Skip to main content

စတုသစ္စဒီပနီ

စတုသစ္စဒီပနီ

---

၁- ခန္ဓာစသည်ကို ပြဆိုချက်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ခန္ဓာငါးပါး

ဖေဏပိဏ္ဍူပမံ ရူပံ၊ ဝေဒနာ ပုဗ္ဗုဠူပမာ။
မရီစိကူပမာ သညာ၊ သင်္ခါရာ ကဒလူပမာ။
မာယူပမဉ္စ ဝိညာဏံ၊ ဒေသိတာဒိစ္စဗန္ဓုနာ။

[ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်လာ ဖေဏပိဏ္ဍောပမသုတ်- ၁၁၆။]

ရူပံ=ရုပ်သည်၊ ဖေဏပိဏ္ဍူပမံ=ငါဟု စွဲလမ်းအားထားစရာ အနှစ်သာရ ဘာမျှမရှိ၊ ပေါင်းငြိစုတွဲ ရေမြှပ်ခဲကြီးနှင့် တူသော ဥပမာရှိ၏၊ ဝေဒနာ=ဝေဒနာသည်၊ ပုဗ္ဗုဠူပမာ=ငါဟု စွဲလမ်းအားထားစရာ အနှစ်သာရ အတ္တဟု ဆိုအပ်သော ကိုယ်၏ မရှိခြင်းကြောင့် အနှစ်သာရ ဘာမျှမဖက် ဆူဝေတက်သည့် ရေပြွက်နှင့်တူသော ဥပမာရှိ၏၊ သညာ= သညာသည်၊ မရီစိကူပမာ=ငါဟု စွဲလမ်းအားထားစရာ အနှစ်သာရ အတ္တဟု ဆိုအပ်သော ကိုယ်၏ မရှိခြင်းကြောင့် အနှစ်သာရ ဘာမျှမကပ် တံလှပ်နှင့်တူသော ဥပမာရှိ၏၊ သင်္ခါရာ=ဖဿ, စေတနာ အစရှိသော သင်္ခါရတို့သည်၊ ကဒလူပမာ=ငါဟု စွဲလမ်းအားထားစရာ အနှစ်သာရ အတ္တဟု ဆိုအပ်သော ကိုယ်၏ မရှိခြင်းကြောင့် အနှစ်မပါ အကာကိုမျှ ရှာမရသော ငှက်ပျောတုံးကြီးနှင့်တူသော ဥပမာရှိကုန်၏၊ ဝိညာဏံ= ဝိညာဏ်သည်၊ မာယူပမံ=ငါဟု စွဲလမ်းအားထားစရာ အနှစ်သာရ အတ္တ ဟုဆိုအပ်သော ကိုယ်၏မရှိခြင်းကြောင့် အနှစ်အမာ ရှာ၍မရ မျက် လှည့်ပြသော အမှုကြီးနှင့်တူသော ဥပမာရှိ၏၊ ဣတိ=ဤသို့၊ အာဒိစ္စ ဗန္ဓုနာ= အာဒိစ္စနွယ်ဘွား မြတ်ဘုရားသည်၊ ဒေသိတာ= ဟောတော်မူ အပ်၏၊

---

အာယတန ၁၂-ပါး

သုညော ဂါမော သုညော ဂါမောတိ ခေါ ဘိက္ခဝေ ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနမဓိဝစနံ, စက္ခာယတနဿ, သောတာ ယတနဿ, ဃာနာယတနဿ, ဇိဝှါယတနဿ, ကာယာယတနဿ, မနာယတနဿ။

ဂါမဃာတကာ စောရာတိ ခေါ ဘိက္ခဝေ ဆန္နေတံ ဗာဟိရာနံ အာယတနာနမဓိဝစနံ, ရူပါယတနာနံ, သဒ္ဒါ ယတနာနံ, ဂန္ဓာယတနာနံ, ရသာယတနာနံ, ဖောဋ္ဌဗ္ဗာယတနာနံ, ဓမ္မာယတနာနံ။

[သဠာယတနသံယုတ် ပါဠိတော်။]

ဘိက္ခဝေ=ရဟန်းတို့၊ သုညော ဂါမော-သုညော ဂါမောတိ= ရွာပျက်ကုန်းကြီး ရွာပျက်ကုန်းကြီးဟူသော၊ ဧတံ အဓိဝစနံ=ထို အမည်သည်၊ ဆန္နံ=ခြောက်ပါးကုန်သော၊ အဇ္ဈတ္တိကာနံ=မိမိအတွင်း၌ ဖြစ်၍နေကုန်သော၊ အာယတနာနံ=အာယတနတို့၏၊ အဓိဝစနံ=အမည် တည်း။ စက္ခာယတနဿ=မျက်စိ၏လည်းကောင်း၊ သောတာယတနဿ= နား၏လည်းကောင်း၊ ဃာနာယတနဿ=နှာခေါင်း၏လည်းကောင်း၊ ဇိဝှါယတနဿ=လျှာ၏လည်းကောင်း၊ ကာယာယတနဿ=ကိုယ်၏ လည်းကောင်း၊ မနာယတနဿ=စိတ်၏လည်းကောင်း၊ အဓိဝစနံ= အမည်တည်း။

ဘိက္ခဝေ= ရဟန်းတို့၊ ဂါမဃာတကာ စောရာတိ=ရွာကို ညှဉ်းဆဲ နှိပ်စက် လုယက် သတ်ဖြတ်တတ်သော သူခိုးကြီး ဓားပြကြီးတို့ဟူသော၊ ဧတံ အဓိဝစနံ=ထိုအမည်သည်၊ ဆန္နံ=ခြောက်ယောက်ကုန်သော၊ ဗာဟိရာနံ=ပြင်ဘက် ရန်ဖြစ်ကုန်သော၊ အာယတနာနံ= အာယတန တို့၏၊ အဓိဝစနံ=အမည်တည်း၊ ရူပါယတနာနံ=အဆင်းတို့၏လည်းကောင်း၊ သဒ္ဒါ ယတနာနံ=အသံတို့၏လည်းကောင်း၊ ဂန္ဓာယတနာနံ=အနံ့တို့၏ လည်းကောင်း၊ ရသာယတနာနံ=အရသာတို့၏လည်းကောင်း၊ ဖောဋ္ဌဗ္ဗာ ယတနာနံ=အတွေ့အထိတို့၏လည်းကောင်း၊ ဓမ္မာယတနာနံ=ဓမ္မာရုံတို့၏ လည်းကောင်း၊ အဓိဝစနံ=အမည်တည်း။

---

ဓာတ် ၁၈-ပါး

အဋ္ဌာရသဓာတုယော စက္ခုဓာတု, သောတဓာတု, ဃာန ဓာတု, ဇိဝှါဓာတု, ကာယဓာတု, ရူပဓာတု, သဒ္ဒဓာတု, ဂန္ဓဓာတု, ရသဓာတု, ဖောဋ္ဌဗ္ဗဓာတု, စက္ခုဝိညာဏဓာတု, သောတ ဝိညာဏ ဓာတု, ဃာနဝိညာဏဓာတု, ဇိဝှါဝိညာဏဓာတု, ကာယဝိညာဏ ဓာတု, မနောဓာတု, မနောဝိညာဏဓာတု, ဓမ္မဓာတု။

[သင်္ဂြီုဟ်ပါဠိဓာတ် ၁၈-ပါး။]

ဤ ၁၈-ပါးသော တရားစုသည် ပုဂ္ဂိုလ် သတ္တဝါတို့၏ အလိုကို တစ်ရံတစ်ဆစ်မျှ လိုက်ခြင်းမရှိ၊ မိမိ မိမိတို့၏ သဘောကိစ္စကိုသာ ရွက်ဆောင်မှုကြောင့် ဓာတုဟူ၍ ခေါ်သည်။

အတ္တနော သဘာဝံ ဓာရေတီတိ ဓာတု။

အတ္တနော= မိမိ၏၊ သဘာဝံ=သဘောကိုသာ၊ ဓာရေတိ=ဆောင် တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဓာတု=ဓာတ်မည်၏၊

---

ဓာတ်သုံးပါးတွဲ ပဋိစ္စသမုပ္ပါဒ်

၁။ လောကသမုဒယဉ္စ ဘိက္ခဝေ ဒေသေဿာမိ လောက နိရောဓဉ္စ၊ ကထဉ္စ ဘိက္ခဝေ လောကသမုဒယော၊ စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖေဿာ, ဖဿပစ္စယာဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိ ပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၂။ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖေဿာ, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၃။ ဃာနဉ္စ ပဋိစ္စ ဂန္ဓေစ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖေဿာ, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၄။ ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖေဿာ, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၅။ ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖေဿာ, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၆။ မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖေဿာ, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ,တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဧဝဉ္စ ဘိက္ခဝေ လောက သမုဒယော။

၇။ ကထဉ္စ ဘိက္ခဝေ လောကနိရောဓော၊ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖေဿာ, ဖဿ နိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာ နိရောဓာ, ဥပါဒါနနိရောဓော, ဥပါဒါနနိရောဓာ, ဘဝနိရောဓော, ဘဝနိရောဓာ ဇာတိနိရောဓော, ဇာတိနိရောဓာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ပ။ ဧဝဉ္စ ဘိက္ခဝေ လောက နိရောဓော။

[နိဒါနဝဂ္ဂသံယုတ်ပါဠိတော်]

ဘိက္ခဝေ=ရဟန်းတို့၊ လောကသမုဒယဉ္စ=လူသတ္တဝါ အဖန်ဖန် ဖြစ်ပွား၍ နေပုံကိုလည်းကောင်း၊ လောကနိရောဓဉ္စ=လူသတ္တဝါ ဖြစ်ပွား ချုပ်ငြိမ်း ရုပ်သိမ်းပုံကိုလည်းကောင်း၊ ဒေသေဿာမိ=ငါဘုရား ဟောတော်မူအံ့၊ ဘိက္ခဝေ=ရဟန်းတို့၊ ကထဉ္စ=အဘယ်သို့လျှင်၊ လောက သမုဒယော=လူသတ္တဝါ အဖန်ဖန် ဖြစ်ပွား၍နေမှုသည်၊ ဟောတိ= ဖြစ်သနည်းဟူမူကား၊ စက္ခုဉ္စ=စက္ခုဓာတ်ကိုလည်းကောင်း၊ ရူပေ စ= အဆင်းသဏ္ဌာန်ဟူသော ရူပဓာတ်တို့ကိုလည်းကောင်း၊ ပဋိစ္စ=အစွဲပြု၍၊ စက္ခုဝိညာဏံ=စက္ခုဝိညာဏဓာတ်သည်၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ်၏၊ တိဏ္ဏံ= စက္ခုဓာတ်, ရူပဓာတ်, စက္ခုဝိညာဏဓာတ်ဟူသော ဓာတ်သုံးပါးတို့၏၊ သင်္ဂတိ=ပေါင်းဆုံစည်းဝေး လုံးထွေးထိခိုက်မှုသည်၊ ဖေဿာ=ဖဿ တရားမည်၏၊ ဖဿပစ္စယာ=ဖဿတရားဖြစ်ပေါ်မှုကြောင့်၊ ဝေဒနာ= ခံစားမှုဟူသော ဝေဒနာတရားသည်၊ သမ္ဘဝတိ=ဖြစ်ပေါ်၏၊ ဝေဒနာ ပစ္စယာ=ဝေဒနာဖြစ်ပေါ်မှုကြောင့်၊ တဏှာ=တဏှာတရားသည်၊ သမ္ဘဝတိ=ဖြစ်ပေါ်၏၊ တဏှာပစ္စယာ=တဏှာ ဖြစ်ပေါ်မှုကြောင့်၊ ဥပါဒါနံ=အပြင်းအထန် စွဲလမ်းတတ်သော ဥပါဒါန်တရားသည်၊ သမ္ဘဝတိ= ဖြစ်ပေါ်၏၊ ဥပါဒါနပစ္စယာ=ဥပါဒါန်တရား ဖြစ်ပေါ်မှုကြောင့်၊ ဘဝေါ= ဘဝသစ်သည်၊ သမ္ဘဝတိ=ဖြစ်ပေါ်၏၊ ဘဝပစ္စယာ=ဘဝဖြစ် ပေါ်မှု ကြောင့်၊ ဇာတိ=သင်္ခါရတရားတို့၏ မပြတ်ဖြစ်ခြင်းဟုဆိုအပ်သော ဇာတိတရားသည်၊ သမ္ဘဝတိ=ဖြစ်ပေါ်၏၊ ဇာတိပစ္စယာ=ဇာတိဖြစ် ပေါ်မှုကြောင့်၊ ဇရာ=ရင့်ရော်အိုမင်းခြင်းလည်းကောင်း၊ မရဏ= ချုပ်ဆုံးပျက်စီးခြင်းလည်းကောင်း၊ သောက=စိုးရိမ်ပူပန်ရခြင်းလည်း ကောင်း၊ ပရိဒေဝ=ငိုကြွေးမြည်တမ်းရခြင်းလည်းကောင်း၊ ဒုက္ခ= ဆင်းရဲရခြင်းလည်းကောင်း၊ ဒေါမနဿ=နှလုံးမသာယာ ဖြစ်ရခြင်း လည်းကောင်း၊ ဥပါယာသာ=သက်ကြီးဖိုလှိုက် ငင်ရှိုက်ပင်ပန်းခြင်း တို့သည်လည်းကောင်း၊ သမ္ဘဝန္တိ=ဖြစ်ကုန်၏၊ ဧဝံ=ဤသို့၊ ကေဝလဿ ဒုက္ခက္ခန္ဓဿ=သုခမဖက် သက်သက်ဒုက္ခစု ဒုက္ခခဲကြီး ဖြစ်၍နေသော၊ ဧတဿ=ထိုဝဋ်တရား၏၊ သမုဒယော=ပွားစီးဖြစ်ထွန်းခြင်းသည်၊ ဟောတိ=ဖြစ်၏။

သောတ, ဃာန, ဇိဝှါ, ကာယ, မနကို အရင်းတည်၍ ဟောသော ပါဠိတော်အစုမှာလည်း ဤအတိုင်းပင်သိ၊ တစ်ယောက် တစ်ယောက်သော သတ္တဝါ၏ ဘဝအဆက်ဆက် ဖြစ်ပေါ်၍နေမှု၌ တစ်ခုတစ်ခုသော ဖြစ်ပေါ်ရန်အစကို ဓာတ်သုံးပါး သုံးပါးတွဲဖက်၍ ပြတော်မူပေသော ပဋိစ္စသမုပ္ပါဒ်နည်းပေတည်း။

၁။ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ (ဓာတ်သုံးပါးတွဲ)

၂။ သောတဉ္စပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ။ (ဓာတ် သုံးပါးတွဲ။ )

၃။ ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ။ (ဓာတ် သုံးပါးတွဲ )

၄။ ဇိဝှဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ။ (ဓာတ်သုံးပါးတွဲ)

၅။ ကာယဉ္စပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ။ (ဓာတ် သုံးပါးတွဲ )

၆။ မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ (ဓာတ်သုံးပါးတွဲ)

သုံးပါးခြောက်လီသည် ၁၈-ပါးဖြစ်၏။

ပထဝီ, တေဇော, ဝါယော ဤသုံးပါးကို ဖောဋ္ဌဗ္ဗယူ။

ဓမ္မဓာတ် ဆိုသည်ကား ရှေ့ဓာတ် ၁၇-ပါးကို ချန်လှပ်၍ ထို ၁၇-ပါးတို့မှ ကြွင်းကျန်သော ကုသိုလ်တရား, အကုသိုလ်တရား, အဗျာကတတရား အလုံးစုံကို ဓမ္မဓာတ် ဆိုသည်။

---

၂-သစ္စာအနက် ၁၆-ချက် ပါဠိတော်

၁။ ဒုက္ခဿ ပီဠနဋ္ဌော, သင်္ခတဋ္ဌော, သန္တာပဋ္ဌော, ဝိပရိဏာမဋ္ဌော

၂။ သမုဒယဿ အာယူဟနဋ္ဌော, နိဒါနဋ္ဌော, သံယော ဂဋ္ဌော၊ ပလိဗောဓဋ္ဌော

၃။ နိရောဓဿ နိဿရဏဋ္ဌော, ပဝိဝေကဋ္ဌော, အမ တဋ္ဌော၊ အသင်္ခတဋ္ဌော

၄။ မဂ္ဂဿ နိယျာနဋ္ဌော, ဟေတုဋ္ဌော, ဒဿနဋ္ဌော, အာဓိပတေယျဋ္ဌော

[ပဋိသမ္ဘိဒါမဂ် ပါဠိတော်။]

---

သစ္စာအနက် ၁၆-ချက် အနက်

ဒုက္ခသစ္စာအနက် ၄-ချက်

၁။ ဒုက္ခဿ= ဒုက္ခသစ္စာ၏၊ ပီဠနဋ္ဌော= နှိပ်စက်အပ်, နှိပ်စက် တတ်, နှိပ်စက်ခြင်း သဘောလည်း တစ်ပါး။

၂။ သင်္ခတဋ္ဌော=အဖန်ဖန်ပြုပြင် ထူထောင်အပ်သော သဘော လည်း တစ်ပါး။

၃။ သန္တာပဋ္ဌော=အဖန်ဖန် ပူလောင်စေအပ်, ပူလောင်စေ တတ်သော သဘောလည်း တစ်ပါး။

၄။ ဝိပရိဏာမဋ္ဌော= ဖရိုဖရဲ ဖောက်လဲ ဖောက်ပြန် ဖြစ်ခြင်း သဘောလည်း တစ်ပါး။

အကြင်တရားသည် ဤလေးပါးသော သဘောနှင့် ပြည့်စုံ၏၊ ထိုတရားသည် ဒုက္ခသစ္စာမည်၏၊ ပညာရှိတို့ ကြောက်မက်ဖွယ်ကောင်း လှသော ဘေးဘယ ဒုက္ခမျိုး ဧကန်အမှန် ဖြစ်၏ ဟူလိုသည်၊ တေဘူမက သင်္ခါရတရားစုသည် ဤလေးပါးသော သဘောအနက်နှင့် ပြည့်စုံသည် ချည်းဖြစ်၍ ဒုက္ခသစ္စာချည်း အမှန်ဖြစ်လေသတည်း။

---

သမုဒယသစ္စာအနက် ၄-ချက်

၁။ သမုဒယဿ=လောဘဟူသော သမုဒယသစ္စာ၏၊ အာယူဟနဋ္ဌော=ဒုက္ခဝတ္ထု ဒုက္ခအမှုကို စုဆောင်း ဆည်း ပူးခြင်း သဘောလည်း တစ်ပါး။

၂။ နိဒါနဋ္ဌော= ဒုက္ခဝတ္ထု ဒုက္ခအမှုတို့ကို တစ်ရံမစဲ အမြဲမပြတ် ဆောင်နှင်းခြင်းသဘောလည်း တစ်ပါး။

၃။ သံယောဂဋ္ဌော=ဒုက္ခဝတ္ထု ဒုက္ခအမှုတို့နှင့်သာ လွန်စွာ ယှဉ်တွဲ အမြဲဖွဲ့နှောင်ခြင်း သဘောလည်း တစ်ပါး။

၄။ ပလိဗောဓဋ္ဌော= ဒုက္ခလက်မှ မထွက်ရအောင် နှောင့်ယှက် တားမြစ်ခြင်း သဘောလည်း တစ်ပါး။

အကြင်တရားသည် ဤလေးပါးသော သဘောနှင့် ပြည့်စုံ၏၊ ထိုတရားသည် ဒုက္ခသမုဒယအမှန်ဖြစ်၏၊ ဒုက္ခအမျိုးမျိုးတို့ကို ဘဝ ဆက်တိုင်း တိုးပွားစေတတ်သော တရားအမှန်ဖြစ်၏ ဟူလိုသည်၊ တဏှာ သည် ထိုလေးပါးသော သဘောနှင့် ပြည့်စုံ၏၊

---

နိရောဓသစ္စာ အနက် ၄-ချက်

၁။ နိရောဓဿ=နိဗ္ဗာန်ဟူသော နိရောဓသစ္စာ၏၊ နိဿ ရဏဋ္ဌော=ဒုက္ခဝဋ်မှကျွတ်လွတ်ခြင်း သဘောလည်း တစ်ပါး။

