Skip to main content

ငါးရာငါးဆယ်ဇာတ်ဝတ္ထု -ပဉ္စမတွဲ

ငါးရာငါးဆယ်ဇာတ်ဝတ္ထု

မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဉ္စမတွဲ

တိံသနိပါတ်

၁။ ကိံဆန္ဒဇာတ်

နေ့စံ၍ ညဉ့်ခံရခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကိံဆန္ဒော ကိမဓိပ္ပါယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကိံဆန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဥပုသ်ဆောက်တည်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ တနေ့သ၌ သဗ္ဗညူ မြတ်စွာဘုရားသည် တရားနာအံ့သောငှါ လာလတ်ကုန်၍ တရားသဘင်၌ နေကုန်သော ဥပုသ်ဆောက်တည်ကုန်သော များစွာကုန်သော ဒါယကာယောက်ျား, ဒါယိကာမိန်းမတို့ကို သင်ဒါယကာ ဒါယိကာမတို့သည် ဥပုသ် ဆောက်တည်ကြသလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသောအရှင်ဘုရား- ဥပုသ်ဆောက်တည်သည် မှန်ပါကုန်၏ဟု နားတော် လျှောက်ကုန်လတ်သော် ဥပုသ်ဆောက်တည်ခြင်းကို ပြုကုန်သော သင်ဒါယကာ ဒါယိကာမတို့သည် ကောင်းသောအမှုကို ပြုအပ်ကုန်၏။ ရှေးသူဟောင်းတို့သည် ထက်ဝက်သော ဥပုသ်အကျိုးဆက်ကြောင့် များစွာသော စည်းစိမ်အခြံအရံကို ရဘူးကုန်ပြီဟု မိန့်တော်မူ၍ ထိုဒါယကာတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့- လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် တရားနှင့်အညီ မင်းပြုသည်ရှိသော် သဒ္ဓါတရားနှင့်ပြည့်စုံ၏။ အလှူပေးခြင်း သီလဆောက်တည်ခြင်း၊ ဥပုသ်ဆောက်တည်ခြင်းအမှု၌ မမေ့မလျော့ဖြစ်၏။ မင်းမှကြွင်းသော မှူးမတ်စသော သူတို့ကိုလည်း အလှူပေးခြင်း အစရှိသည်တို့၌ ဆောက်တည်စေ၏။ ထိုမင်း၏ ပုရောဟိတ် ပုဏ္ဏားသည်ကား သူတပါးတို့၏ ကျောက်ကုန်းသားကို စားသည်နှင့်တူသော တံစိုးစားတတ်သော စဉ်းလဲသော တရားသူကြီး ဖြစ်၏။ မင်းသည် ဥပုသ်နေ့၌ မှူးမတ်အစရှိသော သူတို့ကိုခေါ်၍ သင်တို့သည် ဥပုသ်ဆောက်တည်ကြကုန်လော့ဟု ဆို၏။ ပုရောဟိတ်ပုဏ္ဏားသည် ဥပုသ်ကို မဆောက်တည်၊ ထိုအခါ တနေ့သ၌ တံစိုးစား၍ စဉ်းလဲသောတရားကို စီရင်ပြီးလျှင် မင်းအား ခစားအံ့သောငှာ လာသော ထိုပုရောဟိတ် ပုဏ္ဏားကို မင်းသည် သင်တို့သည် ဥပုသ်ဆောက်တည်ကုန်၏လောဟု မှူးမတ်တို့ကိုမေးပြီးလျှင် ဆရာ- ဆရာသည်လည်း ဥပုသ် ဆောက်တည်၏လောဟု မေး၏။ ထိုပုရောဟိတ်သည် အရှင်မင်းကြီး ဆောက်တည်ပါ၏ဟု မုသာဝါဒကို ဆို၍ ပြာသာဒ်မှ သက်၏။

ထိုအခါ ပုရောဟိတ်ကို တယောက်သော အမတ်သည် ဆရာတို့သည် ဥပုသ် ဆောက်တည်သည် မဟုတ်လောဟု မေး၏။ ထိုပုရောဟိတ်သည် ငါကား နံနက်ခါ၌သာ စား၏။ အိမ်သို့ ရောက်လတ်သော် ခံတွင်းကိုဆေးပြီးလျှင် ဥပုသ်ဆောက်တည်၍ ညအခါ မစားမူ၍ ညဉ့်၌ သီလကိုစောင့်အံ့၊ ဤသို့ စောင့်သည်ရှိသော် ငါ့အား ထက်ဝက်သော ဥပုသ်ကို ဆောက်တည်သည် ဖြစ်လတ္တံ့ဟုဆို၏။ ဆရာ- ကောင်းပြီဟု ဆိုလတ်သော် ထိုပုရောဟိတ်သည် အိမ်သို့ သွား၍ ဆိုတိုင်း ပြု၏။

တဖန် တနေ့သ၌ ထိုပုရောဟိတ်သည် တရားဆုံးဖြတ်ရာ၌ နေသည်ရှိသော် တယောက်သော သီလရှိသော မိန်းမသည် တရားဆိုသည်ရှိသော် အိမ်သို့သွားခြင်းငှါ မရ၍ ငါသည် ဥပုသ်ဆောက်တည်ခြင်းအမှုကို မလွန်စေအံ့ဟု ကြံ၍ မွန်းတည့်အခါ နီးလတ်သော် ခံတွင်းကို ဆေးခြင်းငှါ အားထုတ်၏။ ထိုခဏ၌ ပုရောဟိတ်အား ကောင်းစွာမှည့်သော သရက်သီးခိုင်ကို ဆောင်ခဲ့၏။ ထိုပုရောဟိတ်သည် ထိုမိန်းမ ဥပုသ်ဆောက်တည်သော အဖြစ်ကိုသိ၍ သင်သည် ဤသရက်သီးတို့ကို စား၍ ဥပုသ် ဆောက်တည်လော့ဟု သရက်သီးကို ပေး၏။ ထိုမိန်းမသည် ပုဏ္ဏားဆိုတိုင်း ပြု၏။ ဤမျှ သရက်သီးပေးခြင်းသည် ပုဏ္ဏား၏ ကောင်းမှုတည်း၊ ထိုပုဏ္ဏားသည် နောက်အဘို့၌ သေ၍ ဟိမဝန္တာအရပ်ဝယ် ကောသိကီမည်သော မြစ်ကမ်းနား၌ သုံးယူဇနာရှိသော သရက်ဥယျာဉ်၌ မွေ့လျော်ဘွယ်ရှိသောမြေအဘို့၌ တင့်တယ်ခြင်းသို့ရောက်သော ရွှေဗိမာန်၌ တန်ဆာဆင်သော ကြက်သရေရှိသော အိပ်ရာ၌ အိပ်ပျော်သောသူသည် နိုးသကဲ့သို့ ဖြစ်၏။ တန်ဆာဆင်ခြင်းနှင့် စပ်သော မြတ်သောအဆင်းကို ဆောင်သော တသောင်း ခြောက်ထောင်သော နတ်သ္မီးအခြံအရံ ရှိ၏။

ထိုပုဏ္ဏားသည် ညဉ့်၌သာလျှင် ထိုသို့သော ကြက်သရေနှင့် ပြည့်စုံသော စည်းစိမ်ချမ်းသာကို ခံစားရ၏။ ထိုစကားသည် မှန်၏။ ထိုပုဏ္ဏားအား ဝေမာနိက ပြိတ္တာအဖြစ်ဖြင့် ကံနှင့်တူသော အကျိုးသည်ဖြစ်၏။ ထို့ကြောင့် အရုဏ်တက်လတ်သော် သရက်ဥယျာဉ်သို့ ဝင်ရ၏။ ထိုသို့ ဝင်သောခဏ၌လျှင် ထိုပုဏ္ဏား၏ နတ်၌ဖြစ်သော ကိုယ်အဖြစ်သည် ကွယ်၍ အတောင်ရှစ်ဆယ် ထန်းပင်ပမာဏရှိသော ကိုယ်ရှိသည်ဖြစ်၏။ အလုံးစုံသော ကိုယ်သည် လောင်၏။ ပင်လုံးကျွတ်ပွင့်သော ပေါက်ပင်ကဲ့သို့ ဖြစ်၏။ လက်နှစ်ဘက်တို့၌ တချောင်းစီသာဖြစ်သော လက်ချောင်းတို့သည် ရှိကုန်၏။ ပေါက်တူးကြီး ပမာဏရှိသော လက်သည်းတို့သည် ဖြစ်ကုန်၏။ ထိုလက်သည်းဖြင့် မိမိကျောက်ကုန်းသားကို ခွဲနုတ်၍စားလျှက် ဆင်းရဲဝေဒနာသို့ ရောက်သည်ဖြစ်၍ သည်းစွာသော အသံကို မြည်တမ်းလျှက် ဆင်းရဲကိုခံရ၏။ နေဝင်သည်ရှိသော် ထိုကိုယ်သည်ကွယ်၍ နတ်၌ဖြစ်သောကိုယ်သည် ဖြစ်၏။ တန်ဆာဆင်အပ်သော တသောင်း ခြောက်ထောင်ကုန်သော နတ်သ္မီးတို့သည် အထူးထူးသော တီးမှုတ်မျိုးတို့ကိုကိုင်၍ ခြံရံကုန်၏။ ထိုပုဏ္ဏားသည် ကြီးစွာသော စည်းစိမ်ကိုခံစား၍ မွေ့လျော်ဘွယ်ရှိသော သရက်ဥယျာဉ်၌ နတ်၏ ပြာသာဒ်သို့ တက်၏။

ထိုပုဏ္ဏားသည် ဥပုသ်ဆောက်တည်သော မိန်းမအား သရက်သီး ပေးခဲ့ဘူးသော အကျိုးဆက်ကြောင့် သုံးယူဇနာရှိသော သရက်ဥယျာဉ်ကို ရ၏။ တံစိုးစား၍ စဉ်းလဲသောတရားကို စီရင်သော အကျိုးဆက်ကြောင့်ကား မိမိ ကျောက်ကုန်းသားကို နုတ်၍စားရ၏။ ထက်ဝက်သော ဥပုသ်၏ အကျိုးဆက်ကြောင့် ညဉ့်အခါ၌ စည်းစိမ်ကို ခံစားရ၏။ တသောင်း ခြောက်ထောင်သော နတ်သ္မီးကချေသည်အပေါင်း ခြံရံလျက် ခံစားရ၏။

ထိုအခါ ဗာရာဏသီမင်းသည် ကာမတို့၌ အပြစ်ကိုမြင်၍ ရသေ့ရဟန်းပြု၍ ဂင်္ဂါအကြေ၌ မွေ့လျော်ဘွယ်ရှိသော မြေအရပ်ဝယ် ကျောင်းဆောက်၍ ဆွမ်းခံသော အကျင့်ဖြင့် မျှလျှက်နေ၏။ ထိုအခါ တနေ့သ၌ ထိုသရက်ဥယျာဉ်မှ အိုးစရည်းကြီး ပမာဏရှိသော သရက်သီးမှည့်သည် ဂင်္ဂါမြစ်၌ကျ၍ မြစ်ရေအယဉ်ဖြင့် မျောလာသော ထိုသရက်သီးသည် ထိုရသေ့ နေရာကျောင်းသို့ ရှေးရှုရောက်လေ၏။ ထိုရသေ့သည် မျက်နှာသစ်သည်ရှိသော် မြစ်လယ်၌ မျော၍ လာလတ်သော ထိုသရက်သီးကို မြင်လျှင် ရေ၌ကူးလျက် သွားသဖြင့် ယူ၍ ကျောင်းသို့ဆောင်ခဲ့ပြီးလျှင် မီးတင်းကုပ်၌ထား၍ ဓားငယ်ဖြင့်ခွဲ၍ မျှလောက်ရုံသာ စားပြီးလျှင် အကြွင်းကို ငှက်ပျောရွက်တို့ဖြင့် ဖုံးလွှမ်း၍ အဖန်တလဲလဲ နေ့တိုင်းနေ့တိုင်း ကုန်သည့်တိုင်အောင် စားရ၏။ ထိုသရက်သီး ကုန်လတ်သော် တပါးသော သစ်သီးကြီးငယ်ကို စားခြင်းငှါ မတတ်နိုင်၊ ရသတဏှာဖြင့် နှောင်ဖွဲ့၍ ထိုသရက်သီးမှည့်ကိုသာလျှင် ငါစားအံ့ဟု ကြံလျက် မြစ်နားသို့သွား၍ မြစ်ကိုကြည့်လတ်၍ သရက်သီးကို မရလျှင် ငါမထအံ့ဟု ဆုံးဖြတ်ခြင်းကို ပြု၍ နေ၏။

ထိုရသေ့သည် ထိုမြစ်နား၌လျှင် အာဟာရကင်းလျက် ခြောက်ရက်ပတ်လုံး အစာအာဟာရ ကင်းသည်ဖြစ်၍ လေနေပူကြောင့် ခြောက်တပ်လျက် နေ၏။ ထိုအခါ ခုနစ်ရက်မြောက်သောနေ့၌ မြစ်စောင့်နတ်သ္မီးသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ ဤရသေ့သည် တဏှာအလိုသို့လိုက်၍ ခုနစ်ရက်ပတ်လုံး အစာကင်းသည်ဖြစ်၍ မြစ်ကိုကြည့်လျက်နေ၏။ ဤရသေ့အား သရက်သီးမှည့်ကို မပေးဘဲ နေခြင်းငှါ မသင့်၊ သရက်သီးကို မရသော် သေလတ္တံ့၊ ငါပေးအံ့ဟု ကြံပြီးလျှင် သွား၍ ဂင်္ဂါမြစ်၏အထက် ကောင်းကင်၌ ရပ်၍ ထိုရသေ့နှင့်တကွ စကားပြောလိုရကား-

။ ကိံ ဆန္ဒော ကိမဓိပ္ပါယော၊ ဧကော သမ္မသိ ဃမ္မနိ။
ကိံပတ္ထယာနော ကိံဧသံ၊ ကေနအတ္ထေန ဗြာဟ္မဏ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ ကိံ ဆန္ဒော၊ အဘယ်ကို အလိုရှိသည်ဖြစ်၍။ ကိံ အဓိပ္ပါယော၊ အဘယ်စိတ်ရှိသည်ဖြစ်၍။ ကိံပတ္ထယာနော၊ အဘယ်ကို တောင့်တသည်ဖြစ်၍။ ကိံ၊ အဘယ်ကို။ ဧသံ-ဧသန္တော၊ ရှာသည်ဖြစ်၍။ ကေန အတ္ထေန၊ အဘယ်အကြောင်းကြောင့်။ တွံ၊ သင်ရှင်ရသေ့သည်။ ဧကော၊ တယောက်အထီးတည်း။ ဃမ္မနိ၊ ပူစွာသော နေ့အခါ၌။ သမ္မသိ၊ နေဘိသနည်း။

ထိုနတ်သ္မီး စကားကိုကြား၍ ရသေ့သည် နတ်သ္မီးအား အကြောင်းကို ကြားလိုရကား-

။ ယထာ မဟာ ဝါရိဓရော၊ ကုမ္ဘော သုပရိဏာမဝါ။
တထူပမံ အမ္ဗပက္ကံ၊ ဝဏ္ဏ ဂန္ဓ ရသုတ္တမံ။
။ တံ ဝုယှမာနံ သောတေန၊ ဒိသာနာ မလမဇ္ဈိမေ။
ပါဏိဘိ နံ ဂဟေတွာန၊ အဂျာယတန မာဟရိ။
။ တတော ကဒလိပတ္တေသု၊ နိက္ခိပိတွာ သယံ အဟံ။
သတ္ထေန နံ ဝိကပ္ပေတွာ၊ ခုပ္ပိပါသံ ပဟာသိ မေ။
။ သောဟံ အပ္ပေတဒရထော၊
ဗျန္တိဘူတော ဒုက္ခက္ခမော။
အဿာဒံ နာဓိဂစ္ဆာမိ၊ ဖလေသွညေသု ကေသုစိ။
။ သောသေတွာ နူန မရဏံ၊ တံ မမံ အာဝဟိဿတိ။
အမ္ဗံ ယဿ ဖလံ သာဒု၊ ယ မုဒ္ဓရိ ဝုယှမာနံ။
ဥဒဓိသ္မာ မဟဏ္ဏဝေ။
။ အက္ခာတံ တေ မယာ သဗ္ဗံ၊ ယသ္မာ ဥပဝသာ မဟံ။
ရမ္မံ ပဋိ နိသိန္နာသ္မိ၊ ပုထုလောမာယုတာ ပုထု။
။ တွဉ္စ ခေါ မေဝ အက္ခာဟိ၊ အတ္တာန မပလာယိနိ။
ကာ ဝါ တွမသိ ကလျာဏေ၊
ကိဿ ဝါ တွံ သုမဇ္ဈိမေ။
။ ရူပ ပဋလ မဋ္ဌီဝ၊ ဗျဂ္ဃီဝ ဂိရိသာနုဇာ။
ယာ သန္တိ နာရိယော ဒေဝေသု၊
ဒေဝါနံ ပရိစာရိကာ။
၁၀။ ယာစ မနုဿလောကသ္မိံ၊ ရူပေ နာနုဂတိတ္ထိယော။
ရူပေန တေ သာဒိသီ နတ္ထိ၊
ဒေဝေသု ဂန္ဓဗ္ဗမနုဿလောကေ။
ပုဋ္ဌာသိ မေ စာရုပုဗ္ဗင်္ဂီ ဗြူဟိ၊
အက္ခာဟိ မေ နာမဉ္စ ဗန္ဓဝေ စ။

ဟူသော ဤကိုးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂။ အမလမဇ္ဈိမေ၊ အညစ်အကြေးကင်းသော ခါးရှိသော နတ်သ္မီး။ ဝါရိဓရော၊ ရေကိုဆောင်သော။ သုပရိဏာမဝ၊ ကောင်းသော သဏ္ဌာန်ရှိသော။ မဟာကုမ္ဘော ယထာ၊ အိုးကြီးကဲ့သို့။ တထူပမံ၊ ထိုအိုးကြီး ပမာဏရှိသော။ ဝဏ္ဏဂန္ဓရသုတ္တမံ၊ အဆင်း အနံ့ အရသာနှင့် ပြည့်စုံသော။ သောတေန၊ မြစ်ရေအယဉ်သည်။ ဝုယှမာနံ၊ မျှောအပ်သော။ အမ္ဗပက္ကံ၊ သရက်သီးမှည့်ကို။ ဒိသွာန၊ မြင်၍။ နံ၊ ထိုသရက်သီးမှည့်ကို။ ပါဏိဘိ၊ လက်တို့ဖြင့်။ ဂဟေတွာန၊ ယူ၍။ အဂျာယတနံ၊ မီးတင်းကုပ်သို့။ အာဟရိ၊ ဆောင်ပြီ။

֍ ဋ္ဌ ၄။ ဒေဝဓီတေ၊ နတ်သ္မီး။ တတော၊ ထိုသို့ ဆောင်ယူပြီးမှ။ ကဒလိပတ္တေသု၊ ငှက်ပျောရွက်တို့၌။ နိက္ခိပိတွာ၊ ထား၍။ အဟံ၊ ငါသည်။ သယံ၊ ကိုယ်တိုင်။ နံ၊ ထိုသရက်သီးကို။ သတ္ထေန၊ ဓားငယ်ဖြင့်။ ဝိကပ္ပေတွာ၊ လှီး၍။ ခါဒိ၊ စားပြီ။ အမ္ဗော၊ သရက်သီးသည်။ မေ၊ ငါ၏။ ခုပ္ပိပါသံ၊ မွတ်သိပ်ခြင်းကို။ ပဟာသိ၊ ပယ်ပြီ။

֍ ဋ္ဌ ၅။ ဒေဝဓီတေ၊ နတ်သ္မီး။ အပ္ပေတဒရထော၊ ကင်းသော ပူပန်ခြင်းရှိသော။ သော အဟံ၊ ထိုငါသည်။ ဗျန္တိဘူတော၊ ကုန်ပြီးသော သရက်သီး ရှိသည်ဖြစ်၍။ ဒုက္ခက္ခမော၊ ကောင်းသော အရသာကို မရခြင်းကြောင့် ကိုယ်၏ မခံ့ခြင်းရှိလျက်။ ကေသုစိ၊ အချို့ကုန်သော။ အညေသု၊ သရက်သီးကြီးမှ တပါးကုန်သော။ ဖလေသု၊ ငှက်ပျောသီး, ပိန္နဲသီးအစရှိသော သစ်သီးတို့၌။ အဿာဒံ၊ ကောင်းမြတ်သော အရသာကို။ နာဓိဂစ္ဆာမိ၊ မရ။

֍ ဋ္ဌ ၆။ ဒေဝဓီတေ၊ နတ်သ္မီး။ ယံ ဖလံ၊ အကြင်သရက်သီးသည်။ မမ၊ ငါ၏။ သာဒု၊ ချိုမြန်ခြင်းသည်။ အဿ၊ ဖြစ်ရာ၏။ မဟဏ္ဏဝေ၊ နက်ကျယ်သော များသော ရေရှိသော မြစ်ကြီး၌။ ဝုယှမာနံ၊ မျောသော။ ယံ အမ္ဗံ၊ အကြင်သရက်သီးကို။ ဥဒဓိသ္မာ၊ မြစ်မှ။ ဥဒ္ဓရိ၊ ဆယ်တင်၏။ တံ အမ္ဗံ၊ ထိုသရက်သီးသည်။ မမံ၊ ငါ့ကို။ သောသေတွာ၊ ခြောက်တပ်စေ၍။ မရဏံ၊ သေခြင်းသို့။ အာဝဟိဿတိ နူန၊ ဆောင်အံ့သည်တကား။

֍ ဋ္ဌ ၇။ ဒေဝမီတေ၊ နတ်သ္မီး။ ယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ ငါသည်။ ဥပဝသာမိ၊ မွတ်သိပ်ခြင်း ချင်ခြင်းတို့ကြောင့် မြစ်၏အနီးသို့ ကပ်၍ နေ၏။ တံ သဗ္ဗံ၊ ထိုအလုံးစုံသော အကြောင်းကို။ တေ၊ သင်နတ်သ္မီးအား။ မယာ၊ ငါသည်။ အက္ခာတံ၊ ကြားအပ်ပြီ။ အယံ နဒီ၊ ဤမြစ်သည်။ ပုထုလောမာယူတာ၊ ကြီးစွာသော နှုတ်သီးအမွေးရှိကုန်သော ငါးတို့နှင့်ယှဉ်၏။ ပုထု၊ အပြော ကျယ်၏။ ရမ္မံ၊ မွေ့လျော်ဘွယ်ရှိသော မြစ်ကို။ ပဋိ၊ စွဲ၍။ နိသိန္ဓော၊ နေသည်။ အသ္မိ၊ ဖြစ်၏။

֍ ဋ္ဌ ၈။ အပလာယိနီ၊ မသွားမူ၍ ငါ၏ ရှေးရှူရပ်သော နတ်သမီး။ တွဉ္စ ခေါ၊ သင်သည်လျှင်။ မေ၊ ငါ့အား။ အတ္တာနံ ဧဝ၊ မိမိကိုယ်ကိုလျှင်။ အက္ခာဟိ၊ ကြားလော့။ တွံ၊ သင်သည်။ ကာ ဝါ၊ အဘယ်သူသည်မူလည်း။ အသိ၊ ဖြစ်သနည်း။ ကလျာဏေ၊ ကောင်းခြင်း ငါးပါးနှင့် ပြည့်စုံသော။ သုမဇ္ဈိမေ၊ တင့်တယ်သော ခါးရှိသော နတ်သ္မီး။ တွံ၊ သင်သည်။ ကိဿ ဝါ၊ အဘယ်အကြောင်းကြောင့်။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ လာသနည်း။

֍ ဋ္ဌ ၉။ ဒေဝဓီတေ၊ နတ်သ္မီး။ တွံ၊ သင်သည်။ ရူပပဋလမဋ္ဌီဝ၊ ကောင်းစွာ ချောမော ပြေပြစ်သော ရွှေပြားကဲ့သို့၎င်း။ ဂိရိသာနုဇာ၊ တောင်လျဉ် တောင်ဝှမ်း၌ ဖြစ်သော။ ဗျဂ္ဃီ ဣဝ၊ တင့်တယ် စံပယ်ခြင်းနှင့် ပြည့်စုံသော ကျားမကဲ့သို့၎င်း။ သောဘတိ၊ တင့်တယ်၏။ ဒေဝေသု၊ နတ်တို့တွင်။ ဒေဝါနံ၊ နတ်ပြည်ခြောက်ထပ် နတ်တို့၏။ ပရိစာရိကာ၊ အလုပ်အကျွေးဖြစ်ကုန်သော။ ယာ နာရိယော စ၊ အကြင် နတ်မိန်းမတို့သည်၎င်း။ မနုဿလောကသ္မိံ၊ လူ့ပြည်၌။ ယာ နာရိယော စ၊ အကြင် မိန်းမတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ဒေဝေသု စ၊ နတ်ပြည် ခြောက်ထပ်တို့၌၎င်း။ ဂန္ဓဗ္ဗေသု စ၊ အမြစ်နံ့သာ အရွက်နံ့သာ အခေါက်နံ့သာ အစရှိသည်တို့ကိုမှီကုန်သော ဂန္ဓဗ္ဗနတ်တို့၌၎င်း။ မနုဿလောကေ စ၊ လူ့ပြည်၌၎င်း။ ဇာတာသု၊ ဖြစ်ကုန်သော မိန်းမတို့တွင်။ တေ၊ သင်နှင့်။ ရူပေန၊ အဆင်းအားဖြင့်။ အနုဂတာ၊ တူသောအဖြစ်သို့ ရောက်ကုန်သော။ ဣတ္ထိယော၊ မိန်းမတို့သည်။ နတ္ထိ၊ မရှိကုန်။ တေ၊ သင်နှင့်။ ရူပေန၊ လုံးရပ်သဏ္ဌာန်အားဖြင့်။ သာဒိသီ၊ တူသော မိန်းမတို့သည်။ နတ္ထိ၊ မရှိကုန်။ စာရုပုဗ္ဗင်္ဂီ၊ ရွှေအဆင်းနှင့်တူသော ဦရုလက္ခဏာနှင့် ပြည့်စုံသော နတ်သ္မီး။ တံ၊ သင့်ကို။ မေ၊ ငါသည်။ ပုဋ္ဌော၊ မေးအပ်သည်။ အသိ၊ ဖြစ်၏။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ နာမဉ္စ၊ အမည်အနွယ်ကို၎င်း။ ဗန္ဓဝေ စ၊ အမျိုးကို၎င်း။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

