္တိ

၃၈

ပါရမီဉာဏ် ပြည့်စုံရင့်သန်ကြသူများ ပိဋကတ်ပိုင်နိုင်သည်ဟု ယူဆသောဝါဒ ဖြစ်သည်။

၂။ ဦးထင်၏ဝါဒသည် “လူ့ပြည်မှာ ပိဋကတ်သုံးပုံ မရှိ”ဟု ယူဆပြောဆို၍ ဗုဒ္ဓဘာသိတ ထေရဝါဒ ပိဋကတ်စာပေများကမူ မြတ်စွာဘုရား လက်ထက်တော်မှ အစပြု၍ ပထမသံဂါယနာစသော သံဂါယနာ(၆) တန်တို့၏ ကျေးဇူးဖြင့် လူ့ပြည်မှာ ပိဋကတ်(၃)ပုံရှိသည်ဟု ယူဆသောဝါဒ ဖြစ်သည်။

၃။ ဦးထင်၏ဝါဒသည် “ပြန်မလာတဲ့ နိဗ္ဗာန်မှာ ရုပ်နာမ် ရှိတယ်၊ ပြန်လာတဲ့ နိဗ္ဗာန်မှာ ရုပ်နာမ်(၂)ပါး ရှိတယ်လို့ သိရတာကို ပိဋကတ်သုံးပုံ ခေါ်သည်”ဟုယူသောဝါဒဖြစ်၍ ဗုဒ္ဓဘာသိတ ထေရဝါဒမူ ဘုရားရှင် ဟောထားတော်မူသော သုတ္တန် ဝိနည်း အဘိဓမ္မာ ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်သည် ပိဋကတ်သုံးပုံဟု ယူဆသောဝါဒ ဖြစ်သည်။

၄။ ဦးထင်၏ဝါဒသည် သာသနာတော်သုံးရပ်ကို ကောက်ပြရာတွင် “အရိယာတွေ့အောင် ရှာတတ်တာ၊ အရိယာဖြစ်တာ၊ ပြောတတ်တာ၊ ပုထုဇဉ်တွေ မသိတာ သိတာ၊ စာတတ်ရုံမျှ ပရိယတ္တိသာသနာ မခေါ်ပါ” စသည်ဖြင့် မိမိပရိယတ္တိ မပြည့်ဝသလောက် အရကောက်ကို ကပေါက်ကချာ ကောက်ပြသောဝါဒဖြစ်၍
ဘုရားဟောဖော် ပိဋကတ်တော်ကမူ လေ့လာအပ်သော ပိဋကတ်သုံးပုံသည် ပရိယတ္တိသာသနာ၊ လိုက်နာကျင့်သုံးအပ်သော ဓုတင် ၁၃ ပါး၊ ခန္ဓကဝက် ၁၄ ပါး၊ မဟာဝတ်ကြီး ၈၂ ပါးသည် ပဋိပတ္တိသာသနာ၊ ထိုးထွင်းသိမြင်အပ်သော မဂ်,ဖိုလ်နိဗ္ဗာန်တရားတော်သည် ပဋိဝေဓသာသနာဟု ကောက်ပြသောဝါဒ ဖြစ် သည်။

၅။ ဦးထင်၏ဝါဒသည် “ကံကို ယုံကြည်တဲ့စိတ်ကို သရဏဂုံသုံးပါး တည်သည်”ဟု ဆိုသည်။
ဗုဒ္ဓဘာသိတထေရဝါဒပိဋကတ်တော်ကမူ ကံကို ယုံကြည်သောစိတ်ကား ကမ္မဿကတာဉာဏ်နှင့် ယှဉ်သော စိတ်သာမည်သည်။ ရတနာသုံးပါးကို နှုတ်ဖြင့် မြွက်ဆိုကိုးကွယ်မှသာ သရဏဂုံတည်သည်ဟု ညွှန်ပြသောဝါဒ ဖြစ်သည်။

၆။ ဦးထင်၏ဝါဒသည် သရဏဂုံသုံးပါးတည်သူကို မသမုတ်ရတဲ့ သံဃာဟု ယူဆသည်။
ဗုဒ္ဓပိဋကထေရဝါဒကမူ သရဏဂုံတည်ရုံမျှ သံဃာမမည်၊ အရိယာ(၈)ယောက်သာ မသမုတ်ရသော သံဃာမည်သည်ဟု ဟောတော်မူသည်။ (ကံဆောင်သံဃာအစစ်မည်သည် မဟုတ်ပေ။)

၇။ ဦးထင်၏ဝါဒသည် မသမုတ်ရသောသံဃာ(သရဏဂုံတည်သူ)ကို အပါယ်တံခါးပိတ်သည်ဟု ဆိုသည်။
ဗုဒ္ဓအလိုတော်ကမူ သရဏဂုံ၂-မျိုးတွင် လောကီသရဏဂုံအတွက် မုချမဆိုရ၊ သောတာပန်ပုဂ္ဂိုလ်၏ လောကုတ္တရာသရဏဂုံအတွက်သာ မုချအပါယ်တံခါးပိတ်သည်ဟု ဟောမိန့် တော်မူသည်။

၈။ ဦထင်၏ဝါဒသည် တရားနာရင် ကုသိုလ်မရဟုလည်းကောင်း၊ လောဘဒေါသ မရှိတဲ့ တရားနာခြင်း ကိုသာ ပါရမီကုသိုလ်ဟုလည်းကောင်း ဆိုသောဝါဒ ဖြစ်သည်။

၃၉

ဗုဒ္ဓအလိုတော်ကမူ တရားနားရင် အနည်းအများ ကုသိုလ်ရသည်သာဟုလည်းကောင်း၊ တရားနာ ခြင်း သာမက ကုသိုလ်မှန်သမျှ ပါရမီကုသိုလ်ဖြစ်နိုင်သည်ဟုလည်းကောင်း မိန့်တော်မူသည်။

၉။ ဦးထင်၏ဝါဒသည် အကြောင်းကုန်တဲ့တရား၊ မကုန်တဲ့တရားဟု မကွဲဘဲ တရားနာလျှင် ကုသိုလ် မရဟု ဆိုသောဝါဒ ဖြစ်သည်။
ပိဋကတ်တော်အလိုမှာမူ မည်သို့ပင်ဖြစ်စေ တရားစစ်တရားမှန်ကို ကြားနာလျှင် ကုသိုလ်ရသည်ဟု ညွှန်ပြသည်။

၁ဝ။ ဦးထင်၏ဝါဒသည် ဘုရားတည်ကျောင်းဆောက်ကို ကုသိုလ်မခေါ်။ ကုသိုလ်မဟုတ်။ ထို့ကြောင့် သီရိဓမ္မာသောကမင်းကြီး အပါယ်ကျရသည်ဟု ယူဆသောဝါဒ ဖြစ်သည်။
ဗုဒ္ဓဘာသိတ ပိဋကတ်ထေရဝါဒ စာပေများကမူ ဘုရားတည်ကျောင်းဆောက်မှုကို ကုသိုလ်ခေါ်၍ သီရိဓမ္မာသောကမင်းကြီးမှာ နှလုံးသွင်းမသင့်၍သာ အပါယ်ကျရသည်။ ကုသိုလ်ကြောင့် မဟုတ်ဟု ယူဆ သောဝါဒ ဖြစ်သည်။

၁၁။ ဦးထင်၏ဝါဒသည် သူ့အသက် သတ်၊ သူဥစ္စာ ခိုး စသည်များသည် ဓမ္မတာအကုသိုလ်ဖြစ်၍ ကြောက်စရာမလို၊ မဂ်ဖိုလ်မတားနိုင်ဟု ယူဆသည်။
ဗုဒ္ဓအလိုတော်ကမူ အကုသိုလ်မှန်သမျှ ပယ်ရမည်၊ ကြောက်ဖွယ်ဖြစ်သည့် အားကြီးသော မာတုဃာတက အမိသတ်ကံအစရှိသော ပဉ္စာနန္တရိယကံကြီး ၅-ပါးသည်သာ မဂ်ဖိုလ်ထားနိုင်သည်ဟု လာရှိသည်။

၁၂။ ဦးထင်၏ဝါဒသည် မိမိကံဖြစ်တဲ့စိတ်ကလေး ဘယ်အချိန်ဘယ်နားနေတယ်လို့ မသိတာကို ဒလစပ် ဖြစ်နေတဲ့အကုသိုလ်ဖြစ်၍ မဂ်ဖိုလ်တားနိုင်သည်ဟု ယူဆသည်။
ဗုဒ္ဓအဘိဓမ္မာထေရဝါဒကမူ ယင်းမသိမှုကို ဒလစပ် ဖြစ်နေတဲ့ အကုသိုလ်မဟုတ်၊ ဝိပါကန္တရာယ် စသော အန္တရာယ်ကြီး ၅-ပါးကသာ မဂ်ဖိုလ်တားနိုင်သည်ဟု ထုတ်ပြတော်မူသည်။

၁၃။ ဦးထင်၏ဝါဒသည် ပဋိစ္စသမုပ္ပါဒ်တရားတော်ကို သံသရာက ထွက်ပေါက်မဟုတ်၊ သံသရာလည် ကြောင်းတရားဟု မထီမဲ့မြင် ယူဆသောဝါဒ ဖြစ်သည်။
ဗုဒ္ဓအလိုတော်ကမူ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည် သံသရာဝဋ်ဆင်းရဲဖြစ်ပုံ၊ ချုပ်ပုံ၊ (သံသရာ လည်ပုံ၊ ဖြတ်ပုံ)ကိုပြသော အတ္ထဂမ္ဘီရစသော ဂမ္ဘီရ ၄-ပါးတို့ဖြင့် အလွန်နက်နဲလှသည်ဟု ညွှန်ပြသည်။

၁၄။ ဦးထင်၏ဝါဒသည် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကြီးကို ဖဿပစ္စယာဖဿဟုလည်းကောင်း၊ ဖဿကြောင့် ဖဿဖြစ်သည်ကို ကာယာနုပဿနာဟုလည်းကောင်း ဒေသနာမှန်ကို ဖျက်ဆီးယူဆသော ဝါဒ ဖြစ်သည်။
ဗုဒ္ဓပိဋကတ်တော်ကမူ ဖဿပစ္စယာ ဝေဒနာဟုလည်းကောင်း၊ ဖဿဖြစ်သည်ကို ကာယာနုပဿနာ

၄၀

မဟုတ်ဟုလည်းကောင်း ဟောတော်မူသည်။

၁၅။ ဦးထင်၏ဝါဒသည် အရိယာပုဂ္ဂိုလ်များမှသာ ကမ္မဋ္ဌာန်းနည်းပေးနိုင်ကြောင်းကို ညွှန်ပြသောဝါဒ ဖြစ်သည်။
ဗုဒ္ဓဘာသိတ ထေရဝါဒ ပိဋကတ်တော်များကမူ အရိယမဟုတ်သော်လည်း နည်းပေးနိုင်၍ ပုထုဇဉ် ကမ္မဋ္ဌာန်းဆရာများရှိပုံကို တိကျစွာ ထုတ်ဖော်ထားသောဝါဒ ဖြစ်သည်။

၁၆။ ဦးထင်၏ဒွါရဝိမုတ်မှာ ယောက်ျား၊ မိန်းမ၊ နေ့လယ်၊ ည ၊ ငါ့ဟာ၊ သူ့ဟာ- မလုတ်တတ်တာကို ခေါ်သည်။
ဗုဒ္ဓပိဋကတ်တော် ထေရဝါဒကမူ ပဋိသန္ဓေဘဝင်စုတိကိစ္စတပ်သောစိတ်က ၁၉ ခုကိုသာ ဒွါရဝိမုတ် ဟု ညွှန်ပြတော်မူသည်။

၁၆။ ဦးထင်၏ဝါဒသည် လောဘဒေါသ ကိလေသာမရှိမှု သိသောအသိကို နာမ်၊ ကိလေသာတန်းလန်းနဲ့ သိသောအသိကို နာမ်မဟုတ်ဟု ယူဆသောဝါဒ ဖြစ်သည်။
ဗုဒ္ဓ၏ပိဋကလာ ထေရဝါဒကမူ ကိလေသာရှိ/မရှိ အသိဟူသမျှ နာမ်ဟု မိန့်တော်မူသည်။

၁၇။ ဦးထင်၏ ဝါဒမှာ လောဘဒေါသမရှိလို့ နာမ်တရားဖြစ်နေလို့ လေကိုရုပ်ဟု ခေါ်သောဝါဒ ဖြစ်သည်။
ဗုဒ္ဓ၏ထေရဝါဒပိဋကတ်ကမူ လောဘဒေါသ သာမက ကိလေသာအားလုံးမရှိ၊ နာမ်တရား လည်း လုံးဝမဟုတ်သော ဝါယောစသော ဓာတ်ကလာပ်ဖြစ်လို့ လေကိုရုပ်ဟု မိန့်တော်မူသည်။

၁၈။ ဦးထင်၏ဝါဒမှာ သမထ၊ ဝိပဿနာ သီလ၊ သမာဓိ၊ ပညာများကို အဓိပ္ပါယ်အဘိဓေယျတ္ထ မှားယွင်းစွာ ပြဆိုထားသည်။ ထိုပြဆိုချက်သည် ဗုဒ္ဓဘာသိတပိဋကတ်ထေရဝါဒနှင့် လုံးဝမညီညွတ်ပေ။

၁၉။ ဦးထင်၏ဝါဒမှာ သီလသမာဓိကိုသာ ကိုယ်လုပ်လို့ ဖြစ်နိုင်သည်။ သမထဝိပဿနာကိုမူ ကိုယ်လုပ်လို့ မဖြစ်နိုင်ဟု ပြဆိုဟောပြောသည်။
ထေရဝါဒပိဋကတ်တော်အလိုမှာ သမထဝိပဿနာကိုယ်လည်း ကိုယ်လုပ်မှ ဖြစ်နိုင်သည်ဟု မိန့်ဆို သည်။

၂၀။ ဦးထင်၏ဝါဒမှာ ပညာနှင့်ဉာဏ်ကို ၂-မျိုးခွဲခြား၍ ဟောထားသည်။
ထေရဝါဒပိဋကတ်တော်မှာ ၂-မျိုးမဟုတ်။ တစ်မျိုးထဲသာဟု ညွှန်ပြထားသည်။

၂၁။ ဦးထင်၏အယူအဆမှာ လောကုတ္တရာ၌ ဉာဏ်မပါဉာဏ်မရှိ။ လောကီမှာသာ ဉာဏ်ရှိသည်ဟု ယူဆပြောဆိုသည်။
ဗုဒ္ဓပိဋကတ်တော်ထေရဝါဒ၌မူ လောကုတ္တရာအားလုံးမှာ ဉာဏ်မကင်းကောင်း။ ဉာဏ်ပါ ဉာဏ်ရှိ သည်။ လောကီမှာသာ တစ်ချို့တရား၌ဉာဏ်ကင်း၍ တစ်ချို့ တရား၌ဉာဏ်ရှိသည်ဟု ဟောတော်မူသည်။

၂၂။ ဦးထင်၏အယူအဆမှာ “၅-ပါးသီလစသော သီလများကို အကျိုး သိ”ဟုသာ ဟောပြောသည်။

၄၁

ဗုဒ္ဓဒေသနာတော်အလိုမှာ သီလမှန်သမျှ အကြောင်းသာ ဖြစ်သည်။

၂၃။ ဦးထင်က ယင်း ၅-ပါးသီလစသော သီလများကို သာမန်ပုထုဇဉ်များ လုပ်ရသည်ဟု ဟောပြောသည်။
ဗုဒ္ဓဒေသနာတော်ကမူ ယင်းသီလများကို မည်သည့်ပုထုဇဉ်မျိုးမဆို စောင့်စည်းရမည် စောင့်စည်း နိုင်သည်ဟု မိန့်ဆိုသည်။

၂၄။ ကာယကံ ဝစီကံ သောင်းကျန်းမှု ၂ ပါးကို သီလဝိပတ္တိမဟုတ်ဟု အင်္ဂုလိမာလဖြစ်ရပ်ကို ကိုးကား၍ ဦးထင်က ဆိုထားသည်။
ဗုဒ္ဓဘာသိတ ပိဋကလာ ထေရဝါဒကမူ ယင်းကံ၂ပါးပျက်စီးပါက စင်စစ်သီလဝိပတ္တိဟု မိန့်တော်မူ သည်။

၂၅။ မနောကံ သောင်းကျန်းမှုသာ သီလဝိပတ္တိဟု ထိုအင်္ဂုလိမာလဖြစ်ရပ်ကိုပင် ကိုးကား၍ ဦးထင်က ဆိုသည်။
မနောဒွါရေ အာပတ္တိနာမ နတ္ထိ စသည့် ညွှန်ပြချက်များအရ ဗုဒ္ဓပိဋကတ်တော်၌မူ မနောဒွါရ ဖောက်ပြန်မှုဖြင့် သီလမပျက်စီး၊ သီလဝိပတ္တိ စင်စစ်မဟုတ်ဟု မိန့်တော်မူသည်။

၂၆။ ဦးထင်၏ ဗုဒ္ဓဘာသာခေါ်ထားပုံမှာ အရပ်စကားဇာတ်စကားသာ ဖြစ်သည်။ ယင်းစကားရပ်သည် ထေရဝါဒပါဠိပိဋကတ်စာပေနှင့် မညီညွတ်။

၂၇။ သဘာဝမကိုက်သော အကြောင်းအမျိုးမျိုးကိုပြလျက် “ဘုရားက နိဗ္ဗာန်မှာရှိသည်”ဟု ဦးထင်က ပြောဆိုသည်။
ဗုဒ္ဓဘာသိတထေရဝါဒ ပိဋကတ်စာပေ၌မူ နိဗ္ဗာန်ဟူသည် ပရမတ္ထဓမ္မသဘာဝဖြစ်၍ တည်ရာဌာနဘုံ မရှိ၊ ဘုရားရှင်ဟူသည်မှာလည်း တစ်ခြားသာဟု မိန့်သည်။

၂၈။ တဖွားဖွားပရမတ် ယင်းပရမတ်ကိုပဲ ဦးထင်က ထင်သလိုဟောပြောချက်စသည်မှာ ထေရဝါဒ ပိဋကတ် ဒေသနာတော်နှင့် လုံးဝမကိုက်ညီပေ။

၂၉။ နိဗ္ဗာန်မှာအသိရှိသည်။ ရုပ်နာမ်၂ပါးလည်း ရှိသည်ဟု ဦးထင်က ဆိုသည်။
ဗုဒ္ဓဘာသိတ ထေရဝါဒစာပေကျမ်းဂန်များ၌မူ နိဗ္ဗာန်သည် စိတ်,စေတသိက်နာမ်များလို အသိမရှိ၊ ရုပ်နာမ်၂ ပါးလည်း လုံးဝမရှိဟု ဟောတော်မူသည်။

၃၀။ နိဗ္ဗာန်မှာ ပျက်မှုရှိသည်။ သင်္ခတ, အသင်္ခတဟု နှစ်မျိုးရှိသည်ဟု ဦးထင်က ဆိုသည်။
နိဗ္ဗာန်သည် အဖြစ်ဥပါဒ် မရှိသလို အပျက်ဘင်လည်း မရှိ၊ နိဗ္ဗာန်ဟူသည် အသင်္ခတတစ်မျိုးသာဟု ဗုဒ္ဓပိဋကတ်ပင်လယ်တွင် ကျယ်ဝန်းစွာ ပြဆိုထားသည်။