၂။ ပဝိဝေကဋ္ဌော=နှောင့်ယှက်ခြင်းတို့မှ ဆိတ်ကင်းသော သဘော လည်း တစ်ပါး။

၃။ အမတဋ္ဌော=ပျက်ဆုံးခြင်းမရှိသော သဘောလည်း တစ်ပါး။

၄။ အသင်္ခတဋ္ဌော=အဖန်ဖန် ပြုပြင်ရခြင်းမရှိသော သဘော လည်း တစ်ပါး။

အကြင်တရားသည် ဤလေးပါးသော သဘောနှင့် ပြည့်စုံ၏၊ ထိုတရားသည် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းကင်းလွတ်သော တရားအမှန် ဖြစ်၏၊ နိဗ္ဗာန်တရားသည်သာလျှင် ဤလေးပါးသော သဘောနှင့် ပြည့်စုံ၏၊

---

မဂ္ဂသစ္စာ အနက် ၄-ချက်

၁။ မဂ္ဂဿ= သမ္မာဒိဋ္ဌိ အစရှိသော လောကုတ္တရာ မဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာတရား၏၊ နိယျာနဋ္ဌော=သံသရာဝဋ်မှ ထွက် မြောက်ကြောင်း သဘောလည်း တစ်ပါး။

၂။ ဟေတုဋ္ဌော=ဖြူစင်မွန်မြတ်သော ဂုဏ်ကျေးဇူးအပေါင်း တို့ကို ကောင်းစွာတည်ခိုင် ပွားများစေနိုင်သော မူလ သဘောလည်း တစ်ပါး။

၃။ ဒဿနဋ္ဌော=အနမတဂ် သံသရာစက်ဝယ် အိပ်မက်တွင်မျှ မမြင်ဘူးရ ထူးမြတ်လှသော စတုသစ္စဓမ္မကို မြင်ရခြင်း သဘောလည်း တစ်ပါး။

၄။ အာဓိပတေယျဋ္ဌော=တဏှာသုံးမျိုး၏ အုပ်စိုးချက်မှ လွန်မြောက်သဖြင့် မိမိအပေါ်တွင် မိမိလျှင် အကြီးအကဲ ဖြစ်ရခြင်း သဘောလည်း တစ်ပါး။

အကြင်တရားသည် ဤလေးပါးသော သဘောနှင့် ပြည့်စုံ၏၊ ထိုတရားသည်သာလျှင် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရန် လမ်းကြောင်းအမှန် ဖြစ်၏၊ မဂ္ဂင်ရှစ်ပါး တရားသည်သာလျှင် ဤလေးပါးသော သဘောနှင့် ပြည့်စုံ၏၊

---

၃-ဒုက္ခသစ္စာအနက် ၄-ချက် အဓိပ္ပါယ်

ပီဠနဋ္ဌ, သင်္ခတဋ္ဌ, သန္တာပဋ္ဌ, ဝိပရိဏာမဋ္ဌ, ဒုက္ခသဘော လေးချက်။

ထိုလေးချက်တွင် ပီဠနဋ္ဌကား ဒုက္ခသစ္စာ၏ လက္ခဏာရင်း တည်း၊ နောက်သုံးချက်ကား ပီဠနဋ္ဌ၏ အပွားတည်း၊ ပီဠနဋ္ဌဆိုသည်ကား နှိပ်စက် ညှဉ်းပန်းမှုတည်း၊ ထိုနှိပ်စက် ညှဉ်းပန်းမှုသည်

၁။ သင်္ခတကိစ္စနှင့် နှိပ်စက်ညှဉ်းပန်းမှု၊

၂။ သန္တာပကိစ္စနှင့် နှိပ်စက်ညှဉ်းပန်းမှု၊

၃။ ဝိပရိဏာမကိစ္စနှင့် နှိပ်စက်ညှဉ်းပန်းမှု၊ ဟူ၍ သုံးပါးရှိ၏ ဟူလိုသည်။

တစ်ခုတစ်ခုသော တေဘူမက ဓမ္မသည် မိမိကို တွယ်တာသော သတ္တဝါကို

၁။ ရှေးအဖို့၌ သင်္ခတဒဏ်ချက်နှင့် နှိပ်စက်ညှဉ်းပန်း၏၊

၂။ အလယ်ဖို့၌ သန္တာပဒဏ်ချက်နှင့် နှိပ်စက်ညှဉ်းပန်း၏၊

၃။ အဆုံးသတ်၌ ဝိပရိဏာမဒဏ်ချက်နှင့် နှိပ်စက်ညှဉ်းပန်း ၏၊

ဤသို့ အစ, အလယ်, အဆုံး သုံးပါးတို့၌ ဒုက္ခဒဏ် သုံးချက် နှင့် နှိပ်စက်ညှဉ်းပန်းမှုသည်ပင်လျှင် ပီဠနဋ္ဌ မည်၏ ဆိုလိုသည်။

---

ဗြဟ္မာ့ပြည်၌ ဒုက္ခဒဏ်ချက်

တစ်ကြိမ်ရရှိသော ဗြဟ္မာ့ခန္ဓာသည် ထိုပုဂ္ဂိုလ်ကို

၁။ အစ၌ သင်္ခတဒဏ်ချက်နှင့် နှိပ်စက်၏၊

၂။ အလယ်၌ သန္တာပဒဏ်ချက်နှင့် နှိပ်စက်၏၊

၃။ အဆုံး၌ ဝိပရိဏာမဒဏ်ချက်နှင့် နှိပ်စက်၏၊

အစ၌ သင်္ခတဒဏ်ချက သင်္ခတဒဏ်ချက်နှင့် နှိပ်စက်မှု ဆိုသည်ကား ထိုဗြဟ္မာ့ ခန္ဓာကို ရခြင်းငှါ ရှေးဘဝ၌ စျာန်သမာပတ်တရားကို ပွားများအားထုတ်မှု ဟူသော သင်္ခတဒဏ်ချက်နှင့် ပြင်းထန်စွာနှိပ်စက်မှုတည်း၊ စျာန် သမာပတ်တရားကို ပွားများအားထုတ်မှုမည်သည် အလွန်ပြင်းထန်သော သင်္ခါရဒုက္ခမှုကြီး ဖြစ်သတည်း၊ လူနှင့် မနီးရာ တောကြီး တောင်ကြီးမှာ နေ၍ လူစဉ်မမှီအောင် အပင်ပန်းခံမှ ရနိုင်သော တရားမျိုးတည်း။

အလယ်၌ သန္တာပဒဏ်ချက သန္တာပဒဏ်ချက်နှင့် နှိပ်စက်မှုဆိုသည်ကား ထိုစျာန် သမာပတ်တရား၏ အကျိုးဖြစ်သော ဗြဟ္မာ့ခန္ဓာ ဖြစ်ပေါ်လာသည် ရှိသော် ထိုဗြဟ္မာ့ခန္ဓာမှ ငါ ငါ ဟူသော မာနမီး အမြဲထ၍ သန္တာပဒဏ် ချက်ဖြင့် ထိုပုဂ္ဂိုလ်ကို အမြဲနှိပ်စက်၏၊ ထို့အတူ သက္ကာယဒိဋ္ဌိမီး, သဿတဒိဋ္ဌိမီး, ဥစ္ဆေဒဒိဋ္ဌိမီး, ဗြဟ္မာ့ ဘုန်းတန်ခိုးဖြင့် ယစ်မူးခြင်းဟူသော မဒမီး, တရား၌ မေ့လျော့ခြင်းဟူသော ပမာဒမီး, အစရှိကုန်သော ကိလေသာမီးတို့သည် ထကုန်၍ သန္တာပဒဏ်ချက်ဖြင့် ထိုပုဂ္ဂိုလ်ကို အမြဲ နှိပ်စက်ကုန်၏၊ ကိလေသာတို့၏ ပူပန်စေတတ်မှု, နှိပ်စက်မှု မည်သည် နှိပ်စက်ဆဲအခါ၌ ထိုပုဂ္ဂိုလ် သိနိုင်သည်မဟုတ်၊ အကောင်းပင် ထင်ရ သည်၊ မိမိ အကြိုက်ပင် ထင်ရသည်၊ နောင်တ တစ်ဖန် ပူပန်မှု ဖြစ်ပေါ်၍ လာသောအခါမှ ကိလေသာတို့၏ ပူပန်စေမှု နှိပ်စက်မှု ထင်ရှားပေါ် ပေါက်၍ လာသည်၊ ပုဂ္ဂိုလ်ကပင် ပူပန်မှုမှန်း မသိသော်လည်း ရှေ့သို့ ယုတ်ညံ့ သိမ်ဖျင်း၍ သွားရန် နောက်ကျု ညစ်ကြေးသော အကြံအစည် ဟူသမျှသည် ထိုပုဂ္ဂိုလ်ကို နှိပ်စက်မှုချည်းသာတည်း၊ ထိုဗြဟ္မာ အသက် ရှည်သမျှ ကာလပတ်လုံး ထိုဗြဟ္မာ့ခန္ဓာမှ ကိလေသာမီးအမျိုးမျိုး ဖြစ်ပွား ၍ ထိုဗြဟ္မာကို ထိုခန္ဓာသည် အသက်ထက်ဆုံး နှိပ်စက်ညှဉ်းပန်း၏။

အဆုံး၌ ဝိပရိဏာမဒဏ်ချက် ဝိပရိဏာမဒဏ်ချက်နှင့် နှိပ်စက်မှု ဆိုသည်ကား ထို ခန္ဓာ၏ သေဆုံး ပျောက်ကွယ်မှုကို ဝိပရိဏာမ ဒုက္ခဆိုသတည်း၊ ထိုခန္ဓာ ပျက်ဆုံးသည့် အတွက်ကြောင့် ထိုပုဂ္ဂိုလ်သည် ယုတ်ညံ့သော ကာမဘုံ ကာမဘဝသို့ လျောကျရလေ၏၊ အဆင့်ဆင့်အားဖြင့် အောက်အဝီစိ ငရဲသို့ ကျအောင်ပင် လျောကျရလေ၏၊ ခွေး, ဝက်, ကြက်, ငှက်, ခြင်, မှက်, သန်း, ကြမ်းပိုး စသည် ဖြစ်ရပြန်၏၊ ထိုဗြဟ္မာ့ ခန္ဓာသည် အဆုံး၌ ထိုပုဂ္ဂိုလ်ကို ဝိပရိဏာမဒဏ်ချက်ဖြင့် ဤမျှလောက် ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်း၏။

ထို့ကြောင့် ထိုဗြဟ္မာ့ခန္ဓာသည် ပီဠနဋ္ဌ, သင်္ခတဋ္ဌ, သန္တာပဋ္ဌ, ဝိပရိဏာမဋ္ဌ ဟူသော ဒုက္ခအချက် အနက်လေးပါးနှင့် ပြည့်စုံသည်ဖြစ်၍ ဒုက္ခသစ္စာမည်၏၊

---

နတ်ပြည်၌ ဒုက္ခခံချက်

နတ်ပြည်ခြောက်ထပ် နတ်တို့၏ ခန္ဓာသည်လည်း ခန္ဓာရှင် ဖြစ်သူကို

၁။ အစ၌ သင်္ခတဒဏ်ချက်

၂။ အလယ်၌ သန္တာပဒဏ်ချက်

၃။ အဆုံး၌ ဝိပရိဏာမဒဏ်ချက်နှင့် နှိပ်စက်ညှဉ်းပန်း၏။

ဤ၌ သင်္ခတဒဏ်ချက် ဆိုသည်ကား ဒါနပြုမှု, ဝစီကံများကို လုံခြုံစွာ စောင့်ထိန်းမှု, စိတ်မနောများကို လုံခြုံစွာ ချုပ်တည်းမှုပေတည်း၊ ထိုအမှုကို ရှေးဘဝ၌ ပြည့်စုံစွာပြုနိုင်မှ နောက်ဘဝ၌ နတ်ခန္ဓာကို ရနိုင်၏၊ စိတ်အလို သက်သက်နှင့် ရနိုင်သည်မဟုတ်၊ ဒါနမှုမည်သည် တစ်ရာတန် ချမ်းသာ၍ နေသောသူကို တစ်နေ့တည်းနှင့် မွဲစေနိုင်၏၊ တစ်ထောင်တန် ချမ်းသာ၍နေသောသူကို တစ်နေ့တည်းနှင့် မွဲစေနိုင်၏၊ သီလမှုမည်သည် အစဉ်မြဲလေအောင် လုံခြုံစွာ စောင့်ထိန်းမှု အလွန်ကြပ်တည်း၏။

ထိုဒါန, သီလမှုကို မပြုဘဲနေခဲ့လျှင် သေသည်၏အခြားမဲ့၌ အပါယ်လေးပါးသို့ ဆင်းရတော့မည် အပြီးဖြစ်၍ မပြုချင်လျှင် မနေသာမှု ကြီး စင်စစ်ဖြစ်၏၊ ဒါန, သီလရှိ၍ သုဂတိဘုံဘဝသို့ ရောက်ကြရာ၌လည်း ဒါန, သီလ သေးသိမ်ခဲ့လျှင် သေးသိမ်ယုတ်ညံ့သောဘဝသို့ ရောက်ပြန် ၏၊ ဒါန, သီလ ကြီးလေလေ အဆင့်ဆင့် မြင့်သည်ထက် မြင့်ရာ မြတ် သည်ထက် မြတ်ရာသို့ ရောက်လေလေဖြစ်၏။

ထို့ကြောင့် နောက်ဘဝ၌ သေးသိမ်ယုတ်ညံ့၍ နေမည်ကို ကြောက်ရသဖြင့် ဒါနမှုနှင့် ပစ္စည်းများစွာ အဆုံးခံကြရ၏၊ သီလမှုနှင့် ကိုယ်နှုတ်နှစ်ဖြာ များစွာကျဉ်းကြပ်ရ၏၊ မပြုချင်မနေသာလှ၍ ပြုကြ သော မနေသာမှုကြီးတွေ စင်စစ်တည်း။

မနေသာမှုနှင့် ပြုကြရသော အမှုဟူသမျှသည် ဒုက္ခမှုချည်း စင်စစ်တည်း၊ ဒါန, သီလကို မပြုဘဲနှင့်ပင် အလိုရှိရာ နတ်ခန္ဓာကို ရနိုင်သည်ဖြစ်ငြားအံ့၊ စျာန်သမာပတ်ကို အားမထုတ်ဘဲနှင့် အလိုရှိရာ ဗြဟ္မာ့ခန္ဓာကို ရနိုင်သည်ဖြစ်ငြားအံ့၊ ထိုတရားတို့ကို ဘယ်သူပြုပချေ အံ့နည်း။

ထိုနတ်ခန္ဓာတို့မှ အလွန်ပြင်းထန်သော ရာဂမီးတို့သည် အသက် ထက်ဆုံး ထ၍ ထိုနတ်တို့ကို ပူပန်စေကုန်၏၊ ဒေါသမီး, မောဟမီး, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ-မီးတို့သည် ထိုက်သည် အားလျော်စွာ ထကုန်၍ ထိုနတ်တို့ကို ပူပန်စေကုန်၏၊ ဤကား နတ်ပြည် ခြောက်ထပ် နတ်တို့၏ ခန္ဓာသည် သန္တာပမီး အမျိုးမျိုးတို့ဖြင့် ထိုနတ်တို့ကို တစ်ရံမစဲ အမြဲနှိပ်စက်ပုံတည်း။

ပျော်ပါးခံစား၍ နေဆဲအခါ၌ပင်လျှင် ခန္ဓာတို့သည် မီးတောက် ကြီး ရုတ်တရက်သေပျောက်သကဲ့သို့ ရုတ်တရက် ချုပ်ပျောက်ကွယ်ဆုံး ကုန်၍ ထိုနတ်တို့ကို ယေဘုယျအားဖြင့် အပါယ်သို့ လျောကျစေကုန်၏၊ မိမိ မိမိတို့၏ ခန္ဓာတို့သည်ပင်လျှင် ထိုနတ်တို့ကို အပါယ်သို့ ပစ်ချကုန်၏၊ ဤကား နတ်ခန္ဓာတို့သည် နတ်တို့ကို အဆုံး၌ ဝိပရိဏာမဒဏ်ချက်ဝိပရိဏာမဒဏ်ချက်နှင့် နှိပ်စက်ညှဉ်းပန်းပုံတည်း။

---

နှိုင်းယှဉ်ချက်

အစ, အလယ်, အဆုံး နှိပ်စက်ခြင်း သုံးပါးတို့တွင် ဗြဟ္မာတို့၌ သင်္ခတဒဏ်ချက် အလွန်ကြီးမား၏၊ အလွန်ပြင်းထန်သော သင်္ခတ ဒဏ်ချက်ကြီးကို ခံနိုင်သည့်အတွက်ကြောင့် အလယ်၌ သန္တာပဒဏ်ချက် သက်သာ၏၊ အဆုံးဖြစ်သော ဝိပရိကာမဒဏ်ချက်လည်း အလွန်ကြာမြင့် မှ ဆိုက်၏၊ ကမ္ဘာဖြင့် အသက်တမ်းကို ရေတွက်ရ၏။

နတ်ပြည်ခြောက်ထပ်တို့၌ သင်္ခတဒဏ်ချက် သက်သာ၏၊ ဒါနမှု, သီလမှုမည်သည် စျာနဘာဝနာမှုထက် အဆတစ်ထောင်မက လွယ်လှ ၏၊ သင်္ခတဒဏ်ချက် သက်သာရာကို လိုက်မှုကြောင့် ကိလေသာတို့သည် ညှိုးနွမ်းခြင်း မရှိကုန်ရကား နတ်ခန္ဓာဖြစ်ပေါ်သောအခါ၌ သန္တာပ ဒဏ်ချက်တို့သည် အလွန်ကြီးကျယ်ကုန်၏၊ ခြောက်ဒွါရမှ တောက်ထ ကုန်သော ကာမရာဂမီးတို့သည် ထိုနတ်တို့ကိုအသက်ထက်ဆုံး တဟုန်း ဟုန်း လောင်ကုန်၏၊ ကြွင်းသော မီးတို့လည်း ထိုက်သည်အားလျော်စွာ လောင်ကုန်၏၊ ဝိပရိဏာမဒဏ်ချက်လည်း အလွန်လျင်မြန်စွာ ဆိုက်လာ ကုန်၏၊ နှစ်, လ, နေ့ရက်ဖြင့် သက်တမ်းကိုရေတွက်ရ၏၊ နတ်တို့အသက် သည် ဗြဟ္မာတို့၏အသက်နှင့် နှိုင်းယှဉ်သည်ရှိသော် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့်ကဲ့သို့ဖြစ်၏၊ နတ်ပြည်ခြောက်ထပ်လုံး၌ ခံစားမှု, စံစားမှု, ပျော်ပါးမှုဆိုသော်လည်း နတ်ပြည်ခြောက်ထပ်လုံး ကာမရာဂမီး တဟုန်း ဟုန်း တောက်လောင်မှုတို့သာတည်း။

ဤသို့လျှင် နတ်ပြည်ခြောက်ထပ် နတ်တို့၏ ခန္ဓာတို့သည် ခန္ဓာရှင် နတ်တို့ကို လေးပါးသောဒဏ်ချက်တို့ဖြင့် နှိပ်စက်ညှဉ်းပန်းမှု ထင်ရှားရှိလေသောကြောင့် ဒုက္ခသစ္စာသာအမှန်ဖြစ်၏၊

---

လူ့ပြည်၌ ဒုက္ခဒဏ်ချက်

လူတို့၏ ရုပ်နာမ် ခန္ဓာတို့သည်လည်း လူသတ္တဝါတို့ကို ဒုက္ခဒဏ် သုံးချက်တို့နှင့် နှိပ်စက်ညှဉ်းပန်း၏၊

၁။ သင်္ခတဒဏ်ချက်မှာ နတ်တို့ထက်ပင် သက်သာ၏။

၂။ သင်္ခတဒဏ်ချက် သက်သာသည့် အတွက်ကြောင့် သန္တာပ ဒဏ်ချက်ကို နတ်တို့ထက် အဆသိန်းသန်းမက သာလွန် ၍ ခံရ၏။

၃။ ဝိပရိဏာမဒဏ်ချက်လည်း အလွန်လျင်မြန်စွာ ဆိုက်လာ ၏၊ လူတို့၏ တစ်သက်သည် နတ်တို့၌ မျက်တောင် တစ်ခတ် လျှပ်တစ်ပြက်ခန့်ကဲ့သို့ ရှိ၏။

