Skip to main content

သာသနဒါယဇ္ဇဒီပနီ

သာသနဒါယဇ္ဇဒီပနီ

နိဒါနကထာ

အကြောင်းကင်းလှစ် ကျိုးမဖြစ်

ဤလောကကြီးတွင် မည်သည့်အရာ ဝတ္ထုဖြစ်စေ အကြောင်း ဟိတ်ကင်း၍ အကျိုးဖိုလ်တရားတို့ မဖြစ်ကြချေ၊ ရှင်တော်ဗုဒ္ဓ ဟောကြား တော်မူအပ်သော ပဋိစ္စသမုပ္ပါဒဒေသနာတော်၌လည်း ပဋိစ္စသမုပ္ပါဒ, ပဋိစ္စသမုပ္ပန္နဟူ၍လည်းကောင်း၊ ပဋ္ဌာန်းဒေသနာတော်၌လည်း ပစ္စည်း, ပစ္စယုပ္ပန္နဟူ၍လည်းကောင်း သူ့အကြောင်းနှင့်သူ့အကျိုး ဒွယံဒွယံ အစုံအစုံ ဒွန်တွဲကာ ဟောကြားတော် မူခဲ့သည် မဟုတ်ပါလော။

အကြောင်းကံဓမ္မနှင့် သတ္တလောက

ဒုဂ္ဂတိဘဝ လောကမှ အပါယ်သတ္တဝါများ, သုဂတိဘဝ လောကမှ လူ နတ်ဗြဟ္မာ သတ္တဝါများဟူသော သတ္တလောကကြီးသည်ပင် အကြောင်းကင်း၍ ဖြစ်ကြရိုး ထုံးမရှိချေ၊ မှန်လှစွာ၏၊ ဒုစရိုက်ဆယ်ဝ ကံဓမ္မ အကြောင်းကြောင့် အပါယ်လေးပါး သတ္တဝါများဖြစ်ကြရသည်၊ သုစရိုက်ဆယ်ဝ ကံဓမ္မအကြောင်းကြောင့် ကာမသုဂတိ ခုနစ်ဘုံတွင် လူ နတ်ဟူသော သတ္တဝါများဖြစ်ကြရသည်၊ မဟဂ္ဂုတ်ကိုးဝ ကံဓမ္မ အကြောင်းကြောင့် ရူပတစ်ဆယ့်ခြောက်ဘုံ အရူပလေးဘုံဟူသော ဗြဟ္မာဘုံ လောကတွင် ဗြဟ္မာဟူသော သတ္တဝါများ ဖြစ်ကြရသည်။

ထို့ကြောင့်ပင်လျှင် တစ်ခုတစ်ခုသော အရာဝတ္ထုများဖြစ် ကြပေါ် လာမည် ဆိုလျှင် အကြောင်း=ဟိတ်ကင်း၍ အကျိုး=ဖိုလ်တရား ဖြစ်ပေါ် လာခြင်း မရှိချေ၊ သူ့အကြောင်းနှင့်သူ့အကျိုး ဆော်နိုးဖန်တီး၍ ဖြစ်ပေါ် လာရသည်သာ ဖြစ် ချေသည်။

ဤကျမ်းဖြစ်လာ ကြောင်းခြင်းရာ

ကျေးဇူရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဤ 'သာသန ဒါယဇ္ဇဒီပနီ' သည်လည်း အကြောင်းဟိတ် ကင်း၍ ဖြစ်ပေါ်လာသည် မဟုတ်ပေ၊ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းကား ဤသို့ပေတည်း။

၁၂၆၉-ခုနှစ်၊ ပြာသိုလဆန်း ၆-ရက်၊ ၆-နာရီအချိန်တွင် ရန်ကုန် မြို့မှ စစ်တွေမြို့သို့ သွားမည့် ပင်လယ်ကူးသင်္ဘောကြီးသည် တစ်စတစ်စ နှင့် ရန်ကုန်မြို့ ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပေပြီ၊ ယင်း သင်္ဘောကြီး၏ ခရီးသည် ယခင်ကနှင့် မတူတဲ တမူထူးခြားနေသည်ကိုကား အချို့သူတို့ ရိပ်စားမိကြမည် မဟုတ်ချေ၊ အတွင်းသိ အကြောင်းသိသူ လူတစ်စုမျှသာ သိကြပေလိမ့်မည်။

ထို သင်္ဘောကြီးတွင် သာသနာ့အာဇာနည် မဟာထေရ်ဖြစ် တော် မူသော ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည် ပစ္ဆာသမဏများ ဖြစ်ကြသော ဦးပဏ္ဍိတ (လယ်တီပဏ္ဍိတ), ဦးကိတ္တိ, ဦးဝိသုဒ္ဓ, ဦးဇယန္တ, ဦဝိလာသ ဟူသော အန္တေဝါသိကတပည့် သံဃာငါးပါး၊ ရန်ကုန်မြို့ ဝိတိုရိယဗုဒ္ဓဘာသာ ကျောင်းဆရာကြီး ဦးဘိုးမင်းတို့နှင့်အတူ စစ်တွေမြို့ သို့ အနဂ္ဃသာရ အဖိုးတန်လှသော ဓမ္မဒေသနာ ဟောကြားရန်အလို့ငှါ လိုက်ပါတော်မူလာခဲ့ကြပေသည်။

ယင်းသို့ ကြွတော်မူလာခဲ့ရခြင်းသည်လည်း စစ်တွေမြို့ ရွှေ စလွယ်ရ မင်းတိုင်ပင် သေဌေးကြီး ဦးရဲကျော်သူ, ကျက်သရေဆောင် ရွှေစလွယ်ရ ဝန်ထောက်တော်မင်း ဦးရွှေသာ, ဆရာဝန်ကြီး ဦးသာနုတို့က စစ်တွေမြို့သူ မြို့သားတို့၏ အဇ္ဈတ္တအတွင်းရပ်တွင် ခိုကပ်မှီ တွယ်နေ သော မောဟကိလေသာ အတွင်းမှောင်ကို ဝိပဿနာတည်းဟူသော အလင်းရောင်ဖြင့် ပယ်ဖျောက်ရေးအတွက် မျှော်တွေးလျက် ပင့်ဆောင် ခြင်းကြောင့် ကြွလာတော်မူခြင်းဖြစ်ပေသည်၊ ထိုအဘိယာစကပြုကြသည့် ကပ္ပိယကာရကပုဂ္ဂိုလ်ကြီး သုံးဦးတို့သည်လည်း ကျေးဇူးရှင်ဆရာတော် ဘုရားကြီးနှင့် ပစ္ဆာသမဏ ရဟန်းတော်ငါးပါးတို့ကို ဝတ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးလျက် အတူလိုက်ပါလာခဲ့ကြပေသည်။

အပြုံးပန်းတို့ တင့်ဆန်းဝေဝေ မြို့စစ်တွေ

ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ကြွရောက်တော်မူ လာမည်ဖြစ် ကြောင်း သတင်းကောင်း ကြေးနန်းစာ ရရှိနှင့်ကြပြီးဖြစ်သော စစ်တွေမြို့ သူ မြို့သားတို့မှာ လည်း ဗွေသဖန်း၌ ရေဖျန်း အဘိသေခံရချေတော့မည့် ဆဲဆဲဖြစ်သော အိမ်ရှေ့ဥပဇာကဲ့သို့ တရားမဏ္ဍပ်တော်ကြီး တည်း ဟူသော ဗွေသဖန်း၌ ကျေးဇူးရှင်ကြီး၏ ဓမ္မကထာဒေသနာ တည်း ဟူသော အဘိသေက ရေဖျန်းခံယူရချေ တော့မည့်အရေး မျှော်တွေး မှန်းဆလျက် အပြုံးပန်းတွေ တဝေဝေနှင့် ဖြစ်နေကြပေသည်။

စစ်တွေမြို့တစ်ဝှမ်းတွင် ပျားပန်းခပ်မျှ ကြိုဆိုရေးကိစ္စ၊ ပူဇော်ရေး ကိစ္စ အဝဝတို့ကိုသာ မနေမနား ကြိုးစားပြုလုပ်ကာ စောင့်စားနေကြပေ တော့သည်။

အံ့ချီးမကုန် ကြိုဆိုပုံ

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် ပစ္ဆာသမဏများနှင့်အတူ ကပ္ပိယကာရကများ ခြံရံလျက် စစ်တွေသွား ပင်လယ်ကူး သင်္ဘောကြီးဖြင့် နှစ်ညဉ့် သုံးရက်တိုင်တိုင် ကြွတော်မူခဲ့ရာ ၁၂၆၉-ခုနှစ်၊ ပြာသိုလဆန်း ၈-ရက်နေ့ ညနေ ၄-နာရီအချီန်တွင် စစ်တွေမြို့သို့ ရောက်တော် မူခဲ့ပေသည်၊ စစ်တွေမြို့သူမြို့သား နှစ်သောင်းကျော်တို့သည် ကျေးဇူးရှင် ဆရာတော်ဘုရားကြီး လိုက်ပါတော်မူလာသည့် သင်္ဘောကြီးကိုမြင်လျှင် အလွန်ပင် ပီတိသောမနဿတွေ ဖြစ်ကြကာ စစ်တွေမြို့ သင်္ဘောဆိပ် ကမ်း တစ်ဝိုက်တွင် မြေကြီးအက်ယို ပြိုကျခမန်း ဝမ်းပန်း တသာ ဆီးကြို ဂါရဝပြုကြလေသည်။

ကျေးဇူးရှင်ကြီး လိုက်ပါလာသည့် သင်္ဘောကြီး ဆိုက်ကပ်လာ သည်နှင့် တစ်ပြိုင်နက် အမြောက်သုံးချက် ပစ်ဖောက် ကြိုဆိုကြလေ သည်၊ ထို့ပြင် လှေပွဲသဘင်ဆင်ယင် ကျင်းပကြသည်၊ သင်္ဘောငယ် တစ်စင်းဖြင့် ပင်လယ်ကူး သင်္ဘောကြီးသို့ သွားရောက် ကြိုဆိုပြီး ယင်း သင်္ဘောငယ် ဆိပ်ကမ်းသို့ ကပ်ရောက်သည်နှင့်တစ်ပြိုင်နက် အမြောက် သုံးချက် ပစ်ဖောက်ကြပြန်သည်၊ ထီးဖြူတော် မိုးကာလျက် ကျေးဇူးရှင်ကြီး အား ပင့်ဆောင်လာစဉ် လမ်းဘေးဝဲယာမှ ပရမတ္ထသံခိပ် အသင်းသူ အသင်းသားများက လက်အုပ်ချီမိုး ရှိခိုးလျက် ပရမတ္ထသံခိပ်ကဗျာများကို ရွတ်ဆိုပူဇော်ကြသည်မှာလည်း ကြားနာမဝ အလွန်သာယာနာပျော်ဖွယ် ရှိလှပေသည်။

ပြောမယုံ ကြုံမှသိ

ကျေးဇူးရှင် ဆရာတော်ဘုရားကြီး တရားဟောမည့် တရား မဏ္ဍပ်ကြီးသို့ သင်္ဘောဆိပ်မှ တစ်မိုင်ကျော် ခရီးလမ်းတွင် ဆန်းကြယ်စွာ ဆင်ယင်ထားကြပုံ, တရားပလ္လင် ဆင်ယင်ရာဌာန, ဓမ္မာသနပလ္လင်, သီတင်းသုံးရန် စံကျောင်းတော်ကြီး, တရားနာပရိသတ်တို့ နေထိုင်ရာဌာန စသည်တို့ကို ထိုခေတ် ငွေတန်ဖိုးအားဖြင့် ၁၈၀၀ိ (တစ်ထောင့် ရှစ်ရာကျပ်)ကျော် အကုန်အကျခံကာ ဆင်ယင်မွမ်းမံထားသည်တို့မှာလည်း ပြောမယုံ ကြုံမှသိ ဆိုရမည်ပင် ဖြစ်ပေသည်။

သေဌေးမင်း ဦးရဲကျော်သူ ဆောက်လုပ်၍ ချက်ပြုပ် ကျွေးမွေး သည့် ဆွမ်းကျွေးရုံတွင်လည်း တရားနာရန် ကြွရောက်တော်မူလာကြသည့် အာဂန္တု ရဟန်းတော်များတို့အား နံနက်မှာဆွမ်း ညနေမှာဖျော်ရည် ရေချမ်းတို့ဖြင့်လည်းကောင်း, တရားနာလာကြသည့် သူတော်စင် ကလျာဏတို့အားလည်း အချိန်ကာလအားလျော်သော ထမင်းအဖျော် စသည်တို့ဖြင့်လည်းကောင်း လှူဒါန်း ကျွေးမွေး ဧည့်ခံ ပြုစုပုံမှာလည်း ပြောမယုံကြုံမှသိဟု ဆိုရမည်ပင် ဖြစ်ပေသည်။

[အမှာ- တရားသဘင် မဏ္ဍပ်စသည်တို့ကို မွမ်းမံစီရင် ထားပုံ စသည်တို့ကို လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး ၏ 'ကဗျာ့မဉ္ဇရီ' တွင် အကျယ်တဝင့် ဖော်ပြထားသည် ကို အလိုရှိသူများ ကြည်ရှုတော်မူကြပါကုန်။]

နတ်နန်းပုံသို့ စစ်တွေမြို့

နေဝင်ချိန်သို့ရောက်လျှင် အပြင်ဝင်း အတွင်းဝင်း မဏ္ဍပ် တွင်းရှိ မီးအိမ်တို့ကို ဆောင်စေကြကုန်၏၊ မြို့တွင်းရှိ လမ်း မှန်သမျှတို့မှာလည်း မီးစောင်းတန်းများ သွယ်တန်းလျက် အဆန်းတကျယ် ခြယ်လှယ်ထွန်းညှိ ထားကြကုန်၏၊ တရားမဏ္ဍပ်နှင့်တကွ စစ်တွေမြို့ တစ်မြို့လုံးသည် ၁၃- ရက်ပတ်လုံး နေ့အခါကဲ့သို့ မီးရှူး မီးအိမ်ရောင်စုံတို့ဖြင့် နတ်ဘုံနတ်နန်း သဖွယ် အလွန်လှပတင့်တယ်နေပေသည်။

အမြိက်ရည်မိုး သွန်းဖြိုးရွာချ

ပြာသိုလဆန်း ၉-ရက်နေ့မှစ၍ နေ့စဉ် နေ့တိုင်းညဉ့် ၇-နာရီ အချိန်တိုင် ရောက်လျှင် စစ်တွေမြို့သူ မြို့သားတို့သည် ဝတ်ရည်စားသုံးဖို့ ပျားပိတုန်းတို့သည် ပန်းဝတ်ရည်ရှိရာသို့ တဒီဒီ စုရုံးရောက်ရှိ လာကြဘိသကဲ့သို့ ဓမ္မသဘင်မဏ္ဍပ်တွင်းသို့ စုရုံးရောက်ရှိ လာကြကုန်၏၊ အိမ်စောင့်လိုသူမရှိ-တရားနာလိုသူတွေချည်းသာ ဖြစ်နေကြ၍ လေးအိမ် တစ်ယောက် ငါးအိမ်တစ်ယောက် အစောင့်ထား၍ သွားကြရသည်၊ အချို့သော အိမ်တို့တွင်မူ အစောင့်ငှါး၍ သွားကြရသည်။