ထို့နောင်မှ ရေစောင့်နတ်သမီးသည် ရသေ့အား အကြောင်းကို ကြားလိုရကား-

၁၁။ ယံ တွံ ပဋိ နိသိန္နောသိ၊ ရမ္မံ ဗြာဟ္မဏ ကောသိကိံ။
သာဟံ ဘုသာလယေ ဝုတ္ထာ၊ ဝရဝါရီဝဟောဃသာ။
၁၂။ နာနာ ဒုမဂဏာ ကိဏ္ဏာ၊ ဗဟုကာ ဂိရိကန္ဒရာ။
မမေဝ ပမုခါ ဟောန္တိ၊ အဘိသန္ဒန္တိ ပါဝုသေ။
၁၃။ အထော ဗဟူ ဝနတောဒါ၊ နီလဝါရိဝဟိဒ္ဓရာ။
ဗဟုကာ နာဂဝိတ္တောဒါ၊ အဘိသန္ဒန္တိ ဝါရိနာ။
၁၄။ တာ အမ္ဗ ဇမ္ဗု လဗုဇာ၊ နီပါ တာလမုဒုမ္ဗရာ။
ဗဟူနိ ဖလဇာတာနိ၊ အာဝဟန္တိ အဘိဏှသော။
၁၅။ ယံ ကိဉ္စိ ဥဘတော တီရေ၊ ဖလံ ပတတိ အမ္ဗုနိ။
အသံသယန္တံ သော တဿ၊ ဖလံ ဟောတိ ဝသာနုဂံ။
၁၆။ ဧတဒညာယ မေဓာဝီ၊ ပုထုပည သုဏောဟိ မေ။
မာ ရောစယ မဘိသင်္ဂံ၊ ပဋိသေဓ ဇနာဓိပ။
၁၇။ နဝါဟံ ဝဍ္ဎဝံ မညေ၊ ယံ တွံ ရဋ္ဌာဘိဝဍ္ဎန။
အာစေယမာနော ရာဇိသိ၊ မရဏံ အဘိကင်္ခသိ။
၁၈။ တဿ ဇာနန္တိ ပိတရော၊ ဂန္ဓဗ္ဗာ စ သဒေဝကာ။
ယေပိ ဣသယော လောကေ၊ သညတတ္တာ တပဿိနော။
အသံသယံ တေပိ ဇာနန္တိ၊ သဏှဘူတာ ယသဿိနော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ တွံ၊ ရှင်ရသေ့သည်။ ရမ္မံ၊ မွေ့လျော်ဘွယ်ရှိသော။ ယံ ကောသိကိံ၊ အကြင်ကောသိကီမြစ်ကို။ ပဋိ၊ စွဲ၍။ နိသိန္နော၊ နေသည်။ အသိ၊ ဖြစ်၏။ သာ အဟံ၊ ထိုအကျွန်ုပ်သည်။ တတ္ထ၊ ထိုမြစ်၌။ ဘုသာလယေ၊ ပြင်းသော ရေအယဉ်ရှိသော မြစ်၌တည်သော ဗိမာန်၌။ အဝုတ္ထာ၊ အစိုးရသဖြင့် နေသော နတ်သ္မီးတည်း။ ဝရဝါရိဝဟောဃသာ၊ မြတ်သော ရေအယဉ်နှင့် ပြည့်စုံကုန်သော။ နာနာဒုမဂဏာကိဏ္ဏာ၊ အထူးထူးသော သစ်ပင်အပေါင်းတို့ဖြင့် ပြွမ်းထသော။ ဗဟုကာ၊ များစွာကုန်သော။ ဂိရိကန္ဒရာ၊ တောင်မြောင် ချောက်ကြားမှ စီးကုန်သော မြစ်တို့သည်။ ပါဝုသေ၊ မိုဃ်းလအခါ၌။ အဘိသန္ဒန္တိ၊ စီးဝင်လာကုန်၏။ တာ၊ ထိုမြစ်တို့သည်။ မမေဝ၊ ငါ့ကိုသာလျှင်။ ပမုခါ- ပမုခံ၊ အကြီးအမြတ်ကို။ ဟောန္တိ-ကရောန္တိ၊ ပြုကုန်၏။

֍ ဋ္ဌ ၁၃။ အထော၊ ထိုမြို့။ ဗဟူ၊ များစွာကုန်သော။ ဝနတောဒါ၊ တော၌ဖြစ်ကုန်သော ရေတို့သည်လည်း။ မံ၊ ငါသို့။ အဘိသန္ဒန္တိ၊ စီးဝင်လာကုန်၏။ နီလဝါရိဝဟိဒ္ဓရာ၊ မြအဆင်းနှင့်တူသော စိမ်းညိုသော ရေနှင့်ယှဉ်သော ရေအစုဟု ဆိုအပ်သော အယဉ်ကို ဆောင်ကုန်သော။ နာဂဝိတ္တောဒါ၊ နဂါးတို့၏ နှစ်သက်ခြင်းကို ပြုတတ်သောရေနှင့် ပြည့်စုံကုန်သော။ ဗဟုကာ၊ များစွာကုန်သော မြစ်တို့သည်။ မံ၊ ငါသို့။ ဝါရိနာ၊ ရေဖြင့်။ အဘိသန္ဒန္တိ၊ ပြည့်စေကုန်၏။

֍ ဋ္ဌ ၁၄။ တာ၊ ထိုမြစ်တို့သည်။ အမ္ဗဇမ္ဗုလဗုဇာ၊ သရက်သီး သပြေသီး တောင်ပိန္နဲသီးတို့၎င်း။ နီပါ၊ ကျည်းသီးတို့၎င်း။ တလမုဒုမ္ဗရာ၊ ထန်းသီး ရေသဖန်းသီးတို့၎င်း။ ဗဟူနိ၊ များစွာကုန်သော။ ဖလဇာတာနိ၊ သစ်သီးမျိုးတို့ကို။ အဘိဏှသော၊ မပြတ်။ အာဝဟန္တိ၊ မျှောခဲ့ကုန်၏။

֍ ဋ္ဌ ၁၅။ ဥဘတောတီရေ၊ ကမ်းနားနှစ်ဘက်၌။ ဇာတရုက္ခေဟိ၊ ရောက်ကုန်သော သစ်ပင်တို့မှ။ ယံ ကိဉ္စိ၊ အလုံးစုံသော။ ဖလံ၊ သစ်သီးသည်။ အမ္ဗုနိ၊ ငါ၏ရေ၌။ ပတတိ၊ ကျ၏။ တံ ဖလံ၊ ထိုအလုံးစုံသော သစ်သီးသည်။ အသံသယံ၊ ယုံမှားမဲ့။ သောတဿ၊ မြစ်ရေအယဉ်ဖြင့်။ ဝသာနုဂံ၊ ငါ့အလိုသို့ အစဉ်လိုက်သည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၆။ ပုထုပည၊ ကြီးသော ပညာရှိတော်မူသော။ ဇနာဓိပ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာတော်မူလော့။ အဘိသင်္ဂံ၊ အလွန် တပ်မက်မောသဖြင့် ကပ်ငြိခြင်းကို။ မာ ရောစယ၊ နှစ်သက်တော်မမူလင့်။ မေဓာဝီ၊ ပညာရှိတော်မူသော မင်းမြတ်။ ဧတံ၊ ထို အကျွန်ုပ် စကားကို။ အညာယ၊ သိ၍။ တံ၊ ထို တပ်မက်မောသဖြင့် ကပ်ငြိခြင်းကို။ ပဋိသေဓ၊ မြစ်တော်မူလော့။

֍ ဋ္ဌ ၁၇။ ရဋ္ဌာဘိဝဍ္ဎန၊ ပြည်တိုင်းကား၏ အစီးအပွားကို လွန်စွာ ပွားစေတတ်သော။ ရာဇိသိ၊ မင်းမြတ်။ တွံ၊ သင်မင်းမြတ်သည်။ ယံ- ယသ္မာ၊ အကြင့်ကြောင့်။ အာစေယမာနော၊ အသား, အသွေးတို့ဖြင့်ပွားသော ပျိုငယ်သော အရွယ်သည်။ ဟုတွာ၊ ဖြစ်လျက်။ မရဏံ၊ သစ်သီးကို တပ်မက်မောသဖြင့် သေခြင်းကို။ အဘိကင်္ခသိ၊ အလိုရှိတော်မူ၏။ ဝေ၊ စင်စစ်။ တဝ၊ သင်မင်းမြတ်၏။ ဝဍ္ဎဝံ၊ ပညာရှိသော အဖြစ်ကို။ အဟံ၊ အကျွန်ုပ်သည်။ န မညေ၊ မအောက်မေ့နိုင်။

֍ ဋ္ဌ ၁၈။ ဣသေ၊ ရှင်ရသေ့။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ တဏှာဝသိကော၊ တဏှာအလိုသို့ လိုက်သည်။ ဟောတိ၊ ၏။ တဿ၊ ထို ပုဂ္ဂိုလ်၏။ တဏှာဝသိကဘာဝံ၊ တဏှာအလိုသို့ လိုက်သောအဖြစ်ကို။ ပိတရော စ၊ ဗြဟ္မာတို့သည်၎င်း။ သဒေဝကာ၊ ကာမာဝစရ နတ်နှင့်တကွ ဖြစ်ကုန်သော။ ဂန္ဓဗ္ဗာ စ၊ ဂဗ္ဗနတ်တို့သည်၎င်း။ လောကေ၊ လူ့ပြည်၌။ သညတတ္တာ၊ ကိုယ်နှုတ်နှလုံးကို စောင့်သည်၏ အဖြစ်ကြောင့်။ တပဿိနော၊ ခြိုးခြံသော အကျင့်ရှိကုန်သော။ ယေစာပိ ဣသယော၊ အကြင် ဒိဗ္ဗစက္ခုဉာဏ်နှင့် ပြည့်စုံကုန်သော ရသေ့တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထို အလုံးစုံသော သူတို့သည်လည်း။ အသံသယံ၊ ယုံမှားမရှိ။ ဇာနန္တိ၊ သိကုန်၏။ တေသံ၊ ထိုသူတို့၏။ ယသဿိနော၊ များသော အခြံအရံ ရှိကုန်သော။ သဏှဘူတာ၊ အလုပ်အကျွေး ဖြစ်ကုန်သော သူတို့သည်လည်း။ ဇာနန္တိ၊ သိကုန်၏။

ထို့နောင်မှ ရသေ့သည် မိမိအကြောင်းကို နတ်သမီးအား ကြားလိုရကား-

၁၉။ ဧဝံ ဝိဒိတွာ ဝိဒု သဗ္ဗဓမ္မံ၊ ဝိဓံသနံ စဝနံ ဇီဝိတဿ။
န စိယျတိ တဿ နရဿ ပါပံ၊
သစေ န စေတေတိ ဝဓာယ တဿ။
၂၀။ ဣသိ ပူဂ သမညာ တေ၊
ဧဝံ လောကျာ ဝိဒိတာ ပတိ။
အနရိယ ပရိသမ္ဘာသေ၊ ပါပကမ္မံ ဇိဂီသသိ။
၂၁။ သစေ အဟံ မရိဿာမိ၊
တီရေ တေ ပုထု သုသောဏိ။
အသံသယံ တံ အသိလောကော၊
မယိ မတေ အာဂမိဿတိ။
၂၂။ တသ္မာ ဟိ ပါပကံ ကမ္မံ၊ ရက္ခဿေဝ သုမဇ္ဈိမေ။
မာ တံ သဗ္ဗော ဇနော ပုစ္ဆာ၊ ပကွတ္တာသိ မယိ မတေ။

ဟူသော ဤ လေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၉။ ဒေဝဓီတေ၊ နတ်သမီး။ ယထာ၊ အကြင်အခြင်းဖြင့်။ အဟံ၊ ငါသည်။ သဗ္ဗဓမ္မံ၊ အလုံးစုံသော သုစရိုက်တရားကို၎င်း။ ဇီဝိတသ၊ အသက်၏။ ဝိဓံသနံ၊ ပျက်စီးခြင်းဟု ဆိုအပ်သော။ စဝနံ၊ စုတေခြင်းကို၎င်း။ ဇာနာမိ၊ သိ၏။ ဧဝံ၊ ဤသို့သော အခြင်းအရာဖြင့်။ ဝိဒိတွာ၊ သိ၍။ ဌိတဿ၊ တည်သော။ ဝိဒု-ဝိဒုနော၊ ပညာရှိသော။ တဿ နရဿ၊ ထိုသူအား။ သစေ၊ အကယ်၍။ တဿ ပရပုဂ္ဂလဿ၊ ထိုတပါးသောပုဂ္ဂိုလ်အား။ ဝဓာယ၊ သတ်ခြင်းငှာ။ န စေတေတိ၊ လုံ့လမပြု။ ပါပံ၊ မကောင်းမှုသည်။ န စိယျတိ၊ မပွား။

֍ ဋ္ဌ ၂၀။ ဣသိပူဂသမညာတေ၊ ရသေ့အပေါင်းတို့သည် ကောင်း၏ဟု သမုတ်အပ်သော နတ်သမီး။ တံ၊ သင့်ကို။ လောကျာ၊ မကောင်းမှုကို ဝေးစွာပြုသဖြင့် လောက၏ အစီးအပွားတည်း။ ဧဝံ၊ ဤသို့။ ဝိဒိတာ၊ ငါသိ၏။ အနရိယပရိသမ္ဘာသေ၊ မကောင်းသဖြင့် အပြစ်တင်သော စကားကို ဆိုသော။ ပတိ၊ တင့်တယ်သော နတ်သမီး။ တွံ၊ သင်သည်။ ပါပကမ္မံ၊ မကောင်းမှုကို။ ဇိဂီသသိ၊ ဖြစ်စေဘိ၏။

֍ ဋ္ဌ ၂၁။ ပုထုသုသောဏိ၊ များသော ကောင်းသော အသွေးအရည်နှင့် ပြည့်စုံသော နတ်သမီး။ သစေ၊ အကယ်၍။ အဟံ၊ ငါသည်။ တေ၊ သင်၏။ တီရေ၊ မြစ်နား၌။ မရိဿာမိ၊ သေအံ့။ မယိ မတေ၊ သရက်သီးကို မရ၍ ငါသေသည်ရှိသော်။ အသံသယံ၊ ယုံမှားမဲ့။ တံ၊ သင်နတ်သမီးသို့။ အသိလောကာ၊ ကဲ့ရဲ့ခြင်းသည်။ အာဂမိဿတိ၊ ရောက်လတ္တံ့။

֍ ဋ္ဌ ၂၂။ သုမဇ္ဈိမေ၊ ခါးစည်း တင်ကျယ် ငယ်သောဝမ်းရှိသော နတ်သမီး။ တသ္မာ ဟိ- တသ္မာ ဧဝ၊ ထို့ကြောင့်လျှင်။ ပါပကံ ကမ္မံ၊ မကောင်းသော ကဲ့ရဲ့အပ်သော အမှုကို။ တွံ၊ သင်သည်။ ရက္ခဿေဝ၊ စောင့်ဘိလော့။ မယိ၊ ငါသည်။ မတေ၊ သေသည် ရှိသော်။ ပစ္ဆာ၊ နောက်၌။ သဗ္ဗော၊ အလုံးစုံသော။ ဇနော၊ လူအပေါင်းသည်။ တံ၊ သင့်ကို။ မာ ပကွတ္တာသိ၊ မကဲ့ရဲ့စေလင့်။

ထိုစကားကို ကြား၍ နတ်သ္မီးသည်-

၂၃။ အညာတမေတံ အဝိသယှ သာဟိ၊
အတ္တာနံ အမ္ဗဉ္စ ဒဒါမိ တေ တံ။
ယော ဒုစ္စဇေ ကာမဂုဏေ ပဟာယ၊
သန္တိဉ္စ ဓမ္မဉ္စ အဓိဋ္ဌိတောသိ။
၂၄။ ယော ဟိတွာ ပုဗ္ဗသညောဂံ၊
ပစ္ဆာ သံယောဇနေ ဌိတော။
အဓမ္မဉ္စေဝ စရတိ၊ ပါပဉ္စဿ ပဝဍ္ဎတိ
၂၅။ ဧဟိ တံ ပါပယိဿာမိ၊ ကာမံ အပ္ပေါဿုကေ ဘဝ။
ဥပနယာမိ သီတသ္မိံ၊ ဝိဟရာဟိ အနုဿုကော။
၂၆။ တံ ပုပ္ဖရသမတ္တေဟိ၊ ဝက္ကင်္ဂေဟိ အရိန္ဒမ။
ကောဉ္စာ မယူရာ ဒိဝိယာ၊ ကောယဋ္ဌိမဓုသာလိကာ။
ကူဇိကာ ဟံသ ပူဂေဟိ၊ ကောကိလေတ္ထ ပဗောဓရေ။
၂၇။ အမ္ဗေတ္ထ ဝိပ်ပသုနဂ္ဂါ၊ ပလာလ ခလသန္နိဘာ။
ကောသမ္ဗ သလဠာ နီပါ၊ ပက္ကတာလ ဝိလမ္ဗိနော။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၃။ အဝိသယှသာဟိ၊ သည်းခံနိုင်ခဲသည်ကို သည်းခံခြင်းရှိသော ရှင်ရသေ့။ ဧတံ၊ ထိုသရက်သီးမှည့်အလို့ငှာ ဆိုသောအကြောင်းကို။ မယာ၊ ငါသည်။ အညာတံ၊ သိအပ်ပြီ။ ယော တွံ၊ အကြင်ရှင်ရသေ့သည်။ ဒုစ္စဇေ၊ စွန့်နိုင်ခဲကုန်သော။ ကာမဂုဏေ၊ ရွှေပန်း ထီးဖြူ ရွှေနန်းဟု ဆိုအပ်သော ဝတ္ထုကာမတို့ကို။ ပဟာယ၊ စွန့်၍။ သန္တိဉ္စ၊ မကောင်းသော အကျင့်ကို ငြိမ်းစေတတ်သောကြောင့် သန္တိဟု ဆိုအပ်သော သီလကို၎င်း။ ဓမ္မဉ္စ၊ သုစရိုက်တရားကို၎င်း။ အဓိဋ္ဌိတော၊ ကပ်၍ ရောက်သည်။ အသိ၊ ဖြစ်၏။ တံ၊ ရှင်ရသေ့ကို။ အာလိင်္ဂေတွာ၊ ပိုက်ဖက်၍။ အမ္ဗဝနံ၊ သရက်ဥယျာဉ်တောသို့။ နယန္တီ၊ ဆောင်ယူသည်ဖြစ်၍။ အတ္တာနံ၊ မိမိကိုယ်ကို၎င်း။ တံ အမ္ဗံ၊ ထိုသရက်သီးကို၎င်း။ တေ၊ ရှင်ရသေ့အား။ အဟံ၊ အကျွန်ုပ်သည်။ ဒဒါမိ၊ ပေးပါအံ့။

֍ ဋ္ဌ ၂၄။ ဘော တာပသ၊ အို ရှင်ရသေ့။ ယော၊ အကြင်သူသည်။ ပုဗ္ဗသညောဂံ၊ ရှေး၌ဖြစ်သော အနှောင်အဖွဲ့ကို။ ဟိတွာ၊ စွန့်ပြီး၍။ ပစ္ဆာသံယောဇနေ၊ နောက်ဖြစ်သော အနှောင်အဖွဲ့၌။ ဌိတော၊ တည်၏။ သော၊ ထိုသူသည်။ အဓမ္မဉ္စေဝ၊ မကောင်းသော အကျင့်ကိုလည်း။ စရတိ၊ ကျင့်သည်မည်၏။ အဿ၊ ထိုသူအား။ ပါပဉ္စ၊ မကောင်းမှုသည်လည်း။ ပဝဍ္ဎတိ၊ ပွား၏။

֍ ဋ္ဌ ၂၅။ တာပသ၊ ရှင်ရသေ့။ ဧဟိ၊ လာလှည့်။ တံ၊ သင် ရှင်ရသေ့ကို။ ပါပယိဿာမိ၊ ပို့အံ့။ ကာမံ၊ စင်စစ်သဖြင့်။ အပ္ပေါဿုကော၊ သရက်သီးမှည့်၌ ကြောင့်ကြခြင်း ကင်းသည်။ ဘဝ၊ ဖြစ်လော့။ အဟံ၊ အကျွန်ုပ်သည်။ ဥပါနယာမိ၊ ဆောင်အံ့။ သီတသ္မိံ၊ ချမ်းမြေ့သော သရက်တော၌။ အနုဿုကော၊ ကြောင့်ကြမရှိသည်ဖြစ်၍။ ဝိဟရာဟိ၊ နေတော်မူလော့။

֍ ဋ္ဌ ၂၆။ အရိန္ဒမ၊ ရန်သူကို ဆုံးမတတ်သော မင်းမြတ်။ ပုပ္ဖရသမတ္တေဟိ၊ ပန်းရက်ဖြင့် ယစ်ကုန်သော။ ဝက္ကင်္ဂေဟိ၊ ငှက်တို့ကြောင့်။ အဘိနာဒိတံ၊ အလွန်ပဲ့တင်ထပ်သော။ တံ၊ ထိုနတ်တို့၏ သရက်ဥယျာဉ်ကို။ ပဿ၊ ရှုတော်မူလော့။ ကောဉ္စာ၊ ကြိုးကြာတို့သည်၎င်း။ မယူရာ၊ ဥဒေါင်းတို့သည်၎င်း။ ကောယဋ္ဌိမဓုသာလိကာ၊ ဝန်လိုငှက်, ရွှေဆက်ရက်ဖြစ်ကုန်သော ငှက်တို့သည်၎င်း။ ဧတေ ဒိဝိယာ၊ ထိုနတ်ငှက်တို့သည်။ ဧတ္ထ၊ ဤသရက်ဥယျာဉ်၌။ ဝသန္တိ၊ နေကုန်၏။ ဟံသပူဂေဟိ စ၊ ဟင်္သာအပေါင်းတို့သည်လည်း။ ကူဇိကာ၊ တွန်မြူးသော အသံတို့ဖြင့် ပဲ့တင်ထပ်စေကုန်၏။ ကောကိလာ၊ ဥဩတို့သည်။ ဝဿန္တိယော၊ တွန်မြူးကုန်သည်ဖြစ်၍။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဗောဓရေ၊ သိစေကုန်၏။

֍ ဋ္ဌ ၂၇။ အရိန္ဒမ၊ ရန်သူကို ဆုံးမတော်မူတတ်သော မင်းမြတ်။ ဧတ္ထ၊ ဤသရက်ဥယျာဉ်၌။ ဝိပ်ပသုနဂ္ဂါ၊ အသီးဝန်ကြောင့် ညွတ်သော အဖျားရှိကုန်သော။ အမ္ဗာ၊ သရက်ပင်တို့သည်၎င်း။ ပလာလခလသန္နိဘာ၊ အပွင့်အပေါင်းဖြင့် သလေးကောက်လှိုင်းထားရာ တလင်းနှင့်တူသော။ ပက္ကတာလဝိလမ္ဘိနော၊ ထန်းသီးမှည့်ကဲ့သို့ တွဲရရွဲဆွဲသော အသီးရှိကုန်သော။ ကောသမ္ဗသလဠာ၊ ကြို့ပင် ထင်းရူးပင်တို့သည်၎င်း။ နီပါ၊ ကျည်းပင်တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။

ဤသို့ ထိုနတ်သမီးသည် သရက်ဥယျာဉ်ကို ချီးမွမ်းပြီးလျှင် ရသေ့ကို သရက်ဥယျာဉ်၌ ထားခဲ့၍ ဤသရက်ဥယျာဉ်၌ သရက်သီးတို့ကို စားလျက် မိမိ၏ တပ်မက်မောခြင်း တဏှာကို ပြည့်စေလော့ဟု ဆို၍ သွားလေ၏။ ရသေ့သည် သရက်သီးတို့ကို စားလျက် သရက်သီး၌ တပ်မက်မောခြင်း တဏှာကို ပြည့်စေပြီးလျှင် အပင်အပန်းဖြေ၍ သရက်ဥယျာဉ်၌ လှည့်လည်သည်ရှိသော် ဆင်းရဲဝေဒနာကို ခံရသော ထိုပြိတ္တာကိုမြင်၍ တစုံတခုသော စကားကို ဆိုခြင်းငှါ မတတ်နိုင်၊ နေဝင်သည်ရှိသော် ကချေသည် မိန်းမအပေါင်း ခြံရံလျက် နတ်စည်းစိမ်ကို ခံစားသော ထိုပြိတ္တာအသုရကာယ်ကို မြင်၍ အကြောင်းကို မေးလိုရကား-

၂၈။ မာလီ ကိရိဋိ ကာယူရီ၊ အင်္ဂါရီ စန္ဒနုဿဒေါ။
ရတ္တိ တွံ ပရိစာရေသိ၊ ဒိဝါ ဝေဒေသိ ဝေဒနံ။
၂၉။ သောဠသိတ္ထိသဟဿာနိ၊ ယာတေမာ ပရိစာရိကာ။
ဧဝံ မဟာနုဘာဝေါသိ၊ အဗ္ဘုတော လောမဟံသနော။
၃၀။ ကိံ ကမ္မမကရီ ပုဗ္ဗေ၊ ပါပံ အတ္တဒုက္ခာဝဟံ။
ယံ ကရိတွာ မနုဿေသု၊ ပိဋ္ဌိမံသာနိ ခါဒသိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၈။ ဒေဝပုတ္တ၊ နတ်သား။ တွံ၊ သင်သည်။ မာလီ၊ နတ်ပန်းကို ပန်လျက်။ ကိရိဋိ၊ နတ်ဦးရစ်ကို ပေါင်းလျက်။ ကာယူရီ၊ နတ်တန်ဆာတို့ကို ဆင်ယင်လျက်။ အင်္ဂါရီ၊ နတ်တို့၏ အင်္ဂါကြီးငယ်နှင့် ပြည့်စုံသည်ဖြစ်၍။ စန္ဒနုဿဒေါ၊ နတ်၏ စန္ဒကူးနံ့သာကို လိမ်းကျံလျက်။ ရတ္တိံ၊ ညဉ့်၌။ ပရိစာရေသိ၊ နတ်စည်းစိမ်ကို ခံစားရ၏။ ဒိဝါ၊ နေ့၌ကား။ ဝေဒနံ၊ ကြီးစွာသော ဆင်းရဲ ဝေဒနာကို။ ဝေဒေသိ၊ ခံရ၏။

֍ ဋ္ဌ ၂၉။ ယာ ဣမာ၊ အကြင် နတ်သမီးတို့သည်။ တေ၊ သင့်အား။ ပရိစာရိကာ၊ လုပ်ကျွေးကုန်၏။ တာနိ သောဠသိတ္ထိ သဟဿာနိ၊ ထိုတသောင်း ခြောက်ထောင်သော နတ်သမီးတို့သည်။ သန္တိ၊ ရှိကုန်၏။ ဧဝံ၊ ဤသို့။ အဗ္ဘုတော၊ မဖြစ်ဘူးမြဲသော။ လောမဟံသနော၊ ကြက်သီး မွေးညှင်း ထခြင်းကို ဖြစ်စေတတ်သော။ မဟာနုဘာဝေါ၊ ကြီးသော အာနုဘော်ရှိသည်။ အသိ၊ ဖြစ်၏။

֍ ဋ္ဌ ၃၀။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ကိံ ကမ္မံ၊ အဘယ်ကံကို။ အကရိ၊ သင်ပြုခဲ့ဘူးသနည်း။ မနုဿေသု၊ လူ့ပြည်တို့၌။ အတ္တဒုက္ခာဝဟံ၊ မိမိ၏ ဆင်းရဲခြင်းကို ဆောင်တတ်သော။ ယံ ပါပံ၊ အကြင် မကောင်းမှုကို။ ကရိတွာ၊ ပြု၍။ ဣဒါနိ၊ ယခုအခါ၌။ အတ္တနော၊ မိမိ၏။ ပိဋ္ဌိမံသာနိ၊ ကျောက်ကုန်းသားတို့ကို။ ခါဒသိ၊ သင်စားရ၏။ တံ ပါပံ၊ ထိုမကောင်းမှုကား။ ကိံ၊ အဘယ်နည်း။