သန္တာပဒဏ်ချက် ကြီးကျယ်ပုံကား အမိဝမ်း၌ ကိန်းအောင်းမှု ဒုက္ခ, ဖွားမြင်မှုဒုက္ခ, ပူသောအရပ်, ပူသောရာသီ၌ ပူမှု, အိုက်မှုဒုက္ခ, ချမ်းအေးသောအရပ်, ချမ်းအေးသောရာသီ၌ အလွန်ချမ်းအေးမှုဒုက္ခ, ခြင်, မှက်, လေပူ, နေပူထူထပ်သောအရပ်, ထူထပ်သောရာသီ၌ ခြင်ကိုက်, မှက်ကိုက်, လေတိုက် နေပူခံရသော ဒုက္ခ, ဒုက္ခပေါင်းအနန္တ အတွင်းဝင် လျက်ပါရှိသော တောင်သူလယ်ယာလုပ်ကိုင်ခြင်း အစရှိသော အသက် ခန္ဓာ မွေးမြူမှုဟူသော မဟာဒုက္ခကြီး, မင်းရေး စိုးမှုဒုက္ခ, ရပ်ရေး ရွာရေးမှု ဒုက္ခ, ဆွေရေး မျိုးရေးမှု ဒုက္ခ, တစ်နေ့တစ်နေ့လျှင် နှစ်ကြိမ် နှစ်ကြိမ် ဤခန္ဓာကို အစာရေစာပေးဆောင်မှုနှင့် နေ့စဉ်ကြောင့်ကြစိုက်ရသော ဒုက္ခ, တစ်ခုတည်းသော ဣရိယာပုထ်၌ ကြာမြင့်စွာ မနေနိုင်သည့် အတွက် ဣရိယာပုထ် အမျိုးမျိုး ပြောင်းရွှေ့ ပေးဆောင်ရသော ဒုက္ခ, ခြောက်ဒွါရတို့၌ စွဲကပ်တွယ်တာ၍နေကုန်သော ကိလေသာတည်း ဟူသော ဘီလူးသံဘက် အစိမ်း သူရဲတို့ လှုံ့ဆော်တိုင်း လှုံ့ဆော်တိုင်း ဘီလူး သံဘက် အစိမ်းသူရဲတို့ကို အစာကျွေးမှု ဒုက္ခ, ဤကား ပကတိအရိုး အစဉ် ဒုက္ခမျိုးစုတည်း။

ဒုစ္စရိုက် အမျိုးမျိုးတို့ကို အမှောက်အမှား လိုက်စားကျူးလွန်မှု ဒုက္ခ အနန္တ, ဒုစ္စရိုက်အမျိုးမျိုးတို့နှင့် အသက်မွေးမှု သားမယားမွေးမှု ဒုက္ခအနန္တ, အပါယ်လေးပါး၌ အနစ်ကြီးနစ်ဖွယ်သော ဘာသာတရား အမှောက်အမှား ထွန်းကားရာ လူမျိုး၌ဖြစ်၍ အသက်ရှည်လေလေ အပါယ်ငရဲ နက်နဲလေလေ ဖြစ်ရသော ဒုက္ခအနန္တ, နွေအခါ၌ မီးလှုံခြင်း, ဆောင်းအခါ၌ မိမိကိုယ်ကို ရေစိမ်ခြင်း အစရှိသော အလွန်သာပင်ပန်း၍ အကျိုးမရှိ, အချည်းနှီးသော မိစ္ဆာဒိဋ္ဌိ လူမျိုး၌ဖြစ်၍ အကျိုးမရှိ, အချည်းနှီး သက်သက်နှင့် တစ်သက်လုံး အပင်ပန်းကြီး ပင်ပန်းရသော ဒုက္ခမျိုးအနန္တ, ကိုယ်တွင်းမှဖြစ်သော ကိုးဆယ့်ခြောက်ပါးသော ရောဂါဘေး အနာဘေး ကိုယ်ပ၌ဖြစ်သော ရန်သူမျိုးငါးပါးအစရှိသောဘေးတို့နှင့် တွေ့ကြုံရသော ဒုက္ခမျိုး အနန္တ, ဤသို့ အစရှိသည်ဖြင့် အနမတဂ္ဂသံသရာ၌ လူ့ဘုံမှာ ရှိနေသော သန္တာပဒုက္ခမျိုးသည် အလွန်များပြား ကြီးကျယ်၏၊ လူတို့၏ ခန္ဓာတို့သည် လူသတ္တဝါတို့ကို ဤမျှလောက်သော သန္တာပဒဏ်ချက် တို့ဖြင့် နှိပ်စက်ညှဉ်းပန်း၏။

လူတို့၏ ခန္ဓာသည် လူသတ္တဝါတို့ကို ဝိပရိဏာမဒဏ်ချက ဝိပရိဏာမဒဏ်ချက်ဖြင့် အဘယ်သို့ နှိပ်စက်သနည်း ဟူမူကား အလွန်ရခဲ လှစွာသော လူ့ဘဝကို ရပါသော်လည်း လူတို့၏ခန္ဓာသည် ထိုသတ္တဝါကို ကလလရေကြည် အခါတွင် ဝိပရိဏာမ ဒဏ်ချက်ဖြင့် အသေသတ်၍ အပါယ်သို့ ပစ်ချ၏၊ ဤနည်းအတိုင်း အသက်တမ်း ဆုံးအောင်ဆိုလေ။

အနမတဂ္ဂသံသရာ၌ တစ်ယောက်တစ်ယောက်သော သတ္တဝါ သည် မိမိခန္ဓာ၏သတ်ချက်ဖြင့် ကလလရေကြည်တွင် သေခဲ့ရသောဘဝ ပေါင်းအနန္တ, အမြှုပ်အဖြစ်သို့ ရောက်သောအခါ၌ သေခဲ့ရသော ဘဝ ပေါင်းအနန္တ, သွေးခဲအဖြစ်သို့ရောက်သောအခါ၌ သေခဲ့ရသော ဘဝ ပေါင်းအနန္တ, သားတစ်အခါ၌ သေခဲ့ရသောဘဝပေါင်းအနန္တ ဤသို့ အစရှိသည်ဖြင့် မိမိခန္ဓာသတ်မှုနှင့် သေခဲ့ရသော ခဏကာလအချက်တွေ ကို အကုန်မြော်မြင်လေ၊ ဤသို့လျှင် လူတို့၏ခန္ဓာသည် လူသတ္တဝါတို့ကို အဆုံးအဆုံး၌ ဝိပရိဏာမဒဏ်ချက်နှင့် နှိပ်စက် ညှဉ်းပန်း၏၊ ဤသို့လျှင် လူတို့၏ခန္ဓာသည် လူသတ္တဝါတို့ကို လေးပါးသော အနက်တို့ဖြင့် နှိပ်စက်ညှဉ်းပန်းမှု ထင်ရှားရှိလေသောကြောင့် ဒုက္ခသစ္စာ သာ အမှန်ဖြစ်လေသတည်း။

---

အပါယ်ဘုံ၌ ဒုက္ခဒဏ်ချက်

အပါယ်ဘုံသားတို့၏ ခန္ဓာသည် အပါယ်သတ္တဝါတို့ကို ဒုက္ခဒဏ် လေးချက်ဖြင့်နှိပ်စက်ညှဉ်းပန်းရာ၌အပါယ်ခန္ဓာကို အကုသိုလ်ဒုစ္စရိုက်မှု တို့သည် ဖြစ်စေကုန်၏။

မနော=သတ္တဝါတို့၏ စိတ်မည်သည်၊ ပါပသ္မိံ=မကောင်းမှု ဒုစ္စရိုက်၌သာလျှင်၊ ရမတေ=မွေ့လျော်၏၊”

ဟူ၍ ဟောတော်မူသောကြောင့် မကောင်းမှုဒုစ္စရိုက်မည်သည် သတ္တဝါတို့၏ မွေ့လျော်ပျော်ပါးရာဌာနဖြစ်၏၊ သတ္တဝါတို့မည်သည် စိတ်ပျော်မွေ့ရာဌာနသို့ လိုက်စားအားထုတ်၍ နေရလျှင် ဆင်းရဲသည်ဟု မထင်ကြ၊ ထို့ကြောင့် အပါယ်ခန္ဓာတို့၏ သင်္ခတဒဏ်ချက်သည် ပူလောင် မှုကြီး စင်စစ် ဖြစ်သော်လည်း မပြုချင်လျှင် မနေသာမှုမျိုးမဟုတ်၊ အလွန် ပြုချင် အားသန်ကြသော အမှုမျိုး ဖြစ်ခဲ့၍ သင်္ခတဒဏ်ချက် သက်သာ သည်ဟု ဆိုရန်တစ်ချက်, အကျိုးပေး ဆိုးရွားမှုကို ထောက်၍ သင်္ခတ ဒဏ်ချက် အလွန်ပြင်းထန်သည်ဟု ဆိုရန်တစ်ချက်ရှိ၏။

အပါယ်ခန္ဓာဖြစ်ပေါ်သောအခါ သန္တာပဒဏ်ချကသန္တာပဒဏ်ချက် ကြီးကျယ်ပုံ ကို မူကားမြတ်စွာဘုရားမှသော်လည်း ဒေသနာအစဉ်အားဖြင့် ဆုံးခန်း ရောက်အောင်မဟောနိုင်ဟု ဟောတော်မူရ၏။

[အပါယ်ခန္ဓာတို့၏ သန္တာပဒုက္ခ အမြွက်ကိုမူကား သံဝေဂ ဝတ္ထု ဒီပနီစာအုပ်မှာကြည့်၍ သိကြလေ။]

အကျဉ်းအားဖြင့် မီးငရဲ၌ ကျလေသောသူသည် အရိုး, အကြော, အသား, နှလုံး, သည်းပွတ်, ဦးနှောက်အစရှိသည်ဖြင့် အကုန်လုံး မီးခဲ အတိဖြစ်၍ အရေအားလုံးမှ မီးတောက်မီးလျှံ တစ်ဟုန်းဟုန်းတောက် လောင်၍ အနှစ်တစ်သိန်း, အနှစ်တစ်သန်း, အနှစ်တစ်ကုဋေ, အနှစ် အသင်္ချေပတ်လုံး အလွန်ပြင်းထန်သော မီးဒုက္ခကိုခံနေရ၏၊ ကံမကုန် သမျှ မလွတ်ရ။

ဤနည်းကိုမှီ၍ ဇမ္ဗူဒီပါကဲ့သို့ ယူဇနာတစ်သောင်းစီ ကျယ်ဝန်း သော ငရဲကြီးရှစ်ပြည်ထောင်တို့၊ ဥဿဒငရဲငယ်ပေါင်း (၁၂၈)ပြည် ထောင်တို့နှင့်အပြည့် မမြင်ဝံ့ မရှုဝံ့ ပြင်းထန်လှစွာသော အမျိုးမျိုးသော ဒုက္ခဒဏ်တို့ကို နှစ်ပေါင်းသိန်းသန်းကုဋေ ခံနေကြကုန်သော ပြည်ထောင် သတ္တဝါတို့ကို မြော်မြင်လေ။

[ပြိတ္တာတို့၏ သန္တာပဒုက္ခ, အသုရကာယ်တို့၏ သန္တာပဒုက္ခ, တိရစ္ဆာန်တို့၏ သန္တာပဒုက္ခတို့ုကိုလည်း သံဝေဂဝတ္ထု ဒီပနီသံဝေဂဝတ္ထု ဒီပနီစာအုပ်မှာ ကြည့်၍ သိလေ။]

အဆုံး၌ စုတေမှုဟူသော ဝိပရိဏာမဒဏ်ချက ဝိပရိဏာမဒဏ်ချက်မှာလည်း တစ်ခု သောကံအတွက် တစ်ခုသောအပါယ်ဘဝသို့ ရောက်လာရာ ထိုကံကုန်လျှင် ဝိပရိဏာမဒဏ်ချက်ဆိုက်ရောက်၍ စုတေလေသော် ထိုထက်နက်နဲသော အပါယ်ဘဝသို့ ကျရလေ၏၊ ဘဝပေါင်းတစ်ထောင် နှင့်လည်း သုဂတိဘုံသို့ လာခွင့်မရ၊ ဘဝပေါင်း တစ်သောင်းနှင့်လည်း သုဂတိဘုံသို့ လာခွင့်မရ။

ကုသိုလ်နည်းပါး အကုသိုလ်များကြပုံ

ဤအရာ၌ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ကျမ်းကြီး စကားကို ပြဆိုရာ၏။ သံသရာ၌ ကျင်လည်ကြကုန်သော သတ္တဝါတို့ မည်သည် သူတော်ကောင်းတရားနှင့် ပြည့်စုံသောဘဝကား အလွန်နည်းပါး၏။ နိုင်ရာသတ် နိုင်ရာစား အပါယ်ဘဝတွေသာ များကြ၏။ လူဖြစ်သော ဘဝတို့မှာလည်း ဘဝတစ်ရာတွင် တစ်ဘဝမျှ သူတော်ကောင်းတရားနှင့် ပြည့်စုံသောဘဝကို မရနိုင်။ မိစ္ဆာဒိဋ္ဌိဘဝဒုစ္စရိုက်ဘဝတွေသာ များချေ၏။ မကောင်းမှုဒုစ္စရိုက်မည်သည် တစ်ဘဝမျှလိုက်စားလျှင်ပင် အသင်္ချေယျ အနန္တ များပြားနိုင်၏။

ထို့ကြောင့် ယခုရှိကြသော လူလူ ရှင်ရှင် ပုထုဇ္ဇန်သတ္တဝါ အပေါင်းတို့မှာ တစ်ယောက်တစ်ယောက်သော သတ္တဝါ၌ပင်လျှင် အဝီစိငရဲသို့ ကျရောက်ရန် ဒုစ္စရိုက်ကံဟောင်းပေါင်း အသိန်းအသန်းမက ပါရှိ၍နေ၏။ သင်္ဃာတငရဲသို့ ကျရောက်ရန် အသိန်းအသန်းမက ပါရှိ၍ နေ၏။

ကြွင်းသောငရဲအမျိုးမျိုး၊ ပြိတ္တာအမျိုးမျိုး၊ အသုရကာယ် အမျိုးမျိုး၊ တိရစ္ဆာန်အမျိုးမျိုးတို့၌ ထိုနည်းတူသိလေ။ နတ်ပြည်ခြောက်ထပ်ရှိ နတ်ပုထုဇ္ဇန်သတ္တဝါ၊ ဗြဟ္မာ့ပြည်ရှိ ဗြဟ္မာပုထုဇ္ဇန်သတ္တဝါ တစ်ယောက်တစ်ယောက်မှာလည်း ဤနည်းတူ ဒုစ္စရိုက်ကံဟောင်းတွေ ပါရှိ၍နေပုံကို သိလေ။

လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့မှ စုတေ၍ အပါယ်သို့ တစ်ခါ ကျရောက်၍သွားခဲ့လျှင် ထိုကံဟောင်းတို့သည် အကုန်အခွင့်ရကြကုန်၏။ တစ်ကံပြီးလျှင် တစ်ကံ၊ တစ်ကံပြီးလျှင် တစ်ကံ အပါယ်ပဋိသန္ဓေကိုချည်း ဆက်ကာဆက်ကာ ပေးကြကုန်၏။ ထိုသူသည် ဘဝတစ်ထောင်နှင့်လည်း အပါယ်မှ တက်ခွင့်မရ၊ ဘဝတစ်သောင်းနှင့်လည်း အပါယ်မှ တက်ခွင့်မရ၊ ဘဝတစ်သိန်းနှင့်လည်း အပါယ်မှ တက်ခွင့်မရ။ အနည်းငယ်မျှသော ကံတစ်ခုကြောင့် အပါယ်သို့ ကျရောက်ကြလေရာ ထိုကဲ့သို့သော ကံဟောင်းတွေ ဆက်လက်၍နေသည့်အတွက်ကြောင့် တစ်ကမ္ဘာလုံးပင် အပါယ်မှ တက်ခွင့်မရဘဲ ငရဲသစ်ငုတ်၊ အပါယ်သစ်ငုတ် ဖြစ်၍နေကြသော သတ္တဝါတွေ အသင်္ချေအနန္တ ရှိသည်။

ဤကား အဋ္ဌကထာကျမ်းကြီးများတွင် ပြဆိုသော စကားအစဉ်တည်း။ အပါယ်ခန္ဓာတို့၏ သန္တာပဒဏ်ချက်၊ ဝိပရိဏာမဒဏ်ချက် ကြီးကျယ်ပုံကို အမြွက်မျှ ပြဆိုခန်း ပြီး၏။

ဤကား ဘဝတစ်ခုဟုဆိုအပ်သောခန္ဓာသည် ခန္ဓာရှင်သတ္တဝါကို ဒုက္ခဒဏ်သုံးချက်ဖြင့် နှိပ်စက်ညှဉ်းပန်းပုံ အစီအရင်ကို ပြဆိုသော စကားရပ်တည်း။

လယ်သမားကို ဒုက္ခဒဏ်ချက် နှိပ်စက်ပုံ

ထိုမှတစ်ပါး တစ်ခု၊ တစ်ခုသော ဘဝအတွင်း၌ နှစ်စဉ်အတိုင်း၊ လစဉ်အတိုင်း၊ နေ့စဉ်အတိုင်း၊ နာရီစဉ်အတိုင်း ဤခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ သတ္တဝါအပေါင်းတို့ကို ထိုဒဏ်သုံးချက်တို့ဖြင့် နှိပ်စက်ညှဉ်းပန်းပုံကို အမြွက်မျှ ပြဆိုဦးအံ့။

တောင်သူလယ်ယာ လုပ်ကိုင်မှုနှင့် တစ်နှစ်စာ အသီးအနှံ ရရှိသုံးဆောင်စားသောက်၍ ကုန်ခန်းရာ၌ ထိုအသီးအနှံသည် ရှေးအဖို့၌ ထွန်ယက်မှု၊ စိုက်ပျိုးမှု၊ စောင့်ရှောက်မှုဟူသော သင်္ခတဒဏ်ချက်ဖြင့် ထိုတောင်သူယောက်ျားကို နှိပ်စက်၏။ အသီးအနှံ ဖြစ်လာသောအခါ စောင့်ရှောက်မှု၊ ရိတ်သိမ်းမှု၊ နင်းနယ်မှု၊ ကျီတွင်း ကြတွင်း သွင်းထားမှု၊ စောင့်ရှောက်မှု၊ ကျီတွင်းကြတွင်းမှ ထုတ်၍သုံးစွဲမှု၊ သုံးဆောင်စားသောက်မှု၊ လောဘမီးပွားမှု ဒေါသ၊ မာန၊ ဣဿာ၊ မစ္ဆရိယတည်းဟူသော သန္တာပဒဏ်ချက်ဖြင့် နှိပ်စက်၏။ သုံးစွဲစားသောက်၍ နေ့စဉ် လျော့ပါးကုန်ခန်းမှုဟူသော ဝိပရိဏာမဒဏ်ချက်ဖြင့် နေ့စဉ်နှိပ်စက်၏။

စောဒက တက်ပုံ

ဤအရာ၌ စောဒနာရန်ရှိ၏။ မီးဘေးရေဘေး အစရှိသည် ဖျက်ဆီး၍ အချည်းနှီးလျော့ပါးကုန်ခန်းမှုကိုသာ နှိပ်စက်ညှဉ်းပန်းမှု ဆိုသင့်ပါသည်။ မိမိလုပ်ဆောင်ရရှိသောဥစ္စာ၏ မိမိသုံးစွဲ စားသောက်၍ လျော့ပါးကုန်ခန်းမှုကို နှိပ်စက်ညှဉ်းပန်းမှု မဆိုသင့်ပါဟု စောဒနာရန်ရှိ၏။

ဖြေဆိုပ

အန္ဓဗာလပုထုဇ္ဇန်တို့၏ ဆင်ခြေစကားမျိုးပေတည်း။ အကယ်၍ ထိုအသီးအနှံတို့သည် သုံးစွဲစားသောက်၍ လျော့ပါးကုန်ခန်းမှု မရှိသော နိစ္စမျိုးစင်စစ် ဖြစ်ခဲ့အံ့၊ တစ်နှစ်အားထုတ်လုပ်ဆောင်ရရှိလျှင် တစ်သက်ပန်လုံး အငြိမ်းစားသုခကို ရနိုင်လတ္တံ့။ ထွန်မှုယက်မှုစသော တောင်သူဒုက္ခတို့နှင့်တကွ တစ်ခြားတစ်ပါးသော အသက်မွေးမှုဒုက္ခတို့မှ တစ်သက်ပန်လုံး လွတ်ငြိမ်းလတ္တံ့။ အထွတ်အမြတ် သူတော်ကောင်းတရားကို ပွားများအားထုတ်မှုနှင့် တစ်သက်ပန်လုံး နေခွင့်ရသဖြင့် ကြီးကျယ်စွာသော လောကုတ္တရာစီးပွားကိုပင် ရနိုင်လတ္တံ့။

