Skip to main content

သုတေသနသရုပ်ပြအဘိဓာန် (ဖျာပုံတိုက်သစ် ဆရာတော်)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သုတေသနသရုပ်ပြအဘိဓာန်


, အာ, , , , , , က, , , , , , , , , , , , , , , , , , , , , , , , , , , ,

အံ့အားသင့်ခြင်းမျိုး ၂-ပါး

မဇ္ဈိမပဏ္ဏာသ။ ပါ။။ ဋ္ဌ။ ၂-၌အကျယ်ရှုပါ။
(၁) ဣဋ္ဌာရုံအလွန်ကောင်းမြတ်သော အာရုံကိုတွေ့၍ အံ့အားသင့်စွာ ချီးမွမ်းဝမ်းမြူးခြင်း၊
(၂) အနိဋ္ဌာရုံမကောင်းဆိုးဝါးကြီးမျိုးကိုတွေ့ရ၍ကြောက်ရွံ့ထိတ်လန့်အံ့အားသင့်စွာ ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ၍ ပြောဆိုခြင်း။ ♦

အံ့သြခြင်းမျိုး ၂-ပါး

မဇ္ဈိမပဏ္ဏာသ။ ပါ။။ ဋ္ဌ။ ၂။
(၁) ကဲ့ရဲ့ရှုတ်ချလို၍အံ့သြခြင်း-ဂရဟ-အစ္ဆရိယ၊
(၂) ချီးမွမ်းမြှောက်စားလို၍အံ့သြခြင်း- ပသံသာ-အစ္ဆရိယ။ ♦

အံ့ဖွယ်တော်များ ၁၈-ပါး

သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ။ ဘုရားသခင်၏ကြည်ညိုအံ့ချီးဖွယ်ရာ ဂုဏ်တော်ကျေးဇူးတော် ၁၈-ပါး၊
(၁) သင်္ကန်းတော်၏ဖွပ်ဆိုးလျှော်နယ်ရမှု, နွမ်းရိမှုမရှိခြင်း၊
(၂) ဆံတော် လက် ၂-သစ်သာအမြဲတည် နေခြင်း၊
(၃) ပရိက္ခရာဆောင်ရာ၌ ကိုယ်တော်နှင့် လက်လေးသစ်မျှကွာခြင်း၊
(၄) သပိတ်တော်ဆေးလျှင်လက်တော်စင်ခြင်း၊ လက်တော်ဆေးလျှင်သပိတ်တော်စင်ခြင်း၊
(၅) ရောင်ခြည်တော် ၆-ပါးကိုလွှတ်လျှင် အရပ်ဆယ်မျက်နှာသို့နှံ့ခြင်း၊
(၆) ကိုယ်တော်၏ပုံတူကို အသိန်းအသန်းဖန်ဆင်းနိုင်ခြင်း၊
(၇) ခေတ် ၃-ပါးတို့၌ အမိုက်အလင်းကိုဖန်ဆင်းနိုင်ခြင်း၊
(၈) မုန်ညင်းစေ့ခန့်ကြုတ်အတွင်းသို့ဝင်နိုင်ခြင်း၊
(၉) ကိုယ်ကိုအထက်ကောင်းကင်မှ လဝန်းပေါ် သကဲ့သို့မြင်စေနိုင်ခြင်း၊
(၁၀) အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသောအသံတော်ဖြင့် ဟောတော်မူသော တရားကို ပရိတ်သတ်အားလုံးအားကြားစေနိုင်ခြင်း၊
(၁၁) အာသယာနုသယဉာဏ်တော်ရှိခြင်း၊
(၁၂) ကျွတ်မည့်သူကိုသိသည့် မဟာဂရုဏာသမာပတ္တိဉာဏ်တော်ရှိခြင်း၊
(၁၃) ဘယ်အချိန် ဘယ်အခါကျွတ်မည်စသည်ဖြင့်သိနိုင်သော ဣန္ဒြိယပရောပရိယတ္တိ ဉာဏ်ရှိခြင်း၊
(၁၄) သင်္ခါရ၊
(၁၅) ဝိကာရ၊
(၁၆) လက္ခဏာ၊
(၁၇) နိဗ္ဗာန်၊
(၁၈) ပညတ်တို့၌သိသောဉာဏ်ကိုထည့်၍ ၁၈- ပါးဟူ၏။ ၎င်းကိုပင် “ရောင်ခြည်ခြောက်သွယ်၊ ဘဝဂ်ကယ်၊ အံ့ဖွယ်ဆယ့်ရှစ်ဖြာ” ဟု ကဝိလက္ခဏာသတ်ပုံ၌စပ်သည်။ ♦

အံ့ဖွယ် ၈-ဖြာသာသနာ

အဋ္ဌင်္ဂုတ္တရ။ ပါ။ ၃၈။ ဋ္ဌ။ ၂၁၇-၌အကျယ်ရှုပါ။ သာသနာတော်၏ အံ့ချီးဘွယ်ရာအကြောင်းတရားရှစ်ပါး

မဟာသမုဒ္ဒရာ၏အံ့ဖွယ်ရှစ်ဖြာပမာ သာသနာတော်၏ အံ့ဖွယ်ရှစ်ရပ်ဟူလို။
(၁) သာသနာကျင့်စဉ်၌ သီလ၊ သမာဓိ၊ ပညာဟူသော အစဉ်အတိုင်း ဓုတင်တေရသ၊ ဗောဓိပက္ခိယ တရား၃၇-ပါး၊ မဂ်တရား ဖိုလ်တရားတိုင်အောင် နက်ရှိုင်း၍သွားခြင်း။
(၂) တပည့်သားသာဝကတို့သည် အသက်ဟူသောအကြောင်းကြောင့်သော်လည်း သိက္ခာပုဒ် ပညတ်တော်စည်းကမ်းကို ကျူးလွန်ကျော်လွှား၍မတက်ခြင်း။
(၃) အလဇ္ဇီ ဒုဿီလ အပုပ်အသိုး ရဟန်းဆိုးတို့ကို ရဟန်းကောင်းတို့က မပေါင်းသင်းမကြည်ညိုဘဲ၊ ထိုထို ဒကာ ဒကာမတို့က ကဲ့ရဲ့ရှုတ်ချ၍ သာသနာ့ဘောင်မှ ထုတ်ပယ်စွန့်ပစ်ကြခြင်း။
(၄) အမျိုးလေးပါးတို့ သာသနာတော်တွင်းသို့ဝင်ရောက်လာလျှင် အချင်းချင်းလူမျိုး တန်းစား မခွဲခြားဘဲ သာကီဝင်နွယ်ဖွား ဘုရားသားတော်ဟူသော အမည်တစ်ခုတည်းဖြင့်သာ တည်စေခြင်း။
(၅) မရေတွက်နိုင်သော တပည့်သာဝကအပေါင်းတို့၏ ပရိနိဗ္ဗာန်ဝင်စံခိုအောင်းကြခြင်းကြောင့်လည်း နိဗ္ဗာနဓာတ် နိဗ္ဗာန်ရပ်၏ ပြည့်လျှံယုတ်လျော့မှုမရှိခြင်း။
(၆) ဆင်းရဲဒုက္ခကိလေသဘေးမှ ကင်းဝေးရာမှန် သန္တိသုခ ဝိမုတ္တိရသကိစ္စတစ်ခုသာရှိခြင်း။
(၇) ဗောဇ္ဈင် ၇-ပါး မဂ္ဂင်ရှစ်ပါး လောကုတ္တရာတရားဆယ်ပါး ဗောဓိပက္ခိယတရား ၃၇-ပါးဟူသောရတနာ များစွာတို့ဖြင့် ပြည့်နှက်နေခြင်း။
(၈) ဥပါသကာ ဥပါသိကီ အရိယာရဟန္တာ ဟူသောပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးတို့၏ ကျင့်ကြံ ကျက်စား တည်နေရာဖြစ်ခြင်း။ ♦

အံ့ဖွယ်ရှစ်ဖြာသမုဒ္ဒရာ

အဋ္ဌင်္ဂုတ္တရ။ ပါ။ ၃၈။ ဋ္ဌ။ ၂၁၇။ အံ့သြဘွယ်ရာ အင်္ဂါရှစ်ဖြာရှိသော မဟာပင်လယ်ကြီး၊
(၁) ကမ်းစပ်မှစ၍ အစဉ်အတိုင်း နိမ့်လျှောနက်ရှိုင်းသွားခြင်း၊
(၂) ရေသည် ကမ်းကိုမကျော်လွန်ပဲတည်နေခြင်း၊
(၃) အကောင်ပုပ် အမှိုက်သရိုက်တို့ကို ပင်လယ်ထဲ၌မထားပဲ ကမ်းကုန်းအရပ်သို့တင်ပို့ခြင်း၊
(၄) မြစ်ကြီးငါးသွယ်မြစ်ငယ်ငါးရာတို့မှစီးဝင်လာသော ရေဟူသမျှတို့၏မူလအမည် ပျောက်စေပြီး မဟာသမုဒ္ဒရာရေဟူသောအမည်တစ်ခုကိုသာ ရစေခြင်း၊
(၅) မြစ်ကြီးမြစ်ငယ် အင်းအိုင် ချောင်းမြောင်း ကောင်းကင်ဝလာ ရှစ်မျက်နှာမှ အခါမလပ် မည်မျှပင် မြစ်ရေမိုးရေတို့စီးဝင်လာသော်လည်း မဟာသမုဒ္ဒရာ၏ပြည့်လျှံယုတ်လျော့မှုမရှိခြင်း၊
(၆) ရေချို ရေဖန် ရေငန် ရေခါးဟူ၍ ရသာထွေပြားသည့်ရေများ မည်မျှပင်စီးဝင်လာစေ ဆားငန်ရေ ဟူသော တစ်ခုတည်းသောအရသာကိုသာ ထားရှိခြင်း၊
(၇) လောကီရတနာ ၇-ပါး၊ ၁၀-ပါးတို့၏တည်ရာဖြစ်ခြင်း၊
(၈) ယူဇနာများစွာ ခန္ဓာရှိသော ငါးကြီးတို့နှင့်တကွ ရေဘီလူး နဂါး အသူရာနတ်ကြီးများ စသည်တို့၏ ကျက်စားရာဖြစ်ခြင်း။ ♦

အက္ခဏတရား ၈-ပါး

၎င်းသရုပ် (အရပ်ပြစ်ရှစ်ပါး) ၌ ရှုပါ။ ♦

အက္ခရာ ၄၁-လုံး

ပါဠိဘာသာမှဆင်းသက်သည့် မြန်မာတို့ရေးသားသတ်မှတ်အပ်သော အက္ခရာအရေအတွက် ၄၁-လုံးရှိသည်ဟူ၏။ အ အာ ဣ ဤ ဥ ဦ ဧ သြ က ခ ဂ ဃ င၊ စ ဆ ဇ စျ ည ဋ ဌ ဍ ဎ ဏ၊ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ၊ ယ ရ လ ဝ သ ဟ ဠ အံ ♦

အက္ခရာ ၂-ပါး

အက္ခာထီး အက္ခာမဟူလို။ ကဝိကဏ္ဍပါသကျမ်း၌ - က္က က္ခ ဂ္ဂ ဂ္ဃ စ္စ စ္ဆ ဇ္ဇ ဇ္ဈ၊ ဋ္ဋ ဋ္ဌ ဍ္ဍ ဎ္ဍု တ္တ တ္ထ ဒ္ဒ ဒ္ဓ ပ္ပ ပ္ဖ ပ္ဗ ဗ္ဘ ဟူသော ဝဂ်ငါးပါးတို့တွင် ပဌမအက္ခရာနှင့် တတိယအက္ခရာတို့ကို အထီး ပုလ္လိင်၊ ဒုတိယက္ခရာနှင့် စတုတ္ထက္ခရာတို့ကို အမ- ဣတ္ထိလိင်ဟုခေါ်ပုံ။ အချင်းချင်းထပ်ရာ၌ အထီးအထီးချင်းထပ်ကောင်းပုံ၊ အမနှင့်ထပ်ရာဝယ် အထီးက အပေါ်ကနေပုံ။ အမအချင်းချင်းကား မထပ်ကောင်းပုံ။ အထီး၏အထက်ကလည်း အမ မနေကောင်းပုံတို့ကို ဖေါ်ပြ၏။ ♦

အက္ခရာကြီး ၄-လုံး

အင်း အိုင် မန္တန်တို့၌ အသုံးပြုသောမြန်မာအက္ခရာကြီး လေးလုံး။ “က ကြီး ဃ ကြီး ဏ ကြီး ဠ ကြီး” ♦

အက္ခောဘိဏီမျိုးငါးပါး

အက္ခောဘိဏီတပ်ဖွဲ့ပုံ အမျိုးမျိုးရှိ၏။ ထိုအနက် ငါးပါးတို့ကိုသာဖေါ်ပြပေအံ့။
(၁) သီဟိုဠ်ကျွန်း၌ ဒုဋ္ဌဂါမဏိမင်းကြီးလက်ထက်(ဓမ္မိလ-တမယ်လ်) ကျေးလူမျိုးတို့စစ်တိုက်ရာ ချီတက်သော အက္ခောဘိဏီတပ်မှာ မဟာဝင်ဋီကာအရ တိုက်ဆင် တစ်ကုဋေ၊ ရထားဆယ်ကုဋေ၊ မြင်းပေါင်း ကုဋေတစ်ရာ၊ လေးပစ်လေးဆွဲသူရဲ ကုဋေနှစ်ရာ၊ စစ်သည်လူ ကုဋေ တစ်သောင်းလေးထောင်၊ စုစုပေါင်း တစ်သောင်း လေးထောင့်သုံးရာ တစ်ဆယ့်တစ်ကုဋေရှိ၏။
(၂) မဟောသဓတို့စစ်ချီတက်စဉ်၌ အက္ခောဘိဏီတပ် တစ်တပ်ဟူသည်မှာ ဝါးလုံးခြောက်ဆယ်တစ်စည်းကိုချထားရာ စစ်အင်္ဂါလေးပါးတို့နင်းသွား၍ မြူမှုန်ဖြစ်လျှင် တစ်ဖန်ဝါးအလုံးခြောက်ဆယ်တစ်စည်းကိုချပြန်၏၊ ဤသို့နင်းသွားခြင်းဖြင့် ဝါးအလုံးခြောက်ဆယ်အစည်းပေါင်းခြောက်ဆယ် ဖုတ်မြူမှုန့်ဖြစ်အောင် များပြားသော စစ်အင်္ဂါလေးပါး အရေအတွက်ကိုဆို၏။
(၃) ပုဂံမင်းဆက် ၅၀-မြောက် သက္ကရာဇ် ၅၉၆-ခုနှစ်တွင်နန်းတက်သော ဓမ္မရာဇာဘွဲ့ခံ ကျစွာမင်းကြီးလက်ထက် လောကီသင်္သကရိုဋ်သဒ္ဒါကျမ်းများနှင့်သဗ္ဗညုဘုရားဟောပါဌဇာတ် ပါဠိတော်၎င်းအဋ္ဌကထာ သုတ္တန်ဝိနည်း အဘိဓမ္မာ ပါဠိတော်အဋ္ဌကထာ ဋီကာများမှလာရှိသည့် ပြယုဂ်အဓိပ္ပါယ်များကိုပါ ထုတ်ဆောင်ညှိနှိုင်းပြီးလျှင် ရေးသားစီရင်တော်မူခဲ့သော သဒ္ဒနီတိကျမ်းဆရာ အရှင်အဂ္ဂဝံသထေရ်မြတ်သည် နဝ နာဂ သဟဿာနိ နာဂေ နာဂေ သတံ ရထာ။ ရထေ ရထေ သတံ အဿာ အေဿ အေဿ သတံ နရာ။ နရေ နရေ သတံ ကညာ ဧကေကိဿံ သတိတ္ထိယော။ ဧသာ အက္ခောဘိဏီနာမ ပုဗ္ဗာစရိယေဟိ ဘာသိတာ ¼¼ ဟု ၎င်းသဒ္ဒါနီတိကျမ်း၌ အက္ခေဘိဏီယူပုံကိုပြဆိုသည်။ အဓိပ္ပါယ်မှာ ဆင်ပေါက်ကြီး ကိုးထောင်၊ ရထားကိုးသိန်း၊ မြင်းကိုးကုဋေ၊ ခြေသည်သူရဲကုဋေကိုးရာ၊ သမီးကညာ ကုဋေ ကိုးသောင်း၊ မိန်းမ ကုဋေကိုးသန်း ဤအရေအတွက်ကို အက္ခောဘိဏီဟု ရှေးဆရာတို့မိန့်ဆိုကုန်၏။
(၄) အမရကောသ အဘိဓာန် ဋီကာတို့၌ကား။ ဆင်- ၂၁၈၇၀။ ရထား-၂၁၈၇၀။ မြင်း- ၆၅၆၀၀။ ခြေသည်-၁၀၉၃၅၀။ ပေါင်း ၂၁၈၇၀၀-သည် အက္ခောဘိဏီ သေနာဗျူဟာ မည်၏ ဟုဆို၏။
(၅) မကြာမီခေတ်၌ကားဆုတ်ကပ်ဖြစ်၍ လူတို့အသက်တို ဦးရေနည်းပါးသောကြောင့် အက္ခောဘိဏီတပ်ဖွဲ့ရာ အရေအတွက်အလွန်နည်းပါးလေသည်။ ၎င်းပြင် ဆင် နည်းပါးသောကြောင့် စစ်အင်္ဂါလေးပါး ပြည့်စုံအောင်ပင် တပ်မစည်းကြပ်နိုင်ချေ။ ♦

အကာလခါ လည်သူမှာ၊ ၆-ဖြာအပြစ်ရ

သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၈-တို့၌အကျယ်ရှု။ အချိန်မဟုတ်မိုးချုပ်ညဉ့်နက်လှည့်ပတ်သွားလာသူများအား အပြစ်ခြောက်ပါး ရနိုင်ကြောင်းကို သိင်္ဂါလသုတ်၌ ဘုရားဟောတော်မူသည်၊
(၁) မိမိကိုယ်ကို မစောင့်ရှောက် မလုံခြုံ ဖြစ်စေ၏၊
(၂) မိမိသားမယားများကို မစောင့်ရှောက် မလုံမခြုံဖြစ်စေ၏၊
(၃) ပစ္စည်းဥစ္စာများ မလုံခြုံစောင့်ရှောက်မဲ့ဖြစ်စေ၏၊
(၄) မကောင်းရာအရပ်၌ သူတပါးတို့၏ မသင်္ကာမှုခံရ၏၊
(၅) မဟုတ်မမှန်စွပ်စွဲခံရတတ်၏၊
(၆) ဆင်းရဲဒုက္ခအပေါင်းကို ခေါင်းဆောင်ခေါ်ယူရာကျ၏။ ♦

အကုသလ ကမ္မပထတရား ၁၀-ပါး

အပါယ်လားကြောင်းတရား ဆယ်ပါး

၎င်းသရုပ် (ဒုစရိုက်တရားဆယ်ပါး) နှင့်တူ၏၊ မူလပဏ္ဏာသ။ ပါ။ ၅၇။ ဋ္ဌ။ ပ-အုပ်။ ၂၀၁-၌အကျယ်ရှုပါ။ ♦

အကုသိုလ်စိတ် ၁၂-ပါး

လောဘမူစိတ် ၈-ပါး၊ ဒေါသမူစိတ် ၂-ပါး၊ မောဟမူစိတ် ၂-ပါး၊ ပေါင်း ၁၂-ပါးဟူ၏။ ♦

အကုသိုလ်စေတသိက် ၁၄-ပါး

အကုသိုလ်စိတ်များဖြင့်သာယှဉ်၍ဖြစ်သော စေတသိက်များဟူ၏၊
(၁) လောဘ = ဆာလောင်မွတ်သိပ်တွယ်တာ သာယာခင်မင်ခြင်း လက္ခဏာ၊
(၂) ဒေါသ=ကြမ်းတမ်းပြစ်မှားနှိပ်စက်ဖျက်ဆီးခြင်း လက္ခဏာ၊
(၃) မောဟ=အမှန်တရားကိုမသိခြင်း၊
(၄) အဟိရိက=မကောင်းမှုပြုရမှာ မရှက်ခြင်း၊
(၅) အနောတ္တပ္ပ= မကောင်းမှုပြုရမှာမကြောက် မလန့်ခြင်း၊
(၆) ဥဒ္ဓစ္စ=ပျံ့လွင့်တုန်လှုပ်ခြင်း၊
(၇) မာန=ငါကွ...ဟုထောင်လွှားခြင်း၊
(၈) ဒိဋ္ဌိ=အမှားကို အမှန်ဟုစွဲယူထားခြင်း၊
(၉) ဣဿာ=သူတစ်ပါးအားမလိုတမာ ငြူစူလာခြင်း၊
(၁၀) မစ္ဆရိယ= မိမိစည်းစိမ်ကို နှမြောဝန်တို မဆက်ဆံလိုလျက် ဖုံးဝှက်ကာထားခြင်း၊
(၁၁) ကုက္ကုစ္စ= ပြုပြီးသားအကုသိုလ်၊ မပြုလိုက်ရတဲ့ကုသိုလ်တို့အတွက် နောင်မှတ,ကာပူပန်လာခြင်း၊
(၁၂) ထိန=ကုသိုလ်ပြုရာ၌ စိတ်ဓါတ်လျော့ပါးနည်းပါးခြင်း၊
(၁၃) မိဒ္ဓ=ထိနကြောင့်ထိုင်းမှိုင်း ငိုက်မျဉ်း၍လာခြင်း၊
(၁၄) ဝိစိကိစ္ဆာ=ကောင်းမှုကုသိုလ်တရား၌ ယုံရမှာလား၊ မယုံရမှာလားဟု သို့လောသို့လောတွေးတောယုံမှားခြင်းလက္ခဏာရှိ၏။ ♦

အကုသိုလ်မူလတရား ၃-ပါး

ဓမ္မသင်္ဂဏီ။ ပါ။ ၂၀၅။ ဋ္ဌ။ ၃၀၈-၌အကျယ်ရှု။
(၁) လောဘ၊
(၂) ဒေါသ၊
(၃) မောဟ၊ အကုသိုလ်ဟူသမျှ သူတို့လျှင်အရင်းမူလရှိ၏။ ♦

အကျင့်တရားမျိုး ၃-ပါး

ဓမ္မစကြာ၌လောကသားတို့၏ ကောင်း, မကောင်း ကိုယ်ကျင့်တရားသုံးပါးဟူ၏၊
(၁) ကာမသုခလ္လိကာနုယောဂ- လောကီစည်းစိမ်ကာမဂုဏ် အမျိုးမျိုးတို့ကို ခံစားပျော်ပါးနေမှု လက်ယာလမ်းအချောင်သမားတို့ကျင့်စဉ်၊
(၂) အတ္တကိလမထာနုယောဂ- အတ္တဒိဋ္ဌိသမားတို့ မိမိကိုယ်ခန္ဓာဆင်းရဲ ပင်ပန်းကြောင်း အကျိုးမဲ့ဒုက္ခခံကျင့်မှု လက်ဝဲလမ်းကျင့်စဉ်၊
(၃) မဇ္ဈိမပဋိပဒါ- အထက်ပါကျင့်စဉ်နှစ်ပါး တို့သို့မလိုက်၊ အလယ်အလတ်ကောင်းမြတ်သော မဂ္ဂင်ရှစ်ပါး အရိယာတို့ကျင့်စဉ်လမ်းမှန်တရား။ ♦

အကျိုးဆောင်သူ ၄-မျိုး

မူလပဏ္ဏာသ။ ပါ။ ၁၉၉။ ဋ္ဌ။ ဒု-အုပ်။ ၄၃။
(၁) သူ့ကျိုးမရှိ ကိုယ်ကျိုးသက်သက်သာကျင့်ဆောင်သူ၊
(၂) ကိုယ်ကျိုးမပါ သူ့ကျိုးသက်သက်သာကျင့်ဆောင် ပေးသူ၊
(၃) အတ္တ-ပရ နှစ်ဦးအကျိုးအတွက်ကျင့်ဆောင်သူ၊
(၄) အတ္တ-ပရ နှစ်ဦးအကျိုး ပျက်အောင်ကျင့်ဆောင်သူ၊ ၁-နှင့် ၄-ကိုရှောင်ရမည်ဟူ၏။ ♦

အကျိုးမဲ့ပျော်မွေ့ခြင်းမျိုး ၄-ပါး

သုတ်မဟာဝါ။ ပါ။ ၁၁၈။ ဋ္ဌ။ ၆၆။ ရဟန်းတော်များကိုအဦးထား၍ဟောကြားသည်၊
(၁) ကမ္မာရာမတာ= ပရိယတ် ပဋိပတ်အားမထုတ်ဘဲ အခြားအလုပ်၌သာပျော်မွေ့နေသူ၊
(၂) ဘဿာရာမတာ= မဂ်ဖိုလ်၏ဆန့်ကျင်ဘက်စကားပြောခြင်းဖြင့်သာ ပျော်မွေ့နေသူ၊
(၃) နိဒ္ဒါရာမတာ= အိပ်စက်ခြင်းဖြင့်သာ မွေ့လျော်နှစ်ခြိုက်နေသူ၊
(၄) သင်္ဂဏိကာရာမတာ= တစ်ယောက်တည်းမနေတတ်ဘဲ အပေါင်းအဖေါ်နှင့်သာ ပျော်ပိုက်နှစ်ခြိုက်နေတတ်သူ။ ♦

အကျိုးမဲ့အလှူမျိုး ၅-ပါး

အကျိုးမရှိ မပေးလှူကောင်းသောအလှူမျိုးငါးပါးဟူ၏၊ ၎င်းသရုပ်အဓိပ္ပါယ်အကျယ်ကို (မပေးလှူကောင်းသော ဒါနမျိုး ၅-ပါး) မှာ ကြည့်ပါ။ ♦

အကျော်မျိုး ၄-ပါး

အချို့ဆေးကျမ်းစာတို့၌ “အနံ့မျိုးလေးပါး''ဟုလည်း ပညတ်တင်ကြသည်။
(၁) အကျော်၊
(၂) ပရုပ်၊
(၃) ဇလပ်၊
(၄) စန္ဒကူး။ ♦

အကျွမ်းမဝင်ရာသည်၆-ပါး

ဤ၌ လွယ်ကူစွာကျက်မှတ်နိုင်ရန် စာဏကျပျို့မှထုတ်ပြလိုက်သည်။
(၁) ခြင်္သေ့သစ် ကျား၊ သားရဲများတည့်၊
(၂) ချိုအားရှိလာ၊ သတ္တဝါနှင့်၊
(၃) ရေသာနက်တောင်း၊ မြစ်နှင့်ချောင်းတည့်၊
(၄) အပေါင်းမိန်းမ၊ ဟူသမျှနှင့်၊
(၅) ရာဇထွတ်တင်၊ ရှင်ဘုရင်ဟု၊
(၆) လက်တွင်ကိုင်လာ၊ လက်နက်ပါသား၊ ခြောက်ဖြာအပြား၊ ဤသူများတည့်။ ♦

အကျွမ်းမဝင်ရာသည်-၇-ပါး

သုဗောဓာလင်္ကာရကျမ်းမှယူပြသည်။
(၁) ဣတ္ထိ-မိန်းမ၊
(၂) ဒုဇ္ဇန-သူယုတ်၊
(၃) ဝိသ-အဆိပ်၊
(၄) သိ င်္ဂီ-ဦးချိုရှိသတ္တဝါ၊
(၅) ရောဂ-ကူးစက်တတ်သောသူနာ၊
(၆) နဒီ-မြစ် ချောင်း အိုင်၊
(၇) ရာဇကုလ-မင်းမျိုး ဟူ၏။ ♦

အကြီးကျယ်ဆုံးပုဂ္ဂိုလ်ကြီး ၄-ယောက်

စတုက္ကင်္ဂုတ္တရ။ ပါ။ ၃၂၄။ ဋ္ဌ။ ၂၆၁။
(၁) ကိုယ်ခန္ဓာအကြီးဆုံးအသူရိန်ခေါ်ရာဟုနတ်ကြီး၊
(၂) ကာမဂုဏ်ခံစားသူတို့တွင် မန္ဓာတုစကြာမင်းအကြီးကျယ်ဆုံး၊
(၃) အာဏာလိုချင်သူ အုပ်စိုးသူတို့တွင် မာရ်နတ်ကြီး၊
(၄) လောကသုံးပါး၌ အတုမရှိကြီးကျယ်တော်မူသူကား မြတ်စွာဘုရားသခင်ဖြစ်၏။ ♦

အကြောင်းတရားကြီး ၄-ပါး

လောက ၃-ပါးအား အစဉ်အမြဲ ကောင်းဆိုး ၂-မျိုး ပြုပြင်စီမံပေးနေသော အကြောင်းတရားကြီး ၄-ပါး၊
(၁) ကံ-သတ္တဝါတို့၏ကောင်းသောအလုပ်နှင့် မကောင်းသောအလုပ်၊
(၂) စိတ်-သတ္တဝါတို့၏ကောင်းသောစိတ်နှင့် မကောင်းသောစိတ်၊
(၃) ဥတု-အပူ အအေး လွန်ကဲမျှတမှု ဆောင်း နွေ မိုး၊
(၄) အာဟာရ-စားသောက်ဖွယ်နှင့် နှစ်သက် လွန်ကဲ မျှတ တင်းတိမ်မှုများ။ ♦

အခါမဲ့ငြား၊ လည်ကြူးမှား၊ ၆-ပါးအပြစ်ရ

၎င်းအဖြေကို (အကာလခါ၊ လည်သူမှာ၊ ၆-ဖြာအပြစ်ရ) ၌ ဆိုခဲ့ပြီ။ ♦

အခြင်းအရာ ၂၀

ယင်းဝေါဟာရသည် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားကို အကြောင်း အကျိုးဝေဖန်သောအားဖြင့်ထင်ရှားဖြစ်ပေါ်လာ၏။
(၁) အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ ဟူသော ရှေးအတိတ်အကြောင်း အခြင်းအရာတရား ငါးပါးကြောင့် -
(၂) ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ယခုဘဝ ပစ္စုပ္ပန်အကျိုးတရား ခြင်းရာ ငါးပါးဖြစ်လာသည်။
(၃) တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရဟူသော ယခုဘဝမျက်မှောက်အကြောင်းတရားခြင်းရာ ငါးပါးကြောင့် -
(၄) ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော နောင်ဘဝအနာဂတ်အကျိုးခြင်းရာငါးပါး ဖြစ်ရဦးမည်။

မှတ်ချက် ။ ။ ဤသို့လျှင် အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတစ်စပ်၊ ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း တစ်စပ်၊ ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုးတစ်စပ်၊ ပေါင်း အစပ်သုံးပါးဖြစ်သတည်း။ ယင်းစက်ဝိုင်း၌ ပစ္စုပ္ပန်အကြောင်းအစပ်က ဖြတ်ရမည်။ ♦

အဂတိတရား ၄-ပါး

ဝိနည်းမဟာဝါ။ ပါ။ ၃၉၅။ ဋ္ဌ။ ၄၀၂-၄၀၅။ တရားစီရင်ရာ ဘဏ္ဍာဝေဖန်ရာစသည်တို့၌ မလားအပ်သည်သို့ လားခြင်း ၄-ပါးဟုဆိုလိုသည်။
(၁) ဆန္ဒာဂတိ- ချစ်သဖြင့်မလားအပ်သည်သို့လားခြင်း၊
(၂) ဘယာဂတိ-ကြောက်သဖြင့်မလားအပ်သည်သို့လားခြင်း၊
(၃) ဒေါသာဂတိ-မုန်းသဖြင့် မလားအပ်သည်သို့လားခြင်း၊
(၄) မောဟာဂတိ-တွေဝေမိန်းမောသဖြင့် အမှန်ကိုမသိဘဲ မလားအပ်သည်သို့လားခြင်း။ ♦

အဂမနိယဝတ္ထု ၂၀

ယောကျ်ားတို့မသွားလာ မမှီဝဲအပ်သောမိန်းမမျိုး ၂၀-ဟူလို။ အဖြေကို (အုပ်ထိန်းခြင်း ၂၀) မှာရှုပါ။ ♦

အဂ္ဂသာဝကကြီး ၄-ပါး

အမြတ်ဆုံးသောတပည့်သာဝကကြီး ၄-ပါး၊ ဂေါတမ ဗုဒ္ဓ၏လက်ဝဲတော်ရံနှင့် လက်ယာတော်ရံများ၊
(၁) ရှင်သာရိပုတ္တရာ၊
(၂) ရှင်မောဂ္ဂလ္လာန၊ ယောကျ်ားရဟန်း ၂-ပါး၊
(၃) ဥပ္ပလဝဏ် ဘိက္ခုနီ၊
(၄) ခေမာ ဘိက္ခုနီ၊ မိန်းမရဟန်းနှစ်ပါးတို့ ဖြစ်၏။ အကျယ်ကို ဗုဒ္ဓဝင်။ ၃၈၁-၌ကြည့်ပါ။ ♦

အင်္ဂမင်္ဂလေမျိုး ၁၁-ပါး

အင်္ဂါအစိတ်အပိုင်းနှင့်သက်ဆိုင်သောလေစု၊ ၎င်းအဖြေ (လေမျိုး ၈၀ [င] ပိုဒ်) ၌ရှုပါလေ။ ♦

အင်္ဂမင်္ဂဝိကာရ လေမျိုး ၁၃-ပါး

အင်္ဂါကြီးငယ်ကိုဖေါက်ပြန်စေတတ်သောလေများ၊ ၎င်းအဖြေ (လေမျိုး-၈၀[ဆ] ပိုဒ်) ၌ ရှုပါလေ။ ♦

အင်္ဂုတ္တနိကာယ် ၁၁-ကျမ်း

၎င်းအဖြေ (နိကာယ် ၅-ရပ် [ဃ] ပိုဒ်) ၌ကြည့်ပါ။ ♦

အဃောသအက္ခရာ ၁၁-လုံး

ဂါထာ မန္တန်စသည်တို့၌ ညင်ညင်သာသာရွတ်ဖတ်ရသော သက္ကဋဝေဒကျမ်းလာ အက္ခရာများ၊ က ခ စ ဆ ဋ ဌ တ ထ ပ ဖ သ (သဒ္ဒါနည်း) က ဂ စ ဇ ဋ ဍ တ ဒ ပ ဗ သ (ဗျဉ္ဇနဗုဒ္ဓိနည်း) ♦

အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရားမျိုး ၇-ပါး

ဘားနဒ် ပိဋကတိုက် လောကီပရပိုဒ် တစ်စောင်မှ၊ ဘားမဲ့ လောကီကျမ်းကိုညွှန်းသည်။
(၁) အင်း - အကွက်မှန်ချ၍ ဂဏန်းရေးသွင်းသော အရာဝတ္ထုကိုခေါ်ဆိုသည်။
(၂) အိုင် - အကွက်မှန်ချ၍ စ-ဓ-ဗ-ဝ စသည် အက္ခရာ ရေးသွင်းထားသည့်အရာကိုဆိုသည်။
(၃) ခါးလှည့် - ရွှေပြား ငွေပြား ထန်းရွက် ပေရွက်စသည်တို့၌ စာတန်းရေး၍ ခါး၌ပတ်စည်းရသည့်အရာကိုဆိုသည်။
(၄) လက်ဖွဲ့ - အင်း အိုင် အပြားအချပ်ကိုလိပ်၍ ခေါက်၍ ကြိုးဖြင့်ဖွဲ့ဆောင်ရသောအရာကို ဆိုသည်။
(၅) မန္တရား - သြောင်း အစထား၍ ရွတ်ဆို မန်းမှုတ်ရသောအရာ၊ ဥပမာ “သြောင်း ဒူရေ ဒူရေ သွာဟ''စသည်မျိုး။
(၆) မန္တန် - ဥုံ အစခံ၍ ရွတ်ဆိုမန်းမှုတ်ရသည့်အရာမျိုး၊ ဥပမာ- “ဥုံ စွာရတီကျ မေ မာတာ” စသည်မျိုး။
(၇) ဂါထာ - ဥုံ သြောင်း မပါသော ရွတ်ဆိုမှုမျိုး ပရိတ်ကြီး-စသည်။ ♦

အင်းကန်းခြင်း ၇-ပါး

အင်းကွက်ထဲ၌ အင်းဆန်သွင်းသောအခါ အောက်ပါအပြစ် ၇-ပါးကြောင့် အကျိုခံစားခွင့်တန်ခိုးအာနိသင်မရှိ၊ အင်းသည် သူကန်းသဖွယ်ဖြစ်သွားသည်ဟူ၏၊
(၁) နက္ခတ် မမှန်ခြင်း၊
(၂) အင်းဆန်ဂဏန်းအက္ခရာ မမှန်ခြင်း၊
(၃) အင်းသွား အလှည့် မမှန်ခြင်း၊
(၄) အက္ခရာဂဏန်း မညီမတန်းခြင်း၊
(၅) ကိုယ်ဝန်ဆောင်မသန့်ရှင်းသူတို့ ကိုင်ခြင်း၊
(၆) အင်းချသူ၏ကိုယ်လက် မသန့် ညစ်ပတ်ခြင်း၊
(၇) ဂါထာဗန္ဓ မမှန်ခြင်း။ ♦

အင်းကျိုးခြင်း ၇-ပါး

အင်းချစဉ် အပြစ် ၇-ပါးကြောင့် အင်းကျိုးပျက်သွားသည်ဟူ၏၊
(၁) လူနေရာရွှေ့ခြင်း၊ ဣရိယာပုထ်ပြောင်းလဲခြင်း၊
(၂) စကားပြောခြင်း၊ တေးသီလေချွန်ခြင်း၊
(၃) လူးလည်း၍စီစဉ်ခြင်း၊
(၄) စီရင်မပြီးမီ ထ၍သွားခြင်း၊
(၅) အင်းအုံပြတ်ခြင်း၊
(၆) စတုရန်း ၄-မျက်နှာမျဉ်းမသားမီ အတွင်းမျဉ်းများကိုသားခြင်း၊
(၇) အင်းပေါင်ရွှေ့ခြင်း။ ♦

အင်းချသူအင်္ဂါ ၈-ပါး

ဤအင်္ဂါရှစ်ပါးပြည့်စုံမှသာလျှင် ထူးမြတ်လွန်ကဲသော အကျိုးကျေးဇူးဂုဏ်ထူး လာဘ်မြတ်တို့ကို ပေးစွမ်းနိုင်သည်ဟူ၏၊
(၁) မိမိစီရင်သောအင်းကို ယုံကြည်လေးမြတ်ခြင်း၊
(၂) ကောင်းသောအလိုဆန္ဒဝီရိယရှိရခြင်း၊
(၃) ကောင်းမှန်သောအသိဉာဏ်ရှိရခြင်း၊
(၄) အစီအရင်ကို အရိပ်ဖြင့်မကွယ်ရခြင်း၊
(၅) တစ်စုံတစ်ခုသော ဒွါရကိုမပိတ်ရခြင်း၊
(၆) စကားမပြောရ၊ အခြားသို့လှည့်မကြည့်ရခြင်း၊
(၇) မပြီးခင် ခေတ္တခဏမျှထ၍မသွားရခြင်း၊
(၈) မိမိစီရင်နေသောအင်းမှ တစ်ပါးသို့ အာရုံများကိုမအောက်မေ့ မတွေးတောရခြင်း။ ♦

အင်းပေါက်ခြင်း ၇-ပါး

ပေါက်ထွက်နေသောအင်းကား တန်ခိုးမရှိဟူ၏၊
(၁) အင်းပေါက်ချင်းမထိစပ်ခြင်း၊
(၂) အင်းပေါင်အင်းကွက်ကို မျဉ်းဖေါက်ထွက်နေခြင်း၊
(၃) အင်းချမမှန်ခြင်း၊
(၄) အင်းပေါင်နှင့် အင်းဆန်ထိစပ်နေခြင်း၊
(၅) ဂဏန်းထောင့်မကိုက်ခြင်း၊
(၆) အက္ခရာမပီသမမှန်ခြင်း၊
(၇) အင်းကွက်ချမညီခြင်း။

မှတ်ချက် ။ ။ အင်းကွက်ကို ဝက်ခေါင်းထိုးလျှင်ကိုက်နေရမည်ဟူ၏။ ♦

အင်း 'နဝ' ဖို့တည်၊ အဝပြည်၊ ၉-မည်အင်းတို့အဘယ်နည်း

သဘင်ဝန်ဦးသော်မေး၍ တောင်ဖီလာဆရာတော်ဖြေမှတ်တမ်း ကဗျားနှင့်အင်းဝမြို့ဓာတ်ပေါင်းမဉ္ဇူဘုရား ကျောက်စာတော် တို့မှ ထုတ်ယူဖြေကြားလိုက်သည်၊ ထိုမြို့ကို သက္ကရာဇ် ၇၂၆-ခုနှစ်တွင် သတိုးမင်းဖျားက အောက်ပါအင်းများကိုဖြည့်ဖို့တည်ထောင်သည်ဟူ၏၊(အင်းနဝ အင်းဝ၊ ယခုသော် အဝ) ခေါ်ကြ သည်။
(၁) ရွှေကြာပင်အင်း၊
(၂) ဇနီးအင်း၊
(၃) ညောင်စောက်အင်း၊
(၄) ဝက်ချေးအင်း၊
(၅) အုန္နဲအင်း၊
(၆) အင်းမ အင်း၊
(၇) လင်းစံအင်း၊
(၈) ဘေးမဲ့အင်း၊
(၉) ဝမ်းဘဲအင်း။ ♦

အငြိမ်မျိုး ၆-ပါး

ငြိမ့်ညောင်းသာယာသော မြန်မာ့ပန်တျာမျိုး ၆-ပါး၊
(၁) စောင်း၊
(၂) ငြင်း၊
(၃) မိကျောင်း၊
(၄) အောင်းကလေး၊
(၅) ပတ္တလား၊
(၆) တယော၊ ရာဇဝင်ကြီး။ မဃဒေဝလင်္ကာ၌ “စောင်း ငြင်း မိကျောင်း၊ အောင်း ပတ္တလား တယောအားဖြင့်ခြောက်ပါးငြိမ့်မျိုး နာဖွယ်ပျိုးသား” ဟုစပ်ဆိုသည်။ ♦

အစပ် ၃-ပါး

အဘိဓမ္မာ ပဋိစ္စသမုဒ္ပါဒ် ဝေါဟာရဖြစ်သည်၊ အဖြေကို (အခြင်းအရာ-၂၀) ၌ ကြည့်ပါလေ။ ♦

အစပ် ၆-ပါး

ရှေးကဝိစာဆိုတို့ စပ်ဆိုသီကုံးဖေါ်ပြလေ့ရှိသော လေးလုံးတစ်ပိုဒ်ကဗျာလင်္ကာ စပ်နည်းများ -
(၁) သက်စေ့နှက် သုံးချက်ညီခေါ် သုံးပိုဒ်တွင် ကာရန်သတ်ပုံသုံးချက်ညီအောင်စပ်နည်း၊ ဥပမာ - ပြည်သာနိဗ္ဗာန်၊ ရှိသင့်တန်ဟု၊ ဧကန်တိတိ

သုံးဖေါ်လူ့ထံ၊ တည်ပွဲခံအံ့၊ ကြံသားခပင်း။
(၂) ချိန်ခွင်လျှာခေါ် သုံးပိုဒ်တွင် အလယ်ပိုဒ်၏ကာရန်သတ်ပုံနှင့် ဘေးပိုဒ်တို့၏ကာရန်သတ်ပုံများ ကွဲလွဲသောစပ်နည်း၊ ဥပမာ - ကျေးဇူးနက်တိမ်၊ သူ့အားချိန်၍၊ မွေ့သိမ်ညံ့နု။
(၃) ဦးတိုက်ခေါ်နှစ်ပိုဒ်တွင် ရှေ့အပိုဒ်အဆုံးနှင့် နောက်အပိုဒ်အစတို့ကို ကာရန်သတ်ပုံညီထား၍ စပ်နည်း၊ ဥပမာ- စောထီးမုနိန့်၊ မိန့်ခဲ့သောတိုင်း။
(၄) ဘီလူးရယ်ခေါ်နှစ်ပိုဒ်တွင် ရှေ့ပိုဒ်တတိယ, စတုတ္ထအက္ခရာနှင့် နောက်ပိုဒ်ဒုတိယ, တတိယသို့မဟုတ် ဒုတိယအက္ခရာ တို့ကိုဖြစ်စေ ကာရန်သတ်ပုံညီထား၍စပ်နည်း၊ ဥပမာ - မာရ်နှိပ်ဆုံးရပ်၊ ရွှေပြည်ခပ်ရှင့်

များလှတွက်ကိန်း၊ သုံးသိန်းငါးသောင်း

ညိုပြာမွတ်သည်၊ ဖက်ဆွတ်လေလော။
(၅) ထိပ်ချင်းခတ်ခေါ်နှစ်ပိုဒ်တွင် ရှေ့ပိုဒ် တ သတ်၊ န သတ်၊ ဏ သတ် ကာရန်တို့ကို နောက်ပိုဒ် ပသတ်၊ မ သတ် နိဂ္ဂဟိတ်ကာရန်တို့ဖြင့်ဟပ်၍စပ်နည်း၊ ဥပမာ - သက္ကသူရိန်၊ စည်းစိမ်သခင်။
(၆) ထိပ်ချင်းချွတ်ခေါ် နှစ်ပိုဒ်တွင် ရှေ့ပိုဒ် ပ သတ်၊ မ သတ်၊ နိဂ္ဂဟိတ်ကာရန်တို့ကို နောက်ပိုဒ် တ သတ်၊ န သတ်၊ ဏ သတ် ကာရန်တို့ဖြင့် ဟတ်၍စပ်နည်း၊ ဥပမာ - လေးဆယ့်ကိုးလုပ်၊ မယုတ်အင်ပြည့်။

မှတ်ချက် ။ ။ ယင်း အစပ်ခြောက်ပါး အခေါ်အဝေါ်နှင့် ကာရန်သတ်ပုံလွဲစပ်နည်းတို့ကို နောက်ဆရာကြီးတို့ပယ်ချေသည်။ ♦

အစလစေတီတော်ကြီး ၄-ဌာန

၎င်းသရုပ် (အဝိဇဟိတ ဌာနကြီး ၄-ပါး) ၌ ရှုပါ။ ♦

အစားကြီးသူ ၅-ယောက်

သုတ်မဟာဝါ။ ဋ္ဌ။ ၃၇၀-၌အကျယ်ရှု။
(၁) အာဟာရ ဟတ္ထက = စားပြီးနောက် လက်ဆွဲထူပေးရသူ၊
(၂) တတြ ဝဋ္ဋက = စားသည့်နေရာ၌ပင် လဲနေသူ၊
(၃) အလံ သာဋက = ပုဆိုးမဝတ်နိုင်အောင်စားသူ၊
(၄) ကာက မာသက = ပါးစပ်ထဲကျီးနှိုက် စားနိုင်အောင်စားသူ၊
(၅) ဘုတ္တဝမ္ပိ တက = စားပြီးပြီးချင်း ထိုးအန်အောင်စားသူ။ ♦

အစားကြူးသူ ၅-မျိုး

၎င်းသရုပ် (အစားကြီးသူ ၅-မျိုး) ၌ ပြခဲ့ပြီ။ ♦

အစိန္တေယျ ၄-ပါး

သုတ်သီလက္ခန်။ ဋ္ဌ။ ၂၃-၌ အကျယ်ရှုပါ။ မကြံစည် မယုံမှားအပ်သောတရား ၄-ပါး၊ ဣမာနိ အစိန္တိယာနိ အစိန္တန္တော ဥမ္မာဒဿီ ဝိဃာတဿ ဘာဂီ ဟောတိ - ဤလေးပါးတို့ကို ကြံစည်သောသူအား ရူးသွပ်ခြင်းဖေါက်ပြန်ခြင်းအဖို့ရှိ၏ ဟူလို။
(၁) ဗုဒ္ဓဝိသယော အစိန္တိယော - ဘုရား၏အရာကို မကြံစည်အပ်၊
(၂) စျာနဝိသယော အစိန္တိယော - စျာန်တန်ခိုး၏အရာကို မကြံစည်အပ်၊
(၃) ကမ္မဝိပါကော အစိန္တိယော -ကံ၏အကျိုးကို မကြံစည်အပ်၊
(၄) လောကသဏ္ဍာဟနော အစိန္တိယော - လောကဓါတ်တည်ခြင်းကို မကြံစည်အပ်။ ♦

အစေးမျိုး ၅-ပါး

ပရဆေးကျမ်းဝေါဟာရ။
(၁) ပညောင်စေး၊
(၂) သဖန်းစေး၊
(၃) ဗောဓိညောင်စေး၊
(၄) ညောင်ကြတ်စေး၊
(၅) ညောင်ချဉ်စေး။ ♦

အစွန်း ၃-ပါး၊ ကင်းလွတ်ငြား၊ သားငါးစားရန်အပ်

ရဟန်းတော်များသည် အစွန်းသုံးပါးမှလွတ်သော သားငါးတို့ကို စားသောက်ကောင်းသည်ဟု ဘုရားရှင်ခွင့်ပြုတော်မူ၏၊ အစွန်း ၃-ပါးကား
(၁) ဒိဋ္ဌ- မိမိအတွက်ရည်စူး၍သတ်ဖြတ်နေသည်ကို ကိုယ်တိုင်မြင်ရခြင်း၊
(၂) သုတ- မိမိအတွက် ကြက် ဝက်စသည်တို့ကို သတ်ဖြတ်နေကြောင်းဖြင့် ကြားသိရခြင်း၊
(၃) ပရိသင်္ကိတ- ထိုသားငါးအတွက် သင်္ကာမကင်းရှိနေခြင်းမျိုး။ ♦

အဆင်းတန်ဆာ၊ ဆင်ရာအပြား၊ ၁၄-ပါး၊ ကျမ်းများမည်သို့မိန့်သနည်း

။ စိန္တကျော်သူ ဦးသြရေး သြဝါဒထူးပျို့၌ ဤသို့မိန့်၏၊ တစ်ဆယ့်လေးဖြာ၊ ဆင်းတန်ဆာကား
(၁) ရာဇာဘုန်းရှိ၊ ပြည်လုံးမိကို၊ နီတိကျမ်းလျှင်၊ တန်းဆာဆင်၏၊
(၂) ဂုဏ်အင်အထူး၊ ကျေးဇူရှိသူ၊ ထိုထိုလူကို၊ မမြူဒေါသ၊ မာန်မထဘဲ၊ နှိမ့်ချခြင်းလျှင်၊ တန်ဆာဆင်၏၊
(၃) ရုပ်သွင်ပျိုထွား၊ မိန်းမအားမူ၊ တည်ငြားစောင့်ရှောက်၊ ယွင်းမဖေါက်ဘဲ၊ ရှက်ကြောက်ခြင်းလျှင်၊ တန်ဆာဆင်၏၊
(၄) လင်နှင့်မယား၊ သူတို့အားမူ၊ မုန်းထားမလို၊ ချစ်ကြည်ညို၍၊ လူဗိုလ်တကာ၊ ရိုသေရာသည်၊ သစ္စာခိုင်ကျည်၊ တည်ကြည်ခြင်းလျှင်၊ တန်ဆာဆင်၏၊
(၅) ဝန်းကျင်သာကျယ်၊ အိမ်မှာဝယ်ကား၊ သူငယ်သာလျှင်၊ တန်ဆာဆင်၏၊
(၆) ကျယ်မြင်နှံ့သိ၊ ပညာရှိမူ၊ ကဝိပျူငှာ၊ ဆန်းဂါထာနှင့်၊ ကဗျာသံချို၊ ဖွဲ့ဆိုခြင်းလျှင်၊ တန်းဆာဆင်၏၊
(၇) နှုတ်မင်္ဂလာ၊ စကားမှာကား၊ အသာအချို၊ သူနာလိုအောင်၊ မိန့်ဆိုခြင်းလျှင်၊ တန်ဆာဆင်၏၊
(၈) သန့်စင်ကြည်ဖြူ၊ ကိုယ်ကိုမူကား၊ ဆန်မြူခြမ်းမျှ၊ ဒေါသမသင့်၊ အကျင့်သီတင်း၊ ကောင်းခြင်းသည်လျှင်၊ တန်းဆာဆင်၏၊
(၉) ယွယ်အင်လွန်သူ၊ မိန်းမမူကား၊ မူယူဆိတ်ငြိမ်၊ မွေ့သိမ်ခြင်းလျှင်၊ တန်ဆာဆင်၏၊
(၁၀) ပျော်ရွှင်စလို၊ နှလုံးကိုမူ၊ ကုသိုလ်ကောင်းမှု၊ မကောင်းမှုဟု၊ နှစ်ခုရောရာ၊ အာသာစုံမက်၊ နှစ်သက်မူးမော်၊ မွေ့လျော်ခြင်းလျှင်၊ တန်ဆာဆင်၏၊
(၁၁) ကိုယ်အင်မချို့၊ ရဟန်းတို့မူ၊ နောင်ဖို့ရွယ်ရည်း၊ သည်းညည်းခံချုပ်၊ ကြည်ဖွယ်လုပ်သား၊ သာရုပ္ပလျှင်၊ တန်းဆာဆင်၏၊
(၁၂) အားအင်ထက်မြန်၊ စွမ်းသန်သသူ၊ ထိုထိုလူကို၊ မယူရန်တုံ့၊ မလှုံ့ရန်ကြွင်း၊ သည်းခံခြင်းနှင့်၊ မပျင်းကြိုးကုတ်၊ အားစုတ်စုတ်တိ၊ တုပ်ဝပ်ခြင်းလျှင်၊ တန်းဆာဆင်၏၊
(၁၃) လူတွင်အိမ်ယာ၊ထောင်သူမှာကား၊ ဥစ္စာ ရွှေငွေ၊ ဆန်ရေ စပါး၊ ကျွဲနွားကျွန်ကျေး၊ သားမြေးကုံလုံ၊ပြည့်စုံခြင်းလျှင်၊တန်းဆာဆင်၏၊
(၁၄) ကျယ်မြင်ပညာ၊ သူကောင်းမှာကား၊ ပါယ်ရွာကြောက်ရှက်၊ ရမ္မက်ဆွံ့ရှား၊ စကားမယွင်း၊ မှန်ခြင်းသည်လျှင်၊ တန်ဆာဆင်သည် ... လူတွင် နိမ့်မြင့် သို့မှတင့်။ ♦

အဆင်းလှရာ၊ ကြောင်း ၃-ဖြာ၊ လောင်းလျာအသို့ ကျင့်သနည်း

အလောင်းတော်မြတ် တေမိယဇာတ်၌ ကျင့်ပုံကား -
(၁) အတီတံ နာနုသောစာမိ - လွန်ပြီးအမှု ဒုစရိုက်စုကိုလည်း မတွေးတောမစိုးရိမ်၊
(၂) နာနုသောစာမိ နာဂတံ - နောင်ခါစားဝတ်နေရေးကိုလည်း မတွေးဆ မပူပန်၊
(၃) ပစ္စုပ္ပန္နေန ယာပေမိ - မျက်မှောက်ကျပန်းဖြင့်သာ မကောင်းမှုရှောင်လွှဲကာ ချမ်းသာစွာရောင့်ရဲခဲ့၏၊ တေန ဝဏ္ဏော ပသိဒတိ - ဒါကြောင့် ငါ့ရုပ်ဆင်းဝါ လွန်စွာ ကြည်လင် လှပ၏။ ♦

အဆောင်ရမိဖုရား ၄-ပါး

မြန်မာဘုရင်များ၏ မိဖုရားမျိုးရှစ်ပါးထဲတွင် အဆောင်ပိုင်ရသောမိဖုရားများမှာ
(၁) မြောက်ဆောင်မိဖုရား၊
(၂) တောင်ဆောင်တော်မိဖုရား၊
(၃) မြောက် ရွှေရေးဆောင်မိဖုရား၊
(၄) တောင် ရွှေရေးဆောင်တော် မိဖုရား။ ♦

အဇ္ဈာသယကြီး ၆-ပါး

ဘုရားလောင်းတို့ အလိုတော်မြတ်ကြီး ၆-ပါး၊ ဤ ၆-ပါးနှင့်ပြည့်စုံမှ ဘုရားအဖြစ်ကို ရယူနိုင်သည်၊ စရိယာပိဋက။ ဋ္ဌ။ ၂၈၂-၌အကျယ်ရှု။
(၁) နေက္ခမဇ္ဈာသယ - တောထွက်လိုခြင်း၊
(၂) ပဝိဝေကဇ္ဈာသယ - အဖေါ်မမှီး တစ်ယောက်တည်းသာ ဆိတ်ငြိမ်ရာ၌နေလိုခြင်း၊
(၃) အလောဘဇ္ဈာသယ- လောဘမရှိခြင်းကိုလိုခြင်း၊
(၄) အဒေါသဇ္ဈာသယ - ဒေါသမရှိခြင်းကိုလိုခြင်း၊
(၅) အမောဟဇ္ဈသယ -မောဟမရှိခြင်းကို လိုခြင်း၊
(၆) နိဿရဏဇ္ဈာသယ - ဘုံသုံးပါးမှ လွတ်ကင်းလိုခြင်း။ ♦

အဇိဏ္ဏ လေမျိုး ၁၂-ပါး

ဝမ်းကိုဒုက္ခပေးတတ်သောလေများ၊ ၎င်းအဖြေ (လေမျိုး ၈၀[ ခ] ပိုဒ်) ၌ ရှုပါလေ။ ♦

အဉ္ဇလီ ၅-သွယ်၊ သိမှတ်ဖွယ်၊ ကျမ်းဝယ်မည်သို့ရှိသနည်း

ဝိနည်းပိဋကတော် ပရိဝါကျမ်းမြတ်၌ ဤသို့လာရှိ၏၊
(၁) ဖျင် ပုဆိုး တဘက် ပဝါကို လက်ကန်တော့တင်ခြင်း၊
(၂) လက်အုပ်ချီမိုးခြင်း ရှိခိုးခြင်း၊
(၃) လက်ဖဝါး နှစ်ဘက်တို့ဖြင့် ကြီးမြတ်သူ၏ခြေကိုကိုင်တွယ်ခြင်း၊
(၄) ချစ်ခင်သော မေတ္တာ ရှေ့သွား ရှိခြင်း၊
(၅) ရိုသေလေးမြတ်သော စိတ်ထားရှိခြင်း။ ♦

အဋ္ဌကထာကြီး ၈-ကျမ်း

၎င်းကျမ်းအမည်များကို ဝိနည်း။ ဋ္ဌ။ ပ-အုပ်။ ၂။ သာရတ္ထ။ ပ-အုပ်။ ၁၇၊ ၁၉၊ ၂၀၊ ၂၃။ ဝိမတိ။ ပ-အုပ်။၊ ၆။ ဝဇီရဗုဒ္ဓိ။ ၁၈-စသည်တို့၌ကြည့်ပါ၊ နာမည်ကျော်ဟိုးသော ရှေးဟောင်းအဋ္ဌကထာကြီး ၈-ကျမ်းဟူ၏၊ သီဟိုဠ်ဘာသာနှင့်ရှိသည်။
(၁) မဟာအဋ္ဌကထာ၊
(၂) မူလ အဋ္ဌကထာ၊
(၃) မဟာပစ္စရိ အဋ္ဌကထာ၊
(၄) စူဋ္ဌ အဋ္ဌကထာ၊
(၅) ကုရုန္ဒိ အဋ္ဌကထာ၊
(၆) အန္ဓက အဋ္ဌကထာ၊
(၇) သင်္ခေပ အဋ္ဌကထာ၊
(၈) အရိယ အဋ္ဌကထာ။ ♦

အဋ္ဌင်္ဂသီလ = ရှစ်ပါးသီလ

အဋ္ဌင်္ဂုတ္တရ။ ပါ။ ၇၉။ ဋ္ဌ။ ၂၃၃-၌အကျယ်ရှု။
(၁) ပါဏာတိပါတာ ဝေရမဏိ၊
(၂) အဒိန္နာဒါနာ ဝေရမဏိ၊
(၃) အဗြဟ္မစရိယာ ဝေရမဏိ၊
(၄) မုသာဝါဒါဝေရမဏိ၊
(၅) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊
(၆) ဝိကာလဘောဇနာ ဝေရမဏိ၊
(၇) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓါရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ၊
(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ ♦

အဋ္ဌဇယ မင်္ဂလာ ၈-ပါး

အချို့ဆရာတို့က “အောင်ခြင်းရှစ်ပါး''ကိုပင် အဋ္ဌဇယ မင်္ဂလာရှစ်ပါးဟုခေါ်ဆိုကြသည်၊ အဖြေ (အောင်ခြင်း ၈-ပါး) ၌ ကြည့်ပါ။ ♦

အဋ္ဌာရသ သိပ္ပ

တစ်ဆယ့်ရှစ်ရပ်သော အတတ်ပညာမျိုးဟူလို၊ ယောက်ျားတို့အတတ် (၁၈) ရပ်လည်းဟူ၏၊ ၎င်း (၁၈) ရပ်သောအတတ်တို့ကို သက္ကဋကျမ်း၌တစ်မျိုး၊ မိလိန္ဒပဥှာပါဠိတော်၌ တစ်ဖုံ၊ လောကနီတိကျမ်းကတစ်ဖြာ၊ ဤသို့အနည်းနည်းလာရှိကြရာ ကျွန်ုပ်တို့အဖို့လည်း သုတကာမီများအတွက် အသီးသီးဆက်လက် ဖေါ်ပြဖို့ ဝတ္တရားရှိလေသည်။၊ အဋ္ဌာရသသိပ္ပ၊ အဋ္ဌာရသ ဝိဇ္ဇာဟူ၍ ပါဠိသုံးနိုင်ကြ၏။
(၁) ကပ္ပ - တစ်ခုသောဗေဒင်၏အခက်အလက် သာခါကျမ်း၏ အထူးထူးသောအပိုင်း၌ဆိုအပ်သော မန္တန်နည်းအားဖြင့် သိအပ်သော သာခါတစ်ပါး၌တည်သော မန္တန်တို့အား သုံးစွဲပုံအစီအရင်ကိုပြသော “ဗောဓါယန''စသော ရသေ့တို့စီရင်အပ်သောကျမ်းအတတ်၊
(၂) ဗျာကရဏ ပါဏိနိ စသော သဒ္ဒါကျမ်းအတတ်၊
(၃) ဇောတိသတ္ထ- ဂြိုလ် နက္ခတ်တို့၏ အသွားအလာသရုပ် သဏ္ဍန်နှင့်တကွအကောင်းအဆိုးကိုပြဆိုသော ကျမ်းအတတ်၊
(၄) သိက္ခာသရ ဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကိုပြဆိုသော ပါဏိနိ သိက္ခာ နာရဒ သိက္ခာ စသောကျမ်း အတတ်၊
(၅) နိရုတ္တိ- ဝဏ္ဏာဂမ စသော လက္ခဏာငါးပါးတို့ဖြင့် ပကတိ ပစ္စယတ္ထ နိဗ္ဗစနတ္ထတို့ကို ပြဆိုသော ကဗျာကရဏ ပရိသဋ္ဌဟုဆိုထိုက်သော ယာသက ရသေ့စီရင်သော ကျမ်းအတတ်၊
(၆) ဆန္ဒော- ဝိစိတိ ဇဂဏီစသော ဆန်းတို့ကိုပြဆိုသော ပိင်္ဂလ စသောကျမ်းအတတ်၊
(၇) သာမသာမခေါ် ဗေဒင်ကျမ်းအတတ်၊
(၈) ယဇု- ယဇုခေါ် ဗေဒင်ကျမ်းအတတ်၊
(၉) ဣရု- ဣရုခေါ် ဗေဒင်ကျမ်းအတတ်၊
(၁၀) အာထဗ္ဗဏ- အာထဗ္ဗခေါ် ဗေဒင်ကျမ်းအတတ်၊
(၁၁) မီမံသာကံ၏ အကြောင်းအရာတို့ကို စိစစ်၍ဆုံးဖြတ်သော ဇေမိနိရသေ့ စီရင်သော ပုဗ္ဗမီမံသာဟု ထင်ရှားသောကျမ်း၊ ဗြဟ္မာ၏အကြောင်းအရာကိုစိစစ်၍ဆုံးဖြတ်သော 'ဗေဒန္တ'ဟုထင်ရှားသော ကျမ်းစုအတတ်၊
(၁၂) နျာယ-ဂေါတမစသော ရသေ့ တို့စီရင်အပ်သော တက်ကျမ်းအမျိုးမျိုး အတတ်၊
(၁၃) ဓမ္မသတ္ထ- အမျိုးလေးပါးတို့၏ အကျင့်တရားစသည်ကို မနုစသောရသေ့၊ မင်းတိုင်ပင်အမတ်ပညာရှိတို့စီရင်အပ်သော ဖြတ်ထုံးဥပဒေကျမ်းအတတ်၊
(၁၄) ပုရာဏ- ရှေးဟောင်းအကြောင်းအရာတို့ကိုဆိုသော ပုရာဏ်ကျမ်းစာအတတ်၊
(၁၆) ဓနုဗ္ဗေဒ- လေး၊ ဓါး၊ လှံစသော လက်နက်တို့ကို ပတ်လွှင့်ထိုးခုတ်ခြင်းတို့ကို မန္တန်နှင့်တကွပြသော ယဇုဗေဒင်၏ဥပဒေဖြစ်သောကျမ်းအတတ်၊
(၁၇) ဂန္ဓဗ္ဗဗေဒ- သီဆိုတီးမှုတ်ခြင်းအမျိုးမျိုး တို့ကိုပြသော သာမဗေဒင်၏ဥပဒေဖြစ်သော သင်္ဂီတကျမ်းအတတ်၊
(၁၈) အတ္ထသတ္ထ- ဥစ္စာစည်းစိမ်ရကြောင်း လိမ္မာယဉ်ကျေးကြောင်းဖြစ်သော နီတိကျမ်းအတတ်။ (သက္ကဋ ဗိသဏုပုရာဏ်) ♦

အဋ္ဌာရသသိပ္ပမျိုး

(၁) သုတိ- ဗေဒင် ၄-ပုံကျမ်းအတတ်၊ ဤ၌ ဗေဒင် ၄-ပုံဟော “ဆရုတိ''ဟူသော သကဋသဒ္ဒမှ “ဆုတ်” “သုတိ''ဖြစ်လာ၏၊
(၂) သမ္မုတိ - ဓမ္မသတ်ကျမ်းအတတ်၊ “ဆမရုတိ''ဟူသော သကဋဘာသာမှဖြစ်လာသည်၊
(၃) သင်္ချာ- သတ္တဝါ၏နိစ္စ အတ္တ ထာဝရ ပကတိဟုခေါ်ဝေါ်သော သဘောတရား တို့ကိုပြသည့် ကပိလရသေ့၏သင်္ချာအတတ်၊
(၄) ယောဂ-သတ္တဝါတို့ဝိညာဉ်နှင့် ထာဝရဗြဟ္မာကြီး၏ဝိညာဉ်ပေါင်းဆုံမိကာ အမြဲမသေတည်နေနိုင်ရန် နည်းလမ်းပြသော ပါတဉ္စလီရသေ့၏ ယောဂကျမ်းအတတ်၊
(၅) နီတိ- လူတို့လိုက်နာ ကျင့်ဆောင်ကြရန် လောကဝတ်တို့ကိုညွှန်ပြသော နီတိကျမ်းစုအတတ်၊
(၆) ဝိသေသိကာသတ္တဝါလောကတို့သည် နိစ္စထာဝရရှိနေပုံနှင့် မမြင်နိုင်အောင်သေးငယ်သော အနုမြူဓါတ်မှုန်တို့၏ ပေါင်းဆုံမိသောကြောင့် သတ္တဝါလောကဖြစ်ပေါ်လာကြပုံတို့ကိုပြဆိုသော ကဏာဒရသေ့ တီထွင်ခဲ့သည့် ဝိသေသိကအတတ်၊
(၇) ဂန္ဓဗ္ဗ- ဝါ ဂီ နစ်အတတ်၊
(၈) ဂဏိတာ- ဂဏန်းသင်္ချာ အက္ခရာသင်္ချာအတတ်၊
(၉) ဓနု- လေးပစ်အတတ်၊
(၁၀) ပုရာဏ- ရှေးစကားဟောင်း ပုရာဏ်ကျမ်းအတတ်၊
(၁၁) ဇောတိသတ္ထ- နက္ခတ်ကျမ်းအတတ်၊
(၁၂) ဣတိဟာသရှေး ပညာရှိတို့ဖွဲ့ဆိုသီကုံးကြသည့် ဟိန္ဒူတို့အလေးအမြတ်ပြုသော မဟာဘာရတ စသည့် ကျမ်းစာအတတ်၊
(၁၃) တိကိစ္ဆာ- ဆေးကုအတတ်၊
(၁၄) မာယာ- လှည့်ပတ်ဖြားယောင်းမှုအတတ်၊ မျက်လှည့်အတတ်၊
(၁၅) ဆန္ဒတိ- ဆန်းကျမ်းအတတ်၊
(၁၆) ကေတုဘ- အလင်္ကာကျမ်းအတတ်၊
(၁၇) သဒ္ဒါ- ကာတန္ဒြစသော သဒ္ဒါကျမ်းအတတ်၊
(၁၈) မန္တာ- ဂါထာမန္တန် မန်းမှုတ်အတတ်။ (ပေါရာဏဒီပနီ။ ) တစ်နည်း


(၁) သုတိ- အကြားအမြင်အတတ်၊ (ဗေဒင်အတတ်)
(၂) သမ္မုတိ- ဓမ္မသတ်ဥပဒေအတတ်၊
(၃) သင်္ချာ- ဂဏန်းသင်္ချာအတတ်၊
(၄) ယောဂါ- တံစဉ်း စူးဆောက်အတတ်၊ (ရုပ်နှင့်ဇီဝအတတ်၊)
(၅) နီတိ- နီတိကျမ်းအတတ်၊
(၆) ဝိသေသကာ- ယာယီယတြာစသော ဗျာကရိုဏ်းကျမ်းအတတ်၊ (ကလာပ် စည်းအတတ်)
(၇) ဂန္ဓဗ္ဗာ- စောင်းငြင်းစသော ကဗျာလင်္ကာအတတ်၊
(၈) ဂဏီကာ- လက်ဆစ်ချိုး ရေတွက်ခြင်းအတတ်၊
(၉) ဓနုဗေဒါ- ဒူးလေး လင်းလေးအတတ်၊
(၁၀) ပုရာဏာ- ရှေးဟောင်းနောက်ဖြစ် စကားအတတ်၊
(၁၁) တိကိစ္ဆာ- ဆေးပေး ဆေးကုအတတ်၊
(၁၂) ဣတိဟာသာ- ရယ်ရွှင်မှုအတတ်၊
(၁၃) ဇောတိ- ဟူးရားနက္ခတ်အတတ်၊
(၁၄) မာယာ-လှည့်ပတ်တတ်သောအတတ်၊ (မျက်လှည့်အတတ်)
(၁၅) ဆန္ဒ- ဆန်းကျမ်းအတတ်၊
(၁၆) ကေတု- သံတမန်အတတ်၊
(၁၇) မန္တာ- မန္တန်အတတ်၊ ဂါထာစုတ် အတတ်၊
(၁၈) သဒ္ဒါ- သဒ္ဒါကျမ်းအတတ်၊ ဗျာကရုဏ်းအတတ်၊ (လောကနီတိ) ♦

အတ္တဒိဋ္ဌိ၊ မရှိခြင်းရာ၊ ၁၂-ဖြာ၊ ကျမ်းလာမည်သို့နည်း

၎င်းအဖြေ (သုညတတရား ၁၂-ပါး) ၌ကြည့်ပါ။ ♦

အတ္တမျိုး ၂-ပါး

သမ္မာသမ္ဗုဒ္ဓ၏ အနတ္တဝါဒကို မိစ္ဆာဝါဒီတက္ကီပုဂို္ဂလ်တို့ကြံဆပြောဆိုကြသော ပညတ်မျှဖြစ်သည့်အတ္တ ၂-မျိုး။
(၁) ဇီဝအတ္တ- ခန္ဓာအိမ်ပျက်သော်လည်း မပျက်စီးပဲအမြဲတည်နေသော ငါကောင်ခေါ် ဝိညာဏ်၊ လိပ်ပြာ အသက်၊ အာရဗီလို “ရူဟ်” အင်္ဂလိပ်လို “ဆိုးလ်” ဟိန္ဒီလို “အာတမာ''ခေါ်သောအရာများ၊ ပရမအတ္တထာဝရ ဘုရားသခင်ကိုးကွယ်သူတို့က 'လောကကိုဖန်ဆင်းတတ်သူ'ဟု ထင်မှတ်ပြောဆိုအပ်သော အရာသည် ပရမတ္ထခေါ် ပရမအတ္တမည်၏၊ ၎င်းကိုပင် ဟိန္ဒီဘာသာ၌ ဤယွှရ ပရမေယွှရ ပရမေယှဟူ၍လည်းကောင်း၊ ပါရှင်ဘာသာ၌ ခုဒါ ခိုဒါဟူ၍လည်းကောင်း၊ အာရဗီဘာသာ၌ အလ္လာဟ်ဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာ၌ ဂေါ့ဒ်ဟူ၍လည်းကောင်း၊ မြန်မာဘာသာ၌ ထာဝရဘုရားဟူ၍လည်းကောင်း ခေါ်ဆိုကြကုန်၏။ ♦

အတ္တဒိဋ္ဌိမျိုး ၂၀

၎င်းသရုပ်ကို (သက္ကာယဒိဋ္ဌိ ၂၀) ၌ပြအံ့၊ သဘောတူ၏။ ♦

အတ္ထပဋိသမ္ဘိဒါမျိုး ၅-ပါး

၎င်းသရုပ်၏အဓိပ္ပါယ်ကို “ပဋိသမ္ဘိဒါ ၄-ပါး” ၌ ကြည့်ပါ။ ♦

အတိုင်ပင်ခံ၊ နည်း ၃-တန်၊ ထုတ်ပြန်ဖေါ်ပြပါ

၎င်းင်အဖြေ (တိုင်ပင်ခြင်းမျိုး ၃-ပါး) ဟူသောပုစ္ဆာ၌ထင်ရှားအံ့။ ♦

အတိုင်းအတာဝေါဟာရ ၁၂-မျိုးလင်္ကာ

လက်သစ်တောင်သာ ယူဇနာတိုင်အောင်သော မြန်မာတို့၏အတိုင်းအတာနည်းလင်္ကာဟူလို၊
(၁) ၁၀-ဆံခြည်မျှင် တစ်နှမ်း၊
(၂) ၆-နှမ်း တစ်မုယော၊
(၃) ၄-မုယော တစ်လက်သစ်၊
(၄) ၈ လက်သစ် တစ်မိုက်၊
(၅) ၃-မိုက် တစ်တောင်၊
(၆) ၄-တောင်တစ်လံ၊
(၇) ၇-တောင် တစ်တာ၊
(၈) ၂၀-တာ တစ်ဥဿဘ၊
(၉) ၂၀-ဥဿဘ တစ်ကောသ၊
(၁၀) ၄-ကောသ တစ်ဂါဝုတ်၊
(၁၁) ၄-ဂါဝုတ် တစ်ယူဇနာ၊
(၁၂) တာ (၁၀၀၀) တစ်ထောင် တစ်တိုင်။

မှတ်ချက် ။ ။ မြန်မာဆယ်တိုင်ကို ခရီး တစ်သောင်း ဟုခေါ်သည်မှာ တာပေါင်း (၁၀၀၀၀) တစ်သောင်း ရှိသောကြောင့် ဖြစ်၏။ ♦

အတွင်း ၃၇-မင်း

ပါထေယျဝဂ် အာဋာနာဋိယသုတ် ပါဠိတော်၌ပါရှိသော ၃၇-မင်းနတ်များ၊
(၁) ဣန္ဒနတ်၊
(၂) သောမနတ်၊
(၃) ဝရုဏနတ်၊
(၄) ဘာရဒွါဇနတ်၊
(၅) ပဇာပတိနတ်၊
(၆) စန္ဒနတ်၊
(၇) ကာမသေဋ္ဌနတ်၊
(၈) ကိန္နုဃဏ္ဍုနတ်၊
(၉) နိဃဏ္ဍုနတ်၊
(၁၀) ပနာဒ ယက္ခသေနာပတိနတ်၊
(၁၁) သြပမညယက္ခ သေနာပတိနတ်၊
(၁၂) ဒေဝသုတ ယက္ခ သေနာပတိနတ်၊
(၁၃) စိတ္တသေန ယက္ခ သေနာပတိနတ်၊
(၁၄) နဠောရာဇ ယက္ခ သေနာပတိနတ်၊
(၁၅) ဇနေသဘ ယက္ခ သေနာပတိနတ်၊
(၁၆) သာတာဂိရိ ယက္ခ သေနာပတိနတ်၊
(၁၇) ဟေမဝတ ယက္ခ သေနာပတိနတ်၊
(၁၈) ပုဏ္ဏ ယက္ခ သေနာပတိနတ်။
(၁၉) ကရတိယ ယက္ခ သေနာပတိနတ်၊
(၂၀) သီဝက ယက္ခ သေနာပတိနတ်၊
(၂၁) ပုစလိန္ဒ ယက္ခ သေနာပတိနတ်၊
(၂၂) ဝေသာမိတ္တ ယက္ခ သေနာပတိနတ်၊
(၂၃) ယုဂန္ဓရ ယက္ခ သေနာပတိနတ်၊
(၂၄) ဂေါပါလ ယက္ခ သေနာပတိနတ်၊
(၂၅) သုပ္ပရောဓ ယက္ခ သေနာပတိနတ်၊
(၂၆) ဟိရိ ယက္ခ သေနာပတိနတ်၊
(၂၇) နေတ္တိ ယက္ခ သေနာပတိနတ်၊
(၂၈) မန္ဒိယ ယက္ခ သေနာပတိနတ်၊
(၂၉) ပဉ္စလစဏ္ဍ ယက္ခ သေနာပတိနတ်၊
(၃၀) အာဠာဝက ယက္ခ သေနာပတိနတ်၊
(၃၁) ပဇ္ဇုန္န ယက္ခ သေနာပတိနတ်၊
(၃၂) သုမန ယက္ခ သေနာပတိနတ်၊
(၃၃) သုမုဒ ယက္ခ သေနာပတိနတ်၊
(၃၄) ဒဝိမုခ ယက္ခ သေနာပတိနတ်၊
(၃၅) မဏိ ယက္ခ သေနာပတိနတ်၊
(၃၆) မာဏိဓရ ယက္ခ သေနာပတိနတ်၊
(၃၇) သေရိသက ယက္ခ သေနာပတိနတ်။ ♦

အတွင်းတာရာ ၉-လုံး

၎င်းအဖြေမူကျယ်ကို (တာရာကြီး ၉-လုံး) ၌ ရှုပါ။ ♦

အတွင်းဝန်များ၊ ရာထူးထား၊ ၈-ပါး အင်္ဂါညီ

ဤအင်္ဂါရှစ်ပါးနှင့်ပြည့်စုံမှသာ အတွင်းဝန်ရာထူးကို ခံယူထမ်း ရွက်စေရမည်ဟူ၏၊ (ရာဇနီတိမှ)
(၁) ဣန္ဒိယ- သိက္ခာရှိမှု၊
(၂) မနုည- စိတ်နှလုံးကောင်းမှု၊
(၃) ဘာသန္တရ ဆေက- ဘာသာခြား စကားတတ်မှု၊
(၄) ဓမ္မစာရီသူကောင်း တရားကျင့်သုံးသူဖြစ်ခြင်း၊
(၅) နာနာသိပ္ပီ-အတတ်မျိုးစုံတတ်သူဖြစ်ခြင်း၊
(၆) ကုလ ဓမ္မိက- မျိုးစောင့်တရားရှိသူဖြစ်ခြင်း၊
(၇) ဂရုက- အရှင့်အားကြောက်ချစ်ရိုသေခြင်း၊
(၈) ဝိညာတအရိပ်အကဲ၌ လိမ္မာကျွမ်းကျင်ခြင်း။ ♦

အထင်အမြင်သေးခံရတတ်သူမျိုး ၅-ယောက်

ပဉ္စင်္ဂုတ္တရ။ ပါ။ ၁၄၅။ ဋ္ဌ။ ၅၀-၌ အကျယ်ရှု။
(၁) ပစ္စည်း ဥစ္စာပေးကမ်းပြီးလျှင် လူပုံအလယ်၌ မိမိကိုယ်ကိုထည်ဝါစွာ ဂုဏ်ဖေါ်တတ်သူ၊
(၂) ရင်းနှီးစွာပေါင်းသင်းပြီး၍အရည်အချင်းမရှိမှန်း အသိခံရသူ၊
(၃) သူတစ်ပါးပြောစကားကို ယုံကြည်လွယ်သူ၊
(၄) ခုချစ် ခုမုန်းစသည်အပြောင်းအလဲမြန်သူ၊
(၅) လျှပ်ပေါ်လော်လည်၍ ကိုယ်ပိုင်အတွေးအခေါ် အသိဉာဏ်မှန် ညံ့ဖျင်းသူ။ ♦

အထင်အမြင်သေးခံရသူ ၁၀-ယောက် တစ်နည်း

၎င်းသရုပ် (လူမလေး ခွေးမခံ့သော ပုဂ္ဂိုလ်တစ်ကျိပ်) ၌ ရှုပါ။ ♦

အဒါနဝတ္ထု ၁၀-ပါး

၎င်းအဖြေကို (အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး) ၌ ရှုပါ။ (မိလိန္ဒပဥှာ၌ လာ၏။ ) ♦

အဒိန္နာဒါန် အင်္ဂါ ၅-ပါး

ခိုးမှုကံမြောက်အင်္ဂါ ၅-ပါး။
(၁) ပရသန္တက - သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
(၂) တထာသညာ - သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊
(၃) ထေယျစိတ္တ - ခိုးလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ - ခိုးရန်လုံ့လပြုခြင်း၊
(၅) တေနဟာရ - ထိုလုံ့လဖြင့် ခိုးခြင်း။ ♦

အဒိန္နဒါန်၊ ပြစ်မျိုးကံ၊ ထည့်ပြန် ၁၂-ပါး

သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက်သူတို့ ရရှိခံစားမှုအပြစ်မျိုး ဆယ့်နှစ်ပါး။ (ခုဒ္ဒကပါဌ အဋ္ဌကထာမှ)
(၁) မြတ်သောဥစ္စာမျိုး မရရှိခြင်း၊
(၂) ယုတ်ညံ့သည့်ဥစ္စာမျိုးကိုသာရရှိခြင်း၊
(၃) ပစ္စည်းဥစ္စာနည်းပါးခြင်း၊
(၄) အလွန်ဆင်းရဲမွဲတေခြင်း၊
(၅) မရသေးသောဥစ္စာကိုမရခြင်း၊
(၆) ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီးခြင်း၊
(၇) လိုရာဥစ္စာကို မရနိုင်ခြင်း၊
(၈) ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့ကြုံရခြင်း၊
(၉) သူတစ်ပါးနှင့်ဆက်ဆံသော ဥစ္စာမျိုးကိုသာရခြင်း၊
(၁၀) မရှိစကားကိုသာကြားရခြင်း၊
(၁၁) ချမ်းသာစွာမနေရခြင်း၊
(၁၂) လောကုတ္တရာဥစ္စာကိုမရနိုင်ခြင်း။ ♦

အဓမ္မဝတ္ထု ၁၀-ပါး

ဒုတိယ သံဃာယနာဖြစ်ပေါ်လာခြင်း၏ မူလအကြောင်းဆယ်ပါးဟူ၏၊ ဝဇ္ဇီတိုင်းသားရဟန်းအချို့၏မှားသောအယူသာဖြစ်၍ မအပ်သောအရာဝတ္ထုဆယ်ပါးဟုမှတ်လေ။
(၁) အကပ်ခံပြီးသားဦးချို၌သိုမှီးထားသောဆားကို နောက်နေ့အခါဆွမ်းနှင့်ရော၍ သုံးဆောင်ခြင်းငှာအပ်၏၊ သန္နိဓိ မဖြစ်ဟုယူခြင်း၊
(၂) နေရိပ် လက်နှစ်သစ်မွန်းလွဲသည့်တိုင်အောင် ဆွမ်းစားကောင်း၏၊ ဝိကာလဘောဇနာ မဖြစ်ဟုယူခြင်း၊
(၃) ရွာတစ်ပါးသို့သွားလိုသောရဟန်းသည် ပဝါရိတ်သင့်လျက် အတိရိက်ဝိနည်းကံမပြုပဲဆွမ်းစားခြင်းငှာ အပ်၏ဟုယူခြင်း၊
(၄) တစ်သိမ်တည်း၌နေလျက် ၂-စု ၃-စုသောရဟန်းတို့ ဥပုသ် ပဝါရဏာ စသော ကံပြုခြင်းငှာအပ်၏၊ ဝဂ် မဖြစ်ဟုယူခြင်း၊
(၅) မလာသေးသောရဟန်းတို့၏အလိုဆန္ဒကို လာသောအခါမှယူအံ့ဟု မလာမှီက သံဃကံပြုခြင်းငှာ အပ်၏ဟုယူခြင်း၊
(၇) နို့ရည်အဖြစ်လွန်၍ နို့ဓမ်းအဖြစ်သို့ မရောက်သေးသောနို့ကို ပဝါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံမပြုဘဲ သုံးဆောင်အပ်၏ဟုယူခြင်း၊
(၈) မရင့်သေးသော သေနုကိုသောက်ခြင်းငှာ အပ်၏ဟုယူခြင်း၊
(၉) အမြိတ်ဆာ မရှိသော နိသီဒိုင်သည် အပ်၏ဟုယူခြင်း၊
(၁၀) သံဃာကိုရည်၍လှူသော ရွှေငွေသည်အပ်၏ဟုယူခြင်း။ ♦

အဓမ္မိက ဒါနမျိုး ၉-ပါး

ဝိနည်းပိဋက။ ပရိဝါ။ ပါ။ ၂၄၅။ ၎င်း။ ဋ္ဌ။ ၁၈၁။ အလှူရှင်များစိတ်ညွတ်ပြီးသားကိုပင် အလှူပွဲစားများက ဝင်ရောက်နှောင့်ယှက် စွက်ဖက်ဖျက်ဆီးမှုကြောင့် အလှူရှင်များ စိတ်ထားမငြိမ်ဖြစ်ကာ မလုပ်သင့်ရာတွေလုပ်ရကား အဓမ္မိကဒါနဖြစ်သည်ဟူ၏၊ ယင်းအလှူမျိုးကိုမပေးလှူကောင်း (က) သံဃ ပရိဏတ ခေါ် ဤသံဃာသို့လှူရန်ညွတ်ပြီးသောဝတ္ထုပစ္စည်းကို
(၁) အခြားသံဃာအားလည်းကောင်း၊
(၂) စေတီအားလည်းကောင်း၊
(၃) ပုဂ္ဂိုလ်အားလည်းကောင်း ပေးလှူလိုက်ခြင်း။ (ခ) စေတိယ ပရိဏတခေါ် ဤစေတီကိုလှူရန်ညွတ်ပြီးသောဝတ္ထုပစ္စည်းကို
(၁) အခြားစေတီအားလည်းကောင်း၊
(၂) သံဃာအားလည်းကောင်း၊
(၃) ပုဂ္ဂိုလ်အားလည်းကောင်း၊ ပေးလှူလိုက်ခြင်း။ (ဂ) ပုဂ္ဂလ ပရိဏတခေါ် ဤပုဂ္ဂိုလ်သို့ပေးလှူရန်ညွတ်ပြီးသောဝတ္ထုပစ္စည်းကို
(၁) အခြား ပုဂ္ဂိုလ်အားလည်းကောင်း၊
(၂) သံဃာအားလည်းကောင်း၊
(၃) စေတီအားလည်းကောင်း ပေးလှူလိုက်ခြင်း။ ♦

အဓိကရုဏ်းမျိုး ၄-ပါး

ရဟန်းတော်များနှင့်သက်ဆိုင်သော ကိစ္စကြီး ၄-ပါးဟူလို။ စူဠဝါ ပါဠိတော်မှ
(၁) ဝိဝါဒါဓိကရုဏ်း- တစ်စုံတစ်ခုသောအမှုကိစ္စကို တစ်ဦးသောရဟန်းဘက်မှ ဓမ္မ (တရားလမ်းမှန်ဟုဆိုလိုသည်၊) တဘက်သောရဟန်းကအဓမ္မ (မတရားဟုဆိုလိုသည်၊) ဤသို့လျှင်အချင်းချင်း ဝိနယ, အဝိနယ၊ ဘာသိတ, အဘာသိတ၊ အာစိဏ္ဏ, အနာစိဏ္ဏ၊ ပညတ္တ, အပညတ္တ၊ အာပတ္တိ, အနာပတ္တိ၊ ဂရုက, လဟုက၊ သာဝသေသ, အနာဝသေသ၊ ဒုဋ္ဌုလ္လ, အဒုဋ္ဌုလ္လဟု ဝိဝါဒဝတ္ထု ၁၈-ပါးဖြင့် အငြင်းအခုံဖြစ်ကြသည်ကို “ဝိဝါဒါဓိကရုဏ်း” ခေါ်ဆိုသည်။
(၂) အနုဝါဒါဓိကရုဏ်း- အနုဝါဒါဝတ္ထု ၇-ပါးတို့တွင်တစ်ပါးပါးသော အာပတ်ဖြင့် ရဟန်းအချင်းချင်း စွပ်စွဲစောဒနာမှုကိုပင် “အနုဝါဒါဓိကရုဏ်း''ဟုခေါ်ဆိုသည်၊ (အာပတ် ၇-ပုံကို အနုဝါဒဝတ္ထု ၇-ပါးဟုမှတ်)၊
(၃) အာပတ္တာ ဓိကရုဏ်း-ရဟန်းတို့တွင် တစ်ပါးပါးသော အာပတ်သင့်မှုသင့်ခြင်းကိုပင် “အာပတ္တာဓိကရုဏ်း” ဟုခေါ်သည်၊
(၄) ကိစ္စာဓိကရုဏ်း- အပလောကနကံ ဉတ္တိကံ ဉတ္တိဒုတိယကံ ဉတ္တိစတုတ္ထကံ ဤလေးပါးသော ကမ္မကိစ္စကိုပင် “ကိစ္စာဓိကရုဏ်း” ခေါ်သည်ဟု အကျဉ်းမှတ်လေ။ ♦

အဓိစိတ္တ သိက္ခာမျိုး ၂-ပါး

လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော စျာန် မဂ် ဖိုလ်တရားနှင့်နီးကပ်သော ယှဉ်၍ဖြစ်သောအကျင့်ဓါတ်၂-ပါးဟူလို၊ (ပိဋကအားဖြင့် သုတ္တန်ပိဋကကိုရ၏၊)
(၁) ဥပစာရ သမာဓိသိက္ခာ- ဝိပဿနာဉာဏ်၏ဖြစ်ပေါ်ကြောင်း “ကာမာဝစရသမာဓိ''ခေါ် တည်ကြည်သော စိတ်သဘောသို့မဟုတ် အပ္ပနာ၏ ရှေ့အဖို့၌ဖြစ်သော ဧကဂ္ဂတာ စေတသိက်၊
(၂) အပ္ပနာ သမာဓိသိက္ခာ- ရူပါဝစရ ပဌမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ပဉ္စမစျာန်တို့၌ရှိသော ဧကဂ္ဂတာခေါ် သမာဓိတို့သည် အပ္ပနာသမာဓိတို့ပင်တည်း။ ♦

အဓိဒေဝ ဉာဏဒဿန တရား ၈-ပါး

နတ်ဗြဟ္မာတို့၏တန်ခိုးကို လွှမ်းမိုး၍သိစွမ်းနိုင်သော ဘုရားရှင်၏ ဉာဏ်တော်ရှစ်ပါး။
(၁) နတ်တို့၏အရောင်အဝါကိုသိစွမ်းနိုင်ခြင်း၊
(၂) နတ်တို့၏အဆင်းကို မြင်စွမ်းနိုင်ခြင်း၊
(၃) နတ်တို့နှင့်အတူ နှီးနှောပြောဆိုနိုင်ခြင်း၊
(၄) လာသောနတ်တို့၏အမျိုးအမည် ဘုံဌာနကို သိစွမ်းနိုင်ခြင်း၊
(၅) ဖြစ်လာကြသောနတ်တို့၏ ဘဝရှေးကံအကြောင်းရင်းကို သိစွမ်းနိုင်ခြင်း၊
(၆) နတ်တို့၏ အစာအာဟာရ ခံစားစံစားမှု ကိစ္စအဝဝတို့ကိုသိစွမ်းနိုင်ခြင်း၊
(၇) နတ်တို့၏ဘုံဌာနအလိုက်မည်၍မည်မျှတည်နေနိုင်ကြောင်း သက်တမ်းအစားစားကို ပိုင်းခြားသိစွမ်းနိုင်ခြင်း၊
(၈) မိမိသည် ဤနတ်တို့နှင့် ရှေးဘဝကအတူတကွနေထိုင်ခဲ့ဖူးသည် မနေခဲ့ဖူးသည်တို့ကိုသိစွမ်းနိုင်ခြင်း။ ♦

အဓိပညာ သိက္ခာမျိုး ၃-ပါး

သစ္စာလေးပါးကို ပိုင်းခြားဧကန် သိမြင်နိုင်ရန် ဆင်ခြင်ဉာဏ်တရား ၃-ပါး၊ ပိဋကအားဖြင့် အဘိဓမ္မာ ပိဋကကို ရ၏။
(၁) အနိစ္စလက္ခဏာမမြဲသောသဘောမှန်ကို မမြဲဟုဧကန်သိသောဉာဏ်၊
(၂) ဒုက္ခလက္ခဏာ- ဆင်းရဲသောသဘောမှန်ကို ဆင်းရဲဟုဧကန်သိသောဉာဏ်၊
(၃) အနတ္တလက္ခဏာ-မိမိ, မိမိဥစ္စာမဟုတ် မအုပ်စိုးနိုင် မပိုင်ဆိုင်သောသဘောမှန်ကို အစိုးမရဟု ဧကန်သိသောဉာဏ်၊ တစ်နည်းတုံ သစ္စာလေးပါး မြတ်တရားတို့ကို ပိုင်းခြားဧကန် အမှန်သိမြင်နိုင်သော မဂ်ပညာ ဖိုလ်ပညာပင်တည်း။ ♦

အဓိပတေယျ တရားမျိုး ၃-ပါး

ကမ္ဘာသားတို့လိုက်နာရမည့်တရားသုံးပါး၊ ၎င်းအဖြေကို (ရိုသေခြင်းမျိုး ၃-ပါး) ၌ ပြမည်၊ သင်္ဂီတိသုတ်အဋ္ဌကထာမှ။ ♦

အဓိမာန လေမျိုး ၅-ပါး

၎င်းအဖြေကို (လေမျိုး ၈၀ [ ဇ ] ပိုဒ်) ၌ ရှုပါလေ။ ♦

အဓိသီလ သိက္ခာမျိုး ၄-ပါး

လူတို့ကျင့်သုံးဆောက်တည်လေ့ရှိသော ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလထက် ပိုမိုလွန်ကဲများပြားမွန်မြတ်သောသီလလေးပါး၊ ပိဋကအားဖြင့် ဝိနယပိဋကကိုရ၏။
(၁) ပါတိမောက္ခသံဝရသီလ ၂၂၇-ပါးသော ဝိနယသီလခေါ် သိက္ခာပုဒ်တော်များကိုစောင့်ထိန်းလုံခြုံစေခြင်း၊
(၂) ဣန္ဒြိယသံဝရသီလ-ဣန္ဒြေခြောက်ပါး တံခါးပေါက်ကို စောင့်ရှောက်လုံခြုံစေခြင်း၊
(၃) အာဇီဝ ပါရိသုဒ္ဓိသီလ- အသက်မွေးဝမ်းကြောင်း၏ စင်ကြယ်ရာစင်ကြယ်ကြောင်းဖြစ်သော ကုလဒူသန ၈-ပါး အနေသန ၂၁-ပါးတို့မှ ဝေးစွာ ကြဉ်ရှောင်စောင့်ထိန်းခြင်း၊
(၄) ပစ္စယ သန္နိဿိတ သီလ- တရားသဖြင့်ရထားသော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ၎င်းပစ္စည်းလေးပါးကိုသုံးဆောင်မှီဝဲသောအခါ ပစ္စဝေက္ခဏာဆင်ခြင်ခြင်း။ ♦

အဓွန့် ၃-ပါး

ပဋိစ္စသမုပ္ပါဒ်လာ သံသရာခရီးလမ်းရှည်ကြီး ၃-ပါး၊
(၁) အတိတ်အဓွန့်အဝိဇ္ဇာ သင်္ခါရ ၂-ပါး၊
(၂) ပစ္စုပ္ပန်အဓွန့် - ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ဘဝ ၈-ပါး၊
(၃) အနာဂတ်အဓွန့် - ဇာတိ ဇရာ မရဏ ၃-ပါး။ ♦

အန္တရဋ္ဌကရက် ၈-ပါး

၎င်းသရုပ် (သေမင်းငင်ရက် ၈-ပါး) ၌ ယူပါလေ။ ♦

အန္တရာယ်ကြီး ၅-ပါး

မျက်မှောက်ဘဝ၌ သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် နတ်ပြည် စျာန် မဂ်ဖိုလ်တို့ကိုတားမြစ်တတ်သောတရား ၅-ပါး။ ဝိနည်းပါစိတ်။ ပါ။ ၁၇၅။ ဋ္ဌ။ ၁၃၈-၌ အကျယ်ရှုပါ။
(၁) ကမ္မန္တရာယ်- ပဉ္စာနန္တရိယကံနှင့် ဘိက္ခုနီမ၌ကျူးလွန်မှု၊
(၂) ကိလေသန္တရာယ်ကိလေသာဆယ်ပါးတွင်ပါဝင်သော နိယတမိစ္ဆာဒိဋ္ဌိ၊
(၃) ဝိပါကန္တရာယ်- အဟိတ်, ဒွိဟိတ် ပဋိသန္ဓေ ဝိပါက်စိတ်၊
(၄) အရိယူပဝါဒန္တရာယ်- အရိယာပုဂ္ဂိုလ်မှန်း သိသိ, မသိသိ ပြစ်မှားလိုစိတ်ဖြင့် ကဲ့ရဲ့စွပ်စွဲခြင်း (တောင်းပန်လျှင်ပြေပျောက်၏၊)
(၅) အာဏာဝီတိက္ကမန္တရာယ်လွန်ကျူး လိုသောစေတနာဖြင့် သင့်ရောက်သော အာပတ်။ ♦

အနန္တကြီး ၄-ပါး

အဆုံးအပိုင်းအခြားမရှိသောအရာ လေးပါး၊ (အဋ္ဌသာလိနီ။ ၂၀၄။ ဗုဒ္ဓဝင်။ ပါ။ ၃၀၅။ ဋ္ဌ။ ၁၆၃။
(၁) အာကာသ အနန္တ၊
(၂) စက္ကဝါဠ အနန္တ၊
(၃) သတ္တဝါအနန္တ၊
(၄) ဉာဏ်တော် အနန္တ၊ “ကောင်းကင်, စက္ကဝါ၊ သတ္တဝါ, ဉာဏ၊ လေးနန္တတွင်၊ ဆုံးစမရှိ၊ ဉာဏ်တော်ရှိသည်၊ မုနိထွတ်တင်” (မဃဒေဝ လင်္ကာသစ် ။ ) ♦

အနန္တကွာဝေးခြင်းကြီး ၄-ပါး

၎င်းအဖြေကို (ဆက်စပ်လို့မရနိုင်အောင် ဝေးသောအရာကြီး ၄-ပါး) ၌ ကြည့်ပါ။ ♦

အနန္တဂုဏ်ရှင် ၅-ပါး

အနန္တော အနန္တငါးပါးလည်းဟူ၏။ ပညာရှိသူတော်ကောင်းတို့ ပညတ်ထားရှိခဲ့သော အနန္တကျေးဇူးဂုဏ်ရှင်ငါးပါး။
(၁) ဗုဒ္ဓ- ဘုရားရှင်ကိုယ်တော်မြတ်၊
(၂) ဓမ္မ- ဘုရားရှင်၏တရားတော်များနှင့်အခြားယဉ်ကျေးမှုတရားစုဟူသမျှ၊
(၃) သံဃ- ရဟန်းတော်များ၊
(၄) မာတာပိတု- မွေးသမိခင် မွေးသဖခင် မိခင်ဖခင်နှင့်အလားတူကျေးဇူးပြုသူ၊
(၅) အာစရိယ- အတတ်ပညာပေးသူ, ဆိုဆုံးမသူ ဆရာ။ ♦

အနန္တရိယကံကြီး ၅-ပါး

ဥပရိပဏ္ဏာသ။ ပါ။ ၁၁၀။ ဋ္ဌ။ ၇၄။ ပဉ္စာနန္တရိယကံလည်းဟူ။
(၁) မာတုဃာတက-အမိရင်းကိုသတ်သူ၊
(၂) ပိတုဃာတက- အဖရင်းကိုသတ်သူ၊
(၃) အရဟန္တဃာတက- ရဟန္တာကိုသတ်သူ၊
(၄) လောဟိတုပ္ပါဒက- ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊
(၅) သံဃဘေဒက- သံဃာတော်တို့အား ဂိုဏ်းအသင်းခွဲသူ၊ ထိုငါးယောက်ကား ကုသိုလ်ကောင်းမှုမည်မျှပင်ပြုပြု သေသည်၏အခြားမဲ့၌ အဝီစိငရဲ စသည်သို့မုချသွားရောက် ခံစားရမည် ဟုမှတ်။ ♦

အနရိယ ဝေါဟာရမျိုး ၈-ပါး

အရိယာမဟုတ်သူတို့၏ စကားမျိုးရှစ်ပါး။ ခုဒ္ဒကဝတ္ထု ဝိဘင်းပါဠိတော်နှင့် ပါစိတ်အဋ္ဌကထာ။
(၁) အဒိဋ္ဌေ ဒိဋ္ဌ ဝါဒိတာ- မမြင်သည်ကို အမြင်လုပ်၍ပြောခြင်း၊
(၂) အသုတေ သုတဝါဒိတာ- မကြားကို အကြားလုပ်၍ပြောခြင်း၊
(၃) အ မုတေ မုတ ဝါဒိတာ- မထိကိုအထိလုပ်၍ပြောခြင်း၊
(၄) အ ဝိညာတေ ဝိညာတ ဝါဒိတာမသိကို အသိလုပ်၍ပြောခြင်း၊
(၅) ဒိဋ္ဌေ အဒိဋ္ဌ ဝါဒိတာ- အမြင်ကို မမြင်လုပ်၍ပြောခြင်း၊
(၆) သုတေ အ သုတ ဝါဒိတာ- အကြားကို မကြားလုပ်ပြောခြင်း၊
(၇) မုတေ အ မုတ ဝါဒိတာအထိကို မထိလုပ်ပြောခြင်း၊
(၈) ဝိညာတေ အ ဝိညာတ ဝါဒိတာ-အသိကို မသိလုပ်ပြောခြင်း။ ♦

အနာမျိုး ၉၆-ပါး

ဒသင်္ဂုတ္တရ။ ပါ။ ၃၄၃။ ၎င်း။ ဋ္ဌ။ ၃၁၇-နှင့် မဟာနိဒ္ဒေသ။ ပါ။ ၁၀၊ ၁၃၊ ၃၅၊ ၁၉၅၊ ၂၀၈၊၃၁၉၊ ၎င်း။ ဋ္ဌ။ ၅၁-တို့၌ အကျယ်ရှု။
(၁) စက္ခု ရောဂေါမျက်စိ၌ဖြစ်သောအနာ၊
(၂) သောတ ရောဂေါ-နားတွင်း၌ဖြစ်သောအနာ၊
(၃) ဃာနရောဂေါ- နှာခေါင်းတွင်း၌ဖြစ်သောအနာ၊
(၄) ဇိဝှာ ရောဂေါ- လျှာ၌ဖြစ်သောအနာ၊
(၅) ကာယ ရောဂေါကိုယ်၌ဖြစ်သောအနာ၊
(၆) သီသ ရောဂေါ- ဦးခေါင်း၌ဖြစ်သော အနာ၊
(၇) ကဏ္ဏ ရောဂေါနားရွက်၌ဖြစ်သောအနာ၊
(၈) မုခ ရောဂေါ- ခံတွင်း၌ဖြစ်သောအနာ၊
(၉) ဒန္တ ရောဂေါသွား၌ဖြစ်သောအနာ၊
(၁၀) ကာသော- ချောင်းဆိုးနာ၊
(၁၁) သာသော- ကြို့ထိုးနာ၊
(၁၂) ပိနာသော- နှာခေါင်းအာဝ၌ဖြစ်သောအနာ၊
(၁၃) ဍာဟော- တစ်ကိုယ်လုံးပူစေတတ်သောအနာ၊
(၁၄) ဇရော- ဖျားသောအနာ၊
(၁၅) ကုစ္ဆိရောဂေါ- ဝမ်း၌ဖြစ်သောအနာ၊
(၁၆) မုစ္ဆာတွေဝေမေ့မောစေတတ်သောအနာ၊
(၁၇) ပက္ခန္ဒိကာ- သွေးကိုသွန်အန်တတ်သော ဝမ်းလေနာ၊
(၁၈) သူလာ- ထိုးကျင်စေတတ်သောဝမ်းလေနာ၊
(၁၉) ဝိသုစိကာ- ကြီးစွာဝမ်းလျှောကျသော အနာ, ကာလနာ၊
(၂၀) ကူဋ္ဌံ- နူနာ၊
(၂၁) ဂဏ္ဍော- အိုင်းနာ မြင်းဖု စသောအနာ၊
(၂၂) ကိလာသော- ညှင်း တင်းထိပ်နာ၊
(၂၃) သောသော-အဆုတ်နာ၊ ကုတ်ဟီးနာ၊ ပန်းနာ၊
(၂၄) အပ္ပမာရော- ဝက်ရူး၊ ကြက်ရူး၊ နတ်ဘီလူး ဖမ်းစားသောအနာမျိုး၊
(၂၅) ဒဒ္ဒု- ပွေးနာ၊
(၂၆) ကစ္ဆု- ဝဲကြီးဝဲစိုနာ၊
(၂၇) ကဏ္ဍု- ဝဲငယ် ဝဲခြောက်နာ။
(၂၈) နခသာခြေသည်း လက်သည်းတို့ဖြင့်ခြစ်မိရာအရပ်က ဖြစ်ပေါ်သောအနာ၊
(၂၉) ဝတစ္ဆိကာ- ခြေဖဝါး၊ လက်ဖဝါးပြင်တို့၌ အမျှင်အမျှင်ကွဲအက်သောအနာ၊
(၃၀) လောဟိပိတ္တံ- သွေးသည်းခြေနာ၊ သို့မဟုတ် နီသောသည်းခြေနာ၊
(၃၁) မဓုမေဟော- ဆီးချိုနာ၊
(၃၂) အံသာ- အရိယိုနာ၊
(၃၃) ဝိဠကာ- ထွတ်မြင်းနာ ဖေါယောင်နာ၊
(၃၄) ဘဂန္ဒလာ- ဂယင်ဂျီနာ, ဘင်နာ, ဘဂန္ဒိုလ်နာ၊ ဤပါဠိတော်မြတ်၌ မျက်စိနာအစ ဘဂန္ဒိုလ်နာ အဆုံးရှိသော ၃၄-ပါးတို့တွင် “နခသာ, အပ္ပမာရော” ၎င်းအနာ ၂-ပါးမှာ သည်းခြေ, သလိပ်, လေတို့ကြောင့် မဖြစ်မူ၍ အကြွင်း ၃၂- ပါးသောအနာတို့သည်သာ သည်းခြေ, သလိပ်, လေတို့ကြောင့်ဖြစ်ကုန်ရကား သည်းခြေနာ ၃၂- ပါး၊ သလိပ်နာ ၃၂-ပါး၊ လေနာ ၃၂-ပါး၊ ပေါင်း အနာမျိုး ၉၆-ပါးဖြစ်သတည်း။

မှတ်ချက် ။ ။
(၁) ပိတ္တ သမုဋ္ဌာနာ- သည်းခြေကြောင့်ဖြစ်ကုန်သောအနာမျိုး။
(၂) သေမှ သမုဋ္ဌာနာ- သလိပ်ကြောင့်ဖြစ်ကုန်သောအနာမျိုး။
(၃) ဝါတ သမုဋ္ဌာနာ လေကြောင့်ဖြစ်ကုန်သောအနာမျိုး။
(၄) သန္နိပါတာ-သည်းခြေ သလိပ် လေသုံးပါးတို့ ပေါင်းစုဖြစ်သောအနာမျိုး၊
(၅) ဥတု ပရိဏာမဇာ- ဥတုဖေါက်ပြန်၍ဖြစ်သောအနာမျိုး၊
(၆) ဝိသမ ပရိဟာရဇာ- ကိုယ်ခန္ဓာကို မညီညွတ် ကျန်းမာရေးနှင့်ဆန့်ကျင်ဘက် ဆောင်ရွက်ခြင်းကြောင့်ဖြစ်သောအနာ၊
(၇) သြပက္ကမိကာထိုးခုတ် သတ်ဖြတ်ခြင်းစသော သူတစ်ပါးတို့လုံ့လကြောင့်ဖြစ်သောအနာ၊
(၈) ကမ္မ ဝိပါကဇာကံကြောင့်ဖြစ်သောအနာဝဋ်နာမျိုး၊
(၉) သီတံ- ချမ်းအေးခြင်း၊
(၁၀) ဥဏှံ- ပူလောင်ခြင်း၊
(၁၁) ဇိဃစ္ဆာ- ဆာလောင်ခြင်း၊
(၁၂) ပိပါသာ- မွတ်သိပ်ခြင်း၊
(၁၃) ဥစ္စရော- ကျင်ကြီးစွန့်လိုခြင်း၊
(၁၄) ပဿာဝေါ- ကျင်ငယ်စွန့်လိုခြင်း။ ယင်းတို့ကိုလည်း ဒသအင်္ဂုတ္တိုရ်ပါဠိတော်၌ အနာဟုပင်ဆက်လက်ဖေါ်ပြပေသေး၏ဟု မှတ်ရာ၏။ ♦

အနာမျိုး ၉၈-ပါး တစ်နည်း

မဟာသေနေန-ဟူသောပုဒ်ကို တေမိဇာတ်အဋ္ဌကထာ၌ “မဟာသေနေနာတိ ပဉ္စဝီသတိဘယ ဒွတ္တိံသကမ္မကရဏ အဋ္ဌနဝုတိ ရောဂပ္ပမုခါဒိဝသေန ပုထုသေနေန''ဟု ဖွင့်ဆိုထားချက်အရ ဖြစ်၏၊ အထက်ပါ ၉၆-ပါးတွင် “နခသာ-ခြေသည်း လက်သည်းခြစ်မိသောအနာ အ ပမာရော- ဝက်ရူး ကြက်ရူးနာ, ၎င်း ၂-ပါးထည့်သွင်းကာ ၉၈-ပါးဟုရေတွက်ရာ၏။ ♦

အနာဂတ်အဓွန့်တရား ၃-ပါး

၎င်းအဖြေကို “အဓွန့် ၃-ပါး''၌ ဆိုခဲ့ပြီ။ ♦

အနာဂါမ်မျိုး ၇-ပါး

သတ္တင်္ဂုတ္တရ။ ပါ။ ၄၄၉။ ဋ္ဌ။ ၁၇၂-၌အကျယ်ရှုပါ။ ♦

အနာဂါမ်မျိုး ငါး-ပါး

မဟာဝဂ္ဂသံယုတ်။ ပါ။ ၂၄၈။ ဋ္ဌ။ ၂၉၂။ အနာဂါမ်ဘဝမှ အထက်မဂ်ဖိုလ် ကျအောင်ကျင့်၍ပရိနိဗ္ဗာန်ပြုကြကုန်သော သုဒ္ဓါဝါသ ၅-ဘုံ၌ အနာဂါမ်ပုဂ္ဂိုလ်အပြား ၅-ပါး။
(၁) အန္တရာယ ပရိနိဗ္ဗာယီ-အသက်အပိုင်းအခြားအလယ်၌သာလျှင် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
(၂) ဥပဟစ္စ ပရိနိဗ္ဗာယီ- အသက်အပိုင်းအခြားအလယ်ကိုလွန်၍ ပရိနိဗ္ဗာန်ပြုသောအနာဂါမ်၊
(၃) အသင်္ခါရ ပရိနိဗ္ဗာယီ- ချမ်းသာစွာပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
(၄) သသင်္ခါရ ပရိနိဗ္ဗာယီ- ပင်ပန်းဆင်းရဲစွာပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊
(၅) ဥဒ္ဓံ သောတအကနိဋ္ဌာဂါမီ- အထက်အထက်သောဘုံစဉ်၌ တပ်သောအလျဉ်ဖြင့် အကနိဋ္ဌဘုံသို့ရောက်သောအနာဂါမ်။ ♦

အနာဂါမ်ပုဂ္ဂိုလ် ၄၈-ယောက်

၎င်းသရုပ်များကို အဘိဓမ္မာပုဂ္ဂလပညတ်။ ပါ။ ၁၁၉။ ၁၂၀။ ၎င်း။ ဋ္ဌ။ ၄ရမှ၅၃-အထိ။ သုတ္တနိပါတ်။ ဋ္ဌ။ ပ-အုပ်။ ၂၈၂။ ခုဒ္ဒကပါဌ။ ဋ္ဌ။ ၁၅၃-တို့၌ ရှုပါကုန်။ ♦

အနာဂါမ်၏အင်္ဂါလက္ခဏာ ၆-ပါး

အနာဂါမ်ပုဂ္ဂိုလ်သည် ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံ၏ဟု အင်္ဂုတ္တိုရ်ဆက္က၌ဆိုသည်။
(၁) မဆုတ်နစ်သောသဒ္ဓါရှိခြင်း၊
(၂) မကောင်းမှုတို့၌လွန်စွာရှက်ခြင်း၊
(၃) ဒုစရိုက်မှုတို့၌ လွန်စွာကြောက်ခြင်း၊
(၄) လွန်ကဲသောဝီရိယရှိခြင်း၊
(၅) သတိတရားလွန်စွာကောင်းခြင်း၊
(၆) ပညာအဆင်အခြင်လွန်စွာရှိခြင်း။ ♦

အနာရောဂါ၊ ကင်းပျောက်ရာ၊ ၁၀-ဖြာတရား၊ အဘယ်နည်း

၎င်းအဖြေ (ရောဂါပျောက်ငြိမ်းကြောင်းတရား၁၀-ပါး) ၌ ဆိုအံ့။ ♦

အနာရောဂါရခြင်း၏ အကြောင်းရင်း ၈-ပါး

သဠာယတနသံယုတ်။ ပါ။ ၄၂၈။ ဋ္ဌ။ ၁၂၁။ မိလိန္ဒပဥှာ။ ပါ။ ၁၃၇-၌ အကျယ်ရှုပါ။ (ယေဘုယျနည်း၊)
(၁) ဝါတ သမုဋ္ဌာန- လေကြောင့်၊
(၂) ပိတ္တသမုဋ္ဌာန- သည်းခြေကြောင့်၊
(၃) သေမှ သမုဋ္ဌာန- သလိပ်ကြောင့်၊
(၄) သန္နိပါတိကအထက်ပါအကြောင်းတို့ စုပေါင်းမိသောကြောင့်၊
(၅) ဥတု ဝိပရိဏာမ- ဥတုဖေါက်ပြန်သောကြောင့်၊
(၆) ဝိသမ ပရိဟာရ- အစာအာဟာရမညီညွတ်မှုကြောင့်၊
(၇) သြပက္ကမိကသူတစ်ပါးတို့ရိုက်နှက်ပုတ်ခတ်မှုကြောင့်
(၈) ကမ္မဝိပါက- ကံကြောင့်။ ♦

အနာဝရဏယ ဂုဏ်တော် ၄-ပါး

ဘုရားရှင်အား သူတစ်ပါးတို့မဖျက်ဆီးမပိတ်ပင်နိုင်သော ဂုဏ်တော် ၄-ပါး။
(၁) ဘုရားရှင်အားရည်မှတ်၍ စီရင်အပ်သောလာဘ်၊
(၂) တစ်လံမျှသော ဗျာမပဘာခေါ် ရောင်ခြည်တော်၊
(၃) သဗ္ဗညုတဉာဏ်တော်၊
(၄) ဘုရားရှင်၏အသက်တော်။ ♦

အနုဂ္ဂဟမျိုး ၂-ပါး

သာသနာကို ချီးမြှောက်ထောက်ပံ့ကူညီမှုမျိုး ၂-ပါး။
(၁) ပစ္စယာနုဂ္ဂဟ - ပစ္စည်းအမျိုးမျိုးတို့ဖြင့်ချီးမြှောက်ထောက်ပံ့မှု၊
(၂) ဓမ္မာနုဂ္ဂဟ- မိမိကိုယ်တိုင်တရားစာပေ သင်ကြား ပို့ချ ကျင့်ကြံအားထုတ်မှု။ ♦

အနုစာပေ၊ ရေးသားလေ၊ ၄-ထွေမြန်မာ့နည်း

၎င်းအဖြေကို (မြန်မာစာပေ၊ ရေးသားလေ၊ ၅-ထွေနိဿရည်း) ၌ကြည့်ပါ။ ♦

အနုတ္တရိယတရား ၆-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။။ ၎င်း။ ဋ္ဌ။ ပ-အုပ်။ ၆၅-၌ အကျယ်ရှုပါ။ ♦

လွန်မင်းမြင့်မြတ်သောတရား ၆-ပါး

(၁) ဒဿနာ နုတ္တရိယ- မြင်ရခြင်းတကာတို့တွင် ရတနာသုံးပါးကိုမြင်ရခြင်းသည် အမြတ်ဆုံး၊
(၂) သဝနာ နုတ္တရိယ- ကြားရခြင်းတကာတို့တွင် ရတနာသုံးနှင့်စပ်သောအသံကို ကြားရခြင်းသည်အမြတ်ဆုံး၊
(၃) လာဘာ နုတ္တရိယ- ရခြင်းတကာတို့တွင် ရတနာသုံးပါးကိုရခြင်းသည်အမြတ်ဆုံး၊
(၄) ပါရိစရိယာ နုတ္တရိယ- လုပ်ကျွေးခြင်းတကာတို့တွင် ရတနာသုံးပါးကိုလုပ်ကျွေးခြင်းသည် အမြတ်ဆုံး၊
(၅) အနုဿတာနုတ္တရိယ- အောက်မေ့ခြင်းတကာတို့တွင် ရတနာသုံးပါးကိုအောက်မေ့ရခြင်းသည် အမြတ်ဆုံး၊
(၆) သိက္ခာ နုတ္တရိယ- အကျင့်တကာတို့တွင် ရတနာသုံးပါးဂုဏ်တရားကို ကျင့်ရခြင်းသည် အမြတ်ဆုံး။ ♦

အနုပဿနာတရား ၃-ပါး

လက္ခဏာရေး သုံးပါး။
(၁) အနိစ္စာနုပဿနာအနိစ္စသဘောထင်ရှားအောင် အခါခါရှုဆင်ခြင်ခြင်း၊
(၂) ဒုက္ခာ နုပဿနာ- ဒုက္ခသဘောထင်ရှားအောင် အခါခါရှုဆင်ခြင်ခြင်း၊
(၃) အနတ္တာနုပဿနာအနတ္တသဘောထင်ရှားအောင် အခါခါရှုဆင်ခြင်ခြင်း။ ♦

အနုပဿနာတရား ၄-ပါး

''သတိပဋ္ဌာန်တရား ၄-ပါး''မှာ ဆိုမည်။ ♦

အနုပဿနာတရား ၁၀-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၂၃၈။ ၎င်း။ ဋ္ဌ။ ဒု-အုပ်။ ၁၅၈-၌ အကျယ်ရှုပါ။ စိတ်ဝင်စားစရာ။
(၁) အနိစ္စာနုပဿနာ၊
(၂) ဒုက္ခာ နုပဿနာ၊
(၃) အနတ္တာနုပဿနာ၊
(၄) နိဗ္ဗိဒါ နုပဿနာ၊
(၅) ဝိရာဂါ နုပဿနာ၊
(၆) နိရောဓါ နုပဿနာ၊
(၇) ပဋိနိဿဂ္ဂါ နုပဿနာ၊
(၈) အနိမိတ္တာ နုပဿနာ၊
(၉) အပ္ပဏိ ဟိတာ နုပဿနာ၊
(၁၀) သုညတာ နုပဿနာ။ ♦

အနုမြူနိုင်ငံကြီး ၉-ခု

ကမ္ဘာပေါ်၌ ကြောက်စရာအကောင်းဆုံး အဆိုးဝါးဆုံးသော လူသတ်လက်နက် အနုမြူဗုံးပိုင်ရှင်နိုင်ငံကြီးများဟူ၏။ ဤမှတ်တမ်းကား ၂၀၀၇-ခုနှစ်အတွင်း မျှဖြစ်သည်။
(၁) အမေရိကန်နိုင်ငံ၊ ၁၉၄၅-ခုနှစ်၊ ဇူလိုင်လ ၁၆-ရက်နေ့ မက်ဆီကိုနယ် အယ်လာမာဂေါ်ဒိုဒေသ၌ ပထမဆုံးအနုမြူဗုံးကို ဖေါက်ခွဲခဲ့သည်။
(၂) ဆိုဗီယက်ယူနီယံနိုင်ငံ၊ ၁၉၄၉-ခု၊ သြဂုတ်လမှာ စတင်ဖေါက်ခွဲခဲ့သည်။
(၃) ဗြိတိန်နိုင်ငံ၊ ၁၉၅၂-ခု၊ အောက်တိုဘာလ ၃-ရက်နေ့က သြစတြေးလျတိုက်၏ အနောက်မြောက်ဘက်မိုင် ၅၀-ကွာမွန်တီတလိုကျွန်းစု၌ စတင်ဖေါက်ခွဲခဲ့သည်။
(၄) ပြင်သစ်နိုင်ငံ၊ ၁၉၆၀-ခု၊ ဖေဖေါ်ဝါရီလ ၁၃-ရက်နေ့ ဆဟာရသဲကန္တာရ၌ ပလူတိုနီယံအနုမြူဗုံးကို စတင်ဖေါက်ခွဲသည်။
(၅) တရုပ်နိုင်ငံ၊ ၁၉၆၄-ခု၊ အောက်တိုဘာလ ၁၆-ရက်နေ့ စင်ကိုင်းပြည်နယ် ထက်လာမာကန် သဲကန္တာရ၌စတင်ဖေါက်ခွဲသည်။
(၆) အိန္ဒိယနိုင်ငံ၊ ပဌမဆုံး အနုမြူဗုံးကို ရာဂျပ်စ်သန် သဲကန္တာရ၌ ၁၉၇၄-ခုနှစ် မေလ ၁၇- ရက်နေ့ကစတင်ဖေါက်ခွဲလိုက်သည်။
(၇) ပါကစ္စတန်၊ ၁၉၉၈-ခု၊
(၈) မြောက်ကိုးရီးယား၊ ၂၀၀၆-ခု၊
(၉) အစ္စရေး၊ ၁၉၇၉-ခု။ အစ္စရေးကကြေငြာခြင်း မရှိခဲ့ပါ။ ယခုအခါ နိုင်ငံများစွာမှာ တည်ဆောက်ထုတ်လုပ်နေကြသည်။ ♦

အနုဝါဒဝတ္ထု ၇-ပါး

ရဟန်းတော်များ အာပတ် ၇-ပုံဖြင့် ငြင်းဆိုစွပ်စွဲမှုကိုခေါ်သည်။ (အာပတ် ၇-ပုံကြည့်။ ) ♦

အနုဝါဒါဓိကရုဏ်း ၇-ပါး

ရဟန်းတော်များ အာပတ် ၇-ပါးဖြင့်စွပ်စွဲငြင်းခုံမှု။ ♦

အနုဝိဇ္ဇက ကျင့်ဝတ် ၆၄-ပါး

ဝိနည်းဓိုရ် နာယကခေါ် အနုဝိဇ္ဇကရဟန်းတော်များ လိုက်နာကျင့်သုံးရမည့် နည်းဥပဒေ ၆၄-ပါး။
(၁) တရားလို စောဒကတရားခံ စုဒိတကတို့၏ ဥပဇ္ဈာယ်ကို မမေးရ။
(၂) ဆရာကိုမမေးရ၊
(၃) သဒ္ဓိဝိဟာရိက တပည့်ကိုမမေးရ၊
(၄) အန္တေဝါသိက တပည့်ကိုမမေးရ၊
(၅) ဥပဇ္ဈာယ်တူ တပည့်ကိုမမေးရ၊
(၆) ဆရာတူတပည့်ကိုမမေးရ၊
(၇) ဇာတ်ကို မမေးရ၊
(၈) အမည်ကိုမမေးရ၊
(၉) အနွယ်ကို မမေးရ၊
(၁၀) အာဂုံကို မမေးရ၊
(၁၁) အမျိုးကိုမမေးရ၊ (ခတ္တိယ၊ ဗြာဟ္မဏစသောဇာတ်တွင်လည်း ကာသိက မင်းမျိုး၊ ကောသလမင်းမျိုး စသောအမျိုးကို မမေးရဟုဆိုလို၏။ )
(၁၂) ဖွားရာအရပ်ကိုမမေးရ။

မှတ်ချက် ။ ။ ဤ ၁၂-ရပ်သောမေးခွန်းကို မေးခွန်းကိုမေးခဲ့သော် ချစ်ခြင်းသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ်မုန်းခြင်းသော်လည်းဖြစ်ရာ၏၊ ချစ်ခြင်း မုန်းခြင်းများဖြစ်ခဲ့သော် ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိ ဘယာဂတိသို့လိုက်ခဲ့ရာသောကြောင့် ၁၂-ရပ်သောမေးခွန်းကို မမေးရဟုဆိုလို၏၊ ဤ ၁၂-ပါးသောကျင့်ဝတ်ကား ရှောင်ကြဉ်ရမည့်ကျင့်ဝတ်တည်း။ လိုက်နာရမည့်ကျင့်ဝတ်ကား ၅၂-ပါးရှိသတည်း။
(၁) ပုဂ္ဂိုလ်ကိုအလေးမပြုဘဲ သံဃာကိုသာ အလေးပြုရမည်၊
(၂) အာမိသကိုအလေးမပြုပဲ သူတော်ကောင်းတို့၏တရားကိုသာအလေးပြုရမည်၊
(၃) ပရိတ်သတ်အလိုအကြိုက်သို့မလိုက်ဘဲ မိမိအလိုအကြိုက်သို့သာလိုက်ရမည်၊
(၄) မသင့်လျော်သောအခါ၌မမေးမြန်းဘဲ သင့်လျော်သောအခါ၌သာ မေးမြန်းရမည်။
(၅) မဟုတ်မမှန်သော စကားဖြင့် မမေးမြန်းဘဲဟုတ်မှန်သောစကားဖြင့်သာ မေးမြန်းရမည်၊
(၆) ကြမ်းတမ်းသောစကားဖြင့် မမေးမြန်းဘဲ နူးညံ့သိမ်မွေ့သောစကားဖြင့်သာ မေးမြန်းရမည်၊
(၇) အကျိုးနှင့်မစပ်သောစကားဖြင့် မမေးမြန်းဘဲ အကျိုးနှင့်စပ်သောစကားဖြင့်သာမေးမြန်းရမည်၊
(၈) ဒေါသစိတ်ဖြင့်မမေးမြန်းဘဲ မေတ္တာစိတ်ဖြင့်သာမေးမြန်းရမည်၊
(၉) နား၏အနီး၌ကပ်၍မပြောဆိုရ၊
(၁၀) ကောက်ကျစ်သောအမှုကို မရှုငဲ့ရ။
(၁၁) မျက်စပစ်၍ မပြရ၊
(၁၂) မျက်မှောင်ကြုတ်၍ မပြရ၊
(၁၃) ခေါင်းညိတ်၍မပြရ၊
(၁၄) လက်၏ဖေါက်ပြန်ခြင်းကို မပြရ၊
(၁၅) လက်ဆုတ်ကို မပြရ၊
(၁၆) နေရာ၌ လိမ္မာရမည်၊
(၁၇) ထိုင်ခြင်း၌လိမ္မာရမည်၊
(၁၈) လေးတောင်ပမာဏမျှကိုသာ ကြည့်ရှုရမည်၊
(၁၉) အနက်အဆုံးအဖြတ်ကိုသာ နှိုင်းချိန်စုံစမ်း၍နေရမည်၊
(၂၀) မိမိနေရာ၌သာထိုင်ရမည်။
(၂၁) နေရာအရပ်မှထမသွားရ၊
(၂၂) အဆုံးအဖြတ်ကိုမလျှော့စေရ၊
(၂၃) အာပတ်ကိုပြသောအားဖြင့်လမ်းလွဲလမ်းမှားကို မမှီဝဲရ၊
(၂၄) လက်ရုံးကိုမြှောက်၍ မပြောဆိုရ၊
(၂၅) အဆောတလျင်မပြောဆိုရ၊
(၂၆) ကြမ်းကြမ်းတမ်းတမ်း မပြောဆိုရ၊
(၂၇) မကောင်းသဖြင့်ဆိုအပ်သောစကားများကို သည်းခံရမည်၊
(၂၈) အစီးအပွားကိုလိုလားသည်ဖြစ်၍ မေတ္တာစိတ်ကိုဖြစ်စေရမည်၊
(၂၉) အစီးအပွားကိုရှာမှီးသည်ဖြစ်၍ဂရုဏာစိတ်ကိုဖြစ်စေရမည်၊
(၃၀) အပိုင်းအခြားရှိသောစကားကိုပြောဆိုသည်ဖြစ်၍ အကျိုးအနက်မဲ့စကားကိုမပြောဆိုရ။
(၃၁) မကောင်းသောစကားကို မပြောဆိုဘဲ ရန်နှင့်မစပ်သောစကားကိုသာ ပြောဆိုရမည်၊
(၃၂) ဤအမှုကိုဆုံးဖြတ်နိုင်အံ့လော၊ မဆုံးဖြတ်နိုင်အံ့လောဟု မိမိကိုယ်ကိုနှိုင်းချိန်စုံစမ်းရမည်၊
(၃၃) ဤလဇ္ဇီပရိတ်သတ်ကို သိစေနိုင်လိမ့်မည်လောဟု တစ်ပါးသောပရိတ်သတ်ပုဂ္ဂိုလ်ကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၄) ဓမ္မစောဒကလော အဓမ္မ စောဒကလောဟု စောဒကကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၅) ဓမ္မ စုဒိတကလော အဓမ္မစုဒိတကလောဟု စုဒိတက ကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၆) အ ဓမ္မ စောဒက၏အတိုင်းအရှည်ကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၇) အ ဓမ္မ စုဒိတက၏ အတိုင်းအရှည်ကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၈) ဓမ္မ စောဒက၏အတိုင်းအရှည်ကို နှိုင်းချိန်စုံစမ်းရမည်၊
(၃၉) ဓမ္မ စုဒိတက၏အတိုင်းအရှည်ကို နှိုင်းချိန်စုံစမ်းရမည်၊
(၄၀) စောဒက စုဒိတကတို့၏ အစစ်ခံထွက်ဆိုထားသောစကား အချက်အလက်တို့ကို မယုတ်လျော့စေဘဲ နံပါတ်စဉ်ထိုး၍ ရေးမှတ်ထားရမည်။
(၄၁) စောဒက စုဒိတကတို့၏ အစစ်မခံ မထွက်ဆိုသော စကားအချက်အလက် ဝတ္ထုများကိုထင်စွာမပြရ၊
(၄၂) ထွက်ဆိုအစစ်ခံသောအားဖြင့် သက်ရောက်လာသော ပုဒ်ဗျည်းအက္ခရာ စကားအစဉ်တို့ကို ကောင်းစွာနှိုင်းချိန်စုံစမ်းပြီး၍ ဝန်ခံချက် ပဋိညာဉ်အတိုင်းဆုံးဖြတ်ရမည်၊
(၄၃) တွေဝေသည်ဖြစ်၍ နု့ံနှေးသောစောဒက စုဒိတကကို ရွှင်လန်းအောင်လှုံ့ဆော်ပေးရမည်၊
(၄၄) ကြောက်ရွံ့သောစောဒက စုဒိတကကို သက်သာခွင့်ရစေရမည်၊
(၄၅) ကြမ်းတမ်းသော စောဒက စုဒိတကကို တားမြစ်ကန့်ကွက်ရမည်၊
(၄၆) မစင်ကြယ်သောအာပတ်ကိုထင်စွာပြရမည်၊
(၄၇) ဖြောင့်မတ်သောပုဂ္ဂိုလ်ကို နူးညံ့ပျော့ပျောင်းသောစကားဖြင့် ခေါ်ဝေါ်ပြောဆိုရမည်၊
(၄၈) ဆန္ဒာဂတိသို့မလိုက်ရ၊
(၄၉) ဒေါသာဂတိသို့ မလိုက်ရ၊
(၅၀) မောဟာဂတိသို့မလိုက်ရ၊
(၅၁) ဘယာဂတိသို့ မလိုက်ရ၊
(၅၂) ပုဂ္ဂိုလ်ကို အလေးမပြုဘဲ ဓမ္မကိုသာအလေးပြုသည်ဖြစ်၍ ပုဂ္ဂလတို့၌ လျစ်လျူရှုရမည်၊ ဤကားလိုက်နာရမည့်ကျင့်ဝတ် ၅၂-ပါးတည်း၊ ပေါင်း ၆၄-ပါးဖြစ်၏။ ♦

အနုဿတိ ၁၀-ပါး

အဖန်ဖန်အောက်မေ့အပ်သော ကမ္မဋ္ဌာန်းတရားဆယ်ပါးဟူ၏။ အင်္ဂုတ္တိုရ်ပါဠိတော်-ပ။
(၁) ဗုဒ္ဓါ နုဿတိ- ဘုရား၏ဂုဏ်တော်ကျေးဇူးတော်များကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊
(၂) ဓမ္မာ နုဿတိ- တရား၏ဂုဏ်တော်ကို၎င်း၊
(၃) သံဃာ နုဿတိ- သံဃာဂုဏ်တော်ကို၎င်း၊
(၄) သီလာနုဿတိ-မိမိစောင့်ထိန်းသောသီလဂုဏ်ကို၎င်း၊
(၅) စာဂါနုဿတိ- လှူဒါန်းခြင်း ဒါနဂုဏ်ကို၎င်း၊
(၆) ဒေဝတာ နုဿတိ- နတ်တို့ကို သက်သေပုံထား၍ နတ်အဖြစ်သို့ရောက်အောင် ပို့ဆောင်နိုင်သော သဒ္ဓါစသော မိမိ၏ကုသိုလ်တရားကို၎င်း၊
(၇) ဥပသမာ နုဿတိ- ကိလေသာမှကင်းငြိမ်းခြင်း ဥပသမာဂုဏ်ကို၎င်း၊
(၈) မရဏာ နုဿတိ- သေခြင်းတရားကို၎င်း၊
(၉) ကာယဂတာ သတိဆံပင်စသော ဒွတ္တိံသကာယ၊ သို့မဟုတ် ပထဝီဓါတ် ကာယနှစ်ဆယ်စသော ဒွေစတ္တာလီသ ကာယကို၎င်း၊
(၁၀) အာနာပါဏုဿတိ- ထွက်သက်ဝင်သက်ကို၎င်း။ ♦

အနုသယ ၇-ပါး

မဟာနိဒ္ဒေသ။ ပါ။ ၇၇။ ဋ္ဌ။ ၂၀၅-၌အကျယ်ရှု။ အကြောင်းတစ်စုံတစ်ခုနှင့် ပေါင်းဆုံမိကအဆင်သင့်ဖြစ်ပေါ်နိုင်ရန် သတ္တဝါတို့သန္တန်၌ ကိန်းဝပ်နေသောတရား ၇-ပါး။
(၁) ကာမရာဂါ နုသယ-ကာမဂုဏ်၌ တပ်နှစ်သက်သော 'လောဘ'၊
(၂) ဘဝရာဂါ နုသယ-ဘဝ၌နှစ်သက်သော 'လောဘ'၊
(၃) ပဋိဃာ နုသယ- ပြစ်မှားကြမ်းကြုတ်သော 'ဒေါသ'၊
(၄) မာနာ နုသယ- မောက်ကြွားထောင်လွှားခြင်းမာန၊
(၅) ဒိဋ္ဌာ နုသယ- မှားသောအယူဝါဒကိုယူခြင်း 'ဒိဋ္ဌိ'၊
(၆) ဝိစိကိစ္စာ နုသယ- ရတနာသုံးပါးစသည်၌သို့လောသို့လောတွေးတောခြင်း 'ဝိစိကိစ္စာ'၊
(၇) အဝိဇ္ဇာ နုသယ- မသိအမှန် မလိမ္မာတွေဝေမိုက်မဲခြင်း 'မောဟ'။ ♦

အနူမျိုးပြား၊ ၁၈-ပါး၊ ခေါ်ငြားအဘယ်နည်း

၎င်းအဖြေ (နူနာမျိုး ၁၈-ပါး) ၌ ကြည့်ပါ။ ♦

အနေသန ၂၁-ပါး

မဟာနိဒ္ဒေသ။ ပါ။ ၂၉၀-၃၉၆။ ၎င်း။ ဋ္ဌ။ ၃၅၀-၃၅၂။ မဇ္ဈိမပဏ္ဏာသ။ ပါ။။ ၎င်း။ ဋ္ဌ။ ၄-တို့၌အကျယ်ရှုပါလေ။ ကျမ်းချင်းအနည်းငယ်ကွဲလွဲကြသည်။ ရဟန်းသာမဏေတို့နှင့် မအပ်စပ်၊ မရှာမှီးကောင်းသော ပစ္စည်းဥစ္စာရှာနည်း ၂၁-ပါး။
(၁) လူများကို ဆေးကုပေး၍ ပစ္စည်းရှာခြင်း၊
(၂) လူတို့၏ ခရီးရှည်စေတမန်လုပ်ခြင်း၊
(၃) လူတို့၏အနီးအနား အစေအခိုင်းခံခြင်း၊
(၄) အနာကိုဓါးခွဲပေးခြင်း၊
(၅) ဆေးလိမ်းပေးခြင်း၊
(၆) ပျို့အန်ဆေးပေးခြင်း၊
(၇) ဝမ်းနုတ်ဆေးပေးခြင်း၊
(၈) နှာပေးခြင်း၊
(၉) မျက်စဉ်းပေးခြင်း၊
(၁၀) ဝါးပေးခြင်း၊
(၁၁) သစ်ရွက် သက်ငယ် ဓနိပေးခြင်း၊
(၁၂) ပန်းပေးခြင်း၊
(၁၃) စားဖွယ်သစ်သီးပေးခြင်း၊
(၁၄) ရေချိုးဆပ်ပြာပေးခြင်း၊
(၁၅) ဒန်ပူပေးခြင်း၊
(၁၆) မျက်နှာသစ်ရေပေးခြင်း၊
(၁၇) မျက်နှာချေမှုန့် ပေါင်ဒါပေးခြင်း၊
(၁၈) မြေညက်ပေးခြင်း၊
(၁၉) မိမိကိုယ်ကိုအောက်ချ၍ကျုပ် ကျွန်တော်စသော ဝေါဟာရတို့ဖြင့်ပြောခြင်း၊
(၂၀) လိမ်လည် ဝါကြွား၍ပြောကြားခြင်း၊
(၂၁) ကလေးထိန်းများကဲ့သို့ လူတို့၏ကလေးများကို ချီပွေ့ချော့မြူခြင်း။ ♦

အနောဓိဿ မေတ္တာ ၅-ပါး

လူ နတ် ကျား မ မခွဲခြားဘဲ သတ္တဝါအားလုံးအနေနှင့်ပို့သသော မေတ္တာမျိုး။
(၁) သဗ္ဗေ သတ္တာ- သတ္တဝါအားလုံး၊
(၂) သဗ္ဗေ ပါဏာ- သက်ရှိအားလုံး၊
(၃) သဗ္ဗေ ဘူတာ- ဖြစ်နေသူအားလုံး၊
(၄) သဗ္ဗေ ပုဂ္ဂလာ- ပုဂ္ဂိုလ်အားလုံး၊
(၅) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ- အတ္တဘော၌ အကျုံးဝင်သူအားလုံး။ ♦

အနှောင်အဖွဲ့ကြီးမျိုး ၁၀-ပါး

မိလိန္ဒပဥှာ ပါ။ ၂၇၈။ နိက္ခမပါရမီ၏ ဆန့်ကျင်ဘက်ကြီးများ။
(၁) မာတု- အမိ၊
(၂) ပိတု- အဖ၊
(၃) ဘရိယ- မယား၊
(၄) ပုတ္တသား သမီး၊
(၅) ဉာတိသင်္ဂဟ-အဆွေအမျိုး၊
(၆) မိတ္တသဟာယ- အပေါင်းအဖေါ်၊
(၇) ဘောဂဓန- ဥစ္စာရွှေငွေ၊
(၈) လာဘသက္ကာရ- လာဘ်အပူဇော်၊
(၉) ဣဿရ- အစိုးရခြင်း၊
(၁၀) ပဉ္စကာမဂုဏ- ငါးပါးကာမဂုဏ်။ ♦

အပ္ပနာဇော ၂၆-ပါး

ဟုတ်မှန်ကောင်းမြတ်ဆုံးသော အကြံအစည်၌ မဆုတ်မနစ်တည်ကြည်မှု စိတ်စောခြင်းမျိုး၂၆-ပါးဟူ၏။ (က) မဟဂ္ဂုတ် ကုသိုလ်ဇော ၉-ပါး။ (ခ) မဟဂ္ဂုတ် ကြိယာဇော ၉-ပါး။ (ဂ) လောကုတ္တရာဇော ၈-ပါး၊ ပေါင်း ၂၆-ပါး။ ♦

အပ္ပမညာ စေတသိက် ၂-ပါး

အတိုင်းအရှည်ပမာဏ မရှိမထားဘဲ သတ္တဝါများအပေါ်၌ စိတ်ထားပွားများရမည့်တရား ၂-ပါးဟူ၏။
(၁) ကရုဏာ- သူတစ်ပါးဆင်းရဲကို ပယ်ရှားကင်းပျောက်စေလိုသော လက္ခဏာ၊
(၂) မုဒိတာ- သူတစ်ပါးစည်းစိမ်ချမ်းသာကို ဝမ်းသာရွှင်မြောက်ခြင်းလက္ခဏာ။ ♦

အပရိဟာနိယ တရား ၇-ပါး

စည်းစိမ်ချမ်းသာမဆုတ်ယုတ် တိုးတက်ပွားများကြောင်းတရား ခုနှစ်ပါးဟူလို။ (သတ္တင်္ဂုတ္တရပါဠိတော်နှင့် ပရိနိဗ္ဗာနသုတ်အဋ္ဌကထာတို့မှ)
(၁) သတ္ထု ဂါရဝတာဘုရား၌ရိုသေခြင်း၊
(၂) ဓမ္မဂါရဝတာ- တရား၌ ရိုသေခြင်း၊
(၃) သံဃ ဂါရဝတာသံဃာ၌ ရိုသေခြင်း၊
(၄) သိက္ခာဂါရဝတာ-ကိုယ်ကျင့်သိက္ခာ၌ ရိုသေခြင်း၊ ကျင့်သုံးခြင်း၊
(၅) သမာဓိ ဂါရဝတာ- တည်ကြည်ခြင်းသမာဓိကို ရိုသေခြင်း၊
(၆) ကလျာဏမိတ္တတာကောင်း သောမိတ်ဆွေရှိခြင်း၊
(၇) သောဝစဿတာ- ပညာရှိသူတော်ကောင်းတို့ ဆိုဆုံးမသောစကားကို နာယူလွယ်နိုင်ခြင်း။ ♦

အပရိဟာနိယတရား ၇-ပါး အခြား ၇-နည်း

ဝဇ္ဇီမင်းတို့အား တိုင်းပြည်တိုးပွားရေးအတွက် ၇-ပါးတစ်နည်းကိုဟောတော်မူ၍ ရဟန်းတော်တို့အား ၇-ပါး ငါးနည်း၊ ၆-ပါး တစ်နည်း ဟောတော်မူလေသည်။ ၎င်းအကျယ်စိတ်ဝင်စားဖွယ်တို့ကို မဟာပရိနိဗ္ဗာနသုတ်၌ကြည့်ပါကုန်၊ ထိုသုတ်၌ဖေါ်ပြသော လူတို့အတွက်နှင့် ရဟန်းတော်တို့အတွက်နှစ်နည်းကို အောက်တွင်ဖေါ်ပြပါအံ့။ ♦

အပရိဟာနိယ တရား ၇-ပါး တစ်နည်း

ဝေသာလီပြည် ဝဇ္ဇီမင်းတို့ကိုအကြောင်းပြု၍ ဘုရားဟော်တော်မူသည်။
(၁) ညီညွတ်စွာမပြတ်စည်းဝေးတိုင်ပင်ခြင်း၊
(၂) အစည်းအဝေးသို့ တစ်စုတရုံးတည်းအညီတက်ရောက်၍ မင်းတို့ပြုဖွယ်ကိစ္စကို အညီပြုကုန်လျက် တစ်စုတရုံးတည်း ညီညွတ်စွာထပြန်ကြခြင်း၊
(၃) ရှေးရှေး ဝဇ္ဇီမင်းတို့၏ပညတ်ချက်ဓမ္မတို့ကို အစဉ်လိုက်နာခြင်း မဖျက်ဆီးခြင်း အသစ်မပညတ်ခြင်း၊
(၄) အသက်ကြီးကုန်သော ဝဇ္ဇီမင်းတို့ကို ရိုသေလေးမြတ်စွာပူဇော်ခြင်း ၎င်းတို့၏ဆုံးမချက်ကို နာယူခြင်း၊
(၅) ဝဇ္ဇီအမျိုးသမီးကြီးငယ်တို့ကို နိုင်ထက်ကလူဆွဲယူ၍ အိမ်ထောင်မပြုခြင်း၊
(၆) မြို့တွင်းမြို့ပြင်ရှိ ဝဇ္ဇီတို့ အရိုအသေပြုပူဇော်ကြကုန်သောနတ်ကွန်းစေတီတို့ကို ရှေးထုံးနည်းအတိုင်း ဗလိနတ်စာပေးခြင်း၊
(၇) ဝဇ္ဇီတိုင်းသို့ မလာကုန်သေးသော ရဟန္တာတို့ ကြွလာစေခြင်းငှာ ကြွလာပြီးသောရဟန္တာတို့ ချမ်းသာစွာနေခြင်းငှာ ရဟန္တာတို့အား တရားနှင့်လျော်စွာ စောင့်ရှောက်ပြုစုလုံခြုံစေခြင်း။ ♦

အပရိဟာနိယ တရား ၇-ပါးတစ်နည်း

မဟာပရိနိဗ္ဗာနသုတ်၌ ရဟန်းတို့အား ၅-နည်းဟောကြားတော်မူသည့်အနက်တစ်နည်း။
(၁) ညီညွတ်စွာမပြတ်စည်းဝေးခြင်း တိုင်ပင်ဆွေးနွေးခြင်း၊
(၂) အစည်းအဝေးသို့ အညီအညွတ်စုရုံးတက်ရောက်၍ သံဃာ၏ပြုဖွယ်ကိစ္စတို့ကို အညီအညွတ်ပြုကုန်လျက် ညီညာစွာထပြန်ကြခြင်း၊
(၃) ပညတ်ပြီးဓမ္မ ဝိနယတို့ကို အစဉ်လိုက်နာကျင့်သုံးခြင်း မပယ်ဖျက်ခြင်း၊ အသစ်မပြုပြင်ခြင်း၊
(၄) ထေရ်ဝါကြီးသော ဂုဏဝန္တ သီလဝန္တ ဗဟုသုတဓရ ရဟန်းကြီးတို့အား ရိုသေလေးမြတ်ခြင်း ပူဇော်ခြင်း ၎င်းတို့၏ဆိုဆုံးမချက်တို့ကိုနာယူခြင်း၊
(၅) မိမိသန္တာန်၌ဖြစ်သော လောဘ တဏှာအလိုဆိုးသို့ မလိုက်မပါနေခြင်း၊
(၆) စျာန် မဂ်ဖိုလ်ကိုရလွယ်ကြောင်းဖြစ်သော တောရကျောင်းတို့၌ ငဲ့သောစိတ်ရှိခြင်း၊
(၇) မိမိတို့ကျောင်း အရံသို့ မလာရောက်ဖူးသေးသော သုပေသလ သီတင်းသုံးဖေါ်ရဟန်းတော်တို့ လာရောက်စေခြင်းငှာ လာရောက်ပြီးသောသီတင်းသုံးဖေါ်တို့ ချမ်းသာစွာနေခြင်းငှာ စောင့်ရှောက်ဝတ်ပြုခြင်း။ ♦

အပါယ မုခ တရား ၆-ပါး

စည်းစိမ်ဥစ္စာဆုတ်ယုတ်ပျက်ပြား အပါယ်လားကြောင်းတရား ၆-ပါးဟူ၏။
(၁) အခါမဲ့ လှည့်လည်ခြင်း၊
(၂) ပွဲသဘင်ကြူးခြင်း၊
(၃) လောင်းကစားကြူးခြင်း၊
(၄) သူမိုက်တို့နှင့်ပေါင်းဖေါ်ခြင်း၊
(၅) ပျင်းရိခြင်း၊
(၆) ယစ်မျိုးသောက်ကြူးခြင်း။ ♦

အပါယ် ၄-ပါး

ပျက်စီး၍ကျအပ်သော ချမ်းသာကင်းရာအရပ်၄-ပါး ဟူ၏။
(၁) နိရယ- ငရဲ၊
(၂) တိရစ္ဆာန- တိရစ္ဆာန်၊
(၃) ပေတ- ပြိတ္တာ၊
(၄) အသုရကာယ- အသူရကာယ်။ ♦

အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး

မိလိန္ဒပဥှာ။ ပါ။ ၂၂၇။ အဒါနဝတ္ထုခေါ် မပေးလှူကောင်းသော အလှူဆယ်ပါး၊ ပေးလှူသော်အပါယ်ကျတတ်၏၊ (မိလိန္ဒ)
(၁) သမဇ္ဇဒါနကချေအလှူ၊ အငြိမ့်ဇာတ်ပွဲ၊
(၂) မဇ္ဇဒါန- သေရည်အရက်အလှူ၊
(၃) ဣတ္ထိဒါန- မိန်းမအလှူ၊
(၄) ဥသဘ ဒါန- နွားလား မြင်းလားအလှူ၊
(၅) စိတ္တကမ္မ ဒါန- ကာမဂုဏ်ကိုဆွပေးသော ပန်းချီဆေးရေးအလှူ၊
(၆) သတ္ထ ဒါန- လက်နက်ခဲယမ်းမီးကျောက်အလှူ၊
(၇) ဝိသ ဒါနအဆိပ်အလှူ (သတ္တဝါတို့ပျက်စီးစေရန်၊)
(၈) သင်္ခလိက ဒါန-လက်ထိပ် သံခြေချင်း နှောင်ကြိုးအလှူ၊
(၉) ကုက္ကဋ သူကရ ဒါန- ကြက် ဝက် သားကောင်အလှူ၊
(၁၀) တုလာကူဋ မာနကူဋ ဒါန- ချိန်စဉ်းလဲ, တင်းစဉ်းလဲ အလှူ။ ♦

အပ္ပိစ္ဆတရား ၄-ပါး

သူတော်သူမြတ်တို့၏ အလိုနည်းခြင်းအကျင့်မြတ်တရားလေးပါး။
(၁) ပစ္စယ အပ္ပိစ္ဆ-ပစ္စည်းလေးပါးတို့၌ အလိုကြီးမှု တွယ်တာတပ်မက်မှု လောဘ တဏှာနည်းပါးခြင်း၊
(၂) ဓုတင်္ဂါဒိ အပ္ပိစ္ဆ-မိမိ ဓူတင်စသောအကျင့်မြတ်ကို ကျင့်ကြံအားထုတ်နေကြောင်း သူတစ်ပါးတို့ကို အသိမပေးစေလိုခြင်း၊
(၃) ပရိယတ္တိ ဗဟုသုတ အပ္ပိစ္ဆ- မိမိ စာပေပရိယတ် ကျမ်းဂန်တတ်သိမှုကို သူတစ်ပါးတို့မသိစေလိုမှု တည်းဟူသော လျှို့ဝှက်ခြင်း၊
(၄) အဓိဂမ အပ္ပိစ္ဆ- မိမိ စျာန်မဂ်ဖိုလ်ရရှိထားကြောင်းကို သူတစ်ပါးတို့အား အသိမပေးလိုခြင်း၊ မသိအောင် ရိုးသားစွာလျှို့ဝှက်ထားခြင်းတရား ဟူ၏။ ♦

အပူဇော်ခံထိုကိက်သူ ၁၁-ယောက်

၎င်းအဖြေကို (ပူဇော်ထိုက်သူ ၁၁-ယောက်) ၌ရှုပါ။ ♦

အပျင်းထူသူတို့ဆင်ခြေ ၆-ပါး

လူပျင်းတို့၏ အပြစ်ခြောက်ပါးလည်းဟူ၏။ သိင်္ဂါလောဝါဒသုတ်၌ ဟောကြားတော်မူသည်၊ ဤသူတို့ကားမကြီးပွား။
(၁) ချမ်းလွန်းလှသေးသည်၊
(၂) ပူလွန်းလှသေးသည်၊
(၃) မိုးချုပ်နေပါပြီ၊
(၄) စောလှပါသေးသည်၊
(၅) ဆာလောင်နေသည်၊
(၆) ဝမ်းပြည့်နေသေးသည်။ ♦

အပျိုစင်မျိုး ၃-ပါး ၄-ပါး ၇-ပါး ၉-ပါး

ကညာခေါ်အပျိုစင်တို့ကို ဓမ္မသတ်စာစောင်များနှင့် အဘိဓါန်ကျမ်းများမှထုတ်နှုတ်၍ပြအံ့။ ဝယ ဘေဒအားဖြင့် ၄-ပါးဟူသော်ကား-
(၁) ဂေါ်ရီ- ရှစ်နှစ်ရွယ်အပျိုစင်၊
(၂) ကုမာရီ- ဆယ်နှစ်ရွယ်အပျိုစင်၊
(၃) ကညာ- ဆယ့်နှစ်နှစ်ရွယ်အပျိုစင်၊
(၄) မဟလ္လိကာ- ထို့ထက်လွန်သောအပျိုစင်။ တစ်နည်း အမျိုးဝံသဘေဒအားဖြင့် ၉-ပါးကား
(၁) ဒါရိကာ- ၇-နှစ်အပျိုစင်၊
(၂) ဂေါရီ-၈နှစ်အပျိုစင်၊
(၃) ကညာ- ၁၀-နှစ်အပျိုစင်၊
(၄) ကုမာရီ- ၁၂-နှစ်အပျိုစင်၊
(၅) သွေးစုန်း-၁၃-နှစ်အပျိုစင်၊
(၆) မျက်မည်း- ၁၅-နှစ်အပျိုစင်၊
(၇) မျက်ဝန်း- ၂၀-နှစ်အပျိုစင်၊
(၈) မျက်ညွတ် ၂၅-နှစ်အပျိုစင်၊
(၉) မျောင်းတူး- ၄၀-နှစ်အထက်အပျိုစင်။ တစ်နည်း မနုစိတ္တရ ဓမ္မသတ်ကျမ်းလာ အပျိုစင် ၇-ပါးကား-
(၁) ဂေါရီ- ရှစ်နှစ်အပျိုစင်၊
(၂) ကလျာဏီ- ၁၀-နှစ်အပျိုစင်၊
(၃) ကုမာရီ- ၁၂-နှစ်အပျိုစင်၊
(၄) သွေးစုန်း- ၁၃-နှစ်အပျိုစင်၊
(၅) မျက်မည်း- ၁၅-နှစ်အပျိုစင်၊
(၆) မျက်ဝန်း- ၂၀-နှစ်အပျိုစင်၊
(၇) မျောင်းတူး- ၃၀- နှစ်အထက် အပျိုစင်။ တစ်နည်း အဘိဓါန်ဋီကာကျမ်းလာ အပျိုစင် ၃-ပါးကား -
(၁) ဂေါရီ ၈-နှစ်အပျိုစင်၊
(၂) ကညာ- ၁၀-နှစ်အပျိုစင်၊
(၃) ကုမာရီ- ၁၂-နှစ်အပျိုစင်၊ ထို့အပြင် အပျိုစင် ၂၁-ရပ် ၂၈- ရပ်ရှိသေးကြောင်းနှင့် ဖေါ်ပြထားလေသည်။ ♦

အပျိုတော် ၁၂-ထွေအက

(၁) နတ်အက၊
(၂) မြင်းအက၊
(၃) ဗြောအက၊
(၄) အိုးစည်အက၊
(၅) မျောက်အက၊
(၆) ဘီလူးအက၊
(၇) ဇော်ဂျီအက၊
(၈) ဝန်အက၊
(၉) ဒိုးပတ် အက၊
(၁၀) အပြောင်အရွှမ်းအက၊
(၁၁) သူငယ်တော် အက၊
(၁၂) အဘိုးအို အက၊ အနုသဘင်ပညာရှင် ဦးဘိုးစိန်ကြီးထံမှ။ ♦

အပျိုတော်ကကြိုး ၁၂-မျိုး

(၁) မျက်ခုံး ပလို့၊
(၂) မေး ပလို့၊
(၃) ပခုံး ပလို့၊
(၄) ရင်ပလို့၊
(၅) လက်ရုံးပလို့၊
(၆) လက်စုံ ပလို့၊
(၇) တစ်ခြမ်း ပလို့၊
(၈) အရုပ်ကြိုးလမ်ပလို့၊
(၉) ဘယ်ခြေညာလက် ပလို့၊
(၁၀) စုံပလို့၊
(၁၁) လက်ခုံ ပလို့၊
(၁၂) နတ်ယိုင်အက။ ပလို့။ ပလို့ ဂျိ။ ပလို့ ဂျိ။ ♦

အပြင် ၃၇-မင်းနတ်များ

(၁) သိကြားနတ်၊
(၂) မဟာဂီရိနတ်၊
(၃) နှမတော် တောင်ကြီးရှင်နတ်၊
(၄) ရွှေနပေနတ်၊
(၅) သုံးပန်လှနတ်၊
(၆) တောင်ငုရှင်မင်းခေါင်နတ်၊
(၇) မင်းတရားနတ်၊
(၈) သံတော်ခံနတ်၊
(၉) ရွှေနော်ရထာနတ်၊
(၁၀) အောင်စွာမကြီးနတ်၊
(၁၁) ငါးစီးရှင်နတ်၊
(၁၂) အောင်ပင်လယ်ဆင်ဖြူရှင်နတ်၊
(၁၃) တောင်မကြီးနတ်၊
(၁၄) မြောက်မင်းရှင်ဖြူနတ်၊
(၁၅) ရှင်တော်နတ်၊
(၁၆) ညောင်ချင်းနတ်၊
(၁၇) တပင်ရွှေထီးနတ်၊
(၁၈) မင်းရဲအောင်ထင်နတ်၊
(၁၉) ရွှေစစ်သင်နတ်၊
(၂၀) မယ်တော်ရွှေစကားနတ်၊
(၂၁) မောင်းဖိုးတူနတ်၊
(၂၂) ယွန်းဘုရင်နတ်၊
(၂၃) မောင်မင်းဖြူနတ်၊
(၂၄) မန္တလေးဘိုးတော်နတ်၊
(၂၅) ရွှေဖျဉ်းကြီးနတ်၊
(၂၆) ရွှေဖျဉ်းငယ်နတ်၊
(၂၇) ဒါန်းမောင်ရှင်နတ်၊
(၂၈) ထီးဖြူဆောင်းနတ်၊
(၂၉) ထီးဖြူဆောင်းမယ်တော်နတ်၊
(၃၀) ပရိမ္မရှင်မင်းခေါင်နတ်၊
(၃၁) မင်းစည်သူနတ်၊
(၃၂) မင်းကျော်စွာနတ်၊
(၃၃) မြောက်ဘက် ရှင်မနတ်၊
(၃၄) အနောက်မိဖုရားနတ်၊
(၃၅) ရှင်ကုန်းနတ်၊
(၃၆) ရှင်ကွနတ်၊
(၃၇) ရှင်နဲမိနတ်။ ♦

အပြင်တာရာ၊ လုံးရေမှာ၊ သင်္ချာ ၂၈

၎င်းအဖြေကို (တာရာ ၂၈-လုံး) ၌ ရှုပါလေ။ ♦

အပြစ်မျိုး ၂-ပါး

မကောင်းမှုပြုလုပ်ကျူးလွန်သူအတွက် ခံစားရခြင်းအပြစ်နှစ်ပါး။
(၁) ဒိဋ္ဌ ဓမ္မိက ဝဇ္ဇ- ယခုဘဝမျက်မှောက်၌ပင် ချုပ်နှောင်ထောင်ချ ရိုက်နှက်ခုတ်ထစ်သတ်ပစ်ခြင်းစသော အပြစ်ဒဏ်အမျိုးမျိုး၊
(၂) သမ္ပရာယိက ဝဇ္ဇ- သေပြီးနောက် ရောက်ရာဘဝ၌ ဆင်းရဲဒုက္ခအမျိုးမျိုးခံစားရခြင်း။ ♦

အပြစ် ၆-ပါး၊ ကင်းစင်ငြား၊ လှထွားပျိုသူဇာ

အလှမယ်ရွေးချယ်ရာ၌ အောက်ပါလက္ခဏာ ခြောက်ပါးကိုစိစစ်ရာသည်ဟူ၏။
(၁) နာတိ ထူလာ- မဝလွန်းသူ၊
(၂) နာတိ ကိသာ- မပိန်လွန်းသူ၊
(၃) နာတိသုက္ကာ-မဖြူလွန်းသူ၊
(၄) နာတိ ကဏှာ- မမည်းလွန်းသူ၊
(၅) နာတိဒိဃာမရှည်လွန်းသူ၊
(၆) နာတိ ရဿာ-မပုလွန်းသူ။ ♦

အပြောင်မယား ၆-ပါး

ဓမ္မသတ်ပေါင်းချုပ် ပ-အုပ်။ ပုဒ်မ ၁၆။ ၁၈။ အမွေခံထိုက်သော သားခြောက်ပါးအရမှယူပြသည်။
(၁) မယားပါကျွန်မကိုသိမ်းသောအပြောင်၊
(၂) လင်ပါကျွန်မကို သိမ်းသောအပြောင်၊
(၃) နှစ်ပါးစုံဝယ်သောကျွန်မကိုသမ်းသောအပြောင်၊
(၄) မယားမိဘကပေးသောကျွန်မကိုသိမ်းသောအပြောင်၊
(၅) လင်မိဘကပေးသောကျွန်မကို သိမ်းသောအပြောင်၊
(၆) ငွေကြေးမစပ် အလွတ်မိန်းမကိုသိမ်းသောအပြောင်။

မှတ်ချက် ။ ။ အဋ္ဋသင်္ခေပ- ပုဒ်မ ၂၂၈။ မနုကျယ် ဒသမတွဲ ပုဒ်မ ၄၂တို့၌လည်းဆိုကုန်၏။ ♦

အဖျော် ၈-ပါး

ဝိနည်းမဟာဝါ။ ပါ။ ၃၄၂။ ဋ္ဌ။ ၃၈၂။ ရဟန်းတော်များ အချိန်မရွေး သောက်စားနိုင်ရန် ဝိနည်းတော်ကခွင့်ပြုထားသောအဖျော်ရှစ်ပါး။
(၁) အမ္ဗ ပါဏံသရက်သီးအဖျော်၊
(၂) ဇမ္ဗုပါဏံ- သပြေသီးအဖျော်၊
(၃) စောစ ပါဏံ- တောငှက်ပျောသီးအဖျော်၊
(၄) မောစ ပါဏံ- အိမ်ငှက်ပျောသီးအဖျော်၊
(၅) မဓုပါဏံ- သစ်မည်စည်ခေါ် မယ်ဇယ်အဖျော်၊
(၆) မုဒ္ဒိက ပါဏံ- မုဒရက်ခေါ် စပျစ်သီးအဖျော်၊
(၇) သာလူက ပါဏံ- ကြာစွယ်အဖျော်၊
(၈) ဖာရုသက ပါဏံ- ဖက်သက် တရော်သီးအဖျော်။ ♦

အဖြေ ၄-ပါး

စတုက္ကင်္ဂုတ္တရ။ ပါ။ ၃၅၅။ ဋ္ဌ။ ၃၀၄။ သုတ်မဟာဝါ။ ဋ္ဌ။ ၁၅၇-တို့၌ အကျယ်ရှုပါ။ သူ့အမေးကိုဖြေကြားခြင်းနည်းမျိုး ၄-ပါးဟူ၏။
(၁) ဧကံသ ဗျာကရဏမေး သလောက်ကိုသာ အတိအကျဖြေကြားခြင်းမျိုး၊
(၂) ဝိဘဇ္ဇ ဗျာကရဏ- အကျဉ်းမေးရာကို အကျယ်ဝေဖန်၍ဖြေကြားခြင်းမျိုး၊
(၃) ပဋိပုစ္ဆာ ဗျာကရဏ-သူ့အားတစ်ဖန်ပြန်မေး ၍ဖြေကြားခြင်းမျိုး၊
(၄) ဌပနီယ ဗျာကရဏ- မေးသည်ကိုထား၍ အခြားသောပုံဆောင်ဖြေကြားခြင်းမျိုး၊ ၎င်းကိုပင် “ပဋိက္ခေပဗျာကရဏ''ဟူ၍လည်း ခေါ်သေး၏။ ♦

အဖြိုက်မျိုး ၄-ပါး

လချေး သို့မဟုတ် “ဝုလ်ဖရမ်''ခေါ် သံလိုက်ဆွဲ၍မရသော ကျောက်သံမျိုး ၄-ပါးဟူ၏။ ရသမဉ္ဇရီ သကဋဆေးကျမ်းမှယူသည်။
(၁) ပိနာလာမည်သော အဖြိုက်-မီး၌ ဖုတ်လတ်သော် အခက်အခက်ဝေဖြာလျက် ခိုင်မာစွာထွက်လာ၏၊
(၂) ဒဒုရ မည်သောအဖြိုက်ဖား အော်မြည်သံကဲ့သို့ရှိ၏၊
(၃) အဝဇရာမည်သောအဖြိုက်- မီး၌ချသော် ဖေါက်ပြန်သော ရုပ်အဆင်းရှိ၏၊ တစ်စုံတစ်ခုနှင့် မယှဉ်မတွဲရာ၊ အနာရောဂါရှိသောသူတို့ကိုတိုက်သော် သေဘေးမှကင်းဝေးစေ၏၊
(၄) နာဂမည်သောအဖြိုက်- မြွေဆိပ် မြွေမြုှပ်ကဲ့သို့ရှိ၏။ ♦

အဗျာကတ တရားမျိုး ၄-ပါး

ဓမ္မသင်္ဂဏီ။ ဋ္ဌ။ ၃၀၃
(၁) ဝိပါက်စိတ်၊
(၂) ကြိယာစိတ်၊
(၃) ရုပ်၊
(၄) နိဗ္ဗာန်။ ♦

အဘဗ္ဗပုဂ္ဂိုလ် တစ်ကျိပ် တစ်ယောက်

ရဟန်းမခံထိုက်သော ပုဂ္ဂိုလ်သို့မဟုတ် စျာန် မဂ် ဖိုလ်ကိုမရထိုက်သောပုဂ္ဂိုလ်တစ်ကျိပ်တစ်ယောက်ကို ခေါ်ဆိုသည်။
(၁) ပဏ္ဍက- ပဏ္ဍုက်၊
(၂) ထေယျသံဝါသက- ရှင်ရဟန်းအသွင်ကိုခိုးယူ၍ ရှင်ရဟန်းအစစ်တို့နှင့် ပေါင်းသင်းနေထိုင်သူ၊
(၃) တိတ္ထိယပက္ကန္တက- တိတ္ထိတို့ထံသို့ ရဟန်းဘောင်မှပယ်ခွာထားသူ၊
(၄) တိရစ္ဆာန- တိရစ္ဆာန်၊
(၅) မာတုဃာတက- အမိကိုသတ်သူ၊
(၆) ပိတုဃာတက-အဖကိုသတ်သူ၊
(၇) အရဟန္တဃာတက- ရဟန္တာကိုသတ်သူ၊
(၈) လောဟိတုပ္ပါဒက- ဘုရားအားသွေးစိမ်း တည်အောင်ပြုသူ၊
(၉) သံဃဘေဒက- သံဃာကိုဂိုဏ်းခွဲသူ၊
(၁၀) ဘိက္ခုနိ ဒူသက- ရဟန်းမိန်းမကိုဖျက်ဆီးသူ၊
(၁၁) ဥဘတော ဗျဉ္ဇနက- နှစ်လိင်ရှိသူ။ ♦

အဘိဇ္ဈာ အင်္ဂါ ၂-ပါး

၎င်းအမှုကံမြောက်နိုင်ရန် အင်္ဂါ ၂-ပါး။
(၁) ပရ ဘဏ္ဍံသူများ၏ စည်းစိမ်ဥစ္စာဖြစ်ခြင်း၊
(၂) အတ္ထ ပရိဏာမနံ- ငါရသော်တော်လေစွဟု မိမိသို့စိတ်ညွတ်ခြင်း။ ♦

အဘိညာဉ် ၅-ပါး၊ ၆-ပါး

မူလပဏ္ဏာသ။ ပါ။ ၂၀၉။ ဋ္ဌ။ ၁၀၁။ အပါဒါန်။ ဋ္ဌ။ ပ-အုပ်။ ၃၃၄။ အဘိဓမ္မာ ဝိဘင်း။ ပါ။ ၃၄၇။ ၎င်း။ ဋ္ဌ။ ၄၀၃-၌ အကျယ်ရှုပါ။ အလွန်အကျူးအထူး သိတတ်သော ဉာဏ်အမြင် ၆-ပါး။
(၁) ဒိဗ္ဗစက္ခု အဘိညာဉ်- နတ်မျက်စိကဲ့သို့ သိလိုရာကို အထူးမြင်တတ်သောဉာဏ်၊
(၂) ဒိဗ္ဗသောတ အဘိညာဉ်- နတ်နားကဲ့သို့အထူးကြားတတ်သောဉာဏ်၊
(၃) ပရိစတ္တ ဝိဇာနန အဘိညာဉ်- သူတစ်ပါး၏စိတ်ကိုသိသောဉာဏ်၊
(၄) ဣဒ္ဓိဝိဓ အဘိညာဉ်အထူးထူးသောတန်ခိုးကိုပြစွမ်းနိုင်သောဉာဏ်၊
(၅) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ရှေးဘဝ၌ဖြစ်ပျက်ခဲ့ဖူးသည်တို့ကို အစဉ်အောက်မေ့နိုင်သောဉာဏ်၊
(၆) အာသဝက္ခယ အဘိညာဉ်ကိလေသာ အာသဝေါကုန်ခမ်းစေတတ်သော အရဟတ္တမဂ်ဉာဏ်။

မှတ်ချက် ။ ။ ရှေ့ငါးပါးကို လောကီအဘိညာဉ်ဟုမှတ်လေ။ သာသနာပအခါမျိုး၌သော်လည်း သမထတရားကို အားထုတ်က ၎င်းငါးပါးကိုရနိုင်သည်။ ♦

အဘိညာဉ်(စိတ်) ဒွေး ၂-ပါး

ရူပကုသိုလ် ပဉ္စမစျာန်စိတ်နှင့် အရူပကိရိယာ ပဉ္စမစျာန်စိတ်။ ♦

အဘိညာမျိုး ၄-ပါး

၎င်းသရုပ်အဓိပ္ပါယ်အလုံးစုံ (ပဋိပဒါမျိုး ၄-ပါး) နှင့် တူ၏။ ♦

အဘိဏှပစ္စဝေက္ခဏာတရား ၅-ပါး

ရဟန်း ရှင်လူတို့ မပြတ်တစေ ဆင်ခြင်နေရမည့်တရား ၅-ပါး။
(၁) ဇရာဓမ္မ- အိုခြင်းသဘောကို မလွန်ဆန်နိုင်မှု၊
(၂) ဗျာဓိ ဓမ္မ- နာမကျန်းမှုကို မလွန်ဆန်နိုင်မှု၊
(၃) မရဏ ဓမ္မ-သေရခြင်းသဘောကိုမလွန်ဆန်နိုင်မှု၊
(၄) နာနာဘာဝ ဝိနာဘာဝ-ချစ်သူနှင့် သေကွဲရှင်ကွဲ သဘောမှ မလွန်ဆန်နိုင်မှု၊
(၅) ကမ္မဒါယာဒါ- ကိုယ်လုပ်မှုသာလျှင် ကိုယ်၏ခံစားခွင့် မွေအနှစ်၊ မှီခိုရာ ဆွေညာမျိုးစစ်ဖြစ်ခြင်း။ ♦

အဘိဓမ္မာ ၇-ကျမ်း

အဘိဓမ္မာပိဋကဝင် ကျမ်း ၇-ပါး။
(၁) ဓမ္မသင်္ဂဏီကျမ်း၊
(၂) ဝိဘင်းကျမ်း၊
(၃) ဓာတုကထာကျမ်း၊
(၄) ပုဂ္ဂလပညတ်ကျမ်း၊
(၅) ကထာဝတ္ထုကျမ်း၊
(၆) ယမိုက်ကျမ်း၊
(၇) ပဋ္ဌာန်းကျမ်း။ ♦

အဘိနန္ဒနတရား ၅-ပါး

သမုဒယသဘောဖြင့်မက်မောနှစ်သက်ခြင်းဝတ္ထုငါးပါးကိုခေါ်သည်၊ ၎င်းအဖြေ (ကာမဂုဏ်၅-ပါး) ၌ ရှုပါ။ ♦

အဘိနိဝေသ တရား ၂-ပါး

လောကုတ္တရာတရားကို အားထုတ်ရာစခန်း၌ နှလုံးသွင်းရာတရား ၂-ပါးဟူ၏။
(၁) သမထတရား၊
(၂) ဝိပဿနာတရား။ ♦

အမတ်ကြီးတို့အင်္ဂါ ၈-ပါး

၎င်းသရုပ်အဓိပ္ပါယ် (မှူးမတ်တို့ဂုဏ်အင်္ဂါ ၈-ပါး) ၌ ရှုပါ။ ♦

အမတ်မျိုး ၁၄-ပါး

မင်း၏ မှူးမတ်မျိုးပေါင်း ၁၄-ပါးဟူ၏။ အဘိဓါန်မှယူပြသည်၊ ထိုထက်အများလည်းရှိတန်ရာ၏။
(၁) မန္တိနီ- မင်းတိုင်ပင်အမတ်၊
(၂) သေနာနီ- စစ်သူကြီး ဗိုလ်မှူးအမတ်၊
(၃) အက္ခဒသော-တရားဝန်ကြီးအမတ်၊
(၄) ဒေါဝါရိကော- တံခါးမှူးအမတ်၊
(၅) အကနိဋ္ဌော- ကိုယ်ရံတော်ဗိုလ်မှူးအမတ်၊
(၆) မလ္လကော- လက်ပမ်းသည် လက်ဝှေ့တော်သတ်အမတ်၊
(၇) သေဝကော- မင်းခစား အဆောင်တော်မြဲအမတ်၊
(၈) ဂေရညိကော- ရွှေတိုက်စိုး ငွေတိုက်တော်မှူး (စံကိုင်ပွဲစားအမတ်၊)
(၉) အဓိကတော- ကလန်ခေါ် တစ်ရွာတည်းကိုကြီးကဲသောအမတ်၊
(၁၀) ဂေါဂေါ- သံပျင်ခေါ် သို့မဟုတ် မြို့သူကြီးခေါ် ရွာအများကိုကြီးကဲသောအမတ်၊
(၁၁) စရော- သလျှိုစုံထောက်အမတ်၊
(၁၂) ဒူတောတမန်တော်အမတ်(သံအမတ်၊)
(၁၃) ဂဏကော- ဂဏန်း ဟူးရားတတ်အမတ် စာရင်းစစ်မင်းကြီး၊
(၁၄) လေခကော- စာရေးကြီးအမတ်။ ♦

အမတေမျိုး ၉-ပါး

၎င်းအဖြေ (အမြုတေမျိုး ၉-ပါး) ၌ ရှုလေ။ ♦

အမေး ၄-ထွေ၊ အဖြေ ၅-ပါး

ယမိုက်။ ပါ။ ပ-အုပ်။ ၃၁။ ဋ္ဌ။ ၂၉၈-၌ အကျယ်ရှုပါ။ အမေး
(၁) ပုရေ ပဥှာ၊
(၂) ပစ္ဆာ ပဥှာ၊
(၃) ပရိပုဏ္ဏ ပဥှာ၊
(၄) မောဃ ပဥှာ။ အဖြေ
(၁) ပါဠိဂတိ ဝိသဇ္ဇနာ၊
(၂) ပဋိဝစန၊
(၃) သရူပ ဒဿန၊
(၄) ပဋိက္ခေပ၊
(၅) ပဋိသေဓ ဝိသဇ္ဇနာ။ ♦

အမေး ၅-ထွေ

ပဋိသမ္ဘိဒါမဂ်။ ပါ။။ ဋ္ဌ။ ပ-အုပ်။ ၅၆-။ မေးပုံမေးနည်းပုစ္ဆာမျိုး ၅-ပါး။ အဋ္ဌသာလိနီမှ။
(၁) အ ဒိဋ္ဌ စောဒနာ ပုစ္ဆာ- အသိမမြင်သောအနက်အဓိပ္ပါယ်ကို သိမြင်ချင်၍ မေးခြင်းမျိုး၊
(၂) ဒိဋ္ဌ သံသန္ဒနာ ပုစ္ဆာ- သိမြင်ပြီးသောအနက်အဓိပ္ပါယ်ကို မိမိနှင့်အယူအဆတူမတူ နှိုင်းယှဉ်လို၍မေးမြန်းခြင်းမျိုး၊
(၃) ဝိမတိစ္ဆေဒန ပုစ္ဆာ- အယူအဆ သံသယရှိနေသည်ကို ရှင်းပြတ်စေလို၍မေးမြန်းခြင်းမျိုး၊
(၄) အနုမတိ ပုစ္ဆာ- မိမိနှင့်သဘောတူဖြစ်ရန် မိမိအလိုသို့ လိုက်ပါစေလိုသောကြောင့် မေးမြန်းခြင်းမျိုး၊
(၅) ကထေတု ကမျတာပုစ္ဆာ-မိမိပင်လျှင် ဖြေကြားပြောဆိုလိုသောကြောင့် မေးမြန်းခြင်းမျိုး။ ♦

အမိုက်အပြား အင်္ဂါ ၄-ပါး ၂-နည်း

မူလပဏ္ဏာသ။ ပါ။ ၂၈။ ၎င်း။ ဋ္ဌ။ ပ-အုပ်။ ၁၃၄။ သီလက္ခန်။ ပါ။ ၈၀။ ဋ္ဌ။ ၂၄၀-တို့၌ အကျယ်ရှု။ လူမိုက်တို့၏စံချိန်ပြသော အမိုက်အမှောင်၏ အင်္ဂါလေးရပ်။ (က) သန်းကောင် တိမ်ပုပ်၊ တောအုပ် ဥမင်၊ မိုက် ၄-အင်၊ ဤ ၄-ပါးကား ဦးပုညဝတ္ထုလာတည်း။ (ခ) သန်းကောင် လကွယ်၊ တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည့်၊ မိုးလုံး တိမ်တိုက်၊ လျှပ်မကြိုက်သား၊ အမိုက်အပြား၊ ဤလေးပါးထက်၊ နင်ကားရာထောင် မကမှောင်၏။ (လယ်တီဆရာတော်) ♦

အမိုက်ကောင်ကြီး ၄-မျိုး

ဘေးရန်မပြုသည့်အရာကို ဘေးရှိသည်ထင်မှတ်နေသော-
(၁) တီကောင်၊
(၂) ကြိုးကြာ၊
(၃) တစ်တီတူး၊
(၄) ပုဏ္ဏား။ သုတ္တနိပါတ်။ ဋ္ဌ။ ဒု-အုပ်။ ၅၁- ၅၂။ ဥပရိပဏ္ဏာသ။ ဋ္ဌ။ ၁၄-တို့၌ ရှုပါ။ ♦

အမျက်ကြီးငြား၊ ၁၄-ပါး၊ မျိုးစားပုဂ္ဂိုလ် အဘယ်နည်း

မျက်မာန်ဒေါသ ဟူးဟူးထလွယ်သော ပုဂ္ဂိုလ်များဟူ၏။ ၎င်းအဖြေကို သြဝါဒထူးပျို့မှယူသည်။
(၁) အမျက်ကြီးရာ၊ ဆယ့်လေးဖြာကား၊ ချမ်းသာရိပ်ငြိမ်၊ နန်းစည်းစိမ်နှင့်၊ ရန်နှိမ်ကိုးပါး၊ မိုးကြိုးသွားကြောင့်၊ သိကြားအမျက်၊ ဟူးဟူးထွက်၏၊
(၂) အောက်ထက် ဆန်စုန်၊ တောင်သံဟုန်ကြောင့်၊ ဂဠုန်အမျက်၊ ဟူးဟူးထွက်၏၊
(၃) စက်ယန္တယား၊ ခိုးလျှံများကြောင့်၊ နဂါးအမျက်၊ ဟူးဟူးထွက်၏၊
(၄) ရန်ဘက်ဖျောက်လှေ့၊ ဟောက်တတ်လေ့ကြောင့်၊ ခြင်္သေ့အမျက်၊ ဟူးဟူးထွက်၏၊
(၅) လက်နက်ဆင်မြင်း၊ ဗိုလ်သင်းပင်းကြောင့်၊ မင်းတို့အမျက်၊ ဟူးဟူးထွက်၏၊
(၆) အောက်ထက်ကျွန်ကျေး၊ ရွေငွေကြေးကြောင့်၊သူဌေးအမျက်ဟူးဟူးထွက်၏၊
(၇) မောင်း လက်ခတ်တီး၊ အားအင်ကြီး၍၊ ထီးကပ္ပနား၊ ဆင်းရဲသားတို့၊ မာန်အားအမျက်ဟူးဟူးထွက်၏။
(၈) မခက်ခဲတွန်၊ အမှုပွန်၍၊ ကျေးကျွန်အမျက်၊ ဟူးဟူးထွက်၏၊
(၉) ဉာဏ်စက်နှံ့ဝန်း၊ ကျမ်းဂန်ပွန်း၍၊ ရဟန်းအမျက်၊ ဟူးဟူးထွက်၏၊
(၁၀) ရမ္မက်ကြီးမား၊ လောဘအားကြောင့်၊ မင်းသားအမျက်၊ဟူးဟူးထွက်၏၊
(၁၁) မခက်ဒေါသ၊ ဆင်းရူပကြောင့်၊ မိန်းမအမျက်၊ ဟူးဟူးထွက်၏၊
(၁၂) ဘုန်းလက်ရုံးအား၊ကောင်းမြောက်မြား၍၊ ယောက်ျားအမျက်၊ ဟူးဟူးထွက်၏၊
(၁၃) လိုက်ဖက်ဆေးဝါး၊ မန္တယားကြောင့်၊ သမားအမျက်၊ ဟူးဟူးထွက်၏၊
(၁၄) လေ့ကျက်နှံ့ပြား၊ ဗေဒင်အားကြောင့်၊ ပုဏ္ဏားအမျက်၊ ဟူးဟူးထွက်၏၊ စဉ်ဆက်မှတ်သား၊ ၁၄-ပါးသည်၊ တရားမရ၊ မျက်ဒေါသ။ ♦

အမျက်ထွက်ကြောင်းတရား ၉-ပါး၊ ၁၀-ပါး

၎င်းအဖြေ (ရန်ငြိုးဖွဲ့ကြောင်းတရား ၁၀-ပါး) ၌ ကြည့်ပါ။ ♦

အမျက်ပွားများ၊ ပြစ်တရား၊ ၅-ပါးကျမ်း၌ဆို

အမျက်ရန်ငြိုးထားသူတို့၏ အပြစ်ငါးပါး၊ ပဉ္စင်္ဂုတ္တရ အက္ကောသဝဂ် အက္ခန္တိကသုတ်မှ ယူဖြေသည်။
(၁) သူများစွာ၏ မချစ်အပ်ခြင်း၊
(၂) ကိုယ်၏စိတ်နှလုံးမကြည်ရွှင်ခြင်း၊
(၃) ဘေးရန်ပွားများခြင်း၊
(၄) တွေဝေသဖြင့်သေရခြင်း၊
(၅) သေလျှင် အပါယ်လားရခြင်း။ ♦

အမျိုးကြီး ၄-ပါး

နိဒါနဝဂ္ဂသံယုတ်။ ဋ္ဌ။ ၁၂၈-၌ အကျယ်ရှုပါ။ ကိုယ်ကျင့်တရား အလုပ်အကိုင်များဖြင့်ကွဲပြားသောအမျိုးလေးပါး။
(၁) ခတ္တိယ- လယ်မြေတို့ကိုအစိုးရသောမင်းမျိုး၊ လယ်ပိုင်ရှင်သူဌေးမျိုး၊
(၂) ဗြဟ္မဏ- ကိုယ်ကျင့်သီလရှိသော ရသေ့ရဟန်း ပုဏ္ဏားမျိုး၊
(၃) ဝေဿ- ကုန်သည် သူကြွယ်မျိုး၊
(၄) သုဒ္ဒ- သူဆင်းရဲမျိုး။ ♦

အမျိုး ၈-ပါး အနွယ်ပြား

မဟာနိဒ္ဒေသ။ ပါ။ ၃၉၈-၃၉၉။ ၎င်း။ ဋ္ဌ။ ၄၁၃-၌ အကျယ်ရှု။ ဤမျိုးနွယ် ၈-ပါးတို့တွင် အရိယ ဝံသသာ အမြတ်ဆုံးဟူ၏။
(၁) ခတ္ထိယ ဝံသ၊
(၂) ဗြဟ္မဏဝံသ၊
(၃) ဝေဿ ဝံသ၊
(၄) သုဒ္ဒ ဝံသ၊
(၅) သမဏ ဝံသ၊
(၆) ကုလ ဝံသ၊
(၇) ရာဇ ဝံသ၊
(၈) အရိယဝံသ။ ♦

အမြိတ္တစုက်ရက် ၆-မျိုး

ဝေဒသျှတြမှ၊ အမှုလုပ်ငန်းတို့ကို အောင်မြင်စေတတ်သည့် ရက်မွန်ရက်မြတ် ၆-ပါးဟူ၏။
(၁) လဆန်း လဆုတ် ၈-ရက်နေ့၌ တနင်္ဂနွေကျမှု၊
(၂) လဆန်း လဆုတ် ၃-ရက်နေ့၌ တနင်းလာကျမှု၊
(၃) လဆန်း လဆုတ် ၇-ရက်နေ့၌ အင်္ဂါကျမှု၊
(၄) လဆန်း လဆုတ် ၂-ရက်နေ့၌ ဗုဒ္ဓဟူးကျမှု၊
(၅) လဆန်း လဆုတ် ၄-ရက်နေ့၌ ကြာသပတေးကျမှု၊
(၆) လဆန်း လဆုတ် ၁-ရက်နေ့၌ သောကြာကျမှု အမြိတ္တစုက်ရက်ဖြစ်၏။ ကျက်မှတ်ရန်လင်္ကာ

ဂဠုန် အဋ္ဌ၊ ဗျဂ္ဃ တြိန်း၊ တွက်ကိန်း မရွေ့၊ ခြင်္သေ့ သတ္တာ၊ ဆင်မှာ ၂-ရက်၊၄-ရက်မှာတုံ၊ ကြွက်မင်းကြုံမှ၊ ဆိုတုံမခြား၊ တရက်ကား ပူး၊ ရန်ညွန့်ခူးတည့်၊ အထူးရေနတ်၊ ၅-ရက်မှတ်သည်၊ ဗြို့ဟဇ်ဗေဒင် ကျမ်းလာတည်း။ ♦

အမြုတေ ပုလဲမျိုး ၉-ပါး

အ မရိတ ဘိသဂ္ဂ ဆေးကျမ်းကြီးမှ။ ကြည်းနေ ကိုးကုဋေ၊ ရေနေ ဆယ်ကုဋေ သတ္တဝါအချို့တို့မှဖြစ်သော “အမြုတေ''ခေါ် ပုလဲဓါတ် ၉-ပါးဟူလို။
(၁) ရဇတ မုတ္တာ- ငွေအဆင်းကဲ့သို့ဖြူဖွေးသောအရောင်ရှိလျက် စားကောင်းသောက်ဖွယ် ထမင်း အဖျော်တို့ကို ကျေးဇူးပြုတတ်သောအမြုတေဓါတ်တစ်မျိုး။
(၂) သုဝဏ္ဏ မုတ္တာ- ရွှေနီအဆင်းကဲ့သို့ နီရွှေသောအရောင်ရှိလျက် နှစ်သက်ဖွယ်သောကိုယ်အဆင်း သဏ္ဍာန်ကို ကျေးဇူးပြုတတ်သောအမြုတေဓါတ်တစ်မျိုး။
(၃) ဃံသ မုတ္တာ- ကြေးနီမရမ်းစေ့ကဲ့သို့ အနီပုပ်အရောင်ရှိလျက် ကြောက်လန့်ဖွယ်သောအသံကို ကျေးဇူးပြုတတ်သော အမြုတေဓါတ်တစ်မျိုး။
(၄) လောဟိတ မုတ္တာ- ကတောက်ပွင့်၊ အောင်မဲညိုပွင့်ကဲ့သို့ အဆင်းရောင်ရှိလျက် အခြွေအရံ ပရိတ်သတ်ကိုကျေးဇူးပြုတတ်သော အမြုတေဓါတ်တစ်မျိုး။
(၅) နီလ မုတ္တာ- ညိုမောင်းသောအဆင်းရောင်ရှိလျက် အဝတ်ပုဆိုးကိုကျေးဇူးပြုတတ်သော အမြုတေဓါတ်တစ်မျိုး။
(၆) ပီတ မုတ္တာ- မြသား မြရည်အဆင်းကဲ့သို့ စိမ်းသောအရောင်ရှိလျက် ဥယျာဉ်သစ်သီးသစ်ပွင့် တို့ကိုကျေးဇူးပြုတတ်သော အမြုတေဓါတ်တစ်မျိုး။
(၇) ကာဠ မုတ္တာ- မင်ရည် မင်သွေးအဆင်းကဲ့သို့ နက်သောအရောင်ရှိလျက် ရှိန်းဆာယာ သူတစ်ပါးတို့မမြင်အောင်ကွယ်ဝှက်စေတတ်သောအမှုဖြင့် ကျေးဇူးပြုတတ်သော အမြုတေ ဓါတ်တစ်မျိုး။
(၈) ပဘဿရ မုတ္တာ- အရောင်ခြောက်သွယ်တို့တည်ရှိလျက် ထူးသောနာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်းကွယ်ပျောက်စေနိုင်ခြင်း၊ ဘီလူး သစ် ကျား မြွေ နဂါးစသော အဆိပ်မျိုးသင့်သော ဘေး မီးဘေး၊ ရေဘေးများကို ဖယ်ရှားပပျောက်စေနိုင်သော အမြုတေဓါတ်တစ်မျိုး။
(၉) ဝိယောဇန မုတ္တာ- နဝရတ် ၉-ပါးကဲ့သို့ ပြိုးပြိုးပြက်ပြက်တစ်ခဲနက် ဝင်းဝင်းပြောင်ပြောင် ဆီမီးရောင်ထွန်းပလျက် ကောင်းကင်ပျံနိုင်ခြင်း မြေလျှိုးနိုင်ခြင်း လူတို့ချစ်ခင်မြတ်နိုးခြင်း၊ ရန်သူ အပေါင်းကိုနိုင်ခြင်း၊ သေနတ် သစ်ချွန် ဓါး လှံ လက်နက် မစူးမရှနိုင်ခြင်း၊ အားခွန်ကြီးခြင်း၊ စသော တစ်ထောင်သောအကျိုးကျေးဇူးကိုပြုပေးတတ်သောအမြုတေဓါတ်တစ်မျိုး။

မှတ်ချက် ။ ။ နဂါး ဂဠုန် ဆဒ္ဒန်ဆင်မင်း သိန္ဓဝမြင်း ဝေလာဟကမြင်း အာကာသဘိန္နမြင်း ဝလာသဝမြင်း၊ သုဝဏ္ဏသာမမြင်း ဤသတ္တဝါရှစ်ဦးတို့ကား မိမိတို့ကမ္မဇီဒ္ဓိတန်ခိုးဖြင့် မြေလျှိုးမိုးပျံအထူးထူးသောသဏ္ဍာန်ကိုဖန်ဆင်းနိုင်၏၊ ၎င်းတို့ကဖြစ်သော အမြုတေဓါတ်များကို ၎င်းတို့သေလျှင် နတ်ဘီလူးကုမ္ဘဏ်တို့ကထုတ်ယူ၍ ဝေဿဝဏ္ဏနတ်မင်းကြီးထံ ပို့ဆက်ရကုန်၏၊ လူတို့မသုံးဆောင်ရကုန်။ သို့ဖြစ်၍ လောက၌ သူများထက်ထူးကဲလွန်ချွန်သော အစွမ်းသတ္တိတန်ခိုးသတ္တိရှိကြသော လူ ဆင်မြင်း ခွေး ဝက် ကြက် ငှက် ငါး ကြောင်စသော သတ္တဝါတို့၏ဦးခေါင်း၌ များသောအားဖြင့် 'အမြုတေ'ခေါ် ပုလဲဓါတ်တစ်မျိုးရှိ တတ်သည်ဖြစ်၍ သိဒ္ဓိလိုလားသောအမျိုးသားတို့သည် သတိရှေ့ထား၍ စူးစမ်းရှာမှီးကြရာသည်။ ♦

အမြိုက်တရား၊မျိုး ၄-ပါး၊ ဘုရားဟောတော်မူ

သစ္စာ ၄-ပါးတရားကိုပင် အမြိုက်တရား ၄-ပါးဟု သိမှတ်ရာ၏။ ♦

အမြိုက်တရားမျိုး ၅-ပါး

အမရိတခေါ် သေနိုင်ခဲသောဆေးငါးပါးဟူ၏။
(၁) နွားနို့၊
(၂) နို့ဓမ်း၊
(၃) ထောပတ်၊
(၄) ပျားရည်၊
(၅) သကြား။ ♦

အမွေခံထိုက်သော သား ၆-ပါး

ဤသည်တို့ကား အဋ္ဋသင်္ခေပကျမ်း ပုဒ်မ ၁၅၀။ ဓမ္မသတ်ပေါင်းချုပ်ကျမ်း ပဌမတွဲ ပုဒ်မ ၁၆-၁၈။ မနုကျယ် ဒဿမတွဲတို့၌လာကုန်သည်။
(၁) သြရသ- ရင်၌ဖြစ်သောသား၊
(၂) ခေတ္တဇ-ကျွန်မနှင့်သင့်နေရာ မွေးသောသား၊
(၃) ဟေဋ္ဌိမအပြောင်မယားသား၊
(၄) ပုဗ္ဗက- မယားပါ လင်ပါအထက်သား၊
(၅) ကိတ္တိမ- အမွေခံသားအဖြစ် အထင်အရှားမွေးစားသောသား၊
(၆) အပတိဋ္ဌ- ကောက်၍မွေးသောသား၊ (ဆရာဇီဝကတို့လိုသားမျိုး) ♦

အမွေမခံထိုက်သော သား ၆-ပါး

ဤသား ၆-ယောက်တို့ကား အမွေမခံထိုက်ဟု အဋ္ဋသင်္ခေပကျမ်း ပုဒ်မ ၁၅၀။ ဓမ္မသတ်ပေါင်းချုပ် ပထမတွဲ ပုဒ်မ ၁၇-၁၈။ မနုကျယ် ဒသမတွဲ ပုဒ်မ ၈၁-တို့၌ဆိုကုန်၏။
(၁) ဒိန္နကသား- သူတစ်ပါးကပေး၍ ရသောသားမျိုး၊
(၂) သဟောဎ္ဍုသား- ဝယ်၍ရသောသားမျိုး၊
(၃) ပုနာနုဗ္ဗဝသား- မိမိမယား သူတစ်ပါးနှင့်ပျော်ပါး၍၊ သို့မဟုတ် ညား၍ရသောသားမျိုး၊
(၄) ကီဠိတ သား- ကစားမြူးထူးရာရသောသားမျိုး၊
(၅) သွနုတ္တသား- မိဘစကားနားမထောင် ခွေးနှင့်တူသောသား၊ (မိဘကိုရန်သူကဲ့သို့ကျင့်သောသား ဟူလို)
(၆) ဆာတဘတ္တ သား- ထမင်းငတ်သည့်အခါ မှီခိုလာသည့် သားမျိုး။ ♦

အမွှေးမျိုး ၄-ပါး

ပရဆေးခေါ် အပေါင်းစကား၊ ၎င်းဆေးကို သွေးလေချုပ်သောအနာ ချွေးခြောက်ခန်းသောအနာ မူးဝေသောအနာ မုတ္တကိတ်နာ ရေငတ်နာတို့အတွက်သုံးသည်။
(၁) သစ်ကြံပိုးခေါက်၊
(၂) ဖာလာစေ့၊
(၃) ကရဝေးရွက်၊
(၄) ကံကော်ဝစ္ဆံ။ ♦

အယဉ် ၂-ပါး

နေမင်း၏သွားလမ်း လာလမ်းနှစ်ပါးကိုဆိုသည်။ အကျယ် (ယဉ် ၂-ပါး) မှာ ကြည့်ပါ။ ♦

အယုတ်တရား ၂-ပါး

သတ္တဝါတို့အား ယုတ်ညံ့ရိုင်းဆိုင်း စျာန် မဂ်ဖိုလ်သို့ ကျောခိုင်းစေသောတရား ၂-ပါး။
(၁) အတ္တ ကိလမထာနုယောဂ- မိမိကိုယ်ကို ဆင်းရဲအမျိုးမျိုးတို့နှင့်ယှဉ်စေ၍ကျင့်သော အယုတ်တရားဟူသမျှ၊
(၂) ကာမသုခလ္လိကာနုယောဂ- မိမိကိုယ်ကို ကာမဂုဏ်ချမ်းသာအမျိုးမျိုးတို့နှင့် ယှဉ်တွဲကျင့်ကြံ၍နေခြင်းမျိုး။ ♦

အရက်မျိုး ၅-ပါး

လူမပြုသော်လည်း အလိုအလျောက်ဖြစ်နေတတ်သော မေရယခေါ်အရက်မျိုးငါးပါး။
(၁) ပုပ္ဖါသဝ- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
(၂) ဖလာသဝ-သစ်သီးရည်မှဖြစ်သောအရက်၊
(၃) မဓွာသဝ-မုဒရက်ရည်မှ ဖြစ်သောအရက်၊
(၄) ဂုဠာသဝ-ကြံရည်မှဖြစ်သောအရက်၊
(၅) သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်းဝတ္ထုပေါင်းတို့စုပေါင်း၍ဖြစ်သောအရက်။ ♦

အရက်သောက်ခြင်းအပြစ် ၆-ပါး

သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၇။ ဤ၌ မျက်မှောက်လောက ပြစ် ၆-ပါးကို ဖြေဆိုလိုက်သည်၊ သံသရာပြစ်လည်း ကြီးလေးလှ၏။ “ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျောစောမဲ့တုံ၊ မလုံ အင်္ဂါ၊ ပညာ နည်းရှား၊ ဤ ၆-ပါးကား၊ သောက်စားသေစာအပြစ်တည်း။ “ ♦

အရပ် ၈-ပါးနှင့် ကျိုး ပြစ်တရား

ဗေဒင်ကျမ်းလာအရပ်ရှစ်ပါးဟူလို။ လောကီရေးလိုက်စားသူတို့အဖို့ မိမိမွေးနံအရပ်ကစ၍ လက်ယာရစ်ချလေ။
(၁) ပရိဝါရ၊
(၂) အာယု၊
(၃) နဂရ၊
(၄) ဘူမိ၊
(၅) ဂဟပတိ၊
(၆) တေဇ၊
(၇) ဌာန၊
(၈) သီရိ။ မိမိနံက၊ လက်ယာပြ၊ ရေကြရှစ်မျက်နှာ။ ပရိဝါရ၊ နေကြမြဲတွင်၊ အာယုလျှင်၊ နံပင် စိုက်သင့်ပါ။ နဂရ ရွာပြည်၊ တည်ထောင်လေဘိ၊ ဘူမိညစ်ကြေး၊ စွန့်ပစ်သွေး၊ ထားရေးသမိုင်းသာ။ ဂဟပတိ၊ ထားဘိကျီကျ၊တေဇရပ်မွန်၊ ထီးတံခွန်၊ ကျောင်း ကန်တည်ဖို့ရာ။ ဌာန၌ကား၊ ကျွဲ နွား မြင်း ဆင်၊ ထားလျှင်သင့်မြတ်၊သီရိရပ်၊ ထားအပ်လယ်မြေယာ။ ♦

အရပ် ၁၀-မျက်နှာ

မေတ္တာပို့ရာ၌ပါသော အရပ်မျက်နှာဆယ်ပါး။ (က) အရှေ့ အနောက် တောင် မြောက်၄-ပါး။ (ခ) အရှေ့တောင်ထောင့်၊ အနောက်တောင်ထောင့်၊ အရှေ့မြောက်ထောင့်၊ အနောက်မြောက်ထောင့် ၄-ပါး။ (ဂ) အထက်အရပ် အောက်အရပ် ၂-ပါး၊ ပေါင်း ၁၀-ပါး။ ♦

အရပ်ပြစ် ၈-ပါး

အဋ္ဌက္ခဏ ခေါ် မဂ်ဖိုလ် နိဗ္ဗာန် သာသနိကဓမ္မတို့နှင့် ဆန့်ကျင်ဘက်ဖြစ်၍ ခဏကောင်း မဟုတ်သောအရပ်၏အပြစ်ရှစ်ပါး။ ၎င်းအဖြေ (ရပ်ပြစ် ၈-ပါး) ၌ ရှုပါ၊ ၂-နည်းပြထား၏။ ♦

အရပ်မျက်နှာ၊ ဆဒိသာ၊ ၆-ဖြာအဘယ်နည်း

ဆဒိသာပါလ ပရိတ်တော်လာ အရပ်မျက်နှာ ခြောက်ပါးကိုဆို၏။
(၁) ပုရတ္ထိမ- အရှေ့အရပ်၊
(၂) ဒက္ခိဏ- တောင်အရပ်၊
(၃) ပစ္ဆိမအနောက်အရပ်၊
(၄) ဥတ္တရ-မြောက်အရပ်၊
(၅) ဥဒ္ဓံ- အထက်ကောင်းကင်အရပ်၊
(၆) အဓေါမြေအောက်အရပ်။ ♦

အရသာ ၆-ပါး၊ ၇-ပါး၊ ၉-ပါး၊ ၃-နည်း

ဤအဖြေ၌ ၆-ပါးကားအဘိဓါန်ကျမ်းလာတည်း။
(၁) ကသာဝေါ-အဖန်၊
(၂) တိတ္တော- အခါး၊
(၃) မဓုရောအချို၊
(၄) လဝဏော- အငန်၊
(၅) အမ္ဗိလော- အချဉ်၊
(၆) ကဋုကော- အစပ်။

မှတ်ချက် ။ ။ ဆေးကျမ်းများ၌ အဆိမ့်ဟူသောအရသာထည့်၍ ၇-ပါးလာသည်

တစ်နည်း ပူသောအရသာ အေးသောအရသာထည့်၍ ၉-ပါးလာသည်။ ရသသင်္ဂဟကျမ်းအလို အဖန်ကိုအဆိမ့်၌ထည့်သွင်း၍ ၆-ပါးပင်ယူလေသည်။ ဒဗ္ဗဂုဏ်ဆေးကျမ်း၊ ဘေသဇ္ဇမဉ္ဇူသာ ဆေးကျမ်း စသည်တို့၌မူ ဆိမ့်, ဖန်နှစ်ပါးအရသာပြားသောကြောင့် ပေါင်းရန်မနှစ်သက်ကြကုန်၊ စင်စစ် အဆိမ့်နှင့် အချိုနှစ်ပါးသာ အစွမ်းသတ္တိအကျိုးဂုဏ် မထူးခြားသည်ဖြစ်၍ ပေါင်းရမည်ဆိုကုန်၏။ သင့်မြတ်လှ၏၊ မာဂဓ သက္ကဋအဘိဓါန်နှင့်ထိုထိုပိဋကတ်တော်တို့၌ ဘာသာအကျော် ဆရာတော်တို့ကိုယ်တိုင်လည်း သာဓုသဒ္ဒါ မဓုရ သဒ္ဒါတို့ကို ချိုဆိမ့်သောအရသာ မြိန်မြတ်သောအရသာဟု ပြန်ဆိုမှာထားတော်မူခဲ့လေပြီ။ ထို့ကြောင့် အဆိမ့်၏ပါဠိကို ရသသင်္ဂဟ ဆရာ့အလို (ကသာဝ-ကသာယ) ဒဗ္ဗဂုဏ်စသော လောကီကျမ်း ပိဋကတ်ကျမ်းတို့အလို (သာဓု မဓူရ) ဟု သိရှိသီကုံး သုံးနှုန်းကြရာ၏။ ♦

အရိပ် ၅-ပါး၊ ခိုလှုံငြား၊ မမှားချမ်းသာရာ

(၁) ရုက္ခ ဆာရာ- သစ်ပင်ရိပ်၊
(၂) ဉာတိ မာတာ ပိတာ-မိ ဘ ဆွေဉာ အရိပ်၊ အာစရိယ ဆာယာ- ဆရာကောင်းတို့အရိပ်၊
(၄) ရာဇဿ ဆာယာ- မင်းကောင်းမင်းမြတ်တို့အရိပ်၊
(၅) ဗုဒ္ဓဿ ဆာယာ- မြတ်စွာဘုရားသခင်တို့၏ သာသနာတော်အရိပ်ဟူ၏။ ♦

အရိယာဝေါဟာရ ၈-ပါး

သုတ္တနိပါတ် ပါဠိတော်နှင့် အဋ္ဌကထာ။ ကသိဘာရဒွါဇသုတ်မှ ဒိဋ္ဌ၊ သုတ၊ မုတ၊ ဝိညာတ။ အဒိဋ္ဌ၊ အသုတ၊ အမုတ၊ အဝိညာတ။ ဤ ၈-ပါးသော ဝေါဟာရတို့၌ ဒိဋ္ဌေ ဒိဋ္ဌ ဝါဒိတာ၊ အဒိဋ္ဌေ အဒိဋ္ဌ ဝါဒိတာ စသည်တို့ဖြစ်၏။
(၁) မမြင်သည်ကို မမြင်ဟုပြောခြင်း၊
(၂) မကြားသည်ကို မကြားဟုပြောခြင်း၊
(၃) မတွေ့ရောက်သည်ကို မတွေ့ရောက်ဟုပြောခြင်း၊
(၄) မသိတာကို မသိဟုပြောခြင်း၊
(၅) မြင်တာကို မြင်တယ်ဟုပြောခြင်း၊
(၆) ကြားတာကို ကြားတယ်ဟုပြောခြင်း၊
(၇) တွေ့ရောက်တာကို တွေ့ရောက်တယ်ဟုပြောခြင်း၊
(၈) သိတာကို သိတယ်ဟုပြောခြင်း။ အကျယ်- သုတ်သီလက္ခန်။ ဋ္ဌ။ ၁၉၄။ ၂၀၇။ ဣတိဝုတ်။ ဋ္ဌ။ ၈၂။ ၂၀၆။ သာရတ္ထ။ တတိယ-အုပ်။ ၄၇၃-တို့၌ အကျယ်ရှုပါ။ ♦

အရိယာ၈-ယောက်

ဤ၌ အများသိဖြစ်သော အရိယာဇာတ်အစစ်ဖြစ်သည့် မဂ္ဂဋ္ဌာန် ၄-ယောက်+ဖလဋ္ဌာန် ၄-ယောက်ကိုဆိုသည်၊ သရုပ်၎င်းတို့မှာကြည့်လေ။ ♦

အရိယာအင်္ဂါ ၄-ပါး

၎င်းသရုပ်အဓိပ္ပါယ်ကို (သောတာပန် အင်္ဂါ ၄-ပါး) ဟူသော ပုဒ်၌ကြည့်ပါ။ ♦

အရိယာ အပြားမျိုး ၄-ပါး

ဇာတ်။ ဋ္ဌ။ ဒု-အုပ်။ ၃၈-နှင့် ၂၅၆-တို့၌ အကျယ်ရှုပါ။
(၁) အာစာရအရိယာ- မြတ်သောအကျင့်ကိုကျင့်သော လူ ရဟန်း တိရစ္ဆာန်၊
(၂) ဒဿန အရိယာ- ဣရိယာပိုထ် ၄-ပါး၌ ကြည်ညိုဖွယ်ရှိသော လူ ရဟန်း တိရစ္ဆာန်၊
(၃) လိင်္ဂ အရိယာ- ရဟန်းတော်မြတ်များနှင့် ဝတ်ရုံခြင်းအသွင်အပြင်တူသောပုဂ္ဂိုလ်၊
(၄) ပဋိဝေဓ အရိယာမဂ် တရားဖိုလ်တရားရပြီးသော ဘုရားစသော အရိယာပုဂ္ဂိုလ်ရှစ်ယောက်။ ♦

အရိယာအပြား ၁၄၆-ပါး၊ တစ်နည်း ၁၉၄-ပါး

ဤ၌ အရိယာရှစ်ပါး ဘုရား ပစ္စေကဗုဒ္ဓါတို့ကိုမူတည်၍မြှောက်ပွားသည်။ ၎င်းပွားနည်းကို နေတ္ထိ အဋ္ဌကထာ ပုဂ္ဂလပညတ် အဋ္ဌကထာ ဝိသုဒ္ဓိမဂ်နှင့် ၎င်းမဟာဋီကာတို့၌ရှုပါလေတော့၊ အဖြေမှာ ကျယ်ဝန်းလွန်းသဖြင့် ဤ၌မပြနိုင်ပေ။ ♦

အရိယာ ဥစ္စာ ၇-ပါး

သတ္တင်္ဂုတ္တရ။ ပါ။ ၃၉၈။ သုတ်ပါထေယျ။ ပါ။ ၂၀၈။ ဋ္ဌ။ ၂၂၁-တို့၌ သတ္တအရိယ ဓနာနိ- ဟု ဘုရားဟောတော်မူသည်။
(၁) သဒ္ဓါ ဓနံ- ရတနာသုံးပါးဂုဏ်တရားနှင့် ကံ ကံ၏အကျိုးများကိုယုံစားခြင်း၊
(၂) သီလ ဓနံသီလတည်းဟူ သောဥစ္စာ၊
(၃) ဟိရီ ဓနံ- မကောင်းမှု၌ရှက်ခြင်းဥစ္စာ၊
(၄) သြတ္တပ္ပ ဓနံ- မကောင်းမှု၌ ကြောက်ခြင်းဥစ္စာ၊
(၅) သုတ ဓနံ- အကြားအမြင်များခြင်းဥစ္စာ၊
(၆) စာဂ ဓနံပေး စွန့်လှူဒါန်းခြင်းဥစ္စာ၊
(၇) ပညာ ဓနံ- မဂ်ဖိုလ် ပညာဥစ္စာ။ ♦

အရိယာ ဥပုသ်မျိုး ၆-ပါး

၎င်းအဖြေ “ဥပုသ်မျိုး ၆-ပါး''၌ ရှုပါလေ။ ♦

အရိယာ ကထာမျိုး ၁၀-ပါး

မဟာနိဒ္ဒေသ။ ပါ။ ၁၆၉။ ဋ္ဌ။ ၂၅၈။ အရိယာပုဂ္ဂိုလ်များ ပြောကြားလေ့ရှိသောစကားမျိုး ၁၀-ပါးဟူ၏။
(၁) အပိစ္ဆကထာ- အလိုနည်းမှုနှင့်စပ်သောစကား၊
(၂) သန္တုဋ္ဌိကထာ- ရောင့်ရဲလွယ်မှုနှင့်စပ်သော၊
(၃) ပဝိဝေက ကထာ- ဆိပ်ငြိမ်မှုနှင့်စပ်သော၊
(၄) အ သံသဂ္ဂ ကထာ- ရှင်လူတို့နှင့် ရောရောစပ်စပ်မဆက်ဆံလိုကြောင်းနှင့်စပ်သော၊
(၅) ဝီရိယာရမ္ဘ ကထာ- ဝိပဿနာတရားအားထုတ်ကြိုးစားမှုနှင့်စပ်သော၊
(၆) သီလ ကထာ၊
(၇) သမာဓိ ကထာ၊
(၈) ပညာ ကထာ
(၉) ဝိမုတ္တိ ကထာ- မဂ်ဖိုလ်နှင့်စပ်သော၊
(၁၀) ဝိမုတ္တိ ဉာဏဒဿန ကထာ- ပစ္စဝေက္ခဏာဉာဏ်နှင့်စပ်သောစကား။ ♦

အရိယာတို့ နှလုံးမသွင်းမပြုလုပ်သောတရား ၈-ပါး

ဧကင်္ဂုတ္တရ။ ပါ။ ၂၈။ ဋ္ဌ။ ၃၅၂-၌ အကျယ်ရှု။
(၁) သင်္ခါရတရားစုကို သုခဟုနှလုံးမသွင်းခြင်း၊
(၂) အတ္တဟု နှလုံးမသွင်းခြင်း၊
(၃) မာတုဃာတက၊
(၄) ပိတု ဃာတက၊
(၅) အရဟန္တ ဃာတက၊
(၆) လောဟိတုပ္ပါဒက၊
(၇) သံဃဘေဒကကံတို့ကို မကျူးလွန်တော့ခြင်း၊
(၈) ဗုဒ္ဓသာသနာတော်မှ တစ်ပါးသောဆရာတို့ကို မရှာမှီးတော့ခြင်း။ ♦

အရိယာပုဂ္ဂိုလ် ၉၆-ယောက်

အဘိဓမ္မာပိဋက ပုဂ္ဂလပညတ်။ ပါ။ ၁၁၉- ၁၂၀။ ၎င်း။ ဋ္ဌ။ ၄၇-မှ ၅၃-ထိယူပါ၊ အခြား ပိဋကတ်များမှာလည်း ပါရှိသေးသည်။
(၁) သောတာပန် ၂၄-ယောက်၊
(၂) သကဒါဂါမ် ၁၂-ယောက်၊
(၃) အနာဂါမ် ၄၈-ယောက်၊
(၄) ရဟန္တာ ၁၂-ဦး၊ ပေါင်း ၉၆-ယောက်ဖြစ်၏။ ♦

အရိယာပုဂ္ဂိုလ် ၁၀၈-ယောက် တစ်နည်း

သုတ္တနိပါတ်။ ပါ။ ၃၁၃။ ၎င်း။ ဋ္ဌ။ ပ-အုပ်။ ၂၈၂။ ခုဒ္ဒကပါဌ။ ပါ။။ ၎င်း။ ဋ္ဌ။ ၁၅၂။ သောတာပန် ၃-ယောက်ကို ပဋိပဒါ ၄-ပါးနှင့် မြှောက် ၁၂-ယောက်ဖြစ်၏၊ သကဒါဂါမ် ၁၂-ယောက်၊ အနာဂါမ် ၂၄-ယောက်၊ သုက္ခ ဝိပဿက ရဟန္တာ ၁၊ သမထယာနိက ရဟန္တာ-၁၊မဂ္ဂဋ္ဌာန် ၄-ယောက်၊ ပေါင်း ၅၄-ယောက် သဒ္ဓါဓုရ၊ ပညာဓုရ ၂-ပါးနှင့် မြှောက်ပွားသော် အရိယာ ၁၀၈-ယောက်ဖြစ်၏။ ♦

ဣရိယာပုထ် ၄-ပါး

(၁) သွားခြင်း၊
(၂) ထိုင်ခြင်း၊
(၃) ရပ်ခြင်း၊
(၄) လျောင်းစက်အိပ်ခြင်း။ ♦

အရိယာ ဖိုလ် ၄-ပါး

အရိယာပုဂ္ဂိုလ်တို့သာ နိဗ္ဗာန်ချမ်းသာကိုခံစားနိုင်သောအရိယာမဂ်၏အကျိုးဖြစ်သော''ဖိုလ်စိတ် ၄-ပါး''ကိုခေါ်သည်။ ♦

အရိယာဖြစ်ကြောင်းတရား ၄-ပါး

၎င်းအဖြေ “သောတာပန်ဖြစ်ကြောင်းအင်္ဂါ ၄-ပါး''၌ ရှုပါလေ။ ♦

အရိယာမဂ် ၄-ပါး

အရိယာပုဂ္ဂိုလ်တို့သာ နိဗ္ဗာန်ကိုမြင်တွေ့ရသောစိတ်များ။
(၁) သောတာပတ္တိမဂ်၊
(၂) သကဒါဂါမိမဂ်၊
(၃) အနာဂါမိမဂ်၊
(၄) အရဟတ္တမဂ်။ ♦

အရိယဝံသတရား ၄-ပါး

အရိယာနွယ်ဝင် သူတော်စင်တို့ ရသမျှနှင့်နှစ်သက်စွာ လိုက်နာပြုကျင့်ရမည့် တရားလေးပါးဟူလို၊ (သင်္ဂီတိသုတ်နှင့် အင်္ဂုတ္တိုရ်အဋ္ဌကထာ စတုတ္ထ။ )
(၁) စီဝရ သန္တောသ- အဝတ်သင်္ကန်း၌ရောင့်ရဲလွယ်ရခြင်း၊
(၂) ပိဏ္ဍပါတ သန္တောသဆွမ်း ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ၌ ရောင့်ရဲလွယ်ရခြင်း၊
(၃) သေနာသန သန္တောသကျောင်း အိပ်ယာနေရာ၌ ရောင့်ရဲလွယ်ရခြင်း၊
(၄) ဘာဝနာ ရမ္မတာ- ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပွားများခြင်း၌ မွေ့လျော်ရခြင်း။ ♦

အရိယာဝါသ တရား ၁၀-ပါး

သုတ်ပါထေယျ။ ပါ။ ၂၂၄။ ၂၅၇။ ဋ္ဌ။ ၂၃၄-၌ အကျယ်ရှု။ သောတာပန်စသောအရိယာပုဂ္ဂိုလ်တို့သည် အောက်ပါတရား ၁၀-ပါးနှင့် အမြဲနေ၏။
(၁) ပဉ္စင်္ဂ ဝိပ္ပဟီန- နီဝရဏတရား ငါးပါးတို့ကို ပယ်ပြီးခြင်း၊
(၂) ဆဠင်္ဂ သမန္နာဂတ- အာရုံ ၆-ပါးအတွေ့၌သာ, မသာမရှိခြင်း၊
(၃) ဧကာရက္ခ- ကံသုံးပါးမကျူးလွန်မှု၌ သတိနှင့်အမြဲနေ၏၊
(၄) စတုရာပေဿန- ပညာဖြင့်သာ မှီဝဲ သည်းခံ ကြဉ်ရှောင် ပယ်ဖျောက်ခြင်း ကိစ္စလေးပါးတို့၌ အမြဲဆင်ခြင်၍ပြုခြင်း၊
(၅) ပနုဏ္ဏပစ္စေက သစ္စ-ငါ့ဉာဏ်မြင်နှင့် ငါ့အယူသာမှန်၏ဟူသော ဒိဋ္ဌိသစ္စာကိုပယ်ခြင်း၊
(၆) သမဝယ သဋ္ဌေသန- အကျင့်ကိုရှာမှီးခြင်းမှငြိမ်းပြီးဖြစ်၍ ချမ်းသာစွာနေခြင်း၊
(၇) အနာဝိလ သင်္ကပ္ပ- သင်္ကပ္ပသုံးပါးကို ပယ်၍နေခြင်း၊
(၈) ပဿဒ္ဓ ကာယသင်္ခါရ- စတုတ္ထစျာန်ကိုဝင်စား၍နေခြင်း၊
(၉) သုဝိမုတ္တ စိတ္တ- ရာဂ ဒေါသ မောဟတို့မှစိတ်လွတ်၍နေခြင်း၊
(၁၀) သုဝိမုတ္တ ပညာ- ရာဂ ဒေါသ မောဟတို့ကို ပယ်ပြီးဖြတ်ပြီး တစ်ဖန်မဖြစ်မပေါ်မှုသဘောကိုသိ၍နေခြင်း။ ♦

အရိယာ ဝေါဟာရမျိုး ၄-ပါး

သံဂိတိသုတ်၌ လာရှိသည်ကား ဝစီဒုစရိုက်လေးပါးမှ လုံးဝရှောင်ကြဉ်၍ ပြောဆိုခြင်းပင်ဟူ၏။ ♦

အရိယာသံဃာတော်မြတ် ၈-ပါး

သံဃာတော်ဖြစ်သော အရိယာရှစ်ယောက်ကိုပင် “အရိယာသံဃာတော်ရှစ်ပါး''ဟုခေါ်ဆိုအပ်၏။ ♦

အရိယာသာဝကတို့၏ဂုဏ်ကျေးဇူးတော် ၃၀

သင်္ဂီတိသုတ်၊ သုတ်ပါထေယျ၊ အင်္ဂုတ္တရ၊ ပါ။ ဋ္ဌ။ တို့၌အကျယ်ရှု။ အရိယာတို့၏တပည့်တို့၌ မွန်မြတ်သောဂုဏ်ကျေးဇူးတော် ၃၀-တို့နှင့်ပြည့်စုံ၏ဟူလို။
(၁) ကောင်းစွာ ပြေပြစ်နူးညံ့သိမ်မွေ့သော မေတ္တာစိတ်ရှိခြင်း၊
(၂) ဖျက်ဆီးအပ် ဖျောက်အပ် နှိမ်အပ်သော မာနရှိခြင်း၊
(၃) ရတနာသုံးပါး၏ဂုဏ် ကံ ကံ၏အကျိုးကို မတုန်မလှုပ် အမြဲထိုးထွင်း၍ယုံကြည်ခြင်း သဒ္ဓါတရားရှိခြင်း၊
(၄) ရွှင်မြူးသောစိတ်ကိုပြည့်စုံစွာဆုံးမခြင်းရှိ၍ ငြိမ်သက်ချမ်းမြေ့သောသမာပတ်ကို ရခြင်း၊
(၅) မြတ်သောသီလရှိသည်ဖြစ်၍ ကောင်းသောအနံ့ဖြင့် ထုံမွမ်းခြင်း၊
(၆) နတ်လူတို့ ချစ်မြတ်နိုးတတ်ခြင်း၊
(၇) နှစ်သက်အပ်သောသူဟူ၍ အာသဝကုန်ပြီးသောသူမြတ်တို့ တောင့်တအပ်ခြင်း၊
(၈) နတ်လူတို့ ရိုသေအပ် ရှိခိုးအပ်ခြင်း၊
(၉) ပညာရှိတို့ချီးမွမ်းအပ်ခြင်း၊
(၁၀) လူ့ပြည်နတ်ပြည်၌ လူနတ် အပေါင်းနှင့် မရောနှောခြင်း၊
(၁၁) အနည်းငယ်သောအပြစ်၌လည်း ဘေးဟုရှုခြင်း၊
(၁၂) သမ္ပတ္တိနှင့်ပြည့်စုံသောသူတို့အား မဂ်ဖိုလ်အကျိုးကို ပြီးစေတတ်ခြင်း၊
(၁၃) အလိုရှိတောင့်တသော် များမြတ်သောပစ္စည်းကိုရနိုင်ခြင်း၊
(၁၄) မြဲသောကျောင်းအိပ်ယာနေရာမရှိခြင်း၊
(၁၅) စျာန်၌ယှဉ်၍ မြတ်သောနေလေ့ရှိခြင်း၊
(၁၆) ထွေးယှက်သောကိလေသာကွန်ယက်ကို ဖျက်ဆီးခြင်း၊
(၁၇) မြတ်သောမဂ်ဖိုလ်တရားကို လျှို့ဝှက်ဖုံးလွှမ်းခြင်း၊
(၁၈) လာလတ္တံ့သောဂတိကို တားမြစ်ခြင်း၊
(၁၉) အပ္ပနာသို့ရောက်သော တရားရှိခြင်း၊
(၂၀) နှိမ့်ချစွာနေခြင်း၊
(၂၁) အပြစ်မရှိသောအသုံး အဆောင်ရှိခြင်း၊
(၂၂) ဂတိတရားမှလွတ်ခြင်း၊
(၂၃) ယုံမှားသင်္ကာမှ ကူးမြောက်ခြင်း၊
(၂၄) ဝိမုတ္တိစျာန်ကို အလိုရှိခြင်း၊
(၂၅) မြင်အပ်သောတရားရှိခြင်း၊
(၂၆) မတုန်မလှုပ်မြဲသည်ဖြစ်၍ ဘေးကိုတားမြစ်စေသောသူတို့၏ မှီခိုရာသို့ရောက်ခြင်း၊
(၂၇) ကောင်းစွာပြတ်အပ်သော အနုသယရှိခြင်း၊
(၂၈) အာသဝေါကုန်ခြင်းသို့ ရောက်ခြင်း၊
(၂၉) ငြိမ်သက်ချမ်းမြေ့သောသမာပတ်၌ များစွာနေလေ့ရှိခြင်း၊
(၃၀) ရဟန်းကျေးဇူးဂုဏ်နှင့် အလုံးစုံပြည့်စုံခြင်း။ ♦

အရုဏ်တက်ခြင်းမျိုး ၄-ပါး

ဤ၌ ပြလတ္တံ့သော အာရုဏ်အပြားနှင့်စကားရပ်တို့ကား-ပြည် ရွှေဆံတော်သမိုင်းကိုရေးသားသူ ဦးဝိသုဒ္ဓ၏ဝါဒဖြစ်၏၊ ကျွန်ုပ်တို့လည်း နှစ်သက်သည်။ သေတ ရုဏဉ္စ ပဌမံ၊ ဒုတိယံ ဂဒြဘ မုခ ဝဏ္ဏံ။ တတိယံ လောဟိတဉ္စ၊ စတုတ္ထံ နိန္ဒိယ ဝဏ္ဏံ။ ပဌမံ၊ ပထမ အရုဏ်သည်။ သေတ ရုဏဉ္စ၊ ဖြူသောအဆင်းရှိ၏။ ဒုတိယံ၊ ဒုတိယ အရုဏ်သည်။ ဂဒြဘ မုခ ဝဏ္ဏံ၊ မြည်းမျက်နှာအဆင်းရှိ၏။ တတိယံ၊ တတိယအာရုဏ်သည်။ လောဟိတဉ္စ၊ နီသောအဆင်းရှိ၏။ စတုတ္ထံ၊ စတုတ္ထအာရုဏ်သည်။ နန္ဒိယ ဝဏ္ဏံ၊ ဇလပ်ပွင့်အဆင်းရှိ၏။ ဣတိ၊ ဤသို့။ အရုဏော၊ အရုဏ်သည်။ စတုဗ္ဗိဓေါ၊ လေးပါးအပြားရှိ၏။

မှတ်ချက် ။ ။ ဆွမ်းစားခြင်း ဆွမ်းကပ်ခြင်းကိုမူကား ပဌမ အာရုဏ်သည် အလွန်နုသေးသည်ဖြစ်၍ မအပ်၊ ဒုတိယအာရုဏ်သည် မိုက်မှောင်သေးသည်ဖြစ်၍ မလျော်၊ တတိယအာရုဏ်မှ ဆွမ်းကပ်ခြင်း၊ ဆွမ်းစားခြင်းကိုပြုအပ်၏၊ စတုတ္ထအာရုဏ်ကား ပြောဖွယ်မရှိ လင်းလွန်းပြီ။ ♦

အာရုဏ်တက်ရာ ၁၂-ဖြာ၊ ဘယ်နာရီမှာ ဘယ်လနည်း

၁၂-လ၌ အာရုဏ်တက်သောအချိန် နာရီ မိနစ်များကိုအောက်ပါလင်္ကာအတိုင်း ရှေးပညာရှိ ကဝိဆရာများစီစဉ်သတ်မှတ်ထားကြ၏၊ ဤ၌ စနေနံကို သုညယူ။ လင်္ကာသွား လအမည် နာရီ မိနစ် ကူး ပြန် နှင်းထွေး တာကူး ၅ ဝဝ ဆုန် လေး ပေါ်နေ ကဆုန် ၄ ၅၀ ယုန် ဝေ ဝေထပ် နယုန် ၄ ၄၀ ဆို လပ် စာတော် ဝါဆို ၄ ၃၀ ခေါင် လှော် လူထု ဝါခေါင် ၄ ၄၀ လင်း လှု မတွေး တော်သလင်း ၄ ၅၀ ကျွတ် မေး နင်တို့ သီတင်းကျွတ် ၅ ဝဝ မုန်း ဖို့ အော်နေ တန်ဆောင်မုန်း ၅ ၁၀ တော် မြေ ကျော်ဌေး နတ္တော် ၅ ၂၀ ပြာ ပေး ဆန်တောင်း ပြာသို ၅ ၃၀ တွဲ ပေါင်း ခေါ်နော် တပို့တွဲ ၅ ၂၀ ပေါင်း ပျော် အထွက် တပေါင်း ၅ ၁၀ အရုဏ်တက်၊ မပျက်တွက်လို့ရေ။ နာရီပိုင်း၊ လူတိုင်း ယူပါလေ။ ကဝိများ ထားခဲ့ဥပဒေ။ ♦

အရူပ ၄-ဘုံ

ရုပ်ကားမရှိ၊ နာမ်သာရှိသော ဗြဟ္မာကြီးတို့၏ နေရာ ၄-မျိုး။
(၁) အာကာသာနဉ္စာယတနဘုံ-ကပ္ပါနှစ်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊
(၂) ဝိညာဏဉ္စာယတန ဘုံ- ကပ္ပါလေးသောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊
(၃) အာကိဉ္စညာယတန ဘုံ- ကပ္ပါခြောက်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ၊
(၄) နေဝသညာနာသညာယတန ဘုံ-ကပ္ပါရှစ်သောင်းအသက်ရှည်သော ဗြဟ္မာကြီးတို့၏ နေရာဘုံ။

မှတ်ချက် ။ ။ ဤ၌ ၄-ခုမြောက်ဘုံကိုပင် ဘဝဂ်ဟုခေါ်သည်။ ♦

အရူးမျိုး ၈-ပါး

ဇာတ်။ ပါ။ ၁၃၈။ ဋ္ဌ။ တတိယ-အုပ်။ ၂၂၃- နှင့် ဓမ္မသတ်ကျမ်းတို့၌ လာသည်။ အရူးများစွာကိုမျိုးခွဲလိုက်လျှင် ဤရှစ်ပါးသာရ၏။
(၁) ရာဂုမတ္တက- တဏှာ ရာဂ ရမ္မက်ဖြင့် ရူးသောအရူးမျိုး၊
(၂) ကောဓုမ္မတ္တက- အမျက်ဒေါသလွန်သဖြင့် ရူးသောအရူးမျိုး၊
(၃) ဒိဋ္ဌုမ္မတ္တက- အယူဖေါက်ပြန်ကြံစည်လွန်သဖြင့် ရူးသောအရူးမျိုး၊
(၄) မောဟုမ္မတ္တကမိုက်မဲတွေဝေသဖြင့် ရူးသောအရူးမျိုး၊
(၅) ယက္ခုမ္မတ္တက- ဘီလူး သားရဲ စုန်း နတ်ဖမ်းပူးသဖြင့် ရူးသောအရူးမျိုး၊
(၆) ပိတ္တုမ္မတ္တက- သည်းခြေပျက်၍ ရူးသောအရူးမျိုး၊
(၇) သုရုမ္မတ္တကသေရည်သောက်လွန်းသဖြင့် ရူးသောအရူးမျိုး၊
(၈) ဗျသနုမ္မတ္တက- စည်းစိမ်ဥစ္စာပျက်သဖြင့် ရူးသောအရူးမျိုး။ ♦

အရိုအသေမပြုတတ်သူမျိုး တစ်ကျိပ်နှစ်ပါး

၎င်းအဖြေ (ရိုသေထိုက်သူအား မရိုသေသူ ၁၂-ဦး) ၌ ပြမည်။ ♦

အရိုးဆက် ပုဂ္ဂိုလ်မျိုး ၃-ပါး

မူလပဏ္ဏာသ။ ဋ္ဌ။ ဒု-အုပ်။ ၃၁၈။ သုတ်မဟာဝါ။ ဋ္ဌ။ ၁၉၅။ ၌ရှု။
(၁) ဘုရားရှင်တို့မှာ ကွင်းဆက်၊
(၂) ပစ္စေကဗုဒ္ဓါတို့မှာ ချိတ်ဆက်၊
(၃) ကျန်လူသားနှင့် ရဟန္တာများမှာ တေ့ဆက်။ ♦

အရွယ် ၃-ပါး

လူသတ္တဝါတို့အဖို့ အရေးကြီးသော ဝယကာလ ၃-ပါးဟူ၏။
(၁) ပဌမအရွယ်- အသက်၂၀-နှစ်အတွင်း ဥစ္စာရကြောင်း နည်းကောင်းပညာများကို ရှာမှီးရန်အရွယ်၊
(၂) ဒုတိယအရွယ်- အသက်၅၅-နှစ်အထိ ပစ္စည်းဥစ္စာရှာဖွေဆည်းပူးရန် အရွယ်၊
(၃) တတိယ အရွယ်၊ အသက် ၅၅-နှစ်ကျော်ကစ၍ဘဝသံသရာရေးအတွက် ကိုယ်ကျိုးသက်သက် တရားဓမ္မပြုကျင့်အားထုတ်ရန်အရွယ်။ ♦

အရွယ် ၁၀-ပါး

ဇာတ်။ ပါ။ ပ-အုပ်။ ၃၁၃။ ၎င်း။ ဋ္ဌ။အရှင်ဝတ် ၅-ပါး

အလုပ်ပိုင်ရှင်က လုပ်သားသူရင်းငှားတို့ကို ပြုစုရမည့်ဝတ်ငါးပါး။
(၁) အစားအသောက်တို့ကို ဝဖြိုးစွာကျွေးမွေးပေးကမ်းရခြင်း၊
(၂) လုပ်ခင်းဆောင်တာတို့ကို စီရင်နည်းပေး၍စေခိုင်းရခြင်း၊
(၃) နာမကျန်းဖြစ်သည့်အခါ ဆေးကုပေးရခြင်း၊
(၄) စားကောင်းသောက်ကောင်းကို စားသောက်ရသောအခါဝေငှမျှတ၍ပေးရခြင်း၊
(၅) အချိန်အခါနှင့် စေခိုင်းရခြင်း၊ အချိန်စေ့လျှင်လွှတ်ရခြင်း။ (သုတ်ပါထေယျ၊သိင်္ဂါလောဝါဒသုတ်။ ) ♦

အရှင်သာရိပုတ္တရာ၏ ဂုဏ်ရည်တော် ၁၆-ပါး

ထိုအရှင်မြတ်၏ ဉာဏဂုဏ်တော် တန်ခိုးတေဇော်ဂုဏ်တော်၊မြတ်ဘုရား၏ချီးမွမ်းပုံ ဂုဏ်တော်တို့၏ စိတ်ဝင်စားဖွယ် ကြည်ညိုစရာ အကျယ်တို့ကို ဒေဝတာသံယုတ်သုသီမသုတ်။ ပါ။ ဋ္ဌ။ တို့၌ရှုပါ။ ♦

အလဇ္ဇီပုဂ္ဂိုလ်ဖြစ်ကြောင်း အင်္ဂါ ၅-ပါး

အလဇ္ဇီပုဂ္ဂိုလ်ဖြစ်ခြင်း၏ အကြောင်းငါးပါး မှတ်သိလွယ်စေရန်လယ်တီဆရာတော်ဖြတ်ထုံးကဗျာဖြင့်ပြအံ့။
(၁) ဘုန်းကံကြီးမား၊
(၂) ခြွေရံများ၍၊
(၃) ပါးရှား သဒ္ဓါ၊
(၄) သက်ဝါကြီးမင်း၊
(၅) စာခေါင်ချင်းဟု၊ ငါးခင်း အညီ၊ အလဇ္ဇီကား၊ တိုက်ကျီ အိမ်တွင်း၊ မီးထွန်းလင်း၍၊ အတင်းဝင်လျှိုး၊ ဖြူအောင်ခိုးသည့်၊သူခိုးအလား၊ ဘုရားရွှေစက်၊ ပေအောင်ဖျက်သည်။ ရှင်ပျက် အလဇ္ဇီ မိုက်ကြီးတည်း။ ♦

အလဗ္ဘနိယတရား ၅-ပါး

၎င်းသရုပ် (တောင့်တ၍မရကောင်းသော အရာမျိုး ၅-ပါး) ၌ ရှုပါ။ ♦

အလောင်းစည်သူ တည်တော်မူ၊ ၉-ဆူ မုဋ္ဌောမြတ်

၎င်း၏သရုပ်များကို (မုဋ္ဌော ၉-ဆူ) ဟူသော သုတေသန၌ရှုပါ။ ♦

အလိုလိုက်ရာသည် ၁၃-ပါး

ကိုယ်ကျိုးတိုးတက်ရေးအတွက် သူ့အလိုသို့လိုက်၍ ကျင့်ရခြင်း ၁၃-ပါးဟူ၏၊စာဏကျမှ။
(၁) အဆွေခင်ပွန်းကို နှလုံးဖြောင့်မတ်သဖြင့်လည်းကောင်း၊
(၂) ရန်သူကို ဥပါယ်တံမျဉ်ဖြင့်လည်းကောင်း၊
(၃) အလိုရမ္မက်ကြီးသူကို ဥစ္စာပေးသဖြင့်လည်းကောင်း၊
(၄) အစိုးရသူကို သူ့အမှုကိစ္စဆောင်ရွက်ပေးသဖြင့်လည်းကောင်း၊
(၅) ရသေ့ ရဟန်းတို့ကို ရိုသေသဖြင့်လည်းကောင်း၊
(၆) သတို့သမီးကိုချစ်ခြင်းဖြင့်လည်းကောင်း၊
(၇) လက်အောက်ငယ်သားကို မျှတမှုဂုဏ်ကျေးဇူးဖြင့်လည်းကောင်း၊
(၈) ဒေါသမျက်မာန်ကြီးသူကို ချီးမွမ်းခြင်းဖြင့်လည်းကောင်း၊
(၉) ဆရာကို ရှိခိုးရိုသေခြင်းဖြင့်လည်းကောင်း၊
(၁၀) သူမိုက်ကို လိုက်လျောသောစကားဖြင့်လည်းကောင်း၊
(၁၁) ပညာရှိကို အတတ်ပညာပေးခြင်းဖြင့်လည်းကောင်း၊
(၁၂) အစားကြူးသူကို အရသာပေးခြင်းဖြင့်လည်းကောင်း၊
(၁၃) အလုံးစုံသောသူကို အကျင့်သီလဖြင့်လည်းကောင်း အလိုလိုက်ရာ၏။ ♦

အလိုလောဘကြီးသူ ၃-ယောက်

မူလပဏ္ဏာသ။ ဋ္ဌ။ ဒု-အုပ်။ ၄၅-၌ အကျယ်ရှု။
(၁) အတြိ စ္ဆတာ-ကိုယ့်ရှိတာနှင့်မတင်းတိမ်ဘဲ သူများစည်းစိမ်ကို လိုချင်တောင့်တနေသူ၊
(၂) ပါပိစ္ဆတာ- သူများအထင်ကြီးကြည်ညိုလာအောင် မိမိကိုယ်ကို ရဟန္တာယောင် ထွက်ရပ်ပေါက်ယောင် ဟန်ဆောင်သော ဂုဏ်ဒြပ်ဖြင့်လာဘ်များစွာကို ခံယူနေသူ၊
(၃) မဟိစ္ဆတာ-ဟုတ်မှန်သောဂုဏ်ကိုပြ၍ ပကာသနလိုလားထင်ပေါ်ကျော်ကြားလိုသူ၊ ဝါ-အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြသူ။ ♦

အလှလက္ခဏာ၊ အင် ၆-ဖြာ၊ ကညာ တိုင်းမယ်မျိုး

မိန်းမပျိုတို့တွင် အလှမယ်ရွေးချယ်ရာ၌ အလှလက္ခဏာအင်္ဂါခြောက်ပါးကို ဆိုသည်။ ၎င်းအဖြေ (အပြစ် ၆-ပါး၊ ကင်းစင်ငြား၊ လှထွားပျိုသူဇာ) ၌ ဆိုခဲ့ပြီ။ ♦

အလှသူဇာ၊ ရွေးချယ်ရာ၊ ၈-ဖြာအင်္ဂါတိုး

၎င်းအဖြေကို (လှမျိုးသူဇာ၊ မြတ်ကညာ၊ ၈-ဖြာ အင်္ဂါပြည့်) ၌ကြည့်ပါလေ။ ♦

အလှူခံမော်၊ ပုဂ္ဂိုလ်ကျော်၊ ၈-ဖေါ်သူမြတ်များ

၎င်း၏ အဖြေကို (ဒက္ခိဏေယျပုဂ္ဂိုလ် ၈-ယောက်) ၌ ဆိုပါအံ့။ ♦

အလှူခံ တစ်ကျိပ်လေး ၁၄-ယောက်

ဥပရိပဏ္ဏာသ။ ပါ။ ၂၉၅။ ဋ္ဌ။ ၂၁၉။ ဒါနမှုကိုခံယူထိုက်သူ ၁၄-ပါးဟူ၏။
(၁) တိရစ္ဆာန် သတ္တဝါများ၊
(၂) လူဒုဿီလ ခေါ် တံငါမုဆိုးစသော ဒုစရိုက်မှုပြုလုပ်သူများ၊
(၃) လူသီလဝန္တ ခေါ် သာသနာပအခါမျိုး၌ ၅-ပါးသီလမြဲသူများ၊
(၄) ရသေ့ ပရိဗိုဇ်ခေါ် သာသနာပအခါစျာန် အဘိညာဉ်ရပုဂ္ဂိုလ်များ၊ (၅-၈) မဂ္ဂဋ္ဌာန်ခေါ် ဖိုလ်သို့ မျက်မှောက်ပြုရန် မဂ်၌ကျင့်ဆဲ ပုဂ္ဂိုလ်၄-ယောက်၊ (၉-၁၂) ဖလဋ္ဌာန်ခေါ် ဖိုလ်လေးပါး၌တည်နေသော ပုဂ္ဂိုလ် ၄-ယောက်၊
(၁၃) ပစ္စေကဗုဒ္ဓါခေါ် ဘုရားမပွင့်မီကာလ၌ ပွင့်သောဘုရားငယ်၊
(၁၄) မြတ်စွာဘုရားသခင်။

မှတ်ချက် ။ ။ သမ္မုတိသံဃာခေါ် ပုထုဇဉ် သီလဝန္တသံဃာတော်များမှာ မဂ္ဂဋ္ဌာန်ခေါ် အရိယာပက္ခသို့ ပါဝင်ကြသည်ဖြစ်၍ ၎င်းတို့ကို အသီးအခြားမဆိုအပ်ကုန်၊ သမ္မုတိသံဃာတော်ကိုမဆိုနှင့်ဦး သရဏဂုံတည်သည့် ရှင်သာမဏေကလေးပင်ဖြစ်ဘိသေး ထိုအရိယာပက္ခ၌ပင် ရေတွက်ထွက်ယူအပ်သည်သာ၊ မဂ်ဖိုလ်တို့သို့ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ မဂ်ဖိုလ်သို့ရောက်ရန် သီလသမာဓိ ပညာဟူသော သိက္ခာသုံးပါး၌ ကျင့်ဆဲတည်ဆဲရှိကုန်သောကြောင့် ဟူလို။ ♦

အလှူပေးရာ၊ ရေးကြီးစွာ၊ ၃-ဖြာ အင်္ဂါအဘယ်နည်း

၎င်းအဖြေ (ဒါနပြုကြ၊ ကျိုးမဟ၊ သုံးဝအင်္ဂါလာ) ပုစ္ဆာ၌ ရှုပါ။ ♦

အလှူရှင်နှင့် အလှူခံတို့၏ အင်္ဂါ ၆-ပါး

အင်္ဂုတ္တရ။ ပါ။ ဒု-အုပ်။ ၂၉၅-၌ အကျယ်ရှု။ အလှူပေးသူများသတိထားရွေးချယ်တတ်ရန်။
(၁) အလှူမပေးမီ- ရှေးအဖို့၌ သီလဆောက်တည်ဝမ်းမြောက်နေရခြင်း၊
(၂) ပေးလှူဆဲခဏ၌ စိတ်ကြည်လင်ရွှင်ပြရခြင်း၊
(၃) ပေးလှူပြီးနောက် မကြာခဏ နှစ်သက်ဝမ်းသာအမှတ်ရကာနေရခြင်း၊ ဤအင်္ဂါ ၃-ပါးသည် အလှူရှင်တို့မှာရှိထား ဖြစ်ထားရမည့် အင်္ဂါသုံးပါးဟူ၏။ အလှူခံယူသူတို့ဘက်မှ ရှိထားရမည့် ဂုဏ်အင်္ဂါ ၃-ပါးကိုလည်း ဤသို့သိထားရွေးချယ်တတ်ရမည်။
(၁) တဏှာ ရာဂကင်းစင်သူဖြစ်ခြင်း၊ ရာဂကင်းကြောင်း အကျင့်ကောင်းများကို ကျင့်ကြံအားထုတ် နေသူဖြစ်ခြင်း၊
(၂) ဒေါသကင်းခြင်း၊ ဒေါသကင်းရန် ပြုကျင့်အားထုတ်နေသူဖြစ်ခြင်း၊
(၃) မောဟ ကင်းခြင်း၊ မောဟကင်းစင်စေရန် ဝိပဿနာတရား အားထုတ်ကျင့်ပွားနေခြင်းရှိသည့် ပုဂ္ဂိုလ်များဖြစ်ရခြင်း ဟူ၏။ ♦

အလွတ်တာရာ၊ လုံးရေမှာ၊ သင်္ချာ ၉၄

၎င်းအဖြေကို (တာရာ ၉၄-လုံး) ၌ ရှုပါလေ။ ♦

အလွှာ ၄-ခု

ပဋိစ္စသမုပ္ပါဒ် ဝေါဟာရ ♦

အ ဝဂ် အက္ခရ္ခာ၊ ၈-လုံးလာ၊ သဒ္ဒါကျမ်း၌ရှိ

ဝဂ်အက္ခရာတို့ကဲ့သို့ အစုလိုက်မဟုတ်ဘဲ တစ်လုံးချင်းနေသောအက္ခရာရှစ်လုံးကို ဆိုသည်။ (ယ ရ လ ဝ သ ဟ ဠ အံ။ ) ♦

အဝန္ဒိယ ပုဂ္ဂိုလ် ၂၅-ယောက်

ပရိဝါ။ ပါ။ ၃၅၇။ ၎င်း။ ဋ္ဌ။ ၂၂၄။ ရဟန်းတော်များရှိမခိုးကောင်းသောပုဂ္ဂိလ် နှစ်ဆယ့်ငါးပါးဟူ၏။
(၁) အန္တရဃရံ ပဝိဋ္ဌော အဝန္ဒိယော- မြို့တွင်းရွာတွင်း ဝင်သွားနေသောရဟန်းကြီး၊
(၂) ရစ္ဆဂတော- ခရီးလမ်းသွားနေသော ၎င်း၊
(၃) သြတမသိတော- မှောင်ကြီးမဲမဲထဲ၌နေသော ၎င်း၊
(၄) အသမန္နာ ဟရန္တောစိတ်ဝင်စား စွာ အလုပ်လုပ်နေသော ၎င်း၊
(၅) သုတ္တော-အိပ်ပျော်နေသော ၎င်း၊
(၆) ယာဂုပါနေ- ယာဂုသောက်နေသော ၎င်း၊
(၇) ဘတ္တဂ္ဂေ- ဆွမ်းစားကျောင်း၌ဆွမ်းပြင် စီမံနေသော၎င်း၊
(၈) ဧကာဝတ္တော- ရန်သူဂိုဏ်း ရန်သူဘက်၌ ပါသော၎င်း၊
(၉) အညာ ဝိဟိတော- တစ်ခုခု ကြံစည်စိတ်ကူးနေသော ၎င်း၊
(၁၀) နဂ္ဂေါ- အဝတ်မဆီး ကိုယ်ထီးဗလာနေသော ၎င်း၊
(၁၁) ခါဒန္တော- ခဲဖွယ် ၁၂-ပါး ခဲစားနေသော ၎င်း၊
(၁၂) ဘုဉ္ဇန္တော- ဘောဇဉ် ၅-ပါးစားနေသော ၎င်း၊
(၁၃) ဥစ္စာရံ ကရောန္တော- ကျင်ကြီးစွန့်နေသော ၎င်း၊
(၁၄) ပဿာဝံ ကရောန္တောကျင်ငယ်စွန့်သော ၎င်း၊
(၁၅) ဥက္ခိတ္တကော- သံဃာမှကြဉ်ထားသော ၎င်း၊
(၁၆) ပစ္ဆာ ဥပသမ္ပန္နောမိမိအောက်ငယ်သောရဟန်း၊
(၁၇) အနုပသမ္ပန္နော- ရဟန်းမဟုတ်သူ ဟူသမျှ၊
(၁၈) အ ဓမ္မဝါဒီအယူချွတ်လွဲနေသော ရဟန်းကြီး၊
(၁၉) မာတုဂါမော- မိန်းမမှန်သမျှ၊
(၂၀) ပဏ္ဍကော- ပဏ္ဍုက် ရဟန်း၊
(၂၁) ပါရိဝါသိကော- ပရိဝတ်(သံဃာဒိသိသ် အာပတ်ဖြေ) နေသော ရဟန်းကြီး၊
(၂၂) မူလာယ ပရိကဿနာ ရဟော- သံဃာဒိသိသ်အာပတ်ဖြေနေဆဲ၌ ၎င်းအာပတ်ထပ်သင့်၍ မူရင်းမှပြန်ကျင့်နေသောရဟန်း၊
(၂၃) မာနတ္တာ ရဟော- သံဃာဒိသိသ်အာပတ်ဖြေပြီးသဖြင့် သံဃာမြတ်နိုးထိုက်သောရဟန်း၊
(၂၄) မာနတ္တာ စာရိကော- သံဃာဒိသိသ်အာပတ်ဖြေပြီးသဖြင့် သံဃာမြတ်နိုးရန်ကျင့်နေသောရဟန်း၊
(၂၅) အဗ္ဘာနာ ရဟောအဝန္ဒိယော- သံဃာ မြတ်နိုးအောင် ကျင့်ပြီး၍ သံဃာ့ဘောင်သို့ပြန်သွင်းထိုက်သောရဟန်း။ ♦

အဝိဇ္ဇာ တရားမျိုး ၂-ပါး

အမြင်မှန်ကို ပိတ်ဖုံးဆီးတားတတ်သော တရား ၂-ပါး။
(၁) အပ္ပဋိပတ္တိ အဝိဇ္ဇာ- ရုပ် နာမ် ဘဝ ဒုက္ခသစ္စာသဘောကို ဆင်းရဲခြင်းဟူ၍လည်းကောင်း၊ ထို ရုပ် နာမ် ဘဝတို့၌ လိုချင်နှစ်သက်တောင့်တမှု တဏှာ သမုဒယသစ္စာကိုပင် ဆင်းရဲကြောင်း ဆင်းရဲစဟုလည်းကောင်း၊ အမှန်အတိုင်းမသိမှု၊
(၂) မိစ္ဆာ ပဋိပတ္တိ အဝိဇ္ဇာ- လူ နတ် ဗြဟ္မာ နာမ် ရုပ်ဘဝတို့ကိုပင် ချမ်းသာတွေ အမွန်အမြတ်တွေဟူ၍လည်းကောင်း၊ ထိုအရာစုတို့ကို လိုချင်နှစ်သက်မှုကိုပင် ချမ်းသာကြောင်း ကောင်းစားကြောင်း အမှုဟူ၍ လည်းကောင်း၊ ထင်မှတ်နေခြင်းနှင့် ဒုက္ခသစ္စာ သမုဒယသစ္စာတို့ကို ပြောင်းပြန်ဇောက်ထိုး သိနေမှု။ ♦

အဝိဇဟိတ ဌာနကြီး ၄-ပါး

သုတ်မဟာဝါ။ ဋ္ဌ။ ၁၇။ ဗုဒ္ဓဝင်။ ဋ္ဌ။ ၁၅၈-တို့၌ အကျယ်ရှုပါ။ ခပ်သိမ်းသောဘုရားရှင်ဟူသမျှတို့ မစွန့်လွှတ်ဘဲသုံးဆောင်တော်မူသောနေရာတော်မြတ်ကြီး ၄-ပါးဟူလို။
(၁) မဟာဗောဓိပင်မင်း၏ အရှေ့ဘက် အခက်တော်အောက်၌ အလုံးစုံသောပါရမီတော် အဟုန် တို့ကြောင့် ပေါ်ပေါက်လာရသော ဝဇိရာသန ရတနာဗောဓိ ပလ္လင်တော် နေရာဌာန။
(၂) ဣသိပတန မိဂဒါဝုန်တော်ဝယ် ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသော နေရာဌာန။
(၃) ကောသလတိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက် ဂန္ဓကုဋိအဆောင်တော်တွင်း၌ ခင်းထားအပ်သောညောင်စောင်း၏ ခြေလေးခုတို့ကျရာ နေရာဌာန။
(၄) တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာတရားတော်မြတ်ကို နတ်တို့အား ဟောတော်မူပြီးသည့်အဆုံး သီတင်းကျွတ်လပြည့်မဟာပဝါရဏာနေ့၌ တာဝတိံသာမြင်းမိုရ်ထိပ်ချာမှသည် သင်္ကဿနဂိုရ် မြို့တော်ဝယ်လုပ်ထားသော ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်းတို့၏ ဦးခြေကျရောက်ရာနေရာဌာန။ ♦

အဝီစိငရဲ၏ အကြားအဟမရှိခြင်း ၃-ပါး

၎င်းအကျယ်ကို ဥပရိပဏ္ဏာသ။ ဋ္ဌ။ ၁၆၇။ ဇာတ်။ ဋ္ဌ။ ပဉ္စမ-အုပ်။ ၂၈၈-တို့၌ ကြည့်ပါ။ အ-မရှိခြင်း၊ ဝီစိ-အကြား၊ အကြားမရှိသောငရဲဟူ၏။
(၁) အဂ္ဂိဇာလာ- မီးတောက်မီးလျှံ အကြားမရှိခြင်း၊
(၂) သတ္တာငရဲသူငရဲသားသတ္တဝါများ အကြားမရှိခြင်း၊
(၃) ဒုက္ခာ- ဆင်းရဲဒုက္ခအကြားမရှိခြင်း။ ♦

အဝေရာဒိက၊ ပို့ကြမေတ္တာ၊ မျိုး ၄-ဖြာ၊ ကျမ်းလာအဘယ်နည်း

ဝိသုဒ္ဓိမဂ်စသော ကျမ်းကြီးတို့၌လာသည်။
(၁) အ ဝေရာ ဟောန္တု- ရန်မရှိကြပါစေကုန်သတည်း၊
(၂) အဗျာပဇ္ဇာ ဟောန္တု- စိုးရိမ်ကြောင့်ကြခြင်းမှကင်းကြပါစေကုန်သတည်း၊
(၃) အ နီဃာ ဟောန္တုညှင်းဆဲ ဆင်းရဲအပေါင်းမှ ကင်းကြပါစေကုန်သတည်း၊
(၄) သုခီ အတ္တာနံ ပရိဟရန္တုချမ်း ချမ်းသာသာ မိမိကိုယ်ကို ဆောင်ရွက်နိုင်ပါစေကုန်သတည်း။ ♦

အသံ ၈-ပါး၊ မျိုးခွဲဲခြား၊ ခံငြားသီချင်းဆို

သီချင်းကြီး သီချင်းခံများနှင့်စပ်လျဉ်း၍ အသံရှစ်မျိုးရှိကြောင်းကို(ရွှေ နှင်း တော မြိုင်၊ ပန်း ခိုင် မှော် မှိုင်း၊ ခြားပိုင်း ရှစ်သံ၊ ပရံတင်ညွန်၊ ခက်မွန် ခမိန်၊ ထနောက်ချိန်ငြား၊ ဖြိန်းခြား ချပ်ချွန်၊ ထပ်တွန့် ငုငစ်၊ အသံရှစ်၊ မှတ်လစ် စဉ်ကမာ) ဟူသော လင်္ကာစကားဖြင့်သိရာ၏။
(၁) ရွှေတညာသီချင်း ပရံတင်သံ၊
(၂) နှင်းရွန်းဂိမ္မာန် သီချင်း ခက်မွန်သံ၊
(၃) တောတောင်စွယ်သီချင်း ခမိန်သံ၊
(၄) တောမြိုင်ခြေလမ်း သီချင်း ထနောက်သံ၊
(၅) ပန်းမြိုင်လယ်သီချင်း ဖြိန်းခြားသံ၊
(၆) ခိုင်ပန်းစုံသီချင်း ချပ်ချွန့်သံ၊
(၇) မှော်ရုံမြိုင်ဟေဝန် သီချင်း၊ ထပ်တွန့်သံ၊
(၈) မှိုင်းမှုန်ပြာညို သီချင်းငု ငစ်သံ။ ♦

အသံ ၁၀-ပါး၊ မြို့တော်များ၊ စည်ကားကျွတ်ကျွတ်ညံ

၎င်းသရုပ် (မြို့တော်၏ အသံ ၁၀-ပါး) ၌ ရှုပါ။ ♦

အသံ ၄-မျိုး၊ ကာရန်ပျိုး၊ ဆိုရိုးတေးကဗျာ

ကဗျာစပ်ဆိုရာ၌ သက္ကဋကျမ်းလာ ကာရန်အသံမျိုး ၄-ပါး၊သက္ကဋ၌ အကျယ်ယူလေ။
(၁) ဥဒတ္တခေါ် တက်သံ- မြှင့်၍မြှောက်၍ သီဆိုရွတ်ဖတ်ရသောအသံ၊
(၂) အနုဒတ္တခေါ် သက်သံ- နှိမ့်၍ ချ၍ ရွတ်ဖတ်သီဆိုရသောအသံ၊
(၃) သွတိရခေါ် နိမ့်မြင့်သံ-အနိမ့်အမြင့်နှစ်မျိုး ဖက်စပ်သီဆိုရသောအသံ၊
(၄) ဥပစိတ ခေါ် ပကတိသံ- မူလ ပင်ကိုယ်သံဖြင့်ရွတ်ဖတ်သီဆိုရသောအသံ။ ♦

အသံကြီး ၄-ပါး

သဂါထာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၉၄။ သုတ္တနိပါတ်။ ဋ္ဌ။ ပ-အုပ်။ ၂၁၈။ ဇမ္ဗူဒိပ်ကျွန်းလုံးကိုကြားရသည်ဟု သာသနာဝင်ကျမ်းဂန်တို့၌လာသော အသံကြီး ၄-ပါးဟူလို။
(၁) ပုဏ္ဏက ဘီလူးသည် ကောရဗျမင်းကြီးနှင့် ကြွေအန်ကစားရာ၌ အောင်နိုင်၍ လက်ခမောင်း ပေါက်ခတ်လျက် “အဟံ ဇေယျော” ငါအောင်ပြီဟု ဟစ်အော်သောအသံ။
(၂) ကဿပဘုရားရှင် သာသနာနောက်ပိုင်း၌ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူတို့ နည်းပါးလွန်းသောအခါ မာတလိနတ်သားသည် ခွေးနက်ကြီးယောင်ဆောင်၍ ဟောင်သောအသံ။
(၃) ကေလာသဘ တောင်ထိပ်၌ရပ်၍ “အဟံ အာဠာဝကော''ဟု ဟစ်အော်ကြိမ်းဝါးသော အာဠာဝက ဘီလူး၏အသံ။
(၄) ပဘာဝတီကို နောက်ပိုးရာဝယ် ခုနစ်ပြည်ထောင်သောမင်းတို့၏အလယ်က “အဟံ ကုသရာဇာ''ဟုဟစ်အော်ကြိမ်းဝါးသော ကုသမင်း၏အသံ။ ♦

အသံ ၇-ပါး

စောင်းတီးသီဆိုသောအခါ စသည်တို့၌ အရေးအကြီးဆုံးသော အသံ ၇- ပါးဟူလို။
(၁) ဥသဘ-နွားလားဥသဘတွန်သံနှင့် တူသောအသံမျိုး၊
(၂) ဓေဝတမြင်းဟီသံနှင့်တူသော အသံမျိုး၊
(၃) ဆဇ္ဇ-ဥဒေါင်း ကော်ကော်မြည်သံနှင့် တူသောအသံမျိုး၊ ၎င်းအသံကို နှာခေါင်း သွား ရင်ပတ် နှုတ်ခမ်း အာစောက် လည်ချောင်း ၎င်းအရပ်ခြောက်ပါးကိုမှီ၍ထွက်လေသောကြောင့် 'ဆဇ္ဇ'ဟု ခေါ်သည်မှတ်၊
(၄) ဂန္ဓာရ၊ ဆိတ်မြည်သံနှင့်တူသော အသံမျိုး၊ '၎င်းအသံကို ဂန္ဓာရတိုင်းသားတို့ သီဆိုတတ်သောကြောင့် ဂန္ဓာရခေါ်သည်မှတ်၊'
(၅) မဇ္ဈိမ- ကြိုးကြာမြည်သံနှင့်တူသော အသံမျိုး၊ ၎င်းအသံကား စောင်းညှိပြီးလျှင်သံလယ်၌ဖြစ်သောကြောင့် မဇ္ဈိမမည်၏၊
(၆) ပဉ္စမ- ဥသြစသော အသံသာသည့်ငှက်တို့ မြည်တွန် ရင့်ကြွေးသံနှင့်တူသော အသံမျိုး၊ '၎င်းအသံကို ဓေဝတအသံကစ၍ရေလျှင် ငါးခုမြောက်ဖြစ်၍လည်းကောင်း၊မဟာဘုတ်ငါးပါးတို့၏ ငါးခုမြောက်ဖြစ်၍လည်းကောင်း ပဉ္စမ ခေါ်၏'
(၇) နိသာဒ- ဆင်များတောသံပေးသကဲ့သို့သော အသံမျိုး။ ♦

အသံဆွဲ ချွဲ၍တရားဟောသူ၏ အပြစ် ၅-ပါး

၎င်းသရုပ် (ဓမ္မကထိကတို့ အသံဆွဲ ချွဲ ရှည် ငင်) ၌ ရှုပါ။ ♦

အသံတော် အင်္ဂါ ၈-ပါး

မဟာနိဒ္ဒေသ။ ပါ။ ၃၅၃။ ဋ္ဌ။ ၃၈၇။ မဇ္ဈိမပဏ္ဏာသ။ ပါ။ ၃၄၀။ ဋ္ဌ။ ၂၇၈။ သုတ်မဟာဝါ။ ပါ။ ၃၄၀။ ဋ္ဌ။ ၂၇၀-တို့၌ အကျယ်ရှု။ ဘုရားသခင် အသံတော် အင်္ဂါ ၈-ပါးဟူလို။
(၁) ဝိဿဋ္ဌ- သန့်ရှင်းစင်ကြယ်ခြင်း၊
(၂) မဉ္ဇူ- သာယာခြင်း၊
(၃) ဝိညေယျာသိလွယ်ခြင်း၊
(၄) သဝနိယာ- နာချင်ဖွယ်ရှိခြင်း၊
(၅) ဝိသာရိနော- ပျံ့နှ့ံခြင်း၊
(၆) ဗိန္ဓုတစည်း တလုံးတည်းရှိခြင်း၊
(၇) ဂမ္ဘီရ- နက်နဲခြင်း၊
(၈) နိန္နဒိ- ပဲ့တင်ထပ်ခြင်း။ ♦

အသံဖြစ်ရာ၊ ဌာန်မျိုးမှာ၊ ကျမ်းလာ နည်း ၄-ပါး

၎င်းအဖြေကို (ဌာန် ၅-ပါး၊ ၆-ပါး၊ ၇-ပါး၊ ၈-ပါး ၄-နည်း) ၌ ကြည့်ပါ။ ♦

အသံဝရ တရားမျိုး ၈-ပါး

၎င်းတရား မစောင့်ထိန်းက ပျက်စီးကြောင်းဟူ၏၊ ဓမ္မသင်္ဂဏီ။ ဋ္ဌ။ ၁၃၈-၌ အကျယ်ရှုပါ၊
(၁) စက္ခု အ သံဝရ၊
(၂) သောတ၊
(၃) ဃာန၊
(၄) ဇိဝှါ၊
(၅) ပသာဒ ကာယ၊
(၆) စောပန ကာယ၊
(၇) ဝါစာ၊
(၈) မနော အ သံဝရ၊ အနက်လွယ်၏။ ♦

အသက်တိုခြင်း အမှုမျိုး ၆-ပါး

ဤ၌ လွယ်ကူစွာကျက်မှတ်နိုင်ရန် စာဏကျပျို့မှ ထုတ်ပြလိုက်သည်။
(၁) မလတ်ဆတ်ငြား၊ အသားများနှင့်၊
(၂) ရွယ်အားလွန်ထ၊ ကြီးမိန်းမနှင့်၊ ဆန္ဒတူစုံ၊ မြူးမေထုန်တည့်၊
(၃) အဟုန်ပြင်းပြ၊ သစ်ဆင်းလတွင်၊ ကာယလောင်ညိ၊ နေပူမိလျက်၊
(၄) မှတ်သိကုန်ကြ၊ သုံးရက်မျှလျှင်၊ စေ့မှမြတ်အင်၊ နွားနို့ချဉ်ကို၊ ရန်လျှင် မလည်၊ စားသုံးသည် တည့်၊
(၅) ဥဒည်ထိပ်မှာ၊ အာရုဏ်လာမှ၊ ရောင်ဝါဝှေယှက်၊ စောနံနက်တွင်၊ ရမ္မက်လွန်မှု၊ မေထုန်ပြုနှင့်၊
(၆) လင်းလှုသည်သာ၊ နံနက်ခါတွင်၊ အိပ်ယာမထ၊ အိပ်လွန်းကြဟု၊ ခြောက်ဝအပြား၊ ဤတရားကား၊ ဆိုးဝါးချက်အို၊ အသက်ကိုလျှင်၊ ပျက်ယိုစေတတ်၊ လျင်စွာသတ်၏၊ လေးမြတ်ချစ်ခင်၊ အသက်မင်က၊ ရှောင်ကြဉ်ကြရာ၊ နီတိမှာသည်၊ ဤစာ ကပ်လုံး တည်သတည်း။ ♦

အသက်မရှူသူ ၇-ယောက်

ပဋိသမ္ဘိဒါမဂ်။ ဋ္ဌ။ ဒု-အုပ်။ ၉၇။ ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၂၇၉။ ပါရာဇိကဏ်။ ဋ္ဌ။ ဒု-အုပ်။ ၂၇-တို့၌ အကျယ်ရှုပါ။ ထွက်သက်ဝင်သက်ခေါ် အဿာသ ပဿာသ ကာယသင်္ခါရ မရှိသူရ-ယောက်။
(၁) အမိဝမ်းတွင်း၌နေသူ၊
(၂) ရေနစ် ရေငုပ်နေသူ၊
(၃) ဗြဟ္မာဟူသမျှ၊
(၄) နိရောဓသမာပတ်ဝင်စားသူ၊
(၅) ပဉ္စမစျာန် ပုဂ္ဂိုလ်၊
(၆) တွေဝေ မေ့မျောနေသူ၊
(၇) သေသောသူ။ ♦

အသက်မရှူသူ ၈-ယောက် တစ်နည်း

၎င်းအဖြေကို အောက်ပါလင်္ကာနှင့် သိပါလေ။
(၁) မိဝမ်းတွင်းဖြစ်၊
(၂) ရေနစ်၊
(၃) ဆိပ်မွှန်၊
(၄) တွေဝေလွန်ထ၊
(၅) ကောင်းကင်ကျတည့်၊
(၆) စတုတ္ထစျာန်နေသူ၊
(၇) သေသူ တစ်လီ၊
(၈) ဗြဟ္မာပြည်၊ ရှစ်မည် သက်မရှူ။ ♦

အသက်ရှည်စေတတ်သော အကြောင်း ၅-ပါး ၂-နည်း

ပဉ္စမ အင်္ဂုတ္တရပါဠိတော် ဂိလာနဝဂ်မှ။
(၁) သပ္ပါယ ကာရီ- မိမိနှင့်သင့်လျော်ရာကိုသာ ပြုလေ့ရှိခြင်း၊
(၂) သပ္ပါယေ မတ္တံ ဇာနာတိ- ထိုသင့်လျော်ရာကိုပြုခြင်း၌ အတိုင်းအရှည်သိခြင်း၊
(၃) ပရိဏတ ဘောဇီကြေကျက်လွယ်သောအစာကိုသာ စားလေ့ရှိခြင်း၊
(၄) သီလဝါ- ၅-ပါးသီလနှင့် ပြည့်စုံခြင်း၊
(၅) ကလျာဏ မိတ္တတာ- မိတ်ဆွေခင်ပွန်းကောင်းရှိခြင်း။ တစ်နည်း ၅-ပါးကား


(၁) သပ္ပါယ ကာရီ- ၎င်း၊
(၂) သပ္ပါယေ မတ္တံ ဇာနာတိ- ၎င်း၊
(၃) ပရိဏတ ဘောဇီ- ၎င်း၊
(၄) ကာလစာရီ- မိမိနှင့်သင့်လျော်သော စားမှု သွားမှု အိပ်မှု စသည်တို့ကို အချိန်အားလျော်စွာ ပြုလေ့ရှိခြင်း၊
(၅) ဗြဟ္မစာရီ- မြတ်သောကိုယ်ကျင့်တရားရှိခြင်း၊ မေထုန်နည်းမှု။ ♦

အသက် ရှည်ရာသော ကုသိုလ်မျိုး ၆-ပါး

သီဟိုဠ်ကျွန်း ဝဿဘမင်းကြီးအား ရဟန္တာအရှင်မြတ်တို့ဟောတော်မူသည်၊ မဟာဝင်ပါဠိတော်။
(၁) ပရိသာဝန ဒါန- ရေစစ်အလှူ၊
(၂) အာဝါသ ဒါန-ဇရပ် တန်ဆောင်း ဂူ ကျောင်း မဏ္ဍပ် အလှူ၊
(၃) ဂိလာန ဝတ္ထု ဒါနသူနာတို့အား ဆေးအလှူ၊
(၄) ဇိဏ္ဏကာ ဝါသ ပဋိသင်္ခရဏ ဒါန- ပျက်စီး ယိုယွင်းနေသော စေတီ တန်ဆောင်း ကျောင်း ဇရပ်တံတားတို့ကို ပြင်ဆင်ဆောက်လုပ်မှု အလှူ၊
(၅) ဇီဝိတ ဒါနသတ္တဝါတို့ကို ဘေးမဲ့ပေးလွှတ်ခြင်းအလှူ၊
(၆) ပဉ္စသီလ သမာဒါန- ငါးပါးသီလကို ခါးဝတ်ပုဆိုး ထဘီကဲ့သို့ မြဲစွာစောင့်ထိန်းမှု။ ♦

အသက်ရှိသော လူသေကောင် ၈-ယောက်

အသက်ရှင်လျက် လူသေမည်သောသူများ။
(၁) ဒုက္ခိတော-သူများနည်းတူ ခြေလက်အင်္ဂါအပြည့်အစုံရှိပါလျက် ငတ်မွတ်ဆင်းရဲ မွဲပြာကျနေသောသူ၊
(၂) ဗျာဓိတော-ရောဂါအနာ မကွာနှိပ်စက် စိတ်ပျက်ဖွယ်ကောင်းသောသူ၊
(၃) မုဠော- အတ္တဟိတ ပရဟိတ ကျိုးနှစ်ဝကိုကျနသေချာစွာ ဝေဖန်ပိုင်းခြား ဆင်ခြင်ဉာဏ် အသိတရားမရှိသောသူ၊
(၄) ဣဏဝါ- ဘယ်ခါမရွေး စိတ်ပူဆွေးရန် သူများထံမှ ခံယူချေးငှား ကြွေးမြီများသောသူ၊
(၅) နိဿယ သေဝကော- မင်းဝယ်ကိုယ်ကြပ်မပြတ်ခစား မင်းကျွန်များနှင့် သူတစ်ပါးထံ အစေခံငြား လခစားလုပ်သောသူ (ဝါ) ကိုယ်ပိုင်အလုပ်မရှိသူ၊ (ဤ ၅-ယောက်ကား နီတိကျမ်းလာ ဗျာသဆရာဆိုသောစကားတည်း)
(၆) ဣတ္ထာ ဣတ္တကယောက်ျားဖြစ်လျက် မိန်းမရှာလိုနေသူ၊
(၇) အလသ- အပျင်းများလျက် စဉ်းစားကာသာ အချိန်ကို ဖင့်နွဲဆွဲငင်နေသူ၊
(၈) ပမတ္တာ- ကုသိုလ်ကောင်းမှု၌ မေ့လျော့နေသူ၊ ယင်း ၃-ယောက်တို့ကို အာစရိယဝါဒအရ ထည့်သွင်းလိုက်၏။ ♦

အသင်္ချေ ကပ်မျိုး ၄-ပါး

ကမ္ဘာကြီးတည်မှု ပျက်မှုကို ပိုင်းခြားသော ကာလကြီးလေးပါးဟူ၏။ ဝိသုဒ္ဓိမဂ်။
(၁) သံဝဋ္ဋ ကပ်- မီး ရေ လေတို့ဖြင့် ကမ္ဘာကြီးပျက်စီးနေဆဲ အခိုက်ကာလ၊
(၂) သံဝဋ္ဋ ဌာယီကပ်-ထိုသို့ဖျက်ဆီးပြီးနောက် အပျက်ကြီးအတိုင်း တည်နေသောကာလ၊
(၃) ဝိဝဋ္ဋ ကပ်- ကမ္ဘာပျက်ကြီးကိုပြန်ပြီးအကောင်းဖြစ်ရန် ပြန်လည်ထူထောင်ဆဲကာလ၊
(၄) ဝိဝဋ္ဋ ဋ္ဌာယီကပ်- ကမ္ဘာကောင်းကြီးဖြစ်သည့်နေ့မှစ၍ အကောင်းအတိုင်းတည်နေဆဲ ကာလ။ ♦

အသင်းအဖွဲဲ့များ ပျက်စီးကြောင်းတရား ၃-ပါး

(၁) ဗဟုနေတ္တာရ- လမ်းပြနည်းညွှန် အမွန်ဦးစီး အကြီးအမှူးလုပ်လိုသူတို့ ပေါများခြင်း၊
(၂) သဗ္ဗ ပဏ္ဍိတမာနီ- သင်းသားအားလုံး ကိုယ့်ကိုယ်ကိုပညာရှိဟုသာထင်မှတ်လျက် ဘဝင်မြင့်နေကြခြင်း၊
(၃) ဗဟု မဟိစ္ဆာ- ရာထူးမက်မောသူတွေ ပေါများနေခြင်း။ ♦

အသတ် ၆-ပါး

အလင်္ကာကျော်စွာ ဆရာမှိုင်းကြီး၏ ကဗျာမှတ်စုမှ။ စာရေးဆရာတိုင်း အလေးမူဂရုပြုအပ်သည်ဖြစ်၍ ခပ်သိမ်းသော သတ်ပုံသတ်ညွှန်း ကျမ်းအသီးသီးတို့၏မှီတွယ်ရာ ငြမ်းကြီးသဖွယ်ဖြစ်သော အသတ်၆-ပါးဟူလို။
(၁) တ သတ်၊
(၂) န သတ်၊
(၃) ပ သတ်၊
(၄) မ သတ်၊
(၅) နိဂ္ဂဟိတ်ခေါ် သေးသေးတင်သတ်၊
(၆) ကဗျာလင်္ကာဖွဲ့စီသီကုံးရာ၌ ယှဉ်အပ်ယှဉ်သင့်သော ယုတ္တအသတ်။ ♦

အသပ္ပါယ အပြား ၇-ပါး

ယောဂါဝစရ ပုဂ္ဂိုလ်များနှင့် မသင့်တော်မလျောက်ပတ်သော အရပ် ၇-ပါး။ “ဝိသုဒ္ဓိမဂ်”
(၁) အာဝါသ အ သပ္ပါယ- မိမိတို့နှင့် မလျောက်ပတ် မတင့်တယ် မသင့်မြတ်သော ကျောင်းအိပ်ယာနေရာ။
(၂) ဂေါစရ အ သပ္ပါယ- မိမိတို့၏စိတ်ကြိုက်နှင့် ဆန့်ကျင်ဘက်ဖြစ်၍ ဆင်းရဲငြိုငြင်စွာ သွားရသော ဆွမ်းခံရာ။
(၃) ဘဿ အ သပ္ပါယ- ဝိနည်းပါဠိတော် စသည်တို့မှလာသော သုဂတိဘုံ စျာန် မဂ် ဖိုလ် နိဗ္ဗာန်တို့နှင့်ဝေးကွာဖီလာဖြစ်သော ၃၂-ပါးသော တိရစ္ဆာနကထာခေါ် စကား။
(၄) ပုဂ္ဂလ အ သပ္ပါယ- သီလ သမာဓိ ပညာ ဗဟုသုတ စသော ဂုဏ်ထူးမရှိ အတိအန္ဓ လူ့ဗာလဖြစ်၍ မမှီဝဲမပေါင်းအပ်သော ပုဂ္ဂိုလ်။
(၅) ဘောဇန အ သပ္ပါယ- မိမိတို့စိတ်ကြိုက်ဖြစ်သော ဘောဇဉ်ခဲဖွယ် အာဟာရတို့ကို တစ်ခါတလေမျှမသုံးဆောင်မမှီဝဲရသော အရပ်ဒေသ။
(၆) ဥတု အ သပ္ပါယ- မိမိတို့ ရူပကာယအား မသင့်လျော် မလျောက်ပတ်စေသော ဥတုရှိသော အရပ်ဒေသ။
(၇) ဣရိယာ ပထ အ သပ္ပါယ- အိပ် ထိုင် ရပ် သွား ဣရိယာပိုထ် လေးပါးတို့တွင် မိမိတို့နှင့် မလျောက်ပတ်သော ဣရိယာပိုထ်။ ♦

အသပ္ပုရိသ ဒါနမျိုး ၅-ပါး

၎င်းအဖြေ (သူယုတ်တို့ပေးလှူနည်းမျိုး ၅-ပါး) မှာ ကြည့်ပါ။ ♦

အသမ္ဘိန္န ဓါတ်တော် ၇-ဆူ

ဗုဒ္ဓဘုရား၏ မပြိုကွဲသောဓါတ်တော်မြတ် ခုနစ်ဆူ ဟူလို။ (က) နဖူးသင်းကျစ်တော်ဓါတ် တစ်ဆူ။ (ခ) စွယ်တော်ဓါတ် လေးဆူ။ (ဂ) ညှပ်ရိုးတော်ဓါတ် ၂-ဆူ၊ ပေါင်း ၇-ဆူဖြစ်၏။ ♦

အသမ္ဘိန္န၊ ဓါတ်မြတ်လှ၊ ပင့်ကြွ ၆-ဌာနာ

အသမ္ဘိန္နဓါတ်တော် ၇-ဆူကို ပင့်ယူကိုးကွယ်ရာ ဌာနခြောက်ပါးဟူ၏။
(၁) နဖူးသင်းကျစ်တော်ဓါတ် ဗြဟ္မာ့ပြည်၌ တစ်ဌာန၊
(၂) အထက် လက်ယာ စွယ်တော်နှင့်၎င်းညှပ်ရိုးတော်ဓါတ် ၂-ဆူ တာဝတိံသာ စူဠာမုနိ၌ တစ်ဌာန၊
(၃) အောက်လက်ယာစွယ်တော် နဂါးပြည်၌ တစ်ဌာန၊
(၄) အောက်လက်ဝဲစွယ်တော် ကာလိင်္ဂရာဇ်နိုင်ငံမှ ဆောင်ယူ၍ သီဟိုဠ်ကျွန်း၌ တစ်ဌာန၊
(၅) အထက် လက်ဝဲစွယ်တော် (ဂန္ဓာရ) သင်းတွဲပြည်၌ တစ်ဌာန၊
(၆) လက်ဝဲညှပ်ရိုးတော် လင်္ကာဒီပ မဟိယင်္ဂဏ၌ တစ်ဌာနဟု မူလကျမ်းဂန်တို့၌ဆို၏၊ ထိုမှနောက်၌ကား ကျေးကုလားတို့ရန်မှ ကင်းလွတ်မှုအတွက် သီဟိုဠ်ကျွန်းမှ မြန်မာပြည်စစ်ကိုင်းကောင်းမှုတော်ကြီးသို့ အပြောင်းအလွှဲရှိသေး၏ဟု မှတ်ရာသည်။ ♦

အသာဓရဏဉာဏ်တော် ၆-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။။ ဋ္ဌ။ ပ-အုပ်။ ၅၂။ ပစ္စေကဗုဒ္ဓါ ရဟန္တာ ဟူသမျှတို့နှင့်မဆိုင်၊ ဘုရားပိုင်သက်သက်ဖြစ်သော ဉာဏ်တော်များ။
(၁) အာသယာ နုသယ ဉာဏ-သတ္တဝါတို့၏အလိုအာသာဟူသမျှကို သိသောဉာဏ်။
(၂) ဣန္ဒြိယ ပရောပရိယတ္ထိ ဉာဏ- သတ္တဝါဣန္ဒြေ ရင့်မရင့်ကို ထောက်ချင့်သိမြင်နိုင်သောဉာဏ်၊
(၃) သဗ္ဗညုတဉာဏ- တရားအကုန်ကို စုံအောင်သိသောဉာဏ်၊
(၄) အနာ ဝရဏ ဉာဏ- ဉေယျငါးအင်ကို သိမြင်တော်မူရာ၌ အပိတ်အပင်အတားအဆီးမရှိသောဉာဏ်၊
(၅) ယမက ပါဋိ ဟာရိယဉာဏတန်ခိုး ပြာဋိဟာပြရာ၌ လေ့လာပြီးရှိသောဉာဏ်၊
(၆) မဟာကရုဏာ သမာပတ္တိ ဉာဏ- သတ္တဝါကို လွန်စွာသနားတော်မူသော ဉာဏ်။ ♦

အသားကြီး ၁၀-ပါး

ဝိနည်း မဟာဝါ။ ပါ။ ၃၁၀။ ဋ္ဌ။ ၃၇၆။ ရဟန်းတော်များ မစားရသော အသားကြီး၁၀-ပါးဟူလို။
(၁) မနုဿ မံသ- လူသား၊
(၂) ဟတ္ထိ မံသ- ဆင်သား၊
(၃) အဿ မံသ- မြင်းသား၊
(၄) သုနခ မံသ- ခွေးသား၊
(၅) အဟိ မံသ- မြွေသား၊
(၆) သီဟ မံသခြင်္သေ့သား၊
(၇) ဗျဂ္ဃ မံသ-ကျားသား၊
(၈) ဒီပိ မံသ- ကျားသစ်သား၊
(၉) အစ္ဆ မံသ- ဝံသား၊
(၁၀) တရစ္ဆ မံသ- ဝံပုလွေသား။ ♦

အသိတရားမျိုး ၆-ပါး

ရတနာ ၃-ရပ် ဂုဏ်တော်မြတ်တို့နှင့်စပ်၍ သိမှုဉာဏ်များ၊ သံယုတ်နှင့် ပဏ္ဏာသမှ။
(၁) အနုဿဝ အသိ- ဆရာသမား စသူတို့၏ အဆင့်ဆင့်ဟောပြောသံဖြင့် သိခြင်း၊
(၂) သဒ္ဓါ အသိ-ရတနာသုံးပါးတို့၏ဂုဏ်ကို ယုံကြည်စွာမှတ်၍သိခြင်း၊
(၃) အာကာရ ပရိဝတ္တ အသိ- ခြင်းရာသွင်ပြင်ကိုဆင်ခြင်ကြံစည်၍သိခြင်း၊
(၄) ဒိဋ္ဌိ နိဇ္ဈာနခန္တိ အသိ- မိမိ သဘောဖြင့် လိုက်လျောညီစွာ စွဲမြဲ၍ သိခြင်း၊
(၅) ပိဋက သမ္ပါဒါ အသိ- စာပေဖတ်၍ တတ် မြောက်သောအခါ စာပေလာအသိ၊
(၆) ပစ္စက္ခ အသိ- ဆိုပြီးအသိငါးပါး တို့ကိုလွန်မြောက်၍ ကိုယ်တိုင်တပ်အပ်သိခြင်း။ ♦

အသီတိ ရှစ်ကျိပ်

မဟာသာဝက ရှစ်ကျိပ်ကိုခေါ်သည်။ ၎င်းကို (လက်ဝဲရံ လက်ယာရံ) မှာ ကြည့်ပါ။ ♦

အသီးကြီး ၉-မျိုး

ဝိနည်းတော်လာ ရဟန်းတော်များ နေလွဲသောအခါ အဖျော်ယမကာအဖြစ် မအပ်သောအသီးကြီး ၉-မျိုး။
(၁) အုန်းသီး၊
(၂) ထန်းသီး၊
(၃) အိမ်ပိန္နဲသီး၊
(၄) တောင်ပိန္နဲသီး၊
(၅) ဘူးသီး၊
(၆) ဖရုံသီး၊
(၇) သခွား ငဆစ်သီး၊
(၈) သခွား ငပြုတ်သီး၊
(၉) သခွား ငကြောင်သီး။ ♦

အသုဘ ၁၀-ပါး

မတင့်မတယ် ရွံစဖွယ်ဖြစ်သော နိမိတ်အာရုံ ကမ္မဋ္ဌာန်းဆယ်ပါးဟူ၏။
(၁) ဥဒ္ဓု မာတက-ဖူးဖူးရောင်ထ မလှရုပ်သွင် အမြင်ဆိုးဝါးသောအကောင်ပုပ်၊
(၂) ဝိ နီလကဖေါက်ပြန်ညိုပုပ် စက်ဆုတ် ရွံရှာဖွယ်ကောင်းသော အကောင်ပုပ်၊
(၃) ဝိ ပုဗ္ဗက- ယိုစီးလိမ်းကျံသော ပြည်ပုပ်တို့ဖြင့် စက်ဆုတ်ဖွယ်အကောင်ပုပ်၊
(၄) ဝိစ္ဆိဒ္ဒက- နှစ်ပိုင်းပြတ်နေသော စက်ဆုပ်ဖွယ် အကောင်ပုပ်၊
(၅) ဝိက္ခာယိတက-အထူးထူးအပြားပြား ကျီး ခွေးတို့စား၍ စက်ဆုပ်ဖွယ်သော အကောင်ပုပ်၊
(၆) ဝိက္ခိတ္တက- အထူးထူးအပိုင်းပိုင်းအားဖြင့် ပြစ်လွှင့်ချထားအပ်သော စက်ဆုပ်ဖွယ်သောအကောင်ပုပ်၊
(၇) ဟတ ဝိက္ခိတ္တက-လက်နက်ဖြင့် ပိုင်းဖြတ်အပ် ပစ်လွှင့်အပ်သောစက်ဆုပ် ဖွယ်အကောင်ပုပ်၊
(၈) လောဟိတက- သွေးအလိမ်းလိမ်း ပေကျံစက်ဆုပ်အပ်သော အကောင်ပုပ်၊
(၉) ပုဠုဝက- ပိုးလောက်ပြည့်လျှံ အော့အန်ဖွယ်ဖြစ်သော အကောင်ပုပ်၊
(၁၀) အဋ္ဌိက- စက်ဆုပ် ဖွယ်ရာအရိုးစုသာဖြစ်သော အကောင်ပုပ်။ ♦

အသူရာများ၊ မျိုးအပြား၊ ၃-ပါးကျမ်းဂန်လာ

ဝေပစိတ္တိ အသုရာ- တာဝတိံသာနတ်တို့နှင့် သက်တမ်းစည်းစိမ် တန်ခိုး ညီမျှ၍ မြင်းမိုရ်တောင်အောက်၌နေကြသော အသူရာမျိုး၊
(၂) ဝိနိပါတိက အသုရာ- ၎င်းတို့သည်လည်း နတ်အသူရာမျိုးပင်၊ သို့သော် စတုမဟာရာဇ်တာဝတိံသာ နတ်တို့လောက် တန်ခိုးမကြီးချေ၊ ရှားပါးသောအဝတ်တန်ဆာ အစားအစာရှိကုန်၏၊ အချို့ကား တိဟိတ် ပဋိသန္ဓေနေကုန်သည်ဖြစ်၍ မဂ် ဖိုလ် နိဗ္ဗာန်တိုင် ရကြကုန်၏။
(၃) ကာလကဉ္စိကအသုရာ- ၎င်းတို့သည်ကား ပြိတ္တာ အသူရာမျိုး တို့သာတည်း၊ ထို့ကြောင့် ကာလကဉ္စိက အသူရာမျိုးကို အသူရကာယ်ဘုံ၌သွင်း၍ ရေတွက်အပ်ကုန်၏။ ♦

အသေက္ခပုဂ္ဂိုလ် ၂-ယောက်

ပဉ္စပကရဏ (ပဉ္စပကြိုဏ်။ ဋ္ဌ။ ၃၉-၌ အကျယ်ရှုပါ။
(၁) ရဟန္တာအရှင်မြတ်တို့သည် အခြားသောသူထံမှ သီလ သမာဓိ ပညာအမှန်တရားတို့ကို ခံယူဖြည့်ကျင့်ပြီးပြီဖြစ်၍ နောက်ထပ်ပြုကျင့်ဖွယ်ရာမရှိတော့သောကြောင့် သိက္ခိတ အသေက္ခ ပုဂ္ဂိုလ် မည်၏။
(၂) ဘုရားသခင်နှင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် ကိုယ်တိုင်သိ၍ ဖြည့်ကျင့်ပြီးဖြစ်ရကား အခြားသူထံ၌ နည်းခံပြုကျင့်စရာမလိုတော့သောကြောင့် အသိက္ခိတ- အသေက္ခ ပုဂ္ဂိုလ်မည်၏။ ♦

အဟိတ်ပုဂ္ဂိုလ် ၂-ယောက်

ပဋိသန္ဓေအခါ ကုသိုလ်ဟိတ်နှင့်မယှဉ်သော ပုဂ္ဂိုလ်နှစ်ယောက်ဟူ၏။
(၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်- အပါယ်လေးပါးဘုံသားများ၊
(၂) သုဂတိ အဟိတ်ပုဂ္ဂိုလ်ပဋိသန္ဓေအားဖြင့် ကန်း ထိုင်း ရူး ဆွံ့အ လာသူများ၊ (ရူပါဝစရ သုဂတိ အဟိတ်ပုဂ္ဂိုလ်) - ဇီဝိတဆက္က ဇီဝိတနဝက ကလာပ်ဖြင့် ပဋိသန္ဓေနေသော အသညသတ် ရူပါဝစရ သုဂတိ အဟိတ်ပုဂ္ဂိုလ်လည်း ရှိသေး၏။ ♦

အာကာသ ၄-မျိုး

ရေးခြစ်လို့မရသော ကောင်းကင် လေးမျိုး။ (အင်္ကုရဋီကာ။ )
(၁) အဇဋာ ကာသ- ယခု မျက်မြင်ဖြစ်သော ဟင်းလင်းကောင်းကင်။
(၂) ပရိစ္ဆိန္နာ ကာသ- တံခါးပေါက် တိုက်နံရံပေါက် အိုးမျက်နှာဝပေါက် စသည် ပိုင်းခြားကာရံအပ် သောအပေါက်ဟူသမျှ။
(၃) ကသိဏုဂ္ဃပါဋိ မာကာသ- အာကာသာနဉ္စယတန စျာန်၌လာလတ္တံ့သော ကသိုဏ်း ၉- ပါးတွင် တစ်ပါးပါးကို ခွါချ၍ ရအပ်သော ကောင်းကင်ပညတ်။
(၄) ပရိစ္ဆေဒါ ကာသ- ပရိစ္ဆေဒရုပ်ခေါ် အာကာသဓါတ်။ ♦

အာဃာတဝတ္ထု ၉-ပါး ၁၀-ပါး ၂-နည်း

ဓမ္မသင်္ဂဏီ။ ပါ။ ၂၁၆။ ဋ္ဌ။ ၃၉၉။ ဝိဘင်း။ ပါ။ ၄၀၃-၄၀၅။ ဋ္ဌ။ ၄၉၄-၄၉၅ တို့၌ အကျယ်ရှုပါ။ ၎င်းသရုပ်ကို (ရန်ငြိုးဖွဲ့ကြောင်းတရား ၁၀-ပါး) ၌ ပြအံ့။ ♦

အာစရိယမျိုး ၅-ပါး

ဝိနည်းပရိဝါ။ ပါ။ ၃၅၈။ ၎င်း။ ဋ္ဌ။ ၂၂၄။
(၁) ပဗ္ဗဇ္ဇာစရိယ၊
(၂) ဥပသမ္ပဒါစရိယ၊
(၃) နိဿယာစရိယ၊
(၄) ဥဒ္ဒေသာစရိယ- စာသင်ပေးသူ၊
(၅) သြဝါဒါစရိယ။ ♦

အာစရိယ ဂုဏ်အင်္ဂါ ၂၅-ပါး

၎င်းအဖြေကို (ဆရာ့ဂုဏ်အင်္ဂါ ၂၅-ပါး) ၌ ကြည့်ပါ။ ♦

အာစောက်ရပ်မှာ ဖြစ်ပေါ်လာ၊ မြန်မာအက္ခရာမျိုး ၈-လုံး

၎င်းအဖြေ (တာလုဇ အက္ခရာ ၈-လုံး) မှာ ကြည့်ပါ။ ♦

အာဇာနည် ဗိမာန်ရှင်ကြီး ၉-ယောက်

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပေါင်း ကိုးယောက်သော အလောင်းများထားရှိရာရန်ကုန်မြို့ အာဇာနည်ဗိမာန်ကြီး၌ရှိသည်။
(၁) ဗိုလ်ချုပ်အောင်ဆန်း၊ နတ်မောက်မြို့ ဦးဖာ-ဒေါ်စုတို့မှ ၁၉၁၅-ခုနှစ် မွေး၊ ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့၌ ကျဆုံး။
(၂) သခင်မြ၊ ပြည်ခရိုင် ထုံးဘိုမြို့ ဦးဘိုးချွန်- ဒေါ်သက်လယ်တို့မှ ၁၈၉၇-ခုနှစ်မွေး၊ ၁၉၄၇-ကျဆုံး။
(၃) မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ မိုင်းပွန် စော်ဘွားကြီး စဝ်ခွန်ထီးနှင့် မဟာဒေဝီ နန်းစိန်ဥတို့မှ ၁၉၀၇-ခုနှစ်မွေး၊ ၁၉၄၇-ခုနှစ် ကျဆုံး။
(၄) ဒီးဒုတ် ဦးဘချို၊ မြောင်းမြမြို့ ဦးဘိုးစာ ဒေါ်မြစ်တို့မှ ၁၈၉၃-ခုနှစ် မွေး၊ ၁၉၄၇-ခုနှစ် ကျဆုံး။
(၅) ဦးရာဇတ်၊ မိတ္ထီလာမြို့ မစ္စတာ အေရာမန်- ဒေါ်ငြိမ်းလှတို့မှ ၁၈၉၈-ခုနှစ်မွေး၊ ၁၉၄၇- ခုနှစ် ကျဆုံး။
(၆) မန်းဘခိုင်၊ ဟင်္သာတမြို့နယ် ယုန်သလင်းရွာ မန်းပေကုန်း ဒေါ်ပုတို့မှ ၁၉၀၃-ခုနှစ်မွေး၊ ၁၉၄၇-ခုနှစ် ကျဆုံး။
(၇) ဦးဘဝင်း၊ နတ်မောက်မြို့ ဦးဖာ-ဒေါ်စုတို့မှ ၁၉၀၁-ခုနှစ်မွေး၊ ၁၉၄၇-ခုနှစ် ကျဆုံး။
(၈) ဦးအုန်းမောင်၊ မင်းဘူးမြို့ မစ္စတာ အိပ် (ချ်) ဒယလျူ ထရပ်(တ်) ဝိန် - ဒေါ်ရွှေမြင့်တို့မှ ၁၉၁၃-ခုနှစ်မွေး၊ ၁၉၄၇-နှစ် ကျဆုံး။
(၉) သက်တော်စောင့် ရဲဘော်ကိုထွေး၊ မန္တလေးမြို့ တောင်ပြင်သိပ္ပံရပ် ဦးကိုကိုလေး- ဒေါ်မင်ရီတို့မှ ၁၉၂၉-ခုနှစ်မွေး၍ ၁၉၄၇-ခုနှစ်၌ ကျဆုံးရသည်။ ♦

အာဇာနည်များ၊ မျိုး ၆-ပါး

ဒုကင်္ဂုတ္တရ။ ပါ။ ၇၆။ ဋ္ဌ။ ၅၁။ စတုက္ကင်္ဂုတ္တရ။ ဋ္ဌ။ ၂၉၂-တို့၌ အကျယ်ရှုပါ။ မကြောက်မရွံ့ မတွန့်မဆုတ်ဘဲ ကြောင်းကျိုးဟုတ်မှန်ကို ဝေဖန်တတ်သော ပုဂ္ဂိုလ်သတ္တဝါ ၆-မျိုး၊
(၁) သီဟ- ခြင်္သေ့ အာဇာနည်မျိုး၊
(၂) ဟတ္ထာဇာနေယျ- ဆင် အာဇာနည်မျိုး၊
(၃) အဿာဇာနေယျ-မြင်း အာဇာနည်မျိုး၊
(၄) ဥသဘာဇာနေယျ- နွားလား အာဇာနည်မျိုး၊
(၅) ပုရိသာ ဇာနေယျ- ယောက်ျားအာဇာနည်မျိုး၊
(၆) ခီဏာသဝ- ရဟန္တာပုဂ္ဂိုလ်။

မှတ်ချက် ။ ။ နံပါတ် ၆၊ ရဟန္တာပုဂ္ဂိုလ်တို့သည် ကိလေသာကင်းစင်သောကြောင့် မရွံ့မကြောက် ရဲရင့်ကြ၏၊ကျန် ၅-ယောက်တို့အား အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိလွန်ကဲ အားကြီးသောကြောင့် ကြောက်ရွံ့ခြင်းကင်းကြကုန်၏ဟုမှတ်ရာသည်။ ♦

အာဇီဝဋ္ဌမက သီလ

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၄၀။ ဋ္ဌ။ ပ-အုပ်။ ၁၅၁။ သုတ္တနိပါတ်။ ဋ္ဌ။ ဒု-အုပ်။ ၁၁၁။ ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၁၂။ သုတ်သီလက္ခန်။ ဋ္ဌ။ ၂၈၁- တို့၌ အကျယ်ရှု။ အာဇီဝလျှင် ရှစ်ခုမြောက်သော သီလဟူ၏၊ (က) ကာယဒုစရိုက် ၃-ပါး၊ (ခ) ဝစီဒုစရိုက် ၄-ပါး၊ (ဂ) မိစ္ဆာဇီဝ ၁-ပါး၊ ၎င်းရှစ်ပါးကို ရှောင်ကြဉ်စောင့်ထိန်းမှုသီလကို ဆိုသည်၊ ကာယဒုစရိုက်၌- (အဗြဟ္မာစရိယာ) ကို ယူ။ ♦

အာနန္ဒာထေရ်၊ ဘွဲ့ ၅-ထွေ၊ ရလေ ဧတဒဂ်

၎င်းသရုပ် (ရှင်အာနန္ဒာ၊ ဘွဲ့ပုံသာ၊ ၅-ဖြာ ဧတဒဂ်) ၌ ရှုပါလေ။ ♦

အာပတ် ၇-ပုံ

ရဟန်းတော်များအတွက် ဝိနည်းပညတ်ချက်လာ အခြေခံဥပဒေကြီး ၇-မျိုး။
(၁) ပါရာဇိက၊
(၂) သံဃာဒိသိသ်၊
(၃) ထုလ္လစဉ်း၊
(၄) ပါစိတ်၊
(၅) ပါဋိဒေသနီ၊
(၆) ဒုက္ကဋ်၊
(၇) ဒုဗ္ဘာသီ။ ♦

အာပတ်မသင့်သောပုဂ္ဂိုလ် ၂-ယောက်

ပရိဝါ။ ပါ။ ၁၅၈။ ဋ္ဌ။ ၂၁၄။ ဒွေ ပုဂ္ဂလာ အနာပတ္တိဟူသောဝိနည်းတော်လာအတိုင်း။
(၁) မဟာမုနိ ရာဇာ- ရဟန်း မင်းမြတ်ဖြစ်တော်မူသော ဘုရားသခင်၊
(၂) ပစ္စေကဗုဒ္ဓါ- ဘုရားငယ်ဖြစ်တော်မူသော ပစ္စေကဗုဒ္ဓါအရှင်မြတ်။ ♦

အာပေါဓါတ် ၁၂-ပါး

မူလပဏ္ဏာသ။ ပါ။ ၁၉၇။ ဋ္ဌ။ ဒု-အုပ်။ ၃၇။ စိမ့်ဝင် စေးကပ် အဝိနိဗ္ဘောဂရုပ်တို့ကို ဖွဲ့စပ်ပေါင်းစည်းတတ်ခြင်း သဘောရှိသော (သတ္တဝါတို့သန္တန်၌ ငါ့ဟာ ငါ့ဥစ္စာဟု စွဲလမ်းတတ်သော) ဝတ္ထုအရည်ဓါတ် ၁၂-ပါးဟူလို။
(၁) ပိတ္တံ- သည်းခြေ၊
(၂) သေမှံ- သလိပ်၊
(၃) ပုဗ္ဗော- ပြည်၊
(၄) လောဟိတံ- သွေး၊
(၅) သေဒေါ- ချွေး၊
(၆) မေဒေါအဆီခဲ၊
(၇) အဿု- မျက်ရည်၊
(၈) ဝသာ- ဆြီကည်၊
(၉) ခေဠော- တံတွေး၊
(၁၀) သိင်္ဃာဏိကာ- နှပ်၊
(၁၁) လသိကာ- အစေး၊
(၁၂) မုတ္တံ- ကျင်ငယ်။ ♦

အာမိသမျိုး ၃-ပါး

မဂ်ဖိုလ်မရနိုင်အောင် ကပ်ငြိခြင်း ၃-ပါးဟူ၏။ ဥပရိပဏ္ဏာသ။ ပါ။ ၄၁။ ဋ္ဌ။ ၃၄-၌ အကျယ်ရှု။
(၁) ကာမာမိသ- ကာမဂုဏ် ၅-ပါး၌ ကပ်ငြိခြင်း၊
(၂) ဝဋ္ဋမိသ-ဝဋ် ၃-ပါး၌ ကပ်ငြိခြင်း၊
(၃) ကိလေသာမိသ- ကိလေသာ ဆယ်ပါး၌ ကပ်ငြိခြင်း။ ♦

အာမေဍိတ်များ၊ ဖြစ်ကြောင်းကား၊ ၉-ပါးကျမ်း၌လာ

အနက်ဒြပ်တစ်ခုတည်းကိုပင် နှစ်ကြိမ် သုံးကြိမ် ရွတ်ဆိုခြင်းကို 'အာမေဍိတ်'ခေါ်၏၊ ပုံ- မြွေကြီး မြွေကြီး စသည်မျိုး။ အဘိဓာနပ္ပဒီပိကာကျမ်း၌ကား ၎င်းကိုးမျိုးကိုပြု၏။
(၁) ဘယေ- ကြောက်သောအခါမျိုး၊
(၂) ကောဓေ- စိတ်ဆိုးဒေါသဖြစ်သောအခါမျိုး၊
(၃) ပသံသာယံ-ချီးမွမ်းကောင်းချီးပေးသောအခါမျိုး၊
(၄) တုရိတေ- အဆောတလျင်ပြုသောအခါမျိုး၊
(၅) ကောတူဟလေအဆန်း အသစ်တွေ့သောအခါမျိုး၊
(၆) အစ္ဆရေ- အံ့သြသောအခါမျိုး၊
(၇) ဟာသေအားရ ဝမ်းသာရွှင်လန်းသောအခါမျိုး၊
(၈) သောကေ- စိုးရိမ်ဝမ်းနည်းသောအခါမျိုး၊
(၉) ပသာဒေ- ကြည်ညိုလွန်းသောအခါမျိုး။ ♦

အာယတန ၁၂-ပါး

သဠာယတနသံယုတ်။ ပါ။ ၂၅၁။ ဋ္ဌ။ ၆-တို့၌အကျယ်ရှုပါ။ သတ္တဝါတို့အား နှိပ်စက်တတ်ပုံကိုပြထား၏၊ အာရုံတရားတို့၏၊ သို့မဟုတ် ကမ္မဘဝ၏ထွက်ဝင်သွားလာရာ နေအိမ်သဖွယ်ဖြစ်သောသဘော ၁၂-ပါး ဟူလို။
(၁) စက္ခာယတန- စက္ခု ပသာဒ ခေါ် မျက်စိအကြည်ဓါတ်၊
(၂) သောတာယတနသောတပသာဒခေါ် နားအကြည်ဓါတ်၊
(၃) ဃာနယတန- ဃာနပသာဒခေါ် နှာခေါင်းအကြည်ဓါတ်၊
(၄) ဇိဝှါယတန- ဇိဝှာပသာဒ ခေါ် လျှာအကြည်ဓါတ်၊
(၅) ကာယာယတန- ကာယပသာဒခေါ် ကိုယ်အကြည်ဓါတ်၊
(၆) မနာယတန- စိတ် ၈၉-ခုဟုဆိုအပ်သော မနောအကြည်ဓါတ်၊
(၇) ရူပါယတန- အဆင်းအာရုံ၊
(၈) သဒ္ဒါယတနအသံအာရုံ၊
(၉) ဂန္ဓာယတန- အနံ့အာရုံ၊
(၁၀) ရသာယတန- အရသာအာရုံ၊
(၁၁) ဖောဋ္ဌဗ္ဗာယတန- ပထဝီ တေဇော ဝါယောဟုဆိုအပ်သော ဓါတ်သုံးပါး အပေါင်းအတွေ့အာရုံ၊
(၁၂) ဓမ္မာယတန- စေတသိက် ၅၂-ပါး, သုခုမရုပ်၁၆-ပါး, နိဗ္ဗာန်, ပညတ်ဟုဆိုအပ်သော ဓမ္မာရုံ။ ♦

အာရက္ခ သမ္ပဒါတရား ၅-ပါး

တိုးတက်ခိုင်မြဲရေးအတွက် မိမိတို့ပစ္စည်းအရပ်ရပ်ကို စောင့်ရှောက်မှုတရားငါးပါးဟူ၏။
(၁) ရာဇ ဘယ အာရက္ခ- မင်းပြစ် မင်းဘေးနှင့် ရုံးပင် ကန္နားရှောင်ရှားမှု။
(၂) စောရ ဘယ အာရက္ခ- သူခိုး ဓါးပြဘေးမှ လုံခြုံရေးအတွက် စောင့်ရှောက်တတ်မှု။
(၃) အဂ္ဂိ ဘယ အာရက္ခ- မီးဘေးမှကင်းဝေးအောင် ရှောင်ရှားတားဆီးတတ်မှု။
(၄) ဥဒကဘယ အာရက္ခ- ရေးဘေးမှကင်းဝေးအောင် တားတတ်ရှောင်တတ်မှု။
(၅) အပ္ပိယ ဒါယာဒ ဘယ အာရက္ခ- သားဆိုး သမီးဆိုး အမွေခံဆိုးမဖြစ်ရအောင် လိမ္မာစေမှုကြောင့်ကြ ပြုကာ စောင့်ရှောက်စေခြင်း။ ♦

အာရုံ ၅-ပါး ကာမဂုဏ်တရား

၎င်းသရုပ် (ကာမဂုဏ် ၅-ပါး) ၌ ပြမည်။ ♦

အာရုံ ၆-ပါး

မျက်စိ နား နှာ စသော တံခါးခြောက်ပေါက်မှ ဝင်လာသောအရာ ၆-ပါးဟူ၏။
(၁) ရူပါရုံ-အဆင်း၊
(၂) သဒ္ဒါရုံ- အသံ၊
(၃) ဂန္ဓာရုံ- အနံ့၊
(၄) ရသာရုံအရသာ၊
(၅) ဖေါဋ္ဌဗ္ဗာရုံ- အတွေ့အထိ၊
(၆) ဓမ္မာရုံ- ပသာဒရုပ် ၅-ပါး သုခုမရုပ် သောဠသစိတ်တစ်ခု ယုတ်ကိုးဆယ်, စေတသိက် ၅၂, နိဗ္ဗာန်, ပညတ်။ ♦

အာရှတိုက် တိုင်းပြည်နိုင်ငံများ

၁၃၆၉-ခု၊ ၂၀၀၇-ခု။ က

အရှေ့အာရှ။
(၁) တရုတ်ပြည်၊
(၂) ဟောင်ကောင်း(တရုပ်အထူးအုပ်ချုပ်ခွင့်ဒေသ)၊
(၃) မကာအို(တရုပ်အထူးအုပ်ချုပ်ခွင့်ဒေသ)၊
(၄) တိဘက် (တရုပ်)၊
(၅) ဂျပန်၊
(၆) မြောက်ကိုရီးယား၊
(၇) တောင်ကိုရီးယား၊
(၈) မွန်ဂိုးလီးယား၊
(၉) တိုင်ဝမ်။ ခ

မြောက်အာရှ။
(၁) ရုရှ ဖက်ဒရေးရှင်း။ ဂ

တောင်အာရှ။
(၁) အာဖဂန် နစ္စတန်၊
(၂) ဘင်္ဂလားဒေ့(ရှ်)၊
(၃) ဘူတန်၊
(၄) အိန္ဒိယ၊
(၅) ပါရှား (အီရန်)၊
(၆) ကယ်ဇာစတန်၊
(၇) ကရယ်ဂစ်စတန်၊
(၈) မောဒိုက်ဗ်စ်၊
(၉) နီပေါ၊
(၁၀) ပါကစ္စတန်၊
(၁၁) သီရိလင်္ကာ၊
(၁၂) တာဂျီကီစတန်း၊
(၁၃) တတ်ခ်မင်နစ်စတန်း၊
(၁၄) ဥဘကခ် စစ် တန်း၊ ဃ

အရှေ့တောင်အာရှ။
(၁) ဘရူနိုင်းလ် ဒါရူဆလမ်၊
(၂) ကမ္ဘောဒီးယား၊
(၃) အင်ဒိုနီးရှား၊
(၄) လာအို၊
(၅) မလေးရှား၊
(၆) မြန်မာ၊
(၇) ဖီလစ်ပိုင်၊
(၈) စင်္ကာပူ၊
(၉) ထိုင်း (ယိုးဒယား)၊
(၁၀) အရှေ့တီမော၊
(၁၁) ဗီယက်နမ်၊ မှတ်ချက်။ တီမောမှလွဲ၍ ကျန် ၁၀-နိုင်ငံ မှာ အာဆီယမ် (ဗှနဗြ) အဖွဲ့ဝင်များဖြစ်သည်။ င

အနောက်အာရှ နှင့် အရှေ့အလယ်ပိုင်း။
(၁) အာမေးနီးယား၊
(၂) အဇာဘိုင်ဂျန်း၊
(၃) ဘာရိန်း၊
(၄) ဆိုင်းပရတ်၊
(၅) ဂျော်ဂျီယာ၊
(၆) အီရတ်၊
(၇) အစ္စရေး၊
(၈) ဂျော်ဒန်၊
(၉) ကူဝိတ်၊
(၁၀) လက်ဘီနွန်၊
(၁၁) အိုမန်၊
(၁၂) ပါလက်စတိုင်း၊
(၁၃) ကာတာ၊
(၁၄) ဆော်ဒီအာရေဗျ၊
(၁၅) ဆီးရီးယား၊
(၁၆) တပ်ကီ (တူရကီ)၊
(၁၇) အာရပ်စော်ဘွားများနိုင်ငံ၊
(၁၈) ရီမင်။ ♦

အာလယတရား ၂-ပါး

(၁) ကာမာလယ- အာရုံငါးပါး ကာမဂုဏ်တရားကိုခေါ်သည်၊
(၂) တဏှာလယ-ထိုအာရုံငါးပါး ကာမဂုဏ်တရားကို မှီဝဲသုံးဆောင်တတ်သော တဏှာလောဘကို ဆိုသည်။ ♦

အာလိန် ၅-ဆင့်

သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၂၁၈။ ၎င်း။ ဋ္ဌ။ ၃၁၀။ ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၁၇၇-တို့၌အကျယ်ရှုပါ။ မရိုးစည်လုံးသဏ္ဍာန်ကဲ့သို့ အလယ်ပူ အထက်ရှူးနေသော မြင်းမိုရ်တောင်ကြီး၌ အပြင်ဆင်ဝင်တောင်ခါးပန်းစွန်း ငါးဆင့်ရှိကုန်၏၊ ၎င်းကိုပင် အာလိန်ငါးဆင့်ဟု ခေါ်ဆိုသည်မှတ်။ ထိုအာလိန်ငါးဆင့်တို့သည် တစ်ဆင့်တစ်ဆင့်၌ အထု၏လည်းကောင်း၊ အပြင်၏လည်းကောင်း အတိုင်းအရှည်ပမာဏအားဖြင့် ယူဇနာငါးထောင်စီ အသီးသီးရှိကုန်၏။ မြင်းမိုရ်တောင်၏ ရေပေါ် ယူဇနာရှစ်သောင်းလေးထောင်တွင် အောက်ထက်ဝက်ဖြစ်သော ယူဇနာ လေးသောင်းနှစ်ထောင်ကို ငါးစုပြုသော် အောက်ဆုံးအစုသည် ပဌမအာလိန်မည်၏။
(၁) ပဌမအာလိန်သည် ရေ အထက်ပေါ်နေသည်ကား ထက်ဝက်, ရေအောက်နစ်နေသည်ကား ထက်ဝက်ဖြစ်၏၊ ထိုပဌမအာလိန်၌ နဂါးမင်းတို့နေ၏။
(၂) ထိုအထက် ဒုတိယ အာလိန်ကား လက်ပံပင်တောကြီးအတိဖြစ်၍ ဂဠုန်မင်းတို့ နေကြကုန်၏။
(၃) ထို့အထက် တတိယအာလိန်ကား ဂုမ္ဘဏ်တို့ နေရာဖြစ်၏။
(၄) ထို့အထက် စတုတ္ထအာလိန်ကား ဘီလူးရက္ခိုသ်တို့၏ နေရာဖြစ်၏။
(၅) ထို့အထက် ပဉ္စမအာလိန်ကား မြင်းမိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏ထိပ်နှင့် ညီမျှ၍ “ဓတရဋ္ဌ, ဝိရူဠက, ဝိရူပက္ခ, ကုဝေရ” အမည်ရသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ပင်ဖြစ်လေ၏။

မှတ်ချက် ။ ။ လောက၌ ယူဇနပေါင်း (၈၄၀၀၀) မြင့်မားသော မေရုရာဇာ မြင်းမိုရ်တောင်ကား အမှန်ရှိ၏။ သို့သော် လူသားများကား အနန္တတန်ခိုးရှင် သဗ္ဗညု မြတ်စွာဘုရားသခင်နှင့် စကြာရတနာမင်းမြတ်တို့- ပွင့်ထွန်းပေါ်ပေါက်လာသော ကာလမျိုး၌သာ တွေ့မြင်ကြရကြောင်း၊ ရှေးသူဟောင်း ပဋကပညာကျော် ဆရာတော်ကြီးများ ပြောကြားတော်မူကြသည်ကို မှတ်သားရဖူး၏။ ကျမ်းစာသာဓကများကိုတော့ မသိရဖူးချေ။ ♦