၃၁။ သေသူအတွက် ရည်မှန်း၍ သရဏဂုံမတင်ရ၊ ဆွမ်းမသွတ်ရဟု ဟောပြောသည်။
ဗုဒ္ဓဘာသိတ ထေရဝါဒပိဋကတ် ဒေသနာတော်များ၌မူ ဗုဒ္ဓလက်ထက်တော်မှစ၍ အစဉ်အလာ

၄၂

ဆောင်ရွက်ခဲ့ကြသော သေသူရှင်သူ နှစ်ဦးသားတို့အား လွန်စွာကျေးဇူးများသော ကုသိုလ်တိုးပွါး အကျိုးများ စေနိုင်သော ဆောင်ရွက်မှုကြီး ဖြစ်သည်။

၃၂။ ဦးထင်သည် ကမ္မဋ္ဌာန်းဆရာကြီးအမည်ခံ၍ အစွဲဥပါဒါန်ပြုတ် ဝိပဿနာတရားအလုပ်ကို ကိုယ်တိုင် အားထုတ်၍ ပေါက်ရောက်သူဟု သူ့ကိုယ်သူ အရိယာအဖြစ်ကို ခံယူထားသူဖြစ်ပါလျက် သူသေရင်သူ ရုပ် ကလာပ်ကို စေတီတည်ထား၍ တပည့်ယောဂီများအား ကိုးကွယ်ရစ်ကြရန် မှာထားခဲ့သဖြင့် တပည့်ယောဂီ များက သူတို့ရဲ့ဆရာကြီးဦးထင်ရဲ့ မှာစကားအရ စေတီတည်ဆောက်၍ ဦးထင်၏ရုပ်ကလာပ်ကို ထည့်သွင်း ထားကြသည်။ ယင်းလုပ်ရပ်သည် လောကကြောင်း ဓမ္မကြောင်းများနှင့် ဆန့်ကျင်သောလုပ်ရပ် ဖြစ်သည်။

၃၃။ ထွန်းတုန်းလက်ကျန်ဦးထင်၏ အယူအဆဝါဒသည် ဗုဒ္ဓဘာသိတထေရဝါဒပိဋကတ် ဒေသနာတော် ဗုဒ္ဓဓမ္မ သာသနဓမ္မများနှင့် မလျော်မကန် ဖောက်ပြန်ယွင်းပျက် ဆန့်ကျင်ဘက် မဟုတ်မဟတ် ကြံစည်တီထွင် အရူးချေးပန်း သာသနာတော်ကို အရုပ်ဆိုးညှိုးနွမ်းစေရန် ပြောဆိုထားသောကြောင့် စောနာလွှာပါမပါ ဦးထင်၏ ပြောဆိုချက်အားလုံးသည် လက်ခံယုံကြည်ကျင့်သုံးလိုက်နာကြသူများအား “ဆရာကုန် ရှုံးတော့ တစ်သံသရာလုံးမှောက်” ဆိုသောစကားကဲ့သို့ သံသရာဝဋ်မှ ထွက်ပေါက်မရနိုင်သည့်ပြင် အပါယ်ရောက် ကြောင်းမကောင်းသော အယူဝါဒဖြစ်ပါသဖြင့် အဓမ္မဝါဒချည်းသာ ဖြစ်သည်ဟု အမှတ်(၈) နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

၃၄။ ဤအမှတ်(၈)နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဝိနိစ္ဆယရုံးတော်သို့ သက်သေခံတင်ပြထားသော ထွန်းတုံး လက်ကျန်အမည်ခံ ဦးထင်၏ဝါဒဆိုင်ရာ တရားအားလုံးသည်လည်း အဓမ္မဝါဒကို ဖော်ပြရာဖြစ်သော ကြောင့် အဓမ္မပင်မည်၏ဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးငါးပါးတို့က အောက်တွင်ကိုယ်တိုင် လက်မှတ် ရေးထိုးတော်မူကြ၍ တညီတညွတ်တည်း ထပ်မံဆုံးဖြတ်တော်မူကြသည်။

၃၅။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၈)ရုံးတော်သို့ သက်သေခံပစ္စည်းအဖြစ် တင်ပြထားသော ဦးထင်၏ဝါဒစာအုပ်နှင့် ထိုဝါဒမှဆက်နွယ်ပေါက်ပွါးလာသော စာအုပ်စာတန်းများ၊ အသံဖမ်းတိတ်ခွေများ ဤသက်သေခံပစ္စည်း၌ မပါဝင်ကျန်ရှိနေသောစာအုပ်၊ စာတန်း၊ တိတ်ခွေတို့၌ပါဝင်သော ဦးထင်ဝါဒတရား နှင့် ဦးထင်၏ဝါဒနှင့်ဆက်နွယ်နေသော တရားတို့သည်လည်း ထေရဝါဒ ပိဋကတ်တော်လာ ဓမ္မဝိနယများနှင့် ဆန့်ကျင်ဘက်ဖြစ်ရကား အဓမ္မဝါဒကို ဖော်ပြရာဖြစ်သောကြောင့် အဓမ္မဝါဒ ဖြစ်ကုန်၏ဟူ၍ ဆုံးဖြတ်တော် မူကြသည်။

၃၆။ ထိုမှတစ်ပါး ထိုအဓမ္မဝါဒနှင့် ဆက်နွယ်ပတ်သက်လျက်ရှိနေသော သင်တန်းအစရှိသော အမည် များနှင့် တံဆိပ်တုံး ဆိုင်းဘုတ်အစရှိသော ထိုအဓမ္မဝါဒကို ဖော်ပြသိစေလျက်ရှိသော အထိမ်းအမှတ် ပစ္စည်းမှန်သမျှအားလုံးတို့သည် အဓမ္မဝါဒနှင့်စပ်သောအမည်ပစ္စည်းဝတ္ထုများ ဖြစ်ကြသည်ဟူ၍ ဆုံးဖြတ် တော်မူကြသည်။

၄၃

၃၇။ အဆိုပါထွန်တုံးလက်ကျန် ဦးထင်၏ဝါဒကို ရေးသားပြောပြောကြသူ၊ လိုက်နာကျင့်သုံးကြသူ၊ လက်ခံ ယုံကြည် ထောက်ခံအားပေးကြသူ ရဟန်းရှင်လူ ဟူသမျှ ပုဂ္ဂိုလ်အားလုံးတို့သည်လည်း အဓမ္မဝါဒီ ပုဂ္ဂိုလ်တို့သာ မည်ကြသည်ဟူ၍ ဤအမှတ်(ဂ)နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးငါးပါးတို့က သဘောမပြား တစ်သားတည်း ဆုံးဖြတ်တော်မူကြသည်။

၄၄

သိမ်သမုတ်ခြင်းဆိုင်ရာဝါဒ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ရှမ်းစုကြီးကျေးရွာ၊ ရတနာမာရ်အောင်ကျောင်းဘုန်းကြီး ဦးပုညာစာရသည် သိမ်သမုတ်ရာ၌-

၁) ဝိသုံဂါမသိမ် အမိန့်ခံယူရန်မလို၊
၂) နယ်သိမ်းရန်လည်းမလို၊
၃) သိမ်နုတ်ရန်လည်း မလို၊
၄) သိမ်နိမိတ်အတွင်းရှိ သံဃာများက ဟတ္ထပါသ်မစပ်သော်လည်း သိမ်သမုတ်မှု အောင်မြင်သည်ဟု စွဲလမ်း ယူဆနေပါသည်။

ယင်းအယူဝါဒနှင့်စပ်လျဉ်း၍ စောဒကဆရာတော် (၃)ပါးတို့၏ စွဲဆိုချက်အရ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၉)က ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများနှင့်အညီ စောဒက စုဒိတက နှစ်ဖက်စုံညီ စစ်ဆေး၍ ၁၃၄၉-ခုနှစ်၊ တပေါင်းလဆန်း ၉-ရက် (၁၉၈၈-ခုနှစ်၊ ဖေဖော်ဝါရီ ၂၅-ရက်)နေ့တွင် အဓမ္မဝါဒအဖြစ် အဝိနယဝါဒအဖြစ် ဆုံးဖြတ်ခဲ့သည်။

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

၁။ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ရှမ်းကြီးစုကျေးရွာ၊ ရတနာမာရ်အောင်ရွာဦးကျောင်းဆရာတော် ဦးပုညာစာရ၏ သိမ်သမုတ်ခြင်းနှင့်ပတ်သက်၍ နယ်သိမ်းရန် မလိုခြင်း၊ ဝိသုံဂါမ အမိန့်ရယူရန် မလိုခြင်း၊ သိမ်နုတ်ရန် မလိုခြင်း၊ သိမ်နိမိတ်အတွင်း ရောက်နေသော သံဃာများသည် ဟတ္ထပါသ်စပ်သည်ဖြစ်စေ၊ မစပ်သည်ဖြစ်စေ၊ ညီညွတ်စွာ ကမ္မဝါဖတ်၍ သမုတ်ပါက ဓမ္မေနသမဂ္ဂကမ္မဖြစ်ခြင်းဟူသော အယူဝါဒ များသည် ထေရဝါဒဝိနည်း ဒေသနာတော်များနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒ၊ အဝိနယဝါဒသာ ဖြစ်သည်။ သို့ဖြစ်၍ ယင်းအယူဝါဒတို့ကို ဟောပြောခြင်း၊ ကျင့်သုံးခြင်း၊ စာအုပ်စာတမ်း ရိုက်နှိပ်ဖြန့်ဝေခြင်း စသည်တို့ကို မပြုရ။

၂။ စုဒိတကဦးပုညာစာရသည် အဓမ္မဝါဒီ အဝိနယဝါဒီ ဖြစ်သည်။ သို့ဖြစ်၍ ယင်း၏ အယူဝါဒကို စွန့်လွှတ်ရမည်။

၃။ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ပေကုန်းကျေးရွာ၊ ပဲခူးကျောင်းသိမ်သည် ဝိနည်းဒေသနာတော်၌ လာသော သိမ်သမုတ်နည်းတို့ကို မကျင့်သုံးဘဲ ဆန့်ကျင်၍ သမုတ်ကြောင်း ထင်ရှားသောကြောင့်လည်းကောင်း၊ သိမ်သမုတ်ချိန်တွင် ဂါမခေတ်အတွင်း၌ ရဟန်း(၂)ပါးရှိနေကြောင်း ထင်ရှားသဖြင့် ဝဂ္ဂကံ ဖြစ်သော ကြောင့်လည်းကောင်း မအောင်မြင်သော သိမ်ပျက်သာ ဖြစ်သည်။

၄။ ပဲခူးကျောင်းသိမ်နှင့်အတူ တင်ပြထားသော သိမ်(၄)လုံး အပါအဝင် စုဒိတကဦးပုညာစာရ ခေါင်းဆောင်ကာ ဝိနည်းဒေသနာတော်၌လာသော သိမ်သမုတ်နည်းတို့ကို မကျင့်သုံးဘဲ ဆန့်ကျင်၍ သမုတ်ထားသော သိမ်အားလုံးတို့သည် မအောင်မြင်သော သိမ်ပျက်များသာ ဖြစ်သည်။

၄၅

၅။ ဖော်ပြပါ သိမ်ပျက်တို့၌ ဥပသမ္ပဒကံဖြင့် ရဟန်းပြုခဲ့ကြသော ပုဂ္ဂိုလ်တို့ကိုလည်း သက်ဆိုင်ရာ သံဃာ့ အဖွဲ့အစည်းများနှင့် သာသနာရေးဦးစီးဌာနတို့က လိုအပ်သလို စိစစ်ဆောင်ရွက်၍ ပြန်လည်ရဟန်း ပြုစေရမည်။

၆။ ယင်းဆုံးဖြတ်ချက်အရ ၁၃၄၉-ခုနှစ်၊ တပေါင်းလဆန်း(၉)ရက်၊ (၁၉၈၈-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅- ရက်)နေ့မှာပင် နိုင်ငံတော်သံဃာမဟာနာယကဆရာတော်များရှေ့မှောက်၌ စုဒိတကဦးပုညာစာရသည် အဓမ္မဝါဒ၊ အဝိနယဝါဒအဖြစ် ဆုံးဖြတ်ခြင်းခံရသော မိမိ၏သိမ်သမုတ်မှုဆိုင်ရာအယူဝါဒများကို စွန့်လွှတ် ကြောင်း ဝန်ခံလက်မှတ်ရေးထိုးခဲ့ပါသည်။

၄၆

နယ်သိမ်းသိမ်သမုတ်မှုဆိုင်ရာဝါဒ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုနယ်မြေ၊ ရတနာသီရိရပ်ကွက်၊ ရွှေဝါမြိုင်ကျောင်း စုဒိတက ဆရာတော် ဦးကေသရက မိမိသီတင်းသုံးရာကျောင်း၌ နယ်သိမ်းသိမ် သမုတ်မှုနှင့်ပတ်သက်၍ မိမိရပ်ကွက် အတွင်းရှိ တစ်စိတ်တစ်ဒေသသံဃာများကို နယ်သိမ်းယူပြီး သိမ်သမုတ်ပါက သိမ်အောင်မြင်သည်ဟု စွဲလမ်း ယူဆနေပါသည်။

ယင်းအယူဝါဒနှင့်စပ်လျဉ်း၍ စောဒကဆရာတော်(၂)ပါးက ဈေးကြိုနယ်မြေတစ်ခုလုံးရှိ သံဃာ အားလုံးကို နယ်သိမ်းယူပြီး သိမ်သမုတ်မှ သိမ်အောင်ပြန်သည်ဟူသော စွဲဆိုချက်အရ နိုင်ငံတော်သီးခြား ဝိနည်း ဓိုရ်အဖွဲ့ အမှတ်(၁ဝ)က ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများနှင့်အညီ စောဒကနှင့် စုဒိတက နှစ်ဘက် စုံညီ စစ်ဆေး၍ ၁၃၅၁ ခုနှစ်၊ နယုန်လပြည့်ကျော်(၉)ရက်၊ ၁၉၈၉-ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် အဓမ္မ ဝါဒအဖြစ် အဝိနယဝါဒအဖြစ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

၁။ ရွှေဝါမြိုင်ကျောင်းဝင်းအတွင်း နယ်သိမ်းသိမ်သည် သီမာသမ္ပတ္တိအင်္ဂါများနှင့် မညီညွတ် မပြည့်စုံ သဖြင့် ဝိပတ္တိသိမ်ပျက် ဖြစ်သည်။

၂။ ရွှေဝါမြိုင်ကျောင်းအတွင်းရှိ သိမ်၌ရဟန်းသိက္ခာတင်ပြီးခဲ့သော အမျိုးကောင်းသားများသည် တစ်ခြား စိတ်ချရသောသိမ်၌ ရဟန်းသိက္ခာ ထပ်၍ တင်သင့်သည်။

၃။ ထိုသိမ်ကိုလည်း အများသံသယကင်းအောင် အထက်က စိစစ်ခဲ့သည့်အတိုင်း ဝိနည်းဓမ္မကံလုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံသမုတ်သင့်သည်။

ဝန်ခံလက်မှတ်ရေးထိုးခြင်း

ယင်းဆုံးဖြတ်ချက်အရ ၁၃၅၈-ခုနှစ်၊ နယုန်လပြည့်ကျော် ၉-ရက် (၁၉၈၉-ခုနှစ်၊ ဇွန်လ ၂၇-ရက်) နေ့မှာပင် နိုင်ငံတော်သံဃာနာယကဆရာတော်များရှေ့မှောက်၌ ဦးကေသရသည် မိမိ၏ နယ်သိမ်းသိမ် သမုတ်မှုဆိုင်ရာ အယူဝါဒများကို စွန့်လွှတ်ကြောင်း ဝန်ခံလက်မှတ် ရေးထိုးခဲ့ပါသည်။

၄၇

သာသနာရေးဆိုင်ရာ ဆုံးဖြတ်ချက်များ

စမ်းကလေးဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁၁)သည် ၁၃၅၉-နှစ်၊ တပို့တွဲလပြည့်ကျော် (၁၃) ရက်၊ (၂၄-၂-၉၈) အင်္ဂါနေ့တွင် စုဒိတကကိုယ်တိုင်မတက်ရောက်သဖြင့် တပေါင်းလပြည့်ကျော် (၄) ရက် (၁၆- ၃-၉၈) နေ့တွင် ရက်ရွှေ့၍ အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက်ချသည်။

စောဒကပုဂ္ဂိုလ်များ

၁။ အရှင်ဝိလာသ (သာသနဓဇဓမ္မာစရိယ)
၂။ အရှင်သောဘန (မဇ္ဈိမာရုံတောရစာသင်တိုက်၊ တောကျွဲအင်းမြို့၊ ကျောက်တံတားမြို့နယ်။ သာသနဓဇဓမ္မာစရိယ အမျိုးသားပထမကျော်၊ မိဂဒါဝုန်ကျောင်းတိုက်၊ မြို့မ (၂) ရပ်ကွက်၊ ညောင်လေးပင်မြို့။)
၃။ အရှင်စိန္တိတာဘိဝံသ (သာသနာဓဇသိရီပဝရဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ ရွှေကျင်တောင်ပရိယတ္တိစာသင်တိုက်၊ ဖြူးမြို့။)
၄။ အရှင်ခန္တီဓမ္မ (မြို့မသာသနာ့ရိပ်သာကျောင်းတိုက်၊ ပဲနွယ်ကုန်းမြို့။)

စုဒိတကပုဂ္ဂိုလ်များ

၁။ ဦးနန္ဒောဘာသ (အရှေ့ကျောင်း၊ စမ်းကလေးကျေးရွာ၊ ညောင်လေးပင်မြို့။)
၂။ ဦးဓမ္မပါလ (အရှေ့ကျောင်း၊ စမ်းကလေးကျေးရွာ၊ ညောင်လေးပင်မြို့။)
၃။ ဦးအော်ကေး (စမ်းကလေးကျေးရွာ)
၄။ ဦးဘိုးစိန် (စမ်းကလေးကျေးရွာ)
၅။ ဦးတင်မြင့် (စမ်းကလေးကျေးရွာ)
၆။ ဦးတင်ရွှေ (သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း။)

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်များ

၁။ ဘဒ္ဒန္တမေဓိယ (အဂ္ဂမဟာပဏ္ဍိတ၊ တူးမောင်းကျောင်းတိုက်၊ အမရပူရမြို့။)
၂။ ဘဒ္ဒန္တသီဟဗလ (အဂ္ဂမဟာပဏ္ဍိတ၊ တီးလှိုင်ကျောင်း၊ ရမည်းသင်းမြို့။)
၃။ ဘဒ္ဒန္တကုမရာဘဝံသ (သ. အ. ဓမ္မာစရိယ၊ ဗန်းမော်ကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။)
၄။ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (သ. စ. အ-ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်းမြို့။)
၅။ ဘဒ္ဒန္တအဂ္ဂဓမ္မ (ဒွိပိဋကဓရ၊ ဓမ္မရောင်ခြည်ကျောင်းတိုက်၊ မြောက်ဥက္ကလာမြို့နယ်။)

၄၈

ဗုဒ္ဓဝါဒနှင့်စမ်းကလေးဝါဒအကျဉ်းချုပ်နှိုင်းယှဉ်ပြချက်

၁။ ဗုဒ္ဓဝါဒအလိုအရ သောတ+အာပန္န သောတာပန္န (ဝါ) သောတာပန်ဟူသည် အရိယမဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံသူ ဖြစ်သည်။
စမ်းကလေးဝါဒအလိုအရ သောတာပန်ဟူသည် သဒ္ဓါ၊ ပီတိ၊ ပဿဒ္ဓိ၊ လောမဟံသ၊ ဩဘာသ ဤငါးပါးနှင့် ပြည့်စုံသူ ဖြစ်သည်။