ထိုသို့ နိစ္စမျိုးကားမဟုတ်။ အနိစ္စမျိုးစင်စစ်ဖြစ်ခဲ့၍ သုံးစွဲစားသောက်မှုနှင့် နေ့စဉ်လျော့ပါးကုန်ခန်းမှုအတွက်ကြောင့် မွဲမြဲမွဲ၍ ဥစ္စာလက်မဲ့ ချည့်နဲ့နွမ်းပါးသောအဖြစ်သို့ ရောက်ပြန်၏။ မိုးဦး လေဦး ကျပြန်လျှင် တောင်သူလုပ်ခင်း ဆင်းရဲတွင်းသို့ ဆင်းရပြန်၏။ နှစ်စဉ်အတိုင်း ကုန်ခန်းမှု၊ နှစ်စဉ်အတိုင်း လုပ်ဆောင်မှု ဒုက္ခစက်ကြီး အပြီးစွပ်လျက် နေသဖြင့် တစ်သက်ပန်လုံး အငြိမ်းစားမှု တစ်ကွက်မျှမပေါ်ဘဲ ဆင်းရဲတွင်းမှာပင် အိုမင်း၍ သေရလေ၏။ အလွန်ရခဲလှသော လူ့ဘဝကို ရခိုက်ကြုံသည်နှင့်လျော်စွာ အထွတ်အမြတ်ဖြစ်သော သူတော်ကောင်းတရားကို ပွားများအားထုတ်မှုနှင့် နေခွင့်မရသဖြင့် ကြီးမြတ်လှစွာသော လောကုတ္တရာစီးပွားကြီးမှ အပဖြစ်လေ၏။

အစဉ်ထာဝရ အငြိမ်းစားစခန်းသို့ ဆိုက်ရောက်လမ်းမရှိသော ဝိပရိဏာမအနိစ္စဝတ္ထုကို ကိုယ်ကျိုးကိုယ်စီးပွား ပြုလုပ်စွဲလမ်းကြကုန်သော ဗာလပုထုဇ္ဇန်တို့အား ဆင်းရဲတွင်းက တက်ရရိုးမရှိ။

ဤသို့ ဒုက္ခတွင်းက မလွတ်မထွက်၊ ထွက်ရမှု မရသည့်အတွက် ထိုအလုပ်ငြိမ်းခွင့်မရမှု၊ ငြိမ်းကွက်မရသည့်အတွက် အထွတ်အမြတ်တရားကို ကောင်းကောင်းလိုက်စားကွက်မရမှု၊ အထွတ်အမြတ်တရားကို ကောင်းကောင်းလိုက်စားခွင့် မရသည့်အတွက်ကြောင့် နောက်နောက်ဘဝ၌လည်း ထိုတောင်သူ လုပ်ဆောင်မှုဒုက္ခမှ လွတ်ခွင့်မရမှု၊ အဆင့်ဆင့် အကျိုးနည်းလမ်းကြီးကို မြော်မြင်နိုင်ကြကုန်သော ပညာရှိတို့သည်ကား မိမိသုံးစွဲစားသောက်၍ လျော့ပါးကုန်ခန်းသည်ဖြစ်စေ၊ မိမိမသုံးစွဲ မစားသောက်ရဘဲ မီးဘေးရေဘေး စသည်တို့ကြောင့် လျော့ပါးကုန်ခန်းသည်ဖြစ်စေ လျော့ပါးကုန်ခန်းမှုချင်း အတူတူပင်ဖြစ်၏။ ဆင်းရဲ၍ မဆုံးနိုင်သော အကျိုးနည်းလမ်းကြီးချင်း အတူတူပင်ဖြစ်၏ဟု မြင်ကြကုန်သည်ဖြစ်၍ အဆုံး၌ ဝိပရိဏာမအနိစ္စချုပ်အုပ်လျက်ရှိနေကြကုန်သော လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ့ချမ်းသာဟူသော တေဘူမကဓမ္မတို့ကို ဒုက္ခကြီး ထင်မြင်ကြကုန်သတည်း။

ထိုကဲ့သို့မြင်နိုင်သော ဉာဏ်ပညာမရှိကြကုန်သော ဗာလပုထုဇ္ဇန်တို့သည်ကား မိမိမသုံးစွဲရဘဲ မီးဘေးရေဘေး စသည်တို့ကြောင့် ပျက်စီးကုန်ခန်း၍သွားမှု၌သာ စိတ်နာတတ်ကြကုန်၏။ မိမိအလိုရှိတိုင်း သုံးစွဲစားသောက်၍ ကုန်ခန်းမှု၌ကား စိတ်မနာတတ်ကြကုန်၊ အလွန်ကျေအေးကြကုန်၏။ စိတ်မနာတတ်သမျှ ကာလပတ်လုံး ထိုဒုက္ခမှ လွတ်ခွင့်မရှိ။ စိတ်နာတတ်မှ လွတ်ခွင့်ပေါ်သည်။ စိတ်နာတတ်မှ ကုန်ခန်းတတ်သော ဝတ္ထုအာရုံမျိုး၊ လူ့ဘဝ လူ့ခန္ဓာ၊ နတ်ဘဝ နတ်ခန္ဓာ၊ ဗြဟ္မာ့ဘဝ ဗြဟ္မာ့ခန္ဓာမျိုးကို ဒုက္ခမျိုးထင်နိုင်သည်။ စိတ်မနာတတ်လျှင် ဒုက္ခမထင်နိုင်။ အထက်၌ပြဆိုခဲ့ပြီးသော အဆင့်ဆင့် အကျိုးနည်းလမ်းကြီးကို မြော်မြင်တတ်မှလည်း သဲထဲရေသွန်မှုတွေနှင့် နေ့ရက်နှစ်တွေ၊ ဘဝကမ္ဘာတွေ ကုန်၍နေရသည်ကို ဒုက္ခဟု ထင်နိုင်သည်၊ ဤကား မိမိခံစား စံစား၍ လျော့ပါးကုန်ခန်းမှုကို ဒုက္ခမဆိုသင့်ပါဟူသော စောဒနာကို ဖြေဆိုချက်တည်း။

ဤကား တစ်နှစ်တစ်နှစ်အဖို့နှင့် နှစ်စဉ်အတိုင်း လုပ်ဆောင်ရရှိ သုံးစွဲ၍ ကုန်ခန်းကုန်သော စပါး ပြောင်း ပဲ အသီးအနှံတို့၏ သင်္ခတဒဏ်ချက်၊ သန္တာပဒဏ်ချက်၊ ဝိပရိဏာမဒဏ်ချက်တို့ဖြင့် တောင်သူယောက်ျားကို နှိပ်စက်ညှဉ်းပန်းပုံတည်း။

ဤနည်းကိုမှီ၍ တစ်လတစ်လအဖို့နှင့် လစဉ်အတိုင်း နှိပ်စက်မှု၊ တစ်ရက်တစ်ရက်အဖို့နှင့် ရက်စဉ်အတိုင်း နှိပ်စက်မှုတို့ကိုလည်း ထင်မြင်အောင် ခြားနား၍ ကြည့်လေ။

ခပ်သိမ်းသော အသက်မွေးမှု၊ ပစ္စည်းဥစ္စာ ရှာကြံလုပ်ကိုင်မှုတို့နှင့် ရရှိသုံးစွဲကုန်ခန်းကုန်သော ကြေးငွေအသပြာ အဝတ်အစားတို့၏ ဒဏ်သုံးချက်နှင့် နှိပ်စက်ညှဉ်းပန်းမှုကိုလည်း တစ်လောကလုံး အနှံ့အပြား မြင်အောင် ကြည့်လေ။

အနမတဂ္ဂသံသရာ၌ ဒါန၊ သီလ၊ ဘာဝနာမှုတို့ကို အားထုတ်လုပ်ဆောင် ရရှိ ခံစား စံစား၍ ကုန်ခန်းခဲ့ကြကုန်သော လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာ့ဘဝတို့ကိုလည်း အကုန်မြင်လေ။

၆-ပါးသော ဒွါရအာရုံတို့မှ တဏှာမီးတောက်ပုံ

၁။ အာရုံကို ခံစားကြရာ၌ စက္ခုအာရုံနှင့် ပေါင်းဆုံ၍ နေဆဲအခါ စက္ခု၌ အရသာတွေ့၏။ စက္ခုအာရုံ ကွာပြန်လျှင် စက္ခုအရသာ ကုန်ခန်းပြန်၏။

၂။ သောတအာရုံနှင့် ပေါင်းဆုံ၍ နေဆဲအခါ သောတ၌ အရသာတွေ့၏။ သောတအာရုံ ကွာပြန်လျှင် သောတအရသာ ကုန်ခန်းပြန်၏။

၃။ ဃာနအာရုံနှင့် ပေါင်းဆုံ၍နေဆဲအခါ ဃာန၌ အရသာတွေ့၏။ ဃာနအာရုံ ကွာပြန်လျှင် ဃာနအရသာ ကုန်ခန်းပြန်၏။

၄။ ဇိဝှါအာရုံနှင့် ပေါင်းဆုံ၍ နေဆဲအခါ ဇိဝှါ၌ အရသာတွေ့၏။ ဇိဝှါအာရုံ ကွာပြန်လျှင် ဇိဝှါအရသာကုန်ခန်းပြန်၏။

၅။ ကာယအာရုံနှင့် ပေါင်းဆုံ၍နေဆဲအခါ ကိုယ်အင်္ဂါ၌ အရသာတွေ့၏။ ကာယအာရုံကွာပြန်လျှင် ကာယအရသာ ကုန်ခန်းပြန်၏။

၆။ မနောအာရုံနှင့် ပေါင်းဆုံ၍ နေဆဲအခါ မနော၌ အရသာတွေ့၏။ မနောအာရုံ ကွာပြန်လျှင် မနောအရသာ ကုန်ခန်းပြန်၏။

တဏှာသည် ဆာလောင်ပူပန်သော တဏှာခြောက်ပါး၊ ခံစားသာယာသော တဏှာခြောက်ပါး။ ခြောက်ဒွါရ၌ အာရုံအရသာ တွေ့နေဆဲအခါ၌ ခံစားသာယာသော တဏှာခြောက်ပါး မီးတောက်၏။

ခြောက်ဒွါရ၌ အာရုံအရသာ ကုန်ခန်း၍နေသောအခါ ဆာလောင်ပူပန်သော တဏှာခြောက်ပါး မီးတောက်၏။ ထိုတဏှာမီးတောက်တိုင်း ထိုတဏှာကို အစားပေးရန် အာရုံအသိုက်အအုံတို့ကို ပြည့်စုံစွာ ထူထောင်သိမ်းပိုက်၍ ထားကြရကုန်၏။ ခဏခဏ ကုန်ခန်းသော ခြောက်ဒွါရ အရသာကို လိုက်စားကြသူတို့သည် ထိုအာရုံအသိုက်အအုံ စည်းစိမ်အသိုက်အအုံတို့ကို မလွတ်နိုင်ကြကုန်ပြီ။ ထိုအသိုက်အအုံတို့သည်လည်း ကုန်ခန်းသောတရားမျိုးတို့သာတည်း။ ခြောက်ဒွါရ အရသာဟုဆိုအပ်သော ပီတိ၊ သောမနဿ၊ သုခဝေဒနာတို့သည် ထိုသူတို့ကို သင်္ခတဒဏ်ချက်၊ သန္တာပဒဏ်ချက်၊ ဝိပရိဏာမဒဏ်ချက်နှင့် ဘဝအဆက်ဆက် အမြဲနှိပ်စက်ကုန်၏။

ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် ထိုအရသာ၏ ဒုက္ခတွင်းကြီးမှ တက်ခွင့်မရကြကုန်ပြီ။ ထိုဒုက္ခတွင်းကြီးမှ ထွက်မြောက်စေနိုင်သော တရားတို့ကို လိုက်စားခွင့်မရဘဲ ရှောင်လွှဲကြဉ်ဖယ်၍ ပြဆိုခဲ့ပြီးသော အကျိုးနည်းလမ်းကြီးသို့ ပါ၍နေကြရကုန်သည်။ ဤကား ခဏစဉ် နာရီစဉ်အားဖြင့် ခန္ဓာငါးပါးတို့သည် သတ္တဝါတို့ကို ဒဏ်ကြီးသုံးချက်တို့ဖြင့် မပြတ်မစဲ အမြဲနှိပ်စပ်ပုံတည်း။

ဤပြဆိုခဲ့ပြီးသော နည်းလမ်းစုလည်း ထင်ရှားလှရာကို ရှာကြံ၍ ပြဆိုမှုသာ ဖြစ်သတည်း။

သက္ကာယဒိဋ္ဌိ

ယခုအခါ ဝိပရိဏာမဒုက္ခဒဏ်ချက်သက်သက်ကို အမြွက်မျှ ပြဆိုဦးအံ့။ ဤသံသရာ၌ အပါယဒုက္ခသည် အလွန်ကြီးကျယ်၏။ သိသောသူတို့သည် အလွန်ကြောက်ကြရကုန်၏။ မသိသောသူတို့မှာလည်း မသိသည့်အတွက် အပါယ်ဒုက္ခသာ၍ နက်ပြန်၏။ အပါယ်မျိုးစေ့ဖြစ်ကုန်သော အကုသိုလ်ဒုစ္စရိုက်ကံတို့သည် သက္ကာယဒိဋ္ဌိမှာ တွယ်တာကြကုန်၏။ သက္ကာယဒိဋ္ဌိထက်သန်လျှင် ထိုကံတို့သည် ဝင်းဝင်းတောက် ထက်သန်ကြကုန်၏။ သက္ကာယဒိဋ္ဌိညှိုးနွမ်းလျှင် ထိုကံတို့လည်း ညှိုးနွမ်းကုန်၏။ သက္ကာယဒိဋ္ဌိချုပ်ငြိမ်းလျှင် ထိုကံတို့လည်း ချုပ်ငြိမ်းကြကုန်၏။ ဥပမာကား- တိုက်ခန်းတွင်း၌ မီးထွန်း၍ထားရာ မီးတောက်နှင့် သက္ကာယဒိဋ္ဌိတူ၏။ ထိုမီးတောက်မှ ထွက်သော မီးရောင်အလင်းတို့နှင့် ဒုစ္စရိုက်ကံတွေ တူကုန်၏။ မီးတောက် အားကောင်းလျှင် မီးရောင်တို့လည်း အားကောင်းကုန်၏။ မီးတောက်မှိန်လျှင် မီးရောင်တို့လည်း မှိန်ကုန်၏။ မီးတောက်သေပျောက်လျှင် မီးရောင်တို့လည်း သေပျောက်ကုန်၏။ ဤဥပမာအတိုင်းပင်တည်း။

သက္ကာယဒိဋ္ဌိဟူသော ငရဲဓာတ်ကြီးရှိနေကုန်သော သတ္တဝါတို့သည် အပါယဒုက္ခကို အတန်အရာသိကြကုန်သော်လည်း ထိုငရဲဓာတ်ကြီး တိုက်တွန်းမှုကြောင့် ဒုစ္စရိုက်ကို ပြုကြရကုန်၏။ လုံးလုံးမသိသောသူ၊ မိစ္ဆာဒိဋ္ဌိအယူရှိသောသူတို့၌ကား ဆိုဖွယ်မရှိပြီ။ ထိုငရဲဓာတ်ကြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းလေတော့သည်။

သံသရာ၌ ကျင်လည်ကြရသော ဘဝတို့တွင် ဒုစ္စရိုက်မှန်း အပါယ်ဘေးရှိမှန်း သိနိုင်သောဘဝကား အလွန်နည်းပါး၏။ မသိသောဘဝ၊ အယူမှားသော ဘဝသာ များ၏။ တစ်ယောက်သော သတ္တဝါအား ဘဝတစ်ထောင်တွင် သိနိုင်သောဘဝ တစ်ကြိမ်မျှကြုံခဲစွ။ ဤကား သံသရာ၌ ကျင်လည်၍နေကြသော ပုထုဇ္ဇန်သတ္တဝါတို့အား အတိတ်သံသရာကပြုခဲ့သော ကုသိုလ်ကံ၊ အကုသိုလ်ကံ နှစ်မျိုး ပါရှိကြသည်တွင် အကုသိုလ်ကံဖက်က ဘယ်မျှလောက် များပြားအားကြီးစွာ ရှိမည်ဟု ချင့်မြှော်ရန်တစ်ချက်။ နောက်ဘဝမှစ၍ အနာဂတ်သံသရာသို့ သွားကြပြန်ရာ ဒုစ္စရိုက် သုစရိုက် နှစ်မျိုးရှိသည်တွင် ဒုစ္စရိုက်ဖက်ကို အဘယ်မျှလောက် များပြားအားကြီးစွာ ဖြစ်ပွား၍သွားလိမ့်မည်ဟု ချင့်မြှော်ရန်တစ်ချက်ကို ပြဆိုသော စကားရပ်တည်း။

သံသရာတွင် ကျင်လည်ရပုံ

လောက၌ ပကတိသော ပုထုဇ္ဇန်သတ္တဝါတို့၏ ဒါန၊ သီလ၊ ဘာဝနာဟူသော ကုသိုလ်မှုမျိုးမည်သည် အပါယ်ဘေးကို ကြောက်ကြသောသူတို့၏ အပါယ်ဘေးမှ လွတ်ကင်းရအောင် ပြုကြသော အမှုမျိုးစုပေတည်း။ ထိုသို့ပြုကြကုန်၍ ကုသိုလ်ကောင်းမှု အားလျော်စွာ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာ့ဘဝသို့ ရောက်ကြလေကုန်သော်လည်း ဒုစ္စရိုက်ကံဟောင်းတွေ အနန္တနှင့်တကွသော သက္ကာယဒိဋ္ဌိငရဲဓာတ်ကြီး စိတ်နှလုံးတွင်းမှာ အစဉ်ပါရှိလျက် နေကြကုန်၏။ ရောက်လေရာ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာ့ဘဝတို့၌ ထိုက်သည်အားလျော်စွာ ဒုစ္စရိုက်ကံသစ်တွေ ဖြစ်ပွားရန် သက္ကာယဒိဋ္ဌိငရဲဓာတ်ကြီး စိတ်နှလုံးတွင်းမှာ အစဉ်ပါရှိလျက် နေကြကုန်၏။ ရှေးရှေး၌ပြုခဲ့ကြသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကံတို့သည်လည်း ဝိပရိဏာမဓမ္မမျိုးတို့သာဖြစ်ကုန်၏။ အကျိုးပေးစွမ်းကုန်ချိန်ကျလျှင် ကုန်ကြမြဲဓမ္မတာမျိုးတို့သာတည်း။ ထိုလူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာ့ခန္ဓာတို့သည်လည်း ဝိပရိဏာမဓမ္မမျိုးတို့သည်သာ ဖြစ်ကုန်၏။ ကံ၏အစွမ်းကုန်ဆုံးခဲ့သော်လည်းကောင်း၊ အသက်တမ်း ကုန်ဆုံးခဲ့သော်လည်းကောင်း ဧကန်တပျက်ဆုံးမြဲ ဓမ္မတာတို့သာတည်း။

လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့၌ မွေ့လျော်ပျော်ပါးစွာ နေကြကုန်သော ထိုလူ၊ နတ်၊ ဗြဟ္မာသတ္တဝါတို့ကို မိမိတို့၏ ခန္ဓာတို့သည် ဝိပရိဏာမဒဏ်ချက်ဖြင့် အသေသတ်ကုန်၏။ ဇီဝိတိန္ဒြေအညှာပြတ်သည်နှင့်တစ်ပြိုင်နက် သက္ကာယဒိဋ္ဌိသည် ထိုသူတို့ကို အပါယ်သို့ ပစ်လွှတ်၍ချလေ၏။ ထိုသူတို့သည် မိမိတို့ ကြောက်ကြသော အပါယ်ဒုက္ခပင်လယ်ကြီးအတွင်း၌ စုန်းစုန်းမြုပ်ကြရပြန်ကုန်၏။ ရှေး၌ ပြဆိုခဲ့ပြီးသော အဋ္ဌကထာကြီးများ စကားအတိုင်း ဘဝတစ်ရာနှင့်လည်း လွတ်ခွင့်မရကြကုန်၊ ဘဝတစ်ထောင်နှင့်လည်း လွတ်ခွင့်မရကြကုန်၊ ဘဝတစ်သောင်းနှင့်လည်း လွတ်ခွင့်မရကြကုန်။ နှစ်ပေါင်း ဘဝပေါင်း အလွန်ကြီးကြာလှမှ အချို့သူတို့ လွတ်ခွင့်ရကြကုန်၏။