ပြိတ္တာသည် ထိုရသေ့ကိုသိ၍ အရှင်မင်းကြီးတို့သည် အကျွန်ုပ်ကို မသိကုန်လော၊ အကျွန်ုပ်သည် အရှင်မင်းကြီးတို့၏ ပုရောဟိတ်တည်း၊ အကျွန်ုပ်အား ညဉ့်၌ ဤချမ်းသာကို ခံစားရခြင်းကို အရှင်မင်းကြီးတို့ကို မှီ၍ ပြုအပ်သော ထက်ဝက်သော ဥပုသ်၏ အကျိုးဆက်ကြောင့် ရပေ၏။ နေ့၌ ကြီးစွာသော ဆင်းရဲကို ခံရခြင်းကိုကား အကျွန်ုပ်သည် ပြုအပ်သော တံစိုးစားခြင်းဟူသော မကောင်းမှု၏ အကျိုးဆက်ကြောင့် ရ၏။ ထိုစကားသည် မှန်၏။ အကျွန်ုပ်ကို အရှင်မင်းကြီးတို့သည် တရားဆုံးဖြတ်ရာ၌ထားတော်မူအပ်သည်ဖြစ်၍ စဉ်းလဲသော တရားကို တံစိုးစားသောကြောင့် သူတပါးတို့၏ ကျောက်ကုန်းသားကို စားသည်နှင့် တူသည်ဖြစ်၍ ထိုမကောင်းမှု၏ အကျိုးဆက်ကြောင့် နေ့အခါ၌ ဤဆင်းရဲကို ခံရ၏ဟု ဆို၍ ထိုအကြောင်းကို ရှင်ရသေ့အား ကြားလိုရကား-

၃၁။ အဇ္ဈာနာနိ ပဋိဂ္ဂယှ၊ ကာမေသု ဂိဒ္ဓိတော အဟံ။
အစရိ ဒီဃမဒ္ဓါနံ၊ ပရေသံ အဟိတာယ ဟံ။
၃၂။ ယော ပိဋ္ဌိမံသိကော ဟောတိ၊ ဧဝံ ဥက္ကစ္စ ခါဒတိ။
ယထာဟမဇ္ဇ ခါဒါမိ၊ ပိဋ္ဌိမံသာနိ အတ္တနော။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၃၁။ ဘန္တေ၊ ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဈာနာနိ၊ ဗေဒင်တို့ကို။ ပဋိဂ္ဂယှ၊ သင်၍။ ကာမေသု၊ ဝတ္ထုကာမ ကိလေသာကာမတို့၌။ ဂိဒ္ဓိတော၊ တပ်မက်မော၏။ ဘန္တေ၊ ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ ဒီဃမဒ္ဓါနံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။ အဟိတာယ၊ မိမိကိုယ်ကို ဖျက်ဆီးခြင်းငှါ။ ပရေသံ၊ သူတပါးတို့အား။ အစရိ၊ ကျင့်မိပြီ။

֍ ဋ္ဌ ၃၂။ ဘန္တေ၊ ရှင်ရသေ့။ ယော၊ အကြင်သူသည်။ ပိဋ္ဌိမံသိကော၊ သူတပါးတို့၏ ကျောက်ကုန်းသားကို စားတတ်သည်။ ဝါ၊ ချောပစ်သောစကားကို ဆိုတတ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုသူသည်။ အဇ္ဇ၊ ယခုအခါ၌။ အဟံ၊ အကျွန်ုပ်သည်။ အတ္တနော၊ မိမိ၏။ ပိဋ္ဌိမံသာနိ၊ ကျောက်ကုန်းသားတို့ကို။ ခါဒါမိ ယထာ၊ စားရသကဲ့သို့။ ဧဝံ၊ ဤအတူ။ အတ္တနော၊ မိမိ၏။ ပိဋ္ဌိမံသာနိ၊ ကျောက်ကုန်းသားတို့ကို။ ဥက္ကစ္စ၊ ခွါ၍။ ခါဒါမိ၊ စားရ၏။

ဤသို့သော စကားကို ဆိုပြီး၍ ထိုပြိတ္တာသည် ရသေ့ကို မေး၏။ အရှင်ဘုရားတို့သည် အဘယ့်ကြောင့် ဤအရပ်သို့ ကြွလာတော် မူကုန်သနည်းဟု မေး၏။ ရသေ့သည် အလုံးစုံသော အကြောင်းကို အကျယ်အားဖြင့် ပြောဆို၏။

အရှင်ဘုရား- ယခုအခါ ဤအရပ်၌ နေတော်မူကုန်လတ္တံ့လော၊ ကြွကုန်လတ္တံ့လောဟု မေး၏။ ဤအရပ်၌ ငါမနေအံ့၊ ကျောင်းသို့သာလျှင် သွားအံ့ဟု ဆို၏။ ထိုစကားကို ကြား၍ ဝေမာနိက ပြိတ္တာသည် အရှင်ဘုရား- ကောင်းပြီ၊ အကျွန်ုပ်သည် အရှင်ဘုရားအား မပြတ်လျှင် သရက်သီးမှည့်ဖြင့် လုပ်ကျွေးပါအံ့ဟုဆို၍ မိမိအာနုဘော်ဖြင့် ကျောင်း၌ ထားခဲ့ပြီးလျှင် မငြီးငွေ့မူ၍ ဤကျောင်း၌ သာလျှင် နေတော်မူပါကုန်လော့ဟု ဝန်ခံခြင်းကို ယူပြီးလျှင် ထိုအခါမှစ၍ မပြတ်လျှင် သရက်သီးမှည့်ဖြင့် လုပ်ကျွေး၏။ ရသေ့သည် ထိုသရက်သီးမှည့်ကို စားလျက် ကသိုဏ်းပရိကံကိုပြု၍ ဈာန် အဘိညာဉ်တို့ကို ဖြစ်စေသဖြင့် ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ထိုဒါယကာ ဒါယိကာမတို့အား ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ အချို့ကုန်သောသူတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော သူတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော သူတို့သည် အနာဂါမ် ဖြစ်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ဒါယကာတို့- ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ မြစ်စောင့်နတ်သမီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လက်ဆောင်တံစိုး၊ စားသည့်ကျိုး၊ ဖြစ်ရိုး ပြိတ္တာပြည်

ရှေးဦးစွာသော ကိံဆန္ဒဇာတ်သည် ပြီး၏။

*****

တိံသနိပါတ်

၂။ ကုမ္ဘဇာတ်

သေရည်သေရက် စတင်ဖြစ်ပေါ်လာခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကော ပါတုရာသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုမ္ဘဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝိသာခါ ဒါယိကာမ၏ အဆွေခင်ပွန်း ဖြစ်ကုန်သော သေသောက်ကုန်သော ငါးရာကုန်သော မိန်းမတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ သာဝတ္ထိပြည်၌ သေသောက်ပွဲသဘင် ကြွေးကြော်သည်ရှိသော် ထိုငါးရာကုန်သော မိန်းမတို့သည်လည်း မိမိတို့လင်အား ပွဲသဘင် ကစားပြီးသောအဆုံး၌ ထက်စွာသော သုရာကိုစီရင်၍ ပွဲသဘင်ကို ကစားကုန်အံ့ဟု ဆိုကုန်လတ်သော် ဤပွဲသဘင်သည် သောက်ပွဲသဘင်တည်း၊ ငါသည် သုရာကို မသောက်ဟု ဆိုလတ်သော် သင်တို့သည် ဘုရားသခင်အား အလှူပေးကုန်လော့၊ ငါတို့မူကား ပွဲသဘင်ကစားကုန်အံ့ဟု ဆိုကုန်၏။ ထိုဝိသာခါသည် ကောင်းပြီဟု ဝန်ခံ၍ ထိုအဆွေခင်ပွန်းဖြစ်သော မိန်းမငါးရာတို့ကို လွှတ်လိုက်ပြီးလျှင် သဗ္ဗညူ မြတ်စွာဘုရားကို ပင့်ဘိတ်၍ အလှူကြီးပေး၍ များစွာကုန်သော ပန်း, နံ့သာတို့ကို လက်စွဲလျက် ညချမ်းသောအခါ တရားတော်ကို နာခြင်းငှါ ထိုငါးရာသော မိန်းမအပေါင်း ခြံရံလျက် ဇေတဝန်ကျောင်းတော်သို့ သွား၏။

ထိုမိန်းမတို့သည်ကား သုရာကို သောက်ကုန်လျက် ဝိသာခါနှင့်တကွ သွားကုန်၍ တံခါးမုတ်၌ ရပ်ကုန်လျှက် သုရာကို သောက်ကုန်လျှက်လျှင် ဝိသာခါနှင့်တကွ မြတ်စွာဘုရားအထံသို့ လာကုန်၏။ ဝိသာခါသည် မြတ်စွာဘုရားကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေ၏။ ငါးရာကုန်သော မိန်းမတို့တွင် အချို့ကုန်သော မိန်းမတို့သည် မြတ်စွာဘုရားရှေ့တော်၌ ကကုန်၏။ အချို့ကုန်သော မိန်းမတို့သည် သီချင်းကို သီကုန်၏။ အချို့ကုန်သော မိန်းမတို့သည် လက်ကို လှုပ်ကုန်၏။ အချို့ကုန်သော မိန်းမတို့သည် ခြေကိုလှုပ်ကုန်၏။ အချို့ကုန်သော မိန်းမတို့သည် ငြင်းခုံခြင်းကို ပြုကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုသုရာယစ်ကုန်သော မိန်းမတို့အား ထိတ်လန့်ခြင်းကို ဖြစ်စိမ့်ငှာ မျက်မှောင်တော်အမွေးမှ ညိုသော ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ အမိုက်သည် ဖြစ်၏။ ထိုမိန်းမတို့သည် အလွန်ထိတ်လန့်ကုန်၏။ သေဘေးမှ ကြောက်ကုန်၏။ ထို့ကြောင့် ထိုမိန်းမတို့အား သုရာယစ်ခြင်းသည် ပြေ၏။ သဗ္ဗညူမြတ်ဘုရားသည် နေတော်မူရာ ပလ္လင်မှ ကွယ်တော်မူခဲ့ပြီးလျှင် မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူ၏။ ဥဏ္ဏလုံ မွေးရှင်တော်မှ ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ လ- တထောင်, နေ- တထောင် ထွက်သကဲ့သို့ ဖြစ်၏။ မြတ်စွာဘုရားသည် ထိုမြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူလျက်လျှင် ထိုမိန်းမတို့အား ထိတ်လန့်ခြင်း ဖြစ်စိမ့်သောငှာ-

ကိံနု ဟောသော ကိမာနန္ဒော၊ နိစ္စံ ပဇ္ဇလိတေ သတိ
အန္ဓကာရေန သွနဒ္ဓါ၊ ပဒီပံ န ဂဝေသထ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

ဥပါသိကာယော၊ ဒါယိကာမတို့။ တုမှာကံ၊ သင်တို့အား။ နိစ္စံ၊ အမြဲ။ ပဇ္ဇလိတေ၊ ရာဂအစရှိသော မီးဖြင့် တောက်လောင်သည်။ သတိ၊ ရှိလျက်။ ကိံ၊ အဘယ့်ကြောင့်။ ဟောသော နု၊ ရွှင်မြူးကြသနည်း။ ကိံ၊ အဘယ့်ကြောင့်။ အာနန္ဒော နု၊ နှစ်သက်ဝမ်းမြောက်ကြသနည်း။ အန္ဓကာရေန၊ မောဟတည်းဟူသော အမိုက်တိုက်ဖြင့်။ ဩနဒ္ဓါ၊ မြှေးယှက်အပ်ကုန်သော။ တုမှေ၊ သင်တို့သည်။ ပဒီပံ၊ ပညာတည်းဟူသော ဆီမီးကို။ န ဂဝေသထ၊ မရှာကြကုန်သနည်း။

ဤဂါထာကို ဟောတော်မူသော အဆုံး၌ ထိုငါးရာကုန်သော မိန်းမတို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ဂန္ဓကုဋိအရိပ်ဝယ် ဘုရားနေရာတော်၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားကို ဝိသာခါသည် ရှိခိုး၍ ဘုန်းတော်ကြီးသော အရှင်ဘုရား- အရှက်အကြောက်ကို ဖျက်ဆီးတတ်သော ဤသေသောက်ခြင်းသည် အဘယ်ကာလမှစ၍ ဖြစ်ပါသနည်းဟု မေးလျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဝိသာခါအား ထို အကြောင်းကို ဟောတော်မူလိုသည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဝိသာခါ- လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ကာသိတိုင်း၌ နေသော သုရာမည်သော မုဆိုးတယောက်သည် ဆင်စွယ်, စာမရီမြီး အစရှိသော ဥစ္စာရှာခြင်းငှါ ဟိမဝန္တာသို့ သွား၏။ ထိုဟိမဝန္တာ၌ တခုသော သစ်ပင်သည် အထက်သို့ရောက်၍ တရပ်တသူရှိသော အရပ်၌ ခက်မသုံးခု ရှိ၏။ ထို သစ်ပင်၏ ခက်မသုံးခုတို့၏ အကြား၌ အိုးစရည်း ပမာဏရှိသော အခေါင်းသည် ရှိ၏။ ထိုအခေါင်းသည် မိုဃ်းရွာသည်

ရှိသော် ရေဖြင့် ပြည့်၏။ ထိုသစ်ပင်ကို ရံ၍ သဖန်းခါး ပင်သည်၎င်း၊ ရှစ်ရှားပင်သည်၎င်း၊ ငြုတ်ချိုပင်သည်၎င်း ရှိ၏။ ထိုသဖန်းခါး, ရှစ်ရှား, ငြုတ်တို့ အသီးအမှည့်တို့သည် ကြွေ၍ ထိုသစ်ပင်အခေါင်း၌ ကျကုန်၏။ ထိုသစ်ပင်၏ အနီး၌ အလိုလိုသာလျှင်ဖြစ်သော သလေးခင်းသည် ရှိ၏။ ထိုသလေးခင်းမှ ကျေးငှက်တို့သည် သလေးနှံတို့ကိုယူ၍ ထိုသစ်ပင်၌နေ၍ စားကုန်၏။ စားကုန်သော ထိုကျေးငှက်တို့၏ကျသော သလေးစပါးတို့သည်၎င်း, သလေးဆန်တို့သည်၎င်း ထိုသစ်ပင်အခေါင်း၌ ကျကုန်၏။ ဤသို့ ထိုရေသည် နေပူဖြင့်ကျက်၍ အရည်သည် နီသောအဆင်းရှိသည်ဖြစ်၍ နွေလအခါ၌လည်း ရေငတ်ကုန်သော ငှက်တို့သည် ထိုရေကို သောက်ကုန်သဖြင့် ယစ်ကုန်၍လျှင် အထက်သို့ပျံ၍ သစ်ပင်ရင်း၌ ကျကုန်၏။ အတန်ငယ် အိပ်ပျော်၍ တွန်မြူးကုန်လျက် သွားကုန်၏။ သစ်ပင်ထက်၌ ခွေး, မျောက် အစရှိသည်တို့လည်း ဤနည်းဖြင့်လျှင် ဖြစ်ကုန်၏။

မုဆိုးသည် ထိုအခြင်းအရာကို မြင်၍ ဤရေသည် အဆိပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသတ္တဝါတို့သည် သေကုန်ရာ၏။ စင်စစ်သော်ကား ဤသတ္တဝါတို့သည် အတန်ငယ် အိပ်ပျော်၍ အလိုရှိရာသို့ သွားကုန်၏။ ဤရေသည် အဆိပ်မဟုတ်ဟု ကြံ၍ အတန်ငယ်ယူ၍ မိမိသည်လည်း သောက်၍ ယစ်သည်ဖြစ်၍ အမဲကို စားလိုသည်ဖြစ်၍ ထို့နောင်မှ မီးကိုညှိ၍ သုရာယစ်သဖြင့် သစ်ပင်ရင်း၌ ကျကုန်သော ခါ, ကြက် အစရှိသည်တို့ကို သတ်၍ အသားကို မီးကျီးတို့၌ကင်၍ လက်တဘက်ဖြင့် ကိုင်၍ အမဲကင်ကို စားလျက် လက်တဘက်ဖြင့် ထိုရေကို သောက်လျက် တရက်နှစ်ရက် ထိုအရပ်၌ သာလျှင် နေ၏။ ထိုသစ်ပင်မှ မနီးမဝေးသော အရပ်၌ ဝရုဏမည်သော ရသေ့တယောက်သည် နေ၏။ မုဆိုးသည် တပါးသောအခါ၌လည်း ထိုရသေ့၏ အထံသို့ ရောက်ဘူး၏။ ထိုသို့ ရောက်ဘူးသောကြောင့် ထိုမုဆိုးအား ဤသို့သော အကြံသည် ဖြစ်၏။ ဤအဖျော်ကို ရသေ့နှင့်တကွ ငါသောက်အံ့ဟု အကြံဖြစ်၏။ ဤသို့ အကြံဖြစ်ပြီး၍ ထိုမုဆိုးသည် တခုသော ဝါးကျည်တောက်ကို ပြည့်စေပြီးလျှင် အမဲကင်နှင့်တကွ ဆောင်ယူ၍ ကျောင်းသို့ဝင်၍ အရှင်ဘုရား- ဤအဖျော်ကို သောက်တော်မူကုန်လော့ဟု ဆို၍ နှစ်ယောက်ကုန်သော မုဆိုး, ရသေ့တို့သည်လည်း အမဲကင်ကို စားလျက် သောက်ကုန်၏။ ဤသို့လျှင် သုရာမည်သော မုဆိုးသည်၎င်း, ဝရုဏမည်သော ရသေ့သည်၎င်း မြင်သည်ဖြစ်သောကြောင့် ထိုအဖျော်အား သုရာ ဟူ၍၎င်း၊ ဝရုဏ ဟူ၍၎င်း အမည်သည် ဖြစ်၏။

ထိုနှစ်ယောက်ကုန်သော သုရာမုဆိုး, ဝရုဏ ရသေ့တို့သည်လည်း တခုသော အကြောင်းသည် ရှိ၏ဟု ကြံ၍ ဝါးကျည်တောက်ကို ပြည့်စေပြီးလျှင် ထမ်းပိုးဖြင့်ထမ်း၍ ပစ္စန္တရစ်မြို့သို့ သွားကြလျက် သေကို ပြုတတ်ကုန်သော သူတို့သည် လာကုန်၏ဟု မင်းအား ကြားလေစေကုန်၏ မင်းသည် ခေါ်စေ၏။ ထိုသုရာမုဆိုး, ဝရုဏရသေ့တို့သည် ထိုမင်းအား သေကို ဆက်ကုန်၏။ မင်းသည် နှစ်ကြိမ် သုံးကြိမ်သောက်၍ ယစ်၏။ ထိုမင်းအား ထိုသေသည် တရက်နှစ်ရက် သောက်လောက်ရုံမျှသာ ရှိသည်ဖြစ်၏။ ထိုအခါ မုဆိုး, ရသေ့တို့ကို တပါးသော သေသည်လည်း ရှိသေး၏လောဟု မေး၏။ အရှင်မင်းကြီး- ရှိပါသေး၏ဟု ဆိုကုန်လတ်သော် အဘယ်အရပ်၌ ရှိသနည်းဟု မေး၏။ အရှင်မင်းကြီး- ဟိမဝန္တာ၌ ရှိပါကုန်၏ဟု ဆိုကုန်လတ်သော် ထိုသို့တပြီးကား ဆောင်ကြကုန်လော့ဟု ဆို၏။ ထိုမုဆိုး-ရသေ့တို့သည် သွား၍ နှစ်ကြိမ်မြောက် ဆောင်ယူပြီးလျှင် မပြတ်သွား၍ ဆောင်ယူခြင်းငှါ မတတ်နိုင်ကုန်လတ္တံ့ဟု ကြံ၍ သေ၏ အဆောက်အဦတို့ကို မှတ်ခဲ့ပြီးလျှင် ထိုသစ်ပင်၏ အခေါက်ကို အစပြု၍ အလုံးစုံသော သေ၏ အဆောက်အဦတို့ကို ထည့်၍ မြို့၌ သေကို ပြုကုန်၏။ မြို့သူတို့သည် သေကိုသောက်၍ မေ့လျော့ခြင်းသို့ ရောက်ကုန်သဖြင့် ဆင်းရဲကုန်၏။ မြို့သည် သုဉ်းသကဲ့သို့ ဖြစ်၏။

သေလုပ်တတ်သော မုဆိုး-ရသေ့တို့သည် ထိုမြို့မှ ပြေးကုန်၍ ဗာရာဏသီမြို့သို့ ရောက်ကုန်လျှင် သေလုပ်တတ်သော သူတို့သည် လာကုန်၏ဟု မင်းအား ကြားစေကုန်၏။ မင်းသည် ခေါ်စေ၍ စားနပ်ရိက္ခာကို ပေး၏။ ထိုဗာရာဏသီ

မြို့၌လည်း သုရာကို ပြုကုန်၏။ ထိုဗာရာဏသီမြို့၌လည်း ထိုရှေးအတူသာလျှင် ပျက်စီး၏။ ထိုဗာရာဇာသီပြည်မှ ပြေးလေ၍ သာကေတပြည်သို့ ရောက်ကုန်၏။ သာကေတပြည်မှ သာဝတ္ထိပြည်သို့ ရောက်ကုန်၏။ ထိုအခါ သာဝတ္ထိပြည်၌

သဗ္ဗမိတ္တမည်သော မင်းသည် မင်းပြု၏။ ထိုမင်းသည် ထိုမုဆိုး- ရသေ့တို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုပြီးလျှင် သင်တို့သည် အဘယ်ကို အလိုရှိကုန်သနည်းဟု မေး၍ သေ၏ အဆောက်အဦဖြစ်သော အမြစ်အခေါက်ကို၎င်း, သလေးမုံ့ညက်ကို၎င်း, အိုးစရည်းကြီး ငါးရာတို့ကို၎င်း အလိုရှိ၏ဟု ဆိုလတ်သော် ထိုအလုံးစုံကို ပေးစေ၏။

ထိုမုဆိုး-ရသေ့တို့သည် အိုးစရည်းကြီး ငါးရာတို့၌ သေကိုထည့်၍ ကြွက်တို့ သောက်မည်စိုးသောကြောင့် သေအိုးကို စောင့်စိမ့်သောငှါ တလုံးတလုံးသော အိုး၏အနီး၌ တခု တခုစီသော ကြောင်ကို ချည်ကုန်၏။ ထိုကြောင်တို့သည်

သုရာကျက်၍ အထက်သို့ ဝေသောအခါ အိုးနံပါး၌ ယိုစီးသောသေကို သောက်ကုန်သဖြင့် ယစ်ကုန်၍ အိပ်ပျော်ကုန်၏။ ကြွက်တို့သည် လာလတ်ကုန်၍ ထိုကြောင်တို့၏ နား, နှာခေါင်း, အစွယ် အမြီးတို့ကို စား၍ သွားကုန်၏။ ကြောင်တို့သည် သေကိုသောက်၍ သေကုန်၏ဟု မှူးမတ်တို့သည် မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် ထိုမုဆိုး, ရသေ့တို့သည် အဆိပ်ကိုပြုသည် ဖြစ်ကုန်လတ္တံ့ဟု နှစ်ယောက်သောသူတို့၏ ဦးခေါင်းကို ဖြတ်စေ၏။ ထိုနှစ်ယောက်သော သူတို့သည် အရှင်မင်းကြီး အလွန်ချိုမြိန်၏ဟု ဆိုမြည်တမ်းကုန်လျက် သေကုန်၏။

မင်းသည် ထိုသူတို့ကို သတ်ပြီး၍ သေအိုးတို့ကို ခွဲလေကုန်ဟု စေ၏။ ကြောင်တို့သည် သုရာအယစ် ပြေကုန်သည်ရှိသော် ထ၍ ကစားမြူးတူးလျက် သွားကုန်၏။ ထိုသို့ သွားကုန်သော ကြောင်တို့ကိုမြင်၍ မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် အကယ်၍ အဆိပ်ဖြစ်အံ့၊ ထိုကြောင်တို့သည် သေကုန်ရာ၏။ အလွန် ချိုမြိန်မြတ်သည်သာလျှင် ဖြစ်ရာ၏။ ထိုသေကို ငါသောက်အံ့ဟု ကြံ၍ မြို့ကို တန်ဆာဆင်စေပြီးလျှင် မင်းယင်ပြင်၌ မဏ္ဍပ်ကို ဆောက်လုပ်စေ၍ တန်ဆာဆင်အပ်သော မဏ္ဍပ်၌ ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေ၍ မှူးမတ်အပေါင်း ခြံရံလျက် သေကို သောက်အံ့သောငှါ အားထုတ်၏။ ထိုအခါ သိကြားနတ်မင်းသည် အဘယ်သူသည် အမိအဘကို လုပ်ကျွေးခြင်း အစရှိသည်တို့၌ မမေ့မလျော့သနည်း၊ သုံးပါး အပြားရှိသော သုစရိုက်တရားတို့ကို ဖြည့်သနည်းဟု လူ့ပြည်ကို ကြည့်လတ်သော် သေသောက်အံ့သောငှာ နေသော ထိုမင်းကိုမြင်၍ ဤမင်းသည် သေကို အကယ်၍ သောက်အံ့၊ ဤသို့ သောက်သည်ရှိသော် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းကြီးသည် ပျက်စီးလတ္တံ့၊ အကြင်အခြင်းဖြင့် ပြုသည်ရှိသော် မင်းသည် သေကို မသောက်လတ္တံ့၊ ထိုအခြင်းဖြင့် ထိုမင်းကို ငါပြုအံ့ဟု ကြံ၍ သေဖြင့်ပြည့်သော အိုးတလုံးကို လက်ဝါးပြင်၌ထား၍ ပုဏ္ဏားအသွင်ဖြင့် လာလတ်ပြီးလျှင် မင်း၏ရှေးရှုဖြစ်သော။ ကောင်းကင်၌ရပ်၍ ဤအိုးကို ဝယ်ကြကုန်လော့ဟု ဆို၏။ သဗ္ဗမိတ္တမင်းသည် ထိုအခြင်းဖြင့်ဆိုလျက် ကောင်းကင်၌ တည်သော ထိုသိကြားမင်းကိုမြင်၍ ပုဏ္ဏား- အဘယ်အရပ်မှ လာသနည်းဟု မေး၍ ထိုသိကြားမင်းနှင့်တကွ စကားပြောလိုရကား-

၃၃။ ကော ပါတု ရာသိ တိဒိဝါ နဘမှိ၊
ဩဘာသယံ သံဝရိ စန္ဒိမာဝ။
ဂတ္တေဟိ တေ ရသ္မိယော နိစ္ဆရန္တိ၊
သတေရိတာ ဝိဇ္ဇုရိဝန္တလိက္ခေ။
၃၄။ သော ဆိန္နဝါတံ ကပ္ပသိ အဃသ္မိံ၊
ဝေဟာယသံ ဂစ္ဆသိ တိဋ္ဌသိ စ။
ဣဒ္ဓိ နု တေ ဝတ္ထုကတာ သုဘာဝိတာ၊
အနဒ္ဓဂူန မပိ ဒေဝတာနံ။
၃၅။ ဝေဟာယယံ ဂမ္မ မာဂမ္မ တိဋ္ဌသိ စ၊
ကုမ္ဘံ ကိဏာထာတိ ယမေတမတ္ထံ။
ကော ဝါ တုဝံ ကိဿ ဝတာယံ ကုမ္ဘော၊
အက္ခာဟိ မေ ဗြာဟ္မဏ ဧတမတ္ထံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၃။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ ကော၊ အဘယ်အရပ်မှ။ အာဂတော၊ လာသည်။ အာသိ၊ ဖြစ်သနည်း။ ကိံ၊ အသို့နည်း။ တိဒိဝါ၊ တာဝတိံသာ နတ်ပြည်မှ။ အာဂန္တွာ၊ လာလတ်၍။ နဘမှိ၊ ကောင်းကင်၌။ ပါတု၊ ထင်ရှားဖြစ်သည်။ အာသိ၊ ဖြစ်သနည်း။ သံဝရိ၊ ညဉ့်၌။ ဩဘာသယံ၊ ထွန်းပသော။ စန္ဒိမာဝ၊ လကဲ့သို့။ အန္တလိက္ခေ၊ ကောင်းကင်၌။ သတေရိတာ၊ သတေရိတမည်သော။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်ကဲ့သို့။ တေ၊ သင်၏။ ဂတ္တေဟိ၊ ကိုယ်တို့မှ။ ရသ္မိယော၊ အရောင်တို့သည်။ နိစ္ဆရန္တိ၊ ထွက်ကုန်၏။