၂။ ဗုဒ္ဓဝါဒကျင့်စဉ်မှာ သီလ၊ သမာဓိ၊ ပညာ ဖြစ်သည်။
စမ်းကလေးဝါဒအလိုကျင့်စဉ်မှာ သီလ၊ သဒ္ဓါ၊ ပညာ ဖြစ်သည်။ အရကောက်ချင်းမတူ ကွဲပြားသည်။

၃။ ဗုဒ္ဓဝါဒကျင့်စဉ်မှာ သီလ၊ သမာဓိ၊ ပညာ ဖြစ်သည်။ ရဟန်းလမ်း၊ လူလမ်း မခွဲခြား။ လမ်းရှည် လမ်းတို မခွဲခြား။ ရဟန်းနှင့်လူ ကျင့်စဉ်အတူတူသာ ဖြစ်သည်။
စမ်းကလေးဝါဒကျင့်စဉ်မှာ သီလ၊ သဒ္ဓါ၊ ပညာ ဖြစ်သည်။ လူကျင့်စဉ် လမ်းတိုကျင့်စဉ်ဟု ခေတ်ကို လိုက်၍ ခွဲခြားထားသည်၊

၄။ ဗုဒ္ဓဝါဒအရ သီလ၊ သမာဓိ၊ ပညာ သိက္ခာ(၃)ပါးတွင် ပညာအရကို အကြောင်းပုဗ္ဗဘာဂမဂ်နှင့်တကွ အရိယမဂ္ဂင်ရှစ်ပါးကို အရကောက်သည်။
စမ်းကလေးဝါဒအရ ပညာအရ ကောက်ပြပုံမှာ အကျိုးလောကုတ္တရာမဂ်ဖိုလ်ပညာကို ကောက်ပြထားသည်။

၅။ ဗုဒ္ဓဝါဒအရ သီလ၊ သမာဓိ၊ ပညာ သိက္ခာ(၃)ပါး ကျင့်စဉ်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးတွင် ဘယ်ကာလ၌မျှ မပြုပြင်မပြောင်းလဲရ၊ ကေဝလပရိပုဏ္ဏဂုဏ်ရှိသောကြောင့် နုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြောင်းလဲခြင်း မပြုရ။ ဤနည်းအတိုင်းသာ ကျင့်ရသည်။
စမ်းကလေးဝါဒအရ ခေတ်ကာလကိုလိုက်၍ သီလ၊ သဒ္ဓါ၊ ပညာ ကျင့်စဉ်အတိုင်း ကျင့်မှသာ မဂ်ဖိုလ်ရနိုင်သည်။ သမာဓိကျင့်စဉ်ကို ပယ်၍ သဒ္ဓါကို အစားထိုးထည့်ထားသည်။ သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်အတိုင်းဆိုလျှင် ကာလဝိပတ္တိဖြစ်၍ ကျင့်လို့မရဟု ယူဆထားသည်။

၆။ ဗုဒ္ဓဝါဒအလိုတော်အတိုင်း သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်အတိုင်းဆိုလျှင် ကာလဝိပတ္တိဖြစ်၍ ကျင့်လို့မရဟု ယူဆထားသည်။
စမ်းကလေးဝါဒအရ သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်လမ်း ရဟန်းလမ်း၊ တဏှာသတ်လမ်း၊ လမ်းရှည် ကျင့်စဉ်နည်းအရ လူပုဂ္ဂိုလ်များအားထုတ်ပါက သီလ၊ သမာဓိ၊ ပညာ အားနည်းမှုကြောင့် မှတ်စိတ်ပေးမယ်

၄၉

ဆိုရင် သဿတဥစ္ဆေဒလွတ်အောင် သင်တို့ မှတ်နိုင်လိမ့်မည်မဟုတ်ဟု အကြောင်းပြနိဒါန်းလွှာ(၁၈)၌ ဟောပြောထားသည်။

၇။ ဗုဒ္ဓဝါဒအလို မဂ္ဂင်ရှစ်ပါးမှာ သမ္မာဒိဋ္ဌိစသည်တည်း။
စမ်းကလေးဝါဒအရ မဂ္ဂင်ရှစ်ပါးမှာ သဒ္ဓါမဂ္ဂင် သုံးပါး၊ သီလမဂ္ဂင်သုံးပါး၊ ဝိနည်းမဂ္ဂင်၊ သိက္ခာမဂ္ဂင် ပေါင်း(၈)ပါးဟု ရေတွက်ပြထားသည်။

၈။ ဗုဒ္ဓဝါဒအရ ဥဂ္ဃဋိတညူပုဂ္ဂိုလ်အား သမထပုဗ္ဗင်္ဂမဝိပဿနာတရားကို ဟောရသည်။ ဝိပဉ္စိတညူ ပုဂ္ဂိုလ်အား သမထဝိပဿနာအစုံ(ယုဂနဒ္ဓ)ကို ဟောရသည်။ သို့မှသာ တရားပွဲအတွင်း မဂ်ဖိုလ်ရသည်။

၉။ ဗုဒ္ဓဝါဒအရ သောတပန်ဖြစ်ကြောင်း အင်္ဂါလေးပါးနှင့် ပြည့်စုံမှသာ သောတာပန် ဖြစ်နိုင်သည်။
စမ်းကလေးဝါဒအရ ယောနိသောမနသိကာရ သင့်သောအားဖြင့် ဝိပဿနာတရားကို နှလုံးသွင်းခြင်း၊ ဓမ္မာနုဓမ္မပဋိပတ္တိ-နိဗ္ဗာန်ကိုရစေနိုင်သောပုဗ္ဗဘာဂအကျင့်ကို (ဝါ) သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်ကို မကျင့်ဘဲ (၁၊၂)အင်္ဂါနှစ်ချက်ပြည့်စုံလျှင်ပင် သောတာပန် ဖြစ်သည်။ ကျင့်နေစရာမလို။ နာယူရုံနှင့် သောတာပန် ဖြစ်နိုင်သည်-ဟူလို။

၁၀။ ဗုဒ္ဓဝါဒအရက ကထာစဉ်ကို ဟောပြီး “ကလ္လစိတ္တ”စသည်ဖြစ်မှ သစ္စာလေးပါးတရားကို ဆက်ဟော တော်မူသည်။ သမုဒယနှင့်မဂ္ဂ အကြောင်းသစ္စာ၊ ဒုက္ခနှင့်နိရောဓ အကျိုးသစ္စာဟု ဟောထားတော်မူသည်။
စမ်းကလေးဝါဒအရက ကထာစဉ်ကို စနစ်တကျ မဟောဘဲ သစ္စာလေးပါးကိုလည်း အကြောင်း အကျိုးယူပုံ မမှန်။ ဒုက္ခနှင့်သမုဒယကို အကြောင်းသစ္စာ၊ နိရောဓနှင့်မဂ္ဂကို အကျိုးသစ္စာဟု ကောက်ယူ ထားသည်။

၁၁။ ဗုဒ္ဓဝါဒအရ သောတာပန်ဖြစ်ပြီးနောက် အထက်မဂ်ဖိုလ်ရရန်အတွက် ဝိပဿနာဉာဏ်အား ကောင်း သူကို ဧကဗီဇီသောတာပန်၊ ဝိပဿနာဉာဏ်အား အလယ်အလတ်ရှိသူကို ကောလံကောလသောတာပန်၊ ဝိပဿနာဉာဏ်အား နုံ့နှေးသူကို သတ္တက္ခတ္တုပရမသောတာပန်ဟု သောတာပန်(၃)မျိုး ခွဲခြားဟောတော် မူသည်။

၆၀ / ၆၃

စမ်းကလေးဝါဒအရ ပီတိ၊ ပဿဒ္ဓိ၊ ဩဘာသ-ဖြစ်လျှင် ဧကဗီဇီ၊ ပီတိ၊ လောမဟံသ-ဖြစ်လျှင် ကောလံ ကောလ၊ သဒ္ဓါ၊ပီတိ-ဖြစ်လျှင် သတ္တက္ခတ္တုပရမဟု သောတာပန်(၃)မျိုး ခွဲခြားယူထားသည်။

၁၂။ ဗုဒ္ဓဝါဒအလို သပ္ပုရိသအရကောက်မှာ ကမ္မဋ္ဌာန်းနည်းပေးနိုင်သူ ဘုရားစသော ပုဂ္ဂိုလ်များ၊ မဂ္ဂင် ရှစ်ပါးနှင့် ပြည့်စုံသူများ၊ ငါးပါးသီလလုံခြုံသူများကို ကောက်ယူပြတော်မူသည်။
စမ်းကလေးဝါဒအလို တစ်တိုင်တည်းနှင့် မဂ်ဖိုလ်ရအောင် ဟောပြောပေးနိုင်သူကို သပ္ပရိသဟု ကောက်ယူပြထားသည်။

၁၃။ ဗုဒ္ဓဝါဒအရ ရောင်ခြည်တော်ခြောက်သွယ်သည် မြတ်စွာဘုရား၏ ခန္ဓာကိုယ်မှသာ လွှတ်နိုင်သည်။ ရံဖန်ရံခါ ဓာတ်တော်များမှလည်း လွှတ်နိုင်သည်။

၅ဝ

စမ်းကလေးဝါဒအရ ရုပ်ပွားဆင်းတုများမှလည်းကောင်း၊ ဓတ်တော်များမှလည်းကောင်း ရောင်ခြည် တော်များသည် စမ်းကလေးဘုန်းကြီး၏ ခန္ဓာကိုယ်မှာ လာပြီးတည်းခိုတာဟု လျှောက်ထားသွားသည်။

မှတ်ချက်
အမှတ်(၁၄)၊ (၁၅)ဆုံးဖြတ်ချက်များအရ နှိုင်းယှဉ်ပြမထားပေ။ ထူးခြားမှုမရှိသောကြောင့် မပြခြင်းဖြစ်သည်။

၁၆။ ဗုဒ္ဓဝါဒအရ အကုသိုလ်ကံ၊ ကုသိုလ်ကံ ဥပါဒါန်-စသည်တို့ကို ဆိုင်ရာမဂ်ဉာဏ်များကသာ ပယ်နိုင်သည်။ ဖြတ်နိုင်သည်။
စမ်းကလေးဝါဒအရ အဓိဂမသီလက အကုသိုလ်ကံကို ဖြတ်သည်။ အဓိဂမသဒ္ဓါက ကုသိုလ်ကံ များကို ဖြတ်သည်။

သဒ္ဓါနုသာရိခေါ်ရပုံနှိုင်းယှဉ်ချက်

ဗုဒ္ဓဝါဒအရ ရုပ်နာမ်ဓမ္မတို့ကို အနိစ္စဟုနှလုံးသွင်း ဝိပဿနာရှုနေသော ယောဂီပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ လွန်ကဲလာသည်။ ၎င်းသဒ္ဓါကြောင့် ပထမမဂ်ဇောကျလျှင် သဒ္ဓါနုသာရီသောတာပန်ဟု ဟောထားတော် မူသည်။
စမ်းကလေးဝါဒအရ သူ့ကိုယုံကြည်ခြင်း-အပြင်သဒ္ဓါ၊ တရားတော်ကိုယုံကြည်ခြင်း-အတွင်းသဒ္ဓါ (၂)ပါးကြောင့် မဂ်ဇောကျသည်။ ၎င်းပုဂ္ဂိုလ်ကို သဒ္ဓါနုသာရီသောတာပန်ပါဟု ပြောဆိုထားသည်။ (ဝိပဿနာတရားကို အားထုတ်ဖွယ်မလို-ဟူလို)

၅၁

မိုးကုတ်ဝိနိစ္ဆယ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁၂)သည် မိုးကုတ်ဆရာတော်ကြီး ဟောကြားသော တရား တော်များနှင့် စပ်လျဉ်း၍ ဖြစ်ပွားသော ဝိဝါဒါဓိကရုဏ်းမှုကို ၁၃၆၅-ခုနှစ် တပေါင်းလပြည့်ကျော်(၄)ရက် (၂၈-၅-၂ဝဝ၅)နေ့တွင် ဆုံးဖြတ်ချက် ချမှတ်တော်မူကြသည်။

စောဒကပုဂ္ဂိုလ်

၁။ ဘဒ္ဒန္တဝိသုဒ္ဓ (ဓမ္မာစရိယ၊ ဝိသိဋ္ဌဒီဃဘာဏက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ လောကမှန်ကင်းကျောင်းတိုက်၊ မန္တလေးမြို့။)

စုဒိတကပုဂ္ဂိုလ်များ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အမှတ်(၈၂)၊ နတ်မောက်လမ်း၊ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၊ နာယက ဆရာတော်ဦးဇနိတပါ(၃)ပါး။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်များ

၁။ ဘဒ္ဒန္တဂန္ဓမာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ (သဘာပတိ)၊ သင်္ဃန်းကျွန်းမြို့နယ်။)
၂။ ဘဒ္ဒန္တခေမိန္ဒာမိ (အဂ္ဂမဟာပဏ္ဍိတ (အဖွဲ့ဝင်)၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ ဗဟန်းမြို့နယ်။)
၃။ ဘဒ္ဒဩဘာသာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ (အဖွဲ့ဝင်)၊ ဆင်မင်းကျောင်း၊ ဘုရားကြီးတိုက်၊ မန္တလေးမြို့။)
၄။ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ (အဖွဲ့ဝင်)၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ ဗဟန်းမြို့နယ်။)
၅။ ဘဒ္ဒန္တဩဒါတသိရီဘိဝံသ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ (အဖွဲ့ဝင်)၊ အဝေရာရာမရန်ကင်းကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်။)

ဆုံးဖြတ်ချက်များ

၁။ မိုးကုတ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလ ဟောကြားသော တရားတော်များ၌ ထေရဝါဒ ပိဋကတ်တော်နှင့် မညီညွတ်သောအချက်များကို နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ပြင်ဆင်ပေးရန် သဘောတူကြောင်း ၁၃၆၅-ခုနှစ်၊ နယုန်လပြည့်ကျော်(၅)ရက် (၁၉-၆-၂၀၁၃)နေ့တွင် သဘော

၅၂

တူလက်မှတ် ရေးထိုးခဲ့သည့်အတိုင်း စောဒကဆရာတော်နှင့် စုဒိတကဆရာတော်တို့သည် အတိအကျ လိုက်နာကြရမည်။

၂။ မိုးကုတ်ဝိနိစ္ဆယတွင် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁၂)က စောဒနာတစ်ခုချင်းကို စိစစ် သုံးသပ်၍ -
(က) မိုးကုတ်ဆရာတော်ကြီး ဟောစဉ်တရားစာအုပ်များတွင်-
(၁) လုံးဝပယ်ဖျက်ပေးရမည့်အချက်များ
(၂) တစ်စိတ်တစ်ဒေသပယ်ဖျက်ပေးရမည့်အချက်များ
(၃) မှားနေသည်တို့ကို အမှန်ပြင်ပေးရမည့်အချက်များ
(၄) စကားမပြည့်စုံသဖြင့် ပြည့်စုံစေရန် ပြင်ဆင်ဖြည့်စွက်ပေးရမည့်အချက်များကို လည်းကောင်း၊
(ခ) မိုးကုတ်ဆရာတော်ကြီး ဟောကြားထားသော အသံသွင်းတိတ်ခွေများရှိ ဟောတရားများတွင်- ပယ်ဖျက်ပေးရမည့်အချက်များကိုလည်းကောင်း ဆုံးဖြတ်ညွှန်ကြားထားပြီးဖြစ်ရာ--
ထိုဆုံးဖြတ်ညွှန်ကြားချက်များအတိုင်း စုဒိတကဆရာတော်(၃)ပါးနှင့် မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်း စဉ် ပြန့်ပွားရေးအဖွဲ့ချုပ်တို့က အတိအကျ လိုက်နာကြရမည်။

မှတ်ချက်
မိုးကုတ်ဝိနိစ္ဆယမှာ ဓမ္မအဓမ္မဟု ဆုံးဖြတ်ခြင်းမပြုဘဲ ပယ်ဖျက်ပြုပြင်ရမည့်အချက်များကို ဆုံးဖြတ် ထားခြင်းဖြစ်သည်။ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်အနေဖြင့် ဆုံးဖြတ်ညွှန်ကြားချက်များကို လိုက်နာ ၍နောက်ထပ်ပုံနှိပ်သည့်စာအုပ်များကို ပြုပြင်ပြီးမှ ပုံနှိပ်သည်ဟု ကြားသိရပါသည်။ ထို့ကြောင့် မိုးကုတ်ဝိပဿနာဟောစဉ်တရားစာအုပ်များကို လေ့လာသူများအနေဖြင့် ပြုပြင်ပြီးစာအုပ်များကို ဖတ်ရှုလေ့လာခြင်းအားဖြင့် သံသယကင်းရှင်းစွာ မှတ်ယူနိုင်ကြမည် ဖြစ်ပါသည်။
မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်အနေဖြင့် ဆုံးဖြတ်ညွှန်ကြားချက်များကို မလိုက်နာဘဲ နောက်ထပ်ပုံနှိပ် သည့်စာအုပ်များကို မပြုပြင်ဘဲ ပုံနှိပ်ဖြန့်ဝေလျှင် အဓမ္မဝါဒအဖြစ်သို့ စောဒနာတက်ရောက်လာဖွယ်ရှိပါ သည်။
အမှတ်(၁၄)အဓမ္မဝါဒအဆုံးအဖြတ်တွင် လေ့လာနိုင်ပါသည်။

၅၃

ဘိက္ခုနီဘာဝဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁၃)သည် ၁၃၆၇-ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၅) ရက်၊ ၂ဝဝ၅ ခုနှစ်၊ မေလ(၂၇)ရက်၊ တနင်္လာနေ့တွင် ဘိက္ခုနီဘာဝကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက်ချသည်။

စောဒကပုဂ္ဂိုလ်များ

၁။ ဦးပဏ္ဍိတ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဝိသုတာရာမတိုက်၊ သင်္ဃန်းကျွန်းမြို့နယ်။)
၂။ ဦးထေရိန္ဒ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ပါဠိစာပေဌာနမှူး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ရန်ကုန်မြို့။)
၃။ ဦးဉာဏိဿရ (မဟာဂန္တဝါစကပဏ္ဍိတ၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။)

စုဒိတကပုဂ္ဂိုလ်

၁။ မသစ္စဝါဒီ (ပေါက်စေတီကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်း။)

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ

၁။ ဘဒ္ဒန္တဂန္ဓမာဘိဝံသ (သဘာပတိ) (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဖက်ပင်အိုင်စာသင်တိုက်၊ သင်္ဃန်းကျွန်းမြို့နယ်။)
၂။ ဘဒ္ဒန္တစိန္တာသာရ (အဖွဲ့ဝင်) (အဂ္ဂမဟာပဏ္ဍိတ၊ သံဃာရာမတိုက်၊ မကွေးမြို့။)
၃။ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (အဖွဲ့ဝင်) (တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ ဗဟန်းမြို့နယ်။)
၄။ ဘဒ္ဒန္တအဂ္ဂဓမ္မ (အဖွဲ့ဝင်) (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဓမ္မရောင်ခြည်ကျောင်း၊ မြောက်ဥက္ကလာပမြို့နယ်။)
၅။ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ (အဖွဲ့ဝင်) (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။)