ဆရာတော်ဘုရားသည်လည်း ၉-ရက်နေ့မှစ၍ ပြာသိုလပြည့် ကျော် ၅-ရက်နေ့တိုင်အောင် ည ၈-နာရီ အချိန်မှ ၁၁-နာရီ အချိန်ထိ ၃- နာရီပတ်လုံး စစ်တွေမြို့သူ မြို့သားတို့အား တရားတော်အမြိုက် ရည်မိုးကို မြိုင်မြိုင်ဆိုင်ဆိုင်နှင့် ဖြိုင်ဖြိုင်ကြီး သွန်းဖြိုး ရွာချတော်မူ လေသည်။

ဒေသနအဆီ ပန်းဝတ်ရည်များ

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည်---

  • ပထမ (လဆန်း ၉) ရက်နေ့တွင် ဓမ္မဒေဝဇာတ် နှင့်သီရိဇာတ်တို့ကို ဟောကြားတော်မူသည်။
  • ဒုတိယ (လဆန်း ၁၀) ရက်၊ တတိယ (လဆန်း ၁၁)ရက် နေ့တို့တွင် မနုဿတ္တဒုလ္လဘ တရားတော် ကို ဟောတော်မူသည်။
  • စတုတ္ထ (လဆန်း ၁၂) ရက်နေ့တွင် သဥပါဒိသေသ ပထမနိဗ္ဗာန်ကြီးကို ရှင်းရှင်းလင်းလင်း မြင်လွယ် သိလွယ်အောင် ဟောတော်မူသည်။
  • ပဉ္စမ (လဆန်း ၁၃)ရက်နေ့မှစ၍ နဝမ (လပြည့် ကျော်၂-ရက်နေ့အထိ ၅-ရက်တိုင်အောင် မဂ္ဂင် ရှစ်ပါး တရားတော်ကို ဟောတော်မူသည်။
  • ဒသမ (လပြည်ကျော် ၃)ရက်နေ့မှ စ၍ ဒွါဒသမ (လပြည့် ကျော် ၅)ရက်တိုင်အောင် သုံးရက်တိတိ 'သာသနဒါယဇ္ဇ=သာသနာ့အမွေခံတရားတော်ကြီး' ကိုဟောကြားတော်မူခဲ့ပေသည်။

ဥတေနစောင်းသံကြားရသည့် တောဆင်များသဖွယ်

ဥတေနမင်း၏ ဟတ္တိကန္တစောင်းသံကို ကြားကြရကုန်သော တောဆင်အပေါင်းတို့သည် စောင်းသံကို ခင်မင်စွဲလမ်းကြသဖြင့် အရပ်တစ်ပါးသို့ ဖဲသွားခြင်းငှါ မစွမ်းနိုင်ကြကုန်ဘိသကဲ့သို့ စစ်တွေမြို့သူ မြို့သားတို့သည်လည်း ကျေးဇူးရှင်ကြီး၏ တရားဒေသနာသံတွင် ခင် မင်စွဲလမ်းကြသဖြင့် တရားမဏ္ဍပ်အတွင်းကပင် မထွက်နိုင်ဘဲ တဝဲ လည်လည် ရှိနေကြကုန်၏။

ဆွမ်းလောင်းလှူပွဲ ပြုဆင်နွဲ

နောက်ဆုံး သုံးရက်တွင်လည်း မြို့လုံးကျွတ် ထွက်လာကြပြီး အပြင် ရာဇမတ်ဝင်း လေးမျက်နှာပတ်လုံး ဝန်းဝိုင်းလျက် ကျေးဇူးရှင်ဆရာတော် ဘုရားကြီးအား အမှူးထား၍ စစ်တွေမြို့ပေါ်ရှိ သံဃာတော်များ, ရပ်ဝေးမှ ကြွလာတော်မူကြသည့် အာဂန္တုသံဃာတော်များ- သံဃာတော် သုံးရာ ကျော်တို့အား နေ့စဉ် သုံးရက်တိုင် တိုင် သံဃဒါန ဆွမ်းကြီးလောင်းလှူ ပွဲကြီးကို ဆင်နွှဲကြကုန်၏။

မကြုံစဖူး ထူးခြားသည့် မြို့စစ်တွေ

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် တခြားသော မြို့ရွာ အနှံ့အပြား တရားဟောခဲ့သည်မှာ ၂-နှစ်ကျော် ကြာခဲ့ပေပြီ၊ ငါးထောင်, ခြောက်ထောင်မျှရှိသော ပရိသတ်တို့တွင် တစ်စုံတစ်ယောက်သောသူမျှ စကားတီးတိုး ပြောဆိုခြင်း, ထကြွ လှုပ်ရှားသွားလာခြင်း မပြုမလုပ်ကြဘဲ ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက် ဖြာထက်တွင် ဟောကြားအပ်သော ရှင်တော်ဗုဒ္ဓ၏ အဘိဒမ္မာဒေသနာ တော်ကို နတ်ဗြဟ္မာအများ နာယူနေကြသည်နှင့်အတူ နေရာတကျ တရားဓမ္မ၌ ဂရုဂါရဝထား၍ နာကြားနေကြပုံမျိုး မကြုံစဖူးသေးပေ၊ ထူးထူးခြားခြားတွေ့ပေသည်-ဟု ကျေးဇူးရှင်ကြီး မိန့်တော်မူဖူးကြောင်းကို ကြားသိခဲ့ရပေသည်။

တရားသဘင် ဆင်ယင်ရာမဏ္ဍပ်သို့ လာရောက်၍ ယစ်မျိုးငါးပါး တို့ကို မသောက်မစားတော့ပါ-ဟူ၍လည်းကောင်း, ကျွဲသား နွားသားတို့ကို မသုံးမစား တော့ပါ-ဟူ၍လည်းကောင်း လှူဒါန်းကြသူ လူဦးရေ ၇၀၀၀- ကျော်မျှ စာရင်းကောက် ရရှိတော်မူခဲ့ပေသည်၊ သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်း အလုပ်များကို အပတ်တကုတ် အားထုတ်သူ ရှင်လူ ရဟန်းများစွာတို့ကိုလည်း တွေ့မြင်ခဲ့ရပေသည်- ဟု ကြားသိရပေ၏။

ပြန်ကြွသော်လဲ ပူဇော်နွှဲ

ပြာသိုလပြည့်ကျော် ၆-ရက်နေ့တွင် စစ်တွေမြို့သူ မြို့သား အပေါင်းတို့အား သရဏဂုံသီလပေးလျက် ဩဝါဒဓမ္မကထာ ဒေသနာ တော်ကို ဟောမြွက် ဆုံးမတော်မူပြီး၍ ညနေ ၅-နာရီအချိန်တွင် ရန်ကုန်ထွက် သင်္ဘောကြီးသို့ ကြွတော်မူရာဝယ် မြို့သူမြို့သား ဥပါသကာများ ဥပါသိကီများ ဝိုင်းဝင်း ပို့ဆောင်ကြခြင်း၊ ည ၇-နာရီ အချိန်တွင် ကမ်းစဉ် တစ်လျှောက်လုံး မီးနီ မီးဝါ မီးပဒေသာအမျိုးမျိုး ဆင်ယင်ထွန်းညှိ ပူဇော်ကြခြင်း, ထန်းနှစ်ဆင့် သုံးဆင့်ခန့် ပျံတက်ပေါက် ကွဲစေတတ်သော အနဲနဲသော ဥပါမီးပန်းများ, ဆင်သံ မြင်းသံ အမြောက်သံကဲ့သို့ ဆူညံ မြည်ဟိန်းစေတတ်သော မီးရှူး မီးပေါက် မီးပန်း မီးဒုံးများကို ပစ်ဖောက် ခြင်းစသော မီးပွဲသဘင် ဆင်ယင်ကျင်းပ ပူဇော် ခြင်းစသော ပူဇော်ဖွယ် အမျိုးမျိုး တို့ဖြင့် တခမ်းတနား ပူဇော်ကြပေသည်။

ပလလည်းဆင်မင်း မယွင်းပုံတူကျန်ရစ်သူ

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးနှင့် ပစ္ဆာသမဏ ကပ္ပိယ ကာရက ပုဂ္ဂိုလ်များ သင်္ဘောပေါ်သို့ ကြွရောက်ပြီး ရန်ကုန်သင်္ဘော ဆိပ်ကမ်းမှ ထွက်ခွာသော်လည်း လူစုမကွဲနိုင်ကြဘဲ ရှင်တော်ဗုဒ္ဓသည် ပလလည်းတောမှ ပြန်ကြွတော်မူစဉ်အခါ ရှင်တော်ဗုဒ္ဓအား ရေပူရေချမ်း ကမ်းလှမ်းလုပ်ကျွေးနေသော ပလလည်း ဆင်မင်းကြီးသည် ရှင်တော် ဗုဒ္ဓကို မျက်စိတဆုံး ဖူးမြော်ကြည့်ရှုရင်း ရင်တွင်းလှိုက်ဖို ရှိုက်ငိုရမတတ် ဖြစ်ပေါ်ကျန်ရစ်ဘိသကဲ့သို့ စစ်တွေမြို့သူ မြို့သားတို့သည်လည်း ပင်လယ်ကူး သင်္ဘောကြီးကိုသာ မျက်စိတဆုံး တရုံးရုံး ကြည့်ရှုလျက် မျက်ရည်ဥတို့ စို့ကာ ယိုကာ ရင်တွင်း မသာယာ လွမ်းဆွတ်ကာ ကျန်ရစ်ခဲ့ ကြပေကုန်သည်။

စစ်တွေမြို့မှအဘိယာစက

ကျေးဇူးရှင်ကြီး၏ တရားတော် ဒေသနာနှင့် ရူပကာယ တော်ကြီး ကို နာကြားဖူးမြော် ကြည်ညို နေမိကြသဖြင့် မိမိတို့ တောင်းဆို လျှောက် ထားရမည့် အချက်တစ်ခုကို သတိမပြုမိဘဲ မေ့လျော့ကျန်ရစ်ခဲ့ကြပေရာ သင်္ဘောပေါ်သို့ ဆရာတော်ဘုရား ရောက်တော်မူပြီးမှ သတိပြန်လည် ရရှိကြ၍ ကပ္ပိယကာရကဖြစ်သည့် ဆရာကြီး ဦးဘိုမင်းမှ တစ်ဆင့် 'ဆရာတော်ဘုရားကြီး စစ်တွေမြို့တွင် ဟောကြားခဲ့သော တရားဒေသနာ တို့မှ သင့်လျော်ရာကျမ်း တစ်စောင်တစ်ဖွဲ့ ရေးသားချီးမြှင့် တော်မူပါရန်' မှာကြား လျှောက်ကြားခဲ့ကြရပေသည်၊ ဆရာကြီးဦးဘိုမင်းသည် စစ်တွေမြို့သူ မြို့သားတို့၏ အဘိယာစကကထာကို ထပ်ဆင့်လျှောက် ကြားလေလျှင် ကျေးဇူးရှင်ဆရာတော်ကြီးက “အိမ့် ရေးရ ဦးမယ်ကွဲ့”ဟု မိန့်တော်မူလျက် စစ်တွေ-ရန်ကုန်သွား သင်္ဘောပေါ်တွင် ဤ 'သာသန ဒါယဇ္ဇဒီပနီ' ကျမ်းစာကို ရေးသားတော်မူလေသည်။

တစ်တောမှာ စာတစ်စောင်

တစ်တောင်မှာ စာတစ်ကျမ်း

ကျေးဇူးရှင်ကြီး၏ ဒီပနီကျမ်းများမှ နိဒါန ကထာ, အဘိယာစက ကထာ, နိဂမနကထာတို့ကို ကြည့်ရှုလျှင် မုံရွာမြို့လက်တီတိုက်ကြီး အတွင်းမှာ, မြို့မှာ, ရွာမှာ ရေးသားခဲ့သော ကျမ်းဂန်တို့ကား အနည်းငယ် မျှသာ ရှိပေသည်၊ တောမှာ တောင်မှာ ဝါကပ် ဆိုနေထိုင်ရင်း ရထားခရီး သင်္ဘောခရီး သွားရင်းလာရင်း ထိုထိုပုဂ္ဂိုလ်တို့၏ အဘိယာစက အားလျော်စွာ တစ်တောမှာ စာတစ်စောင်, တစ်တောင်မှာ စာတစ်ကျမ်း, တစ်ခရီးလမ်းမှာ စာတစ်ဖွဲ့ ဆိုသလို ရေးသားတော်မူခဲ့သည်သာ များ လှပေသည်။

  • မဟာဗောဓိသို့အသွား မန္တလေး-ရန်ကုန် ရထားပေါ်တွင် “ဗောဓိ ရတနာ” အစချီသော ပဋိစ္စသမုပ္ပါဒလင်္ကာကြီးတို့ကို ရေးသား တော်မူ ခဲ့ပေသည်။
  • ရန်ကုန်မှ အနောက်မဇ္ဈိမတိုက်သို့အသွား ပင်လယ်ကူး သင်္ဘောကြီးပေါ်တွင်လည်းကောင်း, ဘုရားဖူးခရီးထွက်ခွါ တော်မူစဉ် လမ်းခရီး၌ အားလပ်ခွင့်ရဆဲရဆဲ အခိုက်တွင်လည်း ကောင်း ယင်းပဋိစ္စသမုပ္ပါဒ လင်္ကာကြီး၏အဖြေဖြစ်သည့် 'ပဋိစ္စသမုပ္ပါဒဒီပနီ' ကျမ်းကို ရေးသားစီရင်တော်မူခဲ့ပေ သည်။
  • ရန်ကုန်မှ မန္တလေးသို့ အဆန်ရထားပေါ်တွင် ဗုဒ္ဓဘာသာဝင် အင်္ဂလိပ် လူမျိုးတစ်ဦး၏ လျှောက်ထားချက်အရ ပျဉ်းမနား မြို့အလွန် မန္တလေးမြို့ အကြားအဆန်ရထားပေါ်တွင် “သုံးလူ့ရှင်ပင်” အစရှိချီသော ဗုဒ္ဓဝင် လင်္ကာကို ရေးသား ချီးမြှင့်ခဲ့ပေသည်။
  • စစ်တွေမြို့မှ တရားဟော၍အပြန် ရန်ကုန်သွား ပင်လယ်ကူး သင်္ဘောကြီး ပေါ်တွင် 'သာသနဒါယဇ္ဇဒီပနီကျမ်းကို' ရေးသား စီရင်တော်မူခဲ့ပေသည်။