֍ ဋ္ဌ ၃၄။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သော တွံ၊ ထိုသင်သည်။ အဃသ္မိံ၊ ကောင်းကင်၌။ ဆိန္နဝါတံ၊ ပြတ်သော လေရှိသည်ကို။ ကပ္ပသိ၊ ဖြစ်စေ၏။ ဝေဟာယသံ၊ ကောင်းကင်၌။ ဂစ္ဆသိ စ၊ သွားလည်း သွား၏။ တိဋ္ဌသိ စ၊ ရပ်လည်း ရပ်၏။ တတ္ထ၊ ထိုကောင်းကင်၌။ အနဒ္ဓဂူနံ၊ ခြေဖြင့် ခရီးကို မသွားကုန်သော။ ဒေဝတာနံ၊ နတ်တို့၏။ ယာ ဣဒ္ဓိ၊ အကြင်တန်ခိုးသည်၎င်း။ တေ၊ သင်၏။ သုဘာဝိတာ၊ ကောင်းစွာ ပွားစေအပ်သော။ ယာပိ ဣဒ္ဓိ၊ အကြင် တန်ခိုးသည်၎င်း။ အတ္ထိ၊ ရှိ၏။ တာယ၊ ထိုတန်ခိုးဖြင့်။ ဝတ္ထုကတာ နု၊ တည်ရာကဲ့သို့ပြုအပ်သလော။

֍ ဋ္ဌ ၃၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဝေဟာယသံ၊ ကောင်းကင်၌ ဖြစ်သော။ ဂမ္မံ၊ ခြေဖြင့် နင်းသွားခြင်းကို။ အာဂမ္မ၊ စွဲ၍။ တိဋ္ဌသိ-တိဋ္ဌမာနော၊ ရပ်သော။ တုဝံ၊ သင်ကား။ ကော ဝါ၊ အဘယ်သူနည်း။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားလော့။ ကုမ္ဘံ၊ အိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။ ဣတိ၊ ဤသို့။ ယံ အတ္ထံ၊ အကြင်အကြောင်းကို။ မေ၊ ငါ့အား။ ဝဒေသိ၊ သင်ဆို၏။ တံ အတ္ထံ၊ ထိုအကြောင်းကို။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားလော့။ တေ၊ သင်၏။ အယံ၊ ဤအိုးသည်။ ကိဿ၊ အဘယ်ဝတ္ထု၏။ ကမ္ဘော၊ အိုးနည်း။

ထို့နောင်မှ သိကြားသည် မြတ်သောမင်းကြီး - ထိုသို့တပြီးကား နာလော့ဟုဆို၍ သုရာသောက်ခြင်း အပြစ်တို့ကို ပြလိုရကား-

၃၆။ န သပ္ပိကုမ္ဘော နာပိ တေလကုမ္ဘော၊
ဖာဏိတဿ မဓုရဿ ကုမ္ဘော။
ကုမ္ဘဿ ဝဇ္ဇာနိ အနပ္ပကာနိ။
ဒေါသေ ဗဟူ ကုမ္ဘဂတေ သုဏာထ။
။ လ။
၅၉။ န ယိမသ္မိံ ကုမ္ဘသ္မိံ ဒဓိမဓုဝါ၊
ဧဝံ အဘိညာယ ကိဏာဟိ ရာဇ။
ဧဝံ ဟိ မံ ကုမ္ဘဂတံ မယာ တေ၊
အက္ခာတရူပံ တဝ သဗ္ဗမိတ္တ။

ဟူသော ဤနှစ်ဆယ့်လေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အယံ၊ ဤအိုးသည်။ န သပ္ပိကုမ္ဘော၊ ထောပတ်အိုးလည်း မဟုတ်။ နာပိ တေလကုမ္ဘော၊ ဆီအိုးလည်း မဟုတ်။ ဖာဏိတဿ၊ တင်လဲ၏။ ကုမ္ဘော၊ အိုးသည်။ ၊ မဟုတ်။ မဓုရဿ၊ ပျား၏။ ကုမ္ဘော၊ အိုးသည်။ ၊ မဟုတ်။ ကုမ္ဘဿ၊ အိုး၏။ ဝဇ္ဇာနိ၊ အပြစ်တို့သည်။ အနပ္ပကာနိ၊ များကုန်၏။ ဗဟူ၊ များစွာကုန်သော။ ကုမ္ဘဂတေ၊ အိုး၌ဖြစ်ကုန်သော။ ဒေါသေ၊ အပြစ်တို့ကို။ သုဏာထ၊ နာကုန်လော့။

֍ ဋ္ဌ ၃၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်၍။ ဂစ္ဆာ၊ သွားသည်ရှိသော်။ ဂလေယျ၊ ဘဝါးလှမ်းတိုင်းလှမ်းတိုင်း လဲရာ၏။ ပပတံ၊ ကမ်းပါးပြတ်သို့၎င်း။ သောဗ္ဘံ၊ တွင်းသို့၎င်း။ ဂုဟံ၊ လိုဏ်ခေါင်းသို့၎င်း။ စန္ဒနိယံ၊ ညွန်စေးရွံ့သို့၎င်း။ ဩဠိဂလ္လံ၊ ဆန်ဆေးရေ စသည်တို့ကို သွန်ရာခရီးသို့၎င်း။ ပတေ၊ ကျရာ၏။ အဘောဇနေယျံ၊ မစားသင့်သော ဝတ္ထုကို။ ဗဟုံပိ၊ များစွာလည်း။ ဘုဉ္ဇေယျ၊ စားမိရာ၏။ ယာ ကုမ္ဘိ၊ အကြင်အိုးသည်။ ဧဝရူပါ၊ ဤသို့သဘောရှိ၏။ တဿာ ကုမ္ဘိယာ၊ ထိုအိုး၏။ ဝဇ္ဇာနိ၊ အပြစ်တို့ကို။ သုဏာထ၊ နာကုန်လော့။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်။

֍ ဋ္ဌ ၃၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ စိတ္တသ္မိံ၊ စိတ်၌။ အနေသမာနော၊ အစိုးမရသည်ဖြစ်၍။ ဘက္ခသာရီ၊ အဟောင်းဖြစ်သော မြက်ဖတ်ကို စားသော။ ဂေါရိဝ၊ နွားကဲ့သို့။ ဧဝရူပေါ၊ ဤသို့သဘောရှိ၏။ အနာထမာနောဝ၊ ကိုးကွယ်ရာမရှိသော သူကဲ့သို့။ အာဟိဏ္ဍတိ၊ လည်တတ်၏။ ဥပဂါယတိ စ၊ သီလည်း သီတတ်၏။ နစ္စတိ စ၊ ကလည်း ကတတ်၏။ ယာ သုရာ၊ အကြင်သေသည်။ ဧဝရူပါ၊ ဤသို့ သဘောရှိ၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၃၉။ မဟာရာဇ၊ မင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ အစေလောဝ၊ တက္ကတွန်းကဲ့သို့။ နဂ္ဂေါ၊ အဝတ်မဝတ်ဘဲ။ ဂါမေ၊ ရွာ၌၎င်း။ ဝိသိခန္တရာနိ၊ လမ်းခရီးအလယ်သို့၎င်း။ စရေယျ၊ သွားမိရာ၏။ သံမူဠှစိတ္တော၊ တွေဝေသော စိတ်ရှိသည်ဖြစ်၍။ အတိဝေလသာယိ၊ အတိုင်းအရှည်ထက် လွန်စွာအိပ်ခြင်းသို့ ရောက်ရာ၏။ တဿာ၊ ထိုများသော အပြစ်ရှိသောသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၄၀။ မဟာရာဇ၊ မင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဥဋ္ဌာယ၊ ထ၍။ ပဝေဓမာနော၊ တုန်လှုပ်လျက်။ သီသဉ္စ၊ ဦးခေါင်းကို၎င်း။ ဗာဟုံ စ၊ လက်ရုံးကို၎င်း။ ပစာလယန္တော၊ လှုပ်လျက်။ သော၊ ထိုသေသောက်သော သူသည်။ ဒါရုကဋလ္လကောဝ၊ သစ်သားဖြင့် လုပ်အပ်သော ယန္တရားရုပ်ကဲ့သို့။ နစ္စတိ၊ က၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ အဂ္ဂိဒဍ္ဎာ၊ မီးလောင်ကုန်လျက်။ သယန္တိ၊ အိပ်ရကုန်၏။ အထော၊ ထိုမှတပါး။ သိင်္ဂါလေဟိ၊ မြေခွေးတို့သည်။ ခါဒိတာ၊ စားအပ်ကုန်သည်ဖြစ်၍။ အာသေ-အာသေယျုံ၊ နေကုန်ရာ၏။ ဗန္ဓံ၊ နှောင်ဖွဲ့ခြင်းသို့၎င်း။ ဝဓံ၊ သတ်ပုတ် ညှဉ်းဆဲခြင်းသို့၎င်း။ ဘောဂဇာနိံ၊ စည်းစိမ် ယုတ်ခြင်းသို့၎င်း။ ဥပေန္တိ၊ ရောက်ကုန်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၄၂။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ သဘာယံ၊ သဘင်၌။ အဘာသနေယျံ၊ မဆိုအပ်သော စကားကို။ ဘာသေယျ၊ ဆိုမိရာ၏။ အပေတဝတ္ထော၊ အဝတ်မှကင်းသည်။ သမာနော၊ ဖြစ်လျက်။ ဝန္တဂတော၊ မိမိအန်ဖတ်၌ လဲသည်ဖြစ်၍။ သမက္ခိတော၊ အန်ဖတ်ဖြင့် လိမ်းကျံလျက်။ ဗျသန္နော၊ နစ်သောအဖြစ်သို့ ရောက်သည်ဖြစ်၍။ သယတိ၊ အိပ်ရ၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၄၃။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ဥက္ကဋ္ဌော၊ ငါကား အလွန်မြတ်သော သူတည်း ငါနှင့်တူသောသူ မရှိဟု။ ဘာသေယျ၊ ကြုံးဝါး ပြောဆိုရာ၏။ အာဝိလကျခော၊ နီသောမျက်စိရှိသည်ဖြစ်၏။ သဗ္ဗပထဝီ၊ အလုံးစုံသော မြေသည်။ မမေဝ၊ ငါ၏သာလျှင်။ ပထဝီ၊ မြေတည်း။ မေ၊ ငါနှင့်။ သမော၊ တူသော။ စတုရန္တော၊ သမုဒြာလေးစင်း အပိုင်းအခြားရှိသောမြေ၌ အစိုးရသော။ ရာဇာပိ၊ မင်းသည်လည်း။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ မညေ၊ ထင်မှတ်တတ်၏။ တဿာ၊ ထိုသို့သော သေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၄၄။ ယာ သုရာ၊ အကြင်သေသည်။ မာနာတိမာနာ၊ ပကတိသောမာန် အလွန်သော မာန်မူခြင်းတို့ကို ပြုတတ်၏။ ကလဟာနိ၊ ငြင်းခုံခြင်းတို့ကိုလည်း ပြုတတ်ကုန်၏။ ပေသုဏီ၊ ဂုံးတိုက် ချောပစ်ခြင်းကိုလည်း ပြုတတ်ကုန်၏။ ဒုဗ္ဗဏ္ဏိနီ၊ အဆင်းမလှခြင်းကိုလည်း ပြုတတ်၏။ နဂ္ဂိနီ၊ အဝတ်မရှိသည်ကိုလည်း ပြုတတ်၏။ ပလာယိနီ၊ ပြေးခြင်းကိုလည်း ပြုတတ်၏။ စောရာနံ၊ သူခိုးတို့၏၎င်း။ ဓုတ္တာနံ၊ သေသောက်ကြူးတို့၏၎င်း။ ဂတိ၊ ရောက်ရာလည်းဖြစ်၏။ နိကေဆတာ၊ နေရာလည်း ဖြစ်၏။ တဿာ၊ ထိုသို့သော အပြစ်ရှိသော သေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၄၅။ လောကေ၊ လူ့ပြည်၌။ ဣဒ္ဓါနိ၊ ပြည့်စုံကုန်သော။ ဖီတာနိ၊ အဝတ်တန်ဆာ ထက်ဝန်းကျင် ဥစ္စာတို့ဖြင့် ပွင့်လန်းကုန်သော။ အနေကသဟဿဓနာနိ၊ အထောင်မက များစွာသော ဥစ္စာရှိကုန်သော။ ယာနိ ကုလာနိ၊ အကြင်အမျိုးတို့သည်။ အာသုံ၊ ဖြစ်ကုန်၏။ တာနိ ကုလာနိ၊ ထိုအမျိုးတို့ကို။ ဣမာယ၊ ဤသေသည်။ ဥစ္ဆိန္နဒါယဇ္ဇကတာနိ၊ ပြတ်သော အမွေခံရှိသည်တို့ကို ပြုတတ်ကုန်၏။ တဿာ၊ ထိုသို့သော အပြစ်ရှိသော သေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၄၆။ ယံ၊ အကြင်အမျိုးကို။ နိဿာယ၊ မှီ၍။ ယတ္ထ၊ အကြင်အမျိုး၌။ ဓညံ၊ စပါးသည်၎င်း။ ဓနံ၊ ဥစ္စာသည်၎င်း။ ရဇတံ၊ ငွေသည်၎င်း။ ဇာတရူပံ၊ ရွှေသည်၎င်း။ ခေတ္တံ၊ လယ်သည်၎င်း။ ဂဝံ၊ နွားသည်၎င်း။ ပတိဋ္ဌိတာ၊ တည်ကုန်၏။ တတ္ထ၊ ထိုအရပ်၌။ တဿ၊ ထိုအမျိုး၏။ ဗဟူနိ၊ များစွာကုန်သော ဥစ္စာတို့သည်။ ဣမာယ၊ ဤသေကြောင့်။ ဝိနာသယန္တိ၊ ပျက်စီးကုန်၏။ ကုလာနံ၊ အမျိုးတို့၏။ ဥစ္ဆေဒနိဝိတ္တဂတံ၊ ပြတ်ခြင်း ဥစ္စာမရှိခြင်းသို့ ရောက်ခြင်းကို။ ဣမာယ၊ ဤသေသည်။ ကတံ၊ ပြုအပ်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၄၇။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ပေါသော၊ ယောက်ျားသည်။ ဒိတ္တရူပေါဝ၊ မာန်ဆောင်တတ်သော သဘောရှိသည် ဖြစ်၍လျှင်။ မာတရဉ္စ၊ အမိကို၎င်း။ ပိတရဉ္စ၊ အဖကို၎င်း။ အက္ကောသတိ၊ ဆဲရေးမိတတ်၏။ သသူပိ၊ ယောက္ခမ မိန်းမသူကိုလည်း။ ဂဏှေယျ၊ ကိလေသာ၏ အစွမ်းဖြင့် ဆွဲငင်မိရာ၏။ အထော၊ ထိုမှတပါး။ သုဏှမ္ပိ၊ ချွေးမကိုလည်း။ ဂဏှေယျ၊ ကိလေသာ၏ အစွမ်းဖြင့် ဖမ်းမိရာ၏။ တဿာ၊ ထိုသို့သော အပြစ်ရှိသော သေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၄၈။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ နာရီ၊ မိန်းမသည်။ ဒိတ္တရူပါဝ၊ စောင်းမာန်တက်သော သဘောရှိသည် ဖြစ်၍လျှင်။ သသုရဉ္စ၊ ယောက္ခမ ယောက်ျားသူကို၎င်း။ သာမိကဉ္စ၊ လင်ကို၎င်း။ အက္ကောသတိ၊ ဆဲရေးမိတတ်၏။ ဒါသံပိ၊ မိမိကျွန်ကိုသော်လည်း။ ဂဏှေယျ၊ ကိလေသာ၏ အစွမ်းဖြင့် လင်ထင်မှတ်၍ ဖမ်းငင်မိရာ၏။ ပရိစာရိကံပိ၊ အလုပ်အကျွေးဖြစ်သော သူကိုလည်း။ ဂဏှေယျ၊ ကိလေသာ၏ အစွမ်းဖြင့် ဆွဲငင်မိရာ၏။ တဿာ၊ ထိုသို့သော အပြစ်ရှိသော သေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၄၉။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ပေါသော၊ ယောက်ျားသည်။ ဓမ္မေ၊ မြတ်သော အကျင့်တရား၌။ ဌိတံ၊ တည်သော။ သမဏံ ဝါ၊ ရဟန်းကို၎င်း။ ဗြာဟ္မဏံ ဝါ၊ ပုဏ္ဏားကို၎င်း။ ဟနေယျ၊ သတ်ပုတ်ညှဉ်းဆဲရာ၏။ တတော နိဒါနံ၊ ထိုသို့ သတ်ပုတ် ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့်။ အပါယမှိ၊ အပါယ်လေးပါးသို့။ ဂစ္ဆေယျ၊ ရောက်ရာ၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၅၀။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ကာယေန စ၊ ကိုယ်ဖြင့်၎င်း။ ဝါစာယ စ၊ နှုတ်ဖြင့်၎င်း။ စေတသာ စ၊ စိတ်ဖြင့်၎င်း။ ဒုစ္စရိတံ၊ မကောင်းသော အကျင့်ကို။ စရန္တိ၊ ကျင့်မိတတ်ကုန်၏။ ဒုစ္စရိတံ၊ မကောင်းသော အကျင့်ကို။ စရိတွာ၊ ကျင့်မိသောကြောင့်။ နိရယံ၊ ငရဲသို့။ ဝဇန္တိ၊ ရောက်ရကုန်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၅၁။ ပုဗ္ဗေ၊ ရှေး၌။ သုရံ၊ သေကို။ အပိဝန္တံ၊ မသောက်သော။ ယံ ပုရိသံ၊ အကြင်ယောက်ျားကို။ ဗဟုံ၊ များစွာသော။ ဟိရညံ၊ ရွှေကို။ ပရိစ္စဇန္တော၊ ပေးကုန်လျက်။ အလီကံ၊ မဟုတ်မမှန်သောစကားကို။ ဘဏ၊ သင်ဆိုလော့။ ဣတိ၊ ဤသို့ဆိုကုန်၍။ ယာစမာနာပိ၊ တောင်းပန်ကုန်သော်လည်း။ န လဘန္တိ၊ မရကုန်။ တံ၊ ထိုသေကို။ ပိဝိတွာ၊ သောက်ပြီး၍။ ဌိတာ၊ တည်သော။ သော၊ ထိုယောက်ျားသည်။ အလီကံ၊ မဟုတ်မမှန်သော စကားကို။ ဘဏတိ၊ ဆိုတတ်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၅၂။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ပေသနေ၊ စေပါးဘွယ်၌။ ပေသိယန္တော၊ စေသည်ရှိသော်။ အစ္စာယိကေ၊ အဆောတလျင် ပြုအပ်သော။ ကရဏီယမှိ၊ ပြုဘွယ်ကိစ္စသည်။ ဇာတေ၊ ဖြစ်လတ်သည်ရှိသော်။ ကေန၊ အဘယ်အကြောင်းကြောင့်။ အာဂတော၊ လာသနည်း။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သော်။ သော၊ ထိုသေသောက်သောသူသည်။ အတ္ထံပိ၊ မှာလိုက်သော စကားအနက်မျှကိုလည်း။ န ပဇာနာတိ၊ မသိ။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၅၃။ ဟိရိမနာပိ၊ ရှက်ကြောက်တတ်ကုန်သော သူတို့သည်လည်း။ မဒနာယ၊ သေဖြင့်။ မတ္တာ၊ ယစ်ကုန်သည်ဖြစ်၍။ အဟိရိကဘာဝံ၊ အရှက်အကြောက်ကင်းသော အဖြစ်ကို။ ပါတုကရောန္တိ၊ ထင်ရှားပြုတတ်ကုန်၏။ ဓီရာ၊ ပညာရှိတို့သည်။ သန္တာပိ၊ ရှိကုန်လျက်လည်း။ ဗဟုကံ၊ များစွာသော စကားကို။ ဘဏန္တိ၊ ဆိုမိတတ်ကုန်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၅၄။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ဧကတူပါ၊ ဝက်သူငယ်တို့ကဲ့သို့ အမျိုးယုတ်သော သူနှင့်တကွ တပေါင်းတည်း ဖြစ်ကုန်၍။ သယန္တိ၊ အိပ်ကုန်၏။ အနာသကာ၊ ကင်းသော အာဟာရရှိကုန်သည်ဖြစ်၍။ တဏ္ဍိလဒုက္ခသေယဉ္စ၊ မြေ၌ ဆင်းရဲစွာသော အိပ်ခြင်းသို့၎င်း။ ဒုဗ္ဗဏ္ဏိယဉ္စ၊ အဆင်း မလှခြင်းသို့၎င်း။ အာယသတျဉ္စ၊ ကဲ့ရဲ့ခြင်းသို့၎င်း။ ဥပေန္တိ၊ ရောက်ကုန်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၅၅။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ပတ္တက္ခန္ဓာ၊ ငိုက်ဆိုက်ကျသော လည်ရှိသည်ဖြစ်၍။ ကူဋဟတာ၊ လည်၌ဖွဲ့အပ်သော ယန္တရားဖြင့် ညှဉ်းဆဲအပ်ကုန်သော။ ဂါဝေါ ဣဝ၊ နွားတို့ကဲ့သို့။ သယန္တိ၊ အိပ်ကုန်၏။ ဝါရုဏိယာ၊ သေ၏။ ဝေဂေါ ဣဝ၊ အဟုန်ကဲ့သို့။ နရေ၊ လူတို့ကို။ သုသဟော၊ ပြင်းစွာ နှိပ်စက်တတ်သော။ ဝေဂေါ၊ အဟုန်သည်။ န ဟိ အတ္ထိ၊ မရှိသလျှင်ကတည်း။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၅၆။ ယံ သုရံ၊ အကြင်သေကို။ ဃောရဝိသံ၊ ပြင်းသော အဆိပ်ရှိသော။ သပ္ပံ ဣဝ၊ မြွေကဲ့သို့။ မနုဿာ၊ လူတို့သည်။ ဝိဝဇ္ဇန္တိ၊ ရှောင်ကြဉ်ကုန်၏။ လောကေ၊ လူ့ပြည်၌။ ဝိသသမာနံ၊ အဆိပ်နှင့်တူသော။ တံ သုရံ၊ ထိုသေကို။ ကော နရော၊ အဘယ်သူသည်။ ပါတုံ၊ သောက်ခြင်း။ အရဟတိ၊ ထိုက်အံ့နည်း။

֍ ဋ္ဌ ၅၇။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ အဏ္ဍကဝေဏ္ဍပုတ္တာ၊ အဏ္ဍကဝေဏ္ဍသား ဖြစ်ကုန်သော တကျိပ်ကုန်သော မင်းညီနောင်တို့သည်။ သမုဒ္ဒတီရေ၊ သမုဒြာကမ်းနား၌။ ပရိဝါရယန္တာ၊ ခြံရံကုန်လျှက်။ မုသလေဟိ၊ ကျည်ပွေ့တို့ဖြင့်။ အညမညံ၊ အချင်းချင်း။ ဥပက္ကမုံ၊ ရိုက်ပုတ်ကြကုန်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

֍ ဋ္ဌ ၅၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ သမာယာ၊ မယားနှင့်တကွကုန်သော။ ပုဗ္ဗဒေဝါ၊ အသုရာနတ်တို့သည်။ ဝေ၊ စင်စစ်။ ပမတ္တာ၊ သေယစ်ကုန်သည်ဖြစ်၍။ သဿတိယာ၊ နှစ်လ ရှည်လျားသောကြောင့် မြဲသည်ဟု သမုတ်အပ်သော။ တိဒိဝါ၊ တာဝတိံသာ နတ်ပြည်မှ။ စုတာ၊ ရွေ့လျော့၍ ကျကုန်၏။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ ဣမံ မဇ္ဇံ၊ ဤသေကို။ တံ၊ ထိုသေသည်။ နိရတ္ထကံ၊ အကျိုးမရှိ။ ဣတိ၊ ဤသို့။ ဇာနံ-ဇာနန္တော၊ သိသော သင်မင်းကြီးသည်။ ကထံ၊ အဘယ်ကြောင့်။ ပိဝေယျ၊ သောက်အံ့နည်း။

֍ ဋ္ဌ ၅၉။ သဗ္ဗမိတ္တ၊ သဗ္ဗမိတ္တ အမည်ရှိတော်မူသော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမသ္မိံ၊ ဤသို့ သဘောရှိသော။ ကုမ္ဘသ္မိံ၊ အိုး၌။ ဒဓိ ဝါ၊ နိုခမ်းသည်၎င်း။ မဓုဝါ၊ ပျားသည်၎င်း။ ၊ မဟုတ်။ ဧဝံ၊ ဤသို့ အပြစ်များသော အဖြစ်ကို။ အဘိညာယ၊ သိ၍။ ကိဏာဟိ၊ ဝယ်လော့။ ဧဝံဟိ၊ ဤသို့လျှင်။ ကုမ္ဘဂတံ၊ အိုး၌တည်သော အဖြစ်ကို။ တဝ၊ ရှင်မင်းကြီးအား။ မယာ၊ ငါသည်။ အက္ခာတရူပံ၊ သဘောအားဖြင့် ကြားအပ်ပြီ။

ထိုစကားကိုကြား၍ သဗ္ဗမိတ္တမင်းကြီးသည် သုရာ၏အပြစ်ကို သိသဖြင့် နှစ်သက်သည်ဖြစ်၍ သိကြားမင်းအား ချီးမွမ်းလိုရကား-

၆၀။ န မေ ပိတာ ဝါ အထဝါပိ မာတာ၊
ဧတာဒိသာ ယာဒိသကော တုဝံသိ။
ဟိတာနုကမ္ပီ ပရမတ္ထကာမော၊
သောဟံ ကရိဿံ ဝစနံ တဝဇ္ဇ။
၆၁။ ဒဒါမီ တေ ဂါမဝရာနိ ပဉ္စ၊
ဒါသီသတံ သတ္တဂဝံ သတာနိ။
အာဇညယုတ္တေ စ ရထေ ဒသိမေ။
အာစရိယော ဟောသိ မမတ္ထကာမော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၆၀။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မေ၊ ငါ၏။ ပိတာ ဝါ၊ အဖသည်၎င်း။ အထ၊ ထို့မြို့။ မာတာပိ ဝါ၊ အမိသည်၎င်း။ ဧတာဒိသာ၊ ထိုသို့ သဘောရှိကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။ ယာဒိသကော၊ အကြင်သို့ သဘောရှိသော။ တုဝံ၊ သင်သည်။ မေ၊ ငါ၏။ ဟိတာနုကမ္ပီ၊ အစီးအပွားကို အလိုရှိသည်။ အသိ၊ ဖြစ်၏။ တာဒိသာ၊ ထိုသို့ သဘောရှိသော။ တုဝံ၊ သင်သည်။ မေ၊ ငါ၏။ ပရမတ္ထကာမော၊ မြတ်သောအကျိုးကို အလိုရှိသည်။ အသိ၊ ဖြစ်၏။ သော အဟံ၊ ထိုငါသည်။ အဇ္ဇ၊ ယခုအခါ၌။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ ကရိဿံ၊ လိုက်နာပါအံ့။