အာဝေဏိက ဂုဏ်တော် ၁၈-ပါး

အဘိဓမ္မာ ဝိဘင်္ဂ မူလဋီကာ။ ၂။ ဘုရားရှင်အတွက် သက်သက်သီးခြား ဂုဏ်တော် ၁၈-ပါး။
(၁) အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတ ဉာဏံ- အတိတ်အဖို့၌ ဉာဏ်တော်၏ အပိတ် အပင်အတားအဆီးမရှိခြင်း၊
(၂) အနာဂတံသေ- အနာဂတ်အဖို့၌လည်း ၎င်းအတိုင်းပင်၊
(၃) ပစ္စုပ္ပန္နံသေ-ပစ္စုပ္ပန်၌လည်း ၎င်းအတိုင်းပင်၊
(၄) သဗ္ဗံ ကာယကမ္မံ ဉာဏ ပုဗ္ဗင်္ဂမံ၊ ဉာဏာနုပရိဝတ္တံကာယကံမှု အလုံးစုံ၌ ဉာဏ်တော်သာလျှင် ရှေ့သွားရှိခြင်း၊ ဉာဏ်တော်သို့သာ အစဉ်လိုက်ခြင်း၊
(၅) သဗ္ဗံ ဝစီကမ္မံ-ဝစီကံမှုတို့၌လည်း ၎င်းအတိုင်းပင်၊
(၆) သဗ္ဗံ မနောကမ္မံမနောကံအမှုတို့၌လည်း ၎င်းအတိုင်းပင်၊
(၇) နတ္ထိ ဆန္ဒဿ ဟာနိ- အလိုဆန္ဒတော်၏ ယုတ်လျော့အားနည်းမှုမရှိခြင်း၊
(၈) နတ္ထိ ဝီရိယဿ ဟာနိ-အားထုတ်မှုဝီရိယ၏လည်း ၎င်းအတိုင်းပင်၊
(၉) နတ္ထိ သမာဓိဿ ဟာနိ- သမာဓိတော်၏လည်း ၎င်းအတိုင်းပင်၊
(၁၀) နတ္ထိ ပညာယ ဟာနိ- ပညာတော်အရာ၌လည်း ၎င်းအတိုင်းပင်၊
(၁၁) နတ္ထိဓမ္မ ဒေသနာယ ဟာနိတရားဟောရာ၌လည်း ၎င်းအတိုင်းပင်၊
(၁၂) နတ္ထိ ဝိမုတ္တိယာ ဟာနိ- ဝိမုတ္တိတရား အဖို့၌လည်း ၎င်းအတိုင်းပင်၊
(၁၃) နတ္ထိဒဝါ- ပြက်ရယ်ပြုမှု မြူးထူးမှု မရှိခြင်း၊
(၁၄) နတ္ထိ ရဝါ- ချွတ်ချော်တိမ်းပါးမှုမရှိခြင်း၊
(၁၅) နတ္ထိ အဖုဋံ- ဉာဏ်တော်နှင့် မတွေ့ထိသော အရာဟူ၍မရှိခြင်း၊
(၁၆) နတ္ထိ ဝေဂါယိတတ္တံ- အဆောတလျင်ပြုရသည်၏အဖြစ်မျိုး မရှိခြင်း၊
(၁၇) နတ္ထိ အဗျာဝဋမနော- ကြောင့်ကြမဲ့စိတ်မျိုး မရှိခြင်း၊
(၁၈) နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ- ပညာဉာဏ် မဆင်မခြင် ရှုလေ့မရှိခြင်း။ ♦

အာဝေဏိက ဒုက္ခ ၅-ပါး

သဠာယတနသံယုတ်။ ပါ။ ၄၃၆- ၄၃၇။ ဋ္ဌ။ ၁၂၅-၌ အကျယ်ရှုပါ။ မိန်းမများအတွက်သီးခြားခံယူရသော ဒုက္ခငါးပါး။
(၁) အရွယ်ရောက်လျှင် ရာသီဥတုသွေး တစ်လတစ်ကြိမ် သွန်ရခြင်း၊
(၂) လင်၏နောက်သို့ လိုက်ပါသွားရခြင်း၊
(၃) လင်၏အလုပ်အကျွေးအဖြစ် ပြုလုပ်ရခြင်း၊
(၄) ကိုယ်ဝန်ဆောင်ရခြင်း၊
(၅) သားဖွားရခြင်း။ ♦

အာဝေဏိက၊ ပို့ကြမေတ္တာ၊ ၇-ဖြာ၊ အင်္ဂါအဘယ်နည်း

သီးခြားကန့်သတ်၍ ပို့သပွားများရသော (သြဓိဿမေတ္တာ ၇-ပါး) ကိုပင် အာဝေဏိကမေတ္တာဟု ခေါ်ကြသည်၊ အဖြေ ၎င်း၌ရှုပါကုန်။

မှတ်ချက် ။ ။ အချို့ ဆိုင်းနောက်ထနှင့် သဘင်သည်တို့ကား မပီမသ “အာဝေဓိက မေတ္တာ''ဟု ခေါ်နေကြကုန်၏။ ပြင်ပေးကြပါ။ ♦

အာသယတရား ၄-ပါး

စိတ်တို့၏မှီတည်ရာ သို့မဟုတ် သတ္တဝါတို့၏မှီတည်ရာ လေးပါး-ဟူလို၊ သာရတ္ထဒီပနီဋီကာ။
(၁) သဿတ ဒိဋ္ဌိ- သတ္တဝါ သင်္ခါရတို့၏ မြဲ၏ဟူသောအယူ၊
(၂) ဥစ္ဆေဒ ဒိဋ္ဌိ- သေပြီးနောက် သတ္တဝါသင်္ခါရတို့ ပြတ်၏ဟူသောအယူ၊
(၃) သစ္စာနုလောမိကဉာဏ်- မဂ္ဂသစ္စာအားဖြင့်လည်းကောင်း၊ပရမတ္ထသစ္စာအားဖြင့်လည်းကောင်း ရှိ၏ဟုလျောက်ပတ် လျော်ကန်သော ဉာဏ်အမြင်၊
(၄) ကမ္မဿကတာ ဉာဏ်- ကုသိုလ်ကံသည် ချမ်းသာပေးသော မိမိဥစ္စာဖြစ်၍ ပြုရမည့်ကံတည်း၊ အကုသိုလ်ကံသည် ဒုက္ခပေးသော မိမိဥစ္စာဖြစ်၍ မပြုရမည့်ကံတည်းဟု ကံသာလျှင် မှီရာတည်ရာရှိသည်အဖြစ်ကို သိတတ်သော ဉာဏ်အမြင်တည်း။ ♦

အာသဝတရား ၄-ပါး

ဘုံအားဖြင့် ဘဝဂ်, ဓမ္မအားဖြင့် ဂေါတြဘုတိုင်အောင်ယိုစီးနှိပ်စက်တတ်သောတရားများ။
(၁) ကာမာသဝ- ကာမ ၁၁-ဘုံ၌ တပ်နှစ်သက်တတ်သောလောဘတဏှာ၊
(၂) ဘဝါသဝ-ရူပ ၁၆-ဘုံ, အရူပ ၄-ဘုံ၌ တပ်မက်သော လောဘတဏှာ၊
(၃) ဒိဋ္ဌာသဝ- မှားသော မိစ္ဆာအယူ ဒိဋ္ဌိစေတသိက်၊
(၄) အဝိဇ္ဇာသဝ- သစ္စာဉာဏ်အမြင်ကို ဖုံးလွှမ်းပိတ်ဆီးတတ်သော မောဟ။ ♦

အာဟာရ ၄-ပါး

မိမိဆိုင်ရာအကျိုးတရားများကို အရှည်ခံ့အောင်ပို့ဆောင်ထောက်ပံ့စေတတ်သော တရားသဘော၄-ပါး။
(၁) ကဗဠီကာရာဟာရ- စားအပ်သောအစားအစာဟူသမျှ၊
(၂) ဖဿာဟာရ- အတွေ့အထိဖဿသဘော၊
(၃) စေတနာဟာရ- စေ့စော်မှု စေတနာသဘော၊
(၄) ဝိညာဏာဟာရ- ဝိပါက်ဝိညာဏ် ဖြစ်သောတရားစု။ ♦

အာဠာဝကဘီလူး၏ လက်နက်ကြီး ၉-ပါး

အာဠာဝက သံယုတ်မှ။
(၁) သုံးယူဇနာမြင့်သော တောင်ထွတ်ကိုဖြိုဖျက်နိုင်သော မုန်တိုင်းလက်နက်၊
(၂) သစ်ပင် တောင်ကမ်းတို့ကို နှစ်လွှမ်းနိုင်သော မိုးရေလက်နက်၊
(၃) တောင်ထုကြီးကို ဖြိုခွဲကြေမွနိုင်သော ကျောက်စစ်မိုးလက်နက်၊
(၄) သင်ဓုန်း လှံကန် သန်လျက်မိုးလက်နက်၊
(၅) ရဲရဲညီးသော မီးကျီးမိုး မီးတောက်မီးလျှံ ဘွဲ့ဖြူလက်နက်၊
(၆) ပြာပူမိုးလက်နက်၊
(၇) သလဲမိုး လက်နက်၊
(၈) ညွန်ပျောင်းမိုး လက်နက်၊
(၉) အင်္ဂါ ၄-ပါးရှိသော အမိုက်တိုက်လက်နက်။ ♦

အားမျိုး ၈-ပါး

အဋ္ဌင်္ဂုတ္တရ။ ပါ။ ၅၈။ ၎င်း။ ဋ္ဌ။ ၂၂၃-၌ အကျယ်ရှုပါ။
(၁) ရုဏ္ဏဗလာ ဒါရကာ-သူငယ်တို့အားကား ငိုခြင်း၊
(၂) ကောဓဗလာ မာတုဂါမာ- မိန်းမတို့အားကားအမျက်ထွက်၊ စိတ်ဆိုးငိုတတ်ခြင်း၊
(၃) အာဝုဓဗလာ စောရာ- ခိုးသူ ဓါးပြတို့အားကား လက်နက်၊
(၄) ဣဿရိယဗလာ ရာဇာနော- ဘုရင်မင်းတို့အားကား အစိုးရခြင်း၊
(၅) ဥဇ္ဈတ္တိဗလာဗာလာ- သူမိုက်တို့အားကား မြော်မြင်လွတ်ကင်း ကဲ့ရဲ့ခြင်း၊
(၆) နဇ္ဈတ္တိဗလာ ပဏ္ဍိတာပညာရှိတို့အားကား မြော်မြင်ရှုစားသတိထားခြင်း၊
(၇) သဋိသင်္ခါနဗလာ ဗဟုဿုတာအကြားအမြင်များသော ပုဂ္ဂိုလ်တို့၏ အင်အားကား အရာရာ၌ကောင်းစွာဆင်ခြင်ခြင်း၊
(၈) ခန္တီဗလာ သမဏ ဗြာဟ္မဏ- ရသေ့ရဟန်းတို့၏အင်အားကား သည်းခံခြင်း။

မှတ်ချက် ။ ။ ပါဠိတော်၌ အမြတ်ဆုံးသောသည်းခံခြင်း ခန္တီအားသည် ရှစ်ခုမြောက်ဖြစ်၏၊ ၎င်းကိုရည်၍ပါရမီခန်း၌ “ပရမံ တပေါ်၊ ခန္တီကျော်ဟု၊ သူတော်အကျင့်၊ အားရှစ်ဆင့်''ဟုစပ်ဆိုထားလေပြီ။ ♦

အားတော် ၁၀-ပါး၊ မြတ်ဘုရား၊ ကိုယ်အား ဉာဏ်အားရှိ

မြတ်စွာဘုရားသခင်၏ ဉာဏ်တော်အား ဆယ်ပါး၊ ကိုယ်တော်အား ဆယ်ပါးဟူလို၊ ဉာဏ်တော်အား ဆယ်ပါးကား -
(၁) ဌာနာ ဌာန ကောသလ္လဉာဏ်- အရာဟုတ်သည် မဟုတ်သည်တို့ကို သိတော်မူခြင်း။
(၂) ကမ္မဝိပါက ဉာဏ်- ကံ ကံ၏အကျိုးကိုသိတော်မူခြင်း။
(၃) သဗ္ဗတ္ထဂါမိနီ ပဋိပဒါဉာဏ်- အလုံးစုံကုန်သောဘဝတို့သို့ရောက်ခြင်းအကြောင်း၌ သိတော်မူခြင်း။
(၄) အနေကဓါတု နာနာဓါတု ဉာဏ်- များသော လောကဓါတ် အထူးထူးသော လောကဓါတ်တို့ကို သိတော်မူခြင်း။
(၅) နာနာ ဓိမုတ္တိ ဉာဏ်- အထူးထူးသောအလိုတို့ကို သိတော်မူခြင်း။
(၆) ဣန္ဒြိယ ပရောပရိယတ္တိ ဉာဏ်- ဣန္ဒြေ နုရင့်ခြင်း၌သိတော်မူခြင်း။
(၇) စျာန ဝိမောက္ခာဒိ ဉာဏ်- စျာန် ဝိမောက္ခစသည်တို့၌ သိတော်မူခြင်း။
(၈) ပုဗ္ဗေ နိဝါသ ဉာဏ်- ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိတော်မူခြင်း။
(၉) ဒိဗ္ဗစက္ခု ဉာဏ်- အပိတ်အပင်အတားအဆီးမရှိ နတ်မျက်စိကဲ့သို့ ပကတိ သိမြင်တော်မူခြင်း။
(၁၀) အာသဝက္ခယ ဉာဏ်- အာသဝေါတရားတို့၏ကုန်ရာ နိဗ္ဗာန်ကိုသိတော်မူခြင်း။ ဤကား ဉာဏ်တော်အားဆယ်ပါးတည်း။ (ဉာဏဝိဘင်း ပါဠိတော်နှင့် အဋ္ဌကထာမှာ အကျယ်ရှု။ ) ကိုယ်တော်အား ဆယ်ပါး။ မြတ်စွာဘုရားသခင်၏ ပကတိသော အားတော်မြတ်သည် “ဆဒ္ဒန်ဆင်မင်း” ဆယ်စီးအားနှင့်အညီအမျှ ရှိတော်မူသတတ်၊ ၎င်းကိုပင် အားတော်ဆယ်ပါး ခေါ်၏၊ ထို့ကြောင့် ဒသဗလော- ကိုယ်တော်အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားဟု ဘာသာပြန်ဆိုကြလေပြီ။ မှန်၏၊ (သမ္မာသမ္ဗုဒ္ဓေါ ပန ဒသန္နံ ဆဒ္ဒန္တာနံ ဗလံ ဓါရေတိ၊ တေနေဝ ဘဂဝါ ကာဠာဝကဟတ္ထိ ဂဏနာယ ကောဋိသဟဿဗလံ ဓါရေတိ၊ ပုရိသ ဂဏနာယ ဒသန္နံ ပုရိသ ကောဋိသဟဿာနံ ဗလံ) မြတ်စွာဘုရားသည် ဆဒ္ဒန်ဆယ်စီးအားကို ဆောင်နိုင်၏၊ ထို့ကြောင့် ယခုအခါ မြန်မာပြည် စသည်၌အသုံးပြုနေသော “ဆင်မည်းခေါ်” အော်မြည်တတ်သော “ကာဠာဝက''ဆင်ပေါင်း ကုဋေတစ်ထောင်အား၊ ဗိုလ်ခြေယောက်ျား ကုဋေတစ်သောင်းအားကိုဆောင်နိုင်သောအားတော်မြတ် ရှိသည်ဟူ၏။ (အဘိဓါန်ဋီကာမှ။ ) ♦

အိ အက္ခရာ၊ ရေးထုံးမှာ၊ မြန်မာ လေးမျိုးရှိ

မြန်မာဘာသာ၌ ။ -ိ ။ အိ ။ ဣ။ ၏။ ၎င်းလေးမျိုးကိုသင့်သလိုရေးသားကြလေသည်။ ♦

အိပ်ခြင်းမျိုး ၄-ပါး

သုတ်မဟာဝါ။ ပါ။ ၁၁၃။ ၎င်း။ ဋ္ဌ။ ၁၆၅-၌ အကျယ်ရှုပါ။ သတ္တဝါတို့၏အိပ်ခြင်းမျိုး၄-ပါးဟူလို။
(၁) ကာမ ဘောဂီ သေယျ- ကာမဂုဏ်ခံစားသူတို့ အများအားဖြင့် လက်ဝဲဘက်စောင်း၍အိပ်ကြ၏၊
(၂) ပေတ သေယျ- ပြိတ္တာတို့သည် ပက်လက်အိပ်ကြ၏၊
(၃) သီဟ သေယျ- ကေသရခြင်္သေ့တို့ကား လက်ယာနံပါးဖြင့်သာ အအိပ်များကုန်၏၊ သူမြတ်တို့လည်း ဤသို့အိပ်ကြ၏၊
(၄) တထာဂတ သေယျ- ဘုရားရှင်တို့သည် လက်ယာနံပါးဖြင့် စတုတ္ထစျာန်ဝင်စားကာ အိပ်တော်မူကြ၏၊ (စတုတ္ထစျာန သေယျံပန တထာဂတေဿဝ ဟောတိ၊ ) ♦

အိပ်မက်မက်ခြင်း အပြား ၄-ပါး။ တစ်နည်း ၆-ပါး

သမ္မောဟဝိနောဒနီ ။ ဋ္ဌ။ ၃၈၉။ မဟာနိဒ္ဒေသ။ ပါ။ ၂၉၇။ ၎င်း။ ဋ္ဌ။ ၃၆၅-တို့၌ အကျယ်ရှု။ အိပ်မက်မက်ခြင်း အကြောင်း ၆-ပါး၊ သို့မဟုတ်အိပ်မက်မက်တတ်သူ ၆-ယောက်။
(၁) ဝါတိက- လေဓါတ်ပျက်၍ မက်ခြင်း၊
(၂) ပိတ္တိက- သည်းခြေပျက်၍မက်ခြင်း၊
(၃) သေမှိက- သလိပ်ပျက်၍မက်ခြင်း၊
(၄) ဒေဝတူပ သံဟရတ- နတ်တို့ လှည့်ပတ်၍မက်ခြင်း၊
(၅) သမုဒါစိဏ္ဏတ- လေ့ကျက်သုံးဆောင်ဖူး၍ မက်ခြင်း၊
(၆) ပုဗ္ဗနိမိတ္တ- ပုဗ္ဗနိမိတ်ဖြစ်လတ္တံ့ကိုမြင်မက်ခြင်း။ ♦

အိပ်မက်မက်တတ်သူ ၄-မျိုး

ဝိပလ္လာသတရား ရှိနေကြသေးသော
(၁) ပုထုဇဉ်၊
(၂) သောတာပန်၊
(၃) သကဒါဂါမ်၊
(၄) အနာဂါမ်၊ ၎င်းတို့ လေးယောက်သာ မြင်မက်တတ်ကြသည် ဟူ၏၊ အကျယ်ကိုဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်၊ ဒုတွဲ။ ၂၆၉-၌ ရှုပါကုန်။ ♦

အိမ်ဆောက်ကောင်းငြား၊ လ ၆-ပါး၊ မိန့်ကြားဖြေတော်မူ

၎င်းသရုပ်ကို အောက်ပါ မြေခံရွေးနည်း လင်္ကာဖြင့်သိပါ။ လောကီလူများ၊ အမျိုးသားတို့၊ မှတ်သားစေရန်၊ မြေခံကျမ်းမြတ်၊ ဇရပ်အိမ်ကျောင်း၊ ဆောက်တုံရှောင်းသော်၊နတ်တော် ခေါင် ကြူး၊ ပြာ ကူး ဆုန် ပေါင်း၊ ဆောက်ကောင်း ၆-လမှတ်၊ မှတ်ကုန်ကြလော့။ ♦

အိမ်မှာမွေးထား၊ ငှက်လေးပါး၊ စီးပွားချမ်းသာတိုး

လောကဝုဒ္ဓိကျမ်းမှ။ ထိုငှက်မျိုးလေးပါးကို မိမိတို့နေအိမ်၌မွေးထားခြင်းဖြင့် စီးပွားဥစ္စာ ကျက်သရေမင်္ဂလာ တိုးတက်ကြောင်းများဖြစ်သည်ဟု ဇောတိတတ္တဗေဒင်ကျမ်းကြီး၌ဆို၏။
(၁) ပါရာဝတ- အိမ်ခိုငှက် (သင်္ဘောခို)၊
(၂) မယူရ- ဥဒေါင်းငှက်၊
(၃) သုက- ကျေး (ကြက်တူရွေး)၊
(၄) သာရိကသာလိကာငှက်။ ♦

အိမ်ရှေ့မင်းသား၊ ဖြစ်ထိုက်ငြား၊ ၅-ပါး လက္ခဏာ

ရာဇနီတိမှ။
(၁) မိဘနှစ်ပါးစုံမှ သန့်ရှင်းစွာမွေးဖွားခြင်း၊
(၂) အဘိရူပ ပါသာဒိက အလွန်တင့်တယ်ခန့်ညား ရှုချင်ဖွယ်အဆင်း ဂုဏ်တို့နှင့်ပြည့်စုံခြင်း၊
(၃) ခမည်းတော် မယ်တော်တို့ချစ်အောင် ကျင့်တတ်ခြင်း၊
(၄) တိုင်းပြည်လူထုမြတ်နိုးအောင်ကျင့်တတ်ခြင်း၊
(၅) တိုင်းရေးပြည်ရေး စစ်မှုရေးရာတို့၌ လိမ္မာခြင်း။ ♦

အိမ်သူ့ဝတ် ၅-ပါး

၎င်းသရုပ်ကို (မယားဝတ် ငါးပါး) ၌ ကြည့်ပါ။ ♦

ဣစ္ဆတ္တတရား ၄-ပါး

အလိုဆန္ဒတရားများကို သမ္မောဟဝိနောဒနီ အဋ္ဌကထာ ခုဒ္ဒကဝိဘင်း၌ ဤသို့ပြ၏။
(၁) အတြိစ္ဆ- မိမိနှင့် ထိုက်တန်သလောက်နှင့် မရောင့်ရဲနိုင်ပဲ အလွန့်အလွန် အလိုကြီးခြင်းမျိုး၊ ကိုယ့်လက်ရှိစည်းစိမ်ထက် သူများခံစားလျက်ရှိသော စည်းစိမ်ကို ပိုမိုနှစ်သက်လိုချင်ခြင်းမျိုး။
(၂) မဟိစ္ဆ- အလိုကြီးခြင်း၊ ဝါကြွား ညာဝါ၍ မိမိမျှတလောက်ရုံထက် အပိုအမိုရအောင် ယူငင်ခြင်းမျိုး။
(၃) ပါပိစ္ဆ- ယုတ်မာသော အလိုဆိုး၊ မိမိ၌ သီလ သမာဓိ တရားထူးမရှိဘဲ ရှိယောင်ဆောင်၍ ကြည်ညိုခံယူကာ လှည့်စားခြင်းမျိုး။
(၄) အပ္ပိစ္ဆ- အလိုနည်းခြင်း ရောင်းရဲခြင်း၊ ရသမျှနှင့်သာ တင်းတိမ်ကာ သုံးဆောင်ခြင်းမျိုး။ (၄-ကားရဟန်းကောင်းတို့ကျင့်ရန်ဖြစ်၏။ ) ♦

ဣဒ္ဓိပါဒ် ၄-ပါး

မဟာဝဂ္ဂသံယုတ်။ ပါ။ ၂၄၂။ ၎င်း။ ဋ္ဌ။ ၂၈၉-၌ အကျယ်ရှု။ ကြီးပွားတိုးတက်တန်ခိုးကြီးမှု၏ အခြေခံတရား ၄-ပါး။
(၁) ဆန္ဒိဒ္ဓိပါဒ်- အလိုဆန္ဒတရား၊
(၂) ဝီရိယိဒ္ဓိပါဒ်- အားထုတ်ကြိုးစားမှု၊
(၃) စိတ္တိဒ္ဓိပါဒ်- ကြံစည်စိတ်ကူးမှု၊
(၄) ဝီမံသိဒ္ဓိပါဒ်စုံစမ်း ဆင်ခြင်မှု။ ♦

ဣဒ္ဓိမျိုး ၁၀-ပါး

ပြီးစီးအောင်မြင်မှုမျိုး တန်ခိုးဆယ်ပါး၊ ဝိသုဒ္ဓိမဂ်၌လာ၏။
(၁) အဓိဋ္ဌာနိဒ္ဓိ- မိမိ၏ မူလရုပ်သွင်တူ ပုံများစွာဖန်ဆင်းခြင်း။
(၂) ဝိကုဗ္ဗနိဒ္ဓိ- မိမိအသွင်စွန့်၍ နဂါး ဂဠုန်ရုပ် စသည်ဖန်ဆင်းခြင်း။
(၃) မနောမယိဒ္ဓိ- မိမိကိုယ် အဆင်းသဏ္ဍာန်ကို စိတ်အလိုအတိုင်းပြီးစေခြင်း။
(၄) ဉာဏဝိပ္ဖါရိဒ္ဓိ- ပစ္ဆမဘဝိကသား လူ ရှင် ရဟန်းတို့၏ အရဟတ္တမဂ်ဉာဏ်ကို မရမီ ရဟန္တာမဖြစ်မီရှေ့အဖို့၌ သူတစ်ပါး၏လုံ့လပယောဂဖြင့် မသေနိုင်ခြင်းမျိုး။
(၅) သမာဓိဝိပ္ပါရိဒ္ဓိ- အနာဂါမ် ရဟန္တာတို့၏ နိရောဓသမာပတ်ဝင်စားခိုက် သူတစ်ပါးလုံ့လပယောဂဖြင့်မသေနိုင်ခြင်းမျိုး။
(၆) အရိယိဒ္ဓိ- အရိယာတို့၏ အနိဋ္ဌစသည့်အာရုံကို ဣဋ္ဌာရုံပြု၍ရှုနိုင်ခြင်းမျိုး။
(၇) ကမ္မဇိဒ္ဓိ- ငှက် စသည်တို့၏ ကောင်းကင်၌ပျံနိုင်ခြင်းမျိုး။
(၈) ပုညဝတော ဣဒ္ဓိ- စကြာမင်းစသည်တို့၏ ကောင်းကင်၌ စစ်အင်္ဂါလေးပါးနှင့် သွားနိုင်ခြင်းမျိုး။
(၉) ဝိဇ္ဇာမယိဒ္ဓိ- ဝိဇ္ဇာဓိုရ်စသည်တို့၏ မြေလျှိုး မိုးပျံတန်ခိုးဟူသမျှ။
(၁၀) အတ္ထ တတ္ထ သမ္မာပယောဂ ပစ္စယိဒ္ဓိ- ကလာအတတ် ၆၄-ရပ်နှင့် အဋ္ဌာရသ ဝိဇ္ဇာအတတ်မျိုး ဟူသမျှ။ ♦

ဣန္ဒြေ ၆-ပါး၊ တံခါး ၆-ပေါက်

ကောင်းသောကုသိုလ်အာရုံကိုသွင်း၍ မကောင်းသောအကုသိုလ်အာရုံတို့ကိုပိတ်ဆီးရန်တံခါး ၆-ပေါက်။
(၁) စက္ခုန္ဒြေ- ရူပါရုံခေါ် အဆင်း၏ထွက်ဝင်ရာ “စက္ခုပသာဒ''ခေါ် မျက်စိပေါက်၊
(၂) သောတိန္ဒြေ- သဒ္ဒါရုံခေါ် အသံ၏ထွက်ဝင်ရာ “သောတပသာဒ''ခေါ် နားပေါက်၊
(၃) ဃာနိန္ဒြေ- ဂန္ဓာရုံခေါ် အနံ့၏ထွက်ဝင်ရာ “ဃာနပသာဒ''ခေါ် နှာခေါင်းပေါက်၊
(၄) ဇိဝှိန္ဒြေ- ရသာရုံခေါ် ချို ချဉ် စပ် ငန် ဖန် ခါး အရသာခြောက်ပါး၏ထွက်ဝင်ရာ “ဇိဝှါပသဒ''ခေါ် လျှာ၊ သို့မဟုတ် ပါးစပ်ပေါက်၊
(၅) ကာယိန္ဒြေ-ဖောဋ္ဌဗ္ဗာရုံခေါ် အတွေ့အထိဓါတ်၏ထွက်ဝင်ရာ “ကာယပသာဒ” ခေါ် အတွေ့အထိကို သိနိုင်သောအရပ်ဟူသမျှ ကာယကိုယ်ပေါက်၊
(၆) မနိန္ဒြေ- ဓမ္မာရုံခေါ် ပသာဒရုပ် ၅-ခု၊ သုခုမရုပ် ၁၆-ခု၊ စိတ် ၈၉-၊ စေတသိက် ၅၂၊ နိဗ္ဗာန် ပညတ်တို့၏ ထွက်ဝင်ရာ “မနောဒွါရ” ခေါ် ဘဝင်စိတ်ပေါက်။ ♦

ဣရိယာပုထ် ၄-ပါး၊ တစ်နည်း ဣရိယာပိုထ် ၄-ပါး

ကိုယ်အမူအရာဖြစ်ကြောင်း လေးပါး။
(၁) ဂမန-သွားခြင်း၊
(၂) ဌာန- ရပ်ခြင်း၊
(၃) အာသန- ထိုင်ခြင်း၊
(၄) သယနလျောင်း ခြင်း အိပ်ခြင်း။ ♦

ဣဿရ နိမ္မာန ဝါဒကြီး ၄-ပါး

၎င်း၏သရုပ် အဓိပ္ပါယ် (ဗြဟ္မာစွဲဝါဒကြီး လေးပါး) ၌ ကြည့်ပါ။ ♦

ဣဿရိယ ဘုန်းတော်မျိုး ၈-ပါး

စိတ်ကို အစိုးရတော်မူခြင်း တန်ခိုး အာဏိမာစသော ဘုန်းတော် ရှစ်ပါးနှင့်ပြည့်စုံသည်ကို ခေါ်သည်။
(၁) အာဏိမာ- ကိုယ်တော်ကို အနုမြူသဖွယ် သေးငယ်အောင်ဖန်ဆင်းနိုင်ခြင်း ဘုန်းတော်။
(၂) လင်္ဃီမာ- ပေါ့ပေါ့ပါးပါး ကူးလွှားပျံသန်းနိုင်အောင် ပြုနိုင်သောဘုန်းတော်။
(၃) မဟိမာ- ကိုယ်တော်ကို အလိုရှိသလောက် ကြီးကျယ်အောင် ဖန်ဆင်းနိုင်သောဘုန်းတော်။
(၄) ပတ္တိ- ရောက်လိုရာအရပ်သို့ ချက်ချင်း ကြွရောက်နိုင်သောဘုန်းတော်။
(၅) ပါကမ္မံ- အဆင်းသဏ္ဍာန် အသွင်အပြင်အမျိုးမျိုး ဖန်ဆင်းနိုင်သော ဘုန်းတော်။
(၆) ဤသိတာ- မိမိစိတ်တော်မှစ၍ လောကအားလုံးကိုပါ ပိုင်ပိုင်နိုင်နိုင် စိုးမိုးအုပ်ချုပ်တော်မူနိုင်သောဘုန်းတော်။
(၇) ဝသိတာ- စျာန် သမာပတ် အဘိညာဉ်တို့ကို ခဏခြင်း ဝင်စားနိုင်သော ဘုန်းတော်။
(၈) ယတ္ထ ကာမာ ဝသာယိတာ- အဓိဋ္ဌာန်တော်မူသည့်အတိုင်း မလွန်မကျူးအထူး ပြီးစေနိုင်သော ဘုန်းတော်။ ♦

ဥက္ခောင်း လေမျိုး ၁၂-ပါး

လည်ပင်းနှင့် ခေါင်းပိုင်းကို အများဆုံးဒုက္ခပေးတတ်သော လေများ၊ ၎င်းသရုပ်(လေမျိုး ၈၀- [ ဃ] အပိုဒ်) ၌ ရှုပါလေ။ ♦

ဥကြတ် ၃-ပါး၊ နိမိတ်များ၊ မိန့်ကြား ကျမ်းဗေဒင်

ရှေးဟောင်းစာပေတို့၌ “ဥပ္ပါတ သဒ္ဒါကို ဥကြတ်''ဟုပြန်ဆိုသည်၊ ဥကြတ်ဟူသည် နိမိတ်အထူးပင်ဖြစ်၏။ ၎င်းသရုပ်ကား (ကိတ် ၃-ပါး) အဖြေနှင့် အတူပင်။ ♦

ဥစ္စာပျက်မှု ကြောင်း ၆-ခု

၎င်းသရုပ်ကို “စည်းစိမ်ဥစ္စာပျက်စီးကြောင်းတရား ၆-ပါး''၌ ကြည့်ပါ။ ♦

ဥစ္စာမျိုး ၄-ပါး

ခုဒ္ဒကပါဌ။ ဋ္ဌ။ ၁၈၃။ သုတ္တနိပါတ်။ ပါ။ ၂၈၂။ ဋ္ဌ။ ပ-အုပ်။ ၂၅-၌ ဥစ္စာ ၅-မျိုး ပြသေးသည်။ လူတိုင်းသတိပြုသင့်သော ဘုရားဟောဥစ္စာ ၄-မျိုး။
(၁) ဇင်္ဂမ ဥစ္စာ- သက်ရှိသက်မဲ့ ပြောင်းရွှေ့နိုင်သော ပစ္စည်းဥစ္စာဟူသမျှသည် “ဇင်္ဂမ” မည်၏။
(၂) အင်္ဂသမဥစ္စာ- အဋ္ဌာရသသိပ္ပ နှုတ်အတတ် လက်အတတ်ဟူသမျှသည် မိမိသွားရာလိုက်ပါသောကိုယ်အင်္ဂါအစိတ်အပိုင်းနှင့်တူသောကြောင့် “အင်္ဂသမ” မည်၏။
(၃) နိဓါန ဥစ္စာ- တော တောင် ရေ မြေ ကျောက်ဆောင် လိုဏ်ဂူနှင့်တကွ ၎င်းတို့အတွင်းမှာ မြှပ်နှံထားအပ်သော ရတနာရွှေငွေဟူသမျှသည် “နိဓါန''မည်၏၊ ထာဝရဥစ္စာမျိုးပင်။
(၄) အနုဂါမက ဥစ္စာ- ဒါန သီလ ဘာဝနာ စသော ကုသိုလ်ကောင်းမှုဟူသမျှသည် မိမိသွားရာ ဘဝသံသရာသို့အစဉ်လိုက်ကာ ကောင်းကျိုးချမ်းသာကိုသာပေးလေ့ရှိသောကြောင့် အကောင်းဆုံး အမြတ်ဆုံး အထွတ်အထိပ်ဆုံးသော ဥစ္စာမည်၏။ ♦

ဥစ္စာမျိုး ၆-ပါး တစ်နည်း

အဒိန္နာဒါန်ဖြစ်သော ဥစ္စာများ၊ ဝိနည်း ပညတ်တော်လာ။
(၁) အနိဿဋ္ဌ ဥစ္စာ- မိမိလက်မှ မစွန့်လွတ်သေးသောဥစ္စာ၊
(၂) အပရိစ္စတ္တ ဥစ္စာငဲ့ကွက်စောင့်ရှောက်မှုမရှိသော်လည်း မူလထားမြဲနေရာ၌တည်၍ မစွန့်လွှတ်သေးသောဥစ္စာ၊
(၃) ရက္ခိတ ဥစ္စာ- အစောင့်အရှောက်ဖြင့်ထားသောဥစ္စာ၊
(၄) ဂေါပိတ ဥစ္စာ- သေတ္တာစသည်ဖြင့် လုံခြုံစွာထားသောဥစ္စာ၊
(၅) မ မာယိတဥစ္စာ- ငါ့ဟာဟုစွဲလမ်းမြတ်နိုးနေသောဥစ္စာ၊
(၆) ပရပရိဂ္ဂဟိတ ဥစ္စာ- သူတစ်ပါးတို့ စောင့်ရှောက်သိမ်းဆည်းထားသောဥစ္စာ။ ♦

ဥစ္စာသယန, မဟာသယနမျိုး အပြား ၂၀

သုတ်သီလက္ခန် ပါဠိတော် မဇ္ဈိမသီလခန်း၌ ဘုရားဟောတော်မူသည်ဖြစ်၍ ရှစ်ပါးသီလသမားများ လိုက်နာရှောင်ကြဉ်ရမည့် မြင့်သောနေရာနှင့်မြတ်သောနေရာ အပြားနှစ်ဆယ်ဟူ၏။
(၁) အာသန္ဒိ- လူတန်းစေ့သူတို့၏ တစ်တောင့်ထွာထက်လွန်သော အခြေရှိသည့် ညောင်စောင်းအင်းပျဉ် ခုတင် အထူးများ။
(၂) ပလ္လင်္က- အခြေ၌ ခြင်္သေ့ သားရဲရုပ်တပ်သော ပလ္လင်နေရာ။
(၃) ဂေါနက- လက်လေးသစ်ထက် ကျော်လွန်သော မွေးရှည်ကော်ဇောကြီး။
(၄) စိတ္တက- အရုပ် ပန်းကွက်တို့ဖြင့် ဆန်းကြယ်စွာ ယက်လုပ်ထားသော သားမွေးအခင်း။
(၅) ပဋိက- သားမွေးဖြင့်ပြုလုပ်အပ်သော ခင်းနှီးဖြူ။
(၆) ပဋလိက- ပန်းပြောက်ခြယ်သော သားမွေးအခင်း။
(၇) တုလိက- လဲမျိုး ၃-ပါးဖြင့် သွတ်သွင်းထားသော မွေ့ယာခင်း။
(၈) ဝိကတိက- ခြင်္သေ့ ကျား သစ် စသောအရုပ်တို့ဖြင့် ဆန်းကြယ်သော သိုးမွေးခင်းနှီး။
(၉) ဥဒ္ဒလောမိ- နှစ်ဘက် အမွေးရှိသော သားမွေးခင်းနှီး။
(၁၀) ဧကန္တလောမိ- တစ်ဘက်သာ အမွေးရှိသော သားမွေးခင်းနှီး။
(၁၁) ကဋ္ဋိဿ- ရတနာ ရွှေငွေတို့ဖြင့် ချုပ်ကပ် လိမ်းကျံထားသော ပိုးချည်ရက်အခင်း။
(၁၂) ကောသေယျ- ရတနာ ရွှေချည် ငွေချည်တို့အကြား၌ ပိုးချည်ဖြင့်ရက်လုပ်ထားသော ခင်းနှီး။
(၁၃) ကုတ္တက- ကချေသည်မ ၁၆-ယောက်တို့ ကလောက်သော သားမွေးကော်ဇော်ကြီးမျိုး။
(၁၄) ဟတ္ထတ္ထရဏ- ကောင်းမြတ်သော ဆင်နှီးကုန်း။
(၁၅) အဿတ္ထရဏ- ကောင်းမြတ်သော မြင်းနှီးကုန်း။
(၁၆) ရထတ္ထရဏ- ရထား၌ခင်းသော နူးညံ့အိစက်သည့် ခင်းနှီး။
(၁၇) အဇိနပ္ပဝေဏိ- ညောင်စောင်းပမာဏ ချုပ်လုပ်ထားသည့် သစ်နက်ရေအခင်းကြီး။
(၁၈) ကဒလိ မိဂပဝရ ပစ္စတ္ထရဏ- ဝံပိုင့်ရေဖြင့် ပြုလုပ်ထားသည့် မြတ်သောခင်းနှီး။
(၁၉) သဥတ္တရ စ္ဆဒ- နီသော ဗိတာန်မျက်နှာကြက်အောက်ရှိ သားမွေးခင်းနှီး။
(၂၀) ဥဘတော လောဟိတကူပဓါန- ခြေအုံး ခေါင်းအုံး နှစ်ဘက်တပ်ထားသည့် အခင်းတစ်မျိုး။ ♦

ဥဋ္ဌာန သမ္ပဒါမျိုး ၅-ပါး

ပစ္စည်းဥစ္စာ တိုးပွားမှု အားထုတ်ရာ၌ မိမိကိုယ်တိုင် အောက်ပါတရားငါးပါးနှင့်ပြည့်စုံစွာ အားထုတ်ရှာဖွေရမည်။
(၁) ဉာဏသမ္ပတ္တိ- ပြုလုပ်မည့်ကိစ္စ၌ အကျိုးရှိ မရှိကို စိစစ်ဝေဖန်ကာ ဉာဏ်ဖြင့်ချိန်ရမည်၊
(၂) ဂတိ သမ္ပတ္တိ- ထိုကိစ္စ၌ အနေအထား အသွားအလာ အခင်းအကျင်းတို့ကို အချက်ပိုင်ရမည်၊
(၃) ဥပဓိ သမ္ပတ္တိ- ထိုပစ္စည်း၌ လှပခိုင်ခံ့ ပြီးလွယ် ခေတ်မှီရေးနှင့် ပြည့်စုံစေရမည်၊
(၄) ကာလ သမ္ပတ္တိ- စောလွန်းခြင်း နောက်ကျခြင်း မရှိစရေဘဲ အချိန်သင့်ဖြစ်စေရမည်၊
(၅) ပယောဂသမ္ပတ္တိ- မုချအကျိုးရှိရမည်ဟု တစ်ခုတည်းသော ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှု ရှိရမည်။ ♦

ဥဏှမျိုး ၆-ပါး

ဆေးကျမ်းလာ အပူဓါတ်ပေါင်း ဝေါဟာရ၊
(၁) ပိတ်ချင်းသီး၊
(၂) ပိတ်ချင်းမြစ်၊
(၃) စရို၊
(၄) ကန့်ချုပ်နီ၊
(၅) သင်္ဘောချင်းခြောက်၊
(၆) ငရုတ်ကောင်း။ ♦

ဥတ္တရိ မနုဿုဿ ဓမ္မတရား ၃-ပါး

လူတို့၏ ကုသလ ကမ္မပထ တရားဆယ်ပါးထက် လွန်မြတ်သော-
(၁) စျာန်တရား၊
(၂) မဂ်တရား၊
(၃) ဖိုလ်တရားတို့ကို ခေါ်သည်။ ♦

ဥတု-၃-ပါး၊ ယူ၍ဖွား၊ ခေါ်ငြား ဥတေန

ဓမ္မပဒ အဋ္ဌကထာ၌ “မေဃ ဥတုဉ္စ ပဗ္ဗတဥတုဉ္စ အရုဏဥတုဉ္စ ဂဟေတွာ ဇာတတ္တာ ပုတ္တဿ ဥတေ နောတိ နာမ မကာသိ” ဟု မိန့်ဆိုသည်၊ ထိုဥတုသုံးပါးကို ယူ၍မွေးဖွားသောကြောင့် ဥတေနဟုခေါ်သည် ဟူ၏။
(၁) မေဃ ဥတု- မိုးဥတု၊
(၂) ပဗ္ဗတ ဥတု- တောင်ခိုးငွေ့ဥတု၊
(၃) အရုဏ ဥတု- နေရောင်နီ ပူငွေ့ဥတု။ ♦

ဥတု-၃-ပါး

ဝိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၂၅၆။ အဖန်ဖန် လှည့်ပတ်တတ်သော သဘောတရား ၃-ပါး၊ အဂ္ဂညသုတ်အဋ္ဌကထာမှ။
(၁) ဟေမန္တ ဥတု- ဆောင်းဥတု တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ၊
(၂) ဂိမှာန ဥတု- နွေဥတု၊ တပေါင်းလပြည့်ကျော် ၁-ရက်နေ့မှ ဝါဆိုလပြည့်နေ့အထိ၊
(၃) ဝသန္တဥတု- မိုးဥတု၊ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ။ ♦

ဥတု ၆-ပါး

ဝိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၂၅၆။ ၎င်းကိုပင် “ရတု ၆-ပါး''ဟု လည်း ခေါ်ဆိုကြသေး၏။ သရုပ်ကို(ရတု ၆-ပါး) ၌ ကြည့်ပါလေ။ ♦

ဥဒါန်းမျိုး ၂-ပါး

(၁) မနသာ ဥဒါန်း- “အနေက ဇာတိ သံသာရံ''စသော ဥဒါန်းဂါထာမျိုးကို မြတ်စွာဘုရားသခင်သည် စိတ်တော်ဖြင့်သာ ကျူးရင့်တော်မူသည်၊
(၂) ဝစသာ ဥဒါန်း- မြတ်စွာဘုရားသည်နှုတ်တော်ချွေမြွက် အသံတော်ထွက်၍ ကျူးရင့်တော်မူသော “ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ” စသည့် ဥဒါန်းပါဠိတော်လာ ဒေသနာတော်မျိုး။ ♦

ဥဒ္ဓံဘာဂိယ သံယောဇဉ် ၅-ပါး

နဝင်္ဂုတ္တရ။ ပါ။ ၂၅၂။ အထက် ဗြဟ္မာဘုံ အတွက်ဖြစ်သော သံယောဇဉ် ၅-ပါး၊
(၁) ရူပရာဂ သံယောဇဉ်၊
(၂) အရူပ ရာဂ၊
(၃) မာန၊
(၄) ဥဒ္ဓစ္စ၊
(၅) အဝိဇ္ဇာ သံယောဇဉ်။ ♦

ဥပက္ကိလေသတရား ၁၀-ပါး

ဝိပဿနာတရား ပွားများအားထုတ်သော ယောဂီသည် ဥဒယ ဝယ ဉာဏ်ရင့်ကျက်ပိုင်းသို့ရောက်သောအခါ ပေါ်တတ် မြင်တတ် စိတ်၌ ထင်မြင်လာ တတ်သော မဂ်တု ဖိုလ်တုတရား ဆယ်ပါးဟူ၏
(၁) သြဘာသ- ထူးကဲလွန်မြတ် ကြည်လင်တောက်ပသော ဝိပဿနာအလင်းရောင်၊ နှစ်သက်စရာအာရုံတစ်မျိုးကို မဂ်ဟုထင်တတ်ခြင်း။
(၂) ဉာဏ- ရုပ်နာမ်ဓမ္မ၏ ဖြစ်ပျက်မှုတို့ကို ကျကျနန ကျေကျေနပ်နပ်ပိုင်းခြား၍ ထက်မြက်စူးရှကာတွေ့မြင်ရသော ဉာဏ်အမြင်ကို မဂ်ဟုထင်တတ်ခြင်း။
(၃) ပီတိ- နှစ်သက်စရာ ပီတိမျိုး ၅-ပါးတို့ပေါ်၍ ပေါ်၍လာခြင်းကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
(၄) ပဿဒ္ဓိ- ၁-တစ်နေ့လုံး တစ်ညလုံးထိုင်နေသော်လည်း ကိုယ်စိတ်တို့ ငြိမ်းချမ်းအေးမြ၍နေခြင်း၊ ၂- လေးလံထိုင်းမှိုင်းခြင်းကင်း၍ ပေါ့ပါးဖျတ်လတ်ကာနေခြင်း၊ ၃-ကြမ်းတမ်းခက်ထန်ခြင်းကင်း၍နူးည့ံကာနေခြင်း၊ ၄-ညောင်းညာ နာကျင်မှုကင်း၍ သန့်ရှင်းစင်ကြယ်စွာရှိနေခြင်း၊ ၅- ခန့်ညားတည်ကြည်၍နေခြင်း၊ ၆- အာရုံတစ်ပါးဆီသို့ ကောက်ကွေ့သွားသည်မရှိ ပကတိဖြောင့်မတ်စွာရှိနေခြင်းတို့ကြောင့် သိကြား နတ်တို့ခံစားရသောသုခထက် ဆထက်လွန်ကျူးအထူးချမ်းသာမှုရှိနေခြင်းကိုပင် မဂ်ဟုထင်တတ်ခြင်း။
(၅) သုခ- ကိုယ်လုံးစိမ့်မျှ ချမ်းသာ၍နေသော သုခတစ်မျိုးကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
(၆) အဓိမောက္ခ- ကိလေသာကင်းကာ ဘုရား တရား သံဃာ၌အလွန်ကြည်ညိုယုံကြည်၍ လာသော သဒ္ဓါကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
(၇) ပဂ္ဂဟ- ဝိပဿနာတရား၌ အထူးကြိုးစားမှတ်သားမှုမပြုရတော့ဘဲ သူ့သဘော သူ ဆောင်ယူကာ ကောင်းစွာချီးပင့်၍နေသော သမ္မာဝါယမမဂ္ဂင်ကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
(၈) ဥပဋ္ဌာန- ဝိပဿနာနှင့်ယှဉ်သည့် အလွန်ခိုင်မတ်သော သတိသည် ရုပ် နာမ်ဓမ္မတို့၌ မမေ့တော့ဘဲနှလုံးသွင်းဆင်ခြင်အောက်မေ့တိုင်း ရနေမှုကိုပင် မဂ်ဟုထင်ကာနေတတ်ခြင်း။
(၉) ဥပေက္ခာ- ရုပ်နာမ်ဓမ္မ သင်္ခါရတို့အပေါ်၌ ရှေ့ကကဲ့သို့ ကြောင့်ကြစိုက်ခြင်း အထောက်အပံ့အကူအညီစသည်တို့မပြုရတော့ဘဲ လျစ်လျူပြုကာ သင်္ခါရအမုတ်တို့၌ အလွန်အားရှိသော ဥက္ခောဉာဏ်ကိုပင် မဂ်ဟုထင်မှတ်ကာနေခြင်း။
(၁၀) နိကန္တိ- ဝိပဿနာတရား ပွားများအားထုတ်နေသော ယောဂီသည် ဖေါ်ပြပါ သြကာသစသော နှစ်သက်တွယ်တာစရာတို့နှင့် ယှဉ်တွဲပေါ်ပေါက်၍လာသော ဝိပဿနာဓမ္မအပေါ်၌ အာသာရမ္မက်စပ်ယှက်ခင်မင်၍နေသော သိမ်မွေ့ငြိမ်သက်သည့် တဏှာနုကိုပင် ပယ်ဖျောက်ခြင်းငှာ မတတ်နိုင်ဘဲ မဂ်ဟုအထင်စွဲနေတတ်ပြန်ခြင်းတို့ဖြစ်၏။ အကျယ် ဥပရိပဏ္ဏာသ။ ပါ။ ၁၉၁။ ၁၄၄- ဥပက္ကိလေသသုတ်၌ ရှုပါလေ။ ♦

ဥပစာ ၁၀-ပါး

တင်စား၍ခေါ်ဆိုခြင်း ၁၀-ပါးဟူလို။ သံဝဏ္ဏနာ၊ နည်းလေးဆယ်၊ သဒ္ဒါငယ်ကျမ်းတို့မှ-
(၁) ကာရဏူပစာ- အကြောင်း၏အမည်ကို အကျိုး၌တင်စားခေါ်ခြင်း၊ ပုံ- မျက်စိဖြင့် အဆင်းကိုမြင်၏ဟူရာ၌ မျက်စိအရ အကြောင်းစက္ခုပသာဒကိုဆိုလျှင် အကျိုးစက္ခုဝိညာဉ် ကို ယူရသည်၊ (ဤ ကာရဏူပစာကို ဟေတူပစာ ဟူ၍လည်းခေါ်သည်။ )
(၂) ဖလူပစာ- အကျိုးအမည်ကို အကြောင်း၌တင်စား၍ခေါ်ခြင်း၊ ပုံ- ထမင်းချက်၏ဟူရာ၌ ဆန်ကိုသာချက်သည်ဖြစ်၍ “ထမင်း''အရ အကျိုးကိုဆိုလျှင် အကြောင်းဆန်ကို ယူရသည်။
(၃) သဒိသူပစာ- အတူဖြစ်သော ဥပမာအမည်ကို အတူရှိသော ဥပမေယျ၌ တင်စား၍ ခေါ်ခြင်း၊ ပုံ- ငနွား ငခွေး ငမျောက်ဟူရာ၌ အတူဥပမာဖြစ်သော နွားစသည်တို့ကိုမယူဘဲ ဥပမည်းဥပမေယျဖြစ်သော “လူ''ကို ယူရာ၏။
(၄) ဌာနူပစာ- တည်ရာဌာနအမည်ကို တည်တတ်သော ဌာနီ၌ တင်စား၍ခေါ်ခြင်း၊ ပုံညောင်စောင်း ကြွေးကြော်၏၊ ရန်ကုန်သိပ္ပံကျောင်းတော်ကြီးသည် ယဉ်ကျေးဘွယ်ရာ စာပေပညာ တတ်မြောက်လိမ်မာ၏ ဟူရာ၌ ဌာနဖြစ်သော ညောင်စောင်း, ကျောင်းတို့ကို မယူဘဲ ဌာနီ ဖြစ်သော လူကို ယူရာ၏။
(၅) ဌာနျူပစာ- တည်တတ်သော ဌာနီအမည်ကို တည်ရာနေရာ၌ တင်စား၍ခေါ်ခြင်း၊ ပုံ-လှံလာခဲ့သေနတ်လာခဲ့ဟူ၍ ဌာနီဖြစ်သော လှံ သေနတ်တို့ကို ဆိုလျှင် ဌာနဖြစ်သော လှံသေနတ်ကိုင်သူ ယူရသည်။
(၆) ဂုဏူပစာ- တည်တတ်သောဌာနီ နိဿိတ ဂုဏ်အမည်ကို တည်ရာဌာန နိဝဿယဂုဏေး၌ တင်စား၍ခေါ်ခြင်း၊ (ဂုဏ်ဌာနီ နိဿိတကိုဆိုလျှင် ဂုဏေး ဌာန နိဿယကိုယူ) ပုံ- ပုဆိုးညို၊ ပုဆိုးဖြူ၊ ညိုဖြူဂုဏ်ကို မယူရ၊ ဌာန- ပုဆိုးကိုသာယူရ၏။
(၇) ဧကဒေသူပစာ- အပေါင်းဖြစ်သော ဧကဒေသီ အမည်ကို အစိတ်ဖြစ်သော ဧကဒေသ၌ တင်စား၍ခေါ်ခြင်း၊ (အပေါင်းကိုဆိုလျှင် အစိတ်ကိုယူ) ပုံ - ဟိမဝန္တာတောင်ကို မြင်၏၊ သမုဒ္ဒရာကို မြင်၏။
(၈) သမီပူပစာ- အနီးရှိသော သမီပီအမည်ကို အနီးဖြစ်သော သမီပ၌ တင်စား၍ခေါ်ခြင်း၊ (သမီပီကိုဆိုလျှင် သမီပကိုယူ) ပုံ- ဂင်္ဂါ၌ ကောက်ပင်စိုက်ပျိုး၍ ဟူရာ၌ ဂင်္ဂါအနီးကမ်းနား သမီပကိုယူ။
(၉) တဒ္ဓမ္မူပစာ- ထင်ရှားရှိသော တဒ္ဓမ္မအမည်ကို ထင်ရှားမရှိသော အတဒ္ဓမ္မ၌ တင်စား၍ခေါ်ခြင်း၊(ထင်ရှားရှိသည်ကိုဆိုလျှင် ထင်ရှားမရှိသည်ကိုယူ) ပုံ- မိန်းမမြုံမသားသည် ယုန်ချိုလေးကိုထမ်း၍ကောင်းကင်ပန်းကို ပန်ဆင်လျှက် ထွက်သွား၏။
(၁၀) ဘေဒူပစာ- မကွဲပြားဘဲလျက် ကွဲပြားသကဲ့သို့ ခေါ်ခြင်း။ ပုံ- ငါ၏ကိုယ်ဟူရာ၌ ငါလည်း ခန္ဓာငါးပါး ကိုယ်လည်း ခန္ဓာငါးပါးပင်။ ဤသို့ ငါနှင့် ကိုယ်သည် ထူးခြားကွဲပြားခြင်း မရှိသော်လည်း သူတစ်ပါးတို့ကိုယ်ကိုနစ်ပယ်ရခြင်း အကျိုးရှိ၍ ကွဲပြားသကဲ့သို့ဆိုသည်။ ♦

ဥပဒ်အိမ်ကြီး ၃-ပါး

ဗေဒင်ကျမ်းအလို ဘေးဥပဒ်ဖြစ်စေတတ်သော အိမ်ကြီး ၃- ပါးကိုဆိုသည်။
(၁) အာရီအိမ်၊
(၂) ဗျယအိမ်၊
(၃) မရဏအိမ်။ ♦

ဥပဒ္ဒါဝေါ ၁၆-ပါး

ကပ်၍ ဖျက်ဆီး သတ်ဖြတ် နှိပ်စက် ပူပန်စေတတ်သော ဘေးရန် ၁၆-ပါးဟူလို။ (ဥပဂန႖ ဒုနောတီတိ ဥပဒ္ဒဝေါ, ဥပဂန႖ာ ဒဝတိ ပီဠေတီတိ ဝါ ဥပဒ္ဒဝေါ) ဟု အဘိဓါန်ဋီကာ ဆရာမိန့်ဆိုထားလေပြီ၊ ၎င်း ၁၆-ပါးကို မဟာနိဒ္ဒေသပါဠိတော်၌ ဟောတော်မူသည်။
(၁) ရေရွတ် ဆဲရေးခြင်းခံရခြင်း၊
(၂) လက်ထိတ် ခြေထိတ် ထိတ်ပင်းတံခါးဖြင့် နှောင့်ဖွဲ့ခံရခြင်း၊
(၃) ကြိုးလက်ပြန်နှောင်ဖွဲ့အချည်ခံရခြင်း၊
(၄) သံခြေချင်းဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၅) ကြိမ်ဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၆) နွယ်ဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၇) တိုက်တွင်းလှောင်၍ နှောင်ဖွဲ့ခံရခြင်း၊
(၈) ဆူးသံကြိုး အရံအဆီးဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၉) ရွာဖြင့်နှောင်ဖွဲ့ခံရခြင်း၊
(၁၀) နိဂုံးဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၁၁) မြို့ဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၁၂) တိုင်းနိုင်ငံဖြင့်နှောင်ဖွဲ့ခံရခြင်း၊
(၁၃) ဇနပုဒ်ဖြင့် နှောင်ဖွဲ့ခံရခြင်း၊
(၁၄) ဤအရပ်မှ မသွားမလာ မရွေ့မပြောင်းရဟု အမိန့်အာဏာ ထားခံရခြင်း၊
(၁၅) ဥစ္စာကို သိမ်းဆောင်ယူငင်ခံရခြင်း၊
(၁၆) ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြောခြင်းစသော အကြောင်းတို့ကြောင့် ဆင်းရဲခြင်း၊ စိတ်နှလုံးမသာယာခြင်းကို ခံစားရခြင်း။ ♦

ဥပဒ္ဒဝေါ ၁၆-ပါး တစ်နည်း

မဟာနိဒ္ဒေသ။ ပါ။ ၃၁၅။ သမ္မောဟဝိနောဒနီ။ ဋ္ဌ။
(၁) ပဋိသန္ဓေနေရခြင်း၊
(၂) အိုရခြင်း၊
(၃) နာရခြင်း၊
(၄) သေရခြင်း၊
(၅) မင်းဆိုးတို့၏ဘေးဆိုးထိခြင်း၊
(၆) မီးဘေးသင့်ခြင်း၊
(၇) ခိုးသူဘေးသင့်ခြင်း၊
(၈) ရေကြီးဘေးသင့်ခြင်း၊
(၉) ရေဝဲဘေးသင့်ခြင်း၊
(၁၀) လှိုင်းတံပိုးဘေးသင့်ခြင်း၊
(၁၁) လပိုင် ငါးရဲဘေးသင့်ခြင်း၊
(၁၂) မိကျောင်း ဘေးသင့်ခြင်း၊
(၁၃) မိမိကိုယ်ကြောင့်ဖြစ်သောကဲ့ရဲ့ခြင်း၊
(၁၄) သူတစ်ပါးကြောင့်ဖြစ်သော ကဲ့ရဲ့ခြင်း၊
(၁၅) ဒဏ်သင့်ခြင်း၊
(၁၆) အပါယ်သို့ကျရောက်ခြင်း။ ♦

ဥပဓိတရား ၄-ပါး

မူလပဏ္ဏာသ။ ဋ္ဌ။ ဒု-အုပ်။ ၁၈။ လောကီဘူမာ သံသရာသို့ ဆောင်ပို့ယှဉ်မှီစေတတ်သော တရား ၄-ပါးဟူ၏။
(၁) ကာမုပဓိ- ကာမတရားစု၊
(၂) ခန္ဓုပဓိခန္ဓာတရားစု၊
(၃) ကိလေသုပဓိ- ကိလေသာတရားစု၊
(၄) အဘိသင်္ခါရုပဓိ- အသစ်အသစ် ထပ်မံပြုပြင်စီရင်မှု သင်္ခါရတရားစု။ ♦

ဥပမာမျိုး ၃-ပါး

နှိုင်းယှဉ်ခြင်းမျိုး ၃-ပါးဟူ၏။
(၁) သဒိသူပမာ- တူမျှသော ဥပမာ၊
(၂) ဝိသဒ သူပမာ- မတူ မမျှသော ဥပမာ၊
(၃) ဧကဒေ သူပမာ- တစ်စိတ်တစ်ဒေသတူသော ဥပမာ။ ♦

ဥပသမ္ပဒါမျိုး ၈-ပါး

ဝိနည်း ပါရာဇိကဏ်။ ပါ။ ၂၈။ ၎င်း။ ဋ္ဌ။ ပ-အုပ်။ ၂၀၆။ သရုပ်ကို (ရဟန်းအပြားမျိုး၈-ပါး) ၌ အကျယ်ရှု။ ♦

ဥပါဒါန်မျိုး ၄-ပါး

ပြင်းစွာ စွဲလမ်းတတ်သောတရား ၄-ပါး။
(၁) ကာမုဒါဒါန်ကာမဂုဏ်ကို စွဲလမ်းတတ်သောလောဘ၊
(၂) ဒိဋ္ဌုပါဒါန်- မှားသောမြင်ခြင်းဖြင့် စွဲလမ်းတတ်သော ဒိဋ္ဌိတရား၊
(၃) သီလဗ္ဗတုပါဒါန်- ခွေး နွား မြင်း စသည်တို့ အလေ့အကျင့်ဖြင့် သံသရာမှစင်ကြယ်၏ဟု စွဲလမ်းတတ်သော ဒိဋ္ဌိတရား၊
(၄) အတ္တဝါဒုပါဒါန်- မိမိ၏အယူဝါဒသာမှန်၏ဟု အယူမှား ကိုစွဲလမ်းတတ်သော ဒိဋ္ဌိတရား။ ♦

ဥပါယ်မျိုး ၄-ပါး

ရန်အောင်ကြောင်း နိမိတ်တမည် ပရိယာယ်မျိုး ၄-ပါး။
(၁) ဘေဒဥပါယ်- ရန်သူကိုဖေါက်ခွဲနိုင်ခြင်း၊ ရန်သူ၏အဖွဲ့အစည်း အသင်းအပင်း အစုအရုံးကို ပျက်စေခြင်း ကုန်းတိုက်ခြင်း၊
(၂) ဒဏ္ဍဥပါယ်- နိုင်ထက်ကလူ အာဏာဒဏ်ပြုမူ ထားတတ်ခြင်း၊
(၃) သာမ ဥပါယ်- အသင်းအပင်း အစည်းအဝေးဖွဲ့၍ ညီညွတ်စွာပြုခြင်း၊ ပါတီ အင်အားကြီးပွားအောင် လုပ်ခြင်း၊ ဝါဒဖြန့်ခြင်း၊
(၄) ဒါနဥပါယ်-ကျေးကျွန် သင်းပင်းတို့အား စားနပ်ရိက္ခာမျိုးစေ့များကို မှန်ကန်စွာပေးခြင်း မြတ်သော အလှူခံပုဂ္ဂိုလ်အားလှူဒါန်းထောက်ပံ့ခြင်း နိုင်ငံခြားသား မင်းတစ်ပါးတို့အား တံစိုးလက်ဆောင် သမီးကညာစသည် ဆက်သ ပေးကမ်းခြင်း၊ သံတမန် ဆက်ဆံခြင်း။ ♦

ဥပါယ်မျိုး ငါးပါး တစ်နည်း

ဇနက ဇာတ်တော်လာဖြစ်သည်။
(၁) ဇပ္ပမိမိ၏ စွမ်းအားလုံ့လဖြင့် ပြုလုပ်ခြင်း၊
(၂) မန္တ- ပညာရှိတို့နှင့် တိုင်ပင်ဆွေးနွေးခြင်း၊
(၃) သုဘာသိတ- သာယာချေငံစွာ ကျေနပ်ဖွယ်ပြောဆိုခြင်း၊
(၄) ပဝေဏိ- မျိုးနွယ်စဉ်ဆက်တို့၏ ဂုဏ်သိရ်ဥစ္စာကိုဖေါ်ပြခြင်း၊
(၅) အနုပ္ပါဒါန- ပစ္စည်းဥစ္စာ လက်ဆောင်ပဏ္ဏာပေးခြင်း။ ♦

ဥပါသကာ အင်္ဂါ ၅-ပါး

ဥပါသကာသည် ၎င်းအင်္ဂါ ၅-ပါး ၇-ပါးနှင့် ပြည့်စုံရမည်။ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တတ်သော ဒါယကာ ယောက်ျားကို ဥပါသကာ၊ မိန်းမကို ဥပါသိကာ ခေါ်သည်။
(၁) ရတနာသုံးပါး ကံ ကံ၏အကျိုးကိုသာ ယုံကြည်ခြင်း။
(၂) ငါးပါး ရှစ်ပါး ဆယ်ပါးစသော အကျင့်သီလနှင့် ပြည့်စုံခြင်း။
(၃) ကာမဂုဏ်နှင့်စပ်သော အာရုံခေါ် မြင် ကြား နံ့ တွေ့ထိမှုတို့ကို စွဲသိ၍ လောကမင်္ဂလာ အယူကိုမစွဲမယူခြင်း။
(၄) မြင် ကြား နံ တွေ့ထိသော မင်္ဂလာမှုကို မယုံကြည်မူ၍ အကြောင်းဖြစ်သော ကံတရားကိုသာ ယုံကြည်ခြင်း။
(၅) ဗုဒ္ဓဘုရား၏အဆုံးအမခေါ် သာသနာတော်အတွင်း၌သာ ကုသိုလ်ကောင်းမှုကို ပြုလုပ်ရှာမှီးခြင်း။ ♦

ဥပါသကာ အင်္ဂါ ၇-ပါး တစ်နည်း

အကျယ်လိုမှု သတ္တင်္ဂုတ္တိုရ် ပါဠိတော်မှာယူ။
(၁) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်အရှင်မြတ်တို့အား ဖူးမြင်ခြင်းမှမယုတ်လျော့ခြင်း။
(၂) သူတော်ကောင်းတို့ ဟောကြားညွှန်ပြ ဆိုဆုံးမသော တရားစကားကိုနာယူခြင်း၌ မမေ့လျော့ခြင်း။
(၃) ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေလျက် ရှစ်ပါး ဆယ်ပါးစသော သီလများကိုလည်း ရံခါ စောင့်ရှောက်ဆောက်တည်ခြင်း။
(၄) အတုမရှိသော မြတ်စွာဘုရားသခင်၏ သာသနာတော်ထမ်း ရဟန်း သာမဏေစသည်တို့၌သာ အကြည်ညိုများခြင်း။
(၅) မချုတ်မချယ် လွတ်လွတ်ကျွတ်ကျွတ် တရားတော်ကို နာယူကျင့်ကြံခြင်း။
(၆) ဗုဒ္ဓ၏သာသနာတော်မှတစ်ပါး အခြားသာသနာ၌ အလှူခံပုဂ္ဂိုလ်ကို မရှာခြင်း။
(၇) မြတ်စွာဘုရား၏ တပည့်သားတို့အားသာ ရှေးဦးစွာပေးလှူလေ့ရှိခြင်း။ ♦

ဥပါသကာတို့ မရောင်းအပ်သော ကုန်မျိုး ၅-ပါး

ဝါဏိဇ္ဇသုတ် ပဉ္စင်္ဂုတ္တရ။ ပါ။ ၁၈၃။ ဋ္ဌ။ ၆၂။ သုတ်သီလက္ခန်။ ပါ။ ၈၀။ ဋ္ဌ။ ၂၁၉- တို့၌ အကျယ်ရှုပါ။
(၁) အာဝုဓ ဝါဏိဇ္ဇ- ဓါး လှံ သေနတ် အမြောက် စိန်ပြောင်းစသည့် ပါဏာတိပါတလက်နက်မျိုး။
(၂) သတ္တ- လူနှင့် အသားသတ်စားရန် မွေးမြူးရေးသတ္တဝါမျိုး။
(၃) မံသ- သား ငါး ကြက် ဝက်စသည့် အသားစိမ်းခြောက်။
(၄) မဇ္ဇ- မူးယစ်စေတတ်သော သေစာမျိုး ဟူသမျှ။
(၅) ဝိသ ဝါဏိဇ္ဇ- သတ္တဝါတို့ကိုသေစေတတ်သော အဆိပ်မျိုးဟူသမျှ။ ♦

ဥပါသကာ ဂုဏ် ၁၀-ပါး

ဥပါသကာ ဥပါသိကာတို့ယူစရာ ဂုဏ်များ။
(၁) သံဃာများနှင့် ချမ်းသာဆင်းရဲ မကွဲမပြား တရားကိုစောင့်ရှောက်ကြီးမှူးခြင်း။
(၂) အကုသလ ဒုစရိတ ဓမ္မတို့ကို ရှောင်ရှားခြင်း။
(၃) ဗုဒ္ဓသာသနာတော်ကို ထွန်းကားကြီးပွားစေခြင်း။
(၄) ဒိဋ္ဌိဇုကမ္မ ခေါ် အယူကိုဖြောင့်မတ်စေခြင်း။
(၅) အင်း အိုင် မန္တရား နတ် စုန်းစသော လောကီလုပ်ငန်းများကို မယုံကြည် မကိုးစားခြင်း။
(၆) တစ်ပါးဘုရားကို မကိုးကွယ်ရန် ကြောင့်ကြတစ်ခု မပြုတော့ခြင်း။
(၇) ကိုယ် နှုတ် နှစ်ပါးကို စောင့်ရှောက်လုံခြုံစေခြင်း။
(၈) ငြူစူခြင်း ဣဿာမှကင်းခြင်း။
(၉) မစဉ်းလဲ မကောက်ကျစ်ခြင်း။
(၁၀) ရတနာသုံးရပ်ကို မပြတ်ဆည်းကပ်ခြင်း။ ♦

ဥပုသ်အပြား ၃-ပါး

တိကင်္ဂုတ္တရ။ ပါ။ ၂၀၆။ ဋ္ဌ။ ၁၉၃။ ဥပေါသထသုတ်။ လူများ ဆောက်တည်ကြသည့်ဥပုသ်အပြား သုံးပါး။
(၁) နိဂဏ္ဍ ဥပုသ်- တိတ္ထိတို့စောင့်သော ဥပုသ်မျိုး၊ ပုံ- မိုင်တစ်ရာအတွင်း၌ရှိသော သတ္တဝါကိုသာ သတ်ပါမည်စသည်ဖြင့် သိက္ခာပုဒ်ကိုဆောက်တည်၏၊ အပြစ်ရှိသည်။
(၂) ဂေါပါလ ဥပုသ်- သီလ ဥပုသ်ခံယူပြီး ရတနာသုံးပါး၏ဂုဏ်တော် ကျေးဇူးတော်များကို မအောက်မေ့မပွားများ၊ ဝတ်ရေး စားရေးအစုစုတို့ကိုသာ ကြံစည်အောက်မေ့နေသော ဥပုသ်မျိုး၊ နည်းသောအကျိုးရှိ၏။
(၃) အရိယာ ဥပုသ်- ဥပုသ်ဆောက်တည်ပြီးလျှင် အနိစ္စ ဒုက္ခ အနတ္တ အသုဘ တရားတို့ကို ဆင်ခြင်စဉ်းစားခြင်း၊ ရတနာသုံးပါး၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အောက်မေ့ပွားများခြင်း၊ များမြတ်သောအကျိုးရှိ၏။ ♦

ဥပုသ်အပြား ၆-ပါး တစ်နည်း

အရိယာဥပုသ် သို့မဟုတ် ကောင်းမြတ်ဖြူစင်သော ဥပုသ်မျိုး ၆-ပါး။
(၁) ဗြဟ္မုပေါသထ- ဘုရားရှင်၏ဂုဏ်တော်များကို ဆင်ခြင်စောင့်သုံးသော ဥပုသ်၊
(၂) ဓမ္မူ ပေါသထ- တရားတော်၏ဂုဏ်တော်များကို (လ) ဥပုသ်၊
(၃) သံဃု ပါသထသံဃာတော်၏ဂုဏ်တော်များကို(လ) ဥပုသ်၊
(၄) သီလု ပေါသထ- မိမိစောင့်ထိန်းသော သီလ၏ဂုဏ်များကို (လ) ဥပုသ်၊
(၅) ဒေဝုပေါသထ- နတ်တို့ကို သက်သေပုံထား၍ မိမိစောင့်သောသီလ၏ဂုဏ်များကို (လ) ဥပုသ်၊
(၆) အဋ္ဌင်္ဂိကုပေါသထ-သူ့အသတ်သတ်ခြင်း စသော ဒုဿီလအကျင့်များမှ ရှောင်ရှား၍ ရှစ်ပါးသီလကို ရိုသေစွာ စောင့်သုံးမှုမျိုး။ ♦

ဥပုသ် ၉-ပါး

ရဟန်းတော်များနှင့်ဆိုင်သော ဥပုသ်ကိုးပါး ဟူလို။
(၁) စတုဒ္ဒသီ ဥပုသ်၊
(၂) ပန္နရသီ ဥပုသ်၊
(၃) သာမဂ္ဂီ ဥပုသ်၊
(၄) သံဃ ဥပုသ်၊
(၅) ဂဏ ဥပုသ်၊
(၆) ပုဂ္ဂလ ဥပုသ်၊
(၇) သုတ္တု ဒ္ဒေသဥပုသ်၊
(၈) ပါရိသုဒ္ဓိ ဥပုသ်၊
(၉) အဓိဋ္ဌာန် ဥပုသ်။ ♦

ဥပုသ်စောင့်နည်း ၄-မျိုး

လူတို့ ဥပုသ်စောင့်သည့် နေ့ လ နှစ်များ၊ စတုက္ကနိပါတ် အင်္ဂုတ္တရပါဠိတော်။
(၁) ပကတိ ဥပုသ်- ၈-ရက် လပြည့် လကွယ် ဥပုသ်မျိုး၊
(၂) ပတိ ဇာဂရ ဥပုသ်- အကြို အပိုစောင့်သောဥပုသ်မျိုး၊
(၃) အဓိဋ္ဌာန် ဥပုသ်- ရက် လ နှစ် ပိုင်းခြားဆောက်တည်သော ဥပုသ်၊
(၄) ပါဋိ ဟာရိယ ဥပုသ်- အထွက်တစ်ရက်နေ့၌ စောင့်သောဥပုသ်။ ♦

ဥပုသ်သည်များ၊ ရှောင်ကြဉ်စား၊ ၄-ပါး ကာလိက

၎င်းသရုပ်ကို (ကာလိက ၄-ပါး) ၌ ရှုပါကုန်။ ♦

ဥပေက္ခာမျိုး ၁၀-ပါး

၎င်းအကျယ်ကို အဋ္ဌသာလိနီ အဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့၌ ရှုပါ။
(၁) ဆဠင်္ဂုပေက္ခာ- ကောင်းအာရုံ ဆိုးအာရုံခြောက်ပါးတို့ ထင်လာသောအခါ သာယာခြင်းတဏှာ၊ နှလုံးမသာယာခြင်း ဒေါသတို့ မရှိရအောင် သတိသမ္ပဇဉ် အမြဲယှဉ်၍ရှုခြင်းမျိုး ခြောက်ပါးကိုဆိုသည်။
(၂) ဗြဟ္မဝိဟာရုပေက္ခာ- သဗ္ဗေ သတ္တာ ကမ္မဿကာ သတ္တဝါတို့ ချမ်းသာဆင်းရဲဟူသည် သူတို့၏ကံအတိုင်းဘဲဟု လျစ်လျူရှုကာနေခြင်းကို ဆိုသည်။
(၃) ဗောဇ္ဈင်္ဂုပေက္ခာ- မဂ်၏ အင်္ဂါအစိတ်အပိုင်းသို့ ရောက်လာသော ဗောဇ္ဈင်တရားတို့သည် အလွန်အလျော့မရှိ ပိုလွန်ခြင်း ယုတ်လျော့ခြင်းမရှိဘဲ အညီအမျှသာဖြစ်ပေါ်လာခြင်းမျိုးကို ခေါ်ဆိုသည်။
(၄) ဝီရိယုပေက္ခာ- မဂ်ဖိုလ်ရရေး အားထုတ်ပေးရာ၌ အပိုအလိုမရှိရအောင် ညီမျှစွာဖြစ်သော ဝီရိယကိုဆိုသည်။
(၅) သင်္ခါရုပေက္ခာ- စျာန်မဂ်ဖိုလ်တရားတို့ကို ရရှိရန်အားထုတ်သောအခါ ပဉ္စမစျာန်သမာဓိ၊ သို့မဟုတ်ဝိပဿနာဉာဏ်ရင့်သန်လာသောအခါ နီဝရဏစသော သင်္ခါရတရားတို့ကို အထူးဂရုစိုက်ကာ ပယ်ရှားမှုမပြုရတော့ဘဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။
(၆) ဝေဒနုပေက္ခာ- ကောင်းအာရုံ မကောင်းအာရုံတို့နှင့် တွေ့ကြုံသောအခါ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းတို့အကြား အလတ်စားဖြစ်သော အနေအားဖြင့် ခံစားခြင်းကိုဆိုသည်။
(၇) ဝိပဿနုပေက္ခာ- ရုပ်နာမ်ခန္ဓာစသော တရားစုတို့ကို အနိစ္စ ဒုက္ခ အနတ္တမြင်လာအောင် ထူးသောဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ရာ၌ အဟောင်းပျက် အသစ်အစားထိုးလာပုံတို့ကို ငြိမ်သက်စွာ လျစ်လျူရှုကာ သုံးသပ်ဆင်ခြင်ခြင်းကိုဆိုသည်။
(၈) တတြမဇ္ဈတ္တုပေက္ခာ- သဟဇာတ အတူတကွဖြစ်နေကြသည့်တရားစုတို့၌ ညီညွတ်အောင် အားထုတ်မနေရတော့ပဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။
(၉) စျာနုပေက္ခာ- မိမိရရှိခံစားရမည့် စျာန်ချမ်းသာကိုပင် ချမ်းသာမှုသို့မကျရောက်စေပဲ လျစ်လျူရှုခြင်းကိုဆိုသည်။
(၁၀) ပါရိသုဒ္ဓုပေက္ခာ- ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏဓမ္မတို့မှ သန့်စင်နေပြီဖြစ်၍ ထိုတရားဆိုးတို့ မဖြစ်စေရအောင် ကြောင့်ကြမှု မပြုရတော့သည်ကိုဆိုသည်။ ♦

ဥဘတောဗျည်းမျိုး ၂-ပါး

လူတစ်ကိုယ်တည်း၌ မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ်နှစ်မျိုးစုံ ပါသူကို''ဥဘတောဗျည်း''ခေါ်၏၊ အကျယ် ဝိနည်း ပါရာဇိကဏ် အဋ္ဌကထာ၌ ရှုလေ။
(၁) ယောက်ျား ဥဘတောဗျည်း- ယောက်ျားရုပ်ပုံ သဏ္ဌာန်ရှိ၍ လိင် ၂-ခုပါသည်၊ ကာမကိစ္စ၌ ယောကျ်ားအဖြစ်နှင့်လည်းပြုနိုင်သည်၊ ရံခါ မိန်းမအဖြစ်နှင့်လည်း ခံယူနိုင်သည်၊ သန္ဓေကိုပေးနိုင်၏၊ မိန်းမသဘောဖြင့်ခံယူသောအခါ သန္ဓေကို မယူနိုင်ချေ။
(၂) မိန်းမ ဥဘတောဗျည်း- မိန်းမရုပ်ပုံသဏ္ဌာန်ရှိ၍ မေထုန်မှု၌ မိန်းမကဲ့သို့လည်းခံယူနိုင်လျက် ပဋိသန္ဓေကိုပါယူနိုင်သည်၊ ရံခါ ယောက်ျားကဲ့သို့လည်း သွားနိုင်၏၊ သို့သော် သန္ဓေကိုကား မပေးနိုင်ချေ။ ♦

ဥမျိုး ၅-ပါး၊ ထိုငှက်များ၊ ခွဲဲခြားဖြေဆိုပါ

နာမည်၏အစ၌ ဥ, ပါသောငှက်များကို ဆိုသည်။
(၁) ဥဒေါင်း၊
(၂) ဥဗျိုင်း၊
(၃) ဥချိုး၊
(၄) ဥပုတ်၊
(၅) ဥသြ။ ♦

ဥယျာဉ်တော်ကြီး ၄-ပါး

တာဝတိံသာနတ်ပြည်၌ရှိသော ဥယျာဉ်တော် လေးပါးဟူလို။ အကျယ်ကို ဇိနာလင်္ကာရဋီကာ၌ ရှုလေ။
(၁) နန္ဒဝန် ဥယျာဉ်- အယုဇ္ဈပူရ မြို့တော်ကြီး၏မြောက်မျက်နှာ ယူဇနာ ၂၀-ကွာသော အရပ်မှာရှိ၏၊နန္ဒမည်သောကန်ကြီးလည်း ၎င်းဥယျာဉ်အတွင်းမှာပင် ရှိ၏။
(၂) ဖာရုသက ဥယျာဉ်- တောင်မျက်နှာ ယူဇနာ ငါးဆယ်ကွာသောအရပ်၌ ရှိ၏
(၃) စိတ္တ လတာ ဥယျာဉ်- အရှေ့မျက်နှာ ယူဇနာ ၂၀-ကွာသောအရပ်မှာရှိ၏၊ ထို ဥယျာဉ်အတွင်း၌စိတ္တမည်သော ရေကန်ကြီးလည်းရှိ၏၊ အာသာဝတီမည်သော နွယ်နီနတ်ပန်းတို့သည်လည်း ရှိကုန်၏။
(၄) မိဿက ဥယျာဉ်- အနောက်မျက်နှာ ယူဇနာ ၂၀-ကွာသောအရပ်၌ ရှိ၏၊ ထိုဥယျာဉ်ကြီးကားမွေ့လျော်ဖွယ်ရာအမျိုးမျိုးတို့ဖြင့် ရောထွေးသာယာလျက်ရှိ၏။ ♦

ဥဿဒငရဲငယ်၊ လေး,ငါး,ဆယ်၊ အဘယ်,အဘယ်နည်း

ထိုငရဲမျိုးကို ငရဲငယ်များ ဟုခေါ်ကြသည်။ ၄-ပါး၊ ၅-ပါး၊ ၁၀-ပါးဟု အမျိုးမျိုးရှိသည်၊ အကျယ်ကို (ငရဲငယ်) ဟူသော ဝေါဟာရမှာပြမည်။ ♦

ဥဿဖရားမျိုး ၅-ပါး

၎င်း ဥဿဖယားကျောက်မျိုး ငါးပါးကို မဏိသျှတ္တရကျမ်းရင်း လင်္ကာအတိုင်း တန်ဖိုးနှင့်တကွ သရုပ်ကိုပါပြအံ့။
(၁) ဇမ္ဗုနာ ဥဿဖယား - ကျောက်မျက် ဥဿဖယား၊ အနွယ်ပြားသည်၊ ငါးပါး၌မှာ၊ ဇမ္ဗုနာကား၊ဆင်းဝါနွားနို့၊ ပြာညို့ညို့တည့်၊ နှစ်လို့လျောက်ပတ်၊ ရွှေတစ်ကျပ်ထက်၊ တင်လတ်လောက်ပေ၊ဖိုးထိုက်ရွှေကား၊ ငါးကျပ်သွား၏။
(၂) ယုတ္တာ ဥဿဖယား - ထူးခြားယုတ္တာ ကျောက်ဆင်းမှာကား၊ မှန်စွာကျစ်လျစ်၊ နွားနို့သစ်သို့၊ရွှေစစ်ကျပ်ပေါ်၊ တင်လောက်သော်မူ၊ ထိုက်လျော်ရွှေနီ၊ တစ်ကျပ်ညီ၏။
(၃) ဖလာ ဥဿဖယား - ကျောက်ရှင်ဖလာ၊ လက္ခဏာကား၊ ပြာပြာရှိထွေ၊ တစ်ကျပ်ရွှေထက်၊ တင်ပေလောက်ငြား၊ အဖိုးအားမူ၊ ရွှေသားနှစ်ကျပ်၊ သင့်ဆုံးဖြတ်လော့။
(၄) ဘသ္မာ ဥဿဖယား - တစ်ရပ် ဘသ္မာ၊ ရုပ်ဝါဆန်းထူး၊ ထင်းရှူးအဆင်း၊ တစ်ကျပ်တွင်းဝယ်၊ထည့်သွင်းလောက်တန်၊ ဖိုးထိုက်ဟန်ကား၊ အမှန်ရှေ့လာ၊ မထူးခြားတည်း။
(၅) ခတ္တိယာ ဥဿဖယား - တွင်ငြား ခတ္တိယာ၊ စိမ်းပြာညိုရောင်၊ ငှက်ခါးတောင်သို့၊ အခေါင်ရွှေစင်၊တစ်ကျပ်တွင်၌၊ ထားတင်လောက်လှ၊ သုဝဏ္ဏဟု၊ အဂ္ဃမှန်ရွှေ၊ ခြောက်ကျပ်နေသည်၊ လူ့ပြည်စံတုမကင်းတည်း။ ♦

ဥသျှောင် ၇-မျိုး၊ ဖွဲ့ထုံးရိုး၊ မင်းစိုးလှကညာ

မင်းခမ်းဝင် ဆံထုံးတော် ၇-မျိုးကိုပင် ဥသျှောင် ၇-မျိုးခေါ်သည်။
(၁) မြိတ်ဖြူ၊
(၂) မြိတ်စို့၊
(၃) မြိတ်လွတ်၊
(၄) စုလည်း၊
(၅) ယဂင်၊
(၆) လုံးတင်၊
(၇) မြိတ်ရစ်။ ♦

ဥသျှောင်ထုံးငြား၊ ငါးဆယ့်ငါး၊ မျိုးပြား အဘယ်နည်း

၎င်းသရုပ်ကို နန်းတွင်းစာဆိုတော် 'ရဝေရှင်ထွေး'၏ဆံပင်ထုံးဖွဲ့နည်း ၅၅-မျိုးကို စပ်ဆိုထားသော 'အန်ချင်း'ဖြင့် ထုတ်ဖေါ်လိုက်အံ့။ အစောတို့လေ၊ ရတနာတွေ၊ ရွှေမိုးစွေ၍၊ သပြေမည်ခံ၊ ပြည်ပုဂံဝယ်၊ နိုင်ငံကျယ်ပြော၊ ရှေးမင်းစောတို့၊ မုနောဇမ္ဗူ၊ စံတော်မူက၊
(၁) မြိတ်ဖြူ၊
(၂) မြိတ်စို့၊
(၃) သွယ်ညို့မြိတ်လွတ်၊
(၄) ရစ်ပတ်စုလည်း၊
(၅) လျော့ရည်းထုံးဖွဲ့၊
(၆) တုမဲ့ ရွှေရောင်၊ တိမ်တောင် တက်သက်၊
(၇) လျှပ်စစ်ပြက်သို့၊
(၈) စဝှက်ရောင်ပြေး၊
(၉) နှင်းသွေးမစို့၊
(၁၀) ကြာညို့ဝတ်ဆံ။
(၁၁) ဓူဝံ နှိုင်းယှဉ်၊ ရှုကြည့် မငြီး၊
(၁၂) ဦးပြည်းရွှင်ပျော်၊
(၁၃) ဇင်ယော်တန်းဝဲ၊
(၁၄) ပုလဲကိုးပုန်း၊
(၁၅) ဂမုန်းငုံအာ၊
(၁၆) လေသာဝေ့လည်၊
(၁၇) မြူချည်မတင်၊ ယဂင်ထုံးထုံး၊
(၁၈) လုံးတင်
(၁၉) ခရုချောင်၊
(၂၀) ထုံးကြောင်၊
(၂၁) ထုံးကြား။
(၂၂) ငါးပါးမြိတ်စို့၊
(၂၃) အောင်မျို့ နိမိတ်၊ မြိတ်ရစ်လှပ၊
(၂၄) ကရဝိကနှုတ်သီး၊
(၂၅) ဆိတ်သမီးနှင့်၊
(၂၆) ပြန်ပြီးဆယ်ထွေ၊
(၂၇) နေအရုဏ်ခံ၊
(၂၈) ညဉ့်ယံသောက်ရှူး၊
(၂၉) တိမ်ဦးနဂါး၊
(၃၀) လေးပါးရာသီ
(၃၁) နှိုင်းပြီစံလွတ်၊
(၃၂) နဂါးပတ်ကျော့ကွင်း၊
(၃၃) နန်းတွင်းမဉ္ဇူ၊
(၃၄) ထွက်ပြူ မုခ်ဝ၊
(၃၅) ပဒုမသိဒ္ဓိ၊
(၃၆) မဏိကိုးပါး၊
(၃၇) ချယားပွင့်သေး၊
(၃၈) ယုန်ရေးလဝယ်၊
(၃၉) နေလယ်ဥဒေါင်း၊
(၄၀) သုံးချောင်းခြူးယှက်။
(၄၁) စဝှက်ရောင်ချော၊
(၄၂) သင်္ဘောတံခွန်၊
(၄၃) အနန္တဖုသျှ၊ မောရဂီဝါ၊
(၄၄) ဟင်္သာစာခွံ့၊ ထုံးအံတစ်ခင်း၊
(၄၅) ပဇင်းတောင်ဖြန့်၊
(၄၆) သည်းညွန့်လက်သင်၊
(၄၇) ကွမ်းလင်၊
(၄၈) နောက်တွဲ၊
(၄၉) မုတ္တာရွဲနှင့်၊
(၅၀) ပုလဲကွန်ခြာ၊
(၅၁) ရတနာမဏ္ဍိုင်၊
(၅၂) ပွင့်ဆိုင် ပုဏ္ဍရိက်၊
(၅၃) နဂါးအိတ် လေးထောင့်၊
(၅၄) ရှစ်မြှောင့်၊
(၅၅) ပြန်ကာဖက်၊ ပန်းယှက်ခေါင်ဗွေ၊ နန်းလုံးဝေမျှ မြုတေစံကျော်၊ နှိုင်းမမျှော်ကို၊ လွမ်းတော်မမူလှည့်ပြီလော... လေ၊ ဖေါ်ချင်းတို့လေ ဖေါ်ချင်းတို့။ ♦

ဦအက္ခရာ၊ ရေးထုံးလာ၊ မြန်မာ ၃-လုံးရှိ

မြန်မာစာပေ ရေးရာ၌ “အူ ဦ ဥု” ၎င်း သုံးမျိုးကို ရေးထုံးပြကြသည်။ ♦

ဦးစွန်း ၅-ပါး၊ မြန်မာများ၊ ဆံထား ခေါင်ထိပ်ဗွေ

၎င်းသရုပ်ကို (မြန်မာ့ဦးစွန်း၊ ၅-မျိုးထွန်း) ၌ ဆိုအံ့။ ♦

အုပ်ထိန်းခြင်းရှိသော မိန်းမ ၂၀

အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာအပ်သော မိန်းမ ၂၀-ဟူလို။
(၁) မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘ အုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတု ရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) ဉာတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တ ရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ် စောင့်ရှောက်အုပ်ထိန်းသေမိန်းမ။

မှတ်ချက် ။ ။ ၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာလွန်ကျူးသူ ယောက်ျားများမှာသာ ကံထိုက်သည်ဟူ၏။
(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ 'လက်ထပ်ပြီးသူ' လင်အုပ်ထိန်းသောမိန်းမ၊
(၁၀) သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊
(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
(၁၂) ဆန္ဒ ဝါသိနီသဘောတူအလိုတူ၍ ညားနေသောမိန်းမ၊
(၁၃) ဘောဂ ဝါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သော မိန်းမ၊
(၁၄) ပဋဝါသိနီ- ပုဆိုးပေး၍ “ပုဆိုး တန်းတင်''ပြု၍နေသောမိန်းမ၊
(၁၅) သြဒ ပတ္တကိနီရေ ခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
(၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၈) ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၉) ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖေါ်ရန်ငှားရမ်းထားသော ခေတ္တမယားဖြစ်သူမိန်းမ။

မှတ်ချက် ။ ။ ၎င်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိမယားဖြစ်၍ မိန်းမရောယောကျ်ားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏၊ အကျယ်ကိုလိုမူ ပါရာဇိကဏ်ပါဠိတော် အဋ္ဌကထာဋီကာ။ အဋ္ဌသာလိနီ အဋ္ဌကထာ မူလဋီကာမှာ ရှုပါလေ။ ♦

အုပ်ထိန်းရာသော မိန်းမ ၂၁-ပါး

စောင့်ရှောက်ထိန်းသိမ်းမှု အမြဲရှိနေအပ်သော မိန်းမမျိုး နှစ်ကျိပ်တစ်ပါးဟူ၏။ ဓမ္မသတ်မှ။
(၁) သက်ရွယ်ကြီးသော မိန်းမ၊
(၂) ရူးသော မိန်းမ၊
(၃) နူသော မိန်းမ၊
(၄) ကိုယ်ဝန်ရှိသော မိန်းမ၊
(၅) အရွယ်မရောက်သေးသော မိန်းမ၊
(၆) ခရီးဝေးကလာသော မိန်းမ၊
(၇) မြီကိုလို၍ ချုပ်ထားသောမိန်းမ၊
(၈) အဘ စောင့်သောမိန်းမ၊
(၉) အမိ စောင့်သောမိန်းမ၊
(၁၀) အဘိုး စောင့်သောမိန်းမ၊
(၁၁) အဘွား စောင့်သောမိန်းမ၊
(၁၂) အစ်မ စောင့်သောမိန်းမ၊
(၁၃) ညီမ စောင့်သောမိန်းမ၊
(၁၄) မောင်ကြီး စောင့်သောမိန်းမ၊
(၁၅) မောင်ငယ် စောင့်သောမိန်းမ၊
(၁၆) မိကြီးစောင့်သော မိန်းမ၊
(၁၇) မိထွေးစောင့်သော မိန်းမ၊
(၁၈) ဘကြီး စောင့်သောမိန်းမ၊
(၁၉) ဘထွေး စောင့်သောမိန်းမ၊
(၂၀) ဦးရီးစောင့်သောမိန်းမ၊
(၂၁) အရီးစောင့်သောမိန်းမ။

မှတ်ချက် ။ ။ ဤနှစ်ကျိပ် တစ်ပါးသော မိန်းမများအနက် တစ်ဦးတစ်ယောက်သောမိန်းမကပင် မိမိ၏ကာမကို သဘောတူပေါင်းသင်းရန် ပေးသော်လည်း အုပ်ထိန်းသူတို့၏အခွင့်ကိုမရဘဲ ပေါင်းသင်းသောယောက်ျားအား ကြီးလေးသောအပြစ်ဒဏ်ကိုပေးရမည်ဟု မနုကျယ် ဓမ္မသတ် ဆဋ္ဌမတွဲ ပုဒ်မ ၂၈-တွင် ဆိုလေသည်။ ♦

ဧကဘဏ္ဍာ၊ ခိုးနည်းလာ၊ ၅-ဖြာအဘယ်နည်း

၎င်းသရုပ်ကို ခိုးခြင်း ၂၅-ပါး၌ ရှုပါ။ ♦

ဧကမန္တာ၊ သင့်လျော်ရာ၊ ၆-ဖြာ အရပ်မျိုး

ဝိနည်း ပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်။ ၁၀၁။ ဗုဒ္ဓဘုရားနှင့်ရဟန်းသံဃာတော်များအား ဆည်းကပ်ခစား တရားနာသောအခါ အပြစ်ခြောက်ပါးမှ လွတ်မြောက်၍ သင့်တင့်လျောက်ပတ်သော အရပ်များကို ဆိုသည်။
(၁) ဝေးလွန်းသောအရပ်၊
(၂) နီးလွန်းသောအရပ်၊
(၃) မြင့်သော အရပ်၊
(၄) လေညာ လေတင်အရပ်၊
(၅) နောက်ကျောတည့်တည့် အရပ်၊
(၆) ရှေ့တည့်တည့်အရပ်။ ♦

ဧကမန္တာ သင့်လျော်ရာ၊ ၈-ဖြာရပ် တစ်နည်း

၎င်း၏ သရုပ်ကို (နိသဇ္ဇ ဒေါသမျိုး ၈- ပါး) ဟူသော သုတေသန၌ ဆန့်ကျင်ဘက်ပြန်ယူပါလေ။ ♦

ဧတဒဂ် ဘွဲဲ့တံဆိပ်တော်ရ ရဟန်းယောက်ျား ၄၁-ပါး

အင်္ဂုတ္တရ။ ပါ။ ပ-အုပ်။ ၂၃။
(၁) 'အဂ္ဂရတ္တညူ' ဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍည၊
(၂) 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်ရသူ အရှင် သာရိပုတ္တရာ၊
(၃) တန်ခိုးအရာ၌ 'အဂ္ဂ ဣဒ္ဓိမန္တ' ဘွဲ့တံဆိပ်ရသူ အရှင်မောဂ္ဂလ္လာန်၊
(၄) ဓူတင်ဆောင် 'အဂ္ဂ ဓုတင်္ဂဓရ'ဘွဲ့တံဆိပ်ရသူ အရှင် မဟာကဿပ၊
(၅) 'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်ရသူ အရှင်အနုရုဒ္ဓါ၊
(၆) အမျိုးမြတ်'အဂ္ဂ ဥစ္စကုလိက' ဘွဲ့တံဆိပ်ရသူ အရှင် ဘဒ္ဒိယ၊ ၎င်းသည် ဘဝမခြားဘဲ ငါးရာတိုင်တိုင်ဆက်၍မင်းဖြစ်ဖူးသောကြောင့် အမျိုးမြတ်ဘွဲ့ထူးတံဆိပ်ရသည်ဟူ၏၊
(၇) အသံကောင်း 'အဂ္ဂ မဉ္ဇူသရ' ဘွဲ့တံဆိပ်ရသူ အရှင်လကုဏ္ဍက ဘဒ္ဒိယ၊
(၈) ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် 'အဂ္ဂ သီဟနာဒိက' ဘွဲ့တံဆိပ်ရသူ အရှင် ပိဏ္ဍောလ ဘာရဒွါဇ၊ ၎င်းသည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌ သံသယရှိသောသူ သည်ငါ့ကိုမေးကြဟု မကြောက်မရွ့ံ ခြင်္သေ့သံဆို၍ ဘုရားရှေ့တော်၌လည်း အရှင်ဘုရားသာသနာ တော်၌ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီဟု ခြင်္သေ့သံကိုဆိုလေသည်၊ ထို့ကြောင့် ဧတဒဂ်ရသည်ဟူ၏၊
(၉) တရားဟောကောင်း 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ပုဏ္ဏ၊
(၁၀) အကျဉ်းကိုအကျယ်ဖွဲ့တတ်ရာ၌ တံဆိပ်ရသူ အရှင်မဟာကစ္စည်း၊
(၁၁) စိတ်နှလုံးဖြင့်ပြီးသော ကိုယ်ကိုဖန်ဆင်းရာ၌ 'အဂ္ဂ စေတာ ဝိဝဋ္ဋ' ဘွဲ့တံဆိပ်ရသူ အရှင်စူဠပန်၊
(၁၂) 'အဂ္ဂ သညာ ဝိဝဋ္ဋ ကုသလ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာပန်၊
(၁၃) ကိလေသာကင်း၍နေသောအရာ မြတ်သောအလှူခံပုဂ္ဂိုလ်အရာတို့၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ အရှင် သုဘူတိထေရ်၊
(၁၄) အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ အရှင်ရေဝတထေရ်၊
(၁၅) စျာန်ဝင်စားသောအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် ကင်္ခါရေဝတ၊
(၁၆) လုံ့လဝီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ ကုဋေ ၂၀-တန် တန်ဆာကို လူ့ဘဝက ဝတ်ဆင်ခဲ့ဖူးသော သူဌေးသား သောဏခေါ် အရှင်ကောဋိဝိသသောဏ၊
(၁၇) သာယာ နာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ 'အဂ္ဂ ကလျာဏ ဝါက္ကရ' ဘွဲ့တံဆိပ်ရသူ လူ့ဘဝက တစ်ကုဋေတန် နားတောင်းတန်ဆာ ဆင်ပန်ခဲ့ဖူးသည့် အရှင်ကုဋိကဏ္ဏသောဏ၊
(၁၈) လာဘ်ပေါများသော အရာ၌ 'အဂ္ဂ လာဘီ' ဘွဲ့တံဆိပ်ရသူ အရှင်သီဝလိ၊
(၁၉) သဒ္ဓါအားကြီးသောအရာ၌ 'အဂ္ဂ သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်ရသူ အရှင် ဝက္ကလိ၊
(၂၀) သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ 'အဂ္ဂ သိက္ခာကာမ' ဘွဲ့တံဆိပ်ရ သားတော် အရှင်ရာဟုလာ။
(၂၁) 'အဂ္ဂ သဒ္ဓါ ပဗ္ဗဇ္ဇိတ' အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် ရဋ္ဌပါလ၊
(၂၂) စာရေးတံခေါ် မဲလိပ်ချအလှူကို ရှေးဦးစွာယူရာ၌ 'အဂ္ဂ ပဌမ သလာက ဂဏှန္တ' ဘွဲ့တံဆိပ်ရသူ အရှင် ကောဏ္ဍဒါန၊
(၂၃) ကဗျာကာထာ သီကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း 'အဂ္ဂ ပဋိဘာဝနဝန္တ' ဘွဲ့တံဆိပ်ရသူ အရှင် ဝင်္ဂီသ၊
(၂၄) ထက်ဝန်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ 'အဂ္ဂ သမန္တ ပါသာဒိက' ဘွဲ့တံဆိပ်ရသူ အရှင် ဥပသေန၊
(၂၅) ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ 'အဂ္ဂ သောနာသန ပညာပက' ဘွဲ့တံဆိပ်ရသူ အရှင် ဒဗ္ဗ၊
(၂၆) နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ 'အဂ္ဂ ဒေဝါနံ ဝိယမနာပ' ဘွဲ့တံဆိပ်ရသူ အရှင် ပိလိန္ဒဝစ္ဆ၊
(၂၇) တရားကို လျင်စွာသိသောအရာ၌ 'အဂ္ဂ ခိပ္ပါဘိည'ဘွဲ့တံဆိပ်ရသူ အရှင်ဒါရုစိ၊
(၂၈) ဆန်းဆန်းကြယ်ကြယ်စကားကိုပြောဆိုတတ်ရာ၌ 'အဂ္ဂ စိတ္တ ကထိက' ဘွဲ့တံဆိပ်ရသူ အရှင်ကုမာရကဿပ၊
(၂၉) 'အဂ္ဂ ပဋိသမ္ဘိဒါပတ္တ' ဉာဏ်အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင် မဟာကောဋ္ဌိတ၊
(၃၀) ဗဟုသုတအရာ, သတိမမေ့သည့်အရာ, ပညာလျင်သည့်အရာ, လုံ့လရှိသည့်အရာ, အလုပ်အကျွေးကောင်း, ပေါင်း ဘွဲ့တံဆိပ်ငါးထပ်ရသူ အရှင် အာနန္ဒ။
(၃၁) အခြံအရံများခြင်း၌ 'အဂ္ဂ မဟာပရိသ' ဘွဲ့တံဆိပ်ရသူ အရှင် ဥရုဝေဠကဿပ၊
(၃၂) အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ 'အဂ္ဂ ကုလပသာဒက' ဘွဲ့တံဆိပ်ရသူ အရှင် ကာလုဒါယီ၊
(၃၃) အနာရောဂါကင်းရာ၌ 'အဂ္ဂ အပ္ပါဗာဓိက' ဘွဲ့တံဆိပ်ရသူ အရှင် ဗာကုလ၊ ၎င်းသည် အယုတ်သဖြင့် သန်းဝေခြင်း ချေဆတ်ခြင်းမျှမရှိ ဟူသတ်၊
(၃၄) ပုဗ္ဗေနိဝါသဉာဏ်၌ 'အဂ္ဂ ပုဗ္ဗေနိဝါသ အနုဿရန္တ' ဘွဲ့တံဆိပ်ရသူအရှင်သောဘိတ၊
(၃၅) ဝိနည်းဓိုရ်ရာထူး၌ 'အဂ္ဂဝိနယဓရ' ဘွဲ့တံဆိပ်ရသူ အရှင် ဥပါလိ၊
(၃၆) ဘိက္ခုနီမတို့ကိုဆုံးမရာ၌ အကောင်းဆုံး 'အဂ္ဂဘိက္ခုနောဝါဒက' ဘွဲ့တံဆိပ်ရသူ အရှင်နန္ဒက၊
(၃၇) ဣန္ဒြေကောင်းရာ၌'အဂ္ဂ ဣန္ဒြေိယဂုတ္တဒွါရ' ဘွဲ့တံဆိပ်ရသူ ညီတော်မင်းနန်ခေါ် အရှင်နန္ဒ၊
(၃၈) ရဟန်းတော်တို့ကို ဆုံးမရာ၌အကောင်းဆုံး 'အဂ္ဂ ဘိက္ခု သြဝါဒက' ဘွဲ့တံဆိပ်ရသူ အရှင် မဟာကပ္ပိန္န၊
(၃၉) တေဇောကသိုဏ်းရာထူး၌'အဂ္ဂ တေဇောဓါတု ကုသလ' ဘွဲ့တံဆိပ်ရသူ အရှင် သာဂတထေရ်၊
(၄၀) ဒေသနာတော် အသစ်အသစ် တင်ရာ၌ 'အဂ္ဂ ပဋိဘာနေယျက' ဘွဲ့တံဆိပ်ရသူ အရှင် ရာဓ၊
(၄၁) ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လုခ စီဝရ ဓရ' ဘွဲ့တံဆိပ်ရသူ အရှင် မောဃရာဇ။ ♦

ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းမိန်းမ ၁၃-ပါး

(၁) မိထွေးတော် မဟာပဇာပတိ ဂေါတမီ ထေရီ- 'အဂ္ဂ ရတ္တညူ' ဘွဲ့တံဆိပ်တော်ရသည်။
(၂) ခေမာ ထေရီ 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်တော်ရသည်။
(၃) ဥပ္ပလဝဏ် ထေရီ- 'တန်ခိုးကြီး' ဘွဲ့တံဆိပ်တော်ရသည်။ ဘုရားရှင် ယမိုက်ပြာဋိဟာ ပြခါနီး၌အရှင်ဘုရား တန်ခိုးပြတော်မမူပါနှင့်တော့၊ တပည့်မသည် အလျား ၁၂-ယူဇနာ၊ အနံ ၁၂-ယူဇနာ၊ အဝန်း ၃၆-ယူဇနာ၊ ဗိုလ်ထုနှင့် စကြာမင်းဟန်ဖန်ဆင်း၍ ခြေတော်မြတ်ကို ဦးတိုက်ပါမည်ဟု လျှောက်ထားရာတွင်ဧတဒဂ် ဘွဲ့ထူးရလေသည်။
(၄) ပဋာစာရီ ထေရီ- ဝိနည်းဓိုရ်အရာ၌ 'အဂ္ဂ ဝိနယ ဓါရီ' ဘွဲ့တံဆိပ်တော်မြတ်ရသည်။
(၅) ဓမ္မဒိန္နာ ထေရီ 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်တော်ရသည်။ ဝိသာခါ ဒါယိကာမကြီးက တရားဟောရန်လျှောက်ထားတောင်းပန်သောကြောင့် အထူးထူးသောနည်းတို့ဖြင့် ခက်ခဲနက်နဲသိမ်မွေ့သောမူလပဏ္ဏာသကျမ်း၌ “စူဠဝေဒလ္လ” သုတ်ကိုဟောတော်မူရာ ငါဘုရားဟောသော်လည်း သည်အတိုင်းပင် ဟောရတော့မည်ဟု ကောင်းချီးပေးလျက် ဧတဒဂ်ဘွဲ့ထူးကို အပ်နှင်းချီးမြှောက်လေသည်ဟူ၏။
(၆) နန္ဒာ ထေရီ- စျာန်ဝင်စားသောအရာ၌ 'အဂ္ဂ စျာယိကာ' ဘွဲ့ထူးတံဆိပ်တော်ရသည်။
(၇) သောဏာ ထေရီ- 'လုံ့လ ဝီရိယကောင်း' ဘွဲ့တံဆိပ်တော်ရသည်။
(၈) ဗကုလာ ထေရီ- 'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်တော်ရသည်။ (အချို့မူ၌ “သကုလာ''ဟု ရှိသည်။ )
(၉) ဘဒ္ဒါ ကုဏ္ဍလ ကေသာ ထေရီ- အဘိညာဉ်အရာ၌ လျင်မြန်သောကြောင့် 'အဂ္ဂ ခိပ္ပါဘိည' တံဆိပ်တော်ရသည်။
(၁၀) ဘဒ္ဒါ ကပိလာနီ ထေရီ- 'ပုဗ္ဗေနိဝါသဉာဏ်' တံဆိပ်တော်ရသည်။
(၁၁) ရာဟုလာမယ်တော် ဘဒ္ဒကဉ္စနာ ယသော်ဓရာ ထေရီ- 'ဉာဏ်အမြင်ကြီးရာ၌' တံဆိပ်တော် ရသည်။
(၁၂) ကိသာ ဂေါတမီ ထေရီ- ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လူခ စီဝရ ဓါရီ' တံဆိပ်တော်မြတ်ရသည်။
(၁၃) သိင်္ဂါလ မာတာ ထေရီ- သဒ္ဓါတရားကောင်း 'သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်တော်မြတ်ရ လေသည်။ ♦

ဧတဒဂ် ဘွဲ့တံဆိပ်ရ လူမိန်းမ ၁၀-ယောက်

(၁) သေနိယ သူဌေးသမီး သုဇာတာ- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ 'အဂ္ဂ ပထမသရဏဂမဏ' ဘွဲ့တံဆိပ်တော်ရလေသည်။
(၂) ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါ- အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော် ရလေသည်။
(၃) ခုဇ္ဇုတ္တရာ- 'အဂ္ဂ ဗဟုသုတ' ဘွဲ့တံဆိပ်တော်ရလေသည်။ ၎င်းသည် အကြားအမြင်များ၍ သာမာဝတီကြီးမှူးသော အုပ်စုငါးရာတို့အား သင်ကြားပို့ချရလေသည်၊ ၎င်းသင်ကြားပို့ချရသော ကျမ်းကားသုတ္တန်ပိဋက၌ ဣတိဝုတ္တက ကျမ်းဟူ၍ ကျမ်းသီးတစ်စောင်ပင်ဖြစ်လေသည်၊ သည်ကို အကြောင်းပြု၍ဧတဒဂ်ဘွဲ့ထူးရသည်ဟူ၏။
(၄) သာမာဝတီ-မေတ္တာဖြင့်နေသောအရာ၌ 'အဂ္ဂ မေတ္တာ ဝိဟာရီ' ဘွဲ့တံဆိပ်ကို ရလေသည်။
(၅) နန္ဒမာတာ ဥတ္တရာ- စျန်ဝင်စားရာ၌ 'အဂ္ဂစျာယီ' ဘွဲ့တံဆိပ်တော်ကို ရလေသည်။
(၆) ကောလိယမင်းသမီး သုပ္ပဝါသာ- အကောင်းအမြတ်ပေးလှူရာ၌ 'အဂ္ဂ ပဏီတ ဒါယိကာ' ဘွဲ့တံဆိပ်ကိုရလေသည်။
(၇) သုပ္ပိယာ-သူနာကို ပြုစုလုပ်ကျွေးရာ၌ အကောင်းဆုံးသူနာပြုတတ်သူ 'အဂ္ဂ ဂိလာနုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။
(၈) ကောတိယာနီ- မတုန်မလှုပ် ကြည်ညိုရာ၌ 'အဂ္ဂ အဝေစ္စ ပသန္န' ဘွဲ့တံဆိပ်တော်ရလေသည်။
(၉) နကုလ မာတာ ဘုရားနှင့်အကျွမ်းဝင်ခြင်း၌'အဂ္ဂ ဝိဿာသီက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။ (နကုလ ပိတာ နှင့်တူ)
(၁၀) ကာလီ ခေါ် ဒါယိကာမ- အဆင့်ကြားအားဖြင့် ဘုရားကိုကြည်ညိုသောအရာ၌ 'အဂ္ဂ အနုဿဝ ပသန္န'ခေါ် ဘွဲ့တံဆိပ်တော်ကို ရလေသည်။ ♦

ဧတဒဂ်ဘွဲ့ထူး ခံယူရသူ လူဒါယကာ ယောက်ျား ၁၀-ယောက်

(၁) “တဖုဿ ဘလ္လိက” ကုန်သည် ညီနောင်- ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ ဘွဲ့ထူးရလေသည်၊၎င်းတို့သည် ဘုရားဖြစ်၍ ၄၉-ရက်အလွန် လင်းလွန်းပင်ရင်းမှာ ဘုရားနှင့်ရှေးဦးစွာတွေ့သောလူထူးလူမြတ်တို့ပေတည်း၊ သို့သော် သံဃာမရှိသေးရကား “ဒွေဝါစိက သရဏဂုံ''သာ ရသည်။
(၂) အနာထပိဏ် သူဌေးကြီး- အလှူဒါနအရာ၌ အများဆုံးဘွဲ့တံဆိပ်တော်ရလေသည်။
(၃) စိတ္တသူကြွယ်- တရားဟောကောင်း ဘွဲ့တံဆိပ်ရလေသည်။ ၎င်းသည် ရုပ် နာမ် ကံ ဝိပါက်တို့၌အထူးလိမ္မာလျက် နောင်ခါ သဠာယတနသံယုတ်၌ သုတ်ပေါင်းတစ်ဆယ်ကျော်ရှိသော “စိတ္တသံယုတ်''ကိုဟောရာတွင် ဧတဒဂ်ဘွဲ့တံဆိပ်တော်မြတ်ရလေသည်။
(၄) ဟတ္ထာဠာဝက- “သင်္ဂဟဝတ္ထုလေးပါးဖြင့် ထောက်ပံ့၍ ပရိတ်သတ်အား မိမိထံသို့ရောက်အောင်ဆွဲဆောင်ရာ၌” ဘွဲ့တံဆိပ်တော်ရလေသည်။
(၅) မဟာနံ သာကီဝင်မင်း- အခါမပြတ် အကောင်းအမြတ်တို့ကို ပေးလှူတတ်ရာ၌ 'အဂ္ဂ ပဏီတ ဒါယကာ' ဘွဲ့တံဆိပ်ရလေသည်။
(၆) ဝေသာလီမြို့နေ ဥဂ္ဂသူကြွယ်- နှစ်သက်ဖွယ်အရာကို ပေးလှူတတ်သည့်အရာ၌ 'အဂ္ဂ မနာပ ဒါယကာ'ဘွဲ့တံဆိပ်တော်ရလေသည်။
(၇) ဟတ္ထိဂါမရွာနေ ဥဂ္ဂသူကြွယ်- သံဃာအလုပ်အကျွေးကောင်း 'အဂ္ဂ သံဃုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ရလေသည်။
(၈) သူရပန်- မတုန်မလှုပ် ကြည်ညိုရာ၌ 'အဝေစ္စ ပသန္န' ဘွဲ့တံဆိပ်ရလေသည်၊ အချို့မူ၌ သုရဗန္ဓ-သူရဗန်ဟုရှိသည်။
(၉) ဆရာဇီဝက- ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သောအရာ၌ ဘွဲ့တံဆိပ်ရလေသည်၊ သီလ သမာဓိ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောရဟန်းကို ဂုဏ်ကျေးဇူးအလျောက် အထူးတလည် ကြည်ညိုမြတ်နိုးတတ်သောကြောင့် 'ပုဂ္ဂလ ပသန္န' ဘွဲ့တံဆိပ်ရသည်ဟူ၏။
(၁၀) နကုလပိတာ သူကြွယ်- ဘုရားနှင့် အကျွမ်းဝင်ရာ၌ ဘွဲ့တံဆိပ်ရသည်၊ သူသည် ဘုရားရှင်ကိုရှေးဦးအကြိမ်တွေ့ကာမျှပင် “ချစ်သားရယ် ဒီမျှလောက်ကြာမြင့်အောင် မိဘကိုစွန့်၍ ဘယ်အရပ်သို့ကြွနေသနည်း''ဟု အကျွမ်းတဝင်ပြောဆိုလေသည်၊ သို့ဆိုနိုင်ခြင်းကား ဘဝမခြားဘဲ ငါးရာတိုင်တိုင်ဘုရားရှင်၏အဘဖြစ်ဖူးပြီ၊ ထို့အတူ ဘကြီးငါးရာ ဘထွေးငါးရာ ဝရီးအဖြစ် အကြိမ်ငါးရာ ဘဝမခြားဘဲဖြစ်ဖူးသည်ကိုစွဲ၍ အကျွမ်းတဝင် ဘုရားရှင်အား “ချစ်သား ချစ်သား''နှင့် ခေါ်လေ့ရှိသတတ်၊ ထို့ကြောင့် 'ဝိဿာသက'ဘွဲ့တံဆိပ်ရလေသည် ဟူ၏။ ♦

ဧဟိဘိက္ခုရဟန်းတော်ပေါင်း ၂၈၆၄၇- ပါး

မြတ်စွာဘုရားလက်ထက်တော်၌ ဧဟိဘိက္ခုရဟန်းအဖြစ်ရယူသွားကြသော ရဟန်းတော်များ အရေအတွက် သရုပ်ကား “ဝိနည်း ပိဋကတော်၌ ပဉ္စဝဂ္ဂီငါးပါး၊ ယသသတို့သားနှင့်အပေါင်းအဖေါ်များ၊ ပေါင်း ၅၅-ပါး၊ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်၊ ရသေ့ (ရှင်) ၁၀၀၀၊ အဂ္ဂသာဝက ၂-ပါးနှင့် ပရိဗိုဇ်များ၊ ပေါင်း ၂၅၀ အင်္ဂုလိမာလ ၁-ပါး၊ ပေါင်း ၁၃၄၄-ပါး၊ သုတ္တန်ပိဋကထိုထိုနိကာယ်တို့၌ကား သေလပုဏ္ဏားနှင့် အဖေါ် ၃၀၀၊ မဟာကပ္ပိနမင်းကြီးနှင့် အမတ် ၁၀၀၀၊ ကပိလဝတ်ပြည်သား ၁၀၀၀၀၊ ပါရာယနိက ပုဏ္ဏားနှင့် အဖေါ် ၁၆၀၀၀၊ ပေါင်း ၂၇၃၀၃ဖြစ်၍ ၂-ရပ်ပေါင်းသော် ၂၈၆၄၇-ပါးဖြစ်၏။

မှတ်ချက် ။ ။ ဤကား ဝိနည်းနှင့် သုတ္တန် ပိဋကတော်လာ ထင်ရှားသောနေရာများမှ ယူပြခြင်းသာဖြစ်၍ထို့ထက်အလွန်လည်း များစွာပင်ရှိတန်ရာသေးသည်ဟု မှတ်ယူရမည်။ ♦

အဲမောင်းရေး ၃၇-မျိုး

လှံတံမျိုး ထိုးဟန်ပြရေးဟူ၏။
(၁) ပယ်ဝန်း- သက်တင် ရေသောက်ဟန်၊
(၂) ပယ်စိတ်- ခြင်္သေ့တန်းဆွဲဟန်၊
(၃) ပယ်ခွဲ- စလွယ်တင်ဟန်၊
(၄) စန္ဒရရှက်သိကြား တန်ဆောင်ကိုင်ဟန်၊
(၅) လေးကျွန်းမှန်ကူ- ဗြဟ္မာ လက်လှမ်းဟန်၊
(၆) ဘုံနန်းတန်ဆောင်- က ဦးဟန်၊
(၇) စွန်ဝဲ- ဟင်္သာ တောင်ယက်ဟန်၊
(၈) ဆင်ထူး- စွန်တောင်ဖြန့်ဟန်၊
(၉) ရွှေနန်းတိုင်စီ- ကြင်စပန်း တင်ဟန်၊
(၁၀) ကြာချပ်- တင်ပိုက်စီးဟန်။
(၁၁) အုန်းပင်ရေသွန်း- ဂဠုန် တောင်ညှပ်ဟန်၊
(၁၂) နွယ်ထွက်-တိမ်ချည်ဖုံးဟန်၊
(၁၃) စွန်သုတ်တံပိုး သွဲ့ဟန်၊
(၁၄) ရှစ်မြှောင့်ခိုနန်း- အမြီးသွေးဟန်၊
(၁၅) လက်ယာဆက်ကြာဖူး-လက်ဝဲစလွတ်တင်ဟန်၊
(၁၆) နွယ်ဝင်- ပြည်လုံးရစ်လည်ဟန်၊
(၁၇) နဝတတ်ရေလည်-ကြက် မိုးစွတ်ခါဟန်၊
(၁၈) ရာဇမတ်-ရေရစ်လည်ဟန်၊
(၁၉) ခိုနန်းပုံလိမ်- က ညောင်းတင်ဟန်၊
(၂၀) ရွှေတံခွန်- ပင်လယ်တောင်ဝှေးစွဲဟန်။
(၂၁) မြင်းမိုရ်ပုံလိပ်- လက်ဝဲက ဦးဟန်၊
(၂၂) ကြာယပ်- လက်ဝဲရင်အုပ်ဟန်၊
(၂၃) နတ်သားဗိမာန်-လက်ယာရင်အုပ်ဟန်၊
(၂၄) ကျွဲတုံးတင်ရေပြွက် ဟန်လွှဲဟန်၊
(၂၅) မင်တင်- ဝါကြိတ်လိမ်ဟန်၊
(၂၆) ကွန်ရုံးတက်- ခြည်သွတ်ဟန်၊
(၂၇) ခရုပတ်- ပုစ္ဆန်းတန်းဆွဲဟန်၊
(၂၈) အောက်ချင်းပုံ တံဆိပ်-ရွှေလှံမောက်တိုရိပ် ကစားဟန်၊
(၂၉) ပိုးခြည်လွှား- ဘယ်ညာ လှံရေးကစားဟန်၊
(၃၀) ကြာသွတ်အိုး-ရွှေလှံဝဲရစ်ထောက် ကစားဟန်။
(၃၁) ရွှေတံဆိပ်- ဆင်ကန်းတောတိုးဟန်၊
(၃၂) ဝန်းကျင်ပတ်သန်း- သမက် စောင်ရန်းစီးဟန်၊
(၃၃) ဘီလူးတိုင်ရေးလု- ရွှေလှံကျားမြီးဆွဲဟန်၊
(၃၄) ဘီလူးပုခက်စီး- ကျွဲမြီးခတ်ဟန်၊
(၃၅) ဘီလူးနားထွင်း-ရွှေလှံ ဆံထုံးရစ်ဟန်၊
(၃၆) ဟန်ယဉ်- ရွှေလှံ လက်ဝဲကိုင်ဟန်၊
(၃၇) ရေကန်သက်ဆင်း- ရွှေလှံ ဘယ်ညာလွှဲဟန်။ ♦

သြမျိုး ၂-ပါး

(၁) သြ
(၂) အော။ ၁-သြ ကား၊ ပါဠိ၌များ၏။ ♦

သြဃတရား ၄-ပါး

သဂါထာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၁၆။ သတ္တဝါတို့အား ၃၁-ဘုံ ရေအလျဉ်၌ ဆွဲနှစ်ညှဉ်းပန်းနှိပ်စက်တတ်သောတရား ၄-ပါး။
(၁) ကာမောဃ- ကာမ ၁၁-ဘုံ၌တပ်သော လောဘတဏှာ၊
(၂) ဘဝေါဃ-ရူပ အရူပဘုံတို့၌ တပ်သော လောဘတဏှာ၊
(၃) ဒိဋ္ဌောဃမှား သောမိစ္ဆာအယူ ဒိဋ္ဌိစေတသိက်၊
(၄) အဝိဇ္ဇောဃ- သစ္စာအမြင်ဉာဏ်ကို ပိတ်ဆည်းသော မောဟ၊ အဝိဇ္ဇာ။ ♦

သြဇာအပြား၊ မျိုး ၃-ပါး၊ ထင်ရှားကျမ်း၌လာ

ပါဌာနုသာရကျမ်း၌ အောက်ပါ သြဇာသုံးပါးကို တွေ့ရ၏။
(၁) အစာသြဇာ- သတ္တဝါ၏ရုပ်ကိုဖြစ်စေခြင်းသတ္တိ၊
(၂) မြေသြဇာသစ်ပင်တို့ကိုဖြစ်စေခြင်း သတ္တိ၊
(၃) လူသြဇာ- အမှုကိစ္စတို့ကိုပြီးစေခြင်းသတ္တိ။ ♦

သြဋ္ဌဇ အက္ခရာ ၉-လုံး

နှုတ်ခမ်းအရပ်မှ မြည်ထွက်လာသော အက္ခရာမျိုး ၉-ပါး။ နှုတ်ခမ်း ၂-ခုကိုပြုပြင်၍ရွတ်ဖတ်ရသည်ဟူလို။ “ပ ဖ ဗ ဘ မ ဝ ဥ ဦ သြ “။ ♦

သြဓိဿ မေတ္တာ ၇-ပါး

မိန်းမ ယောကျ်ားစသည်ဖြင့် ရည်ညွှန်းကန့်သန်၍ပို့သောမေတ္တာ။
(၁) သဗ္ဗာ ဣတ္ထိယော- မသတ္တဝါအားလုံး၊
(၂) သဗ္ဗေ ပုရိသာ- ဖို သတ္တဝါအားလုံး၊
(၃) သဗ္ဗေ အရိယာ-အရိယာရှစ်ယောက်၊
(၄) သဗ္ဗေ အနရိယာ- ပုထုဇဉ်မှန်သမျှ၊
(၅) သဗ္ဗေ ဒေဝါ- နတ် ဗြဟ္မာအားလုံး၊
(၆) သဗ္ဗေ မနုဿာ- လူများအားလုံး၊
(၇) သဗ္ဗေ ဝိနိပါတိကာ- ဝိနိပါတိက ပြိတ္တာများအားလုံး။ ♦

သြရမ္ဘာဂိယ- သံယောဇဉ် ၅-ပါး

ကာမဘုံဘက်နှင့် ဆက်သွယ်လျက်ရှိသော နှောင်ကြိုးငါးချောင်းဟူ၏။
(၁) ကာမရာဂ သံယောဇဉ်၊
(၂) ပဋိဃ သံယောဇဉ်၊
(၃) သီလဗ္ဗတ ပရာမာသ သံယောဇဉ်၊
(၄) ဒိဋ္ဌိသံယောဇဉ်၊
(၅) ဝိစိကိစ္ဆာ သံယောဇဉ်၊ ယင်း၏အကျယ် (သံယောဇဉ် ၁၀-ပါး) ၌ ရှုပါ။ ♦

အောက်ဖိုလ် ၃-ပါး

အောက်ဖြစ်သော လောကုတ္တရာ ဝိပါက်စိတ်စု။
(၁) သောတာပတ္တိဖိုလ်၊
(၂) သကဒါဂါမိဖိုလ်၊
(၃) အနာဂါမိဖိုလ်။ ♦

အောက်မဂ် ၃-ပါး

အောက်ဖြစ်သော လောကုတ္တရာ ကုသိုလ်စိတ်စု။
(၁) သောတာပတ္တိမဂ်၊
(၂) သကဒါဂါမိမဂ်၊
(၃) အနာဂါမိမဂ်။ ♦

အောက်မြစ်သံ အောက်သံ ၁၈-ပါး

ကဗျာလင်္ကာ စပ်ဆိုရာ၌ “ဘယ်သံ ၁၈-ပါး” ကိုပင်အောက်မြစ်သံ ဟူ၍လည်းကောင်း အောက်သံဟူ၍လည်းကောင်း ခေါ်သည်မှတ်။ (ဘယ်သံ ၁၈-ပါး) ၌ ရှုလေ။ ♦

အောင်ကြောင်းတရား ၄-ပါး

ဟိတောပဒေသမှ။
(၁) မိမိထက်မြင့်မြတ်သူကို နှိမ့်ချရိုသေမှုပြု၍ အောင်ရာ၏၊
(၂) ဗိုလ်ပါသူရဲကို အဖေါ်ခွဲ၍အောင်ရာ၏၊
(၃) လက်အောက်ငယ်သားကို တန်စိုးလက်ဆောင်ပေး၍ အောင်ရာ၏၊
(၄) ကိုယ်နှင့် တူသူကို ကြိုးစားမှုလုံ့လပြု၍ အောင်ရာ၏။ ♦

အောင်ခြင်း ၈-ပါး

ရန်သူများကို အောင်နိုင်မှု၌ ပိဋကတ်တော်တွင် ထင်ရှားသောဘုရားရှင်၏ အပြင်အောင်ခြင်းရှစ်ပါး။
(၁) မာရ်နတ်မင်း၊
(၂) အာဠာဝက ဘီလူးမင်း၊
(၃) နာဠာဂီရိ ဆင်မင်း၊
(၄) အင်္ဂုလိမာလ သူခိုးကြီး၊
(၅) မိန်းမယုတ် စိဉ္စမာန၊
(၆) သစ္စက ပရိဗိုဇ်ကြီး၊
(၇) နန္ဒောပနန္ဒ နဂါးမင်း၊
(၈) ဗကဗြဟ္မာမင်း။ ♦

အောင်နိုင်ခြင်းတရား ၅-ပါး

ဓမ္မပဒ။ ဋ္ဌ။ ဒု-အုပ်။ ၆၆- ၂၁၂။ မိလိန္ဒပဥှာ။ ပါ။ ၁၂၁-တို့၌ အကျယ်ရှုပါ။ မြတ်စွာဘုရားသခင်ဟောတော်မူသည်။
(၁) အ ကောဓေန ကောဓံ ဇိနာတိ- ဒေါသအမျက်ထွက်နေသူကို အမျက်မထွက်သဖြင့် အောင်နိုင်ခြင်း။
(၂) အ သာဓုံ သာဓုနာ ဇိနာတိ- မကောင်းယုတ်မာသူကို ကောင်းသဖြင့်အောင်နိုင်ခြင်း။
(၃) ကဒိရိယံ ဒါနေန ဇိနာတိ- စေးနှဲဝန်တိုသူကို ပေးကမ်းခြင်းဖြင့်အောင်နိုင်ခြင်း။
(၄) အလိကံ သစ္စေန ဇိနာတိ- မဟုတ်မမှန် ဖေါက်ပြန်ချွတ်ယွင်း သစ္စာကင်းသောသူကို မှန်ကန် တော်ဖြောင့်ခြင်းဖြင့်အောင်နိုင်ခြင်း။
(၅) သဗ္ဗ အကုသလံ ကုသလေန ဇိနာတိ- ခပ်သိမ်းသော အကုသလဓမ္မ ပါပအမှုကို ကုသိုလ်တရားဖြင့်အောင်နိုင်ခြင်း။ ♦

အိုး ၄-မျိုးနှင့် ပုဂ္ဂိုလ် ၄-ပါး

အောက်ပါအတိုင်း အိုး ၄-မျိုးကို ပုဂ္ဂိုလ်လေးပါးနှင့် ဥပမာထား၍ ဟောကြားချက်။
(၁) တုစ္ဆော ပိဟိတော- အတွင်း၌ ဘာမျှမရှိဘဲ အပြင်၌ အမြင်ကောင်းအောင် သပ်သပ်ရပ်ရပ်ပိတ်ထားသောအိုးမျိုး၊
(၂) ပူရော ဝိဝဋောအမြင်မကောင်း အောင် ဖွင့်လှစ်ထားသော်လည်း အတွင်း၌ အမြိုက်သုဒ္ဓါထူးတို့ဖြင့် ပြည့်နေသော အိုးမျိုး၊
(၃) တုစ္ဆော ဝိဝဋော- ဖွင့်လှစ်၍လည်းထား အတွင်း၌လည်း ဘာမျှမရှိသော အိုးမျိုး၊
(၄) ပူရော ဟိတိတော- အတွင်း၌လည်း အမြိုက်တရားတို့နှင့်ပြည့်နှက်နေ၏၊ ကြည့်ရှုဖွယ်ကောင်းအောင်လည်း သေသေသပ်သပ် ပိတ်ထားသောအိုးမျိုး။ ♦

အိုင်ကြီး ၇-အိုင်

နှစ်ပါင်း သိန်း သောင်းကျော်က ပိဋကစာပေ၌ထင်ရှား၍ ဟိမဝန္တာအနီး၌ရှိသော အိုင်ကြီးများ။ ထိုအိုင်ကြီးတို့သည် အသီးသီးယူဇနာငါးဆယ်စီနက်ကုန်၍ ယူဇနာငါးဆယ်စီ အလျားအနံ ပြန့်ကျယ်ကြကုန်၏။ အဝန်းအဝိုင်းပတ်လည်အားဖြင့် ယူဇနာ တစ်ရာ့ငါးဆယ်စီရှိကြကုန်၏။ အင်္ဂုတ္တရ အဋ္ဌကထာနှင့် ဇိနာလင်္ကာရဋီကာ၌ အကျယ်ရှုလေ။
(၁) အနောတတ္တအိုင်၊
(၂) ကဏ္ဏမုဏ္ဍအိုင်၊
(၃) ရထကာရ အိုင်၊
(၄) ဆဒ္ဒန္တ အိုင်၊
(၅) ကုဏာလ အိုင်၊
(၆) မန္ဒာကိနီ အိုင်၊
(၇) သီဟ ပပါတ အိုင်။

မှတ်ချက် ။ ။ သဗ္ဂေ သင်္ခါရာ အနိစ္စာ၊ လောက၌ မည်သည့်အရာမျှ ခိုင်မြဲခြင်းမရှိ၊ ပြောင်းလဲပျက်စီးခြင်းသာအဆုံးရှိရကား ထိုအိုင်ကြီးများသည် ယခုအခါမရှိတော့ပြီ။ ♦

အိုင်ကြီး ၁၈-အိုင်

ကမ္ဘာပေါ်ရှိ ဧရိယာစတုရန်းမိုင်ပေါင်း (၃၈၀၀) ကျော် မိုင်အထက်ရှိသော အိုင်ကြီးများ(ူမေါန ူေုနျ) ကိုသာဖေါ်ပြရေတွက်ခြင်းပြုထားသည်။
(၁) ကတ်စပီယန်အိုင်ကြီး (မြေထဲပင်လယ်) (ဃစေငညှေနေ) အာရှတိုက်နှင့် ဥရောပတိုက်တို့၏အကြား၌ တည်ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း (၁၅၂ ၂၃၉) နှင့် အလျား (၇၄၅) မိုင်ရှိသည်။ ၎င်း၏ရေအနက်ဆုံးသောနေရာမှာ (၃ ၁၀၄) ပေရှိ၍ ပင်လယ်ရေပြင်အောက် (၉၆) ပေရှိသည်။
(၂) ဆူပီးရီးယား အိုင် (ှကစနမငသမ) မြောက်အမေရိကတိုက် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ တို့၏အကြား၌တည်ရှိ၏၊ ဧရိယာစတုရန်းမိုင်ပေါင်း (၃၁ ၈၂၀) နှင့် အလျား (၃၈၃) မိုင်ရှိသည်၊၎င်း၏ ရေအနက်ဆုံးနေရာမှာ (၁ ၃၃၃) ပေရှိလျက် ပင်လယ်ရေပြင်အထက် ပေပေါင်း (၆၀၂) ပေမြင့်သည်။
(၃) ဗစ်တိုးရီးယား အိုင် (ဠငခအသမငေ) အာဖရိကတိုက်၏ ရှေ့အလယ်ပိုင်း၌ တည်ရှိလျက် ဧရိယာစတုရန်း မိုင်ပေါင်း (၂၆ ၈၂၈) နှင့် အလျား (၂၀၀) မိုင်ရှိသည်၊ ၎င်း၏ ရေအနက်ဆုံးနေရာမှာ (၂၇၀) ပေရှိ၍ ပင်လယ်ရေပြင်၏အထက် အမြင့်ပေ (၃ ၇၁၇) ရှိသည်။
(၄) အေရဲလ် အိုင် (ဗမေူ) အာရှတိုက် ကာဇက်စတန်-အူဘက်ကီစတန်နိုင်ငံအတွင်း၌ တည်ရှိ၍ ဧရိယာစတုရန်းမိုင်ပေါင်း(၂၅ ၆၅၉) နှင့် အလျား (၂၆၆) မိုင်ရှိလျက် ၎င်း၏ရေအနက်ဆုံး နေရာမှာ (၂၂၃) ပေ ရှိသည်၊ ပင်လယ်ရေပြင်၏အထက် အမြင့်ပေ (၁၆၄) ရှိသည်။
(၅) ဟူရွန် အိုင် (ံကမသည) မြောက်အမေရိက အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့၏အကြား၌တည်ရှိလျက် ဧရိယာစတုရန်းမိုင်ပေါင်း (၂၃ ဝ၁၀) နှင့် အလျား (၂၄၇) မိုင်ရှိသည်၊ ၎င်း၏ ရေအနက်ဆုံးနေရာ၌ (၇၅၀) ပေရှိ၍ ပင်လယ်ရေပြင်၏အထက် အမြင့်ပေ (၅၈၁) ရှိသည်။
(၆) မစ်ချီဂန် အိုင် (ငြခ့ငါညေ) မြောက်အမေရိကတိုက် အမေရိကန်ပြည်ထောင်စု၌ ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း (၂၂ ၄၀၀) နှင့် အလျားမိုင် (၃၂၁) ရှိသည်၊ ၎င်း၏ရေအနက်ဆုံး နေရာမှာ (၉၂၃) ပေရှိ၍ ပင်လယ်ရေပြင်အထက် အမြင့်ပေ (၅၈၁) ရှိသည်။
(၇) တန်ဂန်ယိက အိုင် (ွှညေါညေပငုေ) အာဖရိကတိုက်၏ အရှေ့အလယ်ပိုင်း၌တည်ရှိ သည်၊ ဧရိယာစတုရန်းမိုင်ပေါင်း(၁၂ ၇၀၀) နှင့် အလျားမိုင် (၄၂၀) ရှိသည်၊ ၎င်း၏ရေအနက်ဆုံးနေရာမှာ (၄ ၇၀၈) ပေရှိသည်၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၂၅၃၄) ရှိသည်။
(၈) ဘေကဲလ် အိုင် (ြငေုေူ) အာရှတိုက် ရုရှားနိုင်ငံအတွင်း၌ရှိသည်၊ ဧရိယာစတုရန်း မိုင်ပေါင်း (၁၂ ၁၆၂) နှင့် အလျား (၃၉၅) မိုင်ရှိသည်၊ ၎င်း၏ရေအနက်ဆုံးနေရာမှာ (၅ ၇၁၂) ပေရှိလျက် ပင်လယ်ရေပြင်အထက် အမြင့်ပေ (၁ ၄၈၆) ရှိသည်။
(၉) ဂရိတ်ဘဲယား အိုင် (ွမနအေ နြမေ) မြောက်အမေရိကတိုက် ကနေဒါနိုင်ငံ အတွင်း၌ ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၁၂ ၀၀၀) နှင့် အလျားမိုင် (၂၃၂) ရှိသည်၊ ၎င်း၏ ရေအနက်ဆုံးအပိုင်းမှာ(၂၇၀) ပေရှိသည်၊ ပင်လယ်ရေပြင်အထက် အမြင့်ပေ (၃၉၁) ရှိသည်။
(၁၀) ညာဆာ အိုင် (ပြေျေ) အာဖရိကတိုက်၏တောင်ပိုင်း၌ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၁၁ ၆၀၀) နှင့် အလျားမိုင် (၃၆၀) ရှိသည်၊ ရေအနက်ဆုံးနေရာမှာ (၂၃၁၆) ပေ ရှိလျက် ပင်လယ် ရေပြင်အထက် အမြင့်ပေ (၁ ၅၅၀) ရှိ၏။
(၁၁) ဂရိတ်စလေ့ အိုင် (ွမနအှေူလေန) မြောက်အမေရိကတိုက် ကနေဒါနိုင်ငံ၌တည်ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၁၁ ၁၇၀) နှင့် အလျား (၂၉၈) မိုင်ရှိသည်၊ ရေအနက်ဆုံးအပိုင်း၌(၂ ဝ၁၅) ပေရှိလျက် ပင်လယ်ရေပြင်အထက် အမြင့်ပေ (၄၉၅) ရှိသည်။
(၁၂) ချဒ် အိုင် (ဃိ့ေ) အာဖရိကတိုက်အလယ်ပိုင် ချဒ်နိုင်ငံအတွင်း၌တည်ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း(၉ ၉၄၆) ရှိ၍ အလျားမိုင် (၁၃၀) ရှိသည်၊ ရေအနက်ဆုံးနေရာမှာ
(၂၃) ပေရှိ၍ ပင်လယ်ရေပြင်အထက်သို့ (၉၂၂) ပေ မြင့်သည်။
(၁၃) အီးရီး အိုင် (နမငန) မြောက်အမေရိကတိုက် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့ အကြား၌တည်ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၉ ၉၃၀) နှင့် အလျားမိုင်ပေါင်း (၂၁၄) မိုင်ရှိသည်၊ ရေအနက်ဆုံးနေရာမှာ (၂၁၀) ပေ ရှိ၍ ပင်လယ်ရေပြင်အထက် အမြင့်ပေ (၅၇၂) ရှိသည်။
(၁၄) ဝင်နီပက် အိုင် (ျွှငညညငစနါ) မြောက်အမေရိကတိုက် ကနေဒါနိုင်ငံအတွင်း၌ ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၉ ဝ၉၄) ရှိပြီး အလျား (၂၆၄) မိုင်ရှိသည်၊ ရေအနက်ဆုံးအပိုင်းမှာ (၂၀၄) ပေရှိ၍ ပင်လယ်ရေပြင်အထက် (၇၁၃) ပေမြင့်သည်။
(၁၅) အွန်တာရီယို အိုင် (ဥညအမေငသ) အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့အကြား၌ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၇ ၅၀၂) ရှိ၍ အလျားမိုင် (၁၉၃) ရှိသည်၊ ရေအနက်ဆုံးနေရာမှာ(၇၇၈) ပေရှိလျက် ပင်လယ်ရေပြင်အထက် (၂၄၆) ပေမြင့်သည်။
(၁၆) ဘားလ်ကတ်ရှိ အိုင် (ြေူုေျ့) အာရှတိုက် ဆိုဗီယကယူနီယံနိုင်ငံအတွင်း၌ရှိသည်၊ ဧရိယာ စတုရန်းမိုင်ပေါင်း (၇ ၁၁၅) ရှိသည်၊ အလျား (၃၇၉) မိုင်ရှိ၍ ရေအနက်ဆုံးနေရာမှာ (၇၈) ပေ ရှိသည်၊ ပင်လယ်ရေပြင်အထက် (၁ ၁၁၂) ရှိသည်။
(၁၇) လာဒိုဂါ အိုင် (ူိသေါေ) ရုရှားနိုင်ငံအတွင်း ဥရောတိုက်အပိုင်း၌ တည်ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း (၇ ၀၀၀) ရှိ၍ အလျား (၁၂၄) မိုင်ရှိသည်၊ ၎င်း၏ရေအနက်ဆုံးနေရာမှာ (၇၃၈) ပေရှိလျက် ပင်လယ်ရေပြင်အထက်
(၅၅) ပေမြင့်သည်။
(၁၈) အိုနီဂါ အိုင် (ဥညနါေ) ရုရှားနိုင်ငံအတွင်း ဥရောပတိုက်အပိုင်း၌ရှိသည်၊ ဧရိယာစတုရန်းမိုင်ပေါင်း(၃ ၈၁၉) ရှိ၍ အလျားမိုင် (၁၅၄) မျှ ရှိသည်၊ ရေအနက်ဆုံးအပိုင်းမှာ (၃၆၁) ပေ ရှိပြီး ပင်လယ်ရေပြင်၏အထက် (၁၀၈) ပေ မြင့်သည်။ ♦

ကံ ၃-ပါး

ကိုယ် နှုတ် စိတ်တို့ဖြင့်ပြုလုပ်သော ကောင်းမှု မကောင်းမှုများ။
(၁) ကာယကံကိုယ်ဖြင့်ပြုသောအမှု၊
(၂) ဝစီကံ- နှုတ်ဖြင့်ပြုသောအမှု၊
(၃) မနောကံ- စိတ်ဖြင့်ပြုသောအမှု။ ♦

ကံ ၅-ပါး

လူတိုင်းစောင့်ထိန်းအပ်သောတရား ငါးပါးဖြစ်သည်။ ၎င်းကိုပင် ငါးပါးသီလဟူ၍လည်းကောင်း၊ကမ္ဘာစောင့်တရားဟူ၍လည်းကောင်း၊ နိစ္စသီလ ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြကုန်၏၊ သရုပ်ကို (ငါးပါးသီလ) ၌ ရှုလေ။ ♦

ကံ ၁၀-ပါး

ဒုစရိုက်ဆယ်ပါး၊ သုစရိုက်ဆယ်ပါး၊ ကုသလ ကမ္မပထတရား ဆယ်ပါး၊ အကုသလ ကမ္မပထတရားဆယ်ပါး၊ ကုသိုလ်မျိုးဆယ်ပါး၊ ပုညကိရိယာ ဝတ္ထုဆယ်ပါး တို့ကို သာမန်အားဖြင့် 'ကံဆယ်ပါး'ဟု ခေါ်ကြ၏၊ သရုပ်ကို ဆိုင်ရာစကားရပ်တို့၌ ယူပါကုန်။ ♦

ကံကြမ္မာ ၃၂-ပါး

သဠာယတနသံယုတ်။ ဋ္ဌ။ ၆၂။ မဟာနိဒ္ဒေသ။ ပါ။ ၂၈၉။ ဋ္ဌ။ ၃၄၈။ ဒုကင်္ဂုတ္တရ ကမ္မကရဏဝဂ်။ ပါ။ နှင့်။ ဋ္ဌ။ မူလပဏ္ဏာသ။ ပါ။ ၁၂၁။ ဋ္ဌ။ ပ-အုပ်။ ၃၆၃-စသည်တို့၌ တချို့တဝက်စီပါရှိ၏။ အပြည့်အစုံရှာမရချေ။ မင်းပြစ်မင်းဒဏ်သင့်သူတို့ ခံရသည့် ညှဉ်းဆဲမှုများ။
(၁) ဆူးရှိသောကြိမ်ဖြင့်ရိုက်ခြင်း၊
(၂) ဆူးမရှိသောကြိမ်ဖြင့်ရိုက်ခြင်း၊
(၃) တုတ်တို ဆောက်ပုတ် နံပါတ်တုတ်ဖြင့်ရိုက်ခြင်း၊
(၄) လက်ကို ဖြတ်ခြင်း၊
(၅) ခြေကို ဖြတ်ခြင်း၊
(၆) နားကို ဖြတ်ခြင်း၊
(၇) နှာခေါင်းကိုဖြတ်ခြင်း၊
(၈) နား နှာခေါင်းကိုဖြတ်ခြင်း၊
(၉) ဦးခေါင်းခွံကိုခွာ၍ ပူလွန်းသောသံတွေကို ထည့်သဖြင့် ကျိုက်ကျိုက်ဆူအောင်ပြုခြင်း၊
(၁၀) နားပန် အပိုင်းအခြားရှိ အရေနှင့်တကွသော ဆံပင်ကိုနုတ်၍ ကြမ်းတမ်းသောကျောက်ဖြင့် ပွတ်တိုက်လျက် ခရုသင်းသဖွယ်ဖြစ်အောင်ပြုခြင်း။
(၁၁) သံတံကျင်ဖြင့် ခံတွင်းကိုဖွင့်စေလျက်မီးညှိထွန်းခြင်း၊ မျက်နှာကိုပဲခွပ်ဖြင့်ရွေ၍ ခံတွင်း၌ သွေးပြည့်စေလျက် ရေကိုငုံသော ရာဟုသဖွယ်ပြုစေခြင်း၊
(၁၂) ကိုယ်အလုံးကို ဆီစိမ်သောအဝတ်ဖြင့် ရစ်ပတ်စေ၍ မီးညှိ၍ ဆီမီးတိုင်သဖွယ်ပြုစေခြင်း၊
(၁၃) ထို့အတူ လက်၌မီးညှိ၍ ဆီမီးတိုင်သဖွယ်ပြုစေခြင်း၊
(၁၄) ရေမျိုအောက်မှစ၍ ဖမျက်တိုင်အောင် အရေခွာပြီးမှ ကြိုးဖြင့်ဖွဲ့စည်းငင်လျက် မိမိအရေကို နယ်ကန်စေသဖြင့် ပိတ်မြက်ရွက်သဖွယ် အရေခွာခြင်းကိုပြုခြင်း၊
(၁၅) လက်မှစ၍အရေခွာသဖြင့် ခါး၌ထားခြင်း၊ ခါးမှစ၍ အရေခွာသဖြင့် ဖမျက်၌ထားခြင်း၊
(၁၆) တတောင်နှစ်ဘက်၌ သံခြေချင်းခတ်၍ သံချောင်းနှက်ပြီးသော် ထက်ဝန်းကျင် က မီးထည့်၍ လေးဘက်တွားလျက်ရှိစေခြင်း၊
(၁၇) နှစ်ဘက်အသွားရှိသော ငါးမျှားချိတ်ဖြင့် ချိတ်၍ အရေ အသား အကြောတို့ကို ကွာလျောကျစေခြင်း၊
(၁၈) ထက်လှစွာသော ပဲခွပ်ဖြင့် ရွေလျက် တစ်သပြာမျှလောက်သောသားတစ်ဖတ်ကလေးတွေကို ကျစေခြင်း၊
(၁၉) ထိုထို ကိုယ် အစိတ်အပိုင်း၌ လှံ ငါးမျှားချိတ်စသည်တို့ဖြင့် ထိုးချိတ်ခပ်နှိပ်၍ ဝက်မှင်ဘီးဖြင့် ဆားငန်ရေစသည်ကို ပွတ်၍ အရေ အသား အကြောတို့ကို လျောကျစေလျက် အရိုးသာတည်စေခြင်း၊
(၂၀) နံပါးတစ်ဖက် စောင်းအိပ်စေလျက် နားထင်ကို သံတံကျင်နှင့် မြေဝယ်ကျအောင် နှက်သွင်းပြီးမှ ခြေဖျားမှကိုင်၍ လှည့်ခြင်း။
(၂၁) အပေါ် အရေအသားတို့ကို မစုတ်မပဲ့စေဘဲ ကျောက်တုံးဖြင့်အရိုးကိုထုပြီးသော် ဆံဖြင့်ရစ်၍ ခွေလျက်ထားခြင်း၊
(၂၂) ကျိုက်ကျိုက်ဆူသော ဆီပူဖြင့်လောင်းခြင်း၊
(၂၃) နှစ်ရက်သုံးရက်မျှ အစာငတ် ထားပြီးသော ခွေးဆိုးတို့ကို ခဲစားစေခြင်း၊ သို့မဟုတ် ကြွက်တို့ကို သံချိုင့်တွင်ထည့်၍ ဝမ်းဗိုက်ကိုကိုက်စေခြင်း၊
(၂၄) အသက်ရှင်လျက် တံကျင်၌လျှို၍ထားခြင်း၊
(၂၅) သန်လျက်ဖြင့် ဦးခေါင်းကိုဖြတ်ခြင်း၊
(၂၆) ပူစွာသော သံတံကျင်ကို လက်ဝဲဘက်လက်၌ စိုက်ခြင်း၊
(၂၇) ပူစွာသော သံတံကျင်ကို လက်ယာဘက်လက်၌ စိုက်ခြင်း၊
(၂၈) ပူစွာသော သံတံကျင်ကို လက်ဝဲခြေ၌စိုက်ခြင်း၊
(၂၉) ပူစွာသော သံတံကျင်ကို လက်ယာခြေ၌ စိုက်ခြင်း၊
(၃၀) ပူစွာသော သံတံကျင်ကို ရင်ဝ၌ စိုက်ခြင်း၊
(၃၁) ဓားမတို့ဖြင့် ရွေခြင်း၊
(၃၂) ပဲခွပ်တို့ဖြင့် ရွေခြင်း။ ♦

ကံကြီး ၅-ပါး၊ ကျူးလွန်ငြား၊ ကျသွားအဝီစိ

ပဉ္စာနန္တရိယကံကိုခေါ်သည်၊ ၎င်းသရုပ်အဓိပ္ပါယ် (ပဉ္စာနန္တရိယကံ၅-ပါး) ၌ ကြည့်ပါ။ ♦

ကင်းစီးအနက်၊ မျိုး ၄-ချက်၊ တင်ဆက်ဖြေတော်မူ

င် ဟူသော ငသတ်ဗျည်းကို ဂဏန်းအက္ခရာပေါ်၌ တင်ထားလျှင် ကင်းစီးခေါ်၏၊
(၁) တင်း ကင်းစီး -၁င်္ ၂င်္ ဆန် ပဲစသည် ချင်တွယ်ရာ၌ တစ်တင်း နှစ်တင်း အနက်၊
(၂) တောင် ကင်းစီး ၁င်္ ၂င်္ သစ် ဝါးစသည်တိုင်းရာ၌ တစ်တောင် နှစ်တောင် အနက်၊
(၃) အင်္ဂါကင်းစီး- ၁င်္ ၂င်္ ပေစာ၌ တစ်အင်္ဂါ နှစ်အင်္ဂါဟူသောအနက်၊ က-မှ ကား-အထိ ၁၂-ရွက်ကို တအင်္ဂါ ခေါ်သည်။
(၄) ဇင်း ကင်းစီး ၁င်္ ၂င်္ ပိတ်ဖျင်တို့၌ တစ်ဇင်း နှစ်ဇင်းဟူသော အနက် “၂၄-တောင်ရှိသော ဖျင်အုပ်ကို တစ်ဇင်းဟုခေါ်၏''။ ♦

ကင်းထောက်လုလင်၊ ကမ္ဘာတွင်၊ ကြည်လင်ဝတ် ၁၀-ပါး

ကမ္ဘာ့ကင်းထောက်လုလင်တိုင်း လိုက်နာကျင့်သုံးအပ်သော ဥပဒေဆယ်ပါးဟု အကျဉ်းမှတ်ပါ။
(၁) သူတစ်ပါး၏ယုံကြည်ကိုးစားမှုကို ခံယူနိုင်သော ဂုဏ်သိက္ခာရှိရမည်။
(၂) တည်ကြည်ဖြောင့်မတ်မှု သစ္စာတရားရှိရမည်။
(၃) အသုံးဝင်သည့်နည်းဖြင့် တစ်ပါးသူတို့အား အကူအညီပေးရမည့် ဝတ္တရားနှင့်ပြည့်စုံရမည်။
(၄) လူတိုင်း၏အဆွေခင်ပွန်းလည်းဖြစ်စေ၍မိမိတို့ချင်းလည်း ညီရင်းအစ်ကိုကဲ့သို့မှတ်ထင်ရမည်။
(၅) ယဉ်ကျေးသိမ်မွေ့သော ကိုယ်နှုတ်စိတ် ရှိရမည်။
(၆) တိရိ စ္ဆာန်တို့၏ အဆွေခင်ပွန်းလည်း ဖြစ်ရမည်။
(၇) အခက်အခဲဟူသမျှနှင့် ကြုံတိုင်း ပြုံးရွှင်ကြည်လင်စွာ ရင်ဆိုင်ရမည်။
(၈) အထက်အမိန့်ကို တသွေမတိမ်း နာခံရမည်။
(၉) ချွေတာစွာ သုံးစွဲရမည်။
(၁၀) ကိုယ် စိတ် နှုတ် အပြုအမူအားလုံး သန့်ရှင်းစင်ကြယ် ယဉ်ကျေးစေရမည်။ ♦

ကစားသမားတို့ အပြစ် ၆-ပါး

သုတ်ပါထေယျ။ ပါ။ ၁၄၉။ ဋ္ဌ။ ၁၂၉။ ၎င်း သရုပ်။
(၁) နိုင်သူရန်ပွား၊
(၂) ရှုံးလျှင်စိုးရမ်၊
(၃) ပစ္စည်းဥစ္စာကုန်ခန်း၊
(၄) သူတစ်ပါးတို့ အယုံအကြည် ကင်းမဲ့၊
(၅) ဆွေမျိုးမိတ်ဆွေကောင်းတို့နှင့်ကင်းကွာ၊
(၆) အိမ်ထောင်ပြုဘက် မရှိတတ်ခြင်းများ။ ♦

ကဆုန်လ၏ မှတ်သားဖွယ်ကြီး ၁၆-ချက်

ကဆုန်လနှင့်စပ်၍ မှတ်သားဖွယ်အချက်များကား ၁၆-ချက်မျှအကျဉ်းတွေ့၏။
(၁) အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။
(၂) အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။
(၃) တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့)
(၄) သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။
(၅) ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။
(၆) ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။
(၇) စံကားပန်းပွင့်သော လ။
(၈) ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။
(၉) တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။
(၁၀) နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။
(၁၁) ရက်စုံသတ်သော လ။
(၁၂) နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့ ထားသော လ။
(၁၃) စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။
(၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။
(၁၅) ပြိဿရာသီ မည်သော လ။
(၁၆) ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သော လ။

မှတ်ချက် ။ ။ တောထွက်ကြောင်းနှစ်မူကွဲရာ အောက်ပါ နာနာဆန္ဒပျို့အရ ပြလိုက်သည်၊ အကျယ် ကျွန်ုပ်တို့ “စံပြမြန်မာအဘိဓါန်” ၌ က-ပိုင်းမှာကြည့်ပါ။ “ရွှေနန်းတော်ထက်၊ လရက်လှည့်ပြောင်း၊ နှစ်ပေါင်းဆယ့်သုံး၊ ပွားပြုံးတေဇာ၊ အာကာလန်းလူ၊ စံတော်မူ၍၊ တွက်ယူပြဲ့ပြဲ့၊ ကိုးဆယ့်ခုနစ် (၉၇)၊ သက္ကရာဇ်ကျ၊ ကဆုန်လတွင်၊ ပြည့်ထစန္ဒာ၊ သန်းခေါင်ခါ၌၊ လေးဖြာ နိမိတ်၊ သံဝေဟိတ်ကြောင့်၊ ရွှင်စိတ်နှစ်သက်၊ တောသို့ထွက်သော်၊” (မုံရွေး) ♦

ကညာမျိုးပြား ၃-ပါး၊ ၄-ပါး၊ ၇-ပါး၊ ၉-ပါး

၎င်း သရုပ်ကို (အပျိုစင်မျိုး ၃-ပါး၊ ၄-ပါး၊ ၇-ပါး၊ ၉-ပါး) ၌ ပြခဲ့ပြီ။ ♦

ကဏ္ဌဇ အက္ခရာ ၁၀-လုံး

လည်ချောင်းအရပ်၌ ဖြစ်ပေါ်တတ်သော အက္ခရာဆယ်လုံး ဟူလို။ (အ အာ က ခ ဂ ဃ င ဟ ဧ သြ။ ) ♦

ကတော်ကြီး ၄-ပါး

မှော်ပညာနှင့် အောက်လမ်း ပယောဂဆရာတို့ အသုံးပြုသော ကတော်ကြီး လေးပါဟူ၏။
(၁) အနောက်ဖက် ရှင်မကတော်၊
(၂) မြောက်ဘက်ရှင်မကတော်၊
(၃) ရေယဉ်ကတော်၊
(၄) နှဲးကတော်(မနှဲးလေး) ။ ♦

ကတော် ၇-ပါး

ကဝေသာရကျမ်းဆရာတို့အလို၊
(၁) ယော ကတော်၊
(၂) နှော ကတော်၊
(၃) ရေယဉ် ကတော်၊
(၄) စကြာရှင် ကတော်၊
(၅) အနောက်ဖက် ရှင်မ ကတော်၊
(၆) စံကားရှင်မကတော်၊
(၇) မြောက်ဖက်ရှင်မ ကတော်။ ♦

ကထာ ၃-ရပ်၊ ပိဋကတ်၊ မိန့်မှတ် သာသနာ

ပိဋက ၃-ပုံကို ကထာအားဖြင့် ပြားသော် ၃-ပါးဟူ၏။
(၁) သံဝရာ သံဝရ ကထာ- ကိုယ် နှုတ်နှစ်ပါးတို့ဖြင့် ကျူးလွန်မှုများ၏ ဆန့်ကျင့်ဘက်ဖြစ်သော စောင့်စည်းခြင်းတရားခေါ် ဝိနည်းပိဋက အဆုံးအမတော်။
(၂) ဒိဋ္ဌိ ဝိနိဝေဓန ကထာ- ၆၂-ပါးသော ဒိဋ္ဌိတို့၏ အယူအစွဲအထုံးအဖွဲ့တို့ကို ဖြေခွဲဖျဉ်ရှင်းခြင်းငှာ ဟောကြားတော်မူအပ်သော သုတ္တန်ပိဋက စကားတော်။
(၃) နာမရူပ ပရိစ္ဆေဒ ကထာ- ရာဂ အတ္တစသော ကိလေသာတို့၏ ဆန့်ကျင်ဘက်တရား နာမ် ရုပ် များကို ပိုင်းခြားဝေဖန်၍ ဟောကြားဆုံးမတော်မူအပ်သော အဘိဓမ္မာ ပိဋကစကားတော်။ ♦

ကထာမျိုး ၇-ပါး

ကောင်း မကောင်းစကားမျိုး ၇-ပါးလည်း ဟူ၏။
(၁) တိရစ္ဆာန ကထာ- သူတော်ကောင်းတို့အလိုမရှိသော မဂ်ဖိုလ်မှ ဖီလာကန့်လန့် စကားဟူသမျှ၊ တိုင်းရေး ပြည်ရေး သားရေး သမီးရေး စကားမျိုး၊
(၂) ဒါန ကထာ- စွန့်ကြဲပေးကမ်း လှူဒါန်းမှုစကား၊
(၃) သီလ ကထာ- သီလနှင့်စပ်သောစကား၊
(၄) သဂ္ဂ ကထာ- နတ်ရွာနှင့်စပ်သောစကား၊
(၅) မဂ္ဂ ကထာ- စျာန်မဂ်ဖိုလ်နှင့်စပ်သောစကား၊
(၆) ကာမာဒီနဝ ကထာ- ကာမဂုဏ်၏ စက်ဆုပ်ဖွယ်ရာ အပြစ်စကား၊
(၇) နေက္ခမာနိသံသ ကထာ- ကာမတရားစွန့်ပယ်ရှားရေး အကျိုးကျေးဇူးစကား။ ♦

ကထာမျိုး ၁၀-ပါး

မူလပဏ္ဏာသ။ ပါ။ ၁၉၉။ ဋ္ဌ။ ဒု-အုပ်။ ၄၀ မှ ၄၄အထိ ရှုပါ။ ကောင်းစွာဟောအပ်သော ကထာဝတ္ထုခေါ် စကားအပြားဆယ်ပါးဟူ၏၊ အကျယ်လိုမူ မဇ္ဈိမနိကာယ် ဝေဒလ္လသုတ်အဖွင့်၌ ရှုပါကုန်။
(၁) အပ္ပိစ္ဆာ ကထာ- အလိုနည်းမှုနှင့်စပ်သောစကား၊
(၂) သန္တုဋ္ဌိ ကထာ- ရောင့်ရဲလွယ်မှုနှင့် စပ်သောစကား၊
(၃) ပဝိဝေက ကထာ- ဆိတ်ငြိမ်မှုနှင့်စပ်သောစကား၊
(၄) အ သံသဂ ္ဂကထာကာယ သံသဂ္ဂစသည်နှင့် မနှီးနှော မရောပြွမ်းသောစကား၊
(၅) ဝီရိယာရမ္ဘ ကထာဘာဝနာတရားကို မတွန့်မဆုတ်ကြိုးစားအားထုတ်ခြင်းနှင့် စပ်သောစကား၊
(၆) သီလ ကထာပဉ္စ အဋ္ဌ နဝ ဒသ သီလနှင့် စပ်သောစကား၊
(၇) သမာဓိ ကထာ- ဥပစာရသမာဓိ အပ္ပနာသမာဓိ စသည်နှင့်စပ်သောစကား၊
(၈) ဉာဏ ကထာ-လောကီပညာ လောကုတ္တရာပညာတို့နှင့်စပ်သောစကား၊
(၉) ဝိမုတ္တိ ကထာ- ဖိုလ်တရား လေးပါးတို့နှင့်စပ်သောစကား၊
(၁၀) ဝိမုတ္တိ ဉာဏဒဿန ကထာ- ပစ္စဝေက္ခဏာဉာဏ်နှင့်စပ်သော စကားစု။ ♦

ကထာမျိုး ၁၀-ပါး တစ်နည်း

စကားအရာ လိမ္မာစေမှု နည်းညွှန်ပြုသည့် ကထာမျိုး ၁၀-ပါး။
(၁) ကာလဝါဒီ- ဆိုရန်အချိန်သင့်မှ ပြောဆိုရခြင်း၊
(၂) ဘူတ ဝါဒီ- ဖြစ်သမျှကိုသာ လျှော်စွာ ပြောဆိုရခြင်း၊
(၃) ဓမ္မဝါဒီ- တရားမျှတစွာပြောဆိုရခြင်း၊
(၄) သစ္စ ဝါဒီမှန်ကန်တိကျစွာ ပြောဆိုရခြင်း၊
(၅) အတ္ထ ဝါဒီ- အကျိုးရှိမည့်စကားကိုသာ ပြောဆိုရခြင်း၊
(၆) မိဟိတ ပုဗ္ဗဘာဏီ- အမြဲ ပြုံးရွှင်မှုရှေ့ရှိ၍သာ ပြောဆိုရခြင်း၊
(၇) မိတ ဘာဏီ- သင့်မသင့် ထောက်ချင့်ချိန်ဆ၍ သင့်မှပြောရခြင်း၊
(၈) အ တုရိတ ဝါဒီ- မဆောတလျင် မပြောရခြင်း၊
(၉) ပေါရီ- အထက်တန်းစား မြို့သုံး နန်းသုံးစကားတို့ကိုဆိုရခြင်း၊
(၁၀) ဝိသာဒ ဝါဒီလေယ ူလေသိမ်းဟန်ကျလျက် ပီသစွာပြောဆိုရခြင်း။ ♦

ကထိန်အာနိသင် ၅-ပါး

ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး ၅-ပါးဟူလို။ ကထိန်နှင့်စပ်၍ ဝိနည်းမဟာဝါ- ကထိနက္ခန္ဓက၌ အကျယ်ရှုပါ။
(၁) အနာမန္တ စာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့ သွားနိုင်ခြင်း၊
(၂) အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင် နေနိုင်ခြင်း၊
(၃) ယာဝ ဒတ္ထ စီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ ထားနိုင်ခြင်း၊
(၄) ဂဏ ဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊
(၅) ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်း လပြည့်နေ့အတွင်း သံဃာအားလှူသောသင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကို လည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း ♦

ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါ ၈-ပါး

၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာ ကထိန်ခင်းထိုက်သည်ဟူ၏။ အဓိပ္ပါယ်ကို တတ်သိသူတို့ထံ မေးမြန်းစုံစမ်းလေ။
(၁) ပုဗ္ဗကရဏံ ဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊
(၂) ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊
(၃) အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊
(၄) အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊
(၅) မာတိကံ- မာတိကာကို သိထားရခြင်း၊
(၆) ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊
(၇) ဥဒ္ဓါရံကထိန်နှုတ်ပုံကို သိထားရခြင်း၊
(၈) အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။ ♦

ကထိန်ခင်းရန်၊ ထုတ်မိန့်ပြန်၊ ၃-တန်သင်္ကန်းမျိုး

ကထိန်ခင်းရန်အတွက် ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးထည်ကို ဆိုသည်။
(၁) သံဃာဋိ- ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်းကြီး၊
(၂) ဥတ္တရာသင်္ဂေါ- ကိုယ်ဝတ်ခေါ် ဧကသီ၊
(၃) အန္တရ ဝါသကောခါးဝတ်ခေါ် သင်းပိုင်။ ♦

ကထိန်ခင်းရန် ကိစ္စ ၈-ပါး

(၁) ကထိန်သင်္ကန်းကို အလှူခံမှု၊
(၂) ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊
(၃) ထိုရွေးချယ်ခံရသူအား သိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊
(၄) တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကို ပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊
(၅) ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊
(၆) သင်္ကန်းအမည်ဖြင့် အဓိဋ္ဌာန်တင်မှု၊
(၇) နှုတ်မြွက်၍ ခင်းမှု၊
(၈) အနုမောဒနာပြုမှု။ ♦

ကန္တာရမျိုး ၈-ပါး

လွန်မြောက်နိုင်ခဲသည်ဖြစ်၍ ခဲယဉ်း ဆင်းရဲငြိုငြင်စွာနှင့်သွားရသော ခရီးလမ်း ၈-မျိုးဟူ၏။ အပဏ္ဏကဇာတ်စသည်။
(၁) စောရ ကန္တာရ- ခိုးသားဓါးပြ ဘေးရန်ရှိသော ခရီးခက်၊
(၂) ဝါဠ ကန္တာရ- သားရဲတိရစ္ဆာန် ဘေးရန်ရှိသော ခရီးခက်၊
(၃) နိရုဒက ကန္တာရ- ရေမရှိသော ခရီးခက်၊
(၄) အ မနုဿ ကန္တာရ- နတ်ဆိုး ဘီလူးသရဲရှိသော ခရီးခက်၊
(၅) အပ္ပ ဘက္ခာ ကန္တာရ- စားဖွယ် ခဲဖွယ်အစာအာဟာရ မရှိသောခရီးခက်။ ဤကား အပဏ္ဏကဇာတ် အဋ္ဌကထာလာ ကန္တာရငါးပါးတည်း။ ထိုမှတစ်ပါးလည်း၊
(၆) ဥဒကကန္တာရ- အလွန်ကျယ်ပြောသော ရေပြင်ရှိသော ခရီးခက်၊
(၇) ဝါဠု ကန္တာရ- အလွန်ရှည်လျားသော သဲပြင်ရှိသော ခရီးခက်၊
(၈) ဝန ကန္တာရ-လွန်မြောက်နိုင်ခဲသော တောအုပ်ရှိသော ခရီးခက် စသည်များစွာ ရှိကုန်သေး၏။ ♦

ကန့်မျိုး ၄-ပါး

ယင်းကျမ်းစာအတိုင်း ဖေါ်ပြထားသည်။ ကန့်ဖြစ်ပေါ်လာပုံအကြောင်းကား- သကဋဘာသာလာ ရသမဉ္ဇရီကျမ်း၌-လွန်လေပြီးသောအခါ နတ်သမီးတစ်စုသည် နို့သစ်ဖြင့်ပြီးသော ခီရနဒီ၌ ရေကစားမြူးထူးစံပယ်လျက်အဝတ်ကိုဖွပ်လျှော်ခြင်း ချေးတွန်းခြင်းတို့ကိုပြု၍ ကမ်းနှစ်ဘက်၌ ကိုယ်ချေးနှင့်တကွ အနံ့ပြင်းစွာသော ကန့်သည်ဖြစ်လေ၏၊ ထိုသို့ဖြစ်သောအခါ ဓေါတဟူသော အမည်သည်လည်းကောင်း၊ ဂန္ဓကဟူသော အမည်သည်လည်းကောင်း ထင်ရှားစွာဖြစ်သည် ဟူ၏။
(၁) ကန့်နီ- ၎င်းသည် ရွှေကိစ္စ သုက်ကိစ္စကို ပြီးစေနိုင်၏၊
(၂) ကန့်ရွှေဝါ- သွေးစုနာ အနာပေါက်စသည်တို့၌ လိမ်းလျှင် ပျောက်စေနိုင်၏၊
(၃) ကန့်ဖြူ- ၎င်းသည် ချီးမွမ်းအပ်သည်သာတည်း၊
(၄) ကန့်နက်-၎င်းကိုကား ရခဲလှစွာ၏ဟု ရသမဉ္ဇရီခေါ် လောကီကျမ်းကြီး၌ မျိုးခွဲ၍ဆိုထားသည်။ ♦

ကနုတံ၏ အပြစ် ၆-ပါး

ဝိနည်းတော်လာ ရဟန်းတော်များ အသုံးကောင်းသော ကနုတံမျိုး ၆-ပါး။
(၁) အကွဲပါသော ကနုတံ၊
(၂) အဆစ်ပါသော ကနုတံ၊
(၃) ဖုထစ် ပါသော ကနုတံ၊
(၄) ဆူးရှိသောကနုတံ၊
(၅) အခေါင်းရှိသော ကနုတံ၊
(၆) ကြမ်းတမ်းသော ကနုတံ။ ♦

ကပ် ၃-ပါး

သုတ်ပါထေယျ။ ပါ။ ၆၀။ ဋ္ဌ။ ၃၈။ ကပ္ပ= စီရင်ခြင်း၊ သတ္တဝါတို့၏အပြုအမူ ကံအလျောက်စီရင်ခြင်း ၃-ပါး။
(၁) ဒုဗ္ဘိက္ခန္တရ ကပ်- သတ္တဝါတို့၏ လောဘတရား ပိုမိုအားကြီးလာသောအခါ မိုးခေါင်ရေရှား ငတ်မွတ်ခေါင်းပါး၍ သေကြေပျက်စီးခြင်းမျိုး၊ ဤသတ္တဝါတို့ကား များသောအားဖြင့် ပြိတ္တာဘုံသို့ ရောက်ကြရ၏။
(၂) သတ္ထန္တရ ကပ်- သတ္တဝါတို့ ဒေါသတရား ပိုမိုအားကြီးလာသောအခါ မေတ္တာရှားပါး၍ တစ်ဦးနှင့်တစ်ဦး ထိုးခုတ် ရိုက်နှက် သတ်ဖြတ်ခြင်း ဘေးရန်တို့ကြောင့် သေကြေပျက်စီးရခြင်းမျိုး၊ ဤသတ္တဝါတို့ကား များသောအားဖြင့် ငရဲဘုံသို့ရောက်ကြရ၏။
(၃) ရောဂန္တရကပ်- အနာရောဂါ ကျရောက် သေကြေပျက်စီးခြင်းမျိုး၊ ဤသတ္တဝါတို့ကား များသောအားဖြင့်နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။ ♦

ကပ် ၄-ပါး တစ်နည်း

ဝိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၄၄-၌ အကျယ်ရှု။
(၁) သံဝဋ္ဋ ကပ်၊
(၂) သံဝဋ္ဋဌာယီ ကပ်၊
(၃) ဝိဝဋ္ဋ ကပ်၊
(၄) ဝိဝဋ္ဋ ဌာယီ ကပ်။ ♦

ကပ်ကြီး ၄-ပါး

ကာလကြီး ၄-ပါး။ သာရတ္ထ သင်္ဂဟ အဋ္ဌကထာမှ။
(၁) အာယုကပ်- သတ္တဝါတို့၏ အသက်တမ်းကာလ အပိုင်းအခြား တစ်ခု၊ ရာတမ်း ထောင်တမ်း သောင်းတမ်း စသည်မျိုး။
(၂) အန္တရကပ်- ဆယ်နှစ်တမ်းက အသင်္ချေယျတမ်းထိ၊ အသချေင်္ယျတမ်းက ဆယ်နှစ်တမ်းထိ အတက်အဆုတ်ကာလကြီးတစ်ခု။
(၃) အသင်္ခေယျကပ် အမှတ် ၂- အန္တရကပ်ပေါင်း ၆၄-ကြိမ် ပမာဏ ကာလ အပိုင်းအခြား။
(၄) မဟာကပ်- အသချေင်္ယျ ၄-ကပ် ပမာဏ ကာလအပိုင်းအခြား။ ♦

ကပ္ပဋ္ဌိတိမျိုး ၄-ပါး

မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၁၂၅-နှင့် ဇာတ်။ ဋ္ဌ။ ပ-အုပ်။ ၁၈၈- တို့၌ အကျယ်ရှု။ ကမ္ဘာတည်နေသမျှတည်နေသော အရာဝတ္ထုကြီး ၄-ပါး။
(၁) ယက္ခိုသ်စောင့်သော ရေအိုင်ဝယ် အလောင်းတော်မြတ် မျောက်မင်းဖြစ်တော်မူစဉ်အခါက ကျူဆစ်တို့ကိုဖေါက်၍ ရေကိုသောက်ဖူးသောကျူတော၏ တစ်ကမ္ဘာလုံးအဆစ်မရှိဘဲတည်နေခြင်း တစ်ပါး။
(၂) အလောင်းတော်မြတ် ငုံးမင်းဖြစ်တော်မူစဉ် သစ္စာအဓိဋ္ဌာန်ကြောင့် တစ်ကမ္ဘာတိုင်အောင် မီးမလောင်နိုင်သော ၁၆-မင်းပယ်စာ အရပ်လည်းတစ်ပါး။
(၃) ကဿပဘုရား လက်ထက်တော်အခါက ဃဋိကာရအိမ် တည်ရာ၌ တစ်ကမ္ဘာလုံး မိုးရေမစွတ်စိုနိုင်ခြင်းလည်း တစ်ပါး။
(၄) အလောင်းတော် ယုန်မင်းဖြစ်စဉ်အခါက လဝန်း၌ရေးခဲ့သောယုန်ရုပ်၏ မပျောက်မပျက် တစ်ကမ္ဘာလုံးတည်နေခြင်းလည်း တစ်ပါး။ ကျက်မှတ်ရန်ကဗျာ

ထုံးမတိမ်၊ ငုံး အိမ် ကျူ လ နှယ်၊ တူမျှစံနှိုင်း။ ထပ်တညီ၊ ကပ္ပဋ္ဌီတင်ထိုက်တဲ့၊ ခင်သိုက်ညာမေနှင့်၊ ငါးဆင့်သမိုင်း။ ♦

ကပ်မျိုး ၅-ပါး

ထိုထိုသောဆေးကျမ်းတို့၌ ကပ်မျိုး ငါးပါးဟု အပေါင်းစကားနှင့်ညွှန်းဆိုလျှင် အောက်ပါကပ်မျိုးငါးပါးတို့ကိုသာ သမားတော်ကြီးများ အလိုရှိကြကုန်၏၊ ဤကား အပြင်ကပ်မျိုး ငါးပါးဖြစ်၏။
(၁) ကပ္ဖိုလ်၊
(၂) ကပ်မ၊
(၃) ကတြသချေင်္၊
(၄) စူလာနဖာ၊
(၅) ဆောင်းမေးခါး။ ♦

ကပ်မျိုး ၅-ပါး တစ်နည်း

ဤကား အတွင်းကပ်မျိုး ငါးပါးတည်း။
(၁) ပန်းနု၊
(၂) ပန်းမ၊
(၃) စူလာနဖာ၊
(၄) ဆောင်းမေးခါး၊
(၅) ကတြသချေင်္။ ♦

ကပ်မျိုး ၇-ပါး တစ်နည်း

ဆေးကျမ်းလာဝေါဟာရ၊ ၎င်းကို အပြင်ကပ်မျိုး ၇-ပါးဟုလည်း ခေါ်ကြသည်။
(၁) ပန်းနု၊
(၂) ပန်းမ၊
(၃) စူလာနဖာ၊
(၄) ကတြသချေင်္၊
(၅) ကုလားဆောင်းမေးခါး၊
(၆) ကွတ်ကရာ၊
(၇) ကပ္ဖိုလ်။ ♦

ကပ္ပိခြင်းမျိုး ၃-ပါး

ရဟန်းတော်များနှင့်အပ်အောင် ပြုပေးခြင်း ၃-ပါး၊ အကျယ် စူဠဝါ ပါဠိတော်၌ ရှု။ ဘူတဂါမ် ဗီဇဂါမ်တို့ကို ဒါယကာလုပ်သူက-
(၁) လက်သည်းဖြင့် ဖြစ်စေ၊
(၂) အသွားထက်သော ဓါးလှံ သံချွန်စသည်ဖြင့် ဖြစ်စေ၊
(၃) မီးဖြင့် ဖြစ်စေ ဆိတ်ယူ ထိုးခုတ် ရှို့တိုက်၍ ပေးခြင်းမျိုး။

မှတ်ချက် ။ ။ ရဟန်းတော်က ကိုင်ထားပြီး “ကပ္ပိယံ ကရောဟိ” ဟု ဆိုလျှင် ဒါယကာက “ကပ္ပိယံ ဘန္တေ''ဟုဆိုကာ ဆိတ် ထိုး ခုတ် ရှို့လိုက်ရသည်။ ♦

ကပ္ပိယ ကုဋိအင်္ဂါ ၄-ပါး

ရဟန်းတော်တို့ သုံးဆောင်ကောင်းသည့် ဝိနည်းတော်လာ ကျောင်းအင်္ဂါ လေးပါး။
(၁) ရဟန်း သံဃာတို့အပိုင်ဥစ္စာဖြစ်ခြင်း၊
(၂) ရဟန်းသံဃာတို့ အမြဲနေဖို့ရာ ကျောင်းဖြစ်ခြင်း၊
(၃) သဟသေယျ အာပတ် မသင့်နိုင်သော အမိုးအကာနှင့် ပြည့်စုံခြင်း၊
(၄) ကပ္ပိယ ကုဋိ ၄-ပါးတွင် လျော်စွာဖြစ်ခြင်း။ ♦

ကပ္ပိယ ကုဋိမျိုး ၄-ပါး

ဝိနည်းတော်လာ ရဟန်းတို့ကျောင်းမျိုး ၄-ပါးဟူ၏။
(၁) ဂဟပတိကုဋိ- မလှူမီလူတို့ပိုင်ခြင်း လှူသောအခါ ကပ္ပိယဝေါဟာရဖြင့် မြွက်ဆိုလှူဒါန်းခြင်း အင်္ဂါနှစ်ပါးစုံ ကျောင်း၊
(၂) သမ္မုတိကုဋိ- ကပ္ပိယကုဋိအင်္ဂါချို့တဲ့သောကျောင်းကို ကပ္ပိယကုဋိဖြစ်အောင် ဉ တ္တိဒုတိယ ကမ္မဝါစာဖြင့် သမုတ်၍ပေးသော ကုဋီ၊
(၃) ဂေါနိသာဒိကာ ကုဋိ- အရံအတားမရှိသော ကျောင်း၊
(၄) ဥဿာဝနန္တိကာ ကုဋိ- ရဟန်းတို့ ကိုယ်တိုင်ချီကြွလျက် “ကပ္ပိယကုဋိံ ကရောမ''ဟုဆိုကာ တစ်ပြိုင်နက် မြေသို့ချစိုက် ပြီးဆုံးစေသော ကုဋီ။ ♦

ကမ္ဘာ့ အနုမြူလက်နက်ပိုင် နိုင်ငံကြီး ၉-ခု

၎င်းသရုပ်ကို (အနုမြူနိုင်ငံကြီး ၉ ) ၌ ကြည့်ပါ။

မှတ်ချက် ။ ။ ဤကျမ်းစပြုသော ၁၉၅၅-ခုနှစ်ကရှိသော နိုင်ငံကြီး ၆-နိုင်ငံမှ ယခုကား နိုင်ငံ ၉-နိုင်ငံရှိနေပြီဖြစ်၏။ ♦

ကမ္ဘာအပြားမျိုး ၆-ပါး

ဗုဒ္ဓဝင်။ ဋ္ဌ။ ၂၂၇-၌ အကျယ်ရှု။ ဘုရားပွင့်သောကမ္ဘာငါးပါးနှင့် ဘုရားမပွင့်သောကမ္ဘာတစ်ပါးဟူ၏။
(၁) သာရ ကမ္ဘာဘုရားတစ်ဆူသာ ပွင့်သောကမ္ဘာ၊
(၂) မဏ္ဍ ကမ္ဘာ- ဘုရားနှစ်ဆူပွင့်သောကမ္ဘာ၊
(၃) ဝရ ကမ္ဘာဘုရားသုံးဆူပွင့်သော ကမ္ဘာ၊
(၄) သာရ မဏ္ဍ ကမ္ဘာ- ဘုရား လေးဆူပွင့်သောကမ္ဘာ၊
(၅) ဘဒ္ဒကမ္ဘာ- ဘုရားငါးဆူပွင့်သောကမ္ဘာ၊
(၆) သုည ကမ္ဘာ- ဘုရားမပွင့်သောကမ္ဘာ။ ♦

ကမ္ဘာအပြားမျိုး ၆-ပါး တစ်နည်း

၎င်းအကျယ် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်။ ပ-တွဲ၊ ပပိုင်း၊ (ကု) ၌ ကြည့်ရှုကြပါကုန်။
(၁) မဟာကပ်ကမ္ဘာ၊
(၂) အသချေင်္ယျကပ် ကမ္ဘာ၊
(၃) အန္တရကပ် ကမ္ဘာ၊
(၄) အာယုကပ်ကမ္ဘာ၊
(၅) ဟာယနကပ် ကမ္ဘာ၊
(၆) ဝဎ္ဍုနကပ် ကမ္ဘာ။

မှတ်ချက် ။ ။ ကပ်နှင့်ကမ္ဘာ အတူတူဟုသာ မှတ်ရမည်။ ပါဠိလို ကပ္ပ။ မြန်မာလို ကမ္ဘာ။ ♦

ကမ္ဘာအိုင်ကြီး ၁၈-အိုင်

၎င်းတို့၏အကျယ်အဝန်းနှင့် သရုပ်များကို (အိုင်ကြီး ၁၈-အိုင်) ၌ ရှုပါ။ ♦

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်များ(့ြှနခမနအမေငနျ-ွနညနမေူ)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်များကြည့်။ ♦

ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင် ၁၉၂-နိုင်ငံနှင့် မြို့တော်များ

၎င်းတို့၏ သရုပ်အမည်များကို (ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၂) ၌ ကြည့်ပါ။ ♦

ကမ္ဘာကျော်ခေါင်းလောင်းကြီး ၁၀-လုံး

၎င်းတို့၏သရုပ်များကို (ခေါင်းလောင်းကြီး ၁၀-လုံး) ၌ ကြည့်ပါ။ ♦

ကမ္ဘာစောင့်တရား ၂-ပါး၊ ၄-ပါး၊ ၅-ပါး

ကမ္ဘာ့ငြိမ်းချမ်းတိုးတက် သာယာရေးတရား ၂-ပါးဖြစ်သည်။ ၎င်းသရုပ်ကို (လောကပါလ တရား ၂-ပါး) ၌ ကြည့်လေ။ ♦

ကမ္ဘာတည် အရာဝတ္ထုကြီးမျိုး ၄-ပါး

၎င်းသရုပ် (ကပ္ပဋ္ဌိတိမျိုး ၄-ပါး) ၌ ရှုပါ။ ♦

ကမ္ဘာ့တိုက်ကြီး ၇-တိုက်

ကမ္ဘာပေါ်ရှိ အကြီးဆုံးသောကုန်းမြေပြင်နှင့် တောတောင်အပိုင်းအခြားကြီးများဟူ၏၊ ကမ္ဘာ့ပထဝီဝင်စာအုပ်များနှင့် ထိုထိုမှတ်တမ်းများမှ။
(၁) အာရှတိုက်- တူရကီနိုင်ငံ ဆားမားနားမြို့၏အနောက်ဘက်ဒေသတစ်ခု၏အမည်ကို စွဲ၍ ခေါ်ဆိုခြင်းပြုသည်။ တစ်နည်း၊ ဖြူစင်သောအကျင့်ရှိသူ (အရဟ) များ၊ သို့မဟုတ် အရိယာခေါ် သူတော်စင်များနေထိုင်ရာ အရဟ လူမျိုး၊ ဝါ- အရိယာလူမျိုးများ၏ဒေသကိုစွဲ၍ ခေါ်ဆိုသည်ဟူ၏။
(၂) ဥရောပတိုက်- မက်စီဒိုနီယာနိုင်ငံရှိ (ဥရိုပတ်) မြို့ကို အသိအမှတ်ပြု၍ ခေါ်ဝေါ်သည်ဟူ၏။
(၃) အာဖရိကတိုက်- ရောမ နိုင်ငံသားတို့သည် တူနီးရှားနိုင်ငံမှ အာဖရိကလူမျိုးစုကိုအစွဲပြု၍ ခေါ်ဆိုကြသည်။
(၄) သြစတေးလျတိုက်- တောင်ဘက်တိုက်ဟူလို၊ အဓိပ္ပါယ်ရှိသောတိုက်ဟူ၏။ ၎င်းတိုက်ကြီး ၄-တိုက်တို့သည်ကမ္ဘာဟောင်းခေါ် ကမ္ဘာလုံး၏အရှေ့ဘက်ခြမ်း၌ ရှိကြသည်။
(၅) အမေရိကတိုက်- ၎င်းသည် တောင်အမေရိကနှင့် မြောက်အမေရိကဟု ၂-တိုက်ရှိသည်၊ ကမ္ဘာသစ်၏ကမ်းရိုးတန်းများကို (ဒေသအစိတ်အပိုင်းများနှင့်) ရှေးဦးစွာရှာဖွေတွေ့ရှိသူ (အမေရီဂိုစပွတ်ချီ) ကိုဂုဏ်ပြု၍ ခေါ်ဆိုကြသည်။
(၆) မြောက်အမေရိကတိုက်- အမေရိကန်မြောက်ပိုင်း ကုန်းမြေပြင်ကိုခေါ်ဆိုသည်။
(၇) အန္တာတိတ်ကာတိုက် တောင်ဝန်ရိုးဖျားအနီး အန္တာတိတ်သမုဒ္ဒရာ၌ ရှိသည်။ ♦

ကမ္ဘာ့နိယာမတရားကြီး ၅-ပါး

၎င်းသရုပ်ကို (နိယာမတရား ၁၅-ပါး) ၌ ရှုပါလေ။ ♦

ကမ္ဘာ့သဲကန္တာရကြီး ၁၉-ပါး

၎င်း၏ သရုပ်များကို (သဲကန္တာရကြီးမျိုး ၁၉-ပါး) ၌ကြည့်ပါ။ ♦

ကမ္မဇ ကလာပ် ၉-စည်း

ကံကြောင့်ဖြစ်သော ရုပ်စည်း ရုပ်စုမျိုး ၉-ပါး။
(၁) စက္ခု ဒသက ကလာပ်၊
(၂) သောတဒသက ကလာပ်၊
(၃) ဃာနဒသက ကလာပ်၊
(၄) ဇိဝှါဒသက ကလာပ်၊
(၅) ကာယဒသက ကလာပ်၊
(၆) ဣတ္ထိဘာဝ ဒသက ကလာပ်၊
(၇) ပုမ္ဘာဝ ဒသက ကလာပ်၊
(၈) ဝတ္ထု ဒသက ကလာပ်၊
(၉) ဇီဝိတ နဝက ကလာပ်။ ♦

ကမ္မဋ္ဌာန်း ၄၀

ယောဂီပုဂ္ဂိုလ်တို့၏ လုပ်ငန်းဌာန လေးဆယ်။
(၁) ကသိုဏ်း ဆယ်ပါး၊
(၂) အသုဘ ဆယ်ပါး၊
(၃) အနုဿတိဆယ်ပါး၊
(၄) ဗြဟ္မဝိဟာရ လေးပါး၊
(၅) အာဟာရေ ပဋိကူလသညာတစ်ပါး၊
(၆) စတုဓါတုဝဝတ္ထန် တစ်ပါး၊
(၇) အရူပ လေးပါး။ ♦

ကမ္မဋ္ဌာန်းအားထုတ်ချိန်မဟုတ်သော အခါ ၅-ပါး

ပဉ္စင်္ဂုတ္တရ ပါဠိတော် နီဝရဏဝဂ်မှ။
(၁) ဇိဏ္ဏ ဇရာဘိဘူတ-ဇရာထောင်း၍ အိုဟောင်းရွတ်တွသောအခါ၊
(၂) ဗျာဓိနာ ဘိဘူတမကျန်း မမာ အနာဘေးနှိပ်စက်သောအခါ၊
(၃) ဒုဘိက္ခ ဒုလ္လဘ ပိဏ္ဍ- ငတ်မွတ်ခေါင်းပါး အစာရှားသောအခါ၊
(၄) ဝိဝါဒ ဘယ ပတ္တ- အသင်းကွဲပါတီကွဲ ဝါဒကွဲ ပြည်ထဲရေးသူပုန်ထပြီး အချင်းချင်းတိုက်ခိုက်နေသောအခါ၊
(၅) သံဃဘိန္န- သံဃာချင်းကွဲပြားပြီး အငြင်းပွားနေသောအခါ။ ♦

ကမ္မဋ္ဌာန်းပေးစွမ်းနိုင်သော ဆရာအပြား ၆-ပါး

ကမ္မဋ္ဌာန်းယူလိုသောပုဂ္ဂိုလ်တို့သည် ထိုဆရာမျိုးကို ရှာဖွေစစ်ဆေးရာ၏။ ဝိသုဒ္ဓိမဂ်မှ၊
(၁) ရဟန္တာပုဂ္ဂိုလ်၊
(၂) အနာဂါမ်၊
(၃) သကဒါဂါမ်၊
(၄) သောတာပန်၊
(၅) စျာနလာဘီ ခေါ် စျာန်ရပုဂ္ဂိုလ်၊
(၆) ပိဋက ၃-ပုံဆောင်ပုဂ္ဂိုလ်, နှစ်ပုံဆောင် ပုဂ္ဂိုလ်, တစ်ပုံဆောင်ပုဂ္ဂိလ်, အဋ္ဌကထာဆောင်ပုဂ္ဂိုလ်, ကမ္မဋ္ဌာန်းတရား အားထုတ်လေ့လာဆည်းပူးသူ, သီလဝန္တ လဇ္ဇီပေသလ ဗဟုဿုတပုဂ္ဂိုလ်တို့ဟူ၏။ ♦

ကမ္မဋ္ဌာန်းတရား၏ အင်္ဂါ ၅-ပါး

၎င်းသရုပ် (ပဓါနိယင်္ဂတရား ၅-ပါး) ၌ ရှုပါ။ ♦

ကမ္မပထံ၊ ပြီးမြောက်ရန်၊ ၆-တန် ပယောဂ

၎င်းသရုပ်ကို (ပယောဂ ၆-မျိုး) ၌ ရှုပါကုန်။ ♦

ကမ္မဝါ ၉-ခန်း

၎င်းသရုပ်များကို (ကိုးခန်း ကမ္မဝါ) ၌ ပြဆိုအံ့။ ♦

ကမ္မဝါစာ အပြစ် (ဒေါသ) မျိုး ၅-ပါး

သံဃကံပြုရာ၌ ကမ္မဝါစာရွတ်ဖတ်သောအခါ ကံပျက်ခြင်းများဟူ၏။ အကျယ် ဝိနည်းပရိဝါ။ ပါ။ ၃၈၁-၌ ရှုပါ။
(၁) ဝတ္ထုကို မသုံးသပ်ခြင်း၊
(၂) သံဃာကို မသုံးသပ်ခြင်း၊
(၃) ပုဂ္ဂိုလ်ကို မသုံးသပ်ခြင်း၊
(၄) ကမ္မဝါစာ၏ ပုဒ် အက္ခရာတို့ကို မရွတ်ဖတ်ခြင်း၊
(၅) ဉတ်မပါပဲရွတ်ဖတ်ခြင်းတို့ဖြစ်၏။ ♦

ကရိယာ ၅-တန်

၎င်းသရုပ် အကျယ်ကို (ကြိယာ ၅-တန်) ၌ ကြည့်ပါလေ၊ ရေးသားပုံမျှခြား၏။ ♦

ကရိယာ ၆၀

ရတု ကဗျာ စီကုံးရေးသားရာ၌ ကဗျာလင်္ကာလိုက်စားသူတိုင်း အသုံးချရမည့် ရှေးဆရာကြီးတို့၏ဂရုပဒေသ နယုပဒေသ နယဂ္ဂါဟဖြစ်သော မြန်မာဘာသာ အခေါ် ကရိယာ၊ သို့မဟုတ် ကြိယာခြောက်ဆယ်ကိုကဝိပါသဏ္ဍကျမ်းမှယူ၍ ဤ၌ အမြွက်မျှ ပြဆိုပါအံ့။ “မဉ္ဇူဘုန်းမော်၊ ပွင့်ချိန်မျှော်သည်၊ ဗန်းမော်ခေါင်ထိ၊ တုမရှိသည်၊ ကဝိကဝေ၊ စောမြုတေ။ နှစ်ထွေလင်္ကာ၊ ကျမ်း၌လာသား၊ နည်းနာနယ၊ ဝိတ္ထာရဖြင့်၊ သုံးတန်ဆင့်၍၊ ဖွင့်သည့်ကဗျာ၊ ကြိယာတွင်၊ သမာသေန၊ မူလမဇ္ဈေ၊ ကိုသာပေတည့်၊ သံခြေပျံ့ညင်း၊ ကျွန်ုပ်ခင်းပိမ့်။ (လျှင်, လျှင်း, မူကား၊ ဝယ်, သား, တမင့်၊ ချိမ့်, ဖြင့်, တွင်, ၏၊ ပိမ့်, လှည့်, မည်, အံ့၊ လော, တုံ, မံ့, တည်း။ သော်, ခ့ံ, ဘူး, သော၊ မူလော, ရကား၊ မူ, အား, မှ, က၊ လိမ့်, စွာ, တံ့, လည်း၊ တည့်, တည်း, ချည်း, ဟု၊ ခဲ့, နည်း, နှိုက်, လျက်၊ ကြောင့်, ထက်, မို့, လည်၊ စံ့, သည်, စိမ့်, တုံ၊ လိမ့်, တည့်, တော, ကား၊ လော့, ၍, လား, သို့၊ မျှ, တို့, ငှါ, ရှင့်၊ တမို့, နှင့်, ကို၊) ရှင့်ပင့်ဉာဏ်တော်၊ ထွန်းပေါ်ကျယ်ချဲ့၊ ယှဉ်ခဲ့တတ်တော်မူ ဘုရား။ ♦

ကရိုဏ်း ၄-ပါး

အက္ခရာသံတို့၏ အသံမြည်အောင် ကြိုးစားခြင်းနှင့် ဖြစ်ကြောင်းဌာန အစိတ်အပိုင်းကို ခေါ်သော သဒ္ဒါဝေါဟာရ။
(၁) ဇိဝှါမဇ္ဈ ကရိုဏ်း- လျာလယ်အရပ်၊ တာလုဇအက္ခရာရှစ်လုံးတို့ ဖြစ်ရာ၊
(၂) ဇိဝှေါပဂ္ဂ ကရိုဏ်း- လျှာဖျားအနီးအရပ်၊ မုဒ္ဓဇအက္ခရာ ၇-လုံးတို့ဖြစ်ရာ၊
(၃) ဇိဝှဂ္ဂ ကရိုဏ်း- လျှာဖျားအရပ်၊ ဒန္တဇအက္ခရာ ၇-လုံးတို့ဖြစ်ရာ၊
(၄) သကဋ္ဌာန ကရိုဏ်း- မိမိတို့မူလဌာန ကခဂဃင, ပဖဗဘမ, ဝဟ, အံ, အအာဥဦဧသြ တို့၏ ဖြစ်ရာ။ ♦

ကရိုဏ်း ၁၁-ပါး တစ်နည်း

တိထီ ကရိုဏ်း ၁၁-ပါး ဟူ၍လည်း ဗေဒင်ကျမ်းတို့၌ ခေါ်ဆို၏။
(၁) ဗဗ ကရိုဏ်း၊
(၂) ဗာလဝ ကရိုဏ်း၊
(၃) ကောလဝ ကရိုဏ်း၊
(၄) တေထိလ ကရိုဏ်း၊
(၅) ဂရဇ ကရိုဏ်း၊
(၆) ဝဏိဇ ကရိုဏ်း၊
(၇) ဗိဋ္ဌိ ကရိုဏ်း၊
(၈) သကုဏိ ကရိုဏ်း၊
(၉) နာဂ ကရိုဏ်း၊
(၁၀) စတုပဒ ကရိုဏ်း၊
(၁၁) ကိတုဃန ကရိုဏ်း။

မှတ်ချက် ။ ။ ၎င်းတွက်နည်းကို ဤလင်္ကာဖြင့် သိရာ၏။ “လဆန်း သုည၊ လဆုတ်ကျမူ၊ တည်ထ ဆယ့်ငါး၊ ကိန်းကိုထားမှ၊ နှောငြားတက္ကာ၊ တိထီသာတည့်၊မှန်စွာမဖေါက်၊ နှစ်ခုမြှောက်၍၊ အောက်အောက်ခြောက်ဆယ်၊ ဖြိုတက်ဆွယ်လျက်၊ အောက်ဝယ်ကြွင်းလျှင်၊ထက်ဧက်တင်လော့၊ ထိုတွင်စပြု၊ ကိတုဃန၊ ဘို့ဘာဂတွက်၊ ဧကနုတ်ထား၊ သတ္တစားရှင့်၊ လဒ်ကား ခုနစ်၊အတွင်းဖြစ်၍၊ ကြွင်းရစ် သေသ၊ ဧကဖြစ်မူ၊ ဗဗ ဟူ၏။ ဒွေမူ ဗာလဝ၊ သုံးကျ ကောလဝါ၊ လေးမှာတေထိလ၊ ပဉ္စ ဂရဇံ၊ ခြောက်မှန် ဝဏိဇ၊ သုည ဗိဋ္ဌိ၊ ရှစ်ကြိမ်လှည့်၍၊ လဒ်ရှိ အဌ်မြင်၊ အကြွင်းတွင်ကား၊ တစ်လျှင် သကုဏိ၊ နှစ်ရှိ နာဂ၊ သုံးဝကြွင်းမူ၊ စတုပဒ၊ ကရိုဏ်းကျတွင်၊ အစ ဗိဋ္ဌိ၊ အဆုံးထိကို၊ ကြဉ်ဘိရှောင်ရန်၊ ကြွင်းအကျန်သည်၊ ဆောင်ရန်အကောင်း ကရိုဏ်းတည်း။ “ ♦

ကလာအတတ် ၆၄-ရပ်

သိပ္ပံပညာခေါ် လက်မှုပညာအတတ် ၆၄-ရပ်ကို လိုရင်းပဓါနမျှထုတ်ပြသော သုကြနီတိကျမ်းလာ ဖြစ်၏၊ ဘာဂဝတ ပုရဏ်စသည်တို့၌လည်း ကလာအတတ်ပေါင်းများစွာရှိသေးသည်။
(၁) နစ္စ-အကမျိုးစုံအတတ်၊
(၂) ဝါဒနတီး မှုတ်မျိုးစုံအတတ်၊
(၃) ဝတ္ထာလင်္ကာရ သန္ဓာန- လူနှင့်လျော်အောင် အဝတ်တန်ဆာဆင်ယင် ပေးမှုအတတ်၊
(၄) အနေက ရူပ ဝိဘာဝ ကရဏ- အဆင်းသဏ္ဍန် မျက်နှာရုပ်ပုံ အမျိုးမျိုးတို့ကို ကောင်းစွာလှပအောင် ပြုပြင်ပေးနိုင်ခြင်း၊ အလှပြင်အတတ်၊
(၅) သေယျတ္ထရဏာဒိ သံယောဂ ပုပ္ဖါဒိ ဂန္ထန- အိပ်ရာ ကုတင်စသည်တို့ကို တင့်တယ်ဖွယ်ရာစွာ ပြင်ဆင်ခင်းကျင်း တတ်ခြင်း၊ ပန်းစသည်တို့ကိုသီကုံးပြုပြင်တတ်ခြင်းအတတ်၊
(၆) အနေက ကီဠာရဉ္စနကစား မျိုးစုံတို့ဖြင့် လူအပေါင်းအား နှစ်သက်စေနိုင်ခြင်းအတတ်၊
(၇) အနေကာသန သန္ဓာန ရတိဇာနန- နေရာအမျိုးမျိုး နည်းအမျိုးမျိုးဖြင့် ကာမ မွေ့လျော် ခံစားပြုလုပ်ပုံနည်းကို သိသောအတတ်၊
(၈) မဇ္ဇ သဝါဒိကရဏ- သေရည်သေရက် အမျိုးမျိုး စိမ်ချက်မှုအတတ်၊
(၉) သလ္လဟာရဏ ဝဏဝိဇ္ဈန- စူးဝင်သောမြား ကျည်ဆန်နှင့် အနာဟူသမျှတို့ကို ခွဲစိတ်ကုသနိုင်ခြင်းအတတ်၊
(၁၀) အန္နာဒိပဝန- အချက်အပြုတ် စဖိုစသည်အတတ်။
(၁၁) ဗီဇာရောပနာဒိ- သစ်ပင်မျိုးစေ့တို့ကို စိုက်ပျိုးစောင့်ရှောက်ခြင်း လယ်ယာ ဥယျာဉ်မှူးအတတ်၊
(၁၂) ပါသာဏ ဓါတွာဒိ ဝိဓါကရဏ ဘသ္မီကရဏ- ကျောက်ခဲ ရွှေ ငွေ သံ စသောဓါတ်တို့ကို ခွဲစိတ်ခြင်း သန့်စင်ခြင်း၊ ပြာချခြင်းအတတ်၊
(၁၃) ဥ စ္ဆု ဝိကာရ ကရဏ- ထန်းလျက် ကြံသကာ တင်လဲ သကြားစသည် ချက်လုပ်မှုအတတ်၊
(၁၄) ဓါတောသဓိ သံယောဂါဓိ ကိရိယာရွှေစသောဓါတ်နှင့်ဆေးတို့ကို ယှဉ်စပ်သောအတတ်၊
(၁၅) ဓါတု သံယောဂ ဝိဘာဂ ကရဏရွှေ ငွေစသော ဓါတ်တို့ကို ရောစပ်ခြင်း ခွဲထုတ်ခြင်းဟူသော ဓါတုဘေဒအတတ်၊
(၁၆) ဓါတွာဒိသံယောဂ ပုဗ္ဗဝိညာဏ- ဓါတ်မျိုးစုံစပ်နည်းကို ရှေးဦးစွာစတင်စမ်းသပ်ပြုလုပ်နိုင်ခြင်း အတတ်၊
(၁၇) ခါရနိက္ကာသန- ယမ်း ဆား ဆပ်ပြာထုတ်လုပ်တတ်မှု၊
(၁၈) သတ္ထ သန္ဓာန ဝိက္ခေပအလိုရှိရာ၌ ကျရောက်ထိမှန်နိုင်စေရန် လက်နက်ကို ချိန်ရွယ်ပစ်လွှတ်ခြင်းအတတ်၊
(၁၉) မလ္လယုဒ္ဓ-လက်ပမ်းလုံးခြင်းအတတ်၊
(၂၀) ဗာဟု ယုဒ္ဓ- လက်ဝှေ့သတ်ခြင်းအတတ်။
(၂၁) ပတိကိရိယာ- ရန်သူလက်ချက်မှလွတ်မြောက်အောင် ရှောင်လွှဲခြင်းအတတ်၊
(၂၂) ဗျူဟာ စရနာဒိ ကရဏ- စည် မောင်း ဘင် ခရာအမှတ်ဖြင့် စစ်ဆင် စစ်တက်အမျိုးမျိုး ယန္တရားလက်နက်တို့ကို စနစ်တကျ စီစဉ်ချထားပစ်ခတ်ခြင်းအတတ်၊
(၂၃) ဒေဝတာတောသနနတ်တို့အား နှစ်သက်စေခြင်း မေတ္တာပို့အမျှပေးဝေမှုအတတ်၊
(၂၄) သာရယျ ဟတ္ထိ အဿ ဂတိ သိက္ခာ- ရထားမောင်း ဆင်စီး မြင်းစီးအတတ်၊
(၂၅) မတ္တိကာဘဏ္ဍ သံကိရိယာ- အိုး အင် အုတ်လုပ် အိုးထိန်းသည်အတတ်၊
(၂၆) ကဋ္ဌာ ဘဏ္ဍ သံကိရိယာ- သစ်သားထည်မျိုးစုံ ပန်းပု လက်သမားအတတ်၊
(၂၇) ပါသာဏ ဘဏ္ဍ သံကိရိယာ- ကျောက်ရုပ်ကျောက်ပန်း ကျောက်ဆစ်အတတ်၊
(၂၈) ဓါတု ဘဏ္ဍ သံကိရိယာ- ကြေးထည် သံထည်မျိုးစုံ ပန်းပဲပန်းတင်းအတတ်၊
(၂၉) စိတ္တာဒျာလေခန- ပန်းချီပုံဆွဲအတတ်၊
(၃၀) တဠာက ပိပါသာဒ သမဘူမိကိရိယာ-ချောင်း မြောင်း ရေတွင်းရေကန်တူးခြင်း၊ ကျုံးတူးခြင်း၊ တိုက်အိမ် မြို့ကွက်တို့၌၊ မြေညှိခြင်းအတတ်။
(၃၁) ယန္တရ ကရဏ- နာရီ စက် တူရိယာမျိုးစုံ ပြုလုပ်နိုင်ခြင်းအတတ်၊
(၃၂) ဝဏ္ဏ ရဉ္ဇန-အရောင်မျိုးစုံ ဆေးဆိုးပန်းရိုက် လုပ်ငန်းအတတ်၊
(၃၃) ဇလ ဝါယွဂ္ဂိ သံယောဂ နိရောဓ ကိရိယာ- ရေစက်လေစက် မီးစက် အင်ဂျင်စက် အတတ်၊
(၃၄) ယာန ကရဏ- ယာဉ်မျိုးစုံတို့ကို တည်ဆောက်ပြုလုပ်ခြင်းအတတ်၊
(၃၅) သုတ္တာဒိ ရဇ္ဇ ကရဏ- ချည်မျှင် ချည်ကြိုး အမျိုးမျိုးငင်လုပ်သောအတတ်၊
(၃၆) ဝတ္ထုဝါယန- အထည်မျိုးစုံရက်လုပ်သောအတတ်၊
(၃၇) ရတနဝေဓါဒိ သန္တသန္တညာန- ရတနာတို့၏ အနေအထား အပေါက်စသည်တို့၌ ကောင်း မကောင်းသိသောအတတ်၊
(၃၈) သုဝဏ္ဏာဒိ ယထာယထဝိညာဏရွှေစသည်တို့ကို အမျိုးမှန် မမှန်၊ ကောင်း မကောင်းသိသောအတတ်၊
(၃၉) ကိတ္တိမ သုဝဏ္ဏရတနာဒိ ကိရိယာဝိညာပန-ပြုလုပ်အပ်သော ရွှေစသည့် ကိတ်ရတနာတို့ကို ပြုလုပ်နိုင်ခြင်း ရွှေဖြစ် ငွေဖြစ် အတတ်၊
(၄၀) လေပါဒိသံကိရိယာ-ပန်းရံ အတတ်။
(၄၁) စမ္မမဒ္ဒဝါဒိကိရိယာသား ရေနယ်အမျိုးမျိုးနှင့် ၎င်းတို့ကိုဆေးဆိုးခြင်း သားရေနယ်အတတ်၊
(၄၂) သုဝဏ္ဏဒျာလင်္ကာရကိရိယာ- ပုံစံမျိုးစုံလုပ်နိုင်သော ရွှေပန်းထိမ်အတတ်၊
(၄၃) ပသုစမ္မင်္ဂနီဟာရ ကိရိယာ-သားကောင်ပုံမပျက်အောင် သားရေကိုခွာဆုတ်နိုင်သောအတတ်၊
(၄၄) ဒုဒ္ဓဒေါဟာဒိဝိညာဏ- နို့ညှစ်မှစ၍ထောပတ်အထိပြုလုပ်နိုင်ခြင်း အတတ်၊
(၄၅) ကဉ္ဇကာဒိ သီဝနချပ်ဝတ် သင်တိုင်း အင်္ကျီစသည်တို့ကို ချုပ်လုပ်သီတွယ် ဖြတ်ညှပ်မှုအတတ်၊
(၄၆) ဇလ တရဏရေ ကူး ရေငုပ်အတတ်၊
(၄၇) ဂေဟ ဘဏ္ဍာဒိမဇ္ဇန-အိမ်သုံးပရိဘောဂအိုးခွက် စသည်တို့ကို ပြောင်လက်စင်ကြယ်အောင်ပြုလုပ်ခြင်းအတတ်၊
(၄၈) ဝတ္ထသမ္မဇ္ဇန- ခဝါသည်အတတ်၊
(၄၉) ခုရကမ္မ- ဆတ္တာသည် အတတ်၊
(၅၀) တိလ မံသာဒိ သိနေဟ နိဏ္ဏသန- နှမ်းဆီ အမဲဆီစသည်တို့ကို ထုတ်ယူခြင်းအတတ်။
(၅၁) သီရာဒျာကဿက- လယ်ထွန်အတတ်၊
(၅၂) ရုက္ခာရောဟ- သစ်ပင်တက်အတတ်၊
(၅၃) မနောနုကူလ သေဝါကရဏ- အရှင့်စိတ်တိုင်းကျအောင် ခစားလုပ်ကျွေးခြင်းအတတ်၊
(၅၄) ဝေဏုတိဏာဒိ ပတ္တ ကရဏ- နှီးခွက် နှီးဖျာ မြက်ခွက် မြက်ဖျာစသည်အတတ်၊
(၅၅) ကာစ ပတ္တာဒိ ကရဏ-စဉ့်အိုးခွက်, ကြွေ, ဖလ်အိုးခွက်, ပန်းကန်ပြုလုပ်ခြင်း အတတ်၊
(၅၆) ဇလ သံသေစန ဟရဏ- ရေယူ ရေထုတ် ရေလှောင် ရေပေး ဆည်မြောင်းအတတ်၊
(၅၇) လောဟာဘိသာရ သတ္ထကရဏ- သံမဏိ သံရေကြိုစက် လက်နက်မျိုးစုံလုပ်ခြင်းအတတ်၊
(၅၈) ဟတ္ထိ အဿာဒိ ပိဌရဏကိရိယာ- ဆင်ကုန်း မြင်းကုန်းစသည် လုပ်ခြင်းအတတ်၊
(၅၉) သီသုသံရက္ခဏ ဓါရဏာဒိကိရိယာကလေး သူငယ်စောင့်ရှောက်မွေးမြူရေး ကလေးထိန်းအတတ်၊ (၆၀) အပရာဓိတာဠနဉာဏအပြစ်ရှိသူကိုအပြစ်နှင့်လျော်စွာ ပုတ်ခတ်ရိုက်နှက်ခြင်းအတတ်။ (၆၁) နာနာဒေသိယ ဝဏ္ဏ လေခန- ဘာသာမျိုးစုံတို့၏ စာပေအက္ခရာကို ရေးသားမှုအတတ်၊(၆၂) တမ္ဗူလာရက္ခာဒိကိရိယာကွမ်းယာ ကွမ်းပြင်စသည်အတတ်၊ (၆၃) ပြဆိုပြီး ၆၂-ပါးသောကလာတို့၌လေးဆေးသင့်လျှင် လေးဆေးစွာပြုလုပ်တတ်ခြင်း အာဒါနဂုဏ်၊ (၆၄) လျင်မြန်သင့်လျှင် လျင်မြန်စွာပြုလုပ် တတ်ခြင်း ပတိဒါနဂုဏ်။ ♦

ကလျာနမိတ္တအင်္ဂါ ၇-ပါး

သပ္ပုရိသ ခေါ် မိတ်ဆွေကောင်းမိတ်ဆွေမြတ်တို့၏ အင်္ဂါ ၇-ပါးဟူ၏။
(၁) သီလ-ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း၊
(၂) သမာဓိ- ကိုယ်နှုတ်စိတ် ငြိမ်သက်တည်ကြည်ခြင်း၊
(၃) ပညာ- ရုပ် နာမ် ပဋိစ္စသမုပ္ပါဒ်တို့ကိုသိခြင်း၊
(၄) ဓမ္မ ဒါနသစ္စာလေးပါး ဘာဝနာတရားတို့ကို ဟောကြားနိုင်ခြင်း၊
(၅) ပေယျ ဝါစာလိုက်နာဖွယ်သောစကားတို့ကို ဆိုတတ်ခြင်း၊
(၆) အတ္ထစရိယာ- သူ့ကောင်းကျိုးကိုကျင့်သုံးနိုင်ခြင်း၊
(၇) သမာနတ္ထတာ- မိမိနှင့်တူမျှသောအကျိုးတရားကို ဖြစ်စေနိုင်ခြင်း။ ♦

ကလျာနမိတ္တဖြစ်ကြောင်း ဂုဏ်အင်္ဂါ ၇-ပါး

မိတ်ကောင်းဖြစ်ခြင်းအင်္ဂါ ၇-ပါး။ သတ္တင်္ဂုတ္တရပါဠိတော်ကလျာနမိတ္တသုတ်။
(၁) ဂရုဂုဏ်- အထက်ပါ ကလျာဏမိတ္တ အင်္ဂါ ၇-ပါးနှင့် ပြည်စုံသူဖြစ်၍ အလေးအမြတ်ပြုအပ်သောဂုဏ်။
(၂) ဘာဝနီယဂုဏ်- ထို့အတူဖြစ်၍ ချီးမွမ်းအပ်သောဂုဏ်။
(၃) ဝတ္တာရဂုဏ်- သူတစ်ပါးတို့အား ဆိုဆုံးမချင်သောဂုဏ်။
(၄) ဝစနက္ခမဂုဏ်- မသိ၍ သူတစ်ပါးတို့မေးလျှောက်သောစကားကို ခံနိုင် ဖြည့်စွမ်းနိုင် သောဂုဏ်။
(၅) ဂမ္ဘီရ ကထံ ကထာဂုဏ်- ရုပ်နာမ်နှင့်စပ်၍ နက်နဲစွာဟောပြောတတ်သောဂုဏ်။
(၆) အဋ္ဌာနေ နော စ နိယောဇိတ ဂုဏ်- အကျိုးမဲ့ရာတို့၌ မပြောဆို မတိုက်တွန်း မယှဉ်စပ် သောဂုဏ်။
(၇) ဘဇိတဗ္ဗ ဂုဏ်- သိက္ခာသုံးပါး သင်္ဂဟတရားလေးပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ မှီဝဲဆည်းကပ်ခံထိုက်သောဂုဏ်။ ♦

ကလျာဏမိတ္တ၊ ခေါ်ဆိုကြ၊ သုံးဝပုဂ္ဂိုလ်အဘယ်နည်း

သတ္တဝါတို့အား အကျိုးကျေးဇူးအထူးများစေသောသပ္ပုရိသ ကလျာဏမိတ္တ ပုဂ္ဂိုလ်ကြီး ၃-ယောက်။ ဗဟုဇနဟိတ သုတ်မှ။
(၁) သမ္မာသမ္ဗုဒ္ဓ- သဗ္ဗညုမြတ်စွာဘုရား၊
(၂) အရဟန္တ- ရဟန္တာပုဂ္ဂိုလ်၊
(၃) သေက္ခ- တရားကျင့်ဆဲ သီလဝန္တ ပုဂ္ဂိုလ်။ ♦

ကဝဂ် ၅-လုံး

ဗျည်း ၃၃-လုံးတို့တွင် “က ခ ဂ ဃ ခ” ဤငါးလုံးအစုကို ခေါ်သည်။ ♦

ကဝိမျိုး ၄-ပါး

သုတ်သီလက္ခန်။ ပါ။ ၁၀။ ဋ္ဌ။ ၉၀။ စတုက္ကင်္ဂုတ္တရ။ ပါ။ ၅၅၃။ ဋ္ဌ။ ၃၉၀။ ပညာရှိကြီးလေးပါးဟူ၏။
(၁) ဝတ္ထု အနုသန္ဓေကို ကြံစည်တွေးဆ၍ ကျနသေချာစွာပြုလုပ်တတ်သော စိန္တာကဝိ။
(၂) တစ်စုံတစ်ခုကိုကြားရသောအခါ ကြားသည်မှတစ်ပါး အခြားမကြားသေးသော အရာများ ကိုပါ စပ်ဟပ်လျော်ကန်အောင် ပြုလုပ်တတ်သော သုတ ကဝိ။
(၃) တစ်စုံတစ်ခုသောအနက်ကို စုံစမ်း၍ ချုံ့ခြင်း ချဲ့ခြင်းစသည်ပြုလုပ်နိုင်သော အတ္ထ ကဝိ။
(၄) တစ်စုံတစ်ခုသောဝတ္ထုကို မြင်ကာမျှဖြင့် ထိုနှင့်အလားတူ တစ်ခဏခြင်းမိမိပညာဖြင့် ဖြစ်စေနိုင်သောပဋိဘာဏ ကဝိ။ ♦

ကသည်း ၃-စု၊ ဝါ၊ ၃-စို့

ဤကား မြန်မာရာဇဝင်နှင့် လွှတ်တော်အမှတ်အသားလာ ဝေါဟာရများဖြစ်သည်၊''စု” နှင့် “စို့” ကား အစု အစို့ အသင်း အဖွဲ့ဟု အဓိပ္ပါယ်ရသည်၊ ကသည်း ၃-စို့ဆိုသည်ကား ကျောက်မျက်ရတနာများထွက်သည့်
(၁) မိုးကုတ်နယ်တစ်စို့၊
(၂) ကျပ်ပြင်နယ် တစ်စို့၊
(၃) ကသည်းနယ်တစ်စို့အားဖြင့် ကသည်း ၃-စို့ဟု ရေးမှတ်ခေါ်ဝေါ်ကြကုန်၏။ ♦

က, သတ်ကာရန်၊ ရေးထုံးမှန်၊ ၃-တန်မြန်မာ့နည်း

မြန်မာ့ကာရန် သတ်ပုံထုံးနည်း၌ ကာရန်ငယ် ၆၄-ပါးတွင် က, သတ် ကာရန်များဖြစ်သော” အက်, အိုက်, အောက်” ၎င်း ၃- ပါးကို ဆိုသည်။ ♦

ကသိုဏ်း ၁၀-ပါး

သုတ်ပါထေယျ။ ပါ။ ၂၂၃- ၂၅၇။ ဋ္ဌ။ ၂၃၀။ ယောဂီပုဂ္ဂိုလ်တို့အတွက် ရှုကျင့်တရားဆယ်ပါး။
(၁) ပထဝီကသိုဏ်း- ပိုင်းခြားအပ်သည့် မြေကသိုဏ်းဝန်းအတွင်း အကြွင်းအကျန်မရှိ သမာဓိရအောင်အာရုံပြုအပ် စီးဖြန်းအပ်သော မြေကသိုဏ်း၊
(၂) အာပေါကသိုဏ်း- ပိုင်းခြားအပ်သည့်အတွင်း ရေအကြွင်းအကျန်မရှိ သမာဓိရအောင်အာရုံပြုအပ် စီးဖြန်းအပ်သော ရေကသိုဏ်း၊
(၃) တေဇောကသိုဏ်း- ပိုင်းခြားအပ်သည့်မီးအတွင်း အကြွင်းအကျန်မရှိ သမာဓိရအောင်အာရုံပြုအပ် စီးဖြန်းအပ်သော မီးကသိုဏ်း၊
(၄) ဝါယောကသိုဏ်း-။ ယ။ လေကသိုဏ်း၊
(၅) နီလကသိုဏ်း-။ ယ။ ညိုသော ကသိုဏ်း၊
(၆) ပီတ ကသိုဏ်း-။ ယ။ ဝါရွှေသောကသိုဏ်း၊
(၇) လောဟိတ ကသိုဏ်း- ။ ယ။ နီမြန်းသောကသိုဏ်း၊
(၈) သြဒါတ ကသိုဏ်း-။ ယ။ ဖြူသော ကသိုဏ်း၊
(၉) အာကာသ ကသိုဏ်း- ။ ယ။ ကောင်းကင် ကသိုဏ်း၊
(၁၀) အာလောကကသိုဏ်း- ပိုင်းခြားအပ်သည့် အလင်းရောင်ကသိုဏ်းဝန်းအတွင်း အကြွင်းအကျန်မရှိ သမာဓိရအောင်အာရုံပြုအပ် စီးဖြန်းအပ်သော အလင်းရောင်ခြည်ကသိုဏ်း။

မှတ်ချက် ။ ။ ဤ၌ နံပါတ် ၄ ၅ ၆ ၇ ၈ ၉ အထိ ။ ယ။ ထိုးပြထားသည်ကား ပါဠိလို “ပေယာလ''ဟုခေါ်သည်။ ယင်း၏အနက်အဓိပ္ပါယ်ကား ဤနေရာ၌မြှုပ်ထားသောစကားတို့ကို အထက်ပါ နံပါတ် ၁ ၂ ၃ တို့အတိုင်း ထုတ်ဖေါ်ယူပါလေဟူ၏၊ စာပေရေးရာ၌ ပေယာလထိုးပုံနည်း လေးပါးရှိ၏၊ ၎င်းတို့အဓိပ္ပါယ်ကို ပေယာလမျိုး ၄-ပါး၌ ဖေါ်ပြထားသည်။ အထူးသတိထားရန်ကား- သမထတရားပွားများအားထုတ်သော ယောဂီသည် မိမိရှုမှတ်ပွားများ ကြိုးစားစူးစိုက်လျက်ရှိသော ကသိုဏ်းဝန်းအာရုံတစ်ခုတည်းမျှကိုသာသိ၍ မှတ်၍ သမာဓိယူနေရမည်၊ တစ်ခြားသိစရာမှတ်စရာဆို၍ ဘာတစ်ခုမျှ မသိ မဝင် မလာစေရ။ နောက်ဆုံးမှာကြားလိုက်မည်၊ ကသိုဏ်းဝန်းတစ်ခုကို ရှုတ်မှတ်ပွားများကြိုးစားအားထုတ်နေသော သမထယောဂီသည် မိမိရှုမှတ်ပွားများနေသော ကသိုဏ်းဝန်းအာရုံတစ်ခုမှတစ်ပါး အခြား မိုးကြိုးပစ်ခတ်လိုက်သောအသံအာရုံကိုသော်မျှ မကြားမသိစေရအောင် တည်ကြည်ခိုင်ခန့်သောသမာဓိရှိစေရမည်ဟူ၏။ ထို့ကြောင့်စျာန်လုပ်ငန်းကား ခက်ခဲသည်ဟု ဆိုသည်။ ♦

ကာကနီခေါ်၊ စုန်းမကျော်၊ ၄-ဖေါ်အဘယ်နည်း

ကာကနီကား စုန်းမဟုတ်၊ နဖူးစီး မှန်ကူပါသော နတ်စိမ်းမျိုးသားဖြစ်သည်၊ ယခုခေတ် မင်းညီနောင် ဘိုးမင်းကျော် ဦးရှင်ကြီး စသည်တို့လို အစားမျိုးဟုမှတ်ရာ၏၊အကျယ်ကို သဒ္ဒကပ္ပဒုမ ခေါ် လောကီကျမ်း၌ ရှုလေ။
(၁) ဒေဝ ကာကနီ- အောက်တန်းစား နတ်ဆိုးနတ်ယုတ်များ၊
(၂) ဗျဂ္ဃကာကနီ- ကျားနှင့်ယှဉ်သော နတ်စိမ်းများ၊
(၃) ယက္ခ ကာကနီ- ဘီလူး သရဲဖုတ် ပြိတ္တာကြီးများ၊
(၄) ဣန္ဒ ကာကနီထိုကာကနီတို့၏ အကြီးအကဲနတ်စိမ်း။ ♦

ကာမ ၁၀-ဘုံ

ကာမပုဂ္ဂိုလ်တို့လားရောက်ရာ ၁၁-ဘုံ ဟူလို။ အပါယ် ၄-ဘုံ၊ လူ့ဘုံ၊ နတ်ပြည် ၆-ထပ်၊ ပေါင်း ၁၁-ဘုံ။ ♦

ကာမဂုဏ် ၅-ပါး

သဠာယတနသံယုတ်။ ပါ။ ၄၂၄။ ဋ္ဌ။ ၁၂၀-၌ အကျယ်ရှု။ ကိလေသာအာရုံ၌ ဖွဲ့စည်းတတ်သောတရား ငါးပါး။
(၁) ရူပါရုံ- အဆင်းအာရုံ၊
(၂) သဒ္ဒါရုံအသံအာရုံ၊
(၃) ဂန္ဓာရုံ- အနံ့ အာရုံ၊
(၄) ရသာရုံ- အရသာအာရုံ၊
(၅) ဖောဋ္ဌဗ္ဗာရုံအတွေ့အထိအာရုံ။ ♦

ကာမတရား ၂-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၈၁။ ဋ္ဌ။ ပ-အုပ်။ ၂၆၈-၌ အကျယ်ရှု။ ယုတ်ညံ့သေးသိမ်သောတရား ၂-ပါး။
(၁) ဝတ္ထုကာမ- တဏှာ၏အာရုံအကြောင်းဖြစ်သော ရွှေ ငွေ စိန် ကျောက် ဆင် မြင်းကျွဲ နွား သားမယားစသည်မျိုးကိုခေါ်သည်၊
(၂) ကိလေသာကာမတဏှာခေါ် လောဘစေတသိက်တရားကိုခေါ်သည်။ ♦

ကာမသုဂတိ ၇-ဘုံ

ကောင်းသောလားခြင်းရှိသော ကာမပုဂ္ဂိုလ်တို့၏ နေရာ ၇-ဘုံ၊
(၁) လူ့ဘုံ၊
(၂) နတ်ပြည်ခြောက်ထပ်၊ ပေါင်း ၇-ဘုံ။ ♦

ကာမေသုကံ၊ ကျိုးပြစ်ဒ်ဒဏ်၊ ထိမှန် ၁၅-ပါး

သူ့သားမယား၌ သွားလာလွန်ကျူးသူတို့ ရရှိသော မကောင်းကျိုးအပြစ်ဆယ့်ငါးပါးဟူ၏။ ထိုထိုကျမ်းစာတို့၌ အမျိုးမျိုးလာရှိသည်။
(၁) အပါယ် ၄-ပါးသို့လားရခြင်း၊
(၂) မိန်းမ ပဏ္ဍုက်ဖြစ်ရခြင်း၊
(၃) ရန်သူနှင့်တွေ့ရခြင်း၊
(၄) လူအများ မုန်းခြင်း၊
(၅) စား ဝတ် အိပ်ယာရခဲခြင်း၊
(၆) ဆင်းဆင်းရဲရဲ အိပ်ရ နိုးရခြင်း၊
(၇) အမျက်ဒေါသကြီးခြင်း၊
(၈) လောကုတ္တရာတရား မရရှိနိုင်ခြင်း၊
(၉) စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
(၁၀) ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
(၁၁) ဘေးတွေ့ရခြင်း၊
(၁၂) ယုံမှားသံသယများခြင်း၊
(၁၃) ချစ်သူတို့နှင့် ခွဲနေရခြင်း၊
(၁၄) အသက်တိုခြင်း၊
(၁၅) ဆင်းရဲကြီးစွာတွေ့ရခြင်း။ ♦

ကာမေသုကံ၊ ထိမည်မှန်၊ ရှောင်ရန်မိန်းမ ၄၁

၎င်းသုတေသနရပ်ကို (အုပ်ထိန်းခြင်းရှိသော မိန်းမမျိုး ၂၀) (အုပ်ထိန်းရာသောမိန်းမ ၂၁-ယောက်) ၌ ဆိုခဲ့ပြီ။ ♦

ကာမေသုမိစ္ဆာစာရ အင်္ဂါ ၄-ပါး

ကာမကိစ္စ၌ ကံမြောက်နိုင်သည့်အင်္ဂါလေးပါး။
(၁) အ ဂမနိယ ဝတ္ထု ၂၀-တို့တွင်ပါဝင်ခြင်း၊
(၂) ကျင့်ပြု မှီဝဲလိုစိတ်ရှိခြင်း၊
(၃) ရနိုင်သောနည်းဖြင့် လု့ံလလည်းပြုခြင်း၊
(၄) ပြုကျင့်ခြင်းကိုလည်း သာယာခြင်း။ ♦

ကာယကံမျိုး ၃-ပါး

ကိုယ်ဖြင့် ပြုလုပ်ကျူးလွန်သော ကံသုံးပါး။
(၁) ပါဏာတိပါတ- သူ့အသက်ကို သတ်ခြင်း၊
(၂) အဒိန္နာဒါန- အရှင်မပေးသောသူ့ဥစ္စာကို ခိုးခြင်း၊
(၃) ကာမေသု မိစ္ဆာစာရ- ကိုယ်ပိုင်မဟုတ်သော သူ့မယား သမီးသားကို ဖောဋ္ဌဗ္ဗ တဏှာဖြင့် ကျူးလွန်ပြစ်မှားခြင်း။ ♦

ကာယကတာ သတိမျိုး ၁၈-ပါး

ဥပရိပဏ္ဏာသ ကာယဂတာသတိသုတ် ပါဠိတော်မှ။
(၁) အာနာပါနပိုင်း၊
(၂) ဣရိယာပထပိုင်း၊
(၃) သမ္ပဇညပိုင်း၊
(၄) ပဋိကူလပိုင်း၊
(၅) ဓါတုဝဝတ္ထာန်ပိုင်း၊
(၁၄) သိဝထိက ၉-ပါးနှင့်တကွ
(၁၅) ပဌမစျာန်၊
(၁၆) ဒုတိယစျာန်၊
(၁၇) တတိယစျာန်၊
(၁၈) စတုတ္ထစျာန်တို့ ဖြစ်၏။ ♦

ကာယကြီး ၄-ပါး

ကာယဂတာ သတိအရာ၌ သုံးသပ်ရသော ၄၂-ပါးသော ကာယအစု ၄-မျိုးကို ဆိုသည်။ (က) ပထဝီကာယ ၂၀။ (ခ) အာပေါကာယ ၁၂၊ (ဂ) တေဇော ကာယ ၄၊ (ဃ) ဝါယော ကာယ ၆၊ ပေါင်း ၄၂-ပါး။ ♦

ကာယဒုစရိုက် ၃-ပါး

၎င်း၏ သရုပ်အဖြေ (ဒုစရိုက် ၁၀-ပါး) မှာ ထင်ရှားအံ့။ ♦

ကာယဒွါရ ၃-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ် (ကာယကံမျိုး ၃-ပါး) နှင့် အရတူဖြစ်သည်။ ♦

ကာယမျိုး ၃-ပါး

ကာယခေါ် အမျိုးအစား ၃-ပါး။
(၁) သသမ္ဘာရကာယ- ၃၂ ကောဋ္ဌာသ အဆောင်အဦနှင့်တကွဖြစ်သော ကိုယ်ခန္ဓာ၊
(၂) ပသာဒ ကာယ- ကာယပသာဒရုပ်တွေ့ထိမှု အသိရှိရာဌာန၊
(၃) စောပန ကာယ- လက်ခြေစသည် လှုပ်ရှားအောင် ပြုမူတတ်သော ဝိညတ်။ ♦

ကာယာနုဂတတရား ၁၀-ပါး

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သော်မှ မရှောင် မချန် မည်သည့်ကုသိုလ်ကံမျိုးကမှတားမြစ်၍မပေးနိုင်၊ ကိုယ်ကာယရရှိသူတိုင်း အစဉ်အမြဲလိုက်၍ နှိပ်စက်တတ်သောတရားမျိုးဟူ၏။ ဆဋ္ဌ-မိလိန္ဒပဥှာ ၂၄၆။
(၁) သီတံ- အအေး၊
(၂) ဥဏှံ- အပူ၊
(၃) ဇိဃစ္ဆာ- ဆာလောင်၊
(၄) ပိပါသာ-ရေငတ်၊
(၅) ဥစ္စာရော- ကျင်ကြီးစွန့်၊
(၆) ပဿာဝ- ကျင်ငယ်စွန့်၊
(၇) ထိနမိဒ္ဓ- အိပ်ငိုက်၊
(၈) ဇရာ-အိုမင်းကြီးရင့်၊
(၉) ဗျာဓိ- နာ၊
(၁၀) မရဏ- သေရခြင်း။ ♦

ကာရက ၆-ပါး

မြန်မာသဒ္ဒါနှင့် ပါဠိသဒ္ဒါဆရာတို့ အသုံးပြုသည့် လက္ခဏာ ၆-ပါးဟူလို။
(၁) က၊ သည်၊ လက္ခဏာရှိသော ကတ္တုကာရက၊ ကတ္တား၊
(၂) ကို၊ သို့၊ လက္ခဏာရှိသော ကမ္မကာရက၊ ကံ၊
(၃) ဖြင့် လက္ခဏာရှိသော ကရဏ ကာရက၊ ကရိုဏ်း၊
(၄) အား၊ ငှာ၊ လက္ခဏာရှိသော သမ္ပဒါနကာရက၊ သမ္ပဒါန်၊
(၅) က၊ မှ၊ အောက် ထက် လက္ခဏာရှိသော အပါဒါနကာရက၊ အပါဒါန်၊
(၆) က၊ ၌၊ တွင်၊ မှာ လက္ခဏာရှိသော သြကာသ ကာရက၊ သြကာသ။ ♦

ကာရန်ကြီး ၁၆-ပါး၊ ကာရန်ငယ် ၆၄-ပါး

ဤ၌ ကာရန်ကြီးကို “မူလကာရန်” ကာရန်ငယ်ကို “အသံကာရန်''ဟူ၍ ခေါ်ဆိုကြကုန်သေး၏၊ မြန်မာ့ ကဗျာစာဆိုတော် ပညာရှိကြီးများသည် ကာရန်ကို လွန်စွာ အလေးပြုရိုသေကြကုန်၏၊ ၃-လုံးစပ်၊ ၄-လုံးစပ်၊ ၅-လုံးစပ်၊ လင်္ကာဟူသမျှ မူလကာရန် ၁၆-တန်အတိုင်းသာ လိုက်နာ စပ်ဆိုမြဲပြုကြကုန်သည်။ အ ကာရန်ငယ် ၆၄-ပါးမှတ် သို့မဟုတ် စဉ် ကာရန်ကြီး ၁၆-ပါး အသံကာရန် ၆၄ -ပါး အကြောင်းအရာ မူလ အတို ဦးရေ ရေးနည်း ရေးနည်း ၁။ အ ကာရန္တာဒိ ၃-လုံး ၁ အ ၂ အာ ၃ အား အ ကာရန်ငယ် ၆၄-ပါးမှတ် သို့မဟုတ် စဉ် ကာရန်ကြီး ၁၆-ပါး အသံကာရန် ၆၄ -ပါး အကြောင်းအရာ မူလ အတို ဦးရေ ရေးနည်း ရေးနည်း ၂။ ဣ ကာရန္တာဒိ ၃-လုံး ၄ အိ ဣ ၅ အီ ဤ ၆ အီး ၃။ ဥ ကာရန္တာဒိ ၃-လုံး ရအု ဥ များသောအားဖြင့် ၈ အူ ဦ ဥု ဦ၊ ဦး- ၉ အူး ဦး ဥုး သုဓမ္မာဂိုဏ်းသုံး ၄။ အေ ကာရန္တာဒိ ၃-လုံး ၁၀ အေ ဧ ၁၁ အေ့ ဧ့ ဥု၊ ဥုး- ၁၂ အေး ဧး ရွှေကျင်ဂိုဏ်းသုံး ၅။ အယ်ကာရန္တာဒိ ၃-လုံး ၁၃ အဲ အယ် အဲ နောက်ပစ် ယသတ် ၁၄ အဲ့ အယ့် အဲ့ အသံတူ ၁၅ အဲး အယ်း အဲး ၆။ အော် ကာရန္တာဒိ ၃-လုံး ၁၆ အော် အ် ၁၇ အော့ သြ့ ၁၈ အော သြ ၇။ က, သတ်ကာရန် ၃-လုံး ၁၉ အက် ၂၀ အိုက် ၂၁ အောက် ၂၂ အင် ၂၃ အင့် ၈။ င, သတ်ကာရန် ၉-လုံး ၂၄ အင်း ပိတ်ရွတ်(အေည်) ၂၅ အိုင် နှင့် မစပ်ကောင်း ၂၆ အိုင့် ၂၇ အိုင်း ၂၈ အောင် သြီ ၂၉ အောင့် ၃၀ အောင်း သြင်းသြီ ၉။ စ, သတ် ကာရန် ၁-လုံး ၃၁ အစ် အ ကာရန်ငယ် ၆၄-ပါးမှတ် သို့မဟုတ် စဉ် ကာရန်ကြီး ၁၆-ပါး အသံကာရန် ၆၄ -ပါး အကြောင်းအရာ မူလ အတို ဦးရေ ရေးနည်း ရေးနည်း အ ကာရန်ငယ် ၆၄-ပါးမှတ် သို့မဟုတ် စဉ် ကာရန်ကြီး ၁၆-ပါး အသံကာရန် ၆၄ -ပါး အကြောင်းအရာ မူလ အတို ဦးရေ ရေးနည်းရေးနည်း ၁၀။ ပိတ်ရွတ် ညသတ်ကာရန် ၃၂ အေည် အှေ် ပိတ်ရွတ် (အေည်) ၃-လုံး ၃၃ အေည့် အှေ့် နှင့် င, သတ် ၃၄ အေည်း အှေ်း မစပ်ကောင်း ၁၁။ ဖွင့်ရွတ် ညသတ်ကာရန် ၃၅ အည် အှ် ၃-လုံး ၃၆ အည့် ၏ လုံးတင်နှင့် ၃၇ အည်း အှ်း မစပ်ကောင်း ၁၂။ တ, သတ် ကာရန် ၃၈ အတ် ၃-လုံး ၃၉ အိတ် ပ, သတ် နှင့် ၄၀ အုတ် မစပ်အောင်း ၄၁ အန် ၄၂ အန့် ၄၃ အန်း န, သတ် ကာရန် ၄၄ အိန် မ, သတ် နှင့် ၁၃။ ၉-လုံး ၄၅ အိန့် မစပ်ကောင်း ၄၆ အိန်း ၄၇ အုန် ၄၈ အုန့် ၄၉ အုန်း ၅၀ အပ် ၁၄။ ပ, သတ် ကာရန် ၃-လုံး ၅၁ အိပ် တ, သတ် နှင့် ၅၂ အုပ် မစပ်ကောင်း ၅၃ အမ် အံ ၅၄ အမ့် အံ့ န, သတ်နှင့် မ, သတ် ၅၅ အမ်း အံး မစပ်ကောင်း ၅၆ အိမ် အိံ ဥသရတွင်၊ လဝက်တင် ၁၅။ မ, သတ် ကာရန် ၉-လုံး ၅၇ အိမ့် အိံ့ ထိုတွင်ဗိန္ဓုစက်။ ဥုံဟု ၅၈ အိမ်း အိံး ဖတ်လေ၊ ပါဌ်အနေ၊ ၅၉ အုမ် အုံ ဥံ အောင်မြင်စေ အနက်။ ၆၀ အုမ့် အုံ့ ၎င်း ဥပဒေသ အလို ၆၁ အုမ်း အုံး (ဥံ) မှ ယခုသုံး ဥုံ သို့ ကြွင်းသော ၁၆။ ဝ, သတ်ကာရန် ၃-လုံး ၆၂ အိုဝ် အို ပြောင်း လာကြောင်း ၆၃ အိုဝ့် အို့ မှတ်လေ။ ၆၄ အိုဝ်း အိုး Ä ဝ, သတ်အထူး ၁-လုံး x အောဝ် သြောဝ် ၎င်းကို ကာရန်ကြီး ၁၆-ပါး၊ ကာရန်ငယ် ၆၄-ပါးမှ လွှတ်ထား ကြသည်။ ♦

ကာလ ၃-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၅၁။ ဋ္ဌ။ ပ-အုပ်။ ၂၂၇- ၂၂၈၊ အချိန်အခါမျိုး ၃- ပါးဟူ၏။
(၁) အတီသ-လွန်လေပြီးသော အတိတ်ကာလ၊
(၂) အနာဂတ- မလာရောက်သေး မဖြစ်သေးသော အနာဂတ်ကာလ၊
(၃) ပစ္စုပ္ပန္န- ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ။ ♦

ကာလ ဒါနမျိုး ၅-ပါး

သင့်လျော် လျောက်ပတ်ကောင်းမြတ်သော ပေးလှူခြင်းငါးပါးဟူ၏၊ ပဉ္စင်္ဂုတ္တရပါဠိတော်သုမနဝဂ်။
(၁) အာဂန္တုကဒါန- ဧည့်သည်များအား ပေးလှူခြင်း၊
(၂) ဂမိကဒါန- ခရီးသွားများအားပေးလှူခြင်း၊
(၃) ဂိလာန ဒါန- လူနာများအားပေးလှူခြင်း၊
(၄) ဒုဘိက္ခ ဒါန- ငတ်မွတ်ပါးရှား ဒုက္ခသည်များအားပေးလှူခြင်း၊
(၅) သီလဝန္တ နဝဖလ ဒါန- မိမိတို့ လယ်ယာဥယျာဉ်မှ ပေါ်ဦးစသီးနှံတို့ကို သီလရှိသူတို့အားပေးလှူပြီးမှ စားခြင်း။ ♦

ကာလိက ၄-ပါး

ရဟန်းတော်များအား အခါအခွင့်နှင့်ပိုင်းခြား၍ အကပ်ခံရပုံနှင့် မည်သည့်ဝတ္ထုကို မည်သည့်အချိန်အခါ အထိသာသုံးဆောင်နိုင်ကြောင်းကိုဆိုသော ဘုရားရှင် ပညတ်ချက် လေးပါး၊ ဥပုသ်သည်များနှင့်လည်းသက်ဆိုင်သည်။
(၁) ယာဝ ကာလိက- စပါးမျိုး ပဲမျိုး အသီးကြီး ၉-မျိုးစသော အာဟာရကိစ္စကို ပြီးစေနိုင်သည့် ဝတ္ထုဟူသမျှ၊ ၎င်းကို အာရုဏ်တက်ချိန်မှ မွန်းတည့်အထိသာ အကပ်ခံကောင်း သုံးဆောင်ကောင်းသည်။
(၂) ယာမ ကာလိက- ဘုရားခွင့်ပြုတော်မူသော အဖျော်ရှစ်ပါးနှင့် အနုလောမ အဖျော်တို့တည်း၊ ၎င်းကိုယနေ့ နေအာရုဏ်တက်မှ နက်ဖြန် အာရုဏ်တက်အထိ တစ်ယံအတွင်း သုံးဆောင်ကောင်း အကပ်ခံကောင်းသည်။
(၃) သတ္တာဟ ကာလိက- ထောပတ် ဆီဦး ဆီ ပျား တင်လဲ ထန်းလျက် သကြား ကြံသကာ ဆေးငါးပါးတို့တည်း၊ ၎င်းကို တစ်ခါအကပ်ခံထားလျှင် ခုနစ်ရက်အထိ သုံးဆောင်ကောင်းသည်။
(၄) ယာဝ ဇီဝက- ပြခဲ့ပြီးသော ကာလိက ၃-ပါးနှင့် ကာလိကမှ လွတ်သော ရေ ဒန်ပူချန်ထား၍ ဆီးဖြူ သျှိသျှား သဖန်းခါးစသော အာဟာရကိစ္စကို မပြီးစေနိုင်သည့် ဆေးဘက်ဝင်သောအမြစ် အရွက် အသီး အခေါက်စသည်တို့တည်း၊ ၎င်းကို တစ်ခါအကပ်ခံထားလျှင် အသက်ရှင်နေသမျှ ကာလပတ်လုံး သုံးဆောင်နိုင်သည်၊ ရေ ဒန်ပူတို့ကား ကာလိကလေးပါးမှ လွတ်သည်၊ အကပ်ခံဖွယ် ကိစ္စမရှိ၊ ဥပုသ်သည်များကား ယာဝကာလိကကို နေလွဲသည်မှ မစားရချေ၊ ကျန် ၃-ပါးကား စားနိုင်၏။ ♦

ကိကီမင်းကြီး၏ သမီးတော် ၇-ယောက်

ဇာတ်။ ဋ္ဌ။ သတ္တမ-အုပ်။ ၂၄၃-၌ ရှုပါ။ ကဿပဘုရားရှင်လက်ထက်၌
(၁) သမဏီ၊
(၂) သမဏ ဂုတ္တာ၊
(၃) ဘိက္ခုနီ၊
(၄) ဘိက္ခုဒါယိကာ၊
(၅) ဓမ္မာ၊
(၆) သုဓမ္မာ၊
(၇) သံဃဒါသီ

ဂေါတမမြတ်စွာဘုရားလက်ထက်တော်၌၊
(၁) ခေမာ၊
(၂) ဥပ္ပလဝဏ်၊
(၃) ပဋာစာရီ၊
(၄) ဂေါတမီ၊
(၅) ဓမ္မဒိန္နာ၊
(၆) မဟာမာယာ၊
(၇) ဝိသာခါ။ ♦

ကိတ် ၃-ပါး

ဇမ္ဗူဒိပ် နိမိတ်ဟူသော ရှေးဥဒါန်းအရ အသက်ရှိသော သဝိညာဏကခေါ် သတ္တဝါတို့၏ ကမ္မပစ္စယကိုအကြောင်းပြု၍ သုဘာသုဘ ကောင်းကျိုးမကောင်းကျိုးကိုပြသော နိမိတ်ကြီး ၃-ပါးဟူလို။
(၁) အာကာသ ကိတ်- ထူးခြားစွာ ကြယ်ပျံခြင်း၊ ကြယ်ကြွေခြင်း၊ ဥက္ကာကျခြင်း၊ နေလကြတ်ခြင်း၊ ကြယ်တံခွန်လွှတ်ခြင်း၊ တိမ်တံခွန် ထွက်ခြင်း၊ ဂြိုလ်အသွားအလာဖေါက်ပြန်ခြင်း၊ ဗျ ဂ္ဃဇာ ဝက္ကဇာ သီဟဇာကျင့်ခြင်းစသော ကောင်းကင်မှဖြစ်ပေါ်သည့်နိမိတ်ဟူသမျှကို “အာကာသ ကိတ်''ဟုခေါ်သည်။
(၂) ဘောမ ကိတ်- တောင်ပို့ပေါက်ခြင်း၊ တောင်ကြီးတော်ငယ်ပေါ်ခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ပင်လယ်ဝေခြင်း၊ တော်လည်း၊ ငလျင်လှုပ်ခြင်း၊ မြေမှ အခိုးအလျှံထွက်ခြင်း၊ အိမ်အောက် နန်းအောက် ကျောင်းအောက်တို့၌ မှိုပွင့်ကြီးများပေါက်ခြင်း၊ ကြာပေါက်ခြင်းစသော မြေကြီးနှင့်စပ်၍ဖြစ်ပေါ်သည့် နိမိတ်ဟူသမျှကို “ဘောမ ကိတ်''ဟု ခေါ်ဆိုသည်။
(၃) အန္တလိက္ခ ကိတ်- ဘုရားစေတီတော်တို့မှ ရောင်ခြည်တော် အကြိမ်ကြိမ်လွှတ်ခြင်း၊ မျက်ရည်ယိုခြင်း၊သွေးစိမ်းရှင်ရှင်ယိုခြင်း၊ ချွေးထွက်ခြင်း၊ အမွေးပေါက်ခြင်း၊ သစ်ပင်တို့မှ ရေမီးထွက်ခြင်း၊ အခိုးအလျှံထွက်ခြင်း၊ အခါမဟုတ်ပွင့်ခြင်း၊ ဇရပ် တန်ဆောင်း ကျောင်း နန်းတော်တို့မှ အခိုးအလျှံထွက်ခြင်း၊ အရောင်လွှတ်ခြင်းစသော မြေကြီးနှင့် ကောင်းကင်စပ်ကြားမှ ဖြစ်ပေါ်သည့် နိမိတ်ဟူသမျှကို “အန္တလိက္ခကိတ်''ဟု မှတ်ရာသည်။ ♦

ကိတ္ထိမသား၊ မျိုး ၂-ပါး၊ ခံငြား အမွေ၊ အဘယ်နည်း

၎င်းသရုပ်ကို (မွေးစားသား ၂-မျိုး) ၌ ရှုပါ။ ♦

ကိန္နရာမျိုး ၇-ပါး

ဤကား အသီတိနိပါတ် မဟာကုဏာလ ဇာတ်လာ ကိန္နရာမျိုးတို့တည်း၊ အာဒိသဒ္ဒါဖြင့်ပြထားရကား ကိန္နရာမျိုးများစွာရှိကြောင်း သိရာ၏။ ကိံ- အဘယ်နည်း။ နရာလူလော နတ်လော ဟုမေးရသော သတ္တဝါတစ်မျိုး။ ထိုသတ္တဝါ၏သဏ္ဍာန်မှာ မြင်း၏မျက်နှာ ငှက်မျက်နှာ လူမျက်နှာ နတ်မျက်နှာ လူနှင့်တူသော ကိုယ်လက်အင်္ဂါရှိကြောင်း၊ နတ်မျိုး နတ်နွယ်ဖြစ်ကြောင်း သိရှိရ၏။
(၁) ဒေဝ ကိန္နရာ၊
(၂) စန္ဒ ကိန္နရာ၊
(၃) ဒုမ ကိန္နရာ၊
(၄) ဒဏ္ဍမာဏဝိက ကိန္နရာ၊
(၅) ကောန္တ ကိန္နရာ၊
(၆) သကုဏကိန္နရာ၊
(၇) ကဏ္ဏပါဝုရဏ ကိန္နရာ။ ♦

ကိန်းမျိုး ၂-ပါး

၎င်းသရုပ် (ဝုစ်မျိုး ၂-ပါး) ၌ ရှုပါ။ ♦

ကိရိယာ ၆၀

၎င်းသရုပ် အဓိပ္ပါယ်အလုံးစုံတို့သည် (ကြိယာ ၆၀) နှင့် တူ၏။ ♦

ကိလေသာစက် ၃၀၀၀-ဝက်

ဤ၌ 'သုံးထောင်ဝက်'ဟူသည်၊ သုံးထောင်၏ထက်ဝက်ဖြစ်သော ထောင့်ငါးရာကိုဆိုသည်၊ ၎င်း၏သရုပ်အဓိပ္ပါယ် (ကိလေသာ ၁၅၀၀) ၌ ကြည့်ရှုပါ။ ♦

ကိလေသာမျိုး ၃-ပါး

အခိုက်အတံ့အားဖြင့် ထူးခြားသော ကိလေသာ ၃-ပါး။
(၁) အနုသယ ကိလေသာ- ဥပါဒ် ဌိ ဘင် ထင်ရှားမရှိ မိမိတို့ခန္ဓာအစဉ်၌ အမြဲကိန်းမြုံပါလာသော ကိလေသာ ဓါတ်ထူး။
(၂) ပရိယုဋ္ဌာန ကိလေသာ- ဥပါဒ် ဌိ ဘင်အားဖြင့် ထင်ရှားထကြွလာလျက် ကာယကံမြောက် ဖေါက်ပြန်ကျူးလွန်မှု မပြုလုပ်နိုင်သော ကိလေသာတစ်မျိုး။
(၃) ဝီတိက္ကမ ကိလေသာ- ၃-ပါး ဒွါရမှ ထကြွရုံတွင်မကဘဲ လောဘ ဒေါသအလျောက် ဖေါက်ပြန် ကျူးလွန်မှုပြုစေတတ်သော ကိလေသာမျိုး။ ♦

ကိလေသာ ၁၀-ပါး

ပူပန်ဆင်းရဲစေတတ်သော တရား ၁၀-ပါး။
(၁) လောဘကာမဂုဏ်ငါးပါး၌ သာယာခင်မင် လိုချင်တပ်မက်ခြင်းသဘော၊
(၂) ဒေါသ- ကြမ်းတမ်း ဖျက်ဆီး ပြစ်မှားခြင်းသဘော၊
(၃) မောဟ-အကြောင်းအကျိုးကို အမှန်မသိ တွေဝေမိန်းမောခြင်းသဘော၊
(၄) မာန- စိတ်ထောင်လွှားတက်ကြွခြင်းသဘော၊
(၅) ဒိဋ္ဌိ- အယူမှားခြင်း၊ အမှားကို သိမြင်စွဲလမ်းခြင်း သဘော၊
(၆) ဝီစိကိစ္ဆာ- “မယုံ့တယုံ''တွေးတောယုံမှားခြင်းသဘော၊
(၇) ထိနကုသိုလ်ထဲ၌ စိတ်မခံ့ခြင်း၊ လျော့ပါးဆုတ်နစ်ခြင်း သဘော၊
(၈) ဥဒ္ဓစ္စ- စိတ်၏ကောင်းမှုမှ ပျံ့လွင့်တုန်လှုပ်ခြင်းသဘော၊
(၉) အဟိရိက- မကောင်းမှုမှ မရှက်ခြင်းသဘော၊
(၁၀) အနောတ္တပ္ပမကောင်း မှုမှ မကြောက်မလန့်ခြင်းသဘော။ ♦

ကိလေသာ ၁၅၀၀

သတ္တဝါတို့၏ကိုယ်စိတ်နှစ်ပါးကို ဆင်းရဲညစ်နွမ်းပူပန်စေကြောင်းဖြစ်သော တရားမျိုးဟူလို။ ၁၅၀၀-ကိလေသာ မြှောက်ပွားပုံကို ဤသို့သိလေ။ “နာမ် တေပညာသ
(၅၃)၊ နိပ္ဖန္နရုပ်
(၁၈)၊ လက္ခဏရုပ်
(၄)၊ ၎င်းတို့ကိုပေါင်းသော် နာမ်ရုပ်ပေါင်း ၇၅-ပါး ရသည်။ ၎င်းကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် ၂-ပါးနှင့်မြှောက် (၁၅၀) ရသည်။ ၎င်းကို ကိလေသာ ၁၀-ပါးနှင့်မြှောက်သော် (၁၅၀၀) ဖြစ်သည်။ ကျက်မှတ်ရန်။ သံပေါက်ဆောင်ပုဒ် နာမ် တေပညာ၊ နိပ္ဖန္နာ၊ တည်ပါ လက္ခဏ။ သန္တာန်နှစ်ဖြာ၊ မြှောက်ပွားခါ၊ တစ်ရာငါးဆယ်ရ။ ယင်းကိုတစ်ဖြာ၊ ကိလေသာ၊ ဆယ်ဖြာ မြှောက်ပြန်ရ။ တစ်ထောင့်ငါးရာ၊ ကိလေသာ၊ ထိုခါ ဖြစ်သည်ပ။ ♦

ကုံကုမံမျိုး ၄-ပါး

ထိုထိုဆေးကျမ်းတို့၌ 'ကုကုင်္ မာလာ' ခေါ် ကုံကုမံမျိုးကို အောက်ပါအတိုင်း ၄-မျိုးခွဲခြား၍ပြကုန်၏။
(၁) ကုမုဒ္ဒရာ ကုံကုမံ၊
(၂) ပဒုမ္မာ ကုံကုမံ၊
(၃) ကုသုမာ ကုံကုမံ၊
(၄) ကုကုင်္မာ ကုံကုမံ။ ♦

ကုက္ကုစ္စတရား ၃-ပါး

ဝိဘင်္ဂ။ ပါ။ ဌ။ ပြုပြီးသား မကောင်းမှု, မပြုမိခဲ့သော ကောင်းမှုတို့ကို တွေးတောပူပန်စိတ်နှလုံး မသာယာမှု နောင်တ ခေါ် အပိုအလုပ်မျိုးကို ကုက္ကုစ္စခေါ်၏၊ အကုင်္ရဋီကာ။
(၁) နီဝရဏ ကုက္ကုစ္စ- နီဝရဏ၌လာသော အထက်ပါအဓိပ္ပါယ်အတိုင်းဖြစ်သော ကုက္ကုစ္စမျိုး၊ “ကုက္ကုစ္စစေတသိက်''။
(၂) ဝိနယ ကုက္ကုစ္စ- အပ်လေသလော မအပ်လေသလောဟု ဝိနည်းအရာ၌ ကြံစည်စဉ်းစားမှု၊ ပုထုဇဉ်, သေက္ခ, ရဟန္တာများ၌လည်းဖြစ်နိုင်သည်၊ “ကုသိုလ်နှင့် ကိရိယာစိတ္တုပ္ပါဒ်''။
(၃) အ သံဟတ ကုက္ကုစ္စ- ဘုရားဝတ်ကပ်နှင့် သံဃပရိသတ်စသည်တို့၌ ရိုသေငြိမ်သက်စွာမနေ ဣန္ဒြေမရ ခြေလှုပ်လက်ရမ်း မဟူးအဟမ်းနှင့်သလိပ်ခတ် လက်ဆစ်ချိုး စကားပြော စသော မသင့်လျော်သည့်အပြုအမူများ၊ “မောဟ ဦးစီးသော အကုသိုလ်''။ ♦

ကုဋ္ဌမျိုး ၁၈-ပါး

အ မရိတ ဘေသဇ္ဇ ဆေးကျမ်းကြီးမှ ယူပြသည်၊ ၎င်းသရုပ်ကို (နူနာမျိုး ၁၈-ပါး) ၌ရှုပါလေ။ ♦

ကုန်းကြည်းပျော်နေ၊ သတ္တဝါတွေ၊ ၉-ကုဋေခေါ်၊ အဘယ်နည်း

၎င်းသရုပ်ကို (ကုန်းကြည်းပျော်နေ၊ သတ္တဝါတွေ) ၌ ရှုလေ။ ♦

ကုန်းတိုက်ချောပစ်၊ ကံကံကျိုးပြစ်၊ မှတ်ရစ် ၇-ပါး

၎င်း ၇-ပါးကို ဓမ္မပဒ အင်္ဂုတ္တရ ပါဠိတော်တို့နှင့်ခုဒ္ဒကပါဌ အဋ္ဌကထာမှ စုပေါင်း ဖြေဆိုထားသည်။ (ပိသုဏဝါစာ ကံ၏ အကျိုးရ-ပါး) ၌ ရှုပါကုန်။ (အချို့ဆရာတို့ ကုန်းကို 'ဂုံး'ဟု ရေးသည်။ ) ♦

ကုန်းဘောင်မင်း ၁၁-ဆက်

ဒေဝဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အဝ, တိုင်အောင် သာကီနွယ်ရိုး သတိုး အဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်ဖြစ်သော ဟံသာဝတီပါမင်းတရားကြီး လက်ထက် ရတနာပူရ အဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေ ဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော “ဂဗ္ဘေ” ဓါတ်ရိုက်၍ “ကုန်းဘောင်” မြို့တော်ဟု သမုတ်လေသည်၊ ထိုသည့် ကုန်းဘောင်မင်း ၁၁-ဆက်တို့ကို အကျဉ်းမျှပြအံ့။
(၁) ရွှေချက်သိုစေတီဒါယကာ အလောင်းမင်းတရားကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့် ၁၁၁၄-ခုနှစ်နန်းတက် နန်းစည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆-နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇-နှစ် ဟူသေး၏။ )
(၂) အလောင်းမင်းတရားကြီး၏သားတော် စစ်ကိုင်းမင်း၊ နောင်တော်ကြီးလည်း ခေါ် မဟာနန္ဒ ကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပဝရ ဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၃-နှစ်စံ၊ အိမ်နိမ့် ၂၆-နှစ်စံ၊ နံတော်အင်္ဂါသား၊ သက်တော် ၂၉-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်တော် ဦးလောက်။
(၃) ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယ အဝမြို့တည်၊ ဆင်ဖြူရှင်မင်းတရား၊ သီရိပဝရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅-ခုနှစ်၌နန်းတက်၍ နန်းစည်းစိမ် ၁၃-နှစ်၊ အိမ်နိမ့် ၂၇-နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော် ၄၀-နှစ်၌ နတ်ရွာစံ၊ (အချို့ကား နန်းစည်းစိမ် ၁၂-နှစ် ဟူသေး၏၊) အလောင်းမင်းတရားကြီး၏ ဒုတိယသားတော်၊ငယ်မည် ဦးရွ။
(၄) သားတော် စဉ့်ကူးမင်း၊ မိုးထိကျောင်းဒါယကာ ၁၁၃၈-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၆-နှစ်စံ၊ အိမ်နိမ့် ၂၀-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော် ၂၆-နှစ်၌ နတ်ရွာစံ၊ ဆင်ဖြူရှင်မင်းတရား၏ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ။
(၅) ဖောင်းကားမင်း ၁၁၄၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇-ရက်စံရသည်၊ အိမ်နိမ့် ၁၈-နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈-နှစ်၌ ကံတော်ကုန်၊ “နောင်တော်ကြီးဘုရား၏ သားတော်” ငယ်မည် မောင်မောင်။
(၆) ဘိုးတော် ပဒုံမင်းခေါ် ဘိုးတော်ဦးဝိုင်းခေါ် ဆင်ဖြူများရှင်မင်းတရားကြီးခေါ် ဘိုးတော် ဘုရားခေါ် အောင်မြေလောကစေတီဒါယကာ အမရပူရ ပဌမမြို့တည် နန်းတည် မင်းတရားကြီး သိရီပဝရဝိဇယာနန္တ ယသတြိ ဘဝနာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၁၄၃-ခုနှစ်နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၇-နှစ်၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော်ရ၅-နှစ်၌ ကံတော်ကုန်၊ အလောင်းမင်းတရားကြီး၏ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။
(၇) ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထ အဝမြို့တည် နန်းတည်မင်းတရားကြီး သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့ တံဆိပ်တော်ဖြင့် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် (၁၉-နှစ်ဟုလည်း မူကွဲရှိသည်၊) အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည် မောင်စိန်။

မှတ်ချက် ။ ။ နန်းကျပြီးနောက် ၈-နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။
(၈) ညီတော် သာယာဝတီမင်း၊ ကုန်းဘောင်မင်းလည်း ဟူ၏၊ လောကမဏိစူဠစေတီ ဒါယကာ အမရပူရ ဒုတိယ မြို့တည် နန်းတည်မင်းတရားကြီး သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယ မဟာဓမ္မရာဇာဓိရာဇာ-ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၉၉-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉-နှစ်စံ၊ အိမ်နိမ့်၅၀-နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉-နှစ်၌ ကံတော်ကုန်သည်၊ ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။
(၉) သားတော် ပုဂံမင်းခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆-နှစ်စံ၊အိမ်နိမ့် ၃၅-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁-နှစ်၌ နတ်ရွာစံသည်၊ ကုန်းဘောင်မင်းတရားကြီး၏သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။
(၁၀) ပုဂံမင်း၏ညီတော် မင်းတုန်းမင်းခေါ် မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံ မြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘဝရှင်မင်းတရားကြီး သိရီပဝရ ဝိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်မောင်လွင်ဟူ၏။
(၁၁) သားတော် သီပေါမင်း မာန်အောင်ရတနာစေတီ ဒါယကာ မန္တလေး ရတနာပုံ ဒုတိယနန်းစံ၊ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၂၄၀-ခုနှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇-နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက်ဖြစ်လေသည်၊ ၁၂၄၇-ခုနှစ်၌ ကုလားဖြူတို့က မင်းနှစ်ပါးဖမ်းယူလျက် မိမိတို့တိုင်းပြည်ကြီး သိမ်းပိုက်ကြီးစိုးလျက် မြန်မာလူမျိုးတို့အား ကျွန်သဘောက်ဘဝထားကာ အမျိုးဘာသာ သာသနာကို ဖျက်ကြလေတော့သည်။ ♦

ကုလဒူသက ၈-ပါး

ပရိဝါ။ ပါ။ ၂၄၃။ ဋ္ဌ။ ၁၈၀။ လူဒါယကာတို့၏ သဒ္ဓါရိုးရိုးကို လက်ဆောင်ထိုး၍ ဖျက်ဆီးခြင်းမျိုး ၈-ပါး၊ ရဟန်းများ ကိုယ့်ကိုကြည်ညိုအောင် ဤနည်းဖြင့်မလုပ်ရ။
(၁) သစ်သီးပေးခြင်း၊
(၂) ကသယ်မှုန့်ပေးခြင်း၊
(၃) ဒန်ပူပေးခြင်း၊
(၄) ဝါးပေးခြင်း၊
(၅) ဆေးကုပေးခြင်း၊
(၆) ဒါယကာတို့ အစေအပါးခံခြင်း၊
(၇) သစ်ပေးခြင်း၊
(၈) မြေဖြူပေးခြင်းတို့တည်း။ ♦

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်များ(့ြှနခမနအမေငနျ-ွနညနမေူ)

(၁) ထရက်ဂျ်ဗ် လီ, နော်ဝေး -ွှမပါလန ူငနယ သြမတပေ ယ ၁၉၄၆-၁၉၅၃
(၂) ဒက် ဟာမာရှိုး, ဆွီဒင်-ီေါံောမျေုြ္စိူယှတနိနညယ ၁၉၅၃-၁၉၆၁
(၃) ဦးသန့်, မြန်မာ-့ ွှ့ညေအယ ပြညောမေ (ကြမာေ) ယ ၁၉၆၁-၁၉၇၁
(၄) ကွတ်ဝေါဟိုင်း, သြစတြီးယား-ုကမအ ျွှေူိ့နငာယ ဗကျအမငယေ ၁၉၇၂-၁၉၈၁
(၅) ပဲရစ်ဇ် ဒီ ကွေးလီးယား, ပီရူး-ဏနမနဖိန ဃကနူမေယ ဏနမက ယ ၁၉၈၂-၁၉၉၁
(၆) ဘူးထရို့စ် ဘူးထရို့စ် ဂါလီ, အီဂျစ်-သြကအမသျ သြကအမသျ-ွ့ေူငယ နါပစအယ ၁၉၉၂-၁၉၉၆
(၇) ကိုဖီ အာနန်, ဂါနာ-ုသ်င ဗညညညေယ ွ့ညေယေ၁၉၉၇-၂၀၀၆
(၈) ဘန်ကီမွန်း, တောင်ကိုးရီးယား-ြညေ ုင-ာသသညှသကအ့ ုသမနယေ ၂၀၀၇- ♦

ကုလားမျိုး ၆၀

ဇမ္ဗူတံဆိပ်ကျမ်း၊ ဤ၌ ရှေးသူဟောင်းတို့ ခေတ်သမယ ယဉ်ကျေးမှု မှတ်စုများကို သိစေရန်မျှဖြစ်သည်၊ ယခုခေတ်ကား ကုလားမျိုးတွေပိုများဘိ၏။ ၁-သူတယ်၊ ၂-ပူရန္တေ၊ ၃-အာသံ၊ ၅-ရေသူ၊ ၅-ပန်းသေး၊ ၆-ပဋိက္ခယား၊ ၇-နောင်လာ၊ ၈-ကုလားဖြူ၊ ၉-ဘုရင်ဂျီ၊ ၁၀-ဘာလီ။ ၁၁-လဝီ၊ ၁၂- သီဟိုဠ်၊ ၁၃-သိန်း၊ ၁၄-စန္ဒာ၊ ၁၅-မောပါ၊ ၁၆-ဒေးကိုး၊ ၁၇-နာထိုး၊ ၁၈- စောရာ၊ ၁၉-ပစ္ဆိဟ၊ ၂၀- ဘောဓ၊ ၂၁-သုတ္တံ၊ ၂၂-ဓင်းကျံ၊ ၂၃-ဥမြဲ၊ ၂၄-ဇိနပတ္တ၊ ၂၅-ပုရံ၊ ၂၆-သင်းတွဲ၊ ၂၇-စေတုတ္တရာ၊ ၂၈-သက္ကတံ၊ ၂၉-ဝိန်ရိုး၊ ၃၀-မက္ကတိ။ ၃၁- သူလီ၊ ၃၂-မန္တရာဇ်၊ ၃၃-အော်လံတေ၊ ၃၄-အော်လံတစ်၊ ၃၅-ယစ်ပလစ်၊ ၃၆-ဟော်ရတော်၊ ၃၇-ဇဝီ၊ ၃၈-ပသီ၊ ၃၉-ဟိန္ဒူ၊ ၄၀-ကလယ်။ ၄၁- အင်္ဂလိပ်၊ ၄၂-ပြင်သစ်၊ ၄၃- ရုရှား၊ ၄၄-ကျေးကုလား၊ ၄၅-ဒုံးကလား၊ ၄၆-ဇော်ဂီ၊ ၄၇-မာလီ၊ ၄၈-ဘောရီ၊ ၄၉-သောယုတ်၊ ၅၀-လဟုတ်။ ၅၁-ဒေါရော၊ ၅၂-ခန္တီ၊ ၅၃-ပသျှူး၊ ၅၄-ပတသီ၊ ၅၅-ဟာရီ၊ ၅၆-လာကာ၊ ၅၇-ဝိစ္ဆဒေါလာ၊ ၅၈-ဒေါရဏ၊ ၅၉-ဘင်္ဂလီ၊ ၆၀-ဗာရာဏသီ။ ဟူ၍ ဇမ္ဗူတံဆိပ်ကျမ်းမှာလာသည်၊ ထိုကျမ်း၌မပါသော ယခုလက်ထက်ပွားကုလားမျိုးတို့လည်း အများအပြားပင်ရှိပေသေး၏။ ကျွန်ုပ်တို့သိရသလောက်ပင် အိန္ဒိယတွင် လူမျိုး ၃၀၀၊ ဘာသာစကား ၃၀၀၊ ဇာတ် ၂၀၀-ကျော်ရှိသည် ဟူ၏။ ♦

ကုသလ ကမ္မပထတရား ၁၀-ပါး

၎င်းသရုပ်ကို (ကုသိုလ် ၁၀-ပါး) ၌ ပြမည်။ ♦

ကုသိုလ်မျိုး ၃-ပါး

အပြစ်မရှိ ကောင်းသောအကျိုးကိုပေးတတ်သော တရားမျိုး ၃-ပါး။
(၁) ကာမာဝစရ ကုသိုလ်၊
(၂) မဟုဂ္ဂုတ် ကုသိုလ်၊
(၃) လောကုတ္တရာ ကုသိုလ်။ ♦

ကုသိုလ်မျိုး ၃-ပါး တစ်နည်း

ဒါန ကုသိုလ်၊ သီလ ကုသိုလ်၊ ဘာဝနာ ကုသိုလ်။ ♦

ကုသိုလ်မျိုး ၈-ပါး

လောက၌ ထင်ရှားပေါ်လွင်သော ကုသိုလ်တရားရှစ်ပါးဟူ၏။
(၁) ကာမကုသိုလ်-ကာမသုဂတိ ၇-ဘုံသို့လားစေတတ်သော ကုသိုလ်စု၊
(၂) ရူပကုသိုလ်- ရူပ ၁၆-ဘုံသို့လားစေတတ်သောကုသိုလ်စု၊
(၃) အရူပကုသိုလ်- အရူပ ၄-ဘုံသို့ လားစေတတ်သော ကုသိုလ်စု၊
(၄) လောကီကုသိုလ်-သုဂတိ ၂၇-ဘုံသို့လားစေတတ်သော ကုသိုလ်စု၊
(၅) လောကုတ္တရာကုသိုလ်- မဂ်စိတ်လေးပါး၊
(၆) ဒါန ကုသိုလ်- ၎င်းနှင့်ဆိုင်ရာ ကုသိုလ် ၄-ပါး၊
(၇) သီလ ကုသိုလ်- ၎င်းနှင့်ဆိုင်ရာ ကုသိုလ် ၄-ပါး၊
(၈) ဘာဝနာကုသိုလ်- ၎င်းနှင့်ဆိုင်ရာ ကုသိုလ် ၄-ပါး။ ♦

ကုသိုလ်မျိုး ၁၀-ပါး

လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးစေတတ်သော တရားဆယ်ပါး။ ၎င်းကို''သုစရိုက် ဆယ်ပါး''ဟူ၍လည်းကောင်း၊ “ကုသလကမ္မပထတရား ဆယ်ပါး''ဟူ၍လည်းကောင်း၊ “ပုညကိရိယာ ဝတ္ထုဆယ်ပါး''ဟူ၍လည်းကောင်း ခေါ်ဆိုကြ၏။
(၁) ဒါန- သဒ္ဓါကြည်ဖြူ ပေးလှူရခြင်း၊
(၂) သီလ- ကာယဝစီ ထိုနှစ်လီသောဒုစရိုက်ကိုမလိုက် ပယ်ကြဉ်ရခြင်း၊
(၃) ဘာဝနာ- သမထ ဝိပဿနာ ထိုနှစ်ဖြာကို လေ့လာပွားများရခြင်း၊
(၄) အပစာယန-ရတနာသုံးပါး ဆရာ မိဘစသောသူများကို ရိုသေရခြင်း၊
(၅) ဝေယျာဝစ္စကုသိုလ်ဖြစ်ဖွယ် ဝတ်ကြီးဝတ်ငယ်ကိုသယ်ပိုးဆောင်ရွက်ရခြင်း၊
(၆) ပတ္တိဒါန- မိမိပြုရ ကုသလကို အမျှပေးဝေရခြင်း၊
(၇) ပတ္တာနုမောဒန-သူတစ်ပါးပြု မြတ်ကောင်းမှုကို သာဓုနုမော် ကောင်းချီးခေါ်ရခြင်း၊
(၈) ဓမ္မသဝန- ဘုရားစကား မြတ်တရားကိုကြားနာရခြင်း၊
(၉) ဓမ္မဒေသနာဘုရားစကား မြတ်တရားကို ဟောကြားရခြင်း၊
(၁၀) ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်း ကောင်းသောအယူကို ဖြောင့်မှန်စွာယူရခြင်း။ ♦

ကုသလကမ္မပထတရား ၁၀-ပါး

ကုသလ-ကုသိုလ်၊ ကမ္မ- ကိုယ် စိတ် နှုတ်ဖြင့် ပြုလုပ်သောကံ၊ ပထ-အကျိုးပေးကြောင်း။ “ပဋိသန္ဓေအကျိုးပေးကြောင်း ကုသိုလ်ကံ ဆယ်ပါး” ဟူလို။
(၁) ပါဏာတိပါတာ ဝေရမဏိ- သေစေလိုသော စေတနာနှင့် သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၂) အဒိန္နာဒါနာဝေရမဏိ- ခိုးလိုသောစိတ်ဖြင့် သူတစ်ပါး၏ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၃) ကာမေသုမိစ္ဆာစာရာ ဝေရမဏိ- မေထုန်အမှု၌ သူ့သားမယားကို သွားလာမှုမှ ရှောင်ကြဉ်ခြင်း၊
(၄) မုသာဝါဒါ ဝေရမဏိ- မဟုတ်မမှန်သောစကားကို ပြောဆိုလိမ်လည်မှုမှ ရှောင်ကြဉ်ခြင်း၊
(၅) ပိသုဏ ဝါစာ ဝေရမဏိ- ချစ်သူနှစ်ဦးတို့ ကွဲပြားအောင် ကုန်းတိုက်မှုမှ ရှောင်ကြဉ်ခြင်း၊
(၆) ဖရုသဝါစာ ဝေရမဏိ-ကြမ်းတမ်းယုတ်မာသောစကားကို ပြောဆိုမှုမှရှောင်ကြဉ်ခြင်း၊
(၇) သမ္ဖပ္ပလာပ ဝါစာ ဝေရမဏိ- အပေါ့အဖျင်း အနှစ်ကင်းသောစကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊
(၈) အနဘိဇ္ဈာ- သူတစ်ပါးဥစ္စာကို ငါ့ဥစ္စာဖြစ်လာမူ တော်လေစွဟု စိတ်ဖြင့် မကြံစည် မအောက်မေ့ခြင်း၊
(၉) အဗျာပါဒ- သူတစ်ပါးတို့ သေကျေက တော်လေစွဟု စိတ်မှ မကြံစည်ခြင်း
(၁၀) သမ္မာဒိဋ္ဌိ- ကုသိုလ်ကံ အကုသိုလ်ကံ၏ ကောင်းကျိုး မကောင်းကျိုးကို ယုံကြည်ခြင်း။ ♦

ကူဋမျိုး ၃-ပါး

အလေး တင်း တောင်း အတိုင်းအတာတို့ကို ခိုးဝှက်စဉ်းလဲခြင်းမျိုး၊ သုတ်သီလက္ခန်။ ပါ။။ ဋ္ဌ။ ၇၇။
(၁) တုလာကူဋ- အလေး ချိန် စဉ်းလဲ၊
(၂) ကံသကူဋ-တင်း တောင်း ပြည် ခွက် စဉ်းလဲ၊
(၃) မာနကူဋ- လက်မ, လက်သစ်, မိုက်, တောင်, တာ,ပေ, ကိုက်, စဉ်းလဲ။ ♦

ကောဋုဟလမျိုး ၅-ပါး

ခုဒ္ဒကပါဌ။ ဋ္ဌ။ ၁၀၁။ သုတ္တနိပါတ်။ ဋ္ဌ။ ဒု-အုပ်။-တို့၌ ရှုပါ။ တစ်စုံတစ်ခုသောသတင်းစကား၏ ရှေ့ပြေးနိမိတ်, နောက်ခါဖြစ်ပေါ်ရန် ကျော်ကြားခြင်း ပဲ့တင်သံ ၅-ပါး။ “ကောလာဟလ''ဟုလည်းခေါ်၏။
(၁) ဗုဒ္ဓ ကောလာဟလ- ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်က ကျော်ကြားသောပဲ့တင်သံ၊
(၂) ကပ္ပ ကောလာဟလ- ကမ္ဘာမပျက်မီ နှစ်ပေါင်းတစ်သိန်းက ကျော်ကြားသောပဲ့တင်သံ၊
(၃) စက္ကဝတ္တိကောလာဟလ- စကြာမင်းမပေါ်မီ နှစ်ပေါင်းတစ်ရာက ကျော်ကြားသောပဲ့တင်သံ၊
(၄) မောနေယျ ကောလာဟလ-မောနေယျအကျင့်ကို မေးလျောက်ကျင့်ကြံသော ပုဂ္ဂိုလ်မပေါ်မီ ၇-နှစ်က ကျော်ကြားသောပဲ့တင်သံ၊
(၅) မင်္ဂလကောလာဟလ-မင်္ဂလာတရားမဟောမီ ၁၂-နှစ်ကာလမှ ကျော်ကြားနေသောပဲ့တင်သံ။ ♦

ကောဋ္ဌာသ ၃၂-ပါး

၎င်း၏သရုပ်များကို (သုံးဆယ့်နှစ်ကောဋ္ဌာသ) ၌ ရှုပါ။ ♦

ကောလမျိုး ၅-ပါး

ဆေးကျမ်းလာ အပေါင်းဝေါဟာရ။ ၎င်း ဆေးငါးပါးအပေါင်းကို 'ပဉ္စကူ'ဟူ၍လည်းကောင်း၊'ကောလငါးပါး'ဟူ၍လည်းကောင်း ဝေါဟာရ ပြုကြကုန်၏။
(၁) ပိတ်ချင်းသီး၊
(၂) ပိတ်ချင်းမြစ်၊
(၃) စရိုမြစ်၊
(၄) ကန့်ချုပ်နီ၊
(၅) ချင်းခြောက်။ ♦

ကောလာဟလမျိုး ၅-ပါး

၎င်းသရုပ်ကို (ကောဋုဟလ ၅-ပါး) ၌ ရှုပါ။ ♦

ကောသမျိုး ၂-ပါး

တာ, ယူဇနာ ဖွဲ့ရာ၌ တိုင်းတာသော ဝေါဟာရဖြစ်သည်၊ ၎င်းအကျယ်ကို ဆရာတော် ဦးသြဘာသ၏ မြန်မာအဘိဓါန်ကျမ်း ပထမတွဲ အမှတ်
(၁) စာမျက်နှာ ၁၅၀၊ (ကောသ) ဟူသော အဘိဓါန်ပုဒ်၌ ကြည့်ပါလေ။
(၁) စူဠကောသ- အလံ ၅၀၀၊
(၂) မဟာကောသ အလံ ၂၀၀၀။ ♦

ကောသလအိမ်မက် ၁၆-ချက်

သုတ ကာမီတို့အတွက် အမေး အဖြေကိစ္စပြီး ရှစ်လုံးဖွဲ့မြန်မာကဗျာ၊ စီကုံးသူလယ်တီပဏ္ဍိတဆရာ-ဦးမောင်ကြီးအားဂုဏ်ပြုလျက် ဖေါ်ပြပါသည်။ အကျယ် တေရသကဏ်ဋီကာ'ပ'၌ ကြည့်။
(၁) အမေး ။ နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။ အဖြေ။ အရှေ့အနောက်၊ တောင် မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။
(၂) အမေး ။ မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။ အဖြေ ။ အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။
(၃) အမေး ။ ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။ အဖြေ ။ သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။
(၄) အမေး ။ နွားကြီးမကြိုက်၊ ဝန်တိုက်နွားယေ်၊ မရုန်းနိုင်ဘဲ၊ ဝပ်လဲနေတယ်။ အဖြေ ။ ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။
(၅) အမေး ။ ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မဝနိုင်ပါ။ အဖြေ ။ မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။
(၆) အမေး ။ ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။ အဖြေ ။ မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။
(၇) အမေး ။ ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။ အဖြေ ။ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။
(၈) အမေး ။ အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။ အဖြေ ။ ဆင်းရဲသူများ၊ ဝတ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။
(၉) အမေး ။ ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။ အဖြေ ။ မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။
(၁၀) အမေး ။ တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ။ အဖြေ ။ မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။
(၁၁) အမေး ။ မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။ အဖြေ ။ အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။
(၁၂) အမေး ။ သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။ အဖြေ ။ ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။
(၁၃) အမေး ။ အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။ အဖြေ။ ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။
(၁၄) အမေး ။ အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။ အဖြေ။ ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။
(၁၅) အမေး ။ အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။ အဖြေ ။ ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ဝပ်တွားနေရမှာ။
(၁၆) အမေး ။ ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။ အဖြေ ။ သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။ ♦

ကောက်ဦးဒါနမျိုး ၉-ပါး

ဤသာသနာ၌ တရားဦးသိသူ အရှင်ကောဏ္ဍညနှင့် မြတ်ဘုရားထံ နောက်ဆုံးတရားထူးခံယူသူ သုဘဒ္ဒပရိဗိုဇ်တို့ ဝတ္ထုကြောင်း၌ အကျယ်ယူပါ။
(၁) ကောက်ဦးနို့ရည်ထည့်သော စပါးတို့ကို ခွဲထုတ်ညှစ်ယူ၍ ပျားထောပတ်တို့ ရောက်စပ်လျက် “ကောက်သားဦး” လှူခြင်း၊
(၂) မုန့်ဆန်းထောင်းကာ ပေးလှူခြင်း၊
(၃) ကောက်ရိတ်ကောက်ဆုပ် တို့ကိုစု၍ “ရိတ်ဦးဆွမ်း''ပေးလှူခြင်း၊
(၄) ကောက်လှိုင်းထုံးဖွဲ့သောအခါ ရှေးဦးစွာသော ကောက်လှိုင်းများကိုပေးလှုခြင်း၊
(၅) ကောက်လှိုင်းများစုပုံသောအခါ “ကောက်ပုံဦး''ဒါနကိုပြုခြင်း၊
(၆) စပါးနယ်သောအခါ''ကောက်နယ်ဦး''ဒါနကို ပေးလှူခြင်း၊
(၇) နယ်ပြီး လှေ့ပြီး၍ တလင်းပြင်၌ စုပုံသောအခါ “စပါးပုံဦး''ဒါနကိုပေးလှူခြင်း၊
(၈) ကျီအတွင်းသို့ သွင်းသောအခါ “ကျီဦး''ဒါနကို ပေးလှူခြင်း၊
(၉) ကောက်စပါး စတင် စိုက်ပျိုးသောအခါ မျိုးစပါးထဲမှ အဦးအဖျားကိုယူ၍ “မျိုးဦးဆွမ်း''ဒါနကို ပေးလှူခြင်း ဟူ၏။ ♦

ကောက်မျိုး ၇-ပါး

ဝိနည်းပါစိတ်။ ပါ။ ၁၁၁။ ဋ္ဌ။ ၈၉။ စပါးမျိုး ၇-ပါးလည်းဟူ။
(၁) သာလိ- သလေး, ကောက်ကြီး, ကောက်ညှင်း၊
(၂) ဝီဟိ- ကောက်လတ်, ကောက်ကြမ်း, ငစိန်, ငကျောက်၊
(၃) ကုဒြူသ- လူး၊
(၄) ဂေါဓူမ- နတ်ကောက်, ဂျုံ၊
(၅) ဝရက- ပြောင်း၊
(၆) ယဝ- မုယော, ဗာလီ၊
(၇) ကင်္ဂု- ဆပ်။ ♦

ကောက်စပါးမျိုး ၁၈၇-ပါး တစ်နည်း

ရှေးမြန်မာ ဘုရင်များ၏ ယဉ်ကျေးမှု သုတေသနမှတ်တမ်းများဖြစ်သည်။ သက္ကရာဇ် ၁၂၂၉-ခုနှစ် စိန္တကျော်သူ ဦးသြရေး မဟာအဓိကရကန်တော်ကြီး မော်ကွန်း၌ ကောက်ကြီးမျိုး ၁၂၆-ပါး၊ ကောက်လတ်မျိုး ၁၀-ပါး၊ ကောက်လျင်မျိုး ၁၁-ပါး၊ ကောက်ညှင်းမျိုး ၃၄-ပါး၊ မုရင်းမျိုး ၆-ပါးဟုလာရှိရာ ဤ၌ အစဉ်အတိုင်းပြသွားအံ့။ ♦

ကောက်ကြီးမျိုး ၁၂၆-ပါး

(၁) စော်ဘွား၊ ရကော့၊ ဘော့ကြီး၊ ကြွယ်ကြီး၊ ကြွယ်ပုံဖြူ၊ ငလုံးကြီး၊ ရှင်ကြီး၊ လုံးဖြူ၊ စပါးဖြူကလေး၊ တောင်လုံးမွှေး (၁၀) ။

(၁၁) ရသေး (ကောက်နံ့သာ၊) နှံဝါ၊ ရိုးလှ၊ တစ်ဆစ်လှ၊ ပေါက်လှ၊ ပူဇော်၊ ကန်တော်၊ ကန်တောင်၊ပန်းရောင်၊ စံကားဝါ (၂၀) ။

(၂၁) ပင်သာ၊ ရခိုင်၊ ရေမနိုင်၊ ကြောင်ငို၊ တိမ်လုံးညို၊ ခြေတို၊ စပါးနက်၊ ကက်ကက်၊ ပန်းကျား၊ ကြွက်သွား (၃၀) ။

(၃၁) ကြွက်မြီး၊ ပွဲတော်ကြီး၊ ကျွဲမြီး၊ ကောက်မြီး၊ ကောက်ဝင်းကြီး၊ ပုတီးပု၊ တောင်ယာ၊ သီဒါ၊ ငယွန်း၊ သာထွန်းဖြူ (၄၀) ။

(၄၁) မုယော၊ လင်ပန်းချော၊ ကောက်သွယ်၊ ကောက်ပင်ကြွယ်၊ စံပယ်ဖူး၊ စာမစား၊ ဝက်မစား၊ ငါးဝင်စား၊ ငါးရိုး၊ မိုးမခ (၅၀) ။

(၅၁) မိုးမလို၊ ကောက်ပိန်ညို၊ မြီးရှည်၊ ကောက်ပင်စည်၊ နောင်တု၊ ကြာဥ၊ ဦးရူ၊ တလိုင်းဖြူ၊ ပင်ခိုင်၊ တွေးနိုင် (၆၀) ။

(၆၁) နံ့သာဆီ၊ စပါးနီ၊ ဆန်နီမ၊ ရွာလယ်၊ ကောက်ငယ်၊ ကြိမ်သီး၊ ငှက်ကြီး၊ ငကျွဲ၊ တောင်ဝဲ၊ တောင်ပြန် (၇၀) ။

(၇၁) ငသလွန်၊ ငဆောက်၊ ငကျောက်၊ အင်္ဂရင်း၊ ကြိုင်သင်း၊ မြွေစွယ်၊ ရေသွယ်၊ ချုံကြား၊ အောက်ဖါး၊ သဇင်ခက် (၈၀) ။

(၈၁) စမုန်နက်ကလေး၊ ကောက်မွှေး၊ ဂေါ်ရွတ်၊ ခရုပတ်၊ မျိုးဆန်း၊ တောင်ထိပ်ပိန်း၊ မှော်တိုက်၊ ကောက်ထနောင်း၊ လက်သည်းစောင်း၊ ထောင်ဖြိုး (၉၀) ။

(၉၁) ဝက်တိုး၊ မှိုင်းလုံး၊ မြီးတုံး၊ မြီးလတ်၊ ကွန်ခေါင်း၊ ပေါင်းမသွန်၊ ခွတုံး၊ ခွကြမ်း၊ ငဆီချမ်း၊ လုံးထပ် (၁၀၀) ။

(၁၀၁) သီးလျင်၊ လုံးစင်း၊ စံရွှေထွန်း၊ လူပေါ်ကြီး၊ မျိုးတော်၊ ငကြည်း၊ ငကြင်း၊ လွန်ဘက်၊ ဆင်လျော့၊ ဧည့်မထ (၁၁၀) ။

ဝေသာလီ၊ ခွံနီ၊ ပန်းထိမ်၊ မွေ့သိမ်၊ ကျီတောင်၊ ငစိန်၊ လောက်စာထိုး၊ ပြည်မအိပ်၊ ကျီးကန်း၊ ကောက်နံ့သာ (၁၂၀) ။

(၁၂၁) ခွေးစာမေ့၊ ပျားကြီးခေါင်း၊ ကောက်မကျဉ်း၊ ဗျပ်စု၊ ခေါ်ဝက်၊ ငကျောက် (၁၂၆) ။ ♦

ကောက်ညှင်းမျိုး ၃၄-ပါး

ခွေးအာကပ်၊ ချင်းတွင်း၊ နနွင်းဝါ၊ ဝက်လည်ရွဲ၊ အိပ်ပုံ၊ အိပ်သွန်၊ ပိုးစောင်ခြုံ၊ မုရင်းပြန်၊ ခွံဝါ၊ ပေါက်ဝါကြီး (၁၀) ။

ကောက်ညှင်းဖြူ၊ ငနှံကြီး၊ ငဆားကြီး၊ ငပြာကြီး၊ ဆင်ပေါင်၊ ပဇင်းတောင်၊ မဲစောင်ခြုံ၊ ရှင့်သွေး၊ ရှစ်သောင်းမွှေး၊ ခေါ်မောက် (၂၀) ။

ချိုးလည်ပြောက်၊ မဲပန်းညို၊ အုန်းခိုင်၊ မော်လမြိုင်၊ မီးတုတ်၊ မောင်မခေါ်၊ ခေါ်လိန်၊ ခေါ်သာ၊ မကိုဋ်၊ ဝက်ဆီ (၃၀) ။

ဝက်လက်သည်း၊ ငချိတ်မည်း၊ ကြွက်သွား၊ ဆင်ဝမ်းပျဉ် (၃၄) ။ ♦

ကောက်မုရင်းမျိုး ၆-ပါး

ငမန်းဥနီ၊ ငမန်းဥဖြူ၊ ပုဖြူမုရင်း၊ ငလူးအိုင်၊ ဥသျှစ်၊ ဗျပ်ကလေး။ ♦

ကောက်လတ်မျိုး ၁၀-ပါး

ဂေါတာ၊ မယ်စော၊ အံ့ပေါ၊ ပြစ်ထူ၊ သလဲဖြူ၊ ဆန်ဖြူကြမ်း၊ ရွှေအပ်၊ ဖွတ်မြီး၊ ငှက်ပျောညွှန့်၊ နမသလေး။ ♦

ကောက်လျင်မျိုး ၁၁-ပါး

ပုန့်သင်ကြောင်၊ ပုန့်သင်ဖြူ၊ ကောက်လျင်ဖြူ၊ ကောက်လျင်နီ၊ ဗောင်ပလောင်၊ ဝင်မစဲ၊ စသာ၊ ရေနွယ်၊ နီဖြူ၊ ကွမ်းစား၊ မက်လိပ်မျိုး-မုရင်း။

မှတ်ချက် ။ ။ ၎င်းကောက်မျိုး ၁၈၇-ပါးကို ရည်ရွယ်၍ (တွက်ယူမှန်စွာ၊ ကောက်ကြီးမှာသော်၊ တစ်ရာကမောက်၊ နှစ်ဆယ့်ခြောက်တည့်၊ ကောက်လတ်တစ်ဆယ်၊ တစ်သွယ် ကောက်လျင်၊ ဆယ့်တစ်ပင်တည့်၊ ခြောက်လျှင်မုရင်း၊ ကောက်ညှင်းသုံးဆယ်၊ စွန်းကယ်လေးခု၊ စုစုပေါင်းမှာ၊ တစ်ရာကသော်၊ ရှစ်ဆယ်ကျော်၏) မဟာအဓိကရ ကန်တော်ကြီးမော်ကွန်း။ ♦

ကောင်းကင်အပြား၊ မျိုးလေးပါး၊ ထင်ရှား အာကာသ

၎င်းသရုပ်ကို (အာကာသ ၄- မျိုး) ၌ ဆိုခဲ့ပြီ။ ♦

ကောင်း ၆၄-ရပ်

ကောင်းခြင်း ၄၆-မျိုး၊ ဤ၌ ၆၄-ရပ် ယူပုံကား မိန်းမမျိုး ၄-ပါးတို့တွင် ပဒုမ္မနီအစားကိုသာအလိုရှိသည်၊ ၎င်းပဒုမ္မနီ၌လည်း 'အသားရွှေ၊ အသားနီ၊ အသားဖြူ၊ အသားညို'ဟူ၍ ပဒုမ္မနီမိန်းမမျိုး၄-ပါး ရ၏။ ထိုလေးပါးတို့တွင် တစ်ပါးတစ်ပါး၌လည်း၊ ဆူ ကြုံ နိမ့် မြင့်အားဖြင့် ၄-ပါးစီ ပြားပြန်ရကား ပဒုမ္မနီမိန်းမပေါင်း ၁၆-ပါး ရ၏။ ထို ၁၆-ပါးတွင် တစ်ပါးတစ်ပါး၌ 'ဥက္ကဋ္ဌ၊ ပဏီတ၊ မဇ္ဈိမ၊ ဟီန' အားဖြင့် လေးပါးစီပြားပြန်ရကား-ပဒုမ္မနီမိန်းမပေါင်း ၆၄-ပါး ဖြစ်သတည်း။ ဤသို့လျှင် ကောင်းသောပဒုမ္မနီမိန်းမကိုစွဲ၍ (ကောင်းခြောက်ဆယ့်လေးရပ်၊ သွေး ထပ်ထပ်ရုပ်ညီ) စသည်ဖြင့် “ဦးပုည''ရေးသည့်၊ တစ်နည်း “ဘိုးသူတော်ဦးမင်း” ရေးသည့် တေးထပ်ဖြစ်ပေါ်လာ၏၊ ဤကား ဣတ္ထိသျှတ္တရကျမ်းတို့ အလိုတည်း။ ♦

ကောင်း ၆၄-ရပ် တစ်နည်း

၁၁၄၁-ခုနှစ်တွင် ကင်းဝန်မင်းကြီးရေးသော 'ရွှေကိုယ်တော်ကြီး ဧချင်း'၌ 'လက္ခဏာရေး၊ ခြောက်ဆယ်လေးက၊ စသည်များပြင်၊ အတင်တင်တည့်'ဟူသော စပ်ဆိုမှုကို ၆၄-ပါးအရ ဝိသောဓနီစံပြကျမ်း၌ ဖြေကြားသည်မှာ-
(၁) ခြေဖဝါးလက္ခဏာ ၁၃-ပါး၊
(၂) ကိုယ်လက္ခဏာ ၁၆-ပါး၊
(၃) စိတ်လက္ခဏာ ၆-ပါး၊
(၄) လက်ဖဝါးလက္ခဏာ ၉-ပါး၊
(၅) လည်ပင်းလက္ခဏာ ၁-ပါး၊
(၆) အသံလက္ခဏာ ၃-ပါး၊
(၇) မျက်နှာလက္ခဏာ ၈-ပါး၊
(၈) သွားလက္ခဏာ ၁-ပါး၊
(၉) မျက်စိလက္ခဏာ ၄-ပါး၊
(၁၀) ဆံပင်လက္ခဏာ ၃-ပါး၊ ပေါင်း ၆၄-ပါးဖြစ်၏၊ အကျယ်ကို ၎င်းကျမ်းရင်း၌ရှုလေ။ ♦

ကောင်းခြင်း ၃-ဖြာ သာသနာ

ဘုရားမြတ်၏ ဆုံးမမှု ဓမ္မဓါတ်၌ စ လယ် ဆုံး ၃-ပါးလုံး ကောင်းခြင်း။
(၁) အာဒိ ကလျာဏ- သီလတရားသည် အစ၏ကောင်းခြင်းမည်၏၊
(၂) မဇ္ဈေ ကလျာဏ- သမာဓိ လုပ်ငန်းသည် အလယ်၏ကောင်းခြင်း၊
(၃) ပရိယောသာန ကလျာဏမဂ် ဖိုလ် ပညာနိဗ္ဗာန်သည် အဆုံး၏ကောင်းခြင်း မည်၏။ ♦

ကောင်းခြင်း ၅-ဖြာ

မဟာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၂၉။ နှင့် ဓမ္မပဒအဋ္ဌကထာ၌လာသောနည်း။
(၁) ကေသာ -နက်မှောင်ရှည်လျားသော ဆံပင်၊
(၂) ဝယ- ၁၆-နှစ်အရွယ် ပျိုမြစ်နုနယ်၍ နေခြင်း၊
(၃) မံသ- စိုပြည်ပြည့်ဖြိုးသောအသားစိုင်များ ရှိခြင်း၊
(၄) အဋ္ဌိ- ဖြူစင်တောက်ပသောသွား၊ နီသောလက်သည်းများ၊
(၅) ဆဝိ- ဝါရွှေသန့်စင်သော အရည်အဆင်းရှိခြင်း။ ♦

ကောင်းခြင်း ၅-ဖြာ တစ်နည်း

မိန်းမများအဖို့ ကြန်အင်ငါးဖြာ ကောင်းခြင်း ငါးမျိုးကို ဆိုသည်၊ တေလပတ္တဇာတ်အဋ္ဌကထာမှ -
(၁) ဆဝိကလျာဏ- ပန်းပိတောက် အဆင်း ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အရေအဆင်း၏ ကောင်းခြင်း။
(၂) မံသ ကလျာဏ- ချိပ်ရည်ဆိုးသကဲ့သို့ လက်ခြေ နှုတ်ခမ်းဖျား သန္တာအဆင်းရှိသော အသား၏ကောင်းခြင်း။
(၃) နှာရု ကလျာဏ- အသားနှင့်ညီမျှသောအရပ်၌ ချိပ်ရည်ဖြင့်ပြည့်သကဲ့သို့ လက်သည့်ခြေသည်း ရှိခြင်း၊ အသားလွတ်ရာ၌ နို့ရည်စိုင်အဆင်းရှိသည်ဖြစ်၍ အကြော၏ကောင်းခြင်း။
(၄) အဋ္ဌိ ကလျာဏ- ညီညာသော ခရုသင်းပွတ်သစ်ပမာ ရတနာရွဲလုံး ပုလဲကုံးသီသွယ် ထားသကဲ့သို့ညီညွတ်တင့်တယ် ကောင်းမြတ်စင်ကြယ်သော သွားရှိခြင်း။
(၅) ဝယ ကလျာဏ- အနှစ်တစ်ရာ ရှည်မြင့်ကြာသော်လည်း ၁၆-နှစ် နှယ် ပျိုမြစ်နုနယ် ငယ်သောအရွယ်ဖြင့်တင့်တယ်လှပခြင်း။ ♦

ကောင်းခြင်း၆-ဖြာ ပျိုကညာ

မူလပဏ္ဏာသ။ ပါ။ ၁၂၂။ ဋ္ဌ။ ပ-အုပ်။ ၃၆၄။
(၁) တစ- ဝါရွှေသော အရေအဆင်း၊
(၂) မံသ- စိုပြည်သောအသား၊
(၃) နခ- ခြေသည်း လက်သည်းနီ၊
(၄) အဋ္ဌိ- ဖြူဖွေးညီညာသောသွား၊
(၅) သရ- ချိုသာသောအသံ၊
(၆) မဏ္ဍလ- ထွားသောရင်၊ ကားသောတင်နှင့် ကိုယ်နေလုံးရပ် ကြည့်ကောင်းခြင်း။ ♦

ကောင်းဟန် ၃-စု

ရွှေနန်းတော်သုံး မြန်မာဝန်စုတို့တွင် ပါဝင်သော ကောင်းဟန်ဝန် ၃-စု။
(၁) ယွန်း ကောင်းဟန်ဝန်၊
(၂) ဝင်း ကောင်းဟန်ဝန်၊
(၃) တပ် ကောင်းဟန်ဝန်။ ♦

ကိုးကြောင်းလင်္ကာ

ရှေးလူဟောင်းတို့၏ အလီပေါင်း ဂဏန်းသင်္ချာ။ ၉x၁ - လီ = ၉ ၈x၁ - လီ = ၈ နော - ဧက - နော အဋ္ဌ - ဧက - အဋ္ဌ နဝ - ဒွေး - အဋ္ဌာရသ အဋ္ဌ - ဒွေး - သောဠသ နဝ - တြိန္နာ - သတ္တဗီသ အဋ္ဌ - တြိန္နာ - ဇောဗီသ နဝ - ဇယ - ဆတြိသ အဋ္ဌ - ဇယ - ဗားတြိသ နဝ - ပဉ္စ - ဗျည်းစာလီသ အဋ္ဌ - ပဉ္စ - သုဉ္စာလီသ နဝ - သော - ဇော ပဉ္စဿ အဋ္ဌ - သော - အဋ္ဌာ စာလီသ နဝ - သတ္တ - တြိဆ အဋ္ဌ - သတ္တ - ဆ ပဉ္စဿ နဝ - အဋ္ဌ - ဗားသတ် အဋ္ဌ - အဋ္ဌ - စတုဆဋ္ဌိ နဝ - နဝါ - ဧက အဿိ အဋ္ဌ - နဝါ - ဗားသတ် ၇x ၁ - လီ = ၇ ၆x၁ - လီ = ၆ သတ် - ဧက - သတ် သော - ဧက - သော သတ္တ - ဒွေး - စတုရာ ဒသ သော - ဒွေး - ဒွါဒသ သတ္တ - တြိန္နာ - ဧကာဗီသ သော - တြိန္နာ - အဋ္ဌာရသ သတ္တ - ဇယ - အသဋ္ဌာဗီသ သော - ဇယ - ဇောဗီသ သတ္တ - ပဉ္စ - ပဉ္စာတြိသ သော - ပဉ္စ - သုံ တြိသ သတ္တ - သော - ဗား စာလီသ သော - သော - ဆတြိသ သတ္တ - သတ္တ - နဝါ စာလီသ သော - သတ္တ - ဗား စာလီသ သတ္တ - အဋ္ဌ - ဆ ပဉ္စဿ သော - အဋ္ဌ - အဋ္ဌာ စာလီသ သတ္တ - နဝါ - တြိဆ သော - နဝါ - ဇော ပဉ္စဿ ၅x၁ - လီ = ၅ ၄x၁ - လီ = ၄ ဗျည်း - ဧက - ဗျည်း ဇယ - ဧက - ဇယ ဗျည်း - ဒွေး - သုံဒသ ဇယ - ဒွေး - အဋ္ဌ် ဗျည်း - တြိန္န - ပဉ္စာဒသ ဇယ - တြိက - ဒွါဒသ ဗျည်း - ဇယ - သုံဗီသ ဇယ - စတုက - သောဠသ ဗျည်း - ပဉ္စ - ပဉ္စာဗီသ ဇယ - ပဉ္စ - သုံ ဗီသ ဗျည်း - သော - သုံ တြီသ ဇယ - သော - ဇောဗီသ ဗျည်း - သတ္တ - ပဉ္စာ တြိသ ဇယ - သတ္တ - အသဋ္ဌံဗီသ ဗျည်း - အဋ္ဌ - သုံစာလီသ ဇယ - အဋ္ဌ - ဗား တြိသ ဗျည်း - နဝါ - ဗျည်းစာလီသ ဇယ - နဝါ - ဆ တြိသ ၃ x ၁ - လီ = ၃ ၂ x ၁ - လီ = ၂ တြိန်း - ဧက - တြိန်း ဒွေး - ဧက - ဒွေး တြိန်း - ဒွေး - ဆ ဒွေး - ဒွေး - စာယ တြိန်း - တြ - နော ဒွေး - တြိန်း - ဆ တြိန်း - ဇယ - ဒွါဒသ ဒွေး - စာလီ - အဌ် တြိန်း - ပဉ္စ - ပဉ္စာဒသ ဒွေး - ပဉ္စ - သုံဒသ တြိန်း - သော - အဋ္ဌာရသ ဒွေး - သော - ဒွါဒသ တြိန်း - သတ္တ - ဧကဗီသ ဒွေး - သတ္တ - စတုရာဒသ တြိန်း - အဋ္ဌ - ဇောဗီသ ဒွေး - အဋ္ဌ - သောဠသ တြိန်း - နဝါ - သတ္တာဗီသ ဒွေး - နဝါ - အဋ္ဌာရသ ၁ x ၁ - လီ = ၁ ဧက် - ဧက - ဧက် ဧက် - ဒွေး - ဒွေး ဧက် - တြိန်း - တြိန်း ဧက် - ဇယ - ဇယ ဧက် - ဗျည်း - ဗျည်း ဧက် - သော - သော ဧက် - သတ် - သတ် ဧက် - အဌ် - အဌ် ဧက် - နော - နော ♦

ကိုးကွယ်ရာ တရား ၁၀-ပါး

မိမိ၏ကိုးကွယ်ရာ၊ မိမိမှာ ဤတရား ၁၀-ပါးနှင့် ပြည့်စုံနေရမည် ဟူ၏၊ ဒသင်္ဂုတ္တရ။ ပါ။ ၂၇၅- ၂၇၆။ ဋ္ဌ။ ၂၉၀။ သီလ, ဗဟုဿတ, ကလျာဏမိတ္တ, သောဝစ္စဿတ, အနာလသ, ပိယ သမုဒါဟာရ, အာရဒ္ဓဝီရိယ, သန္တုဋ္ဌီ, သတိမာ, ပညဝါ။ ♦

ကိုးကွယ်ခံထိုက်သူ ဂုဏ်အင်္ဂါ ၇-ပါး

၎င်းသရုပ်အဓိပ္ပါယ်ကို (ဆည်းကပ်ကိုးကွယ် ခံထိုက်သူ၏ ဂုဏ်အင်္ဂါ၇-ပါး) ၌ ပြမည်။ ♦

ကိုးခန်း ကမ္မဝါ

ဤဝေါဟာရသည် ရဟန်းတော်တို့၏လက်သုံးပင်ဖြစ်၏။
(၁) ဥပသမ္ပဒ ခန္ဓက- ရဟန်းခံကမ္မဝါ၊
(၂) ကထိန ခန္ဓက- ကထိန်ခင်း ကထိန်နုတ် ကမ္မဝါ၊
(၃) သီမာ ခန္ဓက- သိမ်သမုတ် သိမ်နုတ် ကမ္မဝါ၊
(၄) ဥပေါသထာဂါရ ခန္ဓက- ဥပုသ်အိမ် သမုတ် ကမ္မဝါ၊
(၅) ထေရသမ္မုတိ ခန္ဓက- ထေရ်သမုတ်ကမ္မဝါ၊
(၆) နာမ သမ္မုတိ ခန္ဓက နာမည်သမုတ် ကမ္မဝါ၊
(၇) နိဿယမုတ္တ သမ္မုတိ ခန္ဓက- နိဿယည်းလွတ် သမုတ် ကမ္မဝါ၊
(၈) ကပ္ပိယဘူမိ သမ္မုတိ ခန္ဓက- အပ်သော ကျောင်းနေရာသမုတ် ကမ္မဝါ၊
(၉) ကုဋိဝတ္ထု သြလောကန သမ္မုတိ ခန္ဓကကျောင်းရာကို ကြည့်ရှုစစ်ဆေးရန် သမုတ်သော ကမ္မဝါ၊
(၁၀) ဝတ္တခန္ဓက-ဝတ်ဆောင်ရာ၌ဖတ်ရသော ကမ္မဝါ။

မှတ်ချက် ။ ။ ၁-မှ ၉-အထိ ၉-ခန်း ယူပါလေ၊ ထိုသို့ ၉ ခန်းကမ္မဝါဟု ဆိုရငြားသော်လည်း “ဝတ္တခန္ဓက''ကမ္မဝါကား အထုပ်တိုင်းမှာ ပါသည်ချည်းသာမှတ်ရာ၏။ ♦

ကိုးခန်းပျို့

အခန်း ၉-ခန်းပါသော ပျို့ကဗျာလင်္ကာ။
(၁) ဟတ္ထိပါလ- တောထွက်ခန်း၊
(၂) အဿပါလ-တောထွက်ခန်း၊
(၃) ဂေါပါလ- တောထွက်ခန်း၊
(၄) အဇပါလ- တောထွက်ခန်း၊
(၅) ပုရောဟိတ်ပုဏ္ဏားကြီး တောထွက်ခန်း၊
(၆) ပုဏ္ဏေးမကြီး တောထွက်ခန်း၊
(၇) ဧသုကာရီမင်းကြီး တောထွက်ခန်း၊
(၈) ၎င်းမိဖုရားကြီးနှင့် ခုနစ်ပြည်ထောင်သားတို့ တောထွက်ခန်း၊
(၉) ဇာတ်ပေါင်းခန်း ၎င်းအခန်းတို့ကိုဇာတ်ပေါင်း၍ရေးသောကြောင့် ကိုးခန်းပျို့ဟူ၍ ခေါ်ကြသည်။ ♦

ကိုးခိုင်နက္ခတ်

''နက္ခတ် ကိုးခိုင်''လည်းဟူ။ ဤ၌ ကိုးခိုင်နက္ခတ်ဟူသည်ကား နက္ခတ် ၂၇-လုံးတို့တွင် တစ်ရာသီတစ်ရာသီ၌ ၃-လုံးစီသွားသဖြင့် အစဉ်အတိုင်း ကိုးပါးသော နဝလက်တွင် ၂၇-လုံးသောနက္ခတ်တို့ တည်နေခြင်းကိုခေါ်ဆိုသည်။
(၁) ဒလိဒ္ဒ နက္ခတ်၊
(၂) မဟာဒ္ဓန နက္ခတ်၊
(၃) စောရ နက္ခတ်၊
(၄) ရာဇ နက္ခတ်၊
(၅) ဒေသွန္ဒြိ နက္ခတ်၊
(၆) ဒေဝီ နက္ခတ်၊
(၇) ဝါဏိဇ္ဇ နက္ခတ်၊
(၈) အမစ္စ နက္ခတ်၊
(၉) သမဏ ဗြာဟ္မဏ နက္ခတ်။ ♦

ကိုးဆယ့်ခြောက်ဖြာ၊ နာရောဂါ၊ တစ်ဖြာ ၉၈

၎င်းသရုပ်ကို “အနာမျိုး ၉၆-ပါး''မှာ ရှုပါ။ ♦

ကိုးတိုင်း ၉-ဌာန သာသနာပြုစေလွှတ်ခန်း

ပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်၊နှင့် အခြား တရုတ်မှတ်စု၊ အင်္ဂလိပ်မှတ်တမ်းအမျိုးမျိုးတို့နှင့် ညှိနှိုင်းလျက် သာသနာတော် (၂၃၅) ခုနှစ်၊ တတိယသံဃာယနာ တင်ပြီးချိန်တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန် ရည်ညွှန်း၍ ထိုနှစ် တပို့တွဲလအတွင်း၌ပင် အသောကမင်းတရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ၉-တိုင်း ၉-ဌာန ပြည်နယ်တို့သို့ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် ငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။

(၁) ကသ္မီရ- ဂန္ဓာရတိုင်း။ ။ ဟိမဝန္တာ၏ အနောက်မြောက်ဘက် ပန်ချပ်နယ်၏ အရှေ့မြောက်ဘက် စွန်းနှင့် စပ်လျက်ရှိသော ကသ္မီရတိုင်း၊ ယင်း၏အနောက်ဘက် သိန္ဓုမြစ် ခြားလျက်ရှိသော ဂန္ဓာရတိုင်း၊ ၂-တိုင်းပေါင်းလျက် အာဖဂန်နစ္စတန်ပါဝင်သည့် ဌာနများသို့ အရှင်မဇ္ဈန္တိကထေရ်မြတ်ခေါင်းဆောင်သောအဖွဲ့ဝင် သံဃာတော် ၄-ပါး၊ အာသီဝိသော ပမသုတ္တန်ဟောကြားကာ သာသနာပြုတော်မူကြသည်။

(၂) မဟိံသကတိုင်း။ ။ အိန္ဒိယပြည်တောင်ပိုင်းရှိ မိုက်ဆိုနယ်၊ ယင်းနယ်၏မြောက်ပိုင်းရှိ 'ချီတယ်ရ်'စီရင်စု ဌာနတို့သို့ မဟာဒေဝထေရ်ဦးဆောင်၍ အဖွဲ့ဝင်သံဃာတော် ၄-ပါး၊ ဒေဝဒူတသုတ္တန်ကိုဟောကြားလျက် သာသနာပြုတော်မူကြသည်။

(၃) နဝါဒါသီတိုင်း။ ။ ဘုံဘေမြို့နယ်၏ တောင်ဘက်ပိုင်း ကာဏာရာနယ်၊ ဟိုက်ဒရဗတ်နယ်၊ အရှေ့ဘက်ပိုင်းပြည်နယ်တို့သို့ အရှင်ရက္ခိတမထေရ် ခေါင်းဆောင်သောအဖွဲ့ဝင် သံဃာ၄-ပါးတို့ အနမတဂ္ဂသုတ္တန်ကြား၍ သာသနာပြုတော်မူကြသည်။

