Skip to main content

ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ

ခေတ္တူပမပေတဝတ္ထု

လယ်မြေကောင်းနှင့် တူသော ရဟန္တာတို့၌ အလှူဒါယကာ လယ်သမားက လှူဖွယ်ဝတ္တု မျိုးစေ့ကို လှူဒါန်းပျိုးချခြင်းဖြင့် ကောင်းသော အကျိုးကို ပြိတ္တာတို့ပင် ခံစားရကြောင်း (ပေတ၊၁၂၇။) (ပေတ၊ဋ္ဌ၊။)

သူကရမုခပေတဝတ္ထု

ကိုယ်ဖြင့် စောင့်စည်း၍ နှုတ်ဖြင့် မစောင့်စည်းခဲ့သောကြောင့် ကွယ်လွန်သောအခါရွှေအဆင်းနှင့်တူသော ကိုယ် ဝက်မျက်နှာဖြင့်တူသော မျက်နှာဖြင့် ပြိတ္တာဖြစ်ရသူ (ပေတ၊၁၂၇။) (ပေတ၊ဋ္ဌ၊။)

ပူတိမုခပေတဝတ္ထု

အပြောအဆိုကြမ်းတမ်းလျက် နှုတ်မစောင့် ခြိုးခြံသော အကျင့်ကို ကား ကျင့်ခဲ့သောကြောင့် ပြိတ္တာဘဝ၌တင့်တယ်သော ရုပ်အဆင်းနှင့် ခံတွင်းပုတ်သိုး ပိုးလောက်ထိုးခြင်းကို ခံနေရသော ပြိတ္တာ (ပေတ၊၁၂၈။) (ပေတ၊ဋ္ဌ၊၁၁။)

ပိဋ္ဌဓီတလိကပေတဝတ္ထု

သေပြီးသူကို ဖြစ်စေ အိမ်စောင့်နတ်စသည်ကို အကြောင်းပြု၍ ဖြစ်စေ နတ်မင်းကြီး လေးပါးကို အကြောင်းပြု၍ ဖြစ်စေ လှူဒါန်းခဲ့လျှင် သေသူကို ပူဇော်သည်မည်ကြောင်း ကောင်းကျိုးခံစားရကြောင်း (ပေတ၊၁၂၈။) (ပေတ၊ဋ္ဌ၊၁၅။)

တိရောကုဋ္ဋပေတဝတ္ထု

ဤလူ့ဘုံမှ လှူဒါန်းသော ကုသိုလ်သည် နောင်ဘဝ၌ ဖြစ်နေကြရသော ဆွေမျိုးပြိတ္တာတို့ကောင်းကျိုးဖြစ်စေနိုင်ကြောင်းကို မိုးရေပမာ ထင်ရှားစွာ ပြသောဝတ္တု (ပေတ၊၁၂၉။) (ပေတ၊ဋ္ဌ၊၁၇။)

ပဉ္စပုတ္တခါဒပေတိဝတ္ထု

လင်တူမိန်းမက မယားကြီးကိုယ်ဝန်ရှိခိုက် ကိုယ်ဝန်ကို ချခဲ့ရာဟုတ်မှန်ပါလျက် “သား၏ အသားကို စားရစေသား''ဟု လိမ်လည်ကျိန်ဆိုခဲ့သော ကြောင့် သေသောအခါ နံနက်သားငါးယောက် ညနေချမ်းသားငါးယောက်တို့ကို စားသောက်ကာ အစဉ်ဆာလောင် နေသော ပြိတ္တာဖြစ်ရသူ (ပေတ၊၁၃၀။) (ပေတ၊ဋ္ဌ၊၂၉။)

သတ္တပုတ္တခါဒပေတိဝတ္ထု

လင်တူမိန်းမက မယားငယ်ကိုယ်ဝန်ရှိခိုက်ကိုယ်ဝန်ကို ချခဲ့ရာ သွေးပြည်ဖြစ်၍ ကျခဲ့၏။ အမှုပေါ်သောအခါ''သား၏ အသားကို စားရစေသား''ဟု ကျိန်ဆိုခဲ့သော မုသားကြောင့် သေသောအခါနံနက်သားခုနှစ်ယောက် ညနေချမ်းသားခုနှစ်ယောက်တို့ကို စားသောက်ကာ အစဉ်ဆာလောင်နေသော ပြိတ္တာဖြစ်ရသူ (ပေတ၊၁၃၁။) (ပေတ၊ဋ္ဌ၊၃၃။)

ဂေါဏပေတဝတ္ထု

အဘိုးသေ၍ အဖငိုကြွေးနေသည်ကို သားဖြစ်သူက နွားသေကို ကြည့်ကာ ငိုကြွေး ခြင်းဖြင့်သက်သေပြကာသော ကငြိမ်းကြောင်း နည်းလမ်းကောင်းပြသောဝတ္တု (ပေတ၊၁၃၂။) (ပေတ၊ဋ္ဌ၊၃၆။)

မဟာပေသကာရပေတိဝတ္ထု

လင်အလှူပေးသည်ကို မယားဖြစ်သူက အမျိုးမျိုးကျိန်ဆဲရာတွင် “သင်၏ အဝတ် တို့သည် သံပြားနှင့်အတူဖြစ်ပါစေ''ဟု ဆဲရေးခဲ့သောကြောင့် သေသောအခါ သွေးပြည် အညစ်အကြေးကို စားသံပြားအဝတ်ကို ဝတ်နေရသူ ပြိတ္တာမ (ပေတ၊၁၃၃။) (ပေတ၊ဋ္ဌ၊၃၉။)

ခလ္လာဋိယပေတိဝတ္ထု

ဗိမ္မာန်တွင်း၌ အဝတ်မရှိ၊ အပြင်သို့ မထွက်ဝံ့သည်ကို သနားသဖြင့် ကုန်သည်များက အလှူပေး အမျှဝေသာဓုခေါ်သဖြင့် ချက်ခြင်း ကောင်းကျိုးချမ်းသာ အစုံအလင်ကို ရရှိသော ပြိတ္တာမ (ပေတ၊၁၃၃။) (ပေတ၊ဋ္ဌ၊၄၃။)

နာဂပေတဝတ္ထု

သားသမီးသုံးယောက်တို့ အလှူပေးသည်ကို ဝန်တိုစိတ်ဖြင့် ပိတ်ပင် ဆဲရေးမိကြသောကြောင့် သေလွန်သောအခါ သားသမီးများမှာ ချမ်းသာ၍ မိဖတို့မှာ တင်းပုတ်ဖြင့် ရိုက်နှက်ခြင်းကို ခံကာသွေးပြည်ကို စားသောက်နေရသူ ပြိတ္တာများ (ပေတ၊၁၃၅။) (ပေတ၊ဋ္ဌ၊၄၉။)

ဥရဂပေတဝတ္ထု

သားသေဆုံးလျက် မငိုကြွေးသော အဖ အမိ နှစ်မ မယားလေးဦးတို့ ပြောပုံနှင့် သေသူကို လွမ်းဆွတ်ငိုကြွေးခြင်း၏ အကျိုးမရှိပုံ ဥပမာအစုံအလင်ပါသောဝတ္တု (ပေတ၊၁၃၆။) (ပေတ၊ဋ္ဌ၊၅၆။)

သံသာရမောစကပေတိဝတ္ထု

ရှေးဘဝ၌ အလှူဒါနပြုရန် တိုက်တွန်းမည့်သူမရှိ၍ ဒါနမပြုခဲ့ရ သေလွန်သောအခါ၊ ကြုံလှီငတ်မွတ်အဝတ်မပါသော ပြိတ္တာမအား အသျှင်သာရိပုတြာက သနားလှသဖြင့် ဆွမ်း တလုတ်စာလက်တဝါးမျှရေသော အဝတ်သောက်ရေကို လှူကာ အမျှဝေတော်မူမှ ချမ်းသာခွင့်ရသော ပြိတ္တာမ (ပေတ၊၁၃၇။) (ပေတ၊ဋ္ဌ၊၆၁။)

သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု

ရှေးဘဝ၌ အသျှင်သာရိပုတြာ၏ မိခင်ဖြစ်ဖူး၍ ကုသိုလ်အားနည်းခိုက် ပြိတ္တာဘဝတွင် ဖြစ်ရ၍သားကောင်လူတို့၏ပြည်သွေးကို စားသောက် သုသာန်ကို အိမ်ပြုနေရသူအား အသျှင်သာရိပုတြာသနားတော်မူသဖြင့်စတုဒ္ဒိသာသံဃိကအလှူပေးကာ အမျှဝေတော်မူမှ ချမ်းသာခွင့်ရသော ပြိတ္တာမ (ပေတ၊၁၄၀။) (ပေတ၊ဋ္ဌ၊၇၂။)

မတ္တာပေတိဝတ္ထု

လင်တူမိန်းမ တိဿာအပေါ်၌ ဝန်တိုမိစ္ဆာစိတ်ဖြင့် မကောင်းပြု မကောင်းပြော မကောင်းကြံများကို အဆန်းတကြယ်ပြုခဲ့၍ အဝတ်မပါ ပိန်ချိသော ခန္ဓာဖြင့် ပြိတ္တာဖြစ်နေ ရသူ မတ္တာအား တိဿာကသနားလှ၍ သံဃာရှစ်ပါးအား ကုသိုလ်ပြုအမျှဝေသဖြင့် နတ်သမီး အလား ချမ်းသာခံစားရသော ပြိတ္တာမ (ပေတ၊၁၄၁။) (ပေတ၊ဋ္ဌ၊၇၆။)

နန္ဒာပေတိဝတ္ထု

လင့်အပေါ်၌ မရိုသေ မလေးစား စကားကြမ်းစွာ ပြောဆိုခဲ့သော ကြာင့် ပြိတ္တာဘဝတွင် ရုပ်သွင်မည်းနက်ကြောက်မက်ဖွယ် ရုပ်အဆင်းရှိနေရာ လင်ဖြစ်သူမြင်တွေ့က သနားလှ သဖြင့် ရဟန်းတို့အားကျောင်းအိပ်ရာစသည်လှူဒါန်း၍ အမျှအတန်းဝေမှ ချမ်းသာရာရသော ပြိတ္တာမ (ပေတ၊၁၄၄။) (ပေတ၊ဋ္ဌ၊၈၄။)

မဋ္ဌကုဏ္ဍလီပေတဝတ္ထု

သူဌေးသားဖြစ်လျက် ဒါန သီလမပြု စုတိကျခါနီးမှ ဘုရားကို ဖူးမြင်ရ၍ ကြင်လင်သဒ္ဓါ ရှိခိုးရသော စေတနာကြောင့် တာဝတိံသာ နတ်သားစာရင်းဝင် ဖြစ်ရကြောင်းဖြင့် စေးနှဲသော ဖခင်ကို ရှင်းပြပြောကြား သတိတရားရဖွယ်ကောင်းသောဝတ္တု (ပေတ၊၁၄၆။) (ပေတ၊ဋ္ဌ၊၈၇။)

ကဏှပေတဝတ္ထု

သားသေ၍ ပူဆွေးနေသောဝါသုဒေဝမင်းကို ညီဃဋပဏ္ဍိတက သေခြင်းတရားပြ၍ ဆုံးမပုံနှင့် တရားရ၍ သော ကကင်းပုံ အစုံပါသောဝတ္တု (ပေတ၊၁၄၉။) (ပေတ၊ဋ္ဌ၊၈၇။)

ဓနပါလသေဋ္ဌိပေတဝတ္ထု

ရှေးဘဝ သူဌေးဖြစ်စဉ် အလှူခံကို မလာနိုင်ရန် တံခါးပိတ်တားမြစ်စဉ်းလဲ ကောက်ကျစ် သောကြောင့် သေသောအခါ ပြိတ္တာဖြစ်ကာ ငါးဆယ့်ငါးနှစ်ပတ်လုံး အစာမရ ရေမတွေ့ရဘဲ ဒုက္ခကြီးစွာ ခံစားပြီးနောက်သံတံတိုင်း ကာရံထားသော ငရဲသို့ ကျရဦးမည့် ပြိတ္တာ (ပေတ၊၁၅၀။) (ပေတ၊ဋ္ဌ၊၉၄။)

စူဠသေဋ္ဌိပေတဝတ္ထု

ပစ္စည်းကြွယ်ဝလျက် ဒါနကို မပြုမိ ဝန်တိုခြင်းစိတ်ရှိလျက် စုတိသောအခါ ပြိတ္တာဖြစ်ကာအဇာတသတ်မင်းနှင့် တွေ့ရာတွင် အကြောင်းရင်းကို ဖြေရှင်း၍ သမီးရင်းက ကုသိုလ်ပြု သော်လည်းအလှူခံမစင်ကြယ်၍ အကျိုးမရ အဇာတသတ်မင်း ကိုယ်တိုင် သံဃာအား ပေးလှူ၍ အမျှအတန်းဝေမှချမ်းသာခွင့်ရသော ပြိတ္တာ (ပေတ၊၁၅၂။) (ပေတ၊ဋ္ဌ၊၉၉။)

အကုင်္ရပေတဝတ္ထု

အသယှသူဌေးအလှူတွင် အလှူခံတို့အား လမ်းညွှန်ဘူး၍ တန်ခိုးကြီးသော နတ်သား ဖြစ်ရသူနှင့်ထိုအလှူတွင် ဝန်ဆောင်ပုဂ္ဂိုလ်ဖြစ်ခဲ့သော်လည်း အလှူခံတို့အား မဲ့ရွဲ့ခဲ့ဖူး၍ အရုပ်ဆိုးလျက် ငတ်မွတ်နေသည့် ပြိတ္တာဖြစ်ရသူတို့ အကြောင်းအရာ အစုံအလင်နှင့် သာသနာတွင်းကုသိုလ် သာသနာပကုသိုလ်တို့၏ အကျိုးပေးခြားနားပုံ အကုင်္ရနတ်သားနှင့် ဣန္ဒကနတ်သားတို့၏ စည်းစိမ်အခွင့်အရေး ကွာခြားပုံ တာဝတိံသာ နတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ဘုရားကိုယ်တော်တိုင် ဟောကြား တော်မူပုံ အစုံပါသောဝတ္ထု (ပေတ၊၁၅၄။) (ပေတ၊ဋ္ဌ၊၁၀၄။)

ဥတ္တရမာတုပေတိဝတ္ထု

သားဖြစ်သူဥတ္တရက ဒါနပြုသည်ကို အမိဖြစ်သူ မနှစ်သက် ကန့်ကွက်ဆဲရေးခဲ့ မိသောကြောင့် ကွယ်လွန်သောအခါ ပြိတ္တာဘဝ၌ ငါးဆယ့်ငါးနှစ်ပါတ်လုံး အစာနှင့်ရေကို မသုံးစားရဂင်္ဂါမြစ်ကို တွေ့သော်လည်း သွေးအတိဖြစ်၍ မသောက်ရ ဒုက္ခကြီးစွာခံစားရသော ပြိတ္တာမ (ပေတ၊၁၆၁။) (ပေတ၊ဋ္ဌ၊၁၃၁။)

သုတ္တပေတဝတ္ထု

ပစ္စေကဗုဒ္ဓါအား ချည်ကို လှူခဲ့သောကြောင့် ဆန်းကြယ်သော ဗိမ္မာန်တွင် နတ်ပြိတ္တာနှင့် အတူအနှစ်ခုနှစ်ရာမွေ့လျော်၍ အကုဋေမျှသော အဝတ်တို့ဖြင့် ခံစားရသော လူမိန်းမက နတ်ပြိတ္တာအားလူ့ပြည်သို့ ပြန်ပို့ရန် ပြောပုံနှင့် လူ့ပြည်သို့ရောက်သော် အမယ်အိုကြီး ဖြစ်သွားပုံတို့ဖြင့် ထူးဆန်းသောဝတ္ထု (ပေတ၊၁၆၂။) (ပေတ၊ဋ္ဌ၊၁၃၅။)

ကဏ္ဏမုဏ္ဍပေတိဝတ္ထု

သီလရှိသော လင်ကို ကျော်လွန်၍ ယောက်ျားတပါးတို့နှင့် ဖောက်ပြားမိပါလျက် လက်ဆုပ်လက်ကိုင်မိသောအခါ ခွေးစားခံရပါစေဟု ကျိန်စာဆိုခဲ့မိ၍ သေသောအခါ ကြည်နူးဖွယ် ကောင်းသော ရေကန်အနီး ပြသာဒ်၌ နေ့အချိန်ခံစား၍ ညအချိန်တွင် ခွေးစားခံနေရသော ပြိတ္တာမက ဗာရာဏသီမင်းအား ပြောကြားပုံပါသောဝတ္ထု (ပေတ၊၁၆၃။) (ပေတ၊ဋ္ဌ၊၁၄၀။)

ဥဗ္ဗရိပေတဝတ္ထု

လင်ဖြစ်သူ ရှင်ဘုရင်သေဆုံး၍ ယူကြုံးမရ ငိုကြွေးနေသော မိဖုရားကို ပညာရှိရသေ့က ဗြဟ္မဒတ်မင်းပေါင်း ရှစ်သောင်းလေးထောင်ရှိကြောင်း ဘဝဟောင်းဖြစ်ထွေကို အခြေကျကျရှင်းလင်းပြသဖြင့် သောက ကင်းစင်လျက် လူ့အသွင်ကို ပယ်ရှား ရသေ့အဝတ်အစားဖြင့် မေတ္တာပွားသော ဥဗ္ဗရီမိဖုရားဝတ္ထု (ပေတ၊၁၆၅။) (ပေတ၊ဋ္ဌ၊၁၄၈။)

အဘိဇ္ဇမာနပေတဝတ္ထု

ရှေးဘဝလူဖြစ်စဉ် အလှူဝတ္တုရှိကုန်လျက် ကောင်းမှုမပြုခဲ့ကြ၊ လှူမည့်အစား စွန့်ပစ် လိုက်ကြသေး၏။ ဝန်တိုခြင်းများ၍ အလှူခံတို့ကို ဆဲရေးခဲ့သော ကြောင့် သေလွန်သောအခါ ပြိတ္တာတပိုင်း လူတပိုင်းဖြင့် အဝတ်မပါ ဗလာကျင်းနေရသည့် အဖြစ်ဆိုး၌ ဖြစ်ကြရသော ပြိတ္တာများဝတ္ထု (ပေတ၊၁၆၆။) (ပေတ၊ဋ္ဌ၊၁၅၅။)

သာဏဝါသီထေရပေတဝတ္ထု

သာဏမထေရ်၏ မိဘဆွေမျိုးများသည် အကုသိုလ်ကို ပြုခဲ့ကြသော ကြောင့် သေလွန် ကြသောအခါပြိတ္တာဘဝ၌ အဝတ်မပါ အစာမရ ဒုက္ခကြီးစွာ တွေ့နေကြရသည်ကို သာဏမထေရ် တွေ့မြင်၍ အလှူအတန်းပြုကာ အမျှဝေသဖြင့် ချမ်းသာသုခရရှိကြသော ပြိတ္တာများ (ပေတ၊၁၆၈။) (ပေတ၊ဋ္ဌ၊၁၆၄။)

ရထကာရပေတိဝတ္ထု

ကုသိုလ်တစ်ဝက် အကုသိုလ်တစ်ဝက် ပြုခဲ့သောကြောင့် ကွယ်လွန်သောအခါ ဗိမ္မာန်ဘုံ နန်းကို ရသော်လည်း လင်မရှိ တစ်ကိုယ်တည်း ပျင်းရိဖွယ်ဖြစ်နေရသော ပြိတ္တာမ (ပေတ၊၁၇၁။) (ပေတ၊ဋ္ဌ၊၁၇၂။)

ဘုသပေတဝတ္ထု

ရှေးဘဝလူအဖြစ်၌ အိမ်ရှင်မဖြစ်စဉ် အမိကို ညှင်းဆဲလင်ကို ဂရုမထား မုသားဆိုကာ တစ်စုံတစ်ခုကို မျှမလှူခဲ့သောကြောင့် ကွယ်လွန်သောအခါ သလေးစပါးကို ခေါင်းပေါ်၌ ကြဲဖြန့် သူသံတင်းပုတ်ဖြင့်ရိုက်နှက်ခံရသူ မစင်ကို စားရသူ အသီးသီးဖြစ်နေကြရသော ပြိတ္တာများ (ပေတ၊၁၇၂။) (ပေတ၊ဋ္ဌ၊၁၇၆။)

ကုမာရပေတဝတ္ထု

ရှေးအကုသိုလ်ကံကြောင့် ပြည့်တန်ဆာမဝမ်း၌ ဖြစ်၍ ဖွားသောအခါ သင်းချိုင်း၌ စွန့်ပစ်ခံရသော်လည်းကုသိုလ်ကံကြောင့် နတ်နှင့် ဘီလူးတို့က နို့တိုက်စောင့်ရှောက် မပျောက်မပျက် အသက်ရှည်ကာသူဋ္ဌေးကြီးဖြစ်လတ္တံ့ဟု မြတ်စွာဘုရား၏ ဗျာဒိတ်ကြားခြင်း ခံရသူသူငယ် (ပေတ၊၁၇၃။) (ပေတ၊ဋ္ဌ၊၁၇၉။)

သေရိဏီပေတိဝတ္ထု

ရှေးလူဘဝ၌ ပဲဝက်မျှသော ဥစ္စာကို ရေချိုးဆိပ်၌ ရှာမှီးခဲ့ရ၍ အလှူဝတ္ထုရှိလျက် မပေးလှူခဲ့သေလွန်သောအခါ နံရိုးပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် မြစ်ကို တွေ့သော်လည်းရေမရှိ၊ လေတိုက်သော်လည်း မီးသို့ပူ ဤဒုက္ခမှ လွတ်စေရန် အမိထံသွား၍ မြှုပ်ထားခဲ့သော ဥစ္စာဖြင့်သုံးစား လှူဒါန်း အမျှအတန်းဝေပါဟု ဥပါသကာတဦးကို မှာထားသည့်အတိုင်း ပြောကြား၍ အမိကကုသိုလ်ပြု အမျှအတန်းဝေသောကြောင့် ချမ်းသာခွင့်ရသော ပြိတ္တာမ (ပေတ၊၁၇၅။) (ပေတ၊ဋ္ဌ၊၁၈၅။)

မိဂလုဒ္ဒကပေတဝတ္ထု

သူတော်ကောင်း မိတ်ဆွေ၏စကားအရ သတ္တဝါတို့အသက်ကို လုံးဝမရှောင်ကြဉ်ဘဲ ညအခါ၌သာရှောင်ကြဉ်ခဲ့၍ သေလွန်သောအခါ ညအခါ၌ ချမ်းသာခံစားလျက် နေ့အခါတွင် ခွေးစားခံနေသော မုဆိုးပြိတ္တာ (ပေတ၊၁၇၆။) (ပေတ၊ဋ္ဌ၊၁၈၈။)

ဒုတိယမိဂလုဒ္ဒကပေတဝတ္ထု

သူငယ်ချင်းကောင်း ရဟန်းကောင်းများက ဆုံးမပါလျက် အကုန်မလိုက်နာ၊ ညအခါ ရှောင်ကြဉ် နေ့အခါသတ်ဖြတ်ခဲ့သောကြောင့် သေသောအခါ ညအခါ ပြုဒေ်ပလ္လင်၌ ခံစား၍ နေ့အခါ သုသာန်သို့ သွား၍ ဆင်းရဲခံစားနေရသော ပြိတ္တာ (ပေတ၊၁၇၇။) (ပေတ၊ဋ္ဌ၊၁၉၂။)

ကူဋဝိနိစ္ဆယိကပေတဝတ္ထု

တရားရုံးတော်၌ အမှန်မပြော ကုန်းတိုက်စကားဆိုခဲ့သောကြောင့် သေလွန်သောအခါ နတ်ဝတ်တန်ဆာနတ်သမီးအခြွေအရံတို့ဖြင့် အာနုဘော်ကြီးစွာ ခံစားရသော်လည်း ကြောက်ခမန်းလိလိမိမိကျောက်ကုန်းသားကို ဖြတ်တောက် စားသောက်နေရသော ပြိတ္တာ (ပေတ၊၁၇၈။) (ပေတ၊ဋ္ဌ၊၁၉၄။)

ဓာတုဝိဝဏ္ဏပေတဝတ္ထု

ဓာတ်တော်ထားရာစေတီပုထိုးကို ပူဇော်သူတို့အား အပြစ်ပြောပြ၍ ထားမြစ်ခဲ့သောကြောင့် သေလွန်သောအခါ ရှစ်သောင်းခြောက်ထောင်မျှသော ဆွေမျိုးတို့နှင့်တကွ အပုပ်နံ့ လှိုင်သော ခံတွင်းပိုးလောက်တို့စားခြင်းကို ခံနေကြရသော ပြိတ္တာများ (ပေတ၊၁၇၉။) (ပေတ၊ဋ္ဌ၊၁၉၆။)

အမ္ဗသက္ကရပေတဝတ္ထု

ဝေသာလီပြည် အမ္ဗ္ဗသက္ကရမည်သော လိစ္ဆဝီမင်း, တံကျင်လျှိုခံရသော ယောင်္ကျား, ထိုယောင်္ကျားအားလာရောက်၍ အားပေးစကားပြောဆိုသော နတ်ပြိတ္တာ, ကပ္ပိတကရဟန်း၊ ဤပုဂ္ဂိုလ်တို့အချင်းချင်းပြောဟောကြပုံ ကုသိုလ်, အကုသိုလ်ကံဆန်းကြယ်ပုံ အလုံးစုံပါဝင် သောဝတ္ထု (ပေတ၊၁၈၀။) (ပေတ၊ဋ္ဌ၊၁၉၉။)

သေရီသကပေတဝတ္ထု

ပါယာသိရာဇညမင်းဖြစ်စဉ် မိစ္ဆာအယူ ရှိသော်လည်း ရှင်ကုမာရကဿပနှင့် တွေ့သောအခါတရားအမှန်ကို သိ ကုသိုလ်ပြုမိ၍ သေသောအခါ ကုက္ကိုနန်း၌ ခံစားရပုံနှင့် အလှူဒါနပြုရာ၌ရိုရိုသေသေမပြုခဲ့သဖြင့် ငြီး၏ ငွေ့ဖွယ် ဗိမာန်၌ တဦးတည်းငြီးငွေ့စွာ စံစားနေရပုံ အလုံးစုံကို သဲကန္တာရသွား ကုန်သည်များဝမ်းမြောက်ကာ နေရပ်သို့ ရောက်လျှင် သေရီသကနတ်ကွန်းဆောက်လုပ်ပူဇော်ခြင်း အကြောင်းအရာပါသောဝတ္ထု (ပေတ၊၁၉၃။) (ပေတ၊ဋ္ဌ၊၂၂၇။)

နန္ဒကပေတဝတ္ထု

ရှေးဘဝက မိစ္ဆာဝါဒကို ယူမိသဖြင့် တောနက်အတွင်း ပညောင်ပင်၌ ပြိတ္တာဖြစ်နေရာပိင်္ဂလမင်းနှင့်အတွေ့တွင် အဖြစ်အပျက်အလုံးစုံကို ပြန်ကြား မကြာမီငရဲသို့ လားရဦးမည့် အရေးတွေးတောစိုးရိမ်နေဆဲ သမီးဖြစ်သူက လှူဒါန်းအမျှဝေသဖြင့် ဝေဿဝဏ်နတ်မင်း ကြီးအလားချမ်းသာခံစားရသော ရုက္ခဇိုဝ်းပြိတ္တာ (ပေတ၊၂၀၁။) (ပေတ၊ဋ္ဌ၊၂၂၇။)

ရေဝတီပေတဝတ္ထု

လင်ဖြစ်သူ နန္ဒိယက သဒ္ဓါတရားနှင့်ပြည့်စုံသော ကျောင်းဒကာ၊ မယားရေဝတီက ဝန်တိုမစ္ဆရိယဖြင့် အလှူခံတို့ကို လှည့်ပတ်ခဲ့၏၊ ဤအကုသိုလ်ကြောင့် သေသောအခါ လင်နှင့် အတူမစံရပဲ အညစ်အကြေး ထူပြောသော သံသဝကငရဲ၌ ဒုက္ခခံရသော ရေဝတီဝတ္ထု (ပေတ၊၂၀၆။) (ပေတ၊ဋ္ဌ၊၂၃၉။)

ဥစ္ဆုပေတဝတ္ထု

ဤရှေးဘဝလူဖြစ်စဉ် ကြံခင်းရှင်ဖြစ်သောအခါ ကြံကို သုံးဆောင်နေဆဲ အခြားတဦးက ကြံကိုတောင်းသည်တွင် မကြည်မသာ မျက်နှာမလှည့် ကြံကို နောက်ပြန်ပစ်ပေးခဲ့သောကြောင့် သေသောအခါ ကြံတောကို တွေ့ပါလျှက် မျက်နှာမူမရ ဒုက္ခကြီးစွာ ဖြစ်နေရသော ကြံနောက်ပြန်စား ပြိတ္တာ။ (ပေတ၊၂၀၉။) (ပေတ၊ဋ္ဌ၊၂၄၀။)

ကုမာရပေတဝတ္ထု

ရှေးဘဝလူဖြစ်စဉ် ဘုရင့်သားတော်ဖြစ်ရပါလျက် အနာဂတ်ချမ်းသာကို မမြော် ပစ္စုပ္ပန် ပျော်ပါးအကုသိုလ်များသဖြင့် ဘဝတပါးသို့ရောက်သောအခါ ပြိတ္တာဘဝတွင် အောက်တန်း ကျကာ ဒုက္ခကြီးစွာခံနေရသော မင်းသား ပြိတ္တာ (ပေတ၊၂၁၀။) (ပေတ၊ဋ္ဌ၊၂၄၃။)

ရာဇပုတ္တပေတဝတ္ထု

မင်းသားဖြစ်ရစဉ် စည်းစိမ်ယစ်လျက် သုနေတ္တပစ္စေကဗုဒ္ဓါ ဆွမ်းခံကြွအလာ သပိတ်ကို အတင်းယူ ပစ်ခွဲဖျက်ဆီးခဲ့သော အကုသိုလ်ကံကြောင့် အဝီစိငရဲတိုင်အောင် ကျရောက်ခံစား ရသော ပြိတ္တာ (ပေတ၊၂၁၁။) (ပေတ၊ဋ္ဌ၊၂၄၅။)

ဂူထခါဒကပေတဝတ္ထု

ရှေးဘဝလူဖြစ်စဉ် ကျောင်းဒကာဘဝ၌ မစ္ဆရိယအားကြီးသော ကျောင်းထိုင်ရဟန်း၏ စကားကို နားယောင်၍ ရဟန်းကောင်းတို့ကို ဆဲရေးမိသောကြောင့် သေသောအခါ ဆရာ ရဟန်းကအောက် ကျောင်းဒကာကအထက် မစင်တွင်း၌ ပြိတ္တာဖြစ်ရ၍ အထက်အောက် မစင် အဆင့်ဆင့် စားနေရသော ပြိတ္တာစုံတွဲ (ပေတ၊၂၁၂။) (ပေတ၊ဋ္ဌ၊၂၄၉။)

ဂူထခါဒကပေတိဝတ္ထု

ရှေးဘဝလူဖြစ်စဉ် ကျောင်းအမနှင့် ရဟန်းဆိုးတွေ့ကြရာ ယခင်နည်းအတိုင်း ရဟန်း ကောင်းတို့ကို ဆဲရေးမိသောကြောင့် သေသောအခါ ပြိတ္တာမနှင့် ရဟန်းပြိတ္တာ အထက် အောက်ဖြစ်ကြကာ အဆင့်ဆင့် မစင်စားနေရသော ပြိတ္တာစုံတွဲတမျိုး (ပေတ၊၂၁၃။) (ပေတ၊ဋ္ဌ၊၂၅၁။)

ဂဏပေတဝတ္ထု

ရှေးလူဖြစ်စဉ် လိုချင်မျက်စိဖြင့် ရေချိုးဆိပ်တို့တွင် သူတပါးမေ့ကျန်ရစ်သော ဥစ္စာတို့ကို ရှာမှီးလျက် ပစ္စည်းရှိစေကာမူ မလှူဒါန်းခဲ့ကြ၊ သေသောအခါ ပြိတ္တာများဖြစ်ကာ ရေဆာ၍ ရေရှိသော မြစ်သို့သွားသော်လည်း ရေမတွေ့၊ ယူဇနာများစွာ သွား၍ ရှာသော်လည်း အစာ မရ, သစ်ပင်အောက်သို့ ချဉ်းကပ်သော်လည်း အရိပ်မရှိ, လေအေးမတိုက် မြေ၌လဲကျ ဒုက္ခအမျိုးမျိုး ခံနေကြရသော ပြိတ္တာများ (ပေတ၊၂၁၃။) (ပေတ၊ဋ္ဌ၊၂၅၁။)

ပါဋလိပုတ္တပေတဝတ္ထု

ပြိတ္တာသိမ်းပိုက်ထားခြင်းခံရသော ပါဋလိပုတ်သူ အမျိုးသမီးက ပြိတ္တာ၏ ဗိမာန်၌ နေထိုင်ရသည်ကို ငြီးငွေ့၍ ပြန်ခွင့်တောင်းရာ ပြိတ္တာက လူ့ပြည်သို့ ပြန်၍ ကုသိုလ်ပြုရန် တိုက်တွန်းပုံနှင့် အမျိုးသမီးက လူ့ပြည်သို့ပြန်၍ ကုသိုလ်ပြုပါမည်ဟု ဝန်ခံပုံ။ (ပေတ၊၂၁၄။) (ပေတ၊ဋ္ဌ၊၂၅၄။)

အမ္ဗဝနပေတဝတ္ထု

လူ့ဘဝ၌ ကျန်ရစ်သူသမီးက သရက်သီးမှည့် ရေချမ်းနှင့် ယာဂုကို ပေးလှူ၍ အမျှဝေ သောကြောင့် ရေကန် သရက်ဥယျာဉ်တို့ဖြင့် ချမ်းသာခွင့်ရသော ပြိတ္တာ။ (ပေတ၊၂၁၅။) (ပေတ၊ဋ္ဌ၊၂၅၆။)

အက္ခရုက္ခပေတဝတ္ထု

အလှူဒါန၏ အကျိုးသည် ပစ္စုပ္ပန် သံသရာ ဖြစ်ဆဲဖြစ်လတ္တံ့သော ဆင်းရဲအပေါင်းကို လွန်မြောက်နိုင်ကြောင်း ဘုမ္မဇိုဝ်းနတ်က လှည်းသမားထံလာ၍ ပြောပုံ။ (ပေတ၊၂၁၆။) (ပေတ၊ဋ္ဌ၊၂၅၉။)

ဘောဂသံဟရပေတဝတ္ထု

ပစ္စည်းဥစ္စာကို အကြောင်းအမျိုးမျိုးတို့ဖြင့် စုဆောင်းသူတို့သည် သေသောအခါ ပြိတ္တာ ဖြစ်ရ၍ ပစ္စည်းဥစ္စာတို့ကိုမူကား သူတပါးတို့သာ ဝိုင်းဝန်း စားသောက်ကြကြောင်း ဈေးသည် ပြိတ္တာမလေးဦးပြောပုံ။ (ပေတ၊၂၁၆။) (ပေတ၊ဋ္ဌ၊၂၆၀။)

သေဋ္ဌိပုတ္တပေတဝတ္ထု

ဒု, သ, န,သော အမည်ရ သူဌေးသားလေးဦးတို့ လောဟကုမ္ဘီငရဲမှ ညည်းညူရွတ်ဆို ကြသော ဂါထာလေးပုဒ်။ (ပေတ၊၂၁၆။) (ပေတ၊ဋ္ဌ၊၂၆၂။)

သဋ္ဌိကူဋပေတဝတ္ထု

လူဖြစ်စဉ်အခါက သုနေတ္တပစ္စေကဗုဒ္ဓါ၏ ဦးခေါင်းကို ကျောက်စရစ်ဖြင့် ပစ်ခတ်ပေါက်ခွဲ ခဲ့ဖူးသောကြောင့် သေသောအခါ ကြောက်လန့်ပြေးသွား သံတူခြောက်သောင်းတို့သည် ဦးခေါင်းကို အစဉ်ရိုက်ခွဲကြသဖြင့် ဆင်းရဲကြီးစွာ ခံနေရသော ပြိတ္တာဖြစ်ရပုံဝတ္တု။ (ပေတ၊၂၁၆။) (ပေတ၊ဋ္ဌ၊၂၆၄။)

ပဌမပီဌဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ်က ရဟန်းတို့အား နေရာအင်းပျဉ် လှူဒါန်း၍ အလှူခံတို့ကို ရိုသေတုပ်ဝပ် တတ်အားသမျှ လှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် ရွှေပလ္လင် ရွှေအင်းပျဉ် ရွှေဗိမာန်ပေါက်ကာ အလိုရှိတိုင်း သွားလာနိုင်သော နတ်သမီး (ဝိမာန၊။) (ဝိမာန၊ဋ္ဌ၊။)

ဒုတိယပီဌဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ်က ရဟန်းတို့အား ရှေးနည်းတူ လှူဒါန်းခဲ့သော ကံကြောင့် ကြောင်မျက်ရွဲရတနာဖြင့်ပြီးသော ပလ္လင် အင်းပျဉ်ဗိမာန်ပေါက်ကာ အလိုရှိတိုင်း သွားလာနိုင်သော နတ်သမီး (ဝိမာန၊။) (ဝိမာန၊ဋ္ဌ၊၂၁။)

တတိယပီဌဝိမာနဝတ္ထု

ကိလေသာကင်းစင်သော ရဟန္တာအရှင်မြတ်အား ကြည်ညိုသော စိတ်ထားဖြင့် ကောင်းမြတ်သော အင်းပျဉ်ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် အရောင်အဆင်း လှပတင့်တယ်ခြင်းဖြင့် အရပ်လေးမျက်နှာ ထွန်းလင်းတောက်ပလျက် ရွှေအင်းပျဉ် ရွှေဗိမာန်ပေါက်သော နတ်သမီး (ဝိမာန၊။) (ဝိမာန၊ဋ္ဌ၊၂၃။)

စတုတ္ထပီဌဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ်က ကိလေသာမြူကင်းသော ရဟန္တာအရှင်မြတ်အား စိတ်ထားကြည်လင်စွာ နေရာအင်းပျဉ်ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် အဆင်တန်ဆာ စုံလင်စွာနှင့် ကြောင်မျက်ရွဲရတနာဖြင့်ပြီးသော ပလ္လင်အင်းပျဉ် ဗိမာန်များကို ရရှိသော နတ်သမီး (ဝိမာန၊။) (ဝိမာန၊ဋ္ဌ၊၂၆။)

ကုဉ္ဇရဝိမာနဝတ္ထု

ကိလေသာကင်းစင်၍ ဈာန်ဝင်စားလျက်ရှိသော သူတော်ကောင်းတို့အား လက်တွေ့ ဖူးမြင်ကာ အရွက်နှင့်တကွသော ပဒုမာကြာပန်းကို လှူဒါန်းခဲ့ရသော ကုသိုလ်ကံကြောင့် ပဒုမာကြာအသွင် ကြန်အင်ပြည့်စုံ ကြာဝတ်မှုန်ပြွန်းလျက်ရှိသော ရုပ်အသွင်ရှိသူ နတ်သမီး (ဝိမာန၊။) (ဝိမာန၊ဋ္ဌ၊၂၇။)

ပဌမနာဝါဝိမာနဝတ္ထု

ရှေးလူ့ဘဝက ရေမွတ်သိပ်၍ ပင်ပန်းနွမ်းနယ်သူတို့အား သောက်ရေကို ပေးလှူ ခဲ့သောကြောင့် ကြာပုဏ္ဍရိက်ပန်းနှင့် အေးမြသော ရေရှိသည့်ရေကန် ပန်းပင်အမျိုးမျိုး ဝန်းရံလျက် နီဖလံရွှေအမိုးရှိသော လှေကို စီးရသူ ဗိမာန်ဘုံနန်းကို ရရှိသော နတ်သမီး (ဝိမာန၊။) (ဝိမာန၊ဋ္ဌ၊၃၄။)

ဒုတိယနာဝါဝိမာနဝတ္ထု

ရှေးနည်းအတူသောက်ရေလှူခဲ့သော ကုသိုလ်ကံကြောင့် ကြာပုဏ္ဍရိက်ပန်းနှင့် အေးမြသော ရေရှိသည့်ရေကန် ပန်းပင်အမျိုးမျိုးဝန်းရံလျက် ဗိမာန်ဘုံနန်းကို ရရှိသော နတ်သမီး (ဝိမာန၊။) (ဝိမာန၊ဋ္ဌ၊၃၇။)

တတိယနာဝါဝိမာနဝတ္ထု

ရှေးနည်းအတူသောက်ရေလှူခဲ့သော ကုသိုလ်ကံကြောင့် ရှေးနည်းအတိုင်း အကျိုးထူး ခံစားရသော နတ်သမီး (ဝိမာန၊။) (ဝိမာန၊ဋ္ဌ၊၃၉။)

ဒီပဝိမာနဝတ္ထု

ရှေးလူ့ဘဝက ဆီမီးတန်ဆောင်ကို လှူဒါန်းခဲ့သောကြောင့် သောက်ရှူးကြယ်အသွင်ဝန်းကျင်အရပ်မျက်နှာ တောက်ပလျက် ကြာပုဏ္ဍရိတ်ပန်းတို့ဖြင့် ဆန်းကြယ်သော ဗိမာန်၌ဖြစ်ရသော နတ်သမီး (ဝိမာန၊၁၀။) (ဝိမာန၊ဋ္ဌ၊၄၄။)

တိလဒက္ခိဏဝိမာနဝတ္ထု

ရှေးလူ့ဘဝက မြတ်စွာဘုရားအား နှမ်းလှူခဲ့သော ကုသိုလ်ကံကြောင့် ရပ်မျက်နှာ ဝန်းကျင်ကြည်လင်တောက်ပသော အရောင်အဆင်းဖြင့် စိတ်နှစ်သက်ဖွယ်ကောင်းကျိုးများကို ရရှိသော နတ်သမီး (ဝိမာန၊၁၁။) (ဝိမာန၊ဋ္ဌ၊၄၇။)

ပဌမပတိဗ္ဗတာဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ်က လင့်အပေါ်၌ ဝတ်တရားမပျက် ပြုစုခဲ့သည့်ပြင် အလှူပေးခြင်း၌မွေ့လျော်သည့်အလျောက် ချီးမြှောက်လှူဒါန်းခဲ့သောကြောင့် အသံသာသော ငှက်အပေါင်းတို့တွန်ကျူးလျက် ကြည်နူးဖွယ်ပန်းအမျိုးမျိုးတို့ဖြင့် ဆန်းကြယ်သော ဘုံဗိမာန်ကို ရရှိသော နတ်သမီး (ဝိမာန၊၁၂။) (ဝိမာန၊ဋ္ဌ၊၄၉။)

ဒုတိယပတိဗ္ဗတာဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ်က မြတ်စွာဘုရား၏ ဥပါသိကာမဖြစ်လျက် ကျင့်ဝတ်သီလပြည့်စုံစွာ လင်ကို ပြုစုခဲ့သဖြင့် ၎င်းအလှူဒါနပြုခဲ့သောကြောင့် ၎င်း ကြောင်မျက်ရွဲတိုင်တို့ဖြင့် ဆန်းကြယ်သော ဘုံဗိမာန်ဝယ် ကခြင်း သီခြင်းအစုံအလင်တို့ဖြင့် ပျော်ရွှင်စွာ စံစားရသော နတ်သမီး (ဝိမာန၊၁၃။) (ဝိမာန၊ဋ္ဌ၊၅၁။)

ပဌမသုဏိသာဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ်က ယောက္ခမအိမ်၌ ချွေးမဖြစ်ရစဉ် ရဟန္တာအရှင်မြတ်ကို ဖူးမြင်ကာ မုံ့ခဲဖွယ်ကို လှူဒါန်းခဲ့သောကြောင့် နန္ဒဝန်ဥယျာဉ်၌ အရောင်အဝါတောက်ပသော အဆင်းနှင့် ပြည့်စုံသူနတ်သမီး (ဝိမာန၊၁၄။) (ဝိမာန၊ဋ္ဌ၊၅၃။)

ဒုတိယသုဏိသာဝိမာနဝတ္ထု

ရှေးနည်းအတူ လူဖြစ်စဉ်က ရဟန္တာအရှင်မြတ်အား မုယောမုံ့ကို လှူဒါန်းခဲ့သောကြောင့် နန္ဒဝန်ဥယျာဉ်၌ မွေ့လျော် ခံစားရသော နတ်သမီး (ဝိမာန၊၁၅။) (ဝိမာန၊ဋ္ဌ၊၅၅။)

ဥတ္တရာဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ်က သူတပါးကို ငြူစူခြင်း ဂုဏ်ပြိုင်ခြင်း ဝန်တိုခြင်းမရှိ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်သုံး၍ လင့်အလိုသို့လိုက်ခြင်း လှူဒါန်းပေးကမ်းခြင်း သိက္ခာပုဒ်ငါးပါးကို လုံခြုံစေခြင်းတို့ကြောင့် အခြံအရံဂုဏ်သတင်း ကျော်စောခြင်းနှင့် ပြည့်စုံသော အဖြစ်သို့ ရောက်ရသော နတ်သမီး (ဝိမာန၊၁၆။) (ဝိမာန၊ဋ္ဌ၊၅၆။)

သိရိမာဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ်က မြတ်စွာဘုရားဟောကြားတော်မူသော သစ္စာလေးပါးတရားကို ကြားနာ ရ၍ သီလကို ကောင်းစွာဆောက်တည် လောကုတ္တရာသမာဓိတည်လျက် အရိယမဂ်သို့ ဆိုက်ရောက်ခဲ့သောကြောင့် လူအများတို့ အပူဇော်ကို ခံကာ သောတာပန်အဖြစ်ဖြင့် ကွယ်လွန်ပြီးနောက် နိမ္မာနရတိနတ်ပြည်သို့ရောက်ရသော နတ်သမီး (ဝိမာန၊၁၈။) (ဝိမာန၊ဋ္ဌ၊၆၇။)

ကေသကာရီဝိမာနဝတ္ထု

ဗာရာဏသီပြည်၌ ကေသကာရီအမည်ဖြင့် မိန်းမဖြစ်စဉ်က ရတနာသုံးပါး၌ ယုံကြည် သီလ၌တည်ကာသောတာပန်ဖြစ်၍ ဘဝပြောင်းသောအခါ ရွှေသစ်ပင်တို့ဖြင့် ဝိုင်းရံသော ဗိမာန်တွင်နတ်သမီးအပေါင်းတို့ကို လွှမ်းမိုးနိုင်သော အရောင်အဆင်းကို ရရှိသူနတ်သမီး (ဝိမာန၊၂၀။) (ဝိမာန၊ဋ္ဌ၊၇၈။)

ဒါသိဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ်အခါ သူတပါး၏ အစေခံကျွန်မ ဖြစ်ရသော်လည်း ဂေါတမမြတ်စွာဘုရား၏ဥပါသိကာမဖြစ်၍ ခန္ဓာကိုယ်ကို မငဲ့ကွက် အရိယမဂ်သို့ ရောက်အောင် အားထုတ်ကာ အရိယာအဖြစ်ဖြင့်ကွယ်လွန်၍ တာဝတိံသာ စိတ္တလတာဥယျာဉ်အတွင်း ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းလျက် တူရိယာခြောက်သောင်းတို့ဖြင့် တီးမှုတ်ဖျော်ဖြေခြင်း ခံယူကာ ဝမ်းမြောက် ပျော်ရွင်စွာနေရသော နတ်သမီး (ဝိမာန၊၂၁။) (ဝိမာန၊ဋ္ဌ၊၈၂။)

လခုမာဝိမာနဝတ္ထု

လူ့ဘဝ၌ဖြစ်စဉ် ရဟန်းတို့အား ဆွမ်း,မုယောမုံ့ ဟင်းရွက်ဟင်း လှူဒါန်းကာ သောဝီရကအဖျော်ကို ဆက်ကပ်ခဲ့ခြင်း, ဥပုသ်သီလ ကျင့်သုံးခြင်းတို့ကြောင့် သကဒါဂါမ် ဖြစ်ကာ ဘဝပြောင်းသောအခါပတ်ဝန်းကျင် အရောင်အဝါ ထွန်းပသော ရုပ်အသွင်နှင့် ပြည့်စုံသူနတ်သမီး (ဝိမာန၊၂၃။) (ဝိမာန၊ဋ္ဌ၊၈၇။)

အာစာမဒါယိကာဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ် ဆွေမျိုးပျက်စီး အထီးကျန်သောသူဆင်းရဲမဖြစ်ကာ သူတပါးအိမ်အဖီကို အမှီပြုနေရသူဖြစ်ပါလျက် အသျှင်မဟာကဿပအား ထမင်းချိုးကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သောကြောင့် ကွယ်လွန်သောအခါ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာပျော်ရွှင်စွာ ဖြစ်ရသော နတ်သမီး (ဝိမာန၊၂၄။) (ဝိမာန၊ဋ္ဌ၊၈၉။)

စဏ္ဍာလိဝိမာနဝတ္ထု

လူဖြစ်စဉ်အခါ ဒွန်းစဏ္ဍားအမျိုး၌ဖြစ်ရ၍ အောက်တန်းကျသူဖြစ်ရစေကာမူ အသျှင် မဟာမောဂ္ဂလ္လာန်၏တိုက်တွန်းမှုကြောင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက် ရှိခိုးခဲ့လေရာ ကွယ်လွန်သောအခါတာဝတိံသာနတ်ပြည်၌ အလုံးစုံ ကောင်းမြတ် တင့်တယ်သော ဗိမာန်တွင် ခံစားရသော နတ်သမီး (ဝိမာန၊၂၅။) (ဝိမာန၊ဋ္ဌ၊၉၄။)

ဘဒ္ဒိတ္ထိဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ် သဒ္ဓါသီလနှင့် ပြည့်စုံ၍ ရဟန်းမြတ်များအား ဆွမ်းသင်္ကန်း အိပ်ရာနေရာ ဆီမီးတို့ကို ပူဇော်လှူဒါန်းခြင်း အရိယာအဖြစ်သို့ ရောက်ရခြင်း အဂ္ဂသာဝက အရှင်မြတ် အားလုပ်ကျွေးခဲ့ခြင်းတို့ကြောင့် တာဝတိံသာနတ်ပြည်၌ မိမိအရောင်အဝါဖြင့် ထွန်းပလျက် လှည့်လည်နေထိုင်ရသော နတ်သမီး (ဝိမာန၊၂၆။) (ဝိမာန၊ဋ္ဌ၊၉၇။)

သောဏဒိန္နာဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ် ဒါနသီလ ကုံလုံကြွယ်ဝ၍ အရိယသစ္စာတို့၌ လိမ်မာသူဖြစ်ကာ ဂေါတမ မြတ်စွာဘုရား၏ဥပါသိကာမ ဖြစ်ပြီးနောက် တာဝတိံသာနတ်ပြည်၌ စိတ်နှစ်သက်ဖွယ် အရောင်အဆင်း တင့်တယ်ခြင်းနှင့်ပြည့်စုံစွာ ဖြစ်လာရသူနတ်သမီး (ဝိမာန၊၂၇။) (ဝိမာန၊ဋ္ဌ၊၁၀၂။)

ဥပေါသထာဝိမာနဝတ္ထု

လူဖြစ်စဉ်အခါ သဒ္ဓါသီလနှင့်ပြည့်စုံ၍ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်သုံးခဲ့ခြင်းနေ့စဉ် ငါးပါးသီလမြဲခဲ့ခြင်းအရိယသစ္စာ၌ လိမ်မာခဲ့ခြင်းတို့ကြောင့် တသဝတိံသာနတ်ပြည် နန္ဒဝန် ဥယျာဉ်၌ စိတ်ဆန္ဒအတိုင်းဖြစ်ကာဥပေါသထာဟူသော အမည်ဖြင့် ထင်ရှားသော နတ်သမီး (ဝိမာန၊၂၈။) (ဝိမာန၊ဋ္ဌ၊၁၀၃။)

နိဒ္ဒါဝိမာနဝတ္ထု

ရာဇဂြိုလ်ပြည်၌ နိဒ္ဒါဟူသော ဥပါသိကာမဖြစ်စဉ် သဒ္ဓါတရားဖြင့် အခါမပြတ် လှူဒါန်းခဲ့ခြင်း ဥပုသ်ပဉ္စသီကို နေ့ရက်အလိုက် စောင့်သုံးခဲ့ခြင်း အရိယသစ္စာ၌ လိမ္မာခဲ့ခြင်းတို့ကြောင့် နတ်ပြည်တွင်သောက်ရှုးကြယ်အသွင် ထင်ရှားသော နတ်သမီးဖြစ်လာရသူ (ဝိမာန၊၃၀။) (ဝိမာန၊ဋ္ဌ၊၁၀၆။)

သုနိဒ္ဒါဝိမာနဝတ္ထု

ရှေးနိဒ္ဒါဥပါသိကာမကဲ့သို့ ဒါနသီလအခြေခံ၍ အရိယသစ္စာ၌ လိမ်မာသူဖြစ်သောကြောင့် နတ်ပြည်၌သောက်ရှုးကြယ်အလား ထင်ရှားစွာ ဖြစ်လာရသော နတ်သမီး (ဝိမာန၊၃၁။) (ဝိမာန၊ဋ္ဌ၊၁၀၆။)

ပဌမဘိက္ခာဒါယိကာဝိမာနဝတ္ထု

ရှေးလူဘဝက မြတ်စွာဘုရားအား ကိုယ်ထိလက်ရောက် ဆွမ်းလှူခဲ့သောကြောင့် နတ်ပြည်၌အရပ်မျက်နှာဝန်းကျင် ကြည်လင်တောက်ပသော ကိုယ်ရောင်ကိုယ်ဝါဖြင့် ဖြစ်လာ ရသော နတ်သမီး (ဝိမာန၊၃၁။) (ဝိမာန၊ဋ္ဌ၊၁၀၇။)

ဒုတိယဘိက္ခာဒါယိကာဝိမာနဝတ္ထု

ရဟန္တာအရှင်မြတ်အား ဖူးမြင်ရ၍ ကြည်ညိုသော စိတ်ဖြင့် ဆွမ်းလှူခဲ့သောကြောင့် အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး (ဝိမာန၊၃၂။) (ဝိမာန၊ဋ္ဌ၊၁၀၈။)

ဥဠာရဝိမာနဝတ္ထု

သီလမရှိသော အမျိုး၌ ချွေးမဖြစ်ခဲ့ရသော်လည်း ရတနာသုံးပါး၏ ဂုဏ်ကို ယုံကြည် သက်ဝင်၍ သီလဆောက်တည်ခြင်း ဆွမ်းခံရဟန်းအား အိုးကင်းမုံ့ကို လှူခဲ့ခြင်းတို့ကြောင့် ဤသို့ လှူရမည်လားဟုယောက္ခမကရိုက်နှက်၍ အသက်သေဆုံးကာ သာဝတိံသာ နတ်ပြည်ဝယ် တင့်တယ်တောက်ပလိုတိုင်းရသော နတ်သမီးဖြစ်လာရသူ (ဝိမာန၊၃၃။) (ဝိမာန၊ဋ္ဌ၊၁၀၉။)

ဥစ္ဆုဒါယိကာဝိမာနဝတ္ထု

ရာဇဂြိုလ်ပြည် ယောက္ခမဆိုးအိမ်၌ နေရစဉ် ဆွမ်းခံကြွလာသော အရှင်မြတ်အား ဝမ်းမြောက်ဝမ်းသာကြံပိုင်းကို လှူဒါန်းရာ ယောက္ခမ ဖြစ်သူက မနှစ်သက် ရိုက်နှက်သောကြောင့် ကွယ်လွန်ပြီးလျှင်သာဝတိံသာ နတ်ပြည်၌ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းနှင့် ပြည့်စုံစွာ မွေ့လျော်ခံစားရသော နတ်သမီး (ဝိမာန၊၃၄။) (ဝိမာန၊ဋ္ဌ၊၁၁၂။)

ပလ္လင်္ကဝိမာနဝတ္ထု

လူဖြစ်စဉ်အခါ သီလငါးပါးနှင့်တကွ အ၊ ကိ အပို နေ့ပါမကျန် ဥပုသ်ကို စောင့်သုံး၍ လင်ယောက်ျားကို ကောင်းစွာလုပ်ကျွေးကာ မြတ်စွာဘုရား၏ သာဝိကာမ တပည့်ဖြစ်ခဲ့ရပြီး နောက် ကွယ်လွန်သောအခါကျောက်မျက်ရတနာတို့ဖြင့် ဆန်းကြယ်သော အိပ်ရာနေရာ ပလ္လင်ဘုံနန်း အခန်းခန်းကို ရရှိသော နတ်သမီး (ဝိမာန၊၃၆။) (ဝိမာန၊ဋ္ဌ၊၁၁၆။)

လတာဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ် စည်းစိမ်ကြွယ်ဝသော ယောက္ခမအိမ်၌နေလျက် မိဖ ယောက္ခမ ခဲအို လင်ယောက်ျားတို့ကို ရိုသေလေးစားခဲ့သည့်ပြင် ကောင်းမှုအမျိုးမျိုးကို ပြုစုခဲ့သဖြင့် နတ်ပြည်ဝယ် ဝေဿဝဏ်နတ်မင်း၏ သမီးငါးယောက်အနက် လတာမည်သော နတ်သမီး ဖြစ်ရ၍ အခြားနတ်သမီးတို့ထက် အကြောင်းလေးပါးဖြင့် ထူးကဲသာလွန်သော အကျိုးကို ရရှိသူ (ဝိမာန၊၃၇။) (ဝိမာန၊ဋ္ဌ၊၁၁၉။)

ဝတ္ထုတ္တမဒါယိကာဝိမာနဝတ္ထု

သူတပါးတို့ နှစ်သက်ဖွယ် အဝတ်အထည်ဝတ္ထုပစ္စည်းတို့ကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ နှစ်သက်ဖွယ် စည်းသိမ်ချမ်းသာနှင့် ပြည့်စုံစွာဖြစ်လာရသော နတ်သမီး (ဝိမာန၊၃၉။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ပုပ္ဖုတ္တမဒါယိကာဝိမာနဝတ္ထု

ကောင်းမြတ်သော ပန်းကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာ ဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၀။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဂန္ဓုတ္တမဒါယိကာဝိမာနဝတ္ထု

ကောင်းမြတ်သော နံ့သာကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၁။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဖလုတ္တမဒါယိကာဝိမာနဝတ္ထု

ကောင်းမြတ်သော သစ်သီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၁။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ရသုတ္တမဒါယိကာဝိမာနဝတ္ထု

ကောင်းမြတ်သော အရသာကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံကာတင့်တယ်တောက်ပစွာဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၂။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဂန္ဓပဉ္စင်္ဂုလိကဒါယိကာဝိမာနဝတ္ထု

ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ နံ့သာဖြင့် လက်ငါးချောင်းရာပေးခြင်းကို လှူဒါန်း ခဲ့သောကြောင့် ချစ်မြတ်နိုးဖွယ်အစုံအလင်နှင့် တကွ နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၂။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဧကူပေါသထဝိမာနဝတ္ထု

ခရီးသွား ရဟန်းယောက်ျား ရဟန်းမိန်းမတို့ကို ဖူးမြင်၍ ထိုရဟန်းတို့၏ တရားကို ကြားနာကာတစ်နေ့မျှ ဥပုသ်စောင့် ကျင့်သုံးခဲ့သောကြောင့် နှစ်သက်ဖွယ် အရုပ်အဆင်းဖြင့် နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၃။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဥဒကဒါယိကာဝိမာနဝတ္ထု

ရဟန်းတစ်ပါးအား ကြည်လင်သော စိတ်ဖြင့်သောက်ရေသုံးဆောင်ရေ လှူဒါန်းခဲ့သောကြောင့် နတ်သမီးတစ်ထောင်ခြံရံလျက် နှစ်သက်ဖွယ် အရုပ်အဆင်းနှင့် ပြည့်စုံစွာ ဖြစ်လာ ရသော နတ်သမီး (ဝိမာန၊၄၃။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဥပဋ္ဌာနဝိမာနဝတ္ထု

ကြမ်း၊ ကတ်သော ယောက္ခမ မိန်းမသူ, ယောက်ျားသူတို့အား ငြူစူခြင်းမရှိ လုပ်ကျွေး၍ သီလကို ကျင့်သုံးခဲ့ခြင်းကြောင့် နတ်ပြည်၌ နတ်သမီးတစ်ထောင် ခြံရံလျက် နှစ်သက်ဖွယ် အရုပ်အဆင်းနှင့်ပြည့်စုံစွာ ဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၃။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

အပရကမ္မကာရိနီဝိမာနဝတ္ထု

သူတပါးတို့၏ အမှုကြီးငယ်ကို မပျင်းမရိ လုပ်ဆောင်ခဲ့ရသော ကျွန်မပင်ဖြစ်စေကာမူ အမျက်မထွက်,မထောင်မလွှား သူတပါးအား ခွဲဝေပေးကမ်းတတ်သော အလေ့ရှိသောကြောင့် နတ်ပြည်၌နတ်သမီးတစ်ထောင် ခြံရံကာ တင့်တယ်လှပစွာ ဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၄။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ခီရောဒနာဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား နို့ဆွမ်းကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံစွာဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၄။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဖာဏိတဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား တင်လဲကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံစွာဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၅။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဥစ္ဆုခဏ္ဍိကဒါယိကာဝတ္ထု

ဆွမ်းခံရဟန်းအား ကြံပိုင်းကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံစွာဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၅။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

တိမ္ဗရုသကဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား တည်သီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၅။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ကက္ကာရိကဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား သခွါးငဆစ်သီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၅။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဧဠာလုကဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား သခွါးငကြောင်သီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၅။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဝလ္လိဖလဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ဖရုံသီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၅။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဖာရုသကဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ဖက်သတ်တရော်သီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၅။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဟတ္ထပ္ပတာပကဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား မီးအိုးကင်းကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၅။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

သာကမုဋ္ဌိဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ဟင်းရွက်တဆုပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၆။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ပုပ္ဖကမုဋ္ဌိဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ပန်းလက်တစ်ဆုပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၆။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

မူလကဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား အမြစ်ခဲဖွယ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၆။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

နိမ္ဗမုဋ္ဌိဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား တမာရွက်တစ်ဆုပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၆။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

အမ္ဗကဉ္စိကဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ပုန်းရည်ချဉ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၆။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

မူလကဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား နှမ်းဆီထွေးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၆။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ကာယဗန္ဓနဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ခါးပန်း၊ ကိးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၆။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

အံသဗဒ္ဓကဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ပခုံးဖွဲ့ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၆။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

အာယောဂပဋ္ဋဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား အယောဂပတ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်လာရသော နတ်သမီး (ဝိမာန၊၄၆။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဝိဓူပနဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား လေးထောင့်ယပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၆။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

တာလဝဏ္ဋဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ထန်းရွက်ယပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၇။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

မောရဟတ္ထဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ဥဒေါင်းတောင်ခြင်နှင်ယပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၇။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဆတ္တဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ထီးကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၇။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဥပါဟနဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ဖိနပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၇။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ပူဝဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား မုံ့ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၇။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

မောဒကဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား ကတွတ်မုံ့ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ ဖြစ်ရသော နတ်သမီး (ဝိမာန၊၄၇။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

သက္ခလိကာဒါယိကာဝိမာနဝတ္ထု

ဆွမ်းခံရဟန်းအား သကာခဲကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ အခြံအရံ နတ်သမီး တစ်ထောင်ထက်သာလွန်သော နတ်သမီးဖြစ်ရသူ (ဝိမာန၊၄၇။) (ဝိမာန၊ဋ္ဌ၊၁၂၅-၁၃၅။)

ဒဒ္ဒလ္လဝိမာနဝတ္ထု

ရှေးဘဝက သံဃာတော်အား ရှစ်ပါးစာဆွမ်းကို လှူဒါန်းခဲ့ခြင်း အရေအတွက် များလှစွာသော ရဟန်းတို့အား ဆွမ်းအဖျော်ဖြင့် ရောင့်ရဲစေခဲ့ခြင်း သံဃိကဒါနကို ပြုခဲ့ခြင်းတို့ကြောင့် တာဝတိံသာ၌သိကြားမင်းကပင် ငေးယူရလောက်အောင် ထွန်းတောက် ရောင်ဝါ ကြီးကျယ်စွာနှင့် သုဘဒ္ဒါအမည်ရသော နတ်သမီး (ဝိမာန၊၄၈။) (ဝိမာန၊ဋ္ဌ၊၁၃၅။)

ပေသဝတီဝိမာနဝတ္ထု

မာဂဓတိုင်း နာဠကရွာ၌ သူကြွယ်အမျိုး၌ ချွေးမဖြစ်ရစဉ် အသျှင်သရိပုတြာမထေရ် မြတ်၏ဥတုဇရုပ်အလောင်အားပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ခြင်းကြောင့် ကြာမျိုးငါးအင် ပန်းသစ်ပင်အစုံအလင်တို့ဖြင့် ဝိုင်းရံသော ဗိမာန်၌ ချမ်းသာစွာ ခံစားရသော နတ်သမီး (ဝိမာန၊၅၀။) (ဝိမာန၊ဋ္ဌ၊၁၄၂။)

မလ္လိကာဝိမာနဝတ္ထု

ပရိနိဗ္ဗာန်စံတော်မူသော မြတ်စွာဘုရားအား ရွှေ ငွေ ပတ္တမြား ပုလဲတို့ဖြင့် စီခြယ်သော ရွှေကွန်ယက်ဖြင့် ဖုံးအပ်သဖြင့် သောဝဏ္ဏဇာလ အမည်ရသော မဟာလတာတန်ဆာကို တင်လွှမ်းပူဇော်ခဲ့ခြင်းကြောင့် ရွှေဝါရောင် အဆင်တန်ဆာ ရတနာအမျိုးမျိုးဝတ်ဆင်ကာ တူရိယာအသံထွက်သော ပန်းကုံးတို့ဖြင့် ရှုမဆုံးအောင် ဖြစ်လာရသော နတ်သမီး (ဝိမာန၊၅၂။) (ဝိမာန၊ဋ္ဌ၊၁၄၉။)

ဝိသာလက္ခိဝိမာနဝတ္ထု

ရာဇဂြိုဟ်ပြည်တွင် သုနန္ဒဥပါသိကာမဖြစ်စဉ် သဒ္ဓါသီလပြည့်စုံစွာနှင့် ရဟန်းသံဃာတို့ အား အဝတ်အရုံဆွမ်းကျောင်းဆီမီးတန်ဆောင်တို့ကို လှူဒါန်းခဲ့ခြင်း ဥပုသ်စောင့်သုံးခဲ့ခြင်း တို့ကြောင့်တာဝတိံသာနတ်ပြည်၌ ရှုမဆုံးဖွယ် တင့်တယ်သော မျက်လုံးရှင် ယာဉ်ရထား အစုံရသော ကောင်းကျိုးချမ်းသာနှင့် ပြည့်စုံသူ နတ်သမီး (ဝိမာန၊၅၃။) (ဝိမာန၊ဋ္ဌ၊၁၅၄။)

ပါရိစ္ဆတ္တကဝိမာနဝတ္ထု

ရှေးဘဝက မြတ်စွာဘုရားအား သော်ကပန်းကုံးကို ဆပ်ကပ်ခဲ့သောကြောင့် ပင်လယ် ကသစ်ပင်၌ပန်းကို သီကုံးကာ သာယာသော သီချင်းကို သီဆိုလျက် တူရိယာသံ ထွက်ပေါ် အောင်ပျော်ရွှင်ကခုန်နေရသော နတ်သမီး (ဝိမာန၊၅၅။) (ဝိမာန၊ဋ္ဌ၊၁၅၇။)

မဥ္ဇိဋ္ဌကဝိမာနဝတ္ထု

ရှေးလူ့ဘဝက မြတ်စွာဘုရားကို ဖူးမြင်ရ၍ အင်ကြင်းပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ သောကြောင့် ရွှေသဲခင်းသော မြေအဖို့၌ မောင်းသော အဆင်းရှိသော ဗိမာန်၌ အင်ကြင်းတော ပန်းရနံ့တို့ဖြင့်၊ ကိင်လှိုင်သင်းပျံ့ကာ ချမ်းသာစွာခံစားနေရသော နတ်သမီး (ဝိမာန၊၅၆။) (ဝိမာန၊ဋ္ဌ၊၁၆၀။)

ပဘဿရဝိမာနဝတ္ထု

ရှေးလူ့ဘဝက ဆွမ်းခံရဟန်းအား ပန်းနှင့်တင်လဲကို လှူဒါန်းခဲ့သောကြောင့် နန္ဒဝန် ဥယျာဉ်၌သိကြားမင်းကဲ့သို့ တင့်တယ်လျှက် ပြိုးပြိုးပြက်တောက်ပသော အဝတ်တံဆာ စန္ဒကူးနံ့သာလိမ်းကျံသကဲ့သို့နှစ်သက်ဖွယ်သော အကျိုးများကို ရရှိသော နတ်သမီး (ဝိမာန၊၅၇။) (ဝိမာန၊ဋ္ဌ၊၁၆၂။)

နာဂဝိမာနဝတ္ထု

ဗာရာဏသီပြည်၌ မြတ်စွာဘုရားအားချဉ်းကပ်၍ အဝတ်အစုံကို လှူဒါန်းကာ ခြေတော်အစုံကို လက်အုပ်မိုး ရှိခိုးခဲ့သောကြောင့် ပတ္တမြားရွှေကွန်ယက်တို့ဖြင့် ဖုံးလွှမ်း၍ ပြင်ဆင်ထားသော ဆင်ထက်သို့တက်စီးလျက် ကောင်းကင်ခရီးဖြင့် သွားလာနိုင်ခြင်း၊ ပဒုမ္မာကြာရေကန်တို့ဖြင့် တူရိယာသံစုံလင်စွာခံစားရခြင်းတို့နှင့် ပြည့်စုံသော နတ်သမီး (ဝိမာန၊၅၇။) (ဝိမာန၊ဋ္ဌ၊၁၆၅။)

အလောမဝိမာနဝတ္ထု

ဗာရာဏသီပြည်၌ မြတ်စွာဘုရားအား မုယောမုန့်ခြောက်ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သောကြောင့် နတ်ပြည်တွင် အလောမဟူသော အမည်ဖြင့် အရပ်ဝန်းကျင် ရောင်ရှင် တောက်ပ ချမ်းသာခံစားရသော နတ်သမီး (ဝိမာန၊၅၈။) (ဝိမာန၊ဋ္ဌ၊၁၆၇။)

ကဉ္ဇိကဒါယိကာဝိမာနဝတ္ထု

အန္ဓကဝိန္ဒမြို့၌ မြတ်စွာဘုရားအား ဆီးသီးရည်ဖြင့်ချက်၍ ဆီမွှေးသတ်ထားသော ပုံးရည်ကို လှူဒါန်းခဲ့သောကြောင့် ၎င်း ပိတ်ချင်းသီး ကြက်သွန်ပန်းနှင့် ရောသော ပုန်းရည်ကို အသျှင်အာနန္ဒာမှတဆင့်လှူဒါန်းခဲ့သောကြောင့် ၎င်းသောက်ရှူးကြယ်အသွင် တောက်ပ နတ်ချမ်းသာ ခံစားရသော နတ်သမီး (ဝိမာန၊၅၉။) (ဝိမာန၊ဋ္ဌ၊၁၆၈။)

ဝိဟာရဝိမာနဝတ္ထု

ဝိသာခါကျောင်းအမ ပုဗ္ဗာရုံကျောင်း ပူဇော်ပွဲကျင်းပရာတွင် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ (သာဓု) ခေါ်ခဲ့သောကြောင့် နတ်ပြည်တွင် လှမျိုးစုံကြက်သရေ တူရိယာသံ အထွေထွေတို့ဖြင့် ဆဲ့ခြောက်ယူဇနာရှိသော ဗိမာန်၌ ပျော်စံရသော နတ်သမီး (ဝိမာန၊၆၀။) (ဝိမာန၊ဋ္ဌ၊၁၇၀။)

စတုရိတ္ထိဝိမာနဝတ္ထု

ဧသိကတိုင်း ကုန်းမြင့်အရပ် ပဏ္ဏကတမြို့တော် ဆွမ်းခံရဟန်းအား ငုရွှေပန်းစည်းကို လှူဒါန်းခဲ့သောကြောင့် ၎င်း ကြာညိုပန်းစည်းကို လှူဒါန်းခဲ့သောကြောင့် ၎င်း ပဒုမ္မာကြာစည်းကို လှူခဲ့သောကြောင့် ၎င်း အရောင်အဆင်းတင့်တယ်ခြင်း အစုံအလင်ဖြင့် ပျော်ရွှင်စွာ ခံစားရသော နတ်သမီးလေးဦး (ဝိမာန၊၆၃။) (ဝိမာန၊ဋ္ဌ၊၁၇၈။)

အမ္ဗဝိမာနဝတ္ထု

လူဘဝက သရက်ပင်တို့ဖြင့် ခြံရံအပ်သော ကျောင်းကို သံဃာတော်၏ အကျိုးငှာ လှူဒါန်းသည့်ပြင်ကျောင်းပူဇော်ပွဲတွင် အဝတ်ပဒေသာ သရက်ပင်မှာပြုပြီးလျှင် ဆီမီး တန်ဆောင်ထွန်းကာ သံဃာတော်အားလှူဒါန်းခဲ့သောကြောင့် နတ်ပြည်တွင် သရက်ဥယျာဉ် ကြီးအတွင်း ခမ်းနားသော ဗိမာန်၌တူရိယာသံအစုံ နတ်သမီးအကအခုန်တို့ဖြင့် ပျော်စံရသော နတ်သမီး (ဝိမာန၊၆၄။) (ဝိမာန၊ဋ္ဌ၊၁၈၁။)

ပီတဝိမာနဝတ္ထု

ရှေးဘဝ လူ့ပြည်၌ မြတ်စွာဘုရား၏စေတီ (သရီရဓာတ်) တော်ကို ရည်မှတ်၍ သပွတ်ခါးနွယ်ပန်းလေးပွင့်တို့ကို ပူဇော်ရန်အသွား လမ်းခရီးအကြားတွင် သေဆုံး၍ နတ်ပြည်၌ရွှေဝါရောင်ပြာသာဒ်တွင်ခံစားရသော နတ်သမီး (ဝိမာန၊၆၅။) (ဝိမာန၊ဋ္ဌ၊၁၈၃။)

ဥစ္ဆုဝိမာနဝတ္ထု

ရာဇဂြိုဟ်ပြည်၌ အသျှင်မဟာမောဂ္ဂလ္လာန်အား ကြံပိုင်းကို လှူဒါန်းခဲ့သောကြောင့် တာဝတိံသာနတ်ပြည်၌ သိကြားမင်းကဲ့သို့လုံခြုံ၍ နတ်သမီးများစွာခြံရံကာ ချမ်းသာစွာ ခံစားရသော နတ်သမီး (ဝိမာန၊၆၆။) (ဝိမာန၊ဋ္ဌ၊၁၈၇။)

ဝန္ဒနဝိမာနဝတ္ထု

ရှေးလူ့ဘဝက သီလစင်ကြယ်သော ရဟန်းမြတ်ကို ဖူးမြင်၍ ကြည်လင်သော စေတနာဖြင့်ရှိခိုးဦးချခဲ့သောကြောင့် အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် နတ်ချမ်းသာကို ခံစားရသူ နတ်သမီး (ဝိမာန၊၆၈။) (ဝိမာန၊ဋ္ဌ၊၁၈၉။)

ရဇ္ဇုမာလာဝိမာနဝတ္ထု

ရှေးဘဝ ဂယာရွာ၌ ပုဏ္ဏား၏ကျွန်မဖြစ်စဉ် အရှင်သခင်၏ ဆဲရေးခြင်းတို့ကြောင့် အိမ်မှထွက်လာကာဆွဲ၊ ကိးချသေရန်ကြံစည်ဆဲ မြတ်စွာဘုရားနှင့် တွေ့၍ ဘုရားကို ဆည်းကပ်လော့ဟူသော မိန့်တော်သံကို နာယူလျက် အဆင့်ဆင့် အားထုတ် မဆုတ် မနစ်သော သဒ္ဓါတရား သစ္စာလေးပါးကို သိ စုတိသောအခါတာဝတိံသာနတ်ပြည်တွင် ထင်ရှားသော နတ်သမီးတို့၏ ချီးမွမ်းခြင်းကို ခံရသူ ဖြစ်လာရသော နတ်သမီး (ဝိမာန၊၆၉။) (ဝိမာန၊ဋ္ဌ၊၁၉၀။)

မဏ္ဍူကဒေဝပုတ္တဝိမာနဝတ္ထု

ရေကန်၌ ဖါးသတ္တဝါဖြစ်စဉ် တနေ့သ၌ ဘုရားတရားတော်ကို နာယူခိုက် နွားကျောင်း သား၏လက်ချက်ဖြင့် အသက်ဆုံး၍ နတ်ပြည်၌ တန်ခိုးအာနုဘော် အကျော်အစော အရောင်အဝါပြည့်စုံစွာဖြစ်လာရသော နတ်သား (ဝိမာန၊၇၂။) (ဝိမာန၊ဋ္ဌ၊၂၀၀။)

ရေဝတီဝိမာနဝတ္ထု

လင်နန္ဒိယ မယားရေဝတီတို့သည် လင်ကသူတော်ကောင်း မယားကသူယုတ်မာ သဘောမတူကြ၊ နန္ဒိယသည် ဝန်တိုမရှိ လှူဒါန်းခဲ့သောကြောင့် နတ်ပြည်၌ တင့်တယ်စွာ ဖြစ်ရစဉ် မယားရေဝတီသေ၍ ငရဲသို့ ရောက်ရာမှ ငရဲထိန်းတို့က နန္ဒိယဗိမာန်ကို ပြရန် နတ်ပြည်သို့ ခေါ်လာ၍ ဗိမာန်ကို အတွေ့နောင်တကြီးစွာရ နန္ဒိယနှင့် အတူမနေနိုင် ငရဲသို့သာ ပြန်ကျရသော စိတ်ဝင်စားဖွယ်အဖြစ်အပျက် (ဝိမာန၊၇၃။) (ဝိမာန၊ဋ္ဌ၊၂၀၃။)

ဆတ္တမာဏဝကဝိမာနဝတ္ထု

မြတ်စွာဘုရား ကြွတော်မူဆဲ ဆတ္တလုလင်နှင့်တွေ့၍ ဆုံးမတော်မူရာ အပြည့်အစုံလိုက်နာရတနာသုံးပါးဆည်းကပ် ကိုယ်ကျင့်တရားကို သိမ်းဆည်း၍ ခရီးသွားဆဲ ခိုးသူတို့လက်ချက် ကြောင့်သေဆုံးပြီးနောက် တာဝတိံသာ နတ်ပြည်၌ အလိုရှိတိုင်းပြည့်စုံစွာ ခံစားရသော နတ်သား (ဝိမာန၊၇၆။) (ဝိမာန၊ဋ္ဌ၊၂၁၂။)

ကက္ကဋက ရသ ဒါယကဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ် ပုဇွန်လုံးဟင်းကို လှူဒါန်းခဲ့သောကြောင့် နတ်ပြည်တွင် ခြေဆယ်ချောင်းရွှေပုဇွန်ရုပ်တံခါးဝ၌ရှု၍ ကြည့်၍ မညီးသော ဗိမာန်ပြာသာဒ်တို့ဖြင့် အကအခုန် ပရိသာတ် စုံလင်စွာခံစားရသော နတ်သား (ဝိမာန၊၈၀။) (ဝိမာန၊ဋ္ဌ၊၂၂၅။)

ဒွါရပါလက ဝိမာနဝတ္ထု

လူဖြစ်စဉ်အခါ ရဟန်းတော်များကို စိတ်ဖြင့်ကြည်ညို၍ နှုတ်ဖြင့်လည်း “ဤနေရာ၌ နေတော်မူပါ''ဟုလျှောက်ထားခဲ့သောကြောင့် နတ်ပြည်၌ ပတ္တမြားတိုင်ဗိမာန်နှင့် ကြောင်မျက်ရွဲတိုင်ပြာသာဒ်အဆောင်အဆောင်တို့ကို ရရှိ၍ အလိုရှိတိုင်း ပျော်ရွင်ခံစားရသော နတ်သား (ဝိမာန၊၈၁။) (ဝိမာန၊ဋ္ဌ၊၂၂၇။)

ပဌမကရဏီယဝိမာနဝတ္ထု

မြတ်စွာဘုရား၏ ကြည်ညိုသော သဒ္ဓါဖြင့် ဒါနစသော ကုသိုလ်တို့ကို ပြုခဲ့သောကြောင့် တစ်ဆယ့်နှစ်ယူဇနာရှိသော ကြောင်မျက် ရွဲတိုင်ရှိသော ပြာသာဒ်ဆောင် ခုနစ်ရာတို့၌ ချမ်းသာစွာခံစားရသော နတ်သား (ဝိမာန၊၈၂။) (ဝိမာန၊ဋ္ဌ၊၂၂၉။)

ဒုတိယကရဏီယဝိမာနဝတ္ထု

ရဟန်းတပါး၌ ကြည်ညိုသော သဒ္ဓါဖြင့် ဒါနစသော ကုသိုလ်တို့ကို ပြုခဲ့သောကြောင့် ယခင်နတ်သားနည်းတူ ပြာသာဒ်ဆောင်ခုနစ်ရာတို့၌ နတ်ချမ်းသာ နတ်ကာမဂုဏ်တို့ဖြင့်ပျော်ရွှင်စွာခံစားရသော နတ်သား (ဝိမာန၊၈၂။) (ဝိမာန၊ဋ္ဌ၊၂၃၁။)

ပဌမသူစိဝိမာနဝတ္ထု

အလှူဝတ္ထု သေးငယ်သော်လည်း အကျိုးပေးကြီးကျယ်နိုင်သည်ဟု ယုံကြည်သော သဒ္ဓါဖြင့်အပ်ကို လှူဒါန်းခဲ့သောကြောင့် ပတ္တမြားတိုင်ရှိသော ပြသာဒ်ဆောင်ခုနစ်ရာတို့၌ နတ်ချမ်းသာနတ်ကာမဂုဏ်တို့ဖြင့် ပျော်ရွှင်စွာ ခံစားရသော နတ်သား (ဝိမာန၊၈၃။) (ဝိမာန၊ဋ္ဌ၊၂၃၂။)

ဒုတိယသူစိဝိမာနဝတ္ထု

ကိလေသာမြူကင်း၍ ကြည်လင်လှသော ရဟန္တာအသျှင်ကို ဖူးမြင်ရ၍ ကြည်လင်သော သဒ္ဓါဖြင့်အပ်ကို လှူဒါန်းခဲ့သောကြောင့် ပတ္တမြားတိုင် ကြောင်မျက်ရွဲဗိမာန်၌ နတ်စောင်း တူရိယာတို့ဖြင့်ချမ်းသာစွာခံစားရသော နတ်သား။ (ဝိမာန၊၈၄။) (ဝိမာန၊ဋ္ဌ၊၂၃၃။)

ပဌမနာဂဝိမာနဝတ္ထု

ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ ပန်းရှစ်ပွင့်တို့ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့ သောကြောင့် ခွန်အားကြီး၍ လျှင်မြန်သော စီးတော်ဆင်ကို စီးကာ ကြာပန်းရေကန် တူရိယာ အတန်တန်တို့ဖြင့်ခံစားရသော နတ်သား။ (ဝိမာန၊၈၅။) (ဝိမာန၊ဋ္ဌ၊၂၃၃။)

ဒုတိယနာဂဝိမာနဝတ္ထု

သူ့သက်မသတ်, သူ့ဥစ္စာမခိုး, အရက်မသောက်, မုသားမပြော, ကာမေသုရှောင်ကြဉ်ကြည်လင်သော စိတ်ဖြင့် ဆွမ်းအဖျော်နှင့် အခြားဒါနများကို ပြုခဲ့သောကြောင့် ကိုယ်လုံး ဖြူသော ဆင်ပြောင်ကို စီးကာ နတ်ချမ်းသာကို ခံစားရသော နတ်သား။ (ဝိမာန၊၈၅။) (ဝိမာန၊ဋ္ဌ၊၂၃၆။)

တတိယနာဂဝိမာနဝတ္ထု

ကြံရွက်မိုးကျောင်း, သက်ငယ်မိုးကျောင်း, အဝတ်မိုးကျောင်းများကို တတ်အားသမျှ လှူခဲ့သောကြောင့် ကိုယ်လုံးဖြူသော ဆင်ကို စီးကာ တာဝတိံသာနတ်ပြည် သုဓမ္မာနတ်မျိုးတွင် အပါအဝင် ကောင်းကင်၌တည်နေ၍ တူရိယာအထွေထွေတို့ဖြင့် အပူဇော်ခံကာ ခံစားရသော နတ်သား။ (ဝိမာန၊၈၆။) (ဝိမာန၊ဋ္ဌ၊၂၃၇။)

စူဠရထဝိမာနဝတ္ထု

ရှေးဘဝအခါ အဿကမင်း၏သား သုဇာတမည်သော မင်းသားဖြစ်၍ တောကစားထွက်စဉ် အသျှင်မဟာကစ္စည်းနှင့် တွေ့သောအခါ တရားတော်ကို နာယူ သရဏဂုံ၌ တည်လျက် သရီရဓါတ်တော်တို့ကို ပူဇော်ခဲ့သောကြောင့် နှလုံးမွေ့လျော်ဖွယ်ရှိသော တာဝတိံသာနတ်ပြည်တွင် လျင်မြန်လှသော အဿတိုရ်မြင်း ရွှေရထားတို့ဖြင့် ခမ်းနားစွာ ခံစားရသော နတ်သား။ (ဝိမာန၊၈၇။) (ဝိမာန၊ဋ္ဌ၊၂၄၁။)

မဟာရထဝိမာနဝတ္ထု

ကဿပဘုရားလက်ထက်က မြတ်စွာဘုရားကို ဖူးမြင်ရသောအခါ သဒ္ဓါထက်သန်စွာ အရသာရှိသော ဆွမ်းအဖျော်နှင့် သင်္ကန်းတို့ကို လှူဒါန်းခဲ့သည့်အပြင် သုံးပါးအပြားရှိသော အသဒိသအလှူကြီးကိုပေးလှူခဲ့သောကြောင့် သိကြားမင်းကဲ့သို့သော ကြီးကျယ်ခမ်းနားသော နတ်ချမ်းသာကို ခံစားရသော နတ်သား။ (ဝိမာန၊၉၀။) (ဝိမာန၊ဋ္ဌ၊၂၅၁။)

ပဌမအဂါရိယဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ် လင်မယားနှစ်ဦးလုံး ရဟန်းတော်တို့၏ ရေကန်သဖွယ် ဖြစ်ကြ၍ ဆွမ်း အဖျော်အဝတ်သင်္ကန်းတို့ကို လှူဒါန်းခဲ့သောကြောင့် တာဝတိံသာ စိတ္တလတာဥယျာဉ်ပမာ ဆန်းကြယ်စွာသော ဗိမာန်၌ ခံစားရသော နတ်သား။ (ဝိမာန၊၉၅။) (ဝိမာန၊ဋ္ဌ၊၂၆၅။)