အချို့သူတို့ကား ကမ္ဘာကြီးပျက်မှ လွတ်ခွင့်ရကြကုန်၏။ လွတ်ကြပြန်လျှင် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်လာကြပြန်ကုန်၏။ တစ်ဖန် လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့၌ မွေ့လျော်ပျော်ပါးစွာ နေကြရှာကုန်သော ထိုသတ္တဝါတို့ကို မိမိတို့၏ခန္ဓာတို့သည် ဝိပရိဏာမဒဏ်ချက်ဖြင့် အသေသတ်မြဲ သတ်ပြန်ကုန်၏။ ဇီဝိတိန္ဒြေအညှာပြတ်သည်နှင့်တစ်ပြိုင်နက် သက္ကာယဒိဋ္ဌိသည် ထိုသူတို့ကို အပါယ်သို့ ပစ်လွှတ်ချပြန်လေ၏။ ထိုသူတို့သည် မိမိတို့ကြောက်ကြသော အပါယ်ဒုက္ခပင်လယ်ကြီးအတွင်း၌ စုန်းစုန်းမြုပ်ကြရပြန်ကုန်၏။ ဘဝတစ်ရာနှင့်လည်း လွတ်ခွင့်မရကြပြန်ကုန်၊ ဘဝတစ်ထောင်နှင့်လည်း လွတ်ခွင့်မရကြပြန်ကုန်၊ ဘဝတစ်သောင်းနှင့်လည်း လွတ်ခွင့်မရကြပြန်ကုန်။ ရှေးနည်းအတိုင်း ဆိုလေ။

ဤကား သံသရာကြီး၌ ကျင်လည်၍ နေကြရကုန်သော ပုထုဇ္ဇန်သတ္တဝါတို့၏ အများဓမ္မတာ လူးလာစုန်ဆန်နေကြဟန်ကို ကျမ်းဂန်နှင့်အညီ ပြဆိုလိုက်သော စကားတည်း။ ဤစကားရပ်၌ ထိုလူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့သည် အသတ်ခံရသော သူတို့တည်း။ မိမိ မိမိတို့၏ ခန္ဓာတို့သည် သူသတ်ယောကျ်ားတို့တည်း။ ထိုခန္ဓာတို့မှာ ပါရှိသော ဝိပရိဏာမဓမ္မတို့သည် အလွန်ထက်သော ဓားလက်နက်တို့တည်း။

သူသတ်ယောကျ်ားကြီး ၅-ပါး

ရာဓ = ချစ်သား ရာဓရဟန်း

၁။ ရူပံ = ရူပက္ခန္ဓာသည်၊ မာရော = သူသတ်ယောကျ်ားကြီး တစ်ပါးတည်း။

၂။ ဝေဒနာ = ဝေဒနာက္ခန္ဓာသည်၊ မာရော = သူသတ်ယောကျ်ားကြီး တစ်ပါးတည်း။

၃။ သညာ = သညာက္ခန္ဓာသည်၊ မာရော = သူသတ်ယောကျ်ားကြီး တစ်ပါးတည်း။

၄။ သင်္ခါရာ = သင်္ခါရက္ခန္ဓာတို့သည်၊ မာရော = သူသတ်ယောကျ်ားကြီး တစ်ပါးတည်း။

၅။ ဝိညာဏံ = ဝိညာဏက္ခန္ဓာသည်၊ မာရော = သူသတ်ယောကျ်ားကြီး တစ်ပါးတည်း။

[ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် မာရသုတ်- ၁၅၉]
ဤပါဠိတော်ကိုထောက်၍ ခပ်သိမ်းသောသတ္တဝါတို့ သေဆုံးကြရာ၌ မိမိ မိမိတို့၏ခန္ဓာသည် သူသတ်လက်သည် အမြဲဖြစ်ကြောင်းကို သိအပ်သတည်း။ လောက၌သေကြသမျှသည် မိမိတို့ခန္ဓာ အခြေအနေပျက်မှု ဖောက်လဲဖောက်ပြန်ဖြစ်မှုနှင့်ကင်း၍ သေသည်မရှိ။ ဦးခေါင်း၌ မိုးကြိုးပင်ကျသော်လည်း မိမိတို့ခန္ဓာ အခြေအနေမပျက်က မသေနိုင်။ ထို့ကြောင့် ဧကန်စင်စစ်အားဖြင့် ခန္ဓာသည်သာလျှင် သူသတ်ယောကျ်ား အမှန်ဖြစ်လေသတည်း။

သူသတ်ယောကျ်ား တစ်မျိုး

တစ်နည်းကား။ မရဏဓာတ်တည်းဟူသော မစ္စုတရားကိုလည်း မစ္စုမာရ်ဟု ဆိုရိုးရှိပြန်သောကြောင့် ဝိပရိဏာမဓမ္မကိုပင် သူသတ်ယောကျ်ားပြု၍ ဆိုလိုမူကား လူ့ခန္ဓာတို့၌ရှိသော ဝိပရိဏာမဓမ္မသည် လူ့ခန္ဓာတို့ကို အတွင်သတ်၏။ နတ်ခန္ဓာတို့၌ရှိသော ဝိပရိဏာမဓမ္မသည် နတ်ခန္ဓာတို့ကို အတွင်သတ်၏။ ဗြဟ္မာ့ခန္ဓာတို့၌ ပါရှိသော ဝိပရိဏာမဓမ္မသည် ဗြဟ္မာ့ခန္ဓာတို့ကို အတွင်သတ်၏။ လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာ့ခန္ဓာတို့သည် သေပြစ်သေဒဏ်ကို အမြဲခံရသော ဒုက္ခဓမ္မတို့သာတည်း။

အပါယ်သို့ ပစ်ချသည့်တရားများ

အပါယ်ဘေးကို ကြောက်ကုန်သောကြောင့် လူ့ဘုံမှာ ပုန်း၍နေကြကုန်သော လူသတ္တဝါတို့ကို သက္ကာယဒိဋ္ဌိနှင့် တကွသော လူ့ခန္ဓာတို့သည် နေ့ရှိသမျှအတွင်သတ်၍ အပါယ်သို့ပစ်ချကုန်၏။ ထို့အတူ နတ်ပြည်၌ ပုန်း၍နေကြကုန်သော နတ်သတ္တဝါတို့ကို နတ်ခန္ဓာတို့သည် နေ့ရှိသမျှ အတွင်သတ်၍ အပါယ်သို့ပစ်ချကုန်၏။ ဗြဟ္မာ့ဘုံ၌ ပုန်း၍နေကြကုန်သော ဗြဟ္မာသတ္တဝါတို့ကို ဗြဟ္မာ့ခန္ဓာတို့သည် နေ့ရှိသမျှ အတွင်သတ်၍ အပါယ်သို့ ပစ်ချကုန်၏။ ခန္ဓာဝိပရိဏာမတို့ကား အတွင်သတ်သမားတို့တည်း။ အကုသိုလ်ကံတို့နှင့် တကွသော သက္ကာယဒိဋ္ဌိတို့သည်ကား အပါယ်သို့ အတွင်ပစ်ချသမားတို့တည်း။

သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းပြီးသော လူနတ်ဗြဟ္မာတို့သည်ကား မိမိတို့ ခန္ဓာသတ်ချက်နှင့် သေကြရကုန်သော်လည်း အောက်ဘုံသို့ လျောကျခြင်း မရှိကုန်ပြီ။ အထက်ထက်သို့သာ ဆန်တက်ကြကုန်တော့သည်။ ဤအကြောင်းအရာသည် အထက် မဂ္ဂသစ္စာအခဏ်း၌ လာလတ္တံ့။

စောဒက တက်ဖွယ်

စောဒနာရန် ရှိသည်ကား ပြဆိုခဲ့ပြီးသည့်အတိုင်း မှန်သည်ရှိသော် လူ့ပြည်မှာလူပင်မရှိရာပြီ။ နတ်ပြည်ခြောက်ထပ်မှာ နတ်ပင်မရှိရာပြီ။ ဗြဟ္မာ့ပြည်မှာ ဗြဟ္မာပင်မရှိရာပြီ။ ထိုသို့ မရှိသည်ကားမဟုတ်။ လူ့ပြည်မှာ လူလည်းပေါများလျက်ရှိ၏။ နတ်ပြည် ဗြဟ္မာ့ပြည်တို့မှာ နတ်ဗြဟ္မာတို့လည်း ပေါများလျက်ရှိကုန်၏။ ထို့ကြောင့် ခြောက်လွန်းလှသည်ဟု ဆိုရန်ရှိ၏။

အပါယ်လေးဘုံ ကြီးကျယ်ပုံ စည်ကားပုံကို မရိပ်မိကြကုန်သော လူပြိန်းတို့၏ အထင်မျိုး စောဒနာမျိုးတို့သာတည်း။

ဒုဂ္ဂတိသတ္တဝါမျိုး အနန္တ

သုဂတိဘုံမည်သည် ဘုံနယ်ကားကျယ်၏။ ဘုံသားသတ္တဝါအကောင်ရေကား အလွန်နည်းပါး၏။ နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ဘုံဗိမာန်တစ်ခုတစ်ခုသည် လူ့ပြည်မှာ အလုံမြို့နယ် ဗန့်ကျီမြို့နယ် ပခန်းမြို့နယ် စသော မြို့နယ်ကြီး ငါးခုစာ ဆယ်ခုစာမက ကြီးကျယ်၏။ ကိုယ်ခန္ဓာသည် သုံးဂါဝုတ်ခန့် စသည်ကြီးကျယ်၏။ မြန်မာတိုင်ပေါင်းလေးတိုင်ခွဲကို သုံးဂါဝုတ်ဆိုသည်၊ ကောင်းကင်၌ မြင်သော ကြယ်နက္ခတ်တို့သည်ပင်လျှင် တစ်ဆယ့်နှစ်ယူဇနာ၊ တစ်ဆယ့်သုံးယူဇနာစသည်ရှိကြကုန်၏။ ဒုဂ္ဂတိဘုံကား ဘုံနယ်လည်းကျယ်၏။ ဘုံသားသတ္တဝါအကောင်ရေလည်း အလွန်များပြား၏။

တိရစ္ဆာန်ဘုံသား များပုံ

ဤစကြဝဠာ၌ လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ် နတ်ဘုံ၊ ဗြဟ္မာ့ဘုံ နှစ်ဆယ်ရှိ လူ နတ် ဗြဟ္မာသတ္တဝါတို့ကို တစ်ယောက်မကျန် ရေတွက်သော်လည်း ငါတို့မြန်မာနိုင်ငံအတွင်းမှာ ရှိနေသော ပရွက်ဆိတ်သတ္တဝါတစ်မျိုးကိုမျှ မှီဖွယ်ရာမရှိ။ ထိုပရွက်ဆိတ်သတ္တဝါမျိုးမှတစ်ပါး ငါတို့မြန်မာနိုင်ငံအတွင်းမှာ ရေသတ္တဝါ၊ ကုန်းသတ္တဝါတို့သည် အမျိုးအားဖြင့်ပင် အနန္တရှိကုန်သေး၏။ တစ်မျိုး တစ်မျိုးမှာ အကောင်ရေ အနန္တများပြား၏။ မြန်မာနိုင်ငံမှကြွင်းသော ဤစကြဝဠာတွင်းရှိ ကျွန်းကြီးလေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်၊ တောနယ်အနန္တ၊ တောင်နယ်အနန္တ၊ ထိုမှတစ်ပါး အတွင်းသီဒါ သမုဒ္ဒရာကြီးခုနှစ်စင်း၊ ကျွန်းကြီး၊ ကျွန်းငယ်တို့ပြင်မှာ ရှိနေသော အပသမုဒ္ဒရာကြီးလေးစင်း၊ မြစ်ကြီး၊ မြစ်ငယ်၊ အိုင်ကြီး၊ အိုင်ငယ် အစရှိသော မြေနယ် ရေနယ်ရှိ ကုန်းသတ္တဝါ၊ ရေသတ္တဝါတို့ကိုမူကား ဆိုဖွယ်မရှိ။

ဤသို့လျှင် တိရစ္ဆာန်ဘုံတစ်ခုနှင့် နှိုင်းယှဉ်၍ ကြည့်လျှင်ပင် သုဂတိနှစ်ဆယ့်ခုနစ်ဘုံမှာ သတ္တဝါရှိသည်ဟု မပြောစလောက်။

ငရဲဘုံသား များပုံ

ဇမ္ဗူဒီပါကျွန်းကြီးကဲ့သို့ အကျယ်ယူဇနာ တစ်သောင်းစီ ရှိကြသော ငရဲကြီး ရှစ်ပြည်ထောင်တို့တွင် အောက်ဆုံးဖြစ်သော မဟာအဝီစိငရဲကြီး၌ ငရဲသတ္တဝါတို့သည် ဝါးကျည်တောက်တွင်းမှာ ထည့်၍ထားသော မုန်ညင်းစေ့တို့ကဲ့သို့ အပြည့်ရှိနေကြကုန်သည်ဟု အဋ္ဌကထာကျမ်းဂန်တို့၌ဆို၏။ အဝီစိငရဲမည်သည် အလွန်မကောင်းမှုကံကြီးလှသော သူတို့မှ ကျရောက်ကုန်၏။ ထိုအဝီစိငရဲမှာ ထိုမျှလောက် သတ္တဝါတို့ပြည့်ကြောင်းကိုဆိုသဖြင့် အတန်ငယ်သော မကောင်းမှုကံနှင့်ပင် ကျရောက်နိုင်သော ကြွင်းသောငရဲကြီးခုနစ်ပြည်ထောင်၊ ငရဲငယ်အနန္တတို့မူကား သတ္တဝါအဘယ်မျှ ပြည့်လိမ့်မည်ဟု ဆိုဖွယ်ပင်မရှိ။ ဤသို့လျှင် ငရဲဘုံတစ်ခုနှင့် တစ်ခုယှဉ်၍ ကြည့်ပြန်လျှင်လည်း လူနတ် ဗြဟ္မာဟူသော သုဂတိနှစ်ဆယ့်ခုနစ်ဘုံမှာ သတ္တဝါရှိသည်ဟူပင် မပြောစလောက်။ ပြိတ္တာဘုံ၊ အသုရကာယ်ဘုံတို့မှာလည်း နည်းတူ သတ္တဝါပြည့်မှုကို သိကြလေကုန်။

သုဂတိရောက် နည်းပါး၊ ဒုဂ္ဂတိအရောက်များ

သုဂတိဘုံသို့ ရောက်မှုမည်သည် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်သုံးပါးသာ ရှိ၏။ မရဏာသန္နအခါ၌ ကုသိုလ်ကိုစော၍သေမှ သုဂတိသို့ ရောက်နိုင်၏။ အကုသိုလ်ကိုစော၍သေလျှင် အပါယ်သို့ ရောက်မြဲဓမ္မတာတည်း။

ဤမြန်မာနိုင်ငံအတွင်း၌ တစ်နေ့တစ်ရက်အဖို့တွင် သေကျေကုန်သော ရေသတ္တဝါ၊ ကုန်းသတ္တဝါ အနန္တ ရှိရာ၏။ ထိုအနန္တတို့တွင် မရဏာသန္နအခါ၌ ကုသိုလ်ကိုစောနိုင်သော သတ္တဝါကား အလွန်နည်းပါးရာ၏။ တစ်သိန်းတွင် တစ်ယောက်ကျ မပါလေရာ။ အပါယ်လေးဘုံရှိ သတ္တဝါအားလုံး၌ ဆိုဖွယ်မရှိ။ ကုသိုလ်မှန်း မသိကြသော သတ္တဝါတို့မှာ အဘယ်ကုသိုလ်ကို စောနိုင်မည်နည်း။

အပါယ်ကျ၍ နေကြကုန်သော သတ္တဝါတို့မှာ ယေဘုယျအားဖြင့် ဘဝတွေအလွန်များ၍ အဟောင်းဖြစ်သော အကုသိုလ်ကြီးကြီးမားမား အတော်အတန် ပါးရားသကဲ့သို့ ရှိသောအခါမှ ရှေးအပရာပရိယကုသိုလ်ကံဟောင်းများ အခွင့်ရ၍ သုဂတိဘဝသို့ ပြန်လာနိုင်လေသတည်း။

ဤကဲ့သို့သော ဒိဋ္ဌယုတ္တိ၊ သုတယုတ္တိဉာဏ် မရှိကြကုန်သော လူပြိန်းတို့သည်ကား လူ့ပြည်မှာ လူအလွန်ပေါများသည်ဟု ထင်ကြကုန်၏။ ကောင်းကင်၌ ကြယ်နက္ခတ်တို့ကိုမြင်၍ နတ်ပြည်မှာ နတ်အလွန်ပေါများသည်ဟု ထင်ကြကုန်၏။ လူ့အဖြစ်ရခဲပုံအချက်ကို သက်သက်မရိပ်မိကြလေကုန်။ လိပ်ကာဏ်းထမ်းပိုးကို ဥပမာပြု၍ ဟောတော်မူသော ဒေသနာ၊ လက်သည်းပေါ်ရှိ မြေမှုန့်နှင့် မဟာပထဝီရှိ မြေမှုန့်ကို ဥပမာပြု၍ ဟောတော်မူသော ဒေသနာများကို ဟောလျှင်သာ နာကြရတော့သည်၊ သက်သက်မယုံကြည်ကြလေကုန်။ ဤသည်ကား ယခင်လူပြိန်းတို့၏ စောဒနာကို ဖြေဆိုချက်တည်း။

ဤတွင်ရွေ့ကား အနမတဂ္ဂသံသရာ၌ ရှိနေကြကုန်သော လူ နတ် ဗြဟ္မာ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဒုက္ခအနက် ဒဏ်ချက်လေးပါးတို့နှင့် သတ္တဝါအပေါင်းတို့ကို နှိပ်စက်ညှဉ်းပန်းခြင်း မြဲသည်ဖြစ်၍ ဒုက္ခသစ္စာသာ အမှန်ဖြစ်ကြောင်းကို ထင်ရှားရာအချက်တို့နှင့် အမြွက်မျှ ပြဆိုခန်း ပြီး၏။

ဤတွင်ရွေ့ကား ဒုက္ခသစ္စာအနက် ပြီး၏။

၄။ သမုဒယသစ္စာအနက် ၄-ချက်အဓိပ္ပါယ်

ယခုအခါ သမုဒယသစ္စာ၏ အနက်လေးချက်ကို ပြဆိုအံ့။ သမုဒယဆိုသည်ကား ဘဝအလျဉ်အစဉ်မပြတ် တစ်ဖွားဖွား ဖြစ်ပွား၍နေရန် အကြောင်းတည်း။ ဒုက္ခအလျဉ် အစဉ်မပြတ် တွေ့ကြုံနေရန် အကြောင်းတည်း။ တဏှာကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့အား စုတိသည်မှ နောက်၌ ဘဝအစဉ် ပြတ်လေ၏။ ဒုက္ခအစဉ် ပြတ်လေ၏။ ထို့ကြောင့် သတ္တဝါအပေါင်းတို့အား ဘဝအစဉ်၊ ဒုက္ခအစဉ် ဖြစ်ပွား၍ နေကြမှုသည် တဏှာ၏ အတတ်သာတည်းဟု မုချသိအပ်၏

မျက်မြင် သမုဒယသဘော

လောက၌လည်း ကာမဂုဏ်တဏှာသည် ရှိ၏။ ထိုတဏှာကို နှိပ်ကွပ်နိုင်သော သူတို့သည် သားမယားမွေးမှုနှင့်စပ်သော သင်္ခတဒုက္ခ၊ သန္တာပဒုက္ခ၊ ဝိပရိဏာမဒုက္ခတို့မှ လွတ်ငြိမ်းကြကုန်၏။ ထိုတဏှာကို လိုက်စားကြကုန်သောသူတို့သည် သားမယားမွေးမှုနှင့်စပ်သော ထိုဒုက္ခသုံးပါးတို့၏ အနှိပ်အစက်ကို တစ်သက်လုံးခံကြရကုန်၏။