(၄) မဟာရဋ္ဌတိုင်း။ ။ ဘုံဘေနယ် အလယ်ပိုင်း ပူနားမြို့စသော နယ်များသို့ အရှင်မဟာဓမ္မရက္ခိတမထေရ်ခေါင်းဆောင်၍ အဖွဲ့ဝင်သံဃာ ၄-ပါး ကြွတော်မူကာ မဟာနာရဒကဿပဇာတ်တော်ကိုဟောကြားတော်မူကာ သာသနာပြုတော်မူကြသည်။

(၅) အပရ န္တတိုင်း။ ။ မလဝါနယ် အနောက်တောင်ဘက် နရဗဒ္ဓခေါ် နမ္မဒါမြစ် သစ္စဗန္ဓတောင် သုပ္ပရကသင်္ဘောဆိပ် ဝါဏိဇ္ဇဂါမ စသည်တို့သို့ အရှင်ဓမ္မရက္ခိတ မထေရ် ခေါင်းဆောင်သော သံဃာတော် ၄-ပါးတို့ ကြွတော်မူကာ သဂ္ဂိခန္ဓောပမ သုတ္တန်ကို ဟောကြားတော်မူ၍ သာသနာပြုတော်မူကြသည်။

(၆) ယောနကတိုင်း။ ။ အိန္ဒိယပြည်၏ အပြင်ဘက် ပါရှား တူရကီ ဂရိတ် အီတလီတို့ တည်ရှိရာ ယင်း၏ရှေးဟောင်းအမည်မှာ သာကလတိုင်း- သာကလမြို့ဖြစ်၏။ မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန်မထေရ်မြတ်တို့ မေးဖြေရာဌာနသို့ အရှင်မဟာရက္ခိတ မထေရ်ခေါင်းဆောင်ကာ အဖွဲ့ဝင် ၄-ပါးတို့ ကြွတော်မူလျက် ကာဠကာရာမသုတ္တန်ကို ဟောပြောကာသာသနာပြုတော်မူကြသည်။

(၇) စိနရဋ္ဌ (ချိန) ခေါ် စိန့်တိုင်း ၅-ရပ်။ ။ ဟိမဝန္တာ၏ အရှေ့ဘက်အရပ်နှင့် မြောက်ဘက်အရပ်ရှိ (၁) ခိုတန်၊ (၂) ဘူတန်၊ (၃) ယရကန်၊ (၄) တိဘက်၊ (၅) တရုတ်ပြည်တို့သို့ အရှင်မဇ္ဈိမထေရ်ခေါင်းဆောင်လျက် အဖွဲ့ဝင် ၄-ပါးတို့ ကြွချီတော်မူကြကာ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောတော်မူ၍ သိမ်းသွင်းကာ သာသနာပြုတော်မူကြသည်။

(၈) သုဝဏ္ဏဘူမိ တိုင်း။ ။ စိန့်တိုင်းကြီး၏ တောင်ဘက် ရှမ်း၊ မြန်မာ၊ မွန်၊ ကရင်၊ကချင်၊ ကယား၊ ယွန်း ယိုးဓယား၊ ကမ္ဘောဒီးယား၊ လားအို စသော လူမျိုးတို့နေထိုင်ရာ သို့အရှင်သောဏထေရ်နှင့်အရှင်ဥတ္တရထေရ် ၂-ပါးတို့ ဦးဆောင်ကာ အဖွဲ့ဝင်သံဃာ ၃-ပါးနှင့်ပေါင်း ၅-ပါးတို့ ကြွရောက်ကာဗြဟ္မဇာလသုတ္တန်ကို ဟောကြားတော်မူလျက် မြတ်ဗုဒ္ဓသာသနာတော်အတွင်းသို့ သိမ်းသွင်းတော်မူကြသည်။ (မှတ်ချက်။ ။ မြန်မာတို့က မွန်တိုင်းပြည်နယ်သထုံမြို့ကို သုဝဏ္ဏဘူမိဟု ယူဆကြသည်။ အိန္ဒိယကျောက်စာဌာနကမူ စုမတြာကျွန်းကိုသူဝဏ္ဏဘူမိဟု ရေးထိုးကြသည်။ )

(၉) တမ္ဗဒီပ ခေါ် သီဟိုဠ်ကျွန်း။ ။ ယခုအခါ သရီလံကာ ဟူ၏။ ဒေဝါနံ ပီယတိဿမင်းကြီး လက်ထက်အခါ သာသနာတော် ၂၃၆-ခုနှစ်၊ နယုန်လပြည့်နေ့တွင် အရှင်မဟာမဟိန္ဒထေရ် ဦးဆောင်၍အရှင်ဣဋ္ဋိယထေရ်၊ အရှင်ဥတ္တိယထေရ်၊ အရှင်ဘဒ္ဒသာလထေရ်၊ အရှင်သမ္ဗလထေရ်မြတ် ၅-ပါးတို့ ဦးဆောင်ကာ အဖွဲ့ဝင် ၁၃-ပါးနှင့် အရှင်မဟိန္ဒ၏တူတော် သုမနသာမဏေ၊ ပဏ္ဍုကခေါ်လူဥပါသကာတို့သွားရောက်ကြကာ စူဠဟတ္ထိပဒေါပမသုတ္တန်ကို ဟောကြား၍ ဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည် တည်တံ့အောင် တည်တံ့တိုးပွားအောင် သာသနာပြုတော်မူသွားကြလေသည်။ ♦

ကိုးနဝင်း ဘုရား

သမ္မာဒိဋ္ဌိခေါ် ဗုဒ္ဓဘာသာတို့ ကိုးကွယ်ဆည်းကပ်ရာ စေတီတော်၏အမည်တစ်မျိုး၊ ထိုစေတီတော်၏အမြင့်ဉာဏ်တော်မှာ ၉-တောင်ရှိ၍ ထိုစေတီနှင့် စပ်ဆိုင်သည့် အဆောင်အယောင်တို့မှာ များသောအားဖြင့် နဝင်းကျေကိုးခုသာ အထားများသော လောကီဆရာတို့စီမံသည့် စေတီတော်တစ်မျိုးပင်ဖြစ်လေသည်၊ ထိုစေတီတော် များသည် ၁၂၈၃-ခုနှစ်လောက်ကစ၍ မြန်မာပြည်အနှံ့အပြား၌ ခေတ်စားလာခဲ့ကြောင်းသိရသော်လည်းရှေးဟောင်း နန်းစဉ်ခေတ်အရ ဝေဖန်သော် ...''သောင်းထိုက်ဇမ္ဗူ၊ ကျွန်းလုံးဟူ၍၊ စည်သူမင်းဖျား၊ တည်ခဲ့ထားသည်၊ ဘုရားကိုးဆူ၊ ဂူလည်းကိုးရပ်၊ နတ်လည်း ကိုးပါး၊ ဘုံကား ကိုးတန်၊ ကိုးရွာ ရံ၍၊ ကန်လည်း ကိုးဆယ်၊ ကိုးသန်း ပယ်နှင့်၊ ကိုးဆယ်ကိုးရွာ၊ စပ်ကာမဝေး၊ ကြေးကိုးကြေးနှင့်၊ နီးဝေးပျံ့လှိုင်၊ စည်ကိုးဆိုင်က၊ ကိုးဌာနကို၊ ဒုက္ခကင်းစင်၊ ချမ်းသာမြင်၍၊ အောင်မင်္ဂလာ၊ ဖြစ်စေငှာဟု” ဟူသော တပယ်ယင်းမြို့ သမိုင်းလင်္ကာရ ကိုးနဝင်း ခေတ်စားခဲ့ပုံကိုလည်း သိရသေး၏။ တပယ်ယင်းလော၊ ဒီပဲယင်းလော။ ♦

ကိုးပါးသီလ၊ နဝင်္ဂ၊ စောင်းကြများဗိုလိုလ်လူ

၎င်း၏သရုပ်အဓိပ္ပါယ်(နဝင်္ဂသီလ) မှာ ပြမည်။ ♦

ကိုယ်ကျင့်တရား ၃-ပါး

မဟာဝဂ္ဂသံယုတ်။ ပါ။ ၃၆၈။ ဋ္ဌ။ ၃၂၇-၌ အကျယ်ရှု၊၎င်းသရုပ်ကို (ကိုယ်ကျင့်တရားမျိုး ၃-ပါး) ၌ ဆိုခဲ့ပြီ။ ♦

ကိုယ်စောင့်နတ် တစ်က်ကျိပ် တစ်ပါး

မိမိတို့ကိုယ်ကိုစောင့်သော နတ် ၁၁-ပါး။ သမန္တစက္ခုဒီပနီ ဋ - အမှတ် ဝိသဇ္ဇနာ ၂-မှ ယူသည်။
(၁) သတ္တဘာဂ နတ်- နဖူးစာကို ရေးမှတ်တတ်သည်၊
(၂) သူရဿတီ နတ်- ပညာကို ပွားစေတတ်သည်၊
(၃) သကျ နတ်- စည်းစိမ်ဥစ္စာကို ပေးစေတတ်သည်၊
(၄) မဟိရာဇာ နတ်- အိပ်မက်ကို ပေးစေတတ်သည်၊
(၅) ဝါမသူရ နတ်- နိမိတ်ကို ပြတတ်သည်၊
(၆) ဇန သူရ နတ်- အလှူပေးသည်ကို မှတ်တတ်သည်၊
(၇) ကရဝါ နတ်- ကာမသုခကို ပေးစေတတ်သည်၊
(၈) ယောတိက နတ်- သွားလေရာ လိုက်၍ စောင်မတတ်သည်၊
(၉) ကလျာဏမိတ္တ နတ်- ကောင်းသောစကားကို မှတ်သားတတ်သည်၊
(၁၀) စန္ဒာဒေဝီ နတ်ကျက်သရေကို စောင့်တတ်သည်၊
(၁၁) နရိန္ဒာဒေဝီ နတ်- အိပ်သောအခါ ဦးခေါင်းရင်းက စောင့်ရှောက်တတ်သည်။ ♦

ကိုယ်စောင့်နတ် တစ်ကျိပ်နှစ်ပါး တစ်နည်း

ကျေးဇူးရှင် 'လုံးတော်ဆရာတော်' ဘုရားကြီးကား - အထက်ပါ ၁၁-ပါးထဲတွင် 'ကာလကဏ္ဏီ'ခေါ် နတ်ယုတ်မာတစ်ပါးထည့်၍ 'ကိုယ်စောင့်နတ် တစ်ကျိပ်နှစ်ပါး'ဟု ရေတွက်ပြ ထား၏။ ♦

ကိုယ်တွင်းမီး ၅-ပါး

(၁) ဥသ္မာမီး- သက်စောင့်သက်ထိန်းပကတိကိုယ်ငွေ့၊
(၂) ပါစက မီး-အစာကျေချက်သော ဝမ်းမီး၊
(၃) သန္တပ္ပနမီး- ခြစ်ခြစ်တောက် အပူဖျားမျိုး၊
(၄) ဒါဟမီး- လူးလဲအောင်ပူလောင်ခြင်းမျိုး၊
(၅) ဇိရဏမီး- လူကို အိုမင်းဆွေးမြေ့အောင် မသိမသာ လောင်သောမီး။ ♦

ကိုယ်တွင်းမီး ၁၁-ပါး တစ်နည်း

၎င်း၏ သရုပ်အဓိပ္ပါယ် (မီး ၁၁-ပါး) ၌ ရှုပါ။ ♦

ကိုယ်ဝန်တည်နိုင်ခြင်း အင်္ဂါ ၃-ပါး

ပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်။ ၁၈၀။ ပဋိသန္ဓေတည်နေနိုင်ပုံ အင်္ဂါသုံးပါး။
(၁) မိဘနှစ်ပါး မေထုန်အားဖြင့် စုဝေးပေါင်းသင်းခြင်း၊
(၂) ပဋိသန္ဓေယူမည့်သတ္တဝါ၏ စုတိဆဲဖြစ်ခြင်း၊
(၃) မိခင်၏ ပေါ်ပြီးဆဲဥတုသမယနှင့် ကြုံခြင်း။ ♦

ကိုယ်ဝန်တည်နိုင်ပုံ ၇-ပါး

ပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်။ ၁၇၈-၁၇၉။ ဤသည်တို့ကား မမြဲ၊ တစ်ရံတစ်ဆစ် အကြောင်းအားလျော်စွာ တည်ယူနိုင်ခြင်းတို့တည်း။
(၁) ရာဂစိတ်ဖြင့် ကိုယ်လက်သုံးသပ် ပွေ့ဖက်သာယာသဖြင့် တည်နိုင်သည်၊
(၂) ရာဂစိတ်ဖြင့် အဝတ်ပုဆိုးကို ကိုင်တွယ်သာယာသဖြင့် တည်နိုင်သည်၊
(၃) ရာဂစိတ်ဖြင့် သုတ်သွေးကျင်ငယ်ကို စုတ်ယူသွတ်သွင်းသဖြင့် တည်နိုင်သည်၊
(၄) ရာဂစိတ်ဖြင့် ချက်ကို သုံးသပ်သဖြင့် တည်နိုင်သည်၊
(၅) ရာဂစိတ်ဖြင့် စိမ်းစိမ်းကြည့်သဖြင့် တည်နိုင်သည်၊
(၆) ရာဂစိတ်ဖြင့် အနံ့ကို နမ်းရှူသဖြင့် တည်နိုင်သည်၊
(၇) ရာဂစိတ်ဖြင့် အသံကို နားထောင်သာယာသဖြင့် တည်နိုင်သည်။ ♦

ကိုယ်ဝန်တည်နိုင်ပုံ ၈-ပါး

အထက်ပါ ၇-ပါး၌ အဇ္ဈာစာရခေါ် နှစ်ဦးစုံ ကာမမှုပြုခြင်း တစ်ပါးထည့်က ရှစ်ပါးဖြစ်၏၊ ၎င်းကို ဤဆောင်ပုဒ်လင်္ကာဖြင့် သိပါလေ။ (အဇ္ဈာစာရ၊ သံသဂ္ဂနှင့်၊ စောဠ, သုစိ၊ နာဘိ, ရူပ၊ သဒ္ဒ, ဂန္ဓာ၊ ဤရှစ်ဖြာကြောင့်၊ စွဲလာကိုယ်ဝန်၊ ဖြစ်သည်မှန်၏။ ) ♦

ကိုယ့်အမည်ကိုယ်ဖေါ် သူတော် ၇-ပါး

ဤသည်တို့ကို ကျမ်းကြီးကျမ်းခိုင်၌ မတွေ့ရသော်လည်း စကားအရာ ၌ကား တာစား၍နေ၏၊ ထို့ကြောင့် ရှေးဆရာသမားများကို မေးမြန်း၍ ဖြေဆိုလိုက်ပါသည်။
(၁) တောက်တဲ့၊
(၂) ခွေးခေါ်ရစ်၊
(၃) တစ်တီတူး၊
(၄) ဇီးကွက်၊
(၅) တီးတုတ်၊
(၆) ရွှေပြည်စိုး၊
(၇) ဥသြ။ ♦

ကျန်စစ်သား၏ အမည် ၅-ပါး

အောက်ပါအမည်တော် ငါးပါးဖြင့် သက္ကရာဇ် ၄၂၆-ခုနှစ်တွင် မင်းအဖြစ်သို့ရောက်သော ပုဂံမင်းတစ်ပါးဖြစ်သည်။
(၁) သတ်ရာတွင်မပါကျန်နေသောကြောင့် ကျန်စစ်သား၊
(၂) ကြန်အင် လက္ခဏာနှင့်ပြည့်စုံသောကြောင့် ကြန်စစ်သား၊
(၃) ပရိမ္မအရပ်တွင် ဖွားမြင်သောကြောင့် ပရိမ္မစစ်သား၊
(၄) ရေတိုက်ရာတွင် စက်ထွက်၍ ကရားလန်သောကြောင့် ကရားလန်စစ်သား၊
(၅) ငထီးလှိုင်ရွာသူကြီး၏ အရှင်ဖြစ်သောကြောင့် ထီးလှိုင်ရှင်။ ♦

ကျမ်းဂန်အပြား၊ မျိုး ၈-ပါး၊ ဖြေကြား မြတ်အရှင်

ကျမ်းစာတို့၏ အမျိုးအမည်အပြားကို သာသနာလင်္ကာရ စာတန်း၌ ဤရှစ်ပါးနှင့် ရေတွက်ပြဆိုထားသည်ကို ကျမ်းဂန်ခေါ်၏။
(၁) အဋ္ဌကထာ- သံဂါယနာဝင် ပိဋက ပါဠိတော်မူရင်း၏ အနက်ကိုဖွင့်ပြသော ကျမ်းများ၊
(၂) ဋီကာအဋ္ဌကထာ၏အနက်ကို ဖွင့်ပြသော ကျမ်းများ၊
(၃) အနု- ဋီကာ၏အနက်ကို အနုစိတ်ထပ်ဖွင့်သောကျမ်းများ၊
(၄) မဓု- အနု၏အနက်ကိုပင် ထပ်ဖွင့်၍ ပြသောကျမ်းများ၊
(၅) လက်သန်း- အထက်ပါကျမ်းစာတို့ကို အကျဉ်းချုံး၍ ထိမိအောင်ပြသော ကျမ်းစာများ၊
(၆) ဂဏ္ဌိ- အထက်ပါကျမ်းစာတို့၏ ခက်ဆစ်ပုဒ်တို့ကိုထုတ်ကာ ရှင်းပြသောကျမ်း၊
(၇) ယောဇနာဒေသအားလျော်စွာ အနက်ဘာသာပြန်ကြသော ပါဠိ အဋ္ဌကထာ ဋီကာတို့၏ ဘာသာပြန်ကျမ်းစာများ၊
(၈) ဂန္ထန္တရ-ပါဠိ အဋ္ဌကထာ စသည်တို့မှ တစ်ပါးသော အလွတ်အထူးအခြား (ဆန်း အလင်္ကာ စသည်) ကျမ်းစာတို့ကို ခေါ်ဆို၏။ ♦

ကျမ်းဂန်တတ်ကျော်၊ ဆရာတော်၊ ၄-ဖေါ် နာမည်ကြီး

၎င်းသရုပ်ကို (ကျော် ၄-ပါး) ၌ ရှုပါ။ ♦

ကျီးတို့၏ ဝတ်အကျင့် ၅-ပါး

မင်းလုပ်သူတို့ လိုက်ယူကျင့်သုံးရန် ရာဇမတ္တန်ကျမ်း၌ ပြသည်။
(၁) မေထုန်ကိုလျှို့ဝှက်စွာကျင့်ခြင်း၊
(၂) ရန်သူများကို အခါမလပ် ကြည့်ရှုဆင်ခြင်တတ်ခြင်း၊
(၃) အစာများတွေ့လျှင် အဖေါ်တို့ကိုခေါ်၍စားခြင်း၊
(၄) အစာနှင့်ရန်သူကို တစ်ပြိုင်နက်ကြည့်ခြင်း၊
(၅) လုံ့လရှိခြင်း။ ♦

ကျုံးမျိုး ၃-ပါး

မြို့ပြည်၏ အခံအတားဖြစ်သော ကျုံးသုံးပါး။
(၁) ရေကျုံး-ရေပြည့်လျက် ငါးရဲ မိကျောင်းတို့ဖြင့် သောင်းကျန်းသောကျုံး၊
(၂) ညွန်ကျုံး-ရွွှ့ံညွန်တို့ဖြင့်ပြည့်စေလျက် ကူးမြောက်နိုင်ခက်သောကျုံး၊
(၃) ကျုံးချောက်- နက်စောက်သော ချောက်ကမ်းပါးသဖွယ် ကျုံးတစ်မျိုး။ ♦

ကျေးဇူးတော်များ ၁၈-ပါး၊ ဘုရားမြတ်မုနိန်

ဘုရားသခင်နှင့် ပတ်သတ်သော အာဝေဏိကဂုဏ်တော် ၁၈-ပါးကိုပင် ကျေးဇူးတော်ဟူသော ဝေါဟာရဖြင့် ခေါ်ဆိုကြသေး၏၊ သရုပ်အကျယ်ကို (အာဝေဏိကဂုဏ်တော် ၁၈-ပါး) ၌ ပြခဲ့ပြီ။ ♦

ကျေးဇူးရှင်ကြီး ၁၀-ပါး

၎င်းသရုပ်ကို ခင်ပွန်းကြီး ၁၀-ပါး၌ ရှုပါ။ ♦

ကျေးမျိုး ၈-ပါး

ကြက်တူရွေးခေါ် ငှက်သတ္တဝါကိုဆိုသည်၊ ဤ၌ ဆက်ရက်လေးမျိုး ကျေးရှစ်မျိုးနှင့် ချိုးမျိုးလေးပါး'ဟု သီရိဝိဇယချီ မင်းနန်ပျို့တွင် စပ်ဆိုသည့်အတိုင်းဖြစ်သည်။
(၁) ဖေါင်းကား၊
(၂) တမာ၊
(၃) ကျေးသန္တာ၊
(၄) ကျေးဝါ၊
(၅) ကျေးကျုတ်၊
(၆) ကြက်တော၊
(၇) ကျေးကုလား၊
(၈) ကျေးပုဏ္ဏား။ (ဝေါဟာရလိနတ္တ ဒီပနီမှ။ ) ♦

ကျောက်မျိုး ငါးပါး

ဆေးကျမ်းများ၏အပေါင်းဝေါဟာရ။
(၁) ကျောက်ပွင့်၊
(၂) ကျောက်မြှုပ်၊
(၃) ကျောက်ခက်၊
(၄) ကျောက်ချဉ်၊
(၅) ဇဝက်သာ၊ (အချို့ဆရာတို့ကား ဇဝက်သာအစား ကျောက်စက်ကို ထည့်ကြ၏။ ) ♦

ကျောက်မြတ်ရတနာမျိုး ၂၄-ပါး

ဥဒါန်း အဋ္ဌကထာ မုစလိန္ဒဝဂ် အဖွင့်၌လာသည်။
(၁) ကျောက်မျက်ရွဲ၊
(၂) ဝရဇိန်ကျောက် (စိန်)၊
(၃) မဟာနီလာကျောက်၊
(၄) ဣန္ဒနီလာကျောက်၊
(၅) မသာရဂလ်ကျောက်၊
(၆) ပဒုမရာဂကျောက်၊
(၇) ဥဿဖယားကျောက်၊
(၈) ကရတ္ထဝန်ကျောက်၊
(၉) သုလာကကျောက်၊
(၁၀) အမျက်ကျောက်၊
(၁၁) လောဟိတင်္ကကျောက်၊
(၁၂) ဖန်မှန်ကျောက်၊
(၁၃) သန္တာကျောက်၊
(၁၄) ဇောတိရသ်ကျောက်၊
(၁၅) ဂေါ်မုတ်ကျောက်၊
(၁၆) ဂေါ်မိတ်ကျောက်၊
(၁၇) သောဂန္ဓိကကျောက်၊
(၁၈) ပုလဲကျောက်၊
(၁၉) ခရုသင်းကျောက်၊
(၂၀) မျက်စဉ်းကျောက်၊
(၂၁) ရဇဝတ္တကျောက်၊
(၂၂) မြကျောက်၊
(၂၃) ပယင်းကျောက်၊
(၂၄) ဗြဟ္မဏိကျောက်။ ♦

ကျောင်းအင်္ဂါ ၅-ပါး

မြတ်စွာဘုရား၊ သို့မဟုတ် ရဟန်းသံဃာတော်များ သီတင်းသုံးရန်သင့်လျော်သော ကျောင်းအင်္ဂါငါးပါးဟူ၏။
(၁) မြို့ရွာနှင့် သွားရေးလာရေး မဝေးလွန်းခြင်း၊
(၂) မြို့ရွာနှင့် မနီးကပ်လွန်းပဲအသံဆိတ်ငြိမ်ခြင်း၊
(၃) သွားလမ်းလာလမ်းနှင့် ပြည့်စုံခြင်း၊
(၄) လူတိုင်းလူတိုင်း အလိုရှိသောအခါ သွားလာဖို့ လွယ်ကူခြင်း၊
(၅) အာရုံငါးပါး လူသံသူသံများနှင့် မြို့သံ ရွာသံ ဆယ်တန်တို့မှ ဆိတ်ငြိမ်ခြင်း။ ♦

ကျောင်းထိုင်အင်္ဂါ ၅-ပါး

ကျောင်းထိုင်ပုဂ္ဂိုလ်တို့၌ ပြည့်စုံရမည့်အင်္ဂါငါးပါး၊ ကျောင်းဒကာတိုင်း သိထားရန်။ (ဆယ်ဝါပြည့်တင်း၊ ဝိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကပုဒ်၊ နာမ်ရုပ်ပိုင်ပိုင်၊ ခွဲခြားနိုင်၊ ကျောင်းထိုင်အင်္ဂါ ငါးပါးတည်း။ ) ပရိဝါပါဠိတော်။ ♦

ကျောင်းထိုင်ဘုန်းကြီး ငရဲကျခြင်းမျိုး ၅-ပါး

၎င်းအကျယ်ကို အင်္ဂုတ္တရ။ ပါ။ ဒု-အုပ်။ ၂၃၁-၌ ကြည့်ပါ။
(၁) စာပေမသင် ဉာဏ်မယှဉ်ပဲ ကဲ့ရဲ့ထိုက်သူ၏ဂုဏ်ကျေးဇူးတွေကို ပြောဆိုချီးမွမ်းခြင်း၊
(၂) ကိုယ့်ထက်သာလွမ်း ချီးမွမ်းထိုက်သူ၏ဂုဏ်ကျေးဇူးကို ကဲ့ရဲ့ရှုတ်ချပြောကြားခြင်း၊
(၃) ကျောင်း၊
(၄) ဒါယကာ- ဒါယိကာမ၊
(၅) လာဘ်လာဘတို့၌ သူများတကာ ရသွားမည်ကို မနာလိုဝန်တိုရှိနေခြင်း။ ခုခေတ် သဟာမျိုးတွေ များလှ၏။ ♦

ကျောင်းထိုင်ဘုန်းကြီး နတ်ပြည်ရောက်ခြင်းမျိုး ၅-ပါး

အင်္ဂုတ္တရ။ ပါ။ ဒု-အုပ်။ ၂၃၁-၌ အကျယ်ရှုလေ။
(၁) ဉာဏ်ဖြင့်ဆင်ခြင်၍ ကဲ့ရဲ့ရှုတ်ချ အပြစ်ပြထိုက်သူကို ကဲ့ရဲ့ပြစ်တင်ရခြင်း၊
(၂) ချီးမွမ်းထိုက်သူကို ချီးမွမ်းပေးရခြင်း၊
(၃) ကျောင်းကန်၊
(၄) ဒါယကာ-ဒါယိကာမ၊
(၅) ပစ္စည်းလာဘ်တို့၌ သူများတကာ ရရှိသွားမည်ကို မနာလိုဝန်တိုစိတ်ထား မရှိခြင်း။ ခုခေတ် သဟာမျိုးတွေ ရှားပါး၏။ ♦

ကျောင်းသင်္ခမ်းများ၊ မျိုး ၁၀-ပါး၊ ခြားနားသိစေလို

ရဟန်းတော်များနှင့်သင့်လျော်သော ဆိတ်ငြိမ်ရာကျောင်းမျိုး ဆယ်ပါး။ ၎င်းအဖြေ (ရဟန်းကျောင်းများ၊ မျိုး၁၀-ပါး) ၌ ကြည့်ပါလေ။ ♦

ကျော် ၄-ပါးခေါ်၊ ဆရာတော်၊ စာပေါ် နာမည်ကြီး

ဆရာတော်ဦးဗုဓ်စသော ကျမ်းတတ်ဆရာအစဉ်အဆက်တို့ချီးမွမ်းပြောဆိုမှတ်သားကြကုန်သော မြန်မာနိုင်ငံ ကျမ်းတတ်အကျော် ဆရာတော် ပုဂ္ဂိုလ်ကျော်ကြီးလေးပါး။
(၁) ပုဂံ သဒ္ဒနီတိဆရာတော် အရှင်အဂ္ဂဝံသ၊
(၂) စစ်ကိုင်း အရှင်အရိယဝံသ ဆရာတော်၊
(၃) အင်းဝ ဝရာဘိသင်္ဃနာထဆရာတော်၊
(၄) တောင်ဖီလာဆရာတော် အရှင်မုနိန္ဒဃောသတို့ ဖြစ်ကြ၏။ ♦

ကျွန် ၇-ဆက်

''ကျွန်မှမွေးသော သပေါက်၊ သပေါက်မှမွေးသော သတက်၊ သတက်သားကို သတီ၊ သတီ၏ သားကို သတွတ်၊ သတွတ်သားကို သတော့၊ သတော့၏သားကို သမျှော့''ဟု ဓမ္မသတ်ကျမ်း၌ လာကုန်၏။ ဤ၌ ဆွေ ၇-ဆက်ကဲ့သို့ အထက်အောက် နှစ်ပါးစုံ ရေတွက်ခြင်း မပြုဘဲ အမိမှအောက်ကိုသာ ရေတွက် ရလေသည်၊ မနုကျယ် ဓမ္မသတ် သတ္တမတွဲ ပုဒ်မ ၂၆-၌လည်း ကျွန် ၇-ပါး။ တစ်နည်း ကျွန်အပြား ၉၄-ပါးကို ခွဲခြားသောတရားတွင် ဆိုထား၏။ ♦

ကျွန်မျိုး ၄-ပါး

ဝိနည်းမဟာဝါ။ ပါ။ ၁၀၇။ ဋ္ဌ။ ၂၈၂။ ပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်။ ၃၁၆။ ဝိနည်းတော်လာရဟန်းခံမပေးကောင်းသော ကျွန် ၄-မျိုး။
(၁) ဓနက္ကီတ ကျွန်- ငွေဝယ်ကျွန်၊
(၂) ကရ မရာနိတ ကျွန်-သုံ့ပန်း, သုံ့ရကျွန်၊
(၃) သံမံ ဒါသဗျ ကျွန်- မိမိကိုယ်တိုင် ကျွန်စာရင်းအပ်နှင်းခံယူသောကျွန်၊
(၄) အန္တော ဇာတ ကျွန်- ကျွန်မမှမွေးသော အိမ်ပေါက်ကျွန်။ ♦

ကျွန်ဝတ် ၅-ပါး

သူရင်းငှား ကျေးကျွန်ကူလီ အလုပ်သမားတို့ ကျင့်ကြံလိုက်နာရမည့် ဝတ်ငါးပါး။
(၁) အရှင်အိပ်ပြီးနောက်မှ အိပ်ရခြင်း၊
(၂) အရှင်မထမီ ရှေးဦးစွာထရခြင်း၊
(၃) အရှင်ပေးမှ ယူရခြင်း၊
(၄) အရှင့်ကျေးဇူးကိုသာ ချီးကျူးပြောဆိုရခြင်း၊
(၅) လုပ်ခင်းဆောင်တာဟူသမျှကို စေ့စပ်သေချာစွာ လုပ်ကိုင်ဆောင်ရွက် ရခြင်း။ သိင်္ဂါလောဝါဒသုတ်မှ။ ဆောင်ထားရန်ပုဒ်

အိပ်သော် နောက်မှ၊ ထသော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက်ကျွန်ကျင့်ရာ။ ♦

ကျွန်းကြီး ၄-ကျွန်းနှင့် မှတ်သားဖွယ်ရာများ ၂၄-ပါး

(သုတ်မဟာဝါ။ ဋ္ဌ။ ၂၁၃-၂၁၅။ မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၂၅-တို့၌ရှု) ဇိနာလင်္ကာရဋီကာတွင် တစ်ကျွန်း၌မှတ်သားဖွယ် ၆-ပါးစီ ပါသည်။
(၁) ဇမ္ဗူဒီပါကျွန်း- သုံးထောင့်ပုံသဏ္ဌာန်ရှိ၍ ယူဇနာ ၁၀၀၀၀-ကျယ်သော တောင်ကျွန်း၊ ကျွန်းဦးသပြေပင် ရှိ၏၊ ကျွန်းသူကျွန်းသားတို့အသက်ကား အပိုင်းအခြားမရှိ။
(၂) ပြုဗ္ဗဝိဒေဟကျွန်း- လ ထက်ဝက် သဏ္ဌာန်ရှိ၍ ယူဇနာ ၇၀၀၀-ကျယ်သော အရှေ့ကျွန်း၊ ကျွန်းဦးကုက္ကိုပင်ရှိ၏၊ ကျွန်းသူကျွန်းသားတို့၏အသက်ကား ၅၀၀-ရှည်သော ဟူ၏၊ ဇိနာလင်္ကာရဋီကာ၌ ယူဇနာ ၉၀၀၀-အကျယ်ပြ၏။
(၃) အပရ ဂေါယာနကျွန်း- ဝိုင်းသောလပြည့်ဝန်းသဏ္ဌာန်ရှိ၍ ယူဇနာ ၇၀၀၀-ကျယ်သော အနောက်ကျွန်း၊ ကျွန်းဦးထိန်ပင်ရှိ၏၊ ကျွန်းသူကျွန်းသားတို့အသက်ကား ၁၀၀၀-ရှည်၏။
(၄) ဥတ္တရကုရုကျွန်း- လေးထောင့်အင်းပျဉ်သဏ္ဌာန်ရှိ၍ ယူဇနာ ၈၀၀၀-ကျယ်သော မြောက်ကျွန်း၊ ကျွန်းဦး၌ ပဒေသာပင်ပေါက်၏၊ ကျွန်းသူကျွန်းသားတို့အသက်ကား ၁၀၀၀-ရှည်၏။ ♦

ကြက်တို့၏ကျင့်ဝတ် ၄-ပါး

မင်းစိုးရာဇာတို့ လိုက်နာပြုကျင့်ရန် ရာဇမတ္တန်ကျမ်း၌ပြသည်။
(၁) ရှေးဦးစွာနိုးကြားလွယ်ခြင်း၊
(၂) ကိုယ့်အမျိုး ဇာတ်တူချင်းခွပ်ရာ၌ စွန့်စားရဲခြင်း၊
(၃) အဖေါ်ကြက်မတို့နှင့် အစာကို ခွဲဝေစားခြင်း၊
(၄) မိမိထံအောက် ဝင်ရောက်သောကြက်မ၌ စောင့်ရှောက်ပေါင်းဖေါ်ခြင်း။ ♦

ကြဇု ၇-မျိုး

ဆေးအဘိဓါန်ကျမ်းရင်းမှ။
(၁) ဇီဝန္တိမည်သော ကြာဇုကားရွှေသောအဆင်းရှိ၏၊ အဆီအစေးကို ထုတ်၍သော်လည်းကောင်း ဆီထောပတ်ပျားရည်တို့နှင့် ချက်၍သော်လည်းကောင်း သုံးဆောင်ငြားအံ့၊ ရောဂါ ခပ်သိမ်းကို ပျောက်ကင်းချမ်းသာစေတတ်၏၊
(၂) ရောဟိဏီမည်သော ကြာဇုကား- ကြောင်သောအဆင်း လုံးသော လျောင်းသောသဏ္ဌာန်ရှိ၏၊ ဗလ ဝဏ္ဏတို့၌ ပြီးစေတတ်၏၊ အမာနာခပ်သိမ်းကိုလည်း ပျောက်စေ တတ်၏၊
(၃) ဝိဇယ မည်သော ကြဇုကား-ဘူးသီးနှင့်တူသောအဆင်း လုံးသောသဏ္ဌာန်ရှိ၍ ပေါက်သော အမာနာ ထိခိုက်ရှနာဒဏ်ရာဟူသမျှတို့၌ ပျောက်ကင်းစေတတ်၏၊
(၄) အဘယမည်သော- ကြဇုကား ငါးမြှောင့်ရှိ၏၊ မျက်စိရောဂါကို လျင်မြန်စွာပယ်ပျောက်စေတတ်၏၊
(၅) အာမရိကာမည်သော- ကြဇုကား ထူးထွေမွန်မြတ်သော ရသာရနံ့နှင့် ပြည့်စုံ၏၊ ဝမ်းကို လျှောသက်စေခြင်း၌ သိမ်မွေ့သောသတ္တိရှိ၏၊
(၆) ပုတ္တနာမည်သောကြဇုကား- အသားပါး၍ အစေ့ကြီး၏၊ ကိုယ်ကိုလိမ်းခြင်းတို့၌ အလွန်တန်းခိုးရှိ၏၊
(၇) ကာသု၊ တစ်နည်း စေတကီမည်သောကြဇုကား ၃-မြှောင့်ရှိ၏၊ မွှေးထုံရနံ့နှင့် ပြည့်စုံ၏။ ♦

ကြည့်ခြင်းကြီး ၅-ပါး

ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၅၃-၌ အကျယ်ရှု၊ ဘုရားလောင်းများ လူ့ပြည်ဆင်း၍ သန္ဓေယူခါနီး၌ သန္ဓေယူရန်အတွက် လျော်မလျော်ကို ကြည့်လေ့ရှိသော ကြည့်ခြင်းကြီးငါးပါး။
(၁) ကာလ - တက်ကပ် ဆုတ်ကပ်ကာလနှစ်ပါးတို့တွင် သက်တမ်းဆုတ်ကပ်ကာလကိုကြည့်ခြင်း၊
(၂) ဒီပ - ကျွန်းလေးကျွန်းအနက် တောင်ကျွန်းကိုကြည့်တော်မူခြင်း၊
(၃) ဒေသ - တောင်ကျွန်း၏အလယ်ဗဟိုအချက်အချာ ဗောဓိပင်ပေါက်ရာ အရပ်ကို ကြည့်တော်မူခြင်း၊
(၄) ကုလ - အမျိုးလေးပါးတို့တွင် ဗြာဟ္မဏမျိုးနှင့် မင်းမျိုးကိုသာကြည့်တော်မူခြင်း၊
(၅) မာတု အာယု ပရိစ္ဆေဒ - ပဋိသန္ဓေယူ၍မွေးဖွားပြီးနောက် ၇-ရက်ရောက်လျှင် မိခင် သေဆုံးရမည့် အသက်အပိုင်းအခြားကိုကြည့်တော်မူခြင်း။ ♦

ကြည့်ခြင်းကြီး ၈-ပါး တစ်နည်း

(၁) ကာလံ ဝိလောကေတိ၊
(၂) ဒီပံ ဝိလောကေတိ၊
(၃) ဒေသံ ဝိလောကေတိ၊
(၄) ကုလံ ဝိလောကေတိ၊
(၅) ဇနေတ္တိံ ဝိလောကေတိမိခင်အသက်အပိုင်း ကိုကြည့်၏၊
(၇) မာသံ ဝိလောကေတိ- သန္ဓေယူမည့်လကိုကြည့်၏၊
(၈) နေက္ခမံ ဝိလောကေတိ- တောထွက်အံ့ကို ကြည့်၏။ ♦

ကြည်းကုန်းပျော်နေ၊ သတ္တဝါတွေ၊ ၉-ကုဋေခေါ် အဘယ်နည်း

ဤ၌ ကြည်းနေ ၉- ကုဋေ၊ ရေနေ ဆယ်ကုဋေ ဟု ဆိုရိုးသာရှိသော်လည်း အနန္တလေးပါးမှာပါဝင်တဲ့ သတ္တဝါအမျိုးအမည်တွေကို ဘယ်သူ ထုတ်ဖေါ်နိုင်ပါ မည်နည်း၊ အနေကသင်္ချာမျိုးဖြစ်သည်၊ အတိအကျ မယူရချေ။ ♦

ကြန်အင် ၅-သွယ်၊ လှမျိုးသွယ်၊ ဘယ်ဝယ်ဘ်ဘယ်သို့နည်း

ဤ၌ ကြန်အင် ၅-ပါးဟူသည် ကောင်းခြင်း လက္ခဏာငါးပါး ကိုပင်ဆို၏၊ ၎င်းသရုပ် (ကောင်းခြင်း ၅-ပါးပုစ္ဆာ) မှာ ပြန်ရှုပါ။ ♦

ကြာမျိုး ၅-ပါး

ထိုထိုဆေးကျမ်းနှင့် ကဗျာစာပေတို့၌ ကြာမျိုးငါးပါးဟုညွှန်းလျှင် ၎င်းငါးပါးကို ယူပါလေ။ ကြာဖြူ၊ ကြာနီ၊ ကြာညို ၎င်း ၃-ပါးတို့ကား ဥပ္ပလမျိုးတို့တည်း၊ ကြာတံဆိပ်- ၎င်းကား ပုဏ္ဍရိက်မျိုးတည်း၊ ကြာခေါင်းလောင်း- ၎င်းကား ပဒုမ္မာမျိုးတည်း။ ♦

ကြာသပတေးနံ ၅-လုံး

ကြာသပတေးဂြိုဟ် ကြာသပတေးနေ့နှင့်ဆိုင်ရာ အက္ခရာငါးလုံး (ပ, ဖ, ဗ, ဘ, မ) တို့ဖြစ်၏။ ♦

ကြိယာ ၅-တန်

မြန်မာ သဒ္ဒါဆိုင်ရာ ဥပဒေသမျိုး ငါးပါး၊ ကဗျာ သာရတ္ထသင်္ဂဟကျမ်းမှ။
(၁) ကတ္တု သကမ္မ ကြိယာ-ကံဖြင့် အလိုရှိသော ကြိယာမျိုး၊ ပုံ 'ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်'ဟူသော စကားရပ်၌ 'မကြိုက်မချစ်'ပုဒ်သည် ကတ္တု သကမ္မ ကြိယာမျိုးတည်း။
(၂) ကတ္တု အကမ္မ ကြိယာ- ကမ္မကာရက မပါ၊ ကံမရှိသော ကြိယာပုဒ်မျိုး၊ ပုံ - 'စန္ဒာ ဒေဝီ မဟေသီလျှင်၊ ငိုပြီခဏ'ဟူသော စကားရပ်၌ 'ငိုပြီ'ပုဒ်သည် ကတ္တု အကမ္မ ကြိယာပုဒ်မည်၏။
(၃) ဘာဝ ကြိယာ- သဘောအတိုင်းဖြစ်နေသော ကြိယာမျိုး၊ ပုံ- 'မထွက်လေဖြစ်၊ အပါယ်မြစ်တွင်၊ မွန်းနစ်စုပ်စုပ်၊၊ ကိုယ်လုံးမြုပ်ချိမ့်'ဟူသော စကားရပ်၌ 'မွန်း နစ် မြုပ်' ၎င်းပုဒ်တို့သည်ကား ဘာဝကြိယာပုဒ်တို့တည်း။
(၄) ကာရိုက် ကြိယာ- စေခိုင်းခြင်းလက္ခဏာပါရှိသော ကြိယာပုဒ်မျိုး၊ ပုံ- 'ဗေဒင်အမှတ်၊ ဤအတတ်လည်း၊ မပြတ်စင်းလျက်၊ လေ့စေမင်း'ဟူသော စကားရပ်၌ 'လေ့စေ'ဟူသော ပုဒ်ကား၊ ကာရိုက်ကြိယာပုဒ်တည်း။
(၅) ကိတ်ကြိယာ- မျှော်လင့်ကြံစည်ခြင်းကို ဖေါ်ပြသော ပုဒ်မျိုး၊ ပုံ- 'ဆိုဖွယ်စကား၊ နှစ်ဖက်သားတို့၊ ပိုင်းခြားစိမ့်ငှာ၊ ကပ်လေ့လာ'ဟု ဆိုသောစကားရပ်၌ 'ဆိုဖွယ်'ဟူသော ပုဒ်သည် ကိတ်ကြိယာ မျိုးတည်း။ ♦

ကြိယာ ခြောက်ဆယ်

မြန်မာသဒ္ဒါနှင့် ကဗျာလင်္ကာ ဝေါဟာရ။ ၎င်းသရုပ်အကျယ် (ကရိယာခြောက်ဆယ်) ၌ ဆိုခဲ့ပြီ။ ♦

ကြိယာဝိသေသန ၃-ပါး

ကဗျာသာရတ္ထ သင်္ဂဟကျမ်းမှ။
(၁) မူလကြိယာဝိသေသန- မူလသဘောအတိုင်း ကြိယာကိုအထူးပြုသောပုဒ်မျိုး၊ ပုံ- “အကြောင်းကုန်အောင်၊ ဆောင်လိုရကား၊ အင်ရှစ်ပါးဖြင့်''ဟူသော စတု ဓမ္မသာရပျို့တွင် စပ်ရာ၌ 'ကုန်အောင်'ဟူသော ပုဒ်သည် မူလကြိယာဝိသေသနဖြစ်၏။
(၂) သမ္ဗန္ဓ ကြိယာဝိသေသန- ဆက်စပ်သောစကားဖြင့် ကြိယာကိုအထူးပြုတတ်သော ပုဒ်မျိုးစြဖ်သည်၊ ပုံ- “ပဘာဝတီ၊ နန်းသိ င်္ဂီကို၊ ဗောဓီကုသ၊ လွန်တောင့်တလျက်၊ စိတ်ကမဆည်း၊ မချုပ်တည်းဘဲ၊ လိုက်လည်း လိုက်သည်၊''ဟူသော ကုသပျို့၌ 'လိုက်လည်း'ဟူသော ပုဒ်သည် သမ္ဗန္ဓကြိယာဝိသေသန မည်၏။
(၃) ပုစ္ဆာ ကြိယာဝိသေသန- အမေးစကားပါရှိသော ကြိယာဝိသေသနမျိုး၊ ပုံ- “ဘယ်သို့ဖြစ်သည်၊ မယ့်ကြံရည်ကို၊ ဉာဏ်ခြည်မသိ၊ နေမထိအောင်''ဟု မောင်စံသူမှာတမ်းတွင် 'ဘယ်သို့'ဟူသောပုဒ်သည် ကြိယာဝိသေသနမျိုး ဖြစ်၏။

မှတ်ချက် ။ ။ ထိုမှတစ်ပါးလည်း ထတ်ယူတတ်လျှင် ကြိယာဝိသေသနမျိုးပေါင်း များစွာ ရှိသေး၏။ ♦

ကြီးကျယ်များပြား စည်ကားလှသော သာသနာ့ အစည်းအဝေးပွဲကြီး ၃-ပါး

ဓမ္မပဒ။ ဋ္ဌ။ ဒု။ ၂၇၇-၌ အကျုယ်ရှုပါ။
(၁) ရေ မီးအစုံတန်ခိုးပြ၍ တိတ္ထိတို့ကို နှိမ်နင်းပွဲ။
(၂) တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ဆင်းတော်မူပွဲ။
(၃) ဘေးကြီး ၃-ပါးငြိမ်းပေးရန် ဝေသာလီပြည်သို့ကြွတော်မူ၍ပြန်လာတော်မူသော ပွဲကြီး။ ♦

ကြီးပွားတိုးတက်ကြောင်းတရား ၇-ပါး

ကြီးပွားကျော်ကြားစေလိုသူတိုင်း လိုက်နာကျင့်သုံးရမည့်တရား ၇- ပါး။ သမ္ပဒါပုဒ်အဖွင့်မှ။
(၁) ဥဋ္ဌာနတော- မပျင်းမရိ လုံ့လရှိသူ၊
(၂) သတိမတော- သတိသမ္ပဇဉ်ရှိသူ၊
(၃) သုစိ ကမ္ပဿ- လုပ်ငန်း၌ သန့်ရှင်းသပ်ယပ် ကောင်းမွန်သူ၊
(၄) နိသမ္မ ကာရိနော- စူးစမ်းဆင်ခြင် ပြီးမှ အလုပ်လုပ်သူ၊
(၅) သည တဿကိုယ်နှုတ်စိတ်တို့ကို နိုင်နင်းစွာစောင့်ထိန်းနိုင်သူ၊
(၆) ဓမ္မဇီဝိနော-တရားသောနည်းလမ်းဖြင့် အသက်မွေးသူ၊
(၇) အပ္ပမတ္တဿ- ကုသိုလ်တရား၌ မမေ့လျော့သောသူ။ ♦

ကြီးမြတ်သူမျိုး ၃-ပါး

၎င်းသရုပ် အဓိပ္ပါယ်စုံ (ထေရ်မျိုးသုံးပါး) ဟူသော စကားရပ်၌ ပြမည်။ တနည်းလည်း၊
(၁) ဇာတိဝုဎ္ဍု- မျိုးဇာတ်အားဖြင့် မြတ်သောသူ၊
(၂) ဝယဝုဎ္ဍုသက်ရွယ်ကြီးရင့်သူ၊
(၃) ဂုဏဝုဎ္ဍု- ဂုဏ်သိက္ခာကြီးသူ၊ ၎င်းတို့ကို ရိုသေအပ်၏။ ♦

ကြီးလွန်းသူကြီး ၄-ယောက်

၎င်းသရုပ် (ပုဂ္ဂိုလ်လွန်ကဲကြီး ၄-မျိုး) ၌ ရှုပါ။ ♦

ကြေးတူရိယာ၊ မျိုး ၁၀-ဖြာ၊ သံသာချို့ငြိမ့်ညောင်း

၎င်းသရုပ်ကို (ကြေးသံ ၁၀-ပါး) ၌ ပြအ့ံ။ ♦

ကြေးနီမျိုး ၇-ပါး

သဗ္ဗဓါတုက ဝိဇ္ဇာဓရ ပကာသနီကျမ်းမှ။
(၁) ဗျက္ခဂန္ဓကတမ္ဗံကျား သားကန့်မှထွက်သော ကြေးနီ၊ ညိုညိုရှိ၏၊
(၂) ပိစ္ဆဇာတက တမ္ဗံ- ဥဒေါင်းမွေးမှထွက်သော ကြေးနီ၊ ဖန့်ဖန့်ရှိ၏၊
(၃) ပုပ္ဖနာဂ တမ္ဗံ- က့ံကော်ပွင့်မှထွက်သော ကြေးနီ၊ ရဲရဲရှိ၏၊
(၄) ကုစ္ဆက တမ္ဗံ- ဗဟန်းကြက်ချေးမှရသော ကြေးနီ၊ ဝါဝါရှိ၏၊
(၅) ရသ သတ္တက တမ္ဗံ-ပြဒါးစားကျောက်မှ ထွက်သော ကြေးနီ၊ စိမ်းစိမ်းရှိ၏၊
(၆) လောဟဇာတ တမ္ဗံ- ခြသံမှထွက်သော ကြေးနီ၊ဖြူနီနီ ရှိ၏၊
(၇) နာဂဇ တမ္ဗံ- သလွဲမည်းကျောက်မှရသော ကြေးနီ၊ မောင်းမောင်းရှိ၏။ မှတ်ချက်။ ထွက်ရပ်သမားများသည် အမှတ် ၆၊ ၇၊ ကြေးနီနှစ်ပါးကို သုံးစွဲကြရန် အထူးမှာဆိုထား၏။ ♦

ကြေးသံ ဆယ်ပါး

၎င်းကြေးတူရိယာ၏ မျိုးကွဲအပြားတို့ကို 'မဟာရာဇဝင်ကြီး'မှ ထုတ်၍ဖြေသည်။
(၁) စည်းစုပ်၊
(၂) ခွက်ခွင်း၊
(၃) ကြေးနင်း၊
(၄) မောင်း၊
(၅) ခေါင်းလောင်း၊
(၆) ကြေးစည်၊
(၇) နရည်းစရာ၊
(၈) ဆည်းလည်း၊
(၉) ကြေးပတ်၊
(၁၀) အိုးစည်၊ (ယခု ဖားစည်ဟူ၏။ ) ဤဆယ်ပါးသော ကြေးသံတို့ကို သို့မဟုတ် ကြေးတူရိယာမျိုးတို့ကို မဃဒေဝ လင်္ကာသစ်၌ ဤသို့စပ်ဆိုထားလေသည်။ အထူးသရုပ်၊ စည်းစုပ်, ခွက်ခွင်း၊ ကြေးနင်း, ခေါင်းလောင်း၊ မောင်းနှင့်ကြေးစည်၊ တစ်မည်နရည်း၊ ဆည်းလည်း, ကြေးပတ်၊ အိုးစည် မှတ်သား၊ တီးခတ် ဆော်ညံ၊ တကျံကျံဖြင့်၊ ကြေးသံဆယ်ပါး၊ ကြား၍အမြဲ၊ နားမရဲတည်း။ ♦

ကြောင်ကျောက်မျိုး ၄-ပါး

မဏိသျှတ္တရကျမ်းလာ 'ကြောင်'ခေါ် ပတ္တမြားရတနာမျိုး လေးပါး။
(၁) ကြောင်ဇေယော်-ကြိုးစလွယ်တင်ထင်လျက် အသားဝါဝါရှိသည်၊
(၂) ကြောင် ဝေယော်- ရွှေကြိုးငွေကြိုး ရက်တန်းလျက်ရှိသည်၊
(၃) ကြောင်ရှိန်ပုတ် ဝါဝါရွှေရွှေ စိမ်းစိမ်းညိုညို ရှိ၏၊
(၄) ကြောင်ရှိန်တူ- ကြိုးစိုက် ပိုက်ကွန်ယက်သဏ္ဌာန် ရှိ၏။ ♦

ကြောင်မျက်ရွဲမျိုး ၄-ပါး

မဏိသျှတ္တရကျမ်းလာ “ကြောင်မျက်ရွဲမျိုး လေးပါး''ကို တန်ဘိုးနှင့်တကွ ခွဲခြား၍ ကျမ်းရင်းလင်္ကာအတိုင်း ဖြေဆိုလိုက်သည်။ “ကြောင်မျက်ရွဲဟု၊ ကျောက်သဲတရိုး၊ လေးပါးမျိုးတွင်၊ အဘိုးထိုက်စွာ-
(၁) 'ကြောင်ဇေယာ' ကား၊ ဝါဝါအဆင်း၊ ဥနနွင်းသို့၊ ထွန်းလင်းပြိုးပြက်၊ တံခွန်ထွက်၏။
(၂) ထိုက်ထက် 'ဟော်ရပ်'၊ မျက်အမြတ်ကား၊ လျှံပတ်ရွှေဆင်း၊ ညီးညီးဝင်း၏၊ ထိပ်တွင်းတံခွန်ရေး၊ ထွက်လုပြေး၏။
(၃) မည်ပေး 'ဝေါ်ရပ်'၊ ပေါ်ပညတ်သည်၊ ကျောက်မြတ်ရှုဤ၊ မနီလွန်းထ၊ ဖြူလှမဆို၊ သက်တင်လိုတွင်၊ ထိပ်ပြင်လက်လက်၊ တံခွန်ထွက်၏။
(၄) တစ်ချက် 'ဘသ္မာ'၊ ဝဏ္ဏာအဆင်း၊ ရွှေရည်ကျင်းသို့၊ ဝင်းဝင်းသက်တင်၊ ရေးထွက်ချင်၏။ ဤလျှင် လေးပါး၊ ကျောက်တို့များကား၊ ရွှေသားကျပ်ပြင်၊ ထားလောက်တင်မူ၊ ရွှေစင်တစ်ရာ၊ ထိုက်ပေစွာသည်၊ အာကာခေါင်တည့် ချင်းလှည့်တည်း''။ ♦

ကြောင်မျိုး ၅-ပါး

ဆေးကျမ်းလာ ဝေါဟာရတစ်မျိုး၊ ထိုထိုဆေးကျမ်းတို့၌ ကြောင်မျိုးငါးပါးဟုညွှန်းဆိုလျှင် ၎င်းငါးပါးကိုသာ သမားတော်ကြီးများ အလိုရှိကြသည်။
(၁) ကြောင်တောက်၊
(၂) ကြောင်ပန်း၊
(၃) ကြောင်ရှာ (လျှာ)၊
(၄) ကြောင်မီးပူ၊
(၅) ကြောင်ခြစ်-(ကြောင်ပျစ်) လည်းဟူ။ ♦

ကြွက်မျိုး ၄-ပါးနှင့် ပုဂ္ဂိုလ် ၄-စား

ကြွက်လေးပါးကို ပမာထား၍ ပုဂ္ဂိုလ်လေးစားကို ပြချက်။
(၁) ဂါဓံ ခတ္တာ နော ဝသိကာ- နေစရာ တွင်းလိုဏ်ဂူကိုကား ကိုယ်တိုင်တူး၏၊ သို့သော် ထိုတွင်းလိုဏ်၌မနေ၊ မတော်ရာ၌နေ၍ ရန်သူကြောင့်သေရသော ကြွက်မျိုးကဲ့သို့ သာသနာတော်၏ အဆုံးအမ ပိဋကစာပေကိုကား သင်ကြားတတ်မြောက်၏။ လိုက်နာကျင့်ကြံမှုကိုတော့ မပြု၊ မဂ်ဖိုလ်နိဗ္ဗာန်မရ၍ အဖန်ဖန်သေနေရသူမျိုး ဟူ၏။
(၂) ဝသိတာ နော ဂါဓံ ခတ္တာ- တွင်းလိုဏ်ဂူကိုကား ကိုယ်တိုင်မတူး၊ သူတစ်ပါးတူးပြီးသား တွင်းလိုဏ်များ၌သာနေ၍ အသက်ဘေးကို ကာကွယ်နေထိုင်သော ကြွက်မျိုးကဲ့သို့လည်းကောင်း။
(၃) ဂါဓံ ခတ္တာ စ ဝသိတာ စ- ကိုယ်တိုင် တွင်းလိုဏ်တူး၍ ကိုယ်တိုင်နေသော ကြွက်မျိုးကဲ့သို့ လည်းကောင်း။
(၄) နေဝ ဂါဓံ ခတ္တာ နော ဝသိတာ- ရန်သူ့အတွက် ကာကွယ်ရေးတွင်လည်း ကိုယ်တိုင်မတူး၊ နေလည်း မနေသော ကြွက်မျိုးကဲ့သို့လည်းကောင်း ပုဂ္ဂိုလ်လေးစားကို သိရာ၏။ ♦

ကြွေ, အန်, ဖဲများ၊ လောင်းကစား၊ ၆-ပါးအပြစ်ရ

၎င်းသရုပ်ကို (ကစားသမားတို့အပြစ် ၆ ပါး) ပြဿနာ၌ ရှင်းခဲ့ပြီ။ ♦

ကြိုတင်၍မသိနိုင်သော အရာမျိုး ၅-ပါး

ဝိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၂၂၈။ ဇီဝိတံ, ဗျာဓိ, ကာလောစ၊ ဒေဟနိက္ခိပနံ, ဂတိ။ ပေဉ္စတေ ဇီဝလောကသ္မိံ၊ အ နိမိတ္တာ န နာယရေ။
(၁) အသက်မည်မျှရှည်ရမည်ကို မသိနိုင်ခြင်း၊
(၂) မည်သည့်အနာရောဂါ ကျရောက်ဖြစ်ပေါ်လာမည်ကို၊
(၃) သေရမည့်အချိန်ကာလကို၊
(၄) ကိုယ်ကောင်ကြီး မြှုပ်နှံ သဂြိုဟ်ရမည့်နေရာ၊
(၅) လားရမည့်ဘဝကို မသိနိုင်ခြင်းဟူ၏။ ♦

ကွာဝေးခြင်းကြီး ၄-ပါး

ဆက်စပ်လို့မရနိုင်အောင် ကွာဝေးသောအရာကြီး ၄-ပါး ဟူ၏၊ ၎င်းသရုပ်ကို (အနန္တကွာဝေးခြင်းကြီး ၄-ပါး) ၌ ပြဆိုခဲ့ပြီ။ ♦

ကွေကွင်းရခြင်း ဘာဝမျိုး ၃-ပါး

မဟာ ပရိနိဗ္ဗာနသုတ်။
(၁) နာနာဘာဝ- သေကွဲ ကွဲရခြင်း၊
(၂) ဝိနာဘာဝ- ဒေသတစ်ပါး လွင့်ပါး၍ ရှင်ကွဲ ကွဲကွာရခြင်း၊
(၃) အညထာဘာဝ- စည်းစိမ်ချမ်းသာ ခံစားပျော်ပါးရာမှ ဆင်းရဲမွဲတေရပြန်ခြင်း သမ္မာဒိဋ္ဌိအယူမှ မိစ္ဆာဒိဋ္ဌိအယူသို့ ပြောင်းသွားခြင်းမျိုး။ ♦

ခက်ကြီး ၄-ပါး၊ ကျော်ရှောင်လွှား၊ မမှားချမ်းသာရာ

သုတေသီတို့အတွက် ဥမ္မာဒန္တီပျို့မှ ၃-ပါးယူ၍ စတုတ္ထ တစ်ပါးကို ကျမ်းဆရာက ဖြည့်စွက်လိုက်သည်။
(၁) စစ်ရေး မက်ရေး၊ ရန်သူဘေးကြောင့်၊ အပြေးအလွဲ၊ ဆွေမျိုးကွဲသား၊ ပြည်ထဲရေးရာ၊ ခက်သည်သာတည်း။
(၂) အစာအစား၊ ထွားထွားမြည့်ကြေ၊ ရှားပါးလေ၍၊ သေကျေ ပျောက်စဲ၊ ငတ်မွတ်ကဲလျှင်၊ ပြည်ထဲရေးထက်၊ ဝမ်းရေးခက်၏။
(၃) ထို့ထက်မှာမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ၊ မပေါင်းရဘဲ၊ တမ်းတပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်၏။
(၄) အထက်ဖေါ်ပြ၊ ခက်သုံးဝထက်၊ ခက်လှတစ်ပါး၊ ထိုအစားကား၊ မပါး ထူးထုံ၊ အလွန်နုံအ၊ ပမာဏကို၊ ဘာမျှမသိ၊ ထိုသူထည့်၍၊ မရှိတာထက်၊ မသိခက်သည်၊ ခက်ဘိတရား၊ မျိုးလေးပါးတည်း။ ♦

ခက်မ ၅-ဖြာ၊ ကိုယ်ခန္ဓာ၊ ကျမ်းလာ ခွဲခြားသိ

လူသတ္တဝါ ပဋိသန္ဓေနေရာဝယ်၊ ပဌမကလလရေကြည်၊ ဒုတိယ အမြှုပ်၊ တတိယ သားတစ်ကလေး၊ စတုတ္ထ အသားစိုင်ကြီး၊ ၎င်းအသားဆိုင်ကြီးမှ တစ်ဆင့်၊ “ဦးခေါင်း, လက်နှစ်ဖက် ခြေနှစ်ဖက်''ပေါင်း ၅- ပါးဖြစ်ပေါ်လာသည်ကို ခက်မငါးဖြာခေါ်သည်။ ♦

ခင်ပွန်းကောင်းအင်္ဂါ ၇-ပါး

သတ္တင်္ဂုတ္တရ။ ပါ။ ၄၂၁- ၄၂၂။ ဋ္ဌ။ ၁၆၂-၌ အကျယ်ရှု။ ♦

မိတ်ဆွေကောင်းတို့၌ ရှိထားရမည့် ကိုယ်ကျင့်တရား ၇-ပါး

(၁) ဒုဒ္ဒတံ ဒဒါတိ- ပေးနိုင်ခက်သော ဝတ္ထုပစ္စည်းကို ပေး၏၊
(၂) ဒုက္ကရံ ကရောတိ- ပြုနိုင်ခက်သော ဝတ္တရားကိုပြု၏၊
(၃) ဒုက္ခမံ ခမတိ- အလွန်အမင်း သည်းခံ၏၊
(၄) ဂုယှမဿ ပရိဂုယှတိ- လျှို့ဝှက်ထိုက်သောအမှုကို မပေါ်အောင် လျှို့ဝှက်ထားတတ်၏၊
(၅) ဂုယှမဿ အာဝီ ကရောတိ- လျှို့ဝှက်အပ်သောအမှုကို သူ့အား လျှို့ဝှက်ရန် ပြောကြားပေး၏၊
(၆) အာပဒါသု န ဝိဇဟတိ- ဘေးရန်ကြုံသောအခါတို့၌ မစွန့် မပစ်ထားခဲ့၊
(၇) ဓန ခိဏေန နာတိ မညတိ- ပစ္စည်းမွဲတေ ဆင်းရဲနေသော်လည်း မထီမဲ့မြင်မပြု။ ♦

ခင်ပွန်းကြီး ၁၀-ပါး

တေမိယဇာတ်။ ပါ။ ဒု-အုပ်။ ၁၅၀။ ကျေးဇူးမမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ဆယ်ယောက်။
(၁) ဗုဒ္ဓ- သဗ္ဗညု မြတ်စွာဘုရားသခင်၊
(၂) ပစ္စေကဗုဒ္ဓ- ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ၊
(၃) အရဟန္တ-အာသဝေါကုန်ပြီးသော ရဟန္တာ၊
(၄) အဂ္ဂသာဝကမြတ်စွာဘုရား၏ လက်ယာရံ လက်ဝဲရံခေါ် သာဝကများ၊
(၅) မာတာ- မွေးသမိခင်၊
(၆) ပိတာမွေး သဖခင်၊
(၇) ဝုဒ္ဓါပစာယန- အသက် သိက္ခာ ဂုဏ်ဝါ သီလ အာစာရ အမျိုး စသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ၊
(၈) အာစရိယ- သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်၊
(၉) ဟိတ ကရ- ထမင်း အဖျော် အိပ်ယာနေရာ အဝတ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူ မှန်သမျှ၊
(၁၀) ဓမ္မကထိက- ကောင်းကျိုးရရေးအတွက် တရားဟော ပေးသူ တရားဟော်ဆရာ။ ♦

ခဏကြီး ၉-ပါး

အဋ္ဌက္ခဏခေါ် သာသနာတော်နှင့်မလျော်သော ဌာန (ရပ်ပြစ် ၈-ပါးနှင့် ဗုဒ္ဓုပ္ပါဒ နဝမက္ခဏကို ပေါင်းသော်) ခဏကြီး ကိုးပါးဖြစ်၏။ ♦

ခဏငယ် ၃-ချက်

အဘိဓမ္မာ ဝေါဟာရဖြစ်သည်။
(၁) ဥပါဒ်- ရုပ် နာမ်တို့၏ ဖြစ်ဆဲခဏ၊
(၂) ဌီ- ရုပ် နာမ်တို့၏ တည်ဆဲခဏ၊
(၃) ဘင်- ရုပ်နာမ်တို့၏ ချုပ်ဆဲခဏ။ ♦

ခန္တီအကျိုး ၅-ပါး

၎င်းသရုပ်အဓိပ္ပါယ် (သည်းခံခြင်းအကျိုး ၅-ပါး) မှာ ကြည့်လေ။ ♦

ခန္တီတရား ၂-ပါး

ကောင်းမှု လုပ်ငန်းတရားအတွက် သည်းခံခြင်းမျိုး ၂-ပါး။
(၁) အဓိဝါသန ခန္တီ- ချမ်း ပူဆာ မွတ် စသည်မျိုးနှင့် အမျက်ဒေါသစသည်တို့ကိုပါ သည်းခံ အောင့်အည်းမှုမျိုး၊
(၂) အနုလောမ ခန္တီ-ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမဉာဏ်အထိကို ခေါ်သည်၊ “အနုလောမ ခန္တီတိ နဝ ဝိပဿနာ ဉာဏာနိ''။ ♦

ခန္တီပါရမီတရားမျိုး ၃-ပါး

လူ နတ် နိဗ္ဗာန်ကို ရည်မှန်း၍ ကြမ်းတမ်းပြစ်မှားမှုဒေါသတို့မှ သည်းခံခြင်းတရား၃-ပါး။
(၁) ခန္တီပါရမီ- ရွှေ ငွေ ဥစ္စာစသည့် အပဖြစ်သော ဝတ္ထုပစ္စည်းတို့အတွက် သည်းခံခြင်းမျိုး၊
(၂) ခန္တီ ဥပပါရမီ- ခြေ လက် မျက်စိစသော ကိုယ်တွင်းဝတ္ထုတို့အတွက် သည်းခံခြင်း၊
(၃) ခန္တီ ပရမတ္ထ ပါရမီ- မိမိအသက်ကို သတ်ဖြတ်ဖျက်ဆီးရာ၌ သည်းခံခြင်းမျိုး။ ♦

ခန္ဓာ ၃-ပါး၊ မြတ်ဘုရား၊ ဆောင်ထား ကိုယ်၌သာ

သုတ်သီလက္ခန် သုဘသုတ်၌ ဟောတော်မူသည်။
(၁) သီလက္ခန္ဓာ- သီလစောင့်စည်းမှု တရားစု၊
(၂) သမာဓိက္ခန္ဓာ- တည်ကြည်မှု စျာန်သမာဓိ တရားစု၊
(၃) ပညာက္ခန္ဓာ- ဝိပဿနာဉာဏ် ပညာတရားစု။ ♦

ခန္ဓာ ၅-ခု၊ ဆင်းရဲစု၊ ကြည့်ရှုဖျက်ဆီးရာ

ခန္ဓဝဂ္ဂသံယုတ်။ ပါ။။ ၎င်း။ ဋ္ဌ။ ၂၂၉-၌ အကျယ်ရှု။ ရုပ် နာမ် တရားတို့၏ စုပေါင်းအမည် ငါးပါး၊ လက္ခဏာရေး ၃-ပါးဖြင့် ဆင်ခြင်ဖျက်ဆီးရာ၏။
(၁) ရူပက္ခန္ဓာ-ရုပ် ၂၈-ပါးကိုခေါ်သည်၊ ရုပ်ခန္ဓာ၊
(၂) ဝေဒနက္ခန္ဓာဝေဒနာစေတသိက်ကိုခေါ်သည်၊ 'နာမ်ခန္ဓာ'
(၃) သညာက္ခန္ဓာ- သညာစေတသိက်ကိုခေါ်သည်၊ 'နာမ်ခန္ဓာ'
(၄) သင်္ခါရက္ခန္ဓာ- ဝေဒနာ သညာမှ တစ်ပါးသော စေတသိက်ငါးဆယ်ကို ခေါ်သည်၊ 'နာမ်ခန္ဓာ'
(၅) ဝိညာဏက္ခန္ဓာ- စိတ်တရားစုဟူသမျှကို ခေါ်သည်၊ 'နာမ်ခန္ဓာ'။ ♦

ခမည်းတော်သတ်၊ မင်းငါးရပ်၊ အပြတ် လူထုရှင်း

(၁) ဆရာအပေါင်းမှားသော အဇာတသတ်မင်း၊ ခမည်းတော်ဗိမ္ဗိသာရမင်းကိုသတ် နန်းတက်၊
(၂) ဥဒယဘဒ္ဒမင်း၊ ဖခင်အဇာအသတ်မင်းကိုသတ် နန်းတက်၊
(၃) အနုရုဒ္ဓါမင်းသား၊ ဖခင် ဥဒယဘဒ္ဒမင်းကိုသတ် နန်းတက်၊
(၄) မဏ္ဍမင်းသား၊ ဖခင်အနုရုဒ္ဓါမင်းကိုသတ် နန်းတက်၊
(၅) နာဂဒါသမင်းသား၊ ဖခင် မဏ္ဍမင်းကိုသတ်၍ နန်းတက်သောအခါ ပြည်သူလူထုက အဖသတ်မင်း ငါးဆက်ကိုအပြတ် ရှင်းကာ မင်းအသစ် ရွေးကောက်၍ နန်းမြှောက်ကြသည်။ ♦

ခရီးခက်ကြီးမျိုး ၈-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ်ကို (ကန္တာရမျိုး ၈-ပါး) ၌ ပြဆိုခဲ့ပြီ။ ♦

ခရီးရှည် ဒေသစာရီသီသွားရခြင်း၏ အကျိုး ၅-ပါး

ပဉ္စင်္ဂုတ္တရ။ ပါ။ ၂၂၄။ ဋ္ဌ။ ၈၁-၌ အကျယ်ရှုပါ။
(၁) အသစ်အသစ် တရားစကားကို ကြားနာရခြင်း၊
(၂) ကြားပြီးသား တရားစကားကို ထပ်မံကြားနာရ၍ သံသယကင်းခြင်း၊
(၃) ပရိတ်သတ်ထဲ၌ ရဲဝံ့စွာ ပြောဟောနိုင်ခြင်း၊
(၄) အနာရောဂါကင်းခြင်း၊
(၅) မိတ်ဆွေ ဒကာပေါများခြင်း။ ♦

ခါးကြိုးတန်ဆာ၊ မျိုး ၅-ဖြာ၊ မိန့်မှာ ရာဇဝင်

ခါး၌ လှပစေရန်တန်ဆာဆင်သော ရွှေငွေ ပုလဲစသောရတနာကြိုးများ၊
(၁) ကဝဉ္စီ- ကြိုးတစ်သွယ်ရှိသော ခါးကြိုး၊
(၂) သတ္တတိခုနစ်သွယ်ရှိသော ခါးကြိုး၊
(၃) မေခလာ- ရှစ်သွယ်ရှိသော ခါးကြိုး၊
(၄) ရတနာဆယ့်ခြောက်သွယ်ရှိသော ခါးကြိုး၊
(၅) ကလာပ-နှစ်ဆယ့်ငါးသွယ်ရှိသော ခါးကြိုး။ ♦

ခုံရုံးမျိုး ၂-ပါး

တိုင်းပြည်ခရိုင် နိုင်ငံအရပ်ရပ်ရှိရုံးတော်တို့၌ မပြတ်မစဲ ခက်ခဲသောတရားများကို ဆုံးဖြတ်ပေးရသော ခုံရုံးမျိုး ၂-ပါး။
(၁) သမ္မတခုံ- ခုံတော်မောင်ကျဖမ်းတို့ကဲ့သို့ တစ်ဦးတစ်ယောက်တည်းသောသူကို အများက ဝိုင်း၍ သမုတိပေးကာ ခုံသူကြီးအရာ တင်မြှောက်လျက် အဆုံးအဖြတ်ကိုခံယူသော သမ္မတခုံရုံး၊
(၂) ညှိခုံ-ဖြတ်ထုံးပေးခက်၍ နက်နဲသော တရားမျိုးကို အများခုံလူကြီးတို့စုရုံးကာ ထင်မြင်ယူဆချက်အမျိုးမျိုးပေး၍ဝေဖန်ဆုံးဖြတ်ရ သောညှိခုံရုံး။ ♦

ခုနစ်ပြည်ထောင်မင်း ၇-ပါး

သုတ်မဟာဝါ ပရိနိဗ္ဗာနသုတ် ဓါတ်တော်ဝေခဏ်း၌ ထင်ရှားသော သာသနာပြု မင်းများ။
(၁) ရာဇဂြိုဟ်ပြည် အဇာတသတ်မင်း၊
(၂) လိစ္ဆဝီမင်း-လိစ္ဆဝီပြည်၊
(၃) မလ္လာမင်း မလ္လာပြည်၊
(၄) ကပ္ပိလဝတ်မင်း ကပ္ပိလဝတ်ပြည်၊
(၅) အလ္လကပ္ပမင်း အလ္လကပ္ပပြည်၊
(၆) ကောလိယမင်း ကောလိယပြည်၊
(၇) ပါဝါမင်း ပါဝါပြည်။ ♦

ခိုးခြင်းအင်္ဂါ ၅-ပါး

၎င်း၏သရုပ်အဓိပ္ပါယ်ကို (အဒိန္နာဒါန်အင်္ဂါ ၅-ပါး) ၌ ပြဆိုခဲ့ပြီ။ ♦

ခိုးခြင်း ၂၅-ပါး

ပါရာဇိကဏ်။ ပါ။ ၆၅။ ဋ္ဌ။ ပ-အုပ်။ ၂၆၃- ၃၃၀- ၃၃၁- ၃၃၂ တို့၌ အကျယ်ရှု။ ရဟန်းတော်များအတွက် ပါရာဇိကဥပဒေပုဒ်မ ၂၊ အဒိန္နာဒါန်သိက္ခာပုဒ်၏အသေးစိတ်ရှင်းလင်းချက် ၂၅-ပါး။
(၁) နာနာဘဏ္ဍ ပဉ္စကခေါ် ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာ အမျိုးမျိုးတို့ကို အောက်ပါနည်း ငါးပါးဖြင့် ခိုးယူခြင်းမျိုး။ (က) အာဒိနယ- ကျောင်း အိမ် မြေ ခြံစသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆို ခိုးယူခြင်းမျိုး၊ ပိုင်ရှင်က စိတ်လျော့ဝန်ချလိုက်လျှင် ပါရာဇိက၊ (ခ) ဟရဏ-သည်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာဖြစ်အောင် ပြောဆိုစွပ်စွဲ၍ ထမ်းဆောင်လာသော သူ၏ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူခြင်းမျိုး၊ သူ့ကိုယ်ပေါ်မှချလိုက်သည်နှင့် ပါရာဇိက၊ (ဂ) အဝဟရဏ-သူတစ်ပါးခေတ္တအပ်နှံထားသော သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍လည်းကောင်း ငါ့ဥစ္စာဖြစ်သည် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟုလည်းကောင်း၊ လိမ်ညာပြောဆိုလျက် ခိုးယူခြင်းမျိုး၊ ပိုင်ရှင်စိတ်လျှော့ဝန်ချသည်နှင့် ပါရာဇိက၊ (ဃ) ဣရိယာပထဝိကောပန- ထမ်းပိုးဆောင်ရွက်လာသော သူတစ်ပါးဥစ္စာကို ထမ်းဆောင် လာသူနှင့်တကွ ထမ်းလာသည့်ဥစ္စာကိုပါ ခိုးယူအံ့သော အကြံဖြင့် ပစ္စည်းရောလူပါ ခိုးယူခြင်းမျိုး၊ ပိုင်ရှင်စိတ်လျှော့ပြီး ဒုတိယခြေလှမ်းကြွသည်နှင့် ပါရာဇိက၊ (င) ဌာနာစဝန- သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူလိုစိတ်ဖြင့် မူလနေရာမှ ရွေ့အောင် ကြွအောင်လုပ်ခြင်းမျိုး၊ ရွေ့သည် ကြွသည်နှင့် ပါရာဇိက ကျတော့၏၊ နာနာဘဏ္ဍ ပဉ္စကပြီး၏။
(၂) ဧကဘဏ္ဍ ပဉ္စက- ဤ၌ သက်ရှိ သဝိညာဏကဖြစ်သော ဘဏ္ဍာကိုသာ ယူရသည်၊ ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဉ္စကအတိုင်း အာဒိနယ, ဟရဏ, အဝဟရဏ, ဣရိယာပထဝိကောပန, ဌာနာစဝန နည်းတို့ဖြင့် အတူတူပင်မှတ်လေ၊ ဧကဘဏ္ဍ ပဉ္စကပြီး၏။
(၃) သာဟတ္ထိက ပဉ္စက- ဤ၌ သက်မဲ့ဖြစ်သော အဝိညာဏကပစ္စည်းကို ပိုင်ရှင်မပေးပဲ အောက်ပါငါးနည်းဖြင့် ခိုးယူခြင်းမျိုး။ (က) သာဟတ္ထိက မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက်ခိုးယူခြင်းမျိုး။ (ခ) အာဏတ္ထိက-ဤသူ၏ဘဏ္ဍာကို သွားခိုးချေဟု စေခိုင်းခြင်းမျိုး၊ (ဂ) နိဿဂ္ဂိယ- ကင်းခွန် အကောက်တော်စသည် မပေးရအောင် ဤဖက်နယ်ခြားမှ ထိုဖက်နယ်မြေသို့ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍ သို့မဟုတ် တစ်နည်းနည်းဖြင့် ကြံဆ၍ ခိုးယူသွားခြင်းမျိုး၊ (ဃ) အတ္ထ သာဓက- ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်းနိုင်တဲ့အခါ ကိုစောင့်ပြီး ခိုးယူလိုက်ရမည်ဟု စေခိုင်းထားလျက် ခိုးယူစေခြင်းမျိုး၊ (င) ဓုရ နိက္ခေပတရား၌စွဲ၍ယူခြင်း လိမ်ညာလှည့်ပတ်၍ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ၊ ငါ့ဥစ္စာတော့ မရတော့ ပါဘူးဟု ဝန်ချလိုက်ခြင်းမျိုး၊ သာဟတ္ထိက ပဉ္စက ပြီး၏။
(၄) ပုဗ္ဗ ပယောဂ ပဉ္စက- အရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်းငါးမျိုးဖြင့် ခိုးယူခြင်း။ (က) ပုဗ္ဗ ပယောဂ- ၎င်းခိုးနည်းကား အာဏတ္ထိကနှင့် သဘောတူဖြစ်၏၊ (ခ) သဟပယောဂ-လယ်မြေ ခြံမြေစသည်ကို နယ်ခြားမှတ်တိုင်ငုတ်စသည်ကိုနုတ်၍ ရွှေ့ပြောင်းစိုက်နှက် ခိုးယူခြင်း၊ (ဂ) သံဝိဓါ ဝဟာရ- အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး၊ တိုင်ပင်စဉ်အခါက သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ မပါပါ ပါရာဇိက၊ (ဃ) သင်္ကေတ ကမ္မ- အချိန်ကာလ နာရီအပိုင်းအခြား မှတ်သား ချိန်းချက်လျက် ဤမည်သောဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်းခြင်းမျိုး၊ သူပေးသောအချိန်နှင့် ပစ္စည်းအတိုင်း ခိုးယူသော် ပါရာဇိက၊ (င) နိမိတ္တကမ္မ- မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်းစသော အမှတ်နိမိတ်သညာ တစ်ခုခုထား၍ ခိုးခိုင်းခြင်းမျိုး၊ နိမိတ်ပြုလိုက်သည်နှင့်တစ်ပြိုင်နက် ခိုးငြားအံ့နိမိတ်ပြသူ ပါရာဇိက၊ ပုဗ္ဗပယောဂပဉ္စက ပြီး၏။
(၅) ထေယျာ ဝဟာရ ပဉ္စက- ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်းငါးမျိုးဖြင့် ခိုးယူခြင်းမျိုး။ (က) ထေယျာ ဝဟာရ- နံရံစသည် ဖေါက်ထွင်းဖွင့်ဖြဲ၍ခိုးခြင်း၊ တောင်းတင်း ချိန် အလေးစသည်တို့ကို စဉ်းလဲကောက်ကျစ်၍ ခိုးယူခြင်းမျိုး၊ (ခ) ပသယှာဝဟာရ- နိုင်ထက်စီးနင်းပြု၍ယူခြင်း၊ ဓါးပြတိုက်ယူခြင်း၊ ပုန်ကန်ထကြွ၍ယူခြင်း၊ မင်းစိုးရာဇာတို့သည် ရသင့်သောအခွင့်ထက် အာဏာပြ၍ ပိုမိုကောက်ခံခြင်းမျိုး၊ (ဂ) ပရိကပ္ပါဝဟာရ- ဤ၌ ၁-ဘဏ္ဍာပရိကပ္ပခေါ် အထည်အလိပ်ကိုသာ ယူအံ့ဟူကြံစည်လျက် အခန်းတွင်းသို့ဝင်သွားပြီးမှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက် ကြည့်သောအခါ အထည်မဟုတ်ဘဲ ချည်ခင်တွေဖြစ်နေပါအံ့ ပါရာဇိကမကျ၊ အထည်လိပ်ဖြစ်နေပါက ပါရာဇိကကျ၏။ ၂- သြကာသပရိကပ္ပခေါ်အရပ်ဖြင့် ပိုင်းခြားကြံစည်၍ခိုးခြင်းကား ဤခြံဝင်းအတွင်း၌ ငါ့ကိုတွေ့မြင်ပါမူ ဤပစ္စည်းဥစ္စာကို ဤခြံဝင်းအတွင်း၌လှည့်လည်ရင်း ကြည့်ရှုရန်ကိုင်လာသယောင်ဆောင်၍ ပြန်ပေးလိုက်အံ့၊ အကယ်၍ တစ်စုံတစ်ယောက်နှင့်မှ မတွေ့ရပါမူ ခိုးယူသွားအံ့ဟူသောအကြံဖြင့် ခိုးယူခြင်းမျိုး၊ အပိုင်းအခြား လွန်သည်နှင့် ပါရာဇိက၊ (ဃ) ပဋိ စ္ဆန္နာဝဟာရ- ပန်းခြံ ရေချိုးဆိပ်စသည်တို့၌ သူတစ်ပါးချွတ်ချထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့် နောက်မှယူအံ့ဟုကြံလျက် မြေမှုန့် မြက်မှိုက်စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး၊ (င) ကုသာ ဝဟာရ- မဲလိပ် စာရေးတံစသည်တို့ကို မိမိသို့အကောင်းရရန်ကြံစည်လျက် တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး၊ ထေယျာ ဝဟာရ ပဉ္စကပြီး၏။ ♦

ခိုးခြင်းပယောဂမျိုး ၆-ပါး

(၁) သ ဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊
(၂) အာဏတ္တိကစေခိုင်း၍ ခိုးခြင်း၊
(၃) နိသဂ္ဂိက- နေရာရွှေ့ပြောင်းပစ်လွှင့်ခိုးခြင်း၊
(၄) ထာဝရ- တင်းတောင်း လိမ် ချိန်လိမ်စသည်ပြု၍ခိုးခြင်း၊
(၅) ဝိဇ္ဇာမယ- အမေ့ အဟန့်စသော အတတ်ပညာဖြင့်ခိုးခြင်း၊
(၆) ဣဒ္ဓိမယ- တန်ခိုးဖြင့် ခိုးခြင်း။ ♦

ခိုးသားဓါးပြကြီးတို့ လိုက်နာစောင့်ထိန်းသည့် အင်္ဂါ ၈-ပါး

၎င်းသရုပ်တို့ကို (သူခိုးဓါးပြကြီးတို့ လိုက်နာ စောင့်ထိန်းသည့် အင်္ဂါ ၈-ပါး) ၌ ကြည့်ပါ။ ♦

ခိုးသားဓါးပြတို့ မှီခိုအားထားရာမျိုး ၅-ပါး

၎င်းသရုပ်တို့ကို (သူခိုး ဓါးပြ သူပုန်တို့မှီခိုအားထားရာကြီး ၅-ပါး) ၌ ကြည့်ပါ။ ♦

ခိုက်ရန်ဖြစ်ကြောင်းတရား ၉-ပါး၊ တစ်နည်း ၁၀-ပါး

၎င်းသရုပ်ကို (ရန်ညှိုးဖွဲ့ကြောင်းတရား ၁၀-ပါး) ဟူသော စကားရပ်၌ကြည့်ပါ။ ♦

ခေတ် ၃-ပါး

ဥပရိပဏ္ဏာသ။ ပါ။ ၁၁၀။ ဋ္ဌ။ ၇၉။ ပါရာဇိကဏ်။ ဋ္ဌ။ ၁၂၉။ အင်္ဂုတ္တရ။ ဋ္ဌ။ ပ-အုပ်။ ၃၅၈။ သမ္မောဟဝိနောဒနီ။ ၄၁၁- တို့၌ရှုပါ။ ဗုဒ္ဓဘုရားသခင်နှင့်စပ်သော နယ်ပယ်သုံးပါးကို ဆိုသည်။
(၁) ဇာတိခေတ် ပဋိသန္ဓေနေသောခါ တုန်လှုပ်သည့် စကြာဝဠာ တစ်သောင်းတိုက် အတွင်းကိုခေါ်သည်၊
(၂) အာဏာခေတ်-ဓမ္မစက် အာဏာတော်ပြန့်နှံ့ရာ စကြဝဠာကုဋေတစ်သိန်းအတွင်းကိုခေါ်သည်။
(၃) ဝိသယခေတ်- သဗ္ဗညုတ ဉာဏ်တော်မြတ်၏ ကျက်စားရာ မရေမတွက်နိုင်သော စကြဝဠာတို့ကိုခေါ်သည်။ ♦

ခေါင်းလောင်းကြီး ၁၀-လုံး

ကမ္ဘာကျော်ခေါင်းလောင်းကြီးများဟု (ပီးရာ့စ်- စွယ်စုံကျမ်း၊ ရုပ်စုံသစ်-စွယ်စုံကျမ်း၊ မြန်မာ့- စွယ်စုံကျမ်း၊ ဝှစ်တကာအယ်လ်မင်နစ်) စသည့် ကမ္ဘာ့စာပေဝင် ထင်ရှားသောကျမ်းစာအုပ်ကြီးများမှ ထုတ်နုတ်ဖေါ်ပြသည်။
၁။ ဇာကိုလိုကောလ်-ခေါ် ခေါင်းလောင်းကြီး၊ ဆိုဗီယက်သမ္မတနိုင်ငံ၌ ၁၇၃၃-ခုနှစ်၌သွန်းလောင်းသည်၊ အလေးချိန် တန် (၂၀၀) မျှ ပမာဏရှိ၍ ပိဿာချိန် (၁၂၈၀၀၁) မျှ ရှိလေသည်၊ အမြင့် (၁၉) ပေ၊ ၃-လက်မ၊ ထိပ်ဝ (၂၂) ပေ၊ ဒု ၂-ပေရှိသည်ဟူ၏။ ၎င်းကို ခေါင်းလောင်းဘုရင်ကြီးဟုလည်း ခေါ်ဆိုကြကုန်သည်။
၂။ ဆိုဗီယက်သမ္မတနိုင်ငံ၊ လီနင်ဂရက်မြို့အနီး ကရာ့စနိုဗာဒါရက်စ်မြို့၌ရှိသော ခေါင်းလောင်းကြီး၊ အလေးချိန် (၁၇၁) ရှိသည်၊ ပိဿာချိန်အားဖြင့် (၁၀၉၄၄၀) ရှိ၏။
၃။ ဆိုဗီယက်သမ္မနိုင်ငံ မော်စကိုမြို့၌ပင်ရှိသောခေါင်းလောင်းကြီး၊ အလေးချိန်တန် (၁၁၀) ရှိသည်၊ ပိဿာချိန် (၇၀၄၀၀) ရှိသည်။
၄။ မင်းကွန်းခေါင်းလောင်းကြီး၊ မြန်မာနိုင်ငံ မြန်မာသက္ကရာဇ် (၁၁၇၀) ခုနှစ်၊ ဘိုးတော်ဘုရားလက်ထက်က သွန်းလောင်းသည်၊ အလေးချိန် (၈၇) တန် ပိဿာချိန် (၅၅၆၈၁) ဟု ခန့်မှန်းကြသည်၊ အမြင့်ပေ (၂၀) ၃- လက်မ၊ အဝန်း (၁၆) ပေ၊ ၉-လက်မ၊ ဒု ၆-လက်မမှ ၁၂-လက်မအထိရှိသည်၊ သို့သော် မြန်မာတို့၏ နှုတ်ဖျား၌ “မမင်းဖြူမှန်မှန်ပြော” ဟု (၅၅၅၅၅၅) ပိဿာချိန်အားဖြင့် ငါးသိန်း ငါးသောင်း ငါးထောင် ငါးရာ ငါးဆယ် ငါးပိဿာမျှ ပမာဏပြုကြကုန်၏။
၅။ ဂရိတ်ဘဲလ်ခေါ် ခေါင်းလောင်းကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်းမြို့၌ရှိသည်၊ အလေးချိန် ၅၃-တန်ဖြစ်၍ ပိဿာချိန် (၃၃၉၂၀) မျှ ရှိလေသည်။
၆။ အမေရိကန်နိုင်ငံ ကွိုင်ဒွန်မြို့၌သွန်းလောင်း၍ နယူးယောက်မြို့ မြစ်ဆိပ်ကမ်း ဘုရားရှိခိုးကျောင်း၌ ထားရှိသော ခေါင်းလောင်းကြီး (၂၅) တန်ရှိ၍ ပိဿာချိန် (၁၆၀၀၀) ရှိလျက် အမေရိကန်နိုင်ငံ၌ အကြီးဆုံး ခေါင်းလောင်းဖြစ်သည် ဟူ၏။
၇။ အင်ပါရာ ခေါင်းလောင်းကြီး၊ ပြည်သူ့သမ္မဂျာမနီနိုင်ငံ ကိုလုံးမြို့၌ရှိသည်၊ အလေးချိန် (၂၄) တန်၊ ပိဿာချိန် (၁၅၃၆၀) ရှိသည်၊ ထိုခေါင်းလောင်းကြီး၏ သမိုင်းဆက်ကား ၁၈၇၀- ၇၁ ခုနှစ်စစ်ပွဲ၌ ပြင်သစ်တို့ထံမှ ယူဆောင်လာသည့် အမြှောက်ကြီး ၂၂-လက်မှ သတ္ထုများကိုကျို၍ ခေါင်းလောင်းသွန်းလုပ်ရာ အလေးချိန် (၂၇) တန်ရှိသော အင်ပါရာခေါင်းလောင်းကြီး အမည်တွင်ခဲ့ဖူးသည်၊ ထို့နောက်ဂျာမနီတွင် ခဲယမ်းမီးကျောက်များလုပ်ရန် သတ္ထုများလိုနေပြန်၍ ထိုခေါင်းလောင်းကြီးကို ၁၉၁၇-ခုနှစ်၌ ကျိုလိုက်ရပြီး ၁၉၂၃-ခုနှစ်၌ အသစ်တဖန် ပြန်လည်သွန်းလုပ်ကြပြန်ရာ (၂၄) တန်သာရှိတော့သည်ဟူ၏။
၈။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်ကင်းမြို့တော်၌ရှိသော ခေါင်းလောင်းကြီး၊ အလေးချိန် (၂၂) တန် ရှိ၍ ပိဿာချိန် (၁၄၀၈၀) ရှိလေသည်။
၉။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ စိန်ပေါလ်ဘုရားရှိခိုးကျောင်း၌ထားရှိသော ခေါင်းလောင်းကြီး၊ အလေးချိန် ၁၇-တန်မျှ ပမာဏရှိ၍ ပိဿာချိန် (၁၀၈၈၀) မျှ ရှိလေသည်။
၁၀။ အင်္ဂလန်နိုင်ငံ ဝက်စ်မင်နစ်စတာမြို့၊ ပါလီမန်လွှတ်တော် (ဘစ်ဘင်) နာရီစင်ကြီး၌ ထားရှိသော ခေါင်းလောင်းကြီး၊ အလေးချိန် (၁၃) တန်ခွဲရှိ၍ ပိဿာချိန် (၈၆၄၀) မျှ ပမာဏရှိသည်၊ ထိုခေါင်းလောင်းသံဖြင့် ဂနင်းနစ်စံတော်ချိန် ကို လန်ဒန်မြို့ရှိ ဘီ-ဘီ-စီအသံလွှင်းဌာနမှ နိုင်ငံတကာသို့ အသံလွှင့်ပေးနေသည်။

မှတ်ချက် ။ ။ ဤမျှ ကြီးကျယ်သည့်ခေါင်းလောင်းကြီးများ၏အလေးချိန်ကို အတိအကျ ရနိုင်မည်မဟုတ်ပေ၊ စတင် သွန်းလောင်းစဉ်က အချိန်ပမာဏကိုပြခြင်းသာဖြစ်၍ သွန်းလုပ်ပြီးသောအခါ ယုတ်လျော့မှုများ ရှိပေလိမ့်မည်။ ♦

ခေါဘဏီအပြား မျိုး ၅-ပါး၊ တပ်သားဖွဲ့ပုံအဘယ်နည်း

စာပေ၌ 'ခေါဘဏီ'ဟု မခေါ်၊ 'အက္ခောဘိဏီ' ဟုသော ခေါ်၏၊ ၎င်းသရုပ်ကို (အက္ခောဘိဏီမျိုး ၅-ပါး) ၌ ရှုပါ။ ♦

ခဲဘွယ်မျိုးပြား၊ ၁၂-ပါး၊ ဘုရားပညတ်ချက်

ဗုဒ္ဓဘာသာရဟန်းတော်များ၏ဘောဇဉ်နှင့်ခြားနားသည့် စားဘွယ်ဝေါဟာရတစ်မျိုး။ ဝိနည်းပါစိတ်အဋ္ဌကထာ။
(၁) မူလ ခါဒနီယ- စားကောင်းသော သစ်မြစ် ခဲဘွယ်များ၊ ပုံ- နပဲ, ကြွက်, နပေါင်းစသည်မျိုး၊
(၂) ကန္ဒ ခါဒနီယ- သစ်ဥသစ်ဖုခဲဘွယ်များ၊ ပုံ- ပေါက်ဥ, ကန်ဇွန်းဥ, မျောက်ဥ, စသည်များ၊
(၃) မုဠာလ ခါဒနီယ- ကြာစွယ်, ကြာရင်းမျိုး၊
(၄) မတ္ထက ခါဒနီယ-အညှောင့်ခဲဘွယ်များ၊ ပုံ- ထန်းမြစ်ညှောင့်စသည်မျိုး၊
(၅) ခန္ဓ ခါဒနီယ- ပင်စည်ခဲဘွယ်များ၊ ပုံ- ကြံပင် စသည်မျိုး၊
(၆) တစ ခါဒနီယ- အခွံအခေါက်ခဲဘွယ်များ၊
(၇) ပတ္တ ခါဒနီယ- အရွက်,သစ်ရွက် ခွဲဘွယ် မျိုး၊
(၈) ပုပ္ဖ ခါဒနီယ- အပွင့် သစ်ပွင့် ပန်းပွင်းခဲဘွယ်မျိုး၊
(၉) ဖလ ခါဒနီယ-အသီးအနှံ ခဲဘွယ်မျိုး၊
(၁၀) အဋ္ဌိ ခါဒနီယ- သစ်စေ့ အဆန်ဖြစ်သော ခဲဘွယ်မျိုး၊ ပုံ- သစ်ဆိမ့်, ဗာတံ စသည်များ
(၁၁) ပိဋ္ဌ ခါဒနီယ- မုံ့ခဲဘွယ်ခေါ် ပဲ, ဂျုံ, ပြောင်းမှုန့်တို့ဖြင့် ပြုလုပ်သောမုံ့များ၊
(၁၂) နိယျာသ ခါဒနီယ- သစ်ပင်မှထွက်သော အစေးခဲဘွယ်မျိုး၊ ပုံ-ဟိင်္ဂိုလ် စသည်များ။ ♦

ချက်ကို လက်ဖြင့်သုံးသပ်၍ သန္ဓေတည်သူ ၂-ယောက်

ပိဋကတ်တော်၌ထင်ရှားသော ပုဂ္ဂိုလ်ထူးများ ဖြစ်သည်။
(၁) ဒုကူလရသေ့ က ပါရိကာရသေ့မ၏ချက်ကို လက်ျာလက်ဖြင့် သုံးသပ်၍ “သုဝဏသာမ''ခေါ် သုဝဏ္ဏသျှမ် သတို့သား သန္ဓေတည်သည်၊
(၂) မာတင်္ဂရသေ့သည် ပုဏ္ဏေးမ၏ချက်ကို လက်ျာလက်ဖြင့်သုံးသပ်၍ မဏ္ဍဗျလုလင် သန္ဓေရသည် ဟူ၏။ ♦

ချစ်ကြည်အပ်စွာ၊ မျိုး ၁၀-ဖြာ၊ လိုက်နာဘယ်သို့ကျင့်မည်နည်း

သြဝါဒထူးပျို့၌ ချစ်ကြည်ရာသည်ဆယ်ပါးကိုဤသို့ကျင့်ဆောင်ရန် မိန့်ကြား၏။ ချစ်ကြည်ရာသည် ဆယ်ပါးမည်ကား၊
(၁) သွေးရည်ရင်နှစ်၊ သားကိုချစ်က၊ ကျိုးပြစ်ပြသ၊ ဆုံးမနိုင်စေ၊
(၂) အိမ်နေ မယား၊ ခင်ပွန်းအားကို၊ ရှုစားကြင်ကျွမ်း၊ စူးစမ်းမြော်တင်း၊ စိုင်းပြင်းနိုင်စေ၊
(၃) ရိုသေအပ်လှ၊ မိနှင့်ဖကို၊ ဒေါသပြစ်ဝေး၊ ချစ်မြတ်လေးက၊ လုပ်ကျွေးတမူ၊ မွေးမြူပြုစု၊ ကြည့်ရှုနိုင်စေ၊
(၄) သျှင်ဧကရာဇ်၊ မင်းကိုချစ်က၊ ပုဆစ်တုပ်ပျပ်၊ မြဲကြပ်ထံပါး၊ ခစားနိုင်စေ၊
(၅) တွက်ရေရှည်ကြာ၊ သံသရာကို၊ မေတ္တာထောက်ပံ့၊ ချစ်ပန်းပျံ့က၊ နူးညံ့စိတ်စေ၊
(၆) ကျွန်ခြွေရွေကို၊ အသေအချာ၊ ချစ်ကြင်နာက၊ ဥစ္စာပေးကမ်း၊ ဖုံးလွမ်းနိုင်စေ၊
(၇) ဖေါ်ရွေသင်းပင်း၊ အိမ်နီးချင်းကို၊ ရောင်းရင်းဆံလှံ၊ မေတ္တာကျံက၊ သည်းခံနိုင်စေ၊
(၈) ဆွေခင်ပွန်းကို၊ ချစ်ကြည်ညိုမူ၊ ယွင်းယိုမရှိ၊ သတိမြဲစေ၊
(၉) မျိုးဆွေတို့အား၊ ချစ်ကြည်ငြားက၊ သွားလား တက်သက်၊ ပေါင်းဖက်နိုင်စေ၊
(၁၀) ရေမြေကွဲပြား၊ ရင်ဝေးသားကို၊ ဆွေဝါးအယှည့်၊ ချစ်အားပြည့်က၊ ရှုကြည့်မြော်ငန်း၊ နှုတ်ဆက်ခွန်းဖြင့်၊ မေးမြန်းနိုင်စေ၊ ခွဲဝေ မှာထား၊ သည်ဆယ်ပါးကို၊ ချစ်အားရှိက မြဲလုံ့လ။ ♦

ချစ်ကြိုက် စွဲဲလမ်း၊ တမ်းတ လွမ်း၊ ၅-ခဏ်း သံသဂ္ဂ

၎င်းသရုပ်ကို (သံသဂ္ဂမျိုး ၅-ပါး) ဟူသော ပြဿနာ၌ ဖြေဆိုမည်။ ♦

ချစ်ခင်ရင်းနှီးမှု ကြောင်းရင်း ၃-ပါး

ပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်။ ၃၅။ သုတ္တနိပါတ်။ ဋ္ဌ။ ဒု-အုပ်။ ၂၄၇။ တစ်ဦးနှင့်တစ်ဦး ကြည်နူးခင်မင်ခြင်းအကြောင်းတရား သုံးပါး။
(၁) ပုဗ္ဗေဝ သန္နိဝါသ-ရှေးဘဝက အတူတကွနေထိုင်ပေါင်းသင်း သီတင်းသီလတူမျှစွာ ပြုခဲ့မှုကြောင့်တစ်ပါး။
(၂) ပတ္ထနာ ကမ္မ-မျက်နှာမြင်ချစ်ခင်ပါစေဟု သူ၏ကောင်းမှုတစ်ခုခု၌ ဆုတောင်းပြုခြင်းကြောင့်တစ်ပါး။
(၃) ပစ္စုပ္ပန္န ဟိတ-ယခုမျက်မှောက်ဘဝခရီး၌ သူ၏အကျိုးစီးပွားကို လိုလားဆောင်ရွက်ပေးမှုကြောင့် တစ်ပါး။ ♦

ချမ်းသားကြီး ၄-ပါး

၎င်းသရုပ်ကို (သုခကြီး ၄-ပါး) မှာ ရှုပါ။ ♦

ချမ်းသားမျိုး ၃-ပါး

ကမ္ဘာသားများအတွက် ချမ်းသားရေးဟုသမုတ်အပ်သောတရား သုံးပါး၊ သို့သော် အိုနာသေဘေးမလွတ် ချမ်းသာတုသာဖြစ်၏။
(၁) လူ့ချမ်းသာ- လူ့ဘဝ စည်းစိမ်ချမ်းသာဟူသမျှ၊
(၂) နတ်ချမ်းသာ- နတ်ပြည်ခြောက်ထပ် နတ်တို့ချမ်းသာ၊
(၃) ဗြဟ္မာချမ်းသာ- ဗြဟ္မာ ၂၀-ရှိ ချမ်းသာမှုများ။ ♦

ချမ်းသာမျိုး ၃-ပါး၊ တစ်နည်း

၎င်းသုံးပါးကား တစ်ခုထက်တစ်ခု ပို၍ချမ်းသာစစ်ဖြစ်၏။
(၁) စျာန်ချမ်းသာ- စျာနသုခမျိုး၊
(၂) မဂ် ဖိုလ်ချမ်းသာ -မဂ္ဂသုခ ဖလသုခမျိုး၊
(၃) နိဗ္ဗာန်ချမ်းသာချမ်းသာတကာတို့၏အထွတ်အထိပ်ချမ်းသာမျိုး။ ♦

ချသံခေါ်ငြား၊ ၁၈-ပါး၊ သင်ကြားကဗျာ အဘယ်နည်း

၎င်းသရုပ်ကို (ဘယ်သံ ၁၈-ပါး) ၌ ရှုပါ။ ♦

ချီးမြှောက်ခြင်း ၂-မျိုး

(၁) ပစ္စယာနုဂ္ဂဟ- ပစ္စည်းလေးပါးနှင့် လှူဒါန်းပေးကမ်းချီးမြှောက်ခြင်း၊
(၂) ဓမ္မနုဂ္ဂဟ-တရားဓမ္မသင်ကြားပြသဆုံးမပေးခြင်း၊ ကျင့်ကြံအားထုတ်ခြင်း။

မှတ်ချက် ။ ။ သားသနာတော်၌ ၎င်း ၂-မျိုးနှင့်ကင်းကွာက မကြီးပွားနိုင်ချေ၊ ခန္ဓဝဂ္ဂသံယုတ်။ ပါ။ ၇၅။ ၎င်း။ ဋ္ဌ။ ၂၇၅-တို့၌ အကျယ်ရှု။ ♦

ချောပစ်ကုန်းတိုက်သူအပြစ်မျိုး ၇-ပါး

၎င်းသရုပ်ကို (ပိသုဏဝါစာကံ၏ မကောင်းကျိုးရ-ပါး) ၌ ရှုပါလေ။ ♦

ခြင်္သေ့မျိုး ၄-ပါး။ တစ်နည်း ၅-ပါး

ခန္ဓဝဂ္ဂသံယုတ်။ ပါ။ ၇၀။ ဋ္ဌ။ ၂၆၁။ စတုက္ကင်္ဂုတ္တရ။ ပါ။ ၃၄၂။ ဋ္ဌ။ ၂၉၁-၂၉၂ စသည်တို့၌ အကျယ်ရှုပါ။ သုတေသီတို့အတွက် အကျဉ်းချုပ်မျှပြထားသည်။
(၁) တိဏသီဟ ပြောက်ကြားသော ကိုယ်ရေအဆင်းရှိသော နွားမနှင့်တူသည့် မြက်စားခြင်္သေ့မျိုး၊
(၂) ပဏ္ဍု သီဟ- ဖျော့သော သစ်ရွက်လျော်အဆင်းရှိ၍ သားစားခြင်္သေ့မျိုး၊ ရန်ကုန်တိရိ စ္ဆာန်ရုံ၌ရှိသော ခြင်္သေ့မျိုး၊
(၃) ကာလသီဟ-မည်းနက်သော အဆင်းရှိ၍ မြက်နှင့်သားသေကောင်များကိုသာစားလေ့ရှိသော ခြင်္သေ့နက်မျိုး၊
(၄) ကေသရသီဟ-သားကောင်အရှင်များကိုသာ ဖမ်းယူစားသောက်လေ့ရှိသော ခြင်္သေ့မျိုးကား နီရဲသောနှုတ်သီးဖျား အမြီးဖျားရှိ၏၊နီမြန်းသောအရေအဆင်းသုံးခုတို့သည် ဦးခေါင်းမှစ၍ ကျောက်ကုန်းလယ်သို့ရောက်အောင် ဆင်းသွားလျက် ချက်၌ လက်ျာရစ်ပတ်ခွေကာ တည်နေ၏၊ ၎င်း၏လည်ဆံမွွှေးတို့ကား ရွှေကွန်ယက် ကမ္ဗလာတို့ဖြင့် ခြံရံဆင်မြန်းထားသကဲ့သို့ရှိ၏၊ ထိုမှကြွင်းသော အရပ်အစိတ်အပိုင်းတို့ကား ပွတ်သစ်စခရုသင်းကဲ့သို့ ဖြူဝင်းစင်ကြယ်လျက်ရှိ၏၊ ၎င်းသည် အစာငတ်၍အသက်သေမည်ပင်ဖြစ်စေကာ သားသေကောင်နှင့် မြက်သစ်ရွက်တို့ကို ဘယ်အခါမျှမစားသောက်ချေ၊
(၅) မနုသီဟခေါ် နရသီဟ- ခြင်္သေ့မျက်နှာနှင့် လူ၏ကိုယ် သဏ္ဌန်ရှိ၏၊ အဝတ်တန်ဆာ ဆင်ယင်၏၊ ၎င်းတို့ကား အခါခပ်သိမ်းရှိနေသည်မဟုတ်၊ မြတ်စွာဘုရားပွင့်ရှိတော်မူသောကာလ၌ ဖြစ်ရှိသည်ဟု မှတ်ရမည်၊ ထို့ကြောင့် ခြင်္သေ့မျိုး ၄-မျိုးသာ ရေတွက်ရိုးပြုကြကုန်သတတ်။ ♦

ခြေတော်ရာ ၃-ဆူ

ဘုရားရှင်၏ အမြဲတည်နေသော ခြေတော်ရာစေတီမြတ် ၃-ဆူ။ လင်္ကာဒီပခေါ် သီဟိုဠ်ကျွန်း၌ တစ်ဆူ၊ ယောနကရဋ္ဌခေါ် ဇမ္ဗူဒိပ်ကျွန်း၌ ၂-ဆူ၊ ပေါင်း ၃-ဆူ။ ♦

ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိ

ဤ၌ အကျဉ်းမျှသာပြလိုက်သည်၊ သုတ်သီလက္ခန်။ ပါ။ ၉၅။ ၎င်း။ ပါ။ ၂၈။ ဋ္ဌ။ ၁၀၉။ ၎င်း။ ပါ။ ၃၆။ ဋ္ဌ။ ၁၁၃။ ခန္ဓဝဂ္ဂသံယုတ်။ ပါ။ ၃၇။ ဋ္ဌ။ ၂၄၈။ ဥပရိပဏ္ဏာသ။ ပါ။ ၁၈။ ဋ္ဌ။ ၁၀-တို့၌ အကျယ်ရှုပါလေ။ (က) သဿတဒိဋ္ဌိဝါဒ ၄-ပါး၊ (ခ) ဧကစ္စ သဿတ ဒိဋ္ဌိဝါဒ ၄-ပါး၊ (ဂ) အန္တာနန္တ ဒိဋ္ဌိဝါဒ ၄-ပါး၊ (ဃ) အမရာ ဝိက္ခေပ ဒိဋ္ဌိဝါဒ ၄-ပါး၊ (င) အဓိစ္စ သမုပ္ပန္န ဒိဋ္ဌိဝါဒ ၂-ပါး၊ (စ) ဥဒ္ဓမာ ဃာတနသညီ ဒိဋ္ဌိဝါဒ ၁၆-ပါး၊ (ဆ) ဥဒ္ဓမာ ဃာတန အသညီ ဒိဋ္ဌိဝါဒ ၈-ပါး၊ (ဇ) ဥဒ္ဓမာ ဃာတန နေဝသညီ နာသညီ ဒိဋ္ဌိဝါဒ ၈-ပါး၊ (စျ) ဥစ္ဆေဒဒိဋ္ဌိဝါဒ ၇-ပါး၊ (ည) ဒိဋ္ဌိဓမ္မ နိဗ္ဗာန ဒိဋ္ဌိဝါဒ ၅-ပါး။ ♦

ခြောက်ဆယ့်လေးဖြာ၊ ကောင်းခြင်းရာ၊ ကညာလှအှအပျို

၎င်းသရုပ်ကို (ကောင်းခြင်း ၆၄-ရပ်) ၌ ရှုပါ။ ♦

ခြောက်ဆယ့်လေးဖြာ၊ ကျင့်ဝတ်လာ၊ ဆရာဝိနည်းဓိုရ်

၎င်းသရုပ်ကို (အနုဝဇ္ဇက ကျင့်ဝတ် ၆၄-ပါး) ဟူသော အမေး၌ ဖြေခဲ့ပြီ။ ♦

ခြောက်ပါးသီလ

ဝိကာလ ဘောဇနဆက္ကသီလ ဟုလည်းခေါ်၏။
(၁) ပါဏာတိပါတာ၊
(၂) အဒိန္နာဒါနာ၊
(၃) အဗြဟ္မစရိယာ၊
(၄) မုသာဝါဒါ၊
(၅) သုရာမေရယ၊
(၆) ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိ ယာမိ။ ♦

ခြောက်ပြစ်ကင်းဟု၊ ခေါ်ဆိုပြု၊ ၆-ခုအဘယ်နည်း

မိန်းမများ ရုပ်ဆင်းအင်္ဂါရွေးချယ်ရာ၌ အပြစ်ခြောက်ပါးကို ဆိုသည်၊ ၎င်းခြောက်ပါးကိုတင်စား၍ နေရာတကာ၌ ပမာထားပြောဆိုကြကုန်၏၊ ဓမ္မပဒ မဟာဋီကာ
(၁) အတိထူလာ- ဝလွန်းသူ၊
(၂) အတိကိသာပိန်လွန်းသူ၊
(၃) အတိ သုက္ကာ- ဖြူလွန်းသူ၊
(၄) အတိ တဏှာ- မည်းလွန်းသူ၊
(၅) အတိ ဒီဃာ- ရှည်လွန်းသူ၊
(၆) အတိ ရဿာ- ပုလွန်းသူ။ ♦

ခွေးတို့အကျင့် ၆-ပါး

လူတို့နည်းယူစရာ ခွေးတို့၏အကျင့်များ၊ စာဏကျနီတိပျို့မှ ထုတ်ဖြေလိုက်သည်။ ခွေးတို့ဟူသည်၊
(၁) အတည်တည်လျှင်၊ အမည်မရှား၊ အစာများကို၊ သောက်စားနိုင်လျှင်း၊
(၂) အစာသွင်းလည်း၊ ချက်ခြင်းမျှလွယ်၊ အနည်းငယ်မျှ၊ ဝမ်းဝယ်ရောက်က၊ နေနိုင်ကြ၏၊
(၃) ခဏခြင်းဝယ်၊ အိပ်ပျော်လွယ်၍၊
(၄) တစ်သွယ်မှတ်ရန်၊ အနိုးမြန်လျက်၊
(၅) ထက်သန်အားသစ်၊ အရှင်ကိုချစ်၏၊
(၆) စင်စစ်ရဲရင့် ဤခြောက်ဆင့်ကို၊ အသင့်ယူငင်၊ တတ်အောင်သင်လော့။ ♦

ခွေးမျိုး ၅-ပါး

ဘယဆေးအခေါ်ဖြစ်သော အပေါင်းစကား။
(၁) ပေါက်ခွေး၊
(၂) ခွေးငယ်ရိုင်းခေါ် ခွေးလည်းယား၊
(၃) ခွေးတောက်ကြီး၊
(၄) ခွေးတောက်လိမ်၊
(၅) ခွေးသေးပန်းဟူ၏။ ♦

ခွဲထားစပ်များ၊ မျိုး ၂-ပါး၊ အသွားမည်သို့ခြားသနည်း

အောက်ပါအတိုင်း ခြားနားကြပါသည်။
(၁) သံတူ သတ်ခွဲ ကြောင်းလွှဲခွဲထား- အသံသာတူ၍ အက္ခရာချင်းလည်းမတူ၊ အသတ်မတူ အကြောင်းအဓိပ္ပါယ်မတူသော ခွဲထားစပ်မျိုး၊ ပုံ-မင်းပေါင်း ၆-ဆက်၊ ကြံလျက်ဖမ်းငှာ၊ မတတ် 'ရာ'လည်း၊ မာ'ယာ'ဆောင်ပြ၊ ဥဒေါင်းမ၌၊ (မဃဒေဝ) စနောင့်စနင့်၊ ရှိနှင့် 'ကျင်'သော်၊ 'ကြင်' ငါတို့ကား၊ (ဇနကပျို့) စွန်းနားသုံး 'ယှိ'၊ လုံးတိတိလည်း၊ တ'ရှိ'လည်းကောင်း။ (နေမိဘုံခန်း။ )
(၂) သံတူ သတ်တူ ကြောင်းလွဲ ခွဲထား- အသံလည်းတူ ကာရန်အက္ခရာလည်းတူ၍ အကြောင်းအဓိပ္ပါယ်ကွဲလဲသော ခွဲထားစပ်မျိုး၊ ပုံ- ဆယ်ဆူသီ'လ'၊ နိယမလည်း၊ ကာ'လ' ပိုင်းခြား၊ (မဃဒေဝ) စေ့စပ်ကုန်တွင်၊ အောင်စီ'ရင်'သည်၊ ဘု'ရင်'များချာ၊ (သူဇာပျို့) လျပ်ပေါ်မည်း'နက်'၊ ယောက်ျားပျက်နှင့်၊ လက်'နက်'မြှောက်ချီ၊ (ဝိဓူရပျို့။ ) ♦

ဂင်္ဂါမျိုး ၄-ပါး

(၁) အာဝဋ္ဋဂင်္ဂါ- ဝဲတို့ဖြင့် လှည့်လည်ခွေရစ်၍စီးနေသောမြစ်၊
(၂) ဗဟလဂင်္ဂါ- နက်သော ရေထုရှိသောမြစ်၊
(၃) ဥမင်္ဂဂင်္ဂါ- ဥမင်လိုဏ်ခေါင်းဖြစ်၍ နေသောမြစ်၊
(၄) အာကာသဂင်္ဂါ- ကောင်းကင်၌ ရှိသောမြစ်၊ အပါဒါန်။ ဋ္ဌ။ ပ-အုပ်။ ၃၄၃။ ♦

ဂတိ ၅-ဖြာ၊ သတ္တဝါ၊ လားရာအဘယ်နည်း

ဥဒါန။ ဋ္ဌ။ ၁၂၃။ ဣတိဝုတ်။ ဋ္ဌ။ ၁၂၁-တို့၌ အကျယ်ရှုပါ။ ပုထုဇဉ်တို့ လားရောက်ကျဆင်းရာ ၅-ပါး။
(၁) ဒေဝဂတိ- နတ်ပြည် ဗြဟ္မာပြည်၊
(၂) မနုဿဂတိ- လူ့ပြည်၊
(၃) ပေတ ဂတိ- ပြိတ္တာပြည် အသူရကာယ်ပြည်၊
(၄) တိရ စ္ဆာန ဂတိ- တိရိ စ္ဆာန်ပြည်၊
(၆) နိရယဂတိ- ငရဲပြည်။ ♦

ဂတိမြဲရန်၊ ပုထုဇန်၊ ၆-တန် ဂုဏ်အင်္ဂါ

ဂတိ မြဲ မမြဲကို ဥပရိပဏ္ဏာသ အဋ္ဌကထာ၌ ပြဆိုသည်ကား-သဒ္ဓါ သီလ သုတ စာဂ ပညာ ပတ္ထနာ ဤအင်္ဂါခြောက်ပါး နှင့်ပြည့်စုံသော သူသည်သာ မြဲသောဂတိရှိ၏။ အထက်ငါးပါးနှင့်ပြည့်စုံ၍ ဆုတောင်းပတ္ထနာမရှိမူ လားရာဂတိမမြဲပေ၊ ပတ္ထနာရှိသော်လည်း အထက်ပါငါးပါး မရှိပါမူ လားရာဂတိမမြဲဟူ၏။ ♦

ဂန္ထတရား ၄-ပါး

သံသရာဝဋ်မှ မလွတ်အောင် ဖွဲ့နှောင်တတ်သော သဘော၄-မျိုး။
(၁) အဘိဇ္ဈာ ကာယဂန္ထ-လိုချင်မှု လောဘတရား၊
(၂) ဗျာပါဒ ကာယဂန္ထ- ပြစ်မှားမှု ဒေါသတရား၊
(၃) သီလဗ္ဗတပရာမာသ-မှားယွင်းမှုကိုပင် ကိုယ့်အယူ ကိုယ်မှန်၊ သူ့အယူသူမှန်ဟု မှတ်ထင်ဆွဲယူ သုံးသပ်မှု ဒိဋ္ဌိတရား၊
(၄) ဣဒံသစ္စာဘိ နိဝေသ ကာယဂန္ထ- မိမိ၏မှားသောအယူကို ငါ့အယူသာမှန်သည်၊ သူ့အယူအားလုံးမှားသည်ဟု စွဲယူသုံးသပ်မှု မိစ္ဆာဒိဋ္ဌိတရား။ ♦

ဂန္ထာရမ္ဘမျိုး ၃-ပါး

ကျမ်းစာရေးမှု ပြုစုရာ၌ စသည်အားထုတ်မှုမျိုး ၃-ပါး။
(၁) ပဏာမပုဗ္ဗက ဂန္ထာရမ္ဘ-ရတနာသုံးပါးကို ရှိခိုးခြင်းလျှင်အစထား၍ အားထုတ်မှု၊
(၂) အာသီသ ပုဗ္ဗက ဂန္ထာရမ္ဘ- မိမိလိုရာကို တောင့်တမှုလျှင်ရှေ့သွားရှိသော အားထုတ်မှု၊
(၃) ဝတ္ထု ပုဗ္ဗက ဂန္ထာရမ္ဘဖြစ်ရပုံ ဝတ္ထုအကြောင်း နိဒါန်းကို ရှေးဦးစွာပြထား၍ အားထုတ်မှု။ ♦

ဂန္ဓာရီ ဝိဇ္ဇာမျိုး

ဂန္ဓာရီအရကို ၎င်းဝိဂြိုဟ်ဖြင့်သိပါ၊ “ဂန်ဉာဏံ ဓါရေတီတိ ဂန္ဓာရော၊ ဂန္ဓာရော ယဿ အတ္ထိ တသ္မိံ ဝါဝိဇ္ဇတီတိ ဂန္ဓာရီ''။
(၁) စူဠ ဂန္ဓာရီ- ဖုတ်ကြီး ၄၀၊ ကဝေ ၉၉-နှင့်တကွ ၃၇ မင်း၊ ဂုမ္ဘန် ယက္ခ ဂန္ဓဗ္ဗ၊ စသော အောက်နတ် ပုဂ္ဂိုလ်တို့ကိုစွဲ၍ ပြုလုပ်စီရင်ကြသော အင်းအိုင် မန္တန် ဂါထာ မန္တရား လက်ဖွဲ့ ခါးလှည့် မော် စသော ပညာတတ်သူ မော်ဆရာ ပယောဂဆရာ အောက်လမ်းဆရာ အကြမ်းဆရာစသည်မျိုး။
(၂) မဟာဂန္ဓာရီ- သူရဿတီမယ်တော်ကြီးမှစ၍ ဒေဝီ ၂၁၊ သာသနာတော်စောင့်နတ်မင်းကြီး ငါးပါးစတုလောကပါလနတ်မင်းကြီး လေးပါး ဘိုးတော်သိကြားမင်းမှစ၍ အထက်နတ်ဟူသမျှနှင့် ဝိဇ္ဇာ ဇော်ဂျီတပသီတို့၏အဖြစ်၊ ၎င်းတို့နှင့်သက်ဆိုင်ပတ်သက်၍ရသော သိဒ္ဓိအကျိုးရှိသူဟူသမျှကို ဆိုသည်၊ ကျမ်းဂန်များ၌ ၎င်းနှစ်ခုသာ မူရင်းပြသည်။ ♦

ဂန္ဓာရီ ဝိဇ္ဇာမျိုး ၄-ပါး။ တစ်နည်း။

ဂန္ဓာရီနတ်မျိုး၏ အပြား၄-ပါးကိုဆိုသည်၊ အတုလ ဝိဇ္ဇာမယ သိဒ္ဓိကျမ်းမှ။
(၁) ဆေးဝိဇ္ဇာ ဂန္ဓာရီ - နတ်ဆေးဖြင့် စီရင်သည်၊
(၂) ပြဒါးဝိဇ္ဇာ ဂန္ဓာရီနတ်- ပြဒါးရှင်လုံးနှင့်စီရင်သည်၊
(၃) သံဝိဇ္ဇာ ဂန္ဓာရီနတ်- သံသေလုံးနှင့်စီရင်သည်၊
(၄) အင်းမန္တန်သမထဂန္ဓာရီဝိဇ္ဇာနတ်- ၎င်းတို့၏တန်ခိုးဖြင့် သိဒ္ဓိပြီးသူများ။ ♦

ဂန္ဓာရုံမျိုး ၁၀-ပါး

ဂန္ဓမာဒနတောင်ရှိ ဂန္ဓမျိုး ၁၀-ပါးရှိကြောင်းကို မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၂၅-တို့၌ဆို၏။
(၁) မူလဂန္ဓ၊
(၂) သာရဂန္ဓ၊
(၃) ဖေဂ္ဂု၊
(၄) တစ၊
(၅) ပပဋိကာ၊
(၆) ခန္ဓ၊
(၇) ရသ၊
(၈) ပပ္ဖ၊
(၉) ဖလ၊
(၁၀) ပတ္တ ဂန္ဓ၊ ၎င်းအပြည့်အစုံကို (နံ့သာမျိုး ၁၀-ပါး) ၌ အကျယ်ရှုပါ။ ♦

ဂဗ္ဘသေယျပဋိသန္ဓေမျိုး ၂-ပါး

အမိဝမ်းတိုက်၌ ပဋိသန္ဓေနေပုံ ၂-မျိုး။
(၁) အဏ္ဍဇဂဗ္ဘသေယျ- ဥဖြင့်နေသောအမျိုး၊ ငှက် မြွေစသည်၊
(၂) ဇလာဗုဇ ဂဗ္ဘသေယျ- အမိ၏ဝမ်း၌နေ၍ မွေးဖွားသောအမျိုး၊ လူ ခွေး နွားစသည်။ ♦

ဂမ္ဘီရတရားကြီး ၄-ပါး

ပိဋကတ်တော်လာ နက်နဲသိမ်မွေ့သောတရားကြီးလေးပါး၊အဋ္ဌသာလိနီ ။ ဋ္ဌ။ ၁ ဓမ္မ ဂမ္ဘီရ- အကြောင်းအားဖြင့် နက်နဲခြင်း၊ တရားတော်၏နက်နဲခြင်း၊ ၂ အတ္ထဂမ္ဘီရ- အကျိုးအားဖြင့်နက်နဲခြင်း၊ အနက်အဓိပ္ပါယ်နက်နဲခြင်း၊ ၃ ဒေသနာ ဂမ္ဘီရ- အနုလောမ ပဋိလောမ ဒေသနာတော်အားဖြင့် နက်နဲခြင်း၊ ဟောပြောပုံ၏နက်နဲခြင်း၊ ၄ ပဋိဝေဓဂမ္ဘီရ- ထိုးထွင်းသိရခြင်း၌ နက်နဲခြင်း။ ♦

ဂမုန်းမျိုး ၃၁-ပါး

ဤ၌ ဂမုန်းညွှန်းကျမ်းလာအတိုင်း ပြထားသည်။
(၁) ဂမုန်းဖြူနနွင်းရွက်ကဲ့သို့ရှိ၏။ အမြစ်ဖြူ၏၊ တစ်နှစ်တစ်ခါ ရွေ့၍ပေါက်၏၊ ထိုကို''ဂမုန်းလည်''ဟူ၍လည်း ခေါ်၏၊ အဖြူစစ်က နေရာမမြဲရှိ၏၊ ၎င်းကား ကြေးဖြူသည်၊
(၂) ဂမုန်းနီ- ဆိတ်ဖူးရွက်ကဲ့သို့ ပြာလဲ့လဲ့နှင့် ပင်ရင်းနီ၏၊ နနွင်းတက်ကဲ့သို့ရှိ၏၊ ထုံးမှာခတ်သော်နီ၏၊ ဟင်္သပြဒါးကဲ့သို့ နီမှစစ်သည်၊ သဗ္ဗရာဇာ အစိမ်း၊ ဖုတ်၊ တဇ္ဇေ၊ ဘီလူးတို့ကိုနိုင်၏၊ ဂဝံထု၍ဆောင် ရှိမ်းပြီး၏၊
(၃) ဂမုန်းနက်နနွင်း တက်ကဲ့သို့ရှိ၏၊ ကျောက်မီးသွေးကဲ့သို့ နက်၏။ သို့မှစစ်သည်၊ ကိုယ်၌လိမ်းသော် ရှိမ်းပြီး၏၊ ဂဝံထု၍ဆောင် ရှိမ်းဆာယာအောင်၏၊ အမှုန့်ပြု၍ ကြေးခပ်ပြားကိုလင်းအောင်ခပ် ရေနံတွင်သွန်း သုဝဏ္ဏဓမ္မရာဇ် ဖြစ်၏၊
(၄) ဂမုန်းကတိုး- အရွက်လက်ဝါးခန့် အရှည်ဝန်းဝန်း မြေနှင့်တစ်ထွာခန့် ရောက်သည်၊ မွှေးကြိုင်၏၊ ဣတ္ထိသျှိုကောင်း၏၊
(၅) ဂမုန်းခတ္တာ- ဂမုန်းကတိုးကဲ့သို့ အရွက်အနား လက်တစ်လုံးခန့် ရေးရေးနီ၏၊ ဣတ္ထိသျှိုကောင်း၏၊
(၆) ဂမုန်းခွေးလာအရွက်လက်ဝါးခန့် အကြောတွင် ပြာသာဒ်ရောက်၏၊ ဆိတ်ဖူးရွက်ကဲ့သို့ အဆင်းပြာပြာ စိမ်းစိမ်းညိုညိုရှိသည်၊ ခွေးချစ်တတ်သည်၊
(၇) ဂမုန်းကြက်လာ ဆိတ်ဖူးရွက်ကဲ့သို့ ရှိသည်၊ ပြာချည် စိမ်းချည်ရှိ၏၊ ကြက်ချစ်တတ်၏၊
(၈) ဂမုန်းဝက်လာ-ဝမ်းနီ၍ကျောက်မဲ၏၊ ဝက်ချစ်တတ်၏၊
(၉) ဂမုန်းနွားလာ- အကြောညို၏၊ ဝမ်းနီ၏၊ ညိုမောင်းတွင် ဖြူဖြူအပြောက် ပါသည်၊ နွားချစ်တတ်၏၊
(၁၀) ဂမုန်းပြောက်ကြီး နနွင်းပင်နှင့်တူ၏၊ ညိုမောင်းတွင် အဖြူညှင်းပြောက်ပါသည်၊
(၁၁) ဂမုန်းပြောက်ငယ်- ဆိတ်ဖူးရွက်ကဲ့သို့ ဥတွင်ပြသာဒ်ရောက်သည်၊ အရွက်ညှင်းပြောက်ရှိသည်၊
(၁၂) ဂမုန်းရှင်သူငယ်- ဆေးတစ်လုံးပင်ကဲ့သို့လည်းကောင်း၊ ငှက်ပျောရွက်ကဲ့သို့လည်းကောင်း အဖျားတိတိဝန်းဝန်းရှိ၏၊ အရွက်နီ၏၊ ငှက်ပျောခေါင်း ပိန်းခေါင်းကဲ့သို့ရှိမှ စစ်သည်၊ အမှုန့်ပြုဘင်ကိုဖြူး၍ထိုး၊ နွားချေးရေမှာ ဆယ်မီးစေ့အောင်သွန်း၊ ဘင်ဖြူ၏၊ ဒန်ကိုဖြူး ဒန်သေ၏၊
(၁၃) ရစ်ဂမုန်း- နနွင်းသဏ္ဌာန် အရွက်နီသည်၊ ပြာစိမ်းစိမ်း ညှင်းသေးပြောက်ပါ၏၊ အရွက်ထူသည်၊ ရွက်ဖျားစိမ်းသည်၊ ဣတ္ထိသဗ္ဗသျှိုပြီး၏၊ ဆောင်သောအခါ စားသောက်တန်ပြန် သေဆေးဟူသမျှကိုနိုင်၏၊ ကျားမွေ မကိုက်ဝံ့၊
(၁၄) ဂမုန်းလိပ်မတွား- ဆိတ်ဖူးရွက်နှင့် သဏ္ဌာန်တူသည်၊ ကွကွရှိသည်၊ အရွက်ကျရောက်ရာ၌ အညွှန့်အပင်ပေါက်သည်၊ အမြစ်ပေါ်သည်၊ ကျွန်ကျေးထွက်ပြေးတတ်သော် ထမင်းဟင်းမှာအမှုန့်ခပ်၍ကျွေးလေ၊ မပြေးနိုင်ပြီ၊ ဣတ္ထိသျှို၊
(၁၅) ဂမုန်းလိပ်မေ့၊ ဇရစ်၊ မဟောရာနှင့်တူ၏၊ အပင်သေးသေး အရွက်တစ်ချပ်တည်း၊ အမြစ်မှာတစ်လုံးတည်းရှိ၏၊ အရိုးကိုဆိတ်သော် နို့ရည်ကဲ့သို့ ထွက်သည်၊ မေ့စေတတ်သည်၊
(၁၆) ဂမုန်းဆိတ်လာ-ခတ္တာရွက်ကဲ့သို့ နက်ကျောကျောရှိ၏၊ အမြစ် တမာမြစ်နှင့်တူ၏၊
(၁၇) ဂမုန်းလိပ်လာ- ဆိတ်ဖူးရွက်ကဲ့သို့အတွင်းဝမ်းကအပြောက်ရှိ၏၊ အမြစ်တွင် အပေါက်အပေါက်ရှိ၏၊
(၁၈) ဂမုန်းသင်္ဃာစင်- ဇလတ္ထာပုံကဲ့သို့ အမြစ်လုံးလုံးနေ၏၊
(၁၉) ဂမုန်းဂေါ်သဇင်တန်ပြန်ကောင်း၏၊ ဆိုခဲ့ပြီးသောဂမုန်းမျိုးတို့ကို အစဉ်မှန်အောင်စုမူရာဇ သဗ္ဗသျှိုပြီးတော့သည်၊ ခြင်္သေ့၊ ကျား၊ သစ်၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ နဂါး၊ မိကျောင်း၊ ဝံ၊ ဘီလူး၊ တဇ္ဇေ၊ ဝနေရုက္ခ၊ ဘုမ္မဋ္ဌစသော နတ်ပြိတ္တာ စုန်းပြိတ္တာတို့ကိုနိုင်သည်၊ “ဂမုန်းပေါင်း''ဟူ၏၊
(၂၀) ဂမုန်းဆင်လာဆေး တစ်လုံးရွက်နှင့်တူ၏၊ ရွက်ကြောစိမ်းစိမ်းရှိ၏၊ သရက်ကင်းနှင့်တူ၏၊ အထက်ဖျားကား ဆင်ခေါင်းကဲ့သို့ရှိ၏၊ ဆင်ချစ်စေတတ်၏၊ 'ဂမုန်းဆင် ကာလကဏ္ဍိ'ဟူ၍လည်း ခေါ်ဆို၏၊
(၂၁) ဂမုန်းမြင်း ကာလကဏ္ဍီ- အရွက်တစ်ဖက်၏ အရိုးအကြောအရွက် အလုံးစုံနီ၏၊ တစ်ဖက်ကားစိမ်း၏၊ အတက်သရက်ကင်းနှင့်တူ၏၊ မြင်းချစ်၏၊
(၂၂) ဂမုန်းလူ ကာလကဏ္ဍီအရွက်ကြက်ဖြူရွက်နှင့်တူ၏၊ ခေါင်းတွင် လှံနှစ်စင်းကြက်ခြေခတ် အမှတ်တံဆိပ် ရှိ၏၊ သဗ္ဗရာဇဣတ္ထိသျှို၊
(၂၃) ဂမုန်းမ- ရွှေသားသဏ္ဌာန်ပင်လုံး ဝင်ရိုးဖျားကဲ့သို့ရှိ၏၊ ကြောင်ပန်းရှားစောင်းပင်တွင် ပေါက်တတ်၏၊
(၂၄) ဂမုန်းကြက်တောင်စင်- ကြက်မွေးကြက်တောင်နှင့်တူသော ရွက်ခက်ရှိ၏၊
(၂၅) ဂမုန်းသံဃာစင်ဆေးတစ်လုံးပင်နှင့်တူ၏၊ အစေးဖြူနီရှိ၏၊
(၂၆) ဂမုန်းစံပါစု-နွားမြက်ရင်းပင်နှင့်တူ၏၊ အစေးထွက်၏ ရွက်သားထူထူ အရိုးစိမ်းစိမ်း အမြစ်စုစုရှိ၏၊
(၂၇) ဂမုန်းလက်ညှိုး- လက်ညှိုးထိုးဟန်ရှိ၏၊ ကျောက်သစ်ပင်တို့တွင် ပေါက်တတ်၏၊
(၂၈) ဂမုန်းကျီးခြေ- ကျီးခြေသဏ္ဌာန် အပင်သေးသေးရှိ၏၊
(၂၉) ဂမုန်းလက်ဆက်- အလက်ချင်း ဆက်နေသည်၊ ဖြူနီရှိ၏၊ အနီကား ပီယ၊
(၃၀) ဂမုန်းလဝန်း- အရွက် ကံ့ကော်ပိတောက် ရွက်တို့နှင့်တူ၏၊ ခေါင်းကြက်သွန်ဖြူနှင့်တူ၏၊
(၃၁) ဂမုန်းပြာသာဒ်- ဆိတ်ဖူးပင်နှင့်တူ၏၊ အရွက်တွင် ပြာသာဒ်ပေါက်၏၊ ပီယ။ ♦

ဂရုကံကြီးမျိုး ၂-ပါး

သေသည်၏အခြားမဲ့၌ အကျိုးပေး၍ ကြီးလေးသောကံနှစ်ပါး။ ၁၊ မဟဂ္ဂုတ် ကုသိုလ်ကံ၊ ၂၊ ပဉ္စာနန္တရိယ အကုသိုလ်ကံ။ ♦

ဂရုဓမ်တရား ၈-ပါး

ဝိနည်းစူဠဝါ။ ပါ။ ၄၄၄။ ဋ္ဌ။ ၁၂၇။ အဋ္ဌဂရုဓမ္မတရားလည်းခေါ်သည်၊ ဘိက္ခနီမ ပြုလိုသူများ၊ သို့မဟုတ် ဘိက္ခုနီမများ တစ်သက်ပတ်လုံး အမြဲနိစ္စလိုက်နာပြုကျင့်ရန် အလေးအမြတ်ပြုတရား ရှစ်ပါး။ ၁၊ ရဟန်းယောက်ျားကင်းသော ကျောင်းရပ်၌ ဝါမကပ်ဆိုရခြင်း၊ ၂၊ လခွဲတစ်ကြိမ် ရဟန်းယောက်ျားများအား ဥပေါသထပုစ္ဆက၊ သြဝါဒူပသင်္ကမနခေါ် ၂- ပါးသောတရားကို တောင်းပန်ရခြင်း၊ ၃၊ ဝါကျွတ်ကာလ ဥဘတောသံဃာ့ ထံပဝါရဏာပြုရခြင်း၊ ၄၊ ဂရုဓမ္မ အဇ္ဈာပန္န ဘိက္ခုနီမသည် ဥဘတောသံဃာ၌ ပက္ခမာနတ်ကို နှစ်စဉ်နှစ်တိုင်း မပြတ်ကျင့်ရခြင်း၊ ၅၊ သိက္ခမာန်အဖြစ် နှစ်နှစ်တိုင်ကျင့်နေပြီးမှ ဥဘတောသံဃာ၌ ရဟန်းခံရခြင်း၊ ၆၊ ရဟန်းယောက်ျားတို့အား တစ်စုံတစ်ခု ပရိယာယ် သွယ်ဝိုက်နည်းနှင့်မျှ မဆဲရေးရခြင်း၊ ၇၊ ဘိက္ခုတို့ ဟောကြားဆုံးမတိုင်းသာ လိုက်နာရခြင်း၊ ၈၊ ယနေ့ပြုစသော ရဟန်းငယ်ကလေးများ အားပင် ညွတ်တွားရိုသေရခြင်း။ ♦

ဂရုဓမ္မတရား ၅-ပါး

လူတိုင်းအလေးအမြတ်ပြုအပ်သော 'ငါးပါးသီလ'ကို ခေါ်သည်။ ♦

ဂဠုန် ၁၂-ပါးဆေး

အဂ္ဂိရတ်ဝေါဟာရ၊ အာကာသဓါတ် ၁၂-ပါးကို အလေးတူထိုးချက်ထားသည့် ဆေးတစ်မျိုး။ ♦

ဂါရဝ ၃-ပါး

၎င်း ၃-ပါးကိုလိုက်နာက သားကောင်းရတနာများ ရနိုင်ကြောင်းနှင့် ဥတေနပျို့၌ မုံရွေးဇေတဝန် ဆရာတော်ဆို၏၊
(၁) မိဘနှစ်ပါးအား ရိုသေလေးစားရခြင်း၊
(၂) ယောက္ခမများအား ရိုသေလေးစားရခြင်း၊
(၃) မိမိလင်သားအား ရိုသေလေးစားရခြင်း။ ♦

ဂါရဝတရား ၆-ပါး

ရိုသေတုပ်ဝပ်လေးမြတ်ရမည့် တရားခြောက်ပါး၊ ၎င်းအားလိုက်နာခြင်းဖြင့် ကြီးပွားချမ်းသာနိုင်သည်။
(၁) သတ္ထရိ သဂါရဝ- ဘုရား၌ ရိုသေရခြင်း၊
(၂) ဓမ္မေ သဂါရဝ- တရား၌ ရိုသေရခြင်း၊
(၃) သံဃေ သဂါရဝ- သံဃာတော်၌ ရိုသေရခြင်း၊
(၄) သိက္ခာယ သ ဂါရဝ- ကိုယ်ကျင့်တရား၌ ရိုသေရခြင်း၊
(၅) အပ္ပမာဒေ သဂါရဝ- မမေ့မလျော့မှု၌ ရိုသေရခြင်း၊
(၆) ပဋိသန္ထာရေ သဂါရဝ- မိတ်ဖွဲ့ စေ့စပ်မှု၌ ရိုသေရခြင်း။ ♦

ဂါရဝတရား ၁၀-ပါး

ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာရိုသေလေးစားရမည့် အရာဆယ်ပါး၊ ဤကား အင်္ဂုတ္ထိုရ်လာ တူရာပေါင်း၍ ပြလိုက်သည်၊
(၁) ဗုဒ္ဓဂါရဝ- ဘုရားရှင်အားလေးစားရခြင်း၊
(၂) ဓမ္မဂါရဝ- တရားတော်အား လေးစားရခြင်း၊
(၃) သံဃဂါရဝ- သံဃာတော်အားလေးစားရခြင်း၊
(၄) သိက္ခာ ဂါရဝ- ကျင့်ကြံလေ့လာမှု၌ လေးစားရခြင်း၊
(၅) သမာဓိ ဂါရဝ-တည်ကြည် ဖြောင့်မတ်မှု၌ လေးစားရခြင်း၊
(၆) အပ္ပမာဒ ဂါရဝ-ကောင်းမှုမင်္ဂလာ၌ မမေ့မပေါ့ လေးစားရခြင်း၊
(၇) ပဋိသန္တာရ ဂါရဝ- ပေါင်းသင်းဆက်ဆံမှု ပြေပြစ်ချောမောရေး၌လေးစားရခြင်း၊
(၈) ဟိရီ ဂါရဝ- မကောင်းမှုပြုလုပ်ရမည်မှ ရှက်ခြင်း၌ လေးစားရခြင်း၊
(၉) သြတ္တပ္ပ ဂါရဝ- မကောင်းမှု ပြုလုပ်ရမည်မှ ကြောက်ခြင်း၌ လေးစားရခြင်း၊
(၁၀) အညမည ဂါရဝ-အချင်းချင်း အတူနေသူများအား တစ်ဦးကိုတစ်ဦး လေးစားရိုသေမှုရှိရခြင်း။ ♦

ဂီတအသံ ၇-တန်

(၁) တစ်ပေါက်သံ၊ ပုလဲ၊ သံလတ်၊ မဇ္ဈိမ၊ သဖြန်၊ သံဖျား၊ တျော၊ ကြိုးကြာသံ၊
(၂) နှစ်ပေါက်သံ၊ ဒူရကသံ၊ ဂန္ဓာရ ဆိတ်သံ၊
(၃) သုံးပေါက်သံ- ပြည်တော်သံ၊ နွားလားဥသဘသံ၊
(၄) လေးပေါက်သံ- အောက်ပြန်သံ၊ ဥသြငှက်သံ၊
(၅) ငါးပေါက်သံမြင်း စိုင်းသံ၊ ကြေးခရာသံ၊ ဥဒေါင်းသံ၊
(၆) ခြောက်ပေါက်သံ- ခြောက်သွယ်ညွန့်၊ မြင်းဟီသံ၊
(၇) ခုနစ်ပေါက်သံ- ညှင်းလုံး၊ ဆင်အော်သံ၊ ရသံ၊ သံရိုးလည်းဟူ၏။ ♦

ဂုံဂမံမျိုး ၄-ပါး

၎င်းသရုပ်ကို (ကုံကမံမျိုး ၄-ပါး) ၌ ပြခဲ့ပြီ။ ♦

ဂုဏ်ဆယ်ပါးလာ၊ အလင်္ကာ၊ ဂါထာကဗျာဖွဲ့

ပါဠိဘာသာနှင့် ကဗျာဘာသာ သီကုံးဖွဲ့နွဲ့ရာ၌ ယဉ်ကျေးမှု အလင်္ကာဂုဏ်ဆယ်ပါး၊ ၎င်းကိုပင် “သဒ္ဒါလင်္ကာရ ၁၀ ပါး''ဟုလည်း ခေါ်သေး၏။
(၁) ပသာဒ ဂုဏ်- ကိလိဋ္ဌနှင့် ဗျာကိဏ္ဏဒေါသလွတ်၍ နှစ်သက်ကြည်ရွှင်ဖွယ်သော စီကုံးမှု။
(၂) သုခုမာ လထာ ဂုဏ်- သံရှည် သံသေး နှစ်သက်ကြည်အေးဖွယ်အက္ခရာများပြီး သံဟိန်းသံဝါ အက္ခရာ အနည်းငယ်ညှပ်၍ စီကုံးသော အဖွဲ့အနွဲ့မျိုး။
(၃) မဓုရတာ ဂုဏ်- ကာရန်တူ၊ ဌာန်တူ၊ သတ်ပုံတူတို့ကို များများသုံး၍ ချိုသာစွာသီကုံးသွားမှု။
(၄) သမ တာ ဂုဏ်- သံပြင်း သံညှင်းအက္ခရာတို့ကို အညီအမျှထည့်သွင်းစီကုံးထားသော ဂါထာ ကဗျာ လင်္ကာမျိုး။
(၅) သြဇာ ဂုဏ်- သဒ္ဒါအနက်တို့၌ နေရာအားလျော်စွာ ကျဉ်းချုံး ကျယ်ချဲ့မှုနှင့် နာမ်ပုဒ်ချင်း ဆက်စပ်သုံးနှုန်းမှုတို့ကို အများဆုံးပါဝင်စေသော သီကုံးမှု။
(၆) သိလေသ ဂုဏ်- ချောမောပြေပြစ် ကျစ်လစ်စေ့စပ်သော အဖွဲ့အနွဲ့မျိုး။
(၇) ဥဒါရတ ဂုဏ်- ထူးထွေကဲလွန်သော ဂုဏ်တို့ကို ထိုဂုဏ်အောက် မယုတ်လျှိုးစေဘဲ အံ့ချီးမိုးမြှောက် လက်ဖျောက်တီးခတ်လောက်အောင် စီကုံးထားမှု။
(၈) ကန္တိဂုဏ်- ကြီးကျယ်သောစကားလုံးဖြစ်ငြားသော်လည်း လေလုံးထွားသည်ဟုမဆိုသာ၊ နှစ်သက်ဖွယ်ဖြစ်အောင် စီကုံးရေးသားမှုမျိုး။
(၉) အတ္တ ဗျတ္တိ ဂုဏ်- အနက်အဓိပ္ပါယ် သိလွယ်ပေါ်လွင်အောင်ပြသော အစီအကုံးမျိုး။
(၁၀) သမာဓိဂုဏ်- မုချမဟုတ် နှိုင်းယှဉ်တင်စား ဥပစာအားဖြင့် ဖွဲ့ဆိုထားမှု။ ♦

ဂုဏ်တော်ထွတ်ဖျား၊ အမြတ်ထား၊ အပြား ၃-မျိုးဆို

လောကသားတို့ အထွတ်အမြတ်ထား၍ ကိုးစားအောက်မေ့ ပွားများကြသော “ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်၊ “ ၎င်းသုံးပါးကိုဆိုသည်။ ♦

ဂေါစရရုပ် ၇-ပါး

အာရုံဖြစ်သောရုပ်တရားစု ၇-ပါး။ ၎င်းသရုပ်ကို ရုပ်(၂၈-ပါး) ၌ရှုပါ။ ♦

ဂျပ်မျိုး ၉-ပါး၊ မြွေငါးများ၊ ကျက်စားမြစ်ပင်လယ်

မြွေဦးခေါင်း ငါးမြီးရှိသော ရေ၌နေသည့်မြွေဆိုးမျိုးများ။
(၁) ဂျပ်မွဲ၊
(၂) ဂျပ်နက်၊
(၃) ဂျပ်ဝါ၊
(၄) ဂျပ်နီ၊
(၅) ဂျပ်ညို့မှိုင်း၊
(၆) ဂျပ်ရွှေဝါ၊
(၇) ဂျပ်လုံး၊
(၈) ဂျပ်ရက်ဖေါက်၊
(၉) ဂျပ်ငန်း။ ♦

ဂျွတ်မျိုး ၂-ပါး

(၁) ဂျွတ်ရိုးရိုး၊
(၂) ဘော်နင်းဂျွတ်ဟု ဓါတ်သတ္တုကျမ်းတို့၌ လာသည်။ ♦

ဂြိုဟ်ကြီး ၈-လုံး။ တစ်နည်း ၉-လုံး

ဂြိုဟ်သက် နေရပ်နှင့်တကွ ဖြေလိုက်သည်။
(၁) တနင်္ဂနွေ၊ ဂဠုန်ရုပ်၊ အရှေ့မြောက်ထောင့်၊ ၆-နှစ်၊
(၂) တနင်းလာ၊ ကျားရုပ်၊ အရှေ့အရပ်၊ ၁၅-နှစ်၊
(၃) အင်္ဂါ၊ ခြင်္သေ့ရုပ်၊ အရှေ့တောင်ထောင့်၊ ၈-နှစ်၊
(၄) ဗုဒ္ဓဟူး၊ ဆင်ရုပ်၊ တောင်အရပ်၊ ၁၇-နှစ်၊ (ဝ) စနေ၊ နဂါးရုပ်၊ အနောက်တောင်ထောင့်၊ ၁၀-နှစ်၊
(၅) ကြာသပတေး၊ ကြွက်ရုပ်၊ အနောက်အရပ်၊ ၁၉-နှစ်၊
(၈) ရာဟု၊ ဟိုင်းဆင်ရုပ်၊ အနောက်မြောက်ထောင့်၊ ၁၂-နှစ်၊
(၆) သောကြာ၊ ပူးရုပ်၊ မြောက်အရပ်၊ ၂၁-နှစ်။

မှတ်ချက် ။ ။ အထက်ပါဂြိုဟ်ရှစ်လုံး ထဲသို့ ကိတ်ဂြိုဟ်တစ်လုံးထည့်လိုက်က ဂြိုဟ်ကြီးကိုးလုံးဖြစ်၏။ ♦

ဂြိုဟ်ကြီး ၉-လုံး တစ်နည်း

အနောက် (ဥရောပ) နိုင်ငံတို့၌ ဗေဒင်ပညာရှိတို့ ယူဆဟောပြောကြသည်၊ ၎င်းတို့သည် တနင်းလာ(လ) ဂြိုဟ်ကို ကမ္ဘာ၏အရံဂြိုဟ်ဟု ဖယ်ထားကြ သည်၊ တနင်္ဂနွေ(နေ) ဂြိုဟ်ကိုမူ ဂြိုဟ်အပေါင်းတို့၏ မိခင်ဖြစ်၍ ဂြိုဟ်အပေါင်းတို့က ၎င်းတို့၏မိခင်(နေ) ဂြိုဟ်အား လှည့်လည်သွားလာနေရသောကြောင့် ၎င်းကိုလည်း မရေတွက်ကြကုန်ဟူ၏။ ၁ အင်္ဂါ၊ ၂ ဗုဒ္ဓဟူး၊ ၃ ကြာသပတေး၊ ၄ သောကြာ၊ ၅ စနေ၊ ၆ ယူရေနပ်၊ ၇ နက်ပ်ကျွန်း၊ ၈ ပလူတိုး၊ ၉ ကျွန်ုပ်တို့နေထိုင်သော ဤကမ္ဘာဂြိုဟ်ဟူသတည်း။ ♦

ဂြိုဟ်နေဂြိုဟ်သွားမျိုး ၄-ပါး

ကောင်းကင်ဂြိုဟ်တို့၏ သွားလာလှည့်ပတ်မှု၌ မှန်ကန်ခြင်း ဖေါက်ပြန်ခြင်းတို့ကိုဆိုသည်။ ၁ သီဟဇာ မိမိသွားရမည့်ရာသီခွင်ကို ခုန်ကျော်၍ ရှေ့သို့သွားခြင်းမျိုး၊ ၂ ဗျ ဂ္ဃဇာ- ရှေ့သို့မသွားဘဲ နောက်သို့ပြန်ခုန် ဆုတ်နစ်ခြင်းမျိုး၊ ၃ နိယဋ္ဌုံ- ရာသီခွင်တစ်ခု၌ မိမိနေရမည့်အချိန်ထက် ပိုမိုရပ်တည်၍ နေခြင်းမျိုး၊ ၄၊ သမ္မာဂတ မိမိနေရမည့်ရာသီခွင်၌ အချိန်စေ့နေ၍ အချိန်မှန်၊ ရာသီခွင်မှန် ပြောင်းရွှေ့သွားလာခြင်းမျိုး။ ♦

ဃောသအက္ခရာ ၂၁-လုံး

ဂါထာမန္တန် အင်းအိုင်စသည်တို့၌ ဟိန်းဟိန်းပြင်းပြင်း ရွတ်ဖတ် ရသော သက္ကဋကျမ်းလာ အက္ခရာမျိုး၊ ဂ, ဃ, င၊ ဇ, စျ, ည၊ ဍ, ဎ, ဏ၊ ဒ, ဓ, န၊ ဗ, ဘ, မ၊ ယ, ရ, လ, ဝ, ဟ, ဠ။ ♦

ငရဲကြီး ၈-ထပ်

ချမ်းသာမရှိ ဆင်းရဲအတိပြီးသော အရပ်ကြီးရှစ်ပါး။
(၁) သိဉ္ဇိုဝ်းငရဲ၊ သံပုနပ္ပုနံ ဇီဝန္တိ ဧတ္ထာတိ သဉ္ဇီဝေါ၊ ဘယ်လိုပင်သတ်ဖြတ်ညှင်းဆဲသော်လည်း ကံမကုန်သမျှအဖန်ဖန်အသက်ရှည်၍ ခံနေရသောငရဲ။
(၂) ကာဠသုတ် ငရဲ၊ ကာလ သုတ္တံထပေတွာ တစ္ဆ န္တိဧတ္ထာတိကာဠ သုတ္ထော၊ မည်းနက်သော တမျဉ်းကြိုးဖြင့်ချတိုင်း၍သစ်ရွေသလို တစ်ကိုယ်လုံး ခုတ်ရွေလှီးဖြတ်ခံရသော ငရဲ။
(၃) သံဃာတ ငရဲ၊ သံ ဃဋ္ဋေ န္တိ ဧတ္ထာတိ သံဃာတော၊ သံတောင်သံခဲကြီးတို့ဖြင့် အဖန်ဖန်လှိမ့်မွှေကြိတ်ချေ ညှင်းဆဲခံရသောငရဲ။
(၄) ဇာလရောရုဝ ငရဲ၊ မဟာရဝံ ရဝန္တိ ဧတ္ထာတိ ရောရုဝေါ၊ မီးတောက်မီးလျှံတို့ဖြင့် အဖန်ဖန်နှိပ်စက်ခံရ၍ကျယ်လောင်စွာအော်ဟစ်မြည်ကြွေးသော အသံရှိသည့် ငရဲ။
(၅) ဓူမ ရောရုဝ ငရဲ၊ မီးခိုးမီးအုံတို့ဖြင့် ပိတ်ဖုံးနှိပ်စက်ခံရ၍ ကယ်ပါယူပါ ပြင်းစွာအော်မြည်နေရသော ငရဲ၊(အချို့စာ၌ 'ရောရုဝ မဟာရောရုဝ'ဟု ရှိသည်၊)
(၆) တာပန ငရဲ၊ တာပေတီတိ တာပနော- သံတံကျင်ကြီးတို့ဖြင့် ထိုးဖေါက်ပြီး တစ်ကိုယ်လုံး မီးလျှံစွဲအောင်သံထွေခဲထဲ၌အမြဲ ကင်ဖုတ်ခံနေရသော ငရဲ။
(၇) ပတာပန ငရဲ၊ ပတာပေတီတိ ပတာပနော- အလျှံရဲပြောင်သော သံတောင်ကြီးပေါ်သို့ ရိုက်နှက်မောင်းတင်စေလျက် မြေထက်၌ စိုက်ထောင်ထားသော လှံသွားများပေါ်သို့ ဦးခေါင်းပြောင်းပြန်ကျစေသောငရဲ။
(၈) အဝီစိ ငရဲ၊ နတ္ထိ ဝိစိ ဧတ္ထာတိ အဝီစိ- ဤငရဲ၌ မီးလျှံနှင့်ငရဲသားရော ဆင်းရဲဒုက္ခတို့ပါ အကြားမရှိပြည့်နှက်လျက်သာနေသည် ဟူလို။ ♦

ငရဲငယ်မျိုး ၅-ပါး၊ ပေါင်း ၂၀-

ဥပရိပဏ္ဏာသ။ ပါ။ ၂၂၃။ ၎င်း။ ဋ္ဌ။ ၁၆၈။ ငရဲကြီးတစ်ထပ်၌ လေးမျက်နှာရှိရာ တစ်မျက်နှာလျှင် အောက်ပါငရဲငယ် ၅-မျိုးစီ ခြံရံနေရကား ငရဲကြီးတစ်ထပ်၏ ပတ်ဝန်းကျင်၌ ငရဲငယ်ပေါင်း ၂၀-ဟုခေါ်ဝေါ်အပ်၏။ ၎င်းငရဲငယ်များကို ပါဠိလို 'ဥဿဒငရဲ'ဟု ခေါ်၏။ ဥဿဒ သဒ္ဒါကား အများအပြားကိုဟောသည်၊ ဤ၌ ဒေဝဒူတသုတ်လာ ငရဲငယ်မျိုးငါးပါးကို ပြလိုက်သည်။ အချို့နေရာ၌ ၄-ပါး ၄-လီ ၁၆-ပါးဟုလည်း လာရှိ၏။
(၁) ဂူထ ပုတိကခေါ် ဘင်ပုပ်ငရဲ- ပိုးလောက်ကောင် ဆင်၏လည်ပင်း လှေ ပိန်းကောငယ်မျှ ကြီးမားလျက်ရှိသော မစင်ဘင်ပုပ်တွင်းကြီး၌ နစ်မြုပ်ထိုးကိုက်ခံရသော ငရဲ။
(၂) ကုက္ကုလုဏှ ခေါ် ပြာပူငရဲ- အလျှံရဲရဲထသော မီးခဲတို့ကို အလွန်အမင်းပူပြင်းသော ပြာပူတို့က ဖုံးဖိထားသောကျင်းထဲ၌ကျ၍ ဆင်းရဲခံနေရသောငရဲ။
(၃) သိမ္ဗလိခေါ် လက်ပံတောငရဲ- အလွန်ရှည်သော လက်ပံဆူးတို့က ငရဲသားအပေါ်တက်လျှင် အောက်ဖက်သို့ထက်သောအဖျားလှည့်နေလျက်၊ အောက်ဆင်းပြန်က အထက်သို့အဖျား လှည့်နေ ကြသော ငရဲ။
(၄) အသိပတ္တခေါ် သံလျက်တောငရဲ- ဓါးလှံ သံလျက်နှင့်တူသည့်အရွက်တွေ ပေါများကြွေကျသော သံလျက်ပင် တောထဲ၌ ပြေးမလွတ်အောင် ဆင်းရဲဒုက္ခခံနေရသော ငရဲ။
(၅) ခါရောဒကခေါ် ကြိမ်ပိုက်မြစ်ငရဲ- ကြိမ်ဆူး ကြိမ်ပိုက်တွေ အထပ်ထပ်ရံလျက် ခါးငန်စပ်ပူသော ရေရှိသည့်မြစ်ထဲ၌ ကူးမလွတ်အောင် ဆင်းရဲခံနေရသော ငရဲ။ ♦

ငရဲငယ် ၁၀-ပါး တစ်နည်း

ထိုငရဲငယ်ဆယ်ပါး၏ သရုပ်အဓိပ္ပါယ်များကို အောက်ပါ မဃဒေဝလင်္ကာစကားဖြင့် သိကြရာ၏။ “ထိုပြိနောက်မှ၊ ဥဒဿ၏၊ ပြင်ကပတ်ခြံ၊ စပ်ကာရံသား၊ ဆူလျှံပွပွ၊ ပွက်ပွက်ထလျက်၊ ကြွကြွ တက်ဝေ၊ ကြေးသံရေနှင့်၊ မသေမသက်၊ သိပ်သိပ်နက်ဖြင့်၊ ကျွက်ကျွက်အုတ်အုတ်၊ တရုတ်ရုတ်လျှင်၊ ချက်ဖြုတ် ဘွားဘွား၊ သားငါးချဉ်ချို၊ ဟင်းဒယ်ကျို၍၊ ကြိုကြိုကြားကြား၊ ရှောင်ရှားထွက်ခွာ၊ လွတ်ရာမရ၊ ကြောက်ဖွယ်စွလျှင်၊ လောဟကုမ္ဘီ၊ ကြေးနီအိုးကြီး၊ ညီးညီးပူကဲ၊ ငရဲတစ်ခွင်၊ ရဲချင်ချင်နှင့်၊ ထိလျှင်ရှစူး၊ သင်ဓုန်းဦးသို့၊အဆူးရှည်လံ၊ ဝင်းဝင်းလျှံသည်၊ လက်ပံငံငရဲ၊ လွန်ကဲချက်ချက်၊ ထက်ထက်မြသား၊ သန်လျက်လက်သည်း၊ အော်မြည်ကြည်းလျက်၊ လန့်ကျည်းပြင်းစွာ၊ ကုတ်ကျစ်ကာလျှင်၊ ခံရာမချိ၊ ကြောက်ဘွယ်တိဖြင့်၊ အသိနခ၊ မည်ရမလွဲ၊ ငရဲတစ်တန်၊ စီးဟန်သက်သက်၊ ဆူကြွက်ကြွက်နှင့်၊ ပွက်ပွက်လျှံဝေ၊ ကြေးနီရေဟု၊ ပူထွေလွန်မော၊ တမ္ဗောဒက၊ မည်ရမလွဲ၊ ငရဲတစ်ထွေ၊ သံတွေညီးညီး၊ အရှိန်ကြီးလျက်၊ မီးကြီးအလျှံ၊ တောက်ပျံပူလော၊ အယောဂုဠုဠ၊ အမည်ရသား၊ နာမခေါ်မြဲ၊ ငရဲတစ်ချက်၊ ကြောက်မက်စဖွယ်၊ ကြီးကျယ်ဖြိုးမြင့်၊ မိုးနှင့်တမျှ၊ မီးလျှံထလျက်၊ သေလပဗ္ဗတ၊ မည်ရပြောင်ပြောင်၊ သံမီးရောင်နှင့်၊ ကျောက်တောင်တစ်ခဲ၊ ငရဲတစ်ဆစ်၊ ပူအစ်ထန်ပြင်း၊ စပါးဖျင်းသို့၊ စီးဆင်းလျှံခြောင်း၊ ခိုးထောင်းထောင်းနှင့်၊ မြစ်ချောင်းတူလှ၊ ဆူပွက်ထသား၊ ဘုသနဒီ၊ သညီမှတ်စွဲ၊ ငရဲတစ်မျိုး၊ လျှံခိုးမရှိန်၊ မထိန်မတောက်၊ မနောက်မခဲ၊ မရဲမချဉ်၊ မီးလွတ်စင်လည်း၊ ရိုးခြင်ဆီတွင်း၊ အကုန်ချင်းအောင်၊ ထွင်း၍ဧကျဉ်၊ ရေအယဉ်သို့၊ ရှောင်ကြဉ်မဖြစ်၊ ဆင်းရဲနစ်သား၊ မြစ်ပမာဏ၊ သီတနဒီ၊ ဤလည်းလွန်ကဲ၊ ငရဲတစ်သီး၊ ကျားကြီးဆင်ပေါက်၊ လောဟီကျောက်သို့၊ လန့်ကြောက်ဖွယ်လိ၊ မျက်စိချင်းချင်း၊ စွယ်ဝင်းဝင်းနှင့်၊ ကောက်ချင်းရှက်ထွေး၊ တောင်ပြေးမြောက်ရစ်၊ အော်ဟစ်မြူးခုန်၊ သဲသဲတုန်အောင်၊ ဝိုင်းကုန်အုန်းအင်း၊ ဗြုန်းဗြင်းဆူဝေ၊ မြင်ရုံသေမျှ၊ ခွေးရွှေခွေးနက်၊ ကျားထက်ဆိုးကျူး၊ ခွေးဘီလူးတို့၊ ရှူးရှူးရှင်ရှင်၊ ရွတ်ရွတ်ငင်၍၊ လျှင်လျှင်ကြွက်ကြွက်၊ ပြေးမလွတ်အောင်၊ ကျွတ်ကျွတ်မျိုဝါး၊ ဟပ်စားကိုက်ခဲ၊ ခွေးငရဲဟု၊ ခေါ်မြဲတစ်ရပ်၊ ကြံညှပ်ယန္တယား၊ စက်အလားသို့၊ ထွားထွားညက်ကြိတ်၊ မည်ကျိတ်ကျိတ်နှင့်၊ ကြောက်ထိပ်ဖွယ်ကြီး၊ တတီးတီးတည့်၊ ယိုစီးအယဉ်၊ ညီးညီးပျဉ်၍၊ မစဉ်တစ်ရစ်၊ ကိုယ်လုံးနစ်မျှ၊ သွေးချောင်းကျသား၊ ယန္တပ္တပါသာ၊ သညာမည်စွဲ၊ ငရဲတစ်ပုံ၊ လုံးစုံဖေါ်ပြ၊ ယမလောကီ၊ တွင်ညီခေါ်ရိုး၊ ဤဆယ်မျိုးလည်း၊ ကြောက်စိုးလန့်ဘွယ်။ ♦

ငလျင်လှုပ်ခြင်းအကြောင်း ၉-ပါး

အကျဉ်းမျှဖြေသည်၊ အဋ္ဌင်္ဂုတ္တရ။ ပါ။ ၁၂၈။ ဋ္ဌ။ ၂၄၇-၌ ၈-ပါးလာ၏၊ ၎င်း။ ပါ။ ၁၃၂။ ဋ္ဌ။ ၂၅၀-တို့၌ ရှုပါ။ ၁၊ ဓါတုက္ခောဘခေါ် ဓာတ်ချောက်ချား၍ တုန်လှုပ်ခြင်းတစ်မျိုး၊''အပူဓါတ်အအေးဓါတ် လွန်ကဲပြင်းထန်၍ လှုပ်ခြင်းမျိုးဟူ၏” ၂၊ ဣဒ္ဓိမန္တပုဂ္ဂိုလ်၏တန်ခိုးကြောင့် လှုပ်ခြင်း၊ ၃၊ နေမိတ္တကခေါ် သာမန်လူသားတို့၏ ကောင်းဆိုးနိမိတ်အတွက်လှုပ်ခြင်း၊ ၄၊ ဘုရားအလောင်း ပဋိသန္ဓေနေ၍ လှုပ်ခြင်း၊ ၅၊ ဘုရားအလောင်း ဖွားမြင်၍လှုပ်ခြင်း၊ ၆၊ ဘုရားအဖြစ်သို့ ရောက်တော်မူ၍လှုပ်ခြင်း၊ ၇၊ ဓမ္မစကြာဒေသနာကို ဟောတော်မူ၍လှုပ်ခြင်း၊ ၈၊ အာယုသင်္ခါရလွှတ်တော်မူ၍လှုပ်ခြင်း၊ ၉၊ ပရိနိဗ္ဗာန် ပြုတော်မူ၍လှုပ်ခြင်း။ ♦

ငသတ်ကာရန်၊ ရေးထုံးမှန်၊ ၉-တန်မြန်မာနည်း

မြန်မာ့ရေထုံးကာရန်ငယ် အသံခြောက်ပါးကိုပြရာ၍ “အင် အင့် အင်း၊ အိုင် အိုင့် အိုင်း၊ အောင် အောင့် အောင်း''ဟု ပညာရှိများ မှတ်သားထားကြ၏။ ♦

ငါးကြီးရှစ်စင်း

နိဒါနဂ္ဂသံယုတ်။ ဋ္ဌ။ ၈၁။ သုတ်မဟာဝါ။ ဋ္ဌ။ ၇၇-၌ အကျယ်ရှုလေ။ ၁၊ အာနန္ဒာငါးကြီးမျိုး-အလျား ယူဇနာ ၁၀၀၀-ရှိ၏၊ ၂၊ တိမိနန္ဒာငါးကြီးမျိုး- အလျား ယူဇနာ ၁၀၀၀-ရှိ၏၊ ၃ အဇ္ဈာရောဟငါးကြီးမျိုး- အလျားယူဇနာ ၁၀၀၀-ရှိ၏၊ ၄ မဟာတိမိငါးကြီးမျိုး-အလျားယူဇနာ ၁၀၀၀-ရှိ၏၊ ၅ တိမိရ ပိင်္ဂလငါးကြီးမျိုး- အလျား ယူဇနာ ၅၀၀-ရှိ၏၊ ၆ တိမိပိင်္ဂလငါးကြီးမျိုး- အလျားယူဇနာ ၄၀၀-ရှိ၏၊ ၇ တိပိင်္ဂလငါးကြီးမျိုး- အလျားယူဇနာ ၃၀၀-ရှိ၏၊ ၈ တိမိငါးကြီးမျိုး- အလျားယူဇနာ ၂၀၀-ရှိ၏။

မှတ်ချက် ။ ။ အဘိဓါနပ္ပဒီပိကာခေါ် မာဂဓအဘိဓါန်နှင့် ၎င်းဋီကာ၌ကား တိပိင်္ဂလမှတစ်ပါး ၇-မျိုးသာ လာသည်၊ မဟာနိဒါနသုတ် 'ဂမ္ဘီရာဘာဝသော'ပုဒ်အဖွင့်၌ကား ယူဇနာနှင့်တကွ ရှစ်မျိုးကို အထက်ပါအတိုင်းဖွင့်ပြထားလေသည်၊ ဧကကနိပါတ် နိစ္စဇာတ် အဋ္ဌကထာနှင့်တကွ အခြားကျမ်းပေါင်းများစွာတို့၌လည်း အမည်ကွဲ ယူဇနာကွဲအားဖြင့် လာရှိကြသေး၏၊ သို့သော် ဤ၌ ကျယ်မည်စိုး၍မပြတော့ပြီ၊ အဘိဓါန်နိသျသစ် ဆရာကား ၎င်းတို့ကို 'ဝေလငါး'ဟု ဘာသာပြန်ထား၏။ ♦

ငါးပါးအဉ္ဇလီ၊ ပဏာချီ၊ မျိုးမည်ခွဲဲခြားသိ

၎င်း၏သရုပ်အဓိပ္ပါယ် (အဉ္ဇလီ ၅ သွယ်၊ သိမှတ်ဖွယ်) ၌ ကြည့်ပါ။ ♦

ငါးပါးသီလ

ခုဒ္ဒကပါဌ။ ပါ။။ ဋ္ဌ။ ၁၆ မှ ၂၃ ထိ အကျယ်ရှုပါ။ ကံငါးပါးလည်းခေါ်သည်။ ကမ္ဘာသူကမ္ဘာသားတို့ အမြဲစောင့်ထိန်းရသော ကမ္ဘာစောင့်တရားငါးပါး။ ၁ ပါဏာတိပါတာဝေရမဏိ- သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ၂ အဒိန္နာဒါနာ ဝေရမဏိ- သူ့ဥစ္စာကိုခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ၃ ကာမေသုမိစ္ဆာစာရာဝေရမဏိ -သူ့သားမယားကို သွားလာကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ၄ မုသာဝါဒါဝေရမဏိ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ၅ သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ- သေအရက်ကိုသောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။ ♦

ငါးမည်ရပြည်ရွှေဘို

နရပတိစည်သူမင်းလက်ထက်ကစ၍ ထင်ပေါ်ခဲ့သော ငါးမည်ရရွှေဘို၊ (ရာဇဝင်ပညာရှင်တို့အဆို။ )
(၁) မုဆိုးပို- နရပတိစည်သူမင်းလက်ထက် သူကောင်းပြုခံ မုဆိုး ငပို စတင်တည်ထောင်၍ (မုဆိုး ငပိုရွာ) ဟူ၏။
(၂) ကုန်းဘောင်မြို့- စည်ကားလာသော အခါ ချောင်းကို ကုန်းဘောင်ထိုး၍ ပိုမိုအကျိုးရှိ သောကြောင့် (ကုန်းဘောင်မြို့) ဟူပြန်သည်။
(၃) ရန်ကြီးအောင်- အလောင်းဘုရားကြီးသည် ဤနေရာမှ ရန်ပြုသူတို့၏ ရန်စွယ်ရန်ညှောင့် အပေါင်းကို အောင်မြင်တော်မူသောကြောင့် (ရန်ကြီးအောင်) ဟု တွင်စေသည်။
(၄) ရ တ နာ သိင်္ခ- အလောင်းဘုရားကြီး မြို့နန်းတည်ပြီးသောအခါ ရတနာအပေါင်း တို့နှင့် ပြည့်စုံ၍ (ရတနာသိင်္ခ) ဟု မော်ကွန်းထိုးပြန်သည်။
(၅) ရွှေဘို- ၁၁၉၉-ခုနှစ် နန်းတက်တော်မူသော ရွှေဘိုမင်း၊ ကုန်းဘောင်မင်း၊ သာယာဝတီမင်းဟု ၃-မည်ရဘိုးတော်ဘုရား၏ မြေးတော်လက်ထက်၌ မုဆိုးပိုကိုပင် သုတိသြဘာမင်္ဂလာ နှင့်ပြည့်စုံအောင် (ရွှေပို) 'ရွှေဘို'ဟု ခေါ်ဝေါ်သမုတ်ကြပြန်သည်။ ♦

ငါးမျိုး ၁၀၀၊ နန်းတွင်းမှာ၊ ရေးကာပုံနှင့်ပြ

ပုဂံဝန်ထောက်မင်းဦးတင်ထံမှ မှတ်သားရဖူးသည်။ နန်းတွင်း၌သားတော်သမီးတော်များ သိရှိနိုင်ရန် ငါးမျိုးအမည်တို့ကို ပုံစံတူပန်းချီရောင်စုံနှင့် ရေးဆွဲထားသည်ဟူ၏။ ထိုပရပိုဒ် ယခုတိုင်အောင် မန္တလေးဦးကိုကိုလတ်ထံ၌ သိမ်းဆည်းထားသည်ဟူ၏။ ကျွန်ုပ်တို့မြန်မာအဘိဓါန်ကြီးအတွက် ကိုယ်တိုင်ပင်လယ်ပိုင်းသို့ ထွက်၍ သုတေသနပြုခဲ့သော်လည်း ထိုစဉ်ကအမည်မပါသေးသောငါးများကိုပင် ဤ၌ တွေ့ရှိရသေးသည်။ ငါးကြင်း၊ ငါးသိုင်း၊ ငါးစင်ရိုင်း၊ ငါးမြစ်ချင်း၊ ငါးတင်ဝန်၊ ငါးဖယ်လောင်း၊ ငါးခုံးမ၊ ငါးထွေ၊ ငါးရပ်၊ ငါးလိုက်
(၁၀)၊ ငါးလင်ဝန်၊ ငါးထရွက်၊ ငါးပျက်၊ ငါးပြေမ၊ ငါးသလဲတိုး၊ ငါးစင်စပ်၊ ရင်ပေါင်စာ၊ ငါးစင်းပြား၊ ငါးစင်းလုံး၊ ငါးကြောင်း (၂၀)

၊ ငါးဖေါင်ရိုး၊ ငါးမြွေ၊ ငါးရွေး၊ ငါးရှဉ့်၊ ငါးသန်၊ ငါးလူး၊ ငါးလဲ၊ ငါးနောက်သွား၊ ငါးမြင်း၊ ရွှေစာရေး (၃၀)

၊ ငါးစည်ပူ၊ ငါးအုံတုံ၊ ငါးဘမ်းမ၊ ငါးရံဒိုင်း၊ ငါးတန်၊ ငါးဆင်၊ ငါးမန်း၊ ကကတစ်၊ ကကလောင်၊ ကသပေါင်း၊ (၄၀)

၊ ကကူရန်၊ ကဘီလူး၊ ငါးမြင်းကွမ်းစား၊ ငါးပုတ်သင်၊ ငါးခူ၊ ငါးမြင်းကျဉ်တောက်၊ ငါးတောက်တဲ့၊ ငါးအိုက်၊ ငါးပုဏ္ဏား၊ ငါးနွား၊
(၅၀)၊ ငါးကျွဲ၊ ငါးစွန်၊ ငါးသေတ္တာ၊ ငါးပါး၊ ငါးတန်ခွန်၊ ငါးပျံ၊ ငါးဝင်၊ ငါးနက်ပြာ၊ ငါးကျုတ်၊ ငါးမြောက်၊ (၆၀)၊ ငါးကျောက်ဖား၊ ငါးလဝါ၊ ငါးမောင်းမ၊ ငါးပြင်လက်၊ ငါးပတ်၊ ငါးလေးထောင့်၊ ငါးရင်ကုန်း၊ ငါးတီ၊ ငါးဘရွဲ၊ ငါးကရား၊ (၇၀) ။

ငါးမြင်းလှ၊ ငါးသံကောက်၊ ငါးကြည်း၊ ငါးသံချိတ်၊ ငါးရောင်၊ ငါးဘိန်း၊ ငါးပတ၊ ငါးလိပ်၊ ငါးဆကာ၊ ငါးတောတူ၊ (၈၀) ။

ငါးပယုံ၊ ငါးဖေး၊ ငါးတောက်၊ ငါးလွန်းထိုး၊ ငါးဆော်၊ ငါးနုသန်း၊ ငါးစင်း၊ ငါးဝက်မ၊ ငါးသားတစ်၊ ငါးဘီလူး၊ (၉၀) ။

ရွှေငါး၊ ငွေငါး၊ ငါးနံချောင်၊ ငါးဝိုက်တောင်၊ ငါးပုဇွန်၊ ငါးတန်း၊ ငါးဖြင်တောင်၊ ငါးမြင်းအုပ်ဖား၊ ငါးလကာ၊ ငါးသလောက် (၁၀၀။ )

မှတ်ချက် ။ ။ ဤ၌မပါရှိသေးသော ငါးပေါင်းလည်း များစွာရှိသေး၏။ ♦

ငါးရာ့ငါးဆယ်

ဗုဒ္ဓဘာသာဝေါဟာရ ငါးရာ့ငါးဆယ်ဟုဆိုလျှင် ဘုရားဟောဇာတ်နိပါတ်တော်ဟု ဗုဒ္ဓဘာသာ အဝါးဝသူတိုင်း နားလည်ကြကုန်၏။ ဤ၌နိပါတ် အမည်နှင့် ဇာတ်ဝတ္ထုသင်္ချာမျှကိုသာ အကျဉ်းရုံး၍ ဖြေသွားမည်။ ၁ ဧကကနိပါတ်- အပဏ္ဏက ဇာတ်အစ သဉ္စီဝဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၅၀-ပါဝင်သည်။ ၂ ဒုကနိပါတ်- ရာဇောဝါဒဇာတ်အစ ကပိလဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀၀-ပါဝင်သည်။ ၃ တိကနိပါတ်-သင်္ကပ္ပဇာတ် အစ ဗကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅၀-ပါဝင်သည်။ ၄ စတုကနိပါတ်- စူဠကလိင်္ဂဇာတ်အစ ဒေဝတာပဥှဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅၀-ပါဝင်သည်။ ၅ ပဉ္စကနိပါတ်- မဏိကုဏ္ဏလဇာတ်အစ ကပေါတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၅-ပါဝင်သည်။ ၆ ဆက္ကနိပါတ်- အဝါရိယဇာတ်အစ ပါရာဝတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၀-ပါဝင်သည်။ ၇ သတ္တကနိပါတ်- ကုက္ကုရဇာတ်အစ ပရ န္တဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၀-ပါဝင်သည်။ ၈ အဋ္ဌကနိပါတ်- ကစ္စာနိဇာတ်အစ ဒီပိဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။ ၉ နဝကနိပါတ်- ဂိဇ္ဈဇာတ်အစ တိတ္တိရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၂-ပါဝင်သည်။ ၁၀ ဒသကနိပါတ်-စတုဒွါရဇာတ်အစ ဃဋပဏ္ဍိတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၆-ပါဝင်သည်။ ၁၁ ဧကာဒသကနိပါတ် မာတုပေါသကဇာတ်အစ သုပ္ပါဒကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၉-ပါဝင်သည်။ ၁၂ ဒွါဒသကနိပါတ် စူဠကုဏာလဇာတ်အစ မိတ္တာမိတ္တဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။ ၁၃ တေရသကနိပါတ်- အမ္ဗဇာတ်အစ သရဘဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။ ၁၄ ပကိဏ္ဏကနိပါတ်- ကေဒါရဇာတ်အစ ဘိက္ခာပရံပရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၃-ပါဝင်သည်။ ၁၅ ဝီသတိနိပါတ်- မာတင်္ဂဇာတ်အစ အယောဃရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၄-ပါဝင်သည်။ ၁၆ တိံသနိပါတ်- ကိံဆန္ဒဇာတ်အစ ဘဏ္ဍုတိန္ဒုကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။ ၁၇ စတ္တာလီသနိပါတ်- တေသကုဏဇာတ်အစ စူဠသုတသောမဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅-ပါဝင်သည်။ ၁၈ ပဏ္ဏာသနိပါတ်- နိလိနိကာဇာတ်အစ မဟာဗောဓိပရိဗ္ဗာဇက ဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၃-ပါဝင်သည်။ ၁၉ သဋ္ဌိနိပါတ်- သောဏဇာတ်အစ သံကိစ္စဇာတ် အဆုံး ဇာတ်ဝတ္ထု ၂-ခုပါဝင်သည်။ ၂၀ သတ္တတိနိပါတ်- ကုသဇာတ်အစ သောဏနန္ဒဇာတ်အဆုံး ဇာတ်ဝတ္ထု ၂-ခုပါဝင်သည်။ ၂၁- အသီတိနိပါတ်- စူဠဟံသဇာတ်အစ မဟာသုတေသောမ ဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅-ပါဝင်သည်။ ၂၂- မဟာနိပါတ် -တေမိဇာတ်အစ ဝေဿန္တရာဇာတ် အဆုံး ဇာတ်ဝတ္ထု ၁၀-ပါဝင်သည်။

မှတ်ချက် ။ ။ ဤ၌ ဇာတ်ဝတ္ထု အရေအတွက်အားဖြင့် ၅၄၇-ဇာတ်သာရှိသည်ကို အဓိကသင်္ချာခေါ် သင်္ချာပိုအားဖြင့် ၅၅၀ ငါးရာ့ငါးဆယ်ဟုခေါ်သည်။ ♦

ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာ

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၃၁၃။ ဋ္ဌ။ ဒု-အုပ်။ ၂၀၇။ မေတ္တာစစ် မေတ္တာမှန်များ၊ အနောဓိသ မေတ္တာ ၅-ပါး၊ သြဓိသမေတ္တာ ၇-ပါး၊ ပေါင်း ၁၂- ပါးကိုတည်၊ အဝေရာဟောန္တု , အဗျာဇ္ဇာဟောန္တု, အနီဃာဟောန္တု, သုခီအတ္တာနံ ပရိဟရ န္တု, ၄-ခုနှင့်မြှောက်၊ ၄၈-ပါးရ၏၊ ၎င်းကို အရပ်ဆယ်မျက်နှာနှင့်မြှောက် ၄၈၀-ဖြစ်၏။ ယင်း ၄၈-နှင့် ၄၈၀-နှစ်ရပ်ကို ပြန်၍ပေါင်း ၅၂၈-ရ၏။ ♦

ငြင်းခုန်ခြင်း၏အကြောင်းတရား ၆-ပါး

မဟာနိဒ္ဒေသ။ ပါ။ ၁၉၆။ ဋ္ဌ။ ၃၀၈။ ထိုတရား ၆-ပါးကို ပယ်ရှားဖျောက်ဖျက်ရန်အတွက် ဟောကြားတော်မူသည်။ မပယ်ရှားက ငြင်းခုန်မှုများ ဖြစ်ပွားတတ်သည်ဟူ၏။ ၁၊ ကောဓနော ဟောတိ ဥပ နာဟီ- အမျက်ဒေါသကြီးခြင်း၊ ရန်ငြိုးဖွဲ့တတ်ခြင်းတရား။ ၂၊ မက္ခီဟောတိ ပလာသီ- ကျေးဇူးမသိတတ်ခြင်း၊ ဂုဏ်တုဂုဏ်ပြိုင်ပြုတတ်ခြင်းတရား၊ ၃၊ ဣသုကီ ဟောတိ မစ္ဆရီ- ငြူစူတတ်ခြင်း၊ လျှို့ဝှက်တတ်ခြင်းတရား၊ ၄၊ သဌော ဟောတိ မာယာဝီ- စဉ်းလဲကောက်ကျစ်တတ်ခြင်း၊ လှည့်ပတ်ဖြားယောင်း တတ်ခြင်းတရား၊ ၅၊ ပါပိစ္ဆော ဟောတ မိစ္ဆာဒိဋ္ဌိ- မကောင်းသော အလိုဆိုးရှိခြင်း၊ မိစ္ဆာအယူရှိခြင်းတရား၊ ၆၊ သန္ဒိဋ္ဌိ ပရာမာသီ ဟောတိ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ- အမှားမှု၌ တယူသန် တစောက်ကန်းအယူသည်း နေခြင်း။ ♦

ငြိမ်းချမ်းရေးနိုဗယ်ဆုရ အာရှနိုင်ငံသားများ

၂၀၀၆-မိုဟာမက်ယူနွတ်(ဘင်္ဂလားဒေ့ရှ်) Muhammad Yunus, Bangladesh ၂၀၀၅-မိုဟာမက်အယ်ဘာရာဒီ(အီဂျစ်) Mohamed ElBaradei, Egypt ၂၀၀၃-ရှီရင်အီဘာဒီ(အီရန်) Shirin Ebadi , Iran ၂၀၀၀-ကင်ဒေးဂျုံ(တောင်ကိုးရီးယား) Kim Dae Jung , South Korea ၁၉၉၆-ကာလော့စ် ဖီလီပီ ဇမ်မီနစ်ဘဲလို Carlos Filipe Ximenes Belo နှင့် ဂျိုဆေးရာမို့စ် ဟောတာ(အရှေ့တီမော) José Ramos-Horta, East Timor ၁၉၉၄-ယာစာအာရာဖတ် Yasser Arafat, ရှီမွန်ပဲရက် Shimon Peres, ရစ်ဇတ်ခ်ရာဘင်း Yitzhak Rabin, (ပါလက်စတိုင်းနှင့်အစ္စရေး) Palestinian Authority , Israel ၁၉၉၁-အောင်ဆန်းစုကြည်(မြန်မာ) Aung San Suu Kyi ,Myanmar ၁၉၈၉-တင်းဇင်းဂျရတ်စို၊ ၁၄-ဆက်မြောက်ဒလိုင်းလားမား (တိဘက်) Tenzin Gyatso, the14th Dalai Lama Tibet ၁၉၇၉-မာသာထရီစာ (အယ်ဘေးနီးယား-အိန္ဒိယ) Mother Teresa, Albania, India ၁၉၇၈-မိုဟာမက် အန်ဝါအယ်လ်ဆာဒတ် Mohamed Anwar Al-Sadat, မီနာကမ်ဘီဂင် Menachem Begin, (အီဂျစ်နှင့်အစ္စရေး) Egypt and Israel ၁၉၇၄-အီစာကူဆာတို(ဂျပန်) Eisaku Sato , Japan, ၁၉၇၃-လီဒတ်သို(ဗီယက်နမ်) LeDuc Tho ,Vietnam.. ♦

ငြှောင့်ကြီး ၅-စင်း

သတ္တဝါတို့၏အသည်းနှလုံး၌စူးဝင်ကာ လွန်စွာနုတ်ရခက်သော ငြှောင့်ကြီးများဟူ၏။ ၁၊ ရာဂငြှောင့်-အလိုရမ္မက်၊ ၂ ဒေါသငြှောင့် ကြမ်းတမ်းပြစ်မှား ဖျက်ဆီး နှိပ်စက်မှု၊ ၃၊ မောဟငြှောင့် မိုက်မဲမှု၊ ၄၊ မာနငြှောင့်- ငါတကားဟု ပလွှားထောင်တတ်မှု၊ ၅၊ ဒိဋ္ဌိငြှောင့်- မှားသောအယူအစွဲ။ ♦

ငြှောင့်ကြီး ၇-စင်း၊ တစ်နည်း

ပုထုဇဉ်တို့ရင်တွင်းမှာ မကြာခဏဝင်စူးခံကြရသော ငြှောင့်များဟူ၏၊ မဟာနိဒါနဝဂ္ဂသံယုတ်။ ပါ။ ၃၂၄။ ဋ္ဌ။ ၃၇၈-၌ အကျယ်ရှုပါ။ ၁၊ ရာဂသလ္လ၊ ၂၊ ဒေါသ၊ ၃၊ မောဟ၊ ၄၊ မာန၊ ၅၊ ဒိဋ္ဌိ၊ ၆၊ သောက၊ ၇၊ ကထံကထာ သလ္လ။ ♦

ငှက်မျိုး ၄-ပါး၊ မွေးမြူထား၊ စီးပွားချမ်းသာတိုး

(အိမ်မှာမွေးထားငှက်လေးပါး) ၌ ဆိုခဲ့ပြီ။ ♦

ငှက်မြတ်နားတွင်၊ ထုံးတမ်းဝင်၊ ၄-အင် ငှက်မျိုးအဘယ်နည်း

ဗုဒ္ဓဘာသာဝင်တို့ တည်ထားကိုးကွယ်ကြသည့် ပုထိုးစေတီ၏ မကိုဋ်စိန်ဖူးအောက်တွင်ပါဝင်သော ငှက်မြတ်နားခေါ် ဝတ္ထု၌ ထည့်သွင်းပြုလုပ်ရသည့် ငှက်မြတ်မျိုး ၄-ကောင်ကို ရှေးဆရာများထံမှ (ဟင်း လင်း ကြက် ကျေး၊ ငှက်မြတ်လေးကောင်၊ ထည့်ဆောင်လုပ်ထား၊ ငှက်မြတ်နားဟု၊ ခေါ်ငြားသမု၊ လူတို့ပြု၏) ဟူသော ပေါရာဏိက ပရိဘာသာကို ကျောင်းသားဘဝက လက်ရေးစာအဖြစ် ကျက်မှတ်ထားဖူး၏၊ ကြောင်းရင်းအဓိပ္ပါယ်မှာ။ ၁၊ ဟင်း- ဟင်းသာငှက်မြတ်၊ ၂၊ လင်း-လင်းမြီးဆွဲငှက်မြတ်၊ ၃၊ ကြက်၊ ကြက်ဖ ငှက်မြတ်၊ ၄၊ ကျေး- ကြက်တူရွေးခေါ် ကျေးငှက်မြတ်၊ ပေါင်း လေးပါးဟူ၏။ ♦

စက် ၄-ပါး

သုတ်ပါဌေယျ။ ပါ။ ၂၃၀။ ဋ္ဌ။ ၂၄၃။ လိုရာကိစ္စပြီးစီးပြည့်စုံမှုအတွက် သမ္ပတ္တိစက် ၄-ပါး၊ ဒသုတ္တရသုတ် အဋ္ဌကထာ၊ ၁ ပဏ္ဍိတာနဉ္စသေဝနစက်- ပညာရှင်ကို ဆရာတင်မှု၊ 'သပ္ပုရိသူပ နိဿယံ'။ ပဋိရူပ ဒေသဝါသစက်- ကိုယ့်လုပ်ငန်းဆောင်တာနှင့် သင့်လျော်သောနေရာအရပ်၊ သာသနာတော်စည်ကားရာ အရပ်၊ ၃ အတ္တသမ္မာပဏီဓိစက်အပြစ်မရှိသောအလုပ်၌ မဖြစ်မနေကျိုးစားမှု၊ ပြုပြင်ရေးဇွဲလုံ့လ၊ ၄ ပုဗ္ဗေစကတပုညတာစက်အထက်ပါစက်သုံးပါးကြောင့် မိမိတို့လုပ်ငန်းစဉ်ကြီး တိုးတက်ပြီးထူးချွန်လာသည့်တိုင်အောင် အကျိုးပေးသောရှေးကောင်းမှုကံ။ ♦

စက္ကဝတ်မင်းမျိုး ၃-ပါး

ဤ၌ စက္ကဝတ် ၃-ပါး သီးခြားထုတ်မေးသော်လည်း အောက်ပါ “စကြာမင်းမျိုး ၅ ပါး''၌ အကျွမ်းဝင်သည်သာတည်း၊ ၁ စာတုရန္တ စက္ကဝတ္တိလေး ကျွန်းလုံးစိုးပိုင်သောမင်း။ ၂ ဒီပစက္ကဝတ္တိ- ကျွန်းကြီးတစ်ကျွန်းလုံးကိုစိုးမိုးသောမင်း။ ၃ ပဒေသ စက္ကဝတ္တိ- ကျွန်းငယ်စုကို အစိုးရသောမင်း။ ♦

စကား ၆-ခွန်း လူ၌ထွန်း ၄-ခွန်းရှောင်ခွာ ၂-ခွန်းသာဟော

ဝိနည်းပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်။ ၈၉။ မြတ်စွာဘုရားသည် ၁-နှင့် ၂ကိုသာ ဟောတော်မူ သည်။ လူတို့ပြောဆိုကြသောစကားအပေါင်းကို သတ္တုချလိုက်လျှင် ထိုခြောက်ခွန်းသာရသည်ဟူ၏။ ၁ ဟုတ်မှန်၍အကျိုးရှိပြီး သူလည်းနာလိုသောစကား။ ၂ ဟုတ်မှန်၍အကျိုးရှိပြီး သူများမနာလိုသော စကား။ ၃ ဟုတ်မှန်၏၊ အကျိုးမရှိ သူများလည်းမနာလိုသောစကား။ ၄ မဟုတ် မမှန် အကျိုးရှိ၍ သူများနာလိုနှစ်သက်သောစကား။ ၅ မဟုတ်မမှန် အကျိုးမရှိ သူများနာလိုနှစ်သက်သောစကား။ ၆ မဟုတ်မမှန် အကျိုးလည်းမရှိ၊ သူများလည်း မနာလိုမနှစ်သက်သောစကား။ ♦

စကားကြီး ၁၀-မျိုး

စကားပြောထုံးနည်း ဥပဒေကြီးဆယ်မျိုးဟူလို။
(၁) ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့ “မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။ “
(၂) ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ “သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။ “
(၃) ရေစီးဖေါင်ဆန်စကား- လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင်တင်၍ ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့ “ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်း ဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။ “
(၄) အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့ “ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။ “
(၅) ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုဘတ်ကိစ္စပြီးသကဲ့သို့ “လိုရာကိစ္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။ “
(၆) ဆင်ဝှေ့ရန်ရှောင်စကား- ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့''ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။ “
(၇) တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့တည်ခုတ်မည့် လယ်ယာ မြေကွက်၌ရှေးဦးစွာခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီး တို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ “စကားငယ်ကိုပြောဆိုပြီးမှ စကားကြီးကိုဖိစီး၍ပြောဆိုခြင်း။ “
(၈) ကြက်ဆုတ် ခွပ်ပစ်စကား- ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့ “သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင်ပြောဆိုခြင်း။ “
(၉) ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှအပေါက်ကို ပိတ်၍ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ “သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။ “
(၁၀) ခက်တင် မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါတိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့ “ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျ ပြောဆိုခြင်း။ “ ♦

စကားပြောရာ အင်္ဂါ ၁၀-ပါး

၁ ကာလဝါဒီ- ပြောချိန် ပြောခွင့်သင့်မှ ပြောရခြင်း။ ၂ ဘူတဝါဒီ- ဟုတ်မှန်သောစကားကိုသာ ပြောရခြင်း။ ၃ ဓမ္မဝါဒီ- တရားနှင့်စပ်သည်ကိုသာ ပြောရခြင်း၊ ၄ အတ္ထ ဝါဒီ- အကျိုးစီးပွားနှင့်စပ်သည်ကိုသာ ပြောရခြင်း။ ၅ ပိယဝါဒီချစ်ဖွယ်စကားကိုသာ ပြောရခြင်း၊ ၆ မိဟိတ ပုဗ္ဗဘာဏီ- ပြုံးရွှင်မှုရှေ့ထား၍ ပြောကြားရခြင်း။ ၇ မိတဘာဏီ- မတိုမရှည် မပိုမလွန် ခြင့်ချိန်ပြောရခြင်း။ ၈ အတုရိတ ဝါဒီအဆောတလျင်မပြောရခြင်း။ ၉ ပေါရီ- မြို့ကြီးသူတို့အသုံးအနှုန်း ဓလေ့ထုံးကိုယူ၍ ပြောရခြင်း။ ၁၀ ဝိသဒ ဝါဒီ- သန့်ရှင့်သေချာ တိကျပြတ်သားစွာ ပြောဆိုရခြင်း။ ♦

စကြာမင်း ၅-မျိုး

၎င်းကိုပင် “စတ္တဝတ်မင်း, စကြဝတေးမင်း''ဟု ဆိုကြကုန်၏။ ၎င်းငါးပါးကို “ကဝိသေတ္တုမဉ္ဇူသာကျမ်း''မှ ထုတ်ယူသည်။
(၁) အာဝုဓ စက္ကဝတ္တိ ရာဇာ- လူသတ်လက်နက် စက်အမျိုးမျိုးကိုအစိုးရသော ယခုခေတ် အနုမြူလက်နက်ရှင်ရှေးခေတ် အဇာတသတ်မင်းတို့ကဲ့သို့ “လက်နက်စကြာမင်းမျိုး။ “
(၂) ပုညဝဎ္ဍုန စက္ကဝတ္တိရာဇာ- ဇောတိက ဇဋိလ ကာကောဏ္ဏ မေဏ္ဍကစသော သေဌေးကြီးတို့၏ ဆိတ်ရုပ်ကျေးရုပ် ရွှေတောင် ထမင်းအိုး စလည်တောင်း စသည်တို့မှ သုံးမကုန်ယူမလျော့ တိုးပွားခြင်း သမုဒ္ဒရာ လေးစင်းကိုပင် ပြည့်အောင် ဖုံးနိုင်လောက်သော ဥစ္စာရွှေငွေ ဆန်ရေစပါး ပေါများကုံလုံကြသည့် “ပုညဝဎ္ဍုန စကြာမင်းမျိုး။ “
(၃) အာဏာ စက္ကဝတ္တိ ရာဇာ- သက်မဲ့ အဝိညာဏကဖြစ်သော ရွှေခြေကျဉ်းကို စေလွှတ်၍ မဒ္ဒဝပြည်ကို အစိုးရသောကာလနဂါးမင်းအား ခြေကျဉ်းဖြင့်ခတ်၍ ခေါ်နိုင်ခြင်းအာဏာ၊ ထို့အတူ ရွှေချိုင့်ကိုစေလွှတ်၍ ကရဝိတ်ငှက်မင်းကို ဖမ်းယူဆောင်ကျဉ်းနိုင်သောအာဏာရှိကြသည့် သီရိဓမ္မာသောကမင်းတို့ကဲ့သို့သော “အာဏာစကြာမင်းမျိုး။ “
(၄) ပုညပဒ စက္ကဝတ္တိ ရာဇာ- မဟာသုဒဿန စကြာမင်း, ကာလိင်္ဂဗောဓိစသော စကြာမင်းတို့၏ ဖွားစကပင်ခြေ၌ စကြာဗောဓိစသော ပုံ တောင်း တံဆိပ်လက္ခဏာပါခြင်းကြောင့် ကျွန်းကြီးလေးကျွန်းနှင့်တကွ ယုဂန္ဓိုရ်တောင်အထက် အာလိန်ငါးဆင့်ရှိနတ်တို့ကိုပါ အစိုးရလတံ့ဟု သိစေနိုင်သော စကြာပုံတောင်း ရတနာကို ရကြသည့် “ပုညပဒ စကြာမင်းမျိုး။ “
(၅) ဂန္ဓာရီ စက္ကဝတ္တိ ရာဇာ- ရှေးစာဟောင်းတို့၌ 'ကန္တာရအတတ်ဟု ရေးရှိကြသည်။ ခဲ သံ ပြဒါးကြေးနီစသော ဓါတ်တို့အား ရွှေငွေ မနောမယဓါတ်လုံးများဖြစ်လာအောင်၊ ချက်လုပ်နိုင်ခြင်း၊ မြေလျှိုးမိုးပျံနိုင်ခြင်း၊ ထိုထို ဆန်းကျယ်လှစွာသော ဂါထာ မန္တန် မန္တရား အင်း အိုင် ခါးလှဲ့ လက်ဖွဲ့စသော လောကီပယောဂဟူသမျှတို့၏တန်ခိုးဖြင့် မြေလျှိုးမိုးပျံနိုင်ခြင်း စိတ်အလိုအတိုင်းပြီးခြင်း စသည်တို့ကို ဖြစ်စေနိုင်သော လောကီဝိဇ္ဇာ မော်ဆရာအပေါင်းတို့သည် “သမ္မာပယောဂ ဣဒ္ဓိဝဎ္ဍုန စက္ကရာဇာခေါ်” ဂန္ဓာရီ စကြာမင်းတို့ဖြစ်ကြကုန်၏။ ♦

စကြာမင်းကျင့်ဝတ် ၃-ပါး

(၁) ဒါန- တိုင်းသားပြည်သူ ရှင်လူရဟန်းတို့အား အလှူပေးခြင်း၊
(၂) ဒမ- ဣန္ဒြေကို ဆုံးမခြင်း၊
(၃) သံယမ- ကိုယ်နှုတ်နှစ်ပါးနှင့် ငါးပါး ရှစ်ပါး ကိုးပါးသီလများကို စောင့်စည်းခြင်း။ ♦

စကြာမင်းကျင့်ဝတ် ၁၀-ပါး၊ တစ်နည်း

အင်္ဂုတ္တရဋီကာ။ ဒု-အုပ်။ ၁၊ အန္တောဇန ဗလ ကာယ- သားမယားတို့ကိုသီလ၌တည်စေခြင်း, ဘေးဥပဒ်မှ စောင့်ရှောက်ခြင်း, ဗိုလ်ပါစသည်တို့၌ လစာရိက္ခာမှန်မှန်လုံလောက်အောင်ထုတ်ပေးခြင်း။ ၂၊ ခတ္ထိယ- အဘိသိက်ခံပြီးမင်းတို့အား ရွှေငွေ ဆင်မြင်းရတနာစသည် ပေးကမ်းချီးမြှောက်ခြင်း။ ၃၊ အနုယုတ္တ- မိမိထံပါး၌ ခစားဆည်းကပ်နေသော မင်းတို့အားယာဉ်ရထား နေအိမ်စသည် လျော်စွာပေး၍နှစ်သက်စေခြင်း။ ၄၊ ဗြာဟ္မဏ ဂဟပတိက- ပုဏ္ဏားပညာရှိတို့အား ထမင်းအဖျော်စသည် လှူဖွယ်ဝတ္ထုပေးခြင်း၊ အိမ်ထောင်ရှင်တို့အား မျိုးစေ့ထွန်တုံး စသည်တို့ကိုပေးခြင်း။ ၅၊ နေဂမ ဇနပဒ- တောရွာနေပြည်သူလူထုအား စားနပ်ရိက္ခာ၊ မျိုးစေ့ လယ်ယာကြိယာ အမတော်ကြေးစသည်ပေးခြင်း။ ၆၊ သမဏ ဗြာဟ္မဏ- ရဟန်းသံဃာနှင့် သူတော်စင်တို့အား လျော်ကန်သော ပရိက္ခရာ လှူဘွယ်တို့ဖြင့်လှူဒါန်းပူဇော်ခြင်း။ ၇၊ မိဂပက္ခိ- သား ငါး ငှက်တို့အား နယ်ပယ်သီးခြားသတ်မှတ်ထား၍ ဘေးမဲ့ပေးခြင်း။ ၈၊ အ ဓမ္မကာရ ပဋိက္ခေပ- မတရားမှုဟူသမျှတို့ကို လုံးဝတားမြစ်ပိတ်ပင်စေခြင်း။ ၉၊ အ ဓနာနံ ဓနဥပ္ပါဒ- မရှိဆင်းရဲ လူတန်းစားကျောမွဲတို့အား ဥစ္စာဓနပေးဝေငှခြင်း။ ၁၀၊ သမဏ ဗြာဟ္မဏ ပဥှာပုစ္ဆန- ရဟန်းသံဃာ သူတော်သူမြတ်တို့ထံ ဆည်းကပ်ခစား၍ ရှောင်ကြဉ်အပ် မှီဝဲအပ် ပွားများအပ် ပြုလုပ်အပ်သောအရာများကို မေးမြန်းတိုင်ပင် လျှောက်တိုင်ပင်ခြင်း။ ♦

စကြာမင်းကျင့်ဝတ် ၁၂-ပါး၊ တစ်နည်း

အင်္ဂုတ္တရဋီကာ။ ဒု။ (က) အဓမ္မရာဂ ပဟာနအမိ အဖ အစ်မ ညီမ ညီ အစ်ကို မိကြီး မိထွေး ဘကြီး ဘထွေးစသည့် မတပ်အပ်သောအရာ၌ ရာဂဖြင့်တပ်သက်ပြစ်မှားမှုကို ပယ်ခြင်း၊ (ခ) ဝိသမ လောဘ- မထိုက်သောအရာ၌တပ်သော လောဘ၊ ထိုက်သောအရာ၌ အလွန်အမင်းတပ်သော လောဘမျိုးကို ပယ်ရှားခြင်း၊ အထက်ပါဆယ်မျိုး၌ ၎င်းတရားနှစ်ပါးထည့်ကာ ၁၂-ပါးဖြစ်သတည်း။ ♦

စကြာမင်းတို့ တန်ခိုး ၄-မျိုး

သုတ်မဟာဝါ။ ပါ။ ၁၄၅။ ဋ္ဌ။ ၂၂၀။
(၁) လူတကာတို့ထက်လွန်ကဲသော အဆင်းရှိခြင်း၊
(၂) လွန်ကဲသောအသက်ရှည်ခြင်း၊
(၃) အနာရောဂါကင်းခြင်း၊
(၄) အမျိုးလေးပါးတို့၏ ချစ်မြတ်နိုးခံရခြင်း။ ♦

စကြာရတနာ ၇-ပါး

စကြာမင်းမြတ်၏ ရတနာတော်များ။
(၁) စကြာ၊
(၂) ဆင်ဖြူ၊
(၃) မြင်းပျံဟူ, မှတ်ယူ၊
(၄) ပတ္တမြား၊
(၅) မြောက်ကျွန်းသူနွယ်၊
(၆) သားနန်းနွယ်, မှတ်ဖွယ်၊
(၇) သူဌေးအား၊ ၎င်း ၇-ပါးကို 'မဟာသုဒဿနသုတ်တော်'မှာ ဟောသည်။ ♦

စကြာရတနာ၊ ရကြောင်းလာ၊ ၃-ဖြာကုသိုလ်အဘယ်နည်း

အထက်ပါ စကြာရတနာ ၇-ပါးကို ဤကုသိုလ် ၃-ပါးကြောင့်ရသည်ဟု မဃဒေဝလင်္ကာအပိုဒ် ၂၉၁၌ “ဘုန်းခေါင်ဓိပတိ၊ မဟိဒ္ဓိနှင့်၊ လောကိတမွတ်၊ စက္ကဝတ်မဟာ၊ မြတ်ရာဇာတို့၊
(၁) စကြာယာဉ်မင်း၊ ဆင်မြင်းရတနာ၊ ဤသုံးဖြာကို၊ မဟာကုသလ၊ အဒေါသကြောင့်၊ ရ၏ဟူငြား၊
(၂) ပတ္တမြားနှင့်၊ မိဖုယားနတ်၊ သေဌေးမြတ်မူ၊ စွန့်လွှတ်စာဂ၊ အလောဘကြောင့်၊ ရ၏ဟူပေ၊
(၃) သက်ဝေသြရသ်၊ အိမ်ရှေ့မြတ်ဟု၊ လောကဓါတ်နယ်၊ တိုက်ဝန်းကျယ်၌၊ နတ်နယ်အလား၊ လေးကျွန်းသားကို၊ တရားမဖောက်၊ ရှုချီးမြှောက်၍၊ စောင့်ရှောက်နိုင်သီး၊ ရှုမငြီးသည့်၊ သားကြီးပရိဏာ၊ ရတနာကား၊ ပညာဟူက၊ အမောဟဖြင့်၊ မူလဟိတ်ကျိုး၊ စုံပြည့်ဖြိုး၏” ဟုဆိုထား၏။ ♦

စကြာဝဠာ ၃-ပါး၊ တစ်နည်း ၄-ပါး

၎င်းသရုပ်ကို (လောကဓါတ်မျိုး ၃-ပါး ၄-ပါး) ဟူသော ပုစ္ဆာ၌ ဆိုမည်။ ♦

စက်ကြီးတစ်ဆယ့်သုံးပါး

ရှေးဆရာကြီးများ ရေးသားစီရင်ထားခဲ့ကြသော အန္တရာယ်ကင်း မန္တန်တော်ကြီး၏ သရုပ် ၁၃-ပါးအမည်။
(၁) အောင် ၁၀၈-ကွက် ဗုဒ္ဓစက်- ဘုရား၏ စက်လက္ခဏာ ၁၀၈-ပါး။
(၂) တစ်ဆယ့်လေးချက် ဓမ္မစက်- မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ သွာက္ခာတာစသော တရားဂုဏ်တော် ၆-ပါးကိုဆိုသည်၊
(၃) တဆယ့်ရှစ်ချက် သံဃစက်- ပရမတ္ထသံဃာတော်ခေါ် အရိယာသံဃာရှစ်ပါး၊ သမုတိသံဃာတပါး၊ ပေါင်း သံဃာတော် ၉-ပါးနှင့် သံဃာဂုဏ်တော် ၉-ပါးကိုဆိုသည်၊
(၄) လရောင်ဝင်းလျက် ရှင်ရင်းပစ္စေကဗုဒ္ဓ ရဟန္တာစက်- ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ ဂုဏ်တော်တည်းဟူသော ကိုယ်ရောင်တော်ကို ဆိုသည်၊
(၅) မြင်းမိုရ်တောင်ဦး မကကျူးလျက် မိဘစက်- မာတာပိတဂုဏ် အနန္တကိုဆိုသည်၊
(၆) ဂုဏ်ကျေးဇူးကို အထူးသိလျက် ဆရာ့စက်- ဆရာ့ကျေးဇူးဂုဏ်ကို အထူးသိရမည့်ဟုဆိုလိုသည်။
(၇) ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်- ဗြဟ္မစရိယတရားလေးပါး။
(၈) မိုးကြိုးလက်နက် သိကြားစက်။
(၉) လောင်မီးကျလျက် နတ်တို့စက်။
(၁၀) ဘွဲ့ဖြူလက်နက် ဘီလူးစက်၊ ဘွဲ့ဖြူခေါ် မီးတောက်လောင်စေတတ်သည့် လက်နက်တစ်မျိုး။ ၎င်းသည် အဝတ်ပုဆိုး ကြိုးဝန်းသဖွယ်ဖြစ်၍ လူကိုပစ်လိုက်က ထိလျှင်မီးတောက်သည်ဟူ၏။
(၁၁) တောင်ဟုန်ပြင်းလျက် ဂဠုန်စက်။
(၁၂) အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်။
(၁၃) သုံးထောင်သင်္ချာ ဟေမဝန္တာ အာဏာစိုးလျက် သီဟစက်။ စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက၊ ဘေးများမြင်မှု၊ မကောင်းစုကို၊ ဝေးကကြဉ်ရှောင်၊ အောင်စေတတ်သည့်၊ မြတ်သည့်ပညာ၊ ဆရာတည်း။ သြောင်း နမော ဗုဒ္ဓါနုဘာဝေန၊ သြောင်း နမော ဓမ္မာနုဘာဝေန၊ သြောင်း နမော သံဃာနုဘာဝေန၊ သြောင်း ဒူရေ ဒူရေ သွားဟုံဟုံ။ ♦

စင်္ကြံ၏အပြစ် ၅-ပါး

၎င်းအကျယ် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်။ ပ-တွဲ။ ပ-ပိုင်း။ ၄၈-နှင့်။ ၎င်းအုပ် (ခါ) စာမျက်နှာ၌ရှုပါ။ ၁ မြေကြမ်းတမ်း၍ ကျင်း-ကုန်း ဖုထစ် မညီမညွတ်ရှိခြင်း၊ ၂ စင်္ကြံအတွင်း၌ သစ်ငုတ်တိုသစ်ပင်ရှိခြင်း၊ ၃ မြက်နွယ်ချုံပုတ်တို့ ရှုတ်ထွေးလွှမ်းအုပ်နေခြင်း၊ ၄ အလွန်ကျဉ်းမြောင်းခြင်း၊ ၅ အလွန်ကျယ်ပြန့်လွန်းခြင်း။ ♦

စင်္ကြံသွားရကျိုး ၅-ပါး

ပဉ္စင်္ဂုတ္တရ။ ပါ။ ၂၄။ ဋ္ဌ။ ၁၂။ “ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ကင်းစင်ရောဂါ၊ အစာကြေညက်၊ မပျက်သမာဓိ၊ ငါးပါးရှိ၊ ရ၏ စင်္ကြံအကျိုးတည်း။ “ ♦

စက္ခုအပြား၊ မျိုး ၃-ပါး

၎င်းသရုပ်ကို (မျက်စိမျိုး ၃-ပါး) ၌ ရှုလေ။ ♦

စက္ခု ၅-ပါး

ဓမ္မသင်္ဂဏီ။ ပါ။ ၁၅၇။ ဋ္ဌ။ ၃၄၄။ ဘုရားပိုင်စက္ခုတော်ငါးပါးဖြစ်သည်

၁ ဗုဒ္ဓစက္ခု- ဣန္ဒြိယ ပရော ပရိယတ္တိဉာဏ်နှင့် အာသယာ နုသယ ဉာဏ်တော် ၂-ပါး၊ ၂ ဓမ္မစက္ခုမဂ်ဉာဏ်တော်၊ ၃ သမန္တစက္ခု-သဗ္ဗညုတ ဉာဏ်တော်၊ ၄ ပညာစက္ခု၊ သို့မဟုတ် ဉာဏစက္ခုအာသဝက္ခယ ဉာဏ်တော်၊ ၅ ဒိဗ္ဗစက္ခု- နတ်မျက်စိဖြင့်တူသော ဒိဗ္ဗစက္ခုအဘိညာဏ်တော်။

မှတ်ချက် ။ ။ အချို့ဆရာတို့ကား ပသာဒစက္ခုခေါ် မံသစက္ခုထည့်၍ ယူကြသေး၏။ ♦

စက်တော်ရာ ၃-ဆူ

မြတ်စွာဘုရားသခင်၏ ခြေတော်ရာစေတီ ၃-ဆူဟူ၏။ ၁ လင်္ကာဒီပခေါ် သီဟိုဠ်ကျွန်း၊ သို့မဟုတ် ဆိရိလင်္ကာပြည် သမန္တကုဋခေါ် သုမနတော်ထိပ်၌ မဏိအက္ခိက နဂါးမင်းတောင်းပန်၍တစ်ဆူ၊ ၂ ဇမ္ဗူဒိပ်သပြေထွန်းသည့် တောင်ကျွန်းရှိ မြန်မာနိုင်ငံ ယောနရဋ္ဌခေါ် ယောနယ်ရပ် နမ္မဒါမြစ်ကမရး၌ နမ္မဒါနဂါးမင်းတောင်းပန်၍ တစ်ဆူ၊ ၃ ၎င်း နမ္မဒါမြစ်ကမ်းခြေ သစ္စဗန္ဓာတောင်ထိပ်၌ သစ္စဗန္ဓရသေ့ တောင်းပန် သောကြောင့်တစ်ဆူ၊ ပေါင်း ၃-ဆူချတော်မူ၏။ ထို့ကြောင့် သာရတ္ထသင်္ဂဟ၌ “တီဏိခေါပန ဘဂဝတော ပါဒစေတိယာနိ လင်္ကာဒီပေ ဧကံ၊ ဇမ္ဗူဒီပေ ယောနရဋ္ဌေ ဒွေတိ” စသည်ဖြင့်ဆို၏။ အချို့ဆရာတို့ကား''ဇမ္ဗူမှာ ဒွေး- ယာမှာဧ''ဟု စပ်ဆိုကာ-ယာမာနတ်ပြည်၌တစ်ဆူရှိကြောင်း ပြောကြသေး၏။ ထိုစကားမှာကျမ်းဂန်၌ မရှိချေ။ ♦

စက်လက္ခဏာတော် ၁၀၈-ပါး

မြတ်စွာဘုရား၏ခြေဖဝါးတော်၌ အကန့်အကွက်အားဖြင့်ထင်သော စက်လက္ခဏာပေါင်း ၁၀၈-ပါး ဟူလို။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ၌အကျယ်ရှု၊ သတ္တိ- လှံမပုံ။ သိရိဝစ္ဆ- ကျက်သရေတိုက်ပုံ “အိမ်မွန်ဟူ၍လည်းခေါ်၏။ “ နန္ဒိယာဝဋ္ဋ- ဇလပ်ပွင့်ပုံ၊ သောဝတ္တိက- လည်ရေးသုံးဆင့်၊ ဝဋံသက- ဦးဆောက်ပန်း၊ ဝဎ္ဍုမာန၊ ထမင်းပွဲ၊ ဘဒ္ဒပီဌ- ရွှေအင်းပျဉ် ရွှေသလွန်၊ အင်္ကုသ- ရွှေချွန်းတောင်း၊ ပါသာဒ- ရွှေပြာသာဒ်၊
(၁၀) တောရဏ- ရွှေတုရိုဏ်တိုင်ပုံ၊ သေတစ္ဆတ္တ- ထီးဖြူတော်ပုံ၊ ခဂ္ဂ- သန်လျက်ပုံ၊ တာလဝဏ္ဍ- ထန်းရွက်ယပ်ဝန်း၊ မယူရဟတ္ထ- ဥဒေါင်း မြီးစီးယပ်၊ စာမရီဟတ္ထ- စာမရီ သားမြီးယပ်၊ ဥဏှိသရွှေသင်းကျစ်၊ ပတ္တ- မြသပိတ်၊ မဏိ- ပတ္တမြားရတနာ၊ သုမန ဒါမ- မုလေးပန်းကုံး- (၂၀)

နီလုပ္ပလ- ကြာညိုပန်း၊ သေတုပ္ပလ- ကြာဖြူပန်း၊ ရတ္တုပ္ပလ- ကြာနီပန်း၊ ပဒုမ ပဒုမ္မာကြာနီပန်း၊ ပုဏ္ဍရိက ကြာပုဏ္ဍရိတ် “လပကြာပုံ''။ ပုဏ္ဏ ဃဋ- ရေပြည့်အိုး၊ ပုဏ္ဏ ပါတိ- ရေပြည့်ဖလား၊ သမုဒ္ဒ- သမုဒ္ဒရာလေးစင်း၊ စက္ကဝါဠ- စကြာစဠာတောင်၊ မေရု- မြင့်မိုရ်တောင်၊ (၃၀)

သူရိယ မဏ္ဍလ- နေစက်ဝန်း၊ စန္ဒမဏ္ဍလ- လစက်ဝန်း၊ နက္ခတ္တ- နက္ခတ်၊ ပုဗ္ဗဝိဒေဟ- အရှေ့ကျွန်း၊ အပရ ဂေါယာန- အနောက်ကျွန်း၊ ဇမ္ဗူဒီပ- တောင်ကျွန်း၊ ဥတ္တရကုရု- မြောက်ကျွန်း၊ စက္ကဝတ္တီ -စကြာရတနာ ၇-ပါးနှင့်တကွသော စကြာဝတေးမင်းရုပ်ပုံ၊ ဒက္ခိဏာဝဋ္ဋ သင်္ခ- လကျ်ာရစ် ခရုသင်း၊ သုဝဏ္ဏမစ္ဆ ယုဂ -ရွှေငါးကြင်းရုပ် အစုံ၊ (၄၀)

စက္ကာဝုဓ- စက်လက်နက်၊ သုပဏ္ဏရာဇာ - ဂဠုန်ငှက်မင်း၊ သံသုမာရ - မိကျောင်းမင်း၊ ဓဇပဋာက- တံခွန် ကုက္ကား မလေးပွား၊ သုဝဏ္ဏ သီဝိကာ- ရွှေသံလျင်း၊ သုဝဏ္ဏဝါဠ ဗီဇနီ -ရွှေဖြင့်ပြီးသော သားမြီးယပ်၊ ကေလာသပဗ္ဗတ - ကေလာသ ငွေတောင်ကြီး၊ သီဟရာဇာ- ကေသရီခြင်္သေ့မင်း၊ ဗျဂ္ဃရာဇာ- ကျားမင်း၊ ဝလာဟက အဿရာဇာ- ဝလာဟကမြင်းပျံ၊
(၅၀) ဥပေါသထဆဒ္ဒန္တ နာဂရာဇာ- ဥပေါသထဆင်မင်း , ဆဒ္ဒန်ဆင်မင်းပုံ၊ ဗာသုကီနာဂရာဇာ - ဗာသုကီနဂါးမင်း၊ ဟံသရာဇာ- ရွှေဟင်္သာမင်း၊ ဥသဘရာဇာ -နွားလားဥသဘ၊ ဧရာဝဏ- ဦးခေါင်း ၃၃-လုံးရှိသော ဧရာဝဏ်ဆင်မင်း၊ သုဝဏ္ဏမကာရ - ရွှေမကာရ်းရုပ်၊ စတုမုခ- လေးကျွန်းသားတို့၏ မျက်နှာ ၄-မျိုး။

မှတ်ချက် ။ ။ စတုရာနနဗြဟ္မာဟူ၍ အဘိဓါန်တို့၌ ဗြဟ္မာ၏ပရိယာယ်ကိုပြရာတွင် ဗြဟ္မာသည် မျက်နှာလေးခုရှိ၏ဟုဆိုသဖြင့် (၁၀၈) ကွက် စက်လက္ခဏာတွင်ပါရှိသော မျက်နှာလေးပါးသည် ဗြဟ္မာမင်း၏ဦးခေါင်းဟူ၍ ဆရာတို့ဆိုကြကုန်၏။ သုဝဏ္ဏ နာဝါ- ရွှေလှေယာဉ်၊ သဝစ္ဆရဓေနု- သားငယ်နှင့်တကွသော နွားမ၊ ကိံပုရိသ- ကိန္နရာဖိုရုပ်၊ (၆၀) ကိံပုရိသီ- ကိန္နရာမရုပ်၊ ကရဝိက- ကရဝိတ်ငှက်မင်း၊ မယူရ ရာဇာ- ရွှေဥဒေါင်းမင်း၊ ကောဉ္စ ရာဇာ- ကြိုးကြာငှက်မင်း၊ စက္ကဝက္ကရာဇာ- စက္ကဝက်ငှက်မင်း၊ ဇီဝ ဇီဝကရာဇာ-ဇီဝဇိုးငှက်မင်း၊ စတုမဟာရာဇိကာ-၎င်းနတ်ပြည်၊ တာဝတိံသာ -၎င်းနတ်ပြည်၊ ယာမာ -၎င်းနတ်ပြည်၊ တုသိတာ- ၎င်းနတ်ပြည်၊ (၇၀) နိမ္မာနရတိ- ၎င်းနတ်ပြည်၊ ပရနိမ္မိတဝသဝတ္တီ -၎င်းနတ်ပြည်၊ ဗြဟ္မပါရိသဇ္ဇာ- ၎င်းဗြဟ္မာပြည်၊ ဗြဟ္မပုရောဟိတ- ၎င်း၊ မဟာဗြဟ္မာ- ၎င်း၊ ပရိတ္တာဘာ- ၎င်း၊ အပ္ပမာဏာဘာ- ၎င်း၊ အာဘဿရာ- ၎င်း၊ ပရိတ္တာသုဘာ- ၎င်း၊ အပ္ပမာဏသုဘာ- ၎င်း၊ (၈၀) သုဘဘိဏှာ- ၎င်း၊ ဝေဟပ္ဖလာ- ၎င်း၊ အသညသတ္တာ- ၎င်း၊ အဝိဟာ- ၎င်း၊ အတပ္ပာ-၎င်း၊ သုဒဿာ- ၎င်း၊ သုဒဿီ- ၎င်း၊ အကနိဋ္ဌာ- ၎င်းဗြဟ္မာပြည်၊ ယုဂန္ဓရ -ယုဂန္ဓိုရ်တောင်၊ ဤသံဓရ -၎င်းတောင်၊ (၉၀) ကရဝိက- ၎င်းတောင်၊ သုဒဿန - ၎င်းတောင်၊ နေမိန္ဓရ- ၎င်းတောင်၊ ဝိနတက- ၎င်းတောင်၊အဿ ကဏ္ဏ-အဿကဏ်တောင်၊ အနောတတ္ထ- အနောတတ်အိုင်၊ ကဏ္ဏမုဏ္ဍ- ၎င်းအိုင်၊ ရထကာရ- ၎င်းအိုင်၊ ဆဒ္ဒန္တ -ဆဒ္ဒန်အိုင်၊ ကုဏာလ- ၎င်းအိုင်၊ (၁၀၀) မန္ဒာကိနီ- ၎င်းအိုင်၊ သီဟပ္ပတ- ၎င်းအိုင်၊ လဝဏသီတာ - ဆားငန်ရေသီတာ၊ ဥ စ္ဆုသီတာ- ကြံရည်သီတာ၊ သုရာသီတာ- သေရည်သီတာ၊ သာဓိ သီတာ - အမှုခပ်သိမ်းကို ပြီးစေတတ်သော သီတာ၊ ဒဓိ သီတာ- နို့ဓမ်းမလိုင်သီတာ၊ ဒုဒ္ဓသီတာ- နို့ရည်သီတာ၊ (၁၀၈) ဇလ သီတာ- ရေချိုသီတာပုံ။ ♦

စင်ကြယ်ရေးတရား ၃-ပါး

၎င်းသရုပ်ကို (သောစေယျတရား ၃-ပါး) ဟူသော သုတေသန၌ဆိုအံ့။ ♦

စစ်အင်္ဂါ ၄-ပါး

ဤ၌ ကြည်းတပ်မတော်အတွက်သာ မှတ်လေ၊ ဝိနည်းပါဠိတော်လာ ရှေးခေတ်တပ်စု။
(၁) ဟတ္ထိ- ဆင်တပ်၊
(၂) အဿ- မြင်းတပ်၊
(၃) ရထ- ရထားတပ်၊
(၄) ပတ္တိက- ခြေသည်တပ်။ ♦

စစ်အင်္ဂါ ၆-ပါး၊ တနည်း

စစ်တပ်၏ အစိတ်အပိုင်းအင်္ဂါရပ်များကား။ ယခုခေတ် ၆- ပါးဖြင့် ရေတွက်ကြကုန်၏။
(၁) ဆင်စီးတပ်၊
(၂) မြင်းစီးတပ်၊
(၃) ရထားစီးတပ်၊
(၄) ခြေသည်တပ်၊
(၅) ရေယာဉ်တပ်၊
(၆) လေယာဉ်တပ်။ ♦

စစ်အင်္ဂါ ၈-ပါး၊ တနည်း

ယောဓဗျူဟာကျမ်းလာဖြစ်၏။ ၎င်းရှစ်ပါးနှင့်ပြည့်စုံမှ တိုင်းပြည်ကျယ်ပြန့်နိုင်သည်၊ ၁ ယောဓ မဏိ- စစ်၏ဥက္ခောင်း မကိုဋ်ခေါ် “ဗိုလ်ချုပ်''စစ်သူကြီးချုပ်၊ ၂ ယောဓက္ခိ- စစ်မျက်စိခေါ် ဟူးရား ဗေဒင်တတ်သူ၊ ၃ ယောဓကဏ္ဏ- စစ်နားခေါ် သူလျှိုစုံထောက် ကင်းတို ကင်းရှည်၊ ၄ ယောဓဗလ- စစ်အားခေါ် ဗိုလ်ကြီး ဗိုလ်မှူး တပ်မင်းစသည်၊ ၅ ယောဓာနနစစ်ခံတွင်း ခေါ် လိမ္မာသော တမန် ဆက်သား၊ ၆ ယောဓ စရဏ- စစ်ခြေခေါ် တပ်သားစုများ၊ ၇ ယောဓဒါဌ- စစ်အစွယ်ခေါ် သူရဲကောင်းကြီးများ၊ ၈ ယောဓါယု- စစ်၏အသက်ခေါ် စားနပ်ရိက္ခာ ခဲယမ်း လက်နက် ယာဉ် ရထား ဆေးဝါးနှင့် ဆရာများ။ ♦

စစ်အောင်နိုင်ရာ ၁၂-ဖြာ၊ ကြောင်းမှာအဘယ်နည်း

ရာဇသေဝက ဒီပနီကျမ်းလာ။ ၁ စစ်တက်ဖြန့်ချီ စီစဉ်မှု၌ လိမ္မာခြင်းကြောင့်အောင်နိုင်ခြင်း၊ ၂ မင်းနှင့်အမတ် စည်းလုံးညီညွတ်ခြင်း ကြောင့်လည်းကောင်း၊ ၃ စစ်ကူ ရိက္ခာမပြတ်သောကြောင့်လည်းကောင်း၊ ၄ သေနာပတိချုပ် ခန့်ထားစီရင်တိုင်း ရဲမက်ဗိုလ်ပါတို့ မဆိုင်းလိုက်နာ သောကြောင့်လည်းကောင်း၊ ၅ သူရဲကောင်းများသဖြင့်လည်းကောင်း၊ ၆ ယတြာမန္တန်ပြုစီရင်သဖြင့်လည်းကောင်း၊ ၇ ဇာတာစန်းလဂ် တက်သဖြင့်လည်းကောင်း၊ ၈ စားနပ်ရိက္ခာ ပြည့်စုံပိုလျှံမှုကြောင့်လည်းကောင်း၊ ၉ တိုင်းနိုင်ငံတော်အတွင်း အနာရောဂါကင်းသဖြင့်လည်းကောင်း၊ ၁၀ သူလျှိုစေ၍ သူ့ပြည်တွင်းရေးရှုပ်ထွေးကွဲပြားစေသဖြင့်လည်းကောင်း၊ ၁၁ ဗလိနတ်စာ ပူဇော်ပသသောကြောင့်လည်းကောင်း၊ ၁၂ ဆင်မြင်း ရထားယာဉ်တပ် လက်နက်ကောင်းများရှိသဖြင့် အောင်နိုင်ခြင်း။ ♦

စစ်ကပ်ခြင်းမျိုး ၂-ပါး

၁ စန္ဒကဗျူဟာ- လမင်းကို ကြယ်နက္ခတ်ခြံရံသကဲ့သို့၊ မင်း စစ်သူကြီးကို အလယ်ကထား၍ ကပ်ခြင်း၊ ၂ ပဘင်္ကရဗျူဟာ- နေမင်းကဲ့သို့ ကြယ်နက္ခတ်မရံဘဲမင်း စစ်သူကြီးတို့ ရှေ့တည်၍ကပ်ခြင်း။ ♦

စစ်ခံခြင်းနည်း ၆-မျိုး

သူထိုးလာသောစစ်ကိုကြည့်၍ သင့်သလိုခံတိုက်ရမည်ဟု လောကဗျူဟာကျမ်း၌ပြ၏။ ၁ နဒီစရဗျူဟာ- ရင်ပေါင်တန်း၍ တံတားပမာခံခြင်း၊ ၂ ဝိစ္ဆိကဗျူဟာကင်း မြီးကောက်လက်သကဲ့သို့အလယ်ပင်းစေပြီးလျှင် ဝဲယာထောင်၍ခံခြင်း၊ ၃ သကဋဗျူဟာလှည်း ဦးကင်းကဲ့သို့ ဝဲယာထား၍ ရှေ့တပ်လွန်ခံခြင်း၊ ၄ မဓုဝတ္တနဗျူဟာ- ပျားအုံကဲ့သို့ တဝန်းတစုတည်းခံခြင်း၊ ၅ စင်္ကပါဒဗျူဟာ- ကျီးခြေကဲ့သို့ရှေ့ ၃-တပ်၊ နောက် ၁-တပ်၊ အလယ်၌ မင်းစစ်သူကြီးနေ၍ ခံခြင်း၊ ၆ ဥဒ္ဓနဗျူဟာ- ခုံလောက်ကဲ့သို့ ၃-တပ် ဆိုင်ခံခြင်း။ ♦

စစ်ချီစီစစ်ရေး ပြနည်းမျိုး ၄-ပါး

၁ သမကဒဏ္ဍဗျူဟာ- ရှားလှင်ကန်ကဲ့သို့ အစီအရီစစ်ဖျား စစ်ရင်းတညီတည်း တန်းခွဲတန်းပြောင်းပြု၍ချီခြင်း၊ ၂ ပါသာဒိကဗျူဟာပြာသာဒ်ဆောင်ပေါက်သကဲ့သို့ အထပ်ထပ် နောက်အားကြီး၍ချီခြင်း၊ ၃ စင်္ကောဋက ဗျူဟာပန်း ပုံတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ် တရွေ့ရွေ့ ချီခြင်း၊ ၄ ဒိင်္ဂဗျူဟာ- မရိုးစည်ကဲ့သို့ စစ်ရင်း စစ်ဖျားသေး၍ စစ်လယ်အားကြီးကြီးချီခြင်း။ ♦

စစ်ဆင်စစ်တိုက်နည်း ၃-ပါး

ဇာတ်။ ဋ္ဌ။ ဒု-အုပ်။ ၃၆၃။ စစ်တက်စစ်ချီ စစ်ရေးခင်းနည်း ၃-ပါး။ ၁ ပဒုမဗျူဟာ- ပဒုမ္မာကြာပွင့်ချပ်ကဲ့သို့ အထပ်ထပ်လှည့်၍စစ်ဆင်ခြင်း၊ ၂ စက္က ဗျူဟာ- စက်ဝန်း စက်ဝိုင်းလချမ်း ပ, စောက် သဏ္ဌာန်ကဲ့သို့စစ်ဆင်ခြင်း၊ ၃ သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ အလယ်ရှူး၍ ဝဲ, ယာတောင်ပံဖြန့်ကာ စစ်ဆင်ခြင်း။ ♦

စစ်ဆင်စစ်ထိုးနည်း ၆-မျိုး၊ တနည်း

လောကဗျူဟာကျမ်းမှာ အကျယ်ရှု။ ၁ ဒိဇာဒိပဗျူဟာ-ဂဠုန်တောင်ဖြန့်သကဲ့သို့ စစ်ဆင်စစ်ထိုးနည်း၊ ၂ ဝါရိဝေဂဗျူဟာ- ရေအယဉ်စီးဆင်းသကဲ့သို့ စစ်ဖြန့်ကာ နောက်မဆုတ်ဘဲစစ်ထိုးနည်း၊ ၃ ဥသဘဗျူဟာ- နွားလားဥသဘကဲ့သို့ အော်ဟစ်ခြိမ်းချောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် စစ်ထိုးနည်း၊ ၄ ဓနုက ဗျူဟာတင်ထားသော လေးညှို့ကဲ့သို့ ပစောက် လရေး ကွေးပုံ စစ်ထိုးနည်း၊ ၆ ဘုဇဗျူဟာမြွေတွားသကဲ့သို့ ကောက်တကျစ် စစ်ထိုးနည်း။ ♦

စစ်ဆင် စစ်ထိုး၊ ၂၉- အမျိုးခြား၍သိ

အဓိပ္ပါယ်နှင့်အကျယ်ကို လောကဗျူဟာကျမ်းနှင့်ဗျူဟာ စက္ကီပျို့၌ရှုပါကုန်။ မဏ္ဍုဗျူဟာ၊ သပ္ပဗျူဟာ၊ ဥပါယဗျူဟာ၊ ဣတ္ထိယဗျူဟာ၊ သုဝဗျူဟာ၊ မေဃဗျူဟာ၊ ပတ္တဗျူဟာ၊ ဝိဒ္ဓ ဗျူဟာ၊ ဒါရက ဗျူဟာ၊ ပဒုမ ဗျူဟာ၊
(၁၀) မဓု ဗျူဟာ၊ ဘေရီ ဗျူဟာ၊ ကီဋက ဗျူဟာ၊ ရုက္ခ ဗျူဟာ၊ ဥဂ္ဂတ ဗျူဟာ၊ အဂ္ဂိ ဗျူဟာ၊ ကာက ဗျူဟာ၊ ဗျ ဂ္ဃ ဗျူဟာ၊ မက္ကဋ ဗျူဟာ၊ စိရ ဗျူဟာ၊ (၂၀) ။

ဟာသ ဗျူဟာ၊ သသ ဗျူဟာ၊ ဥဒကဗျူဟာ၊ စန္ဒ ဗျူဟာ၊ သူရိယ ဗျူဟာ၊ ဓည ဗျူဟာ၊ ယက္ခ ဗျူဟာ၊ နိဂြောဓ ဗျူဟာ၊ သဒ္ဓိဗျူဟာ၊ (၂၉) ။ ♦

စစ်ဆုတ် စစ်ပြန်နည်း ၆-ပါး

(၁) အဂ္ဂိ ဇာလ ဗျူဟာ မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ဝါးမျိုဖျက်ဆီး၍ဆုတ်ပြန်ခြင်း၊
(၂) အမာဝါသီ ဗျူဟာ- လကွယ်သကဲ့သို့ မသိမသာဆုတ်ပြန်ခြင်း၊
(၃) သီဟဂတိ ဗျူဟာ-ခြင်္သေ့သွားသကဲ့သို့ ရဲရဲတင်းတင်း ရှေ့တက် နောက်ဆုတ်ပြန်ခြင်း၊
(၄) သတ္ထနာဒိ ဗျူဟာ လက်နက်သံပေးဟစ်ကြွေးကြိမ်းမောင်း၍ ပြန်ခြင်း၊
(၅) မဂ္ဂဆိန္န ဗျူဟာ- လမ်း တံတားတို့ကို ဖျက်၍ပြန်ခြင်း၊
(၆) စိရတ္တ ဗျူဟာ- ကြာမြင့် ဖြေးနှေးစွာနေ၍ပြန်ခြင်း။ ♦

စစ်တပ်ကြီးမျိုး ၄-ပါး

ယခုခေတ် စစ်တပ်မျိုးများဖြစ်သည်။
(၁) ကုန်းတပ်စစ်အင်္ဂါလေးပါးလုံးစုံသောတပ်မတော်ကြီးမျိုး၊
(၂) ရေတပ်- လှေ သင်္ဘော ၎င်းနှင့်ဆိုင်ရာ လက်နက်စုံပါသော တပ်မတော်ကြီးမျိုး။
(၃) လေတပ်- ကောင်းကင်ပျံ ယာဉ်မျိုးဖြင့် လက်နက်စုံပါသော တပ်မတော်ကြီးမျိုး၊
(၄) ယန္တရားတပ် လူမပါဘဲ စက်ယန္တယားဖြင့်လွှတ်၍ တိုက်သောတပ်မျိုး။ ♦

စစ်တပ်စိုးမိုး၊ နည်း ၆-မျိုး၊ ဆင်ရိုးပရိယာယ်

လောကဗျူဟာကျမ်းမှ စစ်သူကြီးတို့အားညွှန်ကြားချက် ၆-ပါး။
(၁) စစ်အိပ်- အရပ်အနေ သင့်တင့်စွာ စီမံခန့်ရပ်၍ တပ်မရှိထင်မှားကာ သူ့တပ်လာအောင် ဆိတ်ညံညံပြုထားခြင်း။
(၂) စစ်နှိုး- အရပ်အနေမသင့် စစ်သည်တို့ ညှိုးနွမ်းရှိလျှင် လှန့်ခြောက်တီးမှုတ် ကြွေးကြော် မြူးတူးစေကာစစ်နှိုးရခြင်း။
(၃) စစ်ပျို- စခန်းရှည်ကြာ၍ လက်နက်ရိက္ခာပြတ်သဖြင့် စစ်အိုလျှင် စစ်ရိက္ခာ အသစ်တဖန်ဖြည့်ကာအမြဲ နုပျိုစေရမည်။
(၄) စစ်ရဲ- အရပ်အနေမသင့် စစ်သည်တို့ထိတ်လန့်ရှိလျှင် စိုးရိမ်ကင်းရန်အားပေး၍ စစ်ကိုရဲစေခြင်း။
(၅) စစ်ဆိတ်- တိုက်ခိုက်လုပ်ကြံမည်ရှိလျှင် သူခပ်သိမ်းတို့မသိစေဘဲ ပညာရှိစစ်သူကြီးတို့နှင့်သာ တိုင်ပင်၍ရုတ်တရက် စေလွှတ်တိုက်ခိုက်လုပ်ကြံခြင်း။
(၆) စစ်ရွှင်- ဥစ္စာဆင်မြင်း လူသူလက်ဝယ်ရလျှင် မင်းထိုက်စိုးတန်သာချန်၍ ရသူယူစေခြင်း၊ အောင်ပွဲရတပ်များအား အောင်ပွဲခံဆုတံဆိပ်ပေးကာ ရွှင်ပျော်စေခြင်း။ ♦

စစ်တပ်ဖွဲ့နည်း ၉-မျိုး

၎င်းဖွဲ့နည်း သရုပ်အမည်များကို (တပ်မတော် ၉-မျိုး) မှာကြည့်ပါ။ ♦

စစ်ပညာရပ်၊ သင်ယူအပ်၊ အတတ် ၇-ဖြာ

စစ်ဖက်ဆိုင်ရာအရာရှိကြီးများကို နိုင်ငံကြီးတိုင်း၌ သင်ကြားလေ့လာနေစေသော သေနင်္ဂပညာ ၇-ရပ်ကိုဆိုသည်။
(၁) စစ်ချီ -ရန်သူများအား တိုက်ခိုက်ချေမှုန်းရန် ချီတက်ပုံနည်းမျိုး၊
(၂) တိုက်စစ် -တိုက်ပုံတိုက်နည်းမျိုး၊
(၃) လိုက်စစ်ဆုတ်ပြေး ပြေးသောရန်သူနောက်သို့ လိုက်ပုံနည်းမျိုး၊
(၄) ခံစစ် -ရန်သူလာတိုက်သည်ကို ခုခံတိုက်ခိုက်နည်းမျိုး၊
(၅) ဆုတ်စစ် -စစ်အရေးမလှ၍ ပြန်ဆုတ်ပုံနည်းမျိုး၊
(၆) စစ်ရေး- စစ်ရေးအုပ်ချုပ်ပုံနည်းမျိုးနှင့် အုပ်ချုပ်ပုံပါအစုံ၊
(၇) စစ်အေး- လက်နက်မသုံးဘဲ အခြားနည်းပရိယာယ်များဖြင့် ကိုယ့်ထံညွတ်ရန် ကျင့်သုံးခြင်းမျိုး။ ♦

စစ်မက်ဖြစ်ကြောင်း ၁၃-ပါး

စစ်ဖြစ်ခြင်း၏ အနီးစပ်ဆုံးအကြောင်းများ ၁၃-ပါး။ လောကဗျူဟာကျမ်းမှ။
(၁) နယ်ခြားသတ်မှတ်မှုကြောင့်၊
(၂) မြေအောက် မြေပေါ်ပစ္စည်းလိုချင်မှုကြောင့်၊
(၃) ဆင်ကောင်းမြင်းကောင်းလိုချင်မှုကြောင့်၊
(၄) စက်သုံး လက်နက်လိုချင်မှုကြောင့်၊
(၅) သမီးကညာလိုချင်မှုကြောင့်၊
(၆) ကုန်းတိုက်ဥပါယ်ပြုမှုကြောင့်၊
(၇) သစ္စာ ဖေါက်ပြန်မှုကြောင့်၊
(၈) စေပါးသော ရာဇသံစကားကို အနိမ့်အကျ မသိမှုကြောင့်၊
(၉) လူမျိုးရေး ဘာသာရေးကို ဖျက်ဆီးမှုကြောင့်၊
(၁၀) မင်း အစိုးရတို့ တိုင်းပြည်မစောင့်ရှောက်မှုကြောင့်၊
(၁၁) ဗိုလ်ပါရဲမက် သူရဲခက်တို့မရှိ နည်းပါးမှုကြောင့်၊
(၁၂) ကုန်သည်တို့ လောဘကြီးမှုကြောင့်၊
(၁၃) ရန်ငြိုးဖွဲ့မှုကြောင့်။ ♦

စစ်ရှုံးရာသော အကြောင်း ၁၂-ပါး

၎င်းသရုပ် အဓိပ္ပါယ် သဘောရပ်အားလုံးကို (စစ်အောင်နိုင်ခြင်းအကြောင်း၁၂-ပါး) မှ ပြောင်းပြန်ယူခြင်းဖြင့် သိနိုင်ရာ၏။ မဟာရာဇဝင်ကြီး ပထမတွဲ၌ကား ဆယ်ပါးဟု သရုပ်နှင့်ပြထား၏။ ♦

စစ်သံ ၁၀-မျိုး၊ ခြိမ့်ခြိမ့်တိုး၊ မြေမိုး ပြိုလှုသဲ

စစ်၏အသံမျိုး ၁၀-ပါးဟူ၏။ ၁ ဆင်သံ၊ ၂ မြင်းသံ၊ ၃ ရထားသံ၊ ၄ ဗိုလ်ခြေ စစ်သည်သံ၊ ၅ အမြောက် စိန်ပြောင်း ဗုံးသေနတ်သံ၊ ၆ တိုက်မောင်းကြီးငယ်သံ၊ ၇ တိုက်စည်သံ၊ ၈ တံပိုး ခရာသံ၊ ၉ မုဒိန်းမရိုးစည်သံ၊ ၁၀ စည်ကြီးသံ, ဗင်သံ။ ♦

စစ်သားတို့သစ္စာတရား ၄-ပါး

လောကဗျူဟာကျမ်းမှ။ ၁ ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးအတွက် ပါဏာတိပါတ ကံကို ခံယူရခြင်း၊ ၂ သူ့ဇနီးမယား သမီးပျိုများနှင့် သူတစ်ပါးဥစ္စာကို မလွန်ကျူး မလုယူရခြင်း၊ ၃ ရန်သူမဟုတ်သူကို မသတ်ရခြင်း၊ ၄ ရန်သူနှင့်ကြုံက အသက်ကိုစွန့်၍ တိုက်ရခြင်း။ ♦

စစ်သူကြီးအင်္ဂါ ၉-ပါး

စစ်သူကြီး ဗိုလ်ချုပ် ဗိုလ်မှူး တပ်မှူး တပ်ကြပ်တို့၌ ထားရှိရမည့်အင်္ဂါ ၉-ပါး ။ ရာဇနီတိ။
(၁) ရန်သူစစ်တပ်ကို နှိမ်နင်းဖျက်ဆီးနိုင်သော ပညာအရည်အချင်းရှိထားရခြင်း။
(၂) စစ်အောင်နိုင်ရေးအတွက် မြေကွက်၊ ကုန်း ကျင်းစသည့် နေရာကောင်းကို ရွေးတတ်ရခြင်း။
(၃) အရေးမသာ တပ်ပျက်မှုရှိသောအခါ စစ်သည်ရဲမက်အားလုံးကို သိမ်းကျုံးကွပ်ကဲ၍ တစ်ဦးတစ်ယောက်ကိုမျှမစွန့်ဘဲ တပ်ဆုတ်လာရခြင်း။
(၄) လက်အောက်ရဲဘော် စစ်သည်တော်များနှင့် ဆင်းရဲချမ်းသာ မျှတစွာကျင့်သုံးရခြင်း။
(၅) စွမ်းပကားနှင့် ခွန်အားဗလ ကြီးများရခြင်း၊ “သူရသတ္တိနှင့် ကာယဗလ''။
(၆) တည်ကြည်ဖြောင့်မတ်သော ကိုယ်ကျင့်တရား ရှိရခြင်း။
(၇) သေနင်္ဂဗျူဟာကျမ်းကို တတ်သိကျေပြွန်ရခြင်း။
(၈) စစ်သည်ငယ်သားတို့ ချမ်းသာရအောင် စီစဉ်တတ်ရခြင်း။
(၉) လုံ့လသတိ အမြဲရှိရခြင်း၊ “ဝီရိယနှင့် အပမာဒ''။ ♦

စစ်သူကြီးတို့ အင်္ဂါ ၉-ပါး။ တစ်နည်း

ဤကား အာစရိယဝါဒခေါ် ငါတို့ကျောင်းသားဘဝကသင်ကြားခဲ့ရသောနည်းတည်း။ စစ်မြေရပ်၌၊ စိုးကွပ်ခြင်းရာ၊ အင်ကိုးဖြာကား၊ အလိမ်မာကို၊ သူထက်ပို၍၊ ၁ ကင်းတို ကင်းရှည်၊၂ အတည် အရပ်၊ ၃ အကပ် အခွာ၊ ၄ ဗျူဟာ စက္က၊ သေနင်္ဂနှင့် ပဒုမဗျူဟာ၊ ၅ တပ်တာ မြေကတုတ်၊တည်လုပ်ပြင်ငြား၊ စိုက်ထားစူးငြောင့်၊ ၆ အစောင့်အနေ၊ ၇ အစေအတန်၊ အကြံအတွေး၊ အရေးအရာ၊ အဖြာဖြာကို၊ ပညာသတိ၊ ၉ ရဲသည့်စိတ်စွဲ၊ နှလုံးမြဲလျက်၊ ကွပ်ကဲစီရင်၊ စစ်ဘုရင်ဟူ၊ စစ်သူကြီးရာ၊ ခံထိုက်စွာ၏။ ♦

စဉ်းလဲရခြင်းမျိုး ၃-ပါး

လိမ်လည်လှည့်ပတ် ဖြားယောင်းရခြင်းအကြောင်း ၃-ပါး။ ဘုရင်နှင့် စစ်သူကြီး သံတမန်တို့ကျင့်ရန်။ ၁ ဇီဝိတမာယာ- အသက်၏ ပျက်စီးဘွယ်ရာ၌ စဉ်းလဲရခြင်း၊ ၂ ယောဂမာယာ- သူ၏စစ်ကို အောင်ဘွယ်ရာ၌ စဉ်းလဲရခြင်း၊ ၃ မဟာဝိနာသ မာယာ- သတ္တဝါများ ပျက်စီးဘွယ်ရာ အမှုကြီးတို့၌ စဉ်းလဲရခြင်း။ ♦

စည်မျိုး ၁၂-ပါး တနည်း ၁၃-ပါး

မဟာရာဇဝင်ကြီးမှ ထုတ်၍ ဖြေထားသည်။ ၁ မြှောက်စည်၊ ၂ သံလွင်၊ ၃ စည်ပြော၊ ၄ စည်ကြီး၊ ၅ ဒုံမင်း၊ ၆ စည်ဝန်း၊ ၇ စည်သေး၊ ၈ စည်ပုတ်၊ ၉ စည်ပန်းတောင်း၊ ၁၀ ပတ်သာ ပုံသာ၊ ၁၁ တစ်ဖက်ပိတ်စည်၊ ၁၂ စည်အိုင်။

မှတ်ချက် ။ ။ အချို့ကား “စည်ဒိုး''ကိုထည့်၍ စည်မျိုး ၁၃-ပါးယူကြ၏။ စည်သေးနှင့်အတူမှတ်က ၁၂-ပါး ပင်ရ၏။ မဃဒေဝလင်္ကာသစ်၌ “နန်းပွဲအလိုက်၊ နန်းထိုက်တမည်၊ ကြူးရိုက်မည်သား၊ မြှောက်စည်သံလွင်၊ ထိုပြင်ရိရော၊ စည်ပြောတသီး၊ စည်ကြီးတစ်သင်း၊ ဒုံမင်းသံမွှန်း၊ စည်ဝန်း စည်သေး၊ တရေးစည်ပုတ်၊ ပြုတ်ပြုတ်ဆော်ညောင်း၊ စည်ပန်းတောင်း ပတ်သာ၊ သညာထူးလည်၊ တစ်ဖက်စည်ကား၊ စည်အိုင်ခေါ်ရိုး၊ စည်မျိုးဆယ့်နှစ်''ဟုလာရှိ၏။ ♦

စည်းစိမ်ဥစ္စာ ပျက်စီးခြင်းအကြောင်း ၆-ပါး

သိင်္ဂါလသတိုးသားအား ဘုရားဟောတော်မူသည်ကို ၎င်းလင်္ကာဖြင့်သိပါ။
(၁) သေစာသောက်စား၊
(၂) လမ်းသွားခါမဲ့၊
(၃) ရှုငဲ့သဘင်၊
(၄) ပျော်ရွှင်အန်လောင်း၊
(၅) မကောင်း မိတ်ဖျင်း၊
(၆) ပျင်းရိခြင်းများ၊ ဤခြောက်ပါးကား၊ ပျက်ပြားဥစ္စာယွင်းကြောင်းတည်း။ ♦

စည်းစိမ်ချမ်းသာ၊ မျိုး ၄-ဖြာ၊ ကျမ်းလာမည်သို့နည်း

ဗုဒ္ဓဘာသာကျမ်းစာတို့၌ ဒါန သီလ ဘာဝနာမှုအတွက်စည်းစိမ် ၄-ပါးကို ညွှန်ကြားကြကုန်၏။
(၁) လူ့စည်းစိမ် လူ့ချမ်းသာ၊
(၂) နတ်စည်းစိမ် နတ်ချမ်းသာ၊
(၃) ဗြဟ္မာ့စည်းစိမ် ဗြဟ္မာ့ချမ်းသာ၊
(၄) နိဗ္ဗာန်စည်းစိမ် နိဗ္ဗာန်ချမ်းသာ။ ♦

စည်းဝါးမျိုး ၃-ပါး

ကြိုး ဘွဲ့ဂီတနှင့် ဝါဒိတခေါ် သီဆိုတီးမှုတ်မှုအနုပညာ ဝါ, ဂီ, နစ်၌ စည်းသုံးစည်းဟုလာရှိသည်။
(၁) ကရောင်းစည်း ချွင်-ချွင်-ချွင်-ချွင်....၊
(၂) နရည်းစည်း ချွင်ချွင်-ချပ်၊ ချွင်-ချွင်-ချပ်၊
(၃) ဝါးလတ်စည်း ချွင်-ချပ်၊ ချွင်-ချပ်။ ♦

စဏ္ဍပဇ္ဇောတမင်း၏ယာဉ်တော် ၅-ပါး

သူ၏ကောင်းမှု ပတ္ထနာထူးကြောင့် ရသောအစွမ်းကောင်းများ။
(၁) ကာကခေါ် ယောက်ျား၊ ယူဇနာ ၆၀-နေ့ချင်း သွားနိုင်၏။
(၂) နာဠာဂီရိဆင်- ယူဇနာ ၁၂၀-နေ့ချင်းလျင်စွာသွားနိုင်၏။
(၃) ဘဒ္ဒါလီဆင်မ- ယူဇနာ ၅၀-နေ့ချင်းလျင်စွာသွားနိုင်၏။
(၄) မုဉ္စကေသီမြင်းမ- ယူဇနာ ၁၂၀-ခရီးကို နေ့ချင်းလျင်စွာသွားနိုင်၏။
(၅) ဘဇ္ဇကုလီမြင်းမ- ၎င်းအတိုင်း။ ♦

စဏ္ဍာလ ၄-စို့

ကျောက်စာဝန်တော်စိန်ခို၏ မှတ်စုပရဗိုဒ်တစ်ဆူ၌ အောက်ပါအတိုင်း တွေ့ရ၏။
(၁) ပြည့်တန်ဆာများတစို့၊
(၂) သွေးမစွမ်း အနူများတစို့၊
(၃) သူတောင်းစားများတစို့၊
(၄) သူကောင်ထမ်း မြေမြှပ်သုဘရာဇာ တစို့၊ ၎င်းတို့ကို အရွတ်ဝန်က အုပ်ချုပ်ရသည်။ ♦

စဏ္ဍာလ ၅-မျိုး

အလုပ်ကြမ်းသမားများ ဟူ၏။ ဧကကနိပါတ် အပဏ္ဏကဇာတ် အဋ္ဌကထာ။
(၁) စဏ္ဍာလ- ဒွန်းစဏ္ဍားမျိုး၊ ပန်းပဲစသည့် အလုပ်ကြမ်းသမားများ၊
(၂) နေသာဒ- တံငါ မုဆိုးမျိုး၊
(၃) ပက္ကုသ- ပန်းမှိုက်သွန် အညစ်အကြေးသုတ်သင်သူမျိုး၊
(၄) ရထကာရ- သစ်ရွှေသမား ရထား လှည်းစသည့်အလုပ်သမားများ၊
(၅) ဝေဏု- ဝါးခုတ် ဝါးခွဲ နှီးထိုး ဖျာရက်စသည် ပြုသောသူမျိုး။ ♦

စဏ္ဍာလ ၅-မျိုး တစ်နည်း

(၁) စပ်၊
(၂) အမွှမ်း၊
(၃) သူကောင်ထမ်း၊
(၄) တွင်းတူး၊
(၅) သူသေကိုင်၊ ဤ ၅-မျိုးကိုလည်း စဏ္ဍာလ ၅-မျိုးဟူ၍ “လောကဝေါဟာရ''အားဖြင့် ခေါ်ကြသေး၏။

မှတ်ချက် ။ ။ “စဏ္ဍာလငါး၊ အစို့များက၊ ရငြားတမည်၊ အခွန်သည်ကား၊ တပြည်တစံ၊ တစ်နိုင်ငံက၊ သံကိုကျွေးမွေး၊ ပေးကမ်းဘို့ရန်၊ အရွတ်ဝန်သို့၊ မကျန်စေငှာ၊ အပ်ထားရာ၏။ “ဟု မဃဒေဝလင်္ကာ ပုတ္တောဝါဒခဏ်း၌ စပ်ဆိုလျက်ရှိ၏။ ♦

စတုဥဏှမျိုး ၄-ပါး

ဆေးကျမ်းလာ အပူမျိုးအပေါင်းဝေါဟာရ။
(၁) သင်္ဘောချင်း၊
(၂) ငရုတ်ကောင်း၊
(၃) ပိတ်ချင်းသီး၊
(၄) ပိတ်ချင်းမြစိ။ ♦

စတုဇာတ မျိုး ၄-ပါး

ဆေးကျမ်းလာ အမွှေးမျိုးအပေါင်း ဝေါဟာရ။
(၁) ဖာလာ၊
(၂) ကရဝေးရွက်၊
(၃) ကရဝေးခေါက်၊
(၄) ကံ့ကော်ဝတ်ဆံ။ ♦

စတုတ္ထအက္ခရာ ၅-လုံး

ကမ္မဝါဖတ်ရာ၌ ပြင်းပြင်းရွတ်ရ၍ ဝဂ်ငါးပါးတို့တွင်ပါဝင်သော ဃ, စျ, ဎ, ဓ, ဘ အက္ခရာငါးလုံးကိုခေါ်သည်။ ♦

စတုဒိသာ ၄-မျက်နှာ

အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်။ ♦

စတုပညာသ ဆေး ၅၄-ကျပ်သား

အဂ္ဂိရတ်ဝေါဟာရ၊ ဘယဆေး၌လည်းသုံး၏။
(၁) ဆား ၈-ကျပ်၊
(၂) လက်ချား ၁၅-ကျပ်၊
(၃) ဆပ်ပြာ ၁၉-ကျပ်၊
(၄) ယမ်းစိမ်း ၁၂-ကျပ် ပေါင်း ၅၄-ကျပ်သားကို ချော်ချက်၍သုံးရာ၌ အဂ္ဂိရတ်ဆရာတို့က “စ က ဗ ယ” စတုပညာသဟု ခေါ်ဆိုကြလေသည်။ ၃, ၂, ၅, ၈ ဂြိုဟ်သက်တို့ကို အလေးချိန်ပြုသည်မှတ်။ ♦

စတုပညာသ ဆေး ၅၄-ကျပ်သား၊ တစ်နည်း

(၁) ထုံးရေကြည် ၁၀-ကျပ်သား၊
(၂) ဇဝက်သာ ၂၁-ကျပ်၊
(၃) ဆား ၈-ကျပ်၊
(၄) လက်ချား ၁၅-ကျပ်၊ ၎င်း ၅၄-ကျပ်သားကို လုပ်ရတ်ကျမ်းတို့၌ “ဋ, သ, ည, ခ''ဟု ခေါ်ဆိုကြကုန်၏၊ ၇, ၆, ၃, ၂ ဂြိုဟ်သက်တို့ကို အလေးချိန်ပြုသည်။ ♦

စတုပါရိသုဒ္ဓိသီလ ၄-ပါး

၎င်းသရုပ်ကို (သီလကြီးမျိုး ၄-ပါး) ၌ ရှုပါ။ ♦

စတုဗလဆေး ၄-ပါး

စိန်, ဆေး, ကန့်, ဟင်း, ခေါ် မင်းလေးပါးဆေးကို လုပ်ရတ်ကျမ်းတို့၌ “စတုဗလဆေး''ဟု ခေါ်ဆိုကြ၏။ ♦

စတုဗီဇမျိုး ၄-ပါး

ဆေးကျမ်းလာ အစေ့မျိုးအပေါင်း ဝေါဟာရ၊
(၁) ဇီယာနက်စေ့၊
(၂) ပဲနဲ့သာစေ့၊
(၃) စမုန်ဖြူစေ့၊
(၄) စမုန်နီစေ့။ ♦

စတုဘုမ္မိကတရား ၄-ပါး

(၁) ကာမဘုံ၌ဖြစ်သော တရားစု၊
(၂) ရူပဘုံ၌ဖြစ်သော တရားစု၊
(၃) အရူပဘုံ၌ဖြစ်သောတရားစု၊
(၄) အ ဝတ္ထာဘုံ၌ဖြစ်သော လောကုတ္တရာတရားစု။

မှတ်ချက် ။ ။ ၄-ခုမြောက် လောကုတ္တရာဘုံ၊ ဝါ- နိဗ္ဗာန်တရားကိုပင် 'စတု ဘုမ္မိက'ဟု ခေါ်သည်မှတ်လေ။ ♦

စတုမဓုမျိုး ၄-ပါး

ရဟန်းတော်များ နေ့လွဲညစာသုံးဆောင်ရန် ဘုရားခွင့်ပြုတော်မူသော အချိုမျိုးလေးပါး၊ အာယုဝဎ္ဍုနပြီး၏။
(၁) ထောပတ်၊
(၂) ပျားရည်၊
(၃) တင်လဲ၊
(၄) နှမ်းဆီ၊ ၎င်းလေးပါးအမျှစီ၊ နေ သို့မဟုတ် မီးနှင့်ချက်။ ♦

စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၃၃၂။ ဋ္ဌ။ ဒု-အုပ်။ ၂၁၈။ စတုမဟာရာဇ်နတ်ပြည်၌ လေးဌာနခွဲ၍အုပ်စိုးသော နတ်မင်းကြီးလေးပါးဟူ၏။ ၁၊ အရှေ့ပိုင်းဌာန၌ ဓတရဋ္ဌနတ်မင်းကြီး၊ ၂၊ တောင်ပိုင်း ဌာန၌ ဝိရူဠှကနတ်မင်းကြီး၊ ၃ အနောက်ပိုင်းဌာန၌ ဝိရူပက္ခနတ်မင်းကြီး၊ ၄ မြောက်ပိုင်းဌာန၌ ကုဝေရခေါ် ဝေဿဝဏ်နတ်မင်းကြီး။ ♦

စတုရင်္ဂါ၊ ဘွဲ့နာမာ၊ ၄-ဖြာ အင်္ဂါသိ

စတုရင်္ဂဗလ ဟူသော ဘွဲ့ပုံတံဆိပ်၏ အင်္ဂါလေးပါးကိုဆိုသည်။ ၁ သဒ္ဒါကျမ်းအတတ်၊ ၂ ကဗျာလင်္ကာအတတ်၊ ၃ အမေးပြဿနာ ဓမ္မသတ်ကျမ်းစကားအတတ်၊ ၄ စစ်ဆင်စစ်ချီ စစ်ထိုးအတတ်။ ၎င်းအင်္ဂါ ၄-ရပ်တို့၌ ခေါင်ထိပ်အထိတတ်မြောက်သူ။ ♦

စတုရာရက္ခတရား ၄-ပါး

ရဟန်း ရှင်လူတို့ ညနံနက် အမြဲမပြတ် ပွားများအပ်သောတရားလေးပါး။ ၁ အသုဘ ကမ္မဋ္ဌာန်း၊ ၂ မရဏာနုဿတိ၊ ၃ မေတ္တာဘာဝနာ၊ ၄ ဗုဒ္ဓါနုဿတိ။ ♦

စတုဝဂ္ဂဓမ္မ ၄-ပါး

ကာလီဒါသစသောဆရာကြီးတို့ ရေးခဲ့သည့် လောကီမဟာကဗျာကျမ်းလာ လေးပါးသောတရားစု။ ၁ ချမ်းသာကြောင်းဓမ္မ၊ ၂ အတတ်ပညာလယ်ယာ ရွှေငွေဥစ္စာတို့ကိုရခြင်းနှင့် ရပြီးကိုစောင့်ရှောက်ခြင်း တည်းဟူသော အတ္တ၊ ၃ ကာမဂုဏ်ငါးပါးဟူသော ကာမ၊ ၄ နိဗ္ဗာန်ဟူသော မောက္ခ။ ♦

စတုဝိသာရဒဉာဏ်တော် ၄-ပါး

မူလပဏ္ဏာသ။ ပါ။ ၁၀၃။ ဋ္ဌ။စန္ဒကူးမျိုး ၄-ပါး

၁ ရတ္တစန္ဒန- စန္ဒကူးနီ၊ ၂ ကာလာနုသာရီ- စန္ဒကူးနက်၊ ၃ ဟရိစန္ဒန- စန္ဒကူးရွှေ၊ ၄ ဂန္ဓသာရ- စန္ဒကူးဖြူ။ ♦

စန်းယှဉ်နက္ခတ် ၁၃-လုံး

၎င်းသရုပ်ကို (ပုဏ္ဏမီနက္ခတ် ၁၃-လုံး) ၌ ကြည့်ပါ။ ♦

စပ်တူ စပ်ဖက် မလုပ်အပ်သူမျိုး ၈-ယောက်

၎င်းသရုပ် အဖြေကို (မတိုင်ပင်အပ်သူ ၈-ယောက်) ၌ ရှုပါလေ။ ♦

စပါးမျိုး ၇-ပါး

၎င်းသရုပ်ကို 'ကောက်မျိုး ၇-ပါး'၌ ဆိုခဲ့ပြီ။ ♦

စပါးမျိုးအပြား ၁၈၇-ပါး၊ တစ်နည်း

အထိကရ မဟာကန်တော်ကြီးမော်ကွန်းမှ၊ ၎င်းသရုပ်များကို (ကောက်မျိုး ၁၈၇-ပါး) ၌ ပြခဲ့ပြီ။ ♦

စမကြီး ၄-လုံး

တြင်းကျေ နဝင်းကျေဖြစ်၍ လောကကောင်းကျိုးကိုပေးစေတတ်သော “စ, ဓ, ဗ, ဝ''ခေါ် အက္ခရာ ၄-လုံး။ ♦

စမုန်မျိုး ၅-ပါး

(၁) စမုန်စပါး၊
(၂) စမုန်ဖွဲ၊
(၃) စမုန်ဖြူ၊
(၄) စမုန်နီ၊
(၅) စမုန်နက်။ ♦

စမုန်မျိုး ၇-ပါး၊ တစ်နည်း

(၁) ဇီယာ၊
(၂) စမွတ်၊
(၃) စမုန်စပါး၊
(၄) စမုန်ဖွဲ၊
(၅) စမုန်ဖြူ၊
(၆) စမုန်နီ၊
(၇) စမုန်နက်။ ♦

စရဏတရား ၄-ပါး

လောကီ လောကုတ် အတတ်တို့၏အခြေခံအကြောင်းရင်း အလုပ်တရား လေးပါး။
(၁) လောကီစရဏ- လောကီဝိဇ္ဇာကို တတ်မြောက်နိုင်ရန် ပရိကံဖြစ်၍ မူလအခြေ သင်ကြားအားထုတ်မှု လေ့ကျင့်ခန်းဟူသမျှ၊
(၂) ဗြဟ္မ စရဏ- ဗေဒင်သုံးပုံတို့၏ အခြေခံဖြစ်သော ကမ္မဿကတဉာဏ်နှင့်ငါးပါးသီလတရားစု၊
(၃) ဣသိ စရဏ- ဣသိဝိဇ္ဇာခေါ် လောကီအဘိညာဉ်ငါးပါး၏ ရှေ့အဖို့ ကျင့်ကြံအားထုတ် စရာ ဆယ်ပါးသီလ ဣန္ဒြိယသံဝရသီလ ပရိကမ္မစသော နိမိတ် ၃-ပါး၊ စျာန် ၄-ပါး၊ သမာပတ် ၈-ပါး တရားစု၊
(၄) ဗုဒ္ဓ စရဏဘုရားသခင်၏ အလိုတော်ကျဖြစ်သော စရဏတရား ၁၇-ပါး။ ♦

စရဏတရား ၉-ပါး။ တစ်နည်း

အမ္ဗဋ္ဌသုတ်၌ စရဏတရားကိုးပါးကို မြတ်စွာဘုရား ဟောကြားတော်မူသည်။ ၁ သီလသံဝရ၊ ၂ ဣန္ဒြိယသံဝရ၊ ၃ ဘောဇနေ မတ္တညုတ၊ ၄ သတိသမ္ပဇည၊ ၅ စတုပစ္စယသန္တောသ၊ ၆ ပထမစျာန်၊ ၇ ဒုတိယစျာန်၊ ၈ တတိယစျာန်၊ ၉ စတုတ္ထစျာန်။ ♦

စရဏတရား ၁၅-ပါး

သုတ္တနိပါတ်။ ဋ္ဌ။ ပ-အုပ်။ ၂၀၃။ နိဗ္ဗာန်သွားကြောင်း ခြေချောင်းနှင့်တူသော တရားများ ဟူ၏။ ၁ သီလသံဝရ၊ ၂ ဣန္ဒြိယေသု ဂုတ္တဒွါရတာ၊ ၃ ဘောဇနေ မတ္တညုတ၊ ၄ ဇာဂရိယာ နုယောဂ၊ ၅ သဒ္ဓါ၊ ၆ သတိ၊ ၇ ဟိရီ၊ ၈ သြတ္တပ္ပ၊ ၉ ဗာဟုသစ္စ၊ ၁၀ ဝီရိယ၊ ၁၁ ပညာ၊ ၁၂ ပဌမစျာန်၊ ၁၃ ဒုတိယစျာန်၊ ၁၄ တတိယစျာန်၊ ၁၅ စတုတ္ထစျာန်။ ♦

စရဏတရား ၁၇-ပါး။ တစ်နည်း

အထက်ဖေါ်ပြပါ ၁၅-ပါးသို့။ ၁ သမ္ပဇည၊ ၂ စတုပစ္စယ သန္တောသ၊ ၎င်းနှစ်ပါးထည့်သော် စရဏတရား ၁၇-ပါးဖြစ်၏။ ♦

စရိယတရား ၃-ပါး

မဇ္ဈိမပဏ္ဏာသ။ ပါ။။ ဋ္ဌ။ ၃။ အတ္တ ပရ နှစ်ဝကျိုးတွက် လုပ်ကိုင်အားထုတ်ခြင်း၃-ပါး။ လောကတ္ထ စရိယာ- ကမ္ဘာသား အများကောင်းကျိုးချမ်းသာ ရရှိခံစားနိုင်ရန်အတွက် ဖြည့်ကျင့်ပြုစုခြင်း၊ ၂ ဉာတတ္ထစရိယာ- မိမိအမျိုးသားတို့၏အကျိုးငှာ ဖြည့်ကျင့်ပြုစု အားထုတ်ခြင်း၊ ၃ ဗုဒ္ဓတ္ထ စရိယာ- ဘုရားသခင်ဖြစ်နိုင်လောက်သည်အထိ ဉာဏ်ပညာကြီးပွားအောင် ပြုကျင့်အားထုတ်ရှာမှီးခြင်း။ ♦

စရိုက် ၆-ပါး

ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၁၀၁။ သတ္တဝါတို့၏ သန္တာန်မှာပါရှိနေသော သဘောတရား ၆-ပါး။
(၁) ရာဂစရိုက်- ရာဂပေါများထူပြောသူ၊
(၂) ဒေါသစရိုက်ဒေါသပေါများ ထူပြောသူ၊
(၃) မောဟစရိုက်-မောဟပေါများထူပြောသူ၊
(၄) ဝိတက်စရိုက်တောင်တောင်ဤဤကြံစည်ခြင်း များပြားသူ၊
(၅) သဒ္ဓါစရိုက်-သဒ္ဓါတရားကောင်းသူ၊
(၆) ဗုဒ္ဓိစရိုက်ဆင်ခြင်ဉာဏ်ပညာ ကောင်းသူ။ ♦

စ ဝဂ် ၅-လုံး

စ ဆ ဇ စျ ည၊ ၎င်းအက္ခရာငါးလုံးကို တစ်စုတည်း တစ်ဆက်တည်းရွတ်ဆိုရ သောကြောင့် စ ဝဂ်ခေါ်သည်။ ♦

စာဂဂုဏ် ၆-ပါး

စာဂါနုဿတိအရ စာဂဂုဏ် ၆-ပါးကား ပေးကမ်းစွန့်ကြဲသူအဖို့ဖြစ်၏။ ၁ ဝိဂတ မလ မစ္ဆေရ- မစ္ဆေရမှကင်းစင်ခြင်းဂုဏ်၊ ၂ စာဂ- ပေးလှူစွန့်ကြဲနိုင်မှုဂုဏ်၊ ၃ ပယတ ပါဏီ- စင်ကြယ်သော လက်ရှိခြင်းဂုဏ်၊ ၄ ယာစက ယောဂ- အလှူခံတို့နှင့်ယှဉ်ခြင်းဂုဏ်၊ ၅ သံဝိဘာဂရတ- ဝေဖန်ခြင်း၌ မွေ့လျော်မှုဂုဏ်၊ ၆ ဝေါသဂ္ဂ ရတ- စွန့်ကြဲခြင်း၌ မွေ့လျော်မှုဂုဏ်။ ♦

စာဂီ ၅-ဖြာ၊ လောင်းမြတ်စွာ၊ ကျင့်ရာအဘယ်နည်း

၎င်းသရုပ်ကား 'စွန့်ခြင်းကြီး ၅-ပါး'နှင့် တူ၏၊ စွန့်ခြင်းကြီး ၅-ပါးကိုပင် 'စာဂီ ၅-ဖြာ၊ စာဂ ၅-ပါး'စသည်ဖြင့် ခေါ်ဆိုကြကုန်၏။ ♦

စာတတ်ကြောင်းရာ၊ အင် ၈-ဖြာ၊ လိုက်နာစွဲမှတ်သိ

သု စိ ပု ဘာ၊ ဝိ လိ သိ ဓါဟူသော စာတတ်ခြင်း၏ အခြေခံအင်္ဂါရပ်ရှစ်ပါးကိုဆိုသည်။
(၁) သု, သုဏေယျ- ကြားနာရာ၏၊
(၂) စိ, စိန္တေယျ- ကြံစည်ရာ၏၊
(၃) ပု, ပုစ္ဆေယျ- မေးမြန်းစုံစမ်းရာ၏၊
(၄) ဘာ, ဘာသေယျ ပြောဆိုရာ၏၊
(၅) ဝိ, ဝိစာရေယျ- ဆင်ခြင်နှိုင်းဆရာ၏၊
(၆) လိ, လိခေယျ- ရေးသားရာ၏၊
(၇) သိ, သိက္ခေယျ -သင်ကြားလေ့ကျင့်ရာ၏၊
(၈) ဓါ, ဓါရေယျ- နှုတ်တက် အာဂုံဆောင်ရာ၏။ ♦

စာပေရေးရာ၊ နည်း ၅-ဖြာ၊ မြန်မာယဉ်ကျေးမှု

၎င်းသရုပ်ကို (မြန်မာ့စာပေ ရေးသားလေ၊ ၅-ထွေနိသျှည်း) ဟူသောပုစ္ဆာ၌ ရှုလေ။ ♦

စာပေရွတ်ဖတ်၊ နည်း ၁၀-ရပ်၊ ကျမ်းမြတ်မည်သို့မိန့်သနည်း

သဒ္ဒါကျမ်းတို့၌ 'ဗျဉ္ဇနဗုဒ္ဓိ ၁၀-ပါး'ကို စာပေရွတ်ဖတ်ပုံနည်းဥပဒေအရ မိန့်ဆိုကြ၏၊ ကမ္မဝါစာရွတ်ဖတ်ရာ၌လည်း ထိုဆယ်ပါးကို ဝိနည်းဥပဒေက ညွှန်ကြားထားသည်။ ♦

စာပေဝင်ကျော်၊ ဆရာတော်၊ ၄-ဖေါ်မြန်တိုင်းရပ်

၎င်းသရုပ်ကို (ကျော်လေးပါးခေါ်၊ ဆရာတော်) ဟူသော သုတေသနရပ်၌ ဆိုခဲ့ပြီ။ ♦

စာရမျိုး ၃-ပါး

သန္ဓေတည်နေသောမိန်းမတို့ လိုက်နာရသော အကျင့် ၃-ပါး။
(၁) တိတ္တက- ခါးသော အစာအာဟာရမှ ရှောင်ကြဉ်ခြင်း၊
(၂) ကသာဝ- ဖန်သောအစာအာဟာရမှ ရှောင်ကြဉ်ခြင်း၊
(၃) ကဋုက- စပ်ပူသောအစာအာဟာရမှရှောင်ကြဉ်ခြင်း။ ♦

စာရေးတော်ကြီး အင်္ဂါ ၆-ပါး

လွှတ်သုံး သံရုံးစာရေးတော်ကြီးတို့၏ အင်္ဂါ ၆-ပါး၊ ရာဇသေဝကကျမ်း။
(၁) သကိံ ဥတ္ထဂ္ဂဟံ- တစ်ကြိမ်ဆိုလျှင် မင်း၏အလိုကိုသိတတ်ခြင်း၊
(၂) သီဃ လေခကံ- လျင်မြန်သော လက်ရေးလည်းရှိခြင်း၊
(၃) သု လေခကံ- လက်ရေးလည်းလှပ ပီသခြင်း၊
(၄) မေဓါဝိံ- ထိုးထွင်းဉာဏ်လည်းရှိခြင်း၊
(၅) ဝါကျပဋုကံ- စကားသွားစာပိုဒ်လည်း ကောင်းမွန်ပြေပြစ်ခြင်း၊
(၆) ဒက္ခံ- အရာဌာနအားလျော်စွာ လိမ္မာပါးလျင်ခြင်း၊ ဧတံ ဤသို့ဆိုငြား ခြောက်ပါးအင်္ဂါနှင့်ပြည့်စုံသူကို၊ လေခကေ- စာရေးတော်ကြီးနေရာ၌၊ ဌာပေ- ထားရာခန့်ရာ၏။ ♦

စာလုံး၅-မျိုး၊ ရှေးရိုးစဉ်လာ၊ ဖေါ်ပြပါ

ဤမြန်မာစာလုံး ရှေးထုံးရေးပုံငါးပါးကား “မုဒ္ဒါလိပိ သိပ္ပလိပိ၊ လိပိလေခန သမ္ဘဝါ၊ ဂုဏ္ဍိကာဃုဏသမ္ဘူတာ၊ လိပိယော ပဉ္စဓါယိမေ။ “ဟူသော သက္ကတကျမ်းမှ နည်းယူကူးပြောင်းလာ၏။
(၁) တံဆိပ်ရိုက်စာလုံး- မုဒ္ဒါလိပိမျိုး၊
(၂) ပန်းချီရေးစာလုံး- သိပ္ပလိပိမျိုး၊
(၃) ကညစ်ရေးစာလုံး- လိခါ လိပိမျိုး၊
(၄) ခြစားရာ၌ ထင်နေသောစာလုံး- ဃုဏ လိပိမျိုး၊
(၅) မင်ရေးစာလုံး- ဂုဏ္ဍိကာလိပိမျိုး။ ♦

စာသင်နည်းမျိုး ၃-ပါး

၎င်းသရုပ်ကို (ပရိယတ္တိမျိုး ၃-ပါး) ဟူသော သုတေသနပုဒ်မှာကြည့်ပါလေ၊ ပါရာဇိကဏ် အဋ္ဌကထာ။ ♦

စားတော်ကဲအင်္ဂါ ၅-ပါး

စဖိုသည်ခေါ် ထမင်းချက်သမား၏ ဂုဏ်အင်္ဂါငါးပါး၊ ရာဇနီတိ၌ဆို၏။
(၁) စဖိုသည်၏ မျိုးရိုးစဉ်ဆက်ဖြစ်ခြင်း၊
(၂) ဟင်းလျာချက်နည်းမျိုးစုံ ကျမ်းစာတို့ကိုလေ့လာတတ်မြောက်ရခြင်း၊
(၃) မြိန်ယှက် ဖွယ်ရာ ဖုတ်ကင်ချက်ပြုတ် ကြော်လှော်တတ်ရခြင်း၊
(၄) ချက်ပြုတ်ရေး၌ မျက်နှာလွှဲကာ လူတကာကိုမစေ ခိုင်းရခြင်း၊
(၅) ချက်ပြုတ်ရေး၌ စိတ်ကူးဉာဏ် ကြံစည်ဝေဖန်မှုရှိရခြင်း။ ♦

စိတ် ၈၉-ပါး

၎င်းသရုပ် (စိတ်တစ်ခု ယုတ် ၉၀) ၌ ရှုပါ။ ♦

စိတ်၏တည်ရာ ဝတ္ထုမှာ၊ ၆-ဖြာအဘယ်နည်း

၎င်းသရုပ်ကို (ဝတ္ထုရုပ် ၆-ပါး) ဟူသော ပုစ္ဆာ၌ ရှုပါ။ ♦

စိတ်အကြံသိနိုင်ခြင်းမျိုး ၄-ပါး

သူတစ်ပါး၏စိတ်အကြံကိုသိနိုင်ပုံ။ သုတ်ပါထေယျ။ ပါ။ ၅၈။ ဋ္ဌ။ ၇၀-၌ ရှုပါ။ ♦

စိတ်တစ်ခု ယုတ် (၉၀)

ဓမ္မသင်္ဂဏီ။ ဋ္ဌ။ ၃၁၈နှင့် ဝိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၈၂တို့၌ အကျယ်ရှု။ ကပ္ပါသူ ကပ္ပါသား သတ္တဝါရှိသမျှတို့၏သန္တာန်၌ ဆိုင်ရာဆိုင်ရာဖြစ်သော စိတ်အစုကို တစ်ခုမကျန်အကျဉ်းအားဖြင့် ရေတွက်သော် ၈၉-ပါး၊ ၉၀-ပြည့်ဖို့ရာတစ်ခုယုတ်နေ၍ (တစ်ခုယုတ် ၉၀) ဟု ခေါ်ဆိုရလေသည်။
(၁) ကာမစိတ် ၅၄-ပါး၊
(၂) ရူပစိတ် ၁၅-ပါး၊
(၃) အရူပစိတ် ၁၂-ပါး၊
(၄) လောကုတ္တရာစိတ် ၈-ပါး။ ♦

စိတ္တဇရုပ် ၁၅-ပါး

စိတ်ကြောင့်ဖြစ်သော ရုပ် ၁၅-ပါးကိုခေါ်ဆိုသည်။
(၁) ကာယဝိညတ်ရုပ်၊
(၂) ဝစီဝိညတ်ရုပ်၊
(၃) သဒ္ဒရုပ်၊
(၄) လဟုတာရုပ်၊
(၅) မုဒုတာရုပ်၊
(၆) ကမ္မညတာရုပ်၊
(၇) ပထဝီရုပ်၊
(၈) တေဇောရုပ်၊
(၉) အာပေါရုပ်၊
(၁၀) ဝါယောရုပ်၊
(၁၁) ဝဏ္ဏရုပ်၊
(၁၂) ဂန္ဓရုပ်၊
(၁၃) ရသရုပ်၊
(၁၄) သြဇာရုပ်၊
(၁၅) အာကာသဓါတ်ခေါ် ပရိစ္ဆေဒရုပ်။ ♦

စိတ်ဓါတ်အားနည်းခြင်း အကြောင်းတရား ၂၅-ပါး

ကောင်းမှုကောင်းရာတို့ဘက်၌ စိတ်အားလျော့မှုများ၂၅ပါး။ ၁ ကောဓ- အမျက်ထွက်ခြင်း၊ ၂ ဥပနာဟ- ရန်ငြိုးဖွဲ့ခြင်း၊ ၃ မက္ခ-ကျေးဇူးမဲ့ပြုခြင်း၊ ၄ ပလာသ-တုပြိုင်ခြင်း၊ ၅ ဣဿာ- ငြူစူခြင်း၊ ၆ မစ္ဆရိယ- ဝန်တိုခြင်း၊ ၇ မာယာ- လှည့်ပတ်ခြင်း၊ ၈ သာထေယျ-စဉ်းလဲခြင်း၊ ၉ ထမ္ဘ- မိုက်မဲခိုင်ခံ့ခြင်း၊ ၁၀ သာရမ္ဘ- သူ့သီလကိုဖျက်ဆီးခြင်း၊ ၁၁ မာန- စိတ်ကြီးဝင်ခြင်း၊ ၁၂ အတိမာနအလွန်အမင်း စိတ်ကြီးဝင်ခြင်း၊ ၁၃ မဒ-မာန်ဖြင့်ယစ်ခြင်း၊ ၁၄ ပမာဒ- မေ့လျော့ခြင်း၊ ၁၅ ထိန- စိတ်၏လျော့ကျခြင်း၊ ၁၆ မိဒ္ဓ- ငိုက်မြည်းခြင်း၊ ၁၇ အာလသျှ- ပျင်းရိခြင်း၊ ၁၈ ပါပမိတ္တတာ-ခင်ပွန်းယုတ်နှင့်ပေါင်းဖေါ်ခြင်း၊ ၁၉ ရူပ- အဆင်း၌တပ်မက်လွန်းခြင်း၊ ၂၀ သဒ္ဒ- အသံ၌ တပ်မက်လွန်းခြင်း၊ ၂၁ ဂန္ဓ- အနံ့၌ တပ်မက်လွန်းခြင်း၊ ၂၂ ရသအရသာ၌ တပ်မက်လွန်းခြင်း၊ ၂၃ ဖောဋ္ဌဗ္ဗ- အတွေ့၌ တပ်မက်လွန်းခြင်း၊ ၂၄ ခုဒ္ဒပိပါသဆာလောင်မွတ်သိပ်ခြင်း၊ ၂၅ အရတိ- တရား၌ မမွေ့လျော်ခြင်း။ ♦

စိန္တာအပြား၊ မျိုး ၃-ပါး၊ မိန့်ကြားကျမ်းဋီကာ

မဏိသာရ မဉ္ဇူသာဋီကာ၌ အောက်ပါအတိုင်း ကြံသိမှုတို့ကို ဆိုသည်၏။ ၁ ဦဟနစိန္တာ- ဝိတက်သဘောမျှသာဖြစ်၍ ဖြူနီညိုပြာလောက်ကိုသာသိနိုင်လျက် မူရင်းသဘော လက္ခဏာကိုကား ထိုးထွင်း၍မကြံနိုင် မသိနိုင်မှု၊ ၂ ဝိဇာနန စိန္တာ- ဝိညာဏ် သဘောမျှသာဖြစ်၍ မူရင်းသဘောလက္ခဏာသို့ရောက်အောင် ကြံစည်ထိုးထွင်းကာသိနိုင်လျက် ဝိပဿနာ မဂ်ဖိုလ်ရောက်အောင်ကား မစွမ်းနိုင်မှု၊ ၃ ပဇာနန စိန္တာ- ပညာသဘောဖြစ်၍ ကိစ္စအားလုံးကို သိမ်းကျုံးကာ ထိုးထွင်းသိနိုင်မှု။ ♦

စိန်မျိုး ၄-ဖြာ၊ ရတနာ၊ မိန့်မှာမဏိသျှတ်

မဏိသျှတြကျမ်းလာ ဝဇိရစိန်ရတနာမျိုး လေးပါး။ ၁ ခတ္ထိယ-ပြိုးပြိုးပျက်ပျက်ထွက်သော အရောင်ရှိ၏။ ၂ ကဏ္ဍိ- ဖြူဖွေးဖွေး၌ သက်တင်ရေးထင်လုလုအရိပ်ထွက်သည်။ ၃ ကိဿရာ- ဝါ ညို နီရောင်သန်းနေသည်။ ၄ ဗြဟ္မဏအတွင်း၌အဖြူထုတ်ချင်းထွင်းလျက် အပြင်ဘက်က သက်တင်ရေးပြာနုရောင်သန်းနေသည်။ ♦

စိန်မျိုး ၇-ပါး၊ လုပ်ရတ်များ၊ ခွဲဲခြားစိတ်ဖြာသိ

ဝိဇ္ဇာဓရ ဓါတုသာရကျမ်းမှယူသည်။ ၁ အဿဒန္တ သောမလ- မြင်းသွားစိန်၊ ဝါ နီ ဖြူအဆင်းရှိ၏။ ၂ သောမလ သုက္က- စိန်ဖြူ ဒိုးဆန်၊ ဂုံညင်းဆန်ကဲ့သို့ ရှိ၏။ ၃ သောမလ သုက္က ဂဇ- စိန်ဖြူ ဆင်ဦးနှောက်၊ ဖြူသောစရံရှိ၏။ ၄ သောမလ ရတ္တ သုဝ- စိန်နီ၊ ကျေးနှုတ်သီး၊ ရဲရဲနီသောအဆင်းရှိ၏။ ၅ ပတြဇ ကာလစိန်နက် မှန်ရောင်၊ နက်မှောင်၏။ ၆ သီဟ မတ္ထလုင်္ဂ ပတြဇ- ခြင်္သေ့ဦးနှောက်စိန်၊ ဖြူဖြူမှန်ရောင်ရှိ၏။ ၇ ဗျ ဂ္ဃ မတ္ထလုင်္ဂ ပတြဇ- ကျားဦးနှောက်စိန်၊ ဖြူဖြူဝါဝါမှန်ရောင်ရှိ၏။ ထို ၇-ပါးတို့တွင် ထွက်ရပ်လမ်းဆရာတို့အတွက် ပတြဇကာလခေါ် စိန်နက်သည် တန်ခိုးအရှိဆုံးဟု အထူးချီးမွမ်းထုတ်ဆိုထား၏။ ♦

စီးပွားဥစ္စာ ဆုတ်ယုတ်ပျက်စီးကြောင်းတရား ၆-ပါး

၎င်းသရုပ်ကို (စည်းစိမ်ဥစ္စာပျက်စီးကြောင်းတရား ၆-ပါး) ဟူသော ပြဿနာ၌ ဆိုခဲ့ပြီ။ ♦

စုတ်မျိုး ၉-ပါး

ဗေဒင်ကျမ်းအချို့၌ အောက်ပါအတိုင်း ခွဲ၍ပြကြ၏။ ၁ ပထနီ၊ ၂ သုဘ၊ ၃ လာဘ၊ စုတ်ကြီး ၃-အိမ်၊ ၄ ဓနု၊ ၅ ကဋုမ္ဗ၊ ၆ သဟဇ၊ စုတ်လာဘ် ၃ အိမ်၊ ၇ ဗန္ဓု၊ ၈ ပုတ္တ၊ ၉ ကမ္မ၊ စုတ်ကလေး ၃ အိမ်။ ♦

စုဒိတကကျင့်ဝတ် ၂-ပါး

အာပတ်ဖြင့် အစွပ်စွဲခံရသူ စုဒိတကပုဂ္ဂိုလ်တို့ လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ် ၂-ပါး။ ၁ သစ္စံ ဘဏေ- မှန်သောစကားကိုသာ ပြောဆိုရခြင်း၊ ၂ အ ကုပ္ပေယျ- အမျက်ဒေါသမထွက်ရခြင်း။ ♦

စုန်းမျိုး ၇-ပါး၊ တစ်နည်း ၇၈-ပါး

ဤ၌ လောကီဟူးရားမန္တန်ကျမ်းတို့တွင် အမျိုးမျိုးရှိကြရာ သင့်လျော်ရာကိုသာ ဖေါ်ပြလိုက်သည်။
(၁) ခြေစုန်း၊ ၎င်းကားသစ်သီးသစ်ပွင့်ကိုစားသည်။ ခြေကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်းကိုယ်တိုင်ကိုင်ရမှ ဖမ်းစားနိုင်သည်။ ၎င်းကို 'ရွာသူ'ဟု သမုတ်သည်။
(၂) ခေါင်းစုန်း၊ ၎င်းကား သစ်သီးမှည့်အချိုအချဉ်ကိုစားသည်။ အရိပ်ကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း ကိုယ်တိုင်ထိရမှဖမ်းစားနိုင်သည်။ ၎င်းကို 'နဖားထပ်'ဟု သမုတ်သည်။
(၃) ကိုယ်စုန်း၊ ၎င်းကား မစင်ချေးခြောက်ကိုစားသည်။ ခြေရာကိုသော်လည်းကောင်း၊ အရိပ်ကိုသော်လည်းကောင်း၊ကိုယ်ကိုသော်လည်းကောင်း ကိုယ်တိုင်ထိရမှဖမ်းစားနိုင်သည်။ ၎င်းကို 'ဆင်ကွပ်'ဟု သမုတ်သည်။
(၄) မောက်လုံးစုန်း၊ ၎င်းကား အသွေး၊ အသား၊ အရေကိုစားသည်။ ကိုယ်တိုင် မြင်ရ ထိရ နမ်းရှုပ်ရမှဖမ်းစားနိုင်သည်။ ၎င်းကို 'စုန်း'ဟု သမုတ်သည်။
(၅) မောက်ပြားစုန်း၊ ၎င်းကား အအူ အသည်း အမြစ်တို့ကိုစားသည်။ ကိုယ်တိုင် မြင်ရ ထိရ နမ်းရှုပ်ရမှ ဖမ်းစားနိုင်သည်။ ၎င်းကို 'ရွာသမီး'ဟု သမုတ်သည်။
(၆) အိန့်တလိမ့်စုန်း၊ ၎င်းကား အကြော် အလှော် အစိမ့် အအိမ့်တို့ကိုစားသည်။ အမည်နာမကိုသိမှ မိမိလက်အောက်ရှိ ၃၇-မင်းနတ်တို့ကို စေပါး ခိုင်းခန့် ဖမ်းစားနိုင်သည်။ ၎င်းကို 'ဇော်ဂနီ'ဟု သမုတ်သည်။
(၇) ကဝေမြောက်စုန်း၊ ၎င်းကား လူသွေး လူသား လူရိုးတို့ကိုစားသည်။ အမည်နာမကိုသိက မိမိလက်အောက်ရှိ နတ်တို့ကို စေပါးခိုင်းခန့်ဖမ်းစားနိုင်သည်။ ၎င်းကို 'ကဝေ'ဟု သမုတ်သည်။

မှတ်ချက် ။ ။ ခြေစုန်း ခေါင်းစုန်း ကိုယ်စုန်း ၎င်းသုံးယောက်တို့ကား သေအောင်မဖမ်းစား၊ မကြံစည်နိုင်ကြကုန်။ မောက်လုံး၊ မောက်ပြား၊ အိန့်တလိမ့်၊ ကဝေမြောက် ၎င်းလေးယောက်သောစုန်းတို့ကား သူ့ကိုသေအောင် ဖမ်းစားကြံစည်နိုင်သော တန်ခိုးသတ္တိရှိကြကုန်၏။ ထိုမှတပါး- အခြားစုန်းအမျိုး ၆၆-ပါး၊ ဗူးသွင်းစုန်းမျိုး ၇-ပါး၊ ကာကနီ ဇော်ဂနီစုန်းမျိုး ၅-ပါး၊ ပေါင်း ၇၈-ပါးသော အကြောင်းအရာအကျယ်ကို “လောကီ အင်္ဂုတ္တိုရ် ကျမ်းရင်းကြီး''မှာ ရှုပါကုန်။ ♦

စေတနာ ၃-တန်

သုတ်သီလက္ခန်။ ပါ။ ၁၃၁။ ဋ္ဌ။ ၂၆၇-၌ အကျယ်ရှုပါ။ အလုပ်တစ်ခု၌ စေ့ဆော်ခြင်းသဘောတရားမျိုးသုံးပါး။ ၁ ပုဗ္ဗစေတနာ- မပြုလုပ်မီရှေးအဖို့၌ဖြစ်သော စေတနာ၊ ၂ မုဉ္စ စေတနာ-ပြုဆဲအခါ၌ ဖြစ်သောစေတနာ၊ ၃ ပရ စေတနာ- ပြုပြီးနောက်အခါ၌ အာရုံပြု၍ ဖြစ်ပေါ်သောစေတနာ။ ♦

စေတသိက် ၅၂-ပါး

အမှန်တရားကို ထိုးထွင်းထွန်းလင်း၍ သိမြင်အောင်ပြ ပေးခြင်းလက္ခဏာရှိသော 'အမောဟ' ခေါ် ပညိန္ဒြေ စေတသိက် ၁-ပါး၊ သဗ္ဗစိတ္တသာဓါရဏ စေတသိက် ၇-ပါး၊ ပကိဏ္ဏက စေတသိက် ၆-ပါး၊ သောဘဏသာဓါရဏ စေတသိက် ၁၉-ပါး၊ ဝိရတီစေတသိက် ၃-ပါး၊ အပ္ပမညာ စေတသိက် ၂-ပါး၊အကုသိုလ်စေတသိက် ၁၄-ပါး၊ ပေါင်း ၅၂-ပါးဖြစ်၏။ ၎င်းသရုပ်အဓိပ္ပါယ်များကို ဆိုင်ရာအမည်တို့၌ ပြသွားမည်။ ♦

စေတီတည်ထား၊ ကိုးကွယ်ငြား၊ ၄-ပါးပုဂ္ဂိုလ်အပ်

ဖေါ်ပြပါ လေးပါးသောပုဂ္ဂိုလ်တို့ကို စေတီတည်ထားကိုးကွယ်ထိုက်ကြောင်းနှင့် မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ လာရှိ၏။ ၁ ပူဇော်အထူးကိုခံတော်မူထိုက်သောဘုရားရှင်၊ ၂ ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓါအရှင်များ၊ ၃ သီလဝန္တဖြစ်သော မြတ်စွာဘုရား၏ တပည့်သားများ၊ ၄ စကြာရတနာ ၇-ပါးနှင့်ပြည့်စုံသော စကြာမင်း။ ♦

စေတီတော်ကိုး၊ မြတ်ပုထိုး၊ ၂-မျိုးခွဲခြားသိ

စေတီနှင့်ပုထိုးကို ခွဲခြားသိစေရန်ဆိုသည်။ ၁ စေတီတော်-မုခ်ပေါက် လိုဏ်ဂူမပါသောစေတီမျိုး၊ ပုံ- ရွှေတိဂုံ၊ ရွှေစည်းခုံ၊ ရွှေဆံတော်တို့လို၊ ၂ ပုထိုးတော်မုခ်ပေါက် လိုဏ်ဂူပါသော စေတီမျိုး၊ ပုံ- သဗ္ဗညု၊ အာနန္ဒာ၊ ကော်တော့ပလ္လင်တို့လို။ ♦

စေတီထိပ်ဖျား၊ ငှက်မြတ်နား၊ တင်ထား ငှက် ၄-မျိုး

၎င်းသရုပ်ကို (ငှက်မြတ်နားတွင်၊ ထုံးတမ်းဝင်၊ ၄-အင်ငှက်မျိုး အဘယ်နည်း) ဟူသော ပြဿနာ၌ ဆိုခဲ့ပြီ။ ♦

စေတီထိုက်စွာ၊ ပုဂ္ဂလာ၊ ၂-ဖြာ ခွဲခြားသိ

ဒုကင်္ဂုတ္တရ။ ပါ။ ၇၆။ ဋ္ဌ။ ၅၁။ သေပြီးနောက်၌ ကျန်ရစ်သော အလောင်းဓါတ်ရုပ်ကို စေတီတည်ထိုက်သူမျိုး ၂-ပါး။
(၁) သမ္မာသမ္ဗုဒ္ဓ- မြတ်စွာဘုရားသခင်၏ အလောင်းတော် ရုပ်ကလာပ်။
(၂) ရာဇ စက္ကဝတ္တီစကြာမင်း၏ အလောင်းတော်ရုပ်ကလာပ်။ ♦

စေတီထိုက်သော ပုဂ္ဂိုလ်မြတ် ၄-ပါး၊ တစ်နည်း

၎င်းတို့၏ သရီရဓါတ်များကို စေတီတည်ထားကိုးကွယ်ခြင်းများပြု၍ သုခချမ်းသာရရှိနိုင်သည်ဟူ၏၊ သုတ်မဟာဝါ။ ပါ။ ၁၁၇၊ အင်္ဂုတ္တရ။ ပါ။ ပ-အုပ်။ ၇၆။ ၅၆၇။ ၎င်း။ ဋ္ဌ။ ဒု။ ၅၁။ တို့၌ အကျယ်ရှုပါ။ ၁-သမ္မာသမ္ဗုဒ္ဓ၊ ၂ ပစ္စေကဗုဒ္ဓါ၊ ၃ ရဟန္တာ၊ ၄ စကြာဝတေးမင်း။ ♦

စေတီ ၃-ပါး ထူးအပြား

ခုဒ္ဒကပါဌ။ ပါ။ ၁၀။ ဋ္ဌ။ ၁၈၈ ၌အကျယ်ရှု။ ရိုသေလေးစားအပ်သော အရာဝတ္ထုများ။ ၁ သာရီရိကစေတီ- မြတ်စွာဘုရား၏ ကိုယ်တော်ဒြပ်မှ ဖြစ်သမျှဓါတ်တော်တို့ကိုခေါ်သည်၊ “သရီရစေတီ” လည်းဟူ၊ ၂ ပရိဘောဂစေတီ ဗောဓိပင်နှင့်တကွ မြတ်စွာဘုရား၏ အသုံးအဆောင်တော် ပရိက္ခရာစသည်ကို ခေါ်သည်၊ ၃ ဥဒ္ဒိဿစေတီ မျက်ကွယ်ကမှန်းဆရည်ရွယ်အပ်သော ၃၂-ပါးသော လက္ခဏာတော်ကြီး, ၈၀- သောလက္ခဏာတော်ငယ်, ရောင်ခြည်တော် ၆-သွယ်နှင့် တင့်တယ်စမ္ပါယ်တော်မူသော မြတ်စွာဘုရား၏ ရူပါရုံ “အဆင်းတော်''သို့မဟုတ် “ဗုဒ္ဓပဋိမာ ဥဒ္ဒိဿက စေတီယံ''ဟူသောခုဒ္ဒကပါဌ အဋ္ဌကထာအရ “ရုပ်ပွားဆင်တုတော်, ကောင်းမြတ်သာယာသောအသံတော် အနန္တဂုဏ်တော်''တို့ကို ခေါ်သည်။

မှတ်ချက် ။ ။ ဤသုံးပါးကား တေရသနိပါတ် ကာလိင်္ဂဗောဓိဇာတ်လာ အနာထပိဏ် သေဋ္ဌေးတောင်းပန်၍ ရှင်အာနန္ဒာ လျှောက်ထားသဖြင့် သာဝတ္ထိပြည်မှာ ဘုရား ခွင့်ပြုတော်မူသော စေတီတို့တည်း။ အချို့ကား “ဓမ္မစေတီ''ထည့်၍ စေတီလေးပါးဟု ရေတွက်ကြလေသည်။၊ (ပဋိစ္စသမုပ္ပါဒါဒိ လိခိတ ပေါတ္ထကေ နိဓဟိတွာ ကတံ ပန ဓမ္မစေတီယံနာမ) ပဋိစ္စသမုပ္ပါဒ်စသော တရားဒေသနာတို့ကို ရေးအပ်သော ပေ, ရွှေပြား, ငွေပြား, စသည်များကို သိုမှီးဌာပနာ၍ပြုအပ်သော စေတီသည် 'ဓမ္မစေတီ'မည်၏ ဟူ၍ သာရတ္ထဒီပနီဋီကာဆရာ မိန့်တော်မူသည်။ စေတီပါဒ ၃ ဌာန ♦

စေတီပုထိုး တန်ခိုးပြခြင်းမျိုး ၃-ပါး

မိလိန္ဒပဥှာ။ ပါ။ ၂၉၇။ စေတိယပါဋီဟာရိယ ပဥှာခန်း။
(၁) ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့ အသက်ရှိစဉ်ကာလက ငါ၏အရိုးဓါတ်တော်စသည်မှ တန်ခိုးပြစေသတည်း ဟု အဓိဋ္ဌာန်ခဲ့ခြင်းမျိုး။
(၂) ထိုစေတီတော်တို့၌ သဒ္ဓါကြည်ညိုမှုလွန်ကဲသော အမျိုးကောင်းသားသမီးတို့က ပူဇော်ဖွယ်အမျိုးမျိုးတို့ဖြင့် ပူဇော်ပသ၍ တန်ခိုးပြတော်မူပါဟု အဓိဋ္ဌာန်သောကြောင့် ပြခြင်းမျိုး။
(၃) သာသနာတော် စည်ပင်ထွန်းကားရေးအတွက် နတ်များကအဓိဋ္ဌာန်သောကြောင့်ပြခြင်းမျိုးဟူ၏။ ♦

စေတာ ဝိနိဗန္ဓတရား ၅-ပါး

သုတ်ပါထေယျ။ ပါ။ ၁၉၈။ ဋ္ဌ။ ၂၁၄။ စိတ်ကို ဘာဝနာအလုပ်သို့မရောက်အောင် ဖွဲ့နှောင်သောတရားငါးပါး။ ၁ ပစ္စည်းလေးပါး၌သာယာသော တဏှာ၊ ၂ မိမိကိုယ်ခန္ဓာ၌သာယာသော တဏှာ၊ ၃ စားမှုအိပ်မှု၌အလေးဂရုပြုသော တဏှာ၊ ၄ ကိုယ်ရည် အဆင်းအသွေးလှပရေး၌ တက်မက်သောတဏှာ၊ ၅ မိမိ၏ရဟန်းသီလဖြည့်ကျင့်မှုသည် ယခုဘဝ၌နိဗ္ဗာန်ရရန်မဟုတ် အစားချောင် ကုသိုလ်ရ လူနတ်ဘဝရရုံမျှဟု စိတ်ထားခြင်း။ ♦

စောင်းကောက်တီးရိုး၊ ၁၄ ကြိုး၊ အမျိုးအမည်သိ

စောင်းကောက်ကြိုးတပ်ရာ၌ ရှေးက ၃ကြိုး၊ ၇ ကြိုး၊ ၁၃ ကြိုးတပ်ခဲ့ကြရာ၊ ယခုမှာ ၁၄ ကြိုးထိရှိနေကြောင်းနှင့် သိရ၏၊ ထိုစောင်းကြိုးတို့တွင် အောက်ဆုံးကြိုးက စ၍ အထက်သို့ရေတွက်ခေါ်ပုံအမည်များကား။ ၁ သံဖျားကြိုး၊ ၂ သံချပ်ကြိုး၊ ၃ တျာကြိုး၊ ၄ တျေကြိုး၊ ၅ တျောကြိုး၊ ၆ သုံးပင်ဒုံးလက်ညှိုး၊ ၇ ဒုံးနှစ်ပင်လက်ညှိုး၊ ၈ ဒုံးလက်ညှိုး၊ ၉ ငါးပင်ဒုံးကြိုး၊ ၁၀ လေးပင် ဒုံးကြိုး၊ ၁၁ သုံးပင်ဒုံးကြိုး၊ ၁၂ နှစ်ပင်ဒုံးကြိုး၊ ၁၃ အထက်ဒုံးကြိုး၊ ၁၄ ပုလဲကြိုး။ ♦

စောင်းသံအပြား ၇ ပါး

၎င်းသရုပ်ကို (အသံ ၇-ပါး) ၌ ဆိုခဲ့ပြီ။ ♦

စောဒကကျင့်ဝတ် ၅ ပါး

ဝိနည်းအရ တရားလိုခေါ် စောဒကပုဂ္ဂိုလ်တို့လိုက်နာရန် ကျင့်ဝတ် ၅-ပါး။ ၁ ကာလေန- သင့်လျော်သောကာလ၌သာ ပြောဆိုရခြင်း၊ ၂ ဘူတေန- ဟုတ်မှန်သောစကားဖြင့်သာ ပြောဆိုရခြင်း၊ ၃ သဏှေန- နူးညံ့သိမ်မွေ့သောစကားဖြင့်သာ ပြောဆိုရခြင်း၊ ၄ အတ္ထသံဟိတ- အကျိုးနှင့် စပ်သောစကားဖြင့်သာ ပြောဆိုရခြင်း၊ ၅ မေတ္တာစိတ္တ- မေတ္တာစိတ်ဖြင့်သာ ပြောဆိုစွပ်စွဲရခြင်း။ ♦

စောဒနာခြင်း နည်း ၃-ပါး

အာပတ်ဖြင့်စွဲချက်တင်ခြင်း ၃-ပါး။ ပါရာဇိကဏ်အဋ္ဌကထာ ဒု။ ၁ ဒိဋ္ဌစောဒနာ- မြင်ခြင်းဖြင့်စောဒနာမှု၊ ၂ သုတစောဒနာ- ကြားခြင်းဖြင့်စောဒနာမှု၊ ၃ ပရိသင်္ကာ- မသင်္ကာခြင်း ရွံရှာခြင်းဖြင့် စောဒနာမှု။ ♦

စောဒနာမျိုး ၄-ပါး

ဝိနည်းအရာ စောဒနာခြင်း ၄-ပါး။ ၁ ဝတ္ထုသန္ဒဿန စောဒနာမေထုန်မှု ခိုးမှု လူသတ်မှု စသော ဝတ္ထုပြု၍စောဒနာခြင်းမျိုး၊ ၂ အာပတ္တိ သန္ဒဿန စောဒနာအာပတ်တင်ပြ၍ စောဒနာခြင်းမျိုး၊ ၃ သံဝါသ ပဋိက္ခေပ စောဒနာ- ဥပုသ်ကံစသည် မပေါင်းဖေါ်ခြင်း အတူမပြုခြင်းမျိုး၊ ၄ သာမိစိပ္ပဋိက္ခေပ စောဒနာ- အရိုအသေပေးမှု ရှိခိုးမှုစသည် မပြုခြင်းမျိုး။ ♦

စွန့်ခြင်းကြီး ၅-ပါး

ဇာတ်။ ဋ္ဌ။ သတ္တမ-အုပ်။ ၃၃၃-၌ အကျယ်ရှုပါ။ ♦

သမ္မာသမ္ဗောဓိဆုပန် အလောင်းတော်များ လိုက်နာကျင့်ကြံအားထုတ်ရသည့် ပါရမီဖြည့်ခြင်းဆိုင်ရာ စည်းမျဉ်းကြီးငါးချက်

၁ ဓနပရိစ္စာဂ- စွန့်နိုင်ခဲလှစွာသော မင်းစည်းစိမ် ရတနာ, ဆင်, မြင်း စသည်ကိုစွန့်ခြင်း၊ ၂ အင်္ဂ ပရိစ္စာဂ- ခြေလက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းကိုစွန့်ခြင်း၊ ၃ ပုတ္တ ပရိစ္စာဂ- သားတော်သမီးတော်တို့ကိုစွန့်ခြင်း၊ ၄ ဘရိယ ပရိစ္စာဂ- မယားကိုစွန့်ခြင်း၊ ၅ ဇီဝိတ ပရိစ္စာဂ- မိမိအသက်ကိုစွန့်ခြင်း။

မှတ်ချက် ။ ။ ဤအရာနှင့်ပတ်သတ်၍ ထိုထိုအဋ္ဌကထာ ဋီကာစသောကျမ်းဂန်အစောင်စောင်တို့၌ ဝါဒအမျိုးမျိုး မတူကွဲပြားခြားနား စွာယူပုံကို ဓမ္မပဒ၊ မဟာဋီကာ၌ ရှုပါ။ ♦

စွယ်တော် ၄ ဆူ၊ သဒ္ဓါဖြူ၊ ပင့်ယူ ၄ ဌာန

မြတ်စွာဘုရားရှင် စွယ်တော်ဓါတ် ၄- ဆူကို ပင့်ယူကိုးကွယ် တည်ထားရာ ဌာနကြီး ၄-ပါးကိုမေးလိုရင်းဖြစ်၏၊ ၎င်းအဖြေကို (အသမ္ဘိန္န၊ ဓါတ်မြတ်လှ၊ ပင့်ကြွ ၆ ဌာနာ) ဟူသောပုစ္ဆာ၌ ပြန်ရှုပါ။ ♦

ဆံတော်မရှည်၊ ဒွင်္ဂုလီ၊ မြတ်သည်ပုဂ္ဂိုလ် ၂

ဆံပင်တော်များရှည်လျားခြင်းမရှိဘဲ ဒွင်္ဂုလခေါ် လက်နှစ်သစ် နှစ်လက်မခန့်မျှ လက်ျာရစ်လည်၍ အမြဲတည်နေသောပုဂ္ဂိုလ်မြတ် ၂ ပါးကား။ ၁ မြတ်စွာဘုရားသခင်၊ ၂ ပစ္စေကဗုဒ္ဓါအရှင်ဟု ဗုဒ္ဓဝင်အဋ္ဌကထာနှင့် အပဒါန်အဋ္ဌကထာတို့၌ လာရှိ၏။ ♦

ဆံထုံးအပြား၊ ၅၅၊ ဆင်ငြားပုဂံသူ

၎င်းသရုပ်ကို (ဥသျှောင်ထုံးငြား၊ ၅၅) ၌ ဆိုခဲ့ပြီ။ ♦

ဆံပင်ထားရခြင်း၏အပြစ် ၁၆ ပါး

၎င်းအကျယ် စိတ်ဝင်စားဖွယ်ရာဆံပင်ထားမှုအတွက် ပလိဗောဓ ၁၆-ပါးကို ဟံသာဝတီရိုက် မိလိန္ဒပဥှာဝတ္ထုတော်ကြီး စာမျက်နှာ ၂၁-၌ရှုပါလေ။ ♦

ဆံပင်ထုံးရိုး၊ ၇ မျိုး၊ မင်းစိုးပျိုကညာ

၎င်းသရုပ်ကို (ဥသျှောင် ၇ မျိုး၊ ဖွဲ့ထုံးရိုး) ၌ ဆိုခဲ့ပြီ။ ♦

ဆ, အသာဓာရဏ ဉာဏ်တော် ၆ ပါး

၎င်း၏ သရုပ်အဓိပ္ပာယ်ကို (အသာဓါရဏ ဉာဏ်တော် ၆ ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

ဆက်စပ်လို့မရနိုင်အောင် ကွာဝေးသောအရာကြီး ၄ ပါး

စတုက္ကင်္ဂုတ္တရ။ ပါ။ ၃၅၉။ ဋ္ဌ။ ၃၀၆။ ဝေးသည်ထက် ဝေးသောအရာကြီးလေးပါး။ ၁ နဘာစပထဝီ - မိုးနှင့်မြေကြီး၊ ၂ သမုဒ္ဒဿ သြရိမပါရိမံ- သမုဒ္ဒရာ၏ ဟိုမှာဖက်ကမ်းနှင့် ဤမှာဖက်ကမ်း၊ ၃ သူရိယ အဗ္ဘုဒိတ စဝနဌာနီ- နေထွက်ရာအရပ်နှင့် နေဝင်သွားရာအရပ်၊ ၄ သတဓမ္မ အသတဓမ္မ - သူတော်ကောင်းတရားနှင့် သူယုတ်မာတို့တရား။ ♦