ဒုတိယအဂါရိယဝိမာနဝတ္ထု

ရှေးနတ်သားကဲ့သို့ပင် လှူဒါန်းခဲ့သောကြောင့် အာနုဘော်ကြီးစွာ နတ်ချမ်းသာကို ခံစား ရသော နတ်သား။ (ဝိမာန၊၉၆။) (ဝိမာန၊ဋ္ဌ၊၂၆၆။)

ဖလဒါယကဝိမာနဝတ္ထု

အသျှင်မဟာမောဂ္ဂလ္လာန်အား သရက်သီးလေးလုံး လှူဒါန်းခဲ့သောကြောင့် ပတ္တမြားတိုင် ဗိမာန်၌များမြတ်သော စည်းစိမ်ချမ်းသာ နတ်သမီးအစုံအလင်ဖြင့် ခံစားရသော နတ်သား။ (ဝိမာန၊၉၆။) (ဝိမာန၊ဋ္ဌ၊၂၆၇။)

ပဌမဥပဿယဒါယကဝိမာနဝတ္ထု

ရှေးလူဖြစ်စဉ်က ရဟန်းတပါးအား တည်းခိုရန်ကျောင်းကို၎င်း, ဆွမ်းအဖျော်သင်္ကန်း ကို၎င်းလှူဒါန်းခဲ့သောကြောင့် မိုးကောင်းကင်၌ လမင်းအသွင်တောက်ပသော ဗိမာန်၌ အရောင်အဆင်းတင့်တယ်ခြင်းနှင့်တကွ ခံစားရသော နတ်သား။ (ဝိမာန၊၉၇။) (ဝိမာန၊ဋ္ဌ၊၂၇၀။)

ဒုတိယဥပဿယဒါယကဝိမာနဝတ္ထု

ရှေးနတ်သားကဲ့သို့ပင် လှူဒါန်းခဲ့၍ နတ်ချမ်းသားကို ခံစားရသော နတ်သား။ (ဝိမာန၊၉၈။) (ဝိမာန၊ဋ္ဌ၊၂၇၁။)

ဘိက္ခာဒါယကဝိမာနဝတ္ထု

လူ့ဘဝက မွတ်သိပ်ဆာလောင်သော ရဟန်းတပါးအား တစ်ထပ်စာဆွမ်းကို လှူဒါန်းခဲ့ သောကြောင့် ပတ္တမြားတိုင် ဗိမာန်ပြာသာဒ် ခုနစ်ရာတို့၌ ချမ်းသာစွာခံစားရသော နတ်သား။ (ဝိမာန၊၉၈။) (ဝိမာန၊ဋ္ဌ၊၂၇၂။)

ယဝပါလကဝိမာနဝတ္ထု

လူ့ဘဝတွင် မုယောခင်းစောင့်ဖြစ်စဉ် ရဟန်းမြတ်အား မုယောမုန့်ကို လှူဒါန်းခဲ့ သောကြောင့် ပတ္တမြားတိုင်ဗိမာန်၌ ထွန်းလင်းတောက်ပစွာ ခံစားရသော နတ်သား။ (ဝိမာန၊၉၉။) (ဝိမာန၊ဋ္ဌ၊၂၇၃။)

ပဌမကုဏ္ဍလီဝိမာနဝတ္ထု

သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ရဟန်းတို့ကို ဖူးမြင်ရ၍ ဆွမ်း အဖျော် အဝတ် သင်္ကန်းစသော အလှူများကို ပေးလှူခဲ့သောကြောင့် လဝန်းကဲ့သို့ တင့်တယ်သော ဗိမာန်၌ နားတောင်းပန်ဆင်ကာအာနုဘော်ကြီးစွာ ခံစားရသော နတ်သား။ (ဝိမာန၊၁၀၀။) (ဝိမာန၊ဋ္ဌ၊၂၇၅။)

ဒုတိယကုဏ္ဍလီဝိမာနဝတ္ထု

အဂ္ဂသာဝကနှစ်ပါးကို ဖူးမြင်ရ၍ သဒ္ဓါတရားဖြင့် ဆွမ်း အဖျော် အဝတ်သင်္ကန်း စသည် တို့ကိုလှူဒါန်းခဲ့သောကြောင့် လဝန်းကဲ့သို့ တင့်တယ်သော ဗိမာန်၌ ကောင်းမြတ်သော နားတောင်းပန်ဆင်ကာချမ်းသာခံစားရသော နတ်သား (ဝိမာန၊၁၀၀။) (ဝိမာန၊ဋ္ဌ၊၂၇၆။)

ပါယာသိဝိမာနဝတ္ထု

ပါယာသိမင်း၏ ဥတ္တရလုလင်ဖြစ်စဉ်အခါ သူတော်ကောင်းရဟန်းတို့ကို မြတ်နိုးစိတ်ဖြင့် ဆွမ်း အဖျော်အဝတ်သင်္ကန်းစသည်တို့ကို လှူဒါန်းခဲ့သောကြောင့် သုဓမ္မာနတ်သဘင်နှင့် တူသော ဗိမာန်၌ အာနုဘော်ကြီးစွာခံစားရသော နတ်သား (ဝိမာန၊၁၀၁။) (ဝိမာန၊ဋ္ဌ၊၂၇၇။)

စိတ္တလတာဝိမာနဝတ္ထု

အားကိုးရာမရှိ အထီးကျန် လူဆင်းရဲဖြစ်စဉ် အိုမင်းသော မိဖတို့ကို လုပ်ကျွေးခဲ့ခြင်း သီလရှိသူတို့ကို မြတ်နိုးခြင်း ဆွမ်း အဖျော် သင်္ကန်းစသည်တို့ကို လှူဒါန်းခဲ့ခြင်းကြောင့် တာဝတိံသာရှိစိတ္တလတာဥယျာဉ်အလား ခမ်းနားသော ဗိမာန်၌ ပျော်စံရသော နတ်သား (ဝိမာန၊၁၀၂။) (ဝိမာန၊ဋ္ဌ၊၂၇၉။)

နန္ဒနဝိမာနဝတ္ထု

ရှေးနတ်သားနှင့်အတူ လူဆင်းရဲဖြစ်စဉ် မိဖအိုတို့ကို လုပ်ကျွေးခြင်း စသည်တို့ကြောင့်နန္ဒဝန်ဥယျာဉ်ကဲ့သို့ တင့်တယ်သော ပတ္တမြားတိုင် ဗိမာန်ပြာသာဒ်ဆောင် ခုနစ်ရာတို့၌ ချမ်းသာစွာပျော်စံရသော နတ်သား (ဝိမာန၊၁၀၃။) (ဝိမာန၊ဋ္ဌ၊၂၈၀။)

မဏိထူဏဝိမာနဝတ္ထု

လူ့ဘဝက တောခရီး၌ တံတားဆောက်ခြင်း အရံသစ်ပင်စိုက်ပျိုးခဲ့ခြင်း သီလရှိသူတို့ကို မြတ်နိုးခြင်းပေးကမ်းလှူဒါန်းခြင်းတို့ကြောင့် ပြာသာဒ်ဆောင် ခုနှစ်ရာတို့၌ နတ် တူရိယာ စုံလင်စွာဖြင့် ပျော်စံရသော နတ်သား (ဝိမာန၊၁၀၄။) (ဝိမာန၊ဋ္ဌ၊၂၈၁။)

သုဝဏ္ဏဝိမာနဝတ္ထု

အန္ဓကဝိန္ဒမြို့၌ လူဖြစ်စဉ် မြတ်စွာဘုရားအလို့ငှာ ကျောင်းတော်ကို ကိုယ်တိုင် ဆောက် လုပ်စေခဲ့၍ ပန်းနံ့သာ နံ့သာပျောင်းတို့ကို လှူဒါန်းခဲ့ခြင်းကြောင့် တာဝတိံသာနတ်ပြည်၌ ရွှေတောင်ထိပ်ဝယ်ဆန်းကြယ်သော ဗိမ္မာန်တွင် နေလုလင်ကဲ့သို့ တင့်တယ်စွာ ဖြစ်ရသော နတ်သား (ဝိမာန၊၁၀၅။) (ဝိမာန၊ဋ္ဌ၊၂၈၃။)

အမ္ဗဝိမာနဝတ္ထု

ရှေးဘဝ သရက်ဥယျာဉ်၌ ဥယျာဉ်စောင့်ဖြစ်စဉ် အသျှင်သာရိပုတြာ ကြွလာခိုက် ပူအိုက်ခြင်းမှသက်သာစေရန် သရက်ပင်ရင်း၌ အသျှင်မြတ်အား ချိုးရေ လှူဒါန်းခဲ့၏။ ချိုး ရေလှူခြင်းဖြင့်သရက်ပင်ကို ရေလောင်းခြင်း အသျှင်မြတ် ရေချိုးခြင်း နှစ်ကိစ္စပြီးစီးရ၏။ ထိုကံကြောင့် ပတ္တမြားတိုင်ဗိမ္မာန်ပြသာဒ်တို့၌ နတ်တူရိယာ နတ်ကချေသည်တို့ဖြင့် ခံစား ရသော နတ်သား (ဝိမာန၊၁၀၆။) (ဝိမာန၊ဋ္ဌ၊၂၈၅။)

ဂေါပါလဝိမာနဝတ္ထု

ရှေးဘဝ သူတပါးနွားမတို့ကို စောင့်ရှောက်ရသော လူဆင်းရဲဖြစ်စဉ် အသျှင်မောဂ္ဂလ္လာန် ကြွလာတော်မူ၍ ကြည်ညိုသဖြင့် ပုဝါနွမ်းဖြင့် ထုပ်ထားသော မုယောမုံ့ကို လှူဒါန်းခဲ့ပြီးလျှင် ပဲခင်းကို နွားမစားရန် လျင်မြန်စွာအပြေးတွင် မြွေခဲ၍ သေဆုံးရာ တာဝတိံသာ နတ်ပြည်၌ ခြောက်ဆယ့်လေးယောက်သော နတ်ကချေသည်တို့၏ အဖျော်အဖြေကို ခံလျက် လဝန်း ကဲ့သို့သော ဗိမ္မာန်တွင် ပျော်စံရသော နတ်သား (ဝိမာန၊၁၀၇။) (ဝိမာန၊ဋ္ဌ၊၂၈၅။)

ကဏ္ဍကဝိမာနဝတ္ထု

ဘုရားအလောင်း သိဒ္ဓတ်မင်းသား၏ ဖွားဘက်ကဏ္ဍကမြင်းဖြစ်စဉ် တောထွက်သောအခါဘုရားအလောင်းကို တောသို့အရောက် စီးတော်ယာဉ်အဖြစ် ကူညီခဲ့ခြင်း အတိုင်းမသိဝမ်းမြောက်ခြင်းဖြစ်ရ၍ ဘုရားလောင်းနှင့် ခွဲခွာရသောအခါ ပြင်းထန်သော လွမ်းနာ ကြောင့်သေဆုံးခဲ့ပြီးနောက် နေလုလင်အသွင် ရောင်ရှင်တောက်ပသော ဗိမ္မာန်၌ နှလုံး မွေ့လျော်ဖွယ်ရေကန်သစ်ပင် ပျော်ရွှင်ဖွယ်အစုံအလင်ဖြင့် ခံစံရသော နတ်သား (ဝိမာန၊၁၀၉။) (ဝိမာန၊ဋ္ဌ၊၂၉၂။)

အနေကဝဏ္ဏဝိမာနဝတ္ထု

ရှေးဘဝ သုမေဓာမြတ်စွာဘုရား၏ သာဝကဖြစ်စဉ် ခုနှစ်နှစ်ပါတ်လုံး ရဟန်းပြုခဲ့ဖူး၏။ ဘုရားပရိနိဗ္ဗ္ဗာန်စံတော်မူသောအခါ စေတီတော်ကို ရှိခိုးပူဇော်ခဲ့ကာ စိတ်ကြင်လင်စေခဲ့သောကြောင့် အဆင်းအမျိုးမျိုးဖြင့် ဆန်းကြယ်သော ဗိမ္မာန်၌ သုနိမ္မိတ နတ်မင်းကြီးကဲ့သို့ မွေ့လျော်ရသော နတ်သား (ဝိမာန၊၁၁၁။) (ဝိမာန၊ဋ္ဌ၊၂၉၉။)

မဋ္ဌကုဏ္ဍလီဝိမာနဝတ္ထု

နှမြောစေးနှဲသောသူဌေးသားဖြစ်ရစဉ် ဒါနဟူ၍ မပြုခဲ့ရ ရောဂါပြင်းထန်၍ သေခါနီး ကာလမှဘုရားကို ဖူးြံမင်ရ၍ ကြည်လင်မြတ်နိုး ရှိခိုးခဲ့ရသော ကုသိုလ်ကြောင့် တာဝတိံသာ နတ်ပြည်၌နတ်သားစာရင်းဝင် အပေါင်းအဖော်ဖြစ်ရသော နတ်သား (ဝိမာန၊၁၁၃။) (ဝိမာန၊ဋ္ဌ၊၃၀၂။)

သေရီသကဝိမာနဝတ္ထု

နောင်ဘဝမရှိဟူသော မိစ္ဆာအယူဖြင့် ဝန်တိုစေးနှဲသူဖြစ်ခဲ့သော ပါယာသိရာဇညမင်းသည်ရှင်ကုမာရကဿပနှင့်တွေ့၍ တရားမှန်ကို သိသဖြင့် ဥပါသကာအဖြစ် ငါးပါးသီလလုံခြုကုသိုလ်အဟုန်ကြောင့် သဲကန္တာရတွင် ဘုမ္မဇိုဝ်းနတ်ဖြစ်ရ၍ လှည်းကုန်သည်များနှင့် တွေ့သောအခါအပြန်အလှန်မေးဖြေကြသော အကြောင်းအရာအစုံအလင် ပါဝင်သော နတ်သား အကြောင်း (ဝိမာန၊၁၁၆။) (ဝိမာန၊ဋ္ဌ၊၃၁၀။)

သုနိက္ခိတ္တဝိမာနဝတ္ထု

ကဿပဘုရား၏ ပုထိုးစေတီ၌ မကောင်းသဖြင့်တင်ထားသော ပန်းများကို ကောင်း စွာပြုပြင်တင်ထားခဲ့ခြင်းကြောင့် တန်ခိုးကြီးမားစွာ ပတ္တမြားတိုင် ဗိမ္မာန်နှင့် ကြောင်မျက် ရွဲတိုင်ပြသာဒ်ခုနှစ်ရာတို့၌ နတ်တူရိယာ စုံလင်စွာဖြင့် ချမ်းသာစွာခံစားရသော နတ်သား (ဝိမာန၊၁၂၄။) (ဝိမာန၊ဋ္ဌ၊၃၃၁။)

သုဘူတိတ္ထေရဂါထာ

သုဘူတိမထေရ်သည် ကျောင်းမရှိ၍ လွင်တီးခေါင်၌နေရာ မထေရ်တန်ခိုးကြောင့် မိုးမရွာဘဲ နေ၏၊ ထိုအကြောင်းကို မင်းနှင့် တိုင်းသူပြည်သားတို့သိ၍ သစ်ရွက်မိုးကျောင်း ဆောက်ပေးသဖြင့် ကျောင်းအတွင်းသို့ဝင်စဉ် မိုးရွာလာသောအခါ သုဘူတိမထေရ် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၁၉။) (ထေရ၊ဋ္ဌ၊၁၊၁၉။)

မဟာကောဋ္ဌိကတ္ထေရဂါထာ

ပဋိသမ္ဘိဒါပတ္တဧတဒဂ်ရ မဟာကောဋ္ဌိက မထေရ်သည် နောက်အဖို့၌ ဝိမုတ္တိချမ်းသာကို ခံစားလျက်ဥဒါန်းကျူးသော အစွမ်းဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၁၉။) (ထေရ၊ဋ္ဌ၊၁၊၃၄။)

ကင်္ခါရေဝတတ္ထေရဂါထာ

ကင်္ခါရေဝတထေရ်သည် ရဟန္တာဖြစ်ပြီးနောက် မြတ်စွာဘုရား၏ ဒေသနာတော်အစွမ်းကို ချီးကျူးသောအားဖြင့် ဝမ်းမြောက်ဝမ်းသာ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၀။) (ထေရ၊ဋ္ဌ၊၁၊၃၉။)

ပုဏ္ဏတ္ထေရဂါထာ

ဓမ္မကထိကဧတဒဂ်ရ မန္တာနီပုဏ္ဏေးမ၏သား အသျှင်ပုဏ္ဏမထေရ်သည် မြတ်စွာဘုရားကို မှီ၍ ငါနှင့်သတ္တဝါများစွာ သံသရာဒုက္ခမှ ကင်းငြိမ်းရ၏၊ သူတော်ကောင်းတို့နှင့် ပေါင်းသင်းရခြင်းကား ကျေးဇူးများစွတကားဟု ဥဒါန်းကျူးသော ဂါထာ
(ထေရ၊၂၂၀။) (ထေရ၊ဋ္ဌ၊၁၊၄၄။)

ဒဗ္ဗတ္ထေရဂါထာ

မလ္လာမင်းသား ဒဗ္ဗမထေရ်သည် မေတ္တိယဘူမဇကရဟန်းတို့ စွပ်စွဲသော အမူလက ပါရာဇိကအဓိကရုဏ်းကိစ္စ ပြီးငြိမ်းသောအခါလောကကို သနားသောအားဖြင့် မိမိဂုဏ်ကို ထင်စွာပြ၍ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၀။) (ထေရ၊ဋ္ဌ၊၁၊၄၈။)

သီတဝနိယတ္ထေရဂါထာ

သီတဝနိယမည်သော သမ္ဘူတမထေရ်သည် မြတ်စွာဘုရားကို ဖူးမြင်ရန် လာစဉ် ရဟန်းတို့ကို မြင်၍ ဤသို့ မြတ်စွာဘုရားကို လျှောက်ထားပါဟု ပြောဆို မြွက်ကြားသော ဂါထာ
(ထေရ၊၂၂၀။) (ထေရ၊ဋ္ဌ၊၁၊၅၅။)

ဘလ္လိယတ္ထေရဂါထာ

မာရ်နတ်သည် ဘလ္လိယမထေရ်ကို ချောက်လှန့်ရန် ကြောက်ဖွယ်သောအဆင်းဖြင့် လာသောအခါ ဘလ္လိယမထေရ်က ငါသည် ကြောက်လန့်ခြင်းအားလုံးမှ လွန်ခဲ့ပြီဟု ရွတ်ဆို ပြောကြားသော ဂါထာ
(ထေရ၊၂၂၁။) (ထေရ၊ဋ္ဌ၊၁၊၅၈။)

ဝီရတ္ထေရဂါထာ

မယားဟောင်းက လူထွက်ရန် အမျိုးမျိုးသော အမူအရာဖြင့် ဖြားယောင်း သွေးဆောင် သောအခါ ငါ့ကိုဖြားယောင်းသူသည် မြင့်မိုရ်တောင်ကို မှက်တောင်ပံလေဖြင့် လှုပ်ရှားစေ လိုသူနှင့်သာ တူ၏ဟုဆို၍ ဝီရမထေရ်က မြွက်ကြားသော ဂါထာ
(ထေရ၊၂၂၁။) (ထေရ၊ဋ္ဌ၊၁၊၆၁။)

ပိလိန္ဒဝစ္ဆတ္ထေရဂါထာ

နတ်တို့ ချစ်မြတ်နိုးခြင်း၌ ဧတဒဂ်ရသော ပိလိန္ဒဝစ္ဆမထေရ်သည် လူ့ဘဝက ဂန္ဓာရီ အတတ်နှင့်ပတ်သက်၍ စုံစမ်းရန် ဘုရားထံလာမိသည်ကို ဆင်ခြင်၍ ဝမ်းမြောက်ဝမ်းသာ မြွက်ဆိုသော ဂါထာ
(ထေရ၊၂၂၁။) (ထေရ၊ဋ္ဌ၊၁၊၆၂။)

ပုဏ္ဏမာသတ္ထေရဂါထာ

မယားဟောင်းက လူထွက်ရန် သွေးဆောင် ဖြားယောင်းလို၍ သားငယ်ကို တန်ဆာ ဆင်လျက်လာရောက်ရာတွင် ပုဏ္ဏမာသမာထေရ်က မိမိကပ်ငြိတွယ်တာမှုကင်းပြီဟု ပြော ဆိုဟောကြားသော ဂါထာ
(ထေရ၊၂၂၁။) (ထေရ၊ဋ္ဌ၊၁၊၆၅။)

စူဠဝစ္ဆတ္ထေရဂါထာ

စူဠဝစ္ဆမထေ်ရသည် ရဟန္တာဖြစ်ပြီးနောက် ရဟန်းတို့အား ငြင်းခုံခြင်း၌ မွေ့လျော်လျှင် အကျိုးပျက်စီးပုံကို မြင်၍ မိမိ၏ တရားထူးရပုံကို ဆင်ခြင်ကာ နှစ်သက်ဝမ်းမြောက်စွာ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၂။) (ထေရ၊ဋ္ဌ၊၁၊၆၇။)

မဟာဝစ္ဆတ္ထေရဂါထာ

မဟာဝစ္ဆမထေရ်သည် အရဟတ္တဖိုလ်သို့ရောက်၍ ဝိမုတ္တိချမ်းသာကို ခံစားလျက် သာသနာတော်၏ နိယျာနိကအဖြစ်ကို ထင်စွာပြ၍ သီတင်းသုံးတော်တို့ အားတက်စေရန် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၂။) (ထေရ၊ဋ္ဌ၊၁၊၇၀။)

ဝနဝစ္ဆတ္ထေရဂါထာ

ဝနဝစ္ဆမထေရ်သည် ရဟန္တာ ဖြစ်ပြီးနောက် ကပ္ပိလဝတ်၌ သီတင်း သုံးတော်မူသော မြတ်စွာဘုရားထံသို့လာစဉ် ရဟန်းတို့က တော၌ ချမ်းသာသုခ ရ၏လောဟု မေး၍ မိမိနေသော တော၏ဂုဏ်ကို ချီးကျူး ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၂။) (ထေရ၊ဋ္ဌ၊၁၊၇၁။)

သိဝကသာမဏေရဂါထာ

ဝနဝစ္ဆမထေရ်၏တူ သိဝကသာမဏေသည် တော၌မထေရ်အား လုပ်ကျွေးစဉ်တစ်နေ့ ရွာသို့ သွားရာရွာ၌ သာမဏေအား ရောဂါဆိုးကပ်ရောက်၏၊ ဦးရီးတော် မထေရ် သိ၍ လာရောက်ပြုစုရာ ညဉ့်အချိန်၌ ရွာထဲ၌ မနေလို၍ မထေရ်က တောသို့ သွားအံ့ဟု ပြောကာ သာမဏေအား ပွေ့ချီ၍ ခေါ်၏၊ ဦးရီးတော်၏ လက်ပေါ်၌ အရဟတ္တဖိုလ်ရောက်၍ ဦးရီးတော်၏ စကားနှင့်ပေါင်း၍ မိမိ၏ အလိုကိုမြွက်ဆိုသော ဂါထာ
(ထေရ၊၂၂၃။) (ထေရ၊ဋ္ဌ၊၁၊၇၄။)

ကုဏ္ဍဓာနတ္ထေရဂါထာ

ရှေးကုသိုလ်ကြောင့် အမျိုးမျိုးအစွပ်စွဲခံရသော ကုဏ္ဍဓာမနထေရ်သည် ရဟန္တာ ဖြစ်၍ တစ်ခုသောစာရေးတံကို ရှေးဦးစွာ ခံယူရာ ပုထုဇဉ်တို့ အထင်လွဲသဖြင့် ထိုသူတို့၏ အယူမှားကို ပယ်ဖျောက်ရန် ကောင်းကင်မှ တန်ခိုးဖြင့် ဟောကြားသော ဂါထာ
(ထေရ၊၂၂၃။) (ထေရ၊ဋ္ဌ၊၁၊၇၆။)

ဗေလဋ္ဌသီသတ္ထေရဂါထာ

ဥရုဝေလကဿပ၏ ရသေ့အသင်းဝင်ဖြစ်ခဲ့ဖူး၍ အသျှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဖြစ်သော ဗေလဋ္ဌသီသမထေရ်သည် တစ်နေ့သ၌ ဖလသမာပတ်မှ ထ၍ ထိုချမ်းသာကို ဆင်ခြင်လျက် ဥဒါန်းကျူးသော ဂါထာ
(ထေရ၊၂၂၃။) (ထေရ၊ဋ္ဌ၊၁၊၈၃။)

ဒါသကတ္ထေရဂါထာ

ဒါသမထေရ်သည် အစားကြီး အအိပ်ကြီး၍ ပျင်းရိသူဖြစ်ရာ တစ်နေ့၌ ပြင်းစွာ ဟောက်၍ အိပ်ပျော်နေစဉ် ဘုရားရှင်က ဂါထာဖြင့် ဖိနှိပ်၍ ဟောကြား၏၊ ထိုနောက် မြတ်စွာဘုရား ဖိနှိပ် ဟောကြားသော ဂါထာကို မိမိအတွက် အလွန်အကျိုးဖြစ်ထွန်းသည်ဟု ရွတ်ဆိုကျူးရင့်၏၊ ထိုသို့ ဘုရားရှင်ဟောသည့်အတိုင်း ဒါသကမထေရ် ကျူးရင့်သော ဂါထာ
(ထေရ၊၂၂၃။) (ထေရ၊ဋ္ဌ၊၁၊၈၄။)

သိင်္ဂါလပိတုတ္ထေရဂါထာ

သိင်္ဂါလပိတုထေရ်သည် မြတ်စွာဘုရားထံမှ အဋ္ဌိကကမ္မဋ္ဌာန်းကိုယူ၍ ဘေသကဠတော၌ နေစဉ် တောစောင့်နတ်က ဂါထာရွတ်၍ အားပေး၏၊ ထိုဂါထာကို အကြောင်းပြု၍ ရဟန္တာဖြစ်ရာ ထိုဂါထာကို တစ်ဆင့်ရွတ်ဆိုလေ့ရှိ၏၊ ထိုသို့ တောစောင့်နတ် ရွတ်ဆိုသည့်အတိုင်း တဆင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၃။) (ထေရ၊ဋ္ဌ၊၁၊၈၆။)

ကုလတ္ထေရဂါထာ

ဘုရားသာသနာ၌ ရဟန်းအဖြစ်ကို ရရှိသော်လည်း တရားထူးကို မရနိုင်ဘဲရှိနေသော ကုလမထေရ်သည်တစ်နေ့သ၌ ဆွမ်းခံသွားစဉ် မြှားဖြောင့်နေသော မြှားသမား၊ သစ်တုံးကို ရွေ (ခွဲ) နေသော သစ်ရွေသမားတို့ကို မြင်ရ၍ အသက်မဲ့ မြှားနှင့် သစ်များကိုပင် ပြုပြင်၍ ရသေး၏၊ အဘယ့်ကြောင့် စိတ်ကို မပြုပြင်နိုင်အံ့နည်းဟု ဥပမာဆင်ခြင်ကာ တရားအားထုတ်သည်တွင် မကြာခင် အရဟတ္တဖိုလ်သို့ရောက်၍ ဝမ်းမြောက်စွာရွတ်ဆို ပြောကြားသော ဂါထာ
(ထေရ၊၂၂၄။) (ထေရ၊ဋ္ဌ၊၁၊၈၈။)

အဇိတတ္ထေရဂါထာ

ဗာဝရီရသေ့၏တပည့် အဇိတရသေ့သည် ဘုရားထံသို့ စုံစမ်းရန်အလာတွင် သူ၏ စိတ်ပြဿနာများကို မြတ်စွာဘုရားက နှုတ်ဖြင့် ဖြေကြားတော်မူသည်ကို ကြည်ညိုလျက် ရဟန်းပြုကာ ဝိပဿနာကို ပွါး၍ ရဟန္တာဖြစ်လျှင် ရဲရင့်စွာ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၄။) (ထေရ၊ဋ္ဌ၊၁၊၉၀။)

နိဂြောဓတ္ထေရဂါထာ

နိဂြောဓလုလင်သည် မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်ကို အလှူခံသောနေ့၌ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကို မြင်ရသဖြင့် ရွှင်ပျအားရမ်း ရဟန်းပြုကာ အားထုတ်၍ မကြာခင် ရဟန္တာဖြစ်ကာ အဘိညာဉ်ရဖလသမာပတ်ဖြင့် အချိန်ကို လွန်စေလျက် သာသနာတော်၏ ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်ပုံကို ထင်ရှားစေခြင်းငှါ ရွတ်ဆို ဖော်ပြ သော ဂါထာ
(ထေရ၊၂၂၄။) (ထေရ၊ဋ္ဌ၊၁၊၉၁။)

စိတ္တကတ္ထေရဂါထာ

ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်း၌ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ် တရားတော်ကို နာယူ ကြည်ဖြူနှစ်သက် ရဟန်းဘက်သို့ ကူးသော စိတ္တကမထေရ်သည် စျာန်အခြေခံသော ဝိပဿနာကို ပွါး၍ မကြာခင် ရဟန္တာဖြစ်ပြီးနောက် မမေ့လျော့ခြင်းနှင့်ပတ်သက်၍ ရဟန်းတို့အား ဖြေကြားသော ဂါထာ
(ထေရ၊၂၂၄။) (ထေရ၊ဋ္ဌ၊၁၊၉၅။)

ဂေါသာလတ္ထေရဂါထာ

ဂေါသာလထေရ်သည် အရဟတ္တဖိုလ်ကို ရပြီး၍ ဒိဋ္ဌဓမ္မချမ်းသာစွာ နေရခြင်းငှာ တောင်စဉ်တောင်ဝှမ်းသို့သာ သွားလိုကြောင်း မိမိ၏ ပဋိပတ်ကို ပြောကြားရင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၅။) (ထေရ၊ဋ္ဌ၊၁၊၉၇။)

သုဂန္ဓတ္ထေရဂါထာ

မဟာသလမထေရ်ထံ၌ တရားနာရ၍ ရဟန်းပြုသော သုဂန္ဓမထေရ်သည် တရားကို အားထုတ်ရာ ခုနစ်ရက်အတွင်း၌ ရဟန္တာဖြစ်၍ ထိုအကြောင်းကို ဖော်ပြသော ဂါထာ
(ထေရ၊၂၂၅။) (ထေရ၊ဋ္ဌ၊၁၊၉၉။)

နန္ဒိယတ္ထေရဂါထာ

သာကီဝင်မင်းသား နန္ဒိယမထေရ်သည် ဘုရားထံ၌ ရဟန်းပြုပြီးလျှင် ဝိပဿနာကို အားထုတ်ရာ ရှေးဆုတောင်းအတိုင်း မကြာခင် အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် မိဂဒါဝုန်တောအရောက် မာရ်နတ်ချောက်လှန့်သည်တွင် ရဲရင့်စွာ ပြန်ကြား ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၅။) (ထေရ၊ဋ္ဌ၊၁၊၁၀၁။)

အဘယတ္ထေရဂါထာ

ဗိမ္ဗိသာရမင်းကြီး၏ သားတော် အဘယမင်းသားသည် အဖနတ်ရွာစံသောအခါ သံဝေဂရကာ ရဟန်းပြုရှေးဦးစွာ သောတာပန်တည် မကြာမီ အရဟတ္တဖိုလ်ရောက်၍ မိမိ၏ ပဋိပတ်ကို ပြောကြားခြင်းဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၅။) (ထေရ၊ဋ္ဌ၊၁၊၁၀၂။)

လောမသကင်္ဂီယတ္ထေရဂါထာ

နူးညံ့လှသောလောမသကင်္ဂီယမထေရ်သည် တောတွင်းသို့အရောက် ဆူးငြောင့် ခလုတ်ကို သည်းခံနိုင်ပါမည်လားဟု ရဟန်းများက ဆိုရာတွင် သည်းခံနိုင်ကြောင်းဖြင့် ရဟန္တာဖြစ်ပြီး နောက်လည်း ဤနည်းအတိုင်း ရွတ်ဆိုပြောပြသော ဂါထာ
(ထေရ၊၂၂၅။) (ထေရ၊ဋ္ဌ၊၁၊၁၀၄။)

ဇမ္ဗုဂါမိကပုတ္တတ္ထေရဂါထာ

ဇမ္ဗုဂါမိယပုတ္တမထေရ်သည် ရဟန္တာမဖြစ်မီ ဖခင် စုံစမ်းလိုသဖြင့် ရေးပေးဖူးသော ဂါထာကိုပင် ရဟန္တာဖြစ်ပြီးနောက် လည်း ဖခင်ကို ပူဇော်လိုသဖြင့် ရွတ်ဆိုဖော်ပြသည်၊ ဖခင်၏ ဂါထာဖြစ်သော်လည်း သားရဟန္တာ၏ ဂါထာဟု ဆိုရသော ဂါထာ
(ထေရ၊၂၂၆။) (ထေရ၊ဋ္ဌ၊၁၊၁၀၆။)

ဟာရိတတ္ထေရဂါထာ

ဟာရိတမထေရ်သည် မြှားသမားဥပမာဖြင့် မိမိစိတ်ကို တည်ကြည်ဖြောင့်မတ်အောင် အားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်ရကြောင်းကို ပြောကြား ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၆။) (ထေရ၊ဋ္ဌ၊၁၊၁၀၈။)

ဥတ္တိယတ္ထေရဂါထာ

ဥတ္တိယမထေရ်သည် ဝိပဿနာအားထုတ်စဉ် ရောဂါဝင်သဖြင့် သံဝေဂဖြစ်ပွါး ဝီရိယအားတက်၍ ကြိုးစားရာ အရတ္တဖိုလ်သို့ရောက်ရသည်တွင် မိမိ၏ ကျင့်စဉ် ပြည့်စုံပုံ အခြင်းအရာကို အဦးထား၍ ပြောကြား ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၆။) (ထေရ၊ဋ္ဌ၊၁၊၁၁၀။)

ဂဟွရတီရိယတ္ထေရဂါထာ

မြတ်စွာဘုရား၏ ယမိုက်ပြာဋိဟာကို မြင်၍ ကြည်ညိုသဖြင့် ရဟန်းအဖြစ်သို့ ရောက်လာသော ဂဟွရတီရိယမထရ်သည် ဝိပဿနာကိုပွါးများရင်း ရဟန္တာအဖြစ်သို့ ရောက်ပြီးနောက် တောအရပ်၌ နေခြင်းကိုသာ ငါနှစ်သက်၏ဟု ပြောကြား ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၆။) (ထေရ၊ဋ္ဌ၊၁၊၁၁၂။)

သုပ္ပိယတ္ထေရဂါထာ

မိတ်ဆွေဖြစ်သော သောပါကမထေရ်ထံမှ တရားနာရ၍ သံဝေဂရကာ ရဟန်းပြု ပဋိပတ်ကို ကြိုးစား၍ ရဟန္တာအဖြစ်သို့ရောက်သော သုပ္ပိယမထေရ် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၇။) (ထေရ၊ဋ္ဌ၊၁၊၁၁၄။)

သောပါကတ္ထေရဂါထာ

မေတ္တာကမ္မဋ္ဌာန်းကို ယူ၍ သုသာန်၌ နေကာ မေတ္တာအခြေခံ ဝိပဿနာကို ပွါးလျက် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရသော သောပါကမထေရ်သည် မေတ္တာအကျိုးပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၇။) (ထေရ၊ဋ္ဌ၊၁၊၁၁၇။)

ပေါသိယတ္ထေရဂါထာ

သားတစ်ယောက်ရပြီးမှ သံဝေဂရ ရဟန်းပြုကာ တောသို့ ဝင်လျက် သစ္စာလေးပါး ကမ္မဋ္ဌာန်းကို ပွါးများသဖြင့် မကြာမြင့်မီ ရဟန္တာဖြစ်သော ပေါသိယမထေရ်သည် 'တောသည်သာ ကျောင်းဖြစ်၏'ဟူသော သဘောဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၇။) (ထေရ၊ဋ္ဌ၊၁၊၁၂၀။)

သာမညကာနိတ္ထေရဂါထာ

မြတ်စွာဘုရား၏ ယမိုက်ပြာဋိဟာကိုမြင်၍ ကြည်ညိုသဖြင့် ရဟန်းပြုကာ စရိုက်အား လျော်သော ကမ္မဋ္ဌာန်းကို ပွါးများ စျာန်အခြေခံသော ဝိပဿနာကို ကြိုးစား၍ အရဟတ္တဖိုလ်ရောက်သော သာမညကာနိမထေရ်သည် မိမိ၏ ပဋိပတ်အားလျော်စွာ မဂ်ဖိုလ် ရလာပုံကို ဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၇။) (ထေရ၊ဋ္ဌ၊၁၊၁၂၃။)

ကုမာပုတ္တတ္ထေရဂါထာ

အသျှင်သာရိပုတြာထံ ရဟန်းပြုကာ တရားအားထုတ်ပါလျက် တရားထူးကို မရ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ် တရားကို ကြားနာလျက် သင့်လျော်သော နေရာ၌ ဝိပဿနာကို ပွါးများသဖြင့် ရဟန္တာအဖြစ်သို့ ရောက်သော ကုမာရပုတ္တမထေရ်သည် သာသနာတော်၏ ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်ပုံကို ပြလျက် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၇။) (ထေရ၊ဋ္ဌ၊၁၊၁၂၄။)

ကုမာပုတ္တသဟာယကတ္ထေရဂါထာ

ကုမာရပုတ္တမထေရ်၏ အဆွေတော်ဖြစ်သော ကုမာရပုတ္တသဟာယမထေရ်သည် နေရာ ဇနပုဒ်နှင့်ပတ်သက်၍ သံဝေဂဖြစ်ကာ စိတ်ကို နိုင်အောင် ဆုံးမလျက် ဝိပဿနာကို ပွါး ရဟန္တာအဖြစ်သို့ရောက်သောအခါ စိတ်ကို ဆုံးမပုံနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၈။) (ထေရ၊ဋ္ဌ၊၁၊၁၂၆။)

ဂဝံပတိတ္ထေရဂါထာ

ယသမထေရ်၏ မိတ်ဆွေ ဂဝမ္ပတိသည် ယသမထေရ်ထံတွင် ရဟန်းပြု၍ မြတ်စွာဘုရားထံ ရောက်လျှင်ဘုရားတရားတော်ကို နာယူ ရသည်တွင် အရဟတ္ထဖိုလ်သို့ ရောက်ပြီးနောက် မြတ်စွာဘုရားအား ပူဇော်သောအားဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၈။) (ထေရ၊ဋ္ဌ၊၁၊၁၂၈။)

တိဿတ္ထေရဂါထာ

မြတ်စွာဘုရား၏ ဘထွေးတော်သား တိဿမထေရ်သည် ဇာတိမာနအလျောက် တရား အားမထုတ်ဘဲနေရာ မြတ်စွာဘုရားက သတိရလောက်အောင် ဆုံးမတော်မူသဖြင့် သံဝေဂ ဖြစ်ပွါးကာ ဝိပဿနာကို အားထုတ်သဖြင့် ရဟန္တာအဖြစ်သို့ ရောက်၍ မြတ်စွာဘုရားအား ပူဇော်ခြင်းငှာ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၈။) (ထေရ၊ဋ္ဌ၊၁၊၁၃၁။)

ဝဍ္ဎမာနတ္ထေရဂါထာ

ဝေသာလီမင်းသားဖြစ်သော ဝဍ္ဎမာနမထေရ်သည် သပိတ်မှောက်ကံကြောင့် သံဝေဂရ၍ ရဟန်းပြုပြီးနောက် တရားကို အားမထုတ် ထိနမိဒ္ဓနှိပ်စက်ခြင်းကို ခံ၍နေရင်း သံဝေဂ ရလောက်အောင် မြတ်စွာဘုရား၏ ဆုံးမတော်မူချက်ကြောင့် တရားထူးရကာ မြတ်စွာဘုရားအား ပူဇော်ခြင်းငှါ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၈။) (ထေရ၊ဋ္ဌ၊၁၊၁၃၂။)

သိရိဝဍ္ဎတ္ထေရဂါထာ

ဝေဘာရ, ပဏ္ဍဝတောင်တို့၏ မနီးမဝေးတောအတွင်း၌ တရားအားထုတ်နေဆဲ, အခါမဲ့မိုးရွာသဖြင့် ပူအိုက်ခြင်းပြေပျောက် ဥတုသပ္ပါယလျောက်ပတ်ခြင်းကို ရ၍ တည်ကြည် ငြိမ်သက် တိုးတက်ပွါးများကာ ရဟန္တာအဖြစ်သို့ ရောက်သော သိရဝိဍ္ဎမထေရ်သည် မိမိ၏ ဥပနိဿယကို ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၉။) (ထေရ၊ဋ္ဌ၊၁၊၁၃၃။)

ခဒိရဝနိယတ္ထေရဂါထာ

အသျှင်သာရိပုတြာ၏ညီ ခဒိရဝနိယမထေရ်သည် ရှားတောအတွင်း တရားအားထုတ်ရင်း ရဟန္တာအဖြစ်ဖြင့် ဘုရားနှင့် နောင်တော်ကြီးကို ဖူးမြင်မည်ဟု ကြိုးစား၍ မကြာမီ ရဟန္တာအဖြစ်သို့ ရောက်ပြီးနောက် မကျန်းမမာဖြစ်နေစဉ် သျှင်သာရိပုတြာကြွလာသည်ကို မြင်၍ သာမဏေတို့အား ဆုံးမသောအားဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၉။) (ထေရ၊ဋ္ဌ၊၁၊၁၃၅။)

သုမင်္ဂလတ္ထေရဂါထာ

လယ်သမားဘဝမှ သံဝေဂရ၍ ရဟန်းပြုလာသော သုမင်္ဂလမထေရ်သည် သစ်ပင်ရင်းသို့ ကပ်ကာ စိတ်ငြိမ်ရာရသည့်အတိုင်း ဝိပဿနာပွါးများ အားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ရောက်၍ မိမိ၏ ဒုက္ခမှ လွတ်မြောက်လာခြင်းကို ပြောကြား ဥဒါန်းကျူးသော ဂါထာ
(ထေရ၊၂၂၉။) (ထေရ၊ဋ္ဌ၊၁၊၁၃၈။)

သာနုတ္ထေရဂါထာ

ခုနစ်နှစ်အရွယ် သာမဏေငယ်ဖြစ်သော သာနုသည် အမိဖြစ်သူ၏ လူမထွက်စေလိုသော ပြောစကားအရ သံဝေဂဖြစ်ပွါး တရားကို အားထုတ်သဖြင့် မကြာမီ ရဟန္တာဖြစ်၍ ဥဒါန်းကျူး သောအားဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၉။) (ထေရ၊ဋ္ဌ၊၁၊၁၄၂။)

ရမဏီယဝိဟာရိတ္ထေရဂါထာ

သူဌေးသားဘဝတွင် မင်းပြစ်မင်းဒဏ် ခံရသူကို မြင်ရ၍ သံဝေဂရကာ ရဟန်းပြု သျှင်ဥပါလိထံတွင် သီလစင်ကြည်အောင် သုတ်သင်လျက် ဝိပဿနာ ပွါးများသဖြင့် မကြာမီ ရဟန္တာဖြစ်ရသော ရမဏီယဝိဟာရီမထေရ်သည် ဝိမုတ္တိချမ်းသာကို ခံစားရင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၂၉။) (ထေရ၊ဋ္ဌ၊၁၊၁၄၄။)

သမိဒ္ဓိတ္ထေရဂါထာ

စည်းစိမ်ဂုဏ်သိရ် ပြည့်စုံသော သမိဒ္ဓိသည် ရဟန်းပြုပြီးနောက် တပေါဒါရုံကျောင်း၌ နေစဉ် ဘုရား တရား သံဃာ၌ သက်ဝင်လေးစား ဝိပဿနာပွါး၍ မကြာခင် ရဟန္တာ ဖြစ်သည်ကို မာရ်နတ်က လာရောက်ခြိမ်းချောက်သော်လည်း မကြောက်ရွံ့ကြောင်း ဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၀။) (ထေရ၊ဋ္ဌ၊၁၊၁၄၆။)