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

၅၄

ဒေါ်သစ္စဝါဒီ သီလရှင်သည် (၂၈-၂-၂၀၀၃)တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ တပေါဓာရုံကျောင်း တိုက် သိမ်တော်တွင် ဓမ္မာလောကထေရ်ကြီးမှူးသော ဘိက္ခုသံဃာနှင့် ခေမာစာရီ၊ သုကုမာ စသည်ကြီးမှူး သော ဘိက္ခုနီသံဃာတို့ဖြင့် ဘိက္ခုနီ ပြုလုပ်ခဲ့သည်။
၂ဝဝ၄-ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သို့ ဘိက္ခုနီအသွင်ဖြင့် ဝင်ရောက်လာခဲ့သည်။ ဒေါ်သစ္စဝါဒီသည် ဓမ္မဝိနယမှသွေဖည်၍ မြော်မြင်ဉာဏ်မပါ ထင်ရာမြင်ရာ ပြုမူခြင်းကြောင့် သူမ၏ ဘိက္ခုနီဘာဝနှင့်စပ်လျဉ်းသော အပြုအမူအားလုံးသည်-
(၁) ဓမ္မဝိနယနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သောကြောင့် အဓမ္မဝါဒ အဝိနယဝါဒသာ ဖြစ်သည်ဟုလည်းကောင်း
(၂) သူမသည် ၎င်းအဓမ္မဝါဒ အဝိနယဝါဒကို ယုံကြည်သူခံယူသူဖြစ်ခြင်းကြောင့် အဓမ္မဝါဒီ အဝိနယဝါဒီသာ ဖြစ်သည်ဟုလည်းကောင်း
(၃) သူမသည် မိမိ၏ အဓမ္မအဝိနယ ဘိက္ခုနီဘဝကို တရားဝင်အပြီးအပြတ် စွန့်လွှတ်မှုပြုရမည်ဟုလည်း ကောင်း
(၄) သူမသည် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက အကြောင်းအကျိုးပြလျက် အချိန်မီ ဩဝါဒပေးခြင်း တားမြစ်ခြင်းကို အလေးမမူ မလိုက်နာသူဖြစ်၍ ထိုအပြစ်များပြေပျောက်စေရန် နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများအား ဝန်ချကန်တော့မှုပြုရမည်ဟုလည်းကောင်း တညီတညွတ် တစ်စိတ်တစ်ဝမ်းတစ်သဘောတည်း ဆုံးဖြတ်တော်မူကြသည်။

၅၅

အောင်ဆန်းတောရဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁၄/၂၀၀၆)သည် ၁၃၆၈-ခုနှစ်၊ နယုန်လပြည့်ကျော် (၂)ရက်၊ (၁၃-၆-၂၀၀၆)နေ့တွင် အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်း ဆရာတော် ဦး ကိတ္တိသာရ၏ ပဋိစ္စသမုပ္ပာဒ်ဖြတ်လမ်း(၁၀)စခန်းအထူးသင်တန်းကျမ်း၌ပါသော အမှားကြီး(၂)ရပ်ကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။

စောဒကဆရာတော်

ဦးဝိသုဒ္ဓ (လောကမှန်ကင်းကျောင်းတိုက်၊ ဥပုသ်တော်ရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့။)

စုဒိတကပုဂ္ဂိုလ်

ဦးကိတ္တိသာရ (အောင်ဆန်းတောရတပ်ဦးကျောင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။)

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ

၁။ ဘဒ္ဒန္တခေမိကာဘိဝံသ (သဘာပတိ) (အဂ္ဂမဟာပဏ္ဍိတ)၊ မြတောင်ကျောင်းတိုက်၊ ခေမာဝင်းကျောင်း၊ မန္တလေးမြို့။
၂။ ဘဒ္ဒန္တဓမ္မာနန္ဒ (အဖွဲ့ဝင်) (အဂ္ဂမဟာပဏ္ဍိတ)၊ စစ်ကိုင်းစာသင်တိုက်၊ သုဝဏ္ဏ၊ ရန်ကုန်မြို့။
၃။ ဘဒ္ဒန္တစန္ဒောဘာသာဘိဝံသ (အဖွဲ့ဝင်) (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ-စ-အ ဓမ္မာစရိယ)၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မင်္ဂလာသီရိအုဌ်ကျောင်း၊ မန္တလေးမြို့။

အကျဉ်းချုပ်သုံးသပ်ချက်

အမှတ်(၁)စောဒနာ၌-
၁။ ဒိဋ္ဌကိုသာဖြုတ်ပြီး ဝိပဿနာအားထုတ်ခဲ့သော် အရှင်ဆန္နကဲ့သို့ တရုဏဝိပဿနာသာဖြစ်နိုင်သော ကြောင့် အမှတ် (၁)စောဒနာ၌ (င)အမှတ်စကားရပ်သည် မမှန်၊ အဓမ္မဝါဒသာ ဖြစ်သည်။ (င)အမှတ် စကားရပ်ကို ဖြုတ်ပစ်ရမည်။
၂။ ဒိဋ္ဌိမဖြုတ်ဘဲနဲ့ (ဝါ) နာမရူပပရိစ္ဆေဒဉာဏ်မရှိဘဲနဲ့ ဝိပဿနာဉာဏ်ပင် မဖြစ်နိုင်သောကြောင့် (ဒိဋ္ဌိမဖြုတ် ဘဲနဲ့ ဝိပဿနာ အားထုတ်ခဲ့သော် အားနည်းသောဝိပဿနာဖြစ်တယ်၊ (ဖိုင်-၁၊၅။ ဖြတ်လမ်း (နှာ ၃၂) ဟူသော အမှတ်(၁)စောဒနာ၌ (ဃ)အမှတ် စကားရပ်သည် မမှန်၊ ဖြုတ်ပစ်ရမည်၊ အဓမ္မဝါဒသာ ဖြစ် သည်။
၃။ အရှင်ဆန္နသည် ပရိနိဗ္ဗာန်စံသည်အထိ (၄၅)နှစ်ကာလအတွင်း၌ အပြင်းအထန် ဝိပဿနာအားထုတ်၍ တရုဏဝိပဿနာဖြစ်သည် မဟုတ်၊ ပရိနိဗ္ဗာန်စံပြီးနောက် ဃောသိတာရုံကျောင်း၌ ဗြဟ္မဒဏ်

၅၆

ကာလ အပေးခံရ၍ ဗာရာဏသီ မိဂဒါဝုန်ကျောင်း၌ ဝိပဿနာအားထုတ် စဉ် တရုဏဝိပဿနာကို ရရှိတာ ဖြစ်သောကြောင့် စုဒိတကတို့က အရှင်ဆန္နရဟန်းဖြစ်စမှ ဘုရားရှင်ပရိနိဗ္ဗာန်စံသည်အထိ အတွင်း၌ တရုဏဝိပဿနာဖြစ်သည်ဟု ပြောထားသော (က-ခ) စကားရပ်၌ အချိန်ကာလကို လွဲမှား ပြောထားသည်ဖြစ်သောကြောင့် အမှတ်(၁) စောဒနာ၌ (က-ခ)ဝါကျစကားရပ်အားလုံး လွဲမှားနေသည်။ အဓမ္မဝါဒသာ ဖြစ်သည်။ (က-ခ)အမှတ် ဝါကျစကားရပ်အားလုံးကို ဖြုတ်ပစ်ရမည်ဟု သီးခြားအဖွဲ့အမှတ်(၁၄)နိုင်ငံတော် ဝိနည်းဓိုရ် ဆရာတော်ကြီးများက တညီတညွတ်တည်း လက်မှတ်ရေးထိုး၍ ဆုံးဖြတ်တော်မူကြသည်။

အမှတ်(၂)စောဒနာ၌-
၁။ ဒိဋ္ဌိကိုသာဖြုတ်ပြီး ဝိပဿနာအားထုတ်ခဲ့သော အရှင်ဆန္နကဲ့သို့ တရုဏဝိပဿနာသာဖြစ်နိုင်သော ကြောင့် အမှတ်(၂)စောဒနာ၌ (ဃ)အမှတ်စကားရပ်သည် မမှန်ကန်၊ ဖြုတ်ပစ်ရမည်၊ အဓမ္မဝါဒသာ ဖြစ်သည်။
၂။ ကိလေသာကြားမခိုရင်၊ ကိလေသာကြားညှပ်လို့ရှိရင်၊ ကိလေသာမဖြစ်ရင်၊ ဥပက္ကိလေသာမဖြစ်ရင် မနက် အားထုတ်ရင် ညနေရတယ်၊ ညနေအားထုတ်ရင် မနက်ရတယ်ဟူသော စကားရပ်ကို ဗလဝ ဝိပဿနာဉာဏ်နှင့်ပြည့်စုံသော တိက္ခပညနေယျပုဂ္ဂိုလ်အားသာ ဟောရမည်၊ မှန်ကန်ပေသည်။ ဓမ္မ ဝါဒသာ ဖြစ်သည်။
၃။ ဗလဝဝိပဿနာ ဥဒယဗ္ဗယဉာဏ်နှင့်ပြည့်စုံသော တိက္ခပညနေယျပုဂ္ဂိုလ်အားသာ မနက်အားထုတ် ညနေ တရားထူးရမည်၊ ညနေအားထုတ်၊ မနက်တရားထူးရမည်ဟူသော စကားရပ်ကို သုံးစွဲရမည်၊ ဟောပြော ရမည်။ ဗောဓိရာဇကုမာရသုတ်လာ စကားနှင့် ညီပေသည်။ ဓမ္မဝါဒသာ ဖြစ်သည်။
၄။ နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ သမ္မသနဝိပဿနာ ဉာဏ်၊ တရုဏဝိပဿနာဉာဏ်တို့တွင် ဉာဏ်တစ်စိတ်တစ်ဝက်နှင့် သာ ပြည့်စုံသောပရိသတ်တို့အား “တရားအားထုတ်ကြပါ၊ မနက် အား ထုတ်ရင် ညနေတရားထူးရမယ်၊ ညနေအားထုတ်ရင် မနက်တရားထူးရမယ်”ဟူ၍ မဟောသင့်။ မဟောထိုက်၊ မဟောရ၊ မပြောရ၊ အသံသွင်းမထားရ၊ အသံသွင်း၍ ဖွင့်မပြုရ၊ နားမထောင်ရ။ အဓမ္မဝါဒသာ ဖြစ်သည်-ဟူ၍ သီးခြားအဖွဲ့အမှတ်(၁၄) နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများက တညီတညွတ်တည်း လက်မှတ် ရေးထိုး၍ ဆုံးဖြတ်တော်မူကြသည်။

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

၁။ မြင်းမြီးဆွဲမောင်ဆံရဟန်းသည် ဘုရားရှင်ရှိတော်မူနေစဉ် (၄၄) နှစ် (၄၅)နှစ်မျှကြာအောင် ဝိပဿနာ ဘာဝနာအလုပ်ကို ကြိုးစား အားထုတ်ခဲ့ပါသော်လည်း တရုဏဝိပဿနာမျှသာဖြစ်နေသောကြောင့် နိဗ္ဗာန်တရားထူးကို မရဟူ၍လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို မကြားနာရသောကြောင့် နိဗ္ဗာန် တရားထူးကို မရဟူ၍လည်းကောင်း မည်သူကမျှ မဟောရ၊ မပြောရ၊ မရေးရ၊ ဤသို့ အဓိပ္ပါယ်ပေါ်ထွက်လာနိုင်သည့် အခြားခြားသော စကားပရိယာယ်တစ်မျိုးမျိုးဖြင့်လည်း ကောင်း၊ မဟောရ၊ မပြောရ၊ မရေးရ။
၂။ အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ၏ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကို အသေ

၅၇

အချာ ကြားနာပြီးနောက် ကိလေသာကြားမခိုစေဘဲ ဝိပဿနာတရားကို ပွားများအားထုတ်ခဲ့သော် နံနက်အားထုတ်က ညနေနိဗ္ဗာန်တရားထူးကိုရမည်ဟူ၍သော်လည်းကောင်း၊ ထိုသို့အဓိပ္ပါယ်သ က်ရောက်သော စကားပရိယာယ် တစ်မျိုးမျိုးကိုသုံး၍သော်လည်းကောင်း မည်သူမျှ မဟောရ၊ မပြောရ၊ မရေးရ။
ထိုဟောပြောရေးသားမှုအားလုံးသည် ဇဋာသုတ်ပါဠိတော်စသည်နှင့် ဆန့်ကျင်သောကြောင့် အဓမ္မ ဝါဒသာ ဖြစ်သည်။
အထက်ဆုံးဖြတ်ချက်နှစ်ရပ်၌ ပါရှိသော အကြောင်းအရာများကို ဟောပြောမှတ်တမ်းတင်ထား အသံအားလုံးကိုလည်းကောင်း၊ ရေးသားမှတ်တမ်းတင်ထားမှုအားလုံးကိုလည်းကောင်း တစ်လုံး မကျန် လုံးဝ ပယ်ဖျက်ပေးရမည်။

၅၈

မိုးညှင်းမြို့အရှေ့ရိပ်သာခေမိန္ဓဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် (၁၅/၂ဝဝ၆)သည် ၁၃၆၈-ခုနှစ်၊ သီတင်းကျွတ်လပြည့် ကျော်(၈)ရက်၊ (၁၆-၁၀-၂၀၀၆)၊ တနင်္လာနေ့တွင် စုဒိတကဦးခေမိန္ဒ နှင့် မြစ်ကြီးနားမြို့၊ ကျောင်းထိုင်ဘုန်း ကး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ(ငါးဘွဲ့ရဓမ္မာစရိယ)တို့၏ဝါဒကို ဝိနည်းတရားတော်နှင့်အညီ အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။

စောဒကဆရာတော်များ

၁။ ဦးမဏ္ဍလာစာရ (သာသနဓဇဓမ္မာစရိယ၊ ရတနာမာရ်အောင်ကျောင်းတိုက်၊ ဟိုပင်မြို့၊ ကချင်ပြည်နယ်။)
၂။ ဦးနာရဒ (သာသနာ့တက္ကသီလဓမ္မာစရိယ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၊ ဟိုပင်မြို့၊ ကချင်ပြည်နယ်။)

စုဒိတကပုဂ္ဂိုလ်များ

၁။ ဦးခေမိန္ဒ (မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းတိုက်၊ မိုးညှင်းမြို့၊ ကချင်ပြည်နယ်။)
၂။ ဦးဝိစိတ္တသာရာဘိဝံသ (ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။)

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ

၁။ ဘဒ္ဒန္တကုမာရာဘိဝံသ (သဘာပတိ) (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မာစရိယ၊ သိရောမဏိ၊ ဝဋံသကာ) ဗန်းမော်ကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်း။
၂။ ဘဒ္ဒန္တစန္ဒိမာ (အဖွဲ့ဝင်) (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ သ စ အ ဓမ္မာစရိယ) မင်းကျောင်းပထမပြန်စာသင်တိုက်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်း။
၃။ ဘဒ္ဒန္တနန္ဒမာလာ (အဖွဲ့ဝင်) (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဒီဃနိကာယကောဝိဒ၊ ဓမ္မာစရိယ) ရတနာအုဌ်ကျောင်းပရိယတ္တိစာသင်တိုက်၊ တဂေါင်းဘုရားလမ်း၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်း။

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

၁။ မိုးညှင်းမြို့၊ မဟာသတိပဌာန် ရိပ်သာဆရာတော် ဦးခေမိန္ဒနှင့် မြစ်ကြီးနားမြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ (ငါးဘွဲ့ရဓမ္မာစရိယ)တို့၏ ဟောပြော ရေးသားချက်များနှင့်ပတ်သက်၍ စောဒကဆရာတော်များ တင်ပြသောအချက်(၃၄)ချက်သည် ထေရ ဝါဒပိဋကတ်တော်လာ ပါဠိ, အဋ္ဌကထာ, ဋီကာတို့နှင့် ညီညွတ်မှုမရှိသောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်။

၅၉

၂။ ၎င်းအဓမ္မဝါဒ(၄၃)ချက်ကို ဟောပြောပြသလက်ခံလိုက်နာ ကျင့်သုံးသော ပုဂ္ဂိုလ်အားလုံးတို့သည် အဓမ္မ ဝါဒီများသာ ဖြစ်ကြသည်။
၃။ သက်သေခံအဖြစ် တင်ပြထားသော စာအုပ်စာတမ်းများ၊ ဗွီဒီယိုတိပ်ခွေများ၊ ကက်ဆက်တိပ်ခွေများနှင့် အလားတူရိုက်နှိပ်ထားသော စာစောင်စသည်များသည် အဓမ္မဝတ္ထုပစ္စည်းများသာ ဖြစ်ကြသည်ဟု တညီ တညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

အဓမ္မဝါဒ(၄၃)ချက်

၁။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ဝင်လေထွက်လေ(အာနာပါန)ကို တမင်ချုပ်ပြီး မရှိအောင်လုပ်ပြီး ကျင့်ရမည်”ဟု ဟောပြောချက်သည် ဘုရားစကား မဟုတ်။ အဋ္ဌကထာဋီကာတို့၌လည်း မလာ။ ထို့ကြောင့် အဓမ္မဝါဒသာ ဖြစ်သည်။ ထေရဝါဒသာသနာတော်မှအပ အနှစ်သာရကင်းမဲ့သော အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြသည်။
၂။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “အနိစ္စ ဒုက္ခ အနတ္တ ရှုလို့ နိဗ္ဗာန်မရ”အစရှိသည်ဖြင့် ဟောကြားချက်သည် ထေရဝါဒပိဋကတ်တော်လာ ပါဠိတော် အဋ္ဌကထာများနှင့် ဆန့်ကျင်ဖက်ဖြစ်၍ အဓမ္မဝါဒသက်သက်သာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၃။ ရိပ်သာဆရာတော်ဟောသကဲ့သို့ “မျက်စိကိုမရှုမှတ်နဲ့။ မြင်သိစိတ်ကိုမဖြစ်စေနဲ့”စသည့်အချက်အလက် တို့သည် ဘုရားဟောပါဠိတော်၊ အဖွင့်အဋ္ဌကထာများနှင့် ဖီလာဆန့်ကျင်နေသဖြင့် သာသနာတော် ပျက်စီးရန်သာဖြစ်ရကား အဓမ္မဝါဒဟု ဆုံးဖြတ်တော်မူကြပါသည်။
၄။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ထွက်လေဝင်လေတို့ကို ရှုတာဟာ နိဗ္ဗာန်မရနိုင်ပါဘူး။ ဒီတရားတွေဟာ နိဗ္ဗာန်ရောက်ကြောင်းတရားတွေလဲ မဟုတ်ပါဘူး”စသည်ဖြင့် ဟောပြောချက်များသည် ပါဠိတော် အဋ္ဌ ကထာ ဟောပြချက်များ၊ ဖွင့်ဆိုချက်များနှင့် မကိုက်ညီဘဲ ဆန့်ကျင်ဘက်ဖြစ်နေကြသည်။ မိမိထင်ရာ မြင်ရာဟောထားသည့် တရားများသာဖြစ်၍ အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၅။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ခန္ဓာငါးပါး၊ ခန္ဓာကိုယ်ကြီးကို ရှုမှတ်နေရင် ကိလေသာတွေ ဖြစ်တယ်။ အာရုံမပြုရင် သမုဒယမဖြစ်တဲ့အတွက် ကိလေသာတွေကို သတ်တာပဲ”စသည့် ဟောပြောချက်များသည် ပါဠိတော် အဋ္ဌကထာများနှင့် လုံးဝဆန့်ကျင်ရကား အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြ ပါသည်။
၆။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “အာနာပါနကို ရှူတာဟာ ဒိဋ္ဌိပဲ”စသည့် ဟောပြောချက်များသည် ထေရဝါဒ ပိဋကတ်နှင့်အညီ ဟောပြောချက်များ မဟုတ်။ ပါဠိတော်များနှင့်လည်းကောင်း အဋ္ဌကထာများနှင့်လည်း ကောင်း ဆန့်ကျင်နေခြင်းကြောင့် သာသနာဖျက်အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၇။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “သင်္ခါရအာရုံနိမိတ်တွေကို ရှုတာဟာ ဒိဋ္ဌိဖြစ်တယ်၊ မာနဖြစ်တယ်”ဟု ဟောပြောချက်သည် ပါဠိတော်တို့နှင့် ဆန့်ကျင်ရကား အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြ ပါသည်။