ဆင်မျိုး ၄ ပါး၊ စွယ်ခြားနား၊ ခေါ်ငြားအမည်ထူး

အစွယ်ပေါက်ပုံလိုက်၍ အမည် ၄- ပါးဖြင့်ခေါ်ကြသည်။ ၁ ဟိုင်းမျိုး- အစွယ်လုံးဝမရှိသောဆင်မျိုး၊ ၂ ဟံမျိုး- သေးသွယ်သောအစွယ် တိုသောအစွယ်ရှိသည့်ဆင်မျိုး၊ ၃ တည်မျိုး- အစွယ်တစ်ချောင်းသာရှိသော ဆင်မျိုး၊ ၄ တံမျိုး -အစွယ်နှစ်ချောင်းစုံရှိသည့် ဆင်မျိုး။ ♦

ဆင်မျိုး ၁၀-ပါး၊ ဗလ, အား၊ ခြားနားထူးထွေပုံ

သုတ်မဟာဝါ။ ဋ္ဌ။ ၁၆၄- ၌ အကျယ်ရှုပါ။ အစဉ်အတိုင်း တစ်မျိုးထက်တစ်မျိုးက ဆယ်ဆအားဗလရှိကြောင်းကို သိရာ၏။ ၁ ကာဠာဝကဆင်- လူဆယ်ယောက်အားရှိ၍ ညင်းညင်းအော်မြည်တတ်သော ဆင်မည်းတစ်မျိုး၊ ၂ ဂင်္ဂေယျဆင်- ဂင်္ဂါမြစ်ပတ်ဝန်းကျင်တစ်ဝိုက်၌ ရှိကြသည်။ ၎င်းတစ်ကောင်၌ ကာဠာဝကဆင် ၁၀-ကောင်အားရှိ၏။ ၃ ပဏ္ဍရဆင်- ဝါဖျော့ဖျော့အရောင်ရှိ၍ ဂင်္ဂေယျဆင် ဆယ်ဆအားရှိ၏။ ၄ တမ္ဗဆင်- ကြေးနီရောင်အဆင်းရှိ၍ ပဏ္ဍရဆင် ဆယ်ဆအားရှိ၏။ ၅ ပိင်္ဂလဆင်ကြောင်သောအဆင်းရှိ၍ တမ္ဗဆင် ဆယ်ဆအားရှိ၏။ ၆ ဂန္ဓဆင်- အနံ့မွှေးသော ဆင်နံ့သာ၊ ပိင်္ဂလဆင် ဆယ်ဆအားရှိ၏။ ၇ မင်္ဂလဆင်- တင့်တယ်စွာသွားတတ်၍ မင်္ဂလာရှိသောဆင်၊ ဂန္ဓဆင် ဆယ်ဆအားရှိ၏။ ၈ ဟေမဆင်- ရွှေရောင်အဆင်းရှိ၍ မင်္ဂလဆင် ဆယ်ဆအားရှိ၏။ ၉ ဥပေါသထဆင်- ၎င်းအမျိုး၌ဖြစ်သည့် ကောင်းကင်ပျံဆင်ဖြူ၊ ဟေမဆင် ဆယ်ဆအားရှိ၏။ ၁၀ ဆဒ္ဒန်ဆင်- အစွယ်မှ ရောင်ခြည်ခြောက်မျိုးထွက်သော ဆင်ဖြူ ဥပေါသထဆင် ဆယ်ဆအားရှိ၏။ ဘုရားသခင်၏အားတော်ကား ဆဒ္ဒန်ဆင် ဆယ်စီးအားရှိ၏။ ♦

ဆင့်အတွက် လက်နက်မျိုး ၈ ပါး

ဆင်စီးသူရဲများအတွက် ဆင့်ကိုယ်ပိုင်လက်နက်ကြီး ၈-ပါးဟု ဟိတောပဒေသ၌ လာ၏။ (က) အစွယ် ၂-ချောင်း၊ (ခ) အခြေ ၄-ချောင်း၊ (ဂ) နှာမောင်း၊ (ဃ) ဥက္ခောင်း။ ♦

ဆင်းရဲမူလ၊ ရင်းနှစ်ဝ၊ ရှောင်ကြဝေးဝေးကွာ

၎င်းသရုပ်ကို (မူလ ၂-ပါး) ၌ ရှုပါကုန်။ ♦

ဆည်းကပ်ကိုးကွယ်ထိုက်သူ၏ ဂုဏ်အင်္ဂါ ၇-ပါး

အဟုတ်တကယ် ကိုးကွယ်ဆည်းကပ်ပေါင်းသင်းခံထိုက်သူ၏ လက္ခဏာ ၇-ပါး။ ၁ သီလဂုဏ်- ကိုယ်ကျင့်တရား ကောင်းမွန်စွာရှိမှုဂုဏ်၊ ၂ သမာဓိဂုဏ်- စိတ်ဓါတ် မြင့်မြတ်မှုဂုဏ်၊ ၃ ပညာဂုဏ်- လောကုတ် လောကီပညာဆီ,ဝမှုဂုဏ်၊ ၄ ဒါနဂုဏ်- ပေးကမ်းစွန့်ကြဲမှုဂုဏ်၊ ၅ ပေယျဝစ္စဂုဏ်ချစ်ဖွယ်စကားဖြင့် ယဉ်ကျေးအောင်ဆုံးမနိုင်မှုဂုဏ်၊ ၆ အတ္ထစရိယဂုဏ်- သူ့အကျိုးကို သည်ပိုးနိုင်မှုဂုဏ်၊ ၇ သမာနတ္ထဂုဏ်- မိမိနှင့်တူသော ကောင်းကျိုးသုခကို ပေးစွမ်းနိုင်မှုဂုဏ်။ ♦

ဆည်းဆာအပြား၊ မျိုး ၃ ပါး၊ ၄ ပါးတစ်နည်းလာ

နေမင်း၏အလယ်ဗဟိုချိန် ၃-ပါးဟူလို။ ၁ နံနက် နေတခြမ်းထွက်ချိန်၊ ၂ နေ့လည်မွန်းတည့်ချိန်၊ ၃ ညနေ နေတခြမ်းဝင်ချိန်၊ ထို့ကြောင့် လောကသာရပျို့၌ “ဥဒည်း မဇ္ဈင်၊ နေဝင်အခါ၊ ဆည်းဆာသုံးပါး၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား၊ ကာယာသိဒ္ဓိ၊ တရိသစ္စာ၊ တတ်လေ့လာ၍''ဟု ဆိုထားသည်။ ♦

ဆည်းဆာ ၄ ပါး၊ တစ်နည်း

သူရိယ ကာလ၏ မဇ္ဈေချိန် ၄-ပါးဟူ၏။ ၁ နေ့၏အဆုံးနှင့် ညဉ့်၏အစ ညနေချမ်းချိန်၊ နေဝန်းကြီးတခြမ်းဝင်ချိန်ဟူလို။ ၂ ညဉ့်၏အဆုံးနှင့် နေ့၏အစ နံနက်အချိန်၊ နေဝန်းကြီး တခြမ်းထွက်ချိန်ဟူလို၊ ၃ နေမွန်းတည့်ချိန်၊ ၄ ညဉ့်သန်းခေါင်ချိန်။

မှတ်ချက် ။ ။ မန္တလေးနေပြည်တော်သုံး မြန်မာပဟိုရ်စည်စံတော်ချိန်၌ နံနက်လေးချက်တီး, နေ့ ၂-ချက်တီး, ညဉ့်လေးချက်တီး, ညဉ့် ၂-ချက်တီးတို့သည် ဆည်းဆာချိန်မည်၏။ ♦

ဆည်းလည်း ၃-လုံး

ဆည်းလည်းကို အချို့စာစောင်တို့၌ “ဆည်လည်''ဟု ရေးထုံးပြုကြသည်။ ရှေးထုံးဝေါဟာရ အားဖြင့် ပြောလာကြသည်မှာကား ချမ်းသာဆင်းရဲဖြစ်မည့် ရှေ့ပြေးနိမိတ်သုံးပါးဟူ၏။ ၁ ကလေးသူငယ်တို့သည် “အိမ်၏ဆည်းလည်း''မည်၏။ ၎င်းတို့ အမေလေး အဘလေးစသည့် အနိဋ္ဌ အမင်္ဂလာအသံမျိုးကို မကြာခဏ မြွက်ဆိုအော်ဟစ်မူ ဆင်းရဲပျက်စီးဘေးရောက်တတ်၏။ မင်္ဂလာရှိသော ဣဋ္ဌသံကိုမြည်ဆိုမူ ထိုအိမ်၌ ချမ်းသာကြွယ်ဝတတ်၏။ ၂ ဇာတ် ရုပ်သေးစသော သဘင်ပညာသည်တို့သည် “မြို့ရွာ၏ဆည်းလည်း''မည်၏။ မြို့ရွာ၏ဆည်းလည်းသည် အသေအပျောက် ခိုက်ရန်သတ်ပုတ်ဇာတ်တို့ကို များစွာပြုမူ၊ အပူတိုက်ကို အဆိုအမြည်များမူ မြို့ရွာဘေးသင့်တတ်၏။ မင်္ဂလာရှိသော ဇာတ်ကွက်ဇာတ်လမ်းနှင့် ကျက်သရေမင်္ဂလာရှိသော တေးသီချင်းတို့ကို မကြာခဏပြသသီဆိုမူ သာယာဝပြောတတ်၏။ ၃ ရူးသွပ်သောသူတို့သည် “တိုင်းနိုင်ငံ၏ ဆည်းလည်း''မည်၏။ ထိုတိုင်းနိုင်ငံ၏ဆည်းလည်းသည် မကောင်းသံမြည်မူ တိုင်းပြည်မကောင်းဖြစ်တတ်၏။ ကောင်းသံမြည်မူ ကောင်းတတ်၏၊ မြို့ရွာသာယာတတ်သည်ဟူ၏။ ♦

ဆန်းဂိုဏ်းရွေးနည်း ၈ ပါး

နာမည်ပေးရာ၌ ကောင်းကျိုးဆိုးကျိုးတို့ကို တွက်ချက်သောဗေဒင်နည်း၊ ၎င်းကို အောက်ပါလင်္ကာအတိုင်း ဒီဃ ရဿ ခွဲ၍သိလေ၊ ဣဋ္ဌဂိုဏ်းကား ကောင်း၏။ အနိဋ္ဌဂိုဏ်းကား မကောင်း။
(၁) ဘ ဂိုဏ်း- ဘူ, လ, မိ၊ လနတ်သားစောင့် မိဂသီနက္ခတ် ဣဋ္ဌဂိုဏ်း၊
(၂) န ဂိုဏ်း- နု, သိ, ဘ- သိကြားစောင့် ဘရဏီနက္ခတ် ဣဋ္ဌဂိုဏ်း၊
(၃) ယ ဂိုဏ်း- ယ, တိမ်, သတ်၊ တိမ်နတ်သားစောင့် သတ္တဘိသျှ နက္ခတ် ဣဋ္ဌဂိုဏ်း၊
(၄) မ ဂိုဏ်း- မတ်, ဘုံ, ဇေ- ဘုမ္မဇိုဝ်းနတ်စောင့် ဇေဋ္ဌနက္ခတ် ဣဋ္ဌဂိုဏ်း၊
(၅) ဇ ဂိုဏ်း- ဇ, နေ, ပု၊ နေနတ်သားစောင့် ပုဏ္ဏဖုသျှုနက္ခတ် အနိဋ္ဌဂိုဏ်း၊
(၆) သ ဂိုဏ်း- သု လိ သွာ၊ လေနတ်သားစောင့် သွာတိနက္ခတ် အနိဋ္ဌဂိုဏ်း၊
(၇) ရ ဂိုဏ်း- ရာ, မိ, ကြတ်၊ မီးနတ်သားစောင့် ကြတ္တိကာနက္ခတ် အနိဋ္ဌဂိုဏ်း၊
(၈) တ ဂိုဏ်း- တတ်, အာ, သ၊ အာကာသဇိုဝ်း နတ်စောင့် သရဝဏ်နက္ခတ် အနိဋ္ဌဂိုဏ်း။ ♦

ဆန္ဒမျိုး ၃ ပါး

ကောင်းသောဆန္ဒ၊ သို့မဟုတ် ဝိတက်ကောင်းမျိုး ၃-ပါးဟူလို၊ ပေဋကောပဒေသ။ ပါ။ ၂၇၀။ ၎င်းသရုပ် (သမ္မာသင်္ကပ္ပမျိုး ၃-ပါး) ၌ ရှုပါ။ ♦

ဆပ်မျိုး ၄-ပါး

ဆပ်ခေါ် ကောက်မျိုး ၄-ပါး။ ဆေးကျမ်းများမှယူဖြေသည်။ ၁ ကာလကင်္ဂု- ဆပ်နက်မျိုး၊ ၂ ရတ္တင်္ဂု- ဆပ်နီမျိုး၊ ၃ သုကင်္ဂု- ဆပ်ဖြူမျိုး၊ ၄ ပီတကင်္ဂု ဆပ်ဝါမျိုး။ ♦

ဆဗ္ဗဝဂ္ဂီ ရဟန်းကြီး ၆ ပါး

မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၁၃၀-၌ အကျယ်ရှုပါ ♦

ဆယ်ပါးသောဒဏ်၊ ဖြေဆိုရန်၊ အဟံ ပုစ္ဆာမိ

၎င်းသရုပ်ကို (ဒဏ် ၁၀-ပါး) ဟူသော ပုစ္ဆာ၌ ဆိုအံ့။ ♦

ဆယ်လီရွေး ဆယ်ပါး

မြန်မာသင်္ချာတွက်ကိန်း ဝေါဟာရတစ်မျိုး။ ဆယ်မူးတစ်ကျပ်နှင့် တွက်ကိန်းတစ်မျိုးကိုပင် “ဆယ်လီရွေး''ဟု ခေါ်ဆိုကြလေသည်။ ၎င်းလင်္ကာကား၊ “မြန်မာသင်္ချာ၊ တွက်နည်းနာဝယ်၊ ဆယ်သာကျပ်ပြည့်၊ အကြွင်းရှိကာ၊ တွက်ဖို့ရာကို၊ စဉ်လာရှေးထုံး၊ စီ၍ကုံးအံ့၊ တွက်ကျုံးကြွင်းလာ၊ မြှောက်စရာကား၊ မူးမှာတစ်ဆယ်၊ ပဲဝယ်နှစ်ပါး၊ ရွေးကား ၆-မှန်၊ ဆန်, နှမ်း, စတု၊ သုံးခု မုန်ညင်း၊ မြူမင်းဦကာ၊ လိက္ခာသတ္တု၊ အဏုပရမာ၊ ဆတ္တိံသာဟု၊ သေချာစဉ်သင့်၊ ဆယ့်နှစ်ဆင့်သည်၊ ကြွင်းဖြင့်မြှောက်ရန် သွယ်သွယ်တည်း။ “ ထင်ရှားစေအံ့။
(၁) ပရမာဏုမြူ ၃၆-လုံး၊ အဏုမြူ ၁ လုံး၊
(၂) အဏုမြူ ၃၆-လုံး၊ (ကညစ်ချေး) လိက္ခာမြူ ၁-လုံး၊
(၃) လိက္ခာမြူ ၇-လုံး၊ (သန်းဥက္ခောင်း) ဦကာ တလုံး၊
(၄) ဦကာ ၇-လုံး၊ မုန်ညင်းစေ့တစ်လုံး၊
(၅) မုန်ညင်းစေ့ ၃-လုံး၊ နှမ်းတစ်လုံး၊
(၆) နှမ်းစေ့ ၄-လုံး၊ ဆန်တစ်လုံး၊
(၇) ဆန်စေ့ ၄-လုံး၊ ချင်ရွေးငယ်တစ်လုံး၊
(၈) ချင်ရွေး ၆-လုံး၊ တစ်ပဲငယ်၊
(၉) နှစ်ပဲငယ်၊ တစ်မူးငယ်၊
(၁၀) ဆယ်မူးငယ်၊ တစ်ကျပ်။

မှတ်ချက် ။ ။ ကျပ်တစ်ရာကို တစ်ပိဿာခေါ်၏။ ♦

ဆရာမျိုး ၃ ပါး

အတတ်ပညာပေးသူ ၃-ပါးဟူ၏။ ၁ သင်ဆရာ၊ ကိုယ်ထိလက်ရောက် ကျကျနနသင်ပေးသော ဆရာမျိုး- မုတာစရိယ၊ ၂ မြင်ဆရာ၊ သူလုပ်ကိုင်နေသည်ကို တွေ့ကာမြင်ကာဖြင့် တတ်မြောက်ခြင်းရှိသူ၏ ဆရာ- ဒိဋ္ဌာစရိယ၊ ၃ ကြားဆရာ၊ သူပြောဆိုရွတ်ဖတ်နေသည်ကို ကြားရသဖြင့် တတ်မြောက်သူ၏ဆရာ- သုတာစရိယ။ ♦

ဆရာမျိုး ၅ ပါး၊ တစ်နည်း

၎င်းသရုပ် (အာစရိယမျိုး ၅-ပါး) ၌ ပြပြီးပြီ။ ♦

ဆရာ့ဂုဏ်အင်္ဂါ ၂၅ ပါး

ဆရာမြတ်တို့ လိုက်နာပြုကျင့်အပ်သည့် ဂုဏ်ကျေးဇူး ၂၅-ပါးဟူ၏၊ မိလိန္ဒပဥှာ။ ၁ တပည့်၌အမြဲတစေစောင့်ရှောက်ရ၏၊ ၂ မှီဝဲအပ် မအပ်သည်ကို သိရ၏၊ ၃ မေ့လျော့သည် မမေ့လျော့သည်ကို သိရ၏၊ ၄ အိပ်ရာနေရာ၏ကျန်းမာရေးကိုသိအပ်၏၊ ၅ ရောဂါရှိ မရှိကိုသိအပ်၏၊ ၆ ထမင်း ဘောဇဉ် ရအပ်မရအပ်ကို သိရာ၏၊ ၇ အထူး ရှိမရှိကိုသိအပ်၏၊ ၈ စားသောက်ဖွယ်တို့ကို ကောင်းစွာစစ်ဆေး ဝေဖန်အပ်၏၊ ၉ ပညာတိုးမှုအတွက် အားပေးစကားပြောကြားအပ်၏၊ ၁၀ အလုပ်အကျွေးကောင်းသူကို သိအပ်၏၊ ၁၁ ဆွမ်းခံရာ၌ အလုပ်အကျွေးကောင်းသူကို သိအပ်၏၊၁၂ ကျောင်း၌ အလုပ်အကျွေးကို သိအပ်၏၊ ၁၃ ဆရာသည်တပည့်တို့နှင့် ပြက်ရယ်မှုမပြုအပ်၊ ၁၄ တပည့်တို့နှင့် သူငယ်ချင်းပမာ အရောတဝင်မပြုရာ၊ ၁၅ တပည့်အပြစ်ကိုမြင်သော်လည်းသည်းခံအပ်၏၊ ၁၆ တပည့်ကို အရိုအသေမပေးမပြုအပ်၊ ၁၇ အတတ်ကိုလျှို့ဝှက်စွာပြုသင့်က ပြုအပ်၏၊ ၁၈ အတတ်ကို အကြွင်းမထားပြုသင့်ကပြုရာ၏၊ ၁၉ တပည့်များအားတတ်သိစေချင်သောစိတ် ထားရာ၏၊ ၂၀ တပည့်များအား အတတ်ပညာ မမေ့နိုင်ရာသောနည်းလမ်းများဖြင့် သင်ကြားရာ၏၊ ၂၁ မိမိသင်လက်စပညာဖြင့် ရှေ့ကိုသာတိုး၍သင်ကြားလိုစိတ် ရှိလာအောင် ကြီးပွားလိုစိတ်ထားအပ်၏၊ ၂၂ မေတ္တာစိတ်ကိုဖြစ်စေအပ်၏၊ ၂၃ ဘေးရန်ရှိသောကာလ၌ မစွန့်ရာ၊ ၂၄ အမှုကိစ္စပြုလုပ်ဖွယ်၌ မမေ့မလျော့ရာ၊ ၂၅ တပည့်မေ့လျော့မှားယွင်းသော် တရားနှင့်လျော်ညီစွာ ချီးမြှောက်အပ်၏။ ♦

ဆရာ့ကျင့်ဝတ် ၅ ပါး

သုတ်ပါထေယျ။ ပါ။ ၁၅၄။ ဋ္ဌ။ ၁၃၇။ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ, သိပ္ပမချန်, ဘေးရန်ဆီးကာ, သင့်ရာအပ်ပို့ , ဆရာတို့, ကျင့်ဘို့ဝတ်ငါးဖြာ။ ဆရာလုပ်သူတို့ တပည့်များအပေါ်၌ လိုက်နာပြုကျင့်ရမည့် ဝတ် ၅-ပါး။ ၁ အတတ်ပညာသင်ကြားပေးရခြင်း၊ ၂ လိမ်မာယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ပေးရခြင်း၊ ၃ သင်ပေးရမည့်အတတ်ပညာကို ခြွင်းချန်မထားရခြင်း၊ ၄ ဘေးရန်အပေါင်းကို တားဆီးကာကွယ်ပေးရခြင်း၊ ၅ မိမိထံ၌ အတတ်ပညာစုံညီပါက သင့်ရာပညာကိုသင်ကြားစေရန် အခြားဆရာ့ထံအပ်၍ ရွှေ့ပြောင်း ပေးရ ခြင်း။ ♦

ဆားမျိုး ၅ ပါး၊ ၃-နည်း

ဆေးကျမ်းလာ ဆားမျိုးဝင်အပေါင်းဝေါဟာရ။ ၃-နည်းပြား၏၊ ၁ ဇဝက်သာ၊ ၂ သိန္ဓော၊ ၃ ဆားပုတ်၊ ၄ သမုဒ္ဒရာဆား၊ ၅ ရုက္ခမူဆား၊ တစ်နည်း။ ၁ ဆား၊ ၂ သိန္ဓော၊ ၃ သဲဆပ်ပြာ၊ ၄ ယမ်း၊ ၅ ကျပ်ခိုး။ တစ်နည်း။ ၁ သမုဒ္ဒရာဆား၊ ၂ သိန္ဓော၊ ၃ ဆားပုတ်၊ ၄ ကျပ်ခိုး၊ ၅ မြေပေါက်ဆား။ ♦

ဆိတ်ငြိမ်ခြင်း ၃ ပါး

ကိလေသာတို့မှ ဆိတ်ငြိမ်ခြင်းကိုဆိုသည်။ ၎င်းသရုပ် (ဝိဝေကတရား ၃-ပါး) ၌ ရှုပါ။ ♦

ဆီမီးလှူကျိုး ၅ ပါး

ဤကား အကျိုးများစွာတို့အနက် ထူးကဲသောအကျိုးငါးပါးသာဟု မှတ်ရာ၏။ ၁ တန်ခိုး တေဇော်အာနုဘော်ကြီးခြင်း၊ ၂ ရဲရင့်လျင်မြန်ခြင်း၊ ၃ ထွန်းလင်းတောက်ပ အဆင်းလှခြင်း၊ ၄ ဉာဏ်ပညာထက်မြက် ကြီးကျယ်ခြင်း၊ ၅ ကိတ္တိ ၂-ပါးကျော်စောထင်ရှားခြင်း။ ♦

ဆုကြီး ၅ ပါး၊ ပန်လိုငြား၊ မျိုးပြားမည်သို့နည်း

နိဗ္ဗာန်ကိုလိုလားတောင့်တကြသော အမျိုးကောင်းသားသမီးတို့သည် အောက်ပါဆုကြီး ၅-ပါးကို ပန်ကြားကျင့်ဆောင်ရာ၏။ ( ၁) ဘုရားဆု- ၄၊ ၈၊ ၁၆-သချေင်္နှင့် ကမ္ဘာတစ်သိန်း၊
(၂) ပစ္စေကဗုဒ္ဓါဆု- ၂,သချေင်္နှင့်ကမ္ဘာတစ်သိန်း၊
(၃) အဂ္ဂသာဝကဆု- ၁,သချေင်္နှင့်ကမ္ဘာတစ်သိန်း၊
(၄) မဟာသာဝကဆု- ကမ္ဘာတစ်သိန်း၊
(၅) ပကတိသာဝကဆု- အပိုင်းအခြားမရှိ။ ♦

ဆုတောင်းပြည့်ရာ၊ အင် ၆-ဖြာ၊ လားရာဂတိမြဲ

ဆုတောင်းပြည့်ခြင်း၏ ဂုဏ်အင်္ဂါခြောက်ပါးကို ဆိုသည်။ ၎င်းသရုပ် (ဂတိမြဲရန်၊ ပုထုဇန်၊ ၆-တန်ဂုဏ်အင်္ဂါ) ပုစ္ဆာ၌ ဆိုခဲ့ပြီ။ ♦

ဆုမ္မခြင်းရာ၊ အင် ၅-ဖြာ၊ ကျမ်းလာမည်သို့နည်း

တပည့်များအား ဆိုဆုမ္မရာ၌ ဆရာလုပ်သူက အောက်ပါ ဂုဏ်အင်္ဂါ ၅-ပါးနှင့် စုံညီစွာရှိစေရန် 'သောဝစဿတာ' မင်္ဂလာအဖွင့်၌ဆို၏။ ၁ ပဋိရူပ အင်္ဂါ- သင့်လျော်သော ကာလ ဒေသ ဌာန သမယမျိုး၊ ၂ သစ္စ အင်္ဂါ- ဟုတ်မှန်သောစကားဖြင့်သာ၊ ၃ သုခုမ အင်္ဂါ- သိမ်မွေ့ နူးညံ့သောစကားဖြင့်သာ၊ ၄ ဟိတ အင်္ဂါ- အကျိုးရှိ ခြေငံသောစကားဖြင့်သာ၊ ၅ မေတ္တာ ပုဗ္ဗင်္ဂမ- မေတ္တာရှေ့ထားဖြင့်သာ၊ (ဆုံးမ) ဟုလည်း ရေးထုံးရှိ၏။ ♦

ဆေးကုအကျော်၊ သမားတော်၊ ၅-ဘော် အင်္ဂါသိ

၎င်းသရုပ်ကို (သမားတော်အင်္ဂါ ၅-ပါး) ဟူသော ပုစ္ဆာ၌ ကြည့်ပါကုန်။ ♦

ဆေးဒါန်းမျိုး ၄-ပါး

သဗ္ဗဓာတုက ဝိဇ္ဇာဓရကျမ်းမှ။ ၁ သေလ ဟရိတာလကျောက်ဆေးဒါန်း၊ နနွင်းသား ကဲ့သို့ရှိ၏။ ၂ တာလသာဒရ- ဆေးဒါန်းမြင်းသီလာ၊ ချိတ်သားကဲ့သို့ရှိ၏။ ၃ တာလ သုဝဏ္ဏ- ဆေးဒါန်းရွှေဝါ၊ ပရပိုက်ခေါက်ရွှေကဲ့သို့ရှိ၏။ ၄ သုက္က ဟရိတာလ- ဆေးဒါန်းဖြူ မြေဖြူကဲ့သို့ရှိ၏။ ♦

ဆဲကြီး ၄ ပါး

ဗေဒင်ကျမ်းအလို မည်သည့်နေ့ရက်တွင်မဆို မင်္ဂလာအခါမပေးအပ်သော ဆဲအခါကြီးလေးပါးဟူ၏။ ၁ နေထွက်ဆဲအခါ၊ ၂ မွန်းတည့်ဆဲအခါ၊ ၃ နေဝင်ဆဲအခါ၊ ၄ သန်းခေါင်တည့်ဆဲအခါ၊ အချို့ကျမ်းတို့၌ “ဆည်းဆာ လေးပါး''ဟုလည်း ခေါ်ဝေါ်ကြသေး၏။ ♦

ဆဲရေးခြင်းမျိုး ၁၀ ပါး

၎င်း ဆဲရေးခြင်းဝတ္ထုဆယ်ပါးသည် ဝစီဒုစရိုက်တရားချည်းဖြစ်ရကား၊ ရဟန်းတော်အတွက် ပညတ်ချက်ထုတ်ထား၏၊ လူများအဖို့လည်း ရိုင်းပြသောအရာဖြစ်၍ မဆဲရေးကောင်းချေ၊ ဝိနည်းပါဠိတော်။ ၁ ဇာတိ- သာကီယမျိုး၊ စဏ္ဍာလမျိုးစသည်ဖြင့် ဇာတ်ကိုထိပါး၍ဆဲရေးခြင်း၊ ၂ နာမ- ဦးမျိုးယုတ်, ကိုဉာဏ်ကြီး စသော အမည်နာမ တို့ဖြင့် ထိပါးဆဲရေးခြင်း၊ ၃ ဂေါတ္တ- နေမျိုးနွယ်, ပုဂံပြည် သဗ္ဗညုဆက်, ရွှေစည်းခုံနွယ် စသည်ဖြင့် အနွယ်ကိုခိုက်၍ဆဲရေးခြင်း၊ ၄ ကမ္မ- ဖိနပ်တိုက်သမား, ချေးကျုံးဝိဇ္ဇာကြီး, ထမင်းငတ်စာရေးဆရာကြီး, စိန်ကုန်သည်ကြီး စသည်ဖြင့် အလုပ်အကိုင်ကိုစွဲ၍ဆဲရေးခြင်း၊ ၅ သိပ္ပ -အင်ဂျင်နီယာ ပါရဂူကြီး, ကျူထရံရက်ဝိဇ္ဇာကြီး, စသည်ဖြင့် အတတ်ပညာကိုစွဲ၍ဆဲရေးခြင်း၊ ၆ အာဗာဓ- ဖာကျိုး, ရှိုက်ကုန်း, မီးယပ်ပိန် စသည်ဖြင့်အနာရောဂါကိုထိခိုက်၍ ဆဲရေးခြင်း၊ ၇ လိင်္ဂ- လံဗားကြီး, အသူရိန်ကြီး, ငပု, ညှပ်စိ, ငကုန်း, မယ်ဗမာ, မောင်ဒဂုံ, စသည်ဖြင့် အသွင်ကိုစွဲ၍ဆဲရေးခြင်း၊ ၈ ကိလေသ- တဏှာအိုး, ဒေါသကုမ္မာ , မရှင်းမရှင်းဝိစိကိစ္ဆာကြီး စသည်ဖြင့် ကိလေသာတစ်ပါးပါး အမည်ကိုတပ်၍ ဆဲရေးခြင်း၊ ၉ အာပတ္တိ-ပါရာဇိက , သံဃာဒိသိသ်, ဒုက္ကဋ်အိုး စသည်ဖြင့် အာပတ်အမည်ကိုထပ်၍ဆဲရေးခြင်း၊ ၁၀ အက္ကောသ- နင့်အမေ နင့်နှမ, ခွေးမသား, ခွေးသား, ဝက်မြေး, မဟောသဓာ, ဘုရားလောင်း စသည်ဖြင့် ဆဲရေးခြင်းမျိုး။

မှတ်ချက် ။ ။ ထိုအက္ကောသဝတ္ထုဆယ်ပါးတွင် အယုတ်အမြတ်အားဖြင့် ၂-ပါးစီဖြစ်၏။ ♦

ဆဲရေးခြင်းမျိုး ၁၀ ပါး၊ တစ်နည်း

သံယုတ်။ ဋ္ဌ။ ပ အုပ်။ ၂၀၀ ၌အကျယ်ရှုပါ။
(၁) စောရောသိ- သူခိုး၊
(၂) ဗာလောသိ- ငမိုက်၊
(၃) မူဠောသိ- ငမေ့ကောင်၊ ငထူ၊ ငထိုင်း၊
(၄) ထေနောသိ- သူခိုး၊
(၅) သြဠောသိ-ငကုံး၊ ကလားအုဋ်၊
(၆) မေဏ္ဍောသိ- သိုး၊ ဆိတ်၊
(၇) ဂေါဏောသိ- ငနွား၊ နွားကောင်၊
(၈) ဂဒြဘာသိ- မြည်းကောင်၊
(၉) တိရ စ္ဆာန ဂတောသိ- တရိ စ္ဆာန်ကောင်၊
(၁၀) နေရယိကောသိ ငရဲကောင်။ ♦

ဆယ့်နှစ်ရာသီ လ, ပွဲ, ပန်း, နက္ခတ်, တာရာ, နှင့် ရာသီရုပ်ပုံအစုံ

ဆယ့်နှစ်လရာသီ၏ ဆိုင်ရာမှတ်ဖွယ်များကို အကျဉ်းမျှ အစုံဖြေလိုက်သည်။
(၁) မိဿရာသီ- တန်ခူးလ၊ အတာသင်္ကြန်ရေလောင်းပွဲ၊ ရင်ခတ်ပန်း, ကံ့ကော်ပန်း၊ စိတြနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ တံငါတာရာထွန်း၊ ရာသီရုပ်ကား ဆိတ်သတ္တဝါဖြစ်၏၊
(၂) ပြိဿရာသီ- ၎င်းအကျယ်''ကဆုန်လနှင့် မှတ်ဖွယ် ၁၆-ချက်''ဟူသော သုတေသနရပ်၌ကြည့်ပါ၊
(၃) မေထုန်ရာသီ- နယုန်လ၊ စာမေးပွဲသဘင်၊ မဟာသမယအခါတော်၊ ဓမ္မသဘင်၊ စပယ်ပန်း, မြတ်လေးပန်း၊ ဇေဋ္ဌနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ မြင်းတာရာထွန်း၊ ရာသီရုပ်ကား အပျိုနှင့်လူပျိုယှဉ်တွဲနေပုံ၊
(၄) ကရကဋ်ရာသီ- ဝါဆိုလ၊ ပဉ္ဇင်းခံပွဲသဘင်, ဓမ္မစကြာအခါတော် သဘင်၊ ပုန်းညက်ပန်း၊ အာသဠှီခေါ် ဥတ္တရာသဠ်နက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ပုဇွန်လုံးဂဏန်းသတ္တဝါပုံ၊
(၅) သိဟ်ရာသီ- ဝါခေါင်လ၊ စာရေးတံမဲ၊ ဆွမ်းလောင်းပွဲသဘင်၊ ခတ္တာပန်း၊ သရဝဏ်ခေါ် ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ခြင်္သေ့သတ္တဝါ၊
(၆) ကန်ရာသီ-တော်သလင်းလ၊ လှေပြိုင်ပွဲ, သစ်ဆင်းပွဲသဘင်၊ ယင်းမာပန်း, အဒြခေါ် ပြုပ္ပါဘဒြပိုဒ်နက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ကညာပျိုရုပ်ပုံ၊
(၇) တူရာသီ- သီတင်းကျွတ်လ၊ မြင့်မိုရ်မီးထွန်းပွဲ, ပဝါရဏာပွဲ, အဘိဓမ္မာအခါတော်သဘင်များ၊ ကြာမျိုးငါးပါးပန်း၊ အဿဝဏီနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ကျီးတာရာထွန်းတောက်၊ ရာသီရုပ်ကား ကုန်သည်ချိန်ခွင်ကိုင်ပုံ၊
(၈) ဗြိ စ္ဆာရာသီ- တန်ဆောင်မုန်းလ၊ ကထိန်ပွဲတော်, တန်ဆောင်တိုင် ပွဲတော် ကြတ္တိကာနက္ခတ်ပွဲသဘင်၊ ခဝဲရွှေဝါပန်း၊ ကြတ္တိကာနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ကျီးတာရာထွန်း၊ ရာသီရုပ်ကားာ ကင်းမလက်မဲပုံ၊
(၉) ဓနုရာသီ- နတ်တော်လ၊ နတ်ကနားပေးပွဲ၊ ဂမုန်း အင်ပန်း, သဇင်ပန်း၊ မိဂသီနက္ခတ်နှင့် စန်းယှဉ်ပြည့်၊ ဟင်္သာတာရာထွန်း၊ ရာသီရုပ်ကား အရှေ့ပိုင်းလူ အနောက်ပိုင်းမြင်းဖြစ်၏၊
(၁၀) မကာရရာသီ-ပြာသိုလ၊ မြင်းခင်း ဆင်ခင်းသဘင်ပွဲ သူရဲကောင်းများဘွဲ့နှင့်သဘင်၊ ခွာညိုပန်း၊ ဖုသျှနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ပုစွန်တာရာထွန်း၊ ရာသီရုပ်ကား သမင်နှင့်ငါးဖြစ်၏၊
(၁၁) ကုံရာသီ- တပို့တွဲလ၊ ယာဂုနှမ်းမနဲပွဲ, ထမနဲပွဲ, မီးပုံပူဇော်ပွဲ၊ ဆူးပန်း၊ မာဃနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ချိန်တာရာထွန်း၊ ရာသီရုပ်ကား၊ ရေထမ်းသမားဆင်းရဲသားပုံ၊
(၁၂) မိန်ရာသီ- တပေါင်းလ၊ သဲပုံစေတီ ဘုရားပူဇော်ပွဲ၊ သရဖီပန်း ပိတောက်ပန်း၊ ဖဂ္ဂုဏခေါ် ဥတ္တရာဖလ ဂုဏ္ဏီနတ်ခတ်နှင့်စန်းယှဉ်ပြည့်၊ ဆံကျင့်တာရာထွန်း၊ ရာသီရုပ်ကား ငါးနှစ်ကောင်ရေကူးနေပုံ။

မှတ်ချက် ။ ။ ဤ၌ တရာများကား သက္ကဋနက္ခတ္တဒီပနီနှင့် မယ်ခွေးအဲတို့ မတူကွဲလွဲရှိကြသည်။ ♦

ဆယ့်နှစ်လခွင်၊ အမည်တွင်၊ ၄ အင်အမည်ထူး

ယခုခေါ်ရိုးအစဉ် လအမည်ဆယ့်နှစ်ပါးတွင် ရှေးဟောင်းအမည် ၄-ပါးကိုဆိုသည်။
(၁) ဝါဆို- နွယ်တာဟုရှေး၌ခေါ်၏၊
(၂) ဝါခေါင်- နံ့ကာဟုရှေး၌ခေါ်၏၊
(၃) တော်သလင်း- သစ်ဆင်းဟုရှေး၌ခေါ်၏၊
(၄) သီတင်းကျွတ်- သန်တူဟုရှေး၌ခေါ်၏။ ♦

ဆွမ်းကပ်သူများ၊ သတိထား၊ ၅ ပါးကပ်အင်္ဂါ

ရဟန်းသံဃာတော်တို့အား ဆွမ်းကပ်လာသောအခါ အကပ် မြောက်ကြောင်းအင်္ဂါငါးပါးကို သိထားရန်ဆိုသည်။ ၎င်းကို ဝိနည်းလင်္ကာဖြင့်သိပါ။
(၁) ရှေးရှုလည်းဆောင်၊
(၂) နှစ်တောင့်ထွာရောက်၊
(၃) မြှောက်နိုင်ဝတ္ထု၊
(၄) သုံးခုပေးခြင်း၊
(၅) ခံခြင်း နှစ် လောက်၊ ကျမ်းလာထောက် ကပ်မြောက်အင်္ဂါငါးပါးတည်း။

မှတ်ချက် ။ ။
(၃) ၌ ယခုခေတ် အားကောင်းသူတစ်ယောက်နိုင်လောက်သော ဝတ္ထုကိုသာဆိုသည်၊
(၄) ၌ကိုယ်ဖြင့်ပေးခြင်း ကိုယ်နှင့်စပ်သော ဇွန်းယောက်မစသည်တို့ဖြင့်ပေးခြင်း၊ နှစ်တောင့်ထွာအတွင်း၌ ပစ်မြှောက်လှိမ့်တွန်း၍ပေးကပ်ခြင်း၊ သုံးမျိုးကိုဆိုသည်၊
(၅) ၌ ကိုယ်ဖြင့်ခံယူခြင်း၊ ကိုယ်နှင့်စပ်သော ခွက် သပိတ် ခုံစသည်တို့ဖြင့်ခံယူခြင်းနှစ်ပါးကိုဆိုသည်။ ♦

ဆွမ်းဒါနအကျိုး ၅ ပါး

ဆွမ်းကျွေးပေးလှူခြင်းအကျိုးငါးပါးဟူ၏၊
(၁) အာယုအသက်ရှည်ခြင်း၊
(၂) ဝဏ္ဏ-အဆင်းရုပ်ရည် လှပခြင်း၊
(၃) သုခ- ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း၊
(၄) ဗလ- ခွန်အားသန်စွမ်းခြင်း၊
(၅) ပဋိဘာန- သင့် မသင့် မှန် မမှန် ဝေဖန်ဉာဏ်ရှိခြင်း။ ♦

ဆွမ်းဘတ်မျိုး ၇ ပါး

ဆွမ်းအတွက် ရဟန်းတော်များအား ဘုရားရှင်ခွင့်ပြုတော်မူခြင်း ၇-ပါး၊ ဆွမ်းမခံဘဲ စားကောင်းသည်။
(၁) သံဃဘတ်- တိုက်သံဃာအားလုံးအား ပေးလှူသောဆွမ်း၊
(၂) ဥဒ္ဒေသ ဘတ်-ဘတ္တုဒ္ဒေသက ရဟန်းကိုရည်ညွှန်း၍ လှူသောဆွမ်း၊
(၃) နိမန္တန ဘတ်- ပင့်ဖိတ်၍လှူသောဆွမ်း၊
(၄) သလာကဘတ်- မဲချ၍လှူသောဆွမ်း၊
(၅) ပက္ခိက ဘတ်- ဆန်းဆုတ်ပက္ခ၌ ရက်သတ်မှတ်၍လှူသောဆွမ်း၊
(၆) ဥပေါသထိက ဘတ်- ဥပုသ်နေ့၌ လှူသောဆွမ်း၊
(၇) ပါဋိပဒိကဘတ်- ဥပုသ်ထွက်၍လှူသောဆွမ်း။ ♦

ဆွမ်းမျိုး ၂ ပါး၊ အကျိုးများ၊ ထွတ်ဖျားခေါင်ထိပ်ဗွေ

လောက၌ အခြားဆွမ်းတို့ထက် အကောင်းဆုံးဖြစ်၍မြတ်စွာဘုရားချီးမွမ်းတော်မူသော ဆွမ်းထူးဆွမ်းမြတ်နှစ်မျိုး၊ မဟာပရိနိဗ္ဗာနသုတ်မှ။
(၁) သုဇာတာသူဌေးသမီး လှူသော နို့ဃနာဆွမ်း၊ ထိုဆွမ်းကိုဘုဉ်းပေးတော်မူ၍ အမြတ်ဆုံးသမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူသည်။
(၂) ဒါယကာ စုန္ဒလှူသော သူကရမဒ္ဒဝ ခေါ် ဝက်ဟင်းဆွမ်း၊ ထိုဆွမ်းကိုဘုဉ်းပေးတော်မူပြီး၍ ခန္ဓာကြွင်းမရှိသော အနုပါဒိသေသ နိဗ္ဗာန်နန်းသို့ ကြွမြန်းစံဝင်တော်မူသည်။ ♦

ဆွမ်းမခံရာသည့်ဌာန ၆ ပါး

ဝိသုဒ္ဓိမဂ်။ ပ-အပ်။ ၁၇။ ဝိနည်းမဟာဝါ။ ပါ။ ၉၉။ ဋ္ဌ။ ၂၇၃။ ရဟန်းတော်များ မသွားလာမကျက်စားကောင်းသော ဌာနများဟူ၏။ ♦

ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်

ပါရာဇိကဏ်။ ပါ။ ၃၀၇။ ဋ္ဌ။ ဒု-အုပ်။ ၂၀၀။ ပါရာဇိကဏ်။ ပါ။ ၃၃၃။ ဋ္ဌ။ ၂၆၄။ မိမိ၏အထက်နှင့်အောက် ၇-ဆက်တိုင် ရေတွက်၍ရသူကို 'ဉာတိက- ဆွေမျိုးတော်သူ'ဟု ဝိနည်းပိဋကတ်တော်၌ အသိအမှတ်ပြုထား၏။ ၇- ဆက်တွင် အထက်, အောက်မှ မပါဝင်သူကို 'အညာတိက-ဆွေမျိုးမတော်သူ'ဟု ယူရ၏။ အထက် ရဆက်ရေတွက်ပုံ။
(၁) ဘ ဘိုး ဘေး ဘီ ဘင် ဘောင် ဘော ဟူ၍လည်းကောင်း၊
(၂) ဘ ဘိုး ဘေး ဘီ ဘင် ညှောက် စေ့- ဟူ၍လည်းကောင်း၊
(၃) ဘ ဘိုး ဘေး ဘီ ဘဲ့ ဘော့ ဘွေးဟူ၍လည်းကောင်း၊
(၄) အဖ အဖိုး အဘွေး အဘဲ အဘီ အဘော အဘောင် ဟူ၍လည်းကောင်း၊ ဤသို့ ဆရာအမျိုးမျိုးတို့ ကျမ်းအမျိုးမျိုးတို့၌ တစ်မျိုးစီ ဝေါဟာရသုံးစွဲပုံ ကွဲကြောင်းနှင့်မှတ်သားကြ၏။ အောက် ၇-ဆက်ရေတွက်ပုံ။
(၁) သား, မြေး, မြစ်, တီ, တွတ်, ကျွတ်, ကျွတ်ဆက်-ဟူ၍လည်းကောင်း၊
(၂) သား, မြေး, မြစ်, တီ, ကျွတ်, ဆတ်, ဆက်-ဟူ၍လည်းကောင်း၊
(၃) သား, မြေး, မြစ်, တီ, မြှော့, ကျွတ်, ကျွတ်ဆက်-ဟူ၍လည်းကောင်း၊ ဤသို့ မူကွဲသုံးမျိုးစီ တွေ့မှတ်ရဖူး၏။ 'မဃဒေဝလင်္ကာ' ဆရာအလိုသော်ကား၊ 'ဆွေစုမျိုးစစ်၊ ခုနစ်ဝင်ထ၊ ကိုယ့်ထက်မှလျှင်၊ အဘ, အဘိုး၊ ခေါ်ရိုးစဉ်ရှေး၊ အဘေး အဘဲး၊ တစ်ကွဲ အဘွေး၊ တရေး အဘော်၊ အောက်သော် တခြား၊ သားနှင့် မြေး, မြစ်၊ တစ်ဆစ် တီ, မြှော့၊ မှတ်လော့ ကျွတ်, ဆက်၊ ကျမ်းဂန်ထွက်၏။ 'ဟူ၍ ဖြစ်၏။ ♦

ဆွေမျိုး ၄ ပါး

မျိုးနွယ်အားဖြင့်ယူနည်း၊ သုတ္တနိပါတ်။ ပါ။ ၂၈၈။ ဋ္ဌ။ ပ-အုပ်။ ၁၀၁။
(၁) ဉာတိဗန္ဓု-မျိုးဆက် ထက်, အောက်, ၇-ဆက်ထိ၊
(၂) ဂေါတ္တဗန္ဓု- အနွယ်အားဖြင့် အဆက်ပေါင်းများစွာစွဲယူခြင်း၊
(၃) မန္တဗန္ဓု- ကောင်းတူဆိုးတူ တိုင်ပင်ဖေါ်တိုင်ပင်ဖက်မျိုး၊
(၄) သိပ္ပဗန္ဓု- ဆရာတူတပည့်ကျောင်းနေဖက်အတတ်ပညာတူသူချင်း။ ♦

ဆွေမျိုး ၄-ပါး၊ တစ်နည်း

မူလပဏ္ဏာသ။ ဋ္ဌ။ ဒု-အုပ်။ ၃၁၃-၌အကျယ်ရှု။
(၁) ဉာတိမိမိအထက် ၇-ဆက်၊ အောက် ၇-ဆက် တော်စပ်သူမျိုး၊
(၂) ဂေါတ္တ- မျိုးရိုး၏အဆက်အနွယ်မျိုး၊
(၃) မိတ္တ- အတူ သွားလာစားသောက်ဖူးသော မိတ်ဆွေမျိုး၊
(၄) သိပ္ပ- ကျောင်းနေဖက် ဆရာတူတပည့်မျိုး။ ♦

ဇဝက်သာမျိုး ၂-ပါး

အချို့ကျမ်းတို့၌ ၅-ပါးရှိ၏။
(၁) အဂ္ဂိ ယဝက္ခယ- မီးစား ဇဝက်သာ၊ မဖောက်ထုံးကဲ့သို့ခပ်ပွပွရှိသည်၊ လက်ယာလက်ဝဲ ထွက်ရပ်လမ်းဆရာတို့အတွက် ၎င်းမှသာအကျိုးကိုပြီးစေနိုင်၏၊
(၂) ဒက ယဝက္ခယ- ရေစား ဇဝက်သာ၊ အသားစဉ်းနှင့် ဖြူပျဉ်းပျဉ်းရှိ၏၊ သွေးဆေး ငန်းဆေး လျက်စားစသော ဗိန္ဓောဆရာတို့သုံးစွဲသည့်ဓာတ်တစ်မျိုး၊ ၎င်းကိုသုံးခြင်းကြောင့် လုပ်ရတ်သမားတို့ မည်သည့်အခါမျှ အကျိုးကိုမဖြစ်စေနိုင်ဟု သဗ္ဗဓာတုယောဂ သျှတ်ကျမ်း၌ဆိုထားလေပြီ။ ♦

ဇဝါရေးရိုး ကြိုး ၁၀ မျိုး

ပန်းပြောက် ပန်းနုရေးပညာမျိုး။ မုံရွေးမှတ်စုမှ။
(၁) ခရု ပုခက်ကြိုး၊
(၂) ဘယက်ကြိုး၊
(၃) မှော်ဖတ်ကြိုး၊
(၄) ငါးပတ်ခံတွင်းကြိုး၊
(၅) မှော်သီးကြိုး၊
(၆) မြှော့ဝမ်းကြီးကြိုး၊
(၇) နဂါးလိမ်ကြိုး၊
(၈) ရာမလက်ညှိုးကြိုး၊
(၉) တမုတ်ကြိုးဆွဲ၊
(၁၀) နန်းပြောက်ကြိုး။ ♦

ဇာတ်ကြီး ၁၀ ဖွဲဲ့

ဗုဒ္ဓအလောင်းတော်မြတ်၏ ထင်ရှားသောဘဝကြီး ဆယ်ပါး။
(၁) တေမိယဇာတ်၊
(၂) ဇနက္ကဇာတ်၊
(၃) သုဝဏ္ဏသျှမ်ဇာတ်၊
(၄) နေမိဇာတ်၊
(၅) မဟောသဓာဇာတ်၊
(၆) ဘူရိဒတ်ဇာတ်၊
(၇) စန္ဒကုမာရဇာတ်၊
(၈) နာရဒဇာတ်၊
(၉) ဝိဓူရဇာတ်၊
(၁၀) ဝေဿန္တရာဇာတ်။ ♦

ဇာနည်မျိုးပြား၊ ထိုခြောက်ပါး၊ ကျော်ကြား ကမ္ဘာတည်။

၎င်းသရုပ်ကို(အာဇာနည်များ၊ မျိုး၆ပါး၊ ဖြေကြားမိန့်တော်မူ) ဟူသောအမေး၌ ဆိုခဲ့ပြီ။ ♦

ဇီယာမျိုး ၅-ပါး

ရှေးရေး ဆေးကျမ်းစာပေများ၌ 'စမုံစပါး၊ စမုံဖွဲ့၊ စမုံဖြူ၊ စမွတ်၊ ဇီယာ၊ ၎င်းငါးပါးကို 'ပဉ္စဇီယာ' ဇီယာမျိုးငါးပါးဟု ရေးသားကြကုန်၏။ ♦

ဇီဝိတ နဝက ကလာပ်

အဝိနိဗ္ဘောဂရုပ် ၈-ခုနှင့် ဇီဝိတရုပ် ၁-ခု ပေါင်း ၉-ခု တစ်စည်းကိုခေါ်သည်။ ♦

ဇီဝိတိန္ဒြေ ၂-ပါး

သစ်ပင်စသည်တို့ကို မသေအောင် စောင့်ထိန်းပေးတတ်သော ရုပ်ဇီဝိတိန္ဒြေ သက်ရှိသတ္တဝါတို့ကိုမပုပ်သိုးအောင်ထိန်းသိမ်းသော နာမ်ဇီဝိတိန္ဒြေ။ ♦

ဇီးမျိုး ၃-ပါး

ဓါတ်ဆေးတစ်မျိုး။ ရွှေပုပ္ပါးဋီကာ၌ အကျယ်ရှု။
(၁) ဘုမ္မဇီး၊
(၂) အာကာသဇီး၊
(၃) ဂေါ်ရာဇီး ဟူ၏။ ♦

ဇုံပိုင်း ၅-ရပ်

ဇုံဟူသောဝေါဟာရသည် လောကဓါတ်ပထဝီဝင်သင်ခန်းစာတို့တွင် သုံးစွဲကြသောအခေါ်ပုဒ်တည်း။ ၎င်း၏အဓိပ္ပါယ်ကား၊ 'အပူအအေး ပိုင်းခြားထားသောအရပ်' ဟူ၏။
(၁) မြောက်ပိုင်းအအေးဇုံ- မြောက်ဝင်ရိုးစွန်းပတ်လည်၌ အာတိတ်စက်ဝိုင်းအတွင်းရှိအရပ်၊
(၂) တောင်ပိုင်းအအေးဇုံ- တောင်ဝင်ရိုးစွန်းပတ်လည်၌ အန္တာတိတ်စက်ဝိုင်းအတွင်းရှိအရပ်၊
(၃) အပူပိုင်းဇုံ- ဥတ္တရာယာဉ်စွန်းတန်းအရပ်နှင့် ဒက္ခိဏယာဉ်စွန်းတန်းအကြားရှိအရပ်၊
(၄) မြောက်သမဇုံ- အာတိတ်စက်ဝိုင်းနှင့် ဥတ္တရာယာဉ်စွန်းတန်းအကြားရှိအရပ်၊
(၅) တောင်သမဇုံ-အာတိတ်စက်ဝိုင်းနှင့် ဒက္ခိဏယာဉ်စွန်းတန်းအကြားရှိအရပ်။ ♦

ဇိုဝ်းမျိုး ၃-ပါး

နတ်မျိုးသုံးပါးဟူ၏။ ဒေဝ သဒ္ဒါမှ “ဇိုင်း''ဖြစ်လာကြောင်းမှတ်။
(၁) ဘုမ္မဒေဝ- ဘုမ္မဇိုင်း၊မြေ၌နေသောနတ်မျိုး၊
(၂) ရုက္ခဒေဝ- ရုက္ခဇိုဝ်း၊ သစ်ပင်၌နေသောနတ်မျိုး၊
(၃) အာကာသဒေဝ- အာကာသဇိုဝ်း၊ကောင်းကင်၌နေသောနတ်မျိုး။ ♦

ဇော်ဂနီခေါ်၊ စုန်းအကျော်၊ ၄-ဘော်အဘယ်နည်း

ကျမ်းကြီးကျမ်းခိုင်တို့၌ကား ဇော်ဂနီကို 'စုန်း'ဟုမဆိုကြ။ မိစ္ဆာနတ်စိမ်းဟုသာဆိုကြ၏။ ကဝေသာရကျမ်း၌ကား အောက်ပါအတိုင်း လာလေသည်။ ၁ ဒေဝ ဇော်ဂနီ- အောက်တန်း နတ်ဆိုးနတ်ယုတ်များ၊ ၂ ဗျ ဂ္ဃဇော်ဂနီကျား နှင့်ယှဉ်သောနတ်စိမ်းများ၊ ၃ ယက္ခဇော်ဂနီ-ဘီလူး သရဲ ဖုတ် ပြိတ္တာများ၊ ၄ ဣန္ဒဇော်ဂနီထိုထိုဇော်ဂနီတို့ကို အစိုးရသောနတ်စိမ်းများ။ ♦

ဇော်ဂနီများ၊ စုန်းမျိုးပြား၊ ထင်ရှား ၆၄

သဒ္ဒ ကမ္မ ဒုမ အဘိဓါန်ကျမ်း၌ ယောဂိနီပုဒ် အဖွင့်တွင် ဇော်ဂနီခြောက်ကျိပ်လေးပါးနှင့်တကွ ၎င်းတို့ကိုအလိုရှိသလို စေခိုင်းနိုင်ကြောင်း အတတ်မန္တယားပူဇော်ပသပုံများကိုပါ အစုံပြထားသည်။ အကျယ် ၎င်းကျမ်း၌ရှုပါလေ။ ♦

စျာန်အပြား ၂-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၄၁။ ဋ္ဌ။ ပ-အုပ်။ ၁၇၀။
(၁) အာရမ္မဏူပနိဇ္ဈာနစျာန်သမထ, ဘာဝနာ, သက်သက်ဖြစ်သော ပထဝီကသိုဏ်း စသည်ဖြင့် သမာပတ်ရှစ်ပါး အထိရယူသောစျာန်၊
(၂) လက္ခဏူပနိဇ္ဈာနစျာန်-ဝိပဿနာသက်သက်ဖြစ်သော ရုပ်နာမ်ဓမ္မကို အနိစ္စလက္ခဏာဖြင့်ရှုမှတ်၍ မဂ်, ဖိုလ်, အထိရယူသောစျာန်။ ♦

စျာန်အပြား ၃-ပါး

ရူပါဝစရ စျာန်, အရူပါဝစရ စျာန် မျိုး၌ ပုထုဇန် အရိယာကိုစွဲ၍ ကွဲသောစျာန်မျိုး ၃-ပါး၊
(၁) သမထာနုယောဂ ပဋိလဒ္ဓစျာန်- သမထ ကမ္မဋ္ဌာန်းသက်သက်ကို အားထုတ်၍ရသောစျာန်မျိုး၊
(၂) မဂ္ဂ သိဒ္ဓစျာန်- မိမိ၏ဆုတောင်းပတ္ထနာအလျောက် မဂ်ကိုရရောက်သည်နှင့်တပြိုင်နက် စျာန်သမာပတ်တို့ကိုပါ အပြီးရသောစျာန်မျိုး၊
(၃) ဥပပတ္တိ- သိဒ္ဓိစျာန်- ကာမဘုံသား စျာနလာဘီစုတေ၍ ဗြဟ္မာ့ပြည်ရောက်သွားသောအခါ တမင်အားမထုတ်ရဘဲဗြုန်းကနဲထပ်၍ရသောစျာန်မျိုး။ ♦

စျာန်မျိုး ၅-ပါး

ကိလေသာတရားတို့ကို လောင်မြိုက် ဖုတ်ကြည်းတတ်သော သဘောတရားငါးပါး။
(၁) ပထမစျာန်၊
(၂) ဒုတိယစျာန်၊
(၃) တတိယစျာန်၊
(၄) စတုတ္ထစျာန်၊
(၅) ပဉ္စမစျာန်။ ♦

စျာနင် ၅-ပါး

စျာန်၏အစိတ်အင်္ဂါများကို ဆိုသည်။
(၁) ကြံစည်ခြင်း ဝိတက်၊
(၂) စဉ်းစားခြင်း ဝိစာရ၊
(၃) နှစ်ခြိုက်ခြင်း ပီတိ၊
(၄) ချမ်းသားခြင်းသုခ၊
(၅) တည်တံ့ခြင်း ဧကဂ္ဂတာတို့ဖြစ်၏။ ♦

စျာန် မဂ်ဖိုလ်များ၊ တားမြစ်ထား၊ ၅-ပါးအန္တရာယ်

၎င်းသရုပ် (အန္တရာယ်ကြီး ၅-ပါး) ၌ ဆိုခဲ့ပြီ။ ♦

စျာန်ရပုဂ္ဂိုလ်၊ ရောက်ကြောင်းဆို၊ ဘုံဖို- ၂၀ အဘယ်နည်း?

စျာန်ရပုဂ္ဂိုလ်တို့ ရောက်ကြောင်းဘုံကား ဗြဟ္မာ- ၂၀'ပင်ဖြစ်၏။ ထိုဘုံတို့သို့ အများအားဖြင့် မိန်းမဇာတ် အဖြစ်ဖြင့် မရောက်ကောင်းချေ၊ ပုရိသချည်းသာဖြစ်သောကြောင့် ဘုံဖို အဖိုများသာနေသောဘုံဟုခေါ်သည်။ ♦

စျာပနမျိုး ၃-ပါး

ဖုတ်ကြည်း သဂြုႋဟ်ခြင်းမျိုး ၃-ပါး။
(၁) အဂ္ဂိစျာပန- စကြာမင်းနှင့် ဘုရား, ရဟန္တာ, သီလဝန္တ ,သမုတိသံဃာတော်အရှင်မြတ်များ၏အလောင်းကို မီးဖြင့်သင်္ဂြိုဟ်ရသည်။ သို့မဟုတ်ဘဲမြေမြုှပ်နှံက မိုဃ်းခေါင်တတ်သည်။ ရေသို့မျှောက ရေကြီးတတ်သည်ဟု လောကီဆိုရိုးရှိ၏။
(၂) ဘူမိစျာပန- မြေမြှုပ်နှံခြင်း သစ်ခက် စသည်တို့ဖြင့် ဖုံးအုပ်၍ထားခြင်းမျိုး၊
(၃) ဥဒကစျာပန- ရေသို့နှစ်ချပစ်မျှောခြင်းမျိုး။ ♦

ဉာဏ် ၃-ပါး

(၁) သုတမယဉာဏ်- ကြားသိဉာဏ်မျိုး၊
(၂) စိန္တာမယဉာဏ်- ကြံစည်၍သိသောဉာဏ်၊
(၃) ဘာဝိတမယဉာဏ်- သမထ, ဝိပဿနာ, တရားတို့ကို ပွားများ၍ရသော ဉာဏ်ထူးဉာဏ်မြတ်မျိုး။ နေတ္တိ။ ပါ။။ ဋ္ဌ။ ၅၃-၌ အကျယ်ရှုပါ။ ♦

ဉာဏ်တော် ၁၀-ပါး

နေတ္တိ။ ပါ။ ၇၆။ ဋ္ဌ။ ၁၅၅ ၌ အကျယ်ရှုပါ။ ဘုရားသခင်၏ဉာဏ်တော်အနန္တတို့တွင် ထင်ရှားသော ဉာဏ်တော်များ ဒသနိပါတ် အင်္ဂုတ္တိုရ်မှ။
(၁) ဌာနာဋ္ဌာန ကောသလ္လဉာဏ်- အကြောင်း ဟုတ် မဟုတ်သိသောဉာဏ်၊
(၂) ဝိပါကဉာဏ်ကောင်း ကျိုးမကောင်းကျိုးကို သိသောဉာဏ်၊
(၃) သဗ္ဗတ္ထ ဂါမိနီဉာဏ်- သတ္တဝါတို့ လားရာသွားရာ ကုန်အောင်အစုံသိသောဉာဏ်၊
(၄) နာနာဓါတုဉာဏ်- အထူးထူးသော ဓါတ်တို့ကိုသိသောဉာဏ်၊
(၅) အဓိမုတ္တိဉာဏ်- အလိုဆန္ဒအားလုံးကို သိသောဉာဏ်၊
(၆) ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်- ဣန္ဒြေနုရင့်ကိုသိသောဉာဏ်၊
(၇) စျာနာဒိ သံကိလေသဉာဏ်- စျာန်, ဝိမောက္ခ, သမာဓိ , သမာပတ်, စသည်တို့၏ ညစ်ညူးကြောင်းကိုသိသောဉာဏ်၊
(၈) ပုဗ္ဗေနိဝါသဉာဏ်- ရှေးဖြစ်ဟောင်း ဘဝခန္ဓာစဉ်ကိုသိသောဉာဏ်၊
(၉) ဒိဗ္ဗစက္ခုဉာဏ်- နတ်မျက်စိကဲ့သို့ အလင်းရောင်ခြည် အားကောင်းသော အဘိညာဉ်မျက်စိဉာဏ်၊
(၁၀) အာသဝက္ခယဉာဏ်- အရဟတ္တမဂ်ဉာဏ်။ ♦

ဉာဏ် ၁၀-ပါးလာ၊ ဝိပဿနာ၊ ခွဲဲဖြာဝေဖန်သိ

၎င်းသရုပ်ကို (ဝိပဿနာဉာဏ် ၁၀-ပါး) မှာ ရှုပါ။ ♦

ဉာဏ်ပညာအားနည်းခြင်း၏အကြောင်း ၅-ပါး

စျာန် မဂ် ဖိုလ်၏ အပိတ်အပင် အညစ်အကြေး ဉာဏ်ပညာအားနည်းကြောင်းတရား ငါးပါး။
(၁) ကာမစ္ဆန္ဒ-ကာမပေါ်၌လိုလားခြင်း၊
(၂) ဗျာပါဒ- ပြစ်မှား ဖျက်ဆီး ကြမ်းတမ်းခြင်း၊
(၃) ထိန မိဒ္ဓ-ပျင်းရိ ထိုင်းမှိုင်း ငိုက်မြည်းခြင်း၊
(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ- စိတ်ထားပျံ့လွင့်ခြင်း, အလို့လို့ရှိခြင်း(နောင်တ တဖန်ပူပန်ခြင်း)၊
(၅) ဝိစိကိစ္ဆာ- ကောင်းမှန်သောအလုပ်၌မယုံသင်္ကာဖြစ်ခြင်း။ ♦

ဉေယျဓံတရား ၅-ပါး

ဉေယျဓမ္မခေါ် ဘုရားရှင်တို့သိအပ်သော တရားငါးပါး။
(၁) သင်္ခါရခေါ်- ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အနဉ္ဇာဘိသင်္ခါရ လည်း ဉေယျတစ်ပါး၊
(၂) ဝိကာရခေါ်- ကာယဝိညတ်, ဝစီဝိညတ်, ရူပဿလဟုတာ, မုဒုတာ, ကမ္မညတာတည်းဟူသော ဝိကာရလည်း ဉေယျတစ်ပါး၊
(၃) လက္ခဏာခေါ်-ဥပစယ, သန္တတိ, ဇရတာ , အနိစ္စတာတည်းဟူသော လက္ခဏာလည်း ဉေယျတစ်ပါး၊
(၄) နိဗ္ဗာန်ခေါ်- အသင်္ခတဓာတ် မြတ်သောတရားလည်း ဉေယျတစ်ပါး၊
(၅) ပညတ်ခေါ်- ပုဂ္ဂိုလ်, သတ္တဝါ, တော, တောင်, ရေ, မြေ, သမုဒ္ဒရာ, စကြဝဠာ သတ္တပညတ်, နာမပညတ် ဟူသမျှလည်း ဉေယျတစ်ပါး။ ♦

ညဉ့် ၃-ယာမ်

ညဉ့်၏အချိန် ၃-ပိုင်းဟူ၏။
(၁) ပုရိမ ယာမ်- ညဉ့်ဦးယာမ်၊ ၆-နာရီမှ ၁၀-နာရီထိ၊
(၂) မဇ္ဈိမ ယာမ်- သန်းခေါင်ယာမ်၊ ၁၀-နာရီမှ ၂-နာရီထိ၊
(၃) ပစ္ဆိမ ယာမ်မိုး သောက်ယာမ်၊ ၂-နာရီမှ ၆-နာရီထိ။ ♦

ညဉ့်နက်ခံခါ၊ လည်သူမှာ၊ ၆-ဖြာ အပြစ်ရ

၎င်းပြဿနာရပ်ကို (အကာလခါ၊ လည်သူမှာ၊ ၆-ဖြာအပြစ်ရ) ဟူသောပုစ္ဆာ၌ဖြေခဲ့ပြီ။ ♦

ညသတ်ကာရန်၊ ရေးထုံးမှန်၊ ရွတ်ရန်နည်း ၆-ပါး

မြန်မာသင်ပုန်းကြီးကျမ်းလာ ၃၆-ပါးသော ဌာနတို့တွင် ပါဝင်သည့် စာစီစာကုံးနည်း ဥပဒေသ ဝေါဟာရ၊ နှုတ်ခမ်းဖွင့်၍ရွတ်ရသော 'အည်, အည့်, အည်း'၊ ပိတ်၍ ရွတ်ဖတ်ရသော 'အဉ်, အဉ့် , အဉ်း'တို့ဖြစ်ကြ၏။ ကဗျာဆရာတို့က ကာရန်ငယ်သံ ၆၄-ပါး၌ သွင်းယူကြသည်။ ♦

ညာသံကြီးများ၊ ၁၈-ပါး၊ ဆိုငြားကဗျာအဘယ်နည်း

၎င်းသရုပ်ကို (တက်သံ ၁၈-ပါး) ၌ ရှုပါ။ ♦

ညာသံငယ်ခေါ်၊ ကဗျာပေါ်၊ ယူသော ၁၈-ပါး

၎င်းသရုပ်ကို (နိမ့်သံအပြား ၁၈-ပါး) ၌ ရှုပါ။ ♦

ညီလာခံငြား၊ မျိုး ၃-ပါး၊ ခြားနားရွှေနန်းတော်

မြန်မာဘုရင်မင်းမြတ်တို့ မြို့ပြပြည်ရွာဆိုင်ရာ တရားဌာနဆိုင်ရာ စစ်ဖက်ဆိုင်ရာ အရာရှိဝန်တို့နှင့် ဥပုသ်နေ့မှတစ်ပါး တစ်နေ့ ၃-ခါ တိုင်ပင်မေးမြန်းဆွေးနွေးခြင်းကို ညီလာခံ ၃-မျိုးဟုခေါ်သည်။
(၁) နံနက်ညီလာခံ- ပြည်တွင်းပြည်ပနိုင်ငံရေးရာများကို နံနက် ၉-နာရီလောက်မှာ လက်ဖက်ရည်တော်ဆောင်၌ ဆွေးနွေးသည်၊
(၂) နေ့ညီလာခံ- အကောက်တော်ခွန်ကိစ္စ၊ စစ်ရေးရာမှုကိစ္စ၊ အလုပ်ရုံ၊ စက်ရုံ၊ လယ်ယာဆည်မြောင်းကိစ္စတို့ကို အထက်ပါအဆောင်၌ပင် ညနေ ၃-နာရီလောက်မှာ စည်းဝေးတိုင်ပင်ကြသည်။၊
(၃) ညဉ့်ညီလာခံ- ညဉ့်ဦးယာမ်တွင် မှန်နန်းတော်ဆောင်၌ များသောအားဖြင့်စည်းဝေးလေ့ရှိသည်။ ထိုညီလာခံ၌ အရာရှိများစုံလင်စွာလာရန်မလို၊ အတွင်းတော်သား အိပ်ဖန်စောင့်များနှင့် သာသနာတော်ရေးကိစ္စ၊ ရာဇဝတ်မှုကင်းလွတ်ရေးကိစ္စ၊ မိဖုရားနှင့် သားတော်သမီးတော်များကိစ္စတို့ကို တိုင်ပင် ဆွေးနွေးသည်။ ♦

ဋ ဝဂ် ၅-လုံး

ဗျည်း ၃၃-လုံးတွင် “ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ” ၅-လုံးတစ်စုကို ခေါ်သည်။ ♦

ဌာန် ၅-ပါး ၆-ပါး ၇-ပါး ၃-နည်း

မြန်မာအက္ခရာ အသံဖြစ်ရာဌာနများကိုဆိုသည်။ (က)၊
(၁) အဏ္ဍဌာန်-က, ခ, ဂ, ဃ, င, အ, အာ, ဟ၊ အက္ခရာ ၈-လုံးသည် လည်ချောင်းအရပ်မှာဖြစ်၏။
(၂) တာလုဌာန်- စ, ဆ, ဇ, စျ, ည, ဣ, ဤ, ယ၊ ၎င်း အက္ခရာ ၈-လုံးသည် အာစောက်အရပ်မှာဖြစ်၏။
(၃) မုဒ္ဓဌာန်- ဋ, ဋ္ဌ, ဍ, ဎ, ဏ, ရ, ဠ၊ ၎င်း ၇-လုံးသောအက္ခရာတို့သည် လျှာထိပ်အရပ်မှာဖြစ်၏။
(၄) ဒန္တဌာန်- တ, ထ, ဒ, ဓ, န, လ, သ၊ ၎င်း ၇-လုံးသောအက္ခရာတို့သည် သွားအရပ်မှာဖြစ်၏။
(၅) သြဋ္ဌ ဌာန်- ပ, ဖ, ဗ, ဘ, မ, ဥ, ဦ၊ ၎င်း ၇-လုံးသောအက္ခရာတို့သည် နှုတ်ခမ်းအရပ်မှာဖြစ်၏။ (နျာသအလို) ။ (ခ) ရူပသိဒ္ဓိ၊ 'နာသိ'ထည့်၊ မိန့်ဘိ ၆-ပါးလာ၊ ရူပသိဒ္ဓိသဒ္ဒါကျမ်းတွင် နိဂ္ဂဟိတ်သံကို နှာခေါင်း၌ဖြစ်သော နာသိကဌာန်ဟု သီးခြားယူ၍ ဌာန် ၆-ပါးပြ၏။ (ဂ) နီတိအလို၊ 'ဥရ'ကို၊ ထည့်ဆိုသတ္တသာ။ သဒ္ဒနီတိကျမ်းတွင် ဟ အက္ခရာကို င, ည, ဏ, န, မ, ယ, ရ, လ, ဝ၊ ဟထိုး ၉-လုံးသံတို့နှင့်ယှဉ်သောအခါ၊ ရင်၌ဖြစ်သော ဥရ ဌာန်ဟု သီးခြားယူပြန်၍ ဌာန် ၇-ပါးပြ၏။ ♦

ဌာယီဘာဝမျိုး ၁၀-ပါး

စာရေးဆရာတို့ ဝတ္ထုဇာတ်အိမ်၌ ပြည့်စုံစွာပါဝင်ဖြစ်တည်လေ့ရှိသော အင်္ဂါဆယ်ပါး။
(၁) ရတိ- မိန်းမ ယောက်ျားတို့ချစ်ကြိုက်မှု၊
(၂) ဟာသ- ပြုံးရယ် ပျော်ရွှင်မှု၊
(၃) သောက- သနားစရာစိုးရိမ်ပူဆွေးမှု၊
(၄) ကောဓ- စိတ်ဆိုးစရာကြမ်းကြုတ်အမြက်ထွက်မှု၊
(၅) ဥဿာဟ- ရဲရင့်မှု၊ စွန့်စားမှု၊ လုံ့လဝီရိယ၊
(၆) ဘယ- ကြောက်လန့်စရာ၊
(၇) ဇိဂုစ္ဆ- ရွံမုန်းစရာ၊
(၈) ဝိမှယ- အ့ံသြစရာ၊
(၉) သမ-ငြိမ်သက်တည်ကြည်မှု၊
(၁၀) ဝလစ္ဆ- စင်ကြယ်သော အဒေါသ မေတ္တာဖြင့် သာယာကြည်လင်သည့်စိတ်မျိုး။ ♦

တံစိုးလက်ဆောင်မျိုး ၃-ပါး

ရန်အောင်ကြောင်းလာဘ်ပေးထိုးမှုမျိုး ၃-ပါး။ ပဌမ ၂-ပါးကား တရားမဝင်၊ မေတ္တာတံစိုးသာ တရားဝင်မျိုးဖြစ်၏။
(၁) ပဏ္ဏာကာရ တံစိုး- ရွှေ ငွေ ကျေးကျွန် မိန်းမတို့ဖြင့် လက်ဆောင်ထိုးခြင်း၊
(၂) ဝလ္လာဘာကာရ တံစိုး- အကျွမ်းတဝင် ခင်မင်ရင်းနှီးစွာ မျက်နှာနာအောင် ပြုလုပ်ပေါင်းသင်းမှု၊
(၃) မေတ္တာကာရ တံစိုး- မေတ္တာဘာဝနာ သမာဓိ သစ္စာတရားဖြင့် မိမိအားလေးစားယုံကြည်အောင်ပြုမှု။ ♦

တံစိုးမျိုး ၃-ပါး၊ တစ်နည်း

တရားသူကြီးတို့ ကြဉ်ရှောင်အပ်သော လာဘ်သုံးပါး။ ပေါရာဏိကဓမ္မကျမ်းမှ။
(၁) ဉာတိသလောဟိတ- သားချင်းဆွေမျိုးတော်၍လည်းကောင်း၊
(၂) ပီယမိတ္တ- ချစ်ကျွမ်းဝင်သူဖြစ်၍လည်းကောင်း၊
(၃) ဓနဂ္ဂါဟ- ဥစ္စာကြေးငွေယူ၍သော်လည်း ကောင်း၊ တရားကိုအနိုင်ပေးခြင်းမျိုး။ ♦

တံပိုးကြီးများ၊ မျိုး ၃-ပါး၊ ဒီဖျားလှိုင်းရေတက်

၎င်းသရုပ်အဓိပ္ပါယ်ကို (လှိုင်းတံပိုးကြီး ၃-ပါး) ၌ ကြည့်ပါ။ ♦

တံပိုး ၈-ဖြာ၊ တူရိယာ၊ မှုတ်ခါ သံငြိမ့်ငြောင်း

လေနှင့်မှုတ်သောတူရိယာ ၈-မျိုး၊ မဟာရာဇဝင်ကြီးမှ။
(၁) ဒုလောင်း၊
(၂) ခရာကောက်၊
(၃) ခရာမြွာ၊
(၄) လက်၊
(၅) တံရှည်၊
(၆) နှဲ 'တံပိုး'၊
(၇) ပြွေ၊
(၈) ဖက်လိပ်။

မှတ်ချက် ။ ။ ဆရာအချို့ကား လက်ခေါက်၊ လက်ချောင်းကိုပယ်၍ ချည်ချောင်းကိုထည့်ယူကြ၏။ ♦

တံပိုးမျိုး ၈-ပါး၊ တစ်နည်း

တံပိုးရှစ်မည်၊ ဟူတုံသည်လည်း၊ သံစည်ငြိမ့်ငြောင်း၊ ဒုလောင်းတစ်ဖုံ၊ နှစ်စုံ ခရာ တံမြွာ တံရှည်၊ အမည်တစ်ကွဲ၊ နှဲ, ပြွေ, ဖက်လိပ်၊ ဖျော်ကြသိပ်သို့၊ စိပ်စိပ်ကြည်နူး၊ ကြော်ရင့်ကျူး၏။ မဃဒေဝလင်္ကာသစ်။ ♦

တံမြက်လှည်းခြင်း အကျိုး ၅-ပါး

တံမြက်လှည်းသူ၏ အကျိုး ၅-ပါး။
(၁) သကစိတ္တံ ပသီဒတိ- မိမိစိတ်ကြည်လင်၏၊
(၂) ပရစိတ္တံ ပသီဒတိ- သူတစ်ပါးစိတ်ကို ကြည်လင်စေ၏၊
(၃) ဒေဝတာ အတ္တမနာ-နတ်တို့နှစ်သက်ဝမ်းမြောက်၏၊
(၄) ပါသာဒိက သံဝတ္တနိကံ ပုညံ ဥပစိနာတိ- ကြည်လင်ဖွယ်ကိုဖြစ်စေတတ် သောကြောင့် ကောင်းမှုကုသိုလ်ဆည်းပူးသည်ဖြစ်၏၊
(၅) သုဂတိံ သဂ္ဂလောကံ ဥပ္ပဇ္ဇတိ- သေသည်၏အခြားမဲ့၌ သုဂတိနတ်ရွာလားစေတတ်၏။ ♦

တက်ရေး ၁၂-ခန်း

မြန်မာဘုရင်များလက်ထက် ရေတပ်အမှုထမ်းလှေတော်သားတို့၏ လှေလှော်နည်းယဉ်ကျေးမှု တက်ဆန်း ဆယ့်နှစ်ခန်းကိုဆိုသည်။
(၁) ရေပေါက်ကြဲဟန်၊
(၂) ပုလဲသီဟန်၊
(၃) ပန်းဝတ်ခြွေဟန်၊
(၄) ဟင်္သာဖို ဝဲဟန်၊
(၅) ဟင်္သာအဖေါ်ခေါ်ဟန်၊
(၆) စင်ရော်သုတ်ဟန်၊
(၇) စင်ရော်ဝဲဟန်၊
(၈) အိမ်မိုးခြင်တင်ဟန်၊
(၉) နတ်သမီး ပန်းကုံးဟန်၊
(၁၀) နတ်သမီးပန်းကုံးဆင်ဟန်၊
(၁၁) ပန်းဆွတ်ခူးဟန်၊
(၁၂) ပန်းတောင်းချီဟန်။ ♦

တက်ရေး ၃၇-ပါး

မြန်မာဘုရင်မင်းမြတ်တို့ လက်ထက်တော်အခါက တော်သလင်း သစ်ဆင်းလရာသီ ရေသဘင်ပွဲတော်များတွင် တက်ရေး ၃၇-ပါး၊ တက်ချင်း ၃၇-ပါး၊ လျှောက်လူးတား ၃၇-ပါးတို့မှာ အလွန် ထင်ရှား၏၊ ကဝိလက္ခဏာဒီပနီ။ ဘုရားရှိခိုး၊ ရွှေလောင်းချီ၊ ရွှေလောင်းထွက်၊ ရွှေဖောင်ယှည်၊ တက်ကောက်၊ တက်မြှောက်၊ တက်တန်း၊ တက်စောင့်၊ တက်ထောင်၊ တက်ရှက်၊
(၁၀) တက်ဝှက်၊ တက်ခပ်၊ တက်လှ၊ အိမ်မိုးခြင်တင်၊ စင်ရော်သုတ်၊ စင်ရော်ဝဲ၊ ဝမ်းဘဲတောင်ဖြန့်၊ ဝမ်းဘဲကန့်၊ လက်မြန်၊ ခေါ်တော်မူ၊ (၂၀)

နတ်သမီးပန်းဆွတ်၊ နတ်သမီးပန်းလှမ်း၊ နတ်သမီးပန်းတောင်း၊ စမ္ပာငုံ၊ သန်လျက်ထမ်း၊ ဆေးတံတော်ထိုး၊ ရာဇမတ်ကြီး၊ ရာဇမတ်ငယ်၊ နေရောင်ကာ၊ နေရောင်ပြ၊ (၃၀)

တင်းတိမ်ရံ၊ တင်းတိမ်လှစ်၊ သုံးချက်ပေါက်ပြန်၊ သုံးဖန်ချီ သုံးဖန်ချ၊ ဆင်စွယ်ဝန်းယှက်၊ ကိန္နရာတောင်ရှက်၊ ရွှေငှက်တောင်ခတ်၊ (၃၇) ။ ♦

တက်သံအပြား၊ ၁၈-ပါး၊ ဆိုငြားဂီတလာ

ကဗျာလင်္ကာအရာတို့၌ ဆွဲ ငင် ရှည် လျား မြည် ဟိန်း ခြိမ်း ပြင်း ထုတ် သွင်း သွယ် ပြောင်းသံတို့ဖြင့် ရွတ်ဖတ်ရသောအသံကို 'တက်သံ'ခေါ်သည်။ ၎င်းကိုပင် ဂီတအရာ၌ ညာသံကြီး မူလသံ ပကတိသံ'စသည် ပညတ်ကြသေး၏။ အကျယ် 'ကဗျာဖွဲ့နည်း နိသျှည်း'ကျမ်း၌ ရှုလေ၊ 'အာ ဤ ဦ ဧ သြော် အင် အဉ် အည် အန် အမ် အိန် အိမ် အုန် အုမ် အယ် အောင် အိုင် အိုဝ်''တို့ ဖြစ်၏။ ♦

တင့်တယ်စေသောအရာမျိုး ၄-ပါး

(၁) ရထား၌ အလံ၊
(၂) မီး၌ အခိုး၊
(၃) တိုင်းပြည်၌ မင်း၊
(၄) မိန်းမ၌ လင်ရှိမှတင့်တယ်သည်ဟူ၏။ သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၃၉။ ဋ္ဌ။ ၉၁။ စူဠနိဒ္ဒေသ။ ပါ။ ၂၁၃-တို့၌ အကျယ်ရှုပါ။ ♦

တစ်ဆယ့်ရှစ်ချက်၊ သံဃစက်၊ ရေတွက်အဘယ်နည်း

စက်ကြီး ၁၃-ပါး၌လာသော စကားရပ်ဖြစ်သည်။ ၎င်း၏သရုပ်အဓိပ္ပါယ်ကား အရိယာသံဃာတော်ရှစ်ပါး၊ သမ္မုတိသံဃာတော်တစ်ပါး ပေါင်းသံဃာ ၉-ပါးနှင့် သံဃဂုဏ် ၉-ပါး၊ ပုဂ္ဂိုလ်နှင့် ဂုဏ် ၂- ရပ်ပေါင်း ၁၈-ပါးကိုပင် “သံဃစက်''ဟု ခေါ်သည်။ ♦

တစ်ဆယ့်လေးချက်၊ ဓမ္မစက်၊ ရေတွက်အဘယ်နည်း

စက်ကြီး ၁၃-ပါးမှလာသော စကားဖြစ်သည်။ မဂ်တရား ၄-ပါး၊ ဖိုလ်တရား ၄-ပါးနှင့် တရားဂုဏ်တော် ၆-ပါး၊ ပေါင်း ၁၄-ပါးကိုခေါ်သည်မှတ်။ ♦

တည်ခြင်း ၅-ဖြာ၊ ဝန္ဒနာ၊ ခါခါဦးနှိမ်ချ

ဒူး ၂-ဘက်, လက် ၂-ဘက်, နဖူး, ဤငါးပါးကို အခင်းကြမ်းပြင် စသည်၌ ညီစွာတည်ခြင်းပြု၍ ရှိခိုးခြင်းမျိုးကို “တည်ခြင်းငါးမျိုး ရှိခိုးခြင်း''ဟု ခေါ်၏။ “ကာယဝန္ဒနာ- ကိုယ်ဖြင့်ရှိခိုးခြင်း''ဟုလည်း ခေါ်၏။ ♦

တဏှာ ၂-ပါး

(၁) ဧသနတဏှာ- ပစ္စည်းဥစ္စာရှာမှီးကြောင်း တဏှာ၊
(၂) ဧသိတတဏှာ- ရရှိထားသော ပစ္စည်းဥစ္စာ၌ သာယာတပ်မက်နေမှုတဏှာ။ အကျယ် အင်္ဂုတ္တရ။ ဋ္ဌ။ တတိယ-အုပ်။ ၂၇၃-၌ ရှုပါ။ ♦

တဏှာ ၃-ပါး မျိုးအပြား

သုတ်ပါထေယျ။ ပါ။ ၁၈၁။ ဋ္ဌ။ ၁၇၀-၌ အကျယ်ရှုပါ။
(၁) ကာမတဏှာ-ကာမဂုဏ်အာရုံတွေကို တွယ်တာနှစ်သက်နေမှု၊
(၂) ဘဝ တဏှာ- မိမိဘဝကို တပ်မက်, နှစ်သက်, သာယာမှုသဘော၊
(၃) ဝိဘဝ တဏှာ- ဤလောက၌ လူ နတ် ဗြဟ္မာသတ္တဝါဟူ၍မရှိ၊ ၎င်းတို့ဘဝလည်းမရှိ၊ ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုမျှသာရှိနေတာကိုပင် လက်ရှိ(ပညတ်အာရုံ) ဘဝစွဲတန်းလန်းကြီးမှ ကင်းလွတ်ချင်တာကိုဝိဘဝတဏှာခေါ်သည်။ ။ ပရမတ်အာရုံ ရုပ်နာမ်ခန္ဓာမှကင်းလွတ်ချင်တာကို နိဗ္ဗာန်ဟုမှတ်၊ ယောင်လည်လည် ဖြစ်တတ်သည်။ ♦

တဏှာအစစ် ၁၀၈

ဓမ္မသင်္ဂဏီ။ ပါ။ ၂၁၆။ ဝိဘင်း။ ပါ။ ၄၀၆။ မူလပဏ္ဏာသ။ ဋ္ဌ။ ပ-အုပ်။ ၂၂၄။ အင်္ဂုတ္တရ။ ပါ။ ပ-အုပ်။ ၅၃၃။ ၎င်း။ ဋ္ဌ။ ဒု-အုပ်။ ၃၈၇-တို့၌ အကျယ်ရှုပါကုန်၊ ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ, ၃-ပါးကိုတည်၍ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ၊ ဤ အာရုံ ၆-ပါးနှင့် မြှောက် ၁၈-ပါးရ၏၊ ၎င်းကိုတည်၊ အတိတ်ကာလ, ပစ္စုပ္ပန်ကာလ, အနာဂတ်ကာလ, ဤကာလ ၃-ပါးနှင့် မြှောက်၊ ၅၄-ပါးရ၏။ ၎င်းကိုတည်၊ အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်, ဤသန္တာန် ၂-ပါးနှင့်မြှောက် ၁၀၈-ပါး ရ၏။ ♦

တတိယအက္ခရာ ၅-လုံး

ဝဂ်ငါးပါးတို့တွင်ပါသော ၃ လုံးမြောက်ဖြစ်သည့် 'ဂ ဇ ဍ ဒ ဗ' အက္ခရာ ၅-လုံးကိုခေါ်သည်။ ♦

တစ်ထောင့်ငါးရာ ကိလေသာ

၎င်းသရုပ်အဓိပ္ပါယ် (ကိလေသာ ၁၅၀၀) ဟူသောသုတေသန သရုပ်၌ဆိုပြခဲ့ပြီ။ ♦

တန်ခိုး ၁၀-ပါး၊ ဣဒ္ဓိများ၊ ထင်ရှားဖြေတော်မူ

၎င်းသရုပ်ကား (ဣဒ္ဓိမျိုး ၁၀- ပါး) နှင့် တူ၏။ ♦

တန်ခိုးတော်လာ၊ ပြာဋိဟာ၊ ၃-ဖြာအဘယ်နည်း?

၎င်းသရုပ် (ပါဋိဟာရိယမျိုး ၃-ပါး) ၌ ရှုပါ။ ♦

တန်ဆာဆင်မှု ၁၄-ခု၊ လူထုနည်းယူရာ

၎င်းသရုပ်ကို (အဆင်တန်ဆာ ဆင်ရာအပြား ၁၄-ပါး) ဟူသောအမေး၌ ပြန်ရှုပါ။ ♦

တန်လိုင်း ၄-မျိုး

ဇမ္ဗူတံဆိပ်ကျမ်းမှ။
(၁) မွန်သိ၊
(၂) မွန်ညန်၊
(၃) မွန်တာ၊
(၄) မွန်နန် တို့ဖြစ်ကြ၏။

မှတ်ချက် ။ ။ နောင်လာနောက်သားတို့က တန်လိုင်းဟူသော အရေးအသားကို အလွန်စက်ဆုတ်၍ 'မွန်' ဟုသာရေးသားခေါ်ဝေါ်ကြကုန်၏။ ♦

တပည့်များအား၊ ဆုံးမငြား၊ ၅-ပါးစုံအင်ညီ

၎င်းသရုပ် (ဆုံးမခြင်းရာ၊ အင် ၅- ဖြာ) ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။ ♦

တပည့်ဝတ် ၅-ပါး

ဆရာအပေါ်၌ တပည့်များက ပြုကျင့်ရမည့်ဝတ်ငါးပါး။
(၁) ပညာသင်ကြားရာ၌ လုံလဝီရိယနှင့် ညီညာထကြွမှုရှိခြင်း၊
(၂) ဆရာ၏သင်ကြားပြသဆုံးမမှုတို့ကို လိုက်နာကျင့်ကြံရိုသေရခြင်း၊
(၃) ဆရာလာသော အခါ ခရီးဦးကြို အရိုအသေပေးရခြင်း၊
(၄) ဆရာ့ထံပါး၌ အမြဲမပြတ် ခစားလုပ်ကျွေးဆည်းကပ်ရခြင်း၊
(၅) ဆရာ့ထံပါး သင်ကြားပြီးပညာများကို မမေ့မပျောက်နိုင်စေရန် တွေးကြံ ရွတ်အံရခြင်း၊ မရသေးသော ပညာများကို သင်ကြားရခြင်း။ ♦

တပ်မတော်ဖွဲ့နည်း ၉-ရပ်

ရှေးခေတ် စစ်တပ်ဖွဲ့စည်းနည်း ၉-ရပ်၊ ပိုမိုထင်ရှားအောင် မဃဒေဝလင်္ကာသစ်စကားဖြင့် ပြလိုက်သည်။
(၁) ပတ္တိတပ်- ရထားတစ်ဆောင်၊ ဆင်ပြောင်တစ်စီး၊ မြင်းသုံးစီးနှင့်၊ ရဲကြီး ငါးယောက်၊ နည်းစဉ် လျှောက်ဖြင့်၊ ထိုလောက်စစ်သည်၊ ပတ္တိမည်၏၊
(၂) သေနာမုခတပ်- ထိုသည်ပတ္တိ၊ သုံးပြန်ရှိက၊ ခေါ်ဘိသညာ၊ သေနာမုခ၊
(၃) ဂုမ္ဗတပ်ထိုမုခအား၊ သုံးခုပွားသော်၊ မည်ငြား ဂုမ္ဗ၊
(၄) ဂဏတပ်- ဂုမ္ဗမြှောက်သုံး၊ ခေါ်ထုံး ဂဏ၊
(၅) ဝါဟိနီတပ်- ဂဏသုံးလီ ဝါဟိနီတည့်၊
(၆) ပုတနာ တပ်-ဝိဟိနီစစ်၊ သုံးပြန်ဖြစ်က၊တွင်လစ် ပုတနာ၊
(၇) စမူတပ်- ပုတနာဟူ၊ သုံးဆယူသော်၊ စမူမည်ငြား၊
(၈) အဏိကိနီတပ်-စမူအားလျှင်၊ မြှောက်ပွားတြိ၊ အဏိကိနီ၊
(၉) ခေါဘဏီတပ်- ယင်းဆယ်လီဖြင့်၊ ခေါဘဏီစစ်၊ ၉-ဆင့်ဖြစ်၏။ ♦

တမန်တော် ၃-စား

မြန်မာမင်းတို့၏ မင်းခန်းမင်းနားတွင်စေပါးသော အမတ် ၁၄-ပါးတို့အနက် တမင်းနှင့် တမင်း၊ တတိုင်းပြည်နှင့် တတိုင်းပြည်၊ တနန်းရင်းဝန်နှင့် တနန်းရင်းဝန် ဆက်ဆံကူးလူးရာဝယ်သုံးသော အမတ်မျိုးကို 'တမန်အမတ်'ဟုခေါ်ဆိုသည်။ ၎င်းတမန်အမတ်သည်လည်း
(၁) တမန်ကြီး၊
(၂) တမန်လတ်၊
(၃) တမန်ငယ်ဟု သုံးစားထားသေးရာ ဂုဏ်တန်ခိုးအတန်းအစားမြင့်သော တိုင်းကြီးပြည်ကြီးမင်းများထံသို့ တမန်အတတ် ဂုဏ်သိရ်ပညာ ကြီးရင့်လိမ္မာလှစွာသော တမန်ကြီးများကိုသာစေလွှတ်သည်၊ တိုင်းလတ် ပြည်လတ်မင်းများထံ တမန်လတ်များကိုစေလွှတ်သည်။ တိုင်းငယ် ပြည်ငယ် မင်းငယ် ကလေးများထံ တမန်အတတ်ပညာဂုဏ်စသည် သေးနုသေးသော တမန်ငယ်များကို စေလွှတ်သည်။ ♦

တမန်တော် ၅-ပါး၊ တစ်နည်း

၎င်းသရုပ်(သံတမန်မျိုး ၅-ပါး) ၌ ရှုပါ။ ♦

တမန်တော် အင်္ဂါ ၆-ပါး

၎င်းသရုပ်ကို (သံတမန်အင်္ဂါ ၆-ပါး) ၌ ရှုပါ။ ♦

တမန်တော် အင်္ဂါ ၈-ပါး၊ တစ်နည်း

အဋ္ဌင်္ဂုတ္တရ။ ပါ။ ၃၇။ ဋ္ဌ။ ၂၁၆။ ဝိနည်းစူဠဝါ။ ၃၆၄-တို့၌လာရှိသည်။ တမန်တော်များ၌ အသင့်ရှိထားရမည့် အရည်အချင်းအင်္ဂါရပ် ရှစ်ပါး၊ တိုင်းတစ်ပါးသွားသံတမန်များလည်း လိုက်နာရမည်။
(၁) သောတာစ- သူပြောကြားသော သတင်းစကားကို အကင်းပါးစွာဖြင့် သိကြားလွယ်ရခြင်း၊
(၂) သာဝေတာစ- အရှင်ပြောကြားသော သတင်းစကားကို လုံးစေ့ပတ်စေ့ ပြန်ဆိုတင်ပြနိုင်ရခြင်း၊
(၃) ဥဂ္ဂဟေတာစ- အားထုတ်၍မှတ်သား လေ့လာရခြင်း၊
(၄) ဓာရေတာစ- ဆိုတိုင်း မှန်ကန်ခိုင်မြဲစွာ ဆောင်နိုင်ရခြင်း၊
(၅) ဝိညာတာစအနက်အဓိပ္ပာယ် အရိပ်အခြည် လူရည်လူကဲကို ပါးနပ်စွာသိတတ်ရခြင်း၊
(၆) ဝိညာပေတာစသူတစ်ပါးအား ကြားသိလွယ်စေအောင် ပြောဆိုတတ်ရခြင်း၊
(၇) သဟိတာ သဟိတ ကုသလအကျိုးရှိမဲ့ကို ဝေဖန်နှိုင်းညှိ တတ်သိလိမ္မာရခြင်း၊
(၈) န ကလဟ ကာရက- ငြင်းခုံ ခိုက်ရန်ဆန့်ကျင်မှုများ မပြုလုပ် မပြောဆိုရခြင်း။ ♦

တစ်ယောက်ထီးတည်း ကိန်းအောင်းရခြင်း အကျိုးဂုဏ် ၂၈-ပါး

၎င်းအကျယ် စိတ်ဝင်စားဖွယ်တို့ကို ဟံသာဝတီရိုက် “မိလိန္ဒပဥှာ ဘာသာပြန်” စာမျက်နှာ ၂၁၇-၌ ရှုပါလေ။ ♦

တစ်ရာ့တစ်ပါး၊ လူမျိုးများ၊ ဖြေကြားမြတ်အရှင်

၎င်းသရုပ်ကို (လူမျိုး ၁၀၁-ပါး) ဟူသော အမေး၌ရှုပါ။ ♦

တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းများ

၎င်းသရုပ်ကို (မင်းပေါင်း ၁၀၁) ဟူသောအမေး၌ ဖြေဆိုအံ့။ ♦

တစ်ရာ့ရှစ်ကွက်၊ စက်လက္ခဏာ၊ တစ်ရာ့ရှစ်ကွက်ဗုဒ္ဓစက်

၎င်း၏သရုပ်အဓိပ္ပါယ်ကို မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာလာ (စက်လက္ခဏာတော် ၁၀၈-ပါး) ဟူသော စကားရပ်၌ဖြေခဲ့ပြီ။ ♦

တစ်ရာ့ရှစ်နဝင်း

ဤ၌ “နဝင်း” နှင့် “၁၀၈-နဝင်း''တို့၏အထူးကား အဿဝဏီ ဘရဏီ ကြတ္တိကာ စသော ၂၇-သွယ် နက္ခတ်ကြယ်တို့တွင် တစ်သွယ်တစ်သွယ်၌ လေးပါဒ်စီရှိသောကြောင့် နက္ခတ် ၂၇-ကို ၄-ပါဒ်နှင့် မြှောက်သော် ၁၀၈-ပါဒ်ဖြစ်၏၊ ၎င်း ၁၀၈-ပါဒ်ကို ၁၂-ရာသီနှင့် အညီအမျှဖြစ်စိမ့်သောငှာ၊ ၁၂-ရာသီနှင့် စားသော် တစ်ရာသီ တစ်ရာသီ၌ ၉ ပါဒ်အညီအမျှရကြ၏၊ တစ်ရာသီ တစ်ရာသီ ပါဒ်အစိတ် ၉-ခုကိုပင် “နဝင်း''ဟုခေါ်ဆိုလေသည်၊ သို့ဖြစ်ရကား ဆယ့်နှစ်ရာသီ နဝင်းအပေါင်းဖြစ်သော '၁၀၈-ပါဒ်'ကို 'တစ်ရာ့ရှစ် နဝင်း'ဟု ခေါ်ဆိုလေသည်။ ၎င်းနဝင်းဟူသော ဝေါဟာရ၏မူရင်းစကားကား 'နဝင်္ဂ'ဟူသော မဂဓဘာသာပင် ဖြစ်၍ နဝ အင်္ဂဟု ပုဒ်ခွဲပြီးလျှင် နဝ သဒ္ဒါကိုးခု ဟူသော အနက်၊ အင်္ဂ သဒ္ဒာကား အစိတ်ဟူသော အနက်တို့ကို ဟောသည်ဖြစ်ရကား “နဝင်း''ဟူသော ပါဠိပျက်စကား၏အဓိပ္ပါယ်ကို မြန်မာလို “တစ်ရာသီ တစ်ရာသီ၌ ရှိသော ပါဒ်စိတ် ၉-ခု''ဟု အဓိပ္ပာယ်ရလေသည်။ ♦

တရားအားထုတ်ခွင့်မရသော အခါကြီး ၅-ပါး

အရိယာအဖြစ်ရအောင် အားထုတ်ခွင့်မရသော ကာလကြီး ငါးပါးဟူ၏၊ ၎င်းအဖြေ (ကမ္မဋ္ဌာန်းအားထုတ်ချိန်မဟုတ်သော အခါ ၅-ပါး) ၌ ရှုပါ။ ♦

တရားခံခေါ်၊ ရဟန်းတော်၊ ကျင့်နော်ဝတ် ၂-ပါး

၎င်းသရုပ် (စုဒိတက ကျင့်ဝတ် ၂-ပါး) ပုစ္ဆာ၌ ဆိုခဲ့ပြီ။ ♦

တရားဂုဏ်တော် ၆-ပါး

ဓမ္မဂုဏော အနန္တောဟုရှိသော်လည်း ပိဋကတ်တော်၌ထင်ရှား၍ မြတ်စွာဘုရားကိုယ်တိုင်အထပ်ထပ်ဟောတော်မူခဲ့သော ဤဂုဏ်တော် ၆-ပါးကိုသာ သုံးသပ်ကြ၏။
(၁) သွက္ခာတ ဂုဏ်တော်- စ လယ် ဆုံး သုံးပါးလုံးစုံအောင်ကောင်းသောဂုဏ်။
(၂) သန္ဒိဋ္ဌိက ဂုဏ်တော်- ကျင့်သူတို့အား ဘဝမခြားဘဲ ဒိဋ္ဌမျက်မှောက် ကိုယ်တွေ့အကျိုး ခံစားရသောဂုဏ်။
(၃) အကာလိကဂုဏ်- ကာလမရွေ့ ကျင့်သည့်နေ့ပင် မင်္ဂလာကောင်းကျိုး ဖြာဝေဖြိုးသော ဂုဏ်။
(၄) ဧဟိပဿီကဂုဏ်- လာလှည့် ရှုလှည့် ကျင့်လှည့်စမ်းပါ လွန်ချမ်းသာ၏ဟု အစစ်ခံခြင်းငှာ ထိုက်သောဂုဏ်။
(၅) သြပနေယိကဂုဏ်- မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင်ကပ်၍ ဆောင်ထိုက် သောဂုဏ်။
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိဂုဏ်- အသီးသီးသောမိမိတို့သန္တာန်၌ ချမ်းသာပါပေ့ကောင့်ပါပေ့ဟု ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာ ခံစားသိမြင်ရသောဂုဏ်တော်။ ♦

တရားဂုဏ်တော် ၆-ပါးခေါ်၊ ၄-ဖော်တရားကိုယ်

အထက်ပါဂုဏ်တော် ၆-ပါးသည် ဤတရားကိုယ် လေးပါးမှထွက်လာသည့် ဂုဏ်တော်များသာဟူ၏။
(၁) မဂ်တရား- ကိလေသာကိုသတ်တတ်သောတရား၊
(၂) ဖိုလ်တရား- ကိလေသာကို ငြိမ်းစေတတ်သောတရား၊
(၃) နိဗ္ဗာန်တရား- ဆင်းရဲခပ်သိမ်းငြိမ်းသောတရား၊
(၄) ပရိယတ်တရား- မဂ် ဖိုလ်ရရေး လမ်းညွှန်တရားစု။ ♦

တရားစီရင်၊ ပြန်တမ်းဝင်၊ မည်တွင် ၆-ပါး၊ သူကြီးများ

ပြန်တမ်း ဓမ္မသတ်ဝင် တရားသူကြီးမျိုး ၆-ပါး၊
(၁) ဘုရင်မင်းမြတ်၊
(၂) တရားလိုတရားခံ သဘောတူတင်မြှောက် ဆုံးဖြတ်ခိုင်းသော အနုညာတတရားသူကြီး၊
(၃) ရွာစားမြို့စား ရွာသူကြီး မြို့သူကြီး၊
(၄) ဘုရင်မင်းမြတ်ကခန့်ထားသော တရားသူကြီးများ၊
(၅) ကြပ်ဆင်ခုံညှိ တရားသူကြီး၊
(၆) အမှုဆောင်ရှေ့နေများ။ ♦

တရားတော်၏ နက်နဲခြင်း ၄-ပါး

၎င်းသရုပ်အဓိပ္ပါယ်ကို (ဂမ္ဘီရတရားကြီး ၄-ပါး) ၌ ပြခဲ့ပြီ။ ♦

တရားနာရခြင်း အကျိုး ၅-ပါး

ပဉ္စင်္ဂုတ္တရ။ ပါ။ ၂၁၆။ ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို ရိုသေစွာ ကြားနာရသူတိုင်း ရရှိနိုင်သောအကျိုးများ။
(၁) မကြားဖူးသေးသည့် တရားသစ်ဆန်းတို့ကို ကြားနာရခြင်း၊
(၂) ကြားသိပြီးသားတို့ကို တဖန် ထပ်မံ ခိုင်မြဲသန့်ရှင်းစေခြင်း၊
(၃) အယူ အမြင် အတွေးအခေါ် ဝေဖန်မှု ဉာဏ်ဖြောင့်မှန်ခြင်း၊
(၄) နှစ်လုံး နှစ်ခွ ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း၊
(၅) စိတ်နှလုံး ချမ်းမြကြည်လင် ရွှင်ပြခြင်း။ ♦

တရားဟောဆရာတို့ အသံဆွဲချွဲ ရှည်ငင်ခြင်း အပြစ် ငါးပါး

၎င်းသရုပ် (ဓမ္မကထိကတို့အသံဆွဲချွဲခြင်း အပြစ် ၅-ပါး) ၌ ရှုပါ။ ♦

တရားမတု၊ ရန်မပြု၊ ၁၀-စု ရှောင်ရာဘယ်သူနည်း

၎င်းသရုပ်ကို (ရန်လည်းမဆိုင်၊မပြိုင်တရား ၁၄-ပါး) ဟူသော အမေး၌ရှုပါ။ ♦

တရားမရနိုင်သူမျိုး ၁၆-ယောက်

၎င်းသရုပ်ကို (မဂ် ဖိုလ်မရနိုင်သူ ၁၆-ယောက်) ၌ရှုပါ။ ♦

တရားလိုခေါ်၊ ရဟန်းတော်၊ ကျင့်နော်ဝတ် ၅-ပါး

၎င်းသရုပ်ကို (စောဒက ကျင့်ဝတ်၅-ပါး) ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။ ♦

တရားသူကြီး၊ ကျင့်သုံးမှီ၊ ထုံးနည်း အင် ၉-ဖြာ

တရားသူကြီး ခုံသမတ်ပြုလုပ်သူတို့ လိုက်နာတတ်သိ ပြည့်စုံထားရမည့် အင်္ဂါရပ်ကိုးပါးဟူ၏၊ မာနုဿိက ဓမ္မသတ်ကျမ်းရင်းနှင့် ၎င်းဋီကာတို့၌လာသည်။
(၁) များသောသုတကြားနာမှုရှိခြင်း၊
(၂) ဆန်းကြယ်များပြားစွာ မေးစစ်တတ်ခြင်း၊
(၃) နူးညံ့သာယာ သူကြည်ဖြူစွာဆိုတတ်ခြင်း၊
(၄) တည်ကြည်ဖြောင့်မတ်၍ သီလရှိခြင်း၊
(၅) အမှုမှန်ကို ရဲဝံ့စွာစီရင်ဝံ့ခြင်း၊
(၆) ပိဋက ဗေဒင် ဓမ္မသတ်တတ်ခြင်း၊
(၇) စီရင်ထုံးနည်းများစွာတို့ကို မှတ်သားတတ်ခြင်း၊
(၈) သဘင်လယ်၌ တိကျမှန်ကန်စွာ ဆိုဝံ့ မိန့်ဝံ့ရှိခြင်း၊
(၉) လူမျိုးခြားတို့၏စာပေစကားကို တတ်သိနားလည်းခြင်း။

မှတ်ချက် ။ ။ ဤ၌ တရားသူကြီး အင်္ဂါ ၃-ပါး၊ ၅-ပါး၊ ၇-ပါး၊ ၈-ပါး စသည်ဖြင့်လည်း ထိုထိုနီတိ ဓမ္မသတ်၌ လာရှိသေး၏။ သို့သော် ဤအင်္ဂါ ၉-ပါး၌ အကျုံးဝင်သည်သာ။ ♦

တရားသူကြီး၊ လက်သုံးမှီး၊ ၄-နည်းမဟာပဒေသ

၎င်းသုတေသနကို (မဟာပဒေသမျိုး ၄-ပါး၊ ၃-နည်း) ၌ ကြည့်ပါလေ။ ♦

တ ဝဂ် ၅-လုံး

ဗျည်း ၃၃-လုံးတို့တွင် “တ ထ ဒ ဓ န” ၎င်း ၅-လုံးအစုကိုခေါ်သည်။ ♦

တ သတ်ကာရန်၊ ရေးထုံးမှန်၊ ၃-တန်မြန်မာ့နည်း

မြန်မာသင်ပုန်းကြီးကျမ်းလာ တဝမ်းပူဖြင့်သတ်ရသည့် ဌာန ၃-ပါးဟူလို၊ “အတ် အိတ် အုတ်''တို့ဖြစ်ကြ၏၊ ၎င်းကို ကာရန်ငယ်သံ၆၄-ပါး၌ ကဗျာဆရာတို့ သွင်းယူကြ၏။ ♦

တာဒိဂုဏ်တော် ၈-ပါး

လောကဓာမ်တရားရှစ်ပါးတို့တွင် အကောင်း ၄-ပါးနှင့်တွေ့၍လည်း ဝမ်းသာအားရမရှိအဆိုး ၄-ပါးနှင့်တွေ့၍လည်း ဝမ်းနဲကြေကွဲမှုမရှိ၊ ပကတိ တူမျှသော စိတ်တော် ရှိခြင်းဂုဏ်၊ မူလပဏ္ဏာသ။ ပါ။ ၃၉၃။ ဋ္ဌ။ ဒု-အုပ်။ ၂၈၃။ ♦

တာမျိုး ၃-ဖြာ၊ တိုင်းထွာရာ၊ ဘယ်တာဘယ်သို့နည်း

တိုင်းထွာသောတုတ်၊ သို့မဟုတ်တိုင်းထွာနှိုင်းယှဉ် ကြောင်းပမာဏကိုခေါ်သည်။ ၎င်းတာသည် ၃-မျိုး ၅-မျိုးစသည်ဖြင့်ပြားသော်လည်း အခိုင်အမာအများသုံးကား ၃-မျိုးသာဖြစ်ကုန်၏။
(၁) ကုလားလေးတာ- “ကုပ်လုပ်လေး တာ''လည်းဟူ၊ ၎င်းမှာ လေးတောင်ဖြင့်ဖွဲ့သော တာမျိုးဖြစ်၍ အရညဝါသီ တောရကျောင်းများကိုတိုင်းထွာရာ၌ ဤတာမျိုးဖြင့်အသုံးပြုရသည်။ ဝိနည်းတော်များ၌ ဤလေးတောင်တာနှင့် အပြန်ငါးရာ(၅၀၀) ရွာ အိမ် တဲ ကန္နဖုတ်တို့နှင့် ဝေးကွာမှသာလျှင် တောရကျောင်းမည်သည်ဟု ဆုံးဖြတ်ချက်ချထားကြလေပြီ။
(၂) မြင့်မိုရ် တာ- ရတောင်တာဖြင့်ဖွဲ့သော တာလတ်မျိုးဖြစ်၍ ဤတာဖြင့် မြင့်မိုရ်တောင်ကိုအစပြု၍ တောင်စဉ် ၇-ထပ် ဟိမဝန္တာ ဇမ္ဗူ သပြေပင် ပင်လယ်ကသစ်ပင် သခွတ်ပင်စသည့် သစ်ပင်ကြီး ၇-ပင်တို့၌ လည်းကောင်း၊ ထို့ပြင် ဘုရားစေတီ အုဋ္ဌ်ကျောင်း ပြာသာဒ် ဇရပ် တန်ဆောင်း ကျုံး မြောင်း မြို့နန်း စသော အဆောက်အဦးတို့၌လည်းကောင်း တိုင်းထွာနှိုင်းယှဉ်အသုံးပြုကြကုန်၏။
(၃) စက္ကဝါ တာ- ဆယ်တောင်ဖြင့်ဖွဲ့ရသော တာရှည်မျိုးဖြစ်၍ စကြဝဠာတိုင်းရာ၌ အသုံးပြုသည်။ ၎င်းပြင်ရေတွင်းရေကန် အင်း အိုင် ချောင်းမြောင်း မြစ် အဏ္ဏဝါ ရေဖက်တွင် တိုင်းထွာအသုံးပြုကြသည်။ ♦

တာရာကြီး ၉-လုံး

အတွင်းတာရာ ၉-လုံးဟုလည်းခေါ်သည်။
(၁) သုံးလုံးယှဉ်လာ၊ ကျီးတာရာ၊ သင်္ချာ ၁၀, ၁၁လုံးဆို။ သင်းတွဲပြည်မှာ၊ ကျီးတာရာ၊ ယှဉ်ခါသွားတတ်ဆို။ အဿဝဏီ၊ ဘရဏီ၊ ကြတ္တိကာ၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍သွားသည်။
(၂) သုံးလုံးယှဉ်လာ၊ ရွှေဟင်္သာ၊ သင်္ချာ ၉, ၁၀-လုံးဆို၊ မြန်မာပြည်မှာ၊ ရွှေဟင်္သာ၊ တာရာ ရောင်ဝန်းဆို။ ရောဟဏီ၊ မိဂသီ၊ အဒြ၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍သွားသည်။
(၃) ပုဇွန်တာရာ၊ ၁၄ သာ၊ ယှဉ်လာသုံးလုံးဆို၊ ရာဇဂြိုဟ်မှာ၊ အက္ကဋာ၊ တာရာ ပုဇွန်ဆို။ ပုဏ္ဏဖုသျှု, ဖုသျှ, အဿလိဿ, ၎င်းနက္ခတ် သုံးလုံးနှင့်ယှဉ်၍သွားသည်။
(၄) ယှဉ်တူသွားရာ ချိန်တာရာ၊ မှန်စွာလေးလုံးဆို။ တက္ကသိုလ်ပြည်၊ တာရာမည်၊ ထွန်းသည်ချိန်ခွင်ဆို။ မာဃ၊ ပြုပ္ပါဘရဂုဏ္ဏီ၊ ဥတ္တရာ ဘရဂုဏ္ဏီ၊ ၎င်းနက္ခတ် ၃- လုံးနှင့်ယှဉ်၍သွားသည်။
(၅) ဆံကျင်တာရာ၊ သုံးလုံးသာ၊ ယှဉ်ကာသွားသကို။ ကောသမ္ဘီပြည်၊ ဆံကျင့်မည်၊ ရောင်ခြည်ထွန်းသလို။ ဟဿဒ၊ စိတြ၊ သွာဒိ၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍သွားသည်၊
(၆) တံငါတာရာ၊ ရှစ်လုံးသာ၊ သွားလာယှဉ်မြဲကို။ တန်လိုင်းပြည်မှာ၊ ကေဝဋ္ဋာ၊ ယှဉ်ကာပုဏ္ဏားဆို၊ “ပုဏ္ဏားတာရာ''လည်းဟူ၏၊ ဝိသာခါ၊ အနုရာဓ၊ ဇေဋ္ဌ၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍သွားသည်။
(၇) သုံးလုံးယှဉ်လာ၊ ဆင်တာရာ၊ သင်္ချာ ၈, ၉-လုံးဆို၊ ရှမ်းတို့ပြည်မှာ၊ ဆင်တာရာ၊ ယှဉ်ကာသွားသည်ဆို။ မူလ, ပြုပ္ပါသဋ္ဌ်, ဥတ္တရာသဋ္ဌ်၊ ၎င်းနက္ခတ် ၃-လုံးနှင့်ယှဉ်၍ သွားသည်။
(၈) ကိုးလုံးယှဉ်လာ မြင်းတာရာ၊ ယှဉ်လာသုံးလုံးဆို၊ (၁၃-လုံးလည်းဟူ၏) မြင်းတာရာသည်၊ ကုလားပြည်၊ ရောင်ခြည်လင်းသလို၊ သရဝဏ်၊ ဓနသိဒ္ဓ၊ သတ္တဘိသျှ၊ ၎င်းနက္ခတ်သုံးလုံးနှင့် ယှဉ်၍သွားသည်။
(၉) ကိုးလုံးမှန်စွာ၊ ဗျိုင်းတာရာ၊ သွားလာယှဉ်မြဲကို၊ သောက္ကတဲပြည်၊ တာရာမည်၊ ထွန်းသည်ဥဗျိုင်းဆို။ ပြုဗ္ဗဘဒြပိုဒ်၊ ဥတ္တရာဘဒြပိုဒ်၊ ရေဝတီ၊ ၎င်းနက္ခတ် ၃- လုံးနှင့်ယှဉ်၍သွားသည်။ နံသင့် ပြည်ရွာ၊ ကြယ်တာရာ၊ ထွန်းခါ ပြန့်ပြောဝ၊ ညှိုးသောရောင်ဝါ၊ ထိုပြည်ရွာ၊ ပူဆာချောက်ချားစွ။ တာရာသံပေါက်၊ အကျဉ်းကောက်၊ ပြီးမြောက် နိဋ္ဌိတ။ ♦

တာရာ ၂၈-လုံး

အပြင်တာရာမျိုး ၂၈-လုံးကိုဆိုသည်။ ထို ၂၈-လုံးတို့တွင်လည်း တောင်မျက်နှာ ၉-လုံး၊ အရှေ့မျက်နှာ ၆-လုံး၊ မြောက်မျက်နှာ ၆-လုံး၊ အနောက်မျက်နှာ ၇- လုံးဟု အသီးသီးရှိလေသည်ဟူ၏၊ နေမိတ္တဝိဇ္ဇာကျမ်း၌ အကျယ်ရှုလေ။ အရှေ့မျက်နှာ တာရာ ၆-လုံး။
(၁) ဇာတကတာရာ ၂-လုံး၊ ညောင်စောင်းပုံ၊
(၂) ပဉ္စကတာရာ ၅-လုံး၊ စမ္ပယ်ပွင့်ပုံ၊
(၃) နရမ္မတာရာ ၄-လုံး၊ ပလ္လင်ပုံ၊
(၄) ပါသာဒတာရာ ၂၄-လုံး၊ ပြာသာဒ်ပုံ၊
(၅) သျှုနတာရာ ၃-လုံး၊ ပန်းတောင်းပုံ၊
(၆) ပကပ္ပတာရာ ၄-လုံး၊ အင်းပျဉ်ပုံ၊
(၇) အနောက်မျက်နှာ တာရာ ၇- လုံး၊
(၈) ပညာသ တာရာ လုံးရေ ၅၀၊ ကြက်ရုပ်၊
(၉) ဇရက တာရာ ၆-လုံး၊ မိကျောင်းမြီးခပ်ပုံ၊
(၁၀) ကောဗျာကတိတာရာ ဆယ်လုံး၊ ကပ်ခင်းပုံ၊
(၁၁) သရိဒ္ဒကတာရာ ၄-လုံး၊ ကြက်ခြေပုံ၊
(၁၂) ဝါနရီတာရာ ၄-လုံး။ ချိန်စဉ်းကိုင်းပုံ၊
(၁၃) အရိဒ္ဓဇတာရာ ၆-လုံး၊ စောင်းတန်းလှေကားပုံ၊ တောင်မျက်နှာတာရာ ၉-လုံး၊
(၁၄) အာဏီ တာရာတစ်လုံး၊ ပတ္တမြားပုံ၊
(၁၅) ဖုသျှတာရာ ၁၁-လုံး၊ ကြောင် ဥက္ခောင်းပုံ၊
(၁၆) သင်္ခ တာရာ ၅-လုံး၊ ခရုသင်းပုံ၊
(၁၇) စတုကပ္ပ တာရာ ၄-လုံး၊ လက်ယှက်ပုံ၊
(၁၈) ယောတ္တ တာရာ ၆-လုံး၊ ကြိုးလွန်ပုံ၊
(၁၉) ရတ္တတာရာ ၂-လုံး၊ ရှစ်လုံးလည်းဟူ၊ လှေငယ် ဦးပဲ့၌ တံငါလင်မယားထိုင်နေဟန်၊
(၂၀) ဖောစောကိတာရာ ၈-လုံး၊ ဟင်္သာဖိုမပုံ၊ အရှေ့ ၄-လုံး၊ အနောက် ၄-လုံး၊
(၂၁) ဘဂတ္တတာရာ ၇-လုံး၊ ချွန်းတောင်းပုံ၊
(၂၂) ဘတ္တရ တာရာ ၅လုံး၊ လယ်ပုဇွန်ပုံ။ မြောက်မျက်နှာတာရာ ၆-လုံး၊
(၂၃) ဓာရုတာရာ တစ်လုံး၊ ကြာပွင့်ပုံ (ဓူဝံကြယ်)၊
(၂၄) တာလိတာရာ လုံးရေမရှိ၊ ကြာရိုးကြာရွက်ပုံ၊
(၂၅) ဖုသျှတာရာ ၇-လုံး၊ နဂါးပုံ၊ (ခုနစ်စင်ကြယ်)
(၂၆) ဧကသိတ္တတာရာ ၆-လုံး၊ ကြောင်စာခွက်ပုံ၊
(၂၇) တြိဂုဏိတာရာ ၄-လုံး၊ မှန်ကူသီးပုံ၊
(၂၈) ရူပတာရာ ၅-လုံး၊ တံကျင်ပုံ။ ♦

တာရာ ၉၄-လုံး

ဤကား အတွင်းတာရာ အပြင်တာရာတို့၌ မပါဝင်ဘဲ အလွတ်တာရာများကိုဆိုသည်။ နေမိတ္တဝိဇ္ဇာကျမ်း၌အကျယ်ရှု၊
(၁) ပဒုမတာရာ ငါးလုံး၊
(၂) ပဉ္စာယုတာရာ နှစ်လုံး၊
(၃) ပဉ္စလိတာရာ ငါးလုံး၊
(၄) ကတ္တတာရာ ရှစ်လုံး၊
(၅) ဝတီတာရာ ခြောက်လုံး၊
(၆) ယတုကတာရာ ကိုးလုံး၊
(၇) စုတိတာရာ ခြောက်လုံး
(၈) ကုက္ကုဋတာရာ ခြောက်လုံး၊
(၉) ဝုတ္တတာရာ ခုနစ်လုံး၊
(၁၀) ယတ္တတာရာကိုးလုံး၊
(၁၁) သရုပတာရာ ရှစ်လုံး၊
(၁၂) အာဏိကာတာရာ တစ်လုံး၊
(၁၃) သူရတာရာ တစ်လုံး၊
(၁၄) မာနတာရာ လေးလုံး၊ တင်းကိုခေါ်ဆိုသည်။
(၁၅) မာနိတာရာ လေးလုံး၊ တင်းနီကိုခေါ်သည်။
(၁၆) အာနိတာရာ ခြောက်လုံး၊
(၁၇) ရောဟနီ တာရာ တစ်လုံး၊ စိုင်ခေါ်သောကြယ်ကိုဆိုသည်၊
(၁၈) လဘန္တံတာရာ သုံးလုံး၊
(၁၉) သံယုတာရာ ငါးလုံး၊
(၂၀) မဏိကတာရာ ဆယ့်နှစ်လုံး၊ ရွဲကိုခေါ်သည်၊
(၂၁) စိတ္တတာရာ သုံးလုံး၊
(၂၂) တူလကတာရာ နှစ်လုံး၊ တံကျင်ကို ခေါ်သည်။
(၂၃) သောတ တရာ လေးလုံး၊
(၂၄) ကေဝဋ္ဋတာရ လေးလုံး၊ တံငါကွန်တိုင်ကို ခေါ်သည်။
(၂၅) ဘေရီတာရာ ခြောက်လုံး၊ စည်ကြီးကိုခေါ်သည်၊
(၂၆) ပါတိတာရာ ဆယ့်ရှစ်လုံး၊ ဖလားကိုခေါ်သည်။
(၂၇) အန္တတာရာ လုံးရေ သုံးဆယ်၊
(၂၈) အာနိန်တာရာ ခြောက်လုံး၊ ထက်စည်ကိုဆိုသည်၊
(၂၉) မိဂသိင်္ဂိတာရာ လေးလုံး၊ သမင်ချိုကိုခေါ်သည်၊
(၃၀) သုဘတာရာ ငါးလုံး၊
(၃၁) ကုက္ကုဋတာရာ လေးလုံး၊ ကြက်ကိုဆိုသည်၊
(၃၂) ကဏ္ဍ တာရာ ငါးလုံး၊
(၃၃) သံဝတိတာရာ တစ်လုံး၊
(၃၄) အာရာပိတာရာ တစ်လုံး၊
(၃၅) သံကိရတာရာ ဆယ့်နှစ်လုံး၊
(၃၆) အလုတ္တတာရာ လေးလုံး၊
(၃၇) မာသုတာရာ တစ်လုံး၊
(၃၈) လောကတာရာ လေးလုံး၊
(၃၉) ဗျာယုတာရာ လုံးရေနှစ်ဆယ်၊
(၄၀) အဗ္ဘ န္တတာရာ နှစ်လုံး၊
(၄၁) သံကာ တာရာ တစ်လုံး၊
(၄၂) စိတြဘူတာရာ သုံးလုံး၊
(၄၃) ကောလိတာရာ တစ်လုံး၊
(၄၄) စရီတာရာ လေးလုံး၊
(၄၅) ပါသရိတာရာ တစ်လုံး၊
(၄၆) အဋ္ဌမီတာရာ ဆယ့်နှစ်လုံး၊
(၄၇) နိဗ္ဗာနတာရာ ဆယ့်တစ်လုံး၊
(၄၈) အစောတ တာရာ နှစ်လုံး
(၄၉) သုဒ္ဓက တာရာ နှစ်လုံး၊
(၅၀) ဖုသန္တတာရာ တစ်လုံး၊
(၅၁) ရေစောကလ တာရာ တစ်လုံး၊
(၅၂) အာယုတလိန တာရာ တစ်လုံး၊
(၅၃) ပါသလိတာရာ တစ်လုံး၊
(၅၄) ဓူမ တာရာ တစ်လုံး၊
(၅၅) သာတုလိတာရာ တစ်လုံး၊ စနေဂြိုဟ် ကိုခေါ်သည်၊
(၅၆) ဘဝတုသံ တာရာ တစ်လုံး၊
(၅၇) ရာဟုလိန တာရာ တစ်လုံး၊
(၅၈) ပုဏ္ဏိက တာရာ တစ်လုံး၊
(၅၉) ကလိ တာရာ တစ်လုံး၊
(၆၀) မယုလတာရာ တစ်လုံး၊
(၆၁) မာနိတတာရာ လေးလုံး၊
(၆၂) မလ္လိကတာရာတစ်လုံး၊
(၆၃) ပုပ္ဖဇလ တာရာ ခြောက်လုံး၊
(၆၄) ဗလ္လိတာရာ တစ်လုံး၊
(၆၅) သမ္ပတ္တိ တာရာ နှစ်ဆယ့်နှစ်လုံး၊
(၆၆) တမ္ဘတာရာ ဆယ့်နှစ်လုံး၊
(၆၇) ဝိရိစ္စတာရာ တစ်လုံး၊
(၆၈) မူလတာရာ တစ်လုံး၊
(၆၉) အာယတာယာ ငါးလုံး၊
(၇၀) သံလိန္တတာရာ ငါးလုံး၊
(၇၁) ဂဏ္ဍုပ္ပါဒ တာရာ နှစ်လုံး၊
(၇၂) သံချူတာရာ တစ်လုံး၊
(၇၃) ပတိပါဂန္တု တာရာ သုံးလုံး၊ နဂါးခေါင်းကိုဆိုသည်၊
(၇၄) သုကရ တာရာ သုံးလုံး၊
(၇၅) အာဒိစ္စတာရာ လေးလုံး၊
(၇၆) သရ တာရာ သုံးလုံး၊ မြားကိုခေါ်ဆိုသည်၊
(၇၇) ဥဒ္ဒိင်္ဂ တာရာ တစ်လုံး၊
(၇၈) ကာကတာရာ တစ်လုံး၊ တနင်္ဂနွေဂြိုဟ်ခေါ်သည်။
(၇၉) အာယုတာရာ နှစ်ဆယ့်ငါးလုံး၊
(၈၀) ဃရတာရာ သုံးလုံး၊
(၈၁) သာလ ပိန္တိတာရာ လေးလုံး
(၈၂) ပုပ္ပတ္တိတာရာ တစ်လုံး၊
(၈၃) မူလ တာရာ ကိုးလုံး၊
(၈၄) ပါရိတာရာ ငါးလုံး၊
(၈၅) ဂဝီသ တာရာ လေးလုံး၊ ချွန်းတောင်းကိုဆိုသည်၊
(၈၆) သာလမ္ဗတာရာ ငါးလုံး၊
(၈၇) မာလိက တာရာ ဆယ်လုံး၊
(၈၈) သာလိန္ဒတာရာ နှစ်လုံး၊
(၈၉) ဖလ တာရာ တစ်လုံး၊
(၉၀) သာခါဝိ တာရာ သုံးဆယ်၊
(၉၁) ဖာလိကတာရာ သုံးလုံး၊ ငါးမျှားချိတ်ကိုခေါ်ဆိုသည်။
(၉၂) ပါလိန္ဒ တာရာ နှစ်လုံး၊
(၉၃) သုကိတာရာ နှစ်လုံး၊
(၉၄) သုဝတာရာ တစ်လုံး၊ ကျေးသားကိုခေါ်သည်။ ♦

တာလုဇ အက္ခရာ ၉-လုံး

အာစောက်ခေါ် အာဂလောင်အရပ်မှ မြည်၍ထွက်လာသော အက္ခရာမျိုး ၉-ပါး။ 'ဣ ဤ စ ဆ ဇ စျ ည ယ ဧ' တို့ ဖြစ်ကြသည်။ ♦

တာဝတိံသာ၊ နတ်မြို့ရွာ၊ ၅-ဖြာ ဥယျာဉ်ကြီး

သုတ်မဟာဝါ အဋ္ဌကထာ။
(၁) နန္ဒဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၁၀၀၀) ကျယ်၍ နတ်တို့ နှစ်သက်စွာပျော်ပါးရာ ဥယျာဉ်တော်။
(၂) ဖာရုသက ဥယျာဉ်၊ မြို့၏တောင်ဘက် ယူဇနာ (၇၀၀) ကျယ်၍ ဖက်သက် အဖျော်ယမကာတို့သောက်စားကာ အသူရာတို့အား ကြိမ်းဝါးခြိမ်းခြောက်ရာ ဥယျာဉ်တော်။
(၃) စိတ္တလတာ ဥယျာဉ်၊ မြို့၏ အနောက်မျက်နှာ၊ ယူဇနာ (၅၀၀) ကျယ်၍ အာသာဝတီ နွယ်နီနတ်ပန်းဆွတ်လှန်းပျော်ပါးရန်၊ ဆန်းကြယ်သောအဝတ်တန်ဆာ ယာဉ်ရထားတို့ဖြင့် ဝင်ထွက်ရာဥယျာဉ်တော်။
(၄) မိဿက ဥယျာဉ်၊ မြို့၏မြောက်ဘက် ယူဇနာ (၅၀၀) ကျယ်၍ နတ်သားနတ်သမီးတို့ ယှဉ်တွဲပျော်မြူးရာ ဥယျာဉ်တော်။
(၅) မဟာဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၇၀၀) ကျယ်၍ လှပဆန်းကြယ် နှစ်သက်ဖွယ်ရာ သုနန္ဒာ ရေကန်တော်ကြီးရှိသည်။ ♦

တာဝတိံသာ၊ သုဓမ္မာ၊ ၄-ဖြာစည်းဝေးကြောင်း

သုတ်မဟာဝါ။ ပါ။ ၁၆၈။ ၂၃၂။ တာဝတိံသာနတ်ပြည် သုဓမ္မာဇရပ်ကြီး၌ နတ်တို့၏အစည်းအဝေးများကို အောက်ပါအကြောင်းလေးပါးကြောင့် ကျင်းပပြုလုပ်ကြသည်။
(၁) ဝဿူပနာယိက သင်္ဂဟတ္ထံ၊ ဝါဆိုသံဃာတော်တို့ကို ချမ်းသာစွာတရား အားထုတ်နိုင်ရေးအတွက် စောင့်ရှောက် ပေးဖို့ရန် ပထမဝါဆိုလပြည့်နေ့နှင့် ဒုတိယဝါဆိုလပြည့်နေ့၌ စည်းဝေးကာတိုင်ပင်စေခြင်း၊
(၂) ပဝါရဏာသင်္ဂဟတ္ထံ၊ ပဝါရဏာပွဲတို့၌ သံဃာတော်များချမ်းသာစွာပြုနိုင်ရေးအတွက် တာဝန်ပေးရန်အစည်းအဝေးပြုခြင်း၊
(၃) ဓမ္မ သဝနတ္ထံ- တရားနာရန် အလို့ငှာ အစည်းအဝေးကြီးပြုလုပ်ခြင်း၊
(၄) ပါရိ စ္ဆတ္တက ကိဠာနု ဘဝနတ္ထံ၊ ပင်လယ်ကသစ်ပန်း ပွင့်ချိန်၌ ပန်းဆွတ်ပျော်ပွဲကြီး ဆင်ယင်ကျင်းပရေးအတွက် သုဓမ္မာဇရပ်ကြီး၌ အစည်းအဝေး ပြုလုပ်ကြခြင်း။ ♦

တိတ္ထိဂိုဏ်း ဆရာကြီး ၆-ယောက်

မူလပဏ္ဏာသ။ ပါ။ ၂၅၈။ ဋ္ဌ။ ဒု-အုပ်။ ၁၃၆။ သာသနာဝင်၌ ထင်ရှား၍ ဘုရားနှင့်ပြိုင်ဖက် တိတ္ထိဆရာကြီး ၆-ယောက်။
(၁) ပူရဏကဿပ၊
(၂) မက္ခလိ ဂေါသာလ
(၃) နိဂဏ္ဍ နာဋပုတ္တ၊
(၄) သဉ္ဇယ ဗေလဋ္ဌ ပုတ္တ သိဉ္ဇည်း၊
(၅) ဗကုဓ ကစ္စာယန၊
(၆) အဇိတ ကေသ ကမ္ဗလ။ ♦

တိတ္ထိတို့ ရဟန်းပြုလိုသော် ပေးရမည့် ဝတ်အကျင့် ၈-ပါး

အကျယ်ကို ဝိနည်းမဟာဝါ။ ပါ။ ၁၀၀။ ၎င်း၊ ဋ္ဌ။ ၂၇၅။ တို့၌ကြည့်ပါ။
(၁) အလွန်စောစွာ ရွာတွင်းသို့မဝင်ရ၊ အလွန်နေမမြင့်မီ ကျောင်းသို့အရောက် ပြန်လာရမည်၊
(၂) မကျက်စား အရောတဝင်မပြုရသော ပြည့်တန်ဆာမ၊ မုဆိုးမ၊ အပျိုဟိုင်းကြီး၊ ပဏ္ဍုတ်၊ ရဟန်းမတို့နှင့် ရောနှောစွာ မဆက်ဆံရခြင်း၊
(၃) သီတင်းသုံးဖေါ်တို့၏ ကိစ္စကြီးငယ်တို့ကို အလိုက်သိစွာ ပြုလုပ်ဆောင်ရွက်ပေးရခြင်း၊
(၄) သီလ သမာဓိ ပညာကို လိုလားဆန္ဒကြီးစွာဖြင့် ပါဠိ အနက်အဓိပ္ပါယ်တို့ကို သင်ယူမေးမြန်း ဆွေးနွေးရခြင်း၊
(၅) တိတ္ထိတို့၏ အမှား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို နှစ်သက်စွာလက်ခံ ပြောကြားရခြင်း၊
(၆) တိတ္ထိတို့၏ ဂုဏ်ကျေးဇူးကို ပြောဆိုစကား၌ မနှစ်သက် လက်မခံရခြင်း၊
(၇) ဘုရားတရား သံဃာတော်တို့၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြေားကြားစကား၌ မနှစ်သက် လက်မခံရခြင်း၊
(၈) ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးစကားတို့ကို ချီးမွမ်းပြောကြားရခြင်း၊ နှစ်သက်စွာ နာယူလက်ခံရခြင်း။ ♦

တိထီ ၅-ဖြာ၊ မင်္ဂလာ၊ အခါတော်ကိုရွေး

၎င်း တိထီငါးပါးကို အခါပေးကျမ်းမှယူသည်။
(၁) နန္ဒာ တိထီ- မည်သည့်လမဆို လဆန်း လဆုတ် ၁-ရက် ၆-ရက် ၁၁-ရက်နေ့တို့၌ တနင်္ဂနွေ, သောကြာနှင့်ကြိမ်မူ နန္ဒာတိထီမည်၏၊ ထိုနေ့၌ ဇရပ် အိမ် ကျောင်း အုဌ်ရိုး၊ ပုထိုးစေတီနှင့်တကွရေကန် ရေတွင်း တံခွန် မဏ္ဍပ် တံတားစသည်တို့ကိုလည်းကောင်း၊ မင်းထံခစားခြင်း ခရီးသွားခြင်းတို့ကို လည်းကောင်း၊ ပြုရသော နေ့ကောင်းနေ့မြတ်ဖြစ်၏။
(၂) ဘဒြာ တိထီ- မည်သည့်လမဆို လဆန်း လဆုတ် ၂-ရက် ၇-ရက် ၁၂-ရက်နေ့၌ တနင်္လာ ဗုဒ္ဓဟူးနှင့်ကြိမ်မူ ဘဒြာတိထီမည်၏၊ ထိုနေ့၌ မင်းထံခစားခြင်း၊ မိတ်ဖွဲ့ခြင်း၊ ကာယသိဒ္ဓိစီရင်ခြင်း၊ အမည်မင်္ဂလာမှည့်ခြင်း၊ ရောင်းဝယ်ခြင်းတို့ကိုပြုရာသော နေ့ကောင်းနေ့မြတ်ဖြစ်၏။
(၃) ဇေယျာ တိထီ- မည်သည့်လမဆို လဆန်း လဆုတ် ၃-ရက်၊ ဂ-ရက်၊ ၁၃-ရက်တို့၌ အင်္ဂါနေ့နှင့်ကြိမ်မူ ဇေယျာတိထီမည်၏၊ ထိုနေ့၌ မြို့ရွာနန်းတော်တည်ဆောက်ခြင်း၊ ကျုံးမြောင်းတံတားပြုလုပ်ခြင်း၊ ဓားလှံ သေနတ် အမြောက် စိန်ဗုံး အဲမောင်း ချပ် မိန်ညို ကာ လွှား ဆင် မြင်းတန်ဆာ ဆင်ယင်ပြုလုပ်ခြင်း၊ ရန်သူရှိရာ တပ်တည်ခြင်း၊ ကင်းတိုကင်းရှည် ထားခြင်း၊ အောင်တမန်သံတော်များ စေခန့်ခြင်း၊ မင်းမြောက်တန်ဆာ စီရင်လုပ်ဆောင်ခြင်း၊ ပြာသာဒ်ရထား ဆောက်လုပ်ခြင်း၊ ဘုရားထီးတင်ခြင်း၊ ဘိသိက် ခံယူခြင်း၊ တိုင်းတပါးနှင့် စာချုပ်ဆိုခြင်း၊ ယတြာယာယီ ခရီးမူခြင်းတို့ကို ပြုလုပ်ရာ၌ အကောင်းဆုံးသော အခါဖြစ်၏။
(၄) ရိတ္တာ တိထီ၊ မည်သည့်လမဆို လဆန်း လဆုတ် ၄-ရက်၊ ၉-ရက်၊ ၁၄-ရက်တို့၌ စနေနေ့ကြိမ်သော် ရိတ္တာ တိထီမည်၏၊ ထိုနေ့၌ အမှုခပ်သိမ်းမဆောင်ကောင်း၊ အကျိုးမဲ့ အချီးအနှီးဖြစ်တတ်၏။
(၅) ပုဏ္ဏာ တိထီ၊ မည်သည့်လမဆို လဆန်း လဆုတ် ၅-ရက်၊ ၁၀-ရက်၊ ၁၅-ရက်တို့၌ ကြာသပတေးနေ့ နှင့်ကြိမ်မူ ပုဏ္ဏာတိထီမည်၏၊ ထိုနေ့၌ အတတ်သင်ခြင်း၊ မော်ကွန်းတည်ခြင်း၊ မန္တန်ရွတ်ခြင်း၊ ကမ္ဗည်း ကျောက်စာထိုးစိုက်ခြင်း၊ ဥယျာဉ်လယ်ယာစိုက်ပျိုးခြင်း၊ သဘင်ခံခြင်း၊ ယာဉ် ရထား လှည်းလှေသင်္ဘော အသစ်တို့ကိုစ၍စီးနင်းခြင်း၊ ကျီကြတိုက်တာ ဂိုထောင်တို့၌ ဥစ္စာသွင်းခြင်း၊ ထိမ်းမြားမင်္ဂလာပြုခြင်း၊ သားမြေးတို့ကို အဝတ်တန်ဆာပေးခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ ရတနာအမျိုးမျိုးတို့ကို ရောင်းဝယ်ခြင်း၊ စသည်ပြုရာ၌ အကောင်းဆုံးသောအခါများဖြစ်၏။ တိထီ ၅-ပါး ဇယားပုံ လစဉ် ရက်များ နေ့ တိထီအမည် လဆန်း လဆုတ် ၁-၆-၁၁ ၁-နွေ၊ ၆-ကြာ နန္ဒာတိထီ

၂-၇-၁၂ ၂-လာ၊ ၄-ဟူး ဘဒြာတိထီ

၃-၈-၁၃ အင်္ဂါ ဇေယျာတိထီ

၄-၉-၁၄ စနေ ရိတ္တာတိထီ

၅-၁၀-၁၅ ကြာသပတေး ပုဏ္ဏာတိထီ တိထီ ၅-ပါး တစ်နည်း ♦

တိထီ ၅-ပါး တစ်နည်း

ဆောင်အပ်သော တိထီကိုတည်၊ ၅-ခုစား တစ်ကြွင်းမူ 'နန္ဒာတိထီ' လူနတ်တို့ နှစ်သက်၏၊ ၂ ကြွင်းမူ 'ဘဒြာတိထီ' ကောင်းကျိုးကိုဖြစ်စေတတ်၏၊ ၃ ကြွင်းမူ 'ဇေယျာတိထီ' အောင်မြင် ထမြောက်တတ်၏၊ ၄ ကြွင်းမူ 'ရိတ္တာတိထီ' အချည်းအနှီးဖြစ်တတ်၏၊ အမှုခပ်သိမ်း မဆောင်ကောင်း၊ သုဉ်းမူ 'ပုဏ္ဏာတိထီ' ပြည့်စုံတတ်၏။ ♦

တိရစ္ဆာန်အပြား မျိုး ၄-ပါး

တိရစ္ဆာန် အနန္တပင်ရှိသော်လည်း အမျိုးအားဖြင့်ကား ဤလေးပါးသာရ၏။
(၁) အပါဒကမျိုး- ခြေမရှိသော တိရစ္ဆာန်မျိုး၊
(၂) ဒွိပါဒကမျိုး- ခြေနှစ်ချောင်းရှိ တိရစ္ဆာန်မျိုး၊
(၃) စတုပါဒမျိုး-ခြေလေးချောင်းရှိတိရစ္ဆာန်မျိုး၊
(၄) ဗဟုပ္ပဒမျိုး- ခြေလေးချောင်းထက်များသော တိရစ္ဆာန်မျိုး။ ♦

တိရစ္ဆာန ကထာ ၃၂-ပါး

မဟာဝဂ္ဂသံယုတ်။ ပါ။ ၃၆၈။ ဋ္ဌ။ ၃၂၅ ၌ အကျယ်ရှုပါ။ မဂ်ဖိုလ်မှ ဖီလာကန့်လန့်စကားရပ်ဟူသမျှသည် တိရစ္ဆာနကထာချည်းမည်၏၊ အနေက ဝိဟိတံ တိရစ္ဆာန ကထံဟု သီလက္ခန်ပေါဋ္ဌပါဒသုတ်၌ လာရှိသောကြောင့်လည်း တိရစ္ဆာနကထာကို ၃၂ ပါးဟု အတိအကျ သင်္ချာတပ်ရန်မလိုဟု ထင်သည်။ သို့သော် 'အမေးရှိက အဖြေရမြဲ' သဘောတရားအတိုင်း ထို ပေါဋ္ဌပါဒသုတ် ပါဠိတော်မှပင် ၂၈-ပါးယူ၍ အခြားကျမ်းမှ ၄-ပါးနှင့် ဖြေလိုက်အ့ံ။
(၁) ရာဇကထံ- မင်းနှင့်စပ်သောစကား၊
(၂) စောရကထံသူခိုး နှင့်လည်းကောင်း၊
(၃) မဟာမတ္ထကထံ- အမတ်ကြီး နှင့်လည်းကောင်း၊
(၄) သေနာကထံစစ်သည်နှင့်လည်းကောင်း၊
(၅) ဘယကထံ- ကြောက်မက်ဖွယ် နှင့်လည်းကောင်း၊
(၆) ယုဒ္ဓကထံစစ်တိုက်ခြင်း နှင့်လည်းကောင်း၊
(၇) အန္နကထံ- စားဖွယ်နှင့်လည်းကောင်း၊
(၈) ပါနကထံသောက်ဖွယ် နှင့်လည်းကောင်း၊
(၉) ဝတ္ထကထံ- အဝတ် နှင့်လည်းကောင်း၊
(၁၀) သယနကထံအိပ်ရာနှင့် လည်းကောင်း၊
(၁၁) မာလာကထံ- ပန်း နှင့်လည်းကောင်း၊
(၁၂) ဂန္ဓကထံနံ့သာမွှေးထုံနှင့် လည်းကောင်း၊
(၁၃) ဉာတိကထံ-ဆွေမျိုးနှင့်လည်းကောင်း၊
(၁၄) ယာနကထံ-ယာဉ်နှင့်လည်းကောင်း၊
(၁၅) ဂါမကထံ- ရွာနှင့်လည်းကောင်း၊
(၁၆) နိဂမကထံနိဂုံးနှင့်လည်းကောင်း၊
(၁၇) နဂရကထံ- မြို့နှင့်လည်းကောင်း၊
(၁၈) ဇနပဒကထံ- နယ်နှင့်လည်းကောင်း၊
(၁၉) ဣတ္ထိကထံ- မိန်းမနှင့် လည်းကောင်း၊
(၂၀) ပုရိသကထံ- ယောက်ျားနှင့်လည်းကောင်း၊
(၂၁) သူရကထံ- သူရဲကောင်းနှင့် လည်းကောင်း၊
(၂၂) ဝိသိခါကထံမြို့တွင်း လမ်းနှင့်လည်းကောင်း၊
(၂၃) ကုမ္ဘ ဌာနကထံ- ရေခပ်ဆိပ်နှင့်လည်းကောင်း၊
(၂၄) ပုပ္ဗေတကထံ- သေလွန်သူနှင့်လည်းကောင်း၊
(၂၅) နာနတ္တကထံ- အထွေထွေနှင့်လည်းကောင်း၊
(၂၆) လောကက္ခာယိကံ- လောကကြောင့်နှင့် လည်းကောင်း၊
(၂၇) သမုဒ္ဒက္ခာယိကံသမုဒ္ဒရာပင်လယ်နှင့်လည်းကောင်း၊
(၂၈) ဣတိဘဝါဘဝကထံ- ကြီးပွားဆုတ်ယုတ်ခြင်းနှင့်လည်းကောင်း၊
(၂၉) ဂမိကကထံ- ခရီးသည် နှင့်လည်းကောင်း၊
(၃၀) ကုမာရကထံလူပျိုနှင့်လည်းကောင်း၊
(၃၁) ကုမာရီကထံ- အပျို နှင့်လည်းကောင်း၊
(၃၂) ကုမ္ဘဒါသီကထံရေရွက်ကျွန်မနှင့် စပ်သောစကား။ ♦

တိလင်္ကာသာမျိုး ၃-ပါး

လင်းလေ, ဆေးသူငယ်ချက်, ပညာလင်္ကာ၎င်းသုံးပါးကိုခေါ်ဆိုသည်။ ဆေးကျမ်း ဝေါဟာရ။ ♦

တုတ္ထာမျိုး ၄-ပါး

သဗ္ဗဓာတု ဝိတ္ထာရ ပကာသနီကျမ်းမှ ဖြစ်ရာဌာနနှင့်တကွ အကျယ်ကို၎င်းကျမ်း လောဟပါစက အခဏ်းတွင်ရှုလေ။
(၁) ဟာဋက တုတ္ထကံ- ရွှေစားတုတ္ထာ၊ ရှစ်မူးရွှေနှင့် ညီမျှ၏။ ရွှေထွက်သည်၊ လက်ယာ လမ်းမှာအသုံးပြုရသည်၊
(၂) ရူပ တုတ္ထကံငွေစား တုတ္ထာ၊ ဖြူသောစရံရှိ၏၊ ငွေထွက်သည်၊ လက်ဝဲလမ်း၌ စီရင်ရသည်၊
(၃) ဗိသနာသန တုတ္ထကံ- ကြေးစားတုတ္ထာ၊ စိမ်းပြာပြာအရောင်ရှိ၍ ယခုဘယဆေးဆိုင်များ၌ ရသော တုတ္ထာမျိုး၊ ကြေးထွက်သည်၊ ဆေးဝါးကုခြင်း၌သုံးရသည်၊
(၄) ပါရဒတုတ္ထကံ- ပြဒါးစား တုတ္ထာ၊ ဖြူစိမ်းစိမ်းနှင့် ပွပွရှိ၏၊ ပြဒါးထွက်သည်၊ ထွက်ရပ်သိဒ္ဓိလမ်းတို့၌ စီရင်ရသည်ဟူ၏၊ ၎င်းကိုပင် 'ရ'ကျေ၍ (ပါဒ တုတ္ထာ) ဟု ခေါ်ဆိုကြလေသည်။ ♦

တူရိယာမျိုး ၅-ပါး

ဗုဒ္ဓဝင်။ ပါ။ ၃၁၃။ ဋ္ဌ။ ၁၂၅။ ဝိမာနဝတ္ထု။ ဋ္ဌ။ ၃၂။ ၈၆။သံယုတ်။ ဋ္ဌ။ ပ-အုပ်။ ၁၇၆။ အင်္ဂုတ္တရ။ ဋ္ဌ။ တတိယ-အုပ်။ ၂၃၃-တို့၌ ကြည့်ပါ။ တီးမှုတ်ရန်တန်ဆာဖြစ်သော တူရိယာမျိုး ၅-ပါး။
(၁) အာတတ- အိုးစည်စသော သားရေတစ်ဖက်ပိတ်၍ကြက်အပ်သောစည်၊
(၂) ဝိတတ- သားရေ နှစ်ဖက် ပိတ်အပ်သော မုရိုးစည် စသည်၊
(၃) အာတတ ဝိတတအလုံးစုံ သားရေဖြင့်ကြက်အပ်သော ထက်စည် စသည်၊
(၄) သုသိရ- အခေါင်းရှိသော နှဲပြွေ ခရုသင်း ကော့နက် ခရာ ဝီစီ စသည်၊
(၅) ဃန တစ်ခဲနက် တီးခတ်အပ်သော လင်းကွင်း, မောင်း, တရုတ်လင်ပန်း စသည်။ ♦

တူရိယာမျိုး ၅-ပါး၊ တစ်နည်း

(၁) ကြေးဖြင့်ပြုလုပ်၍ တီးအပ်သော မောင်းကြေးနင်းစသော တူရိယာ၊
(၂) ကြိုးဖြင့် ပြီးစေအပ်ပြုလုပ်၍တီးအပ်သော စန္ဒရား စောင်းကောက် ဟွန်းတရော မယ်ဒလင် စသောတူရိယာ၊
(၃) သားရေ၏မျက်နှာပြင်၌ တီးခပ်အပ်သော ပတ်မကြီးဗုံရှည်စသော တူရိယာ၊
(၄) လေဖြင့်မှုတ်၍ မြည်စေအပ်သော နှဲ ပြွေစသော တူရိယာ၊
(၅) အချင်းချင်းရိုက်ခတ်၍ တီးအပ်သော ဝါးလက်ခုပ် ချပ် စသောတူရိယာ၊ ၎င်းတို့ကိုပင် မဃဒေဝလင်္ကာ၌ 'အာဝိအစ၊ တတသုံးထွေ၊ နှဲ ပြွေ ခံသ၊ သူသိရနှင့်၊ ဃနဘော်ထည့်၊ ပြည့်၏ ငါးဖြာ၊ ကျမ်း၌လာသား' ဟူ၍လည်းကောင်း၊ ဥတေနပျို့၌လည်း “ကြေးကြိုး သားရေ၊ လေနှင့် လက်ခုပ်၊ သရုပ်ပိုင်းခြား၊ ငါးပါးမှန်စွာ၊ သံဝါ သံမြင့်၊ ကျူးအေးရင့်လျက်” ဟူ၍ လည်းကောင်း စပ်ဆိုထားကြ၏။ ♦

တူရိယာမျိုး ၃၇-ပါး

ပြည်ထောင်စုမြန်မာနိုင်ငံတော်သားတို့၏ ရှေးဟောင်းယဉ်ကျေးမှုမှ သမိုင်းဝင်တူရိယာများ။
(၁) စည်မျိုး ၁၃-ပါး၊
(၂) ကြေးမျိုး ၁၀-ပါး၊
(၃) တံပိုးမျိုး ၈-ပါး၊
(၄) အငြိမ့်မျိုး ၆-ပါး၊ ပေါင်း ၃၇-ပါးဖြစ်၏။ ♦

တူရိယာသံ ၇-တန်

၎င်းသရုပ် (ဂီတအသံ ၇ တန်) နှင့် တူ၏။ ♦

တေဇောဓာတ်ကြီး ၄-ပါး

မူလပဏ္ဏာသ။ ပါ။ ၂၄၅။ ဋ္ဌ။ ဒု-အုပ်။ ၃၇ ၌ ရှုပါ၊
(၁) သန္တပ္ပန တေဇော-ကိုယ်အလုံးကို ပူပန်စေတတ်၊ အိုက်ခြင်း ပူခြင်း အငွေ့ထွက်ခြင်းများကိုဖြစ်စေတတ်သော အပူဓာတ်၊
(၂) ဒဟ တေဇော- မခံမရပ်နိုင်အောင် အလွန်ပူလောင်၍ ရေလောင်းပါ ယပ်ခပ်ပါဟု ငိုကြွေးဟစ်အော်နေသော အပူဓာတ်၊
(၃) သီတတေဇော- ကိုယ်အလုံး အလွန်အေး၍ ကြက်သီးတဖြန်းဖြန်းထနေသော အအေးဓာတ်၊
(၄) ပါစက တေဇော- စားမျိုသော အစာအာဟာရတို့ကို ခြေတတ် ချက်တတ် ကြေကျက်အောင်ပြုတတ်သောဓာတ်။ ♦

တေးသီဆိုသံ ၇-တန်

၎င်းသရုပ် (ဂီတသံ ၇-တန်) ၌ ရှုပါ။ ♦

တော ၄၀

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၄၁၁။ ဋ္ဌ။ ဒု-အုပ်။ ၃၁၆ ၌ဖွင့်ဆိုသည်။ အနိစ္စတော၊ ဒုက္ခတော၊ စသောဘာဝနာ ၄၀-ကို အချို့ဆရာတို့က “တော လေးဆယ်''ဟု ရေးသားခေါ်ဝေါ်ကြကုန်၏။ ၎င်းအကျယ် (ဘာဝနာ ၄၀) မှာ ပြမည်။ ♦

တောထွက်ရဟန်းကြီးတို့ ရနိုင်ခက်သောတရား ၅-ပါး

ပဉ္စင်္ဂုတ္တိုရ်။ နိဝရဏဝဂ်၌၊ ဤ၌ 'စုဎ္ဍုပဗ္ဗဇ္ဇိတ'ကို တောထွက်ရဟန်းကြီးဟု အသိများကြ၏။
(၁) ဒုလ္လဘော နိပုဏော- နူးညံ့သိမ်မွေ့ ယဉ်ကျေးရိုသေမှု ပြုနိုင်ခက်ခြင်း၊
(၂) ဒုလ္လဘော အာကပ္ပ သမ္ပန္နော- ရဟန်းတို့၏ ဟန်ပန်သွင်ပြင် ဝတ်ရုံစားသောက်ပုံကို ပြုနိုင်ခက်ခြင်း၊
(၃) ဒုလ္လဘော ဗဟုဿုတော- ပိဋကစာပေ အကြားအမြင် ရနိုင်ခက်ခြင်း၊
(၄) ဒုလ္လဘော ဓမ္မကထိကော- တရားဟောဆရာကြီး ဖြစ်နိုင်ခက်ခြင်း၊
(၅) ဒုလ္လဘော ဝိနယဓရော- ဝိနည်းဓိုရ်ကြီး ဖြစ်ရန်ခက်ခြင်း။ ♦

တောထွက်ရဟန်းကြီးတို့ ရနိုင်ခက်သောတရား ၅-ပါး၊ တစ်နည်း

(၁) ဒုလ္လဘော သုဝစော ဆိုဆုမ္မရ ခက်၏၊
(၂) ဒုလ္လဘော သုဂ္ဂဟိ တဂ္ဂါတီ- အယူဝါဒကောင်းကို အကောင်းယူနိုင်ခဲ၏၊
(၃) ဒုလ္လဘော ပဒေက္ခိဏဂ္ဂါဟီ- ရိုသေလိုက်နာကျင့်ကြံရမည့် သြဝါဒစည်းမျဉ်းကို ရိုသေလိုက်နာခဲ၏။
(၄) ဒုလ္လဘော ဓမ္မကထိကော-တရားဟောဆရာကြီးဖြစ်ရန် ခဲယဉ်း၏။
(၅) ဒုလ္လဘော ဝိနယဓရော- ဝိနည်းဓိုရ်ကြီးဖြစ်ရန် ခဲယဉ်း၏။ ♦

တောမြိုင်ပရိယာယ်၊ မျိုး ၈-သွယ်၊ ဖွယ်ဖွယ်ရာရာသိ

၎င်း၏သရုပ်ကို (မြိုင်ကြီး ၈-သွယ်၊ ကဗျာဝယ်၊ဆန်းကြယ်အမည်များ) ဟူသော သုတေသနစကားရပ်၌ ကြည့်ပါ။ ♦

တောင်ကျွန်း၏ထူးမြတ်ခြင်းကြီး ၅-ပါး

တခြားကျွန်တို့ထက် ထူးမြတ်ပုံကို ဆိုသည်၊
(၁) ယူဇနာတစ်သောင်းကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း၊
(၂) မဟောဗောဓိပင်မင်းနှင့် အပရာဇိတ ပလ္လင်တော်ပေါက်ရာဖြစ်ခြင်း၊
(၃) ဘုရားပစ္စေကဗုဒ္ဓါတို့၏ ပွင့်ထွန်းပေါ်ပေါက်ရာ ဖြစ်ခြင်း၊
(၄) စကြာ မန္ဓာတ်မင်းမြတ်တို့၏ဖြစ်ပေါ်ရာဖြစ်ခြင်း၊
(၅) နိဗ္ဗာန်သို့ ဖြောင့်တန်းစွာ ကူးနိုင်ရာကျွန်းမြတ် ဖြစ်ခြင်း။ ♦

တောင် ၅-လုံးခို ရာဇဂြိုဟ်

ဝေဘာရတောင် ဝေပုလ္လတောင် ပဏ္ဍဝတောင် ဂိဇ္ဈကုဋတောင် ဣသိဂိလိတောင် ၅-လုံးဝိုင်းရံထားသော မြို့တော်ဟူ၏။ ♦

တောင်စဉ် ၇-ထပ်

ဟိမဝန္တာ ဆဒ္ဒန်အိုင်၏ အရံများဖြစ်သော တောင်ဝန်း တောင်ထပ်တို့မှာ ၇-ဖြာရှိ၏။ ဇိနလင်္ကာရဋီကာ။ ၁ သုဝဏ္ဏပဿတောင်၊ ၂ မဏိပဿတောင်၊ ၃ သုရိယပဿတောင်၊ ၄ စန္ဒပဿတောင်၊ ၅ ဥဒကပဗ္ဗတောင်၊ ၆ မဟာကာဠတောင်၊ ၇ စူလကာဠတောင်။ ♦

တောင်စဉ် ၇-ထပ်၊ တစ်နည်း

ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၉၀-နှင့် ၂၀၀။ စူလနိဒ္ဒေသ၊ ဋ္ဌ။ ၃၈-တို့၌ အကျယ်ရှု။ မြင့်မိုရ်တောင်ကြီးကို ဝန်းဝိုင်းပတ်ခွေလျက် တည်နေကြသော တောင်ရံခုနစ်ထပ်ဟူလို။
(၁) ယုဂန္ဓရတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၄၂၀၀၀ စီ ရှိ၏။
(၂) ဤသန္ဓရတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၂၁၀၀၀ စီရှီ၏။
(၃) ကရဝိကတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၁၀၅၀၀ စီရှိ၏။
(၄) သုဒဿနတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၅၂၅၀ စီရှိ၏။
(၅) နေမိန္ဒရတောင်- ၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၂၆၂၅ စီရှိ၏။
(၆) ဝိနတ္တကတောင်- ၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၁၃၁၂ ခွဲစီရှိ၏။
(၇) အဿကဏ်တောင်-၎င်းတောင်၏ ရေအောက်မြှုပ် ရေထက်ပေါ် အထုအနံတို့ကား ၆၅၆ ယူဇနာ၊ တစ်တိုင်နှင့် တာ ၆ဝဝစီ ရှိ၏။ ♦

တောင့်တ၍ မရကောင်းသောအရားမျိုး ၅-ပါး

(၁) ဇရာ- အိုခြင်းမှ၊
(၂) ဗျာဓိနာခြင်းမှ၊
(၃) မရဏ-သေခြင်းမှ၊
(၄) ခယဓမ္မ- ကုန်ခန်းဆုတ်ယုတ်ခြင်းမှ၊
(၅) နဿနဓမ္မ-ပျက်စီးခြင်းမှလွတ်ကင်းစေရန် တောင့်တ၍မရနိုင်ပေ။ ပဉ္စင်္ဂုတ္တရ၊ ပါ၊ ၄၇၊ ဋ္ဌ။ ၂၄-၌ အကျယ်ရှုပါ။ ♦

တော်ဖြောင့်ရခြင်း ၆-ပါး

လူတိုင်း အစဉ်လိုက်နာပြုကျင့်ရခြင်းအကြောင်း ၆-ပါးဟူလို။
(၁) ကတညူ- သူပြုဘူးသောကျေးဇူးကို သိရ ဆပ်ရခြင်း၊
(၂) ကတ ဝေဒိ- သူ့ကျေးဇူးကို ဖေါ်ထုတ်မြွက်ဆို ချီးကျူးရခြင်း၊
(၃) ဒဠှတ္ထိ မိမိဆိုသောစကားကို မြဲမြံတည်ကြည်စွာရှိအောင်ပြုရခြင်း၊
(၄) ဒုက္ခံ- သူ့ဆင်းရဲမှုကို ကိုယ့်ဆင်းရဲကဲ့သို့ မှတ်ထင်ရခြင်း၊
(၅) ကလျာဏမိတ္တဗန္ဓ- အဆွေခင်ပွန်းကောင်းနှင့် မိတ်ဆက်ပြုဖွဲ့ရခြင်း၊
(၆) မိတ္တသံသဂ္ဂပေါင်းသင်းဆက်ဆံပြီးမိတ်ဆွေကောင်းတို့အား မပြစ်မှားရခြင်း၊ အစဉ်ပေါင်းရခြင်း။ ♦

တော်ဝင်သူ ၄-ယောက်

သာသနာဝင်ကျမ်းစာတို့၌ တော်တည့်မွန်မြတ်သည်ဟု ချီးကျူးထောပနာပြုခံရသော မိန်းမမြတ် ၄-ယောက်။
(၁) အမရာဒေဝီ- မဟော်သဓာ၏ဇနီး၊
(၂) စန္ဒ ကိန္နရီ- စန္ဒ ကိန္နရာ၏ဇနီး၊
(၃) မဒ္ဒီဒေဝီ- ဝေဿန္တရာမင်း၏ မိဖုရား၊
(၄) သမ္ဗူလဒေဝီ- သောတ္ထိသေနမင်း၏ မိဖုရား။ ♦

တိုးတက်ကြီးပွား၊ အကြောင်းတရား၊ လိုက်စား ၇-ဖြာ

၎င်းသရုပ်ကို (ကြီးပွားတိုးတက်ကြောင်းတရား ၇-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

တိုက်ကြီး ၇-တိုက်

ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ကုန်းမြေအပိုင်းအခြားကြီးများဟူ၏။ လောကဓာတ်နည်း။
(၁) အာရှတိုက်၊
(၂) ဥရောပတိုက်၊
(၃) အာဖရိကတိုက်၊
(၄) သြစတြေးလိယတိုက်၊ ၎င်းတိုက်ကြီး ၄-တိုက် တို့သည် ကမ္ဘာဟောင်းခေါ် ကမ္ဘာလုံး၏အရှေ့ခြမ်း၌ ရှိကြသည်။
(၅) မြောက်အမေရိကတိုက်၊
(၆) တောင် အမေရိကတိုက်၊ ကမ္ဘာသစ်ခေါ် ကမ္ဘာလုံး၏ အနောက်ခြမ်း၌ ရှိကြသည်။
(၇) အန္တာတိတ်ကာတိုက်- တောင်ဝင်ရိုးဖျားအနီးအန္တာတိတ်သမုဒ္ဒရာတွင် ရှိသည်ဟူ၏။ ♦

တိုင်သံ ၁၀-ပါး၊ ကဗျားများ၊ ဆိုငြားအဘယ်နည်း

ကဗျာလင်္ကာရွတ်ဖတ်သီဆိုရာ၌ “တက်သံ နိမ့်သံ” နှစ်ပါးတို့၏အကြားမှ မှန်မှန် ရပ်ဖြတ်ရွတ်ဆိုရသော အသံတစ်မျိုး၊ ၎င်းကိုပင် “သံလတ် သံမှန်''ဟုလည်း ခေါ်ကြသေး၏။ အကျယ်ကို ကဗျားဖွဲ့နည်း နိသျှည်းကျမ်း၌ ရှုလေ၊ အက် အစ် အတ် အပ် အိတ် အိပ် အုတ် အုပ် အောက် အိုက်တို့ ဖြစ်၏။ ♦

တိုင်ကြီး ၁၀-ပါး

ဗေဒင်ကျမ်းလာ ဇာတာဖွဲ့ရာ စသည်တို့၌ အသုံးပြုသည်။
(၁) မူလတိုင်၊
(၂) ဓာတ်တိုင်၊
(၃) စုတ်တိုင်၊
(၄) ပုညတိုင်၊
(၅) ဣဿရိယတိုင်၊
(၆) ပဋိသန္ဓေတိုင်၊
(၇) ပဝတ္တိတိုင်၊
(၈) ထီးဖြူတိုင်၊
(၉) သီရိတိုင်၊
(၁၀) ဆင်ဖြူတိုင်။ ♦

တိုင်ပင်ခြင်းမျိုး ၃-ပါး

အတိုင်ပင်ခံဝင်သူတို့ သတိပြုဖွယ်ရာဖြစ်၏။ မိလိန္ဒပဥှာနှင့် စူဠနိဒ္ဒေသပါဠိတော်။
(၁) ကဝိ မန္တန- ပညာရှိတို့၏ တိုင်ပင်ခြင်း၊ ကောင်းမြတ်သင့်လျော်သော် နာယူ၍၊ မကောင်းထင်သော်ကား ဆိတ်ဆိတ်နေခြင်းမျိုး၊ ကောင်းသော်အားပေး၊ မကောင်းတားမြစ်၊
(၂) ရာဇ မန္တာ- မင်း၏တိုင်ပင်ခြင်း၊ အကျိုး ရှိမဲ့ကိုကား ပမာဏမထား၊ မင်းအလိုလိုက်ခါလျှောက်မှ ချီးမြှောက်ခြင်းပြုမည်ဖြစ်၍ မင်းအကြိုက်ချည်းလိုက်၍ ပြောဆိုရခြင်းမျိုး၊ သို့မဟုတ်က ရာဇဒဏ်ပေး ခံရတတ်သည်၊
(၃) ဒါသ မန္တန- ကျွန်၏တိုင်ပင်ခြင်း၊ သခင့်အလိုသို့လိုက်ခါ သခင့်အကြိုက်ချည်းဖြစ်အောင် ပြောဆိုရခြင်းမျိုး၊ မျက်နှာသာပေးရန်ဖြစ်သည်။

မှတ်ချက် ။ ။ ပညာရှိတို့ကား ကဝိမန္တနမျိုးဖြင့်သာ တိုင်ပင်ခံကြ၏။ ♦

တိုင်းကြီး ၉-မျိုး၊ မော်ကွန်းထိုး၊ အုပ်စိုးမြန်မာပြည်

၎င်း၏သုတေသနရပ်တို့ကို(မြန်မာ့တိုင်းကြီး ၉-တိုင်း) ၌ ရှုပါ။ ♦

တိုင်းကြီး ၁၀-တိုင်း

မြန်မာနိုင်ငံတော် ဘုရင်မင်းတို့ခေတ် ရာဇဝင်မှ၊
(၁) သုနာပရန္တတိုင်း- လယ်ကိုင်း၊ ဖေါင်းလင်း၊ ကလေး၊ သောင်သွပ်၊ စသောပြည်တို့တည်ရာ၊
(၂) တမ္ပဒီပတိုင်း-ပုဂံ၊ ပင်းယ၊ အင်းဝ၊ မြင်စိုင်းစသော ပြည်တို့တည်ရာ၊
(၃) ကမ္ဗောဇတိုင်း- သီပေါ၊ ညောင်ရွှေ၊ မိုးနဲစသော ပြည်တို့တည်ရာ၊
(၄) ဇိန်တိုင်း- ဗမ်၊ ခွေးလုံ၊ စန္ဒာစသော ပြည်တို့တည်ရာ၊
(၅) သီရိခေတ္တရာမတိုင်း၊ သရေခေတ္တရာ၊ ဥဒေတရစ်၊ ပန်းတောင်းစသော ပြည်တို့တည်ရာ၊
(၆) ဇယဝဒ္ဓနတိုင်း- ကေတုမတီ၊ ဇယဝတီ စသောပြည်တို့ တည်ရာ၊
(၇) ရာမညတိုင်း- ဟံသာဝတီ၊ ဒဂုံ၊ ဒလ၊ ကုသိမ်၊ ရောင်ပြ(မြောင်းမြ)၊ မုတ္တမ စသောပြည်တို့တည်ရာ၊
(၈) ဟရိဘုဉ္ဇတိုင်း-ဇင်းမယ်၊ ကျိုင်းသည် စသောပြည်တို့တည်ရာ၊
(၉) ခေမဝရတိုင်း-ကျိုင်းတုံ စသောပြည်တို့တည်ရာ၊
(၁၀) မဟာနဂရတိုင်း-ကျိုးရုံး၊ မိုင်းစည်စသော ပြည်ကြီးတို့၏တည်ရာဟူ၏။ ♦

တိုင်းကြီး ၁၆-တိုင်း

အင်္ဂုတ္တရ ပါဠိတော်လာ တိုင်းကြီးသောဠသ၏အမည်များ။
၁ အင်္ဂတိုင်း၊
၂ မဂဓတိုင်း၊
၃ ကာသိတိုင်း၊
၄ ကောသလတိုင်း၊
၅ ဝဇ္ဇိတိုင်း၊
၆ မလ္လတိုင်း၊
၇ စေတိတိုင်း၊
၈ ဝံသတိုင်း၊
၉ ကုရုတိုင်း၊
၁၀ ပဉ္စာလတိုင်း၊
၁၁ မဇ္ဈတိုင်း၊
၁၂ သူရသေနတိုင်း၊
၁၃ အဿကတိုင်း၊
၁၄ အဝန္တိတိုင်း၊
၁၅ ဂန္ဓာရတိုင်း၊
၁၆ ကမ္ဗောဇတိုင်း။ ♦

တိုင်းကြီး ၁၇-တိုင်း

ဝိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၄၆။ မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၂၅-တို့၌ အကျယ်ရှုပါ။

တိုင်းကြီး ၁၇-တိုင်း၊ တစ်နည်း

တိကင်္ဂုတ္တရ၊ ပါ။ ၂၃၁။ အဋ္ဌင်္ဂုတ္တရ။ ပါ။ ၈၁-၈၅။ စူဠနိဒ္ဒေသ။ ပါ။ ၁၅၀။ ဋ္ဌ။ ၄၂-တို့၌ ရှုပါ။ အင်္ဂ၊ မာဂဓ၊ ကလိင်္ဂ၊ ကာသိယ၊ ကောသလ၊ ဝဇ္ဇီ၊ မလ္လ၊ စေတီယ၊ ဝံသ၊ ကုရု၊ ပဉ္ဇာလ၊ မစ္ဆ၊ သူရသေန၊ အဿက၊ အဝန္တိယ၊ ယောနက၊ ကမ္ဗောဇတိုင်း။ ♦

တိုင်းကြီး ၂၁-တိုင်း

ဗုဒ္ဓ ပိဋကတ်တော်၌ထင်ရှားသော တိုင်းကြီး ၂၁-တိုင်း။ 'မဂဓ' အဘိဓာန်မှ။ ကုရုတိုင်း၊ သက္ကတိုင်း၊ ကောသလတိုင်း၊ မဂဓတိုင်း၊ သိဝိတိုင်း၊ ကလိင်္ဂတိုင်း၊ အဝန္တိတိုင်း၊ ပဉ္စလတိုင်း၊ ဝဇ္ဇီတိုင်း၊ ဂန္ဓာရတိုင်း၊ (၁၀)

စေတီယတိုင်း၊ ဝင်္ကတိုင်း၊ ဝိဒေဟတိုင်း၊ ကမ္ဗောဇတိုင်း၊ မဒ္ဒတိုင်း၊ ဘဂ္ဂတိုင်း၊ အင်္ဂတိုင်း၊ သီဟတိုင်း၊ ကသ္မိရတိုင်း၊ ကာသိတိုင်း၊(၂၀)

ပဏ္ဍဝတိုင်း၊ (၂၁) ။ ♦

တိုင်းပြည်အင်္ဂါ ၇-ဖြာ၊ ကျမ်းလာမည်သို့နည်း

သုကရသာရနီတိကျမ်း၊ အမရကောသ အဘိဓာန်ဋီကာ ကျမ်းတို့ ၌ကား ဤသို့လာ၏။
(၁) ပြည့်ရှင်မင်း, သမ္မတမင်းရှိစေရမည်၊
(၂) ဝန်ကြီး သံကြီး မင်းတိုင်ပင်အမတ်များ၊
(၃) စစ်မက်ကူညီရေး မဟာမိတ်မင်းများ၊
(၄) စားနပ်ရိက္ခာ ရွှေ ငွေ ဘဏ္ဍာများ၊
(၅) ကျုံးမြောင်းခံတပ် နယ်စပ်တံတိုင်း တောင်တော၊
(၆) ကျယ်ပြန့်သောတိုင်းနိုင်ငံတော်ဖြစ်ရခြင်း၊
(၇) စစ်သည်ဗိုလ်ပါ စစ်အင်္ဂါစုံ ကြည်း ရေ လေ တပ်စုရှိစေရမည်။ ♦

တိုင်းပြည်အေးမှု ကြောင်း ၁၀-ခု

၎င်း၏သရုပ်ကို မဃဒေဝလင်္ကာ၌ “ နေလ ဂြိုဟ်သွား၊ ဖြောင့်သားတဖြာ၊ မိုးမှန်စွာနှင့်၊ သြဇာတက်ဖြိုး၊ သီးမျိုးပေါယယ်၊ အန္တရာယ်ကင်းငြိမ်း၊ မုဒိမ်း မထွက်၊ စစ်မက်လည်းကင်း၊ ချင်းချင်းညီညွတ်၊ ဖြောင့်မတ်တရား၊ သုံးပါးရတနာ၊ ရိုသေစွာလျက်၊ သံဃာရဟန်း၊ စောင့်မှန်းအကျင့်၊ ဤဆယ်ဆင့်ကား၊ လင်းပွင့်တိုင်းပြည် သာကြောင်းတည်း''ဟု ဆိုထား၏။ ♦

တိုင်းပြည်တိုးတက် ကြီးပွားကြောင်းတရား ၇-ပါး

၎င်းသရုပ်ကို (အပရိဟာနိယတရား ၇-ပါး၊ ၈-နည်း) ဟူသော ပြဿနာရပ်၌ ဆိုခဲ့ပြီ။ ♦

တိုင်းပြည်ပျက်မှု၊ ကြောင်းဆယ်ခု

၎င်း၏သရုပ်အဓိပ္ပာယ်ကို (ပြည်ရွာပျက်မှု ကြောင်းဆယ်ခု) ဟူသော သုတေသန၌ ရှုပါ။ ♦

တိုင်းပြည်မြို့ရွာ အပြား ၆-ပါး

၎င်းသရုပ် အဓိပ္ပာယ်ကို (ပြည်ရွာအပြားမျိုး ၆-ပါး) ၌ ပြမည်။ ♦

တိုင်းပြည်ရတနာ၊ ၉-ပါးလာ၊ စုံစွာဖြည့်၍ထား

မင်းအစိုးရတို့သည် တိုင်းပြည်၌ ပြည့်စုံစွာထားရှိကြရမည့် 'ပြည့်နဝရတ်ခေါ်' ရတနာကိုးပါး၊ ကာမဏ္ဍကီကျမ်းမှ ၎င်းတို့ကို မနှိပ်စက်မညှင်းပန်းရာဟူ၏။
(၁) ပြည့်ဦးကင်း-တိုင်းရေးပြည်မှုကို ဆောင်ရွက်စီမံပေးနိုင်သော မှူးကြီးမတ်ရာများ၊
(၂) ပြည့်တန်ခွန်- သီလဝန္တ ပညာဝန္တ ရဟန်းတော်များ၊
(၃) ပြည့်မျက်စိ- လိမ္မာကျွမ်းကျင်ကုန်သောဆေးဆရာ ဟူးရားဗေဒင်ဆရာ စက်ယန္တယားဆရာများ၊
(၄) ပြည်၏နား- သစ္စာရှိသော သူလျှိုများ၊
(၅) ပြည့်အစွယ်- သူရသတ္တိရှိကြသည့် မင်းညီမင်းသား မင်းဆွေမျိုးများ၊
(၆) ပြည်ကြီး မျက်နှာ- ရုပ်ရည်ချောသည့် လှမျိုးမယ်များ၊
(၇) ပြည်၏ ဝမ်းဗိုက်- စားနပ်ရိက္ခာနှင့် ဥစ္စာပေါများသော သူဌေးသူကြွယ်တို့၊
(၈) ပြည်၏ခြေ- စစ်သည်ဗိုလ်ပါအပေါင်းနှင့်ယာဉ်မျိုးစုံ၊
(၉) ပြည်၏လက်- ခဲယမ်းမီးကျောက် အမြောက် သေနတ်စသော လက်နက်စုံ။ ♦

တြင်းအပြား ၃၆-ပါး

ဗေဒင်အလို တစ်ရာသီ၌ တြင်းသုံးခုရှိလေရာ ၁၂-ရာသီ၌ ၃၆-တြင်း ဖြစ်လေသည်။ ၎င်းကိုပင် 'ဆတ္တိံ တြင်း' ခေါ်ကြ၏။ ♦

တြိကဋုက် ၃-ပါး

ပူစပ်သော အရာဝတ္ထု ၃-ပါးဟူလို၊ ငြုပ်၊ ပိတ်ချင်း၊ ဂျင်းကိုခေါ်သည်။ ♦

တြိဂုဏ်း ဂြိုဟ်နေ ရာသီ ၈-မျိုး

၁၂-ရာသီအိမ်တို့တွင်
(၁) မိဿ၌ အင်္ဂါ၊
(၂) ပြိဿ၌ တနင်းလာ၊
(၃) သိဟ်၌ တနင်္ဂနွေ၊
(၄) ကန်၌ ဗုဒ္ဓဟူး၊
(၅) တူ၌ သောကြာ၊
(၆) ဗြိ စ္ဆာ၌ ကြာသပတေး၊
(၇) မကာရ၌ ရာဟု၊
(၈) ကုမ်၌ စနေဂြိုဟ်တို့ တွေ့ရှိမူ ဌာနဗလကိုစွဲ၍ ၃-ဆအားရှိသော တြိဂုဏ်းဂြိုဟ်များဟု သိရာ၏။ ♦

တြိဒေါသမျိုး ၃-ပါး

၎င်းသရုပ် (ဒေါသ ၃-ပါး) ၌ ရှုပါ။ ♦

တြိဖလမျိုး ၃-ပါး၊ ၂-နည်း

ချို ချဉ် ဖန်၊ တစ်နည်း။ ခါး ဖန် ချို၊ ရသာ ၃-ပါးရှိသောအသီး၊ ဆေးကျမ်းဝေါဟာရ။ ၁ သစ်ရှားသီး၊ ရှစ်ရှားသီး၊ ၂ သစ်ဆိမ့်သီး၊ ၃ သဖန်းခါးသီး၊ တစ်နည်း။ ၁ ဆီးဖြူသီး၊ ၂ သစ်ဆိမ့်သီး၊ ၃ ကြာဇုသီး။ ♦

တြိသုဂန္ဓိမျိုး ၃-ပါး

၎င်းသုံးပါးကို အမရိတ ဘေသဇ္ဇကျမ်း၌ မအို မနာဆေးဟု အလွန်ချီးမွမ်းထားလေသည်။ ပျားရည်နှင့်စားရာ၏၊
(၁) မုတ္တာ- နွားမြက်ရင်း၊
(၂) ပိပ္ပလ မူလပိပ္ပလိမြစ်၊
(၃) ဂန္ဓ တိဏ- မြက်မွှေး။ ♦

တြိ သုဇာတ မျိုး ၃-ပါး

ဘယဆေးဖေါ်စပ်ရာ၌ အပေါင်းစကား။
(၁) ဖာလာသီး၊
(၂) ကရဝေးရွက်၊
(၃) ကရဝေးခေါက် ခေါ် သစ်ကြံပိုး၊ ၎င်းကို အချို့ဆေးကျမ်းတို့၌ “တြိဇာတ''ဟု ရေးသုံးသေး၏။ ♦

ထင်ရှားတင့်တယ်သော အရာမျိုး ၄-ပါး

(၁) ရထား၌ အလံ၊
(၂) မီး၌ အခိုး၊
(၃) တိုင်းပြည်၌ မင်း၊
(၄) မိန်းမ၌ လင်ရှိမှတင့်တယ်လျောက်ပတ်သည်ဟူ၏၊ သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၃၉။ ဋ္ဌ။ ၉၁။ ♦

ထန်းပင်ပရိယာယ်၊ ခေါ်ဆိုဖွယ်၊ ၆-သွယ် အမည်များ

ထန်းပင်၏အခိုက်အတန့်ကိုစွဲ၍ အမည် ၆-မျိုး ပြားသည်။
(၁) ကျေးမြီး- အညောင့်ပေါက်ပေါ်စ အရွက် ၂-ရွက် ၃-ရွက် ရှိသည့်အခါ၊
(၂) လက်မြှော်-ထန်းလက်ငယ်ပေါ်သည့်အခါ၊
(၃) ဆင်ခြေပေါ်- ဥက္ခောင်းပင်ခြေပေါ်သည့်အခါ၊
(၄) သမီးလှ- ပင်လုံးကို ထန်းပတ်အများ ရံပတ်လျက်ရှိသည့်အခါ၊
(၅) ရည်ရ- ထန်းနို့ထန်းသီး ထွက်သီးသောအခါ၊
(၆) ပင်ထွက်ထန်း ပတ်စင်၍ ပင်လုံးလက်ခတ်သာရှိသော အခါမျိုး၌ ခေါ်ဆိုသည်၊ ထို့ကြောင့် “ရတနာဗိမာန်ကျောက်စာ''တွင် “ကျေးမြီး လက်မြှော်၊ ဆင်ခြေပေါ် သမီးလှ ရည်ရ ပင်ထွက်''ဟု ရှင်မဟာသီလဝံသ ရေးသားတော်မူခဲ့သည်။ ♦

ထိခြင်း ၅-ဖြာ၊ ဝန္ဒနာ၊ ပြုကာရှိခိုးကြ

ကိုယ်ဖြင့် ရှိခိုးမှုပြုသောအခါ ပုဆစ်ဒူးနှစ်ဖက် အခင်းကျမ်းပြင်၌ ထိရခြင်း၊ တစ်တောင်နှစ်ဖက် လက်ဖဝါးပါ အခင်းကြမ်းပြင်၌ ထိရခြင်း၊ နဖူး အခင်းကြမ်းပြင်၌ ထိရခြင်း ဟူ၏။ ၎င်းကို “ပဉ္စ ပတိဋ္ဌိတ ဝန္ဒနာ” 'တည်ခြင်း ၅-ပါး'ဟုလည်း ခေါ်ဆိုကြသေးသည်။ ♦

ထိမ်းမြားအပ်ငြား၊ လ ၆-ပါး၊ ညွှန်ကြားကျမ်းဗေဒင်

မင်္ဂလာဆောင်ကောင်းသော လ ၆-ပါးကို မေးလိုရင်းဖြစ်သည်။ ၎င်းသရုပ်များကား (မင်္ဂလာဆောင်ရိုး၊ လ ၆-မျိုး၊ ကျိုးပြစ်မည်သို့ ရှိသနည်း) ဟူသော ပုစ္ဆာ၏ အဖြေနှင့် တူ၏။ ♦

ထိမ်းမြားမင်္ဂလာပြုခြင်း အမျိုးအစား ၃-ပါး

ဝိနည်းပါရာဇိကဏ်။ ဋ္ဌ။ ဒု-အုပ်။ ၁၃၉-နှင့် အခြားသော ပိဋိကတ်တော်များမှ အာဝါဟနှင့် ဝိဝါဟ ၂-ပါးကို ဖွင့်ပြထားကြသည်။ ထို့ပြင် ပညာရှိကြီးများက 'စရ' မင်္ဂလာတစ်ပါးထည့်၍ ၃-ပါးပြကြကုန်၏။
(၁) အာဝါဟ-ယောက်ျားအိမ်ယာသို့ မိန်းမကိုခေါ်ဆောင်လာပြီး ပြုသောမင်္ဂလာ၊
(၂) ဝိဝါဟ- မိန်းကလေးနေရာ အိမ်ဂေဟာသို့ သတို့သားကိုခေါ်ဆောင်ကာ ပြုပေးသော မင်္ဂလာ၊
(၃) စရမင်္ဂလာမိမိနေရာအိမ်မှတစ်ပါး ကြီးကျယ်ခမ်းနားသော အဆောက်အဦးကြီးများ၌ ဆင်နွှဲပေးသော မင်္ဂလာ။ ♦

ထိမ်းမြားမင်္ဂလာမျိုး ၈-ပါး၊ တစ်နည်း

မနုဓမ္မသတ်မှ၊
(၁) ဗြဟ္မာ- ရာထူးဂုဏ်သိရ် ဓနရှိန် အမျိုးမြတ်တို့အား လေးစားပူဇော်သောအားဖြင့် သမီးပေးမင်္ဂလာပြုခြင်းမျိုး၊
(၂) ဒဒေယျလုပ်ရေး ကိုင်တာ၌ ဖျတ်လတ်သေချာ၍ သဘောကျကာ သမီးနှင့်ပေးစားသောမင်္ဂလာ၊
(၃) ကိရိယာ- သူ၏ပစ္စည်း ဘဏ္ဍာ ရတနာ ရွှေငွေစသည်ကို ယူထားမိ၍ သမီးပေးခြင်းမျိုး၊
(၄) ပညာ- လူလိမ္မာပညာရှိအား မိမိသမီးကို လိမ္မာအောင်သွန်သင်ရန်ရည်မှန်း၍ ပေါင်းသင်းဖို့ ပေးစားလိုက်ခြင်းမျိုး၊
(၅) အသုတ- သူ၏လက်ဆောင်ဘဏ္ဍာတွေကို မရအရချူယူပြီး ဆွေမျိုး ညာတိမျှမသိရအောင် သမီးကိုလက်သိပ်ထိုးလိုက်ခြင်းမျိုး၊
(၆) ဂန္တဗ္ဗာ- မိဘ ၂-ဦး ၂-ဘက်သဘောတူ၍ ကြည်ဖြူစွာပေးစားလက်ထပ်ခြင်း မင်္ဂလာမျိုး၊
(၇) အဗ္ဘာဟိတ- နိုင်ထက်ကလူ ဇွတ်အတင်းယူရမည်ဟု ညှဉ်းဆဲရိုက်နှိပ်၍ပေးစားခြင်းမျိုး၊
(၈) သာမဿာ- လူငယ်ချင်းချင်း မှောက်မှောက်မှားမှား ချစ်မီးပွား၍နေသည်ကို တွေ့ရ၍ ပေးစားခြင်း။ ♦

ထီးဆောင်းမင်း ၁၀၁-ပါး

၎င်းသရုပ်ကို (မင်းတစ်ရာ့တစ်ပါး) ၌ ကြည့်ပါလေ။ ♦

ထီးတော်ထိပ်ဖျား၊ ငှက်မြတ်နား၊ ၄-ပါး ငှက်မျိုးထင်

၎င်း၏သရုပ်ကို (ငှက်မြတ်နားတွင် ထုံးတမ်းဝင်၊ ၄-အင်ငှက်မျိုးသိ) ဟူသော စကားရပ်၌ ပြခဲ့ပြီ။ ♦

ထီးဖြူတော်မျိုး ၄-စင်း

မင်းမြောက်တန်ဆာငါးပါး အဝင်ဖြစ်သည်။ ရာဇဘိသေကကျမ်းမှ။
(၁) ထီးရွက်ကိုးဆင့် ထီးရိုး ဆယ်တောင်ရှိသော 'နဝဒဏ္ဍထီး'၊
(၂) ထီးရွက် အမှတ်မရှိ ထီးရိုးခြောက်တောင်ရှိသော 'မနောဟရထီး'၊
(၃) ထီးရွက်အမှတ်မရှိ ထီးရိုးငါးတောင်ရှိသော 'အာတပတြထီး'၊
(၄) ထီးရွက်အမှတ်မရှိ ထီးရိုးလေးတောင်ရှိသော 'ဝိဇယတြထီး'။

မှတ်ချက် ။ ။ ရှေ့သုံးစင်းကား ရာဇပလ္လင်မှာဆောင်းသော ထီးတော်များဖြစ်၏။ ဝိဇယတြထီးကား ယွန်းကြွ စက်ချီတော်မူရာစသည်တို့၌ အမြဲဆောင်ဆောင်းသော ထီးတော်ဖြစ်၏။ ♦

ထီးဖြူတော် ၄-စင်း၊ တစ်နည်း

မင်းခဏ်းလင်္ကာ ကဗျာစာတမ်းတို့၌ 'ကနကဒဏ်ထီးမွန် ၂ စင်း၊ ဝင်းဝင်းလျှံပတ်၊ တမွတ်နှစ်ဆူ၊ ရောင်မူညီးညီး၊ ယာဉ်ထီးလေးပါး'ဟု စပ်ဆိုလာကြ၏။

မှတ်ချက် ။ ။ ယာဉ်ထီးဟူရာ၌ ဧကရာဇ်မင်းမြတ်တို့စီးသော ဆင်ယာဉ် ရထားယာဉ် လှေယာဉ် သုံးပါး၌ ထီးဖြူတော်များ စိုက်ဆောင်ရသည်ကိုစွဲ၍ 'ယာဉ်ထီး' ခေါ်တွင်စေသည်။ ♦

ထီးဖြူတော် ၈-စင်း

ဒိသာဇေယျကျမ်းလာ ထီးဖြူတော် ရှစ်ဖြာဟူ၏။
(၁) ကနက္ကဒဏ် ထီး၊
(၂) သူရိယထီး၊
(၃) ပဒုမာထီး၊
(၄) သမုတိထီး၊ ဟူ၍ လက်ဝဲထီးလေးစင်း၊
(၅) ကမ္ဗုထီး၊
(၆) စန္ဒထီး၊
(၇) ကုမုဒထီး၊
(၈) ဝိသကြုံထီးဟူ၍ လက်ယာထီး ၄-စင်းအားဖြင့် ရှစ်စင်းထီးဖြူ မှတ်ယူရာ၏။ ♦

ထုံးမြိတ် ၅-ပါး၊ ဥခေါင်းဖျား၊ ထားငြားဆံပင်ရှည်

၎င်းသရုပ်ကို (မြန်မာ့ဦးစွန်း၊ ၅-မျိုးထွန်း) ဟူသော ပုစ္ဆာ၌ ရှုပါ။ ♦

ထူပါရုံတည်ထားထိုက်သော ပုဂ္ဂိုလ် ၄-မျိုး

ထူပါရဟ ပုဂ္ဂလ ဝဏ္ဏနာသုတ် မဟာဝါ။ ပါ။ ၁၁၇။ ဋ္ဌ။ ၁၇၅။ ၎င်းသရုပ်ကို (စေတီထိုက်သော ပုဂ္ဂိုလ် ၄-ဦး) ၌ ရှုပါ။ ♦

ထေယျာသံဝါသကမျိုး ၃-ပါး

ရဟန်းပြုမပေးကောင်းသော ထေယ်ခိုး ၃-ယောက်ဟူလို။
(၁) လိင်္ဂ ထေနက-ဆရာ ဥပဇ္ဈာယ်မရှာ၊ ကိုယ့်ဟာကိုယ် သင်္ကန်းဝတ်စည်း၍ ရဟန်း ကိုရင် အသွင်ခိုးဆောင်နေသောသူ၊
(၂) သံဝါသ ထေနက- ရဟန်းဟုဝန်ခံ၍ ရဟန်းကောင်းတို့နှင့် ပေါင်းဖေါ်နေထိုင်သော သာမဏေ၊
(၃) ဥဘယ ထေကန- အထက်ပါ ၂-မျိုးလုံးကို ခိုးသောသူ။ ♦

ထေယျာဝဟာရာ၊ ခိုးနည်းလာ၊ ၅-ဖြာအဘယ်နည်း

၎င်းသရုပ်ကို (ခိုးခြင်း ၂၅-ပါး) ၌ ရှုပါကုန်။ ♦

ထေရ်ပြုခံထိုက်ခြင်း အင်္ဂါ ၄-ပါး

ရိုသေလေးစား ကြီးသူအရာ၌ တင်ထားထိုက်သူ၏အင်္ဂါ ၄-ပါး ဟူ၏၊ စတုက္ကင်္ဂုတ္တရ။ ပါ။ ၃၃၁၊ ဋ္ဌ။ ၂၆၆။
(၁) သီလဝါ- ကိုယ်ကျင့်သီလရှိခြင်း၊
(၂) ဗဟုဿုတ- ပရိယတ် အကြားအမြင်များရခြင်း၊
(၃) စျာနလာဘီ- စျာန်အဘိညာဉ် ရရှိရခြင်း၊
(၄) ခီဏာသဝ- အာသဝကုန်ခန်း ရဟန္တာဖြစ်ရခြင်း။ ဤ ၄-ပါးတွင် အနည်းဆုံး
(၁)
(၂) - အင်္ဂါရှိထားရမည်။ ♦

ထေရ်မျိုး ၃-ပါး

ရဟန်းတော် အမျိုးအတန်းစား ၃-ပါး။
(၁) အနုထေရ်- ပဉ္စင်းခံသည်မှစ၍ ဆယ်ဝါအထိ ထေရ်ငယ်၊
(၂) မဇ္ဈိမထေရ်- ဆယ်ဝါမှ ဝါနှစ်ဆယ်ထိ ထေလတ်၊
(၃) မဟာထေရ်- ဝါနှစ်ဆယ်မှစ၍ အထက်သည်ကား ထေရ်ကြီး၊ မဟာထေရ် မည်၏။ ♦

ထေရ်မျိုး ၃-ပါး၊ တစ်နည်း

သုတ်ပါထေယျ။ ပါ။ ၁၈၂။ ဋ္ဌ။ ၁၈၁။ ကြီးမြတ်သောသူမျိုး ၃-ပါး။
(၁) ဇာတိထေရော- ဇာတ်အားဖြင့်ကြီးမြတ်သူ၊
(၂) ဓမ္မထေရော- တရားဓမ္မ ဂုဏ်အားဖြင့် ကြီးမြတ်သူ၊
(၃) သမုတိထေရော- အကြီးအကဲဟု သမုတ်ခြင်းအားဖြင့် ကြီးမြတ်သူ။ ♦

ထေရဝါဒ ၅-နိုင်ငံ

ပိဋကတ်သုံးပုံ- အဋ္ဌကထာ၌လာသော တိပိဋက စူဠနာဂထေရ်၊ မဟာသုမထေရ်၊ မဟာပဒုမထေရ် စသော မထေရ်မြတ်တို့၏ ပိဋကတ်တော်လာ အယူဝါဒ၊ ထိုထေရ်တို့၏အယူဝါဒကို သံဂါယနာ(ဆဋ္ဌ) အထိ ခံယူအတည်ပြု လေးစားရိုသေကြကုန်သော နိုင်ငံတော်များ။
(၁) မြန်မာနိုင်ငံတော်၊
(၂) သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံတော်၊
(၃) ယိုးဒယား (ထိုင်းလင်း) နိုင်ငံတော်၊
(၄) ကမ္ဗောဒီးယားနိုင်ငံတော်၊
(၅) လာအို(လော) နိုင်ငံတော်။ ♦

ထွက်လေဝင်လေမရှိသူ ၈-ယောက်

၎င်းသရုပ် (အသက်မရှူသူ ၈-ယောက်) ၌ ရှုပါ။ ♦

ဒက္ခိဏေယျ ပုဂ္ဂိုလ် ၈-ယောက်

မြတ်သောအလှူခံပုဂ္ဂိုလ် ၈-ယောက်။
(၁) သောတာပန်ပုဂ္ဂိုလ် ၂-ယောက်၊
(၂) သကဒါဂါမ်ပုဂ္ဂိုလ် ၂-ယောက်၊
(၃) အနာဂါမ်ပုဂ္ဂိုလ် ၂-ယောက်၊
(၄) အရဟတ္တပုဂ္ဂိုလ် ၂-ယောက်။ ♦

ဒဏ် ၁၀-ပါး

အပါဒါန်။ ဋ္ဌ။ ၂၇၁။ ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၁၁၅။ ၎င်း။ ဋ္ဌ။ ဒု-အုပ်။ ၄၄-တို့၌ အကျယ်ရှု။ လောက၌ ခင်ပွန်းကြီး ၁၀-ပါးခေါ် ကျေးဇူးရှင်ကြီးဆယ်ပါးကို ပြစ်မှားခြင်းကြောင့်ရရှိသော အပြစ်ကြီး ၁၀- ပါး။
(၁) ဖရုသ ဝေဒနာ- ကြမ်းတမ်းစွာဦးခေါင်းနာ စသည်ကပ်ရောက်ခြင်း၊
(၂) ဟာနိ- စည်းစိမ်စသည် ဆုတ်ယုတ်ပျက်စီးဆုံးပါးခြင်း၊
(၃) သရီရ ဘေဒန- လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း၊
(၄) ဂရုကာဗာဓ-ဆေးကု၍မရ၊ ကြီးလေးစွာသောအနာ ကပ်ရောက်ခြင်း၊
(၅) စိတ္တက္ခေပ- ရူးသွပ်ခြင်း၊ စိတ်ပျံ့လေလွင့်ခြင်း၊
(၆) ရာဇူပသဂ္ဂ- မင်းဘေး မင်းဒဏ်သင့်ခြင်း၊
(၇) ဒါရုဏဗ္ဘက္ခာန- ရုန့်ကြမ်းစွာ စွပ်စွဲခံရခြင်း၊
(၈) ဉာတိပရိက္ခယ- ဆွေမျိုး ပြုန်းတီးပျက်စီးခြင်း၊
(၉) ဘောဂပတင်္ဂု- စည်းစိမ်အခြွေအရံ ပျက်စီးခြင်း၊
(၁၀) အာဂါရဂ္ဂိ ဒုယှန- နေရာ၊ တိုက်၊ အိမ်၊ အဆောက်အဦကို မီးသင့်လောင်ကျွမ်းခြင်း။ ♦

ဒဏ္ဍဥပါယ်၊ မျိုး ၃-သွယ်၊ ကျင့်ဘွယ် မင်းတို့သိ

အမရ ကောသဋီကာဥပါယ် ၄-ပါး အဖွင့်မှ ယူပြသည်။ အပြစ်ရှိသူကို တစ်ကြိမ်နှင့်ကြောက်အောင် ဒဏ်ခတ်ဆုံးမပါဟု ဆိုလိုသည်။
(၁) အသက်သေအောင်သတ်ဖြတ်ခြင်းဒဏ်၊
(၂) ဥစ္စာဒဏ်၊ ရာထူးမှနှုတ်ပယ်ခြင်းဒဏ်၊
(၃) ထောင်ဒဏ် ကြိမ်ဒဏ်၊ ခြေလက်စသည် ဖြတ်ပစ်ခြင်းဒဏ်။ ♦

ဒန္တဇ အက္ခရာ ၈-လုံး

သွားအရပ်မှ မြည်ထွက်၍လာသော အက္ခရာမျိုး ၈-ပါး။ လျှာဖျားဖြင့် သွားသို့ထောက်၍ ရွတ်ရသော အက္ခရာမျိုးဟူ၏။ “တ ထ ဒ ဓ န လ ဝ သ''။

မှတ်ချက် ။ ။ ဝ အက္ခရာကား နှုတ်ခမ်းနှင့်သွား ၂-ပါးထိအက္ခရာမျိုး ဖြစ်၏။ ♦

ဒန်ပူစားခြင်းအကျိုး ၅-ပါး

၎င်းသရုပ်အဓိပ္ပါယ် (သွားတိုက်ခြင်းကျိုး ၅-ပါး) ၌ ဖြေကြားမည်။ စူဠဝါပါဠိတော်။ ♦

ဒသ ဗလာ၊ အား ၁၀-ဖြာ၊ ထုတ်ခါ ဖြေတော်မူ

၎င်းသရုပ်ကို (အားတော် ၁၀-ပါး) ၌ ရှုပါလေ။ ♦

ဒသမူ ၁၀-ပါး

ဆေးကျမ်းလာ အပေါင်းဝေါဟာရ၊ ဤ၌ ပဉ္စကူသည် ခုဒ္ဒ ပဉ္စကူ , မဟာပဉ္စကူ ဟု နှစ်မျိုးလာ လေသည်။ “ဆူးလေ, ဆင်ခရမ်း, ကစော့, သာလဗြရဏီ, ပြိဿ ဗြရဏီ” ၎င်းငါးပါးကို ခုဒ္ဒပဉ္စကူဆိုသည်။ မဟာပဉ္စကူကား- “ဥသျှစ်, ကြောင်လျှာ, တပဆေး, သခွတ်, ရမနေ” ၎င်းဆေးငါးပါးကို ဆိုသည်။ ဤဆေး ဆယ်ပါး အမြစ်အပေါင်းကို ဆေးကျမ်းတို့၌ “ဒသမူ ဆယ်ပါး''ဟု ခေါ်ဝေါ်ညွှန်းဆိုကြကုန်၏။ ♦

ဒသရူပါ၊ သတ္တဝါ၊ ၁၀-ဖြာရုပ်ပုံ အဘယ်နည်း

ရွှေဘုံနိဒါန်းလာ ဒသရူပဖောင်တော်ပုံမှ ယူဖြေသည်။
(၁) ခြင်္သေ့နှုတ်သီး၊ အမောက်၊ လည်ဆံ၊
(၂) တိုးအမြီးနှင့် ခြေတစ်ဖက် လက်တစ်ဖက်၊
(၃) နွားလဘို့၊
(၄) ငါးကျင်း အမြီး၊
(၅) မြင်းနား နှစ်ဖက်, ခြေတစ်, လက်တစ်၊
(၆) ဆင်စွယ်နှစ်ချောင်း၊
(၇) မကန်းနှာမောင်၊
(၈) သမင်ချို တစ်ဖက်၊
(၉) ကျွဲချို တစ်ဖက်၊
(၁၀) ကရဝိတ် အတောင်နှစ်ဖက်။ ♦

ဒသာကြီး ၁၀-ပါး

ဗေဒင်ကျမ်းလာ ကောင်းဆိုးခွဲခြား သတ်မှတ်တွက်စစ်သော အခိုက်အတန့်ကာလ၏ အစိတ်ကြီး ၁၀-ပါး။
(၁) ကိုယ်ဝန် တည်ခိုက်ကာလ၊
(၂) မွေးဖွားခိုက် ဝိဇာတ ကာလ၊
(၃) နို့စို့ကလေး အခိုက်ကာလ၊
(၄) ဆယ်နှစ်အတွင်း ဒါရကအရွယ်၊
(၅) ဆယ်နှစ်မှ ဆယ်ငါးနှစ်အထိ ကိသောရအရွယ်၊
(၆) ကုမာရ ပျိုပျိုအရွယ်၊
(၇) ထက်ဝက်အိုအရွယ် လူလတ်ကာလ၊
(၈) မဟလ္လက-အဘိုးအိုအရွယ်၊
(၉) မတကာလ- သေခါနီးအရွယ်၊
(၁၀) မရဏ- သေခြင်းကာလ။ ♦

ဒါနအတုမျိုး ၅-ပါး

သူမိုက်တို့ပြုလေ့ရှိသည့် အပယ်လားကြောင်း ဒါနမျိုး ၅- ပါးဟူ၏။ ပရိဝါ။ ပါ။ ၂၃၁။ ဋ္ဌ။ ၁၇၃-၌ရှု။ ၎င်းသရုပ် (မပေးလှူအပ်သော ဒါနမျိုး ၅-ပါး) ၌ ပြမည်။ ♦

ဒါနဥပါယ်၊ မျိုး ၅-သွယ်၊ မင်းဝယ်ကျင့်ဆောင်သုံး

အမရကောသဋီကာ ဥပါယ် ၄-ပါး အဖွင့်မှယူပြသည်။
(၁) ဒဗ္ဗဒါန- သူယူသုံးဆောင်သည်ကို ပြန်မတောင်းတော့ဘဲ အပြီးအပိုင်ပေးလိုက်ခြင်း၊
(၂) အနုမောဒါန- မိမိအား ပန်ကြား မပန်ကြားဘဲ ယူငင်သုံးဆောင်သည်ကို ဝမ်းမြောက်ခြင်း၊
(၃) အပုဗ္ဗဒါန- ရှေးကမရစဖူး ထူးမြတ်သော ဥစ္စာရတနာတို့ကို ပေးကမ်းခြင်း၊
(၄) သယံ ဂါဟ ပဝတ္ထဒါန- မိမိ၌ အခန့်မသင့်မီ သူတစ်ပါး ဥစ္စာကို ချေးငှားယူသုံးစေလျက် နောင်ခါ ငါပေးမည်ဟု တာဝန်ဂတိပေးထားခြင်း၊
(၅) ဣဏပ္ပမောစန ဒါန- ကြွေးမြီနှိပ်စက်ခံနေရသူကို စိုက်ဆပ်ပေးခါ သူ့ကြွေးမှလွတ်စေခြင်း။ ♦

ဒါနပြုကြ၊ ကျိုးမဟ၊ သုံးဝအင်္ဂါလာ

ဒါနပြု အလှူပေးရာ၌ အောက်ပါအင်္ဂါ ၃-ပါးနှင့်ပြည့်စုံမှ မဟမ္ဖလခေါ် ကြီးကျယ်မွန်မြတ်သော အကျိုးမျိုးရနိုင်သည်။
(၁) အလှူပေးသူသည် စင်ဖြူသောသီလဖြင့် လွတ်ကျွတ်စွာ စွန့်ကြဲ လှူဒါန်းနိုင်ခြင်း၊
(၂) အလှူခံပုဂ္ဂိုလ်၏ ကိုယ်ကျင့်သီလ ဖြူစင်ခြင်း၊
(၃) လှူဖွယ်ဝတ္ထု၏ ဓမ္မိယလဒ္ဓခေါ် တရားသဖြင့်ရရှိထားသော ပစ္စည်းများဖြစ်ရခြင်း။ ♦

ဒါနပြုရှာ၊ ကြောင်း ၈-ဖြာ၊ ကျမ်းလာအဘယ်နည်း

အဋ္ဌင်္ဂုတ္တရ။ ပါဠိတော်နှင့် သံဂီတိသုတ် ပါဠိတော်တို့၌ လာသည်၊ အဖြေကို အောက်ပါလင်္ကာဖြင့်သိပါ။
(၁) ရောက်လာ၍လှူ-မိမိတို့ဌာနသို့ ရောက်လာ၍လှူခြင်း၊
(၂) ကြောက်၍လှူနှင့်- ကြောက်သောကြောင့် လှူခြင်း၊
(၃) ပေးလှူ၍ လှူ- သူကပေးလှူ၍ တစ်ဖန်ပြန်လှူခြင်း၊
(၄) ပေးလိမ့်လှူတည့်- လာဘ်ကို မျှော်ကိုး၍ လှူခြင်း၊
(၅) ရှေးသူတို့ငြမ်း- မိရိုးဖလာလှူခြင်းမျိုး၊
(၆) မချက်စွမ်းနှင့်- ရဟန်းတော်များ ချက်မစားကောင်း၍ လှူခြင်း၊
(၇) ချီးမွမ်းရလို- ချီးမွမ်းခံယူလို၍ လှူခြင်း၊
(၈) မဂ်ဖိုလ်လိုသည်- မဂ် ဖိုလ်ကို ရလို၍လှူခြင်း၊ မိန့်ဆိုဒါန ရှစ်မျိုးတည်း။ ♦

ဒါနမျိုး ၂-ပါး၊ ၅-နည်း

ပေးလှူပုံ ကောင်းဆိုးနည်း ၅-မျိုး၊
(၁) ဝဋ္ဋနိဿိတ ဒါနလူနတ်စည်း စိမ်ချမ်းသာမျှကိုသာ တောင့်တ၍ပြုသောအလှူမျိုး၊
(၂) ဝိဝဋ္ဋ နိဿိတဒါန- ဝဋ်ဒုက္ခမှ လွတ်မြောက်ရာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရည်မှန်း၍ပြုသော ဒါနမျိုး။ (ပါရမီဒါနလည်းဟူ။ ) ၎င်းတစ်နည်း


(၁) အာမိသ ဒါန- ဝတ္ထုပစ္စည်းမျိုးစုံ အလှူမျိုး၊
(၂) ဓမ္မဒါနတရားပေစာအလှူတရားဟော တရားနာ တရားအားထုတ် တရားစာသင်ယူပို့ချမှုမျိုး။ ၎င်းတစ်နည်း


(၁) သံဃိက ဒါန- အများဆိုင် အများပိုင်အလှူမျိုး၊
(၂) ပုဂ္ဂိလိကဒါနတစ်ဦးတည်းပိုင် ပုဂ္ဂိုလ်ကို လှူခြင်း။ ၎င်းတစ်နည်း


(၁) အဂ္ဂဒါန- စားဦး စားဖျား အထွတ်အမြတ်အသစ်ကိုပေးလှူခြင်း၊
(၂) ဥစ္ဆိဋ္ဌဒါန- စားကြွင်းစားကျန် သုံးပြီးများကို ပေးလှူခြင်းမျိုး။ ၎င်းတစ်နည်း


(၁) သက္ကစ္စဒါန- ရိုပေလေးမြတ်စွာပေးလှူခြင်းမျိုး၊
(၂) အသက္ကစ္စဒါန-မရိုမသေပေးလှူမှုမျိုး။ ♦

ဒါနမျိုး ၃-ပါး

ပေးကမ်းလှူဒါန်းရာ၌ အယုတ် အလတ် အမြတ် သုံးပါး။
(၁) ဟီနဒါန- ပကာသနမှုလိုလားပြီး စိတ် ဆန္ဒ ဝီရိယ ပညာတို့ ညံ့ညံ့ဖြင့်ပြုသော ဒါနမျိုး၊
(၂) မဇ္ဈိမ ဒါန- စိတ် ဆန္ဒ စသည် အလတ်စား လောကီစည်းစိမ်ချမ်းသာလောက်သာ အာရုံထားပြီး ပေးလှူသောဒါနမျိုး၊
(၃) ပဏိတဒါန- စိတ် ဆန္ဒ စသည် ထက်မြက်စွာ လောကမှထွက်ရေး နိဗ္ဗာန်သို့မျှော်တွေး၍ ပေးလှူသောဒါနမျိုး။

မှတ်ချက် ။ ။ အကျယ်လိုမူ လယ်တီဆရာတော်၏ ဒါနာဒိ ဒီပနီ၌ ရှုပါလေ။ ♦

ဒါနမျိုး ၃-ပါး၊ တစ်နည်း

(၁) ဒါန ဒါသ- ကျွန်ကို ပေးကျွေးသလို ယုတ်ညံ့စွာပေးလှူခြင်းမျိုး၊
(၂) ဒါနသဟာယ- မိတ်ဆွေကို ပေးကျွေးသလို ကိုယ်စားသုံးသည့်အတိုင်း ပေးလှူခြင်းမျိုး၊
(၃) ဒါနသာမိ- အရှင်သခင်ကို ပေးကျွေးသလို အထွတ်အမြတ်ကို ပေးလှူခြင်းမျိုး။ ♦

ဒါနဝတ္ထု ၆-ပါး

လှူဖွယ်ဝတ္ထုမျိုး ၆-ပါး။ ရူပဒါန, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ, ဓမ္မဒါန။ စရိယာပိဋက။ ဋ္ဌ။ ၂၉၉-၌ အကျယ်ရှု။ ♦

ဒါနဝတ္ထု ၁၀-ပါး

သုတ်ပါထေယျ။ ပါ။ ၁၂၁။ ဋ္ဌ။ ၁၀၆။ ပေးလှူစရာ ဝတ္ထုပစ္စည်း ဆယ်ပါး။
(၁) အန္န-ဆွမ်းအလှူ၊
(၂) ပါန- ဖျော်ရည်အလှူ၊
(၃) ဃရ- ကျောင်းဇရပ်အလှူ၊
(၄) ဝတ္ထ- အဝတ်သင်္ကန်းအလှူ၊
(၅) ယာန- လှေ ရထားစသော ယာဉ်အလှူ၊
(၆) မာလပန်း အလှူ၊
(၇) ဝိလေပန- န့ံသာပျောင်းရည် အလှူ၊
(၈) သေယျ- အိပ်ရာကော်ဇောအလှူ၊
(၉) ဂန္ဓ- နံ့သာမှုန့် ရေမွှေးအလှူ၊
(၁၀) ပဒီပ- ဆီမီး အလှူ။ ♦

ဒါယကာဝတ် ၅-ပါး

ရဟန်းတို့အား ဒါယကာ ဒါယိကာမများက ပြုရမည့်ဝတ်ငါးပါး၊
(၁) ချစ်ကြည်မြတ်နိုးသောမေတ္တာစိတ်ကိုအမြဲထားရခြင်း၊
(၂) ဆောင်ရွက်ပြုလုပ်ရမည့် ဝတ်ကြီးဝတ်ငယ်တို့ကို အစဉ်မပြတ်ပြုလုပ်ပေးရခြင်း၊
(၃) ရဟန်းတို့နှင့်တွေ့သောအခါ ခင်မင်ချိုသာစွာနှင့် ကျန်းမာချမ်းသာကြောင်းစသော သာရဏီယကထာစကားတို့ကို ပြောကြားနှုတ်ဆက်ရခြင်း၊
(၄) ပစ္စည်းလေးပါးနှင့် ရဟန်းတို့လိုသမျှ တောင်းယူနိုင်အောင် ဝိနည်းကံအားလျော်စွာ ဖိတ်ကြား၍ထားရခြင်း၊
(၅) ထိုသို့ ပစ္စည်းလေးပါး ဒါယကာဖြစ်သည်နှင့်အညီ မိမိတတ်အားသမျှကို ပေးလှူပူဇော်ရခြင်း။ ♦

ဒိဋ္ဌဓမ္မ အကျိုး ခံစားရသူ ၆-ယောက်၊ တစ်နည်း ၇-ယောက်

မိလိန္ဒပဥှာ။ ၁၂၀-၌ ပဏ္ဏမည်သော ကျွန်မကိုထည့်၍ ၇-ယောက်ပြသည်၊ ၎င်း ၂၈၁-၌ ၆-ယောက်ပြသည်။ ဘုရားသခင် ထင်ရှားရှိစဉ်ကာလ မိမိတို့ဒါနကြောင့် မျက်မှောက်ဘဝ၌ပင် အကျိုးခံစားရသူ ၆-ယောက်ဟူ၏၊ အခြားပုဂ္ဂိုလ်များလည်းရှိသေးသည် မှတ်လေ။
(၁) မလ္လိကာ မိဖုရား၊ ဘုရားအား မုယောမုန့် အသိုးလှူ၊ ထိုနေ့၌ပင် ကောသလမင်းကြီး၏ မိဖုရားကြီးဖြစ်၊
(၂) ပုဏ္ဏခေါ် ကျွန်ကူလီ၊ ရှင်သာရိပုတ္တရာအား ဆွမ်းလှူ၊ ထိုနေ့၌ပင် သူဌေးကြီးပုဏ္ဏဖြစ်၏၊
(၃) ဧကသာဋကပုဏ္ဏား၊ ဘုရားအား အပေါ်ရုံပုဆိုးလှူ၊ ထိုနေ့၌ပင် အလုံးစုံ ရှစ်ခု ရှစ်လီသော ဥစ္စာတို့ကို ရ၏၊
(၄) သုမန ပန်းသည်မ၊ မုလေးပန်း ရှစ်ဆုပ်လှူ၊ ထိုနေ့၌ပင် စည်းစိမ်ချမ်းသာတို့နှင့်ပြည့်စုံခြင်းကိုရောက်၏၊
(၅) သုပ္ပိယ ခေါ် ဒါယိကာမ၊ ဂိလာနရဟန်းအား ပေါင်သားလှီးလှူ၊ နှစ်ရက်မြောက်၌ အနာလုံးဝ ပျောက်၊ အမာရွတ်မျှမထင်၊
(၆) ဂေါပါလ မာတာဒေဝီ၊ ဆံပင်ဖြတ်ရောင်းရ၊ ရှစ်သပြာငွေမျှကို ရှင်မဟာ ကစ္စည်းထေရ် အားလှူ၊ ထိုနေ့၌ပင် ဥတေနမင်းကြီး၏ မိဖုရားကြီးဖြစ်။ ♦

ဒိဋ္ဌဓမ္မနိဗ္ဗာန်မျိုး ၁၉-ပါး

ဒိဋ္ဌဓမ္မနိဗ္ဗာနသုတ် နဝင်္ဂုတ္တရ။ ပါ။ ၂၄၆။ ဋ္ဌ။ ၂၈၄-၌ အကျယ်ရှုပါ။ ဆိုင်ရာ တရားစုတို့၏ ချုပ်ငြိမ်းမှုချမ်းသာကို ယခုမျက်မှောက်ဘဝ၌ပင် ကောင်းစွာ တွေ့မြင်ခံစားရသော နိဗ္ဗာန်အမျိုးအစား ၁၉- ပါး။
(၁) ဝိနီဝရဏနိဗ္ဗာန်၊
(၂) ပဌမစျာန်နိဗ္ဗာန်၊
(၃) ဒုတိယစျာန် ၎င်း၊
(၄) တတိယစျာန်၎င်း
(၅) စတုတ္ထစျာန် ၎င်း၊
(၆) ပဉ္စမစျာန် ၎င်း၊
(၇) အာကာသာနဉ္စာယတန နိဗ္ဗာန်၊
(၈) အာကိဉ္စညာယတန ၎င်း၊
(၉) ဝိညာဏဉ္စယတန၎င်း၊
(၁၀) နေဝသညာနာသညာယတန ၎င်း၊
(၁၁) သညာဝေဒယတိနိရောဓ၎င်း၊
(၁၂) သောတာပတ္တိမဂ္ဂ ၎င်း၊
(၁၃) သောတာပတ္တိဖလ ၎င်း၊
(၁၄) သကဒါဂါမိ မဂ္ဂ ၎င်း၊
(၁၅) သကဒါဂါမိဖလ ၎င်း၊
(၁၆) အနာဂါမိ မဂ္ဂ ၎င်း၊
(၁၇) အနာဂါမိ ဖလ ၎င်း၊
(၁၈) အရဟတ္တမဂ္ဂ ၎င်း၊
(၁၉) အရဟတ္တဖလ နိဗ္ဗာန်။ ♦

ဒိဋ္ဌဓမ္မ ဝေဒနိယကံ၏ အင်္ဂါ ၄-ပါး

မျက်မှောက်ဘဝ၌ ကြီးကျယ်စွာအကျိုးပေးနိုင်မှုအတွက် အင်္ဂါ ၄-ပါး၊ ဓမ္မပဒအဋ္ဌကထာ ဒု-မှ။
(၁) အလှူခံပုဂ္ဂိုလ်မှာ ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါဖြစ်ရခြင်း၊
(၂) နိရောဓသမာပတ်မှ ထခါစ ဖြစ်ရခြင်း၊
(၃) အလှူဝတ္ထု၏ ဓမ္မိယလဒ္ဓ ဖြစ်ရခြင်း၊
(၄) ထူးကဲလွန်မြတ်သော သဒ္ဓါရှိရခြင်း။ ဒိဋ္ဌဓမ္မ ဝေဒနိယကံ၏ အင်္ဂါ ၄-ပါး၊ တစ်နည်း

ယခုမျက်မှောက်ဘဝ၌ ကြီးကျယ်စွာ အကျိုးအမြတ်ပေးမှု အတွက် ပြုလုပ်သည့်ဒါနကုသိုလ်၏ အင်္ဂါ ၄-ပါး၊ အဋ္ဌသာလိနီ။ ၂၀၆။ ဓမ္မပဒ။ ဋ္ဌ။ ဒု-အုပ်။ ၅၆။ တို့၌ အကျယ်ရှုပါ။
(၁) ဝတ္ထုသမ္ပဒါ- အလှူခံသူမှာ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာများဖြစ်ခြင်း၊
(၂) ပစ္စယသမ္ပဒါ-တရားသဖြင့် သန့်ရှင်းစင်ကြယ်စွာရသော လှူဖွယ်ပစ္စည်းဖြစ်ခြင်း၊
(၃) စေတနာသမ္ပဒါ- စေတနာသုံးတန်နှင့် ပြည့်စုံခြင်း၊
(၄) ဂုဏာတိရေကသပ္ပဒါ- အလှူခံသူသည် နိရောဓသမာပတ်မှ ထပြီးစဂုဏ်နှင့်ပြည့်စုံရခြင်း။ ♦

ဒိဋ္ဌိကြီး ၄-ပါး

သမ္ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သောတရား ၄-ပါး။
(၁) အကြိယဒိဋ္ဌိကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ်ခေါ်သော အကြောင်းတရားစု ပြုမှုတို့ကို ပယ်သောအယူ၊
(၂) နတ္ထိက ဒိဋ္ဌိ- ကောင်းမှု မကောင်းမှုတို့၏ ကောင်းကျိုး မကောင်းကျိုးဟူသည်မရှိ၊ လူသေက လူ့ဘဝ နတ်ဘဝ အပါယ်ဘဝဟူ၍မရှိ၊ မရောက်၊အပြီးအပြတ်ဟူသော ဝါဒမျိုး၊
(၃) အဟေတုက ဒိဋ္ဌိ- ကောင်းမှု မကောင်းမှု ပြုချင်ရာပြု၊ ကုသိုလ် အကုသိုလ်အရာသို့မရောက်၊ သူ့အသတ်သတ်နိုင်သည်၊ သူ့ဥစ္စာခိုးနိုင်သည်၊ စသော အကြောင်းအကျိုး နှစ်မျိုးလုံးကို ပယ်သည့်ဝါဒ၊
(၄) နိယတ မိစ္ဆာဒိဋ္ဌိ- “အကိရိယဒိဋ္ဌိ၊ နတ္ထိက ဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ” ၃-ပါးတို့တွင် တစ်ပါးပါးကိုမြဲမြံစွာ စွဲလမ်းယူထားသော ဝါဒ။ ♦

ဒိဋ္ဌိကြီး ၆၂-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို (ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိ) မှာ ကြည့်ပါ။ ♦

ဒိဋ္ဌိ ဂိုဏ်းဆရာကြီး ၆-ယောက်

စာပေတို့၌ အများအားဖြင့် “တိတ္ထိဂိုဏ်း တိတ္ထိဘုရား''ဟု လာရှိသည်၊ ၎င်းသရုပ်ကိုလည်း (တိတ္ထိဂိုဏ်း ဆရာကြီး ၆-ယောက်) ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။ ♦

ဒိဋ္ဌိဖြစ်ခြင်း အကြောင်း ၂-ပါး

ဋီကာကျော်မှ။
(၁) အယူသီလ ဖောက်ပြန်မှားယွင်း ပျက်စီးခြင်းရှိနေသူကို မှီဝဲဆည်းကပ်ခြင်း၊
(၂) သဿတအယူ, ဥစ္ဆေဒအယူ ရှိနေခြင်း။ ♦

ဒီဃနိကာယ် ၃-ကျမ်း

၎င်းသရုပ်ကို (နိကာယ် ၅-ရပ်) က, ပိုဒ်၌ ကြည့်ပါ။ ♦

ဒီဃသရ ၅-လုံး

၂-မတ္တရာကာလမျှ ရှည်ရှည် ရွတ်ဖတ်ရသော သရငါးလုံး၊ “အာ, ဤ,အူ, ဧ, သြ''တို့ဖြစ်၏။ ♦

ဒုက္ခမျိုး ၃-ပါး

သုတ်ပါထေယျ။ ပါ။ ၁၈၁။ ဋ္ဌ။ ၁၇၄။ ဆင်းရဲခြင်းအပြား ၃-ပါး။
(၁) ဒုက္ခ ဒုက္ခ-ကာယိကဒုက္ခ, စေတသိကဒုက္ခခေါ် ကိုယ်စိတ် ၂-ပါးဆင်းရဲခြင်းမျိုး၊
(၂) သင်္ခါရဒုက္ခ-လောကစည်းစိမ်တွေ မဖြစ်ဖြစ်အောင် ပြုပြင်အားထုတ်မှုဆင်းရဲ၊
(၃) ဝိပရိနာမဒုက္ခ- သင်္ခါရနယ်ပယ်ဟူသမျှ ဖောက်ပြန်ပျက်စီးရမြဲ ဆင်းရဲ။ ♦

ဒုက္ခသစ္စာ၏ အနက်သဘော ၄-ပါး

၎င်းသရုပ်ကို (သစ္စာအနက် ၁၆-ချက်) ၌ ရှုပါ။ ♦

ဒုစရိုက် ၃-ပါး

ကာယဒုစရိုက်, ဝစီဒုစရိုက် , မနောဒုစရိုက်ကိုခေါ်သည်။ အကျယ် (ဒုစရိုက် ၁၀-ပါး) ၌ ရှုပါ။ ♦

ဒုစရိုက် ၁၀-ပါး

မူလပဏ္ဏာသ။ ပါ။ ၃၆၀။ ဋ္ဌ။ ၂၃၄။ နိဒါနဝဂ္ဂသံယုတ်၊ ပါ။ ၃၇၇။ ဋ္ဌ။ ၁၃၃-၌ရှုပါ။ ငရဲ တိရိ စ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးပါးသို့ လားစေတတ်သော ဒုစရိုက်တရား ၁၀-ပါး။
(၁) ပါဏာတိပါတ- သူ့အသတ်ကိုသတ်ခြင်း
(၂) အဒိန္နာဒါနာသူ့ဥစ္စာကို ခိုးယူခြင်း၊
(၃) ကာမေသု မိစ္ဆာစာရာ- သူ့မယားကို သွားလာလွန်ကျူးခြင်း၊ ဤသုံးပါးကို မကောင်းမှုကို ကိုယ်ဖြင့်ပြုကျင့်သောကြောင့် ကာယဒုစရိုက် ၃-ပါးမည်၏။
(၄) မုသာဝါဒ- မဟုတ် မမှန်သောစကားကို အမှန်အဟုတ် ပြုလုပ်ပြောဆိုခြင်း၊
(၅) ပိသုဏဝါစာသူနှစ်ယောက်တို့၏ အချစ်ကိုပျက်အောင် ကုန်းတိုက်ခြင်း၊
(၆) ဖရုသဝါစာ- အကြမ်းအတမ်း ငေါက်ငမ်းဆဲရေးခြင်း၊
(၇) သမ္ဖပ္ပလာပဝါစာ- အပေါ့အဖျင်း အနှစ်ကင်းသောစကားကို ပြောဆိုခြင်း၊ ဤလေးပါးကား မကောင်းမှုကို နှုတ်ဖြင့်ပြုသောကြောင့် ဝစီဒုစရိုက် လေးပါးမည်၏။
(၈) အဘိဇ္ဈာ- သူ၏ဥစ္စာကို ငါ့ဥစ္စာဖြစ်သော် ကောင်းလေစွဟု စိတ်ကအောက်မေ့ခြင်း၊
(၉) ဗျာပါဒ- သူတစ်ပါးကို ငြိုးထားရန်မက် နှိပ်စက်ရအောင် စိတ်ကကြံဆောင်ခြင်း၊
(၁၀) မိစ္ဆာဒိဋ္ဌိဘုရားဟောမှန်ကျမ်းဓမ္မခန်ကို ပယ်လှန်စိတ်ထား အယူမှားခြင်း၊ ဤသုံးပါးကား မကောင်းမှုကို စိတ်ဖြင့်ကြံစည်သောကြောင့် မနောဒုစရိုက် ၃-ပါးမည်၏။ ♦

ဒုစရိုက် ၃၀

အထက်ပါ ဒုစရိုက် ၁၀-ပါးတို့တွင် တစ်ပါးတစ်ပါးလျှင် စေတနာသုံးပါးစီ ရရကား စေတနာ သုံးတန်ဖြင့်မြှောက်က ဒုစရိုက် ၃၀-ဖြစ်၏။ ♦

ဒုစရိုက် ၃၀-ပါး တစ်နည်း

ဒုစရိုက် ၁၀-ပါးကို လောဘ ဒေါသ မောဟ ၃-ပါးနှင့်မြှောက်ပွားလျှင် ၃၀-ဖြစ်၏။ ဒသင်္ဂုတ္တရ။ ပါ။ ၄၇၀။ ဋ္ဌ။ ၃၃၈။ ♦

ဒုစရိုက် ၄၀

'ကိုယ်တိုင် တိုက်တွန်း, ချီးမွမ်း, စိတ်တူ ပွားပြန်မူ၊ မှတ်ယူလေးဆယ်ကံ'ဟူသော ဆောင်ပုဒ်အရ အထက်ပါဒုစရိုက် ၁၀-ပါးကိုတည်။
(၁) ကိုယ်တိုင်ပြုခြင်း၊
(၂) သူတစ်ပါးအားပြုဖြစ်အောင်တိုက်တွန်းခြင်း၊
(၃) သူတစ်ပါးပြုမှုကို ချီးမွမ်းထောပနာ ဝမ်းသာခြင်း၊
(၄) စိတ်တူခြင်း၊ ၄-ပါးနှင့်မြှောက်ပွားက အပါး၄၀-ဖြစ်သည်၊ ပါဠိ၊ အင်္ဂုတ္တရ ဒသက၌ယူ။ ♦

ဒုတိယအက္ခရာ ၅-လုံး

ဝဂ်ငါးပါးတွင် ပါဝင်သော 'ခ ဆ ဌ ထ ဖ' အက္ခရာငါးလုံးတို့ကို သဒ္ဒါစည်းမျဉ်းအရ ခေါ်ဆိုသည်။ ♦

ဒုလ္လဘတရား ၅-ပါး

သဂါထာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၂၅-၌ အကျယ်ရှုပါ။ ရခဲလှစွာသော သဘောတရား၅-ပါး ဟူလို။
(၁) ဗုဒ္ဓပ္ပါဒဒုလ္လဘာ- ဘုရားအဖြစ်ကို ရခဲခြင်း၊
(၂) မနုဿတ္တဘာဝ ဒုလ္လဘ- လူ့ဘဝ လူ့အဖြစ်ကို ရခဲခြင်း၊
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ- ရတနာသုံးပါး၏ဂုဏ်ကျေးဇူး သတ္တိနှင့် ကံ ကံ၏အကျိုးကိုယုံကြည်ခြင်း စိတ်ဓါတ်ကိုရခဲခြင်း၊
(၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘဘုရားသာသနာအတွင်း၌ ရှင်သာမဏေ ရဟန်းပဉ္ဇင်းအဖြစ် ရခဲခြင်း၊
(၅) သဒ္ဓမ္မသဝနအတိ ဒုလ္လဘ- သူတော်ကောင်းတို့၏ တရားစစ်တရားမှန်ကို အလွန်တရာ ကြားနာရခဲခြင်း။ ♦

ဒုလ္လဘ ပုဂ္ဂိုလ်ကြီး ၅-ပါး၊ တစ်နည်း

ရခဲလှစွာသော ပုဂ္ဂိုလ်ကြီးများ။ ပဉ္စင်္ဂုတ္တရ။ ပါ။ ၁၄၈။ ဋ္ဌ။ ၅၂။
(၁) ဗုဒ္ဓဘုရားစစ်စစ်၊
(၂) သစ္စာ ၄-ပါးကို ဟောကြားတတ်သော ဓမ္မကထိကအစစ်၊
(၃) သစ္စာတရားကို သိသော အရိယာအစစ်၊
(၄) မဂ်ဖိုလ်ရရေးကျင့်သော ဝိပဿနာယောဂီအစစ်၊
(၅) သူ့ကျေးဇူးသိတတ်သူ ကတညုတ ကတဝေဒီပုဂ္ဂိုလ်။ ♦

ဒုဿီလရဟန်း၏ ကျေးဇူးဂုဏ် ၁၀-ပါး

မိလိန္ဒပဥှာ ၂၄၉-၌ အကျယ်ရှု။ လူဒုဿီလထက် ရဟန်းဒုဿီလက အောက်ပါကျေးဇူးဂုဏ် ၁၀-ပါး သာသည်ဟူ၏။
(၁) ဗုဒ္ဓဿ ဂါရဝဂုဏ်ဘုရားရှင်၌ ရိုသေခြင်းရှိသည်၊
(၂) ဓမ္မ ဂါရဝဂုဏ်- တရားတော်၌ ရိုသည်၊
(၃) သံဃဂါရဝဂုဏ်- သံဃာတော်၌ ရိုသေခြင်းရှိသည်၊
(၄) သဗြဟ္မာစာရိက ဂါရဝဂုဏ်သီတင်း သုံးဘော်၌ရိုသေ၍ ပါဠိအဋ္ဌကထာ၌ သင်ယူခြင်းလုံ့လရှိသည်၊
(၅) သဝဏ ဗာဟုလဂုဏ်အကြား အမြင်များသည်၊
(၆) ပရိသဂတ အာကပ္ပ သမ္ပုဏ္ဏဂုဏ်- ဒုဿီလပင် ဖြစ်သော်လည်း ပရိသတ်အလယ်၌ ရဟန်းအသွင်အပြင်ကို ဖြစ်စေသည်၊
(၇) ဂရဟဘယ ကာယဝါစာရက္ခဂုဏ်သူတစ်ပါး ကဲ့ရဲ့မည်ဘေးကိုကြောက်၍ ကိုယ်နှုတ်ကိုစောင့်ရှောက်သည်၊
(၈) ပဓာနာဘိမုခဂုဏ်ကမ္မဋ္ဌာန်း၌ ရှေးရှုစိတ်ရှိသည်။
(၉) ဘိက္ခု သာမညုပဂတဂုဏ်- ရဟန်း၏အဖြစ်သို့ကပ်သည်၊
(၁၀) ပါပစ္ဆန္ဒဂုဏ်-မကောင်းမှု၌ပြုသော်လည်း ဖုံးလွှမ်း၍ပြုကျင့်၏။ ♦

ဒေဝဒူတ တရား ၅-ပါး

လူတို့ သံဝေဂရမှုအတွက် နတ်တမန်ခေါ် သေမင်းတမန်ငါးပါး။ ဥပရိပဏ္ဏာသပါဠိတော်။
(၁) ဇာတိ- ပဋိသန္ဓေတည်နေ မွေးဖွားရမှု၊
(၂) ဇိဏ္ဏ- အိုမင်းရင့်ရော်ရမှု၊
(၃) အာတုရ-ကျင်နာကိုက်ခဲ ရောဂါသည်းခြင်း၊
(၄) အာဝုဓ- ဓား လှံ သေနတ်စသောလက်နက်မျိုး၊
(၅) မတ- သေသူ, သူသေကောင်။ ♦

ဒေဝဓံတရား ၂-ပါး

နတ်များ နှစ်သက်မြတ်နိုးသောတရား၊ ကမ္ဘာစောင့်တရား ၂-ပါးလည်းခေါ်၏၊ ဓမ္မပဒ။ ဋ္ဌ။ ဒု-အုပ်။ ၄၈-နှင့် ဒေဝဓမ္မဇာတ် ဒုကင်္ဂုတ္တရပါဠိတော်၌လာသည်၊
(၁) ဟိရိမကောင်းမှုအားလုံးမှ ရှက်ခြင်းသဘော၊
(၂) သြတ္တပ္ပ- မကောင်းမှုအားလုံးမှ ကြောက်ခြင်း၊ မပြုဝံ့ခြင်းသဘော။ ♦

ဒေဝီ ၅-ပါး

လောကီသိဒ္ဓိတို့ကို ပေးစွမ်းနိုင်သည့် နတ်သမီးကြီး ၅-ဖေါ်။
(၁) သူရဿတီ၊
(၂) စန္ဒီ၊
(၃) ပရမီသွာ၊
(၄) မဟာပိန္နဲ၊
(၅) ဂေါရဝိန္ဒာ၊ ၎င်းတို့ကို တောင့်တဖိတ်ခေါ် ကျူးရင့်သည့်ဂါထာကား၊ 'သူရဿတီစ မေ မာတာ၊ မာတာစ မေ သူရဿတီ၊ အနုကမ္ပံ ဥပါဒါယ၊ ပိယံဒေတိ၊ လာဘံဒေဟိ၊ ဓနံဒေဟိ၊ သုခံဒေဟိ၊ မိတ္တံဒေဟိ၊ ဉာဏံဒေဟိ သူရဿတီ' ♦

ဒေဝီ ၇-ပါး၊ တစ်နည်း

(၁) မိန္နရဒေဝီ၊
(၂) သက္ကဒေဝီ၊
(၃) မေခလာဒေဝီ၊
(၄) ကိန္နရာဒေဝီ၊
(၅) ရုက္ခဒေဝီ၊
(၆) စန္ဒဒေဝီ၊
(၇) စန္ဒီဒေဝီ။ ၎င်းတို့ကို တောင့်တ ဖိတ်ခေါ်ကျူးရင့်သည့်ဂါထာများကား အထက်ပါ သူရဿတီ ဂါထာအတိုင်း။ ♦

ဒေဝီ ၉-ပါး၊ တစ်နည်း

လောကီသိဒ္ဓိအကျိုးကို ထင်ရှားပြီးစေတတ်သော ဒေဝီ ၉-ပါးကိုမှော်ပညာဆရာများ အထူးလိုက်စားပင့်ဆောင် ပူးကပ်ကြစေသည်။
(၁) မာတာဒေဝီ၊
(၂) ဣရန္နသီ၊
(၃) ဣရန္ဒတီ၊
(၄) မဏိမေခလာ၊
(၅) သူရဿတီ၊
(၆) မာယာဒေဝီ၊
(၇) ဇာဂြီဒေဝီ၊
(၈) ပြာဂြီဒေဝီ၊
(၉) ဇာရုဝတီ။ ၎င်းတို့ကလည်း သူရဿတီဂါထာအတိုင်း ဤ၌အမည်သွင်း၍ အစောင့်အရှောက်တောင်းရန် ကျူးရင့်ဖိတ်ခေါ်နိုင်သည်။ ♦

ဒေဝီ တစ်ကျိပ်နှစ်ပါး

၁ သတ္တဘာဂါ၊ ၂ သူရဿတီ၊ ၃ မဟာလက္ခီ၊ ၄ ဗလိရာဇာ၊ ၅ ဝါမာသူရ၊ ၆ ဇလသင်္ချာ၊ ၇ ဂရာပါက၊ ဂ ယောဂန္တရာ၊ ၉ ကလျာဏင်္ဂါ၊ ၁၀ နန္ဒာဒေဝီ၊ ၁၁ နရိန္ဒာဒေဝီ၊ ၁၂ မဟာဗိဿနိုး။ ၎င်းတို့ကို ကျူးရင့်ဖိတ်ခေါ်အပ်နှင်းသည့် ဂါထာများကား ဆိုင်ရာအမည်သွင်း၍ အထက်နည်းအတိုင်းရွတ်လေ။ ♦

ဒေဝီ တစ်ကျိပ်နှစ်ပါး၊ တစ်နည်း

ဤ၌ဖေါ်ပြထားသည့် ဒေဝီ ၁၂-ပါးကိုကား လောကစောင့်ဒေဝီ တစ်ကျိပ် နှစ်ပါးဟု ထိုဒေဝီသျှတ္တရ၌ သီးခြားထုတ်ဆိုပြထားသည်။ ၁ သူရဿတီ ဒေဝီ၊ ၂ စန္ဒီဒေဝီ၊ ၃ နီတြဒေဝီ၊ ၄ မနောဟရီ ဒေဝီ၊ ၅ ဖုဿဝတီ ဒေဝီ၊ ၆ ရမ္မာ ဒေဝီ၊ ၇ ကာရဒေဝီ၊ ၈ ဂန္ဓဗ္ဗီ ဒေဝီ၊ ၉ ဝိနတ္ထရီ ဒေဝီ၊ ၁၀ စန္ဒာဒေဝီ၊ ၁၁ ပရမေသွာ ဒေဝီ၊ ၁၂ မဏိမေခလာ ဒေဝီ၊ ဤသို့လျှင် ပေါင်းဒေဝီ သုံးကျိပ်သုံးပါး။ တစ်နည်း လေးကျိပ်ငါးပါး ဟု ထိုဒေဝီသျှတ္တရကျမ်းတွင် အပေါင်းကိုလည်း ပြဆိုထားလေ၏၊ ထို့ကြောင့် ဤနတ်ပင့်လင်္ကာကြီး အဆုံးနားတွင်

“ဆရာမိန့်ခွန်း၊ ဆိုခဲ့ညွှန်းသည်၊ နှုတ်ခွန်းသံတိုင်း၊ မဆုတ်ဆိုင်းနှင့်၊ အမှိုင်းအမ၊ ကိုယ်ကာယတွင်၊ စောင့်ကြမြဲပင်၊ စွဲထုံလျှင်၊ နတ်ရှင်ဒေဝါ၊ သတ္တဘာဂ- သူရဿတီ၊ လက္ခီမဟာ၊ ဗလိရာဇာ၊ ဝါမာသူရ၊ ဇလသင်္ချာ၊ ဂရာပါက၊ ယောဂတနှင့်၊ ကလျာဏတစ်ဖြာ၊ နန္ဒာဒေဝီ၊ နရိန္ဒာဒေဝီ၊ မဟာဗိဿနိုး၊ ဆယ့်နှစ်မျိုးနှင့်၊ တန်ခိုးကြီးစွာ၊ ကိန္နရာဇော၊ သက္ကောဒေဝီ၊ တစ်လီရောင်ဖြာ၊ မေခလာမည်၊ ကိန္နရီရုက္ခ၊ ထိုမှစန္ဒီ၊ ကျော်သည်စန္ဒာ၊ ခုနစ်ဖြာနှင့်၊ မာတာဒေဝီ၊ ဣရန္နသီ၊ ဣရန္ဒတီ၊ မဏိမေခလာ၊ သူရဿတီ၊ မာယာဒေဝီ၊ ဇာဂရီ၊ ပြာဂရီ၊ ဇာရုဝတီ၊ ဒေဝီကိုးပါး၊ မိမင်းများနှင့်။ ငါးဦးတစ်လီ၊ သူရဿတီ၊ စန္ဓီ ပရမီသွာ၊ မဟာပိန္နဲ၊ လွန်ကဲကျော်ဇော၊ ဂေါရဝိန္ဒ၊ ဟူသမျှနှင့်၊ တကွပေါင်းရုံး၊ သုံးကျိပ်သုံးတို့၊ စုရုံးအကုံ၊ ရောက်ကြတုန်လော့။ လုံးစုံစကား၊ ဆိုသည်များကို၊ ထောင်နားနာကြ၊ အချအချီ၊ အမှီအဆွဲ၊ အနွှဲ့အငင်၊ ခုပင်ထက်ကြပ်၊ မရပ်မနေ၊ ပြုကြပေလော''စသည်ဖြင့် ပါရှိလေသည်၊ ကဝေသာရကျမ်းမှာလည်း ၎င်းနတ်ပင့် မန္တာန်ကြီးများ ပါရှိလေသည်။ ♦

ဒေသစာရီတော်မျိုး ၂-ပါး

(၁) တုရိတ စာရိကာ။ ကျွတ်ထိုက်သောသတ္တဝါကို မြင်တော်မူသောအခါယူဇနာ ၁၀၀၊ ၂၀၀-ခရီးမျိုးကို တခဏခြင်း လျင်မြန်စွာကြွသွားတော်မူခြင်းမျိုး၊
(၂) အ တုရိတ စာရိကာ၊ မြို့ရွာ နိဂုံး အစဉ်အားဖြင့် တစ်နေ့နည်းနည်း နည်းနည်း တစ်ဂါဝုတ် နှစ်ဂါဝုတ်၊ တစ်ယူဇနာ နှစ်ယူဇနာ စသည်ဖြင့် ဆွမ်းခံလှည့်လည်ခြင်း၊ လူအပေါင်းကို ချီးမြှောက်ခြင်းအလို့ငှာ ဖြည်းဖြည်းနှေးနှေး ကြွချီတော်မူခြင်းမျိုး။

မှတ်ချက် ။ ။ ဒေသစာရီတော်မျိုးနှင့်စပ်၍ သုတ်သီလက္ခန်။ ဋ္ဌ။ ၂၁၃- မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၅၅။ သုတ္တနိပါတ်။ ဋ္ဌ။ ဒု။ ၁၆၂။ သံယုတ္တ။ ဋ္ဌ။ တ၊ ၃၁၀။ နေတ္တိ။ ဋ္ဌ။ ၂၂၉၊ စသည့်ကျမ်းတို့၌ အမျိုးပေါင်းများစွာ လာရှိသေး၏။ ♦

ဒေသစာရီတော်မျိုး ၃-ပါး

ဘုရားရှင်တို့၏ ဒေသစာရီကြွချီတော်မူမြဲ ၃-ပါး၊ ဝိနည်းအဋ္ဌကထာမှ။
(၁) မဟာမဏ္ဍလ ဒေသစာရီ- သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့၌ ရဟန်းတော်များခြံရံကာ ထိုထိုမြို့ရွာနိဂုံးတို့သို့ တရားဓမ္မဟောပြဆုံးမတော်မူခြင်း။ ပစ္စည်း ၄-ပါး အလှူခံကာ ချီးမြှောက်တော်မူခြင်းတို့ဖြင့် ၉-လတိုင်တိုင် လှည့်လည်တော်မူ၍ ဝါဆိုခါနီးလာမှ သင့်လျော်ရာကျောင်း၌ ဝါကပ်တော် မူခြင်းမျိုး။
(၂) မဇ္ဈိမ မဏ္ဍလ ဒေသစာရီ- တပည့်သာဝကသံဃာတို့ သမထဝိပဿနာ ဉာဏ်နုသေးသည်ဖြစ်၍ တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက်နေ့ကျမှ အထက်ပါနည်းအတိုင်း ၈-လတိုင်တိုင် လှည့်လည်ကြွချီတော် မူခြင်းမျိုး။
(၃) အန္တိမ မဏ္ဍလ ဒေသစာရီ- ချွတ်ထိုက်သောသတ္တဝါတို့ ဣန္ဒြေနုသေးသည်ဖြစ်အံ့၊ ဝါဆိုရာဌာန၌ပင်နတ်တော်လပြည့်ထိအောင် ငံ့လင့်တော်မူ၍ အထက်ပါနည်းအတိုင်း နတ်တော်လပြည့်ကျော် ၁-ရက်နေ့မှ စတင်ချီကြွတော်မူရာ ၇-လပတ်လုံးဖြစ်လေသည်။ ♦

ဒေသစာရီ ရှည်ရှည်သွားရခြင်း၏ အကျိုး ၅-ပါး

၎င်းသရုပ် (ခရီးရှည်ဒေသစာရီသွားရခြင်း အကျိုး ၅-ပါး) ၌ ရှုပါ။ ♦

ဒေသနာတော် ၃-ရပ်

သုတ်သီလက္ခန်။ ဋ္ဌ။ ၁၇-၁၉-၌ အကျယ်ရှုပါ။ ပိဋကတ်သုံးပုံ ဒေသနာအားဖြင့် ၃-ပါးပြား၏။
(၁) အာဏာဒေသနာ- အမိန့်အာဏာတော်ကို အများအားဖြင့် ထည့်သွင်းပညတ်တော်မူသော ဝိနည်းပိဋကတ်တော်၊
(၂) ဝေါဟာရဒေသနာဝေါဟာရပါရဂူဖြစ်တော်မူသော ဘုရားသခင်သည် ဝေါဟာရကို အများဆုံးသုံး၍ ဟောကြားတော်မူသော သုတ္တန် ပိဋကတ်တော်၊
(၃) ပရမတ္ထ ဒေသနာ- ပရမတ်တရားတို့ကို အဦးထား၍ ဟောကြားတော်မူသော အဘိဓမ္မာပိဋကတ်တော်။ ♦

ဒေသနာမျိုး ၂-ပါး

ဘုရားရှင် ဟောကြားဆုံးမမှု အစဉ် ၂-ပါး။
(၁) ပညတ္တိ ဒေသနာလူနတ် ရဟန်း မိဘ ဆရာ ဘုရားစသော အနက်ဒြပ်နှင့် ၎င်းတို့၌ရှိသော ဂုဏ်ကိုပြ၍ ဟောသောဒေသနာ၊ ၎င်းကိုပင် 'သမုတိ ဒေသနာ'ဟုလည်း ခေါ်သေး၏၊
(၂) ပရမတ္ထ ဒေသနာစိတ် စေတသိက် ရုပ် နာမ်တို့ကိုပြ၍ ဟောသောဒေသနာ။ ♦

ဒေါမနဿမျိုး ၂-ပါး

သုတ်မဟာဝါ။ ဋ္ဌ။ ၃၁၈-၌ အကျယ်ရှုပါ။
(၁) ဂေဟသိတ ဒေါမနဿ-ကာမဂုဏ် ၅-ပါးနှင့်စပ်၍ အလိုမပြည့်သည့်အခါ စိတ်နှလုံးမသာယာမှုဒေါမနဿမျိုးကို ခေါ်ဆိုသည်၊
(၂) နေက္ခမ ဒေါမနဿ- အိုးအိမ် သားမယား စသည်ပစ်ခွဲ၍ ရဟန်းပြုလျက် နေက္ခမလုပ်ငန်း သမထဘာဝနာ ဝိပဿနာတရားများကို အားထုတ်ပွားများပါသော်လည်း စျာန် မဂ်ဖိုလ်တရားတို့ကို မရနိုင်ရှိ၍ ငိုကြွေးမြည်တမ်းခြင်း စိတ်နှလုံးမသာယာမှုကို နေက္ခမ ဒေါမနဿဟု ခေါ်ဆိုသည်။

မှတ်ချက် ။ ။ နေက္ခမ ဒေါမနဿကား ကောင်းသောဒေါမနဿမျိုးဖြစ်၍ အပါယ်လေးပါးမကျနိုင်ချေ။ ♦

ဒေါမာန်ပွားများ၊ ၁၄-ပါး၊ မျိုးစားပုဂ္ဂိုလ်အဘယ်နည်း

၎င်းသရုပ်ကို အမျက်ကြီးငြား၁၄-ပါး) ဟူသော သုတေသန၌ ပြခဲ့ပြီ။ ♦

ဒေါသ ၃-ပါး

သလိပ် သည်းခြေ လေ ဤသုံးပါးကို သတ္တဝါတို့၏ကိုယ်ကို ဖျက်ဆီးတတ်သောကြောင့် ထိုထိုဆေးကျမ်းတို့၌ ဒေါသ ၃-ပါးဟု ခေါ်ဆိုရေးသားကြ၏။ ♦

ဒျန့် ၃-ပါး၊ ဂီတသွား၊ သီငြားထံတျာ

သီချင်းကြီး သီချင်းခံ ဘွဲ့ ပတ်ပျိုး ကြိုးစသည် သီဆိုရာ၌
(၁) အာဒျန့်၊
(၂) လျှာဒျန့်၊
(၃) နှာဒျန့်၊ ၎င်းဒျန့်သုံးပါးဖြင့် ဂီတသွားတို့၌ အဟိုက် အငင် အသွဲ့ အဖြတ် ထည့်လျက် ကျူးရင့်သီဆိုပုံနည်းကို ဆို၏။ ♦

ဒွါဒရာသီ၊ ၁၂-လီ၊ ခေါ်မှီလူတို့ထုံး

ရာသီ ၁၂-ပါးကိုဆိုသည်။ ၎င်းသရုပ်အဓိပ္ပါယ်ကို (ဆယ့်နှစ်ရာသီ) မှာ ကြည့်ပါ။ ♦

ဒွါဒသရူပါ၊ သတ္တဝါ၊ ၁၂-ဖြာရုပ်ပုံ အဘယ်နည်း

ရွှေဘုံနိဒါန်းလာ ဒွါဒသရူပ ဖေါင်ပုံမှယူဖြေသည်။
(၁) ခြင်္သေ့နှုတ်သီးနှင့် ၎င်းအမောက်၊
(၂) တိုးမြီးနှင့် ၎င်းလက်တစ်ဖက် ခြေနှစ်ဖက်၊
(၃) ကိန္နရာလက်နှစ်ဖက် ကနေဟန်၊
(၅) မြင်းနားနှစ်ဖက်၊
(၆) ဆယ်စွယ် နှစ်ချောင်း၊
(၇) မကန်းနှာမောင်း၊
(၈) ကရဝိတ်အတောင်နှစ်ဖက်၊
(၉) သမင်ချိုနှစ်ဖက်၊
(၁၀) ကျွဲချိုနှစ်ဖက်၊ (ချိုနှစ်ထပ်)
(၁၁) စာမရီလည်ဆံ၊
(၁၂) ငါးကြင်းအမြီး (တိုးမြီးနှင့် ၂-ထပ်) ။ ♦

ဒွါရ ၃-ပါး

အကုသိုလ်, ကုသိုလ် ၂-ပါးတို့၏ ဝင်ထွက်ကျရောက်ဖြစ်ပေါ်ရာ ၃-ပါး။
(၁) ကာယဒွါရ၊ ကိုယ်ဖြင့်ပြုသော ကောင်းမှု, မကောင်းမှု ဖြစ်ပေါ်ရာ၊
(၂) ဝစီဒွါရ- ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုကြောင်း ကဲ့ရဲ့ကြောင်း ဖြစ်သောနှုတ်၊
(၃) မနောဒွါရ-မှန်းဆ၍ အာရုံပြုကြောင်းဖြစ်သောစိတ်။ ♦

ဒွါရ ၆-ပါး

အာရုံတို့၏ ထွက်ဝင်ရာ အပေါက် ၆-ပါးဟူလို။
(၁) စက္ခုဒွါရ- မျက်စိ၊
(၂) သောတ ဒွါရ-နား၊
(၃) ဃာနဒွါရ- နှာခေါင်း၊
(၄) ဇိဝှာ ဒွါရ- လျှာ၊
(၅) ကာယ ဒွါရ- ကိုယ်၊
(၆) မနောဒွါရ- စိတ်။ ♦

ဒွါရ ၉-ပေါက်

ကိုယ်ခန္ဓာ၌ရှိသော မျက်စိ ၂-ပေါက်၊ နား ၂-ပေါက်၊ နှာခေါင်း ၂-ပေါက်၊ ပါးစပ်၊ ဝစ္စမဂ်၊ ပဿာဝမဂ် ပေါင်း ၉-ပေါက်ကို ခေါ်သည်။ ♦

ဒွါရ ၁၀-ပေါက်

၎င်းသရုပ်အဓိပ္ပာယ် (ယောက်ျားဒွါရ ၁၀-ပေါက်) ၌ ကြည့်ပါ။ ♦

ဒွါရ ၁၃-ပေါက်

၎င်းသရုပ်အဓိပ္ပါယ် (မိန်းမ ဒွါရ ၁၃-ပေါက်) ၌ ပြမည်။ ♦

ဒွေဝါစိက သရဏဂုဏ် ၂-ပါး

(၁) ဗုဒ္ဓံသရဏံဂစ္ဆာမိ၊
(၂) ဓမ္မံသရဏံ ဂစ္ဆာမိ။ (တဖုဿနှင့် ဘလ္လိကတို့ ဆောက်တည်သည်။ ♦

ဒွေပဉ္စဝိညာဉ် ၁၀

ကောင်း မကောင်းမြင် စက္ခုဝိညာဉ်ဒွေး ၂-ခု။ ကောင်း မကောင်းကြား သောတဝိညာဉ် ဒွေး ၂-ခု၊ ကောင်း မကောင်းနံ ဃာနဝိညာဉ် ဒွေး ၂-ခု၊ ကောင်းမကောင်းစား ဇိဝှာဝိညာဉ် ဒွေး ၂-ခု။ ကောင်း မကောင်းထိ၊ ကာယဝိညာဉ် ဒွေး ၂-ခု၊ ပေါင်း ၁၀-ခု၊ ဆယ်ပါးဖြစ်၏။ ♦

ဓနိတ အက္ခရာ ၁၀-လုံး

ကမ္မဝါစာဖတ်ရာ၌ အသံတင်းတင်း ပြင်းပြင်းထန်ထန် ရွတ်ဖတ်ရသော အက္ခရာမျိုး ၁၀-လုံး။ “ခ ဃ ဆ စျ ဋ္ဌ ဎ ထ ဓ ဖ ဘ” တို့တည်း။ ♦

ဓမ္မကထိက အင်္ဂါ ၅-ပါး

ပဉ္စင်္ဂုတ္တရ။ ပါ။ ၁၆၂။ ဋ္ဌ။ ၅၅-၌ အကျယ်ရှုပါ။ တရားဟောတိုင်း ဓမ္မကထိက မမည်နိုင်ချေ။ ♦

ဓမ္မကထိကမျိုး ၄-ပါးနှင့် ပရိသတ် ၄-စား

အဘိဓမ္မာ ပုဂ္ဂလပညတ်။ ပါ။ ၁၄၈။ ဋ္ဌ။ ၇၄-၌အကျယ်ရှု။ တရားဟောဆရာ ၄-မျိုးနှင့် တရားနာပရိတ်သတ် ၄-ပါး၊ ပညာရှိ မရှိ ခွဲခြားချက်။
(၁) ဗာလ ဓမ္မကထိက, ဗာလ ပရိသတ်- အနည်းငယ်မျှလည်းဟောကြားသေး၏၊ အကျိုးစီးပွားနှင့်လည်းမယှဉ်၊ တရားနာပရိတ်သတ်ကလည်း နာကားနာယူ၏၊ အကျိုးရှိ မရှိ ဘာမျှမသိချေ။
(၂) သဘာဝ ဓမ္မကထိက, ပဏ္ဍိတ ပရိတ်သတ်- အနည်းငယ်သာဟောကြား၏၊ အကျိုးစီးပွားနှင့်ကားယှဉ်၏၊ တရားနာပရိတ်သတ်ကလည်း အကျိုးရှိ မရှိ သိလိမ္မာ၏။
(၃) ဗာလ ဓမ္မကထိက, ဗာလ ပရိသတ်- ရှည်ရှည်လျားလျား များများလည်းဟောကြား၏၊ အကျိုးစီးပွားနှင့်လည်းမယှဉ်၊ သူ့ပရိတ်သတ်ကလည်း အကြောင်းအကျိုး ဘာမျှမသိ၊ စီးပွားရှိမဲ့လည်းနားမလည်။
(၄) ပဏ္ဍိတဓမ္မကထိက, ပဏ္ဍိတပရိတ်သတ်- အကျိုးစီးပွားနှင့်စပ်ယှဉ်သောတရားတို့ကို ရှည်ရှည်လျားလျား များများလည်းဟောကြား၏။ ပရိတ်သတ်ကလည်း ကြောင်းကျိုးဆင်ခြင် ဉာဏ်ပညာနှင့်ယှဉ်၍နာတတ်၏။ ♦

ဓမ္မကထိကတို့၊ အသံဆွဲချွဲ၊ ရှည်ငင်ဟောခြင်းအပြစ် ၅-ပါး

(၁) မိမိအသံ၌မိမိ သာယာနှစ်သက်ခြင်း၊
(၂) သူတစ်ပါးတို့ကလည်း တရားမမက် အသံကိုသာ သာယာတပ်မက်ကြခြင်း၊
(၃) ပညာရှိသူတို့ ကဲ့ရဲပြစ်တင်မှုကို ခံရတတ်ခြင်း၊
(၄) အသံကောင်းမှု လုံ့လပြုရ၍ သမာဓိပျက်စီးခြင်း၊
(၅) နောက်နောက်ပုဂ္ဂိုလ်တို့ အတုလိုက် ဟောကြားမှုကြောင့် သာသနာပျက်လွယ်ခြင်း၊ ပဉ္စင်္ဂုတ္တရ။ ပါ။ ၂၁၉။ ဋ္ဌ။ ၇၈-၌ အကျယ်ရှုပါ။ ဤသို့ အသံရှည်စွာ ဆွဲငင်၍မဟောရဟု ဝိနည်းသိက္ခာပုဒ်ကလည်း ပညတ်ထားသည်။ ♦

ဓမ္မခန္ဓာ ၄-ပါးလာ၊ ဝေဖြာခြားနားသိ

တရားတော်၏ ဂုဏ်အပေါင်းအစု ၄-ခု။
(၁) သီလက္ခန္ဓာ- သီလ တည်းဟူသောဂုဏ်အပေါင်း၊
(၂) သမာဓိက္ခန္ဓာ- သမာဓိတည်းဟူသော ဂုဏ်အပေါင်း၊
(၃) ပညာက္ခန္ဓာ-ပညာတည်းဟူသော ဂုဏ်အပေါင်း၊
(၄) ဝိမုတ္တိခန္ဓာနိဗ္ဗာန်တည်းဟ ူသော ဂုဏ်အပေါင်း။ ♦

ဓမ္မခန္ဓာပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်

ဝိနည်းပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်။ ၂၃ ၌ အကျယ်ရှု။ ပိဋကသုံးပုံး၌ ဘုရားဟော ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ရှိသည်ကို ဆိုသည်။
(၁) ဝိနည်းပိဋကတော်၌ ဓမ္မခန္ဓာပေါင်း ၂၁၀၀၀(နှစ်သောင်းတထောင်) ရှိသည်၊
(၂) သုတ္တန်ပိဋကတော်၌ ဓမ္မခန္ဓာပေါင်း ၂၁၀၀၀(နှစ်သောင်းတထောင်) ရှိသည်၊
(၃) အဘိဓမ္မာပိဋကတော်၌ ဓမ္မခန္ဓာပေါင်း ၄၂၀၀၀(လေးသောင်းနှစ်ထောင်) ရှိသည်၊ ပေါင်း ရှစ်သောင်းလေးထောင်ဖြစ်သည်။ ♦

ဓမ္မခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာ ဝေဘန်သိ

မူလပဏ္ဏာသ။ ပါ။ ၁၈၆။ ဋ္ဌ။ ဒု-အုပ်။ ၁၂- ၌ရှုပါ။ ပိဋက ၃-ပုံ၏အင်္ဂါကိုးပါးကို စိတ်ဖြာ၍သိထားပါဟူ၏။
(၁) သုတ္တ-မင်္ဂလသုတ်, ရတနသုတ်, နာလကသုတ်, စသော သုတ်ဟူ၍ အမည်ရသည့် ဓမ္မခန္ဓာများ။
(၂) ဂေယျ-သ ဂါထာဝဂ္ဂ သံယုတ်,စသော ဂါထာများစွာတို့ပါရှိသည့် သုတ်များ။
(၃) ဝေယျာကရဏ- အဘိဓမ္မာပိဋက စသော ဂါထာ မပါရှိသည့် ဒေသနာတော် ဟူသမျှ။
(၄) ဂါထာ-ဓမ္မပဒ, ထေရဂါထာ, ထေရီဂါထာ, စသော ဂါထာသက်သက်ဖြင့် ဟောတော်မူသည့် တရားဒေသနာတော်များ။
(၅) ဥဒါန-နှစ်သက်ရွှင်ပျသည့် သောမနဿဉာဏ်နှင့် ယှဉ်လျက်ရွတ်ဆိုကျူးရင့်တော်မူသော “အနေက ဇာတိ သံသာရံ” စသည့်နှစ်ဆယ့်ရှစ်သုတ်တို့ကိုခေါ်သည်။
(၆) ဣတိဝုတ်-''ဝုတ္တံ ဟေတံ ဘဂဝတာ” အစချီ၍ ဟောကြားတော်မူသော တရာ့တစ်ဆယ်ရှစ် (၁၁၈) သုတ်တို့ကိုခေါ်ဆိုသည်။
(၇) ဇာတက-အပဏ္ဏကဇာတ်, ဝေဿန္တရာဇာတ်,စသော ငါးရာ့ငါးဆယ်ဇာတ်တို့ကိုဆိုသည်။
(၈) အဗ္ဘူတ ဓမ္မ-''စတ္တာရောမေ ဘိက္ခဝေ အဗ္ဘူတဓမ္မာ အာနန္ဒာတိ” အစရှိသော အံ့ချီးဘွယ်ရာနှင့်ယှဉ်၍ ဟောတော်မူသည့် တရာတော်ဟူသမျှ။
(၉) ဝေဒလ္လ-မေးခြင်း ဖြေခြင်းဟူသော အမေးအဖြေ များဖြင့် ဝမ်းမြောက်ရွှင်ပျခြင်းတို့ကိုရကြသည့် စူဠ ဝေဒလ္လသုတ်, မဟာဝေဒလ္လသုတ်, သမ္မာဒိဋ္ဌိသုတ်, စသောတရားတော်များကိုဆိုသည်။ ♦

ဓမ္မတာ ၃၀

ဗုဒ္ဓဝင်အဋ္ဌကထာလာ ဘုရားရှင်ဟူသမျှတို့၏ ပြီး,ပြည်စုံမြဲဖြစ်သော သဘောတရား သုံးဆယ်ဟူ၏။ ၎င်းအကျယ်ကို(ဘုရားရှင်တို့ဓမ္မတာ ၃၀) ဟူသော သုတေသနစကားရပ်၌ ရှုပါလေ။ ♦

ဓမ္မာဒါသ တရား ၄ပါး

၎င်းအကျယ် သံယုတ်။ ပါ။ တတိယ-အုပ်။ ၂၉၈-၌ ကြည့်ယူပါ။
(၁) မြတ်စွာဘုရား၊
(၂) တရားတော်မြတ်၊
(၃) သံဃာတော်မြတ်တို့၌ မတုန်မလှုပ် ကြည်ညိုလေးစားခြင်း၊
(၄) အရိယာတို့ နှစ်သက် မြတ်နိုးသော ၅-ပါးသီလကို အသက်ပမာ စောင့်စည်း လုံခြုံစွာ ရှိနေခြင်း။ ♦

ဓမ္မပဋိသမ္ဘီဒါမျိုး ၅-ပါး

၎င်း၏ သရုပ် အဓိပ္ပါယ်ကို ( ပဋိသမ္ဘီဒါ ၄-ပါး) ၌ကြည့်ပါ။ ♦

ဓမ္မိကဒါန အပြား ၃-ပါး

ပရိဝါ။ ပါ။ ၂၄၅။ ဋ္ဌ။ ၁၈၂-၌ အကျယ်ရှုပါ။ တရားနှင့်လျော်သော အလှူမျိုး ၃-ပါး။
(၁) သံဃဿ နိန္နံ သံဃေဿဝ ဒေတိ-သံဃာသို့လှူရန် ညွတ်ပြီးသော ဝတ္ထုကို သံဃာအားပင် ပေးလှူခြင်း၊
(၂) စေတိယဿ နိန္နံ စေတိယဿ စ ဒေတိ-စေတီသို့လှူရန် ညွတ်ပြီးသော ဝတ္ထုကို စေတီအားပင် ပေးလှူခြင်း၊
(၃) ပုဂ္ဂလဿ နိန္နံ ပုဂ္ဂလေဿဝ စ ဒေတိပုဂ္ဂိုလ်သို့လှူရန် ညွတ်ပြီးသော ဝတ္ထုကို ပုဂ္ဂိုလ်အားပင် ပေးလှူခြင်း၊ ♦

ဓာတ် ၄-ရပ်ခေါ်၊ ဗေဒင်ကျော်၊ မိန့်တော်မူ ဘုရား

ဗေဒင်အလိုအားဖြင့် ထင်ရှားကျော်စောသော ဓာတ် ၄-ရပ်ကား။
(၁) သူရစ္စဓာတ်၊
(၂) ပါပဓာတ်၊
(၃) အမြိတ္တဓာတ်၊
(၄) ကောလီဓာတ် တို့ဖြစ်ကြ၏။ ♦

ဓာတ် ၁၈-ပါး

နိဒါနဝဂ္ဂသံယုတ်။ ပါ။ ၃၅၈-၃၆၀။ ဋ္ဌ။ ၁၂၁-၁၂၂-၌ အကျယ်ရှု။ မိမိတို့ဆိုင်ရာသဘောကို ဆောင်ရွက်တတ်သော တရား ၁၈ပါး၊ စက္ခုဓာတ်၊ သောတဓာတ်၊ဃာနဓာတ်၊ ဇိဝှါဓာတ်၊ ကာယဓာတ်၊ မနောဓာတ်၊ ရူပဓာတ်၊ သဒ္ဒဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊(၁၀)

ဖေါဋ္ဌဗ္ဗဓာတ်၊ မနောဝိညာဏဓာတ်၊ စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှါဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ ဓမ္မဓာတ် (၁၈) ။ ♦

ဓာတ်ကသိုဏ်းခေါ်၊ မျိုး ၄-ဘော်၊ ဖြေတော်မူ ဘုရား

ပထဝီကသိုဏ်း, အာပေါကသိုဏ်း, ဝါယောကသိုဏ်း, တေဇောကသိုဏ်း တို့ကိုပင် ဓာတုကသိုဏ်းဟုခေါ်၏၊ အကျယ် “ကသိုဏ်း ၁ဝပါး” ၌ဆိုခဲ့ပြီ။ ♦

ဓာတ်ကြီး ၄-ပါး

အဘိဓမ္မာ ကျမ်းလာ အများသုံးထင်ရှား သိလွယ်သော ဓာတ်ကြီးများ။
(၁) ပထဝီဓာတ်-မြေ။
(၂) တေဇောဓာတ်-မီး။
(၃) အာပေါဓာတ်-ရေ။
(၄) ဝါယောဓာတ်-လေ။ ♦

ဓာတ်တော် ၂-ပါး

(၁) မပြိုမကွဲနိုင်သော အသမ္ဘိန္နဓာတ်တော်မျိုး၊
(၂) ပြိုကွဲပျက်စီးကြသော သမ္ဘိန္နဓာတ်တော်မျိုး၊ မဟာပရိနိဗ္ဗာနသုတ်မှ။ ♦

ဓာတ်တော် ၃ပါး၊ ရွယ်အစား၊ ခြားနားရောင်ခြည် အဘယ်နည်း?

ဓာတ်တော်တို့၏ အရွယ်အစားနှင့် အဆင်းအရောင်ကား အောက်ပါအတိုင်းဖြစ်ကြ၏။
(၁) မဟန္တာ မုဂ္ဂမာသာစ- ဓာတ်တော် အကြီးစားကား ပဲနောက်စေ့ ပမာဏရှိ၍၊ သုဝဏ္ဏဝဏ္ဏာ-ရွှေရောင်အဆင်းရှိကုန်၏၊
(၂) မဇ္ဈိမာ ဘိန္န တဏ္ဍုလာ-အလတ်စားကား ဆန်ကျိုးစေ့ ပမာဏရှိ၍၊ ဗကုလ ဝဏ္ဏာမြတ်လေးငုံ အဆင်းရှိကုန်၏၊
(၃) ခုဒ္ဒကာ သာသပ မတ္တာ- အသေးစားကား မုန်ညင်းစေ့မျှပမာဏရှိ၍၊ မုတ္တ ဝဏ္ဏာပုလဲရောင် အဆင်းရှိကုန်၏။ ♦

ဓာတ်တော် ရပါး၊ မြတ်ကိုယ်စား၊ ချန်ထား အဘယ်နည်း?

မြတ်စွာဘုရား၏ သရီရဓာတ်တော်များ အားလုံးကို ရေတွက်သော် ရပါးကျန်ရှိနေကြောင်းနှင့် သိရ၏။ (က) စွယ်တော်ဓာတ် ၄ဆူ၊ (ခ) ညှပ်ရိုးတော်ဓာတ် ၂ဆူ၊ (ဂ) ဥဏ္ဏလုံ မွေးရှင်တော်ဓာတ် ၁ဆူ၊ အသမ္ဘိန္နမျိုး ၃ပါး၊ (ဃ) အရိုးတော်ဓာတ်များစွာ၊ (င) အသားတော်ဓာတ်များစွာ၊ (စ) အသွေးတော် ဓာတ်များစွာ၊ (ဆ) ဆံတော်ဓာတ်များစွာ၊ သသမ္ဘိန္နမျိုး ၄ပါး၊ ပေါင်း ရပါး။ ♦

ဓာတ်ဖို ၁၂-ပါး

အဂ္ဂိရတ် ဝေါဟာရ 'အာကာသဓာတ် ၁၂-ပါး' ကိုပင်လုပ်ရတ်ဆရာတို့သုံးနှုန်းကြကုန်၏၊ သရုပ်ကို(အာကာသ ၁၂ပါး) ၌ပြခဲ့ပြီ။ ♦

ဓာတ်မ ၉-ပါး

လုပ်ရတ်ကျမ်းလာ ဝေါဟာရ ဖြစ်သည်။ အဂ္ဂိရတ်ဆရာတို့ကား ဓာတ်မ ၉ပါးဟုဆိုကာ၊
(၁) ဘော်၊
(၂) ဘင်၊
(၃) နာ၊
(၄) သံ၊
(၅) ဂျွတ်၊
(၆) သွတ်၊
(၇) ဒန်၊
(၈) ကိတ်၊
(၉) သုတ ဟုနားလည်ကြကုန်၏၊ အကျယ်ကို 'လောကီသိပ္ပ ဝိဇ္ဇာဓရကျမ်း'၌ရှုလေ။ ♦

ဓားရေး ၃၇-မျိုး

နဝဒေး လူးတားမှ သုတေသန ပြုသည်။ ဓားချီ, ဓားခင်း, မျက်နှာကာ, ဓားလှ, ဓားလျှိုး, မှောက်ထိုးရပ်, ရင်ခွဲ, အသားလှန်, ဓားခုတ်, ဇင်ယော်သုတ်, (၁၀)

တဖက်ထိုး, ရှေ့လှည်း, နောက်လှည်း, ရွှေနှုတ်မြွက်ယာလှ, ရွှေနှုတ်မြွက်ဝဲလှ, စွန်သုတ်, ပါးကပ်, ပန်းကုံးဖြတ်, ဓားလွှင့်, ပန်းကုံးသီ၊ (၂၀)

ဆက်ရက်ခုန်, မီးတိုင်ပြ, ပိုးချည်လွှား, သက်တင်ရေသောက်, ရွှေဘယက် လည်လျောက်, ဒေါင်းမြီးကာ, ကျားမြီးဆွဲ, ဓားရွက်, လက်ကောက်ဝတ်, မောင်းကပ်၊ (၃၀)

ရွှေနှုတ်လည်လျောက်, နောက်လည်လျောက်, ဓားသွဲ့, ဓားပြ, တဖက်နှုတ်, နှစ်ဖက်နှုတ်, နောက်လှည့်၊ (၃ရ) ။ ♦

ဓုတ္တ ၃-ပါး၊ လွန်ကျူးငြား၊ ပျက်ပြားဥစ္စာ ပါယ်လားရာ

ဓုတ္တမျိုး ၃ပါးကို လိုက်စား လွန်ကျူးသူများ ဥစ္စာဆုံးပါး၍ အပါယ် ၄ပါးသို့ လားရသည် ဟူ၏။
(၁) သုရာ ဓုတ္တ-သေရည် သောက်ကြူးသူ၊
(၂) ဣတ္ထိဓုတ္တ-မိန်းမလိုက်စား ပျော်ပါးကြူးသူ၊
(၃) အက္ခဓုတ္တ-အလောင်းအစား ကစားကြူးသူ။ ♦

ဓူတင် ၁၃-ပါး

မိလိန္ဒပဥှာ ၃၄၀-၌ အကျယ်ရှု။ ကိလေသာကို ခါတွက်ကြောင်း ခေါင်းပါးစေခြင်း တရား ၁၃-ပါး။
(၁) ပံ့သုကူ ဓူတင်-ဂဟပတိ စီဝရံ ပဋိက္ခိပ္ပါမိ၊ ပံသုကူလိကင်္ဂံ သမာဒိယာမိ- ဒါယကာတို့ လှူသော သင်္ကန်းကို စွန့်ပါ၏၊ ပံ့သုကူသင်္ကန်းကို ဆောက်တည်ပါ၏။
(၂) တေစီဝရိက် ဓူတင်-စတုတ္ထစီဝရံ ပဋိက္ခိပ္ပါမိ၊ တေစီဝရိကင်္ဂံ သမာဒိယာမလေးထည်မြောက် သင်္ကန်းကို စွန့်ပါ၏။ သုံးထည်သောသင်္ကန်းကိုသာ ဆောက်တည်ပါ၏။
(၃) ပိဏ္ဍပါတ် ဓူတင်-အတိရေကလာဘံ ပဋိက္ခိပ္ပါမိ၊ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိလာဘ်ပိုလာဘ်လျှံကို ပယ်ပါ၏။ ဆွမ်းခံလို့ရသော ဆွမ်းကို စားသောက်ပါ၏။
(၄) သ ပဒါန ဓူတင်-လောလုပ္ပစာရံ ပဋိက္ခိပ္ပါမိ၊ သ ပဒါန စာရိကင်္ဂံ သမာဒိယာမိလျှပ်ပေါ် လော်လီ အိမ်စဉ်ကျော်၍ ခံယူခြင်းကိုပယ်ပါ၏၊ အိမ်စဉ် မကျော်မလှပ် ရပ်၍ရသောဆွမ်းကို ဆောက်တည်ပါ၏။
(၅) ဧကသနိက် ဓူတင်-နာနာသန ဘောဇနံ ပဋိက္ခိပ္ပါမိ၊ ဧကာသနိကင်္ဂံ သမာဒိယာမိနေရာအထူးထူး၌ စားခြင်းကို ပယ်ပါ၏။ တထိုင် တနေရာတည်း၌ စားခြင်းကိုဆောက်တည်ပါ၏။
(၆) ပတ္တပိုင် ဓူတင်-ဒုတိယတာဇနံ ပဋိက္ခိပ္ပါမိ၊ ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ-နှစ်ခွက်မြောက်သောဆွမ်း, ဟင်း, ကိုပယ်ပါ၏။ တခွက်တည်းနှင့်သာ ဆောက်တည်ပါ၏။
(၇) ခလုပစ္ဆာ ဓူတင်-အတိရိတ္တ ဘောဇနံ ပဋိက္ခိပ္ပါမိ၊ ခလုပစ္ဆာကင်္ဂံ သမာဒိယာမိ-အတိရိက် ဝိနည်းကံဆွမ်းကိုပယ်ပါ၏။ ခလုပစ္ဆာဓူတင်ကို ဆောက်တည်ပါ၏။
(၈) အရညကင် ဓူတင်-ဂါမန္တ သေနာသနံ ပဋိက္ခိပ္ပါမိ၊ အရညိကင်္ဂံ သမာဒိယာမိ- ဂါမဝါသီ ကျောင်းသင်္ခမ်းကိုပယ်ပါ၏။ တောရကျောင်း၌ နေခြင်းကို ဆောက်တည်ပါ၏။
(၉) ရုက္ခမူ ဓူတင်-ဆန္နံပဋိက္ခိပ္ပါမိ၊ ရုက္ခမူလိကင်္ဂံ သမာဒိယာမိ-အမိုးအကာရှိသောကျောင်းကို ပယ်ပါ၏။ သစ်ပင်ရင်း၌ နေပါ၏။
(၁၀) အဗ္ဘောကာသိက ဓူတင်-ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပ္ပါမိ၊ အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိအမိုး အကာရှိသောကျောင်းနှင့် သစ်ပင်တို့ကိုပယ်ပါ၏။ လွင်တီးခေါင်၌ နေခြင်းကို ဆောက်တည်ပါ၏။
(၁၁) သုသာန ဓူတင်-န သုသာနံ ပဋိက္ခိပ္ပါမိ၊ သောသာနိကင်္ဂံ သမာဒိယာမိ-သုသာန် မဟုတ်သော နေရာကို ပယ်ပါ၏။ သုသာန်၌ နေပါ၏။
(၁၂) ယထာ သန္တတိ ဓူတင်-သေနာသန လောလုပ္ပံ ပဋိက္ခိပ္ပါမိ၊ ယထာ သန္ထတိကင်္ဂံ သမာဒိယာမိ-နေရာကောင်း ကျောင်းကောင်းရွေးချယ်မှုကို ပယ်ပါ၏။ ဖြစ်စဉ်အတိုင်းနေထိုင်ပါ၏။
(၁၃) နိသဇ် ဓူတင်-ပဋိက္ခိပ္ပါမိ၊ နေသဇ္ဇိကင်္ဂံ သမာဒိယာမိ-အိပ်ခြင်းကိုပယ်ပါ၏။ ထခြင်း, ထိုင်ခြင်း, စင်္ကြံသွားခြင်းကိုဆောက်တည်ပါ၏။ ♦

ဓူတင် တရား၏ ကျေးဇူးဂုဏ် ၂၈-ပါး

မိလိန္ဒာပဥှာ ပါဠိတော်မှ ဓူတင်ကျင့်သူ၏ အကျိုးဂုဏ်များဖြစ်သည်။
(၁) သုဒ္ဓါဇီဝ-အသက်မွေးစင်ကြယ်၏၊
(၂) သုခ ဖလ-ချမ်းသာကျိုးရှိ၏၊
(၃) အနဝဇ္ဇ-အပြစ်မရှိ၊
(၄) န ပရ ဒုက္ခာပန-သူတပါးတို့အားဒုက္ခမပေး၊
(၅) အ,ဘယ-ဘေးမရှိ၊
(၆) အ,သမ္မီဠန-သူတပါးကိုမနှိပ်စက်၊
(၇) ဧကန္တဝဎ္ဍိုက-အမှန်ကြီးပွါး၏။
(၈) အ,ပရိဟာနိယ-ကုသိုလ်တရားမဆုတ်ယုတ်၊
(၉) အ,မာယံ-မာယာစဉ်းလဲခြင်း မရှိ၊
(၁၀) အာရက္ခာ-သေခြင်းကိုစောင့်တတ်၏၊
(၁၁) ပတ္ထိတဒဒ-တောင့်တတိုင်းပေး၏၊
(၁၂) သဗ္ဗသတ္တ ဒမန-သတ္တဝါအားလုံးကို ဆုံးမတတ်၏၊
(၁၃) သံဝရဟိတ-စောင့်စည်းသောအကျိုးရှိ၏၊
(၁၄) ပဋိရူပ-လျောက်ပတ်သော အကျင့်ဖြစ်၏၊
(၁၅) အ,နိဿိတ-ကိလေသာတို့ မမှီမကပ်နိုင်၊
(၁၆) ဝိပ္ပမုတ္တ-ကိလေသာမှ လွတ်၏၊
(၁၇) ရာဂက္ခယ-ရာဂ ကုန်၏၊
(၁၈) ဒေါသက္ခယ-ဒေါသ ကုန်၏၊
(၁၉) မောဟက္ခယ-မောဟ ကုန်၏။
(၂၀) မာနဟာန-မာန်တက်မှုကိုပယ်၏၊
(၂၁) ကု ဝိတက္ကစ္ဆေဒန-မိစ္ဆာဝိတက်ကိုဖြတ်၏၊
(၂၂) ကင်္ခါဝိတရဏ-ယုံမှားသင်္ကာမှ ကူးမြောက်၏၊
(၂၃) ကောသဇ္ဇဝိဒ္ဓံသန-အပျင်းကိုပယ်ဖျောက်၏၊
(၂၄) အရတိ ပဟာနမမွေ့လျော်ခြင်း ကိုဖျောက်၏၊
(၂၅) ခမန-သည်းခံတတ်၏၊
(၂၆) အတုလ-အတုမရှိမြတ်သော အကျင့်တည်း၊
(၂၇) အပ္ပမာဏ-မနှိုင်းယှဉ်အပ်သောဂုဏ်ရှိ၏၊
(၂၈) သဗ္ဗဒုက္ခက္ခယ ဂမနနိဗ္ဗာန်သို့ရောက်၏။ ♦

ဓူရ ၂-ပါး

ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။။ ၎င်း။ ဒု-အုပ်။ ၃၂၇။ ရဟန်းတော်များ လိုက်နာပြုကျင့်ရသော တာဝန် ၂-ပါး။
(၁) ဂန္ထဓူရ- စာပေသင်ယူ ပို့ချ ရေးမှတ် ဟောပြောနေမှု၊
(၂) ဝိပဿနာ ဓူရ-ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်နေမှု။ ♦

ဓူရ ၂-ပါး၊ တနည်း

လောကုတ္တရာ မဂ်,ဖိုလ် ရယူရေး၌ ပြည့်စုံရမည့် တာဝန် ၂-ပါးဟူလို၊ ပုဂ္ဂလပညတ်။ ဋ္ဌ။ ၄၄-၌ အကျယ်ရှုပါ။
(၁) သဒ္ဓါဓူရ- ဗုဒ္ဓ၏ ဓမ္မ၌ ယုံကြည်မှုလုံးဝရှိရခြင်း၊
(၂) ပညာဓူရ-နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်ပညာနှင့် ပြည့်စုံရမည်။ ♦

နံသင့် အက္ခရာမျိုး ၃၃-လုံး

အ-တနင်္ဂနွေနံ,၊ က, ခ, ဂ, ဃ, င-တနင်းလာနံ,၊ စ, ဆ, ဇ, စျ, ည-အင်္ဂါနံ,၊ ဋ, ဌ, ဍ, ဎ, ဏ၊ တ, ထ, ဒ, ဓ, န-စနေနံ,၊ ပ, ဖ, ဗ, ဘ, မ- ကြာသပတေးနံ,၊ သ, ဟ- သောကြာနံ,၊ လ, ဝ, ဠ- ဗုဒ္ဓဟူးနံ,၊ ယ, ရ- ရာဟုနံ။ ♦

နံသင့်လူမျိုး ၁၀၁-ပါး

ဗေဒင်ကျမ်းလာ နေ့နံနှင့် လူမျိုးယူပုံဖြစ်၏။
(၁) တနင်္ဂနွေနံ-ယွန်း၊
(၂) တနင်းလာနံ-ရှမ်း၊ အင်္ဂါနံ- မွန်, တလိုင်း၊
(၄) ဗုဒ္ဓဟူးနံ-ကတူး၊
(၅) ကြာသပတေးနံမြန်မာ၊
(၆) သောကြာနံ-သက်၊
(၇) စနေနံ-ကုလား၊
(၈) ရာဟုနံ-တရုပ်လူမျိုး။ ♦

နံ့သာမျိုး ၄-ပါး

(၁) ကုံကုမံ၊
(၂) လေးညှင်း၊
(၃) ကမျဉ်း၊
(၄) တောင်ဇလပ်၊ ဤကား မဂဓအဘိဓာန် အလိုတည်း။ ♦

နံ့သာမျိုး ၅-ပါး

(၁) နံ့သာဖြူ၊
(၂) နံ့သာနီ၊
(၃) ကရမက်၊
(၄) အကျော်၊
(၅) စမ္ပါ၊ ပိဏ္ဍောဆေးကျမ်းတို့၌ သွေး,လေ,သလိပ်,သည်းခြေတို့ကိုနိုင်၏၊ အပူကို ငြိမ်းစေတတ်၏ဟု ဆိုသည်။ ♦

နံ့သာမျိုး ၁၀-ပါး

သာရတ္ထ သင်္ဂဟကျမ်းမှ။
(၁) ကာလာနုသာရီ စသော အမြစ်နံ့သာ၊
(၂) စန္ဒကူး စသော အနှစ်နံ့သာ၊
(၃) ထင်းရူးစသော အကာနံ့သာ၊
(၄) သစ်ကြံပိုး စသော အခေါက်နံ့သာ၊
(၅) သီး,စသော အလွှာနံ့သာ၊
(၆) ပွဲလျှက် စသော အရည်နံ့သာ၊
(၇) ကွမ်းရွက် စသော အရွက်နံ့သာ၊
(၈) က့ကော် မာလာကျီကျု စသော အပွင့်နံ့သာ၊
(၉) ဇာဒိပ္ဖိုလ် စသော အသီးနံ့သာ၊
(၁၀) အလုံးစုံအနံ့နှင့် ပြည့်စုံသော သင်္ကန်းစသော ပင်စည်နံ့သာ။ ♦

နက္ခတ် ၂၈-လုံး

နက္ခတ္တာနီတိ ကတ္တိကာဒီဟိ အဋ္ဌဝီသတိ နက္ခတ္တာနိ-ဟု မဟာနိဒ္ဒေသ။ ပါ။ ၂၉၈။ ဋ္ဌ။ ၃၆၆-၌ဖွင့်ဆိုသည်။ ဤ၌ လုံးရေ ပုံသဏ္ဍာန်ပါ နက္ခတ္တသျှတြကျမ်းမှ ၂၇-လုံး ယူပြလိုက်သည်၊ လုံးရေ သဏ္ဍာန်အစုံနှင့် ကျမ်းစာမူရင်းအတိုင်း ပြလိုက်သည်။
(၁)၊ အဿဝဏီ၊ ခြောက်လုံးညီ၊ တူပြီ မြင်းခေါင်းဆို၊
(၂) ဘရဏီမှာ၊ သုံးလုံးသာ၊ ပမာခုံလောက်လို၊
(၃) ကြတ္တိကာကြယ်၊ ခုနစ်သွယ်၊ ကြယ်ငယ်စုသလို၊ ဖျောက်ဆိတ်ကြယ်ခေါ်၊ ၇-ဖေါ်၊ ယူသော် ကြိတ္တိကာ၊ ဤနက္ခတ်သုံးလုံးကား၊ ကျီးတာရာနှင့် ယှဉ်၍ သွား၏၊
(၄) ဆယ်လုံးအညီ၊ ရောဟဏီ၊ တူ့ပြီငါးကြင်းဆို၊
(၅) မိဂသီမှာ၊ သုံးလုံးသာ၊ ဝေါဟာ လိပ်ခေါင်းဆို၊
(၆) လိပ်လက်ခေါ်ကြ၊ အဒ္ဒရ၊ ဧက တလုံးဆို၊
(၇) ပုဏ္ဏဖုသျှု၊ ငါးလုံးပြု၊ နှိုင်းတုသင်္ဘောလို၊
(၈) ငှက်ချေးခံသွင်၊ ဆယ်လုံးမြင်၊ ခေါ်တွင် ဖုသျှဆို၊
(၉) အသလိဿ၊ လေးလုံးရ၊ တူမျှ ခက်ရင်းဆို၊ ဤနက္ခတ် သုံးလုံးကား ပုဇွန်တာရာနှင့် ယှဉ်၍သွား၏။
(၁၀) ကြယ်မာဃမှာ၊ လေးလုံးသာ၊ တူစွာသံကောက်ဆို၊
(၁၁) ပြုပ္ပါ ဘရဂုဏ္ဏီ၊
(၁၂) ဥတြာဘရဂုဏ္ဏီ၊ နှစ်လုံးစီ၊ တူညီညောင်စောင်းလို၊ ဤနက္ခတ် ၃-လုံးကား ချိန်တာရာနှင့်ယှဉ်၍ သွား၏
(၁၃) ဟဿဒမှာ၊ ငါးလုံးသာ၊ ပမာ လက်ဝါးလို၊
(၁၄) စိတြမှာ၊ တလုံးသာ၊ ပမာပုလဲလို၊
(၁၅) သွာဒိကားနှစ်၊ သဏ္ဍာန်စစ်၊ ကသစ်ပွင့်လိုလို၊ ဤနက္ခတ် ၃-လုံးကား ဆံကျင် တာရာနှင့်ယှဉ်၍ သွား၏
(၁၆) ဆယ့်လေးလုံးသာ၊ ဝိသာခါ၊ ပမာပတ်ဝိုင်းလို၊
(၁၇) ဆယ့်ငါးလုံးရ၊ နုရာဓ၊ နဂါးလည်ဆစ်လို၊
(၁၈) ငါးလုံးမှန်လှ၊ ကြယ်ဇေဋ္ဌ၊ နဂါးချက်ခေါ်ဆို၊ ဤနက္ခတ် သုံးလုံးကား တံငါတာရာနှင့် ယှဉ်၍သွား၏။
(၁၉) လေးလုံးမှန်လှ၊ ကြယ်မူလ၊ နဂါးမြီးဖျားဆို၊
(၂၀) ပြုပ္ပါသဠ်၊
(၂၁) ဥတြာသဠ်၊ လေးလုံးမှန်၊ လှမ်းဟန် ဆင်မလို၊ ဤနက္ခတ် ၃-လုံးကား ဆင် တာရာနှင့်ယှဉ်၍ သွား၏၊
(၂၂) မောင်ရင်ဆိုင်းထမ်း၊ သုံးလုံးတန်း၊ ရောင်ရွှန်း သရဝဏ်၊ သုံးလုံးမြှားဟန်၊ သရဝဏ်၊ ရောင်လျှံရွှန်းစိုစို၊
(၂၃) အင်ကြင်းသီးသွင်၊ လေးလုံးမြင်၊ မည်တွင် ဓနသိဒ္ဓိဆို၊
(၂၄) သတ္တဘိသျှ၊ ခြောက်လုံးရ၊ တူမျှဆုံကြီးလို၊ ဤနက္ခတ် ၃-လုံးကား မြင်း တာရာနှင့်ယှဉ်၍ သွား၏
(၂၅) ပြုပ္ပါဘဒြပိုက်၊
(၂၆) ဥတ္တရာဘဒြပိုက်၊ ခေါ်သမိုက်၊ မှတ်ပိုက် အင်းပျဉ်လို၊
(၂၇) ကိုးလုံးအညီ၊ ရေဝတီ၊ တူပြီမြှုံးလိုလို၊ ဤ ၃-လုံးမှာ၊ ဗျိုင်းတာရာ၊ သွားရာယှဉ်မြဲကို။ နက္ခတ်တာရာ၊ ယှဉ်သွားလာ၊ ရံခါမကွဲပြို။ ကျမ်းသျှတ္တရာ၊ ဤသို့လာ၊ မှတ်ပါ များလူဗိုလ်။ ♦

နက်နဲခက်စွာ၊ ဂမ္ဘီရာ၊ ၄-ဖြာ တရားမြတ်

၎င်းသရုပ်ကို(ဂန္ဘီရတရားကြီး၄-ပါး ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

နဂါးတို့၏ ပင်ကိုယ်အသွင် မစွန့်နိုင်ခြင်း ဒုက္ခမျိုး၅-ပါး

ဓမ္မပဒ ဒု-အုပ်။ ၁၅၂၊ ၁၅၃။ ဝိနည်းမဟာဝါ။ ပါ။ ၁၂၁။ ဋ္ဌ။ ၃၀၄။ သုတ္တနိပါတ်။ ပါ။ ၂၇၉။ ဋ္ဌ။ ပ-အုပ်။ ၁၂-၁၃။
(၁) နဂါးအချင်းချင်း မေထုန်မှုပြုသောအခါ၊
(၂) လုံးဝ အိပ်ပျော်သွားသောအခါ၊
(၃) ပဋိသန္ဓေယူစဉ်အခါ၊
(၄) အရေဟောင်းစွန့်သောအခါ၊
(၅) သေလွန်သောအခါတို့၌ မူလနဂါး၏ ကိုယ်ခန္ဓာပင် ဖြစ်၏။ ♦

နဂါးမျိုး ၇-ပါး

၎င်း အကျယ်ကို ခန္ဓဝဂ္ဂသံယုတ်။ ပါ။ ၂၀၂။ ဋ္ဌ။ ၃၁၉။ အပဒါန်။ ဋ္ဌ။ ပ-အုပ်။ ၂၆၇။ သုတ္တနိပါတ်။ ပါ။ ၂၇၉။ ဋ္ဌ။ ပ-အုပ်။ ၁၂-တို့၌ ရှုပါ။ ဂဠုန်ငှက်ဘေးမှ ကင်းဝေးသော နဂါးများဟူလို။
(၁) ပဏီတ တရာ-ဇလာဗုဇ, ဂဗ္ဘသေယျက, ဥပပါတိက, ဟုဆိုအပ်သော မိမိတို့ဇာတ်သဘောအားဖြင့် မြတ်သော နဂါးတို့လည်း တမျိုး၊
(၂) ကမ္ဗလဿ တရာနဂါးစစ်သူကြီး, စစ်ဗိုလ်မှူး, စစ်ဘုရင်များဖြစ်ကြသော ကမ္ဗလနဂါး, အဿတရနဂါးတို့လည်းတမျိုး၊
(၃) ဓတရဋ္ဌာ-ဓတရဋ္ဌမည်သော နဂါးဘုရင်တို့လည်းတမျိုး၊
(၄) သတ္တ သိဒန္တရ ဝါသိနော- တောင်စဉ်သီဒါ မဟာသမုဒ္ဒရာ၌ နေကြကုန်သော နဂါးတို့လည်းတမျိုး၊
(၅) ပထဝိဋ္ဌကာ-မြေအတွင်း၌ မှီတင်းပုန်းအောင်းကာ နေလေ့ရှိကြကုန်သော မြေအောင်းနဂါးတို့လည်းတမျိုး၊
(၆) ပဗ္ဗတဋ္ဌကာ-တောင်ခေါင်း တောင်တွင်း၌ မှီတင်း နေထိုင်ကြကုန်သော တောင်တွင်းနဂါးတို့လည်းတမျိုး၊
(၇) ဝိမာနဋ္ဌကာ-ဘောဂဝတီ နဂါးပြည်၌ ရွှေငွေဗိမာန် စံအိမ်ပျံဖြင့် ဇိမ်ခံပျော်ပါး၍ နေကြကုန်သော နတ်နဂါးတို့လည်းတမျိုး။ ♦

နဂါးမျိုး ၁၁၂၄-ပါး၊ တနည်း

အကျယ်ကို သာရတ္ထသင်္ဂဟကျမ်းနှင့် ပကိဏ္ဏက ဝိသဇ္ဇနာ ဒု-တွဲ၌ ရှုပါကုန်။ ကဋ္ဌမုခ,ပုတိမုခ,အဂ္ဂိမုခ,သတ္ထမုခ, ခေါ် နဂါး လေးပါးကိုတည်၊ ဒဋ္ဌဝိသ,ဒိဋ္ဌဝိသ,ဖုဋ္ဌဝိသ,ဝါတဝိသ, ခေါ် အဆိပ်မျိုး ၄-ပါးနှင့်မြှောက် ၁၆-ပါးရ၏၊ ၎င်းကိုတည်၊ အာဂဒဝိသနောဃောရဝိသ, နောအာဂဒဝိသ ဃောရဝိသ, အာဂဒဝိသစဃောရဝိသ, နောအာဂဒဝိသစ နဃောရဝိသ, ခေါ် အဆိပ်မျိုး ၄-ပါးနှင့် ထပ်မြှောက် ၆၄-ပါးရ၏၊ ၎င်းကိုတည် ယောနိမျိုး ၄ပါးနှင့်မြှောက် ၂၅၆-ပါးရ၏၊ ၎င်းကိုတည် ရေနေ, ကြည်းနေ ၂-ပါးနှင့်မြှောက် ၅၁၂-ပါးရ၏၊ ၎င်းကိုတည်၊ ကာမရူပီ, အကာမရူပီ ခေါ် စည်းစိမ်ရှိမဲ့ ၂-ပါးနှင့်မြှောက်သော် နဂါးမျိုးပေါင်း ၁၀၂၄-ပါးရ၏။ ♦

နဂိုရ်ဂြိုဟ် ၄-လုံး

''မိ, နီ, ဧ, လှ,၊ နဂိုရ်ကျ” ဟူသော ဗေဒင်လင်္ကာအရ “ကြာသပတေး, စနေ, တနင်္ဂနွေ, ဗုဒ္ဓဟူး” ၎င်းဂြိုဟ်များ၌ သက်ရောက်ဂြိုဟ်စားမူ ယာယီမရှိ ပကတိဟု ဟောကြကုန်၏။ ♦

နတ် ၃-ပါး

အဘိဓမ္ဓာဝိဘင်း။ ပါ။ ၄၃၇။ ၎င်း။ ဋ္ဌ။ ၅၀၀-၌ အကျယ်ရှု။ ကမ္ဘာသားတို့ ကိုးကွယ်အားထားရာ နတ်မျိုးအပြား ၃-ပါးဟူလို။
(၁) ဝိသုဒ္ဓိနတ်-ကိလေသာတို့မှ စင်ကြယ်ပြီးသော ဘုရား, ရဟန္တာနှင့် သံဃာတို့ကို ခေါ်သည်။
(၂) ဥပပတ္တိ နတ်- နတ်ပြည် ဗြဟ္မာပြည်တို့၌ ကိုယ်ထင်ရှားဖြစ်သော နတ်ဗြဟ္မာတို့ကို ခေါ်သည်။
(၃) သမ္မုတိ နတ်လူအပေါင်းတို့အပေါ်၌ အုပ်ချုပ်၍ မင်းလုပ်နေသော ဘုရင် ဧကရာဇ်တို့ကို ခေါ်သည်၊ အကျယ်လိုမူ ဒီဃနိကာယ် သက္ကပဥှာသုတ် အဋ္ဌကထာ။ ဣတိဝုတ် အဋ္ဌကထာ ကျမ်းတို့၌ ရှုကြကုန်။ ♦

နတ် ၃-ပါး၊ တနည်း

၎င်းသရုပ်ကို (ဇိုဝ်းမျိုး ၃-ပါး) ဟူသော သုတေသန၌ ပြန်ရှုပါ။ ♦

နတ် ၄-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို (နတ်မင်းကြီး ၄-ပါး) ၌ရှုပါ။ ♦

နတ်ကြီး ၅-ပါး

လောကီ မှော်ဆရာတို့ ပြောကြားရွတ်ဆိုလေ့ရှိကြသော နတ်ကြီး ၅ပါး၊ ၎င်းကို မ, ကာရလောပ ဉာဏာလင်္ကာရ ရာဇဂုရုဆရာတော် ခင်ကြီးပျော်ရေး 'ကဝေသာရ ကျမ်းရင်း' မှ ယူသည်။
(၁) မဟာကပ္ပိန္န နတ်-အရှေ့ကျွန်း အရပ်နေ၊
(၂) ကပ္ပစိန္တာနတ်- အနောက်ကျွန်း အရပ်နေ၊
(၃) ကပ္ပနန္ဒာနတ်-တောင်ကျွန်း အရပ်နေ၊
(၄) ဇေယျာကပ္ပ နတ်- မြောက်ကျွန်း အရပ်နေ၊
(၅) ရုဇေယျကပ္ပ နတ်-လေးကျွန်း ထိပ်ဗွေ လယ်မဇ္ဈေနေ။ ♦

နတ်စစ်သူကြီး ၄-ယောက်

မြင့်မိုရ်တောင်ထိပ် ၄-မျက်နှာရှိ 'စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါး' ကိုပင် သိကြားမင်း၏ နတ်စစ်သူကြီး ၄-ယောက်ဟု ခေါ်ဆိုကြ၏။ ♦

နတ်တမန်ခေါ်၊ တရားတော်၊ ၅-ဘော် သံဝေဂ

၎င်းသရုပ်ကို (ဒေဝဒူတ တရား ၅-ပါး) ၌ဆိုခဲ့ပြီ။ ♦

နတ်တို့စည်းဝေးခြင်း အကြောင်း၄-ပါး

သုဓမ္မာ သဘင်ကြီး၌ နတ်တို့စည်းဝေးခြင်း အကြောင်း၄-ပါးကို ဆိုသည်၊ ၎င်းအဖြေ( တာဝတိံသာ၊ သုဓမ္မာ၊ ၄-ဖြာ စည်းဝေးကြောင်း) ဟူသော သုတေသနရပ်၌ကြည့်ပါ။ ♦

နတ်တို့ စုတေကြောင်း နိမိတ် ၅-ပါး

သုတ်မဟာဝါ။ ဋ္ဌ။ ၂၀။ အဋ္ဌသာလိနီ ။ ဋ္ဌ။ ၇၅-တို့၌ ရှုပါ။ နတ်များ စုတေခါနီး၌ ၎င်းနိမိတ် ၅-ပါးထင်လာတတ်သည်။
(၁) နတ်ပန်း ညှိုးနွမ်းခြင်း၊
(၂) နတ်ဝတ်တန်ဆာ ညှိုးနွမ်းခြင်း၊ ကိုယ်အဆင်းမလှခြင်း၊
(၃) လက်ကတီးကြားမှ ချွေးထွက်ခြင်း၊
(၄) နေရာ ဘုံဗိမာန်၌ မပျော်မွေ့ခြင်း၊
(၅) မျက်တောင်ခတ်ခြင်း။ ♦

နတ်တို့စုတေခြင်းမျိုး ၄-ပါး

နတ်တို့သေရခြင်း အကြောင်း ၄-ပါး။
(၁) အာယုက္ခယ-သက်တမ်းစေ့၍ သေရခြင်း၊
(၂) ကမ္မက္ခယ-သက်တမ်းမစေ့မီ ကံကုန်၍ သေရခြင်း၊
(၁) အာဟာရက္ခယ-စားချိန် မစားမိ၍ အာဟာရ ကုန်ပြတ်ပြီး သေရခြင်း၊
(၄) ကောပအမျက်ဒေါသထွက်လွန်း အားကြီး၍ သေရခြင်း။ ♦

နတ်နက္ခတ် ၉-လုံး ဗေဒင်

မိမိတို့ ဇာတာခွင်၌ စန်းယှဉ်နက္ခတ်သည် ဤဖေါ်ပြပါ နက္ခတ် ၉-လုံးတို့တွင် ပါဝင်နေပါက နတ်နက္ခတ် ဟုမှတ်လေ၊ စန်းယှဉ်နက္ခတ်သည် ပါဋ်ဃတီ ပါရှိနေက ရှေ့သို့တလုံးတိုးယူရမည်ဟူ၏၊ လက်ထပ်ထိမ်းမြားရေး၌ မိမိတို့ အချင်းချင်းသော်၎င်း၊ လူနှင့် နတ်သော်၎င်း၊ လက်ထပ်ထိမ်းမြားနိုင်၏၊ လူယောက်ျားသည် ဘီလူးနက္ခတ် မိန်းမနှင့် လက်မထပ်ရ သေတတ်သည်၊ နတ်, လူ, နက္ခတ်ပါသော မိန်းမသည် ဘီလူးနက္ခတ်ပါသော ယောက်ျားနှင့် လက်ထပ်နိုင်သည်၊ အပြစ်မရှိ ကောင်း၏၊ နတ်နက္ခတ် ယောက်ျားသည် ဘီလူးနက္ခတ် မိန်းမနှင့် လက်ထပ်နိုင်၏၊ အပြစ်မရှိချေ၊
(၁) အဿဝဏီ၊
(၂) မိဂသီ
(၃) ပုဏ္ဏဖုသျှ၊
(၄) ဖုသျှ၊
(၅) အဿဒ၊
(၆) သွာဒိ၊
(၇) အနုရာဓ၊
(၈) သရဝဏ်၊
(၉) ရေဝတီ နက္ခတ်တို့ ဖြစ်၏။ ♦

နတ်ပြည် ၆-ထပ်

နတ်တို့ နေရာ ဌာန ခြောက်ပါး၊
(၁) စတုမဟာရာဇ် နတ်ပြည်၊
(၂) တာဝတိံသာ၊
(၃) ယာမာ၊
(၄) တုသိတာ၊
(၅) နိမ္မာနရတိ၊
(၆) ပရနိမ္မိတ ဝသဝတ္တီ။ ♦

နတ်ပြည် ရောက်ဘူးသော လူသား ၄-ယောက်

၎င်းသရုပ်(လူစင်စစ်က နတ်ပြည်ရောက်ဘူးသူ ၄-ယောက်) ဟူသော သုတေသန၌ကြည့်ပါ။ ♦

နတ်ပြည်၌ မရကောင်းသော ကမ္မဋ္ဌာန်း ၁၂-ပါး

ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၁၁၀။ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာဟာရေ ပဋိကူလသညာ တို့ ဖြစ်၏၊ နတ်ပြည်၌ အာရုံငါးပါး ကာမဂုဏ်တရားတို့ လွှမ်းမိုးထားရကား ထိုကမ္မဋ္ဌာန်းများကို မရနိုင်ဟူ၏။ ♦

နတ်ဖြစ်ခြင်း အကြောင်း ၃-ပါး

နတ်ပြည်ရောက်လိုသူများ ကျင့်ကြံရန် တရားသုံးပါး။
(၁) သစ္စံ ဘဏေ-အမှန်ကိုသာ ဆိုပြောရာ၏၊
(၂) န ကုဇ္ဈေယျ-အမျက်မထွက် စိတ်မဆိုးရ၊
(၃) အပ္ပမ္ပိ ဒဇ္ဇာ-တောင်းခံလာက နည်းနည်းဖြစ်ဖြစ် ပေးလှူရာ၏။ ♦

နတ်မင်းကြီး ၄-ပါး

စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါးကိုဆိုလိုသည်။
(၁) အရှေ့အရပ်ကို အစိုးရသော ဓတရဋ္ဌ နတ်မင်းကြီး၊
(၂) အနောက်အရပ်ကို အစိုးရသော ဝိရူပက္ခ နတ်မင်းကြီး၊
(၃) တောင်အရပ်ကို အစိုးရသော ဝိရူဠက နတ်မင်းကြီး၊
(၄) မြောက်အရပ်ကို အစိုးရသော ကုဝေရ နတ်မင်းကြီး။

မှတ်ချက် ။ ။ ၎င်းတို့ကိုပင် “နတ်စစ်သူကြီး ၄-ယောက်” ဟုလည်းခေါ်သေး၏။ ♦

နတ်မျိုး ၂-ပါး

အတုလ ဝိဇ္ဇာမယ သိဒ္ဓိကျမ်းမှ။
(၁) ကမ္မသကနတ်-ဒါန,သီလ,စျာန်,ဘာဝနာ ကုသိုလ်တို့ကြောင့်ဖြစ်သော နတ်,ဗြဟ္မာများ၊
(၂) ဂန္ဓာရီနတ်-ဆေး, အင်း, မန္တာန်, ပြဒါး, သံ, ကျောက်မျက် ရတနာ စသည်တို့ တန်ခိုးဖြင့် မြေလျှိုးမိုးပျံ နေကြသော ဝိဇ္ဇာဓိုရ်များ။ ♦

နန်းမ ၃-ဆောင်

ဗုဒ္ဓဝင်၌ ထင်ရှားသော အလောင်းမြတ် သိဒ္ဓတ်ဘုရင်၏ ရွှေနန်း ၃-ဆောင်ဟူ၏။
(၁) ရမ္မ ခေါ် ဘုံ ၉-ဆောင်ရှိသော ရွှေနန်းပြာဿဒ်တော်၊
(၂) သုဘ ခေါ် ဘုံ ၇-ဆောင်ရှိသော ရွှေနန်းပြာဿဒ်တော်၊
(၃) သုရမ္မ ခေါ် ဘုံ ၅-ဆောင်ရှိသော ရွှေနန်းပြာဿဒ်တော်။ ♦

နန်းမတော်ကြီး ၄-ဆောင်

နန်းရ မိဖုရားကြီး ၄-ပါးကို အစွဲထား၍ နန်းမတော် ၄-ဆောင်ဟု ဝေါဟာရပြုကြကုန်၏၊ အကျယ် (နန်းရ မိဖုရားမျိုး ၄-ပါး) ၌ ရှုလေ။ ♦

နန်းရ မိဖုရား၊ မျိုး ၄-ပါး၊ ခွဲဲခြား ရွှေနန်းတော်

မြန်မာဘုရင်တို့ ထုံးတမ်းစဉ်လာမှာ နန်းရမိဖုရားကြီး ၄-ပါးနှင့် အဆောင်ရ မိဖုရား ၄-ပါးဟု ထားရိုးရှိသည်။
(၁) တောင်ညာစံဒေဝီ မဟေသီ မိဖုရားခေါင်ကြီး၊ တောင်နန်းမတော် မိဖုရားခေါင်ကြီး၊
(၂) မြောက်နန်းမတော် မိဖုရား၊
(၃) အလယ်နန်းမတော် မိဖုရား၊
(၄) အနောက်နန်းမတော် မိဖုရား။ ♦

နဘေစပ်ရိုး၊ နည်း ၈-မျိုး၊ ကျမ်းကိုး ပြပါလေ

အောက်ပါ နဘေစပ်နည်း ရှစ်ပါးကို ကဗျာဖွဲ့နည်း နိသျည်းကျမ်း၌ ပြယုဂ်ဥဒါဟရုဏ်နှင့် အစုံအလင်ပြဆို၏။
(၁) ရိုးရိုးနဘေစပ်နည်း၊
(၂) ပြန်ဂဟတ် နဘေစပ်၊
(၃) ကတ္တရာ နဘေစပ်၊
(၄) ရွက်ချပ် နဘေစပ်၊
(၅) ချိန်ခွင်ညှာ နဘေစပ်၊
(၆) ခြင်္သေ့လည်ပြန် နဘေစပ်၊
(၇) တေ့ဆက် နဘေစပ်၊
(၈) နဘေပြန်စပ်နည်း။ ♦

နမော တဿ၊ ရှိခိုးကြ၊ ပုဂ္ဂလ ၈-ယောက်

ပိဋကတ်တော် ကျမ်းလာ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ''ဟု ဆို၍ ရှိခိုးသော ပုဂ္ဂိုလ် ၈-ယောက် ဟူလို။
(၁) သိကြားမင်း။ သုတ်မဟာဝါ။ ပါ။ ၂၃၀။ ဋ္ဌ။ ၃၃၃။
(၂) ကောသလမင်းကြီး။ မဇ္ဈိမပဏ္ဏာသ။ ပါ။ ၃၁၄။ ဋ္ဌ။ ၂၃၈။
(၃) ဇာဏုသောဏိ ပုဏ္ဏားကြီး။ မူလပဏ္ဏာသ။ ပါ။ ၂၃၅။ ဋ္ဌ။ ဒု-အုပ်။ ၁၀၂။
(၄) ဗြဟ္မာယု ပုဏ္ဏားကြီး။ မဇ္ဈိမပဏ္ဏာသ။ ပါ။ ၃၁၄။ ဋ္ဌ။ ၂၄၉။
(၅) ဓနဉ္ဇာနီ ပုဏ္ဏေးမ။ မဇ္ဈိမပဏ္ဏာသ။ ပါ။ ၄၂၄။ ဋ္ဌ။ ၃၀၇။
(၆) အာရာမဒဏ္ဍ ပုဏ္ဏား။ ဒုကင်္ဂုတ္တရ။ ပါ။ ၆၈
(၇) ကာရဏပါလီ ပုဏ္ဏား။ ပဉ္စင်္ဂုတ္တရ။ ပါ။ ၂၀၆-၂၀၈။ ဋ္ဌ။ ၆၈။
(၈) မဟိန္ဒမင်းကြီး။ ဓမ္မပဒ-ဋ္ဌ။ ပ-အုပ်။ ၆၄-တို့၌ အကျယ်ရှု

ကျမ်းငယ်တစောင်၌ကား နတ်ကြီး ၅-ပါးက နမော, တပုဒ်၊ တဿ, တပုဒ်၊ စသည်ဖြင့်ရှိခိုးကြောင်းနှင့် လာသေး၏၊ သာသနာဝင်ကျမ်းတို့နှင့်မကိုက်ညီ။ ♦

နယ်ချဲ့တရား၊ မျိုး ၃-ပါး၊ ရှောင်ရှားသူတော်စင်

''ပပဉ္စတရား ၃-ပါး” ကိုပင် နည်းပရိယာယ်ဖြင့် နယ်ချဲ့တရားဟု ခေါ်ကြ၏၊ သရုပ်အတူတူပင်။ ♦

နယ်ခြားမြို့များ လုံခြုံရေးအင်္ဂါ ၇-ပါး

တိုင်းတပါးသား ရန်သူများ မဝင်နိုင်ရန် ၎င်းအကျယ် သတ္တင်္ဂုတ္တရ။ ပါ။ ၄၇၈။ ဋ္ဌ။ ၁၈၁-၌ ရှုပါ။ သရုပ်မှာ(မြို့တော်အင်္ဂါ ၇-ပါး) နှင့် ဆင်ဆင်တူ၏။ စက္ကူ ရှားပါးသောကြောင့် အကျယ်မပြနိုင်။ ♦

နယ ၃-ထွေ၊ မြန်စာပေ၊ ယူလေ ရှေးထုံးမှီး

ကြိယာသုံးစွဲနည်း ဥပဒေသ၌ လာသော သဒ္ဒါဝေါဟာရ
(၁) ဥဒ္ဒိဿ နယ-ကြိယာတွင်တိုက်ရိုက်ညွှန်ပြသော နည်းမျိုး။ ပုံ- ဥဇနာပြောင်၊ ရွှေနန်းတောင်ထက်၊ ထွန်းပြောင် သုံးလဟူသော ပလိပ်စား ဧချင်း၌ 'ထွန်းပြောင်' ဟူသော ကြိယာပုဒ်သည် ဥဒ္ဒိဿ နယ မည်၏၊
(၂) သံသယ နယ-ကြိယာတွင် စိတ်၌သာ ထင်မှတ်၍ ယုံမှားဘွယ်ရာ သုံးသော နည်းမျိုး၊ ပုံ-မဖြစ်လျှင်ကြေ၊ ဖြစ်လျှင်သေ၊ လူလေ အတတ်၊ အဂ္ဂိရတ် ဟူသော ဓာတ်ပြလင်္ကာ၌ 'မဖြစ်လျှင်,ဖြစ်လျှင်'ဟူသောကြိယာပုဒ်တို့သည် သံသယ နယမည်၊
(၃) အာဏတ္တိ နယ-ကြိယာတွင် စေခိုင်းခြင်း, တောင့်တခြင်း, အလိုရှိခြင်း, တောင်းပန်ခြင်းတို့ဖြင့်သုံးသောနည်းမျိုး၊ ပုံ-ကောင်းသောဆန္ဒ၊ ဥဿဟဖြင့်၊ နိစ္စမပျင်း၊ကြိုးကုန်မင်း ဟူသော ဘူရိဒတ်ဇာတ်ပေါင်း၌ ပါသည့် 'ကြိုးကုန်' ဟူသောပုဒ်မျိုးသည် အာဏတ္တိ နယမည်၏၊ ဤသို့လျှင် ကဗျာလင်္ကာ ရေးစပ်ရာ၌ နည်း ၃-ထွေကို သိရာ၏။ ♦

နရည်း စရာ၊ တူရိယာ၊ ၆-ဖြာ မျိုးအပြား

နရည်းစရာခေါ် တီးမျိုး၌ ပါဝင်သော တူရိယာ ၆-မျိုး၊ 'ပတ်သာ, ပုံ, မောင်း, နှဲ, ကြေးနင်း, လင်းကွင်း'။ ♦

နဝင်္ဂသီလ

အင်္ဂါ ၉-ပါးရှိသော သီလ-ဆောက်တည်ပုံ အကျယ်ကို နဝင်္ဂုတ္တရ။ ပါ။ ၁၉၂။ ဋ္ဌ။ ၂၆၆-၌ရှုပါ။ အင်္ဂါ ၉-ပါးရှိသောသီလ, ရှစ်ပါးသီလထဲ၌ “မေတ္တာ သဟဂတေန စေတသာ သဗ္ဗ ပါဏ ဘူတေသု ဖရိတွာ ဝိဟရနံ သမာဒိယာမိ” အလုံးစုံသော သတ္တဝါတို့ အပေါ်၌ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် ပြန့်နှံ့၍ နေထိုင်ခြင်းကို ဆောက်တည်ပါ၏ ဟူသော သိက္ခာပုဒ် တပါးကိုထည့်၍ ၉-ပါးသီလဟု ခေါ်သည်။

မှတ်ချက် ။ ။ မေတ္တာ၏ ဆန့်ကျင်ဖက် ဒေါသမထွက်ရ၊ ဒေါသစိတ်ဖြစ်က သိက္ခာပုဒ်ပျက်၏၊ အမြဲမေတ္တာပွားနေရမည်ဟု မမှတ်လင့်၊ ကာယကံမေတ္တာ, ဝစီကံမေတ္တာလည်း မေတ္တာပင်။ ♦

နဝင်းအပြား ၁၀၈-ပါး

၎င်းသရုပ်ကို (တရာ့ရှစ်နဝင်း) ၌ ဆိုခဲ့ပြီ။ ♦

နဝင်းချော်, နဝင်းဆေးမျိုး ၉-ပါး

အဂ္ဂိရတ် ဝေါဟာရ၊ ဓာတ်ကိုးပါးဖြင့် ပြီးသော ဆေးဟူလို၊ ကန့်, ကျောက်ချဉ်, ဆား ၃-ပါး တလုံချက်၊ ယမ်း, လက်ချား, ဇဝက်သာ ၃-ပါး တလုံချက်၊ ပရုပ်, ထုံး, ဆပ်ပြာ ၃-ပါး တလုံချက်၊ ယင်း ၃-ပါး ၃လီကိုပင် “နဝင်းဆေး,နဝင်းချော်” ဟုအဂ္ဂိရတ်သမားတို့ ခေါ်ဝေါ်သုံးကြကုန်၏။ ♦

နဝဒေးကြီး၊ ဘွဲ့ဂုဏ်မှီး၊ ကျော်ဟီး ၃-နာမာ

ပထမ နဝဒေးကြီး၏ “စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာနဝဒေး''ဟူသော ဘွဲ့ထူးဂုဏ်ထူးများ၏ အမည်တော် ၃-ပါးကိုဆိုသည်။ ♦

နဝဒေးခေါ်၊ ဘွဲ့အကျော်၊ ၄-ဘော် အင်္ဂါရပ်

န ဝဒေ-ပါဠိ “န-မရှိ။ ဝဒေ-ဆိုဘွယ်ရာအပြစ်” ၎င်းဘွဲ့တံဆိပ် ခံရသူများကား အောက်ပါ အင်္ဂါ ၄-ပါးနှင့်ပြည့်စုံရမည်ဟူ၏
(၁) နိုင်ငံတော် အုပ်ချုပ်ကွပ်ကဲရေး၌ လိမ်မာရခြင်း၊
(၂) တရားဥပဒေ စီရင်ဆုံးဖြတ်ရေး၌ ကျွမ်းကျင်ရခြင်း၊
(၃) စစ်တိုက် စစ်ဆင် စစ်ဆုတ်ရေး၌ လိမ်မာပါးနပ် ရဲရင့်ရခြင်း၊
(၄) ဆေး ဗေဒင်နှင့် ကဗျာလင်္ကာ သဒ္ဒါစာပေတို့၌ ပြောင်မြောက်ရခြင်း။ ♦

နဝရတ် ၉-ပါး၊ ဂုဏ်စွမ်းအား

၎င်းသရုပ်အဓိပ္ပါယ်ကို အောက်ပါလင်္ကာဖြင့်သိရာ၏၊ “နီလာ စိန် ကြောင်၊ ထိန်ပြောင်ပတ္တမြား၊ မြသား,ဂေါမုတ်၊ ဥဿဖယား,သန္တာ၊ ရတနာပုလဲ၊ ထူးကဲမွန်မြတ်၊ နဝရတ် ၉-ပါး၊ ကျော်ထင်ရှားသည်၊ မှတ်သားအစဉ်၊ ခေါ်ရိုးတည်း''။ နဝရတ် ၉-ပါး၊ ဂုဏ်စွမ်းအားကား၊ ပတ္တမြား ဘုန်းတောက်၊ မြကျောက် အေးချမ်း၊ စိန်စွမ်း ဂုဏ်ရောင်၊ ကြောင်ကား သိဒ္ဓိ၊ မဏိ နီလာ၊ မေတ္တာကဲချုပ်၊ ဂေါ်မုတ် ခွန်အား၊ ဥဿဖယား ကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲ ကျက်သရေ၊ ကွန့်ကွန့်ဝေသည်၊ ကိုးထွေနဝရတ် စွမ်းရည်တည်း။ ♦

နဝရတ်ထား၊ ရပ် ၉-ပါး၊ ကွင်းငြား လက်စွပ်ဝတ်

အထက်ပါ နဝရတ်ကျောက် ၉-ပါးကို လက်စွပ် ကွင်းလိုသောသူသည် ပတ္တမြားကို အလယ်ထား၍ စိန်ကိုရှေ့တည့်တည့်က ထားပြီးလျှင်၊ ကြွင်းသော ရတနာ ၇-ပါးကို အစဉ်အတိုင်း လက်ျာရစ်လှည့်၍ ကွင်းလေ၊ ဝတ်ဆင်သူအား ဘေးဥပါဒ်ကင်းရှင်း၍ ရန်အပေါင်းတို့ကို နိုင်နင်းမည်။ ဘုန်းကျက်သရေ တက်နေပမာ မင်္ဂလာရှိမည်၊ လာဘ်သပ္ပကာ ပေါများမည် ဟူ၏။ ♦

နဝရူပါ၊ သတ္တဝါ၊ ၉-ဖြာ ရုပ်ပုံ အဘယ်နည်း?