֍ ဋ္ဌ ၆၁။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ပဉ္စဂါမဝရာနိ၊ အခွန်တသိန်းထွက်သော ငါးရွာတို့ကို၎င်း။ ဒါသီသတံ၊ ကျွန်မတရာကို၎င်း။ သတ္တဂဝံ သတာနိ၊ ခုနစ်ရာသော နွားတို့ကို၎င်း။ အာဇညယုတ္တေ၊ အာဇာနည်မြင်း က, ကုန်သော။ ဣမေဒသ ရထေ စ၊ ဤဆယ်စီးကုန်သော ရထားတို့ကို၎င်း။ တေ၊ သင့်အား။ အဟံ၊ ငါသည်။ ဒဒါမိ၊ ပေး၏။ တွံ၊ သင်သည်။ မမ၊ ငါ၏။ အတ္ထကာမော၊ အကျိုးစီးပွားကို အလိုရှိသော။ အာစရိယော၊ ဆရာသည်။ အဟောသိ၊ ဖြစ်ပေ၏။

ထိုစကားကိုကြား၍ သိကြားမင်းသည် နတ်၏ ကိုယ်အဖြစ်ကိုပြ၍ မိမိကိုယ်ကို သိစိမ့်သောငှါ ကောင်းကင်၌ ရပ်၍ မိမိအား ပေးသောဆုကို ပယ်သဖြင့် ထိုမင်းအား အဆုံးအမကို ပေးလိုရကား-

၆၂။ တဝေဝ ဒါသီသတ မတ္ထု ရာဇ။
ဂါမာ စ ဂါဝေါ စ တဝေဝ ဟောန္တု။
အာဇညယုတ္တာ စ ရထာ တဝေဝ၊
သက္ကောဟမသ္မိ တိဒသာန မိန္ဒော။
၆၃။ မံသောဒနံ သပ္ပိပါယာသံ ဘုဉ္ဇ၊
ခါဒဿု စ တံ့ မဓုနာ သ ပူဝေ။
ဧဝံ တုဝံ ဓမ္မရတော ဇနိန္ဒ၊
အနိန္ဒိတော သဂ္ဂ မုပေဟိ ဌာနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၆၂။ ရာဇ၊ မင်းမြတ်။ ဒါသီသတံ၊ သင်မင်းမြတ်၏ ကျွန်မတရာသည်။ တဝေဝ၊ သင်မင်းမြတ်အားသာလျှင်။ အတ္ထု၊ ဖြစ်စေသတည်း။ ဂါမာ စ၊ ရွာငါးရွာတို့သည်၎င်း။ ဂါဝေါ စ၊ ခုနစ်ရာသော နွားတို့သည်၎င်း။ တဝေဝ၊ သင်မင်းမြတ်အားသာလျှင်။ ဟောန္တု၊ ဖြစ်စေကုန်လော့။ အာဇည ယုတ္တရထာ စ၊ အာဇာနည်မြင်းကသော ရထားတို့သည်လည်း။ တဝေဝ၊ သင်မင်းမြတ်အားသာလျှင်။ ဟောန္တု၊ ဖြစ်စေကုန်လော့။ အဟံ၊ ငါသည်။ တိဒသာနံ၊ တာဝတိ့သာနတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ သက္ကော၊ သိကြားမင်းသည်။ အသ္မိ၊ ဖြစ်၏။

֍ ဋ္ဌ ၆၃။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ တွံ၊ သင်မင်းမြတ်သည်။ မံသောဒနံ၊ သားပြွမ်းထမင်းကို၎င်း။ သပ္ပိပါယာသံ၊ ဃနာထမင်းကို၎င်း။ ဘုဉ္ဇ၊ စားလော့။ မဓုနာ၊ ပျားနှင့်။ သဟ၊ တကွ။ ပူဝေ စ၊ မုံ့တို့ကို၎င်း။ ခါဒဿု၊ စားလော့။ ဧဝံ၊ ဤသို့ အထူးထူးသော မြတ်သောအရသာရှိသော ခဲဘွယ် ဘောဇဉ်ကိုစား၍ သေသောက်ခြင်းမှ ကြဉ်ရှောင်လျက်။ ဓမ္မရတော၊ သုစရိုက်တရား၌ မွေ့လျော်သည်ဖြစ်၍။ အနိန္ဒိတော၊ မကဲ့ရဲ့အပ်သည်ဖြစ်၍။ တုဝံ၊ သင်မင်းမြတ်သည်။ သဂ္ဂံ၊ ရူပါရုံစသည်ဖြင့် မြတ်သော။ ဌာနံ၊ နတ်ပြည်သို့။ ဥပေဟိ၊ ကပ်လော့။

ဤသို့လျှင် သိကြားနတ်မင်းသည် ထိုသဗ္ဗမိတ္တမင်းအား အဆုံးအမကို ပေးပြီးလျှင် မိမိနေရာ တာဝတိ့သာ နတ်ရွာသို့လျှင် သွားလေ၏။ ထိုသဗ္ဗမိတ္တ မင်းသည်လည်း သုရာကို မသောက်မူ၍ သုရာအိုးတို့ကို ခွဲစေပြီးလျှင် သီလကို ဆောက်တည်၍ အလှူပေးသဖြင့် နတ်ပြည်သို့ လား၏။ ဇမ္ဗူဒိပ်ကျွန်း အလုံး၌လည်း အစဉ်သဖြင့် သေသောက်ခြင်းသည် ပြန့်ပွားခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ဝိသခါ- ယခုအခါ အာနန္ဒာသည် ထိုအခါ သဗ္ဗမိတ္တမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားသည်လျှင် ထိုအခါ သိကြားနတ်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှစ်ခုမြောက်ဖြစ်သောကုမ္ဘဇာတ်သည် ပြီး၏။

*****

တိံသနိပါတ်

၃။ ဇယဒိသဇာတ်

မိဘကို လုပ်ကျွေးခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် စိရဿံ ဝတ မေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇယဒိသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အမိအဖကို လုပ်ကျွေးသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် သုဝဏ္ဏသာမဇာတ်၌ ပစ္စုပ္ပန်ဝတ္ထုနှင့် တူသလျှင်ကတည်း။

အထူးကား - ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့- ရှေးပညာရှိတို့သည် ရွှေပန်းကို၎င်း, ထီးဖြူကို၎င်းစွန့်၍ မိဘတို့ကို လုပ်ကျွေးဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့-လွန်လေပြီးသောအခါ ကပိလတိုင်း ဥတ္တရ ပဉ္စာလမြို့၌ ပဉ္စာလမည်သောမင်းသည် မင်းပြုသတတ်၊ ထိုမင်း၏ မိဖုယားကြီးသည် ကိုယ်ဝန်ဆောင်၍ သားကို ဖွား၏။ ထိုမိဖုယားကြီးအား ရှေးဘဝ၌ တယောက်သော ရန်သူမိန်းမသည် အမျက်ထွက်၍ သင်၏ ဖွားတိုင်းဖွားတိုင်းသော သားကိုစားခြင်းငှါ စွမ်းနိုင်သည် ဖြစ်ရလို၏ဟု ဆုတောင်းခြင်းကို ဖြစ်စေ၍ ဘီလူးမဖြစ်၏။ ထိုဘီလူးမသည် ထိုအခါ အခွင့်ရ၍ ထိုမိဖုယားမြင်စဉ်လျှင် စိုသော အသားစိုင်နှင့်တူသော ထိုသားငယ်ကိုယူ၍ ကျွတ်ကျွတ်ဝါးလျက် စား၍ သွားလေ၏။ နှစ်ကြိမ်မြောက် သားဖွားရာ၌လည်း ထို့အတူသာလျှင် ပြု၏။ သုံးကြိမ်မြောက်၌ကား ထိုမိဖုယားကြီးအား သားဖွားအိမ်သို့ ဝင်သောအခါ အိမ်ကိုခြံရံ၍ မြဲမြံစွာ စောင့်ရှောက်ခြင်းကို ပြုကုန်၏။ သားဖွားသည့်နေ့၌ ဘီလူးမသည် လာလတ်၍ တဖန် သူငယ်ကိုယူ၏။ မိဖုယားသည် ဘီလူးမသည် ငါ့သားကိုယူခဲ့ပြီဟု ကျယ်စွာသော အသံကိုပြု၏။ လက်နက် စွဲကုန်သော သူတို့သည် လာလတ်ကုန်၍ မိဖုယားသည် ပေးအပ်သော အမှတ်ဖြင့် ဘီးလူးမကို လိုက်ကုန်၏။

ထိုဘီလူးမသည် စားခွင့်ကိုမရသဖြင့် ပြေး၍ ရေပြွန်ပေါက်သို့ဝင်၏။ သူငယ်သည် အမိအမှတ်ဖြင့် ထိုဘီလူးမ၏ နို့ကို စို့၏။ ထိုဘီလူးမသည် သားကဲ့သို့ ချစ်ခြင်းကို ဖြစ်စေ၍ သုသာန်သို့ သွားပြီးလျှင် သူငယ်ကို ကျောက်ဂူလိုဏ်ခေါင်း၌ထား၍ မွေးကျွေး၏။ ထိုအခါ အစဉ်သဖြင့် ကြီးသော ထိုသူငယ်အား လူသားကိုဆောင်၍ ပေး၏။ နှစ်ယောက်သော သူတို့သည်လည်း လူသားကိုစား၍ နေကုန်၏။ သူငယ်သည်လည်း မိမိ၏ လူ၏အဖြစ်ကို မသိ၊ ဘီလူးမသားဟူသော အမှတ်ရှိ၏။ ထိုမင်းသားသည် မိမိကိုယ်အဖြစ်ကိုစွန့်၍ ကွယ်ပျောက်ခြင်းငှါ မတတ်နိုင်၊ ထိုအခါ မင်းသားအား ဘီလူးမသည် ကွယ်ပျောက်စိမ့်သောငှာ တခုသော ဆေးမြစ်ကိုပေး၏။ ထိုမင်းသားသည် ဆေးမြစ် အာနုဘော်ကြောင့် ကွယ်ပျောက်၏။ လူသားကို စားလျက် သွား၏။ ဘီလူးမသည် ဝေဿဝဏ်နတ်မင်းကြီး၏ အမှုကိစ္စကို ဆောင်အံ့သောငှါ သွား၍ ထိုဝေဿဝဏ်

နတ်မင်းကြီး အထံ၌လျှင် သေ၏။

မိဖုယားသည်လည်း လေးကြိမ်မြောက်သောအခါ၌ တယောက်သော သားကို ဖွားပြန်၏။ ထိုမင်းသားသည် ဘီလူးမမှ လွတ်သည်၏ အဖြစ်ကြောင့် ရောဂါမရှိသည် ဖြစ်၏။ ထိုမင်းသားအား ရန်သူဖြစ်သော ဘီလူးမကိုအောင်၍ ဖွားသောကြောင့် ဇယဒိသမင်းသား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုမင်းသားသည် အရွယ်ရောက်လတ်သော် အလုံးစုံသော အတတ်တို့၏ အပြီးသို့ရောက်၍ ထီးဖြူကိုဆောင်း၍ တိုင်းပြည်ကို ဆုံးမ၏။ ထိုအခါ ဘုရားလောင်းသည် ထိုမင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းအား အလီနသတ္တုမင်းသားဟူသော အမည်ကို မှည့်ကုန်၏။ ထိုဘုရားလောင်းသည် အရွယ်ရောက်လတ်သော် အလုံးစုံ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ အိမ်ရှေ့မင်းဖြစ်၏။ ဘီလူးမသားသည်လည်း နောက်အဘို့၌ မေ့လျော့သဖြင့် ထိုဆေးမြစ်ကို

ဖျောက်၍ ကွယ်ပျောက်ခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ကိုယ်ထင်ပြလျက်လျှင် သုသာန်၌ လူသားကို စား၏။ လူတို့သည် ထိုဘီလူးကိုမြင်လျှင် ကြောက်လန့်ကုန်သောကြောင့် လာလတ်ကုန်၍ မင်းအား ကြားလျှောက်ကုန်၏။

အရှင်မင်းကြီး- တယောက်သော ဘီလူးသည် ကိုယ်ထင်ပြ၍ သုသာန်၌ လူသားကို စား၏။ ထိုဘီလူးသည် အစဉ်သဖြင့် မြို့တွင်းသို့ဝင်၍ လူကိုသတ်၍ စားလတ္တံ့၊ ထိုဘီလူးကို ဖမ်းအံ့သောငှါ သင့်၏ဟု ကြားလျှောက်ကုန်၏။ မင်းသည် ကောင်းပြီဟု ဝန်ခံပြီးလျှင် ထိုဘီလူးကို ဖမ်းကြကုန်လော့ဟု စေ၏။ ဗိုလ်ပါအပေါင်းသည် သွားကုန်၍ သုသာန်ကို ဝန်းရံကုန်၏။ ဘီလူးမသားသည် အဝတ်မရှိဘဲ ထိတ်လန့်လျက် သေဘေးမှ ကြောက်သည်ဖြစ်၍ မြည်တမ်းလျက် လူတို့အကြားဖြင့် ပြေး၏။ လူတို့သည် ဤသူကား ဘီလူးတည်းဟု သေဘေးမှ ကြောက်လန့်ကုန်သည် ဖြစ်၍ နှစ်ဖြာကွဲကုန်၏။ ဘီလူးမသားသည်လည်း ထိုသုသာန်မှ ပြေး၍လျှင် တောသို့ဝင်၏။ တဖန် လူတို့ခရီးသို့ မသွားပြီ။ ထိုဘီလူးမသားသည် တခုသော မဟာဝဋ္ဋနီမည်သော တောအုပ်ကိုမှီ၍ သွားကုန်သော လူတို့တွင် တယောက် တယောက်စီ ဖမ်းယူပြီးလျှင် တောသို့ဝင်၍ သတ်စားလျက် တခုသော ပညောင်ပင်၌ နေ၏။

ထိုအခါ တယောက်သော လှည်းကုန်သည်မှူးဖြစ်သော ပုဏ္ဏားသည် တောအုပ်ကို စောင့်ကုန်သော လူတို့အား တထောင်သော ဥစ္စာကိုပေး၍ လှည်းငါးရာတို့ဖြင့် ထိုခရီးကို သွား၏။ လူဖြစ်သော ဘီလူးသည် ကြွေးကြော်လျက် ပြေးလာ၏။ ကြောက်ကုန်သော လူတို့သည် ရင်ဖြင့်ဝပ်ကုန်၏။ ထိုလူဖြစ်သော ဘီလူးသည် ပုဏ္ဏားကိုယူ၍ ပြေးသည်ရှိသော် ငုတ်ဖြင့် ခြေကိုတိုက်မိ၍ တောအုပ်စောင့်သော လူတို့သည် လိုက်ကုန်သည်ရှိသော် ထိုပုဏ္ဏားကိုစွန့်၍ သွားပြီးလျှင် မိမိနေရာ ပညောင်ပင်ရင်း၌ အိပ်၏။ ထိုပညောင်ပင်ရင်း၌ အိပ်သော ထိုဘီလူးအား ခုနစ်ရက်မြောက်သောနေ့၌ ဇယဒိသမင်းသည်လည်း သမင်ကိုသတ်ခြင်းငှာ ဗိုလ်ပါ ခြံရံ၍ မြို့မှထွက်၏။ မြို့မှထွက်ကာမျှဖြစ်သော ထိုမင်းကို တက္ကသိုလ်ပြည်၌နေသော နန္ဒမည်သော အမိအဖကို လုပ်ကျွေးသော ပုဏ္ဏားသည် တဂါထာလျှင် တရာစီထိုက်သော သတာရဟ လေးဂါထာကိုယူ၍ လာလတ်ပြီးလျှင် ထိုမင်းကို ဖူးမြင်၏။ မင်းသည် ပြန်မှ ငါနာအံ့ဟုဆို၍ ထိုနန္ဒပုဏ္ဏားအား နေရာအိမ်ကို ပေးပြီးလျှင် သမင်တောသို့သွား၍ အကြင်သူ၏နံပါးဖြင့် သမင်သည် ပြေးအံ့၊ ထိုသူအားသာလျှင် အစားတည်းဟု ဆို၏။ ထိုအခါ တခုသော ချေဖြစ်သော သားသည် ထ၍ မင်း၏ ရှေးရှုပြေး၏။ မှူးမတ်တို့သည် ပြက်ရယ်ပြုကုန်၏။ ဇယဒိသမင်းသည် သန်လျက်ကို ကိုင်၍ ထိုချေကို လိုက်သည်ရှိသော် သုံးယူဇနာထက်၌ မှီ၍ သန်လျက်ဖြင့် နှစ်ပိုင်းဖြတ်ပြီးလျှင် ထမ်းပိုးဖြင့်ထမ်း၍ လာလတ်သော် လူဖြစ်သော ဘီလူးအရပ်သို့ ရောက်လျှင် နေဇာမြက်ပေါ်၌နေ၍ အတန်ငယ် အပန်းဖြေပြီးလျှင် သွားခြင်းငှါ အားထုတ်၏။ ထိုအခါ ဇယဒိသမင်းကို ဘီလူးသည် ထလတ်၍ ရပ်လော့၊ အဘယ်သို့ သွားအံနည်း၊ ငါ၏အစာ ဖြစ်ပြီဟုဆို၍ လက်၌ကိုင်၍ ထိုမင်းအား မေးလိုရကား-

၆၄။ စိရဿံ ဝတ မေ ဥဒပါဒိ အဇ္ဇ၊
ဘက္ခော မဟာ သတ္တမိ ဘတ္တကာလေ။
ကုတောသိ ကော ဝါသိ တဒိင်္ဃ ဗြူဟိ၊
အာစိက္ခ ဇာတိ ဝိဒိတော ယထာသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၄။ ဘော ပုရိသ၊ အို ယောက်ျား။ စိရဿံ ဝတ၊ ကြာမြင့်လေစွတကား။ မေ၊ ငါ့အား။ အဇ္ဇ၊ ယနေ့။ သတ္တမီ၊ အစာမစားရသည် ခုနစ်ရက်ရှိပြီ။ ဘတ္တကာလေ၊ အစာစားချိန် ကာလ၌။ မဟာဘက္ခော၊ မြတ်သော အစာသည်။ ဥဒပါဒိ၊ ဖြစ်ပေ၏။ တွံ၊ သင်သည်။ ကုတာ၊ အဘယ်အရပ်မှ။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်သနည်း။ တွံ၊ သင်သည်။ ကော ဝါ၊ အဘယ်သူသည်မူလည်း။ အသိ၊ ဖြစ်သနည်း။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ တံ၊ ထိုငါမေးသော အကြောင်းကို။ ဗြူဟိ၊ သင်ဆိုလော့။ ယထာ၊ အကြင် အခြင်းဖြင့်။ တယာ၊ သင်သည်။ ဇာတိ၊ ဇာတ်ကို။ ဝိဒိတော၊ သိအပ်၏။ တထာ၊ ထိုအခြင်းဖြင့်။ အာစိက္ခ၊ ငါ့အား ကြားလော့။

ဇယဒိသမင်းသည် ဘီလူးကိုမြင်လျှင် အလွန်ကြောက်သည်ဖြစ်၍ ပေါင်တုန်လှုပ်ခြင်းသို့ ရောက်သဖြင့် ပြေးခြင်းငှါ မတတ်နိုင်၊ ထိုသို့ ပေါင်တုန်လှုပ်သဖြင့် ပြေးသွားခြင်းငှါ မတတ်နိုင်သော်လည်း သတိကိုဖြစ်စေ၍ ဘီလူးအား အကြောင်းကိုကြားသဖြင့် တောင်းပန်လိုရကား-

၆၅။ ပဉ္စာလရာဇာ မိဂဝံ ပဝိဋ္ဌော၊
ဇယဒ္ဒိသော နာမ ယဒိဿုတော တေ။
စရာမိ ကစ္ဆာနိ ဝနာနိ စာဟံ၊
ပသဒံ ဣမံ ခါဒ မမဇ္ဇ မုဉ္စ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၅။ ယက္ခ၊ ဘီလူး။ အဟံ၊ ငါသည်။ ပဉ္စာလရာဇာ၊ ပဉ္စာလ မင်းသည်။ အသ္မိ၊ ဖြစ်၏။ မိဂဝံ၊ သမင်တောသို့။ ပဝိဋ္ဌော၊ ဝင်လာ၏။ အဟံ၊ ငါသည်။ ဇယဒ္ဒိသော နာမ၊ ဇယဒိသ အမည်ရှိ၏။ ယဒိ၊ အကယ်၍။ တေ၊ သင်သည်။ သုတော၊ ကြားဘူးအံ့သတည်း။ အဟံ၊ ငါသည်။ ကစ္ဆာနိ စ၊ တောင်ခြေရင်းသို့၎င်း။ ဝနာနိ စ၊ တောသို့၎င်း။ စရာမိ၊ သွား၏။ အဇ္ဇ၊ ယခုအခါ၌။ ဣမံ ပသဒံ၊ ဤချေကို။ ခါဒ၊ စားပါ။ မမ၊ ငါ့အား။ မုဉ္စ၊ လွှတ်ပါလော့။

ထိုစကားကိုကြား၍ ဘီလူးသည် မင်းအား စကားတုံ့ပြန်လိုရကား-

၆၆။ သေနေဝ တွံ ပလာသိ သယှမာနော၊
မမေသ ဘက္ခော ပသဒေါ ယံ ဝဒေသိ။
တံ ခါဒိယာန ပသဒံ ဇိဃညံ၊
ခါဒိဿံ ပစ္ဆာ န ဝိလာပကာလော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၆။ ဇယဒိသ၊ ဇယဒိသမင်းမြတ်။ တွံ၊ သင်သည်။ သယှမာနော၊ ငါ့ကို နှိပ်စက်လိုသည်ဖြစ်၍။ သေနေဝ၊ ငါ့ဥစ္စာဖြင့်သာလျှင်။ ပလာသိ၊ မိမိကိုယ်ကို ဖလှယ်၏။ ဧသော ပသဒေါ၊ ဤချေသည်။ မမ၊ ငါ၏။ ဘက္ခော၊ အစာတည်း။ ယံ ပသဒံ၊ အကြင်ချေကို။ ခါဒ၊ စားပါလော့။ ဣတိ၊ ဤသို့။ ဝဒေသိ၊ ဆို၏။ တံ ပသဒံ၊ ထိုချေ။ ခါဒိယာန၊ စားဦး၍။ ဇိဃညံ၊ စားခြင်းငှါ အလိုရှိသောအခါ၌။ တံ၊ သင့်ကို။ ပစ္ဆာ၊ နောက်မှ။ ခါဒိဿံ၊ စားအံ့။ အယံ ကာလော၊ ဤအခါသည်။ န ဝိလာပကာလော၊ ငိုမြည်တမ်းရအံ့သောအခါမဟုတ်။

ထိုစကားကို ကြား၍ ဇယဒိသမင်းသည်- နန္ဒပုဏ္ဏားကို အောက်မေ့လျက် ဘီလူးကို တောင်းပန်ပြန်လိုရကား-

၆၇။ န စတ္ထိ မောက္ခော မမ နိက္ကယေန၊
ဂန္တွာန ပစ္စာဂမနာယ ပဏှေ။
တံ သင်္ကရံ ဗြာဟ္မဏဿ သမ္ပဒါယ၊
သစ္စာနုရက္ခီ ပုနရာဝဇိဿံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၇။ ယက္ခ၊ ဘီလူး။ မမ၊ ငါ့အား။ နိက္ကယေန၊ ဝယ်သဖြင့်။ မောက္ခော၊ လွတ်ခြင်းသည်။ န စ အတ္ထိ၊ မရှိသလျှင်ကတည်း။ ဂန္တွာန၊ ပြည်သို့သွား၍။ ပဏှေ၊ နက်ဖြန်နံနက်စောစော၌။ ပစ္စာဂမနာယ၊ တဖန်ပြန်လာခြင်းငှါ။ ပဋိညံ၊ ဝန်ခံခြင်းကို။ ဂဏှာဟိ၊ ယူလော့။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ ယံ သင်္ကရံ၊ အကြင်အချိန်းအချက်ကို။ မယာ၊ ငါသည်။ ကတံ၊ ပြုအပ်၏။ တံ သင်္ကရံ၊ ထိုအချိန်းအချက်ကို။ သမ္ပဒါယ၊ ပြည့်စုံစေ၍။ သစ္စာနုရက္ခီ၊ သစ္စာကိုစောင့်လျှက်။ ပုနရာဝဇိဿ၊ တဖန် လာအံ့။

ထိုစကားကိုကြား၍ ဘီလူးသည် အကြောင်းကို ပြောဆိုစေသဖြင့် တောင်းပန်ခြင်းကို ဝန်ခံလိုရကား-

၆၈။ ကိံ ကမ္မဇာတံ အနုတပ္ပသေ တွံ၊
ပတ္တံ သမီပံ မရဏဿ ရာဇာ။
အာစိက္ခ မေတံ အပိ သက္ကုဏေမု၊
အနုဇာနိတုံ အာဂမနာယ ပဏှေ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၈။ ဇယဒိသ၊ ဇယဒိသမင်းမြတ်။ မရဏဿ၊ သေခြင်း၏။ သမီပံ၊ အနီးသို့။ ပတ္တံ၊ ရောက်ပြီးသော။ ရာဇာ၊ ပြည့်ရှင်မင်း ဖြစ်သော။ တွံ၊ သင်မင်းမြတ်သည်။ ကမ္မဇာတံ၊ ကံသည်လျှင် ပြုပြင်အပ်သော အမှုကို။ ကိံ၊ အဘယ့်ကြောင့်။ အနုတပ္ပသေ၊ စိုးရိမ်ဘိသနည်း။ ဧတံ၊ ထိုစိုးရိမ်ခြင်း၏အကြောင်းကို။ မေ၊ ငါ့အား။ အာစိက္ခ၊ ကြားလော့။ တံ၊ ထိုအကြောင်းကို။ သုတွာ၊ ကြားရ၍။ ပဏှေ၊ နက်ဖြန်နံနက်အခါ၌။ အဂမနာယ၊ လာခြင်းကို။ အနုဇာနိတုံ၊ ခွင့်ပြုခြင်းငှါ။ အပိ သက္ကုဏေမု၊ တတ်နိုင်ကုန်ငြားအံ့လည်း မသိ။

ဇယဒိယမင်းသည် ထိုအကြောင်းကို ဘီလူးအား ကြားလိုရကား-

၆၉။ ကတာ မယာ ဗြာဟ္မဏဿ ဓနာသာ၊
တံ သင်္ကရံ ပဋိမုက္ကံ န မုတ္တံ။
တံ သင်္ကရံ ဗြာဟ္မဏဿ သမ္ပဒါယ၊
သစ္စာနုရက္ခီ ပုနရာဝဇိဿံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၉။ ယက္ခ၊ ဘီလူး။ မယာ၊ ငါသည်။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ ဓနာသာ၊ ဥစ္စာ၌ တပ်မက်မောခြင်းကို။ ကတာ၊ ပြုအပ်၏။ သင်္ကရံ၊ ဥစ္စာပေးအံ့ဟု ဝန်ခံခြင်းကို။ ပဋိမုက္ကံ၊ ကိုယ်၌ စွပ်ထားအပ်၏။ တံ သင်္ကရံ၊ ထိုကိုယ်၌ စွပ်၍ ထားအပ်သော ဝန်ခံခြင်းမှ။ န မုတ္တံ၊ မလွတ်ပါသေး။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ တံ သင်္ကရံ၊ ထိုဝန်ခံခြင်းကို။ သမ္ပဒါယ၊ ပြည့်စုံစေ၍။ သစ္စာနုရက္ခီ၊ သစ္စာကိုစောင့်လျက်။ ပုနရာဝဇိဿံ၊ တဖန် သင့်ထံသို့ လာအံ့။