ဝါသနာတူဘိ ဆရာတပည့်

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးကလည်း အဘိယာစက တောင်းပန် လျှောက်ထားသူရှိခဲ့လျှင် နေရာမရွေး အချိန်မရွေး ဘာသာရေး သာသနာရေး သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်း အလုပ်ပေးစာပေများကို စာတိုက်သံ, ဗီရိုသံမပါ နိက္ခမဓာတ်ဉာဏ် ရင့်သန်တော်မူသည့်အတိုင်း တောသံ တောင်သံ သံဝေဂသံ ဝိပဿနာ သံတွေ ဝေဝေဆာဆာနှင့် ရေးသားပေးပို့လေ့ရှိပေသည်၊ ယင်းဝါသနာ တော်အတိုင်းပင် စစ်တွေမှ ရန်ကုန်သွား သင်္ဘောကြီးပေါ်တွင် 'သာသန ဒါယဇ္ဇဒီပနီ' ကို ရေးသားတော်မူပေသည်။

တပည့်ဖြစ်သူ လယ်တီပဏ္ဍိတကလည်း ကျေးဇူးရှင် ဆရာတော် ဘုရားကြီးအား စစ်တွေမြို့မှ ချိမ့်ချိမ့်သဲ ကြိုဆိုကြပုံ, တရားသဘင်ပွဲကြီး သိုက်သိုက် မြိုက်မြိုက်စည်ကားလှပုံ, ဆရာတော်ဘုရားကြီး၏ ဟောပုံ စသည်တို့သည် စိတ်အာရုံထဲဝယ် တဝဲလည်လည်နှင့် မမေ့မပျောက် နိုင်ဘဲ ဖြစ်နေရာမှ သင်္ဘောပေါ်တွင်ပဲ အောက်ပါ တေးထပ်ကဗျာကို ရေးစပ်လေတော့သည်။

------------------

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဘုန်းတော်ဘွဲ့ တေးထပ်

----- သာသနာ တစ်ဝက်နင်းလုမှ၊ ဘက်ကင်းတု ဇာနည်၊

မောဂ္ဂလိ နာဂသီလို၊ မဟာထေရ် ပေါ်ဖို့၊

နရာသိဟ့် သာကိန့်မှန်ငယ်၊ ဗျာမိန့်သံ ထားထင်ကရို့။

- ယင်းသိုက်ဓာတ် ရွယ်ရည်၊ လယ်တီကို ဆိုစို့၊

ဘုန်းကံဉာဏ် သမ္ဘာပျို့ပါဘိ၊ ပါရဂို့ ဂုဏ်အင်၊

ဝဇိရိန် မြအာဝုဓ်ကဲ့သို့၊ ယထာဘုတ် စူးရှ ဉာဏ်မြင်။

- သောင်းဒီပ တိုက်ဗွေခွင်၊ မြိုက်ရေစင် ဖျန်းဆွတ်လို့၊

ပန်းကျွတ်ဆု အောင်လံထောင်၊ လွှတ်ပေါ့မဂ်ဖောင်။

အာဏာစက် တခြားနှောင်လျှင်၊ ဘုရားတောင် ဆိုလောက်ကဲ့လေး။ ။

ဟူ၍ လူသံ စက်သံ လှိုင်းသံတွေ ဆူညံနေဆဲအခါတွင် ဤကဲ့သို့ စာအညွန့်အဖူး ဖြစ်ပေါ်လာနိုင်ရန် ဉာဏ်ကွန့်မြူးနိုင်ခဲ့သည့် လယ်တီပဏ္ဍိတသည်လည်း တစ်ဖုံတစ်နည်း ချီးကျူးဖွယ်ပင် ဖြစ်ပေ တော့သည်။

ခိုအောင်းမြေအောက် ကျောက်မြက်ရတနာ

အဖိုးအနဂ္ဃ ထိုက်တန်လှသော ကျောက် ပတ္တမြား ရတနာသည် ပတ္တမြား ရတနာတို့၏ တည်နေရာ မိုးကုတ်မြို့နယ် မြေလွှာ မြေထပ် အောက်တွင် ရောက်တည်နေဘိသကဲ့သို့ ကျေးဇူးရှင်ကြီး၏ 'သာသန ဒါယဇ္ဇဒီပနီ' တည်းဟူသော ငမောက်ပတ္တမြားရတနာတစ်ဆူသည် မုံရွာမြို့ မဟာလယ်တီတိုက်ကြီးအတွင်းရှိ ကျောက်စာတိုက်ကြီးတွင် ခိုအောင်းစံတည် နေခဲ့သည်ကား နှစ်ပေါင်းများစွာပင် ကြာမြင့်ခဲ့ပေပြီ၊ ပုံနှိပ်စာစောင် စာကျမ်းအဖြစ်သို့ ရောက်ရှိ ထွက်ပေါ်လာခြင်း မရှိသဖြင့် ကလျာဏနွယ်ဝင် သူတော်စင်တို့ ယူငင်ကြည့်ရှု သုံးဆောင်ခြင်းငှါ မစွမ်းခဲ့ကြပေသည်။

'သာသနဒါယဇ္ဇဒီပနီကျမ်း' တည်းဟူသော ငမောက်ပတ္တမြား ရတနာကို ကလျာဏနွယ်ဝင် လူရှင်များစွာတို့ အလွယ်တကူ ယူငင် သုံးဆောင် ကြည့်ရှု နိုင်ကြစေရန် ရည်သန်ရင်း စိတ်ဓာတ်ဖြင့် လယ်တီ အရှင်ကေလာသမှ စတင်ဖော်ထုတ်လျက် စာရှုသူတို့၏လက်သို့ တင် ဆက်ပို့ဆောင်ခဲ့ရပေသတည်း။

၁၃၅၃-ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁-ရက်၊ တနင်္ဂနွေနေ့

(၂၉-၃-၉၂)

လယ်တီအရှင်ကေလာသ(ပါဠိပါရဂူ)

'အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ'

ဂန္ထဝါစကကျောင်း၊

မဟာလယ်တီတိုက်၊

မုံရွာမြို့။

သာသနဒါယဇ္ဇဒီပနီ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သာသနဒါယဇ္ဇတရားသည်

  1. ဓမ္မာသောကမင်းကြီးအား အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ရဟန္တာ ကိုယ်တော်မြတ်ကြီး ဟောတော်မူအပ်သော နည်းလမ်း တစ်မျိုး၊
  2. ပရိဘောဂလေးပါးတို့တွင် ဒါယဇ္ဇပရိဘောဂအရာ၌လာသော နည်းလမ်းတစ်မျိုး၊
  3. မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် ဓမ္မဒါယာဒသုတ်ကြီး တွင် လာသောနည်းလမ်းတစ်မျိုး၊
ဟူ၍ သုံးမျိုးရှိ၏၊

အရှင်မဟာမောဂ္ဂလိပုတ္တတိဿ၏ သာသနဒါယဇ္ဇအမွေခံတရား

ထိုသုံးမျိုးတို့တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿနည်းလမ်း၌ အကြင်သူသည် ပစ္စည်းဝတ္ထုကိုသာ လှူဒါန်း၏၊ ထိုသူသည် ဘဝဂ်တိုင် အောင် စုပုံ၍ လှူငြားသော်လည်း သာသနာ့အမွေခံ မဖြစ်၊ အကြင်သူ သည် မိမိရင်၌ဖြစ်သော သားကို ဘုရားသာသနာတော်တွင်းသို့ သွတ် သွင်းချီးမြှင့်၏၊ ထိုသူသည်သာလျှင် သာသနာ့အမွေခံဖြစ်၏-ဟု အဋ္ဌကထာတို့၌လာ၏။

ဋီကာတို့၌လည်း မိမိရင်၌ဖြစ်သောသားကို ဘုရားသာသနာ တော်တွင်းသို့ သွတ်သွင်းချီးမြှင့်သည်ကို သာသနာ့အမွေခံဖြစ်သည်ဟု ဆိုရာ၌ 'သာသနာ့ဉာတိ' ဖြစ်သည်ကို သာသနာ့အမွေခံဆိုသည်ဟု ဖွင့်ကြပေကုန်၏။

'သာသနာ့ဉာတိ' ဆိုသည်ကား သာသနာ့ဆွေမျိုးဆိုလိုသည်၊ ဘုရား၏ ဆွေမျိုး, တရား၏ဆွေမျိုး, သံဃာ၏ဆွေမျိုးဟု ဆိုလိုသည်။ ဆွေမျိုးဖြစ်ပုံကား လောက၌ တစ်ဦးသော အမျိုး၏သားကို တစ်ပါးသော အမျိုး၏သမီးနှင့် ထိမ်းမြားကြရာ၏၊ သားသမီးကို အကြောင်းပြု၍ ထိုအမျိုးနှစ်ဦးတို့သည် အချင်းချင်း ဆွေမျိုးအရာသို့ ရောက်ကြကုန်သကဲ့သို့ ထို့အတူ ရှင်သာမဏေ ရှင်ရဟန်းပြုမှုမည်သည် မိမိ၏သားကို မြတ်စွာဘုရား၏ သားတော်ဖြစ်အောင်ပြုမှုပေတည်း၊ တရားတော်၏သားတော်ဖြစ်အောင် ပြုမှုပေတည်း၊ သံဃာတော်၏ သားတော်ဖြစ်အောင် ပြုမှုပေတည်း၊ သားကို အကြောင်းပြု၍ သား၏ မိဘတို့သည် ဘုရား တရား သံဃာ သာသနာ၏ဆွေမျိုးအဖြစ်သို့ ရောက် ကြလေကုန်၏။

ဆွေမျိုးဆိုသော စကား၌လည်း

  • အာရောဂျ ပရမာ လာဘာ
  • သန္တုဋ္ဌီ ပရမံ ဓနံ
  • ဝိဿာသပရမာ ဉာတိ
  • နိဗ္ဗာနံ ပရမံ သုခံ
(ဓမ္မပဒပါဠိ၊ နှာ-၄၃၊ ဂါထာအမှတ်-၂၀၄။)

အာရောဂျပရာမာ=အနာရောဂါ မရှိသည်၏ အဖြစ်သည် လွန် မြတ်စွာသော၊ လာဘာ=လာဘ်ကြီးတစ်ပါးပါပေတည်း၊ သန္တုဋ္ဌီပရမံ= ရသမျှဖြင့် ရောင်ရဲသောအဖြစ်သည် မွန်မြတ်လှစွာသော၊ ဓနံ=ဥစ္စာ တစ်ပါးတည်း၊ ဝိဿာသ ပရမာ=မြတ်နိုးချစ်ခင် အကျွမ်းဝင်သောသူသည် မွန်မြတ်လှစွာသော၊ ဉာတိ=အဆွေအမျိုးတစ်ပါးပေတည်း၊ နိဗ္ဗာနံ= မသေရာမှန် မြတ်နိဗ္ဗာန်သည်၊ ပရမံ=ထူးချွန်မွန်မြတ်လှစွာသော၊ သုခံ= ချမ်းသာစစ် ချမ်းသာမှန်ကြီးတစ်ပါးတည်း။

ဟူသော ဒေသနာတော်မြတ်နှင့်အညီ တစ်ဦးနှင့်တစ်ဦး အကျိုး စီးပွားကို လိုလားခြင်းရှိကြသဖြင့် အကျွမ်းဝင်မှု ချစ်ခင်မှုသည် ဆွေမျိုး အရာ၌ အချုပ်အခြာဖြစ်၏၊

အာရောဂျ ပရမာ လာဘာ

ထိုဒေသနာဂါထာ၏ အဓိပ္ပါယ်ကား- လောက၌ ရွှေရတတ်ခြင်း, ငွေရ တတ်ခြင်းကို, ထိုထိုဥစ္စာဓန ရတတ်ခြင်းဟူ၍ ရတတ်ခြင်းအမျိုးမျိုး ရှိသည်တွင် အနာရောဂါကင်းမှုကို ရတတ်ခြင်းသည် အထွတ်အထိပ် အချုပ်အခြာဖြစ်၏။

အဘယ့်ကြောင့်နည်းဆိုသော် အနာရောဂါရှိ၍နေသော သူသည် ရွှေတစ်သိန်းကိုပင်ရသော်လည်း ထိုရွှေ၏သုခရသကို ခံစားနိုင်တော့သည် မဟုတ်၊ လေးကျွန်းလုံးကိုအစိုးရသော စကြာမင်းကြီးပင် ဖြစ်သော်လည်း စကြာမင်းကြီး၏ သုခရသကို ခံစားနိုင်တော့သည် မဟုတ်၊ ဥစ္စာဓန တစ်မူးတစ်ပဲမျှ မရှိငြားသော်လည်း ကျန်းမာမှုရှိပေလျှင်ပင် အဇ္ဈတ္တ ကာယ၏ သုခရသကို အမြဲခံစားရ၏၊ စိတ်နှလုံးကြည်လင် ရွှင်လန်းမှု သုခရသကို ခံစားနိုင်၏၊ လောကီ လောကုတ္တရာ ချမ်းသာ ကောင်းကျိုး အမျိုးမျိုးတို့ကို အားထုတ်လုပ်ကြံနိုင်၏၊ ထို့ကြောင့် အနာရောဂါ ကင်း ရှင်းမှုသည် အချုပ်အခြာဖြစ်သော လာဘ်လာဘမှု ဖြစ်ပေသတည်း။

ဤကား 'အာရောဂျ ပရမာ လာဘ' ပုဒ်၏ အဓိပ္ပါယ်တည်း။

သန္တုဋ္ဌိ ပရမံ ဓနံ

ရွှေငွေရတနာ ဥစ္စဓနပေါများမှုတို့ထက်လည်း ရောင့်ရဲလွယ်ခြင်း ဟူသော သန္တုဋ္ဌီ ဥစ္စာပေါများမှုသည် အချုပ်အခြာဖြစ်၏၊ အဘယ့်ကြောင့် နည်းဆိုသော် ဥစ္စာဓနမည်သည် တောင့်တပူပန်ခြင်း ဒုက္ခမီးကို ငြိမ်းစေ တတ်၏၊ တောင့်တပူပန်ခြင်း ဒုက္ခမီးကို လွတ်ကင်းစေခြင်းငှါ ဥစ္စာဓနကို လည်း ရှာကြရကုန်၏၊ သို့သော်လည်း ရောင့်ရဲလွယ်ခြင်း သန္တုဋ္ဌီတရား မရှိသောသူသည် ကုဋေရှစ်ဆယ်ပင် ကြွယ်ဝပေါများသော်လည်း တောင့် တပူပန်ခြင်း ဒုက္ခမီးမငြိမ်း၊ ပေါများသည်ထက် ပေါများလို၏ ကုဋေရှစ် ဆယ်ကြွယ်ဝသော ဥစ္စာသည် ထိုသူမှာ တောက်လောင်၍နေသော တောင့်တပူပန်ခြင်းဒုက္ခမီးကို ငြိမ်းအောင် မတတ်နိုင်၊ တောင့်တပူပန်ခြင်း ဒုက္ခမီးကိုပင် ပွါးစေတတ်၏၊ တောင့်တပူပန်ခြင်းတရား မည်သည် ဒုက္ခ အမျိုးမျိုး ဒုစရိုက်အမျိုးမျိုးတို့ကို ဖြစ်ပွါးစေတတ်၏၊ ရောင့်ရဲလွယ်ခြင်း သန္တုဋ္ဌီတရားသည်သာလျှင် တောင့်တပူပန်ခြင်း ဒုက္ခမီးကို ငြိမ်းစေနိုင်၏၊ တောင့်တပူပန်ခြင်းလျှင် အရင်းရှိသော ဒုက္ခအမျိုးမျိုး, ဒုစရိုက်အမျိုးမျိုး တို့ကိုလွတ်ငြိမ်းစေနိုင်၏၊ ထို့ကြောင့် ရွှေငွေရတနာ ဥစ္စာဓနတို့ထက် သန္တုဋ္ဌီဓနသည် အချုပ်အခြာ ဖြစ်ပေသတည်း။

