ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ ဂန္ထာရမ္ဘ အဖွင့် ရတနတ္တယ ပမဏ ( အဟံ ၊ ငါသည်၊) ဝန္ဒနာမာနပူဇာသက္ကာရဘာဇနံ ၊ ရှိခိုးခြင်းမြတ်နိုးခြင်း ပူဇော်ခြင်း အရိုအသေပြုခြင်းတို့၏ တည်ရာဖြစ်တော်မူသော။ ဗုဒ္ဓံစ ၊ ကြွင်းမဲ့ဥဿုံ, အလုံးစုံကို, အကုန်သိမြင်, ဘုရားရှင်ကိုလည်းကောင်း။ ဒမ္မဉ္စ ၊ မဂ် ဖိုလ် နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်သော တရားတော်မြတ်ကိုလည်းကောင်း။ သံဃဉ္စ ၊ ရှစ်ပါးအရိယာ, မြတ်သံဃာကို လည်းကောင်း။ ဝိပ္ပသန္နေန ၊ အထူးသဖြင့် ကြည်ညိုသော။ ဗစတသာ ၊ စိတ်ဖြင့်။ ( ဝန္ဒာမိ ၊ ချီးမွမ်းထောမနာ, ရှိခိုးပါ၏။) ဝန္ဒိတွာ ၊ ရှိခိုးပြီး၍လည်းကောင်း။ ဝတ္တယိဿာမိ ၊ ၌လှမ်းစပ်ပါ၊ အာစရိယပမာဏ ထေရဝံသပ္ပဒီပါနံ ၊ အရှင်မဟာကဿပအစရှိသော ထေရ်တို့၏အနွယ်ကို ထင်ရှားပြတော်မူတတ်ကုန်သော။ ဝါ ၊ အရှင်မဟာကဿပ အစရှိသော ထေရ်တို့၏ အနွယ်၏ မီးရှူးသဖွယ်ဖြစ်တော်မူကုန်သော။ ဝိနယက္ကမေ ၊ ဝိနည်းအစဉ်၌။ ထိရာနံ ၊ မြဲမြံခိုင်ခန့်, တည်တံ့တော်မူကုန်သော။ ပုဗ္ဗစရိယသီဟာနံ ၊ ရှေးဆရာမြတ်တို့အား။ ကတဉ္ဇလိ ၊ ပြုအပ်ပြီးသော လက်အုပ်ရှိသည်။ ( ဟုတွာ ၊ ဖြစ်၍) နမော ၊ ရှိခိုးခြင်းကို။ ကတွာ ၊ ပြုပြီး၍လည်းကောင်း၊ သံဝဏ္ဏေတဗ္ဗပါဠိ၏နာမည်စသည်။ မဟေသိနာ ၊ မဟာဣသိ မုနိထွတ်တင်ဘုရားရှင်သည်။...