ရွှေဘုံ နိဒါန်းလာ 'နဝရူပဖေါင်' ပုံမှယူဖြေသည်။
(၁) ကရဝက် နှုတ်သီးနှင့် လည်ဆံ၊
(၂) နွားလဘို့၊
(၃) ငါးကြင်းမြီး၊
(၄) ဆင်စွယ် နှစ်ချောင်း၊
(၅) မကန်း နှာမောင်း၊
(၆) သမင်ချို နှစ်ဖက်၊
(၇) ကြက်တူရွေးအတောင်နှစ်ဖက်၊
(၈) တိုး လက်တဖက်, ခြေတဖက် အမြီး၊
(၉) မြင်းနားနှစ်ဖက်, လက်တဖက်, ခြေတဖက်။ ♦

နသတ်ကာရန်၊ ရေးထုံးမှန်၊ ၉-တန် မြန်မာ့နည်း

မြန်မာ သင်ပုန်းကြီးကျမ်းလာ စာစီစာကုံး ၃၆-ပါးသော ဌာနနှင့် ၆၄-ပါးသော ကာရန်ငယ် အသံတို့တွင် ပါဝင်သည့် ဝေါဟာရ။ “အန့်, အန်, အန်း, အိန့်, အိန်, အိန်း, အုန့်, အုန်, အုန်း” တို့ဖြစ်ကြ၏။ ♦

နာနာဘဏ္ဍာ၊ ခိုးနည်းလာ၊ ၅-ဖြာ အဘယ်နည်း?

၎င်းသရုပ်ကို (ခိုးခြင်း ၂၅-ပါး) ၌ ကြည့်ပါကုန်။ ♦

နာမ် ၁၀-ပါး ဆေး

အဂ္ဂိရတ် ဝေါဟာရ။ 'ယမ်း, ဆား, ဆပ်ပြာ, ဇဝက်သာ, ပရုပ်, ထုံး, ကျောက်ချဉ်, ကန့်, ဒုဋ္ဌာ, လက်ချား' ယင်းဆယ်ပါး လေးတူချက်သည့် ဆေးကို ဆို၏၊ လုပ်ရတ်သမားတို့ သုံးကြကုန်၏။ ♦

နာမ်စားမျိုး ၄-ပါး

ဝါကျတခု၌ နာမ်ပုဒ်တို့ကို ထပ်ခါထပ်ခါ မသုံးရအောင် နာမ်၏အစား သုံးသောပုဒ်မျိုးကိုဆိုသည်။
(၁) ပုဂ္ဂလ နာမ်စား-လူ,နတ်,ဗြဟ္မာ စသောပုဂ္ဂိုလ်တို့၏အစား သုံးသောပုဒ်မျိုး၊ ပုံ- 'ယောက်ျားတဆူ၊ ထိုသ သူလျှင်၊ လူ၌သော်လဲ၊ လွန်ရခဲ၏'၊ ဟူသော စတုဓမ္မသာရပျို့၌ 'သူ' ဟူသောပုဒ်သည် ပုဂ္ဂလ နာမ်စား မည်၏။
(၂) သ ပစ္စာဂမ နာမ်စား- မိမိကိုယ်ကို တဖန်ပြန်၍ သုံးစွဲသောပုဒ်မျိုး၊ ပုံ-'နင့် ကိုယ်ကို ပင်၊ နင်ဆင်ခြင်၊ ကြောခြင် လျှော့ပါးစွာ'၊ ဟူသော ခွဲထားသံပေါက်၌၊ 'ကိုယ်ကို'ဟူသော ပုဒ်သည် မိမိသို့တဖန်ပြန်လာသောကြောင့် 'သ ပစ္စာဂမ နာမ်စား' မည်၏။
(၃) နိဒဿန နာမ်စား-နာမ်ပုဒ်တို့၏ အစား ညွှန်းပြ သုံးစွဲသော ပုဒ်မျိုး။ ပုံ-'ဤကား မကောင်း၊ ထိုကား ကောင်း၏၊ နောက်နှောင်းသောခါ၊ သိရစ်ပါလိမ့်' ဟူသော ကုသပျို့၌ 'ဤကား' 'ထိုကား' ဟူသောပုဒ်တို့သည် တစုံတခုသော နာမ်ပုဒ်တို့၏အစား ညွှန်းပြသောနည်းအားဖြင့် သုံးရကား 'နိဒဿန နာမ်စား' မည်၏။
(၄) ပုစ္ဆာ နာမ်စား-နာမ်ကို အမေးနည်းအားဖြင့် သုံးသောပုဒ်မျိုး။ ပုံ-'မည်သူဆိုညွှန်း၊ မတိုက်တွန်း၊ လိုထွန်းကျမ်းလင်္ကာ' ဟူသော ဘူရိဒတ်ပျို့ နိဂုံး၌၊ 'မည်သူ' ဟူသော ပုဒ်သည် မေးခွန်းအရာ၌ တည်သောကြောင့် 'ပုစ္ဆာ နာမ်စား'မည်၏။

မှတ်ချက် ။ ။ နာမ်စားကား ကဗျာလင်္ကာ၌ ၆-ပါးလည်း ရှိသေး၏။ ♦

နာမ် တေပညာ၊ ဘိဓမ္မာ၊ ၅၃-ဖြာသိ

အဘိဓမ္မာသဘော နာမ် ၅၃-ပါးဟူ၏။ (က) စိတ် ၈၉-ခုကို အာရမ္မဏ ဝိဇာနန သဘောတခုသာ ရသောကြောင့် နာမ်တပါး၊ (ခ) စေတသိက် ၅၂-ပါး၊ ပေါင်း ၅၃-ပါးဖြစ်၏။ ♦

နာမျိုး ၅-ပါး

နာမျိုးအဝင် ဆေးပင်မျိုး ငါးပါးဟူလို။
(၁) နာဂမောက်၊
(၂) နာဂသိန်၊
(၃) နာဂမ
(၄) နာဂမှိုင်း၊
(၅) နာဂထ။

မှတ်ချက် ။ ။ နာဂမောက်ကို၊ 'နာဂဆက်' ဟူ၍လည်း ခေါ်ကြသည်။ ♦

နာယကဂုဏ် ၆-ပါး

နာယက ပြုလုပ်သူတို့ လိုက်နာရမည့် ဂုဏ် ၆-ပါးဟူ၏။
(၁) ခမာ-သည်းခံခြင်းခေါ် ခန္တီတရားများ ထားရှိရခြင်း၊
(၂) ဇာဂရိယ-အစစအရာရာမှာ သတိထပ်ကြပ်ပါခြင်း နိုးကြားခြင်း၊
(၃) ဥဋ္ဌာန-ငယ်သားတို့ထက် ဆထက်များစွာ လွန်သာသော လုံ့လ ရှိခြင်း၊
(၄) သံဝိဘာဂ-လျောက်ပတ် လျော်ကန် တော်တန်သလို ခွဲစိတ် ချီးမြှောက် ထောက်ပ့ံရခြင်း၊
(၅) ဒယာ-သူတပါးအား ကိုယ်နှင့်မခြား သနားကြင်နာရခြင်း၊
(၆) ဣက္ခနာအလုံးစုံသော အခွင့်အရေးကို တွေးတောမြော်မြင် ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံရခြင်း,စုံစမ်းခြင်း။ ♦

နာယကပုဂ္ဂိုလ်၏ အသိဉာဏ် ၅-ပါး

နာယက ရှေ့ဆောင်လုပ်သူသည် ဤပညာငါးပါးနှင့် ပြည့်စုံရမည်ဟူ၏။
(၁) အတ္ထညူ-အကျိုးစီးပွား ရှိမဲ့ကို သိရမည်။
(၂) ဓမ္မညူ-တရားကောင်းနှင့် ညီ,မညီကို သိရမည်၊
(၃) မတ္တညူ-အတိုင်းအရှည်ကို သိရမည်၊
(၄) ကာလညူ-အချိန်အခါ သင့် မသင့်ကို သိရမည်။
(၅) ပရိသညူ-ပရိသတ် လူထု၏ စိတ်ထားကိုသိရမည်။ ♦

နာရီ ၂-ပါး၊ အချိန်များ၊ ခြားနားမည်သို့သိ

ဤ၌ စက်နာရီနှင့် မြန်မာနာရီ ယှဉ်ပုံကို သိနိုင်ရန် ပြသည်။
(၁) တမောင်းခေါ် မြန်မာ တနာရီသည် စက် ၂၄-မိနစ် နှင့် ညီမျှ၏၊
(၂) မြန်မာ ၂-နာရီ ဗီဇနာ ၃၀-သည် စက် တနာရီနှင့် ညီမျှ၏၊
(၃) မြန်မာ တဗီဇနာသည် စက် ၂၄-စက္ကန့်နှင့် ညီမျှ၏၊
(၄) မြန်မာ ၅-ခရာ သည် စက် ၂-စက္ကန့်နှင့် ညီမျှ၏။ ♦

နိက္ခမပါရမီ၏ နှောင်ကြိုး ၁၀-ဖွဲ့

၎င်းသရုပ်ကား (အနှောင်အဖွဲ့ကြီး ၁၀-ပါး) နှင့်တူ၏။ ♦

နိကာယ် ၅-ရပ်၊ ပိဋကတ်၊ ကျမ်းမြတ် ထုတ်ဘော်ဖြေ

အပေါင်းအစု ပေါင်းစုထားသော ကျမ်းစာ ငါးခု။ [က] ဒီဃနိကာယ် ၃-ကျမ်း,သုတ္တန်မျိုး ပါဠိတော်များ။
(၁) သုတ်သီလက္ခန်၊
(၂) သုတ်မဟာဝါ၊
(၃) သုတ်ပါထေယျ၊ [ခ] မဇ္ဈိမ နိကာယ် ၃-ကျမ်း,သုတ္တန်မျိုး ပါဠိတော်များ။
(၁) မူလပဏ္ဏာသ၊
(၂) မဇ္ဈိမပဏ္ဏာသ၊
(၃) ဥပရိပဏ္ဏာသ၊ [ဂ] သံယုတ္တနိကာယ် ၅-ကျမ်း,သုတ္တန်မျိုး ပါဠိတော်များ။
(၁) သဂါထာဝဂ္ဂသံယုတ်၊
(၂) နိဒါနဝဂ္ဂသံယုတ်၊
(၃) ခန္ဓဝဂ္ဂသံယုတ်၊
(၄) သဠာယတနဝဂ္ဂသံယုတ်၊
(၅) မဟာဝဂ္ဂသံယုတ်၊ [ဃ] အင်္ဂုတ္တရ နိကာယ် ၁၁-ကျမ်း,သုတ္တန်မျိုး ပါဠိတော်များ။
(၁) ဧကင်္ဂုတ္တရ၊
(၂) ဒုကင်္ဂုတ္တရ၊
(၃) တိကင်္ဂုတ္တရ၊
(၄) စတုကင်္ဂုတ္တရ၊
(၅) ပဉ္စင်္ဂုတ္တရ၊
(၆) ဆက္ကင်္ဂုတ္တရ၊
(၇) သတ္တင်္ဂုတ္တရ၊
(၈) အဋ္ဌင်္ဂုတ္တရ၊
(၉) နဝင်္ဂုတ္တရ၊
(၁၀) ဒသင်္ဂုတ္တရ၊
(၁၁) ဧကာဒသင်္ဂုတ္တရ ။ [င] ခုဒ္ဒကနိကာယ် သုတ္တန်မျိုး ၁၅-ကျမ်းနှင့် ဝိနည်း ၅-ကျမ်း၊ အဘိဓမ္မာ ၇-ကျမ်း ပါဠိတော်များ။
(၁) ခုဒ္ဒကပါဌ၊
(၂) ဓမ္မပဒ၊
(၃) ဥဒါန၊
(၄) ဣတိဝုတ္တက၊
(၅) သုတ္တနိပါတ၊
(၆) ဝိမာနဝတ္ထု၊
(၇) ပေတဝတ္ထု၊
(၈) ထေရ ဂါထာ၊
(၉) ထေရီ ဂါထာ၊
(၁၀) ပါဌ ဇာတက၊
(၁၁) မဟာ နိဒ္ဒေသ၊
(၁၂) ပဋိသမ္ဘီဒါမဂ်၊
(၁၃) အပဒါန်၊
(၁၄) ဗုဒ္ဓဝင်၊
(၁၅) စရိယာ ပိဋက၊ ဝိနည်း ၅-ကျမ်း ပါဠိတော်များ။
(၁) ပါရာဇိကဏ်၊
(၂) ပါစိတ်၊
(၃) မဟာဝါ၊
(၄) စူဠဝါ၊
(၅) ပရိဝါ၊ အဘိဓမ္မာ ၇-ကျမ်း ပါဠိတော်များ။
(၁) ဓမ္မသင်္ဂဏီ၊
(၂) ဝိဘင်း၊
(၃) ပုဂ္ဂလပညတ်၊
(၄) ဓာတုကထာ၊
(၅) ကထာဝတ္ထု၊
(၆) ယမိုက်၊
(၇) ပဋ္ဌာန်း။ ♦

နိစ္စလ ရောင်ခြည်တော်မျိုး ၃-ပါး

ဗုဒ္ဓ ဘုရားကိုယ်တော်မြတ်မှ အမြဲမပြတ်ထွက်နေသော ရောင်ခြည်တော် ၃-ပါး၊ ၎င်းအဓိပ္ပါယ်''ဗုဒ္ဓကိုယ်တော်ရောင် ၇-ပါး''၌ကြည့်ပါ။
(၁) အင်္ဂီရသ ရောင်ခြည်တော်၊
(၂) ဗျာမပ္ပဘာ ရောင်ခြည်တော်၊
(၃) အသီတိပ္ပဘာ ရောင်ခြည်တော်။ ♦

နိစ္စသီလမျိုး ၂-ပါး

ရသေ့, ယောဂီနှင့် လူသူတော်တို့ အမြဲတစေ စောင့်သုံး၍နေနိုင်သော သီလမျိုး ၂-ပါး ဟူ၏။
(၁) ငါးပါးသီလ၊
(၂) ဆယ်ပါးသီလ။ ♦

နိပါတ်တော် ၂၂-ပါး

ဘုရားဟော ဇာတ်နိပါတ်တော်၏ အမည် ၂၂ပါး၊ ၎င်း သရုပ်ကို (ငါးရာ့ငါးဆယ်) ဟူသော သုတေသနပုဒ်၌ ရှုပါ။ ♦

နိဗ္ဗာန်မျိုးပြား၊ ၇-ပါး၊ ဖြေကြား မြတ်အရှင်

တဏှာမှ ထွက်မြောက်ရာ အရပ်မျိုး ၇- ပါး။
(၁) ဒိဋ္ဌဓမ္မနိဗ္ဗာန်-ဘုရား ရဟန္တာတို့ အသက်ထင်ရှားရှိစဉ် ခံစားအပ်သော နိဗ္ဗာန်၊
(၂) သမ္ပရာယိက နိဗ္ဗာန်- ပရိနိဗ္ဗာန် စံပြီးနောက် နိဗ္ဗာန်၊
(၃) သ ဥပါဒိသေသ နိဗ္ဗာန်- ဒိဋ္ဌဓမ္မနိဗ္ဗာန်၏ပရိယာယ်၊
(၄) အနုပါဒိသေသ နိဗ္ဗာန်-သမ္ပရာယိက နိဗ္ဗာန်၏ ပရိယာယ်၊
(၅) သုညတ နိဗ္ဗာန်-သင်္ခါရတို့မှ ကင်းဆိတ်သော နိဗ္ဗာန်၊
(၆) အနိမိတ္တ နိဗ္ဗာန်-သင်္ခါရနိမိတ်တို့မှ ကင်းစင်သော နိဗ္ဗာန်၊
(၇) အပ္ပဏိဟိတ နိဗ္ဗာန်- တဏှာတောင့်တခြင်း ကင်းစင်သော နိဗ္ဗာန်။

မှတ်ချက် ။ ။ ထိုမှတပါးလည်း အမည်နာမ များစွာရှိသေး၏။ ♦

နိမ့်သံအပြား၊ ၁၈-ပါး၊ စပ်ငြား ကဗျာပြ

သံရှည်ကို မစွန့်လွှတ်ဘဲ တင်းမာပြတ်သားစွာ ရွတ်ဖတ်သီဆိုရသော အသံများ။ ၎င်းကိုပင်'သံဖို, ညာသံငယ်, ဝိသဇ္ဇနီသံ, စသည်ဖြင့် ခေါ်ဆိုကြသေး၏၊ 'အကျယ် ကဗျာဖွဲ့နည်း နိသျည်းကျမ်း'၌ရှုလေ။ (အား, အီး, ဦး, အေး, သြး, အင်း, အဉ်း, အည်း, အန်း, အမ်း, အိန်း, အိမ်း, အုန်း, အုမ်း, အဲး, အောင်း, အိုင်း, အိုဝ်း) တို့ ဖြစ်ကြ၏။ ♦

နိမိတ် ၃-ပါး၊ သေသူများ၊ ထင်ရှားဖြစ်ပေါ်လာ

သေခါနီး၌ မိမိလားရာ ဂတိအတွက် အချက်ပြပေးသော အာရုံနိမိတ်များ။
(၁) ကံနိမိတ်၊
(၂) ကမ္မနိမိတ်၊
(၃) ဂတိနိမိတ်၊ အဘိဓမ္မာဝိဘင်း။ ပါ။ ၁၄၂။ ဋ္ဌ။ ၁၄၈-၌ အကျယ်ရှု။ ♦

နိမိတ် ၃-ပါး၊ ခွဲသိထား၊ တရား ကမ္မဋ္ဌာန်း

ဘာဝနာ၏ အကြောင်းဖြစ်သော အာရုံ ၃- မျိုးကို ခေါ်ဆိုသော ဝေါဟာရ။
(၁) ပရိကမ္မ နိမိတ်-ပရိကမ္မဘာဝနာ၏ အာရုံကို ပရိကမ္မ နိမိတ်၊ “မူလစီးဖြန်းသော အာရုံကိုခေါ်ဆိုသည်''။
(၂) ဥဂ္ဂဟ နိမိတ်-ကမ္မဋ္ဌာန်းစီးဖြန်း၍ စိတ်ထည်း၌ အတော်တည်ကြည်လာသည့်အခါ၊သို့မဟုတ် မူလ ပထဝီကသိုဏ်း စသည်ကို မျက်စိဖြင့် မကြည့်တော့ဘဲ စိတ်ဖြင့်မှန်း၍ တန်းတန်းဖြောင့်ဖြောင့် ထင်ရှားပေါ်လွင်စွာ အာရုံကိုယူနိုင်သည့်အခါ ထိုစိတ်ဖြင့် ယူနိုင်သော အာရုံကိုပင် ဥဂ္ဂဟနိမိတ်ဟူခေါ်ဆိုသည်။
(၃) ပဋိဘာဂ နိမိတ်-ပဋိဘာဂ သဒ္ဒါကား အတု,အတူ ဟူသော အနက်ကို ဟော၏၊ မူလစီစဉ်ထားသည်မှ တပါး အခြားသော အတုအပ အာရုံ၊ သို့မဟုတ် မူလကသိုဏ်းဝန်းနှင့် တူစွာ စိတ်ထည်းမှာ ထင်ပေါ်လာသော အာရုံကို ပဋိဘာဂနိမိတ် ခေါ်ဆိုသည်။ ♦

နိမိတ်ကြီး ၄-ပါး

သုတ်မဟာဝါ။ ပါ။ ၁၈။ ဋ္ဌ။ ၄၆-၌ အကျယ်ရှု။ နိက္ခမပါရမီ၏အကြောင်းဖြစ်သော။
(၁) သူအို၊
(၂) သူနာ၊
(၃) သူသေ၊
(၄) ရဟန်းတို့ကို ခေါ်ဆိုသည့် ဗုဒ္ဓဝင် ဝေါဟာရ။ ♦

နိမိတ်ခေါ်လာ၊ မျိုး ၃-ဖြာ၊ မြို့ရွာ ဆည်းလည်းဆို

၎င်း သရုပ်ကို (ဆည်းလည်း ၃-လုံး) သုတေသန၌ ဆိုခဲ့ပြီ။ ♦

နိမိတ်ဖတ် ပုဏ္ဏားတော် ၈-ယောက်

အလောင်းတော်မင်းသား ဖွားမြင်ရာ၌ လက္ခဏာတော် နိမိတ်ဖတ် အထူးရွေးချယ်ခံ ပညာရှိပုဏ္ဏား ရှစ်ယောက်။
(၁) ရာမပုဏ္ဏား၊
(၂) ဓဇ၊
(၃) လက္ခဏ၊
(၄) မန္တိ၊
(၅) ကောဏ္ဍည၊
(၆) ဘောဇ၊
(၇) သုယာမ၊
(၈) သုဒတ္တပုဏ္ဏားတို့ဖြစ်ကြ၏။ ဗုဒ္ဓဝံသ အဋ္ဌကထာ။ ♦

နိယတ ဗျာဒိတ် ရကြောင်း အင်္ဂါ ၈-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို (ဗျာဒိတ်ရကြောင်း အင်္ဂါ ၈-ပါး) ၌ ကြည့်ပါ။ ♦

နိယတ ဗျာဒိတ်ရ အလောင်းတော်တို့ မဖြစ်ကောင်းသော အရပ်ဌာန ၁၈-ပါး

၎င်းသရုပ်ကို (ဗျာဒိတ်ရ အလောင်းတော်တို့ မဖြစ်ရာသော အရပ်ဌာန ၁၈-ပါး) ၌ ကြည့်ပါ။ ♦

နိယာမတရား ၅-ပါး၊ တနည်း ၁၅-ပါး

အမှတ် ၁-မှ ၅-အထိ,ကို သုတ်မဟာဝါ အဋ္ဌကထာ မဟာပဒါနသုတ်မှ ယူပြသည်။ အဋ္ဌသာလိနီ ။ ဋ္ဌ။ ၃၁၂-၌လည်းရှုပါ။ မြဲသော အလေ့အကျင့် သဘောတရားတို့ကို ခေါ်ဆိုသည်၊ ဤ၌ ပညာရှိကြီးများ ထုတ်ဆိုရေးသားချက် တဆယ့် ငါးပါးကိုသာ ပြသော်လည်း အတိအကျ မမှတ်အပ်၊ ထိုထက်ပို၍လည်း ကြံဆ ယူငင်နိုင်သေး၏၊ ၎င်းကိုပင် “ကမ္ဘာ့နိယာမ တရားကြီး ငါးပါး''ဟုလည်း ခေါ်ဆိုကြ၏။
(၁) စိတ္တ နိယာမ-စိတ်တို့၏ အစဉ်အတိုင်း ရှေ့စိတ် နောက်စိတ် ဖြစ်ပွားသော သဘောတရား။
(၂) ကမ္မ နိယာမ-ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကံနှင့်အလားတူစွာ ကမ္မဝိပါက်တရား ချမ်းသာ,ဆင်းရဲတို့ဖြစ်ပွားခြင်းသဘော။
(၃) ဗီဇ နိယာမ-သစ်စေ့ သစ်ညွန့် စသည်တို့၏ မူလမျိုးရိုးပင်ရင်းနှင့် အလားတူစွာ ပေါက်ခြင်းသဘော။
(၄) ဥတု နိယာမ-ဆောင်း, နွေ, မိုယ်းဥတုတို့၌ နှင်းကျခြင်း, ပူအိုက်ခြင်း, မိုယ်းရွာခြင်း စသော အစဉ်မပြတ် အလားတူ ဖြစ်ခြင်းသဘော။
(၅) ဓမ္မ နိယာမ-ရေတို့၏ နိမ့်ရာသို့ စီးဆင်းခြင်း, သစ်ညွန့်တို့၏ ကောင်းကင်သို့ထိုးတက်ခြင်း, နေ လ ကြယ်တာရာ တို့၏ ထွန်းလင်းတောက်ပ လှည့်လည်ခြင်း စသော သဘောတရားစု။
(၆) ကပ္ပ နိယာမ- ကမ္ဘာ၏ ပဌမတည်ထောင် ဖြစ်ပေါ် ပျက်စီးပြုပြင် ပြောင်းလဲနေခြင်းသဘော။ (ရ) လိင်္ဂ နိယာမ- ထီး, မ သတ္တဝါတို့၏ အချင်းချင်း မတူ ထူးခြားသော အသွင်, အသံ သဘော။
(၈) ပထဝီ နိယာမ-မြေ၏ တည်ရာ မှီရာဖြစ်ခြင်း ခက်မာ ခိုင်ခန့်ခြင်း သဘော။
(၉) အာပေါ နိယာမ-ရေ၏ နိမ့်ရာသို့စီးဆင်းခြင်း, အေးမြခြင်း, ပျော့ပျောင်းခြင်း သဘော။
(၁၀) တေဇော နိယာမ-မီး၏ ပူလောင်ခြင်း, မြိုက်ကျွမ်းခြင်း, ကြေညက်စေခြင်း, ရင့်ရော် ဆွေးမြေ့စေခြင်းနှင့် ချမ်းအေးခြင်း သဘော။
(၁၁) ဝါယော နိယာမ-လေ၏တွန်းကန် ထကြွ လှုပ်ရှား တောင့်ခိုင်ခြင်း သဘော။
(၁၂) အာကာသ နိယာမ-ကောင်းကင်၏ ဟင်းလင်းပွင့်ခြင်း, ရေးခြစ်၍ မရခြင်း, အဆင်းအရောင် ရုပ်သွင် ကင်းခြင်း သဘော။
(၁၃) သူရိယ နိယာမ-နေမင်း၏ အရောင်အဆင်းကိုပေးခြင်း, လက်ျာရစ် အမြဲလှည့်လည်ခြင်း, အရှေ့မှထွက်၍ အနောက်သို့ ဝင်ခြင်း သဘော။
(၁၄) စန္ဒ တာရက နိယာမ-လနှင့် ကြယ်တာရာတို့၏ အလင်းရောင်ကိုပေးခြင်း, အမြဲလက်ျာရစ် လှည့်လည်၍သွားခြင်း, အရှေ့မှထွက်ပြီး အနောက်သို့ ဝင်ခြင်း သဘော။
(၁၅) ပဋိစ္စ သမုပ္ပါဒ နိယာမ-ကုသိုလ် အကုသိုလ် တရားတို့၏ တခုဖြစ်လျှင် အခြားတခုဖြစ်ပေါ်လာခြင်း, သဘောတရားတခုချုပ်လျှင် အခြားတခု ချုပ်ငြိမ်းသွားသော သဘောတရားစုမျိုး။ ♦

နိရောဓသစ္စာ၏ အနက်သဘော ၄-ချက်

၎င်းသရုပ်ကို (သစ္စာအနက် ၁၆-ချက်) ၌ ရှုပါ။ ♦

နိရောဓ သမာပတ်၏ ပုဗ္ဗ ကရဏကြီး ၄-ပါး

နိရောဓသမာပတ် မဝင်စားမီ ရှေးဦးစွာ အမြဲပြုလုပ် ဓိဋ္ဌာန်ရသော ပြုဘွယ်ကြီး လေးပါး ဟူ၏။
(၁) သတ္ထု ပက္ကောသနမြတ်စွာဘုရားခေါ်လျှင်သိနိုင်ခြင်း၊
(၂) သံဃပဋိမာနန-သံဃာ တောင့်တလျှင် သိနိုင်ခြင်း၊
(၃) နာနာဗဒ္ဓ အဝိကောပန-မိမိနှင့် စပ်သော သင်္ကန်းပရိက္ခရာတို့ကို ရေ,မီး စသော ရန်သူများ မဖျက်ဆီးနိုင်ခြင်း၊
(၄) အဒ္ဓါန ပရိစ္ဆေဒ-ဝင်စားနေမည့် နေ့ရက်အချိန်ကို ပိုင်းခြားသတ်မှတ်ခြင်း။ ♦

နိရောဓသမာပတ် ဝင်စားနိုင်သူ ၂-မျိုး

စိတ်, စေတသိက်, စိတ္တဇရုပ် တို့ကို အခိုက်အတန့်အားဖြင့် ချုပ်စေကာ ချမ်းသာမှုကို ခံစားနိုင်သူ ပုဂ္ဂိုလ်နှစ်ယောက်ကို ဆိုသည်။
(၁) စျာနလာဘီ အနာဂါမ် ပုဂ္ဂိုလ် တယောက်၊
(၂) စျာနလာဘီ ရဟန္တာ ပုဂ္ဂိုလ် တယောက်။

မှတ်ချက် ။ ။ သောတာပန်, သကဒါဂါမ်နှင့် ပုထုဇဉ် စျာန်ရ ပုဂ္ဂိုလ်တို့ကား နုသော သမာဓိရှိ၍ မဝင်စားနိုင်ဟူ၏၊ စျာန်သမာပတ် မရသူ အနာဂါမ် ရဟန္တာတို့လည်း မဝင်စားနိုင်ချေ။ ♦

နိသဇ္ဇ ဒေါသမျိုး ၈-ပါး

မြတ်စွာဘုရားနှင့် သံဃာတော်များထံ ကပ်ရောက်ခစားသောခါမနေအပ်သော အရပ်နေရာမျိုး ရှစ်ပါး၊ မသင့်တင့်သော အပြစ်သင့်သည် ဟူ၏၊ သုတ္တနိပါတ် မင်္ဂလသုတ် အဋ္ဌကထာမှ သုတေသနပြုသည်။
(၁) အတိဒူရ-ဝေးလွန်းသော နေရာ၊
(၂) အစ္စာသန္န-နီးလွန်းသော နေရာ၊
(၃) ဥပရိ ဝါတ-လေညာလေတင်အရပ်၊
(၄) ဥန္နတ ပဒေသမြင့်လွန်းသော နေရာ၊
(၅) အတိသမ္မုခ-မျက်နှာနှင့် တည့်တည့်အရပ်၊
(၆) အတိ ပစ္ဆာနောက်ကျောတည့်တည့်အရပ်၊
(၇) သြနတ-နိမ့်ကျလွန်းသော နေရာ၊
(၈) ပဿ-ဘေးတိုက်တည့်တည့်နေရာ။ ♦

နီလာအပြား၊ မျိုး ၄-ပါး၊ ခွဲခြား မဏိသျှတ်

မဏိသျှတ္တရကျမ်းလာ နီလာမျိုးလေးပါးကို တန်ဘိုးနှင့်တကွ ၎င်းကျမ်းရင်း လင်္ကာအတိုင်း ခွဲခြား၍ ထုတ်ပြလိုက်၏၊ “လေးသွယ်နီလာ၊ ပြားကြရာတွင်၊
(၁) 'နီလာ'ခေါ်ဆို၊ အောက်မဲညိုပွင့်၊ ပန်းသို့ တင့်၏၊
(၂) ထပ်ဆင့် ဒုတိယ၊ 'နီလ ကဏ္ဍီ'၊ ရှု ဤလက္ခဏာ၊ အပြာတွင်ဖက်၊ ညိုညိုစွက်၏၊ အမျက်နှစ်ပါး၊ ဤကျောက်များကား၊ ကျပ်သားရွှေတိ၊ တင်လောက်ဘိမူ၊ သိင်္ဂိပဉ္စ၊ ကျပ်ထိုက်စွတည့်၊
(၃) 'ဣန္ဒနီလာ'၊ လက္ခဏာကား၊ သူရိယာနေခြည်၊ ရောင်သို့တည်၏၊ ရွှေရည် တကျပ်၊ တင်လောက်လပ်မူ၊ သုံးကျပ်ရွှေကောင်း၊ ထိုက်ပေရှောင်း၏၊
(၄) တကြောင်း 'ဥပ နီလာ'၊ သညာခေါ်ဆို၊ ကြာညိုပွင့်ရောင်၊ တကျပ်ခေါင်မှာ၊ စီမြှောင်သင့်စွာ၊ ထားလောက်ပါမူ၊ ရွှေသား နှစ်ကျပ်၊ အဘိုးပြတ်သည်၊ မချွတ်မှန်ဖြောင့် လှည့်သတည်း''။ ♦

နီဝရဏတရား ၆-ပါး

စျာန် မဂ်ဖိုလ် စသော ကုသိုလ်တရားတို့ကို ပိတ်ပင်တားဆီး ကန့်ကွက်တတ်သော တရား ၆-ပါး။
(၁) ကာမစ္ဆန္ဒ နီဝရဏ-အာရုံငါးပါး ကာမဂုဏ်တရားတို့ကိုသာ ခံစားလိုခြင်း လောဘ၊
(၂) ဗျာပါဒ နီဝရဏ-အမျက်ဒေါသ ပြစ်မှား ကြမ်းတမ်းခြင်း၊
(၃) ထိနမိဒ္ဓ နီဝရဏ-ထိုင်းမှိုင်း ငိုက်မျည်းခြင်း၊
(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ-မတည်ကြည်သောစိတ်, ပျံ့လွင့်ခြင်း, ပူပန်ခြင်း၊
(၅) ဝိစိကိစ္ဆာ နီဝရဏ-ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးနှင့် မိမိတို့ပြုလုပ်ရမည့် အကျိုးခံစားခွင့် စျာန် မဂ်ဖိုလ်တရားတို့ကို သို့လော သို့လော ယုံမှားတွေးတောခြင်း၊
(၆) အဝိဇ္ဇာ နီဝရဏ-အမှန်ကိုမသိတတ်ခြင်း မောဟ။ ♦

နုမှာ ၅၀၀၊ ဘုရားလျာ၊ သညာ အမည်ထုတ်

ကျမ်းကြီး ကျမ်းခိုင်တို့၌ ၎င်းတို့၏အမည်နာမများကို မတွေ့ဘူးသေးပါ၊ ရင့်မာ တကျိပ်ကား အနာဂတဝင်ကျမ်း၌ အမည်များနှင့်တကွလာရှိ၏၊ “ရင့်မာတကျိပ်၊ နုငါးရာ၊ နောင်လာရှစ်သောင်း၊ ဘုရားပေါင်း။ ဘုရားပေါင်းနောက်၊ တို့နှစ်ယောက်၊ တို့နှစ်ယောက်နောက်၊ ခင်ကြီးပေါက်” ဟု အရက်သမား စကားမျိုးလောက်ကိုသာ ကျွန်ုပ်တို့ ကြားမှတ်ရဘူး၏။ ♦

နုဿတိ ၁၀-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ်(အနုဿတိ ဆယ်ပါး) မှာ ပြခဲ့ပြီ။ ဤဝေါဟာရကား ကဗျာလင်္ကာအစပ်နှင့် စာပေဝါး မဝသူတို့မှဖြစ်လာ၏၊ အမှန်မှာ “အနုဿတိ''သာဖြစ်သည်။ ♦

နူနာမျိုး ၁၈-ပါး

ကုဋ္ဌနူနာမျိုး ၁၈-ပါး၊ အမတသာဂရ ဆေးကျမ်းမှ အကျဉ်းယူပြသည်။ အကျယ် ၎င်း၌ရှုပါလေ။
(၁) ကာပါလိက-ကိုယ်ရေ နီ, ညို, အဖုပေါက်, ကြမ်းခြောက်၍ အလွန်နာကျင်ခြင်း ဖြစ်၏၊
(၂) သြဒုမ္ဗုရ-ကိုယ်ရေနီ, သဖန်းသီးဖုထ, အလွန်ယား, ဆံပင်အမွေး ဖြော့တော့သော အဆင်းရှိ၏၊
(၃) မဏ္ဍလ- ကိုယ်ရေဖြူ, နီ, စေးထန်းထန်းအဖုအကွက်ထ၏၊
(၄) ဣက္ခ ဇိဝှါ- အနာဖြစ်ရာ၌ လျှာကဲ့သို့ရှိ၏၊ အတွင်း၌ ဝါညိုရှိ၏၊ နာကျင်၏၊
(၅) ပုဏ္ဍရိကအရေသည် ကြာရွက်နုကဲ့သို့ စဉ်းငယ်နီ၍ဖြူ၏၊
(၆) သီဓမ- အရေ ကြေးနီ အဆင်းကဲ့သို့ရှိ၏၊ ယား၏၊ ခြောက်၏၊ တစ တစ ပြန့်နှံ့၍တက်၏၊
(၇) ကာက-အရေ ချင်ရွေးကဲ့သို့ရှိ၏၊ အတွင်း၌ညို၏၊ ဘေးနားနီ၏၊ ခြောက်သွေ့ ကိုက်ခဲ နာကျင်၏၊
(၈) ဧကကုဋ္ဌ- ချွေးမထွက် ငါးတစ်ငါးတုံးကဲ့သို့ ကြီးစွာဖြစ်ပေါ်လာတတ်၏၊
(၉) ဂဇစမ္မ- အရေသည်ဆင်ရေကဲ့သို့ထူ၏၊
(၁၀) ဒမ္မဒလ- ယား၏၊ နီရောင်ရှိ၏၊ အဖုတို့ဖြင့်ပြည့်၏၊ အဖုပေါက်ကွဲလျက် အဝတ် ပုဆိုးတို့ဖြင့် အထိမခံနိုင်အောင် နာကျင်၏၊
(၁၁) ကိဋိဘ- ခြောက်သောအရောင်ရှိ၏၊ ညိုမည်း၏၊ ကြမ်းထော်၏၊
(၁၂) ဝေပါဒိက-လက်ခြေတို့၏ အရေသည် ကွဲပျက်ပေါက်ပဲ့ခြင်းသို့ ရောက်၏၊ အလွန် နာကျင်၏၊
(၁၃) အလသ-အရေ၌ များစွာယား၍ အဖုကြီးတွေပေါ်ပေါက်လာတတ်၏၊
(၁၄) ဒဒ္ဒု- အရေနီလျက် ယားပြီး အဖုတို့ ထတတ်၏၊
(၁၅) ပါမာ- ပူလောင်၏၊ ယား၏၊ သေးငယ်သော အနီဖု ကလေးများ ပေါ်ပေါက်လာတတ်၏၊
(၁၆) ဝိပ္ဖေါဋက- အရေ၌ ညိုညိုနီနီ သေးငယ်သော အဖုကလေးတွေ ဖြစ်လာတတ်၏၊
(၁၇) သတာရု- အရေ၌ နီိနီညိုညို အဖုကြီးတွေ ထတတ်၏၊
(၁၈) ဝိဓစ္စိကာ- အရိုးအဆစ်တို့ကို ဆွေးမြေ့ပြုတ်ပြတ်စေ၏။ ♦

နေထွက်နာရီ၊ ၁၂-လီ၊ မြန်ပြည် ဘယ်လ ဘယ်ချိန်နည်း?

မြန်မာပြည်၌ နေထွက် နေဝင် အချိန်များကို အောက်ပါ လင်္ကာသွားအတိုင်း ပညာရှိများ စီစဉ်ထားခဲ့ကြ၏၊ဤ၌ စနေနံကို သုည ယူလေ။ လင်္ကာသွား လအမည် နာရီ မိနစ် ကူး,သောင်း,နေထွက် တာကူး ၆ ဝဝ ဆုန်,ဖက်,မေနှင်း ကဆုန် ၅ ၅၀ ယုန်, မင်း, လှထွေ နယုန် ၅ ၄၀ ဆို, ပေ, ဆယ်ထပ် ဝါဆို ၅ ၃၀ ခေါင်, မတ်, လည်တို ဝါခေါင် ၅ ၄၀ လင်း,ပျို, ပျိုထွေး တော်သလင်း ၅ ၅၀ ကျွတ်, သွေး, ထွက်ထွက် သီတင်းကျွတ် ၆ ဝဝ မုန်း,သက်, အော်နေ တန်ဆောင်မုန်း ၆ ၁၀ နတ်,သေ, ချန်ထား နတ်တော် ၆ ၂၀ ပြာ, သား, စုတ်တံ ပြာသို ၆ ၃၀ တွဲ, ဟန်, ခေါ်ထု တပို့တွဲ ၆ ၂၀ ပေါင်း, ဟု, အတင်း တပေါင်း ၆ ၁၀ နေထွက်လင်းသည်၊ မြန်တွင်းပြည်သူ၊ မှတ်ယူသော်။ ♦

နေပြည်တော်မှာ၊ ငြိမ့်ညောင်းသာ၊ ကျမ်းလာ သံ ၁၀-မျိုး

၎င်းသရုပ် (မြို့တော်သာယာ၊ ငြိမ့်ညောင်းငြာ၊ ၁၀-ဖြာ အသံမျိုး) ဟူသော သုတေသန၌ ရှုပါလေ။ ♦

နေမင်း၏ ရန်သူမျိုး ၄-ပါး

ဝိနည်း စူဠဝါ။ ပါ။ ၄၉၂။ ဋ္ဌ။ ၃၁၂-တို့၌ရှုပါ၊ နေ၏ အန္တရာယ်ကြီး လေးပါး။
(၁) ဆီးနှင်းမြူခိုး၊
(၂) မီးခိုး၊
(၃) မိုယ်းတိမ်၊
(၄) အသူရိန် တို့ဖြစ်ကြ၏။ ♦

နေမင်း၏ ရန်သူမျိုး ၅-ပါး၊ တနည်း

နေ, လ, တို့၏အန္တရာယ် အညစ်အကြေး ၅-ပါး ဟူ၏။ သုတ်သီလက္ခန်။ ဋ္ဌ။ ၁၂၉
(၁) မိုယ်းတိမ်တိုက်၊
(၂) ဆီးနှင်း၊
(၃) မီးခိုး၊
(၄) မြူ၊
(၄) ရာဟု အသူရိန်။ ♦

နေရာ ၅-သွယ်၊ နန်းတော်ဝယ်၊ ဘယ့်နှယ် ဘယ့်နှယ် ဘယ်သို့နည်း?

နန်းတော်တွင်းရှိ မှူးမတ်တို့၏ နေရာ ၅-သွယ် ဟူလို၊ ၎င်းတို့ကို တော်, ဒူး, စနည်း, ကဝေါ, ဟု သိရာသည်၊ ဤ အခေါ်အဝေါ်တို့မှာ ရာမညတိုင်းသားတို့ ဘာသာ ဖြစ်၏။
(၁) တော် နေရာ- ကွန်းစင်နေရာ၊
(၂) ဒူး နေရာ-သေဉ် မ နေရာ၊
(၃) စနည်းနေရာ၊
(၄) သေဉ်ရံ နေရာ၊
(၅) ဘဝေါ နေရာသေဉ်ထွေး နေရာ၊ 'အတွင်းဘဝေါ, အပြင်ဘဝေါ' အားဖြင့် နေရာ ငါးသွယ် ရှိ၏။ ထို့ကြောင့် “အမတ်ကြီးဟု၊ သီးသီးကျော်ထင်၊ တော်ဟုတွင်သား၊ ကွန်းစင်လုံးညီ၊ ရွှေတိုင်မှီလျက်၊ နောက်ပြီနောက်တည်၊ ဒူး, စနည်က၊ နှစ်မည်ဘဝေါ၊ နတ်လော တွေးဘွယ်၊ မတ်ငါးသွယ်နှင့်၊” ဟု ပညာရှိတို့ စပ်ဆိုထား၏။ ♦

နေရောင်ခြည် ၇-မျိုး

နေရောင်ခြည် ဓာတ်တွင်ပါသော အဆင်းရောင်ခြည် ၇-မျိုး။
(၁) အနီရောင်၊
(၂) အဖြူရောင်၊
(၃) ညိုစိမ်းရောင်၊
(၄) အဝါရောင်၊
(၅) မောင်းမှိုင်းရောင်၊
(၆) ခရမ်းရောင်၊
(၇) ပြိုးပြက်ရောင်။ ♦

နေဝင်နာရီ၊ ၁၂-လီ၊ မြန်ပြည် ဘယ်လ ဘယ်ချိန်နည်း?

၎င်းအဖြေကား ၁၂- နာရီကိုတည်၊ ထိုလ၏ နေထွက်နာရီနှင့် နုတ်၊ အကြွင်း နေဝင်နာရီဖြစ်၏။ ♦

နေ့ နံမျိုး ၈-ပါး

တနင်္ဂနွေ နေ့နံ အစ-ရာဟု နေ့နံ အဆုံး, ၎င်းရှစ်ပါးကို ခေါ်သည်။ ♦

နေ့၌ အိပ်သင့်သောသူ ၁၇-ဦး

ဥတုဘောဇနကျမ်းမှ ဤသူများကား ကျန်းမာရေးအတွက် နေ့ကိုအိပ်ရမည်။
(၁) အပင်ပန်းခံသူ၊
(၂) မေထုန်မှီဝဲပြီးစသူ၊
(၃) ခရီးပြင်းသွားသူ၊
(၄) ဆင်မြင်းတို့ ပန်းအောင်စီးသူ၊
(၅) ကိုယ်လက်နွမ်းနယ်သူ၊
(၆) ဝမ်းသက်သူ၊
(၇) ရင်ကျပ် ရင်ဘတ်နာရှိသူ၊
(၈) ပန်းနာရှိသူ၊
(၉) ရေငတ်နာရှိသူ၊
(၁၀) သက်လုံပျက်သူ၊
(၁၁) လေနာရှိသူ၊
(၁၂) ဓာတ် အားခွန် ကုန်ခန်းသူ၊
(၁၃) သလိပ် ကုန်ခန်းသူ၊
(၁၄) သူအို၊
(၁၅) သေအရက် များစွာ ယစ်သူ၊
(၁၆) အဇိဏ္ဏနာ ရှိသူ၊
(၁၇) ညဉ့်ကို မအိပ်ရသူ။ ♦

နောက်ပစ်အနက်၊ ၃-ပါးထွက်၊ မိန့်မြွက် ဖြေတော်မူ

ပဲနှင့်စလယ်၊ ပယ်၌ဝယ်၊ တင့်တယ် နောက်ပစ်မှ။ ဟူသော ပရိဘာသာ အရ။
(၁) ငွေ တပဲ, နှစ်ပဲ, ဟူသော အနက်၊
(၂) ဆန် တစလယ်, ဟူသောအနက်၊
(၃) မြေ တပယ်, နှစ်ပယ်, ဟူသော အနက်တို့၌ (၁ဲ, ၂ဲ) ဟု နောက်ပစ်နှင့် ရေးရ၏။ ♦

နောက်ပစ်မျိုး ၃-ပါး

မြန်မာသင်ပုန်းကြီးကျမ်းလာ ၃၆-ပါးသော ဌာနတို့တွင်ပါဝင်သည်။ စာစီ စာကုံးဥပဒေသ ဝေါဟာရ၊” အဲ, အဲ့, အဲး” တို့ဖြစ်၏၊(နောက်ပစ် ယသတ် သမာနဟော။ ) ♦

နောင်တ တရားကြီး ၁၀-ပါး

လွန်ပြီးသော အမှုတို့ကိုပြန်တွေးကာ စိတ်မအေးဘွယ် အကြောင်းတရား ၁၀-ပါး၊ ဒွါဒသနိပါတ် ဇနသန္ဓဇာတ် ပါဠိတော်မှ။
(၁) ငယ်ရွယ်စဉ်အခါ ပစ္စည်းဥစ္စာ မရှာ မဆည်းပူးခဲ့လျှင် အိုမင်းသော နောင်အခါ၌ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တ ရတတ်သည်။
(၂) ငယ်ရွယ်စဉ်အခါ ပညာသင်ကြားရန် အခွင့်အရေး ရပါလျက် ပညာကို မသင်မကြား ဆိုးတေကာ ကျောင်းပြေးလုပ်သောသူသည် ပညာမရှိခြင်းကြောင့် နောင်အသက်မွေးမှုငြိုငြင်ဆင်းရဲသောအခါ နောင်တ ရတတ်သည်။
(၃) ကောက်ကျစ်စဉ်းလဲခြင်း၊ ကုန်းချောစကားပြောကြား ရန်တိုက်ခြင်းများ ပြုမိခဲ့လျှင် နောင်သေရာညောင်စေါင်း၌ လျှောင်းစက်ရသောအခါ နောင်တတရား ရတတ်သည်။
(၄) သူ၏အသက်ကိုသတ်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ ယုတ်မာ ညစ်ညမ်းသော အမှုတို့ကိုပြုခြင်း၊ သတ္တဝါများအား သနားမဖက် ရက်စက်သည်ကို ပြုမိခြင်းတို့ကြောင့်လည်း နောင်သောအခါ နောင်တရတတ်သည်။
(၅) အဂမနိယ မသွားလာအပ်သော သူ့မယား ခင်ပွန်းနှင့်သားသမီးများကို သွားလာပေါင်းသင်း မှီဝဲဖျက်ဆီးမိခြင်းကြောင့်လည်း နောင်တ တဖန် ပူပန်ရတတ်သည်။
(၆) များစွာသော ပစ္စည်းဥစ္စာ ထမင်း အဖျော်တို့ ရှိပါလျက် ထိုစဉ်အခါက ဒါနမပြုမိလျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၇) ဥစ္စာအား, ကိုယ်အား, ဉာဏ်အား များစွာရှိပါလျက် အိုမင်းသော မိဘတို့ကို အသက်ရှင်စဉ်အခါက မလုပ်ကျွေး မမွေးမြူ မိခဲ့လျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၈) ပုဗ္ဗာစရိယ ဖြစ်၍ အဖန်တလဲလဲ ဆိုဆုံးမတတ်သော အလုံးစုံသော ဝတ္ထုကာမ အရသာတို့ကို ရှာကြံဆောင်ယူ၍ ကျွေးမွေး ပေးတတ်သော မိခင် ဘခင်မြတ် တို့ကို အထေမဲ့ ပြုမိလျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၉) သီလ, သမာဓိ, ပညာ ဗဟုသုတသခင် ရဟန်းတော်အရှင် သူတော်စင်များ ထင်ရှားရှိပါလျက် မဆည်းကပ် မကိုးကွယ် မပေးလှူမိသူသည်လည်း နောင်သောအခါ နောင်တ ရတတ်သည်။
(၁၀) ငြိမ်သက်တည်ကြည်သောအကျင့် ခြိုးခြံသော အကျင့်သည် ကောင်းမြတ်၏ဟု သူတော်ကောင်းတို့ ဟောကြားခဲ့ပြီ၊ ဤသို့သော အကျင့်မြတ်တို့ကို ငါလည်း ရှေးက မကျင့်ခဲ့မိဟု နောင်သောအခါ နောင်တ ရတတ်သည်။ ♦

နောင်ပြင်ရန်ခက်၊ မျိုး ၅-ချက်၊ မိန့်မြွက် ပညာရှင်

ဤ၌ စလေဆရာကား ရှေ့သုံးပါးဖြစ်သော အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ကြောင်ထိုးမှုတို့ကို ပြသွား၏။ ကျောင်းလှူ ကျောင်းထိုင်ပင့် ကိစ္စနှင့် စာချုပ်ရေးကိစ္စ ထည့်၍ ၅-ပါးဖြစ်လာသည်၊ ကျောင်းလှူမှားလျှင် ဘုန်းကြီးနှင့်စကားများ နှင်ချလို့လည်း မသွား၊ အပါယ်သို့သာ လားတတ်ကြသည်၊ စာချုပ်မှု ကိစ္စကား သာ၍ပင် ဆိုးချေ၏၊ ထို့ကြောင့် “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ကျောင်းထိုင်ပင့် မြတ်သံဃာ၊ စာချုပ်ရာ ခက်တဲ့အမျိုး။ ဤ ၅-ခု သမ္ပဇဉ်၊ ဉာဏ်ယှဉ်ကာ ပြုကြမြှော်ကိုး” ဟုဆိုရိုးပြုကြသည်။ ♦

နို့အရသာမျိုး ၅-ပါး

နွားနို့ စသည်မှ ဖြစ်ပေါ်သော အရသာ ဓာတ်များ။
(၁) ခီရ-နို့စိမ်း နို့ကျက်၊
(၂) ဒဓိ-ဓိန်ခဲ၊
(၃) ဋက္က-ရက်တက်ရည်၊
(၄) နဝနီတ-ထောပေး၊ ဆီဦး၊
(၅) သပ္ပိ-ထောပတ်။ ♦

နို့ထိန်း အင်္ဂါ ၉-ပါး

ဗုဒ္ဓဝင် အဋ္ဌကထာမှ၊ ရှေးအခါက ယခုကဲ့သို့ တိရစ္ဆာန်နို့မျိုးဖြင့် မိမိတို့သားသမီးတို့ကို မမွေးမြူ၊ လူလူချင်း နို့ဖြင့်သာ မွေးမြူစေကြ၏။ ထို့ကြောင့် မိမိကလေးအား နို့ထိန်း တိုက်ကျွေးမည့် သူမသည် “ မမြင့်လွန်း, မနိမ့်လွန်း, မကြုံလွန်း, မဆူလွန်း, မမည်းလွန်း, မဖြူလွန်း, ရင်သားမရှည်လွန်း, မတိုလွန်း, ချောင်းဆိုးပန်းနာ မရှိ,သူ” ဖြစ်စေရသည် ဟူ၏။ ♦

နိုင်ငံတော် ကျယ်ပြန့်မှု အကြောင်းကြီး ၈-ပါး

တိုင်းပကား ပြည်နယ် တိုးကျယ် ပြန့်ပွားခြင်း အကြောင်း အင်အား ရှစ်ပါး။ ရာဇနီတိ သျှတြ။
(၁) စစ်၏ဦးခေါင်းခေါ် စစ်သူကြီး ဗိုလ်ချုပ်ရှိရခြင်း၊
(၂) စစ်၏မျက်စိ ခေါ် ဟူရားတတ်နှင့် ဆရာဝန်များရှိရခြင်း၊
(၃) စစ်၏နားခေါ် သူလျှိုကောင်းများရှိရခြင်း၊
(၄) စစ်၏အား ခေါ် ရဲမက် စစ်သည်ကောင်းများစွာ ရှိရခြင်း၊
(၅) စစ်၏ခံတွင်းခေါ် တမန်လိမ္မာများ ရှိရခြင်း၊
(၆) စစ်၏အစွယ်ခေါ် ဗိုလ်မှူး တပ်မှူး ရှိရခြင်း၊
(၇) စစ်၏ခြေခေါ် ကြည်း, ရေ, လေယာဉ်နှင့် ယာဉ်မောင်း သူရဲကောင်းများ ရှိရခြင်း၊
(၈) စစ်၏လက် ခေါ် လက်နက်ခဲယမ်း ရိက္ခာ များစွာ ရှိရခြင်း။ ♦

နိုင်လိုသူများ၊ ကျင့်ဆောင်ထား၊ ၅-ပါး မြတ်ဓမ္မာ

၎င်းကို (အောင်နိုင်ခြင်း တရား ၅-ပါး) ဟူသော သရုပ်၌ ဆိုခဲ့ပြီ။ ♦

နွားလားကြီးမျိုး ၃-ပါး

(၁) နွားကောင်ရေ တရာတို့၏ အကြီးအမှူးသည် နွားလား “ဥသဘ” မည်၏၊
(၂) နွားကောင်ရေ တထောင်တို့၏ အကြီးအမှူးသည် နွားလား “နိသဘ” မည်၏၊
(၃) အားလုံးသောနွားအပေါင်းတို့၏ အကြီးအမှူးသည် နွားလား “အာသဘ” မည်၏၊ မူလပဏ္ဏာသ။ ပါ။ ၉၉။ ဋ္ဌ။ ပ-အုပ်။ ၃၃၂-၌ အကျယ်ရှုပါ။ ♦

နှစ် အမျိုးအစား ၃-ပါး

နက္ခတ် ဗေဒင်ကျမ်းတို့မှ၊
(၁) မဏ္ဍုက ဂတိကနှစ်-ရက်ပေါင်း ၃၆၄-ရက်ကျမှ မိဿရာသီသို့ တနင်္ဂနွေ ရောက်လျှင် နေသည် အသွားနှေးသောကြောင့် မဏ္ဍုက ဂတိကနှစ်ခေါ်သည်၊ လဆန်း တိထီ ၁-ရက်, ၂-ရက် မှာ လမြင်ရ၏၊
(၂) သီဟ ဂတိကနှစ်- ရက်ပေါင်း ၃၅၄-ရက်နှင့် မိဿရာသီသို့ တနင်္ဂနွေ ရောက်လျှင် နေသည် ခုန်ကျော်၍ အသွားမြန်သောကြောင့် သီဟ ဂတိကနှစ်ခေါ်သည်၊ လဆန်း တိထီ ၄-ရက်, ၅-ရက် မှ လမြင်ရ၏၊
(၃) ယထာ ဂတိကနှစ်-ရက်ပေါင်း ၃၆၀-အပြည့်မှာ မိဿရာသီသို့ တနင်္ဂနွေ ရောက်လျှင် နေသည် မနှေးမမြန် အဖြောင့်သွားသောကြောင့် ယထာ ဂတိကနှစ်ခေါ်သည်၊ လဆန်း တိထီ ၃-ရက်မှာ လမြင်ရ၏၊ ဆေးသြဇာရှိသော နှစ်မည်၏။

မှတ်ချက် ။ ။ တလ၏ အင်္သာ ရက်ပေါင်း-၃၀၊ မိဿ, စသော ဆယ့်နှစ်ရာသီလျှင် အင်္သာရက်ပေါင်း ၃၆၀-ကို အမြဲထား၍ နှစ်မျိုး ၃-ပါး ပိုင်းခြား၍ ပြသည်။ ♦

နှစ် အမျိုးအစား ၅-ပါး

သုတေသီတို့အတွက် အချက်ကျ သိစေရန် တွက်နည်း လင်္ကာပါ ဖေါ်ပြထားသည်

လင်္ကာသံပိုင်ကား။ ကမ္ဘာကပ္ပ,၊ သာသန, သံဝစ်၊ တိထီ,နှစ်နှင့်။ သစ်သစ်သင်္ချာ၊ အင်္သာမည်ထုတ်၊ သုဒ္ဓဒိန်သွား၊ နှစ်ငါးပါးတွင်၊ ပျက်ပွားတည်ထ၊ တပေါင်းစ၍၊ တိံသဒိဝ၊ လဖြင့် ရေတွက်၊ အရက်ခြောက်ဆယ်၊ သုံးရာကြွယ်သား၊ ထိုဝယ်နှစ်ကို၊ ကပ္ပဆို၏။ ထိုလည်းတကြောင်း၊ တပေါင်းကွယ်ပြည့်၊ ပါဋိပဒ၊ တန်ခူးစ၍၊ ခြောက်လ ခြောက်လ၊ ဝိသမနှင့်၊ သမဖြင့်အား၊ ငါးဆယ့်လေးခါ၊ ရက်သုံးရာကား၊ သာသနာနှစ်၊ ဖြစ်၏၎င်း၊ တပေါင်းလပြည့်၊ တန်ခူးပြည့်နှင့်၊ ဆယ်နှစ်လှည့်လည်၊ တိထီမည်၏၊ တလီဆိုဘွယ်၊ သုံးဆယ်အင်္သာ၊ ဆယ့်နှစ်ခါ၌၊ အင်္သာသံဝစ်၊ ခေါ်မြဲနှစ်တည်း။ သက္ကရာဇ်ဦး၊ တန်ခူးတာတက်၊ ရက်၏အပ၊ ကြုံခဲ့ကြ၍၊ သုံးရာ့ရက်ပါး၊ ခြောက်ဆယ့်ငါးနှင့်၊ ဆယ့်ငါးနာရီ၊ နှစ်ပါဒ်ချီလျက်၊ တဗီဇနာ၊ သုံးပြန်ကျတွင်၊ သုဒ္ဓဒိန္န၊ သံဝစ္ဆရဟု။ သဒ္ဓမ္မပုည၊ ရွှေဝဆီမီး၊ စွယ်စုံကြီးတို့၊ ရှေးတီးတင့်နှိုင်း၊ ဆက်စဉ်လှိုင်း၍၊ သံပိုင်းမင်္ဂလာ၊ တင်ပြန်ရာသည်၊ မင်းသာပိုင်သ၊ စိုးမြန်းတည်း။ ♦

နှစ် အမျိုးအစား ၁၂-ပါး

ခုနှစ်သက္ကရာဇ် အမည် ၁၂-မျိုး၊ ၎င်းတို့ကိုပင် “သင်္ကြန်မျိုး ၁၂-ပါး” ဟုလည်းခေါ်ကြသည်၊ သင်္ကြန်လက်ရိုးကျမ်းတို့မှ နည်းရရုံ ပြလိုက်၏၊ ရောက်ဆဲ သက္ကရာဇ်ကိုတည်၊ ၂-ခုနုတ်၊ ၁၂-ခုစား၊ ၁-ကြွင်းမူ ဇေယျနှစ်၊ ၂-ကြွင်းမူ ဝိသာခါနှစ်၊ ၃-ကြွင်းမူ ဇေဋ္ဌနှစ်၊ ၄-ကြွင်းမူ အာသဠှီနှစ်၊ ၅-ကြွင်းမူ သရဝဏ်နှစ်၊ ၆- ကြွင်းမူ အဒြနှစ်၊ ၇-ကြွင်းမူ အဿယုတ္တနှစ်၊ ၈-ကြွင်းမူ ကြတ္တိကာနှစ်၊ ၉-ကြွင်းမူ မိဂသီနှစ်၊ ၁၀-ကြွင်းမူ ဖုသျှနှစ်၊ ၁၁-ကြွင်းမူ မာဃနှစ်၊ ၁၂-ကြွင်းမူ ဖဂ္ဂုဏနှစ်။ ♦

နှစ်ကျိပ်ရှစ်ဆူ ဘုရား

ဂေါတမ ဘုရားလောင်း ဗျာဒိတ် ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။
(၁) တဏှင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော် တသိန်း နေတော်မူ၏။
(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တသိန်း။
(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တသိန်း။
(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၈) ရေဝတဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၀) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ဖောက်ကြံ့ပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ၊ ဝါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၇) အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တသိန်း။
(၂၀) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တသိန်း။
(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၂၂) ဝိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။
(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။
(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။
(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။
(၂၈) ဂေါတမမြတ်စွာဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။ ၎င်း အကျယ်ကို ဗုဒ္ဓဝင်။ ပါ။ ၃၈၁။ ဋ္ဌ။ ၃၄၈၊ အပဒါန်။ ဋ္ဌ။ ပ-အုပ်။ ၅၄။ စရိယာပိဋက။ ဋ္ဌ။ ၁၄-တို့၌ ရှုပါလေ။ ♦

နှစ်ဆယ့်ငါးပါး၊ ဘေးကြီးများ၊ ဖြေကြား မြတ်အရှင်

၎င်း သရုပ်ကို (ဘေးကြီး ၂၅-ပါး) ၌ ရှုပါ။ ♦

နှစ်ဆယ့်ရှစ်ရုပ်၊ စင်ဆွဲထုတ်၊ ပြုလုပ် ရုပ်သေး သဘင်သော်

၎င်းသရုပ်ကို (ရုပ်သေးကပွဲ၊ ပါစမြဲ၊ ထုတ်ဆွဲ ၂၈-ရုပ် အဘယ်နည်း? ) ဟူသော သုတေသန၌ ရှုပါ။ ♦

နှစ်ဆယ့်လေးပစ္စည်း

၎င်းသည် ပဋ္ဌာန်းတရားတော်ဖြစ်၍ အာဂုံဆောင်ပြုပြီး နေ့စဉ်စည်းချ ရွတ်ဖတ်ပါက ရန်သူမျိုးငါးပါးမှ ကင်းလွတ်သည်။ ဟေတု ပစ္စယော၊ အာရမ္မဏ ပစ္စယော၊ အဓိပတိ ပစ္စယော၊ အနန္တရ ပစ္စယော၊ သမနန္တရ ပစ္စယော၊ သဟဇာတ ပစ္စယော၊ အညမည ပစ္စယော၊ နိဿယ ပစ္စယော၊ ဥပနိဿယ ပစ္စယော၊ ပုရေဇာတ ပစ္စယော၊ ပစ္ဆာဇာတ ပစ္စယော၊ အာသေဝန ပစ္စယော၊ ကမ္မ ပစ္စယော၊ ဝိပါက ပစ္စယော၊ အာဟာရ ပစ္စယော၊ ဣန္ဒြိယ ပစ္စယော၊ စျာန ပစ္စယော၊ မဂ္ဂ ပစ္စယော၊ သမ္ပယုတ္တ ပစ္စယော၊ ဝိပ္ပယုတ္တ ပစ္စယော၊ အတ္ထိ ပစ္စယော၊ နတ္ထိ ပစ္စယော၊ ဝိဂတ ပစ္စယော၊ အဝိဂတ ပစ္စယော တိ။ ♦

နှလုံးသွေးရောင်မျိုး ၆-ပါး

လူ၏ စိတ္တုပ္ပါဒ်ကို လိုက်၍ဖြစ်ပေါ်သော သွေးရောင် ခြောက်ပါး။
(၁) ရာဂစရိုက် ထူပြောသူ၏နှလုံးသွေးသည် ချိပ်ရည်ကဲ့သို့ နီမောင်းသော အဆင်းရှိ၏၊
(၂) ဒေါသစရိုက် ထူပြောသူ၏နှလုံးသွေးသည် ထောက်ရှာသီးမှည်ကဲ့သို့ မည်းနက်သော အဆင်းရှိ၏၊
(၃) မောဟစရိုက် ထူပြောသူ၏နှလုံးသွေးသည် သားဟင်းလျာဆေးရည်ကဲ့သို့ ဖြော့တော့သော အဆင်းရှိ၏၊
(၄) ဝိတက်စရိုက် ထူပြောသူ၏နှလုံးသွေးသည် မဖြူမညို ပဲစဉ်းငုံအဆင်းကဲ့သို့ ဖြော့တော့သော အဆင်းရှိ၏၊
(၅) သဒ္ဓါစရိုက် ထူပြောသူ၏နှလုံးသွေးသည် မဟာလှေကားပန်းအဆင်းကဲ့သို့ ဝါဝင်းကြည်လင်သော အဆင်းရှိ၏၊
(၆) ပညာစရိုက် ထူပြောသူ၏နှလုံးသွေးသည် ပွတ်သစ်စပတ္တမြားကဲ့သို့ သန့်ရှင်းစင်ကြယ်သော ရောင်ဆင်းရှိ၏။ (အဘိဓမ္မာနည်း) ♦

နှုတ်ခမ်းရပ်မှာ၊ ဖြစ်ပေါ်လာ၊ မြန်မာအက္ခရာ ၇-လုံး

၎င်းသရုပ် (သြဋ္ဌဇ အက္ခရာ ၇-လုံး) ၌ဆိုခဲ့ပြီ။ ♦

နှုတ်မလုံသူမျိုး ၉-ယောက်

လျှို့ဝှက်ဘွယ်တို့ကို မတိုင်ပင် မပြောကြားအပ်သူ ၉- ယောက်၊ ဟိတောပဒေသမှ။
(၁) ရာဂ စရိတ-ရာဂထူပြောသူ၊
(၂) ဒေါသ စရိတ-ဒေါသကြီးသူ၊
(၃) မောဟ စရိတ- တွေဝေထိုင်းမှိုင်းသူ၊
(၄) ဘီရုက-ကြောက်တတ်သူ၊ သတ္တိနည်းသူ၊
(၅) အာမိသ ဂရုက-လာဘ်လာဘ တပ်မက်သူ၊
(၆) ဣတ္ထိ-မိန်းမ၊
(၇) သောဏ္ဍ-သေသောက်ကြူး ယစ်ထုပ်၊
(၈) ပဏ္ဍက- ပဏ္ဍုက်၊
(၉) ဒါရက- ကလေးသူငယ်။ ♦

ပံ့သုကူအပြား၊ မျိုး ၁၀-ပါး၊ ခွဲခြား ဖြေတော်မူ

ရဟန်းတော်များ ပံ့သုကူကောက်ယူအပ်သော ပံ့သုကူအဝတ်မျိုး ဆယ်ပါးကို ဝိနည်းပရိဝါမှ သုတေသနပြုသည်။
(၁) သောသာနိကံ- သုသာန်၌ စွန့်ပစ်ထားသော အဝတ်ပုဆိုး၊
(၂) ဥန္ဒူရခါယိတံ- ကြွက်ကိုက်၍ စွန့်ပစ်ထားသော ၎င်း၊
(၃) ဥပစိက ခါယိတံ-ခြစား၍ စွန့်ပစ်ထားသော ၎င်း၊
(၄) အဂ္ဂိ ဒဎ္ဍုံမီးလောင်,မီးပေါက်၍ စွန့်ပစ်ထားသော ၎င်း၊
(၅) ဂေါ ခါယိတံ- နွားခဲစား၍ စွန့်ပစ်ထားသော၎င်း၊
(၆) အဇိကာ ခါယိတံ- ဆိတ် ခဲစား၍ စွန့်ပစ်ထားသော ၎င်း၊
(၇) အဘိသေကိယံအဘိသိက်ပွဲ၌ စွန့်ပစ်ထားသော ၎င်း၊
(၈) ထူပ စီဝရံ- စေတီပုထိုး၌ လှူထားသော ၎င်း၊
(၉) ပါပဏိကံ- အိမ်စျေးအနီး၌ စွန့်ပစ်ထားသော ၎င်း၊
(၁၀) ဘတ ပဋိယာတံ- သုသာန် လိုက်ပို့သူတို့ ပြန်လာသောအခါ အမင်္ဂလာဟုစွန့်ပစ်လိုက်သော အဝတ်ပုဆိုး။ ♦

ပကတိ သံ၊ ၁၈-တန်၊ ဂီတံဆိုရိုး အဘယ်နည်း?

၎င်းသရုပ်သည် (တက်သံ ၁၈-ပါး) နှင့် တူ၏။ ♦

ပကိဏ်းစေတသိက် ၆-ပါး

စိတ်တို့၌ ယှဉ်သင့်သလို သဘောတူရာစု၌ ပြိုးပြွမ်းယှဉ်သော စေတသိက်တရားစုများ ဟူ၏။
(၁) ဝိတက်-ယှဉ်ဘက်တရားစုကို အာရုံသို့ရှေးရှု တင်ပေးခြင်း လက္ခဏာရှိ၏၊
(၂) ဝိစာရ- အာရုံကို အဖန်ဖန်သုံးသပ်ခြင်း လက္ခဏာရှိ၏၊
(၃) အဓိမောက္ခ-ဆုံးဖြတ်ခြင်း လက္ခဏာရှိ၏၊
(၄) ဝီရိယ-ကြိုးစားအားထုတ်ခြင်း လက္ခဏာရှိ၏၊
(၅) ပီတိ- နှစ်သက်ခြင်း လက္ခဏာရှိ၏၊
(၆) ဆန္ဒ-အာရုံပြုလိုသော သဘော လက္ခဏာရှိ၏။ ♦

ပင်လယ်ကြီး ၁၃-စင်း

ကမ္ဘာပေါ်၌ ကြီးကျယ်ပြန့်ပြောသော ပင်လယ်ကြီးများကို ဆိုသည်။
(၁) မြေထဲ ပင်လယ်(နြိငအနမမညေနညှေနေ) စတုရန်းမိုင် (၁,၁၄၅,၁၀၀) ကျယ်၍၊ (၄,၆၈၈) ပေ ရေနက်သည်။
(၂) ကာရီဘွယံ ပင်လယ်(ှသကအ့ ဃ့ငညေှနေ) စတုရန်းမိုင် (၁,ဝ၄၉,၅၀၀) ကျယ်၍၊ (၈,၆၈၅) ပေ နက်သည်။
(၃) တောင်တရုပ် ပင်လယ်(ှသကအ့ ဃ့ငညေှနေ) စတုရန်းမိုင် (၈၉၅,၄၀၀) ကျယ်၍၊ (၅,၄၁၉) ပေ နက်သည်။
(၄) ဘဲရင်း ပင်လယ်(နြမငညါှနေ)၊ စတုရန်းမိုင် (၈၈၄,၉၀၀) ကျယ်၍၊ (၅,ဝရ၅) ပေ နက်သည်။
(၅) မက်ဆီကို ပင်လယ်ကွေ့(ွကူ် သ် နြထငခသ)၊ စတုရန်းမိုင် (၆၁၅,၀၀၀) ကျယ်၍၊ (၄,၈၇၄) ပေ နက်သည်။
(၆) အော့ဟောစ်က် ပင်လယ်(ဥုံသအျုှနေ)၊ စတုရန်းမိုင် (၆၁၃,၈၀၀) ကျယ်၍၊ (၂,၇၄၉) ပေ နက်သည်။
(၇) အရှေ့ တရုပ် ပင်လယ်(နေျအ ဃ့ငညေှနေ)၊ စတုရန်းမိုင်
(၄၈၂,၃၀၀) ကျယ်၍၊ (၆၁၇) ပေ နက်သည်။
(၈) ဟပ်ဆန် ပင်လယ်အော်(ံကျိသည ြပေ)၊ စတုရန်းမိုင် (၄၇၅,၈၀၀) ကျယ်၍၊ (၄၂၀) ပေ နက်သည်။
(၉) ဂျပန် ပင်လယ်(ဲစေညှေနေ)၊ စတုရန်းမိုင် (၃၈၉,၁၀၀) ကျယ်၍၊ (၄,၄၂၉) ပေ နက်သည်။
(၁၀) ကပ္ပလီ ပင်လယ်(ဗညိောညှေနေ)၊ စတုရန်းမိုင် (၃၀၈,၀၀၀) ကျယ်၍၊ (၂,၈၅၄) ပေ နက်သည်။
(၁၁) မြောက်ဖက် ပင်လယ်၊ (သြမအှ့နေ)၊ စတုရန်းမိုင် (၂၂၂,၁၀၀) ကျယ်၍၊ (၃၀၈) ပေ နက်သည်။
(၁၂) ပင်လယ်နီ(ျွနှိနေ)၊ စတုရန်းမိုင် (၁၆၉,၁၀၀) ကျယ်၍၊ (၁,၆၁၁) ပေ နက်သည်။
(၁၃) ဘော်လတစ် ပင်လယ်(ြေူအငခှနေ)၊ စတုရန်းမိုင် (၁၆၃,၀၀၀) ကျယ်၍၊ (၁၈၀) ပေ ရေနက်သည်။ ♦

ပစ္စည်း ၄-ပါး

သာသနာရေးကိစ္စ၌ သုံးစွဲနိုင်သော ပစ္စည်းမျိုး လေးပါး။
(၁) ဆွမ်းပစ္စည်း-ဆွမ်း, ခဲဘွယ်, ဘောဇဉ်, ချိုချဉ်နို့ စသော ဝတ္ထုများ၊
(၂) သင်္ကန်းပစ္စည်း- ဝတ်ရုံ သုံးဆောင်ကောင်းသော သင်္ကန်း ၉-ထည်၊
(၃) ကျောင်းပစ္စည်း-ကပ္ပိယကုဋိခေါ် ကျောင်းအမျိုးမျိုး၊
(၄) ဆေးပစ္စည်း-ကျန်းမာရေးဆိုင်ရာ ဆေးအဖျော် အမျိုးမျိုး။ ♦

ပစ္စည်းဥစ္စာ၊ မျိုး ၄-ဖြာ၊ စိတ်ဖြာ ဝေဘန်သိ

၎င်း သရုပ်ကို (ဥစ္စာမျိုး ၄-ပါး) ဟူသော ဓနဗေ၌ ဆိုခဲ့ပြီ။ ♦

ပစ္စည်းဥစ္စာ၊ ကုန်ဆုံးရာ၊ ၃-ဖြာ အကြောင်းသိ

၎င်း သုံးပါးတို့တွင် ဒါနမှုဖြင့် ပြုစုကုန်ဆုံးရခြင်းကား ပဌမ အမြတ်ဆုံးဟု ဓမ္မပဒနှင့် ဟိတောပဒေသ၌ ညွှန်းပြ၏။
(၁) ဒါနသဒ္ဓါကြည်ဖြူ ပေးလှူစွန့်ကြဲ၍ ကုန်ဆုံးခြင်း၊
(၂) ဘောဂ- မိမိကိုယ်တိုင် သုံးဆောင်ခံစား၍ ကုန်ဆုံးခြင်း၊
(၃) နာသ-မစားရက် မလှူရက် ရန်သူမျိုး ငါးပါးဖျက်၍ ကုန်ဆုံးခြင်း။ ♦

ပစ္စဝေက္ခဏာ ဉာဏ် ၅-ပါး

ယောဂီသူမြတ်တို့ သောတာပတ္တိမဂ်ဖိုလ်ရပြီးနောက် ဆင်ခြင်ပုံမျိုး ငါးပါး။
(၁) ရှေးဦးစွာ မိမိရပြီးသည့် သောတာပတ္တိမဂ်ကို ဆင်ခြင်ခြင်း၊
(၂) ထို့နောက် ၎င်း၏ အကျိုးဖြစ်သော သောတာပတ္တိဖိုလ်ကို ဆင်ခြင်ခြင်း၊
(၃) ထို့နောက် ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို ဆင်ခြင်ခြင်း၊
(၄) ထို့နောက် ထိုသောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကို ဆင်ခြင်ခြင်း၊
(၅) ထို့နောက် ထိုသောတာပတ္တိမဂ်ဖြင့် မပယ်ရသေးသည့် ကြွင်းကျန်သေးသော ကိလေသာတို့ကို ဆင်ခြင်ပြန်ခြင်း၊ ဤသို့ ဆင်ခြင်ခြင်းငါးမျိုးကို ပစ္စဝေက္ခဏာဉာဏ် ငါးပါးဟုခေါ်သည်။ ♦

ပစ္စုပ္ပန် အဓွန့်တရားမျိုး ၂-ပါး

၎င်းသရုပ်ကို (အဓွန့် ၃-ပါး) ၌ ဆိုခဲ့ပြီ။ ♦

ပစ္စုပ္ပန် အဓွန့်တရားမျိုး ၆-ပါး၊ တနည်း

ပဋိစ္စသမုပ္ပါဒ် နည်းအရ “သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ” ၎င်း တရားခြောက်ပါး ဟူ၏။ ♦

ပစ္စေကဗုဒ္ဓါ၊ မျိုး ၃-ဖြာ၊ မိန့်မှာ ခွဲဲပြတော်မူဘူဘုရား

ပစ္စေကဗုဒ္ဓါ အပြား ၃-ပါးကို မေးသည်။ ပစ္စေကဗုဒ္ဓါလည်း သမ္မာသမ္ဗုဒ္ဓမျိုးကဲ့သို့ပင်။
(၁) ပညာဓိက ပစ္စေကဗုဒ္ဓါ-ပညာရှေ့ထား ပါရမီပွားသည်၊
(၂) သဒ္ဓါဓိက ပစ္စေကဗုဒ္ဓါ-သဒ္ဓါရှေ့ထား ပါရမီပွားသည်၊
(၃) ဝိရိယာဓိက ပစ္စေကဗုဒ္ဓါ-ဝိရိယာရှေ့ထား ပါရမီပွားသည်။

မှတ်ချက် ။ ။ မုံရွေးအမေး, ကျည်းကန် အဖြေ၌လည်း “ပညာ, သဒ္ဓါ၊ ဝီရိယာဟု၊ သုံးဝ သုံးဖြာ၊ ပစ္စေကာလည်း၊ ပြားပါသည်ပင်၊ ကျမ်း၌ထင်၏''ဟု ဖြေဆိုထားလေသည်။ ♦

ပဉ္စ ၅-ပါး၊ ခေါ်ဆိုငြား၊ ဆေးများ ဖော်စပ်ရာ

ဘယဆေး ဖေါ်စပ်ရာ၌ ဆေးတပင်လုံးကို ခေါ်ဆိုသည်။
(၁) မူလ-အမြစ်၊
(၂) ခန္ဓ-ပင်စည်၊
(၃) ပဏ္ဏ-အရွက်၊
(၄) ပုပ္ဖ-အပွင့်၊
(၅) ဖလ-အသီး။ ♦

ပဉ္စကူမျိုး ၅-ပါး

ဘယဆေး ဝေါဟာရဖြစ်သည်၊ ပဉ္စ ကဋုက ပါဌ်ပျက်။
(၁) ပိတ်ချင်းသီး၊
(၂) ပိတ်ချင်းမြစ်၊
(၃) စရို၊
(၄) ကန့်ချုပ်နီ၊
(၅) ချင်းခြောက်။

မှတ်ချက် ။ ။ ရသေ့ ငါးပါးတို့ ချီးမွမ်းသည်ကိုစွဲ၍ “ပဉ္စဂုဏ-ပဉ္စဂူ” ဟုလည်းခေါ်သည်၊ လေ, သလိပ်, သည်းခြေကို နိုင်၏၊ အစာကျေသည်။ ♦

ပဉ္စင်းအင်္ဂါ၊ မျိုး ၅-ဖြာ၊ ခံရှာ ရဟန်းမြတ်

ပဉ္စင်းမြောက်ရန် ဦးပဉ္စင်းဖြစ်နိုင်ရန်အတွက် အောက်ပါ အင်္ဂါ ၅-တန်နှင့် ပြည့်စုံရမည် ဟူ၏။
(၁) ဝတ္ထု သမ္ပတ္တိ-ပဉ္စင်းလောင်း၏ အင်္ဂါပြည့်စုံမှု၊
(၂) ဉတ္တိ သမ္ပတ္တိ-ဉတ်၏ပြည့်စုံ ပီသမှု၊
(၃) ကမ္မဝါစာ သမ္ပတ္တိ-ကမ္မဝါ၏ပြည့်စုံ ပီသမှု၊
(၄) သီမာ သမ္ပတ္တိ- သိမ်၏ ဝိပတ္တိကင်းစင် သမ္ပတ္တိဝင်မှု၊
(၅) ပရိသာ သမ္ပတ္တိ- ရဟန်းပြုပေးသော သံဃာ့ပရိသတ်၏ပြည့်စုံလုံလောက် စင်ကြယ်မှု။ ♦

ပဉ္စတား ဂြိုလ် ၅-ပါး

ဗေဒင်ကျမ်းလာ ဝေါဟာရ၊ အင်္ဂါအစ, စနေ,အဆုံးရှိသော ဂြိုလ်ငါးလုံးကိုဆိုသည်။ ♦

ပဉ္စမက္ခရာ ၅-လုံး

ဝဂ်ငါးပါးတို့တွင် ၅-လုံးမြောက်စီ ဖြစ်သော “င, ည, ဏ, န, မ” အက္ခရာငါးလုံးကို ခေါ်ဆိုသည်။ ♦

ပဉ္စမူကြီး ၅-ပါး

ဘယဆေး ဝေါဟာရ၊ သာရကောမုဒိကျမ်း၌ “ဥသျှစ်, ကြောင်လျှာ, ရမနေ, သံသတ်, တပဆေး” ဤအမြစ် ငါးပါးကို ပဉ္စမူကြီးဟု ခေါ်ဝေါ် ပညတ်လေသည်၊ ဒဗ္ဗဂုဏကျမ်း၌ကား သံသတ်အရာတွင် သခွတ်ကို ထည့်ယူနိုင်သည်ဟုလည်း မှာကြားထားသေးသည်။ ♦

ပဉ္စမူကြီး ၅-ပါး၊ တနည်း

''ပိတ်ချင်းမြစ်, ဆင်ခရမ်းမြစ်, သာလပြရဏီမြစ်, ပြဿပြရဏီမြစ်, ကနခိုမြစ်” ၎င်း ၅-ပါးကိုလည်း တနည်းယူကြသည်။ ♦

ပဉ္စမူငယ် ၅-ပါး

ဘယဆေး ဝေါဟာရ။
(၁) ကြံနက်မြစ်၊
(၂) မြေဇာမြစ်၊
(၃) မြားမြစ်၊
(၄) ကိုင်းမြစ်၊
(၅) သမန်းမြစ်၊ ထိုပဉ္စမူငယ် ငါးပါးတို့သည်ကား သည်းခြေနှင့်ယှဉ်၍ ဆီးချုပ်သောအနာကိုနိုင်၏။ ♦

ပဉ္စရူပါ၊ သတ္တဝါ၊ ၅-ဖြာရုပ်ပုံမျိုး

ရွှေဘုံနိဒါန်း၌ ပဉ္စရူပဖေါင်တော်ကိုပြရာဝယ် အောက်ပါအတိုင်းတွေ့ဘူး၏။
(၁) ဆင်နှာမောင်း, အစွယ်နှစ်ချောင်း၊
(၂) နွားလဘို့၊
(၃) ငါးကြင်းအမြီး၊
(၄) တိုးချိုနှစ်ဖက်, လက်တဖက်, တိုးအမြီး, ခြေတဖက်၊
(၅) မြင်းနားနှစ်ဖက်, လက်တဖက်, ခြေတဖက်တို့ဖြစ်၏၊ ထို့အပြင် သတ္တရူပါရုပ်, နဝရူပါရုပ် စသည်ရှိသေး၏။ ♦

ပဉ္စဝဂ္ဂီ္ဂ ၅-ပါး

ငါးယောက်အစုဟု အဓိပ္ပါယ်ရသည်၊ ၎င်းတို့သည် ဓမ္မစကြာတရားကို ဦးစွာ ကြားနာကြရသူများဖြစ်၍ ထိုငါးယောက်တစုကို “ပဉ္စဝဂ္ဂီ” ဟူ၍၎င်း၊ “ဝဂ္ဂီ” ဟူ၍၎င်း၊ ထိုထိုကျမ်းဂန်တို့၌ လာကုန်၏။
(၁) ကောဏ္ဍည၊
(၂) ဝပ္ပ၊
(၃) ဘဒ္ဒိယ၊
(၄) မဟာနာမ်၊
(၅) အဿဇိ။ ♦

ပဉ္စာတပ အကျင့်မျိုး ၅-ပါး

ပဉ္စ-၅-ပါး၊ အာတပ-အပူ, အားထုတ်ခြင်း၊ ကိလေသာ အစိုပျောက်အောင် နေပူကျဲကျဲ၌ လေးမျက်နှာက မီးကြီး ၄-ပုံဖိုပြီး ထိုအလယ်၌ လူဝင်နေ၍ နေပူနှင့်တကွ အပူငါးမျိုးဖြင့်ကျင့်စဉ်ကို ခေါ်သည်။ ♦

ပဉ္စာနန္တရိယ ကံမျိုး ၅-ပါး

၎င်း သရုပ်အဓိပ္ပါယ်ကို (အနန္တရိယကံ ၅-ပါး) ၌ဆိုခဲ့ပြီ။ ♦

ပဉ္စာဝုဓမျိုး ၅-ပါး

၎င်း သရုပ်အဓိပ္ပါယ်ကို (လက်နက်ကြီး ၅-ပါး) ၌ ရှုပါလေ။ ♦

ပဥှာ ဗျာကရဏိယ တရား ၉-ပါး

အမေး, အဖြေ စည်းကမ်း ဥပဒေကိုးချက်ကို ခေါ်သည်၊ ၎င်းသရုပ်ကို (အမေး ၅-ထွေနှင့် အဖြေ ၄-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

ပညတ်မျိုး ၆-ပါး

မူလပဏ္ဏာသ။ ပါ။ ၄၈။ ဋ္ဌ။ ပ-အုပ်။ ၁၈၅။ ဥပရိပဏ္ဏာသ။ ဋ္ဌ။ ၂၀၇။ အနက်ကို သိစေတတ်သော သဒ္ဒပညတ် အပြား ၆-ပါးဟူ၏၊ အမည်နာမကို ဆိုသည်။
(၁) ဝိဇ္ဇမာန ပညတ်- ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်, ဝေဒနာ, သညာ စသော အမည်ပညတ်မျိုး၊
(၂) အဝိဇ္ဇမာန ပညတ်- ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မြေ, တောင်, လူ, နတ်, ရဟန်း စသော အမည်ပညတ်မျိုး၊
(၃) ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်- ထင်ရှားရှိ၍ ထင်ရှားမရှိသော 'ဆဠာ ဘိည, ရဟန်း' စသော အမည်ပညတ်မျိုး၊
(၄) အဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်- ထင်ရှားမရှိ၍ ထင်ရှားရှိသော ဣတ္ထိ, သဒ္ဒေါ စသော အမည်ပညတ်မျိုး၊
(၅) ဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်ထင်ရှားရှိသည်ဖြစ်၍ ထင်ရှားရှိသော စက္ခု, ဝိညာဏ စသော အမည်ပညတ်မျိုး၊
(၆) အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်- ထင်ရှားမရှိသည်ဖြစ်၍ ထင်ရှားမရှိသော ရာဇ, ပုတ္တော စသော အမည်ပညတ်မျိုး။ ♦

ပညာအပြား၊ ထို ၂-ပါး၊ မိန့်ကြား ဘိဓမ္မာ

အပြားအားဖြင့် သိမှုမျိုး ၂-ပါး၊ ထို့ပြင်လည်း အမျိုးမျိုးပြားသေး၏။
(၁) ယထာဘူတ ပညာ- အဟုတ်သိ အမှန်သိ ကုသိုလ်စိတ် ကြိယာစိတ်တို့နှင့် ယှဉ်သော ပညာဝိဇ္ဇာဉာဏ်၊
(၂) ဝဉ္စနာ ပညာ-သူတပါးအား လှည့်စားဉာဏ်၊ တဏှာလောဘ ပြဋ္ဌာန်းသော စိတ္တုပ္ပါဒ် အကုသလဝိတက် သဘော။ ♦

ပညာအပြား၊ မျိုး ၃-ပါး

နေတ္တိ။ ပါ။။ ဋ္ဌ။ ၅၃-၅၄-တို့၌ အကျယ်ရှုပါ။
(၁) စိန္တာမယ ပညာ-ကြံစည်သဖြင့်သိအပ်သောအရာမျိုး၊
(၂) သုတမယ ပညာ- သူ့တပါးထံမှ ကြား၍ သိသောအရာမျိုး၊
(၃) ဘာဝနာမယ ပညာ- ပွားများသဖြင့် သိသော အရာမျိုး။ ♦

ပညာအပြား၊ မျိုး ၆-ပါး၊ တနည်း

ဥပရိပဏ္ဏာသ။ ပါ။ ၇၅။ ၁၀၇။ ဋ္ဌ။ ၅၆။ သုတ်ပါထေယျ။ ပါ။ ၁၂၉။ ဋ္ဌ။ ၁၁၃-တို့၌ အကျယ်ရှု။
(၁) မဟာပညာ၊
(၂) ပုထုပညာ၊
(၃) ဟာသပညာ၊
(၄) ဇဝနပညာ၊
(၅) တိက္ခပညာ၊
(၆) နိဗ္ဗေဓိကပညာ။ ♦

ပညာဉာဏ် အားနည်းခြင်း၏ အကြောင်း ၅-ပါး

၎င်းသရုပ်(ဉာဏ်ပညာ အားနည်းခြင်း အကြောင်း ၅-ပါး) နှင့်တူ၏။ ♦

ပညာမျက်စိ၊ ၅-ပါးရှိ၊ သတိပြု၍ လင်း

၎င်းသရုပ်ကို(စက္ခု ၅-ပါး) ၌ ဆိုခဲ့ပြီ။ ♦

ပညာရခြင်း၏ အကြောင်း ၈-ပါး

ပညာတိုးပွားရခြင်း၏ အကြောင်းတရား ရှစ်ပါး။
(၁) ဝယ ပရိဏာမ-အရွယ်ကိုငဲ့သဖြင့်ရ၏၊
(၂) ယသ ပရိဏာမ-အခြံအရံကိုငဲ့သဖြင့်ရ၏၊
(၃) ပရိပုစ္ဆ-မေးမြန်းခြင်းဖြင့်ရ၏၊
(၄) တိတ္ထဝါသ-ကြာမြင့်စွာ နေရခြင်းဖြင့်ရ၏၊
(၅) ယောနိသော မနသိကာရ- ဝေဘန်ကြံဆခြင်းဖြင့်ရ၏၊
(၆) သာကစ္ဆ-ဆွေးနွေးတိုင်ပင်ခြင်းဖြင့်ရ၏၊
(၇) သိနေဟူပသေဝန- ချစ်သူကို ပေါင်းသင်းခြင်းဖြင့်ရ၏၊
(၈) ပတိရူပ ဒေသာဝါသလျောက်ပတ်သော အရပ်၌ နေရခြင်းဖြင့်ရ၏။ ♦

ပညာရှိတို့ နစ်မြုပ်ကြောင်းမျိုး ၃-ပါး

(၁) မိုက်သောတပည့်ကို ပညာသင်ကြား လက်သုံးထားခြင်း၊
(၂) အကျင့်ယုတ်သော မိန်းမနှင့် အိမ်ထောင်ပြုခြင်း။
(၃) မသူတော်နှင့်ပေါင်းသင်းဆက်ဆံခြင်း။ ♦

ပညာရှိ လက္ခဏာ ၃-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၃၆၁။ ဋ္ဌ။ ဒု-အုပ်။ ၂၄၃။ နေတ္တိ။ ပါ။ ၁၄၈။ ဋ္ဌ။ ၂၅၆-တို့၌ အကျယ်ရှု။
(၁) သုစိန္တိတ စိန္တီ- ကောင်းသောအကြံကိုသာ ကြံစည်ခြင်း၊
(၂) သုဘာသိတ ဘာသီ-ကောင်းသော စကားကိုသာ ပြောဆိုခြင်း၊
(၃) သုကတ ကမ္မ,ကာရီအပြစ်မရှိကောင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ရှိခြင်း။ ♦

ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါး၊ အခြင်းရာ ၂၀၊ အလွှာ ၄-ပါး၊ အစပ် ၃-ပါး၊ ဝဋ် ၃-ပါး၊ မူလ ၂-ပါး၊ ကာလ ၃-ပါး၊ သစ္စာ ၂-ပါး

၎င်းအကျယ်အသွယ်သွယ်တို့ကို နိဒါနဝဂ္ဂသံယုတ်။ ပါ။ ၂၄၃-မှ ၃၅၁-အထိ၊ ။ ဋ္ဌ။ ၁-မှ ၁၁၈-အထိ ကြည့်ရှုကြပါကုန်။ ♦

ပဋိပဒါမျိုး ၄-ပါး

မဂ်, ဖိုလ်, နိဗ္ဗာန်ရခြင်း၏ ကျင့်ရပုံ အတန်းအစားများ ခြားနားခြင်း ၄-ပါး။
(၁) သုခပဋိပဒါ ခိပ္ပါဘိညာ- ချမ်းသာစွာကျင့် လျင်မြန်စွာရ၊
(၂) သုခပဋိပဒါ ဒန္ဓာဘိညာချမ်း သာစွာကျင့် ကြာမြင့်မှရ၊
(၃) ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ- ဆင်းရဲပင်ပန်းစွာကျင့် လျင်မြန်စွာရ၊
(၄) ဒုက္ခ ပဋိပဒါ ဒန္ဓာဘိညာ- ဆင်းရဲပင်ပန်းစွာကျင့် ကြာမြင့်စွာသော နှစ်ကာလတို့မှ ရ၊ ပဋိသမ္ဘိဒါမဂ်။ ပါ။ ၈၂။ ဋ္ဌ။ ပ-အုပ်။ ၂၇၁။ ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၈၃။ ဒု-အုပ်။ ၃၀၆-၃၀၇-တို့၌ အကျယ်ရှုပါ။ ♦

ပဋိဘာန်မျိုး ၃-ပါး

ပဋိဘာနပုဂ္ဂိုလ် ၃-ပါး ဟုလည်း ကျမ်းဂန်တို့၌လာရှိသည်။
(၁) ပရိယတ္တိ ပဋိဘာန- ပရိယတ်ကျွမ်းကျင် ပိဋကဉာဏ်မြင်ထိုးဖေါက်နိုင်ခြင်းမျိုး၊
(၂) ပရိပုစ္ဆာ ပဋိဘာန- သဘော သဘာဝတ္ထကို တိကျမှန်ကန်စွာ ဆုံးဖြတ်ပေးနိုင်ခြင်းမျိုး၊
(၃) အာဂမ ပဋိဘာနမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် သစ္စာလေးပါးကို ထိုးထွင်း သိ,မြင် သွားနိုင်သောဉာဏ်မျိုး။ ♦

ပဋိသန္ဓာရမျိုး ၂-ပါး

ရှင်,ရှင်ချင်း၊ လူ, လူချင်း၊ မင်း, မင်းချင်း၊ တဦးနှင့်တဦး, တနိုင်ငံနှင့် တနိုင်ငံ, မေတ္တာမပျက် အဆက်ဆက် ချစ်ခင်ချောမော ပြေပြစ်ညီညွတ်၍သွားရန် အဆက်အစပ် ပြုခြင်းများ၊ လက္ခဏမိဂ ဇာတ် အဋ္ဌကထာ။
(၁) ပစ္စယ ပဋိသန္ဓာရ- ပစ္စည်း ဥစ္စာဖြင့် စေ့စပ် ချောမော ပြေပြစ်အောင် လက်ဆောင်ပဏ္ဏာ ပြုလုပ်မှု၊
(၂) ဓမ္မ ပဋိသန္ဓာရ-တရားသော စကားဖြင့် အပြေအပြစ် ပြောဆိုမှု, သွန်သင်ဆုံးမ နည်းလမ်းပြမှု, အကြံဉာဏ်ပေးမှု ပြုလုပ်ခြင်း။ ♦

ပဋိသန္ဓေမျိုး ၄-ပါး

ထိုထိုဘဝ၏အစတည်နေရမှု ဖြစ်စဉ်မျိုး အပြားလေးပါး။
(၁) ဥပပတ် ပဋိသန္ဓေ-ကိုယ်ထင်ရှား ဘွားကနဲ ဖြစ်ပေါ်လာသော နတ်, ဗြဟ္မာ, ပြိတ္တာ ပဋိသန္ဓေမျိုး၊
(၂) သံသေဒဇ ပဋိသန္ဓေ- အညှိကိုစွဲ၍ အလွန်သေးငယ်စွာမှ တဖြည်းဖြည်း ကြီးပွားရသည့် ပိုးလောက်စသော ပဋိသန္ဓေမျိုး၊
(၃) အဏ္ဍဇ ပဋိသန္ဓေ- ဥခွံတွင်း၌ နေရသည့် ကြက်, ငှက် စသော ပဋိသန္ဓေမျိုး၊
(၄) ဇလာဗုဇ ပဋိသန္ဓေ- မိခင်၏ သားအိမ်၌ နေရသော လူ, ခွေး စသည့် ပဋိသန္ဓေမျိုး။

မှတ်ချက် ။ ။ အဏ္ဍဇနှင့် ဇလာဗုဇကို ပေါင်း၍ ဂဗ္ဘသေယျက ပဋိသန္ဓေ ဟုခေါ်သည်မှတ်။ ♦

ပဋိသန္ဓေ တည်ခြင်း အင်္ဂါ ၃-ပါး၊ ၇-ပါး၊ ၈-ပါး၊ ၃-နည်း

ဂဗ္ဘသေယျက ပဋိသန္ဓေတည်နိုင်ပုံ အကြောင်းများ၊ ၎င်းအကျယ်ကို (ကိုယ်ဝန်တည်နိုင်ခြင်း အင်္ဂါ ၃-ပါး၊ ၇-ပါး၊ ၈-ပါး) ၌ရှုပါ။ ♦

ပဋိသမ္ဘိဒါ ဉာဏ် ရ ကြောင်း အင်္ဂါ ၈-ပါး

၎င်း တရားတို့ကို ဆည်းပူး ပွားစီးရာ၏။
(၁) ပုဗ္ဗယောဂ- ရှေးဘဝ၌ ၎င်းဉာဏ်မျိုးစေ့ထူထောင် ဆုတောင်း စိုက်ပျိုးခဲ့ခြင်း၊
(၂) ဗာဟုသစ္စ- အကြားအမြင်များခြင်း၊
(၃) ဒေသိယ ဘာသာ ဆေက- ဒေသအမျိုးမျိုးတို့၌ ပြောကြားသော ဘာသာစကားအမျိုးမျိုးတို့ကို တတ်သိလိမ်မာခြင်း၊
(၄) အာဂမ- မြတ်စွာဘုရား၏ ပါဠိတော်ကို အာဂုံဆောင်ခြင်း၊
(၅) ပရိပုစ္ဆာ- ပါဠိတော် အဋ္ဌကထာတို့၌ မေးမြန်းလေ့ရှိခြင်း၊
(၆) အဓိဂမ-စျာန်, မဂ်,ဖိုလ်တရားကိုရခြင်း၊
(၇) ဂုရု သန္နိဿယ- ဗဟုသုတပြည့်စုံသော ဆရာ့ထံပါး၌ ဆည်းကပ်ခစားခြင်း၊
(၈) မိတ္တ သမ္ပတ္တိ- ပညာရှိမိတ်ဆွေကောင်းတို့နှင့် ပြည့်စုံခြင်း။ ♦

ပဋိသမ္ဘိဒါမျိုး ၄-ပါး

စတုက္ကင်္ဂုတ္တရ။ ပါ။ ၄၇၉။ ဋ္ဌ။ ၃၅၀-၌ အကျယ်ရှုပါ။ ဗုဒ္ဓဘုရားနှင့် ဆုပါရမီဖြည့်ပြီးသော သာဝကကြီးတို့၏ ခွဲခြားစိတ်ဖြာ ဉာဏ်လေးပါး။
(၁) အတ္ထ ပဋိသမ္ဘိဒါ-အကြောင်းကြောင့်ဖြစ်ပေါ်လာသော အကျိုးတရားစု, နိဗ္ဗာန်, ပါဠိတော်၏အနက်သဘော, ဝိပါက်စိတ်, ကြိယာစိတ်, ၎င်း ငါးပါးတရားစု။
(၂) ဓမ္မ ပဋိသမ္ဘိဒါ-အကျိုးကိုဖြစ်စေတတ်သော အကြောင်းဟူသမျှ, အရိယာမဂ်လေးပါး, ပါဠိတော်အစဉ်, ကုသိုလ်, အကုသိုလ်, ၎င်း ငါးပါးတရားစု။
(၃) နိရုတ္တိ ပဋိသမ္ဘိဒါ- ဆိုခဲ့ပြီးသော အတ္ထငါးမျိုး, ဓမ္မငါးမျိုးတို့နှင့် ဆိုင်ရာ သဒ္ဒါ, ပုဒ်, ပါဌ်ဆယ်ပါးတို့ကို ကျွမ်းကျင်နားလည်မှု။
(၄) ပဋိဘာန ပဋိသမ္ဘိဒါ- ဆိုခဲ့ပြီး ပဋိသမ္ဘိဒါ ၃-ပါးလုံးကို ထူးထွေကွဲပြား ပိုင်းခြားဝေဘန်၍ သိသောဉာဏ်၊ ၎င်းကို “သဗ္ဗတ္ထက ပဋိသမ္ဘိဒါဉာဏ်” ဟုလည်းခေါ်သည်။ ♦

ပဌမက္ခရာ ၅-လုံး

ဝဂ်ငါးပါးတို့တွင် ပဌမဖြစ်သော 'က, စ, ဋ, တ, ပ' ၎င်း အက္ခရာ ၅-လုံးကို သဒ္ဒါစည်းမျဉ်းအရ ခေါ်ဆိုသည်။ ♦

ပဏ္ဍုက်မျိုး ၅-ပါး

ဝိနည်းမဟာဝါ။ ပါ။ ၁၁၉။ ဋ္ဌ။ ၂၉၇။ ယောက်ျားကောင်း ယောက်ျားမြတ်၏ အရာမဝင် အသွင်ချို့တဲ့သူ ငါးမျိုး၊ ၎င်း ၅-ယောက်ကို ရဟန်းပြုမပေးရဟု ဝိနည်းတော်၌ ပညတ်၏။
(၁) အာသိတ္ထ ပဏ္ဍုက်-သူတပါး၏သုက်သွေးကို ပါးစပ်ဖြင့် စုပ်ယူသွင်းမျိုရမှ မေထုန်ကို ပြုနိုင်သော ယခုကာလ ပန်းစုတ်ကုလားများကဲ့သို့ လူမျိုး။
(၂) ဥဿူယ ပဏ္ဍုက်-သူတပါးတို့ သွားလာမှီဝဲ ပေါင်းဘော်နေသော မေထုန်မှုကို ချောင်းမြောင်းကြည့်ရှုရလျှင် မိမိ၏ ကိလေသာအပူ ငြူစူမှုငြိမ်းသော ပဏ္ဍုက်တမျိုး။
(၃) သြပက္ကမိက ပဏ္ဍုက်- သင်းကွပ် ထုတ်ပစ်ထား၍ ဝှေးစေ့မရှိသူကို ခေါ်ဆိုသည်၊ နန်းတော်သူများနှင့်ဖေါက်ပြား ပေါင်းဖေါ်လိုတဲ့စိတ် မရှိရအောင် မိန်းမဆောင်ကိုင် အမတ်များ၏ ဝှေးစေ့ကို နွားများကဲ့သို့ သင်းကွပ်ထားသည်နှင့်တူသောသူမျိုး။
(၄) ပက္ခ ပဏ္ဍုက်- လဆန်းပက္ခ၌ဖြစ်စေ လဆုတ်ပက္ခ၌ဖြစ်စေ တပက္ခ တပက္ခ၌ ကာမအရာကို မအောင့်အီး သည်းမခံနိုင်ဘဲ အထူးပိုကဲ ထကြွသောင်းကျန်းလျက် သံဝါသပြုရမှပင် ကျေနပ်နေနိုင်သောသူမျိုး။
(၅) နပုံသက ပဏ္ဍုက်- မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ် နှစ်မျိုးလုံးပင် အထင်အရှား လူတန်းစေ့ မရှိသူမျိုး။ ♦

ပဏာမပြား၊ မျိုး ၃-ပါး၊ သိထား ပညာရှင်

ရှိခိုးခြင်း သုံးမျိုး ဟူ၏၊ တက်လူနိုင်ငံရေးသမားတစုကား ၎င်း (ပဏာမ) စကားကို “ပဏာမ အစည်းအဝေး စသည်ဖြင့်” အလွဲသုံးစာ ပြုနေကြ၏၊
(၁) ကာယ ပဏာမ- ကိုယ်လက် အင်္ဂါတို့ဖြင့် ကိုင်းညွတ် ရိုကျိုး ရှိခိုးခြင်းတမျိုး၊
(၂) ဝစီ ပဏာမ- နမာမိ, ဝန္ဒာမိ ရှိခိုးပါ၏ဟု တစုံတခုသော ဘာသာစကားဖြင့် ရွတ်ဆို ရှိခိုးခြင်း၊
(၃) မနော ပဏာမ- ကိုယ်နှုတ်မပါ စိတ်ဖြင့်သာ ရှိခိုးခြင်း။ ♦

ပဏီတ ဘောဇဉ်မျိုး ၉-ပါး

ဝိနည်းပါဠိတော်နှင့် အဋ္ဌကထာ၊ အောက်ပါ ပဏီတဝတ္ထုမျိုး တပါးပါးနှင့်ရောစပ်ထားသော ဆွမ်းမျိုးကို ပဏီတဘောဇဉ်ဟု ခေါ်သည်။
(၁) သပ္ပိထောပတ်ဆွမ်း၊
(၂) နဝနီတ-ဆီဥဆွမ်း၊
(၃) တေလ ဆီဆွမ်း၊
(၄) မဓု- ပျားရည်ဆမ်းဆွမ်း၊
(၅) ဖာနိတ- တင်လဲဆွမ်း၊
(၆) မစ္ဆ-ငါးသား ဒန်ပေါက်ဆွမ်း၊
(၇) မံသောဒနဆိတ်,ကြက်,အမဲသားဒန်ပေါက်ဆွမ်း၊
(၈) ခီရ- နို့ဃနာဆွမ်း၊
(၉) ဒဓိ-ဒိန်ခဲ နို့ဓမ်း ဆွမ်းမျိုး။ ♦

ပတ္တမြား၏ ဂုဏ် ၃-ပါး

ပတ္တမြားရတနာ ဝတ်ဆင်သူ၌ ရနိုင်သောအကျိုးဂုဏ် ၃- ပါး။
(၁) ဣစ္ဆိတံ ဒေတိ-မိမိအလိုကိုပေးတတ်၏၊
(၂) အ သောကံ ဒေတိ-ရွှင်ပျ ကြည်လင်တတ်၏၊
(၃) တေဇေတိ-အာဏာတန်ခိုး ထွန်းပခြင်းကို ပြုတတ်၏။ ♦

ပတ္တမြားမျိုး ၄-ပါး၊ ၂-နည်း

အချို့ကျမ်းတို့၌ “ကြောင်ကျောက်” မျိုးကို ပတ္တမြားရတနာထည်းသို့ သွင်း၍ ရေတွက်ကြကုန်၏၊ ဤ၌ သရုပ်ကို (ကြောင်ကျောက်နှင့် ကြောင်မျက်ရွဲ) တို့၌ ပြန်ရှုပါကုန်။ ♦

ပတ္တမြားမျိုး ၆-ပါး

စွယ်စုံကျော်ထင်ကျမ်းမှ။
(၁) ဝဇီရက္ခန်-ရဲရဲခြင်းခြင်းနီသော ရောင်ခြည်ရှိသည်၊
(၂) ဂေါမူလာ-ခရမ်းပွင့်ဝတ်ဆံကဲ့သို့ အဆင်းရောင်ရှိသည်၊
(၃) ကွမ်းပြင်ရေ- ကွမ်းသွေးကဲ့သို့ အဆင်းရောင်ရှိသည်၊
(၄) မင်းသခ- သားစိမ်းတစ်နှင့် တူသော အဆင်းရောင်ရှိသည်၊
(၅) တေလိ-နီလည်း မနီလွန်း ခပ်ညိုညိုရှိသည်၊
(၆) ရှိန်းခို- ယုန်သွေးပေါက်ကဲ့သို့ ခြင်းခြင်းပျောက်ပျောက် ထိန်ထိန်တောက်လျက် ဆူးပန်းပွင့် ခေါင်ရမ်းပွင့်နှင့်လည်း တူသည်။ ♦

ပတ္တမြား မျိုးပြား ၂၄-ပါး

မိလိန္ဒပဥှာ။ ပါ။ ၁၂၂-၁၂၃-၌ အကျယ်ယူပါ။ ဝဇီရော- ဝဇီရစိန်, ဝရဇိန်, စိန် ရတနာ၊ မဟာ နီလော-မြညိုကြီး, ကြောင်မျက်နက်ပြာ၊ ဣန္ဒနီလောကျောက်စိမ်း, သိကြားသက်တန့်ရောင်ကျောက်၊ မဟာရင်္ဂေါ- မဟူရာကျောက်, မဟာရင်္ဂ ပတ္တမြား၊ ဝေဠုရိယော- ဝင်သဝဏ်, ကြောင်မျက်ရွဲ၊ ပဒုမ ရာဂေါ-ပဒုမ္မာ အဆင်းရှိသော ပတ္တမြား၊ ဖုဿ ရာဂေါ-ဥဿဖယား, သခွါး ငဆစ်ရောင် ပတ္တမြား၊ ကရတ္တဝါနော- ကရတ္တဝန်ခေါ် ပတ္တမြား, ကြတ္တဝန်၊ ပုလောကော-ပုလောက ပတ္တမြား၊ ဝိမလော-ညစ်ကြေးစင်သော ပတ္တမြား၊ (၁၀)

လောဟိတင်္ဂေါ- ပတ္တမြားနီ, ကျောက်နီ၊ ဖလိကော-ဖလ်မှန်ကျောက်မျက်၊ ပဝါဠောသန္တာကျောက်မျက်၊ ဇောတိရသော-ကျောက်စုန်း, ဇောတရသ်ကျောက်၊ ဂေါမုတ္တကော- ဂေါမုတ်, ဂေါ်မုတ်ကျောက်၊ ဂေါမေဒကော-ဂေါမြိတ်, ဂေါ်မိတ်ကျောက်၊ သောဂန္ဓိကော- ကြာသိမ်သွေးရောင် ပတ္တမြား၊ မုတ္တာ- ပုလဲမျိုးရှစ်ပါး၊ သင်္ခေါ- ခရုသင်းကြီး, အရောင်တောက်ပသော သင်္ခကျောက်၊ အဉ္ဇန မူလော- ကျောက်မျက်စဉ်း, မျက်စဉ်းကျောက်၊ (၂၀)

ရာဇဝဋ္ဋော-အရောင်လည်သော မင်းသုံးပတ္တမြား၊ အမတံသုတော- အမြိုက်ကျောက်, အမရခေါ် မြတမျိုး၊ ပံယတောပယင်းကျောက်မျက်၊ ဗြဟမဏိ-ကြီးသော ပတ္တမြား, ဗြဟ္မဏိကျောက်၊
(၂၄) ဣတိ ဣမေ စတုဝီသတိ- ဤ ၂၄-ပါးတို့သည်၊ မဏီနာမ- ပတ္တမြားတို့မည်ကုန်၏။ ♦

ပတ်လုံး ၂၂-လုံး

ဆိုင်းဝိုင်းကြီး အတွင်း၌ သုံးသော ပတ်လုံးမျိုး ၂၂-လုံးဟူ၏၊ ဗယ်မှ ညာသို့ အစဉ်အတိုင်းယူလေ၊ ဒုန်းခဲကြီး, လက်သဲ, တဆစ်လုံး, ဘယ်တျော, ဘယ်တေး, ဒူးလုံး, တေးလက်, တျာလက်, ပတ်စာတပ်, ငါးပေါက်လုံး၊
(၁၀) လေးပေါက်လုံး, သုံးပေါက်လုံး, နှစ်ပေါက်လုံး, သံကုန်ဖျား, တျောဖျား, ခြောက်ပေါက်ဖျား, ငါးပေါက်ဖျား, လေးပေါက်ဖျား, သုံးပေါက်ဖျား, နှစ်ပေါက်ဖျား၊ (၂၀)

သံကုန်ညွန့်, ကြူသံ ဆူသံ၊ ပေါင်း ၂၂-လုံးဖြစ်၏။ ♦

ပတ္ထနာမျိုး ၂-ပါး

ဆုတောင်းခြင်း, တောင့်တခြင်း ၂-ပါး။
(၁) တဏှာ ပတ္ထနာလောကီချမ်းသာ ဘဝ၏ကောင်းစားရေးကို တောင့်တခြင်း၊
(၂) ဆန္ဒ ပတ္ထနာ- ဘဝ၏လွတ်ရာ နိစ္စသုခ ဖြစ်သော နိဗ္ဗာနဓာတ်ကို တောင့်တခြင်း။ မူလပဏ္ဏာသ။ ပါ။။ ဋ္ဌ။ ပ-အုပ်။ ၄၃-၌ အကျယ်ရှု။ ♦

ပတ္ထနိက္ကုဇ္ဇန ကံဆောင်ခြင်း အင်္ဂါ ၈-ပါး

၎င်းသရုပ်ကို 'သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး' ၌ကြည့်ပါ။ ♦

ပထဝီဓာတ်မျိုး ၂-ပါး

မြေထပ် မြေလွှာမျိုး ၂-ပါး။
(၁) သိလာ ပထဝီ-ယခုလက်ရှိ ရွှံ့မြေ၏ အောက်ထပ်၌ရှိသော ကျောက်မြေထု၊
(၂) ပံသု ပထဝီ-သီလာမြေထက်၌ ရှိသော မြေစိုင် မြေခဲ မြေမှုန့်စု။ ♦

ပထဝီဓာတ်မျိုး ၃-ပါး

အရည်,အပြော့,အမှုန့်,အခဲ စသော ဓာတ်သဘောအပြား သုံးပါး။
(၁) သာဓာရဏ ပထဝီ-ဆီမီးလျှံထဲ၌၎င်း, တိုက်ခတ်နေသော လေထဲ၌၎င်း, ပါရှိသည့် မြေဓာတ်သဘောနု အမှုံကလေးတမျိုး၊
(၂) ပံသု ပထဝီ-ပြော့ပြော့ မြေမှုန့်နှင့် အစိုင်အခဲ ဖြစ်သောမြေကိုခေါ်သည်၊
(၃) သိလာ ပထဝီ- ကျောက်စိုင်, ကျောက်ခဲ, ကျောက်တောင်တို့ကို ခေါ်ဆိုသည်။ ♦

ပထဝီဓာတ်မျိုး ၂၀

မူလပဏ္ဏာသ။ ပါ။ ၁၉၇။ ဋ္ဌ။ ဒု-အုပ်။ ၃၇။ ကိုယ်ခန္ဓာအတွင်း၌ ပထဝီဓာတ်လွန်ကဲ၍ မာခဲသော ရုပ်ပေါင်း ၂၀၊ ကေသာ-ဆံပင်၊ လောမာ- မွေးညှင်း၊ နခါခြေသည်း လက်သည်း၊ ဒန္တာ-သွား၊ တစော- အရေ၊ မံသံ- အသား၊ နှာရု- အကြော၊ အဋ္ဌိအရိုး၊ အဋ္ဌိမိဉ္ဇံ- ရိုးတွင်း ခြင်ဆီ၊ ဝက္ကံ- အညှို့၊ (၁၀)

ဟဒယံ- နှလုံး၊ ယကနံ- အသည်း၊ ကိလောမကံ- အမြှေး၊ ပိဟကံ- အဖျဉ်း, အရွတ်၊ ပပ္ဖါသံ- အဆုတ်၊ အန္တံ- အူမ၊ အန္တဂုဏံအူသိမ်၊ ဥဒရိယံ- အစာသစ်၊ ကရီသံ- အစာဟောင်း၊ မတ္ထလုင်္ဂံ- ဦးနှောက်၊ (၂၀) ။ ♦

ပဒ ဒေါသမျိုး ၈-ပါး

စာစီဖွဲ့ကုံးရာ၌ ရှောင်ကြဉ်ရမည့် ဥပဒေသရှစ်ချက်။
(၁) ဝိရုဒ္ဓတ္ထန္တရ ဒေါသ-ဆန့်ကျင်ဘက် အနက်တပါးရှိသော သုံးနှုန်းမှု၊
(၂) အဓျတ္ထ ဒေါသမတန်ရာသော ဂုဏ်ကြီးဖြင့် ချီးကျူးသုံးနှုန်းမှု၊
(၃) ကိလိဋ္ဌ ဒေါသ- လိုရင်းအနက် သိနိုင်ခက်သော ပုဒ်ပါဌ်မျိုး၊
(၄) ဝိရောဓိ ဒေါသ- အများသုံးနှင့် ဆန့်ကျင်ခေါ်ဝေါ် သုံးနှုန်းမှု၊
(၅) နေယျ ဒေါသ- ပုဒ်တပါးကို ဆောင်ယူဖြည့်စွက်မှ လိုရင်းအနက် သိရမှု၊
(၆) ဝိသေသနာပက္ခ ဒေါသငဲ့စရာ ဝိသေသနပုဒ်များ လိုနေမှုအပြစ်၊
(၇) ဟီနတ္ထက ဒေါသ- ကြီးမြတ်သော ဂုဏေကြီးကို သေးငယ်သော ဂုဏ်ကလေး၌ သုံးနှုန်းထားခြင်းမျိုး၊
(၈) အနတ္ထက ဒေါသ- အနက်အထူးမရှိ,ပုဒ် ကာရန် ပြည့်ရုံမျှ ထည့်သွင်းစီကုံးမှု။ ♦

ပဒုမာမျိုး ၅-ပါး

ပဒုမာ ခေါ် ကြာမျိုးငါးပါး၊ ဤ၌ အချို့ ပဒုမာမျိုးကား ဘုရားလောင်း ပဋိသန္ဓေနေချိန်, ဖွားတော်မူချိန်, ဘုရားဖြစ်ချိန်တို့၌သာ ပွင့်ကြ ပေါက်ကြ၏၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာမှ။
(၁) ခန္ဓ ပဒုမာ- တပင်တရိုး တပွင့်ချင်းသာ ပွင့်သော ပဒုမာမျိုး၊
(၂) သာခ ပဒုမာခက်လက်ဝေဆာ ပဒုမာ မျိုး၊
(၃) ဒဏ္ဍက ပဒုမာ-အရိုးမာ၍ ကျောက်ဖျာကိုပင် ခွဲထွက် ထိုးဖောက်နိုင်သော ပဒုမာ မျိုး၊
(၄) လတာ ပဒုမာ- နွယ်မျိုး ပဒုမာ၊ သစ်ပင်ကြီးတို့၌ နွယ်တက်၍ ပွင့်၏၊
(၅) အာကာသ ပဒုမာ- ကောင်းကင်၌ တွဲလွဲဆွဲနေသော နတ်ပန်း ပဒုမာ မျိုး။ ♦

ပဓာနတရားမျိုး ၄-ပါး

စတုက္ကင်္ဂုတ္တရ။ ပါ။ ၃၂၃။ ဋ္ဌ။ ၂၆၀-၌ အကျယ်ရှုပါ။ ဆင်းရဲဘေးမှ ကျွတ်လွတ်လိုသူတို့ အားထုတ်ခြင်းတရားကြီး ၄-ပါး။
(၁) သံဝရ ပဓာန- ဣန္ဒြေစောင့်စည်းမှု၌ အားထုတ်ခြင်း၊
(၂) ပဟာန ပဓာန-အကုသိုလ်စုတို့ကို ပယ်မှု၌ အားထုတ်ခြင်း၊
(၃) ဘာဝနာပဓာန- ဗောဇ္ဈင်တရားတို့ကို ပွားများအားထုတ်ခြင်း၊
(၄) အနုရက္ခ ပဓာန- သမာဓိ နိမိတ်အာရုံကို စောင့်စည်းခြင်း, ထိုထို အာရုံတို့ကို အစဉ်စောင့်မှု၌ အားထုတ်ခြင်း။ ♦

ပဓာနိယင်္ဂ တရား ၅-ပါး

သုတ်ပါထေယျ။ ပါ။ ၁၉၈။ ဋ္ဌ။ ၂၁၂။ ပဉ္စင်္ဂုတ္တရ။ ပါ။ ၅၇။ ဋ္ဌ။ ၂၆-တို့၌ အကျယ်ရှုပါ။ သမထ, ဝိပဿနာ အားထုတ်သူတို့ ရှိထားရမည့် အင်္ဂါ ၅-ပါး။
(၁) သဒ္ဓါ- ရတနာသုံးပါး ဂုဏ်တော်၌ ယုံကြည်သက်ဝင်ခြင်း၊
(၂) အပ္ပ ဗာဓတာကျန်း မာသန်စွမ်းခြင်း၊
(၃) အ သဋ္ဌတာ- စိတ်သဘောထား ဖြောင့်စင်းတော်တည့်ခြင်း၊
(၄) အာရဒ္ဓ ဝီရိယတာ- အကျင့်သီလနှင့်ပြည့်စုံကာ ကြိုးပမ်းအားထုတ်မှု၊
(၅) ဥဒယတ္ထဂါမိနိပညာ-ရုပ်, နာမ်တို့၏ဖြစ်ပျက်မှုကို သိမြင်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။ ♦

ပန်းပေါင်းစုံညီ၊ ပွင့်တံချီ၊ မျိုးမည် ၁၂၀

ပုဂံ ဝန်ထောက်မင်း ဦးတင်ထံမှ ရေးမှတ်ရဘူးသည်၊ မြန်မာဘုရင်များ လက်ထက် နန်းတွင်းသူနှင့် သားတော် သမီးတော်တို့ အလွယ်တကူသိခေါ်နိုင်ကြစေရန် ပန်းမျိုးအမည်နှင့် အပွင့်ငုံ ပုံစံတို့ကိုပါ ရောင်စုံပန်းချီ ရေးဆွဲ ပေးထားသည်၊ ကံ့ကော်ပန်း၊ ဇရည်ပန်း၊ မြစ်ကိုင်းပန်း၊ လောင်းပန်း၊ စပယ်ပန်း၊ ဒါရူပန်း၊ ဇလပ်ပန်း၊ တတိုင်းမွှေး၊ ပန်းထိမ်ငို၊ ထပ်တရာပန်း (၁၀)၊

ဂန္ဓမာ၊ အောက်မဲညို၊ လဲပန်း၊ ဆယ့်နှစ်ရာသီပန်း၊ ပန်းသုန်းပန်း၊ ခေါင်ရမ်း၊ နှင်းပန်း၊ နေကြာ၊ စွယ်တော်၊ ပုန်းညက် (၂၀)

စံကား၊ ဖက်သွတ်၊ ခတ္တာ၊ ပန်းသွန်း၊ ယုဇန၊ ဂမုန်းအင်၊ သုံးပန်လှ၊ မလ္လာနီ၊ အောက်မဲဖြူ၊ ရွှေနွယ်၊ (၃၀)၊

ဒန့်သလက်၊ ဆတ်သဝါ၊ အာသာဝတီ၊ အင်ကောသ၊ အိမ်လုံးချမ်းသာ၊ ဇီဇဝါ၊ ပန်းသွန်း၊ မိုးစွေ၊ ထင်းရှူး၊ ဗျာပါပြေပန်း (၄၀)၊

ကြက်ရုံး၊ သရက္ခံ၊ သင်းခွေ၊ နော်ဇာ၊ သစ္စာ၊ သစ်ခွ၊ ပန်းညို၊ ကွမ်းသီးပန်း၊ လက်တော်ကုံး၊ တောင်တော်ပန်း၊ (၅၀)၊

ဆိတ်ဖလူး၊ ဒေါ့ရင်း၊ အုန်းပန်း၊ လက်တံရှည်၊ လက်တံတို၊ မြတ်လေး၊ ရွှေဝါ၊ ကြက်မောက်၊ သဇင်၊ ခရား (၆၀)၊

ဇလတ္တာပန်း၊ ကက္ကရီပန်း၊ ထင်ရှားပန်း၊ ဆတ်သွား၊ နှင်းဆီ၊ မီးမလောင်၊ ရေခမိုး၊ ကြာညို၊ ခွန်နှစ်မည်၊ သရဖီပန်း၊ (၇၀)၊

နေဇာပန်း၊ မရမ်းကြောင်ပန်း၊ ကြာခေါင်းလောင်း၊ သပြေ၊ တရုတ်စံကား၊ ခွါညို၊ စံကားစိမ်း၊ ရွှေခွက်ပန်း၊ ဂမုန်းပန်း၊ ပိတောက် (၈၀)၊ အင်ကြင်း၊ ဆတ်သွားဖူးပန်း၊ ပရဝါပန်း၊ ဖယောင်းပန်း၊ ဒေါက်ဒလိပ်ပန်း၊ နန်းလုံးကြိုင်ပန်း၊ တောင်ဇလပ်ပန်း၊ ကြာပုဏ္ဍရိက်ပန်း၊ မောင်မခေါ်ပန်း၊ ပေါက်ပန်း၊ (၉၀)၊

ကက္ကရုပန်း၊ ခံစပ်ပန်း၊ ပဒုမ္မာ၊ တောင်လုံးကျော်၊ ရင်ခတ်၊ မဉ္ဇူပန်း၊ သော်ကပန်း၊ ငှက်ကလေးပန်း၊ ပျဉ်းဖြူပန်း၊ (၁၀၀)၊

လယ် ခေါင်ရမ်းပန်း၊ ဘိန်းနွဲ့ပန်း၊ မဟာ လှေကားပန်း၊ မျက်နှာပန်း၊ ဇွန်ပန်း၊ စူကာပန်း၊ ကြာဖြူ၊ ကြာတံဆိပ်၊ မရိုးပန်း၊ မောက်ခီတောပန်း၊ (၁၁၀)၊

ဦးဆောက်ပန်း၊ ဗျာပါယူပန်း၊ လွမ်းမတပန်း၊ ကြာနီ၊ ပန်းအိ၊ ရင် ကမ်းပန်း၊ မယားကြီးပန်း၊ ယင်းမာပန်း၊ ဒဝယ်မှိုင်းပန်း၊ အနန်းပန်း(၁၂၀) ။ ♦

ပန်းပွင့်မာလာ၊ တတ်သိပ္ပါ၊ လူ့ရွာ ၁၂-ပွင့်

ဘုရားမတင်, နတ်မတင်, လူတွင် ပန်းဆယ်ပွင့်၊ အနုပညာရပ်များ။
(၁) ပန်းထိမ်- လက်ကောက် လက်ကြပ် စသည် ပြုလုပ်သော အတတ်၊
(၂) ပန်းဘဲ- တံစည်း, စူး, ဆောက်, ပေါက်တူး စသည် ပြုလုပ်မှု အတတ်၊
(၃) ပန်းပု- အပြောက်ထု, ရုပ်လုံးဖေါ် အတတ်၊
(၄) ပန်းချီ-မင်ဆေးရေးမှု အတတ်၊
(၅) ပန်းရန်အုတ်, ကျောက်စီမှု အတတ်၊
(၆) ပန်းတဉ်း, ပန်းတင်း- ကြေးစည် ခေါင်းလောင်းသွန်းမှု အတတ်၊
(၇) ပန်းတော့- အင်္ဂတေပန်းလှီးအတတ်ပညာ၊
(၈) ပန်းတမော့-ကျောက်ဆစ်, ကျောက်ရုပ်ထု အတတ်ပညာ၊
(၉) ပန်းပွတ်-ပွတ်ခံသမား အတတ်ပညာ၊
(၁၀) ပန်းယွန်း-ယွန်းပြောက်ယွန်းထည် ပြုလုပ်မှု အတတ်ပညာ။

မှတ်ချက် ။ ။ ပန်းတျာ, ပန်းဒျာခေါ် ဂီတပညာနှင့် ပန်းရွဲ, ခေါ် ရွဲသွေး ကျောက်သွေး အတတ်တို့ထည့်၍ ၁၂-ပါးရှိကြောင်းနှင့် ပညာရှိတို့ ယူကြသေး၏။ ♦

ပန်းမျိုး ၅ပါး၊ ဖေါ်စပ်စား၊ ဆေးများ အားဘုရင်

၎င်းတို့ကို အမှုန့်ပြု၍ အစားအစာ၌ ထည့်ခတ်စားက အားတိုးသည်ဟူ၏။
(၁) ပန်းဥ၊
(၂) ပန်းနု၊
(၃) ပန်းရင်း၊
(၄) ပန်းမ၊
(၅) ပန်းလဲ တို့ဖြစ်၏။ ♦

ပန်းမြတ်မာလာ၊ ၇-ဖြာ၊ နန်းလျာ တော်ဝင်သုံး

မင်းစဉ် နန်းသုံးဖြစ်သော ပန်းမြတ် ၇-ပါးဟူ၏၊ ၎င်းကို ရှေးဟောင်းလင်္ကာ အတိုင်းပြလိုက်သည်၊ “အဂ္ဂဇေယျ၊ ပ သ အောင်ပန်း၊ ရွှေနန်း မင်းသုံး၊ ဒန်း, အုန်းညွန့်ညို၊ ကက္ကို, နေဇာ၊ မာလာချယား၊ ပတ္တမြားညွန့်ထီး၊ သပြေသီးဟု၊ ပန်းကြီး အမြတ်၊ ခုနစ်ရပ်''။ ♦

ပန်းလှူရကျိုး ၅-ပါး

ဤကားအကျိုးများစွာတို့တွင် ထူးခြားသော အကျိုးငါးပါးဟုသာ မှတ်ရာ၏။
(၁) လှပသန့်ရှင်းသော ရုပ်အဆင်းအင်္ဂါရှိခြင်း၊
(၂) သင်းပျံ့မွှေးကြိုင်သော ကိုယ်ရနံ့ရှိခြင်း၊
(၃) နတ်လူတို့ ချစ်ခင်မြတ်နိုးခြင်း၊
(၄) ကျော်စောသတင်း ပျံ့နှံ့ခြင်း၊
(၅) ကိုယ်စိတ်ချမ်းသာ ရွှင်လန်းခြင်း။ ♦

ပပဉ္စတရား ၃-ပါး

သုတ်မဟာဝါ။ ပါ။။ ဋ္ဌ။ ၁၈-၌ အကျယ်ရှုပါ။ သံသရာကို ချဲ့ထွင်တတ်သော တရားသုံးပါး။
(၁) တဏှာ- လိုချင်နှစ်သက် စွဲလမ်း တွယ်တာမှု သဘော၊
(၂) မာန- ဆရာမထား ထောင်လွှားမော်ကြွားမှု သဘော၊
(၃) ဒိဋ္ဌိ- အယူအစွဲ မှားယူမှု သဘော။ ♦

ပဗ္ဗဇ္ဇပြား၊ မျိုး ၃-ပါး၊ ခွဲခြား စိတ်ဖြာသိ

သုတ် မဟာဝါနှင့် ဝိနည်းမဟာဝါ အဋ္ဌကထာတို့၌ လာရှိ၏။
(၁) ဘိက္ခုပဗ္ဗဇ္ဇ- ရဟန်းပဉ္စင်း၏ အဖြစ်၊
(၂) သာမဏေရ ပဗ္ဗဇ္ဇ- ရှင်သာမဏေ၏ အဖြစ်၊
(၃) ဣသိ ပဗ္ဗဇ္ဇ- ရသေ့၏ အဖြစ်။ ♦

ပယ်မျိုး ၂-ပါး၊ မြေကွက်ခြား၊ မှတ်သား သိစရာ

အတိုင်း အရှည် ပမာဏ၊ 'ကရီသ' ဟူသောပါဠိ၏ မြန်မာပြန် 'ပယ်' သည်၊
(၁) ဆင်းရဲသား ပယ်၊
(၂) မင်း ပယ် ဟု ၂-မျိုးရှိရာ၊ ယခုခေတ် ပေ လက်မဖြင့် ၁၈-လက်မကို တတောင်ယူ၍ ထို ၇-တောင်ကို တတာဟု အမှတ်ပြုလျက် ၂၅-တာပတ်လည်ရှိ အကွက်တရပ်ကို ဆင်းရဲသား တပယ်ဟု ခေါ်စေလေသည်၊ ထိုဆင်းရဲသား တပယ်သည် ခုနစ်တောင်တာ ပတ်လည်ပေါင်း ၆၂၅၊ (ဝါ) တာကွက်ပေါင်း ၆၂၅-ကွက်မျှ ရှိလေသည်၊ မင်းပယ်မှာ ဆင်းရဲသားပယ်၏ နှစ်ဆဖြစ်လေသည်။ ♦

ပယောဂအပြား မျိုး ၄-ပါး

ရောဂါဖြစ်ခြင်းအကြောင်း သို့မဟုတ် ယှဉ်စပ်ခြင်း လေးပါး။
(၁) သွေးပယောဂ၊
(၂) လေပယောဂ၊ ဤကား ဓာတ်ဗိန္ဓောဆရာတို့ အလို၊
(၃) ဝိဇ္ဇာမယ ပယောဂ၊
(၄) ဣဒ္ဓိမယ ပယောဂ၊ ဤကား မှော်ဝိဇ္ဇာ အောက်လမ်းဆရာတို့ အလို။ ♦

ပယောဂမျိုး ၆-ပါး

ကမ္မပထမြောက်ရန် လုံ့လ အားထုတ်မှု ၆-ပါး။
(၁) သာဟတ္ထိက ပယောဂ- ကိုယ်ထိလက်ရောက် အားထုတ် လုပ်ကိုင်မှု၊
(၂) အာဏတ္တိက ပယောဂ-နှုတ်ဖြင့်၎င်း, စိတ်ဖြင့်၎င်း, အရိပ်နိမိတ်ဖြင့်၎င်း ခိုင်းစေမှု၊
(၃) နိဿဂ္ဂိယ ပယောဂ- လေး, သေနတ်, အမြောက်လက်နက်တို့ဖြင့် ပစ်ခတ်သတ်ဖြတ်မှု၊
(၄) ထာဝရ ပယောဂ- အမြဲထာဝရ တည်ထားပြုလုပ်စေသော ကျုံး, တွင်း, ချောက် စသော ပယောဂမျိုး၊
(၅) ဝိဇ္စာမယ ပယောဂ- အတတ်ပညာ အင်းအိုင် လက်ဖွဲ့စသည်တို့ဖြင့် ပြုလုပ်မှုမျိုး၊
(၆) ဣဒ္ဓိမယ ပယောဂ- ကံ၏အကျိုးဣဒ္ဓိ, ဟုခေါ်သော တန်ခိုးတို့ဖြင့် ပြုလုပ်မှုမျိုး။

မှတ်ချက် ။ ။ ဤ ၆-ပါးကား အများအားဖြင့် အကုသိုလ် ပါဏာတိပါတ၌ ပြသော်လည်း ကုသိုလ် အရာ၌လည်း ဖြစ်သလိုယှဉ်သင့်သေး၏။ ♦

ပရဒါရ၊ ကံထိုက်ကြ၊ မိန်းမ ၁၂-ဖြာ

၎င်း သုတေသနရပ်ကို (အုပ်ထိန်းခြင်းရှိသော မိန်းမမျိုး ၂၀) ၌ သီးခြား ရှင်းပြခဲ့ပြီ။ ♦

ပရမတ္ထ တရား ၄-ပါး

'စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်' ၎င်း ၄-ပါးကို မဖောက်မပြန် မြတ်သောကြောင့် ပရမတ် ခေါ်သည်။ ♦

ပရိက္ခရာ ၈-ပါး

ဝိနည်း ပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်။ ၂၀၅။ ရဟန်းတော်များ၏ အသုံးအဆောင်မျိုး ၈-ပါး။
(၁) ပတ္တ-သပိတ်၊
(၂)
(၃)
(၄) တိစီဝရိက်-သင်္ကန်း ၃-ထည်၊
(၅) ကာယ ဗန္ဓန-ခါးပန်းကြိုး၊
(၆) ဝါသိက- သင်ဓုန်းဓား၊
(၇) သူစိ-အပ်, အပ်ချည်၊
(၈) ပရိသာဝနရေ စစ်။ ♦

ပရိက္ခရာ ၁၂-ပါး။ တနည်း

အထက်ပါ ပရိက္ခရာ ၈-ပါး၌။
(၁) စမ္မခဏ္ဍ-သားရေနွယ်၊
(၂) ဥပါဟန-ဘိနပ်၊
(၃) ဗီဇနီ-ယပ်တောင်၊
(၄) ဆတ္တ-ထီး၊ ၎င်း ၄-ပါးထည့်၍ ၁၂-ပါးဖြစ်၏။ ♦

ပရိက္ခရာပိုင်သူ ၄-ပါးနှင့်၊့၊ သုံးဆောင်နည်း ၄-မျိုး

(၁) သကသန္တက ပရိက္ခရာပုဂ္ဂလိက ရဟန်းပိုင်၊ ရက္ခိတဗ္ဗ, ဂေါပိတဗ္ဗ, မမာယိတဗ္ဗ နည်းတို့ဖြင့် သုံးဆောင်နိုင်၏၊
(၂) သံဃိက ပရိက္ခရာ- ရက္ခိ, ဂေါပိ, မမာယိတို့ဖြင့်ဆိုင်၏၊ ကိုယ်မပိုင်ရ၊
(၃) စေတိယ သန္တက ပရိက္ခရာ-ရက္ခိ, ဂေါပိနှစ်ပါးနှင့်သာဆိုင်၏၊
(၄) ပရသန္တက ပရိက္ခရာ- အထက်နည်း ၄-ပါးတို့နှင့် လုံးဝမဆိုင်၊ သူပိုင် ပရိက္ခရာသာ ဖြစ်၏။ ♦

ပရိညာမျိုး ၃-ပါး

မူလပဏ္ဏာသ။ ဋ္ဌ။ ပ-အုပ်။ ၃၀
(၁) ဉာတပရိညာ-ပရမတ္ထရုပ်, နာမ်, ဓမ္မတို့၏ သဘောတရားကို ပိုင်းခြား၍ သိခြင်း၊
(၂) တိရဏ ပရိညာ-ထိုရုပ်နာမ် သင်္ခါရ တရားစုကို အနိစ္စ,ဒုက္ခ,အနတ္တ ဟု လက္ခဏာရေး သုံးပါးဖြင့် ပိုင်းခြားသိမြင်မှု၊
(၃) ပဟာန ပရိညာကိလေပယ်သတ် မဂ် ၄-ရပ်ဖြင့် နိဗ္ဗာနဓာတ်ကို တတ်တတ်ထင်ထင် သိမြင်မှု။ ♦

ပရိတ်ကြီး ၁၁-သုတ်

ပတ်ဝန်းကျင် ဘေးရန်ကို ကာကွယ်ပေးတတ်သော တရားတော် ၁၁-သုတ်။
(၁) မင်္ဂလသုတ်၊
(၂) ရတနသုတ်၊
(၃) မေတ္တသုတ်၊
(၄) ခန္ဓသုတ်၊
(၅) မောရသုတ်၊
(၆) ဝဋ္ဋသုတ်၊
(၇) ဓဇဂ္ဂသုတ်၊
(၈) အာဋာနာဋိယသုတ်၊
(၉) အင်္ဂုလိမာလသုတ်၊
(၁၀) ဗောဇ္ဈင်္ဂသုတ်၊
(၁၁) ပုဗ္ဗဏှသုတ်။ ♦

ပရိတ်နာသူ အင်္ဂါ ၃-ပါး

ပရိတ်တရားနာသူတို့ဖက်က ပြည့်စုံကြရမည့် အင်္ဂါ ၃- ပါး ဟူလို၊ ၎င်းသုံးပါးနှင့် ပြည့်စုံမှ ချေးညှော်ကို ရေနှင့်ဆေးပစ်သည့်အလား ဘေးရန်များကို တားမြစ် ပျောက်ကင်း စေနိုင်သည်။
(၁) အားကြီးလွန်ကဲသော မကောင်းမှု အကုသိုလ်ကံ ခေါ် 'ကမ္မာဝရဏ' မရှိခြင်း၊
(၂) မှားသော အယူ 'မိစ္ဆာဒိဋ္ဌိ' ခေါ် 'ကိလေသာ ဝရဏ' မရှိခြင်း၊
(၃) ပရိတ်တော်ကို မရိုမသေ မလေးမစား မယုံကြည်ခြင်း 'အ သဒ္ဓဟနတာ' မရှိခြင်း။ ♦

ပရိတ်ရွတ်သူ အင်္ဂါ ၃-ပါး

သုတ်ပါထေယျ။ ပါ။ ၁၆၄။ ဋ္ဌ။ ၁၅၀။ ပရိတ်ရွတ်ဖတ် သရဇ္ဈာယ်သူတို့ ဖက်က ၎င်း အင်္ဂါ ၃-ပါးနှင့် ပြည့်စုံမှ ဘေးရန်တားကျိုး တန်ခိုး ထက်မြက်မည်။
(၁) မိမိ ရွတ်ဖတ်သော ပရိတ်တော်၏ အနက် အဓိပ္ပါယ်ကို သိရခြင်း၊
(၂) ပရိတ်တော်၏ ပါဠိ, ပုဒ်, ဗျည်း, အက္ခရာ, ဌာန်, ကရိုဏ်း တို့ကို ကျန မှန်ကန်စွာ ရွတ်တတ်ရခြင်း၊
(၃) ပရိတ်နာသူ အပေါ်၌ လာဘ်စသည် မငဲ့ဘဲ တကဲ့ ကောင်းမြတ် စင်ကြယ်သော မေတ္တာစေတနာ ထားရှိရခြင်း။ ♦

ပရိနိဗ္ဗာန်မျိုး ၃-ပါး

ဥပရိပဏ္ဏာသ။ ဋ္ဌ။ ၈၁-၌ အကျယ်ရှု။ ဘုရားသခင်၏ ပရိနိဗ္ဗာန် ၃-ပါး။
(၁) ကိလေသ ပရိနိဗ္ဗာန်-ဗောဓိမဏ္ဍိုင်၌ ကိလေသာငြိမ်းချမ်းခြင်း။
(၂) ခန္ဓ ပရိနိဗ္ဗာန်ကုသိနာရုံ၌ ခန္ဓာတော်ငြိမ်း ခန္ဓာဓာတ်သိမ်းခြင်း၊
(၃) ဓာတု ပရိနိဗ္ဗာန်- သာသနာတော် ကွယ်သောအခါ ဓာတ်တော် မွေတော်တို့ စုရုံး၍ ဗောဓိမဏ္ဍိုင် နေရာ၌ တေဇောဓာတ် လောင်၍ ကွယ်ငြိမ်းခြင်း။ ♦

ပရိဘောဂမျိုး ၄-ပါး

မဇ္ဈိမပဏ္ဏာသ။ ပါ။ ၃၀၈။ ဋ္ဌ။ ၂၃၆။ ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၄၁-တို့၌ရှုပါ၊ ရဟန်းသာမဏေတို့အတွက် ပစ္စည်းသုံးဆောင်မှုမျိုးလေးပါး။
(၁) ထေယျ ပရိဘောဂ-သိက္ခာသီလ မရှိဘဲ ပစ္စည်းလေးပါးကိုသုံးဆောင်ခြင်း၊ 'သူခိုး'၊
(၂) ဣဏ ပရိဘောဂ-ပစ္စဝေက္ခဏာ မဆင်ခြင် ပုတီးမစိပ်ဘဲ သုံးဆောင်ခြင်း၊ 'အကြွေး'၊
(၃) ဒါယဇ္ဇ ပရိဘောဂ-သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့ သုံးဆောင်ခြင်း၊ 'အမွေခံ'၊
(၄) သာမိ ပရိဘောဂ- ရဟန္တာပုဂ္ဂိုလ်တို့ သုံးဆောင်ခြင်း၊ 'ပိုင်ရှင်'။ ♦

ပရိယတ္တိ၏ အင်္ဂါ ၉-ပါး

၎င်းသရုပ် (ဓမ္မက္ခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာ ဝေဘန်သိ) ၌ရှုပါ။ ♦

ပရိယတ္တိ၏ သင်ယူနည်းမျိုး ၃-ပါး

တရားနာခြင်း စာပေ သင်ကြားခြင်း အပြား ၃-ပါး၊ ဝိနည်းအဋ္ဌကထာ။
(၁) အလဂဒ္ဒူပမာ ပရိယတ္တိ-မြွေဖမ်းနည်းမတတ်၍ မြွေကိုက်သေသော ဥပမာ၊ မိမိတတ်ရှိသော စာပေ ပညာဖြင့် သူတပါးအား နှိပ်နင်းရန်၊ တပါးရန်ကို ကာကွယ်ရေး ဟူသော သဘောထားဖြင့် သင်ယူခြင်းမျိုး၊ အကျိုးလုံးဝမရှိ၊ အပါယ် ၄-ပါး အစာသာ ဖြစ်၏။
(၂) နိဿရဏတ္ထ ပရိယတ္တိ-ဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို ရှေးရှု၍ သင်ကြားခြင်းမျိုး၊ အကျိုးရှိ၏၊ မဂ်, ဖိုလ်, နိဗ္ဗာန် ရ,ရောက်နိုင်၏။
(၃) ဘဏ္ဍာဂါရိက ပရိယတ္တိ-ဘဏ္ဍာတိုက်စောင့် ဘဏ္ဍာစိုးပမာ စာပေ ပရိယတ္တိတွေ မပျောက်ပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်သော သင်နည်းမျိုး၊ ကိုယ်ကျိုးမရှိ၊ မဂ်, ဖိုလ် မရနိုင်။ ♦

ပရိသတ် ၄-ပါး

စတုက္ကင်္ဂုတ္တရ။ ပါ။ ၄၀၄။ ဋ္ဌ။ ၃၂၄။ လူထုစုဝေးပွဲသဘင် အစု လေးပါး။
(၁) ဘိက္ခု- ရဟန်းယောက်ျား ပရိသတ်၊
(၂) ဘိက္ခုနီ- ရဟန်းမိန်းမပရိသတ်၊
(၃) ဥပါသကာ-သီတင်းသည်ယောက်ျားပရိသတ်၊
(၄) ဥပါသိကီ-သီတင်းသည် မိန်းမ ပရိသတ်။ ♦

ပရိသတ် ၄-ပါး၊ တနည်း

(၁) လူ,ပရိသတ်၊
(၂) နတ်,ပရိသတ်၊
(၃) ဗြဟ္မာ,ပရိသတ်၊
(၄) ရဟန်း,ပရိသတ်။ ♦

ပရိသတ် ၈-ပါး

အဋ္ဌင်္ဂုတ္တရ။ ပါ။ ၁၂၇။ ဋ္ဌ။ ၂၄၆။
(၁) ခတ္တိယ ပရိသာ- မင်း,ပရိသတ်၊
(၂) ဗြာဟ္မဏ ပရိသာ- ပုဏ္ဏား,ပရိသတ်၊
(၃) ဂဟပတိ ပရိသာ- သူကြွယ် သူဋ္ဌေး, ပရိသတ်၊
(၄) သမဏ ပရိသာ- ရဟန်း,ပရိသတ်၊
(၅) စာတု မဟာရာဇိက ပရိသာစတုမဟာရာဇ်နတ်,ပရိသတ်၊
(၆) တာဝတိံသာ ပရိသာ- တာဝတိံသာနတ်, ပရိသတ်၊
(၇) မာရပရိသာ- မာရ်မင်း, ပရိသတ်၊
(၈) ဗြဟ္မ ပရိသာ- ဗြဟ္မာ, ပရိသတ်။ ♦

ပရိသတ် ကြောက်ရွံ့သော ပုဂ္ဂိုလ် ၅-ယောက်

ပရိသတ်ထဲ မတိုးမဝင် မပြောမဆိုဝံ့ခြင်းမျိုး ၅-ပါး ဟူ၏၊ ပဉ္စင်္ဂုတ္တရ။ ပါ။ ၁၆၁-၌ အကျယ်ရှု။
(၁) အသဒ္ဓပုဂ္ဂိုလ်၊
(၂) ဒုဿီလအကျင့်သီလ ပျက်နေသူ၊
(၃) အပ္ပသုတ- အကြား, အမြင်နည်းသူ၊
(၄) ကုသီတ-အပျင်းထူသူ၊
(၅) န ပညာ- ဉာဏ်ပညာ မရှိသူ။ ♦

ပလ္လင် ၈-ခန်း

မြန်မာဘုရင် အဆက်ဆက်တို့ အသုံးပြုတော်မူသည့် ပလ္လင်တော်များ။
(၁) သီဟာသန ပလ္လင်- နန်းဦး ပြာသာဒ်ဆောင်တော်တွင် မင်းတို့ပူဇော်ခံရန် ရမနေသား, ခြင်္သေ့ရုပ်ခံ၊
(၂) ဟံသာသန ပလ္လင်- ဇေတဝန်ဆောင်တောင်တွင် ဘုရင်မင်းမြတ်တို့ ရတနာသုံးပါး ပူဇော်ရန် သင်္ကန်းသား, ဟင်္သာရုပ်ခံ၊
(၃) သင်္ခါသန ပလ္လင်-ပေါင်းတော်ဆောင်တွင် မင်းတို့ တရားစကား နာခံရန် သရက်သား, ခရုသင်းရုပ်ခံ၊
(၄) ဘမရာသန ပလ္လင်- မှန်နန်းဆောင်တွင် မင်းတို့စက်တော်ခေါ်ရန် ကရဝေးသား, ပိတုန်းရုပ်ခံ၊
(၅) ဂဇာသန ပလ္လင်- ဗြဲတိုက်တော်ဆောင်တွင် မင်းတို့ ချီးမြှင့်, နှိမ့်ချရန် စံကားသား, ဆင်ရုပ်ခံ၊
(၆) မရုရာသန ပလ္လင်- မြောက်စမုခ် ဆောင်တော်တွင် မင်းတို့ ဆင်မြင်း သိမ်းမြန်းရန် ပေါက်သား, ဥဒေါင်းရုပ်ခံ၊
(၇) မိဂါသန ပလ္လင်- တောင်စမုခ် ဆောင်တော်တွင် မင်းတို့ တိုင်ပင် ဆွေးနွေးရန် သားရဲရုပ်ခံ , ရေသဖန်းသား၊
(၈) ပဒုမာသန ပလ္လင်-အနောက်ပွဲတော်တက် ဆောင်တော်တွင် မင်းမိန်းမတို့ ပူဇော်ခံရန် ပိန္နဲသား, ကြာပွင့်ခံ၊ “ ကျက်ရန်လင်္ကာ၊ ဤသို့လာ၏၊ ရှစ်ဖြာ ပလ္လင်၊ ထုံးတမ်းစဉ်မှာ၊ သီဟာ, ရမနေ၊ ဟံသေ, သင်္ကန်း၊ ထီးနန်း မပျက်၊ သရက်, ခရု၊ တခု ပိတုန်း၊ ကရဝေးသုံးသည်၊ နန်းလုံးချီးမြှောက်၊ သို့ကလောက်မောက်မို၊ ပေါက်ကို, ဥဒေါင်း၊ ထုံးဟောင်းမမှား၊ စံကား, ဟတ္ထိ၊ မည်ရှိမလွဲ၊ ပိန္နဲ, ပဒုမာ၊ မိဂါ, ရေသဖန်း၊ ဤ ရှစ်ခန်းသည်- စံမြန်းပလ္လင် နေရာတည်း''။ ♦

ပလ္လင် ရှစ်ရပ် ၉-ခန်း။ တနည်း

လွှတ်တော်၌ ဇေတဝန်ဆောင်ခေါ် နောက်က ဆောင်မကြီး၌လည်း ဘုရင်မင်းမြတ်ကိုယ်တိုင် လွှတ်တက်သောအခါ စံမြန်းရန် “သီဟာသန ပလ္လင် ခြင်္သေ့ခံ ဥကင်နှင့်တကွ” ခမ်းနားစွာတည်ထားရသေး၏၊ ပလ္လင် အမျိုးအစားမှာ ရှစ်ရပ်သာ ရှိသော်လည်း ထားသောနေရာကား ကိုးခန်း ကိုးဌာန ရှိသည်ဟု မှတ်၊ ထို့ကြောင့် “ ဗောဓိညွန့်ရှင်၊ ဆုကြီးဆင်လျက်၊ ပလ္လင်ကိုးဆင့်၊ ဥကင်ဘွင့်၍” ဟူသော မဃဒေဝလင်္ကာ ဘုန်းတော်ဘွဲ့ခဏ်း၌ ဆိုထားလေပြီ။ ♦

ပလ္လင် ၆-ပါး၊ ပိုင်သူများ၊ မျိုးစား ဘယ်သူနည်း?

ပလ္လင်မျိုး ၆-ပါးကို ပိုင်သူ ထိုင်သူတို့ ဟူ၏။
(၁) ကမလာသန ပလ္လင်- ကြာပလ္လင် ဗြဟ္မာမင်းတို့ထိုင်သည်၊
(၂) ဒိဗ္ဗာသန ပလ္လင်-နတ်မင်းတို့ ထိုင်သည်၊
(၃) ရာဇ ပလ္လင်- လူမင်းတို့ထိုင်သည်၊
(၄) အဋ္ဋ ကရန ပလ္လင်တရားသူကြီးတို့ထိုင်သည်၊
(၅) ဓမ္မာသန ပလ္လင်- ဓမ္မကထိကတို့ထိုင်သည်၊
(၆) အပရာဇိတ ပလ္လင်- မြတ်စွာဘုရားသခင် ထိုင်ရာ။ ♦

ပလ္လင်လုပ်ရာ၊ မြင့်တောင်ထွာ၊ ၃-ဖြာ ပိုင်းမှတ်သား

ရွှေဘုံနိဒါန်း၌ အောက်ပါအတိုင်း သုံးမျိုးလာရှိ၏။
(၁) မဟာ ပလ္လင်မျိုး- ၁၆-တောင်အမြင့်ရှိ၏၊
(၂) မဇ္ဈိမ ပလ္လင်မျိုး- ၈- တောင်အမြင့်ရှိ၏၊
(၃) စူဠ ပလ္လင်မျိုး- ၄-တောင်အမြင့်ရှိ၏၊ ♦

ပလာမျိုး ၃၇-ဆင်

ရှေးသုံးမြန်မာ ထမီ၊ ပုဆိုး၏ အမည်၊ ၎င်းပလာမှာ အောက်ပါအတိုင်း အဆင်ပေါင်း ၃၇-မျိုး ရှိကြောင်း သိရာ၏။ စောင်းတော်ပိုက်၊ လေးပွင့်ဆိုင်၊ ပေါင်တူစင်း၊ ပေါင်ဖိုပေါင်မ၊ ရဲစင်း၊ တကြောင်းထိုး၊ လောကဓာတ်၊ နဒီ၊ နဒီအံကွဲ၊ ပတိမ်းဆင်(၁၀)၊

နှစ်ကိုယ်တွေ့၊ ဆောင်တော်ကူး၊ ရွှေဘိုရိုး၊ ရွှေဘိုနန်းသိမ်း၊ ရွှေဘိုထိပ်တင်၊ တိမ်ခိုးဆင်၊ ကွက်တုံး၊ စလွယ်စင်း၊ အဝါစင်း၊ လိမ်မော်စင်း၊ (၂၀)

လိမ်မော်ကွက်၊ ရဲကွက်၊ အဝါကွက်၊ နှစ်ထပ် လောကဓာတ်၊ လောကဓာတ်အံဆွဲ၊ သံပတ်ဆင်၊ ငွေပန်းဆင်၊ ဒေဝီဆင်၊ ကျောက်စိမ်းဆင်၊ မရမ်းစင်း၊(၃၀)၊

ဒေါနစင်း၊ ဘုံဘိုင်ဆင်၊ ရာသက်ပန်၊ အဖြူကွက်၊ ဖူးညိုဆင်၊ ပတ္တမြားဆင်၊ ဖရဲဥဆင်(၃၇) ။ ♦

ပလိဗောဓကြီး ၁၀-ပါး

ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၈၆။ သမထ, ဝိပဿနာ နှစ်ဖြာသောလမ်း စခန်းဖြင့် ထွက်လမ်းကိုရှာသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အနှောက်အရှက်ဖြစ်၍ ဖြတ်ပယ်စွန့်ပစ်ရာသော တရားမျိုး ဆယ်ပါး။
(၁) အာဝါသ- ကျောင်း, အိပ်ရာနေရာ, အာရာမ်၊
(၂) ကုလ- အလုပ်အကျွေး ပစ္စည်းလေးပါး ဒါယကာ၊
(၃) လာဘ- ပစ္စည်းလေးရပ် လာဘ်သပ္ပကာ၊
(၄) ဂဏ- ဂိုဏ်းသံဃာ အပေါင်းအဖေါ်၊
(၅) ကမ္မ- နဝကမ္မခေါ် အမှုသစ်၊
(၆) အဒ္ဓါန- ခရီးသွားခြင်း၊
(၇) ဉာတိ- သာသနာ့မျိုးဆွေ, အိမ်မျိုးဆွေ၊
(၈) အာဗာဓ- မကျန်းမာခြင်း, အနာရောဂါ၊
(၉) ဂန္ထ- သင်ကြားပို့ချ, ကျက်မှတ်ရေးပြုဆဲ ကျမ်းဂန်၊
(၁၀) ဣဒ္ဓိ- ဝိပဿနာကို နှောက်ရှက် ဖျက်ဆီးတတ်သော ပုထုဇန်တန်ခိုး။ ♦

ပ ဝဂ် ၅-လုံး

ဗျည်း ၃၃-လုံးတို့တွင် “ ပ, ဖ, ဗ, ဘ, မ” ၎င်း ၅-လုံး တစုကိုဆိုသည်။ ♦

ပဝါရဏာမျိုး ၇-ပါး

ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားတောင်းပန်မှု ပြုခြင်း ၇- မျိုး။
(၁) သံဃ ပဝါရဏာ- ငါးပါး, ငါးပါးထက်များသော သံဃာတော်တို့ တသိမ်တည်း၌ စုဝေး၍ ပြုခြင်း၊
(၂) ဂဏ ပဝါရဏာ- ၂-ပါး, ၃-ပါး, ၄-ပါး အထိ တစုတည်းပြုသော ပဝါရဏာ၊
(၃) ပုဂ္ဂလ ပဝါရဏာ- အဖော်မရှိ တပါးတည်းပြုသော ပဝါရဏာ၊
(၄) တေဝါစိက ပဝါရဏာ- ၃-ကြိမ် ၃-ခေါက်ဆို၍ တပါးချင်းပြုသော ပဝါရဏာ၊
(၅) ဒွေဝါစိက ပဝါရဏာ- တစုံတခုသော အန္တရာယ်ကြောင့် ၃-ကြိမ် ဆိုချိန်မရ၊ ၂-ကြိမ်သာ ဆို၍ပြုသော ပဝါရဏာ၊
(၆) ဧကဝါစိက ပဝါရဏာ- ထို့အတူ တကြိမ်တခေါက်သာ ဆို၍ပြုသော ပဝါရဏာ၊
(၇) သမာန ဝဿိက ပဝါရဏာ- ဝါတူချင်း ပေါင်း၍ ငါးပါးတတွဲ, ဆယ်ပါးတတွဲ စသည်ဖြင့် ဆို၍ ပြုသော ပဝါရဏာမျိုး။

မှတ်ချက် ။ ။ နေ့ကိုလိုက်၍လည်း စာတုဒ္ဒသီ စသည်ပြားသေး၏။ ♦

ပဝိဝေကတရား ၃-ပါး

ကာယ ပဝိဝေက၊ စိတ္တ ပဝိဝေက၊ ဥပဓိ ပဝိဝေက၊ ၎င်းအကျယ် (ဝိဝေကတရား ၃-ပါး) ၌ ရှုပါ။ ♦

ပ,သတ် ကာရန်၊ ရေးထုံးမှန်၊ ၃-တန် မြန်မာ့နည်း

ကာရန်ငယ် အသံ ၆၄-ပါးနှင့် မြန်မာသင်ပုန်းကြီး ကျမ်းလာ ၃၆-ပါးသော ဌာနတို့တွင် ပါဝင်သည့် စာစီစာကုံး ဥပဒေသ ဝေါဟာရ 'အပ်, အိပ်, အုပ်'တို့ဖြစ်ကြ၏။ ♦

ပသာဒရုပ် ၅-ပါး

ကိုယ်ခန္ဓာ အတွင်းရှိ အကြည်ဓာတ်ရုပ် ၅-ပါး။
(၁) စက္ခု ပသာဒ- မျက်စိအကြည်၊
(၂) သောတ ပသာဒ- နားအကြည်၊
(၃) ဃာန ပသာဒ- နှာခေါင်းအကြည်၊
(၄) ဇိဝှါ ပသာဒ- လျှာအကြည်၊
(၅) ကာယပသာဒ- ကိုယ်အကြည်။ ♦

ပဟာန်အပြား မျိုး၅-ပါး

ဓမ္မသင်္ဂဏီပါ ၂၀၈။ ၎င်းအဋ္ဌကထာ ၃၈၆။ ပဋိသမ္ဘိဒါမဂ်။ ပါ။ ၁၃၇။ ဋ္ဌ။ ဒု-အုပ်။ ၅၂။ ကိလေသာ အယုတ်တရားစုကို ပယ်မှုငါးပါး။
(၁) တဒင်္ဂ ပဟာန်ကာမကုသိုလ် တရားစုဖြင့် ပြုဆဲခဏ၌ ပယ်ခြင်း၊
(၂) ဝိက္ခမ္ဘန ပဟာန်- မဟဂ္ဂုတ်ကုသိုလ်စုဖြင့် ခေါင်းပါးအောင် ပြုခြင်း၊
(၃) သမုစ္ဆေဒ ပဟာန်- မဂ်ကုသိုလ်စုဖြင့် အပြတ်ပယ်ခြင်း၊
(၄) ပဋိပဿဓိ ပဟာန်- ဖိုလ်တရားစုဖြင့် ငြိမ်းအေးမှုပြုခြင်း၊
(၅) နိဿရဏ ပဟာန်-ပရိနိဗ္ဗာန ဓာတ်ဖြင့် ဖြတ်တောက်ထွက်မြောက်သွားခြင်း။ ♦

ပဟာန ဝိနည်းမျိုး ၅-ပါး

သုတ္တနိပါတ်။ ပါ။ ၂၇၉။ ဋ္ဌ။ ပ-အုပ်။ ၈။ စူဠနိဒ္ဒေသ။ ဋ္ဌ။ ၇၂-တို့၌ အကျယ်ရှုပါ။ ပဟာန ဝိနယောပိ တဒင်္ဂပဟာနံ, ဝိက္ခမ္ဘန ပဟာနံ, သမုစ္ဆေဒ ပဟာနံ, ပဋိပဿဓိ ပဟာနံ, နိဿရဏ ပဟာနန္တိ ပဉ္စဝိဓော၊ အနက် အထက် ပဟာန်နည်းအတိုင်း။ ♦

ပဟိုရ် ၄-ပါး၊ ချိန်ပိုင်းခြား၊ မှတ်သား စည် နာရီ

ရှေး မြန်မာစံတော်ချိန်တွင် နေ့ ၄- ပဟိုရ်၊ ညဉ့် ၄-ပဟိုရ်ဟု နေ့ညဉ့် တီထီ တရက်တွင် ၈-ပဟိုရ်ပိုင်းခြား သတ်မှတ်ထားသည်၊ ၁-ပဟိုရ်လျှင် စည်တကြိမ်ကျစီ ၁၁-ချက်၊ ၂၂-ချက်၊ ၃၃-ချက်၊ ၄၄-ချက်အားဖြင့် တီးသည်၊ ၁-ပဟိုရ်သည် စက် ၃-နာရီ အချိန်နှင့် ညီမျှသည်၊ စက်နာရီ အချိန်နှင့် ပဟိုရ်ချိန်တို့ ယှဉ်ပုံမှာစက်နာရီ ပဟိုရ်
(၁) နံနက် ၉-နာရီ နေ့ ၁-ပဟိုရ်
(၂) မွန်းတည့် ၁၂-နာရီ နေ့ ၂-ပဟိုရ်
(၃) ညနေ ၃-နာရီ နေ့ ၃-ပဟိုရ်
(၄) ညနေ ၆-နာရီ နေ့ ၄-ပဟိုရ်
(၅) ညဉ့် ၉-နာရီ ညဉ့် ၁-ပဟိုရ်
(၆) သန်းခေါင် ၁၂-နာရီ ညဉ့် ၂-ပဟိုရ်
(၇) သန်းလွဲ ၃-နာရီ ညဉ့် ၃-ပဟိုရ်
(၈) နံနက် ၆-နာရီ ညဉ့် ၄-ပဟိုရ် ပဟိုရုရ် ၈-ပါး၊ တရက်ထား၊ ခြားနား နာရီ အသို့နည်း?

၎င်းသရုပ်ကို (ပဟိုရ် ၄- ပါး၊ ချိန်ပိုင်းခြား၊ မှတ်သား စည်နာရီ) ၌ ရှုပါလေ။ ♦

ပါဋိဟာရိယမျိုး ၃-ပါး

သုတ်သီလက္ခန်။ ပါ။ ၂၀၆။ ဋ္ဌ။ ၃၂၁။ အင်္ဂုတ္တရ တိကနိပါတ်

နံပါတ် ၁-နှင့် ၂-ကို မြတ်စွာဘုရား တားမြစ်တော်မူသည်၊ နံပါတ် ၃-နှင့်သာ ဗုဒ္ဓသာသနာပြုရေး၌ ခွင့်ပြုတော်မူသည်၊ ဤဖေါ်ပြပါတို့ကား ဂုဏ်တော် ၉-ပါးတွင် “သတ္ထာ” ဂုဏ်တော်၌ အကျွမ်းဝင်သော တန်ခိုးတော် ၃-ပါးကိုဆိုသည်။
(၁) ဣဒ္ဓိ ပါဋိဟာရိယ-တန်ခိုးအကြီးဆုံး နတ်ဗြဟ္မာတို့ထက် ပိုမိုလွန်ကဲသောတန်ခိုးတော်ရှင်အဖြစ် စွမ်းနိုင်ခြင်း (ဣဒ္ဓိဝိဓ)၊
(၂) အာဒေသနာ ပါဋိဟာရိယ-သတ္တဝါတို့၏ ကြံစည်စိတ်ကူးဆင်ခြင်မှု ဟူသမျှကို သိမြင်ထုတ်ဘော် ပြောကြားတော်မူခြင်း၊ (စေတောပရိယ)၊
(၃) အနုသာသန ပါဋိဟာရိယ- ဤသို့ကျင့် ဤသို့ကြံ စသည်ဖြင့် ဟောကြားဆုံးမကာ သတ္တဝါတို့၏ စိတ်ဓာတ်ကို စျာန်, မဂ်, ဖိုလ်တိုင်အောင် ကြည်ညွတ်လာစေခြင်း။ ♦

ပါဏာတိပါတ အင်္ဂါ ၅-ပါး

သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်း အင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တဝါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တဝါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-လုံ့လပြုခြင်း၊
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။ ♦

ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး

ပါဏာတိပါတကံ ဖြစ်နိုင်ခြင်း၏ အကြောင်းတရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။
(၁) ဥဒိဿ ပယောဂ- သတ္တဝါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ-သတ္တဝါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တဝါကို မြှား, လှံ, သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း, ဆေးဝါး အစီအရင်ထားခြင်း, စသည့် အရာမျိုး၊
(၇) ဝိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက်, ဓာတ်ဆင်, ဂါထာမန္တရား, စသော အစီအရင်တို့ဖြင့် သေအောင်ပြုခြင်း၊
(၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တဝါတို့ကို သေစေခြင်း။ ♦

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး

ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာဘာသာ သက်သက်ဖြင့် ပြလိုက်၏။
(၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖဝါး, မညီခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
(၇) အသားအရေ ကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက်, အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့် သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသော ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်း။ ♦

ပါတိမောက် ၂-မျိုး

ဥဒါန်း။ ပါ။ ၁၃၈။ ဋ္ဌ။ ၂၇၁-၌ အကျယ်ရှု။
(၁) သြဝါဒ ပါတိမောက်- သဗ္ဗပါပဿ အကရဏံ, စသော သြဝါဒ ကထာ၊
(၂) အာဏာ ပါတိမောက်-ဝိနည်း ပညတ်တော် သိက္ခာပုဒ်များ။ ♦

ပါဒရက် လေမျိုး ၈-ပါး

သွက်ချာပါဒ ရောဂါ ဖြစ်စေတတ်သော လေမျိုး ၈-ပါးဟူ၏၊ ၎င်း သရုပ်ကို လေမျိုး ၈၀- (က) ပုဒ်၌ရှုလေ။ ♦

ပါပဂြိုလ် ၄-လုံး

ဆိုးသွမ်း ယုတ်မာသော ဂြိုလ်၊ သို့မဟုတ် နေမှပေါ်ထွက်လာသောကြောင့် အရှိန်အခိုး ပူပြင်းသော သဘောရှိသည့် ဂြိုလ်ဟု ဗေဒင်ကျမ်းများ၌ ဆိုကြကုန်၏၊ လောကဒီပသာရကျမ်းတွင် 'ပါပလေးချက်၊ နေကထွက်၍၊ ရှိန်စက် ပူခြင်း၊ အခိုးပြင်း၏' ဟုဆိုထားလေပြီ။
(၁) တနင်္ဂနွေဂြိုလ်၊
(၂) အင်္ဂါဂြိုလ်၊
(၃) စနေဂြိုလ်၊
(၄) ရာဟုဂြိုလ်။ ♦

ပါရဂူကြီး ၆-မျိုး

၎င်း အကျယ် စိတ်ဝင်စားဘွယ်တို့ကို သုတ္တနိပါတ်။ ပါ။ ၃၀၄။ ဋ္ဌ။ ပ-အုပ်။ ၂၀၆။ မဇ္ဈိမ ပဏ္ဏာသ။ ပါ။ ၃၄၅။ ဋ္ဌ။ ၂၇၁-တို့၌ရှုပါ။
(၁) ပရိညာ ပါရဂူ၊
(၂) ပဟာန ပါရဂူ၊
(၃) ဘာဝနာ ပါရဂူ၊
(၄) သစ္ဆိကိရိယာ ပါရဂူ၊
(၅) သမာပတ္တိ ပါရဂူ၊
(၆) အဘိညာ ပါရဂူ။ ♦

ပါရမီ ၁၀-ပါး

မူလပဏ္ဏာသ။ ပါ။။ ဋ္ဌ။ ပ-အုပ်။ ၄၇။ သုတ်သီလက္ခန်။ ဋ္ဌ။ ၆၀။ သုတ်မဟာဝါ။ ဋ္ဌ။ ၂၄၄-တို့၌ အကျယ်ရှုပါ။ နတ်ရွာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်မျိုး ဆယ်ပါး။
(၁) ဒါန ပါရမီ- လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း၊
(၂) သီလ ပါရမီ- ငါးပါး, ရှစ်ပါး, ဆယ်ပါး စသော သီလကို ဆောက်တည် သိမ်းဆည်းခြင်း၊
(၃) နိက္ခမ ပါရမီ- အိမ်ရာခွါရှောင် ရသေ့ရဟန်းဘောင်သို့ ကပ်ရောက်ခြင်း၊
(၄) ပညာ ပါရမီ-ပညာကိုဆည်းပူးရှာဖွေ တိုးပွားစေခြင်း၊
(၅) ဝီရိယ ပါရမီ- မတွန့်မဆုတ် အားထုတ်သော ဇွဲနပဲဖြင့် ရဲရွတ်ရွတ် ကြိုးစားခြင်း၊
(၆) ခန္တီ ပါရမီ- သည်းခံခြင်း၊
(၇) သစ္စာ ပါရမီ-မှန်ကန် ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း၊
(၈) မေတ္တာ ပါရမီ- ကပ္ပါသားများကို မိမိနှင့်တသားတည်းချစ်ခြင်း၊
(၉) အဓိဋ္ဌာန ပါရမီအပြစ်ကင်း သောအရာ၌ စိတ်ဖြင့် ဆုံးဖြတ်ခြင်း၊ ဆုံးဖြတ်သည့် အားလျော်စွာ လုပ်ကိုင်ခြင်း၊
(၁၀) ဥပေက္ခာ ပါရမီ- သူစိမ်း သူကျက် ငဲ့ကွက်မရွေး ချမ်းသာ ဆင်းရဲသော အရေး၌ စိတ်တွေးကြံစည်ခြင်းမပြု အလယ်ကြားရှု၍ နေခြင်း။ ♦

ပါရမီ အပြား ၃၀

ဤ၌ သုံးဆယ်ဖြစ်စေရန် အထက်ပါ ဆယ်ပါးကို တပါး တပါးလျှင်၊
(၁) ရိုးရိုး ပါရမီ- ကိုယ်ခန္ဓာမှ အပဖြစ်သော အရာများအတွက် မငဲ့ကွက်မှု၊
(၂) ဥပ ပါရမီကိုယ်အင်္ဂါ အစိတ်အပိုင်း ခြေ, လက်, မျက်စိတို့အတွက် မငဲ့ကွက်မှု၊
(၃) ပရမတ္ထ ပါရမီကိုယ့်အသက်ကိုပင် မငဲ့ကွက်မှု၊ ၎င်း ၃-ပါးနှင့် မြှောက်သော် ပေါင်း ပါရမီ- ၃၀ ဖြစ်၏။ ♦

ပါရာဇိက ၄-ပါး

ရဟန်းတော်များ ၎င်းတို့ဘဝမှ ဆုံးရှုံးမှုကြီး ၄-ပါး။
(၁) ပဌမ ပါရာဇိက- အဗြဟ္မစရိယ အမှုကို ပြုခြင်း၊
(၂) ဒုတိယ ပါရာဇိက- လူဇာတ် ပစ္စည်းကို ငါးကျပ်တန်မှစ၍ ခိုးယူမှု၊
(၃) တတိယ ပါရာဇိက- လူဇာတ်ဖြစ်သူကို သတ်ခြင်း၊
(၄) စတုတ္ထ ပါရာဇိက- စျာန် မဂ် ဖိုလ် မရဘဲရ၏ဟု လိမ်ပြောမှု။ ♦

ပါရာဇိက ၂၄-ပါး။ တနည်း

အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက်၊ ရဟန်းယောက်ျား ပါရာဇိက ၄-ပါး၊ ရဟန်းမ ပါရာဇိက ၄-ပါး၊ စုတ်မှီအောင်ရှည်သော အင်္ဂါဇာတ်ရှိသူ၊ အင်္ဂါဇာတ်ကို စုတ်မှီအောင် ခါးပျော့သောသူ၊ ဘိက္ခုနီမ လူထွက်၊ သူတပါး အင်္ဂါဇာတ်ကို စုတ်သောရဟန်း၊ သူတပါးအင်္ဂါဇာတ်ကို ဖင်ထဲဝင်အောင် ဖိထိုင်သော ရဟန်း။ ♦

ပါလီကွေး ၄၅

၎င်း ဝေါဟာရ သင်္ချာကို မှော်ပညာကျမ်းတို့၌ “ဥုံ ဘုရားဟူက မောက္ကလူ ၂၄၊ တရားဟူက ပါလီကွေး ၄၅၊ သံဃာဟူက သံချပ်ဝတ် ၃၇” စသည်ဖြင့် မိမိကိုယ်ကို အကွယ်အကာယူရာ၌ အသုံးချနည်းများအတွက် တွေ့ဘူး၏။

မှတ်ချက် ။ ။ ဘုရင့်နောင် စသော စစ်သူကြီးတို့ ဆောင်းသည့်ဦးထုပ်ကို မောက္ကလူ ခေါ်၏၊ ၎င်း မောက္ကလူ သဖွယ် လုံခြုံသော ၂၄-ပစ္စည်းနှင့် ကိုယ်၌စည်းချသည်ကို “ မောက္ကလူ ၂၄” ဟုဆိုသည်၊ ထိုအတူ ၄၅-ဝါ ကာလပတ်လုံး ဟောတော်မူ သော တရားတော်များနှင့် ပါလီကွေး သဖွယ် ကိုယ်၌ ဆင်မြန်း ကာရံသည်ကို “ပါလီကွေး ၄၅” ဟုဆိုသည်၊ ထို့အတူ ဗောဓိပက္ခိယတရား ၃၇-ပါးနှင့် သံချပ်ဝတ်သဖွယ် ကိုယ်၌ ဝတ်ဆင်ထားမှုကိုပင် “သံချပ်ဝတ် ၃၇” ဟုသိလေ။ ♦

ပိဋက ၃-ပုံ

သုတ်သီလက္ခန်။ ဋ္ဌ။ ၁၇-၁၉။ ၌ အကျယ်ရှု။ မြတ်စွာဘုရား၏ တရားတော် အမျိုးအမည် သုံးပါး။
(၁) သုတ္တန္တ ပိဋက၊
(၂) ဝိနယ ပိဋက၊
(၃) အဘိဓမ္မာ ပိဋက။ ♦

ပိဋကတော်၏ နက်နဲခြင်း ၄-ပါး

ပိဋက ၃-ပုံတို့တွင် တပါး တပါးသော ပိဋက၌ နက်နဲခြင်းအပြား လေးပါး။
(၁) ဓမ္မ ဂမ္ဘီရ- ပါဠိတော်၏နက်နဲ ခက်ခဲခြင်း၊
(၂) အတ္ထ ဂမ္ဘီရ- ထိုပါဠိ၏ အနက်အဓိပ္ပါယ်များ နက်နဲ ခက်ခဲခြင်း၊
(၃) ဒေသနာ ဂမ္ဘီရ- နှလုံးပိုက်၍ သိုက်မြိုက် ဟောကြားတော်မူအပ်သော ဝစီဘေဒ သဒ္ဒါအစဉ်၏နက်နဲ ခက်ခဲခြင်း၊
(၄) ပဋိဝေဓ ဂမ္ဘီရ- ထို ဓမ္မ, အတ္ထ, နှစ်ရပ်ကို အဟုတ်အဟတ် တပ်အပ်သေချာစွာ သိသောဉာဏ်၏နက်နဲ ခြင်း။ ♦

ပိဋကတော်၏ အင်္ဂါ ၉-ပါး

၎င်းသရုပ်ကို (ဓမ္မက္ခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာဝေဘန်သိ) ဟူသော သုတေသန၌ ရှုပါ။ ♦

ပိဋကတော် သင်ယူနည်းမျိုး ၃-ပါး

ပိဋကတော် စာပေ သင်ယူနည်းမျိုး ၃-ပါးဟူ၏။
(၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုပ်ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, ဒကာ ဒကာမ လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာပရိယတ္တိဟုခေါ်ဆိုသည်။
(၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ဝိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ဝဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။
(၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။

မှတ်ချက် ။ ။ ပုထုဇဉ်တို့သည်လည်း ထိုကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ဆင်းရဲ ပင်ပန်းစွာ သင်ကြားထားကြပေသည်၊ သို့သော် မိမိတို့ ကိုယ်တိုင်က သံသရာဝဋ်ဆင်းရဲမှ မလွတ်သေး၍ ဘဏ္ဍာဂါရိက ပရိယတ္တိ မဖြစ်ဘဲ နိဿရဏတ္ထ ပရိယတ္တိ သာဖြစ်လေသည်၊ မှန်၏၊ ပုထုဇဉ်တို့၏ သင်ယူနည်းကား အလဂဒ္ဒူပမာ ပရိယတ္တိ သော်၎င်း၊ နိဿရဏတ္ထ ပရိယတ္တိ သော်၎င်း ဖြစ်ရာ၏၊ ဘဏ္ဍာဂါရိက ပရိယတ္တိ ကားမဖြစ်နိုင်ဟု မှတ်ရာသည်။ သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့၏ သင်ယူနည်းကား နိဿရဏတ္ထ ပရိယတ္တိ သင်ယူနည်းသာဖြစ်၏၊ ရဟန္တာတို့ သင်ယူနည်းသည် ဘဏ္ဍာဂါရိက သင်ယူနည်းအစစ်ဖြစ်၏၊ မင်းဘဏ္ဍာစိုးသည် ရတနာတို့ကို ထိန်းသိမ်း၍ မင်းလိုသောအခါ ထုတ်ပေးရသလို ရဟန္တာအရှင်မြတ်တို့သည်လည်း သင်ယူထိန်းသိမ်းကြကုန်လျက် ဝေနေယျတို့အား ပေးသင့်သောအခါ ထုတ်ဖေါ်ဟောကြား ပေးသနားတော် မူကြကုန်၏ဟု မှတ်ရာသည်။ ဝိနည်း။ ဋ္ဌ။ ပ။ ၁၉။ ၂၀။ ဒီ။ ဋ္ဌ။ ပ။ ၂၁။ မ။ ဋ္ဌ။ ဒု-၁၃။ အဘိ။ ဋ္ဌ။ ပ။ ၁၉။ သာရတ္ထ။ ပ။ ၈၁။ တို့၌ ကြည့်ပါကုန်။ ♦

ပိဋကသင်္ချာ၊ ရေတွက်ရာ၊ ၁၀-ဖြာဂဏန်း အသို့နည်း?

အဖြေကား ဂဏန်းနှင့်တွဲ၍ ဖေါ်ပြထားသော အောက်ပါ အက္ခရာတို့ ဖြစ်ကုန်၏၊ + ခေါ် ကြက်ခြေ ၂-လုံးပြကား သက္ကတကျမ်းလာ ရေဖများဖြစ်၍ မြန်မာအက္ခရာနှင့် မဆိုင်ဟု မှတ်၊ အက္ခရာသင်္ချာ ယူနည်း ဂါထာ၊ ကာဒိ, ဋာဒိ, ယကာရာဒိ၊ နဝသင်္ချာ ပကာသိတာ။ ပ, ကာရာဒိ ပဉ္စသင်္ချာ၊ သုညာနာမ ည, န, သရာ။ ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ဝ က ခ ဂ ဃ င စ ဆ ဇ စျ ည ဋ ဋ္ဌ ဍ ဎ ဏ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ ... ... ... ... ... ယ ရ လ ဝ + + သ ဟ ဠ အ ♦

ပိသုဏဝါစာကံ၏ အင်္ဂါ ၄-ပါး

ချစ်သူနှစ်ဦး ကွဲအောင် ကုန်းတိုက်ပေးမှု အင်္ဂါ လေးပါး။
(၁) ဘိန္ဒိတဗ္ဗ ပုဂ္ဂလ-အခွဲအတိုက် ခံရသူ၊
(၂) တပ္ပုရ ပိယ ကမျတာ- မိမိကို ချစ်စေလို၍ ကွဲပြားမှုကို ရှေးရှုခြင်း အဖြစ်၊
(၃) ဝါယမ-လုံ့လပြုခြင်း, ရန်တိုက်ခြင်း၊
(၄) ဇာနန-မိမိရန်တိုက် ပြောဆိုအပ်သူက မိမိစကားကို သိနားလည်ခြင်း။ ♦

ပိသုဏဝါစာ ကံ၏ မကောင်းကျိုးမျိုး ၇-ပါး

ပိဋကတ်တော်တို့မှ ရသလောက် စုပေါင်း၍ ပြလိုက်သည်၊ တကျမ်းတဖွဲ့တည်း၌ စုပုံလျက်မရှိပေ။
(၁) အပါယ်လေးပါးသို့ လားရခြင်း၊
(၂) ချစ်သူတို့နှင့် ကွေကွင်းရခြင်း၊
(၃) မိတ်ဆွေခြွေရံ နည်းပါးခြင်း၊
(၄) သူတော်ကောင်းတရား၌ သဒ္ဓါပျက်တတ်ခြင်း၊
(၅) သူတပါးတို့လုံ့လကြောင့် သေရခြင်း၊
(၆) လူများ၏ အမုန်းကိုခံရခြင်း၊
(၇) စိတ် ညစ်ညူးစိုးရိမ်ရခြင်း။ ♦

ပီတိအပြား မျိုး ၅-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၄၀။ ဋ္ဌ။ ပ-အုပ်။ ၁၉၆။ ကိုယ်စိတ် နှစ်ပါးကို နှစ်သက်ပြည့်ဖြိုး ပွားတိုး ရွှင်လန်းစေတတ်သော သဘော လက္ခဏာ ၅-ပါး။
(၁) ခုဒ္ဒကာ ပီတိ-ကြက်သီးမွေးညှင်း ထရုံမျှ နှစ်သက် ရွှင်ပျခြင်းမျိုး၊
(၂) ခဏိကာ ပီတိလျှပ်စစ်ပြက်သကဲ့သို့ ခဏခြင်းဖြစ်၍ ခဏခြင်းပျက်သော နှစ်သက်ခြင်းမျိုး၊
(၃) သြက္ကန္တိက ပီတိ- ဒီလှိုင်းကြီးများ အိဖုံးလွှမ်းမိုးသွားသကဲ့သို့ ကိုယ်လုံး၌ လွှမ်းဖုံး သက်ရောက်လာသော ပီတိမျိုး၊
(၄) ဥဗ္ဗေဂါ ပီတိ- နှစ်သက်ခြင်းအဟုန်ဖြင့် မိမိကိုယ်ကို အထက်သို့ ကြွတက် လွင့်မြောက် သွားစေနိုင်သော ပီတိမျိုး၊
(၅) ဖရဏာ ပီတိ- တကိုယ်လုံးကို ဖိမ့် ဆိမ့် အိမ့်သွားအောင် တစိမ့်စိမ့်ကြာမြင့်စွာ ပြန့်နှံ့၍ တည်နေသော ပီတိမျိုး။ ♦

ပုံ ၃၁-လုံးတို့ အမည်များ

သတ္တဝါတို့ နေရာဘုံ ၃၁-ကို အကြောင်းပြုကာ ဆိုင်းဝိုင်း၌ ပုံ ၃၁-လုံးကို ပြုလုပ်စီမံကြောင်းနှင့် မှတ်သားမိဘူး၏၊ ဤ၌ လေတူရိယာ၏ သံမှန် ၂၁-ပေါက်ကို မူလအခြေခံထား၍ ဆိုင်းဝိုင်း၌ ပုံ ၂၁-လုံး သွင်းစီကာ ဝိုင်းအပြင်၌ ၁၀-လုံးထားလျက် ပေါင်း ၃၁-လုံးဟု မှတ်ရာသည်၊ ၎င်းတို့အမည်များမှာ။
(၁) တပေါက်ကဲမှ
(၇) ၇-ပေါက်ကဲ အထိ ၇- လုံး၊
(၈) တေးလုံး၊
(၉) တျောလုံး၊
(၁၀) ဒူးလုံး၊
(၁၁) ဒုန်းလုံး၊ ၎င်း ၄-လုံးကို ပကတိ ၄- လုံးခေါ်၏၊ ဤ ၄-လုံးကိုပင် ဗယ်ညာအားဖြင့်
(၁၂) ဗယ်တေး၊
(၁၃) ညာတေး၊
(၁၄) ဗယ်တျော၊
(၁၅) ညာတျော၊
(၁၆) ဗယ်ဒူး၊
(၁၇) ညာဒူး၊
(၁၈) ဗယ်ဒုန်း၊
(၁၉) ညာဒုန်းအားဖြင့် ၈-လုံး ပြထားပြီးနောက်
(၂၀) အံထပ် သံမှန်၊
(၂၁) မြင်းစိုင်း၊ ၎င်း ၂၁-လုံးကို ဆိုင်းဝိုင်း၌ သွင်း၍တီးစဉ်၊ ဝေဘန်ဉာဏ် ကျယ်လာပြန်ကာ ဘုံ ၃၁-နှင့် အသံတူပြုပြီး ၆-လုံးပတ်, စည်တို, စခွန့်, ပတ်မကြီး, ပတ်တော, ဤ ဆယ်လုံးကို ထွင်ပြန်၍ ပေါင်း ပုံ ၃၁-လုံး ဖြစ်လာသည် ဟူ၏။ ♦

ပုဂ္ဂလိက ဒါနမျိုး ၁၄-ပါး

ဒက္ခိဏဝိဘင်္ဂသုတ် ပါဠိတော်၌ မြတ်ဘုရား ဟောကြားတော်မူသည်။
(၁) ဘုရားသခင်အားပေးလှူခြင်း၊
(၂) ပစ္စေကဗုဒ္ဓါအား ပေးလှူခြင်း၊
(၁၀) အရိယာပုဂ္ဂိုလ် ရှစ်ယောက်အား ပေးလှူခြင်း၊
(၁၁) သာသနာပကာလ စျာန်, အဘိဉာဏ်ရသော ရသေ့တို့အား ပေးလှူခြင်း၊
(၁၂) အကျင့်သီလရှိသော ပုထုဇန် “ လူ, ရှင်, ရဟန်း” တို့အား ပေးလှူခြင်း၊
(၁၃) အကျင့်သီလ မရှိသော လူ (ဒုဿီလ) အား ပေးလှူခြင်း၊
(၁၄) တိရစ္ဆာန်တို့အား ပေးလှူခြင်းမျိုး။

မှတ်ချက် ။ ။ ရဟန်း ဒုဿီလသည် အလှူခံတကျိပ်လေး ပါးထည်း၌ မပါဟု အချို့က မှတ်ချက်ချ ပြောဆိုကြ၏။ ♦

ပုဂ္ဂိုလ်မျိုး ၃-ပါး

ပုဂ္ဂိုလ် အမျိုးအစား ၃-ပါးဟူ၏။
(၁) သေက္ခပုဂ္ဂိုလ် ၇-ယောက်မဂ်ပုဂ္ဂိုလ် ၄-ယောက်၊ အောက်ဖိုလ် ပုဂ္ဂိုလ် ၃-ယောက်၊
(၂) အသေက္ခပုဂ္ဂိုလ် -ရဟန္တာပုဂ္ဂိုလ်၊
(၃) နေဝသေက္ခာ နာသေက္ခပုဂ္ဂိုလ် -အရိယာ မဟုတ်သူများ။ ♦

ပုဂ္ဂိုလ် ၄-မျိုး

တရားဓမ္မနှင့်စပ်၍ ပြားသော ပုဂ္ဂိုလ်မျိုး လေးပါး၊ ပုဂ္ဂလပညတ် ပါဠိတော်မှ။
(၁) ဥဂ္ဃဋိ တညူ ပုဂ္ဂိုလ်-အကျဉ်းမျှဟောသော်လည်း လွယ်ကူစွာသိ၍ ကျွတ်သူ၊
(၂) ဝိပဉ္စီ တညူ ပုဂ္ဂိုလ်-အကျယ်ချဲ့ထွင်၍ ဟောသည်ကို အကျယ်သိ၍ ကျွတ်သူ၊
(၃) နေယျပုဂ္ဂိုလ်-တရားတော်ကို အရဆောင်၍ ကျင့်သူ ကျွတ်ထိုက်သူ၊
(၄) ပဒ ပရမ ပုဂ္ဂိုလ်-ပုဒ်မျှကိုသာ သိသူ ထိုးထွင်း၍ မသိသူ, သည်ဘဝတွင် တရားထူး မရနိုင်သူ။ ♦

ပုဂ္ဂိုလ်မျိုးပြား တကျိပ်နှစ်ပါး

ကမ္ဘာပေါ်ရှိသမျှ ကမ္ဘာသူ ကမ္ဘာသား ပုဂ္ဂိုလ်များကို အဘိဓမ္မာနည်းဖြင့် ရေတွက်သော် အောက်ပါ တကျိပ် နှစ်ပါးထက် ပို၍မရချေ။
(၁) ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ် ခေါ် အပါယ်သားများ၊
(၂) သုဂတိ အဟိတ်ပုဂ္ဂိုလ်ခေါ် ပဋိသန္ဓေက အ,ထိုင်း,ကန်း,စောင်း, ဆွံ့လာသူ အောက်တန်းလူများ၊
(၃) ဒွိဟိတ်ပုဂ္ဂိုလ် ခေါ် အလယ်တန်းစား လူနတ်များ၊
(၄) တိဟိတ်ပုဂ္ဂိုလ် ခေါ် အထက်တန်းစား လူ နတ် ဗြဟ္မာများ၊
(၅) သောတာပတ္တိမဂ် ပုဂ္ဂိုလ်၊
(၆) ၎င်းဖိုလ် ပုဂ္ဂိုလ်၊
(၇) သကဒါဂါမိ မဂ် ပုဂ္ဂိုလ်၊
(၈) ၎င်းဖိုလ် ပုဂ္ဂိုလ်၊
(၉) အနာဂါမိ မဂ် ပုဂ္ဂိုလ်၊
(၁၀) ၎င်း ဖိုလ် ပုဂ္ဂိုလ်၊
(၁၁) အရဟတ္တမဂ် ပုဂ္ဂိုလ်၊
(၁၂) ၎င်း ဖိုလ် ပုဂ္ဂိုလ်။ ♦

ပုဂ္ဂိုလ်မျိုးပြား၊ ၁၂-ပါး၊ ၄-ပါး မသေသူ

မဂ် ပုဂ္ဂိုလ် ၄-ယောက်ကား အဘယ်အခါမှ သေသည်မရှိပေ။ ♦

ပုဂ္ဂိုလ်လွန်ကဲကြီး ၄-မျိုး

(၁) သူတော်ကောင်းအပေါင်းတို့တွင် ဘုရားရှင်သည် လွန်ကဲကြီးမြတ်ဆုံး၊
(၂) ကာမဂုဏ်ခံစားသူတို့တွင် မန္ဓာတု စကြာမင်းကြီးသည် အလွန်ကဲဆုံး၊
(၃) အကြီးအမှူးလုပ်ချင်သူတို့တွင် မာရ်နတ်ကြီးသည် အလွန်ကဲဆုံး၊
(၄) ကိုယ်ခန္ဓာ ကြီးသူတို့တွင် ရာဟုအသူရိန်ကြီးသည် အလွန်ကဲဆုံး။ စတုက္ကင်္ဂုတ္တရ။ ပါ။ ၃၂၄။ ဋ္ဌ။ ၂၆၁-၌အကျယ်ရှု။ ♦

ပုစ္ဆာ ၅-ပါး၊ မေးပုံများ၊ ခွဲခြား ဝေဘန်သိ

၎င်း သရုပ်ကို “အမေး ၅-ထွေ” ဟူသောသုတေသနရပ်၌ ဆိုခဲ့ပြီ။ ♦

ပုညကြိယာ ဝတ္ထု ၁၀-ပါး

ဣတိဝုတ်။ ဋ္ဌ။ ၁၉၃-၌ အကျယ်ရှုပါ။ ကုသလ ကမ္မပထ တရားဆယ်ပါး၊ သုစရိုက် ဆယ်ပါးလည်းခေါ်သည်။
(၁) ဒါန- သဒ္ဓါကြည်ဖြူ ပေးလှူခြင်း၊
(၂) သီလ- ကာယ ဝစီ, ခုနစ်လီဒုစရိုက် ကိုယ်၌မယှဉ်, ကောင်းစွာကြဉ်ခြင်း၊
(၃) ဘာဝနာသမထ, ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းပွားများခြင်း၊
(၄) အပ စာယန-သုံးပါးရတနာ, ဆရာမိဘ, ဂုဏဝုဎ္ဍို အစရှိသော သူတို့အား ရိုသေရခြင်း၊
(၅) ဝေယျာဝစ္စ-ကုသိုလ်ဖြစ်ဖွယ် မှုကြီးငယ်ကို သည်ပိုးရွက်ဆောင်ရခြင်း၊
(၆) ပတ္တိဒါန-မိမိပြုရ ကုသလကို အမျှပေးဝေရခြင်း၊
(၇) ပတ္တာနုမောဒနာ- သူတပါးပြု မြတ်ကောင်းမှုကို သာဓုနုမော် ကောင်းချီးခေါ်ရခြင်း၊
(၈) ဓမ္မ သဝန- ဘုရားစရှောင်း သူတော်ကောင်းတို့ တရားကို ကြားနာရခြင်း၊
(၉) ဓမ္မဒေသနာဘုရားစရှောင်း သူတော်ကောင်းတို့ တရားကို ဟောကြားရခြင်း၊
(၁၀) ဒိဋ္ဌိဇုကမ္မ-အထက်ပါ အမှု ကိုးတန်သည် ဧကန်ချမ်းသာ၏ဟု ဖြောင့်မှန်စွာ အယူကို ယူခြင်း။ ♦

ပုဏ္ဏမီနက္ခတ် ၁၃-လုံး

ဤ၌ အင်္ဂုတ္တိုရ် အဋ္ဌကထာလာ ၁၃-ပါး သရုပ်ကိုသာရည်၍ ၁၃-လုံးဟု ပြသည်၊ အခြား ရာဇမတ္တဏ်ကျမ်းလာ နက္ခတ်စု စသည်လည်း များစွာ ရှိသေး၏၊ ပြည့်ဖြိုးဝန်းစက်သော လပြည့်နေ့ညဉ့် လမင်းနှင့်ယှဉ်သော နက္ခတ်ကို ခေါ်သည်။
(၁) စိတြနက္ခတ်တန်ခူး လပြည့်နေ့ညဉ့် စန်းနှင့်ယှဉ်သည်၊
(၂) ဝိသာခါနက္ခတ်- ကဆုန်လပြည့်နေ့ညဉ့် ၎င်း၊
(၃)
(၄) ဇေဋ္ဌနက္ခတ်- မူလနက္ခတ် ၂-လုံး-နယုန်လပြည့်နေ့ညဉ့် ၎င်း၊
(၅) ဥတ္တရာသဠ် နက္ခတ်-ဝါဆိုလပြည့်နေ့ညဉ့် ၎င်း၊
(၆) သရဝဏ် နက္ခတ်- ဝါခေါင်လပြည့်နေ့ညဉ့် ၎င်း၊
(၇) ဘဒြနကနက္ခတ်- တော်သလင်းလပြည့်နေ့ညဉ့် ၎င်း၊
(၈) အဿဝဏီနက္ခတ်သီတင်း ကျွတ်လပြည့်နေ့ညဉ့် ၎င်း၊
(၉) ကြတ္တိကာနက္ခတ်- တန်ဆောင်မုန်းလပြည့်နေ့ညဉ့် ၎င်း၊
(၁၀) မိဂသီနက္ခတ်- နတ္တော်လပြည့်နေ့ညဉ့် ၎င်း၊
(၁၁) ဖုသျှနက္ခတ်- ပြာသိုလပြည့်နေ့ညဉ့် ၎င်း၊
(၁၂) မာဃနက္ခတ်-တပို့တွဲလပြည့်နေ့ညဉ့် ၎င်း၊
(၁၃) ဖဂ္ဂုနီနက္ခတ်-တပေါင်းလပြည့်နေ့ညဉ့် စန်းနှင့်ယှဉ်သည်။ ♦

ပုဏ္ဏားမျိုး ၄-ပါး

ဒေါနသုတ် နိပါတ်တော်လာ၊ ၎င်းတို့၏ အနက်အဓိပ္ပါယ်ကို အောက်ပါ “မာဃဒေဝလင်္ကာသစ်” စကားဖြင့် ထင်ရှားစေအံ့၊ (၂-၉ ပိုဒ်)၊ “ ထိုမှတသွန်၊ ကြာမြင့်လွန်၍၊ ကာလန္တရ၊ ယခုကျအောင်၊ ကာလအခါ၊ ရောက်ခဲ့လာသော်၊ ကမ္ဘာဦးက၊ ဖြစ်သမျှကို၊ အစပိုင်ပိုင်၊ မသိနိုင်ကြောင့်၊ လက်ကိုင်တခု၊ ကျမ်းစာပြု၍၊ သုတိတပေါ၊ ယောနိ တောသား၊ တယောအင်္ဂါ၊ ညီညွတ်စွာဟု၊ မင်းမှာမခ၊ ကမ္မကရာ၊ စေပါ မနှံ၊ အလှူခံ၍၊ ကောင်းကြံ ကောင်းကျင့်၊ အသင့်သဘော၊ ဟောပြော ဗေဒင်၊ သက်မွေးစင်သား၊ နွယ်ဝင်မြတ်လှ၊
(၁) ဗြာဟ္မဏရိုး၊ ရဲကိုးရဲကား၊ ရဲခွန်အားနှင့်၊ ခစားမင်းထံ၊ မင်းကြံမင်းတု၊ မင်းမှုကိစ္စ၊ ရွက်ဆောင်ကြသား၊
(၂) ခတြရိုး၊ ရောင်းမျိုးဝယ်မှု၊ ယာလယ်စုနှင့်၊ လုပ်ပြုကုန်သည်၊ အတည်တကျ၊ သက်မွေးကြသား၊
(၃) ဗိသျှအရိုး၊ နွမ်းညျိုးဝမ်းစာ၊ ဆင်းရဲစွာနှင့်၊ စေပါခံထ၊ လုပ်ကိုင်ရသား၊
(၄) သုဒြရိုး၊ လေးမျိုး ပုဏ္ဏား၊ နောက်မှပွား၍၊ ထင်ရှားလူဝယ်၊ ဆင်စလွယ်နှင့်၊ စင်ကြယ်ကျင့်ဝတ် သိက္ခာတည်း။ “ (၂၇၁ ပိုဒ်၌) “အာနိသံသာ၊ ထူးဂုဏ်ဝါနှင့်၊ သိက္ခာကျင့်ဝတ်၊ တင်ဆောင်မှတ်သည်၊ မျိုးဇာတ်စင်ကြယ်၊ ဆင်စလွယ်လည်း၊ ကိုးသွယ် ဗြာဟ္မဏ၊ ခြောက် ခတြနှင့်၊ ဗိသျှသုံးမူ၊ သုဒြမူကား၊ မတူ လက္ခဏာ၊ မတင်ရာတည့်” ဟုမိန့်ဆိုထားလေသည်။ ♦

ပုဏ္ဏားမျိုး ၉-ပါး

၎င်း သရုပ် အဓိပ္ပါယ်ကို ဓမ္မသတ်ကျမ်းမှ ယူသည်။
(၁) မယားမနေ ဥစ္စာမစု တော၌နေ၍ အလှူခံစားသော 'ဗြဟ္မစာရီ' ပုဏ္ဏားမျိုး၊
(၂) အိမ်ထောင် မယားသားနေ၍ သူ့အလှူကို ခံစားသော 'ဗြဟ္မဏ'ပုဏ္ဏားမျိုး၊
(၃) ဗြဟ္မဏ ပုဏ္ဏားမျိုးမှ မင်းဧကရာဇ် ဖြစ်လာသော 'ခတ္တိယ' ပုဏ္ဏားမျိုး၊
(၄) ကုန်သွယ်၍ သားမယားတို့ကို ကျွေးမွေးလျက် အလှူလည်းခံသော 'ဒယ' ပုဏ္ဏားမျိုး၊
(၅) သားမယားနှင့်နေ၍ အလှူမခံ လယ်လုပ်စားသော 'ဗိသျှ' ပုဏ္ဏားမျိုး၊
(၆) ဗိသျှမျိုးတွင် အမျိုးကို အစဉ်စောင့်သော 'ရက္ခိတ' ပုဏ္ဏားမျိုး၊
(၇) ကြမ်းကြုတ်သော အလေ့ရှိသည့် 'ဘာရဒွါဇ' ပုဏ္ဏားမျိုး၊
(၈) ဘာရဒွါဇမျိုးမှ အကျင့်ပျက်၍ ယုတ်မာသောကြောင့် အမျိုးကောင်းတို့က နှင်ထုတ်ထားသော 'စဏ္ဍာလ' ပုဏ္ဏားမျိုး၊
(၉) ပုဏ္ဏားမျိုးဇာတ်မှ ထွက်၍ သား မယားကိုစွန့်ခွါလျက် ကျင့်သော 'တပသီ'ပုဏ္ဏားမျိုး။ ♦

ပုထုဇဉ် ၂-မျိုး

နိဒါနဝဂ္ဂသံယုတ်။ ဋ္ဌ။ ၉၀-၌ အကျယ်ရှု။ အကန်းနှင့် အကောင်း ခြားနားမှု။
(၁) ကလျာဏပုထုဇန်-ခန္ဓာ, အာယတန, ဓာတ်, သစ္စာ တို့ကိုသိ၍ ကောင်းသော ပုထုဇန် တမျိုး၊
(၂) အန္ဓ ပုထုဇန်- ခန္ဓာ, အာယတန, ဓာတ်, သစ္စာ တို့ကိုမသိမူ၍ အကန်းနှင့်တူသော ပုထုဇန်ဟု ၂-မျိုးမှတ်ရာသည်။ ♦

ပုထုဇန် ၄-ယောက်

အရိယာမှ သီးခြားဖြစ်သူ, ကိလေသာကို များစွာဖြစ်စေတတ်သူ ၄-ယောက် ဟူလို။
(၁) ဒုဂ္ဂတိအဟိတ် ပုထုဇန်- အပါယ် ၄-ဘုံသားများ၊
(၂) သုဂတိအဟိတ် ပုထုဇန်- လူ့ဘုံ၌ ငကန်း, ငဆွန့်, ငအ, ငထိုင်းများ၊
(၃) ဒွိဟိတ် ပုထုဇန်- ကာမသုဂတိ ၇-ဘုံသားများ၊
(၄) တိဟိတ် ပုထုဇန်- အထက်တန်းစား လူ, နတ်, ဗြဟ္မာများ။ ♦

ပုထုဇန် ဝေါဟာရမျိုး ၄-ပါး

သံဂီတိသုတ်၌ လာရှိသည်ကား ဝစီဒုစရိုက် ၄-ပါးကို အဖန်ဖန် ပြောကြား သုံးနှုန်းခြင်းပင်ဖြစ်၏။ ♦

ပုဒ် ၃-ပါး

စာရေးရာ၌ အနက်အဓိပ္ပါယ်ကို သိခြင်း၏ အကြောင်းဖြစ်သော ပုဒ်များ။
(၁) ဧကက္ခရပုဒ်- အက္ခရာတလုံးတည်းဖြင့် တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-လူ, နတ်, ခွေး, ဝက်, ကြက် စသည်၊
(၂) အနေကက္ခရပုဒ်-အက္ခရာလုံးများစွာပေါင်းမှ တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံဗြဟ္မာ, ကရင်နီ, ပစ္စေကဗုဒ္ဓါ စသည်၊
(၃) အနေက ပဒပုဒ်- ပုဒ်ပေါင်းများစွာကို တပုဒ်တည်းသာ ယူသော သဒ္ဒါမျိုး။ ပုံ-စားစားသောက်သောက်, ပြောပြောဆိုဆို, စသည်၊ ထို့ပြင်လည်း ပုဒ်အမျိုးအစား များစွာရှိသေး၏။ ♦

ပုဗ္ဗပယောဂါ၊ ခိုးနည်းမှာ၊ ၅-ဖြာ အဘယ်နည်း?

၎င်း သရုပ်ကို (ခိုးခြင်း ၂၅-ပါး) ၌ ရှုပါကုန်။ ♦

ပုရောဟိတ်ခေါ်၊ ပညာကျော်၊ ၃-ဘော်အင်္ဂါသိ

ကျက်မှတ်ရ လွယ်စေရန် စာဏကျပျို့ လာအတိုင်း ထုတ်ပြလိုက်သည်။
(၁) အရံခြောက်အင်၊ ကျမ်းဗေဒင်ကို၊ ကျွမ်းကျင် လွန်တတ်၊
(၂) မန္တန်ရွတ်နှင့်၊ ဓာတ်မြတ်တရား၊ စိတ်ဝင်စားလျက်၊
(၃) အများသတ္တဝါ၊ အေးမေတ္တာဖြင့်၊ ချမ်းသာစေကြောင်း၊ နှလုံးကောင်းနှင့်၊ ဆုတောင်း မင်္ဂလာ၊ ပြုခြင်းသာဟု၊ အင်္ဂါသုံးသွယ်၊ စုံပြည့်ကြွယ်မှ၊ လူဝယ်ပဏ္ဍိတ်၊ ပုရောဟိတ်ဟု၊ ဘိသိက်ဆရာ၊ မည်ပေးရာသည်၊ ကောင်းစွာ မှတ်ကြ အမြဲတည်း။ ♦

ပုလဲ မျိုး ၈-ပါး

ဤ၌ပိုမိုထင်ရှားစေရန် သာရတ္ထသင်္ဂဟ, တေရသကဏဋီကာတို့လာတိုင်း ပါဌ်အနက်တွဲ၍ ပြလိုက်သည်။
(၁) ဟတ္ထိကုမ္ဘံ-ဆင်ဦးကင်း၌ဖြစ်သော ပုလဲ၊ ရွှေရောင်အဆင်း၊
(၂) ဝရာဟဒါဌံ- ဝက်စွယ်၌ဖြစ်သော ပုလဲ၊ ဝက်စွယ်အဆင်း၊
(၃) ဘူဇင်္ဂ သီသံမြွေဦး ခေါင်း၌ဖြစ်သော ပုလဲ၊ စိမ်းညိုတောက်ပသည်၊
(၄) ဝလာဟကံ- တိမ်တိုက်၌ဖြစ်သော ပုလဲ၊ နတ်သုံး ရတနာမျိုး၊ အလွန်လင်း၏၊
(၅) သင်္ခေါ- ခရုသင်း၌ဖြစ်သော ပုလဲ၊ ၎င်း အဆင်းရောင်ရှိ၏၊
(၆) သိပ္ပိ- ယောက်သွား၌ဖြစ်သော ပုလဲ၊ အဆင်းရောင်အထူးထူးရှိ၏၊
(၇) ဝေဠု- ဝါး၌ဖြစ်သော ပုလဲ၊ သပျစ်သီးစိမ်းရောင်အဆင်းရှိ၏၊
(၈) မစ္ဆ သိရောငါး ဦးခေါင်း၌ဖြစ်သော ပုလဲ၊ ငါးဖယ်ကျောက်ကုန်း အဆင်းရှိ၏၊ ဣတိ-ဤသို့ဆိုတိုင်း၊ မုတ္တ ယောနိယော-ပုလဲမျိုးတို့သည်၊ အဋ္ဌ-ရှစ်မျိုးရှိကုန်၏။ ♦

ပုသိမ် ၃၂-မြို့

ရွှေတိုက်တော် စာရင်း ပုရပိုက်မှ၊ ယခု အမည်ကို နောက်ဆက်ကော်မာနှင့် ပြထားသည်။ ကျိုက်စတည်မြို့ ' ဟိုင်းကြီး'၊ ကျိုက်သရဲမြို့'မော်တင်'၊ ကျိုက်ခရံမြို့'ဘုရားလှ, ကျုံထူး'၊ ကျိုက်ထူပါရုံ ကမ်းဖြူမြို့'မြစ်တရာ'၊ ကျိုက်ဇလဘမော် မြို့၊ ကျိုက်ပဒေါမြို့'ပန်းမဝတီ'၊ ကျိုက်အမွန်မြို့'ဆိပ်ကြီး'၊ ကျိုက်ဝှန်မြို့'ကျုံတုံးကံကြီး'၊ ကျိုက်ဇလဲထော်မြို့'မြောင်းမြမြို့ဟောင်း'၊ ကျိုက်မိမြို့'သစ်ရောင်းချောင်း'၊
(၁၀) ကျိုက်ဓောမြို့'တကောင်း'၊ ကျိုက်ပိမြို့'ကျုံတရော်, ကျုံပျော်'၊ ကျိုက်မော်ဓော ထလျော် မြို့'ထောင်လုံ'၊ ကျိုက်သထောမြို့'ရေကြည်ပန်းတော'၊ ကျိုက်ပတီသာရဝေါမြို့'မြို့ကွင်း'၊ ဘုရားကြီးသံသေတန်ခွန်မြို့ 'ဒမ္ဘီ'၊ ကျိုက် တုံလုံတောမြို့ 'မြန်အောင်'၊ ကျိုက်ပြိုတောင်မြို့'အင်္ဂပူ, အုတ်ဖို'၊ ကျိုက်ငူသုနန္ဒမြို့'မန်းကြာ'၊ ကျိုက်တောင်တော်မြို့ 'ပန်းတောကြီး '၊
(၂၀) ကျိုက်မင်းပတောမြို့'ကျောက်ချောင်းကလေး'၊ ကျိုက်အဝှန် ကျုံတုံးမြို့ 'ဘိုးတော်ဘုရားကြီး'၊ ကျိုက်ခရံဂဟေနံမြို့'ခေနံ '၊ ကျိုက်သတောမြို့'ဘုရားကုန်း'၊ ကျိုက်ခတော် တုံမြို့'ထန်းဖူး'၊ ကျိုက်ခရံထော်, ကျိုက်ဖြူမြို့'သိမ်ချောင်း, သာပေါင်း'၊ ကျိုက်နံကလံ တနပဝေါရိမြို့'ကျောက်ချောင်းကြီး'၊ ကျိုက်တည်မုဋ္ဌော-သမြင်းတုံးမြို့'ပန်းတနော်'၊ ကျိုက်သလွန်မွန် 'ဒေါင်းဖြူမြို့ ဓနုဖြူမြို့'၊ ကျိုက်အနန္ဒပူရမြို့'ဟင်္သာတ'၊ (၃၀)

ဟင်္သာတမြို့၊ ပုသိန်မြို့မ (၃၂) ။

မှတ်ချက် ။ ။ အချို့ စာမူတို့၌ ဟင်္သာတမြို့ မပါ၊ ၃၁-မြို့သာ ရှိ၏။ ♦

ပူဇော်ခြင်းများ၊ မျိုး ၂-ပါး၊ ခြားနား ဝေဘန်သိ

ရိုသေစွာ ကျင့်ကြံလုပ်ကျွေးပေးကမ်းခြင်း ၂-မျိုး၊ ပရိနိဗ္ဗာနသုတ် အဋ္ဌကထာ။
(၁) အာမိသ ပူဇာ- ပစ္စည်းဝတ္ထုဖြင့် လုပ်ကျွေးပေးကမ်းခြင်း၊
(၂) ဓမ္မပူဇာ- တရားတော်မြတ်ကို ကိုယ်တိုင်လိုက်နာ ကျင့်ကြံအားထုတ်ခြင်း။ ♦

ပူဇော်ခံထိုက်သူ ၁၁-ယောက်

အပူဇော်ခံထိုက်သူမျိုး ၁၁-ပါး၊ သုတ္တနိပါတ် အဋ္ဌကထာမှ။
(၁) သမ္မာ သမ္ဗုဒ္ဓ-သဗ္ဗညုဘုရားသခင်၊
(၂) ပစ္စေကဗုဒ္ဓါ-ဘုရားငယ်တမျိုး၊
(၃) အရိယာသာဝကအရိ ယာပုဂ္ဂိုလ်တို့နှင့်တကွ ၎င်းတို့၏တပည့် သရဏဂုဏ်, သီလရှိသူ လူ, ရဟန်း စသည်၊
(၄) မာတာ-မွေးသမိခင်၊
(၅) ပိတာ-မွေးသဖခင်၊
(၆) ဘာတု-အစ်ကိုကြီး၊
(၇) ဘဂိနိ-အစ်မကြီး၊
(၈) သသုရ-ယောက္ခမ ယောက်ျားသူ၊
(၉) သဿု-ယောက္ဓမမိန်းမသူ၊
(၁၀) သာမိ ဘာတာလင်၏ အစ်ကို၊
(၁၁) သာမိ ဘဂိနီ-လင်၏အစ်မ။

မှတ်ချက် ။ ။ အချို့ဆရာတို့ကမူ 'ခင်ပွန်းကြီး ၁၀-ပါး' ကိုလည်း ပူဇော်ခံထိုက်သူများဟု ယူကြကုန်၏။ သင့်သည်ချည်းမှတ်။ ♦

ပေမတရားမျိုး ၂-ပါး

ချစ်ခြင်းသဘောတရား ၂-ပါး။
(၁) တဏှာပေမ- တထောင့်ငါးရာ ကိလေသာကို ရှေ့ထား၍ ကိလေသာချစ် ချစ်ခြင်း၊ ညစ်ညမ်းသော အချစ်သဘောတရားမျိုး၊
(၂) ဂေဟသိတပေမ- ၅၂၈သွယ် မေတ္တာကို အဦးထား၍ မေတ္တာချစ် ချစ်ခြင်းမျိုး။ မိမိအိမ်သား သမီးသားနှင့် မိဘဆွေမျိုးများကိုချစ်သော အချစ်သဘောတရားမျိုး။ ♦

ပေမတရားမျိုး ၃-ပါး

ချစ်ခြင်းဆိုတဲ့ အချစ်သဘောကို ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်။ ပ-တွဲ။ ပ-ပိုင်းအုပ်။ ဠော်-မျက်နှာ၌ရှုလေ။
(၁) တဏှာပေမ၊ ဖို-မတို့ ချစ်ကြိုက်ခြင်းသဘာဝကို ဆိုသည်၊
(၂) ဂေဟသိတ ပေမ၊ မိဘနှင့်သားသမီး၊ ညီ-ကို မောင်နှမတို့ အချင်းချင်း ချစ်ခင်ကြခြင်းမျိုးကို ဆိုသည်၊ ဤ ၁-နှင့် ၂-တို့ကား တရားကိုယ်အားဖြင့် လောဘတဏှာသာ ရသည်ဟူ၏၊
(၃) မေတ္တာ ပေမ- သူတပါးတို့၏ ချမ်းသာမှုသုခကို လိုလားစွာ ကိုယ်-နှုတ်စိတ်တို့ဖြင့် ချမ်းသာသူ ဆင်းရဲသူ မရွေးပဲ ချမ်းသာစေမှု ပြုလုပ်ပေးခြင်းမျိုးကို မေတ္တာစစ်ဟုခေါ်ဆိုသည်၊ မေတ္တာ ပေမ ဟူ၏။ အဒေါသ- ကုသိုလ်စေတသိက်။ ♦

ပေယျာလပြား၊ မျိုး ၄-ပါး၊ ကျမ်းအား မည်သို့ ထိုးသနည်း?

သဒ္ဒသာရတ္ထ ဇာလိနီခေါ် သဒ္ဒါငယ်ကျမ်း၌ကား ပေယျာလမျိုး ၄-ပါးလာရှိ၏၊ သို့သော် ထိုးနှံပုံနည်း မသေချာ ဖြစ်နေသည်၊ ကျွန်ုပ်တို့ကား အောက်ပါ ပေါရာဏိက ဂါထာလာ ထိုးနှံပုံနည်းကို အသုံးပြု၏၊ ပေယျာလ၏ အဓိပ္ပါယ်ကား ပြဆိုပြီးသား သဒ္ဒါအနက်တို့ကို စောင့်ခြင်းငှါ, သို့မဟုတ် ချဲ့၍သိခြင်းငှါ စွမ်းနိုင်သော အမှတ်လက္ခဏာများ ဟူ၏။ “ပါတုံ အလံတိ ပေယျာလံ၊ ဝိတ္ထာရေတုံ အလံ ထဝါ။ အာဒိမဇ္ဈန္တ သဗ္ဗတ္ထ၊ ပ, ယ, လ, ကမ ပေယျာလံ။ “ ၎င်းဂါထာအရ ထိုထိုကျမ်းဂန်တို့၌ ကျမ်းပြုအရှင် ပညာသျှင်တို့သည် စ,လယ်,ဆုံး, အားလုံး, ၄မျိုးခွဲ၍ ထိုးနှံကြကုန်၏၊ ဤ၌ အများသိလွယ်ကူစေရန် မဲဇာတောင်ခြေရတု ၃-ပိုဒ်ကို ပုံစံထုတ်၍ ပြဆိုသွားအံ့။
(၁) အာဒိပေယျာလမျိုး- ပ, ထိုးနှံကြ၏၊ ပုံ-(ပ) ရွှေပြည်ဌာန ဝေးသောကြောင့်။ အစမှနေ၍ ဖေါ်လေဟူ၏၊
(၂) မဇ္ဈေ ပေယျာလမျိုး-ယ, ထိုးနှံကြ၏၊ ပုံ- မဲဇာတောင်ခြေ (ယ) ရွှေပြည်ဌာန ဝေးသောကြောင့်။ အလယ်စာသားများကိုဖေါ်လေဟူ၏၊
(၃) အန္တ ပေယျာလမျိုး- လ, ထိုးနှံကြ၏၊ ပုံ- မဲဇာတောင်ခြေ(လ) အဆုံးတိုင်အောင်ဆက်၍ ဖေါ်လေဟူ၏၊
(၄) သဗ္ဗတ္ထကပေယျာလမျိုး- ပေ,သို့မဟုတ် 'ပေယျာလ' ဟုထိုးနှံကြ၏၊ ပုံ-လက်ဝဲသုန္ဒရ အမတ်ကြီး သည် မဲဇာတောင်ခြေမှနေ၍ ဝမ်းနည်းကြည်ကွဲဘွယ် ဖြစ်သော ဤရတု ၃-ပိုဒ်ကို ဆက်သလိုက်ရာ စာတော်ဖတ်များက (ပေ) ဤသို့ဖတ်ဆိုပြီးသည်နှင့် အမတ်ကြီးအား ပြန်ခေါ်ရန် အမိန့်တော်မြတ် မှတ်လေသတည်း၊ ဤနေရာ၌ ရတု ၃-ပိုဒ်လုံးကို ဖေါ်ဆိုရမည် ဟူ၏။

မှတ်ချက် ။ ။ သဒ္ဒသာရတ္ထ ဇာလိနီ ဆရာ့အလို မဇ္ဈေ ပေယျာလကို 'ဃ' သို့မဟုတ် 'လ' ထိုးရန် ညွှန်ကြားထားသေး၏။ ♦

ပဲ့နင်းအရာ၊ အင် ၉-ဖြာ၊ လိမ္မာ ကျွမ်းကျင်သိ

ပဲ့နင်းဟူသည် ပေါရာဏစကားဖြစ်၍ လှေသူကြီး, သင်္ဘောမာလိန်, ကိုခေါ်ဆိုသည်၊ ၎င်းသရုပ်ကို (လှေသူကြီး အင်္ဂါ ၉-ပါး) ၌ ဆိုအံ့။ ♦

ပေါက်မျိုး ၄-ပါး

ပြည်ထဲအရေး၊ ပေါက်နှင့်ကျေးသို့၊ မင်းရေးသဖွယ်၊ တိမ်တောင်နှယ်၊ တကယ်အသိခက်၊ ပေါက်မျိုး ၄-ပါးကို နေမိဘုံခန်းစာပိုဒ်ရေ ၂၀-၌ ရှာဖွေကြည့်ရှုပါလေ၊ (စာဖတ်ပျင်းက လူဖျင်း, လူအ, ဖြစ်တတ်သည်။ ) ♦

ပေါကြီး ၃-ပါး

ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး အမြဲဟောကြားလေ့ရှိသော ကိုယ်ရေးကိုယ်တာ တရားတော်ဖြစ်သည်၊ “ဥစ္စာပေါမူ၊ ကုသိုလ်ပေါရာ၊ ပညာပေါများ၊ ပေါသုံးပါးကို၊ မနားမနေ၊ ကြိုးစားလေ''ဟူ၏။ ♦

ပိုးမျိုး ၈၀

ပိဋကတ်တော်တို့တွင် ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၁၇၉။ ၂၂၇။ ၂၅၀။ အဘိဓမ္မာ ဝိဘင်း။ ဋ္ဌ။ ၃၁-တို့၌ရှုပါ။ စွယ်စုံကျော်ထင်အဖြေကျမ်းတွင် ခန္ဓာကိုယ်၌ ပိုးမျိုးရှစ်ဆယ်တို့နေကြပုံနှင့် အမည်များကို ဤသို့ဆိုသည်၊ ဤ၌ ဥပလက္ခဏနည်းမျှသာ ပြသည်၊ တမျိုးမျိုး၌ မျိုးကွဲအဆွယ်အပွား များစွာရှိသေးကြောင်းကိုလည်း သိရာ၏။ စလ, ပိင်္ဂလ, ဤပိုး ၂-မျိုးကား ဆံရင်းဦးရေကို မှီနေစားသောက်၏၊ ဥတ္တမ, အန္တောဥတ္တမ, ဤပိုး ၂-မျိုးကား ဦးနှောက်၌၎င်း၊ နှာရုမုခ, ဒန္တမုခ, မံသတာ, ဤပိုး ၃-မျိုးကား မျက်စိ, နား, နှာခေါင်းတို့၌၎င်း၊ ကာမုခ, အပ္ပတိဘယ, အပေါလ, ဤပိုး ၃-မျိုးကား လျှာ၌၎င်း၊ စာရန္တ, စာရုဏ, ပန္နက, ဤပိုး ၃-မျိုးကား သွားရင်း၌၎င်း၊ လေဟ, ဆဝ, ဆဝဠ, ဤပိုး ၃-မျိုးကား ခြေသည်း လက်သည်း, အရေလွှာ, အကြောတို့၌၎င်း၊ တုလန, ရတ္တ, လောဟိတ, ဤပိုး ၃-မျိုးတို့ကား အသားစိုင် အကြောစိုင်တို့၌၎င်း၊ ဝေရမ္ဘ, မဟာဝေရမ္ဘ, ဤပိုး ၂-မျိုးကား လည်ချောင်း၌၎င်း၊ တုလန, ရတ္တာ, လောဟိတာ, ဤပိုး ၃-မျိုးကား ရိုးတွင်းခြင်ဆီ၌၎င်း၊ ဝတာ, ဝဂ္ဂုဝတာ, ဤပိုး ၂- မျိုးကား အညှို့၌၎င်း၊ ဒန္တ, မဟာဒန္တ, ရောဟိတ, မဟာရောဟိတ, ဤပိုး ၄-မျိုးကား ဟဒယဝတ္ထုခေါ် နှလုံးသား၌၎င်း၊ ဝရုဏ, တဏှ, သီဝလ, မဟာသီဝလ, ဤပိုး ၄-မျိုးကား အသည်း၌၎င်း၊ အဋ္ဌိဝိဓ, အဒဠှသဒ္ဒ, အဋ္ဌိသီဝလ, အဋ္ဌိသင်္ဂါ, မုဉ္စ, မုဉ္စသီဝရ, ဤပိုး ၆-မျိုးကား အဖျဉ်း သရက်ရွက်၌၎င်း၊ သေတ, လောဟိတ, ကာလ, ကာလသီရ, စူကာ, မဟာစူကာ, ဤပိုး ၆-မျိုးကား ကုလားအုပ် , ဆောင်ထပ်ခေါ်အဆုတ်၌၎င်း၊ စူရန္တ, မဟာစူရန္တ, သိပ္ပ, မဟာသိပ္ပ, အန္တဝရ, ပက္ကာဝရ, ဤပိုး ၆-မျိုးကား အူတွင်း၌၎င်း၊ လဇ္ဈုဝ, မဟာလဇ္ဈုဝ, သြဇဝ, သိဉ္ဇိဝ, ဤပိုး ၄-မျိုးကား အစာသစ်, အစာဟောင်းအိမ်တို့၌၎င်း၊ နိလ, ပိတ, ဥဠာ, ဒါနဝါ, အသမုခ, ဝဟန, ဗဟိဒ္ဓ, ဟနဝ, မုဉ္စိဒါခ, ဝိသာလ ဟလမုခီ, ဤပိုး ၁၀-မျိုးကား သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ, မျက်ရည်တို့၌၎င်း၊ အတိမုခ, ဇာလာမုခ, ဤပိုး ၂-မျိုးကား နှလုံးသွေး၌၎င်း၊ ကရ, ကရန္ဒ, ကရဏိယ, ကံဟက, ဟက္ကက, ဤပိုး ၅-မျိုးကား ကိုယ်၏အရှေ့ပိုင်း၌၎င်း၊ လောဟမုခ, မဟာလောဟမုခ, အာလာလောဟမုခ, မဟာအာလာလောဟမုခ, နှာရု, ဤပိုး ၅-မျိုးကား ကိုယ်၏အနောက်ပိုင်း၌၎င်း၊ စဏ္ဍ, စဏ္ဍသီရ, ဝှေဇိဏှ, ဇိဏှသီဝရ, ပုထုလ, ဤပိုး ၅-မျိုးကား အောက်ပိုင်း ကိုယ်၌၎င်း မှီတင်း စားသောက်လျက် ရှိကြကုန်၏။ ♦

ပျင်းရိသူများ၊ ပြစ် ၆-ပါး၊ ခံစား ဆင်းရဲစွာ

၎င်း သရုပ်ကား(အပျင်းထူသူတို့ ဆင်ခြေ ၆-ပါး) နှင့် တူ၏။ ♦

ပျားမျိုး ၆-ပါး၊ ဆေးကျမ်းများ၊ ခွဲခြား ကျိုးပြစ်ပြ

(၁) ပျားကြီးမျိုး- ကြောင်ကျားသော အဆင်းရှိသည့် တော ယင်ကောင်ကြီးနှင့် တူသော ပျားကောင်ကြီးမျိုး၊ ဘာဝပ္ပကာသ ကျမ်း၌'မက္ခိက' မည်၏ဟု ဆိုသည်၊ သုဿုတကျမ်း၊ ရာဇ ဝလ္လဘကျမ်း၊ ရာဇနိဃဏ္ဍ ကျမ်းတို့၌ကား ဤပျားကြီးမျိုးသည် 'ပုတ္တိက' မည်သည်ဟု ဆိုကုန်၏၊ ပါဠိအဘိဓာန်၌ ဣန္ဒိန္ဒီရ ဟု ဆိုလေသည်၊ အရည် နှမ်းဆီ အဆင်းရှိ၏၊
(၂) ပျားလတ်မျိုး-ယင်းပျားဟူ၍လည်း ခေါ်ဆိုသည်၊ ထိုပျားမျိုးကား နေရာတကာ တွေ့မြင်နိုင်လေသည်၊ ရာဇဝလ္လဘကျမ်း၌ကား ၎င်းကို 'မက္ခိက'မည်၏ဟု ဆိုသည်၊ ၎င်းအရည်ကား ဆီအဆင်းနှင့်တူ၏၊
(၃) ပျားငယ်-ယင်းပျားငယ် ဟူ၍လည်းခေါ်ဆိုသည်၊ ၎င်းအရည်ကား ညိုပြာပြာရှိ၍ ပျားကြီးရည်ထက် ပျစ်၏၊ ခုဒ္ဒ, ခုဒ္ဒဇန္တု, မဓုခုဒ္ဒ၊
(၄) သစ်ခေါင်းပျား- သစ်ခေါင်းအတွင်း၌ အိမ်ဖွဲ့၍နေသော ပျားတမျိုး၊ ထိုပျားရည်သည် အချို, အချဉ်, အခါးဟူ၍ သုံးပါးရှိသည်တွင် အချိုရည်သည် ထောပတ်နှင့် အဆင်းသဏ္ဍာန် အပျစ်အခဲ အလုံးစုံတူ၍ ၎င်းကို 'ပုတ္တိက' ခေါ်သည်ဟု ဘာဝပ္ပကာသ ကျမ်း၌ ဆိုလေသည်၊ ရာဇဝလ္လဘ စသောကျမ်းတို့မှာကား သစ်ခေါင်းပျားကို 'ဒါလ' ဟုဆိုကုန်၏၊ ပါဠိအဘိဓာန်ကျမ်း၌ကား 'သြဒ္ဒါလက' ဟုဆို၏၊ သို့သော် သြဒ္ဒါလက သဒ္ဒါကား မြေပျားဟောသာဖြစ်လေသည်၊
(၅) မြေပျား- ညိုဝါသော အဆင်းရှိသည့် အလွန်သေးငယ်သော ပျားကလေးတမျိုး၊ ၎င်းတို့သည် အများအားဖြင့် တောင်ပို့ခေါင်း၏ အလယ်၌ ပျားအုံပြု၍ နေတတ်ကြလေသည်၊ ၎င်းတို့ကို 'ဥဒ္ဒါလက=သြဒ္ဒါလက' ပျားမျိုးဟု ဆေးကျမ်းတို့၌ ဆိုကုန်၏၊ ၎င်းအရည်သည် ညိုဝါဝါ အဆင်းရှိ၏၊ ချို၏၊ အာရုံကြောကို ထကြွစေတတ်၏၊ နူနာ, အဆိပ်တို့ကို နိုင်၏၊
(၆) ပျားပိတုံး-ပိတုံးနှင့်တူ၍ ပိတုံးအောက် ငယ်သည့် ပျားကောင်တမျိုးကို 'ဘမရ' ခေါ်သည်၊ ၎င်းတို့၏ အရည်ကား ဖလ်တုံးကဲ့သို့ ဖြူစင်သန့်ရှင်း၍ ထောပတ်ကဲ့သို့ ပျစ်ခဲစွာရှိ၏၊ ၎င်းကိုပင် 'တရုပ်ပျား' 'ပန်းသင်းပျား' ဟူ၍လည်း ခေါ်ကြသေး၏။ ♦

ပျူ ၁၂-ပြည်ထောင်

ပျူသမိုင်းမှတ်တမ်းများအဆို။
(၁) အေလိုပျူ၊ ၎င်းတို့မြို့တော်များမှာ တကောင်း၊ ငဆောင်ချမ်း၊
(၂) ဟန်လင်းပျူ၊ ဟန်လင်းမြို့တော်၊
(၃) ကချင်ပျူ၊ ငမန္တာ-မိုးကောင်း မြို့တော်၊
(၄) ချင်းပျူ၊ ဖလမ်း, တီးတိန် မြို့တော်၊
(၅) အစီရီပျူ၊ ဓညဝတီ မြို့တော်၊
(၆) မြန်မာပျူ၊ တောင်တွင်းဂေး၊ ကျောက်ပန်းတောင်း၊ ယုန်လွှတ်၊ သိရီပစ္စယာ၊ ပုဂံ၊ တမ္ပဝတီ မြို့တော်များ၊
(၇) ကံဖိုးစပျူ၊ မိုဃ်းနှဲ မြို့တော်၊
(၈) ကိုင်းရယ်ပျူ၊ ကိုင်းရယ်- ကိုင်းတုံ မြို့တော်များ၊
(၉) ကလောက်ဂေးပျူ၊ ကလောက်ဂေး- သထုံ မြို့တော်များ၊
(၁၀) တိမ်မယ်ပျူ၊ တိန်မယ်၊ ပဲခူး မြို့တော်များ၊
(၁၁) မော်ဇာပျူ၊ မော်ဇာ မြို့တော်၊
(၁၂) တနင်္သာပျူ၊ ထားဝယ် မြို့တော်။ ♦

ပြင်ရန် ၅-ချက်၊ အလွန်ခက်၊ နောင်တွက် ပူပန်စရာ

၎င်း သရုပ်ကို (နောင်ပြင်ရန်ခက်၊ မျိုး ၅-ချက်) ၌ ဆိုခဲ့ပြီ။ ♦

ပြည်ကြီးအင်္ဂါ၊ ၇-ဖြာ၊ ရာဇာပိုင်းခြားသိ

၎င်း သရုပ်အဓိပ္ပါယ်ကို (မြို့၏ အင်္ဂါ ၇-ပါး) ၌ကြည့်ပါ။ ♦

ပြည်ကြီး ၂၀

မဂဓ အဘိဓာန် ကျမ်းလာ ဘုရား လက်ထက်တော်ရှိ ပြည်ကြီး 'မြို့တော်ကြီး' နှစ်ဆယ်။ ဗာရာဏသီပြည်၊ သာဝတ္ထိပြည်၊ ဝေသာလီပြည်၊ မိဓိလာပြည်၊ အာဠဝီပြည်၊ ကောသမ္ဗီပြည်၊ ဥဇ္ဇေနီပြည်၊ တက္ကသိုလ်ပြည်၊ စမ္ပာပြည်၊ သာဂလပြည်၊
(၁၀) သံသုမာဂိရိပြည်၊ ရာဇဂြိုဟ်ပြည်၊ ကပိလဝတ်ပြည်၊ သာကေတပြည်၊ ဣန္ဒပတ္တပြည်၊ ဥက္ကဋ္ဌပြည်၊ ပါဋလိပုတ်ပြည်၊ စေတုတ္တရာပြည်၊ သံကဿပြည်၊ ကုသိနာရုံပြည် (၂၀) ။ ♦

ပြည်ကြီး ၂၁-ပြည်

မဟာဝင်ဋီကာလာ မဟာသမ္မတမင်းမှစ၍ (၃၃၄၅၆၉) သုံးသိန်း သုံးသောင်း လေးထောင် ငါးရာ ခြောက်ကျိပ် ကိုးယောက်သော မင်းတို့၏ စံရာ နေပြည်တော်များ ဟူ၏။ ကုသဝတီပြည်၊ ရာဇဂြိုဟ်ပြည်၊ မိဓိလာပြည်၊ ဗာရာဏသီပြည်၊ ကပိလဝတ်ပြည်၊ ဟတ္ထိပုရပြည်၊ ဧကစက္ခုပြည်၊ ဝဇီရမုတ္တိပြည်၊ မဓုရပြည်၊ အဋ္ဌိပုရပြည်၊
(၁၀) ဣန္ဒပတ္တနဂိုရ်ပြည်၊ ကောသမ္ဗီပြည်၊ ကဏ္ဏဂေါစ္ဆပြည်၊ ရောဇနပြည်၊ စမ္ပာပြည်၊ တက္ကသိုလ်ပြည်၊ ကုသိနာပြည်၊ တမလိတ္တိယပြည်၊ ကပိလဝတ်ပြည်၊ ကောလိယပြည်၊ (၂၀)

ဒေဝဒဟပြည်
(၂၁) ။ ♦

ပြည်ကြီးရတနာ၊ အင် ၉-ဖြာ၊ ရာဇာသိတော်မူ

၎င်း သရုပ်ကို (တိုင်းပြည်ရတနာ၊ ပြည့်စုံရာ၊ ၉-ဖြာ နဝရတ်) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

ပြည်တော် အင်္ဂါ၊ ၇-ဖြာ၊ ရာဇာ မင်းတို့သိ

၎င်းသရုပ်ကို (မြို့တော်၏ အင်္ဂါ ၇-ပါး။ ၂-နည်း) ဟူသော သုတေသန၌ ကြည့်ပါလေ။ ♦

ပြည်တော်သာမှု၊ ကြောင်း ၁၀-ခု၊ လူထုဆင်ခြင်ရာ

(တိုင်းပြည်အေးမှု ကြောင်းဆယ်ခု) ဟူသောစကား၌ ၎င်းသရုပ်အဓိပ္ပါယ်ပြခဲ့ပြီ။ ♦

ပြည်ထောင်စုသား၊ လူမျိုးများ၊ မှတ်သား ၄၉

ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ နေထိုင်ကြသော တိုင်းရင်းလူမျိုး အပြားကို ဆိုလိုသည်။ ဤ၌ ရှေးဟောင်းရာဇဝင်လာ ဆိတ်သုဉ်းလေပြီးသော လူမျိုးများနှင့် နောက်ပေါ် စာအုပ်စာတမ်း မှတ်သားချက်တို့တွင် ပါဝင်တွေ့ရှိရသော လက်ရှိပြည်ထောင်စုသား လူမျိုးများကိုပါ ရေတွက်ဖေါ်ပြလိုက်သော်လည်း များစွာ ကျန်ရှိပေသေး၏။
(၁) ချင်းလူမျိုး-မြောက်ပိုင်းချင်းများကား ချင်းတောင်နှင့် အထက်ချင်းတွင်းခရိုင်၌ နေကြ၍ အလယ်ပိုင်းချင်းနှင့် တောင်ပိုင်းချင်းတို့ကား ပခုက္ကူ, စစ်တွေခရိုင်, ချင်းတောင် နှင့် တောင်ဘက်ရှိ တောင်တန်းတခို၌ နေထိုင်ကြ၏၊ ချင်းမျိုးကွဲ များစွာရှိကြောင်းကိုလည်း သိရသေးသည်၊
(၂) ကမိ လူမျိုးနှင့်၊
(၃) မြို လူမျိုး- ရခိုင်ပြည်မြောက်ပိုင်း၌ နေကြသည်၊
(၄) ကဒူး လူမျိုး- ကသာနှင့်အထက် မြန်မာပြည် အထက် ချင်းတွင်းခရိုင် တလျှောက်၌ နေကြသည်၊
(၅) ကချင် လူမျိုး- အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ် မြောက်ဖက် အကျဆုံးသော အရပ်တို့၌ နေကြသည်၊
(၆) မရူ လူမျိုး၊
(၇) လရှီ လူမျိုး၊
(၈) ဇီ လူမျိုး- မြန်မာပြည်နှင့် ရှမ်းပြည်မြောက်ဖက်စွန်း မြစ်ကြီးနားခရိုင်နှင့် အခြားခရိုင် များ၌ နေကြသည်၊
(၉) လီရှော၊ သို့မဟုတ် လိဆော လူမျိုး- သံလွင်တောင်ခြား, ရွှေလီနှင့် ဧရာဝတီအတွင်းရှိ တောင်များ, အထက်မြန်မာပြည်နှင့် ရှမ်းပြည် အရှေ့မြောက်ဖက်စွန်း၌ နေကြ၏၊
(၁၀) လာဟူ၊ သို့မဟုတ် မုဆိုးလူမျိုး၊
(၁၁) နန်း၊ သို့မဟုတ် ရဝင်းလူမျိုး- ကချင်ပြည်နယ် မြောက်ပိုင်း၌ နေထိုင်ကြသည်၊
(၁၂) ကော၊ သို့မဟုတ် အခ လူမျိုး- ကျိုင်းတုံနှင့်မဲခေါင်နယ် အရှေ့ဖက် နယ်တလျှောက်၌ နေကြသည်၊
(၁၃) ပလောင် လူမျိုး- ရှမ်းပြည်နှင့်မိုးကုတ်နယ် တလျှောက်၌နေကြသည်၊
(၁၄) ရီယန်းလူမျိုး- တောင်ပိုင်းရှမ်းပြည်နယ်၏ အရှေ့မြောက်ဖက်၌ နေကြသည်၊
(၁၅) ဝ လူမျိုး- ရှမ်းပြည်နယ်၏ အရှေ့ပိုင်း တရုပ်ပြည်နယ်ခြားအနီး၌ နေထိုင်ကြသည်၊
(၁၆) ကရင်လူမျိုး- အောက်ဗမာပြည်၏ အရှေ့ဖက်, တောင်ဖက် ရှမ်းပြည်နယ်၏ အနောက်ဖက်နှင့် တောင်ဖက်တလျှောက်၌ နေထိုင်ကြသည်၊ ၎င်းတို့လည်း မျိုးပြားများစွာ ရှိသေး၏၊
(၁၇) တောင်သူ၊ သို့မဟုတ် ပအိုလူမျိုး- အောက်မြန်မာပြည်သထုံခရိုင်နှင့် တောင်ပိုင်းရှမ်းပြည်နယ် အချို့တွင် နေထိုင်ကြသည်၊
(၁၈) ဆလုံလူမျိုး- မြိတ်ကျွန်းစု၌ နေကြသည်၊
(၁၉) ကယား၊ သို့မဟုတ် ကရင်နီ လူမျိုး- ကယားပြည်နယ်၌နေကြသည်၊
(၂၀) ရှမ်းလူမျိုး၊
(၂၁) မိုင်းသာလူမျိုး၊
(၂၂) ဒရယ်လူမျိုး၊
(၂၃) ရခိုင် လူမျိုး- ရခိုင်တိုင်းနယ်၌နေကြသည်၊
(၂၄) မြန်မာ၊
(၂၅) ထားဝယ် လူမျိုး- တနင်္သာရီ ကမ်းရိုးတလျှောက်၌နေကြသည်၊
(၂၆) ယော လူမျိုး- ပခုက္ကူခရိုင် အနောက်မြောက်ရှိ ယောနယ် တလျှောက်၊
(၂၇) ဒနု လူမျိုး၊
(၂၈) ယပိန်း, ဇပိန်း, သို့မဟုတ် ကွေ လူမျိုး၊
(၂၉) ဖုန် လူမျိုး၊
(၃၀) အင်းသား လူမျိုး၊
(၃၁) တောင်ရိုး လူမျိုး၊
(၃၂) ဒိုင်နက် လူမျိုး၊
(၃၃) ပဒေါင်း လူမျိုး- မြန်မာဆက်များ၊ အများအားဖြင့် ရှမ်းပြည်တောင်တန်းတလျှောက် မှာနေထိုင်ကြသည်၊
(၃၄) မွန် လူမျိုး၊
(၃၅) ကမု လူမျိုး-
(၃၆) ယအိုလူမျိုး၊
(၃၇) မိအိုလူမျိုး၊
(၃၈) ဒနောလူမျိုး- မွန် ခမာဆက် လူမျိုးများ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၌နေကြသည်၊
(၃၉) နာဂ လူမျိုး-နာဂတောင်တလျှောက်၊
(၄၀) ကုကီ လူမျိုး၊
(၄၁) ကသည်း လူမျိုး၊
(၄၂) ထမန် လူမျိုး-အထက်ချင်းတွင်းနယ် တောင်ရိုး တောင်ကြားတို့၌နေကြသည်၊
(၄၃) ဂျင်းဖေါ၊ သို့မဟုတ် သိန်းဖော လူမျိုး၊
(၄၄) ခမင် လူမျိုး၊
(၄၅) ခနုန် လူမျိုး- ကချင်ပြည်နယ်၌နေကြသည်၊
(၄၆) ခေါင်းတို လူမျိုး-တောင်တန်းနယ်သားများ၊
(၄၇) ပျူ လူမျိုး၊
(၄၈) ကမ်းယံ လူမျိုး၊
(၄၉) သက် လူမျိုး-ရှေးဟောင်း မြန်မာလူမျိုးများ။ ♦

ပြည်ရွာအပြား၊ မျိုး ၆-ပါး

ဝိနည်း ပိဋကတ်တော်မှ။
(၁) ရဋ္ဌ-မင်းအစိုးရတခု၏ အာဏာစက်နှံ့ရာ တိုင်းနိုင်ငံ၊
(၂) ပူရီ- မင်းအိမ် နန်းတော်တည်ရာ နေပြည်တော်၊
(၃) နဂရ အောက်ဆုံး မြို့အုပ် မြို့ပိုင်ရုံးရှိ, စျေးရှိသောမြို့၊
(၄) ဇနပဒ-ခရိုင်ဝန်မင်းတပိုင်, သို့မဟုတ် တိုင်းမင်း ကြီးတပိုင် ခရိုင်စု ဇနပုဒ်၊
(၅) ဂါမ- စျေးရှိသောရွာကြီး၊
(၆) နိဂမ-စျေး မရှိသောရွာငယ်၊ နိဂုံး။ ♦

ပြည်ရွာပျက်မှု၊ ကြောင်းဆယ်ခု

မြန်မာသက္ကရာဇ် ၁၁၄၇-ခုနှစ်၊ ဒုတိယ ဝါဆိုလဆန်း ၁၅-ရက်နေ့ ဘိုးတော်ဘုရားထံ ဆက်သွင်းသောစာ၊ “တိုင်းပြည်ပျက်ရာ လက္ခဏာကား။
(၁) ဒေဝေါ ပဇ္ဇုန်၊ ရွာဟုန်တိမ်းစောင်း၊
(၂) ကန်ချောင်း ခန်းခြောက်၊
(၃) မိုးပေါက်မညီ၊
(၄) ရာသီ နက္ခတ်၊ သမသတ်သွား၊
(၅) ဂြိုလ်ကား ထို့တူ၊
(၆) လူမှာ မုသား၊
(၇) ရဟန်းများလည်း၊ တရားမလျော်၊ ကြမ်းချော်ခက်ထန်၊
(၈) မမှန် တောင်းတင်း၊
(၉) မင်းနှင့်အမတ်၊ ညီညွတ် ရောရှက်၊ ပေါင်းဖက်ဟော့ရမ်း၊
(၁၀) ထုံးတမ်းအလွန်၊ ရှေးညွှန် စကား၊ ဤဆယ်ပါးသည်၊ ဖေါက်ပြားအင်္ဂါ ပြည်ရွာ ပျက်မည့် အကြောင်းတည်း။ “ ♦

ပြည်ဖြိုးလက္ခဏာ၊ ၇-ဖြာ၊ ချမ်းသာ မြင့်မြတ်ကြောင်း

ယောက်ျားမြတ်တို့၏ လက္ခဏာတွင် သတ္တုဿဒ ခေါ် ဖြိုးမောက်ရမည့်ဌာန ခုနစ်ပါးကို ဆိုသည်၊ မဟာပဒါနသုတ် အဋ္ဌကထာမှ၊ (က) ပခုံး ၂-ဖက် (ခ) လက်ဖမိုး ၂-ဖက် (ဂ) ခြေဖမိုး ၂-ဖက် (ဃ) လည်ကုတ် ၁၊ ပေါင်း ၇-ပါး။ ♦

ပြဒါးမျိုး ၆-ပါး

ဓာတုပဋိသန္ဓေကျမ်းမှ ဖြစ်ရာ အရပ်နှင့်တကွ အကျယ်ကိုလိုမူ သဗ္ဗဓာတုက ဝိဇ္ဇာဓရ ပကာသနီကျမ်းမှာ ရှုလေ၊ ထွက်ရပ်လမ်းအတွက်။
(၁) သောမလ သုက္က ပါရဒ- စိန်ဖြူဦးနှောက်မှ ဖြစ်သော ပြဒါး၊
(၂) သေလ ဟလိဒ ပါရဒ- ကျောက်ဆေးဒန်းမှ ဖြစ်သော ပြဒါး၊
(၃) ဘူမျ ဇာတ ပါရဒ- မြေမှဖြစ်သော မြေအောင်း ပြဒါး၊
(၄) သိန္ဒုရ သုက္က ပါရဒ-ဟင်းရိုင်းဖြူမှ ဖြစ်သော ပြဒါး၊
(၅) သရဇာတ ပါရဒ- အိုင်မှဖြစ်သော သယံ ပြဒါး၊
(၆) ပုပ္ဖ နာဂဇ ပါရဒ- တောင်သလွဲပွင့်မှ ဖြစ်သော ပြဒါး။ ♦

ပြဒါးမျိုး ၆-ပါး။ တနည်း

ဤ ၆-ပါးကား ကာယသိဒ္ဓိ, ဓနသိဒ္ဓိ လမ်းတို့အတွက်မျှသာ တန်ခိုးသတ္တိရှိ၏၊ ထွက်ရပ်လမ်းကို မဖြစ်စေနိုင်။
(၁) ရတ္တ သိန္ဒု ရ ပါရဒ- ဟင်းရိုင်းနီမှထွက်သောပြဒါး၊
(၂) ဟရိ တာလ ပီတ ပါရဒ- ဆေးဒန်း ရွှေဝါမှထွက်သောပြဒါး၊
(၃) အဿ ဒန္တ သောမလ ပါရဒ- စိန်နီမြင်းသွားမှထွက်သောပြဒါး၊
(၄) သရဝါတ ပါရဒ- သယံ လေပုန်းသံမှထွက်သောပြဒါး၊
(၅) ဝမ္မိကာရ ပါရဒ- တောင်ပို့ခြသံမှထွက်သောပြဒါး၊
(၆) ပုတိဘက္ခ ပါရဒ- အပုပ်မှစား၍ထွက်သောပြဒါး။

မှတ်ချက် ။ ။ ၎င်းတို့ကိုဖမ်းနည်း ချုပ်နည်း သတ်နည်း ကြိုးဖေါ်နည်း ပြာရိုက်နည်း တက်လမ်း အသီးသီးကို သိလိုက 'ပါရဒဘေသဇ္ဇ ဝိဇ္ဇာဓရ'ကျမ်းမှာ ရှုပါလေ။ ♦

ပြာသာဒ်နန်းမ ၃-ဆောင်

၎င်းသရုပ်ကို (နန်းမ ၃-ဆောင်) ၌ ရှုပါ။ ♦

ပြာဋိဟာပြား၊ မျိုး ၃-ပါး၊ ဘုရားဟောတော်မူ

၎င်းသရုပ်(ပါဋိဟာရိယမျိုး ၃-ပါး) ၌ ဆိုခဲ့ပြီ။ ♦

ပြိတ္တာ ၄-မျိုး

သာသနာတော်ဝင် အဋ္ဌကထာ ဋီကာတို့၌ လာသည်။
(၁) ပရ ဒတ္တုပ ဇီဝိတ ပြိတ္တာ- သူတပါးတို့ ပေးမှ စားသောက်ရသော ပြိတ္တာမျိုး၊ သူတပါးကိုမှီ၍ အသက်မွေး ဝမ်းကျောင်းရှိ၏၊
(၂) ခုပ္ပိပါသိက ပြိတ္တာ- မစားမသောက်ရဘဲ ငတ်ပြတ် နှိပ်စက်ခြင်း ခံရသော ပြိတ္တာမျိုး၊
(၃) နိဇ္ဈာမ တဏှိက ပြိတ္တာ- တကိုယ်လုံး ပူလောင်ခြင်းကို အမြဲမပြတ် ခံစားနေရသော ပြိတ္တာမျိုး၊
(၄) ကာလ ကဉ္စိက ပြိတ္တာ- အသူရကာယ်ဟူ၍ သီးခြားခေါ်ဝေါ်အပ်သော ပြိတ္တာတမျိုး။ ♦

ပြိတ္တာ ၁၂-မျိုး။ တနည်း

ဆဂတိဒီပနီကျမ်း, လောကပညတ္တိကျမ်းတို့မှ။
(၁) ဝန္တာသ ပြိတ္တာ- ငတ်ပြတ်ဆာလောင် မွတ်သိပ်လှသဖြင့် သူတပါးတို့၏ ချွဲကန်း, သလိပ်, တံတွေး, အန်ဖတ်, နှပ် တို့ကိုသာ ကောက်ယူစားသောက်နေရသော ပြိတ္တာမျိုး၊
(၂) ကုဏပါသ ပြိတ္တာ- လူကောင်ပုပ်, ခွေးကောင်ပုပ်, မြွေကောင်ပုပ် စသော အကောင်ပုပ်တို့ကိုသာ စားသောက်နေရသည့် ပြိတ္တာမျိုး၊
(၃) ဂူထ ခါဒက ပြိတ္တာ- မစင် ဘင်ပုပ်တို့ကိုသာ စားသောက်နေရသော ပြိတ္တာမျိုး၊
(၄) အဂ္ဂိဇာလမုခပြိတ္တာ -ခံတွင်းမှ မီးလျှံထွက်၍ မီးကျီး မီးခဲ တို့ကိုပင် စားသောက်နေရသော ပြိတ္တာမျိုး၊
(၅) သုစိ မုခ ပြိတ္တာ-ကိုယ်လုံးကြီးထွား၍ လည်ပင်းရှည်ပြီးလျှင် ခံတွင်းကား အပ်နဖားပေါက်မျှသာရှိသောကြောင့် ရသောအစာကို နားပေါက် နှာခေါင်းပေါက်တို့ကသွတ်သွင်းစားသောက်ရသော ပြိတ္တာမျိုး၊
(၆) တဏှာဋ္ဋိက ပြိတ္တာ- ရေ အလွန် မွတ်သိပ်ခြင်းဖြင့် ဆင်းရဲခံနေရသော ပြိတ္တာမျိုး၊
(၇) သုနိဇ္ဈာမက ပြိတ္တာ- မီးလောင်ငုတ်နှင့်တူသောကိုယ်ရှိ၍ ဆိုးဝါးသော ရုပ်အဆင်း၊ မကောင်းသော ယနံ့ထွက်သော ပြိတ္တာမျိုး၊
(၈) သတ္ထင်္ဂ ပြိတ္တာ- ထားသွား, ငါးမျှားချိတ်သွားနှင့် တူသော လက်သည်းတို့ဖြင့် မိမိကိုယ်အင်္ဂါကို ကုတ်ဖဲ့၍ အသားအသွေးတို့ကိုသာ စားသောက်ရသော ပြိတ္တာမျိုး၊
(၉) ပဗ္ဗတင်္ဂပြိတ္တာ - တောင်ပမာဏရှိသော ကိုယ်မှ နေ့ညဉ့်မပြတ် အခိုးထွက်နေသော ပြိတ္တာမျိုး၊
(၁၀) အဇဂရ ပြိတ္တာ- စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် နေ့ညဉ့်မပြတ် လှည့်လည် သွားလာ၍ ဒုက္ခခံနေရသောပြိတ္တာမျိုး၊
(၁၁) ဝေမာနိကပြိတ္တာ- ဒုက္ခတလှည့်, သုခတလှည့် စက်လည်၍ အတည်မကျ ခံစားနေရသော ပြိတ္တာမျိုး၊
(၁၂) မဟိန္ဓိကပြိတ္တာ- ပြိတ္တာတို့အပေါ်၌ ကြီးမှူးနိုင်သော တန်ခိုးအာဏာရှိသော်လည်း ထမင်းအဖျော်တို့ကိုကား မစားမသောက်ရသော ပြိတ္တာမျိုး။

မှတ်ချက် ။ ။ ဝိနည်းပိဋက စသည်တို့၌လည်း ထိုထို ပြိတ္တာတို့၏ အသွင်အပြင် နေရပ်ဌာန အစားအစာတို့ကို စွဲ၍ မျိုးကွဲများစွာ လာသေး၏။ ♦

ပြိတ္တာတို့ ရရှိခံစားရသော ကုသိုလ်အင်္ဂါ ၃-ပါး

သေသူတို့ကို ရည်ညွှန်း၍ ပြုလုပ်သော ကုသိုလ်၏ ကောင်းကျိုးချမ်းသာ ရရောက်နိုင်ပုံများ၊ အကျယ် ပေတဝတ္ထု။ ဋ္ဌ။ ၂၅- ၌ ရှုပါ။
(၁) ကောင်းမှုရှင်တို့က သေသူတို့အားရည်ညွှန်း၍ (အမည်ခေါ်ကာ) အမျှပေးဝေမှု ပြုရခြင်း၊
(၂) အလှူခံပုဂ္ဂိုလ်၏ သီလဂုဏ် အကျင့်သိက္ခာ ပြည့်စုံရခြင်း၊
(၃) ပြိတ္တာတို့၏ ဝမ်းမြောက်စွာ သာဓုခေါ်နိုင်ခြင်း။ ♦

ပွဲလမ်းသဘင်၊ မျိုး ၆-အင်၊ ကြူးလျှင် အပြစ်ရ

သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၉။ သိင်္ဂါလသုတ်၌ စည်းစိမ်ဥစ္စာ ပျက်စီးကြောင်းခြောက်ပါးတွင် တပါး အပါအဝင်အဖြစ်ဖြင့် ဘုရားရှင် ဟောတော်မူခဲ့သည့် ပွဲသဘင်မျိုး ခြောက်ပါးကိုဆိုသည်။
(၁) ကပွဲသဘင်၊
(၂) သီချင်းဆိုပွဲသဘင်၊
(၃) တီးဝိုင်းစုံသဘင်၊
(၄) စစ်ထိုး, ကြက်တိုက်, နွားပွဲ, မြင်းပွဲ စသော သဘင်၊
(၅) ခွက်ခွင်း လက်ခုပ်ဝိုင်းသဘင်၊
(၆) အိုးစည်ဒိုးပတ် တီးဝိုင်းသဘင်၊ ၎င်းသဘင် ၆-ပါးကို မေးမြန်း သွားလာ ပျော်ကြူး နေသူအား မရသေးသော စည်းစိမ်ဥစ္စာတို့ကို မရနိုင်ကုန်၊ ရပြီးသော စည်းစိမ်ဂုဏ်သိရ်တို့လည်း ကုန်ခန်း ပျက်စီးတတ်ကုန်၏။ ♦

ပွဲလျက်မျိုး ၅-ပါး

ဆေးအဘိဓာန်မှ။
(၁) ကဏယ- ပွဲလျက်နီ၊
(၂) မဟိံသာချချွဲကျိကျိ, ကျွဲချိုအဆင်းရှိ ပွဲလျက်၊
(၃) ဇလာက- ပွဲလျက် ညိုစိမ်း၊
(၄) ကဇွလာဘ- ပွဲလျက်နက်၊
(၅) ကုမုဒ- ပွဲလျက်ကြာဖြူ။ ♦

ဖက်မျိုး ၆-ပါး၊ ကုန်သည်များ၊ ခွဲခြား အက္ခရာ

ရှမ်းပြည်မှလာသော သနပ်ဖက်မျိုး ၆-ပါးကို အက္ခရာ ၆-လုံးဖြင့်မှတ်၍ ပြသည်၊ ခ ဖက်, ခေါင်ဖက်၊ က ဖက်, ရွက်ကြီး၊ လ ဖက်, ရွက်လတ်၊ စ ဖက်, စကဖက်၊ ဝ ဖက်, ရွက်ဝိုင်း၊ သ ဖက်, ရွက်သေး။ ♦

ဖရုသဝါစာ အင်္ဂါ ၃-ပါး

၎င်းဒုစရိုက်ကံ မြောက်နိုင်သော အင်္ဂါ ၃-ပါး။
(၁) ကောပ-စိတ်ဆိုးအမျက်ထွက်ခြင်း၊
(၂) ဥပကုဋ္ဌ- ဆဲရေးတိုင်းထွာ ခံရသူ၊
(၃) အက္ကောသနဆဲရေးခြင်း, ကြမ်းတန်းစွာဆိုခြင်း။ ♦

ဖရုသဝါစာကံ၏ မကောင်းကျိုး ၅-ပါး

အပြောအဆိုကြမ်းကြုတ်သူတို့ ရရှိခံစားရသော မကောင်းကျိုးများ။
(၁) ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံ၌ ဖြစ်ရခြင်း၊
(၂) သတ္တဝါများ၏ အမုန်းကို ခံရခြင်း၊
(၃) မိမိစိတ်ကို မကြည်လင်စေခြင်း၊
(၄) အကဲ့ရဲ့ခံရခြင်း၊
(၅) အသံ ကြမ်းတန်းပျက်စီးခြင်း။ ♦

ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်

ဖိုလ်ပုဂ္ဂိုလ် ၄-ယောက်ဟူ၏။
(၁) သောတာပတ္တိ ဖလဋ္ဌာန်၊
(၂) သကဒါဂါမိ ဖလဋ္ဌာန်၊
(၃) အနာဂါမိ ဖလဋ္ဌာန်၊
(၄) အရဟတ္တ ဖလဋ္ဌာန်။ ♦

ဖလသမာပတ်မျိုး ၃-ပါး

ဖိုလ်ဝင်စားမှုမျိုး ၃-ပါး။
(၁) မဂ္ဂါနန္တရ ဖလ သမာပတ္တိမဂ်၏ အခြားမဲ့၌ ဖြစ်သော ဖလသမာပတ်၊
(၂) ဝဠဉ္ဇန ဖလ သမာပတ္တိ- စိတ်, စေတသိက်, စိတ္တဇရုပ်တို့ကို ခေတ္တငြိမ်းအေးစေ၍ သုခရေး'သက်သက်' သုံးသပ်ခံစားနေသော ဖလသမာပတ်၊
(၃) အာယုသင်္ခါရ ဖလ သမာပတ္တိ- 'အာယုပါလန'လည်းဟူ-သက်ထိန်းသက်စောင့် ဖလသမာပတ်၊ ခိုးသားရိုက်စဉ် ရှင်မောဂ္ဂလာန် ဝင်စားသော ဖလသမာပတ်မျိုးကို ဆိုလိုသည်။ ♦

ဖာလာမျိုး ၅-ပါး

ဆေးကျမ်း ဝေါဟာရများ။
(၁) ဖာလာသီး၊
(၂) ဖာလာနဖိတ်၊
(၃) တူလာနဖာ၊
(၄) စူလာနဖာ၊
(၅) ဖာလာဝတီ။ ♦

ဖုံအခင်းမျိုး ၅-ပါး

ရဟန်းတော်များ ဝိနည်းပညတ်တော်က ခွင့်ပြုသည့် (ဘုံလျှိုမျိုး ၅-ပါး) ကိုခေါ်သည်။ အကျယ် (ဘုံလျှိုမျိုး ၅-ပါး) ၌ကြည့်ပါကုန်။ ♦

ဖိုလ် ၄-တန်။ ။ ဖိုလုလ်တရား ၄-ပါး

လောကုတ္တရာ ဝိပါက်စိတ်လည်း ဟူ၏။
(၁) သောတာပတ္တိ ဖိုလ်စိတ်၊
(၂) သကဒါဂါမိ ဖိုလ်စိတ်၊
(၃) အနာဂါမိ ဖိုလ်စိတ်၊
(၄) အရဟတ္တဖိုလ်စိတ်။ ♦

ဖိုလ်ပုဂ္ဂိုလ် ၄-ယောက်

၎င်းသရုပ် အဓိပ္ပါယ် (ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်) နှင့် တူ၏။ ♦

ဖိုလ် ဝင်စားခြင်းမျိုး ၃-ပါး

၎င်းသရုပ် အဓိပ္ပါယ် (ဖလသမာပတ် ၃-မျိုး) နှင့် အတူတူပင်ဖြစ်၏။ ♦

ဖောင်းဝတ်မြင်းပြား၊ မျိုး ၁၀-ပါး၊ မိန့်ကြား အဿကြန်

သကဋဘာသာ အဿကြန္နကျမ်း၌ ဖောင်းဝတ်မွေး မြင်းဆယ်မျိုးကို ဤသို့ပြထားသည်။
(၁) ဖောင်းဝတ်ညို၊
(၂) ဖောင်းဝတ်ဖြူ၊
(၃) ဖောင်းဝတ်ပြောက်၊
(၄) ဖောင်းဝတ်ပြာ၊
(၅) ဖောင်းဝတ်မွဲ၊
(၆) ဖောင်းဝတ်ခြောက်၊ (ရ) သမင်ဝမ်း၊
(၈) ဖောင်းဝတ်နီ၊
(၉) သင်းခွေ၊
(၁၀) ဗယ်လင်း။ ♦

ဖျော်ရည် ၈-မျိုး

၎င်းသရုပ် (အဖျော် ၈-ပါး) ၌ ရှုပါ။ ♦

ဖြစ်တော်ပေါင်းမှာ၊ လောင်းမြတ်စွာ၊ တရာ သုံးဆယ့်ခြောက်

ဘုရားအလောင်း၏ ပါရမီခန်းဝယ် တိရစ္ဆာန်ဘဝ၌ ထင်ရှားသော ဇာတ်တော်၏ ဝတ္ထုပေါင်း ၁၃၆-ပါးကို ရှေးပညာရှိများ စပ်ဆိုထားခဲ့သော ဤဘုရားရှိခိုးလင်္ကာဖြင့် သိရာ၏၊ “သြကာသ သြကာသ သြကာသ ဗုဒ္ဓကုင်္ရ၊ လောင်းမြတ်လှသည်၊ အစကြိုးကြာ၊ ဆယ့်ခြောက်ခါနှင့်၊ ဟင်္သာကိုးဖြစ်၊ ခြောက်ဖြစ်ကားခို၊ ကျီးညို သုံးခါ၊ သံသာကျူးထိပ်၊ ကရဝိက် ငါး၊ လေးကားကိန္နရီ၊ စာမရီဆယ့်ငါး၊ မျောက်ကားတဆယ်၊ ဆင်ဝယ်ဆယ့်တစ်၊ နွားဖြစ်ဆယ့်လေး၊ ဧကေး သိန္ဓဝ၊ ကျွဲ အဋ္ဌနှင့်၊ သံမြသာညောင်း၊ ဥဒေါင်း နှစ်ခါ၊ သာလိကာ သတ္တ၊ ဒွါဒသ ကြက်၊ ဝက်ကား ဆယ့်သုံး၊ ပေါင်းရုံးများစွာ၊ တရာသုံးဆယ်၊ ခြောက်ဖြစ်ဝယ်ကို၊ အန္တရာယ်မရှိ၊ ဘေးမထိသည့်၊ မုနိမြတ်လောင်း၊ ဖြစ်တော်ပေါင်းဟု၊ အောက်မေ့သဒ္ဓါ၊ ကြည်ညိုစွာဖြင့်၊ ခါခါမြတ်နိုး၊ လက်စုံမိုးကာ၊ ရှိခိုးပါ၏ ဘုရား။ “

မှတ်ချက် ။ ။ အလောင်းတော်မြတ်၏ ထင်ရှားသည့် တိရစ္ဆာန်ဘဝတွေများစွာကျန်သေးကြောင်းကို ကျွန်ုပ်တို့လက်ရှိ ပိဋကတော်ဖြင့်သိသာ၏၊ ဤရှေးဟောင်း လင်္ကာကား ဘာကိုရည်စူးသည် မသိရ။ ♦

ဖွားဖက်တော် ၇-ပါး

သုတ်မဟာဝါ။ ဋ္ဌ။ ၁၈။ ဗုဒ္ဓဘုရားရှင်နှင့် အတူ ဖွားမြင်ပေါ်ပေါက်လာကြသော အရာဝတ္ထု ၇-ပါး။ “ အာ, ဗော, ကာ, ယ, ဆန်, ရွှေ, ကဏ်” တို့ပင်တည်း။
(၁) အာ- အာနန္ဒာထေရ်၊ ဘုရားညီတော်၊
(၂) ဗော-ဗောဓိပင်၊
(၃) ကာကာလုဒါယီထေရ် (သို့မဟုတ်) အမတ်၊
(၄) ယ- ယသောဓရာဒေဝီ၊
(၅) ဆန်- ဆန္နထေရ်၊ သို့မဟုတ် အမတ်၊
(၆) ရွှေ- ရွှေအိုးကြီးလေးလုံး၊
(၇) ကဏ်- ကဏ္ဍကမြင်းဖြူတော်။

မှတ်ချက် ။ ။ ဗုဒ္ဓဝင်အဋ္ဌကထာ၌ အရှင်အာနန္ဒာထေရ်မြတ်ကို ဖွားဘက်တော် တပါးအဖြစ်ဖြင့် ပြဆို၏၊ ထိုမှတပါး အရှင်အာနန္ဒာအစား “အာရောဟဏ ဟတ္ထီ” ဟူ၍ မင်္ဂလာစီးတော်ဆင်ကို ဖွင့်ပြသောကျမ်းများလည်း ရှိသေး၏။ ♦

ဖွားသစ်စကို၊ စကားဆို၊ ပုဂ္ဂိုလ် ၅-ယောက် အဘယ်နည်း?

၎င်း သရုပ်ကို (မွေးဖွားစကို၊ စကားဆို) ဟူသော သရုပ်၌ ရှုပါ။ ♦

ဗမာ ၇-မျိုး

၎င်း၏ သရုပ် အဓိပ္ပါယ် (မြန်မာ ၇-မျိုး) သုတေသန၌ ကြည့်ပါ။ ♦

ဗလ ၅-တန်၊ လူထုထံ၊ အပ်နှံ အစိုးရ

နိုင်ငံတော် တိုးတက်ကြီးပွား စည်ကားသာယာရေးအတွက် အရေးကြီးသော အားအင် ငါးပါး။
(၁) ကာယ ဗလ- ကိုယ်လက် သန်မာထွားကြိုင်း ဖွံ့ဖြိုးမှု, ကျန်းမာရေး၊
(၂) ဉာဏ ဗလ- ဗဟုဿစ္စ, ဝိဇ္ဇာ, သိပ္ပံပညာ ပြည့်စုံစွာရှိမှု၊
(၃) ဘောဂဗလ-ပစ္စည်းဥစ္စာ ရတနာရွှေငွေ အထွေထွေသော ပြည်တွင်းထွက် ကုန်ပေါများမှု၊
(၄) စာရိတ္တဗလ- ယဉ်ကျေးမှု ကိုယ်ကျင့်တရား ကောင်းမွန်မြင့်မြတ်မှု၊
(၅) မိတ္တ ဗလ- မိတ်ဆွေနှင့် မဟာမိတ်နိုင်ငံများ ပေါများမှု။ ♦

ဗလ ၉-တန်

ဆန့်ကျင်ဘက်တို့ကြောင့် မတုန်လှုပ်တတ်ကုန်သော ဗိုလ်ထိုက်သည့် တရား ၉-ပါး။
(၁) သဒ္ဓါ ဗလ၊
(၂) ဝီရိယ ဗလ၊
(၃) သတိ ဗလ၊
(၄) သမာဓိ ဗလ၊
(၅) ပညာ ဗလ၊
(၆) ဟိရီ ဗလ၊
(၇) သြတ္တပ္ပ ဗလ၊
(၈) အ ဟိရီ ဗလ-အရှက်တရား မရှိသူ၊
(၉) အနောတ္တပ္ပ ဗလ- အကြောက်တရား မရှိသူ။ ♦

ဗလိ ၅-ဖြာ၊ ရိုသေစွာ၊ လိုက်နာ ပူဇော်ကြ

ပဉ္စင်္ဂုတ္တရ။ ပါ။ ၃၉။ ဋ္ဌ။ ၂၂-၌ အကျယ်ရှု။ ချမ်းသာတရား တိုးပွားစည်ပင် အောင်မြင်မှုရရှိရေးအတွက် ပူဇော်ပသမှုမျိုး ၅- ပါး။
(၁) ဉာတိ ဗလိ- မျက်မှောက်ရှိ ကိုယ့်လူမျိုးနှင့် သားချင်းမိတ်ဆွေများအား တတ်နိုင်သမျှကြည့်ရှုမ,စ ပေးကမ်းချီးမြှင့်မှု၊
(၂) အတိထိ ဗလိ- လာရောက်ကြသော ဧည့်သည်များအား ကျွေးမွေးပေးကမ်း လှူဒါန်းစောင့်ရှောက် ပြုစုမှု၊
(၃) ပုဗ္ဗပေတ ဗလိဘဝတပါး ကွယ်လွန်သွားကြကုန်သော မိဘဆွေမျိုးတို့ကို ရည်စူး၍ ကောင်းမှုကုသိုလ်ပြုလုပ်ကာ အမျှပေးဝေမှု၊
(၄) ရာဇ ဗလိ- ကိုယ့်နိုင်ငံတော် ဘုရင်မင်းမြတ်နှင့် အစိုးရအဖွဲ့က ချမှတ်ပညတ် ပေးထားသော အုပ်ချုပ်မှု နည်းဥပဒေ အရပ်ရပ်တို့ကို ရိုသေလိုက်နာ ကျင့်ကြံမှုနှင့် အခွန်အတုတ်များ ပေးဆက်မှု၊
(၅) ဒေဝ ဗလိ- လောကပါလ သာသနာတော်စောင့်နတ် စသည်တို့အား ပူဇော်ပသ အမျှပေးဝေမှု။ ♦

ဗဟိုရ် ၈-ပါး

မှတ်ချက်- ဗဟိုရ်မဟုတ် “ပဟိုရ်''ဟုသာမှတ်ရမည်၊ ၎င်းသရုပ် (ပဟိုရ် ၈-ပါး) ၌ ရှုပါ။ အမှားကိုမသုံးရန်ဖေါ်ပြသည်။ ♦

ဗာရာဏသီ၊ မြို့ရွှေပြည်၊ ၅-မည်ဇ်ဇာတ်လာ ဘဇာနည်း?

စရိယပိဋက အဋ္ဌကထာ အလိုတော်နှင့် ဖြေကြားသည်။
(၁) ဥဒယဘဒ္ဒဇာတ်၌ သုရုန္ဒနပြည်ကြီး၊
(၂) စူဠသုတသောမဇာတ်၌ သုဒဿန၊
(၃) သောဏနန္ဒဇာတ်၌ ဗြဟ္မဝဎ္ဍုန၊
(၄) ခဏ္ဍဟာလဇာတ်၌ ပုပ္ဖဝတီ၊
(၅) ယုဒ္ဓဉ္ဇယဇာတ်၌ ရမ္မနဂရ။

မှတ်ချက် ။ ။ ဤ အမေးကား 'သုရုန္ဒန၊ စသည်ငါးပါး၊ မည်ပြားရှေးခါ၊ ကျော်စောစွာသား၊ ဗာရာဏသီ' ဟူသော သံဝရပျို့နှင့်တကွ 'သုရုန္ဒန၊ နာမပညတ်၊ သုဒဿန၊ ဗြဟ္မဝဎ္ဍုနာ၊ ပုပ္ဖာဝတီ၊ သညီခေါ်ထွေ၊ ရမ္မေ နဂရ၊ တွင်ထငါးဖြာ၊ ပြည်ဗာရာကို'ဟူသော အာဒါသမုခ ပျို့လာ စကားရပ်တို့မှ ထုတ်မေးခြင်း ဖြစ်၏။ ♦

ဗာရာဏသီ၊ ရှေးအမည်၊ ၆-လီ အဘယ်နည်း?

ဤပုစ္ဆာကား စန္ဒကုမာရဇာတ်၌ မင်းပူးဆရာတော် ဦးသြဘာသ စကားချပ် သွင်းထားသည့် အောက်ပါ အမည် ၆-ပါးကို ရည်စူးဟန်တူ၏၊ ဗာရာဏသီပြည်သည်။
(၁) ဥဒယဘဒ္ဒဇာတ်၌ သုရုန္ဒနမည်၏၊
(၂) စူဠသုတသောမဇာတ်၌ သုဒဿန မည်၏၊
(၃) သောဏဒဏ္ဍဇာတ်၌ ဗြဟ္မဝဎ္ဍုန မည်၏၊
(၄) စန္ဒကုမာရဇာတ်၌ ပုပ္ဖဝတီ မည်၏၊
(၅) ယုဒ္ဓဇာတ်၌ ရမ္မမည်၏၊
(၆) သင်္ခဗြဟ္မဏဇာတ်၌ မောဠိနီပြည် မည်၏။

မှတ်ချက် ။ ။ ၎င်းကိုရည်၍ သံဝရပျို့၌ ' သုရုန္ဒန၊ စသည် ၆-ပါး၊ မည်ပြားရှေးခါ၊ ထင်ရှားစွာသား၊ ဗာရာဏသီ၊ ပုရီဝရ၊ ရွှေပြည်မတွင်' ဟု အရှင်ရဋ္ဌသာရဆရာ စပ်ဆိုတော်မူ၏၊ ဤ၌ အချို့ စာပေတို့ဝယ် 'သုရုန္ဒန၊ စသည် ငါးပါး၊ မည်ပြားရှေးခါ' ဟု ပါရှိသည်လည်း တွေ့ရသေး၏။ ♦

ဗာလ လက္ခဏာ၊ အင် ၃-ဖြာ၊ မိန့်မှာ မြတ်ဗုဒ္ဓ

၎င်း သရုပ်ကို (လူမိုက်လက္ခဏာ၊ အင် ၃-ဖြာ) ဟူသော သရုပ်၌ ရှုပါလေ။ ♦

ဗီဇဂါမ်မျိုး ၅-ပါး

ဝိနည်း ပါစိတ်။ ပါ။ ၅၂။ ဋ္ဌ။ ၂၇-၌ အကျယ်ရှု။ ဝိနည်းတော်လာ ရဟန်းတို့ မကပ္ပိဘဲ မဘုဉ်းပေး မခူးယူ မဖျက်ဆီး ရသော မျိုးစေ့ဗီဇ ငါးပါး။
(၁) ဗီဇ ဗီဇ အောင်မြင်သော သစ်စေ့ဟူသမျှ၊
(၂) ခန္ဓ ဗီဇ- ချိုးဖြတ်၍ စိုက်လျှင် ပေါက်ကောင်းသော ပင်စည် အကိုင်းအခက် ဟူသမျှ၊
(၃) မူလ ဗီဇ-နနွင်း, ချင်း စသော ဥ, မြစ် မျိုးစေ့ဟူသမျှ၊
(၄) ဖဠု ဗီဇ-ကြံစ သော အဆစ်မျိုးစေ့ဟူသမျှ၊
(၅) အဂ္ဂ ဗီဇ-ကွမ်း စသော အညွန့်ကို စိုက်ရသည့် မျိုးစေ့ဟူသမျှ။ ♦

ဗုဒ္ဓအပြား မျိုး ၄-ပါး

သဂါထာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၄။ တတ်သိလိမ်မာ သူကြီး ၄-ယောက်ဟူ၏။
(၁) သုတ ဗုဒ္ဓ- အကြားအမြင်များ၍ ကျမ်းဂန်၌ လိမ်မာသောသူ၊
(၂) စတု သစ္စ ဗုဒ္ဓ- သစ္စာ လေးပါးကို သိပြီးသော ရဟန္တာပုဂ္ဂိုလ်၊
(၃) ပစ္စေက ဗုဒ္ဓ- သူများကို မသိစေနိုင်, မိမိတကိုယ်တည်းသာ ဆရာမရှိ သစ္စာလေးပါးကို သိတော်မူသော သီးခြားသိပုဂ္ဂိုလ် ဘုရားငယ်၊
(၄) သမ္မာသမ္ဗုဒ္ဓ- အလုံးစုံ သိတော်မူပြီးသည့် အတုမရှိသော ဘုရားသခင် မြတ်ရှင်ပင်။ ♦

ဗုဒ္ဓကိစ္စတော် ၅-ပါး

စိတ်ဝင်စား ကြည်ညိုဘွယ် အကျယ်ကို သဂါထာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၂၄-၌ ရှုပါ။ လောကသား ကပ္ပါသားတို့အတွက် အကျိုးရှိ ချမ်းသာရေးကိုသာ ရှေးရှုသော ကိစ္စကြီးတို့ ဟူ၏။
(၁) ပုရေ ဘတ္တ ကိစ္စ- နံနက်ခင်း လုပ်ငန်းစု၊
(၂) ပစ္ဆာ ဘတ္တ ကိစ္စဆွမ်း စားပြီးချိန်မှ ညနေခင်းထိ လုပ်ငန်းစု၊
(၃) ပုရိမ ယာမ ကိစ္စ- ညဉ့်ဦးယံ လုပ်ငန်းစု၊
(၄) မဇ္ဈိမ ယာမ ကိစ္စ- သန်းခေါင်ယံ လုပ်ငန်းစု၊
(၅) ပစ္ဆိမ ယာမ ကိစ္စ- မိုးသောက်ယံ လုပ်ငန်းကိစ္စများ။ ♦

ဗုဒ္ဓကိစ္စတော် ၅-ပါး၊ တနည်း

(၁) နေ့ကိုကား-လူ၊
(၂) ညမူ ရှေးယာမ်၊ သမယံတည်း၊
(၃) လယ်ယာမ် ရှေ့ဖျား၊ နတ်အများတို့၊ ပြန်သွားတခါ၊ ဗြဟ္မာလာရောက်၊
(၄) နောက်ယာမ် စက်လျောင်း၊ ညောင်းပန်းဖြေဖျောက်၊
(၅) နောက်ပိုင်းရောက်က၊ မြားမြောက် ဝေနေ၊ ကြည့်ရှုလေသည်၊ ပရမေကိစ္စ ငါးပါးတည်း။ ♦

ဗုဒ္ဓကိုယ်တော်ရောင် ၇-ပါး

ဤ၌ သီရိ ဘုန်းတော်တွင် ပါဝင်ထင်ရှားသော ရောင်လျှံတော်များကိုသာ ဆိုသည်၊ ထိုမှတပါး အရာမက များသော ရောင်လျှံတော်တွေလည်း ရှိသေး၏။
(၁) အင်္ဂိရသ ပဘာ- တန်ခိုးယမိုက် ပြာဋိဟာ မပြဘဲ ပကတိသော ကိုယ်တော် အလုံးမှ အမြဲအစဉ် ပြိုးပြိုးပြက် ထွက်နေသော ရောင်ခြည်တော် ခြောက်သွယ်၊
(၂) ဗျာမပ္ပဘာပကတိ ကိုယ်တော်မြတ်မှ အမြဲမပြတ် ၄-တောင်ပတ်လည်အတွင်း၌ ဝန်းဝိုင်း တည်ထွန်းနေသော အတွင်း ရောင်ခြည်တော်၊
(၃) အသီတိပ္ပဘာ- အတွင်းရောင်ခြည်တော်၏အပြင်ဘက်မှ အတောင် ရှစ်ဆယ် အရပ်တိုင်အောင် ထက်ဝန်းကျင် ဝိုင်းဝန်းထွန်းပနေသော ရောင်ခြည်တော်၊
(၄) ကေတု မာလာ ပဘာ- ရောင်လျှံတော် ခေါ် ဦးခေါင်းတော်ထက်မှ ထွက်ပ ထွန်းတောက်သော ရောင်ခြည်တော်၊
(၅) ဥဏ္ဏာ ပဘာ- ဥဏ္ဏလုံမွေရှင်တော်မှ ထွက်မြူး ကွန့်ကြွသော ရောင်ခြည်တော်၊
(၆) ဒါဌာ ပဘာ- နှုတ်တော်ဖွင့်ခိုက် စွယ်တော်မြတ် လေးဆူမှထွက်မြူး ကြွမြန်းသော ရောင်ခြည်တော်၊
(၇) အနန္တ ပဘာ- ရတနာဃရတိုက်ခန်း၌ ပဋ္ဌာန်းကျမ်းမြတ်ကို သုံးသပ်ဆင်ခြင်တော်မူသောအခါ, တန်ခိုးပြာဋိဟာတို့ကိုပြတော်မူသောအခါ စသည်တို့၌ အရပ်ဆယ်မျက်နှာလုံး ပိတ်ဖုံး၍ ထွက်ကြွသည့် အဆုံးမရှိသော ရောင်ခြည်တော် ၆-သွယ်။ ♦

ဗုဒ္ဓစက္ခုတော် ၅-ပါး

(၁) ဗုဒ္ဓစက္ဓု၊
(၂) ဓမ္မစက္ဓု၊
(၃) ဉာဏစက္ဓု၊
(၄) သမန္တစက္ဓု၊
(၅) ဒိဗ္ဗစက္ဓု။ အကျယ် အဘိဓမ္မာ ဓမ္မသင်္ဂဏီ။ ဋ္ဌ။ ၃၄၄-၌ ရှုပါ။ ♦

ဗုဒ္ဓဉာဏ်တော် ၁၄-ပါး၊ တနည်း

ဘုရားမြတ်၏ ဉာဏ်တော် ၁၄-ပါးကို ပဋိသမ္ဘိဒါမဂ်။ ပါ။ ၁၂၇-၌။
(၁) ဒုက္ခသစ္စာဉာဏ်၊
(၂) သမုဒယဉာဏ်၊
(၃) နိရောဓဉာဏ်၊
(၄) မဂ္ဂသစ္စာဉာဏ်၊
(၅) အတ္ထပဋိသမ္ဘိဒါဉာဏ်၊
(၆) ဓမ္မပဋိ
(၇) နိရုတ္တိ
(၈) ပဋိဘာန ပဋိသမ္ဘိဒါဉာဏ်၊
(၉) ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊
(၁၀) အာသယာနုသယ၊
(၁၁) ယမကပါဋိဟာရိယ၊
(၁၂) မဟာကရုဏာသမာပတ္တိ၊
(၁၃) သဗ္ဗညုတဉာဏ်၊
(၁၄) အနာဝရဏဉာဏ်တော်ဟု လာရှိသည်။ သုတ်ပါထိက ဋီကာ။ ၅၄-၌။ မဂ်ဉာဏ်လေးပါး။ ဖိုလ်ဉာဏ်လေးပါး။ အသာဓာရဏဉာဏ်တော် ခြောက်ပါးအားဖြင့် ၁၄-ပါးဟုဆိုထားသည်။ ♦

ဗုဒ္ဓဘာသာ၊ ဝင်သူမှာ၊ ၅-ဖြာ ယုံကြည်ချက်

၎င်းယုံကြည်ချက် ငါးပါးနှင့်ပြည့်စုံမှ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ကြောင်းကို ဘာသာရေးစာပေတို့၌ ဆိုကုန်၏။
(၁) ဗုဒ္ဓ သဒ္ဒဟနဘုရား၌ ယုံကြည်ခြင်း၊
(၂) ဓမ္မ သဒ္ဒဟန- ဘုရား၏တရားတော်၌ ယုံကြည်ခြင်း၊
(၃) သံဃ သဒ္ဒဟန- ဘုရား၏ တပည့်သား သံဃာတော်၌ ယုံကြည်ခြင်း၊
(၄) ကမ္မ သဒ္ဒဟနကောင်း ကံ, ဆိုးကံ, ခေါ် ကံတရား၌ ယုံကြည်ခြင်း၊
(၅) ကမ္မ ဖလ သဒ္ဒဟန- ထိုကံ ၂-ပါး၏ ကောင်းကျိုး, ဆိုးကျိုး ရမှုကို ယုံကြည်ခြင်း။ ♦

ဗုဒ္ဓဘာသာ၊ ဝင်သူမှာ၊ ၈-ဖြာ အင်္ဂါ အဘယ်နည်း?

မဂ္ဂင် ၈-ပါး, ကိုပင် ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်ကြံရသော အင်္ဂါရှစ်ပါးဟု သိပါလေ။ ♦

ဗုဒ္ဓဘုရား၊ အား ဆယ်ပါး၊ ထင်ရှား မိန့်တော်မူ+A4519

၎င်းသရုပ်ကို (အားတော် ၁၀-ပါး) ၌ ရှုပါလေ။ ♦

ဗုဒ္ဓဘုရား၊ မျိုး ၃-ပါး၊ ကွာခြား ပါရမီ

၎င်း ပုစ္ဆာ၏ သရုပ်ကို (ဘုရားအပြား မျိုး ၃-ပါး) ၌ ထင်ရှားပြမည်။ ♦

ဗုဒ္ဓဘူမိကြီး ၄-ပါး

ဘုရားဖြစ်နိုင်ရန် အကြောင်း ၄-ပါးဟူ၏။ အင်္ဂုတ္တရအဋ္ဌကထာ ဒု။
(၁) ဥဿဟ-လွန်ကဲသော လုံ့လ, အားထုတ်မှု၊
(၂) ဥမင်္ဂ- လွန်ကဲသော ပညာ, သမ္ပဇဉ်၊
(၃) အဝတ္ထာန- အဓိဋ္ဌာန်ချက်, စိတ်ပြဋ္ဌာန်းမှု၊
(၄) ဟိတ စရိယ- မေတ္တာဘာဝနာစသည့် စရိယ ၃-ပါး။ ♦

ဗုဒ္ဓမြတ်စွာ၊ ဝါဆိုရာ၊ ဌာနာ-၁၇ အဘယ်နည်း?