ဤကား 'သန္တုဋ္ဌီ ပရမံ ဓနံ' ပုဒ်၏ အဓိပ္ပါယ်တည်း။

----------------

ဝိဿာသ ပရမာ ဉာတိ

အမိဘက်မှစပ်သော ဆွေမျိုး, အဖဘက်မှ စပ်သောဆွေမျိုး, အကို ညီ သား အစရှိသောဆွေမျိုးအရာတို့၌ တစ်ဦးနှင့်တစ်ဦး အကျိုးစီးပွါးကို လိုလားခြင်းရှိကြသဖြင့် အကျွမ်းဝင်သူ ချစ်ခင်သူသည် ဆွေမျိုးအရာတွင် အချုပ်အခြာ အထွတ်အထိပ်ဖြစ်၏၊ မုချဆွေမျိုး မှန်၏။

အဘယ့်ကြောင့်နည်းဆိုသော် ဆွေမျိုးကိစ္စမည်သည် တစ်ဦးနှင့် တစ်ဦး အထူးချစ်ခင်ကြင်နာ ညှာတာခြင်း-တစ်ဦးဆင်းရဲလျှင် တစ်ဦး မနေသာ, တစ်ဦးချမ်းသာလျှင် တစ်ဦးဝမ်းမြောက်ခြင်းကိစ္စသည် ဆွေမျိုး ကိစ္စတည်း၊ ညီရင်း အကိုရင်းပင်ဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး အထူး ချစ်ခင်ကြင်နာ ညှာတာ ခြင်းဟူသော ဆွေမျိုးကိစ္စ မရှိကြသည် ဖြစ်အံ့၊ ဆွေမျိုးမပြီ၊ ဆွေမျိုးမမည်၊ တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ပွါး မုန်းထားခြင်း ရှိကြသည်ဖြစ်အံ့၊ ရန်သူသာမည်အံ့၊ တစ်ကျွန်းသား တစ်နိုင်ငံသားပင် ဖြစ်သော်လည်း ပြဆိုခဲ့ပြီးသော ဆွေမျိုးကိစ္စနှင့် ပြည့်စုံသည်ဖြစ်၍ ချစ်ကျွမ်းဝင်ကြသည်ဖြစ်အံ့၊ ဆွေမျိုးပင်မည်၏၊ ထို့ကြောင့် ဆွေမျိုး အရာတွင် အမိအဖနှင့် စပ်နွယ်မှုထက် ချစ်ကျွမ်းဝင်မှုသာ အချုပ်အခြာ ဖြစ်သတည်း။

ဤကား'ဝိဿာသ ပရမာ ဉာတိ' ပုဒ်၏ အဓိပ္ပါယ်တည်း။

နိဗ္ဗာနံ ပရမံ သုခံ

ချမ်းသာခြင်းဟူသော သုခအရာ၌ သုခသည် ဝေဒယိတသုခ, သန္တိသုခဟူ၍ နှစ်မျိုးရှိ၏ ထိုနှစ်မျိုးတို့တွင် လူ့စည်းစိမ်ကို ခံစားခြင်း, နတ်စည်းစိမ်ကို ခံစားခြင်း, ဗြဟ္မာ့စည်းစိမ်ကို ခံစားခြင်းသည် ဝေဒယိတ သုခမည်၏၊ မျက်စိအရသာကို ခံစားခြင်း, နားအရသာကို ခံစားခြင်း, နှာခေါင်းအရသာကို ခံစားခြင်း, လျှာအရသာကို ခံစားခြင်း, ကိုယ် အရသာကို ခံစားခြင်း, စိတ်မနောအရသာကို ခံစားခြင်းသည် ဝေဒယိတ သုခ မည်၏၊ ထိုထို စည်းစိမ်ချမ်းသာ အရသာတို့ကို ခံစားလိုသော တဏှာ၏ ချုပ်ငြိမ်းခြင်းသည် သန္တိသုခမည်၏၊ ထိုတွင် ဝေဒယိတ ထက် သန္တိသုခသည်သာ အချုပ်အခြာဖြစ်၏။

အဘယ့်ကြောင့်နည်းဆိုသော် ဝေဒယိတသုခမည်သည် တဏှာ၏ အကြိုက်ဖြစ်၍ တဏှာကို ပွါးများစေနိုင်၏၊ တဏှာလျှင် အရင်းရှိသော ခပ်သိမ်းသော ဒုက္ခမျိုး, ခပ်သိမ်းသော ဒုစရိုက်မျိုးတို့ကို ပွါးများစေနိုင်၏၊ တဏှာ၏ ချုပ်ငြိမ်းမှုသည် ခပ်သိမ်းသော ဒုက္ခမျိုး, ခပ်သိမ်းသော ဒုစရိုက် မျိုးတို့ကို လွတ်ငြိမ်းစေနိုင်၏။

လူ့ချမ်းသာတွင် လေးကျွန်းလုံးကို အစိုးရသော စကြာမင်းကြီး၏ စည်းစိမ်ချမ်းသာသည် အလွန်ဆုံးဖြစ်၏၊ ထိုစည်းစိမ်ချမ်းသာသည် တဏှာ အကြိုက်ဖြစ်၍ တဏှာရှိသောသူ၌သာ အသုံးကျ၏၊ အကောင်း အမွန်ဖြစ်ရ၏၊ တဏှာမရှိသောသူ၌ အသုံးမကျ၊ ဘေးဘယအစုသာ ထင်၏။

ကျီး, လင်းတတို့သည် အပုပ်ကိုကြိုက်သော တဏှာရှိကြကုန်၏၊ ခွေးကောင်ပုပ်, လူကောင်ပုပ်တို့သည် ထိုတဏှာမျိုးရှိကြသော ကျီး, လင်းတတို့၌သာ အသုံးကျကုန်၏၊ အကောင်းအမွန်ဖြစ်ရကုန်၏၊ ထို တဏှာမျိုးမရှိကြသော လူကောင်းသူကောင်းတို့၌ အသုံးမကျကုန် ကြောက်ဖွယ်ရွံ့ဖွယ်တို့သာ ဖြစ်ကုန်၏၊ ထိုတဏှာမျိုးရှိကြသော ကျီး, လင်းတတို့သည် ထိုကဲ့သို့သော အသေကောင်ပုပ်တို့ကို ရှာကြံကြကုန်၏၊ တွေ့မြင်လျှင် ဝမ်းမြောက်ကြကုန်၏၊ ထိုတဏှာမျိုး မရှိသော ပကတိ လူတို့သည်ကား ထိုအသေကောင်ပုပ်တို့ကို မတွေ့လိုကြကုန်၊ မမြင်လိုကြကုန်၊ မြင်ရလျှင် မချမ်းသာကြကုန်၊ စကြာမင်း၏ စည်းစိမ်ချမ်းသာ ဟူသော ဝေဒယိတသုခမျိုးသည် အကောင်ပုပ်နှင့် တူ၏၊ နတ်ပြည် ခြောက်ထပ် နတ်မင်း သိကြားမင်းတို့၏ စည်းစိမ်ချမ်းသာ, ဗြဟ္မာမင်းတို့၏ စည်းစိမ်ချမ်းသာဟူသော ဝေဒယိတသုခတို့သည်လည်း ထို့အတူပင် တည်း၊ ထိုစည်းစိမ်ချမ်းသာတို့သည် တဏှာရှိသောသူတို့၌သာ အသုံးကျ ကုန်၏၊ တဏှာမရှိသော သူတို့၌မူကား အသုံးမကျကုန်။

ထို့အတူ မျက်စိသည် ရူပတဏှာရှိသောသူ၌သာ အသုံးကျ၏၊ အကောင်း အမွန်ဖြစ်ရ၏၊ ရူပတဏှာ မရှိသူတို့မှာ မျက်စိသည် အသုံး မကျ၊ ဘေးဘယ ဒုက္ခအစုသာဖြစ်၏၊ နားသည် သဒ္ဒတဏှာရှိသော သူတို့၌သာ အသုံးကျ၏၊ နှာခေါင်းသည် ဂန္ဓတဏှာရှိသော သူတို့၌သာ အသုံးကျ၏၊ လျှာသည် ရသတဏှာရှိသော သူတို့၌သာ အသုံးကျ၏၊ ကာယသည် ဖောဋ္ဌဗ္ဗတဏှာရှိသော သူတို့၌သာ အသုံးကျ၏၊ စိတ် မနောသည် ဓမ္မာရုံတို့၌ သာယာသော ဓမ္မတဏှာရှိသော သူတို့၌သာ အသုံးကျ၏၊ တဏှာမရှိသော သူတို့၌မူကား စက္ခုလည်း အသုံးမကျ၊ (ပ)မနောလည်း အသုံးမကျ၊ ဘေးဘယ ဒုက္ခအစုသာ ဖြစ်၏၊ တဏှာ ရှိသော သူတို့၏ ဝေဒယိတသုခတို့သည် တဏှာကို ပွားများ စေတက် ကုန်၏၊ တဏှာလျှင် အရင်းရှိသော ဒုက္ခအမျိုးမျိုးတို့ကို ပွါးစေတတ် ကုန်၏၊ တဏှာမရှိသော သူတော်ကောင်းတို့၏ သန္တိသုခသည် တဏှာ လျှင် အရင်းရှိသောဒုက္ခအမျိုးမျိုးတို့ကို လွတ်ငြိမ်းစေတက်၏၊ ထို့ကြောင့် သုခတကာတို့ထက် သန္တိသုခဟုဆိုအပ်သော နိဗ္ဗာန်သည်သာ အထွတ် မြတ်ဆုံး ဖြစ်ပေသတည်း။

ဤကား 'နိဗ္ဗာနံ ပရမံ သုခံ' ပုဒ်၏ အဓိပ္ပါယ်တည်း။

ဤသည်ကား ဒေသနာဂါထာ၏ အဓိပ္ပါယ်ကို သိမှတ်ဖွယ် ကောင်းလှ၍ ဖော်ပြလိုက်သည်၊ ဤသာသနာဒါယဇ္ဇအရာ၌မူကား 'ဝိဿာသပရမာဉာတိ' ဟူသော စကားသည်သာ လိုရင်းဖြစ်ပေသည်။

မိမိရင်၌ဖြစ်သော သားကို ရှင်သာမဏေပြုစေမှုမည်သည် မိမိ ကိုယ်ကို သာသနာတော်နှင့် ချစ်ကျွမ်းဝင်အောင် ပြုမှုဖြစ်၍ ဝိဿာသ သဒ္ဒါ၏အနက် ဆွေမျိုးဆက်မှု အမှန်ဖြစ်ပေသတည်း။ မြတ်စွာဘုရားနှင့် ဆွေမျိုးဆက်မှု, တရားတော်နှင့် ဆွေမျိုးဆက်မှု, အရှင်သာရိပုတြာ အရှင်မောဂ္ဂလာန် အရှင် အာနန္ဒာ အရှင်အနုရုဒ္ဓါ အရှင်မအဟာကဿပ အစရှိသော အရိယာသံဃာတော် သမုတိသံဃာတော်တို့နှင့် ဆွေမျိုး ဆက်မှု ဖြစ်ပေသတည်း။

ထိုကဲ့သို့ ဆွေမျိုးဆက်လက်မိသဖြင့် ရှင်သာမဏေ ရှင်ရဟန်းတို့၏ မိဘတို့သည် သာသနာတော်မြတ်၏ ဆွေရင်းမျိုးရင်း အတွင်းသူ အတွင်းသား ဖြစ်ကြလေကုန်၏၊ ဤကဲ့သို့ သာသနာတော်၏ ဆွေရင်း မျိုးရင်း အတွင်းသူ အတွင်းသား ဖြစ်ကြရသည်ကို သာသနာ့အမွေခံ ဆိုသည်ဟု ဋီကာအရှင်တို့ ဖွင့်ဆိုကြကုန်၏၊

သာသနာဒါယဇ္ဇ ကျိုးဖလ

သာသနာ့အမွေခံ ဖြစ်ရခြင်း၏ အကျိုးမူကား မိမိတို့ကိုယ်ကို သာသနာနှင့် သဒ္ဓါမေတ္တာ နီးစပ်သည်ထက် နီးစပ်လေအောင် ပြုမှု ဖြစ်ပေ၍ နောက်နောက်ဘဝတို့၌လည်း သာသနာထွန်းကားရာ အရပ် တို့၌ဖြစ်ရခြင်း, သာသနာတော်နှင့် တွေ့ကြုံလျှင်လည်း မတုန်မလှုပ် သက်ဝင်ယုံကြည်နိုင်ခြင်းဟူသော အကျိုးထူးတို့သည် ဆုမတောင်းဘဲ နှင့်ပင် ပြည့်စုံကုန်လတ္တံ့။

သာသနာပအခါ၌လည်း ဘုရားအလောင်း, ပစ္စေကဗုဒ္ဓါ အလောင်း, အရိယာသာဝကအလောင်း, ရသေ့သူတော်ကောင်း ရဟန်း သူတော်ကောင်း, လူသူတော်ကောင်း, နတ်သူတော်ကောင်းတို့နှင့် ပေါင်းဆုံမိခြင်း၊ သူတော်ကောင်းတို့၏ မိတ်ရင်းဆွေရင်းဖြစ်ရခြင်း၊ ရသေ့ဖြစ်လွယ်ခြင်း၊ ရဟန်းဖြစ်လွယ်ခြင်းတို့သည် ဆုမတောင်းဘဲနှင့် ပြည့်စုံကုန်လတ္တံ၊ နောက်ဘုရား သာသနာ၌လည်း ဘုရားရှင်ကိုမြင်ကာ ကြားကာမျှနှင့် မတုန်မလှုပ် သက်ဝင်ယုံကြည်နိုင်ခြင်း၊ သာသနာတော်၏ ဆွေရင်းမျိုးရင်း အတွင်းသူအတွင်းသား ဖြစ်ရခြင်းဟူသော အကျိုးထူး တို့သည် ဆုမတောင်းဘဲနှင့် ပြည့်စုံကုန်လတ္တံ့။