အလွန်ကြုံကြိုက်ခဲလှစွာသော သာသနာတော်မြတ်ကြီးအတွင်း၌ ကြုံကြိုက်ကြပါကုန်လျက် ပရိယတ္တိကျက်သရေကြီး၊ ပဋိပတ္တိကျက်သရေကြီးတို့မှ အပဖြစ်ကြလေကုန်၏။ ထိုတဏှာကို ဧရာတည်ပြုမိသည့်အတွက် ထိုတဏှာ၏ အကိုင်းအခက်ဖြစ်သော လိုချင်မှု၊ ရချင်မှု၊ လှချင်မှု၊ တင့်တယ်ချင်မှု၊ ကြွယ်ဝချင်မှု၊ ပေါများချင်မှု၊ တုချင်မှု၊ ပချင်မှု အစရှိသော တဏှာအပွားတို့သည် မရေတွက်နိုင် ပွားစီးကုန်၏။ ထိုအကိုင်းအခက်ဖြစ်သော တဏှာအပွားတို့မှာလည်း သူ့တဏှာနှင့် သူ့ဒုက္ခသုံးချက်စီ အသီးသီးရှိကြကုန်၏။

ဤကား လောက၌ သူ့တဏှာနှင့်သူ့ဒုက္ခသုံးချက် မျက်မြင်ကိုယ်တွေ့ဖြစ်ကြသော သမုဒယသဘောကိုပြဆိုသော စကားရပ်တည်း။

သမုဒယအနက် ၂၄-ချက်

တဏှာသည် ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာဟူ၍ ခြောက်ပါးရှိ၏။ တစ်ပါးတစ်ပါး၌ပင် အနက်လေးချက်စီရှိရကား သမုဒယအနက် နှစ်ဆယ့်လေးချက်ဖြစ်၏။ အဆင်းသဏ္ဌာန်ကောင်းသည်၌ ခင်မင်သောတဏှာသည် ရူပတဏှာမည်၏။ ထိုရူပတဏှာ၏ အလိုသို့လိုက်သောသူတို့သည် အဆင်းသဏ္ဌာန်ကောင်းသော ဝတ္ထုအာရုံတို့အတွက် သင်္ခတဒဏ်ချက်၊ သန္တာပဒဏ်ချက်၊ ဝိပရိဏာမဒဏ်ချက်တို့မှ မလွတ်နိုင်ကြကုန်ပြီ။

မလွတ်နိုင်ကြပုံကား ထိုတဏှာသည် အာယူဟနကိစ္စဖြင့် ထိုသူတို့အား ထိုဝတ္ထုအာရုံတို့ကို ယူလို ရလို သိမ်းပိုက်လို ခံစံလိုသော စိတ်တို့ကိုသာ ပွားများစေ၏။ စွန့်လွှတ်လိုသော စိတ်မျိုးကား ဥပါဒ်ခွင့်မျှမရ။

နိဒါနကိစ္စဖြင့် ရစရှိလေ ရချင်လေ၊ သိမ်းပိုက်စရှိလေ သိမ်းပိုက်ချင်လေ၊ ခံစားစရှိလေ ခံစားချင်လေ ဤသို့သော စိတ်တို့ကိုသာ ပွားများစေ၏။ ရောင့်ရဲသော စိတ်မျိုးကား ဥပါဒ်ခွင့်မျှ မရ။

သံယောဂကိစ္စဖြင့် ထိုဝတ္ထုမျိုး အာရုံမျိုးတို့၏ အလယ်၌ ချည်နှောင်၍ ထားဘိသကဲ့သို့ အလွန်ခိုင်မြဲသော စိတ်အနှောင်အဖွဲ့ကို ဖြစ်စေ၏။ ခွါလိုသောစိတ်မျိုး ဥပါဒ်ခွင့်မျှ မရ။

ပလိဗောဓကိစ္စဖြင့် ထိုဝတ္ထုအာရုံ အစီးအပွါးမှ ဖဲခွါ၍ စိတ်၏ ငြိမ်သက်စွာနေနိုင်ရန် အပေါက်အလမ်းများကို တားမြစ်နှောင့်ယှက်ကန့်ကွက်ခြင်းကို ပြု၏။ ထိုအာရုံတို့နှင့်ကင်း၍ စိတ်၏တည်ကြည်ခြင်းမျှကို မရပေ။ ရူပတဏှာသည် ဤလေးကိစ္စတို့ဖြင့် ထိုသူတို့အား ဒုက္ခပွားခြင်းကိုသာ ပြု၏။

သဒ္ဒတဏှာ စသည်တို့၌လည်း ဤနည်းတူ သိလေ။ ဓမ္မတဏှာဆိုသည်ကား မိမိ၏လည်းကောင်း၊ မိမိသည် ချစ်သောဝတ္ထုတို့၏လည်းကောင်း၊ ဝေဒနာက္ခန္ဓာကို သာယာသောတဏှာ၊ သညာက္ခန္ဓာကို သာယာသောတဏှာ၊ သင်္ခါရက္ခန္ဓာတို့ကို သာယာသောတဏှာ၊ ဝိညာဏက္ခန္ဓာကို သာယာသောတဏှာ စသည်တည်း။

တဏှာသုံးပါးနှင့် အဓိပ္ပါယ်

တစ်နည်းကား ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာဟူ၍ သုံးပါးအပြားရှိ၏။

၁။ အဆင်းသဏ္ဌာန် အစရှိသော ကာမဝတ္ထုတို့၌ မွေ့လျော်သော တဏှာသည် ကာမတဏှာမည်၏။

၂။ မိမိ၏ အဇ္ဈတ္တသန္တာန်၌ ဖြစ်သော စျာန်သမာပတ်တို့၌ မွေ့လျော်သော တဏှာသည် ဘဝတဏှာမည်၏။

၃။ ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်၍ အတ္တ၏ပြတ်ခြင်းဟူသော မှောက်မှားသောအယူ၌ သာယာသောတဏှာသည် ဝိဘဝတဏှာမည်၏။

ကာမတဏှာကို ထင်စွာပြဆိုချက်

ပကတိသော ပြောင်းထမင်း၊ လူးထမင်း၊ ဆတ်ထမင်းသည် အလွန်ခေါင်းပါးကြမ်းတမ်း၏။ အရသာမှကင်း၏။ မျိုခြင်းငှါ မတတ်ကောင်းရှိ၏။ ဆီဦး၊ ထောပတ်၊ ဝက်သား၊ ကြက်သား၊ ငါးရည်၊ အမဲရည် သွန်းလောင်း၍ စားမှသာ မြိန်ရှက်စွာ စားနိုင်၏။

ထို့အတူ ပကတိသော ကာမဘုံသားတို့၏ စိတ်သည် ကာမရာဂ၊ ဗျာပါဒအစရှိသော တရားပူတရားလောင်တို့နှင့် အမြဲပေါင်းဖက်မှုကြောင့် အလွန်ခြောက်သွေ့ခေါင်းပါး၏။ ပူလောင်ချောက်ချား၏။ ပြင်ပအာရုံတို့နှင့်ကင်းကွာခဲ့လျှင် ချက်ချင်း ငြီးတောက်၏။ ငြီးငွေ့၏။ ပျင်းရိ၏။ ခွေးနာ-လောက်ကိုက်ဟူသကဲ့သို့ မနေနိုင်မထိုင်နိုင် လှုပ်ရှား၏။ အပေါင်းအဖော်ရှိရာ အာရုံတစ်ပါးရှိရာသို့ ချက်ချင်းပြေးရ၏။ မိမိနှစ်ခြိုက်ရာ ပြင်ပအာရုံတစ်ပါးပါးနှင့် ပေါင်းဖော်ဖက်တွဲ၍ နေရမှ စိတ်အရသာပေါ်နိုင်၏။ ပြင်ပအာရုံကောင်းလေလေ အရသာကောင်းလေလေဖြစ်၏။

ထို့ကြောင့် ကာမဘုံ၌ နတ်မင်းစည်းစိမ်၊ သိကြားမင်းစည်းစိမ်၊ လူမင်းစည်းစိမ်၊ သူဌေးသူကြွယ်စည်းစိမ် အစရှိသည်ဟုဆိုအပ်သော နတ်မိန်းမ၊ လူမိန်းမ၊ ဘောဂသမ္ပတ္တိ၊ ဓနသမ္ပတ္တိတို့ကို အများထက်အများ အကောင်းထက်အကောင်း စုဆောင်းသိမ်းပိုက်၍ ထိုအာရုံတို့နှင့် တွဲဖက်ကာ တွဲဖက်ကာ စိတ်အရသာကို ခံစားကြရကုန်၏။ ထိုအာရုံတို့နှင့် ကင်းလျှင် စိတ်၏ငြီးတောက်ခြောက်သွေ့ခြင်းဒုက္ခကို ရကြကုန်၏။

ပြင်ပအာရုံကို တောင့်တသောတဏှာ ဆာလောင်ကြီး မီးထ၍လာ၏။ မီးထတိုင်း မီးထတိုင်း မီးဇာကျွေးကြရကုန်၏။ တဏှာမီးဇာတွေကို ရှာကြံ စုဆောင်း သိမ်းပိုက်မှုတို့၌ ဒုစ္စရိုက်အနန္တ၊ ဒုက္ခအနန္တ အမြဲပါရှိလျက် နေကြ၏။ ဤတဏှာသည် ကာမတဏှာမည်၏။

နှစ်သက်တတ်၊ မျှောတတ်သော တဏှာ

ကာမတဏှာသည် ကာမဘုံသားတို့ကို သားမယားအာရုံ စည်းစိမ်ဥစ္စာ ရှာကြံသိမ်းပိုက်မှုဟူသော အနမတဂ္ဂကြီးကျယ်လှသော ဒုက္ခပင်လယ်ကြီး၌ အမြဲနစ်၍သတ်၏။

တောင်ပေါ်ကျမြစ်ရေသည် ကမ်းစဉ်တစ်လျှောက် ရှိနေသော သစ်ကိုင်းခြောက်၊ သစ်ခက်ခြောက်၊ သစ်ရွက်ခြောက်၊ မြက်ခြောက်တို့ကို တစ်ဟုန်တည်းမျှောယူ၍ သမုဒ္ဒရာသို့ချလေသကဲ့သို့ ထိုဆာလောင်မွတ်သိပ်သောတဏှာကြီးသည် သူတော်ကောင်းတရားနှင့် ကင်းကွာသော တဏှာကာမဘုံသူ နတ်လူမြားမြောင် အခြောက်ကောင်တွေကို အပါယ်လေးပါးသို့ အတွင်မျှောယူ ပစ်ချလေ၏။

ဤကား ကာမတဏှာ သမုဒယသစ္စာကို ပြဆိုသော စကားတည်း။

ထိုတဏှာ ဆာလောင်ကြီး၏အတတ်ကို သိကြကုန်သော ပညာရှိကြီးတို့သည်ကား ကာမဘုံကို အပါယ်ငရဲအသွင် ထင်မြင်ကြကုန်သဖြင့် ကာမဘုံဒုက္ခမှလွတ်ခြင်းငှါ လက်ရှိစည်းစိမ်ချမ်းသာကို စွန့်ပစ်၍ တောတောင်ဝင်၍ စျာန်သမာပတ်တရားများကို အားထုတ်ကြကုန်ရာ၏။

အရသာပမာ စျာန်ချမ်းသာ ဘဝတဏှာကို ထင်စွာပြဆိုချက်

မြောက်ကျွန်းသူတို့၏ ဇောတိပါသာဏကျောက်ပေါ်၌ ချက်အပ်သောထမင်းသည် အလွန်ကောင်းမြတ်သော အမျိုးမျိုးသော အရသာနှင့် ပြည့်စုံ၏။ ငါတို့ကျွန်း၌ ဖြစ်သော ထောပတ်၊ ဆီဦး၊ ဝက်သား၊ ကြက်သား စသည်တို့နှင့် ဖက်တွဲဖွယ်ကိစ္စမရှိ။ ဖက်တွဲခဲ့လျှင် ရှိရင်းအရသာပျက်၍ ကုန်၏။ ဖက်တွဲမိမည်ကိုပင် ကြောက်ရ၏။

ထို့အတူ ကာမစ္ဆန္ဒ၊ ဗျာပါဒအစရှိသော နီဝရဏအပူအလောင်တို့မှ ကင်းရှင်းသော စျာန်သမာပတ်စိတ်ကို ရကြကုန်၏။ ထိုစိတ်ကား ပကတိအားဖြင့် အလွန်ကောင်းမြတ်သော အရသာရှိသော ပီတိသုခရသနှင့် ပြည့်စုံ၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုစျာန်စိတ်ကို ဝင်စားကာ ဝင်စားကာ ချမ်းသာစည်းစိမ်ကို ခံစားစံစားကြကုန်၏။ ပြင်ပအာရုံတို့သည် ကြီးစွာသော အန္တရာယ်ဖြစ်ကုန်၏။ ထိုစျာန်စိတ် စျာန်ဇောတို့ကိုလည်းကောင်း၊ ထိုအကျိုးဖြစ်သော ဗြဟ္မာ့ဘဝကိုလည်းကောင်း သာယာသောတဏှာသည် ဘဝတဏှာမည်၏။

ဘဝတဏှာ၏ ဒုက္ခ သမုဒယဖြစ်ပုံကို ရှေး၌ ဗြဟ္မာ့ခန္ဓာတို့၏ ဒုက္ခအခန်းမှာ ပြဆိုခဲ့သည့်အတိုင်း သိလေ။ မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်သော ဝိဘဝတဏှာ၏ ဒုက္ခသမုဒယအချက်ကား သာသနာတော်တွင်း၌ လိုရင်းမဟုတ်လှ၍ မပြလိုက်ပြီ။

ဤတွင်ရွေ့ကား သမုဒယသစ္စာ ပြီး၏။

၅။ မဂ္ဂသစ္စာအနက် ၄-ချက် အဓိပ္ပါယ်

ယခုအခါ သောတာပန်ပုဂ္ဂိုလ်တို့သည် ရအပ် ခံစံအပ်သော နိရောဓအနက်လေးချက်၊ မဂ္ဂအနက်လေးချက်ကို ထုတ်ဖော်ပြဆိုမည့်အနက် မဂ္ဂသစ္စာအနက်လေးချက်ကို ရှေးဦးစွာ ဆိုပေအံ့။

မဂ္ဂဿ နိယျာနဋ္ဌော၊ ဟေတုဋ္ဌော၊ ဒဿနဋ္ဌော၊ အာဓိပတေယျဋ္ဌော။

[အနက် ရှေး၌ ဆိုခဲ့ပြီ]

နိယျာနဋ္ဌကို ခံစားရပုံ

ထိုလေးပါးသော အနက်တို့တွင် သောတာပန်ပုဂ္ဂိုလ်တို့သည် နိယျာနဋ္ဌကို အဘယ်သို့ရအပ် ခံစံအပ်လေသနည်းဟူမူကား၊ သောတာပတ္တိမဂ်သို့ ရောက်သောအခါ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ရှိသော ဒိဋ္ဌိမျိုး၊ ဝိစိကိစ္ဆာမျိုးတို့သည် အကုန်ချုပ်ငြိမ်းကုန်၏။ အတိတ်ကပါခဲ့သော ဒုစ္စရိုက်ကံဟောင်း အနန္တ၊ ရှေ့သို့ ဘဝအဆက်ဆက် မိုက်မဲလတ္တံ့သော ဒုစ္စရိုက်ကံသစ် အနန္တတို့သည် အကုန်ချုပ်ငြိမ်းကုန်၏။ အပါယ်သံသရာကြီး အပြီးကျွတ်လွတ်၏။ ဤဘဝမှနောက်၌ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံဟူသော သုဂတိသံသရာသည်သာ ကျန်ရှိလေ၏။ ထိုသုဂတိသံသရာမှာလည်း မိစ္ဆာဒိဋ္ဌိလူမျိုး၊ နတ်မျိုး၊ ဗြဟ္မာမျိုးတို့၌ တစ်ရံတစ်ဆစ်မျှ ဖြစ်ခြင်းမရှိကြကုန်ပြီ။ ဒုစ္စရိုက်ဒုရာဇီဝလူမျိုး၊ နတ်မျိုး၊ ဗြဟ္မာမျိုးတို့၌ တစ်ရံတစ်ဆစ်မျှ ဖြစ်ခြင်းမရှိကြကုန်ပြီ။

စည်းစိမ်ကျက်သရေ ဘုန်းတန်ခိုး ညှိုးနွမ်းသေးသိမ်သော လူမျိုး၊ နတ်မျိုး၊ ဗြဟ္မာမျိုးတို့၌ တစ်ရံတစ်ဆစ်မျှ ဖြစ်ခြင်းမရှိကြကုန်ပြီ။ အလွန်ကြီးမြတ်လှစွာသော စည်းစိမ်ချမ်းသာ ဘုန်းတန်ခိုးအရှိန်အဝါ အလိမ်မာနှင့် ပြည့်စုံသော လူမျိုး၊ နတ်မျိုး၊ ဗြဟ္မာမျိုးတို့၌သာ ဖြစ်ကြလေကုန်တော့သည်။ ထိုသို့ကျန်ရှိသော သမ္ပတ္တိသုဂတိသံသရာမှာလည်း ဖြစ်ဆဲ ရောက်ဆဲသော ဘုံမှ အောက်ဘုံသို့ ပဋိသန္ဓေအားဖြင့် ဆင်းသက်ကျလျောခြင်း မရှိကြကုန်ပြီ။ မိမိတို့ ဖြစ်ရာဘုံ၌ ထပ်မံ၍ဖြစ်လိုလျှင် ဖြစ်ကြကုန်၏။ အထက်အထက်ဘုံသို့ တက်လိုကြလျှင် တက်ကြကုန်၏။

လောကုတ္တရာ ဘုံသူ ဘုံသားများ

ဤနည်းအတိုင်းသာ ဘဝများစွာ ကမ္ဘာများစွာ သုဂတိသံသရာ၌ ကျင်လည်၍ သွားကြရကုန်၏။ ထိုသို့သုဂတိသံသရာ၌ ကျင်လည်ကြရကုန်သော်လည်း တစ်ပါးသော လူ နတ် ဗြဟ္မာ ပုထုဇ္ဇန်သတ္တဝါတို့ကဲ့သို့ သံသရာဝဋ်၌ နစ်သမား မဟုတ်ကြကုန်ပြီ။ မျောသမား မဟုတ်ကြကုန်ပြီ။

သောတာပတ္တိမဂ်သို့ ဆိုက်ရောက်သည်မှ စ၍ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဒုစ္စရိုက်၊ ဒုရာဇီဝ၊ အပါယဒုက္ခတို့၏ ကျွတ်လွတ်မှုဟူသော သဥပါဒိသေသနိဗ္ဗာန်တည်းဟူသော လောကုတ္တရာအဝတ္ထာဘုံကြီး၏ အတွင်းသို့ ဆိုက်ရောက်ကြကုန်ပြီး၍ အရိယာဘုံသူတွေ၊ အရိယာဘုံသားတွေအဖြစ်နှင့် ကျင်လည်ကြရကုန်၏။ လောကုတ္တရာဘုံသူတွေ၊ လောကုတ္တရာဘုံသားတွေအဖြစ်နှင့် ကျင်လည်ကြရကုန်၏။

ထိုသို့ ကျင်လည်ကြလေကုန်ရာ လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ့ချမ်းသာတို့ကို ခံစားစံစား၍ အားရကြကုန်သောအခါ၊ အလိုမရှိကြကုန်သောအခါ၊ ငြီးငွေ့ကြကုန်သောအခါ၊ ခန္ဓာငါးပါးကိုစွန့်ပစ်၍ အနုပါဒိသေသနိဗ္ဗာန်သို့ ကူးကြလေကုန်၏။

ဤသို့လျှင် သောတာပတ္တိမဂ်သို့ ရောက်သောဘဝမှစ၍ အနုပါဒိသေသနိဗ္ဗာန်သို့ ကူးကြသည့်ဘဝတိုင်အောင် အပါယဒုက္ခ အစရှိသော အောက်အောက်သော သံသရာအဖို့မှ အဆင့်ဆင့် ကျွတ်လွတ်၍ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်ရာ၊ မြတ်သည်ထက်မြတ်ရာသို့ ဖြောင့်မတ်စွာ ဆန်တက်ထွက်မြောက်၍ သွားကြောင်းဖြစ်သော အနက်ကို နိယျာနဋ္ဌဆိုသတည်း။