၆၀

၈။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “လက္ခဏာရေးသုံးပါးရှုတာဟာ ဝိပဿနာမဟုတ်၊ ဝိပဿနာဟာ အနိစ္စရှူတာ မဟုတ်”စသည့် ဟောပြောချက်သည် ပါဠိတော်အဋ္ဌကထာကြီးများနှင့် ဆန့်ကျင်နေရကား အဓမ္မဝါဒ သက်သက်သာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၉။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ခန္ဓာကိုယ်ကိုရှုခြင်းသည် နိစ္စ၊ သမုဒယပယ်မှ အနိစ္စ”စသည်ဖြင့် ဟောပြော ထားသော တရားများသည် အဓမ္မဝါဒသက်သက်သာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူ ကြပါသည်။
၁၀။ ရိပ်သာဆရာတော်ဦးခေမိန္ဒနှင့် တပည့်ဦးဝိစိတ္တသာရာဘိဝံသတို့၏ “ဝိပဿနာဉာဏ်မရှိပါဘဲလျက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြစ်သည်”စသည့် ဟောပြောချက်များသည် အဓမ္မဝါဒသက်သက်သာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၁၁။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ဝိပဿနာအတွက်ဆိုလျှင် ဓာတ်ကြီးလေးပါးကို မရှုရ”စသည့် ဟော ပြောချက်များသည် အဓမ္မဝါဒသက်သက်သာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၁၂။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “အာရုံတွေကို ရှုမှတ်ရင် တုန်လှုပ်တယ်။ မရှုမှတ်မှ နိဗ္ဗာန်ရမယ်”ဟု ဟောပြောချက်သည် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၁၃။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “သင်္ခါရတရားတို့ကို ရှုမှတ်လျှင် ဗောဇ္ဈင် မဖြစ်။ ရှုမှတ်စရာတစ်ခုခုကို ရှုမှတ်နေရင် ဗောဇ္ဈင်ခုနှစ်လုံးပါးပျက်သွားတယ်”ဟု ဟောပြောချက်သည် ပါဠိတော်အဋ္ဌကထာတို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ရကား အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၁၄။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “အကြောင်းအကျိုးမရှိသောပဋိစ္စသမုပ္ပာဒ်”ဟု ဟောပြောချက်သည် ထေရဝါဒပိဋကတ်တော်လာ အယူအဆတို့နှင့် မညီညွတ်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံး ဖြတ်တော်မူကြပါသည်။
၁၅။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “သင်္ခါရအာရုံနိမိတ်တွေကို ရှုမှတ်နေရင် အဝိဇ္ဇာအစ ဇရာမရဏအဆုံး ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းကြီးလည်နေတာ”စသည့် ဟောပြောချက်သည် ပါဠိတော်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်နေသောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၁၆။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “အာရုံသင်္ခါရနိမိတ်တွေကို ရှုတာဟာ သမုဒယဖြစ်တဲ့အတွက် ခန္ဓာငါးပါး ရတယ်”စသည့် ဟောပြောချက်များသည် ပါဠိတော်များနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ရကား အဓမ္မဝါဒ သက်သက်သာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၁၇။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “သင်္ခါရပစ္စယာ ဝိညာဏံ-သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပါတယ်။ ဒီနေရာမှာ ဝိညာဉ်အရ ဘာယူရမလဲဆိုတော့ သင်္ခါရအာရုံနိမိတ်တွေကို ရှုတဲ့စိတ်ကို ယူရပါမယ်။ အဲဒီတော့ ခန္ဓာငါးပါးဖြစ်တဲ့ သင်္ခါရအာရုံနိမိတ်တွေကို ရှုတဲ့စိတ်ဟာ ဝိညာဉ်ဖြစ်တဲ့အတွက် သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းကြီး လည်သွားတာပါ”စသည့် ဟောပြောချက်များ သည် ပါဠိအဋ္ဌကထာဋီကာများနှင့် ဆန့်ကျင်ရကား အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူ ကြပါသည်။
၁၈။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ရှုစိတ်ကနာမ်၊ အရှုခံကရုပ်ပါ။ ဒါကိုပဲ နာမရူပံ-နာမ်ရုပ်လို့ ခေါ်ပါတယ်။

၆၁

ဒါ့ကြောင့် ဝိညာဏပစ္စယာ နာမရူပံ-ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ စက်ဝိုင်းလည်နေတာပဲ။ ဒီကနေ့ ဘုန်းကြီးတို့ ဒကာဒကာမများ ရှုလိုက်ကြတာက ရုပ်တရားတွေ။ အဲဒီတော့ စက်ဝိုင်းကြီး လည်နေပြီပေါ့”စသည့် ဟောပြောချက်သည် ပါဠိတော်အဋ္ဌကထာဋီကာများနှင့် လုံးဝဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၁၉။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “သဠာယတနံ-အာယတန(၁၂)ပါးဟုဟောခြင်း၊ နာမ်ရုပ်ကိုရှုတဲ့အတွက် အာယတန(၁၂)ပါး၊ ခန္ဓာ(၅)ပါး ဖြစ်တာပဲ”စသည့် ဟောပြောချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၂၀။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ဖဿဆိုတာ ရှုစိတ်နဲ့ အရှုခံအာရုံ တွေ့ထိတာကိုပဲ ဖဿလို့ ခေါ်တာပဲ” စသည့် ဟောပြောချက်သည် မြတ်စွာဘုရား၏ ပါဠိတော် ဟောပြချက်နှင့် လုံးဝဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၂၁။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ဝေဒနာကို လက္ခဏာရေးသုံးပါး ရှုတာဟာ ဝိပဿနာလား။ ဝိပဿနာ လုံးဝမဟုတ်ဘူး”ဟု ဟောပြောချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၂၂။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ဝေဒနာကိုရှုလျှင် တဏှာဖြစ်တယ်”ဟူသောဟောပြောချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၂၃။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “သင်္ခါရအာရုံတွေကို ရှုမှတ်လို့ တဏှာဥပါဒါန် ဖြစ်တာ”ဟူသော ဟောပြောချက်သည် ပါဠိတော် အဋ္ဌကထာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၂၄။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ဉာဏ်စဉ်ကိုအထင်ကြီးစရာမလိုဘူး။ အထင်ကြီးစရာလည်းမရှိဘူး”ဟု ဟောပြောချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၂၅။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “သောတာပန်ဟာ သောတာပန်ဖြစ်မှန်း မသိ။ သကဒါဂါမ်ဟာ သကဒါ ဂါမ်ဖြစ်မှန်း မသိ”ဟု ဟောပြောချက်သည် အဋ္ဌကထာများ၏ ဖွင့်ဆိုချက်တို့နှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၂၆။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “(၇)ရက်နဲ့ အနုလောမဉာဏ်ရောက်အောင် ရိုက်ပို့ပေးတယ်။ ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့ကို မရှုမှတ်ရ။ မပွားများရ”စသည့် ဟောပြောချက်များသည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၂၇။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “အာရုံနှင့်စိတ် ခွဲထုတ်တတ်ရင် အရိယာမဖြစ်ဘူးဟု ပြောလို့မရဘူး” ဟူသော ဟောပြောချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့်လည်းကောင်း၊ သဘာဝဓမ္မနှင့်လည်း ကောင်း ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၂၈။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “နာမရူပပရိစ္ဆေဒဉာဏ်၊ သမ္မသနဉာဏ်တွေရအောင် လုပ်စရာမလိုဘူး။

၆၂

အနုလောမဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်ရောက်ဖို့က အဓိကပါပဲ”စသည့် ဟောပြောချက်သည် အဋ္ဌကထာလာ ဖားသတ္တဝါ၏ ခုန်ပျံကျော်လွှားသွားခြင်းကဲ့သို့ ဉာဏ်စဉ်တွေကို ခုန်ကျော်ပြီးကျင့်ရန် အဓမ္မတိုက်တွန်းနေခြင်းသာ ဖြစ်ပါသည်။ ၎င်းဝါဒသည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၂၉။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့ကို မရှုရ။ စွန့်ရမည်”ဟု ပဋိသံဟရတိ- ပုဒ်ကို အနက်မှားအဓိပ္ပာယ်မှား ယူ၍ ဟောကြားရေးသားအပ်သောဟောပြောချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
မှတ်ချက်။ပဋိသံဟရတိဟူသော သံယုတ်ပါဠိကို အနက်ပေးရာတွင် ရိပ်သာဆရာတော်က ရုပ်သိမ်း သည်။ (ဝါ) ရုပ်နာမ်ခန္ဓာအာရုံအပေါ်မှာ ရှေးရှုမှတ်နေသောစိတ်ကို ရုပ်သိမ်းသည် (ဝါ) ရုပ်နာမ် ခန္ဓာအာရုံကို စွန့်ခွါသည်ဟု အနက်ပေးသည်။
အဋ္ဌကထာ၏အလိုအရ ကြည်ညိုဖွယ်ဗုဒ္ဓါနုဿတိစသော ကြားဖြတ်ကမ္မဋ္ဌာန်းအာရုံမှ စိတ်ကို ရုပ်သိမ်းသည်။ မူလအားထုတ်နေကျကမ္မဋ္ဌာန်းသို့ ရှေးရှု စိတ်ကို ပြုအံ့ဟု ဘာသာပြန်ရပေမည်။
၃၀။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ရူပံ ဘိက္ခဝေ န တုမှာကံ တံ ပဇာဟထ၊ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ”ဟူသော သံယုတ်ပါဠိကို ထုတ်ပြ၍ ဤနတုမှာကသုတ်၏ ဆိုလိုချက်အကျဉ်းမှာ- ခန္ဓာငါးပါးအာရုံအပေါ်သို့ ကျရောက်တတ်သည့် ထင်မြင်မှုငါ မဖြစ်အောင် ရုပ်နာမ်ဟူသောအာရုံကို စွန့်ခွါထားခြင်းပင် ဖြစ်သည်ဟု အဓိပ္ပာယ်ကောက်ယူသည်။
ဤနတုမှာကသုတ်တရားသည် တိုက်ရိုက်ယူအပ်သော နီတတ္ထဒေသနာ မမဟုတ်။ ဆောင်၍ ယူအပ်သော နေယျတ္ထဒေသနာ ဖြစ်သည်။ ထို့ကြောင့် သံယုတ်အဋ္ဌကထာ၌ “ပဇာဟထာတိ ဆန္ဒရာဂပ္ပဟာနေန ပဇာဟထ”ဟု ဖွင့်ပြသည့်အတိုင်း ရုပ်တရားကို နှစ်သက်တပ်စွဲတတ်သော ဆန္ဒရာဂကို ပယ်စွန့်ကုန်လော့” ပြန်ဆိုရပေမည်။
ထို့ကြောင့် ရိပ်သာဆရာတော်၏ တိုက်ရိုက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အဋ္ဌကထာဖွင့်ဆိုချက်နှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၃၁။ ရိပ်သာဆရာတော်ဦးခေမိန္ဒသည် သံယုတ်ပါဠိတော် အရိဋ္ဌသုတ်လာ ပါဠိကို ထုတ်ပြ၍ “မိမိခန္ဓာငါးပါး သူတစ်ပါးခန္ဓာငါးပါးတို့ကို ပယ်စွန့်ရမည်”ဟု ရေးသားသည်။ စာစပ်မှားသဖြင့် အဓိပ္ပာယ်လွဲနေခြင်း ဖြစ်သည်။ စာစပ်အမှန်အတိုင်း အဓိပ္ပာယ်ပြန်ပါက ဒေါသနှင့်ယှဉ်သော သညာတို့ကို ပယ်စွန့်အပ်ပြီးပြီ ဟု အဓိပ္ပာယ်မှန် ရပေမည်။
ထို့ကြောင့် ရိပ်သာဆရာတော်၏ ရေးသားချက်သည် ပါဠိတော်အဆို၊ အဋ္ဌကထာဖွင့်ပြချက်များနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၃၂။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ရုပ်နာမ်ခန္ဓာကို အနတ္တ ရှုရမည်ဟုဆိုရာ၌ ရုပ်နာမ်ခန္ဓာအာရုံကို ရှေးရှုမှတ်နေခြင်းမျိုး မဟုတ်။ ပယ်စွန့်နေသောအားဖြင့် (ဝါ) ရုပ်နာမ်အာရုံပေါ်မှ စိတ်ကို ရုပ်သိမ်း တတ်ခြင်းသာ အနတ္တအရှုအမြင်မျိုး ဖြစ်သည်”ဟူသောရေးသားချက်သည် အကိုးသာဓက ဘာမျှမရှိ၊ သူ၏စိတ်ထင်တိုင်း ရေးသားထားသော ရေးသားချက်သာ ဖြစ်သည်။ သို့ဖြစ်၍ အဋ္ဌကထာ ဋီကာများနှင့်

၆၃

ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၃၃။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “ရုပ်နာမ်ကိုမရှုကနိဗ္ဗာန်ရ”စသည့် နိဗ္ဗာန်နှင့်စပ်၍ ရေးသားချက် ဟောပြောချက်များသည် (ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့်) အဓမ္မဝါဒ သက်သက်သာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
“စသည်”အရ“နိဗ္ဗာန်နှင့်စပ်သွယ်သောဟောပြောချက်များမှာ-
(က) နိဗ္ဗာန်ဟူသည် ရုပ်နာမ်ဟူသောအာရုံအပေါ်သို့ ရှေးရှုထင်မှတ်လျက် စိတ်ကိုရုပ်သိမ်းပေးလျက် ရှိသောစိတ်ကို ရုပ်သိမ်းပေးလိုက်သဖြင့် နာမ်ရုပ်တို့ချုပ်ငြိမ်းနေသည့်သဘောကို နိဗ္ဗာန်ဟု ဆိုသည်။
(ခ) အရှုခံအာရုံနှင့် အရှုစိတ်ခွဲခြင်းကို နိဗ္ဗာန်ဟုလည်း ဆိုသည်။
(ဂ) ရုပ်နာမ်ဟူသောအာရုံကို သိတတ်သည့်စိတ်က မသိဘဲ အာရုံမပြုဘဲ နေသည်ကို နိဗ္ဗာန်ဟုလည်း ဆိုသည်။
၃၄။ ရိပ်သာဆရာတော်ဦးခေမိန္ဒ၏ “နိဗ္ဗာန်သည် ခန္ဓာကိုယ်အတွင်းမှာလည်း ရှိသည်”ဟူသော ရေးသား ချက်သည် ပါဠိတော်နှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၃၅။ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ ၏ “ဒုက္ခမဖြစ်ဖို့အတွက် သမုဒယကို ပယ်သတ်ရမည်။ သမုဒယကို ဘယ်လိုပယ်သတ်မလဲဆိုတော့ (၃၁)ဘုံအလုံးစုံသော အာရုံတို့ကို မရှုမှတ်နဲ့။ သင်္ခတအာရုံကို မရှုမှတ်နဲ့။ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို မရှုမှတ်နဲ့။ ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့ကို ရှုမှတ်ရင် သမုဒယ ဖြစ်တယ်။ သမုဒယဖြစ်ရင် ဒုက္ခဖြစ်တယ်။ ဒါ့ကြောင့် ခန္ဓာငါးပါးရုပ်နာမ်တရားတို့ကို မရှုမှတ်နဲ့။ ခန္ဓာငါးပါးရုပ်နာမ်တရားတို့ကို မရှုမှတ်ရင် သမုဒယ မဖြစ်တော့ဘူး။ သမုဒယမဖြစ်ရင် ဒုက္ခမဖြစ်တော့ဘူး”ဟူသော ဟောပြောချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၃၆။ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ ၏ “သင်္ခတအာရုံကို မယူရင် အသင်္ခတအာရုံကို ရောက်တယ်။ အသင်္ခတအာရုံကို ယူ။ နိရောဓအာရုံကို ယူ။ နိဗ္ဗာန်ကို အရှုခံထားရမည်”ဟူသော ဟောပြောချက်ရေးသားချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သည့် သာသနာဖျက် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၃၇။ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ ၏ “၃၁-ဘုံကို အာရုံပြုရင် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ သက္ကာယဒိဋ္ဌိ ဖြစ်တယ်”ဟူသော ဟောပြောချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ် တော်မူကြပါသည်။
၃၈။ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ ၏ “ခင်ဗျားတို့က အကျိုးခန္ဓာငါးပါးဖြစ်တဲ့ ပဉ္စက္ခန္ဓာကိုသာ မြင်ကြတာ။ အကြောင်းခန္ဓာဖြစ်တဲ့ ဥပါဒါနက္ခန္ဓာကိုကျတော့ မမြင်ကြဘူး”ဟူသော ဟောပြောချက်သည် ထေရဝါဒ ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆီလျော်ကိုက်ညီမှုမရှိသောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြ ပါသည်။

၆၄

မှတ်ချက်။ ။လောကီတရား၊ လောကုတ္တရာတရား အားလုံးကို သာမညအားဖြင့် ပဉ္စက္ခန္ဓာဟု ဟောသည်။ လောကီခန္ဓာတို့ကို ဥပါဒါနက္ခန္ဓာဟု ဟောတော်မူသည်။ ဝိပဿနာအရှုခံတရား ဖြစ်သည်။
၃၉။ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ ၏ “သစ္စာဆိုတာ သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာလို့ နှစ်မျိုးပဲ ရှိတယ်။ သုံးခုမြောက်သစ္စာကို မရအပ်- လို့ ပြောထားတယ်။ ဘုန်းကြီးကတော့ ပြောလိုက်ပြီ။ သစ္စာသုံးမျိုးလို့ ပြောလိုက်ပြီ။ မင်္ဂလသုတ်မှာ အရိယသစ္စာကိုပဲ ပြောတာ။ ပရမတ္ထသစ္စာနဲ့ သမုတိသစ္စာကို မပြောဘူး။ ဒါ့ကြောင့် သစ္စာသုံးမျိုးရှိတယ် လို့ ပြောလိုက်ပြီ”ဟူသော ဟောပြောချက်သည် ဘာမှအကျိုးမရှိ၊ ယောဂီအချင်းချင်း အငြင်းပွားဖွယ်- စကားများဖွယ်-လောဘဒေါသမာန်မာနကိလေသာပွားဖွယ်သာ ရှိသည်။ ပါဠိတော် အဋ္ဌကထာ ဋီကာ များနှင့် ဆန့်ကျင်နေသည်။ ထို့ကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၄၀။ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ ၏ “ပရမတ္ထသစ္စာကို ဝိပဿနာရှုလျှင် မဂ်ဖိုလ်မရ”ဟူသော ဟောပြောချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၄၁။ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ ၏ “ဥပါဒါနက္ခန္ဓာငါးပါးကို ရှုမှတ်လျှင် တဏှာမာနဒိဋ္ဌိ ဖြစ်တယ်”ဟူသော ဟောပြောချက်သည် ပါဠိ တော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော် မူကြပါသည်။
၄၂။ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ ၏ “အတွင်းအာရုံဖြစ်တဲ့ မျက်စိ နား နှာ လျှာ ကိုယ် စိတ်-ကို ရှုမှတ်ရင် အတ္တကိလမထာနုယောဂပဲ။ အပြင်အာရုံဖြစ်တဲ့ အဆင်း အသံ အနံ့ အရသာ အတွေ့ ဓမ္မာရုံ-ကို ရှုရင် ကာမသုခလ္လိကာနုယောဂပဲ။ မဇ္ဈိမပဋိပဒါဆိုတာ နောက်ဆုံးသတိကပ်၍ ရှူ။ သက္ကာယချုပ်ငြိမ်းရာနိဗ္ဗာန်ကို ရှုတာဟာ မဇ္ဈိမပဋိ ပဒါပဲ”ဟူသော ဟောပြောချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သောကြောင့် အဓမ္မ ဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါသည်။
၄၃။ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ ၏ “သီလသုတနှင့် ပြည့်စုံသောဓမ္မယောဂီသည် ဥပါဒါနက္ခန္ဓာငါးပါးရုပ်နာမ်တရားကို ပယ်စွန့်ခွါပြီး ရှုမှတ်ပွားများ နှလုံးသွင်းရမယ်”ဟူသော ရေးသားချက်သည် ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သော ရေးသားချက်သာဖြစ်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဆုံးဖြတ်တော်မူကြပါ သည်။
မှတ်ချက်။ ။သက်သေခံဖြစ်သည့် စာအုပ်စာတမ်း၊ ဗွီဒီယိုတိပ်ခွေ၊ ကက်စက်တိပ်ခွေများစာရင်းကို မတွေ့ရပါ။