အမွေခံကောင်း အမွေဆိုး

သတိအထူးထားရန် အခွင့်ရှိသည်ကား သာသနာ့အမွေခံဖြစ်ကြ သော်လည်း လောက၌ မိဘအမွေကို ခံကြသောသူတို့သည် အမွေခံဆိုး အမွေခံ ကောင်းဟု နှစ်မျိုးရှိကြကုန်သကဲ့သို့ ဘုရားမျက်နှာ တရားမျက်နှာ သံဃာ့မျက်နှာ သာသနာ့မျက်နှာကို မထောက်ကြဘဲ ငါးပါးသီလမျှ လုံခြုံစွာ မစောင့်စည်း ကြကုန်သောသူတို့သည် အမွေခံဆိုး မည်ကုန်၏၊ အမွေ၏ အကျိုးကို ခံစားကြရကုန်မည် မဟုတ်ပါ၊ ငါးပါးသီလ လုံခြုံကြ၍ ဥပါသကာအင်္ဂါနှင့် ကောင်းစွာ ပြည့်စုံကြကုန်သော သူတို့သည်သာလျှင် အမွေခံကောင်း မည်ကုန်၏၊ ပြဆိုခဲ့ပြီးသော အကျိုးတို့ကို ဆုမတောင်း ဘဲနှင့်ပင် ရနိုင်ကြကုန်လတ္တ့။

သူတစ်ပါးသားပင် ရှင်ပြုလျှင်လည်း

မိမိရင်၌ဖြစ်သော သားကို သာသနာတော်တွင်းသို့ သွတ်သွင်း ချီးမြှင့်ရာ၌ သာသနာ့အမွေခံဖြစ်သည်ဟု ကျမ်းဂန်တို့၌လာ၏၊ သူတစ်ပါး သားမြေးတို့ကို သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်ရာ၌မူကား ကျမ်းဂန်တို့၌ မလာငြားသော်လည်း သာသနာ့အမွေခံ ဖြစ်သည်သာဟု မှတ်ရမည်။

ယုတ္တိမူကား-သာသနာတွင်းသို့ ဝင်လိုသော ရှင်လောင်း, ရဟန်း လောင်းတို့ကို သင်္ကန်း သပိတ် ပရိက္ခရာ စိုက်ထုတ်ခြင်းကိုပြု၍ သာသနာ တွင်းသို့ သွတ်သွင်းပေးသောသူတို့သည် ထိုရှင်ရဟန်းတို့၏ အမိအဘ အရာ၌ တည်ကြကုန်၏၊ ဤသည်လည်းတစ်ကြောင်း၊ ကုသိုလ်မည်သည် တူသောကောင်းကျိုးကို ဆုမတောင်းဘဲပင် ပေးတတ်သောသဘောရှိ ရကား ပြဆိုခဲ့ပြီးသော သာသနာ့အမွေခံ ဖြစ်ရခြင်း၏အကျိုးတို့ကို ဆုမတောင်းဘဲပင် ရနိုင်ကြကုန်၏၊ ဤသည်လည်း တစ်ကြောင်း၊ ဤသို့ သော အကြောင်းယုတ္တိတို့ကြောင့် သူတစ်ပါးသား မြေးတို့ကို သာသနာ တော်တွင်း သွတ်သွင်းချီးမြှင့်ရာ၌လည်း သာသနာ့အမွေခံဖြစ်သည်ဟု ယုံကြည်စွာ မှတ်ရာသတည်း၊ အမွေခံဆိုး အမွေခံကောင်း ဖြစ်မှုမှာ ရှေး နည်းအတိုင်း သတိပြုလေ။

ဤကား အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ရဟန္တာမြတ်ကြီး ဟောတော်မူသော လူတို့၏ သာသနာ့အမွေခံတရားပေတည်း။

ရဟန်းတို့၏ ပစ္စည်းလေးပါး အမွေခံတရား

ပရိဘောဂလေးပါး

ပရိဘောဂ လေးပါးကို ဖွင့်ဆိုရာ အဋ္ဌကထာတို့၌ ရဟန်းတို့၏ သာသနာ့ အမွေခံပုံလာ၏၊ ပရိဘောဂလေးပါး ဆိုသည်ကား

  1. ထေယျ ပရိဘောဂ တစ်ပါး၊
  2. ဣဏ ပရိဘောဂ တစ်ပါး၊
  3. ဒါယဇ္ဇ ပရိဘောဂ တစ်ပါး၊
  4. သာမိ ပရိဘောဂ တစ်ပါး၊
ဤလေးပါးတည်း။

ထေယျ ပရိဘောဂ ဆိုသည်ကား ရဟန်းမဟုတ်သော ဒုဿီလ ပုဂ္ဂိုလ်၏ မိမိကိုယ်ကို ရဟန်းကောင်းပြုလုပ်၍ ဒါယကာတို့၏ သဒ္ဓါဒေယျ (သဒ္ဓါတရား ဖြင့်လှူသော) ပစ္စည်းကို ခံယူ၍ သုံးဆောင်ခြင်းသည် လိမ် လည်စဉ်းလဲ၍ ခိုးယူ သုံးဆောင်မှု ဖြစ်လေသောကြောင့် ထေယျ ပရိဘောဂ မည်၏၊ အမွေခံမှ အလွတ်တည်း။

ကြွေးမြီတင်ဘိ ဣဏပရိဘောဂ

ပါရာဇိက မကျသဖြင့် ဘိက္ခုသီလနှင့် ပြည့်စုံသော ရဟန်းတို့သည် ပစ္စည်းလေးပါးတို့၌ ပစ္စဝေက္ခဏာပညာမှကင်း၍ သုံးဆောင်ခြင်းသည် ကြွေးယူ၍ သုံးစားသည်နှင့် အလားတူသော သုံးဆောင်မှုဖြစ်လေသော ကြောင့် ဣဏပရိဘောဂမည်၏၊ ကြွေးယူ၍ သုံးစားသူသည် နောက်၌ ကြွေးဝန်မြီဝန်အစဉ် ဖိစီးမှု ဒုက္ခကို ခံရ၏၊ ထို့အတူ ပစ္စဝေက္ခဏာ ဉာဏ်ပညာကင်း၍ သုံးဆောင်သော ရဟန်းသည် နောက်ဘဝ၌ အကျိုး ပေး ယုတ်ညံ့ခြင်း၊ အပါယ်ဘုံသို့ ကျရောက်ခြင်းဟူသော ကြွေးဝန် မြီဝန် ဒုက္ခဖိစီးမှုကို ခံရတတ်၏၊ အမွေဆိုး မည်၏၊

ဒါယဇ္ဇ ပရိဘောဂ

ပစ္စဝေက္ခဏာဉာဏ်ပညာနှင့် ကောင်းစွာဆင်ခြင်၍ သုံးဆောင် သော ပုထုဇဉ်ရဟန်းတို့သည်မူကား အမွေခံကောင်း မည်၏၊ ဒါယဇ္ဇ ပရိဘောဂ၌ သွင်းအပ်၏။

ပစ္စဝေက္ခဏာ ကောင်းစွာဆင်ခြင်မှုဆိုသည်ကား အကျဉ်းအားဖြင့် ပါသရာသိသုတ် (မူလပဏ္ဏာသပါဠိတော် နှာ-၂၁၆)၌ ဟောတော်မူသော နည်းအတိုင်း ဆင်ခြင်မှုတည်း။

ပါသရာသိသုတ်၌ ဟောတော်မူသော နည်းဆိုသည်ကား သားမုဆိုး သည် တောသမင်တို့ကို ဖမ်းယူခြင်းငှါ တစ်ခုသော တောအရပ်၌ သားမြီး ဖြင့်ပြီးသော ကျော့ကွင်းများတို့ကို ခင်းထား၍ ထိုအပေါ်မှာ များစွာသော မြက်နု မြက်စိမ်းတို့ကို ဖုံးထား၏၊ မလိမ္မာသော တောသမင်တို့သည် လာလတ်ကုန်၍ ကျော့ကွင်းတို့ကို မမြင်ကြကုန်မူ၍ မြက်တို့ကို စားကြ ကုန်၏၊ ခြေတို့၌ ကျော့ကွင်း မိကြလေကုန်၍ မုဆိုးလက်သို့ရောက်၍ သေဆုံးကြကုန်၏၊ လိမ္မာသော တောသမင်တို့သည်မူကား ကျော့ကွင်း တို့ကို မမိရလေအောင် ရှောင်ဖယ်၍ မြက်တို့ကို စားကြသဖြင့် မုဆိုးဘေးမှ လွတ်ငြိမ်းကြကုန်၏။

ဤဥပမာ၌

  • သူသတ်ယောက်ျား မာရ်ငါးပါးသည် မုဆိုးနှင့် တူ၏။
  • တဏှာတရားသည် မုဆိုး၏ ကျော့ကွင်းနှင့်တူ၏။
  • ဆွမ်း သင်္ကန်း ကျောင်း ဆေးဟူသော ပစ္စည်းလေးပါးသည်မြက်နု မြက်စိမ်းနှင့်တူ၏။
  • ရဟန်းအဖြစ်ဟူသော နိက္ခမတရားသည် ကျော့ကွင်းဘေးမှ လွတ်ကင်းရာတောကြီးနှင့်တူ၏။
  • သာသနာတော်ထမ်း ရဟန်းတို့သည် တောနေ သမင်တွေနှင့် တူကုန်၏၊

ခန္ဓာဝန်အတွက် တောမှထွက်

တောသမင်တို့သည် ကျော့ကွင်းဘေးမှ ကင်းလွတ်ရာ တောကြီးမှ နေကြလျက် အစာအာဟာရကိစ္စနှင့် မကင်းနိုင်ကြသည့်အတွက် တောကြီးမှ ထွက်၍ ကျော့ကွင်းရှိရာသို့ လာကြရကုန်သကဲ့သို့ ရဟန်း တို့သည် ကာမတဏှာဟူသော ကျော့ကွင်းဘေးမှ လွတ်ကင်းရာ အလောဘ နေက္ခမ္မတရားတည်းဟူသော တောကြီးမှာနေကြလျက် အသက်ခန္ဓာ မွေးမြူမှုနှင့် မကင်းနိုင်ကြသည့်အတွက် အလောဘ နေက္ခမ္မတရားတည်းဟူသော တောကြီးမှ ထွက်ခဲ့၍ လောဘတဏှာ ထူထပ်ရာဖြစ်သော ပစ္စည်းလေးပါးနှင့် ဆက်ဆံခံယူကြရကုန်၏။

မလိမ္မာသော တောသမင်တို့သည် ကျော့ကွင်းမိလျက် မုဆိုးလက်၌ ပျက်စီးကြကုန်သကဲ့သို့ ပစ္စဝေက္ခဏာဉာဏ်ပညာမှ လွတ်ကင်းသော ရဟန်းတို့သည် တဏှာကျော့ကွင်းမိလျက် မာရ်မင်းလက်သို့ ရောက်မြဲ ရောက်၍ သေဆုံးကြရကုန်၏၊

ကျော့ကွင်းမိရာ ထိုအခါ

ပစ္စဝေက္ခဏာ ဉာဏ်ပညာလွတ်ကင်း၍ ကျော့ကွင်းမိပုံကား စာပေ သင်ကြားမှု လက်လွတ်သောအခါ အရိယဝံသတရားလေးပါးတို့ကို အသက်ထက်ဆုံး အားထုတ်ကာ နေရပါမည်ကို ထိုတရားလေးပါးနှင့် ကွာဝေး၍ သင်္ကန်းကောင်း ဆွမ်းကောင်း ကျောင်းကောင်းတို့၌ ငြိတွယ်၍ နေကြကုန်၏။

အရိယဝံသ တရားလေးပါး ဆိုသည်ကား

  1. သင်္ကန်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း တစ်ပါး။
  2. ဆွမ်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း တစ်ပါး။
  3. ကျောင်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း တစ်ပါး။
  4. သမထ ဘာဝနာဝိပဿနာ ဘာဝနာမှုတို့၌ မွေ့လျော်ခြင်း တစ်ပါး။
ဤလေးပါးတို့သည် အရိယာတို့ကျင့်စဉ် အနွယ်အဆက်ဖြစ်၍ အရိယ ဝံသတို့ မည်ကုန်၏၊

သင်္ကန်းအတွက်ဝယ် ရောင့်ရဲလွယ်

သင်္ကန်း ပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း မည်သည်ကား မိမိခန္ဓာကိုယ် မျှတနိုင်လောက်ရုံ တိုင်းတာ၍ ခံယူခြင်းတို့ထက်အပိုအမို မခံယူခြင်း တည်း၊ ဤတရားရှိခဲ့လျှင် သင်္ကန်းအတွက်နှင့် လူတို့ စက်မိဖွယ် ကိစ္စမရှိ၊ လူတို့ စက်မိမှုဆိုသည်ကား သင်္ကန်းကောင်း လှူဒါန်းသူ လူတို့လက်မှ မလွတ်ထွက်နိုင်ဘဲ လူတို့လက်တွင်းမှာပင် သေဆုံးရခြင်းတည်း၊ ဆွမ်း ပစ္စည်း, ကျောင်းပစ္စည်းတို့၌လည်း မိမိခန္ဓာကိုယ် မျှတရုံမျှထက် ပိုမို၍ ဆွမ်းကောင်း ကျောင်းကောင်းတို့ကို မခံယူခြင်း ဟူ၍ ဆိုလေ။

ဆွမ်း၌ ရောင့်ရဲခြင်း မရှိသည့်အတွက် ဆွမ်းကောင်းလှူသူလူတို့ စက်မိမှု ကျောင်း၌ရောင့်ရဲခြင်း မရှိသည့်အတွက် ကျောင်းဆောက် လုပ်လှူဒါန်းသူ လူတို့ စက်မိမှုတို့ကိုလည်း ထို့အတူမြင်လေ။

စက်မျိုးအဖုံဖုံ မိရပုံ

ဘာဝနာတရားနှင့် ကင်းဝေးသည့်အတွက် ထိန မိဒ္ဓစက်, ကောသဇ္ဇစက်, နိဒ္ဓါရာမတာစက်, ဘဿာရာမတာစက်, သင်္ဂဏိကာ ရာမတာစက် အကုန် မိလေ၏၊ သူတို့လက်မှာပင် အသက်ဆုံးရှုံးခြင်းသို့ ရောက်ကြလေကုန်၏၊ ဤသည်ကား ပစ္စဝေက္ခဏာဉာဏ်ပညာ လွတ် ကင်းသဖြင့် ကျော့ကွင်းမိ၍ သေကြရပုံတည်း။

စက်ကျော့ကွင်းမှ လွတ်ကင်းပုံ

ပစ္စဝေက္ခဏာ ဉာဏ်ပညာနှင့် ပြည့်စုံကြကုန်သော ရဟန်းတို့ သည်ကား လိမ္မာသော တောသမင်တို့နှင့် တူကြကုန်၏၊ အရိယဝံသ တရားလေးပါးတို့ကို ခိုင်မြဲစွာ လက်ကိုင်ထားကြကုန်သဖြင့် ငယ်ရွယ် စဉ်အခါကပင် သင်္ကန်းဒါယကာ, ဆွမ်းဒါယကာ, ကျောင်းဒါယကာတို့စက် အမိမခံကြကုန်မူ၍ တောငှက်တို့နှင့်အတူ (သမထဝိပဿနာ ပွါးများ ခြင်း)ကိစ္စကိုသာ မိမိကိစ္စပြု၍ နေထိုင်ကြကုန်သဖြင့် မာရ်မင်းလက်မှ လွတ်ထွက်ကြရကုန်၏၊