ထိုစကားကို ကြား၍ ထိုမင်းကို လွှတ်လိုရကား-

၇၀။ ယာ တေ ကတာ ဗြာဟ္မဏဿ ဓနာသာ၊
တံ သင်္ကရံ ပဋိမုက္ကံ န မုတ္တံ။
တံ သင်္ကရံ ဗြာဟ္မဏဿ သမ္ပဒါယ၊
သစ္စာနုရက္ခီ ပုနရာဝဇဿု။

ဟူသော ခုနစ်ခုမြောက်သောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၀။ ဇယဒိသ၊ မင်းမြတ် ဇယဒိသ။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ ယာ ဓနာသာ၊ အကြင်ဥစ္စာ၌ တပ်မက်မောခြင်းကို။ တေ၊ သင်သည်။ ကတာ၊ ပြုအပ်၏။ တံ သင်္ကရံ၊ ထိုဥစ္စာပေးအံ့ဟု ဝန်ခံခြင်းကို။ ပဋိမုက္ကံ၊ ကိုယ်၌စွပ်၍ ထားအပ်၏။ တံ၊ ထိုကိုယ်၌စွပ်၍ ထားအပ်သော ဝန်ခံခြင်းမှ။ န မုတ္တံ၊ သင်မလွတ်သေး။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ သင်္ကရံ၊ ဝန်ခံခြင်းကို။ ကတံ၊ သင်ပြုအပ်၏။ တံ၊ ထိုဝန်ခံခြင်းကို။ သမ္ပဒါယ၊ ပြည့်စုံစေပြီး၍။ သစ္စာနုရက္ခီ၊ သစ္စာကို စောင့်လျက်။ ပုနရာဝဇဿု၊ တဖန် ပြန်၍ သင်လာခဲ့။

ဤသို့သော စကားကို ဆိုပြီးလျှင် ဇယဒိသမင်းကို လွှတ်လိုက်၏။ ဘီလူးသည် လွှတ်အပ်သည်ရှိသော် ထိုဇယဒိသမင်းသည် အဆွေဘီလူး- သင်သည် မစိုးရိမ်လင့်၊ နံနက်စောစောကလျှင် ငါလာအံ့ဟု ဆို၍ ခရီးနိမိတ်တို့ကို မှတ်လျက် မိမိဗိုလ်ပါ ရှိရာသို့ သွားပြီးလျှင် ဗိုလ်ပါအပေါင်း ခြံရံလျက် မြို့သို့ဝင်၍ နန္ဒပုဏ္ဏားကို ခေါ်စေပြီးလျှင် မြတ်သော အဘိုးများစွာထိုက်သော နေရာ၌ နေစေ၍ ထိုလေးဂါထာတို့ကို နာပြီးလျှင် လေးထောင်သော ဥစ္စာတို့ကိုပေး၍ ယာဉ်ထက်သို့တင်၍ ဤပုဏ္ဏားကို တက္ကသိုလ်ပြည်သို့ ဆောင်ကြကုန်ဟု လူတို့ကိုစေ၍ ပုဏ္ဏားကို လွှတ်လိုက်ပြီးလျှင် နက်ဖြန်နေ့၌ ဘီလူးအထံသို့ သွားလိုရကား သားတော် အလီနသတ္တု မင်းသားကိုခေါ်၍ ဆုံးမတော်မူ၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၇၁။ မုတ္တော စ သော ပေါရိသာဒဿ ဟတ္ထာ၊
ဂန္တွာ သကံ မန္ဒိရံ ကာမကာမိံ။
တံ သင်္ကရံ ဗြာဟ္မဏဿ သမ္ပဒါယ၊
အာမန္တယီ ပုတ္တမလီနသတ္တုံ။
၇၂။ အဇ္ဇေဝ ရဇ္ဇံ အဘိသိဉ္စယဿု၊
ဓမ္မဉ္စရေ သေသေ ပရေသုစာပိ။
အဓမ္မကာရော စ တေ မာဟု ရဋ္ဌေ၊
ဂစ္ဆာမဟံ ပေါရိသာဒဿုပန္ထေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၇၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ပေါရိသာဒဿ၊ ပေါရိသာဒ၏။ ဟတ္ထာ၊ လက်မှ။ မုတ္တော၊ လွတ်ပြီးသော။ သော စ၊ ထိုဇယဒိသ မင်းသည်ကား။ ကာမကာမိံ၊ ကာမဂုဏ်တို့ဖြင့် မွေ့လျော်ဘွယ်ရှိသော။ သကံမန္ဒိရံ၊ မိမိနန်းသို့။ ဂန္တွာ၊ သွား၍။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ တံ သင်္ကရံ၊ ထိုအချိန်းအချက်ကို။ သမ္ပဒါယ၊ ပြည့်စုံစေ၍။ အလီနသတ္တုံ၊ အလီနသတ္တု အမည်ရှိသော။ ပုတ္တံ၊ သားတော်ကို။ အာမန္တယိ၊ ခေါ်၏။

֍ ဋ္ဌ ၇၂။ ပုတ္တ၊ ချစ်သား။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ဒဒါမိ၊ ငါပေး၏။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ အဘိသိဉ္စယဿု၊ အဘိသိက် သွန်းစေလော့။ သေသေ စ၊ မိမိကိုယ်၌၎င်း။ ပရေသု စ၊ သူတပါးတို့၌၎င်း။ ဓမ္မံ၊ တရားကို။ စရေ၊ ကျင့်လော့။ ရဋ္ဌေ၊ တိုင်းနိုင်ငံ၌။ အဓမ္မကာရော၊ မကောင်းသောအကျင့်ကို ကျင့်ခြင်းသည်။ တေ၊ သင်ချစ်သားအား။ မာ အဟု၊ မဖြစ်စေလင့်။ အဟံ၊ ငါသည်။ ပေါရိသာဒဿ၊ ပေါရိသာဒ၏။ ဥပန္ထေ၊ အထံသို့။ ဂစ္ဆာမိ၊ သွားရအံ့။

ထိုအကြောင်းကို ကြား၍ သားတော် အလီနသတ္တုမင်းသားသည် ခမည်းတော်မင်းကြီးကို မေးလျှောက်လိုရကား-

၇၃။ ကိံ ကမ္မံ ကြုဗ္ဗံ တဝ ဒေဝ ပါဒေ။
နာရာဓယိ တဒိစ္ဆာမိ သောတုံ။
ယ မဇ္ဇ ရဇ္ဇမှိ ဥဒဿယေ တုဝံ၊
ရဇ္ဇံပိ နိစ္ဆေယျ တယာ ဝိနာဟံ။

ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၃။ ဒေဝ၊ ခမည်းတော်မင်းကြီး။ တဝ၊ ခမည်းတော်မင်းကြီး၏။ ပါဒေ၊ ခြေရင်းတော်၌။ ကိံ ကမ္မံ၊ အဘယ်အမှုကို။ ကြုဗ္ဗံ၊ ပြုမိသည်ဖြစ်၍။ နာရာဓယိ၊ နှစ်သက်တော်မမူသနည်း။ ယံ-ယေန၊ အကြင် မနှစ်သက်ကြောင်းဖြစ်သောအမှုကြောင့်။ မံ၊ အကျွန်ုပ်ကို။ တုဝံ၊ ခမည်းတော် မင်းကြီးသည်။ အဇ္ဇ၊ ယနေ့။ ရဇ္ဇမှိ၊ မင်းအဖြစ်၌။ ဥဒဿယေ၊ တည်စေ၏။ တံ၊ ထိုမနှစ်သက်ကြောင်းဖြစ်သော အမှုကို။ အဟံ၊ အကျွန်ုပ်သည်။ သောတုံ၊ နာခြင်းငှာ။ ဣစ္ဆာမိ၊ အလိုရှိပါ၏။ အဟံ၊ အကျွန်ုပ်သည်။ တယာ၊ ခမည်းတော်မင်းကြီးနှင့်။ ဝိနာ၊ ကင်း၍။ ရဇ္ဇံပိ၊ မင်းအဖြစ်ကိုလည်း။ န ဣစ္ဆေယျံ၊ အလိုမရှိနိုင်။

ထိုစကားကိုကြား၍ ခမည်းတော် ဇယဒိသမင်းကြီးသည် မိမိအကြောင်းကို သားတော်အား ကြားလိုရကား-

၇၄။ န ကမ္မုနာ ဝါ ဝစသာ ဝါ တာတ၊
အပရာဓိတော တုဝိယံ သရာမိ။
သဒ္ဓိဉ္စ ကတွာ ပေါရိသာဒကေန၊
သစ္စာနုရက္ခီ ပုနာဟံ ဂမိဿံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၄။ တာတ၊ ချစ်သား။ ကမ္မုနာ ဝါ၊ ကိုယ် အမူအရာမှ၎င်း။ ဝစသာ ဝါ၊ စကားမှ၎င်း။ ဣတော၊ ဤကိုယ်နှုတ် နှစ်ပါးမှ။ တုဝိယံ၊ သင့်အထံ၌ဖြစ်သော။ အပရာဓံ၊ အပြစ်ကို။ န သရာမိ၊ ရှိ၏ဟူ၍ ငါမအောက်မေ့။ ပေါရိသာဒကေန စ၊ ပေါရိသာဒနှင့်မူကား။ သဒ္ဓိံ၊ တကွ။ သစ္စံ၊ သစ္စာကို။ ကတွာ၊ ပြု၍။ အာဂတော၊ လာ၏။ သစ္စာနုရက္ခီ၊ ပြုအပ်သော သစ္စာကို စောင့်လိုသည်ဖြစ်၍။ ပုန၊ တဖန်။ အဟံ၊ ငါသည်။ ဂမိဿံ၊ ပေါရိသာဒအထံသို့ သွားအံ့။

ထိုစကားကိုကြား၍ သားတော် အလီနသတ္တု မင်းသားသည် ခမည်းတော်ကိုထား၍ ပေါရိသာဒ အထံသို့ မိမိသွားလိုကြောင်းကို တင်လျှောက်လိုရကား-

၇၅။ အဟံ ဂမိဿာမိ ဣဓေဝ ဟောဟိ၊
နတ္ထိ တတော ဇီဝတော ဝိပ္ပမောက္ခော။
သစေ တုဝံ ဂစ္ဆသိယေဝ ရာဇာ၊
အဟံပိ ဂစ္ဆာမိ ဥဘော န ဟောမ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၅။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ဂမိဿာမိ၊ ပေါရိသာဒ အထံသို့ သွားပါအံ့။ တုဝံ၊ သင်ခမည်းတော် မင်းကြီးသည်။ ဣဓေဝ၊ ဤနန်းတော်၌ သာလျှင်။ ဟောဟိ၊ ဖြစ်တော်မူလော့။ တုဝံ၊ သင်ခမည်းတော်မင်းကြီးသည်။ သစေ ဂစ္ဆသိ၊ အကယ်၍ သွားတော်မူအံ့။ တတော၊ ထိုပေါရိသာဒအထံမှ။ ဇီဝတော၊ အသက်ရှင်သော ခမည်းတော်မင်းကြီးအား။ ဝိပ္ပမောက္ခော၊ သေဘေးမှ လွတ်ခြင်းမည်သည်။ နတ္ထိ၊ မရှိ။ ရာဇ၊ ခမည်းတော်မင်းမြတ်။ တုဝံ၊ သင်ခမည်းတော် မင်းမြတ်သည်။ သစေ ဂစ္ဆသိ၊ အကယ်၍ သွားတော်မူအံ့။ အဟံပိ၊ အကျွန်ုပ်သည်လည်း။ ဂစ္ဆာမိ၊ သွားအံ့။ ဥဘော၊ နှစ်ယောက်ကုန်သော သားအဖတို့သည်။ န ဟောမ၊ ဘီလူးစာ မဖြစ်ပါစေကုန်လင့်။ တသ္မာ၊ ထို့ကြောင့်။ အဟံ ဧဝ၊ အကျွန်ုပ်သည်သာလျှင်။ ဂစ္ဆာမိ၊ သွားပါအံ့။

သားတော် တင်လျှောက်သော ထိုစကားကိုကြား၍ ခမည်းတော် ဇယဒိသ မင်းကြီးသည် သားတော်သွားခြင်း၌ အပြစ်ကို သားတော်အား ပြောလိုရကား-

၇၆။ အဒ္ဓါဟိ တာတ သန္တာနံ သ ဓမ္မော၊
မရဏာ စ မေ ဒုက္ခတရံ တဝဿ။
ကမ္မာသပါဒေါ တံ ယဒါ ပစိတွာ၊
ပသယှ ပါဒေ ဘိဒါ ရုက္ခသူလေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၆။ တာတ၊ ချစ်သား။ ဧသ-ဧသော၊ ဤသို့ အဖကိုယ်စား သွား၍ ဘီလူးအစားခံခြင်းသည်။ အဒ္ဓါဟိ၊ စင်စစ်လျှင်။ သန္တာနံ၊ ပညာရှိ သူတော်ကောင်းတို့၏။ ဓမ္မော၊ သဘောတည်း။ အပိ စ၊ ထိုသို့ ဖြစ်ငြားသော်လည်း။ ယဒါ၊ အကြင်အခါ၌။ တံ၊ သင်ချစ်သားကို။ ကမ္မာသပါဒေါ၊ ကွဲသောခြေရှိသော ပေါရိသာဒသည်။ ရုက္ခသူလေ၊ ထက်စွာသော သစ်သားတံစို့၌။ ဘိဒါ၊ ထိုး၍။ ပစိတွာ၊ ကင်၍။ ပသယှ၊ နှိပ်စက်ညှဉ်းဆဲ၍။ ခါဒေ၊ စားရာ၏။ တဒါ၊ ထိုသို့ စားသောအခါ၌။ မေ၊ ငါ၏။ မရဏာ စ၊ သေသောထက်လည်း။ တဝ၊ သင်ချစ်သား၏။ မရဏံ၊ သေခြင်းသည်။ ဒုက္ခတရံ၊ အလွန်ဆင်းရဲစွာသည်။ အဿ၊ ဖြစ်ရာ၏။

ထိုစကားကို ကြား၍ သားတော် အလီနသတ္တု မင်းသားသည် တဖန် မိမိသွားလိုသော အကြောင်းကို ခမည်းတော်မင်းကြီးအား တင်ပြန်လိုရကား-

၇၇။ ပါဏေန တေ ပါဏမဟံ နိမိဿံ၊

မာ တွံ အဂါ ပေါရိသာဒဿုပန္ထေ။

ဧတဉ္စ တေ ပါဏမဟံ နိမိဿံ၊

တသ္မာ မဟံ ဇီဝိတဿ ဝဏ္ဏေမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၇။ မဟာရာဇ၊ မြတ်သော မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ပါဏေန၊ အကျွန်ုပ်အသက်ဖြင့်။ တေ၊ ခမည်းတော်မင်းကြီး၏။ ပါဏံ၊ အသက်ကို။ နိမိဿံ၊ ဖလှယ်ပါအံ့။ တွံ၊ ခမည်းတော်မင်းကြီးသည်။ ပေါရိသာဒဿ၊ ပေါရိသာဒ၏။ ဥပန္ထေ၊ အထံသို့။ မာ အဂါ၊ သွားတော်မမူပါလင့်။ ဧတံ ပါဏံ၊ ထိုအကျွန်ုပ်အသကျကို။ တေ၊ ခမည်းတော် မင်းကြီး၏။ ပါဏေန၊ အသက်ဖြင့်။ နိမိဿံ၊ ဖလှယ်ပါအံ့။ တသ္မာ၊ ထို့ကြောင့်။ တဝ၊ ခမည်းတော် မင်းမြတ်၏။ ဇီဝိတဿ၊ အသက်ရှင်ခြင်း၏။ အတ္ထာယ၊ အကျိုးငှါ။ မမ၊ အကျွန်ုပ်၏။ မတံ၊ သေခြင်းကို။ ဝဏ္ဏေမိ၊ အလိုရှိပါ၏။

သားတော် တင်လျှောက်သော ထိုစကားကို ကြား၍ ခမည်းတော် ဇယဒိသမင်းကြီးသည် သားတော် အစွမ်းကို သိတော်မူသည်ဖြစ်၍ ချစ်သား- ကောင်းပြီ၊ သင် ချစ်သားသည် သွားလေလော့ဟု ဝန်ခံ၏။ ထိုသားတော် အလီနသတ္တု မင်းသားသည်လည်း မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ မြို့မှထွက်၏။

ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၇၈။ တတော ဟဝေ ဓီတိမာ ရာဇပုတ္တော၊
ဝန္ဒိတွာ မာတု စ ပိတု စ ပါဒေ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၇၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော-တဒါ၊ ထိုအခါ၌။ ဟဝေ၊ စင်စစ်သဖြင့်။ ဓီတိမာ၊ ပညာရှိသာ။ ရာဇပုတ္တော၊ အလီနသတ္တုမင်းသားသည်။ မာတု စ၊ မယ်တော်၏၎င်း။ ပိတု စ၊ ခမည်းတော် မင်းကြီး၏၎င်း။ ပါဒေ၊ ခြေတော်တို့ကို။ ဝန္ဒိတွာ၊ ရှိခိုးပြီး၍။ နိက္ခန္တော၊ မြို့မှ ထွက်လေ၏။

ထိုသို့ အလီနသတ္တု မင်းသား မြို့မှထွက်သောအခါ မင်းသား၏ မယ်တော်မိဖုယား ခမည်းတော်မင်းကြီးတို့သည်၎င်း နှမတော်သည်၎င်း မယားသည်၎င်း မှူးမတ် အခြွေအရံအပေါင်းတို့သည်၎င်း အတူတကွ ထွက်ကြကုန်၏။ ထိုမင်းသားသည် မြို့မှထွက်၍ ခမည်းတော်ကို လမ်းခရီးကို မေးပြီးလျှင် လမ်းခရီးကို ကောင်းစွာမှတ်လျက် မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ မယ်တော် ခမည်းတော်တို့မှ ကြွင်းကုန်သော ပရိသတ်တို့အား အဆုံးအမကို ပေးပြီးလျှင် မကြောက်မရွံ ကေသရရာဇာ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်းနှင့် ပြည့်စုံစွာ ခရီးသို့သက်၍ ဘီလူးအထံသို့ သွားလေ၏။ ထိုသို့ သွားလေသော သားတော်ကိုမြင်ရလျှင် မယ်တော် မိဖုယားကြီးသည် မိမိကိုယ်အဖြစ်ဖြင့် တည်အံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ မြေ၌လဲ၏။ ခမည်းတော် မင်းကြီးသည်လည်း လက်နှစ်ဘက်တို့ကို မြှောက်၍ သည်းစွာသော အသံဖြင့် ငိုကြွေး၏။

ထိုအကြောင်းကိုလည်း ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

ဒုက္ခိနိဿ မာတာ နိပတာ ပထဗျာ၊
ပိတုဿ ပဂ္ဂယှ ဘုဇာနိ ကန္ဒတိ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ အဿ၊ ထိုအလီနသတ္တု မင်းသား၏။ မာတာ၊ မယ်တော် မိဖုယားကြီးသည်။ ဒုက္ခိနိ၊ စိတ်ပင်ပန်းခြင်း ဆင်းရဲနှိပ်စက်အပ်သည်ဖြစ်၍။ ပထဗျာ၊ မြေ၌။ နိပတာ၊ လဲ၏။ အဿ၊ ထိုအလီန သတ္တုမင်းသား

၏။ ပိတု၊ ခမည်းတော် ဇယဒိသ မင်းကြီးသည်လည်း။ ဘုဇာနိ၊ လက်နှစ်ဘက်တို့ကို။ ပဂ္ဂယှ၊ မြှောက်၍။ ကန္ဒတိ၊ ငိုကြွေး၏။

ဤထက်ဝက်သော ဂါထာကို ဟောတော်မူပြီး၍ ထိုအလီနသတ္တုမင်းသား၏ ခမည်းတော် ဇယဒိသမင်းကြီးသည် အားထုတ်အပ်သော တောင့်တခြင်းနှင့်ယှဉ်သော စကားကို၎င်း, မယ်တော် မိဖုယားကြီးသည်၎င်း, နှမတော်သည်၎င်း, မင်းသားမယားသည်၎င်း ပြုအပ်သော သစ္စာတို့ကို ထင်ရှားပြပြန်တော် မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၇၉။ တံ ဂစ္ဆန္တံ တာဝ ပိတာ ဝိဒိတွာ၊
ပရမ္မုခေါ ဝန္ဒတိ အဉ္ဇလီ သော။
သောမော စ ရာဇာ ဝရုဏော စ ရာဇာ၊
ပဇာပတိ စန္ဒိမာ သူရိယော စ။
ဧတေဟိ ဂုတ္တာ ပုရိသာဒကမှာ။
အနုညာတော သောတ္ထိမုဉ္စေဟိ တာတ။
၈၀။ ယံ ဒဏ္ဍကိရညော ဂတဿ မာတာ၊
ရာမဿ ကသိ သောတ္ထာနံ သုဂုတ္တာ။
တန္တေ အဟံ သောတ္ထာနံ ကရောမိ၊
ဧတေန သစ္စေန သရန္တု ဒေဝါ။
အနုညာတော သောတ္ထိ မုဉ္စေဟိ ပုတ္တ။
၈၁။ အာဝီ ရဟောဝါပိ မနောပဒေါသံ၊
နာဟံ သရေ ဇာတု မလီနသတ္တေ။
တေန သစ္စေန သရန္တု ဒေဝါ၊
အနုညာတော သောတ္ထိ မုဉ္စေဟိ ဘာတု။
၈၂။ ယသ္မာ စ မေ အနဓိမာနောသိ သာမိ၊
နစာပိ မေ မနသာ အပ္ပိယောသိ။
ဧတေန သစ္စေန သရန္တု ဒေဝါ၊
အနုညာတော သောတ်ထ မုဉ္စေဟိ သာမိ။

ဟူသော ဤလေးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၇၉။ ဘိက္ခဝေ၊ ရဟန်းတို့။ တာဝ၊ ရှေးဦးစွာ။ ပိတာ၊ ခမည်းတော် ဇယဒိသမင်းကြီးသည်။ သော၊ ထိုငါ့သားတော်သည်။ ပရမ္မုခေါ၊ တပါးသို့ မျက်နှာမူလျက်။ ဂစ္ဆတိ၊ သွား၏။ ဂစ္ဆန္တံ၊ သွားလေသော။ တံ၊ ထိုသားတော်ကို။ ဝိဒိတွာ၊ သိ၍။ အဉ္ဇလီ၊ လက်အုပ်ချီလျက်။ ဒေဝတာ၊ သောမနတ်စသော နတ်တို့ကို။ ဝန္ဒတိ၊ ရှိခိုး၏။ သောမော၊ သောမအမည်ရှိသော။ ရာဇာ စ၊ နတ်မင်းသည်၎င်း။ ဝရုဏော၊ ဝရုဏအမည်ရှိသော။ ရာဇာ စ၊ နတ်မင်းသည်၎င်း။ ပဇာပတိ၊ ပဇာပတိအမည်ရှိသော။ ရာဇာ စ၊ နတ်မင်းသည်၎င်း။ စန္ဒိမာ စ၊ လနတ်သားသည်၎င်း။ သူရိယော စ၊ နေနတ်သားသည်၎င်း။ သန္တိ၊ ရှိကုန်၏။ ဧတေ၊ ထိုနတ်တို့ကို။ အဟံ၊ ငါသည်။ ဝန္ဒာမိ၊ ရှိခိုး၏။ တာတ၊ ချစ်သား။ ဧတေဟိ၊ ထိုနတ်တို့သည်။ ဂုတ္တော၊ စောင့်ရှောက်သည်ဖြစ်၍။ အနုညာတော၊ ပေါရိသာဒသည် အနူးအညွတ် လွှတ်အပ်သည်ဖြစ်၍။ တွံ၊ သင်ချစ်သားသည်။ သောတ္ထိ၊ ချမ်းသာစွာ။ ပုရိသာဒကမှာ၊ ပေါရိသာဒ အထံမှ။ မုဉ္စေဟိ၊ လွတ်စေသတည်း။

၈ဝ။ ဒဏ္ဍကိရညော၊ ဒဏ္ဍကီမင်း၏။ ဝိဇိတေ၊ နိုင်ငံ၌။ ကုမ္ဘဝတီနဂရံ၊ ကုမ္ဘဝတီပြည်သို့။ ဂတဿ၊ သွားသော။ ရာမဿ၊ အမိအဖကို လုပ်ကျွေးသော ရာမမင်း၏။ မာတာ၊ အမိသည်။ သုဂုတ္တာ၊ ကောင်းစွာ စောင့်ရှောက်အပ်သည်ဖြစ်၍။ ယံ၊ အကြင်သို့သဘောရှိသော။ သောတ္ထာနံ၊ ချမ်းသာသည်၏ အဖြစ်ကို။ အကာသိ၊ ပြုဘူးလေပြီ။ ပုတ္တ၊ ချစ်သား။ တေ၊ သင်ချစ်သားအား။ တံ၊ ထိုသို့ သဘောရှိသော။ သောတ္ထာနံ၊ ချမ်းသာသည်၏ အဖြစ်ကို။ အဟံ၊ ငါသည်။ ကရောမိ၊ ပြု၏။ ဧတေန သစ္စေန၊ ထိုမှန်သောစကားကြောင့်။ ဒေဝါ၊ နတ်တို့သည်။ သရန္တု၊ အောက်မေ့စေကုန်သတည်း။ အနုညာတော၊ ပေါရိသာဒသည် အနူးအညွတ် ခွင့်လွှတ်အပ်သည်ဖြစ်၍။ သောတ္ထိ၊ ချမ်းသာစွာ။ တွံ၊ သင်ချစ်သားသည်။ မုဉ္စေဟိ၊ လွတ်စေသတည်း။

֍ ဋ္ဌ ၈၁။ ဇာတု၊ စင်စစ်သဖြင့်။ အလီနသတ္တေ၊ ငါ့မောင်တော် အလီနသတ္တု မင်းသား၌။ အဟံ၊ ငါသည်။ အာဝီ ဝါ၊ မျက်မှောက်၌၎င်း။ ရဟော ဝါပိ၊ မျက်ကွယ်၌၎င်း။ မနောပဒေါသံပိ၊ စိတ်ဖြင့် ပြစ်မှားခြင်းကိုလည်း။ န သရေ၊ မအောက်မေ့။ ဘာတု၊ မောင်ကြီးနန်းလျာ ဥပရာ။ ဧတေန သစ္စေန၊ ဤသစ္စာကြောင့်။ ဒေဝါ၊ နတ်တို့သည်။ သရန္တု၊ အောက်မေ့စေကုန်သတည်း။ အနုညာတော၊ ပေါရိသာဒသည် ခွင့်ပြုအပ်သည်ဖြစ်၍။ သောတ္ထိ၊ ချမ်းသာစွာ။ တွံ၊ မောင်ကြီးနန်းလျာ ဥပရာသည်။ မုဉ္စေဟိ၊ လွတ်ပါစေသတည်း။

֍ ဋ္ဌ ၈၂။ မေ၊ ငါ၏။ သာမိ၊ ချစ်လင်နန်းလျာ ဥပရာသည်။ ယသ္မာ စ၊ အကြင်ကြောင့်လည်း။ တွံ၊ သင်ချစ်လင်သည်။ အနဓိမာနောသိ၊ အကျွန်ုပ်ကိုလွှတ်၍ သူတပါးကို စိတ်နှလုံးဖြင့်လည်း မတောင့်တစဘူး။ ယသ္မာ စ၊ အကြင်ကြောင့်လည်း။ မေ၊ ငါ့အား။ မနသာပိ၊ စိတ်နှလုံးသည်လည်း။ အပ္ပိယော၊ မုန်းခြင်းသည်။ န စ အသိ၊ မဖြစ်ဘူးသည်သာတည်း။ တသ္မာ၊ ထို့ကြောင့်။ ဧတေန သစ္စေန၊ ဤသစ္စာကြောင့်။ ဒေဝါ၊ နတ်တို့သည်။ သရန္တု၊ အောက်မေ့စေ