၎င်းသရုပ်ကို (ဝါတော်ဆိုရာ၊ မြတ်ဗုဒ္ဓါ) ဟူသော ပုစ္ဆာ၌ရှုပါ။ ♦

ဗုဒ္ဓမြတ်မွန်၊ ချီးမွမ်းရန်၊ ၃-တန် ကျမ်းမှာရှိ

အင်္ဂုတ္တိုရ် သီဟသုတ်လာ။
(၁) စရိယ ဝဏ္ဏ- လေးသချေင်္နှင့် ကမ္ဘာတသိန်း ကာလပတ်လုံး လူတကာတို့ ပြုနိုင်ခက်လှစွာသော စွန့်ခြင်းကြီးငါးပါး ပါရမီသုံးဆယ်တို့ဖြင့် ဒုက္ကရစရိယာမှု ပြုခဲ့ပုံတွေကို ချီးကျူး ကြည်ညိုလို့ မကုန်နိုင်ရာတဲ့။
(၂) သရီရ ဝဏ္ဏ- သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ် ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် လှပတင့်တယ် သပ္ပါယ်တော်မူပုံတို့ကိုလည်း ချီးကျူးလို့ မကုန်နိုင်ရာတဲ့။
(၃) ဂုဏ ဝဏ္ဏ- အတိုင်းမသိသော ဘုန်းတော် ကံတော် ဉာဏ်တော် တန်ခိုးတော် ကျေးဇူးတော်တို့၏ ဂုဏ်ကိုလည်း ချီးကျူး၍ မကုန်နိုင်ရာတဲ့၊ ကြည်ညိုစရာတွေ သို့ကလောက်များပြားတော်မူပါပေ၏။ ♦

ဗုဒ္ဓဝစနမျိုး ၃-ပါး

ဘုရားသခင် ဟောပြောတော်မူခြင်း စကားအစဉ် ၃-ပါး ဟူ၏။
(၁) ပဌမ ဗုဒ္ဓဝစန- ဘုရားရှင် ရှေ့ဦးစွာ ဆင်ခြင်တော်မူသော 'အနေက ဇာတိ သံသာရံ' စသည့် ဥဒါန်း စကားတော်၊
(၂) ပစ္ဆိမ ဗုဒ္ဓဝစန- ဘုရားသခင်၏ နောက်ဆုံး ဟောကြားတော်မူခဲ့သည့် 'ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယ ဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ'ဟူသော စကားတော်၊
(၃) မဇ္ဈိမ ဗုဒ္ဓဝစန- ၎င်း စကားတော်နှစ်ပါးမှ တပါးသော ၄၅-ဝါ ကာလပတ်လုံး ဟောကြားတော်မူသော ဒေသနာတော်အစုစု။ ♦

ဗုဒ္ဓုပ္ပါဒ၊ နဝမ၊ ခဏ ၉-ချက်မြောက်

ဘုရားသာသနာလျှင် ၉-ခုမြောက်သော ခဏ။ ဗုဒ္ဓုပ္ပါဒ နဝမ ခဏလည်း ခေါ်၏။ လိုရင်းအဓိပ္ပါယ်ကား ရပ်ပြစ်ရှစ်ပါးမှလွန်မြောက်ရာ ဘုရားသာသနာလျှင် ၉-ခုမြောက် ဟူ၏။ ♦

ဗေဒင် ၄-ပုံ

ကာလသုံးပါး၌ဖြစ်ပျက်မှု သဘောတရားများ ဟောကြားသောကျမ်းစာစု။
(၁) သာမ-နေ, လတို့၏သွားရာလမ်းကို ၁၂-ရာသီခွင်ပြု၍ မည်သည့် ရာသီခွင်၌ မည်သည့်ဂြိုဟ် ရပ်တန့်နေသည်ကို ကြည့်ပြီးလျှင် အင်္သာ လိတ္တာ, တြင်း, နဝင်း စသည်တို့ဖြင့် ဝေဘန်လျက် ကောင်း, မကောင်းကို ဟောသောဗေဒင်ကျမ်း၊
(၂) ယဇု-မိမိတို့အပေါ်၌ ရောက်ဆဲ ရောက်လတံ့ဖြစ်သော ဘေးရန်အပေါင်းတို့မှ လွတ်ကင်း ပပျောက်ရန် ဂြိုဟ်နက္ခတ်စသည်တို့အား ပူဇော်ပသသောနည်း ယတြာပြုသောနည်းတို့ကိုပြသော ဗေဒင်ကျမ်း၊
(၃) ဣသျှု- နေ, လ ကြတ်ခြင်း၊ နက္ခတ်, တာရာတို့ အသွားမမှန်ခြင်းကြောင့် ဘေးဥပဒ်ဖြစ်တတ် ပျက်တတ်ခြင်းကိုပြသော ဗေဒင်ကျမ်း၊
(၄) အတပ္ပန- သတ္တဝါတို့အား သေကြေ ပျက်စီး ပူပန်အောင်, မီးလောင်, လေတိုက်, မိုးခေါင်, ရေကြီးအောင်နှင့် ဆင်းရဲမှုအမျိုးမျိုး ပြုလုပ်စီရင်နည်း တို့ကိုပြသော ဗေဒင်ကျမ်း။

မှတ်ချက် ။ ။ ၎င်း နံပါတ် ၄-ကို အာထဗ္ဗဏ ရသေ့ စုဆောင်း စီရင်သောကြောင့် 'အာထဗ္ဗဏ' ခေါ်ကြောင်းနှင့် သက္ကဋကျမ်းဟောင်းတို့၌ ဆိုကြ၏။ ♦

ဗောဇ္ဈင် ၇-ပါး

မဟာဝဂ္ဂသံယုတ်။ ပါ။ ၆၀။ ဋ္ဌ။ ၁၇၈-၌ အကျယ်ရှု။ ဗောဓိဿ+အင်္ဂါ=ဗောဇ္ဈင်္ဂါ 'ဗောဓိဿ-သစ္စာလေးပါးတရားအပေါင်းကို သိခြင်း မဂ်, ဖိုလ် ဉာဏ်၏၊ အင်္ဂါ- အကြောင်းတို့တည်း၊ ဝါ, အစိတ်အပိုင်းတို့တည်း၊ ဗောဇ္ဈင်္ဂါ- သစ္စာလေးပါး သိကြောင်း မဂ်ဉာဏ် ဖိုလ်ဉာဏ်၏ အကြောင်း၊ သို့မဟုတ် အစိတ်အပိုင်းဖြစ်သော တရား ၇-ပါး၊ ၎င်းတို့ကို ပွားစီးစေရသည် ဟူ၏။ '
(၁) သတိ သမ္ဗောဇ္ဈင်- အောက်မေ့ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ် 'သတိ စေတသိက်'၊
(၂) ဓမ္မ ဝိစယ သမ္ဗောဇ္ဈင်- တရား စီစစ်ခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ် 'ပညာ စေတသိက်'၊
(၃) ဝီရိယ သမ္ဗောဇ္ဈင်- လုံ့လစိုက်ခြင်း မဂ် ဖိုလ်ဉာဏ်အစိတ် 'ဝီရိယ စေတသိက်'၊
(၄) ပီတိ သမ္ဗောဇ္ဈင်- နှစ်သက်ခြင်း မဂ် ဖိုလ် ဉာဏ်အစိတ် 'ပီတိ စေတသိက်'၊
(၅) ပဿဒ္ဓိ သမ္ဗောဇ္ဈင်- အေးမြခြင်း မဂ်ဖိုလ်ဉာဏ်အစိတ် ' ကာယ, စိတ္တ ပဿဒ္ဓိ စေတသိက်'၊
(၆) သမာဓိ သမ္ဗောဇ္ဈင်- စိတ်၏တည်ကြည်ခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ် 'ဧကဂ္ဂတာ စေတသိက်'၊
(၇) ဥပေက္ခာ သမ္ဗောဇ္ဈင်- လျစ်လျူရှုခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ် 'တတြမဇ္ဈတ္တတာ စေတသိက်'။ ♦

ဗောဓိပက္ခိ္ခိယတရား ၃၇-ပါး

ဝိသုဒ္ဓိမဂ်၊ ဒု-အုပ်။ ၃၁၈-၌ အကျယ်ရှု။ ဗောဓိသစ္စာလေး ပါးကို ကောင်းစွာ သိတတ်သော အရိယာမဂ်၏၊ ပက္ခိယ- အသင်းအပင်း အဖော်သဟဲဖြစ်သော တရားစုများ၊ မဂ်ဉာဏ်၏ ဘက်တော်သား, မဂ်ဉာဏ်၏ အကျိုးကို ရွက်ဆောင်ပေးသောတရား ၃၇-ပါးဟူလို။ (က) သတိပဋ္ဌာန် ၄-ပါး၊ (ခ) သမ္မပ္ပဓာန် ၄-ပါး၊ (ဂ) ဣဒ္ဓိပါဒ် ၄-ပါး၊ (ဃ) ဣန္ဒြေ ၅-ပါး၊ (င) ဗိုလ် ၅-ပါး၊ (စ) ဗောဇ္ဈင် ၇-ပါး၊ (ဆ) မဂ္ဂင် ၈-ပါး၊ ပေါင်း ၃၇-ပါး။ ♦

ဗောဓိမျိုး ၃-ပါး

သမ္ဘောဓိလည်း ဟူ၏၊ ထေရဂါထာ။ ဋ္ဌ။ ဂ။ သစ္စာတရားစုကို သိခြင်းနည်း ၃-ပါး။
(၁) သမ္မာ သမ္ဗောဓိ- ဆရာမရှိ မိမိကိုယ်တိုင် သစ္စာလေးပါးကိုသိ၍ သူတပါးတို့အားလည်း သိစေတော်မူတတ်သော မြတ်စွာဘုရား၊
(၂) ပစ္စေက ဗောဓိ- ဘုရားမှ အသီးအခြားဖြစ်သော ဘုရားငယ်တမျိုး၊
(၃) သာဝက ဗောဓိ- ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ တပည့်သားများ။ ♦

ဗောဓိမျိုး ၃-ပါး၊ တနည်း

ဘုရားသခင်၏ ဝါတော်ဖြင့် ပိုင်းခြားမှုဝေါဟာရ၊ မူလပဏ္ဏာသ အဋ္ဌကထာ။
(၁) ပဌမဗောဓိ- ဝါတော် ၂၀-ထိ၊
(၂) ဒုတိယဗောဓိ- ၂၁-ဝါ မှ ၃၅-ဝါထိ၊
(၃) တတိယဗောဓိ- ၃၆-ဝါ မှ ၄၅-ဝါထိ။ ♦

ဗောဓိမျိုး ၃-ပါး၊ တနည်း

သာရတ္ထ ဒီပနီဆရာ့အလို၊ ဗောဓိ ၃-ပါးလုံး ၁၅-ဝါစီ အညီအမျှယူ၍ သုံးပါးပေါင်းသော် ၄၅-ဝါ၊ သက်တော်ရှစ်ဆယ်စေ့လျှင် မိမိကိစ္စကို တခုမကျန် ကုန်စင်ပြီးစေလျက် မဟာသက္ကရာဇ် ၁၄၈- ခုနှစ်ဝယ် ငါတို့တတွေကို စွန့်ပယ်၍ နိဗ္ဗာန်လမ်းသို့ စံမြန်းတော်မူခြင်းကိုပင် ဗောဓိ ၃-ပါး ငြိမ်းခြင်းဟူ၏။ ♦

ဗောဓိမျိုး ၅-ပါး

တရားထူး တရားမြတ်ကို ထိုးထွင်း၍ သိနိုင်သူ ငါးပါး။
(၁) သမ္မာ သမ္ဗောဓိ ၃-မျိုး၊ (က) ပညာဓိက သမ္မာ သမ္ဗောဓိ- လေးသချေင်္နှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊ (ခ) သဒ္ဓါဓိက သမ္မာ သမ္ဗောဓိ- ရှစ်သချေင်္နှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊ (ဂ) ဝီရိယာဓိက သမ္မာ သမ္ဗောဓိ- တဆယ့်ခြောက်သချေင်္နှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
(၂) ပစ္စေက ဗောဓိ- နှစ်သချေင်္နှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
(၃) အဂ္ဂ သာဝက ဗောဓိ- ၁-သချေင်္နှင့် ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊ ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန် တို့လို အစား၊
(၄) မဟာ သာဝက ဗောဓိ- ကပ္ပါတသိန်း ပါရမီဖြည့်မှ ရနိုင်သည်၊ ညီတော်အာနန္ဒာ, သားတော်ရာဟုလာ, ရှင်မဟာကဿကြီးတို့လို၊
(၅) ပကတိ သာဝက ဗောဓိ- ကပ္ပါအပိုင်းအခြားမရှိ ပါရမီဖြည့်ရသော သာမည ရဟန္တာ အစားမျိုး။ ♦

ဗိုလ် ၅-ပါး

မဟာဝဂ္ဂသံယုတ်။ ပါ။ ၂၁၈။ ဋ္ဌ။ ၂၈၁။ ပိဋကတ်တော်၌ ဗလ-ခေါ် ဗိုလ်နှင့်စပ်၍ နည်းပေါင်းများစွာ လာရှိသည်၊ အဘိဓမ္မာ၌ ဗိုလ်တပ်သော သဘောတရားများ၊ ကောင်းမှုကုသိုလ် ပြုသောအခါ ထိုငါးပါးကို ဗိုလ်တင်ထားရမည် ဟူ၏။
(၁) သဒ္ဓါ ဗိုလ်၊
(၂) ဝီရိယ ဗိုလ်၊
(၃) သတိ ဗိုလ်၊
(၄) သမာဓိ ဗိုလ်၊
(၅) ပညာ ဗိုလ်။ ♦

ဗိုလ် ၉-ပါး၊ တနည်း

ဗိုလ်ထိုက်, ဗိုလ်ဆွဲသော ကုသိုလ်, အကုသိုလ်တရားစုများ၊ ၎င်းသရုပ် အဓိပ္ပါယ် (ဗလ ၉-တန်) နှင့် တူ၏။ ♦

ဗျဉ္ဇနဗုဒ္ဓိ ၁၀-ပါး

မူလပဏ္ဏာသ။ ဋ္ဌ။ ဒု-အုပ်။ ၁၀၈။ ဝိနယသင်္ဂဟ။ ဋ္ဌ။ ၃၉၇။ ကဗျာလင်္ကာ, သီချင်း ဂီတများနှင့် ကမ္မဝါ, ဉတ်, သရဏဂုံ ရွတ်ဖတ်ရာ၌ အက္ခရာတို့၏ သံတို, သံရှည်, သံပြင်း, သံလျော့ စသော အပြား ဆယ်ပါးကို သိရှိထားမှု ဥပဒေရပ်များ။
(၁) သိထိလလျော့လျော့ညှင်းညှင်း ရွတ်ရသောအက္ခရာ၊
(၂) ဓနိတ- တင်းတင်း ရွတ်ရသောအက္ခရာ၊
(၃) ဒီဃ-သံရှည် ရွတ်ရသောအက္ခရာ၊
(၄) ရဿ- သံတို ရွတ်ရသောအက္ခရာ၊
(၅) ဂရုက- သံလေး ရွတ်ရသောအက္ခရာ၊
(၆) လဟုက- သံပေါ့ ရွတ်ရသောအက္ခရာ၊
(၇) နိဂ္ဂဟိတ- ကရိုင်းကို နှိပ်၍ ရွတ်ရသောအက္ခရာ၊
(၈) သမ္ဗန္ဓ- ပုဒ်ကိုစပ်၍ ချောမောပြေပြစ်စွာ ရွတ်ရခြင်း၊
(၉) ဝဝတ္ထိတ-ပုဒ်ကိုဖြတ်၍ ပြတ်ပြတ်သားသား ရွတ်ရခြင်း၊
(၁၀) ဝိမုတ္တ- ကရိုဏ်းကို လွှတ်၍ ဖွင့်၍ ရွတ်ရခြင်း။ ♦

ဗျည်း ၃၃-လုံး

အနက်ကို မှတ်ကြောင်းဖြစ်သော ပါဠိမြန်မာ သင်္ကေတ မူရင်း ၃၃-လုံး။ “ က, ခ, ဂ, ဃ, င၊ စ, ဆ, ဇ, စျ, ည၊ ဋ, ဌ, ဍ, ဎ, ဏ၊ တ, ထ, ဒ, ဓ, န၊ ပ, ဖ, ဗ, ဘ, မ၊ ယ, ရ, လ, ဝ၊ သ, ဟ, ဠ, အံ” ဗျည်းဟူ၏။ ♦

ဗျည်း ၃၅-လုံး

ဤ၌ ဗျည်း ၃၅-ဟု မြန်မာမှုအလို ခေါ်ဆိုပြောကြားနေကြသေးသည်ကား “ အဲး, အား” ဗျည်း ၂-လုံးကိုပါ ထည့်သွင်း ရေတွက်ကြကုန်၏။ ♦

ဗျဘိ, စာရီဘာဝမျိုး ၃၃-ပါး

ဇာတ်, ဝတ္ထုတို့၌ ပါရှိ စေရမည့် ဌာယီ ဘာဝ ၉-ပါးမှ ပေါက်ဖွားလာသော ဖြစ်လွယ်ပျက်လွယ် ထူးခြားချက် စာပေအလင်္ကာ သဘောစုများ။ နိဗ္ဗေဒ-ငြီးငွေ့ခြင်း၊ တက္က-ကြံစည်ခြင်း၊ သင်္ကာ-ယုံမှားခြင်း၊ သမ-ပင်ပန်းခြင်း၊ သန္တုဋ္ဌိ- ရောင့်ရဲခြင်း၊ ဇဠတာ-မှိုင်တွေခြင်း, မှိန်းခြင်း၊ ဒီနတာ- တကိုယ်တည်း ဆင်းရဲရခြင်း၊ ဥဂ္ဂ-ကြမ်းကြုတ်ခြင်း၊ အလသ-ပျင်းရိခြင်း၊ သုတ္တ-အိပ်စက်ခြင်း၊
(၁၀) တာသ-ထိတ်လန့်ခြင်း၊ ဂိလာန- အားမရှိခြင်း၊ ဥဿုက္က-လုံ့လရှိခြင်း၊ ဟရိသ- ကြည်ညိုခြင်း၊ သတိ-အောက်မေ့ခြင်း၊ ဣဿာ-ငြူစူခြင်း၊ ဝိသဒ- မလှုပ်ခြင်း , နွမ်းနယ်ခြင်း၊ အဗဟိတ္တ-ဣန္ဒြေဟန် ကိုယ်လက် စောင့်စည်းခြင်း၊ ဓိတည်ကြည်ခြင်း သမာဓိ၊ ဂဗ္ဗ-မာန်မူခြင်း၊ (၂၀)

အပ မာရ- တက်ခြင်း , ဝက်ရူးပြန်ခြင်း၊ မရိသ- သည်းမခံခြင်း ဒေါသ၊ မဒ- စည်းစိမ်ယစ်ခြင်း၊ မတိ- အသိ အမြင် ဉာဏ်ပညာ၊ ဥမ္မာဒ-ရူးသွပ်ခြင်း၊ မောဟ- မိုက်မဲတွေဝေခြင်း၊ ဝိဗောဓ- မအိပ်စက်နိုင်ခြင်း၊ နိဒ္ဒါ-အိပ်ပျော်ခြင်း, အိပ်ငိုက်ခြင်း၊ အာဝေဂ- မျက်စိတွေဝေခြင်း, စိတ်ထင် မှားခြင်း၊ သဗိဠ-ရှက်ခြင်း၊ (၃၀)

မရဏသေခြင်း၊ သစပလျ-လျှပ်ပေါ်လော်လည်ခြင်း၊ ဗျာဓိ-ဖျားနာခြင်း, အနာရောဂါ (၃၃) ။ ♦

ဗျသနတရား ၅-ပါး

နိဒါနဝဂ္ဂသံယုတ်။ ပါ။ ၃၈၈။ ဋ္ဌ။ ၁၄၆။ ပျက်စီးခြင်း တရား ၅- ပါး၊ ထို ၅-ပါးတို့တွင် အမှတ် ၁, ၂, ၃ တို့ကြောင့် သတ္တဝါတို့အား အပါယ်လေးပါးသို့ မလားရောက်စေကုန်၊ သီလ ဗျသန, ဒိဋ္ဌိ ဗျသန, နှစ်ပါးကြောင့်ကား သတ္တဝါတို့ အပါယ်လေးပါးသို့ လားရောက်ကြကုန်၏။
(၁) ဉာတိ ဗျသန- ဆွေမျိုးပျက်စီးခြင်း၊
(၂) ဘောဂ ဗျသန- စီးပွားဥစ္စာ ပျက်စီးခြင်း၊
(၃) ရောဂ ဗျသန- အနာရောဂါ နှိပ်စက်၍ ပျက်စီးခြင်း၊
(၄) သီလ ဗျသနကောင်းသော အကျင့် အလေ့ သီလပျက်စီးခြင်း၊
(၅) ဒိဋ္ဌိ ဗျသန- ကောင်းမှန်သော ဘာသာအယူ ပျက်စီးခြင်း။ ♦

ဗျာဒိတ်ရ အလောင်းတော်တို့ မဖြစ်ရာသော အရပ် ၁၈-ပါး

နိယတဗျာဒိတ် ခံယူပြီးသော ဘုရားအလောင်းတို့ မဖြစ်ကောင်းတော့သော အကြောင်းဌာနများ
(၁၈) ပါး ဟူ၏၊ အကျယ်ကို ဗုဒ္ဓဝင်။ ဋ္ဌ။ ၃၁၆။ သုတ္တနိပါတ်။ ဋ္ဌ။ ပ-အုပ်။ ၄၅။ အဋ္ဌသာလိနီ။ ၇၁-တို့၌ ရှုပါကုန်။
(၁) န ဇစ္စန္ဓ- ပဋိသန္ဓေမှ မကန်းခြင်း၊
(၂) န ဇစ္စ ဗဓိရ- ပဋိသန္ဓေမှ နားမပင်းခြင်း၊
(၃) န ဥမ္မတ္တက- မရူး မပေါ မသွပ်ခြင်း၊
(၄) န ဧလမူဂ- အရိယိုခြင်းမရှိ၊
(၅) န ပိဓ သိပ္ပိမဆွန့် မအခြင်း၊
(၆) န မိလက္ခုဇာတိ-မိလက္ခုမျိုး၌ မဖြစ်ခြင်း၊
(၇) န ဒါသိ- ကျွန်မဝမ်း၌ မဝင်၊
(၈) န နိယတ မိစ္ဆာဒိဋ္ဌိ-၎င်းအယူဝါဒ မရှိ၊
(၉) န လိင်္ဂ ပရိဝတ္တန- လိင်အသွင်မပြန်ခြင်း၊
(၁၀) န ပဉ္စာနန္တရိယ ကမ္မ-၎င်းကံများ မပြုခြင်း၊
(၁၁) န ကုဋ္ဌိက- နူနာဖြစ်တော်မမူခြင်း၊
(၁၂) န တိရစ္ဆာန ယောနိယံ ဝဋ္ဋကတော- တိရစ္ဆာန်မျိုး၌ ငုံးအောက် အငယ် ဆင်ထက် အကြီး ဖြစ်တော်မမူခြင်း၊
(၁၃) န ခုပ္ပိပါသိက, နိဇ္ဈာမတဏှိက ပေတ, ကာလကဉ္စိက သူရေသုခုပ္ပိပါသိကပြိတ္တာ, နိဇ္ဈာမတဏှိကပြိတ္တာ, ကာလကဉ္စိက အသူရာမျိုးတို့၌ မဖြစ်ခြင်း၊
(၁၄) န အဝီစိနိရယ လောကန္တရေသု- အဝီစိနိငရဲ လောကန္တရိက် ငရဲတို့၌ မဖြစ်ခြင်း၊
(၁၅) ကာမာဝစရေ န မာရော- ကာမာဝစရနတ်တို့တွင် မာရ်နတ် မဖြစ်ခြင်း၊
(၁၆) န အသညီတသုဒ္ဓါဝါသ ဘဝေသု-ရူပဘုံတွင် အသညသတ် သုဒ္ဓါဝါသ ဘုံတို့၌ မဖြစ်ခြင်း၊
(၁၇) န အရူပ ဘဝေသု- အရူပဘဝတို့၌ မဖြစ်ခြင်း၊
(၁၈) န အည စက္ကဝါဠ- ဤစကြဝဠာမှ တခြားသော စကြဝဠာတို့၌ ပြောင်း၍ ဖြစ်တော်မမူခြင်း။ ♦

ဗျာဒိတ်ရကြောင်း အင်္ဂါ ၈-ပါး

ဥပရိပဏ္ဏာသ။ ဋ္ဌ။ ၈၆။ ပါရာဇိကဏ်။ ဋ္ဌ။ ၁၂၇။ ဗုဒ္ဓလောင်းလျာတို့ နိယတ ဗျာဒိတ် ရခြင်း၏ အကြောင်းအင်္ဂါ ၈-ပါး။
(၁) မနုဿဇာတိလူ့ဘုံ လူ့ရပ် လူတို့ဇာတ်မှ လူကဖွားလစ် လူသားစစ်စစ် ဖြစ်ရခြင်း၊
(၂) လိင်္ဂ သမ္ပတ္တိ-ပဏ္ဍုက်မျိုး ၅-ပါးတွင် မဝင်မပါ သမ္ဘာထူးလစ် ယောက်ျားအစစ် ဖြစ်ရခြင်း၊
(၃) ဟေတုထိုဘဝနှင့်အား ထုတ်သွားလျှင် နိဗ္ဗာန်မဂ်ဖိုလ်ကိုရနိုင်လောက်သော စွမ်းအားအကြောင်းရှိခြင်း၊
(၄) သတ္ထာရ ဒဿန- မြတ်စွာဘုရားသခင်တို့ကို ကိုယ်တိုင်မျက်မှောက် ဖူးတွေ့ရခြင်း၊
(၅) ပဗ္ဗဇ္ဇာအိမ်မှထွက်လှမ်း တောစခန်း၌ ရသေ့ရဟန်း အဖြစ်ဖြင့် နေခြင်း၊
(၆) ဂုဏသမ္ပတ္တိ-စျာန် အဘိညာဉ် တန်ခိုးဂုဏ်နှင့် ပြည့်စုံရခြင်း၊
(၇) အဓိကာရ-ကိုယ်နှင့် အသက် မငဲ့ကွက်ဘဲ စွန့်ပစ်ပယ်ခွါ၍ ဘုရားဆုကိုသာ လိုလားပန်ဆင်ခြင်း၊
(၈) ဆန္ဒတာ-ဘုရားဖြစ်လိုက ငရဲ၌ လေးသချေင်္နှင့် ကမ္ဘာတသိန်း ခံရမည်ဆိုလျှင် ရဲဝံ့စွာခံ၍ ရယူလိုလားသော မဟာဆန္ဒရှိခြင်း။ ♦

ဗျာဒိတ်ရပြီး ပုဂ္ဂိုလ်ကြီး ၁၀-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို (ရင့်မှာတကျိပ်) ၌ ပြမည်။ ♦

ဗျာပါဒ အင်္ဂါ ၂-ပါး

၎င်း (ဒေါသစိတ်) မနောကံမြောက်မှု အင်္ဂါ ၂-ပါး။
(၁) ပရသတ္တ-မိမိမှ တပါးသော သတ္တဝါဖြစ်ရခြင်း၊
(၂) တဗ္ဗိနာသန စိန္တနံ-ထို သတ္တဝါကို ပျက်စီးမှု ကြံစည်ခြင်း။ ♦

ဗျူဟာမျိုး ၃-ပါး

စစ်တိုက် စစ်ဆင်နည်း ပရိယာယ် ၃-ပါး။
(၁) စက္က ဗျူဟာစက်ဝန်း, ပစောက်, လခြမ်း, ပုံစံ လှည့်၍ ထိမိအောင်စစ်ဆင်ခြင်း၊
(၂) သကဋ ဗျူဟာလှည်း ဦးကဲ့သို့ အလည်ရှူး၍ တောင်ပံနှစ်ဖက်ဖြန့်ကာ တရှူးထိုး စစ်ဆင်ခြင်း၊
(၃) ပဒုမ ဗျူဟာပဒုမ္မာ ကြာချပ်ကဲ့သို့ အထပ်ထပ် ချ၍ ထွက်ပေါက် မရအောင်စစ်ဆင်ခြင်း။ ♦

ဗျူဟာမျိုး ၂၉-ပါး

၎င်း အကျယ် အဓိပ္ပါယ်ကို (စစ်ဆင်စစ်ထိုး ၂၉-မျိုး) ၌ ရှုပါလေ။ ♦

ဗျောသာမျိုး ၃-ပါး

တြိကဋုက် ၃-ပါးကို ဆေးကျမ်းတို့၌ “ဗျောသာ ၃-ပါး''ဟုစီကုံးရေးသားကြ၏။ ♦

ဗြဟ္မစရိယ ကောမာရ သီလမျိုး ၅-ပါး

ဗြဟ္မစရိယ ပဉ္စမက သီလလည်းဟူ၏။ လူပျို, အပျိုတို့ စောင့်သုံးကြသည်။
(၁) ပါဏာတိပါတာ ဝေရမဏိ၊
(၂) အဒိန္နာဒါနာ ဝေရမဏိ၊
(၃) မုသာဝါဒါ ဝေရမဏိ၊
(၄) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊
(၅) အဗြဟ္မစရိယာ ဝေရမဏိ။ ♦

ဗြဟ္မစရိယတရား ၄-ပါး

ဗြဟ္မစိုရ်တရား လေးပါး၊ မြတ်သောအကျင့် ၄-မျိုးဟု အဓိပ္ပါယ်ရသည်။
(၁) မေတ္တာ-မိမိကိုယ်နှင့်အမျှ ချစ်ခြင်း၊
(၂) ကရုဏာ-ဆင်းရဲသူကို သနားခြင်း၊
(၃) မုဒိတာ-ချမ်းသာသူအတွက် ဝမ်းမြောက်ခြင်း၊
(၄) ဥပေက္ခာ-ဆင်းရဲချမ်းသာ ထိုနှစ်ဖြာတို့၏ အကြား၌ စိတ်ဓာတ်ကို ထားခြင်း၊ သောကကင်းဝေး နေနိုင်ရေးတရား။ ♦

ဗြဟ္မစရိယတရား ၁၀-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ် (သုစရိုက် တရား ၁၀-ပါး) နှင့် အတူတူပင်ဖြစ်၏။ ♦

ဗြဟ္မစရိယ ပဉ္စမက သီလ

ဗြဟ္မစရိယ ကောမာရသီလကိုပင် အချို့နေရာ၌ ' ဗြဟ္မစရိယ ပဉ္စမက သီလ' ဟူသော အမည်ဖြင့် လာရှိ၏၊ အဓိပ္ပါယ်အတူတူပင်။ ♦

ဗြဟ္မစရိယာ၊ မေထုနာ၊ ၄-ဖြာ ကိစ္စသိ

မေထုန်မှုမှ ကြဉ်ရှောင်ခြင်းကိစ္စ ၄-မျိုး ဟူ၏။
(၁) မေထုန ဝိရတိ ဗြဟ္မစရိယ- လူပုဂ္ဂိုလ်တို့ အဗြဟ္မစာရီ သိက္ခာပုဒ် ဆောက်တည်ခြင်း၊
(၂) သမဏ ဓမ္မ ဗြဟ္မစရိယ- ရဟန်းတော်တို့ ဝိနည်းတရားလာ ပဌမ ပါရာဇိက၊
(၃) သာသန ဗြဟ္မစရိယ- ဗုဒ္ဓ အဆုံးအမ ခံယူသူအားလုံးတို့ မေထုန်မှ လိုက်နာ ကြဉ်ရှောင်မှု၊
(၄) မဂ္ဂ ဗြဟ္မစရိယ- အရိယာမဂ်ဖြင့် မေထုန်မှုအကျင့်ယုတ်တို့ကို လုံးဝပယ်ဖြတ်မှု။ ♦

ဗြဟ္မစရိယာ၊ ယင်းသဒ္ဒါ၊ ၁၀-ဖြာ အနက်ဟော

အဘိဓာန် ကျမ်းလာ ဗြဟ္မစရိယ သဒ္ဒါ၏ အနက် ဆယ်ချက်ကိုဆိုသည်။
(၁) ဒါနသ္မိံ- အလှူဒါန၌ ၎င်း၊
(၂) အပ္ပမညာသုအပ္ပမညာ တရား ၄-ပါးတို့၌ ၎င်း၊
(၃) သာသနေ- ဘုရားရှင်၏ အဆုံးအမတော်၌ ၎င်း၊
(၄) မေထုနာရတိယံ- မေထုန်မှ ကြဉ်ခြင်း၌ ၎င်း၊
(၅) ဝေယျာဝစ္စေ- ဝေယျာဝစ္စကုသိုလ်၌ ၎င်း၊
(၆) သ ဒါရတုဋ္ဌိယံ-မိမိမယားဖြင့်သာ တင်းတိမ်မှု၌ ၎င်း၊
(၇) ပဉ္စသီလေ- ငါးပါးသီလ၌ ၎င်း၊
(၈) အရိယမဂ္ဂေ- အရိယာမဂ်၌ ၎င်း၊
(၉) ဥပေါသထင်္ဂေ-ဥပုသ်သီလ အင်္ဂါ၌ ၎င်း၊
(၁၀) ဓိတိယံလုံ့လ ဥဿာဟ၌ ၎င်း ဖြစ်၏။ ♦

ဗြဟ္မဏခေါ်၊ အင် ၃-ဘော်၊ မိန့်တော်မူ ဘုရား

၎င်းသရုပ်ကို တတိယ နံမော်ဆရာတော်ဘုရား၏ 'တပေါ, သုတိ, ယောနိ, ဟူသည်၊ သုံးအင်တည်မှ၊ အမည်ဗြဟ္မဏ၊ ဟူစရသို့၊ ဗုဒ္ဓသည်းချာ၊ တော်တို့မှာလည်း၊ အင်္ဂါသုံးတန်၊ ဂုဏ်တန်ခွန်ကို၊ စိုက်ဝှန်စွင့်စွင့်၊ လွှားစတင့်မှ၊ သမဏတည့်' ဟူသောဆုံးမစာဖြင့်သိ။ တပေါ, သုတိ, ယောနိ, တို့၏ အဓိပ္ပါယ် အဖွင့်ကား၊ တပေါ-မြတ်သော အကျင့်တရားရှိခြင်း၊ သုတိ-ဗေဒင်ကျမ်းအတတ်, အကြားအမြင် များခြင်း၊ ယောနိ-ဗြဟ္မဏမျိုးဇာတ် စစ်ခြင်း။ ♦

ဗြဟ္မဏအစစ်ဖြစ်ကြောင်း အင်္ဂါ ၇-ပါး

အဇပါလ-သတ္တာဟ ဟုံဟုင်္ကပုဏ္ဏားမေးလျှောက်ခန်း၌ ရှုပါ။
(၁) ဗာဟိတ ပါပဓမ္မော-မကောင်းမှုကို အပပြုပြီး ဖြစ်ခြင်း၊
(၂) နိ ဟုံဟုင်္ကော-တဟုန်းဟုန်း မာန်မူမှုမှ ကင်းစင်ခြင်း၊
(၃) နိက္ကသာဝေါ-ကိလေသာ အစွန်းအငြိမှ ကင်းစင်ခြင်း၊
(၄) ယတတ္တော-သီလစောင့်ထိန်း၍ သမထ ဝိပဿနာ နှစ်ဖြာသောအကျင့်ရှိခြင်း၊
(၅) ဝေဒန္တဂူ- အရဟတ္တဖိုလ် (နိဗ္ဗာန်) သို့ ရရောက်ပြီးခြင်း၊
(၆) ဝုသိတ ဗြဟ္မစရိယ-မှန်ကန်သော မဂ်အကျင့်ကို ကျင့်သုံးပြီးပြီ၊
(၇) ဥဿဒါ နတ္ထိ- ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိဟူသော ဥဿဒတရား ငါးပါးမရှိခြင်း၊ ဤတရားခုနစ်ပါးနှင့် ပြည့်စုံသူကို ဗြဟ္မဏဟု ခေါ်သည် ဟူ၏။ ♦

ဗြဟ္မ ဝိဟာရတရား ၄-ပါး

ဗြဟ္မာမင်းတို့၏ နေခြင်း ကျင့်ခြင်း တရား လေးပါး။ သရုပ် ဗြဟ္မစိုရ် နှင့်တူ၏။ ♦

ဗြဟ္မာ ၂၀

ဗြဟ္မာဘုံ နှစ်ဆယ် ဟူ၏။ (က) ရူပဗြဟ္မာ ၁၆-ဘုံ၊ (ခ) အရူပဗြဟ္မာ ၄-ဘုံ၊ ပေါင်း ၂၀-ကို ခေါ်သည်။ ♦

ဗြဟ္မာစွဲဲ ဝါဒကြီး ၄-ပါး

ထာဝရဘုရား ခေါ် ဗကဗြဟ္မာကြီး၏ မိစ္ဆာဝါဒကြီး လေးပါး၊ ဗြဟ္မဇာလသုတ် အဋ္ဌကထာမှ။
(၁) ထာဝရမြဲနေ၏ဟု ယူခြင်း၊
(၂) မဟာဗြဟ္မာဘုံ၊ သို့မဟုတ် ကောင်းကင်ဘုံမှ တပါး ကျွတ်လွတ်ရန် မရှိဟု ယူခြင်း၊
(၃) လောကကို ဗြဟ္မာခေါ် ထာဝရဘုရား ဖန်ဆင်းသည်ဟု ယူခြင်း၊
(၄) မဟာဗြဟ္မာကြီးပင် ထာဝရဘုရားရှင်ဟု ယူခြင်း။ ♦

ဗြဟ္မာမင်း ဦးခေါင်းပိုက် နတ်သ္မီး ၇-ပါး

လောကီဗေဒင် သက္ကရာဇ်, သင်္ကြန်, အတ္ထုပ္ပတ်တို့၌လာသည့် ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကို တနှစ်တကြိမ် အလှည့်ကျ ပိုက်ထားရသော နတ်သမီးများဟူ၏၊ ၎င်းကိုပင် သက္ကရာဇ်ဦးခေါင်းလည်း ခေါ်သေး၏။
(၁) နန္ဒာ နတ်သ္မီး၊
(၂) ကညာ နတ်သ္မီး၊
(၃) ဓံသီ နတ်သ္မီး၊
(၄) ဂေါရဿာ နတ်သ္မီး၊
(၅) မဟောရကာ နတ်သ္မီး၊
(၆) ပြောက်ကာ နတ်သ္မီး၊
(၇) ရဿကာ နတ်သ္မီး။ ♦

ဗြဟ္မာမျိုး ၄-ပါး

ရုပ်, နာမ်နှင့် အကျင့်တရားလိုက်၍ အမျိုး ၄-ပါးဖြစ်သည်။
(၁) ရူပဗြဟ္မာ-ရုပ်, နာမ် ၂-ပါးရှိသည်၊
(၂) အရူပဗြဟ္မာ- နာမ်သက်သက်သာ ရှိသည်၊
(၃) အသညသတ် ဗြဟ္မာ- ရုပ်သက်သက်သာ ရှိသည်၊
(၄) သုဒ္ဓါဝါသ ဗြဟ္မာ- အရိယာ သက်သက်သာရှိသည်။ ♦

ဘကြီးတော်ခေါ်၊ မင်းမြတ်ကျော်၊ မည်တော် ၆-ပါးလာ

ကုန်းဘောင်မင်း ၁၁-ဆက်တွင် ၇-ဆက်မြောက် မင်းတရားကြီးဖြစ်၍ ရာဇဝင်တို့၌ အောက်ပါ အမည်တော် ၆-ပါးတို့နှင့် ထင်ရှားခဲ့လေသည်။
(၁) ဘကြီးတော်ဘုရား-ပုဂံမင်းနှင့် မင်းတုန်းမင်းတို့၏ဘကြီးတော် ဖြစ်သောကြာင့်တည်း၊
(၂) စစ်ကိုင်းမင်း-မင်းသားငယ်ဘဝက စစ်ကိုင်းမြို့ကို စားရသောကြောင့်တည်း၊
(၃) နောင်တော်ကြီး-သာယာဝတီမင်းခေါ် ကုန်းဘောင်မင်း လည်းခေါ် သည့် ရွှေဘိုမင်းတြား၏နောင်တော်ဖြစ်သောကြောင့်တည်း၊
(၄) ဖလ်နန်းရှင်, မှန်နန်းရှင်နန်း တော်ကြီး၌ ဖလ်, မှန်တွေ အလွန်များသောကြောင့်တည်း၊
(၅) ရတနာပူရ စတုတ္ထမြို့တည် နန်းတည် မင်းတြားကြီး၊
(၆) ဆင်ဖြူ့ရှင်- နန်းစံ ၁၈-နှစ်တိုင်တိုင် ဘုန်းတန်ခိုးကြီးလျက် ဆင်ရတနာများစွာ ဆက်သခံရသောကြောင့်တည်း။ ♦

ဘယ်သံခေါ်လှစ်၊ မျိုး ၁၈၊ ဝါ, ဂီ, နစ်, မှာသုံး

ကဗျာလင်္ကာရွတ်ဖတ်ရာ၌ သာသာအေးအေး အားထုတ်မှုများများ မပေးရဘဲ ရွရွကလေး ရွတ်ဆိုရသော အသံမျိုးကို “ဘယ်သံ, သက်သံ, ချသံ, အောက်သံ, သံမ, အောက်မြင့်သံ” စသည် ခေါ်ကြ၏၊ အကျယ် ကဗျာဖွဲ့နည်း နိသျည်းကျမ်း၌ ရှုလေ၊ “အ, ဣ, ဥ, ဧ, သြော့, အိံ့, အဉ့်, အည့်, အန့်, အမ့်, အိန့်, အိမ့်, အုန့်, အုမ့်, အယ့်, အောင့်, အိုင့်, အိုဝ့်” တို့ဖြစ်ကြ၏။ ♦

ဘဝ ၂-ပါး

အဘိဓမ္မာ ဝေါဟာရ။
(၁) ကမ္မ ဘဝ-ပြုလုပ်သမျှ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ စေတနာများ၊
(၂) ဥပပတ္တိ ဘဝ-ထိုကုသိုလ် အကုသိုလ်ကံတို့ကြောင့် နောက်ဘဝ၌ ဖြစ်သော ပဋိသန္ဓေဝိညာဉ် ကမ္မဇရုပ်များ။ ♦

ဘဝ ၃-ပါး

တိကင်္ဂုတ္တရ။ ပါ။ ၂၂၄။ ဋ္ဌ။ ၂၀၄။ ဘဝသုံးစုံ ဘုံသုံးဘုံ, ဘဝသုံးရပ် ဘုံသုံးထပ်, လည်း ဟူ၏။
(၁) ကာမ ဘဝ- ကာမ ပဋိသန္ဓေ ၁၀-ဟူသော ဝိပါက်, ခန္ဓာ, ကဋတ္တာရုပ်များ၊
(၂) ရူပ ဘဝ-ရူပ ပဋိသန္ဓေ ၆-ခုဟူသော ဝိပါက်, ခန္ဓာ , ကဋတ္တာရုပ်များ၊
(၃) အရူပ ဘဝ- အရူပပဋိသန္ဓေ ၄-ခု ဟူသော ဝိပါက်ခန္ဓာ။ ♦

ဘဝ ၃-ပါး။ တနည်း

အမြတ်ဖြစ်သော လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝ, ကိုလည်းအချို့နေရာ၌ ယူနိုင်၏။ ♦

ဘဝကြီး ၉-ပါး

အဘိဓမ္မာဝိဘင်း။ ပါ။ ၁၄၃။ ဋ္ဌ။ ၁၇၄။ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုး ဖြစ်သော ဘဝအပြားကို ခေါ်ဆိုသည့် အဘိဓမ္မာနည်း။
(၁) ကာမ ဘဝ- ကာမဝိပါက် စိတ္တုပ္ပါဒ်နှင့် ကမ္မဇရုပ်များ၊
(၂) ရူပ ဘဝ- ရူပ ဝိပါက် ၅-ခု၊ စက္ခု, သောတ, သမ္ပဋိစ္ဆိုန်းဒွေး, သန္တီရဏ ၃-ခု၊ ဝိရတီ ကြဉ်သော စေတသိက် ၃၅-ပါး၊ ဘာဝရုပ်၊ ဃာန, ဇိဝှါ, ကာယ ကြဉ်သော ကမ္မဇရုပ်များ၊
(၃) အရူပ ဘဝ- အရူပ ဝိပါက် စိတ္တုပ္ပါဒ်စု၊
(၄) သညာ ဘဝ- နေဝသညာ နာသညာ ယတနစိတ် ကြဉ်သော လောကီ ဝိပါက် စိတ္တုပ္ပါဒ်နှင့်တကွ ကမ္မဇရုပ်များ၊
(၅) အသညာ ဘဝ-ဇီဝိတ နဝက ရုပ်ကလာပ်၊
(၆) နေဝသညာ နာသညာ ဘဝ-နေဝသညာ နာသညာ ယာတန စိတ္တုပ္ပါဒ်၊
(၇) ဧကဝေါကာရ ဘဝ- ဇီဝိတနဝက ရုပ်ကလာပ် 'ခန္ဓာတပါးဘဝ'၊
(၈) စတုဝေါကာရ ဘဝ- အရူပဝိပါက် စိတ္တုပ္ပါဒ် 'ခန္ဓာ ၄-ပါးဘဝ'၊
(၉) ပဉ္စ ဝေါကာရ ဘဝ- ကာမဝိပါက် ရူပ ဝိပါက် , စိတ္တုပ္ပါဒ်နှင့် ကမ္မဇရုပ်စု 'ခန္ဓာ ၅-ပါး ဘဝ'။ ♦

ဘဝဂ် ၃-ပါး

အနုဋီကာလာ ဝေဟပ္ဖိုလ်ဘုံ, အကနိဋ္ဌဘုံ, နေဝသညာ နာသညာယတန ဘုံတို့၏ အမည် ၃-မျိုး၊ ဘဝ၏ အမြင့်ဆုံး ဘုံဌာနများဟူ၏။
(၁) ဝေဟပ္ဖိုလ်ဘုံကို ပုထုဇဉ်တို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'ပုထုဇ္ဇနဘဝဂ်'၊
(၂) အကနိဋ္ဌဘုံကို အရိယာတို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'အရိယာဘဝဂ်'၊
(၃) နေဝသညာ နာသညာယတနဘုံကို ပုထုဇဉ်အရိယာ နှစ်ဖြာသောသူတို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'သဗ္ဗဘဝဂ်' ဟုမှတ်၊ ၎င်းကိုပင် 'ဘူမိဘဝဂ်' ဟုလည်း ခေါ်၍ ဘဝဂ်မျိုး ၄-ပါး မှတ်ရာ၏။ ♦

ဘဝဂ် ၃-ပါး၊ တနည်း

ဝေဟပ္ဖိုလ်ဘုံ၊ အကနိဋ္ဌဘုံ၊ နေဝသညာ နာသညာယတနဘုံ၊ ၎င်းဘုံသုံးပါးသို့ရောက်သော အနာဂါမ် ပုဂ္ဂိုလ်များသည် တခြားဘုံဘဝသို့ မသွားတော့ပဲ ထို ၃-ဘုံ၌ပင် ပရိနိဗ္ဗာန်စံသောကြောင့် ဘဝ၏အထွတ်အထိပ် အဆုံး ဘဝဂ်ဟု သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ဆို၏။ ♦

ဘဝင်လေမျိုး ၁၂-ပါး

ရင်ကို အများဆုံး ဒုက္ခပေးတတ်သောလေများ၊ ၎င်းသရုပ် (လေမျိုး ၈၀) [ဂ] ပိုဒ်၌ရှုပါလေ။ ♦

ဘဝင်မြင့်ကြောင်း တရား ၉-ပါး

ဇိန်ယစ် မာန်တက်ခြင်း တရားများဟူ၏၊ အကျယ် ဣတိဝုတ္တက။ ပါ။ ၂၇၀။ ဋ္ဌ။ ၃၂၅ နှင့် ပဉ္စင်္ဂုတ္တရ။ ပါ။ ၆၃။ ဋ္ဌ။ ၂၈-စသည်တို့၌ ရှုပါ။
(၁) ဇာတိ မဒ-ဇာတ်ကိုစွဲ၍ မာန်တက်၊
(၂) ဂေါတ္တ မဒ- မျိုးနွယ်ကိုစွဲ၍
(၃) သိပ္ပ မဒ- အတတ်ပညာကိုစွဲ၍
(၄) အာရောဂျ မဒ- အနာရောဂါကင်းမှုကိုစွဲ၍
(၅) ယောဗ္ဗ မဒ- အရွယ်ပျိုနုခြင်းကိုစွဲ၍
(၆) ဇီဝိတ မဒ-အသက် ရှည်ခြင်းကိုစွဲ၍
(၇) ဝဏ္ဏ(ရူပ) မဒ-အဆင်းလှခြင်းကိုစွဲ၍
(၈) သောဘဂ္ဂ မဒ-ဘောဂပေါကြွယ် တင့်တယ်မှုမျိုးကိုစွဲ၍၊
(၉) ပရိဝါရ မဒ-ကျော်စောသတင်းခြံရံများခြင်းကိုစွဲ၍ ဘဝင်မြင့် မာန်တက်ခြင်း၊ ၎င်းမာန်တက်ခြင်း ဘဝင်မြင့်ခြင်းတို့ကို ရှောင်ရှားရမည်ဟု ဘုရားရှင် ဟောကြား ဆုံးမတော်မူသည်။ ♦

ဘာဝ ၃-ပါး၊ ကွေကွင်းငြား၊ လူသား စည်းစိမ်ပါ

နာနာဘာဝ, ဝိနာဘာဝ, အညထာဘာဝ, တို့၏ ကွေကွင်းကွဲကွာရပုံ အဓိပ္ပါယ်စုံနှင့် သရုပ်တို့ကို ( ကွေကွင်းကွဲကွာရခြင်း ဘာဝတရားမျိုး ၃-ပါး) ဟူသော သုတေသနရပ်၌ ဆိုခဲ့ပြီ။ ♦

ဘာဝနာ ၂-ပါး

ကုသိုလ်စိတ်ကို တိုးတက်ပွားများစွာ ဖြစ်စေတတ်သော တရားသဘော ၂-ပါး။
(၁) သမထ ဘာဝနာ-စျာန်ရမှုလုပ်ငန်းစု တရားနည်းများ၊
(၂) ဝိပဿနာ ဘာဝနာနိဗ္ဗာန်ရမှု လုပ်ငန်းစု ဆိုင်ရာလက္ခဏာများ။ ♦

ဘာဝနာ ၃-ပါး

သတ္တဝါတို့သန္တာန်၌ ပွားများစေရမည့် တရားသုံးပါး။
(၁) ပရိကမ္မ ဘာဝနာ- တစုံတခုသော ကမ္မဋ္ဌာန်းကို အာရုံပြု၍ အထက်အထက် ဘာဝနာသို့တက်ရန် ရှေးဦးစွာ စတည်စီးဖြန်းမှု, ပွားများစေမှု အခြေပြုအုဌ်မြစ်ဖြစ်သော ဘာဝနာ၊
(၂) ဥပစာရ ဘာဝနာ-အိမ်၏အနီးအပါး ဖြစ်သော အရှေ့အရပ်ကို အိမ်ရှေ့ဥပစာ ခေါ်သကဲ့သို့ အပ္ပနာဘာဝနာ၏ အနီးအပါး ဖြစ်သော စျာန်၏ 'ရှေ့နားက' ဘာဝနာ၊
(၃) အပ္ပနာဘာဝနာ- ဥပစာရ ဘာဝနာထက် ခိုင်မြဲ၍ လွန်ကဲ ထူးမောက်စွာ အာရုံ၌ တည်နေသော စျာန်တရားများ။ ♦

ဘာဝနာ ၄၀

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၄၁၁။ ဋ္ဌ။ ဒု-အုပ်။ ၃၁၆ ၃၁၆-၌ အကျယ်ရှု။ မိမိတို့ ခန္ဓာကိုယ်၌ အဖန်တလဲလဲ ပွားများသုံးသပ် ဆင်ခြင်ဘွယ်လေးဆယ်။ အနိစ္စတောမမြဲတတ်သောကြောင့်၎င်း၊ ဒုက္ခတော-ဆင်းရဲတတ်သောကြောင့်၎င်း၊ ရောဂတောအနာများ တတ်သောကြောင့်၎င်း၊ ဂန္ဓတော- ပုပ်စပ်နံစော်တတ်သောကြောင့်၎င်း၊ သလ္လတောကိလေသာ၌ငြိတတ်သောကြောင့်၎င်း၊ အာဗာဓတော- အနာနှိပ်စက်တတ်သောကြောင့်၎င်း၊ ဝယတော-ပျက်တတ်သောကြောင့်၎င်း၊ ဝယ လောကတောလောကသုံးပါး၌ပျက်တတ်သောကြောင့်၎င်း၊ စုတိတော- ခန္ဓာဝန်ကို စွန့်တတ်သောကြောင့်၎င်း၊ ဥပ္ပဒ္ဒဝ တော-ဥပ္ပဒ္ဒဝေါ နှိပ်စက်တတ်သောကြောင့်၎င်း၊
(၁၀) ဘယတောဘေး ဖြစ်တတ်သောကြောင့်၎င်း၊ အဘိရူပိတော-အလွန်ကြောက်တတ်သောကြောင့်၎င်း၊ ဥပသဂ္ဂတော-ကပ်၍ စီရင်တတ်သောကြောင့်၎င်း၊ စလတော-တုန်လှုပ်တတ်သောကြောင့်၎င်း၊ ပဘင်္ဂုတော- များသောအားဖြင့် ပျောက်ပျက် တတ်သောကြောင့်၎င်း၊ အ ဓုဝတောမမြဲတတ်သောကြောင့်၎င်း၊ အ တာဏတော- ကိုးကွယ်ရာ မရှိသောကြောင့်၎င်း၊ အ လေနတောပုန်း အောင်းရာ မရှိသောကြောင့်၎င်း၊ အ သရဏတော- ဆည်းကပ်ရာမရှိသောကြောင့်၎င်း၊ အာသဝတော- အာသဝတရား၏ အာရုံ ဖြစ်တတ်သောကြောင့်၎င်း၊
(၂၀) တုစ္ဆတော- အချည်းနှီး ဖြစ်တတ်သောကြောင့်၎င်း၊ သုညတော-ဆိတ်သုဉ်း တတ်သောကြောင့်၎င်း၊ အနတ္တတောကိုယ်မဟုတ်သောကြောင့်၎င်း၊ အာဒီနဝတော-အပြစ်ဖြစ်တတ်သောကြောင့်၎င်း၊ ဝိပရိဏာမ ဓမ္မတော- အသစ်ဖေါက်ပြန်တတ်သောကြောင့်၎င်း၊ အ သာရတော- အနှစ်မရှိသောကြောင့်၎င်း၊ အလ္လ မူလကတော- ပျက်ခြင်းလျှင် အရင်းရှိသောကြောင့်၎င်း၊ ဝဋ္ဌနတော- သတ်၍ပြတ်တတ်သောကြောင့်၎င်း၊ ဝိဘဝတော- ဘဝ အထူးသို့အဖန်ဖန်ပြောင်းတတ်သောကြောင့်၎င်း၊ သံဝဋ္ဋဏတော-သင်းချိုင်း၌ ဖြစ်တတ်သောကြောင့်၎င်း၊ (၃၀)

သံခေတ္တတော- အခိုက်အတန့်မျှ ဖြစ်တတ်သောကြောင့်၎င်း၊ အာမိသတော-အစာကိုမှီတတ်သောကြောင့်၎င်း၊ ဇာတိ ဓမ္မတောပဋိသန္ဓေ နေတတ်သောကြောင့်၎င်း၊ ဇရာ ဓမ္မတော- အိုတတ်သောကြောင့်၎င်း၊ မရဏ ဓမ္မတောသေတတ်သောကြောင့်၎င်း၊ သောကဓမ္မတော- စိုးရိမ်တတ်သောကြောင့်၎င်း၊ ပရိဒေဝဓမ္မ တောငိုကြွေး တတ်သောကြောင့်၎င်း၊ ဥပါယာသဓမ္မတော- ရှိုက်ငင် တက်ချက် ပင်ပန်း တတ်သောကြောင့်၎င်း၊ သံကိလေသိက ဓမ္မတော- ညစ်ညူး တတ်သောကြောင့်၎င်း၊ နိဿရဏဓမ္မတောလည်းလျောင်းရာ မရှိသောကြောင့်၎င်း။
(၄၀) မကောင်းတည်း။ ♦

ဘာဝရုပ် ၂-ပါး

အထီး, အမ ဖြစ်ဘို့ရာ အကြောင်းခံဖြစ်သော ရုပ် ၂-ပါး၊ ၎င်းသရုပ်ကို (ရုပ် ၂၈-ပါး) ၌ ကြည့်ပါကုန်။ ♦

ဘာသာကြီး ၆-ပါး

ကပ္ပါပေါ်၌ ဘာသာပေါင်းများစွာရှိသော်လည်း ထင်ရှားသော အယူဝါဒ ဘာသာကြီးမျိုး ၆-ပါး။
(၁) ခရစ္စယာန်ဘာသာ၊
(၂) ဂျိုင်းဘာသာ၊
(၃) ဗုဒ္ဓဘာသာ၊
(၄) မဟာမေဒင်ဘာသာ၊
(၅) ဟိန္ဒူဘာသာ၊
(၆) ဟီဗရူဘာသာ။ ♦

ဘာသာစကား ၁၀၁-ပါး

လူမျိုး ၁၀၁-ပါးနှင့်ဆင်ဆင်ရှိသည်၊ ပဋိသမ္ဘိဒါမဂ်။ ဋ္ဌ။ ပ-အုပ်။။ ဝိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၇၂-တို့၌ ဘာသာစကားမျိုးပေါင်း ၁၀၁-ပါးရှိကြောင်း စသည်လာ၏၊ ဤ၌ စကားမျိုးပေါင်း ၁၀၁-ပါးရှိလျှင် လူမျိုးလည်း ၁၀၁-ပါး ရှိရပေမည်ဟူ၏။ ♦

ဘာသာတရား၌ ကိုးစားဆည်းကပ်ခြင်း အကြောင်းရင်း ၄-ပါး

စတုတ္ထအမျိုးကား အမြတ်ဆုံး။
(၁) ဉာတိ-တို့အမျိုးအနွယ်ဖြစ်သော ဘုရား, တရား, သံဃာဟူသော သဘောထားဖြင့် ကိုးကွယ် ဆည်းကပ်ခြင်း၊
(၂) ဘယ- ဘေးရန်တို့ကို ကြောက်သောကြောင့် ကိုးစားဆည်းကပ်ခြင်း၊
(၃) အာစရိယ- ငါ့အား တစုံတခုသော အတတ်ပညာကိုပေးသူဟု ကျေးဇူးတင်အပ်သော ဆရာအမှတ်ဖြင့်ဆည်းကပ်ကိုးကွယ်ခြင်း၊
(၄) ဒက္ခိဏေယျ- လောကသုံးပါး၌ မြတ်သောတရား, အကျင့်သီလများရှိ၍မြတ်သောအလှူကို ခံထိုက်သသူဟု စီစစ်ဝေဘန်ပြီးကိုးကွယ်ခစားခြင်း။ ♦

ဘာသာတရား၌ ကိုးစားဆည်းကပ်ခြင်း အကြောင်းရင်း ၄-ပါး၊ တနည်း

(၁) ဘယ- ဘေးကြောင့် ကိုးစားဆည်းကပ်ခြင်း၊
(၂) လာဘ- ရအံ့သော လာဘ်သပ္ပကာကို မြှော်ခေါ်၍ ကိုးကွယ်ခြင်း၊
(၃) ကုလ- ဂုဏ်ကျေးဇူးအစစ်ကို မသိမဝေဘန်ဘဲ မျိုးရိုးစဉ်ဆက်က ကိုးကွယ်ဆည်းကပ်လာ၍ ကိုးကွယ်ခြင်းမျိုး၊
(၄) ဒက္ခိဏေယျ- ဒက္ခိဏေယျ ပုဂ္ဂိုလ်အဖြစ် မှန် မမှန် မိမိဉာဏ်ဖြင့် စီစစ်ဝေဘန်ပြီးမှ ကိုးကွယ်ခြင်း၊ ၎င်း ၄-နံပါတ်သာ အမြတ်ဆုံးဖြစ်၏။ ♦

ဘာသာသဒ္ဒါ၊ ဟောချက်လာ၊ ၄-ဖြာ အနက်မျိုး

ဘာသာဟူသော သဒ္ဒါ၏ ဟောစွမ်းနိုင်သော အနက်မျိုး လေးပါး။
(၁) စကားဟူသော အနက်၊ ပုံ- မြန်မာဘာသာ, အင်္ဂလိပ်ဘာသာ, ဟိန္ဒီဘာသာဟူသော စကားရပ်၌ပါသော ဘာသာသဒ္ဒါသည် “စကား” ဟူသော အနက်၌ဖြစ်၏၊
(၂) အလေ့အလာ ဟူသောအနက်၊ ပုံ-ကိုယ့်ဘာသာ ကိုယ်နေ, သူ့ဘာသာ သူနေ ဟူရာ၌ မှတ်၊
(၃) အားမထုတ်ခြင်း ဟူသောအနက်၊ ပုံ-ဘာသိဘာသာနေသည် ဟူရာ၌ မှတ်၊
(၄) အယူဝါဒ ဟူသောအနက်၊ ပုံ- ခရစ်ယာန်ဘာသာ, ဗုဒ္ဓဘာသာ, မိုဟာမေဒင်ဘာသာ စသည်တို့၌ ပါသော ဘာသာသဒ္ဒါသည် အယူဝါဒဟူသော အနက်ကို ဟော၏။ ♦

ဘိက္ခုနီများ၊ ၁၃-ပါး၊ ထားငြား ဧတဒဂ်

၎င်းသရုပ်ကို 'ဧတဒဂ်ရ ရဟန်းမိန်းမ ၁၃-ပါး'၌ ဆိုခဲ့ပြီ။ ♦

ဘိန်းမျိုး ၅-ပါး

ဗိန္ဓောဆေးကျမ်း ဝေါဟာရ။
(၁) အခေါက်မှဖြစ်သောဘိန်းသည် ညိုသောအဆင်း ဖန်ခါးသော အရသာ ရှိ၏၊
(၂) အစေးမှဖြစ်သောဘိန်းသည် မည်းနက်သောအဆင်း စပ်သော အရသာ ရှိ၏၊
(၃) အရွက်မှ ဖြစ်သောဘိန်းသည် စိမ်းပြာသောအဆင်း ချဉ်စပ်သော အရသာ ရှိ၏၊
(၄) အပွင့််မှ ဖြစ်သောဘိန်းသည် ရွှေဝါသောအဆင်း ဖန်သော အရသာ ရှိ၏၊
(၅) အသီးမှ ဖြစ်သောဘိန်းသည် နီသောအဆင်း ချိုခါးသော အရသာ ရှိ၏၊ ၎င်းဘိန်း ငါးမျိုးလုံးသည် မူးယစ်ထိုင်းမှိုင်း လေးတွဲ့စေသော တန်ခိုးသတ္တိရှိသည်ချည်းဖြစ်၏။ ♦

ဘိသိက်ဆရာ၊ လုပ်သူမှာ၊ ၃-ဖြာ အင်္ဂါရှိ

၎င်းသရုပ်ကို (ပုရောဟိတ်၏ အင်္ဂါ ၃-ပါး) ၌ ကြည့်လေ။ ♦

ဘိသိက် မျိုးပြား ၁၄-ပါး

မြန်မာမင်း အုပ်ချုပ်ပုံ စာတန်းမှ။
(၁) ခတ္တိယဘိသိက်၊
(၂) ရာဇဘိသိက်၊ ၎င်း ၂-မျိုးကား မင်းမြှောက်သော ဘိသိက်၊
(၃) သကလာ ဘိသိက်- တိုင်းပြည် သာယာစေရန် ခံသော ဘိသိက်၊
(၄) ဝိဇယာ ဘိသိက်၊
(၅) ဇေယျာ ဘိသိက်- ၎င်း ၂-မျိုးကား စစ်အောင်ရန်ခံသော ဘိသိက်၊
(၆) သီရိပဝေသန ဘိသိက်- ကျက်သရေတိုးစေရန် ခံသော ဘိသိက်၊
(၇) မဟာ ဘိသိက်-စီးပွားချမ်းသာ တိုးစေရန် ခံသော ဘိသိက်၊
(၈) မင်္ဂလာ ဘိသိက်- ဆင်ရတနာ သိမ်းသည့်အခါ ခံသော ဘိသိက်၊
(၉) ဝိဝါဟ ဘိသိက်- ထိမ်းမြားမင်္ဂလာ လက်ထပ်သောအခါ ခံသော ဘိသိက်၊
(၁၀) ဒွါရာ ဘိသိက်- နန်းသိမ်းသည့်အခါ ခံသော ဘိသိက်၊
(၁၁) အာယုဒီဃာ ဘိသိက်- အသက်ရှည်စေရန် ခံသော ဘိသိက်၊
(၁၂) ဥပရာဇာ ဘိသိက်အိမ်ရှေ့မင်းဖြစ်သည့်အခါ ခံသော ဘိသိက်၊
(၁၃) မဟေသီ ဘိသိက်- မိဖုယား မြှောက်သည့်အခါ ခံသော ဘိသိက်။

မှတ်ချက် ။ ။ အချို့''မုဒ္ဓါဘိသိက်” ပါ ထည့်၍ ၁၄-ပါးပြကြ၏။ ♦

ဘီလူးနက္ခတ် ၁၀-လုံး

ဗေဒင်ကျမ်းမှ။
(၁) ကျတ္တိကာ၊
(၂) ဝိသာခါ၊
(၃) ပြုပ္ပါသံ၊
(၄) စိတြ၊
(၅) မူလ၊
(၆) မာဃ၊
(၇) ဇေဋ္ဌ၊
(၈) အဿလိဿ၊
(၉) သတ္တဘိသျှ၊
(၁၀) ဓနသိဒ္ဓ။ ♦

ဘီလူး စစ်မှန်ကြောင်း အင်္ဂါ ၄-ပါး

စရိယာပိဋက။ ဋ္ဌ။ ၁၆၈-၌ အကျယ်ရှု။
(၁) မျက်တောင် မခတ်၊
(၂) နီရဲသော မျက်စိ၊
(၃) ကြောက်လန့်ခြင်း မရှိ၊
(၄) အရိပ် မထင်။ ♦

ဘုရားတကာ၊ မစွန့်ရာ၊ ၄-ဖြာ ရပ်ဌ်ဌာန

၎င်းသရုပ်ကို (အ ဝိဇဟိတ ဌာနကြီး ၄-ပါး) ၌ ဆိုခဲ့ပြီ။ ♦

ဘုရားပွင့်မှသာ လူရှိသော ဘုံ ၅-ပါး

သုဒ္ဓါဝါသ ဗြဟ္မာ ငါးဘုံကို ဆိုသည်၊ ထိုဘုံတို့၌ အခါခပ်သိမ်း ပုဂ္ဂိုလ်ရှိမနေ၊ ကမ္ဘာ တသောင်းခြာက်ထောင်အတွင်း၌ ဘုရားပွင့်မှသာ ထိုဘုံ၌ ဗြဟ္မာရှိသည် ဟူ၏၊ အနာဂါမ်များသာ ရောက်ကောင်းသောကြောင့်တည်း။ ♦

ဘုရားဖြစ်ရန်၊ ကြောင်း ၄-တန်၊ လမ်းမှန် အဘယ်နည်း?

၎င်းသရုပ် (ဗုဒ္ဓဘူမိ ၄-ပါး) နှင့် တူ၏။ ♦

ဘုရားမတင်၊ နတ်မတင်၊ လူတွင် ပန်း ၁၀-ပွင့်

၎င်းသရုပ်ကို (ပန်းပွင့်မာလာ၊ တတ်သိပ္ပါ၊ လူ့ရွာ ၁၂-ပွင့်) ဟူသော သရုပ်၌ ဆိုခဲ့ပြီ။ ♦

ဘုရားမျက်စိ၊ ၅-ပါးရှိ၊ လင်းဘိ ဂုဏ်ရောင်ရှိန်

၎င်းသရုပ်ကား(စက္ခု ၅-ပါး) နှင့် တူ၏။ ♦

ဘုရားရုပ်ရည်၊ လှမျိုးကြည်၊ ၂-လီ အခါထူး

မြတ်စွာဘုရား၏ ကိုယ်တော်ရုပ်ရည် အလွန်အမင်း လှပသန့်ရှင်း ကြည်လင်ထွန်းပသော အခါသမယ နှစ်ပါးကို ဆိုသည်၊ မဟာပရိနိဗ္ဗာနသုတ်မှ။
(၁) အတုမရှိ အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူသော ညဉ့်အခါနှင့်၊
(၂) အနုပါဒိသေသဓာတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်တော်မူသော ညဉ့်အခါတို့ဖြစ်၏။ ♦

ဘုရားရှင်တို့၏ ဓမ္မတာ ၃၀

ဘုရားရှင်တိုင်းပြုရိုးဖြစ်စဉ်သဘောတရား ၃၀-ဟူ၏၊ ပါဠိလိုမူ မဟာပဒါနသုတ်နှင့် ဗုဒ္ဓဝင်အဋ္ဌကထာ၌ ယူပါ၊ ပစ္ဆိမဘဝိက သားဖြစ်သော အလောင်းတော်များသည် မယ်တော်ဝမ်းတွင်သာ ပဋိသန္ဓေနေရခြင်း၊ မယ်တော်ဝမ်း၌ တင်ပလ္လင် ခွေလျက် ရှေ့သို့မျက်နှာပြု နေတော်မူခြင်း၊ မယ်တော်သည် အလောင်းတော်မြတ်ကို ရပ်လျက် ဖွားမြင်ရခြင်း၊ တောအရပ်၌သာ ဖွားမြင်ရခြင်း၊ ဖွားသစ်စအခါ ဒသ ဒိသာကိုကြည့်လျက် မြောက်ဖက်သို့ ခုနစ်ဖဝါး လှမ်းပြီး သီဟနာဒသံဖြင့် ကြုံးဝါးတော်မူခြင်း၊ သူအို, နာ, သေ, ရဟန်း, လေးခန်းသောနိမိတ်ကိုမြင်ပြီး သားကြီးသြရသ တယောက်ရမှ တောထွက်တော်မူခြင်း၊ အရဟတ္တဓဇ ခေါ် ကြာသင်္ကန်းတော်ဖြင့် ရဟန်းအသွင်ကိုယူပြီးမှ ဒုက္ကရ စရိယာကို အနည်းဆုံး ၇-ရက် ကျင့်ရခြင်း၊ ဘုရားဖြစ်မည့်နေ့၌ နို့ဃနာဆွမ်းကို ဘုဉ်းပေးတော် မူရခြင်း၊ မြက်အခင်းပေါ်၌သာ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူခြင်း၊ ဗောဓိပလ္လင်ပေါ်၌ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်း ပရိကံ ပြုတော်မူခြင်း၊ (၁၀)

မာရ်စစ်သည်ကို အောင်တော်မူခြင်း၊ ဗောဓိပလ္လင်ထက်၌သာ ဝိဇ္ဇာသုံးပါး အစထား၍ ဆအသာဓာရဏ စသည်ကျေးဇူး ဂုဏ်အထူးတို့ကို ရတော်မူခြင်း၊ ဗောဓိပင်၏အနီးအနား သတ္တဌာနများ၌သာ ၄၉-ရက် နေတော်မူခြင်း၊ တရားဟောတော်မူရန် ဗြဟ္မာမင်းက တောင်းပန်ရခြင်း၊ ဣသိပတန မိဂဒါဝုန်၌သာ ဓမ္မစကြာ ဟောတော်မူခြင်း၊ တပို့တွဲလပြည့်၌သာ အင်္ဂါလေးပါးရှိသော အစည်းအဝေးကြီး၌ ပါတိမောက် ပြတော်မူခြင်း၊ ဇေတဝန်ကျောင်းတော်၌သာ နိဗဒ္ဓဝါသ် ပြုတော်မူခြင်း၊ သာဝတ္ထိပြည် မြို့တံခါး၌ တန်ခိုး ပြာဋိဟာ ပြတော်မူခြင်း၊ တာဝတိံသာ၌သာ အဘိဓမ္မာ ဟောတော်မူခြင်း၊ သင်္ကဿနဂိုရ်ပြည် မြို့တံခါးသို့သာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူခြင်း၊
(၂၀) ဖလသမာပတ်ကို မပြတ် ဝင်စားတော်မူခြင်း၊ နံနက်အခါ ညဉ့်အခါတို့၌ ဝေနေယျသတ္တဝါတို့ကို ကြည့်တော်မူခြင်း၊ အကြောင်းဝတ္ထုပေါ်လျှင် ဝိနည်းဥပဒေကို ပညတ်တော်မူခြင်း၊ အတ္ထုပ္ပတ်ဖြစ်လတ်သော် ဇာတ်တရားတော်ကို ဟောကြားတော်မူခြင်း၊ ဆွေတော်မျိုးတော်တို့ အစည်းအဝေး၌ ဗုဒ္ဓဝင်တရားတော်ကို ဟောကြားခြင်း၊ အာဂန္တုရဟန်းတို့နှင့် ပဋိသန္ဓာရ ပြုတော်မူခြင်း၊ ဒါယကာတို့ ပင့်၍ ဝါဆိုတော်မူသောအခါ ဝါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှ ကြွသွားတော်မူခြင်း၊ အခါငါးပါးတို့၌ ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူခြင်း၊ ပရိနိဗ္ဗာန်ပြုမည့်နေ့၌ သားဘပွမ်းဆွမ်းကို ဘုဉ်းပေးတော်မူခြင်း၊ ကုဋေနှစ်သန်း လေးသိန်းသော သမာပတ်တို့ကို ဝင်စားတော်မူပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူခြင်း(၃၀) ။ ♦

ဘုရားအပြား မျိုး ၃-ပါး

စရိယာပိဋက။ ဋ္ဌ။ ၃၂၀။ သဗ္ဗညူ ခေါ် တရားအားလုံးကို ဆရာမရှိ ကုန်အောင်စုံ သိတော်မူသော ဘုရားကြီးမျိုး ၃-ပါး။
(၁) သဒ္ဓါဓိကဘုရား- သဒ္ဓါရှေ့ရှု၍ ဘုရားပြုလမ်းစဉ်ကို ကျင့်သုံးလေ့လာတော်မူသည်၊ ရှစ်သချေင်္နှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏၊
(၂) ပညာဓိကဘုရား- ပညာရှေ့ထား၍ ဘုရားဖြစ်ကြောင်း တရားတော်များကို ဖြည့်ကျင့်ဆည်းပူးသည်၊ လေးသချေင်္နှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏၊
(၃) ဝီရိယာဓိကဘုရား- ဝီရိယ လုံ့လကို ရှေ့ထား၍ ပါရမီတော်များကို ကြိုးစားအားထုတ်တော်မူသည်၊ ၁၆-သချေင်္နှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၏။ ♦

ဘုရား ၅-ဆူ

ဤကမ္ဘာ၌ ပွင့်တော်မူကြသော ဘုရားများဖြစ်သည်၊ ၎င်းကိုပင် အင်း အိုင် တို့၌ “သံ, ဂုံ, ပ, မ, အ” ဟုရေးသုံးကြကုန်၏။
(၁) ကကုသန်မြတ်စွာဘုရား၊
(၂) ကောဏာဂုံမြတ်စွာဘုရား၊
(၃) ကဿပမြတ်စွာဘုရား၊
(၄) ဂေါတမမြတ်စွာဘုရား၊
(၅) အရိမေတ္တေယျမြတ်စွာဘုရား။ ♦

ဘုရား ၇-ဆူ

ယခုလက်ရှိ နတ်ဗြဟ္မာတို့ မှီလိုက်သော ဘုရားရှင်များဖြစ်၍ ဘုရား ၇- ဆူဟု ခေါ်သည်။ “ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန်, ကောဏာဂုံ, ကဿပ, ဂေါတမ။ “ ♦

ဘုရား ၉-ဆူပူဇော်ပွဲ

၎င်း ပူဇော်ပွဲကား ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၄၂၃။ အာယုဝဎ္ဍုနကုမာရ ဝတ္ထုမှ စ,တင်ဖြစ်ပေါ်လာဟန်ရှိကြောင်း ပညာရှိများ ယူဆကြ၏၊ ယခုလူတို့ကား ဘုရားရှင်အမှူးထား၍ ရဟန္တာရှစ်ပါးနှင့်တကွ ဂြိုလ်ကြီး ၉-လုံးတို့ကို ပူဇော်ပသမှု လောကီရေးဘက်၌ ပြုကြသည်။
(၁) ဘုရားသခင်, အလယ်အရပ်၌ ဗောဓိပင်ကို ရည်စူး၍ထားသည်၊
(၂) ရှင်သာရိပုတ္တရာ, ဗုဒ္ဓဟူးသား၊ တောင်အရပ် လက်ျာဘက်က နေသည်၊
(၃) ရှင်မောဂ္ဂလာန်, သောကြာသား၊ မြောက်အရပ် လက်ဝဲဘက်က နေသည်၊
(၄) ရှင်ဥပါလိ, စနေသား၊ အနောက်တောင်အရပ်က နေသည်၊
(၅) ရှင်ရာဟုလာ, တနင်္ဂနွေသား၊ အရှေ့မြောက်အရပ်က နေသည်၊
(၆) ရှင်အာနန္ဒာ, ကြာသပတေးသား၊ အနောက်မျက်နှာအရပ်က နေသည်၊
(၇) ရှင်ကောဏ္ဍည, တနင်းလာသား၊ အရှေ့အရပ်က နေသည်၊
(၈) ရှင်ရေဝတ, အင်္ဂါသား၊ အရှေ့တောင်ထောင့်အရပ်က နေသည်၊
(၉) ရှင်ဂဝမ္ပတိ, ရာဟုသား၊ အနောက်မြောက်ထောင့်အရပ်က နေသည်။ ♦

ဘုရားဂုဏ်တော် ၉-ပါး

ဗုဒ္ဓနှင့်စပ်၍ ဂုဏ်တော်အနန္တရှိသော်လည်း ပိဋကတ်တော်၌ ထင်ရှား၍ လူအများ အသိအမှတ်ပြု ရှိခိုးကြသော ဂုဏ်တော် ၉-ပါး ဟူ၏။
(၁) အရဟံ ဂုဏ်တော်- လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူသမျှတို့၏ ပူဇော်အထူးကို ခံထိုက်သော ဂုဏ်၊
(၂) သမ္မာ သမ္ဗုဒ္ဓ ဂုဏ်တော်-တရားအပေါင်းကို ကောင်းမှန်စွာသိတော်မူသောဂုဏ်၊
(၃) ဝိဇ္ဇာ စရဏ သမ္ပန္န ဂုဏ်တော်-နိဗ္ဗာန်ရောက်ကြောင်း ဝိဇ္ဇာစရဏ တရားအပေါင်းနှင့်ပြည့်စုံတော်မူသောဂုဏ်၊
(၄) သုဂတ ဂုဏ်တော်-ကမ္ဘာသားတို့ ချမ်းသာရေးအတွက် ကောင်းစွာ ကြွလာခြင်း နိဗ္ဗာန်သို့ ကောင်းစွာ ကြွသွားတော်မူခြင်း ဂုဏ်၊
(၅) လောကဝိဒူ ဂုဏ်တော်- လောကဓာတ် အနန္တ၌ ဖြစ်ရှိသမျှတို့ကို ကုန်အောင် စုံအောင် သိတော်မူသော ဂုဏ်၊
(၆) အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်- မယဉ်ကျေးသော လူကြမ်း, နတ်ဆိုး, တိရစ္ဆာန်အမျိုးမျိုးတို့ကို ယဉ်ကျေးလိမ်မာစေရာ၌ အတုမဲ့ဖြစ်သော ဂုဏ်၊
(၇) သတ္ထာ ဒေဝ မနုဿာနံ ဂုဏ်တော်-လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူသမျှတို့၏ဆရာဖြစ်တော်မူသော ဂုဏ်၊
(၈) ဗုဒ္ဓဂုဏ်တော်-သစ္စာလေးပါး အမှန်တရားတို့ကို သူတပါးတို့အား ကွဲပြားစွာ သိစေတော်မူတတ်သော ဂုဏ်၊
(၉) ဘဂဝါဂုဏ်တော်-သူမတူအောင် ဘုန်းတော်ရှင် ဖြစ်သော ဂုဏ်။ ♦

ဘုရားဂုဏ်တော် ၁၀-ပါး၊ တနည်း

ဂုဏ်တော် ဆယ်ပါးကို ယူရာ၌ အထက်ပါ ဂုဏ်တော်ကိုးပါးတွင် ၆-နံပါတ် ဂုဏ်တော်ကို
(၁) အနုတ္တရော အတုမရှိသော ဂုဏ်တော်၊
(၂) ပုရိသ ဒမ္မသာရထိ- ဆုံးမထိုက်သူကို ဆုံးမတတ်သော ဂုဏ်တော်ဟု နှစ်ခုခွဲလိုက်ခြင်းဖြင့် ဂုဏ်တော် ဆယ်ပါးဖြစ်၏၊ နည်းမျှသာ မှတ်ရာ၏၊ ဂုဏ်တော်ကိုးပါးဟုသာ ရှင်လူအများတို့ အသိအမှတ် ပြုကြသည်။ ♦

ဘုရားပွင့်ရာ၊ ၅-ကမ္ဘာ၊ ကျမ်းလာ မည်သို့ရှိ?

၎င်းသရုပ် (ကမ္ဘာအပြားမျိုး ၆-ပါး) ၌ ရှုပါ။ ♦

ဘုရားရှင်ကိုယ်တော်တိုင် ခရီးဦးကြိုပြု၍ ချီးမြှောက်ခံရသူ ပုဂ္ဂိုလ်ထူးကြီး ၇-ယောက်

မူလပဏ္ဏာသ။ ဋ္ဌ။ ဒု-အုပ်။ ၄၂
(၁) အရှင်မဟာကဿပထေရ်၊
(၂) မဟာကပ္ပိနထေရ်
(၃) အနုရုဒ္ဓါထေရ်၊
(၄) ကောဋိကဏ္ဏသောဏထေရ်၊
(၅) ဝနဝါသိ တိဿ သာမဏေ၊
(၆) ရေဝတ သာမဏေ၊
(၇) ပက္ကုသာတိမင်းကြီး။ ♦

ဘုရားလောင်းစစ် ဖြစ်ထိုက်သူ၏ အင်္ဂါ ၈-ပါး

၎င်း သရုပ်အကျယ်ကို (ဗျာဒိတ်ရ ကြောင်း အင်္ဂါ ၈-ပါး) ၌ ကြည့်ပါ။ ♦

ဘုရားသခင်အား အန္တရာယ် မပြုနိုင်ခြင်း ၄-ပါး

ဝိနည်း ပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်။ ၁၄၇-၌၊ အကျယ်ရှု။
(၁) မြတ်စွာဘုရားတို့အား ရည်မှတ်၍ ဆောင်ယူလာသော ပစ္စည်းလေးပါးကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၂) ဘုရားရှင်တို့၏ အသက်တော်ကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၃) ဘုရားရှင်တို့၏ လက္ခဏာတော် ကြီး-ငယ်တို့ကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ၊
(၄) မြတ်စွာဘုရားသခင်တို့၏ သဗ္ဗညုတဉာဏ်တော်ကို မည်သူမျှ အန္တရာယ်မပြုနိုင်ချေ။

မှတ်ချက် ။ ။ ဗုဒ္ဓဝင် အဋ္ဌကထာ၌ အထက်ပါ ၁။ ၂။ ၃။ တို့နှင့် အရတူ ကောက်ယူလျက်၊ ၄-အချက်၌ မြတ်စွာဘုရားသခင်တို့၏ ရောင်ခြည်တော်တို့ကို မည်သူမျှ လွှမ်းမိုး မှေးမှိန်အောင် အန္တရာယ် မပြုနိုင်ချေ ဟု ပါရှိသည်။ ♦

ဘုရားသခင်၏ ခြေတော်ရာ ၃-ဆူ

၎င်း သရုပ်ကို (စေတီပါဒ ၃-ဌာန) ၌ ရှုပါ။ ဘုန်းတော် ၆-ပါး၊ မြတ်ဘုရား၊ ထင်ရှား ဘဝဂ်တုန် ♦

ဘုံ ၃-ပါး

သတ္တဝါတို့၏ ကျင်လည်ရာဖြစ်သော ဘုံ ၃၁-၏ အကျဉ်း ၃-ပါး၊ ကာမဘုံ, ရူပဘုံ, အရူပဘုံကို ခေါ်သည်။ တနည်း၊ လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံ ဟူ၏။ ♦

ဘုံ ၄-ပါး

ချမ်းသာ, ဆင်းရဲ, လုပ်ငန်းစဉ် ဉာဏ်အမြင်ကို စွဲ၍ ၄-မျိုးကွဲသည်။
(၁) သုခ ဘုံ- နတ်ဘုံ, ဗြဟ္မာဘုံ, နိဗ္ဗာန်တို့သည် ချမ်းသာတို့ဖြင့် ထုံမွမ်းအပ်လေသောကြောင့် သုခဘုံမည်၏၊
(၂) ပဋိဝေဓ ဉာဏဘုံ- ဗုဒ္ဓဘုံ,သာဝကဘုံတို့သည် တရားထူး တရားမြတ်တို့ကို ထိုးထွင်း၍ သိရာဖြစ်သောကြောင့် ပဋိဝေဓဉာဏဘုံ မည်၏၊
(၃) ကမ္မ ဘုံ-လူ့ဘုံသည် ဉာဏ်နှင့် ဝီရိယ, ယှဉ်တွဲကာ ကောင်းမှု, မကောင်းမှုခေါ် ကိစ္စလုပ်ငန်း အဝဝတို့ဖြင့် ရှုပ်ထွေးပွေလီ၍ နေသောကြောင့် ကမ္မဘုံ မည်၏၊
(၄) ဒုက္ခ ဘုံ- ဒုဂ္ဂတိသား အပါယ်သားတို့ကား ဆင်းရဲခြင်းများနှင့်သာ အချိန်ကုန်ကြရသောကြောင့် ဒုက္ခဘုံမည်၏။ ♦

ဘုံ ၃၁

ကာမ ၁၁-ဘုံ၊ ရူပ ၁၆-ဘုံ၊ အရူပ ၄-ဘုံ၊ ပေါင်း ၃၁-ဘုံဖြစ်၏။ ♦

ဘုံစဉ်စံ ၇-ဦး

သာသနာတော်ကျမ်းတို့၌ ထင်ရှားသော သံသရာစံသူ ၇-ယောက်ဟူလို။
(၁) အနာထပိဏ် ကျောင်းဒကာ၊
(၂) ဝိသာခါ ကျောင်း အမ၊
(၃) ဂန္ဓမာ နတ်သား၊
(၄) နာဂဒတ္တ၊
(၅) မဟာဣန္ဒာ၊
(၇) နေကဝဏ္ဏ။

မှတ်ချက် ။ ။ ၁-၂-တို့ကား ထင်ရှား၏၊ ၃-၄-၅-၆-၇-ပုဂ္ဂိုလ်တို့ကား အတွေ့အကြုံ အပြော အဟော နည်းပါးသည်၊ စာပေကို လိုက်စားရှာဖွေ လေ့လာရာသည်၊ ပိဋကတော် အနှံ့ရှာဖွေစေလို၍ ကျမ်းညွှန်းမှု မပြုဟု မှတ်ရာသည်။ ♦

ဘုံလျှိုမျိုး ၅-ပါး

ရဟန်းတော်များခင်းအိပ်ရန် ခွင့်ပြုထားသော ဖုံမျိုး ၅-ပါး။ ဝိနည်းစူဠဝါ။ ပါ။ ၂၉၅။ ဋ္ဌ။ ၆၀။
(၁) ဥဏ္ဏာဘိသိ-သားမွေးဖြင့်ပြုအပ်သော ဘုံလျှို။
(၂) စောဠ ဘိသိ-ပုဆိုးဖြင့်ပြုအပ်သော ဘုံလျှို။
(၃) ဝါက ဘိသိ- လျှော်မျိုးဖြင့် ပြုအပ်သော ဘုံလျှို။
(၄) တိဏ ဘိသိ- မြက်မျိုးဖြင့်ပြုအပ်သော ဘုံလျှို။
(၅) ပဏ္ဏ ဘိသိ- သစ်ရွက်မျိုးဖြင့် ပြုအပ်သော ဘုံလျှို။ ♦

ဘူတရုပ် ၄-ပါး

၎င်း၏ သရုပ် အဓိပ္ပါယ်ကို (ရုပ်တရား ၂၈-ပါး) ၌ကြည့်ပါ။ ♦

ဘူမဋ္ဌ ၇-ဘုံ

အပါယ် ၄-ဘုံ, လူ့ဘုံ, စတုမဟာရာဇ်ဘုံ, တာဝတိံသာဘုံတို့ကား မြေပြင်၌ တည်နေကြသောကြောင့် ဘူမဋ္ဌဘုံ မည်၏။ ♦

ဘေဒဥပါယ်၊ နည်း ၃-သွယ်၊ ကျမ်းဝယ် ဘယ်သို့နည်း?

အမရကောသဋီကာ ဥပါယ် ၄-ပါး အဖွင့်၌ ဤသို့ဆိုသည်။
(၁) ချစ်ခြင်းကို ကွဲပြားပျက်စီးအောင်ပြုခြင်း၊
(၂) လက်နက်ဗိုလ်ပါ အင်အားပြ၍ လွှမ်းမိုးခြင်း၊
(၃) နှုတ်စကား, စာများဖြင့် ခြိမ်းချောက်ခြင်း။ ♦

ဘေးကြီး ၂၅-ပါး

အဘိဓမ္မာ သမ္မောဟဝိနောဒနီ ။ ဋ္ဌ။ ၄၇၇။ ၄၈၄။ ၄၈၇။ ပဉ္စပကြိုဏ်။ ဋ္ဌ။ ၃၆။ မိလိန္ဒပဥှာ။ ပါ။ ၁၉၄-တို့၌ လာရှိသည်၊ ၂၅-ပါးသော ဘေးဘျမ်းမျိုး၊ များသောအားဖြင့် ကျေးဇူးရှင်ဆယ်ပါးကို ပြစ်မှားသူတို့ ခံရတတ်သည်၊ ဆွေမျိုးတို့၏ပျက်စီးသောဘေး၊ ရောဂါ ဝေဒနာ နှိပ်စက်ခြင်းဘေး၊ ဥစ္စာ ပျက်စီးခြင်း ဘေး၊ သီလပျက်စီးခြင်းဘေး၊ အယူပျက်စီးခြင်းဘေး၊ မင်း ဘေး၊ ခိုးသူ ဘေး၊ ရန်သူ ဘေး၊ ငတ်မွတ်သော ဘေး၊ မီး ဘေး၊ (၁၀)

ရေ ဘေး၊ လှိုင်းတံပိုး ဘေး၊ ရေဝဲ ဘေး၊ မိကျောင်း ဘေး၊ မကာရ်း ငါးရဲ ဘေး၊ မိမိကိုယ်ကို နောင်တ ပူပန်ခြင်း ဘေး၊ သူတထူး စွပ်စွဲခြင်း ဘေး၊ နှုတ်ဒဏ် လက်ဒဏ် ကြေးဒဏ် သင့်သော ဘေး၊ မကောင်းသော အဖြစ်သို့ လားရာသော ဘေး၊ ပရိသတ်အလယ်၌ ရှက်ရွံ့သော ဘေး၊ (၂၀)

သူတပါးကို အမှီပြု၍ အသက်မွေးရသော ဘေး၊ ပဋိသန္ဓေ နေရခြင်း ဘေး၊ အိုရခြင်း ဘေး၊ နာရခြင်း ဘေး၊ သေရခြင်း ဘေး၊
(၂၅) ။ ♦

ဘောဇဉ်၏ ဂုဏ်ကျေးဇူး ၅-ပါး

ထမင်းစသည်၏ ကျေးဇူးဂုဏ်အကျိုး ၅-ပါး။
(၁) အသက်ရှင်စေခြင်း၊
(၂) အဆင်းလှစေခြင်း၊
(၃) အားတိုးပွားစေခြင်း၊
(၄) ပူပန်ခြင်းကို ငြိမ်းစေခြင်း၊
(၅) ဆာလောင်ခြင်းကို ပယ်ဖျောက်ခြင်း။ ♦

ဘောဇဉ်မျိုး ၅-ပါး

ဝိနည်းပါစိတ်။ ပါ။ ၁၁၁။ ဋ္ဌ။ ၈၉။ ရဟန်းတော်များအတွက် စားဘွယ်ဟု ပညတ်သော အရာငါးပါး။
(၁) ထမင်း၊
(၂) မုယောမုံ့၊
(၃) မုံ့လုံး၊
(၄) ငါး၊
(၅) အမဲ။ ♦

ဘွားဘက်တော် ၇-ယောက်

သိဒ္ဓတ္ထအလောင်းတော်နှင့် အတူမွေးဖွားဖြစ်ပေါ်ဘက်၊ အာနန္ဒာ, ဗောဓိပင်, ကာလုဒါယီအမတ်, ယသောဓရာ, ဆန္န အမတ်, ရွှေအိုးကြီး ၄-လုံး, ကဏ္ဍကမြင်း။ ♦

ဘွဲ့ထူးဂုဏ်ရည် ၁၁-မျိုး

ဘွဲ့ထူးဂုဏ်မည်နှင့် စပ်၍ ပုဂံဝန်ထောက်ဦးတင်ထံ မေးမြန်းရာ (၁၅-၄-၄၁) နေ့စွဲနှင့် အောက်ပါအတိုင်း အဖြေပေးလိုက်သည်၊ ဗဟုသုတအတွက် မူရင်းအတိုင်း ဖေါ်ပြလိုက်၏၊ ဘွဲ့၏ အကြောင်းကို စုံလင်စွာ ပြဆိုအံ့၊ ညီတော် သားတော် ဖြစ်သော အိမ်ရှေ့မင်း, မင်းသားကြီး, မင်းသားလတ်, မြင်းမှူး မင်းသားမှ တပါး အဂ္ဂမဟာသေနာပတိ ဝန့်ရှင်တော်မင်းကြီးကစ၍ မှူးတော် မတ်တော်တို့အား ပေးတော်မူသော ဘွဲ့အနိမ့် အမြင့် အဆင့်ဆင့်ရှိသည်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) အမြင့်ဆုံး သတိုးဘွဲ့သတိုး သုဓမ္မာ မဟာသက်တော်ရှည် စသည်၊
(၂) ၎င်းအောက် မင်းကြီးဘွဲ့- မင်းကြီးဇေယျဂါမဏိ စသည်၊
(၃) ၎င်းအောက် မဟာဘွဲ့- မဟာ မင်းထင်ရာဇကျော် စသည်၊
(၄) ၎င်းအောက် မင်း ၃-ထပ်ဘွဲ့- မင်းမဟာ မင်းထင် မင်းခေါင် စသည်၊
(၅) ၎င်းအောက် မင်း ၂- ထပ်ဘွဲ့- မင်းထင်မင်းလှသင်္ခယာ စသည်၊
(၆) ၎င်းအောက် မင်း တပ်ဘွဲ့-မင်းထင်ကျော်သူ စသည်၊
(၇) ၎င်းအောက် နေမျိုးမင်းတပ်ဘွဲ့-နေမျိုးမင်းထင်သိင်္ခသူ စသည်၊
(၈) ၎င်းအောက် နေမျိုးဘွဲ့-နေမျိုးသိဒ္ဓိရာဇာ စသည်၊
(၉) ၎င်းအောက် နော်ရထာဘွဲ့-စည်သူနော်ရထာ, လက်ဝဲနော်ရထာ စသည်၊
(၁၀) ၎င်းအောက် ရွှေတောင်ဘွဲ့- နရာရွှေတောင် စသည်၊
(၁၁) အနိမ့်ဆုံး အမည်ပျောက်ဘွဲ့- ပျံချီရာဇာ, ရဲထွဋ်ပျံတင်, ရန်အောင်စက်, စက္ကပျံချီ, လက်ဝဲသုန္ဒရ စသည်။ ♦

မကြံစည်အပ်သော တရား ၄-ပါး

၎င်းသရုပ် (အစိန္တေယျ ၄-ပါး) ၌ ရှု။ ♦

မကြီးရာသည်၊ ၁၀-ပါးမည်၊ လောကီလောကုတ် အဘယ်နည်း?

''မကြီးရာသည်၊ ၁၀-ပါးမည်ကား” ဟူသော လင်္ကာဖြင့် စိန္တကျော်သူ ဦးသြ၏ သြဝါဒထူးပျို့၌ လောကီရေးရာ ကြီးပွားယဉ်ကျေးမှုအတွက် မိန့်မြွက်ထားသည်ကို သင်ကြားရ ဘူးသည်၊ အကျယ်ကို ၎င်းပျို့၌ ရှုပါကုန်။ ♦

မကြောက်သင့်သည်ကို ကြောက်နေသော သတ္တဝါမိုက် ၄-ဦး

၎င်းသရုပ်ကို (အမိုက်ကောင်ကြီး ၄-ဦး) ၌ ရှုပါ။ ♦

မဂ် ၃-ပါး

မေထုန်မှု ပြုကျင့်သွားလာရန် လမ်းပေါက်မျိုးကိုဆိုသည်၊ ရဟန်းတော်များ ထိုမဂ် ၃-ပါးတွင် မေထုန်မှုပြုက ပါရာဇိက ကျ၏။
(၁) မုခမဂ်-ပါးစပ် ခံတွင်း၊
(၂) ပဿဝမဂ်ကျင်ငယ် သွားရာလမ်း, မိန်းမ အင်္ဂါဇာတ်၊
(၃) ဝစ္စမဂ်-ကျင်ကြီးသွားရာလမ်း, စအို။ ♦

မဂ် ၃၀၊ တနည်း

ပါရာဇိကဏ်။ ပါ။ ၃၄။ ၃၅။ ၎င်း။ ဋ္ဌ။ ၂၂၅။ ကင်္ခါ။ ၁၀၉-တို့၌ အကျယ်ရှု။ အဗြဟ္မစာရီ သိက္ခာပုဒ်အရ မေထုန်မှု မပြုရသော ကာမလမ်းခေါ် မဂ်ပြားသုံးဆယ်၊ (က) လူယောက်ျား၌ မုခမဂ်, ဝစ္စမဂ် ၂-ပါး၊ (ခ) နတ်ယောက်ျား၌လည်း ၎င်း ၂-ပါး၊ (ဂ) တိရစ္ဆာန်ယောက်ျား၌လည်း ၎င်း ၂-ပါး၊ (ဃ) လူမိန်းမ၌ မုခမဂ်, ပဿဝမဂ်, ဝစ္စမဂ်, ၃-ပါး၊ (င) နတ်မိန်းမ၌လည်း ၎င်း ၃-ပါး၊ (စ) တိရစ္ဆာန်မိန်းမ၌လည်း ၎င်း ၃-ပါး၊ (ဆ) လူဥဘတောဗျည်း၌လည်း ၎င်း ၃-ပါး၊ (ဇ) နတ်ဥဘတောဗျည်း၌လည်း ၎င်း ၃-ပါး၊ (စျ) တိရစ္ဆာန်ဥဘတောဗျည်း၌လည်း ၎င်း ၃-ပါး၊ (ည) လူနပုံး၌ မုခမဂ်, ဝစ္စမဂ် ၂-ပါး၊ (ဋ) နတ်နပုံး၌လည်း ၎င်း ၂-ပါး၊ (ဌ) တိရစ္ဆာန်နပုံး ၌လည်း ၎င်း ၂-ပါး၊ ပေါင်း ၃၀-ဖြစ်၏။ ♦

မဂ္ဂင် ၈-ပါး

သောတာပန် စသည် ဖြစ်ကြောင်းတရား အစိတ် ၈-ပါးဟူ၏၊ ဤ၌ မှားယွင်းသောစကားနှင့် အလုပ်အကိုင်ဟူသမျှတို့မှ ရှောင်ကြဉ်ခြင်းကိုပင် မှန်ကန်သောတရားဟု သိရာ၏။
(၁) သမ္မာဒိဋ္ဌိ-မှန်ကန်သော ရှုမြင်ခြင်း၊
(၂) သမ္မာသင်္ကပ္ပ -မှန်ကန်စွာ ကြံစည်ခြင်း၊ ၎င်း ၂-ပါးကား ပညာစခန်းတည်း၊
(၃) သမ္မာဝါစာ-မှန်ကန်စွာ ပြောဆိုခြင်း၊
(၄) သမ္မာကမ္မန္တမှန်ကန်စွာပြုလုပ်ခြင်း၊
(၅) သမ္မာအာဇီဝ-မှန်ကန်စွာအသက်မွေးခြင်း၊ ၎င်း ၃-ပါးကား သီလစခန်းတည်း၊
(၆) သမ္မာဝါယမ-မှန်ကန်စွာ လုံ့လထုတ်ခြင်း၊ ၎င်းကား သီလ, သမာဓိ, ပညာ စခန်းတည်း၊
(၇) သမ္မာသတိ-မှန်ကန်စွာ အောက်မေ့ခြင်း၊
(၈) သမ္မာသမာဓိ-မှန်ကန်စွာ စိတ်တည်တံ့ခြင်း၊ ၎င်း ၂-ပါးကား သမာဓိစခန်းတည်း။ ♦

မဂ္ဂင် ၁၀

၎င်း အကျယ် ပွားပုံကို ဥပရိပဏ္ဏာသ။ ပါ။ ၁၁၆။ ဋ္ဌ။ ၉၂-၌ ရှုပါ။ ♦

မဂ္ဂဋ္ဌာန် ၄-ယောက်

မဂ်ပုဂ္ဂိုလ် လေးယောက်လည်း ခေါ်သည်။
(၁) သောတာပတ္တိ မဂ်ပုဂ္ဂိုလ်၊
(၂) သကဒါဂါမိ မဂ်ပုဂ္ဂိုလ်၊
(၃) အနာဂါမိ မဂ်ပုဂ္ဂိုလ်၊
(၄) အရဟတ္တ မဂ်ပုဂ္ဂိုလ်။ ♦

မဂ္ဂသစ္စာ၏ အနက်သဘော ၄-ချက်

၎င်းသရုပ်ကို (သစ္စာအနက် ၁၆-ချက်) ၌ ရှုပါ။ ♦

မဂ်တရား ၄-ပါး

သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်, ၎င်းကိုပင် မဂ်စိတ် ၄-ပါးလည်း ခေါ်သည်။ ♦

မဂ်တု ဖိုလ်တု တရား ၁၀-ပါး

၎င်းသရုပ်ကို (ဥပက္ကိလေသ တရား ၁၀-ပါး) ၌ ရှုပါ။ ♦

မဂ်ဖိုလ်တရား၊ ပိတ်ပင်ထား၊ ၅-ပါး အန္တရာယ်

၎င်းသရုပ် (အန္တရာယ် ၅-ပါး) ၌ ဆိုခဲ့ပြီ။ ♦

မဂ် ဖိုလ် မရထိုက်သူမျိုး ၁၆-ယောက်

မိလိန္ဒပဥှာ။ ပါ။ ၂၉၈-၌အကျယ်ရှု။ တိရစ္ဆာန်, ပြိတ္တာ, အယူမှားယွင်းသူ, စဉ်းလဲကောက်ကျစ်သူ, အမိကို သတ်သူ, အဖကို သတ်သူ, ရဟန္တာကို သတ်သူ, သံဃာကို သင်းခွဲသူ, ဘုရားကို သွေးစိမ်း တည်စေသူ, ရဟန်းအသွင်ကို ခိုးသူ, (၁၀)

တိတ္တိဘောင်၌ ပြောင်းရွှေ့နေသူ, ဘိက္ခုနီမကို ဖျက်ဆီးသူ, သံဃာဒိသိသ် အာပတ်သင့်နေသော ရဟန်း, ပဏ္ဍုက် ၅-မျိုး၌ ပါဝင်သူ, ဥဘတော ဗျည်းခေါ် ထီး, မ အင်္ဂါဇာတ် ၂-မျိုး ပါရှိသူ, ခုနစ်နှစ်အောက် ငယ်ရွယ်သူ၊
(၁၆) ဤ ပုဂ္ဂိုလ် ၁၆-ဦးတို့မှာ ပဋိပတ်ကျင့်ဝတ်မှန်ကို ကောင်းစွာပင် ကျင့်စေကာ မဂ်, ဖိုလ် မရနိုင်ကြောင်း ရှင်နာဂသေနထေရ် မိန့်ဆိုဖြေကြား၏။ ♦

မင်္ဂလာဆံထုံး၊ ၇-ထုံး၊ ဖွဲ့ထုံး လှသူဇာ

၎င်းသရုပ် အဓိပ္ပါယ်ကို (ဥသျှောင် ၇-မျိုး) ၌ ပြဆိုခဲ့ပြီ။ ♦

မင်္ဂလာဆောင်မျိုး အပြား ၃-ပါး၊ တနည်း၊ ၈-ပါး

၎င်းသရုပ် (ထိမ်းမြားမင်္ဂလာအမှု မျိုးအပြား ၃-ပါး၊ ၈-ပါး) ၌ ပြဆိုခဲ့ပြီ။ ♦

မင်္ဂလာဆောင်ရိုး၊ လ ၆-မျိုး၊ ကျိုးပြစ် မည်သို့ရှိ

ဤ၌ကောင်း, မကောင်း ၆-လစီနှင့် အကျိုးအပြစ်တို့ကို အောက်ပါပညာရှိတို့၏လေးချိုးကဗျာဖြင့် သိပါလေ။ ဝါဆို,ဝါခေါင် ထိမ်းလျှင်လှ၊ သေကိန်းပ ဆွေကြင်ဘော်။ ခေါင်းပါးစွာ တော်သလင်းနှင့်၊ သားပုတ္တာ ခြွေရံ ကင်းပါလိမ့်၊ ကွင်းရှောင်ကြ လနတ္တော်။ ပြာသိုမှာ ဥစ္စာယွင်းပါလို့၊ ကွေကွင်းကြ တပေါင်းနော်၊ မလျော်တဲ့ ခြောက်လ။ ကြွင်းမာသေ၊ ထိမ်းမြားပါလေတော့၊ ရံခြွေရွေ ဆန်စပါးရယ်တို့၊ ပေါများ ကုံလုံလို့၊ လူ့ဘုံမှာ အိုအောင်ပေါင်းရကွယ်မယ်၊ ကျောင်းကြီး အမ။ ♦

မင်္ဂလာတရား ၁၂-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ်ကို (လောကီမင်္ဂလာ ၁၂-ပါး) ဟူသော သုတေသန၌ ကြည့်ပါ။ ♦

မင်္ဂလာတရား ၃၈-ပါး

ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအားလုံးတို့အား ချမ်းသာကိုပေးတတ်သော တရား ၃၈-ပါး။
(၁) အသေဝနာစ ဗာလာနံ- သူမိုက်ကို မဆည်းကပ်ရခြင်း၊
(၂) ပဏ္ဍိတာနဉ္စ သေဝနာ-ဉာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊
(၃) ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူတို့ကိုပူဇော်ရခြင်း၊
(၄) ပဋိရူပ ဒေသာဝါသသင့်လျော်ကောင်း မြတ်ရာ၌ နေရခြင်း၊
(၅) ပုဗ္ဗေစ ကတ ပုညတာ- မဆွက ကောင်းမှုကုသိုလ်ကို ပြုခဲ့ဘူးခြင်း၊
(၆) အတ္တသမ္မာ ပဏီဓိ-ကိုယ်စိတ်နှစ်ဖြာကို ကောင်းစွာပြုပြင်ထားခြင်း၊
(၇) ဗာဟုသစ္စ- အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊
(၈) သိပ္ပမင်္ဂလာ- အပြစ်ကင်းသည့်စက်မှုလက်မှု အတတ်မျိုးစုံ တတ်ထားရခြင်း၊
(၉) ဝိနယ သုသိက္ခိတ- ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကို ကောင်းစွာသင်ယူခြင်း၊
(၁၀) သု ဘာသိတဝါစာ- အင်္ဂါလေးပါးရှိသော စကားကို ပြောဆိုတတ်ရခြင်း၊
(၁၁) မာတာပိတု ဥပဋ္ဌာနံ- မိဘ၂-ပါးအား စင်စစ် လုပ်ကျွေး မွေးမြူရခြင်း၊
(၁၂) ပုတ္တဒါရဿ သင်္ဂဟ- သားမယားတို့အား စွမ်းနိုင်သလောက် ကျွေးမွေးထောက်ပံ့ရခြင်း၊
(၁၃) အနာကုလ ကမ္မန္တ-ချို့ယွင်းမှုမရှိ မိမိတတ်သိလိမ်မာပြီးသော အလုပ်ကို ကာလ ဒေသအလိုက် ထိုက်သလို လုပ်ရခြင်း၊
(၁၄) ဒါန မင်္ဂလာ-ပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်း၊
(၁၅) ဓမ္မစရိယ-ကုသလကမ္မပထ တရားဆယ်ပါးကို ပြုလုပ်ရခြင်း၊
(၁၆) ဉာတကာနဉ္စသင်္ဂဟ-ဆွေမျိုးတို့ကို တတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့ရခြင်း၊
(၁၇) အနဝဇ္ဇကမ္မ-နောင်သံသရာရေး၌ အပြစ်ဘေးမကျ ပကတိသုခကို ရနိုင်သည့် ငါးပါး, ရှစ်ပါး စသော သီလများနှင့် အများကောင်းကျိုး စေတနာ့ဝန်ထမ်း အလုပ်များကို လုပ်ရခြင်း၊
(၁၈) အာရတီ- မကောင်းမှုကို စိတ်ဖြင့်ဝေးစွာ ရှောင်ကြဉ်ရခြင်း၊
(၁၉) ဝိရတီ- မကောင်းမှုမှ ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ရခြင်း၊
(၂၀) မဇ္ဇပါန သံယမ- သေရည်အရက် သောက်စားမှုမှ ရှောင်ကြဉ်ရခြင်း၊
(၂၁) အပ္ပမာဒ ဓမ္မ- ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊
(၂၂) ဂါရဝ- ရိုသေထိုက်သူကို ရိုသေခြင်း၊
(၂၃) နိဝါတမာနမထား နှိမ့်ချရိုသေသော စိတ်များရှိခြင်း၊
(၂၄) သန္တုဋ္ဌိ- ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း၊
(၂၅) ကတညုတာ-သူပြုဘူးသော ကျေးဇူးကို ပြန်၍သိခြင်း၊
(၂၆) ကာလေန ဓမ္မဿဝနသင့်လျော်ရာ အခါ၌ သူတော်ကောင်းတရားကို နာကြားရခြင်း၊
(၂၇) ခန္တီမင်္ဂလာ- နေရာတိုင်း၌ သည်းခံရခြင်း၊
(၂၈) သောဝစဿတာ-ဆိုဆုံးမလွယ်ကူသူဖြစ်ရခြင်း၊
(၂၉) သမဏဒဿနအရိယာသံဃာတော်များကို ဖူးတွေ့ရခြင်း၊
(၃၀) ကာလေန ဓမ္မသာကစ္ဆ-လျောက်ပတ်သောအခါ၌ တရားစကား ဆွေးနွေးမေးမြန်းရခြင်း၊
(၃၁) တပ မင်္ဂလာ- မကောင်းကြံ မကောင်းပြု, မကောင်းဆို မဖြစ်နိုင်စေရန် သတိနှင့် ဝီရိယ တရား အစဉ်ထားခြင်း၊
(၃၂) ဗြဟ္မစရိယ-မြတ်သော အကျင့်ရှိခြင်း၊
(၃၃) အရိယာ သစ္စာန ဒဿန- သစ္စာလေးပါးကို မဂ်တရားဖြင့်သိမြင်ရခြင်း၊
(၃၄) နိဗ္ဗာန သစ္ဆိကိရိယ- အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်း၊
(၃၅) ဖုဋ္ဌဿ လောက ဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိ- လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ရသော်လည်း စိတ်တုန်လှုပ်မှု မရှိခြင်း၊
(၃၆) အသောက- စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊
(၃၇) ဝိရဇ- ရာဂစသော ကိလေသာမြူ မရှိခြင်း၊
(၃၈) ခေမ မင်္ဂလာ- ကြောက်ထိတ်လန့်မှု ဘေးမရှိခြင်း။ ♦

မင်္ဂလာပန်းပွင့် ၇-ပွင့်

မင်္ဂလာအောင်ပွဲ သဘင်၌ ယတြာပန်း ၇-မျိုး။ သတို့သား သတို့သမီးတို့ ထိမ်းမြားသော နေ့သည် တနင်္ဂနွေနေ့ဖြစ်မူ ကံ့ကော်ပန်းကို ပန်ဆောင်ကြရာသည်၊ တနင်းလာနေ့ဖြစ်မူ နှင်းဆီပန်း၊ အင်္ဂါနေ့ဖြစ်မူ ဇလပ်ပန်း၊ ဗုဒ္ဓဟူးနေ့ဖြစ်မူ စပယ်ပန်း, သပြေပန်း၊ ကြာသပတေးနေ့ဖြစ်မူ သီး, သံသတ်ပန်း၊ သောကြာနေ့ဖြစ်မူ ဒန်းပန်း, နှင်းပန်း၊ စနေနေ့ဖြစ်မူ အုန်းပန်း၊ ဤသို့လျှင် မိမိတို့၏ အညွန့်နံသင့် ပန်းများကို ပန်ဆင်၍ မင်္ဂလာမှုပြုကြကုန်ရာသည်။ (ဗေဒင်) မင်း ၄-ပါး ဆေး။ စိန်, ဆေး, ကန့်, ဟင်း, ခေါ် ဓာတ် ၄-ပါးဆေးကို အဂ္ဂိရတ်ကျမ်းတို့၌ မင်း ၄-ပါးဆေး ခေါ်သည်။ ♦

မင်းဧကရာ၊ သတ္တိမှာ၊ ၃-ဖြာရှိ၏ အသို့နည်း?

' မန္တာ၊ ဥဿာဟ၊ ပဘာဝဟု၊ ရာဇသတ္တိ, ၃-ပါးရှိ၏'ဟူသောစကားအရ ဖြစ်သည်။
(၁) မန္တ သတ္တိ- ပညာရှိတို့နှင့် အစစတိုင်ပင် နှီးနှောမှု၊
(၂) ဥဿာဟ သတ္တိ- ရိက္ခာ, လက်နက်, စစ်သား ရှာမှီးမှု၊
(၃) ပဘာဝသတ္တိ- စိမ်း ကျက် မရွေး ပြစ်ပေး ဆုံးမ မှု။ ၎င်း ၃-ပါး အပြည့်အစုံ ရှိထားရမည်။ ♦

မင်းကျင့်တရား ၁၀-ပါး

သုတ်ပါထေယျ။ ပါ။ ၅၀။ ဋ္ဌ။ ၃၄။ မဟာဟံသဇာတ်နှင့် နန္ဒိယဇာတ် အဋ္ဌကထာတို့၌လည်း ပါရှိသည်၊ မင်းကောင်းမင်းမြတ်တို့ ကျင့်ဝတ် ၁၀-ပါးဟူ၏။
(၁) ဒါန-အလှူပေးခြင်း၊
(၂) သီလ-ငါးပါးသီလ ဆယ်ပါးသီလကို ဆောက်တည်ရခြင်း၊
(၃) ပရိစာဂ- ပေးကမ်းချီးမြှင့် စွန့်ကြဲရခြင်း၊
(၄) မုဒုက- ကိုယ် နှုတ် နူးညံ့သိမ်မွေ့ ရခြင်း၊
(၅) ဥပေါသထ-အဋ္ဌင်္ဂသီလ စောင့်သုံးရခြင်း၊
(၆) အက္ကောဓ- အမျက်မထွက်ရခြင်း၊
(၇) အဝိရောဓ- ရဟန်းရှင်လူပြည်သူတို့နှင့် မဆန့်ကျင်ရခြင်း၊
(၈) အဝိဟိံသန-ပြည်သူလူထုတို့ကို အခွန် အတုတ် အမျိုးမျိုးတို့ဖြင့် မညှင်းဆဲရခြင်း၊
(၉) ခန္တီ-သည်းခံရခြင်း၊
(၁၀) သမ္မာပဋိပန္နဖြောင့်မတ်မှန်ကန်စွာကျင့်ရခြင်း။ ♦

မင်းခမ်းတော်မှာ၊ ၁၃-ဖြာ၊ ဝဲယာ ဆောင်ယောင်ကျင်း

မင်းနန်း မင်းခမ်း၌ အဆောင် အယောင်တော်များ ခင်းကျင်းရာဝယ် လက်ဝဲ ၁၃-ပါး၊ လက်ျာ ၁၃-ပါးကို ဆိုသည်၊ ၎င်း၏သရုပ်ကို အောက်ပါ ရွှေဘုံနိဒါန်းလာ လင်္ကာ ၂-ရပ်ဖြင့်သိရာ၏၊ (က) လက်ျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စီမြွာသား၊ ရတနာသန်လျက်၊ လျံလက်လျှပ်လျှပ်၊ သားမြီးယပ်နှင့်၊ ထက်ချပ်မကွာ၊ ရတနာ ပန်းတောင်း၊ ခြူးပေါင်းပုလဲ၊ သန္တာဆွဲလျက်၊ ရဲရဲရောင်တက်၊ ကွမ်းခွက်ရှစ်ထောင့်၊ ထို့ကြောင့်မရွေ့၊ ခြင်္သေ့ခံ,လျက်၊ ကွမ်းခွက်ရတနာ၊ စလင်းကြာနှင့်၊ သိင်္ဂါရွှေမှည့်၊ ကွမ်းထည့်ကျပ်မှ၊ ကျပ်လျား စသား၊ သီဟခံထား၊ ကရားတကောင်း၊ ထိုနှောင်းမြူတာ၊ ရေပြည့်စွာတည့်၊ ထီးမှာလေးဆူ၊ စိုက်ထူကြွားကြွား၊ ယပ်မားချပ်လျက်၊ ရောင်ခြည်ရှက်သည်၊ ပြိုးပြက် ထိန်ထိန်လင်းလင်းတည်း။ (ခ) လက်ဝဲတော်က၊ ရွှေလှော် လျှံဝါ၊ မျက်စီမြွာသည်၊ ရတနာဘိနပ်၊ သပ်သပ်တောင်ဝှေး၊ ရောင်ပြေးဝိုးဝါး၊ လက်တင်ကြားနှင့်၊ နဂါးကွမ်းခွက်၊ စဉ်လျက် သလပ်၊ လျှပ်လျှပ်ဝင်းဝါ၊ မကွာတသီး၊ ကွမ်းလောင်းကြီးကား၊ အပြီးဆိုဘွယ်၊ ကွမ်းလောင်းငယ်နှင့်၊ တင့်တယ်လှစွာ၊ ရတနာ ဖလား၊ ကရားထိုနောင်၊ သလင်းမြောင်လု၊ လျှံရောင်ရတနာ၊ သစ်တိုင်ပါ၍၊ မြူတာရေချမ်း၊ ပြည့်ဖြိုးလျှမ်းသည်၊ မင်းခမ်း မည်သား၊ ထီးလေးပါးနှင့်၊ အကြား အကြား၊ ယပ်မားချပ်လျက်၊ စဉ်ဆက်စုံညီ၊ ဆယ့်သုံးစီတည့်၊ နှစ်လီပေါင်းမြောက်၊ နှစ်ဆယ့် ခြောက်လျှင်၊ အံ့လောက် ထူးဆန်း၊ ရှေ့တော်ထွန်းသည်၊ ရောင်ရွှန်းပြောင်ပြောင် ဝင်းဝင်းတည်း။ ♦

မင်းဆက် ၅-သွယ်၊ ရှင်ဘို့မယ်၊ နန်းလယ်တင့်သည်သာ

ဤသရုပ်ကား ကဝိလက္ခဏ ဒီပနီကျမ်းလာဖြစ်၍ ထိုမှပင် ယူဖြေလိုက်သည်။
(၁) ဘုရင်မင်းခေါင်၊
(၂) သားတော်သီဟသူ၊
(၃) မင်းလှငယ်၊
(၄) ကလေးကျေးတောင်ညိုမင်း၊
(၅) မိုးညှင်းမင်းတရားကြီး၊ ထိုမင်းငါးဆက်တို့ မိဖုရားမြှောက်ခြင်းကို ခံရသည့် ရှင်ဘို့မယ်ဟု ဆိုလေသည်။ ♦

မင်းတို့အား ၅-ပါး

တိုင်းနိုင်ငံကို အုပ်ချုပ်၍ မင်းလုပ်သူတို့၌ ရှိထားရမည့် ဗလငါးပါးကို ဆိုသည်။
(၁) ဗာဟု ဗလ- လက်ရုံး, လက်နက်, စစ်သည်အင်အား၊
(၂) ဘောဂ ဗလ-စားနပ်ရိက္ခာ ရွှေ ငွေ ရတနာ ဆင်မြင်းဥစ္စာအား၊
(၃) အမစ္စ ဗလ- အမတ် လိမ်မာများ အင်အား၊
(၄) အဘိဇစ္စ ဗလ-အမျိုးမြတ် သန့်ရှင်းခြင်းအား၊
(၅) ပညာ ဗလ-ဉာဏ် ပညာရှိခြင်း အင်အား။ ♦

မင်းတို့ဆင်ရာ၊ ရတနာ၊ ၉-ဖြာ နဝရတ်

ဤ၌ ကာမဏ္ဍကီကျမ်းလာ မင်းတို့ ကျင့်သုံးလိုက်နာ ဆောင်ရွက်ရမြဲ ဖြစ်သော တိုင်းပြည်ရတနာ ကိုးပါးကို ဆိုသည်၊ ၎င်းအဖြေ (တိုင်းပြည်ရတနာ၊ ပြည့်စုံစွာ၊ ၉-ဖြာ နဝရတ်) ဟူသော သရုပ်၌ ရှုပါ။ ♦

မင်းတို့ မမေ့အပ်သော အရပ်မျိုး ၃-ပါး

ဘုရင်မင်းမြတ်နှင့် အစိုးရတို့ မမေ့အပ်သော အရပ် ၃-ပါး၊ တိကနိပါတ် အင်္ဂုတ္တိုရ်၌ ဟောသည်။
(၁) အဘိဇာတ ဌာန-မွေးဖွားရာ အရပ်၊
(၂) အဘိသေက ဌာန-ဘိသိက်ခံရာ, သစ္စာခံယူရာ အရပ်၊
(၃) ဇယ ဌာန-ရန်အောင်ရာ အရပ်။ ♦

မင်းတိုင်း ၁၂-မှု

ဤ၌ 'မင်းတိုင်း' ဆိုသည်ကား ဘုရင်မင်းမြတ်တို့ကောက်ယူသော အခွန်အတုတ်ကို ဆိုသည်၊ ယင်းအခွန်အတုတ်ကို အောက်ပါပစ္စည်းတို့ အပေါ်၌ ကောက်ခံလေ့ရှိသည်။
(၁) တမာဆေး၊
(၂) လျှော်၊
(၃) အုံတုံခေါက်၊
(၄) ဥသျှစ်သီး၊
(၅) တင်လဲ၊
(၆) မရိုးမီးသွေး၊
(၇) စာရေးရန်ထန်းဖူး၊
(၈) မန်ကျည်းမှည့်၊
(၉) ရေနံ၊
(၁၀) အင်တွဲ၊
(၁၁) လဲဝါ၊
(၁၂) ကျွဲကော်၊ ယင်းအခွန်အတုတ်တို့မှ ဇာတ်တော် စင်တော်ကြီးသားများနှင့် အခြားအမှုထမ်း အရာထမ်းများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိသည်။ ♦

မင်းပေါင်း ၁၀-ပါးဆေး

၎င်းကိုလောကီသဗ္ဗသိဒ္ဓိသျှို ဆေးကြီးဟူ၍၎င်း၊ တတိယ သူရဿတီဆေး ဟူ၍၎င်း အဆိုရှိသည်။
(၁) ဗြဟ္မမင်း-ဆေးဥတလုံး၊
(၂) သိကြားမင်း-နနွင်းမင်း၊
(၃) ပိဿနိုးမင်း-ငွေပန်းမင်း၊
(၄) စကြဝတေးမင်း-တိလင်္ကသာ၊
(၅) မိုးမင်း- ဂမုံးရွှေဝါကြီး၊
(၆) လေမင်း-ဂမုံးရွှေဝါငယ်၊
(၇) ဂုံမင်း-ဂုံမင်းပင်၊
(၈) သက်ငယ်မင်း-သမန်းမြက်၊
(၉) လမင်း-ဂမုံးလဝင်း၊
(၁၀) ကျက်သရေမင်း-ဂမုံးပေါင်း၊ ဂမုံးကျက်သရေဆောင်လည်းဟူ၏၊ ၎င်းတို့ကိုပေါင်း၍ မင်းမြောက်တန်ဆာ ငါးပါးနှင့်ပြင် “ဥံ သဗ္ဗရာဇာ ပီယံမမ” ဟူသော မန္တန်နှင့် (၁၀၀၀-စုတ်၊ သမ္ဗုဒ္ဓေ ၁၀၈-စုတ်) စကြဝတေးမင်းပုံ ထု၍ဆောင်၊ အကျိုးအနန္တ ဟူ၏။ ♦

မင်းပေါင်း ၁၀၁-ပါး

ဤ၌ တရာ့တပါးသော ထီးဆောင်းမင်းတို့၏ အမည်ကို ဇမ္ဗုတံဆိပ်ကျမ်းလာ လူမျိုး တရာ့တပါးကို အကြောင်းပြု၍ ကိုယ့်လူမျိုးနှင့် ကိုယ့်မင်းဖြစ်ရကား မင်းမျိုးပေါင်း “ရာ့ တပါး''ဟုဆိုလိုရိပ်ရှိသည်။ ♦

မင်းမျိုးအပြား၊ ၇-ပါး၊ ခွဲခြား ဝေဘန်သိ

ဤ၌ မင်းဟူသော မြန်မာအဘိဓာန်ပုဒ်သည် စကြာမင်းမှ စ၍ ရွာစား ရွာသူကြီး တိုင်အောင် သက်ဆိုင်လေရကား ဝိနည်းပါဠိတော် အဋ္ဌကထာတို့၌လာသည့် မင်းမျိုး ၇-ပါး အပြားကို သိထားရာ၏။
(၁) ပထဗျာ ရာဇာ-မြေအလုံးစုံကို အစိုးရသည့် စကြာမင်းကဲ့သို့သော မင်း၊
(၂) ပဒေသရာဇာ- တခုသောကျွန်းတွင် တစိတ်တဒေသကို အစိုးရသောမင်း၊
(၃) မဏ္ဍလိက ရာဇာ- ကျွန်းတခုတွင် တမြို့နှစ်မြို့ကို စားရသောမင်း၊
(၄) အန္တရ ဘောတိကာ ရာဇာ- မင်းနှစ်ပါးတို့အကြားတွင် နှစ်ရွာ သုံးရွာ၏ အရှင်ဖြစ်သောမင်း၊
(၅) အက္ခဒဿ ရာဇာ-ဓမ္မသဘင်ရုံးတော်၌နေ၍ အပြစ်အားလျော်စွာ လက်ခြေ စသည် ဖြတ်၍ ဆုံးမတတ်သော တရားစီရင်ရသည့် တရားသူကြီးမင်း၊
(၆) မဟာမတ္တရာဇာ-ထိုထို ရွာ နိဂုံးစသည်တို့၌ နေ၍ မင်း၏ကိစ္စတို့ကိုပြုလုပ်ဆောင်ရွက်တတ်သော ဘုရင်ခံ၏ ရာထူးဌာနရှိသူ အမတ်ကြီးမင်း၊
(၇) ယေဝါ ပန ရာဇာ-မင်းတို့ကို အမှီပြု၍ ၎င်း၊ မိမိ၏ ဝီရိယကို အမှီပြု၍၎င်း သတ်ဖြတ်ခွဲစိတ်ခြင်းကို ပြုလုပ်စီရင်တတ်သောမင်း။

မှတ်ချက် ။ ။ ဤ ဘော်ပြပါ မင်းတို့တွင် 'ရဟန်းမှာ သိက္ခာ၊ မင်းမှာ ဘိသိက်' ဟု ဓညဝတီအရေးတော်ပုံ စကားကျမ်းတို့၌ ဆိုသောကြောင့် ထီးဖြူဆောင်းခြင်း စသော မင်းမြောက်တန်ဆာ ငါးပါးတို့ကို ဆင်ယင် သုံးစွဲလျက် သုံးပါးသော ရာဇာဘိသိက်ကို ခံသောမင်းကိုသာ မင်းဟူ၍ ယူသင့်သည်၊ သို့ရာတွင် ရာဇဝင်၏ အရာ၌သာ မင်းမြောက်တန်ဆာနှင့် ရာဇဘိသိက်ခံသောမင်းကို မင်းဟု ယူရသည်၊ အခြား နေရာတို့၌ကား မင်းတိုင်းလည်း အဘိသိက် ခံသည် မဟုတ်သောကြောင့် သင့်သလို ယူကြကုန်။ ♦

မင်းမျိုးစိုးနွယ်၊ ဆင်စလွယ်၊ ၈-သွယ် မျိုးအပြား

ရာထူးဂုဏ်ရည်အလိုက် ခြားနားကာစလွယ်မျိုး ရှစ်ပါး ထားရှိကြောင်းနှင့် သိရ၏။
(၁) ဘုရင်မင်းမြတ်များကား ၂၄-သွယ်ရှိစလွယ်ကိုသာ ဆင်မြန်းကြသည်၊
(၂) ဥပရာဇာတို့က ၂၁-သွယ်ဆင်သည်၊
(၃) မင်းညီမင်းသားတို့က ၁၈-သွယ်ဆင်သည်၊
(၄) မဟာမျိုးနွယ်တို့ကား ၁၅-သွယ်ရသည်၊
(၅) အဂ္ဂမဟာ သေနာပတိ တို့ကား ၁၂-သွယ်ဆင်ရသည်၊
(၆) မှူးမတ်ကြီးတို့ကား ကိုးသွယ်ဆင်ရသည်၊
(၇) မှူးမတ်လတ်တို့ကား ၆-သွယ်ရ၏၊
(၈) မှူးမတ်ငယ်တို့ကား ၃-သွယ်သာ ရသည်ဟူ၏။ ♦

မင်းမြောက်တန်ဆာ ၅-ပါး

ဝိနည်း ပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်။ ၅၆။ ဘုရင်မင်းမြတ်တို့၏ အဆောင်အယောင်တော် ၅-ပါး။
(၁) ခဂ္ဂ-သန်လျက်၊
(၂) ဆတ္တ-ထီးဖြူ၊
(၃) ဥဏှီသ-သင်းကျစ်၊
(၄) သုဝဏ္ဏ ပါဒုက- ရွှေခြေနင်း၊
(၅) ဝါဠ ဗီဇန-သားမြီးယပ်။ ♦

မစည်ကားအပ်သော အရပ်မျိုး ၃-ပါး

မင်းစိုးရာဇာနှင့် တိုင်းသူပြည်သားတို့ တရားမစောင့် ကောက်ကျစ်စဉ်းလဲသော အခါမျိုး၌ အောက်ဖေါ်ပြပါ နေရာသုံးပါးတွင် လူစည်ကား၏။
(၁) ဝိနိစ္ဆယ သာလာ- တရားစီရင်ရာ ရုံးတော်၊
(၂) သုသာန-သုသာန် သင်းချိုင်း၊
(၃) ဗန္ဓနာ ဂါရ-လူဆိုးတို့ကို ချုတ်နှောင်ရာ ထောင်။ ♦

မစ္ဆရိယတရား ၅-ပါး

ပဉ္စင်္ဂုတ္တရ။ ပါ။ ၁၂၂။ ဋ္ဌ။ ၄၅။ ဝန်တိုမှု မလိုမုန်းထားခြင်းမျိုး ငါးပါး။
(၁) အာဝါသ မစ္ဆရိယ- အိမ်, ကျောင်း, တိုက်တာ နေရာထိုင်ခင်းတို့၌ ဝန်တိုခြင်း၊
(၂) ကုလ မစ္ဆရိယ- မိမိဆွေမျိုး ဉာတိ တပည့်တကာ တကာမတို့ သူများထံ ဆက်ဆံပေါင်းသင်း ကြည်ညိုမှုကို ဝန်တိုခြင်း၊
(၃) လာဘ မစ္ဆရိယ- ပစ္စည်း လာဘ်လာဘ၌ ဝန်တိုခြင်း၊
(၄) ဝဏ္ဏ မစ္ဆရိယ- ကိုယ် အဆင်း, ဂုဏ်သတင်း၌ ဝန်တိုခြင်း၊
(၅) ဓမ္မ မစ္ဆရိယ- မိမိတတ်သိလိမ်မာသော အတတ်ပညာ၌ ဝန်တိုခြင်း။ ♦

မဇ္ဈိမခေါ်၊ ဒေသတော်၊ မှတ်သော်နယ်ခြား၊ ၅-မျိုးထားရှင့်

ဘုရားရှင်တို့ပွင့်တော်မူရာ တောင်ကျွန်း၏ အလယ်ဗဟိုဌာန နယ်မြေသတ်မှတ်ချက် ငါးရပ်ကို ဆိုသည်။
(၁) အရှေ့လားသော် ဇင်္ဂလ နိဂုံး၊
(၂) အရှေ့တောင်လားသော် သလ္လဝတီမြစ်၊
(၃) တောင်လားသော် သေတကဏ္ဏိနိဂုံး၊
(၄) အနောက်လားသော် ထုနပုဏ္ဏားရွာ၊
(၅) မြောက်လားသော် ဥသိရဒ္ဓဇတောင်။

မှတ်ချက် ။ ။ အဝန်းအကျယ် ယူဇနာ ကိုးရာရှိသည် ဟူ၏။ ♦

မဇ္ဈိမနိကာယ် ၃-ကျမ်း

၎င်းသရုပ်ကို (နိကာယ် ၅-ရပ်) [ခ] ပိုဒ်မှာကြည့်ပါ။ ♦

မတင့်တယ်ရာသည်မျိုး ၄-ပါး

ဤ၌ မှတ်ကျက်လွယ်ကူရန် စာဏကျပျို့မှ ထုတ်ပြလိုက်သည်။
(၁) အဝတ်မပါ၊ ဆင်တန်ဆာကား၊ သပြာလူနှိုက်၊ တသိန်းထိုက်လည်း၊ မကြိုက်စဘွယ်၊ မတင့်တယ်တည့်၊
(၂) ဆီထောပတ်များ၊ မပါငြားသည့်၊ စားအစာမှာ၊ ရသာမကြွယ်၊ မတင့်တယ်တည့်၊
(၃) ပျိုရွယ်လှစွာ၊ မယ်ကညာလည်း၊ ရင်မြွာနှစ်စုံ၊ ပန်းအငုံတို့၊ နွမ်းကျုံမလှ၊ လျော့လျည်းကျမူ၊ မိုးက သက်လာ၊ ဖြစ်တုံပါလည်း၊ အင်္ဂါချို့ငယ်၊ မတင့်တယ်တည့်၊
(၄) နက်ကျယ်လိမ်မာ၊ တတ်ပညာလျှင်၊ မပါကင်းဝေး၊ အသက်မွေးလည်း၊ သိမ်သေးမဖွယ်၊ မတင့်တယ်တည့်။ ♦

မတင့်တယ်သော အရာ ၃-မျိုး

ဇာတ်။ ဋ္ဌ။ ပ-အုပ်။ ၃၂၅
(၁) ရေမရှိသော မြစ်၊
(၂) မင်းမရှိသော တိုင်းပြည်၊
(၃) လင်မရှိသော မိန်းမ။ ♦

မတင်းတိမ် မရောင့်ရဲနိုင်သော အရာကြီး ၃-မျိုး

၎င်းသရုပ် (မရောင့်ရဲ မတင်းတိမ်နိုင်သော အရာကြီး ၃-မျိုး) ၌ ရှုပါ။ ♦

မတားမြစ်အပ်သော အရာမျိုး ၅-ပါး

အန္တရာယ်ပြုစေ၍ လောကရေးအားဖြင့် ခွင့်ပေးရသည်။
(၁) ကျင်ကြီး စွန့်လိုခြင်း၊
(၂) ကျင်ငယ်စွန့်လိုခြင်း၊
(၃) လေ သက်လိုခြင်း၊
(၄) ငတ်မွတ် ဆာလောင်၍ စားလိုခြင်း၊
(၅) အိပ်လိုခြင်း။ ♦

မတိုင်ပင်အပ်သူမျိုး ၈-ယောက်

မိလိန္ဒပဥှာ။ ပါ။ ၉၉။ ထိုသူတို့နှင့်တိုင်ပင်သော် အကျိုးစီးပွားပျက်တတ်သည်ဟူ၏၊ စပ်တူစပ်ဖက်မလုပ်ရာ။
(၁) ရာဂစရိတ- ရာဂထူပြောသူ၊
(၂) ဒေါသ စရိတ- ဒေါသအမျက် ထွက်လွယ်တတ်သူ၊
(၃) မောဟ စရိတ- မိုက်မဲ တွေဝေသူ၊ အကြံတုံး, ဉာဏ်တုံးသူ၊
(၄) မာန စရိတ- မာန်မာနကြီးသူ၊ လူမော် လူကြွား၊
(၅) လုဒ္ဓ- လောဘရမ္မက်ကြီးသူ၊
(၆) အလသ- ပျင်းရိသူ၊
(၇) ဧကစိန္တိ- တယောက်တည်း ကျိတ်၍ လုပ်တတ်သူ၊
(၈) ဗာလ- လူမိုက် လူရမ်း လူတစောက်ကန်း။ ♦

မတိုင်ပင်အပ်သော အရပ်မျိုး ၈-ပါး

မိလိန္ဒပဥှာ။ ပါ။ ၉၉-မှ။
(၁) ဝိသမ ဌာနမညီမညွတ်သော အရပ်၊ အကျိုးဖရိုဖရဲဖြစ်တတ်၏။
(၂) သဘာယ ဌာန-ကပွဲသဘင် စသည့်အရပ်၊ တုန်လှုပ်၏၊ နှလုံးပူပန်၏၊
(၃) အတိ ဝါတ ဌာန-အလွန် လေထန်သော အရပ်၊ အသံကို နှိပ်စက်၏၊
(၄) ပတိ ဆန္န ဌာန-ဖုံးလွှမ်းသောအရပ်၊ သူတပါးနားထောင်တတ်၏၊
(၅) ဒေဝ ဌာန-နတ်နေရာ အရပ်၊ အကျိုးစီးပွား နှောင့်နှေးတတ်၏၊
(၆) ပထ ဌာန-ခရီးလမ်းအရပ်၊ စီးပွား မဖြစ်နိုင်၊
(၇) သင်္ဂါမ ဌာန-စစ်မြေပြင်အရပ်၊ တုန်လှုပ်တတ်၏၊
(၈) ဥဒက တိတ္ထ-ရေဆိပ် ရေခပ်ရာ အရပ်၊ ထင်ရှားပေါ်လွယ်တတ်၏။ ♦

မထေမဲ့မြင်ပြု ခံရသူမျိုး ၅-ယောက်

၎င်းသရုပ် (အထင်မြင်သေး ခံရသူမျိုး ၅-ယောက်) ၌ ရှုပါ။ ♦

မထေမဲ့မြင်ပြုခြင်း ခံရတတ်သူ ၁၀-ယောက်

မိလိန္ဒပဥှာ။ ၂၈၅-၌ အကျယ်ရှု။
(၁) လင်ကွာ လင်သေ မိန်းမ၊
(၂) အင်အားဗလနည်းသူ၊
(၃) ဆွေမျိုး မိတ္တ ကင်းမဲ့သူ၊
(၄) အစားအသောက် ကြီးသူ၊
(၅) မကောင်း ယုတ်မာသော မိတ်ဆွေနှင့် ပေါင်းသူ၊
(၆) ပစ္စည်းဥစ္စာမရှိသူ၊
(၇) ကိုယ်ကျင့်သီလ မရှိသူ၊
(၈) ကိစ္စကြီးငယ်၌ မေ့လျော့တတ်သူ၊
(၉) အနာရောဂါ ထူပြောသူ၊
(၁၀) ဝီရိယမရှိ အပျင်းထူသူ။ ♦

မန္တလေးမြို့တည်၊ ၇-လီ၊ စုံညီ တပြိုင်နက်

သက္ကရာဇ် ၁၂၂၁-ခုနှစ် (အုတ်ကျစ်ကျော်ဧ, မန္တလေး) ၌ မန္တလေးရတနာပုံ နေပြည်တော်ကြီးကို တည်ထောင် ဖန်ဆင်းသောအခါ 'မြို့တော်, ကျုံးတော်, စေတီတော်, သိမ်တော်, ကျောင်းတော်, ပိဋကတ်တိုက်တော်, သုဓမ္မာဇရပ်တော်' ၎င်းခုနှစ်ဌာနတို့ကို တပြိုင်နက်တည်း အုဌ်မြစ်ချ၍ တည်ဆောက်သည် ဟူ၏။ ♦

မန်းအောင်မြေချာ၊ လောင်းမြတ်စွာ၊ ၆-ခါ ဇာတ်ဘဝ

အလောင်းတော်မြတ် နုစဉ်အခါဝယ် မန္တလေးတောင်ခြေ အောင်မြေအရပ်၌ 'ခြင်္သေ့မင်း, ဆင်မင်း, ဆတ်မင်း, ငုံးမင်း, ဖွတ်မင်း, မုဆိုးသား' ဟူသောဇာတ်ဘဝတို့ဖြင့် ကျင်လည်ကျက်စားခဲ့ဘူးကြောင်းများဖြင့် ကဝိလက္ခဏာဒီပနီကျမ်းနိဒါန်း၌ မိန့်ဆိုထားလေသည်။ ♦

မန်းမြို့တော်တည်၊ ၇-လီ၊ တူညီ ပန္နက်ချ

ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးသည် ၁၂၂၁-ခုနှစ် မန္တလေး နန်းမြို့တော်သစ်ကြီး တည်ဆောက်သောအခါ။
(၁) မြို့တော်၊
(၂) ကျုံးတော်၊
(၃) လောကမာရဇိန် စေတီတော်၊
(၄) သိမ်တော်ကြီး၊
(၅) သုဓမ္မာဇရပ်တော်ကြီးများ၊
(၆) အတုလဝေယန် ကျောင်းတော်ကြီး၊
(၇) ပိဋကတိုက်တော်၊ ဤ ၇-ဌာနကို ရွှေမြို့တော်တည်သည်နှင့် တပြိုင်နက် တချိန်တည်း ပန္နက်ချကာ တည်တော်မူခဲ့လေသည်ဟူ၏။ ♦

မနသိကာရတရား ၂-ပါး

သံယုတ်။ ပါ။ တတိယ-အုပ်။ ၇၆-၌ အကျယ်ရှုပါ။
(၁) ယောနိသော မနသိကာရ- ပညာဉာဏ်နှင့်ယှဉ်၍ အမှန်တရားများကို အမှန်အတိုင်း ရှုမှတ်သိမြင်ခြင်း၊
(၂) အယောနိသော မနသိကာရ- အမှန်တရားကို အမှားဖြင့် သိမြင်ကြည့်ရှု မှတ်သားလျက် ထိုအမှားတရားစုကိုပင် အမှန်ဟု မှတ်ယူစွဲသိနေခြင်း။ ♦

မနသိကာရမျိုး ၃-ပါး၊ တနည်း

၎င်း သုံးပါးကား အာရုံ, ဝီထိ, ဇော တို့၏ သဘောမျှဖြစ်၍ အနုစိတ်ကို အင်္ကုရဋီကာ၌ ရှုလေ။ ♦

မနေအပ်သော အရပ်မျိုး ၅-ပါး

ဤ၌ ကျက်မှတ်ရလွယ်ကူစေရန် စာဏကျပျို့မှ ထုတ်ပြလိုက်သည်၊ မနေအပ်ရာ အရပ်မှာကား။
(၁) ဥစ္စာစုဝေး၊ မြတ်သေဌေးနှင့်၊
(၂) ဆေးကုလိမ်မာ၊ ဆေးဆရာတည့်၊
(၃) စုံလာ ဆယ်အင်၊ ရှင်ဘုရင်ဟု၊
(၄) ရေလျှင်တည်ကြောင်း၊ မြစ်နှင့်ချောင်းတည့်၊
(၅) မကောင်း,ကောင်းသော၊ အတတ်ဟောသည့်၊ သဘောမြင့်မြတ်၊ ဗေဒင်တတ်ဟု၊ လျောက်ပတ်ဘွယ်ရာ၊ ဤငါးဖြာတို့၊ ကင်းကွာမဲ့ထ၊ ရပ်ဒေသကား၊ မုချဆတ်ဆတ်၊ မနေအပ်တည့်။

မှတ်ချက် ။ ။ အမှတ် ၄-အရ ရထားသင်္ဘောလမ်း မဲ့ကိုယူ၊ ဟိတောပဒေ၌ ၄-ပါးလာ၏။ ♦

မနောကံ ၃-ပါး၊ မနောဒုစရိုက် ၃-ပါး

၎င်း၏ သရုပ်ကို(ဒုစရိုက်ဆယ်ပါး) မှာ ထင်ရှားစွာပြခဲ့ပြီ။ ♦

မပေးလှူအပ်သော ဒါနမျိုး ၅-ပါး

အပြစ်ရှိသော အကုသိုလ်အလှူမျိုး ၅-ပါး ဟူ၏။ ပရိဝါ။ ပါ။ ၂၃၁။ ဋ္ဌ။ ၁၇၃-၌ အကျယ်ရှုပါ။ ၎င်း၏အကျိုးဖလကား အပါယ်လားကြောင်း သာဖြစ်၍ “အပါယ ဂမနိက ဒါန''မျိုး ငါးပါး ဟူ၍လည်း ပိဋကတော်၌ လာရှိသည်၊ အဆိုအတီး ပွဲသဘင်ပါသော အလှူ့ရှင်များ သတိထားကြစေရာ။
(၁) မဇ္ဇဒါန-သေရည်, အရက်, ဘိန်းစသည် ယစ်မျိုးအလှူ၊
(၂) သမဇ္ဇ ဒါန- ဇာတ်, ရုပ်သေး, အငြိမ့်စသော အဆိုအတီး ကချေသည် သဘင်အလှူ၊
(၃) ဣတ္ထိဒါန-ကာမမှုအတွက် အလိုဖြည့်ကြစေရန် မိန်းမအလှူ၊
(၄) ဥသဘ ဒါန- နွားမတို့ အလယ်၌ ထယ်ဝါခန့်ညားသော နွားလား နွားသိုးကြီးတို့ကို ပေးလှူခြင်း၊
(၅) စိတ္တ ကမ္မ ဒါန-ကြည့်လိုက်လျှင် ကာမဂုဏ်စိတ်တွေ တဖွားဖွားဖြစ်လာနိုင်အောင် ဆန်းကြယ်လှပစွာ ပြုစုရေးသားထားသော သုခုမ အနုပညာ ပန်းချီကားချပ်များ။ ♦

မပေးလှူအပ်သော ဒါနမျိုး ၁၀-ပါး

၎င်း သရုပ်ကို (အပါယ်လားကြောင်း အလှူမျိုး ၁၀-ပါး) ၌ ပြပြီးပြီ။ ♦

မမေ့နိုင်ခြင်းအကြောင်း ၁၆-ပါး

၎င်းသရုပ်ကို (သတိရခြင်း၏ အကြောင်း ၁၆-ပါး) ၌ ရှုပါလေ။ ♦

မယ်ကမ္ဘာခေါ်၊ မိန်းမကျော်၊ ၄-ဘော် ကျမ်းဂန်ထွက်

၎င်း သရုပ် (တော်ဝင်သူ ၄-ယောက်) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

မယ်ဘွဲဲ့ရွေးချယ်၊ လှနတ်မယ်၊ ၆-သွယ် အင်္ဂါစစ်

ထိုထို မြို့, ရွာ, တိုင်း, နယ်တို့၌ အလှမယ် ရွေးကာ ဘွဲ့ပေးကြရာတွင် ရှေးဦးစွာ အလှလက္ခဏာ ၆-ပါးကို စီစစ်ရမည် ဟူ၏၊ ၎င်း သရုပ်( အပြစ် ၆-ပါး၊ ကင်းစင်ငြား၊ လှထွား ပျိုသူဇာ) ၌ ဆိုခဲ့ပြီ။ ♦

မယား ၅-ပါး၊ ပယ်စွန့်ထား၊ မိန့်ကြား ဓမ္မသတ်

ကွာစွန့်အပ်သော မယား ငါးပါးဟူ၏၊ ရှေ့ ၃-ပါးကို မကွာလိုကလည်း နေနိုင်သည်၊ ကဝိလက္ခဏာဒီပနီကျမ်းမှ။
(၁) မြုံသောမယား၊ ရှစ်နှစ် ငံ့စောင့်ရမည်၊
(၂) သ္မီးမိန်းမသာ ဖွားသောမယား၊ ရှစ်ယောက် ဆယ်ယောက်အထိ မွေးအောင် စောင့်ငံ့ရမည်၊
(၃) နူသောမယား၊ ကွာလိုက ကွာစေ၊
(၄) လင်စောင် မျောက်မ ထားသော မယား၊
(၅) အမျိုးတို့၏ အကျင့်တရားကဖျက်သော မယား။ ♦

မယား အပြား ၇-ပါး

သတ္တင်္ဂုတ္တရ။ ပါ။ ၄၆၆။ ဋ္ဌ။ ၁၇၇။ ဇာတ်။ ပါ။ ပ-အုပ်။ ၇၈။ ဋ္ဌ။ ၃၁၃-တို့၌ အကျယ်ရှုပါ။ ၎င်းသရုပ်ကို မဃဒေဝ လင်္ကာစကားရပ်ဖြင့် သိရာ၏။ 'မယားခုနှစ်မျိုး၊ ရှိမြဲရိုးတွင်၊ သူခိုးအရှင်၊ လူသတ်သွင်သို့၊ အကြင်မယား၊ လား၏ငရဲ၊ အမြဲမှတ်ဘိ၊ အမိတမျှ၊ နှမ မယွန်း၊ ခင်ပွန်းတသွယ်၊ ကျွန်နှယ်လေးဖြာ၊ မယားမှာကား၊ နိမ္မာနတ်ပြည်၊ လားမြဲမည်၏၊ ယင်းသည်လေးသွယ်၊ မယားဝယ်လည်း၊ ကျွန်နှယ်အလား၊ ထိုမယားမူ၊ ယောက်ျားဆုပန်၊ နိဗ္ဗာန်ဆုကောင်း၊ တောင်းကမလွတ်၊ မချွတ်တူတည်၊ ပြည့်မြဲမည်၏'။ ♦

မယားအရာ၊ မြောက်ကြောင်းမှာ၊ ၁၀-ဖြာ ကျမ်းအထွက်

'ဓနက္ကိတာ ဒယော ဒသ ဘရိယာ' ဟူသော တေရသကဏ် ဋီကာပါဌ်အရ မယားအရာ မြောက်ခြင်း၏ အကြောင်း ဆယ်ပါးကို သိရာ၏၊ ၎င်းအကျယ်ကို (အုပ်ထိန်းခြင်းရှိသော မိန်းမ ၂၀) သရုပ်တွင် နံပါတ် ၁၁-မှ စ၍ကြည့်ရှုပါလေ။ ♦

မယားခိုး အပြား ၇-ပါး

မယားခိုးမှု စီရင်ရာ၌ မနုဓမ္မသတ်အလို အောက်ပါ ခုနှစ်ပါးကိုပြသည်။
(၁) ဟတ္ထဂ္ဂါဟ-လက်စသည်ကိုင်တွယ်သုံးသပ်ခြင်း၊
(၂) ဃရ ပတ္တလင်မရှိခိုက် အိမ်သို့ သွားယောက်ခြင်း၊
(၃) ဂုယှဋ္ဌာန-လုံခြုံသောအရပ်၌ ကာမနှင့်စပ်သော စကားတို့ကိုဆိုခြင်း၊
(၄) သလ္လာပ-ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ-တင်းတိမ်, ခြင်ထောင်တွင်းသို့ ဝင်ရောက်ခြင်း၊
(၆) ဒွါရ-တိုက်တံခါးအတွင်းသို့ ဝင်ရောက်ခြင်း၊
(၇) သေယျ-အိပ်ရာခန်းသို့ဝင်ရောက်ခြင်း။ ♦

မယားမြတ် ၈-ယောက်

လောကီကျမ်းလာ ဥပဒေသ။
(၁) ထမင်းစားသောအခါ မိခင်ကဲ့သို့ ပြုစုလုပ်ကျွေးတတ်သောမယား၊
(၂) လင်ကို အဝတ်အစားပြုပြင်ဆင်ယင်၍ ပေးတတ်သောမယား၊
(၃) လင်ကို ပကတိအခါ၌ မောင်ကဲ့သို့ ရိုသေရှက်ကြောက်တတ်သောမယား၊
(၄) လင်ကို ကျွန်မသဖွယ် လုပ်ကျွေးတတ်သောမယား၊
(၅) ဘေးရန်ရှိသောအခါ အတိုင်အပင်ရသော မယား၊
(၆) ကာမကိစ္စ၌ လင်၏ မွေ့လျော်ဘွယ်ကို ပြုကျင့်တတ်သောမယား၊
(၇) အရောင်းအဆင်း၏ တင့်တယ်လှပခြင်းကို ပြုပြင် ဖီးလိမ်းတတ်သော မယား၊
(၈) လင်၏ အလို၌ သည်းခံနိုင်သော မယား။ ♦

မယားမြတ်တို့ အကျင့်လက္ခဏာ ၆-ပါး

မိန်းမမြတ်တို့ လိုက်နာပြုကျင့်ခြင်း အလေ့မြတ် ၆-ပါး ဟူ၏၊ မဟာသုဒဿနသုတ် ပါဠိတော်မှ။
(၁) ပုဗ္ဗုဋ္ဌာယီ-ရှေးဦးစွာ အိပ်ယာမှ ထလေ့ရှိခြင်း၊
(၂) ပစ္ဆာ နိပါတီ-နောက်မှ အိပ်လေ့ရှိခြင်း၊
(၃) ကိံကာရ ပဋိဿာဝိဏီပြုလုပ်ပေးရန် လင့် အသံစကားကို အသင့်နာခံလေ့ရှိခြင်း၊
(၄) မနာပ စာရီ-နှစ်ခြိုက်ဘွယ်ကို ပြုလေ့ရှိခြင်း၊
(၅) ပိယ ဝါဒိနီ- ချစ်ဘွယ်စကားကို ဆိုလေ့ရှိခြင်း၊
(၆) မနာသာပိ နောအဘိစာရီ- ယောက်ျားတပါးကို စိတ်ဖြင့်မျှ မကြံစီ မလွန်ကျူး နေလေ့ရှိ၏။ ♦

မယားဝတ် ၅-ပါး

အိမ်ထောင်ရှင်ခေါ် မယားလုပ်သူတို့ ပြုကျင့်ရမည့် ဝတ်ငါးပါး။
(၁) အိမ်တွင်းမှု ပြုဘွယ်တို့ကို စေ့ငှစွာ ပြုလုပ်ရခြင်း၊
(၂) လင်ရှာ၍ ရသော ပစ္စည်းဥစ္စာကို စုဆောင်းမိအောင် သိမ်းတတ်ရခြင်း၊
(၃) မိမိလင်မှ တပါးယောက်ျားကို မတပ်မက် မနှစ်သက်ရခြင်း၊
(၄) မိမိဆွေမျိုး လင်၏ဆွေမျိုးတို့ကို လျော်သလို ပေးကမ်းဖြန့်ချီရခြင်း၊
(၅) အပျင်းမထူ အိမ်သူပြီလှစွာ နေထိုင်ရခြင်း။ ♦

မရဏတရား ၃-ပါး

ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၂၂၂
(၁) သမ္မုတိ မရဏ- မောင်ဖြူ သေပြီ၊ မကြူသေပြီ စသည်မျိုး၊
(၂) ခဏိက မရဏ-ရုပ်နာမ်ဓမ္မတို့ မပြတ် ပျက်စီးနေမှု၊
(၃) သမုစ္ဆေဒ မရဏ- ရုပ်နာမ်ဓမ္မတို့၏ နောက်ဆုံး ပျက်စီးခြင်း ပရိနိဗ္ဗာန။ ♦

မရိုသေတတ်သူမျိုး ၁၂-ယောက်

၎င်း သရုပ်ကို (ရိုသေထိုက်သူအား မရိုသေသူ ၁၂-ဦး) ၌ ရှုပါ။ ♦

မရောင့်ရဲ မတင်းတိမ်နိုင်သော အရာကြီး ၃-မျိုး

မူလပဏ္ဏာသ။ ဋ္ဌ။ ဒု-အုပ်။ ၄၅။ ဘယ်အခါမျှ ပေးလို့ ဖြည့်လို့ ဖို့လို့ပြည့်စုံအားရမှု မရှိနိုင် ဟူ၏။
(၁) အဂ္ဂိခန္ဓော-ဟုန်းဟုန်းလောင်ငြီး မီးပုံကြီး၊
(၂) သမုဒ္ဒေါ-သမုဒ္ဒရာ ပင်လယ်၊
(၃) မဟိစ္ဆော- အလိုလောဘ ကြီးမားလွန်းသူ။ ♦

မရောင်းကောင်းသော ကုန်စည်မျိုး ၅-ပါး

ဗုဒ္ဓဘာသာဝင်တို့ ရှောင်ကြဉ်ဖယ်ရှား အပြစ်ရသော ရောင်းကုန်ငါးပါး။
(၁) သတ္ထ ဝါဏိဇ္ဇ-အများသေကြောင်း လက်နက်ပေါင်း အမျိုးမျိုး၊
(၂) သတ္တ ဝါဏိဇ္ဇ-ဆင်, မြင်း, လူ စသော အစေခံ သတ္တဝါအပေါင်း၊
(၃) မံသဝါဏိဇ္ဇ-အသားစားကြောင်း, ကြက်, ငှက်, ဝက်, ငါး, စသော သားကောင်အပေါင်း၊
(၄) မဇ္ဇဝါဏိဇ္ဇ-သေရည်အရက်မျိုး ဟူသမျှ၊
(၅) ဝိသ ဝါဏိဇ္ဇ-အများသေကြောင်း အဆိပ်ပေါင်း ဟူသမျှ။ ♦

မရိုမသေ အပြုခံရသူ ၁၀-ယောက်

၎င်း သရုပ်ကို (မထေမဲ့မြင် အပြုခံရသူ ၁၀-ယောက်) ၌ရှုပါ။ ♦

မရှက်ရာသည် ၄-ပါး

လွယ်ကူစွာ ကျက်မှတ်နိုင်ရန် စာဏကျပျို့မှ ထုတ်ပြလိုက်သည်။
(၁) ပစ္စည်းဥစ္စာ၊ ရစိမ့်ငှါလျှင်၊ သွားလာလည်းပြု၊ ရောင်းဝယ်မှုတည့်၊
(၂) တခုခုသာ၊ တတ်ပညာကို၊ လိုရာကပ်ချဉ်း၊ သင်ကြားခြင်းနှင့်၊
(၃) မကင်းနိုင်ရာ၊ လူတကာတို့၊ အစာစားခြင်း၊ မရှက်လျင်းနှင့်၊
(၄) ပေါင်းသင်းမေထုန်၊ ကာမဂုဏ်ဟု၊ မြူးခုန်ပျော်ပါး၊ ကိုယ့်မယားနှင့်၊ လင်သားချင်းချင်း၊ ခံစားလျင်းသော်၊ ရှက်ခြင်းစွန့်ရ၊ မှန်မုချတည့်။ ♦

မလွှားရာသား၊ မျိုး ၁၀-ပါး၊ ကျမ်းကား အဘယ်နည်း?

ဤ၌ “မလွှားရာသည်၊ ဆယ်ပါးမည်ကား” ဟူသော လင်္ကာဖြင့် စိန္တကျော်သူဦးသြရေး သြဝါဒထူးပျို့တွင် တွေ့မြင်ဖတ်ရှုဘူး၏။ ♦

မသတ်ကာရန်၊ ရေးထုံးမှန်၊ ၉-တန်မြန်မာမှု

ကာရန်ငယ် အသံမျိုး ၆၄-ပါးနှင့် ၃၆-ပါးသော ဌာနတို့တွင် ပါဝင်သည့်ဝေါဟာရ၊ အမ်, အမ့်, အမ်း,၊ အိမ်, အိမ့်, အိမ်း၊ အုမ်, အုမ့်, အုမ်း။

မှတ်ချက် ။ ။ များသောအားဖြင့် မ, သတ်နှင့် နိဂ္ဂဟိတ်ခေါ် သေးသေးတင်တို့ကား တူသော သတ်ပုံကာရန် ရှိကြ၏။ ♦

မသာချရာ၊ စျာပနာ၊ ၃-ဖြာ မျိုးအပြား

၎င်း သရုပ်ကို (စျာပနမျိုး ၃-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

မသူတော် တရား၊ ၇-ပါး၊ ရှောင်ရှား တိုင်းပြည်သူ

သူယုတ်မာတို့၏ အကျင့်တရား ၇-ပါး၊ ခုဒ္ဒကဝတ္ထု ဝိဘင်းပါဠိတော်မှ။
(၁) အ သဒ္ဓေါ-သဒ္ဓါတရားမရှိ၊
(၂) အ ဟိရီကောမကောင်းမှု၌ မရှက်တတ်၊
(၃) အနောတ္တပ္ပီ-ယုတ်မာမှု၌ မကြောက်တတ်၊
(၄) အပ္ပသုတောအကြား အမြင်လိမ်မာမှုနည်း၏၊
(၅) ကုသိတော- ပျင်းရိ၏၊
(၆) မုဋ္ဌဿတိ- သတိမေ့၏၊
(၇) ဒုပညော-ပညာမရှိ။ ♦

မသေဘူးဆို၊ ၄-ပုဂ္ဂိုလ်၊ ဖြေဆိုမိန့်တော်မူ

၎င်းသရုပ်ကို (ပုဂ္ဂိုလ်မျိုးပြား ၁၂-ပါး) ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။ ♦

မဟာလ္လတာ တန်ဆာမျိုး ၂-ပါး

မင်းမိဖုရား, ကတော်မြတ်, များ၏ ဝတ်ရုံတော် ၂-မျိုး၊ မဟာလ တာ, ဟုလည်း ခေါ်၏။
(၁) ဥက္ကဌ် ယကင်စိုက် မဟာလ္လတာ တန်ဆာမျိုး၊
(၂) မဟာလ္လတာ တန်ဆာရိုးရိုးတမျိုး။ ♦

မဟာကပ်ခေါ်၊ ၄-ဘော်အင်္ဂါ၊ ဖြေဆိုပိုပါ

အောက်ပါ အသချေင်္ယျ ၄-ကပ်ကို မဟာကပ်၏ အင်္ဂါလေးပါးဟု သိရာ၏၊ ဤ အသချေင်္ယျ လေးကပ်တို့ကား အချိန်ကာလအားဖြင့် ညီမျှသော ပမာဏရှိကြကုန်၏၊ ဤလေးကပ်သည် မဟာကပ် တကပ်မည်၏။
(၁) သံဝဋ္ဋ အသချေင်္ယျကပ်ကပ္ပါပျက်မိုဃ်းကြီး ရွာသည်ကစ၍ ကပ္ပါလောကဓာတ်ကြီးတခုလုံးဘာမျှမရှိ ဟင်းလင်းပြင်ကြီးဖြစ်သည် တိုင်အောင် ပျက်ဆဲကပ်ကာလ တမျိုး၊
(၂) သံဝဋ္ဋဋ္ဌာယီ အသချေင်္ယျကပ်-ဟင်းလင်းပြင်ကြီးဖြစ်သည် ကစ၍ ကပ္ပါပြုမိုဃ်းကြီး ရွာသည်တိုင်အောင် အပျက်ကြီးအတိုင်း တည်နေသော တည်ဆဲကပ်ကာလ တမျိုး၊
(၃) ဝိဝဋ္ဋ အသချေင်္ယျကပ်-ကပ္ပါပြုမိုဃ်းကြီး ရွာသည်ကစ၍ နေ, လ, နက္ခတ် ပေါ်သည်တိုင်အောင် ကပ္ပါဖြစ်ပြီး၍ တည်ဆဲကပ်ကာလ တမျိုး၊
(၄) ဝိဝဋ္ဋဋ္ဌာယီ အသချေင်္ယျကပ်- နေ, လ, နက္ခတ် ပေါ်သည်က စ၍ ကပ္ပါဖျက်မိုဃ်းကြီး ရွာသည်တိုင်အောင် တည်ဆဲကပ်ကာလ တမျိုး။ ♦

မဟာပဉ္စကူမျိုး ၅-ပါး

ဗိန္ဓောဆေးကျမ်း ဝေါဟာရ။
(၁) ဥသျှစ်မြစ်၊
(၂) သခွတ်မြစ်၊
(၃) ကြောင်လျှာမြစ်၊
(၄) ရမနေမြစ်၊
(၅) တပဆေးမြစ်၊ ၎င်းအကျိုးကား လေကိုဖြောင့်စေ၏၊ ဝမ်းကို ကောင်းစေ၏၊ အပူကို ငြိမ်းစေတတ်၏။ ♦

မဟာပဒေသမျိုး ၄-ပါး

အကျယ်ဝန်းဆုံးသော တရား၏ တည်ရာ နည်းဥပဒေကြီး လေးပါး၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်များအား ညွှန်ကြားချက်၊ သာသနာတော်၌ အမှုဖြစ်ပွားလာလျှင် ယင်းလေးပါးဖြင့် ညွှန်ကြားဆိုပြောတိုင်း လက်မခံ အတည်မပြုရ၊ ဟုတ် မဟုတ် စီစစ်ညှိနှိုင်းပြီးမှ ဆုံးဖြတ်ရမည် ဟူ၏။
(၁) ဗုဒ္ဓေါပဒေသ-ဘုရားထံမှ ကြားနာရသော တရားဟု ဘုရားအား ညွှန်ကြားခြင်း။
(၂) သံဃာပဒေသ-သံဃာထံမှ ကြားနာမှတ်သားရသော တရားဟု သံဃာအား ညွှန်ကြားခြင်း။
(၃) သမ္ဗဟုလာ ထေရာပဒေသ-ဂိုဏ်းထံမှ ကြားနာမှတ်သားရသော တရားဟု ဂိုဏ်းအား ညွှန်ကြားခြင်း။
(၄) ဧက ထေရာပဒေသ-သက်ဝင်ယုံကြည် ခုံတည်ထိုက်သော ထေရ်ကြီးတပါးထံမှ ကြားနာမှတ်သားရသော တရားဟု ပုဂ္ဂိုလ်အား ညွှန်ကြားခြင်း။ ဤကား သုတ်မဟာဝါ အလို။ ♦

မဟာပဒေသမျိုး ၄-ပါး၊ တနည်း

ဝိနည်း မဟာဝါ အဋ္ဌကထာ။
(၁) အပဋိက္ခိတ္တ အကပ္ပိယ- မပယ်မြစ်ခဲ့သော မအပ်သော ဝတ္ထု။
(၂) အပဋိက္ခိတ္တ ကပ္ပိယ- မပယ်မြစ်ခဲ့သော အပ်သော ဝတ္ထု။
(၃) အန နုညာတ အကပ္ပိယ- ခွင့်မပြုခဲ့သော မအပ်သော ဝတ္ထု။
(၄) အန နုညာတ ကပ္ပိယ- ခွင့်မပြုခဲ့သော အပ်သော ဝတ္ထု။ ♦

မဟာပဒေသမျိုး ၄--ပါး၊ တနည်း

သုတ်မဟာဝါ အဋ္ဌကထာ။
(၁) သုတ္တ-ဘုရားဟော သံဂါယနာဝင် ပါဠိတော်များ၊
(၂) သုတ္တာနုလောမ- အဋ္ဌကထာဋီကာများ၊
(၃) အာစရိယဝါဒ-ဆရာသမားတို့၏ ခိုင်လုံသော အယူအဆ၊
(၄) အတ္တနော မတိ- မိမိ၏ ဟုတ်မှန်စွာ ဝေဘန်ယူဆမှုသဘော။ ♦

မဟာပုရိသ လက္ခဏာတော် ၃၂-ပါး

၎င်းသရုပ်ကို (လက္ခဏာတော်ကြီး ၃၂-ပါး) ၌ ရှုပါလေ။ ♦

မဟာဘိညာပတ္တ ပုဂ္ဂိုလ် ၄-ပါး

တစ်သချေင်္နှင့် ကမ္ဘာတသိန်းအတွင်း ဆင်ခြင်အောက်မေ့ သိမြင်နိုင်သော တန်ခိုးရှင်ပုဂ္ဂိုလ်ကြီး၄-ပါး၊ ဘုရားတဆူ၌ ၄-ဦးစီသာ ပေါ်သည်၊ ငါတို့ဘုရား လက်ထက်တော်၌ အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်, ဘဒ္ဒကစ္စနာထေရီခေါ် ယသောဓရာ, အရှင်ဗာကုလမထေရ်တို့ဖြစ်ကြ၏၊ ဧကင်္ဂုတ္တရ။ ဋ္ဌ။ ၂၈၉၊ အခြားသော တန်ခိုးကြီး ပုဂ္ဂိုလ်တို့ကား ကမ္ဘာတသိန်းသာ သိမြင်နိုင်ကြသည်။ ♦

မဟာဘုတ်ကြီး ၄-ပါး

အကြောင်းညီညွတ်က ကြီးကျယ်ပွားများခြင်းသို့ ရောက်အောင်စွမ်းဆောင်နိုင်သော သတ္တိရှိသည့် ရုပ်ဓာတ်ကြီး ၄-ပါးကိုခေါ်ဆိုသည်။
(၁) ပထဝီခေါ် မြေဓာတ်- အလုံးစုံသောရုပ်ဟူသမျှတို့၏ ထောက်တည်ဖွဲ့စည်း လောင်မြိုက်ရာ ဝတ္ထု၊ ခက်မာသော သဘောလက္ခဏာ ကလေး၊
(၂) အာပေါခေါ် ရေဓာတ်-ပြန့်နှံ့ဖွဲ့စည်းတတ်သော သဘောလက္ခဏာကလေး၊
(၃) တေဇောခေါ် မီးဓာတ်-အငွေ့၏အဖြစ် သဘောလက္ခဏာ ကလေး ပူ ဧမှု၊
(၄) ဝါယောခေါ် လေဓာတ်-တုန်လှုပ် ရွေ့ရှား ထောက်ကန်ခြင်း သဘောလက္ခဏာ ကလေး။ ♦

မဟာလတာ၊ ဆင်တန်ဆာ၊ ၂-ဖြာ မျိုးခွဲသဲသွဲသိ

၎င်းသရုပ် အဓိပ္ပါယ်ကို (မဟလ္လတာမျိုး ၂-ပါး) ၌ ပြခဲ့ပြီ။ ♦

မဟာလတာ၊ ဆင်မြန်းကာ၊ ၃-ဖြာ မိန်းမမြတ်

ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၂၆၀။ ဗုဒ္ဓသာသနာတော်အတွင်း လူ့နယ်မြေပြင်၌ မဟာလတာ တန်ဆာကို ဆင်မြန်းရသူ သုံးယောက်သာရှိ၏။
(၁) ဝိသာခါ သူဌေးသမီး၊
(၂) ဗန္ဓုလစစ်ဗိုလ်ချုပ်ကြီးကတော် မလ္လိကာ၊
(၃) ဗာရာဏသီ သူဌေးသမီး။

မှတ်ချက် ။ ။ ဆင်ပြောင်ငါးစီးအား ဆောင်နိုင်သူတို့သာ ယင်းတန်ဆာကို ဝတ်ရုံဆင်မြန်းနိုင်သည် ဟူ၏။ ♦

မဟာသာလမျိုး ၃-ပါး

သုတ်မဟာဝါ။ ပါ။ ၁၂၁။ ဋ္ဌ။ ၁၇၈။ ဥစ္စာ အနှစ်နှင့် ပေါများပြည့်စုံသော သူဋ္ဌေးကြီးများ၏ အမျိုးအပြား။
(၁) ခတ္တိယ မဟာသာလမျိုး- မိမိတို့ သုံးသည်ထက် ပိုနေသော ငွေကုဋေ ရာ, ထောင်, မြေ၌မြှုပ်ထားရသည့် သူဋ္ဌေးကြီးများ၊
(၂) ဗြာဟ္မဏ မဟာသာလမျိုး- အပိုငွေ ကုဋေရှစ်ဆယ်အထက် မြေ၌မြှုပ်ထားရသည့် ဓနရှင်ကြီးများ၊
(၃) ဂဟပတိ မဟာသာလမျိုး- အပိုငွေ ကုဋေလေးဆယ်အထက် မြေ၌မြှုပ်ထားရသည့် ဓနရှင်ကြီးများ။ ♦

မဟာသာဝက ရှစ်ကျိပ်

၎င်းတို့၏ သရုပ် အမည်တော်များကို (လက်ျာတော်ရံလေးကျိပ်၊ လက်ဝဲတော်ရံ လေးကျိပ်) ၌ ရှုပါ၊ ၎င်းတို့အကျယ်ကို အင်္ဂုတ္တရ။ ပါ။ ပ-အုပ်။ ၂၃-မှ ၂၆။ ၎င်း။ ဋ္ဌ။ ပ-အုပ်။ ၉၆။ ၂၆၀။ ၎င်းဋီကာ၊ တတိယ-အုပ်။ ၁၁၈-တို့၌ ကြည့်ပါ။

မှတ်ချက် ။ ။ မဟာသာဝက အစစ်မှာ ၇၈-ပါးသာရှိ၏၊ အဂ္ဂသာဝက ၂-ပါးနှင့်မှ ရှစ်ကျိပ်ပြည့်သည်။ ♦

မာန်တက်ခြင်း မျိုး ၃-ပါး

အဘိဓမ္မာ ဝိဘင်း။ ပါ။ ၃၆၆။ ၎င်းအဋ္ဌကထာ သမ္မောဟဝိနောဒနီ။ ၄၆၇-၌ အကျယ် ၉-ပါးရှု။ ငါတကားဟု ထောင်လွှားမှတ်ထင်တတ်သော အကြောင်း ၃-ပါး။
(၁) သေယျ မာန်- ဂုဏ်, ဇာတ်, ပညာ, ဥစ္စာ, အဆင်း, သားချင်း, ခြွေရံ စသည်အားဖြင့် သူ့ထက်မြတ်၏ဟု မှတ်ထင်ခြင်း၊
(၂) သဒိသ မာန်- ထိုထို ဂုဏ်သိရ် ဥစ္စာ စသည်၌ သင်းတို့နှင့်ငါ အတူတူသာဟု မှတ်ထင်တတ်ကြခြင်း၊
(၃) ဟီန မာန်ငါက သင်းတို့အောက်က လူဖြစ်သော်လဲ ဘာ အရေးစိုက်ရမလဲဟု ထောင်လွှားမှုမျိုး။ ♦

မာန်တက်ခြင်း မျိုး ၃-ပါး၊ တနည်း

အထက် နည်းနှင့် သဘောတူ သဒ္ဒါကွဲမျှသာထူးသည်။
(၁) ဇာတိ မာန်-မျိုးဇာတ်ကို စွဲ၍ တက်ခြင်း၊
(၂) ဂေါတ္တ မာန်အဆက်အနွယ်ကို စွဲ၍ တက်ခြင်း၊
(၃) ဣဿရိယ မာန်-အစိုးရမှု စည်းစိမ်ချမ်းသာမှုကို စွဲ၍ တက်ခြင်း။ ♦

မာန်တက်ခြင်း မျိုး ၉-ပါး

အထက်ပါ မာန်တက်ခြင်း ၃-ပါးတို့တွင် တပါး တပါး၌ ပဏီတမာန်, မဇ္ဈိမမာန်, ဟီနမာန်ဟု ၃-ပါးစီ ပြားပြန်ရကား မာန်တက်ခြင်း ၉-ပါးဖြစ်၏၊ ခုဒ္ဒကဝိဘင်း ပါဠိတော်။ ♦

မာန်ယစ်ခြင်း ၃-ပါး

မာန်မူခြင်း မာန်ယစ်မူးခြင်း၏ အကြောင်း ၃-ပါး။
(၁) အာရောဂျ မဒ-ရောဂါကင်းစင် ကျန်းမာခြင်းလျှင် မာန်ယစ်ခြင်း၊
(၂) ယောဗ္ဗန မဒ- အားအင်ဖြိုးကြွယ် အရွယ်၏လျောက်ပတ် တင့်တယ်ခြင်းဖြင့် မာန်ယစ်ခြင်း၊
(၃) ဇာတိ မဒ-မျိုးဇာတ် ဂုဏ်ရည်ကိုစွဲ၍ မာန်ယစ်ခြင်း။ ♦

မာနမျိုးပြား၊ ထို ၄-ပါး၊ မိန့်ကြား ကျမ်းဗေဒင်

မာသမျိုး ၄-ပါးကိုပင် အချို့ ဗေဒင်ကျမ်းတို့၌ 'မာနမျိုး ၄-ပါး' ဟု ရေးသားခေါ်ဝေါ်ကြ၏၊ အနက်အဓိပ္ပါယ် အတူတူပင် မှတ်လေ။ အကျယ် (မာသ) ၌ ရှုပါ။ ♦

မာယာ ၃-ခွင်၊ အမြဲယှဉ်၊ ဘုရင် စစ်သူကြီး

၎င်း သရုပ် (စဉ်းလဲရခြင်းမျိုး ၃-ပါး) ၌ ရှုပါလေ။ ♦

မာယာ ၄၀၊ မှုမျိုးကြွယ်၊ ပျိုမယ်ဣတ္ထိယ

ဇာတ်။ ပါ။ ဒု-အုပ်။ ၁၂၁။ ဋ္ဌ။မာရ် ၅-ပါး

ဝိသုဒ္ဓိမဂ်၊၂၀၄။ အပါဒါန် ။ ဠ။ ပ-အုပ်၁၁၉၊ နှောင့်ရှက်ဆီးတားမှု ငါးပါး၊
(၁) ရွှေပလ္လင်တော်မြတ်ကို စစ်တပ်နှင့် တိုက်လုသော မာရ်နတ်သားကို 'ဒေဝပုတ္တမာရ်' ခေါ်သည်၊
(၂) ကိလေသာ ၁၀-ပါး၊ သို့မဟုတ် ၁၅၀၀ ကိလေသာကို 'ကိလေသမာရ်' ခေါ်သည်၊
(၃) ဘဝသစ်အဖို့ ပစ်ချစီမံ ပြုပြင်တတ်သောကံကို 'အဘိသင်္ခါရမာရ်' ခေါ်သည်၊
(၄) ရဟန္တာမဖြစ်မီအတွင်း ကုသိုလ်ကံ အကုသိုလ်ကံတို့၏ စီမံပစ်ချရာ ဘဝသစ်၌ ဖြစ်ရလတ္တံ့သော ခန္ဓာငါပါးကို 'ခန္ဓမာရ်' ခေါ်သည်၊
(၅) သေရခြင်းသဘောကို 'မစ္စုမာရ်' ခေါ်သည်၊၊ ♦

မာရ်စစ်သည် ၁၀-ပါး

ဣတိဝုတ်။ ပါ။ ၂၂၂။ ဋ္ဌ။ ၁၆၄။ ကုသိုလ်မှု၌ တိုက်ဖျက်လေ့ရှိသော မာရ်နတ်၏ စစ်သည်တော် ဆယ်ယောက်၊
(၁) ကာမ ရာဂ-ကာမဂုဏ်၌ တပ်မက်မှု၊
(၂) အရတိ-ကောင်းမှု၌ မမွေ့ပျော်မှု၊
(၃) ခုပ္ပိပါသ-ဆာလောင် မွတ်သိပ်တတ်မူ၊
(၄) တဏှာဆာလောင်သော အရာကို ရှာမှီးခြင်း၊
(၅) ထိနမိဒ္ဒ-ငိုက်မျည်း အိပ်ချင်ခြင်း၊ကောင်းမှု၌ စိတ်အား လျော့ကျခြင်း၊
(၆) ဘိရု-ကြောက်ခြင်း၊
(၇) ဝိစိကိစ္ဆာ-ယုံမှား သံသယဖြစ်ခြင်း၊
(၈) မက္ခ, ထမ္ဘ- ကျေဇူးမဲ့ပြုခြင်း, ခက်ထန်ခြင်း၊
(၉) လာဘ, သိလောက, သက္ကာရ, မိစ္ဆာလဒ္ဓ-မဟုတ်မမှန်လုပ်ကြံယုတ်မာသော လာဘ်, ကျော်စော ပူဇော်ခံမျိုး၊
(၁၀) အတ္တုကံသန, ပရဝမ္ဘနကိုယ့်ကိုမြောက်, သူ့ကို နှိမ့်မှု သဘောယုတ်။ ♦

မာလိန်မှူးအင်္ဂါ၉-ပါး

၎င်း သရုပ်ကို (သင်္ဘောသူကြီး အင်္ဂါ၉- ပါး) ၌ ရှုပါ၊၊ ♦

မာသမျိုး ၃ -ပါး

ဗေဒင် ကျမ်းသုံး ဝေါဟာရ ဖြစ်သည်၊၊၎င်းကိုပင် 'လ မျိုး၃ပါး' ဟုလည်း ခေါ်သေး၏။
(၁) သူရိယ မာသ-မိဿ ပြိဿ စသော ၁၂-ရာသီကို ခေါ်သည်၊ တနည်း၊ တနင်္ဂနွေ ဂြိုဟ်မင်း ရပ်တည်ခြင်းကို အစွဲပြု၍ ခေါ်သော လ၊ သို့မဟုတ် ယခုလပြည့်မှသည် နောက်လပြည့်၏ အကြားကို သူရိယမာသဟုခေါ်သည်မှတ်၊ မြန်မာဘာသာအားဖြင့် နေမင်းကို အမှတ်အစွဲပြု ခေါ်သောလ ဟူ၏၊၊
(၂) စန္ဒရ မာသ-တန်ခူး, ကဆုန် စသော ၁၂လကို ခေါ်သည်။ တနည်း၊ တနင်းလာ ဂြိုဟ် ရပ်တည်ခြင်းကို အစွဲအမှတ်ပြု၍ခေါ်သော လ၊ သို့မဟုတ် ယခုလကွယ်က စ၍ နောက်လကွယ်တိုင်အောင် အကြားကို စန္ဒရ မာသဟုခေါ်ကြ၏၊ မြန်မာဘာသာအားဖြင့် စန္ဒခေါ် တနင်းလာစန်းဂြိုဟ်ကို အမှတ်အသားပြု၍ခေါ်သော လ တည်း၊ ဥပမာ-မိန်ရာသီနှင့် မိဿရာသီ အကြား တဝက်စီကို စန္ဒရ မာသတန်ခူးလ ဟု ခေါ်သည် သိလေ။
(၃) သဝဏ မာသ-သည်နေ့ နေထွက်သည်က စ၍ နောက်တနေ့ နေထွက်တိုင်အောင် ရေတွက်ခြင်းဖြင့် ရက်ပေါင်း(၃၀) ပြည့်သောအခါ သဝဏ မာသတလဟု ခေါ်သည်၊။

မှတ်ချက် ။ ။ စန္ဒရမာသကိုပင် ဝေါဟာရ မာသဟုလည်း ခေါ်ကြသည်၊၊ ♦

မာသမျိုး ၄-ပါး၊တနည်း

ဤကားသဒ္ဒတ္ထထောမ မဟာနိဓိ အဘိဓာန် ကျမ်းဆရာ အလိုတည်း။
(၁) သောရ မာသ-နေမင်းသည် တရာသီ၌ အံသာ ၃၀၊ သို့မဟုတ် ရက် ၃၀ နေသည်ကိုစွဲ၍ ပိုင်းခြားနှိုင်းယှဉ်သောလ၊
(၂) သာဝဏ မာသ- ပိဋကတ်တော် အလို အရုဏ်ဖြင့်, ဗေဒင်အ လိုသန်းခေါင်ဖြင့် နေသွားကို ပိုင်းခြားကန့်သတ်၍ ရက်ပေါင်း ၃၀-၂၉ ရက်တို့ဖြင့် ရေတွက်သော လ၊
(၃) စန္စရ မာသ- နေနှင့်လ တကြိမ်ထပ်မိသည်မှ တကြိမ်ထပ်မိသည် အထိ တိထီ ၃၀-ရက် ၃၀-ဖြင့် ခေါ်သောလ၊
(၄) နက္ခတ္တ မာသ- နက္ခတ်တလုံးသည် တရက်မည်၏၊ ပုဏ္ဏမီနက္ခတ်ဖြင့် ပိုင်းခြား နှိုင်းယှဉ်အပ်သော လ, မျိုးကို ခေါ်သည်။ ♦

မိစ္ဆာဒါနကြီးမျိုး ၁၀-ပါ

၎င်းသရုပ် (အပါယ်လားကြောင်း အလှူမျိုး ၁၀-ပါး ) ၌ ရှုပါ၊၊ ♦

မိစ္ဆာဒိဋ္ဌိ ဖြစ်ကြောင်း ၂-ပါး

(၁) ပရတောဃောသ-သူတပါးထံမှ မမှန်သော တရားများကို ကြားနာရခြင်း၊
(၂) အယောနိသော မနသိကာရ-ပညာဉာဏ်မယှဉ် မဆင်ခြင်ဘဲ အမှားကိုစွဲ၍ ယူထားခြင်း၊၊ ဒုကင်္ဂုတ္တရ။ ပါ။ ၈၆။ ဋ္ဌ။ ၅၈။ ♦

မိစ္ဆာဒိဋ္ဌိ ၆၂-ပါး

သုတ်သီလက္ခန် ဗြဟ္မဇာလသုတ်၊ ၎င်းသရုပ် (၆၂) - ခြောက်ဆယ့်နှစ်ပါး သောမိစ္ဆာဒိဋ္ဌိ ၌ရှုပါ။ ♦

မိစ္ဆာဝိတက်မျိုး ၉-ပါး

သီတင်းသည်တို့အတွက် သီလညှိုးနွမ်းကြောင်းဝိတက်မျိုး ၉ပါး။
(၁) ကာမဝိတက်-ကာမဂုဏ်၌ ကြံစည်မွေ့လျော်ခြင်း၊
(၂) ညာတိဝိတက်ဆွေမျိုး အတွက်ကြံစည်မှူမျိုး၊ (၃ ) ဇနပဒဝိတက်-တိုင်းပြည် ဇနပုဒ်အတွက် ကြံစည်ချက်များ၊
(၄) အ မရဏဝိတက်-မနာ, မအို, မသေ, လိုခြင်း၊
(၅) အနဝညာတ ဝိတက်-မထေမဲ့ပြုရန်၊
(၆) လာဘ ဝိတက်-လာဘ်ပစ္စည်းရေး၌၊
(၇) သက္ကာယ ဝိတက်-စွဲလမ်းမှု တပ်နှစ်သက်မှု၌၊
(၈) ကိတ္တိ ဝိတက်-ကျော်စောလိုမှု၌
(၉) ဂေဟသိတ ဝိတက်-အိုးအိမ်ကိုမှီ၍ ကြံစည်ခြင်းမျိုး၊၊ ♦

မိတ်ဆွေ၏ အပြစ် ၇-ပါး

ဤ အပြစ် ၇-ပါးတွင် တပါးပါး ရှိသူကို မိတ်ဆွေ မဖွဲ့အပ်ချေ၊ ဟိတောပဒေသ။
(၁) ရဟဿဘေဒ-လျှို့ဝှက်သိုသိပ်အပ်သော အကြောင်းအချက်ကို ထုတ်ဖေါ် ဖွင့်ချခြင်း
(၂) ယာစန-အတောင်းအရမ်းများခြင်း၊
(၃) နိဋ္ဌုရ-ကြင်နာမဖက် ရက်စက် ကြမ်းကြုတ်ခြင်း၊
(၄) စလစိတ္တ-စိတ်ဓာတ်မတည်ခြင်း၊
(၅) ကောဓ-ဒေါသကြီးခြင်း၊
(၆) နိသစ္စ မဖြောင့်မှန်ခြင်း၊
(၇) ဇုတ-လောင်းတမ်းကစား အပျော်အပါးများခြင်း။ ♦

မိတ်ဆွေကောင်း အင်္ဂါ ၇-ပါး

၎င်း၏ သရုပ် အဓိပ္ပါယ်ကို (ခင်ပွန်းကောင်း အင်္ဂါ ၇-ပါး) ၌ ပြခဲ့ပြီ၊ ဥဒါန်း အဋ္ဌကထာ၊၊ ♦

မိတ်ဆွေမျိုး အပြား ၃-ပါး

မဟာဝဂ္ဂသံယုတ်။ ပါ။ ၁၃၂။ ဋ္ဌ။ ၂၃၅။ ဤမိတ်ဆွေမျိုး ၃-ပါးတွင် အစဉ်အတိုင်း တပါးထက်တပါး ပိုမိုရင်းနှီးမှုရှိသည် ဟူ၏
(၁) သန္ဒိဋ္ဌ မိတ်ဆွေအချင်းချင်း တွေ့ကြုံသွားလာပြောဆိုဘူးသော မိတ်ဆွေမျိုး၊
(၂) သမ္ဘတ္တ မိတ်ဆွေ-အတူတကွ ထမင်းလက်ဆုံ စားဘူးသည် ထိအောင် ရင်းနှီးသော မိတ်ဆွေမျိုး၊
(၃) သမသိက္ခိတ မိတ်ဆွေကျောင်းနေဖက် ကစားဖက် တကျောင်းတည်းထွက် မိတ်ဆွေ, တရားကျင့်သုံး သီတင်းသုံးဖက် မိတ်ဆွေ, ဆရာတူ တပည့်မျိုး။ ♦

မိတ်ဆွေမျိုး အပြား ၄-ပါး၊ တနည်း

ဟိတောပဒေသမှ။
(၁) သြရသ-ရင်၌ဖြစ်သော သားချစ်သ္မီး ပင်ကိုယ်ပြီးသော မိတ်ဆွေ၊
(၂) ကတသမ္ဗန္ဓ- ထိမ်းမြားလက်ထပ် စေ့စပ်၍ ပြုအပ်သော ချွေးမ, သမက် ခမီး ခမက် စသော မိတ်ဆွေ၊
(၃) ဝံသက္ကမာဂတ- မျိုးရိုးမပျက် ဆင်းသက်လာသော အစဉ်အဆက်ဖြစ်သော မိတ်ဆွေ၊
(၄) ဗျသနာရက္ခက- ပစ္စည်းဥစ္စာ ပျက်သောအခါ၌ လာရောက် စောင့်ရှောက် ကူညီ ကာကွယ်ပေးတတ်သော မိတ်ဆွေသစ်။ ♦

မိတ်ဆွေဝတ် ၅-ပါး

သုတ်ပါထေယျ။ ပါ။ ၁၅၅။ ဋ္ဌ။ ၁၃၉။ ၎င်း သရုပ်အဓိပ္ပါယ်ကို အောက်ပါလင်္ကာ စကားရပ်ဖြင့်သိ၍ လူ့ယဉ်ကျေးမှုကို ပြုကြပါကုန်။
(၁) ပေးကမ်းချီးမြှင့်၊
(၂) ကိုယ်နှင့်ယှဉ်ထား၊
(၃) စီးပွားဆောင်ရွက်၊
(၄) နှုတ်မြွက်ချိုသာ၊
(၅) သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။ ♦

မိတ်ပျက်ခြင်းရာ၊ ကြောင်း ၄-ဖြာ၊ မိန့်မှာ ကျမ်းနီတိ

မိတ်ဆွေချင်းမုန်းတီး ပျက်ပြားကြောင်း တရား ၄-ပါး။
(၁) ပရီးပတားပြောကြားနေထိုင်ခြင်း၊
(၂) တဦးထံတဦး လည်ပတ် ဝင်ထွက် သွားလာမှု မရှိခြင်း၊
(၃) ပစ္စည်းဥစ္စာ ပေးယူ ဆက်ဆံမှု မရှိခြင်း၊
(၄) အခါမဟုတ်သည်၌ တောင်းယူချေးငှါး များလွန်းခြင်း။ ♦

မိန်းမအပြား၊ မျိုး ၄-ပါး၊ ခွဲဲခြားသျှတြ

လောကီ ဣတ္ထိသျှတ္တရမှ။
(၁) ပဒုမ္မိနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ယနံ့ ကြာညိုကဲ့သို့မွှေး, ရသာချိုဧ သံသာမြည်ကြွေး, စက္ကဝက်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။
(၂) သင်္ခနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ရနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့, ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊
(၃) စိတြနီ မိန်းမမျိုး- ဝါရွှေဝင်းသော အသားရောင်ရှိ၏၊၊ ကိုယ်ယနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏, ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို ၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏၊၊
(၄) ဟတ္ထိနီ မိန်းမမျိုး- အသားနီ ပန်းရောင် ကိုယ်ယနံ့ ညှိဟောင်ဟောင်အရသာ စပ်ရှားရှား ဆင်ကဲ့သို့သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ဝမ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏၊၊ ♦

မိန်းမ ၂၀၊ အုပ်ထိန်းကွယ်၊ ရှောင်ဖွယ် မေထုန်မှု

၎င်းပြဿနာ အဆုံးအဖြတ်မူကျယ်ကို (အုပ်ထိန်းခြင်းရှိသော မိန်းမမျိုး၂၀) ၌ ပြန်ကြည့်ပါလေ၊၊ ♦

မိန်းမဂြိုဟ် ၄-လုံး

ရွှေ, ခါး, သီ, ထ, ဂြိုဟ်မိန်းမ ဟူသော လင်္ကာအရ၊ ရာဟုဂြိုဟ်, တနင်းလာဂြိုဟ်, သောကြာဂြိုဟ်, စနေဂြိုဟ်တို့ကို ဆို၏၊၊ ♦

မိန်မတို့ အပြစ် ၆-ပါး

မဟာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၅၉
(၁) အရပ်ရှည်လွန်းသော မိန်းမ၊
(၂) အရပ်ပုလွန်းသူ၊
(၃) အသားဖြူလွန်းသူ၊
(၄) အသားမည်းလွန်းသူ၊
(၅) ဝလွန်းသူ၊
(၆) ပိန်လွန်းသူ ဟူ၏၊၊ ♦

မိန်းမတို့၏ အပြစ် ၇-ပါး တနည်း

များသောအားဖြင့် မိန်းမတို့မှာ ဖြစ်တတ်ကြောင်း ကို ဟိတောပဒေသကဆို၏၊၊
(၁) အသတျ-ဖောက်ပြန်မှားယွင်း, မိစ္ဆာစာရ အကျင့်မျိုးကို ပြုတတ်ခြင်း၊
(၂) သာလာသာ-မစူးစမ်းမဆင်ခြင်, အမှုကိစ္စကို အဆောတလျင်ပြုတတ်ခြင်း။
(၃) မာယာကောက်ကျစ်မတည်၊ လိမ်လည်လှည့်ဖြား တတ်ခြင်း၊
(၄) မစ္ဆရိယ - ဝန်တိုမိစ္ဆာ များစွာ ဖြစ်တတ်ခြင်း၊
(၅) အတိလုဒ္ဒ-တဏှာရာဂ၊ လောဘရမ္မက် ထက်မြက်ဖိစီး လွန်အားကြီးခြင်း၊
(၆) နိဂ္ဂုဏတွံ-ခမ်းနားကြီးကျယ်သော ပြုလုပ်ဖွယ်တို့၌ ရေလည်စွာ မသိမလိမ်မာခြင်း၊
(၇) အသောစတွံ-အတွင်းပြင်ပ နှစ်ဌာနဝယ် မစင်ကြယ် မသန့်ရှင်းခြင်း။ ♦

မိန်မတို့ အပြစ် ၉-ပါး

ပဉ္စင်္ဂုတ္တ။ ပါ။ ၂၂၇-၂၂၈-နှင့် ။ ဌ။ ၈၂-လာ ၂-နည်း ပေါင်း ပြထားသည်၊၊
(၁) အ သစိ-မစင်ကြယ်ခြင်း၊
(၂) ဒု ဂန္ဇ-မကောင်းသော အနံ့ရှိခြင်း၊
(၃) သဘီရူအအိပ်ကြီးခြင်း၊
(၄) သ ပဋိဘယ-ကြောက်လန့်တတ်ခြင်း၊
(၅) ကောဓန-အမျက်ထွက်လွယ်ခြင်း
(၆) ဥပနာဟ-ရန်ငြိုးဖွဲ့ တတ်ခြင်း၊
(၇) ဃောရဝိသ- ရာဂထူထပ်ခြင်း၊
(၈) ဒုဇိဝှ-လျှာနှစ်ခွရှိခြင်း၊
(၉) မိတ္တဒုဗ္ဘိ-မိတ်ပျက်လွယ်တတ်ခြင်း။ ♦

မိန်းမတို့ အလှဂုဏ်အင်္ဂါ ၆-ပါး

မဟာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၅၉
(၁) မဖြူ၊
(၂) မညို၊
(၃) မနိမ့်၊
(၄) မမြင့်၊
(၅) မပိန်၊
(၆) မဝ၊ ဤ ၆-ဋ္ဌာန ညီမျှစွာရှိခြင်း။ ♦

မိန်းမတို့အား ၅-ပါး

သဠာယတနသံယုတ်။ ပါ။ ၄၄၃-၄၄၆။ ဋ္ဌ။ ၁၂၆။ မာတုဂါမတို့ မာန်တက်ကြောင်း အား ၅ပါး၊၊
(၁) ရူပဗလ-အဆင်းအသွင် လှခြင်း၊
(၂) ဘောဂဗလပစ္စည်း ဥစ္စာ ပေါများခြင်း၊
(၃) ဉာတိဗလ-ဆွေမျိုးတောင့်ခြင်း၊
(၄) ပုတ္တဗလ-သားရတနာရှိခြင်း၊
(၅) သီလဗလ-ကိုယ်ကျင့်သီလရှိခြင်း။

မှတ်ချက် ။ ။ ဉာတိဗလ အစား ‘''လိမ်မာခြင်းနှင့် မပျင်းရိခြင်း” ကို ထည့်၍လည်း သဠယတန၌ ဟောသေး၏။ ♦

မိန်းမတို့ ဆွဲငင်ဓာတ် ဂ-ပါး

ယောက်ျား တို့ကို စွဲမက်အောင် ပြုမူခြင်း မာယာငယ် ဂ-ပါး ဟူလို၊ မာယာ ၄၀-မှ။
(၁) သိတံ- ချိုပြုံးသော မျက်နှာပေး၊
(၂) ဟာသ-ညှင်းညှင်း သာသာ ရယ်သံ၊
(၃) ဘယ- ကြောက်လန့်ထိတ်ဟန်ပြု၊
(၄) လဇ္ဇ-ရှက်ဟန် အသွင်ပြု၊
(၅) မန္ဓဝါစာ-မကြားတကြား ပြောသောစကားသံ၊
(၆) အဒေက္ခဏာ-မျက်နက်ထောင့်ကပ်၍ ကြည့်ခြင်းမျိုး၊
(၇) ရုဒ-ကျူကျူ ကြာကြာ ရှိုက်သံ၊ ငိုသံပေးခြင်း
(၈) ဤသံကလဟ-စကားပြန်ရရန် မခံချင်စရာကို စိတ်မဆိုးအောင် ဆွပေး ပြောဆိုခြင်းမျိုး၊ မာယာ ၄၀-၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ♦

မိန်းမတို့ ပျက်စီးခြင်း ကြောင်းရင်း ၉-ပါး

လောကနီတိ အဖွင့်မှ။
(၁) မိမိတယောက်တည်း လှည့်လည် သွားလာ နေထိုင်ခြင်း၊
(၂) လင်ကိုပစ်ထား မိဘနေအိမ်သွား၍ များစွာနေတတ်ခြင်း၊
(၃) လူများစွာ စည်းဝေးသော အရပ်သို့ သွားလာ ထွက်ဝင်တတ်ခြင်း၊
(၄) ပွဲလမ်းသဘင် အပျော်အရွှင် လိုက်စားတတ်ခြင်း၊
(၅) ယောက်ျား ပုဂ္ဂိုလ်တို့နှင့် ပူးကပ်ရောဝင်စွာ နေတတ်ခြင်း၊
(၆) အမြဲပြုဘွယ် အလုပ်အကိုင်မရှိ ပျင်းရိနေခြင်း၊
(၇) လင်ယောက်ျား အိုမင်း၍ ကာမမှု၌ မစွမ်းနိုင်ခြင်း၊
(၈) လင်ယောက်ျားနှင့် ၃-၄ လ ကင်း၍ နေခြင်း၊
(၉) ဝတ်စားဘွယ်ရာ ဥစ္စာချို့တဲ့ခြင်း။ ♦

မိန်းမတို့ ဖောက်ပြန် ပျက်စီးခြင်း ကြောင်းတရား ၁၃-ပါး၊ တနည်း

ဟိတောပဒေသ ကျမ်းမှ။
(၁) သ ပဋ္ဌာန- ကိစ္စတိုင်း၌ ကိုယ်တိုင် စိုးမိုးလုပ်ကိုင်အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း၊
(၂) ပိတု မန္ဒိရ နိဝသန- အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊
(၃) ယာတြောဿဝ အင်္ဂတိ- အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊
(၄) ပုရိသ သနိဓိဂေါဋ္ဌီယောက်ျားတို့နှင့် ဝိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊
(၅) အ နိယမဝါသ- အိမ်တကာ လျှောက်လည်၍ နေခြင်း၊
(၆) ဝိဒေသဝါသ- တမြို့တရွာ တနယ် တရပ်သို့ အမြဲမတည် တယောက်တည်း လှည့်လည်နေထိုင်ခြင်း၊
(၇) သ ကုလဋ သံသဂ္ဂ- လော်လီ သောသွမ်းသော မိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်း နေထိုင်ခြင်း၊
(၈) နိဇာယ ဝုတ္တိ ဗျသန- သက်မွေးဝမ်းကျောင်း ကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊
(၉) ပတိ ဝုဒ္ဓက- လင်ယောက်ျား၏ သက်ကြီးရွင်းယို အရွယ်အိုခြင်း၊
(၁၀) ဣဿိတ- လင်ဖြစ်သူက အချောင်မယား အမြှောင်ထား၍ ပျော်ပါးကာနေခြင်း၊
(၁၁) ပဝါသန-လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊
(၁၂) ပါန- သေအရက်သောက်ခြင်း၊
(၁၃) သုပ္ပ- ယောက်ျားတပါးနှင့် ပျော်ပါး ပေါင်းဖက်ရသည်ဟု အိပ်မက်ခါ လွန်မင်းစွာ အိပ်ခြင်း။ ♦

မိန်းမတို့ မရကောင်းသော ဘဝရာထူးကြီး ၅-ပါး၊ တနည်း ၆-ပါး

ဥပရိပဏ္ဏာသ။ ပါ။ ၁၁၀။ ဋ္ဌ။ ၈၆။ မိန်းမသားဇာတ် အဖြစ်ဖြင့် မရကောင်း မဖြစ်ကောင်းသော ဘဝကြီး ငါးပါး ဟူ၏၊
(၁) သမ္မာ သမ္ဗုဒ္ခ-ဘုရားဘဝ အဖြစ်၊
(၂) စက္က ဝတ္တိ ရာဇာ-စကြဝတေးမင်းကြီး၊
(၃) မဟာ ဗြဟ္မာ-ဗြဟ္မာမင်းကြီး၊
(၄) သက္ကော- သိကြားမင်းကြီး၊
(၅) မာရော-မာရ် နတ်မင်းကြီး။

မှတ်ချက် ။ ။ ဧဟိဘိက္ခု ရဟန်းမဘဝကိုလည်း မရကောင်းချေ။ ♦

မိန်းမတို့မရောင့်ရဲနိုင်ခြင်း တရား ၄-ပါး

များသောအားဖြင့်ရှိတတ်ကြောင်းကိုနီတိကျမ်း၌ ဆိုသည်၊
(၁) မေထုနေ-မေထုန်မှု၌၎င်း၊၊
(၂) ဓနေ-ဥစ္စာ စည်းစိမ်း ရမှု၌၎င်း၊
(၃) ပုတ္တေသား ဖွားရေး၌၎င်း၊
(၄) အလင်္ကာရေ-တန်းဆာဆင်ဝတ်ရေး၌၎င်း။ ♦

မိန်းမတို့ မာန်တက်ခြင်း အကြောင်း ၅-ပါး

မာတုဂါမ သံယုတ်လာ အထက်ပါ (မိန်းမတို၏ အားငါးပါး) ကိုပင် ဆိုသည်။ ♦

မိန်းမတို့ လော်လည်ခြင်း၅-ပါး

၎င်းသရုပ် (လော်လီ၅-ထွေ) ၌ ရူပါ။ ♦

မိန်းမတို့ သတ္တိ ၄ပါး

ကျက်မှတ်ရ လွယ်ကူစေရန် စာဏကျပျုိ့လာ အတိုင်း ထုတ်ပြ လိုက်သည်။ မိန်းမဟူသည်၊ ဤမျုိးမည်ကား၊ လူရည်တင့်ထွား၊ ဖိုယောက်ျားထက်။
(၁) အစား နှစ်ပြန်၊
(၂) ဉာဏ်မှာလေးဆ၊
(၃) လုံ့လခြောက်ပုံ၊
(၄) ကာမဂုဏ် ရှစ်၊ လွန်၍ု ဖြစ်၏၊ အနှစ်ပညာ၊ ရှေ့သွားကာဖြင့်၊ လူ့ ရွာလောက၊ ဆက်ဆံကြလော့။ ♦

မိန်းမဒွါရ ၁၃-ပေါက်

အမတ သာဂရ ဘေသဇ္ဇ ကျမ်းကြီးမှ။ (က) မျက်စိ ၂ပေါက်၊ (ခ) နား ၂-ပေါက်၊ (ဂ) နှာခေါင်း ၂-ပေါက်၊ (ဃ) နို့သားမြတ် ၂-ပေါက်၊ (င) ကျင်ငယ်ပေါက်၊ (စ) ကျင်ကြီးပေါက်၊ (ဆ) ငယ်ထိပ် ပေါက်၊ (ဇ) သားအိမ်တိုက်ခန်းပေါက်၊ (စျ) ပါးစပ်ပေါက်၊ ပေါင်း ၁၃-ပေါက်ဖြစ်၏။ ♦

မိန်းမများသာ၊ ဆက်ဆံရှာ၊ ၅-ဖြာ အာဝေဏိ

၎င်းသရုပ် (အာဝေဏိက ဒုက္န ၅-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

မိန်းမမြတ် ကျင့်ဝတ် ၅ပါး

ဣတ္ထိသျှတြမှ ယူပြလိုက်သည်၊ မဟာ သုဒဿနသုတ်၌လည်း ဤနည်းနှင့်နှင် လာ၏။
(၁) လုပ်ငန်းကိစ္စ ရပ်တို့၌ လင်နှင့်တိုင်ပင်ကာ စိတ်သဘော တူညီမှု ယူ၍ ပြုလုပ်ခြင်း။
(၂) လင်အိပ်မှ အိပ်ရခြင်း၊ အိပ်ရာဝင်နင်းနှိပ်ပေးရခြင်း၊
(၃) လင်မထမီ ထရခြင်း၊
(၄) လင်မြတ်နိုး နှစ်သက်မူတိုကို လိုက်နာပြုမူ ကျင့်ကြံရခြင်း၊
(၅) လင်နှင့်ပြောဆိုရာ၌ ပြုံးချိုသောမျက်နှာ သာယာသောအသံများ အမြဲထားရှိရခြင်း။ ♦

မိန်းမမြတ်တို့ ဂုဏ်အင်္ဂါ ၉ပါး

မိန်းမမြတ်များ လိုက်နာကျင့်သုံးသော ဝတ္တရားကိုးပါးဟူ၏၊သာမုန္ဒြိက ကျမ်းမှ။
(၁) အိမ်တွင်းမှု သန့်ရှင်းရေး ပြုလုပ်စီမံတတ်ရခြင်း၊
(၂) ကိုယ့်လင်မှတပါး အခြားယောက်ျားသို့ စိတ်မျှ မကူးခြင်း၊
(၃) လင်ရှာရသောဥစ္စာကို သိမ်းဆည်းတတ်ရခြင်း။
(၄) လင်၏ရှေးဦးစွာ အိပ်ရာမှ ထရခြင်း၊
(၅) လင်အိပ်ပြီးမှအိပ်ရခြင်း၊
(၆) လင်၏ စီမံတိုင်ပင်မူကို ခံယူကူညီရခြင်း၊
(၇) လင့်အလိုအကြိုက်ကို သိတတ် ပြုတတ်ရခြင်း၊ (ဂ) ပြုံးသောမျက်နှာ ချိုသာသော စကားရှိရခြင်း၊
(၉) အပူအအေးနှင့် လျော်စွာ လင့်အား ဝတ်ဆင်ပေးတတ်ရခြင်း ။ ♦

မိန်းမမြတ်ဖြစ်ကြောင်းတရား ၄-ပါး

မိန်းမမြတ် ဖြစ်နိုင်ရန် ကိုယ်ကျင့်တရားလေးပါး။ ကောသလမင်းကြီးအားဘုရားဟောသည်။
(၁) သီလဝတီ-အကျင့်သီလ ဣန္ဒြေသိက္ခာရှိခြင်း
(၂) မေဓာဝိနီ- အမြော်အမြင်ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံခြင်း၊
(၃) သဿုဒေဝါဉာဏ်-ယောက္ခမကို အိမ်ဦးနတ်ကဲ့သို့ ဆည်းကပ်ခြင်း၊
(၄) ပတိဗ္ဗတာ-လင်ကို ရိုသေယုယ မြတ်နိုးခြင်း ။ ♦

မိန်းမလူသား၊ ဘွဲ့ပုံထား၊ဆယ်ပါး ဧတဒဂ်

၎င်းသရုပ် (ဧတဒဂ်ရသူ လူမိန်းမ ၁၀-ယောက်) ၌ဆိုခဲ့ပြီ။ ♦

မိဖုယားကြီးမျိုး ၄-ပါး

၎င်း တို့၏ သရုပ်အဓိပ္ပါယ်ကို အောက်ပါ မဃဒေဝလင်္ကာသစ် စကားဖြင့် ထင်ရှားစေသည်။ 'ရွှေထီးပြောင်ပြောင်၊ နန်းဆောင်ဆောင်ထက်၊ မြောက် တောင်, အနောက်၊ အလယ်မြှောက်၍၊ လေးယောက် မိဖုယား၊ အကြီးထားမှ'။ အကျယ်ကို (နန်းရမိဖုယားမျိုး၄-ပါး) မှာ ကြည့်လေ။ ♦

မိဖုရားပြား၊ မျိုး ၈-ပါး၊ ခြားနား ဝေဖန်သိ

(နန်းရမိဖုယားကြီး ၄-ယောက်) နှင့် (အဆောင်ရ မိဖုယား ၄-ယောက်၊) ပေါင်း ရှစ်ယောက်ကို ဆိုသည်၊ အကျယ်ကို ဆိုင်ရာ၌ ဆိုခဲ့ပြီ။ ♦

မိ, ဘ, ကျင့်ဝတ် ၅-ပါး

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေရင်းနှီး၊ ထိမ်းမြားပြီးလျှင်၊ ဝတ် ၅-အင်၊ ဖခင်မယ်တို့တာ။ သုတ်ပါထေယျ။ ပါ။ ၁၅၄။ ဋ္ဌ။ ၁၉၁။ ♦

မိဘတို့ သားသမီးရလိုကြောင်း ၅-ပါး

၎င်းသရုပ် (သားသမီးရလိုခြင်းအကြောင်း ၅-ပါး) ၌ ရှုပါ။ ♦

မီတာ ၈-မျိုး

ဤ၌ ထင်ရှားစေရန် ကီလိုမီတာကစ၍ ဘော်ပြသည်။ (kilometre) ကီလိုမီတာ ကား- ပြင်သစ်ဘာသာစကား ဖြစ်သည်၊ မြန်မာလိုဆိုမူ ကီလိုကား (၁၀၀၀)၊ မီတာကား အတိုင်းအရှည်တခု ဟု အဓိပ္ပါယ်ရသည်။ (metre) မီတာပေါင်း(၁၀၀၀) ရှည်၏ ဟုဆိုလိုသည်။ ကီလို ဆိုသော စကားလုံးမှာ ပါဠိဘာသာ “သဟဿ” ဆိုသော စကားလုံးနှင့် ဆက်သွယ်လျက်ရှိကြောင်းကို အင်္ဂလိပ် အဘိဓာန်၌ ပြ၏၊ အတိုင်းအရှည်ကို သုံးရာ၌ မြန်မာတွင် တောင်, တာ, လက်သစ်၊ အင်္ဂလိပ်တွင် လက်မ, ပေ, ကိုက်, စသည်တို့ကို မူတည်ရဘိသကဲ့သို့ ပြင်သစ်ပြည်၌ အသုံးပြုသည့် “မက်ထရစ်(metric) “ နည်းတွင် မီတာ ဟူသော အရှည်ကိုမူတည်ကြသည်။ မီတာတခုသည် ၃-ပေ ၃-လက်မ ၅-ပဲ သာသာရှိ၏၊ တနည်း ၃-ပေ ၃„လက်မ၊ တနည်း ၃၉.၃၇ လက်မရှိ၏ဟု မှတ်ရာသည်၊ ပြင်သစ်ပြည် ပါရစ်မြို့တော်၌ “ဗြူရိုဒီအချီ” ခေါ် ဘဏ်တိုက်ကြီးတွင် ၁-မီတာရှည်သော သတ္တုချောင်းတခုကို အများပြည်သူတို့ စံနမူနာအတွက် ထားရှိလေသည်၊ ၎င်းမီတာသုံးနည်းစံနစ်ကို အင်္ဂလိပ်, အမေရိကံ, ရုသျှ, တို့မှတပါး ကျန်သော ကမ္ဘာနိုင်ငံများအားလုံးလိုပင် အသုံးပြုကြ၏။ မီတာ၏ အမျိုးအစားရှစ်ပါးကား။
(၁) (millimetre) မီလီမီတာ၊
(၂) (centimetre) စင်တီမီတာ၊
(၃) (decimetre) ဒယ်စီမီတာ၊
(၄) (metre) မီတာ၊
(၅) (decametre) ဒေကာမီတာ၊
(၆) (hetometre) ဟက်တိုမီတာ၊
(၇) (kilometre) ကီလိုမီတာ၊ ဟူ၍ ခုနစ်မျိုးရှိလေသည်။ အမှတ်
(၄) 'မီတာ' ခေါ် ၁-မီတာသည် ၃-ပေ ၃„ လက်မရှိကြောင်းကို ပြဆိုခဲ့ပြီးဖြစ်၍ ၎င်းတို့ကို ရေတွက်လိုသော် အငယ်ဆုံး 'မီလီမီတာ' မှ အကြီးဆုံး 'ကီလိုမီတာ' အထိ ဆယ်ဆတိုး သွားရသည် ချည်း မှတ်လေ၊ ( မီလီမီတာ တဆယ်သည် စင်တီမီတာတခု, စင်တီမီတာ တဆယ်သည် ဒယ်စီမီတာ တခု ဟု ဆိုလေသည်၊) ထိုကြောင့် ကီလိုမီတာတခုကို အင်္ဂလိပ်သုံး မိုင် ဖါလုံ နည်းနှင့်တွက်သော် ၅-ဖါလုံ၊ ကိုက်ပေါင်း (၁၁၀၀) နီးပါးရှိကြောင်းတွေ့ရ၏။ ♦

မီး ၃-ပါး

သက်ဆိုင်သူတို့အား ကောင်း,ဆိုး, နှစ်မျိုးကို ပေးတတ်သော မီးသုံးပါး ဟူ၏။
(၁) အာဟုနေယျဂ္ဂိမီးခေါ် ဆရာ မိဘနှစ်ပါး၊ တပည့် သားသမီးတို့၏ ပူဇော် သက္ကာရကို ခံထိုက်သော ကျေးဇူးရှင် ဆရာမိဘ နှစ်ပါးအား ပြစ်မှား ဆန့်ကျင်သော သားသမီးတို့သည် အပါယ်ငရဲ၌ ဆင်းရဲလောင်ကျွမ်း တတ်သောကြောင့် မီး ခေါ်သည်။
(၂) ဂဟ ပတဂ္ဂိမီးခေါ် လင်ယောက်ျား၊ အိမ်ရှင် လင်ယောက်ျားသည် မယားဖြစ်သူ၏ အိပ်ယာဝတ်စားတန်ဆာများကိုဖြစ်စေတတ်သဖြင့် ကျေးဇူးရှင်ကြီးပင်ဖြစ်၏၊ ထိုကျေးဇူးရှင် လင်ဖြစ်သူကို ကျူးလွန်ပြစ်မှား မရိုသေသော မယားသည် အပါယ်ငရဲသို့ ကျရောက်လောင်ကျွမ်း ဆင်းရဲရသည်ဖြစ်၍ လင်ကို မီးခေါ်သည်။
(၃) ဒက္ခိဏေယျဂ္ဂိမီးခေါ် ရဟန်း သံဃာ၊ ရဟန်းသံဃာတော် အရှင်မြတ်တို့သည် ကောင်းသော အကျင့် သီလ သိက္ခာသမာဓိတို့နှင့် ပြည့်စုံသောကြာင့် လူတို့၏ လုပ်ကျွေးပေးလှူ ပူဇော်ခြင်းကို ခံထိုက်ရကား ပြစ်မှားလွန်ကျူးသူ အပေါင်းတို့သည် အပါယ်ငရဲသို့ ကျရောက်လောင်ကျွမ်း ဆင်းရဲရသည်ဟူ၏၊ ထို့ကြောင့် မီးခေါ်သည်။ ♦

မီး ၁၁-ပါး

သတ္တဝါတို့ကိုလောင်ကျွမ်းပျက်စီး ဆင်းရဲစေတတ်သော တရား ၁၁-ပါး၊ သာရတ္ထဒီပနီဋီကာ ဒု မှ။
(၁) ရာဂမီး- အလိုရမ္မက်၊
(၂) ဒေါသမီး- ပြစ်များပုတ်ခတ်၊
(၃) မောဟမီး- အမှန်မသိ၊
(၄) ဇာတိ မီး- ပဋိသန္ဓေနေ၊
(၅) ဇရာ မီး-အို၊
(၆) မရဏ မီး- သေ၊
(၇) သောက မီး- စိုးရိမ်ပူဆွေး၊
(၈) ပရိဒေဝ မီး- ငိုကြွေးရှိုက်ငင်၊
(၉) ဒုက္ဓမီး- ကိုယ်ဆင်းရဲ၊
(၁၀) ဒေါမနဿ မီး- စိတ်ဆင်းရဲ၊
(၁၁) ဥပါယာသ မီး- ဆို့တက်မေ့မျောသွားခြင်း။ ♦

မီးလှုံခြင်း အပြစ် ၅-ပါး

ပဉ္စင်္ဂုတ္တရ ပါဠိတော်မှ။
(၁) အ စက္ခုေဿာ- မျက်စိနှင့် မသင့်၊
(၂) ဒုဗ္ဗဏ္ဏကရဏော- အဆင်းမလှ ပြုတတ်၏၊
(၃) ဒုဗ္ဗလ ကရဏ- အင်အားနည်းအောင် ပြုတတ်၏၊
(၄) သင်္ဂဏိကာရာမဗန္ဓန-မိတ်ဖွဲ့ပျော်ပါး ချိန်ဆုံးပါးခြင်း၊
(၅) တိရစ္ဆာနကထာနိ ပဝတ္တိ- မဂ်ဖိုလ် ဖီလာစကားတို့သာ များစွာဖြစ်ခြင်း။ ♦

မီးသတ်ကျင့်ဝတ် ၁၀-ပါး

မီးသတ်အဖွဲ့ဝင်သားများ လိုက်နာ ကျင့်ကြံကြရမည့် ဝတ်တရားဆယ်ပါး၊ မီးသတ် ကျင့်ဝတ် ဥပဒေကျမ်းမှ။
(၁) စည်းကမ်း သေဝပ်ရခြင်း၊
(၂) သူရသတ္တိ ရဲရင့်မှု ရှိရခြင်း၊
(၃) သနားကရုဏာ ရှိရခြင်း၊
(၄) ယဉ်ကျေး သိမ်မွေ့ရခြင်း၊
(၅) လျင်မြန်ဖျတ်လတ်ရခြင်း၊
(၆) စိတ်ထား တည်ကြည်ရခြင်း၊
(၇) ဝတ္တရားကျေပြွန်ရခြင်း၊
(၈) သစ္စာ ရှိရခြင်း၊
(၉) ညီညွတ်စည်းလုံးစွာ ရှိရခြင်း၊
(၁၀) ကျမ်းမာ သန်စွမ်းရခြင်း။ ♦

မုဋ္ဌော ၉-ဆူ၊ တည်တော်မူ၊ စည်သူ မင်းလောင်းမြတ်။

အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့် လည်ရာ မလေးကျွန်းမှ သိကြားနတ်တို့ဆက်လိုက်သော သရက္ခန်ခေါ် သာရဂန္ဓ နံ့သာသစ်ကို ပုဂံသို့ ဆိုက်ရောက်သောအခါ'မုဋ္ဌိ'ခေါ် လက်တဆုပ်ပမာဏစီ ဗုဒ္ဓရုပ်ပွားတော် ၉-ဆူထုတော်မူ၍ စေတီပုထိုး ထည်ထား ကိုးကွယ်တော်မူကြောင်းနှင့် သိရ၏၊ ဤ၌ မုဋ္ဌိ ပါဠိမှမုဋ္ဌော ဖြစ်လာကာ လက်တဆုပ်ပမာဏကို ခေါ်ဆိုကြောင်း မှတ်ရာ၏။ အတွင်းမုဋ္ဌော ၉-ဆူ။
(၁) စကြံ မုဋ္ဌော၊
(၂) ဆီးတော မုဋ္ဌော၊
(၃) သစ္စာရ မုဋ္ဌော၊
(၄) ဆည်းလည်း မုဋ္ဌော၊
(၅) ရွှေတောင်ဦးမုဋ္ဌော၊
(၆) တောင်ငယ်လေးမျက်နှာ မုဋ္ဌော၊
(၇) လမ်းလွဲ မုဋ္ဌော၊
(၈) နံကိုင်း မုဋ္ဌော၊
(၉) ဂူနီ မုဋ္ဌော။ အပြင်မုဋ္ဌော ၉-ဆူ။
(၁) ပြင်စကြံ မုဋ္ဌော၊
(၂) ရန်အောင်မြင် မုဋ္ဌော၊
(၃) သမာန် မုဋ္ဌော၊
(၄) ကန်တော်အောက် မုဋ္ဌော၊
(၅) ရှားတော မုဋ္ဌော၊
(၆) ပုည မုဋ္ဌော၊
(၇) ငှက်မြတ်နား မုဋ္ဌော၊
(၈) ပဲဝဲမုဋ္ဌော၊
(၉) ချောက်ဘုရားလှ မုဋ္ဌော။

မှတ်ချက် ။ ။ ဤ၌ အမည်နှင့် နေရာဋ္ဌာနတို့ကို အမျိုးမျိုး အဆိုရှိကြ၏၊ ပညာရှိများထံ အမှန်မူ၍ ယူကြပါကုန်။ ♦

မုဆိုးမျိုး ၃-ပါး

ပါဏာတိပါတ်ဖြင့် သက်မွေးဝမ်းကျောင်း ပြုသူလူကြမ်းကြီး ၃-ဦး။
(၁) မာဂဝိက- သားမုဆိုး, သားသတ်သမား၊
(၂) သာကုဏိက-ငှက်မုဆိုး,ကြက် ငှက်သတ်သူ၊
(၃) ကေဝဋ္ဋ-ရေမုဆိုး,တံငါ,အင်းသားကြီးများ။ ♦

မုတ္တမ ၃၂-မြို့

မွန်တိုင်း ၃-ရပ်တွင် မုတ္တမ မဏ္ဍလခေါ် သထုံတိုင်း၏ မြို့များ။ ကော့ပိန်, ကျိုင်း, ဇွယ်ယ,ကျိတ်, အောက်သို့, မြဝတီ, ပေါင်,သဇိုစ်,ထားကျိုင်, လှိုင်းဘွဲ့၊ (၁၀)

မော်လမြိုင်, အထရံ, ဝယ်ယော်, ပါခဂူ,လမိုင်း,ရေး,ဘီလူးကျွန်း,ဓရယ်,ဇရာ, ကွန်း၊
(၂၀) ဇမိ, လကွန်းဗျည်း,မြိုင်,အလှိုင်,ယင်းငြိမ်း,ကော့, တိုဝန်း,အီဗျစ်, အိပဲ,တိုက်ကလား၊ (၃၀)

ယင်အုံ၊ ဘုံဂမိ (၃၂) တို့တည်း။ ♦

မုဒ္ဓဇအက္ခရာ ၇-လုံး

လျှာဖျားထိပ်ကလေးဖြင့် အာစောက်ကို ထိ၍ ရွတ်ဆိုရသော အက္ခရာမျိုး ၇-ပါး။ “ဋ, ဌ, ဍ, ဎ, ဏ, ရ, ဠ” ♦

မုနိအပြား၊ မျိုး ၆-ပါး၊ ဝပ်တွား တောင်းဆုယူ

သူတော်ကောင်း သူမြတ်လောင်း ခြောက်ပါး၊ စူဠနိဒ္ဒေသ။ ပါ။ ၇၄
(၁) အာဂါရ မုနိ- သာသနာတော်၏ အဆုံးအမခံသူ လူနှင့် ပဒေသရာဇ်, ဧကရာဇ်စသော မင်းများ၊
(၂) အနာဂါမုနိ-ပုထုဇဉ် သီလဝန္တရဟန်း၊
(၃) သေက္ခမုနိ- အောက်မဂ် အောက်ဖိုလ် ကျင့်ဆဲ သေက္ခပုဂ္ဂိုလ် ၇-ယောက်၊
(၄) အသေက္ခမုနိ- ရဟန္တာပုဂ္ဂိုလ်၊
(၅) ပစ္စေက မုနိ- ဘုရားငယ် ပစ္စေကဗုဒ္ဓါ၊
(၆) မုနိ မုနိ- မုနိတို့၏အသျှင် ဘုရားသခင်။ ♦

မုသာဝါဒ အင်္ဂါ ၄-ပါး

လူများ မုသာဝါဒသိက္ခာပုဒ် ပျက်စီးခြင်းအင်္ဂါ ၄-ပါး၊ ၎င်း အင်္ဂါ ၄-ပါးနှင့်ပြည့်စုံမှ သိက္ခာပုဒ်ပျက်သည်။
(၁) အတထ- မမှန်သော ဝတ္ထု၊
(၂) ဝိ သံဝါဒ စိတ္တမှားယွင်းစေလိုသော စိတ်၊
(၃) တဇ္ဇ ဝါယမ ထိုစိတ်အားလျှော်သော ကိုယ် နှုတ် လုံ့လပြုခြင်း၊
(၄) တဒတ္ထ ဇာနန- သူလိမ်တိုင်း သိရှိ ယုံကြည်ခြင်း။ ♦

မုသာဝါဒ ကံ၏ မကောင်းကျိုး ၁၆-ပါး

မဟုတ်မမှန် လိမ်ညာ ပြောသူတို့ရရှိ ခံစားရသော အပြစ်မျိုး ဆယ့်ငါးပါး ဟူ၏၊ ခုဒ္ဒကပါဌ အဋ္ဌကထာမှ။
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ဝလွန်း ဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ, စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း၊
(၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။ ♦

မူလ ၂-ပါး

ပိဋကတော်လာ ဒုက္ခအကြောင်းရင်း အမြစ် ၂-ပါး။
(၁) အဝိဇ္ဇာ-ဆင်းရဲတာ အမှန်ကို ချမ်းသာဟု အမှားသိနေခြင်းသဘော။
(၂) တဏှာ- ကာမဂုဏ်တရား၌ သာယာ, ခင်မင်, လိုချင်, တပ်မက်, ဆာလောင်,ခြင်း သဘော။ ♦

မူလသံထား၊ ၁၈-ပါး၊ စပ်ငြား ကဗျာ အဘယ်နည်း?

၎င်း သရုပ် (တက်သံ ၁၈-ပါး) နှင့် တူ၏။ ♦

မေတ္တာအကျိုး ၁၁-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၃၁၃။ ဋ္ဌ။ ဒု-အုပ်။၂၀၇။ မေတ္တာတရား ပွားများသူတို့ မျက်မှောက် ခံစားရသော အကျိုး ၁၁-ပါး။
(၁) ချမ်းသာစွာ အိမ်ရခြင်း၊
(၂) ချမ်းသာစွာ နိုးရခြင်း၊
(၃) မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း၊
(၄) လူတို့ ချစ်နှစ်သက်ခြင်း၊
(၅) နတ်တို့ မြတ်နိုးခင်မင်ခြင်း၊
(၆) နတ်တို့ စောင့်ရှောက်ခြင်း၊
(၇) မီး အဆိပ်လက်နက် မသင့်နိုင်ခြင်း၊
(၈) စိတ်လျင်မြန်စွာ တည်ကြည်ခြင်း၊
(၉) မျက်နှာရုပ်ဆင်း ကြည်လင် ရွှင်ပြခြင်း၊
(၁၀) မတွေဝေဘဲ သေရခြင်း၊
(၁၁) သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။ ♦

မေတ္တာမျိုး ၂-ပါး

သတ္တဝါများအပေါ်၌ ချစ်ခင်နာလိုစိတ် ပွားတိုးစေသောတရား ၂- ပါး။
(၁) မေတ္တာစစ်- အဒေါသ ပုဗ္ဗင်္ဂမ မေတ္တာယ, သတ္တဝါများအပေါ်၌ ချစ်ခင်နာလို စွတ်စိုစေးကပ်တတ်သော 'အဒေါသ' စိတ္တုပ္ပါဒ်၊
(၂) မေတ္တာတု- သားချစ် မယားချစ် မိဘချစ် ဆရာချစ် ဆွေမျိုးချစ်သည့် မခွဲနိုင်သော အချစ်များ၊ ဂေဟသိတပေမခေါ် အိမ်၌မှီသော အချစ်မေတ္တာတု, မေတ္တာယောင်မျိုး 'တဏှာပေမ'သာဖြစ်၏။ ♦

မေတ္တာမျိုး ၃-ပါး

မူလပဏ္ဏာသ။ ပါ။ ၂၆၇။ ဋ္ဌ။မေတ္တာမျိုး ၅၂၈-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ်အကျယ် (ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ ) ၌ ပြခဲ့ပြီ။ ♦

မေတ္တာရှေ့သွားဖြင့် အောင်ခြင်း ဝတ္ထုကြီး ၄-ပါး

မေတ္တာ အစွမ်းဖြင့် အောင်မြင်ခြင်း တို့ကား ပိဋကတော်၌များစွာ ရှိသော်လည်း ၎င်း ၄-ပါးဖြင့် ထင်ရှားပေါ်လွင် စေလိုက်သည်။
(၁) ဥတေန မင်းကြီးကို သာယာဝတီအောင်မြင်ခြင်း၊
(၂) ဆီပူလောင်းသူ သီရိမာကို ဥတ္တရာအောင်မြင်ခြင်း၊
(၃) နာဠာဂိရိဆင်ကို ဘုရားမြတ် အောင်တော်မူခြင်း၊
(၄) အာဠာဝကဘီလူးကို မြတ်ဘုရားအောင်တော်မူခြင်း။ ♦

မေထုန် ၂-ပါး၊ မျိုးအပြား၊ ခွဲခြား မိန့်ဆိုဘိ

(၁) မေထုန်ကြီး-မိန်းမ,ယောကျ်ား, ကာယကံမြောက် အင်္ဂါဇာတ် အချင်းချင်း သွားလာမှီဝဲခြင်းမျိုး၊
(၂) မေထုန်ငယ်- မိန်းမ, ယောကျ်ား ရသေ့ စိတ်ဖြေအားဖြင့် ကိုယ်လက်သုံးသပ် ပြုမူသာယာမှုမျိုး။ ♦

မေထုန်ငယ် ၇-ပါး

သတ္တင်္ဂုတ္တရ။ ပါ။ ၄၃၈။ ဋ္ဌ။ ၁၆၇-၌ အကျယ်ရှု။ အဗြဟ္မစရိယ သိက္ခာပုဒ်တော်၏ ညှိုးနွမ်း ပေါက်ကြားမှုမျိုး ၇-ပါး၊ မိန်းမ, ယောကျ်ား ၂-ဦးလုံး အတွက် အပြန်အလှန် ယူရမည်။
(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊
(၂) မာတုဂါမနှင့် ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊
(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊
(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းတို့၏ ပြောသံ ဆိုသံ ရယ်သံကိုကြား၍ သာယာစွာ နားစိုက်ထောင်ခြင်း၊
(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင် ကျင့်ကြံမှု မျိုးစုံကိုတွေးတောအောက်မေ့ သာယာခြင်း၊
(၆) သူတပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊
(၇) ယခု ဘဝ ပြုစုအားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘဝ၌ နတ်မင်းကြီးဖြစ်ပြီး နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မြှော်လင့်လျက် သာယာနေခြင်း။ ♦

မေထုန် ပြုဘွယ် မဂ်- ၃၀

၎င်း သရုပ် (မဂ် ၃၀၊တနည်း) ၌ ပြခဲ့ပြီ။ ♦

မေထုန် မမှီဝဲအပ်သော မိန်းမမျိုး ၁၄-ပါး

ထို ဆယ့်လေးယောက်တို့တွင် အချို့ကား ကျန်းမာရေးကို ထိခိုက်စေ၍ အချို့ကာ ဘာသာတရားနှင့် လောကဝတ် ဥပဒေများက တားမြစ်၍ အပြစ်ရှိသည်၊ အမရိတ ဘေသဇ္ဇကျမ်းမှ၊ ဥတုလာနေသူ, အလိုမရှိသူ, ညစ်နွမ်း မသန့်စင်သူ, မချစ်ခင်သူ, ပြည့်တန်ဆာမ, အရွယ်ကြီးရင့်သူ, ရောဂါသည်မ, ကိုယ်အင်္ဂါချို့တဲ့သူ, ကိုယ်ဝန်ဆောင်မ, ရန်သူမ,အင်္ဂါဇာတ်၌ အနာရှိသူ, လင်ရှိသူ, မာတုရက္ခိတ စသည်ရှိသူ, သီလရှင်မ။ ♦

မေထုန် မှီဝဲလွန်မှု အပြစ် ၈-ပါး

ကာမသျှတြကျမ်း ။
(၁) ဘုန်းကံယုတ်လျောြ့ခင်း၊
(၂) ဉာဏ်ပညာ ယုတ်လျော့ခြင်း၊
(၃) ခွန်အားဗလ ယုတ်လျော့ခြင်း၊
(၄) အသား,အရေ, ဦးခေါင်း, ပူလောင်ခြင်း၊
(၅) အရောင်အဆင်း ဖျော့တော့ ပျက်စီးခြင်း၊
(၆) ချောင်းဆိုးသွေးပါ အဆုပ်နာ မြစ်ချောက်ရောဂါ စွဲကပ်တတ်ခြင်း၊
(၇) အပြင်အပရောဂါလွယ်ကူစွာ ကူးစက်နိုင်ခြင်း၊
(၈) အသက်တိုခြင်း။ ♦

မေရယမျိုး ၅-ပါး

ကုသိုလ်ကောင်းမှု၌ မေ့လျော့စေတတ်သော အရက်မျိုး ၅-ပါး။ ၎င်း သရုပ် (အရက်မျိုး ၅-ပါး) မှာ ကြည့်ပါ။ ♦

မေးမြန်းခြင်းရာ၊ ကြောင်း ၅-ဖြာ၊ ပုစ္ဆာ ၅-ပါး မှတ်

အမေးပုစ္ဆာပြုခြင်း အကြောင်း ၅-မျိုး။
(၁) မန္ဒ မောမူဟတ္တာ-ထုံထိုင်း တွေဝေခြင်းကြောင့်မေးခြင်း၊
(၂) ပါပိစ္ဆ ဣစ္ဆာပကတ-လူတဖက်သားအား နှိမ်နင်းနှိပ်စက်လိုသော အလိုဆိုး ယုတ်မာစိတ်ကြောင့် မေးခြင်း၊
(၃) ပရိဘဝ- မာနတရားဖြင့် သူတပါးအား မထေလေးစား ပြုလိုသောကြောင့် မေးခြင်း၊
(၄) အညာတု ကာမ- မိမိ ကိုယ်တိုင် အဟုတ်အမှန် သိလိုသောကြောင့် မေးခြင်း၊
(၅) ဇာနေတု ကာမ- သူတပါး မသိသောအရာကို မှန်ကန်ကျနစွာ သိစေရန် ဖြေကြားလိုသောကြောင့် မေးခြင်း။ ♦

မောနေယျတရားမျိုး ၃-ပါး

ရဟန်းမုနိ၏ အဖြစ်ကိုပြုတတ်သော တရားအပြား ၃-ပါးဟူ၏၊ သံဂီတိသုတ်မှ။
(၁) ကာယမောနေယျ- ကာယဒုစရိုက်မှ စင်ကြယ်ခြင်း၊
(၂) ဝစီ မောနေယျ- ဝစီဒုစရိုက်မှ သန့်ရှင်းခြင်း၊
(၃) မနော မောနေယျ- မနောဒုစရိုက်မှ ရှောင်ရှားခြင်း။ ♦

မောနေယျ ပုဂ္ဂိုလ်မျိုး ၃-ပါး

တိကင်္ဂုတ္တရ။ ပါ။ ၂၇၆။ ဋ္ဌ။ ၂၃၅။ ခြိုးခြံဆင်းရဲစွာ ကျင့်၍မဂ်ဖိုလ်ရှာမှီးသော ပုဂ္ဂိုလ်ထူးကြီး ၃-မျိုး။
(၁) ဥက္ကဋ္ဌမောနေယျ- ၇-လသာ အသက်ရှည်သည်၊
(၂) မဇ္ဈုံ မောနေယျ- ၇-ရက်သာ အသက် ရှည်သည်၊
(၃) မုဒု မောနေယျ- ၁၆ ရက်သာ အသက်ရှည်သည်။ ♦

မောက်ကလူ ၂၄

၎င်း ဝေါဟာရ သရုပ်ကို(ပါလီကွေး ၄၅) ၌ ပြန်ရှုပါ။ ♦

မောက်ချအက္ခရာ၊ ရေးထုံးလာ၊ ၆-ဖြာ မြန်မာမှု။ ှု

မြန်မာစာပေ ရေးသားရာ၌ ရေးချနှစ်မျိုးရှိသည်တွင် (ခ,ဂ,င,ဒ,ပ,ဝ) ၎င်းဗျည်း ၆-လုံးကို အာ,သြ,သရ ၂-လုံးတို့နှင့် ယှဉ်တွဲသောအခါ -ါ,ေ-ါ, ဤ သင်္ကေတရှိ မောက်ချပုံတို့နှင့်သာ တွဲရမည်၊ -ာ, ေ-ာ, ဤသင်္ကေတရှိ ဝိုင်းချပုံတို့နှင့် တွဲစပ်မရေးရ ဟူ၏၊ ပုံ- ဒါ, ပါ, ခါ, ငါ, ဝါ, ဂါ။ ♦

မော်ကတော်ခေါ်၊ ကဝေကျော်၊ ၄-ဘော် မိနတ်ဝန်။

၎င်း သရုပ်ကို(ကတော်ကြီး ၄-ပါး) ၌ ဆိုခဲ့ပြီ။ ♦

မိုဃ်း ၄-ပါးနှင့် ပုဂ္ဂိုလ် ၄-စား

မိုဃ်းလေးပါးနှင့် ပမာပြ၍ ပုဂ္ဂိုလ်၄-စား ခွဲပြခြင်း။
(၁) ဂဇ္ဇိတာ နော ဝဿိတာ- ခြိမ်းကားခြိမ်း၏ မရွာသောမိုဃ်း၊ ဘာသိတာ နော ကတ္တာအပြောကား ကြီး၊ အလုပ်မပါသူ'လူယုတ်မာဟူ၏'၊
(၂) ဝဿိတာ နော ဂဇ္ဇိတာ-မခြိမ်းဘဲ ရွာသောမိုဃ်း၊ ကတ္တာ နော ဘာသိတာ-အပြောမဟုတ် အလုပ်သမားသက်သက်၊
(၃) ဂဇ္ဇိတာ စ ဝဿိတာ စ-ခြိမ်းလည်းခြိမ်း ရွာလည်းရွာသောမိုဃ်း၊ ဘာသိတာစ ကတ္တာစ-အပြောနှင့် အလုပ်ညီသူ၊
(၄) နေဝဇ္ဇိတာ နော ဝဿိတာ- ခြိမ်းလည်းမခြိမ်း ရွာလည်းမရွာ၊ နေဝဘာသိတာ နော ကတ္တာ- ပြောလည်းမပြော လုပ်လည်း မလုပ်သူ။ စတုကင်္ဂုတ္တရမှ။ ♦

မိုဃ်းကြိုးမျိုး ၉-ပါး

သုတ်မဟာဝါ။ ပါ။ ၁၀၉။ ဋ္ဌ။ ၁၆၀။ မိုဃ်းကြိုးပစ်ခြင်းမျိုး ၉-ပါး ဟူ၏။
(၁) အ သညာ- အသံမမြည်ဘဲ ကျသောမိုဃ်းကြိုး၊
(၂) ဝိစက္ကာ-တူရွင်း ပုဆိန် ပဲခွပ်များကဲ့သို့ အသွားတဖက်သာရှိသော မိုဃ်းကြိုး၊
(၃) သတေရာ-ရယ်သကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၄) ဂဂ္ဂရာ-ဂျက်ဂျက်မြည်လျက် ကျသော မိုးဃ်းကြိုး၊
(၅) ကပိသီသာ- မျောက်မျက်နှာ မျှော်သကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၆) မစ္ဆ ဝိလောဠိကာ-ငါးမြူးသကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၇) ကုက္ကဋကာ-ကြက်တောင်ဖြန့်သကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၈) ဒဏ္ဍ မဏိကာ- ထွန်တုံးကဲ့သို့ ကျသော မိုဃ်းကြိုး၊
(၉) သုက္ခာသနီ-မိုဃ်းပင်ရွာသော်လည်း အလျှံနှင့် တကွဖြစ်၍ ရေမစွတ်သော လောင်မီးမိုဃ်းကြိုး။ ♦

မိုးချုပ်ညဉ့်ခါ၊ လည်သူမှာ၊ ၆-ဖြာ အပြစ်ရ

၎င်းသရုပ်ကို ( အ,ကာလခါ၊ လည်သူမှာ၊ ၆-ဖြာ အပြစ်ရ) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

မိုဃ်းမရွာခြင်း အကြောင်း ၅-ပါး

မိုဃ်းခေါင်ခြင်း အကြောင်းတရားငါးပါး၊ ဝလာဟကသံယုတ်။
(၁) ဥပရိ အာကာသေ တေဇောဓာတုကုပ္ပတိ- အထက်ကောင်းကင်၌ တေဇောဓာတ် ပျက်၍ မရွာခြင်း၊
(၂) ဝါယောဓာတု ကပ္ပတိ- ဝါယောဓါတ်ခေါ် လေတိုက်ခြင်း ပျက်၍ မရွာခြင်း၊
(၃) ရာဟု အသူရိန္ဒော-ရာဟုခေါ် အသူရိန်နတ်ကြီး လက်ဝါးဖြင့်ခံ၍ သမုဒ္ဒရာသို့ သွန်ပစ်သောကြောင့် မရွာခြင်း၊
(၄) ဝဿ ဝလာ ဟကဒေဝါ ပမတ္တာ- မိုဃ်းနတ်သားတို့ မေ့လျော့မှုကြောင့် မရွာခြင်း၊
(၅) မနုဿ အဓမ္မိကာ- မင်းနှင့် လူတို့ တရားမစောင့် ကောက်ကျစ်ယုတ်မာမှုကြောင့် မရွာခြင်း။ ♦

မိုဃ်းရွာခြင်း အကြောင်း ၈-ပါး

ခန္ဓဝဂ္ဂသံယုတ်။ ဋ္ဌ။ ၃၂၂။ မိုဃ်းရွာစေတတ်သော အကြောင်းတရား ၈-ပါး။
(၁) နဂါးတို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၂) ဂဠုန်တို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၃) နတ်တို့၏ အာနုဘော်ကြောင့် ရွာခြင်း၊
(၄) သစ္စာစကားကြောင့် ရွာခြင်း၊
(၅) ဥတု အစွမ်းကြောင့် ရွာခြင်း၊
(၆) မာရ်နတ် လည့်ပတ်သောကြောင့် ရွာခြင်း၊
(၇) တန်ခိုးကြီးသူတို့ အာနုဘော်ကြောင့် ရွာခြင်း၊
(၈) ကမ္ဘာပျက်လိုသောကြောင့် ရွာခြင်း။ ♦

မျက်ကြုတ်တရားမျိုး ၉-ပါး၊ တနည်း ၁၀-ပါး

၎င်း၏ သရုပ်အဓိပ္ပါယ်ကို (ရန်ငြိုးဖွဲ့ကြောင်း၉-ပါး၊ ၁၀-ပါး) ၌ ကြည့်ပါ။ ♦

မျက်ငြိုးမာန်ထား နည်း ၉-ပါး

၎င်းသရုပ် (ရန်ငြိုးဖွဲ့ကြောင်း တရား ၉-ပါး) ၌ ရှုပါ။ ♦

မျက်စိအပြား မျိုး ၃-ပါး

ဣတိဝုတ်။ ပါ။ ၂၃၀။ ဋ္ဌ။ ၁၉၆။
(၁) မံသ စက္ခု-အသားမျက်စိ၊ ဒိဗ္ဗစက္ခု- နတ်မျက်စိနှင့်တူသော တန်ခိုးမျက်စိ၊
(၃) ပညာ စက္ခု-ပညာဉာဏ်အမြင်။ ♦

မျက်စိ ၅-ပါး၊ မြတ်ဘုရား၊ ပိုင်းခြား ကိုယ်တိုင်သိ

၎င်း သရုပ်ကား(စက္ခု ၅- ပါး) ဟူသော သရုပ်နှင့် တူ၏။ ♦

မျက်မာန်ကြီးငြား၊ ၁၄-ပါး၊ မျိုးစားပုဂ္ဂိုလ် အဘယ်နည်း?

၎င်းသရုပ်ကို(အမျက်ကြီးငြား ၁၄-ပါး) ဟူသော သုတေသန၌ ရှုပါ။ ♦

မျက်ရွဲဲမဏိ၊ ခေါ်ဆိုဘိ၊ စတုဝီသတိ အဘယ်နည်း?

၎င်း သရုပ်ကို (ပတြ္တမားမျိုးပြား၊ ၂၄-ပါး) ဟူသော သုတေသန၌ ရှုပါ။ ♦

မျိုး ၇-ဆက်၊ အောက်အထက်၊ စဉ်ဆက် စပ်၍ယူ

မင်္ဂလသုတ်ပျို့ ဋီကာအလို မိမိမှ အောက်သို့ ရေတွက်သော် “မျိုး ၇-ဆက်''ဟု ခေါ်၏၊ ၎င်းအကျယ် (ဆွေ ၇-ဆက်၊ မျိုး ၇-ဆက်) ၌ ဆိုခဲ့ပြီ။ ♦

မျိုးစေ့အ့အပြား၊ မျိုး ၅-ပါး၊ မိန့်ကြား ဝိနည်းတော်။

၎င်း၏ သရုပ်အဓိပ္ပါယ်ကား (ဗီဇမျိုး ၅-ပါး) နှင့်တူ၏။ ♦

မျောက်ဥအပြား၊ မျိုး ၆-ပါး၊ ခွဲခြား ဆေးကျမ်းလာ

ဥတုဘောဇနကျမ်းမာ ဖြစ်၏။
(၁) ပိဏ္ဍာ လုက- ပလောပီနံခေါ် မျောက်ဥတမျိုး၊
(၂) ကထာလုက-သန်သင်းထောက်ခေါ် မျောက်ဥတမျိုး၊
(၃) သင်္ခါလုက-ဖြူသော မျောက်ဥမျိုး၊
(၄) ဟတ္ထာလုက-ဆင်စွယ်ကဲ့သို့ ရှည်သော မျောက်ဥမျိုး၊
(၅) သတ္တာလုက- ဝက်လာဥခေါ် မျောက်ဥတမျိုး၊
(၆) ရတ္တာလုကမျောက်ငချိပ်။ ♦

မြက်ကြီးမျိုး ၇-ပါး

မြက်မင်းမျိုးလည်း ဟူ၏၊ ဆေးကျမ်းလာ ဝေါဟာရ အပေါင်းစကား။
(၁) ဟိန္တာလ- ဓနုန်းပင်၊
(၂) တာလ- ထန်းပင်၊
(၃) ခဇ္ဇူရ-သင်ပေါင်းပင်၊
(၄) နာဠိကေရ-အုန်းပင်၊
(၅) ကေတကီ- ဆတ်သွားပင်၊
(၆) တာဠီ- ပေပင်၊
(၇) ပူဂ-ကွမ်းသီးပင်။ ♦

မြက်ပဥ္ဓမူမျိုး ၅-ပါး

ဆေးကျမ်းလာဝေါဟာရ၊သည်းခြေကြောင့်ဖြစ်သော ဆီးရောဂါကို ပျောက်စေ၏။
(၁) ကဏှုစ္ဆု မူလ-ကြံနက်မြစ်၊
(၂) ကုသမူလ-သမန်းမြက်မြစ်၊
(၃) သဒ္ဒလ မူလ-မြေဇာမြစ်၊
(၄) ကိစက မူလ- ကိုင်းမြစ်၊
(၅) ဘဒ မူလ- မြားမြက်မြစ်။ ♦

မြက်မင်းမျိုး ၇-ပါး

ဤသစ်ပင် ၇-မျိုးသည် တိဏရာဇာခေါ် မြက်မင်းမျိုးဖြစ်၍ ဒန်ပူမစားကောင်းဟု လောကီကျမ်းတို့၌ မှာဆိုထားကြကုန်၏၊ ၎င်း၏ သရုပ်ကား (မြက်ကြီးမျိုး ၇-ပါး) နှင့် တူ၏။ ♦

မြင်းမိုရ်အာလိန်၊ ရန်ကိုနှိမ်၊ စောင့်ချိန် ထို ၅-ဆင့်

၎င်းသရုပ်ကို(အာလိန်၅- ဆင့်) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

မြင်းမိုရ်ရောင်များ၊ မျိုး ၄-ပါး၊ မှတ်သား စာပေဝင်

သုတ်ပါထေယျ။ ပါ။ ၁၆၁။ ဋ္ဌ။ ၁၄၆။ မြင်းမိုရ်တောင်၏ ရောင်ခြည် ၄-ပါး။
(၁) ၎င်း၏ တောင်ဖက်ပိုင်း ဒေသသည် ပတ္တမြားညိုအတိ ပြီး၏၊
(၂) မြောက်ဖက်ပိုင်းဒေသသည် ရွှေအတိ ပြီး၏၊
(၂) မြောက်ဖက်ပိုင်းဒေသသည် ရွှေအတိ ပြီး၏၊
(၃) အရှေ့ဖက်ပိုင်း ဒေသသည် ငွေအတိပြီး၏၊
(၄) အနောက်ဖက်ပိုင်း ဒေသသည် ဖလ်အတိ ပြီး၏။

မှတ်ချက် ။ ။ ထို ပတ္တာမြား, ရွှေ, ငွေ, ဖလ်, တို့၏ အရောင်သည် မိမိတို့မျက်နှာမူရာ ကျွန်းကြီး လေးကျွန်း, သမုဒ္ဒရာ လေးစင်း, တော, တောင်, ရေ, မြေတို့ အပေါ်သို့ ထွန်းပ လွှမ်းမိုးနေကြောင်းကျမ်းဂန်တို့၌ ဆိုသည်၊ထို့ကြောင့် ကျွန်ုပ်တို့နေရာ တောင်ကျွန်းကို''မြရောင်ထွန်းသော ကျွန်း''ဟု ဖွဲ့ဆို သီကုံးကြကုန်၏။ ♦

မြင်းခင်းစီးရိုး ၃၇-မျိုး

ရှေးမြန်မာ ဘုရင်မင်းမြတ်တို့ လက်ထက်တော်က ပြာသိုလ မြင်းခင်းပွဲ၌ အလှ မြင်းစီးနည်း ၃၇-ပါးကိုဆိုသည်၊ ထိုနည်းများကို မဃဒေဝ လင်္ကာ အပိုဒ်ရေ ၃၃၆-ဖြင့် ပြဆိုအံ့။ 'လွှတ်နန်းရင်ပြင်၊ ရှေ့တော်ခွင်ဝယ်၊ ဆင်ကို ဆင်ချင်း၊ မြင်းလည်း မြင်းနှင့်၊ စီးနင်း မောင်းနှင်၊ စက်တော်တင်၍၊ နတ်သွင်ရွှေကိုယ်၊ ရွယ်ပျိုရှုသင့်၊ဘုန်းပွင့်ပွင့်ဖြင့်၊ သက်တင့်ရေသောက်၊ ပြန်ခေါက်ဝဲကာ၊ ဗြဟ္မာလက်လှမ်း၊ ရွှေကွမ်းရုံတက်၊ မပျက်ဟန်လှ၊ သိကြာ့တန်ဆောင်၊ ဂဠုန်တောင်နှင့်၊ စွန်တောင်ဖြန့်လေ့၊ ခြင်္သေ့တန်းဆွဲ၊ ကိုယ်တော်နွှဲ၍၊ ပယ်ခွဲ ပယ်စိတ်၊ ဝါကြိတ် ခိုနန်း၊ စောင်းရန်းသမက်၊ လက်ဆက်ကြာဖူး၊ ဆင်ထူး ပုခက်၊ နွယ်ထွက်နွယ်ဝင်၊ အုန်းပင် ရေသွန်း၊ လေးကျွန်းမှန်ကူ၊ တမူတင့်လွန်၊ ရွှေတန်ခွန်ယောင်၊ တန်ဆောင်ဘုံနန်း၊ ထူးဆန်း ရှစ်မြှောင့်၊ ရှစ်ထောင့် ပုံကွဲ၊ စွန်ဝဲ စွန်သုတ်၊ သမုတ်ကျယ်ချဲ့၊ စချီဘွဲ့သား၊ သုံးဆယ့်ခုနစ်မျိုး၊ ရှေးသတိုးတို့၊ စီးရိုးစုံပေါင်း၊ ပြန်လှန်ပြောင်းလျက်၊ အဲမောင်းဝင်းချီ၊ ရှုဘွယ်အီ၏'။ ♦

မြင်းဇာတ်အပြား၊ မျိုး ၁၀-ပါး၊ ထင်ရှား အဿကြန်။

မြင်းတို့၏ မျိုးဇာတ်များကို သကဋ အဿကြန္နကျမ်းကြီး၌ အကျယ်လာသော်လည်း ဤ၌ အကျဉ်းမျှ ပြဆိုထားသည်။
(၁) သိန္ဓောမျိုး- မန်ကျည်းစေ့ရောင် ခြေလေးဘက် မည်းနက်၏၊
(၂) သုဝဏ္ဏသာမမျိုး- ရွှေစင်တုနိုင်း လည်းခေါ်၏၊ ရွှေဝါရောင် အဆင်းရှိသည်၊
(၃) အာကာသ ဘိန္နမျိုး- ကောင်းကင်ခွဲမျိုးလည်းဟူ၊ ကိုယ်လုံး ဆွတ်ဆွတ်ဖြူ၊
(၄) ဝလာဟကမျိုး- တိမ်တိုက်ပျံမျိုးလည်းဟူ၏၊ တိမ်ပြာရောင်အဆင်း၊
(၅) ဝလာဟကသိင်္ဃမျိုး- ရောင်စုံပြိုးပြက်ရှိသည်၊
(၆) လောမျိုး- ခြေလေးဖက်ကြီး၍ မျက်လုံးငယ်သည်၊
(၇) လှီမျိုး- သေးငယ်ကျစ်လှီ၍ တောင့်ခိုင်သည်၊
(၈) ပွေမျိုး- ခြေ နှာယောင်တို၍ ကိုယ်နှင့် အမြီး ရှည်လျားသည်၊
(၉) ပုစဉ်းမျိုး- ခြေလေးဘက် အမြီးရှည်၍ ကိုယ်ထည်တိုသည်၊
(၁၀) မြည်းမျိုး- နံကိုင်းသည် နားရွက်ကြီးသည် ခြေတိုသည် အသံကျယ်လောင်သည်။ မှတ်ချက်။ ဤကားရှေးဟောင်းမျိုးများဖြစ်၏၊ ယခုခေတ် စပ်မြင်းမျိုးပေါင်းလည်း များစွာရှိသေးသည်။ ♦

မြစ်ကြီး ၅-သွယ်၊မွေ့လျော်ဘွယ်၊ ဘယ်ဝယ်အမည်များ

မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၂၅
(၁) ဂင်္ဂါ-ဂင်္ဂါမြစ်၊
(၂) အစီရဝတီ- အစီရဝတီမြစ်၊
(၃) ယမုနာ- ယမုံနာမြစ်၊
(၄) သရဘူသရ ဘူမြစ်၊
(၅) မဟီ- မဟီမြစ်။ ♦

မြစ်ကြီး ၁၀-စင်း

မိလိန္ဒ ပဥှာမှ။
(၁) ဂင်္ဂါ၊
(၂) ယမုနာ၊
(၃) အစီရဝတီ၊
(၄) မဟီ၊
(၅) သရဘူ၊
(၆) သိန္ဓု၊
(၇) သရဿတီ၊
(၈) ဝေတတြဝတီ၊
(၉) ဝိတသာ၊
(၁၀) စန္ဒဘာဂ။ ♦

မြစ်ကြီးမျိုး ၄-ပါး

၎င်း သရုပ် (ဂင်္ဂါမျိုး ၄-ပါး) ၌ ရှုပါ။ မြစ်ငယ် ၅၀၀ ♦

မြစ်မျိုး ငါးပါး၊ သူငယ်များ၊ သင်ကြား ပထဝီ

ဝေါဟာရ အားဖြင့်ထင်ရှားသော ပထဝီဝင်မြစ်များ။
(၁) မြစ်ဆုံ-မြစ်နှစ်ခုပေါင်းဆုံ၍ တခုတည်း ဖြစ်သွားသော နေရာကို “မြစ်ဆုံ''ဟု ခေါ်သည်၊
(၂) မြစ်ခွဲ-မြစ်နှစ်ခု ခွဲသည့် နေရာကိုသော်၎င်း၊ မြစ်ကြီးမှ ပင်လယ် သမုဒ္ဒရာထဲသို့ ခွဲထွက် စီးဝင်နေသော ချောင်းကြီးကိုသော်၎င်း “မြစ်ခွဲ''ဟု ခေါ်သည်၊
(၃) မြစ်လက်တက်- မြစ်မကြီးအတွင်းသို့ စီးဝင် ပေါင်းဆုံလာသော ချောင်းငယ်, မြစ်ငယ်ကလေးများကို “မြစ်လက်တက်''ဟု ခေါ်သည်၊
(၄) မြစ်ဝကျွန်းပေါ်- မြစ်တခုသည် အဝ၌ မြစ်ခွဲကလေးပေါင်းများစွာနှင့် ပယ်လယ်ထဲသို့ စီးဆင်းသော သုံးထောင့်ပုံ ကျွန်းမြေအရပ်ကို “မြစ်ဝကျွန်းပေါ်''ဟု ခေါ်သည်။ ♦

မြတ်နိုး ချစ်ခင်သော အင်္ဂါ ၆-ပါး

အမြဲအစဉ် ချစ်ခင်မြတ်နိုးခံရသူ၏ အင်္ဂါ ၆-ပါး၊ ဟိတောပဒေသ။
(၁) ပသန္နမုခ- ချိုသာကြည်လင် မျက်နှာရွှင်ကာ တွေ့ဆုံလာခြင်း၊
(၂) ဝိမလဒိဋ္ဌိမုန်း စိတ်မရှိ ပကတိ ကြည်လင်စွာ ကြည့်ရှုခြင်း၊
(၃) ကထာနုရာဂ-ပြောကြားသော စကားကို အားပါးတရ နားထောင်ခြင်း၊
(၄) မဓုရဝါဏီ-ချိုသာနူးညံ့စွာ ပြောဆိုမြွက်ကြားခြင်း၊
(၅) အဓိက သိနေဟ- လွန်ကဲခင်မင် ချစ်ကြည်လေးမြတ်ခြင်း၊
(၆) သမ္ဘမ ဒဿန-အဖန်ဖန် အထပ်ထပ် မပြတ်ကြည့်ရှုထောက်ပံ့ပြုခြင်း။ ♦

မြန်မာ ၇-မျိုး၊ မော်ကွန်းထိုး၊ ခေါ်ရိုး ၂-နည်းပြ

ရှေးအခါက ထင်ရှားသော မြန်မာလူမျိုးများ။
(၁) မြန်မာ၊
(၂) တောင်သူ၊
(၃) ပျူ၊
(၄) ကမ်းယံ၊
(၅) ယော၊
(၆) ရခိုင်၊
(၇) ထားဝယ်တို့ ဖြစ်ကြ၏ဟု ဇမ္ဗူတံဆိပ်ကျမ်း၌လာသည်။ ♦

မြန်မာ ၇-မျိုး၊ တနည်း

''သက် နှင့် ရခိုင်၊ နှိုင်းပြိုင် တောင်သူ၊ ပျူ, ကမ်းယံ, ယော၊ ထားဝယ် နှောက၊ မျိုးသတ္တဟု''၊ ရှေးဟောင်းလင်္ကာများ စပ်ဆိုထားသေး၏။ ♦

မြန်မာစာပေ၊ ရေးသားလေ၊ ၅-ထွေ နိသျည်း

မြန်မာစာပေ ရေးသားရာ၌ မီရှာ နည်း ငါးပါးကိုဆိုသည်။
(၁) ရိုးရိုးရေးနည်း-မိမိတို့ ရွာသုံးစကားအတိုင်း ဝါကျပြု၍ ရေးခြင်းမျိုး၊
(၂) စကားပြေ ရေးနည်း-မင်းပူးဆရာတော် ဦးသြဘာသ၏ ဇာတ်ကြီးဆယ်ဘွဲ့ ရေးနည်းမျိုး၊
(၃) လင်္ကာသွား ရေးနည်း-ရတု, ရကန်, အဲ, အဏ်, ဧချင်း, ပျို့, ဦးပုည၏ပြဇာတ် ရေးနည်းမျိုးနှင့် ပိဋကသွားခေါ် ဦးပုည တရားစာရေးနည်းမျိုး၊
(၄) လင်္ကာကြား စကားပြေညှပ်၍ ရေးနည်း- သြဘာစာ, မေတ္တာစာနှင့် ဖိတ်စာအချို့ လင်္ကာသွားညှပ်၍ ရေးနည်းမျိုး၊
(၅) ဂီတသွား ရေးနည်း- မဟာဂီတပါ သီချင်းများနှင့် ကာလပေါ် သီချင်းများ ရေးနည်းမျိုး၊ အောက်ပါ ၄-ပါးကို မြန်မာ့ယဉ်ကျေးမှု အနုစာပေ ရေးနည်းဟု ခေါ်၏။ ♦

မြန်မာစာလုံး၊ ရေးထုံး ၅-ဖြာ၊ သိမှတ်ရာ၏

၎င်းသရုပ်ကို (စာလုံး ၅မျိုးရေးရိုး စဉ်လာ) ဟူသော သုတေသနပုဒ်၌ ဆိုခဲ့ပြီ။ ♦

မြန်မာတိုင်းသား၊ လူမျိုးများ၊ အပြား ၄၉

၎င်း၏ရှင်းတမ်းသရုပ်ကို (ပြည်ထောင်စုသား၊ လူမျိုးများ) ဟူသော ပြဿနာ၌ ဆိုခဲ့ပြီ။ ♦

မြန်မာနိုင်ငံ၌ ကျင်းပလေ့ရှိသော နေ့ထူးကြီး ၉-မျိုး

(၁) လွတ်လပ်ရေးနေ့ဇန္နဝါရီလ ၄-ရက်၊
(၂) တော်လှန်ရေးနေ့- မတ်လ ၂၇-ရက်၊
(၃) တောင်သူလယ်သမားနေ့မတ်လ ၂-ရက်၊
(၄) အလုပ်သမားနေ့- မေလ ၁-ရက်၊
(၅) အာဇာနည်နေ့- ဇူလိုင် ၁၉-ရက်၊
(၆) ပြည်ထောင်စုနေ့- ဖေဖေါ်ဝါရီလ ၁၂-ရက်၊
(၇) အမျိုးသားနေ့- တန်ဆောင်မုန်းလဆုတ် ၁၀-ရက်၊
(၈) ကရင်အမျိုးသာနေ့- ပြာသိုလဆန်း ၁-ရက်၊
(၉) ရှမ်းအမျိုးသားနေ့- ဖေဖေါ်ဝါရီ လ ၇-ရက်နေ့။

မှတ်ချက် ။ ။ မြန်မာနိုင်ငံ၏ မြန်မာမှု- ကိစ္စဖြစ်သော်လည်း မြန်မာ လ, ရက်, နှစ်, သုံးသည်ကား
(၁) အမျိုးသားနေ့နှင့်
(၂) ကရင်အမျိုးသားနေ့သာဖြစ်သည်ကို သတိပြုစေရာ။ ♦

မြန်မာသရ၊ ရေးထုံးပြ၊ မှတ်ကြ ၁၁-လုံး

မြန်မာမှုအားဖြင့် သဒ္ဒဗြူဟာကျမ်း စသည်တို့အလို ထိုဆယ့်တစ်လုံးကို ဆို၏၊ သို့သော် ရေးနည်းအားဖြင့် ဆရာစဉ် ဂိုဏ်းအစဉ် ခြားနားကာ ၄-နည်းမျှ ပြားလေသည်။
(၁) အ, အာ, အိ, အီ, အု, အူ, အေ, အဲ, အော, အော်,အို။
(၂) အ, အာ, ဣ, ဤ, ဥ, ဦ, ဧ, အဲ, သြ, သြော်, အို၊
(၃) အ, အာ, ဣ, ဤ, ဥ, ဥု, ဧ, အဲ,သြ,ဥိ။
(၄) -, -ာ, -ိ, -ီ, ု, ူ, ဧ, -ဲ, ေ-ာ, ေ-ာ်, -ို။ ♦

မြန်မာ့ဦးစွန်း၊ ၅-မျိုး ထွန်း၊ ပြညွှန်း ထုံးနည်းနာ

မြန်မာ လူမျိုးတို့ဦးစွန်ဆံပင် အထုံးအမြိတ် ငါးပါးကို ဆိုသည်။
(၁) သျှောင်ထုံး- ထိပ်လယ်ထုံးအမျိုးမျိုး၊
(၂) ကြက်တောင်စည်း- အပေါ်သို့ထောင်စည်းထားသည်၊
(၃) ပေါက်ချပ်-ခေါင်းပေါင်း, မကိုဋ်, စည်းပုံ၊
(၄) ဦးစွန်း ဆံပင်ဖါးလျားချ နောက်တွဲပန်၊
(၅) မိန်းမထုံး-ဆံထုံး ၇-မျိုး။ ၅၅-မျိုးစသည်တို့ထုံးပုံနည်းများ ရှိသေး၏။ ♦

မြန်မာ့တိုင်းကြီး ၃-ရပ်။

ရာဇဝင်၌ ထင်ရှားသော တိုင်းကြီး ၃-တိုင်းကို ပိုင်း ခြားယူငင်ပုံ။
(၁) သုနာပရန္တတိုင်း- ဧရာဝတီမြစ် လကျ်ာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တနည်း- စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ် အနောက်ဖက်တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊
(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တနည်း- ပုဂံ, ပင်းယ, အင်းဝ, မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်၏ အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊
(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တနည်း- ရှမ်းနယ်များကို ခေါ်ဆိုသည်။ ♦

မြန်မာ့တိုင်းကြီး ၉-တိုင်း

နိုင်ငံတော် အုပ်ချုပ်ရေး လွယ်ကူစေရန်အတွက် ၉-တိုင်း ဌာနခွဲကာ တိုင်းမင်းကြီးများကို ခန့်ထားလေသည်။
(၁) ချင်းဝိသေသတိုင်း- ချင်းတောင်, ရခိုင်တောင်တန်းနယ်များ ပါဝင်၍ ဖါလံမြို့တွင်ရုံး စိုက်သည်၊
(၂) ကော်သူလေး အထူးတိုင်း- သံလွင်ခရိုင် အပါအဝင် ဖါပွန်မြို့၌ ရုံးစိုက်သည်၊
(၃) တနင်္သာရီတိုင်း- တောင်ငူ, သထုံ, မော်လမြိုင်, ထားဝယ်, မြိတ်ခရိုင်တို့ပါဝင်သည်၊
(၄) ဧရာဝတီတိုင်း-ပုသိမ်,ဟင်္သတ,မြောင်းမြ,မအူပင်,ဖျာပုံခရိုင်တို့ ပါဝင်သည်၊
(၆) ပဲခူးတိုင်း-ပဲခူး,အင်းစိန်,သာယာဝတီ,ပြည်,ရန်ကုန်ခရိုင်တို့ပါဝင်သည်၊
(၇) မကွေးတိုင်း-မကွေး,သရက်,မင်းဘူး,ပခုက္ကူ,ကန်ပလက်ခရိုင်တို့ ပါဝင်သည်၊
(၈) မန္တလေးတိုင်း- မန္တလေး, ကျောက်ဆည်, ရမည်းသင်း, မိတ္ထိလာ, မြင်းခြံခရိုင်တို့ ပါဝင်သည်၊
(၉) စစ်ကိုင်းတိုင်း- စစ်ကိုင်း,ရွှေဘို,ကသာ,မော်လိုက်,မုံရွာ, ခရိုင်တို့ ပါဝင်သည်။ (လွတ်လပ်ရေး ဖ-ဆ-ပ-လ ခေတ်မှ) ။ ♦

မြန်မာ့တိုင်းနှင့် ပြည်နယ် ၁၄-ခု။

(၁) ရန်ကုန်တိုင်း- တိုင်း၏ မြို့တော်သည် ရန်ကုန်မြို့ ဖြစ်သည်။
(၂) ပဲခူးတိုင်း- တိုင်း၏ မြို့တော်သည် ပဲခူးမြို့ ဖြစ်သည်။
(၃) ဧရာဝတီတိုင်း- တိုင်း၏ မြို့တော်သည် ပုသိမ်မြို့ ဖြစ်သည်။
(၄) တနင်္သာရီတိုင်း- တိုင်း၏ မြို့တော်သည် ထားဝယ်မြို့ ဖြစ်သည်။
(၅) မန္တလေးတိုင်း- တိုင်း၏ မြို့တော်သည် မန္တလေးမြို့ ဖြစ်သည်။
(၆) စစ်ကိုင်းတိုင်း- တိုင်း၏ မြို့တော်သည် စစ်ကိုင်းမြို့ ဖြစ်သည်။
(၇) မကွေးတိုင်း- တိုင်း၏ မြို့တော်သည် မကွေးမြို့ ဖြစ်သည်။
(၈) ကရင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် ဘားအံမြို့ ဖြစ်သည်။
(၉) ကယားပြည်နယ်- ပြည်နယ်၏ မြို့တော်သည် လွယ်ကော်မြို့ ဖြစ်သည်။
(၁၀) ကချင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် မြစ်ကြီးနားမြို့ ဖြစ်သည်။
(၁၁) ချင်းပြည်နယ်- ပြည်နယ်၏ မြို့တော်သည် ဟားခါးမြို့ ဖြစ်သည်။
(၁၂) မွန်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် မော်လမြိုင်မြို့ ဖြစ်သည်။
(၁၃) ရခိုင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် စစ်တွေမြို့ ဖြစ်သည်။
(၁၄) ရှမ်းပြည်နယ်- ပြည်နယ်၏ မြို့တော်သည် တောင်ကြီးမြို့ ဖြစ်သည်။ ♦

မြန်မာ့ရိုးရာ၊ ရေးထုံးလာ၊ ၃၅-ဖြာ ဗျည်း

မြန်မာမှု အလိုအားဖြင့် သဒ္ဒဗြူဟာကျမ်း, ဝေါဟာရတ္ထ ပကာသနီကျမ်း, လယ်တီသင်ပုန်းကြီး သံခိပ်ကျမ်းတို့ အဆို အောက်ပါ ၃၅-လုံးတို့ ဖြစ်၏၊ က, ခ, ဂ, ဃ, င, စ, ဆ, ဇ, စျ, ည, ဋ, ဋ္ဌ, ဍ, ဎ, ဏ, တ, ထ, ဒ, ဓ, န, ပ, ဖ, ဗ, ဘ, မ, ယ, ရ, လ, ဝ, သ, ဟ, ဠ, -ံ, -့, -း ။ ♦

မြန်မာ့ရှေးရိုးအက ၁၂-မျိုး

(၁) ဗောင်းတော် အက၊
(၂) မှန်တော်ရှု အက၊
(၃) ပန်း စိုက် အက၊
(၄) သားပိုက် အက၊
(၅) ကျောက်ကောက် အက၊
(၆) ဆံတော်သိမ်း အက၊
(၇) ဖျင်းချင် အက၊
(၈) ဖျင်း ဖျတ်ဖျတ် အက၊
(၉) ချွတ်ကြီး အက၊
(၁၀) ချွတ်ငယ် အက၊
(၁၁) ထပီ အက၊
(၁၂) ကရောင်း အက။ ♦

မြမျိုး ၆-ဖြာ၊ ရတနာ၊ မိန့်မှာ မဏိသျှတ်။

မဏသိ ျှတြကျမ်းလာမြကျောက် ရတနာမျိုး ခြောက်ပါး။
(၁) သာခွါ- အလင်းရောင်ရှိသော စိမ်းနုသွေး၊
(၂) ကက္ကရာ-သခွါးခွံရောင် ပြောင်စိမ်းစိမ်းရင့်၊
(၃) မူလီ-မွဲခြောက်သောစိမ်းရောင်သွေး၊
(၄) ဝင်သဝတ် ထွန်းဝင်းသောစိမ်းရောင် သွေး၊
(၅) ကိတ္ထပတ်- ရွှေပိုးကောင် လည်ကုပ်ညှာ အဆင်း။ ♦

မြန်မြန်သွားရန် မလျော်သူ ၄-မျိုး

လျင်မြန်စွာ သွားခြင်းငှါ မတင့်မလျောက်ပတ် ဟူ၏။ ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၂၄၆
(၁) အဘိသိက်သွန်းဆဲ သွန်းပြီးသော မင်း၊
(၂) ကကြိုးတန်ဆာ ဆင်ယင်ထားသော မင်္ဂလာဆင်တော်၊
(၃) ရသေ့, ရဟန်း၊
(၄) မိန်းမ။ ♦

မြားရေး ၆-ပါး၊ သရုပ်ပြား၊ ပိုင်းခြား ဝေဘန်သိ

ထိုထို ရာဇဝင် မဟာဝင် နိပါတ်တော်တို့၌ လေးပစ်ကစား လေးတင်ပွဲများ ကျင်းပသောအခါ မိမိတို့လေးဖြင့် ပစ်လိုက်သော မြှား၏ ဆန်းကြယ်သော အရေးအခင်း ၆-ပါးကိုခေါ်ဆိုသည်၊ 'ဇေတကုမ္မာ ပြဇာတ်လာ'။
(၁) ဝဇီရဟတ်၊ လက်ရုံးတန်ဆောင်၊ စက်ဘုန်းရောင်နှင့်၊ သက်ဆုံးအောင် ငှက်ဘီလူးကို၊ မထားဘူး သတ်တောမည်။ နတ်ယန္တရား၊ အဖြောင့်တမျဉ်း၊ တောင့်တွင်သွင်းသည့်၊ စိန်စဉ်းသွား။ အင်းဇယားကျ၊ မြားရေးကို ပြရလျှင်၊ လက်မ တတွက်၊ လျှပ်တပြက်တွင်၊ မြားချက် တထောင်၊ သွားလျက်ဆောင်။ တောင်ဝင်္ကပတ်၊ တထောင် အကောက်၊ ချောင် တရှောက်မှာ၊ ကြောင်, မျောက်, ယုန်ဝပ်စေတော့၊ လွတ်ရမည် မမှတ်နှင့်၊ ထပ်၍ကျသော “ဝင်္ကဝေဒိ''မြားရေးလည်း တပါး။
(၂) မြားပြာသာဒ် ဝေ၊ ပတ်ပတ်ခွေတဲ့၊ နေဝန်း လဝန်း၊ လေးကျွန်းပုံစံ၊ ရေကန် ရေတွင်း၊ ပုံးတောင်း စကြာ၊ သက်ဆင်းလာသို့၊ မြားဖြာခြင်း၊ ယင်းကို စက္က၊ ခွေဘိအရေး၊ ဝေဒိ ပေးတဲ့၊ မြားရေးပြ။
(၃) ဝေဿဝဏ္ဏော၊ ရွှေလှံအဖျား၊ သန်လျက်သွားကို၊ မြားမကော။ ဇောဗီသကွက်၊ တာသွင်းစက်ကို၊ တချက်မလွဲ၊ ချိန်တူ အစက်၊ မြူမကွက်၊ ထက်ဝက်ခွဲ၊ စွဲအောင် ပစ်နိုင်သော''ခဂ္ဂဝေဒိ” မြား။
(၄) တပါးကေစိ၊ ကဗျည်းတဆူ၊ တနည်းမူ၊ အယူရှိသည်မှာ၊ မိဂါသန၊ သရဘသား၊ ဧသနီဟု၊ သုံးလီပြာ၊ မြီးဖျားသေးမျှင်၊ မွေးတပင်ကို လက်စင်အစွဲ၊ တမျဉ်းဆွဲ၍၊ မလွဲအောင် ပစ်နိုင်သော “ဝါလဝေဒိ''မြား။
(၅) မိုက်မှေးသန်းခေါင်၊ မိုးမှောက်ကျနယ်၊ လ ကွယ်အမှန်၊ကောင်းကင်ထက်က၊ ငှက်မည်သံကို၊ နာခံ ပစ်ချနိုင်သော''သဒ္ဒဝေဒိ''မြား။
(၆) လိပ်,ငါး, မိကျောင်း၊ ရေအောင်းသတ္တဝါ၊ မငြိမ်မသက်၊ အရှိန်ယက်တွင်၊ မြားချက်ပါအောင်၊ မဟာ သရဘင်္ဂ ဇာတ်ကိုစွဲ၍၊ ရေဝဲကို အဖြောင့်ကျသော “ဥဒကဝေဒိ''မြား၊ လေးပါး, ငါးပါး၊ ခြောက်ပါးခြင်းရာ၊ ဆက်ရှေးမပြတ်၊ လေးအတတ်ကို၊ ကမ်းခတ်၍ လာခဲ့တယ်၊ ငါဟဲ့ယောကျ်ား၊ ဇော တရတ်မင်း၊ ဘယက်တွင်းက၊ သက်သွင်းလို့ ဖွားသူမို့၊ သိကြားလက်ချိန်၊ လေးရန်နှိမ်နှင့်၊ ဇီဝိန် ဖြတ်တော့မည်၊ တောင်ထပ်၍ တောအုပ်၊ သမုဒ်မှာ ခိုနိုင်ခို၊ မြင်းမိုရ်မှာ ပုန်းနိုင်ပုန်း၊ ဝန်းလုံးစက္ကဝါ၊ ဆယ်မျက်နှာတွင်၊ စိန္တာမုနိ၊ မနော မယိဒ္ဓိ၊ ဣစ္ဆိတ မြား၊ စိန်စဉ်းသွားကို၊ မထားဘူး လွှတ်လိုက်မည်၊ ဝသဝတ္တီ ဘုံဆုံးအောင်၊ မီးဟုံးဟုံး တောက်ရော့ လဟယ်။ ♦

မြားရေး ၁၂-ပါး၊ တနည်း

မြားပစ်နည်း တဆယ့်နှစ်မျိုး ဗုဒ္ဓဝင်အဋ္ဌကထာ။
(၁) သရပဋိဗာဟန- မြားကို မြားချင်း ခတ်မိအောင်ပစ်နည်း၊
(၂) စက္ကမိဝ- မြားပတ်လည် လက်ထဲသို့ ဝင်လာအောင်ပစ်နည်း၊
(၃) သရလဋ္ဌိ-မြားနွယ်ကဲ့သို့ ကျအောင် ပစ်နည်း၊
(၄) သရ ရဇ္ဇုကြိုး ကဲ့သို့ကျအောင် ပစ်နည်း၊
(၅) သရဝေဓိ-မြားကို မြားချင်း ထွင်း၍ သွားအောင် ပစ်နည်း၊
(၆) သရပါသာဒ-မြားပြာသာဒ်ကဲ့သို့ ကျအောင် ပစ်နည်း၊
(၇) သရမဏ္ဍပ- မြားမဏ္ဍပ်ကဲ့သို့ ကျအောင်ပစ်နည်း၊
(၈) သရသောပါက- မြားစောင်းတန်း ကဲ့သို့ ကျအောင် ပစ်နည်း၊
(၉) သရပါကာရ- မြားတံတိုင်း ကဲ့သို့ ကျအောင် ပစ်နည်း၊
(၁၀) သရပေါက္ခရဏီမြား လေးထောင့်ကန်ကဲ့သို့ ကျအောင် ပစ်နည်း၊
(၁၁) သရပဒုမာ- ပဒုမ္မာကြာပွင့် ကဲ့သို့ ဖြစ်အောင် ပစ်နည်း၊
(၁၂) သရဝဿက- မြားမိုဃ်းရွာသကဲ့သို့ ကျအောင် ပစ်နည်း။ ♦

မြူမျိုး ၅-ပါး

တွန်းကန် လှုပ်တက်တတ်သော ဓာတ်သဘော ငါးပါး။
(၁) ပရမာဏုမြူ-နတ်မျက်စိဖြင့် မြင်ကောင်းသော ကောင်းကင်၌ လွင့်သွားနေသည့် မြူမှုန်ငယ် ကလေးမျိုး၊
(၂) အဏုမြူ-ပရမာ ဏုမြူ ၃၆-လုံးခန့် ပမာဏ နေရောင်ခြည် လင်းထိုးသည့် အပေါက်ငယ်၌ သွားလာ လွင့်မြူးနေသော မြူမှုန်မျိုး၊
(၃) တဇ္ဇာရီမြူ- အဏုမြူ ၃၆-လုံးခန့် ပမာဏ လူစသည် သွားလာသောအခါ လွင့်ထသည့် မြူမှုန်မျိုး၊
(၄) ရထရေဏုမြူ- တဇ္ဇာရီမြူ ၃၆-လုံးခန့် ပမာဏ ရထား, လှည်းတို့ သွားလာသောအခါ လွင့်ထသည့် မြူမှုန်မျိုး၊
(၅) လိက္ခာမြူ-ရထရေဏုမြူ ၃၆-လုံးခန့် ပမာဏ လူတို့၏ လက်ခြေ၌ ကပ်သည့် မြူမှုန်မျိုး။

မှတ်ချက် ။ ။ ၎င်း ၇-လုံး သန်း ဥက္ခောင်း တလုံး၊ ၎င်း ၇-လုံး စပါးတလုံး၊ ၎င်း ၇-လုံးကို တလက်သစ်၊ ၁၂-လက်သစ်တထွာ၊ နှစ်ထွာ-တတောင်၊ လေးတောင်-တလံ ဟု တာဖွဲ့ကြလေသည်။ ♦

မြေကြီးလှုပ်ခြင်း အကြောင်း ၉-ပါး

၎င်း သရုပ်ကို ( ငလျင်လှုပ်ခြင်း အကြောင်း ၉-ပါး) ၌ ဆိုခဲ့ပြီ။ ♦

မြေခံရက် ၁၆-ပါး

မြေခံ ရွေးနည်း ဟူ၏၊ ၎င်းကို အောက်ပါလင်္ကာဖြင့် သိပါ၊ “လောကီလူများ၊ အမျိုးသားတို့၊ သိထားစေရန်၊ မြေခံကျမ်းမှတ်၊ ဇရပ်အိမ်ကျောင်း၊ ဆောက်တုံရှောင်းသော်၊ နတ္တော်,ခေါင်,ကြူး၊ ပြာ, ကူး, ဆုန်,ပေါင်း၊ ဆောက်ကောင်း ခြောက်လ၊ မှတ်ကုန်ကြလော့။ ဆန်းထ စင်စစ်၊ နှစ်, သုံး, ငါး, ခွန်၊ ကောင်းမွန် တဆယ်၊ ၁၃-သွယ်ရေး၊ ဆယ့်လေး, ဆယ့်ငါး၊ ဆန်းငြားမှန်သစ်၊ ရက်ကောင်းဖြစ်၏

လဆုတ်ဖြစ်မှု၊ တစ်, လေး, ခြောက်,ရှစ်၊ ကိုး,ဆယ့်နှစ်ရေး၊ ဆယ့်လေး,ဆယ့်ငါး၊ နေ့ကား ဆင်,ကြွက်၊ ပူးရက်ကို ရှောင်၊ အကျိုးဆောင်သည်၊ ကောင်းအောင် ဆန်း,ဆုတ် မြေခံတည်း။ ♦

မြေမျိုခံရသူ ၅-ယောက်။

မိလိန္ဒပဥှာ။ ပါ။ ၁၀၈။ ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌ အရှင်လတ်လတ် မြေမျိုးသွားသူ ငါးယောက်။
(၁) ဒေဝဒတ် ရဟန်း၊
(၂) စိဉ္စမာန မိန်းမယုတ်၊
(၃) သုပ္ပဗုဒ္ဓ သာကီဝင်၊
(၄) နန္ဒက ဘီလူး၊
(၅) နန္ဒမည်သော လုလင်။ ♦

မြေမျိုး ၅-ပါး

လယ် ယာ ဥယျာဉ် အိမ်ရာ ကျောင်းရာ စသည့်တို့၌ ရွေးချယ် စီစစ် ကြရာသည်၊ ပထဝီသျှတြမှ။
(၁) အဆင်းဖြူငြား၊ မြေပုဏ္ဏား၊ စီးပွားဖြစ်တတ်စွာ။ မြေမင်းပုဏ္ဏား၊ ကျောင်းအိမ်များ၊ ဆောက်ထား ဇရပ်ပါ၊
(၂) အဆင်းနီလွင်၊ မြေ ဘုရင်၊ မင်းလျှင် ဖြစ်တတ်ပါ။ မြေဘုရင်မှာ၊ နန်းတော်ရာ၊ ချုပ်ခြာ မင်းစိုးမှာ၊
(၃) အဆင်းနက်က၊ မြေ ဒါသ၊ ဒုက္ခဘေးတွေ့ရာ။ မြေ ဒါသမှာ၊ ဥယျာဉ်ပါ၊ လယ်ယာလုပ်ကိုင်ရာ၊
(၄) အဆင်းဝါဘိ၊ မြေ ပကတိ၊ သုခိ အဝေရာ။ မြေပကတိမှာ၊ ရဟန်းသာ၊ နေရာလျော်လှပါ၊
(၅) အဆင်းပြာလျှံ၊ ကေသပံ၊ နိုင်ငံတည်ထောင်ရာ။ ♦

မြို့၏အစာ ၄-ပါး

တိုင်း နိုင်ငံတော် မြို့ကြီးများ၌ ထိုလေးပါး ပေါများစွာရရှိမည်ဟု ဟိုလေသည်။
(၁) ပါထေယျ-ဆန်, စပါး,စားနပ်ရိက္ခာ၊
(၂) ဗီဇ-မျိုးစေ့အစုံ၊
(၃) တေလာဒိ- ဆီဦး ထောပတ် ဆေးဝါးစုံ၊
(၄) ကဋ္ဌုဒက-မြက်, ထင်း, ရေ။ ♦

မြို့တော်၏ အင်္ဂါ ၇-ပါး

နိုင်ငံ၏မြို့တော် သို့မဟုတ် မင်းနေပြည်၌ ရှိထားရမည့် အရာများ၊ သတ္တင်္ဂုတ္တရ ပါဠိတော်။
(၁) ရန်သူတို့ ဖျက်နိုင်ခက်သည့် ခိုင်ခံ့သော တံတိုင်းမြို့ရိုးတံခါး၊
(၂) နက်ကျယ်သည့် ကျုံးမြောင်း၊
(၃) ကျယ်သော သူရဲပြေး,ပစ်ပေါက်,ကာပါ,ကတုတ်၊
(၄) ထက်မြက်ပြင်းထန် စူးရှသည့် လက်နက် ခဲယမ်း မီးကျောက် အများအပြား၊
(၅) ရဲမက်ဗိုလ်ပါစစ်သည် ရထား အများအပြား၊
(၆) လိမ်မာ ပါးနပ်သော တံခါးစောင့် ကင်းတပ်၊
(၇) မြင့်သောမြို့သော မြို့တံတိုင်း။ ♦

မြို့တော်၏ အင်္ဂါ ၇-ပါး၊တနည်း

ရာဇနီတိမှ။
(၁) ဘုရင်မင်းမြတ်၊ သို့မဟုတ် သမ္မတ ရှိရခြင်း၊
(၂) တရားသူကြီး အမတ်များ၊
(၃) မဟာမိတ်မင်းများ, ၎င်းတို့၏ သံကြီး တမန်ကြီးများ၊
(၄) ရတနာဆယ်ပါး စပါးဘဏ္ဍာများ၊
(၅) ခိုင်လုံသောတံခါး မြို့ရိုး တံတိုင်း ကျုံးမြောင်းများ၊
(၆) ပိုင်နက်တိုင်းကား စည်ကား ကျယ်ပြန့်ခြင်း၊
(၇) စစ်တပ်အင်အားနှင့် ပြင်ထန်သောလက်နက် ခဲ ယမ်း မီး ကျောက်အစုံ ပေါများ တောင့်တင်းခြင်း။ ♦

မြို့တော်သာယာ၊ ငြိမ့်ညောင်းငြာ၊ ၁၀-ဖြာ အသံမျိုး

နေပြည်တော်တို့၌ မစဲမဆိတ်သော အသံ ဆယ်ပါးကို ဆိုသည်၊ ၎င်း ဆယ်ပါးကို မဟာပရိနိဗ္ဗာနသုတ်၌ “ဆင်သံ, မြင်းသံ, ရထားသံ, စည်ကြီးသံ, မုရိုးစည်သံ, စောင်းငြင်းသံ, သီချင်းသံ, 'ခရုသင်း, နှဲ, ပြွေ,ခရာသံ', ကြေးနင်း ခွက်ခွင်းသံ, စားကြပါ- သောက်ကြပါ ဟူသော အသံ, များဟု မိန့်ဆိုထားသည်။ ♦

မြို့ပြည်ရွာများ၊ မျိုး ၆-ပါး

၎င်း သရုပ်အဓိပ္ပါယ်ကို ( ပြည်ရွာ အပြား၊ မျိုး ၆-ပါး) ၌ ပြခဲ့ပြီ။ ♦

မြိုင်ကြီး ၈-သွယ်၊ ကဗျာဝယ်၊ ဆန်းကျယ် အမည်များ

တောဟေဝန်၏ပရိယာယ် မျိုး ၈-ပါး။
(၁) မြိုင်-စိမ့်စမ်း သစ်ပင်တို့ဖြင့် မြိုင်ဆိုင်သောတောမျိုး၊
(၂) ဂနိုင်-အလွန်နက်နဲ ထူထပ်သော တောကြီးမျိုး၊
(၃) ရဂုံ-သာမောဘွယ်ကောင်းသော သာမာန်တောကလေးမျိုး၊
(၄) စုံ- ဤတောမှ ထိုတောတိုင်အောင် လမ်းခရီးရှိသည့် တောတန်းမျိုး၊
(၅) ခင်တန်း-ခြုံငယ်ခြုံကြီးတို့ဖြင့် စီတန်း နိမ့်မြင့်လျက် ပေါက်သောတောမျိုး၊
(၆) ပြား- ရွှံ့ညွန်ထူပြောသောတောမျိုး၊
(၇) အင်တိုင်း-ကျောက်ကုန်းကျောက်စရစ် ထူပြော၍ မြက်ခြောက်သစ်ပင်နှောသည့်တောမျိုး၊
(၈) စေးပျစ်-စည်းရိုးသစ်ပင် ထူထပ်သောတော။ ♦

မွန်တိုင်း ၃-ရပ်

ကလျာဏီ ကျောက်စာမှ သာသနာတော် ၂၀၀၂-ခုနှစ်၊ သက္ကရာဇ် ၈၂၀-ရောက်သောအခါ ဟံသာဝတီပြည်ကြီးဝယ် ဓမ္မစေတီ အမည်တွင်သော ရာမာဓိပတိမင်းသည်၊
(၁) ဟံသာဝတီ မဏ္ဍလ ပခူးတိုင်း၊
(၂) ကုသိမ မဏ္ဍလ- ပုသိန်တိုင်း၊
(၃) မုတ္တမ မဏ္ဍလသထုံတိုင်း တည်းဟူသောမွန်တိုင်း ၃-ရပ်ကို အုပ်ကွပ်ပိုင်ထားလျက် တရားနှင့်အညီ မင်းပြုသတည်း။ ♦

မွန်မျိုး ၃-ပါး

သာသနာလင်္ကာရစာတန်းမှ။
(၁) မွန်တိ၊
(၂) မွန်စ၊
(၃) မွန်ည။ ♦

မွန်မျိုး ၄-ပါး

မွန်တ,မွန်ညန်၊မွန်နန်,မွန်သိ၊ မှတ်ဘိလေရိုး၊ တလိုင်းမျိုးတည့်။ (ဇမ္ဗူ့တံဆိပ်ကျမ်းမှ) ♦

မွေးစားသားမျိုး ၂-ပါး

(၁) ရပ်သိ ရွာသိ ထင်ထင်ရှားရှား အမွေခံအမွေစားမွေးစားခြင်းမျိုးကို ကိတ္တိမ မွေးစားခြင်းဟု ခေါ်ဆိုသည်၊
(၂) သနား၍ ကောက်ယူ မွေးစားခြင်းမျိုးကို အပတိဋ္ဌ မွေးစားခြင်းခေါ်သည်၊ ကိတ္တိမ မွေးစားခြင်းက အပတိဋ္ဌ မွေးစားခြင်းထက် သာ၍ ခိုင်မာသည်၊ အပတိဋ္ဌ မွေးစားခြင်း ခံရသောသူသည် မွေးစားသောမိဘများနှင့် ခွဲခွါသွားလျှင် ထိုမွေးစားသော မိဘတဦးဦးနှင့် မူလက တစုံတရာ ဆွေမျိုးမတော်ခဲ့သော်- ဆွေမျိုးဆက် ပြတ်လေသည် ဟူ၏၊ ဓမ္မသတ်ပေါင်းချုပ် ပဌမတွဲ ပုဒ်မ ၁၉၉- ၂၀၀၊ သားရင်း သမီးရင်းနှင့် ကိတ္တိမမွေးစားသော သားသမီးမရှိမှသာ မွေးစားသော မိဘများနှင့် အတူနေ အပတိဋ္ဌ သားသမီးများ အမွေ ဆိုင်သည် ဟူ၏။ ♦

မွေးဖွားစကို၊ စကားဆို၊ပုဂ္ဂိုလ် ၄-ယောက် အဘယ်နည်း?

(၁) ဝေဿန္တရာဇာတ်တော်လာ ဝေဿန္တရာ မင်းသား၊
(၂) မဟောသဓဇာတ်တော်လာ မဟောသဓာ အမတ်၊
(၃) ဗုဒ္ဓဝင်ကျမ်းလာ သိဒ္ဓိတ္ထကုမာရ မင်းသား၊
(၄) အမ္ဗဋ္ဌဇာတ်လာ ဥက္ကာကမင်းကြီး၏ ဒိသာခေါ် ကျွန်မမှမွေးဖွားသော'ကဏှ'၊ ၎င်းကိုစွဲ၍ ကဏှာယနအနွယ် ပုဏ္ဏားမျိုး ဖြစ်လာသည်။ ♦

မှူးမတ်တို့ဂုဏ် အင်္ဂါ ၈-ပါး

အမတ်ကြီးတို့၌ ပြည့်စုံရမည့်ဂုဏ် အင်္ဂါရှစ်ပါး။
(၁) ဗာဟုဿုတော- အမြင်အကြား များရခြင်း၊
(၂) သီလဝန္တော- သီတင်းသီလ ရှိရခြင်း၊
(၃) သူရော-ရဲစွမ်းသတ္တိ ရှိရခြင်း၊
(၄) မဟုဿာဟော- လုံ့လထကြွ ရှိရခြင်း၊
(၅) အက္ခဝိဓောမှုခင်း ကိစ္စပြီးမြောက်ရေးကို စစ်ဆေးလေ့လာရခြင်း။
(၆) ဗလဓရော- ကိုယ်အားဉာဏ်အား ဗလနှစ်ပါးရှိရခြင်း၊
(၇) ဓီတိမာ- အဂတိ ၄-ပါး မလိုက်စားရ မမှားရခြင်း၊
(၈) ဝုဎ္ဍုဝိလာသောခန့်ညားရိုသေဘွယ်သော ရုပ်ဆင်းကိုယ်ဝါရှိရခြင်း။ ♦

မှူးမတ်မျိုးပြား၊ ၁၄-ပါး၊ မိန့်ကြား အဘိဓာန်။

၎င်း သရုပ်ကို (အမတ်မျိုး ၁၄-ပါး) ၌ ရှုပါလေ။ ♦

မှော်ပညာမျိုး ၆-ပါး၊ ၆-လီ

မှော်ပညာ အတန်းအစား ဂိုဏ်းပေါင်းမည်မျှပင်များစေကာမူ မဟေသရကျမ်း၊ ကဝေသာရကျမ်း၊ သရဘူကျမ်းစသော ကျမ်းကြီးတို့၌။
(၁) ဆေးမှော်၊
(၂) ရုက္ခမူ မှော်၊
(၃) အင်း မှော်၊
(၄) ပထမံ မှော်၊
(၅) စမ မှော်၊
(၆) သမာဓိ မှော် ဟူ၍ ၆-ဆူမျှ လာရှိလေသည်၊ ထိုမှော်ကြီး ၆-ဆူမှတပါးလည်း မိမိတို့နှစ်သက်ရာ ဂိုဏ်းဆရာကြီးများ၏ ယူဆချက်အရ ဂိုဏ်းခွဲမှော် ဟူ၍ ၆-ဆူရှိပြန်သည်ကား။
(၁) ရုက္ခစိုး မှော်၊
(၂) အဋ္ဌာရသ မှော်၊
(၃) ပိဋက မှော်၊
(၄) မဟိဒ္ဓိ ဝိပဿနာ မှော်၊
(၅) ဒေဝရာသီ မှော်၊
(၆) ဒေဝီသူရဿတီ မှော် ဟု ခြောက်ပါး ပြားပြန်၏။ ♦

ယစ်မျိုး ၅-ပါး၊ ရှောင်ကြဉ်ငြား၊ စီးပွားချမ်းသာရာ

ဝေါဟာရအားဖြင့်သာ 'ယစ်မျိုးငါးပါး'ဟု ခေါ်ဝေါ်ကြသော်လည်း အမှန်မှာ မူးယစ်စေတတ်သော သေရည်အရက်ဟူသမျှ ယစ်မျိုးချည်းပင် မှတ်လေ။
(၁) ဘိန်း- လှော်ခဲ, ဘိန်းဆီ, ဘိန်းဖြူ,ပြောင်းချေးစသည်၊
(၂) ဘင်း-ဆေးခြောက်၊
(၃) ကဇော်- သေရည်မျိုး ငါးပါး၊
(၄) လှော်ဇာ- အခဲအဖတ်၊
(၅) အရက်မေရယမျိုး ငါးပါး။ ♦

ယစ်မျိုး ၁၀-ပါး၊ ကျမ်းဂန်များ၊ လာငြား အဘယ်နည်း?

ဤ၌ သုရာမျိုး ငါးပါး၊ မေရယမျိုး ငါးပါး၊ ပေါင်း ဆယ်ပါးကိုပင် ယစ်မျိုးဆယ်ပါးဟု ကဗျာလင်္ကာဆရာတို့ စပ်ဆို သီကုံးကြလေသည်။ ♦

ယဇ်ကြီး ၅-ပါး၊ ပူဇော်ငြား၊ ပုဏ္ဏားညစ်တို့ ဉာဏ်။

ယုတ်မာသော မိစ္ဆာအယူ ပူဇော်ခြင်း ငါးပါး။
(၁) အဿ မေဓ- အဆင်း ငါးပါးရှိသော မြင်းကို သတ်၍ ယဇ်ပူဇော်ရမည်၊ ပုဏ္ဏားတို့ကိုလည်း များစွာ ပေးလှူရမည် ဟူ၏၊ အချို့ ကျမ်းစာများမှာ 'သဿမေဓ'ဟု ရှိကြ၏၊ မမှန်၊ ပါဌ်ပျက်ဖြစ်သည်၊ အမှန်ကား'အဿမေဓ- အဿ မြင်း+မေဓ-သတ်ခြင်း၊
(၂) ပုရိသမေဓ-ယောကျ်ားကို သတ်၍ ယဇ်ပူဇော်ရမည်၊ ပုဏ္ဏားတို့ကိုလည်း များစွာ လှူဒါန်းရမည် ဟူ၏၊
(၃) သမ္မာ ပါသ-ယဇ်ပူရန်နှင့် ပုဏ္ဏားတို့ကို လှူဒါန်းရန် ဥစ္စာပစ္စည်းတို့ကို လှည်း ရထားတို့ဖြင့် များစွာတင်လျက် သူရသဒီ မြစ်ကြီးထဲသို့ ဆင်း၍ ငုတ်ရာ အရပ်သို့ သွားရောက်ပြီးလျှင် ဝန်စုကို တိုက်ဆောင်ခဲ့သော လှည်းထမ်းပိုးကျည်း ကန့်လန့်ကျည်ကို ချွတ်၍ သူရသဒီ မြစ်ညာကို ဆန်လျက် ပစ်ရမည်၊ ၎င်းကျရာအရပ်၌ ယဇ်တိုင်စိုက်၍ ယဇ်ပူဇော်ရမည် ဟူ၏၊ သမ္မာ သဒ္ဒါထမ်း ပိုးကျည်း ကန့်လန့်ကျည်ဟော၊ ပါသ သဒ္ဒါ- ပ, ရှေးရိုးသော အသဓာတ်- ပစ်လွှတ်ခြင်းဟော၏၊
(၄) ဝါဇပေယျ-ကောင်းလှစွာသော ထောပတ်ကို ပုဏ္ဏားတို့အား တိုက်ကျွေး၍ ယဇ်ပူဇော်ရခြင်း၊ အချို့ ကျမ်း၌ 'ဝါစာပေယျ'ဟု ရှိတတ်၏၊ ဝါဇ သဒ္ဒါ- ထောပတ်ဟော၊ ပေယျ သဒ္ဒါ-သောက်ခြင်းဟော မှတ်လေ၊
(၅) နိရဂ္ဂဠ-တံခါးကျည်, မင်းတုပ် မရှိရဟူ၏၊ ယဇ်ပူဇော်လိုသောသူသည် မိမိအိမ်ရှိ ပစ္စည်းတို့ကို တံခါး ဟင်းလင်းဖွင့်၍ ပုဏ္ဏားတို့အား အလိုရှိရာ အပိတ် အတားမရှိ ယူစေရမည် ဟူ၏။

မှတ်ချက် ။ ။ ဥက္ကာကရာဇ် မင်းကြီး လက်ထက်၌ ထိုဆိုးယုတ်မာသော ပုဏ္ဏားတို့က ရှေးမင်း စဉ်ဆက် မပျက် သုံးသပ် ခဲ့ကြသော- 'သင်္ဂဟ တရား ၄-ပါး'ကို ပုဒ်ပါဌိ အဓိပ္ပါယ် ဖျက်ဆီးလျက် တမျိုးဉာဏ်ထွင်ကာ ၎င်း ယဇ်ကြီး ၅-ပါးကို ရေးတင် ဆက်လျှောက်ကြကြောင်းနှင့် သုတ္တနိပါတ် ဗြဟ္မဏဓမ္မိကသုတ်၌ လာရှိ၏။ ♦

ယထာဘူတဉာဏ် ၁၀-ပါး

အဟုတ်အ မှန်ကို ရဆှုင်ခြင်ရ သော ဉာဏ် ၁၀-ပါး ဟူ၏၊ ၎င်း သရုပ် (ဝိပဿနာဉာဏ် ၁၀-ပါး) နှင့် တူ၏။ ♦

ယာဂုအကျိုး ၅ ပါး

ပဉ္စင်္ဂုတ္တရ။ ပါ။ ၂၁၈။ ဋ္ဌ။ ၇၈-၌ ဘုရားဟော တော်မူသည်။
(၁) ခုဒ္ဒံ ပတိ ဟနတိ-ဆာလောင်ခြင်းကို ပယ်စေ၏၊
(၂) ပိပါသ ပတိ ဝိနေတိမွတ်သိပ်ခြင်း ကိုပယ်စေ၏၊
(၃) ဝါတံအနုလောမေတိ- လေကို အောက်သို့သက်စေ၏၊
(၄) ဝတ္ထိံသောဓေတိ- ဆီးအိမ်စည်ပေါင်းကို သုဓ်သင် ရှင်းလင်း၍ ဆီးကိုရွှင်စေ၏၊
(၅) အမာဝသေသံ ပါစေတိ- အကြေမကျက်သေးသော အစာသစ် အကြွင်းအကျန်ကို ကြေကျက်စေတတ်၏။ ♦

ယာဂုအကျိုး ၁၀ ပါး၊တနည်း

အထက်ပါ ငါးပါးကား အကျိုးရင်းများဖြစ်၏၊ ဤငါးပါးကား အကျိုးဖျားဟူ၏၊ ဝိနည်း မဟာဝါပါဠိတော်နှင့် သာရဋ္ဌသင်္ဂဟ အဋ္ဌကထာ။
(၁) အာယု - အသက်ရှည်ခြင်း၊
(၂) ဝဏ္ဏ - အဆင်းလှခြင်း၊
(၃) သုခ - ချမ်းသာခြင်း။
(၄) ဗလ - ခွန်အားဗလရှိခြင်း၊
(၅) ပညာ - ဉာဏ်ပညာကြီးခြင်း။ ♦

ယာဉ်မျိုး ၂-ပါး၊ လ, နေသွား၊ ခွဲဲခြား လမ်းမှန်သိ

နေမင်း၏ထွက်လမ်းဝင်လမ်း လှည့်လည်သောလမ်း ၂-ပါးကိုခေါ်သည်။
(၁) ဒက္ခိဏယာဉ်- တနင်္ဂနွေဂြိုလ်ခေါ် နေမင်းသည် ဝါဆိုလဆန်း ၁၅-ရက် ညဉ့် ၂-ချက်တီး ကျော်အချိန်က စ၍ မြောက်ဘက်စွန်းမှသည် တောင်ဘက်သို့ တစတစ ယိမ်းထွက်လာရာ ပြာသိုလပြည့်နေ့ ညဉ့် ၂-ချက်တီးအချိန်ထိအောင် တောင်လမ်းခရီး တောင်ယာဉ် စီးသောကြောင့် 'ဒက္ခိဏယာဉ်' ခေါ်သည်။
(၂) ဥတ္တရယာဉ် - နေမင်းသည် ပြာသိုလပြည့်နေ့ညဉ့် ၂-ချက်တီးကျော်အချိန်မှစ၍ တောင်ဘက်ဖျားစွန်းမှသည် မြောက်ဘက်သို့ တစ တစ ယိမ်းဝင်လာရာ ဝါဆိုလဆန်း ၁၅-ရက်နေ့ ညဉ့် ၂-ချက်တီးချိန်ထိအောင် မြောက်လမ်းခရီး မြောက်ယာဉ်စီးသောကြောင့် 'ဥတ္တရယာဉ်' ဟုခေါ်ဆိုကြကုန်သည်။ ♦

ယာဉ်မျိုး ၃-ပါး၊ ထီးဖြူများ၊ စိုက်ထား ၄-ဆူ အဘယ်နည်း?

၎င်းသရုပ်ကို (ထီးဖြူတော် ၄-စင်း၊ တနည်း) ၌ရှုပါ။ ♦

ယာနိက ၂-ပါး

(၁) သမထ ယာနိက - စျာန် အဘိညာဉ် တရားကိုရစေနိုင်သော ပညတ်အာရုံ ကမ္မဋ္ဌာန်း တရားစုဟူသမျှ၊
(၂) ဝိပဿနာယာနိက ပညတ်မဖက် ရုပ်နာမ်သက်သက်၏ဖြစ်ပျက်မှု အနိစ္စလက္ခဏာဖြင့် မှတ်ရှုပွားများ၍ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် အစစ်ကိုပေးတတ်သော တရားစု။ ♦

ယာယီဂြိုလ် ၄-လုံး

ကျော်၊ စံ၊ သိန်း၊ ရီ၊ ဂြိုဟ်ယာယီ၊ ဟူသော လင်္ကာအရ “တနင်းလာ၊ အင်္ဂါ၊ သောကြာ၊ ရာဟုဂြိုဟ်တို့၌ သက်ရောက်၊ ဂြိုဟ်အိပ်မူ ထိုသူယာယီများအံ့ဟု ဗေဒင်ကျမ်း၌လာသည်။ ♦

ယုံမှားခြင်း ၈-ပါး

ဘုရားစသည်တို့၌ သို့လော သို့လော တွေးတောမယုံသင်္ကာမှု ရှစ်ပါး၊ တေရသကဏ်ဋီကာ ဒုနှင့် နိဒါနဝဂ္ဂသံယုတ်။ ပါ၊ ဒသဗလသုတ်။
(၁) ဗုဒ္ဓေ ကင်္ခတိ - ဘုရား၌ ယုံမှားခြင်း၊
(၂) ဓမ္မေ ကင်္ခတိ-တရား၌ယုံမှားခြင်း၊
(၃) သံဃေ ကင်္ခတိ - သံဃာ၌ ယုံမှားခြင်း၊
(၄) သိက္ခာယ ကင်္ခတိ - အကျင့်သိက္ခာ၌ ယုံမှားခြင်း၊
(၅) အတီတ မဒ္ဓါနံ - ရှေးအတိတ်စွန်း၌ ယုံမှား ခြင်း၊
(၆) အနာဂတ မဒ္ဓါနံ - နောင် အနာဂတ်စွန်း၌ ယုံမှားခြင်း၊
(၇) အတီတာနာဂတ မဒ္ဓါနံ - အတိတ် အနာဂတ် ၂-စွန်း၌ ယုံမှားခြင်း၊
(၈) ပဋိစ္စသမုပ္ပါဒေ ကင်္ခတိ - ပဋိစ္စသမုပ္ပါဒ် တရားတော်၌ ယုံမှားခြင်း။ ♦

ယုံမှားခြင်း ၁၆-ပါး

ဝိစိကိစ္ဆာဖြစ်ပုံ အခြင်းအရာ ၁၆-ပါးလည်းဟူ၏။ စူဠနိဒ္ဒေသ။ ဋ္ဌ။ ၉၄။ ဝိသုဒ္ဓိမဂ်၊ ဒု-အုပ်။ ၂၃၄ တို့၌အကျယ်ရှုပါကုန်။ အတ္တစွဲရှိသူတို့ ကာလ ၃-ပါး၌ သို့လော သို့လော ယုံမှားခြင်းဖြစ်ပုံ ၁၆-ပါး။ လွယ်ကူ၍ ကျဉ်းစေရန် မြန်မာသက်သက်ပြလိုက် သည်။
(၁) ငါသည် ရှေးအတိတ်ကာလ၌ ဖြစ်ခဲ့ဖူးပြီလော၊
(၂) မဖြစ်ခဲ့ဘဲများနေရော့သလား၊
(၃) ဖြစ်ခဲ့ ဖူးလျှင် ဘယ်အမျိုးဇာတ်မှာများ ဖြစ်ခဲ့ဖူးပါလိမ့်၊
(၄) ဘယ်ပုံသဏ္ဌန်ဖြင့် ဖြစ်ခဲ့ပါလိမ့်၊
(၅) ငါသည် လွန်ခဲ့တဲ့ တတိယ ဘဝက ဘယ်ဇာတ်ဘယ်ပုံဖြစ်ခဲ့ပြီး၊ နောက် ဒုတိယဘဝက ကျတော့ ဘယ်လိုများ ဖြစ်ခဲ့ပါလိမ့်။

မှတ်ချက် ။ ။ ဤကား အတိတ်ကြောင်းအတွက် ယုံမှားခြင်း ငါးချက်တည်း။ အနာဂတ် အတွက်၌လည်း အတိတ်နည်းတူ ငါးပါးယူလေ၊ ပေါင်းဆယ်ပါး ဖြစ်၏။
(၁၁) ပစ္စုပ္ပန်ဘဝ၌ ယခု ငါဟာ ငါဟုတ်မှ ဟုတ်ပါလေရဲ့လား၊
(၁၂) ငါမဟုတ်ဘဲများ ရှိလေသလား၊
(၁၃) ဇာတ်အဆူဆူ ငါဘယ်သူများ ဖြစ်ပါလိမ့်၊
(၁၄) ဘယ်ပုံဟန်ပန် ဘယ်သဏ္ဍာန်ဖြင့် ငါဖြစ်ပါလိမ့်၊
(၁၅) ငါဖြစ်နေတဲ့ ငါဟာ ဘယ်ဘုံဘဝကများ လာပါလိမ့်၊
(၁၆) ငါခေါ်တဲ့ သတ္တဝါဟာ ဘယ်ဘုံဘဝကိုများ ကူးသွားရလိမ့်ဦးမည်နည်း၊ ၎င်း ပစ္စုပ္ပန်ဘဝ ယုံမှားခြင်း ၆-ပါးနှင့် ပေါင်းသော် ၁၆-ပါး ဖြစ်၏။ ♦

ယုဂ် ၄-ပါး

သူတော်တရားနှင့် ယှဉ်သော ကာလကြီး ၄-ပါး။
(၁) ကတယုဂ် ဆန်းသော ၁၇၂၈၀၀၀ နှစ်ကာလ၊ လူအပေါင်းတို့သည်အခြေ ၄-ချောင်း ထောက်နေဘိသကဲ့သို့ သစ္ခာကတိ တည်ကုန်၏၊ ကတညုတ ကတဝေဒီ- ရှိကုန်၏၊ သူကြီးမိဘ ရိုသေကုန်၏၊ တရားစောင့်ကုန်၏။
(၂) တြေတာယုဂ် ဆန်းသော ၁၂၉၆၀၀၀-နှစ်ကာလ၊ အခြေ ၃-ချောင်းသာ ထောက်၍ တချောင်းသောခြေ ကျိုးပျက်သကဲ့သို့ သူတော်ကောင်း ၃-စု သူယုတ်မာ တစု ဖြစ်ပေါ်၍ လာချေပြီ။
(၃) ဒွါပရာယုဂ် ဆန်းသော ၈၆၄၀၀၀-နှစ်ကာလ၊ ခြေ ၂-ချောင်းသာ ထောက်နေသကဲ့သို့ သူတော်ကောင်း ၂-ပုံ၊ သူယုတ်မာ ၂-ပုံ ဖြစ်၍လာချေပြီ။
(၄) ကလိယုဂ် ဆန်းသော ၄၃၂၀၀၀-နှစ်အခါ၊ အခြေ ၃-ချောင်းကျိုးပျက်၊ တချောင်းဖြင့်သာ ထောက်တည်၍ နေရသကဲ့သို့ တရားမစောင့်သော သူယုတ်မာ ၃-စု၊ တရားစောင့်သော သူတော်ကောင်းတစု ဖြစ်၍ လာချေပြီ၊ ဤ ယခုငါတို့ဖြစ်ရာ ခေတ်ကား ကလိဟုဂ်ခေတ်ကြီးဖြစ်၍ လူယုတ်မာ ပေါများလှ၏။ ♦

ယုဂ် ၅-ပါး

သာသနာတော်နှစ် အပိုင်းအခြားကာလနှင့် ယှဉ်ခြင်း ၅-ပါးဟူလို။
(၁) ဝိမုတ္ထိယုဂ်-ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်နှင့်ယှဉ်သော အချိန်ကာလ အပိုင်းအခြား၊
(၂) သမာဓိ ယုဂ်စျာန် သမာဓိ သမထတရားနှင့်ယှဉ်သော အချိန်ကာလ၊
(၃) သီလ ယုဂ်-သီလနှင့်သာ ယှဉ်မှီသော အချိန်ကာလ၊
(၄) သုတ ယုဂ်-ဗဟုဿုတမျှသာ ရှိတော့သော အချိန်ကာလ၊
(၅) ဒါန ယုဂ်ပေးကမ်း စွန့်ကြဲခြင်း မျှလောက်သာ ရှိတော့သောကာလ။

မှတ်ချက် ။ ။ တိံသနိပါတ် ဖုဿထေရဂါထာ အဋ္ဌကထာမှ ယူသည်၊ ၎င်း၌ နှစ်ပိုင်းအခြားနှင့် ဝေဘန်၍ မပြပေ။ ♦

ယောကျ်ားအပြား၊ မျိုးလေးပါး၊ မိန့်ကြား သျှတြ

ပုရိသသျှတြမှ။
(၁) အဿဂ မည်သော ယောကျ်ား မျိုးသည် ပန်းရင်းနံ့ ကဲ့သို့သောကိုယ်နံ့ရှိ၏၊ လက်ဖဝါး ခြေဖဝါး နူးညံ့၏၊ လက်ချောင်းခြေချောင်းရှည်၏၊ ရင်ကျယ်၏၊ချက်နက်၏၊ အအိမ်၌ ကိန်းသော လိင်ရှိ၏၊ အရသာ ဆိမ့်၏၊ မွေးတွင်းတခုခု၌ မွေးညှင်း တပင်စီ ပေါက်၏၊ သူတပါးကို သနားတတ်၏၊ သီလစောင့်၏၊ ဖြောင့်မတ်တည်ကြည်၏၊ အင်အားတန်ခိုးရှိ၏၊ ဆံ, မုတ်ဆိတ်, လက်ကတီးမွေး, ဣန္ဒြေမွေးရှည်၏၊ နိမိတ် ရှည်စွာ့အဆုံး လက်လေးသစ်မျှသာ ရှိ၏။
(၂) မြိဂမည်သော ယောကျ်ားမျိုးကား စကားများ၏၊ သည်းခံတတ်၏၊ သနားတတ်၏၊ ဆရာမိဘကို ရိုသေတတ်၏၊ မကဲ့ရဲ့တတ်၊ ပြေပြစ်ချစ်ဘွယ်သောစကားကို ဆိုတတ်၏၊ ပညာကို ခင်မင်တတ်၏၊ ကိုယ်အနံ့ကား သေရည်နံ့ကဲ့သို့ ရှိ၏၊ ကိုယ်အရသာ ဖန်၏၊ ဣန္ဒြေကားရှည်စွာ့အဆုံး လက်ရှစ်သစ်သာ ရှိ၏။
(၃) ပြိဿဘ ယောကျ်ားမျိုးကား ကိုယ်အသားတင်းမာ၏၊ ဆူသောအရသာကို စားတတ်၏၊ သီချင်းကိုလိုလား၏၊ လောဘရမ္မက်ကြီး၏၊ သူ့သ္မီး သူ့မယားကို လွန်ကျူး ပြစ်မှားတတ်၏၊ အသံကောင်း၏၊ မေထုန်ကြူး၏၊ သူတပါးကို ကဲ့ရဲ့ငြူစူတတ်၏၊ ကိုယ်ယနံ့ကား ပျားနံ့ကဲ့သို့ရှိ၏၊ အရသာ ချို၏၊ ဣန္ဒြေ ရှည်စွာ့အဆုံးလက်ဆယ်သစ် သာရှိ၏။
(၄) အသွမည်သော ယောကျ်ားမျိုးကားကိုယ့်ပစ္စည်းကိုခင်မင်၏၊ သူ့ပစ္စည်းကိုလိုချင်၏၊ များစွာသောမကောင်းမှုတို့ကို ပြုကျင့်တတ်၏၊ သူ့မယားကိုပြစ်မှားတတ်၏၊ သစ္စာမရှိ၊ သူ့ကျေးဇူးဂုဏ်ကိုမသိတတ်၊ မုသားဆိုတတ်၏၊ ဆူဖြိုးသောကိုယ်ရှိ၏၊ လက်ကတီးမွေး၊ ဣန္ဒြေမွေးရှည်၏၊ အရှက်အကြောက်နည်း၏၊ အထူးထူးသော အရသာကို ကြိုက်တတ်၏၊ အင်္ဂါဇာတ် အလုံးကြီး၏၊ ကိုယ်နံ့ညှီ၏၊ ဝမ်းပူ၏၊ ဝမ်းပိုက်၌အရေးအကြောင်းမရှိ၊ အင်္ဂါဇာတ်၁၄-သစ်မျှရှည်၏၊ ♦

ယောက်ျားဂြိုဟ် ၄-လုံး

တနင်္ဂနွေ, အင်္ဂါ, ဗုဒ္ဓဟူး, ကြာသပတေး, ၎င်းဂြိုဟ် ၄- လုံးကို၊'လောင်း, အံ, ပြု, ငြား၊ ဂြိုဟ်ယောကျ်ား'ဟု ဆိုကြကုန်၏၊ ♦

ယောကျ်ားတို့အတတ် ၁၈-ရပ် သိမှတ်သင်ကြားရာ

၎င်းသရုပ်ကို(အဋ္ဌာရသ သိပ္ပမျိုး၊ ၃နည်း) ၌ ဆိုခဲ့ပြီ။ ♦

ယောကျ်ားဒွါရ ၁၀-ပေါက်

အမတသာဂရ ဆေးကြမ်းကြီးမှ ယူပြသည်၊ (က) နှာခေါင်း ၂-ပေါက်၊ (ခ) နား ၂-ပေါက်၊ (ဂ) မျက်စိ၂-ပေါက်၊(ဃ) ပါးစပ်ပေါက်၊(င) ကျင်ငယ်ပေါက်၊(စ) ကျင်ကြီးပေါက်၊ (ဆ) ငယ်ထိပ်ပေါက်။ ♦

ယောကျ်ားများသာ၊ မွေ့လျော်ရာ၊ ဘုမ္မာ၁၅၊အဘယ်နည်း

ဤပုစ္ဆာကား ဣတ္ထိဘာဝနှင့်မရှိကောင်းသောဗြဟ္မာများကို ရည်ဟန်တူသည်၊ သတိပြုရန်ကား ယောကျ်ား၏နိမိတ်လည်းရှိသည် မဟုတ်ကြ၊ အဖြေကား'အရူပ ၄-ဘုံ နှင့် အသညသတ် ဘုံ ကြဉ်သော ရူပ ၁၅ ဘုံ ရှိ ဗြဟ္မာများပင်တည်း။ ♦

ယောကျ်ားမြတ်တို့အား ၅ ပါး

ယောကျ်ားမြတ်တို့၌ရှိထားကြရမည့် ဗလငါးတန်၊ ထိုငါးပါးတို့တွင် တဆင့်ထက်တဆင့်အစဉ်အတိုင်း မြတ်၍ပညာအားသည် အမြတ်ဆုံးဖြစ်ကြောင်း ‘ဒီဃာဝုသတို့သားအား ဘုရားဟောတော်မူသည်။
(၁) ဗာဟု ဗလ- လက်ရုံးအား၊ ကိုယ်လက် သန်မာ ထွားကျိုင်းခြင်း၊
(၂) ဘောဂဗလ- ရွှေငွေရတနာ လယ်ယာစပါး စသည့် ပစ္စည်း ဥစ္စာများ၊
(၃) အမစ္စဗလ- မှူးမတ်ရာထူး အာဏာထူးများ၊
(၄) အဘိဇ ဗလ-ဆွေမျိုး မိတ်သင်္ဂဟအား၊
(၅) ပညာဗလ ဗာဟုသစ္စ သိပ္ပပညာအား။ ♦

ယောကျ်ားမြတ်တို့၏ လက္ခဏာ ၃၂-ပါး

၎င်းသရုပ်မှာ (လက္ခဏာတော် ကြီး ၃၂-ပါး) နှင့် အတူ ဖြစ်၏။ ♦

ယောကျ်ားလူမောက်၊ ပေါင်း ၁ဝယောက်၊ ဘွဲ့မြောက်ဧတဒဂ်

၎င်းသရုပ်ကို (ဧတဒဂ်ရ လူယောကျ်ား ၁၀-ယောက်) ၌ဆိုခဲ့ပြီ။ ♦

ယောကျ်ားတို့၏အပြစ်
(၆) ပါး

ယောကျ်ားမြတ်တို့ ရှောင်ကြဉ်အပ်သော တရား
(၆) ပါး၊ဟိတောပဒေသမှ။
(၁) နိဒ္ဒ-အအိပ် စုံမက်ခြင်း၊
(၂) တန္နီ-လုပ်ငန်းရပ်၌အလိုမသန် နှေးကန်ဖင့်လေး အေးစက်ထိုင်းမှိုင်းခြင်း၊
(၃) ဘယ-သတ္တိညံ့ဖျင်း ကြောက်ရွံ့တတ်ခြင်း၊
(၄) ကောဓ-သည်းညည်းမခံ ဒေါသထန်ခြင်း
(၅) အာလသျ-အပျင်းထူခြင်း၊
(၆) ဒီဃသုတ္တအချိန်ဖင့်လေး ပြီးစီးမှုနှောက်နှေးအောင် လုပ်ဆောင်နေခြင်။ ♦

ယောဂတရား၊ မျိုး
(၄) ပါး၊ သိထားအဘိဓမ္မာ

သတ္တဝါတို့ကို ဝဋ်ဒုက္ခ၌အမြဲမပြတ်ယှဉ်စပ် စေတတ်သော တရားလေးပါး၊
(၁) ကာမယောဂ-ကာမဂုဏ် ငါးပါးကို လိုလားတောင့်တ တပ်မက်တတ်သော လောဘဟူသမျှ၊
(၂) ဘဝယောဂ-လူ့ဘဝ၊ နတ်ဘဝ၊စသော ထိုထိုဘဝ အမျိုးမျိုး၌သာယာနှစ်သက်တတ်သောလောဘ၊
(၃) ဒိဋ္ဌယောဂ- လောက၌ဘာသာအမျိုးအစားတွေ ရာထောင်မက များပြားသော်လည်း၊ ဘာသာမှန်တရားကား တပါးသာရှိ၏။ ထိုဘာသာမှန်တရားကို ချန်ထား၍ဘာသာမှားတို့ကို စွဲလမ်းကိုးကွယ်မှုဒိဋ္ဌိ၊
(၄) အဝိဇ္ဇာယောဂ-အမှားအမှန်ကို ဝေဘန်ခွဲခြား၍မသိတတ်သော မောဟတရား။ ♦

ယောဂီပုဂ္ဂိုလ်၏ အင်္ဂါငါးပါး

တရားအားထုတ်သူတို့အင်္ဂါငါးပါး၊ ၎င်းသရုပ်အဓိပ္ပါယ်ကို (ပဓာနိယင်္ဂတရားငါးပါး) ၌ကြည့်ပါ။ ♦

ယောဂီ၏လက်နက်ကြီး
(၅) ပါး

မဟာဝဂ္ဂသံသုတ် ပါ။ ၅။ ဋ္ဌ။ ၁၅၉။
(၁) မေတ္တာတရား ထားရှိရခြင်း၊
(၂) ကရုဏာ- ဆင်းရဲသူအား သနားရခြင်း၊
(၃) ကာယ ဝိဝေက- ပေါင်းအဖော်တို့မှ ကင်းဆိတ်ရခြင်း၊
(၄) စိတ္တဝိဝေက- ကိလေသာစိတ် ကင်းဆိတ်ရခြင်း၊
(၅) ဥပဓိ ဝိဝေက- ဥပဓိတရား ၄-ပါးမှ ကင်းဆိတ်ရခြင်း။ ♦

ယောဂီရန်သူ၊ ၁ဝပါးဟူ၊ လွှတ်သူမာရ်နတ်ယုတ်

ပဓာနလုပ်ငန်း၏ ရန်သူများဖြစ်သောကြောင့်၎င်းကိုမာရ်နတ်၏စစ်သည်တော်၁၀-ပါးဟုခေါ်ဝေါ် ပြောကြားလေ့ရှိ ကြ၏။ သရုပ်(မာရ်စစ်သည် ၁၀-ပါး) ၌ဆိုခဲ့ပြီ။ ♦

ယောနိအပြား၊ မျိုး ၄-ပါး၊ ခွဲခြားသန္ဓေယူ

မူလပဏ္ဏာသ။ ပါ။ ၁၀၅။ ဋ္ဌ။ ပ-အုပ်။ ၃၄၁။ ပဋိသန္ဓေ နေကြသော ပုဂ္ဂိုလ်မျိုးလေးစားဟူ၏။
(၁) သြပပါတိက ယောနိ- ဥပပတ် ပဋိသန္ဓေ၊ကိုထင်ရှားဖြစ်မျိုး၊
(၂) သံသေဒဇ ယောနိ-အညှိစွဲ ပဋိသန္ဓေ, ပိုး, လောက်လန်း စသည့်
(၃) အဏ္ဍဇ ယောနိ- ဥထဲ၌ ပဋိသန္ဓေ, ကြက်, ငှက်, စသည်၊
(၄) ဇလာဗုဇ ယောနိအမိသား အိမ်၌ပဋိသန္ဓေ, လူ, ခွေး, စသည်၊ ၎င်းကိုပင် 'ဂဗ္ဘသေယျ' လည်းခေါ်၏။ ♦

ယိုးဒယား ၁၂-ခန်း

ပြင်စည်မင်းသားရေးသော သုခုမ အနုပညာ မဟာဂီတ ၁၂- ခန်းဟူ၏။
(၁) ရွေတညာ ဂီတ ကို 'ဖရံတင်' ခေါ်သည်။
(၂) နှင်းယွန်းသာဟေမန် ဂီတကို 'ခက်မွန်' ခေါ်သည်။
(၃) တောတောင်စွယ် ဂီတကို 'ခမိန်' ခေါ်သည်။
(၄) တောမြိုင်ခြေလမ်း ဂီတကို'ထနောက်' ခေါ်သည်။
(၅) ပန်းမြိုင်လယ် ဂီတကို 'ဖျင်းခြား' ခေါ်သည်။
(၆) ခိုင်ပန်း စုံ ဂီတကို 'ထပ်တွန့်' ခေါ်သည်။
(၇) မှော်ရုံဟေဝန် ဂီတကို 'ချွတ်ချံ' ခေါ်သည်။
(၈) မှိုင်းမှုံပြာညို ဂီတကို 'ငုငစ်' ခေါ်သည်။
(၉) လွမ်းပိုအောင် ဂီတကို 'ချူခြာ' ခေါ်သည်။
(၁၀) ဆန်းနွေဦး ဂီတကို 'ကပီ' ခေါ်သည်။
(၁၁) တလိုင်းစိန်ချယ်ညီလင်း ဂီတ ကို 'အလေ့မေ့' ခေါ်သည်။
(၁၂) ဝေဇယန္တာ ဂီတကို 'မဟိုရ်သီ'ခေါ်သည်။ ♦

ရံ ၃-ရွေ

နန်းတော်တွင်း၌မင်းမိဖုရားသားတော် သမီးတော်များကို ခစားဖျော်ဖြေရသော ရံရွေတော်မျိုး ၃-စား၊ တော်ဝင်သူကညာပျို များကို ခေါ်ဆိုသည်။
(၁) ရံရွေတော်ငယ်- ဂေါရီ, နှင့် ကညာ, ခေါ်သော ရံရွေမယ်များ၊
(၂) ရံရွေတော်လတ် -ကုမာရီနှင့် သွေးစုန်းခေါ် ရံရွေမယ်များ။
(၃) ရံရွေတော်ကြီး- မျက်မည်း နှင့် မျက်ဝန်းခေါ်ရံရွေမယ်များ။ ၎င်းကိုရည်၍ မဃဒေဝလင်္ကာ၌ “ဂေါ်ရီကား ရှစ်၊ ဆယ်နှစ် ကညာ၊ ဆယ့်နှစ်မှာမူ၊ ကုမာ ခေါ်ထုံး၊ ဆယ့်သုံးနှစ်မယ်၊ သွေးစုန်းရွယ်နှင့်၊ တသွယ်ပိုင်းခြား၊ ဆယ့်ငါးမျက်မည်း၊ ကြည်းကြည်းကြည်ရွှန်း၊ နှစ်ဆယ်ဆန်းက၊ မျက်ဝန်းမည်လွင်၊ ဤမျှလျှင်သား၊ တော်ဝင်ရွယ်ကောင်း၊ နတ်မယ်ပေါင်းတို့” ဟုစပ်ဆိုထားလေသည်။ ♦

ရံ ၃-ရွေ၊ တနည်း

မန္တလေး ကုန်းဘောင်ဆက် ရာဇဝင်ကျမ်းပြု ဦးမောင်မောင်တင်ထံ 'ညဉ့်သုံးယာမ်ခါ၊ လေပြည်လာ' ပတ်ပျိုး၌ပါသည့် 'သုံးရွေကြော့ရင်' ကို ဖျာပုံမြို့မြန်မာစာပေ ကြီးပွားရေးအသင်း အတွင်းရေးမှူးဆရာငွေက မေးမြန်းသောအခါ 'သုံးရွေကြော့ရင်' ဆိုသော စကားမှာ အရွယ်သုံးပါး ပိုင်းခြားခယမ်း ထမ်းရွက်ရသော ရံရွေတော်တို့၏အသျှင်ဟု ဆိုလိုသည်။ အကျယ်ကိုလင်းလျှင်၊ သုံးရွေဆိုသည်မှာအရွယ်သုံးပါးကို ပိုင်းခြားပြီးလျှင် ၁၃-နှစ်အရွယ်ထိ ကြက်တောင်၊ ပေါက်ချိုက်၊ ညွန့်ကိုက်၊ ဆံစည်း၊ စုလည်း၊ မြကုံး ဖြစ်သည့် အပျိုတော်များက တရွေ။ ၎င်းအထက် အသက် ၃၀-နှစ်ရွယ်ထိ အပျိုတော်များကတရွေ။ ၎င်းအထက် အသက်ကြီးသော အပျိုတော် အထိန်း အယ အချီတော်များက တရွေ၊ ဖြစ်သဖြင့် ပေါင်း၃-ရွေရှိသည်ဟု ဖြေဆိုထားသည်ကို ၎င်းမူအတိုင်း ထည့်သွင်းဖော်ပြလိုက်ပါသည်။ ♦

ရကင်သံ ၃၇-ချင်း

ဝါ, ဂီ, နစ်,တို့အတွက် တောင်ဘီလာ မှတ်စုမှ။ အချီကြီး သံ,အချီငယ်သံ, ဆရာတောင်း သံ,ဆရာပန် သံ,ဆရာညွှန်း သံ,အတွင်းတီးပြေ သံ,အပြင်တီးပြေ သံ,ဆင်ဖြူရေချသံ, ရွှေပလ္လင်တည် သံ,ဗောဓိရွက် သံ,ဇမ္ဗုသပြေသီးကြွေ သံ, ငါးကြင်းမြီးခတ် သံ, ခရုသင်း သံ, ခွက်ခွင်း သံ, ဘီလူးဝမ်းစည်ကြိုးသံ, မြစ်တွေးလန့်တွန် သံ, မြစ်တွေး ငှက်တွန် သံ, သိကြားအုပ်ဆောင်း သံ, သိကြားခလုပ် သံ, သိကြားရေကန်တင် သံ, (၂၀)

သိကြားလောက်ပစ်သံ,ကင်းပတ်ကြီး သံ,ကင်းပတ်ငယ် သံ, သပြေလား သံ, ထုံးကိုးတံ သံ, မျောက်မင်းဦ သံ, မိတ္ထိလာ ကန် ပေါက် သံ,ပြုံးကာရယ်ရွှင် သံ, နောက်မြင်းလှ သံ, ကသာဝန်းလည် သံ, (၃၀)

ပွင့်လှရွှေဝါ သံ, လုလင်ပြန် တောစည် သံ, လင်္ကာကုန္တီ သံ,မြင်းလှ စာတောင်း သံ, မြင်းလှခွါ သံ,တငါမ အဲချင်းသံ, စကြာမင်း ဘိသိက်မြှောက်သံ, ပေါင်း ၃၇-သံ ဖြစ်၏။ ♦

ရင့်မာ တကျိပ်

အနာဂတောင် ကျမ်းမှ၊ ပါရမီ ရင်မာပြီးကြသောဘုရားအလောင်းတော်များ။ ဘုရားဆုပန်၊ ရင့်မာ သံ၊ ဧပန်မှတ်ကွဲ့၊ တကျိပ်တဲ့၊
(၁) ရှေးဦးအစ၊ မိတေယျ၊ သိကြလေကွဲ့၊ အလောင်းတဲ့၊
(၂) ရာမမင်းကောင်း၊ ဆုပန်တောင်း၊ တကြောင်းမှတ်ကွဲ့၊ အလောင်းတဲ့၊
(၃) ကောသလမင်း၊ ကျော်သံပြင်း၊ မယွင်းဘူးကွဲ့၊ အလောင်းတဲ့၊
(၄) အဘိဘူ နတ်၊ ကျော်နှံ့စပ်၊ သိတတ်စေကွဲ့၊ အလောင်းတဲ့၊
(၅) အသူရိန်နတ်၊ ခေါ်ပညတ်၊ သိ တတ်စေကွဲ့၊ အလောင်းတဲ့၊
(၆) ဒီဃသောဏီ၊ ပုဏ္ဏားမည်။ အညီမှတ်ကွဲ့။ အလောင်းတဲ့၊
(၇) ဝင်္ဂိကဆို၊ ပုဏ္ဏားပျို၊ အိုအောင်မှတ်ကွဲ့၊ အလောင်းတဲ့၊
(၈) ဒေါဒေယျခေါ်၊ ပုဏ္ဏားကျော်၊ ပျော်ပျော်မှတ်ကွဲ့၊ အလောင်းတဲ့၊
(၉) နာဠာဂိရိ၊ ဆင်ဟတ္ထိ၊ သိကြလေကွဲ့၊ အလောင်းတဲ့၊
(၁၀) ပလလဲဆင်၊ အမည်တွင်၊ ထင်ထင်မှတ်ကွဲ့၊ အလောင်းတဲ့။ ♦

ရည်မှတ်သတ်၊ ကံမြောက်လတ်၊ ၆-ရပ် အင်္ဂါသိ

ပါဏာတိပါတကံ၏ပယောဂ ရှစ်မျိုးတွင် ဥဒ္ဒိဿ ပယောဂ၏ အင်္ဂါ ၆-ပါးကို ဆိုသည်၊ ပါရာဇိကဏ် အဋ္ဌကထာမှ။
(၁) ဝတ္ထုကို မှတ်၍ သတ်ခိုင်းခြင်း၊
(၂) အချိန်ကာလကို မှတ်၍ သတ်ခိုင်းခြင်း၊
(၃) အရပ် ဒေသကို မှတ်၍ သတ်ခိုင်းခြင်း၊
(၄) ထား,လှံ,စသည့် လက်နက်မျိုးကို မှတ်၍ သတ်ခိုင်းခြင်း၊
(၅) ထိုင်ခြင်း, သွားခြင်း, စသည် ဣရိယာပုတ်ကို မှတ်၍ သတ်ခိုင်းခြင်း၊
(၆) သတ်ပုံ သတ်နည်းကို ဘယ်ပုံသတ်ရ မည်ဟု ပြောပြပုံကို မှတ်၍သတ်ခိုင်းခြင်း။ ဤခိုင်းစေချက်တို့မှ လွဲ၍သတ်လျှင် ကံမမြောက်ပေ။ ♦

ရတနာ ၃-ပါး

သုတ္တနိပါတ်။ ပါ။ ၃၀၂။ ဋ္ဌ။ ပ-အုပ်။ ၂၆၃-၌ အကျယ်ရှုပါ။ လောက၌ အမြတ်ဆုံး အကောင်းဆုံး ဖြစ်တော်မူသော ဘုရားရတနာ, တရားရတနာ, သံဃာရတနာကို ရတနာသုံးပါးဟု ခေါ်မှတ်ကြ၏။ ♦

ရတနာ ၇-ပါး

လူတို့ အသုံးအဆောင် ဖြစ်သောလောကီရတနာရ-ဖြာ။
(၁) သုဝဏ္ဏရွှေ၊
(၂) ရဇတ-ငွေ။
(၃) မုတ္တာ-ပုလဲ၊
(၄) မဏိ-ပတ္တမြား၊
(၅) ဝေဠုရိယ-ကြောင်မျက်ရွှဲ၊
(၆) ဝဇီရ-စိန်၊
(၇) ပဝါဠ-သန္တာ။ ♦

ရတနာ ၉-ပါး

နဝ ရတနာ ခေါ် 'နဝရတ် ၉-ပါး' ကိုပင် 'ရတနာ၉-ပါး'ဟု မှတ်လေ။ အကျယ် (နဝရတ် ၉-ပါး) ၌ ရှုပါ။ ♦

ရတနာ ၁၀-ပါး

ဝိနည်းပါဋိတော် ပါစိတ် ရတနဝဂ်- ၂၁၂။ ဋ္ဌ။ ၁၅၂-မှ။
(၁) မုတ္တာပုလဲ၊ မဏိ-မြ, ပတ္တမြားစိမ်း၊ ဝေဠုရိယ-ကြောင်မျက်ရွဲ၊ သင်္ခ-ခရုသင်း၊ သိလာ-ကျောက်သလင်း၊ ပဝါဠ-သန္တာ၊ ရဇတ-ငွေ၊ ဇာတရူပ-ရွှေ၊ လောဟိတင်္ဂ-ပတ္တမြားနီ၊ မသာရဂံ-ပတ္တမြားပြောက်၊(၁၀) ♦

ရတနာ ကျောက်များ၊ အမြတ်ထား၊ မျိုးပြား ၂၄

၎င်း သရုပ်ကို (ကျောက်မြတ် ရတနာမျိုး ၂၄-ပါး) ၌ ဆိုခဲ့ပြီ။ ♦

ရတု ၆-ပါး

ဝိသုဒ္ဓိမဂ်။ ဒု-အုပ် ♦

ရတုကဗျာအပြား မျိုး ၄-ပါး

ရတုလင်္ကာ အမျိုးအစား လေးပါးဟူ၏။
(၁) ဧကပိုဒ်ရတု-တပိုဒ်တည်းနှင့် အဓိပ္ပါယ် ကြောင်းခြင်းရာ ကုန်စုံအောင်ရေးသား စပ်ဆိုထားသော ရတုမျိုး၊
(၂) အဖြည့်ခံရတု- ပိုဒ်စုံရတု ဖြစ်ရမည့်အစား နောင်ခါ ဖြည့်စွက်ရေးသားကြရန်အတွက် ၂-ပိုဒ်သာ ရေးသားထားသော ရတုမျိုး၊
(၃) ပိုဒ်စုံရတု ၃-ပိုဒ်ဖြင့်ပြီးပြည့်စုံအောင် ရေးသားစပ်ဆိုထားသော ရတုမျိုး၊ 'မဲဇာတောင်ခြေတို့လို'
(၄) ပိုဒ်များရတု-ပိုဒ်စုံမျှ မကတော့ဘဲ ၄,၅,၆,၇,၈,၉ပိုဒ် စသည်ဖြင့် စပ်ဆိုထားသောရတုမျိုး၊ ချီ, ချ, ညီညီ, မညီညီ စပ်ဆိုနိုင်သည်။ ♦

ရတုကဗျာ ချီ,ချ,နည်းမျိုး ၂၅-ပါး

ကဗျာဗန္ခသာရကျမ်းမှ နည်းရရုံမျှယူပြသည်။
(၁) ထူးဆန်းထွေလာ ၃-ပိုဒ်လုံး၌ ရှည်တို ချီ,ချ မတူကြသော ဖွဲ့စီကုံးနည်း၊
(၂) ညွန့်ရှင်အသတ်ရှိသော စာလုံးဖြင့်သာ ချခြင်း၊
(၃) ပေါက်ပြ- အသတ်ပါ, မပါ, အက္ခရာတို့ဖြင့် အချီ, အချ, မျှ၍ ကုံးဖွဲ့ခြင်း၊
(၄) ငုံဖူး- ၍ ဟူသော အက္ခရာ မပါစေဘဲ ချီ, ချ ခြင်း၊
(၅) ပုလဲသွယ်- အသတ်အက္ခရာနှင့် ၍ ဟူသောအက္ခရာ အချီ, အချ မှာ ပါခြင်း၊
(၆) လည်ကုပ်ချီရှေ့ပုဒ်၏ ဒုတိယပါဒ တတိယပါဒတို့တွင် တခုခုသောပါဒ၌ အက္ခရာကို၎င်း၊ အဓိပ္ပါယ်ကို၎င်း၊ ယူ၍ လည်ကုပ်တွင် ချီခြင်း၊
(၇) အဖျားကောက်- ရှေ့ပုဒ်၏ အချတွင်ပါသော အက္ခရာအဓိပ္ပါယ် တို့ကို ယူချီခြင်း၊
(၈) ရွှေလောင်းပျံ -က, ခ, တ, ယ, ပ, ရ, မ, ၎င်းအက္ခရာ ၇-လုံးတို့ဖြင့် ချီချခြင်း၊
(၉) သော်တာရောင်-ဟု, အက္ခရာရှောင်ရှားပြီး အသတ်တူ ကာရန်တူ အသံတူတို့ဖြင့် ချခြင်း၊
(၁၀) ကက္ကုဆူး-ချီ,ချ ၃-ပိုဒ်လုံး၌ အချီ,အချ မညီထားခြင်း။
(၁၁) နေရောင်ခြည်ပြေး- က, တ, ထ, ဟူသော အက္ခရာ ၃-လုံးတို့တွင် တလုံးလုံးဖြင့် ချခြင်း၊
(၁၂) ဖျောက်ဆိပ်လလယ်- ဝဏ္ဏ တလုံးလုံးအကြားတွင်ပါ၍ အသတ်ရှိသော အက္ခရာဖြင့်သာ ချခြင်း၊
(၁၃) ညွန့်ဟုံ-ဝသတ် အက္ခရာများ၍ ချခြင်း၊
(၁၄) ခိုင်ညွှန့်ခက်ဖြာ- ၇-လုံးဖြင့် အဆုံးချခြင်း၊
(၁၅) မဏိဆံကျင်- ၉-လုံးဖြင့် အဆုံး ချခြင်း၊
(၁၆) အာသာဝတီဝတ်ဆံ- ၁၀- လုံးဖြင့် ချခြင်း၊
(၁၇) မဏိဦးပြည်း- ၁၅-လုံးဖြင့် ချခြင်း၊
(၁၈) ဇော်တခိုင်လုံး- ၁၉-လုံးဖြင့် ချခြင်း၊
(၁၉) မပြတ်ကေသာ- ၂၅-လုံးဖြင့်ချခြင်း၊
(၂၀) ဇမ္ဗူ့သပြေသီးမှည့်- ၃၅-လုံး အဆုံးချခြင်း၊ ထို့ထက်လွန်၍ မချကောင်းချေ၊
(၂၁) ချိန်ခွင်လျှာ-ပဌမနှင့် တတိယပိုဒ်တို့မှာသံတူချ၍ ဒုတိယပိုဒ်မှာ သံကွဲချခြင်း၊
(၂၂) ဘီလူးရယ်- သရူပ, သဝဏ္ဏ အက္ခရာ အသတ်, အသံ စ သည်တို့ကို မတူလှီးလွှဲပြု၍ စီကုံးခြင်း၊
(၂၃) စာ ကျိုး-ငသတ်, ညသတ်၊ တသတ်, ပသတ်၊ နသတ်, မသတ်တို့ကို စပ်ခြင်း၊ ချီ,ချခြင်း၊
(၂၄) စာဆန်း-ကဝိ မပီသ, ကဗျာ့ဥပဒေမရှိသည့် ခေတ်ဆန်းစာပေဟူသမျှ၊
(၂၅) စာထုံး-စာကျိုးကိုပင် ခေါ်ဆိုသည်။ ♦

ရတုစပ်ရာ၊ နည်း ၆-ဖြာ၊ ကျမ်းလာ အဘယ်နည်း

ရတုစပ်နည်းနှင့်ပတ်သက်၍ ကျမ်းပေါင်း များစွာလာရှိကြသော်လည်း ဤ၌ ကဗျာဗန္ဓသာရကျမ်း၌လာသည်ဟု ဖြေဆိုပါအံ့။ ၎င်းပုံစံကို (အစပ် ၆-ပါး) ၌ပြန်ရှုလေ။ ♦

ရတုပိုဒ်စုံမျိုး ၅-ပါး

ပိုဒ်စုံ စပ်ပုံ နည်းမျိုး ငါးပါးကိုဆိုသည်၊ ပိုဒ်စုံဆိုသည်ကား ၃-ပုဒ်ကို ဆို၏။
(၁) ရိုးရိုးပိုဒ်စုံ- အစပ် ၆-ပါး၌ ဖြစ်သလို ထည့်သွင်းစပ်ဆိုသွားသောပိုဒ်စုံရတုများ ပုံ- မဲဇာတောင်ခြေ- တို့လို။
(၂) သတ်စေ့နှက်၊ ၃-ချက်ညီပိုဒ်စုံ-ကာရန် ၃-ချက်လုံးကို ညီညွတ်စွာ ၃-ပိုဒ်လုံး၌ မချွတ်အောင် စပ်ဆိုသွားသောရတုပိုဒ်စုံများ။ ပုံ-ဒု နဝဒေးဆို'ညွန့်လမ်းရွှေဝါ' တို့လို။
(၃) စကြာလည် ပိုဒ်စုံ- စကြာများလည်သလို မိမိ၏ အချီပိုဒ်နှင့် ပင်အဆုံး၌ထပ်၍ချသော ပိုဒ်စုံမျိုး။ ပုံ၊ ရခိုင် မိညိုဆို'နန်းတွင်မိညို၊ ကျွန်ုပ် ဆိုသား (ယ) နန်းတွင်းမိညိုသာ တကား' တို့လို။
(၄) ကိုယ်တွင်းပြည့် ပိုဒ်စုံ-ကိုယ်နှင့်တူသော အလည်ပိုဒ် အားလုံးတို့၌ပဌမ ပိုဒ်၏ သတ်ပုံကာရန်အတိုင်း မချွတ်လိုက်ယူ စပ်ဟပ် ရသောပိုဒ်စုံမျိုး၊ ပုံ-ရှင်ရဋ္ဌသာရဆို (က) မြသွယ်ရောင်လျှံ၊ ကုံး၍ပန်လျက်၊ ဝင်းစံကြွေရွက်၊ ဖူးသစ်ထွက်သော် (လ) ။ (ခ) လှသွယ်ခေါင်စံ၊ သုံးရွေရံလျက်၊ မင်းစံ ရွှေညက်၊ ဦးသစ်ခက်သော် (လ) ။ (ဂ) မြရွယ်တောင်ရံ၊ ရုံးတွေ့စံလျက်၊ တင်းသံစေခက်၊ ကြူးနှစ်သက်သော်(လ)၊ အပိုဒ်ရှိသမျှဤနည်း စပ်။
(၅) တောင့်ထဲတွန့် ပိုဒ်စုံ-ပိုးတောင့်ထဲ တွန့်သလို ကောက်ကွေ့ တွန့်လိမ်ကာ ၄- လုံးတမျိုး၊ ၅-လုံး တခါ၊ စပ်ဆို သီကုံးသွားသောပိုဒ်စုံမျိုး၊ ပုံ-ရှင်ရဋ္ဌသာရဆို 'ဒေဝစ္ဆရာ၊ ပြင်လျာ သင့်တင့်ယောင်၊ ရွှေကြက်တောင်ဝယ်၊ လှခေါင်တင့်မျိုးလွှတ် (ယ) ရွှေရင် ဖုံးတုံမဖုံးတုံ' တို့လို။ ♦

ရတုမျိုး ၃-ပါး

ဥတုမျိုး ၃-ပါးကိုပင် အချို့စာပေတို့၌ 'ရတု'ဟူသော ဝေါဟာရ ဖြင့် ရေးသုံးကြကုန်သည်၊ သဘော အတူပင် မှတ်ပါ။ ♦

ရန်အောင်မြင်ရာ၊ နည်း ၆-ဖြာ၊ သိပါ အစိုးရ

ဇာတ်။ ပါ။ ပ-အုပ်။ ၁၃၁။ ဋ္ဌ။ရန်ငြိုးဖြေကြောင်း တရား ၅-ပါး

ရန်သူအပေါ်၌ ရန်ငြိုးပြေစရာ တရားငါးပါး။
(၁) မေတ္တာ ဘာဝေတဗ္ဗာ- ရန်သူ၌ မေတ္တာပွားပါ၊
(၂) ကရုဏာ ဘာဝေတဗ္ဗာ-ရန်သူကို သနားညှာတာပါ၊
(၃) ဥပေက္ခာ ဘာဝေတဗ္ဗာ-လျစ်လျူရှု လိုက်ပါ၊
(၄) အသတိ မနသိကာရော-မေ့ပျောက်ပစ်လိုက်ပါ၊
(၅) ကမ္မဿ ကတာ အဓိဋ္ဌာ တဗ္ဗာ-သူပြုသမျှအမှု သူ့ကံနှင့်သူ ဖြစ်ပါစေတော့ ဟူသော သဘောထားလိုက်ပါ။ ♦

ရန်ငြိုးဖွဲ့ကြောင်းတရား ၉-ပါး၊ ၁၀

နဝင်္ဂုတ္တရ။ ပါ။ ၂၀၈။ ဋ္ဌ။ ၂၇၆။ ဒသင်္ဂုတ္တရ။ ပါ။ ၃၇၅။ ဋ္ဌ။ ၃၂၄၌ အကျယ်ရှုပါ။ အာဃာတဝတ္တု ဆယ်ပါးလည်း ခေါ်၏။ ဒေါသဖြစ်ရန် နီးစွာသော အကြောင်းတို့တည်း။
(၁) မိမိစီးပွားမဲ့ကို ယခုပြုလုပ် နေသူ၊
(၂) ရှေးကပြုခဲ့ဘူးသူ၊
(၃) နောင်ခါပြုမည့်သူ၊
(၄) မိမိချစ်သူစီးပွားမဲ့ကို ယခုပြုလုပ်နေသူ၊
(၅) ရှေးကပြုခဲ့ဘူးသူ၊
(၆) နောင်ခါပြုမည့်သူ၊
(၇) မိမိမုန်းသူ၏ စီးပွားဥစ္စာ ယခုတိုးတက်နေခြင်း၊
(၈) ရှေးက တိုးတက်ခဲ့ခြင်း၊
(၉) နောင်လည်း တိုးတက်အံ့ဖြစ်ခြင်း၊
(၁၀) မိုဃ်းရွာလွန်း, နေပူလွန်း, လေတိုက်လွန်း, မရွာ, မပူ, မတိုက်၊ လသာ,လမသာခြင်း၊ ခလုပ်တိုက်မိခြင်းတို့၌ အရာမဟုတ်ဘဲလျက်အမျက်ထွက် ခြင်းဟူသော အဋ္ဌာန ကောပ။ ♦

ရန်ငြိုးမျက်ထား၊ အပြစ်များ၊ ၅-ပါး မကောင်းသင့်

၎င်း သရုပ်ကို (အမျက်ပွားများ၊ ပြစ်တရား၊ ၅-ပါး ကျမ်း၌ဆို) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

ရန်လည်း မဆိုင်၊ မပြိုင်တရား၊ မျိုး ၁၀-ပါး၊ ရှောင်ရှားစရာ အဘယ်နည်း?