ပစ္စဝေက္ခဏာ ဉာဏ်ပညာ

ပစ္စဝေက္ခဏာဉာဏ်ပညာ ဆိုသည်မှာကား သင်္ကန်းပစ္စည်း၌ အကောင်း ကြိုက်သောတဏှာ, အများကြိုက်သော တဏှာကျော့ကွင်း သည်ရှိ၏၊ ထိုတဏှာ အကြိုက်သို့ မလိုက်မူ၍ကား ဤသို့ဆင်ခြင်ရာ၏ သင်္ကန်းမဝတ်မရုံဘဲ နေရသော် သင်္ကန်းအတွက် လူတို့စက်မှ လွတ် ထွက်နိုင်ရာ၏၊ ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် ဝတ်ရုံရပြန်သနည်း သင်္ကန်းနှင့် မကင်းသာသော အခွင့်ရှိပြန်၍ ဝတ်ရုံကြရသည်။

မကင်းသာသော အခွင့်ကား အဘယ်နည်း၊ သင်္ကန်းမရှိခဲ့သော် အချမ်း ဒုက္ခနှိပ်စက်လိမ့်မည်၊ အပူဒုက္ခ နှိပ်စက်လိမ့်မည်၊ ခြင်ဒုက္ခ မှက်ဒုက္ခ လေဒုက္ခ နေပူဒုက္ခ မြွေ ကင်းဒုက္ခ နှိပ်စက်လိမ့်မည်၊ ဖုံးလွှမ်း အပ်သော ကိုယ်အင်္ဂါစုကို မဖုံးလွှမ်းသည့်အတွက် အရှက်မရှိသော အဖြစ်သို့ရောက်လိမ့်မည်၊ ဤဒုက္ခတရား စုကို ဖယ်ရှားရန် အခွင့်သည် မကင်းသာသောအခွင့် ဖြစ်၏။

ထိုမကင်းသာသော အခွင့်ကို ဉာဏ်ဖြင့် တိုင်းတာ၍ ခံယူ ဝတ်ရုံ ရာ၏၊ ဉာဏ်ဖြင့် တိုင်းတာပုံကား ချည်သင်္ကန်း ပိတ်သင်္ကန်း ပိုးသင်္ကန်း သုံးထည်ကို ဆောင်ယူ၍ လှူဒါန်းလာငြားအံ့၊ ထိုအခွင့်စုသည် ချည် သင်္ကန်းနှင့်ပင် ပြီးစီး၏၊ ပိတ်သင်္ကန်း ပိုးသင်္ကန်းတို့ကို ထိုအခွင့်စု အတွက်နှင့် ခံယူဖွယ်ကိစ္စ မရှိ၊ အကောင်းကြိုက်တဏှာ အများကြိုက် တဏှာအတွက်နှင့်သာ ခံယူဖွယ်ကိစ္စ ရှိ၏။

တဏှာအကြိုက်ကို လိုက်စားလျှင် တဏှာကျော့ကွင်းမိတော့မည်၊ အကောင်းကြိုက်တဏှာပွါးတော့မည်၊ အကောင်းလှူဒါန်းနိုင်သူ လူတို့စက် မိတော့မည်၊ မာရ်မင်းလက်တွင် အသက်ဆုံးရှုံးရပြန်တော့မည်-ဟု မြော်မြင် ဆင်ခြင်သော ဉာဏ်ကိုပစ္စဝေက္ခဏာ ဉာဏ်ဟုဆိုသည်၊ ဤ သင်္ကန်းအရာ၌ ပံသုကူသင်္ကန်းတည်း၊ ကျော့ကွင်းဘေးမှ ကင်းဝေးလှ ပေ၏၊

ဆွမ်းနှင့်ကျောင်းလည်း ထိုနည်းတူစွာ

ဆွမ်းပစ္စည်း ကျောင်းပစ္စည်းတို့၌လည်း အကောင်းကြိုက်တဏှာ, အများ ကြိုက်တဏှာတို့ကို ပယ်ရှား၍ ပုတီးစိတ်ပါဠိတော်၌လာရှိသော အခွင့်တို့ကို ဉာဏ်ဖြင့်တိုင်းတာ၍ ခံယူရာ၏။ ဆွမ်းပစ္စည်း၌ သလုံးမြင်း ခေါင်းဖြင့် တစ်အိမ် တစ်လုပ်ခံယူ၍ ရသောဆွမ်းသည် ကျော့ကွင်းဘေးမှ လွတ်ကင်းလွယ်၏။ ကျောင်းပစ္စည်း၌ သစ်ပင် တောချုံတည်းဟူသော ကျောင်းသည် ကျော့ကွင်းဘေးမှ လွတ်ကင်းလှပေ၏။ ဤပစ္စဝေက္ခဏာ ဉာဏ်ပညာနှင့် တိုင်းတာ၍ ခံယူသုံးဆောင်သော ရဟန်းသည် ပစ္စည်းလေးပါးအတွက် အတွယ်အတာ ကင်းလွတ်၏။ သလ္လဟုကဝုတ္တိဂုဏ် နှင့်ပြည့်စုံ၏။ ဣဏပရိဘောဂမှ လွတ်၏။ ဒါယဇ္ဇပရိဘောဂ၌ ပါဝင်၏။

ဒါယဇ္ဇပရိဘောဂ

ဒါယဇ္ဇပရိဘောဂ ဆိုသည်ကား အမွေရဥစ္စာကို သုံးဆောင်သည် နှင့် အလားတူသော သုံးဆောင်ခြင်းတည်း။ အမွေဥစ္စာ သုံးဆောင်ခြင်း သည် ကြွေးဝန် မြီဝန် ကင်း၏။ သူတစ်ပါးတိုနှင့်စပ်သော ပလိဗောဓ မရှိ၊ ကိုယ်အစိုးရ စိတ်အစိုးရ နေနိုင်၏။ ဒါယဇ္ဇပရိဘောဂသည် သေက္ခ အရိယာ ခုနစ်ယောက်တို့၏ သုံးဆောင်မှုဟူ၍ အဋ္ဌကထာတို့၌ လာ၏။ ပစ္စဝေက္ခဏာဉာဏ်ပညာနှင့် ပြည့်စုံသော ပုထုဇန်ပုဂ္ဂိုလ်ကိုလည်း သေက္ခ ပုဂ္ဂိုလ်၌ပင် သင်္ဂြီုဟ်ရ၏။

သာမိပရိဘောဂ

တဏှာမှ လွတ်ကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်၏ သုံးဆောင်ခြင်း သည် သာမိပရိဘောဂမည်၏။ တဏှာတည်းဟူသော အစိုးရ၏နယ်မှ ကျွတ်လွတ်သဖြင့် မိမိစိတ်ကို မိမိအစိုးရပြီးဖြစ်၏။ အစိုးတရ သုံးဆောင် ၏-ဟုဆိုလိုသည်။

ရဟန်းတို့၏ ပစ္စည်းလေးပါး အမွေခံတရား ပြီး၏။

---ဝ--

ဓမ္မဒါယာဒသုတ္တန် ဒေသနာ

ယခုအခါ လူရဟန်းနှစ်ပါးစုံတို့နှင့် ဆက်ဆံသော အမွေခံတရားကို ပြဆိုပေအံ့။

- ဓမ္မဒါယာဒါ မေ ဘိက္ခဝေ ဘဝထ၊ မာ အာမိသဒါယာဒါ၊ အတ္ထိ မေ တုမှေသု အနုကမ္ပာ “ကိန္တိ မေ သာဝကာ ဓမ္မဒါယဒါ ဘဝေယျုံ၊ နော အာမိသဒါယာဒါ”။
(ဓမ္မဒါယာဒသုတ်၊ ဥဒ္ဒေသပါဠိတော်။)

(အနက်ကား) ဘိက္ခဝေ=ရဟန်းတို့၊ တုမှေ=သင်တို့သည်၊ မေ= ငါဘုရား၏၊ ဓမ္မဒါယာဒါ=ဓမ္မအမွေကိုသာ ခံယူကြကုန်သည်၊ ဘဝထ= ဖြစ်ရစ်ကြကုန်လော့။ အာမိသဒါယာဒါ=ပစ္စည်းလေးပါးဟူသော အာမိသ အမွေကို ခံယူကြကုန်သည်၊ မာဘဝထ=မဖြစ်ရစ်ကြကုန်လင့်။ တုမှေ= သင်တို့၌၊ မေ=ငါဘုရား၏၊ အနုကမ္ပာ=သနားစွာလှ မြော်တောင့်တ ခြင်းသည်၊ အတ္ထိ=ရှိ၏။ ကိံအတ္ထိ=အဘယ်သို့ ရှိသနည်းဟူမူ၊ ကိန္တိ= အဘယ်သို့လျှင်၊ မေ=ငါဘုရား၏၊ သာဝကာ=တပည့်သားတို့သည်၊ ဓမ္မဒါယာဒါ=ဓမ္မအမွေကိုသာ ခံယူကြကုန်သည်၊ ဘဝေယျုံ=ဖြစ်ကြပါကုန် အံ့နည်း၊ အာမိသဒါယာဒါ=ပစ္စည်းလေးပါးဟူသော အာမိသအမွေကို ခံယူကြကုန်သည်၊ နောဘဝေယျုံ=မဖြစ်ကြပါကုန်အံ့နည်း၊ ဣတိ=ဤသို့ သော သနားစွာလှ မြော်တောင့်တခြင်းသည်၊ မေ=ငါဘုရားအား၊ အတ္ထိ= ရှိနေ၏။

အဓိပ္ပါယ်ကား မြတ်စွာဘုရား၏အမွေသည် အာမိသအမွေ, ဓမ္မ အမွေဟူ၍ နှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးပါးသည် ဓမ္မအမွေမည်၏။ ဆွမ်း သင်္ကန်း ကျောင်း ထောပတ် ဆီ ပျား တင်လဲ အစရှိသော ဆေးတည်းဟူသော ပစ္စည်းလေးပါးသည် အာမိသအမွေ မည်၏။ ပစ္စည်းလေးပါးသည်လည်း မြတ်စွာဘုရား၏ ဘုန်းတော် တန်ခိုးတော်ကြောင့် သာသနာတော်၌ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် လူတို့လှူဒါန်း၍ ရသော်လည်း မြတ်စွာဘုရား၏ အမွေတော် ပင်ဖြစ်သတည်း။

ဆိုးယုတ်ကောင်းမြတ် အမွေနှစ်ရပ်

ထိုအမွေတော်နှစ်ပါးတို့တွင် အာမိသအမွေတော်သည် ခံယူသူ မလိမ္မာလျှင် သံသရာ၌ နစ်မွန်းကြောင်းဖြစ်၏။ အမွေဆိုး အမွေယုတ် မည်၏။ ဓမ္မအမွေတော်သည် သံသရာမှ ထွက်ပေါ်ကြောင်းဖြစ်၍ အမွေကောင်း အမွေမြတ်မည်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် “ဓမ္မဒါယာဒါ မေ ဘိက္ခဝေ ဘဝထ” ဟူ၍ ရဟန်းတော်တို့အား ဓမ္မအမွေ ခံယူမှုကို တိုက်တွန်းတော်မူ၏။ “မာ အာမိသဒါယာဒါ” ဟူ၍ အာမိသအမွေ ခံယူမှုကိုကား တားမြစ်တော်မူခဲ့ပေသည်။

ထိုသို့ဖြစ်ခဲ့သော် ဤပစ္စည်းလေးပါးတို့ကို အဘယ့်ကြောင့် ခွင့်ပြု တော်မူပါသနည်းဟူမူ ဂဟဋ္ဌဖြစ်သူ လူအပေါင်းတို့အား ကုသိုလ်တရား ဖြစ်ပွားစေရန် အခွင့်ကိုမြော်၍ ခွင့်ပြုတော်မူပြန်သည်။ ထိုသို့ဖြစ်ခဲ့သော် နောင်လာနောက်သား ရဟန်းများတို့ကို သံသရာ၌ နစ်မွန်းမျောပါးစေရန် မရောက်ပါလောဟူမူ ရဟန်းများတို့အား ပစ္စည်းလေးပါးအတွက်နှင့် သံသရာ၌ မနစ်မွန်းစေခြင်းငှါ

ဤ - ဓမ္မဒါယာဒသုတ္တန် ဒေသနာ (မူလပဏ္ဏာသ၊ ပါ၊ နှာ-၁၅)။
- ပါသရာသိသုတ္တန်ဒေသနာ (မူလပဏ္ဏာသ၊ ပါ၊ နှာ-၂၁၆)။
- အရိယဝံသသုတ္တန်ဒေသနာ (အင်္ဂုတ္တရစတုက္ကနိပါတ၊ ပါ နှာ၃၃၆)။
- ပစ္စဝေက္ခဏာသုတ္တန် ဒေသနာ (မူလပဏ္ဏာသ၊ ပါ၊ နှာ-၁၂)။
- လာဘသက္ကာရ သံယုတ် သုတ္တန်ဒေသနာ (နိဒါဝဂ္ဂသံယုတ်၊ ပါ၊ နှာ-၄၂၄ မှ ၄၂၈ အထိ) တို့ကို ဟောတော်မူပေသည်။

မှတ်ချက်- မူလပဏ္ဏာသ ပါဠိတော် နှာ ၈-မှ ၁၅-အထိ သဗ္ဗာသဝသုတ်ဟူ၍ ဟော တော်မူခဲ့၏။ ယင်းသုတ်၌ အတွင်းဝင်ဖြစ်သော “ပဋိသေဝနာ ပဟာတဗ္ဗ အာသဝ” ဟူသော အပိုင်းအခန်း၌ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း လေးပါး၌ ဆင်ခြင်ပုံ ပစ္စဝေက္ခဏာ လေးပုဒ်ကို ဟောတော်မူ၏။ ဤသည်ကိုပင် “ပစ္စဝေက္ခဏာသုတ္တန်ဒေသနာ” ဟူ၍ ဆိုတော်မူလိုက်သည်ဟု မှတ်ယူကြ ပါကုန်။

(တည်းဖြတ်သူ)

သုတ္တန် ဒေသနာတော်များကို မကြားဖူး မမြင်ဖူးကြ၊ ဝိနည်း ကျန်းဂန်မျှကိုသာ တွေ့ဖူးကြကုန်သော သူတို့သည် ပစ္စည်းလေးပါး အတွက်နှင့် သံသရာ၌ နစ်မွန်းဖွယ်သာ ဖြစ်၍ နေကြကုန်၏။ နွားသား ကျွဲသား ကြဉ်ရှောင်သူများကိုပင် နှောင့်ယှက်ကြကုန်၏။

ဓမ္မဒါယာဒ အဓိပ္ပါယ်အကျယ်

ယခုအခါ ဓမ္မဒါယာဒ အဓိပ္ပါယ်ကို အကျယ်ပြဆိုပေအံ့။ ဓမ္မသည် ပရိယတ္တိဓမ္မ ပဋိပတ္တိဓမ္မ ပဋိဝေဓဓမ္မ ဟူ၍သုံးပါးရှိ၏။

