၁ ဝိသုဒ္ဓိမဂ်-မြန်မာပြန် စတုတ္ထတွဲ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ၁၇-ပညာဘူမိနိဒ္ဒေသ - ပညာ၏ ဖြစ်ရာဘုံ(အာရုံ)ကို ပြဆိုချက် ပဋိစ္စသမုပ္ပါဒ်ကို ပြဆိုခြင်း [၁၄၈]† ၅၇ဝ†။ ယခုအခါ၌ ၁ ''ခန္ဓာ အာယတန ဓာတ် ဣန္ဒြေ သစ္စာ ပဋိစ္စသမုပ္ပါဒ်စသည် အပြားရှိကုန်သော တရားတို့သည် (ဤ ဝိပဿနာပညာ၏)၂ ဖြစ်ရာဘုံ (အာရုံ) ၂ ဖြစ်ကုန်၏''ဟူ၍ ဆိုအပ်ခဲ့ကုန်ပြီးသော ဤ(ဝိပဿနာ) ၂ ပညာ၏ ဖြစ်ရာဘုံ (အာရုံ)ဖြစ်ကုန်သော တရားတို့တွင် ပဋိစ္စသမုပ္ပါဒ်တရားသည်၎င်း၊ (ပဋိစ္စသမုပ္ပါဒ်စသည်-ဟူသော စကားထဲ၌ ပါဝင်သော) ၂ ''စသည်''ဟူသော စကားဖြင့် ပေါင်းယူအပ်ကုန်သော ပဋိစ္စသမုပ္ပန် တရားတို့သည်၎င်း (ဖွင့်ပြရန်) ၂ ကြွင်းကျန်ကြသေး၏။ ထို့ကြောင့် ထို(ကြွင်းကျန်သေးသော ၂-ပါးသော) ၂ တရားတို့ကို ဖွင့်ပြရန် အစဉ် ၃ ရောက်လတ်ပေပြီ။ မှတ်ချက် † ဤသို့သော ထောင့်ကွင်းဂဏန်းဖြင့် ဝိသုဒ္ဓိမဂ် ဒုတိယတွဲ၌ ရောက်ရာစာမျက်နှာကို ပြသည်။ † ဤသို့သော ကွင်းမဲ့ဂဏန်းဖြင့် ဝိသုဒ္ဓိမဂ်၌ စာပိုဒ်နံပါတ်ကို ပြသည်။ ၁- ယခုအခါ၌.. ကြွင်းကျန်ကြသေး၏၊.. အစဉ် ရောက်...