ဤ၌ အမေးပုစ္ဆာပြုသူက ဆယ်ပါးသာ မေးထားသော်လည်း သြဝါဒထူးပျို့၌ ၁၁- ပါးမျှ လာရှိ၏၊ ထို့ကြောင့် ၎င်းပျို့စာမူအတိုင်းပင် ဖြေဆိုလိုက်အံ့၊ ရန်မပြုရာ၊ ဆယ့်တစ်မှာကား-
(၁) အာဏာထန်ပြင်း၊ စိုးမင်းတို့အား၊ ရန်ပြုမှားသော်၊ နှောင်ထား ပုတ်ခတ်၊ ဘေးတွေ့တတ်၏။
(၂) မှှုးမတ်စစ်ကဲ၊ သူရဲဗိုလ်မှူး၊ တပ်မှူးစစ်ကွပ်၊ စစ်ကြပ်မှုထမ်း၊ ရာထမ်းတို့အား၊ ရန်ပြုမှားသော်။ ကြေထွားရိပွတ်၊ ကွပ်ညှပ်ပြင်း၍၊ ချည်နှောင်တွေ့၏။
(၃) နောက်ရှေ့မြင်သီး၊ သူကြီးကြေးကိုင်၊ မြေတိုင်စချီ၊ အစီအရင်၊ ရွာရှင်တို့အား၊ ရန်ပြုမှားသော်၊ ရပ်ခြားမြေရွေ့၊ နှင်ထုတ်တွေ့၏။
(၄) ညဉ့်နေ့ခတ်လည်၊ ရာဇာ့စည်နှင့်၊ မောင်းသည်တို့အား၊ ရန်ပြုမှားသော်၊ ထိပါးမျက်ငွေ့၊ ဆင်းရဲ တွေ့၏။
(၅) သိမ်မွေ့အာစာ၊ ခေမာရည်မှန်း၊ ရဟန်းတို့အား၊ ရန်ပြုမှားသော်၊ လေးပါး ပါယ်ငွေ့၊ ဆင်းရဲတွေ့၏။
(၆) အလေ့ဘာသာ၊ ယုတ်မာကျင့်ရိုး၊ ကျွန်ဆိုးတို့အား၊ ရန်ပြုမှားသော်၊ လေးစားမထေ၊ မရိုသေလျှင်၊ ပြုလေတုံ၍၊ ကြံစည်မေ့၏။
(၇) ရေမြေ့တံခွန်၊ မင်းကျွန်တို့အား၊ ရန်ပြုမှားသော်၊ လည့်ပြားပတ်ကွေ့၊ကုန်းတိုက်တွေ့၏။
(၈) ကြီးလေ့ဂုဏ၊ မိဘတို့အား၊ ရန်ပြုမှားသော်၊ စကားလောင်ဝေ့၊ မှု ရာတွေ့၏။
(၉) ရွှေငွေအတိ၊ နက်ကျိဖြင်အေး၊ သူဋ္ဌေးတို့အား၊ ရန်မူမှားသော်၊ တရားပြု၍၊ အလျော်တွေ့၏။
(၁၀) ကောင်းစေ့မဟုတ်၊ သူယုတ်တို့အား၊ ရန်ပြုမှားသော်၊ စကားစမည်၊ အရှည်အတို၊ မရိုမသေ၊ အထွေထွေလျှင်၊ ပလွေလွင့်၍၊ ကဲ့ရဲ့တွေ့၏။
(၁၁) ချမ်းမြေ့ယှဉ်မှီး၊ အိမ်နီးချင်းအား၊ ရန်တွေ့မှားသော်၊ ရွာသားရွာသူ၊ ဦးမည်းဖြူတို့၊ ငြူစူစောင်းမဲ၊ ငြီးငွေ့မြဲသည်၊ ဆိုဆဲခံရ မှန်မုချ။ ♦

ရန်သူမျိုး ၄-ပါး

ဤ၌ ကျက်မှတ်ရ လွယ်ကူစေရန် စာဏကျပျို့မှယူပြ လိုက်သည်။
(၁) မွေးသည့်ဘခင်၊ ကျေးဇူးရှင်လည်း၊ ကြွေးတင်အောင်သာ၊ ပြုလုပ်ပါမူ၊ သေချာစီစစ်၊ ရန်သူဖြစ်၏။
(၂) အချစ်ပိုအင်၊ မွေးမိခင်လည်း၊ ပျော်ရွှင်မိုက်မှား၊ လင်ငယ်ထားမူ၊ မှတ်သားစင်စစ်၊ ရန်သူဖြစ်၏။
(၃) မေတ္တာဆပွား၊ ချစ်မယားလည်း၊ အများငေးမျှ၊ အလွန်လှမှု၊ မှတ်ကြစင်စစ်၊ ရန်သူဖြစ်၏။
(၄) ရင်နှစ်ခေါ်ငြား၊ သ္မီးသားလည်း၊ သင်ကြားပညာ၊ ကင်းမဲ့ပါမှု၊ မှတ်ရာစင်စစ်၊ ရန်သူဖြစ်၏။ ♦

ရန်သူမျိုး ၅-ပါး

ပဉ္စင်္ဂုတ္တရ။ ပါ။ ၂၂၆။ ထေရီဂါထာ။ ပါ။ ၄၃၃။ ဋ္ဌ။ ၂၉၆။ ပေါ့တန်စွာ မပြုကျင့်ရသော အရာငါးပါး။
(၁) ရေ ရန်သူ၊
(၂) မီး ရန်သူ၊
(၃) မင်း ရန်သူ၊
(၄) ခိုးသား ထားပြ ရန်သူ၊
(၅) မလိုမုန်းတီးသူ ရန်သူ။ ♦

ရပ်ပြစ် ၈-ပါး

အဋ္ဌက္ခခေါ် နိဗ္ဗန်,မဂ်,ဖိုလ် မရကောင်းသော အရပ်ဌာန ရှစ်ပါး ဟူ၏၊ ဇိနာလင်္ကာရဋီကာ။
(၁) ပစ္စန္တဇော-ဗုဒ္ဓသာသနာတော် မတည်မရှိသော ပစ္စန္တရစ်အရပ်၊
(၂) အရူပိနော- နာမ်သာရှိ၍ ရုပ်မရှိသော အရူပ ၄-ဘုံ၌ ဖြစ်ခြင်း၊
(၃) ဝိတ လိင်္ဂေါ- ပဋိသန္ဓေအားဖြင့် အင်္ဂါချို့တဲ့သော သူဖြစ်ခြင်း၊
(၄) အသညဇော- ရုပ်သာရှိ၍ နာမ်မရှိသော အသညသတ်ဘုံ၌ ဖြစ်ခြင်း၊
(၅) မိစ္ဆာဒိဋ္ဌိ-နိယတမိစ္ဆာဒိဋ္ဌိမျိုး ဖြစ်ခြင်း၊
(၆) ပေတာ- ပြိတ္တာဘုံ၌ ဖြစ်ခြင်း၊
(၇) တိရစ္ဆာနော- တိရစ္ဆာန်ဘုံ၌ ဖြစ်ခြင်း၊
(၈) နေရယိကော- ငရဲဘုံ၌ ဖြစ်ခြင်း။ ♦

ရပ်ပြစ် ၈-ပါး၊ တနည်း

အင်္ဂုတ္တရ။ ပါ။ ၆၀။ ဋ္ဌ။ ၄၄။ သုတ်ပါထေယျ။ ပါ။ ၂၄၈။ ဋ္ဌ။ ၂၄၆။ ဝိမာနဝတ္ထု။ ဋ္ဌ။ ၁၁၇။ ဤပြလတံ့ကား သမာနဝါဒဆရာတို့အလို တည်း၊ သာသနာတွင်း အခါမျိုး၌။
(၁) ငရဲဘုံ၌ ဖြစ်သောသူ၊
(၂) တိရစ္ဆာန်ဘုံ၌ ဖြစ်သောသူ၊
(၃) ပြိတ္တာဘုံ၌ ဖြစ်သောသူ၊
(၄) အသညသတ်ပုံ, အရူပဘုံတို့၌ ဖြစ်နေသူ၊
(၅) မဇ္ဈိမတိုက် ဘုရားပွင့်ခိုက်၌ ပဋိသန္ဓေအားဖြင့် ချို့တဲ့စွာ လူဖြစ်နေသူ၊
(၆) မဇ္ဈိမတိုက်ဘုရားလက်ထက်၌ တိဟိတ်ပဋိသန္ဓေ တည်နေသူ ဖြစ်လျက် မိစ္ဆာဒိဋ္ဌိ ယူနေသူ၊
(၇) မစ္စန္တရဌ်ခေါ် သာသနာမဲ့ရာ အရပ်မျိုး၊
(၈) ဗုဒ္ဓသုညခေါ် သုညကမ္ဘာ၌ မဇ္ဈိမတိုက်သားစု။ ♦

ရပ်ပြစ် ၉-ပါး

ထို ၈-ပါးတို့တွင် 'အသူရကာယ်ဘုံ' ထည့်၍ (နဝအက္ခဏေ) ဟု သုတ်ပါထိက။ ၂၁၉-၌ လာရှိသည်။ ♦

ရယ်ခြင်း ၃-ပါး၊ လူအများ၊ တရားရစေမှု

စာဆိုတော်ကြီး စိန္တကျော်သူ ဘွဲ့ခံ ဦးသြ၏ သြဝါဒထူးပျို့ စာပိုဒ်ရေ ၁၅-မှ ရယ်ခြင်းသုံးပါးကိုပိုင်ဆိုင်သူတို့အတွက် တရားရရန် ပြဆိုလိုက်သည်။
(၁) မယားသယ် ရယ်ခြင်း၊ ချစ်လို့မညီး၊ ဇနီးအိမ်ရှင်၊ မိမိလင်သည်၊ ချစ်ခင်သောအား၊ သမီးသားကို၊ ပိုက်ဖျားအားရမ်း၊ ချီရှုတ်နမ်းသော်၊မယ်ဝမ်းကမွေး၊ သူများသွေးကို၊ အလေးတမြတ်၊ သင့်သားမှတ်၍၊ လည်ပတ်ဖက်ချီ၊ နမ်းလေပြီဟု၊ မထည်မလေး၊ အသွမ်းသွေး၍၊ အဝေးမျက်ကွယ်၊ မယားရယ်၏။
(၂) မြေ, လယ်, ယာက ရယ်ခြင်း၊ ငါ့လယ် ငါ့ယာ၊ ငါ့မြေတာဟု၊ ဥစ္စာခင်မင်၊ ဆိုပြန်လျှင်လည်း၊ အရှင်မဲ့ပါ၊ ငါတို့မှာမှု၊ ကမ္ဘာမကျေ၊ မခြင်းနေ၏၊ သွေယွင်းယို၊ သင်းတို့ကိုယ်မျှ၊ လို မပိုင်ဘဲ၊ ဘွယ်သရဲဟု၊ ပြောင်ဖြဲသောနှယ်၊ မြေကရယ်၏။
(၃) ရွှေငွေရတနာက ရယ်ခြင်း၊ ငါ့စိန် ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊ စိတ်စေကြည်သာ၊ ဆိုပြန်ပါလည်း၊ ကြမ္မာဆော်တိုက်၊ ကောင်းတော်ခိုက်မိုံ၊ အိမ်ဆိုက်မျှသာ၊ တည်းခိုပါရှင့်၊ ငါးဖြာရန်သူ၊ ယူလည်းတို့ပါ၊ သေမင်းခွါလည်း၊ သင့်ရာ အလျောက်၊ ငါတို့ရောက်သည်၊ တို့သခင်လျှင်၊ ဖြစ်ချင်လွန်းလှ၊ လွန်းမင်းစွဟု၊ ဒေါသချီးရယ်၊ ရွှေငွေရယ်သည်၊ သုံးသွယ်ရယ်ဆေး၊ ပြက် သွယ် သွေး။ ♦

ရယ်ခြင်း ၆-ပါး၊ မျိုးအပြား၊ မိန့်ကြား ဘိဓမ္မာ

၎င်း ခြောက်ပါး၌ ၂-ပါးစီ, အစဉ်အတိုင်း သူမြတ် ရယ်ခြင်း, သူလတ် ရယ်ခြင်း, သူယုတ် ရယ်ခြင်းဟု သိပါလေ။
(၁) သိတ- မျက်စိပွင့်ရုံမျှ ပြုံးခြင်း၊
(၂) ဟသိတ- သွားအနည်းငယ် ပေါ်ရုံမျှ ပြုံးခြင်း၊
(၃) ဝိဟသိတ- အသံသာ ညှင်းစွာထွက်ရုံမျှ ရယ်ခြင်း၊
(၄) ဥပ ဟသိတ- ပခုံးဦးခေါင်း လှုပ်အောင် ရယ်ခြင်း၊
(၅) အပ ဟသိတ- မျက်ရည်ထွက်အောင် ရယ်ခြင်း၊
(၆) အတိဟသိတ- လက်, ခြေ, ကိုယ် ကို ပစ်ယိမ်း၍ ရယ်ခြင်း။ ♦

ရယ်ဘွယ် ၁၀-ပါး၊ ကဝိများ၊ မိန့်ကြားကဗျာ အဘယ်နည်း?

စိန္တကျော်သူ ဦးသြရေး သြဝါဒထူး ပျို့ကဗျာ၌ ဤသို့ဆို၏။
(၁) ဆယ်ပါးရယ်ဘွယ်၊ မှတ်ကြောင်း သွယ်ပိမ့်၊ ဉာဏ်ကျယ် ပါလျက်၊ ပွဲလယ်ချက် ဝယ်၊ နှုတ်ထွက်ယွင်းပါး၊ ဖွင့်ဆိုမှားအံ့၊
(၂) ခစား သူ့မှာ၊ သူလိုရာသို့၊လိုက်နာရလျက်၊ မာနတက်အံ့၊
(၃) လက္ခဏာမဲ့၊ ချို့တဲ့ဥစ္စာ၊ ဆင်းရဲစွာလျက်၊ ကာမဂုဏ်မှု၊ လုံ့လပြုအံ့၊
(၄) ပြီးထုထပ်ပွား၊ ဥစ္စာများလျက်၊ မိုက်အား ဖုံးလွှမ်း၊ မပေးကမ်းဘဲ၊ ဒါန နည်းအံ့၊
(၅) ငြိမ်းချမ်းသာယာ၊ နေရပါလျက်၊ သူ့မှာမှီနေ၊ ခစားလေအံ့၊
(၆) သားရေလျော့ပါး၊ အိုလှည့်ငြားလျက်၊ တရားမဂ်ဖိုလ်၊ မမှီခိုအံ့၊
(၇) ရန်ဖြိုပယ်လှစ်၊ ပြည့်ရှင်ဖြစ်လျက်၊ မူ ညစ်ဆိုးနွမ်း၊ မှူးမတ်သွမ်းနှင့်၊ ချစ်ကျွမ်းဝင်ဝင်၊ ရေးတိုင်ပင်အံ့၊
(၈) သန့်စင်နွယ်ဓာတ်၊ မျိုးရိုးမြတ်လျက်၊ အတတ်မသင်၊ နားဝင် မကျွမ်း၊ လော်လီသွမ်းအံ့၊
(၉) မနွမ်းဂုဏ်အင်၊ယောကျ်ား စင်လျက်၊ ချစ်ခင်စိုးပိုင်၊ မယားနိုင်အံ့၊
(၁၀) သုံးဆိုင်ဗေဒင်၊ ကုန်စင်မြောက်မြား၊ ထုံးနှယ်ထွားသည်၊ ပုဏ္ဏားဖြစ်လျက်၊ အကျင့်ပျက်အံ့၊ ကန့်ကွက်ခြားနား၊ ဤဆယ်ပါးကို၊ အမှားလူတွင်၊ ရယ်ဘွယ်ထင်သည်၊ သည့်ပြင်ရယ်ဆေး ရမည်ဝေး။ ♦

ရသ ၆-ပါး၊ ၇-ပါး၊ တနည်း

၎င်းသရုပ်ကို (အရသာ ၆-ပါး။ ၇-ပါး။ ၉-ပါး) ၌ ရှုပါ။ ♦

ရသမျိုး ၃-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၂၈၀။ ဋ္ဌ။ ပ-အုပ်။ ၁၈၃။
(၁) ဓမ္မရသမဂ်-၄-ပါး။
(၂) အတ္ထရသ- ဖိုလ် ၄-ပါး၊
(၃) ဝိမုတ္တိရသ- နိဗ္ဗာန်။ ♦

ရဿ သရ၊ ၃-လုံးပြ၊ သဒ္ဒ ဥပဒေ

မျက်စိတမှိတ် လျှပ်တပြက်ခန့်မျှတိုသောအသံ တမတ္တျာကာလမျှ အသက်ရှိသော (အ, ဣ, ဥ) ၎င်းသုံးလုံးကို ဆိုသည်။ ♦

ရသေ့မျိုး ၈-ပါး

သုတ္တနိပါတ်။ ဋ္ဌ။ ပ-အုပ်။ ၃၁၀။ သာသနာတော်တွင်း၌ ရသေ့မဝတ်ကောင်းချေ၊ ရသေ့ဝတ်သောသူသည် သာသနာတော်ကို ဖျက်ဆီးသူမည်ကြောင်းနှင့်သဠာယတနသံယုတ်။ ပါ။ ၅၁၈။ ဋ္ဌ။ ၁၄၅။ သုတ်သီလက္ခန်။ ပါ။ ၄၉။ ဋ္ဌ။ ၂၄၀-တို့၌ သေချာစွာ ဟောထားတော်မူသည်။
(၁) သပုတ္တ ဘရိယ ရသေ့ပစ္စည်းဥစ္စာ စုဆောင်း၍ သား မယားနှင့် နေသော ရသေ့၊
(၂) ဥစ္ဆာစရိယ, ရသေ့ကောက်သင်း ကောက်၍စားရသောရသေ့၊
(၃) အဂ္ဂိပက္ကိက ရသေ့- ဆန်, ပဲ, အလှူခံ၍ ချက်စားသော ရသေ့၊
(၄) အသာမပါက ရသေ့- ကျက်ပြီး ထမင်း ဟင်းကိုခံစားသော ရသေ့၊
(၅) အသ္မ မုဋ္ဌိက ရသေ့- သစ်ခေါက်ခွံကို ကိုခွါစားသောရသေ့၊
(၆) ဒန္တဝက္ကလိက ရသေ့- မိမိသွားဖြင့်သာ ကိုက်ခွါစားသောရသေ့၊
(၇) ပဝတ္တဖလ ဘောဇန ရသေ့-သစ်သီး သစ်ရွက်တို့ကိုချွေဆွတ်၍ စားရသောရသေ့၊
(၈) ပဏ္ဍုပလာသိက ရသေ့- အလိုလိုကျွေကျလာသော ရွက်, ပွင့်, သီး တို့ကိုသာ စားသော ရသေ့မျိုး။ ♦

ရဟန္တာတို့ မပြုတော့သော တရား ၅-ပါး

ဘယ်အခါမှ စေတနာနှင့်မပြုသော တရားငါးပါးဟူ၏။
(၁) ပါဏာတိပါတ၊
(၂) အဒိန္နာဒါန၊
(၃) မေထုနဓမ္မ၊
(၄) မုသာဝါဒ၊
(၅) သန္နိဓိကာရက- ခဲဘွယ်, ဘောဇဉ်ကို နောက်နေ့အတွက် သိုမှီ၍ စားခြင်းမျိုး။ ♦

ရဟန္တာမျိုး ၂-ပါး

စျာန်အစေး ရှိ, မဲ့ အားဖြင့် ပြားသည်။
(၁) သုက္ခဝိပဿက ရဟန္တာ-စျာန်, အဘိညာဏ်, တန်ခိုးမရှိ၊ ပကတိ သူလို ငါလိုနေသော ရဟန္တာ၊
(၂) စျာနလာဘီ ရဟန္တာ- စျာန်, အဘိညာဏ်,တန်ခိုးရှင် ရဟန္တာ။ ♦

ရဟန္တာမျိုး ၆-ပါး၊ တနည်း

ရဟန္တာ အမျိုးအစား ၆-ပါး။
(၁) သဒ္ဓါဝိမုတ္တ ရဟန္တာ- လွန်ကဲသောသဒ္ဓါဖြင့် ကိလေသာမှ လွတ်ကင်းသော ရဟန္တာ၊
(၂) ပညာဝိမုတ္တ ရဟန္တာ-လွန်ကဲသော ပညာဖြင့် ကိလေသာမှလွတ်ကင်းသော ရဟန္တာ၊
(၃) ဥဘတောဘာဂ ဝိမုတ္တ ရဟန္တာ-လောကီဝိဇ္ဇာ အဘိညာဉ်မပါ သဒ္ဓါ,ပညာ ၂-ပါးဖြင့်သာ ကိလေသာမှလွတ်ကင်းသော ရဟန္တာ၊
(၄) တေဝိဇ္ဇ ရဟန္တာ- ဝိဇ္ဇာ ၃-ပါးနှင့်ပြည့်စုံသောရဟန္တာ၊
(၅) ဆဠာဘိည ရဟန္တာ- အဘိညာဉ် ၆-ပါးနှင့်ပြည့်စုံသောရဟန္တာ၊
(၆) ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာ-ပဋိသမ္ဘိဒါ ၄-ပါးသို့ ဆိုက်ရောက်သော ရဟန္တာ။ ♦

ရဟန္တာမျိုး ၁၂-ပါး၊ တနည်း

သုတ္တနိပါတ်။ ဋ္ဌ။ ပ-အုပ်။ ၂၈၂။ ခုဒ္ဒကပါဌ။ ဋ္ဌ။ ၁၅၃-၌ အကျယ်ရှုပါ။
(၁) သုညတ ဝိမောက္ခ ရဟန္တာ၊
(၂) အနိမိတ္တ ဝိမောက္ခ ရဟန္တာ၊
(၃) အပဏိဟိတ ဝိမောက္ခ ရဟန္တာ၊ ၎င်း ၃-ပါးကို ပဋိပဒါ ၄-ပါးနှင့်မြှောက် ရဟန္တာ ၁၂-မျိုး ဖြစ်၏။ ♦

ရဟန်းအပြား၊ မျိုး ၈-ပါး၊ ခွဲခြား သိတော်မူ

ဝိနည်းပါရာဇိကဏ်။ ပါ။ ၂၈။ ဋ္ဌ။ ပ-အုပ်။ ၂၀၆။ ဘုရားရှင် လက်ထက်တော်က စ၍ ယနေ့တိုင်အောင် ဖြစ်လာကြသော ရဟန်းမျိုး အပြား ၈-ပါး။
(၁) ဧဟိ ဘိက္ခူပသမ္ပဒါ-ဘုရားရှင်က ရဟန်း လာလှည့်ဟု ခေါ်ဆဲ၌ အလိုလျောက်ပြီးသော ရဟန်းမျိုး။
(၂) သရဏ ဂမနူပသမ္ပဒါ- သရဏဂုံ ခံယူဆောက်တည်ရုံဖြင့် ပြီးသောရဟန်းမျိုး။
(၃) သြဝါဒ ပဋိဂ္ဂဟဏူပသမ္ပဒါ-ဤပုံ ဤနည်းဖြင့် ကျင့်ဟု ဆုံးမခြင်းဖြင့် ပြီးသော ရဟန်းမျိုး။
(၄) ပဥှာ ဗျာကရဏူပသမ္ပဒါ- သောပါက ထေရ်ကဲ့သို့ ပြဿနာဖြေဆို၍ဘုရားခွင့်ပြု သဖြင့် ပြီးသော ရဟန်းမျိုး။
(၅) ဂရုဓမ္မ ပဋိဂ္ဂဟဏူပသမ္ပဒါ- ဂရုဓံကို ဝန်ခံချက် ထားခြင်းဖြင့်ပြီးသော ရဟန်းမျိုး။
(၆) ဒူတေနူပသမ္ပဒါ- အဎ္ဍုကာသိက မည်သော ပြည့်တန်ဆာမကဲ့သို့ တမန်စေလွှတ်ခြင်း ဖြင့် ပြီးသော ရဟန်းမျိုး။
(၇) အဋ္ဌဝါစိကူပသမ္ပဒါ- ဘိက္ခုနီမများထံ ၄-ကြိမ်, ဘိက္ခုယောကျ်ားများထံ ၄-ကြိမ် အားဖြင့် ရှစ်ကြိမ်သော ဉတ်, ကမ္မဝါစာဖြင့်ပြီးသော ရဟန်းမျိုး။
(၈) ဉတ္တိစတုတ္ထ ကမ္မူပသမ္ပဒါ-ဉတ်နှင့်တကွ လေးကြိမ်မြောက်သောကမ္မဝါစာဖြင့် ပြီးသော ရဟန်းမျိုး။ ♦

ရဟန်းကောင်းတို့ သွင်မူရာဂုဏ် ၂၂-ပါး

ရှိခိုးပူဇော်ခြင်းငှါ ထိုက်သောပုထုဇဉ် ရဟန်းတို့ အသွင်မူရာ ဂုဏ် ၂၂-ပါး၊ ဖူးမြင်ရသူတို့ စိတ်ထဲ၌။
(၁) သေက္ခပုဂ္ဂိုလ်ဟု ထင်မှတ်ခြင်း၊ ရဟန္တာဟု ထင်မှတ်ခြင်း၊ အရိယာတို့နှင့်တူသော အကျင့်ရှိခြင်း၊ တူသော နေထိုင်ခြင်း ရှိခြင်း၊ တူသောဣန္ဒြေရှိခြင်း၊ တူသော ဆင်းရဲခြင်း ရှိခြင်း၊ တူသော သည်းခံခြင်းရှိခြင်း၊ တကိုယ်ထီးတည်း အကျင့်ရှိခြင်း၊ တကိုယ်ထီးတည်း မွေ့လျော်ခြင်း၊ တယောက်ထီးတည်းကျိန်းအောင်းခြင်း၊ (၁၀)

မကောင်းမှုမှ ရှက်ခြင်း၊ မကောင်းမှုမှ လန့်ခြင်း၊ သဓမ္မအကျင့်ကို အားထုတ်ခြင်း၊ ကုသိုလ်၌မမေ့လျော့ခြင်း၊ သုက်လွတ်ခြင်းကာမမှ ဖဲကြဉ်ခြင်း၊ ပါဠိကို သင်ယူခြင်း၊အဋ္ဌကထာသင်ယူခြင်း၊ သီလ, သမာဓိ, ပညာဂုဏ်၌ မွေ့လျော်ခြင်း၊ ကင်းသော တပ်မက်မှုရှိခြင်း၊ သိက္ခာပုဒ် တော်ကို ဖြည့်ကျင်ခြင်း၊ (၂၀)

ဖန်ရည်စွန်းသော သင်္ကန်းကိုဆောင်ခြင်း၊ဦးပြည်း ဦခေါင်းရှိခြင်း။
(၂၂) ♦

ရဟန်းကောင်းများ၊ ထို ၆-ပါး၊ ဖွဲ့ငြား မိတ်ဆွေ မပြုရာ

၎င်း သရုပ်ကို (ဆွမ်းမခံရာသည့် ဌာန ၆-ပါး) ဟူသော သုတေတန၌ ဆိုခဲ့ပြီ။ ♦

ရဟန်းကျောင်းများ၊ မျိုး ၁၀-ပါး၊ ခြားနား မည်သို့နည်း?

ရဟန်းတော်များ၏ ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်းကို သာမညဖလသုတ်၌ ဤသို့ပြ၏။
(၁) ဝိဝိတ္တသေနာ သန- အမိုး အကာ အခင်းတို့ဖြင့် ဆိတ်ငြိမ်ရာ၌ဆောက်လုပ်သောကျောင်း၊
(၂) အရည-တောရကျောင်း- ရွာနီးချုပ်စပ်တောငယ်မျိုး၊
(၃) ရုက္ခမူလ-သစ်တပင်ရင်း ဝါးတပင်အောက်၊
(၄) ပဗ္ဗတ-တောင်ပေါ် တောင်စောင်း တောင်သာယာ၊
(၅) ကန္ဒရ-ချောက် ချောင်သာယာသော ကမ္ဘားရံ၊
(၆) ဂိရိ ဂုဟ- တောင်ခေါင်း ဥမင်လိုဏ်ဂူ၊
(၇) သုသာန-သင်းချိုင်း သုသာန်၊
(၈) ဝနပတ္ထ- တောအုပ် တောနက်ရွာဝေးခေါင် ခေါင် တောကြီး၊
(၉) အဗ္ဘော ကာသ-လွင်ပြင် လဟာပြင်၊
(၁၀) ပလာလ ပုဉ္ဇကောက်ရိုးပုံ မြက်ပုံ ၎င်းအုံသော ကျောင်း။ ♦

ရဟန်းဆိုး ဒုဿီလတို့၏ ကျေးဇူးဂုဏ် ၁၀-ပါး

၎င်း သရုပ်ကို (ဒုဿီလ ရဟန်းတို့ ကျေးဇူးဂုဏ် ၁၀-ပါး) ၌ ဆိုခဲ့ပြီ။ ♦

ရဟန်းဆိုးများ၊ ရှာမှီစား၊ အမှား ၂၁

၎င်း သရုပ်ကို (အနေသန တရား၂၁-ပါး) ၌ ဆိုခဲ့ပြီ။ ♦

ရဟန်းတို့၏ ဒုက္ခ ၅-ပါး

ရဟန်းတော်များ ခံစားရသည့် ဆင်းရဲခြင်းငါးပါး။
(၁) စီဝရ အသန္တုဋ္ဌ- ရရှိ ရရှိနေသော သင်္ကန်းဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၂) ပိဏ္ဍပါတ အသန္တုဋ္ဌ- ရရှိ ရရှိနေသော ဆွမ်းဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၃) သေနာသန အသန္တုဋ္ဌ- ရရှိပြီးသောကျောင်းအိပ်ရာနေရာဖြင့် မရောင့်ရဲနိုင်သော ရဟန်း၊
(၄) ဘေဇ္ဇအသန္တုဋ္ဌ-လက်ရှိဆေးဖြင့် မကျေနပ်သေးခြင်း၊
(၅) ဗြဟ္မစရိယ အနဘိရတ- ရဟန်းကျင့်ဝတ်၌ မပျော်ပိုက် မကျင့်ကြံနိုင်ခြင်း။ ♦

ရဟန်းတို့၏သီလကြီး ၄-ပါး

၎င်း သရုပ်ကို (သီလကြီးမျိုး ၄-ပါး) ၌ရှုပါ။ ♦

ရဟန်းတို့၏ မကျက်စားကောင်းသော အိမ် ၆-ပါး

ဝိသုဒ္ဓိမဂ်။ ပါ။ ၁၇။ ဝိနည်း မဟာဝါ။ ပါ။ ၉၉။ ဋ္ဌ။ ၂၇၃။
(၁) ဝေသိယ ဂေါစရ-ပြည့်တန်ဆာမအိမ်။
(၂) ဝိဓဝါ ဂေါစရ- မုဆိုးမချည်း နေသောအိမ်၊
(၃) ထုလ္လကုမာရီ ဂေါစရ- အပျိုကြီး အပျိုဟိုင်းချည်း နေသောအိမ်၊
(၄) ပဏ္ဍကဂေါစရ-ပဏ္ဍုက် အိမ်၊
(၅) ဘိက္ခုနီ ဂေါစရ- ဘိက္ခုနီမဋ္ဌာန်၊
(၆) ပါနာဂါရ ဂေါစရ-သေတင်းကုပ်၊ ဘုံဆိုင်၊ ၎င်း ၆-ဌာနသို့ မိတ်ဆွေခင်ပွန်းဖွဲ့၍ သွားလာလည်ပတ်ခြင်းကို မပြုရာ၊ ပြုသော် ဒုက္ကဋ် အာပတ်သင့်၏။ ♦

ရဟန်းတော်များ၊ မအပ်ငြား၊ ၉-ပါး သီးဖျော်ရည်

၎င်း သရုပ်ကို(အသီးကြီး ၉-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

ရဟန်းတော်များ၊ ရှိမခိုးကောင်းသော ပုဂ္ဂိုလ် ၂၅-ယောက်

၎င်းသရုပ်ကို) အဝန္ဒိယ ပုဂ္ဂိုလ် ၂၅-ပါး) ၌ ဆိုခဲ့ပြီ။ ♦

ရဟန်းတို့ မစားကောင်းသော အသားကြီး ၁၀-ပါး

၎င်း သရုပ်ကို (အသားကြီး ၁၀-ပါး) ၌ရှုပါ။ ♦

ရဟန်းတို့ မမေ့အပ်သော အချိန်ကာလနှင့် အရပ်မျိုး ၃-ပါး

(၁) ရဟန်းဖြစ်ရာသိမ်, အချိန်ကာလ၊
(၂) ပဌမမဂ်ကိုရသော အရပ်, အချိန်ကာလ၊
(၃) ရဟန္တာဖြစ်သော အရပ်,အချိန်ကာလ။ တိကင်္ဂုတ္တရ။ ပါ။ ၁၀၅။ ဋ္ဌ။ ၇၅။ ♦

ရဟန်းတော်များ၊ ဝန် ၂-ပါး၊ ချထား မြတ်ဗုဒ္ဓါ

၎င်း သရုပ်ကို(ဓူရ ၂-ပါး) ၌ ဆိုခဲ့ပြီ။ ♦

ရဟန်းတော်များ၊ သားငါးစား၊ ၃-ပါး အစွန်းလွတ်

၎င်း သုတေသန၏သရုပ်ကို (အစွန်း ၃-ပါး၊ ကင်းလွတ်ငြား၊ သားငါးအပ်သည်သာ) ဟူသော စကားရပ်၌ ဆိုခဲ့ပြီ။ ♦

ရဟန်းဖြစ်ခြင်း အင်္ဂါ ၅-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို (ပဉ္စင်းအင်္ဂါ မျိုး ၅-ဖြာ) ၌ ဆိုခဲ့ပြီ။ ♦

ရဟန်းမခံကောင်းသူ ၁၃-ယောက်

ရဟန်း ခံပေးသော်လည်း ရဟန်းမဖြစ်။ (က) အသက် ၂၀-မပြည့် သောသူ၊ (ခ) ပါရာဇိက ကျပြီးသောသူ၊ (ဂ) အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက်၊ ပေါင်း ၁၃-ယောက်။ ♦

ရဟန်းမများ၊ ၁၃-ပါး၊ ထားငြား ဧတဒဂ်

သရုပ်(ဧတဒဂ်ရ ရဟန်းမိန်းမ ၁၃-ပါး) ၌ ဆိုခဲ့ပြီ။ ♦

ရဟန်းယောက်ျား၊ ဧတဂ်ထား၊ ၄၁-ပါး၊ အဘယ်နည်း၊

သရုပ်(ဧတဒဂ်ရ ရဟန်းယောကျာ်း၄၁-ပါး၌ ဆိုခဲ့ပြီ။ ♦

ရဟန်းဝတ် ၆-ပါး

ဒါယကာ ဒါယိကာမများ အပေါ်၌ ရဟန်းတော်တို့က ပြုကျင့်ရမည့် ဝတ် ၆-ပါး။
(၁) မကောင်းသော ကာယကံမှု, ဝစီကံမှု, မနောကံမှု တို့ကို မပြုလုပ် မကြံစည်နိုင်အောင် တားဆီးပိတ်ပင်ပေးရခြင်း၊
(၂) ကောင်းသော အမူအရာနှင့် သုစရိုက်မှုတို့ကို ပြုလုပ်ကျင့်ကြံနိုင်ရန် ညွှန်းလှစ်၍ ပြရခြင်း။
(၃) အသစ်အသစ်ဖြစ်သော တရားတို့ကို ဟောကြားရခြင်း၊
(၄) နာကြားဘူးပြီးသော တရားတို့ကို တဖန်ထပ်မံ၍ သိနိုင်ရန် သတိရနိုင်ရန် မမေ့နိုင်ရန်အတွက် ဟောပြော၍ ပေးရခြင်း၊
(၅) မိမိတို့ဒါယကာ ဒါယိကာမများအား အယုတ်ဆုံး နတ် ပြည်လောက်တော့ လားရောက်ရအောင် ကျင့်ကြံဆောင်ရွက် ပေးရခြင်း၊
(၆) မိမိအပေါ်၌အကျိုး ကျေးဇူးများသော ဒါယကာ ဒါယိကာမတို့ကိုအကျိုး ကျေးဇူးများသလို မေတ္တာတရား ပွားများပေးရခြင်း။ ♦

ရဟန်းသံဃာ၊ ဆွမ်းကပ်ရာ၊ ၅-ဖြာ အင်္ဂါသိ

၎င်း သရုပ်ကို (ဆွမ်းကပ်သူများ၊ သတိထား၊ ၅-ပါး ကပ်အင်္ဂါ) ဟူသော ပြဿနာ၌ ဆိုခဲ့ပြီ။ ♦

ရဟန်းသံဃာ၊ ရှေ့မှောက်မှာ၊ ၂-ဖြာ ထိုင်ပုံသိ

(၁) ရတနာ ၃-ပါး ဆရာသမားတို့အား ရှိခိုးပူဇော် ကန်တော့သောအခါ သီလတောင်းယူသောအခါ တောင်းပန် လျှောက်ထားသောအခါ မျိုးတို့၌ “ဥက္ကုဋိကံ နိသီဒိတွာ အဉ္စလိံ ပဂ္ဂဟေတွာ” ဟူသော ပါဠိတော်အရ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ် ချီမိုးနေရမည်၊
(၂) ထို ပုဂ္ဂိုလ်တို့ကို ခစား နေထိုင်သော အခါတို့၌မူ “ဇဏ္ဏုကာနိ နိပတိတွာ တဿဘိမုခံ ကရိတွာ” ဟူသော ပါဠိတော်နှင့်အညီ ပုဆစ်ဒူး ချကာ တုံ့ပိုင်းထိုင်နေရမည် ဟူ၏။ အထူး

မှတ်ချက် ။ ။ အထက်ဖော်ပြပါ နှစ်ဖြာသော ထိုင်ပုံနည်းတို့တွင်- အမှတ်
(၁) ထိုင်ပုံနည်းကား - ဒါယကာ ယောက်ျားများအတွက်သာ ဖြစ်၏၊ မိန်းမများ အတွက်ကား ပုဆစ်တုပ် ထိုင်ခြင်းက လျော်ကန် သင့်မြတ်သည်။ အမှတ်
(၂) ထိုင်ပုံနည်းကား- ယောကျ်ားရော, မိန်းမပါ, နှစ်မျိုးတို့အတွက် ဖြစ်သည်။ အမှတ်
(၃) ထိုင်ပုံတနည်းကား - ဝိပဿနာ ဘာဝနာတရားရှုမှတ် ပွားများသော အခါမျိုး၌ “ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံကာယံ ကတွာ” ဟူသော ပါဠိတော်အရ ရဟန်းတော်,များနှင့်ယောကျ်ားရော, မိန်းမပါ,မည်သူမဆို တင်ပလ္လင်ခွေ၍ ကိုယ်ကိုမတ်ဖြောင့်စွာထားကာ ထိုင်ရမည်၊ (ထိုင်ကောင်းသည်ချည်း) ဟုမှတ်ရာ၏။ အချို့ ဆရာတို့က မိန်းမများကို တင်ပလ္လင်ခွေ မထိုင်ရဟုတားမြစ်ခြင်းမှာ သူတို့သဘောမျှသာ ဖြစ်ချေသည်၊ နည်းမှန်တရားဝင်ကား ထိုင်ခြင်း ဣရိယာပုထ်တို့တွင် တင်ပလ္လင်ခွေထိုင်ခြင်းကား- ကိုယ်ကာယကို မျှတ သက်သာစေ၍ သမာဓိတရား မြန်မြန် ရလွယ်စေတတ်သည်၊ ထို့ကြောင့် မိန်းမများတင်ပလ္လင်ခွေ ထိုင်လိုက ထိုင်နိုင်သည်ဟု မှတ်ကုန်ရာသတည်း။ ♦

ရဟန်းဟုတ်မှန်၊ အင် ၃-တန်၊ ထုတ်ပြန်မိန့်တော် မူ

ရဟန်းဟူသည်ကား ပေါ့ပေါ့ တန်တန် မနေရာ၊ အောက်ပါ အင်္ဂါသုံးဖြာနှင့် ပြည့်စုံမှ ရဟန်းစစ်မှန်ဖြစ်သည်သာဟူ၏၊ ရှေးဆရာတော်ကြီးများ မိန့်ကြားချက်။
(၁) တပေါ-ရဟန်းကျင့်ဝတ်နှင့် ပြည့်စုံရခြင်း၊
(၂) သုတိကျင့်ရ မည့်ရဟန်း ဝိနည်းတရားကို သိကြား နားလည်ရခြင်း၊
(၃) ယောနိ-ရဟန်းခံရာ၌ ကံဆောင်သံဃာတို့သည် ရဟန်းမျိုးဇာတ် စစ်မှန်ရခြင်း။ ♦

ရာဂီမျိုး ၅-ပါး

ဓာတ်တပါးတို့အား စွဲကပ်ညစ်ညူးစေတတ်သောဓာတ်မျိုး ငါးပါး။
(၁) ပြဒါး၊
(၂) ကြေး၊
(၃) သံ၊
(၄) သွတ်၊
(၅) ဂျွတ်၊ အဂ္ဂိရတ်ဝေါဟာရ။ ♦

ရာဇဂုဏ် ၆-ပါး၊ ဘုရင်များ၊ ပြင်ထား အဆင့်ဆင့်

ဘုရင်မင်းမြတ်တို့၌ရှိထား ပြုလုပ်အပ်သော ဂုဏ်ခြောက်ပါး၊ အမရကောသ အဘိဓာန်ဋီကာမှ။
(၁) သန္ဓိ ဂုဏ်- ရန်သူတို့နှင့် သင့်တင့်အောင် တစုံတခု သောလက်ဆောင်ဖြင့် စေ့စပ်နိုင်မှု၊
(၂) ဝိဂ္ဂဟ ဂုဏ်- သူ့နိုင်ငံကို စစ်ထိုးအောင်နိုင် ပြုစွမ်းနိုင်မှု၊
(၃) ယာန ဂုဏ်- ရန်သူတို့ကို တိုက်ခိုက်ရန် ချီတက်နိုင်ရေး ယာဉ်ရထားအားအင်ရှိခြင်း၊
(၄) အာသန ဂုဏ်-ခံစစ်ထိုးစစ် စသည်တို့အတွက် နေရာကောင်း၌ ရှိနေမှု၊
(၅) ဒွိဓာ ဂုဏ်-သူ့စစ်တပ် အင်အား ညီညွတ်မှုတို့ကို ကွဲပြားအောင်ပြု၍ အနိုင်ယူနိုင်မှုနည်းပရိယာယ်၊
(၆) အာသယ ဂုဏ်-ရန်သူတို့ ကြောက်လန့် ဘွယ်ရာမဟာမိတ် နိုင်ငံကြီးများ အမှီရှိထားမှု။ ♦

ရာဇဂုဏ် ၈-ပါး၊ မင်းတရား၊ ကျင့်ငြား မည်သို့နည်း၊

ဘုရင် မင်းမြတ်တို့၌ ရှိထားရမည့် ကျေးဇူးဂုဏ် ရှစ်ပါး တနည်းကို ဆိုသည်၊ ရာဇနိတိ။
(၁) ချီးမြှင့် နှိမ့်ချမှု၌ သိကြားမင်းကဲ့သို့ ပြုရခြင်း။
(၂) အခွန်အတုတ်ကောက်ရာ၌ နေမင်းကဲ့သို့ ကျင့်ရခြင်း၊
(၃) လူထုထံ စနည်းနာရာ၌လေကဲ့သို့ မသိမသာ ဝင်ရောက် စုံစမ်းရခြင်း၊
(၄) ယမမင်းကဲ့သို့ မုန်းချစ်မရွေး ပြစ်ဒဏ် ပေးရခြင်း၊
(၅) သမုဒ္ဒရာကဲ့သို့ ဥစ္စာကို မတောင့်တ မခွဲခြားဘဲ ဘဏ္ဍာတိုက်ထဲသို့သာ ဝင်စေခြင်း၊
(၆) လပြည့် ဝန်းကဲ့သို့မျက်နှာကိုပြ၍ ရွှင်ပျ ဝမ်းမြောက်စေခြင်း၊
(၇) မြေကြီးကဲ့သို့ ကောင်းဆိုး သတ္တဝါတို့အား အမျှထား၍ ကျင့်ရခြင်း၊
(၈) မိုဃ်းနတ်သားကဲ့သို့ဗိုလ်ပါ အမှုထမ်းတို့အား စားနပ်ရိက္ခာ ပေးရခြင်း။ ♦

ရာဇဂြိုဟ်ပြည်ကြီး၊ ဝန်းရံဆည်း၊ တောင်ကြီး ၅-လုံးကာ

ရာဇဂြိုဟ်ပြည်၏အရံတောင် ၅-လုံး၊ ဝေဘူလတောင်, ဝေဘာလတောင်, ဂိဇ္ဈကုဋ်တောင်, ဣသိဂိလိတောင်, မကုဋတောင်။ ♦

ရာဇဓံ ၁၀-ပါး၊ မင်းမြတ်များ၊ ထိပ်ထား ဦးပန် ဆင်

ရာဇဓမ္မဆယ်ပါးကို ဆိုသည်၊ သရုပ် (မင်းကျင့်တရား ၁၀-ပါး) နှင့် တူ၏။ ♦

ရာဇဗလာ၊ အင် ၅-ဖြာ၊ ကျမ်းလာ အညီကျင့်

၎င်း သရုပ်ကား (မင်းတို့အား ၅-ပါး) နှင့် တူ၏၊ ကျမ်းဂန်တို့၌ ထူးပြားမရှိ။ ♦

ရာဇသတ္တိ၊ ၃-ပါးရှိ၊ ကျင့်ဘ့ဘိ မင်းအများ

၎င်းသရုပ် (မင်း ဧကရာ၊ သတ္တိမှာ၊ ၃-ဖြာရှိ၏၊ အဘယ် နည်း?) ပုစ္ဆာ၌ ဆိုခဲ့ပြီ။ ♦

ရာထူးရာခံ၊ မခန့်ထိုက်သူမျိုး ၅-ယောက်

(၁) မာနိက-မာန်တက်ကြွသူ၊
(၂) မဟိစ္ဆာ- လောဘကြီးသူ၊
(၃) နိကတ-ကောက်ကျစ် စဉ်းလဲသူ၊
(၄) အလသ-အပျင်း ထူသူ၊
(၅) အ ကတညူ-ကျေးဇူးမသိတတ်သူ၊ (ပေါရာဏ ဒီပနိ။ ) ♦

ရာမမင်း ၃-မျိုး

ရာမ ဟု ထင်ရှား သော မင်း ၃-ပါး၊ သင်္ချာ အရာ၌'ရာမ' ဆိုလျှင် ၃-ခုဟော သိရာ၏။
(၁) ဘုရားအလောင်း ရာမမင်း၊
(၂) ယိုးဒယား ရာမမင်း၊
(၃) ဣန္ဒိယ ဗသျှု ရာမမင်း။ ♦

ရာမမင်း ၃-မျိုး၊ တနည်း

ဤကား သက္ကဋကျမ်းလာတည်း၊ ၎င်း ၃-ပါးကိုသာ ပညာရှိများ နှစ်သက်ကြသည်။
(၁) ပရသု ရာမမင်း- ပရသျှူ၊ ယမဒဂ္ဂိ ရသေ့ကြီး၏ အမျိုးဖြစ်၍ ဗိဿနိုး၏ အဝတာရလည်း ဖြစ်၏၊
(၂) စန္ဒြ ရာမမင်း-အယုဒ္ဓယပြည် ဒသရထ မင်းကြီး သားတော်ဖြစ်၍ ထင်ရှားသည်၊
(၃) ဗလ ရာမမင်း- ကြိရှဏ၏နောင်တော်ဖြစ်သောကြောင့် ထင်ရှား၏ ♦

ရာသီ ၁၂-ပါး

လ, ပန်း, ပွဲဲ, နက္ခတ်, တရာ, ရာသီရုပ် ပုံများ

၎င်း၏သရုပ်စုံကို (ဆယ့်နှစ်ရာသီ) ၌ ရှုပါ။ ♦

ရုပ်တရား ၂၈-ပါး

အကြောင်းတရား လေးပါးအားလျော်စွာ ဖေါက်ပြန်တတ်သော တရား ၂၈-ပါး။ (က) မဟာဘုတ်, ဘူတရုပ်, ၄-ပါး - ပထဝီ, အာပေါ, တေဇော, ဝါယော။ (ခ) ပသာဒရုပ် ၅-ပါး - စက္ခု ပသာဒ, သောတ ပသာဒ, ဃာန ပသာဒ, ဇိဝှါပသာဒ, ကာယ ပသာဒရုပ်။ (ဂ) ဂေါစရုပ် ၇-ပါး - ရူပ, သဒ္ဒ, ဂန္စ, ရသ၊ ပထဝီ, တေဇော, ဝါယော, ခေါ် ဓာတ်ကြီး ၃-ပါး အပေါင်းကို ဖောဋ္ဌဗ္ဗရုံ၊ ဤ၌ဖောဋ္ဌဗ္ဗရုပ် ခေါ် ပ, တေ, ဝါ, ၃-ပါးသည် မဟာဘုတ်၌ ပါပြီးဖြစ်၍ ရုပ် ၄-ပါးသာ ရေတွက်ရသည်။ (ဃ) ဘာဝရုပ် ၂-ပါး၊ ဣတ္ထတ္တံ- မိန်းမ ဖြစ်ကြောင်းရုပ်၊ ပုရိသတ္တံ-ယောကျ်ားဖြစ်ကြောင်းရုပ် “ဣတ္ထိဘာဝရုပ်, ပုံ ဘာဝရုပ်” ဟူ၏။ (င) ဟဒယရုပ် ၁-ပါး - ဟဒယဝတ္ထုရုပ်။ (စ) ဇိဝိတရုပ် ၁-ပါး - ရုပ်ဇီဝိတိန္ဒြေ။ (ဆ) အာဟာရရုပ် ၁-ပွး- ရသာ ၆-ပါး၌ ပါသော အဆီ အစေး ဗီတာမင်ဓာတ်။ (ဇ) ပရိစ္ဆေဒရုပ် ၁-ပါး - အာကာသဓာတ်, ပိုင်းခြား ဖွင့်လွှတ်မှုသဘော။ (စျ) ဝိကာရရုပ် ၅-ပါး- ကာယဝိညတ်, ဝစီဝိညတ်, လဟုတာ, မုဒုတာ, ကမ္မညတာ။ (ည) လက္ခဏရုပ် ၄-ပါး- ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာ။ ♦

ရုပ်ကို မဖြစ်စေနိုင်သော စိတ် ၁၆-ပါး

ပဋိသန္ဓေစိတ်၊ ရဟန္တာတို့၏စုတိစိတ်၊ ဒွေပဉ္စဝိညာဉ် ၁၀၊ အရူပဝိပါက် ၄၊ အဋ္ဌသာလိနီ အဋ္ဌကထာ။ ♦

ရုပ်သေးကပွဲ၊ ပါစမြဲ၊ ထုတ်ဆွဲ ၂၈-ရုပ်

ရုပ်သေးပြပွဲ စီမံရာ၌ အဘိဓမ္မာလာ မဟာဘုတ် ၄-ပါးကိုစွဲ၍ ဝန်ရုပ် ၄-ပါးနှင့် ဥပါဒါရုပ် ၂၄-ပါးကိုစွဲ၍ အခြားရုပ်များ ၂၄- ရုပ်၊ ဤသို့လျှင် ရုပ်တရား ၂၈-ပါးအရ အရုပ်ပေါင်းလည်း ၂၈-ရုပ် ဖြစ်သည်ဟူ၏၊ ကပ္ပါပြု၊ မြင်းမိုရ်တောင်ကိုမူတည်၍ နတ်ကတော်ရုပ် အဦးထွက်သည်။
(၁) နတ်ကတော်ရုပ်၊ မြင်းရုပ်၊ ဆင်ရုပ်၊ ကျားရုပ်၊ ဆင်ထိန်းရုပ်၊ ဘီလူးရုပ်၊ ကုမ္ဘဏ်ရုပ်၊ ကြက်တူရွေးရုပ်၊ ငှက်ရုပ်၊ ဂဠုန်ရုပ်၊(၁၀)

နဂါးရုပ်၊ ဇော်ဂျီရုပ်၊ သေဋ္ဌေးရုပ်၊ စုန်းမရုပ်၊ နတ်ရုပ်၊ နေရာထိုင်ခင်းရုပ်၊ ရှင်ဘုရင်ရုပ်၊ ရွှေနန်းဆက် မိဖုယားရုပ်၊ မင်းသားလတ်ရုပ်၊ မင်းသားနုရုပ်၊(၂၀)

မင်းသ္မီးရုပ်၊ သံချိုလက်စွဲတော်ရုပ်များ၊ သံပျက် လက်စွဲရုပ်များ၊ မင်းကြီးသက်တော်ရှည်ရုပ်၊ ရွှေတိုက်ဝန်ရုပ်၊ ဝန်ထောက်ရုပ်၊ ဂုတ်ဝန်ရုပ်၊ (ဝါ) မြို့တော်ဝန်၊ ပုဏ္ဏား (ဝါ) ဆရာတော် ရုပ်ပုံ။
(၂၈) ♦

ရူပ ၁၆-ဘုံ

ရူပါဝစရဗြဟ္မာတို့ နေရာဘုံ ၁၆-ပါး၊ ဗြဟ္မပါရိသဇ္ဇာဘုံ၊ ဗြဟ္မပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံ၊ ပေါင်း ပဌမစျာန် ၃-ဘုံ။ ပရိတ္တာဘာဘုံ၊ အပ္ပမာဏဘာဘုံ၊ အာဘဿရာဘုံ၊ ပေါင်း ဒုတိယ စျာန် ၃-ဘုံ။ ပရိတ္တာသုဘာဘုံ၊ အပ္ပမာဏာသုဘာဘုံ၊ သုဘကိဏှာဘုံ၊ ပေါင်းတတိယစျာန် ၃-ဘုံ။ ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ အဝိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ၊ သုဒဿီဘုံ၊ အကနိဋ္ဌာဘုံ၊ ပေါင်း စတုတ္ထစျာန် ၇-ဘုံ။ ♦

ရေအကျိုး ၁၀-ပါး

ရေလှူသော ပုဂ္ဂိုလ်များ ဆုမတောင်းဘဲ ၎င်းအကျိုးဆယ်ပါးကို ရသည် ဟူ၏။ (က) ကိတ္ထိ, သုဒ္ဓေါ၊ ခြွေရံပေါ၊ လျင်ဆောမွတ်သိပ်ကွာ၊ (ခ) သန့်ရှင်း, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဉာဏ်ပညာ၊ (ဂ) ရေကိုလှူကြ၊ ကျိုးဆယ်ဝ၊ မုချရမည်သာ။ ♦

ရေနံဓာတ်မှ ထွက်သောပစ္စည်းမျိုး ၁၀-ပါး

ရေနံဓာတ်မှ ခွဲထုတ်ယူငင်သောအရာများ။ ရေနံဆီနီ၊ ရေနံဆီဖြူ၊ ဂျက်လေယာဉ်ပျံဆီ၊ လေယာဉ်ပျံဆီ၊ ဓာတ်ဆီ၊ ဖယောင်းဆီ၊ ဒီဇယ်ဆီ၊ စက်ဆီ၊ ထိုးဆီ၊ ကတ္တရာစေးတို့ဖြစ်ကြ၏။ ♦

ရေနေသတ္တဝါ၊ ကုဋေ ၁၀-ဖြာ၊ နာမာမျိုးမည်၊ အဘယ်နည်း?

ဤ၌'ကုန်းနေ ၉-ကုဋေ၊ ရေနေ ဆယ်ကုဋေ'ဟု ဆိုရိုးသာ ရှိသော်လည်း အနန္တ ၄-ပါးမှာ ပါဝင်နေတဲ့ သတ္တဝါတို့၏ အမျိုးအမည်ကို ဘယ်သူထုတ်ဖေါ် ဖြေကြားနိုင်အံ့နည်း၊ ၎င်း သင်္ချာနည်းကို အနေကသင်္ချာဟုမှတ်ရာ၏၊ အတိအကျ မယူရာ။ ♦

ရေးချအပြား၊ မျိုး ၂-ပါး၊ သိထားမြန်မာမှု

မြန်မာစာပေ ရေးသားရာ၌လိုက်နာရမည့် ဥပဒေများ။
(၁) မောက်ထိုးချ (ါ ) 'ခ, ဂ, င, ပ, ဖ, ဝ' တို့၌ ရေးသည်၊ ပုံ-ခါ,ပါ,ဝါ, စသည်၊
(၂) ဘေးခွဲချ (ာ ) ကျန်အက္ခရာတို့၌ ရေးသည်၊ ပုံ-ကာ, စာ, ဓာ, ဗာ,။ ♦

ရဲဘော် ၃-ကျိပ်၊ အင်္ဂလိပ်၊ ဝိုင်းနှိပ်တိုက်နှင်ထုတ်

မြန်မာသက္ကရာဇ် ၁၃၀၂-ခုနှစ်၊ အင်္ဂလိပ် ၁၉၄၁-ခု၊ ၁၂-လ၊ ၂၆-ရက်နေ့၌ ယိုးဒယားပြည် ဘန်ကောက်မြိုံတော်ရှိ မျိုးချစ် ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏အိမ်တွင် ဘီ၊ အိုင်၊ အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို စတင်တည်ထောင်ကာ ရဲဘော် ၃-ကျိပ်ဝင်တို့ ကိုယ်တိုင် ဦးစီး ကြပ်မတ်၍ ဗိုလ်လုပ် ပြီး မြန်မာပြည်၌ စိုးမိုးအုပ်ချုပ် မတရား မင်းလုပ်နေသော အင်္ဂလိပ်အစိုးရကိုဝိုင်းဝန်းတိုက်ခိုက် နှင်ထုတ်ပြီးနောက် ဂျပန်တို့ကိုပါ တော်လှန်တိုက်ခိုက်လျက် ဗမာပြည်ကြီး ကိုယ်ပိုင်ရအောင် ပြန်ဆောင်ယူပေးခဲ့သူများဖြစ်လေသည်၊ အကျယ်ကို “ရဲဘော်၃-ကျိပ်''ခေါ် ၎င်းတို့ အတ္ထုပ္ပတ္တိစာအုပ်၌ရှုပါလေ။ ၁-သခင်အောင်ဆန်း (ဗိုလ်တေဇ) ။ ၂-သခင်လှဖေ(ဗိုလ်လကျ်ာ) ။ ၃-သခင်ရှုမောင် (ဗိုလ်နေဝင်း) ။ ၄-ကိုလှမောင်(ဗိုလ်ဇေယျ) ။ ၅-ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) ။ ၆-သခင်လှမြိုင် (ဗိုလ်ရန်အောင်) ။ ၇-ကိုရွှေ(ဗိုလ်ကျော်ဇော) ။ ၈- သခင်စံလှိုင်(ဗိုလ်အောင်) ။ ၉-ကိုဆောင်း(ဗိုလ်ထိန်းဝင်း) ။ ၁၀-သခင်ထွန်းရွှေ(ဗိုလ်လင်းယုံ) ။ ၁၁- သခင်အောင်သိန်း (ဗိုလ်ရဲထွဋ်) ။ ၁၂- သခင်ဗဂျမ်း (ဗိုလ်လရောင်) ။ ၁၃- သခင်တင်ဧ(ဗိုလ်ဘုန်းမြင့်) ။ ၁၄- သခင် ထွန်းခင် (ဗိုလ်မြင့်ဆွေ) ။ ၁၅- သခင်သန်းတင်။ ၁၆- သခင်ထွန်းအုပ်။ ၁၇- သခင်အောင်သန်း(ဗိုလ်စကြာ) ။ ၁၈-သခင်စိုး (ဗိုလ်မြင့်အောင်) ။ ၁၉-သခင်စံမြ (ဗိုလ်တောက်ထိန်) ။ ၂၀-ကိုလှ (ဗိုလ်မင်းရောင်) ။ ၂၁- သခင်စောလွင် (ဗိုလ်မင်းခေါင်) ။ ၂၂-သခင်ကျော်စိန် (ဗိုလ်မိုးညို) ။ ၂၃-သခင်သစ် (ဗိုလ်စောနောင်) ။ ၂၄-သခင်မောင်ဦး (ဗိုလ်တရာ) ။ ၂၅- သခင်ထွန်းလွင်(ဗိုလ်ဗလ) ။ ၂၆- သခင်သန်းညွန့် (ဗိုလ်ဇင်ယော်) ။ ၂၇- သခင်အေးမောင် (ဗိုလ်မိုး) ။ ၂၈- သခင်မောင်မောင် (ဗိုလ်ညာဏ) ။ ၂၉- သခင်ငွေ (ဗိုလ်စောအောင်) ။ ၃၀-သခင်သန်းတင်(ဗိုလ်မြဒင်) ။

မှတ်ချက် ။ ။ မြဟန်၏ ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်တွင် ဗိုလ်ရဲထွဋ်-ကိုအောင်သိန်း၊ ဗိုလ်သန်းတင်-သခင်သန်းတင်(ကမာရွတ်)၊ ဗိုလ်မင်းရောင်-သခင်လှ၊ ဗိုလ်မြဒင်သခင်သန်း တင်(အုတ်ဖို) ဟုတွေ့ရသည်။ ♦

ရောဂါ ပျောက်ငြိမ်းကြောင်း တရား ၁၀-ပါး

ဒသင်္ဂုတ္တရ။ ပါ။ ၃၄၂။ ဋ္ဌ။ ၃၁၇။ ဂိရိမာနန္ဒသုတ်၌ ရောဂါပျောက်ငြိမ်းရေးအတွက် ၎င်းသညာ ၁၀-ပါးကိုဟောကြားညွန်ပြတော်မူ၏။
(၁) အနိစ္စ သညာ -သင်္ခါရတရား၏မမြဲစွဲမှု၌ပွားရှုမှတ်ခြင်း၊
(၂) အနတ္တသညာ-အစိုင်အခဲမြဲစွဲစွာ မတည်နေခြင်း ဟူသော၊
(၃) အသုဘ သညာ - မတင့်တယ်ဟူသော
(၄) အာဒီနဝ သညာ- ကိုးစားရာ မရှိ ဆင်းရဲအတိဟူသော၊
(၅) ပဟာန သညာ-ပယ်ရှားစွန့်ပစ်ရေး ဟူသော၊
(၆) ဝိရာဂ သညာ -တပ်မက်ကင်းရေးဟူသော၊
(၇) နိရောဓဋသညာ - ချုပ်ငြိမ်း ပြတ်စဲခြင်း ဟူသော၊
(၈) အန ဘိရတိ သညာ - လောကကြီး၌မွေ့လျော်ဘွယ်မရှိဟူသော၊
(၉) အနိစ္ဆာသညာ - ပြုပြင်ရသော လောက၌အလိုမဲ့ခြင်း၊
(၁၀) အာနာပါနဿတိ - ထွက်သက်ဝင်သက်ကို အောက်မေ့ခြင်း။ ♦

ရောဂါဖြစ်ခြင်းအကြောင်း
(၈) မျိုး

၎င်းသရုပ် (အနာရောဂါရခြင်း၏အကြောင်းအရင်း ၈-ပါး) ၌ရှုပါ။ ♦

ရောင်ခြည် ခြောက်သွယ်၊ ဘဝဂ်ကယ်၊ ဘယ်ဝယ်ဘယ်သို့နည်း?

ဗုဒ္ဓဘုရားရှင်၏ ရောင်ခြည်တော်များ။
(၁) နီလ-ညိုသော စိမ်းသော မဲသော ရောင်ခြည်တော်၊
(၂) ပိတ-ရွှေသော ဝါသောရောင်ခြည်တော်။
(၃) လောဟိတ-နီသော ရောင်ခြည်တော်။
(၄) သြဒါတ - ဖြူသောရောင်ခြည်တော်။
(၅) မဉ္ဇိဋ္ဌ - မောင်းသော နီပြေပြေ ပန်းရောင်ဖြစ်သော ရောင်ခြည်တော်။
(၆) ပဘဿရ - ပြိုးပြိုးပြက်ပြက် ရောင်စုံထွက်သောရောင်ခြည်တော်။ ♦

ရောင်ခြည်တော်များ၊ ၇-ပါး၊ ဘုရာမြတ်မုနိန်

၎င်း သရုပ်အဓိပ္ပါယ်(ဗုဒ္ဓကိုယ်ရောင် ၇-ပါး) ၌ပြခဲ့ပြီ။ ♦

ရောင်ဆိုင် ၄-မည်၊ ကမ္ဘာတည်၊ ဆိုသီကျူးရင့်က့ကုံး

ဇာတ်သဘင်တို့၌ပွဲဦးထွက် နတ်ကတော်များသီဆိုသော 'မင်္ဂလာရယ်မှမဏ္ဍိုင်၊ ရောင်ဆိုင်ငယ်မှ ၄-မည်၊ သာမောငယ်စည်' ဟူသော ကမ္ဘာတည် သီချင်းမှ မြင်းမိုရ် ရောင်၄-ပါးကို မေးသည်၊ ၎င်းအဖြေ (မြင်းမိုရ်ရောင် ၄ပါး) ဟူသော သုတေသန၌ဆိုခဲ့ပြီ။ ♦

ရောင့်ရဲတင်းတိမ်နိုင်ခဲလှသူမျိုး ၂ဦး

ပုဂ္ဂလပညတ်။ ပါ။ ၁၂၉။ ဋ္ဌ။ ၅၅-၌ရှု။
(၁) ရ, ရသမျှ မသုံးဆောင်ပဲ သိမ်းဆည်း သိုမှီးထားသူ၊
(၂) ရတိုင်, ရတိုင်း၊ သူတပါးအားပေးကမ်းလှူဒါန်းပစ်သူ၊ နောက်လူကိုချီးမွမ်းအပ်၏။ ♦

ရိုသေထိုက်သူအား၊ မရိုသေသူ ၁၂-ဦး

အရိုအသေမပေးတတ်သူမျိုး တကျိပ်နှစ်ယောက်။
(၁) ရာဂထူပြောတပ်ခြင်းပြင်းသူ၊
(၂) ဒေါသထူပြောသောသူ၊
(၃) မောဟကြီး၍တွေဝေထိုင်းမှိုင်းသူ၊
(၄) မာန်မာနကြီးလွန်းသောသူ၊
(၅) သူ့ဂုဏ်ကျေးဇူးကိုမသိသောသူ၊
(၆) အလွန်ခက်ထန် ကြမ်းကြုတ်သူ၊
(၇) အလွန်အောက်တန်းကျ ရိုင်းစိုင်းနေသူ၊
(၈) အစိုးရသူ အုပ်စိုးလွမ်းမိုး နေသူမင်း၊
(၉) ယုတ်မာကောက်ကျစ်စဉ်းလဲသူ၊
(၁၀) ဆင်းရဲစေအပ်သူ ဆင်းရဲမည့်သူ၊
(၁၁) လောဘရမ္မက်ကြီးလွန်းသူ၊
(၁၂) လုပ်ငန်းထဲ၌စိတ်ပါအားထုတ်နေသူ။ ♦

ရိုသေရခြင်း၃-ပါး

ကမ္ဘာသားတို့လိုက်နာရိုသေရခြင်းတရား ၃-ပါး။ သင်္ဂီတိသုတ် အဋ္ဌကထာ။
(၁) အတ္တာဓိပတေယျ-မိမိကိုယ်ကို ရိုသေရခြင်း၊
(၂) လောကာဓိပတေယျ - ကမ္ဘာသူ ကမ္ဘာသား အားလုံးကို ရိုသေရခြင်း၊
(၃) ဋဓမ္မာဓိပတေယျ-ယဉ်ကျေးမှု တရားတော်, ဥပဒေအရပ်ရပ်, ပညတ်ချက်များကို ရိုသေရခြင်း။ ♦

ရှက်ခြင်းအကြောင်းတရားမျိုး၄-ပါး

ရှင်မဟာရဋ္ဌဆို၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၏ (ဟိရောတ္တပ်ကို၊ မလပ်မလွတ်၊ စောင့်ရှောက်တတ်သား၊ သူမြတ်ကြံမိ၊ အရာသိက၊ ဇာတိ, ဝယ၊ သူရအစစ်၊ ဗဟုသစ်,ဟု၊ စင်စစ်လေးထွေ၊ ကြားသတည်း) ဟူသော လကာင်္အရ၊
(၁) ဇာတိ-ဟိရိ - မိမိ၏အမျိုးဇာတ် မြတ်သည်ကို အကြောင်းပြု၍ ရှက်ခြင်၊
(၂) ဝယ ဟိရိ - မိမိသက်ရွယ် ကြီးရင့်သည်ကိုစွဲ၍ ရှက်ခြင်း၊
(၃) သူရ ဟိရီ- မိမိ၏ သူရသတ္တိဂုဏ်ကို အကြောင်းပြု၍ ရှက်ခြင်း၊
(၄) ဗဟုသစ္စ ဟိရိ - မိမိ အကြားအမြင် ဉာဏ်ပညာ ကြီးမားမှုကို အကြောင်းပြု၍ရှက်ခြင်း ဟူ၏။ ♦

ရှက်ခြင်းအကြောင်းတရား မျိုး ၄-ပါး၊ တနည်း

အကျယ် ဝိသုဒ္ဓိမဂ်နှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့၌ရှုပါ။
(၁) ဇာတိ မဟတ္တ-ဇာတ်ကိုစွဲ၍ရှက်ခြင်း၊
(၂) သတ္ထု မဟတ္တ-ဆရာဘုရား၏ မြင့်မြတ်ပုံကိုစွဲ၍ရှက်ခြင်း၊
(၃) ဒါယဇ္ဇ မဟတ္တအမွေခံမှုမြတ်ပုံကို အကြောင်းပြု၍ ရှက်ခြင်း၊
(၄) သဗြဟ္မစာရီ မဟတ္တ-မိမိ သီတင်းသုံးဖေါ်နှင့်ဆွေမျိုးဉာတိ မိတ်ဆွေအပေါင်းတို့ မြတ်သည်ကို အကြောင်းပြု၍ ရှက်ခြင်း ဟူ၏။ ♦

ရှင်အာန္ဒာ၊ ဘွဲ့ပုံသာ၊ ၅-ဖြာ ဧတဒဂ်

အရှင်အာနန္ဒာ မထေရ်မြတ်၏ ဧတဒဂ် ဘွဲ့တံဆိပ်တော် ငါးရပ်ကို ဆိုသည်။
(၁) ဗဟုသုတအရာ၊
(၂) သတိမမေ့သည့်အရာ၊
(၃) ပညာလျင်သည့်အရာ၊
(၄) လုံ့လရှိသည့်အရာ၊
(၅) အလုပ်အကျွေး ကောင်းသည့် အရာ။ ♦

ရှင်အာနန္ဒာ၊ ဆု ၈-ဖြာ၊ ဘဇာ ဘယ်သို့နည်း?

အင်္ဂုတ္တရ ဧကကနိပါတ ဧတဒဂ္ဂဝဂ်။ ဋ္ဌ။ ၂၂၉။ မြတ်စွာဘုရားထံ အလုပ်အကျွေးအဖြစ် အမြဲခံယူနိုင်ရန် ဤ ဆုရှစ်ပါးကို ကိုယ်ပိုင် တောင်းယူထားသည် ဟူ၏။
(၁) သူ့အားမြတ်စွာဘုရားက ဆွမ်းကောင်း မပေးရန်၊
(၂) သင်္ကန်းကောင်း မပေးရန်၊
(၃) ဂန္ဓကုဋိတိုက်တော် အတွင်း ဘုရားသခင်နှင့်အတူ မနေရန်၊
(၄) မြတ်စွာဘုရားအတွက်သာ ပင့်ဘိတ်လာလျှင် သူ့ကိုမခေါ်ရန်၊ ဤပယ်သော ဆုလေးပါးအပြင်၊
(၅) သူပင့်လျှောက်ရာသို့ဘုရားကြွရမည်၊
(၆) ဘုရားဖူးလိုသူတို့ လာလျှင် ဖူးမျှော်ခွင့် ပေးရမည်၊
(၇) သူယုံမှားမှုရှိသော ဓမ္မများကို မေးလျှောက်ခွင့် ပြုရမည်၊
(၈) သူ၏ မျက်ကွယ်၌ဟောကြားသော တရားများကို “အာနန္ဒာ ငါဘုရား ဘယ်အရပ်၌ ဘယ်သူအား ဘာတရားဟောခဲ့သည်” ဟု ပြန်၍ဟောကြားပေးတော်မှုရမည် ဟူ၏။ ♦

ရှင် ၄-ပါး

တန်ခိုးကြီးသော (ရွာသုံး၊ စာငယ်သုံး) ရှင်လေးပါး၊
(၁) ရှင်ဥပဂုတ်တောင်သမုဒ္ဒရာမှာ ကြေးပြာသာဒ်နှင့် နေသည်၊
(၂) ရှင်သာရဒတ္တ- မြောက်သမုဒ္ဒရာမှာရွှေပြာသာဒ်နှင့် နေသည်၊
(၃) ရှင်သက္ကောသာရ- အရှေ့သမုဒ္ဒရာမှာ ရွှေပြာသာဒ်နှင့် နေသည်၊
(၄) ရှင်မေဓရ- အနောက်သမုဒ္ဒရာမှာ ကြေးပြာသာဒ်နှင့် နေသည်။

မှတ်ချက် ။ ။ သံဂါယနာတင် ကျမ်းကြီး ကျမ်းခိုင်မှာ မလာ၊ သို့သော်လူတို့သုံးနှုန်း မေးမြန်ကြ၍ ဘုရားရှိခိုးအမျိုးမျိုး မူဟောင်းက ယူဖြေလိုက်သည်။ ♦

ရှင် ၄-ပါး၊ တနည်း

'ပေလေးပင် ရှင် လေးပါး'ဟု အင်းဝခေတ် မြန်မာစာပေတို့တွင် ကျော်ကြားသည့် သိုက်ဝင် ရှင်လေးပါးတို့ ဖြစ်၏။
(၁) မြို့လုလင်ရွာ ဦးသောကြာ ဒေါ်နှင်းဆီတို့၏သား ငယ်မည် မောင်ဥက္ကာ၊ နောင်ခါ ရှင်ဥတ္တမကျော်၊
(၂) မြို့လုလင်ရွာ ဦးကြည် အမိ နတ်ထိန်း ကြီး မယ်ဒွေးတို့၏သား ငယ်မည် မောင်ညို၊ နောက်ခါ ရှင်မဟာသီလဝံသ၊
(၃) သတိုးထမ်းရွာ ဘမိမည်ရည် မသိ၊ ရှင်အုံးညို၊
(၄) မကျည်းယောင်ရွာ ဘမိမည်ရည် မသိ၊ ရှင်ခေမာ တို့ဖြစ်ကြ၏။ ♦

ရှင် ၄-ပါး အစစ်၊ တနည်း

ဘယ်အခါမှ မသေသော ရှင်လေးပါးတို့ကား-မဂ်ပုဂ္ဂိုလ် လေးယောက်သာ ဖြစ်ချေသည်၊ ထိုကိုရည်၍ “စုတေ့မသေ၊ သန္ဓေမစွဲ၊ ငရဲမလား၊ လေးဦးသားတို့” ဟူ၍ ပညာရှိများ ပြောကြားကြလေပြီ။ ♦

ရှင်ပင်သာလျောင်း၊ ၄-ပါးပေါင်း၊ ဦးခေါင်း မည်သို့ပြု?

ရွှေသာလျောင်း ပုံတော်မျိုး လေးပါး ဦးခေါင်းပြုထားပုံနှင့် အမည်တော်များကို ရှေးဆရာတော်ကြီးများ ရေးစပ်ထားသော ဤလင်္ကာများဖြင့် သိကြရသည်။ “အရှေ့သာလျောင်း၊ တောင်ပေါင်းလောင်း၊ နောက်စောင်း နေရဗာဏ်၊ မြောက်နိဗ္ဗာန်''။
(၁) အရှေ့ဦးခေါင်း၊ လျောင်းစက်ပုံနေ၊ သာလျောင်းပေတည်း၊
(၂) တောင်ခေါင်း ဖလသမာ၊ ခေါ်ရာပေါင်းလောင်း၊
(၃) နောက်စောင်းနိရောဓိ၊ သမာပတ်ဝင်၊ နေရဗာဏ်ပင်တည်း၊
(၄) မြောက်လျှင်ဦးခေါင်း၊ စံကျောင်းပရိနိဗ္ဗာ၊ ကုသိန္နာတည်း ဟူ၏။ ♦

ရှင်ဘို့မယ်အား၊ တောင်ညာထား၊ ၅-ပါး ထီးဘုရင်

၎င်း သရုပ်ကို (မင်းဆက် ၅-သွယ်၊ ရှင်ဘို့မယ်၊ နန်းလယ်တင့်သည်သာ) ဟူသောသုတေသန၌ ဆိုခဲ့ပြီ။ ♦

ရှင်မပြုကောင်းသူ ၁၁-ယောက်

၎င်းသရုပ် အဓိပ္ပါယ်ကို (အ ဘဗ္ဗပုဂ္ဂိုလ် တကျိပ်တယောက်) ဟူသော သုတေသနရပ်၌ ပြခဲ့ပြီ။ ♦

ရှင်,သျှင်, ၂-ပါး၊ ရေးထုံးပြား၊ နက်ကား ဘယ်သို့ ခြားသနည်း?

ရှင်အာဒိစ္စ, သျှင်ကောသလ္လ ဟူသော အရေးအသားတို့၌ အနက်သဘောခြားနားပုံကို မေးသည်၊ အဖြေ နှစ်ပါး ကြိုက်ရာယူ။
(၁) ရှင်-အရိယ, အရဟ, အရဟန္တ ဟူသော ပါဠိပုဒ်တို့မှ အရည်း, အရဟန်, အရှန်, အရှင်, ရှင်, ဟု ပြောင်းလဲလာရကား ဖြူစင်သော, ပူဇော်ခံထိုက်, ရိုသေထိုက်သော အနက်သဘောကို ဟော၏၊ ပုံ- ဖိုရွံ့ကျောက်ငြင်၊ ရှင်ကို အရည်း။ (ရှင်ရဋ္ဌသာရ)
(၂) သျှင်-သာမိသဒ္ဒါမှ ပြောင်းလဲလာ၏၊ ပိုင်ဆိုင်သူ၊ ပိုင်သျှင် ဟူသော အနက်ကို ဟော၏၊ ပုံ- သုဝဏ္ဏသာမ- သုဝဏ္ဏသျှမ်ဖြစ်ပုံမျိုး။ တနည်း

အချို့ဆရာတို့ ယူပုံကား
(၁) ရှင်-ပတိ,ဣရဿ၊ သာမျတ္တ၏၊ အရထုတ်ဖွေ၊ အဆွေအိမ့်ရှင်၊ ဆင်ဖြူရှင်မျိုး၊ စကားရိုးဝယ်၊ ဟထိုးရကြီး၊
(၂) သျှင်တသီး ထိုမှ၊ အယျ,အယျေ၊ ဘန္တေ, ဘောန္တော၊ အာဝုသောနှင့်၊ မိန့်ဟောသဒ္ဒါ၊ အာယသ္မ၊ ဘဒ္ဒန္တ၏၊ အတ္ထထွေပြား၊ အသျှင်များဟု၊ မှတ်သားဆန်းကြယ်၊ သဝယ် ယပင့်၊ ဟဆွဲဆင့်လော့ ဟူ၏။ ♦

ရှစ်ဆယ်သော လက္ခဏာတော်ငယ်

မြတ်စွာဘုရား သခင်၏ လက္ခဏာတော်များ ဖြစ်သည်၊ ၎င်းသရုပ်ကို (လက္ခဏာတော်ငယ် ၈၀) ၌ ပြအံ့။ ♦

ရှစ်ပါး သီလ

(အဋ္ဌင်္ဂသီလ) ၌ ရှုပါ။ ♦

ရှမ်း ၉-ဆက်၊ ၉-စော်ဘွား

''ရှမ်းကိုးဆက်၊ ကိုးစော်ဘွား၊ လူးတဆယ့်နှစ် ပနား၊ ရာတပါးနှင့်၊ စော်ဘွားစော်ခံ၊ ရွှေဥကင်ဘုံပျံမှာ၊ ညီလာခံခ, ညောင်း၊ မှူးမတ် အပေါင်းစုံ ကြပြီလား ့ ့ ့ ့ မင်းကြီးများ ' ' ဟူသော ဇာတ်သဘင် ဘုရင်၏စကားအရ---
(၁) မိုးကောင်းစော်ဘွား၊
(၂) မိုးညှင်းစော်ဘွား၊
(၃) သောင်သွပ် စော်ဘွား၊
(၄) မိုးမိတ်စော်ဘွား၊
(၅) မိုးနဲစော်ဘွား၊
(၆) သိန္နီစော်ဘွား၊
(၇) မိုင်းပဲစော်ဘွား၊
(၈) ညောင်ရွှေစော်ဘွား၊
(၉) သီပေါစော်ဘွားတို့ ဟူ၏။

မှတ်ချက် ။ ။ ရှမ်းပြည်အစ “မိုင်းမော” က- ဟူသော စကားအရမိုင်းမောမှတဆင့် စော်ဘွား ၉-ဆက် ဖြစ်ပေါ်လာသည် ဟူ၏။ ♦

ရှမ်းပြည်နယ်မှာ၊ တေတ္တိံသာ၊ ပမာဝတိံလား

ရှမ်းတို့ဌာနီ၌ ပြည်နယ်ပေါင်းမှာ တေတ္တိံသ ခေါ် ၃၃-နယ်ရှိ၍ တာဝတိံသာ နတ်ပြည်အလားမွေ့လျော် ပျော်ရွှင်ဘွယ် များစွာတို့နှင့် ပြည့်စုံသည့်ပြင် စတုရန်းမိုင်ပေါင်း၅၆၆၄၅-ကျယ်လျက် စော်ဘွား ၁၆-ယောက်၊ မြို့စား ၁၃-ယောက်နှင့် ငွေခွန်မှူး ၄-ယောက်တို့က အုပ်ချုပ်ကြရသည်။ (ဤကားအင်္ဂလိပ် လက်အောက်မှာ နေရစဉ်က ဖြစ်၏။ )
(၁) ကျိုင်းတုံနယ်၊ မိုးနဲနယ်၊ ညောင်ရွှေနယ်၊ ရပ်ဆောက်နယ်၊ လဲချားနယ်၊ မောက်မယ်နယ်၊ မိုင်းပန်နယ်၊ မိုင်းပွန်နယ်၊ စကားနယ်၊ နောင်မွယ်နယ်၊ (၁၀)

မိုင်းနောက်၊ မိုင်းကိုင်း၊ ကျေးသီဗန်းစံ၊ လွယ်လုံ၊ သထုံ၊ ဗန်းရင်၊ ဟိုပုန်း၊ နန်းခုတ်၊ စကွယ်နယ်၊ မိုင်းရှူး၊ (၂၀)

သမခမ်း၊ ပွေးလှ၊ ဘော်နယ်၊ ရွာဝံနယ်၊ ပင်မှီ၊ ကျုံးနယ်၊ ပင်းဒယ၊
(၂၇) ဤကား တောင်ပိုင်းရှမ်းပြည်၂၇-နယ်တည်း၊
(၁) သီပေါနယ်၊
(၂) တောင်ပိုင်းနယ်၊
(၃) မိုင်းရယ်နယ်၊
(၄) မြောက်သန္နီနယ်၊
(၅) မိုးမိတ်နယ်၊
(၆) မိုးလင်းနယ်၊ ဤကား မြောက်ပိုင်းရှမ်းပြည် ၆-နယ်တည်း၊ ပေါင်း ၃၃-နယ် ဖြစ်၏။ ♦

ရှမ်းအမျိုး ၃၀

ဇမ္ဗူတံဆိပ် ကျမ်းရင်းမှ။ လင်း, သက်, ချင်း, ခုံ, ရင်, ကတူး, မြန်, အကျော်, ဂင်, ရှမ်း(၁၀) ။ ဇဝါ, မျက်နှာမည်း, ကသည်း, ရေမီးထွက်, ကရက်, လဝ, လော, ပန်းလောင်, တရက်, ယွန်း (၂၀) ။ စနု, ဘအူ, ကရင်, ကချင်, ဂနော, ယောန်, လဝိုက်, တရုပ်, ယိုးဒယား, အနဲ (၃၀) ။ ♦

ရှားမျိုး ၄-ပါး၊ မြန်မာပြည်၌

ရှားစေးချက်ရသော ရှားပင်မျိုး၌ ၄-ပါး၊ ပဌမတန်းစား-ရှားနီမျိုး၊ ဒုတိယတန်းစား-ရှားညိုမျိုး၊ တတိယတန်းစား-ရှားဝါမျိုး၊ စတုတ္ထတန်းစား- ရှားနက်ပြာမျိုးတို့ ဖြစ်၏။ ♦

ရှိခိုးအပ်သော ပုဂ္ဂိုလ် ၅-ဦး

ရဟန်းတော်များ ရှိခိုးရမည့်သူ ဟူ၏၊ ပရိဝါ။ ပါ။ ၃၅၈။ ဋ္ဌ။ ၂၂၄။
(၁) ဘုရားရှင်၊
(၂) သိက္ခာသီတင်းကြီးရဟန်း၊
(၃) နာနာသံဝါသက ဓမ္မဝါဒီ သီတင်းကြီးရဟန်း၊
(၄) ဆရာ၅-ဦး ဖြစ်သူ ရဟန်း၊
(၅) ဥပဇ္ဈာယ်ဖြစ်သူ ရဟန်း။ ♦

ရှိမခိုးကောင်းသော ပုဂ္ဂိုလ် ၂၅-ယောက်

(၎င်း သရုပ်ကို အဝန္ဒိယ ပုဂ္ဂိုလ် ၂၅-ယောက်) ၌ ရှုပါ။ ♦

ရှိခိုးခြင်းရာ၊ မျိုး ၃-ဖြာ၊ ကျမ်းလာ မည်သို့နည်း?

၎င်း သရုပ်ကို (ဝန္ဒနာမျိုး ၃-ပါး) မှာ ရှုပါ။ ♦

ရွှေအိုးကြီး ၄-လုံး

သုတ်သီလက္ခန်။ ဋ္ဌ။ ၂၅၃။ ဗုဒ္ဓဘုရားနှင့် ဖွားဘက်တော် ဖြစ်ကြသော ရွှေအိုးကြီးများ။
(၁) သင်္ခ မည်သော ရွှေအိုးကြီး၊ တဂါဝုတ် ရှိ၏၊
(၂) ဇလ မည်သော ရွှေအိုးကြီး၊ ၂-ဂါဝုတ် ရှိ၏၊
(၃) ဥပ္ပလ မည်သော ရွှေအိုးကြီး၊ ၃-ဂါဝုတ် ရှိ၏၊
(၄) ပုဏ္ဍရီက မည်သောရွှေအိုးကြီး၊ တယူဇနာရှိ၏။ ♦

ရွှေတိဂုံဘုရား၊ ဓာတ် ၄-ပါး၊ တည်ထား ဌာပနာ

ဥက္ကလာပမင်းကြီးတည်ထား ကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ဓာတ်တော်မြတ်တို့ကို ဆိုသည်။
(၁) ဆူးလေနက်ကြီးထံမှ ရရှိသော ကကုသန် မြတ်စွာဘုရား၏တောင်ဝှေးတော်ဓာတ်။
(၂) ရောဟဏီမည်သော ဗိုလ်တထောင် နတ်ကြီးထံမှ ရရှိသည့်ကောဏဂုံမြတ်စွာဘုရား၏ ဓမ္မကရိုဏ် ရေစစ်တော်ဓာတ်။
(၃) ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပ မြတ်စွာဘုရား၏ ရေသနုပ်တော်ဓာတ်။
(၄) တပုဿ, ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမ မြတ်စွာဘုရား၏ ဆံတော်ဓာတ် ရှစ်ဆူ၊ ထိုဆံတော်ဓာတ်တိုံကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီး ကစောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့က ဆိုကြသည်။ ♦

ရွှေဘိုမြို့၏ အမည်တော် ၅-ပါး

၎င်း သရုပ်ကို(ငါးမည်ရ ပြည်ရွှေဘို) ဟူသော သုတေသန၌ ပြခဲ့ပြီ။ ♦

ရွှေမျိုး ၄-ပါး

ပါဠိအဘိဓာန် ဋီကာမှ။
(၁) စာမီရွှေ-စာမီခေါ်သော ပန်းတမျိုးဖြင့် ပြုလုပ်သော ရွှေ၊ ၎င်းကိုပင် ဂီဝါရွှေဟု ခေါ်ပြန်၏၊
(၂) သာတကကုမ္ဘ ရွှေပဒုမ္မာကြာဝတ်ဆံ အဆင်းရှိ အရာဝတ္ထုတမျိုးကို သာတကုမ္ဘ ခေါ်သည်၊ ၎င်း အဆင်းနှင့်တူသော ရွှေ၊ ၎င်းကိုပင် နိတုံရွှေ ဟုခေါ်ပြန်၏၊
(၃) ဇမ္ဗူရာဇ် ရွှေဇမ္ဗုသပြေသီးမှ ဖြစ်သောရွှေ၊
(၄) သိင်္ဂီနိက် ရွှေ- သိင်္ဂီခေါ် ငါးတမျိုး၏ အဆင်းနှင့် တူသောရွှေ၊ သို့မဟုတ် သိင်္ဂီငါးသဏ္ဌာန်ပုံရှိသော ကျောက်တုံးတို့မှ ဖြစ်သောရွှေ။ ♦

ရွှေမျိုး အပါး ၂၀

ဝိမာနဝတ္ထု။ ဋ္ဌ။ ၁၁-၌ ၇-မျိုးလာရှိသည်၊ လောကီပရိဘောဂ ကျမ်းစာ၌ကား။ အရမတ်၊ အညမတ်၊ အဉ္ဇမတ်၊ နိရမတ်၊ ဘော်ငွေမှ ဖြစ်သော ရွှေမျိုး ၄-ပါး။ နာရဏီ၊ နာရကာ၊ နာရမုတ္တာ၊ နာလာရေ၊ နဂါးကဖြစ်သော ရွှေမျိုး ၄-ပါး။ အတ္တရဏီ၊ ဥရဏီ၊ ဥရဂုတ်၊ ဥရဝါ၊ မြေကဖြစ်သည့် ရွှေမျိုး ၄-ပါး။ သုဝဏ္ဏသာရ၊ သုဝဏ္ဏရာဂီ၊ သုဝဏ္ဏမဏိ၊ သုဝဏ္ဏရ်သ၊ မြေထွက်ရွှေကို မူတည်၍ ပြဒါးဓာတ် စသည်တို့ဖြင့် ဖေါ်စပ်ပြုလုပ်သော အဂ္ဂိရတ်ရွှေ၊ ဇော်ဂျီရွှေမျိုး ၄-ပါး။ ဇမ္ဗုနဒ၊ ဇာတရူပ၊ သိင်္ဂီနိက္ခ၊ ဝိဟနက၊ သစ်သီးသစ်ပွင့်စသည်တို့မှဖြစ်သော ရွှေမျိုး ၄-ပါး၊ ပေါင်း ၂၀-ဖြစ်၏။ ♦

ရွှေသာလျောင်းပြား၊ မျိုး ၄-ပါး၊ ထင်ရှား ဖြေတော်မူ

ရှင်ပင်သာလျောင်း,ကိုပင် ရွှေသာလျောင်းဟု ခေါ်ကြပြန်၏၊ သရုပ် ၎င်း၌ ရှုပါ။ ♦

လ ၁၂-ပါး၊ မည်ထူးခြား၊ ၄-ပါး လ အမည်

၎င်းသုတေသန သရုပ်ကို (ဆယ့်နှစ်လခွင်၊ အမည်တွင်၊ ၄-အင် အမည်ထူး) ဟူသည်၌ ရှင်းပြခဲ့ပြီ။ ♦

လက်အုပ်ချီတင်ချီ၊ အဉ္ဇလီ၊ ၅-မည် အဘယ်နည်း?

၎င်း သရုပ် (အဉ္ဇလီ၅-သွယ်၊ သိမှတ်ဘွယ်) ၌ ဆိုခဲ့ပြီ။ ♦

လက္ခဏရုပ် ၄-ပါး

ဥပါဒ်, ဌီ,ဘင်,သဘောဖြင့် မှတ်ကြောင်း သိ ကြောင်းဖြစ်သော ရုပ်များ၊ ၎င်း သရုပ်ကို(ရုပ် ၂၈-ပါး) ၌ ပြခဲ့ပြီ။ ♦

လက္ခဏာတော်ကြီး ၃၂-ပါး

ယောကျ်ားမြတ်တို့ လက္ခဏာကြီးများဟူ၏၊ သို့သော် စကြဝတေးမင်းနှင့် ဗုဒ္ဓဘုရား အတွက်သာ မှတ်ယူ သုံးစွဲကြသည်၊ မဟာဒါနသုတ်မှ။ သုပ္ပတိဋ္ဌိတ ပါဒ- ပြည့်ဖြိုး ညီညာသော ခြေဖဝါး အပြင်ရှိခြင်း။ စက္ကပူရိတ ပါဒ ၁၀၈-ကွက်စက်လက္ခဏာတော် အစုံပါသော ခြေဖဝါး။ အာယတ ပဏှိကသူတပါးတို့ထက်လုံးဝန်းရှည်သော ဖနောင့်။ ဒီဃင်္ဂုလိက- ရင်းတုတ်ဖျားသွယ် ရှည်လျားညီညာသော ခြေချောင်း လက်ချောင်း။ မုဒု တလုဏ ဟတ္ထ ပါဒ-ဖွားစအခါကဲ့သို့ အမြဲနုနယ်သော လက်ခြေချောင်း။ ဇာလကဟတ္ထ ပါဒ-အတိုအရှည် ညီညာသော လက်ချောင်း ခြေချောင်း။ ဥဿင်္ခ ပါဒ- မြင့်တက်သောဖမျက်။ ဧဏီ ဇင်္ဃ-ခြေသလုံး၏ ရှေ့နောက် နံပါး၌ အသားစိုင်များရှိ၍သလေးစပါးနှင့်တူခြင်း။ ဒီဃ ဟတ္ထ- ကိုယ်ခန္ဓာ အဖြောင့်ထား၍ ဒူးဆစ်များကို မှီသောလက်၊ ကောသောဟိတ ဝတ္ထဂုယှ- အအိမ်ဖြင့် ဖုံးလွှမ်းအပ်သောအင်္ဂါဇာတ်။ (၁၀) ။ သုဝဏ္ဏ ဝဏ္ဏရွှေအဆင်းကဲ့သို့ ဝါဝင်း၍လုံးကျစ်သော ကိုယ်အနေအထား။ သုခုမစ္ဆဝီ-နုနယ်သော အရေအသား။ ဧကေကလောမ-မွေးညှင်းတတွင်း၌ အမွေးတပင်စီသာ ပေါက်ခြင်း၊ဥဒ္ဓဂ္ဂ လောမ- ထိုမွေးညှင်းတို့သည် လကျ်ာရစ်လှည့်၍ အဖျားကော့တက်ပြီး မျက်စဉ်းညိုရောင်ရှိခြင်း၊ ဗြဟ္မုဇု ဂတ္တ-ဖြောင့်စင်းသော ကိုယ်ခန္ဓာ။ သတ္ထုဿဒ- လက်ဖမိုး ခြေဖမိုး ပခုံးစွန်း လည်ကုတ် ၎င်း ၇-ဌာန၌ ပြည့်ဖြိုးခြင်း၊ သီဟပုဗ္ဗဎ္ဍု ကာယ-ခြင်္သေ့မင်း၏ ရှေ့ပိုင်း ကိုယ်ကဲ့သို့ ရှေ့နောက် အောက်ထက်ပြည့်စုံသော ကိုယ်။ စိတန္တရံသလက်ပြင်ရိုး နှစ်ခုကြား ပြည့်ဖြိုးသောအသား။ နိဂြောဓပရိမဏ္ဍလ-အလံနှင့် အရပ် ညီမျှစွာ ရှိခြင်း။ သမ ဝဋ္ဋက္ခန္ဓ-အညီအမျှလုံး၍ လှသော ပခုံး လည်ပင်း။ (၂၀) ။

ရသဂ္ဂ သဂ္ဂီ-အရသာကိုဆောင်ယူနိုင်သော အကြောကောင်းများ။ သီဟ ဟနု-ခြင်္သေ့၏ အောက်မေးကဲ့သို့ ပြည့်ဖြိုးသော အထက်မေး အောက်မေး။ စတ္တာလီသ သမဒန္တသွား ပေါင်း- ၄၀ ရှိခြင်း။ သမ ဒန္တ - ညီညာတိကျသော သွားရှိခြင်း။ အဝိရဠ ဒန္တ- ကျိုးကျဲမရှိ စေ့သော သွားရှိခြင်း။ သု သုက္က ဒါဌ-သွားများအားလုံးဖြူစင်၍ ထင်ရှားသော သွားစွယ် ရှိခြင်း။ ပဟုတ ဇိဝှ-နှာခေါင်းပေါက် နားပေါက်တို့ကို သုံးသပ် နိုင်အောင် ရှည်ပြန့်သော လျှာ။ ဗြဟ္မဿရ-ကရဝိက်သံ,ဗြဟ္မာမင်း၏အသံကဲ့သို့ သာယာချိုမြိန့်သောအသံ။ အဘိနီလ နေတ္တ-ညိုသင့်ရာ အရပ်၌ အလွန်ညိုသော မျက်လုံး။ ဂေါပခုမ-ဖွားသစ်စနွားငယ်၏ မျက်လုံးအိမ်ကဲ့သို့ မျက်လုံးအိမ်ရှိခြင်း။ ဥဏ္ဏဇာတ-မျက်ခုံးနှစ်သွယ် အလည်တည့်၌ ဥဏ္ဏလုံမွေးရှင် ရှိခြင်း။ ဥဏှီသ သီသနဖူး သင်းကျစ် ရှိခြင်း။
(၃၂) ။ ♦

လက္ခဏာတော်ငယ် ရှစ်ဆယ်

မြတ်စွာဘုရားသခင်၏ ကိုယ်တော်၌ ထင်ရှားစွာ ပါရှိသော အသေးစိတ် လက္ခဏာတော်ငယ်များ၊ ဇိနာလင်္ကာရဋီကာ ၁၉၁-မှ ထုတ်ယူသည်၊ ပကိဏ္ဏကဝိသဇ္ဇနာ။ တတိယတွဲ။ မဟာဗုဒ္ဓဝင် ဒုတိယတွဲ။ သာသန သမ္ပတ္တိ ဒီပနီတို့၌လည်း ကြည့်ပါ။ စိတင်္ဂုလီ-အကြားမထင်စေ့စပ်သော ခြေချောင်း လက်ချောင်း။ အနုပုဗ္ဗင်္ဂုလီ-သွယ်ရှူး ဖြူးဖြောင့်သော ခြေချောင်း လက်ချောင်း။ ဝဋ္ဋင်္ဂုလီ-လုံးလျောင်းချောမြေ့သော ခြေချောင်း လက်ချောင်း။ တမ္ဗ နခ-နီမြန်းသော ခြေသည်းလက်သည်း။ တုင်္ဂနခ-ရှည်သွယ်မြင့်မားသော ခြေသည်းလက်သည်း။ သိနိဒ္ဓနခ- ပြေပြစ်ချောမွေ့သော ခြေသည်းလက်သည်း။ နိဂုဠ ဂေါပ္ဖက ပြေပြစ် ကောင်းမွန်သော ဖမျက်။ သမ ပါဒ-တိတိညီညီရှိသော ခြေ။ ဝဇသမန ကမ ဆဒ္ဒန်ဆင်မင်း၏ သွားခြင်းကဲ့သို့သောသွားခြင်း။ သီဟသမာန ကမကေသရီအလားကဲ့သို့ သွားပုံယဉ်ခြင်း။ (၁၀) ။ ဟံသသမာန ကမ- ဟင်္သာမင်းသွားခြင်းကဲ့သို့ အထူးတင့်တယ်သော သွားဟန်။ ဥသဘ သမာန ကမ- ဥဿဘနွားမင်းနှင့် တူသော သွားခြင်း။ ဒက္ဓိဏဝဋ္ဋက္ကမ-လကျ်ာခြေချီသဖြင့် လကျ်ာရစ် သွားခြင်း။ သမန္တစာရု ဇာဏုမဏ္ဍလ- ထက်ဝန်းကျင် လုံးချောသော ပုဆစ်ဒူးဝန်း။ ပရိပုဏ္ဏပုရိသဗျဉ္ဇန-ပြည့်စုံသော ယောကျ်ားမြတ်တို့၏ နိမိတ်။ အဆိဒ္ဒ နာဘိအရေး အကြောင်း မပြတ်သော ချက်။ ဂမ္ဘီရ နာဘိ-ပုလဲခွက်ကဲ့သို့ နက်သောချက်။ ဒက္ခိဏ ဝဋ္ဋ နာဘိ-လကျ်ာရစ်လည်သော ဗွေရှိသော ချက်။ ဣဘကရ သဒိသ ဥရူ သူဇ- ဆင်နှာမောင်းကဲ့သို့ သွယ်ပျောင်း ချောပြေသောပေါင်, လက်ရုံး။ သု ဝိဘတ္တဂတ္တ-ထက် အောက် နံလျား တသားတည်းညီညွတ်သော ကိုယ်။ (၂၀)

အနုပုဗ္ဗဂတ္တ- အစဉ်အတိုင်း ချောပြေညီညွတ်သော ကိုယ်။ ပရိမဋ္ဌဂတ္တ-ထက်ဝန်းကျင်မှ ချောမွေ့ လှပသောကိုယ်။ သြဏ တုဏ္ဏတ သဗ္ဗ ဂတ္တ- ရှိုင်းသင့်ရာ၌ ရှိုင်း၍ဖြိုးသင့်ရာ၌ဖြိုးအမျိုးမျိုးတင့်တယ် ရှုချင်ဘွယ်ကောင်းသော ကိုယ်။ အ လီန ဂတ္တ-အရေရှုံ့တွန့်ခြင်းမှ ကင်းသော ကိုယ်။ တိလကာဒိ ရဟိတ ဂတ္တ-ဝက်ခြံ,မှဲ့,ကြေး,တင်းထိပ်စသည်တို့မှ ကင်းဝေးသော ကိုယ်။ အနုဗ္ဗ ရုစိ ဂတ္တအစဉ်အတိုင်း နှစ်သက်မြတ်နိုးဘွယ်ရှိသော ကိုယ်။ ဝိသုဒ္ဓ ဂတ္တ- စင်ကြယ်သန့်ရှင်း အညစ်ကင်သော ကိုယ်။ သုခုမာလ ဂတ္တ- နူးညံ့ ပြော့ပျောင်း သော ကိုယ်။ သမ္မဂတ္တမြင်ရ သူတို့ အေးမြကြည်လင်သော ကိုယ်။ ဥဇ္ဇလိတ ဂတ္တ- ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော ကိုယ်။ (၃၀) ။

ဝိမလ ဂတ္တ- ကိုယ်ဆီချွေးစေး မထင် သန့်စင်သောကိုယ်။ ကောမလ ဂတ္တ-နှစ်မြို့စိုပျိုသော ကိုယ်။ သိနိဒ္ဓ ဂတ္တပြေပျစ်ချောမွေ့သော ကိုယ်။ သုဂန္ဓ ဂတ္တ- ပန်းပေါင်းစုံတို့ကဲ့သို့ ထုံမွှေးကြူသင်းသော ကိုယ်။ ကောဋိ သဟဿ ဗလ ဓာရဏ- ဗိုလ်ခြေကုဋေ တထောင်အားကို ဆောင်သော ဆောင်သော ကိုယ်။ သုဝဏ္ဏ တုင်္ဂနာသ- ရွှေချွန်းသဘွယ် တင့်တယ် မြင့်ချွန်းသော နှာခေါင်း။ ရတ္တ ဒွိဇ မံသံ- နီမြန်း လှပသော သွားဖုံး။ သုဒ္ဓဒန္တ- ဖွေးဖြူစင်ကြယ်သော သွား။ သိနိဒ္ဓ ဒန္တ- ထွက်ဝင်မရှိ ပကတိ ညီညာ၍ သိမ်မွေ့ ကျစ်လစ်သောသွား။ ဝိသုဒ္ဓိန္ဒြိယ-သန့်ရှင်း သော အဆင်း ဣန္ဒြေရှိခြင်း။ (၄၀)

သုဝဋ္ဋ ဒါဌပုလဲချောင်းကဲ့သို့ ကောင်းစွာလုံးဝန်းတိကျသော သွားစွယ်။ တိက္ခဂ္ဂ ဒါဌအဖျား ချွန်းသော သွားစွယ်။ ရတ္တောဋ္ဌ- နီမြန်းသောနှုတ်ခမ်း။ အာယတ ဝဒနကျယ်ပြန့် ခံ့ညားသော ခံတွင်း။ သုဂန္ဓမုခ- မွှေးကြူကြိုင်လျှမ်းသော ခံတွင်း။ ဂမ္ဘီရ ပါဏိ လေခ-ထင်ရှားသော လက္ခဏာ အရေးအကြောင်း။ ဥဇုလေခ- ဖြောင့်တန်းသော လက္ခဏာအရေးအကြောင်း။ အာယတ လေခ- ရှည်လျားသောလက္ခဏာ အရေး အကြောင်း။ သုရုစိရ သဏ္ဌာန လေခ-နှစ်သက်ရှုချင့်စရာ လက္ခဏာ သဏ္ဍာန်အရေးရှိ ခြင်း။ ပရိမဏ္ဍလ ကာယ ဇုတိက-တလံမျှလောက်သော ရောင်ခြည်အလင်းဓာတ်သည် ကိုယ်ကိုဝန်းဝိုင်း၍ တံတိုင်းပမာ တောက်ပထွန်းလင်းနေခြင်း။ (၅၀) ။

ပရိပုဏ္ဏ ကပေါလ- ပြည့်ဖြိုးဖေါင်းကြွသော ပါးပြင်။ ရုစိယ အာယတ ဝိသာလ နေတ္တအဆင်း ငါးသွယ် ကွန့်မြူးစံ ပယ် ရှည်လျားပြန့်ကျယ် ဝါထယ်ခံ့ညားသော မျက်လုံး။ ပဉ္စ ပသာဒ နေတ္တ-ညိုရွှေဖြူနီတလီအနက်ရောင်လျှံထွက်သည့်မျက်လုံး။ ကုဉ္စိတဂ္ဂဘမုက-ကောရရော့မော့ချီသော မျက်တောင် မျက်ခုံး။ မုဒု တလုဏ ရတ္တဇိဝှနူးညံ့နီထွေးသောလျှာ။ အာယတ စာရု ကဏ္ဏ-တင့်တယ်နုထွား ရှည်လျားသပ္ပါယ်ပြန့် ကျယ်သော နားရွက်။ နိဂ္ဂဏိ သိရ- ဖုထစ်မရှိ ပကတိချောမွေ့သော ဦးခေါင်း။ နိဂုဠှ သိရ-စောင်းရွဲ့မထင် အပြင်ညီသော ဦးခေါင်း။ ဆတ္တ သန္နိတ စာရုသီသ-ထီးမိုးအသွင် ထက်ဝန်းကျင်တိတိ၌ ရောင်လျှံညိသော ဦးခေါင်း။ သုဂန္ဓမုဒ္ဓ-ရနံ့ပေါင်းစုံတို့နှင့် လှိုင်ထုံမွှေးပျံ့သော ဦးထိပ်။ (၆၀) ။ အာယတပုထုလ နလာဋ-ရွှေပြားအလား နံလျားကျယ်ပြန့်သော နဖူးသင်းကျစ်၊ သု သဏ္ဌာန ဘမုက- သုံးရက်လကွေး သက်တန်ရေးပမာ တင့်တယ်စွာသော မျက်ခုံး။ အနုလောမ ဘမုက- အဖျားသေးသွယ် အလွန်တင့်တယ်သော မျက်မွေး မျက်တောင်။ အာယတ မဟန္တ ဘမုက-ထယ်ဝါခံ့ညား ရှည်လျားပြန့်ကျယ်သော မျက်မှောင့်။ သဏှ လောမ ဘမက-နူးညံ့သောအမွှေးရှိသော မျက်ခုံး။ သမ လောမ- မွေးညှင်းတွင်းချင်းစီ၍ ညီညာဖြောင့်တန်းစွာ ပေါက်သော မွေးညှင်းများ။ ကောမလ လောမ-နူးညံ့စိုပျိုစိမ်းညိုသော မွေးညှင်း။ ဘိဒဉ္စန လောမမျက်စဉ်း ညိုသွင် စိမ်းလွင်ညိုမှောင်သောမွှေးညှင်း။ ဒက္ခိဏဝဋ္ဋ လောမ- လကျ်ာရစ် လည်၍ ညာဘက်သို့ အဖျားတည်သော မွှေးညှင်း။ သိနိဒ္ဓ လောမ-ကောက်ကွေ့လိမ်တွန့်ခြင်း မရှိ ပကတိသန့်ရှင်းသော မွှေးညှင်း။ (၇၀) ။ သုနိလ ကေသ-ပိတုန်းတောင်ကဲ့သို့ ညိုမောင်း မည်းနက်သော ဆံပင်။ ဒက္ခိဏ ဝဋ္ဋ- ကေသလကျ်ာရစ် လှည့်ခွေ ဦးထိပ်ဗွေ၌ တည်နေသော ဆံပင်။ သု သဏ္ဍန ကေသ-ဆံပင်တွင်းညီ၍ ဖြောင့်တန်းစီရီစွာ ပေါက် သော ဆံပင်။ သိနိဒ္ဓ ကေသ- ကောက်ကွေ့ လိမ်တွန့်ခြင်း မရှိ ပကတိ ပြေပြစ်သန့်ရှင်း သော ဆံပင်။ သဏှ ကေသ- နူးညံ့သိမ်မွေ့ သေးသွယ်ပြော့ပျောင်းသော ဆံပင်။ အ လုလိတ ကေသ- မရှုပ်ထွေးသော ဆံပင်။ ကောမလကေသ- စိုပျို နုနယ်သော ဆံပင်။ သမ သုဂန္ဓ ကေသ- စပယ် မြတ်လေးပန်းတို့ကဲ့သို့ မွှေးသော ဆံပင်။ သုခုမ အဿာသ ပဿာသ- ရှုူရှိုက်မထင် အလွန်ပင် သိမ်မွေ့သော ထွက်သက် ဝင်သက်ရှိ၍ သက်လုံကောင်းခြင်း။ ကေတုမာလ ရတန ဝိစိတ္တ- ကေတုမာလာခေါ် ဦးခေါင်းပေါ်၌ မကိုဋ်ပုံပမာ ခြောက်ရောင်စုံလျှံဖြာ ထွက်နေခြင်း။ (၈၀) ။ ♦

လက္ခဏာယဉ် ၃-ပါး

လက္ခဏာရေး ၃-ပါး၊ နိဒါနဝဂ္ဂသံယုတ်။ ပါ။ ၃၄၄။ ဋ္ဌ။ ၁၁၇-၌ အကျယ်ရှုပါ။ မဂ် ဖိုလ် နိဗ္ဗာန်သို့ သွားရောက်ရာယာဉ်နှင့်တူသော လက္ခဏာရေး ၃-ပါး၊ မှတ်ကြောင်းအရာ ၃-ပါး၊ အရေးတကြီး မှတ်အပ်သောကြောင့် လက္ခဏာရေး။
(၁) အနိစ္စ လက္ခဏာ- မမြဲသော သင်္ခါရ တရားစု၊
(၂) ဒုက္ခ လက္ခဏာ- ဆင်းရဲသော သင်္ခါရတရားစု၊
(၃) အနတ္တ လက္ခဏာ- အတ္တမဟုတ် အထည်ကိုယ်မဟုတ်သော သင်္ခါရ အသာရက တရားစု အမှတ် လက္ခဏာ။ ♦

လက်ချားမျိုး ၂-ပါး

ဤကား သေလပါစက သျှတြကျမ်းမှ။
(၁) ဥသီရဋင်္ကနမြေထွက်လက်ချား၊ ဖြူပွပွနှင့် မှန်ရောင်ရှိ၏၊ ၎င်းသည် ဆေးဖေါ်ရာ ဂဟေစပ်ရာ စသည်မှတပါး ဝိဇ္ဇာဓရထွက်ခန်း ထိုထိုတက်လမ်း များအဖို့ မည်သည့်အခါမျှ အသုံးမဝင်ဟု ရသေ့ ရှစ်သောင်းဆရာပေါင်းတို့ အထူးရှောင်ရှား ကြကုန်၏၊
(၂) သေလဋင်္ကန- ကျောက်ထွက်လက်ချား၊ ကျောက်ဖြူခဲနှင့်တူစွာရှိ၏၊ ငွေလမ်း ရွှေလမ်း ထိုထိုထွက်ရပ်လမ်း တို့၌ လက်ချားကိုသုံးရန်ညွှန်းသော်၊ ၎င်းကျောက်ထွက် လက်ချားကို သုံးမှသာ လိုရာအကျိုး ပြီးနိုင်ကြောင်း ဆရာတို့ အထူးမှာဆိုထားကြ၏။ ♦

လက်ထပ်မင်္ဂလာမျိုး ၃-ပါး၊ တနည်း ၈-ပါး

၎င်းသရုပ်များကို (ထိမ်းမြားမင်္ဂလာ ပြုခြင်းမျိုး ၃-ပါး၊ တနည်း ၈-ပါး) ၌ ရှုပါ။ ♦

လက်နက်ကြီး ၄-ပါး

သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၂၁၆။ ဋ္ဌ။ ၂၉၆။
(၁) ဝေဿဝဏ္ဏနတ်မင်းကြီး၏ တင်းပုတ် သံချောင်း လက်နက်၊
(၂) ယမမင်းခေါ် သေမင်း၏ မျက်စောင်း လက်နက်၊
(၃) သိကြားမင်း၏ မိုဃ်းကြိုးလက်နက်၊
(၄) အာဠာဝက ဘီလူးမင်း၏ ဘွဲ့ဖြူပုဆိုး လက်နက်၊ ထို့ကြောင့်ရှေးဆရာတို့သည် 'ဝေဿဝဏ္ဏော၊ယမော သက္က၊အာဠာဝကတို့၊ နိစ္စကိုင်စွဲ၊ ရန်ထိပ်ခွဲသား၊ တွေခဲ သံချောင်း၊ ငဲ့စောင်း မျက်ရှိန်၊ ဝရဇိန်မိုးဃ်ကြိုး၊ပုဆိုးနှင့်သော်၊ လေးပါးကျော်သို့'ဟု စပ်ဆိုထားကြ၏။ ♦

လက်နက်ကြီး ၄-ပါး၊ တနည်း

အဘိဓာန် ကျမ်းမှ ယူပြသည်။
(၁) မုတ္တာမုတ္တ လက်နက်- လက်မှ လွှတ်၍၎င်း၊ မလွှတ်ဘဲ၎င်း၊ သုံးနိုင်သော တုတ်,တောင်ဝှေး စသော လက်နက်မျိုး၊
(၂) အမုတ္တ လက်နက်-မလွှတ်ရသောသံလျက် စသည်၊
(၃) မုတ္တ လက်နက်- လွှတ်ရသော လှံ, စက် စသည်၊
(၄) ယန္တ မုတ္တ လက်နက်ပစ်လွှတ်ရ သော လေး, သေနတ် စသည်။ ♦

လက်နက်ကြီး ၅-ပါးနှင့် မူကွဲများ

၎င်း လက်နက်ကြီး ငါးပါး၏သရုပ်ပြရာ၌ တဦးနှင့် တဦး မတူကွဲပြား နေကြသည်ကား ထိုထို ပါဠိအဋ္ဌကထာတို့၏ ကွဲပြားမှုကြောင့်တည်း၊ မိလိန္ဒပဥှာ၌ 'ဓနု, သတ္တိ, ကဏယ, ခဂ္ဂ, ဆုရိကာ'ဟု လာသည်၊ ဂါမဏိ သံယုတ်ဋီကာ၌ကား'အသိ, ဓနု, ဂဒါ, သင်္ကု, စက္ကာနိ, ပဉ္စာဝုဓာ' ဟုလာသည်၊ ပဉ္စာဝုဓ ဇာတ်ဋီကာ၌ကား- 'ပဉ္စာဝုဓံ နာမ ဓနု မုဂ္ဂရအသိ လဂုဠ ကောဏ္ဍ မိတိ အထဝါ။ ' 'အမုတ္တံ ယန္တမုတ္တဉ္စ၊ ပါဏိမုတ္တံ တထေဝ စ။ သဗ္ဗ သာဓာရဏေဉ္စဝ၊ ဗာဟု ယုဒ္ဓပဉ္စမံ '။ ဟုဆိုထားလေသည်၊ ထို့ပြင်လည်း 'လှံ- ကောဏ္ဍာ၊ဂဒါ-သံချောင်း။ ဆောက်ပုတ် ကယ်-ဒဏ္ဍာသိံ ဟု၊ သမ္ဘာရှိန်၊ဂုဏ်လျှံတဲ့၊ပြည်တော်ပြန်၊ပဉ္စာဝုမှာ၊ ငါးခုပါကြောင်း၊'ဟု ကင်းဝန်မင်းကြီး ရေးစပ်ခဲ့သေး၏။
(၁) ဓနု-လေး၊
(၂) ခဂ္ဂ- သံလျက်၊
(၃) ကဏယ- ခက်ရင်း,တောက်၊
(၄) မုဂ္ဂရ- လက်ရိုက် တုတ်တို၊
(၅) ကုန္တ-လှံ။ ♦

လက်နက်ကြီး ၉-ပါး

' မ, တထောင်၊ တကောင်ရိုညွတ်တဲ့၊တမွတ်ကိုယ်ထူး။ ကိုးပါးရယ်အစုံနှင့်၊ လက်နက်ဂုဏ်၊ တသိရ်မြင့်တယ်၊ ဘုန်းပွင့်ဘီလူး။ 'ဟူသော ဒေဝကုမ္ဘန် ပြဇာတ်မှ။ ၁-ဓါး။ ၂-လှံ။ ၃- သေနတ်။ ၄-အမြောက်။ ၅-စိန်ပြောင်း၊ အထက်၌ ပြခဲ့ပြီး လက်နက်ကြီး၄-ပါးနှင့်ပေါင်းသော် ကိုးပါးဖြစ်၏။

မှတ်ချက် ။ ။ ဆရာ အချို့ကား လက်နက်ကြီး ၄-ပါးနှင့် လက်နက်ကြီး၅-ပါးနှစ်ရပ်ပေါင်းကို ၉-ပါးအဖြစ် ယူကြကုန်၏။ ♦

လကျ်ာဂြိုဟ်ကြီး ၄-လုံး

'ပါပဂြိုဟ်' ခေါ် ဂြိုဟ်ဆိုးကြီး ၄-လုံးကို (အ, ထွန်း, ရာ, ဇာ, ဂြိုဟ်လကျ်ာ ဟု) ဗေဒင်ကျမ်းတို့၌ ဆို၏။
(၁) တနင်္ဂနွေဂြိုဟ်၊
(၂) စနေဂြိုဟ်၊
(၃) ရာဟုဂြိုဟ်၊
(၄) အင်္ဂါဂြိုဟ်။ ♦

လကျ်ာတော်ရံ လေးကျိပ်

မဟာသာဝကများ ဖြစ်တော်မူကြသည်၊ ကျမ်းညွှန်း မဟာသာဝက) ၌ ရှု။ အရှင်သာရိပုတြာ၊ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ၊ အရှင်နာဠက၊ အရှင်ယသ၊ အရှင်ဝိမလ၊ အရှင်သုဗာဟု၊ (၁၀)

အရှင်ပုဏ္ဏဇိ၊ အရှင်ဂဝမ္ပတိ၊ အရှင်ဥရုဝေဠကဿပ၊ အရှင်နဒီကဿပ၊ အရှင်ဂယာကဿပ၊ အရှင်မဟာကဿပ၊ အရှင်မဟာကစ္စာယန၊ အရှင်မဟာ ကောဋ္ဌိတ၊ အရှင်မဟာကပ္ပိန္န၊ အရှင်မဟာစုန္န၊ (၂၀)

အရှင်ဥပါလိ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ကင်္ခါရေဝတ၊ အရှင်အာနန္ဒာ၊ အရှင်နန္ဒက၊အရှင်ဘဂုလ၊အရှင်နန္ဒိယ၊ အရှင်ကိမိလ၊ အရှင်ဘဒ္ဒိယ၊ အရှင်ရာဟုလာ၊(၃၀)

အရှင်သီဝလိ၊အရှင်ဒဗ္ဗ၊ အရှင်ဥပသေန၊ အရှင်ခဒိရဝန ရေဝတ၊ အရှင်မန္တာနီပုတ္တပုဏ္ဏ၊ သုနာပရန္တပုဏ္ဏ၊ အရှင်ကုဋိကဏ္ဏ သောဏ၊ အရှင်ကောဋိဝီသ သောဏ၊အရှင်ရာဓ၊ အရှင်သုဘူတိ (၄၀) ။ ♦

လကျ်ာ မင်းခမ်းတော် ၁၃-ပါး

၎င်း သရုပ်ကို (မင်းခမ်းတော်မှာ၊ ၁၃-ဖြာ၊ ဝဲယာ ဆောင်၍ကျင်း) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

လက်ဝဲဂြိုဟ် ၄-လုံး

'သောမဂြိုဟ် ၄-လုံး' ကိုပင် ဗေဒင်ကျမ်းတို့၌ 'လှ, သော်, ဖေါ်, ကွဲ, ဂြိုဟ်လက်ဝဲ'ဟု ဆိုကြကုန်၏။
(၁) ဗုဒ္ဓဟူးဂြိုဟ်၊
(၂) သောကြာဂြိုဟ်၊
(၃) ကြာသာပတေးဂြိုဟ်၊
(၄) တနင်္လာဂြိုဟ်။ ♦

လက်ဝဲတော်ရံ လေးကျိပ်

ကျမ်းညွှန်း (မဟာသာဝက) ၌ ရှု။ အရှင်မဟာမောဂ္ဂလာန်၊ အရှင်အင်္ဂုလိမာလ၊ အရှင်ဝက္ကလိ၊ အရှင်ကာလုဒါယီ၊ အရှင်သဟဥဒါရီ၊ အရှင်ပိလိန္ဒဝစ္ဆ၊ အရှင်သောဘိတ၊ အရှင်ကုမာရကဿပ၊ အရှင်ရဋ္ဌပါလ၊ အရှင်ဝင်္ဂိသ၊ (၁၀)

အရှင်သတိယ၊ အရှင်သေလ၊ အရှင်နာဂိတ၊ အရှင် လကုဏ္ဍဘဒ္ဒိယ၊ အရှင်ဥပဝါန၊ အရှင်မေဃိယ၊ အရှင်သာဂလ၊ အရှင်ပိဏ္ဍောလဘာရဒွါဇ၊ အရှင်မဟာပန္ထက၊ အရှင်စူဠပန္ထက၊(၂၀)

အရှင်ဗာကုလ၊ အရှင်ကုဏ္ဍမာန၊ အရှင်ဒါရုစိယ၊ အရှင်ယသ၊ အရှင်အဇိတ၊ အရှင်တိဿမေတ္တယျ၊ အရှင်ပုဏ္ဏ၊ အရှင်မေတ္တဂူ၊ အရှင်ဒေါတက၊ အရှင်ဥပသိဝ၊ (၃၀)

အရှင်နန္ဒ၊ အရှင်ဟေမက၊ အရှင်တောဒေယျ၊ အရှင်ကပ္ပ၊ အရှင်စတုကဏ္ဏိက၊ အရှင်ဘဒြာဝုဓ၊ အရှင်ဥဒယ၊ အရှင်ဝေါသာလ၊ အရှင် မောဃရာဇ၊ အရှင်သင်္ဂီယ၊
(၄၀) ဤသို့လျှင်အသီတိ ရှစ်ကျိပ် ဖြစ်သတည်း။

မှတ်ချက် ။ ။ အင်္ဂုတ္တိုရ် ဋီကာနှင့် ဇာတ်ဋီကာ မတူကွဲပြား အချို့နေရာများမှာ ရှိသည်။ ♦

လက်ဝဲမင်းခမ်းတော် ၁၃-ပါး

၎င်း သရုပ်ကို(မင်းခမ်းတော်မှာ ၁၃-ဖြာ၊ ဝဲယာ ဆောင်၍ကျင်း) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ လက်ဝဲ လကျ်ာ၊ ထီးတော်မှာ၊ ၈-ဖြာ အဘယ်နည်း? ♦

လကွယ် ၂-ပါး၊ မျိုးကွဲပြား၊ ဘုရားမည်သို့ဟော?

လကွယ်မျိုး နှစ်ပါးကား၊ ရက်စုံ ၁၅-ရက် လကွယ်တမျိုး၊ ရက်မစုံ ၁၄-ရက် လကွယ်တမျိုး၊ ၎င်းကို ဝိနည်း ပိဋကတော်၌ စတုဒ္ဒသီ ဥပုသ် ပန္နရသီ ဥပုသ်ဟု ရဟန်းတော်များအတွက် ဟောကြား တော်မူသည်။ ♦

လင်္ကာစပ်ရာ၊ နည်း၆-ဖြာ၊ ဖြေပါ ကဝိရှင်

၎င်း သရုပ်ကား (အစပ် ၆- ပါး၊ လင်္ကာသွား၊ မိန့်ကြား ဖြေတော်မူ) ဟူသော ပုစ္ဆာနှင့် တူ၏။ ♦

လင်္ကာမျိုးပြား၊ ၁၄-ပါး၊ မိန့်ကြား မြတ်ကဝိန်

ကဗျာပင်မကြီးမှ ပေါက်ပွားလာသော လင်္ကာအပြား ၁၄-ပါး၊ အကျယ်ကို 'ကဗျာဗန္ဓသာရကျမ်း' ၌ရှုပါကုန်။
(၁) လင်္ကာ၊
(၂) ပျို့၊
(၃) မော်ကွန်း၊
(၄) သံပိုင်း၊
(၅) သမိုင်း၊
(၆) ရဲတင်း၊
(၇) တမ်းချင်း၊
(၈) ဧချင်းသံတိုင်၊
(၉) ဧချင်းသံပေါက်၊
(၁၀) ရတုမျိုးစုံ၊
(၁၁) လူးတား၊
(၁၂) အဏ်ချင်း၊
(၁၃) သံပေါက်၊
(၁၄) ဝဲရိုက် ဝဲသွင်း။ ♦

လင်ညံ့, လင်ဖျင်းမျိုး ၈-ယောက်

မိန်းမတို့က မရိုသေ မလေးစားသောလင် ယောကျ်ားများဟူ၏၊ ဇာတ်။ ပါ။ ဒု-အုပ်။ ၁၂၀။ ဋ္ဌ။လင်မယားမကွဲ အမြဲနေရခြင်းတရား ၄-ပါး

စတုက္ကင်္ဂုတ္တရ။ ပါ။ ၃၇၂။ ဋ္ဌ။ ၃၁၁။
(၁) သမ သဒ္ဓါ၊
(၂) သမ သီလ၊
(၃) သမ စာဂ၊
(၄) သမ ပညာ။ ♦

လင်ဝတ် ၅-ပါး၊ ကျင့်ဆောင်ငြား၊ ယောကျ်ား မြတ်မဟာ

သိင်္ဂါလောဝါဒသုတ်မှ လင်က မယားအပေါ်၌ ပြုကျင့်ရမည့် ဝတ်ငါးပါး။
(၁) မိမိမယားအပေါ်၌ မထေမဲ့မြင် စိမ်းစိမ်းကားကား ဘာသိဘာသာနှင့် မကျင့်ကြံမနေထိုင်ရခြင်း၊
(၂) မူး, ပဲ, ပိုင်က စ၍ ရသမျှဥစ္စာကိုမယားအား အပ်နှင်းရခြင်း၊
(၃) မိမိမယားမှတပါး အခြားမိန်မသားများ၌ မိစ္ဆာတရား မမှားမလိုက်ရခြင်း၊
(၄) မိမိမယားနှင့်သင့်တော်သော ဝတ်တန်ဆာ အစား အသောက်တို့ကို ကြည်ဖြူ ချစ်ခင်စွာဆင်ယင် ဝယ်ခြမ်း၍ ပေးရခြင်း၊
(၅) မိမိမယားအား ချစ်ခင်နှစ်သက်စုံမက်မြတ်နိုးစွာ ကြည်ဖြူ သဒ္ဓါရခြင်း။ ♦

လည်ချောင်းရပ်မှာ၊ ဖြစ်ပေါ်လာ၊ မြန်မာက္ခရာ မျိုး ၈-လုံး

၎င်း သရုပ်ကို (ကဏ္ဍဇ အက္ခရာ ၈-လုံး) ၌ ရှုပါ။ ♦

လ မင်းရန်သူ၊ ၄-ပါးဟူ၊ မည်သူ မည်ဝါနည်း?

၎င်းသရုပ်ကား (နေမင်း၏ ရန်သူမျိုး ၄-ပါး) နှင့် တူ၏။ ♦

လ မျိုး ၃-ပါး၊ ဆရာများ၊ ဟောကြား ကျမ်းဗေဒင်

ဗေဒင်ဝေါဟာရ၊ ၎င်းသရုပ် အဓိပ္ပါယ် အလုံးစုံ (မာသမျိုး ၃-ပါး) နှင့် တူ၏။ ♦

လယ်တွင်း ၉-ခရိုင်

စပါးများစွာ ထွက်၍ ရှေးခေတ် မြန်မာရာဇဝင်၌ ထင်ရှားသော ခရိုင်နယ်များ၊ပန်းလောင်းမြစ်၏ မှီရာ။
(၁) စောလှမြို့နယ်၊
(၂) ပင်လယ်နယ်၊
(၃) မြစ်သားနယ်၊
(၄) ပျဉ်းမနားနယ်တို့ဖြစ်၍၊ ဇော်ဂျီဖြစ်၏ မှီရာ၊
(၅) မြောင်လှနယ်၊
(၆) မြင်းခုံတိုင်နယ်၊
(၇) မက္ခရာနယ်၊
(၈) ပနံနယ်၊
(၉) မြင်စိုင်းမြို့နယ် ခရိုင်တို့ ဖြစ်လေသည်။ ♦

လာဘ်ပေး ၃-မျိုး၊ တံစိုးထိုး၊ ၂-မျိုး တရားပျက်

၎င်းသရုပ်ကို(တံစိုး လက်ဆောင်မျိုး ၃-ပါး) ဟူသော သုတေတန၌ ဆိုခဲ့ပြီ။ ♦

လိင် ၆-ပါး

အများအားဖြင့် သဒ္ဒါအရာ၌ ရွေးချယ်စိစစ် သုံးနှုန်းကြသောအရာ ၆-ပါး။
(၁) ဣတ္ထိလိင်- မ,နှင့်ဆိုင်သော သဒ္ဒါများ၊
(၂) ပုလ္လိင်- ဖို, နှင့်ဆိုင်သော သဒ္ဒါများ၊
(၃) နပုလ္လိင်- ဖို, မ မဟုတ်သော အရာများ၊
(၄) ဒွိလိင်-နှစ်လိင်နှင့် ဆိုင်သော အရာများ၊
(၅) တိလိင်- သုံးလိင်နှင့်ဆိုင်သော အရာများ၊
(၆) အလိင်လိင်ကြောင့် ပြောင်းလဲခြင်း မရှိသော သဒ္ဒါများ။ ♦

လိင် ၁၀-ပါး

ရှင်သာမဏေများအတွက် ဘုရားရှင် ပညတ်ချက် ဝိနည်းတော်၊ ကိုရင်များ ထိုသိက္ခာပုဒ် တပါးပါးကို လွန်ကျူးလျှင် လိင်ကျ၏၊ဝါ-လူ့အဖြစ်သို့ ပြောင်းလဲသွား၏။
(၁) သူ့အသက်ကို သေအောင်ကိုယ်တိုင်သတ်ခြင်း, သူတပါးကိုသတ်ခိုင်းခြင်း၊
(၂) အရှင်မပေးသောသူ့ဥစ္စာကို ခိုးယူခြင်း၊ ခိုးခိုင်ခြင်း၊
(၃) မေထုန်မှုကို ကံမြောက်အောင်ပြုခြင်း၊
(၄) ရယ်စရာမျှကိုလည်း လိမ်ညာ၍ပြောခြင်း၊
(၅) သေရည်အရက်တို့ကို သောက်စားခြင်း၊
(၆) ဘုရားရှင်၏ ဂုဏ်သရေကို ရှုတ်ချကဲ့ရဲ့ ခြင်း၊
(၇) တရားတော်၏ ဂုဏ်ကို ရှုတ်ချကဲ့ရဲ့ခြင်း၊
(၈) သံဃာတော်၏ ဂုဏ်ကိုရှုတ်ချ ကဲ့ရဲ့ခြင်း၊
(၉) သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ အယူကို ယူခြင်း၊
(၁၀) တိက္ခုနီမ ကို ဖျက်ဆီးခြင်း။ ♦

လိင်အင်္ဂါဇာတ်၊ ခိုင်မာတတ်၊ ၅-ရပ် အကြောင်းမျိုး

ပါရာဇိကဏ် ပါဠိတော်၌ လိင်အင်္ဂါဇာတ် ခိုင်မာထကြွခြင်း၏ အကြောင်းရင်းငါးပါးကိုဟောတော်မူသည်။
(၁) ရာဂုပတ္ထမ္ဘ- ရာဂကြောင့် တောင့်တင်းခိုင်မာခြင်း၊
(၂) ပဿာဝုပတ္ထမ္ဘ- ကျင်ငယ်စွန့်လို၍ ခိုင်မာလာခြင်း၊
(၃) ဝစ္စုပတ္ထမ္ဘ- ကျင်ကြီးစွန့်လို၍ ထကြွခြင်း၊
(၄) ဝါတုပတ္ထမ္ဘ- လေတိုက်ခတ်သောကြောင့် ထကြွခြင်း၊
(၅) ဥစ္စာလိင်္ဂပါဏ ဒဋ္ဌု ပတ္ထမ္ဘ- ကျင်ချောင်း၌ရှိသော ပိုးတို့ ထိုးဆွသောကြောင့် တောင့်တင်း ခိုင်မာခြင်း။ ♦

လိပိ မျိုး ၅-ပါး

၎င်းသရုပ်ကား (စာလုံးမျိုး ၅-ငါး) နှင့် တူ၏။ ♦

လိမ်ညာပြောကြား၊ အပြစ်များ၊ ၁၅-ကျမ်း၌လာ

၎င်းသရုပ်(မုသာဝါဒကံ၏ မကောင်း ကျိုး ၁၅-ပါး) ၌ ရှုပါလေ။ ♦

လူ ၃-ပါး

လူ, နတ်, ဗြဟ္မာ, ၎င်း ၃-ပါးကို ဆိုသည်၊ အချို့ဆရာတို့ကား လူ,နတ်,ရဟန်း, ဟု ယူကြသေး၏၊ သုံးလူ့ ထိပ်တင်-သုံးလူ့ မကိုဋ် စသောဘုရားကို ချီးမွမ်းရာ၌ အသုံးပြုကြ၏။ ♦

လူကြီးလုပ်ရာ၊ ဂုဏ်အင်္ဂါ၊ ၆-ဖြာ အဘယ်နည်း?

၎င်းသရုပ်ကား 'နာယကဂုဏ် ၆-ပါး'နှင့် တူ၏။ ♦

လူစင်စစ်က နတ်ပြည်ရောက်ရ နေရဘူသော ပုဂ္ဂိုလ် ၄-ယောက်

မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၂၂၀။ လူ့ကိုယ် လူ့ ဘဝဖြင့် တာဝတိံသာနတ်ပြည်သို့ ရောက်ဖူး နေဖူးကြသူများ။
(၁) ဂုတ္တိလစောင်းသမား၊
(၂) သာဓိနမင်းကြီး၊
(၃) နေမိမင်းကြီး၊
(၄) မန္ဓာတု စကြာမင်းကြီး။ ♦

လူတို့၏ အညစ်အကြေးတရား ၉-ပါး

၎င်းအညစ်အကြေး မလတရားတို့ကို မိမိတို့ ကိုယ်ပေါ်သို့ မကျ မပေနိုင်စေရန် ကာကွယ် စောင့်ရှောက်ကြရမည် ဟူ၏၊ ခုဒ္ဒကဝိဘင်း ပါဠိတော်မှ၊ သတ္တဝါတို့၏ အညစ်အကြေးတရားလည်းဟူ၏။
(၁) ကောဓော- အမျက်ထွက်ခြင်း၊
(၂) မက္ခောကျေးဇူးမသိတတ်ခြင်း၊
(၃) ဣဿာ-ငြူစူ မနာလိုခြင်း၊
(၄) မစ္ဆရိယံ- သဝင်တိုခြင်း၊
(၅) မာယာ-လှည့်ပတ်ဖြားယောင်းခြင်း၊
(၆) သာဌေယျံ- စဉ်းလဲ ကောက်ကျစ်ခြင်း၊
(၇) မုသာဝါဒေါလိမ်ညာပြောဆိုခြင်း၊
(၈) ပါပိစ္ဆတာ- မတရားလိုချင်ခြင်း၊
(၉) မိစ္ဆာဒိဋ္ဌိ-မှားသောအယူရှိခြင်း။ ♦

လူတို့ ကြီးပွားချမ်းသာကြောင်းတရား ၅-ပါး

ယခုမျက် မှောက်ဘဝ၌ပင်ချမ်းသာသုခ ရနိုင်သည် ဟူ၏၊ပဉ္စင်္ဂုတ္တရ။ ပါ။ ၆၆။ ဋ္ဌ။ ၂၉။
(၁) မိဘနှစ်ပါးကို ရိုသေစွာ လုပ်ကျွေးခြင်း၊
(၂) သား, မယား, အလုပ်သမားတို့အား ထိုက်တန်အောင် ပေးကမ်း ချီးမြှင့်ခြင်း၊
(၃) အိမ်နီး, ယာနီးတို့အား ပေးကမ်းခြင်း၊
(၄) ရဟန်းသာမဏေတို့အား ရိုသေစွာလှူဒါန်းပူဇော် ရှိခိုးခြင်း၊
(၅) ရိုးရာနတ်တို့အား (ပူဇော်ပသ) အမျှပေးဝေခြင်း။ ♦

လူတို့ပျက်စီးကြောင်းတရား ၃-ပါး

တိကင်္ဂုတ္တရ။ ပါ။ ၁၅၉။ ဋ္ဌ။ ၁၄၁။ ၁၄၂။
(၁) အဓမ္မရာဂ-သူတပါး၏ အသုံးအဆောင်ကို လိုချင်တပ်မက်ခြင်း၊
(၂) ဝိသမလောဘသူတပါး ပိုင်ဆိုင် သိမ်းဆည်းထားသော ဥစ္စာကိုတပ်မက်ရယူလိုခြင်း၊
(၃) မိစ္ဆာဓမ္မ- မေထုန်မှု မပြုထိုက်သောဝတ္ထု၌ အတင်း ကျင့်ကြံခြင်း။ ♦

လူတို့သဒ္ဓါ၊ ဖျက်ဆီးရှာ၊ ၈-ဖြာတရားညစ်

ရဟန်းတော်များ မိမိကိုကြည်ညိုအောင် လုပ်နည်း တရားဆိုးကြီး ရှစ်ပါး၊ နောက် ရဟန်းကသူ့လိုလိုက်မလုပ်လျှင် ဒါယကာတို့ မကြည်ညိုဖြစ်သောကြောင့် သဒ္ဓါဖျက်သည် ဟူ၏၊ ၎င်းသရုပ်ကို (ကုလဒူသက တရားရှစ်ပါး) ၌ ဆိုခဲ့ပြီ။ ♦

လူနက္ခတ် ၈-လုံး

အောက်ပါ နက္ခတ် ရှစ်လုံးကို လူနက္ခတ်ဟု သမုတ်ကြ၏။
(၁) အဒြ နက္ခတ်၊
(၂) ပြုပ္ပါဘဂုဏ္ဏီ နက္ခတ်၊
(၃) ဥတ္တာဘရဂုဏ္ဏီ နက္ခတ်၊
(၄) ဘရဏီ နက္ခတ်၊
(၅) ဥတ္တရာ သဠိနက္ခတ်၊
(၆) ပြုပ္ပါပရပိုက် နက္ခတ်၊
(၇) ဥတ္တရာပရပိုက်နက္ခတ်၊
(၈) ရောဟဏီနက္ခတ်။ ♦

လူနက္ခတ် ၉-လုံး တနည်း

မိမိတို့ ဇာတာခွင်၌ စန်းယှဉ်နက္ခတ်သည်အောက်ဖေါ်ပြပါ ၉-လုံးတွင်ပါဝင်က လူနက္ခတ်ဟု သိလေ၊ အကျယ်ကိုမူ (နက္ခတ် ၉-လုံး) ၌ ပြန်ကြည့်ပါ။
(၁) ဘရဏီနက္ခတ်၊
(၂) ရောဟဏီနက္ခတ်၊
(၃) မိဂသီ နက္ခတ်၊
(၄) ပြုပ္ပါဘရဂုဏ္ဏီနက္ခတ်၊
(၅) ဥတ္တာဘရဂုဏ္ဏီ နက္ခတ်၊
(၆) ပြုပ္ပါ သဠ် နက္ခတ်၊
(၇) ဥတ္တရာသဠ်နက္ခတ်၊
(၈) ပြုပ္ပါဘဒြပိုက် နက္ခတ်၊
(၉) ဥဋ္တရာဘဒြပိုက် နက္ခတ်။ ♦

လူနတ်ချစ်ရာ၊ အင် ၈-ဖြာ

(၁) ပိယဝါစာ- ချစ်ဘွယ် သာယာနူးညံ့စွာပြောဆိုတတ်ခြင်း၊
(၂) စာဂ-ပေးကမ်းစွန့်ကြဲခြင်း၊
(၃) ပရဟိတတ္ထ- သူ့အကျိုးစီးပွားကို လိုလားခြင်း၊
(၄) နော အမနာပဝါစီ-နောက်ကွယ်၌သူ့အတင်း စကားမပြော, ကုန်းမချောခြင်း၊
(၅) သီလဝါအကျင့် သီလ ရှိခြင်း၊
(၆) ဝတ္ထ ပရိပုရီ- လောကဝတ်ပြု ဖေါ် ရွေခြင်း၊
(၇) ပညဝါပညာရှိခြင်း၊
(၈) အကောခ- အမျက်မရှိခြင်း။ ♦

လူနာများ လိုက်နာရန် အင်္ဂါ ၅-ပါး

(၁) သင့်လျော်သော နေရာ၌သာနေရခြင်း၊
(၂) ဆရာကြွေးသည့် သင့်လျော်သော ဆေးကိုသာ မှီဝဲသုံးဆောင်ရခြင်း၊
(၃) ဆရာတားသည့် မသင့်သော အစာကို မစားသောက်ရခြင်း၊
(၄) ဝေဒနာဖြစ်ပုံကို ဆရာ့အား မှန်ကန်စွာ ပြောရခြင်း၊
(၅) ဝေဒနာခံခက် နှိပ်စက်ခြင်းကို သည်းခံနိုင်ခြင်း။ ♦

လူမလေး ခွေမခံ့သော ပုဂ္ဂိုလ် တကျိပ်

အဘိဓမ္မာ ပုဂ္ဂလပညတ်။ ပါ။ ၁၇၄။ ဋ္ဌ။ ၉၇။ ပဉ္စင်္ဂုတ္တရ။ ပါ။ ၁၄၅။ ဋ္ဌ။ ၅၀-တို့၌ ရှုပါ။ သူတပါးတို့မရိုသေ မလေးစား မထေမဲ့မြင် အောက်မေ့ပြုလုပ် ပြောဆိုခံရသူဆယ်ယောက်။
(၁) ဝိဓဝါ- လင်မရှိ, လင်ကင်းနေသူ မိန်းမ၊
(၂) ဒုဗ္ဗလ-အင်အားဗလ မရှိသူ၊
(၃) အ မိတ္တ ဉာတိ- ဆွေမျိုး မိတ်ဆွေမရှိသူ၊
(၄) မဟဂ္ဃသအစားကြူးသူ အစားပုပ်သူ၊
(၅) ဂရုကာဗာဓ- ကြီးသောရောဂါရှိသူ၊
(၆) ပါပမိတ္တ-မကောင်းသော မိတ်ဆွေရှိသူ၊
(၇) ဓန ဟီန-မစ္စည်းဥစ္စာ မရှိသူ၊
(၈) အာစာရ ဟီန- အကျင့်ယုတ်သူ၊
(၉) ကမ္မ ဟီန-အလုပ် မရှိ ပျင်းရိသောသူ၊
(၁၀) ပယောဂ ဟီန- လုံ့လပယောဂချို့တဲ့သူ။ ♦

လူမိန်းမသား၊ ဧတဒဂ်ထား၊ ၁၀-ပါး အဘယ်နည်း?

၎င်း သရုပ်ကို(ဧတဒဂ်ရသူ လူမိန်းမ ၁၀-ယောက်) ၌ ဆိုခဲ့ပြီ။ ♦

လူမိုက်အပြား၊ မျိုး ၁၀-ပါး၊ ဖြေကြား ဘယ်ကျမ်းတွင်

၎င်းလူမိုက်ကြီးဆယ်ပါးကို ရှင်မဟာရဋ္ဌသာရရေး ဘူရိတလင်္ကာကြီးတွင် 'သာကီယ'ဟုချီသော အပိုဒ်၌ (ရမ်းကား ရမ်းကိုး၊ ရန်စပျိုး၍၊ အမျိုးမေးတောင်း၊ သမင်ရောင်းနှင့်၊ ဆေးပေါင်းပဲဝယ်၊ ရေဆယ်မီးယူ၊ ဝံကူပုန်းစလုတ်၊ သစ်ခုတ် ယောကျ်ား၊ မုံ့ဆန်စားနှင့်၊ ဆယ်ပါးလူမိုက်၊ လူတို့၌တွင်၊ ဤလုလင်သည်၊ ဝင်၏လည်းကောင်း) ဟူ၍ လူမိုက်သရုပ်ကို စပ်ဆိုထားလေသည်၊ ထိုပြင် ကန်တော်မင်ကျောင်း မေတ္တာစာ အဖြေ၌လည်း၊ လူမိုက်ဆယ်ပါး ဟူသည်ကား၊ 'မုံ့ဆန်စားနှင့်၊ မေးမှားမျိုးနွယ်၊ ရေဆယ်ဝံကူ၊ မီးယူသစ်ခုတ်၊ ပုန်းစလုတ်က၊ ပဲပြုတ် ဆေးပေါင်း၊ သမင်ရောင်း'ဟုအကျဉ်းမျှ ရေးသားပြီးလျှင် အကျယ် ပြဆိုထားလေသည်၊ ၎င်း ကျမ်း၌ရှုလေ။ ♦

လူမိုက်ကြီး ၂-ယောက်

အမိုက်တန်ခွန်စိုက်သူ ၂-ယောက် ဟူ၏။
(၁) အစ္စယံအစ္စေယောတိ န ပဿတိ-မိမိ၏ မိုက်ပြစ် အမှား တရားစုကို မိုက်မှားနေမှန်းမသိ မမြင်သူ၊
(၂) ယထာဓမ္မံ န ပဋိဂ္ဂဏှာတိ-အမှန်တရားကို ပြောကြားညွှန်ပြသော်လည်း မလိုက် မနာယူသူ။ ♦

လူမိုက်လက္ခဏာ၊ အင် ၃-ဖြာ၊ ကျမ်းလာ ပါဠိ အသို့နည်း?

တိကင်္ဂုတ္တရ။ ပါ။ ၁၀၀။ ဋ္ဌ။ ၇၁။
(၁) ဒုစိန္တိတ စိန္တာ- မကောင်းမှန်းသိလျက်မကောင်းကြံခြင်း၊
(၂) ဒုဘာသိတဘာသီမကောင်းဟုသိလျက် မကောင်းတာပြောခြင်း၊
(၃) ဒုကမ္မ ကာရီ-မကောင်းမှုကို သိလျက် ဇွတ်တိုးပြုလုပ်ခြင်း။ ♦

လူမျိုး ၄-ပါး

ဝိမယနဝတ္ထု အဋ္ဌကထာမှ။
(၁) မနုဿ နေရယိက- လူ့ငရဲသား ခေါ် မကောင်းမှုကိုအမြဲပြုနေသူ၊
(၂) မနုဿ တိရစ္ဆာန- လူ့တိရစ္ဆာန် ခေါ် စားကာ အိပ်ကာ ကာမမှုနှင့်သာ အမှတ်မဲ့နေသူ၊
(၃) မနုဿ ပေတ-လူ့ပြိတ္တာ ခေါ် သားမယား ဥစ္စာစွဲဖြင့် လောဘကြီးနေသူ၊
(၄) မနုဿ ပရမတ္ထ- သူတော်ကောင်း အကျင့်တရား ရှိသူလူမြတ်။ ♦

လူမျိုး ၄-ပါး၊ တနည်း

၎င်း သရုပ် အဓိပ္ပါယ်ကို (အမျိုးကြီး ၄-ပါး) ၌ပြခဲ့ပြီး။ ♦

လူမျိုး ၁၀၁-ပါး

ဤ၌ လူမျိုးတမျိုး စကားတခုရှိလျှင် စကားမျိုး၁၀၁-ပါး ရှိရပေမည်၊ ဘာသာစကားမျိုး၁၀၁-ပါးရှိကြောင်း ပဋိသမ္ဘိဒါမဂ်။ ဋ္ဌ။ ပ-အုပ်။။ ဝိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၇၂- တို့၌ အမြွက်မျှပါရှိသည်။ 'ရှမ်းမျိုးတိံသာ၊မြန်မာ သတ္တ၊ မွန်သုံးဝနှင့်၊ ဧကစွန်းကယ်၊ ခြောက်ဆယ်ကုလား၊ ရာ့တပါးဟု၊' ရှေးဟောင်းလင်္ကာများမှာ ဆိုသည်၊ ထိုလင်္ကာအရ ဇမ္ဗူ့တံဆိပ်ကျမ်းလာ ၁၀၁-ပါးသရုပ်နှင့် မညီ၊ ထိုကျမ်းမှာ မြန်မာ ၇၊ မွန် တလိုင်း ၄၊ ရှမ်း ၃၀၊ ကုလား၆၀-ဟု လာသည်။ ♦

လူယုတ်ဒါနာ၊ မျိုး ၅-ဖြာ၊ ရှောင်ကာ ပေးလှူကြ

၎င်း သရုပ်ကို(သူယုတ်တို့ ပေးလှူနည်း ၅-မျိုး) ဟူသော သရုပ်၌ ရှုပါကုန်။ ♦

လူယောကျ်ားများ၊ ဧတဂ်ထား၊ ၁၀-ပါး မည်သူနည်း?

၎င်း သရုပ်ကို(ဧတဒဂ်ရ လူယောကျ်ား ၁၀-ယောက်) ၌ ဆိုခဲ့ပြီ။ ♦

လူရဟန္တာ၊ ၅-ဦးမှာ၊ စံရှာ နိဗ္ဗာန်နန်း

လူဝတ်နှင့် အရဟတ္တဖိုလ် ရ၍ ထိုနေ့မှာပင် လူ့ အဖြစ်နှင့်ပရိနိဗ္ဗာန် စံသွားကြသည့် အောက်ပါလူရဟန္တာပုဂ္ဂိုလ် ငါးယောက်တို့ကို ဆို၏။
(၁) ဥဂ္ဂသေန သူကြွယ်၊
(၂) သန္တတိ အမတ်ကြီး၊
(၃) ဝီတသောက လုလင်၊
(၄) ဒါရုစိ ပရိဗိုဇ်၊
(၅) ခမည်းတော် သုဒ္ဓေါဒနမင်းကြီးတို့ ဖြစ်၏။ ♦

လူသားတို့ ပျက်စီးကြောင်းတရား ၃-ပါး

သုတ်ပါထေယျ။ ပါ။ ၅၈။ ဋ္ဌ။ ၃၆-၌ အကျယ်ရှု။
(၁) အဓမ္မရာဂ- မိခင်, မိကြီး, မိထွေး, ညီမ, အစ်မ စသည့် မလျော်သောသူတို့၌ ဖြစ်သော ရာဂ၊
(၂) ဝိသမာလောဘ-အမြတ်ကြီးစား ခေါင်းပုံဖြတ် မမျှတလွန်းသော အလိုရမ္မက်၊
(၃) မိစ္ဆာဓမ္မ-ယောကျ်ားချင်း မိန်မချင်း လိင်တူချင်းချင်း မေထုန်ကျင့်သောတဏှာရာဂ။ ♦

လူသူ ၄-ပါး

(၁) ရဟန်း၊
(၂) ပုဏ္ဏား၊
(၃) မင်း၊
(၄) ဆင်းရဲသား၊ အချို့ဆရာတို့ကား ဤဖော်ပြပါပရိသတ် လေးပါးကို အလိုရှိကုန်၏၊ ၎င်း ဝေါဟာရသည် (လူသူလေးပါး၊ ကြားလို့မှ မသင့်လျော် ဟူသော) စကားရပ်၌ ထင်ရှား၏၊ အချို့ဆရာတို့က အမျိုးလေးပါးကို ဆိုသည်ဟုယူကြသေး၏။ ♦

လူး ၁၂-ပနား

''ရှမ်းကိုးဆက် ကိုးစော်ဘွား၊ လူးတဆယ့်နှစ် ပနား၊ ရာ့တပါးနှင့်၊ စော်ဘွား စော်ခံ၊ ရွှေဥကင်ဘုံပျံ၊ ညီလာခံ ခ,ညောင်း၊ မှူးမတ်ပေါင်းစုံလင်ကြပြီလား၊ မင်းကြီးများ” ဟူသော ဇာတ်သဘင်ဘုရင်၏ စကားဖြစ် လာသည်၊ ဤ၌ 'လူးတဆယ့်နှစ်ပနား'သည်၊ ရှမ်းဘာသာ၌ 'ရာ့စစ်ပ်ဆောင်ပနား'ဟု ခေါ်၍ နယ်ကြီး ၁၂-နယ်ဟု အဓိပ္ပါယ်ရလေသည်၊ 'လူး' ဟူသော ဝေါဟာရ၏ မူရင်းကား ရှမ်းဘာသာ 'လန့်စန့်' ဖြစ်လေသည်၊ ၎င်းကို မပီသသော မြန်မာတို့က'လင်းဇင်း'ဟု ခေါ်ဆိုရာ၊ နောက်ဆုံး 'လူး'ဟု ဖြစ်လာလေသည်၊'လန့်တသန်း၊ စန့်-ဆင်' မြန်မာလိုဆင်တသန်းနယ်၊ သို့မဟုတ် ဆင်တသန်းရှင်ဟု အဓိပ္ပါယ်ရလေသည်၊ လူးတဆယ့်နှစ်ပနား၏ သရုပ်ကို ကျွန်ုပ်တို့ သုတေသန လုပ်ဆဲဖြစ်၍ ဤကျမ်း၌ မဖော်ပြနိုင်သည်ကို ဝမ်းနည်းပါကြောင်း၊ သိရှိသော ပညာရှင်များက ကျွနု်တို့ထံ ပို့ပေးလျှင် တတိယအကြိမ်(နောက်အကြိမ်) ရိုက်နှိပ်ခြင်း(ဖြည့်စွက်တည်းဖြတ်ခြင်း) ၌ ထည့်သွင်းဖော်ပြနိုင်ပါမည်။ ♦

လေတူရိယာ၊ မျိုး ၈-ဖြာ၊ မှုတ်ခါ သံငြိမ့်ငြောင်း

၎င်းသရုပ်ကို (တံပိုး ၈-ဖြာ၊ တူရိယာ) ၌ ဆိုခဲ့ပြီ။ ♦

လေမျိုး ၈၀

သုတေသီတို့ အတွက် အမည်သိရုံမျှ ဖေါ်ပြသွားမည်၊ အကျယ်လိုမူ ခံဗူးဆရာတော် ဆေးကျမ်း၌ လွယ်လွယ်ရှုလေ။ (က) ပါဒရက် လေမျိုး ၈-ပါး။
(၁) ဥဏှ ဝါတ- ခြေမှပူ၍ တက်သောလေ။ သီတ ဝါတ- ခြေမှ အေး၍တက်သောလေ။ ဥဘယ ဝါတ- ပူအေး ၂-ပါးရော၍ တက်သော လေ။ ဥပါ ဝါတတစုံတရာကပ်ငြိသကဲ့သို့ ထင်၍ တပ်သော လေ။ ကပ္ပလ ဝါတ- တခြားဝတ္ထုတို့ဖြင့်ကပ်ဆွဲနေသလို ထင်သော လေ။ ဇောဂ္ဂ ဝါတ- မြှော့တွယ်သကဲ့သို့ ထင်သော လေ။ တုတ္တ ဝါတ- မျဉ်းမျဉ်းသာသာ တက်သော လေ။ ဇလ သုလ ဝါတ- ထုံအေး နာကျင် ကိုက်ခဲသော လေ။
(၈)၊ ၎င်းကို'ဖပါး လေနာမျိုး ၈-ပါး'ဟုလည်း ခေါ် ဆိုသည်။ (ခ) အဇိဏ္ဏလေးမျိုး ၁၂-ပါး။
(၁) အဇိဏ္ဏ ဝါတ- အစာမကြေသောလေ။ အ ပါစက ဝါတ- အစာမကျက် မနပ်သော လေ။ ဝိရေစန ဝါတ- ဝမ်းသွားစေတတ်သောလေ။ အ ဝိသမ ဝါတ- ဝမ်းမဖြောင့်စေတတ်သော လေ။ ဣစ္ဆိ ပူရ ဝါတ- ဝမ်းဖောရောင်စေတတ်သောလေ။ အဂ္ဂ ဂေလည ဝါတ- ဝမ်းကိုကျိကျိရစ်ရစ်နာစေတတ်သော လေ။ ကမ္ပလ ဝါတ- ထိုမှဤမှ လှိုင်းထသကဲ့သို့ တက်သောလေ။ သူလ ပိတ္တက ဝါတ- ဝမ်းကိုက်စေတတ်သော လေ။ ဝိဗန္ဓက ဝါတ- ဝမ်းကို ခိုင်စေတတ်သော လေ။ ပိဋ္ဌ အန္တက ဝါတ- စမြင်းကို ခံစေတတ်သော လေမြင်းသရိုက်။ အန္တနိဂ္ဂဒဝလ ဝါတ- အူဆုံးကို ထွက်စေတတ်သော လေမြင်းသရိုက်။ ယက္ခ ပိတ္တ မေဒ ဝါတ-သွေးအဆီကို ယိုဆင်းစေတတ်သော လေမြင်းသရိုဏ်။
(၁၂)၊ ၎င်းကို အစာမကြေလေ ၁၂-ပါး,ဟုလည်း ခေါ်၏။ (ဂ) ဘဝင်လေမျိုး ၁၂-ပါး။
(၁) ဘဝင်္ဂဥဒ္ဓရိ ဝါတ- ဘဝင်မြင့်သောလေ။ ကာသ ဝါတချောင်း ဆိုးသော လေ။ သိမာဂုရ ဝါတ- ရင်လေးကျပ်ဆို့ ဆွဲဆိုင်းသော လေ။ ၎င်းကိုပင် 'လေကျပ်သဘီ,လေဆုံဆို့,လေခေါင်းဆွဲ'ဟု ခေါ်သေး၏။ ပုန္ဒရ ဝါတ- ရင့်ပြည့်မောက်တက်သော လေ။ စလ ဝါတ- ရင်ခုန် နှလုံးတုန်သော လေ။ သွာတ ဝါတ- အသံကို ပျက်စေတတ်သော လေ။ သိနာ ဝါတ- ပန်းခြင်း ဟိုက်ခြင်း ရှိုက်ခြင်းကို ဖြစ်စေတတ်သော လေ။ ခေါဿဝါတ- ကြို့ထိုးသော လေ။ သဟဿ ဝါတ- သမ်းဝေ မူးမိုက်ခြင်းကိုဖြစ်စေတတ်သော လေ။ ပကွာသ ဝါတ- နံကြား ရင်ဘတ်တို့၌ လျှိုခြင်း ထိုးခြင်းကိုပြုတတ်သော လေ။ အမာသယ ဝါတ- အပျဉ်အစုတည်နေသော လေပျဉ် လေချပ်။ ဂေါလ ဝါတ- လေလုံးလေခဲ တည်စေသော လေ။
(၁၂) ။ (ဃ) ဦးခေါင်းလေမျိုး ၁၂-ပါး။
(၁) သီသ ဥဏှာ ဝါတ- ထိပ် နဖူးဦးခေါင်းပူသော လေ။ သီသ သူလ ဝါတ-ခေါင်းကိုက်ခဲသောလေ။ စက္ခုန္ဓက ဝါတ- မျက်စိကြက်တက် မမြင်တက်သော လေ။ စက္ခု သူလ ဝါတ- မျက်စိ ကျိန်းအောင့်စေတက်သော လေ။ သောတ သူလ ဝါတ- နားကိုက် နားအူစေတတ်သော လေ။ သောတ အန္ဓက ဝါတ-နားပင်းဆိတ်စေတတ်သော လေ။ မုခ ဝါတခံတွင်း သွားဖုံး နာစေတတ်သော လေ။ ဇိဝှါနိဂ္ဂလ ဝါတ- လျှာကိုထွက်စေတတ်သော လေ။ ဘဝင်္ဂစလ ဝါတ- ဘဝင်လှုပ်အားကြီး၍ စကားမပြီသော လေ။ ဇိဝှါ ဖေါဋက ဝါတလျှာရောင်စေတတ်သော လေ။ ဇိဝှါ ထဒ္ဓက ဝါတ- လည်ချောင်းခံတွင်း မဟနိုင်သော လေ။ ဇိဝှါ ပဝေသန ဝါတ-လျှာကိုတိုဝင်စေတတ်သော လေ။
(၁၂) ။ (င) အင်္ဂင်္မမင်္ဂငေ်္လေမျိုး ၁၁-ပါး။
(၁) အင်္ဂမင်္ဂ ဝါတ- အင်္ဂါကြီးငယ်သို့သက်ရောက် စေတတ်သော လေ။ မံသက ဝါတ-အသား အရေဖေါက်ပြန်စေတတ်သော လေ။ မံသ ဝိသုစိက ဝါတအသား အရေကို အပ်နှင့်ထိုးဆွ၏သို့ နာသော လေ။ နိလ ပိတ ဝါတ- အသည်းအအူ အသားအရေတို့ကို ညိုရွှေစေတတ်သော လေ။ လသိက ဝါတ- ကိုယ်လက်စသည် စေးထိုင်းစေတတ်သော လေ။ အလသက ဝါတ- ကိုယ်လက်လေးလံ ထိုင်းမှိုင်းစေတတ်သော လေ။ အန္တက ဝါတ- အကြော အသား အရေအတွင်း၌ ကပ်စေးသကဲ့သို့ထင်သော လေ။ ပက္ခ ဝါတ- ကိုယ်တခြမ်းသေစေတတ်သော လေ။ အဘီတ ဝါတ- ရွဲ့စောင်းစေတတ်သော လေ။ မုဂဝါတ- ဆွံ့,အ စေတတ်သော လေ။ သုက္ခ ဝါတ-ဓာတ်လေးပါး အသား အရေတို့ကို ခြောက်ခန်းစေတတ်သော လေ။
(၁၁) ။ (စ) သတ္ထက္ထကလေမျိုး ၇-ပါး။
(၁) ခုရက ဝါတ- ဖြတ်တတ်သောလေသင်ဓုန်း။ ကတ္တရ ဝါတ- အသည်း နှလုံးကို ဖြတ်တတ်သော လေကတ်ကျေး။ သတ္ထက ဝါတ-အသည်းနှလုံးကို ထားဖြင့်ဖြတ်သကဲ့သို့သော လေ။ ဘိဇ္ဈန ဝါတ- အရိုးအရေတို့ကို ကွဲအက် စုတ်ပြတ်စေသော လေ။ သုဝဂ ဝါတ- မြွေနဂါးဆိပ်ကဲ့သို့ ပူ၍ အခွေအခွေတက်သော လေ။ ဥပ္ပါဋက ဝါတပြင်း ထန် လျင်မြန်စွာ အင်္ဂါကြီးငယ်တို့ကို ထွက်စေ တတ်သော လေ။ အင်္ဂ နိဂ္ဂလ ဝါတ အင်္ဂါကြီးငယ်တို့ကိုဖြည်းဖြည်းသာသာ ထွက်စေတတ်သော လေ။
(၇) ။ (ဆ) အင်္ဂင်္မမင်္ဂ ဝိကာရ လေးမျိုး ၁၃-ပါး။
(၁) ကုစ္ဆေဒက ဝါတ- ကိုယ်အလုံး၌ ရှိသော လေပြတ်၍ သေစေတတ်သောလေ။ စလ ဝါတ- ခြေလက် လေးလံ တုန်လှုပ်သော လေ။ အင်္ဂ ပဝေသ ဝါတ- အင်္ဂါကြီးငယ် တို၍ ဝင်သော လေ။ အင်္ဂ ဖေါဋ ဝါတအင်္ဂါဇာတ်ရောင်စေတတ်သော လေ။ သြနတ ဝါတ -ကုန်းကွ ကိုင်းစေတတ်သော လေ။ ကာယ ဖေါဋ ဝါတ-ကိုယ်လုံးရောင်ဖေါသော လေ။ ဥဒ္ဓမဝရောဟ ဝါတ -တွန့်ခြင်း လိမ်ခြင်းကို ဖြစ်စေတတ်သော လေ။ မုတ္တကိတ္တ ဝါတ- ကျင်ငယ်မထွက်နိုင်အောင် ပိတ်ဆို့သော လေ။ ကောသ ဥဒ္ဓရိ ဝါတ-ဝှေး တက်စေတတ်သော လေ။ အဏ္ဍ ဖေါဋ ဝါတ- ဝှေးစေ့ ရောင်ဖေါစေတတ်သော လေ။ ကာယ ဗန္ဓန ဝါတ- ကိုယ်လုံးဆိုင်းတွစေတတ်သော လေ။ ဂျဟ ဝါတ-ပိန်ကြုံစေတတ်သော လေ။ သာခ ဝါတ- ခြေလက် ဦးခေါင်း ဆတ်ဆတ်မြန်မြန်တုန်လှုပ်စေတတ်သော လ။
(၁၃) ။ (ဇ) အဓိမာန လေမျိုး ၅-ပါး။
(၁) အဓိမာန ဝါတ- ရှုးသွပ် စေတတ်သော လေ။ မုခ ဗန္ဓက ဝါတ-အာခံတွင်းကို ကျဉ်းစေတတ်သောလေ။ ခိပ္ပ ဝါတ-လျင်မြန်စွာ တက်စေတတ်သော သူငယ်နာ လေ။ ကာယ လဟုက ဝါတ- ကိုယ်လက်ပေါ့ပါးစေတတ်သော လေ။ ကာယဂရုကဝါတကိုယ်လက်လေးစေ တတ်သော လေ။ ၅-ပါး။ ပေါင်း (၈၀) ဟူ၏။ ♦

လေး အပြား ၃-ပါး

သာသနာတော်ကျမ်းဂန်, လောကီကျမ်းဂန်တို့နှင့် ညှိနှိုင်း၍ ပြထားသည်။
(၁) ပိုလ်နှစ်ထောင် နိုင်သော'ဒဠဓနု'ခေါ် လေးတမျိုး၊ကျမ်းဂန်တို့တွင်ပိုလ်နှစ်ထောင် နိုင်သောဒဠဓနုလေး ဟူသည်ကား ထန်းပင်အပေါ်သားကို လုပ်သော လေးတည်း၊ ထိုလေးကို ညှို့တင်ပြီးလျှင် ညှို့အလယ်၌ ပိုလ်နှစ်ထောင်ရှိသော ဝန်ကိုချည်၍ လေးကိုင်းကို ကိုင်ပြီးချီကြွသောအခါ ပိုလ်နှစ်ထောင်ထုပ် မြေမှ လွတ်သည့်ကာလ လေးကိုင်းနှင့် လေးညှို့ မြှားတပြန်ခန့်ကွာလျှင် ပိုလ်နှစ်ထောင်နိုင်သော လေးမည်၏၊ မြှားတပြန်ထက် ကျယ်လျှင် လေးပြော့သည်၊ ပိုလ်နှစ်ထောင်မနိုင်၊ မြှားတပြန်ရှိအောင် မကျယ်လျှင် လေးမာသည်ဟု သိရာ၏။ မှတ်ချက်။ ဤထန်းသားလေးကား အနောက်တိုင်းပြည် မဇ္ဈိမဒေသများတွင် ရှေးအခါက အများသုံးစွဲကိုင်ဆောင်သော လေးတည်း၊ ဘုရားအလောင်း ဓမ္မပါလ ကိုင်သော လေးကား သားချိုကိုလုပ်သော အဆက်များစွာရှိသော လေး တမျိုးတည်း၊ တပိုလ်လျှင် ၄-ကျပ်သားမျှရှိ၏။
(၂) ဗိုလ်တထောင်တင် လေး ခေါ်'သဟဿထာမ'လေးတမျိုး၊ ဇနကမင်းသား သိဒ္ဓတ္ထမင်းသားတို့ တင်၍ပစ်သော လေးကာမူကား လက်နက်ကိုင် ဗိုလ်ခြေယောကျ်ားတထောင် တင်မှ ချမှ ရသည်၊ ထို့ကြောင့်လက်နက်ကိုင်ကို ပါဠိလို 'ဗလ'၊ မြန်မာလို'ဗိုလ်' ခေါ်သည်၊ ထို ဗိုလ်တထောင် တင်မှ ချမှ ရသော လေးဟု သိရသည်။
(၃) 'သဟဿ ဗာဟု' လေးခေါ် လက်မောင်းတထောင်, လက်နက်ကိုင်ငါးရာ တင် လေးတမျိုး၊ ပဏ္ဍုမည်သောအိမ်ရှေ့မင်း၏ သားတော်ငါးယောက်တို့တွင် လေးအတတ်၌ ကမ်းတဖက်သို့ ရောက်သော အဇ္ဇုနမင်းသားကိုင်သော လေးကား လက်နက်ကိုင် လူငါးရာလက်မောင်းတထောင် တင်ရ ချရ သော 'သဟဿ ဗာဟု'လေးဟူ၍ ဘူရိဒတ် ဇာတ်တော်တွင် ဆိုသည်၊ ထို့ကြောင့် ကျမ်းဂန်တို့တွင်ထင်ရှားသော လေး ၃-မျိုး ရှိသည်ဟု သိရာ၏။ ♦

လေးဆူဓာတ်ပုံ ရွှေတိဂုံ

၎င်း သရုပ် အဓိပ္ပါယ်ကို (ရွှေတိဂုံဘုရား၊ ဓာတ် ၄-ပါး၊ တည်ထားဌာပနာ) ဟူသော သုတေသနပုဒ်၌ ပြခဲ့ပြီ။ ♦

လေးဆယ့်တစ်လုံးသော အက္ခရာ

၎င်းသရုပ်'အက္ခရာ ၄၁-လုံး'နှင့်တူ၏။ ♦

လေးပစ်အတတ်၊ နည်း ၆-ရပ်၊ သိမှတ်ကြစေရာ

၎င်းသရုပ်နှင့် အကျယ်မှတ်သား ဘွယ်ကို (မြားရေး ၆-ပါး) ဟူသော အမေး၌ ဖြေခဲ့ပြီ။ ♦

လဲမျိုး ၃-ပါး၊ အခင်းများ၊ ရှောင်ရှား မဟာသယန

ပါရာဇိကဏ်။ ဋ္ဌ။ ဒု-အုပ်။ ၂၂၀- ၌ အကျယ်ကြည့်ပါ။ ဥပုသ်သည်များ သတိထားရန်။ ဝိနည်း စူဠဝါပါဠိတော်နှင့် ၎င်း အဋ္ဌကာထာ သေနာသနက္ခန္ဓကမှ၊ ၎င်းလဲသုံးမျိုးတို့ဖြင့် ပြုလုပ်သော အခင်းသည် မဟာသယန ထိုက်၏။
(၁) ရုက္ခ တူလ- လက်ပံပင်လဲ, အုံးဖွဲ,မြိုင်, ဝါ, စသည်တို့မှဖြစ်သောသစ်ပင်လဲ ဟူသမျှ၊
(၂) လတာ တူလ-ဂုံ, ခွေးတောက် စသည်တို့မှဖြစ်သော နွယ်လဲ ဟူသမျှ၊
(၃) ပေါဋကိ တူလ- ကိုင်း, ကျူ, ဖေါင်းပွင့်စသည်တို့မှ ဖြစ်သော မြက်လဲဟူသမျှ။ ♦

လောက ၃-ပါး

ခန္ဓဝဂ္ဂသံယုတ်။ ပါ။ ၁၁၃။ ဋ္ဌ။ ၂၉၃။ ဤလောကဟူသော ဝေါဟာရသည် ပါဠိဘာသာဖြစ်၍ မြန်မာအဓိပ္ပါယ်အားဖြင့် ဘရမ်းဘတာ အဆီးအတားမရှိ အရမ်းဖြစ်ပျက်တတ်လျက် ကြာမြင့်စွာတည်တံ့ခြင်းမရှိသော သဘောတရားမျိုး ဟူ၏။
(၁) သြကာသ လောက- သတ္တဝါ ဟူသမျှတို့၏ မှီတင်းနေထိုင်ရာ ၃၁-ဌာနသော ဘုံ၊ ရေ, မြေ, တော, တောင်,ကောင်းကင်။
(၂) သတ္တ လောက-ထို ၃၁-ဘုံ၌ လှည့်လည်ဖြစ်ပျက်ခါ ချမ်းသာ ဆင်းရဲဒွန်တွဲရောထွေးလျက် နေကြသော သက်ရှိ သတ္တဝါ ဟူသမျှ။
(၃) သင်္ခါရ လောက- ထို ၃၁-ဘုံနှင့်တကွ သက်ရှိ သက်မဲ့ အားလုံးသောသတ္တလောက သြကာသ လောက တို့ကို ဖြစ်မှု ပျက်မှု အို နာ သေမှု စသော အမျိုးမျိုး အဖုံဖုံတို့ဖြင့် စီမံဖန်တီး ပြောင်းလဲ ပြုပြင်ပေးနေသော သဘောတမျိုး၊ တနည်း-လောကီ စိတ်, စေတသိက်, ရုပ်,တရားစုများ။ ♦

လောကဓမ်တရား ၈-ပါး

အင်္ဂုတ္တရ။ ပါ။ ၇။ ဋ္ဌ။ ၁၉၅။ လောကသားတွေ အမြဲတွေ့ကြုံ ခံစားနေရသော တရားရှစ်ပါး၊ ဆင်ခြင်တုံကင်းသောသူကို ရူးသွပ်တုန်လှုပ်စေနိုင်သော သဘောရှိ၏။
(၁) လာဘ-လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊
(၂) အလာဘ- လာဘ်နည်း၍ ညှိုးငယ်တုန်လှုပ်ခြင်း။
(၃) ယသ-အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊
(၄) အ ယသအခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊
(၅) ပသံသာ-ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊
(၆) နိန္ဒ အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊
(၇) သုခ-ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊
(၈) ဒုက္ခ-ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။ ♦

လောက၌ မရှိသောအရာ ၃-ပါး

မိလိန္ဒပဥှာ။ ပါ။ ၂၆၀
(၁) မအိုသော မသေသော, အရာဟူ၍ မရှိ၊
(၂) ခိုင်မြဲနေသော သင်္ခါရတရားဟူ၍ မရှိ၊
(၃) ပရမတ္ထအားဖြင့် လူ, နတ်, ဗြဟ္မာ, သတ္တဝါဟူ၍ မရှိ၊ ရုပ်,နာမ်မျှသာ ရှိ၏။ ♦

လောကဓာတ် အပြားမျိုး ၃-ပါး

တိကင်္ဂုတ္တရ ပါဠိတော်မှ။
(၁) စူဠနီလောကဓာတ်နေ,တစင်း လ,တစင်း လေးကျွန်း တမြင်းမိုရ် စကြဝဠာပေါင်း တထောင်ကို ခေါ် သည်၊
(၂) မဇ္ဈိမ လောကဓာတ်၊ သို့မဟုတ်ဒွိသဟဿိ လော ကဓာတ်-စူဠနီလောကဓာတ်ပေါင်း တသိန်းကို ခေါ်သည်၊
(၃) တိသဟဿိ၊ သို့မဟုတ် မဟာသဟဿိ လောကဓာတ်-လော ကဓာတ်ပေါင်း ကုဋေတသိန်းကို ခေါ်သည်။ ♦

လောကဓာတ်ကြီး ၄-ပါး

လေးကျွန်းတမြင်းမိုရ် ခေါ် စကြာဝဠာစုမျိုးလေးပါး၊
(၁) စူဠ လောကဓာတ်- တ ထောင်သော စကြဝဠာ လောကဓာတ် အရေအတွက်ကို ခေါ်ဆိုသည်၊
(၂) မဇ္ဈိမ လောကဓာတ်- ထိုစကြာဝဠာ လောက ဓာတ်ပေါင်း ဆယ်စု, စကြဝဠာ အရေအတွက်အားဖြင့် တသောင်းသော လောကဓာတ်ကို ခေါ် ဆိုသည်၊
(၃) မဟာလောကဓာတ် ဖြစ်ပေါ်ဖြစ်ဖက်, ပျက်ဖေါ်ပျက်ဖက် ဖြစ်ကုန်သော ကုဋေတသိန်းစီကုန်သော လောကဓာတ်တို့ကို ခေါ်ဆိုသည်။
(၄) အနန္တလောကဓာတ်- အဆုံး အပိုင်းအခြား မရှိ၊ မရေတွက် နိုင်ကုန်သော လောကဓာတ်အဆုံး အပိုင်းအခြား မရှိ၊ မရေတွက် နိုင်ကုန်သောလောကဓာတ်တို့ကို ခေါ်ဆိုသည်။ မှတ်ချက်။ ငါတို့ဘုရားရှင်သည် ထိုလေးပါးသော လောကဓာတ်တို့တွင် မဇ္ဈိမလောကဓာတ်၊ သို့မဟုတ် ခေတ်၃-ပါးတို့တွင် ဇာတိခေတ်ဟု ဆိုအပ်သော တသောင်းသော စကြာဝဠာလောကဓာတ်အတွင်း အလယ်ဗဟိုကျ ဖြစ်သောငါတို့နေရာ ဤစကြဝဠာမှသာ ပွင့်တော်မူသည်။ ဤတွင်လည်း ငါတို့နေရာ ဤဇမ္ဗူဒီပါ တောင်ကျွန်းမှာသာ ပွင့်တော်မူသည် ဟူ၏။ ♦

လောကပါလ တရား ၂-ပါး

မူလပဏ္ဏာသ။ ပါ။ ၃၃၈။ ဋ္ဌ။ ဒု-အုပ်။ ၂၁၃။ ယဉ်ကျေးမှု စည်းကမ်းများ မပျက်စီးရအောင် ကမ္ဘာလောကကြီးအားစောင့်ရှောက်ပေးတတ်သော တရား ၂-ပါး။
(၁) ဟိရီတရား-မကောင်းအရာဟူသမျှ ပြုလုပ်ပြောဆို ကြံစည်ရမှာ ရှက်ခြင်း, မပြုဝံ့ခြင်း၊
(၂) သြတ္တပ္ပ တရား- မကောင်းမှုဟူသမျှ ပြုလုပ် ပြောဆို ကြံစည်ရမှာကြောက်လန့်ခြင်း, မပြုဝံ့ခြင်း။ ♦

လောကပါလ တရား ၄-ပါး၊ တနည်း

၎င်း သရုပ်ကို (ဗြဟ္မစိုရ်တရား၄-ပါး) ၌ ပြခဲ့ပြီ။ ♦

လောကပါလတရား ၅-ပါး၊ တနည်း

လောကသားတို့အား တိုးတက်ကြီးပွား ချမ်းသာမှုများကိုသာ ပေးလျက် အစဉ်စောင့်ရှောက်နေသော'ငါးပါးသီလ' တရားကိုပင် ခေါ်သည်၊ ထိုတရားငါးပါးကို လူတိုင်းစောင့်သုံး လိုက်နာကြပါကရုံးတော်နှင့် အချုပ်ထောင်ရဲသား စစ်တပ်များပါ ထားစရာ မလိုတော့ပြီ။ ♦

လောကပါလ နတ်မင်းကြီး ၄-ပါး

လောကကို စောင့်ကြပ်သော နတ်မင်းကြီး ၄-ပါး ဟူ၏။
(၁) ဓတ ရဋ္ဌနတ်မင်းကြီး- အရှေ့ကျွန်းအရပ်၌နေ၍ ဂန္ဓဗ္ဗနတ်တို့ကို အုပ်စိုးရသည်၊
(၂) ဝိရူဠှက နတ်မင်းကြီး-တောင်ကျွန်းအရပ်၌နေ၍ ဂုမ္ဘဏ်နတ်တို့ကို အုပ်စိုးရသည်၊
(၃) ဝိရူပက္ခနတ်မင်းကြီး- အနောက်ကျွန်း အရပ်၌ နေ၍ နဂါးမျိုးတို့ကို အုပ်စိုးရသည်၊
(၄) ကုဝေရနတ်မင်းကြီး-မြောက်ကျွန်းအရပ်၌နေ၍ ဘီလူးတို့ကို အုပ်စိုးစေခိုင်းနေသည်။ ♦

လောကသားတို့၏ ချမ်းသာကြောင်းတရား မျိုး ၆-ပါး

ဟိ တော ပ ဒေသမှ သံသရာလောက၏ ချမ်းသာ ခြင်းတရား ၆-ပါး။
(၁) အတ္ထာဂမ-စီးပွါးဥစ္စာကောင်းစွာမပြတ် တိုးပွားနေခြင်း၊
(၂) အ ရောဂိတ-အမြဲတစေ ကျမ်းမာနေသည်၏ အဖြစ်၊
(၃) ပိယဘရိယ- ရုပ်ရေလှပ ချစ်စရာ့ မယား၊
(၄) ပိယဝါဒိနီ- သာယာချစ်ဘွယ် အသွယ်သွယ်သော စကားကို ဆိုတတ်သော မယား၊
(၅) ဝဿပုတ္တ- ယဉ်ကျေးလိမ်မာသော သား၊
(၆) အတ္ထကာရီ စ ဝိဇ္ဇာ လောကီ လောကုတ် ကျိုးမယုတ်အောင်ရွက်ဆောင်ပြုလုပ်နိုင်သော သား၊ ထို ၆-ပါးတို့ ရှိနေခြင်း ဟူ၏။ ♦

လောကီမင်္ဂလာ ၁၂-ပါး

ယေဘုယျအားဖြင့် လောကကျိုးတို့ အတွက်သာ ဖြစ်သော မင်္ဂလာများ။
(၁) ပဋိသန္ဓေ အချိန် အခါ လ, ရက် စေ့ရောက်သဖြင့် ဖွားမြောက်အောင်မြင်ခြင်း ဝိဇာတမင်္ဂလာများ။
(၂) ဖွားသည်မှနောက် ၃-ရက် မြောက်သောနေ့၌ ရတနာသုံးပါးဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်စေခြင်းမုခ ဒဿနမင်္ဂလာ။
(၃) ဖွားသည်မှနောက် ၇-ရက် မြောက်သောနေ့၌ ဆံရိတ်ခြင်းဟူသော ကေသစ္ဆေဒန မင်္ဂလာ။
(၄) ကမ္ဘာဦးပညတ် ရှေးသူဟောင်းတို့အမှတ်ဖြင့် ကောင်းမြတ်တင့်တယ်သောနေ့ရက်၌ ပုခက်,ဧယာဉ် တင်ခြင်း ဟူသောဒေါလာ ကရဏမင်္ဂလာ။
(၅) ဖွားသည်မှနောက် ၇၅-ရက် မြောက်သောနေ့၌ ကွမ်းဦးခွန့်ခြင်းဟူသော တမ္ဗုလ ပတ္တ မင်္ဂလာ။
(၆) ဖွားသည်မှနောက် ၃-လ မြောက်သောနေ့၌ နေ, လ တို့ကို ပြသကြည့်ရှုစေခြင်း ဟူသော ရဝိန္ဒု ဒဿန မင်္ဂလာ။
(၇) ဖွားသည်မှနောက် ရက်ပေါင်း ၁၀၀-မြောက်၌ အမည်သညာမှည့်ခြင်း ဟူသော နာမ ကရဏ မင်္ဂလာ။
(၈) ဖွားသည်မှနောက် ၆-လ မြောက်၍ ထမင်းဦး ခွန့်ခြင်း ဟူသော ပဌမ ဘတ္တ မင်္ဂလာ။
(၉) သင့်တင့်လျောက်ပတ် ချိန်ရွယ် ရောက်လတ်သော အခါ ဆံထုံးဥသျှောင် ဖွဲ့ထုံးခြင်း ဟူသော ကေသ ဗန္ဓန မင်္ဂလာ။
(၁၀) သင့်တင့်လျောက်ပတ် ချိန်အရွယ် ကျရောက်လတ်သော အခါနားထွင်းခြင်း ဟူသော ကဏ္ဏစ္ဆိဒ္ဒ မင်္ဂလာ။
(၁၁) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါသာသနာတော်တွင်းသို့ သွတ်သွင်း ချီးမြှင့်ခြင်းဟူသောသာသနာ နုဂ္ဂဟ မင်္ဂလာ။ ပဗ္ဗဇ္ဇမင်္ဂလာလည်း ဟူ၏။
(၁၂) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ မျိုးနွယ်ဇာတ်ဂုဏ် လုံးစုံတူသော သတို့သား သတို့သမီးနှင့် စုလျားနားစပ်လက်ထပ် ထိမ်းမြားရခြင်းဟူသော အာဝါဟ ဝိဝါဟ မင်္ဂလာ။ ♦

လောကီသစ္စာမျိုး ၂-ပါး

လောကနယ်ပယ်ဖြစ် သစ္စာမျိုး ၂-ပါး။
(၁) ဒုက္ခသစ္စာမကောင်း ကျိုး ဟူသမျှ၊
(၂) သမုဒယသစ္စာ-မကောင်းကြောင်း ဟူသမျှ။ ♦

လောကုတ္တရာ ၉-ပါး၊ တနည်း ၁၀-ပါး

လောကမှထွက်မြောက်ကြောင်း တရားများ၊မဂ်တရား ၄ပါး, ဖိုလ်တရား ၄-ပါး, နိဗ္ဗာန်တရား ၁-ပါး, ပေါင်း ၉-ပါး၊ ပရိယတ္တိတရား ၁-ပါးထည့်လျှင် ဆယ်ပါးဖြစ်၏။ ♦

လောကုတ္တရာမျိုး သစ္စာ ၂-ပါး

လောကမှ ထွက်မြောက်ရာ သစ္စာ ၂-ပါး။
(၁) မဂ္ဂ သစ္စာ- ကောင်းမြတ်ချမ်းသာ ကြောင်း ဟူသမျှ၊ မဂ် ၄-ပါး၊
(၂) နိရောဓ သစ္စာ-ကောင်းသော အကျိုးတရားဟူသမျှ၊ နိဗ္ဗာန်။ ♦

လောင်းကစားကြူးမှု အပြစ်မျိုး ၆-ပါး

သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၇။ ဤ၌ လောကပြစ် ၆-ပါးကို သာ ဖော်ဆိုလိုက်သော်လည်း သံသရာပြစ် ကြီးလေးကြောင်းကိုပါ သိလေ၊'အောင်သူရန်ပွား၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤ ၆-ပါးကား၊ လောင်းကစားသူ အပြစ်တည်း၊'ဟူ၏။ ♦

လောဘကြီးသူ ၃-ယောက်

၎င်း သရုပ်(အလိုလောဘကြီးသူ ၃-ယောက်) ၌ရှုပါ။ ♦

လောဟာမျိုး ၅-ပါး

ရွှေ, ငွေ, ကြေး, သလွဲစင်, သလွဲမည်း, ၎င်းငါးပါးကို ပဉ္စလောဟာ, ဟူ၍၎င်း၊ လောဟာငါးပါး,ဟူ၍၎င်း၊ ခေါ်ဆိုကြကုန်၏။ ♦

လောဟာမျိုး ၇-ပါး၊ တနည်း

ဇာတိလောဟာခေါ် မူလဇာတ်အားဖြင့်ဖြစ်လာသော သေတ္တုဓာတ်မျိုး ၇-ပါးဟူ၏၊ သံသေ, သံရှင်, ရွှေ, ငွေ, ခဲမဖြူ, ခဲမနက်, ကြေးနီ။ ♦

လော်လည်း ၅-ထွေ၊ မိန်းမလေ၊ အခြေ အောက်နားလွတ်

သုတ္တိနိပါတ်။ ပါ။ ၂၈၂။ ဋ္ဌ။ ပ-အုပ်။ ၃၂။ မိန်းမများအတွက် ပျက်စီးကြောင်းအပြစ် မှတ်ရမည်။
(၁) အာဟာရ လောလ- စားသောက်မှု၌ လော်လည်ခြင်း၊
(၂) အလင်္ကာရ လောလ-အဝတ်တန်းဆာဆင်မှု၌ လော်လည်ခြင်း၊
(၃) ပရ ပုရိသ လောလ- ယောကျ်ားတပါး၌ လော်လည်းခြင်း၊
(၄) ဓန လောလ- ပစ္စည်းဥစ္စာ၌ လော်လည်းခြင်း၊
(၅) ပါဒ လောလ- ထိုထိုဤဤ သွားလာလည်ပတ်မှု၌ လော်လည်းခြင်း။ ♦

လျောင်းတော်မှုပြား၊ မျိုး ၄-ပါး၊ ထားငြားဦးခေါင်းမည်သို့နည်း?

' ရှင်ပင်သာ လျောင်း' ကိုပင် လျောင်း တော်မူ,ဟု ခေါ်ကြပြန်၏၊ သရုပ်(ရှင်ပင်သာလျောင်း) ၌ ရှုပါကုန်။ ♦

လျှာထိပ်ဌာန်မှာ၊ ဖြစ်ပေါ်လာ၊ မြန်မာအက္ခရာ ၇-လုံး

၎င်းသရုပ်(မုဒ္ဓဇ အက္ခရာ ၇-လုံး) ၌ ဆိုခဲ့ပြီ။ ♦

လျှိုဝှက်အပ်သော အရာကြီး ၉-ပါး

၎င်းသရုပ်အဓိပ္ပါယ်ကို(သူတပါးတို့အား မပြောကြား အပ်သော အရာကြီး ၉-ပါး) ဟူသော သုတေသနရပ်၌ ရှုပါ။ ♦

လွန်ကဲဆုံးသောပုဂ္ဂိုလ်ကြီး ၄-ယောက်

၎င်း သရုပ် (ပုဂ္ဂိုလ်နက်ကြီး ၄-မျိုး) ၌ ရှုပါ။ ♦

လှမျိုးသူဇာ၊ နတ်ကညာ၊ ၈-ဖြာ အင်္ဂါပြည့်

မိန်းမလှ ရွေးချယ်စီစစ်ရာ၌ ၎င်းအင်္ဂါရှစ်ပါးနှင့် ပြည့်စုံမှ လှမြတ်ရတနာဝင် ဖြစ်နိုင်ကြောင်းကိုနီတိကျမ်း၌ ဆို၏။
(၁) သာမာ- ဝါရွှေသော အသားအရေ၊
(၂) မိဂက္ခိ-သမင် မျက်စိကဲ့သို့သော မျက်လုံး၊
(၃) တနု မဇ္ဈ ဂတ္တာ-ခါးသေး,ရင်ချီ၊
(၄) သူရု- ဆင်နှာမောင်း ကဲ့သို့သော လက်မောင်း,ပေါင်တန်၊
(၅) သု ကေသီ- ကောင်းသော ဆံပင်, မျက်ခုံး၊
(၆) သမပန္တိ ဒန္တီ- သွား ဖြူဖွေး ညီညာ၍ ချွန်ပေါ်သော အစွယ်၊
(၇) ဂမ္ဘီရ နာဘိ- ချက်တွင်း နက်၍ ကားသော တင်ဆုံ၊
(၈) သုသီလီ-ကောင်းစွာလေ့ကျင့်ထားသော ကိုယ်နေ အမူအရာ, ကောင်းသော အလေ့အကျင့် ရှိခြင်း။ ♦

လှေလှော်ဟန်မူမျိုး ၁၂-ပါး၊ တနည်း ၃၇-ပါး

၎င်းသရုပ်ကို (တက်ရေး ၁၂-ခန်း၊ တနည်း ၃၇-ပါး) ၌ ဆိုခဲ့ပြီ။ ♦

လှေသူကြီး အင်္ဂါ ၉-ပါး

၎င်းသရုပ်ကား (သင်္ဘောသူကြီးအင်္ဂါ ၉-ပါး) နှင့် သဘောချင်းတူ၏။ ♦

လှိုင်းတံပိုးကြီးမျိုး ၃-ပါး

မဟာသမုဒ္ဒရာ၌ ကြီးကျယ် ထင်ရှားသောလှိုင်းတံပိုးကြီး အပြား ၃-ပါး၊ သာရတ္ထသင်္ဂဟ အဋ္ဌကထာ။
(၁) မဟိန္တာဝိစိ-ယူဇနာ ခြောက်ဆယ်တိုင်အောင်၊
(၂) ဂင်္ဂါ ဝိစိ- ယူဇနာ ငါးဆယ်တိုင်အောင်၊
(၃) ရောဟန ဝိစိ- ယူဇနာ လေးဆယ်တိုင်အောင် အထက်အရပ်သို့ အလှိုင်းအလှိုင်း တက်မောက် လိမ့်ကျ၍နေ၏။ ♦

လွှတ်ရုံး ၄-ရပ်

မြန်မာဘုရင်မင်းမြတ်တို့ စိုးစံအုပ်ချုပ်စဉ်က နန်းတော်သစ်တပ်တွင်း၌ လွှတ်ရုံးတော်ကြီး ဆောက်လုပ်၍ မင်းကြီး လေးပါးတက်ရောက် စီရင်သည်ကိုပင် 'လွှတ်ရုံးလေးရပ်'ဟု ခေါ်သည်။ ♦

လွှတ်ရုံး ၅-ရပ် တနည်း

ရာဇဝင်သစ်၌ အကျယ်ကို ယူပါကုန်။
(၁) လွှတ်တော်၊
(၂) အထက်ဗြဲတိုက်၊ အောက် ဗြဲတိုက်တော်၊
(၃) ရှေ့ရုံးတော်၊
(၄) နောက်ရုံးတော်၊
(၅) တရားရုံးတော်။ ♦

ဝံသ အက္ခရာမျိုး ၆-ပါး

ကဗျာ စာပေဆိုရာ၌ အမျိုးအလိုက် ဆိုင်ရာအက္ခရာကို အစထား၍ စပ်ဆိုရကြောင်းနှင့် ဆန်းကျမ်း ဗေဒင်တို့၌ညွှန်းဆို၏။
(၁) ဒလိဒ္ဓဝံသ-ဆင်းရဲသားမျိုး အက္ခရာငါးလုံး'က ခ ဂ ဃ င'၊
(၂) အမစ္စဝံသ-မှူးမတ်မျိုး အက္ခရာငါးလုံး 'စ ဆ ဇ စျ ည'၊
(၃) ဂဟပတိဝံသ- သူကြွယ်မျိုး အက္ခရာ ငါးလုံး 'ဋ ဌ ဍ ဎ ဏ '၊
(၄) သေဋ္ဌိဝံသ-သေဌေးမျိုး အက္ခရာငါးလုံး 'တ ထ ဒ ဓ န'
(၅) ရတနတ္တယဝံသ-ရတနာသုံးပါး အက္ခရာမျိုးငါးလုံး 'ပ ဖ ဗ ဘ မ'၊
(၆) ဗြဟ္မဏဝံသ-ဗြဟ္မဏမျိုး အက္ခရာရှစ်လုံး 'ယ ရ လ ဝ သ ဟ ဠ အ'။ ♦

ဝံသ အက္ခရာ၊ ၁၂-ဖြာ။ ဆိုင်ရာ မျိုးရိုးသိ

ကဝိပါသဏ္ဍခေါ် ဆန်းကျမ်းလာ တနည်း။
(၁) ခတ္ထိယဝံသ-က ဝဂ် ၅-လုံး၊
(၂) ဗြဟ္မဏ ဝံသ- စ ဝဂ် ၅-လုံး၊
(၃) ဝဿ ဝံသ- ဋ ဝဂ် ၅-လုံး၊
(၄) ဒေဝ ဝံသ-တ ဝဂ် ၅-လုံး၊
(၅) ဗြဟ္မ ဝံသ- ပ ဝဂ် ၅-လုံး၊
(၆) သုဒ္ဓ ဝံသ-ယ အက္ခရာ၊
(၇) အပါယ ဝံသ- ရ အက္ခရာ၊
(၈) သောတာပန် ဝံသ- လ အက္ခရာ၊
(၉) သကဒါဂါမ် ဝံသ-သ အက္ခရာ၊
(၁၀) အနာဂါမ် ဝံသ- ဟ အက္ခရာ၊
(၁၁) အရဟန္တ ဝံသဠ အက္ခရာ၊
(၁၂) ဗုဒ္ဓ,ပစ္စေကဗုဒ္ဓ ဝံသ-အ အက္ခရာ။ ♦

ဝင်လေ,ထွက်လေ မရှိသူ ၈-ယောက်

၎င်းသရုပ် (အသက်မရှူသူ ၈-ယောက်) ၌ ရှုပါ။ ♦

ဝင် ၉-ဝင်ဟု၊ ခေါ်ဆိုပြု၊ ကျမ်းစု အဘယ်နည်း?

(၁) ဗုဒ္ဓဝင်- ဘုရားအစဉ် အဆက်ကို ပြသောကျမ်း၊
(၂) မဟာဝင်-ဘုရားရှင်တို့၏ ဆွေတော်မျိုးတော် အစဉ်အဆက်ကို ပြသောကျမ်း၊
(၃) ရာဇဝင်-မင်းအစဉ်အဆက် ကို ပြသောကျမ်း၊
(၄) အနာဂတ ဝင်- နောင်ပွင့် လတံ့သော ဘုရားအစဉ်အဆက်ကို ပြသောကျမ်း၊
(၅) ဓာဌာဓာတုဝင်-ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့၏ စွယ်တော် ဓါတ်တော် အစဉ်အဆက်ကို ပြသောကျမ်း၊
(၆) ဒီပဝင်-သီဟိုဠ်ကျွန်း သမိုင်းအစဉ်အဆက်ကို ပြသောကျမ်း၊
(၇) ထူပဝင်- စေတီပုထိုး တို့၏ အစဉ် အဆက်ကို ပြသောကျမ်း၊
(၈) ဗောဓိဝင်ဘုရားရှင်တို့ ပွင့်တော်မူရာဗောဓိပ) ် အစဉ်အဆက်ကိုပြသောကျမ်း၊
(၉) သာသနာဝင်- သာသနာတော် အစဉ်အဆက်ကိုပြသောကျမ်း။ ♦

ဝင်းမျိုး ၄-ပါး၊ မင်းတရား၊ ပိုင်းခြားမည်သို့ ခန့်သနည်း?

မြို ့တံခါး , နန်းတံခါး လေးမျက်နှာတို့၌ စောင့်ကြပ်သော အစုကြီး ၄-ပါး၊ ဘုရင်မင်းမြတ် ထွက်တော်မူသောအခါလည်း ဝင်း ၄-ပါးရံသည်၊မြင်းမိုရ်တောင်ထိပ် နတ်မင်းကြီး ၄-ပါးကိုစံထားပြုလုပ်သည် ဟူသတတ်။
(၁) အရှေ့ဝင်း-အရှေ့အရပ် အရှေ့တံခါးစောင့်များ၊ ၎င်းတို့ လည်ကုပ်၌ ဓတရဋ္ဌနတ်မင်းကြီး ဂန္ဓဗ္ဗနတ်ကို စီးဟန် ဆေးနီဖြင့် ထိုးနှံထားသည်၊ မြင်းမိုရ်ရောင်ကိုစွဲ၍ ဖြူသော အလံကို ကိုင်ဆောင် လွှင့်ထူရ၏၊
(၂) အနောက်ဝင်း- အနောက်အရပ် အနောက်တံခါးစောင့်များ၊ ဝိရူပက္ခနတ်မင်းကြီး နဂါးစီးဟန်၊ ဆေးထိုးနှံ၊ ချိပ်ရောင် အလံကိုင်၊
(၃) တောင်ဝင်း လကျ်ာဘက်အစောင့် သားများ၊ ဝိရူဠှကနတ်မင်းကြီး ကုမ္ဘဏ်စီးဟန်၊ ဆေးထိုးနှံ့၊ အလံအစိမ်းရောင်၊
(၄) မြောက်ဝင်း-လက်ဝဲဘက် အစောင့်များ၊ ကုဝေရ နတ်မင်းခေါ် ဝေဿဝဏ်နတ်မင်းကြီး ဘီလူးစီးဟန်၊ ဆေးထိုးနှံ့၊ အလံတော် အဝါအရောင် ကိုင်ဆောင် လွှင့်ထူ၏။ ♦

ဝစီက ၄-ပါး၊ ဝစီဒုစရိုက် ၄-ပါး

၎င်း၏သရုပ်ကို (ဒုစရိုက်ဆယ်ပါး) မှာ ကြည့်ပါ။ ♦

ဝစီ ပဏာမမျိုး ၂-ပါး

မိမိဘာသာနှင့် ဆိုင်ရာကို နှုတ်မြွက်ရှိခိုးရာ၌ ၂-ပါးအပြား ရှိသည်။
(၁) ကေဝလ ဝစီပဏာမ-ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မပြမဆိုဘဲ 'ဗုဒ္ဓံ ဝန္ဒာမိ, ဓမ္မံ ဝန္ဒာမိ, သံဃံ ဝန္ဒာမိ'ဟု ရှိခိုးခြင်းမျိုး၊
(၂) ထောမနာ ဝစီပဏာမ မိမိတို့ဆိုင်ရာ ဘုရားသခင်၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို ဖေါ်ဆို ရှိခိုးခြင်းမျိုး၊ 'အရဟတာဒိ နဝဂုဏေဟိ'စသည်ဖြင့် ချီးကျူး၍ ရှိခိုးခြင်း။ ♦

ဝဋ် ၃-ပါးဟု၊ ခေါ်ဆိုပြု၊ လည်မှု သံသရာ

ဝိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၂၁၆။ သမ္မောဟဝိနောဒနိ။ ၁၈၄။ ဒုက္ခထည်း၌ ချာချာလည်ခြင်း ၃-ပါး။
(၁) ကိလေသ ဝဋ်အဝိဇ္ဇာ,တဏှာ,ဥပါဒါန်,၎င်း ၃-ပါးကို ခေါ်သည်၊
(၂) ကမ္မ ဝဋ်-သင်္ခါရနှင့်ကမ္မဘဝဟု ဆိုအပ်သော ဘဝကို ဖြစ်စေတတ်သည့် ကုသိုလ်ကံ, အကုသိုလ်ကံကို ခေါ်သည်၊
(၃) ဝိပါက ဝဋ်-ဥပပတ္တိဘဝနှင့် ဝိညာဉ်,နာမ်,ရုပ် စသည်တို့ကို ခေါ်သည်။ ♦

ဝဋ်တော် ၁၂-ပါး၊ မြတ်ဘုရား၊ ခံစား ကြွေဟောင်းကို

၎င်း သရုပ်အဓိပ္ပါယ်ကို (ဝိပါက်တော် ၁၂-ပါး) မှာ ကြည့်ပါ။ ♦

ဝဏ္ဏကသိုဏ်း၊ ရှုသူတိုင်း၊ ၄-ပိုင်း ခြားနားထိ

ထင်ရှားသောအရောင်အဆင်း များစွာတို့ တွင် နီလ, ပီတ, လောဟိတ, သြဒါတ,ခေါ် သန့်ရှင်းသော အဆင်း လေးပါးကို ပိုင်းခြား၍ ကြိုက်ရာတပါးကို ရှုရာသည်ဟူ၏၊ အကျယ်(ကသိုဏ်း ၁၀-ပါး) ၌ ပြန်ကြည့်ပါ။ ♦

ဝတ် ၃-ပါးခေါ်၊ တရားတော်၊ ကျင့်နော် လူအများ

ရဟန်း ရှင်လူကပ္ပါသူ ကပ္ပါသားတို့ လိုက်နာပြုကျင့်ရမည့် ကျင့်ဝတ် သုံးပါး။
(၁) လောကဝတ်-လူလူချင်း ပေါင်းသင်း ဆက်ဆံရေးကို အစထား၍ကပ္ပါသားအားလုံးတို့နှင့် မိတ်ဆွေရင်းချာ ဖြစ်နိုင်ရေး ကျင့်မှု လောကွတ်၊
(၂) ဓမ္မဋဝတ်-ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ဘဝ၌ ကိုယ်ရေးကိုယ်တာ မြင့်မြတ်ရေး အတွက် ကျင့်ကြံအားထုတ်မှု၊
(၃) ရာဇဝတ်- မိမိတို့ဆိုင်ရာဘုရင်မင်းမြတ် သမ္မတအစိုးရတို့ကို ရိုသေလေးမြတ်မှု၊ ဥပဒေအရပ်ရပ်ကိုစောင့် သိလိုက်နာမှု။ ♦

ဝတ္တကံခေါ်၊ လယ်ယာတော်၊ ၃-ဘော် ခြားနားဘိ

ဝတ္ထု=မြေ၊ဂါမ=အပေါင်း၊ ဝတ္ထုဂါမမှ ဝတ္ထုဂါမ်-ဝတ္တကံ ဖြစ်လာသည်၊ ရတနာသုံးပါးနှင့်စပ်၍ လှူသော မြေယာကို ခေါ်ဆို၏။
(၁) ဘုရားမြေ၊
(၂) တရားတော်နှင့်စပ်၍ လှူထားသောမြေ၊
(၃) သံဃာတော် မြေ။ ♦

ဝတ္ထုရုပ် ၆-ပါး

စိတ် စေတသိက်တို့၏ မှီရာတည်ရာ ၆-ပါး။
(၁) စက္ခုဝတ္ထု မြင်တတ်သော မျက်စိ အကြည်ဓာတ်ရုပ်၊
(၂) သောတ ဝတ္ထု-ကြားတတ်သော နား အကြည်ဓာတ်ရုပ်၊
(၃) ဃာနဝတ္ထု- နံတတ်သော နှာခေါင်း အကြည်ဓာတ်ရုပ်၊
(၄) ဇိဝှါဝတ္ထု- အရသာကို ခွဲခြားပေးတတ်သော လျှာ အကြည်ဓာတ်ရုပ်၊
(၅) ကာယဝတ္ထု-တွေ့ထိမှုကို သိတတ်သော ကာယဝိညာဉ်၏တည်ရာ ကာယအကြည်ဓာတ်ရုပ်၊
(၆) ဟဒယ ဝတ္ထု-မနော ဝိညာဉ်၏ တည်ရာ နှလုံးသွေးအကြည်ဓာတ်။ ♦

ဝန်ကြီး ၄-ပါး၊ ဘုရင်များ၊ ခန့်ထား အဘယ်နည်း?

မြန်မာဘုရင်မင်းမြတ်တို့ လက်ထက် လွှတ်ရုံး၄-ရပ်၌ ဆုံးဖြတ်စီရင်ရသော''အဂ္ဂ မဟာသေနာပတိ” ဘွဲ့ခံ ပြန်တမ်းတော်ကြီးဝင် ဝန့်ရှင်တော်မင်းကြီး လေးပါးကိုပင်ဝန်ကြီးလေးပါး ခေါ်တွင်ကြသည်။ ♦

ဝန်ချိန် ၃-ဖြာ၊ သတ်မှတ်ခါ၊ လိုက်နာ လူထုသုံး

ဝတ္ထု ပစ္စည်းအချင်းချင်း နားလည်မှုအတွက် သတ်မှတ်ပိုင်း ခြားသည့် ပမာဏအပြား ၃-ပါး။
(၁) တိုင်းဝန်-လက်သစ်,ထွာ, တောင်တာ, ယူဇနာ, မီတာ, ပေ, ကိုက်, ဖာလုံ, မိုင်, စသည်ဖြင့် အတိုင်းအရှည်ပြုပေးရသော ဝတ္ထုပစ္စည်းမျိုး၊
(၂) ချိန်ဝန်- ရွေး, ပဲ, မူး, ကျပ်, ပိုလ်, ပိဿာ, ပေါင်, တန်, စသည်ဖြင့် နှိုင်းချိန်၍ပေးရသော ဝတ္ထုပစ္စည်းမျိုး၊
(၃) ခြင့်ဝန်-ကွမ်းစား, စလယ်, ပြည်, စိတ်, တင်း, တို့, ကက်, ကျပ်, ကျီ, ကြ, စသည်ဖြင့်နှိုင်းယှဉ် ခြင့်တွယ်ပေးရသော အရာဝတ္ထုမျိုး။ ♦

ဝန်စုရ မင်းမျိုး ၅၀

မော်ပီ ဆရာသိန်းကြီး မှတ်တမ်းမှ၊ ဆင်ဝန်။ အောက်မားဝန်။ ဆင်ဖြူဝန်။ စီးတော်မြင်းဝန်။ စို့ ၄၀-ဒိုင်းဝန်။ ကောင်းဟန်ဝန်။ ရွှေပြည်ဝန်။ နောက်တော်ပါမြင်းဝန်။ ကသည်းမြင်းဝန်။ အက္ကပတ်မြင်းဝန်။ (၁၀) ။

နန်းဦးမင်္ဂလာ မြင်းဝန်။ တောင် ရွှေပြည်ရန်အောင် မြင်းဝန်။ မြောက် ရွှေပြည်တန်ခွန်ဘက် မြင်းဝန်။ ကျုံးဝန်။ အုဌ်ဝန်။ နန်းကံကျွေးဝန်။ ယွန်းစုဝန်။ သူရဲဝန်။ အမြောက်ဝန်။ ကျီဝန်(နတ်ထိန်းနတ်အုပ်ဆေးသမား) (၂၀) ။

အဝေးကျီဝန်။ (ဘဏ္ဍာတိုက်) ငွေခွန်ဝန်။ ပုဏ္ဏားဝန်။ ကုလားဝန်။ ကသည်းဝန်။ ဆတ္တာဝန်။ အရွက်ဝန်။ (ကုဋ္ဌနူနာ ဆိုင်ရာ) အမွေဝန်။ (သုသာန်ဆိုင်ရာ အမွေတိုက်) ဖေါင်ဝန်။ (လှေသမ္ဗန်ဆိုင်ရာ) မဟာဒါန်ဝန်။ (အလှူဒါနဆိုင်ရာ) (၃၀) ။

ဝတ်မြေဝန်။ (ဘုရားစေတီနှင့် ဆိုင်ရာ) တံဆိပ်တော်ဝန်။ (ဘွဲ့ပုံတံဆိပ် ဆိုင်ရာ) အိမ်ရှေ့ဝန်။ ဖလ်ချက်ဝန်။ သံချက်ဝန်။ ပန်းတဉ်းဝန်။ ပန်းဘဲဝန်။ ဒနက် ပလာဆင်ဝန်။ ရွှေတိုက်ဝန်။ အချုပ်ဝန်။ (၄၀) ။

မြေနန်းဝန်။ ခင်မမင်းဝန်။ ရေကြည်ဝန်။ စားတော်ဝန်။ စက်ဝန်။ တရုတ်ဝန်။ ယိုးဒယားဝန်။ တိရစ္ဆာန်ဝန်။ သဘင်ဝန်။ ပန်းထိမ်ဝန်။ (၅၀) အခြားဝန်များစွာ ရှိသေးသည်။ ♦

ဝန်တိုခြင်းမျိုး ၅-ပါး

၎င်း သရုပ် အဓိပ္ပါယ် အကျယ် (မစ္ဆရယိ တရား၅-ပါး) နှင့် တူ၏ ။ ♦

ဝန္ဒနာအပြား၊ မျိုး ၃-ပါး၊ ဖြေကြား ပညာသျှင်

ရှိခိုးခြင်း အမျိုးအစား၃-ပါး။
(၁) ကာယ ဝန္ဒနာ- ကိုယ်အင်္ဂါတို့ဖြင့် ရှိခိုးခြင်း၊
(၂) ဝစီ ဝန္ဒနာ-ဂုဏ်ကျေးဇူးတို့ကို နှုတ်မြွက်၍ ရှိခိုးခြင်း၊
(၃) စိတ္တ ဝန္ဒနာ-ဂုဏ်ကျေးဇူးတို့ကို အစဉ်အောက်မေ့၍ စိတ်ဖြင့် ရှိခိုခြင်း။ ဝသီဘော် ငါး၊ ခေါ်ဆိုငြား၊ ပိုင်းခြား ဆင်ခြင်ဉာဏ်

ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၁၄၉။ ၎င်း။ ဒု-အုပ်။ ၃၄၆။ လေ့ကျင့်ခြင်းသို့ ရောက်ပြီးသော တရားငါးပါး။
(၁) အာဝဇ္ဇန ဝသီဘော်-စျာန်မှထသောအခါ ဘဝင်ကိုအကြိမ်များစွာမကျစေဘဲ စျာန် အင်္ဂါတို့ကို လျင်မြန်စွာ ဆင်ခြင်နိုင်သော 'အာဝဇ္ဇန်း'ကိုခေါ်သည်။
(၂) သမာပဇ္ဇန ဝသီဘော်- စျာန်ကို အလိုရှိသောခဏ၌ ဖြုတ်ချည်းဝင်စားနိုင်ခြင်းမျိုးကို ဆိုသည်။
(၃) ဝုဋ္ဌာန ဝသီဘော်- မိမိပိုင်းဖြတ် မှန်းဆထားသော အချိန်၌ စျာန်ဇောမှ ဖြုတ်ချည်းထနိုင်ခြင်းကို ဆိုသည်။
(၄) အဓိဋ္ဌာန်န ဝသီဘော်- မိမိအဓိဋ္ဌာန်ထားသမျှသော ကာလပတ်လုံးစျာန်ဇောကို ဖြစ်စေနိုင်ခြင်းကို ခေါ်ဆိုသည်။
(၅) ပစ္စဝေက္ခဏာ ဝသီဘော်- စျာန်အင်္ဂါကို ဆင်ခြင်ပြီးလျှင် တဖန်စျာန်ကို အလျင်အမြန် ဝင်စားရန်အတွက် စျာန်အင်္ဂါတို့ကို ဆင်ခြင်သောအခါ ၇-ကြိမ်မကျစေမူ၍ ၄-ကြိမ် ၅-ကြိမ်မျှသာ ကျစေသော'ပစ္စဝေက္ခဏာဇော'ကို ခေါ်ဆိုသည်။ ♦

ဝါကျတ္ထ ဒေါသမျိုး ၆-ပါး

အလင်္ကာကျမ်းလာ ဝါကျအနက် အပြစ် ၆ပါး။
(၁) အပက္ကမ ဒေါသ- ရှေ့နောက်စကားစဉ် ဖေါက်ပြန်သော အပြစ်၊ပုံ-'ဘာဝနာ သီလ ဒါန' စသည်။
(၂) ဂမ္မ ဒေါသ- မယဉ်ကျေးသော စကားလုံးတို့ဖြင့် ရေးသုံးမှု၊ ပုံ-'ကျယ်သောဖင်၊ ရွှင်မြူးဖူးထသော နို့' စသည်။
(၃) သံသယတ္ထ ဒေါသ- ယုံမှားဘွယ်ရှိသော အနက်ထွက်သည့် အသုံးအနှုန်းမျိုး၊ ပုံ-'ပေးလှူဒါန ထိုဗုဒ္ဓကို' 'သမ္မာသမ္ဗုဒ္ဓကို? ပစ္စေကဗုဒ္ဓ?' ။
(၄) ဘဂ္ဂရီတိ ဒေါသ-ဝိဘတ်အနက် ကျိုးပျက်သော အနှုန်းအဖွဲ့မျိုး၊ ပုံ-'ထိုထက်နည်းနည်း၊ လှူပြီးဒါန'၊ 'နည်းလျှင်'အောက်'နှင့်သုံးရမည်၊ များမှ'ထက်' နှင့် သုံးရမည်'။
(၅) သြစိတြ ဟီန ဒေါသ- ရှေ့နောက်မညီ ယုတ္တိမတန်သော အသုံးအနှုန်း၊ ပုံ-' ခြင်္သေ့ ဆင် ကျား၊ မကြောက်ငြားဘဲ၊ ကြွက်သားနီတာ၊ကြောက်ရွံ့ရှာသည်' ။
(၆) ဒုဋ္ဌာ လင်္ကတိ ဒေါသ-အလင်္ကာများကို ဖျက်ဆီးသော အပြစ်ဒေါသ အသုံးအနှုန်း ဟူသမျှ။ ♦

ဝါကျဒေါသမျိုး ၉-ပါး

စာပေဝါကျ စီကုံးရာ၌ ရှောင်ရှားရမည့်အပြစ်၉-ပါး၊ အလင်္ကာ ဥပဒေရပ်များ။
(၁) ဧကတ္ထ ဒေါသ-အကျိုးမရှိဘဲလျက် အနက်သဒ္ဒါ ၂-ပါးကို ထိုဝါကျထဲ၌ အဖန်တလဲလဲ ထပ်၍ပြဆိုခြင်းမျိုး၊
(၂) အဂ္ဂရီတိ ဒေါသ-စကားအစဉ် ကျိုးပျက်လျက် ရှုပ်ထွေးမြုပ်ကယ်သွားသော အသုံးအနှုန်းများ၊
(၃) ဂမ္မ ဒေါသ-ရိုင်းပြသောစကားလုံး အသုံးအနှုန်းတို့ဖြင့် စီကုံးမှု၊
(၄) အပေတတ္ထ ဒေါသ- ပိဏ္ဍတ္ထ ခေါ် အနက်ပေါင်း အဓိပ္ပါယ်ကောက်၍ မရနိုင်သော စီကုံးမှုမျိုး၊
(၅) ဗျာကိဏ္ဏ ဒေါသ-စပ်သင့် နီးသင့်သော ပုဒ်များကို နီးနီးမထားကျော်လွှားခုန်ပေါက် ကမောက်မက ရှုပ်ထွေးစွာ ပြထားမှုများ၊
(၆) ယတိဟီနဒေါသ-ဖြတ်ရမည့်နေရာ၌ အဖြတ်မပြ ဖြတ်မရအောင် ရေးသားထားမှုများ၊
(၇) အတိဝုတ္တဒေါသ-အပြောကြီးလွန်း ကြွားလွန်းသော စီကုံးရေးသားမှု၊
(၈) သဗန္ဓ ဖရုသ ဒေါသ- ကျယ်လောင်သော အသံဖြင့်ရွတ်ဖတ်ရသည့် ဓနိတ အက္ခရာတွေ များများထည့်သွင်း စီကုံးမှု၊
(၉) ကမစ္စုတ ဒေါသ-လောကသုံး ထုံးတမ်းစဉ်လာမှ တော်လှန်ပုန်ကန် သောအသုံးအနှုန်းများ။ ♦

ဝါဆိုခြင်းများ၊ မျိုး ၂-ပါး၊ ဘုရားခွင့်ပြုချက်

ရဟန်းတော်များ ၃-လအတွင်း အရပ်တပါးသို့ မရွှေ့ပြောင်းရဘဲ နေထိုင်ကပ်ဆိုရမည့် အချိန်ကာလမျိုး ၂-စား။
(၁) ပုရိမာ ဝါ-ဝါဆိုလပြည့်ကျော် တရက်နေ့မှသည် သီတင်းကျွတ်လပြည့်နေ့ထိ၊ ၎င်းကို 'ပထမဝါ'ဟုလည်း ခေါ်ဆိုသည်၊
(၂) ပစ္ဆိမ ဝါ-ဝါခေါင်လပြည့်ကျော် တရက်နေ့မှသည် တန်ဆောင်မုန်းလပြည့်နေ့ထိ၊ ၎င်းကို'ဒုတိယဝါ'ဟုလည်း ခေါ်ဆိုသည်။ ♦

ဝါတော်ဆိုရာ၊ မြတ်ဗုဒ္ဓါ၊ ဌာနာ ၁၇-သိ

ဇိနာလင်္ကာရဋီကာနှင့် ဗိုလ်ကလေး ဦးသက်ရှည်ရေး ဝါတော်စဉ် မြေပုံမှ။
(၁) ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယ ဝိဟာရ၌ ပဌမဝါဆိုသည်၊
(၂) ရာဇဂြိုလ် ဝေဠုဝန်ကျောင်း၌ဒု,တ,စ, ပေါင်း၃-ဝါ၊
(၃) ဝေသာလီပြည် မဟာဝုန်ကျောင်း၌ ပဉ္စမဝါ၊
(၄) ရာဇဂြိုလ် မကုဠတောင် ချယားတော၌ ဆဋ္ဌမဝါ၊
(၅) တာဝတိံသာ ပင်လယ်ကသစ်ပင်ရင်း၌ သတ္တမဝါ၊
(၆) ဘဂ္ဂတိုင်း သံသုမာရတောအုပ်၌ အဋ္ဌမဝါ၊
(၇) ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ နဝမဝါ၊
(၈) ၎င်းပြည် ပလလည်းတော အင်ကြင်းပင်အောက်၌ ဒသမဝါ၊
(၉) ဗြဟ္မဏဂါမ နာလိကာရုံကျောင်းတော်၌ ဧကာဒသမာဝါ၊
(၁၀) ဝေရဉ္စရာပုဏ္ဏားရွာ တမာပင်ရင်း၌ ဒွါဒသမဝါ၊
(၁၁) ဇာလိယတောင်၌ ၁၃-ဝါမှာတကြိမ်, ၁၈-နှင့် ၁၉-ဝါမှာ တကြိမ် ပေါင်း ၃၀ါ၊
(၁၂) သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ၁၄-ဝါမှာ တကြိမ်, ၂၁-ဝါမှ ၄၄-ဝါထိတကြိမ်ဆို၊ ပေါင်း ၂၅-ဝါ၊
(၁၃) ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ ပန္နရသမဝါ၊
(၁၄) အာဠဝီပြည် မဟာဝုန်တော၌ သောဠသမဝါ၊
(၁၅) ရာဇဂြိုလ်ပြည်နယ် နလန္ဒရွာ သာရီပုဏ္ဏေးမကြီးကျောင်း၌ သတ္တရ-သမဝါ၊
(၁၆) ၎င်းနယ် ဂိဇ္ဈကုဋ်တောင်၌ ဝီသတိမဝါ၊
(၁၇) ၄၅-ဝါမြောက်နောက်ဆုံး ဝေဠုဝရွာ၌ ဝါဆိုတော်မူသည်။ ♦

ဝါဆိုလပြည့် နေ့ထူးကြီး ၄-ချက်

သုတ်မဟာဝါ။ ဋ္ဌ။ ၁၈။ ငါတို့သာသနာ ဂေါတမအလောင်းတော်သည်ဝါဆိုလပြည့်နေ့၌။
(၁) ပဋိသန္ဓေတည်နေတော်မူခြင်း၊
(၂) တောထွက်တော်မူခြင်း၊
(၃) ဓမ္မစကြာတရားဦးဟောတော်မူခြင်း၊
(၄) တိတ္ထိတို့ကို နှိမ်နင်းသဘင် တန်ခိုးပြာဋိဟာပြ၍ တာဝတိံသာနတ်ပြည်သို့ကြွတော်မူခြင်းတို့ ဖြစ်၏။ ♦

ဝါဒီ ၁၀-ပါး၊ လိမ်မာငြား၊ စကားအဘယ်နည်း?

၎င်းသရုပ်ကို(ကထာမျိုး ၁၀-ပါး) ၌ ရှုပါလေ။ ♦

ဝါပန်သွားရာ၊ ရဟန်းမှာ၊ မှတ်ပါ'တုံ'၃-ချက်

ရဟန်းတော်များဝါတွင်း ခရီးသွားရန် အတွက် တုံ ၃-ချက်ခေါ် အင်္ဂါ၃-ပါးနှင့် ပြည့်စုံမှ ဝါကျိုး ဝါပျက်ဝိနည်းဥပဒေမှ လွတ်သည်၊ ဝါပန်၍သွားကောင်းသည်ဟူ၏၊
(၁) ဒါနဉ္စဒါတုံ-အလှူပေးခြင်းငှါ အလှူခံပင့်ခြင်း၊
(၂) ဓမ္မဉ္စ သောတုံ-တရားနာခြင်းငှါ တရားဟော ပင့်ခြင်း၊
(၃) ဘိက္ခုံစ ပဿိတုံ-ဖူးမြင်လို၍ ပင့်ခြင်း။ ♦

ဝါယောဓာတ် ၆-ပါး

မူလပဏ္ဏာသ။ ပါ။ ၁၉၇။ ဋ္ဌ။ ၃၇-၌ အကျယ်ရှု ။ လေဓာတ်ကို ဝါယောဓာတ်ဟု ခေါ်ဆိုသည်၊ သတ္တဝါတို့၏ ကိုယ်တွင်း၌ ၆-ပါး အပြားရှိ၏၊ ဝိသုဒ္ဓိမဂ်။
(၁) ဥဒ္ဓင်္ဂမ ဝါယော- အထက်သို့ပျို့အန်ဆန်တက် တတ်သောလေ၊
(၂) အဓောဂမ ဝါယော-အောက်သို့ စုန်းဆင်းသော လေ၊
(၃) ကုစ္ဆိဋ္ဌ ဝါယော- ဝမ်းတွင်း၌ တည်သောလေ၊
(၄) ကောဋ္ဌာသယ ဝါယော- အူမ၌ တည်သော လေ၊
(၅) အင်္ဂမင်္ဂါနုသာရီ ဝါယော- အင်္ဂါကြီးငယ်သို့ လျှောက်သွားသောလေ၊
(၆) အဿာသ ပဿာသ ဝါယော-ထွက်သက် ဝင်သက် လေ။♦

ဝါရမိတ္တု၊ သတ္တရု၊ မှတ်ရှု ၇-နေ့

ဘေးရန်များသော ရက်တို့ဖြစ်၍ အမှုကိစ္စ မပြုရဟု ဗေဒင်ကျမ်း၌ဆို၏။
(၁) တနင်္ဂနွေနေ့- ဆန်း ဆုတ် ၁၂-ရက်နှင့် ကြုံမူ ဝါရမိတ္တု၊
(၂) တနင်္လာနေ့- ဆန်း ဆုတ် ၁၁-ရက်၊
(၃) အင်္ဂါနေ့-ဆန်း ဆုတ် ၁၀-ရက်၊
(၄) ဗုဒ္ဓဟူးနေ့ဆန်း ဆုတ် ၉-ရက်၊
(၅) ကြာသပတေးနေ့-ဆန်း ဆုတ် ၈-ရက်၊
(၆) သောကြာနေ့- ဆန်း ဆုတ် ၇-ရက်၊
(၇) စနေနေ့- ဆန်း ဆုတ် ၆-ရက်နှင့် ကြုံမူ ဝါရမိတ္တု။ ♦

ဝိကာရရုပ်မျိုး ၅-ပါး

အထူးထူး အပြားပြား ခြားနားသော အမူအရာရှိသည့်ရုပ် ၅-ပါး၊ ၎င်းကို (ရုပ်၂၈-ပါး) ၌ ပြခဲ့ပြီ။ ♦

ဝိကာလဘောဇန ဆက္က သီလ

၎င်းသရုပ်(ခြောက်ပါးသီလ) နှင့် တူ၏။ ♦

ဝိကာလဘောဇန သိက္ခာပုဒ်၏ အင်္ဂါ ၄-ပါး

၎င်း လေးပါးနှင့်ညီက ထိုသိက္ခာပုဒ် ပျက်၏။
(၁) မွန်းတည့် သည်မှ အာရုဏ်တက် အတွင်းဝိကာလချိန်လည်း ဖြစ်စေ၊
(၂) ခဲဘွယ်မျိုး ၁၂-ပါး၊ဘောဇဉ်မျိုး ၅-ပါးတို့တွင် တပါးပါသော ယာဝကာလိကလည်း ဖြစ်စေ၊
(၃) ထိုယာဝကာလိက ဝတ္ထုတို့ကို စားမျိုသည်လည်းဖြစ်စေ၊
(၄) မရူးသူလည်းဖြစ်စေ။ ♦

ဝိဇ္ဇာ ၃-ပါး

ဣတိဝုတ်။ ပါ။ ၂၆၁။ ဋ္ဌ။ ၂၉၆။ သံယုတ်။ ဋ္ဌ။ ပ-အုပ်။ ၁၉၅- တို့၌ ရူပါ။ ပု, ဒိ, အာ, ခေါ် ပုဗ္ဗေနိဝါသ ဉာဏ်တော်၊ ဒိဗ္ဗစက္ခုဉာဏ်တော်၊ အာသဝက္ခယ ဉာဏ်တော်၊၎င်း သုံးပါးကို ခေါ်ဆိုသည်။ ♦

ဝိဇ္ဇာ ၈-ပါး

ဣတိဝုတ်။ ပါ။ ၂၁၆။ ဋ္ဌ။ ၂၉၆။ အထူးသဖြင့် သိကြောင်းဖြစ်သော အလင်းရောင် ဉာဏ်အပြား ၈-ပါး။
(၁) ပုဗ္ဗေ နိဝါသဉာဏ်- ရှေးရှေးသောဘဝ ခန္ဓာအစဉ်ကို မြင်နိုင်သောဉာဏ်၊
(၂) ဒိဗ္ဗ စက္ခုဉာဏ်- နီး, ဝေး, သေး, ကြီးသော ရူပါရုံဟူသမျှ အကုန် မြင်စွမ်းနိုင်သော ဉာဏ်၊
(၃) အာသဝက္ခယ ဉာဏ်- တထောင့်ငါးရာ ကိလေသာကို ပယ်ခွါသတ်ဖြတ်တတ်သော အရဟတ္တမဂ် ဉာဏ်၊
(၄) ဣဒ္ဓိဝိဓ ဉာဏ်- ထူးထွေအံ့ဆန်းသော တန်ခိုးတော် အရပ်ရပ်ကို ဖန်ဆင်းနိုင်သော ဉာဏ်၊
(၅) ဒိဗ္ဗသောတဉာဏ်- ဝေး, နီး, တိုး, ကျယ်သော အသံဟူသမျှကို ကြားစွမ်းနိုင်သောဉာဏ်၊
(၆) စေတော ပရိယ ဉာဏ်- စိတ်အစဉ်ကို လိုက်၍သိသောဉာဏ်၊
(၇) မနော မယိဒ္ဓိ ဉာဏ်-စိတ်ကြံတိုင်း ကိုယ်ပြီးသော တန်ခိုးတော်ရှိသည့် ဉာဏ်၊
(၈) ဝိပဿနာ ဉာဏ်-ဝိပဿနာ ဉာဏ်စဉ် အရပ်ရပ်။ ♦

ဝိဇ္ဇာဓိုရ်မျိုး ၅-ပါး

ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးနှင့်သေက္ချတောင် ဦးတိလောက အရှင်မြတ်တို့ စီရင်ရေးသားသော ဝိဇ္ဇာမဂ္ဂဒီပနီကျမ်းမှ။
(၁) ဝေဒ ဝိဇ္ဇာဓိုရ်- ဣသျှု, ယဇု,သာမ, အာတပ္ပနခေါ်ဗေဒင်လေးမျိုး တတ်သူ၊
(၂) မန္တ ဝိဇ္ဇာဓိုရ်- လက္ခဏာကျမ်း, နိမိတ်ကျမ်း,ဂါထာ မန္တရား, ဆေးဝါး ဓာတ်ကျမ်းစသည့် စက်မှု, လက်မှု, လောကီပညာ အတတ်အမျိုးမျိုး တတ်သူ၊
(၃) ဂန္တာရီ ဝိဇ္ဇာဓိုရ်-ဓနသိဒ္ဓိ,အာယုသိဒ္ဓိ, စိန္တာမယသိဒ္ဓိ, ပထဝီသိဒ္ဓိ, အာကာသသိဒ္ဓိ, ဥဒကသိဒ္ဓိမျိုးကို ပေါက်၍ နတ် သိကြားတို့လောက် အစွမ်းရှိသော ဆေးဝိဇ္ဓာ, အင်းဝိဇ္ဇာ, ပြဒါးဝိဇ္ဇာ, သံဝိဇ္ဇာ, ဟူသမျှ၊
(၄) လောကိယ ဝိဇ္ဇာဓိုရ်- လောကီအဘိညာဉ် ငါးပါးကို ရတော်မူကြသော စျာန်ပျံ ပုဂ္ဂိုလ်အပေါင်း၊
(၅) အရိယ ဝိဇ္ဇာဓိုရ်-အနိစ္စ ဒုက္ခ အနတ္တ ရုပ်, နာမ် ဓမ္မသင်္ခါရတို့ကို အဟုတ်အမှန် သိတော်မူကြသော အရိယာ ပုဂ္ဂိုလ်ရှစ်ယောက်။ ♦

ဝိဇ္ဇာဓိုရ်မျိုး ၅-ပါး၊ တနည်း

(၁) ပြဒါးဝိဇ္ဇာ၊
(၂) သံဝိဇ္ဇာ၊
(၃) ဆေးဝိဇ္ဇာ၊
(၄) အင်းဝိဇ္ဇာ၊
(၅) မန္တန်ဝိဇ္ဇာ၊ ထို့ကြောင့် ဦးပုညအဂ္ဂိရတ် မေတ္တာစာ၌၊''ပါဠိအဋ္ဌကထာ ဋီကာကျမ်းပေါင်း စာဟောင်းစာတမ်း ထုံးတမ်းရာဇဝင်တို့ကို ဆင်ခြင်ထောက်စာ၍ ဝိဇ္ဇာဓိုရ်ဖြစ်ဟန်မှာ၊ ပြဒါး, သံ, ဆေးစား, အင်း, မန္တန်, အတတ်များကြောင့် ကောင်းကင်သွားရွှေငွေ အထွေထွေ တန်ခိုးမျိုးတို့ကို အစိုးရလတ်၍ လူ့ရပ်နတ်ပြည်လှည့်လည် သွားလာသော ဝိဇ္ဇာမိုရ်ငါးရပ်ရှိသည်ဟု ဆိုထားသေး၏။ ♦

ဝိဇ္ဇာမျိုး ၄-ပါး

လောကီ လောကုတ္တရာတို့ကို သိကြောင်း၊ သို့မဟုတ် သိတတ်သော တရား၄-ပါး ဟူ၏။
(၁) လောကိယ ဝိဇ္ဇာ- ဗြဟ္မဇာလသုတ် မဟာသီလခန်းတွင် လာသောအင်္ဂ ဝိဇ္ဇာ, နိမိတ္တက ဝိဇ္ဇာ, ဥပ္ပါတ ဝိဇ္ဇာ, သုပိန ဝိဇ္ဇာ, လက္ခဏ ဝိဇ္ဇာ, စသည့် များစွာသော လောကီအတတ်စု။
(၂) ဗြဟ္မဏ ဝိဇ္ဇာ- တိဏ္ဏံ ဒေဝါနံ ပါရဂူ, ဟူသော ပါဠိတော်အရ တေဝိဇ္ဇပုဏ္ဏားတို့၏ အတတ်ဖြစ်သော ဗေဒင်သုံးပုံ။
(၃) ဣသိ ဝိဇ္ဇာ- သာသနာပ အခါ၌ ရသေ့ ယောဂီတို့ လက်သုံးအကောင်းဆုံးခေါ်ရသည့် စျာန်တရားစုနှင့် ဒိဗ္ဗစက္ခု,ဒိဗ္ဗသောတ, စေတောပရိယ, ပုဗ္ဗေနိဝါသ, ဣဒ္ဓိဝိဓ, ခေါ် လောကီ အဘိညာဉ်ငါးရပ် အတတ်စု။
(၄) ဗုဒ္ဓ ဝိဇ္ဇာ- ဉာဏ်ပညာ၏ အရာဌာန သာသနလက်သုံး ဖြစ်သောဝိဇ္ဇာရှစ်ပါး တရားစု။ ♦

ဝိဇ္ဇာအတတ် ၁၈-ရပ်။

၎င်း တဆယ့်ရှစ်ရပ်သော အတတ်တို့ကို နှုတ်ဖြင့်ရွတ်ဖတ် သရဇ္ဈာယ်ရသောကြောင့် အဋ္ဌာရသ ဝိဇ္ဇာဟု လောကီကျမ်းတို့၌၎င်း၊ ဗိသဏုပုရာဏ်၌၎င်း လာ၏။
(၁) ကပ္ပ- မန္တန် မန်းမှုတ်နည်းအတတ်ကျမ်း၊
(၂) ဗျာကရဏ- သံနေ သံထား သဒ္ဒါပုဒ်များကိုပြသော အတတ်ကျမ်း၊
(၃) ဇောတိသတ္ထ- ဂြိုဟ်နက္ခတ်တို့၏ သရုပ်သဏ္ဌန်နှင့် ကောင်းဆိုးကို ဟောဆိုနည်း ကျမ်းအတတ်၊
(၄) သိက္ခာ- သရ ဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကို ရွတ်ဆိုပုံနှင့် ပြသော ကျမ်း။
(၅) နိရုတ္တိ- ဝဏ္ဏလာပုံ ပစ္စည်းသက်ပုံ ဝိဂြိုဟ်ပြုပုံ တို့ကို ဆိုသော ကျမ်းအတတ်၊
(၆) ဆန္ဒော ဝိစိတိ- ဆန်းကျမ်း အတတ်၊
(၇) သာမ ဗေဒင်၊
(၈) ယဇု ဗေဒင်၊
(၉) ဣရု ဗေဒင်၊
(၁၀) အာထဗ္ဗဏ ဗေဒင်တို့ကိုဟောဆိုသရဇ္ဈာယ်သော အတတ်၊
(၁၁) မီမံသာ- ကံ၏ အကြောင်းအရာ ဗြဟ္မာ၏ အကြောင်းအရာကို စီစစ်ဟောဆို ဆုံးဖြတ်သော ကျမ်းအတတ်၊
(၁၂) နျာယ- တက်ကျမ်းမျိုးစုံ အတတ်၊
(၁၃) ဓမ္မသတ္ထ-တရား ဥပဒေဓမ္မသတ် ကျမ်းအတတ်၊
(၁၄) ပုရာဏ- ရှေးဟောင်း အကြောင်းစကားတို့ကို ဆိုသော ကျမ်းအတတ်၊
(၁၅) အာယုဗေဒ- ဆေးကျမ်းဟောအတတ်၊
(၁၆) ဓနုဗ္ဗေဒ- မန္တန်မန်းမှုတ်၍ ပြုအပ်သော လေးပစ်အတတ်၊
(၁၇) ဂန္ဓဗ္ဗဗေဒ- သီဆိုကျူးရင့် ကခုန်မှု အတတ်၊
(၁၈) အတ္ထသတ္တ- အကျိုးစီးပွားများစေမည့် ယဉ်ကျေးစွာ ပြောဆိုပုံ နည်းမျိုးနှင့် စကားရည်လုပုံနည်းတို့ကို ပြသော ကျမ်းအတတ်။ ♦

ဝိညတ်မျိုး ၂-ပါး

သိစေတတ်သော အမူအရာ ၂-ပါး။
(၁) ကာယဝိညတ်- ကိုယ်အမူအရာဖြင့် မျက်စိမှိတ်ခြင်း, ခေါင်းညိတ်ခြင်း,လက်ပြခြင်း,စသည်မျိုး၊
(၂) ဝစီ ဝိညတ်-နှုတ်ဖြင့် ပြောဆိုခြင်းမျိုး။ ♦

ဝိညာဉ် ၆-ပါး

သိတတ်သော တရားသဘောစု ၆-ပါး။
(၁) စက္ခုဝိညာဉ်- မြင်သိစိတ်၊
(၂) သောတဝိညာဉ်- ကြားသိစိတ်၊
(၃) ဃာနဝိညာဉ်- နံသိစိတ်၊
(၄) ဇိဝှါ ဝိညာဉ်-လျက်သိစိတ်၊
(၅) ကာယ ဝိညာဉ်- ထိသိစိတ်၊
(၆) မနော ဝိညာဉ်- တွေးသိစိတ်။ ♦

ဝိညာဉ်ဏဋ္ဌိတိ ၇-ပါး

စူဠနိဒ္ဒေသ။ ပါ။ ၁၆၃။ ဋ္ဌ။ ၄၆။ သတ္တင်္ဂုတ္တရ။ ပါ။ ၄၇၂။ ဋ္ဌ။ ၁၆၃။ သုတ်မဟာဝါ။ ပါ။ ၅၈။ ဋ္ဌ။ ၉၉-တို့၌ အကျယ်ရှုပါ။ ဝိညာဉ်၏ တည်ခြင်း ၇-မျိုး။
(၁) နာနတ္တ ကာယ နာနတ္တ သညီ- ကိုယ်အမျိုးမျိုးရှိသော သညီအမျိုးမျိုးရှိသော လူနှင့် နတ်အချို့, ဝိနိပါတိကအသူရာအချို့၊
(၂) နာနတ္တ ကာယ ဧကတ္တသညီ- ကိုယ်အမျိုးမျိုး သညီကား တခုတည်းသာရှိသော ပဌမစျာန် ၃-ဘုံ ဗြဟ္မာများ၊
(၃) ဧကတ္တကာယ နာနတ္တသညီ-တူသော ကိုယ်ရှိ၍ သညီအားဖြင့် ပြားကုန်သောပရိတ္တာဘာ, အပ္ပမာဏာ, အာဘဿရာ ဇြဟ္မာများ၊
(၄) ဧကတ္တ ကာယ ဧကတ္တ သညီ- တူသောကိုယ် တူသော သညီ ရှိကြကုန်သော ပရိတ္တာသုဘ, အပ္ပမာဏ သုဘာ, သုဘကိဏှာ, ဗြဟ္မာများ၊
(၅) အာကာသာ နဉ္စာယတနဘုံ ဗြဟ္မာများ၊
(၆) ဝိညာဏဉ္စာယတနဘုံဗြဟ္မာများ၊
(၇) အာကိဉ္စညာယတနဘုံ ဗြဟ္မာများ။ ♦

ဝိညာဏဓာတ် ၆-ပါး

ဝိညာဉ် ၆-ပါးကိုပင် ဓာတ်နေရာ၌ 'ဝိညာဏဓာတ်၆-ပါး'ဟု ခေါ်ဝေါ်၏၊ အနက်အဓိပ္ပါယ် အတူတူပင်။ ♦

ဝိတက်ဆိုး ၃-ပါး

မူလပဏ္ဏာသ။ ပါ။ ၁၆၁။ ဋ္ဌ။ ပ-အုပ်။ ၃၈၃။ မကောင်း ကြံစည်ခြင်း ၃-ပါး။
(၁) ကာမ ဝိတက်-ကာမဂုဏ်ကို ကြံစည်ခြင်း၊
(၂) ဗျာပါဒဝိတတ်သူတပါးအား သေကြောင်း ပျက်စီးကြောင်းကို ကြံစည်ခြင်း၊
(၃) ဝိဟိံသဝိတက်-သူတပါးကို ညှင်းဆဲနှိပ်စက်ခြင်းငှါကြံစည်ခြင်း။ ♦

ဝိတက်မျိုး ၃-ပါး၊ တနည်း

နိက္ခမဝိတက်,အဗျာပါဒဝိတက်, အဝိဟိံသဝိတက်တို့ကို ခေါ်သည်၊ ၎င်း သရုပ်အဓိပ္ပါယ်မူကျယ် (သမ္မာသင်္ကပ္ပမျိုး၃-ပါး) ၌ ဆိုအံ့။ ♦

ဝိထိ ၃-ပါး၊ နေလများ၊ လမ်းသွား ဗေဒင်လာ

နေမင်း၏ သွားလမ်းကိုအတွင်း ဝိထိ, အလယ်ဝိထိ, အပြင်ဝိထိ ၃-ပိုင်းညှိ၍ လမ်း ၃-ပါးဖြင့်ပိုင်းခြားပြခြင်းမျိုး၊ ဇိနာလင်္ကာရဋီကာနှင့် သာရတ္ထသင်္ဂဟ အဋ္ဌကထာ။
(၁) ဗာဟီရ ဝိထိ-အပြင်လမ်း၊ တန်ဆောင်မုန်းလဆန်း ၁၅-ရက်နေ့ညဉ့်၂-ချက်တီးချိန် မှစ၍ ထွက်သွားရာ ပြာသိုလပြည့်နေ့ညဉ့် ၂-ချက်တီးချိန်၌ ဗာဟီရဝိထိ၏ လမ်းဆုံးအစွန်သို့ ရောက်လေသည်၊ ထိုအချိန်မှတဖန် ပြန်လှည့်ဝင်လာရာ တပေါင်းလဆန်း၁၅-ရက်နေ့ ညဉ့်၂- ချက်တီးချိန်၌ ဗာဟီရဝိထိခရီး၏ မူလအစသို့ ပြန်ရောက်ရကား အသွား အပြန် ၄-လဖြင့် ဗာဟီရဝိထိကုန်ဆုံး၏။
(၂) မဇ္ဈေဝိထိ-အလယ်လမ်း၊ တပေါင်းလဆန်း ၁၅-ရက်နေ့ ညဉ့် ၂-ချက်တိးချိန်မှစ၍ မဇ္ဈေဝိထိခေါ် အလယ်ပိုင်းလမ်းသို့ ဝင်လာရာ ကဆုန်လပြည့်နေ့ ညဉ့် ၂-ချက်တီးချိန်၌ အလယ်ပိုင်းလမ်းဆုံးသို့ ရောက်၏၊ ထိုမှ ဆက်ပြီး အန္တောဝိထဲသို့ဝင်သွားရာ သွား, ပြန် ၄-လမျှကြာပြီးသော် တော်သလင်းလဆန်း ၁၅-ရက်နေ့ ညဉ့် ၂-ချက်တီးချိန်မှစ၍ မဇ္ဈေဝိထဲသို့ တဖန်ပြန်အထွက် လမ်းခရီးဖြင့် သွားလေရာတန်ဆောင်မုန်းလပြည့်နေ့ ညဉ့် ၂-ချက်တီးချိန်၌ မဇ္ဈေဝိထိ အလယ်ပိုင်းလမ်းဆုံးသို့ ရောက်လေသည်။
(၃) အန္တောဝိထိ-အတွင်းလမ်း၊ကဆုန်လဆန်း ၁၅-ရက်နေ့ ညဉ့်၂-ချက်တီးကျော်မှစ၍ အန္တောဝိထိခေါ် အတွင်းဘက်လမ်းသို့ စဝင်သွားရာ ဝါဆိုလပြည့်နေ့ ညဉ့် ၂-ချက်တီးချိန်၌ အတွင်းလမ်းဆုံ အစွန်းသို့ရောက်၏၊ ထိုအချိန်မှ တဖန် ပြန်ထွက်လာရာ တော်သလင်းလဆန်း ၁၅-ရက်နေ့ ညဉ့် ၂-ချက်တီးချိန်၌ အန္တောဝီထိခရီး၏ အဆုံးသို့ရောက်ရကား အဝင်အထွက် ၄-လမျှဖြင့် အန္တောဝိထိ ကုန်ဆုံး၏။ ♦

ဝိနည်း ၄-ပါး၊ လူအများ၊ လိုက်စား ယဉ်ကျေးစွာ

ယဉ်ကျေး မှုအတွက် ဆုံးမချက်အပြား ၄-ပါး။
(၁) ဂီဟိ ဝိနယ-'အာဂါရ ဝိနယ' လူတိုင်းလိုက်နာ ကျင့်သုံးရသော ယဉ်ကျေးမှုတရားစု ဥပဒေ လူ့ဝိနည်း၊
(၂) သမဏ ဝိနယ- 'အနာဂါရိယ ဝိနယ'ရဟန်း သာမဏေတို့ လိုက်နာကျင့်သုံးရသော ဝိနည်းပညတ်တော်များ၊
(၃) သံဝေရ ဝိနယ-'အနာဂါရိယ ဝိနယ' ရဟန်းရှင်လူတို့ လိုက်နာကျင့်သုံးရသော သံဝရဝိနည်း ၅-ပါး၊
(၄) ပဟာန ဝိနယ- အကုသလဓမ္မတို့ကို ပယ်သော ပဟာနဝိနည်း၅-ပါး။ ♦

ဝိနည်း ၅-ကျမ်း

ဗုဒ္ဓဘာသာ ရဟန်းတော်များ လိုက်နာကျင့်သုံး ဆောက်တည်ရသော သာသနာဝိညာဉ် အာယုခေါ် ဥပဒေကျမ်းကြီး ၅-ရပ်၊
(၁) ပါရာဇိကဏ် ကျမ်း၊
(၂) ပါစိတ်ကျမ်း၊
(၃) မဟာဝါကျမ်း၊
(၄) စူဠဝါကျမ်း၊
(၅) ပရိဝါ ကျမ်း။ ♦

ဝိနည်းကံ မျိုး ၄-ပါး

ဝိနည်းပိဋကတော်လာ ရဟန်းတော်များ လိုက်နာပြုမူရမည့် ဝိနယကမ္မမျိုး၄-ပါး၊ ဝိနည်း ပညတ်တော်၌လာသည့် ပကာသနီယ, ပဋိသာရနီယ, ဥက္ခေပနီယ, စသည့် ကံဟူသမျှသည် ဤကံမျိုး၄-ပါးထဲသို့သာ ဝင်ကြသည်။ ၁။ အပလောကနကံ- ညီညွတ်သော သံဃာ၏ ခွင့်ပြုချက်အရသုံးကြိမ် သံဃာအား ပန်ကြား၍ ပြုအပ်သော ကိစ္စဟူသမျှကို ခေါ်ဆိုသည်။ ၂။ ဉတ္တိကံ- ဉတ်တကြိမ် ရွတ်ဖတ်ပြီး ပြုလုပ်သော ဥပုသ်, ပဝါရဏာ, စသည့် ကိစ္စများ။ ၃။ ဉတ္တိ ဒုတိယကံ- ဉတ်တကြိမ်၊ ကမ္မဝါစာတကြိမ်ဖတ်၍ ပြုလုပ်ရသည့် ကထိန်, သိမ်သမုတ်, စသည့်ကံမျိုး။ ၄။ ဉတ္တိစတုတ္ထကံ- ဉတ်တကြိမ်၊ ကမ္မဝါစာ သုံးကြိမ်ဖတ်၍ပြုလုပ်ရသော ရဟန်းခံခြင်း, စသည့် ကံမျိုး။ ♦

ဝိနည်းမိုရ်များ၊ ကျင့်ဝတ်ထား၊ တရား ၆၄

၎င်း သရုပ်ကို(အနုဝဇ္ဇကကျင့်ဝတ် ၆၄-ပါး) ၌ပြခဲ့ပြီ။ ♦

ဝိပ္ပတ္တိစက်၊ ၄-ပါးကွက်၊ ရှောက်လျက် ပြေး၍သွား

'သမ္ပတ္တိစက် ၄-ပါး' ၏ ဆန့်ကျင်ဘက်ကိုယူပါလေ၊ တနည်း'စက် ၄-ပါး'၏ သရုပ်နှင့် ဆန့်ကျင်ဘက်ကို ယူပါလေ။ ♦

ဝိပတ္တိတရား ၄-ပါး

သမ္မောဟဝိနောဒနီ ။ ဋ္ဌ။ ၄၂၁။ ပျက်စီးခြင်းသို့ ရောက်ခြင်း ၄-ပါး။
(၁) ဂတိ ဝိပုတ္တိ- အပါယ်လေးဘုံ၌ဖြစ်ရခြင်း၊
(၂) ဥပဓိ ဝိပ္ပတ္တိ- ယုတ်ညံ့ချွတ်ယွင်းသော အတ္တဘောကိုရခြင်း၊
(၃) ကာလ ဝိပ္ပတ္တိ မကောင်းယုတ်မာသော မင်းတို့၏ လက်ထက်အခါ၌ ကာလ ဖေါက်ပြန်ခြင်း၊
(၄) ပယောဂ ဝိပ္ပတ္တိ- မကောင်းမှုတို့နှင့် အသက်မွေးခြင်း။ ♦

ဝိပရိယေသန တရားကြီး ၄-ပါး

ဖောက်ပြန်၍ ရှာမှီး ကျင့်သုံးသောတရားကြီး လေးပါး၊ ခုဒ္ဒက ဝိဘင်းပါဠိတော်မှ။
(၁) သုဘ-အသုဘတရားစုကို သုဘဟု ထင်ကာ ရှာမှီးတွယ်တာ ကျင့်သုံးမှု၊
(၂) သုခ- ဒုက္ခတရားစုကို သုခဟုထင်ကာ ရှာမှီးထပ်မက်ကျင့်သုံးမှု၊
(၃) နိစ္စအနိစ္စတရားစုကို နိစ္စဟုထင်ကာ ရှာမှီးနှစ်သက် မပစ်ရက်နိုင်မှု၊
(၄) အတ္တ- အနတ္တ တရားစုကို အတ္တဟုစွဲကာ သဲသဲမဲမဲ ခိုင်မြဲစွာ ယူနေမှု။ ♦

ဝိပ္ပလ္လာသ တရား ၃-ပါး

သိ, မှတ်, ယူ, မှား ဖေါက်ပြန်မှုတရား ၃-ပါး။
(၁) စိတ္တ ဝိပ္ပလ္လာသ-အသိမှားကို သိထားခြင်း, အသိဖေါက်ပြန်မှု၊
(၂) သညာ ဝိပ္ပလ္လာသအမှတ်မှားကို မှတ်ထားခြင်း, အမှတ်ဖေါက်ပြန်မှု၊
(၃) ဒိဋ္ဌိ ဝိပ္ပလ္လာသ- အယူမှားကိုယူထားခြင်း, အယူဖေါက်ပြန်မှု။ ♦

ဝိပလ္လာသတရား ၁၂-ပါး

ဝိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၃၂၄။ ဤ၌ ၃-ပါး၄-လီပေါင်းသော် ၁၂-ပါးဖြစ်၏။ (က) အနိစ္စ ဖြစ်သော ရုပ်နာမ်၌မြဲသည်ဟု
(၁) အသိမှား၊
(၂) အမှတ်မှား၊
(၃) အယူမှား၊ (ခ) ဒုက္ခရုပ်နာမ်၌ ချမ်းသာဟု
(၁) အသိမှား၊
(၂) အမှတ်မှား၊
(၃) အယူမှား၊(ဂ) အနတ္တ ရုပ်နာမ်၌၊ ငါကောင်ဟု
(၁) အသိမှား၊
(၂) အမှတ်မှား၊
(၃) အယူမှား၊ (ဃ) အသုဘ ဖြစ်သော ရုပ်တရား၌၊ တင့်တယ်ဟု
(၁) အသိမှား၊
(၂) အမှတ်မှား၊
(၃) အယူမှား။ ♦

ဝိပဿနာ၏အညစ်အကြေးတရား ၁၀-ပါး

၎င်းသရုပ်ကို (ဥပက္ကိလေသတရား ၁၀-ပါး) ၌ရှုပါ။

မှတ်ချက် ။ ။ ၎င်းကိုပင် (ဝိပဿနာဉာဏ်၏အန္တရာယ်ဆယ်ပါး) ဟူ၍လည်း ခေါ်သည် ဟု မှတ်ရာ၏။ ♦

ဝိပဿနာဉာဏ် ၁၀-ပါး

အထူးထူး အပြားပြား ရှုဆင်ခြင်ရသောယောဂီပုဂ္ဂိုလ် တို့၏ ဉာဏ်အမြင် ဆယ်ပါး။
(၁) သမ္မသနဉာဏ်- ရုပ်နာမ်တရားစုကို လက္ခဏာ ၃-ပါးတင်၍ ဆင်ခြင်သုံးသပ်သော ဉာဏ်၊
(၂) ဥဒယဗ္ဗယ ဉာဏ် ရုပ်နာမ်တရားတို့၏ ဖြစ်ပုံ ပျက်ပုံကို ရှုသောဉာဏ်၊
(၃) ဘင်္ဂဉာဏ် ရုပ်နာမ်တရားစု၏ အပျက်ကို ရှုသော ဉာဏ်၊
(၄) ဘယ ဉာဏ်- ရုပ်နာမ်တို့၏ ကြောက်မက်ဖွယ်ဘေးကိုရှုသော ဉာဏ်၊
(၅) အာဒီနာဝဉာဏ်- ရုပ်နာမ်တို့၏ အပြစ်ကိုရှုသောဉာဏ်၊
(၆) နိဗ္ဗိဒါ ဉာဏ်- ရုပ်နာမ်တို့၌ ငြီးငွေ့သော ဉာဏ်၊
(၇) မုစ္စိတုကမျတာ ဉာဏ်- သင်္ခါရတို့မှ လွတ်မြောက်လိုသောဉာဏ်၊
(၈) ပဋိသင်္ခါ ဉာဏ်- ထိုသင်္ခါရတို့၌ အနိစ္စ, ဒုက္ခ, အနတ္တ ဟု ထပ်မံ၍ရှုသော ဉာဏ်၊
(၉) သင်္ခါရုပေက္ခာ ဉာဏ်-သင်္ခါရတို့၌ လျစ်လျူရှုနိုင်သော ဉာဏ်၊
(၁၀) အနုလောမ ဉာဏ်- ပြဆိုပြီးဉာဏ်စဉ်ရှစ်ပါးမှ မဂ်ဖိုလ်တရားတို့ကိုပေါင်းကူးပမာ လျော်စွာ ရှုသော ဉာဏ်။ ♦

ဝိဿနာဉာဏ် ၁၆-ပါး၊ တနည်း

ဝိပဿနာ အလုပ်စခန်း၌ ရသလောက်သိမ်းကျုံး ရေတွက်ထားသော ဉာဏ်စဉ်ဟူ၏။
(၁) နာမရူပပရိစ္ဆေဒဉာဏ်၊
(၂) ပစ္စယပရိဂ္ဂဟဉာဏ်၊
(၃) သမ္မသနဉာဏ်၊
(၄) ဥဒယဝယဉာဏ်၊
(၅) ဘင်္ဂဉာဏ်၊
(၆) ဘယဉာဏ်၊
(၇) အာဒီနဝဉာဏ်၊
(၈) နိဗ္ဗိဒါဉာဏ်၊
(၉) မုစ္စိတု ကမျတာဉာဏ်၊
(၁၀) ပဋိသင်္ခါဉာဏ်၊
(၁၁) သင်္ခါရုပေက္ခာဉာဏ်၊
(၁၂) အနုလောမဉာဏ်၊
(၁၃) ဂေါတ္တရဘူဉာဏ်၊
(၁၄) မဂ်ဉာဏ်၊
(၁၅) ဖိုလ်ဉာဏ်၊
(၁၆) ပစ္စဝေက္ခဏာဉာဏ်။ ♦

ဝိပါတ်တော် ၁၂-ပါး

အပါဒါန်။ ပါ။ ပ-အုပ်။ ၃၄၆။ မြတ်စွာဘုရား၌ထင်ရှားသော ဝိပါက်တော်များ။
(၁) ပဌမ ဝိပါတ်တော်။ (မေး) ဥရုဝေဠ၊ တောဝမြိုင်ခွင်၊ ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်၊ အားကုန်ခန်းလို့။ ညှိုးနွမ်းငြိုငြင်၊ ပင်ပန်းရေး၊ ဝဋ်ကြွေး ဘယ်ကြောင့်တင်။ (ဖြေ) ကဿပဖျား၊ ထင်ရှားပွင့်သော်၊ ဇောတိပါလ၊ နာမအကျော်၊ ပုဏ္ဏားမာန်တက်၊ နှုတ်မြွက်အာဘော်၊ ဝစီပြင်း ရှေးရင်း ဝိပါတ်တော်။
(၂) ဒုတိယဝိပါတ်တော်။ (မေး) စိဉ္စမာဏ၊ မိန်းမစေကျွန်၊ ကိုယ်ဝန်ရှိသော၊ ဆိုပြောအလွန်၊ လက်သယ်ထားလို့၊ ဘုရားကိုညွှန်၊ စွပ်စွဲခဲ့အဘယ့် ဝိပါက်ဝန်။ (ဖြေ) သောက်စားလွန်ကျူး၊ ယစ်မူးပျော်ရွှင်၊ သေသောက်သမား၊ ဖြစ်ငြားယခင်၊ ရဟန္တာမြတ်၊ ဆွမ်းရပ်သည်မြင်၊ အကျင့်ယုတ် ဖွင့်ထုတ် စွပ်စွဲအင်။
(၃) တတိယ ဝိပါက်တော်။ (မေး) တိတ္ထိ စေခိုင်း၊ မိုက်ရိုင်း ဒုဿီ၊ ထင်ရောင် ထင်မှား၊ ပြုငြား သုန္ဒရီ၊ လူရှင်အပေါင်း၊ ယုံကြောင်းပွေလီ၊ ရှင်တော်ထွတ်၊ ဘယ်ဝဋ် ရှေးကမှီ။ (ဖြေ) မုနာဠိဟု၊ မည်ရှိလောင်းတော်၊ မောက်ကြွား မှောက်မှား၊ သောက်စားအပျော်၊ ရှင်ပစ္စေက၊ဗုဒ္ဓမြင်သော်၊ ဒုဿီဘဲ၊ စွပ်စွဲ ဝဋ်ကြွေးပေါ်။
(၄) စတုတ္ထ ဝိပါက်တော်။ (မေး) သုန္ဒရီမိုက်၊ သတ်လိုက် သေရာ၊ တိတ္ထိအသင်း၊ သတင်းလွှင့်ကာ၊ တပည့်များနှင့်၊ဘုရားကိုသာ၊ လူအများ၊ ယုံမှား ဘယ်တွက်တာ။ (ဖြေ) လောင်းတော်ရသေ့၊ ပျော်မွေ့စံရာ၊ ရသေ့တဦး၊ စျာန်မြူးကွန့်လာ၊ငြူစူစိတ်ဇော၊ မနောဣသာ၊ ကျင့်ယုတ်ကြီး၊ နှုတ်သီး ချွန်သည့်တာ။
(၅) ပဉ္စမ ဝိပါက်တော်။ (မေး) ဝေဘာတောင်စောင်း၊ ကျောက်မောင်းဆင်ကာ၊ ဒေဝဒတ်ယုတ်၊ ခလုပ်အသာ၊ သူဖြုတ်ချလို့၊ ဗုဒ္ဓခြေမှာ၊ ကျောက်လွှာငြိ၊ ဒဏ်ထိ၊ ဘယ်ဝဋ်ပါ။ (ဖြေ) သူကြွယ်မျိုးဇာတ်၊ ဖြစ်လတ်တုံချေ၊ ညီကို လှည့်စား၊ခေါ်သွားသလေ၊ ကျောက်နှင့်ဖိညှပ်၊ ထုသတ်ကြိတ်ချေ၊ ကျောက်ဝိပါတ်၊ အဆက်ပါခဲ့ပေ။
(၆) ဆဋ္ဌမ ဝိပါက်တော်။ (မေး) ကျောက်လွှာထိပါး၊ မြတ်ဖျားထွတ်တင်၊ တည်နေဝပ်ကိန်း၊ သွေးစိမ်းအရှင်၊ ခြေမတော်ထဲ၊ ကိုက်ခဲနာကျင်၊ ဝိပါက်ရင်း၊ အလင်း ပြစေချင်။ (ဖြေ) သူငယ်ဖြစ်ခိုက်၊ လမ်း၌ပျော်ရွှင်၊ ရှင်ပစ္စေက၊ ဝေးမှအမြင်၊ခဲနှင့်ပစ်လိုက်၊ ထိခိုက်ခြေတွင်၊ သွေးယိုဆင်း၊ ရှေးရင်း ဝိပါက်ပင်။
(၇) သတ္တမ ဝိပါက်တော်။ (မေး) ဆွမ်းခံကြွမြန်း၊ ထိပ်ပန်းဘုန်းကြွယ်၊ မုန်ကျဆင်ကြီး၊ ခရီးအလယ်၊ ဒေဝဒတ်မိုက်၊ လွှတ်လိုက်ပြန်တယ်၊ ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။ (ဖြေ) ဆင်ထိန်းဆင်ကျောင်း၊ အလောင်းဖြစ်တုံ၊ရှင်ပစ္စေက၊လမ်းမအဆုံ၊ ဒေါသထားလို့၊ ပြစ်မှားသုန်မှုန်၊ ဆင်နှင့်တိုက်၊ ဝဋ်လိုက် စေဘို့ကြုံ။
(၈) အဋ္ဌမ ဝိပါက်တော်။ (မေး) ကျောက်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊ခြေမတော်ဦး၊ ထွတ်ဖူးတဆူ၊ သွေးညိုကိန်းလို့၊ကျိန်းဝပ်တော်မူ၊ ဇီဝက၊ ခွဲရ ဘယ်ဝဋ်ဟူ။ (ဖြေ) ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊ မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊ လူရှင်လတ်လတ်၊ထိုးသတ် ပြန်တယ်၊ ဓားဝိပါက်၊ အဆက် သူကနွယ်။
(၉) နဝမ ဝိပါက်တော်။ (မေး) သုံးလူထွတ်ဖူး၊ မြိုက်မှူးသျှောင်ကေ၊ရံဖန်ခါလဲ၊ ခေါင်းခဲပလေ၊ ဝေဒနာဝဋ်၊ မလွတ်တုံချေ၊ ဘယ်ဝိပါက်၊ အဆက် ပါခဲ့ပေ။ (ဖြေ) ရှေးခါကပ်ဟောင်း၊ မကောင်းကံဆော်၊ တံငါမျိုးဇာတ်၊ ဖြစ်လတ်သရော်၊ငါးတို့ဦးခေါင်း၊ ထုထောင်းမြင်သော်၊ ဝမ်းမြောက်မိ၊ လိုက်ဘိ ဝိပါက်တော်။
(၁၀) ဒသမ ဝိပါက်တော်။ (မေး) ဝါတော်ကပ်တော့၊ မာရ်နတ်နှိုးဆော်၊ ဝေရဉ္ဇာတိုင်း၊ သမိုင်းအကျော်၊ မုယောဆွမ်းမို့၊ကြမ်းကြမ်း ထော်ထော်၊ ဘုဉ်းပေးရ၊ ရှေးက ဘယ်ဝဋ်နော်။ (ဖြေ) မထင်မရှား၊ မျိုးသားဖြစ်တုံ၊ ရဟန်းတော်များ၊ ဆွမ်းစားခိုက်ကြုံ၊ ဆွမ်းကြမ်းစားဟု၊ ပြစ်မှားဆိုပုံ၊ ဝစီထွက်၊ ဝိပါက် တော်တဲ့ ယုံ။
(၁၁) ဧကာဒသမ ဝိပါက်တော်။ (မေး) အထွတ်ဆုံးဟု၊ သုံးလူ့မျက်မှန်၊ခါးတော်ကိုက်ခဲ၊ အသဲအသန်၊ ဝေဒနာများ၊ ခံစားရံဖန်၊ ဘယ်အကြောင်း၊ ကံဟောင်း ထုတ်လို့ပြန်။ (ဖြေ) လက်ဝှေ့သတ်ကောင်း၊ အလောင်း ဖြစ်သော်၊ ပြိုင်ပွဲဆိုင်ပွဲ၊ နိုင်မြဲ အကျော်၊ နိုင်လျှင် ခါးရိုး ရိုက်ချိုးမြေပေါ်၊အသတ်ကောင်း၊ ဇာတ်ဟောင်းဝိပါက်တော်။
(၁၂) ဒွါဒသမ ဝိပါက်တော်။ (မေး) ဆဒ္ဒန်ဆယ်စီး၊ အားကြီးလျင်မြန်၊ဝမ်းတော်သွန်ငြား၊ ရွှေအားမသန်၊ ခွေယိုင်နွဲ့လို့၊မြန်းခဲ့နိဗ္ဗာန်၊ ဖြေစေကြောင်း၊ ကံဟောင်း သိဘို့ရန်။ (ဖြေ) ရောဂါကုစား၊သမားဉာဏ်ကျယ်၊ ရှင်သူဌေးသား၊ ဆေးဝါးကုတယ်၊ ခ,မပေးလို့၊ဟိုရှေးဘုန်းကြွယ်၊ ဝမ်းလားဆေး၊ တိုက်ကျွေး ဝဋ်ဟောင်းလယ်။ သတိပေး ဥယျောဇဉ် မြန်မာဂါထာ။ (က) ဝိပါက်ရောက်ရေး၊ ကြောက်သွေးတုန်ဘွယ်၊ ဘုရားသော်လဲ၊ ရှောင်လွှဲမလွယ်၊ တွေ့ကြုံမြဲမို့၊ တဝဲ လယ်လယ်၊ မလွတ်သေး၊ ဝဋ်ကြွေး ခက်လှတယ်။ (ခ) ကြင်နာထောက်ထား၊ သနားမြှော်ခေါ်၊ ကုသိုလ်ပွားမှု၊ အားပြုကြနော်၊ နှိပ်စက်ညှဉ်းပန်း၊ သရမ်းပျက်ချော်၊ ရှောင်ကြဉ်ရေး၊ ဝဋ်ကြွေး စင်ဘို့မြှော်။ ♦

ဝိဘတ် ၉-သွယ်၊ မြန်မာဝယ်၊ နက်ကျယ် ဝေဘန်ထား

မြန်မာသဒ္ဒါနည်းအရ အနက်သဘောဒြဗ်ကို အကျယ်ဝေဘန်၍ ပြပေးတတ်သော ဝိဘတ်မျိုး ၉-ပါး ဟူ၏။
(၁) ကတ္တားဝိဘတ်- သည်, ကား, မှ, က, ၄-လုံး၊ ၎င်းတို့သည် ကြိယာကိုပြီးစေတက်သော အနက်သဘောကိုဝေဘန်၍ ပြတတ်၏။
(၂) ကံဝိဘတ်-ကို, သို့, ၂-လုံး၊ ၎င်းတို့သည် ကြိယာဖြင့် ရောက်အပ် ကြိယာကို ခံယူအပ်သော အနက်သဘောကိုဝဘန်၍ ပြတတ်၏။
(၃) ကရိုဏ်းဝိဘတ်- ဖြင့်, နှင့်, ၂ လုံး၊၎င်းတို့သည် ကြိယာကို အထူးသဖြင့်ပြီးစေတတ်သော အနက်သဘောကို ဝေဘန်၍ ပြတတ်၏။
(၄) သမ္ပဒါန်ဝိဘတ်- အား, ဘို့, ငှါ, ၃-လုံး၊၎င်းတို့သည် ပိုင်းခြားခြင်းသဘောကို ဝေဘန်၍ ပြတတ်၏။
(၅) အပါဒါန်ဝိဘတ်-မှ, အောက်, ထက်, က, ၄-လုံး၊၎င်းတို့သည် ပိုင်းခြားခြင်း အနက်သဘောကို ဝေဘန်၍ ပြတတ်၏။
(၆) သာမိဝိဘတ်-၏, တလုံး၊ ၎င်းသည်စိုးပိုင်ယှဉ်စပ်ခြင်း အနက်သဘောကို ဝေဘန်၍ ပြတတ်၏။
(၇) သြကာသဝိဘတ်-၌, မှာ, တွင်, ဝယ်, ၄-လုံး၊ ၎င်းတို့သည် တည်ရာဌာန ဟူသော အနက်သဘောကို ဝေဘန်၍ပြတတ်၏။
(၈) အာလုပ်ဝိဘတ်-အို, ဗျို့, ဗျ, ဟေ, ဝေ, ဟ, ဟယ်, အချင်း, အမင်း, အမောင်,၎င်းတို့သည် ခေါ်ခြင်း ထူးခြင်း အနက်သဘောကို ဝေဘန်၍ ပြတတ်၏။
(၉) ဟိတ်ဝိဘတ်-ကြောင့်, လို့, မို့, ၃-လုံး၊ ၎င်းတို့သည် အကြောင်းရင်းလက်သည်ဟူသော အနက်သဘောကို ဆောင်၍ပြတတ်သည် ဟူ၏။ ♦

ဝိမုတ္တိတရား ၅-ပါး

ဥပရိပဏ္ဏာသ။ ပါ။ ၁၆၀။ ဋ္ဌ။ ၁၂၀။ ကိလေသာမှလွတ်မြောက်ခြင်း တရား ငါးပါး။
(၁) တဒင်္ဂ ဝိမုတ္တိ- ကာမကုသိုလ်စု၊
(၂) ဝိက္ခမ္ဘန ဝိမုတ္တိ-စျာန်ကုသိုလ်စု၊
(၃) သမုစ္ဆေဒ ဝိမုတ္တိ-မဂ်ကုသိုလ်စု၊
(၄) ပဋိပဿမ္ဘန ဝိမုတ္တိ- ဖိုလ်တရားများ၊
(၅) နိဿရဏ ဝိမုတ္တိ- နိဗ္ဗာန်တရားမြတ်။ ♦

ဝိမောက္ခတရား ၃-ပါး

သံယောဇဉ် စသည်တို့မှ လွတ်မြောက်နိုင်သော ပညာတရား ၃-ပါး။
(၁) သုညတ ဝိမောက္ခ- အတ္တမှ ဆိတ်သုံးလျက် သံယောဇဉ် စသည်တို့မှ လွတ်နိုင်သော ပညာ၊
(၂) အ နိမိတ္တ ဝိမောက္ခ- နိစ္စဟူသော အကြောင်းစသည်မရှိဘဲ သံယောဇဉ် စသည်မှ လွတ်မြောက်နိုင်သော ပညာ၊
(၃) အပ္ပဏိဟိတ ဝိမောက္ခ- တဏှာဟူသည့် ကပ်ငြိမှီတွယ်ရာ မရှိသော သံယောဇဉ် စသည်တို့မှ လွတ်မြောက်နိုင်သည့် ပညာ။ ♦

ဝိမောက္ခတရား ၈-ပါး၊ တနည်း

နီဝရဏတရားတို့မှ ထွက်မြောက်သောတရားရှစ်ပါး ဟူ၏၊ လိုရင်းအဓိပ္ပါယ်ချုပ်ကား စျာန်တရားတို့ဖြင့် အာရုံပြောင်းမှုပင် ဖြစ်၏၊အကျယ်ကို အဋ္ဌကနိပါတ်အင်္ဂုတ္တိုရ် ဒုတိယ ပဏ္ဏာသက ဒုတိယ၊ ဘူမိစာဂဝဂ် ဝိမောက္ခသုတ်၌ ကြည့်လေ။ ♦

ဝိမောက္ခ မုခတရား ၃-ပါး

ကိလေသာမှ လွတ်ရာ နိဗ္ဗာန်သို့ဝင်ရန် မုခ်ဦးမုခ်ဝ ပြာသာဒ်ကြီး ၃-ဆောင်ဟူ၏။
(၁) အနိစ္စနုပဿနာတရား၊
(၂) ဒုက္ခာနုပဿနာတရား၊
(၃) အနတ္တာနုပဿနာတရား။ ♦

ဝိရတီအပြား၊ မျိုး ၃-ပါး

မူလပဏ္ဏာသ။ ပါ။ ၅၈။ ဋ္ဌ။ ပ-အုပ်။ ၂၀၇။ အကုသလ ဒုစရိတအမှုတို့ကိုမပြုမကျင့် ဖဲကြဉ်ရှောင်ရှားမှု ၃-ပါး။
(၁) သမာဒါန ဝိရတီ-သိက္ခာပုဒ်ကို ခံယူဆောင်တည်၍ လွန်ကျူးဘွယ်အချက်တို့မှ ရှောင်ကြဉ်မှု၊
(၂) သမ္ပတ္တ ဝိရတီ-သိက္ခာပုဒ်ကို ခံယူဆောက်တည်မထားဘဲ လွန်ကျူးဘွယ်အာရုံတွေ့မှ ရှောင်ကြဉ်မှု၊
(၃) သမုစ္ဆေဒဝိရတီ- ဒုစရိုက် ဒုရာဇီဝမှုကို ဘာတခုမျှ မပြုလုပ်တော့ဘဲ အကြွင်းမဲ့ရှောင်ကြဉ်သော လောကုတ္တရာဝိရတီကို ခေါ်သည်။

မှတ်ချက် ။ ။ ၃-အမှတ်ဝိရတီကို''သေတုဃာတ ဝိရတီ''ဟူသော အမည်ဖြင့်လည်း သီလက္ခန် ကုဋဒန္တသုတ်၌ လာသေး၏၊အနက်သဘောအတူတူပင်။ ♦

ဝိရတီစေတသိက် ၃-ပါး

မကောင်းသော ကာယ, ဝစီ, မနော,တို့မှရှောင်ကြဉ်ခြင်း တရားများ ဟူ၏။
(၁) သမ္မာဝါစာ- မိစ္ဆာဝါစာခေါ် ဝစီဒုစရိုက်မှ ရှောင်ရှားခြင်းလက္ခဏာ၊
(၂) သမ္မာကမ္မန္တ- ကာယဒုစရိုက်ကို မကျူးလွန်ခြင်းလက္ခဏာ၊
(၃) သမ္မာအာဇီဝ- မိစ္ဆာဇီဝခေါ် ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါးတို့မှ ရှောင်ရှားခြင်းလက္ခဏာ။ ♦

ဝိရာဂတရား မျိုး ၃-ပါး

ကိလေသာတို့မှ ကင်းခြင်းတရား ၃-ပါး ဟူ၏။
(၁) တဒင်္ဂ ဝိရာဂ-ခေတ္တခဏမျှ ရာဂကင်းခြင်း၊
(၂) သမုစ္ဆေဒ ဝိရာဂ-ပြတ်စဲသည်တိုင် ရာဂကင်းခြင်း၊
(၃) နိဿရဏ ဝိရာဂ- နိဗ္ဗာန်သို့ထွက်မြောက်သည်တိုင် ရာဂကင်းခြင်း။ ♦

ဝိလာသတရား၊ မျိုး ၄-ပါး၊ ထင်ရှား မြတ်ဗုဒ္ဓါ

ဘုရားရှင်၏ ဝိလာသအစိန္တေယျ လေးပါးကို ဆိုသည်၊ ဇိနာလင်္ကာရမှ။
(၁) ရူပ ဝိလာသ- ရူပကာယတော်၏၊
(၂) ဉာဏ ဝိလာသဉာဏ်တော်၏၊
(၃) ဝါစာ ဝိလာသ-စကားတော်၏၊
(၄) ဣဒ္ဓိဝိလာသ-တန်ခိုးတော်၏။

မှတ်ချက် ။ ။ မကြံစည်နိုင်လောက်အောင် လျောက်ပတ် တင့်တယ်ခြင်းရှိသည်ကို ဆိုသည်၊အကျယ် ၎င်း၌ ရှုလေ။ ♦

ဝိဝါဒဖြစ်ကြောင်းတရား ၆-ပါး

၎င်း သရုပ်အကျယ် (ငြင်းခုံခြင်းအကြောင်း ၆-ပါး) ဟူသော စကားရပ်၌ ပြခဲ့ပြီ။ ♦

ဝိဝါဒဝတ္ထုမျိုး ၁၈-ပါး

ရဟန်းတော်များ တရားတွေ့ ရန်ဖြစ်မှုမျိုး၊ ၎င်းသရုပ်ကို(အဓိကရုဏ်း ၄ပါး) ဟူသော သရုပ်၏ 'ဝိဝါဒါ ဓိကရုဏ်း' ၌ရှုပါလေ။ ♦

ဝိဝေကတရား ၃-ပါး

မူလပဏ္ဏာသ။ ပါ။ ၁၉၉။ ဋ္ဌ။ ဒု-အုပ်။ ၄၉-၌အကျယ်ရှုပါ။
(၁) ကာယ ဝိဝေက ကိုယ်၏ ဆိတ်ငြိမ်ခြင်းဟု ဆိုအပ်သော အပေါင်းအသင်း တပည့်သားမြေး ကာပဂုဏ်တရားတို့မှ ကင်းကွာစွာ နေခြင်းမျိုး၊
(၂) စိတ္တ ဝိဝေက-စိတ်၏ ဆိတ်ငြိမ်ခြင်းဟု ဆိုအပ်သောသမာပတ်ရှစ်ပါး ဝင်စားခြင်း၊ သမာဓိအလုပ်တရား ကမ္မဋ္ဌာန်းအားထုတ် နေခြင်းမျိုး၊
(၃) ဥပဓိ ဝိဝေက- သန္တိသုခအေးမြ, ဆိတ်ငြိမ်ရာ နိဗ္ဗာန်တရားမြတ်ကို ဖိုလ်စိတ်ဖြင့် ဝင်စားကာ အာရုံပြုနေခြင်းမျိုး။ ♦

ဝိဝေကတရား၊ မျိုး ၃-ပါး။ ဖြေကြား တနည်းလာ

ပဋိသမ္ဘိမဂ် ဒု-အုပ်။ ပညဝဂ္ဂ ၃၀၆-၌ ရှုပါ။ ကိလေသာတို့မှ ဆိတ်သုဉ်းခြင်း တရားမျိုး ၃-ပါး။
(၁) တဒင်္ဂ ဝိဝေက၊
(၂) သမုစ္ဆေဒ ဝိဝေက၊
(၃) နိဿရဏ ဝိဝေက အဓိပ္ပါယ် (ပဟာန်ငါး) နှင့် တူ၏။ ♦

ဝိဝေကတရား မျိုး ၅-ပါး၊ တနည်း

(၁) တဒင်္ဂဝိဝေက၊
(၂) ဝိက္ခမ္ဘနဝိဝေက၊
(၃) သမုစ္ဆေဒ ဝိဝေက၊
(၄) ပဋိပဿဒ္ဓိ ဝိဝေက၊
(၅) နိဿရဏဝိဝေက။ အဓိပ္ပါယ် (ပဟာန် ၅-ပါး) နှင့် တူ၏။ ♦

ဝိသဇ္ဇနီသံ၊ ကဗျာ့မှန်၊ ယူရန် ၁၈-ပါး

၎င်း သရုပ် (နမိ သ့် အံ ပြား ၁၈-ပါး) နှင့် တူ၏ ။ ♦

ဝိသုဒ္ဓိ ၇-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၂၇။ ဋ္ဌ။ ပ-အုပ်။ ၁၁၉။ စင်ကြယ်မြင့်မြတ်မှု ၇-ပါး။
(၁) သီလဝိသုဒ္ဓိ- သီလ၏ စင်ကြယ်မှု၊
(၂) စိတ္တဝိသုဒ္ဓိ-စိတ်၏ စင်ကြယ် တည်ကြည်မှု၊
(၃) ဒိဋ္ဌိ ဝိသုဒ္ဓိ-အယူအမြင်၏ စင်ကြယ်မှု၊
(၄) ကင်္ခါ ဝိတရဏ ဝိသုဒ္ဓိ-ယုံမှားခြင်းမှ စင်ကြယ်မှု၊
(၅) မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ- မဂ်ဟုတ် မဟုတ်၌ ဉာဏ်အမြင် စင်ကြယ်မှု၊
(၆) ပဋိပဒါ ဉာဏ ဒဿန ဝိသုဒ္ဓိ- မဂ်သို့ ရောက်ကြောင်း အကျင့်ကောင်း၌ ဉာဏ်အမြင် စင်ကြယ်မှု၊
(၇) ဉာဏ ဒဿန ဝိသုဒ္ဓိ- သစ္စာလေးချက် ၁၆-နက်ကို ထက်မြက် စင်ကြယ်စွာ သိသော ဉာဏ်။ ♦

ဝိဟာရတရား မျိုး ၃-ပါး၊ တနည်း ၄-ပါး

သုတ်ပါထေယျ။ ပါ။ ၁၈၄။ ဋ္ဌ။ ၁၈၈။
(၁) ဒိဗ္ဗ ဝိဟာရ-သမာပတ် ၈-ပါးဖြင့် နေထိုင်ခြင်းမျိုး၊
(၂) ဗြဟ္မ ဝိဟာရ-ဗြဟ္မစိုရ် တရား ၄- ပါးဖြင့် နေထိုင်ခြင်းမျိုး၊
(၃) အရိယာဝိဟာရ-ဖလသမာပတ်ဖြင့် နေထိုင်ခြင်းမျိုး၊ ၎င်းသုံးမျိုးတွင် ဣရိယာပထ ဝိဟာရ- ရွာသူတို့၏ နေထိုင်ခြင်းမျိုး တပါးထည့်က ၄-ပါး ဖြစ်၏။ ♦

ဝီရိယ၏ အင်္ဂါ ၄-ပါး

မဇ္ဈိမပဏ္ဏာသ။ ပါ။ ၁၆၄။ ဋ္ဌ။ ၁၃၅။ ဝီရိယပါရမီကို တကယ် တည်ကြည်စွာ အားထုတ်သူတို့သည် ၎င်းအင်္ဂါလေးပါးရှိသော အားအစွမ်းနှင့် ပြည့်စုံရမည် ဟူလို။
(၁) အရေသာ ကြွင်းခြင်းသို့၊
(၂) အကြောသာ ကြွင်းကျန်ခြင်းသို့၊
(၃) အရိုးသာ ကြွင်းကျန်ခြင်းသို့၊
(၄) အသား အသွေး ခြောက်ကပ်ခြင်းသို့ ရောက်သည်တိုင်အောင်လုံ့လရှိခြင်း။ ♦

ဝီရိယတရား၊ မျိုး ၃-ပါး၊ ခွဲခြား ဝေဘန်သိ

၎င်း ၃-ပါးနှင့် ပြည့်စုံမှသာ မည်သည့် အလုပ်ကိစ္စမဆို ပြီးဆုံးအောင်မြင်နိုင်၏။
(၁) အာရမ္ဘ ဝီရိယ-လုပ်ငန်းကိစ္စ၌ ပဌမ စတင်ကြိုးစားမှု၊
(၂) နိက္ကမ ဝီရိယ- စတင်ပြီးလုပ်ငန်းမှုမူကြမ်း၌ မပျင်းမရိ ဆက်လက်ကြိုးပမ်းမှု၊
(၃) ပရက္ကမ ဝီရိယ- လုပ်ငန်းစဉ် မူချော၌ တဆင့်ထက် တဆင့် ရင့်သန်စွဲမြဲစိတ်ဇွဲကောင်းမှု။ ♦

ဝုစ်မျိုး ၂-ပါး

စကားပြောရာ၌ အနည်း အများ ပိုင်းခြားမှု ဥပဒေသ ၂-ပါး။
(၁) ဧကဝုစ်- တခုကိုသုံးရာ၌ 'သည်, ကို, နှင့်, ဖြင့်, ကြောင့်, အား, မှ, ၌'စသည် အဆုံးထား၍ သုံးရသည်၊ ပုံ- လူတယောက်သည်သွား၏၊ သူ့ကို ပြောလိုက်၊ သူနှင့် လာသည် စသည်တို့ ဖြစ်ကုန်၏၊
(၂) ဗဟုဝုစ်- ၂-ခုကစ၍ အထက်ကို သုံးရာ၌ 'ကြ, ကုန်, တို့'ဟူသော စကားလုံးများဖြင့် အဆုံးထား၍ သုံးရသည်၊ ပုံ- လူနှစ်ယောက်တို့သည်သွားကြ၏။ သူတို့ကို စသည်တို့ ဖြစ်ကုန်၏။ ♦

ဝုဒ္ဓ ၂-ပါး၊ ရှိခိုးငြား၊ ၄-ပါး အကျိုးရ

ဤ၌ ဝုဎ္ဍု, ဝုဎ္ဍို, ဝုဒ္ဓ, အနက်တူပင်၊ အမြဲ ရှိခိုး ရိုသေထိုက်သူမျိုး ၂-ပါး ဟူ၏၊ အာယု, ဝဏ္ဏ, သုခ, ဗလ, အကျိုးလေးပါး ရသည်။
(၁) ဂုဏ, ဝုဎ္ဍို- မိမိထက် သီလဂုဏ်, သမာဓိဂုဏ်,ပညာဂုဏ်, စသည်တို့ ကြီးပွားရင့်မာသူ၊
(၂) ဝယ ဝုဎ္ဍို- မိမိထက် သက်ရွယ်ကြီးရင့်သောသူ။ ♦

ဝေဒနာ ဖြစ်ပေါ်လာခြင်း အကြောင်းရင်း ၈-ပါး

ဝေဒနာခံစားရခြင်းအကြောင်းရင်းတရားတို့ ဖြစ်ပေါ်လာပုံမျိုး ရှစ်ပါးဟူလို၊ မိလိန္ဒပဥှာ။ ပါ။ ၁၃၇-၌အကျယ်ရှုပါ။
(၁) ဝါတသမုဋ္ဌာန- လေဓာတ်ပျက်သောကြောင့်ဖြစ်ခြင်း၊
(၂) ပိတ္တ သမုဋ္ဌာန-သည်းခြေ ပျက်သောကြောင့်၊
(၃) သေမှ သမုဋ္ဌာန- သလိပ်ကြောင့်၊
(၄) သန္နိပါတ-လေ,သည်းခြေ,သလိပ်, သုံးပါး အစုအဝေးပျက်ခြင်းကြောင့်၊
(၅) ဥတု ပရိနာမဇ- ဥတုဖောက်ပြန်မှုကြောင့်၊
(၆) ဝိသမ ပရိဟာရဇမသင့်သောအစာအာဟာရကြောင့်၊
(၇) သြပက္ကမိက- သူတပါးတို့၏ လုပ်ကြံမှု လုံ့လကြောင့်၊
(၈) ကမ္မ ဝိပါကဇ- မိမိပြုလုပ်ခဲ့သော မကောင်းမှုကံကြောင့် ဖြစ်ပေါ်ခံစားရသော အကျိုးဝိပါတ်မျိုး။

မှတ်ချက် ။ ။ ရောဂါ ဝေဒနာ ရရှိခံစားရတိုင်းလည်း ကံ-ကိုခြည်းမချရာ၊မိမိ၏ အယောနိသော မနသိကာရကြောင့် ဖြစ်ပေါ်မှုကများလေသည်။ ♦

ဝေဓိအပြား၊ မျိုး ၄-ပါး၊ လေးမြား ပစ်ခတ်သူ

မြားပစ်အရာ မဟာဝိဇ္ဇာ ဘွဲ့ရသော မြားပစ်ဆရာကြီး လေးပါး ဟူလို၊ သရဘင်္ဂဇာတ် အဋ္ဌကထာ၌ အကျယ်ယူ။
(၁) အံ့ဘွယ်ထူးခြား၊ သားမြီးဖျားတွင်၊ ဆွဲထားဝေးသီ၊လုမ္ဗနီဟု၊ သညီအတီး၊ ခရမ်းသီးဖြင့်၊ မှတ်ပြီးတုံလျှင်၊ သားမြီးပင်ကို၊ ဆွဲငင်ထစ်ထစ်၊ မှန်အောင်ပစ်သား၊ ခေါ်လစ်နာမ၊ 'ဝါလဝေဓိ'၊
(၂) မျက်စိတမှိတ်၊ နတ်ကြိတ်တလက်၊ လျှပ်တပြက်၌၊ မြားချက်ခုနစ်၊ရှစ်ဆင့်ပစ်သား၊စင်စစ်မြန်လှ၊'အက္ခဏ ဝေဓိ'၊
(၃) ကြားဘိယော်ယမ်း၊ သံကိုဖမ်း၍၊ ပစ်စွမ်းနိုင်စွ၊ ချက်တိုင်းရသား၊ 'သဒ္ဒ ဝေဓိ'၊
(၄) ရှေးတိပစ်ငြား၊ အလျှင်မြားကို၊ နောက်များမုချ၊ မှန်စေစွသား၊ 'သရ ဝေဓိ'။

မှတ်ချက် ။ ။ ထိုမှတပါးလည်း အမျိုးများစွာ ရှိသေး၏။ ♦

ဝေနေယျပုဂ္ဂိုလ် ၂-မျိုး

မူလပဏ္ဏာသ။ ပါ။ ၂၉၂။ ဋ္ဌ။ဝေသာရဇ္ဇ ဉာဏ်တော် ၄-ပါး

ကြောက်ရွံ့ခြင်းကင်း ရဲရင့်အေးချမ်းစွာနေရသော တရား ၄-ပါး ဟူ၏၊ စတုကင်္ဂုတ္တရ ဝေသာရဇ္ဇသုတ်။ ၃၁၅။
(၁) ဗုဒ္ဓတ္တဉာဏ်တော်- ဘုရား၌ ဤတရားမျိုး မရရှိသေးဟု စွပ်စွဲ၍ပြောဆိုစရာမရှိပကတိ ဧချမ်းစွာ နေရခြင်း၊
(၂) အာသဝက္ခယဉာဏ်တော်- ဤအာသဝတရားများ ကျန်သေးသည် မကုန်သေးဟု ပြောဆိုစရာ မရှိဟူ၍၎င်း၊
(၃) အန္တရာယ- ဉာဏ်တော်- အပြစ်ရှိသည် အန္တရာယ်ပြုတတ်သည်ဟု ဟောထားသော တရားများကို အပြစ်မရှိအန္တရာယ် မပြုတတ်ဟူ၍၎င်း၊
(၄) နိယျာနိကဉာဏ်တော်-ဝဋ်မှ လွတ်ကြောင်းတရားများကို သံသရာဝဋ်မှ မလွတ်ကင်းနိုင်ဟုအကြောင်း အခြေခံနှင့် စွပ်စွဲညွှန်ပြ စောဒကတက်မည့် လူနတ်ဗြဟ္မာ မရှိနိုင်ဟု သိ၍၎င်း ဧချမ်းစွာနေတော်မူရခြင်းများဟူ၏။ ♦

ဝေးကွာခြင်းကြီးမျိုး ၄-ပါး

၎င်းသရုပ်ကို (အနန္တကွာဝေးခြင်းကြီး ၄-ပါး) ၌ပြခဲ့ပြီ။ ♦

ဝေါတော် ၃-ပါး

ဘုရင်မင်းတရားနှင့် မိဖုယား မင်းသား မင်းသ္မီးတို့စီးသော လူထမ်းယာဉ်သုံးပါး။
(၁) ဝေါပြာသာဒ်- ဘုရင်မင်းမြတ်တို့စီးတော်မူသည့် အပေါ်၌ ပြာသာဒ်ဆောင် ပေါက်ထားသော ဝေါတော်တမျိုး၊
(၂) ဝေါပလာ-ဟင်းလင်း အမိုးအကာ မပါသော ဝေါတမျိုး၊
(၃) ဝေါပေါင်းချုပ်- အမိုးအကာ ပါရှိသော ဝေါတမျိုး။ ♦

သံအမတ် အင်္ဂါ ၈-ပါး

၎င်း သရုပ်ကို (တမန်တော်အင်္ဂါ ၈-ပါး) ၌ပြခဲ့ပြီ။ ♦

သံဂါယနာ ၆-တန်

၎င်း သရုပ်အကျယ်(သင်္ဂါယနာ ၆-တန်) မှာ ဆိုအံ့။ ♦

သံဃာတော် ၂-မျိုး

ဇာတ်အားဖြင့် ကွဲပြားသော သံဃာတော်မျိုး၂-ပါး။
(၁) အရိယာသံဃာ၊ သို့မဟုတ် ပရမတ္ထ သံဃာတော်ခေါ် အရိယာဇာတ်ဝင် သူတော်စင်များ၊
(၂) သမ္မုတိသံဃာ- ထိုအရိယာသံဃာအနွယ်တော်မှဆင်းသက် ပေါက်ပွားလာသော သံဃာတော်ဟုအသိအမှတ်ပြုခံရသည့် ပုထုဇဉ်သံဃာတော်များ။ ♦

သံဃာတော် ၂-မျိုး၊ တနည်း

ဥဘတော သံဃာခေါ် သံဃာ ၂-မျိုး။
(၁) ဘိက္ခု သံဃာ-ရဟန်းယောကျ်ားများ၊
(၂) ဘိက္ခုနီသံဃာ- ရဟန်မိန်းမများ။ ♦

သံဃာတော်မျိုး ၉-ပါး

အရိယာ သံဃာတော်မြတ် ရှစ်ပါးနှင့် ၎င်းတို့မှဆက်သွယ်လာသော ယခုလက်ရှိ သမ္မုတိ သံဃာတော်ကို ပေါင်းသော်သံဃာတော်မျိုး ၉-ပါး ဖြစ်၏။ ♦

သံဃာကွဲပြားခြင်း အကြောင်း ၁၈-ပါး

သံဃာ ကွဲပြားအောင်လုပ်ခြင်း သံဃဘေဒက ကံကြီးများ မထိုက်ရအောင် သတိထားစရာ။ အကျယ်ဝိနည်းမဟာဝါ။ ပါ။ ၅၀၁။ ဋ္ဌ။ ၄၃၅-၌ ရှုပါ။ ♦

သံဃာတော်များ၊ ဆွမ်းကပ်ငြား၊ ၅-ပါး အင်္ဂါသိ

၎င်း သရုပ်ကို (ဆွမ်းကပ်သူများ၊ သထိထား၊ ၅-ပါး အင်္ဂါသိ) ဟူသော အမေး၌ ဆိုခဲ့ပြီ။ ♦

သံဃာ့ဂုဏ်တော် ၉-ပါး

သံဃ ဂုဏော အနန္တော ဟု ထိုထိုပါဠိ လာရှိကြသော်လည်း အများသိ၍ ထင်ရှားသော ဂုဏ်တော်ကိုးပါးကိုသာ ဖေါ်ပြထားသည်။
(၁) သုပ္ပဋိပန္န ဂုဏ်တော် - သိက္ခာသုံးရပ် အကျင့်မြတ်နှင့်ပြည့်စုံသော ဂုဏ်၊
(၂) ဥဇုပ္ပဋိပန္န ဂုဏ်တော်- သိက္ခာသုံးရပ် လွန်ဖြောင့်မတ်စွာ ကျင့်ကြံအားထုတ်တော်မူသောဂုဏ်၊
(၃) ဉာယပ္ပဋိပန္နဂုဏ်တော်-နိဗ္ဗာန်သို့ ရည်မှန်း၍ သုံးလမ်းသော သိက္ခာတို့ကို ဆောက်တည်တော်မူသော ဂုဏ်၊
(၄) သာမိစိပ္ပဋိပန္န ဂုဏ်တော်-လူနတ်ဦးခိုက် ရိုသေထိုက်အောင် ကျင့်ဆောင်တော်မူသော ဂုဏ်၊
(၅) အာဟုနေယျ ဂုဏ်တော်-ဧည့်သည်တော်များအား ရည်စူးထားသော လှူဘွယ်ဝတ္ထုတို့ကို ခံယူခြင်းငှါ ထိုက်သောဂုဏ်၊
(၆) ပါဟုနေယျ ဂုဏ်တော်- လက်ဆောင် ပေးရန်ယူလာသည့်မွန်မြတ်သော ဝတ္ထုကိုလည်း ခံယူခြင်းငှါ ထိုက်သော ဂုဏ်၊
(၇) ဒက္ခိဏေယျ ဂုဏ်တော်- မွန်မြတ်ကြီးကျယ်သော အလှူတော်များကိုခံယူခြင်းငှါ ထိုက်သော သီလ သမာဓိ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်း၊
(၈) အဉ္ဇလီ ကရဏီယ ဂုဏ်တော်- လူနတ်ဗြဟ္မာသတ္တဝါတို့၏ တုပ်ကွရိုကျိုး ရှိခိုးခြင်းကို ခံထိုက်သော ဂုဏ်၊
(၉) အနုတ္တရံ ပုညက္ခေတ္တလောကဿ ဂုဏ်တော်- ကုသိုလ်မျိုးမှန် စိုက်ပျိုးရန်အတွက် အဖိုးအနဂ္ဃထိုက်တန်သော လယ်ယာမြေကောင်းနှင့် တူသော ဂုဏ်။ ♦

သံဃိကမျိုး ၄-ပါး

ဝိနည်းတော်လာ အလှူခံယူသူ ရဟန်းတို့အတွက်ပိုင်ဆိုင် သိမ်းယူနိုင်ခွင့်ကိုစွဲ၍ ခွဲခြားပြသခြင်းဖြစ်သည်။
(၁) သမ္မုခီဘူတ သံဃိက- မြို့တွင်း ရွာတွင်း၌ ရှိနေသော ရဟန်းတို့ထံလာရောက်၍ (သံဃဿ ဒေမ) သံဃာတော်အား လှူပါ၏ဟုဆိုကာပေးလှူသွားလျှင် မျက်မှောက်သံဃာသာ ဆိုင်သည်၊ တမြို့လုံးတရွာလုံးရှိ သံဃာအား လိုက်ဝေနေစရာမလိုပေ ဟူ၏။
(၂) အာရာမဋ္ဌသံဃိက- ကျောင်းတိုက်တွင်းသို့ ဝင်ရောက်၍ တွေ့ရှိသောရဟန်းအား သံဃာတော်အား လှူပါ၏ဟုဆိုလျှင် တတိုက်လုံးရှိသံဃာများနှင့် ဝေခြမ်းယူရမည်။
(၃) စတုဒိသာ သံဃိက- ရဟန်းတပါးတည်း နေသော ကျောင်းတိုက်တွင်းသို့ဝင်၍ များစွာသော ပစ္စည်းတို့ကို သံဃာအားလှူပါ၏ဟုဆို၍ လှူသွားလျှင် ဝိနည်းတတ်သိသူဖြစ်အံ့၊ ဤကျောင်းတိုက်၌ ငါတပါးတည်းသာရှိ၍ ဤသင်္ကန်းများစွာတို့ကို ငါသာပိုင်၏ဟုနှလုံးသွင်းကာ သိမ်းပိုက်လိုက်လျှင် သူသာပိုင်တော့၏၊ အပြစ်မရှိပေ၊ သို့မဟုတ်ပဲ သံဃိကပစ္စည်းဟု နှလုံးထားကာ ငါမပိုင်ငါမဆိုင်ဟု ယူဆောင်လျက်သွားငြားအံ့ ရောက်ရာ ရောက်ရာ အရပ်တိုင်း၌ သံဃိကဖြစ်၍ ဂတဂတဋ္ဌာနေသံဃိက ဖြစ်လေသည်။
(၄) စတုဒိသာ သံဃိက- အလှူပစ္စည်းသည် ဂရုဘဏ်ခေါ် ကျောင်းစသော ပစ္စည်းမျိုးဖြစ်အံ့ ထိုပစ္စည်းမျိုးကို သံဃာအားပေးလှူခဲ့လျှင် မဝေဘန်ကောင်းချေ၊ အရပ်လေးမျက်နှာမှလာသမျှသောရဟန်းတော်များ ပိုင်ဆိုင်တော်မူကြသည်ဟူ၏။ ♦

သံဃိကဒါနမျိုး ၇-ပါး

ဒက္ခိဏ ဝိဘင်္ဂသုတ်၌ အရှင်အာနန္ဒာအား ဘုရားဟောတော် မူသော သံဃဒါန ၇-ပါး ဟူလို၊ ဥပရိပဏ္ဏာသ ပါဠိတော်နှင့်သရတ္ထသင်္ဂဟ အဋ္ဌကထာ။
(၁) ဘုရားအမှူးရှိသော ဘိက္ခုသံဃာ၊ ဘိက္ခုနီသံဃာ၌ လှူခြင်း၊
(၂) ဘိက္ခုသံဃာ ဘိက္ခုနီသံဃာ၌ လှူခြင်း၊
(၃) ဘိက္ခုသံဃာ၌ လှူခြင်း၊
(၄) ဘိက္ခုနီသံဃာ၌ လှူခြင်း၊
(၅) ဤမျှလောက်သော ရဟန်းယောကျ်ား ရဟန်းမိန်းမတို့ကို အကျွန်ုပ်အားသံဃာထဲမှ ခွဲပေးပါဟု လျှောက်ထား၍ လှူခြင်း၊
(၆) ဤမျှလောက်သော ရဟန်းယောကျ်ားတို့ကို အကျွန်ုပ်အား သံဃာထဲမှ ခွဲပေးပါဟုလျှောက်ထား၍ လှူခြင်း၊
(၇) ဤမျှလောက်သော ရဟန်းမိန်းမတို့ကိုအကျွန်ုပ်အား သံဃာထဲမှ ခွဲပေးပါဟု လျှောက်ထား၍ လှူခြင်း။ ♦

သံတမန်၏ အင်္ဂါ ၆-ပါး

တိုင်းတပါး၌ ဘုရင့်ကိုယ်စား ခန့်ထားအပ်သော သံကြီး တမန်ကြီးတို့၌အသင့် ရှိထားရမည့် အင်္ဂါ ၆-ပါး။
(၁) ပညဝါ-ပညာညဏ်ရှိခြင်း၊
(၂) ဝါကျဆေကစကား တတ်ရခြင်း၊
(၃) သူရ-ရဲရင့်သတ္တိရှိရခြင်း၊
(၄) ပရစိတ္တဇာန- သူတပါးစိတ်ထားကို သိတတ် ရခြင်း၊
(၅) ဒန္တ-ယဉ်ကျေး သိမ်မွေ့ရခြင်း၊
(၆) ပဋိဝါကျ- သူဆိုတင်သောစကားကို ပြန်လည်ချေဆို နိုင်ရခြင်း။ ♦

သံတမန် အင်္ဂါ ၈-ပါး၊ တနည်း

၎င်း သရုပ်ကို (တမန်တော် အင်္ဂါ၈-ပါး) ၌ ဆိုခဲ့ပြီ။ ♦

သံတမန်မျိုး ၅-ပါး

အရေးပေါ် စေလွှတ်အပ်သော သံတမန်မျိုး ၅-ပါး။
(၁) စေတမန်ဘုရင်မင်းတို့ မှာတိုင်း ဆိုသူ၊
(၂) တန်ဆေး-မင်းနှစ်ပါးတို့ကို သင့်အောင် ဆိုသူ၊
(၃) သုံ့သေး- စကား အသွား အလာကိုထောက်၍ မယုတ်မလွန်ဆိုသူ၊
(၄) သံ-လိုသောအချက်ကို တောင်းလာသူ၊
(၅) မင်းစေ-မှာတိုင်းဆို၍ စေဖက်ရမှ သွားသောသူ။ ♦

သံဒိဋ္ဌိက နိဗ္ဗာန်မျိုး ၁၉-ပါး

၎င်းသရုပ်ကို (ဒိဋ္ဌဓမ္မနိဗ္ဗာန်) ၌ ဆိုခဲ့ပြီ။ ♦

သံဖိုခေါ်ငြား၊ ဂီတသွား၊ ထင်ရှား ၁၈-ဖြာ

၎င်းသရုပ် အဓိပ္ပါယ်(နိမ့်သံ ၁၈-ပါး) နှင့် တူ၏။ ♦

သံဘောဂမျိုး ၂-ပါး

ရဟန်းရှင်လူတို့ ပေါင်းသင်းဆက်ဆံမှုမျိုး ၂-ပါး။
(၁) ပစ္စယ သံဘောဂ- ပစ္စည်းဥစ္စာ အသုံးအဆောင် အားဖြင့် တဦးနှင့်တဦး လဲလှယ် ဖလယ်ခြင်း, တဦးပစ္စည်းကို တဦး သုံးဆောင်ခြင်း,အတူတူသုံးဆောင်ခြင်း စသည်ဖြင့် ဆက်ဆံမှု၊မိတ်ဆက်သဘင် ဆင်ယင်မှုစသည်မျိုး၊
(၂) ဓမ္မ သံဘောဂ- ရဟန်းသံဃာတော်တို့ ဥပုသ် ပဝါရဏာအတူပြုခြင်း, ရဟန်းခံစသည်၌ သိမ်အတူ ဝင်ခြင်း,ပရိတ် အတူ ရွတ်ခြင်းစသည်ဖြင့် ပေါင်းသင်းဆက်ဆံမှု။ လူတို့ ပရိတ်တရား အတူနာယူခြင်း, ဘုရားဖူး အတူသွားခြင်း စသည်မျိုး။ ♦

သံမ ကဗျာ၊ ၁၈-ဖြာ၊ ဂီတာ အဘယ်နည်း?