ဥဇ္ဇယတ္ထေရဂါထာ

ဗေဒင်၌ အနှစ်သာရကို မမြင်၍ မြတ်စွာဘုရားထံ ရဟန်းပြုလာသော ဥဇ္ဇယ မထေရ်သည် စရိုက်အားလျော်စွာ ကမ္မဋ္ဌာန်းယူ အားထုတ်၍ မကြာခင် ရဟန္တာဖြစ် ဘုရားထံ သွားရောက်လျက် ဘုရားရှင်အား ချီးမွမ်းထောမနာသော အခြင်းအရာဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၀။) (ထေရ၊ဋ္ဌ၊၁၊၁၄၈။)

သဉ္ဇယတ္ထေရဂါထာ

ထင်ရှားသော ဗြဟ္မာယုပုဏ္ဏားဆရာကြီးများ သာသနာတော်၌ ကြည်ညိုကြသည်ကို မြင်ရလျှင် ရွှင်ပျသဒ္ဓါဘုရားရှင်ထံသို့ ကပ်ရောက်တရားတော်ကို နာယူသဖြင့် သောတာပန် တည်ပြီးနောက် ရဟန်းအဖြစ်သို့ရောက်သော သဉ္ဇယမထေရ်သည် ရဟန်းပြုမည်ဟု ဆံရိတ်အပြီးတွင် ရဟန္တာအဖြစ်သို့ရောက်ရ၍ ထိုအကြောင်းကို ပြောကြားသော ဂါထာ
(ထေရ၊၂၃၀။) (ထေရ၊ဋ္ဌ၊၁၊၁၅၀။)

ရာမဏေယျကတ္ထေရဂါထာ

ဇေတဝန်ကျောင်းတော်လှူပွဲတွင် ကြည်ညိုစိတ်ဖြစ်ကာ ရဟန်းပြုလာသော ရာမဏေ ယျကမထေရ်သည် တစ်နေ့သ၌ မာရ်နတ်က ချောက်လှန့်သော်လည်း မကြောက်မလန့် မာရ်နတ်လက်ချက်ဟု သိသဖြင့် ဂရုမစိုက်ကြောင်းကိုပြကာ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၀။) (ထေရ၊ဋ္ဌ၊၁၊၁၅၁။)

ဝိမလတ္ထေရဂါထာ

မြတ်စွာဘုရား၏ အာနုဘော်ကို ကြည်ညိုသဖြင့် ရဟန်းပြုလာသော ဝိမလထေရ်သည် တောင်ဝှမ်း၌ တရားအားထုတ်နေစဉ် မိုးကြီးရွာ၍ ဥတုသပ္ပါယဖြစ်ကာ ဝိပဿနာ ပွါးများလျက် ရဟန္တာအဖြစ်သို့ရောက်လျင် ရဟန်းကိစ္စပြီးစီး၍ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးသော ဂါထာ
(ထေရ၊၂၃၀။) (ထေရ၊ဋ္ဌ၊၁၊၁၅၂။)

ဂေါဓိကတ္ထေရဂါထာ

ဂေါဓိကမထေရ်သည် သဒ္ဓါတရားဖြင့် ရဟန်းပြုလာသည့်အလျောက် ဝိပဿနာကို ပွါးများရာ မကြာမီ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်၍ မိုးကို ရွာချင်သလို ရွာစေဟူသော အဓိပါယ်ဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၃၁။) (ထေရ၊ဋ္ဌ၊၁၊၁၅၄။)

သုဗာဟုတ္ထေရဂါထာ

သုဗာဟု မထေရ်သည် သဒ္ဓါတရားဖြင့် ရဟန်းပြုလာသည့်အလျောက် ဝိပဿနာကို ပွါးများရာ မကြာမီ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်၍ မိုးကို ရွာချင်သလို ရွာစေဟူသော အဓိပ္ပါယ်ဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၃၁။) (ထေရ၊ဋ္ဌ၊၁၊၁၅၈။)

ဝလ္လိယတ္ထေရဂါထာ

ဝလ္လိယမထေရ်သည် သဒ္ဓါတရားဖြင့် ရဟန်းပြုလာသည့်အလျောက် ဝိပဿနာကို ပွါးများရာ မကြာမီ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်၍ မိုးကို ရွာချင်သလို ရွာစေဟူသော အဓိပ္ပါယ်ဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၃၁။) (ထေရ၊ဋ္ဌ၊၁၊၁၅၉။)

ဥတ္တိယတ္ထေရဂါထာ

ဥတ္တိယ မထေရ်သည် သဒ္ဓါတရားဖြင့် ရဟန်းပြုလာသည့်အလျောက် ဝိပဿနာကို ပွါးများရာ မကြာမီ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်၍ မိုးကို ရွာချင်သလို ရွာစေဟူသော အဓိပ္ပါယ်ဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၃၁။) (ထေရ၊ဋ္ဌ၊၁၊၁၅၉။)

အဉ္ဇနဝနိယတ္ထေရဂါထာ

လေးထောင့်အင်းပျဉ်ကို ကျောင်းပြုနေရင်း အရဟတ္တဖိုလ်သို့ရောက်သော အဉ္ဇနဝနိယ မထေရ်သည် မိမိကဲ့သို့ ဖြစ်စေလိုသဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၂။) (ထေရ၊ဋ္ဌ၊၁၊၁၅၉။)

ကုဋိဝိဟာရိတ္ထေရဂါထာ

လယ်သမား၏ မျက်မိုးတည်းကျောင်း၌နေလျက် တရားအားထုတ်ကာ အရဟတ္တဖိုလ် ရရှိသော ကုဋိဝိဟာရီမထေရ်သည် လယ်သမားအား အကျိုးမဲ့မဟုတ်ကြောင်း မိန့်ကြားသော ဂါထာ
(ထေရ၊၂၃၂။) (ထေရ၊ဋ္ဌ၊၁၊၁၆၁။)

ဒုတိယကုဋိဝိဟာရိတ္ထေရဂါထာ

နတ်သား၏ စကားကို ကြားရ၍ သံဝေဂဖြစ်ကာ ဝိပဿနာပွါး ရဟန္တာအဖြစ်သို့ ရောက်ရသော ဒုတိယကုဋိဝိဟာရီမထေရ်သည် ကျောင်းသစ်ကို မတောင့်တသင့်ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၂။) (ထေရ၊ဋ္ဌ၊၁၊၁၆၃။)

ရမဏီယကုဋိကတ္ထေရဂါထာ

အရွယ်ရှိ မိန်းမတို့က ဖြားယောင်းကြရာ မိမိ၌ ရာဂမရှိကြောင်း ဖော်ပြလိုသောရမဏီယကုဋိကမထေရ်သည် ကာမဂုဏ်ကို အလိုမရှိကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၂။) (ထေရ၊ဋ္ဌ၊၁၊၁၆၅။)

ကောသလဝိဟာရိတ္ထေရဂါထာ

နေရာအာဝါသလျောက်ပတ်သဖြင့် သမာဓိကို ရကာ ဝိပဿနာပွါးများ၍ ရဟန္တာဖြစ်ရ သောကောသလဝိဟာရီမထေရ်သည် ဝိမုတ္တိချမ်းသာကို ခံစားရင်းဖြစ်ပေါ်သော ပီတိအဟုန်ဖြင့် ဥဒါန်းကျူးသော ဂါထာ
(ထေရ၊၂၃၂။) (ထေရ၊ဋ္ဌ၊၁၊၁၆၇။)

သီဝလိတ္ထေရဂါထာ

လာဘ်ပေါများသော သီ ဝလိမထေရ်သည် မိမိ၌ မာနာနုသယမရှိ အရဟတ္တဖိုလ်ထိ ရရှိ၍ အကြံဟူသမျှပြီးစီးကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၃။) (ထေရ၊ဋ္ဌ၊၁၊၁၆၉။)

ဝပ္ပတ္ထေရဂါထာ

ပဉ္စဝဂ္ဂီငါးဦးတွင် ပါဝင်သော ဝပ္ပမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်၍ မိမိရရှိသော တရားထူးကိုဆင်ခြင်ရင်း ဘုရာရှင်၏ ဂုဏ်ကြီးပုံကို ဆင်ခြင်ကာ ပုထုဇဉ်နှင့် အရိယာတို့၏ အမြင်မရှိခြင်း ရှိခြင်းကိုပြသောအားဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၃။) (ထေရ၊ဋ္ဌ၊၁၊၁၇၅။)

ဝဇ္ဇိပုတ္တတ္ထေရဂါထာ

အမတ်မျိုးဖြစ်သော ဝဇ္ဇိပုတ္တမထေရ်သည် တောအတွင်း၌ တရားအားထုတ်နေစဉ် တောစောင့်နတ်၏သံဝေဂရရေး သတိပေးချက်အရ တရားကို ကြိုးစား၍ အရဟတ္တဖိုလ်သို့ ရောက်ရာ တောစောင့်နတ်သတိပေးသောအတိုင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၃။) (ထေရ၊ဋ္ဌ၊၁၊၁၇၇။)

ပက္ခတ္ထေရဂါထာ

သားတစ်ကို လုယက်ကြသော ကျီးငှက်တို့ကို မြင်ရ၍ သတိအထူးရသော ပက္ခ မထေရ်သည် ကာမမှထွက်မြောက်ခြင်း အကျိုးကို ဆင်ခြင်ဝိပဿနာတင် ပွါးများလျက် ရဟန္တာဖြစ်လျှင်ယခင်ထိတ်လန့်ခဲ့သော အကြောင်းကို ပြောကြား ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၃။) (ထေရ၊ဋ္ဌ၊၁၊၁၈၀။)

ဝိမလကောဏ္ဍညတ္ထေရဂါထာ

ဗိမ္ဗိသာရမင်း၏ သားတော် ဝိမလကောဏ္ဍညသည် မြတ်စွာဘုရား၏ အာနုဘော်ကို မြင်၍ကြည်ညိုရွှင်လန်း ရဟန်းပြုလျှင် ဝိပဿနာကို ပွါး၍ မကြာမီ အရဟတ္တဖိုလ်သို့ ရောက်သောအခါမာနကို ပညာဖြင့် ပယ်ရှားကြောင်းကို ဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၄။) (ထေရ၊ဋ္ဌ၊၁၊၁၈၂။)

ဥက္ခေပကတဝစ္ဆတ္ထေရဂါထာ

ဘုရားအထံတော်၌ တရားနာ၍ ရဟန်းများထံ၌ စာပေသင်ကြားလျက် ရုပ်နာမ်ကို ပိုင်းခြား ဝိပဿနာကိုပွါးကာ ရဟန္တာဖြစ်ရသော ဥက္ခေပကတဝစ္ဆမထေရ်သည် ပိဋကတ် ဒေသနာကို ဟောကြား ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၄။) (ထေရ၊ဋ္ဌ၊၁၊၁၈၄။)

မေဃိယတ္ထေရဂါထာ

မြတ်စွာဘုရားကို စွန့်ခွာ၍ တစ်ကိုယ်တည်းနေရာ သမာဓိမရသဖြင့် မြတ်စွာဘုရား ထံသို့ ပြန်လာကာဘုရားရှင်၏ သြဝါဒအတိုင်း ဝိပဿနာပွါး၍ ရဟန္တာဖြစ်သော မေဃိယမထေရ်သည် အရဟတ္တဖိုလ်သို့ရောက်ရကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၄။) (ထေရ၊ဋ္ဌ၊၁၊၁၈၇။)

ဧကဓမ္မသဝနီယတ္ထေရဂါထာ

အနိစ္စာဝတသင်္ခါရာဟူသော ဂါထာကို ကြားရသဖြင့် အနိစ္စသညာထင်ကာ ရဟန်းပြု လာသောဧကဓမ္မသဝနီယမထေရ်သည် တရားတစ်ပုဒ်ဖြင့် ကိလေသာတို့ကို ရှို့မြှိုက်နိုင် ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၄။) (ထေရ၊ဋ္ဌ၊၁၊၁၈၉။)

ဧကုဒါနိယတ္ထေရဂါထာ

ဇေတဝန်ကျောင်းတော် ခံယူ ပွဲတွင် ဘုရားရှင်၏ အာနုဘော်ကို ကြည်ညိုသဖြင့် ရဟန်းပြုလာသောဧကုဒါနိယမထေရ်သည် စိတ်တည်ကြည်ခြင်းကို ရ၍ ဝိပဿနာပွါးကာ ရဟန္တာဖြစ်ပြီးနောက် သောကမရှိကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၄။) (ထေရ၊ဋ္ဌ၊၁၊၁၉၁။)

ဆန္နတ္ထေရဂါထာ

ဖွားဘက်တော်ဖြစ်၍ ဆွေတော်မျိုးတော်တို့ တွေ့ဆုံပွဲ၌ ရဟန်းပြုလာသော ဆန္နမထေရ် သည်ဘုရားပရိနိဗ္ဗာန်စံပြီးနောက် မှ ရဟန္တာဖြစ်ရ၍ မြတ်စွာဘုရားကို ချီးကျူး ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၄။) (ထေရ၊ဋ္ဌ၊၁၊၁၉၄။)

ပုဏ္ဏတ္ထေရဂါထာ

သုနာပရန္တတိုင်းသား အသျှင်ပုဏ္ဏသည် ဘုရားရှင်၏ သြဝါဒအတိုင်း မိမိဖွားရာတိုင်းသို့ ပြန်လာ၍သမထဝိပဿနာကိုပွါးများလျက် ရဟန္တာဖြစ်ပြီးနောက် သီလပညာ၏ ဂုဏ်ကို ချီးကျူး ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၅။) (ထေရ၊ဋ္ဌ၊၁၊၁၉၆။)

ဝစ္ဆပါလတ္ထေရဂါထာ

ဥရုဝေလကဿပနှင့် မြတ်စွာဘုရား တန်ခိုးပြာဋိဟာ ပြပွဲတွင် ဘုရားရှင်ကို ကြည်ညို၍ရဟန်းပြုလာသော ဝစ္ဆမထေရ်သည် ခုနစ်ရက်အတွင်း ရဟန္တာဖြစ်ပြီးနောက် နူးညံ့သိမ် မွေ့သူသက်ရွယ်ကြီးရင့်သူတို့အား မှီဝဲဆည်းကပ်ရခြင်း၏ အကျိုးရှိပုံကို ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၅။) (ထေရ၊ဋ္ဌ၊၁၊၁၉၉။)

အာတုမတ္ထေရဂါထာ

သူဌေးသားဖြစ်၍ မိဖတို့က အိမ်ထောင်ချထားသည်ကို မလိုက်နာဘဲ ရဟန်းပြုလာ သောအာတုမမထေရ်သည် ရဟန္တာဖြစ်ပြီးနောက် မယားမပေးစားမီ ရဟန်းပြုခဲ့ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၅။) (ထေရ၊ဋ္ဌ၊၁၊၂၀၂။)

မာဏဝတ္ထေရဂါထာ

သူအို သူနာ သူသေကို မြင်၍ သံဝေဂရကာ ရဟန်းပြုလာသော မာဏဝမထေရ်သည် ရဟန္တာဖြစ်၍ဝတ္ထုကာမကို စွန့်ခဲ့ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၆။) (ထေရ၊ဋ္ဌ၊၁၊၂၀၄။)

သုယာမနတ္ထေရဂါထာ

ဗေဒင်ပါရဂူဖြစ်၍ ကာမဂုဏ်ကို စက်ဆုပ်ကာ ဘုရားရှင် ဝေသာလီပြည်အရောက်တွင် သဒ္ဓါပွါး၍ရဟန်းပြုပြီးနောက် ခေါင်းရိတ်အပြီး၌ ရဟန္တာဖြစ်သော သုယာမနမထေရ်သည် နီဝရဏတို့ကို ပယ်ခြင်းနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၆။) (ထေရ၊ဋ္ဌ၊၁၊၂၀၇။)

သုသာရဒတ္ထေရဂါထာ

ဓမ္မသေနာပတိ အသျှင်သာရိပုတြာ၏ ထံတွင် ရဟန်းပြုကာ ဝိပဿနာပွါးသဖြင့် ရဟန္တာဖြစ်သောသုသာရဒမထေရ်သည် သူတော်ကောင်းကို မှီဝဲရခြင်း၏ အကျိုးရှိပုံကို ပြောကြားသောအားဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၆။) (ထေရ၊ဋ္ဌ၊၁၊၂၀၉။)

ပိယဉ္ဇဟတ္ထေရဂါထာ

ဝေသာလီပြည်သို့ ဘုရားရှင်၏ ရောက်တော်မူသောအခါ ရဟန်းပြု၍ တောရဆောက် တည်ကာဝိပဿနာပွါးသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရသော ပိယဉ္ဇဟမထေရ်သည် သတ္တဝါတို့နှင့် ခြားနားသောနေထိုင်မှုရှိစေရန် ပြောကြား ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၆။) (ထေရ၊ဋ္ဌ၊၁၊၂၁၂။)

ဟတ္တာရောဟပုတ္တတ္ထေရဂါထာ

ဆင်ဆရာ့သားဖြစ်လျက် ဆင်ကို ဆုံးမခြင်းထက် မိမိစိတ်ကို ဆုံးမခြင်းက မြတ်သည်ဟု ကြံစည်၍ရဟန်းပြုသော ဟတ္ထောရောဟပုတ္တမထေရ်သည် စိတ်ကို ဆုံးမရာ၌ ဆင်ကို ဆုံးမသကဲ့သို့ဖြစ်သင့်ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၆။) (ထေရ၊ဋ္ဌ၊၁၊၂၁၄။)

မေဏ္ဍသိရတ္ထေရဂါထာ

ဘုရားရှင် သာကေတမြို့ အဉ္ဇနတော၌ သီတင်းသုံးစဉ် ရဟန်းပြုသော မေဏ္ဍသိရ မထေရ်သည်ရဟန္တာဖြစ်သောအခါ ဆင်းရဲအစုကို ဖျက်ဆီးပြီးဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၇။) (ထေရ၊ဋ္ဌ၊၁၊၂၁၅။)

ရက္ခိတတ္ထေရဂါထာ

သာကီဝင်မင်းသား ရဟန်းငါးရာတွင် ပါဝင်၍ ကာမဂုဏ်အပြစ်ကို မြင်ရသဖြင့် ဝိပဿနာပွါးများ၍ရဟန္တာဖြစ်သော ရက္ခိတမထေရ်သည် မိမိ၌ ကိလေသာမီး ငြိမ်းအေး ပြီးဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၇။) (ထေရ၊ဋ္ဌ၊၁၊၂၁၇။)

ဥဂ္ဂတ္ထေရဂါထာ

ဥဂ္ဂနိဂုံးသို့ ဘုရားရှင်ရောက်တော်မူသောအခါ ဘုရားရှင်ထံ ရဟန်းပြုပြီးလျှင် ကမ္မဋ္ဌာန်းကို ကြိုးစား၍မကြာမီ ရဟန္တာဖြစ်သော ဥဂ္ဂမထေရ်သည် အားရှိ မရှိ ကံဟူသမျှကုန်ခမ်းကြောင်းပြောကြား ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၇။) (ထေရ၊ဋ္ဌ၊၁၊၂၁၉။)

သမိတိဂုတ္တတ္ထေရဂါထာ

ကုဋ္ဌရောဂါ စွဲကပ်သော သမိတိဂုတ္တမထေရ်သည် သျှင်သာရိပုတြာ၏ တရားကို နာရ သဖြင့် ဝိပဿနာပွါးကာ ရဟန္တာဖြစ်၍ ပြုခဲ့သော အကုသိုလ်ကံကို အောက်မေ့လျက် ယခုအကုသိုလ်ကံဟူသမျှကို ပယ်ပြီးဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၈။) (ထေရ၊ဋ္ဌ၊၁၊၂၂၁။)

ကဿပတ္ထေရဂါထာ

ဥဒိစ္စပုဏ္ဏားသား ကဿပသည် ဘုရားရှင်၏ တရားတော်ကို နာရ၍ သောတာပန် တည်ကာရဟန်းဖြစ်ပြီးနောက် မြတ်စွာဘုရား ဒေသစာရီ လှည့်လည်ရာသို့ လိုက်ပါ လိုကြောင်း မိခင်ထံခွင့်တောင်းစဉ် အမိ၏ ဆုံးမစကားအတိုင်း ရဟန္တာဖြစ်သောအခါ အမိ၏ စကားကိုထပ်မံ ရွတ်ဆိုသောဂါတာ
(ထေရ၊၂၃၈။) (ထေရ၊ဋ္ဌ၊၁၊၂၂၃။)

သီဟတ္ထေရဂါထာ

မြတ်စွာဘုရား တရားတော်ကို ကြားနာရ၍ သဒ္ဓါပေါ်ပေါက် ရဟန်းအဖြစ်သို့ ရောက်သောသီဟမထေရ်သည် တောအတွင်းတရားအားထုတ်စဉ် တရားထူးကို မရဘဲ ရှိရာ ဘုရားရှင်ကိုယ်တော်တိုင်ကောင်းကင်က ရပ်လျက် ဆုံးမတော်မူမှ အရဟတ္တဖိုလ်ကို ရ၍ ဘုရားသြဝါဒအတိုင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၈။) (ထေရ၊ဋ္ဌ၊၁၊၂၂၅။)

နီတတ္ထေရဂါထာ

ရဟန်း ဖြစ်လျက် အိပ်ကာ စားကာ တိရစ္ဆာနကထာပြောကာဖြင့် အချိန်ကုန်သည်ကို ဘုရားရှင်မြင်တော်မူ၍ ဆုံးမဟောကြားမှ သံဝေဂရ ဝိပဿနာ ပွါးများ ရဟန္တာဖြစ်၍ သော နီတမထေရ်သည်ဘုရားသြဝါဒအတိုင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၈။) (ထေရ၊ဋ္ဌ၊၁၊၂၂၇။)

သုနာဂတ္ထေရဂါထာ

သျှင်သာရိပုတြာထံ ရဟန်းပြုကာ ဝိပဿနာပွါးများ၍ ရဟန္တာဖြစ်သော သုနာဂမထေရ် သည်ရဟန်းတို့အား တရားဟောသည့် အနေဖြင့် ရွတ်ဆိုသော ဂါထာ့၈၅။ ဘာဝနာစိတ်၏ အကြောင်းနိမိတ်ကို ယူခြင်း၌ လိမ္မာသူ, ကမ္မဋ္ဌာန်းကို ဆောင်ခြင်း၌ လိမ္မာသူ, ထင်သော သတိရှိသူ, သမထဝိပဿနာဘာဝနာဖြင့် ရှုဆင်ခြင်သူ ရဟန်းသည် ဆိတ်ငြိမ်မှု 'ဝိဝေက'၏အရသာကို သိ၍ ကာမာမိသ, ဝဋ္ဋာမိသတို့နှင့် မရောနှောသော ချမ်းသာကို ရရာ၏၊
(ထေရ၊၂၃၈။) (ထေရ၊ဋ္ဌ၊၁၊၂၂၉။)

နာဂိတတ္ထေရဂါထာ

မဓုပိဏ္ဍိကသုတ်ကို ကြားနာရ၍ သဒ္ဓါအလျောက် ရဟန်းအဖြစ်သို့ ရောက်လာသော သာကီဝင်မင်းသားနာဂိတမထေရ်သည် မြတ်စွာဘုရားဂုဏ်ကို ချီးကျူး ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၈။) (ထေရ၊ဋ္ဌ၊၁၊၂၃၁။)

ပဝိဋ္ဌတ္ထေရဂါထာ

ပရိဗိုဇ်တို့ထံတွင် ရဟန်းပြုပြီးမှ ဘုရားရှင်ထံသို့ရောက်ကာ သာသနာတွင် ရဟန်း ဖြစ်လာသောပဝိဋ္ဌမထေရ်သည် ဘဝအသစ်အဖြစ်ရန် မရှိတော့ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၈။) (ထေရ၊ဋ္ဌ၊၁၊၂၃၃။)

အဇ္ဈူနတ္ထေရဂါထာ

နိဂဏ္ဌတို့ထံတွင် ရဟန်းပြုပြီးမှ ဘုရားရှင့် ယမိုက်ပြာဋိဟာကိုမြင်ရ၍ သာသနာတော်၌ ရဟန်းပြုသော အဇ္ဇုနမထေရ်သည် ဝိပဿနာကို ပွါး၍ မကြာမီ ရဟန္တာဖြစ်ကာ ပီတိအဟုန်ဖြင့်ဥဒါန်းကျူးသော ဂါထာ
(ထေရ၊၂၃၉။) (ထေရ၊ဋ္ဌ၊၁၊၂၃၄။)

ဒေဝသဘတ္ထေရဂါထာ(ပဌမ)

မြတ်စွာဘုရား တရားကို နာရ၍ မင်းအဖြစ်ကို စွန့် ရဟန်းပြုလာသော ဒေဝသဘ မထေရ်သည်ဝိပဿနာကို ပွါးများ၍ ရဟန္တာဖြစ်သောအခါ ပယ်ပြီးသော ကိလေသာတို့ကို ဆင်ခြင်လျက်ဥဒါန်းကျူးသော ဂါထာ
(ထေရ၊၂၃၉။) (ထေရ၊ဋ္ဌ၊၁၊၂၃၆။)

သာမိဒတ္တတ္ထေရဂါထာ

လောကကို ထိတ်လန့်ကာ သာသနာကိုကြည်ညို၍ ရဟန်းပြုလာသော သာမိဒတ္တမထေရ်သည်တရားကို အားထုတ်၍ မကြာမီ ရဟန္တာဖြစ်သောအခါ မိမိ၏ ပဋိပတ်ကို ပြောကြားရင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၉။) (ထေရ၊ဋ္ဌ၊၁၊၂၃၈။)

ပရိပုဏ္ဏကတ္ထေရဂါထာ

နိဗ္ဗာန်ချမ်းသာကိုသာ ရှာမှီးမည်ဟူသော ရည်ရွယ်ချက်ဖြင့် ရဟန်းပြုလာသော သာကီဝင် မင်းသားပရိပုဏ္ဏကမထေရ်သည် ဝိပဿနာကို ပွါးများ၍ အရဟတ္တဖိုလ်သို့ ရောက်လျှင်နိဗ္ဗာန်အရသာကိုခံစားရကြောင်း ဥဒါန်းကျူးသော ဂါထာ
(ထေရ၊၂၃၉။) (ထေရ၊ဋ္ဌ၊၁၊၂၄၀။)

ဝိဇယတ္ထေရဂါထာ

ရှေးဦးစွာ ရသေ့ပြု နောက်မှ သာသနာတွင်း ရဟန်းဖြစ်လာသော ဝိဇယမထေရ်သည် တရားကိုအားထုတ်၍ မကြာမီ ရဟန္တာဖြစ်လာသောအခါ နိဗ္ဗာန်ကို အာရုံပြုသော ရဟန်း၏သွားရာလမ်းကြောင်းနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၃၉။) (ထေရ၊ဋ္ဌ၊၁၊၂၄၀။)

ဧရကတ္ထေရဂါထာ

မိစ္ဆာဝိတက်အားကြီး၍ ရဟန်းအဖြစ်၌ ငြီးငွေ့နေသော ဧရကမထေရ်သည် ဘုရားရှင် တရားကိုကြားနာရလျှင် သံဝေဂဖြစ်ကာ ဝိပဿနာအားထုတ်၍ မကြာခင် ရဟန္တာ ဖြစ်သောအခါ မြတ်စွာဘုရားကိုချီးမွမ်းသောအားဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၀။) (ထေရ၊ဋ္ဌ၊၁၊၂၄၃။)

မေတ္တဇိတ္ထေရဂါထာ

ရှေးဦးစွာ ရသေ့ပြု၍ နောက်မှ သာသနာတွင်း ရဟန်းဖြစ်လာသော မေတ္တဇိမထေရ်သည်ဝိပဿနာကိုပွါးများ၍ ရဟန္တာဖြစ်သောအခါ မြတ်စွာဘုရားကို ချီးမွမ်းသောအားဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၀။) (ထေရ၊ဋ္ဌ၊၁၊၂၄၅။)

စက္ခုပါလတ္ထေရဂါထာ

မျက်စိကွယ်လျက် ရဟန္တာဖြစ်ရသော သူဌေးသား စက္ခုပါလမထေရ်သည် မိမိအား လာရောက်ခေါ်သောတူ သာမဏေ သီလပျက်သဖြင့် အတူမသွားလို လူမိုက်နှင့် မပေါင်းနိုင်၊ အဖော်မလုပ်နိုင်ကြောင်းရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၀။) (ထေရ၊ဋ္ဌ၊၁၊၂၄၇။)

ခဏ္ဍသုမနတ္ထေရဂါထာ

ဘုရားရှင်ပါဝါပြည် သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် သဒ္ဓါအလျောက် ရဟန်းပြု လာသောခဏ္ဍသုမနမထေရ်သည် ဝိပဿနာ ပွါးများ၍ အဘိညာဉ်ရ ရဟန္တာ ဖြစ်လာသောအခါ မြတ်လေးပန်းတစ်ပွင့်အကျိုးကို ဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၀။) (ထေရ၊ဋ္ဌ၊၁၊၂၅၀။)

တိဿတ္ထေရဂါထာ

ပုက္ကုသာတိမင်းကဲ့သို့ ဘုရားရှင်ကို ရည်မှန်း၍ ရဟန်းပြုလာသော တိဿမထေရ်သည်ဝိပဿနာအားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်လျှင် နှစ်ကြိမ်မြောက် ဘိသိက်သွန်းခြင်း ဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၀။) (ထေရ၊ဋ္ဌ၊၁၊၂၅၂။)

အဘယတ္ထေရဂါထာ

တန်ဆာဆင်ထားသော မိန်းမကိုမြင်၍ ကိလေသာဝင်ပြီးနောက် သတိတရားရလာသောအဘယမထေရ်သည် စိတ်ကို နှိပ်ကာ ဝိပဿနာကို ပွါးလျက် ရဟန္တာဖြစ်သောအခါ ရူပါရုံ၏ အပြစ်ကိုဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၀။) (ထေရ၊ဋ္ဌ၊၁၊၂၅၄။)

ဥတ္တိယတ္ထေရဂါထာ

သဒ္ဓါတရားဖြင့် ရဟန်းပြုလာပါလျက် ဆွမ်းခံသွားရင်း မာတုဂါမ၏ သီချင်းသံကြောင့်ဆန္ဇရာဂဖြစ်ပေါ်လာသော ဥတ္တိယမထေရ်သည် ဆန္ဇရာဂကို ပယ်ခွာ ဝိပဿနာကို ပွါးများလျက်ရဟန္တာအဖြစ်သို့ ရောက်လျှင် မိန်းမအသံ၏ အပြစ်ကို ဖော်ပြရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၁။) (ထေရ၊ဋ္ဌ၊၁၊၂၅၆။)

ဒေဝသဘတ္ထေရဂါထာ(ဒုတိယ)

နိဂြောဓာရုံကျောင်း၌ ဘုရားရှင် သီတင်းသုံးစဉ် သဒ္ဓါ၍ ရဟန်းဖြစ်လာသော ဒေဝသဘ မထေရ်သည်ဝိပဿနာကိုပွါး၍ မကြာခင် ရဟန္တာဖြစ်လာသောအခါ ဝိမုတ္တိပန်းကို ပန်ဆင်သော ရဟန်းအကြောင်းဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၁။) (ထေရ၊ဋ္ဌ၊၁၊၂၅၇။)

ဗေလဋ္ဌာနိကတ္ထေရဂါထာ

သဒ္ဓါ၍ ရဟန်းပြုကာ တောရဆောက်တည်နေပါလျက် ပျင်းရိခြင်း ကြမ်းတမ်းသော စကားကိုပြောဆိုခြင်းဖြင့် နေထိုင်သော ဗေလဋ္ဌာနိကမထေရ်သည် ဘုရားရှင်၏ သြဝါဒ ကြောင့် သံဝေဂရဝိပဿနာကို ပွါး၍ မကြာခင် ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၁။) (ထေရ၊ဋ္ဌ၊၁၊၂၅၉။)

သေတုစ္ဆတ္ထေရဂါထာ

မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုလာသော သေတုစ္ဆမထေရ်သည် ဘုရားရှင့် တရားတော်ကိုနာယူရသည့်အတိုင်း ပရိကမ်ကို အားထုတ်သဖြင့် ရဟန္တာဖြစ်သောအခါလောကဓံကို သည်းမခံနိုင်သူတို့သမာဓိ မရနိုင်ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၁။) (ထေရ၊ဋ္ဌ၊၁၊၂၆၁။)

ဗန္ဓုရတ္ထေရဂါထာ

ကိစ္စတစ်ခုကြောင့်အခြားသူများနှင့်အတူ ဘုရားရှင့်ထံရောက်၍ တရားကို နာရသဖြင့် ရဟန်းပြုသောသူဌေးသား ဗန္ဓုရမထေရ်သည် ဉာဏ်ရင့်သည့်အလျောက် တရားအား ထုတ်ကာ ရဟန္တာဖြစ်သောအခါတရားအရသာအကြောင်း ဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၂။) (ထေရ၊ဋ္ဌ၊၁၊၂၆၃။)

ခိတကတ္ထေရဂါထာ

အသျှင်မဟာမောဂ္ဂလ္လာန်၏ တန်ခိုးကြီးပုံကို ကြားရ၍ ဘုရားရှင့်ထံ ရဟန်းပြုလာသောခိတကမထေရ်သည် ကမ္မဋ္ဌာန်းယူကာ အားထုတ်သဖြင့် မကြာခင် ရဟန္တာဖြစ်သောအခါ ရူပကာယ၏ပေါ့ပါးပုံကို ဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၂။) (ထေရ၊ဋ္ဌ၊၁၊၂၆၅။)

မလိတဝမ္ဘတ္ထေရဂါထာ

ပစ္ဆာဘူတမထေရ်ထံတွင် တရားနာ ရဟန်းပြု ဝိပဿနာ ပွါးများ၍ ရဟန္တာဖြစ်သောမလိတဝမ္ဘမထေရ်သည် လေကုတ္တရာ အကျိုးစီးပွါးနှင့် မဆက်သော နေခြင်းဖြင့် မနေသင့်ကြောင်းရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၂။) (ထေရ၊ဋ္ဌ၊၁၊၂၆၇။)

သုဟေမန္တတ္ထေရဂါထာ

သင်္ကဿနဂိုရ်ပြည်၌ သီတင်းသုံးသော ဘုရားရှင့်ထံတွင် တရားနာ ရဟန်းပြုလာသောသုဟေမန္တမထေရ်သည် ပိဋကတ် ၃ ပုံ ဆောင်ခြင်း ဝိပဿနာပွါးခြင်းဖြင့် အဘိညာဉ်ရ ပဋိသမ္ဘိဒါရောက်ရဟန္တာဖြစ်သောအခါ ပညာရှိသူသာ များစွာမြင်သိနိုင်ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၂။) (ထေရ၊ဋ္ဌ၊၁၊၂၆၉။)

ဓမ္မသဝတ္ထေရဂါထာ

အိမ်ရာထောင်ခြင်း၏ အပြစ်, ရဟန်းပြုခြင်း၏ အကျိုးကို မြင်၍ ဘုရားရှင့်ထံ တရားနာယူ ရဟန်းပြုသော ဓမ္မသဝမထေရ်သည် ဝိပဿနာကို ပွါး၍ မကြာခင် ရဟန္တာ ဖြစ်သောအခါ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၂။) (ထေရ၊ဋ္ဌ၊၁၊၂၇၁။)

ဓမ္မသဝပိတုတ္ထေရဂါထာ

သားရဟန်းပြုသည်ကို အားကျ သံဝေဂဉာဏ်ထင် ဘုရားရှင့်ထံ ရဟန်းပြုသော ဓမ္မသဝပိတုမထေရ်သည်ဝိပဿနာကိုပွါး၍ မကြာခင် ရဟန္တာဖြစ်လျှင် အသက်၁၂၀ ရှိမှ ရဟန်းပြုကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၃။) (ထေရ၊ဋ္ဌ၊၁၊၂၇၃။)

သံဃရက္ခိတတ္ထေရဂါထာ

သဒ္ဓါ၍ ရဟန်းပြုလာသော သံဃရက္ခိတမထေရ်သည် သားငယ်ကို မစွန့်ခွာနိုင်သော သမင်မကိုမြင်ရာတွင် သံဝေဂရကာ ဝိပဿနာကိုပွါးများ၍ ရဟန္တာဖြစ်လျှင် သမင်မ ဥပမာတင်၍ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၃။) (ထေရ၊ဋ္ဌ၊၁၊၂၇၄။)

ဥသဘတ္ထေရဂါထာ

သူကြွယ်မျိုးမှ ရဟန်းပြုလာသော ဥသဘမထေရ်သည် တနေ့သ၌ လှိုင်ဂူမှ အထွက် မိုးဥတုကြောင့်အခက်အလက်စည်ကားနေသောတောကို မြင်ရလျင် ငါလည်း ဥတူသပ္ပါယ ကောင်းခိုက်အားထုတ်မည်ဟူသော ဇွဲဖြင့် အားထုတ်ရာ ရဟန္တာဖြစ်လေသဖြင့် မိမိ၏ ဥတုသပ္ပါယအခြေခံကို ဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၃။) (ထေရ၊ဋ္ဌ၊၁၊၂၇၆။)

ဇေန္တတ္ထေရဂါထာ

ဘုရားရှင့်ထံ ရဟန်းပြု၍ ဘုရားရှင့်ထံမှ ကမ္မဋ္ဌာန်းကိုယူ ဝိပဿနာကို ပွါးများသဖြင့် ခိပ္ပါဘိညအဖြစ်အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရသော ဇေန္တမထေရ်သည် ရဟန်းအဖြစ် ခဲယဉ်းပုံ စသည်ကို ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၃။) (ထေရ၊ဋ္ဌ၊၁၊၂၇၈။)

ဝစ္ဆဂေါတ္တတ္ထေရဂါထာ

ဗေဒင်၌ အနှစ်သာရကို မမြင်၍ ဘုရားရှင့်ထံ ရဟန်းပြုကာ ဝိပဿနာပွါးများ၍ ရဟန္တာဖြစ်လာသောဝစ္ဆဂေါတ္တမထေရ်သည် ဝိဇ္ဇာသုံးပါးသို့ ရောက်ရကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၄။) (ထေရ၊ဋ္ဌ၊၁၊၂၈၀။)

ဝနဝစ္ဆတ္ထေရဂါထာ

ဗိမ္ဗိသာရမင်းကြီး၏တရားပွဲ၌ သဒ္ဓါတရားဖြစ်ပေါ်၍ ရဟန်းပြုလာသော ဝနဝစ္ဆမထေရ် သည်အရဟတ္တဖိုလ်သို့ ရောက်သောအခါ ကျောက်တောင်၏ မွေ့လျော်ဖွယ် ကောင်းပုံကို ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၄။) (ထေရ၊ဋ္ဌ၊၁၊၂၈၂။)

အဓိမုတ္တတ္ထေရဂါထာ

နောက်ဆုံးဘဝဖြစ်၍ ဝဋ်မှထွက်ကြောင်းကို ရှာရင်း ဘုရားရှင့်ထံတွင် ရဟန်းပြု လာသောအဓိမုတ္တမထေရ်သည် ဝိပဿနာကို ပွါးများ၍ မကြာမီ ရဟန္တာဖြစ်သောအခါ ခန္ဓာကိုယ်ကို မွေးမြူခြင်း၏အပြစ်ကို ဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၄။) (ထေရ၊ဋ္ဌ၊၁၊၂၈၄။)

မဟာနာမတ္ထေရဂါထာ

ဘုရားရှင့်ထံ ရဟန်းပြု၍ တရားအားထုတ်သော်လည်း တရားမရ၊ တောင်ထိပ်သို့ တက်ကာ''တရားမရလျှင် တောင်ပေါ်က တွန်းချမည်''ဟု ကိုယ့်ကိုယ်ကို ခြိမ်းချောက် အားထုတ်မှအရဟတ္တဖိုလ်ရသော မဟာနာမမထေရ်သည် မိမိကိုယ်ကို ခြိမ်းချောက်ရ ကြောင်း ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၄။) (ထေရ၊ဋ္ဌ၊၁၊၂၈၈။)

ပါရာပရိယတ္ထေရဂါထာ

ရာဇဂြိုဟ်ပြည်သို့ ဘုရားရှင် ကြွလာစဉ် ဘုရားအာနုဘော်ကို မြင်၍ ရဟန်းပြုသော ဗေဒပါရဂူ ပါရာပရိယမထေရ်သည် မိမိ၏ ပဋိပတ်ကို ဆင်ခြင်၍ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၄။) (ထေရ၊ဋ္ဌ၊၁၊၂၉၀။)

ယသတ္ထေရဂါထာ

ကာမဂုဏ်ကို ထိတ်လန့်ကာ ဘုရားရှင့်ထံ ရောက်လာ၍ သစ္စာဒေသနာ နာရသဖြင့် သောတာပန်တည်၊ ဖခင်လိုက်လာသောအခါ ရဟန္တာဖြစ်သော သူဌေးသား ယသမထေရ်သည် ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့် ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၅။) (ထေရ၊ဋ္ဌ၊၁၊၂၉၄။)

ကိမိလတ္ထေရဂါထာ

လှပတင့်တယ်သော မိန်းမငယ်အသွင်ကို ရှေးဦးပြ၊ နောက်မှ အိုရုပ် နာရုပ် ဖန်ဆင်းပြ တော်မူ သဖြင့် အလွန်ထိတ်လန့်၍ ရဟန်းပြု ဝိပဿနာပွါးများ မကြာမီ ရဟန္တာ ဖြစ်သော ကိမိလမထေရ်သည်မိမိထင်မြင်ခဲ့ပုံကို ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၅။) (ထေရ၊ဋ္ဌ၊၁၊၂၉၈။)

ဝဇ္ဇိပုတ္တတ္ထေရဂါထာ

ဆင်ဆရာဖြစ်ရာမှ တရားတော်ကို နာရသဖြင့် ရဟန်းပြုလာသော ဝဇ္ဇိပုတ္တမထေရ်သည် ဝိပဿနာပွါး၍အဘိညာဉ်ရ၊ ရဟန္တာဖြစ်သောအခါ အာနန္ဇာမထေရ်အား ပြောကြားသော ဂါထာ
(ထေရ၊၂၄၅။) (ထေရ၊ဋ္ဌ၊၁၊၃၀၀။)

ဣသိဒတ္တတ္ထေရဂါထာ

စိတ္တသူကြွယ် အဒိဋ္ဌသဟာယဖြစ်၍ သတင်းကြားဖြင့် သျှင်မဟာကစ္စည်းထံ ရဟန်းပြု လာသောဣသိဒတ္တမထေရ်သည် ဝိပဿနာပွါးများ၍ အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ မိမိရရှိသောအရဟတ္တဖိုလ်ကို ဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၄၅။) (ထေရ၊ဋ္ဌ၊၁၊၃၀၂။)

ဥတ္တရတ္တေရဂါထာ

သူခိုးဟု အထင်မှားကာ ဖမ်းဆီးချုပ်နှောင် သံတံကျင်အလျှိုခံရသော ဥတ္တရသာမဏေ သည်ဘုရားရှင်ကိုယ်တော်တိုင် ကြွလာ၍ တရားပြ ဆုံးမသည့်အတိုင်း ဝိပဿနာပွါးများ အဘိညာဉ်ရ၊ ရဟန္တာဖြစ်သောအခါ ဘဝဟူသမျှ အမြဲမရှိကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၄၆။) (ထေရ၊ဋ္ဌ၊၁၊၃၀၃။)