၆၅

မြစ်ကြီးနားဝိစိတ္တသာရဝါဒ

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁၆)သည် မြစ်ကြီးနားဝိစိတ္တသာရဝါဒကို ၁၃၇ဝ ပြည့်နှစ် တပို့တွဲလပြည့်ကျော်(၈)ရက် (၁၇-၂-၂၀၀၉)နေ့တွင် အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ချက် ချမှတ်တော်မူသည်။

စောဒကပုဂ္ဂိုလ်များ

၁။ ဘဒ္ဒန္တမဏ္ဍလာစာရ၊ ရတနာမာရ်အောင်ကျောင်းတိုက်၊ ဟိုပင်မြို့၊ ကချင်ပြည်နယ်။
၂။ ဘဒ္ဒန္တနာရဒ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ ဟိုပင်မြို့၊ ကချင်ပြည်နယ်။
၃။ ဘဒ္ဒန္တဣန္ဒာစရိယာဘိဝံသ၊ သာသနပါရဂူစာသင်တိုက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်း။

စုဒိတကပုဂ္ဂိုလ်

ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ ကျောင်းတိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်များ

၁။ ဘဒ္ဒန္တကုမာရာဘိဝံသ (သဘာပတိ) (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဓမ္မာစရိယ၊ သိရောမဏိ၊ ဝဋံသကာ) ဗန်းမော်ကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်း။
၂။ ဘဒ္ဒန္တဩဒါတသိရီဘိဝံသ (အဖွဲ့ဝင်) (အဂ္ဂမဟာပဏ္ဍိတ) အဝေရာရာမရန်ကင်းကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်း။
၃။ ဘဒ္ဒန္တအဂ္ဂဓမ္မ (အဖွဲ့ဝင်) (အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ) ဓမ္မရောင်ခြည်ကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း။
၄။ ဘဒ္ဒန္တစန္ဒိမာဘိဝံသ (အဖွဲ့ဝင်) (အဂ္ဂမဟာပဏ္ဍိတ) မင်းကျောင်းပထမပြန်စာသင်တိုက်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်း။
၅။ ဘဒ္ဒန္တသုဒ္ဓါစာရာဘိဝံသ (အဖွဲ့ဝင်) (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) သာသနဇောတာရုံတိုက်၊ အမှတ်(၅)ရပ်ကွက်၊ မတ္တရာမြို့၊ မန္တလေးတိုင်း။

၆၆

ပေါင်းရုံးသုံးသပ်ချက်

၁။ ဘုရားပယ်သော ဝါဒဖြစ်ခြင်း။
၂။ ဘုရားဟောပါဠိတော်များစွာ၌ အတိတ်ဘဝ, အနာဂတ်ဘဝ တွေ များစွာရှိကြောင်း၊ အတိတ်ဘဝက ပြုခဲ့သောကံများနှင့် နောင်အနာဂတ်ဘဝမှာ အကျိုးပေးမည့်ကံများရှိကြောင်း၊ ကံများသည် ပစ္စုပ္ပန် ဘဝ၌ အကျိုးပေးသည့် ကံရှိသကဲ့သို့ နောင်အနာဂတ်ဘဝများ၌ အကျိုးပေးသည့်ကံများလည်းရှိ ကြောင်း များစွာဟောကြားထားပါလျက် ထိုအတိတ်ဘဝ, အနာဂတ်ဘဝနှင့် အတိတ်ကံ, အနာဂတ် အကျိုးပေးမည့်ကံများကို ပစ်ပယ်ခြင်း။
၃။ နတ်ပြည်, ဗြဟ္မပြည်နှင့် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်ဘုံများရှိကြောင်း ပိဋကတ်သုံးပုံ၌ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောထားသော ဒေသနာတော်များစွာ ရှိပါလျက် နတ် ပြည်, ဗြဟ္မပြည်မရှိ၊ ငရဲ, ပြိတ္တာ, အသုရကာယ် အပါယ်လေးဘုံဟူ၍ သီးခြားမရှိ၊ မိမိခန္ဓာကိုယ်ထဲမှာသာ ရှိသည်ဟု ဟောခြင်း။
၄။ တိရစ္ဆာန်ဘုံ ထင်ရှားတွေ့နေရပါလျက် တိရစ္ဆာန်ဘုံကို ဒီလူ့ ခန္ဓာကိုယ်ထဲမှာ ရှိသည်ဟု ဟောခြင်း။
၅။ ဓမ္မာစကြာဒေသနာတော်ကို လက်ခံပါသည်ဟု ပြောပါသော်လည်း သမုဒယအရိယသစ္စာ၌ ဟော ကြားထားသည့် “ပေါနောဗ္ဘဝိကာ”ဟူသော မြတ်ဗုဒ္ဓစကားကို မသိကျိုးကျွံပြု၍ နောင်ဘဝမရှိဟု ဟောခြင်း။
၆။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံကြောင်း တဖွဖွပြောနေပါသော်လည်း ဝဋ်သုံးပါးလည်ပုံကို မှားယွင်းစွာ ဖော်ပြခြင်း၊ နောင်ဘဝတွေများစွာရှိကြောင်း “ဥပါဒါနပစ္စယာ ဘဝေါ်”ဟု ပဋိစ္စသမုပ္ပါဒ် ဒေသနာ အတိအကျရှိပါလျက် နောင်ဘဝမရှိဟု ပယ်ခြင်း။
၇။ မည်သည့်သတ္တဝါကိုမှ မသတ်ရ၊ သတ်ခြင်းမှ ရှောင်ကြဉ်ရ မည်ဟု ဘုရားရှင်က ဟောထားပါလျက် တိရစ္ဆာန်ကို သတ်လျှင် အပြစ်မရှိဟု ဟောပြောခြင်း။
၈။ သူတစ်ပါးပိုင်ပစ္စည်းကို သူတစ်ပါးက ကိုယ်နှုတ်ဖြင့် မပေးဘဲ ခိုးယူပါက မည်သူ၏ ပစ္စည်းကို ခိုးခိုး အဒိန္နာဒါနအကုသိုလ် ဒုစရိုက်ဖြစ်သည်ဟု ဘုရားရှင်က ဟောထားပါလျက် “နတ် ပိုင်ပစ္စည်း၊ ရပ် ကွက်ကောင်စီပိုင်ပစ္စည်း၊ မြို့နယ်ကောင်စီ ပိုင်ပစ္စည်း၊ နိုင်ငံတော်ပိုင်ပစ္စည်းကို ခိုးလျှင် အဒိန္နာဒါန အကုသိုလ်ဒုစရိုက် မဖြစ်”ဟုဟောခြင်း၊ နိုင်ငံတော်၏ ဥပဒေနှင့်ငြိစွန်းသော သစ်မှောင်ခို, ကျောက်စိမ်း မှောင်ခို စသည့်လုပ်ငန်းများကို လုပ်ကောင်းသည်ဟု သူခိုးအားပေးဝါဒကို ဟောပြောခြင်း။
၉။ အချိန်များစွာ, ရက်ပေါင်းများစွာ, လပေါင်းများစွာ, ရာသက် ပန်စောင့်ထိန်းကောင်းသော ရှစ်ပါး သီလကို ဘုန်းကြီးအနီးပါး တရားနာနေတုန်းသာ စောင့်ထိန်းကောင်းသောသီလဟု ဟောပြောခြင်း။
၁၀။ သမ္မာသမာဓိနှင့် အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘတို့၏ သဘောအဓိပ္ပါယ်ကို မှားယွင်းစွာ ဟော ပြောခြင်း။
၁၁။ တိတ္ထိတို့ စွဲယူသည့် အတ္တကို ရည်ရွယ်၍ ပြောဆိုသော “သဿတော လောကော”စသော အဗျာကတဋ္ဌာန(၁၀)ပါးတို့ကို အမှန်အတိုင်း မဖွင့်ဆိုဘဲ မိမိစွဲယူထားသည့် ပစ္စုပ္ပန်ကမ္မဝါဒနှင့် ကိုက်ညီအောင် မှားယွင်းစွာ ဟောပြောရေးသားခြင်း။

၆၇
၁၃။ ကံကြောင့် သတ္တဝါတွေ ဖြစ်နေကြသည်ဟု ဘုရားရှင်ဟောပါလျက် “လူဆိုတာ ကံကြောင့် ဖြစ်တာမဟုတ်၊ လူဆိုတာ မိဘကြောင့်ဖြစ်တာ” ဟု လွဲမှားစွာ ဟောပြောခြင်း။
၁၄။ ကံအမျိုးမျိုးတို့၏ သဘာဝတို့ကို ဘုရားရှင်များစွာ ဟောထား ပါလျက် အတိတ်ကံ, အနာဂတ်အကျိုး ပေးမည့်ကံ မရှိဟု ဟောခြင်း။
၁၅။ ဓမ္မစာပေတွင်ရော လက်တွေ့ ဘဝတွင်ပါ လူဝင်စားများ ရှိနေပါလျက် ထင်ရှားစွာ ထိုလူဝင်စား ဆိုတာ မရှိဟု ဟောခြင်း။
၁၆။ နိဗ္ဗာန်သည် ခန္ဓာကိုယ်ထဲ၌ မရှိ၊ ခန္ဓာမှ အလွတ်ဖြစ်သော ဗဟိဒ္ဓပရမတ္ထတရားဟု ဘုရားရှင်ဟောပါ လျက် နိဗ္ဗာန်ကို ခန္ဓာကိုယ်ထဲမှာရှိသည့် အဇ္ဈတ္တတရား၊ ကိုယ်စိုးကိုယ်ပိုင်ဖြစ်သည့် အတ္တတရား (အနတ္တတရားမဟုတ်)ဟု ဟောခြင်း။
၁၇။ သံယုတ္တပါဠိတော်, အင်္ဂုတ္တရပါဠိတော်တို့၌ လာရှိသော ရောဟိတဿသုတ်ကို အခြားဗုဒ္ဓါပဒေသ တရားတော်တို့နှင့် ညှိနှိုင်းမယူဘဲ လွဲမှားစွာယူခြင်း။
၁၈။ ရောဟိတဿသုတ်လာ မြတ်ဗုဒ္ဓ၏ “ဣမသ္မိံယေဝ ဗျာမမတ္တေ ကစ္စေဝရေ”စသော စကားကို ယူ သော်လည်း ထိုစကားကို နာယူသည့် နတ်သားကိုမူ အသိအမှတ်မပြုဘဲ ဇာတ်မြှုပ်ထားခြင်း။
၁၉။ နောင်ဘဝဆိုတာ မရှိ၍ လူသေရင်ပြီးတာပဲ၊ ဘာဘဝကူးမှ မရှိဘူးဟု ဥစ္ဆေဒဒိဋ္ဌိကို စွဲယူထားခြင်း။
၂၀။ ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာစသော ရဟန္တာအရှင်မြတ် ကြီးတို့ပင် ပြုလုပ်ခဲ့သော အမျှဝေခြင်း အလုပ်ကို မိစ္ဆာဒိဋ္ဌိ အလုပ်ဟု ဟောခြင်း။
၂၁။ မိမိပယောဂမပါဘဲ ဈေး၌ရောင်းသော အသားကို ဝယ်စားသူ များမှာ ပါဏာတိပါတ အကုသိုလ် ဒုစရိုက် ဖြစ်သည်ဟု မဟုတ်မမှန် ဟောပြောခြင်း။
၂၂။ အာနာပါနကမ္မဋ္ဌာန်းရှုပုံနှင့် စပ်လျဉ်း၍ လွဲမှားစွာ ဟောပြောခြင်း။
၂၃။ တရားဂုဏ်တော် ခြောက်ပါးကို ပစ္စုပ္ပန်ကမ္မဝါဒအမြင်ဖြင့် တင်ပြပြီး မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်ပသာဒငါးမျိုးဖြင့် သိမြင်တွေ့ နိုင်မှ တရား ဖြစ်သည်။ အတိတ်ဘဝ, အနာဂတ်ဘဝတို့သည် ယခုမျက်မြင် မဟုတ်သောကြောင့် ထို အတိတ်ဘဝ, အနာဂတ်ဘဝနှင့် စပ်လျဉ်း၍ ဟောကြားအပ် သော တရားတော်များသည် တရားမဟုတ်၊ အဓမ္မတွေသာဟု ပြောကြားခြင်း။
၂၄။ အဋ္ဌကထာ,ဋီကာတို့နှင့် ဘုရားဟော ပါဠိတော်များစွာကို ပယ်ခြင်း။
၂၅။ အတိတ်ဘဝ, အနာဂတ်ဘဝနှင့် စပ်လျဉ်း၍ဟောအပ်သော တရားများသည် ဗုဒ္ဓတရားမဟုတ်၊ နိဂဏ္ဌနာဋပုတ္တ ဟောသောတရား, ဟိန္ဒူ ဗြာဟ္မဏတို့၏ တရားဟု ရှုတ်ချခြင်း။
၂၆။ အဋ္ဌကထာဆရာ,ဋီကာဆရာများကို ဘာမျှမသိသူ၊ မတတ်သူဟု ရှုတ်ချခြင်း။
၂၇။ သမ္မုတိသစ္စာ, ပရမတ္ထသစ္စာ၏ အလွန်လွယ်ကူသော အဓိပ္ပါယ်ကိုပင် အမှန်မသိဘဲ တလွဲတချော် အမှားအယွင်း တွေကိုသာ တင်ပြခြင်း။
၂၈။ ဂေါတမဗုဒ္ဓသည် တစ်ဆူတည်းဖြစ်ပါလျက် လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့သော ဘုရားက မိစ္ဆာဒိဋ္ဌိ ဘုရား။ ဗောဓိပင်အောက်မှာ ပွင့်တဲ့ဘုရားက သမ္မာသမ္ဗုဒ္ဓဘုရားဟု နှစ်ဆူ ခွဲယူခြင်း။

၆၈
၂၉။ ဗုဒ္ဓဂေါတမကိုပင် မိစ္ဆာဒိဋ္ဌိဘုရား၊ အရိယာသစ္စာကို မသိတဲ့ဘုရားဟု ရေးသားခြင်း။
၃၀။ ဗုဒ္ဓဂေါတမက အရိယာသစ္စာကို ဟောပါလျက် မဟောဟုရေးခြင်း၊ သမ္မုတိသစ္စာ ပရမတ္ထသစ္စာတို့ကို လည်း ဟောပါလျက် မဟောဟုရေးခြင်း။
၃၁။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး ဘုရားဖြစ်သည်ဆိုတဲ့ဘုရား (ဂေါတမဗုဒ္ဓ)ကို မကိုးကွယ် မဆည်းကပ်တော့ပါ။ ထိုဘုရားဟောကြားသည့် အတိတ်ဘဝ, အနာဂတ်ဘ၀ နှင့် ဆိုင်ရာ, ကံနှင့်ဆိုင်ရာတရားတော်များကိုလည်း မဆည်းကပ်တော့ပါ (ပယ်စွန့်ပါသည်)ဟု ရေးခြင်း။

ဤသို့သော ဟောပြောချက်, ရေးသားချက်တို့သည် ဘုရားဟောဖော်ပါဠိတော်များနှင့်လည်းကောင်း၊ ထေရဝါဒပိဋကတ်ဝင် အဋ္ဌကထာ, ဋီကာများနှင့်လည်းကောင်း ဆန့်ကျင်နေသည်ကို တွေ့ ရပေသည်။

အဓမ္မဝါဒဟုဆုံးဖြတ်ချက်

ထို့ကြောင့် စောဒကဆရာတော်(၃)ပါးတို ့က အမှတ်(၁)စောဒနာမှ အမှတ်(၂ဝ)စောဒနာအထိ တင်ပြထားသော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျောင်းထိုင်ဘုန်ကြီးသင်တန်းကျောင်း၊ ကျောင်းအုပ် ဆရာတော်(ယခုအခါထိုကျောင်းအုပ်ရာထူးမှဖယ်ရှားပြီးဖြစ်သော) ဓမ္မာစရိယငါးဘွဲ့ရ ဘဒ္ဒန္တဝိစိတ္တသာရာ ဘိဝံသ၏ ဟောပြောချက် ရေးသားချက်များနှင့် စုဒိတကဦးဝိစိတ္တသာရာဘိဝံသ တင်သွင်းသော သောဓနာ လွှာတွင်ပါရှိသည့် ရေးသားချက်များသည် သံဂါယနာခြောက်တန်တင် ထေရဝါဒပိဋကတ်ပါဠိတော်, အဋ္ဌ ကထာ,ဋီကာတို ့နှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒများ ဖြစ်ကြသည်ဟုလည်းကောင်း၊ ထိုဝါဒကို ဟောပြောသူ လက်ခံသူ ဖြန် ့ဝေသူတို ့သည် အဓမ္မဝါဒီများ ဖြစ်ကြသည်ဟူ၍လည်းကောင်း၊ ထိုဝါဒများကို အသံသွင်းထားပုံနှိပ်ထား ရေးသားထား, မှတ်တမ်းတင်ထားသော အရာဝတ္ထုတို ့သည် အဓမ္မဝတ္ထုများ ဖြစ်ကြသည်ဟုလည်းကောင်း ဝိနည်းဓိုရ်ဆရာတော်များက တညီတညွှတ်တည်း ဆုံးဖြတ်တော်မူကြသည်။

(၁၃၇၂-ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၉)ရက်နေ့တွင် စာမူကြမ်းကို ဖတ်ရှု၍ ပြင်ဆင်ချက်များကို ချမှတ်စီစဉ်ပြီးစီးသည်။ ဓမ္မရံသီ၊ ဓမ္မရတနာ-ဓမ္မမဂ္ဂဇင်းတို့၏ အယ်ဒီတာ ဆရာကြီးဦးလေးမြိုင်၏ (၈၆)နှစ် ပြည့်ရာဖြစ်သောမွေးနေ့ဖြစ်ကြောင်း သိရပါသည်။ စာမူဖြစ်မြောက်ရေးတိုက်တွန်းသူ။)