၎င်း သရုပ် အဓိပ္ပါယ် (ဘယ်သံ ၁၈-ပါး) နှင့် တူ၏။ ♦

သံမှန်ရပ်ဖြတ်၊ ရွတ်ဆိုအိအုအပ်၊ ၁၀-ရပ်ကဗျာ အဘယ်နည်း?

၎င်းသရုပ်ကို (တိုင်သံ ၁၀-ပါး) ၌ ရှုပါ။ ♦

သံယုတ္တနိကာယ် ၅-ကျမ်း

၎င်းသရုပ်ကို (နိကာယ် ၅-ရပ် [ဂ] ပိုဒ်မှာ) ကြည့်ပါ။ ♦

သံယောဇဉ် ၂-မျိုး

သံယောဇဉ် ၁၀-ပါးကို ဤသို့ အောက် ကာမ၊ အထက် ရူပ အားဖြင့် ၂-ပါး ခွဲယူကြသေး၏။
(၁) သြရမ္ဘာဂိယ သံယောဇဉ်- အောက်ကာမဘုံ အတွက် ဖြစ်သော သံယောဇဉ် ငါးပါး၊ ကာမရာဂ, ပဋိဃ, သီလဗ္ဗတ, ဒိဋ္ဌိ, ဝိစိကိစ္ဆာ၊
(၂) ဥဒ္ဓံဘာဂိယ သံယောဇဉ်အထက် ဗြဟ္မာဘုံ အတွက် ဖြစ်သော သံယောဇဉ် ငါးပါး၊ ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာ။ ♦

သံယောဇဉ် ၁၀-ပါး

ဓမ္မသင်္ဂဏီ။ ပါ။ ၂၂၄။ ဋ္ဌ။ ၄၀၃-၌ အကျယ်ရှုပါ။ သတ္တဝါအပေါင်းတို့အား ထိုထိုဘဝမှ မလွတ်ရအောင် တုပ်နှောင်ဖွဲ့ချည်ထားတတ်သော တရားဆယ်ပါး။
(၁) ကာမရာဂ သံယောဇဉ်- ကာမတဏှာ လောဘ။ ရူပရာဂ သံယောဇဉ်- ရူပတဏှာ။ အရူပရာဂ သံယောဇဉ်အရူပတဏှာ။ ပဋိဃ သံယောဇဉ်- ဒေါသစေတသိက်။ ဒိဠိ သံယောဇဉ်- ဒိဋ္ဌိစေတသိက်။ မာန သံယောဇဉ်- မာနစေတသိက်။ သီလဗ္ဗတ ပရာမာသ သံယောဇဉ်- ဒိဋ္ဌိစေတသိက်။ ဝိစိကိစ္ဆာ သံယောဇဉ်- ဝိစိကိစ္ဆာစေတသိက်။ ဥဒ္ဓစ္စ သံယောဇဉ်- ဥဒ္ဓစ္စ စေတသိက်။ အဝိဇ္ဇာ သံယောဇဉ်မောဟ စေတသိက် (၁၀) ။ ♦

သံရိုးပိုင်းခြား၊ သီဆိုငြား၊ ၃-ပါး ဝါဂီနစ်။

မြန်မာတို့၏ ဂီတနယ်၌ (ကြိုးသီချင်း, ဘွဲ့သီချင်း, သီချင်းခံ) ၎င်း ၃-မျိုးကို 'သံရိုးပိုင်း'ဟု ခြားနား ခေါ်ဆိုကြ၏။ ♦

သံလတ်ခေါ်ငြား၊ ဆိုတေးသွား၊ ၁၀-ပါး အဘယ်နည်း?

၎င်းသရုပ် (တိုင်သံ ၁၀-ပါး) နှင့် တူ၏။ ♦

သံလေခိတဗ္ဗတရား ၄၄-ပါး

ကိုယ့်သန္တာန်မှ ပယ်ရှားစွန့်ဖြတ်အပ်သော အကုသိုလ်တရားစုများ လေးဆယ့်လေးပါး၊ ဤ၌ ခက်မည်ထင်သော အရာကိုသာ ဖြေရှင်းသွားမည်။
(၁) ဝိဟိံ သက- ညှဉ်းဆဲနှိပ်စက်မှု၊ ပါဏာတိပါတ၊ အဒိန္နာဒါန၊ အဗြဟ္မစရိယ၊ မုသာဝါဒ၊ ပိသုနဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ၊ အဘိဇ္ဈာ၊ ဗျာပါဒ
(၁၀)၊ မိစ္ဆာဒိဋ္ဌိ- အယူမှားကို ယူနေခြင်း၊ မိစ္ဆာသင်္ကပ္ပ- မကောင်းသော အကြံဟူသမျှ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာဉာဏီ- မကောင်းမှုကို ကောင်းမှုထင်မှတ်နေခြင်း မောဟ၊ မိစ္ဆာဝိမုတ္တိ- သံသရာမှ လွတ်ကြောင်း မဟုတ်သောတရားစု၊ ထိနမိဒ္ဓ ပရိယဋ္ဌိတ၊ ဥဒ္ဓစ္စ၊ (၂၀)

၊ ဝိစိကိစ္ဆာ၊ ကောဓ- အမျက်ထွက်ခြင်း၊ ဥပနာဟ- ရန်ငြိုးဖွဲ့ခြင်း၊ မက္ခိ- ကျေးဇူးမသိတတ်မှု၊ ပဠာသိ- ဂုဏ်ပြိုင်မှု၊ ဣဿာ၊ မစ္ဆရိယ၊ မာယာ၊ သာဌေယျ- စဉ်းလဲခြင်း၊ ထဒ္ဓ- ခက်ထန်မှု၊ (၃၀)

၊ အတိမာန- အလွန်မာနကြီးခြင်း၊ ဒုဗ္ဗစ- ဆိုဆုံးမ ခက်မှု၊ ပါပမိတ္တ၊ ပမတ္တ- ကောင်းမှု၌ မေ့ပေါ့ခြင်း၊ အသဒ္ဓ၊ အဟိရီက၊ အနောတ္တပ္ပ၊ အပ္ပသုတ၊ ကုသိတ- အပျင်းထူခြင်း၊ မုဋ္ဌဿတိ- သတိပျက်မှု၊
(၄၀)၊ ဒုပ္ပညာ၊ သန္ဒိဋ္ဌိ ပရာမာသီအမှားယူမှု၊ အာဒါနဂ္ဂါဟီ- အမှားကို စွဲနေမှု၊ ဒုပ္ပဋိနိဿဂ္ဂိ- မှားကြောင်းဟောပြသော်လည်း မစွန့်နိုင်မှု၊
(၄၄) ။ ♦

သံဝဋ္ဋကပ်မျိုး ၃-ပါး

ကမ္ဘာခေါ်ကပ္ပါကို ဖျက်ဆီးခြင်း ၃-မျိုး၊ စတုက္ကင်္ဂုတ္တရ။ ဋ္ဌ။ ၃၄၀-၌ အကျယ်ရှု။
(၁) အာပေါသံဝဋ္ဋကပ်- ရေဖြင့်ဖျက်ဆီးခြင်း၊
(၂) တေဇောသံဝဋ္ဋကပ်မီး ဖြင့်ဖျက်ဆီးခြင်း၊
(၃) ဝါယောသံဝဋ္ဋကပ်-လေတိုက်၍ ဖျက်ဆီးခြင်းခံရသော ကမ္ဘာ။ ♦

သံဝရဝိနည်းမျိုး ၅-ပါး

စောင့်စည်း ထိန်းသိမ်းမှု တရား ၅-ပါး၊ သံဝရဝိနယောပိဟိ၊
(၁) သီလ သံဝရော၊
(၂) သတိ သံဝရော၊
(၃) ဉာဏသံဝရော၊
(၄) ခန္တီ သံဝရော၊
(၅) ဝီရိယသံဝရောတိ ပဉ္စဝိဓော၊သုတ္တနိပါတ အဋ္ဌကာထာ ဥရဂဝဂ္ဂ။ အနက်အဓိပ္ပါယ်လွယ်ပြီ။ ♦

သံဝေဂတရားမျိုး ၄-ပါး

သံသရာမှ ထိတ်လန့် ကြောက်ရွံ့ခြင်း မျိုး၄-ပါး။
(၁) စတို္တ တြာသသံဝေဂ-ကြောက်မက်ဖွယ် အာရုံနှင့် တွေ့ကြုံသောအခါ စိတ်၏ ထိတ်လန့်ခြင်းမျိုး၊
(၂) ဉာဏ သံဝေဂ- ပဋိသန္ဓေနေရခြင်းစသည်တို့ကို ဉာဏ်အားဖြင့်ရှု၍ ထိတ်လန့်ခြင်း၊
(၃) သြတ္တပ္ပသံဝေဂ- မကောင်းမှုမှ ကြောက် ထိတ်လန့်ခြင်းမျိုး၊
(၄) ဓမ္မ သဝေဂ-ရုပ်နာမ်ဓမ္မ သင်္ခါရတို့မှ ထိတ်လန့်ခြင်းမျိုး။ ♦

သံဝေဂဝတ္ထုမျိုး ၈-ပါး

မူလပဏ္ဏာသ။ ဋ္ဌ။ ပ-အုပ်။ ၃၀၂။ ထိတ်လန့်ဖွယ်ရာ ဝတ္ထုများ။
(၁) ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊
(၂) အိုရခြင်းဆင်းရဲ၊
(၃) နာရခြင်း ဆင်းရဲ၊
(၄) သေရခြင်းဆင်းရဲ၊
(၅) ငရဲဘုံ၌ခံရခြင်း ဆင်းရဲခြင်း၊
(၆) ပြိတ္တာဘုံ၌ ခံရခြင်း ဆင်းရဲ၊
(၇) အသူရကာယ်ဘုံ၌ခံရခြင်း ဆင်းရဲ၊
(၈) တိရစ္ဆာန်ဘုံ၌ ခံရခြင်းဆင်းရဲ။ ♦

သံဝေဂဝတ္ထုမျိုး ၈-ပါး၊ တနည်း

သုတ်မဟာဝါ အဋ္ဌကထာ။
(၁) ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊
(၂) အိုရခြင်း ဆင်းရဲ၊
(၃) နာခြင်းဆင်းရဲ၊
(၄) သေရခြင်း ဆင်းရဲ၊
(၅) အပါယ်၄-ဘုံ၌ခံရခြင်း ဆင်းရဲ၊
(၆) အတိတ်ဘဝ၌ ခံခဲ့ရသောဆင်းရဲ၊
(၇) အနာဂတ် ဘဝ၌ ခံရလတ္တံသော ဆင်းရဲ၊
(၈) ယခုမျက်မှောက်ဘဝ၌ အာဟာရကို ရှာမှီးရသော ဆင်းရဲ။ ♦

သံဝေဇနိယ ဌာနကြီး ၄-ပါး

မြတ်စွာ ဘုရားသခင် ဖွားမြင်တော်မူရာဌာန။ ဘုရားဖြစ်ရာ မဟာဗောဓိပင်ဌာန။ တရားဦး ဓမ္မစကြာ ဟောရာမိဂဒါဝုန် ဌာန။ ပရိနိဗ္ဗာန်စံရာ ကုသိနာရုံ ဌာန။ ဤ ၄-ဌာနကား ဘုရားဖူးလာသူ အမျိုးသားတို့ ဓမ္မသံဝေဂဖြစ်ခါ နတ်ရွာသုဂတိသို့ လားရောက် စေတတ်သော ဌာနထူးများ ဟူ၏။ ♦

သံသဂ္ဂမျိုး ၅-ပါး

မူလပဏ္ဏာသ။ ပါ။ ၁၁၉။ ဋ္ဌ။ ဒု-အုပ်။ ၅၀-၌အကျယ်ရှုပါ။ ပေါင်းဖော် ရောရှက်စုံမက် ချစ်ကြိုက် နေခြင်းမျိုးငါးပါး။ ၎င်းတို့ကို စွဲလမ်း၍ သီလ ညစ်နွမ်းခြင်းများ ဖြစ်တတ်သည်။
(၁) ကာယ သံသဂ္ဂ-ကာယပသာဒချင်း ထိတွေ့မှု၊
(၂) သဝနသံသဂ္ဂ-သာယာသော အသံကိုကြားမှု၊
(၃) ဒဿန သံသဂ္ဂ- တွေ့မြင်ကြည့်ရှုရမှု၊
(၄) သမုလ္လပန သံသဂ္ဂ- မျက်နှာချင်းပြိုင် ရင်ချင်းဆိုင်၍ မြိုင်မြိုင်ကြီး ပြောဆိုရမှု၊
(၅) ပရိဘောဂ သံသဂ္ဂ- သူ၏ အသုံးအဆောင်ပစ္စည်းကို ကိုင်တွယ်သုံးဆောင်ရမှု။ ♦

သံသရာချဲ့ တရား ၃-ပါး

''ပပဉ္စတရား ၃-ပါး” ကိုပင် ပရိယာယ်တမျိုးဖြင့် ခေါ်ဆိုကြသည်၊ သရုပ် အတူတူမှတ်လေ။ ♦

သက္ကရာဇ် ဦးခေါင်းပိုက် နတ်သ္မီး ၇-ဖော်

၎င်းသရုပ်ကား (ဗြဟ္မာမင်းဦးခေါင်းပိုက် နတ်သ္မီး ၇-ပါး) နှင့်တူ၏။ ♦

သက္ကရာဇ်မျိုး ၂-ပါး

မိုးညှင်းမင်းတရား ဖြိုသွားသက္ကရာဇ် မပြိုဖြစ်နေရကား နောက်သား နောင်လာတို့အတွက် အရှည် သက္ကရာဇ်ကတမျိုး၊အတို သက္ကရာဇ်က တဖုံ၊ နှစ်စုံဖြစ်နေ၏။
(၁) ဒီဃ သက္ကရာဇ်- ယခုရောက်ဆဲ သက္ကရာဇ်ကိုခေါ်သည်၊ပုံ-ဤကျမ်းရေးပြုသည့် ၁၃၁၆-ခုနှစ်မျိုး၊
(၂) ရဿ သက္ကရာဇ်-ရောက်ဆဲ ကောဇာသက္ကရာဇ်ထဲ၌'အဌ်နော သတ်'ခေါ် (၇၉၈) နုတ်၍ ကျန်သောသင်္ချာကို ရဿဟု ခေါ်သည်၊ ပုံ-ဒီဃ၁၃၁၆-၇၉၈=၅၁၈ ရဿ ခုနှစ် ဖြစ်၏။ ♦

သက္ကရာဇ်မျိုး ၂-ပါး၊ တနည်း

(၁) ကောဇာသကရ္ကာဇ၊် သို့မဟုတ် 'ဂေါဇာသကရ္ကာဇ'် ယခုရောက်ဆဲ သက္ကရာဇ်ရှည်ကိုယူ၊
(၂) သာသနာသက္ကရာဇ်-ကောဇာသက္ကရာဇ်ကိုတည်၊ ၁၁၈၂-ခုနှော၊ သာသနာ သက္ကရာဇ် ဖြစ်၏၊ ပုံ ၁၃၁၆ ခု + ၁၁၈၂ = ၂၄၉၈ သည် သာသနာသက္ကရာဇ် ဖြစ်၏၊ ကျက်မှတ်ရန် ဥပဒေသကား''သက္ကကောဇာ၊ တည်ပြီးခါဝယ်၊တစ်တစ်ရှစ်နှစ် (၁,၁,၈,၂) နှောတုံလစ်က၊တိတ်ဖြစ်သာသနာ၊ မှတ်ကြရာ၏''ဟုပညာရှိများ ညွှန်ကြားထား၏။ ♦

သက္ကရာဇ်ဖြိုရာ အင်္ဂါ ၃-ပါး

သက္ကရာဇ်ဖြိုခြင်း ဟူသည်ကား ဂဏန်းသင်္ချာ အရေအတွက်တွေ များလာသည်ကို လွယ်ကူစွာ သိမှတ်နိုင်စေရန်ရည်သန်၍ အသစ်အတို ပြုခြင်းပင် ဖြစ်၏၊ သို့သော် အောက်ပါ အင်္ဂါ၃-ပါးနှင့် ညီညွတ်မှ ဖြိုအပ်သည်၊ဖြိုကောင်းသည်ဟု ပညာရှိတို့ တွက်ကိန်းပုံစံ ထားကြကုန်၏၊ ကံနီ အတွင်းဝန်မင်းကမူ ကိန်းခမ်းညီးအောင်ဖြိုခြင်းသာ လိုရင်းပဓာနမှတ်ဟု ဆိုလေသည်။
(၁) ရောက်ဆဲသက္ကရာဇ်တည်ရ-ခုနှင့်စား၊ အကြွင်းမဲ့ပြတ်၊
(၂) ရောက်ဆဲ သက္ကရာဇ်တည်၁၉-ခုစား၊အကြွင်းမရှိပြတ်၊
(၃) ရောက်ဆဲသက္ကရာဇ်တည် ၉၅-ခုစား၊အကြွင်းမရှိပြတ်။ ♦

သက္ကရာဇ်ဖြိုမင်း၊ ၇-စင်း၊ ဘယ်မင်းဘယ်ခါ ဖြိုသနည်း?

ဤ၌ သက္ကရာဇ်ကို ဖြိုသွားကြသောမင်းနှင့် ကိန်းခမ်း ရသေ့ရဟန်း စသည်တို့၏ အမည်များကို ရာဇဝင် မဟာဝင် သာသနာဝင် ဆရာစဉ်တို့ မှတ်တမ်းမှ သုတေသနပြု၍ တွေ့ရှိသမျှဖြင့် ထုတ်ပြဖြေကြား သွားသည်၊ အမှားပါဝင်က အမှန်ကို လျင်စွာ ရှာကြပါကုန်။
(၁) အာကာရဋ္ဌမင်းကြီး လက်ထက် ကမ္ဘာဦးကာလမှစ၍ “မဟာသုဒ္ဓဝယပ္ပ''ဟူသော ပိဋကသင်္ချာနှင့် အညီ သက္ကရာဇ်(၁၁၄၉၇၈၅) ခုနှစ်တို့ကိုဖြိုခဲ့သည်။ ထိုနောက်-
(၂) ကုသမင်းကြီးလက်ထက်မှာ “နာတိမဇ္ဇလဒ္ဓံဝိယ” ဟူသော ပိဋကသင်္ချာကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၁၄၉၃၈၅၀၆) သော ခုနှစ်တို့ကိုဖြိုခဲ့လေသည်။ ၎င်းနောက်-
(၃) ဘိုးတော်အဉ္စနမင်းကြီးသည် ဒေဝီလရသေ့နှင့်တိုင်ပင်ကာ “မာဃစန္ဒေ၊ သို့မဟုတ် ဏဝစန္ဒေ''ဟူသော ပိဋကသင်္ချာကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၈၆၄၅) ခုနှစ်တို့ကို ဖြိုခဲ့လေသည်။ ထိုနောက်မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသောအခါ သာသနာနှင့်ဂေါဇာနှစ် ညီစေရန်-
(၄) အဇာတသတ် မင်းကြီးနှင့် ရှင်မဟာကဿပထေရ် တိုင်ပင်ကာ''ဒေဝီယ''ဟူသော ပိဋကသင်္ချာကိန်းနှင့်အညီ သက္ကရာဇ် (၁၄၈) ခုနှစ်တို့ကို ဖြိုလိုက်ပြန်လေသည်။ ထိုနောက် ၆၂၄-ခုနှစ်သို့ရောက်သောအခါ-
(၅) သုမုန္ဒရီမင်းကြီးသည် သီရိခေတ္တရာပြည်ကြီး၌ “ဒေါဒေါရသ''ကိန်းခမ်းအရ ၂-ခုကြွင်းထား၍ သက္ကရာဇ်(၆၂၂) နှစ်တို့ကိုဖြိုလိုက်ပြန် လေသည်။ ထိုနောက် ၅၆၂-ခုနှစ်သို့ရောက်ပြန်သောအခါ-
(၆) ပုပ္ပါးစောရဟံ မင်းကြီးသည် ပုဂံပြည်၌''အလံဗိက” ကိန်းကြုံ၍''ခဆ ပဉ္စန်း''ခေါ် နှစ်ပေါင်း (၅၆၀) တို့ကို ၂-ခုကြွင်းထားလျက်ဖြိုလိုက်ပြန်လေသည်။ ထိုမှနောက် သက္ကရာဇ် (၈၀၀) ခုနှစ်သို့ရောက်သော အခါ-
(၇) မိုးညှင်း မင်းတရားကြီးသည်၊ “အဋ္ဌနဝ သတ္တကိန်း''သို့မဟုတ် “ဗသျှုဆိဒ္ဒမုနိကိန်း''အရ (၇၉၈) ခုနှစ်တို့ကို ဖြိုပြန်သော်လည်း ကိန်းခမ်း မရောက်၍ မပြိုမကြေဟု ပညာရှိတို့ ဆိုကြကုန်၏၊ ထိုနောက်ကား သက္ကရာဇ်ဖြိုမင်း မရှိ မပေါ်သေးပေး။ ♦

သက္ကာယဒိဋ္ဌိ ၂၀

ထင်ရှားရှိနေသော ခန္ဓာ ၅-ပါးကို ငါ, ငါ့ဥစ္စာဟုစွဲယူနေခြင်းမျိုး ၂၀-ဟူ၏၊ အကျယ်ကိုမူ မူလပဏ္ဏာသ။ ပါ။ ၃၇၃-၃၇၄။ ဋ္ဌ။ ဒု-အုပ်။ ၃၅၈-၃၅၉။ ခန္ဓဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၂၉-တို့၌ရှုပါလေ။ ဤ၌ မြန်မာလိုအလွယ်ဆုံးနည်းဖြင့် ပြသွားမည်။ ရူပက္ခန္ဓာ၌
(၁) ရုပ်သည်ပင်လျှင် ငါ၊
(၂) ငါ သည်ပင်လျှင် ရုပ်၊
(၃) ရုပ်၌ ငါရှိသည်၊
(၄) ငါ၌ ရုပ်ရှိသည်၊ ကျန်ခန္ဓာတို့၌လည်း ဤနည်းအတိုင်း ၄-ပါးစီယူပါ ၂၀ ဖြစ်၏။ ပုံ-ဝေဒနာသည်ပင်လျှင် ငါ၊ ငါသည်ပင်လျှင်ဝေဒနာ၊ ဝေဒနာ၌ ငါ,ရှိသည်၊ ငါ၌ဝေဒနာရှိသည် ဟူ၏၊ သညာ, သင်္ခါရ, ဝိညာဉ်တို့၌လည်း ဤနည်းအတိုင်းပင် ယူပါလေ။ ♦

သက်တန့်အပြား၊ မျိုး ၃-ပါး၊ သိကြား လွှတ်သည့်လေး

ဣန္ဒဓနု ခေါ် မိုးကောင်းကင်မှ ထွက်ပေါ် သောလေးကိုင်းသဏ္ဌာန် သက်တန့်၏ အမည်၃-ပါး၊ ဣန္ဒ-သိကြား၊ ဓနုလေး။
(၁) စို့-နံနက်ခင်း၌ နေမင်း အရှေ့အရပ်တွင် ရှိနေစဉ် အနောက်အရပ်၌ ပေါ်ထွက် ပေါက်ရှိနေသောသက်တန့်ကို စို့ထွက်သည်ဟု ခေါ်ကြ၏၊
(၂) ကြိတ်- မွန်းတည့်သကဲ့သို့ မိုးကောင်းကင်အလယ်၌ တည်သော သက်တန့်ကိုကြိတ်၊သို့မဟုတ် ကြတ်ထွက်သည်ဟု ခေါ်ကြ၏၊
(၃) သက်တန့်,စက်တန့်-ညချမ်းအခါ အနောက်အရပ်မှာ နေရှိနေခိုက် အရှေ့အရပ်၌ အရောင်ပေါ်သည်ကို သက်တန့်ပေါ်သည်၊ စက်တန့်ထွက်သည်ဟု ခေါ်ကြပြန်၏။ ♦

သက်တော်ရှည်ရာသော ကုသိုလ်မျိုး ၆-ပါး

အသက်ရှည်လို သူတို့ လိုက်နာပြုကျင့်ရန် ဤခြောက်ပါးသော ကုသိုလ်အထူးကို အားထုတ်၍ သီဟိုဠ်ကျွန်း၌ ဝသဘမင်းကို ၁၂-နှစ် အသက် နေစစ်ရှိသည်ဟု ဗေဒင်ပညာရှိနိမိတ်ဖတ်သူတို့ ဟောလျက် ၄၂-နှစ် တိုင်အောင် နေရဘူးကြောင်းများနှင့် မဟာဝင်ကျမ်းမှာ လာသည်။
(၁) ပရိသဝန ဒါန- ရေစစ်အလှူ၊
(၂) ဂိလာနဝတ္ထု ဒါန- သူနာတို့ အဖို့ ဆေးစသော အာဟာရအလှူ၊
(၃) အာဝါသ ဒါန- ကျောင်း, စရပ်အလှူ၊
(၄) ဇိဏ္ဏက ပဋိသင်္ခါရဏ- ဟောင်းနွမ်း ပျက်စီးသော ကျောင်း, စရပ်, စေတီ စသည်ကို ပြင်ဆင်သော ကောင်းမှု၊
(၅) နိစ္စ ဂရုဓမ္မ သီလ- ငါးပါးသီလ အမြဲဆောက်တည်သော ကောင်းမှု၊
(၆) ဥပေါသထ သီလ- ရံခါ ဥပုသ်စောင့်သုံးသောကောင်းမှု။ ♦

သက်သံအပြား၊ ၁၈-ပါး၊ ထင်ရှား ကဗျာဝင်

၎င်းသရုပ် (ဘယ်သံ၁၈-ပါး) နှင့် တူ၏။ ♦

သကဒါဂါမ် ၁၂-ယောက်

သုတ္တနိပါတ်။ ဋ္ဌ။ ပ-အုပ်။ ၂၈၂။ ကာမ, ရူပ, အရူပဘုံ၌ ဖြစ်သော သကဒါဂါမ် ၃-ယောက်ကို တည်၊ ပဋိပဒါ ၄-ပါးနှင့် မြှောက် ၁၂-ယောက် ဖြစ်၏။ ♦

သကဒါဂါမ် မျိုး ၆-ပါး

ကာမဘုံ၌ တကြိမ်သာ ပဋိသန္ဓေနေရသူ သို့မဟုတ် မိမိမဂ် ရရာဘုံ၌ တကြိမ်သာ ပဋိသန္ဓေနေရသူ ၆-ယောက်။
(၁) ဣဓပတွာ ဣဓ ပရိနိဗ္ဗာယီဤလူ့ပြည်၌ သကဒါဂါမ် အဖြစ်သို့ရောက်၍ ဘဝမခြားဘဲ ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန် စံသူ၊
(၂) ဣဓပတွာ တတ္ထပရိနိဗ္ဗာယီ-လူ့ပြည်၌သကဒါဂါမ်ဖြစ်, ဒုတိယဘဝနတ်ပြည်၌ ပဋိသန္ဓေနေ, ထို၌ပင် ပရိနိဗ္ဗာန်စံ၊
(၃) တတ္တပတွာ တတ္ထ ပရိနိဗ္ဗာယီ- ထိုနတ်ပြည်၌ သကဒါဂါမ်ဖြစ်၊ ထို၌ပင် ရဟန္တာဖြစ် ပရိနိဗ္ဗာန်စံ၊
(၄) တတ္ထပတွာဣဓ ပရိနိဗ္ဗာယီ- နတ်ပြည်၌ သကဒါဂါမ်ဖြစ်, လူ့ပြည်၌ ဒုတိယဘဝပဋိသန္ဓေနေ ရဟန္တာဖြစ် ပရိနိဗ္ဗာန်စံ၊
(၅) ဣဓပတွာ တတ္ထ နိဗ္ဗတ္တိတွာဣဓ ပရိနိဗ္ဗာယီ- လူ့ပြည်၌ သကဒါဂါမ်ဖြစ်, ဒုတိယဘဝ နတ်ပြည်၌သန္ဓေနေပြီးလျှင် တတိယဘဝ လူ့ပြည်၌ဖြစ် ပရိနိဗ္ဗာန်စံ၊ '၎င်းကားပဋိသန္ဓေ ၂-ခါနေ၏'၊
(၆) တတ္ထပတွာ ဣဓ နိဗ္ဗတ္တိတွာ တတ္ထ ပရိနိဗ္ဗာယီ- နတ်ပြည်၌ သကဒါဂါမ်ဖြစ်,ဒုတိယဘဝ လူ့ပြည်မှာ ပဋိသန္ဓေနေ,တတိယဘဝထိုနတ်ပြည်၌ဖြစ် ပရိနိဗ္ဗာန်စံ၊ '၎င်းလည်း ၂-ခါ ပဋိသန္ဓေနေပင်'။ ♦

သင်္ကန်းအပြား၊ မျိုး ၂-ပါး၊ အပ်ငြား ရဟန်းတော်

ရဟန်းတော်များဝတ်ရုံနိုင်သည့် သင်္ကန်းမျိုး ၂-ပါး။
(၁) ဂဟပတိ စီဝရ- လူ နတ် စသောဒါယကာတို့ ပေးလှူသော သင်္ကန်းမျိုး၊
(၂) ပံသုကူလ စီဝရ- ပံ့သကူကောက်၍ ချုပ်လုပ်သော သင်္ကန်မျိုး။ ♦

သင်္ကန်း ၃-ထည်။

တိစီဝရိက်ခေါ် သုံးထည်သော သင်္ကန်း။
(၁) သံဃာဋိ- နှစ်ထပ် သင်္ကန်းကြီး၊ ၎င်းကိုပင် ဒုကုဋ် သင်္ကန်းကြီး ခေါ်သေး၏၊
(၂) ပါရုပန- ကိုယ်ဝတ် ဧကစီ၊
(၃) အန္တရ ဝါသက- ခါးဝတ်သင်းပိုင်၊ ၎င်း ဧကစီနှင့်သင်းပိုင် ၂-ထည်ကို ဒွိစုံဟုခေါ်သည်။ ♦

သင်္ကန်း ၉-ထည်

ရဟန်းတော်တို့၏ အသုံးအဆောင် အဝတ် အထည်၉-မျိုး။
(၁) အန္တရဝါသက- ခါးဝတ် သင်းပိုင်၊
(၂) ဥတ္တရာ သင်္ဂ- ကိုယ်ရုံ ဧကစီ၊
(၃) သံဃာဋိ-ဒုကုဋ် နှစ်ထပ်သင်္ကန်း၊
(၄) ပစ္စတ္ထရဏ- အိပ်ရာခင်းအပေါ်လွှမ်း၊
(၅) မုခ ပုဉ္ဆန စောဠ- မျက်နှာသုတ်ပုဝါ၊
(၆) ပရိက္ခရာ စောဠ- ရေစစ် ပုဝါ၊ လက်သုတ်ပုဝါ ခြင်ထောင်စသောအတိုအထွာ ပရိက္ခရာ အထည်မျိုး၊
(၇) နိသီဒန-နိသီဒိုင် ခင်းနှီး၊
(၈) ဝဿိကသာဋိက- မိုဃ်းရေခံပုဆိုး၊
(၉) ကဏ္ဍုပ္ပဋိစ္ဆာဒိ-အမာလွှမ်းသင်္ကန်း။ ♦

သင်္ကန်းချုပ်ရာ၊ ခွင့်ပြုမှာ၊ ၆-ဖြာချည်မျိုး အဘယ်နည်း?

ရဟန်းတော်များ သင်္ကန်းအဖြစ် အပ်သော ချည်မျိုး ၆-ပါးကိုသာ ဘုရားမိန့်မှာခွင့်ပြုခဲ့၏။
(၁) ခေါမံ- ခေါမမည်သော ခုံလျှော်ချည် သင်္ကန်း၊
(၂) ကပ္ပါသိကံ-ဝါချည် သင်္ကန်း၊
(၃) ကောသေယျံပိုး ချည်သင်္ကန်း၊
(၄) ကမ္ဗလံ- သိုးမွေးချည် သက္ကလပ် သင်္ကန်း၊
(၅) သာဏံ-ပိုက်ဆံလျော်ချည် (သျှံသား) ရှံသား သင်္ကန်း၊
(၆) ဘင်္ဂံ- အထက်ပါ ချည်ငါးပါးဖြင့် ပြီးသောသင်္ကန်း။ ♦

သင်္ကန်းလှူရကျိုး ၈-ပါး

၎င်း အကျယ် အပဒါန်။ ပါ။ ပ-အုပ်။ ၃၅၈-၌ရှုပါ။
(၁) ရွှေအဆင်းကဲ့သို့လှပခြင်း၊
(၂) အညစ်အကြေး ကင်းစင်ခြင်း၊
(၃) ပြိုးပြိုးပြက်ပြက် အရောင် အဝါထွက်ခြင်း၊
(၄) တန်ခိုးအာနုဘော်ကြီးခြင်း၊
(၅) ကိုယ်လက်အင်္ဂါ ပြေချော လှပခြင်း၊
(၆) အဆင်းအရောင် အလှပဆုံးဖြစ်သော အဝတ်အထည်တို့ကိုသာ ဆင်မြန်းရခြင်း၊
(၇) အကောင်းဆုံး ပိုးဖဲ ကတ္တီပါ အဝတ်အထည်တို့ကိုသာ ဆင်ဝတ်ရခြင်း၊
(၈) တိုင်းကြီး ပြည်ကြီးတို့မှ ဖြစ်သော မွန်မြတ်နုညံ့သည့် အထည်အဝတ်တို့ကိုသာ ရနိုင်၍ ဆင်ယင်သုံးဆောင်ရခြင်း။ ♦

သင်္ကပ္ပမျိုး ၃-ပါး

ကာမ သင်္ကပ္ပ, ဗျာပါဒ သင်္ကပ္ပ, ဝိဟိံသ သင်္ကပ္ပ, အဓိပ္ပါယ်''ဝိတက် ၃-ပါး''နှင့်တူ၏။ ♦

သင်္ကြန်တွင်းမှာ၊ ရှောင်ကြဉ်ရာ၊ ၁၀-ဖြာ တရားစု

ရှေးပညာရှင်တို့သွန်သင်ဆုံးမချက် အဆင့်စကား ဆယ်ပါး၊ ၎င်းတို့ကိုရှောင်ရှားခြင်းဖြင့်ကျက်သရေချမ်းသာ မင်္ဂလာများ တိုးပွားသည်။
(၁) ရုဒ- ငိုကြွေးခြင်း၊ပူဆွေးခြင်း၊
(၂) မေထုန်န- မေထုန်သံဝါသပြုမှု၊
(၃) မံသ-အသားဟင်းလျာ စားသောက်ခြင်း၊
(၄) သူရာ-သေရည်သောက်စားမူးရစ်ခြင်း၊
(၅) ကောဓ -အမျက်ဒေါသ ထွက်ခြင်း, သတ်ပုတ်ခြင်း၊
(၆) ရုဓိရ- သွေးဖေါက်, သွေးထုတ်ခြင်း၊
(၇) တေလိက- ဆီလိမ်း, ဆေးလိမ်းခြင်း၊
(၈) ရုက္ခစ္ဆေဒ-သစ်ပင်ဖြတ်ခြင်း ထင်းခုတ်ခွဲခြင်း၊
(၉) ကိဏ- ဝယ်ယူခြင်း၊ ကျီသွင်းခြင်း၊
(၁၀) ဝိက္ကဏ- ရောင်းခြင်း၊ဆိုင်ထွက်ခြင်း။ ♦

သင်္ကြန်မျိုး ၁၂-ပါး

ရောက်ဆဲသက္ကရာဇ်ကိုတည်၊ ၂-ခုနုတ်၊ ၁၂-ခုနှင့်စား။ ၁-ကြွင်းမူ ဇေယျသင်္ကြန်၊၂-ကြွင်းမူ ဝိသာခါ သင်္ကြန်၊ ၃-ကြွင်းမူ ဇေဋ္ဌသင်္ကြန်၊ ၄-ကြွင်းမူ အာသဠှီသင်္ကြန်၊ ၅-ကြွင်းမူ သရဝဏ်သင်္ကြန်၊၆-ကြွင်းမူ အဒြသင်္ကြန်း၊ ၇-ကြွင်းမူ အဿယုတ္တ သင်္ကြန်၊ ၈- ကြွင်းမူ ကြတ္တိကာသင်္ကြန်၊ ၉-ကြွင်းမူ မိဂသီသင်္ကြန်၊ ၁၀-ကြွင်းမူ ဖုသျှသင်္ကြန်း၊ ၁၁-ကြွင်းမူ မာဃသင်္ကြန်း၊ ၁၂-ကြွင်းမူ ဖဂ္ဂုဏသင်္ကြန်ဟုသင်္ကြန်လက်ရိုးကျမ်းတို့၌ လာရှိ၏၊ အခြား သင်္ကြန်နှစ် အမည်မျိုးလည်း များစွာရှိသေး၏။ ♦

သင်္ခါရတရား ၃-ပါး

ယမိုက်။ ပါ။ ဒု-အုပ်။။ ပဉ္စပကြိုဏ်။ ဋ္ဌ။ ၃၁၃။ လောကနယ်ပယ် အတွက် ချယ်လယ်ပြုပြင် စီရင်ပေးနေသောတရား ၃-ပါး။
(၁) ပုညာဘိသင်္ခါရ-မဟာကုသိုလ်, ရူပကုသိုလ်စေတနာစု၊လူ့ဘုံ,နတ်ဘုံ,ရူပဗြဟ္မာ့ဘုံ အတွက် ပြုပြင်ပေးသည်၊
(၂) အပုညာဘိသင်္ခါရ-အကုသိုလ်စိတ် ၁၂-ခု၌ ယှဉ်သော စေတနာစု၊ အပါယ် ၄-ဘုံအတွက် ပြုပြင်ပေးသည်။
(၃) အာနဉ္ဇာဘိသင်္ခါရ- အရူပကုသိုလ် ၄-ခု၌ယှဉ်သောစေတနာစု၊ အရူပဗြဟ္မာ့ဘုံအတွက် ပြုပြင်စီစဉ် ပေးသည်။ ♦

သင်္ခါရ တရားကြီး ၄-ပါး

ရေ, မြေ, တော, တောင်, သမုဒ္ဒရာနှင့်တကွ သတ္တဝါ ဟူသမျှတို့ကို ဖန်ဆင်း စီမံ၍ ပေးနေသော အပြုတရားကြီးလေးပါး။
(၁) ကံ-ကောင်းပြု, မကောင်းပြု ဟူသမျှ၊
(၂) စိတ်-အာရုံပြုတယ်,သိတတ်သော တရားစု၊
(၃) ဥတု-ပူမှု, အေးမှုတရားစု၊
(၄) အာဟာရ-အာဟာရ ၄-ပါး တရားစု။ ♦

သင်္ချာမျိုးပြား၊ ၇-ပါး၊ ရေးသား စာဆိုတော်

ပါဠိစာဆို မြန်မာစာဆတိုိ့အောက်ပါသင်္ချာ ၇-ပါးဖြင့် ထိုက်သလို ရေးစပ်သွားကြ၏။
(၁) မိဿကသင်္ချာ-ရောပေါင်းယူရသော သင်္ချာမျိုး။ ပုံ-စတုစ, ဒသစ, (စတုဒ္ဒသ) လေးခုတလီ, ဆယ်ခုတခြား, (ဆယ့်လေးပါး) ကို စသည်သိ၊
(၂) ဂုဏိတသင်္ချာ-မြှောက်၍ ယူရသော သင်္ချာမျိုး။ ပုံ-သတဿ, ဒွိကံ, (ဒွိသတံ) တရာယူမှု, နှစ်ခုတမျိုး, (နှစ်ရာဘိုးကို) စသည်သိ၊
(၃) သမ္ဗန္ဓသင်္ချာ- စပ်၍ယူရသော သင်္ချာမျိုး။ ပုံ-ဧက, ဒွီ, တိ, စတုပဉ္စ, (တသောင်း နှစ်ထောင်သုံးရာ လေးဆယ့်ငါး) စသည်သိ၊
(၄) သင်္ကေတ သင်္ချာ တစုံတခုနည်းမှတ်ပြု၍ယူသော သင်္ချာမျိုး။ ပုံ-ရာမ,ဆိုလျှင် ၃-ခုဟုသိ၊ စက္ခုဆိုလျှင် ၂-ခုဟုသိ၊ နေ,လဆိုလျှင် တခုစီဟု သိ၊ သီတာ, ဗသျှု, ကာသိ, နဟုတ, လက္ခံ, စသည်တို့တည်း၊
(၅) အနေက သင်္ချာ-အများဟော သင်္ချာမျိုး။ ပုံ-သတတေဇော, သဟဿ ရံသိ, အရာ မကသော တန်ခိုး,အထောင် မကသောရောင်ခြည်တော် စသည်တို့တည်း၊
(၆) ပဋိက သင်္ချာ- အက္ခရာအမှတ်ဖြင့် စပ်ဆိုရေတွက်ခြင်းမျိုး။ ပုံ-က ၁-ခု၊ စ ၆-ခု၊ ဏ ၅-ခု စသည် သိလေ၊
(၇) အဓိကသင်္ချာအပိုအမို ရေဆိုသော သင်္ချာမျိုး။ ပုံ-ငါးရာ့ငါးဆယ်၊ ဇာတ်တော်ဝယ်တည့်။ ၅၄၇-ဇာတ်သာ ရှိသည်။ ♦

သင်္ချာရေနည်း၊ နိသျည်း၊ ထုံးမှီး ၃-ပါးလာ

အရေအတွက်ကို ယူရာ၌နည်း ၃-ပါးနှင့် ညှိနှိုင်း၍ ယူရသည်။
(၁) ဦနသင်္ချာ - လျော့နေသော်လည်းဖြည့်စွက်၍ ယူရသည်။ ပုံ -ငါးရာ့ငါးဆယ် ဇာတ်တော်ကဲ့သို့၊
(၂) အဓိကသင်္ချာ - ဆိုသည်ထက် ပို၍ယူရသော သင်္ချာမျိုး၊ ရောင်ခြည်တထောင်မြတ်ဘုန်းခေါင်ကဲ့သို့၊
(၃) သမာန သင်္ချာ - အညီမျှဆိုတိုင်းသာ ယူရသော သင်္ချာမျိုး။ ပုံ-ကိုးခန်းပျို့တို့လို။ ♦

သင်္ချေ ၄-ရပ် ခေါ်ဆိုအပ်၊ ပညတ်နာမည်ဖေါ်

ဤ၌ လေးသင်္ချေနှင့်ကပ္ပါတသိန်း'သင်္ချေ လေးရပ် အသိန်းကပ်' စသောဝေါဟာရစကားရပ်တို့အရ သင်္ချေလေးရပ်၏ အမည်များ ဟူ၏။
(၁) သေလ အသင်္ချေ - ဒီပင်္ကရာ မြတ်စွာဘုရားနှင့် ကောဏ္ဍည ဘုရားတို့အကြားဝယ် မရေမတွက်နိုင် များစွာသောသုညကပ္ပါတို့၏ ဖြစ်ထွေ ဗုဒ္ဓန္တရ အချိန်ကာလ။
(၂) ဘာသ အသင်္ချေ - ကောဏ္ဍညဘုရားနှင့် မင်္ဂလဘုရားတို့ အကြားဝယ်ရှည်လျားသော သုညကပ္ပါတို့၏ ဖြစ်ထွေ။
(၃) ဇယ အသင်္ချေ - သောဘိတဘုရားနှင့် အနောမဒဿီဘုရား နှစ်ဆူတို့အကြားဝယ် မရေမတွက်နိုင် များစွာသော သုညကပ္ပါတို့၏ရှည်လျားသော အချိန်ကာလ။
(၄) ရုစိ အသင်္ချေ - နာရဒဘုရားနှင့် ပဒုမုတ္တရ ဘုရားရှင် နှစ်ဆူတို့ အကြားဝယ် ရှည်လျားစွာသော သုညကပ္ပါတို့၏အချိန်ကာလ။ ♦

သင်္ချေမျိုးပြား၊ ၇-ပါး၊ သိထားကြစေရာ

စိန္တိတံ သတ္တသင်္ချေယံ-အရ၊ သင်္ချေ ၇-ပါး။ ထိုအတွင်း၌ ဘုရားပေါင်း ၁၂၅၀၀၀-ကို ဖူးတွေ့ခဲ့ရ၍စိတ်ဖြင့် ဘုရားအဖြစ်ကို ဆုပန်ခဲ့သည် ဟူ၏။
(၁) နန္ဒ အသင်္ချေ၊
(၂) သုနန္ဒအသင်္ချေ၊
(၃) ပထဝီ အသင်္ချေ၊
(၄) မဏ္ဍ အသင်္ချေ၊
(၅) ဓရဏီအသချေင်္၊
(၆) သာဂရ အသင်္ချေ၊
(၇) ပုဏ္ဍရိကအသင်္ချေ။ ♦

သင်္ချေအပြား၊ မျိုး ၉-ပါး၊ ပိုင်းခြား တနည်းလာ

နဝသင်္ချေယ ဝါစကံ-အရ သင်္ချေအမည်မျိုး ၉-ပါး၊ ထိုအတွင်း၌ ဘုရားပေါင်း ၃၈၇၀၀၀ တို့ထံ ဆည်းကပ်ခစားပြီး နှုတ်ဖြင့်ဆုတောင်းဘူးပြီး ဟူ၏။
(၁) သဗ္ဗဘဒ္ဒအသင်္ချေ၊
(၂) သဗ္ဗဖုလ္လ အသင်္ချေ၊
(၃) သဗ္ဗရတန အသင်္ချေ၊
(၄) ဥသဘက္ခန္ဓ အသင်္ချေ၊
(၅) ခန္ဓုတ္တမ အသင်္ချေ၊
(၆) မာဏိတအသင်္ချေ၊
(၇) ဘဒ္ဒ အသင်္ချေ၊
(၈) ပဒုမ အသင်္ချေ၊
(၉) သဗ္ဗဘလ္လ အသင်္ချေ။ ♦

သင်္ဂဟတရား မျိုး ၄-ပါး

ဣတိဝုတ်။ ပါ။ ၂၀၉။ ဋ္ဌ။ ၈၉။ မင်းကောင်း,မင်းမြတ်တို့ ကျင့်ရာသောတရားလေးပါး။
(၁) သဿ မေဓ-တိုင်းပြည်နိုင်ငံပေါ်၌ ကျရောက်ဖြစ်ထွန်းသမျှသောစီးပွားချမ်းသာတို့မှ မှူးမတ်ပြည်သူတို့ ညှိနှိုင်းတိုင်ပင်စည်းဝေးကြပြီးလျှင် မည့်၍မည်မျှ ကောက်ခံ တောင်းယူရမည် ဟူသောပြဋ္ဌာန်းချက်ဥပဒေအတိုင်း အပိုအမိုမရှိ မနာကြည်းမထိခိုက်ရအောင် ကောက်ခံခွဲယူသော လယ်ခွန်တော်နှင့် အခြားအခွန်တော်များ။
(၂) ပုရိသ မေဓ- မင်း, မှူးမတ်, ရဲမက်, လက်နက်ကိုင် စစ်သား တရားသူကြီး စသည့်နိုင်ငံကို စောင့်ရှောက် ထိန်းသိမ်းသော သူတို့ကိုကြီးစဉ်ငယ်လိုက် အထိုက်အလျောက် ကောက်ခံ၍ ရသော အခွန်တော်ငွေကို စားသုံး လောက်အောင် လခရိက္ခာ စားနပ်တော်များပေးကမ်း ချီးမြှင့်ရခြင်း။
(၃) သမ္မာ ပါသ-ကုန်သည် လယ်လုပ်တို့ကို အပိတ်အပင် အတားအဆီးအချုတ်အချယ် မရှိ ဖွင့်ပေးရခြင်း, စောင်မ သင့်သမျှ စောင်မ ကြည့်ရှုခြင်း, ထို့ထက်အလွန်လည်း ကြီးကျယ်ဖွံ့ဖြိုး နိုင်စေရန် ကူးသန်းလုပ်ဆောင်နိုင်စေရန် အတိုးအပွားမရှိ အရင်းအနှီးအမတော်ငွေကို ပေးကမ်းမ,စရခြင်း။
(၄) ဝါစာပေယျ- ပြုံးရွှင်ခြင်းလျှင် ရှေ့သွားရှိသော ချစ်စဖွယ်ချိုမြသောစကားတို့ကို သာယာခြေငံစွာ ပြောဆိုရခြင်း။ ♦

သင်္ဂဟတရား ၄-ပါး၊ တနည်း

သုတ်ပါထေယျ။ ပါ။ ၁၂၅။ ဋ္ဌ။ ၁၁၀။ မင်းမှတပါးသောလူတို့ အဆွေ ခင်ပွန်း အပေါင်းအဖော် ရကြောင်းတရား၄-ပါး။
(၁) ဒါနပေးကမ်း စွန့်ကြဲခြင်း၊
(၂) ပေယျ ဝဇ္ဇ- ချစ်ဖွယ်သောစကားကို ဆိုခြင်း၊
(၃) အတ္ထ စရိယ- သူ့အကျိုးစီးပွားကိုကျင့်ခြင်း၊
(၄) သမာနတ္ထ တာ- ကိုယ်နှင့် တတန်းစားတည်း ထား၍ပေါင်းသင်း ဆက်ဆံသွားမှု။ ♦

သင်္ဂါယနာ ၆-တန်။

ဘုရားသခင် ဟောကြားတော်မူခဲ့သော ပိဋကတော်ဓမ္မတို့ကို မပျောက်ပျက် မတိမ်ကော သွားစေရန် စုပေါင်း၍ မူမှန်ကိုရွတ်ဆိုမေးမြန်း ဆွေးနွေးဖြေကြား ရေးမှတ်အတည်ပြုခြင်းမျိုး။
(၁) ပဌမ သင်္ဂါယနာ- သုဘရဟန်းကြီး၏ ဗုဒ္ဓ အဝဏ္ဏ စကားကိုကြောင်းပြု၍ ဘုရားသခင် ပရိနိဗ္ဗာန် ဝင်စံပြီးသည်နောက် ဓာတုဘာဇန နေ့၌ စည်းဝေးရောက်လာတော်မူကြကုန်သော (၇၀၀၀၀၀) ခုနှစ်သိန်းမျှသော သံဃာတော်အရှင်မြတ်တို့၏ ဦးစီးနာယက သံဃာ့ထေရ် ဖြစ်တော်မူသော အရှင်မဟာကဿပ မထေရ်မြတ်သည် ခီဏာသဝ ဆဠာဘိည ရဟန္တာငါးရာ ရွေးကောက်တော်မူပြီးနောက် အခြံအရံသံဃာတော် ၇၀၀၀၀၀-နှင့် ဘိုးတော်အဉ္ဇနဖြိုကြွင်း သက္ကရာဇ် ၁၄၈-ခုနှစ်သာသနာသက္ကရာဇ် ၁-ခုနှစ်ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့မှစတင်၍ တပေါင်းလပြည့်နေ့အထိ ၇-လတိုင်အောင် သုဘခေါ် တောထွက်ရဟန်းကြီးကို အကြောင်းပြု၍ ရာဇဂြိုလ်ပြည် ဝေဘာရတောင်ယံ သတ္တပါဏိဂူလိုဏ်၌ နှုတ်ရွတ်ခါ ဘုရင် အဇာတသတ်မင်းနှင့် ပဌမသင်္ဂါယနာ ထင်တော်မူကြလေသည်။
(၂) ဒုတိယ သင်္ဂါယနာ- ဘုရင်အဇာတသတ်မင်း ဖြိုကြွင်း သက္ကရာဇ်အနှစ်တရာရောက် သာသနာသက္ကရာဇ် (၁၀၀) တရာခုမြောက်သော် ဝဇ္ဇီတိုင်းသား အလဇ္ဇီရဟန်းများ၏ အဓမ္မဝတ္ထုဆယ်ပါး မတရားပေါ်ပေါက်ပြန်၍ (၉၀၀၀၀) ကိုသောင်းကုန်သော သံဃာ့အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်အရ ဘုရင် ကာလာသောကမင်းမြတ်နှင့်တကွ အရှင်မဟာယသထေရ် အမှူးပြု ပဋိသမ္ဘိဒါပတ္တ ရဟန္တာ(၇၀၀) ခုနှစ်ရာ ရွေးတော်မူလျက် အခြံအရံ သံဃာတော် ၁-သန်း၂-သိန်းနှင့် ဝေသာလီပြည်ဝါလုကာရုံ ကျောင်းတော်ကြီး၌ နှုတ်ရွက်ခါ ရှစ်လတိုင်တိုင် ဒုတိယသင်္ဂါယနာ တင်တော်မူကြသည်။
(၃) တတိယ သင်္ဂါယနာ- သာသနာသက္ကရာဇ် ၂၃၅-ခုနှစ် ရောက်သောအခါ ပါဋလိပြည်ကြီး ရှင်ဘုရင် အသောကမင်းမြတ် လက်ထက် ဗာဟိရက တိတ္ထိယတို့သည် ဗုဒ္ဓသာသနာတော်၌ ရဟန်းပြုကုန်လျက် မိမိတို့မူလအယူ မိစ္ဆာဝါဒကိုသာ ကျင့်ကြံသုံးသပ် နေကြပြန်သောကြောင့် (၆၀၀၀၀) ခြောက်သောင်းသော မဟာသံဃာ့ အစည်းဝေးသဘင်ကြီးက ဆုံးဖြတ်ချက်ချကာ အသောကဘုရင်မင်းတရားကြီး ကူညီချက်အရ အရှင်မောဂ္ဂလိပုတ္တ တိဿမထေရ်နာယကပြု၍ ရဟန္တာ(၁၀၀၀) တစ်ထောင် ရွေးချယ်စီစစ်ပြီးလျှင် အရံသံဃာ ၆-သန်းနှင့် ထိုနှစ် နယုန်လမှ စ၍ တပို့တွဲလအထိ ကိုးလတိုင်တိုင် ပါတလိပုတ်ပြည် အသောကာရုံကျောင်းတော်ကြီး၌ နှုတ်ရွတ်ခါ တတိယ သင်္ဂါယနာတင်တော်မူကြသည်။

မှတ်ချက် ။ ။ သီရိစတုရင်္ဂဗလ မြန်မာပညာရှိ ဦးဘေ အလိုအားဖြင့်သာသနာတော် ၂၃၄-ခုနှစ်မှာ တတိယသင်္ဂါယနာ တင်တော်မူသည်ဟု ယူ၏၊ ပရိုဖက်ဆာ ဆရာလွန်းခေါ် မစ္စတာ မောင်မှိုင်းအလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း အလိုအားဖြင့် ၂၃၅-ဟု ယူ၏၊ ရေး၏၊ စီစစ်ကြပါကုန်။
(၄) စတုတ္ထ သင်္ဂါယနာ- သာသနာတော် သက္ကရာဇ် (၄၅၀) လေးရာ့ငါးဆယ်သို့ ရောက်သောအခါ လင်္ကာဒီပ သီဟဠ တည်းဟူသော သီဟိုဠ်ခေါ် သိဃုဠ် ကျွန်းကြီးသခင် ဘုရင် ဝဋ္ဋဂါမဏိ မင်းတရားကြီး လက်ထက် ပိဋကသုံးပုံကို အာဂုံဆောင်ကြကုန်သော ရဟန္တာအရှင်မြတ်တို့သည် နောင် အနာဂတ်ကာလ၌ သတ္တဝါတို့သည် သတိပညာ ဆုတ်ယုတ်ကုန်လတံ့၊ နှုတ်တက် အာဂုံ မဆောင်ရွက် မကျက်မမှတ်နိုင်လတံ့တို့ကို မြင်တော်မူကြ၍ သာသနာတော်၏ အသက်မပျောက်မပျက်တည်ရှိနိုင် စေရန် ကြံစည်တွေးဆကာ(၅၀၀) ငါးရာသော ရဟန္တာအရှင်မြတ်တို့ ပေထက်မှာရေးလျက်'ပေထက္ခာရာ'ခေါ်စတုတ္ထ သင်္ဂါယနာကို မဟာသံဃရာဇာကြီးမှူးလျက် သီဟိုဠ်ကျွန်းမလယဇနပုဒ် အာလောကလိုဏ်ဂူ၌ တင်တော်မူကြပြန်သည်လည်းတကြိမ်။
(၅) ပဉ္စမသင်္ဂါယနာ- ဂေါဇာ သက္ကရာဇ် ၁၂၃၃-ခု၊ သာသနာတော်(၂၄၁၅) ခုနှစ် ရောက်ပြန်ရာ မြန်မာနိုင်ငံတော်ရတနာပုံ နေပြည်တော်ကြီးကို စည်ထီး နန်းအိမ်နှင့်တကွ ပဌမလက်မွန် တည်ထောင်တော်မူခဲ့သော ဘုရင်မင်းတုံးမင်းတရားကြီးသည် ဘုရားရှင်ဓမ္မစက်ပေရွက်နှင့် မလျော်ဟု ဆင်ခြင်ပြီးကာ သာသနာငါးထောင်(၅၀၀၀) ကုန်အောင်တည်စေနိုင်ခြင်းငှါ၊ ကိုးဖြာနဝရတ် ကျောက်မြတ်အဝင် ဖြူစင်သန့်ရှင်းသော သလင်းကျောက်ရတနာ အပြင်ဝယ်အက္ခရာတော် ထင်ပြီးလျှင် ရွှေမင်းရွှေစုတ်နှင့် ရေးသားခတ်နှိပ်တော်မူ၍ အုဌ်ပြသာဒ်များအတွင်း သွတ်သွင်းခါထားတော်မူပြီးမှ တံဆိပ်တော်ရ သုဓမ္မာဆရာကြီးရှစ်ပါးကို ရှေးဖျားရှေးဦး အမှူးပြုကာ (၂၄၀၀) နှစ်ထောင်လေးရာ ကုန်သော သီလဝန်ဂုဏဝန် ကလျာဏပုထုဇဉ် သံဃာတော်အရှင်မြတ်တို့နှင့် တကွ ပဉ္စမသင်္ဂါယနာ တင်တော်မူခဲ့သည်လည်း တကြိမ်အားဖြင့် ပေါင်း၅-ကြိမ်ဖြစ်သတည်း။
(၆) ဆဋ္ဌသင်္ဂါယနာ၊ သစ္စာလေးဆူ အောင်လံထူလျက် ပြိုင်သူဖက်ကင်း တရားမင်းဖြစ်တော်မူသော ဗုဒ္ဓရှင်တော်ဘုရားသည်၄၅-နှစ်(၄၅-ဝါ) အတွင်း ဟောကြားတော်မူအပ်သော တရားတော်တို့ကို ကြွသွား နိဗ္ဗာန် စံဝင်တော်မူပြီးနောက်၊ ၂၄၉၈-နှစ်ကြာသောအခါ
(၁) မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ်တို့ကိုအထပ်ထပ် အဆင့်ဆင့် ရေးကူး၍ လာကြရာ၌သတိ ချွတ်ယွင်းရေးမှားခြင်းဟုဆိုအပ်သော ပမာဒလေခ(ပါဠိပျက်) များကိုအထူးသန့်ရှင်း စင်ကြယ်စေလိုသောကြောင့်၎င်း၊
(၂) ထိုစင်ကြယ်သော ပိဋကတ်တော်များကို စက်တင်ပုံနှိပ်၍ ကမ္ဘာအရပ်ရပ်သို့ပြန့်နှံ့စေခြင်းအားဖြင့် အဓွန့်ရှည်စွာ တည်စေလိုသောကြောင့်၎င်း၊
(၃) လွတ်လပ်သော မြန်မာနိုင်ငံတော်နှင့်တကွ ဗုဒ္ဓဘာသာနိုင်ငံအားလုံးတို့ကသာသနာတော်ကို စုပေါင်းအားပေး ချီးမြှောက်လိုသောကြောင့်၎င်း၊ ဤ ဆဋ္ဌသံဂါယနာပွဲသဘင်ကြီးကို တင်တော်မူကြသည်ဟူ၍ မြန်မာ, ယိုးဒယား, ကမ္ဗောဇ, သီဟိုဠ်, လော, ဟူသည့် ထေရာဝါဒ ငါးနိုင်ငံရှိ သံဃာတော်အရှင်မြတ်တို့၏ ဆုံးဖြတ်တော်မူချက်အရ- ပြည်ထောင်စု မြန်မာနိုင်ငံတော် ရန်ကုန်မြို့ရေးကူးရပ် သီရိမင်္ဂလာကမ္ဘာဧ စေတီတော်အနီး ဆဋ္ဌသံဂီတိမဟာပါသာဏ ဂုဟာခေါ် လိုဏ်ဂူတော်ကြီးအတွင်း မြန်မာနိုင်ငံတော်အစိုးရ၏ ပစ္စယာနုဂ္ဂဟဖြင့်သာသနာတော်၊ ၂၄၉၈၊မြန်မာ- ၁၃၁၆-ခုနှစ်၊ ကဆုန်လပြည့်။ အင်္ဂလိပ် ၁၉၅၄-မေလ
(၁၇) ရက်နေ့မှစ၍ မြန်မာ,သီဟိုဠ်,ယိုးဒယား,(ကမ္ဗောဇ) ကမ္ဗောဒီးယား,(လော) လာအို, ငါးနိုင်ငံတို့နှင့် နှစ်နှစ်တိုင်တိုင် ကျင်းပသည့်ဆဋ္ဌသံဂါယနာပွဲတော်ကြီးတွင် မြန်မာပြည်တွင်းမှ စာပေကျမ်းဂန်တက်ဆရာတော် သံဃာတော် (၂၄၇၃) ပါး။ ကမ္ဘာ့နိုင်ငံတော် အရပ်ရပ်မှ ကြွလာတော်မူကြသော သံဃရာဇာစသည့် ပိဋကကျမ်းဂန်တတ်အကျော် အမော်ဆရာတော် သံဃာတော် (၁၄၄) ပါး၊ ပေါင်း သံဃာတော်(၂၆၁၇) ပါးတို့သည် အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့ညောင်ရမ်းဆရာတော်ဘုရားကြီးအား သံဃထေရ် မဟာဝိနာယက အရာထား၍ ၁၃၁၈-ခုနှစ်၊ ကဆုန်လပြည့်နေ့တိုင် အောင် ၂-နှစ်ပတ်လုံးနိကာယ်ငါးရပ် ပိဋကသုံးပုံ ပါဠိတော်များကို သံဂါယနာတင်တော်မူခဲ့ကြသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီး၏သံဂါယနာ မှတ်တမ်းမှယူပြသည်။

မှတ်ချက် ။ ။ ပါဠိတော် သံဂါယနာတင်အပြီး အဋ္ဌကထာ, ဋီကာ,များကိုလည်း ၁၃၂၃-ခုနှစ်၊ တပို့တွဲလဆန်း ၁၂-ရက်နေ့အထိအဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မစိုးရိမ်ဆရာတော် ဦးသူရိယ အမှူးရှိသော သံဃာတော်တို့သည် သံဂါယနာတင်တော်မူကြကုန်၏ဟု မှတ်ရာသေးသည်။ ဆဋ္ဌသံဂါယနာ-ဧချင်း မင်းချင်းတို့လေ ♦

သင်္ဂြိုဟ်ခြင်းမျိုး ၃-ပါး

လူ, ရှင်, ရဟန်းတို့ ကွယ်လွန် အနိစ္စရောက်သောအခါ သဂြုႋဟ် ရခြင်းမျိုး ၃-ပါး။
(၁) ဘူမိ စျာပန- မြေမြုပ် သင်္ဂြိုဟ်ရခြင်း၊
(၂) အဂ္ဂိ စျာပန- မီးဖုတ်သင်္ဂြိုဟ် ရခြင်း၊
(၃) ဥဒက စျာပန-ရေမျှောသင်္ဂြိုဟ်ရခြင်း၊ (စျာပနသာဖြစ်၏ သင်္ဂြိုဟ်မဟုတ်ပေ။ ) ♦

သင့်တင့်လျောက်ပတ်အရပ် ၆-ပါး

၎င်းကို( ဧကမန္တာ၊ သင့်လျော်ရာ၊ ၆-ဖြာ အရပ်မျိုး) ၌ရှုပါ။ ♦

သင်္ဘောသူကြီးအင်္ဂါ ၉-ပါး

ဤ၌ အင်္ဂါ ၉-ပါးဟု အတိအကျ မယူသင့်၊ တွေ့လည်း မတွေ့ဘူးသေးပေ၊ ထိုကြောင့် ရှေးပညာရှင်တို့ ဆုံးမသင်ကြားချက်လာ အာစရိယ ဝါဒဖြင့်သာ ဖြေကြားလိုက်သည်။ လေရိပ်မိုဃ်းသက်၊ရေတက်၊ရေကျ တွေးဆ နက်တိမ်၊ ကွေ့လိမ်ခုတ်မောင်း၊ ရေကြောင်းနှံ့စပ်၊ လမ်းဖြတ်လမ်းကူး၊ ကျွန်းဦးကျောက်ဆောင်၊ သဲသောင်စည်းငူ၊ ပင်လယ်ဆူနှင့်၊ ရေဖြူ ရေနီ၊ တလီ ရေညို၊ ထိုထို ရေစိမ်း၊ ခပ်သိမ်းဖွေနည်၊ သိနားလည်မှ၊ ထိုဤ လှေဖေါင်၊ သင်္ဘောဆောင်၌၊ ကောင်းအောင် ဉာဏ်ချိန်၊ မာလိမ် တသီး၊ လှေသူကြီးရာ၊ ခံထိုက်စွာသည်၊ မဟာရေတပ် ပဲ့နင်းတည်း။ ♦

သစ်ကြီး ၇-ပင်

ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၂၀၀-နှင် စူဠနိဒ္ဒေသ။ ဋ္ဌ။ ၃၉-စသည်တို့၌ ထင်ရှား၍ တကမ္ဘာပတ်လုံး တည်နေနိုင်သော သစ်ပင်ကြီးများဟူ၏။
(၁) ပါဋလိ အသုရာနဉ္စအသူရာပြည်၌ သခွတ်ပင်၊
(၂) သုဗဏ္ဏာနဉ္စ သိပ္ပလိ-ဂဠုန်ပြည်၌ လက်ပံပင်၊
(၃) ဇမ္ဗူ ဣဓ မနုဿာနံ- တောင်ကျွန်း လူ့ပြည်၌ ဇမ္ဗူ့သပြေပင်၊
(၄) ဒေဝါနံ ပါရိဆတ္တကော-တာဝတိံသာ၌ ပင်လယ်ကသစ်ပင်၊
(၅) ကဒမ္ဗော အပရဂေါယာနေ- အနောက်ကျွန်း၌ ထိန်ပင်၊
(၆) ကပ္ပရုက္ခောစဥတ္တရေ- မြောက်ကျွန်း၌ ပဒေသာပင်၊
(၇) ပုဗ္ဗဝိဒေဟေ သီရိသော- အရှေ့ကျွန်း၌ ကုက္ကိုပင်၊ကပ္ပဋ္ဌာယီ ဣမေမတာ-ဤသစ်ပင်ကြီးတို့ကား ကမ္ဘာတည်သည်ဟုသိ။ ♦

သစ္စာအနက် ၁၆-ချက်

သမ္မောဟဝိနောဒနီ ။ ဋ္ဌ။ ၇၈။ သစ္စာ လေးပါးတွင် တပါးတပါး၌ မိမိပင်ကိုယ်သဘောအရ ထင်ရှားအနက်နှင့် အခြားသစ္စာသုံးပါးကို ထောက်တား၍ ထင်ရှားသောအနက်ဟု ၄-ချက်စီ ရနိုင်သောကြောင့် “သစ္စာအနက် ၁၆-ချက်''ဟု ဝေါဟာရစကား ဖြစ်ပွား၍လာလေသည်။ (က) ဒုက္ခ သစ္စာ၏ အနက် ၄-ချက်။
(၁) ပိဠနဠော-မိမိကိန်းရာ၊သတ္တဝါဝယ်၊ သုံးဖြာဒုက္ခ၊ ဖြစ်ပေါ်ကြလျက်၊ ဒုက္ခဖြတ်ရိတ်၊ ကြောင်းနိမိတ်ဖြင့်၊ ကြိတ်ကြိတ်နင်းနင်း၊ နှိပ်စက်ခြင်း အနက်သဘောလည်းတပါး၊
(၂) သင်္ခတဋ္ဌော-သုမုဒယဟိတ်၊ ကြောင်းမဆိတ်သဖြင့်၊ကံ စိတ် ဥတု၊ ဟာရစုတို့၊ အမှုတည်ထွင်၊ ပြုစီရင်သော အနက်သဘောလည်း တပါး၊
(၃) သန္တာပဋ္ဌောမဂ်မြတ်ရေစင်၊ နှိုင်းစာလျှင်သော်၊ ပူပင်ပြင်းပြ၊ လောင်ကျွမ်းရခြင်း အနက်သဘောလည်းတပါး၊
(၄) ဝိပရိဏာပဋ္ဌော- နိဗ္ဗာန်နန်းသာ၊ စခန်းကွာအောင်၊ဇရာ မရဏ၊ နှစ်ဌာနဖြင့်၊ ကာလအရှည်၊ မတည်နိုင်ဘဲ၊ ယိုင်လဲဖောက်ပြန်ရခြင်း အနက်သဘောလည်းတပါး။ (ခ) သမုဒယ သစ္စာ၏၊ အနက် ၄-ချက်။
(၁) အာယူ ဟနဋ္ဌော-လောကီအာရုံ၊ အဖုံဖုံဝယ်၊ ခုံမင်ပြန့်မှု၊ ဒုက္ခထုကို၊ လုရက်ကြိုးစားပေါင်း စုခြင်းအနက် သဘောလည်း တပါး၊
(၂) နိဒါန်နဋ္ဌော-ဒုက္ခချင်းစပ်၊ မကင်းလပ်အောင်၊ နှင်းအပ်သည့်အနေ ဖြစ်စေခြင်းအနက်သ ဘောလည်းတပါး၊
(၃) သံယောဂဋ္ဌော-ဝဋ်ဒုက္ခမှ၊ မလွတ်ရအောင်၊ဖွဲ့နှောင်မြှေးရှက်ခြင်း အနက်သဘောလည်း တပါး၊
(၄) ပလိဗောဓဋ္ဌော- ဝဋ်မှထွက်သွား၊ မဂ်ရထားကို၊ ဖျက်ထားကန့်ကွက်၊ နှောင့်ရှက်ခြင်း အနက် သဘောလည်း တပါး။ (ဂ) နိရောဓသစ္စာ၏ အနက် ၄-ချက်။
(၁) နိဿရဏဋ္ဌော- ဒုက္ခဖန်ခါ၊သံသရာမှ၊ ခန္ဓာဓာတ်သိမ်း၊ လွတ်ငြိမ်းထွက်မြောက်ခြင်း အနက်သဘောလည်း တပါး၊
(၂) ဝိဝေကဋ္ဌော- တဏှာအပေါင်း၊ တွယ်တာကြောင်းမှ၊ ကောင်းကောင်းလွတ်ကင်း၊ ဆိတ်ငြိမ်ခြင်း အနက်သဘောလည်းတပါး၊
(၃) အသင်္ခတဋ္ဌော-ကံ စိတ် ဥ ဟာ၊ ကြောင်းများစွာတို့၊ ဘဟာတခု၊ မပြုမပြင်၊ မစီရင်လျင်း၊ အကြောင်းကင်းသော အနက်သဘောလည်း တပါး၊
(၄) အမတဋ္ဌော နကိုယ်အနေ၊အိုသေမရှိ၊ ပကတိခိုင်မြဲသော အနက်သဘောလည်း တပါး။ (ဃ) မဂ္ဂသစ္စာ၏ အနက် ၄-ချက်။
(၁) နိယျာနဋ္ဌော- သံသရာဒုက္ခ၊ ရှုပ်သမျှမှ၊ မုချထွက်ကြောင်း ဖြစ်သော အနက်သဘောလည်း တပါး၊
(၂) ဟေတွဋ္ဌော-နိဗ္ဗာနဓာတ်၊ အမြိုက်ရပ်သို့၊ ဆိုက်ကပ်ရန်အကြောင်း အနက်သဘောလည်း တပါး၊
(၃) ဒဿနဋ္ဌော- သစ္စာလေးတန်၊ မြိုက်နိဗ္ဗာန်ကို၊ အမှန်ထင်လင်း၊ မြင်နိုင်ခြင်း အနက်သဘောလည်း တပါး၊
(၄) အဓိပတေယျဋ္ဌော-လေးတန်းသစ္စာ၊ မြင်ဘို့ရာနှင့်၊ ကိလေသာမီး၊ အပူကြီးကို၊ အပြီးငြိမ်းမှု၊ ကိစ္စစုဝယ်၊ ချယ်လှယ်လွှမ်းမိုး၊ အုပ်စိုးနိုင်ခြင်း အနက်သဘော လည်းတပါး။ ♦

သစ္စာတရား ၂-မျိုး

သုတ်သီလက္ခန်။ ဋ္ဌ။ ၃၁၆။ အမှန်မူဟု ယူဆရမည့်တရား ၂-ပါး။
(၁) သမုတိသစ္စာ- လောက ဝေါဟာရအားဖြင့် ခေါ်ဝေါ်ပညတ်ကြသော အမိ, အဖ, ယောကျ်ား, မိန်မ, လူ, နတ် စသည်၊
(၂) ပရမတ္ထသစ္စာ- မဖောက်မပြန် မှန်ကန်သော ပရမတ္ထသဘောတရား ဟူသမျှ။ ♦

သစ္စာတရား မျိုး ၄-ပါး

သစ္စယမိုက်။ ပ-အုပ်။ ပါ။ ၂၀၅။ ဋ္ဌ။ ၃၁၀-၌အကျယ်ရှု။ အမှန်သိအပ်သော တရား ၄-ပါး။
(၁) ဒုက္ခသစ္စာ- တဏှာလောဘကြောင့်ဖြစ်သော တေဘုမ္မက ဝဋ်ဆင်းရဲစု အကျိုးတရားများ၊
(၂) သမုဒယ သစ္စာ-တေဘုမ္မကဝဋ်ဒုက္ခတို့ ဖြစ်ကြောင်းဖြစ်သော တဏှာလောဘ၊
(၃) နိရောဓသစ္စာ-ဆင်းရဲအပေါင်းတို့၏ ချုပ်ငြိမ်းကင်းပြတ်ရာ မဂ္ဂသစ္စာ၏ အကျိုးဖြစ်သော နိဗ္ဗာန်၊
(၄) မဂ္ဂသစ္စာ-နိဗ္ဗာန်သို့ရောက်ကြောင်း တရားလမ်းကောင်းဖြစ်သော မဂ္ဂင်ရှစ်ပါး။ ♦

သစ်ပင်မျိုး ၄-ပါးနှင့် ပရိသတ် ၄-ပါး

သစ်ပင်မျိုး ၄-ပါးနှင့် ပရိသတ်၄-ပါးကို ဥပမာထား၍ ပြခြင်း။
(၁) ဖေဂ္ဂု သာရ ပရိဝါရော-မိမိကိုယ်တိုင်အနှစ်မရှိသော တောစိုး သစ်ပင်ကြီးသည် အနှစ်ရှိသော သစ်ပင်အပေါင်းတို့၏ အလယ်၌ တင့်တယ် နေရသလို၊ သီလမရှိသောပုဂ္ဂိုလ်အား သီလအကျင့်ရှိသော ပရိသတ်က ဝန်းရံနေသကဲ့သို့ သိ၊
(၂) သာရော ဖေဂ္ဂု ပရိဝါရော- အနှစ်မရှိသော လက်ပံပင် စသည်တို့ဖြင့် ဝန်းရံခနေသော အနှစ်ရှိသည့် ကျွန်းပင်ကြီးမျိုးလို၊
(၃) ဖေဂ္ဂု ဖေဂ္ဂု ပရိဝါရော- အနှစ်မဲ့သော လက်ပံပင် စသည်တို့ ဝန်းရံခနေသော အနှစ်မရှိသည့် ပညောင်ပင်ကြီးမျိုးလို၊
(၄) သာရော သာရ ပရိဝါရောပျဉ်း ကတိုးပင် အပေါင်းတို့ ဝန်းရံပေါက်နေသော ကျွန်းပင်ကြီးမျိုးလို သီလအကျင့်ရှိသော ပုဂ္ဂိုလ်အား အကျင့်သီလရှိသော ပရိသတ်က ဝန်းရံခနေသကဲ့သို့ သိ။ ♦

သည်းခံခြင်းအကျိုးထူး ၅-ပါး

ခန္တီအကျိုး ၅-ပါး ဟူ၏၊ အထက်၄-ပါးကို ယခုဒိဋ္ဌ အကျိုးရနိုင်သည် မှတ်။
(၁) ဗဟုဇန မနာပ-လူအများတို့ ချစ်နှစ်လိုခြင်း၊
(၂) န ဝေရ ဗဟုလ- ဘေးရန် မများခြင်း၊
(၃) န ဝဇ္ဇဗဟုလ-အပြစ် မရှိခြင်း၊
(၄) အ သံမုဠှ ကာလင်္ကတမတွေမဝေသေရခြင်း၊
(၅) သုဂတိ သဂ္ဂ လောက- နတ်ရွာ သုဂတိသို့လားရခြင်း။ ♦

သည်းမခံခြင်း အပြစ် ၅-ပါး

၎င်းသရုပ် အဓိပ္ပါယ်ကို သည်းခံခြင်းအကျိုးနှင့် ဆန့်ကျင်ဘက် ပြန်ယူပါ။ ♦

သညာ ၂-ပါး၊ မြတ်တရား၊ ပိုင်းခြား မှတ်ရှုရာ

စျာန် ရရောက်ရေးအခြေခံ တရား နှစ်ပါး။
(၁) အာဟာရ ပဋိကူလ သညာ- အစာ၌စက်ဆုပ်ဘွယ် အမှတ်ရှုသိ၊
(၂) စတုဓာတုဝဝတ္ထာန-ဓာတ် ၄-ပါးကိုပိုင်းခြား မှတ်ရှုသိ။ ♦

သညာ ၁၀-ပါး၊ မြတ်တရား၊ မိန့်ကြား ဖြေတော်မူ

၎င်း သရုပ် (ရောဂါပျောက်ငြိမ်းကြောင်း တရား ၁၀-ပါး) နှင့်တူ၏။ ♦

သတ္တဋ္ဌာန ၇-ဆူ

မူလပဏ္ဏာသ။ ဋ္ဌ။ ဒု-အုပ်၈၉။ ဘုရားရှင်တို့၏ ဓမ္မတာ ၃၀-တွင် ပါဝင်သည့်ဌာနရ-ပါး။
(၁) ပလ္လင်္က သတ္တာဟ- မောဟတဏှာ၊ အဝိဇ္ဇာကို၊ ပညာသန်လျက်၊ အာသဝက်ဖြင့်၊ ပယ်ဖျက်ခုတ်ထွင်၊ အောင်မြင်တော်မူရာ၊ တရာသန်းတောင်၊ အမြင့်ဆောင်သည့်၊ ရွှေညောင်သီရိ၊ ပင်ဗောဓိ၏၊ ဘုမ္မိဧသန်၊ ရှေ့မြောက်ယံတွင်၊ တလံခြားကွာ၊ အရပ်သာ၌၊ ရတနာစုံ၊ ခြူးအုံခြူနွယ်၊ လွန်ဆန်းကြယ်သား၊ တဆယ့်လေးတောင်၊ အရောင်ခြောက်ဖြာ၊ အပ္ပရာဇိတေ၊ ငါးမာရ် ခြွေလျက်၊ ပလ္လင်ထက်ဝယ်၊ ခုနစ်ရက်ပေ၊ ငြိမ်သက်ဣန္ဒြေ၊ နေတော်မူရာ၊ အရပ်သာလည်း တဌာန။
(၂) အာနိမိသ သတ္တာဟ-ဗောဓိပင်မြောက်၊ အံ့လောက်ထင်ရှား၊ ဆယ်လံခြားတွင်၊ ဖဝါးခြေစုံ၊ ရပ်ပြီးတုံမှ၊ အာရုံမလပ်၊ မခပ်မျက်တောင်၊ ရက်လည်အောင်လျှင်၊ ဘုန်းခေါင်လူ့ထိပ်၊ ငါးမာရ်နှိပ်သည်၊ မမှိတ်မျက်စိ၊ ပကတိဖြင့်၊ ရှုကြည့်တော်မူရာ၊ အရပ်သားလည်း တဌာန။
(၃) စင်္ကမ သတ္တာဟ- ရွက်ရင့်ရွှေရောင်၊ တပြောင်ပြောင်တည့်၊ ညောင်ဗောဓိနှင့်၊ အနိမိသ အကြား၊ ရှေ့နောက်လျား၍၊ သွားမြဲအမှန်၊ နှစ်လံကွာတွင်၊ ရတနာစင်္ကြံ၊ ပျော်တုံစံလျက်၊ ခုနစ်ရက်ပေ၊ ငြိမ်သက်ဣန္ဒြေ၊ ရောင်ခြောက်ထွေဖြင့်၊ နေတော်မူရာ၊ အရပ်သာလည်း တဌာန။
(၄) ရတနာဃရ သတ္တာဟ- ဗောဓိအောင်ခန်း၊ ရွှေညောင်နန်းနှင့်၊ တန်းတန်းမဖြောင့်၊ နောက်မြောက်ထောင့်ဝယ်၊ ဘုန်းကြောင့်ဖြစ်ပြန်၊ ၁၅-လံတွင်၊ ရောင်လျှံသွယ်ဖြာ၊ ရတနာ ၇- ပါး၊ နတ်များဖန်ဆင်း၊ ရွှေအိမ်တွင်း၌၊ သနင်းမြတ်စွာ၊ ဘိဓမ္မာကို၊ ရက်ကြာသတ္တ၊ မနစိတ်သန်၊ အကြံပျော်ပျော်၊ ဆင်ခြင်တော်မူရာ၊ နာမည်ထူးဆန်း၊ ရွှေအိမ်နန်းလည်း တဌာန။
(၅) အဇပါလ သတ္တာဟ- ညောင်ဗောဓိနှင့်၊ ၃၂-လံ၊ သင်္ချာမှန်သည်၊ ရှေ့ယံမစောင်း၊ ညောင်ဆိတ်ကျောင်းဝယ်၊ နေညောင်းတင့်တယ့်၊ စံပယ်တုံလျက်၊ ခုနှစ်ရက်ပေ၊ ရောင်ခြည်ထွေဖြင့်၊ နေတော်မူရာလည်း တဌာန။
(၆) မုဉ္စလိန္ဒ သတ္တာဟ- ညောင်ဗောဓိရှေ့၊ တောင်ခပ်ကွေ့မှန်၊ ၁၅-လံတွင်၊ ပြန်ထန်မောက်ဖြိုး၊ ရွာသည့်မိုဃ်းကို၊ တန်ခိုးထန်ပြင်း၊ နဂါးမင်းသည်၊ ဆီးနှင်းပေါက်မျှ၊ မကျစေငှါ၊ ပါးပျဉ်းကာလျက်၊ ခုနစ်ရက်မျှ၊ ချမ်းမြရိပ်မြုံ ပျော်ပိုက်လှုံသည်လည်း တဌာန။
(၇) ရာဇာ ယတန သတ္တာဟ- ငါးမာရ်နှိပ်နင်း၊ မြေဥကင်းဝယ်၊ ပွင့်လင်းသီရိ၊ ဝင်းဝင်းညိသည်၊ ဗောဓိတောင်ခွင်၊ မြသွင်စိမ်းလဲ့၊ သင်္ချာဖွဲ့သော်၊ တစ်ဆယ့်တစ်လံ၊ ထိုရပ်ဌာန်တွင်၊ ဘုန်းလျှံမြူးထွေ၊ ကိုယ်တည်းနေ၍၊ ရက်လည်စေ့သော်၊ နတ်ကျော်သိကြား၊ လှူငြားလာဆုံး၊ သုံးလုံးကြဇု၊ ဘုဉ်းပေးပြုမှ၊ စတုလောက၊ ဒေဝထင်ရှား၊ နတ်လေးပါးလည်း၊ လှူငြားလာမြောက်၊ ပဲနောက်အဆင်း၊ ရောင်ခြင်းဖိတ်ဖိတ်၊ သပိတ်လေးလုံး၊ တန်ခိုးဘုန်းကြောင့်၊ တလုံးတည်းဖြစ်၊ နားလေးရစ်နှင့်၊ ဆင့်တုံပြီးမှ၊ တပုဿနှင့်၊ ဘလ္လိကညီနောင်၊ လှူဆောင်ကမ်းလှမ်း၊ ပျားမုံ့ဆွမ်းကို၊ ဘုဉ်းပေးပြီးခါ၊ စောမြတ်စွာ၏။ နေရာရပ်ခန်း၊ မြတ်လင်းလွန်းလည်း တဌာန။ ♦

သတ်ဖြတ်ခြင်းမျိုး ၆-ပါး

၎င်းသရုပ် (ပယောဂမျိုး ၆-ပါး) ၌ ရှုပါ။ ♦

သတ္တရဘန် ၇-တန်။

သတ္တဗ္ဘန္တရ ဟူသော ပါဠိပျက်စကား၊ မြင်းမိုရ်တောင်မင်းအား လှည့်လည်ရစ်ပတ် နှောင်ဖွဲ့ဝန်းရံ ပိုင်းခြားထားသော''တောင်စဉ် ၇-ထပ်''ကို ခေါ်သည်၊ သရုပ်ကို (တောင်စဉ် ၇-ထပ်) ၌ရှုပါ။ ♦

သတ္တရူပါ၊ သတ္တဝါ၊ ၇-ဖြာ ရုပ်ပုံ အဘယ်နည်း?

ရွှေဘုံနိဒါန်းလာသတ္တရူပ ဖေါင်ပုံမှ ယူဖြေသည်။
(၁) ကရဝိက် နှုတ်သီးနှင့် လည်ဆံ၊
(၂) ဆင်စွယ်နှစ်ချောင်းနှင့် နှာမောင်း၊
(၃) နွားလာဘို့၊
(၄) ငါးကြင်းအမြီး၊
(၅) ကြက်တူရွေး အတောင်၊
(၆) တိုးချိုနှစ်ချောင်း လက်တဖက် ခြေတဖက် အမြီး၊
(၇) မြင်းနား နှစ်ဖက် လက်တဖက် ခြေတဖက်။ ♦

သတ္တဝါတို့ တည်နေကြခြင်း အကြောင်းတရား ၈-ပါး

ရာဂ, ဒေါသ, မောဟ, ဒိဋ္ဌိ, အနုသယ, မာန, ဝိစိကိစ္ဆာ, ဥဒ္ဓစ္စ။ မဟာနိဒ္ဒေသ။ ပါ။ ၁၈။ ဋ္ဌ။ ၈၁-၌ အကျယ်ရှုပါ။ ♦

သတ္တဝါတို့၏ အညစ်အကြေးတရား ၉-ပါး

၎င်းသရုပ်ကို(လူတို့၏အညစ်အကြေး တရား၉-ပါး) သုတေသန၌ ဆိုခဲ့ပြီ။ ♦

သတ္တဝါသ ဘုံ ၉-ပါး

ပဋိသမ္ဘိဒါမဂ်။ ပါ။ ၂၃။ ဋ္ဌ။ ပ-အုပ်။ ၁၀၆။ သတ္တဝါတို့၏ နေရာဘုံကိုးဝ။
(၁) နာနတ္တကာယ နာနတ္တသညီ-လူ့ဘုံနတ်ဘုံ၊
(၂) နာနတ္တကာယ ဧကတ္တသညီအပါယ် ၄-ဘုံ၊ ပဌမစျာန် ၃-ဘုံ၊
(၃) ဧကတ္တကာယ နာနတ္တသညီ-ပဉ္စကနည်း၌ ဒုတိယစျာန် တတိယစျာန် နှစ်ဘုံပေါင်း၊
(၄) ဧကတ္တကာယ ဧကတ္တသညီ-ပဉ္စကနည်း၌ စတုတ္ထစျာန် ၃-ဘုံ၊ဝေဟပ္ပိုလ်ဘုံ၊ သုဒ္ဓါပါသ ၅-ဘုံ၊
(၅) အာကာသာနဉ္စာယတနဘုံ၊
(၆) ဝိညာနဉ္စာ ယတနဘုံ၊
(၇) အာကိဉ္စညာယတနဘုံ၊
(၈) နေဝသညာနာသညာ ယတနဘုံ၊
(၉) အသညသတ်ဘုံ၊ ၎င်းကိုရည်၍ ပါရမိခဏ်း၌''ထောက်ထား ပညာ၊ မှတ်သားနာလော့၊ သတ္တဝါသ၊ ဘုံကိုးဝ၌၊ ပစ်ချကြမ္မာ၊ စေတနာကြောင့်၊ သညာဧကတ်၊ နာနတ်ထူးခြား၊ အလားလားလျှင်၊ ငါးပါးဂတိ၊ မှားဘွယ်ရှိ၏' ရှင်မဟာသီလဝံသ။ ♦

သတိတရားမျိုး ၂-ပါး

အောက်မေ့တတ် အမှတ်ရတတ်သော တရား၂-ပါး။
(၁) သတိစစ်-ရတနာသုံးပါး ဆရာမိဘစသော ကောင်းသောအရာများ၌ အောက်မေ့ အမှတ်ရခြင်း သမ္မာသတိ၊
(၂) သတိတု-မိစ္ဆာအယူရှိသူတို့ မိမိတို့ဆိုင်ရာ ဘုရား တရားတွေကို အောက်မေ့ အာရုံပြုမှုမိစ္ဆာသတိ။ ♦

သတိပဋ္ဌာန် ၄-ပါး

သတိစေတသိက်၏ မိမိဆိုင်ရာ အာရုံထဲ၌ လွန်လွန် ကဲကဲ စွဲစွဲမြဲမြဲသက်ဝင် တည်နေရာ ပဋ္ဌာနကြီး ၄-ပါး။
(၁) ကာယာနုပဿနာ သတိပဋ္ဌာန်-ဆံပင် အမွေးစသော ကောဋ္ဌာသ ပညတ်အစုဝယ် အသုဘအခြင်းအရာ အားဖြင့် အထပ်ထပ်ရှုခြင်း၌ မမေ့သော သတိ၊
(၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန်-ဝေဒနာအစုကို အဖန်ဖန်ရှုရာဝယ်ဤကား ကာမသုခဝေဒနာ,ဤကား ဒုက္ခဝေဒနာ,ဤကား ဥပေက္ခာဝေဒနာဟု အထပ်ထပ်ရှုဆင်ခြင်ခြင်း၌ မမေ့အပ်သောသတိ၊
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်-ဤစိတ်ကား ရာဂနှင့် တကွ ဖြစ်သောစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ်ဟု ခွဲခြမ်းလျက် စိတ်အမျိုးမျိုးဖြစ်ပုံတို့၏ မမြဲပုံ အနိစ္စလက္ခဏာကို အခါခါအထပ်ထပ် မပြတ်ရှုသော သတိ၊
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်-အလုံးစုံသော သင်္ခါရက္ခန္ဓာ ဓမ္မ အပေါင်းသည် အစိုးမရ အလိုသို့မလိုက် အနှစ်မပါ အကာသက်သက် အနတ္တမျှသာဟု ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်အောက်မေ့သော သတိ။ ♦

သတိပဋ္ဌာန်၊ ပွားများရန်၊ ၃-တန် အင်္ဂါမိန့်

သတိပဋ္ဌာန်တရားပွားစည်းရေး၌ ဤအင်္ဂါ ၃-ပါးနှင့် ပြည့်စုံစေရမည်။
(၁) အာတာပီ-အကုသိုလ်ပယ်စွန့်ရေး၌ လုံ့လထားခြင်း၊
(၂) သမ္ပဇာန- ဉာဏ်အမြော်အမြင်ကြီးခြင်း၊
(၃) သတိမာ-စွဲမြဲသော သတိ ထားရှိရခြင်း။ ♦

သတိရခြင်း အကြောင်း ၁၆-ပါး

မိလိန္ဒပဥှာ ။
(၁) ရှေးရှုသောအားဖြင့်
(၂) အမြဲမှတ်ထားသော အားဖြင့်၊
(၃) ရုန့်ရင်းသည်ကိုသိသောအားဖြင့်၊
(၄) အကျိုးစီးပွားရှိသည်ကို သိသောအားဖြင့်၊
(၅) အကျိုး မရှိသည်ကိုသိသောအားဖြင့်၊
(၆) သဘာဂ-သဘောတူ အာရုံအားဖြင့်၊
(၇) ဝိသဘာဂ- သဘောမတူသော အာရုံအားဖြင့်၊
(၈) စကားကားကို အောက်မေ့စေသော အားဖြင့်၊
(၉) အမှတ် လက္ခဏာ အားဖြင့်၊
(၁၀) လက်ရေး အားဖြင့်၊
(၁၁) ရေတွက်သောအားဖြင့်၊
(၁၂) ဆောင်ရွက်သော အားဖြင့်၊
(၁၃) ဘာဝနာ အားဖြင့်၊
(၁၄) ပုရပိုဒ်ပေတို့၌ ရေးမှတ်သဖြင့်၊
(၁၅) အနီး၌ နှံထားသော အားဖြင့်၊
(၁၆) အစဉ်ခံစားဘူးသော အားဖြင့်၊ သတိသည်ဖြစ်၏။ ♦

သတ္ထကလေးမျိုး ၇-ပါး

လေသင်ဓုန်းမျိုးလည်းဟူ၊ ၎င်းသရုပ် (လေမျိုး ၈၀ [ခ] ပိုဒ်၌) ရှုပါလေ။ ♦

သဒ္ဒါကျမ်းဂန်၊ မျိုး ၃-တန်၊ ပုဂံ ခေါင်ထိပ်ဗွေ

ပါဠိ သဒ္ဒါကျမ်းကြီးများတွင် မိမိသုတ်နှင့် မိမိစီရင် ရေးပြုထားခဲ့သော ကျမ်းကြီး ၃-ကျမ်းအနက်ပုဂံခေတ် နရပတိစည်သူ မင်းတြားကြီး လက်ထက် သက္ကရာဇ် ၅၁၆-ခုနှစ်တွင် အရှင်အဂ္ဂဝံသဆရာတော် စီစဉ်ရေးပြုတော်မူခဲ့သော သဒ္ဒနီတိကျမ်းသည် ခေါင်ထိပ်ဆုံးဟု သီဟိုဠ်ကျမ်းတတ်အကျော် ဆရာတော်ကြီးများချီးကျူး မြွက်ကြားတော် မူခဲ့ကြသည်ဟု ရှေးထုံး စကားစဉ် ရှိ၏။
(၁) ဣန္ဒိယပြည်မှ ရှင်ကစ္စည်းမထေရ် ရေးပြုခဲ့သော 'ကစ္စည်းသဒ္ဒါကျမ်း' ယခုမြန်မာပြည် ရဟန်း သာမဏေတို့ မူလသင်ရိုး လက်စွဲသဒ္ဒါကျမ်းပင်ဖြစ်၏၊
(၂) သီဟိုဠ်ကျွန်းမှ အရှင်မောဂ္ဂလန်ထေရ် ရေးပြုသော'မောဂ္ဂလာန ဗျာကရဏကျမ်း'၊
(၃) မြန်မာပြည် ပုဂံမှ အရှင်အဂ္ဂဝံသဆရာတော် ရေးသားပြုစုခဲ့သော'သဒ္ဒနီတိကျမ်းကြီး' ၎င်းကျမ်းစာသက်မှာ ဤသုတေသနသရုပ်ပြ အဘိဓာန်ကျမ်းကိုစတင်ရိုက်နှိပ်သော ၁၃၁၆-ခုနှစ်၌ အနှစ် (၈၀၀) တင်းတင်းပြည့်ခဲ့လေပြီ။ ♦

သဒ္ဒါလင်္ကာရ မျိုး ၁၀-ပါး

၎င်းသရုပ်ကို(ဂုဏ် ၁၀-ပါး) မှာကြည့်ပါ။ ♦

သဒ္ဓမ္မတရား၊ မျိုး ၃-ပါး၊ ထင်ရှား မိန့်တော်မူ

သူတော်ကောင်း တရား ၃-ပါးဟု ဆိုလိုသည်၊ ၎င်းကိုပင် အချို့နေရာ၌ သာသနာ ၃-ပါးဟုရေးသားကြသည်လည်း ရှိ၏၊ သို့သော် အမှန်ကား နောက် ၂-ပါးကိုသာသနာဟု မယူဆထိုက်ချေ၊ ပရိယတ္တိသာလျှင် အဆုံးအမစကားတော် အစစ် သာသနာဖြစ်ချေသည်။
(၁) ပရိယတ္တိ သဒ္ဓမ္မ-မြတ်စွာဘုရား၏ အဆုံးအမ စကားတော်များ၊
(၂) ပဋိပတ္တိ သဒ္ဓမ္မ- ဆုံးမချက်အတိုင်းလိုက်နာ ကျင့်ကြံမှုများ၊
(၃) ပဋိဝေဓ သဒ္ဓမ္မ-လိုက်နာကျင့်ကြံမှုများအတွက်ရရှိသော လုပ်ခအကျိုး မဂ် ဖိုလ် နိဗ္ဗာန်မျိုး။ ♦

သဒ္ဓါအပြား၊ မျိုး ၂-ပါး၊ ခွဲခြား စိတ်ဖြာသိ

မိမိတို့ဘာသာ, ဝါဒဆိုင်ရာသက်ဝင် ယုံကြည်မှုမျိုး ၂-ပါး။
(၁) သဒ္ဓါတု- ကျောက်ခဲကို ဓာတ်တော်စစ်ဟု ယုံကြည်နေခြင်း၊ ဘုရား, တရား, သံဃာ အစစ် မဟုတ်သည်တို့ကို အစစ်မှတ်ထင်ကာ လွန်စွာ ယုံကြည်နေခြင်းမျိုး၊ မိစ္ဆာဓိမောက္ခခေါ် သဒ္ဓါအတုဖြစ်၏၊
(၂) သဒ္ဓါစစ်- ရတနာသုံးတန် ကံ, ကံ၏အကျိုးကို ယုံကြည်ခြင်း။ ♦

သဒ္ဓါမျိုး ၄-ပါး၊ တနည်း

မဇ္ဈိမပဏ္ဏာသ။ ပါ။ ၂၉၈။ ဋ္ဌ။ ၂၂၅။ ယုံကြည်လေးစားမှု အပြားလေးပါး။
(၁) ပသာဒ သဒ္ဓါ- ကြည်ညိုသင့်,ထိုက်,အပ်,သော ဂုဏ်ကိုမြင်ရ ကြားရလျှင် ကြည်ညိုတတ်သောသဒ္ဓါမျိုး၊သို့သော်ဉာဏဝိပ္ပယုတ် သဒ္ဓါမျိုးဖြစ်၍ မခိုက်မြဲတတ်ချေ၊
(၂) သြကပ္ပနသဒ္ဓါ- ဗုဒ္ဓ၏ အရဟံစသော ဂုဏ်တော်၊ ဓမ္မ၏သွာက္ခာတော စသောဂုဏ်တော်၊ သံဃာ၏ သုပ္ပဋိပ္ပန္န စသော ဂုဏ်တော်များကို သိမြင်ကြား၍ ကြည်ညိုသော သဒ္ဓါမျိုး၊ ၎င်းကား ဉာဏသမ္ပယုတ်သဒ္ဓါမျိုးဖြစ်၍ ယခုဘဝအတွက်တာ ခိုင်မြဲလျက် သေလျှင် ပျောက်သည်၊
(၃) အာဂမ သဒ္ဓါ- ဗုဒ္ဓလောင်းလျာတို့၏ နိယတဗျာဒိတ်ကိုရပြီးရာ ဒါန သီလမှု၌ အစဉ်ပါလာသော သဒ္ဓါမျိုး၊
(၄) အဓိဂမ သဒ္ဓါ-နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ကိုယ်တိုင် မြင်ပြီးသော အရိယာတို့၏ သဒ္ဓါမျိုး။ ♦

သန္တောသတရား ၁၂-ပါး

နိဒါနဝဂ္ဂသံယုတ်။ ပါ။ ၃၉၉။ ဋ္ဌ။ ၁၅၀-၌အကျယ်ရှုပါ။ သန္တုဋ္ဌီခေါ် ရရသမျှနှင့် ရောင့်ရဲတင်းတိမ်မှု သဘောတရား ဆယ့်နှစ်ပါးကို ခေါ်သည်၊ ဤ၌ “ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး''လေးပါးကို တည်၊ အောက်ပါ သန္တောသ ၃-ပါးနှင့် မြှောက်သော် ၁၂-ပါးဖြစ်၏။
(၁) ယထာလာဘ သန္တောသ- ကောင်းဆိုးနှစ်ပါး မခွဲခြားဘဲ ရလာသမျှဖြင့်သာ ရောင့်ရဲ၍နေမှု၊
(၂) ယထာဗလ သန္တောသ- ကောင်းဆိုးထူပါး ခွဲခြားဝေဘန်လျက် မိမိနှင့်သင့်လျော်ရုံမျှသာ လဲလှယ်ဖလှယ်၍ သုံးဆောင်ခြင်း၊
(၃) ယထာသာရုပ္ပ သန္တောသကောင်းမွန်အဖိုးတန်သော ပစ္စည်းများကို သူတပါးအား ပေးလှူလျက် မိမိမူကား သူတပါး မကြိုက်သော ပစ္စည်းများကိုသာ ရှာဖွေသုံးဆောင်ခြင်း။ ♦

သန့်ရှင်းရေးတရား ၃-ပါး

၎င်း သရုကို (သောဓေယျတရား ၃-ပါး) ၌ ဆိုအံ့။ ♦

သပ္ပါယအပြား မျိုး ၄-ပါး

ရဟန်း,ရှင်, လူတို့ မိမိနှင့် မျှတချမ်းသာမှုသဘောတရားလေးပါး။
(၁) ဘောဇန သပ္ပါယ- စားသောက်မှု၌သင့်လျော် လျောက်ပတ်ခြင်း၊
(၂) အာဝါသ သပ္ပါယ- နေထိုင်ရာ အိုး အိမ် ကျောင်းတို့ လျောက်ပတ်မှု၊
(၃) ပုဂ္ဂလ သပ္ပါယ-ပေါင်းသင်းဆက်ဆံမှု၌ ညီညွတ်သင့်တင့်ရေး၊
(၄) ဥတု သပ္ပါယ- ကျန်းမာရေး၌ သင့်တင့်လျောက်ပတ်မှု။ ♦

သပ္ပါယအပြား ၇-ပါး၊ တနည်း

ဥပရိပဏ္ဏာသ။ ဋ္ဌ။ ၁၁၅။ အာဝါသော,ဂေါစရော ဘဿံ၊ ပုဂ္ဂလော,အထ ဘောဇနံ။ ဥတု ဣရိယပထော စေဝ၊ သပ္ပါယော သေဝိတဗ္ဗော တိ။ ♦

သပိတ်အပြား၊ မျိုး ၂-ပါး၊ ဘုရားခွင့်ပြုချက်

(၁) မတ္တိကာ ပတ္တ- မြေသပိတ်မျိုး၊
(၂) အယ ပတ္တ- သံသပိတ်မျိုး၊ရဟန်းတော်များ အတွက် ထိုသပိတ် ၂-မျိုးသာ အပ်၏။ ♦

သပိတ်မျိုး ၃-ပါး

ရဟန်း သာမဏေတို့ သုံးဆောင်ရန် ဘုရားခွင့်ပြုတော်မူသော သပိတ် သုံးမျိုး၊ အကျယ်ကို ဝိနည်း ပတ္တဝဂ်၌ ရှုပါ။
(၁) ဥက္ကဋ္ဌသပိတ်- မပြော့မမာ အလောတော်ချက်ပြီး ထမင်းသုံးပြည့်တခွက် ဝင်သော သပိတ်၊
(၂) မဇ္ဈိမသပိတ်- ၎င်းထမင်းမျိုး သုံးခွက် နှင့်တစလယ်ဝင်သော သပိတ်၊
(၃) သြမကသပိတ်- ၎င်းထမင်းမျိုး သုံးခွက်နှင့်တလမယ် ဝင်သော သပိတ်။ ♦

သပိတ် ၉-လုံး

ပါရာဇိကဏ်။ ပါ။ ၃၅၃။ ဋ္ဌ။ ဒု-အုပ်။ ၂၈၁။ အထက်ပါသုံးမျိုးကို ကိုးမျိုးပြားပုံ။ [က] ။
(၁) ဥက္ကဋ္ဌသပိတ်-အထက်နှင့် တူ၏၊
(၂) ဥက္ကဋ္ဌုက္ကဋ္ဌသပိတ်-ဥက္ကဋ္ဌ သပိတ်ထက်ကြီးသည်၊ (၎င်းသည် အဓိဋ္ဌာန်ဝိကပ္ပနာ မအပ်။ )
(၃) ဥက္ကဋ္ဌ သြမက သပိတ်- ဥက္ကဋ္ဌသပိတ်အောက်ငယ်၍ မဇ္ဈိမသပိတ်ထက် ကြီးသည်။ [ခ]။
(၄) မဇ္ဈိမသပိတ်- အထက်နှင့်တူ၏၊
(၅) မဇ္ဈိမုက္ကဋ္ဌ သပိတ်-မဇ္ဈိမ သပိတ်ထက်ကြီး၍ ဥက္ကဋ္ဌ သပိတ်အောက် ငယ်သည်၊
(၆) မဇ္ဈိမောမက သပိတ်-မဇ္ဈိမသပိတ်အောက် ငယ်၍ သြမက သပိတ်ထက် ကြီးသည်။ [ဂ]။
(၇) သြမကသပိတ်-အထက်နှင့် တူ၏၊
(၈) သြမက ဥက္ကဋ္ဌသပိတ်- သြမကသပိတ်ထက်ကြီး၍ မဇ္ဈိမ သပိတ်အောက်ငယ်သည်၊
(၉) သြကကောမက သပိတ်- သြမက သပိတ်အောက်ငယ်သည်၊ (၎င်းသည် အဓိဋ္ဌာန် ဝိကပ္ပနာ မအပ်။ ) အကျယ် အဆုံးအဖြတ်ကို ဝိနည်းတော် ပတ္တဝဂ်မှာရှုလေ။ ♦

သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး

ရဟန်တော်များက ဒါယကာများအား သပိတ် မှောက်ရခြင်း အင်္ဂါ၈-ပါးဟူ၏။ ဝိနည်းတော်မှ။
(၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကန-ရဟန်းတို့အား လာဘ်တိတ်အောင် လာဘ်မရအောင် ပြုလုပ်ခြင်း၊
(၂) အနတ္တာယ ပရိသက္ကနအကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊
(၃) အဝါသာယ ပရိသက္ကန-နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊
(၄) အက္ကောသန-ဆဲရေးခြင်း၊
(၅) ဘေဒန-ရဟန်းချင်းဂိုဏ်းကွဲအောင်ပြုခြင်း၊
(၆) ဗုဒ္ဓအဝဏ္ဏ ဘာသန- ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊
(၇) ဓမ္မ အဝဏ္ဏ ဘာသန- တရား၏ ဂုဏ်မဲ့ကို ပြောဆိုခြင်း၊
(၈) သံဃ အဝဏ္ဏ ဘာသန-သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။

မှတ်ချက် ။ ။ ပတ္ထနိက္ကုဇ္ဇန ကံဆောင်ခြင်း အင်္ဂါ ၈-ပါးဖြစ်သည်။ ♦

သပ္ပုရိသ ဂုဏ်အင်္ဂါ ၇-ပါး

မဂ်ဖိုလ်ရကြောင်း တရားလမ်းကောင်းညွှန်ပြ ဟောကြား သူတို့၏ ဂုဏ်အင်္ဂါ ၇-ပါး။
(၁) ပိယ ဂုဏ်-သတ္တဝါမှန်သမျှ ချစ်မြတ်နိုးလှခြင်း၊
(၂) ဂုရုဂုဏ်-ကမ္ဘာသားအားလုံးတို့လေးစားနိုင်သော ကိုယ်ကျင့်သိက္ခာ ရရှိခြင်း၊
(၃) ဘာဝနီယ ဂုဏ်ဝေဘန်သုံးသပ်နိုင်သော ဉာဏ်ရှိရခြင်း၊
(၄) ဝတ္တဂုဏ်-မေးသမျှ ချေပဖြေဆိုနိုင်မှု ရှိရခြင်း၊
(၅) ဝစနက္ခမ ဂုဏ်-မေးစမ်းပြောဆိုသမျှ သည်းခံနိုင်ရခြင်း၊
(၆) ဂမ္ဘီရ ဂုဏ်- နက်နဲခက်ခဲသော တရားမြတ်ကို ဟောကြားထုတ်ဖေါ်ပြနိုင်မှု ရှိရခြင်း၊
(၇) နောစာဌာန ဂုဏ်- မလျော်ရာဌာန၌ မဟောပြမတိုက်တွန်းမှုရရှိခြင်း။ ♦

သပ္ပုရိယ ဒါနမျိုး ၅-ပါး

ပဉ္စင်္ဂုတ္တရ။ ပါ။ ၁၅၂။ ဋ္ဌ။ ၅၃-၌ အကျယ်ရှုပါ။ ၎င်း သရုပ်(အသပ္ပုရိသ ဒါနမျိုး ၅-ပါး) နှင့် ဗျတိရိက် ယူပါလေ။ ♦

သဗ္ဗညုတဉာဏ်၏ အစွမ်း ၃-ပါး

သဗ္ဗညုတဉာဏ်တော်၏ အားအစွမ်း၃-ပါး။
(၁) ဉေယျဓံတရား ငါးပါးတို့ကို သဘောအားလျော်စွာ သိစွမ်းနိုင်ခြင်း၊
(၂) သို့ သိသည့်အားလျော်စွာ ထိုဉေယျဓံတရားတို့၏ဟောအပ်သော အပြားကို သိစွမ်းနိုင်ခြင်း၊
(၃) ဝေနေယျပုဂ္ဂိုလ်တို့၏ အာသယ အဓိမုတ္တိ အစရှိသည်ကို ထင်ရှားအောင် ပြစွမ်းနိုင်ခြင်း။ ♦

သဗ္ဗစိတ္တ သာဓာရဏ စေတသိက် ၇-ပါး

စိတ် ၈၉-ပါးလုံး နှင့်ယှဉ်သောစေတသိက် များဟူ၏
(၁) ဖဿ-အာရုံ၏အရသာကို ခံစားခြင်းလက္ခဏာ၊
(၂) ဝေဒနာ-အာရုံ၏ အရသာကို ခံစားခြင်းလက္ခဏာ၊
(၃) သညာ- အာရုံကိုမှတ်၍ သိခြင်း လက္ခဏာ၊
(၄) စေတနာ-စေ့ဆော် နှိုးဆော်ခြင်းလက္ခဏာ၊
(၅) ဧကဂ္ဂတာ-မိမိအာရုံမှ တပါးသို့ မရွေ့ရှားခြင်း, သမ္ပယုတ်တရားတို့ကို မပျံ့လွင့်ခြင်းလက္ခဏာ နှစ်ပါး၊
(၆) ဇိဝိတိန္ဒြေ-မိမိနှင့်အတူဖြစ်ဖက် ယှဉ်ဖက်တရားတို့ကို စောင့်ရှောက်ခြင်း လက္ခဏာ၊
(၇) မနသိကာရ- ယှဉ်ဖက်တရားစုကို အာရုံသို့ ပြေးစေခြင်း စိုင်းနှင်ခြင်းလက္ခဏာရှိ၏။ ♦

သဘင်ပွဲများ၊ ကြူးပျော်သွား၊ ၆-ပါး အပြစ်ရ

၎င်း သရုကို (ပွဲလမ်းသဘင်၊ ပျော်ကြူးလျှင်၊ ၆-အင် အပြစ်ရ) ဟူသော သုတေသန၌ဆိုခဲ့ပြီ။ ♦

သမင်မျိုး ၁၀-ပါး

သမင်ခေါ် ကုဋ္ဌနူနာမျိုး ဆယ်ပါး။
(၁) သမင်ဖြူ- အကွက်ပေါ်၍ ထုံပြီး အလယ်ဖြူလျက် ကျယ်ပြန့်လွယ်သည်၊
(၂) သမင်နီ- အနီကွက်ပေါ်၍ ထုံပြီး ကျယ်ပြန့် လွယ်သည်၊
(၃) သမင်နက်-နီဖြူကွက်ပေါ်၍ အလယ်နက်သည်၊ ထုံသည်၊
(၄) သမင်ဝက်ဖြူ,နီ,နက်,အကွက်ထဲ၌ ဝက်မွေးအလား အမွေးများ ပေါက်နေသည်၊
(၅) သမင်ညှင်း- ပွေးညှင်း ကဲ့သို့ အသားထူပြီး အလယ်ချိုင့်၍ မွေးညှင်းနုများ ပြန့်ပွားလာသည်၊
(၆) သမင်သဖန်း- သဖန်းသီးကဲ့သို့ နီပြီး အဖု, အပိန့်ကြီးတွေထွက်လာတတ်သည်၊
(၇) သမင်ကုတ္ထ- ညောင်းညာထုံကျင် ကိုက်ခဲ့ပြီး အကျောကပ်၍ လက်, ခြေ, ကုပ်ခါ အကွက်ပေါ်တတ်သည်၊
(၈) သမင်ယုတ္တ-အသား အရေ တကိုယ်လုံး မွဲခြောက်လျက် အဖတ်အဖတ် ကြွကွာပြီလျှင် အကျောကိုင်ကာ မျက်စီ,နှုတ်ခမ်း,ကိုယ်,လက်,စောင်းရွဲ့တတ်သည်၊
(၉) သမင်ဖွတ်သိုပြောက်အသံနက်၍ နှာပုပ်ပြီး နှာခေါင်းအလယ်၌ ပျားစွဲသကဲ့သို့ ဖြစ်တတ်၏၊
(၁၀) သမင်းပွေး- ပွေးကဲ့သို့ အနားထူပြီး အကွက်အကွက်ကြီးတွေ အထပ်အထပ် ပေါ်လာတတ်သည် ဟူ၏။ ♦

သမဏ အင်္ဂါ၊ မျိုး ၃-ဖြာ၊ မိန့်မှာ အများသိ

၎င်း သရုပ်ကို (ရဟန်းဟုခေါ်၊ အင် ၃-ဘော်) ၌ဆိုခဲ့ပြီ။ ♦

သမဏ သုခမျိုး ၈-ပါး

၎င်း အဓိပ္ပါယ် အလွယ်ဆုံးကို ဗုဒ္ဓသာသန-မဟာဗုဒ္ဓဝင်။ ပ-တွဲ။ ပ-ပိုင်း။ ၄၈။ နှင့်၊ ၎င်းအုပ်၊ (ခါး) တို့၌- ရှုပါကုန်။ ရဟန်းတော်များ၏ ချမ်းသာခြင်း ရှစ်ပါးဟူ၏။
(၁) ဥစ္စာ စပါး ရှာမှီး သိမ်းထားရမှု မရှိ၍ ချမ်းသာခြင်း၊
(၂) ကိုယ်တိုင် မချက်ပြုတ်ရပဲ အပြစ်ကင်းကွာ ဆွမ်းအစာမျိုးကိုသာ ရှာမှီးခံယူစားသုံးရ၍ ချမ်းသာခြင်း၊
(၃) ဉာဏ်ဖြင့်ဆင်ခြင်လျက် အေးချမ်းသော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်ရ၍ ချမ်းသာခြင်း၊
(၄) မင်းစိုးရာဇာတို့၏ အတင်းအကြပ်အခွန်အတုတ် တောင်းခံခြင်း၊ ရွှေငွေစသည့် ပစ္စည်းဘဏ္ဍာတို့ကို သိမ်းယူစရာမရှိ၍ ချမ်းသာခြင်း၊
(၅) အဆောက်အဦ အသုံးအဆောင်တို့၌ တပ်မက်ခြင်းကင်း၍ ချမ်းသာခြင်း၊
(၆) သူခိုး ဓားပြတို့၏ လုရက်တိုက်ခိုက်မှုတို့၌ ရွှေငွေဥစ္စာမရှိ၍ ကြောက်ထိတ်မှုမရှိ ချမ်းသာခြင်း၊
(၇) မင်းအမတ်တို့နှင့် ရောယှက်မှုမရှိ၍ ချမ်းသာခြင်း၊
(၈) အပိတ်အပင်အတားအဆီးမရှိပဲ မိမိသွားလိုရာသို့ လွတ်လပ်စွာ သွားနိုင်၍ ချမ်းသာခြင်း။ ♦

သမ္ပဇဉ်တရား ၄-ပါး

သုတ်သီလက္ခန်။ ပါ။ ၆၇။ ဋ္ဌ။ ၁၆၅။ မူလပဏ္ဏာသ။ ပါ။ ၇၂။ ဋ္ဌ။ ပ-အုပ်။ ၂၅၈-၌ အကျယ်ရှုပါ။ ကောင်းစွာအပြားအားဖြင့် သိတတ်သော ဉာဏ်အမြင်တရား လေးပါ။ သမ္ပဇညပါဠိပျက်။
(၁) သတ္ထက သမ္ပဇဉ်- အမှုကိစ္စ တစုံတခုကိုပြုလုပ်မည့်အခါမျိုး၌ အကျိုးရှိမဲ့ ဆင်ခြင်ဉာဏ်ကြီးကဲမှုမျိုး၊
(၂) သပ္ပါယသမ္ပဇဉ်မည်သည့်အရာမျိုးမဆို အကျိုးပင်ရှိသော်လည် မိမိနှင့်သင့်လျော်လျောက်ပတ်ဖွယ်ဖြစ်ရန် ဆင်ခြင်ဉာဏ် ကြီးကဲမှုမျိုး၊
(၃) အ သမ္ပောဟ သမ္ပဇဉ်- မည်သည့်အရာမျိုးမဆို မှောက်မှားတွေဝေတိမ်းပါးချွတ်ချော်ခြင်း မဖြစ်စေရန် ဆင်ခြင်ဉာဏ် ကြီးကဲမှုမျိုး၊
(၄) ဂေါစရ သမ္ပဇဉ်သွားလာ ကျက်စားရာ၌ တိမ်းပါးချွတ်ချော်ခြင်းမဖြစ်စေရန် ဆင်ခြင်ဉာဏ်ကြီးကဲမှုမျိုး။ ♦

သမ္ပတ္တိစက် ၄-ပါး

အဘိဓမ္မာ ဝိဘင်း။ ပါ။ ၃၅၁။ သမ္မောဟဝိနောဒနီ ။ ဋ္ဌ။ ၄၂၁-၌အကျယ်ရှုပါ။ ကောင်းမှုရေးရာအတွက် ပြီးပြည့်စုံခြင်း တရားလေးပါး။
(၁) ဂတိသမ္ပတ္တိ- လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တို့သို့လားရောက် ရခြင်းမျိုး၊
(၂) ဥပဓိ သမ္ပတ္တိကိုယ်အင်္ဂါ၏ ပြည့်စုံတင့်တယ် လှပခြင်းမျိုး၊
(၃) ကာလသမ္ပတ္တိ ကပ်သုံးပါးမှလွတ်ကင်းသော ကာလမျိုး၊
(၄) ပ ယောဂ သမ္ပတ္တိ- အကျိုးစီးပွားကို ဖြစ်ထွန်းအောင် ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်း၊ အား လုံ့လလိမ္မာခြင်းနှင့် ပြည့်စုံခြင်းမျိုး။

မှတ်ချက် ။ ။ ၎င်းကိုပင် 'သမ္ပတ္တိ တရား ၄- ပါး'ဟုလည်း ခေါ်ဆိုကြသေး၏။ ♦

သမ္ပဒါတရား ၅-ပါး

သုတ် သီလက္ခန်။ ပါ။ ၁၉၆။ ဋ္ဌ။ ၂၁၁။ သောကကင်းရေး၌ ကောင်းသောပြည့်စုံခြင် တရား ၅-ပါး။
(၁) ဉာတိ သမ္ပဒါ- ဆွေမျိုးတို့နှင့်ပြည့်စုံခြင်း၊
(၂) ဘောဂ သမ္ပဒါ- စည်းစိမ်ဥစ္စာနှင့်ပြည့်စုံခြင်း၊
(၃) အရောဂျ သမ္ပဒါ-အနာရောဂါ ကင်းခြင်း၊
(၄) သီလသမ္ပဒါ- အကျင့်သီလနှင့် ပြည့်စုံခြင်း၊
(၅) ဒိဋ္ဌိ သမ္ပဒါ-အယူဘာသာမှန်နှင့်ပြည့်စုံခြင်း။ ♦

သမ္ပဒါတရား ၈-ပါး၊ တနည်း

အဋ္ဌင်္ဂုတ္တရ။ ပါ။ ၁၀၇။ ဋ္ဌ။ ၁၄၀-၂၃၉တို့၌ အကျယ်ရှုပါ။ ယခု မျက်မှောက်ဘဝ၌ ချမ်းသာဘောဂနှင့် ပြည့်စုံခြင်း၊ တမလွန်၌ ချမ်းသာကြောင်းဖြစ်ခြင်း တရားရှစ်ပါး။
(၁) ဥဋ္ဌာန သမ္ပဒါ- ထကြွလုံ့လဝိရိယနှင့် ပြည့်စုံမှု၊
(၂) အာရက္ခ သမ္ပဒါ- ရပြီးဥစ္စာကိုသိမ်းဆည်းတတ်မှု၊
(၃) ကလျာဏမိတ္တတာ- အပေါင်းအသင်း ဆန့်မှု၊
(၄) သမ ဇိဝိတ တာ- ချွေတာရေးတတ်သိလိမ်မာမှု၊
(၅) သဒ္ဓါသမ္ပဒါ-သဒ္ဓါနှင့်ပြည့်စုံမှု၊
(၆) သီလ သမ္ပဒါ-သီလနှင့်ပြည့်စုံမှု၊
(၇) စာဂ သမ္ပဒါ- စွန့်ကြဲပေးကမ်း တတ်မှု၊
(၈) ပညာသမ္ပဒါ-နေရာတကာ အမှန်သိတတ်မှု။ ♦

သမ္ဖပ္ပလာပ အင်္ဂါ ၂-ပါး

နားထောင်သူတို့အား အကျိုးမရှိ လုပ်ပျက်ကိုက်ပျက် စကားဖျင်းအင်္ဂါ၂ပါး။
(၁) နိရတ္တက ပုရတာ- အနက်မဲ့အကျိုးမဲ့ စကားကို ရှေ့ရှုပြုသူ၏ အဖြစ်၊
(၂) ကထနံ- ယင်းစကားကိုပြောဆိုခြင်း။ (သီတာ၊ ရာမစသော ဇာတ်စကားမျိုး) ။ ♦

သမ္ဖပ္ပလာပ ကံ၏ မကောင်းကျိုး ၇-ပါး

အကျိုးမဲ့ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းကြောင့် ရရှိသော မကောင်းကျိုး ပြစ်များ။
(၁) ငရဲ,တိရစ္ဆာန်,ပြိတ္တာဘုံ၌ ဖြစ်ရခြင်း၊
(၂) လူအများ၏ အမုန်းကိုခံရခြင်း၊
(၃) မရိုသေ မလေးစားခြင်း၊
(၄) အယုံအကြည် ကင်းမဲ့ခြင်း၊
(၅) ပညာ နည်းပါးခြင်း၊
(၆) လာဘ် နည်းခြင်း၊
(၇) တန်ခိုးအာနုဘော်နည်းခြင်း။ ♦

သမ္ဗောဓိပုဂ္ဂိုလ်မျိုး ၃-ပါး

၎င်း သရုပ်(ဗောဓိမျိုး ၃-ပါး) ၌ရှုပါ။ ♦

သမ္ဘောဂမျိုး ၂-ပါး

ရဟန်းတော်များ ပေါင်းသင်းဆက်ဆံရေး တရားနှစ်ပါး။
(၁) ပစ္စယသမ္ဘောဂ-ကိုယ့် ပစ္စည်းကို မေးကမ်းချီးမြှောက်ခြင်းနှင့် သူ့ပစ္စည်းကို ခံယူသုံးစွဲခြင်း၊
(၂) ဓမ္မသမ္ဘောဂ-တရားဓမ္မ ဟောပြဆွေးနွေး သြဝါဒ ပေးခြင်း,နည်းယူကျင့်ကြံခြင်းနှင့် ကံကြီးကံငယ်အတူပြုဆောင်ခြင်းမျိုး။ ♦

သမ္မတမင်း အပြား မျိုး ၄-ပါး

ကမ္ဘာစဉ်ဆက်တင်မြှောက်ခံ ရတတ်သောသမ္မတမင်းမြတ်တို့ ၏ယေဘုယျမျိုး လေးပါးဟူ၏။
(၁) မနုဿသမ္မတ- မင်းကျင့်တရားအပေါင်းတို့ဖြင့် မတိမ်းစောင်းအောင် အုပ်ချုပ်တတ်သည့်လူသမ္မတမင်း၊
(၂) သီဟ သမ္မတ-အခြေလေးချောင်းသားအပေါင်းတို့တွင် အရဲရင့်ဆုံးဖြစ်သည့် ခြင်္သေ့ သမ္မတမင်း၊
(၃) ဟံသသမ္မတ- ငှက်တိရစ္ဆာန်အပေါင်းတို့တွင် စိတ်သဘော အကောင်းဆုံး ဖြစ်သည့် ဟင်္သာ သမ္မတမင်း၊
(၄) မစ္ဆ သမ္မတ-ငါးအပေါင်းတို့၏ သမ္မတ အာနန္ဒာငါးမင်းကြီး။ ♦

သမ္မပ္ပဓာန် ၄-ပါး

ကောင်းစွာ အားထုတ်ခြင်း ဝိရိယ လေးပါး။
(၁) ဥပ္ပန္န ပါပက ပဟာယ ဝါယာမ-ပြုပြီးသော အကုသိုလ်တရားတို့ကိုဂရုမပြု ပြန်လည်၍ မအောက်မေ့ဘဲ တခါထဲ ပယ်စွန့်ထားမှု၊
(၂) အနုပ္ပန္န ပါပက အနုပ္ပါဒါယ ဝါယာမ-မဖြစ်သေးသော အကုသလဓမ္မကို မဖြစ်ရအောင် အားထုတ်မှု၊
(၃) အနုပ္ပန္န ကုသလ ဥပ္ပါဒါယ ဝါယာမ-မဖြစ်ပေါ်သေးသော ကုသိုလ်တရားကို ဖြစ်အောင် အားထုတ်မှု၊
(၄) ဥပ္ပန္န ကုသလ ဥပ္ပါဒါယဝါယာမ-ဖြစ်ပြီးဲပြုပြီးသော ကုသိုလ်စုကို အဖန်ဖန်အထပ်ထပ် အောက်မေ့ပွားများ သတိရအောင် အားထုတ်မှု။ ♦

သမ္မသနဉာဏ်မျိုး ၄-ပါး

တေဘူမက ရုပ်နာမ်ဓမ္မကို လက္ခဏာယာဉ် ၃-ပါးတင်၍ ဆင်ခြင်သုံးသပ်သော ဉာဏ်၄-ပါး။
(၁) ကလာပ သမ္မသန-ခန္ဓာ၅-ပါးကို ကာလ ၃-ပါး စသည် မခွဲခြားဘဲ ရူပံ အနိစ္စ ဒုက္ခံ အနတ္တာ၊ ဝေဒနာ စသည်၌လည်း ထို့အတူ ဆင်ခြင်သုံးသပ်မှုဉာဏ်၊
(၂) အဒ္ဓါနသမ္မသန-ခန္ဓာ ၅-ပါးကို အတိတ်,အနာဂတ်,ပစ္စုပ္ပန် ဘဝအားဖြင့် ခွဲခြားပြီး လက္ခဏာယဉ် တင်လျက် သုံးသပ်သော ဉာဏ်၊
(၃) သန္တတိ သမ္မသန-ရုပ်နာမ်ဓမ္မ၌ အပူရုပ်စဉ်, အအေးရုပ်စဉ်,နေ့ရုပ်စဉ်,ညဉ့်ရုပ်စဉ်, မိုဃ်းရုပ်စဉ်စသည်ဖြင့် ရှုမှတ် ဆင်ခြင်၍ လက္ခဏာယာဉ် တင်သောဉာဏ်၊
(၄) ခဏသမ္မသန-နာမ်ရုပ် ဓမ္မတို့ကို ခဏသုံးပါးသို့တင်၍ ဆင်ခြင်သုံးသပ်မှုမျိုး။ ♦

သမသီသီ ရဟန္တာ ၃-မျိုး

သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၁၂၃။ ဋ္ဌ။ ၁၆၈။
(၁) ဣရိယပထ သမသီသီ ရဟန္တာ- အရဟတ္တဖိုလ် မရသမျှသည် ဣရိယာပုထ်က ငါ,မထ-ဟု အဓိဋ္ဌာန်၍ အားထုတ်နေရာ အရဟတ္တဖိုလ်လည်းရ, ဣရိယာပုထ်မှလည်း ထ၊ ရခြင်း, ထခြင်း တပြိုင်နက်ဖြစ်သော ရဟန္တာမျိုး။
(၂) ရောဂ သမသီသီ ရဟန္တာ- ဤ စွဲကပ်နှိပ်စက်နေသော ရောဂါမပျောက်ကင်းမီအတွင်း ရဟန္တာဖြစ်အောင် အားထုတ်မည်ဟု စိတ်ပိုင်းဖြတ်ခါ အားထုတ်ရာ အရဟတ္တဖိုလ်လည်းရ, ရောဂါလည်းပျောက်၊ ရခြင်း,ပျောက်ခြင်း တပြိုင်နက်ဖြစ်သောရဟန္တာမျိုး။
(၃) ဇိဝိတ သမသီသီ ရဟန္တာ-ရဟန္တာလည်းဖြစ်, ဇိဝိတိန္ဒြေလည်းချုပ်၍ပရိနိဗ္ဗာန်ပြုသွားသော ရဟန္တာမျိုး။ ♦

သမ္မာဒိဋ္ဌိ ၃-မျိုး

အယူကောင်း ဘာသာမှန် အမျိုးအစား ၃-ပါး။
(၁) ကမ္မဿကတာ သမ္မာဒိဋ္ဌိ-ကံ, ကံ၏ အကျိုးလောက်ကိုသာ သိမြင်နိုင်သော အယူကောင်း အယူမှန်၊
(၂) ဝိပဿနာ သမ္မာဒိဋ္ဌိ-ရုပ်နာမ် ဓမ္မတို့၌ လက္ခဏာယာဉ် ၃-ပါးတင်၍ သိမြင်ရှုမှတ်နိုင်သော အယူမှန်၊
(၃) မဂ္ဂ ဖလ သမ္မာဒိဋ္ဌိ-မဂ်ဖိုလ် အဆင့်အတန်းသို့ရောက်အောင် ရှုမြင်နိုင်သောအယူမှန်။ ♦

သမ္မာဒိဋ္ဌိမျိုး ၅-ပါး

ဥပရိပဏ္ဏာသ။ ပါ။ ၁၁၆။ ဋ္ဌ။ ၉၂။ ၉၅။
(၁) ဝိပဿနာ သမ္မာဒိဋ္ဌိ၊
(၂) ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊
(၃) မဂ္ဂသမ္မာဒိဋ္ဌိ၊
(၄) ဖလ သမ္မာဒိဋ္ဌိ၊
(၅) ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိ။ ♦

သမ္မာဒိဋ္ဌိမျိုး-၄၀၊ တနည်း

မဂ္ဂင်၈-ပါးကိုတည်၊ သမ္မာဒိဋ္ဌိ ၅-ပါးနှင့်မြှောက်ပွားလျှင် သမ္မာဒိဋ္ဌိမျိုး-၄၀ ရသည်ဟူ၏။ ♦

သမ္မာဒိဋ္ဌိ၊ ယူသူ၏၊ စောင့်သိ အင် ၈-ဖြာ

သမ္မာဒိဋ္ဌိ ဘာသာ၌ လာရှိသော အင်္ဂါရှစ်ပါးကို ဘာသာဝင်တို့ စောင့်ထိန်း သိရှိထားရမည် ဟူ၏၊ ၎င်းအင်္ဂါ ရှစ်ပါးကား (မဂ္ဂင် ရှစ်ပါး) ပင်တည်း။ ♦

သမာဓိဂုဏ်၊ ၆-ပါးစု၊ အကုန် ထုတ်ပြပါ

တည်ကြည်စွာ တင်စားစပ်ဆိုသီကုံးမှု အလင်္ကာမျိုးကို ဆိုသည်၊ဤ၌ ၆-ပါးမေး၍ ၆-ပါးသာ ဖြေလိုက်သည်။
(၁) သ ပါဏ သမာဓိဂုဏ်- သက်မဲ့ကို သက်ရှိလေဟန် တင်စား စပ်ဆိုခြင်းမျိုး၊ ပုံချေး သေဌေး မီးသွေးငိုတယ်၊ကျီးမွေးကို ရှုံးတဲ့ မထား၊ဟူရာ၌ 'မီးသွေးငို' ဦးပုည။
(၂) န ရူပ သမာဓိဂုဏ်- ဆင်းရှိကို ဆင်းမဲ့၌ တင်စား ရေးစပ်ခြင်းမျိုး။ ပုံ-မယ်တော်သူနှင်း၊ မထွေးရင်းကို၊ လေးစင်းသမုဒ်၊ ဘဝနုပ်မှ၊ ကယ်ထုတ်ဆောင်ယူ၊ ဟူရာ၌အဆင်းရှိသော သမုဒ္ဒရာကို အဆင်းမဲ့ ဘဝနှင့် တင်စားထားသည်၊ ဂေါတမ အပဒါန်။
(၃) နိရသသမာဓိဂုဏ်- အရသာရှိသည်ကို အရသာမဲ့၌ တင်စားစပ်ဆိုထားခြင်းမျိုး။ ပုံမွှေး ထုံန့ံသာ၊ အေးမေတ္တာဟု၊ ရသာယန၊ ချိုမြဆိမ့်ဆိမ့်၊ ဟူရာ၌ ဒူးရင်းသြဇာမှသာ ချိုဆိမ့် သော အရသာရကောင်းပါလျက် မရကောင်းသော မေတ္တာတရား၌ တင်စားထားပုံကို သိလေ။
(၄) အဒြဝ သမာဓိဂုဏ်- အရည်သဘောကို အရည်မဟုတ်ရာ၌တင်စားခြင်းမျိုး။ ပုံ-ပညာရှင်နို့၊ သောက်စို့မကုန်၊ ဆရာ့ဂုဏ်၊ ဟူရာ၌သောက်၍ ရကောင်းသည့် နို့ရည်ကို မရကောင်းသော ပညာ၌တင်စားထားသည်။
(၅) အ ကတ္တု သမာဓိဂုဏ်- လူစသော ကတ္တားသဘောကို ကတ္တားမဲ့သော အရာ၌ တင်စားစပ်ဆိုခြင်းမျိုး။ ပုံ-မာရ်စစ်၏ ပစ်ခတ်သော လက်နက်အားလုံးသည် ဘုရားထံမှောက် ရောက်သောအခါ ရှက်ကြောက်ရိုသေကြကာ အသွားတုံးပြီး ပန်းကုံး ပန်းဆိုင်းများအသွင်ဖြင့် ဦးတင်ပူဇော်ကြကုန်၏ ဟူရာ၌ လူစသည်တို့သာ ရကောင်းသော ရှက်ကြောက် ရိုသေ, ဦးတင်မှု ကတ္တား၏သဘောကို ကတ္တားမဟုတ်သည့် လက်နက်၌ တင်စားထားသည်။
(၆) အ သရီရ သမာဓိဂုဏ်-အထည်ကိုယ်ဒြဗ်ရှိမှ ရကောင်းသောအရာကို မရကောင်းသောအရာ၌ တင်စားစပ်ဆိုခြင်းမျိုး။ ပုံ- သံသရာစက်၊ ကန့်အကွက်ကို၊ ခုတ်ဖျက်ချိုးဖြတ်၊ မဂ်ဉာဏ်မြတ်ဖြင့်၊ ဟူရာ၌ ဒြပ်ရှိမှ ရကောင်းသည့် ခုတ်, ဖျက်, ချိုး, ဖြတ်,မှုတို့ကို ဒြပ်မရှိသော သံသရာစက်၌ တင်စားထားသည်။

မှတ်ချက် ။ ။ ဤ ၆-ပါးကား နည်းရရုံမျှသာဖြစ်၏၊ ထိုထက်ပို၍လည်း သင့်သလို ထုတ်နိုင်သေးသည်။ ♦

သမာဓိဖြစ်ကြောင်း ၁၁-ပါး

မူရင်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် အခြားအဋ္ဌကထာတို့မှာ ရှုလေ၊ ဤ၌ဆရာတော် ဦးဗုဒ်၏ ဆောင်ပုဒ်လင်္ကာကို မူတည်၍ ပြသွားမည်။
(၁) ဝတ္ထုစင်စေပစ္စည်း ၄-ပါးစသောဝတ္ထုများ စင်ကြယ်သန့်ရှင်း အပြစ်ကင်းရခြင်း၊
(၂) ဣန္ဒြေမျှစွာ- သဒ္ဒါနှင့် ပညာ, ဝိရိယနှင့် သမာဓိကို မျှတစေရခြင်း၊
(၃) လိမ္မာ နိမိတ္တ-ကသိုဏ်းနိမိတ်တို့ကို ယူရာ၌ လိမ္မာရခြင်း၊
(၄) ပဂ္ဂဟ-ဝီရိယလျော့ခြင်း စသည်ဖြစ်သောအခါဓမ္မဝိစယ,ဝီရိယ,ပီတိသမ္ဗောဇ္ဈင်တရားတို့ဖြင့်စိတ်ကိုချီးမြှောက် ပေးရခြင်း၊
(၅) နိဂ္ဂဟံ-ဝီရိယလွန်၍ စိတ်ပျံ့လွင့်သောအခါ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာ သမ္ဗောဇ္ဈင်တရားတို့ဖြင့် စိတ်ကို နှိမ်ပေးရခြင်း၊
(၆) သမ္ပဟံသာပညာယောဂနည်းပါး၍ ငြိမ်သက်သော သုခကို မရခြင်းကြောင့် စိတ်မနှစ်သက်သောအခါ သံဝေဂဝတ္ထု ရှစ်ပါးကိုဆင်ခြင်၍၎င်း၊ ရတနာသုံးပါးဂုဏ်ကို အောက်မေ့၍၎င်း၊ စိတ်ကို ရွှင်စေရခြင်း၊
(၇) ဥပေက္ခယနှင့် လျော့ခြင်း,လွန်ခြင်းကင်း၍ တပါးအာရုံ၌ ကြောင့်ကြမပြု မိမိရှုမြဲတိုင်း အာရုံ၌သာ အညီအညွတ် ရှု၍နေရခြင်း၊
(၈) ပျံ့လွင့်သူကြဉ်- စိတ်ပျံ့လွင့်သူကို ကြဉ်ရှောင်ရခြင်း၊
(၉) တည်ကြည်ယှဉ်မှ-တည်ကြည်သူကို မှီဝဲယှဉ်ကပ်ရခြင်း၊
(၁၀) စျာနဝိမောက်-စျာန်ဝိမောက္ခကို ဆင်ခြင်ရခြင်း၊
(၁၁) ဓိမုတ် လှောင်သည်၊ ပွင့်မြောက် ဓိတိ၊ ဆယ့်တစ်တည်း။ သမာဓိကို ဖြစ်စေရန် ညွတ်, ကိုင်း, ရှိုင်း, ဝှမ်းသောကြိုးစားစိတ် ရှိရခြင်း။ ♦

သမာဓိ၏ ရန်သူကြီး ၄-ပါး

သမာဓိ၏ ရန်သူတို့ကား များစွာရှိကြ၏၊ သို့သော် ဤ၄-ပါးကားနီးစပ်၍ ထင်ရှားသည် ဟူ၏။
(၁) ထိန- ကုသိုလ်မှု၌ စိတ်ဓာတ်၏ လျော့ပါးခြင်း၊ စိတ်မဝင်စားခြင်း၊ မခံ့ခြင်းသဘော၊
(၂) မိဒ္ဓ- ငိုက်မျဉ်းခြင်း၊
(၃) ဥဒ္ဓစ္စ- စိတ်၏ ကုသိုလ်ထဲမှ အာရုံတပါးသို့ရောက်ရောက်သွားခြင်း၊ ပျံ့လွင့်တုန်လှုပ်ခြင်းသဘော၊
(၄) မိစ္ဆာဝိတက်-ကမ္မဋ္ဌာန်း အာရုံမှတပါးသို့ ကြာမြင့်စွာ ရောက်သွား ကြံစည်တွေးတောနေမှုများ။ ♦

သမာဓိ ကြီးထွားကြောင်း ၆-ပါး

တရားထူး တရားမြတ် ရလွယ်ကြောင်း၆-ပါး ဟူ၏၊ ယောဂီများအတွက် သိမှတ်စရာ။ ပဋိသမ္ဘိဒါမဂ်။ ပါ။ ၄၇။ ဋ္ဌ။ ပ-အုပ်။ ၂၁၇။
(၁) စိတ္တ ဖာသု-စိတ်ချမ်းသာခြင်း၊
(၂) သရီရဖာသု-ကိုယ်ချမ်းသာခြင်း၊
(၃) အာဟာရ ဖာသုမိမိလိုရာကို စားရခြင်း၊
(၄) သေနာသန ဖာသု- ကျောင်း,နေရာ သန့်ရှင်း ကောင်းမွန်ခြင်း၊
(၅) ပုဂ္ဂလ ဖာသု- သီတင်းသုံးဖော် သင့်တင့်ညီညွတ်ခြင်း။ ♦

သမာဓိမျိုး ၂-ပါး

(၁) သမထ သမာဓ-ိ ပညတ်အာရုံ ဖြစ်သောကသဏို်း , အသဘု , စသည့် သမထ ဘာဝနာ အာရုံထဲ၌ စွဲမြဲနေမှုစျာန်သဘောများ၊
(၂) ခဏိက သမာဓိ-ရုပ်, နာမ်, ဓမ္မတို့၏ ခဏမစဲတသဲသဲဖြစ်ပေါ်နေမှု ပရမတ်အာရုံထဲ၌ ဥဒယ,ဝယဉာဏ်အမြင် စင်ကြယ်နေမှု သဘောတရားများ။ ♦

သမာဓိမျိုး ၃-ပါး

(၁) သုညတ သမာဓိ၊
(၂) အနိမိတ္တ သမာဓိ၊
(၃) အပ္ပဏိဟိတ သမာဓိ၊ ၎င်းတို့၏ အဓိပ္ပါယ်အကျယ်ကို (ဝိမောက္ခမျိုး ၃-ပါး) ၌ ရှုပါ။ ♦

သမာဓိ မျိုး ၃-ပါး၊ တနည်း

စိတ်ဓာတ် တည်ကြည်မှု နု,လတ်,ကြီး, မျိုး ၃-ပါး ဟူ၏။
(၁) ပရိကမ္မ သမာဓိ- ကမ္မဋ္ဌာန်း၌ ရှေးဦး စတင်အာရုံယူ၍ စီးဖြန်းမှု သမာဓိနု၊
(၂) ဥပစာရ သမာဓိ- မူလကမ္မဋ္ဌာန်းနိမိတ်အာရုံသည် စိတ်မနောထဲ၌ စွဲနေပြီဖြစ်၍ တည်မြဲသော သမာဓိလတ်၊
(၃) အပ္ပနာသမာဓိ- အထွတ် အထိပ်သို့ ရောက်သော စျာန် သမာဓိ ကြီး။ ♦

သမာပတ် အပြား မျိုး ၃-ပါး

(၁) စျာနသမာပတ်- စျာနသုခကိုဝင်စား၍ နေခြင်း၊
(၂) ဖလသမာပတ်- ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုကာ ချမ်းသာစွာ နေခြင်း၊
(၃) နိရောဓသမာပတ်- စိတ်,စေတသိက်,စိတ္တဇရုပ်တို့ကို ဖြစ်ခွင့်မပေးဘဲ ချမ်းသာဆုံးနေခြင်း။ ♦

သမာပတ်ပြား မျိုး ၈-ပါး

အမြတ်သို့ ရောက်သော တရားရှစ်ပါး၊ အင်္ဂုတ္တရပါဠိတော် နဝက။
(၁) ပဌမစျာန်-ရှေးဦးစွာ ရရှိသော စျာန်၊
(၂) ဒုတိယစျာန်- ၂-ကြိမ်မြောက် တိုးတက်ရရှိသော စျာန်၊
(၃) တတိယစျာန်- ၃-ကြိမ်မြောက် တိုးတက်ရရှိသော စျာန်-
(၄) စတုတ္ထစျာန်- ၄-ကြိမ်မြောက် တိုးတက်ရရှိသော စျာန်၊
(၅) အာကာသာနဉ္စာယတန စျာန်ကောင်း ကင်ပညတ်ကိုအာရုံပြု၍ ဖြစ်သော စျာန်၊
(၆) ဝိညာဏဉ္စာယတနစျာန်- 'အာကာသာနဉ္စယတန'ခေါ် မဟဂ္ဂုတ်ဝိညာဉ်ကို အဆုံးမရှိဟုနှလုံးသွင်း၍ ဖြစ်ပေါ်သောစျာန်၊
(၇) အာကိဉ္စညာယတနစျာန်-နထ္ထိဘောပညတ်ကို အာရုံပြု၍ဖြစ်သော စျာန်၊
(၈) နေဝသညာ နာသညာယတနစျာန်- ရုန့်ရင်းသော သညာမရှိ၊ သိမ်မွေ့သော သညာမျှသာရှိသောစျာန်။ ♦

သမာပတ်ပြား၊ မျိုး ၉-ပါး

အထက်ပါသမာပတ်ရှစ်ပါး၌ ရူပစျာန် ၄-ပါးကို ပဉ္စက နည်းဖြင့် ငါးပါးပွားယူလျက် အရူပစျာန်လေးပါးနှင့်ပေါင်းသော် သမာပတ်မျိုး ၉-ပါး ဖြစ်၏။ ♦

သမ္မာသင်္ကပ္ပမျိုး ၃-ပါး

ကောင်းသော ကြံစည်ခြင်း ၃-ပါး။
(၁) နေက္ခမသင်္ကပ္ပ- ကာမဂုဏ်တရားတို့မှ ထွက်မြောက်မှုကို ကြံစည်စိတ်ကူးခြင်း၊
(၂) အဗျာပါဒ သင်္ကပ္ပသတ္တဝါများအား ကျန်းမာရေး ချမ်းသာရေး ဘေးရန်ကင်းရေးတို့ အတွက်ကြံစည် စိတ်ကူးခြင်း၊
(၃) အဝိဟိံသာ သင်္ကပ္ပ-ဆင်းရဲဒုက္ခ ရောက်နေသော သတ္တဝါများအား သနားသောစိတ်ဖြင့် ကယ်ဆယ်မြှင့်တင်ရေးတို့ကို ကြံစည် စိတ်ကူးခြင်း။ ♦

သမ္မာသမ္ဗောဓိမျိုး ၃-ပါး

၎င်းသရုပ်ကို (ဗောဓိ ၅-ပါး) ဟူသောသုတေသန၌ ဆိုခဲ့ပြီ။ ♦

သမားကြီး ၄-မျိုး

ဆေးဆရာကြီးမျိုး ၄-ပါး။
(၁) ဓာတ်သမား-သစ်မြစ်, ဥ, ဖု, ရွက်, ညွန့်, ဖူး, ပွင့်, ကင်း, သီး, သား, ငါးတို့ဖြင့် သူနာအားလျော်စွာ ကျွေးမွေးပေးကုသော ဆေးဆရာမျိုး၊
(၂) နက္ခတ် သမား-ရာသီ, နက္ခတ်, နေ, လ,တို့၏ အသွားအလာကို တွက်ချက် စစ်ဆေးလျက်နက္ခတ်ကြိုက်စာကိုသာ ပေးကျွေး၍ ကုသော ဆေးဆရာမျိုး၊
(၃) ပိဏ္ဍောသမား- ဗိန္ဓောသမား-သစ်မြစ်, ဥ, ဖု, ရွက်, ပွင့်, ကင်း, သီး, တို့၏ အပေါင်းကိုစုဆောင်းထောင်းထု အမှုန့်ပြု၍ ပေးကုသော ဆေးဆရာမျိုး၊
(၄) ဟူးရားသမား- သူနာ၏ မွေးသက္ကရာဇ် နှစ် လ ရက်နေ့ အချိန်တို့ကို ဗေဒင်တွက်လျက် ယတြာချေခြင်း, သက်စေ့ ထီး, မီး, ပန်း, ရေချမ်း, လှူဒါန်းစေခြင်း, နံသင့်အသားသုံးချောင်းကို တံတားခင်းစေခြင်း, ညောင်ထောက်ခြင်း, စသည်ဖြင့် ကုသောဆရာမျိုး။ ♦

သမားတော်ကြီး ဂုဏ်အင်္ဂါ ၃-ပါး

သမားတော်တို့၌ အမြဲရှိထားရမည့်ဂုဏ်အင်္ဂါ ၃-ပါး။
(၁) ပဏ္ဍိတဂုဏ် အနာရောဂါဖြစ်ကြောင်းလက္ခဏာရာသီ ဥတု ရတုစသည်ကို ပိုင်နိုင်စွာ သိရှိနားလည် လိမ်မာခြင်း၊
(၂) ဒက္ခဂုဏ်-ရောဂါနှင့် သင့်လျော်လျောက်ပတ် ပျောက်ကင်းစေတတ်သောဆေးဝါဓာတ်စာတို့ကို သိရှိနားလည်၍ တတ်သိသည့်အတိုင်း မဆိုင်းမတွကုသပေး နိုင်သော အစွမ်း သတ္တိဂုဏ် ရှိခြင်း၊
(၃) အနာ လ သဂုဏ်-နေ့ညဉ့်မဟူ ပင့်ဆောင်ခေါ်ယူသူတို့နှင့် အတူ လိုက်သွားနိုင်ခြင်း၊ ပကတိသော ထကြွလုံ့လ ဝီရိယရှိမှု ဂုဏ်။ ♦

သမားတော်ကြီး ဂုဏ်အင်္ဂါ ၅-ပါး၊ တနည်း

(၁) ဝေဒ ပဏ္ဍိတ-ရာသီနက္ခတ် သက်ဖြတ် ဗေဒင်တို့၌ တတ်သိနားလည် လိမ်မာကျွမ်းကျင်ခြင်း၊
(၂) ဘိသက္က ဆေက-ဆေးပေး ဆေးကုမှု၌ ကျွမ်းကျင်ခြင်း၊
(၃) နာနာသတ္ထ ဒက္ခ-ဆေးကျမ်း အရပ်ရပ် ထိုထိုကျမ်းကောင်း ကျမ်းမြတ်တို့၌ တတ်သိလိမ်မာခြင်း၊
(၄) ဥပဓိ သမ္ပတ္တိ-ကြည်ညိုအားကိုးဘွယ်တင့်တယ်ခံ့ညားသော ရုပ်အဆင်း သဏ္ဍန်နှင့်ပြည့်စုံခြင်း၊
(၅) ဗြဟ္မ စာရီ-ဗြဟ္မစိုရ်တရား လေးပါးနှင့် ပြည့်စုံ လုံခြုံသူဖြစ်ခြင်း။ ♦

သမုဋ္ဌာန်မျိုး ၄-ပါး

ကမလောကကြီး ဖြစ်ပျက်မှု၏ မူရင်းအကြောင်းတရားကြီး လေးပါး ဟူ၏၊ 'ကမ္ပသမုဋ္ဌာန, စိတ္တသမုဋ္ဌာန, ဥတုသမုဋ္ဌာန, အာဟာရသမုဋ္ဌာန'၊ ၎င်းတို့၏ အနက်အဓိပ္ပါယ်ကို (အကြောင်းတရားကြီး ၄-ပါး) ၌ ပြခဲ့ပြီ။ ♦

သမုဒယသစ္စာ၏ အနက်သဘော ၄-ချက်

၎င်း သရုပ်ကို (သစ္စာ အနက် ၁၆-ချက်) ၌ ပြခဲ့ပြီ။ ♦

သမုဒ္ဒရာကြီး ၄-စင်း

အံ့ဘွယ်ရှစ်ဖြာတို့နှင့် ပြည့်စုံ၍ ငါး, မကရ်း,မိကျောင်းစသည်တို့၏ နှစ်သက်ရွှင်လန်းခြင်းကို ဖြစ်စေတတ်သော ဆားငန်ရေပြင်ကြီး ၄-မျိုး၊၎င်းသည် အရှေ့သမုဒ္ဒရာ၊ အနောက် သမုဒ္ဒရာ၊ တောင်သမုဒ္ဒရာ၊ မြောက်သမုဒ္ဒရာအားဖြင့် ၄-ပါးရှိလေသည်၊ ထို့ကြောင့် သတပဒိကပုစ္ဆာဝိသဇ္ဇနာကျမ်း၌မေး။ သမုဒ်ကယ်တဲ့ လေးတန်၊ ရှစ်သောင်း သင်္ချာနှင့် ယူဇနာလေးထောင်ဆောင်း၊ နက်ကြောင်း အမှန်။ မိန့်ဆိုဟန်၊ ကျမ်းဂန်အရှိ၊ ဘယ်ဆီတွင် ဘယ်လိုကွက်လို့၊ နက်လေမသိ။ ဖြေ။ သမုဒ်ကယ်တဲ့ လေးတန်၊ ရှစ်သောင်း သင်္ချာနှင့်၊ ယူဇနာလေးထောင်ဆောင်း၊ နက်ကြောင်းအမှန်။ မိန့်ဆိုဟန်၊ ကျမ်းဂန်အရှိ၊ ရွှေမြင်းမိုရ်တောင် ခြေရင်းမှာ၊ နက်ခြင်းကို သိ။ ♦

သမုဒ္ဒရာ၏ အံ့ဘွယ် ၈-ဖြာ

၎င်းသရုပ် (အံ့ဘွယ် ၈-ဖြာ သမုဒ္ဒရာ) ၌ရှုပါ။ ♦

သမုဒ္ဒရာကြီး ၅-စင်း

ပထဝီဝင်အရ ကမ္ဘာ့သမုဒ္ဒရာကြီး(ဥခနညေ) ၅-စင်း။
(၁) ပစိဖိတ် သမုဒ္ဒရာဏခေင်ငခ (၁၅၅ယ၅၅ရယဝဝဝျဆုာ)
(၂) အာတစ် သမုဒ္ဒရာ ဗမခအငခ (၁၄ယဝ၅၆ယဝဝဝျဆုာ)
(၃) အတ္တလန်တိတ်သမုဒ္ဒရာ ဗအူညေအငခ (၇၆ယရ၆၂ယဝဝဝျဆုာ)
(၄) တောင်ပိုင်းသမုဒ္ဒရှာသကအ့နမည (၂ဝယ၃၂ရယဝဝဝျဆုာ)
(၅) အိန္ဒိယ သမုဒ္ဒရာ ှုညိငညေ (၆၈ယ၅၅၆ယဝဝဝျဆုာ) ။ ♦

သမုဒ္ဒရာကြီး ၇-စင်း၊ တနည်း

သရတ္တ သင်္ဂဟ အဋ္ဌကထာ။
(၁) နရမာလိ သမုဒ္ဒရာ- ဝဇိရ စိန်ရတနာတို့ဖြင့် ပြန့်ပြောလျက် စိန်ရောင်တောက်ကာ ထက်သော နှာခေါင်း လူ့ကိုယ်နှင့် တူသောငါးအပေါင်းတို့ ပျော်မြူး၍ နေ၏၊
(၂) အဂ္ဂိ မာလိ သမုဒ္ဒရာ-များစွာသော ရွှေတို့ဖြင့် ပြန့်ပြောလျက် ရွှေ၏ အရောင်တို့ကြောင့် မီးရောင်ကဲ့သို့ ပြောင်ပြောင်တောက်၍ နေ၏၊
(၃) ဒဓိမာလိ သမုဒ္ဒရာ- များစွာသော ငွေထုငွေရောင်တို့ကြောင့် နို့ရည်နို့ဓမ်းကဲ့သို့ ဖြူဖွေးတောက်ပြောင်၍ နေ၏၊
(၄) ကုသမာလိ သမုဒ္ဒရာ- ပေါများသော ပတ္တမြားညိုတို့၏ ရောင်ခြည်တို့ကြောင့် စိမ်းညိုသော သမန်းမြက်ခင်းကြီးကဲ့သို့ ရှိ၏၊
(၅) နဠ မာလိသမုဒ္ဒရာများစွာသော ကျောက်မျက်ရွဲခေါ် ကျောက်စိမ်းရတနာတို့၏ ရောင်ခြည်တို့ကြောင့် ဝါးတော ကျူတောကြီးကဲ့သို့ရှိ၏၊
(၆) နာမာလိသမုဒ္ဒရာ- ပြန့်ပြော ပေါများသော သန္တာရှိသောကြောင့် ရဲရဲနီသောအဆင်းရှိ၏၊
(၇) ဗလဝါ မုက္ခ သမုဒ္ဒရာ- အဝီစိငရဲကြီး၏ တံခါးနှင့်ဆက်စပ်လျက်ရှိ၏၊ ထို့ကြောင့် ရံခါ ငရဲတံခါး ပွင့်လတ်သော်- ငရဲမီးလျှံသည် ထွက်၍ ကြောက်မက်ဖွယ်သော ဝဲသြဃကြီးကို ဖြစ်စေလျက်ပြင်းစွာသော အသံတို့ဖြင့် မြည်ဟီး၍ နေ၏။ ♦

သမိုင်းကြီး ၄-ပါး

ကဝေသာရကျမ်း ပယောဂ ဆေးတို့ကို ပြသောအခဏ်း၌ သမိုင်းကြီး ၄-ပါး၊ တပါးလျှင် အမျိုး ၃၀-စိ၊ သမိုင်းကြီး၄-ပါး ဟူသော်ကား။
(၁) ကြီးပေါင်းပွင့် သမိုင်း၊
(၂) ပျားတံသမိုင်း၊
(၃) အထက်ကောင်းကင် ပိုးအိမ်သမိုင်း၊
(၄) အောက်ကောင်းကင် ပိုးအိမ်သမိုင်းဟု ပါရှိလေသည်၊ ၎င်း ၄-ပါးကို စုပေါင်းက သမိုင်းပေါင်းဆေးဖြစ်၏၊ ပယောဂ နိုင်သည်မှတ်။ ♦

သရ ၈-လုံး၊ ပါဠိသုံး၊ ရေးထုံး သဒ္ဒါစဉ်

မြန်မာပါဠိဘာသာလာ ဗျည်း၏မှီရာ 'သရ'ရှစ်လုံး၊ အ, အာ, ဣ, ဤ, ဥ, ဥု, ဧ, သြ။ ♦

သရ ၁၁-လုံး၊ မြန်မာ့သ့သုံး၊ ရေးထုံး ရှေးအစဉ်။

၎င်းအဖြေ (မြန်မာသရ၊ ရေးထုံးပြ၊ မှတ်ကြ ၁၁-လုံး) ဟူသော သုတေသန၌ ပြခဲ့ပြီ။ ♦

သရက် ၄-မျိုးနှင့်၊ ပုဂ္ဂိုလ် ၄-စား

စတုက္ကင်္ဂုတ္တရ။ ပါ။ ၄၁၂။ ဋ္ဌ။ ၃၂၆-၌အကျယ်ရှု။ သရက် ၄-မျိုးနှင့် ပုဂ္ဂိုလ်လေးစားကို ဥပမာထား၍ ဟောပြချက်များ။
(၁) အာမောပက္ကဝဏ္ဏီ-မှည့်သောအဆင်းအရောင်ရှိ၍အတွင်း၌စိမ်းသောသရက်မျိုးကဲ့သို့၊ အနေအထိုင် အသွင်အပြင် ကြည်ညိုဘွယ် ဣန္ဒြေရှိလျက် ကိုယ်တွင်း၌ တရားမရှိသော အယောင်ဆောင်ပုဂ္ဂိုလ်မျိုး။
(၂) ပက္ကော အာမ ဝဏ္ဏီ-စိမ်းသော အဆင်းအရောင်ရှိလျက် မှည့်နေသောသရက်မျိုးကဲ့သို့ အသွင်အပြင် ကြည်ညိုဘွယ် ဣန္ဒြေမရှိသော်လည်း ကိုယ်တွင်း၌ တရားရှိသော ပုဂ္ဂိုလ်။
(၃) အာမော အာမ ဝဏ္ဏီ- စိမ်းရောင်ရှိလျက် စိမ်းနေသော သရက်မျိုးကဲ့သို့၊ အသွင်အပြင် ကြည်ညိုဘွယ် ဣန္ဒြေမရှိ၊ ကိုယ်တွင်း၌လည်း တရားမရှိသော ပုဂ္ဂိုလ်။
(၄) ပက္ကော ပက္က ဝဏ္ဏီ- မှည့်ရောင်ရှိလျက် မှည့်နေသော သရက်မျိုးတို့ကဲ့သို့၊ အသွင်အပြင် ကြည်ညိုဘွယ်ဣန္ဒြေရှိ၍ ကိုယ်တွင်း၌လည်း တရားရှိသော ပုဂ္ဂိုလ်ထူး၊ ဤသို့ ပုဂ္ဂိုလ်လေးပါးကို သိရာ၏။ ♦

သရက်မျိုး အပြား ၃၁-ပါး

မြန်မာပြည်၌ ထင်ရှားသော သရက်ပင် သရက်သီးမျိုး များ။
(၁) အောင်ဒင်သရက်၊
(၂) အောင်းသရက်နီ၊
(၃) အောင်းသရက်ဖြူ၊
(၄) အင်္ဂူသရက်၊
(၅) ကျေးကွေးသရက်၊
(၆) ဂေါင်းချိုးသရက်၊
(၇) ဆင်ဂေါင်းသရက်၊
(၈) ဆင်နင်းသရက်၊
(၉) ဆင်မုံးသရက်၊
(၁၀) စိမ်းစားသရက်၊
(၁၁) တောစာသရက်၊
(၁၂) နဲ့တဲ့သရက်၊
(၁၃) ပန်းဆွဲသရက်၊
(၁၄) ပလူသရက်၊
(၁၅) မဂို(သီဟိုဠ်) သရက်၊
(၁၆) မနော်နွယ်သရက်၊
(၁၇) မချစ်စုသရက်၊
(၁၈) မန္တလေးရင်ခွဲသရက်၊
(၁၉) မန္တလေးနဲ့ တဲ့သရက်၊
(၂၀) မျောက်ခေါင်းသရက်၊
(၂၁) ရွှေကတော သရက်၊
(၂၂) ရွှေဝါသရက်၊
(၂၃) လောက်စာသရက်၊
(၂၄) ဘင်္ဂလားသရက်၊
(၂၅) ဝါဆိုသရက်၊
(၂၆) ထိပ်ပေါက်သရက်၊
(၂၇) သကြားသရက်၊
(၂၈) သရက်ဖြူခေါ်နို့ဆီသရက်၊
(၂၉) သုံးလုံးတတောင်သရက်၊
(၃၀) ရေနံသရက်-ရေနံစော်နံသည်၊
(၃၁) ဓားမောက်ရိုးသရက်၊ ကောက်ကောက် ပုံသဏ္ဍန်ရှိသည်၊ ယခုခေတ်သစ်ကာလ၌ မျိုးပေါင်းများစွာကို စိုက်ပျိုးရေးဌာနမှ စပ်ဖက်လျက်ရှိနေသေး၏။ ♦

သရဏဂုဏ်မျိုး ၂-ပါး

'ဒုဝိဓံ ဟိ သရဏဂမနံ လောကုတ္တရံ လောကိယဉ္စ'ဟူသော ပါဌ်အရ ဖြစ်သည်။
(၁) လောကီသရဏဂုဏ်- ရတနာသုံးပါး၏ဂုဏ်ကို အာရုံပြု၍ ဆောက်တည်သော ပုထုဇဉ်တို့ သရဏဂုဏဘ၊
(၂) လောကုတ္တရာ သရဏဂုဏ်- အရိယာပုဂ္ဂိုလ်တို့ မဂ်၏ ခဏ၌ နိဗ္ဗာန်ကို အာရုံပြု၍ ရောက်သော သရဏဂုဏ်။ ♦

သရဏဂုဏ် ၂-ပါး၊ တနည်း

သံဃာတော် မပေါ်မီ ဆောက်တည်ခြင်းနှင့် သံဃာတော်ပေါ်ပြီးမှ ဆောက်တည်ခြင်း မျှသာ ခြားနားသည်။
(၁) ဒွေဝါစိက သရဏဂုဏ်- ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ (တပုဿ, ဘလ္လိက တို့လို။ )
(၂) တေဝါစိက သရဏဂုဏ်- ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ (အဇာတသတ်မင်းတို့လို။ ) ♦

သရဏဂုဏ်မျိုး ၃-ပါး

ဘုရား, တရား, သံဃာ, ဤသုံးဖြာကိုပင် အမြဲမပြတ် အောက်မေ့ ကိုးကွယ်လေးစား အပ်သောကြောင့် သရဏဂုဏ်၃-ပါးဟု ခေါ်၏။
(၁) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ- ဘုရားကို ယုံကြည်ဆည်းကပ်ပါ၏။
(၂) ဓမ္မံ သရဏံဂစ္ဆာမိ- တရားကို ကျင့်ပါ၏။
(၃) သံဃံ သရဏံ ဂစ္ဆာမိ- သံဃာကို ယုံကြည်ဆည်းကပ်ပါ၏။ ♦

သရဏဂုဏ်မျိုး ၄-ပါး

ရတနာသုံးပါးအား ဆည်းကပ် ကိုးကွယ်ခြင်းလေးပါး။
(၁) အတ္တသန္နိယျာတန သရဏဂုဏ်-အဇ္ဇ အာဒိံ ကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာတေမိ၊ ဓမ္မဿ နိယျာတေမိ၊ သံဃဿနိယျာတေမိ၊ ရတနာသုံးပါးတို့အား သံသရာဝဋ်မှ ထွက်မြောက်ရန် အတွက်မိမိခန္ဓာ အတ္တဘောကို စွန့်လွှတ်အပ်နှင်း၍ ကိုးကွယ်ဆည်းကပ်ခြင်း။
(၂) တပ္ပရာယန သရဏဂုဏ်- အဇ္ဇ အာဒိံ ကတွာ အဟံ ဗုဒ္ဓဿ ပရာယ နော၊ ဓမ္မဿ ပရာယနော၊ သံဃဿ ပရာယနော။ ယနေ့ကစ၍ငါသည် ရတနာသုံးပါးသာလျှင် လည်းလျောင်းရာရှိ၏ဟု စိတ်မှာကြံ၍ ဤသို့ ကျွန်ုပ်ကို မှတ်ကုန်လော့ဟု လျောက်ထား ဆောက်တည်ခြင်း။
(၃) သိဿဘာဝုပ ဂမန သရဏဂုဏ်-အဇ္ဇ အာဒိံ ကတွာ အဟံ ဗုဒ္ဓဿ အန္တေဝါသိကော၊ ဓမ္မဿ အန္တေဝါသိကော၊ သံဃဿ အန္တေဝါသိကော။ ယနေ့ကစ၍ ငါသည် ရတနာသုံးပါး၏ တပည့်သားတည်းဟု တပည့်အဖြစ်လျှောက်ထား ဆောက်တည်ခြင်း။
(၄) ပဏိပါတ သရဏဂုဏ်- အဇ္ဇ အာဒိံ ကတွာ အဟံ ဗုဒ္ဓဿ အဘိဝါဒနံ ပစ္စုပ္ပဋ္ဌာနံ အဉ္ဇလီ ကမ္မံ သာမိစိကမ္မံ ကရောမိ။ ဓမ္မဿ (လ) ကရောမိ။ သံဃဿ (လ) ကရောမိ။ ယနေ့ကစ၍ ငါ့ကို ရတနာသုံးပါးတို့အား ရှိခိုးခြင်း လက်အုပ်ချီခြင်း ခရီးဦးကြိုခြင်း လွန်စွာအရိုအသေ ပြုခြင်း ရှိသော သူဟု မှတ်ထင်တော်မူပါဟု လျှောက်ထား၍ ကိုးကွယ်ဆည်းကပ်ခြင်း။ ♦

သရဏဂုံ ၃၀

သရဏဂုဏ် ဆောက်တည်ပုံ နည်း ပေါင်း ၃၀-ဟူ၏ ။ ယှဉ်တွဲဖေါ်ပြချက် ပါဠိနှင့် မြန်မာစကား တို့ကို ဖြည့်စွက်၍ ဆိုပါ။ (က) ဇာတိ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။ ပဋိသန္ဓေ တည်နေမှု ဆုံးသည်တိုင်အောင် ဘုရား တရား သံဃာကို ကိုးစားယုံကြည်ပါ၏။ (ခ) ဘောဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။ စည်းစိမ်ချမ်းသာ ဆုံးသည်တိုင်အောင်။ (လ) ပါ၏။ (ဂ) ဇိဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။ အသက် ကုန်ဆုံးသည်တိုင်အောင် (လ) ပါ၏။ (ဃ) ယာဝ ဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။ အသက်ရှည်သမျှကာလပတ်လုံး (လ) ပါ၏။ (င) မရဏကာလံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။ သေသည့် ကာလတိုင်အောင် (လ) ပါ၏(စ) မရဏ ပရိယန္တကာလံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။ သေခြင်းဆုံရာတိုင်အောင် (လ) ပါ၏။ (ဆ) ယာဝ အရဟတ္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။ အရတ္တဖိုလ် ရသည့်တိုင်အောင် (လ) ပါ၏။ (ဇ) အရဟတ္တ ပရိယောသာန ကာလံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။ အရတ္တဖိုလ်ကို ရ၍ ဘဝဆုံးတိုင်အောင် (လ) ပါ၏။ (စျ) နိဗ္ဗာန်နကာလံ ဗုဒ္ဓံသရဏံဂစ္ဆာမိ။ ဓမ္မံ။ သံဃံ ပေါင်း ၃-ပါး။ နိဗ္ဗာန်ရောက်သော ဘဝတိုင်အောင် (လ) ပါ၏။ (ည) နိဗ္ဗာနကာလံ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ။ သံဃံ။ ပေါင်း ၃-ပါး။ ပရိနိဗ္ဗာန်စံသည့်တိုင်အောင် (လ) ပါ၏။ ♦

သရဏဂုဏ် ၆၀၊ သရဏဂုဏ် ၉၀

၎င်းတို့ကား သရဏဂုဏ် ၃၀-မှ ပွားများလာသော အရာများဖြစ်၏၊ အကျယ်ဆောက်တည် နည်းကို 'ဝိဇ္ဇာမယသိဒ္ဓိ'ကျမ်းကြီး၌ ယူလေ၊ ထိုကျမ်းကို မကာရလောပ ခင်ကြီးဖျော်ဆရာတော်ပြု၏။ ♦

သရဏဂုဏ် ဆောက်တည်ခြင်း၏ အကြောင်းတရား ၄-ပါး

၎င်းတို့၏ သရုပ်အဓိပ္ပါယ်များကို (ဘာသာ တရား၌ ကိုးစား ဆည်းကပ်ခြင်းအကြောင်း ၄-ပါး) ဟူသော သုတေသန၌ ပြခဲ့ပြီ။ ♦

သရဏဂုဏ် ပျက်ကြောင်း အင်္ဂါ ၂-ပါး

လောကီဘုံသားတို့ ဆောက်တည်ထားသော သရဏဂုဏ် ပျက်ခြင်း၏ အကြောင်းတရား နှစ်ပါး။
(၁) သာဝဇ္ဇ ဘေဒ-မိစ္ဆာဒိဋ္ဌိဘာသာ ဘုရားကို ဘုရားမှန် ဘာသာမှန်ဟုမိစ္ဆာဉာဏ်ဖြင့် ဝေဘန်ကြည့်ရှုပြီး ဆည်းကပ် ကိုးကွယ်သွားမှုကိုပြုသောအခါ မူလရှိရင်းသရဏဂုဏ်ပျက်၍ အပါယ်လားပြစ်လည်း ရရှိ၏၊
(၂) အနဝဇ္ဇ သုခဝိပါကဘေဒ-သရဏဂုဏ် ဆောက်တည်ပြီး သေသွားသူ၊ သရဏဂုဏ်ကား ပျက်၏၊ အပြစ်မရှိ ကောင်းကျိုးချမ်းသာ ရ၏။ ♦

သာသနခေါင်းထီး၊ စေတီကြီး၊ တည်ပြီးမြတ် ၁၀-ဆူ

သာသနာတော်၏ အစအဦး စေတီတော်ကြီးများဟုလည်း အဆိုရှိကြသည်၊ သာသနာ့ထိပ်ခေါင်တင် ထီးဘုရင်ဖြစ်တော်မူသော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သက်တော် (၈၀) ဝါတော်
(၄၅) ရရှိတော်မူရာ မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့တွင် မလ္လာမင်းတို့၏သာမောရဂုံ အင်ကြင်စုံမြိုင် ဂနိုင်ဟေမာ ဥယျာဉ်တော်သာ၌ ရွှေပြည်နိဗ္ဗာန် စံဝင်တော်မူသောအခါ သူပိုင် ငါပိုင် ဓာတ်တော်ပြိုင်လုကြသည့် ဘုရင်မင်းအပေါင်းတို့၏ဆရာ ဒေါနပုဏ္ဏားကြီးက ဖြန်ဖြေ ဟောကြား ရန်မီးပွားငြိမ်းစေကာ ဓာတ်တော်များကိုဝေခြမ်းပေးရာ ဓာတ်တော်ဝေစုရ ထီးဆောင်းမင်း အပေါင်းတို့သည် ကိုယ့်တိုင်းပြည် ကိုယ့်ဌာန၌ အသီးအသီး စေတီတော်ကြီးများ တည်ထားကိုးကွယ် ကြရာဝယ် ထိုကာလက စေတီတော်ကြီး ၁၀-ဌာနကို ဝင်ကိုးဝင်တို့တွင် တပါးပါဝင်သော (ထူပဝင်) ထူပဝံသပါဌ် သီဟိုဠ်မူမှ ထုတ်ယူပြသည်။
(၁) ရာဇဂြိုဟ် ပြည်ကြီး၌ ့ ့ ့ ့ ၁-ဆူ၊
(၂) ဝေသာလီ ပြည်၌ ့ ့ ့ ့ ၁-ဆူ၊
(၃) ကပိလဝတ် နေပြည်တော်ကြီး၌ ့ ့ ့ ့ ၁-ဆူ၊
(၄) အလ္လကပ္ပ ပြည်၌ ့ ့ ့ ့ ၁-ဆူ၊
(၅) ဝေဋ္ဌဒီပက တိုင်း၌ ့ ့ ့ ့ ၁-ဆူ၊
(၆) ပါဝေယျက တိုင်း၌ ့ ့ ့ ့ ၁-ဆူ၊
(၇) ရာမ ရွာ၌ ့ ့ ့ ့ ၁-ဆူ၊
(၈) မလ္လတိုင်း ကုသိနာရုံ၌ ့ ့ ့ ့ ၁-ဆူ၊ (၎င်း စေတီတော်ရှစ်ဆူတို့၌ ဓာတ်တော် တစိတ်သားစီ ဌာပနာ၏)
(၉) ပိပ္ပလိတိုင်း၌ မီးသွေးဓာတ် ဌာပနာတော် ့ ့ ့ ့ ၁-ဆူ၊
(၁၀) ဒေါနပုဏ္ဏားကြီး၏ ဓာတ်တော်များ ခြင်ဝေပေးသော ရတနာရွှေပြည်တောင်းကို ဌာပနာသည့် စေတီတော်တဆူအားဖြင့် ပေါင်း ဆယ်ဆူတို့ ဖြစ်ကုန်၏။ ♦

သာဟတ္ထိကာ၊ ခိုးနည်းမှာ၊ ၅-ဖြာ အဘယ်နည်း?

၎င်း သရုပ်ကို (ခိုးခြင်း ၂၅-ပါး) ၌ ရှုပါကုန်။ ♦

သာဂရတရားကြီး ၄-ပါး

ဓမ္မသင်္ဂဏီပါဠိတော်(အဋ္ဌသာလိနီ ။ ဋ္ဌ။ ၁၁-၌ အကျယ်ရှုပါ။ နက် ကျယ် ရှည်လျားခြင်းကြီး လေးပါး၊
(၁) ဇလ သာဂရ-ယူဇနာပေါင်း ရှစ်သောင်းလေးထောင် နက်ဝှမ်းသော မဟာ သမုဒ္ဒရာကြီး၊
(၂) သံသာရ သာဂရ- ခန္ဓာ အာယတန ဓာတ်တို့၏မပြတ် ဖြစ်ပျက်နေကြသော အစဉ်၊
(၃) နယ သာဂရ-ရှင်တော်မြတ်ဘုရားဟောကြား မိန့်မြွက်တော်မူသော ပိဋက ၃-ပုံ နည်းမျိုးစုံ၊
(၄) ဉာဏ သာဂရ-သဗ္ဗညုတ ရွှေဉာဏ်တော်၏ အဆုံး အပိုင်း အခြားမရှိ မွန်မြတ်ကြီးကျယ်ခြင်းသဘော။ ♦

သာဓုနရတရား ၄-ပါး

ဇာတ်။ ပါ။ ဒု-အုပ်။ ၂၇၅။ ဝိဓုရဇာတ်။ ၂၉၇။ ၃၀၀။ ဋ္ဌ။ သတ္တမ-အုပ်။ ၁၅၁- ၂၁၁- ၂၁၇ တို့၌ အကျယ်ရှုပါ။ လူကောင်း သူကောင်းတို့ ကျင့်သုံး လိုက်နာသော တရား ၄-ပါး။
(၁) ယာတာနု ယာယီ - ရှေးသူဟောင်းတို့ လမ်းကောင်း အကျင့်ကို အသင့်လိုက်နာ သုံးသပ်ခြင်း၊
(၂) အလ္လပါဏိံ မာ သုက္ခ-ပေးကမ်းစွန့်ကြဲခြင်းဖြင့် စိုသောလက်ကို မခြောက်သွေ့စေခြင်း၊
(၃) မာစ အဿတီနံ ဝသံ ဂစ္ဆ- မိန်းမတို့နှင့် ပျော်ပါးလိုက်စား မမိုက်ခြင်း
(၄) မာဒုဗ္ဘီစ မိတ္တာနံ-မိတ်ဆွေ ခင်ပွန်းတို့အား မပြစ်မှား မကောက်ကျစ်ခြင်း၊ (ဤ ၄-ပါးကား ဝိဓရဇာတ် လာတည်း။ ) ♦

သာဓုနရတရား ၄-ပါး၊ တနည်း

ဣန္ဒြေိယ ဇာတ်တော်လာ ၄-ပါးကား။
(၁) ဒက္ခ- တရားနှင့်အညီ ပစ္စည်းဥစ္စား ရှာဖွေရေး၌ လိမ်မာသောဉာဏ်ပညာရှိခြင်း၊
(၂) သံ ဝိဘဇ္ဇ- ရလာသော ပစ္စည်းဥစ္စာကို သီလအကျင့် ရှိသူတို့အားခွဲဝေ ပေးလှူခြင်း၊
(၃) အ ဟာသ-ဥစ္စာများစွာရသောအခါ ပျော်ပါးမော်ကြွား ဝမ်းသာမှုများ မရှိခြင်း၊
(၄) အဗျထ- ပစ္စည်းဥစ္စာများ တိမ်းပါး ပျက်စီးသွားသော်လည်း ဝမ်းနည်း ပူဆွေးမှုမရှိခြင်း။ ♦

သာဓုနရတရား ၄--ပါး၊ တနည်း

ဥမ္မာဒန္တီ ဇာတ်လာ မင်းပုဏ္ဏား စသူတို့ကျင့်ရသော တရား ၄-ပါး။
(၁) အ နာလသော ကာမဘောဂီ-ဇွဲလုံ့လရှိသော လူ၊
(၂) သညတ ပဗ္ဗဇ္ဇိတကိုယ်,နှုတ်,စိတ်,စောင့်သော ရဟန်း၊
(၃) နိသမ္မ ကာရီ ရာဇာ-စုံစမ်းဆင်ခြင် ပြုလေ့ရှိသော မင်း၊
(၄) အကောဓ ပဏ္ဍိတ-အမျက်မာန် မရှိသော ပညာရှင်။ ♦

သာမဏေကျော် ၄-ပါး

ရန်ကုန်မြို့ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်၏ ယင်ပြင်တော်အနောက်မျက်နှာ၌ စေတီငယ် မုခ်လေးမျက်နှာဝယ် ဗုဒ္ဓလက်ထက်တော်က ထင်ရှားသော သာမဏေကျော် ၄-ပါး၏ ကျောက်ရုပ်ပုံတော်များနှင့် အကြောင်းအရာ ကျောက်စာတော်ပါရှိသည်၊ ထိုကျောက်စာ၌ ကြည့်ရှု, ဖတ် မှတ်ကြပါကုန်။ ♦

သာမဥပါယ်၊ မျိုး ၅-သွယ်၊ မင်းဝယ် ယှဉ်ကာသုံး

ဥပါယ်မျိုး ၄-ပါး၏အကျယ်ကို အမရကောသဋီကာမှ ယူပြသည်။
(၁) သူ့ကျေးဇူးကို ပြောကြား မြွက်ဆိုခြင်း၊
(၂) အမှုထမ်းတို့၏ ဂုဏ်ကို ထုတ်ဖေါ်ပြောဆိုခြင်း၊
(၃) ဆွေးမျိုးတော်စပ်ပုံကို ပြောဆိုဖွင့်ဟခြင်း၊
(၄) ဤလိုလုပ်လျှင် နောက်ခါ ဤအကျိုးကိုရမည်ဟု ဆိုခြင်း၊
(၅) သင့်ကို ယုံကြည်စိတ်ချသည်ဟု ဆိုကာ တာဝန်အရေးများကို လွှဲအပ်၍ပေးခြင်း။ ♦

သာရဏီယတရား ၆-ပါး

ဝိနည်း ပရိဝါ။ ပါ။ ၁၆၇။ ဋ္ဌ။ ၁၅၃-၌ အကျယ်ရှုပါ။ သီတင်းသုံးဘော်ချင်း ဝမ်းမြောက်စွာ အောက်မေ့လိုက်နာကျင့်ကြံရသော တရား၆-ပါး။
(၁) ကာယကံမေတ္တာ-သီတင်းသုံးဘော်တို့၌ မျက်မှောက်မျက်ကွယ် ဘယ်နေရာမှာမဆို မေတ္တာနှင့်ယှဉ်သောကာယကံမှုကို ပြုစုခြင်း၊
(၂) ဝစီကံ မေတ္တာ- အထက်ပါအတိုင်းဝစီကံမှုကို ပြုစုအားထုတ်ရခြင်း၊
(၃) မနောကံ မေတ္တာ-ထို့အတူ စိတ်ဖြင့် အမြဲချစ်ကြည် လေးမြတ်ရခြင်း၊
(၄) အပ္ပဋိ ဝိဘတ္တ ဘောဂီ- တရားသဖြင့်ရလာသော လာဘ်ပစ္စည်းကို'အယုတ်ဆုံး တယောက်စာ မဝတဝမျှရသောဆွမ်းကိုသော်မျှ' မခွဲမချန် သီလကျင့်ဘက် သီတင်းသုံးဘော်တို့နှင့် အတူတကွ ညီမျှစွာ ဝေငှဆက်ဆံ စားသောက် နေထိုင်လေ့ရှိခြင်း၊
(၅) သီလ သာမညဂတော ဝိဟရတိ သဗြဟ္မစာရီဟိ- သီတင်းသုံးဘော် တို့၏ ဖြူစင်မြင့်မြတ်သော သီလနှင့်အတူ မိမိသီလကိုလည်း ဖြူစင်မြင့်မြတ်စွာ ထိန်းစောင့်လျက် မျက်မှောက်မျက်ကွယ် သူတော်ကောင်းတို့ ချီးမွမ်းဘွယ်ဖြစ်အောင် နေထိုင်၍ အတူကျင့်ကြံ၏၊
(၆) ဒိဋ္ဌိ သာမညဂတော ဝိဟရတိ သဗြဟ္မ စာရီဟိ- နိဗ္ဗာန် မဂ် ဖိုလ် ရောက်ကြောင်း ကောင်းမြတ်သောအယူကို သီတင်းသုံးဘော်တို့နှင့်အတူ ကောင်းစွာယူလျက်နေ၏။ ♦

သာလွန်ညောင်စောင်း၊ ခြေ ၆-ချောင်း၊ ခံကြောင်း ရုပ် ၆-မျိုး

ခြေ ၆-ချောင်း တပ်သော သာလွန်း ညောင်စောင်း၏ အောက်ခြေ၌ အရုပ် ၆-မျိုးခံ၍ ပြုလုပ်သည့် ယုတ္တိ အဖြေကား၊ ပြူစောထီးကို ခမည်းတော် နေမင်းက လေး, မြှားအပ်၍ ငှက်, ဝက်, ဘီလူး, ဗူး, ရှူးပျံ, ကျား၊ ထို ၆-ပါးသောရန်သူတို့ကို နှိမ်နင်း အောင်မြင်စေကာ မင်းအဖြစ်သို့ရောက်ခြင်း နိမိတ်မင်္ဂလာကို ထင်စွာပြလို၍ မင်းမြတ်တို့ မပြတ် အိပ်စက်ရာဖြစ်သော ရတနာ ညောင်စောင်းတော်၌ အောက်ခံဖြစ်သော ခြေကိုခြောက်ချောင်းတပ်လျက် ငှက်, ဝက်, ဘီလူး, ဗူး, ရှူးပျံ, ကျား အရုပ် သဏ္ဌာန်များကိုခံစေ၍ အိပ်စက်ကာ မင်္ဂလာယူကြသည်ဟု ရွှေဘုံနိဒါန်း၌ ဆို၏။ ♦

သာဝကအပြား မျိုး ၃-ပါး

ထေရဂါထာ။ ဋ္ဌ။ ဒု-အုပ်။ ၅၄၁-၌အကျယ်ရှု။ တပည့်ခံယူ နာကြားသူမျိုး သုံးပါး။
(၁) အဂ္ဂသာဝကမျိုး-မြတ်စွာဘုရားအောက် ၄-ပုံ ၁-ပုံ ပါရမီ ပြည့်ကျင့်ရသည်၊
(၂) မဟာသာဝကမျိုး-ကမ္ဘာတသိန်း ပါရမီဖြည့်ရသော အသီတိ ရှစ်ကျိပ် တို့၊
(၃) ပကတိသာဝကမျိုး-ပါရမီဖြည့်မှု သီးခြားမရှိ သူလို ငါလို ပုဂ္ဂိုလ်စုများ။ ♦

သာသနာ့အမွေမျိုး ၂-ပါး

မဇ္ဈိမပဏ္ဏာသ။ ပါ။ ၁၅။ ဋ္ဌ။ ၉၄။
(၁) အာမိသ ဒါယာဒ- ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး, ပစ္စည်း ၄-ပါးအမွေခံ၊
(၂) ဓမ္မ ဒါယာဒ- လောကုတ္တရာ အမွေခံ၊ တရားအမွေခံကိုသာ ဘုရားရှင်လိုလားသည်။

မှတ်ချက် ။ ။ နံပါတ် ၂-၌ မင်္ဂ ဖိုလ်ရကြောင်း ဝိပဿနာတရားပွားများအားထုတ်မှု၊ ဝိပဿနာဓုရကို ဆိုသည်မှတ်ရာ၏။ ♦

သာသနာအပြား မျိုး ၃-ပါး

ပါရာဇိကဏ်။ ဋ္ဌ။ ပ-အုပ်။ ၁၇-နှင့် သုတ်သီလက္ခန်။ ဋ္ဌ။ ၂၀-၌ သာသနာ ၃-ရပ်ကိုပါ အကျယ် ပြထားသည်။ ဆုံးမခြင်းအပြားသုံးပါးဟူ၏၊ ဤကား ခုခေတ်သုံးတည်း။
(၁) ပရိယတ္တိသာသနာ-စာပေပိဋကတ်သင်ကြားမှု၊
(၂) ပဋိပတ္တိ သာသနာကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှု၊
(၃) ပဋိဝေဓ သာသနာ-မဂ် ဖိုလ် နိဗ္ဗာန်တရားမှန်ကို သိမှု။ ♦

သာသနာ ၃-ရပ်။

ပိဋကတ်သုံးပုံကို သာသနာအားဖြင့် ၃-ရပ် ခွဲထားသည်။
(၁) ယထာပရာဓ သာသနာ- အပြစ်ရှိသူကို အပြစ်အလျောက်ဆုံးမပညတ်သော ဝိနည်း ပိဋကတ်တော်၊
(၂) ယထာ နုလောမာ သာသနာ- ထိုထို သတ္တဝါတို့၏အလို အဇ္ဈာသယ အားလျော်စွာ ဟောကြားဆုံးမတော်မူအပ်သော သုတ္တန် ပိဋကတ်တော်၊
(၃) ယထာ ဓမ္မသာသနာ- အားလုံးသော ပုဂ္ဂိုလ်,သတ္တဝါ,ရေ,မြေ,တော,တောင်ဟူသမျှတို့သည် ပရမတ္ထဓမ္မ အစုသာဖြစ်ရကား ရုပ် နာမ် အားလျော်စွာဟောကြားဆုံးမတော်မူသော အဘိဓမ္မာ ပိဋကတ်တော်။ ♦

သာသနာကွယ်ကြောင်း တရား ၅-ပါး၊ ၃-နည်း

ပဉ္စင်္ဂုတ္တရ။ ပါ။ ၂၁၆။ ဋ္ဌ။ ၇၆။ ဆက္ကင်္ဂုတ္တရ။ ပါ။ ၂၉၈။ သတ္တင်္ဂုတ္တရ။ ပါ။ ၄၆၀-တို့၌ အကျယ်ယူပါ။ ၎င်းသရုပ် အဓိပ္ပါယ်မှာ အောက်ပါ လင်္ကာများဖြင့်ထင်ရှား၏။ (က) အင်္ဂုတ္တိုရ်လာ၊ သာသနာ ကွယ်ကြောင်း၊ တရား ပေါင်းကား၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာတည်း။ (ခ) နောက်လာထို့ပြင်၊ စာသင်ပယ်လျှော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွာမအံ၊ မကြံမစည်၊ ဤငါးမည်တည်း။ (ဂ) ဝါတနည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဆုံးမမယူ၊ စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား၊ ဤငါးပါးသည်၊ ဘုရားသာသနာ ကွယ်ကြောင်းတည်း။ ♦

သာသနာကွယ်ခြင်း မျိုး ၅-ပါး

သာသနာ ကွယ်ပုံ ကွယ်နည်း အပြားမျိုး ၅-ပါးဟူ၏။
(၁) ပရိယတ္တိ သာသနာခေါ်ပိဋကတ်သုံးပုံများ တစတစကွယ်ပျောက်ခြင်း၊
(၂) ပဋိပတ္တိ သာသနာခေါ် စျာန်ဝိပဿနာ မဂ် ဖိုလ်ရကြောင်း အကျင့်ကောင်းများ ပျက်ပြား ဆုတ်ယုတ် ကွယ်ပျောက်လာခြင်း၊
(၃) ပဋိဝေဓ သာသနာခေါ် မဂ် ဖိုလ် ပဋိသမ္ဘိဒါ ဝိဇ္ဇာအဘိဉာဏ်တို့တစ တစ ရသူမရှိ ကွယ်ပျောက်၍သွားခြင်း၊
(၄) လိင်္ဂ သာသနာခေါ် ပရိက္ခရာ ရှစ်ပါးဆောင်သော ရဟန်း အသွင်တို့တွင် တစ တစ သပိတ်ဆောင်သူ ခါးပန်းဆောင်သူ ဒုကုဋ်ဆောင်သူ မရှိနှင့် ကွယ်ကွယ်သွားရာ နောက်ဆုံး သင်္ကန်းစကို နသန်ပန်ဆောင်ရာမှ စွန့်ပစ်ကြသောအခါကွယ်ပျောက် သွားခြင်း၊
(၅) ဓာတုသာသနာခေါ် ဗုဒ္ဓဘုရားနှင့်သာဝကများတို့၏ ဓာတ်တော် မွေတော်တို့ကို ကိုးကွယ်ဆည်းကပ် မြတ်နိုးသူတို့လုံးဝ မရှိသောအခါ ဓာတု ပရိနိဗ္ဗာန် ပြုခြင်းဖြင့် သာသနာတော်မြတ်လုံးဝဇာတ်သိမ်း ကွယ်ပျောက်ခြင်းမျိုး။ ♦

သာသနာတော်၏ အံ့ဘွယ် ၈-ဖြာ

၎င်း သရုပ်(အံ့ဘွယ် ၈-ဖြာ၊ သာသနာ) ၌ ရှုပါ။ ♦

သာသနာတော်၏ အင်္ဂါ ၉-ပါး

၎င်း သရုပ် အဓိပ္ပါယ်ကား (ဓမ္မက္ခန္ဓာ၏ အင်္ဂါ ၉-ပါး) နှင့် တူ၏။ ♦

သာသနာတော်၏ သူခိုးကြီး ၅-ဦး

စတုတ္ထပါရာဇိက၌ ဟောတော်မူသည့် သာသနာတော်၌ ခိုးသူကြီး ၅-ယောက် ဟူ၏။ မှတ်သိမှုလွယ်ကူရန်ညောင်လေးပင်တောရ အဂ္ဂမဟာပဏ္ဏိတ ဦးအရိယထေရ် စီရင်သော ပဋိစ္စသမုပ္ပါဒ်အရသာ ၁၆၉-၌- “အလှူခံလှည့်၊ ငါသိတရား၊ စွပ်စွဲမှားပြု၊ ပေးမှု ဂရုဘဏ်၊ မဂ်,စျာန်ဝါကြွား၊ ဤငါးပါး၊ ခိုးစား သာသနာ။ “ ဟူသော ဆောင်ပုဒ်လင်္ကာအရ ၎င်း၏မူရင်းအတိုင်းဖေါ်ပြလိုက်သည်၊
(၁) လူဆိုးအသင်းဖွဲ့၍ အရပ်ရပ်လှည့်ကာ ပစ္စည်းဥစ္စာ ဓားပြတိုက်သကဲ့သို့ ဓမ္မကထိက အပေါင်းအသင်းနှင့် အရပ်တကာ လည့်လျက်သာသန လုပ်ငန်း မလုပ်ဘဲ သာသနဝန်ထမ်းရိက္ခာ ပစ္စည်းလေးပါးတို့ကို အလှူခံနေကြသော သာသနရိက္ခာ သူခိုးတယောက်၊
(၂) လေးသင်္ချေနှင့်ကမ္ဘာတသိန်း ပါရမီဖြည့်၍ရသော မြတ်စွာဘုရား၏ တရားတော်ကိုသင်ယူလေ့လာပြီးလျှင် ဤကား (ကိုယ်တွေ့) ငါသိသောတရားဟု ငါမြင်သော တရားဟု ဆိုဆို၍ ဘုရားရှင်၏ တရားတော်ကို ခိုးသူတယောက်ဟူ၏၊
(၃) သီလရှိသော ရဟန်းတို့ကို အကျင့်သီလပျက်သည်ဟု အလွဲအမှား လူကြည်ညိုပျက်အောင် ပြောကြားလျက် ရဟန်းကောင်း၏သီလကို ခိုးယူသူတယောက်၊
(၄) သံဃိကပိုင် ဂရုဘဏ် ပစ္စည်းကို လူတို့အားပေးကမ်းထောက်ပံ့ခြင်းဖြင့် သံဃပစ္စည်းခိုးသူတယောက်၊
(၅) စျာန် မဂ် ဖိုလ်တရားထူးမရပဲလျက် မဂ်ရ ဖိုလ်ဝင် ရဟန္တာအရှင်ဖြစ်နေပြီဟု မိမိကိုယ်ကို ဝါကြွား ပလွှား ညာစားနေသော သူခိုးကြီးတယောက် ဟူ၏။ ♦

သာသနာ ၅၀၀၀-နှင့် ခေတ် ၅-ပါး ပိုင်းခြားပုံနည်း ၃-မျိုး

ဗုဒ္ဓမြတ်စွာသာသနာတော်ကား အနှစ် ငါးထောင်သာ တည်နေနိုင်သည်ဟု ဘယ်ပါဠိတော်မှာမှ မလာမရှိ၊ စင်စစ် သာသနာတော်ကို ကျင့်သုံး လိုက်နာထမ်းဆောင် စောင့်ရှောက်သူတို့၏ အပေါ်မှာသာ တည်ရှိနေသည်ဟု မှတ်ရာသည်၊ သို့သော် အဋ္ဌကထာနည်းများကို ပြပါအံ့။ စူဠဝါ အဋ္ဌကထာအလို
(၁) ပဋိသမ္ဘိပါပတ္တ ရဟန္တာခေတ် အနှစ် ၁၀၀၀
(၂) သုက္ခဝိပဿက ရဟန္တာခေတ် အနှစ် ၁၀၀၀
(၃) အနာဂါမ်ပုဂ္ဂိုလ် ့ ့ ့ ့ခေတ် အနှစ် ။
(၄) သကဒါဂါမ်ပုဂ္ဂိုလ် ့ ့ ့ ့ခေတ် အနှစ် ။
(၅) သောတပန်ပုဂ္ဂိုလ် ့ ့ ့ ့ခေတ် အနှစ် ။ သုတ်ပါထေယျ အဋ္ဌကထာ ၌
(၁) ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ် အနှစ် ၁၀၀၀
(၂) ဆဠာဘိည


(၃) တေဝိဇ္ဇာ ဓရ


(၄) သုက္ခ ဝိပဿက


(၅) ပါတိမောက္ခ သံဝရသီလခေတ် အနှစ် ၁၀၀၀ အင်္ဂုတ္တိုရ် အဋ္ဌကထာ လာ
(၁) ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ် အနှစ် ၁၀၀၀
(၂) ဆဠာဘိည


(၃) တေဝိဇ္ဇာ ဓရ


(၄) သုက္ခဝိပဿက


(၅) သောတာပန်, သကဒါဂါမ်, အနာဂါမ်, ခေတ် အနှစ် ၁၀၀၀။ ♦

သားအပြား ၃-ပါး

ဣတိဝုတ်။ ပါ။ ၂၃၈။ ဋ္ဌ။ ၂၁၁။ မဇ္ဈိမပဏ္ဏာသ။ ပါ။ ၂၇၆။ ကိုယ်ကျင့်တရားအားဖြင့် ၃-ပါးပြား၏။ ဣတိဝုတ္တက ပါဠိတော်၊
(၁) အတိ ဇာတ သား- မိဘတို့ထက် အကျင့်မြတ်သော သား၊
(၂) အနုဇာတ သား-မိဘတို့နှင့်တူမျှသော အကျင့်ရှိသော သား၊
(၃) အဝ ဇာတ သား-မိဘတို့အောက် အကျင့်ယုတ်သော သားမိုက် သားဆိုးမျိုး။ ♦

သားအပြား မျိုး ၄-ပါး တနည်း

ဇာတ်။ ဋ္ဌ။ ပ-အုပ်။ ၁၅၂-၌အကျယ်ရှုပါ။ ဤသား ၄-ပါးတို့ကား ဧကကနိပါတ် ကဋ္ဌဝါဟနဇာတ် အဋ္ဌကထာ၌ လာသည်။
(၁) အတြဇ သား- မိမိရင်၌ဖြစ်သော၊ သို့မဟုတ် မိမိကိုစွဲ၍ရသောသားမျိုး၊
(၂) ခေတြဇ သား-နတ်တို့ကဲ့သို့ အိပ်ရာအပြင် ပလ္လင်စသော မိမိပိုင်နက်အတွင်း၌ ဖြစ်လာသော သားမျိုး၊
(၃) အန္တေဝါသိကသား- မိမိအထံ၌ အတတ်သင်ယူသော သူမျိုး၊
(၄) ဒိန္နက သား-မွေးစားစိမ့်သောငှါ သူတပါးက ပေးသော သားမျိုး။ ♦

သားချင်းမျိုး ၅-ပါး

ဉာတိ သလောဟိတဟူသော ပါဠိအရ သားချင်းယူပုံကို ဆွေမျိုးနှင့် ခွဲ၍ပြသည်၊
(၁) သောဒရိယ ခေါ် တမိသားချင်း ညီရင်းအစ်ကို၊
(၂) အဖေ, အမေ၏ အစ်ကို ဘကြီး ဦးကြီးတို့က မွေးဖွားသော သားသမီး၊
(၃) အဖေ, အမေ၏ အစ်မ, မိကြီး, ကြီးဒေါ်တို့ကမွေးဖွားသော သားသမီး၊
(၄) အဖေ, အမေ၏ ညီ, မောင်, ဘထွေး, ဦးလေးတို့က မွေးဖွားသော သားသမီး၊ (၅ အဖေ, အမေ၏ နှမ, ညီမ, မိထွေး အရီးလေးတိုက မွေးဖွားသော သားသမီးများကို သားချင်းဟုပညတ်၏။ ♦

သားမျိုး ပုတ္တာ၊ ၁၂-ဖြာ၊ မိန့်မှာ ဓမ္မသတ်။

ဓမ္မသတ် ကျမ်းလာသားအပြား ဆယ့်နှစ်ပါးကို ဆို၏။ ၎င်းအဖြေ (အမွေခံထိုက်သောသား ၆-ပါး၊အမွေ မခံထိုက်သော သား ၆- ပါး) ဟူသော သရုပ်၌ ဆိုခဲ့ပြီ၊ ထို ၂-ရပ် ပေါင်းသော်၁၂-ပါးဖြစ်၏။ ♦

သား,သမီး,ရလိုခြင်း အကြောင်း ၅-ပါး

ပဉ္စင်္ဂုတ္တရ။ ပါ။ ၃၇။ ဋ္ဌ။ ၂၁။ မိဘ ဖြစ်သူတို့ သားသမီး ရလိုမှု အကြောင်း ငါးပါး ဟူ၏။
(၁) ဘတောဝါ နော ဘရိဿတိအိုမင်း မစွမ်းရှိသောအခါ ငါတို့အား ပြန်လည်လုပ်ကျွေးကျေးဇူးဆပ်လတ်အံ့၊
(၂) ကိစ္စံဝါ နော ကရိဿတိ-ငါတို့၌ဖြစ်ပေါ်လာသော မင်းစိုးကိစ္စအဝဝတို့ကို လုပ်ဆောင်ပေးလတ်အံ့၊
(၃) ကုလဝံသော စိရံ ဌဿတိ-အမျိုးဆက်နွယ် ရှည်ဖွယ်ဖြစ်လတ်အံ့၊
(၄) ဒါယဇ္ဇံ ပဋိပဇ္ဇိဿတိအမွေး စား အမွေခံ ကျင့်ကြံလတ်အံ့၊
(၅) ဒက္ခိဏံ အနုပ ဒဿတိ- တမလွန်ဘဝ သွားသော ငါတို့အား ရည်စူး၍ ကုသိုလ်ထူးများ ပြုလုပ်လျက် အမျှပေးဝေလတ်အံ့။ ♦

သားသမီးဝတ် ၅-ပါး

သားသမီးများက မိဘတို့အား ပြုရန် ဝတ်ငါးပါး။
(၁) မိဘနှစ်ပါးအား လုပ်ကျွေးမွေးမြူရမည်၊
(၂) အလုပ်အကိုင်ဟူသမျှကို မိမိက ဦးစီး၍ ဆောင်ရွက် စီမံရမည်၊
(၃) မိဘ နှစ်းပါး၏ ဆိုးမွေကောင်းမွေကို ခံယူရမည်၊
(၄) အလှူဒါန ပြုလုပ်သောအခါ မိဘနှစ်ပါးအား အမျှပေးဝေရမည်၊
(၅) မိမိ၏အနွယ်ကို စောင့်ရှောက်ရမည်။ ♦

သိက္ခာသုံးပါး

မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၂၀-၌ အကျယ်ရှုပါ။ ကိုယ်ကျင့်တရားနှင့် တည်ကြည်ဖြောင့်မတ်မှု ကိလေသာမှ လွတ်ကင်းမှု လုပ်ငန်းပညာရပ်များ ဟူ၏။
(၁) အဓိသီလသိက္ခာ-ရဟန်းတော်များ စောင့်ထိန်းရသည့်(၂၂၇) သွယ်သော သီလသိက္ခာပုဒ် အကျင့်မြတ်များ။
(၂) အဓိစိတ္တသိက္ခာ-ဝိပဿနာ၏ အခြေခံဖြစ်သော သမထလုပ်ငန်းရပ်နှင့် သမာပတ်ရှစ်ပါး သမာဓိသဘောတရား အကျင့်မြတ်များ။
(၃) အဓိပညာသိက္ခာ-ပညာမဂ္ဂင် ၂-ပါး ဦးစီးသော ရုပ်,နာမ် ဓမ္မတို့၏ ဥဒယ ဝယ သဘောမှန်ကို ဧကန် ပိုင်းခြား၍သိရန် ဝိပဿနာဉာဏ် အလုပ်သဘော အကျင့်မြတ်။ ♦

သိက္ခာမျိုး ၅-ပါး၊ တနည်း

သိပ္ပံပညာမျိုး ၅-ပါး။
(၁) ယောဂ သိက္ခာ- စက်မှု လက်မှု ပညာ၊
(၂) ဝိနိစ္ဆယ သိက္ခာ- တရားနှင့် လျော်ညီစွာ ဆုံးဖြတ်ခြင်း၊
(၃) ကေတု သိက္ခာ-နိမိတ် တိတ်တပေါင်ဝေဒ စသည့် ပညာ၊
(၄) ပေါရာဏ သိက္ခာ- ရှေးဖြစ်ဘူးသော စကားဟောင်း မင်းစဉ် မင်းဆက်အကြောင်းအရာ စာဆိုတော်ခေါ် စာရေးဆရာ ပညာ၊
(၅) ဟတ္ထိအဿ သိက္ခာဆင်စီး မြင်းစီး စစ်တက် စစ်ဆင် အရာတို့၌ လိမ်မာသောပညာ။

မှတ်ချက် ။ ။ ၎င်း ငါးပါး ကို ပညာ ငါးပါးဟုလည်း ရေးမှတ်ကြသေးသည်။ ♦

သိကြားမင်း၏ မိဖုယားပေါင်း ၁၆၀၀

၎င်းအကျယ်ကို ဝိမာန။ ဋ္ဌ။ ။ ၁၆၇-၌ ရှုပါ။ ♦

သိကြားမင်း၏ သမီးတော် ၄-ယောက်။

အသီတိနိပါတ် သုဓာဘောဇနဇာတ်၌ အကျယ် ရှုပါ။
(၁) အာသာ၊
(၂) သိရီ၊
(၃) သဒ္ဓါ၊
(၄) ဟိရီ။ ♦

သိကြားမင်း ဖြစ်ကြောင်းတရား ၇-ပါး

သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၂၃၀။ ဋ္ဌ။ ၃၁၇။ သိကြားဖြစ်ကြောင်း ကျင့်ဝတ္တရား ၇-ပါး လင်္ကာ၊ “၁-မိဘပြုစု၊ ၂-ကြီးသူကြိုးနွံ့၊ ၃-နှုတ်သံ ညက်ညော၊ ၄-ကုန်းမချောတည့်၊ ၅-နှမြော မနှောင့်၊ ၆-သစ္စာစောင့်လျက်၊ ၇-အမျက်နည်းစွာ၊ ၇-ဖြာသည်၊ နောင်ခါ သိကြားဖြစ်ကြောင်းတည်း” ဟူသော လင်္ကာဖြင့် ထင်ရှားသည်။ ♦

သိကြားမင်း ရှိခိုးခံထိုက်သူ၏ ဂုဏ်အင်္ဂါ ၄-ပါး

သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၂၃၅။ ဋ္ဌ။ ၃၂၂-၌ အကျယ်ရှုပါ။ သက္ကသံယုတ်မှ ထုတ်ယူ ပြဆိုသည်၊ ၎င်းဂါထာကား- “ယေ ဂဟဋ္ဌာ ပုညကရာ၊ သီလဝန္တော ဥပါသကာ။ ဓမ္မေန ဒါရံ ပေါသေန္တိ၊ တေ နမဿာမိ မာတလိ” မာတလိက မေး၍ သိကြားမင်းကဖြေပုံ။
(၁) ပုညကရာ- ပစ္စည်းလေးပါး, ဒါနဝတ္ထု ၆-ပါး,၁၀-ပါး သီလတို့ဖြင့် သဒ္ဓါစင်ဖြူ ပေးလှူနေသူ၊
(၂) သီလဝန္တော- ၅-ပါး, ၈-ပါး, ၁၀-ပါးသီလတို့ကို စောင့်ထိန်းကျင့်သုံးနေသူ၊
(၃) ဥပါသကာ-ရတနာ ၃-ပါးကို မြတ်နိုးထပ်ထပ် ဆည်းကပ်ကိုးကွယ် နေသူ၊
(၄) ဓမ္မဒါရ ပေါသ- တရားသော အလုပ်သဘောဖြင့် မယား, သားတို့အား လုပ်ကျွေးမွေးမြူသူ။ ♦

သိခြင်း, သိပုံမျိုး ၃-ပါး

သညာသိ, ဝိညာဏ်သိ, ပညာသိ။ အကျယ် ဝိသုဒ္ဓိမဂ်။ ဒု-အုပ်။ ၆၆-၌ ရှုပါ။ ♦

သိင်္ဂါရ ရသမျိုး ၃-ပါး

ယောကျ်ား မိန်းမတို့၏ ချစ်ကြိုက်မှု, ပေါင်းဆုံမှီဝဲမှု, ကွဲကွာမှုတို့ကိုပင် သိင်္ဂါရ ရသခေါ်သည်။
(၁) အာယောဂ- ကျား,မတို့ တဦးကိုတဦး ချစ်ကြိုက် စွဲလမ်း နှစ်သက်မှု၊
(၂) သမ္ဘောဂ- လူချင်းတွေ့ထိကိုင်ဆွဲသုံးသပ် ပေါင်းသင်းမှု၊
(၃) ဝိပ္ပယောဂ- ချစ်ကြိုက်စဖြစ်စေ, ပေါင်းသင်းပြီးမှဖြစ်စေ, သေကွဲ ရှင်ကွဲ ကွဲကွာရခြင်း။ ♦

သိထိလ အက္ခရာမျိုး

မန္တန်မန်းမှုတ်ရာနှင့် ကမ္မဝါဉတ်ရွတ်ဖတ်ရာတို့၌ လျော့လျော့ ရွတ်ရသော အက္ခရာ ဆယ်လုံး၊ “ က, ဂ, စ, ဇ, ဋ, ဍ, တ, ဒ, ပ, ဗ။ “ ♦

သိဒ္ဓိမျိုး ၁၀-ပါး

တစုံတခုသော မန္တန်, အင်း, ဆေး, သံ, ပြဒါး, ပတ္တမြား, ပုလဲ စသည့် အရာတို့ဖြင့် လိုရာပြီး နိုင်ခြင်းမျိုး ဆယ်ပါး ဟူ၏။
(၁) စိန္တာ မယိဒ္ဓိ- စိတ်ကြံရာ ဖြစ်စေခြင်း၊
(၂) ဥဒက သိဒ္ဓိ- ရေပြင်ပေါ်၌ လျှောက်သွားအိပ်နေနိုင်ခြင်း၊
(၃) ပထဝီ သိဒ္ဓိ-မြေလျှိုးနိုင် မြေကြောကိုရှုံ့နိုင်ခြင်း၊
(၄) ဓန သိဒ္ဓိ- ရွှေငွေရတနာ လိုရာရနိုင်ခြင်း၊
(၅) အာယု သိဒ္ဓိအသက်ရှည်၍ အရွယ်ပျိုစွာနေနိုင်ခြင်း။
(၆) အာကာသ သိဒ္ဓိ- ကောင်းကင်ခရီး ပျံသန်းနိုင်ခြင်း၊
(၇) အာရောဂျ သိဒ္ဓိ-အနာကင်းခြင်း၊
(၈) ကာယ သိဒ္ဓိ- ဓား,လှံ,သေနတ်, အမြောက် မထိနိုင်ခြင်း၊
(၉) ပိယ သိဒ္ဓိ- သတ္တဝါအားလုံးတို့၏ ချစ်ခင်မှုကို ခံရခြင်း၊
(၁၀) ဣဒ္ဓိဝိဓ သိဒ္ဓိ- စျာန်တန်ခိုးဖြင့် အထူးထူး ဖန်ဆင်းနိုင်ခြင်းမျိုး။ ♦

သိပ္ပံပညာ အတတ် ၆၄-ရပ်

'ကလာအတတ်၆၄-ရပ်'ကိုပင် လက်မှုပညာအတတ်များဖြစ်၍ သိပ္ပံပညာ အတတ်ဟု ခေါ်ဆိုကာ ' ဝိဇ္ဇာအတတ်၁၈-ရပ် 'ဟု ခွဲခြား၍ ပြလေသည်၊ ၎င်းသရုပ် (ကာလအတတ် ၆၄-ရပ်) ၌ရှုပါ။ ♦

သိမ်နိမိတ်မျိုး ၈-ပါး

သိမ်သမုတ်ရာ၌ အပိုင်းအခြား သတ်မှတ်ထားရာမျိုး ၈-ပါး။
(၁) ပါသာဏ နိမိတ္တ- ကျောက်တုံး ကျောက်တိုင်နိမိတ်၊
(၂) ပဗ္ဗတ-တောင်၊
(၃) ရုက္ခ- သစ်ပင်၊
(၄) ဝန- တော၊
(၅) မဂ္ဂ- လမ်း၊
(၆) ဝမ္မိက-တောင်ပို့၊
(၇) နဒီ- မြစ်၊
(၈) ဥဒက နိမိတ္တရေဖြင့်ပိုင်းခြား သတ်မှတ်ခြင်းမျိုး၊ အကျယ် ဝိနည်းမဟာဝါ။ ပါ။ ၁၄၄။ ဋ္ဌ။ ၃၁၈-၌ ရှုပါ။ ♦

သိမ်မျိုးအပြား ၁၅-ပါး

ရဟန်းတော်များ သံဃကံဆောင်သော သိမ်များဖြစ်၏၊ အကျယ်ကို ဝိနည်းမဟာဝါ။ ဋ္ဌ။ ၄၁၇-၌ ရှုပါ။ ♦

သီချင်းခံများ၊ သံ ၈-ပါး၊ မျိုးစား ဝေဘန်သိ

၎င်းသရုပ်ကို (အသံ၈-ပါး၊ မျိုးခွဲခြား၊ ခံငြား သီချင်းဆို) ဟူသည်၌ဆိုခဲ့ပြီ။ ♦

သီချင်းဆိုသံ ၇-တန်။

၎င်းသရုပ် (ဂီတအသံ ၇-တန်) ၌ ရှုပါ။ ♦

သီချင်းမျိုး ၂၂-ပါး

ကဗျာပင်မကြီးမှ ပေါက်ပွားလာသော သီချင်းမျိုးအပြား ၂၂-ပါး၊ အကျယ်'ကဗျာဗန္ဓ သာရကျမ်း'၌ ရှု။ ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချိုချိုး၊ ယိုးဒယား၊ ပတ်ပျိုး၊ (၁၀) ။ ကြိုး၊ဘွဲ့၊ ဘောလယ် ရိုးဆန်း၊ တေးရိုးဆန်း၊ သဖြန် ရိုးဆန်း၊ ငိုချင်း ရိုးဆန်း၊ တုံးချင်း ရိုးဆန်း၊ ဟန်ချင်း ရိုးဆန်း၊ လှေချင်း ရိုးဆန်း၊ နတ်သံ၊ (၂၀) ။ မှာတမ်း၊ ဇာတ်စကားစပ်ပုံ၊
(၂၂) ။ ♦

သီတင်းကြီး ၄-ပါး

စောင့်သုံးထိန်းသိမ်းရမည့်တရားကြီး ၄-ပါး။
(၁) ပါတိမောက္ခ သံဝရသီလ၊
(၂) ဣန္ဒြိယ သံဝရသီလ၊
(၃) ပစ္စယ သန္နိဿိတသီလ၊
(၄) အာဇီဝ ပါရိသုဒ္ဓိ သီလ၊ ဤ ၄-ပါးကိုရည်၍ ပါရမီခန်း၌'ပါတိမောက္ခ၊ သံဝရဟု၊ စသည်ကျင့်ပြင်း၊ သီတင်း ၄-ပါး၊ ဆွဆွထွားလျှင်'ဟု ရှင်မဟာသီလဝံသထေရ် စပ်ဆိုထားခဲ့၏၊ အကျယ် သီလကြီး၄-ပါး၌ ရှုပါ။ ♦

သီတင်းသုံးဖော် ၅-ယောက်

သီလသိက္ခာ စောင့်ဖော်ကျင့်ဖတ် ၅-ယောက်ဟူ၏၊
(၁) ဘိက္ခု-ရဟန်းယောကျ်ား၊ ကိုရင်၊
(၂) သာမဏေရော- သာမဏေ ယောက်ျား၊ ကိုရင်၊
(၃) သိက္ခမာနာ-သိက္ခမာန်၊ သာမဏေမ လောင်း၊
(၄) ဘိက္ခုနီ-ရဟန်းမ၊
(၅) သာမဏေရီသာမဏေမ၊ ကိုရင်မ။ ♦

သီတင်းသုံးဖော် ၇-ယောက်၊ တနည်း

မူလပဏ္ဏာသ။ ပါ။ ၉၂။ ဋ္ဌ။ ပ-အုပ်။ ၃၁၄။
(၁) ဘိက္ခု၊
(၂) ဘိက္ခုနီ၊
(၃) သိက္ခာမာနာ၊
(၄) သာမဏေရော၊
(၅) သာမဏေရီ၊
(၆) ဥပါသကော၊
(၇) ဥပါသိကာတိ ဧတေ သတ္တသဟ ဓမ္မစာရိနော။ ♦

သီဒါ ၇-တန်။

ကရွတ်ခွေများကဲ့သို့ မြင်းမိုရ်တောင်ကို စွပ်ခွေရစ်ပတ်လျက်ရှိသော တောင်စဉ် ၇-ထပ်တို့၏ အကြားဖြစ်သည့် သမုဒ္ဒရာ ၇-စင်းကိုခေါ်သည်။
(၁) မြင်းမိုရ်တောင်နှင့် ယုဂန္ဓရတောင် အကြား သီဒါတခု ရှိ၏၊ ၎င်းသီဒါ၏စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၄၂၀၀၀-စီ ရှိ၏၊
(၂) ယုဂန္ဓရတောင်နှင့် ဤသန္ဓရတောင်အကြား သီဒါတခု ရှိ၏၊ ၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၂၁၀၀၀-စီ ရှိ၏၊
(၃) ဤသန္ဓရတောင်နှင့် ကရဝိကတောင် အကြား သီဒါတခုရှိ၏၊ ၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၁၀၅၀၀-စီ ရှိ၏၊
(၄) ကရဝိတောင်နှင့် သုဒဿနတောင် အကြား သီဒါတခုရှိ၏၊ ၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၅၂၅၀-စီ ရှိ၏၊
(၅) သုဒဿနတောင်နှင့် နေမိန္ဓရတောင်အကြား သီဒါတခု ရှိ၏၊၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၂၆၂၅-စီ ရှိ၏၊
(၆) နေမိန္ဓရတောင်နှင့်ဝိနတ္တကတောင်အကြား သီဒါတခု ရှိ၏၊ ၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ယူဇနာပေါင်း ၁၃၁၂ƒစီ ရှိ၏၊
(၇) ဝိနတ္တကတောင်နှင့် အဿကဏ် တောင်အကြား သီဒါတခုရှိ၏၊ ၎င်းသီဒါ၏ စောက် အနက် အကျယ်တို့ကား ၆၅၆-ယူဇနာနှင့် တတိုင်ခြောက်ရာတွင်းစီ ရှိကြ၏။ ♦

သီရိမျိုး ၃-ပါး

သားကောင်း ရတနာ ရနိုင်ရန် မိခင်လောင်းများ ပြုကျင့်ရသော လောကီကျက်သရေ၃-ပါး၊ မုံရွေးဇေတဝန် ဆရာတော်။
(၁) ကြိုးတန်း ကြိမ်တန်းအောက် မဝင်ရခြင်း၊
(၂) ခါးဝတ်ထမီကို ထက်အောက်ပြန်၍ မဝတ်ရခြင်း၊
(၃) ခြေမဆေးဘဲ အိပ်ရာတိုက်ခန်းမဝင် မအိပ်ရခြင်း။ ♦

သီလ ၂-ပါး

စာရိတ္တ သီလ- ဤအမှုကိစ္စမျိုးကို ပြုကျင့်ရမည်ဟု မြတ်စွာဘုရား ပညတ်ထားသည့်ဆရာ့ဝတ် ရဟန်းဝတ် ဒကာဝတ် စသည့်အပစာယန၊ ဝေယျာဝစ္စ ကုသိုလ်မျိုးကို ဆိုသည်၊ လိုရင်းကား လောက၌ ပြုလုပ်ပေးရမည့် အပြစ်မရှိသော ကိစ္စရပ်များကို ပြုလုပ်ပေးခြင်းအကျင့်သည် မိမိသီလဂုဏ်၌ တိုးတက်ဖြူစင်သော သီလမျိုးဖြစ်၍ စာရိတ္တသီလခေါ်သည် ဟူ၏၊
(၂) ဝါရိတ္တ သီလ- ဤအမှုမျိုးကို မပြုလုပ်ရဟု မြတ်စွာဘုရား ပညတ်တော်မူသည့် သိက္ခာပုဒ် ဟူသမျှကို ဘုရားရှင် အလိုတော်ကျအတိုင်း မပြုလုပ်ပဲ စောင့်ထိန်းခြင်းကို ဝါရိတ္တသီလ ခေါ်သည်။ ♦

သီလအပြား ၇-ပါး၊ အများ ဗိုလ်လူဆိုင်

ရဟန်း ရှင် လူတို့ စောင့်သုံးရသော သီလများ။ ထို့အပြင်လည်း အမျိုးများစွာ ရှိသေး၏။
(၁) ငါးပါးသီလ ရိုးရိုး- သာမန် လူ, နတ်, တိရစ္ဆာန်တို့အတွက် နိစ္စသီလမျိုး၊
(၂) ငါးပါးသီလအထူး- ကောမာရ ဗြဟ္မစရိယ သီလမျိုး၊
(၃) ခြောက်ပါးသီလ- ဘိက္ခုနီလောင်း သိက္ခာမာန်များ အတွက်၊
(၄) ရှစ်ပါးသီးလ- ဥပေါသထ သီလမျိုး၊
(၅) ကိုးပါးသီလ- စကြာမင်းနှင့် မိဖုယားကြီးများ သားတော် သမီးတော် ဆွေတော်မျိုးတော် တိုင်းသူပြည်သားတို့ စောင့်ထိန်းသော ဥပေါသထသီလမျိုး၊
(၆) ဆယ်ပါးသီလလူသာမဏေတို့သီလ,လူ့အတွက် နိစ္စသီလမျိုး၊
(၇) စတုပါရိသုဒ္ဓိသီလ- ရဟန်းတော်များသီလ။ အာပတ် ၇-ပုံ။ ♦

သီလကြီးမျိုး ၄-ပါး

မဟာနိဒ္ဒေသ။ ပါ။ ၂၆၄။ ဋ္ဌ။ ၃၂၆။ စတု ပါရိသုဒ္ဓိသီလ ခေါ် ၎င်းသီလကြီး ၄-ပါးကို ထက်ဝန်းကျင် စင်ကြယ်စေရမည်ဟုဆိုသည်။
(၁) ပါတိမောက္ခ သံဝရ သီလ- သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းစေတတ်သော သီလတရားစု၊ အာပတ် ၇-ပုံ။
(၂) ဣန္ဒိယ သံဝရ သီလ- စက္ခုစသော ဣန္ဒြေ ၆-ပါးကို စောင့်စည်း လုံခြုံစေမှု၊
(၃) အာဇီဝပါရိသုဒ္ဓိသီလ ထက်ဝန်းကျင်မှ အပြစ်မရှိသန့်ရှင်း စင်ကြယ်သော အသက်မွေး ဝမ်းကျောင်းမှု၊
(၄) ပစ္စယ သန္နိဿိတ သီလ-ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး, ခေါ် ပစ္စည်းလေးပါး၌ ကောင်းစွာ စင်ကြယ် သဖြင့်မှီဝဲသုံးဆောင်မှု။ ♦

သီလဂုဏ် ၈-ပါး၊ ၂-နည်း

မိမိတို့စောင့်ထိန်းသော သီလ၌ ထိုဂုဏ်ရှစ်ပါးနှင့်ပြည့်စုံစေ ရမည်၊ ဤ၌ရှေ့လေးပါးကို လောကီ သီလဂုဏ်၊ နောက်လေးပါးကို လောကုတ္တရာဂုဏ်ဟု မှတ်ရာ၏၊ သံယုတ်ပါဠိတော်။
(၁) အ ခဏ္ဍ-မကျိုးသော ဂုဏ်၊
(၂) အ ဆိဒ္ဒ-မပေါက်သော ဂုဏ်၊
(၃) အ သဗလ- မပြောက်သော ဂုဏ်၊
(၄) အ ကမ္မာသ- မကျားသော ဂုဏ်၊
(၅) ဘုဇိသ-ကိလေသာမှ တော်လှန်သော ဂုဏ်၊
(၆) ဝိညူ ပသဋ္ဌ-ပညာရှိတို့ ချီးမွမ်းအပ်သော ဂုဏ်၊
(၇) အ ပရာမဋ္ဌ- တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမှုဂုဏ်၊
(၈) သမာဓိ ဝဝတ္တန- သမာဓိ ၃-ပါးကို ဖြစ်စေတတ်သော ဂုဏ်။ ♦

သီလစင်ကြယ်၊ ပြည့်စုံဘွယ်၊ ၄-သွယ် အင်္ဂါရှိ

သီလစင်ကြယ်ပြည့်စုံခြင်း၏အကြောင်း အင်္ဂါလေးရပ်။
(၁) မိမိကိုယ်တိုင်လည်း မလွန်ကျူးခြင်း၊
(၂) သူတပါးကိုလည်း မလွန်ကျူးစေခြင်း၊
(၃) သူတို့အာသာ လွန်ကျူးသည်ကိုလည်း ဝမ်းမမြောက်၊
(၄) မိမိစောင့်သုံးသော သီလသိက္ခာပုဒ် အသီးသီးကိုလည်း စင်ကြယ်လေစွဟု ချီးကျူး၏။ ♦

သီလစောင့်ငြား၊ ကျိုး ၅-ပါး၊ ဘုရားဟောတော်မူ။

မဟာပရိနိဗ္ဗာနသုတ်၌ သီလစောင့်ရှိသူတို့ခံစားရသော အကျိုး ၅-ပါးကို ဟောတော်မူသည်။
(၁) မမေ့ မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာတို့ကို ရရှိ၏၊
(၂) ကောင်းသောသတင်း ကျော်စောခြင်း ဂုဏ်ကို ရ၏၊
(၃) ပရိသတ် လေးပါး အလယ်၌ တင့်တယ် ရဲရင့် ရွှင်ရွှင် လန်းလန်းနှင့်နေရ၏၊
(၄) မတွေဝေမမေ့မောဘဲ သေရခြင်း ရှိ၏၊
(၅) သေပြီးနောက်၌ နတ်ရွာ၌ ဖြစ်ရ၏။ ♦

သီလညှိုးနွမ်း ပျက်စီးခြင်း တရား ၁၆-ပါး

အောက်ပါအရာများကို ငဲ့ကွက်မှု မထားဘဲ သီလတရားကို စောင့်စည်းရမည်။
(၁) လာဘ-လာဘ်ကိုငဲ့၍ ပျက်စီးခြင်း၊
(၂) ယသခြွေရံကျော်စောမှုကို ငဲ့သောကြောင့်၎င်း၊
(၃) ညာတိ- ဆွေမျိုးကြောင့် ၎င်း၊
(၄) အင်္ဂါ-ခြေလက်စသည်ကြောင့် ၎င်း၊
(၅) ဇိဝိတ-အသက်ကြောင့် ၎င်း၊
(၆) ခဏ္ဍ-ကျိုးခြင်း၎င်း၊
(၇) ဆိဒ္ဒ-ပေါက်ခြင်း၎င်း၊
(၈) သဗလ-ပြောက်ခြင်း၎င်း၊
(၉) ကမ္မာသ- ကျားခြင်း၎င်း၊
(၁၆) မေထုန်ငယ် ၇-ပါး ထည့်၍ ၁၆-ပါးယူသည်။ ♦

သီလဝိသုဒ္ဓိ အပြား ၄-ပါး

သီလ ဖြူစင်ကြောင်း တရား ၄-ပါး။
(၁) ဒေသနာ သုဒ္ဓိပါတိမောက္ခ သံဝရသီလ ပျက်လျှင် ဒေသနာကြားခြင်းစသည့် မိမိအာပတ် ဆိုင်ရာနည်းဖြင့် ကုစားစင်ကြယ်ခြင်းမျိုး၊
(၂) သံဝရ သုဒ္ဓိ- ဣန္ဒြိယ သံဝရသီလ ၆-ပါး၌ တပါးပါး ပျက်လျှင် နောင် မပေါက်ကြားစေရဟု အဓိဋ္ဌာန်တင်၍ စင်ကြယ်ခြင်းမျိုး၊
(၃) ပရိယေဋ္ဌိ သုဒ္ဓိ- အာဇိဝ ပါရိသုဒ္ဓိ သီလပျက်လျှင် ကုလဒူသန အနေသန စသော မိစ္ဆာဇီဝ နောက်ခါ မဖြစ်ရအောင် ရှောင်ကြဉ်၍ သမ္မာအာဇိဝဖြင့် ရှာမှီးခြင်းမျိုး၊
(၄) ပစ္စေဝေက္ခဏာ သုဒ္ဓိ- ဣဏပရိဘောဂ မဖြစ်စေဘဲ ပစ္စည်းလေးပါး၌ ပစ္စဝေက္ခဏာ ဆင်ခြင်၍ ပစ္စယ သန္နိဿိတ သီလကို စင်ကြယ်စေခြင်းမျိုး။ ♦

သီဟိုဠ်ကျွန်း၏ အမည်မျိုး ၇-ပါး

(၁) လင်္ကာဒီပ - လင်းယင်ရွက်နှင့်တူသောကျွန်း၊
(၂) တမ္ဗပါဏိဒီပ-မြေနီရှိသဖြင့် ၎င်း၌ ကိုင်တွယ်ထောက်လှမ်းသော လက်မှာ နီသောကျွန်း၊
(၃) သီဟဠဒီပ-သီဟဗာဟု ဝတ္ထုလာ ခြင်္သေ့ကျွန်း၊
(၄) သြဇာဒီပ- မြေဆီ သြဇာကောင်းကျွန်း၊ (ကကုသန် ဘုရားလက်ထက် အမည်) ။
(၅) ဝရဒီပ- ကြီးမြတ်ကျွန်း၊ (ကောဏာဂုံ ဘုရားလက်ထက် အမည်) ။
(၆) မဏ္ဍလဒီပ-ကြည်လင်ကျွန်း၊ (ကဿပ ဘုရားလက်ထက် အမည်) ။
(၇) သီရိလင်္ကာကျက်သရေ (ယခုအမည်) ။ ♦

သုံးဆယ့်ခုနစ်မင်းနတ်

၎င်းသရုပ်(အတွင်း ၃၇-မင်း၊ အပြင် ၃၇-မင်း) ၌ ရှုပါ။ ♦

သုံးဆယ့်တစ်ဘုံ

၎င်းသရုပ်အဓိပ္ပါယ် (ဘုံ သုံးဆယ့်တစ်) မှာ ကြည့်လေ။ ♦

သုံးဆယ့်နှစ် ကောဋ္ဌာသ

ခန္ဓာကိုယ်၏ ၃၂-ပါးသော အဖို့အစု အစိတ်အပိုင်းများကို ခေါ်ဆိုသည်၊ ဥပရိပဏ္ဏာသပါဠိတော်။ ကေသာ-ဆံပင်၊ လောမာ-အမွေး၊ နခါ-ခြေသည်း လက်သည်း၊ ဒန္တာ-သွား၊ တစော-အရေ၊ မံသံ- အသား၊ နှာရု- အကြော၊ အဋ္ဌိ- အရိုး၊ အဋ္ဌိမိဉ္စံ- ရိုးတွင်းခြင်ဆီ၊ ဝက္ကံ-အညှို့၊(၁၀) ။ ဟဒယံ-နှလုံး၊ ယကနံ-အသည်း၊ ကိလောမကံအမြှေး၊ ပိဟကံအဖျဉ်း၊ ပပ္ဖါသံ-အဆုပ်၊ အန္တံ-အူမ၊ အန္တဂုဏံ-အူသိမ်၊ ဥဒရိယံ-အစာသစ်၊ ကရီသံအစာဟောင်း၊ မတ္ထလုင်္ဂံ-ဦးနှောက်၊ (၂၀) ။ ပိတ္တံ သည်းခြေ၊ သေမှံ-သလိပ်၊ ပုဗ္ဗော-ပြည်၊ လောဟိတံ-သွေး၊ သေဒေါ-ချွေး၊ မေဒေါ-အဆီအခဲ၊ အဿု-မျက်ရည်၊ ဝသာ-ဆီကြည်၊ ခေဠောတံတွေး၊ သိင်္ဃာဏိကာ-နှပ်၊ (၃၀) ။ လသိကာ-အစေး၊ မုတ္တံ-ကျင်ငယ်။
(၃၂) ။ ♦

သုံးဆယ့် နှစ်ပါးသော ကံကြမ္မာ

၎င်းသရုပ် အကျယ်ကို (ကံကြမ္မာ ၃၂-ပါး) ၌ ပြခဲ့ပြီ။ ♦

သုံးဆယ့် နှစ်ပါးသော တိရစ္ဆာန ကထာ

၎င်း သုတေသန ရပ်ကို(တိရစ္ဆာနာ၊ ဒွတ္တိံသာ၊ ကထာ ၃၂) ဟူသော သရုပ်၌ ပြဆိုခဲ့ပြီ။ ♦

သုံးဆယ့် နှစ်ပါးသော လက္ခဏာတော်ကြီး

၎င်း သရုပ်အဓိပ္ပါယ် (လက္ခဏာတော်ကြီး ၃၂-ပါး) ၌ ရှုပါ။ ♦

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ

၎င်းသရုပ်အဓိပ္ပါယ် (မင်္ဂလာတရား ၃၈-ပါး) ၌ ကြည့်ပါ။ ♦

သုံးပုံဖဲဟု၊ ခေါ်ဆိုပြု၊ သမုဗြုပ္ပတ် အသို့နည်း?

သုံးပုံဖဲ ခေါ်ခြင်း၏ မူရင်းဗြုပ္ပတ်ကား ဖဲပေါင်း ၂၄-ချပ် ရှိလေရာ ၈-ချပ် တပုံကျ သုံးပုံပြုကာ စီစဉ်ကစားခြင်းကို အစွဲပြု၍ ခေါ်ဆို လေသည်။ ♦

သုံးလွန်းတင် ထမင်း

အောက်ပါ ဦးကြီး၏ လွမ်းချင်းဖြင့် ထင်ရှား၏။ “ပဲနောက်နှင့် ပြောင်းဆန်၊ ကောက်သားငယ်ရံ၊ ဝေဖန်နှောရှက်၊ ရောကာချက်လို့၊ ပြောဘက်ကယ် မမြင်၊ သြဇာ ပြွမ်းတဲ့ သုံးလွန်းတင်ကို၊ ခင်မင်ဖွယ်ရာ၊ သည်ချိန်ကို လာခဲ့ပ၊ တောရွာသူ့ ခန့်ပုံကို၊ အသားကုန်လက်ပြိုင်ဆွဲလိုံ၊ နွှဲစေမယ်လေး” ပဲ, ပြောင်း, ဆန် ၃-မျိုး ဆတူ ဟူ၏။ ♦

သုက်မလွတ်သူ ၃-မျိုး

(၁) နတ်ပြည် ၆-ထပ်ရှိ နတ်များ နတ်သ္မီးနှင့်ပေါင်းဆုံမှီဝဲ သုံးသပ်သော်လည်း သုတ်သည် တည်ရာဌာန၌ပင် ချုပ်ပျောက်သွား၏၊
(၂) ဗြဟ္မာများ မေထုန်မှုမရှိ၊
(၃) ဘုရား ရဟန္တာများ။ ♦

သုက်သွေးကို သောက်မျို၍ ပဋိသန္ဓေတည်နေသူ ၃-ယောက်။

(၁- ၂) ရသေ့တို့၏ စွန့်ထားသော သုက်သွေးနှင့်တကွသော ကျင်ငယ်ရေကို သောက်ကြသော သမင်မ နှစ်ကောင်တို့၏ ဝမ်း၌ သံကိစ္စ သတို့သားနှင့် ဣသိသိင်္ဂသတို့သား နှစ်ယောက်တို့ ပဋိသန္ဓေနေကာ ဖွားမြင်လာ၍ နောက်ပိုင်း၌ သံကိစ္စရသေ့, ဣသိသိင်္ဂရသေ့ ဟူ၍၎င်း၊
(၃) ဥဒါယီရဟန်း၏ သုက်ရည်လူးသော သင်္ကန်းကို ဘိက္ခုနီမ တဦးက ခံတွင်းဖြင့် စုတ်ယူမျိုစား၍ ကုမာရကဿပ မထေရ်ကို ဖွားမြင်လာသည်ဟူ၍၎င်း သာသနာဝင်ကျမ်းဂန်တို့၌ လာရှိ၏။ ♦

သုခအပြား၊ မျိုး ၄-ပါး၊ ထင်ရှား ဘိဓမ္မာ

ချမ်းသာ ၄-မျိုး
(၁) ဝေဒယိတ သုခ-ခံစား စံစား ရသောသုခ ချမ်းသာမျိုး၊
(၂) သန္တိသုခ-မခံစားရဘဲ အစဉ်ငြိမ်းအေးချမ်းသာသော သုခမျိုး၊
(၃) ကာယိကသုခ-ကိုယ်ချမ်းသာခြင်း၊
(၄) စေတသိက သုခ-စိတ်ချမ်းသာခြင်း။ ♦

သုစရိုက် ၃-ပါး

အပြစ်မရှိ ကောင်းကျိုးသုခရမှုမျိုး ၃-ပါး။
(၁) ကာယသုစရိုက်- ကိုယ်ပြု ကောင်းမှု ကုသိုလ်စု၊
(၂) ဝစီသုစရိုက်- နှုတ်ပြုကောင်းမှုကုသိုလ်စု၊
(၃) မနောသုစရိုက်-စိတ်ပြု ကောင်းမှု ကုသိုလ်စု။ ♦

သုစရိုက် ၁၀-ပါး

မူလပဏ္ဏာသ။ ပါ။ ၃၆၀။ ဋ္ဌ။ ၂၃၄-၌ အကျယ်ရှုပါ။ ၎င်း သရုပ် အဓိပ္ပါယ် (ပုညကြိယာဝတ္ထု ၁၀-ပါး) နှင့် တူ၏။ ♦

သုစရိုက်တရား ၁၀-ပါး၊ တနည်း

ဒုစရိုက် တရား ၁၀-ပါးမှ ရှောင်ရှားပယ်ကြဉ်မှု အကျင့်သီလကိုပင် (သုစရိုက် ၁၀-ပါး) ဟု တနည်း သိမှတ်ရာ၏။ ♦

သုစရိုက်တရား အပြား-၄၀

သုစရိုက် ၁၀-ပါးကိုတည်၊ ကိုယ်တိုင် ပြုလုပ်ခြင်း၊ သူတပါးကို ပြုလုပ်ခိုင်းခြင်း၊ သူတပါး ပြုလုပ်သည်ကို စိတ်ဖြင့်ဝမ်းသာခြင်း၊ သူတပါးပြုလုပ်ရာ၌ နှုတ်ဖြင့် ချီးမွမ်းခြင်း ၄-ပါးဖြင့်မြှောက်သော် သုစရိုက်-၄၀ ဖြစ်၏။ ♦

သုစရိုက်တရား အပြား ၁၀၀

နိဗ္ဗာန်ရောက်ကြောင်း တရားကောင်း တရာဟူ၏။ (က) ပုည ကြိယာဝတ္ထု ဆယ်ပါးကိုတည်၊ ကံ ၃-ပါးနှင့်မြှောက်၊၃၀-ရ၏၊ (ခ) ပါရမီဆယ်ပါးကိုတည် ဟီန, မဇ္ဈိမ, ပဏီတ ၃-ပါးနှင့် မြှောက် ၃၀-ရ၏၊ (ဂ) ၎င်း ၂-ရပ် ၆၀-ကို အထက်ပါ သုစရိုက် ၄၀-နှင့်ပေါင်းသော် သုစရိုက် ၁၀၀-ဖြစ်သည် ဟူ၏။ ♦

သုညတတရား၊ ၁၂-ပါး၊ ပယ်ရှားအတ္တ အသို့နည်း?

ဝိသုဒ္ဓိမဂ် အဋ္ဌကထာလာ အတ္တမရှိပုံကို ပြသည့် အခြင်းအရာ ဆယ့်နှစ်ပါး။ ၁- န သတ္တော- ရုပ်, ဝေဒနာစသည်တို့ကား နာမ်ရုပ်သာဖြစ်၏၊ သတ္တဝါမဟုတ်။ ၂- န ဇီဝေါ- (ယ) ဇီဝမဟုတ်, အသက်မဟုတ်။ ၃- န နရော- (ယ) လူမဟုတ် နတ်မဟုတ်။ ၄- န မာဏဝေါ- (ယ) လုလင်မဟုတ်။ ၅- န ဣတ္ထိ- (ယ) မိန်းမမဟုတ်။ ၆- န ပုရိယော- (ယ) ယောက်ျားမဟုတ်။ ၇- နအတ္တာ-(ယ) အတ္တမဟုတ်။ ၈- နအတ္တနိယံ-(ယ) အတ္တပိုင် ပစ္စည်းမဟုတ်။ ၉- နာဟံ- (ယ) ငါမဟုတ်။ ၁၀- န မမ- (ယ) ငါ၏ ဥစ္စာမဟုတ်။ ၁၁- န အညဿ- (ယ) သူတပါး၏ ဥစ္စာမဟုတ်။ ၁၂- န ကဿစိ- (ယ) တစုံတယောက်၏ ဥစ္စာမဟုတ်။ ♦

သုတ် ၃-ကျမ်း

ဒီဃ နိကာယ်၌ ပါဝင်သော ဒေသနာတော်များ၊ အကျယ်( နိကာယ် ၅-ရပ်) ၌ ကြည့်ပါ။ ♦

သုဒ္ဓိ ၄-ပါး၊ ရဟန်းများ၊ ထူးခြား ဖြူစင်ကြ

ရဟန်းတော်များ အဖို့စင်ကြယ်ခြင်း လေးပါးဟုအဓိပ္ပါယ်ရသည့် ဝိနယဝေါဟာရ မျိုး။
(၁) ဒေသနာ သုဒ္ဓိ-ပါတိမောက္ခ သံဝရသီလခေါ် ဝိနည်း ပညတ်တော်ဥပဒေသ၏ စင်ကြယ်ခြင်း၊ ၎င်းသည် ဒေသနာကြားသဖြင့် စင်ကြယ်သောကြောင့် 'ဒေသနာ သုဒ္ဓိ' မည်၏၊
(၂) သံဝရ သုဒ္ဓိ-သည်အမှုကို ငါတဖန် မပြုတော့ပြီဟု စိတ်ဆောက် တည်ခြင်း၊ စက္ခုစသော ဣန္ဒြေ စောင့်ထိန်းခြင်းကို ခေါ်သည်၊
(၃) ပရိယေဋ္ဌိ သုဒ္ဓိ-ဝိနည်းဥပဒေနှင့်မညီသော ပစ္စည်းကိုပယ်၍ ဝိနည်းတော်နှင့် အညီ ရှာမှီးလျက် အသက်မွေးဝမ်းကျောင်းပြုခြင်းကို ခေါ်သည်၊
(၄) ပစ္စဝေက္ခဏာ သုဒ္ဓိ-ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးဆောင်မှီဝဲခြင်းကိုခေါ်ဆိုသည်။ ♦

သုဓမ္မာသဘင်၊ စည်းဝေးရင်၊ ၄-အင် နတ် အကြောင်း

၎င်း အကြောင်းတရား ၄-ပါး၏ သရုပ်ကို (တာဝတိံသာ၊ သုဓမ္မာ၊ ၄-ဖြာ စည်းဝေးကြောင်း) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

သုရာ မေရယ ကံထိုက်ခြင်း အင်္ဂါ ၄-ပါး

ဤအင်္ဂါ ၄-ပါးနှင့်ညီမှု နည်းနည်း သောက်လျှင် နည်းနည်း အပြစ်ရှိ၏၊ များများသောက်လျှင် များသောအပြစ်ရှိ၏၊ဣတိဝုတ် အဋ္ဌကထာနှင့် သမ္မောအဋ္ဌကထာမှ။
(၁) မဇ္ဇဘာဝေါ- သေအရက် ကဇော်ဖြစ်ခြင်း၊
(၂) ပါတုကမျစိတ္တံသောက်လိုစိတ် ရှိခြင်း၊
(၃) ဝါယမော-သောက်ဖြစ်အောင် လုံ့လ ပြုခြင်း၊
(၄) အဇ္ဈောဟရဏံသောက်မျိုချခြင်း။ ♦

သူရာမျိုး ၅-ပါး

ဝိနည်းမဟာဝါ။ ပါ။ ၁၄၆။ ဋ္ဌ။ ၁၂၇ မူးယစ်၍သူတော်ကောင်းတရားကို မေ့လျော့စေတတ်သော သေရည်ခေါ် သူရာမျိုး ၅-ပါး။
(၁) ပိဋ္ဌ သူရာ- ဆန်မှုန့်ကို ပြုလုပ်သော သေရည်၊
(၂) ပူဝသူရာ- မုယောဂျုံမှုန့်ကို ပြုလုပ်သော သေရည်၊
(၃) သြဒန သူရာ- ကောက်ညှင်း ထမင်းကို ပြုလုပ်သော သေရည်၊
(၄) ကိဏ္ဏ ပက္ခိတ သူရာ- တဆေးမှုန့်ကိုခတ်၍ ပြုလုပ်သော သေရည်၊
(၅) သမ္ဘာရ သံယုတ္တသူရာ- သေရည်ဖြစ်ကြောင်း ဝတ္ထုပေါင်းကို စုဆောင်း ပြုလုပ် အပ်သော သေရည်။ ♦

သူကောင်းလူကောင်း တရား ၇-ပါး

သုတ်ပါထေယျ။ ပါ။ ၂၀၈။ ဋ္ဌ။ ၂၂၁။ သတ္တင်္ဂုတ္တရ။ ပါ။ ၄၈၃။ ဋ္ဌ။ ၁၈၄။ ဓမ္မကထိကများ သိထားလိုက်နာစရာ။ သတ္တ သပ္ပုရိသ ဓမ္မာဟု သီးခြား ဘုရားဟောတော်မူသည်။
(၁) ဓမ္မညူ-ပါဠိ၌ လိမ်မာခြင်း ကိုယ်ကျင့်တရား၌ နားလည်ရခြင်း၊
(၂) အတ္ထညူ- အနက်၌ ကျွမ်းကျင်ခြင်း အကျိုးရရေး၌ နားလည်ခြင်း၊
(၃) အတ္တညူ- ကိုယ်ရေး ကိုယ်တာ၌ လိမ်မာခြင်း၊
(၄) ကာလညူ-အချိန်ကာလ အပိုင်းအခြားကို သိခြင်း၊ အခြေအနေကို နည်းလည်ရခြင်း၊
(၅) မတ္တညူ-အတိုင်းအရှည် ပမာဏကို သိခြင်း၊အလိုက်သိရခြင်း၊
(၆) ပရိသညူပရိသတ်အလိုသဘော၌ သိရှိလိမ်မာခြင်း၊
(၇) ပုဂ္ဂလညူ- ပုဂ္ဂိုလ်၏ အလိုသဘော၌ ပါးနပ်လိမ္မာရခြင်း။ ♦

သူခိုးကြီးတို့ လိုက်နာ ထိန်းစောင့်သ့သည့် အင်္ဂါ ၈-ပါး

ဤအင်္ဂါရှစ်ပါးကိုစောင့်ထိန်းသော ခိုးသား ကြီးများသည် ရက်-လ-နှစ်ရှည်- တည်တံ့နိုင်သည်၊ ဤအင်္ဂါရှစ်ပါးနှင့် မပြည့်စုံသော ခိုးသား ဓားပြတို့ကား- ရက်-လရှည်မတည်၊ လျင်မြန်စွာ ပျက်စီးတတ်သည်ဟု (အံ၊၃၊၁၅၃) ၌ ဟောတော်မူသည်။
(၁) မိမိ၏ ရန်သူမဟုတ်သည့် အသက်အရွယ်ကြီးသူ, ကလေးသူငယ်, အကျင့်သီလဂုဏ် ရှိသူ,တို့ကိုရိုက်နှက် ပုတ်ခတ်မှု မပြုခြင်း၊
(၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
(၃) မိန်းမကို မသတ်ခြင်း၊
(၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
(၅) ရှင် ရဟန်းတို့ကို မလုရက်ခြင်း၊
(၆) မင်းဘဏ္ဍာတိုက်ကို မလုရက်ခြင်း၊
(၇) ရွာ-နိဂုံးမင်းနေပြည်အနီး၌ မလုရက် မတိုက်ခိုက်ခြင်း။ ♦

သူခိုးဓားပြ၊ သူပုန်တို့၏ မှီခိုအားထားရာကြီး ၅-ပါး

လူသားတို့ငြိမ်းဧချမ်းသာမှုအတွက် တိုင်းပြည် မြို့ရွာ နယ်ပယ် အုပ်ချုပ် ထိန်းသိမ်းကြသော မင်းစိုးရာဇာတို့ သိထားရန်။ အင်္ဂုတ္တရ။ ပါ။ ဒု-အုပ်။ ၁၁၃-၌အကျယ်ရှုပါ။
(၁) အသွားအလာ ခက်သည့် ရေလယ်ကျွန်း၊ တောင်ကြားချောက်ကြား၊ ရှို-မြောင် မညီညွတ်သော ခရီးခက်အရပ်ကို မှီနေတတ်ကြသည်၊
(၂) ထူထပ်သည့်ကိုင်းတောကျူတော၊ပင်ချင်းယှက်သည့်တောအုပ်ကြီး စသည့်အရပ်မျိုး၊
(၃) တစုံတယောက်က ဖေါ်ပြောလျှင် မင်းအမတ် မှုထမ်း ရာထမ်းတို့က အပြစ်ကို ကာကွယ်ဖုံးအုပ်ပေးရန် ၎င်းတို့နှင့်ကြိုတင်၍ အကျွမ်းတဝင် အမှီတံကဲ ပြုလုပ်ထားခြင်း၊
(၄) မိမိတို့အပြစ်ကို ဖေါ်ပြောထုတ်ဆိုမည့်သူများအား နှုတ်ပိတ်ခ ပစ္စည်းဥစ္စာပေးကမ်းရန်၊
(၅) မိမိတို့၏ လျှို့ဝှက်တိုင်ပင်မှု မပေါက်ကြား စေရန် အထူးလုံခြုံသောနည်းလမ်း ဥပါယ်တို့ ဖြစ်၏။ ♦

သူဌေးရိုးရာ၊ ဇာတ်နွယ်လာ၊ ၄-ဖြာ မည်သို့ မှတ်သနည်း?

သူဌေးတို့၏မျိုးရိုးအစဉ်ကို ဇာတ်နွယ် အားဖြင့် ဤသို့ ဘွဲ့ပုံ တံဆိပ်များ ပေးအပ်၏။
(၁) ခတ္တိယ သေဋ္ဌိ-ဥစ္စာများစွာ ကြွယ်ဝသော မင်းမျိုး သူဌေး၊
(၂) ဗြဟ္မဏသေဋ္ဌိ- ဥစ္စာများစွာ ကြွယ်ဝသော ပုဏ္ဏားမျိုးသူဌေး၊
(၃) ဝေဿ သေဋ္ဌိ- ဥစ္စာများစွာကြွယ်ဝသော ကုန်သည်ကြီး အသည်မျိုးသူဌေး၊
(၄) မာဟာ သေဋ္ဌိ- သူဆင်းရဲအမျိုးမှ သူဌေးကြီး ဖြစ်လာသူများ။ ♦

သူတပါးအိမ်၌ မအပ် မထားရသော အရာမျိုး ၄-ပါး

ဇာတ်။ ပါ။ ဒု-အုပ်။ ၁၂၀။ ဋ္ဌ။သူတပါးအား မပြောကြားအပ်သော အရာကြီး ၉-ပါး

ထိုအကြောင်းတရား ကိုးပါးကို ထင်ရှားစွာ ထုတ်ဖေါ် မဆိုရာဟု ဟိတောပဒေသ၌ လာရှိ၏၊မလုံခြုံက ပျက်စီးကျိုးမဲ့ ဖြစ်တတ်သည်။
(၁) အာယု- မိမိနေရအံ့သော အသက်အပိုင်းအခြား၊
(၂) ဝိတ္တ-မိမိပိုင် စည်းစိမ်ဥစ္စာ ရတနာဟူသမျှ၊
(၃) ဂေဟဆိဒ္ဒ- မိမိ၏ အိမ်၌ မလုံခြုံသော နေရာနှင့် အပြစ်အဆာ ဟူသမျှ၊
(၄) မန္တလျှို့ဝှက်အပ်သောတိုင်ပင် ဆွေးနွေးမှုများ၊
(၅) မေထုန- ကိုယ့်မယားအား သံဝါသမှု စပ်ရှက်ပြုပုံနည်းနှင့် ပြုသောနေရာဌာန၊
(၆) ဘေသဇ္ဇနယ- ခဲခက်စွာ ဖေါ်စပ်အပ်သော ဆေးစွမ်းကောင်းများ၊
(၇) တပ- မိမိ၏ ချိုးခြံစွာသော အကျင့်၊
(၈) ဒါန- လှူဒါန်း ပေးကမ်းခြင်း၊
(၉) အပမာဏ- မိမိအား သူတပါးတို့က ပမာမထား မလေးစားပုံ အခြင်းအရာ။

မှတ်ချက် ။ ။ တပ,နှင့် ဒါန,တို့အတွက်ကိုမူ မိမိအား သူတပါးတို့က အထင်အမြင်ကြီးလာအောင် ဖြစ်စေ၊ ဂုဏ်ပကာသနကို ဖေါ်လို၍ ဖြစ်စေ၊ မပြောဆိုအပ်၊ ထင်သေး မြင်သေး ဖြစ်တတ်သည် ဟူ၏၊ 'ပတ္တိဒါန'အမျှပေးဝေရေး အတွက်ကိုမူကား ထင်ရှားစွာပြောဆိုအပ်၏ဟု မှတ်လေ။ ♦

သူတော်ကောင်း ဥစ္စာ ရတနာ ၇-ပါး

သတ္တင်္ဂုတ္တရ။ ပါ။ ၃၉၈။ ၎င်းသရုပ်(အရိယာ ဥစ္စာ ၇-ပါး) နှင့် တူ၏။ ၎င်း၏ သရုပ်အဓိပ္ပါယ် (အရိယာဥစ္စာ ၇-ပါး) ဟူသော စကားရပ်၌ ပြခဲ့ပြီ။ ♦

သူတော်ကောင်းတရား ၇-ပါး

သတ္တ သဒ္ဓမ္မာဟု သီးခြား ဘုရားဟောတော်မူသည်။
(၁) သဒ္ဓေါ-ရတနာသုံးပါး၏ ဂုဏ်ရည်, ကံ, ကံ၏အကျိုးတို့၌ ယုံကြည်ခြင်း၊
(၂) ဟီရိတာမကောင်းမှု၌ အရှက်ရှိခြင်း၊
(၃) သြတ္တပ္ပီ- မကောင်းမှု၌ အကြောက် ရှိခြင်း၊
(၄) ဗဟုဿုတောအကြား အမြင်များခြင်း၊
(၅) အာရဒ္ဓ ဝီရိယော- ကောင်းလုပ်၌ လုံ့လဝိရီယ ရှိခြင်း၊
(၆) ဥပဋ္ဌိတ သတိ- ကောင်းရာ၌ ထင်သော သတိရှိခြင်း၊
(၇) ပညဝါ- ဉာဏ်ဆင်ခြင် ပညာရှိခြင်း။ ♦

သူမိုက်လက္ခဏာ၊ အင် ၃-ဖြာ၊ မိန့်မှာ မြတ်ဗုဒ္ဓ

၎င်း သရုပ်ကို(လူမိုက် လက္ခဏာ၊ အင် ၃-ဖြာ) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

သူယုတ်တို့ ပေးလှူပုံနည်း ၅-မျိုး

ဥပရိပဏ္ဏာသ။ ပါ။ ၇၂။ ၎င်း။ ဋ္ဌ။ ၅၄-၌ အကျယ်ရှုပါ။ အသပ္ပုရိသ ဒါနမျိုး ၅-ပါး။
(၁) အ သက္ကစ္စံ ဒါနံ ဒေတိ-သန့်သန့် ရှင်းရှင်း စင်စင် ကြယ်ကြယ် ပြု၍ မပေးလှူ၊
(၂) အ စိတ္တီ ကတွာ ဒေတိ-မရိုမသေ မလေးမခန့်ပြု၍ ပေးလှူ၏၊
(၃) အ သဟတ္ထာ ဒေတိ-ကိုယ်ထိလက်ရောက် မပေးလှူ၊
(၄) အပဝိဒ္ဓံ ဒေတိစွန့်ပစ်လောက်အောင် မကောင်းပျက်စီးလုနီးမှ ပေးလှူခြင်း၊
(၅) အနာဂမန ဒိဋ္ဌိကောဒေတိ- ရရောက် ခံစားမည့် နောင်ကျိုးကို မယုံမကြည် ပေးလှူခြင်း။ ♦

သူရဲကောင်းပြား၊ ၁၃-ပါး၊ မြှောက်စား စစ်ဘုရင်။

မင်း အစိုးရတို့သည် အောက်ပါ ရည်သွားသတ္တိရှိသော သူရဲသူခက်တို့ကို စည်းစိမ်ဂုဏ်ထူးအမျိုးမျိုးတို့ဖြင့် မြှောက်စား ချီးကျူးရာသည် ဟူ၏၊ ဤ၌ ၁၃-ယောက်ကို သီလက္ခန် သာမညဖလသုတ် အဋ္ဌကထာနှင့်၊ ၎င်း ဋီကာ ကျမ်းတို့မှယူပြသည်။
(၁) ဟတ္ထာရောဟ-ဆင်စီး စစ်တိုက် သူရဲကောင်း၊
(၂) အဿာရောဟ-မြင်းစီးစစ်တိုက် သူရဲကောင်း၊
(၃) ရထိက-ယဉ်,ရထားစီးစစ်တိုက် သူရဲကောင်း၊
(၄) ဓနုဂ္ဂဟ- သေနတ်,အမြောက်, စိန်ပြောင်း, လေးပစ် တည့်မတ်သော စစ်တိုက်သူရဲကောင်း၊
(၅) စေလက- အောင်လံကိုင် ရှေ့သွားသူရဲကောင်း၊
(၆) စလက- တပ်ရင်း, တပ်မ, တပ်ခွဲ, တပ်စိပ်တို့ကို အနေအထားကျအောင် အဌာကျကျ စီရင်တိုက်ခိုက်စေတတ်သော သူရဲကောင်း၊
(၇) ပိဏ္ဍဒါထိက-ထန်းသီးခိုင် ချိုင်သကဲ့သို့ တဖက်ရန်သူ၏ဦးကောင်းကို ဖြတ်ယူစွမ်းနိုင်သော သူရဲကောင်း၊
(၈) ဥဂ္ဂရာဇပုတ္တ-တိုက်ပွဲအောင်ဖန်များ၍ ကျော်ကြား ထင်ရှားသော မင်းညီ မင်းသား သူရဲကောင်းများ၊
(၉) ပက္ခန္ဒိန-ရန်သူ့တပ်တွင်းသို့ ခုန်ပျံ ထိုးဝင်လျက် သူရှင်ဦးခေါင်းကို ဖြတ်ယူကာ လျင်စွာ ပြန်လာနိုင်သော “ပျံချီ''သူရဲကောင်းများ၊
(၁၀) မဟာနာဂ-အမုန်ယစ် ဆင်ပြောင်းကြီးနှင့် ရင်ဆိုင်တွေ့စေကာ မဆုတ်မနစ် ထိုးပစ် တွန်းလှန်၍ အနိုင်ယူတတ်သော သူရဲကောင်း၊
(၁၁) သူရာ-မဟာသမုဒ္ဒရာကြီးကိုပင် လက်ပစ်ကူးရမည်ဟု အရှင်က စေခိုင်းလျှင် မဆုတ်မပြန် ကူးအံ့ဟု ကိုယ်စွမ်းကိုး သူရဲကောင်း၊
(၁၂) စမ္မရောစိန-သားရေ,သံချပ်ဝတ်အင်္ကျီကို ဝတ်ဆင်၍ တဖက်စစ်သည်ကို အတင်းဝင်ရောက် နှိမ်နင်းနိုင်သော သူရဲကောင်း၊
(၁၃) ဒါသပုတ္တမကြောက်မရွံ့ နောက်မတွန့်ဘဲ ရန်သူ့အတွင်းသို့ဝင်နိုင်သော အိမ်တော်ပါသူရဲကောင်း။ ♦

သူ့အသက် သတ်ခြင်း၏ အပြစ်မျိုး ၂၃-ပါး

၎င်း သရုပ်ကို (ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး) ၌ ဆိုခဲ့ပြီ။ ♦

သူ့ဥစ္စာခိုး၊ မကောင်းကျိုး၊ အမျိုး ၁၂-ပါး

၎င်း သရုပ်ကို (အဒိန္နဒါန်၏ အပြစ် ၁၂-ပါး) ၌ ဆိုခဲ့ပြီ။ ♦

သူ့သားမယား၊ လွန်ကျူးငြား၊ ၁၅-ပါးပြစ်ခံ

၎င်း သရုပ်ကို(ကာမေသုကံ၊ ကျိုးပြစ်ဒဏ်၊ ထိမှန် ၁၅-ပါး) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

သေ ၄-ပါး

ဤသရုပ် ၄-ပါးကား၊ ကျမ်းကြီးကျမ်းခိုင်တို့၌ မလာ၊ ရှေးရိုးပြောစဉ်မှတ်စုမှ သုတေသန ပြုလိုက်သည်။
(၁) ရှင်မဟာကဿပ၏ ရုပ်ဓာတ် အလောင်းတော်မြတ်သည် ဝေဘာရတောင် မြကမ္ဗလာထက်ဝယ် ယခုတိုင် ရှိနေသည် ဟူ၏၊
(၂) အရှင်သုဘာရ၏ အလောင်းတော်မြတ်သည် ဥတ္တမ တောင်ထက်ဝယ် ယခုတိုင်ရှိသည် ဟူသတတ်၊
(၃) အရှင်ဥပေက္ခာရ၏ ရုပ်အလောင်းသည် ပန်းမျိုးစုံခသော မကုဠတောင်ထက်ဝယ် ယခုတိုင်အောင် ရှိသတတ်၊
(၄) အရှင်ဓမ္မသာရ၏ ရုပ်ဓာတ် အလောင်း တော်မြတ်သည် ပန်းမျိုးစုံခသော မကုဠတောင်ထိပ်ဗွေဝယ် ယခုတိုင်ရှိသတတ် ဟူ၏။

မှတ်ချက် ။ ။ သေ ၄-ပါး အစစ်ကား ပုထုဇန် လေးယောက်တို့တည်း၊ တနည်း၊ ဖလဋ္ဌာန် ၄-ယောက် ဟူ၍အမြဲမှတ်။ ♦

သေက္ခပုဂ္ဂိုလ် ၇-ယောက်။

'ကျင့်ဆဲ အောက်အရိယာ ခုနစ်ယောက်ကိုသေက္ခခေါ်သည်။
(၁) သောတာပတ္တိ မဂ်ပုဂ္ဂိုလ်၊
(၂) ၎င်း ဖိုလ်ပုဂ္ဂိုလ်၊
(၃) သကဒါဂါမိ မဂ်ပုဂ္ဂိုလ်၊
(၄) ၎င်း ဖိုလ်ပုဂ္ဂိုလ်၊
(၅) အနာဂါမိမဂ်ပုဂ္ဂိုလ်၊
(၆) ၎င်း ဖိုလ်ပုဂ္ဂိုလ်၊
(၇) အရဟတ္တမဂ်ပုဂ္ဂိုလ်။ ♦

သေခြင်းအပြား မျိုး ၃-ပါး

မရဏအပြား ၃-ပါးလည်းဟူ၏။
(၁) ခဏိကမရဏခန္ဓာ အာယတန ဓာတ်တို့၏ ဖြစ်, ပျက်, ချုပ်နေသည်ကို ခေါ်သည်၊
(၂) သမ္မုတိ မရဏငဖြူသေသည် ငမဲသေသည် ဆင်သေသည် မြင်းသေသည်ဟု သမုတ်ခြင်းမျိုးကို ခေါ်ဆိုသည်၊
(၃) သမုစ္ဆေဒ မရဏ-ဘုရားရဟန္တာ အရှင်မြတ်တို့ ခန္ဓာဇာတ်သိမ်း နိဗ္ဗာန်ဝင်ကြိမ်းသည်ကို ခေါ်ဆိုသည်။ ♦

သေခြင်း၏ အကြောင်း ၄-ပါး

တောင်ကျွန်းနေလူသားတို့ သေခြင်း ဖြစ်ပုံ မရဏုပ္ပတ္တိ လေးပါး။
(၁) အာယုက္ခယ- သက်တမ်းစေ့၍ သေခြင်း၊
(၂) ကမ္မက္ခယ- သက်တမ်းမစေ့မီ ကုသိုလ်ကံကုန်၍ သေခြင်း၊
(၃) ဥဘယက္ခ-သက်တမ်းလည်းစေ့ ကံလည်း ကုန်၍ သေခြင်း၊
(၄) ဥပစ္ဆေဒက- သက်တမ်းမစေ့ ကံမကုန်မီ ကပ်၍ ဖြတ်တတ်သော အကုသိုလ်ကံ တပါးကြောင့် သေရခြင်း။ ♦

သေခြင်းအကြောင်း ၈-ပါး၊ တနည်း

၎င်းသရုပ်ကို (ရောဂါဝေဒနာဖြစ်ခြင်း အကြောင်း ၈-ပါး) ၌ဆိုခဲ့ပြီ။ ♦

သေမင်း တမန်ကြီး ၄-ယောက်။

ဤ၌ ကျက်မှတ်လွယ်ကူစေရန် စာဏကျပျို့မှ ထုတ်ပြ လိုက်သည်။
(၁) အကျင့်ဖောက်ပြား၊ အမြှောင်ထားသည့်၊ မယားပျက်စွာ၊
(၂) လွန်ယုတ်မာသည့်၊ သဟာမိတ်ဆွေ၊
(၃) စည်းမဲ့နေသား၊ ရွှေငွေပစ္စည်း၊ မသိမ်းဆည်းဘဲ၊ အချည်းနှီးမှန်၊ ပေးကမ်း လွန်သည်၊ ကျေးကျွန်တမျိုး၊
(၄) အဆိပ်အိုးဟု၊ မြွေဆိုးရှိချေ၊ ဤလေးထွေနှင့်၊ တူနေဘယ်ခါ မပြုရာ။ ♦

သေမင်းငင်ရက် ၈-ပါး

ဝိနည်းမဟာဝါ။ ပါ။ ၄၀၁။ ဋ္ဌ။ ၄၀၉-၌ အကျယ်ရှု၊ ဆောင်းနှောင်းနွေကူး ရာသီဒဏ်မခံနိုင်ဘဲ သက်ကြီးရွယ်အိုနှင့် သက်ငယ်နုတို့ သေပျောက်များသော “တပို့တွဲလ၏ နောက်ဆုံး (၄) ရက်နှင့် တပေါင်းလ၏ အစ (၄) ရက်” ကိုခေါ်ဆိုသည်။

မှတ်ချက်။ ။ ဤရက်ကား ယူနည်းမူကွဲများစွာရှိ၏၊ မဃဒေဝ လင်္ကာသစ် ပိုဒ်ရေ (၂၈၀) ၌ ကျေးဇူးရှင် မန်လည် ဆရာတော်ဘုရားကြီးသော်မှ နည်းနှစ်မျိုး ယူ၍ ပြာသို, တပို့တွဲ၊ စိုရွှဲ ငွေနှင်း၊ သုတ်လေသွင်းနှင့်၊ ယင်းနှစ်လကြား၊ “တပါးထိုမြို့၊ တပို့တပေါင်း၊ ရှေးနှောင်းအညီ၊ လေးရက်စီမှတ်၊ အန္တရဌ်ဟု၊ ပညတ်နာမ၊ ကြားရှစ်ည၌၊ ကောင်းပလင်းဟုန်၊ တက်အရုဏ်ဝယ်၊ ခိုက်တုန်လွန်ကဲ၊ အေးစမြဲတည်း။ “ဟု စပ်ဆိုထားလေသည်။ ♦

သေရည်မျိုး ၅-ပါး

၎င်းအဓိပ္ပါယ် သရုပ်တို့ကား (သူရာမျိုး ငါးပါး) နှင့် တူ၏။ ♦

သေရည်သောက်စား၊ ပြစ် ၆-ပါး၊ ဘုရား ဟောတော်မူ

၎င်းသရုပ်ကို(အရက်သောက် ခြင်း အပြစ်၆-ပါး) ၌ ဆိုခဲ့ပြီ။ ♦

သောစေယျတရား မျိုး ၃-ပါး

သုတ်ပါထေယျ သံဂီတိသုတ်၌ ဟောတော်မူသည့် သန့်ရှင်း စင်ကြယ်ရေး တရားသုံးပါး။
(၁) ကာယသောစေယျ- ကာယဒုစရိုက် ၃-ပါးမှ စင်ကြယ်ခြင်း၊
(၂) ဝစီ သောစေယျ-ဝစီဒုစရိုက် ၄-ပါးမှ စင်ကြယ်ခြင်း၊
(၃) မန သောစေယျမနော ဒုစရိုက် ၃-ပါးမှစင်ကြယ်ခြင်း။ ♦

သောတပန် ၃-ယောက်။

ဧကဗီဇသုတ် မဟာဝဂ္ဂသံယုတ်။ ပါ။ ၁၈၀။ ဋ္ဌ။ ၂၆၉။ ၎င်းသရုပ်(သောတာပန်အပြား မျိုး ၄-ပါး) ၌ ၂, ၃, ၄ တို့ကို ယူပါလေ။ ♦

သောတာပန် ၂၄-ယောက်

ပုဂ္ဂလပညတ်။ ပါ။ ၁၁၉-၁၂၀။ ဋ္ဌ။ ၄၇-မှ ၅၃-အထိ အကျယ်ရှု။
(၁) သောတာပန် အစစ် ၃-ယောက်ကို ပဋိသမ္ဘိဒါ ၄-ပါးနှင့်မြှောက် ၁၂-ယောက်ဖြစ်၏၊ ၎င်းကို သဒ္ဓါဓုရ, ပညာဓုရနှစ်ပါးနှင့်မြှောက် ၂၄-ယောက် ဖြစ်၏။ ♦

သောတာပန်အပြား မျိုး ၄-ပါး

မဟာဝဂ္ဂသံယုတ်။ ပါ။ ၁၈၀။ ဋ္ဌ။ ၂၇၀။
(၁) စူဠသောတာပန်- ကင်္ခါဝိတရဏ ဝိသုဒ္ဓိစခန်းသို့ ရောက်သောယောဂီပုဂ္ဂိုလ်သည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အတော်များများ ပယ်စွန့်နိုင်ပြီဖြစ်၍ စူဠ သောတာပန် မည်၏၊
(၂) သတ္တက္ခတ္တု ပရမ သောတာပန်သောတာပတ္တိမဂ် ရပြီးနောက် ကာမဘုံ၌ ၇-ကြိမ်၊၇-ဘဝ ပဋိသန္ဓေ နေနိုင်ခွင့်ရှိသော ပုဂ္ဂိုလ်မျိုး၊
(၃) ကောလံ ကောလ သောတာပန်- သောတာပတ္တိမဂ် ရပြီးနောက် ကာမဘုံ၌ ၂-ဘဝမှ ၆-ဘဝအတွင်း တခုသော အမျိုးမြတ်မှ တခုသော အမျိုးမြတ်သို့ ပြောင်းရွှေ့ ပဋိသန္ဓေ နေနိုင်သောပုဂ္ဂိုလ်မျိုး၊
(၄) ဧက ဗီဇိ သောတာပန်- မဂ်ရပြီးနောက် တဘဝသာလူ့ပြည်၌ ပဋိသန္ဓေနေနိုင်ခွင့်ရှိသော ပုဂ္ဂိုလ်မျိုး။

မှတ်ချက် ။ ။ ယခုပြပြီး အမျိုးအစား၌ မပါသော သောတာပန်မျိုးလည်း ရှိသေး၏။ ♦

သောတာပန်၏ အင်္ဂါ ၄-ပါး

သောတာပန်ပုဂ္ဂိုလ်၏ အင်္ဂါ၊ သို့မဟုတ် အရိယာသာဝကတို့၏ အင်္ဂါ ၄-ပါး၊ မဟာဝဂ္ဂသံယုတ် ပါဠိတော်မှ။
(၁) ဗုဒ္ဓေ အဝေစ္စ ပသာဒ သမန္နာဂတဘုရား၌ မတုန်မလှုပ် ကြည်ညိုလေးစားခြင်း၊
(၂) ဓမ္မေ အဝေစ္စ ပသာဒ သမန္နာဂတ- တရားတော်၌ မတုန်မလှုပ် ကြည်ညိုလေးစားခြင်း၊
(၃) သံဃေ အဝေစ္စ ပသာဒ သမန္နာဂတ- သံဃာတော်၌ မတုန်မလှုပ် ကြည်ညို လေးစားခြင်း၊
(၄) အရိယကန္တ သီလေဟိ သမန္နဂတ- အရိယကန္တ သီလတို့ကို စောင့်ထိန်းရာ၌ အသက်သေလျှင် သေပေစေ သီလ၌ ညစ်နွမ်းမှု မရှိစေရအောင် ပြည့်စုံစွာ စောင့်ထိန်းခြင်း။ ဤ၌- ငါးပါးသီလကို ဆိုသည်မှတ်။ ♦

သောတာပန်ဖြစ်ကြောင်း အင်္ဂါ ၄-ပါး

နိဒါနဝဂ္ဂသံယုတ်။ ပါ။ ၂၉၇။ ဋ္ဌ။ ၆၇။ သောတာပန် ဖြစ်ခြင်း၏ အကြောင်းတရား ၄-ပါး၊ မဟာဝဂ္ဂသံယုတ်နှင့် သင်္ဂီတိသုတ် ပါဠိတော်တို့မှ။
(၁) သပ္ပုရိသ သံသေဝ- မဂ်ဖိုလ်လမ်းပြသူတော်ကောင်းနှင့် ပေါင်းသင်းရမှု၊
(၂) သဒ္ဓမ္မသဝန- ခန္ဓာနာမ်ရုပ် သူတော်တရား နာကြားရမူ၊
(၃) ဓမ္မာနုဓမ္မ ပဋိပတ္တိ- မဂ်ဖိုလ်ရကြောင်း ကျင့်မှု၊
(၄) ယောနိသော မနသိကာရ- ရုပ် နာမ်၌ မှန်ကန်တော်တည့်စွာ နှလုံးသွင်းမှု။ ♦

သောဘဏသာဓာရဏ စေတသိက် ၁၉-ပါး

တင့်တယ် ကောင်းမြတ်သော စိတ်တို့နှင့်သာ အမြဲယှဉ်၍ ဖြစ်သော စေတသိက်မျိုး ဟူ၏။
(၁) သဒ္ဓါ-ရတနာသုံးပါးကို ကြည်ညိုခြင်း၊ ကံ,ကံ၏ အကျိုးတရားတို့ကို ယုံကြည်ခြင်း လက္ခဏာ၊
(၂) သတိ-ကုသိုလ်အစု၌ မမေ့မလျော့သော အောက်မေ့ခြင်းလက္ခဏာ၊
(၃) ဟိရိ-အယုတ်တရား၌ စက်ဆုပ် ရွံ့ရှာခြင်းလက္ခဏာ၊
(၄) သြတ္တပ္ပမကောင်းမှု၌ ကြောက်လန့်ခြင်း လက္ခဏာ၊
(၅) အလောဘ- ကာမဂုဏ်အာရုံ၌ စိတ်၏ မက်မောတွယ်တာမှု မရှိခြင်း၊
(၆) အဒေါသ- ဆန့်ကျင်မုန်းတီး ကြမ်းတန်းခက်ထန်မှု မရှိခြင်း၊
(၇) တတြမဇ္ဈတ္တတာ- ချစ်, မုန်း, မပါ ညီမျှစွာ ဆောင်ခြင်းလက္ခဏာ၊
(၈) ကာယပဿဒ္ဓိကိလေသာအပူတို့၏ ငြိမ်းအေးခြင်း၊
(၉) စိတ္တပဿဒ္ဓိ-ကိလေသာအပူတို့၏ ငြိမ်းအေးချမ်းသာခြင်းလက္ခဏာ၊
(၁၀) ကာယလဟုတာ- ကိလေသာဝန်ထုပ်မှ ပေါ့ပါးခြင်း၊
(၁၁) စိတ္တလဟုတာကိလေသာဝန်ထုပ်မှ ပေါ့ပါးခြင်း၊
(၁၂) ကာယမုဒုတာ၊
(၁၃) စိတ္တမုဒုတာ- ကိလေသာခက်ထန်ခြင်းတို့မှ ကင်းငြိမ်း နူးညံ့ခြင်းလက္ခဏာ၊
(၁၄) ကာယကမ္မညတာ၊
(၁၅) စိတ္တကမ္မညတာ- ကုသိုလ်အလုပ်၌ ခံ့ညားထယ်ဝါငြိမ်းချမ်းစွာသော အသွင်ကို ဆောင်ခြင်းလက္ခဏာ၊
(၁၆) ကာယပါဂုညတာ၊
(၁၇) စိတ္တပါဂုညတာ- ကုသိုလ်တရား၌ ငြိမ်းချမ်းစွာ လေ့လာခြင်း လက္ခဏာ၊
(၁၈) ကာယုဇုကတာ၊
(၁၉) စိတ္တုဇုကတာ- နိဗ္ဗာနဓာတ်စခန်းကိုသာ ဖြောင့်မတ်တန်းတန်း လမ်းလွှဲမပါသော လက္ခဏာ။ ♦

သောမဂြိုဟ် ၄-လုံး

ကောင်းကျိုးချမ်းသာကို ပေးတတ်သော ဂြိုဟ်မြတ်လေးပါး။
(၁) တနင်္လာဂြိုဟ်၊
(၂) ဗုဒ္ဓဟူးဂြိုဟ်၊
(၃) ကြာသပတေးဂြိုဟ်၊
(၄) သောကြာဂြိုဟ်။ ♦

သောမနဿ ၂-မျိုး

ဝမ်းသာအားရခြင်း ၂-မျိုး။ ဥပရိပဏ္ဏာသ။ ပါ။ ၂၆၀။ ဋ္ဌ။ ၁၈၆။
(၁) ဂေဟသိတ သောမနဿ- ကာမဂုဏ်၌ လောဘတဏှာနှင့် ယှဉ်ဖြစ်သော ဝမ်းမြောက်ခြင်း၊
(၂) နေက္ခမဿိတ သောမနဿ- ကုသိုလ်တရား ဘာဝနာများနှင့် ယှဉ်သော ဝမ်းသာခြင်း။ ♦

သောမနဿ ကုသိုလ်စိတ် ဖြစ်ကြောင်းတရား ၄-ပါး

(အဋ္ဌသာလိနီ) ဓမ္မသင်္ဂဏီ။ ဋ္ဌ။ ၁၁၇
(၁) ဣဋ္ဌာရမ္မဏ-ကောင်းသောအာရုံနှင့် တွေကြုံခြင်း၊
(၂) သဒ္ဓါဗဟုလတာသဒ္ဓါအားကောင်းခြင်း၊
(၃) ဝိသုဒ္ဓဒိဋ္ဌိတာ- အယူအစွဲ ဉာဏ်အမြင်သန့်စင်ခြင်း၊
(၄) အာနိသံသ ဒဿာဝီတာ-လုပ်ငန်း၏ ကောင်းကျိုးကို သိမြင်လေ့ရှိခြင်း။ ♦

သောင်း ၄-ရပ်။

ယူဇနာ သသောင်းစီ ကျယ်ဝန်းသော အရပ်လေးပါး၊ သာရတ္ထသင်္ဂဟ အဋ္ဌကထာနှင့် ဇိနာလင်္ကာရ ဋီကာမှ။
(၁) ငါတို့နေရာဇမ္ဗူဒိပ်ကျွန်း၊
(၂) တာဝတိံသာ နတ်ပြည်၊
(၃) အသူရာ ပြည်၊
(၄) အဝီစိ ငရဲ။ ♦

သဲကန္တာကြီးမျိုး ၁၉-ပါး

ကန္တာရမျိုး ၈-ပါးတို့တွင် ဝါဠုကန္တာရခေါ်ကမ္ဘာပေါ်၌ ထင်လျှားကျော်ကြားသည့် သဲကန္တာရကြီး(ီနျနမအ) ၁၉-မျိုးကို အလျား အနံ မိုင်နှင့် အမြင့်ပေ ခန့်မှန်းခြေတို့ကို ကမ္ဘာ့ ဒိုင်ဂျက်မှ နည်းမှီ၍ ပြဆိုထားသည်။
(၁) ဗအခောေ-အတာကမာ သဲကန္တာရ၊ ချီလီနိုင်ငံ မြောက်ပိုင်း၌ရှိ၍ အလျားမိုင်(၄၀၀) ခန့်ရှည်လျက်၊ အမြင့်ပေ (၇,၀၀၀- မှ ၁၃, ၅၀၀၀) အထိ ရှိသည်။ ၇၀,၀၀၀-စတုရန်းမိုင်။
(၂) ြူခေု ျွသခု-ဘလက်ရော့ခ် သဲကန္တာရ၊ အမေရိကန် ပြည်ထောင်စု နီဗာဒါပြည်နယ်၏ အနောက် မြောက်ပိုင်း၌ တည်ရှိသည်၊ စတုရန်းမိုင်ပေါင်း (၁,၀၀၀) ခန့်ရှိကာ၊ အမြင့်ပေ (၂,၀၀၀-မှ ၅,၀၀၀) အထိ ရှိသည်။ ၁,၀၀၀-စတုရန်းမိုင်။
(၃) ဃသူသမိသေ-ကိုလိုရိုရာဒို သဲကန္တာရ၊ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီး ယားပြည်နယ်၏ အရှေ့တောင်ဘက်၌ တည်ရှိသည်၊ အလျားမိုင်(၂၀၀) အနံမိုင်
(၅၀) မျှ ရှိလျက် ပင်လယ်ရေပြင် အောက် ပေ (၂၅၀) မျှ စူးဝင်နိမ့်ကျသည်။ ၂၅၀၀-စတုရန်းမိုင်။
(၄) Dasht- e Kavir-ဒတ်ရှိအီကဗီ သဲကန္တာရ၊ အီရန်နိုင်ငံ ကက်စပီယန်ပင်လယ်၏ အရှေ့တောင်ဖက်၌ တည်ရှိသည်၊ အမြင့်ပေ (၂,၀၀၀) ခန့်ရှိသည်ဟူ၏။ ၃၀,၀၀၀-စတုရန်းမိုင်။
(၅) Dasht -e Lut-ဒတ်ရှ်ှ်အှ်အအီလွတ် သဲကန္တာရ၊ အီရန်နိုင်ငံ ကာမင် အရှေ့မြောက်ဖက်၌ တည်ရှိ၏၊ အမြင့်ပေ (၁, ၀၀၀) ခန့် ရှိ၏။ ၂၀,၀၀၀-စတုရန်းမိုင်။
(၆) ွသဘင-ဂိုဘိုဘုဘီ (ရှာမိုး) သဲကန္တာရ၊ အာရှတိုက် မွန်ဂိုလီးယားနိုင်ငံတလျှောက်လုံး လိုလိုပင် စတုရန်းမိုင်ပေါင်း (၅၀၀,၀၀၀) မျှ လောက်ရှိ၍ အမြင့်ပေ (၃, ၀၀၀-မှ သည် ၅, ၀၀၀) အထိရှိ၏။
(၇) ွမနအေ ဗမဘေငညေ-ဂရိတ် အာရေဗီယန်း သဲကန္တာရ၊ အာရေဗီးယားနိုင်ငံ တဝှမ်းလုံး လိုလိုပင် တည်ရှိနေသည်၊ အလျားမိုင် (၁, ၅၀၀) ရှိ၏၊၎င်းပြင်ဆီးရီးယားနိုင်ငံမှ (အဲလ်ဟာမက်) သဲကန္တာရ၊ လတ္တီတွတ် (၃၀) မြောက်၊ အမြင့်ပေ (၁, ၈၅၀) နီဖတ် ပြည်နယ်မှ သဲကန္တာရနီသည် အလျားမိုင် (၄၀၀) အနံမိုင် (၂၀၀) ရှိ၏၊ နီဖတ်ပြည် တောင်ပိုင်းမှ(ဒါနာ) သဲကန္တာရသည် ဂျော့ဖ်တောင်ဖက်၌ တည်ရှိ၍ အလျားမိုင် (၄၀၀) အနံမိုင် (၃၀) ရှိသည်၊ နေဂျစ် တောင်ပိုင်မှ (ရှဘ်အာလ်ခါလီ) သဲကန္တာရစသည့် သဲကန္တာရ ငယ်ပေါင်း ၄-ခုနှင့် ပေါင်းစပ်လျက် ဂရိတ်အာရ်ဗီးယန်း သဲကန္တာရ အဖြစ် ခေါ်ဆိုထားခြင်း ဖြစ်သည် ဟူ၏။ ၉၀,၀၀၀-စတုရန်းမိုင်။
(၈) ွမနအေ ဗကျအမေူငညေ-ဂရိတ် သြစတြေးလျား သဲကန္တာရ၊ သြစတြေးလျားတိုက်၏ အနောက်ပိုင်း၌ တည်ရှိလျက် ၎င်းတိုက်၏ ထက်ဝက် နီးနီးမျှပမာဏ ကျယ်ပြန့်သည်ဟူ၏၊ အမြင့်ပေ (၆၀၀ မှ၊ ၁,၀၀၀) ခန့်မျှ ရှိသည်ဟူ၏။ ၁,၃၀၀,၀၀၀-စတုရန်းမိုင်။
(၉) ွမနအှေေူအ ူေုန-ဂရိတ်ဆော့လိပ် သဲကန္တာရ၊ အမေရိကန် ပြည်ထောင်စုနီဗာဒါပြည်နယ်မှ ဆော့တ်လိပ် အနောက်ပိုင်း၌ တည်ရှိသည်၊ အလျားမိုင် (၈၀) အနံမိုင်
(၅၀) အမြင့်ပေ (၄,၅၀၀) ခန့်ရှိသည်ဟူ၏။ ၂၅၀၀-စတုရန်းမိုင်။
(၁၀) ုေူေ့မေင-ကာလာဟာရီ သဲကန္တာရ၊ တောင်အာဖရိကနိုင်ငံ သြရိန်းပြည်နယ်နှင့် ဇမ်ဘီဇီ မြစ်၏ အကြား၌ တည်ရှိသည်၊ အလျားမိုင်(၆၀၀) အနံမိုင် (၄၀၀) စတုရန်းမိုင်ပေါင်း (၂၂၀,၀၀၀) ခန့် ကျယ်ပြန့်ကာ အမြင့်ပေ (၃,၀၀၀) ၏ အထက်၌ ရှိသည် ဟူ၏။
(၁၁) ုမေေု-ကာ-ကာရာကမ် သဲကန္တာရ၊ အာရှတိုက်(အေယဲလ်) အိုင်၏တောင်ဖက် တာကက်စတန်၏ အနောက်တောင်ဖက်၌ တည်ရှိသည်၊ စတုရန်းမိုင်ပေါင်း (၁၀၀,၀၀၀) ခန့်မျှရှိ၏။
(၁၂) ုပဖပူ-ုကာ-ကီဇီလ်ကမ် သဲကန္တာရ၊ အာရှတိုက် ပါကစ်စတန် အလယ်ပိုင်း၌ တည်ရှိလျက် အလျားမိုင် (၃၇၀) အနံ (၂၂၀) မိုင်ရှိ၍ စတုရန်းမိုင်ပေါင်း (၇၀,၀၀၀) ခန့် ရှိလျက်၊ အမြင့်ပေ (၁,၆၀၀ မှ ၂,၀၀၀) အထိ ရှိသည် ဟူ၏။
(၁၃) ူငဘပညေ-လိုင်ြီယန် သဲကန္တာရ၊ နိုင်းလ်မြစ်၏ အနောက်ဖက် ဆဟာရသဲကန္တာရ၏ အရှေ့ပိုင်း၌ တည်ရှိသည်၊ စတုရန်းမိုင်ပေါင်း (၅၀၀,၀၀၀) ကျော်မျှ ရှိသည် ဟူ၏။
(၁၄) သြြလေန-မိုဟုဟက် သဲကန္တာရ၊အမေရိကန် ပြည်ထောင်စု ကိုလိုရာဒို သဲကန္တာရ၏ မြောက်ဖက်၌ တည်ရှိ၏၊ စတုရန်းမိုင်ပေါင်း (၂၂,၀၀၀) ရှိလျက် အမြင့်ပေပေါင်း(၂,၀၀၀) မျှ မြင့်သည်ဟူ၏။
(၁၅) ကြဘငညေ-နူဘူဘီယန် သဲကန္တာရ၊ ပင်လယ်နီမှစ၍ နိုင်းလင်းမြစ် အနောက်ကွေ့အထိ ကျယ်ပြန့်လျက် ရှိ၏၊ အမြင့်ပေ(၂,၅၀၀) မျှ ရှိသည်။ ၁၅၇,၀၀၀-စတုရန်းမိုင်။
(၁၆) ဏငေညအနိ-ရောင်စုံ သဲကန္တာရ၊ အမေရိကန် ပြည်ထောင်စု အရီဇိုးနား ပြည်နယ်၏ အရှေ့မြောက်၌တည်ရှိသည်၊ အလျား(၇၅) မိုင်ရှိ၍ အမြင့်ပေ (၅,၀၀၀) မြင့်သည်။ ၇၅၀၀-စတုရန်းမိုင်။
(၁၇) ှေ့မေေ-ဆဟာရ သဲကန္တာရကြီး၊ တောင်အာဖရိကနိုင်ငံ၏ မြောက်ပိုင်းမှ ပင်လယ်နီအထိ ကျယ်ပြန့်လျက် စတုရန်းမိုင်ပေါင်း(၃,၅၀၀,၀၀၀) ရှိသည်၊ ပင်လယ်ရေပြင်၏ အောက် ပေပေါင်း (၄၀၀ မှ ၁၁,၀၀၀) အထိ နိမ့်၍ ပင်လယ်ရေပြင်၏ အထက်သို့ ပေပေါင်း (၁,၄၀၀ မှ ၁,၆၀၀) အထိ မြင့်သည်။
(၁၈) ွှေုူောေုညေ-တက်ကလာမာကန် သဲကန္တာရ၊ တရုပ်ပြည်သူ့သမ္မတနိုင်ငံ ဆင်ကျန်ပြည်နယ်၏ အလယ်ပိုင်းမှ တာရင်မြစ်ဝှမ်းအထိ တည်ရှိ၍ အလျားမိုင်(၇၀၀) မျှ ရှိ၏၊ စတုရန်းမိုင်ပေါင်း(၁၂၅,၀၀၀) အထိ ရှိလေသည်။
(၁၉) ွှ့မေ-သာ သဲကန္တာ၊ ဣန္ဒိယနိုင်ငံ ရာဇပုတ္တရပြည်နယ် အတွင်း၌ တည်ရှိသည်၊ အလျားမိုင်(၃၈၀) မျှ ရှိလျက် အနံ မိုင်(၃၀၀) မျှရှိသည်၊ အမြင့်ပေ (၅၀၀) ခန့်မြင့်သည်၊ ၉၂,၂၀၀-စတုရန်းမိုင်။ ဟူ၏။ ♦

သျှောင်ထုံးအပြား ၅၅၊ ဆင်ငြား ပုဂံသူ။

ပုဂံသူတို့ ဆင်ယင်ထုံးဖွဲ့သော ဆံထုံးမျိုး အပြားကို ဆိုသည်၊၎င်း သရုပ်ကို (ဥသျှောင်ထုံးငြား- ၅၅) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။ ♦

သွပ်မျိုး ၄-ပါး

သဗ္ဗဓာတုက ဝိဇ္ဇာဓရကျမ်းကြီး၌ အောက်ပါအတိုင်းသွပ်မျိုး လေးပါးကို ခွဲခြား၍ ပြဆိုထားလေသည်၊ အားလုံး မှတ်စားသည်ချည်း ဖြစ်၏။
(၁) သေတဇာသတွ-သွပ်ဖြူ, ကျောက်တောင်မှထွက်၏၊
(၂) ပိတ သတွယော-သွပ်ရွှေဝါ, ကျောက်တောင်မှ ထွက်၏၊
(၃) ဘူမျဇာ သတွ- မြေထွက်သွပ်, ညိုပြာပြာရှိ၏၊
(၄) တာမျ သတွ-ခပ်ပြာသွပ်, စပ်၍ချက်ထားသော သွပ်မျိုး။ ♦

သွားအရပ်မှာ၊ ဖြစ်ပေါ်လာ၊ မြန်မာအက္ခရာ ၇-လုံး

၎င်း သရုပ်ကို(ဒန္တဇ အက္ခရာ ၇-လုံး) ၌ ဆိုခဲ့ပြီ။ ♦

သွားတော် ၄၀၊ ရေရာဝယ်၊ စွယ်တော် ထည့် မထည့်

မြတ်စွာဘုရားသခင်၏ ၃၂-ပါးသော လက္ခဏာ တော်ကြီးတို့တွင် စတ္တာလီသ သမဒန္တခေါ် ညီညာသော သွားတော်များ, စွယ်တော် ၄-ဆူနှင့် တကွ ထည့်၍ အထက် ၂၀-အောက် ၂၀-ပေါင်း ၄၀-ဟု မှတ်ရာ၏။ ♦

သွားတိုက်ခြင်း အကျိုး ၅-ပါး

ဒန်ပူစား သွားတိုက်ခြင်း၏ အကျိုးခံစားခွင့် ငါးပါး၊ ဝိနည်း စူဠဝါ ပါဠိတော်မှ။
(၁) စက္ခုဿံ-မျက်စိအမြင်ကြည်လင်ခြင်း၊
(၂) မုခံ န ဒုဂ္ဂန္ဓံ-ပါးစပ်မနံခြင်း၊
(၃) ဝိသုဒ္ဓ ရသ ဟရဏီ-အာရုံကြောတို့ သန့်ရှင်းအားကောင်းခြင်း၊
(၄) ပိတ္တာဒိ နပရိယော နဒ္ဓတိ-သည်းခြေ သလိပ် ထမင်း အစာတို့ မရော မရှက်နိုင်ခြင်း၊
(၅) ဘတ္တ မဿ ဆာဒေတိ-ထမင်းဆာခြင်းကို ဖြစ်စေနိုင်ခြင်း။ ♦

ဟံသာဝတီ ၃၂-မြို့

ကလျာဏီကျောက်စာလာ သာသနာ ၂၀၀၂-ခုနှစ်၊ သက္ကရာဇ် ၈၂၀- ခုရောက်သောအခါ ဟံသာဝတီပြည် ဓမ္မစေတီခေါ် ရာမာဓိပတိ မင်းမြတ်လက်ထက်ဝယ် မွန်တိုင်း ၃-ရပ်၌ ဟံသာဝတီမဏ္ဍလ ဥဿာပဲခူးတိုင်းရှိ ၃၂-မြို့ကိုဆိုသည်။ ကျောက်မော်မြို့၊ အမဲမြို့၊ တုံဇရစ်မြို့၊ ကျည်ကူမြို့၊ စစ်တောင်းမြို့၊ ဒင်းမဲ့မြို့၊ ဇရွှဲမြို့၊ အသားမြို့၊ မော်ပျို့မြို့၊ လကွန်း ဗျည်းမြို့၊ (၁၀) ။ အခံရိမ်မြို့၊ မအူမြို့၊ ရမ္မာနဂိုမြို့၊ ရမ္မဝတီမြို့၊ မှော်ဘီမြို့၊ လိုင်မြို့၊ ဘောင်လင်းမြို့၊ ထန်းတော်ကြီးမြို့၊ တီတွတ်မြို့၊ ဇေဋ္ဌမြို့၊ (၂၀) ။ ဇောင်းတူမြို့၊ ဘားကိုင်မြို့၊ ထုန်ခံမြို့၊ ရဲနွဲမြို့၊မေရဉ္စရမြို့၊ တင်ပေါင်မြို့၊မင်းရဲလှမြို့၊ကောလိယမြို့၊ ပိုင်းတာမြို့၊ ယွန်ဇလင်မြို့၊ (၃၀) ။ ဝင်ပြိုင်မြို့၊ ဟင်္သာဇိုင်ကနိန်မြို့၊
(၃၂) ။ ဟင်းရိုင်းအပြား၊ မျိုး ၂-ပါး၊ ထင်ရှား ဘူမိရပ်။

ဤ၌ အကျဉ်းမျှ ပြသွားမည်ဖြစ်၍ အကျယ်ကိုမူ သဗ္ပ ဓာတုကသျှတ် သတ္တမကဏ္ဍ၌ ကြည့်ပါကုန်။
(၁) ရတ္တ ရသ သိန္ဓုရ-ဟင်းရိုင်းနီ၊ တောင်ထွက် ဆုန်းနီကျောက်ကို ချက်၍ ထုတ်ယူသည်၊ ၎င်းသည် လကျ်ာလမ်း၌ အသုံးဝင်၏၊
(၂) သေတ ရသ သိန္ဓုရ-ဟင်းရိုင်းဖြူ၊ တောင်ထွက် ဆုန်းဖြူကျောက်ကို ချက်၍ထုတ်ယူသည်၊ ၎င်းသည် လက်ဝဲ ငွေလုပ်သော လမ်းများ၌ အသုံးဝင်၏။ ♦

ဟင်္သာငှက်မျိုး ၃-ပါး

အဘိဓာန်ဋီကာမှ။
(၁) ရာဇ ဟင်္သာမျိုး-နှုတ်သီးနှင့် ခြေချောင်း နီသည်၊ ကိုယ်လုံး ဆွတ်ဆွတ်ဖြူသည်။
(၂) မလ္လိကာ ဟင်္သာမျိုး-စိမ်းညစ်သော ခြေထောက် နှုတ်သီးရှိသည်၊ ကိုယ်ရောင် မသန့်ရှိသည်၊
(၃) ဓတရဋ္ဌ ဟင်္သာမျိုး-မည်းနက်သော ခြေနှစ်ချောင်း နှုတ်သီးရှိသည်၊ ကိုယ်ရောင် အမျိုးမျိုးရှိသည်။ ♦

ဟင်္သာငှက်မျိုး ၆-ပါး၊ တနည်း

ဇာတ်။ ဋ္ဌ။ ပဉ္စမ-အုပ်။ ၃၇၉ ၌အကျယ်ရှုပါ။ ကိုယ်ရောင် အမွေး လိုက်၍ ၆-ပါး ပြားသည်။
(၁) တိဏဟံသမျိုး- မြက်စားဟင်္သာ (ငန်းဘဲ) မျိုး၊
(၂) ပဏ္ဍု ဟံသ- ဝါဖြော့ဖြော့ဟင်္သာမျိုး၊
(၃) မနောသီလာ ဟံသ-ဟင်္သာနီမျိုး၊
(၄) သေတ ဟံသငွေ ဟင်္သာမျိုး၊
(၅) ပါက ဟံသ-နီဖြူ ကျားမျိုး၊
(၆) ဓတရဋ္ဌဟံသမျိုး။ ♦

ဟိတ် ၆-ပါး

ကောင်းကျိုး မကောင်းကျိုးတို့ကို ပေးစေတတ်သော အကြောင်းတရား ၆-ပါး။
(၁) လောဘဟိတ်၊
(၂) ဒေါသဟိတ်၊
(၃) မောဟဟိတ်၊ အကုသိုလ်မျိုး၊ အပြစ်ရှိ ဆိုးကျိုး ဒုက္ခကို ပေး၏၊
(၄) အလောဘဟိတ်၊
(၅) အဒေါသဟိတ်၊
(၆) အမောဟဟိတ်၊ကုသိုလ်မျိုး၊ အပြစ်မရှိ ကောင်းကျိုး သုခကို ပေး၏။ ♦

ဟိတ် ၉-ပါး၊ တနည်း

ကုသိုလ်စိတ်နှင့်ယှဉ်သော ဟိတ် ၃-ပါး၊ အကုသိုလ်စိတ်နှင့်ယှဉ်သော ဟိတ် ၃ပါး၊ အဗျာကတစိတ်နှင့် ယှဉ်သော ဟိတ် ၃-ပါး၊ ပေါင်း ၉-ပါး။ ♦

ဟိတအပြား၊ မျိုး ၂-ပါး၊ ခွဲခြား ဝေဘန်သိ

အကျိုးစီးပွား ဆောင်ရွက်ရှာဖွေရာ၌ ကျင့်သုံး ဝေဘန်မှု ၂မျိုး။
(၁) အတ္တဟိတ- ကိုယ်ရေး ကိုယ်တာ ကိုယ်ကျိုးသက်သက်မျိုး၊
(၂) ပရဟိတကိုယ်ရေးမဖက် သူတပါးတို့ အကျိုးသက်သက်မျိုး။ ♦

ဟိမဝန္တာ၊ တောင်တောသာ၊ ၄-ဖြာ မျိုးအပြား

ဟိမဝန္တာမျိုး ၄- ပါးကိုမေးသည်၊ “ဇမ္ဗူကျွန်းသို့၊ သုံးကျွန်းတို့မှာ၊ ဟိမဝါတော၊ ရှိသည်သြရှင့်” ကျည်းကန်အဖြေ။
(၁) ဇမ္ဗူဒီပါ ဟိမဝန္တာ- တောင်ကျွန်း ဟိမဝါ၊
(၂) ပြုဗ္ဗဝိဒေဟ ဟိမဝန္တာ- အရှေ့ကျွန်း ဟိမဝါ၊
(၃) အပရဂေါယာန ဟိမဝန္တာ- အနောက်ကျွန်း ဟိမဝါ၊
(၄) ဥတ္တရကုရု ဟိမဝန္တာမြောက်ကျွန်းဟိမဝါ။ ♦

ဟိရီ တရားမျိုး ၈-ပါး

၎င်း သရုပ်ကို (ရှက်ခြင်း အကြောင်းမျိုး ၄-ပါး ၂-နည်း) ၌ ဆိုခဲ့ပြီ။ ♦

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