ပိဏ္ဍောလဘာရဒွါဇတ္ထေရဂါထာ

ဥတေနမင်း၏ ပုရောဟိတ်သား ဘာရဒွါဇသည် ဘုရားရှင့်တံ ရဟန်းပြု ဝိပဿနာ ပွါး၍ မကြာမီ ရဟန္တာဖြစ်သောအခါ သီဟနာဒဧတဒဂ်ရ ပုဂ္ဂိုလ်ဖြစ်ပြီးနောက် အာဟာရနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၄၇။) (ထေရ၊ဋ္ဌ၊၁၊၃၁၀။)

ဝလ္လိယတ္ထေရဂါထာ

မိတ်ဆွေကောင်း၏ ကျေးဇူးဖြင့် ဘုရားရှင့်ထံတွင် တရားနာယူကာ သဒ္ဓါ၍ ရဟန်းပြု လာသောဝလ္လိယမထေရ်သည် တရားကို အားထုတ်၍ မကြာမီ ရဟန္တာဖြစ်သောအခါ စိတ်သည် မျောက်နှင့်တူကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၄၇။) (ထေရ၊ဋ္ဌ၊၁၊၃၁၃။)

ဂင်္ဂါတီရိယတ္ထေရဂါထာ

အမိနှင့် နှစ်မအား မယားကြီး မယားငယ် ပြုခဲ့မိသည်ကို သိ၍ သံဝေဂရလျက် ရဟန်းပြုပြီးနောက့်အရဟတ္တဖိုလ်ကို မရမချင်း စကားမပြောဆောက်တည်လျက် နေခဲ့ရာ သူအ,ဟူ ၍အထင်ခံရသော ဂင်္ဂါတီရယမထေရ်သည် သုံးနှစ်မြောက်တွင် အရဟတ္တဖိုလ်ရ၍ မိမိရဟန္တာဖြစ်ရပုံကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၄၇။) (ထေရ၊ဋ္ဌ၊၁၊၃၁၅။)

အဇိနတ္ထေရဂါထာ

ဆင်းရဲနွမ်းပါးသဖြင့် လှည့်လည်သွားလာရင်း ဘုရားရှင့်ထံ ရောက်ကာ ရဟန်း ပြု၍လာသောအဇိနမထေရ်သည် ဝိပဿနာအားထုတ် မကြာမီ ရဟန္တာဖြစ်သော အခါ ပညာနည်းသူတို့ မထီမဲ့မြင်ပြုတတ်ကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၄၈။) (ထေရ၊ဋ္ဌ၊၁၊၃၁၇။)

မေဠဇိနတ္ထေရဂါထာ

ဝိဇ္ဇာသိပ္ပတို့၌ အပြီးသို့ရောက် တတ်မြောက်ပြီးနောက် မိဂဒါဝုန်တော ဘုရားရှင့်ထံ ရောက်လာ၍ရဟန်းပြု ဝိပဿနာကို ပွါးများကာ ရဟန္တာဖြစ်သည်တွင် ဥတ္တရိ မနုဿဓမ္မကို မေးသဖြင့် ရဲရင့်စွာဖြေဆိုပြောကြားသော ဂါထာများ
(ထေရ၊၂၄၈။) (ထေရ၊ဋ္ဌ၊၁၊၃၁၉။)

ရာဓတ္ထေရဂါထာ

အိုကြီးအိုမှ သျှင်သာရိပုတြာထံတွင် ရဟန်းပြု၍ ဝိပဿနာ ပွါးများကာ ရဟန္တာ ဖြစ်လာသော ရာဓမထေရ်သည် အမိုးမရှိသော အိမ်ဥပမာဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၄၈။) (ထေရ၊ဋ္ဌ၊၁၊၃၂၁။)

သုရာဓတ္ထေရဂါထာ

ရဓမထေရ်၏ ညီ ဖြစ်သော သုရာဓမထေရ်သည် အစ်ကိုကြီး၏ အတုကို ယူကာ ရဟန်းပြုတရားအားထုတ်၍ အရတ္တဖိုလ်ကို ရရှိသောအခါ တဏှာကုန်ကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၄၈။) (ထေရ၊ဋ္ဌ၊၁၊၃၂၃။)

ဂေါတမတ္ထေရဂါထာ

မသူတော်တို့နှင့် ပေါင်းမိ၍ အကျင့်ပျက်စီးပြီးနောက် သံဝေဂရလာခိုက် ဘုရားရှင် ကြွလာသည်ကိုမြင်ကာ တရားတော်ကို နာယူကြည်ဖြူသဖြင့် ရဟန်းပြုလာသော ဂေါတမ မထေရ်သည်ဝိပဿနာပွါးများ သင်ဓုန်းသွားအဆုံး (ခေါင်းရိတ်အပြီး) တွင် ရဟန္တာဖြစ်၍ မိန်းမတို့အပြစ်ကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၄၉။) (ထေရ၊ဋ္ဌ၊၁၊၃၂၄။)

ဝသဘတ္ထေရဂါထာ

လိစ္ဆေဝီမင်းသားဝသဘမထေရ်သည် ဝိပဿနာပွါးများသဖြင့် မကြာမီ ရဟန္တာဖြစ်လာ သောအခါလူအပေါင်းကို လှည့်စားသော ရဟန်းအကြောင်းနှင့် စပ်လျဉ်း၍ သိကြား မင်းအား ဖြေကြားသော ဂါထာများ
(ထေရ၊၂၄၉။) (ထေရ၊ဋ္ဌ၊၁၊၃၂၆။)

မဟာစုန္ဒတ္ထေရဂါထာ

သျှင်သာရိပုတြာ၏ ညီ ငယ် စုန္ဇသည် အရွယ်ရောက်သောအခါ နောင်တော့်ထံတွင် ရှင်ရဟန်းပြု၍ဝိပဿနာကို အားထုတ်ခြင်းဖြင့် မကြာမီ အဘိညာဉ်ရ အရတ္တဖိုလ်ရောက် ပုဂ္ဂိုလ်ဖြစ်၍ မိမိ၏ ရရှိသောတရားပြည့်စုံခြင်း အကြောင်းကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၄၉။) (ထေရ၊ဋ္ဌ၊၁၊၃၃၁။)

ဇောတိဒါသတ္ထေရဂါထာ

သျှင်မဟာကဿပထံတွင် တရားနာ သဒ္ဓါ၍ ရဟန်းပြုလာသော ဇောတိဒါသမထေရ် သည်ဝိပဿနာပွါးများ၍ မကြာမီ ရဟန္တာအဘိညာဉ်ရဖြစ်သောအခါ ပုဏ္ဏားတို့၏ ပဉ္စာတပအကျင့်ကိုနှိပ်နင်း၍ ထိုပုဏ္ဏားတို့အား ရဟန်းပြုစေပြီးနောက် ဘုရားရှင့်ထံ လာရောက်ဖူးမြော်ပြီး မိမိ၏မွေးဖွားရာသို့ သွားကာ ကံအကျိုးပေးပုံနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၀။) (ထေရ၊ဋ္ဌ၊၁၊၃၃၄။)

ဟေရညကာနိတ္ထေရဂါထာ

ကောသလမင်း၏ ရွာသူကြီးသား ဟေရညကာနိသည် ဇေတဝန်ကျောင်းတော် ခံယူပွဲတွင် ဘုရားရှင့်တန်ခိုးတော်ကို ကြည်ညိုသဖြင့် ရဟန်းပြု ဝိပဿနာပွါးများ မကြာမီ ရဟန္တာဖြစ်သောအခါအလုပ်အကိုင်၌သာ မွေ့လျော်သော မိမိညီအား ဆုံးမ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၀။) (ထေရ၊ဋ္ဌ၊၁၊၃၃၇။)

သောမမိတ္တတ္ထေရဂါထာ

ဗေဒပါရဂူ ဖြစ်၍ ဝိမလမထေရ်ထံ တရားနာ ရဟန်းပြုပြီးလျှင် သျှင်မဟာကဿပ၏ အဆုံးအမ၌တည်လျက် ဝိပဿနာပွါးများခြင်းဖြင့် အရဟတ္တဖိုလ်ရောက်သော သောမ မိတ္တမထေရ်သည် ပျင်းရိသောဝိမလမထေရ်ကို ဆုံးမခြိမ်းချောက် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၀။) (ထေရ၊ဋ္ဌ၊၁၊၃၃၉။)

သဗ္ဗမိတ္တတ္ထေရဂါထာ

သဒ္ဓါသဖြင့် ရဟန်းပြုလာသော သဗ္ဗမိတ္တမထေရ်သည် တောကျောင်းမှ ဘုရားရှင့်ထံသို့ လာရာလမ်းတွင်မုဆိုးတို့ထောင်ထားသော ကျော့ကွင်း၌ မိနေသော သမင်ကလေးအတွက် သမင်မကြီး မခွာနိုင်ပုံနှင့်ယောက်ျားတစ်ဦး မီးရှို့ခံရ၍ မြည်တမ်းပုံတို့ကို တွေ့မြင် ထိတ်လန့်ကာ ဝိပဿနာပွါးများရဟန္တာဖြစ်သောအခါ အချင်းချင်း နှိပ်စက်ကြပုံကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၁။) (ထေရ၊ဋ္ဌ၊၁၊၃၄၁။)

မဟာကာဠတ္ထေရဂါထာ

သုသာန်ဓုတင်ဆောင် မဟာကာဠမထေရ်သည် ကမ္မဌာန်းရှုရန် ထားလာသောသူသေကောင်အစိတ်အပိုင်းတို့ကို တွေ့မြင်၍ ကိလေသာ ဥပဓိမဖြစ်စေသင့်ကြောင်း မိမိကိုယ်ကိုဆုံးမ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၁။) (ထေရ၊ဋ္ဌ၊၁၊၃၄၃။)

တိဿတ္ထေရဂါထာ

ဗေဒပါရဂူဖြစ်၍ လူငယ်ငါးရာတို့ကို ပညာသင်ကြားပေးနေရာမှ ဘုရားရှင်နှင့် တွေ့ကာ သဒ္ဓါသဖြင့် ရဟန်းပြုလာသော တိဿမထေရ်သည် တရားအားထုတ်၍ မကြာမီ အရဟတ္တဖိုလ်သို့ရောက်လျှင်လာဘ်ပူဇော်သကာ၏ ရန်သူဖြစ်ပုံကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၁။) (ထေရ၊ဋ္ဌ၊၁၊၃၄၆။)

ကိမိလတ္ထေရဂါထာ

သျှင်အနုရုပဒ္ဓါ သျှင်နန္ဒိယတို့နှင့်အတူ ပေါင်းဖော်ဘက်ဖြစ်သော အသျှင်ကိမိလသည်ရဟန္တာဖြစ်သောအခါ ရူပါရုံစသည်၌ မွေ့လျော်မှုကို စွန့်၍ တရား၌ မွေ့လျော်ပုံကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၁။) (ထေရ၊ဋ္ဌ၊၁၊၃၅၀။)

နန္ဒတ္ထေရဂါထာ

ဘုရားရှင့် ညီတော် နန္ဇမထေရ်သည် ဇနပဒကလျာနဏီ အတွက် ရမက်များသော်လည်း ဘုရားရှင်၏ ဥပါယ်တမျဉ်ဖြင့် ဝိပဿနာပွါးများ၍ မကြာမီ ရဟန္တာဖြစ်သောအခါ ဘုရားရှင်ကြောင့်လမ်းမှန်ရောက်ပုံကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၂။) (ထေရ၊ဋ္ဌ၊၁၊၃၅၁။)

သိရိမတ္ထေရဂါထာ

မွေးကတည်းက ကြက်သရေတိုးပွါးခဲ့သော သိရိမထေရ်သည် ဘုရားရှင်၏ အာနုဘော်ကို ကြည်ညို၍ရဟန်းပြုပြီးလျှင် လာဘ်ပူဇော်မှုကို မငဲ့ကွက် ဝိပဿနာကိုသာ ကြိုးစားသဖြင့် မကြာမီ အဘိညာဉ်ရရဟန္တာဖြစ်၏၊ ထိုအခါ ပညာမဲ့သူတို့ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းနှင့် စပ်လျဉ်း၍ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၂။) (ထေရ၊ဋ္ဌ၊၁၊၃၅၅။)

ဥတ္တရတ္ထေရဂါထာ

ကာဠကာရာမသုတ္တန်ကို ဟောရာ၌ သဒ္ဓါပွါးကာ ရဟန်းပြုလာသော ဥတ္တရမထေရ်သည်ဘုရားရှင်နှင့်အတူ ရာဇဂြိုဟ်မြို့၌နေစဉ် ဝိပဿနာပွါးများ၍ အဘိညာဉ်ရ ရဟန္တာဖြစ်ပြီး နောက်သာဝတ္ထိပြည်အရောက်တွင် ရဟန်းများက မေးသဖြင့် ဖြေကြားသော ဂါထာများ
(ထေရ၊၂၅၂။) (ထေရ၊ဋ္ဌ၊၁၊၃၆၀။)

ဘဒ္ဒဇိတ္ထေရဂါထာ

ကုဋေရှစ်ဆယ်ကြွယ်ဝ ဘဒ္ဒိယဌေး၏ တစ်ဦးတည်းသောသား ဘဒ္ဒဇိသည် အခြံအရံ များနှင့်အတူ ဘုရားရှင့်ထံ တရားနာယူစဉ် အဆင်တန်ဆာ ဝတ်ဆင်ထားလျက်ပင် ရဟန္တာဖြစ်သွား၏၊ အကယ်၍ရဟန်းမပြုလျှင် အသက်ဆုံးရန် (နိဗ္ဗာန်စံရန်) ဖြစ်သောကြောင့် ရဟန်းပြု မဟာပနာဒဇာတ်ကို ဟောကာရှေးအဖြစ်ကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၃။) (ထေရ၊ဋ္ဌ၊၁၊၃၆၂။)

သောဘိတတ္ထေရဂါထာ

ဘုရားရှင်တရားကို နာရ၍ ရဟန်းပြုသော သောဘိတမထေရ်သည် ဝိပဿနာ ပွါးများသဖြင့့်အဘိညာဉ်ရ ရဟန္တာဖြစ်လျှင် ပုဗ္ဗေနိဝါသဉာဏ်အရာ၌ ဧတဒဂ်ရ၍ ယင်းဉာဏ်၏ အကြောင်း ပဋိပတ်ကိုဆင်ခြင်၍ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၃။) (ထေရ၊ဋ္ဌ၊၁၊၃၆၇။)

ဝလ္လိယတ္ထေရဂါထာ

သျှင်မဟာကစ္စည်းထံတွင် ရဟန်းပြုခဲ့သော ငယ်မည်ကဏှမိတ္တအမည်ရှိခဲ့၍ ပညာနုန့် သူဖြစ်ကာသူတစ်ပါးကိုသာ မှီခိုရသောကြောင့် နွယ်နှင့်တူသူ ဝလ္လိယဟူ၍ ထင်ရှားသော မထေရ်သည် နောင်ဉာဏ်ရင့်လျက် ဝိပဿနာ ပွါးသောအခါ ရဟန္တာ ဖြစ်လေ၏၊ တရားတောင်းစဉ်ကလျှောက်ထားသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၃။) (ထေရ၊ဋ္ဌ၊၁၊၃၇၁။)

ဝီတသောကတ္ထေရဂါထာ

ဝိဇ္ဇာသိပ္ပတို့၌ တတ်မြောက်ပြီးနောက် ဂိရိဒတ္တမထေရ်ထံမှ သုတ် အဘိဓမ္မာတို့ကို နိုင်နင်းသော (အသောကမင်း၏ ညီငယ်) ဝီတသောကမင်းသားသည် မှန်ကြည့်ရင်း တရားရ သံဝေဂဖြစ်တရားနှလုံးသွင်းရာ ချက်ချင်း သောတာပန်တည်၊ ရဟန်းပြု မကြာခင် ရဟန္တာ ဖြစ်သောအခါမိမိဖြစ်ရပုံကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၃။) (ထေရ၊ဋ္ဌ၊၁၊၃၇၅။)

ပုဏ္ဏမာသတ္ထေရဂါထာ

မွေးဖွားချိန်၌ အိမ်ရှိခွက်ဟူ သမျှ ရတနာတို့ဖြင့် ပြည့်သောကြောင့် ပုဏ္ဏမာသ အမည်ရသော သူဌေးသားသည် သားတစ်ယောက်ရပြီးမှ စွန့်ခွာ ရဟန်းပြု၍ တရား အားထုတ်ရာ အဘိညာဉ်ရရဟန္တာဖြစ်ပြီးနောက် ကျန်ရစ်သောသား သေဆုံး၍ မယား ဟောင်းက ဖြားယောင်းသော်လည်းလူမထွက်နိုင်ကြောင်း ရွတ်ဆိုဟောကြားသော ဂါထာများ
(ထေရ၊၂၅၄။) (ထေရ၊ဋ္ဌ၊၁၊၃၇၈။)

နန္ဒကတ္ထေရဂါထာ

သောဏကောဠိဝိသ ရဟန်းပြုသည်ကို အားကျ၍ ရဟန်းပြုသော နန္ဇသည် ကိလေသာ အားကြီး၍တရားအားမထုတ်နိုင်၊ နောက်မှ ဝန်ရုံးသော နွားကို ပြကာ ဆုံးမသော ဘရတမထေရ်၏ စကားအရဝိပဿနာကို ပွါးများသည်တွင် မကြာခင် ရဟန္တာဖြစ်၍ အာဇာနည် နွားလားဥသဘပမာထား၍ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၄။) (ထေရ၊ဋ္ဌ၊၁၊၃၈၀။)

ဘရတတ္ထေရဂါထာ

နန္ဇကထေရ်၏ နောင်တော် ဘရတမထေရ်သည် သောဏမထေရ်ထံမှ တရားနာ၍ရဟန်းပြုခဲ့သည့်အတိုင်း တရားအားထုတ်သဖြင့် မကြာခင် အဘိညာဉ်ရ ရဟန္တာဖြစ်၏၊ ထိုအခါညီ တော်ကို ခေါ်သောအားဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၄။) (ထေရ၊ဋ္ဌ၊၁၊၃၈၂။)

ဘာရဒွါဇတ္ထေရဂါထာ

ဘာရဒ္ဇါဇအိမ်ထောင်ကျ၍ သားတစ်ယောက်ရရာ ကဏှဒိန္နအမည်ပေး၊ တက္ကသိုလ်သို့ ပညာသင်လွှတ်သည်တွင် မဟာထေရ်တစ်ပါးထံတွင် ရဟန်းပြု မကြာမီ ရဟန်းန္တာဖြစ်၏၊ အဖလည်း ဘုရားရှင်ထံရဟန်းပြု ရဟန္တာဖြစ် သားရဟန္တာက ဘုရားထံ အဖူးလာရာ တွင် အဖရဟန္တာကို မြင်၍ရဟန်းကိစ္စပြီးမပြီးမေးရာ အဖရဟန္တာက ပြန်ပြောသော ဂါထာများ
(ထေရ၊၂၅၄။) (ထေရ၊ဋ္ဌ၊၁၊၃၈၅။)

ကဏှဒိန္နတ္ထေရဂါထာ

ဘာရဒွါဇ၏သား ကဏှဒိန္နသည် သျှင်သာရိပုတြာထံ တရားနာ ရဟန်းပြု ဝိပဿနာပွါးရဟန္တာဖြစ်သောအခါ အရိယမဂ်ခရီးသို့ ဆိုက်ရောက်ကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၅။) (ထေရ၊ဋ္ဌ၊၁၊၃၈၇။)

မိဂသိရတ္ထေရဂါထာ

လူသေ၏ ဦးခေါင်းရိုးကို တီးခေါက်ခြင်းဖြင့် လားရာ ဘဝကို သိနိုင်သော မန္တံရသူ မိဟသိရသည်သာဝတ္ထိပြည် ဘုရားရှင့်ထံ ရောက်လျှင် ပရိနိဗ္ဗာန်ပြုသူ၏ ဦးခေါင်းရိုးကို ခေါက်စေရာတွင် မသိနိုင်၍ဘုရားရှင့်ထံရဟန်းပြုကာ ဝိပဿနာပွါးများသဖြင့် ရဟန္တာ ဖြစ်သောအခါ မဂ်အစဉ်ဖြင့်အရဟတ္တဖိုလ်ရရှိကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၅။) (ထေရ၊ဋ္ဌ၊၁၊၃၈၉။)

သိဝကတ္ထေရဂါထာ

ဝိဇ္ဇာသိပ္ပပြည့်စုံပြီးမှ ကာမဂုဏ်ကို စွန့်၍ ပရိဗိုဇ်ရဟန်းပြုကာ လှည့်လည်ရင်း ဘုရားရှင့်ထံရဟန်းပြုလျက် ဝိပဿနာပွါးများသဖြင့် ရဟန္တာဖြစ်သော သိဝကမထေရ် သည်တဏှာယောက်ျားလက်သမားကို မြင်ပြီးဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၅။) (ထေရ၊ဋ္ဌ၊၁၊၃၉၁။)

ဥပဝါဏတ္ထေရဂါထာ

ဇေတဝန်ကျောင်းတော်ခံယူပွဲ၌ ဘုရားရှင့်တန်ခိုးတော်ကို တွေ့မြင်ကြည်ညိုကာ ရဟန်း ပြုသောဥပဝါဏမထေရ်သည် ဝိပဿနာကို ပွါးများ၍ အဘိညာဉ်ရ ရဟန္တာဖြစ်ပြီးသော အခါ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်၍ မြတ်စွာဘုရား လေရောဂါဖြစ်ရာ ဒေဝဟိတ ပုဏ္ဏားအား ရေနွေးလှူရန် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၆။) (ထေရ၊ဋ္ဌ၊၁၊၃၉၃။)

ဣသိဒိန္နတ္ထေရဂါထာ

သုနာပရန္တတိုင်းသား သူဌေးမျိုး ဣသိဒိန္နသည် စန္ဇကူးကျောင်းအလှူပွဲတွင် ဘုရား ရှင်၏တန်ခိုးတော်ကို တွေ့မြင်ကြည်ညို၍ တရားနာသောတာပန်ဖြစ်ပြီး လူ့ဘောင်၌ နေရာ နတ်သားတစ်ဦးက၄င်းကို ဂါထာဖြင့် စောဒနာ၏၊ ထိုအခါ ရဟန်းပြုပြီးလျှင် မကြာခင် ရဟန္တာဖြစ်၍ နတ်သားစောဒနာသည့်အတိုင်း တဖန် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၆။) (ထေရ၊ဋ္ဌ၊၁၊၃၉၉။)

သမ္ဗုလကစ္စာနတ္ထေရဂါထာ

ကြောက်မက်ဖွယ် မိုးကြိုးထစ်ချုန်းသည်ကို ဂရုမစိုက် ပမာမထား ကြောက်မက်ဖွယ် ကောင်းသောလိုဏ်ဂူတွင်း၌ တည်ကြည်သော စိတ်ဖြင့် တရားအားထုတ်ကာ အဘိညာဉ်ရ ရဟန္တာဖြစ်ရသော သမ္ဗုလကစ္စနမထေရ်သည် မိမိ၏ ပဋိပတ်ကို ဆင်ခြင်ကာ ဝမ်းမြောက်ခြင်းဖြင့် ဥဒါန်းကျူးသော ဂါထာများ
(ထေရ၊၂၅၆။) (ထေရ၊ဋ္ဌ၊၁၊၄၀၀။)

နိတကတ္ထေရဂါထာ

ကောသလတိုင်းသား နိတကသည် ဘုရားရှင့်ထံ၌ တရားနာရ၍ သဒ္ဓါပေါက် ရဟန်းအဖြစ်သို့ရောက်ပြီးလျှင် တောဝင် တရားအားထုတ်သဖြင့် ရဟန္တာဖြစ်သောအခါ မိမိ၏ မတုန်လှုပ်ကြောင်းကိုဖော်ပြ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၇။) (ထေရ၊ဋ္ဌ၊၁၊၄၀၂။)

သောဏပေါဋိရိယတ္ထေရဂါထာ

ဘဒ္ဒိယမင်းသား ရဟန်းပြုသောအခါ စစ်သူကြီးဖြစ်သော ငါသည် အဘယ်ကြောင့်ရဟန်းမပြုနိုင်အံ့နည်းဟု အားကျကာ ရဟန်းပြုသော သောဏမထေရ်သည် အိပ်ကျူးခြင်းကြောင့်တရားထူးမရ ဘုရားရှင်၏ သြဝါဒကို ကြားရမှ အရှုံးမပေးသောစိတ်ဖြင့် ပွါးများမှအရဟတ္တဖိုလ်သို့ရောက်သောအခါ မိမိ၏ စိတ်နေစိတ်ထားကို ဖော်ပြ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၇။) (ထေရ၊ဋ္ဌ၊၁၊၄၀၄။)

နိသဘတ္ထေရဂါထာ

သာကီဝင်မင်းတို့၏ စစ်ပွဲတွင် ဘုရားရှင့်အာနုဘော်ကို မြင်၍ ရဟန်းပြုကာ ထိုနေ့မှာပင်အရဟတ္တဖိုလ်ကို ရရှိသော နိသဘမထေရ်သည် ခန္ဓပရိနိဗ္ဗာန်ပြုခြင်းကိုသာ မြော်လင့်ကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၇။) (ထေရ၊ဋ္ဌ၊၁၊၄၀၆။)

ဥသဘတ္ထေရဂါထာ

ဘုရားရှင့်အာနုဘော်ကို မြင်၍ ရဟန်းပြုပြီးနောက် သတိမေ့လျော့ပေါ့တန်စွာ နေမိ၍ မကောင်းသောအိပ်မက်မက်သည်တွင် သံဝေဂရကာ ဝိပဿနာပွါးများသဖြင့် မကြာမီ ရဟန္တာဖြစ်သောဥသဘမထေရ်သည် မိမိ၏ အဖြစ်ကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၈။) (ထေရ၊ဋ္ဌ၊၁၊၄၀၈။)

ကပ္ပဋကုရတ္ထေရဂါထာ

မြက်ရောင်းသမားဘဝမှ ရဟန္တာတစ်ပါးကို တွေ့မြင်၍ တရားနာယူသံဝေဂဖြစ်ပွါးကာ ရဟန်းပြုပြီးမှ
(ထေရ၊၂၅၈။) (ထေရ၊ဋ္ဌ၊၁၊၄၀၉။)

ကုမာရကဿပတ္ထေရဂါထာ

ဘိက္ခုနီမ၏သား ကုမာရကဿပသည် ရဟန်းပြုသည်မှစ၍ ဝိပဿနာပွါး စာပေ သင်ကြားပြီးနောက် မဟာဗြဟ္မာ၏ ပြဿနာတို့ကို ယူကာ ဘုရားရှင့်ထံ လျှောက်ထား၍ အဖြေကို မှတ်သားကာတရားအားထုတ်သဖြင့် ရဟန္တာဖြစ်သောအခါ ဘုရားရှင်၏ အံ့ဘွယ်ရှိပုံကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၉။) (ထေရ၊ဋ္ဌ၊၁၊၄၁၂။)

ဓမ္မပါလတ္ထေရဂါထာ

ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် အဝန္တိတိုင်း၌ ဖွားမြင်လာသော ဓမ္မပါလသည် တက္ကသိုလ်ပြည်မှအပြန်မထေရ်တစ်ပါးကို တွေ့မြင် တရားနာသဖြင့် ရဟန်းပြုကာ ဝိပဿနာပွါး၍ အဘိညာဉ်ရရဟန္တာဖြစ်သောအခါ တစ်နေ့တွင် သာမဏေနှစ်ပါး ပန်းခူးရင်း လိမ့်ကျ၍ တန်ခိုးဖြင့် ခံယူပြီးနောက်
(ထေရ၊၂၅၉။) (ထေရ၊ဋ္ဌ၊၁၊၄၁၆။)

ဗြဟ္မာလိတ္ထေရဂါထာ

ကောသလတိုင်းသား ဗြဟ္မာလိသည် လိမ်မာသောအရွယ်သို့ရောက်လျှင် သံဝေဂဉာဏ် ဖြင့်ရဟန်းပြုကာ ကမ္မဋ္ဌာန်းယူလျက် တောရဆောက်တည်၍ ဝိပဿနာပွါးသည်တွင် ရဟန္တာဖြစ်အဘိညာဉ်ရလျှင် ဣန္ဇြေစောင့်ထိန်းပုံကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၅၉။) (ထေရ၊ဋ္ဌ၊၁၊၄၁၈။)

မောဃရာဇတ္ထေရဂါထာ

ဗာဝရီပုဏ္ဏား၏ တပည့်ရသေ့ဖြစ်၍ အခြားရသေ့များနှင့်အတူ ဘုရားရှင့်ထံ ရောက်လာ ကာပြဿနာကို လျှောက်ထားဖြေကြားတော်မူချက်ဆုံးသောအခါ အရဟတ္တဖိုလ် ရရှိသောမောဃရာဇမထေရ်သည် အကုသိုလ်ကံကြောင့် ယားနာဖြစ်၍ ကျောင်း၌ မနေ လယ်ထဲ၌ နေရာမြတ်စွာဘုရားက မေး၍ ၄င်းကဖြေသော ဂါထာများ
(ထေရ၊၂၆၀။) (ထေရ၊ဋ္ဌ၊၁၊၄၁၉။)

ဝိသာခပဉ္စာလပုတ္တတ္ထေရဂါထာ

ပဉ္စာလမင်းသမီး၏သား ဝိသာခသည် မိမိရွာအနီးသို့ ဘုရားရှင်ကြွအလာတွင် တရား နာရ၍ ရဟန်းပြုကာ ဘုရားရှင်နှင့်အတူ သာဝတ္ထိပြည်ရောက်သောအခါ ဝိပဿနာပွါး သဖြင့် မကြာမီ အဘိညာဉ်ရ ရဟန္တာဖြစ်၍ မိမိအရပ်သို့ ပြန်လာရာ၌ ဓမ္မကထိကအင်္ဂါကို မေးလျောက်သဖြင့် ဖြေကြား ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၀။) (ထေရ၊ဋ္ဌ၊၁၊၄၂၃။)

စူဠကတ္ထေရဂါထာ

ဓနပါလဆင်ကို ဆုံးမပွဲ၌ ဘုရားရှင့်အပေါ်၌ ကြည်ညို၍ ရဟန်းပြုကာ ဣန္ဇသာလဂူ၌ နေစဉ်မိုးဥတုအကျ ဥဒေါင်းတို့ တွန်ကျူးခြင်း ဥတုသပ္ပါယမျှခြင်းကို အကြောင်းပြု၍ ဝိပဿနာပွါးများသဖြင့် ရဟန္တာဖြစ်သော စူဠကမထေရ်သည် အကျင့်ကောင်းသဖြင့် နိဗ္ဗာန် ရောက်နိုင်ကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၀။) (ထေရ၊ဋ္ဌ၊၁၊၄၂၅။)

အနူပမတ္ထေရဂါထာ

အဆင်းလှသဖြင့် အနုပမအမည်ရသော သူကြွယ်သားသည် ကာမဂုဏ်ကိုစွန့်ကာ သာသနာ၌ ရဟန်းပြုတောရဆောက်တည်သော်လည်း စိတ်ကို မနိုင်ဘဲ ရှိနေရာ ဒုလ္လဘ တရားဖြင့် စိတ်ကို ဆုံးမ၍ဝိပဿနာပွါးများမှ အရတ္တဖိုလ်သို့ရောက်သဖြင့် စိတ် အကြောင်းကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၁။) (ထေရ၊ဋ္ဌ၊၁၊၄၂၈။)

ဝဇ္ဇိတတ္ထေရဂါထာ

မိန်းမအတွေ့ကို မခံနိုင်၍ စွန့်ပစ်ကာ ရဟန်းပြုလာသော ဝဇ္ဇိတမထေရ်သည် ဝိပဿနာပွါးများသဖြင့် နေ့ချင်းရဟန္တာဖြစ်သောအခါ မိမိကိုယ်တိုင် နောင်တဖန်ဖြစ်ဖို့ မရှိတော့ကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၁။) (ထေရ၊ဋ္ဌ၊၁၊၄၂၉။)

သန္ဓိတတ္ထေရဂါထာ

သူကြွယ်သား သန္ဓိတသည် အနိစ္စနှင့်စပ်သော ဒေသနာကို ကြားနာရ၍ ရဟန်းပြုကာဝိပဿနာပွါးများသဖြင့် အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ ရှေးဘဝက ဘုရား၌ အမှတ် ရပုံကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၁။) (ထေရ၊ဋ္ဌ၊၁၊၄၃၁။)

အင်္ဂဏိကဘာရဒွါဇတ္တေရဂါထာ

ဝိဇ္ဇာသိပ္ပတို့၌ တတ်မြောက်ပြီးသော အင်္ဂဏိကဘာရဒွါဇသည် ပရိဗိုဇ်ရဟန်းအဖြစ်မှ ဘုရားရှင်ကိုကြည်ညို၍ ရဟန်းပြုပြီးလျှင် ဝိပဿနာပွါးများသဖြင့် မကြာခင် ရဟန္တာ ဖြစ်သော အခါ ယခုမှဗြဟ္မဏအစစ် ဖြစ်ရကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၂။) (ထေရ၊ဋ္ဌ၊၁၊၄၃၃။)

ပစ္စယတ္ထေရဂါထာ

ပစ္စယမည်သော မင်းသားသည် ဘုရားရှင့်တရားကိုနာရ၍ ရဟန်းပြုကာ ရှေးကဿပဘုရားလက်ထက်ကကဲ့သို့ ဝိပဿနာပွါများသဖြင့် ထိုခဏချင်း ဉာဏ်ရင့်ကျက်သည့် အလျောက်အရဟတ္တဖိုလ်သို့ ရောက်၍ လွန်ကဲသော လုံ့လအကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၃။) (ထေရ၊ဋ္ဌ၊၁၊၄၃၆။)

ဗာကုလတ္ထေရဂါထာ

သူဌေးနှစ်ဦး၏ အမွေခံ နှစ်ပေါင်း ရှစ်ဆယ်မျှ လူ့ဘဝ၌နေခဲ့သော ဗာကုလသည် ဘုရားရှင့်ထံရဟန်းပြု၍တရားအားထုတ်ရာ ရှစ်ရက်မြောက်တွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၍ အနာကင်းရာ၌ဧတဒဂ်ရပြီးနောက် ပရိနိဗ္ဗာန်ပြုကာနီးတွင် သံဃာ့အလယ်၌ အဆုံးအမပေးကာ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၃။) (ထေရ၊ဋ္ဌ၊၁၊၄၃၉။)

ဓနိယတ္ထေရဂါထာ

အိုးထိမ်းသည်သား ဓနိယသည် ပုက္ကုသာတိမင်း ပရိနိဗ္ဗာန်ပြုကြောင်းကြားရလျှင် သဒ္ဓါတရားဖြစ်ကာရဟန်းပြုပြီးနောက် ကျောင်းအတွက် ဘုရားရှင်ကဲ့ရဲ့တော်မူသည်တွင် သံဃိကကျောင်း၌ နေလျက့်ဝိပဿနာပွါးများသဖြင့် အရဟတ္တဖိုလ်သို့ ရောက်၍ တရားတစ်ခုကိုသာ ပွါးများသင့်ကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၄။) (ထေရ၊ဋ္ဌ၊၁၊၄၃၉။)

မာတင်္ဂပုတ္တတ္ထေရဂါထာ

မာတင်္ဂသူကြွယ်၏သား မာတင်္ဂပုတ္တသည် ပျင်းရိလှသဖြင့် ချမ်းသာလို၍ ဘုရားရှင့်ထံ ရဟန်းပြုကာကမ္မဌာန်းယူ၍ ဘာဝနာကို အားထုတ်သောအခါ အဘိညာဉ်အရ ရဟန္တာ ဖြစ်လျှင် ပျင်းရိခြင်းကို ကဲ့ရဲ့၊ လုံ့လရှိခြင်းကို ချီးကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၄။) (ထေရ၊ဋ္ဌ၊၁၊၄၄၆။)

ခုဇ္ဇသောဘိတတ္ထေရဂါထာ

ခါးအနည်းငယ်ကုန်းသော ခုဇ္ဇသောဘိတသည် အရွယ်ရောက်သောအခါ သျှင်အာနန္ဒာ ထံတွင် ရဟန်းပြု၍အားထုတ်သဖြင့် အဘိညာဉ်ရ ရဟန္တာဖြစ်လျှင် စရည်းပင်စောင့်နတ် လျှောက်သည့်အတိုင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၄။) (ထေရ၊ဋ္ဌ၊၁၊၄၄၉။)

ဝါရဏတ္ထေရဂါထာ

တောကျောင်းမထေရ်တစ်ပါးထံ၌ တရားနာ၍ သဒ္ဓါဖြစ်ကာ ရဟန်းပြုလာသော ဝါရဏ မထေရ်သည်ဘုရားရှင့်ထံသို့ လာရာလမ်းတွင် မြွေနှင့်မြွေပါတို့ အချင်းချင်းကိုက်သတ် ကြသည်ကို မြင်ကာသံဝေဂဖြစ်နေစဉ် ဘုရားရှင်၏ သြဝါဒကို ကြားရပြန်သဖြင့် ဝိပဿနာ ပွါးများ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၅။) (ထေရ၊ဋ္ဌ၊၁၊၄၅၂။)

ဝဿိကတ္ထေရဂါထာ

ဘုရားရှင်၏ ယမိုက်ပြာဋိဟာကိုမြင်၍ သဒ္ဓါဖြစ်ကာ ရဟန်းပြုလာသော ဝဿိကမထေရ် သည်ရောဂါဖြစ်နေရာ ဆေးဆရာကုစားသဖြင့် ရောဂါမှ အထတွင် သံဝေဂဖြစ်၊ ဝိပဿနာကို ပွါး၍အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၅။) (ထေရ၊ဋ္ဌ၊၁၊၄၅၅။)

ယသောဇတ္ထေရဂါထာ

တံငါသည် သား ယသောဇသည် တံငါသည် တို့နှင့် အတူအစိရဝတီမြစ်၌ ကွန်ပစ်ရာ ရွှေအဆင်းရှိသောငါးကြီးကို ရလျှင် ကောသလမင်းထံပို့ ထိုမှတစ်ဆင့် ဘုရားရှင်ထံ ရောက်လျှင် ကပိလရဟန်းဖြစ်ခဲ့သောရွှေငါးကြီးအကြောင်းကို ကြားရသဖြင့် ရဟန်းပြုကာ ဝိပဿနာပွါး၍ အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၅။) (ထေရ၊ဋ္ဌ၊၁၊၄၅၇။)

သာဋိမတ္တိယတ္ထေရဂါထာ

တောကျောင်း ရဟန်းတို့ထံတွင် ရဟန်းပြုကာ ဝိပဿနာပွါးသဖြင့် အဘိညာဉ်ရ ရဟန္တာဖြစ်သောသာဋိမတ္တိယမထေရ်သည် မာရ်နတ်လှည့်စားခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၆။) (ထေရ၊ဋ္ဌ၊၁၊၄၆၀။)

ဥပါလိတ္ထေရဂါထာ

ဝိနယဧတဒဂ်ရ ဥပါလိမထေရ်သည် ဘုရားရှင့်စကားတော်ကို ခံယူ၍ ဝိပဿနာ ပွါးများလျှင် မကြာမီ ရဟန္တာဖြစ်သောအခါ ဥပုသ်ပြုရာဝယ် သြဝါဒပေးသော အနေဖြင့် ရဟန်းကောင်းဖြစ်သူတိုင်းပစ္စညးလေးပါးတို့၌ တောင့်တမှုကင်းသင့်ကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၆။) (ထေရ၊ဋ္ဌ၊၁၊၄၆၂။)

ဥတ္တရပါလတ္ထေရဂါထာ

ဘုရားရှင်၏ ယမိုက်ပြာဋိဟာကိုမြင်၍ သဒ္ဓါတရားဖြင့် ရဟန်းပြုသော ဥတ္တရပါလမထေရ် သည်နှလုံးသွင်း ချွတ်ချော်၍ ကာမရာဂ ဖြစ်သည်ကို နှိပ်ကွပ်ဆုံးမကာ သံဝေဂဖြစ်ပွါး ဝိပဿနာအားထုတ်၍အရဟတ္တဖိုလ် သို့ရောက်သည်တွင် မိမိ၏ ပဋိပတ်ကို ဆင်ခြင်၍ ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၆။) (ထေရ၊ဋ္ဌ၊၁၊၄၇၆။)

အဘိဘူတတ္ထေရဂါထာ

ဝေဌပုရပြည့်ရှင် ဘုရင်အဘိဘူတသည် မိမိပြည်သို့ ကြွရောက်လာသော ဘုရားရှင်ကို ဖူးမြင်ကာတရားနာယူအလှူကြီးပေးပြီးလျှင် အနုမောဒနာတရားအကျယ်ကို နာရသဖြင့် ရဟန်းပြု၍ နိဗ္ဗာန်ကိုမျက်မှောက်ပြုသော အခါ မိမိ၏ ရဟန်းဖြစ်ပုံကို ထင်ရှားဖော်ပြ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၇။) (ထေရ၊ဋ္ဌ၊၁၊၄၇၈။)

ဂေါတမတ္ထေရဂါထာ

သာကီဝင်မင်းသား ဂေါတမသည် ဆေေွ တာမ်ျုိးတော်တိ့ု အစည်းအဝေးတွင် ရဟန်း ပြုကာဝိပဿနာပွါးများသဖြင့် အဘိညာဉ်ရ ရဟန္တာဖြစ်သောအခါ နိဗ္ဗာန်ချမ်းသာကို ရရှိပြီဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၇။) (ထေရ၊ဋ္ဌ၊၁၊၄၈၀။)

ဟာရိတတ္ထေရဂါထာ

ဇာတိမာနဖြင့် သူတပါးကို လူယုတ်များဟူ၍ ခေါ်လေ့ရှိသော ဟာရိတသည် ရဟန်းတို့ထံတွင် တရားနာရ၍ ရဟန်းပြုသော်လည်း လူယုတ်ခေါ်ခြင်းဝါဒ မပျောက်၊ ဘုရားရှင်ထံရောက်မှလျော်သောတရားကို နာရ၍ ဝိပဿနာပွါးများကာ အရဟတ္တဖိုလ် ရောက်သည်တွင် ငယ်စဉ်ကပြုသင့်သောကိစ္စကို နောက်မှပြုမိခြင်းအပြစ်ကို ပြကာ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၇။) (ထေရ၊ဋ္ဌ၊၁၊၄၈၃။)

ဝိမလတ္ထေရဂါထာ

သောမမိတ္တမထေရ်ကိုအမှီပြု၍ ရဟန်းပြုသော ဝိမလမထေရ်သည် ဆရာ၏ တိုက်တွန်း ချက်အရဝိပဿနာကိုဖြစ်စေရာ မကြာခင် ရဟန္တာဖြစ်၍ မိမိ၏ အဆွေတော် ရဟန်းအား ဆုံးမသောအားဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၈။) (ထေရ၊ဋ္ဌ၊၁၊၄၈၄။)

နာဂသမာလတ္ထေရဂါထာ

သာကီဝင်မင်းသား နာဂသမာလသည် ဘုရားရှင်ထံ ရဟန်းပြုပြီး တခါတရံ ဘုရားရှင်၏ အလုပ်အကျွေးဖြစ်ကာ တနေ့တွင် ဆွမ်းခံသွားစဉ် လမ်းမ၌ ကပွဲကို မြင်ရ၍ စိတ္တဇလေကြောင့်လှုပ်ရှားနေကြသည်ဟု အမှန်ကို မြင်ပြီးတရားကို ဆင်ခြင်သည်တွင် အရတ္တဖိုလ်သို့ ရောက်လေရာ မိမိ၏ပဋိပတ်ကို ပြောကြားသောအားဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၈။) (ထေရ၊ဋ္ဌ၊၂၊။)