- ဝိနည်းငါးကျမ်း, သုတ္တန်သုံးဆယ့်ခုနစ်ကျမ်း, အဘိဓမ္မာခုနစ်ကျမ်း ဟူ၍အဋ္ဌကထာနှင့်တကွသော ပိဋကတ်သုံးပုံသည် ပရိယတ္တိဓမ္မ အမွေတော်မည်၏။

- လောကီဖြစ်သော သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးသည် ပဋိပတ္တိ ဓမ္မအမွေတော်မည်၏။

- လောကုတ္တရာတရား ကိုးပါးသည် ပဋိဝေဓဓမ္မ အမွေတော် မည်၏။

အမွေခံပုဂ္ဂိုလ်သည် ရဟန်းယောကျ်ား, ရဟန်းမိန်းမ, ဥပသကာ ယောကျ်ား, ဥပသိကာမိန်းမဟူ၍ လေးပါးရှိ၏။

ထိုတွင် ရဟန်းယောကျ်ား, ရဟန်းမိန်းမတို့သည် ရဟန်းအဖြစ်သို့ ရောက်အောင် ဉတ်ကမ္မဝါစာတို့ဖြင့် သမုတ်အပ်သောကြောင့် သမုတိ သားတော် သမီးတော်တို့ မည်ကုန်၏။

ဥပသကာယောကျ်ား ဥပသိကာမိန်းမတို့သည် သရဏဂုံ ကပ် ရောက်မှုဖြင့် ပြီးသောကြောင့် သရဏဂုံသားတော် သရဏဂုံသမီးတော် တို့မည်ကုန်၏။ ထိုလေးဦးတို့သည် မြတ်စွာဘုရား၏ ဓမ္မအမွေခံ သား တော် သမီးတော်ချည်း ဖြစ်ကြကုန်၏။

ထိုတွင် ဝိနည်းပိဋက တည်းဟူသော ဓမ္မအမွေတော်သည် ရဟန်း ယောကျ်ား ရဟန်းမိန်းမ နှစ်ပါးတို့နှင့် သက်ဆိုင်သော ဓမ္မအမွေတော် ဖြစ်၏။ သဒ္ဓါ ပညာ ခိုင်လုံလှသော လူယောကျ်ား လူမိန်းမတို့ အားလည်း ကြည့်ရှုခြင်းငှါ သင့်မြတ်၏။ သုတ္တန်ပိဋကတ်, အဘိဓမ္ဓာ ပိဋကတ်ဟူသော ဓမ္မအမွေတော်သည်ကား ရဟန်းယောကျ်ား, ရဟန်းမိန်းမ, လူယောကျ်ား, လူမိန်းမပရိတ်သတ် လေးပါးတို့နှင့် သက်ဆိုင်သော ဓမ္မအမွေတော် ဖြစ်၏။

ပဋိပတ္တိဓမ္ဓ၌လည်း ဝိနည်းပိဋကတော်မှထွက်သော ကုဋေကိုး ထောင် ကျော်မျှသော သိက္ခာအမွေတော်သည် ရဟန်းတို့နှင့်သာ သက် ဆိုင်သော ဓမ္မအမွေတော်မည်၏။ သုတ္တန်, အဘိဓမ္မာတို့မှထွက်သော ငါးပါးသီလ, အာဇီဝဋ္ဌမကသီလ, ဥပေါသထသီလတို့သည် လူတို့နှင့် သက်ဆိုင်သော ဓမ္မအမွေတော်မည်၏။ ဆယ်ပါးသီလသည်ကား လူ သာမဏေ နှစ်ပါးတို့နှင့် သက်ဆိုင်သော ဓမ္မအမွေတော်မည်၏။

သမာဓိ အမွေတော် ပညာအမွေတော်တို့သည်လည်း လူ ယောက်ျား, လူမိန်းမ, ရဟန်းယောက်ျား, ရဟန်းမိန်းမ ပရိသတ်လေးပါး တို့နှင့် သက်ဆိုင်သော ဓမ္မအမွေတော်တို့ပေတည်း။

ထိုတွင် သမာဓိအမွေတော်ဆိုသည်ကား ကသိုဏ်းဆယ်ပါးကို ပွါးများမှု, အသုဘဆယ်ပါးကို ပွါးများမှု, အနုဿတိဆယ်ပါးကို ပွါးများမှု, ဗြဟ္မစိုရ်တရားလေးပါးကို ပွါးများမှု, အာရုပ္ပလေးပါးကို ပွါးများမှု, အာဟာရေပဋိကုလ သညာတရားကို ပွါးများမှု, ဓာတ်ကြီးလေးပါးတို့၌ စတုဓာတုဝတဝဝတ္ထာန်တရား ပွါးများမှုတို့ကို သမာဓိအမွေတော် ဆိုသတည်း။ ပထမစျာန် သမာဓိ, ဒုတိယ တတိယ စတုတ္ထ ပဉ္စမစျာန် သမာဓိဟူ၍ သမာဓိအပြား ငါးပါးရှိ၏။ ယခုအခါ၌ အာနာပါနအလုပ်, အဋ္ဌိကအလုပ်, အရဟံအလုပ်များသည် ပထမစျာန်သမာဓိ အလုပ်ပင် တည်း။

ပညာအမွေတော် ဆိုသည်မှာ အဘိဓမ္မာခုနစ်ကျမ်း၌လာသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ခွဲခြမ်းစိတ်ဖြာသည်မှစ၍ လက္ခဏာ ရေးသုံးပါး, ဝိပဿနာဉာဏ်ဆယ်ပါး, မဂ်ဉာဏ်လေးပါး, ဖိုလ်ဉာဏ် လေးပါးတို့ကို ပညာအမွေတော်ဆိုသတည်း။ ဤသို့လျှင် ပြဆိုအပ်ပြီး သော ပရိယတ္တိသာသနာ ပဋိယတ္တိသာသနာ ပဋိဝေဓသာသနာ တည်း ဟူသော ဓမ္မအမွေတော်သုံးပါးတို့သည် လူယောကျ်ား, လူမိန်းမ, ရဟန်း ယောကျ်ား, ရဟန်းမိန်းမ ပရိသတ်လေးပါးတို့နှင့်သက်ဆိုင်သော ဓမ္မ အမွေတော်တို့ပေတည်း။

ဘုရားရှင်လက်ထက် အမွေဆက်ခံပုံ

မြတ်စွာဘုရား လက်ထက်တော်၌ စိတ္တသူကြွယ်အမှူးရှိသော ဥပသကာပေါင်းငါးရာ, ဟတ္ထာဠဝကမင်းသားအမှူးရှိသော ဥပသကာ ပေါင်းငါးရာ အစရှိကုန်သော ဘုရားသားတော် အပေါင်းတို့သည်လည်း ဓမ္မအမွေတော်သုံးပါးတို့ကို ကောင်းစွာ ခံစံကြရကုန်၏။ သာမာဝတီ မိဖုရားအမှူးရှိသော နန်းတွင်း သူမငါးရာ, မလ္လိကာမိဖုရား အမှူးရှိသော နန်းတွင်းသူမ ငါးရာအစရှိကုန်သော ဘုရားသမီးတော်အပေါင်းတို့သည် လည်း ဓမ္မအမွေတော်သုံးပါးတို့ကို ကောင်းစွာ ခံစံကြရကုန်၏။

ကောသလမင်းကြီးသည် နန်းတော်သူအပေါင်းတို့အား ပရိယတ္တိ ဓမ္မအမွေတော်ကို ခံယူကြစေ၍ 'စာချပုဂ္ဂိုလ် ရဟန်းတော် တစ်ပါးကို နန်းတော်သို့ နေ့စဉ် စေလွှတ်တော်မူပါ' ဟုမြတ်စွာဘုရားအား လျှောက် တောင်းလေရာ အရှင်အာနန္ဒာသည် ကောသလမင်းကြီး နန်းတော်သို့ နေ့စဉ်ဝင်၍ မလ္လိကာ အမှူးရှိသော နန်းတော်သူမ ငါးရာတို့အား စာချ ပေး၏။

ခုဇ္ဇုတ္တရာသည် နေ့စဉ်ကျောင်းသို့သွား၍ ရဟန်းတော်များထံမှ သင်ကြားခဲ့ပြီးလျှင် ဥတေနမင်းကြီးနန်းတော်သို့ဝင်၍ သာမာဝတီ အမှူးရှိသော နန်းတော်သူမ ငါးရာတို့အား နေ့စဉ်စာချရ၏။ ခုဒ္ဒက နိကာယ် တစ်ဆယ့်ငါးကျမ်းတွင် ဣတိဝုတ္တကကျမ်းသည် ခုဇ္ဇုတ္တရာက ပို့ချ၍ သာမာဝတီအမှူးရှိသော နန်းတော်သူမငါးရာတို့ ဆောင်ရွက်ကြ သော ကျမ်းပေတည်း။

မင်းတုန်းမင်း လက်ထက် အမွေဆက်ခံပုံ

မန္တလေး ရတနာပုံမြို့တော် ပထမမြို့တည်နန်းတည် ပဉ္စမ သင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက်ထက် စကြာဒေဝီမိဖုရားကြီး အမှူးရှိသော နန်းတော်သူအပေါင်းတို့အား ကျမ်းတတ်အကျော် ဆရာတော်လေးများ နေ့စဉ်ဝင်ကာ စာချပေး၏။ သင်္ဂြီုဟ်ကိုးပိုင်းနှင့်တကွ ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ပါဠိတော်, သတိပဋ္ဌာန် ပါဠိတော်များကို တစ်နန်း တော်လုံး ဆောင်ရွက်ကြကုန်၏။ အချို့သော မြို့စား ရွာစား နန်းတော် သူမများတို့သည် ပိဋကသုံးပုံ ပါဠိ အဋ္ဌကထာ ဋီကာကျမ်းဂန်များကို နိဿယ နံစောင် မရှိဘဲ ကြည့်ရှုနိုင်ကြကုန်၏။ စကြာဒေဝီ မိဖုရားကြီး သည် ပိဋကသုံးပုံကို အကုန်ပေါက်ရောက်၏။

ဗုဒ္ဓရှိစဉ် ပုထုဇဉ်တို့၏ အခြေအနေ

သမာဓိအရာ၌ စျာန်ငါးပါးကို ရကြကုန်သော စိတ္တသူကြွယ် အစရှိသော လူယောက်ျားအပေါင်း, ဝေဠုကဏ္ဍကီမြို့သူ ဥတ္တရာအစ ရှိသော လူမိန်းမ အပေါင်းလည်း အသိန်းမက များကြ၏။

ပညာအရာ၌ သာဝတ္ထိပြည်မှာ လူနေအိမ်ခြေ ခုနစ်ကုဋေ ငါးသန်း မျှ ရှိကြသည်တွင် အရိယာမိန်းမ အရိယာယောက်ျား ငါးကုဋေငါးသန်း ရှိသည်ဟု ကျမ်းဂန်တို့၌လာ၏။ ရာဇဂြိုဟ်ပြည်, ဝေသာလီပြည် စသည် တို့မှာလည်း ထိုကဲ့သို့ပင် အရိယာမိန်းမ အရိယာယောက်ျား များပြား ကြ၏။ မဇ္ဈိမတိုက် တစ်စွန်းတစ်စပင်လုံးသည် ထိုအခါ၌ လူအရိယာတို့ဖြင့် ပြည့် လျက် ရှိ၏။ ထိုအခါက ပုထုဇဉ်ဖြစ်သော မိန်းမ ယောက်ျားများသည် လူပရိသတ်မဏ္ဍပ်သဘင်သို့ မဝင်ဝံ့အောင် ရှိနေကြ၏။

ယခုကာလ ဓမ္မအမွေခံ

ယခုကာလ၌မူကား လူယောက်ျား လူမိန်းမတို့သည် မြတ်စွာ ဘုရား၏ အမွေခံသားတော် သမီးတော်တွေဖြစ်ကြပါကုန်လျက် ကျမ်းဂန်စာပေ ပရိယတ္တိ အမွေတော်ကိုပင် ခံယူကြသူ အလွန်နည်းပါး ကြကုန်၏။ ပဋိပတ္တိအမွေတော်ကို ခံယူကြသူတို့ကား ထို့ထက်နည်း ပါးကြကုန်၏။ ပဋိဝေဓအမွေတော်မူကား ယခုသာသနာတွင် ရထိုက် သည်ဟူ၍ပင် မထင်ကြချေ။

အမွေနှစ်မျိုး

လောကအမွေ ဓမ္မအမွေ နှစ်ပါးရှိသည်တွင် လောကအမွေ ဆိုသည်ကား လောကီမိဘတို့မှ ရရှိကြသော လယ်ယာ မိုးမြေ ရွှေ ငွေ ရတနာ စသည်တည်း။ ဓမ္မအမွေဆိုသည်ကား ဗုဒ္ဓဘာသာ လူမျိုးတို့၏ အဘိုးကြီး အဘကြီးဖြစ်တော်မူပေသော မြတ်စွာဘုရားကြီးမှ ရရှိကြ သော ဓမ္မအမွေတော်ကြီး သုံးပါးပေတည်း။ ဘာသာတစ်ပါးတို့၌ လောက အမွေသာ ရှိကြ၏။ ဓမ္မအမွေဟူ၍ မရှိကြပေ။ ဗုဒ္ဓဘာသာ လူမျိုး၌မူကား အမွေနှစ်ပါးရှိကြ၏။

ထိုနှစ်ပါးတို့တွင် လောကအမွေသည် အထိန်းအသိမ်း လိမ္မာလှပါမှ ယခုတစ်ဘဝ၌သာ ခံစားရ၏။ ရန်သူမျိုးငါးပါးနှင့်တွေ့ခဲ့လျှင် နေ့ချင်း ညချင်း ပျက်ဆုံး၏။ ဓမ္မအမွေတော်သည်မူကား ယခုဘဝမှ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် ချမ်းသာသုံးပါးကို အစဉ်ရွက်ဆောင်နိုင်၏။

- ပရိယတ္တိ ဓမ္မအမွေတော်သည် ဘဝအဆက်ဆက်တို့၌ အမျိုးကြီး မြတ်ခြင်း တန်ခိုးကြီးမြတ်ခြင်း စည်းစိမ်ကြီးမြတ်ခြင်းကို ရွက် ဆောင်နိုင်၏။
- ပဋိဝေဓအမွေတော်သည် အပါယဒုက္ခ ဝဋ်ဒုက္ခမှ အစဉ်ထာဝရ လွတ် ငြိမ်းခြင်းကို ရွက်ဆောင်နိုင်၏။ ရန်သူမျိုးငါးပါးတို့နှင့်လည်း ဆက်ဆံခြင်း မရှိချေ။