၆၉

ဆူးလေဦးမြင့်သိန်းဝါဒ

ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများသည် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ဖြင့် စိစစ်ဆုံးဖြတ်သင့်သောတရားများဖြစ်သော်လည်း စုဒိတကပုဂ္ဂိုလ်များမရှိတော့သဖြင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က ညွှန်ကြားလွှာအမှတ်(၅၀)ဖြင့် မြို့နယ်သံဃနာယကအဖွဲ့များသို့ ညွှန်ကြားကာ အဓမ္မဝါဒ မပြန့်ပွားရေးအတွက် ညွှန်ကြားဆောင်ရွက်ခဲ့သည်။ ၁၉၈၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂)ရက်နေ့စွဲဖြင့် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုညွှန်ကြားလွှာတွင် မြို့နယ်သံဃနာယကအဖွဲ့များက ဆောင်ရွက်ရမည့်အစီအရင်ကို ဖော်ပြထား သော်လည်း ဓမ္မအဓမ္မဖြစ်သည့်အချက်များကို ထည့်သွင်းဖော်ပြထားသည်ကို မတွေ့ ရပေ။
ညွှန်ကြားလွှာအပိုဒ်(၂) (ဃ)တွင်မူ ကျိုက္ကစံထေရဝါဒသာသနရက္ခိတသံဃာ့အဖွဲ့ချုပ်ဆိုင်းဘုတ်နှင့် ဆိုင်ရာအဖွဲ့ခွဲဆိုင်းဘုတ်များမှ ထေရဝါဒဟူသော ဝေါဟာရကို ဖြုတ်ပယ်ရမည့်အချက်ကို တွေ့ရသည်။ ထို့ကြောင့် သာမန်အားဖြင့် ဆူးလေဦးမြင့်သိန်း၏ အဓမ္မဝါဒကို သိရှိရန် ခက်ခဲနိုင်သည်။ ဖော်ထုတ် တင်ပြသူရှိမှသာ သိနိုင်ပေလိမ့်မည်။
ယခုအခါ ပြန်လည်ပေါ်ထွက်လာသည်မှာ ထေရဝါဒဓမ္မစေတီဦးကောသလ္လ ဖြစ်သည်။
မှတ်ချက်။ ။နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့က ဆုံးဖြတ်ပေးသော ဆုံးဖြတ်ချက်မျိုးရှိပါက ပိုမိုပြီး ထိရောက်စွာ ကာကွယ်နိုင်ကြပေလိမ့်မည်။ အရှင်ဣန္ဒာစရိယာဘိဝံသက “ဝိဘဇ္ဇဝါဒဝိပဿနာကျမ်းကို ဒေသနာတော်အရ ခွဲခြမ်းစိတ်ဖြာခြင်း”ဆောင်းပါး(၁၆)ပုဒ်၊ ဝိဘဇ္ဇဝါဒီက “ဒဿနသမ္ပဒါ၏လာရာနှင့်လား ရာ”ဆောင်းပါး(၁၉)ပုဒ်တို့ဖြင့် ထုတ်ဖော်တင်ပြထားပြီးဖြစ်ကြောင်း သိရပါသည်။

ဦးမြတ်သိန်းထွန်းဝါဒ

ဦးမြတ်သိန်းထွန်း၏ဝါဒနှင့်ပတ်သက်၍ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ဖြင့် ဖွဲ့စည်းစစ်ဆေးရန် မလို။ လက်ပံတန်းမြို့နယ်သံဃနာယကအဖွဲ့၏ ဆုံးဖြတ်ချက်များအတိုင်း အဓမ္မဝါဒ၊ အဝိနယဝါဒအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်၍ ယင်းဝါဒမပြန့်ပွားရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ များသို့ ၂၅-၅-၈၃ ရက်စွဲပါ ညွှန်ကြားလွှာအမှတ် ၅၂-ဖြင့် ညွှန်ကြားခဲ့သည်။
ညွှန်ကြားလွှာတွင် အရေးယူဆောင်ရွက်ပုံသာ ပါရှိပြီး မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဖော်ပြထားခြင်း မရှိပေ။

၇၀

ဉာဏစာဂီဝါဒ

ဉာဏစာဂီဆရာတော်၏ဝါဒကို နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ဖြင့် စစ်ဆေးခြင်းမပြုဘဲ ညွှန်ကြား လွှာထုတ်ပြန်ခဲ့သောစာရင်းတွင် ဖော်ပြလိုက်ပါသည်။ ညွှန်ကြားလွှာ ၃၇-တွင် “ဉာဏစာဂီဆရာတော်သည် ၁၃၁၅-ခုနှစ်မတိုင်မီ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၌ သီတင်းသုံးနေထိုင်စဉ်က ဟောပြောရေးသားခဲ့သော ဟောပြောချက်များ၊ စာအုပ်များ၊ စာတမ်းများနှင့်ပတ်သက်၍ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ လေသာဆရာတော် အမှူးရှိသော နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးငါးပါးတို့က ဆုံးဖြတ်ခဲ့သည့်အတိုင်း ၁၂-၁-၈၂ နေ့လယ်(၁)နာရီအချိန်တွင် ကမ္ဘာအေးကုန်းမြေ ဇမ္ဗူဒီပကျောင်းဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသော အဓမ္မဝါဒစွန့်လွှတ်ပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်များရှေ့မှောက်၌ ဉာဏစာဂီဆရာတော်က အောက်ပါအတိုင်း ပဋိညာဉ်ပြုလက်မှတ်ရေးထိုးခဲ့သည်-
(က) အဓမ္မဝါဒများကို စွန့်လွှတ်ပါကြောင်း
(ခ) နောင်အနာဂတ်ကာလ၌လည်း ယင်းအဓမ္မဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေး ခြင်း၊ တိပ်ခွေဖွင့်ခြင်းစသည်အမှုတို့ကို မိမိကိုယ်တိုင်လည်း ပြုလုပ်မည် မဟုတ်သည့်အပြင် တပည့်ဒါယက ဒါယိကာမတို့အားလည်း မပြုလုပ်ကြစေရန် တားမြစ်ဆုံးမဩဝါဒပေးမည်ဖြစ်ကြောင်း
(ဂ) မိမိ၏ဝါဒဆိုင်ရာ စာအုပ်စာတမ်းများ၊ တိပ်ခွေများ၊ အထိမ်းအမှတ်စသည်များကိုပါ ဖျက်ဆီး ခြင်း၊ အပ်နှံခြင်းကို ပြုလုပ်မည် ဖြစ်ပါကြောင်း
(ဃ) ဉာဏစာဂီအမည်ဆိုင်းဘုတ်ဖြုတ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ အယူခံတင်ထားပြီး ဖြစ်ပါသဖြင့် လာမည့်(၄၅)ပါးစုံညီ သတ္တမအစည်းအဝေးဆုံးဖြတ်ချက်အတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း
(င) ယင်းဝန်ခံကတိပြုလွှာကို မြို့နယ်သံဃနာယကအဖွဲ့ သို့ ပေးပို့ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
မှတ်ချက်။ ။(၁) ဉာဏစာဂီအမည်ဆိုင်းဘုတ်ကိုဖြုတ်၍ တေဇစက္ကီဟူသောအမည်ဆိုင်းဘုတ် တင်ခဲ့ သည်။
(၂) ဝိနိစ္ဆယဆုံးဖြတ်ချက်ကို ဖော်ပြမထားသဖြင့် မသိရသည့်အပြင် အဓမ္မဝါဒပစ္စည်းများ ဖြစ်သည့် စာအုပ်စာတမ်းအမည်များကိုလည်း ဖော်ပြမထားပေ။

၇၁

အဓမ္မဝါဒဝိနိစ္ဆယဆိုင်ရာညွှန်ကြားလွှာများ

၁။ ၂၃ (၂၂-၅-၈၁) ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်ပြီးဖြစ် သော ရဟန်းသံဃာတော်များအား ဆိုင်ရာသံဃနာယကအဖွဲ့ အစည်းများ၌ ထည့်သွင်းဖွဲ့စည်းရေး (အကျယ်-၈၅-၈၇)
၂။ ၃၅ (၇-၁-၈၂) လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို စွန့်လွှတ် ကြောင်း ပဋိညာဉ်ပြုလက်မှတ်ရေးထိုးခြင်း (အကျယ်-၁၂၂-၁၂၅) (၎င်းဝါဒီပုဂ္ဂိုလ်များစာရင်းအကျယ်-၁၂၆-၁၂၉)
၃။ ၃၇ (၆-၂-၈၂) ဉာဏစာဂီဆရာတော် အဓမ္မဝါဒစွန့်လွှတ်ကြောင်း ပဋိညာဉ်ပြုလက်မှတ်ရေးထိုးခြင်း (အကျယ်-၁၃၂-၁၃၄)
၄။ ၄ဝ (၂၂-၅-၈၂) ကြောင်ပန်းတောရဝါဒစွန့်လွှတ်ကြောင်း ပဋိညာဉ်ပြုလက်မှတ်ရေးထိုးခြင်း (အကျယ်-၁၃၉-၁၄၁) (၎င်းဝါဒီပုဂ္ဂိုလ်များစာရင်းအကျယ်-၁၄၁-၁၄၂)
၅။ ၄၆ (၂၉-၁၁-၈၂) ကျောက်ပုံတောရဝါဒ စွန့်လွှတ်ကြောင်း ပဋိညာဉ်ပြုလက်မှတ်ရေးထိုးခြင်း (အကျယ်-၁၇၅-၁၇၈) (၎င်းဝါဒီပုဂ္ဂိုလ်များစာရင်းအကျယ်-၁၇၉-၁၈၅)
၆။ ၅ဝ (၂၂-၂-၈၃) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံတရားဓမ္မများနှင့်ပတ်သက်၍ ညွှန်ကြားခြင်း (အကျယ်-၁၉၆-၁၉၉)
၇။ ၅၂ (၂၅-၅-၈၃) ဦးမြတ်သိန်းထွန်း၏ တရားဓမ္မများနှင့် ပတ်သက်၍ညွှန်ကြားခြင်း (အကျယ်-၂၀၅-၂ဝ၇)
၈။ ၅၃ (၂၇-၅-၈၃) ရေတာရှည်ဦးမာလာဝရဝါဒစွန့်လွှတ်ကြောင်း ပဋိညာဉ်ပြု လက်မှတ်ရေးထိုးစေရေး (အကျယ်-၂ဝ၈-၂၁ဝ)
၉။ ၅၄ (၂၈-၇-၈၃) မိုးညိုဝါဒ စွန့်လွှတ်ကြောင်း ပဋိညာဉ်ပြု လက်မှတ်ရေးထိုးခြင်း (အကျယ်-210-213)
၁၀။ ၅၅ (၂၈-၇-၈၃) ဓမ္မနီတိဝါဒ စွန့်လွှတ်ကြောင်း ပဋိညာဉ်ပြု လက်မှတ်ရေးထိုးခြင်း (အကျယ်-၂၁၃-၂၁၅)
၁၁။ ၇၀ (၇-၁-၈၆)ထွန်တုံးလက်ကျန်ဦးထင်၏ဝါဒကိုစွန့်လွှတ်ကြောင်းပဋိညာဉ်ပြုလက်မှတ်ရေးထိုးခြင်း (အကျယ်-၂၆၁-၂၆၃) (၎င်းဝါဒီပုဂ္ဂိုလ်များစာရင်းအကျယ်-၂၆၄-၂၇၈)

၇၂
၁၂။ ၇၆ (၂၇-၂-၈၈) တွံတေးမြို့နယ် ဦးပုညာစာရ သိမ်သမုတ်ခြင်းဆိုင်ရာဝါဒနှင့် စပ်လျဉ်း၍ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၉)၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်ကိစ္စ (အကျယ်-၃ဝ၁-၃ဝ၄)
၁၃။ ၇၈ (၁၂-၇-၈၉) မော်လမြိုင်မြို့ ရွှေဝါမြိုင်ကျောင်း နယ်သိမ်းသိမ်သမုတ်မှုဆိုင်ရာ ဝိနည်းဓိုရ် အဖွဲ့အမှတ်(၁၀)၏ဆုံးဖြတ် ချက်ကို လိုက်နာရန်ကိစ္စ (အကျယ်-၃၁၅-၃၁၇)
၁၄။ ၈၆ (၂၅-၃-၉၈) စမ်းကလေးဝါဒ စွန့်လွှတ်ကြောင်းပဋိညာဉ်ပြုလက်မှတ်ရေးထိုးစေရေးကိစ္စ (အကျယ်-၃၄၃-၃၄၅)
၁၅။ ၉၄ (၉-၁၁-၁၉)ညွှန်ကြားလွှာ (အကျယ်-၃၇၂-၃၇၇?)

အဓမ္မဝါဒနှင့်စပ်လျဉ်း၍ညွှန်ကြားလွှာ(နမူနာ)

ညွှန်ကြားလွှာအမှတ် (၅၀)
ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံတရားဓမ္မ များနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားခြင်း
(၂၂၊ ၂၊ ၈၃) (၁၀၊ ၁၁၊ ၄၄)
၁။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများသည် ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများ အခန်း(၇) အပိုဒ်(၅၇)အရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များသာ ပါဝင်သော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ဖြင့် စိစစ်၍ ဆုံးဖြတ်ပေးသင့်သော တရား ဓမ္မများ ဖြစ်ပါသည်။
သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် စုဒိတကများ မရှိတော့၍ နိုင်ငံတော်သီးခြားဝိနည်းဓိုရ် အဖွဲ့ဖြင့် မစိစစ်တော့ဘဲ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း(၁၃) အပိုဒ်(၈၉)နှင့် သံဃာ့ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ အခန်း(၁၆) အပိုဒ်(၁၃၁)၊ (ဆ) (ဈ) (ည) (ဋ)တို့အရ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒ အမည်ခံတရားဓမ္မများကို ပထမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၅)ပါးစုံညီ ဒသမအစည်းအဝေးက ဆွေးနွေးစိစစ်၍ အဓမ္မဝါဒအဝိနယဝါဒများအဖြစ် ဆုံးဖြတ်သတ်မှတ်ပြီး ယင်း အဓမ္မဝါဒများကို နိုင်ငံတစ်ဝန်းလုံး၌ တားမြစ်ပိတ်ပင်စေရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့များသို့ ညွှန်ကြားရန်နှင့် ထေရဝါဒဟူသောအမည်ကို ဖြုတ်ပယ်စေရန် ဆုံးဖြတ်ခဲ့ပါသည်။

၂။ သို့ဖြစ်ပါ၍ မြို့နယ်သံဃနာယကအဖွဲ့များသည် မိမိတို့ မြို့နယ်အတွင်း၌ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒ အမည်ခံတရား ဓမ္မများကို ဟောပြောခွင့်၊ ဖြန့်ချိခွင့် မပြုကြရန်နှင့် ထိုတရားဓမ္မများ၌ သက်ဝင် ယုံကြည်ကြသော ရဟန်း၊ သာမဏေများနှင့် လူပုဂ္ဂိုလ်များ ရှိပါက ထိုပုဂ္ဂိုလ်များကို မြို့နယ်သံဃနာယက အဖွဲ့တည်ရာဌာနသို့ ပင့်ဆောင်ခေါ်ယူ၍ အောက်ပါအတိုင်း ဆောင်ရွက်ရန် ညွှန်ကြား လိုက်ပါသည်။ -
(က) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံတရားဓမ္မတို့ကို အဓမ္မဝါဒအဝိနယဝါဒအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၅-ပါးစုံညီ ဒသမအစည်းအဝေးက ဆုံးဖြတ်ထားသည့်အတိုင်း လိုက်နာ ၍ ထိုဝါဒကို စွန့်လွှတ်ပါကြောင်း၊
(ခ) ယခုအချိန်မှစ၍ နောင်အနာဂတ်ကာလ၌လည်း ထိုအဓမ္မဝါဒ၊ အဝိနယဝါဒများကို ဟော ပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိပ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း-စသည်တို့ကို မိမိတို့ ကိုယ်တိုင်လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် မိမိတို့နှင့် ပတ်သက်သူများကိုလည်း ပြုလုပ်စေကြမည် မဟုတ်ပါကြောင်း၊
(ဂ) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မဆိုင်ရာ စာအုပ်စာတမ်းများ၊ တိပ်ခွေ များ၊ အထိမ်းအမှတ်များ-စသည် တို့ကို မိမိတို့ဆိုင်ရာ သံဃနာယကအဖွဲ့သို့ အပ်နှံမည်ဖြစ်ပါကြောင်း၊
(ဃ) ကျိုက္ကစံထေရဝါဒသာသနရက္ခိတသံဃာ့အဖွဲ့ချုပ် ဆိုင်းဘုတ်နှင့် ဆိုင်ရာအဖွဲ့ခွဲဆိုင်းဘုတ်များမှ ထေရဝါဒဟူသော ဝေါဟာရကို ဖြုတ်ပယ်မည်ဖြစ်ပါကြောင်း၊
(င) ထိုဝါဒနှင့်ပတ်သက်၍ ဖွဲ့စည်းခဲ့သော အသင်းအဖွဲ့များရှိပါက ထိုအသင်းအဖွဲ့များကို ဖျက်သိမ်းကြမည်ဖြစ်ပါကြောင်း၊

မှတ်ချက်။ ။ (၁) အထက်ပါအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆိုင်ရာ အဓမ္မ ဝါဒီ၊ အဝိနယဝါဒီပုဂ္ဂိုလ်များအား မြို့နယ်သံဃနာယကအဖွဲ့ရှေ့မှောက်၌ ကိုယ်တိုင် ပဋိညာဉ်ပြုလက်မှတ်ရေးထိုးစေရမည် ဖြစ်ပါသည်။ အကယ်၍ထိုဝါဒ၌ သက်ဝင်ယုံကြည်သူအဖြစ် စာရွက်စာတမ်း သက်သေခံအထောက်အထားအရ မထင်ရှား၍ “မိမိတို့သည် ထိုဝါဒ၌ သက်ဝင်ယုံကြည် သူများ မဟုတ်ကြပါ”ဟု ငြင်းဆိုနေပါက ထိုဝါဒ၌ သက်ဝင်ယုံကြည်သူ မဟုတ်ကြောင်း လက်မှတ်ရေးထိုးစေရမည် ဖြစ်ပါသည်။
သို့သော် မူလကပင် ဆူးလေဦးမြင့်သိန်း ဝါဒ၌ သက်ဝင်ယုံကြည်သူအဖြစ် စာရွက်စာတမ်းသက်သေခံ အထောက်အထား အရထင်ရှားပါလျက် လက်မှတ်ထိုးရမည်ကို ကြောက်၍ ယခုမှ ငြင်းဆိုသူများကိုမူ ဤညွှန်ကြားချက်အတိုင်း လက်မှတ်ထိုးစေရမည်သာ ဖြစ်ပါသည်။
(၂) ထိုသို့ဆောင်ရွက်ရာတွင် အခက်အခဲ ရှိပါကသက်ဆိုင်ရာ မြို့နယ်ပြည်သူ့ ကောင်စီနှင့်ညှိနှိုင်း၍ ဆောင်ရွက်ရန် ဖြစ်ပါသည်။