ဘဂုတ္ထေရဂါထာ

အနုရုဒ္ဓါ ကိမိလတို့နှင့်အတူ ရဟန်ပြုလာသော သာကီဝင်မင်းသား ဘဂုသည် တနေ့တွင် ထိနမိဒ္ဓနှိပ်စက်သဖြင့် စင်္ကြံတွင်လဲကျရာမှ စိတ်ကို ဆွဲဆောင်၍ ဝိပဿနာ ပွါးများသည်တွင် ရဟန္တာဖြစ်လေလျှင် အပ္ပမာဒဖြင့် နေခြင်းကို ဖြေကြား ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၉။) (ထေရ၊ဋ္ဌ၊၂၊။)

သဘိယတ္ထေရဂါထာ

ဝါဒပေါင်းများစွာ တတ်မြောက်၍ အရပ်တကာသို့ လှည့်လည်နေသော သဘိယပရိဗိုဇ် သည်ရာဇဂြိုဟ်ပြည် ဘုရားရှင့်ထံရောက်သောအခါ ပြဿနာမေးလျှောက်လျင် ဖြေကြား တော်မူသည်ကိုကြည်ညို၍ ရဟန်းပြုကာ ဝိပဿနာပွါးများသည်တွင် အရဟတ္တဖိုဟ်သို့ ရောက်၏၊ ထို့နောက်ဒေဝဒတ်အသင်းသား ရဟန်းများအား ဆုံးမသောအားဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၆၉။) (ထေရ၊ဋ္ဌ၊၂၊။)

နန္ဒကတ္ထေရဂါထာ

သာဝတ္ထိပြည်သား နန္ဒကသည် ဘုရားရှင်ထံ ရဟန်းပြု၍ ဝိပဿနာပွါးများရာတွင် ရဟန္တာဖြစ်ပြီးနောက် ဘိက္ခုနောဝါဒကဧတဒဂ်ရလျက် သာဝတ္ထိပြည်၌ ဆွမ်ခံစဉ် မယား ဟောင်းက ပြုံးရယ်ပြရာ၌ ခန္ဓာကိုယ်၏စက်ဆုပ်ဖွယ်ဖြစ်ပုံကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၀။) (ထေရ၊ဋ္ဌ၊၂၊။)

ဇမ္ဗုကတ္ထေရဂါထာ

ဘဝဝဋ်ဟောင်းကြောင့် မစင်ကို စား၍ ကျင်ငယ်ရေကို သောက်နေရသော ဇမ္ဗုကသည်အရတ္တဖိုဟ်ရနိုင်သော အခြေခံရှိသည့်အတွက် ဘုရားရှင်ကိုယ်တိုင် ကြွလာ၍ တရားဟော သည်တွင် သောတာပန်တည်ပြီးနောက် ဝိပဿနာကို ပွါးများသောအခါ ရဟန္တာဖြစ်၍ မိမိအဖြစ်ကိုပြောကြား ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၀။) (ထေရ၊ဋ္ဌ၊၂၊၁၂။)

သေနကတ္ထေရဂါထာ

ဥရုဝေလကဿပ၏တူ သေနကသည် တပေါင်းလနက္ခတ်ပွဲတွင် ဂယာဆိပ်၌ ဘိတ်သိက်သွန်းလောင်းနေရာ ထိုအနီးတွင် သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံ ရောက်ကာ တရားတော်ကိုနာရ၍ ရဟန်ပြုဝိပဿနာပွါးများလျင် မကြာခင် ရဟန္တာဖြစ်၍ မိမိ၏ ပဋိပတ်ကို ဆင်ခြင်လျက်ဝမ်းမြောက်ဝမ်းသာ ဥဒါန်ကျူးသော ဂါထာများ
(ထေရ၊၂၇၀။) (ထေရ၊ဋ္ဌ၊၂၊၁၅။)

သမ္ဘူတတ္ထေရဂါထာ

ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် အသျှင်အာနန္ဒာထံတွင် တရားနာကာ ရဟန်းပြုသော သမ္ဘူတမထေရ်သည်ဝိပဿနာကို ပွါးများသဖြင့် ရဟန္တာဖြစ်လေရာ ဓမ္မသံဝေဂဖြစ်၍ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၁။) (ထေရ၊ဋ္ဌ၊၂၊၁၈။)

ရာဟုလတ္ထေရဂါထာ

သားတော်ရာဟုလာသည် ဘုရားရှင်ထံတွင် ရဟန်ဖြစ်ကာ သုတ်ပေါင်များစွာကို နာယူရသည့်အတိုင်း ဉာဏ်ရင့်လျက် ဝိပဿနာကို ပွါးများသည်တွင် အရဟတ္တဖိုဟ်သို့ ရောက်သောအခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင်၍ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၁။) (ထေရ၊ဋ္ဌ၊၂၊၂၀။)

စန္ဒနတ္ထေရဂါထာ

ဘုရားရှင်ထံတွင် ရဟန်းပြုသောအခါ သားတယောက်ရပြီးဖြစ်သော်လည်း သံယောဇဉ် ကိုဖြတ်တောက်လျက် သောတာပန်အဖြစ်မှဆက်လက်၊ ကိးစား၍ ရဟန္တာဖြစ်လာသော စန္ဒန မထေရ်သည်အဖေါ်ရဟန်းတို့က သစ္စာလေးပါး ထိုးထွင်းသိပုံကို မေးမြန်းသည့် အတိုင်း ဖြေကြား ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၂။) (ထေရ၊ဋ္ဌ၊၂၊၂၄။)

ဓမ္မိကတ္ထေရဂါထာ

ဇေတဝန်ကျောင်းတော်ခံယူပွဲတွင် ကြည်ညို၍ ရဟန်းပြုသော ဓမ္မိကမထေရ်သည် ရုက္ခဓမ္မဇာတ်ကိုနာကြားပြီးနောက် မြတ်စွာဘုရား၏ သြဝါဒဒေသနာကို အစဉ်လျှောက်၍ တထိုင်ချင်းပင်အရဟတ္တဖိုဟ်ရောက်သောအခါ မြတ်စွာဘုရား ဟောကြားသည့်အတိုင်း ပြန်လည် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၂။) (ထေရ၊ဋ္ဌ၊၂၊၂၆။)

သပ္ပကတ္ထေရဂါထာ

သဒ္ဒါတရားအလျောက် ဘုရားရှင်ထံတွင် ရဟန်းပြုလာသော သပ္ပကမထေရ်သည် ဘုရားရှင်ထံမှကမ္မဋ္ဌာန်းယူ၍ အဇကရဏီယမြစ်ကမ်း သေလာဂီရိကျောင်း၌ နေထိုင်ရင်း တရားအားထုတ်၍ရဟန်းန္တာဖြစ်လာသောအခါ ဆွေမျိုးတို့အား မိမိနေရာကို ညွှန်ကြား သောအားဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၃။) (ထေရ၊ဋ္ဌ၊၂၊၂၉။)

မုဒိတတ္ထေရဂါထာ

မင်းဘေးကို ကြောက်၍ ပြေးလာပြီးလျှင် ရဟန္တာတပါးထံတွင် နေရင်း ရဟန်းပြုကာကမ္မဋ္ဌာန်းအားထုတ်သဖြင့် အရဟတ္တဖိုဟ်သို့ ရောက်ရသော မုဒိတမထေရ်သည် ရဟန်း အဖေါ်တို့ကမေးမြန်း၍ မိမိ၏ ပဋိပတ်အခြင်းအရာကို ပြောကြာ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၃။) (ထေရ၊ဋ္ဌ၊၂၊၃၂။)

ရာဇဒတ္တတ္ထေရဂါထာ

ပြည့်တန်ဆာမနှင့် ပျော်ပါးသဖြင့် ဆင်းရဲနွမ်းပါးပြီးနောက် ဘုရားရှင်ထံရောက်ကာ တရားတော်ကိုနာယူ၍ ရဟန်းပြုပြီးလျှင် သုသာန်ဓုတင်ဆောက်တည်နေရာ သုသာန်သို့ ပစ်လာသောပြည့်တန်ဆာမရုပ်အလောင်၌ အသုဘရှုလျက် အရဟတ္တဖိုဟ်ရရှိသော ရာဇဒတ္တမထေရ်သည် မိမိ၏ပဋိပတ်ကို ဆင်ခြင်၍ ဝမ်းမြောက်စွာ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၄။) (ထေရ၊ဋ္ဌ၊၂၊၃၄။)

သုဘူတတ္ထေရဂါထာ

သူကြွယ့်သားသုဘူတသည် အရွယ်ရောက်လျင် လူ့အဖြစ်ကိုပယ်ခွါ တိတ္တိတို့သာသနာ၌ ရဟန်းပြုပြီးမှအနှစ်သာရမရှိကြောင်းသိ၍ သျှင်သာရိပုတြာ သျှင်မောဂ္ဂလ္လာန်စသည်တို့ ရဟန်းပြုပုံကို မြင်ကာသဒ္ဓါဖြင့်ရဟန်းပြုပြီးလျှင် ဆိတ်ငြိမ်ရာ၌ ဝိပဿနာပွါးများ၍ ရဟန္တာဖြစ်သောအခါ မိမိ၏ သဋိပတ်ကိုဆင်ခြင်လျက် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၅။) (ထေရ၊ဋ္ဌ၊၂၊၃၈။)

ဂရိမာနန္ဒတ္ထေရဂါထာ

ဗိမ္ဗိသာရမင်း၏ ပုရောဟိတ်သား ဂိရိမာနန္ဒသည် ဘုရားရှင်တန်ခိုးတော်ကို မြင်၍ ကြည်ညိုသမှုရဟန်းပြုပြီးလျှင် ဘုရားရှင်ကိုဖူးမြင်ရန် ရာဇဂြိုလ်ပြည်သို့ ရောက်လာ ဗိမ္ဗိသာရမင်းကြီးကပစ္စည်းလေပါးဖြင့် ဘိတ်ကြားသည်ကို ကိစ္စများ၍ မေ့လျော့လျက် အဗ္ဘောကာသိကလွင်ပြင်၌ နေထိုင်စဉ်ဗိမ္ဗိသာရမင်းက ကျောင်းဆောက်လှုမှ အာဝါသ လျောက်ပတ်သဖြင့် အရဟတ္တဖိုဟ်သို့ ရောက်၍ဝမ်းမြောက်ဝမ်းသာ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၆။) (ထေရ၊ဋ္ဌ၊၂၊၄၃။)

သုမနတ္ထေရဂါထာ

သူကြွယ့်သား သုမနသည် အရွယ်ရောက်သောအခါ ဦးရီးဖြစ်သူ ရဟန္တာက ရဟန်းပြု စေကာစရိုက်အားလျော်သော ကမ္မဋ္ဌာန်းကို ပေး၍ အားထုတ်သည်တွင် စျာန်လေးပါးနှင့် အဘိညာဉ်ငါးပါးကိုရပြီးနောက် ဝိပဿနာသို့ တက်၍ အားထုတ်စေသဖြင့် အရဟတ္တဖိုဟ်သို့ ရောက်ရာ တနေ့သ၌ဦးရီးရဟန္တာထံအရောက် ရရှိသော မဂ်ဖိုဟ်ကို မေး၍ ဖြေကြားလျှောက်ထားသော ဂါထာများ
(ထေရ၊၂၇၆။) (ထေရ၊ဋ္ဌ၊၂၊၄၇။)

ဝဍ္ဎတ္ထေရဂါထာ

သူကြွယ့်သားဝဍ္ဎသည် အမိဖြစ်သူကရှေးဦး ဘိက္ခုနီမပြု ရဟန္တာဖြစ်ပြီးမှ သားဖြစ်သူကိုလည်းရဟန်းပြုစေရာ ဗဟုဿုတ ဓမ္မကထိကဖြစ်လျင် မယ်တော်ကိုတွေ့မြင်ရန်သင်းပိုင်ကိုယ်ရုံမျှဖြင့်သွားသည်ကို မယ်တော်ကစောဒနာသဖြင့် သံဝေဂရရှိကာ ဝိပဿနာကို ပွါးများ၍ရဟန္တာဖြစ်သည်တွင် မယ်တော်၏သြဝါဒပြည့်စုံခြင်းကိုအရင်းပြုကာ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၇။) (ထေရ၊ဋ္ဌ၊၂၊၄၉။)

နဒီကဿပတ္ထေရဂါထာ

နေရဉ္ဇရာမြစ်ကမ်းအနီးတွင် သင်ခမ်းဆောက်လုပ်နေထိုင်သော နဒီကဿပသည် ဘုရားရှင် ကြွလာ၍ပရိသတ်နှင့်တကွ ဧဟိဘိက္ခုရဟန်းဖြစ်ပြီးနောက် အာဒိတ္တပရိယာယ သုတ်ကို နာကြားရသည်တွင် ရဟန္တာဖြစ်လေ၏၊ နောက်အခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင်လျက် အယူမှားကို ပယ်ခွာပြီးကြောင်းပြောကြား ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၇။) (ထေရ၊ဋ္ဌ၊၂၊၅၁။)

ဂယာကဿပတ္ထေရဂါထာ

ဂယာအရပ်၌နေသော ဂယာကဿပသည် ဘုရားရှင်ကြွလာ၍ ပရိတ်သတ်နှင့်တကွဧဟိဘိက္ခုဖြစ်ပြီးနောက် အာဒိတ္တပရိယာယသုတ်ကို နာကြားသည်တွင် ရဟန္တာဖြစ်၍ မိမိ၏ ပဋိပတ်ကိုဆင်ခြင်ကာ မကောင်းမှုမျှောပစ်ခြင်းကို ပြောကြားသောအားဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၈။) (ထေရ၊ဋ္ဌ၊၂၊၅၄။)

ဝက္ကလိတ္ထေရဂါထာ

ပုဏ္ဏားမျိုးဝက္ကလိသည် အရွယ်ရောက်၍ ဘုရားရှင်ကို ဖူးမြင်ရသည်တွင် အမြဲဖူးမြင် ရအောင်ရဟန်းပြုကာ ဘုရားရှင်ကို အမြဲကြည့်ရှုနေလေရာ ဘုရားရှင်က တရားကို မြင်မှ ငါဘုရားကိုမြင်နိုင်ကြောင်း ဟောပြမှ သဘောကျလျက် ဝိပဿနာကို အဆင့်ဆင့်၊ ကိးစား၍ ရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၈။) (ထေရ၊ဋ္ဌ၊၂၊၅၇။)

ဝိဇိတသေနတ္ထေရဂါထာ

ဆင့်ဆရာ့သား ဝိဇိတသေနသည် ဦးရီးတော်နှစ်ယောက် ရဟန်းပြုသကဲ့သို့ ဘုရားရှင် ကို ကြည်ညိုလျက်ဦးရီးတော်တို့ထံတွင် ရဟန်းပြုကာ ဆုံးမတော်မူသည့်အတိုင်း ဝိပဿနာ ပွါးများ၍အရဟတ္တဖိုဟ်သို့ရောက်သောအခါ စိတ်ယုတ်ကိုဖိနှိ်ပ်ထားပုံ အခြင်းအရာဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၈။) (ထေရ၊ဋ္ဌ၊၂၊၆၃။)

ယသဒတ္တတ္ထေရဂါထာ

မလ္လမင်းသား ယသဒတ္တသည် သဘိယပရိဗိုဇ်နှင့်အတူ ခရီးလှည့်လည်ရင်း ဘုရားရှင် ထံသို့ ရောက်လျှင်သဘိယပရိဗိုဇ်က မေးလျှောက်ပြစ်တင်မည်ဟူသော စိတ်အကြံကို ဘုရားရှင် သိတော်မူသဖြင့် သဘိယသုတ္တန်ကို ဟောပြဆုံးမတော်မူသည်တွင် သံဝေဂရ ရှိလျက် ရဟန်းပြု၍အရဟတ္တဖိုဟ်သို့ရောက်သောအခါ ပညာမဲ့သူတို့ သူတော်ကောင်း တရားမှ ဝေးပုံကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၇၉။) (ထေရ၊ဋ္ဌ၊၂၊၆၇။)

သောဏကုဋိကဏ္ဏတ္ထေရဂါထာ

တစ်ကုဋေတန် နားတောင်းကို ဝတ်ဆင်သဖြင့် ကုဋိကဏ္ဏသောဏမည်သော သူဌေးသား သည်ရဟန်းအဖြစ်သို့ ရောက်ပြီးနောက် ဂန္ဓကုဋိတစ်ခုအတွင်း ဘုရားရှင်နှင့်အတူ နေခွင့်ရရှိလျက်ဘုရားရှင်တိုက်တွန်းချက်အရ အဋ္ဌကဝဂ်၁၆ သုတ်ကို ရွတ်ပြခြင်းဖြင့် သာဓုခေါ်တော်မူကာဥဒါန်းဂါထာအဆုံးတွင် ရဟန္တာဖြစ်လေ၏၊ နောက်အခါ မိမိပဋိပတ်ကို ဆင်ခြင်လျက်ဥဒါန်းကျူးရင့်သော ဂါထာများ
(ထေရ၊ဋ္ဌ၊၂၊၆၉။)

ကောသိယတ္ထေရဂါထာ

ပုဏ္ဏားမျိုးကောသိယသည် သျှင်သာရိပုတြာထံ မပြတ်ဆည်းကပ်လျက် တရားနာ၍ ရဟန်းပြုကာကမ္မဋ္ဌာန်းအားထုတ်သည်တွင် မကြာမီ ရဟန္တာဖြစ်လေလျှင် မိမိ၏ ပဋိပတ်ကို ဆင်ခြင်၍ သူတော်ကောင်းကိုမှီဝဲခြင်း၏အကျိုးကို ချီးမွမ်းသောအားဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၈၀။) (ထေရ၊ဋ္ဌ၊၂၊၇၃။)

ဥရုဝေဠကဿပတ္ထေရဂါထာ

ဥရုဝေလကဿပသည် ဥရုဝေလတော၌ တပည့်ရသေ့ငါးရာနှင့်နေစဉ် ဘုရာရှင်ကြွလာ ဆုံးမ၍တပည့်များနှင့်အတူ ဧဟိဘိက္ခုရဟန်းဖြစ်လျက် အာဒိတ္တသရိယာယသုတ်ကို နာကြားပြီးလျင်အရဟတ္တဖိုဟ်သို့ ရောက်ပြီးနောက် မိမိပဋိပတ်ကို ဆင်ခြင်၍ ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၈၁။) (ထေရ၊ဋ္ဌ၊၂၊၇၇။)

တေကိစ္စကာရိတ္ထေရဂါထာ

အဖဖြစ်သူကို စန္ဒဂုတ်မင်းက အချုပ်ထောင်ချထားရာတွင် တိမ်းရှောင်ကာ သာဏဝါသီ မထေရ်ထံတွင် ရဟန်းပြုသော ပုဏ္ဏားသား တေကိစ္ဆကာရီသည် ကမ္မဋ္ဌာန်းအားထုတ်နေစဉ် မာရ်နတ်လာရောက်ဖျက်ဆီးသော်လည်း ဂုဏ်တော်ကို ဆင်ခြင် ဝိပဿနာတင်၍ အားထုတ်သဖြင့် အရဟတ္တဖိုဟ်ကိုမျက်မှောက်ပြုသောအခါ မာရ်နတ်နှင့် အပြန်အလှန် ပြောဆိုပုံ ဖော်ပြသော ဂါထာများ
(ထေရ၊၂၈၂။) (ထေရ၊ဋ္ဌ၊၂၊၈၅။)

မဟာနာဂတ္ထေရဂါထာ

ပျားရည်ကုန်သည့်သား မဟာနာဂသည် အရွယ်ရောက်သောအခါ ဘုရားရှင် အဉ္ဇနတော၌ သီတင်းသုံးစဉ်ဂဝမ္ပတိမထေရ်၏ တန်ခိုးတော်မြင်၍ ကြည်ညိုကာ ရဟန်းပြု လျက် ထိုမထေရ် အဆုံးအမ၌ တည်ပြီးလျှင့်ဝိပဿနာပွါးများသည်တွင် အရဟတ္တဖိုဟ်သို့ ရောက်သောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့ကို ဆုံးမသောအားဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၈၃။) (ထေရ၊ဋ္ဌ၊၂၊၈၉။)

ကုလ္လတ္ထေရဂါထာ

ရာဂစရိုက်အားကြီးသော ကုလ္လမထေရ်သည် သုသာန်၌ အမြဲလှည့်လည်ရန် ဘုရားရှင်ညွှန်ကြားတော်မူသည့်အတိုင်း လိုက်မာကျင့်ကြံသော်လည်း ရာဂမငြိမ်းဖြစ်နေသဖြင့် ဘုရားရှင်ကအသုဘရုပ်အသွင် ဖန်ဆင်း၍ ပြတော်မူမှ ရာဂကင်းကွာ၍ ရဟန္တာဖြစ်လေ၏၊ ထိုအခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၈၃။) (ထေရ၊ဋ္ဌ၊၂၊၉၁။)

မာလုကျပုတ္တတ္ထေရဂါထာ

မာလုကျပုတ္တသည် ပရိဗိုဇ်တို့ထံတွင် ရှေးဦးရဟန်းပြု၍ ဘုရားရှင့်တရားကို နာရမှ သာသနာတွင်းရဟန်းပြုလျက် ဝိပဿနာပွါးများရာ မကြာခင် အဘိညာဉ်ရ ရဟန္တာ ဖြစ်ပြီးနောက် ဆွေမျိုးတို့၍လူထွက်ရန်ဥစ္စာဖြင့် ဖြားယောင်းကြသည်တွင် ကောင်းကင်၌ ရပ်တည်၍ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၈၄။) (ထေရ၊ဋ္ဌ၊၂၊၉၄။)

သပ္ပဒါသတ္ထေရဂါထာ

သုဒ္ဓေါဒနမင်းကြီး၏ ပုရောဟိတ်သား သပ္ပဒါသသည် ဆွေတော်မျိုးတော်တို့ အစည်း အဝေး၌သဒ္ဓါတရားဖြစ်ကာ ရဟန်းပြု၍ တရားအားထုတ်သော်လည်း သမာဓိမရနိုင်၍ သင်ဓုန်းဓားဖြင့်လည်ပင်းလှီးရန်ကြံရွယ်ခဲ့ပြီးမှ အရဟတ္တဖိုဟ်သို့ ရောက်သည်တွင် ပြန်ကြား ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၈၄။) (ထေရ၊ဋ္ဌ၊၂၊၉၇။)

ကာတိယာနတ္ထေရဂါထာ

ကာသိယာနမထေရ်သည် ရဟန်းတရားကို အားထုတ်ရင်း အိပ်ငိုက်သဖြင့် မြေပေါ်သို့ လဲကျသည်ကိုဘုရားရှင်သိ၍ ကြွလာပြီး ကောင်းကင်မှ သတိပေးတော်မူသည်တွင် သံဝေဂဖြစ်ပွါးအရဟတ္တဖိုဟ်ကိုရရှိသောအခါ ဘုရားရှင်ဟောတော်မူသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၈၅။) (ထေရ၊ဋ္ဌ၊၂၊၉၉။)

မိဂဇာလတ္ထေရဂါထာ

ဝိသာခါကျောင်းအမကြီး၏သား မိဂဇာလသည် ကျောင်းသို့အစဉ်မပျက်သွား၍ တရား နာရသဖြင့် ရဟန်းပြုကာ ဝိပဿနာပွါးသည်တွင် အရဟတ္တဖိုဟ်သို့ရောက်၍ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၈၆။) (ထေရ၊ဋ္ဌ၊၂၊၁၀၃။)

ပုရောဟိတပုတ္တဇေန္တတ္ထေရဂါထာ

မာနကြီးသော ပုရောဟိတ်သားဇေန္တသည် “ဘုရားရှင်က စကားပြောမှ ငါပြောမည်''ဟုစိတ်ဖြစ်နေသည်ကို ဘုရားရှင်သိရှိ၍ မာနမကောင်းကြောင်း မိန့်တော်မူသည်တွင် သတိတရားရမာနကျကာ တရားတော်ကို နာယူပြီး ရဟန်းပြု၍ ရဟန္တာဖြစ်သောအခါ မိမိ၏ပဋိပတ်ကိုပြောကြာသောအားဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၈၆။) (ထေရ၊ဋ္ဌ၊၂၊၁၀၆။)

သုမနတ္ထေရဂါထာ

အနောတတ်အိုင်နေ မိစ္ဆာဒိဋ္ဌိ နဂါးကို ဆုံးမနို်င်သော ခုနစ်နှစ်ရွယ် သုမနသာမဏေသည် ၄င်းအားဘုရားရှင်ချီးကျူး မိန့်ကြားတော်မူသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၈၇။) (ထေရ၊ဋ္ဌ၊၂၊၁၀၉။)

နှာတကမုနိတ္ထေရဂါထာ

ပုဏ္ဏားမျိုးနှာတကသည် ရှေးဦးစွာ ရသေ့ပြုကာ တောအရပ်၌ ကြိတ်ဆန်ကို စား မီးကို လုပ်ကျွေးနေစဉ်သူ၏ ဥပနိဿယကို ဘုရားရှင်မြင်တော်မူသဖြင့် ကြွလာ၍ တရား ဟောတော်မူသည်တွင် ရဟန်းပြု၍ရဟန္တာဖြစ်၏၊ နောက်အခါ လေရောဂါနှိပ်စက်ခြင်းကို ခံနေရဆဲ ဘုရားရှင်ကြွလာကာမေးမြန်းတော်မူသဖြင့် ဖြေကြားလျောက်ထားသော ဂါထာများ
(ထေရ၊၂၈၇။) (ထေရ၊ဋ္ဌ၊၂၊၁၁၁။)

ဗြဟ္မဒတ္တတ္ထေရဂါထာ

ကောသလမင်း၏သားတော် ဗြဟ္မဒတ္တသည် ဇေတဝန်ကျောင်းပူဇော်ပွဲတွင် ဘုရားရှင့်တန်ခိုးတော်ကိုမြင်၍ ကြည်ညိုကာ ရဟန်းပြုပြီးနောက် ဝိပဿနာပွါးသဖြင့် ပဋိသမ္ဘိဒါတို့နှင့်တကွအဘိညာဉ်ရ၏၊ သူတပါးကမည်သို့ပင် ဆဲရေးသော်လည်း သည်းခံလျက် လူများအား ဆုံးမ၍နောက်ဂါထာနှစ်ပုဒ်ဖြင့် မိမိကိုယ်ကို ဆုံးမကာ ရဟန္တာဖြစ်သည်တွင် ပြန်လည် ရွတ်ဆိုသော ဂါထာများ။
(ထေရ၊၂၈၈။) (ထေရ၊ဋ္ဌ၊၂၊၁၁၃။)

သိရိမဏ္ဍတ္ထေရဂါထာ

သိရိမဏ္ဍမထေရ်သည် ဥပုသ်နေ့၌ ဥပုသ်ပြုပါတိမောက်ပြစဉ် တရားအတိုင်း ပြုလုပ်ခြင်း၏ချမ်းသာနိုင်ပုံကို ဆင်ခြင်လျက် သာသနာတော်၏စင်ကြယ်ခြင်၌ ကြည်ညို စိတ်ထား ဝိပဿနာပွါးသည်တွင် အရဟတ္တဖိုဟ်သို့ရောက်လေလျှင် မိမိ၏ပဋိပတ်ကို ဆင်ခြင်လျက် ကြည်လင်သောစိတ်ထားဖြင့်ရဟန်းတို့အား ဆုံးမသော ဂါထာများ
(ထေရ၊၂၈၈။) (ထေရ၊ဋ္ဌ၊၂၊၁၁၆။)

သဗ္ဗကာမိတ္ထေရဂါထာ

ဝေသာလီမင်းမျိုး သဗ္ဗကာမိသည် အိမ်ယာကိုစွန့်ခွာ၍ သျှင်အာနန္ဒာထံတွင် ရဟန်းပြု၏၊ သျှင်အာနန္ဒာနှင့်အတူ ဝေသာလီပြည် ဆွေမျိုးအိမ်သို့ရောက်သောအခါ မယားဟောင်းက ဖြားယောင်း၍ကိလေသာဖြစ်ပေါ်လာသော်လည်း တရားဖြင့် ဆုံးမ သုသာန်သို့ သွားကာ ဝိပဿနာပွါးသည်တွင် ရဟန္တာဖြစ်လေ၏၊ ယောက္ခမဖြစ်သူက သမီးကလေးကိုပြ၍ လူထွက်ရန်အကြောင်းပြသော်လည်းကာမဂုဏ်၌ တပ်မက်မှုမရှိကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၈၉။) (ထေရ၊ဋ္ဌ၊၂၊၁၁၉။)

သုန္ဒရသမုဒ္ဒတ္ထေရဂါထာ

သူဌေးသားသုန္ဒရသမုဒ္ဒသည် ရဟန်းပြုပြီးနောက် ဝိပဿနာပွါးလျက်နေစဉ် အမိဖြစ်သူ ကလူထွက်စေလိုသဖြင့် ပြည့်တန်ဆာမတစ်ဦးကိုလွှတ်၍ ဖြားယောင်းစေ၏၊ သို့ရာတွင် ကိလေသာကိုအလိုမလိုက် ဂရုစိုက်ကာ ဘာဝနာကို ကြိုးစားသည်တွင် အဘိညာဉ်ရ ရဟန္တာဖြစ်၍ ပြည့်တန်ဆာမနှင့်အပြန်အလှန် ပြောကြားဟန် ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၉၀။) (ထေရ၊ဋ္ဌ၊၂၊၁၂၂။)

လကုဏ္ဍကဘဒ္ဒိယတ္ထေရဂါထာ

လကုဏ္ဍကဘဒ္ဒိယ (အရပ်ပုကွသောဘဒ္ဒိယ) မထေရ်သည် ဗဟုဿုတ ဓမ္မကထိက ဖြစ်လျက်သာယာသော အသံဖြင့် တရားဟောနိုင်၏၊ တစ်နေ့သ၌ လမ်းသွားရင်း ပြည့်တန်ဆာမ တစ်ယောက်ကပြုံးရယ်သည်တွင် သွားရိုးကိုကြည့်ကာ ဝိပဿနာပွါး၍ အနာဂါမ်တည်၏၊ နောက် ကာယဂတာသတိကိုပွါးများ သျှင်သာရိပုတြာ၏ သြဝါဒတရား အတိုင်း အားထုတ်ရာ အရဟတ္တဖိုလ်သို့ ရောက်သဖြင့် မိမိ၏ပဋိပတ်ကို ဖေါ်ပြရွတ် ဆိုသော ဂါထာများ
(ထေရ၊၂၉၁။) (ထေရ၊ဋ္ဌ၊၂၊၁၂၅။)

ဘဒ္ဒတ္ထေရဂါထာ

သိကြားမင်း၏ အမိန့်အရ လူ့ပြည်၌ ဖြစ်လာသော ဘဒ္ဒသည် ရနှစ်အရွယ်တွင် မိဘများကတန်ဆာဆင်၍ ဘုရားရှင့်ထံ အပ်နှံလျင် သျှင်အာနန္ဒာအားလွှဲအပ်၍ ရှင်ပြုစေရာ အကျဉ်းမျှသင်ကြားပေးသော ဝိပဿနာဖြင့်၊ ကိးစား၍ နေမဝင်မီပင် အဘိညာဉ်ရ ရဟန္တာဖြစ်သဖြင့် မိမိ၏အကြောင်းအရာကို ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၉၂။) (ထေရ၊ဋ္ဌ၊၂၊၁၃၂။)

သောပါကတ္ထေရဂါထာ

နိမ့်ကျသော အမျိုး၌ဖြစ်ရသော သောပါကသည် လေးနှစ်အရွယ်က အဖဆုံး၍ ဘထွေးဖြစ်သူ၏လက်တွင်ကြီးပွါးရ၏၊
ရနှစ်အရွယ်တွင် ဘထွေးက ၄င်းသားနှင့် မတည့်၍ သုသာန်တွင်ပစ်ထားရာ ဘုရားရှင်ကကြွရောက်တရားပြသဖြင့် သောတာပန်ဖြစ်၊ ဇေတဝန်ကျောင်းတော်ရောက် နောက်တနေ့မိခင်အရင်းလိုက်လာသည်တွင် တရားဟောပြ ဆုံးမသည်ကို ကြားနာရလျင် အရဟတ္တဖိုဟ်သို့ ရောက်ကာပုစ္ဆာအမေးဖြင့် ရဟန်း အဖြစ်သို့ ရောက်ရ၍ မိမိ၏အဖြစ်ကိုဖေါ်ပြ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၉၂။) (ထေရ၊ဋ္ဌ၊၂၊၁၃၅။)

သရဘင်္ဂတ္တေရဂါထာ

မြှားမြက်များကို နှုတ်ယူ၍ ကျောင်းသင်ခမ်းလုပ်သောကြောင့် သရဘင်္ဂအမည်ရသော အနဘိလက္ခိတရသေ့ထံသို့ ဘုရားရှင်ကြွလာ၍ တရားဟောသည်တွင် ရဟန်းပြု၊ ဝိပဿနာ ပွါး၍မကြာခင် ရဟန္တာဖြစ်လေ၏၊ ထိုအခါ လူအများက “ရသေ့ဖြစ်တုံးကကဲ့သို့ ကျောင်းကိုပြုပြင်ဦးမည်လား''ဟု မေးကြသည်တွင် ထိုသို့ မပြုပြင်တော့ကြောင်း သစ္စာ လေးပါးကိုမြင်ပြီးဖြစ်ကြောင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၉၃။) (ထေရ၊ဋ္ဌ၊၂၊၁၃၉။)

မဟာကစ္စာယနတ္ထေရဂါထာ

စဏ္ဍပဇ္ဇောတမင်း၏ ပုရောဟိတ်သား ကစ္စာယနသည် အဖကွယ်လွန်သောအခါ ပုရောဟိ်တ်ရာထူးကိုရ၏၊ ဘုရင်က ဘုရားပွင့်တော်မူကြောင်းကြားရ၍ ဘုရားထံသွားရောက် ပင့်ဆောင်ရန် ပုရောဟိတ်ကိုလွှတ်လေရာ ဘုရားရှင်၏ တရားတော်ကို နာရ၍ တရားအဆုံး တွင် အဖော်ခုနစ်ဦးနှင့်တကွပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်သောအခါ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၉၄။) (ထေရ၊ဋ္ဌ၊၂၊၁၄၃။)

သိရိမိတ္တတ္ထေရဂါထာ

သူကြွယ်သား သိရိမိတ္တသည် အရွယ်ရောက်သောအခါ ဓနပါလဆင်ကို ဆုံးမတော်မူရာ၌ ကြည်ညိုသဖြင့် ရဟန်းပြုကာ ဝိပဿနာပွါးသည်တွင် မကြာခင်ရဟန္တာဖြစ်၏၊ တနေ့သ၌ ပါတိမောက်ပြခြင်းငှါ နေရာသို့တက်၍ ယပ်ကို ကိုင်ကာ ရဟန်းတို့ကို မြင့်မြတ်သော ဂုဏ်များကို ဝေဘန်ဖော်ပြ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၉၅။) (ထေရ၊ဋ္ဌ၊၂၊၁၅၀။)

မဟာပန္ထကတ္ထေရဂါထာ

မဟာပန္ထကမထေရ်သည် ယောနိသောမနသိကာရဖြင့် တရားအားထုတ်ကာ အရူပစျာန် လေးပါးကိုရလျက်ဝိပဿနာပွါး၍ အရဟတ္တဖိုဟ်သို့ရောက်ပြီးနောက် စျာန်ချမ်းသာ ဖိုဟ်ချမ်းသာဖြင့် အချိန်ကုန်လွန်စေလျက်မိမိ၏ပဋိပတ်ကိုဆင်ခြင်၍ ဝမ်းမြောက်ဝမ်းသာ ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၉၆။) (ထေရ၊ဋ္ဌ၊၂၊၁၅၃။)

ဘူတတ္ထေရဂါထာ

သာကေတမြို့တံခါးရွာ သူဌေးကြီး၏ သားဘူတသည် သာကေတမြို့ ကျောင်းတွင်သီတင်းသုံးတော်မူသော ဘုရားရှင့်ထံ သွားရောက်ကာ တရားနာရ၍ ရဟန်းပြုပြီးနောက် အဇကရဏီမြစ်ကမ်းရှိ လိုဏ်၌ နေထိုင်လျှက် ဝိပဿနာပွါးသည်တွင် မကြာခင် ရဟန္တာဖြစ်၍ ဆွေမျိုးများက သာကေတမြို့၌နေရန် တောင်းပန်သောအခါ မိမိ၏ဆိပ်ငြိမ်ရာ၌ မွေ့လျော်ကြောင်းဖော်ပြ ရွတ်ဆိုသော ဂါထာ
(ထေရ၊၂၉၇။) (ထေရ၊ဋ္ဌ၊၂၊၁၅၈။)

ကာဠုဒါယိတ္ထေရဂါထာ

ဘုရားရှင့်ဖွားဖက်တော် ကာဠုဒါယီသည် ဘုရားရှင်ကိုရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည် သို့ရောက်အောင် အပင့်သွားရာတွင် တရားဟောချိန်၌ ရောက်သွား၍ ပရိသတ်အစွန်က တရားနာရင်းမိမိပရိသတ်နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ဧဟိဘိက္ခု ရဟန်း အဖြစ်သို့ ရောက်ပြီးနောက် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူရန် အရီးလမ်းဖော်ပြကာ ချီးကျူး ရွတ်ဆိုသော ဂါထာများ
(ထေရ၊၂၉၉။) (ထေရ၊ဋ္ဌ၊၂၊၁၆၄။)

ဧကဝိဟာရိယတ္ထေရဂါထာ

အသောကမင်းကြီး၏ညီငယ် အိမ်ရှေ့မင်းတိဿသည် တောလည်သွားစဉ် ယောနကမဟာဓမ္မရက္ခိတမထေရ်ကို ဖူးမြင်ရ၍ အားကျကြည်ညိုလျက် ရဟန်းပြုရန် နောင်တော်ထံ ခွင့်တောင်းကာရဟန်းချမ်းသာကို တောင့်တခဲ့၏၊ မကြာမီ ယောနကမဟာဓမ္မရက္ခိတမထေရ် ထံတွင် ရဟန်းပြု၍တောသို့ဝင်ကာ ရဟန်းတရားအားထုတ်သည်တွင် မကြာခင် ရဟန္တာ ဖြစ်၍ မိမိသဘောထားကိုပြောကြား ရွတ်ဆိုသော ဂါထာများ
(ထေရ၊၃၀၁။) (ထေရ၊ဋ္ဌ၊၂၊၁၇၃။)

မဟာကပ္ပိနတ္ထေရဂါထာ

မဟာကပ္ပိနမင်းသည်လောက၌ ဘုရားပွင့်ကြောင်း သတင်းကောင်းကို ကြားရသဖြင့် ဘုရားရှင်ရှိရာသို့သွားရောက်ကာ စန္ဒဘာဂါမြစ်ကမ်းအနီးတွင် ဘုရားရှင်ကိုဖူးတွေ့လျက် တရားတော်ကို နာရသော အခါအမတ်တထောင်နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်လေ၏၊ ဧဟိဘိက္ခုရဟန်းချည်းဖြစ်ကြရာတွင်မဟာကပ္ပိနမထေရ်ကို ဘိက္ခုသြဝါဒဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးတော်မူရာ တနေ့သ၌ ဘိက္ခုနီမတို့အားဆုံးမဟောကြားသော ဂါထာများ
(ထေရ၊၃၀၂။) (ထေရ၊ဋ္ဌ၊၂၊၁၇၈။)

စူဠပန္ထကတ္ထေရဂါထာ

မဟာပန္ထက၏ညီ စူဠပန္ထကသည် ဂါထာတပုဒ်ကို လေးလသင်ကြားသော်လည်း မရနိုင်၍ နောင်တော်ကနှင်ထုတ်ရာ ငိုကြွေးနေဆဲ ဘုရားရှင်နှင့် တွေ့၍ ရဇောဟရဏံ ရွတ်ဆိုစေခြင်းဖြင့် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် တန်ခိုးဖန်ဆင်းအရာ၌ဧတဒဂ်ထားခြင်းခံရ၏၊ တနေ့သ၌ ရဟန်းတို့က အဘယ်သို့ သစ္စာလေးပါးကို ထိုးထွင်းသိပါသနည်းဟုမေးသည်တွင် ဖြေဆိုသော ဂါထာများ
(ထေရ၊၃၀၃။) (ထေရ၊ဋ္ဌ၊၂၊၁၈၈။)

ကပ္ပတ္ထေရဂါထာ

မဂဓတိုင်းပဒေသရာဇ်မင်း ကပ္ပသည် ကာမဂုဏ်တို့၌ အလွန်တပ်မက်နေရာ ဘုရားရှင်ကအသုဘကမ္မဋ္ဌာန်းဖြင့် ကျွတ်တမ်းဝင်မည်ကို မြင်တော်မူ၍ ကြွလာလျက် ကောင်းကင်မှ အသုဘကထာကို ဟောပြသည်တွင် အသုဘထင်မြင်သဖြင့် ရဟန်းပြုရန် တောင်းပန်သည့်အတိုင်း ခေါင်းရိတ်စေရာသင်ဓုန်းအဆုံး၌ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ပြီးနောက် ဘုရားရှင်ဟောတော်မူသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ
(ထေရ၊၃၀၄။) (ထေရ၊ဋ္ဌ၊၂၊၁၉၆။)

ဝင်္ကန္တပုတ္တဥပသေနတ္ထေရဂါထာ

နာလကရွာသား ဥပသေနသည် ဗေဒင်ကျမ်းကို သင်ယူပြီးနောက် ဘုရားရှင်ထံရောက် ရဟန်းပြုကာတဝါမျှမရသေးပဲ ဆရာပြုသည်ကို ဘုရားရှင်ကဲ့ရဲ့တော်မူသဖြင့် ပရိသတ်ကို မှီ၍ ချီးမွမ်းခံရအောင်ကျင့်မည်ဟူသော ကြံရွယ်ချက်ဖြင့် ဝိပဿနာပွါးများရာ မကြာခင် ရဟန္တာဖြစ်လေ၏၊ သမန္တပါသာဒိကအရာ၌ ဧတဒဂ်ရပြီးနောက် အခါတပါး ကောသမ္ဗီ ရဟန်းများ ကွဲပြားရာ ရဟန်းတစ်ပါးကဤအကွဲကို မည်သို့ ပြုရပါမည်နည်းဟု မေးလျှောက်သည်တွင် မိမိ၏ ပဋိပတ်အစဉ်ကိုပြောပြသော ဂါထာများ
(ထေရ၊၃၀၅။) (ထေရ၊ဋ္ဌ၊၂၊၂၀၁။)

(အပရ) ဂေါတမတ္ထေရဂါထာ

ဥဒိစ္စပုဏ္ဏားမျိုး ဂေါတမသည် ဘုရားမပွင့်မီကပင် ဗေဒပါရဂူဖြစ်လျက် ဝါဒစစ်ထိုးရန် လှည့်လည်နေဆဲဘုရားပွင့်လာရာ အခါတပါ ဇေတဝန်ကျောင်းတော် ပူဇော်ပွဲတွင် ဘုရားထံချဉ်းကပ်၍ရဟန်းပြုရန်ခွင့်တောင်းရာ ပိဏ္ဍာစာရိကရဟန်းတပါးအား ရဟန်းပြု ပေးရန် လွှဲအပ်သဖြင့် ခေါင်းရိပ်အပြီးတွင် အရဟတ္တဖိုလ်သို့ရောက်၏၊ ဆွေမျိုးတို့က “လောက၌ အဘယ်ဝါဒသည် သံသရာမှထွက်မြောက်ကြောင်း ဖြစ်ပါသနည်း''ဟု မေးလျှေက်သောအခါ ပြန်ကြား ရွတ်ဆိုသော ဂါထာများ
(ထေရ၊၃၀၅။) (ထေရ၊ဋ္ဌ၊၂၊၂၀၇။)