လောကအမွေကို အတိတ်သံသရာ ကာလတို့၌ ခံစံခဲ့ကြရ သည်ကား အနန္တအနမတဂ္ဂ ရှိကြလေပြီ။ နောင်လည်း နိဗ္ဗာန်သို့ မရောက် သေးသမျှ ခံစံကြရ ကုန်လတ္တံ့။ ဓမ္မအမွေတော်ကိုမူကား မြတ်စွာဘုရား သာသနာနှင့် တွေ့ကြုံကြမှ ခံစံကြရကုန်သည်။ ဤဓမ္မအမွေတော်ကြီးကို တစ်ကြိမ်တစ်ဘဝ ကောင်း ကောင်းကြီး ခံယူနိုင်ကြကုန်သော သူတို့သည် အနမတဂ္ဂသံသရာမှ တစ်ခါတည်း နလံထကြပေကုန်တော့သည်။ ထို့ ကြောင့်ယခုအခါ ပညာရှိအပေါင်းသူတော်ကောင်းတို့သည်လည်း တစ်နပ်စာ တစ်ဒင်္ဂ တစ်ဘဝမျှ၌သာ ခံစံရသော လောကအမွေကို ခံယူမှု ထက် နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အစဉ်အမြဲ ခံစံရသော ဓမ္မအမွေ တော်ကြီးကိုသာ များများကြီးခံယူခြင်းငှါ အားထုတ်ကြကုန်ရာသည်။

အမွေခံပုံ နည်းမျိုးစုံ

လောက၌ မိဘအမွေကို ခံယူကြကုန်သောသူတို့သည် အမွေခံရ သည်ဟူ၍ ပြောရ၏။ မခံရသူတစ်မျိုး, အနည်းငယ်မျှသာ ခံစားရသူ တစ်မျိုး, အများခံစားရသူတစ်မျိုးဟူ၍ အမျိုးမျိုးရှိကြ၏။ ထိုတွင် မခံစားရသူ တစ်မျိုးဆိုသည်ကား ကုဋေများစွာ ကြွယ်ဝသော သူဌေးကြီး၏ အမွေခံသားသမီးတွေ ဖြစ်ကြကုန်၍ လောက၌ အမွေဥစ္စာကို အတူအမျှ ခံစားထိုက်သည့် ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးကြီး၏ အမွေခံ သားသမီးတွေဖြစ်ကြပါကုန်လျက် အမွေဥစ္စာကို မခံစားရသူ လည်းရှိ၏။ အနည်းငယ်မျှကိုသာ ခံစားရသူလည်း ရှိ၏။ ရထိုက်သမျှ အများခံစားရသူလည်းရှိ၏။

ထိုတွင် မိဘစကားကို နားမထောင်သူဖြစ်၍ အမွေခံအဖြစ်မှ ပယ်ရှား၍ထားသော သားသမီးသည် အမွေခံ မရသောသူမည်၏။

လောက၌သူဌေးကြီးတစ်ဦးသည် ရှိရာ၏။ လယ်ကောင်း ယာ ကောင်း ရှစ်သောင်းလေးထောင်ရှိ၏။ မြေ၌ ငါးတောင်နက်အောင် မြှုပ်နှံ၍ထားအပ်သော ငွေအိုးပေါင်းများစွာရှိ၏။ ဆယ်တောင်နက်အောင် မြှုပ်နှံ၍ထားအပ်သော ရွှေအိုးပေါင်းများစွာရှိ၏။ မြေ၌တစ်ဆယ့်ငါး တောင်နက်အောင် မြှုပ်နှံ၍ ထားအပ် သော စိန်ကျောက်ပတ္တမြားလည်း များစွာရှိ၏။ အမွေခံ သားသမီးတို့လည်း များစွာရှိ၏။

ထိုတွင် အချို့သောသားသမီးစုသည် အလွန်ပျင်းရိ၏ ပေါ့ပျက်၏ သောက်မှုစားမှုနှင့်သာ နေ၏။ အမွေရ လယ်ယာတို့ကိုလည်း မလုပ်မကိုင် ပစ်ထား၏။ ငွေတွင်း ရွှေတွင်း ရတနာတွင်းတို့ကိုလည်း မတူးမဖော် ပစ်ထား၏။ မိမိအမွေရ လယ်ယာ ငွေတွင်း ရွှေတွင်း ရတနာတွင်းတို့ကိုပင် ဘယ်မှာရှိသည်ဟု မသိပြီ။ တစ်သက်လုံးမွဲ၍ ဆင်းရဲ၍မဆုံး ရှိနေ၏။

အချို့သော သားသမီးစုသည် မိမိအမွေရ လယ်ယာစုတွင် အချို့မျှကိုသာ လုပ်ကိုင်၏။ မလုပ်မကိုင်ပစ်ထားသော လယ်ယာစ သည်မှာ တောအတိ ဖြစ်၍ သွား၏။ ငွေတွင်း ရွှေတွင်း ရတနာတွင်းတို့မှာ လည်း သုံးစားရုံမျှ တူးဖော်၏။ ကျန်ရှိသောတွင်းတို့သည် အမှတ်သညာ ပျောက်ကွယ်၍ တစ်သက်လုံးစားရ ဝတ်ရရုံမျှသာ ရှိ၏။

အချို့သောသား သမီးစုသည် မိမိအမွေရ လယ်ယာတို့ကို အကုန် လုပ် ကိုင်၏။ ငွေတွင်း ရွှေတွင်း ရတနာတွင်းတို့ကို အကုန်တူးဖော်၍ယူ၏။ သူဌေးကြီးဖြစ်၍ ကြွယ်ဝချမ်းသာ၍မဆုံးရှိပေ၏။

- ဤဥပမာ၌ မြတ်စွာဘုရားကြီးသည် သူဌေးကြီးနှင့်တူ၏။
- ဗုဒ္ဓဘာသာဖြစ်သော ယောကျ်ား မိန်းမဟူသမျှသည် သူဌေးကြီး ၏ အမွေခံ သားသမီးတစ်စုနှင့် တူ၏။
- ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟူသော ပရိယတ္တိဓမ္မ အမွေတော်သည် သူဌေးကြီး၏ လယ်ကောင်း ယာကောင်းစုနှင့် တူ၏။
- လောကီဖြစ်သော သီလ သမာဓိ ပညာဟူသော ပဋိပတ္တိဓမ္မ အမွေတော်သည် ငွေတွင်းစုနှင့် တူ၏။
- မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်တည်းဟူသော ပဋိဝေဓ ဓမ္မအမွေ တော်စုသည် ရွှေတွင်းရတနာတွင်းစု နှင့်တူ၏။

- စာပေကျမ်းဂန်ကိုလည်း မလေ့ကျက်၊ သီလ သမာဓိ ပညာ ဟူသော ပဋိပတ်ကိုလည်း မကျင့်မကြံ အားမထုတ်၊ မဂ်ဖိုလ် နိဗ္ဗာန်ကိုလည်း အလေးမပြု၊ စားမှု ဝတ်မှုနှင့် ကြီးရင့်၍သွား သော ယောကျ်ား မိန်းမစုသည် သူဌေးကြီး၏ ပထမ သားသမီး စုနှင့်တူ၏။ သံသရာ၌ ပညာမွဲ၍မဆုံး တန်ခိုးကျက်သရေမွဲ၍ မဆုံး အပါယ်လေးပါးကျ၍မဆုံး ရှိပေရာ၏။

- စာပေကျမ်းဂန်တို့သည် အနည်းငယ်မျှသာ, သီလ သမာဓိကို လည်း အတု အပမျှသာ, မဂ် ဖိုလ် နိဗ္ဗာန်ကိုလည်း ဆိုမြည် ယောင်ယမ်းကာမျှသာဖြစ်သော ယောကျ်ား မိန်းမစုသည် သူဌေးကြီး၏ ဒုတိယသား သမီးစုနှင့် တူ၏။ ဖြစ်လေရာရာ သံသရာ၌ လူစဉ်မီကာမျှသာရှိရာ၏။ အပါယ်ငရဲမှ လွတ်ခဲရာ၏။

- စာပေကျမ်းဂန်ကိုလည်း အားထုတ်၏။ သီလ သမာဓိ ပညာ ဟူသော ပဋိပတ်ကိုလည်း အားထုတ်၏။ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော ပဋိဝေဓဓမ္မကိုလည်း အလွန်လိုလား၏။ ထိုယောကျ်ား မိန်းမစု သည် သူဌေးကြီး၏ တတိယသားသမီးစုနှင့် တူ၏။ ဖြစ်လေ ရာရာ သံသရာဘဝတို့၌ အသိအလိမ္မာ ဉာဏ်ပညာနှင့်လည်း ပြည့်စုံလတ္တံ။ ဘုန်းတန်ခိုး ကျက်သရေလည်း ကြီးမြတ်လတ္တံ့။ မဂ်ဖိုလ် နိဗ္ဗာန်နှင့်လည်း နီးလွယ်လတ္တံ့။

ပရိယတ္တိဓမ္မအမွေတော်၌ တစ်ပုဒ်တစ်ဂါထာမျှတတ်သော သူထက်, နှစ်ပုဒ်နှစ်ဂါထာ တတ်သောသူက နောက်နောက်ဘဝတို့၌ အသိအလိမ္မာ ဉာဏ်ပညာနှစ်ဆ သာလတ္တံ့။ နှစ်ပုဒ် နှစ်ဂါထာတတ်သော သူထက် လေးပုဒ် လေးဂါထာတတ်သောသူက နောက်နောက်ဘဝတို့၌ အသိအလိမ္မာ နှစ်ဆ သာလတ္တံ့။

ဤသို့လျှင် ဗုဒ္ဓဘာသာဖြစ်ကြသော ယခုဘဝ၌ ဓမ္မအမွေတော်ကို အလို ဆန္ဒနည်းပါးကြသော ယောကျ်ား မိန်းမတို့နှင့် ဓမ္မအမွေတော်ကို အလိုဆန္ဒ ကြီးမားကြပေသော ယောကျ်ားမိန်းမတို့၏ နောက်နောက် ဘဝတို့၌ အယုတ်အမြတ်အားဖြင့် ထူးခြားသွားကြပုံကို အကုန်မြော် မိကြကုန်ရာ၏။

အနိယာမ, နိယာမ ဓမ္မအမွေနှစ်မျိုး

ထိုဓမ္မအမွေတော်သည် အနိယမဓမ္မ အမွေတော်, နိယာမဓမ္မ အမွေတော် ဟူ၍ နှစ်ပါးရှိ၏။ အကြင်ယောကျ်ား မိန်းမတို့အား မိမိ၏ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ငါ၏ကိုယ် ငါ၏အတ္တဟူ၍ ပုဂ္ဂိုလ် သတ္တဝါဟူ၍ ယောက်ျား မိန်းမဟူ၍ ထင်မြင်စွဲ၍နေသော သက္ကာယဒိဋ္ဌိ တရားသည်ရှိနေ၏။ ထိုယောကျ်ား မိန်းမတို့အား ယခုဘဝ၌ရရှိနေသော စာပေပရိယတ္တိစု သီလ သမာဓိ ပညာစုသည် အနိယာမဓမ္မ အမွေစုသာ ဖြစ်၏။ ယခုဘဝမှ သေလွန်ကြသည့်နောက် အကုန်ပျောက်ဆုံးခြင်း သဘောရှိ၏။

အကြင်ယောကျ်ား မိန်းမတို့အား ဝိပဿနာဘာဝနာကို ကောင်းစွာ စွဲမြဲကြသဖြင့် ပြဆိုအပ်ခဲ့ပြီးသော သက္ကာယဒိဋ္ဌိသည် အကြွင်းမဲ့ ချုပ် ငြိမ်း၏။ ထိုယောကျ်ား မိန်းမတို့အား ယခုဘဝ ဓမ္မအမွေတော်သည် နိယာမဓမ္မအမွေတော် ဖြစ်လေ၏။ ယခုဘဝမှစ၍ အနုပါဒိသေသ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် အစဉ်မြဲလေ၏။

ယခုဘဝ တတ်သိရရှိသော ပရိယတ္တိဓမ္မစုသည် ကွယ်ပျောက် သည် မရှိပြီ။ ငါးပါးသီလ, အာဇီဝဋ္ဌမက သီလစုသည် အစဉ်မြဲလေ တော့သည်။ အနာထပိဏ် သူဌေးကြီး, ဝိသာခါ ဒါယိကာမကြီးတို့ကဲ့သို့ သဥပါဒိသေသ ပထမနိဗ္ဗာန်ဘုံစဉ်စံအဖြစ်သို့ ရောက်ကြလေတော့ သည်။

နိယာမဓမ္မအမွေ ဖြစ်ကြစေလို

ထို့ကြောင့် အလွန်တရာ တွေ့ကြုံခဲလှစွာသော သဗ္ဗညု မြတ်စွာ ဘုရား၏ အမွေခံသားတော် သမီးတော်အဖြစ်သို့ ရောက်ကြကုန်ပြီးမှ သေလွန်သည့် နောက်ကာလ၌ ဓမ္မအမွေတော်ကို စွန့်ပစ်ခဲ့၍ နစ်မြဲနစ်ငုတ်မြဲ ငုတ်-မြုပ်မြဲ မြုပ် မျောမြဲမျော၍ မသွားကြရအောင် နိယာမဓမ္မ အမွေတော်များကို ကြိုးစားအားထုတ်၍ ခံယူကြကုန်ရာသတည်း။

အဋ္ဌကထာမိန့်ဟ ဓမ္မအမွေ

အဋ္ဌကထာ၌ကား ပရိယာယဓမ္မ အမွေ, နိပ္ပရိယာယဓမ္မအမွေဟူ၍ ဓမ္မအမွေနှစ်မျိုးခွဲ၏။ လောကုတ္တရာတရား ကိုးပါးသည် နိပ္ပရိယာယ ဓမ္မအမွေ မည်၏။ နိဗ္ဗာန်ကို ရည်စူး၍ပြုအပ်သော ဝိဝဋ္ဋနိဿိတဒါန နှင့်တကွ လောကီဖြစ်သော ဗောဓိပက္ခိယတရားစုသည် ပရိယာယ ဓမ္မအမွေမည်၏။

နိဂုံးစကား

ဤတွင်ရွေ့ကား ပင်လယ်ပြင်တွင် စီရင်ရေးသားအပ်သော “သာသနဒါယဇ္ဇတရား”သည် ရန်ကုန်ဆိပ်ကမ်းသို့ မကပ်မီ နာရီပြန် တစ်ချက်တွင် အောင်မြင်ပြီးစီးလေသတည်း။

မှတ်ချက်

သက္ကရာဇ် ၁၂၆၉-ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈-ရက်နေ့ နာရီပြန် ၁- ချက်အချိန် စစ်တွေမြို့မှ တရားဟော၍ ပြန်လာစဉ် ရန်ကုန်ဆိပ်ကမ်းသို့ မကပ်မီတွင် ဤ “သာသနဒါယဇ္ဇတရား ဒီပနီကျမ်း” ပြီးစီး၏-ဟု ဆို လိုပေသတည်း။

သာသနဒါယဇ္ဇ ဒီပနီကျမ်းပြီးပြီ။

--------*--------

Comments

Popular posts from this blog

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဝိနယဝိနိစ္ဆယော

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...