၃။ မိမိတို့မြို့နယ်အတွင်းတွင် ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများ၌ သက်ဝင် ယုံကြည်ကြသော ရဟန်းရှင်လူတို့ ရှိကြသဖြင့် ဤညွှန်ကြားလွှာအတိုင်း ဆောင်ရွက်ပြီးပါက ဆောင်ရွက် ပြီးဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တင်ပြလျှောက်ထားပြီး မိမိတို့ဆိုင်ရာ ပြည်နယ်/တိုင်း သံဃနာယကအဖွဲ့သို့ မိတ္တူပေးပို့ရန် ထပ်မံညွှန်ကြားလိုက်ပါသည်။
ဘဒ္ဒန္တဣန္ဒာစာရ (အဘိဓဇမဟာရဋ္ဌဂုရု) ဥက္ကဋ္ဌဆရာတော်
ဘဒ္ဒန္တတေဇောဘာသာဘိဝံသ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်

၇၅

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

မဟာနာယကကျောင်းဆောင်တော်ကြီး၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။
တယ်လီဖုန်း ဥက္ကဋ္ဌဆရာတော် ၆၅၁ဝဝ၇
ဝိနိစ္ဆယအဖွဲ့ငယ် ၆၆၁ဝဝ၅
ဒုဥက္ကဋ္ဌဆရာတော် ၆၆၁၀၀၆၊ ၆၆၁၇၄၆
အကျိုးတော်ဆောင်ဆရာတော် ၆၅၁ဝဝဝ
တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ၆၆ဝဝဝ၄၊ ၆၆၄၁၅၇
သာသနာရေးရာအဖွဲ့ငယ် ၆၆ဝ၇၉၉
ပညာရေးရာအဖွဲ့ငယ် ၆၆ဝ၇၆၆၊ ၆၆၄၄၆၅
စာအမှတ် ၁၈၆/ (နိုင်-သီးခြား) ၁၂/၁/ဝိ-မဟန
ရက်စွဲ၊ ၁၃၇၂-ခုနှစ်၊ ပထမဝါဆိုလဆန်း ၇ ရက် (၂၀၁၀-ပြည့်နှစ်၊ ဇွန်လ ၁၈ ရက်)
ဆက်ကပ်ပါရန် ဥက္ကဋ္ဌဆရာတော်၊ ပြည်နယ်/တိုင်း သံဃနာယကအဖွဲ့ (ဂိုဏ်းစုံ) အားလုံး
အကြောင်းအရာ။ ။ ဆုံးဖြတ်ပြီးသော အဓမ္မဝါဒများအား ဟောကြားရေးသားဖြန့်ဝေနေမှုကို တားမြစ်ရန်ကိစ္စ
၁။ အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ၁၅-၂-၂၀၁၀ နေ့ ကျင်းပသော ဆဋ္ဌအကြိမ်နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ဒသမအစည်းအဝေးက ဖော်ပြပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်ဘုရား-
ဆုံးဖြတ်ချက်
(က) ဆုံးဖြတ်အပ်ပြီးသော အဓမ္မဝါဒစာရင်းကို အဓမ္မ ဝါဒအဖြစ် တစ်သာသနာလုံးသိရှိနိုင်ရန် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က တောရောမြို့ပါ ဖြန့်ဝေအသိပေးရန်
(ခ) အဓမ္မဝါဒရှင်များ၏ ဟောပြောခွင့်၊ ရေးသားဖြန့်ဝေခွင့်အားလုံးတို့ကို လုံးဝပိတ်ပင်ရန်
(ဂ) သာသနာတော်ကြီးတစ်ရပ်လုံး၏ ဘေးရန်ကြီးဖြစ်သော အဓမ္မဝါဒများ မပြန့်ပွားအောင် အရေး တယူ တားမြစ်ပိတ်ပင်ရေး နိုင်ငံတော်အစိုးရကို မေတ္တာရပ်ခံရန်
(ဃ) အထက်ပါအချက်(၃)ချက်ကို မြို့နယ်သံဃနာယကအဖွဲ့ သည် အာဏာပိုင်အဖွဲ့အစည်း၏ ပံ့ပိုးမှုကိုရယူ၍ ဆောင်ရွက်ရန်

၂။ ထိုဆုံးဖြတ်ချက်အရ ပြည်နယ်/တိုင်း သံဃနာယကအဖွဲ့(ဂိုဏ်းစုံ)သည် မိမိတို့ပြည်နယ်/တိုင်း အတွင်းရှိ မိမိတို့ဆိုင်ရာမြို့နယ်သံဃနာယကအဖွဲ့များထံ ဆက်လက်အသိပေးဖြန့်ဝေ၍ မြို့နယ်သံဃနာယကအဖွဲ့များကလည်း ဆုံးဖြတ်ချက်(ဃ)ပါအကူအညီကို ရယူ၍ မိမိတို့မြို့နယ် အတွင်း အဓမ္မဝါဒရှင်များ၏ ဟောပြောခွင့်၊ ရေးသားဖြန့်ဝေခွင့် အားလုံးကို လုံးဝပိတ်ပင်ပြီး ဆိုင်ရာ ရပ်/ကျေးသံဃနာယကအဖွဲ့များထံ ဆက်လက်အသိပေးဖြန့်ဝေခြင်း ပြုကြရန် ဖြစ်ပါသည်။

၇၆
၃။ သို့ဖြစ်ပါ၍ အထက်ပါညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးမှုကို ပြန်လည်တင်ပြကြရန် အကြောင်းကြားပါသည်။
၄။ ဆုံးဖြတ်အပ်ပြီးသော အဓမ္မဝါဒစာရင်းကို ပူးတွဲပေးပို့ပါသည်။
(လက်မှတ်) ဘဒ္ဒန္တဂုဏေသန အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ ဇောတိကဓဇ ဒုတိယဥက္ကဋ္ဌဆရာတော်
(လက်မှတ်) ဘဒ္ဒန္တမာနိတသိရီဘိဝံသ အဂ္ဂမဟာပဏ္ဍိတ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်
မိတ္တူကို-
- ပြည်နယ်/တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအားလုံး
- သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး
- ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာန၊ နေပြည်တော်
- ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ နေပြည်တော် - ပါမောက္ခချုပ်၊
- အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ရန်ကုန်
- ညွှန်ကြားရေးမှူး၊ သာသနာ့ရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ၊ ရန်ကုန်မြို့
- ပြည်နယ်/တိုင်း၊ ခရိုင် သာသနာရေးမှူးများ အားလုံး

ဆုံးဖြတ်အပ်ပြီးသောအဓမ္မဝါဒစာရင်း (ပူးတွဲ)

စဉ်။ ။ ၁
ဝါဒ - ကျောက်သင်္ဘောဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)က (၂၃-၂-၈၁)နေ့တွင် “အဓမ္မဝါဒအဖြစ်” ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - -
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၂၃) တွင် ကြည့်ပါ။

စဉ်။ ။ ၂
ဝါဒ - လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသန နှင့် ရွှေအဘိဓမ္မဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)က (၂၉-၁၀-၈၁)နေ့တွင် “အဓမ္မဝါဒအဖြစ်” ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - -
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၃၅) တွင် ကြည့်ပါ။

စဉ်။ ။ ၃
ဝါဒ - ကြောင်ပန်းတောရဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၃)က (၂၇-၄-၈၂)နေ့တွင် “ဓမ္မဝါဒ” “အဓမ္မဝါဒ”ဟု နှစ်ပိုင်းခွဲပြီး ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - -
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၄ဝ) တွင် ကြည့်ပါ။

စဉ်။ ။ ၄
ဝါဒ - ကျောက်ပုံတောရဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၄)က (၉-၁ဝ-၈၂)နေ့တွင် “အဓမ္မဝါဒ”အဖြစ် ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - -
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၄၆) တွင် ကြည့်ပါ။

စဉ်။ ။ ၅
ဝါဒ - ဦးမာလာဝရဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၅)က (၁-၄-၈၃)နေ့တွင် “အဓမ္မဝါဒ”နှင့် “တိတ္ထိယပက္ကန္တက” အဖြစ်ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - မသစ္စဝါဒီ ပေါက်စေတီကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၅၃) တွင် ကြည့်ပါ။

စဉ်။ ။ ၆
ဝါဒ - ဓမ္မနီတိဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၆)က (၁၅-၃-၈၃)နေ့တွင် “အဓမ္မဝါဒ” “အဝိနယဝါဒ”အဖြစ် ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - ဦးကိတ္တိသာရ၊ အောင်ဆန်းတောရတပ်ဦးကျောင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်း။
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၅၅) တွင် ကြည့်ပါ။

စဉ်။ ။ ၇
ဝါဒ - မိုးညိုဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၇)က (၇-၃-၈၃)နေ့တွင် “အဓမ္မဝါဒ”အဖြစ် ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - -
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၅၄) တွင် ကြည့်ပါ။

စဉ်။ ။ ၈
ဝါဒ - ထွန်တုံးလက်ကျန်ဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၈)က (၃၁-၁၂-၈၅)နေ့တွင် “အဓမ္မဝါဒ”အဖြစ် ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - -
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၇ဝ) တွင် ကြည့်ပါ။

စဉ်။ ။ ၉
ဝါဒ - တွံတေးဦးပုညာစာရ၏ သိမ်သမုတ်ခြင်းဆိုင်ရာဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၉)က (၂၅-၂-၈၈)နေ့တွင် “အဓမ္မဝါဒ” “အဝါနယဝါဒ”အဖြစ် ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - -
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၇၆) တွင် ကြည့်ပါ။

စဉ်။ ။ ၁ဝ
ဝါဒ - မော်လမြိုင်မြို့ ရွှေဝါမြိုင်ကျောင်း နယ်သိမ်းသိမ်သမုတ်မှုဆိုင်ရာဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၀)က (၇-၆-၈၉)နေ့တွင် “အဓမ္မဝါဒ” “အဝိနယဝါဒ”အဖြစ် ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - -
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၈၇) တွင် ကြည့်ပါ။

စဉ်။ ။ ၁၁
ဝါဒ - စမ်းကလေးဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၁)က (၁၆-၃-၉၈)နေ့တွင် “အဓမ္မဝါဒ”အဖြစ် ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - -
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၈၆) တွင် ကြည့်ပါ။

စဉ်။ ။ ၁၂
ဝါဒ - မိုးကုတ်ဝိနိစ္ဆယ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၂)က (၂၈-၃-ဝ၅)နေ့တွင် ဟောစဉ်တရားစာအုပ်နှင့် အသံသွင်းတိပ်ခွေရှိဟောတရားများမှ အချို့သောအချက်များကို ပြုထားသည့်အတိုင်း ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်ရန် ဆုံးဖြတ်ပါသည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - -
မှတ်ချက် - မိုးကုတ်ဝိနိစ္ဆယတွင် ကြည့်ပါ။

စဉ်။ ။ ၁၃
ဝါဒ - ဘိက္ခုနီဘာဝါဘာဝဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၃)က (၂၇-၅-၀၅)နေ့တွင် “အဓမ္မဝါဒ”အဖြစ် ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - -
မှတ်ချက် - -

စဉ်။ ။ ၁၄
ဝါဒ - ပဋိစ္စသမုပ္ပာဒ်ဖြတ်လမ်း (၁၀)ရက်စခန်း၊ အထူးသင်တန်းကျမ်း၌ပါသော အမှားကြီး(၂)ရပ်
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၄)က (၂၂-၆-၂၀၀၆)နေ့တွင် “အဓမ္မဝါဒ”အဖြစ် ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - ဦးကိတ္တိသာရ၊ အောင်ဆန်း တောရတပ်ဦးကျောင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်း။ -
မှတ်ချက် - -

စဉ်။ ။ ၁၅
ဝါဒ - မိုးညှင်းမြို့ဦးခေမိန္ဒနှင့် မြစ်ကြီးနားဦးဝိစိတ္တသာရာဘိဝံသတို့၏ ဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၅)က (၁၆-၁၀-၀၆)နေ့တွင် “အဓမ္မဝါဒ”အဖြစ် ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - ၁။ ဦးခေမိန္ဒ၊ မဟာသတိပဋ္ဌာန်ရိပ်သာ၊ မိုးညှင်းမြို့၊ ကချင်ပြည်နယ်။ ၂။ ဦးဝိစိတ္တသာရာဘိဝံသ၊ ကျောင်းအုပ်ဟောင်း၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။
မှတ်ချက် - -

စဉ်။ ။ ၁၆
ဝါဒ - မြစ်ကြီးနားဝိစိတ္တသာရ-ဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၆)က (၁၇-၂-ဝ၉)နေ့တွင် “အဓမ္မဝါဒ”အဖြစ် ဆုံးဖြတ်သည်။
ခေါင်းဆောင်ပုဂ္ဂိုလ်များ - ဦးဝိစိတ္တသာရာဘိဝံသ၊ ကျောင်းအုပ်ဟောင်း၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။
မှတ်ချက် - -

စဉ်။ ။ ၁၇
ဝါဒ - ဉာဏစာဂီဆရာတော်၏ အဓမ္မဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ လေသာဆရာတော်အမှူးရှိသော နိုင်ငံတော်သီးခြားဝိနည်းဓိုရ် ဆရာတော်ကြီး(၅)ပါးတို့က ဆုံးဖြတ်သည်။ (၁၂-၁-၈၂)နေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရှေ့မှောက်၌ အဓမ္မဝါဒကို စွန့်လွှတ်သည်။
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၃၇) တွင် ကြည့်ပါ။

စဉ်။ ။ ၁၈
ဝါဒ - ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - ဦးမြင့်သိန်းမရှိတော့၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၅)ပါးစုံညီ ဒသမအစည်းအဝေးက “အဓမ္မဝါဒအဖြစ်” ဆုံးဖြတ်၍ ထေရဝါဒဟူသောဝေါဟာရကို ဖြုတ်ပယ်စေသည်။
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၅၀) တွင် ကြည့်ပါ။

စဉ်။ ။ ၁၉
ဝါဒ - ဦးမြတ်သိန်းထွန်းဝါဒ
ဆုံးဖြတ်သည့်အဖွဲ့ - ၁၃၂၄-ခုနှစ်တွင် လက်ပံတန်းမြို့နယ်သံဃနာယကအဖွဲ့က “အဓမ္မဝါဒအဖြစ်” ဆုံးဖြတ်သည်။
မှတ်ချက် - ညွှန်ကြားလွှာအမှတ်(၅၂) တွင် ကြည့်ပါ။

ပထမအကြိမ်နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(၄၅)ပါးစုံညီ ဒသမအစည်းအဝေးက အတည်ပြု ပိတ်ပင်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် တိုင်းသံဃနာယကအဖွဲ့

ကြားတောရလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း။
ဥက္ကဋ္ဌဆရာတော် ၃၇၉၃၄၂ (ရုံး)
၅၇၂၈ဝ၄ (ကျောင်း)
ဒုဥက္ကဋ္ဌဆရာတော် ၂၆၉၅၄၂
အကျိုးတော်ဆောင်ဆရာတော် ၂၂၀၈၀၉ (ကျောင်း)

စာအမှတ် ၁၁၃၀/ တနက /(ဝိ-ထွေ)/၂၀၁၀ ရက်စွဲ၊ ၂၀၁၀-ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်

- မြို့နယ် ဆက်ကပ်ပါရန်
ဥက္ကဋ္ဌဆရာတော်
မြို့နယ်သံဃနာယကအဖွဲ့ အားလုံး

အကြောင်းအရာ။ ။ ဆုံးဖြတ်ပြီးသော အဓမ္မဝါဒများအား ဟောကြားရေးသားဖြန့်ဝေနေမှုကို တားမြစ်ရန်ကိစ္စ
ရည်ညွှန်းချက်။ ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ (၁၈-၆-၂၀၁၀)ရက်စွဲပါ စာအမှတ် ဝ၈၆/(နိုင်-သီးခြား)-၁၂/ဝိ-မဟန

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ၁၅-၂-၂၀၁၀ နေ့ ကျင်းပသော ဆဋ္ဌအကြိမ်နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ဒသမအစည်းအဝေး၏ဆုံးဖြတ်ချက်ကို မြို့နယ်၊ ရပ်/ ကျေး သံဃနာယကအဖွဲ့များထံ ဆက်လက်အသိပေး ဖြန့်ဝေသွားရန် ရည်ညွှန်းပါစာဖြင့် ညွှန်ကြား လာပါသည်-

ဆုံးဖြတ်ချက်

ဆုံးဖြတ်ပြီးသော အဓမ္မဝါဒများအား ဟောကြားရေးသားဖြန့်ဝေနေမှု တားမြစ်ပေးရန်ကိစ္စ တင်ပြခြင်းနှင့်စပ်လျဉ်း၍-

(က) ဆုံးဖြတ်အပ်ပြီးသော အဓမ္မဝါဒစာရင်းကို အဓမ္မဝါဒအဖြစ် တစ်သာသနာလုံးသိရှိနိုင်ရန် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က တောရောမြို့ပါ ဖြန့်ဝေအသိပေးရန်
(ခ) အဓမ္မဝါဒရှင်များ၏ ဟောပြောခွင့်၊ ရေးသားဖြန့်ဝေခွင့်အားလုံးတို့ကို လုံးဝပိတ်ပင်ရန်
(ဂ) သာသနာတော်ကြီးတစ်ရပ်လုံး၏ ဘေးရန်ကြီးဖြစ်သော အဓမ္မဝါဒများ မပြန့်ပွားအောင် အရေးတယူ တားမြစ်ပိတ်ပင်ရေး နိုင်ငံတော်အစိုးရကို မေတ္တာရပ်ခံရန်
(ဃ) အထက်ပါအချက်(၃)ချက်ကို မြို့နယ်သံဃနာယကအဖွဲ့ သည် အာဏာပိုင်အဖွဲ့အစည်း၏ ပံ့ပိုးမှုကိုရယူ၍ ဆောင်ရွက်ရန်

သို့ဖြစ်ပါ၍ အထက်အပိုဒ်(၁)ပါ ဆုံးဖြတ်ညွှန်ကြားမှုများကို မိမိတို့ မြို့နယ်အတွင်းရှိ ရပ်/ကျေး သံဃနာယကအဖွဲ့များထံ ဆက်လက်အသိပေး ဖြန့်ဝေမှု ပြုပေးတော်မူနိုင်ပါရန် ထပ်ဆင့် အကြောင်းကြား လျှောက်ထားအပ်ပါသည်ဘုရား။

ပူးတွဲ - ညွှန်ကြားစာပါ(၃)ရွက်။

မိတ္တူကို
-ဥက္ကဋ္ဌဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
-ဥက္ကဋ္ဌ၊ တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ရန်ကုန်တိုင်း
-တိုင်းသာသနာရေးမှူး၊ ရန်ကုန်တိုင်း
-ခရိုင်သာသနာရေးမှူး၊ အရှေ့/အနောက်/တောင်/မြောက်၊ ရန်ကုန်
-အဓိကစာတွဲ/လက်ခံစာတွဲ

(လက်မှတ်)
ဘဒ္ဒန္တကုဏ္ဍလ
အကျိုးတော်ဆောင် တိုင်းသံဃနာယကအဖွဲ့

အဓမ္မဝါဒဝိနိစ္ဆယကျမ်း (အကျဉ်းချုပ်)

ပြုစုတင်ပြသူ
ဦးညွန့်မောင် (ဓမ္မာစရိယ၊ ဘီအေ၊ အာရ်အယ်လ်)
သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူး(ငြိမ်း)

Comments

Popular posts from this blog

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဝိနယဝိနိစ္ဆယော

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...