သံကိစ္စတ္ထေရဂါထာ

အမိအလောင်းကို မီးသင်္ဂြီုဟ်ရာမှ အသက်မသေပဲ ကျန်ရစ်ခဲ့သော သံကိစ္စသည် ခုနစ်နှစ်အရွယ်သို့ရောက်သောအခါ ဖြစ်ခဲ့ရပုံကို သံဝေဂရ၍ သျှင်သာရိပုတြာထံ၌ ရှင်ပြု တစပဉ္စက ကမ္မဋ္ဌာန်းကိုပေးကာ ခေါင်းရိပ်အပြီးတွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်၏၊ ခိုးသားငါးရာတို့ လက်ထည်းရောက်သော်လည်း အသက်မသေကျန်ရစ်ရပြန်၏၊ အခါတပါး ဥပါသကာတယောက်က အသျှင်၏အနီးတွင် ပြုစုလုပ်ကျွေးနေထိုင်လိုပါကြောင်း တောင်းပန်သည်တွင် ပြန်ကြား ရွတ်ဆိုသော ဂါထာများ
(ထေရ၊၃၀၆။) (ထေရ၊ဋ္ဌ၊၂၊၂၁၂။)

သီလဝတ္ထေရဂါထာ

ဗိမ္ဗိသာရမင်းကြီး၏သားတော် သီလဝသည် နောင်တော်အဇာတသတ်က သတ်လိုသဖြင့် အမုန်ယစ်သောဆင်ပေါ်တင်၍ သတ်စေသော်လည်း မသေ၊ ထိုအခြင်းအရာကို ဘုရားရှင် မြင်တော်မူ၍သျှင်မောဂ္ဂလ္လာန်ကို ခေါ်ယူစေရာ ဆင်နှင့်တကွ မင်းသားရောက်လာ၍ ဆင်ပေါ်မှဆင်းကာ ဘုရားရှင်ကိုရှိခိုးလျက် တရားတော်ကို နာရလျှင် ရဟန်းပြု ဝိပဿနာပွါးများလျှင် မကြာမီ ရဟန္တာဖြစ်၏၊ ထို့နောင်ကောသလတိုင်း၌ နေစဉ် အဇာတသတ်က အာဏာသားတို့ကို လွှတ်၍ သတ်စေပြန်ရာအာဏာသားတို့လည်း မထေရ်၏ တရားကို နာရ၍ အားလုံး ရဟန်းပြုကြသည်တွင် ထိုရဟန်းတို့အားဟောကြား သော ဂါထာများ
(ထေရ၊၃၀၈။) (ထေရ၊ဋ္ဌ၊၂၊၂၁၇။)

သုနီတတ္ထေရဂါထာ

ရှေးဘဝ ဝစီကံကြောင့် သူတပါး၏ အညစ်အကြေးကို စွန့်ရသော အမျိုး၌ ဖြစ်ရသော သုနီတသည်အရဟတ္တဖိုလ် ဥပနိဿယရှိသူဖြစ်၍ အမှိုက်ကျုံးနေဆဲဘုရားရှင်ကြွလာ၍ ခေါ်တော်မူလျင်ဝမ်းမြောက်ဝမ်းသာ ရဟန်းပြုသည်တွင် ဧဟိဘိက္ခုရဟန်းအဖြစ် ခံယူလျက် ကမ္မဌာန်းကို အားထုတ်ရာသမာပတ်ရှစ်ပါး အဘိညာဉ်ခြောက်ပါးတို့နှင့်တကွ ရဟန္တာ ဖြစ်လေ၏၊ ထိုအသျှင့်ထံသို့ သိကြားဗြဟ္မာတို့ချဉ်းကပ်ရှိခိုးကြ၏၊ အခါတပါး ရဟန်းများ က “အဘယ်အမျိုးမှ အဘယ်သို့ရဟန်းပြု၍ အဘယ်သို့သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိသနည်း''ဟု မေးကြရာ ပြန်ကြားဖြေဆိုသော ဂါထာများ
(ထေရ၊၃၀၉။) (ထေရ၊ဋ္ဌ၊၂၊၂၂၃။)

သောဏကောဠိဝိသတ္ထေရဂါထာ

စမ္ပာမြို့ဥသဘသူဌေးသား သောဏသည် အလွန်နူးညံ့၍ ပြုဒေ ဆောင်၌ နတ်သားကဲ့သို့စည်းစိမ်ခံစားနေရာမှ ဗိမ္ဗိသာရမင်း၏ အမိန့်ဖြင့် ရာဇဂြိုလ်ပြည်သို့ လာရာတွင် ဘုရားရှင်ထံရောက်တရားတော်နာယူ၍ ရဟန်းပြုပြီးလျှင် တမာပင်တော၌ တရားကို အပြင်းအထန်အားထုတ်သော်လည်းတရားမရနိုင် လူထွက်တော့မည်ဟု အကြံ ပြုနေ၊ ဆဲဘုရားရှင်ကြွလာ၍ စောင်းဥပမာဖြင့် အညီအမျှကျင့်ရမည့်အကြောင်း ဟောတော်မူမှ အားထုတ်သည်တွင် ရဟန္တာဖြစ်လေ၏၊ ထိုအခါ မိမိ၏ ပဋိပတ်ကိုဆင်ခြင်လျက် ဥဒါန်းကျူးသော ဂါထာများ
(ထေရ၊၃၁၁။) (ထေရ၊ဋ္ဌ၊၂၊၂၂၈။)

ခဒိရဝနိယ ရေဝတတ္ထေရဂါထာ

ရှားတောနေ သျှင်ရေဝတသည် ရဟန္တာပြစ်ပြီးနောက် မကြာမကြာ ဘုရားရှင်နှင့် သာဝကကြီးတို့ထံလာရောက်ဆည်းကပ်လေ့ရှိရာ အရွယ်ကြီးရင့်သောအခါလည်း လာလေ့ ရှိသည့်အတိုင်း တနေ့သ၌သာဝတြိ္ထပည်သို့အလာ မြို့နှင့်မနီးမဝေးတောအုပ်၌ နေထိုင်ဆဲ မြို့တွင်းမှ ခိုးယူလာသော သူခိုးကိုလိုက်လံဖမ်းဆီးကြသူတို့သည် မထေရ်အနီး၌ ပစ်ချခဲ့သော ဥစ္စာထုပ်ကို တွေ့၍ မထေရ်ကို ဖမ်းဆီးကာဘုရင့်ရှေ့မှောက်သို့ ပို့ကြ သည်တွင် မထေရ်ကို လွှတ်စေ၍ စစ်ဆေးသောအခါ ပြန်လည်ဖြေဆိုသော ဂါထာများ
(ထေရ၊၃၁၃။) (ထေရ၊ဋ္ဌ၊၂၊၂၃၈။)

ဂေါဒတ္တတ္ထေရဂါထာ

လှည်းကုန်သည်မျိုး၌ဖြစ်ရသော ဂေါဒတ္တသည် လှည်းဖြင့်ကုန်သွယ်သွားရင်း ဝန်မရုန်းနိုင်၍ လဲကျသောနွားကို မညှာမတာ အမြီးကို ထိုးဖောက်နှိပ်စက်သည်တွင် နွားက လူ့စကားဖြင့် “ဖြစ်လေရာဘဝ၌သင့်ကိုပြန်၍ နှိပ်စက်မည်''ဟု ပြောဆိုဆုတောင်း သည်ကိုကြား၍ သံဝေဂဖြစ်ကာ မထေရ်တပါးထံရဟန်းပြု ဝိပဿနာကိုပွါးရာ မကြာမီ ရဟန္တာဖြစ်၏၊
တနေ့သ၌ ဆည်းကပ်လာသော ရှင်ရဟန်းတို့အားလောကဓံနှင့် စပ်လျဉ်း၍ ဟောကြားသော ဂါထာများ
(ထေရ၊၃၁၅။) (ထေရ၊ဋ္ဌ၊၂၊၂၄၄။)

အညာသိကောဏ္ဍညတ္ထေရဂါထာ

ပဉ္စဝဂ္ဂီငါးဦးဝင် အသျှင်ကောဏ္ဍညသည် ဝါဆိုလပြည့်ကျော် ၅-ရက်တွင် အနတ္တလက္ခဏသုတ်အဆုံး၌အရဟတ္တဖိုလ်သို့ရောက်သည်၊ နောက်အခါ ရတ္တညူဧတဒဂ်ဖြင့် ချီးမြှောက်ခံရ၏၊ အခါတပါးသိကြားမင်းလာ၍ လျှောက်သည်၊ တရားဟောသဖြင့် သိကြားက ကြည်ညို၍ လျှောက်သော ဂါထာနှင့်မထေရ်ကရွတ်ဆိုသော ဂါထာများ
အကြင်ပုဂ္ဂိုလ်သည် စိတ်၏ ငြောင့်တံသင်းငါးမျိုးကိုလည်းကောင်း၊ သြဃလေးပါးနှင့် ရာဂတည်းဟူသော ကျော့ကွင်းကိုလည်းကောင်း၊ ဖောက်ခွဲနိုင်ခဲ သောတောင်နှင့်တူသော အဝိဇ္ဇာကိုလည်းကောင်း ဖောက်ခွဲဖြိုဖျက်လျက် စျာန်ဝင်စားကာ သြဃလေးပါးတို့ကို ကူးမြောက်လျက် နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်၏၊
ထိုပုဂ္ဂိုလ်သည်မာရ်မင်းအနှောင်အဖွဲ့မှ လွတ်မြောက်တော့၏၊
(ထေရ၊၃၁၆။) (ထေရ၊ဋ္ဌ၊၂၊၂၄၉။)

ဥဒါယိတ္ထေရဂါထာ

ဥဒါယီသုံးမျိုးတွင် မဟာဥဒါယီမည်သော ပုဏ္ဏားမျိုး ဥဒါယီသည် ဆွေတော်မျိုးတော်အစည်းအဝေးတွင် ဘုရားရှင်ကို ကြည်ညို၍ ရဟန်းပြု ဝိပဿနာပွါးလျှင် မကြာခင် ရဟန္တာ ဖြစ်လေ၏၊ တနေ့သ၌ မြတ်စွာဘုရားက နာဂေါပမသုတ္တန် (ဆင်ဥပမာတရား) ကို ဟောကြားပြီး အဆုံးတွင် ဘုရားရှင်၏ ဂုဏ်တော်ကို နှလုံးသွင်းကာ “ငါသည် ဘုရားတည်းဟူသော ဂန္ဓဆင်မင်းကြီး၏ ဂုဏ်များကိုထင်ရှားအောင်ပြအံ့''ဟု ချီးကျူး ရွတ်ဆိုသော ဂါထာများ
(ထေရ၊၃၁၈။) (ထေရ၊ဋ္ဌ၊၂၊၂၅၈။)

အဓိမုတ္တတ္ထေရဂါထာ

သံကိစ္စမထေရ်၏ တူဖြစ်သော အဓိမုတ္တသည် အရွယ်ရောက်သောအခါ ဦးရီးတော် မထေရ်ထံတွင် ရှင်ပြု၍ဝိပဿနာပွါးရာ သာမဏေအဖြစ်နှင့်ပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ရှင်အဖြစ်မှ ရဟန်းပြုလို၍မယ်တော်ထံပြောကြားရန်သွားရာ လမ်းတွင် မလိပူဇော်ရန် လူသားရှာနေကြသော ခိုးသား၅၀၀-နှင့်တွေ့၍ဖမ်းဆီးလျှင် မတုန်မလှုပ် မျက်နှာကြည်လင်လျက်နေသည်ကို ခိုးသူခေါင်းဆောင်ကချီးကျူးသော ဂါထာနှင့်အဓိမုတ္တမထေရ်က ပြန်ကြားသော ဂါထာများ။
(ထေရ၊၃၁၉။) (ထေရ၊ဋ္ဌ၊၂၊၂၆၃။)

ပါရာပရိယတ္ထေရဂါထာ

ပုဏ္ဏားသူကြွယ်သား ပါရာပရိယသည် ဗေဒင်သုံးပုံကို သင်ကြားပြီးမှ ဇေတဝန် ကျောင်းတော်သွား၍ပရိတ်သတ်အစွန်ကထိုင်လျက် တရားနာရာ ဣန္ဒြိယဘာဝနသုတ်ကို နာရသဖြင့် ရဟန်းပြု၏၊
နာယူထားသော ဣန္ဒြိယဘာဝနသုတ်ကို အဖန်ဖန်စဉ်းစားလျက် ဝိပဿနာပွါးသည်တွင် မကြာခင်ရဟန္တာဖြစ်လေ၏၊
နောက်အခါ မိမိကြံစည်သော အခြင်း အရာကို ထင်ရှားပြသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။
(ထေရ၊၃၂၁။) (ထေရ၊ဋ္ဌ၊၂၊၂၇၁။)

တေလကာနိတ္ထေရဂါထာ

ဘုရားမပွင့်မီကပင် ပုဏ္ဏားမျိုး၌ ဖြစ်လာသော တေလကာနိသည် အရွယ်ရောက်သောအခါ ပါရမီရှိသူဖြစ်၍ ပရိဗိုဇ်ရဟန်းပြုကာ ဝဋ်မှထွက်ကြောင်းတရားကို ရှာဖွေရင်း လှည့်လည်လျက် ပညာရှိတို့ကို ပြဿနာမေးလေ၏၊
ဘုရားပွင့်လာသောအခါ ဘုရားရှင့်ထံ ချဉ်းကပ်၍ တရားနာ ရသည်တွင် ရဟန်းပြုလျက် ဝိပဿနာကိုပွါးလျှင် မကြာခင်ရဟန္တာဖြစ်လေ၏၊ တနေ့သ၌ ရဟန်းတို့နှင့် အတူနေစဉ်မိမိ၏တရားထူးကို ဆင်ခြင်၍ မိမိ၏ ပဋိပတ်ကို အောက်မေ့ကာ ရဟန်းတို့အား ပြောကြားသော ဂါထာများ။
(ထေရ၊၃၂၃။) (ထေရ၊ဋ္ဌ၊၂၊၂၈၀။)

ရဋ္ဌပါလတ္ထေရဂါထာ

ရဋ္ဌပါလသူဌေးသားသည် ရဟန်းပြုလို၍ ခုနစ်ရက်အစာငတ်ခံမှ မိဘကခွင့်ပြု၍ ရဟန်းပြုခွင့် ရခဲ့၏၊
ဘုရားရှင်အမိန့်ဖြင့် မထေရ်တပါးထံ ရဟန်းပြုပြီးလျှင် ဝိပဿနာကိုပွါးရာ မကြာခင် ရဟန္တာဖြစ်လေ၏၊ အခါတပါး မိဘရှိရာသို့ သွားလေရာ တန်ဆာဆင်ထားသော မိန်းမတို့ဖြင့် ဖြားယောင်းသွေးဆောင်လူ့ဘောင်သို့ကျအောင် ပြုမူကြသည်တွင် အနိစ္စစသည်နှင့် ယှဉ်သော တရားကို ဖော်ပြဟောကြားသော ဂါထာများ။
ထိုမကောင်းမှုကိုပြုသောသူ၏ (အပြုအမူကို) ယုံကြည်သော ပညာနည်းသော သူသည် (ထိုသူကဲ့သို့ ကျင့်၍) ပဋိသန္ဓေနေခြင်းသို့လည်းကောင်း၊ တမလွန်လောကသို့လည်းကောင်း ကပ်ရောက်ရ၏၊
(ထေရ၊၃၂၅။) (ထေရ၊ဋ္ဌ၊၂၊၂၈၈။)

မာလုကျပုတ္တတ္ထေရဂါထာ

ဆက္ကနိပါတ်၌ မာလုကျပုတ္တမထေရ် ရဟန္တာအဖြစ်ဖြင့် ရွတ်ဆိုသော ဂါထာများကို ပြခဲ့၏၊ ဤ၌ကားပုထုဇဉ်အဖြစ်ဖြင့် မြတ်စွာဘုရားအား တရားအကျဉ်း ဟောတော်မူပါဟု တောင်းပန်သည်တွင် အကျဉ်းအားဖြင့် ဟောတော်မူရာ ထိုအကျဉ်းကိုဆောင်ယူသင်ကြား ထားကြောင်း ဖော်ပြသော ဂါထာများ။
(ထေရ၊၃၂၇။) (ထေရ၊ဋ္ဌ၊၂၊၉၄။)

သေလတ္ထေရဂါထာ

လုလင်သုံးရာတို့၏ဆရာ ဗေဒင်သုံးပုံဆောင် သေလပုဏ္ဏားကြီးသည် ဘုရားရှင်ထံ ရောက်လာကာလက္ခဏာတော်များကို စုံစမ်းရင်း ချီးကျူးလျှောက်ထား၍ ဘုရားရှင်၌ အကြွင်းမရှိ ယုံကြည်ကြည်ညိုလျက့်လုလင်သုံးရာနှင့်တကွ ဧဟိဘိက္ခုရဟန်းအဖြစ်ကို ခံယူကြ၏၊ ဤသို့ရဟန်းဖြစ်ကြပြီးနောက် ဝိပဿနာပွါးများကြသည်တွင် အရဟတ္တဖိုလ်သို့ ရောက်ကြ၏၊ ထိုအခြင်းအရာနှင့်စပ်လျဉ်းသော ဂါထာများ။
(ထေရ၊၃၃၀။) (ထေရ၊ဋ္ဌ၊၂၊၃၀၄။)

ကာဠိဂေါဓာပုတ္တဘဒ္ဒိယတ္ထေရဂါထာ

သာကီဝင်မင်းသား ဘဒ္ဒိယသည် အနုရုဒ္ဓါစသော မင်းသားငါးဦးတို့နှင့်အတူ အနုပိယ သရက်ဥယျာဉ်၌သီတင်းသုံးတော်မူသော ဘုရားရှင့်ထံ ရောက်လာရဟန်းပြုကြ၍ ရဟန္တာ ဖြစ်ကြ၏၊
ဥစ္စာကုလိကဧတဒဂ်ရဖြစ်၏၊ အစဉ်မပြတ် “ချမ်းသာလေစွ၊ ချမ်းသာလေစွ''ဟု ဥဒါန်းကျူးနေသည်ကိုရဟန်းများကအထင်မှား၍ ဘုရားထံလျှောက်သဖြင့် ခေါ်ယူမေးစစ်ရာ ရှေးအခါမင်းဖြစ်စဉ်ကအစောင့်အရှောက်တွေ ရှိပါလျက် ထိတ်လန့်နေရ၏၊ ယခုအခါ ရဟန်းဖြစ်၍
ဤသို့မထိတ်လန့်ရကြောင်းဘုရားရှင်မျက်မှောက်တွင် ရဲရင့်စွာ ရွတ်ဆိုသော ဂါထာများ။
(ထေရ၊၃၃၂။) (ထေရ၊ဋ္ဌ၊၂၊၃၂၀။)

အင်္ဂုလိမာလတ္ထေရဂါထာ

ကောသလမင်းကြီး၏ ပရောဟိတ်သား အင်္ဂုလိမာလသည် ဆင်ပြောင်ခုနစ်စီးအားကို ဆောင်နိုင်၏၊ တက္ကသိုလ်ပြည် ဆရာ့ထံတွင် ပညာသင်ကြားစဉ် မလိုသူတို့၏ ပြောစကားကြောင့် လူသတ်သမားဖြစ်ရ၏၊ အမိကိုပင် သတ်ရန်လိုက်နေဆဲ ဘုရားရှင် ကြွလာရာ ဘုရားကို ဆက်၍လိုက်ပြန်၏၊ မမှီနိုင်၍့ရပ်လော့ဟုဆိုသည်တွင် “သင်သာ မရပ်၊ ငါကားရပ်၏''ဟု မိန့်တော်မူသော စကားအရဖြေရှင်းဟောပြသည်ကို သဘောကျ၍ ဧဟိဘိက္ခုရဟန်းအဖြစ်ကို ခံယူပြီးနောက် ဝိပဿနာကို ပွါးများရာအရဟတ္တဖိုလ်သို့ ရောက်၏၊ ထိုအခါ ဝိမုတ္တိချမ်းသာကို ခံစားရင်း ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးသော ဂါထာများ။
(ထေရ၊၃၃၃။) (ထေရ၊ဋ္ဌ၊၂၊၃၂၄။)

အနုရုဒ္ဓတ္ထေရဂါထာ

မဟာနာမ်မင်း၏ညီ အနုရုဒ္ဓါသည် ကြီးကျယ်သော စည်းစိမ်ကို ခံစားနေရာမှ ဘုရားရှင်ထံရောက်၍ရဟန်းပြု တစ်ဝါတွင်း၌ပင် ဒိဗ္ဗစက္ခုအဘိဉာဏ်ကို ဖြစ်စေလျက် တဖန် ရှင်သာရိပတြာထံမှကမ္မဋ္ဌာန်းယူကာ စေတိယတိုင်း အရှေ့တော၌ တရားအားထုတ် နေစဉ် မဟာပုရိသဝိတက်နှင့် စပ်လျှဉ်း၍မဟာအရိယဝံသပဋိပဒါကို ဘုရားရှင်ဟော တော်မူသော အခါ ဝိပဿနာပွါးလျက် ပဋိသမ္ဘိဒါဖြင့် ခြံရံသောအရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ဒိဗ္ဗစက္ခုဧတဒဂ်ဖြင့် ချီးကျူးခံရ၏၊ ထိုအရှင်နှင့် စပ်လျဉ်း၍ ဘုရားဟောသော ဂါထာများ ပါဝင်သော်လည်း ထိုအရှင်ဟောဟူ၍သာ ဆိုရသော ဂါထာများ။
(ထေရ၊၃၃၆။) (ထေရ၊ဋ္ဌ၊၂၊၃၃၅။)

ပါရာပရိယတ္ထေရဂါထာ

ပါရာပရိယမထေရ်၏ ဂါထာများကို အောက်ကပြဆိုခဲ့ပြီးဖြစ်၏၊ ဤ၌ကား ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် တွင် ထိုအရှင် ပရိနိဗ္ဗာန်စံခါနီး၌ အနာဂတ်သာသနာတွင် ဖြစ်ပေါ် လာမည့်ရဟန်းတို့၏ အကျင့်ပျက်စီးပုံကို ပြသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။
(ထေရ၊၃၃၈။) (ထေရ၊ဋ္ဌ၊၂၊၃၄၇။)

ဖုဿတ္ထေရဂါထာ

ပဒေသရာဇ်မင်းသားဖုဿသည် မင်းသားတို့တတ်အပ်သော အတတ်များကို သင်ကြား ပြီးနောက် တရားရ၍ မဟာထေရ်တပါးထံ တရားနာယူကာ ရဟန်းပြု၏၊ စရိုက်အားလျော် သော ကမ္မဋ္ဌာန်းကိုအားထုတ်ရာ စျာန်အသိညာဉ်ရ ပုဂ္ဂိုလ်ဖြစ်လေ၏၊ တနေ့သ၌ ပဏ္ဍရဂေါတ္တရသေ့က ဖုဿမထေရ်ထံတွင် တရားနာစဉ် ဣန္ဒြေငြိမ်သက်သော ရဟန်း များကို မြင်ရ၍ “ဤသို့သော အကျင့်မျိုး ကြာရှည်တည်ပါမူကောင်းလေစွ''ဟု ကြံစည်ကာ “အနာဂတ်ရဟန်းတို့၏ ပဋိပတ်သည် မည်သို့ ဖြစ်လိမ့်မည်နည်း''ဟုလျှောက်သဖြင့် ဖြေဆိုသော ဂါထာများ။
(ထေရ၊၃၄၀။) (ထေရ၊ဋ္ဌ၊၂၊၃၅၇။)

သာရိပုတ္တတ္ထေရဂါထာ

အရှင်သာရိပုတြာသည် ရဟန်းပြုပြီးနောက် ၁၅-ရက် (လခွဲ) လွန်မှ ဘုရားရှင်နှင့်အတူ ရာဇဂဂြိုဟ်ပြည်သူကရခတ (ဝက်တူး) လိုဏ်၌ နေစဉ် တူတော်သူ ဒီဃနခပရိဗိုဇ်အား ဟောကြားသောဝေဒနာပရိဂ္ဂဟသုတ္တန်ကို နာယူရသဖြင့် သူတပါးချက်ပြီးထမင်းကို စားရ သကဲ့သို့ အရဟတ္တဖိုလ်ရရှိ၍ပါရမီဉာဏ် အထွတ်အထိပ်သို့ ရောက်ရ၏၊ မဟာပညာ ဧတဒဂ်လည်း ရရှိ၏၊ တနေ့သ၌သီတင်းသုံးဖော်ရဟန်းတို့အား မိမိ၏ အကျင့်ကို ဖွင့်ပြသောအားဖြင့် ဟောကြားသော ဂါထာများ။
ထိုမြေအရပ်သည်နှလုံးမွေ့လျော်ဖွယ် ရှိသည်သာလျှင်တည်း။
(ထေရ၊၃၄၃။) (ထေရ၊ဋ္ဌ၊၂၊၃၆၉။)

အာနန္ဒတ္ထေရဂါထာ

ဘုရားရှင့်ဘထွေးတော် အမိတ္တောဒနမင်း၏သား အာနန္ဒာသည် ဘဒ္ဒိယမင်းသားတို့ နှင့်အတူဘုရားရှင့်ထံရဟန်းပြု၍ မကြာခင် ရှင်ပုဏ္ဏမထေရ်၏ တရားကိုနာရသဖြင့် သောတာပန်ဖြစ်၏၊ ဧတဒဂ်ငါးချက်ကိုလည်း ရရှိ၏၊
ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် ပဌမ သင်္ဂါယနာတင်ခါနီးမှ အဘိဉာဏ်ရရဟန္တာဖြစ်၍ သင်္ဂါယနာပွဲသို့ ဝင်ရ၏၊
သင်္ဂါယနာ တင်ပွဲတွင် ထိုထိုရဟန်းတို့အားသြဝါဒပေးသောအားဖြင့် မိမိ၏ ပဋိပတ်ကို ဖွင့်ပြရွတ်ဆို သော ဂါထာများ။
(ထေရ၊၃၄၆။) (ထေရ၊ဋ္ဌ၊၂၊၄၁၁။)

မဟာကဿပတ္ထေရဂါထာ

ပိပ္ပလုလင်ဟု အမည်ရခဲ့သော သျှင်မဟာကဿပသည် တောထွက်လာစဉ်ကလည်း မြေလှုပ်ခဲ့၏၊ ဘုရားသျှင်နှင့် သင်္ကန်းလဲသောအခါလည်း မြေလှုပ်ခဲ့၏၊ ဘုရားရှင်၏ သင်္ကန်းတော်ကိုဝတ်ရုံရသော်လည်း စိတ်ထားတက်ကြွခြင်းမရှိ၊ ဘုရားရှင့်ထံ၌ ဓုတင် တစ်ဆယ့်သုံးပါးတို့ကို ဆောင်တော်မူသဖြင့် ဧတဒဂ်ရ ဖြစ်တော်မူ၏၊ ရဟန်းပြုပြီးနောက် ခုနစ်ရက်မျှသာ ပုထုဇဉ်အဖြစ်တည်၍့ရှစ်ရက်မြောက်၌ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်လေ၏၊ ထိုအရှင်မြတ်၏ ဆိတ်ငြိမ်ရာ၌မွေ့လျော်ခြင်းကို အဦးပြုသောအားဖြင့် ရဟန်း တို့အား ဆုံးမသော ဂါထာများ။
(ထေရ၊၃၄၉။) (ထေရ၊ဋ္ဌ၊၂၊၄၂၈။)

တာလပုဋတ္ထေရဂါထာ

ကချေသည် ဘဝတွင် ကြီးပွါး တိုးတက်ခဲ့သော တာလပုဋ သဘင်ဆရာကြီးသည် ဘုရားရှင့်ထံရောက်သောအခါ သဘင်သည်များ အပါယ်လားရကြောင်း ဟောတော်မူသည်တွင် သံဝေဂရ သဒ္ဓါတရားဖြစ်၍ ရဟန်းပြုကာ ဝိပဿနာပွါးရာ မကြာမီ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် ရှေးအခါက မိမိ၏ ယောနိသောမနသိကာရနှင့် ယှဉ်သောစိတ်ကို အမျိုးမျိုးခွဲခြား၍ အနီးရှိရဟန်းတို့အား သြဝါဒပေးသောအားဖြင့် ဟောကြားသော ဂါထာများ။
(ထေရ၊၃၅၃။) (ထေရ၊ဋ္ဌ၊၂၊၄၅၆။)

မဟာမောဂ္ဂလ္လာနတ္ထေရဂါထာ

သျှင်သာရိပုတြာနှင့်အတူ ရဟန်းပြုခဲ့သော သျှင်မောဂ္ဂလ္လာန်သည် ရဟန်းပြုသည်မှ ခုနစ်ရက်မြောက်နေ့၌မဂဓတိုင်း ကလ္လဝါလရွာကို အမှီပြု၍ တရားအားထုတ်နေစဉ် ထိနမိဒ္ဓဝင်နေသည်ကို ဘုရားရှင်က့တရားဖြင့်ထိတ်လန့်စေတော်မူမှ ထိနမိဒ္ဓကိုပယ်ရှားကာ ဓာတုကမ္မဋ္ဌာန်းကို ကြားနာလျက် ဝိပဿနာကိုပွါးသည်တွင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊
တန်ခိုးအရာ၌ ဧတဒဂ်ရဖြစ်တော်မူ၏၊ သာဝကပါရမီအထွတ်အထိပ်သို့ ရောက်သော ထိုအသျှင်သည် ထိုထိုအကြောင်းကိုစွဲ၍ ထိုထိုအရပ်၌ဟောကြားရွတ်ဆိုသော ဂါထာများ။
(ထေရ၊၃၆၁။) (ထေရ၊ဋ္ဌ၊၂၊၄၇၉။)

ဝင်္ဂိသတ္ထေရဂါထာ

ဝင်္ဂိသကပုဏ္ဏားသည် ဆဝသီသမန္တံဖြင့် သုံးနှစ်ပြည့်ကြာပြီးသော လူ့ခေါင်းရိုးကို ခေါက်၍ လားရာဂတိကိုပြောနိုင်၏၊
ဤနည်းဖြင့် လှည့်လည်ဟောပြောနေစဉ် ဘုရားရှင်ထံ ရောက်၍ ပရိနိဗ္ဗာန်စံသွားသူ၏ ခေါင်းရိုးကို မန္တံဖြင့်ခေါက်၍ မသိနိုင်မှ ထိုပညာကို စွန့်ကာ ဘုရားရှင်ထံတွင် ရဟန်းပြု၏၊ ဝင်္ဂိသမထေရ်သည် ဝိပဿနာပွါး၍ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် ဘုရားရှင်အား ဥပမာအမျိုးမျိုးဖြင့် ချီးကျူးရွတ်ဆိုသော ဂါထာများ, ထိုမထေရ်၏ အရဟတ္တဖိုလ်ရပြီးမှရှေ့နောက်အခါတို့၌ ထိုထိုစိတ်ဖြစ်ပုံကို အစွဲပြု၍ မထေရ်ကို ရည်စူးလျက် သျှင်အာနန္ဒာ အစရှိသောမထေရ်တို့ ရွတ်ဆိုသော ဂါထာများ။
(ထေရ၊၃၆၇။) (ထေရ၊ဋ္ဌ၊၂၊၅၀၇။)

အညတရာထေရီဂါထာ

ဝေသာလီမင်းသမီး ထေရိကာသည် အိမ်ထောင်ပြုပြီးမှ ဝေသာလီပြည်သို့ ဘုရားရှင် ကြွလာစဉ်ဥပါသိကာမအဖြစ်သို့ရောက်၏၊ မိထွေးတော်ဂေါတမီထံတွင် ရဟန်းပြုလို သော်လည်း လင့်ထံမှ အခွင့်မရ။ တနေ့တွင် မီးဖိုချောင်၌ ဟင်းချက်စဉ် ဝိပဿနာပွါး၍ အနာဂါမ်အဖြစ်သို့ရောက်မှ အခွင့်ရ ရဟန်းပြုကာ့ဘုရားရှင့်ထံသို့ ရောက်သောအခါ တရားတော် နာရသည့်အဆုံး၌ ပဋိသမ္ဘိဒါလေးပါးနှင့်တကွအရဟတ္တဖိုလ်သို့ရောက်၏၊ ထိုအခါ ဥဒါန်းကျူးရင့် (ရွတ်ဆို) သော ဂါထာ။
(ထေရီ၊၃၇၇။) (ထေရီ၊ဋ္ဌ၊။)

မုတ္တာထေရီဂါထာ

ပုဏ္ဏားသူကြွယ်သမီး မုတ္တာသည် အသက်၂၀-တွင် မိထွေးတော်ဂေါတမီထံ ရဟန်းပြု၍ဝိပဿနာပွါးနေစဉ် ဂန္ဓကုဋိမှ ဘုရားရှင်ကိုယ်တော်တိုင် ရောင်ခြည်တော်လွှတ်ကာ သြဝါဒ ပေးတော်မူရာထိုသြဝါဒ၌ တည်လျက်ကြိုးစားသဖြင့် မကြမီအရဟတ္တဖိုလ်သို့ရောက်၏၊ ထိုအခါ ဘုရားရှင်သြဝါဒပေးတော်မူသည့်အတိုင်း ဥဒါန်းကျူးရင့် (ရွတ်ဆို) သော ဂါထာ။
(ထေရီ၊၃၇၇။) (ထေရီ၊ဋ္ဌ၊။)

ပုဏ္ဏာထေရီဂါထာ

သူကြွယ်သမီး ပုဏ္ဏာ သည် အသက် ၂၀-တွင် မိထွေးတော်ဂေါတမီထံ၌ ရဟန်းပြု၍ ဝိပဿနာ ပွါးနေစဉ်ဂန္ဓကုဋိ မှ ရောင်ခြည်တော်လွှတ်ကာ သြဝါဒ ပေးတော်မူရာ အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ထိုအခါ ဥဒါန်းကျူးရင့် (ရွတ်ဆို) သော ဂါထာ။
(ထေရီ၊၃၇၇။) (ထေရီ၊ဋ္ဌ၊။)

တိဿာထေရီဂါထာ

သာကီဝင်မင်းသမီး ဘုရားအလောင်း၏ရံရွေတော်ဖြစ်ခဲ့သော တိဿာသည် မိထွေးတော် ဂေါတမီနှင့်အတူလူ့ဘောင်မှ ထွက်ခွာရဟန်းပြု၍ ဝိပဿနာ ပွါးစဉ် ဂန္ဓကုဋိမှ ရောင်ခြည်တော်လွှတ်ကာသြဝါဒပေးတော်မူရာ အရဟတ္တဖိုလ်သို့ရောက်လေ၏၊ ထိုအခါ ဥဒါန်းကျူးရင့် (ရွတ်ဆို) သော ဂါထာ။
(ထေရီ၊၃၇၇။) (ထေရီ၊ဋ္ဌ၊၁၁။)

အညတရာတိဿာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော တိဿာ (တဦး) သည်လည်း ယခင် တိဿာနည်းအတိုင်းရဟန်းပြု အရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။
(ထေရီ၊၃၇၇။) (ထေရီ၊ဋ္ဌ၊၁၂-၁၄။)

ဓီရာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော ဓီရာသည်လည်း ဤနည်းတူရဟန်းပြုအရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။
(ထေရီ၊၃၇၈။) (ထေရီ၊ဋ္ဌ၊၁၂-၁၄။)

ဝီရာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော ဝီရာသည်လည်း ဤနည်းတူရဟန်းပြုအရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။
(ထေရီ၊၃၇၈။) (ထေရီ၊ဋ္ဌ၊၁၂-၁၄။)

မိတ္တာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော မိတ္တာသည်လည်း ဤနည်းတူရဟန်းပြုအရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။
(ထေရီ၊၃၇၈။) (ထေရီ၊ဋ္ဌ၊၁၂-၁၄။)

ဘဒြာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော ဘဒြာသည်လည်း ဤနည်းတူရဟန်းပြုအရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။
(ထေရီ၊၃၇၈။) (ထေရီ၊ဋ္ဌ၊၁၂-၁၄။)

ဥပသမာထေရီဂါထာ

ဘုရားအလောင်း၏ ရံရွေတော်ဖြစ်ခဲ့ဖူးသော ဥပသမာသည်လည်း ဤနည်းတူရဟန်းပြုအရဟတ္တဖိုလ်သို့ရောက်၍ ဥဒါန်းကျူးရင့်သော ဂါထာ။
(ထေရီ၊၃၇၈။) (ထေရီ၊ဋ္ဌ၊၁၂-၁၄။)

မုတ္တာထေရီဂါထာ

ဆင်းရဲသားပုဏ္ဏား၏သမီး မုတ္တာသည် ခါးကုန်းသောပုဏ္ဏားနှင့် အိမ်ထောင်ပြုရသည်ကို မနှစ်သက်သဖြင့် ခွင့်တောင်းကာ ရဟန်းပြု ဝိပဿနာကိုပွါးရာတွင် အပြင်အာရုံသို့ ပြေးသွားသောစိတ်ကို ဖိနှိပ်၍ကြိုးစားအားထုတ်မှ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်လေ၏၊ ထိုအခါ ဥဒါန်းကျူးရင့်သော ဂါထာ။
(ထေရီ၊၃၇၈။) (ထေရီ၊ဋ္ဌ၊၁၄။)

ဓမ္မဒိန္နာထေရီဂါထာ

ဝိသာခသူဌေးကတော် ဓမ္မဒိန္နာသည် အနာဂါမ်တည်သော လင်သူဌေးကို အားကျ၍ ရဟန်းပြုပြီးလျှင်ဆိတ်ငြိမ်ရာရွာကျောင်း၌ တရားကို အားထုတ်ရာ မကြာမီ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊
ဓမ္မကထိကဧတဒဂ်ကိုလည်း ရရှိ၏၊ ထိုမထေရ်မ ရွတ်ဆိုသော ဂါထာ။
(ထေရီ၊၃၇၉။) (ထေရီ၊ဋ္ဌ၊၁၆။)

ဝိသာခါထေရီဂါထာ

ဓီရာထေရီနှင့် အလားတူ ရဟန်းပြု၍ ရဟန္တာဖြစ်လာသော ဝိသာခါထေရီသည် ရဟန္တာဖြစ်၍ အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် ရွတ်ဆိုသော ဂါထာ။
(ထေရီ၊၃၇၉။) (ထေရီ၊ဋ္ဌ၊၂၀။)

သုမနာထေရီဂါထာ

တိဿာထေရီနှင့် အလားတူ ရဟန်းပြု၍ တရားအားထုတ်နေစဉ် ဘုရားရှင် ရောင်ခြည်တော်လွှတ်၍တရားဟောတော်မူရာ ဂါထာဆုံးသည်နှင့်တပြိုင်နက် ရဟန္တာဖြစ်၏၊ ထိုမထေရ်မ ရွတ်ဆိုသော ဂါထာ။
(ထေရီ၊၃၇၉။) (ထေရီ၊ဋ္ဌ၊၂၁။)

ဥတ္တရာထေရီဂါထာ

တိဿာထေရီနှင့် အလားတူ ရဟန်းပြု၍ တရားအားထုတ်နေစဉ် ဘုရားရှင် ရောင်ခြည် တော်လွှတ်၍ဟောပြသော ဂါထာအဆုံး၌ ရဟန္တာဖြစ်၏၊ ထိုမထေရ်မ ဥဒါန်းကျူးရင့်သော ဂါထာ။
(ထေရီ၊၃၇၉။) (ထေရီ၊ဋ္ဌ၊၂၂။)

ဝုဍ္ဎပဗ္ဗဇိတသုမနာထေရီဂါထာ

မဟာကောသလမင်း၏ နှမတော် သုမနာသည် ရဟန်းပြုလိုသော်လည်း အဖွားကို ပြုစုနေရသဖြင့် အချိန်လွန်မှ အဖိုးတန်အခင်းအရုံတို့ကို သံဃာအားလှူဒါန်း၍ ရဟန်းပြုကာ ဘုရားရှင့်ထံ တရားနာရ၍ အနာဂါမ်တည်လေ၏၊
ထိုအခါ မှ ရဟန်းပြုလျက် ဘုရားရှင်၏ တရားတော်ကို တဖန်နာယူရသည်၏အဆုံး၌ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်ရသည်တွင် ဘုရားရှင်ဟောတော်မူသော ဂါထာအတိုင်း ဥဒါန်းကျူးရင့်သော ဂါထာ။
(ထေရီ၊၃၇၉။) (ထေရီ၊ဋ္ဌ၊၂၃။)

ဓမ္မာထေရီဂါထာ

သာဝတ္ထိမြို့ အမျိုးသမီးဓမ္မာသည် အိမ်ထောင်ပြုပြီးမှ သဒ္ဓါတရားဖြစ်၍ ရဟန်းပြုလို သော်လည်း အခွင့်မရလင်သေမှအခွင့်ရ၍ ရဟန်းပြုကာ တရားအားထုတ်နေစဉ် တနေ့သ၌ ဆွမ်းခံသွားရင်း လဲကျ၍ထိုအာရုံကို ဝိပဿနာတင်ကာ ပွါးများသည်တွင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်ရ၍ ဥဒါန်းကျူးသော ဂါထာ။
(ထေရီ၊၃၇၉။) (ထေရီ၊ဋ္ဌ၊၂၃။)

သံဃာထေရီဂါထာ

ဓီရာထေရီနှင့်အလားတူ ရဟန်းပြု ရဟန္တာဖြစ်၍ ရွတ်ဆိုသော ဂါထာ။
(ထေရီ၊၃၈၀။) (ထေရီ၊ဋ္ဌ၊၂၄။)

အဘိရူပနန္ဒာထေရီဂါထာ

ခေမကသာကီဝင်မင်း၏ သမီးတော် အလွန်အဆင်းလှသော နန္ဒာသည် အရွယ်ရောက်၍ ထိမ်းမြားမည့်နေ့တွင် သတို့သားသေဆုံးသဖြင့် မိဘတို့က ရဟန်းပြုစေ၏၊ အဆင်းမာန်တက်၍ ဘုရားထံမသွားပဲနေရာ တနေ့တွင် မိမိအလှည့်ကျ၍ ဘုရားထံရောက်သောအခါ တန်ခိုးတော်ဖြင့် ဖန်ဆင်းသော ရုပ်ကောင်ကိုပြ၍ တရားဟောရာ ဂါထာအဆုံး၌ ရဟန္တာ ဖြစ်လေ၏၊ ထိုထေရီမအားဘုရားရှင်ဟောကြားသော ဂါထာများ။
(ထေရီ၊၃၈၀။) (ထေရီ၊ဋ္ဌ၊၂၅။)

ဇေန္တာထေရီဂါထာ

လိစ္ဆဝီမင်းသမီး ဇေန္တာသည် အဘိရူပနန္ဒာနှင့် အတိတ်ပစ္စုပ္ပန် အလုံးစုံတူ၏၊ (ထူးသည်ကား) ဘုရားရှင်၏ တရားတော်ကို နာရသည့် အဆုံးတွင် အရဟတ္တဖိုလ်သို့ ရောက်ရှိ၍ မိမိရရှိသောတရားထူးကို ဆင်ခြင်ကာ ပီတိအစွမ်းဖြင့် ရွတ်ဆိုသော ဂါထာများ
(ထေရီ၊၃၈၁။) (ထေရီ၊ဋ္ဌ၊၂၈။)

သုမင်္ဂလမာတာထေရီဂါထာ

သုမင်္ဂလရဟန္တာ၏ မိခင်ဖြစ်သော သုမင်္ဂလမာတာသည် ဘိက္ခုနီမတို့ထံတွင် ရဟန်းပြု၍တရားအားထုတ်နေစဉ် တနေ့သ၌ လူ့ဘဝကဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်တို့ကို့ ဆင်ခြင်ကာသံဝေဂဖြစ်ပွါးသဖြင့် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ ထိုအခါ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၈၁။) (ထေရီ၊ဋ္ဌ၊၂၉။)