ကုန်သတည်း။ သာမိ၊ ချစ်လင်နန်းလျာ ဥပရာ။ အနုညာတော၊ လူသားစားတတ်သော ပေါရိသာဒသည် ခွင့်ပြုအပ်သည် ဖြစ်၍။ သောတ္ထိ၊ ချမ်းသာစွာ။ တွံ၊ သင် ချစ်လင်နန်းလျာ ဥပရာသည်။ မုဉ္စေဟိ၊ လွတ်ပါစေသတည်း။

သားတော် အလီနသတ္တုမင်းသားသည်လည်း ခမည်းတော်မင်းကြီးသည် ကြားအပ်သောနည်းဖြင့် ပေါရိသာဒဘီလူးနေရာ ခရီးသို့ သွား၏။ ဘီလူးသည်လည်း ဤသို့ကြံ၏။ မင်းတို့မည်သည်ကား များသော မာယာရှိကုန်၏။ အဘယ်သူသည် သိနိုင်အံ့နည်း၊ အသို့ဖြစ်လတ္တံ့နည်းဟု ကြံ၏။ ကြံပြီးလျှင် သစ်ပင်သို့တက်၍ မင်း၏လာခြင်းကို ကြည့်မျှော်လျက် နေ၏။ ထိုဘီလူးသည် မင်းသား လာလတ်သည်ကို မြင်လျှင် အဖကိုပြန်စေ၍ သားလာသည် ဖြစ်လတ္တံ့၊ ငါ့အား ဘေးမရှိပြီဟု ကြံလျက် သစ်ပင်မှ ဆင်းသက်၍ ထိုမင်းသားအား ကျောကိုပြလျက် နေလင့်၏။ ထိုမင်းသားသည် လာလတ်၍ ဘီလူးရှေ့၌ ရပ်၏။ ထိုသို့ရပ်သောအခါ ဘီလူးသည် ထိုမင်းသားကို မေးလိုရကား-

၈၃။ ဗြဟာ ဥဇူ စာရုမုခေါ ကုတောသိ၊
န မံ ပဇာနာသိ ဝနေ ဝသန္တံ။
လုဒ္ဒံ မံ ဉတွာ ပုရိသာဒကောတိ၊
ကော သောတ္ထိ မာဇာနာမိဓာ ဝဇေယျ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၃။ မာဏဝ၊ လုလင်။ တွံ၊ သင်ကား။ ဗြဟာ၊ ကြီးသောကိုယ်လည်းရှိ၏။ ဥဇူ၊ ဖြောင့်မတ်သော ကိုယ်လည်း ရှိ၏။ စာရုမုခေါ၊ ရွှေအဆင်းနှင့်တူသော မျက်နှာလည်း ရှိ၏။ ကုတော၊ အဘယ်အရပ်က။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်သနည်း။ ဝနေ၊ တောအရပ်၌။ ဝသန္တံ၊ နေသော။ မံ၊ ငါ့ကို။ န ပဇာနာသိ၊ သင်မသိသလော။ လုဒ္ဒံ၊ ကြမ်းကြုတ်စွာသော။ မံ၊ ငါ့ကို။ ပုရိသာဒကောတိ၊ လူသားစားဟူ၍။ ဉတွာ၊ သိပြီးလျက်။ သောတ္ထိံ၊ ချမ်းသာသည်၏ အဖြစ်ကို။ အာဇာနံ-အာဇာနန္တော၊ သိသည်ဖြစ်၍။ ဣစ္ဆန္တော၊ ချမ်းသာကို အလိုရှိလတ်သော။ ကော၊ အဘယ်သူသည်။ ဣဓ၊ ဤငါ့နေရာအရပ်သို့။ အာဝဇေယျ၊ လာရာအံ့နည်း။

ထိုစကားကိုကြား၍ အလီနသတ္တု မင်းသားသည် မိမိလာသောအကြောင်းကို ကြား၍ ဘီလူးအား စားစိမ့်သောငှါ ခွင့်ပြုလိုရကား-

၈၄။ ဇာနာမိ လုဒ္ဒ ပေါရိသာဒကောတိ၊
န နပ္ပဇာနာမိ ဝနေ ဝသန္တံ။
အဟဉ္စ ပုတ္တောသ္မိ ဇယဒိသဿ။
မမဇ္ဇ ခါဒ ပိတုနော ပမောက္ခာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၄။ လုဒ္ဒ၊ သွေးရှင် သောက်ထုတ် လွန်ကြမ်းကြုတ်သည့် တောအုပ်ပျော်မြူး နောင်ဘီလူး။ တံ၊ သင့်ကို။ ပေါရိသာဒကောတိ၊ လူသားစားဟူ၍။ ဇာနာမိ၊ ငါသိ၏။ ဝနေ၊ တော၌။ ဝသန္တံ၊ နေသော။ တံ၊ သင့်ကို။ နပ္ပဇာနာမိ၊ မသိသည်ကား။ ၊ မဟုတ်။ ဇာနာမိ ဧဝ၊ သိသည်သာလျှင်တည်း။ အဟဉ္စ၊ ငါသည်ကား။ ဇယဒိသဿ၊ မင်းမြတ် ဇယဒိသ၏။ ပုတ္တော၊ ရွှေရင်တော်နှစ် သားတော်စစ်သည်။ အသ္မိ၊ ဖြစ်၏။ အဇ္ဇ၊ ယခုအခါ၌။ ပိတုနော၊ ခမည်းတော် မင်းမြတ်၏။ ပမောက္ခာ၊ သင့်လက်မှ လွှတ်ခြင်းဟူသော အကြောင်းကြောင့်။ အာဂတော၊ လာ၏။ မံ၊ ငါ့ကို။ ခါဒ၊ သင် စားပါလော့။

ထို့နောင်မှ ဘီလူးသည် မင်းသားကို ချီးမွမ်းလိုရကား-

၇၅။ ဇာနာမိ ပုတ္တောသိ ဇယဒိသဿ၊
တထာဟိ ဝေါ မုခဝဏ္ဏော ဥဘိန္နံ။
သုဒုက္ကရဉ္စေဝ ကတံ တဝေဒံ၊
ယော မတ မိစ္ဆေ ပိတုနော ပမောက္ခာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၅။ ရာဇပုတ္တ၊ ရှင်မင်းသား။ တံ၊ သင့်ကို။ ဇာနာမိ၊ ငါသိ၏။ တွံ၊ သင်သည်။ ဇယဒိသဿ၊ ဇယဒိသမင်း၏။ ပုတ္တာ၊ သားတော်သည်။ အသိ၊ ဖြစ်၏။ ဥဘိန္နံ၊ နှစ်ယောက်ကုန်သော။ ဝေါ၊ သင် သားအဖတို့၏။ မုခဝဏ္ဏော၊ မျက်နှာ အဆင်းသဏ္ဌာန်သည်။ တထာဟိ၊ တူကြသလျှင်ကတည်း။ ယော တွံ၊ အကြင်သင်သည်။ ပိတုနော၊ ခမည်းတော်၏။ ပမောက္ခာ၊ လွတ်ခြင်းဟူသော အကြောင်းကြောင့်။ မတံ၊ သေခြင်းကို။ ဣစ္ဆေ၊ အလိုရှိ၏။ တဝ၊ ရှင်မင်းသား၏။ ကတံ၊ ပြုအပ်သော။ ဣဒံ၊ ဤအမှုသည်။ သုဒုက္ကရဉ္စေဝ၊ အလွန်ပြုနိုင်ခဲသည် သာလျှင်တည်း။

ထို့နောင်မှ အလီနသတ္တု မင်းသားသည် ထိုဘီလူးချီးမွမ်းသော စကားကို ဖြေဆိုသဖြင့် အဖကိုယ်စား မိမိလာခြင်း၌ အကြောင်းကို ဘီလူးအား ကြားလိုရကား-

၈၆။ န ဒုက္ကရံ ကိဉ္စိ မယှေတ္ထ မညေ၊
ယော မတ မိစ္ဆေ ပိတုနော ပမောက္ခာ။
မာတု စ ဟေတု ပရလောကံ ဂန္တွာ၊
သုခေန သဂ္ဂေန စ သမ္ပယုတ္တော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၆။ ပေါရိသာဒ၊ လူသားစားတတ်သော ပေါရိသာဒ။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပိတုနော၊ အဘ၏။ မတပမောက္ခာ စ၊ သေဘေးမှ လွတ်ခြင်းဟူသော အကြောင်းကြောင့်၎င်း။ မာတု၊ အမိ၏။ ဟေတု စ၊ အကြောင်းကြောင့်၎င်း။ ပရလောကံ၊ တမလွန်ဘဝသို့။ ဂန္တွာ၊ သွားရသည်ရှိသော်။ သဂ္ဂေန၊ နတ်ပြည်၌ဖြစ်သော။ သုခေန၊ ချမ်းသာနှင့်။ သမ္ပယုတ္တော၊ ယှဉ်သည်။ ဘဝိတုံ၊ ဖြစ်ခြင်းငှာ။ ဣစ္ဆေ၊ အလိုရှိ၏။ တဿ၊ ထိုပုဂ္ဂိုလ်သည်။ ကိဉ္စိ၊ တစုံတခုသောအမှုကို။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏ဟူ၍။ န မညေ၊ မအောက်မေ့။ မယှံပိ၊ ငါသည်လည်း။ ဧတ္ထ၊ ဤအမိအဖတို့၏ အကျိုးငှါ အသက်ကို စွန့်ရာ၌။ ကိဉ္စိ၊ တစုံတခုကို။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏ဟူ၍။ န မညေ၊ မအောက်မေ့။

ထိုစကားကို ကြား၍ ပေါရိသာဒ ဘီလူးသည် မင်းသား- သေခြင်းမှ မကြောက်သော သတ္တဝါမည်သည် မရှိ၊ သင်မင်းသားသည် အဘယ့်ကြောင့် သေခြင်းမှ မကြောက်သနည်းဟု မေး၏။ မင်းသားသည် ထိုဘီလူးအား သေခြင်းမှ မကြောက်သော အကြောင်းကို ကြားလိုရကား-

၈၇။ အဟဉ္စ ခေါ အတ္တနော ပါပကိရိယံ၊
အာဝီ ဝါ ရဟောဝါပိ သရေ န ဇာတု။
သင်္ခါတဇာတိ မရဏော ဟမသ္မိ။
ယထေဝ မေ ဣဓ တထာ ပရတ္ထ။
၈၈။ ခါဒဇ္ဇ မံ ဒါနိ မဟာနုဘာဝ၊
ကရဿု ကိစ္စာနိ ဣမံ သရီရံ။
ရုက္ခဿ ဝါ တေ ပပတာမိ အဂ္ဂါ။
ဆာဒမာနော မယှံ တွ မဒေသိ မံသံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၇။ ယက္ခ၊ ဘီလူး။ အဟဉ္စ၊ ငါသည်ကား။ အာဝီ ဝါ၊ မျက်မှောက်၌၎င်း။ ရဟာ ဝါပိ၊ မျက်ကွယ်၌၎င်း။ အတ္တနော၊ မိမိ၏။ ပါပကိရိယံ၊ ကိုယ်နှုတ်နှလုံးဖြင့် မဖြောင့်စွာ ကျင့်ခြင်းကို။ ဇာတု၊ စင်စစ်သဖြင့်။ န သရေ၊ မအောက်မေ့။ အဟံ၊ ငါသည်။ သင်္ခတ ဇာတိမရဏော၊ ဉာဏ်ဖြင့် ကောင်းစွာ ပိုင်းခြားအပ်သော ဇာတိ မရဏ ရှိသောသူသည်။ အသ္မိ၊ ဖြစ်၏။ မေ၊ ငါ့အား။ ဣဓ၊ ဤပစ္စုပ္ပန်လောက၌။ မရဏတော၊ သေခြင်းမှ။ မုတ္တိ၊ လွတ်ခြင်းသည်။ နတ္ထိ ယထာ၊ မရှိသကဲ့သို့။ တထာ၊ ထို့အတူ။ ပရတ္ထ၊ တမလွန်လောက၌လည်း။ မရဏတော၊ သေခြင်းမှ။ မုတ္တိ နာမ၊ လွတ်ခြင်းမည်သည်။ နတ္ထိ၊ မရှိ။

֍ ဋ္ဌ ၈၈။ မဟာနုဘာဝ၊ ကြီးသော အာနုဘော်ရှိသော။ ယက္ခ၊ ဘီလူး။ အဇ္ဇ၊ ယခု။ မံ၊ ငါ့ကို။ ခါဒ၊ စားလော့။ ကိစ္စာနိ၊ ငါ၏ကိုယ်ဖြင့် ပြုအပ်သော အမှုတို့ကို။ ဒါနိ-ဣဒါနိ၊ ဤအခါ၌။ ကရဿု၊ သင်ပြုလော့။ ကေ၊ သင့်အား။ ဣမံ သရီရံ၊ ဤငါ၏ကိုယ်ကို။ နိဿဋ္ဌာ၊ ငါစွန့်၏။ ရုက္ခဿ၊ သစ်ပင်၏။ အဂ္ဂါ ဝါ၊ အဖျားမှမူလည်း။ ပပတာပိ၊ ငါခုန်၍ သေအံ့။ တွံ၊ သင်သည်။ ဆာဒမာနော၊ နှစ်သက်သည်ဖြစ်၍။ မယှံ၊ ငါ၏။ မံသံ၊ အသားကို။ အဒေသိ၊ စားရာ၏။

ပါရိသာဒ ဘီလူးသည် ထိုအလီနသတ္တုမင်းသား ဆိုသောစကားကို ကြားရလျှင် အလွန်ကြောက်လန့်သည်ဖြစ်၍ ငါသည် ဤမင်းသား အသားကို စားခြင်းငှါ မတတ်ကောင်း၊ တစုံတခုသော ဥပါယ်တမျဉ်ဖြင့် ထိုမင်းသားကို ပြေးစေအံ့ဟု ကြံ၍ ပြေးစေလိုရကား-

၈၉။ ဣဒဉ္စ တေ ရုစ္စတိ ရာဇပုတ္တ၊
စဇသိ ပါဏံ ပိတုနော ပမောက္ခာ၊
တသ္မာ ဟိ သော တွံ တရမာနရူပေါ၊
သမ္ဘဉ္ဇိ ကဋ္ဌာနိ ဇလေဟိ အဂ္ဂိံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉။ ရာဇပုတ္တ၊ မင်းသား။ တေ၊ သင်၏။ ဣဒဉ္စ၊ ဤစကားသည်လျှင်။ ရုစ္စတိ၊ သင့်လျော်ပေ၏။ ပိတုနော၊ အဖ၏။ ပမောက္ခာ၊ သေဘေးမှ လွတ်ခြင်းဟူသော အကြောင်းကြောင့်။ ပါဏံ၊ မိမိအသက်ကို။ စဇသိ၊ သင်စွန့်၏။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ သော တွံ၊ ထိုသင်သည်။ တရမာနရူပေါ၊ လျင်မြန်စွာ။ ကဋ္ဌာနိ၊ ထင်းတို့ကို။ သမ္ဘဉ္ဇိ၊ ချိုးလော့။ အဂ္ဂိံ၊ မီးကို။ ဇာလေဟိ၊ ညှိလော့။

အလီနသတ္တုမင်းသားသည် ဘီလူးဆိုတိုင်းပြု၍ ထိုဘီလူးအထံသို့ သွား၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၉၀။ တတော ဟဝေ ဓိတိမာ ရာပုတ္တော၊
ဒါရုံ သမာဟရိတွာ မဟန္တ မဂ္ဂိံ။
သန္နိပယိတွာ ပဋိဝေဒယိတ္ထ၊
အာဒီပိတော ဒါနိ မယာ ယက္ခမဂ္ဂိံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော၊ ထို့နောင်မှ။ ဟဝေ၊ စင်စစ်သဖြင့်။ ဓိတိမာ၊ ပညာရှိသော။ ရာဇပုတ္တော၊ မင်းသားသည်။ ဒါရုံ၊ ထင်းကို။ သမာဟရိတွာ၊ ဆောင်ယူ၍။ မဟန္တံ၊ ကြီးစွာသော။ အဂ္ဂိံ၊ မီးကို။ သန္နိပယိတွာ၊ ပြင်းစွာ ပွားစေပြီး၍။ ယက္ခ၊ ဘီလူးကြီး။ ဒါနိ-ဣဒါနိ၊ ယခုအခါ၌။ မယာ၊ ငါသည်။ အဂ္ဂိံ၊ မီးကို။ အာဒီပိတော၊ ညှိအပ်ပြီ။ ဣတိ၊ ဤသို့။ ပဋိဝေဒယိတ္ထ၊ ကြားလေ၏။

ပေါရိသာဒ ဘီလူးသည် မီးကိုညှိပြီး၍ လာလတ်သော မင်းသားကိုကြည့်လျက် ဤမင်းသားကား ကေသရရာဇာ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်းရှိသော ယောက်ျားတည်း၊ ထိုမင်းသားသည် သေခြင်းကိုလည်း ကြောက်ခြင်းမရှိ၊ ငါသည် ဤမျှလောက်သော ကာလပတ်လုံး ဤကဲ့သို့ ရဲရင့်ခြင်းနှင့် ပြည့်စုံသောသူ မည်သည်ကို မမြင်စဘူးဟု ကြံမှိုင်လျက် ကြက်သီးမွေးညှင်း ထခြင်းဖြစ်သဖြင့် မင်းသားကို အဖန်တလဲလဲ ကြည့်လျက်နေ၏။ မင်းသားသည် ထိုဘီလူး၏ အမူအရာကို မြင်၍ ထိုဘီလူးကို စားစိမ့်သောငှါ တိုက်တွန်းပြန်ရကား-

၉၁။ ခါဒဇ္ဇ မံ ဒါနိ ပသယှကာရီ၊
ကိံ မံ မုဟုံ ပေက္ခသိ ဟဋ္ဌလောမော။
တထာ တထာ တုယှ မဟံ ကရောမိ၊
ယထာ ယထာ ဆာဒမာနော အဒေသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၁။ ပသယှကာရီ၊ နိုင်ထက်ကလူ မူတတ်သော ဘီလူး။ မံ၊ ငါ့ကို။ မုဟုံ၊ အဖန်တလဲလဲ။ ဟဋ္ဌလောမော၊ ကြက်သီးမွေးညှင်းထလျက်။ ကိံ၊ အဘယ့်ကြောင့်။ တွံ၊ သင်သည်။ ပေက္ခသိ၊ ကြည့်ဘိသနည်း။ ဒါနိ၊ ယခုအခါ၌။ မံ၊ ငါ့ကို။ ဆာဒမာနာ၊ စားလိုသောသင်သည်။ ယထာ ယထာ၊ အကြင်အကြင်သို့သော အခြင်းအရာဖြင့်။ အဒေသိ၊ စားလို၏။ တထာ တထာ၊ ထိုထိုသို့သော သင်စားလိုသော အခြင်းအရာဖြင့်။ ဝဒေဟိ၊ ဆိုလော့။ တုယှံ၊ သင်၏။ ဝစနံ၊ စကားကို။ အဟံ၊ ငါသည်။ ကရောမိ၊ လိုက်နာ၍ ပြုပါအံ့။

ထိုသို့ဆို၍ တိုက်တွန်းသော မင်းသား၏ စကားကို ကြား၍ ပေါရိသာဒဘီလူးသည် မိမိ မဝံ့သောအကြောင်းကို မင်းသားအား ပြောဆိုလိုရကား-

၉၂။ ကော တာဒိသံ အရဟတိ ခါဒိတာယေ။
ဓမ္မေ ဌိတံ သစ္စဝါဒိံ ဝဒညုံ။
မုဒ္ဓါပိ တဿ ဖလေယျ သတ္တဓာ၊
ယော တာဒိသံ သစ္စဝါဒိံ အဒေယျ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၂။ ရာဇပုတ္တ၊ မင်းသား။ ဓမ္မေ၊ သူတော်ကောင်း တရား၌။ ဌိတံ၊ တည်သော။ သစ္စဝါဒိံ၊ မှန်သောစကားကို ဆိုလေ့ရှိသော။ ဝဒညုံ၊ သူတပါးပြောဆိုသော စကားကို သိလွယ်တတ်သော။ တာဒိသံ၊ သင်ကဲ့သို့သောသူကို။ ကော၊ အဘယ်သူသည်။ ခါဒိတာယေ၊ စားခြင်းငှါ။ အရဟတိ၊ ထိုက်အံ့နည်း။ ယော၊ အကြင်သူသည်။ တာဒိသံ၊ သင်ကဲ့သို့သော သဘောရှိသော။ သစ္စဝါဒိံ၊ မှန်သောစကားကို ဆိုလေ့ရှိသောသူကို။ အဒေယျ၊ စားငြားအံ့။ တဿ၊ ထိုသူ၏။ မုဒ္ဓါပိ၊ ဦးခေါင်းသည်လည်း။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလေယျ၊ ကွဲရာ၏။

ထိုစကားကို ကြား၍ အလီနသတ္တုမင်းသားသည် ဘီလူး - သင် အကယ်၍ ငါ့ကို မစားလိုသည်ဖြစ်အံ့၊ ထိုသို့ မစားလိုဘဲလျက် အဘယ့်ကြောင့် ထင်းတို့ကို ချိုးစေ၍ မီးကို ညှိစေဘိသနည်းဟု ဆိုလတ်သော် ဤသို့ ပြုစေသည်ရှိသော် သင်သည် ပြေးလိမ့်လတ္တံ့ဟု သင့်ကို စုံစမ်းအံ့သောငှါ မီးကို ညှိစေ၏ဟု ဆိုသည်ရှိသော် သင်သည် ယခုအခါ၌ အဘယ့်ကြောင့် စုံစမ်းဘိသနည်း၊ အကြင် ငါသည် တိရစ္ဆာန်အမျိုး၌ ဖြစ်သော်လည်း သိကြား နတ်မင်းအားစင်လျက် မိမိကိုယ်ကို စုံစမ်းအံ့သောငှာ မပေးစဘူးဟု ဆို၍ ထိုအကြောင်းကို ပေါရိသာဒဘီလူးအား ပြောဆိုလိုရကား-

၉၃။ ဣဒံ ဟိ သော ဗြာဟ္မဏ မညမာနော၊
သသော အဝါသေသိ သကေ သရီရေ။
တေနေဝ သော စန္ဒိမာ ဒေဝပုတ္တော၊
သသတ္တကော ကာမရူဟဇ္ဇ ယက္ခ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၃။ ယက္ခ၊ ဘီလူး။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ သော သသော၊ ထိုယုန်ပညာရှိသည်။ ဗြာဟ္မဏံ၊ ပုဏ္ဏားဟူသော အမှတ်ကို။ မညမာနော၊ ထင်မှတ်၍။ ဣဒံ၊ ဤငါ၏ကိုယ်ကို။ ခါဒိတွာ၊ စား၍။ ဣဓ၊ ဤအရပ်၌။ ဝသာဟိ၊ နေလော့။ ဧဝံ၊ ဤသို့။ သကေ သရီရေ၊ မိမိကိုယ်ကို။ ခါဒေတွာ၊ စားစေ၍။ အဝါသေသိ၊ နေစေ၏။ တသ္မာ၊ ထို့ကြောင့် သက္ကော၊ သိကြားမင်းသည်။ ပဗ္ဗတရသံ၊ တောင်၏အရည်ကို။ ပီဠေတွာ၊ ညှစ်ယူ၍။ စန္ဒမဏ္ဍလေ၊ လဝန်း၌။ သသလက္ခဏံ၊ ယုန်ရေးတံဆိပ်ကို။ အကာသိ၊ ပြု၏။ တေနေဝ၊ ထိုယုန်ရေး တံဆိပ်ကြောင့်လျှင်။ သော စန္ဒိမာဒေဝပုတ္တော၊ ထိုလနတ်သားသည်။ အဇ္ဇ၊ ယခုအခါ၌။ သသတ္တကော၊ ယုန်တံဆိပ် အမှတ်ရှိသည် ဖြစ်၍။ သသိ၊ သသိအမည်ရှိသည်ဖြစ်၍။ ကာမရူဟော၊ လူအပေါင်း၏ ချစ်ခြင်းကို ပွားစေလျက်။ ဝိရောစသိ၊ ထွန်းပ၏။

ထိုစကားကို ကြား၍ ပေါရိသာဒဘီလူးသည် မင်းသားကို လွှတ်လိုရကား-

၉၄။ စန္ဒော ယထာ ရာဟုမုခါ ပမုတ္တော၊

ဝိရောစတေ ပန္နရသေဝ ဘာဏုမာ။

ဧဝံ တုဝံ ပေါရိသာဒါ ပမုတ္တော၊

ဝိရောစ ကပိလေ မဟာနုဘာဝ။

ပမောဒယံ ပိတရံ မာတရဉ္စ၊

သဗ္ဗော စ တေ နန္ဒတု ဉာတိပက္ခော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၄။ မဟာနုဘာဝ၊ ကြီးသော အာနုဘော်ရှိသော မင်းသား။ ပန္ဒရသေ၊ တဆယ့်ငါးရက်မြောက်သောနေ့၌။ ရာဟုမုခါ၊ ရာဟုခံတွင်းမှ။ ပမုတ္တော၊ လွတ်သော။ စန္ဒော ဝါ၊ လသည်၎င်း။ ဘာဏုမာ ဝါ၊ နေသည်၎င်း။ ဝိရောစတိ ယထာ၊ တင့်တယ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တုဝံ၊ သင်သည်။ ပေါရိသာဒါ၊ လူသားစားသော ငါ၏အထံမှ။ မုတ္တော၊ လွတ်သည်ဖြစ်၍။ ကပိလေ၊ ကပိလတိုင်း၌။ ဝိရောစ၊ ထွန်းပလေလော့။ ပိတရဉ္စ၊ အဖကို၎င်း။ မာတရဉ္စ၊ အမိကို၎င်း။ ပမောဒယံ၊ ဝမ်းမြောက်စေလျက်။ တေ၊ သင်၏။ သဗ္ဗော၊ အလုံးစုံသော။ ဉာတိပက္ခော၊ အဆွေအမျိုး အဆွေခင်ပွန်း အပေါင်းသည်လည်း။ နန္ဒတု၊ နှစ်သက်စေသတည်း။