ဤကား သောတာပတ္တိမဂ်နိယျာနဋ္ဌအနက်ကို သောတာပန်ပုဂ္ဂိုလ်တို့ ခံစံကြရပုံတည်း။

ဟေတုဋ္ဌကို ခံစားရပုံ

ထိုသောတာပန်ပုဂ္ဂိုလ်သည် ဟေတုဋ္ဌအနက်ကို အဘယ်သို့လျှင် ခံစံကြရကုန်သနည်းဟူမူကား၊ သောတာပတ္တိမဂ်ကို ရသော ခဏမှစ၍ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်ဝယ် အရိယာသူမြတ်တို့၏ ဂုဏ်ကျေးဇူးတို့သည် အခိုင်အမြဲ တည်လေကုန်၏။ တစ်ဘဝတစ်ခြား တိုးပွားစည်ပင်၍သာ သွားကုန်၏။ သီလဂုဏ်ကျေးဇူးတို့သည် တစ်ဘဝထက်တစ်ဘဝ ကြီးကျယ်ခိုင်မြဲ၍ သွားကုန်၏။ သမာဓိဂုဏ်ကျေးဇူး၊ ပညာဂုဏ်ကျေးဇူးတို့သည် တစ်ဘဝထက်တစ်ဘဝ ကြီးကျယ်ခိုင်မြဲ၍ သွားကုန်၏။ သတိပဋ္ဌာနဓမ္မဂုဏ်ကျေးဇူး၊ သမ္မပ္ပဓာနဓမ္မဂုဏ်ကျေးဇူး၊ ဣဒ္ဓိပါဒဓမ္မဂုဏ်ကျေးဇူး၊ ဣန္ဒြိယဓမ္မဂုဏ်ကျေးဇူး၊ ဗလဓမ္မဂုဏ်ကျေးဇူး၊ ဗောဇ္ဈင်္ဂဓမ္မဂုဏ်ကျေးဇူး၊ မဂ္ဂင်္ဂဓမ္မဂုဏ်ကျေးဇူးတို့သည် တစ်ဘဝထက်တစ်ဘဝ ခိုင်ဖြီးကြီးကျယ် စည်ကား၍ သွားလေကုန်၏။

ထိုဂုဏ်ကျေးဇူးအပေါင်းတို့၏ ဘဝများစွာ ကမ္ဘာများစွာ သံသရာ၌ တစ်ဘဝထက်တစ်ဘဝ ထက်သန်ခိုင်ဖြီး ကြီးကျယ်စည်ကား၍ သွားရာသွားကြောင်းဖြစ်သောအနက်သည် ဟေတုဋ္ဌမည်၏။

ဤကား သောတာပတ္တိမဂ်ဟေတုဋ္ဌအနက်ကို သောတာပန်ပုဂ္ဂိုလ်တို့ ခံစံကြရပုံတည်း။

ဒဿနဋ္ဌကို ခံစားရပုံ

ထိုသောတာပန်ပုဂ္ဂိုလ်တို့သည် ဒဿနဋ္ဌအနက်ကို အဘယ်သို့ ခံစံကြရကုန်သနည်းဟူမူကား- သောတာပတ္တိမဂ်ကို ရသောခဏမှစ၍ ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် ကျင်လည်ခံစား၍ သွားကြသဖြင့် အနုပါဒိသေသနိဗ္ဗာန်သို့ရောက်သော ဘဝတိုင်အောင် ထိုပုဂ္ဂိုလ်တို့သည်
၁။ ဒုက္ခသစ္စာ၌ တွေဝေခြင်း မရှိကြကုန်ပြီ။
၂။ သမုဒယသစ္စာ၌ တွေဝေခြင်း မရှိကြကုန်ပြီ။
၃။ နိရောဓသစ္စာ၌ တွေဝေခြင်း မရှိကြကုန်ပြီ။
၄။ မဂ္ဂသစ္စာ၌ တွေဝေခြင်း မရှိကြကုန်ပြီ။
နှလုံးသွင်း၍ ဆင်ခြင်လိုက်တိုင်း ကောင်းကင်လယ်၌ ကြယ်နက္ခတ်တို့ကို ရှုမြင်ကြလေသကဲ့သို့ သစ္စာ ၄-ပါးတရားတို့သည် ထိုသူတို့ဉာဏ်၌ ထင်ရှားလေကုန်တော့သည်။

ဤကား သောတာပတ္တိမဂ်ဒဿနဋ္ဌကို ခံစံကြရပုံတည်း။

အာဓိပတေယျဋ္ဌကို ခံစားရပုံ

ထိုသောတာပန်ပုဂ္ဂိုလ်တို့သည် အာဓိပတေယျဋ္ဌအနက်ကို အဘယ်သို့ ခံစံကြရကုန်သနည်းဟူမူကား- ထိုသောတာပန်ပုဂ္ဂိုလ်တို့၌ ယခုဘဝမှစ၍ နောက်ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် ဖြစ်ပွားသမျှကုန်သော ဒါန၊ သီလ၊ ဘာဝနာ အစရှိသော ကုသိုလ်တို့သည် တဏှာ၏အုပ်စိုးမှုမှ လွတ်ကြလေကုန်၏။ ပုညာဘိသင်္ခါရသဘောမှ လွတ်ကြလေကုန်၏။ လောကီကုသိုလ်တကာတို့ထက် အကြီးအကဲအဖြစ်သို့ ရောက်ကြလေကုန်၏။ ပွတ်သစ်သော ခရုသင်းကဲ့သို့ ဝင်းဝင်းတောက် ဖြူစင်ကြကုန်၏။ အနုပါဒိသေသနိဗ္ဗာန်သို့ ပေါက်ရောက်ဖို့ အဆောက်အဦချည်း ဖြစ်ကြကုန်၏။

ဤကား သောတာပတ္တိမဂ်အာဓိပတေယျဋ္ဌကို သောတာပန်ပုဂ္ဂိုလ်တို့ ခံစံကြရပုံတည်း။

ဤတွင်ရွေ့ကား သောတာပတ္တိမဂ်၏ အနက်လေးချက်ကို ပြဆိုသောအခန်း ပြီး၏။

၆။ နိရောဓသစ္စာအနက် ၄-ချက် အဓိပ္ပါယ်

ယခုအခါ နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာ၏ အနက် လေးချက် ကို ပြဆိုပေအံ့

နိရောဓဿ နိဿရဏဋ္ဌော, ပဝိဝေကဋ္ဌော, အသင်္ခတဋ္ဌော, အမတဋ္ဌော။

သဥပါဒိသေသနိဗ္ဗာန် ထင်စွာပြဆိုချက်

သောတာပတ္တိမဂ်, သောတာပတ္တိဖိုလ်သို့ ရောက်ကြကုန်ပြီးသော ဝိသာခါ, အနာထပိဏ် အစရှိကုန်သော ယခုအခါ စတုမဟာရာဇ်, တာဝတိံသာအစရှိသော နတ်ပြည်ခြောက်ထပ်မှာ အပြည့်ရှိနေကြကုန် သော အရိယာပုဂ္ဂိုလ်တို့၏ ယခုတည်နေကြရာဖြစ်သော သဥပါဒိသေသ နိဗ္ဗာန်တည်းဟူသော လောကုတ္တရာအဝတ္ထာဘုံကြီးသည် မြင့်မိုရ်တောင် ခြေ၌ရှိသော သီဒါ မဟာသမုဒ္ဒရာကြီးနှင့် အလားတူ၏၊ အသင်္ချေယျ အနန္တများလှစွာကုန်သော အရိယာပုဂ္ဂိုလ်တို့သည် ထိုသီဒါမဟာသမုဒ္ဒရာ ကြီး အတွင်း၌ရှိနေကြကုန်သော အသင်္ချေယျ အနန္တ များလှစွာကုန်သော ငါးကြီးတွေနှင့် အလားတူကြကုန်၏၊

လျော့ပါးပူမှု နောက်ကျုမရှိ

အဘယ်သို့ တူကြကုန်သနည်းဟူမူကား ယုဂန္ဓိုရ်တောင်၏ အတွင်း၌ တည်ရှိသော ထိုသီဒါမဟာသမုဒ္ဒရာကြီးသည် အနက်အားဖြင့် ယူဇနာ ရှစ်သောင်းလေးထောင်, အနံအားဖြင့် ယူဇနာ ရှစ်သောင်း လေး ထောင်, အလျားအားဖြင့် ယူဇနာ အသိန်းများစွာ ကြီးကျယ်လှ၏၊ တစ်ကမ္ဘာပတ်လုံး လက်တစ်သစ်မျှ ရေနေလျော့ပါးသည်ဟူ၍ မရှိ၊ နေရှိန် နေပြောက်တစ်ခုမျှ ထိုးရဘူးသည်မရှိသဖြင့် ရေပူသည်ဟူ၍ တစ်ရံတစ်ဆစ်မျှမရှိ၊ ဥဒေါင်းမွေး, လဲ, ဝါဂွမ်းတို့မှသော်လည်း ထောက် တည်ရာမရ အောက်သို့သာနစ်ရအောင် အလွန်ကြည်လှသော ရေရှိ သည်ဖြစ်၍ ရေနောက်မှုဟူ၍လည်း မရှိ။

ထို့အတူ ယခုအခါ ဝိသာခါ, အနာထပိဏ် အစရှိသော ဘုံစဉ်စံ သောတာပန် အရိယာတို့၏ တည်ရာနေရာဖြစ်သော ထို သဥပါဒိသေသ နိဗ္ဗာန်တည်းဟူသော လောကုတ္တရာ အဝတ္ထာဘုံကြီးသည်လည်း ဘဝ ကမ္ဘာအသင်္ချေပင် ကြာသော်လည်း နိဗ္ဗာန်သဘော လျော့ပါးသည်ဟူ၍ မရှိ၊ နိဗ္ဗာန်နယ်ကြီး ကုန်ဆုံး၍ သွားသည်ဟူ၍ မရှိ၊ နိဗ္ဗာန်သဘော ကုန်ဆုံး၍ ထိုသူတို့သန္တာန်မှာ ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဒုစ္စရိုက်, ဒုရာဇီဝ, အပါယ ဒုက္ခတို့ ပေါ်ပေါက်၍ လာပြန်သည် ဟူ၍မရှိ။

သီဒါသမုဒ္ဒရာနှင့် သဥပါဒိသေသနိဗ္ဗာန်

သီဒါမဟာ သမုဒ္ဒရာကြီး၏ အတွင်း၌ရှိနေကြကုန်သော ငါးကြီး တို့သည် သီဒါမဟာသမုဒ္ဒရာရေနေလျော့ပါးမည်၊ ရေကုန်ခန်း၍ သွားမည်ကို ကြောင့်ကြဘွယ်မရှိကြကုန်သကဲ့သို့ ထိုသူတို့သည်လည်း ယခု မိမိတို့တည်နေရာ ထိုလောကုတ္တရာ အဝတ္ထာဘုံကြီး သန္တိသဘော လျော့ပါးမည်၊ ကုန်ခန်း၍သွားမည်ကို တစ်ရံတစ်ဆစ်မျှ ကြောင့်ကြဘွယ် မရှိလေကုန်၊ ထိုသီဒါ မဟာသမုဒ္ဒရာကြီး၌ ရေပူသည်ဟူ၍ မရှိသကဲ့သို့ ထိုလောကုတ္တရာ အဝတ္ထာဘုံကြီးမှာလည်း တစ်စုံတစ်ခုသော ကိလေသာ နေပြောက်ထိုးခြင်း, ဝဋ္ဋဒုက္ခ နေပြောက် ထိုးခြင်း အလျင်းမရှိသည်ဖြစ်၍ ကမ္ဘာအသင်္ချေကြာသော်လည်း ပူလောင်မှုဟူ၍ မြူမျှမရှိလေကုန်၊ ထို သက္ကာယဒိဋ္ဌိစသည်တို့၏ ချုပ်ငြိမ်းမှုအတွက်ကြောင့် ဘယ်လိုပူပန်ဘွယ် ရှိ၍ လာပြန်သည်ဟု မရှိပြီ။

ငါးကြီးများ ဥပမာနှင့် အရိယာပုဂ္ဂိုလ်များ

သီဒါမဟာသမုဒ္ဒရာကြီး၏ အတွင်း၌ ရှိနေကြကုန်သော ငါးကြီး တို့သည် ရေပူမှုနှင့်စိုးရိမ်ကြောင့်ကြဖွယ် မရှိကြကုန်သကဲ့သို့ ထိုသူတို့ သည်လည်း ထိုသက္ကာယဒိဋ္ဌိ အစရှိသောမဂ်ဖြင့် အကြွင်းမဲ့ ပယ်ပြီး သောတရားတို့၏ ပူပန်မှုအတွက်နှင့် စိုးရိမ်ကြောင့်ကြဖွယ် မရှိကြကုန်ပြီ၊ ထိုသီဒါမဟာသမုဒ္ဒရာကြီး အတွင်း၌ ရှိနေကြကုန်သော ငါးကြီးတို့သည် ရေနောက်ကျုရန်ကိစ္စနှင့် စိုးရိမ်ကြောင့်ကြဖွယ်မရှိကြကုန်သကဲ့သို့ ထိုသူတို့သည်လည်း မိမိတို့၏တည်နေရာ အဝတ္ထာဘုံကြီး၌ ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဒုစ္စရိုက်, ဒုရာဇီဝ, အပါယ်ဒုက္ခတို့ ပေါ်ပေါက်ပြန်သည်, သန္တိသဘော နောက်ကျုပြန်သည်ဟူ၍ စိုးရိမ်ကြောင့်ကြဖွယ် မရှိကြကုန်ပြီ။

ထိုသီဒါ မဟာသမုဒ္ဒရာကြီး၏အတွင်း၌ ရှိနေကြကုန်သော အသင်္ချေယျ အနန္တ များလှစွာကုန်သော ငါးကြီးအပေါင်းတို့သည် မိမိ မိမိတို့ တည်နေရာ သီဒါသမုဒ္ဒရာကြီး လျော့ပါးကုန်ခန်းမှု, နောက်ကျုမှု, ပူလောင်မှုတို့အတွက်နှင့် အင်းတစ်ပါး, အိုင်တစ်ပါး, မြစ်, သမုဒ္ဒရာ သီဒါ တစ်ပါးကို တောင့်တဖွယ်မရှိကြကုန်သကဲ့သို့ ထိုဘုံစဉ်စံ သောတာပန် အရိယာ အနန္တတို့သည်လည်း ဘုရားတစ်ပါး သာသနာတစ်ပါးကို တောင့်တဖွယ် မရှိကုန်မူ၍ ထိုသဥပါဒိသေသနိဗ္ဗာန်တည်းဟူသော လောကုတ္တရာ အဝတ္ထာဘုံကြီး၌တည်လျက် လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့ကို ဘဝများစွာ ကမ္ဘာများစွာခံစားကြကုန်၍ အားရကြ ကုန်သောအခါမှ, ငြီးငွေ့ကြကုန်သောအခါမှ ခန္ဓာငါးပါးကို စွန့်ပစ်၍ အနုပါဒိသေသ နိဗ္ဗာန်ပြည်ကြီးသို့ ကူးကြကုန်လတ္တံ့။

စောဒက တက်ဖွယ်

ထိုသောတာပန် ပုဂ္ဂိုလ်တို့သည် သဥပါဒိသေသနိဗ္ဗာန်တည်း ဟူသော လောကုတ္တရာ အဝတ္ထာဘုံကြီး၏အတွင်း ဆိုက်ရောက် တည်နေ ကြကုန်၏ ဟူသောစကား၌ စောဒနာရန်ရှိ၏၊ ထိုပုဂ္ဂိုလ်တို့သည် အချို့သော ကိလေသာတို့မှ မကင်းကြကုန်သေး၊ ပဋိသန္ဓေနေခြင်း, အိုခြင်း, သေခြင်းဒုက္ခတို့မှ မကင်းကြကုန်သေး၊ ထို့ကြောင့် နိဗ္ဗာန်သို့ ဆိုက်ရောက်ကြကုန်သည်ဟု မဆိုထိုက်သေး၊ နိဗ္ဗာန်၏အတွင်း၌ တည် နေကြကုန်သည်ဟု မဆိုထိုက်သေးဟု စောဒနာရန် ရှိ၏၊

ဖြေဆိုပုံ

အဖြေကား။။ အချို့သောကိလေသာတို့မှ မကင်းကြ ကုန်သေး သောကြောင့် သဥပါဒိသေသနိဗ္ဗာန်ဟု အမည်ဝိသေသနှင့် ဟောတော်မူသည် မဟုတ်လော၊ ထို့အတူ ခန္ဓာငါးပါးနှင့်တကွ ဘဝများ စွာ, ကမ္ဘာများစွာ, ပဋိသန္ဓေနေခြင်း, အိုခြင်း, သေခြင်း မကင်းကြ ကုန်သေးသည် ဖြစ်၍ပင်လျှင် သဥပါဒိသေသနိဗ္ဗာန်ဟု ဆိုရမည်မဟုတ် လော၊ သဥပါဒိသေသနိဗ္ဗာန်၏ အခြင်းအရာကိုလည်းကောင်း, ထိုနိဗ္ဗာန် နယ် ကြီးကျယ်ပုံကိုလည်းကောင်း, မရိပ်မိ၍ စောဒနာသလောဟု ဖြေလေ။

ထိုသူတို့သည် လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့ကို ခံစားစံစား၍ အားရကြကုန်သောအခါ ရဟန္တာအဖြစ်သို့ရောက်၍ ခန္ဓာငါးပါးကိုစွန့်၍ တစ်ဖန်ကူးရောက်ကြလတ္တံ့သော နိဗ္ဗာန်သည်ကား အနုပါဒိသေသနိဗ္ဗာန်မည်၏၊ ထိုနိဗ္ဗာန်သည်ကား သောတာပန် ပုဂ္ဂိုလ် တို့၏နယ်မှာမဟုတ်၊ ထို့ကြောင့် ဤသောတာပန်ပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ပြ ဆိုခန်း၌ ထိုအနုပါဒိသေသ နိဗ္ဗာန်ကို မဆိုပေသတည်း။

နိဿရဏဋ္ဌ

ဒိဋ္ဌိ, ဝိစိကိစ္ဆာ အမှူးရှိသော အလွန်မည်းညစ်လှစွာသော ကိလေ သာဝဋ်မှ အပြီးကျွတ်လွတ်မှု, ဒုစ္စရိုက်ဆယ်ပါး ဒုရာဇီဝတရား ဟူသော အကုသလ ကမ္မဝဋ်မှ အပြီးကျွတ်လွတ်မှု, အပါယ်ဘဝဟူသော ဝိပါက ဝဋ်မှ အပြီး ကျွတ်လွတ်မှုသည် သောတာပန်ပုဂ္ဂိုလ်တို့ ခံစားကြရသော နိဿရဏဋ္ဌမည်၏။

ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့သည် လူမင်း, နတ်မင်း, သိကြားမင်း, ဗြဟ္မာ မင်းတို့ဖြစ်၍ပင် နေကြကုန်သော်လည်း ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဒုစရိုက် ဒုရာဇီဝ, အပါယ်ဘဝတို့မှ အပြီးကျွတ်လွတ်မှု, အပြီးလွတ်ငြိမ်းမှုဟူသော နိဿရဏဋ္ဌကို မရကြလေကုန်၊ ဒိဋ္ဌိ, ဝိစိကိစ္ဆာတွေ တန်းလန်း, ဒုစ္စရိုက် ဒုရာဇီဝတွေ တန်းလန်း, အပါယ်သို့ ကျရောက်မှုတွေ တန်းလန်းနှင့်သာ နေကြရကုန်သည်။

နိဿရဏဋ္ဌ ပြီး၏၊

ပဝိဝေကဋ္ဌ

သောတာပန် ပုဂ္ဂိုလ်တို့သည် ဘဝများစွာ ကမ္ဘာများစွာ ကြာမြင့် သော်လည်း မိမိတို့၏ စိတ်သန္တာန်၌ မိစ္ဆာဒိဋ္ဌိ တရားတို့၏ နှောက်ယှက်မှု, ဒုစရိုက် ဒုရာဇီဝတရားတို့၏ နှောက်ယှက်မှု, အပါယဒုက္ခတို့၏ နှောက် ယှက်မှုမှ အချင်းခပ်သိမ်း ကင်းငြိမ်းကြကုန်၏၊ ဤသို့ သံသရာ၌ အလွန် တရာ ယုတ်မာဆိုးဝါးလှသော ပါပဓမ္မ အပါယဒုက္ခတို့၏ အနှောင့် အယှက် အဖျက်အဆီးမှ ဆိတ်ကင်းမှုသည် သောတာပန်ပုဂ္ဂိုလ်တို့ ခံစား ကြရသော ပဝိဝေကဋ္ဌမည်၏။

ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့သည် လူမင်း, နတ်မင်း, သိကြားမင်း, ဗြဟ္မာမင်း ဖြစ်၍ပင် နေကြရကုန်သော်လည်း သမ္မာဒိဋ္ဌိနှင့် ကြည်တဲ့ချည်တစ်ခါ, မိစ္ဆာဒိဋ္ဌိနှင့် နောက်တဲ့ချည်တစ်လှည့်, သဒ္ဓါစိတ်နှင့် ကြည်တဲ့ချည်တစ်ခါ, ဝိစိကိစ္ဆာနှင့် နောက်တစ်ချည်တစ်လှည့်, သုစရိုက်မှုနှင့် ကြည်တဲ့ချည် တစ်ခါ, ဒုစ္စရိုက်မှုနှင့် နောက်တဲ့ချည်တစ်လှည့်, သုဂတိချမ်းသာနှင့် ကြည်တဲ့ချည်တစ်ခါ, အပါယဒုက္ခသို့ရောက်၍ အနောက်ကြီး နောက်တဲ့ ချည်တစ်လှည့်, ဤသို့သော နှောက်ယှက်မှုတို့မှ မလွတ်ကြလေကုန်။

ပဝိဝေကဋ္ဌ ပြီး၏၊

အသင်္ခတဋ္ဌ

သောတာပန်ပုဂ္ဂိုလ်တို့ ဆိုက်ရောက်ရရှိ တည်နေရာဖြစ်သော ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဒုစ္စရိုက်, ဒုရာဇီဝ, အပါယဒုက္ခတို့၏ အပြီးလွတ်ငြိမ်းမှု ဟူသော သဥပါဒိသေသနိဗ္ဗာန်သည် ဘဝကမ္ဘာ အသင်္ချေကြာသော် လည်း ပျက်ကွက်ခြင်း ရှိတော့သည်မဟုတ်၊ အနမတဂ္ဂသံသရာနှင့်အမျှ နိစ္စထာဝရဖြစ်၍တည်လေ၏၊ ထိုသို့ပျက်ကွက်ခြင်းမရှိ နိစ္စထာဝရတည်ရှိ သောတရား ဖြစ်ပေသောကြောင့် အသစ်တစ်ဖန် ထူထောင်ပြုပြင်မှု ဒုက္ခဟူ၍မရှိပြီ၊ ထိုနိဗ္ဗာန်ဆွေးမြည့် ပျက်ဆုံးပြန်၍ မိမိသန္တာန်၌ ထိုနိဗ္ဗာန်ကို တစ်ဖန်ဖြစ်ပေါ်လာရန် ဒါနပြုမှုဒုက္ခတွင်းသို့ ဆင်းရ ပြန်သည်ဟု မရှိပြီ၊ သီလသီတင်းကျင့်သုံးခြင်းဟူသော ဒုက္ခတွင်းသို့ ဆင်းရပြန်သည်ဟု မရှိပြီ၊ ရသေ့ ရဟန်း ပြုလုပ်ခြင်း ဒုက္ခတွင်းသို့ ဆင်းရပြန်သည်ဟု မရှိပြီ ဆိုလိုသည်၊ ဤသို့ အဖန်ဖန် ပြုပြင်ရခြင်း ဟူသော သင်္ခါရဒုက္ခတို့မှ လွတ်ငြိမ်းမှုသည် သောတာပန်ပုဂ္ဂိုလ်တို့ ခံစံကြရသော အသင်္ခတဋ္ဌ မည်၏၊ သောတာပန်ပုဂ္ဂိုလ်တို့အား ကြွင်း ကျန်သော ကိလေသာတို့၏ ချုပ်ငြိမ်းဖို့ အတွက်နှင့်သာ ဒါန, သီလ, ဥပေါသထ ဘာဝနာမှုကို ပြုဘွယ်ကိစ္စ ရှိလေတော့သည်၊ ချုပ်ငြိမ်းလေပြီး သော သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဒုစရိုက်ဆယ်ပါးတို့၏ ငြိမ်းဖို့အတွက်နှင့် ပြုဘွယ်ကိစ္စ မရှိပြီ။

အသင်္ခတဋ္ဌ ပြီး၏၊

အမတဋ္ဌ

ထိုသက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဒုစ္စရိုက်, ဒုရာဇီဝ, အပါယဒုက္ခတို့၏အပြီး လွတ်ငြိမ်းမှုဟူသော သဥပါဒိသေသနိဗ္ဗာန်သည် အနမတဂ္ဂ သံသရာမှာ ဘယ်အခါမှ ဆွေးမြည့် ပျက်ဆုံးသည်ဟူ၍ မရှိပြီ, ထိုဝိသာခါ, အနာထပိဏ်အစရှိသော ဘုံစဉ်စံသောတာပန် ပုဂ္ဂိုလ်တို့အား တစ်ဘဝ လျှင်တစ်ခါ ခန္ဓာငါးပါးပျက်ဆုံးမှုကား ရှိကြ၏၊ မိမိတို့ရရှိပြီးသော ထိုနိဗ္ဗာန်ကား ခန္ဓာပျက်ဆုံးသော်လည်း ပျက်ဆုံးခြင်းမရှိပြီ၊ ခန္ဓာဘဝ တစ်ခု ပျက်ဆုံး၍ ခန္ဓာဘဝတစ်ခုသို့ ရောက်ကြပြန်လျှင် ထိုနိဗ္ဗာန် တွင်း၌သာ ရောက်ကြပြန်၏၊ ပုထုဇ္ဇန်ခန္ဓာသို့ပြန်၍ ရောက်ကြ ကုန် သည်ဟု မရှိပြီ၊ ခန္ဓာတို့ကား မတဓာတ်မျိုးဖြစ်ကြ၍ တစ်ဘဝတစ်ခါ ပျက်ဆုံးကြကုန်သည်။

ထိုနိဗ္ဗာန်သည်ကား အမတဓာတ်မျိုးဖြစ်၍ ခန္ဓာ ပျက်သော် လည်း တစ်ရံတစ်ခါမျှ ပျက်ဆုံးသည်ဟူ၍လည်း မရှိပြီ၊ အနုပါဒိသေသ နိဗ္ဗာန်နှင့် တစ်ဆက်တည်း ဆက်မိလေတော့သည်၊ ထို သောတာပန် ပုဂ္ဂိုလ်တို့အား ဘဝများစွာ ကမ္ဘာများစွာ သံသရာ၌ ကျင်လည်၍ နေကြကုန်ငြားသော်လည်း ထိုငြိမ်းမှု ကုန်ဆုံး၍သွားမည်ကို ကြောင့် ကြဘွယ် မရှိပြီ၊ ဤသို့ သောတာပတ္တိမဂ်သို့ ရောက်သည့်ဘဝမှ စ၍ အနုပါဒိသေသနိဗ္ဗာန်သို့ ဆိုက်ရောက်သည်တိုင်အောင် ဘဝများစွာ ကမ္ဘာများစွာ ကြာချင်းတိုင်းကြာသော်လည်း တစ်ရံတစ်ခါမျှ ပျက်ကွက် ခြင်း မရှိမူ၍ ထိုဘုံစဉ်စံ သောတာပန်ပုဂ္ဂိုလ် အနန္တတို့၏ ကိုးကွယ်ရာ, လည်းလျောင်းရာ, ပုန်းအောင်းရာအနေနှင့် အမြဲစောင့်ရှောက်ကာ ပါရှိ၍ နေသောအမှုသည် ထိုသောတာပန်ပုဂ္ဂိုလ်တို့ ခံစံကြရသော အမတဋ္ဌ မည်၏။

အမတဋ္ဌ ပြီး၏။

ဤကား သောတာပန်ပုဂ္ဂိုလ်တို့ ခံစံကြရသော သဥပါဒိသေသနိဗ္ဗာန်၏ အနက်လေးချက်ကို ပြဆိုသော စကားရပ်တည်း။

ထိုမှတစ်ပါး သကဒါဂါမ်ပုဂ္ဂိုလ်, အနာဂါမ်ပုဂ္ဂိုလ်, ရဟန္တာပုဂ္ဂိုလ် တို့ ခံစံကြရသော နိဗ္ဗာန်၏အနက်လေးချက်တို့ကိုမူကား သောတာပန် ပုဂ္ဂိုလ်တို့၌ ပြဆိုလိုက်သောနည်းကို အမှီပြု၍ ထိုပုဂ္ဂိုလ်တို့အားလျော်စွာ ဝေဖန်စိတ်ဖြာ၍ သိကြလေ။

သစ္စာအနက် ၁၆-ချက် ကိစ္စ ၄-ပါးတွဲပုံ

၁။ ဒုက္ခသစ္စာ၏ အနက်လေးချက်ကား ပရိညာကိစ္စ၏ အချက်တည်း။

၂။ သမုဒယသစ္စာ၏ အနက်လေးချက်ကား ပဟာနကိစ္စ၏ အချက်တည်း။

၃။ နိရောဓသစ္စာ၏ အနက်လေးချက်ကား သစ္ဆိကရဏကိစ္စ ၏ အချက်တည်း။

၄။ မဂ္ဂသစ္စာ၏ အနက်လေးချက်ကား ဘာဝနာကိစ္စ၏ အချက်တည်း။

လက္ခဏာရေး ၃-ပါး၌ ဝင်ပုံ

ယောဂီပုဂ္ဂိုလ်သည်ကား ဒုက္ခသစ္စာ၏ အနက်လေးချက်ကိုသာ ပိုင်နိုင်စွာ ထင်မြင်အောင် အားထုတ်ရာ၏၊ ပိုင်နိုင်စွာထင်မြင်၍ ဒုက္ခ သစ္စာ၌ ပရိညာကိစ္စပြီးခဲ့လျှင် ကြွင်းသောသစ္စာသုံးပါးတို့၏ အနက် တစ်ဆယ့်နှစ်ချက်တို့သည် အလိုလိုကိစ္စပြီးကုန်၏၊ တမင်အားထုတ်ဖွယ် ကိစ္စ မရှိကုန်၊ ဒုက္ခသစ္စာ အနက်လေးချက်သည်လည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးပါး၌ ပါဝင်လေ၏၊ အနက်လေးချက်လုံးသည် ဒုက္ခလက္ခဏာရေး၌ အကုန်ဝင်၏၊ ဝိပရိဏာမဋ္ဌ အနက်တစ်ခုသည် အနိစ္စလက္ခဏာရေးပင်တည်း၊ အနိစ္စ, ဒုက္ခ နှစ်ပါး၌ ဝင်လျှင်လည်း အနတ္တလက္ခဏာရေး၌ ဝင်တော့သည်၊ ထို့ကြောင့် လက္ခဏာရေးသုံးပါး နေရာကျပြီးစီးခဲ့လျှင် အကျယ်ပြဆိုခဲ့ပြီးသော သစ္စာအနက် တစ်ဆယ့် ခြောက်ချက်သည် အလိုလိုပြီးစီးတော့သည်။ လက္ခဏာရေးသုံးပါးမှာ လည်း တစ်ပါးပါး နေရာကျ ပြီးစီးခဲ့သော် ကြွင်းသော နှစ်ပါးသည်လည်း အလိုလို ပြီးစီးတော့သည်။

ဧတေသု တီသု လက္ခဏေသု ဧကသ္မိံ ဒိဋ္ဌေ ဣတရဒွယံ ဒိဋ္ဌမေဝ ဟောတိ၊ တေန ဝုတ္တံ “အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္ဌာတီ “ တိ။

[အင်္ဂုတ္တရ အဋ္ဌကထာ-တ၊ သမ္ဗောဓိသုတ်၊ ၂၅၈။]

အဋ္ဌကထာအနက်

ဧတေသု တီသု လက္ခဏေသု=ဤသုံးပါးသော လက္ခဏာရေး တို့တွင်၊ ဧကသ္မိံ=တစ်ခုခုကို၊ ဒိဋ္ဌေ=ထင်မြင်ခဲ့သည်ရှိသော်၊ ဣတရဒွယံ= အကြွင်းနှစ်ပါးသည်၊ ဒိဋ္ဌမေဝ=အလိုလို ထင်မြင်ပြီး ဖြစ်လေတော့သည်၊ ဟောတိ=ဖြစ်၏၊ တေန=ထို့ကြောင့်၊ အနိစ္စသညိနော မေဃိယ အနတ္တ သညာ သဏ္ဌာတီတိ=သဏ္ဌာတိဟူ၍၊ ဝုတ္တံ= မြတ်စွာဘုရား ဟောတော်မူ ပေ၏။

လက္ခဏာရေးသုံးပါးတို့တွင် တစ်ပါးပါး ထင်မြင်လျှင်ပင် ကြွင်း နှစ်ပါးကိစ္စ ပြီးစီး၏၊

အနိစ္စလက္ခဏာ ပဓာနဖြစ်ပုံ

ထိုသုံးပါးတို့တွင်လည်း အနိစ္စလက္ခဏာတစ်ခုသာ လိုရင်းပဓာန ဖြစ်သည်၊ အနိစ္စလက္ခဏာရေး ဆိုသည်ကား မရဏမှုတည်း၊ မိမိ မိမိတို့၏ ခန္ဓာကိုယ် တစ်ကောင်လုံး၌ မျက်တောင်တစ်ခတ်မျှ မလပ်မစဲ မရဏ ဘေး ကပ်တိုက်၍နေသည်ကို အနိစ္စလက္ခဏာရေးဆိုသည်၊ တစ်ကိုယ် လုံးမှာ အဏုမြူခန့်မျှ မလပ် မျက်တောင်တစ်ခတ်မျှ မစဲ မရဏဘေးကြီး တစ်ဖြုန်းဖြုန်း အမြဲကပ်တိုက်၍နေမှုကို မြင်ခဲ့လျှင် ဒုက္ခလက္ခဏာ ရေးမြင်မှု, အနတ္တလက္ခဏာရေးမြင်မှု ပြီးစီးတော့သည်၊ ပြီးစီပုံကား မိမိ မိမိ၏ ခန္ဓာကိုယ်တစ်ကောင်လုံးမှာ အဏုမြူမျှမလပ် မျက်တောင် တစ်ခတ်မျှမစဲ အမြဲထာဝရ မရဏဘေးကြီးတစ်ဖြုန်းဖြုန်း ကပ်တိုက်၍နေ သော ဤခန္ဓာကိုယ်ကြီးကို သုခဟုယူခွင့်ရှိသေးသလော၊ ငါ၏ အနှစ် သာရ အတ္တဟု ယူခွင့် ရှိသေးသလော ဟူလိုသည်။

ဤကား လက္ခဏာရေးသုံးပါးတို့တွင် အနိစ္စလက္ခဏာတစ်ခုသာ လိုရင်းပဓာနဟု ပြဆိုဆုံးဖြတ်ချက်တည်း။

၎င်းအနိစ္စ လက္ခဏာတစ်ခုကိုလည်း ခန္ဓာငါးပါးတို့တွင် ရူပက္ခန္ဓာ တစ်ခု၌ ပိုင်နိုင်စွာ ထင်မြင်နိုင်လျှင် အနာဂါမိမဂ်ဖိုလ်တိုင်အောင် ဆိုက်နိုင် ၏၊ နာမက္ခန္ဓာလေးပါးတို့တွင် တစ်ပါးပါး၌ ပိုင်နိုင်စွာ ထင်မြင်နိုင်လျှင် အရဟတ္တမဂ်, အရဟတ္တဖိုလ်တိုင်အောင် ဆိုက်နိုင်၏။

[ဤအချက်ကိုကား အာဟာရဒီပနီစာအုပ်မှာ သာဓက ပါဠိနှင့် တကွ ပြဆိုဆုံးဖြတ်ပြီး ရှိလေ၏၊]

တိုက်တွန်းခြင်း ဥယျောဇဉ်

ထို့ကြောင့် ယခုအခါ ဒိဋ္ဌိဒုစ္စရိုက် အမိုက်တောကြီး အတိဖြစ် သော လောကီဘုံသူ, လောကီဘုံသား သံသရာဝဋ်သမားအဖြစ်မှ ကျွတ် လွတ်၍ ဝိသာခါ, အနာထပိဏ်တို့ကဲ့သို့ သဥပါဒိသေသနိဗ္ဗာန် တည်း ဟူသော လောကုတ္တရာဘုံကြီး၏ အတွင်းသို့ ဆိုက်ရောက်၍ ထို လောကုတ္တရာဘုံကြီး၏အတွင်း၌ လောကုတ္တရာဘုံသူ, လောကုတ္တရာ ဘုံသားအဖြစ်နှင့်တည်၍ ပြဆိုခဲ့ပြီးသော မဂ္ဂသစ္စာ၏အနက်လေးချက်, နိရောဓသစ္စာ၏ အနက်လေးချက်တို့ကို ဘဝအဆက်ဆက် ကမ္ဘာ အဆက်ဆက် လက်ကိုင်လက်စွဲ အမြဲခံစားလျက် ဘုံစဉ်စံအရိယာ လူ ဝိဇ္ဇာဓိုရ်, နတ်ဝိဇ္ဇာဓိုရ်, ဗြဟ္မာဝိဇ္ဇာဓိုရ်အဖြစ်နှင့် သံသရာ၌ နေထိုင် လိုကြကုန်သောသူအပေါင်းတို့သည် ပြဆိုခဲ့ပြီးသော တစ်ဆယ့်ခြောက် ချက်သော သစ္စာအနက်တို့ကို အထိုက်အတန်အားဖြင့် ပိုင်နိုင်မြင်သိ လက်ရှိ လက်စွဲ ပြုနိုင်တည့်ကြရန် ခန္ဓာငါးပါးတို့တွင် တစ်ခုခုသော ခန္ဓာ၌ အနိစ္စလက္ခဏာ ဖော်နည်း ဖွင့်နည်းများကို ဆရာကောင်းထံ နည်း နိဿယ ကျကျနန ခံယူလျက် ဦးခေါင်း၌ လောင်မီးတဟုန်းဟုန်း ကျလောင်၍ နေသောသူ, ဦးခေါင်း၌ ထက်လှစွာသော လှံမကြီး တန်း လန်းစူးစိုက်၍ နေသောသူအား ထိုမီးကိုငြိမ်းစေမှု, ထိုလှံမကို နုတ်ပယ်ရန် အမှုမှတစ်ပါး ကိစ္စတစ်ခု ပြုစလောက်သော အခွင့်မရှိသကဲ့သို့ ယခု အခါ၌လည်း မိမိတို့၏ စိတ်နှလုံး၌ အစဉ်ထာဝရ ကျလောင် စူးစိုက်ကာ ပါရှိနေသော သက္ကာယဒိဋ္ဌိလောင်မီး, သက္ကာယဒိဋ္ဌိ လှံမတို့ကို ပယ်ရှား တည့်ရန် ဝိပဿနာအလုပ်များကို အားထုတ်စွဲမြဲကြကုန်ရာသည်။

နိဂုံး

ဤမျှသော စကားအစဉ်ဖြင့် မုံရွာမြို့ လယ်တီတောကျောင်း ဆရာ ငါသည် မုံရွာမြို့ အနောက်တောင် တစ်ဂါဝုတ်ခန့်အကွာ လက်ပန်း တောင်း အမည်ရှိသောတောင်၌ မုံရွာမြို့ရုံး အမိန့်တော်ရ ရှေ့နေ မောင်ကျော့, မောင်စံလင်းတို့သည် ဆောက်လုပ်တင်လှူအပ်သော စင်္ကြံကျောင်း၌ ၁၂၆၅-ခုနှစ် အတွင်း သီတင်းဝါကပ်ဆိုနေစဉ်အခါ စင်္ကြံ တကာဖြစ်သူ ၎င်းမောင်ကျော့၊ မောင်စံလင်းတို့သည်ပင်လျှင် ဗုဒ္ဓဘာသာ သာသနာဓမ္မ၌ အနှစ်သာရပဓာန အချုပ်ဖြစ်၍ အလွန်နက်နဲလှစွာသော သစ္စာအနက် တစ်ဆယ့်ခြောက်ချက် အနက်အဓိပ္ပါယ်များကို လူရှင် အများတို့ ထင်ရှားသိမှတ်နိုင်ကြရန် ဖော်ပြရေးသား သနားချီးမြှောက် စေလိုကြောင်း တောင်းပန်လျှောက်ထားချက်အရနှင့် သိသာရုံမျှ သင်္ခေပ နည်းအားဖြင့် ရေးသားစီရင်အပ်သော စတုသစ္စဒီပနီ အမည်ရှိသော ဤစာ ကျမ်းသစ်သည် ၎င်းသက္ကရာဇ် ဝါခေါင်လဆုတ် ၂-ရက်နေ့တွင် ပြီးမြောက် အောင်မြင်သတည်း။

စတုသစ္စဒီပနီ ပြီး၏။

Comments

Popular posts from this blog

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဝိနယဝိနိစ္ဆယော

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...