အဍ္ဎကာသိထေရီဂါထာ

သူကြွယ်သမီးအဍ္ဎကာသိသည် ရှေးဝစီကံဆိုးကြောင့် ပြည့်တန်ဆာမဖြစ်ရ၏၊ နောင်အခါ ဝိနည်းခန္ဓက၌လာသည့်အတိုင်း တမန်လွှတ်ခြင်းဖြင့် ရဟန်းဖြစ်ခဲ့၏၊ ရဟန်းဖြစ်၍ ဝိပဿနာကို ပွါးသည်တွင် မကြာခင်ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ ထိုအခါ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၈၁။) (ထေရီ၊ဋ္ဌ၊၃၁။)

စိတ္တာထေရီဂါထာ

သူကြွယ်သမီးစိတ္တာသည် ဘုရားရှင် ရာဇဂြိုဟ်မြို့သို့ ဝင်သောအခါ သဒ္ဓါတရားဖြစ်ခဲ့၍ နောင်မိထွေးတော်ဂေါတမီထံတွင် ရဟန်းပြု၏၊ အိုမင်းသောအခါ ဂိဇျွကုဋ်တောင်ပေါ်သို့ တက်၍ဝိပဿနာပွါးသည်တွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၍ မိမိ၏ ပဋိပတ်ကို ဆင်ခြင်ကာရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၈၂။) (ထေရီ၊ဋ္ဌ၊၃၄။)

မေတ္တိကာထေရီဂါထာ

သူကြွယ်သမီးမေတ္တိကာသည် စိတ္တာနည်းတူ ရဟန်းပြုကာ ဝိပဿနာပွါးသည်တွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၍ မိမိပဋိပတ်ကို ဆင်ခြင်ကာ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၈၂။) (ထေရီ၊ဋ္ဌ၊၃၆။)

မိတ္တာထေရီဂါထာ

သာကီဝင်မင်းသမီး မိတ္တာသည် ဘုရားရှင့်ထံတရားနာပြီးနောက် မိထွေးတော်ဂေါတမီ ထံတွင် ရဟန်းပြုဝိပဿနာကိုပွါးရာ မကြာမီ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၍ ဝမ်းမြောက်ဝမ်းသာဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၈၂။) (ထေရီ၊ဋ္ဌ၊၃၇။)

အဘယမာတုထေရီဂါထာ

ဗိမ္ဗိသာရမင်းကြီး၏ သားတော် အဘယမင်းသား (အဘယထေရ်)၏ မယ်တော် အဘယမာတာသည်သားထံတွင် တရားနာ၍ သဒ္ဓါဖြစ်ကာ ဘိက္ခုနီမတို့ထံ၌ ရဟန်းပြု၍ ဝိပဿနာပွါးရာ မကြာခင်ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၏၊ ထိုအခါ သားရဟန်း ဟောကြားသော ဂါထာအတိုင်းဥဒါန်းကျူးရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၈၂။) (ထေရီ၊ဋ္ဌ၊၄၀။)

အဘယာထေရီဂါထာ

အဘယမာတာထေရီ၏ မိတ်ဆွေဖြစ်သော အဘယာသည် မိတ်ဆွေထေရီမ ရဟန်းပြုသောအခါအတူရဟန်းပြု၍ ရာဇဂြိုဟ်မြို့၌ နေစဉ် တနေ့သ၌ အသုဘရှုရန် တမာတောသို့ သွား၏၊ ဘုရားရှင်သည်ဂန္ဓကုဋိမှနေ၍ ထိုမထေရ်မရှေ့တွင် ဥဒ္ဓုမာတက အဖြစ်ကို ထင်စေတော်မူ၍ သံဝေဂဖြစ်ပွါးမှရောင်ခြည်တော်လွှတ်ကာ တရားဟောတော် မူသည်တွင် တရားဂါထာအဆုံး၌ ရဟန္တာဖြစ်လေ၏၊ ထိုအခါ ထိုဂါထာအတိုင်း ဥဒါန်း ကျူးသော ဂါထာများ။
(ထေရီ၊၃၈၃။) (ထေရီ၊ဋ္ဌ၊၄၂။)

သာမာထေရီဂါထာ

သာမာဝတီမိဖုရား၏ အဆွေဖြစ်သောသာမာသည် သာမာဝတီမိဖုရား ကွယ်လွန်သော အခါ သံဝေဂဖြစ်၍ ရဟန်းပြု၏၊ သာမာဝတီမိဖုရားကို စွဲ၍ဖြစ်သော သောကကို မဖျောက်နိုင်ပဲ ရှိနေစဉ် အသျှင်အာနန္ဒာ၏သြဝါဒကို နာရသဖြင့် ၇-ရက်မြောက်တွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ် ရလေ၏၊ ထိုအခါ ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၈၃။) (ထေရီ၊ဋ္ဌ၊၄၅။)

အပရသာမာထေရီဂါထာ

သာမာဝတီမိဖုရား၏ အဆွေတစ်ဦးဖြစ်သော သာမာသည်လည်း မိတ်ဆွေ ကွယ်လွန် သောအခါသံဝေဂဖြစ်၍ ရဟန်းပြု၏၊ နှစ်ဆယ့်ငါးနှစ်ပတ်လုံး စိတ်တည်ကြည်မှု မရဘဲ အိုမင်းသောအခါမှ ဘုရားရှင်၏ သြဝါဒကိုရ၍ ဝိပဿနာပွါးသည်တွင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ ထိုအခါ ဥဒါန်းကျူးသောအားဖြင့် ဂါထာများ။
(ထေရီ၊၃၈၃။) (ထေရီ၊ဋ္ဌ၊၄၆။)

ဥတ္တမာထေရီဂါထာ

သူဌေးသမီးဥတ္တမာသည် ပဋာစာရီထေရီမ၏ထံတွင် တရားနာရ၍ ရဟန်းပြုကာ ဝိပဿနာပွါးသော်လည်းမဂ်ဖိုလ်အပြီးအဆုံးသို့ မရောက်နိုင်ဘဲ ရှိနေသည်တွင် သူ၏ စိတ်ဖြစ်ပုံကိုသိသော ပဋာစာရီကသြဝါဒပေးမှ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၍ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျက့်ဥဒါန်းကျူးရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၈၄။) (ထေရီ၊ဋ္ဌ၊၄၈။)

အပရာဥတ္တမာထေရီဂါထာ

ပုဏ္ဏားသူကြွယ်သမီး ဥတ္တမာသည် ဒေသစာရီ လှည့်လည်လာသော ဘုရားရှင့်ထံတွင် တရားနာရ၍ ရဟန်းပြုမကြာမီ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ ထိုအခါ ဥဒါန်းကျူးရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၈၄။) (ထေရီ၊ဋ္ဌ၊၅၁။)

ဒန္တိကာထေရီဂါထာ

ပုရောဟိတ်ပုဏ္ဏား၏သမီး ဒန္တိကာသည် မိထွေးတော် ဂေါတမီထံတွင် ရဟန်းပြု၍ ရာဇဂြိုဟ်မြို့၌ နေစဉ်တနေ့သ၌ ဆွမ်းစားပြီးနောက် ဂိဇျွကုဋ်တောင်ပေါ်တွင် နေ့သန့်စင်ခိုက် ဆင်ဆရာက ဆင်ကိုအမိန့်ပေးပုံ လိုက်နာပုံကို မြင်ရသဖြင့် ဝိပဿနာ ပွါး၍ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၏၊ ထိုအခါ ဝမ်းမြောက်ဝမ်းသာ ဥဒါန်း ကျူးသော ဂါထာများ။
(ထေရီ၊၃၈၅။) (ထေရီ၊ဋ္ဌ၊၅၃။)

ဥဗ္ဗိရိထေရီဂါထာ

ကောသလမင်း၏မိဖုရားဥဗ္ဗိရိသည် သမီးကလေးဇီဝါ ကွယ်လွန်သဖြင့် သုသာန်သို့ နေ့စဉ်သွားကာငိုကြွေးနေသည်ကို ဂန္ဓကုဋိမှ ဘုရားရှင်မြင်တော်မူ၍ ကိုယ်ထင်ပြတော် မူပြီးလျှင် တရားဟောတော်မူရာဝိပဿနာပွါးလျက် မဂ်အစဉ်ဖြင့် အရဟတ္တဖိုရ်သို့ ရောက်လေ၏၊ ထိုအခါ ရရှိသောတရားထူးကို ပြလျက်ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၈၅။) (ထေရီ၊ဋ္ဌ၊၅၅။)

သုက္ကာထေရီဂါထာ

သူကြွယ်သမီးသုက္ကာသည် ဘုရားရှင် ရာဇဂြိုလ်မြို့သို့ ဝင်ကြွတော်မူသောအခါ သဒ္ဓါတရားဖြစ်၍ နောင်ဓမ္မဒိန္နာထေရီထံတွင် တရားနာရာ သံဝေဂဖြစ်လျက် ထိုထေရီမ၏ ထံ၌ပင်ရဟန်းပြု ဝိပဿနာပါးကာမကြာမီ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၏၊ ဓမ္မကထိကဖြစ်၍ တရားနာရသော ရုက္ခဇိုဝ်းနတ်ရွတ်သော ဂါထာနှင့် ထေရီမပရိနိဗ္ဗာန်ပြုခါနီး ရွတ်သော ဂါထာများ။
(ထေရီ၊၃၈၅။) (ထေရီ၊ဋ္ဌ၊၅၉။)

သေလာထေရီဂါထာ

အာဠဝီမင်းသမီးသေလာသည် အဖမင်းကြီးနှင့်အတူ ဘုရားရှင့်ထံမှ တရားနာရ၍ ဥပါသိကာဖြစ်ပြီးလျှင်နောင်အခါ ဘိက္ခုနီမတို့ထံတွင် ရဟန်းပြုဝိပဿနာပွါးရာ မကြာမီ ရဟန္တာဖြစ်၏၊ သာဝတ္တိမြို့၌နေစဉ်မာရ်နတ်လာ၍ ဖြားယောင်းသည်တွင် ပြန်လှန် ခြိမ်းခြောက်သောအားဖြင့် ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၈၆။) (ထေရီ၊ဋ္ဌ၊၆၃။)

သောမာထေရီဂါထာ

ပုရောဟိတ်သမီး သောမာသည် ရာဇဂဂြိုဟ်မြို့သို့ ဘုရားအကြွတွင် ဥပါသိကာ ဖြစ်ပြီးလျှင်ဘိက္ခုနီမတို့ထံ၌ ရဟန်းပြု၍ တရားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်၏၊ သေလာကဲ့သို့ မာရ်နတ်လာ၍ဖြားယောင်းသည်တွင် ပြန်လှန်မောင်းမဲသော ဂါထာများ။
(ထေရီ၊၃၈၆။) (ထေရီ၊ဋ္ဌ၊၆၇။)

ဘဒ္ဒါကာပိလာနီထေရီဂါထာ

စတုက္ကနိပါတ်
သျှင်မဟာကဿပအလောင်း ပိပ္ပလိလုလင်နှင့်အတူ တောထွက်ခဲ့၍ ငါးနှစ်ပတ်လုံး တိတ္ထိကျောင်း၌နေခဲ့သော ဘဒ္ဒကာပိလာနီသည် နောင်အခါ မိထွေးတော်ဂေါတမီထံတွင် ရဟန်းပြုကာဝိပဿနာပွါးသည်တွင် မကြာမီ ရဟန္တာဖြစ်ပြီးနောက် ပုဗ္ဗေနိဝါသာနုဿတိ အရာတွင် ဧတဒဂ်ဘွဲ့ထူးဖြင့်ချီးကျူးခံရ၏၊ တနေ့သ၌ သျှင်မဟာကဿပ၏ ဂုဏ်ချီးကျူး မှုကို အဦးပြုကာ မိမိ၏ပြုအပ်သော ကိစ္စပြီးစီးကြောင်း ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၈၆။) (ထေရီ၊ဋ္ဌ၊၆၉။)

အညတရထေရီဂါထာ

ပဉ္စကနိပါတ်
မိထွေးတော်ဂေါတမီ၏ နို့ထိန်းဖြစ်သော အမျိုးသမီးတစ်ဦးသည် မိထွေးတော်ဂေါတမီ နှင့်အတူရဟန်းပြု၍ ၂၅-နှစ်ပတ်လုံး ကာမရာဂ၏ နှိပ်စက်ခြင်းကြောင့် စိတ်တည်ငြိမ်ခွင့် မရသဖြင့် ငိုကြွေးကာဒမ္မဒိန္နာထေရီထံတွင် တရားနာရမှ တရားအားထုတ်နိုင်၍ မကြာခင် ရဟန္တာဖြစ်လေ၏၊ ထိုအခါ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျက် ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၈၇။) (ထေရီ၊ဋ္ဌ၊၇၇။)

ဝိမလာထေရီဂါထာ

ရုပ်အဆင်းကိုမှီ၍ အသက်မွေးရသော ဝိမလာသည် သျှင်မဟာမောဂ္ဂလ္လာန် ဆွမ်းခံကြွ လာစဉ်မြင်၍တက်မက်သောစိတ်ဖြစ်ကာ မထေရ်၏နေရာသို့ လိုက်သွား၍ ဖြားယောင်း ရာတွင် မထေရ်ကအသုဘတရားဖြင့် ခြိမ်းခြောက်ဆုံးမတော်မူ၏၊ ထိုဆုံးမချက်အရ သံဝေဂဖြစ်ပြီးလျှင် ဘိက္ခုနီမတို့ထံရဟန်းပြုလျက် တရားအားထုတ်သည်တွင် မကြာမီ ရဟန္တာဖြစ်၍ မိမိပဋိပတ်ကိုဆင်ခြင်ကာဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၈၈။) (ထေရီ၊ဋ္ဌ၊၇၉။)

သီဟာထေရီဂါထာ

သီဟစစ်သူကြီး၏တူမ သီဟာသည် ဦးရီးစစ်သူကြီးအား ဘုရားရှင်တရားဟောသည်ကို နာရ၍ မိဘတို့ထံခွင့်တောင်း ရဟန်းပြုကာ ဝိပဿနာကိုအားထုတ်သော်လည်း စိတ်ကိုမနိုင် သဖြင့် ၇-နှစ်ပတ်လုံး စိတ်သက်သာခွင့်ကို မရသောကြောင့် ကြိုးဆွဲချသေတော့မည်ဟု သစ်ကိုင်းတွင် ကြိုးချည်၍လည်ကိုအစွပ်တွင် ဝိပဿနာဉာဏ်ဖြစ်ပွါး တရားသက်ဝင်၍ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွရဟန္တာဖြစ်လေ၏၊ ကြိုးကွင်းလည်း လည်မှကျွတ်သွားလေ၏၊ ထိုအခါ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၈၈။) (ထေရီ၊ဋ္ဌ၊၈၁။)

သုန္ဒရီနန္ဒာထေရီဂါထာ

ဇနပဒကလျာဏီဟူ၍၄င်း, နန္ဒာဟူ၍၄င်း အမည်တွင်သော သုန္ဒရီနန္ဒာသည် ဆွေတော် မျိုးတော်များရဟန်းပြုကြကုန်သဖြင့် သဒ္ဓါမပါဘဲ ဆွေမျိုးစိတ်ဖြင့် ရဟန်းပြု၏၊ အဆင်း မာန်တက်၍ တရားမရဘုရားရှင်က နိမ္မိတရုပ်အသွင် ဖန်ဆင်း၍ တရားဟောတော်မူမှ တရား အဆုံးတွင် ရဟန္တာဖြစ်၍ မိမိပဋိပတ်ကို ဆင်ခြင်၍ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၈၉။) (ထေရီ၊ဋ္ဌ၊၈၃။)

နန္ဒုတ္တရာထေရီဂါထာ

ပုဏ္ဏားအမျိုးသမီး နန္ဒုတ္တရာသည် ဝိဇ္ဇာသိပ္ပဆိုင်ရာများကို သင်ကြားတတ်မြောက်၍ဇမ္ဗူဒိပ်အတွင်းလှည့်လည်ကာ ဝါဒပြိုင်ဘက် ရှာနေဆဲတွင် သျှင်မောဂ္ဂလ္လာန်ထံသို့ရောက်၍ပြဿနာမေးသည်တွင် မထေရ်၏သြဝါဒ၌ တည်၍ ရဟန်းပြုကာ ရဟန်းတရားပွါးများလျှင် မကြာခင်ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်၍ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၈၉။) (ထေရီ၊ဋ္ဌ၊၈၉။)

မိတ္တာကာဠီထေရီဂါထာ

ကုရုတိုင်း ကမ္မာသဓမ္မနိဂုံး၌ မဟာသတိပဋ္ဌာန်တရားကို ဟောကြားရာတွင် သဒ္ဓါတရား ဖြစ်၍ ဘိက္ခုနီမတို့ထံ၌ ရဟန်းပြုခဲ့သော မိတ္တာကာဠီသည် ၇-နှစ်ပတ်လုံး လာဘ်ပူဇော်မှုကို တပ်မက်၍နေခဲ့ရာနောင်သံဝေဂဖြစ်ပွါး၍ တရားအားထုတ်လျှင် မကြာခင် ရဟန္တာဖြစ်၏၊ ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်၍ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၉၀။) (ထေရီ၊ဋ္ဌ၊၉၁။)

သကုလာထေရီဂါထာ

ပုဏ္ဏားအမျိုးသမီး သကုလာသည် ဇေတဝန်ကျောင်းတော် အလှူပွဲတွင် ဥပါသိကာ ဖြစ်ပြီးနောက် ရဟန္တာတစ်ပါးထံ၌ တရားနာရ၍ ရဟန်းပြု ဝိပဿနာပွါးသည်တွင် မကြာခင် ရဟန္တာဖြစ်လေ၏၊ ထိုအခါ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၉၀။) (ထေရီ၊ဋ္ဌ၊၉၃။)

သောဏာထေရီဂါထာ

သားဆယ်ယောက်ရပြီးမှ လင်ရဟန်းပြုလျှင် ဥစ္စာဟူသမျှကို ခွဲဝေပေးခဲ့၍ ရဟန်းပြုလာ သောသောဏာအမျိုးသမီးကြီးသည် ပြင်းပြင်းထန်ထန်တရားကို အားထုတ်ရာ ဘုရားရှင် မြင်တော်မူ၍ဂန္ဓကုဋိမှ နေလျက်ပင် ရောင်ခြည်တော်လွှတ်ကာ တရားဟောတော်မူသော အဆုံး၌ အရဟတ္တဖိုလ်သို့ရောက်လေ၏၊ တနေ့သ၌ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျှက် ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၉၁။) (ထေရီ၊ဋ္ဌ၊၉၈။)

ဘဒ္ဒါကုဏ္ဍလကေသာထေရီဂါထာ

သူဌေးသမီးဘဒ္ဒါသည် လင်ခိုးသားကြီးကို ချောက်ကမ်းပါးမှ တွန်းချခဲ့၍ နိဂဏ္ဍတို့ ထံတွင် ဆံပင်ကိုထန်းစေ့မှုတ်ဖြင့် နုတ်ခံကာ ရဟန်းပြု၏၊ နောက်မှ ဆံပင်တိုးပွါး၍ ကဏ္ဍလကေသာမည်ခဲ့၏၊ နိဂဏ္ဍတို့ထံမှ ထွက်ခွာ၍ ပညာအမျိုးမျိုးကို သင်ကြားကာ ပညာစွမ်းပြရန် လှည့်လည်ရင်းသာဝတ္ထိပြည်သို့ ရောက်သောအခါ သျှင်သာရိပုတြာနှင့် ပဌမ တွေ့၍ ပညာစမ်းသည်တွင် ရှုံးလေ၏၊ နောက်ဘုရားရှင်ထံရောက် တရားဟော တော်မူသော အခါ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်မှရဟန်းပြု၍ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျက် ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၉၁။) (ထေရီ၊ဋ္ဌ၊၁၀၂။)

ပဋာစာရီထေရီဂါထာ

သာဝတ္ထိသူဌေးသမီး ပဋာစာရီသည် အိမ်တွင်းအမှုထမ်းတစ်ယောက်နှင့် အိမ်ထောင်ကျ၍လင်နှင့်သားနှစ်ယောက် သေဆုံးသဖြင့် ၄င်း, မိဘသေဆုံးသဖြင့် ၄င်း သောကရူးရူးကာလှည့်လည်ပြေးသွားရင်း ဘုရားရှင်တရားဟောတော်မူရာသို့ ရောက်သွား၍ တရားနာယူရင်း စိတ်ကောင်းဝင်လျှက် ရဟန်းပြုသောအခါ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊
ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်၍ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၉၂။) (ထေရီ၊ဋ္ဌ၊၁၁၁။)

တိံသမတ္တာထေရီဂါထာ

အမျိုးသမီး ၃၀-တို့သည် ပဋာစာရီထေရီထံတွင် တရားနာယူ၍ ရဟန်းပြုကြပြီးလျှင် ဝတ်ပဋိပတ်တို့ကို ဖြည့်ကျင့်နေကြစဉ် ထိုအမျိုးသမီးတို့အား သြဝါဒပေး၏၊ ထိုသြဝါဒ၌ တည်ကာဝိပဿနာပွါးကြသည်တွင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်ကြ၍ ရွတ်ဆို ကြသော ဂါထာများ။
(ထေရီ၊၃၉၂။) (ထေရီ၊ဋ္ဌ၊၁၂၁။)

စန္ဒာထေရီဂါထာ

ပုဏ္ဏားအမျိုးသမီးစန္ဒာသည် စည်းစိမ်ဥစ္စာနှင့် ဆွေမျိုးများပျက်စီးခြင်းကြောင့် ဆင်းရဲနွမ်းပါး ခွက်လက်စွဲကာ တောင်းစားရလေ၏၊ တနေ့သ၌ ပဋာစာရီထေရီ၏ ဆွမ်းကြွင်း စွန့်ရာသို့ ရောက်သွားသည်တွင် ဘိက္ခုနီမတို့က သနားသဖြင့် ကျွေးမွေးကြ၏၊ သူသည် ဘိက္ခုနီမတို့ကို ကြည်ညို၍ တရားနာယူ သံဝေဂဖြစ်ပွါးလျက် ရဟန်းပြုပြီး၍ ဘာဝနာကို ကြိုးစားသည်တွင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်၍ ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၉၃။) (ထေရီ၊ဋ္ဌ၊၁၂၃။)

ပဉ္စသတမတ္ထာထေရီဂါထာ

သားသေဆုံးသဖြင့် သောကကိုယ်စီဖြစ်နေကြသော အမျိုးသမီးငါးရာတို့သည် သောကနှိပ်စက်ခြင်းခံရသဖြင့် ပဋာစာရီထေရီထံသို့ ချဉ်းကပ်၍ သောကပျောက်ကြောင်းကို လျှောက်ကြသည်တွင် တရားဟောပြ၍ သံဝေဂဖြစ်ကာ ရဟန်းပြုကြ၍ တရားအားထုတ်ကြလျှင် မကြာခင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ကြ၏၊ ထိုအခါ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၉၃။) (ထေရီ၊ဋ္ဌ၊၁၂၅။)

ဝါသေဋ္ဌီထေရီဂါထာ

အမျိုးသမီးဝါသေဋ္ဌီသည် မတ်တတ်ပြေးသားကလေး ကွယ်လွန်ရာ သောကအားကြီး၍ ရူးလေ၏၊
ဆေးကူးသနေဆဲတွင် ထွက်ပြေး၍ မိထိလာပြည်သို့ ရောက်သောအခါ ဘုရားရှင်နှင့် တွေ့ရသည်တွင် ဘုရား၏ အာနုဘော်ကြောင့် အရူးပျောက်ကင်းလျက် အကျဉ်းချုပ် တရားကို နာရသဖြင့် ဝိပဿနာပွါးရာ မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်လေ၏၊ ထိုအခါ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၉၄။) (ထေရီ၊ဋ္ဌ၊၁၂၈။)

ခေမာထေရီဂါထာ

ဗိမ္ဗိသာရမင်းကြီး၏မိဖုရား ခေမာသည် အဆင်းမာန်ယစ်၍ ဘုရားရှင်ထံမသွားပဲနေရာ ဘုရင်၏အမိန့်ဖြင့် ဘုရားရှင်ထံသို့ရောက်လျှင် နိမ္မိတရုပ်ဖန်ဆင်း၍ တရားဟောတော် မူသည်တွင် သောတာပန်တည် ရဟန်းပြုပြီးနောက် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ မဟာပညာဧတဒဂ် ရရှိ၏၊ မာရ်နတ်ဖြားယောင်းလာသောအခါ မိမိ၏ ရာဂကင်းပုံနှင့် မာရ်နတ်၏သဘောကို ပြကာ ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၉၅။) (ထေရီ၊ဋ္ဌ၊၁၃၀။)

သုဇာတာထေရီဂါထာ

သူဌေးသမီး သုဇာတာသည် အိမ်ထောင်ကျပြီးမှ တနေ့သ၌ လင်နှင့်အတူ အခြွေအရံ များပါ ဥယျာဉ်သို့ နက္ခတ်ပွဲကစားရန်သွား၍ အပြန်တွင် မျက်စည်းညိုတော၌ ဘုရားရှင်ကို ဖူးမြင်ရ၍ တရားတော်ကိုနာပြီးသောအခါ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ပြီးမှ ရဟန်းပြု၏၊ ထိုအခါ ပဋိပတ်ကို ဆင်ခြင်၍ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၉၅။) (ထေရီ၊ဋ္ဌ၊၁၄၀။)

အနောပမာထေရီဂါထာ

သူဌေးသမီး အနောပမာသည် အရွယ်ရောက်သောအခါ မင်းသူဌေးအမတ်သားတို့က စေ့စပ်တောင်းဆိုလာကြသည်ကို သံဝေဂဖြစ်ကာ ဘုရားရှင်ထံတွင် တရားနာရလျှင် တရား တော်ကို အစဉ်လျှောက်၍ ဝိပဿနာပွါးရာ အနာဂါမ်တည်လေ၏၊ ထိုအခါ မှရဟန်းပြု၍ ၇-ရက်မြောက်သောနေ့၌ အရဟတ္တဖိုလ်သို့ ရောက်သဖြင့် ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၉၆။) (ထေရီ၊ဋ္ဌ၊၁၄၂။)

မာဟာပဇာပတိဂေါတမီထေရီဂါထာ

ဘိက္ခုနီမအဖြစ်သို့ရောက်ပြီးသော မိထွေးတော်ဂေါတမီသည် ဘုရားရှင်ထံ ချဉ်းကပ်၍ တရားနာ ကမ္မဋ္ဌာန်းတောင်း အားထုတ်သည်တွင် မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်လေ၏၊ နောက်ပါဘိက္ခုနီမငါးရာတို့သည်လည်း နန္ဒကောဝါဒဒေသနာအဆုံးတွင် အဘိညာဉ်ရ ဖြစ်ကြကုန်၏၊ ဂေါတမီထေရီသည် ရတ္တညူဧတဒဂ်ဖြင့် ချီးမြှင့်ခြင်းကို ခံရ၍ တနေ့သ၌ ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်ကို ထုတ်ဖော်ချီးကျူးသောအားဖြင့် ရွတ်ဆို သော ဂါထာများ။
(ထေရီ၊၃၉၆။) (ထေရီ၊ဋ္ဌ၊၁၄၃။)

ဂုတ္တာထေရီဂါထာ

ပုဏ္ဏားအမျိုးသမီး ဂုတ္တာသည် အရွယ်ရောက်သောအခါ အိမ်ထောင်မပြုလိုသဖြင့် မိထွေးတော်ဂေါတမီထံတွင် ရဟန်းပြုကာ ဝိပဿနာပွါး၏၊ သို့ရာတွင် သမာဓိမရနိုင်ဘဲရှိနေရာ ဘုရားရှင်က ရောင်ခြည်တော်လွှတ်၍ ၆-ဂါထာဖြင့် သြဝါဒပေးတော်မူသောအခါ ဂါထာအဆုံးတွင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ဘုရားရှင် သြဝါဒ ပေးတော်မူသည့်အတိုင်း ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၉၇။) (ထေရီ၊ဋ္ဌ၊၁၆၂။)

ဝိဇယာထေရီဂါထာ

ခေမာထေရီနှင့် မိတ်ဆွေဖြစ်သော ဝိဇယာသည် ခေမာမိဖုရားကို အားကျကာ ခေမာထေရီထံတွင် ရဟန်းပြု၏၊
ခေမာထေရီသည် သူ၏အဇ္ဈာသယ အားလျော်စွာ တရားဟောကာ ဝိပဿနာပွါးစေသည်တွင် မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ထိုအခါ ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၉၇။) (ထေရီ၊ဋ္ဌ၊၁၆၄။)

ဥတ္တရာထေရီဂါထာ

အမျိုးသမီး ဥတ္တရာသည် ပဋာစာရီထေရီထံတွင် တရားနာရသဖြင့် ရဟန်းပြု၍ ဝိပဿနာပွါးလျှင် မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ထိုအခါ ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၃၉၈။) (ထေရီ၊ဋ္ဌ၊၁၆၆။)

စာလာထေရီဂါထာ

သျှင်သာရိပုတြာ၏ နှစ်မတော်စာလာသည် မောင်တော်ကြီး ဥပတိဿရဟန်းပြုသွားသော အခါ ငါလည်း ရဟန်းပြုမည်ဟူသော ပြင်းထန်သောဆန္ဒဖြင့် ရဟန်းပြုကာ ဝိပဿနာ ပွါးသည်တွင် မကြာခင် ရဟန္တာဖြစ်လေ၏၊
နောင်အခါ အန္ဓဝနတော၌နေစဉ် မာရ်နတ်လာ၍ ဖြားယောင်းသွေးဆောင်လေရာ မိမိ၌ရဟန်းကိစ္စ ပြီးနေပြီဖြစ်ကြောင်း မာရ်နတ်နှင့် အပြန်အလှန် ပြောဆိုကြပုံကို ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၃၉၉။) (ထေရီ၊ဋ္ဌ၊၁၆၈။)

ဥပစာလာထေရီဂါထာ

စာလာထေရီ၏ ညီမအရင် ဥပစာလာသည်လည်း စာလာနည်းတူ ရဟန်းပြု ရဟန္တာ ဖြစ်ပြီးနောက် မာရ်နတ်နှင့် အပြန်အလှန်ပြောဆိုကြပုံကို ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၄၀၀။) (ထေရီ၊ဋ္ဌ၊၁၇၁။)

သီသူပစာလာထေရီဂါထာ

သျှင်သာရိပုတြာ၏ နှစ်မတော် ၃-ပါးအနက် အငယ်ဆုံးဖြစ်သော သီသူပစာလာသည် အစ်မများနည်းတူ သျှင်သာရိပုတြာထံတွင် ရဟန်းပြု၍ ဝိပဿနာကိုပွါးများရာ မကြာခင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ရောက်လျှင် ဖလသမာပတ်ချမ်းသာကို ခံစားနေစဉ် တနေ့သ၌ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျက် ငါ့မှာရဟန်းကိစ္စပြီးပြီဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၄၀၀။) (ထေရီ၊ဋ္ဌ၊၁၇၃။)

ဝဍ္ဎမာတုထေရီဂါထာ

ဝဍ္ဎမည်သော သားတစ်ယောက်မိခင် ဝဍ္ဎမာတာသည် သားကိုဆွေမျိုးတို့ထံအပ်ခဲ့၍ ဘိက္ခုနီမတို့ထံတွင် ရဟန်းပြုခဲ့၏၊ (ဝဍ္ဎထေရဂါထာတွင် ဆိုခဲ့ပြီးဖြစ်၏၊) သားရဟန်းက မယ်တော်ကိုဆုံးမသော ဂါထာ
မယ်တော်လျှောက်ထားပြန်ကြားသော ဂါထာများ။
(ထေရီ၊၄၀၁။) (ထေရီ၊ဋ္ဌ၊၁၇၆။)

ကိသာဂေါတမီထေရီဂါထာ

သူဆင်းရဲအမျိုးသမီး ကိသာဂေါတမီသည် သားတစ်ယောက် မတ်တတ်ပြေးကလေး သေဆုံးရာတွင်စိတ်ဖောက်ပြန်ကာ သားရှင်ဖို့ဆေးကို လှည့်လည်တောင်းနေစဉ် ဘုရားရှင့် ထံ ရောက်သည်တွင် လူမသောဖူးသောအိမ်မှ မုန်ညင်းစေ့ကို အရှာခိုင်း၍ လူမသေ ဖူးသောအိမ် မရှိကြောင်းသိမှသားသေကိုစွန့်၍ ဘုရားရှင့်ထံတွင် တရားနာရာ သောတာပန်တည် ရဟန်းပြု ဝိပဿနာပွါးနေဆဲရောင်ခြည်တော်လွှတ်၍ တရားဟောတော် မူမှ ဂါထာအဆုံးတွင် ရဟန္တာဖြစ်၏၊ လူခစီဝရအရာတွင်ဧတဒဂ်ရရှိ၏၊ တနေ့သ၌ ပဋိပတ်ကို ဆင်ခြင်လျှက် ကလျာဏမိတ်ဆွေကောင်းကို ချီးမွမ်းသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၄၀၂။) (ထေရီ၊ဋ္ဌ၊၁၈၀။)

ဥပ္ပလဝဏ္ဏာထေရီဂါထာ

သူဌေးသမီး ဥပ္ပဝဏ္ဏာသည် အရွယ်ရောက်သောအခါ အလွန်အဆင်းလှသဖြင့် ဇမ္ဗူဒိပ် ကျွန်းအလုံးရှိမင်း, သူဌေးတို့က တောင်းဆိုလာကြရာ အပေးခက်သောကြောင့် ရဟန်း ပြုပါဟု အဖ၏တိုက်တွန်းချက်အရ ရဟန်းပြု၏၊
တနေ့သ၌ ဥပုသ်အိမ်တွင် ဆီမီး ညှိထွန်းစဉ် မီးကိုကြည့်ကာစျာန်အခြေခံရလျှက် အရဟတ္တဖိုရ်သို့ ရောက်လေ၏၊ တန်ခိုး အရာတွင် ဧတဒဂ်ရသူဖြစ်၏၊ တနေ့သ၌ဂင်္ဂါတီရိယမထေရ်, မယ်တော်နှင့် သမီးတို့ လင်တူမယားဖြစ်ရပုံကို ရည်ရွယ်ကာ ကာမဂုဏ်အပြစ်ကိုဆင်ခြင်လျှက် မာရ်နတ်ကို ခြိမ်းခြောက်သောအားဖြင့် သိမ်းကျုံးရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၄၀၃။) (ထေရီ၊ဋ္ဌ၊၁၈၉။)

ပုဏ္ဏာထေရီဂါထာ

အနာထပိဏ်သူဌေး၏ ကျွန်မသမီး ပုဏ္ဏာသည် သီဟနာဒသုတ္တန်အဆုံး၌ သောတာပန် တည်ပြီးနောက် ပုဏ္ဏားတစ်ဦးကို ဆုံးမရာ၌ ချီးမွမ်းခံရ၍ ကျွန်အဖြစ်မှ ခွင့်လွှတ်ကာ ရဟန်းပြု ဝိပဿနာပွါးရာတွင်မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ ထိုအခါ မိမိ၏ပဋိပတ်ကို ဆင်ခြင်ကာ့ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၄၀၅။) (ထေရီ၊ဋ္ဌ၊၂၀၆။)

အမ္ဗပါလီထေရီဂါထာ

ဝေသာလီပြည် သရက်ပင်ရင်း၌ ဖွားမြင်လာသော အမ္ဗပါလီသည် အရုပ်အဆင်း အလွန်လှသဖြင့် များစွာသောမင်းသားတို့ သူရသင့် ငါရသင့် ငြင်းခုန်ကြရာ ထိုရန်ကို ငြိမ်းစေခြင်းငှာ ပြည့်တန်ဆာမအရာ၌ထားခြင်းကို ခံရလေ၏၊ သူသည် ဘုရားရှင်၌ ကြည်ညို၍ ကျောင်းဆောက်လှူဒါန်းကာ မိမိ၏သားဝိမလကောဏ္ဍညမထေရ်ထံ တရား နာယူလျှက် မိမိ၏အိုမင်းပုံ၌ သံဝေဂယူ ဝိပဿနာပွါးသည်တွင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ထိုအခါ မိမိ၏ပဋိပတ်ကို ဆင်ခြင်လျှက် ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆို သော ဂါထာများ။
(ထေရီ၊၄၀၇။) (ထေရီ၊ဋ္ဌ၊၂၁၃။)

ရောဟိနီထေရီဂါထာ

ပုဏ္ဏားသူကြွယ်သမီးရောဟိနီသည် ဘုရားရှင့်ထံတွင် တရားတော်ကိုနာရ၍ သောတာပန် တည်ကာမိဖတို့အားတရားဟောပြ သာသနာ၌ ကြည်ညိုစေပြီးလျှင် မိမိကိုယ်တိုင်လည်း ရဟန်းပြု၍ဝိပဿနာပွါးသဖြင့် မကြာမီ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ ထိုအခါ မိမိ၏ပဋိပတ်ကိုဆင်ခြင်လျှက် မိမိ၏ဖခင်နှင့် အပြန်အလှန်ပြောဆိုခဲ့သည့်အတိုင်း ဥဒါန်းကျူးသော ဂါထားများ။
(ထေရီ၊၄၁၀။) (ထေရီ၊ဋ္ဌ၊၂၂၂။)

စာပါထေရီဂါထာ

ဥပက၏ဇနီး သုဘဒ္ဒ၏မယ်တော်ဖြစ်သော စာပါ (ဆာဝါ) သည် ဥပကထွက်သွားသော အခါလောကကိုငြီးငွေ့သဖြင့် သားကလေးကို အဖိုးတို့ထံတွင် အပ်နှင်းခဲ့၍ သာဝတ္ထိပြည် ဘိက္ခုနီမတို့ထံသွားရောက်ကာ ရဟန်းပြု ဝိပဿနာပွါးသည်တွင် မဂ်အစဉ်ဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်၍ ရှေးအခါက ဥပကနှင့် ပြောဆိုကြသည့်အတိုင်း ဥဒါန်းကျူးသောအားဖြင့်တပေါင်းတည်း ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၄၁၂။) (ထေရီ၊ဋ္ဌ၊၂၂၈။)

သုန္ဒရီထေရီဂါထာ

ပုဏ္ဏားသမီးသုန္ဒရီသည် အဖဖြစ်သူရဟန်းပြုသွားသည်ကို အားကျကာ အမိထံမှ ရဟန်း ပြုခွင့်တောင်း၍ပစ္စည်းဥစ္စာတို့ကို စွန့်ပစ်ပြီးလျှင် ရဟန်းပြု၏၊ သိက္ခမာန် အဖြစ်နှင့်ပင် ဝိပဿနာပွါးရာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ နောက် အဖို့၌ မိမိ၏ ပဋိပတ်ကို ဆင်ခြင်ကာ အဖဖြစ်သူပြောခဲ့ဖူးသော ဂါထာကို အစပြု၍ ဥဒါန်းကျူးသော ဂါထာများ။
(ထေရီ၊၄၁၄။) (ထေရီ၊ဋ္ဌ၊၂၃၆။)

သုပါကမ္မာရဓီတုထေရီဂါထာ

ရုပ်အဆင်းတင့်တယ်သော ရွှေပန်းထိမ်သည်သမီး သုဘာသည် ဘုရားရှင် ရာဇဂြိုဟ် ပြည်သို့ကြွဝင်တော်မူသောအခါ ကြည်ညို၍ဘုရားရှင်ထံ ချဉ်းကပ်လေရာ သစ္စာလေးပါး တရားကို နာရသဖြင့် သောတာပန်တည်လေ၏၊
နောက်မိထွေးတော်ဂေါတမီထံတွင် ရဟန်း ပြု၍ တရားအားထုတ်နေရာဣန္ဒြေရင့်ကျက်သည့်အားလျော်စွာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ ထိုအခါ ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၄၁၆။) (ထေရီ၊ဋ္ဌ၊၂၄၄။)

သုဘာဇီဝကမ္ဗဝနိကာထေရီဂါထာ

ပုဏ္ဏားအမျိုးသမီးသုဘာသည် သံဝေဂရ၍ မိထွေးတော်ဂေါတမီထံတွင် ရဟန်းပြုကာ ဝိပဿနာပွါးရာနှစ်ရက်သုံးရက်ဖြင့် အနာဂါမ်တည်လေ၏၊ တစ်နေ့သ၌ လူရမ်းကား တစ်ဦးသည် ဇီဝကဥယျာဉ်၌သွားနေသော သုဘာထေရီကို မြင်၍ တပ်မက်စကား ပြောသည်တွင် တရားပြ၍တားမြစ်သော်လည်းမရသဖြင့် အလှဆုံးဖြစ်သော မျက်လုံးကို ထုတ်ဖောက်ပေးလိုက်မှ နောင်တရကာ ကန်တော့လေ၏၊ ဘုရားရှင်ထံရောက်လျှင် မျက်စိ ပကတိအကောင်း ဖြစ်ပြန်ပြီးနောက် တရားကို အားထုတ်ရာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ ထိုအခါ လူရမ်းကားနှင့် ပြောဆိုခဲ့သောစကားများကို ဥဒါန်းကျူးသောအားဖြင့် ရွတ်ဆိုသော ဂါထာများ။
(ထေရီ၊၄၁၉။) (ထေရီ၊ဋ္ဌ၊၂၅၂။)

ဣသိဒါသီထေရီဂါထာ

ဥဇ္ဇေနီသူဌေးသမီး ဣသိဒါသီသည် အမျိုးတူယောက်ျားနှင့် အိမ်ထောင်ပြုပြီးမှ လင်ကမနှစ်သက်၍နှင်ထုတ်ခံရ၏၊
နောက်ထပ်လင်နှစ်ဆက်၏ စွန့်ပစ်ခြင်းကိုလည်း ခံရ၏၊ ထိုအခါ သံဝေဂရကာအဖထံခွင့်တောင်း၍ ဇိနဒတ္တာထေရီထံတွင် ရဟန်းပြုကာ ဝိပဿနာ ပွါးသည်တွင် မကြာခင်ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်၏၊ တစ်နေ့သ၌ ဆွမ်းခံ ပြီးနောက် မဟာဂင်္ဂါမြစ်ကမ်းသဲပုံအစု၌ထိုင်၍ မိမိ၏အဆွေဗောဓိထေရီမက မေးသည်ကို ဖြေဆို၏၊
ထိုအမေးအဖြေများကိုဆက်စပ်ပြထားသော ဂါထာများ။
(ထေရီ၊၄၂၄။) (ထေရီ၊ဋ္ဌ၊၂၆၆။)

သုမေဓာထေရီဂါထာ

မန္တာဝတီမြို့ ဘုရင့်သမီး သုမေဓာသည် ငယ်စဉ်ကစ၍ ဘိက္ခုနီတို့ထံတွင် တရားနာရ၍ သံဝေဂရပြီးဖြစ်သည့်အတိုင်း အိမ်ထောင်မပြုဘဲ ရဟန်းပြုရန် ခွင့်တောင်းရာ မိဖတို့က ခွင့်မပြုသဖြင့် မိမိကိုယ်တိုင် သန်လျှက်ဖြင့် ဆံပင်ကိုရိတ်ဖြတ်ကာ ခင်ပွန်းလောင်း မင်းသားအား ကာမဂုဏ်၏အပြစ်တို့ကို ဟောကြားပြီး ပဋိကူလကမ္မဋ္ဌာန်းကိုပွါး၍ ပဌမစျာန်ကို ရရှိ၏၊ နောက်မှ ဘိက္ခုနီမကျောင်း၌ ရဟန်းပြု ဝိပဿနာပွါးသည်တွင် မကြာခင် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေ၏၊ ထိုအခါ မိမိပဋိပတ်ကို ဆင်ခြင်လျက် ယခင်ဖြစ်စဉ်ကို ပြန်လည်ဟောကြားသော ဂါထာများ။
(ထေရီ၊၄၂၈။) (ထေရီ၊ဋ္ဌ၊၂၇၇။)

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...