ဤသို့ဆိုပြီး၍ ပေါရိသာဒဘီလူးသည် ကြီးမြတ်သော ဝီရိယရှိသောမင်းသား - သွားလေလော့ဟုဆို၍ ဘုရားလောင်း အလီနသတ္တုမင်းသားကို လွှတ်လိုက်၏။ ထိုဘုရားလောင်း အလီနသတ္တုမင်းသားသည်လည်း ထိုဘီလူးကို ယဉ်ကျေးသည်ကို ပြု၍ ငါးပါးသောသီလတို့ကို ပေးပြီးလျှင် ဤပေါရိသာဒသည် ဘီလူးစစ်ပင်လောဟု စုံစမ်းသည်ရှိသော် ဘီလူးတို့၏ မျက်စိတို့သည် နီကုန်၏။ မမှိတ်ကုန်၊ အရိပ်သည် မထင်၊ မကြောက်မလန့်သည် ဖြစ်ကုန်၏။ ဤပေါရိသာဒသည် ဘီလူးစစ်မဟုတ်၊ ဤပေါရိသာဒသည် လူသားစင်စစ်တည်း၊ ငါ့ခမည်းတော်၏ နောင်တော်သုံးယောက်တို့ကို ဘီလူးမသည် ယူသတတ်၊ ထိုနောင်တော်သုံးယောက်တို့တွင် နှစ်ယောက်သောသူတို့ကို စားသည်ဖြစ်လတ္တံ့၊ တယောက်ကိုမူကား သားကဲ့သို့ ချစ်သဖြင့် မွေးကျွေးသည် ဖြစ်လတ္တံ့၊ ဤပေါရိသာဒသည် ထိုမွေးကျွေးသောသူပင် ဖြစ်ရာ၏။ ဤပေါရိသာဒကို ဆောင်ယူ၍ ငါ၏ ခမည်းတော်မင်းကြီးအား ကြားလျှောက်၍ မင်းအဖြစ်၌ တည်စေအံ့ဟုကြံ၍ အချင်းပေါရိသာဒ လာလှည့်၊ သင်သည် ဘီလူးစစ်မဟုတ်၊ သင်သည် ငါ့ခမည်းတော်မင်းကြီး၏ အစ်ကိုကြီးတည်း၊ လာလှည့် ငါနှင့်တကွ သွား၍ အမျိုးတို့၏ ဥစ္စာဖြစ်သော မင်း၏အဖြစ်၌ ထီးဖြူကို ဆောင်းလော့ဟုဆိုလျှင် ပေါရိသာဒသည် ငါသည်ကား လူမဟုတ်ဟု ဆိုလတ်သော် သင်သည် ငါ၏စကားကို မယုံသည်ဖြစ်အံ့၊ ထိုသို့ မယုံသည်ရှိသော် အကြင်သူအား သင်သည် ယုံ၏။ ထိုယုံသောသူသည် ရှိသလောဟု မေး၍ ဤမည်သောအရပ်၌ ဒိဗ္ဗစက္ခုရသေ့သည် ရှိ၏ဟု ဆိုလတ်သော် ထိုပေါရိသာဒကို ခေါ်၍ ဒိဗ္ဗစက္ခု ရသေ့အထံသို့ သွား၏။

ဒိဗ္ဗစက္ခုရသေ့သည် ထိုသူနှစ်ယောက်တို့ကို မြင်လျှင် အဘယ်အမှုကို ပြုလိုကုန်သည်ဖြစ်၍ သား, ဘကြီးတို့သည် တော၌ လှည့်လည်ကြကုန်သနည်းဟု ဆို၍ ထိုနှစ်ယောက်တို့၏ ဆွေမျိုးအဖြစ်ကို ပြောဆို၏။ ပေါရိသာဒ ဘီလူးသည်

ဒိဗ္ဗစက္ခုရသေ့ ပြောဆိုသောစကားကို ယုံကြည်၍ ချစ်သား- သင်ချစ်သားသည် သွားလေလော့၊ ငါသည် တဘဝတည်း၌လျှင် နှစ်ပါးပြားသော ကိုယ်ရှိသည်ဖြစ်၏။ ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိပြီ၊ ငါသည် ရဟန်းပြုအံ့ဟု ဆို၍ ဒိဗ္ဗစက္ခုရသေ့ အထံ၌လျှင် ရဟန်းပြု၏။ ထိုအခါ သားတော် အိမ်ရွှေမင်းဖြစ်သော အလီနသတ္တုမင်းသားသည် ဘကြီးတော် ပေါရိသာဒကို ရှိခိုး၍ နေပြည်တော်သို့ ပြန်ခဲ့၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၉၅။ တတော ဟဝေ ဓိတိမာ ရာဇပုတ္တော၊
ကတဉ္ဇလိံ ပဂ္ဂယှ ပေါရိသာဒံ။
အနုညာတော သောတ္ထိ သုခီ အရောဂေါ၊
ပစ္စာဂမာ ကပိလ မလီနသတ္တော၊

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော တဒါ၊ ထိုအခါ၌။ ဟဝေ၊ စင်စစ်သဖြင့်။ ဓိတိမာ၊ ပညာနှင့်ပြည့်စုံသော။ အလီနသတ္တော၊ အလီနသတ္တု အမည်ရှိသော။ ရာဇပုတ္တော၊ မင်းသားသည်။ ပေါရိသာဒံ၊ ပေါရိသာဒကို။ ကတဉ္ဇလိံ၊ လက်အုပ်ကို။ ပဂ္ဂယှ၊ ချီ၍။ အနုညာတော၊ ပေါရိသာဒသည် အနူးအညွတ် လွှတ်အပ်သည်ဖြစ်၍။ သောတ္ထိ၊ ချမ်းသာစွာ။ သုခီ၊ ဆင်းရဲခြင်း မရှိသည်ဖြစ်၍။ အရောဂေါ၊ အနာမရှိသည်ဖြစ်၍။ ကပိလံ၊ ကပိလတိုင်းသို့။ ပစ္စာဂမာ၊ တဖန်ပြန်လာ၏။

ဤဂါထာကို ဟောတော်မူပြီး၍ နေပြည်တော်သို့ တဖန် ပြန်လာသော ထိုအလီနသတ္တု မင်းသားအား ရွာနိဂုံးသူအစရှိသော သူတို့သည် ပြုအပ်သော အခြင်းအရာကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၉၆။ တံ နေဂမာ ဇာနပဒါ သဗ္ဗေ၊
ဟတ္ထာရောဟာ ရထိကာ ပတ္တိကာ စ။
နမဿမာနာ ပဉ္ဇလိကာ ဥပါဂမုံ၊
နမတ္ထု တေ ဒုက္ကရကာရကောသိ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၆။ ဘိက္ခဝေ၊ ရဟန်းတို့။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ နေဂမာ စ၊ ရွာနိဂုံးသူတို့သည်၎င်း။ ဇာနပဒါ စ၊ ဇနပုဒ်သူတို့သည်၎င်း။ ဟတ္ထာရောဟာ စ၊ ဆင်စီးသူရဲတို့သည်၎င်း။ ရထိကာ စ၊ ရထားစီး သူရဲတို့သည်၎င်း။ ပတ္တိကာ စ၊ ခြေသည် သူရဲတို့သည်၎င်း။ နမဿမာနာ၊ ရှိခိုးကုန်လျက်။ ပဉ္ဇလိကာ၊ လက်အုပ်ချီကုန်လျက်။ တေ၊ အရှင်မင်းသားအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တွံ၊ အရှင်မင်းသားသည်။ ဒုက္ကရကာရကော၊ အလွန် ပြုနိုင်ခဲသော အမှုကိုပြုသည်။ အသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆိုကုန်၍။ တံ၊ ထိုအလီနသတ္တုမင်းသားသို့။ ဥပါဂမုံ၊ ကပ်လာကုန်၏။

ခမည်းတော် ဇယဒိသ မင်းကြီးသည်လည်း သားတော် လာပြီဟုကြားလျှင် ခရီးဦး ကြိုဆိုခြင်းကို ပြုတော်မူ၏။ သားတော် အလီနသတ္တု မင်းသားသည် များစွာသော လူအပေါင်း ခြံရံလျက် လာလတ်ပြီးလျှင် ခမည်းတော် မင်းကြီးကို ရှိခိုး၏။ ထိုသို့ ရှိခိုးသောအခါ သားတော်ကို ခမည်းတော် ဇယဒိသမင်းကြီးသည် အမောင် - အမောင်သည် အဘယ်အကြောင်းကြောင့် ထိုသို့ ကြမ်းကြုတ်စွာသော လူသားစားလက်မှ လွတ်သနည်းဟု မေး၏။ မြတ်သော ခမည်းတော်မင်းကြီး ဤပေါရိသာဒသည် ဘီလူးမဟုတ်၊ ခမည်းတော်ဘုရား၏ နောင်တော်တည်း၊ ဤပေါရိသာဒသည် အကျွန်ုပ် ဘကြီးတော်တည်းဟု အလုံးစုံသော အကြောင်းကို တင်လျှောက်၍ ခမည်းတော် မင်းကြီးတို့သည် အကျွန်ုပ် ဘကြီးတော်ကို ဖူးမြင်ခြင်းငှါ သင့်ပါ၏ဟု တင်လျှောက်၏။

ခမည်းတော် ဇယဒိသမင်းကြီးသည် ထိုခဏ၌လျှင် စည်လည်စေ၍ များစွာသော အခြံအရံဖြင့် ရသေ့တို့၏ အထံသို့သွား၏။ ဒိဗ္ဗစက္ခု ရသေ့ကြီးသည် ထိုပေါရိသာဒအား ဘီလူးမ ဆောင်ယူသဖြင့် မစားမူ၍ မွေးကျွေးထားသော အကြောင်းကို၎င်း, ဘီလူး၏အဖြစ်ကို ပြုခြင်းကို၎င်း, ထိုပေါရိသာဒနှင့် ဇယဒိသမင်းတို့၏ ဆွေမျိုးအဖြစ်ကို၎င်း အလုံးစုံကို အကျယ်အားဖြင့် ပြောဆို၏။ ဇယဒိသမင်းကြီးသည် နောင်တော်မင်းမြတ်- လာလှည့် တိုင်းပြည်ကို မင်းပြုလော့ဟု ဆို၏။ မြတ်သောမင်းကြီး- မသင့်ဟု ပယ်၏။ ထိုသို့တပြီးကား လာလှည့်ကုန်၊ အကျွန်ုပ်ဥယျာဉ်တော်၌ နေတော်မူကုန်လော့၊ အကျွန်ုပ်သည် နောင်တော်တို့အား ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးပါအံ့ဟုဆို၏။ မြတ်သောမင်းကြီး- ငါ မလိုက်ပြီဟု ဆိုသည်ရှိသော် ဇယဒိသမင်းကြီးသည် ထိုရသေ့တို့၏ကျောင်းမှ မနီးမဝေးသော အရပ်၌ တခုသော တောင်ကြားကို ဆည်၍ ကြီးစွာသော တဘက်ဆည်ကန်ကို ပြုစေပြီးလျှင် လယ်တို့ကို ပြည့်စေ၍ မြတ်သော အမျိုးတထောင်ကို ဆောင်ယူပြီးလျှင် ကြီးစွာသောရွာကို တည်ထောင်၍ ရသေ့တို့၏ ဆွမ်းဝတ်ကို ဖြစ်စေ၏။

ထိုရွာသည် စူဠကမ္မာသဒမ္မ နိဂုံးမည်၏။ သုတသောမ အမည်ရှိသော ဘုရားလောင်းသည် ပေါရိသာဒကို ဆုံးမသော အရပ်ကား မဟာကမ္မာသဒမ္မ နိဂုံးမည်၏ဟူ၍ သိအပ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အမိအဖကို လုပ်ကျွေးသော မထေရ်သည် သေယတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ မြတ်သော သာကီဝင် မင်းမျိုးတို့သည် ထိုအခါ မယ်တော် ခမည်းတော်တို့သည် ဖြစ်ဘူးကုန်ပြီ။ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဒိဗ္ဗစက္ခုရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ အင်္ဂုလိမာလ မထေရ်သည် ထိုအခါ ပေါရိသာဒ ဖြစ်ဘူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ နှမငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာ မယ်တော်သည် ထိုအခါ အိမ်ရှေ့ မိဖုယားကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အလီနသတ္တုမင်းသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိဘတို့အား၊ လုပ်ကျွေးငြား၊ မှတ်သားမင်္ဂလာ

သုံးခုမြောက်သော ဇယဒိသဇာတ်သည် ပြီး၏။

*****

တိံသနိပါတ်

၄။ ဆဒ္ဒန္တဇာတ်

နတ်နှင့်တကွသောလင်အပေါ် အထင်လွဲ၍ ရန်ငြိုးဖွဲ့ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကိံနု သောစသိ အနုစ္စင်္ဂီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဆဒ္ဒန္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းမိန်းမငယ် တယောက်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုရဟန်းမိန်းမငယ်သည် သာဝတ္ထိပြည်၌ အမျိုးသ္မီး ဖြစ်သတတ်၊ အိမ်ရာထောင်ခြင်း၏ အပြစ်ကို မြင်သဖြင့် ရဟန်းပြု၍ တနေ့သ၌ ရဟန်းမိန်းမတို့နှင့် တကွ တရားနာအံ့သောငှါ သွား၍ တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌ နေ၍ တရားဟောတော်မူသော သဗ္ဗညူ မြတ်စွာဘုရား၏ အတိုင်းအရှည်မရှိသော ဘုန်းတော် ပါရမီတော်ကြောင့် ဖြစ်သော မြတ်သော အဆင်းတော်၏ ပြည့်စုံခြင်းနှင့်ယှဉ်သော ကိုယ်တော်ကိုကြည့်၍ သံသရာ၌ ကျင်လည်ရသောငါသည် ဤယောက်ျားမြတ်၏ မယားဖြစ်ဘူး၏လောဟု ကြံ၏။ ထိုသို့ ကြံသော ခဏ၌လျှင် ထိုရဟန်းမိန်းမငယ်အား ဇာတိဿရဉာဏ်သည် ဖြစ်၏။ ဆဒ္ဒန်ဆင်မင်း ဖြစ်တော်မူသောအခါ ငါသည် ဤယောက်ျားမြတ်၏ မယားဖြစ်ဘူးပြီဟု ဇာတိဿရဉာဏ်သည် ဖြစ်၏။ ထိုအခါ ဇာတိဿရဉာဏ်ဖြင့် အောက်မေ့သော ထိုရဟန်းမိန်းမငယ်အား အားကြီးစွာသော နှစ်သက်ဝမ်းမြောက်ခြင်းသည် ဖြစ်၏။

ထိုရဟန်းမိန်းမငယ်သည် ဖြစ်သောပီတိအဟုန်ဖြင့် ပြင်းစွာသော ရယ်ခြင်းကို ရယ်ပြီး၍ တဖန် ကြံပြန်၏။ မယားတို့မည်သည်ကား လင်တို့၏ အစီးအပွားကို အလိုရှိသည်ကား နည်းလှ၏။ အစီးအပွားကို အလိုမရှိသည်ကား အလွန်များလှစွာ၏။ ငါသည် ဤယောက်ျားမြတ်၏ အစီးအပွားကို အလိုရှိလေသလော၊ ပျက်စီးခြင်းကို အလိုရှိလေသလောဟု ဆင်ခြင်လတ်သော် အစီးအပွားကို အလိုမရှိသည်သာ ဖြစ်၏ဟု သိ၍ ထိုမိန်းမငယ်သည် အစဉ်အတိုင်း အောက်မေ့သည်ရှိသော် ငါသည် အနည်းငယ်မျှဖြစ်သော အပြစ်ကို စိတ်၌ အငြိုးထား၍ အတောင် တရာ့နှစ်ဆယ်ရှိသော ဆဒ္ဒန်ဆင်မင်းကိုစဉ်လျက် သောဏုတ္တရမည်သော မုဆိုးကို စေလွှတ်၍ အဆိပ်လူးသောမြှားဖြင့် ပစ်ခတ်စေ၍ အသက်ကုန်ခြင်းသို့ ရောက်စေမိ၏ဟု မြင်လေ၏။ ထိုသို့ မြင်သောအခါ ထိုရဟန်းမိန်းမငယ်အား စိုးရိမ်ခြင်းသည် ဖြစ်၏။ နှလုံးသည် ပူ၏။ ထိုရဟန်းမိန်းမငယ်သည်ကား စိုးရိမ်ခြင်းကို တည်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ ထွက်သက်ကို ပြင်းစွာရှူ၍ သည်းစွာသောအသံဖြင့် ငို၏။ ထိုရဟန်းမိန်းမငယ်ကို မြင်တော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည် ပြုံးတော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား- ပြုံးတော်မူခြင်း၏ အကြောင်းကား အသို့နည်းဟု ရဟန်းအပေါင်းသည် မေးလျှောက်လတ်သော် ရဟန်းတို့- ဤရဟန်းမိန်းမငယ်သည် ရှေးဘဝ၌လျှင် ငါ၌ပြုမိသော အပြစ်ကို အောက်မေ့၍ ငို၏ဟု မိန့်တော်မူပြီးလျှင် အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့- လွန်လေပြီးသောအခါ ဟိမဝန္တာအရပ်၌ ဆဒ္ဒန်အိုင်ကို မှီ၍ ရှစ်ထောင်သော ဆဒ္ဒန်ဆင်မျိုးတို့သည် နေကုန်၏။ ထိုဆင်တို့သည် တန်ခိုးကြီးကုန်၏။ ကောင်းကင်သို့ ပျံသွားနိုင်ကုန်၏။ ထိုအခါ ဘုရားလောင်းသည် ထိုဆင်တို့၏ အကြီးဖြစ်သော ဆင်မင်း၏သား ဖြစ်၏။ ထိုဘုရားလောင်းသည်ကား ကိုယ်လုံးဖြူ၏။ နီသော လက်ခြေ ရှိ၏။ ထိုဘုရားလောင်းသည် နောက်အဘို့၌ ကြီးခြင်းသို့ရောက်လျှင် ရှစ်ဆယ့်ရှစ်တောင် အစောက်မြင့်၏။ အလျား အတောင် တရာ့နှစ်ဆယ် ရှိ၏။ ငါးဆယ်ရှစ်တောင်ရှိသော ငွေပန်းဆိုင်းနှင့်တူသော နှာမောင်းနှင့်ပြည့်စုံ၏။ ထိုဘုရားလောင်း၏ အစွယ်တို့သည် လုံးပတ်အားဖြင့် တဆယ့်ငါးတောင်ရှိကုန်၏။ အလျားအားဖြင့် အတောင်သုံးဆယ် ရှိကုန်၏။ ခြောက်ပါးသော အဆင်းရှိသော ရောင်ခြည်တော်တို့နှင့် ပြည့်စုံ၏။ ရှစ်ထောင်သော ဆင်တို့၏အကြီး ဆင်မင်းဖြစ်၏။ ငါးရာကုန်သော ပစ္စေကဗုဒ္ဓါတို့ကို ပူဇော်၏။ ထိုဘုရားလောင်း ဆင်မင်းအား စူဠသုဘဒ္ဒါ, မဟာသုဘဒ္ဒါဟူ၍ မိဖုယားကြီး နှစ်ယောက်တို့သည် ရှိကုန်၏။ ဆဒ္ဒန်ဆင်မင်းသည် ရှစ်ထောင်သော ဆင်အပေါင်း ခြံရံလျက် ရွှေဂူ၌နေ၏။

ဆဒ္ဒန်အိုင်သည်ကား အလျားအားဖြင့်၎င်း, အနံအားဖြင့်၎င်း ယူဇနာငါးဆယ်စီ ရှိ၏။ ထိုဆဒ္ဒန်အိုင်၏ အလယ်၌ တဆယ့်နှစ်ယူဇနာ အတိုင်းအရှည်ရှိသော အရပ်၌ မှော်သည်၎င်း, ရေညှိသည်၎င်း မရှိ၊ မြအဆင်းနှင့် တူသော ရေသည်သာလျှင် တည်၏။ ထိုမြအဆင်းနှင့်တူသော ရေ၏အခြားမဲ့၌ တယူဇနာ အနံရှိသော သက်သက်သော ကြာသိမ်တောသည် ထိုမြအဆင်းနှင့် တူသောရေကို ခြံရံ၍ တည်၏။ ထိုကြာသိမ်တော၏ အခြားမဲ့၌ အနံတယူဇနာ ရှိသည်သာလျှင်ဖြစ်သော သက်သက်သော ကြာညိုတောသည် ထိုကြာသိမ်တောကို ရံ၍တည်၏။ အနံတယူဇနာစီ ရှိသည်သာလျှင်ဖြစ်သော ကြာနီတော, ကြာပုဏ္ဍရိက်တော ကြာပဒုမာနီတော, ကြာပဒုမာဖြူ ကုမုဒြာ ကြာတောတို့သည် ရှေးရှေးဖြစ်သော တောတို့ကို ခြံရံ၍ တည်ကုန်၏။ ခုနစ်ပါးကုန်သော ဤကြာတာတို့၏ အခြားမဲ့၌ကား အလုံးစုံသော ထိုကြာသိမ်တော အစရှိသော တောတို့၏ အစွမ်းအားဖြင့် အရောဖြစ်သော တောသည် အနံတယူဇနာ ရှိသည်သာဖြစ်သော ထိုခုနစ်ထပ်ကုန်သော ကြာတောတို့ကို ခြံရံ၍တည်၏။ ထိုအရောဖြစ်သော ကြာတော၏ အခြားမဲ့၌ ဆင်တို့၏ ခါးအတိုင်းအရှည်ရှိသော ရေ၌ အနံတယူဇနာ ရှိသည်သာလျှင်ဖြစ်သော သလေးနီသည် တည်၏။ ထိုသလေးနီတော၏ အခြားမဲ့ဖြစ်သော ရေအဆုံး၌ အညို အရှေ့ အနီ အဖြူ ဖြစ်ကုန်သော ကောင်းစွာပျံ့လှိုင်သော သိမ်မွေ့သော ပန်းတို့ဖြင့် ထက်ဝန်းကျင် ပြွမ်းသော ပန်းချူံငယ်တောသည် တည်၏။ ဤသို့ ဆိုအပ်ခဲ့ပြီးသော ဆယ်ထပ်ကုန်သော တောတို့သည် အနံ တယူဇနာစီ ရှိကုန်သည်သာလျှင်တည်း။

ထိုပန်းချုံငယ်တော၏ ပြင်မှကား ပဲလွန်းငယ် ပဲလွန်းကြီး ပဲနောက်တောသည် တည်၏။ ထိုပဲနောက်တော၏ အခြားမဲ့၌ သခွါးငပြုတ်, သခွါးငကြောင်, အိမ်ဗူး, ဖရုံနွယ်တော်တို့သည် တည်ကုန်၏။ ထိုသခွါး, ဗူး ဖရုံ၏ ပြင်မှကား ကွမ်းသီးပင် အတိုင်းအရှည်ရှိသော ကြံတောသည် တည်၏။ ထိုကြံတော၏ ပြင်မှကား ဆင်စွယ် အတိုင်းအရှည်ရှိသော အသီးရှိသော ငှက်ပျောတောသည် တည်၏။ ထိုငှက်ပျောတော၏ ပြင်မှကား အင်ကြင်းတောသည် တည်၏။ ထိုအင်ကြင်းတော၏ အခြားမဲ့၌ကား အိုးစရည်းကြီး အတိုင်းအရှည် အသီးရှိသော ပိန္နဲတောသည် တည်၏။ ထိုပိန္နဲတော၏ အခြားမဲ့၌ကား ချိုသော အသီးရှိသော မန်ကျည်းတောသည် တည်၏။ ထိုမန်ကျည်းတော၏ အခြားမဲ့၌ကား ချိုသော အသီးရှိသော သရက်တောသည် တည်၏။ ထိုသရက်တော၏ အခြားမဲ့၌ကား သီးတောသည် တည်၏။ ထိုသီးတော၏ ပြင်မှကား အရောဖြစ်သော ကြီးစွာသော တောအုပ်သည် တည်၏။ ထိုတောအုပ်ကြီး၏ ပြင်မှကား ဝါးတောသည် တည်၏။

ဤသို့ ဆိုအပ်ခဲ့ပြီးသော အလုံးစုံသည် ထိုဆဒ္ဒန်ဆင်မင်း ဖြစ်တော်မူသော ကာလ၌ ထိုဆဒ္ဒန်ဆင်မင်းအား ပြည့်စုံခြင်းကို ဆိုအပ်ကုန်၏။ သံယုတ္တနိကာယ် အဋ္ဌကထာ၌ကား ယခုအခါ၌ဖြစ်သော ပြည့်စုံခြင်းကိုလျှင် ဆိုအပ်၏။

ထိုဝါးတောကိုကား ခုနစ်လုံးကုန်သော တောင်တို့သည် ခြံရံ၍ တည်ကုန်၏။ ထိုတောင် ခုနစ်လုံးတို့၏ အပအစွန်မှစ၍ကား ရှေးဦးစွာသော တောင်သည် စူဠကာဠတောင် မည်၏။ နှစ်ခုမြောက်သော တောင်သည် မဟာကာဠတောင် မည်၏။ သုံးခုမြောက်ဖြစ်သော တောင်သည် ဥဒက ပဗ္ဗတတောင် မည်၏။ ထိုဥဒကပဗ္ဗတတောင်မှ အတွင်းဖြစ်သော တောင်သည် စန္ဒပဿတောင် မည်၏။ ထိုစန္ဒပဿတောင်မှ အတွင်းဖြစ်သော တောင်သည် သူရိယပဿတောင် မည်၏။ ထိုသူရိယပဿတောင်မှ အတွင်းဖြစ်သောတောင်သည် မဏိပဿတောင် မည်၏။ ခုနစ်ခုမြောက်ဖြစ်သော တောင်သည် သုဝဏ္ဏပဿတောင် မည်၏။ ထိုသုဝဏ္ဏပဿ တောင်သည်ကား အစောက်အားဖြင့် ခုနစ်ယူဇနာရှိ၏။ ဆဒ္ဒန်အိုင်ကိုရံ၍ သပိတ်အနားရေးကဲ့သို့ တည်၏။ သုဝဏ္ဏပဿတောင်၏ အတွင်းဖြစ်သော နံပါးသည် ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ထိုတောင်၏နံပါးမှ ထွက်သောအရောင်ဖြင့် ဆဒ္ဒန်အိုင်သည် ထွက်သစ်သော နေလုလင်ကဲ့သို့ ဖြစ်၏။ သုဝဏ္ဏပဿတောင်မှ အပဖြစ်သော တောင်စဉ်ခြောက်ထပ်တို့တွင် တထပ်သောတောင်သည် အစောက် ခြောက်ယူဇနာရှိ၏။ တထပ်တောင်သည် အစောက် ငါးယူဇနာရှိ၏။ တထပ်ကား လေးယူဇနာရှိ၏။ တထပ်ကား သုံးယူဇနာရှိ၏။ တထပ်ကား နှစ်ယူဇနာရှိ၏။ တထပ်ကား တယူဇနာရှိ၏။ ဤသို့ တောင်စဉ် ခုနစ်ထပ်တို့ဖြင့် ခြံရံအပ်သော ဆဒ္ဒန်အိုင်၏ အရှေ့မြောက်ထောင့်၌ ရေမှတက်သော လေဖြင့် ခတ်ရာအရပ်၌ ပညောင်ပင်ကြီးသည် ရှိ၏။ ထိုပညောင်ပင်၏ ပင်စည်သည် လုံးပတ်အားဖြင့် ငါးယူဇနာရှိ၏။ အစောက်အားဖြင့် ခုနစ်ယူဇနာ ရှိ၏။ အရပ်လေးမျက်နှာတို့၌ လေးခုကုန်သော ခက်မတို့သည် ခြောက်ယူဇနာစီ ရှိကုန်၏။ အထက်သို့တက်သော ခက်မသည် ခြောက်ယူဇနာ ရှိသည်သာလျှင်တည်း၊ ထိုသို့ ပင်စည် ခုနစ်ယူဇနာ၊ အထက်သို့တက်သော ခက်မ ခြောက်ယူဇနာ ရှိသောကြောင့် ထိုပညောင်ပင်သည် အမြစ်ရင်းမှစ၍ အစောက်ယူဇနာ တဆယ့်သုံးယူဇနာရှိ၏။ ခက်မလေးဖြာတို့၏ ဤမှာဘက်အစွန်းမှ ထိုမှာဘက် အစွန်းတိုင်အောင် တဆယ့်နှစ်ယူဇနာရှိ၏။ ရှစ်ထောင်ကုန်သော ပါးပျဉ်းတို့ဖြင့် တန်ဆာဆင်အပ်၏။ ဦးပြည်းသော မြတောင်ကဲ့သို့ တင့်တယ်လျက် တည်၏။ ဆဒ္ဒန်အိုင် အနောက် အရပ်မျက်နှာ အဘို့ဖြစ်သော ရွှေတောင်၌ တဆယ့် နှစ်ယူဇနာရှိသော ရွှေဂူသည် ရှိ၏။ ဆဒ္ဒန်ဆင်မင်းသည် မိုဃ်းလအခါ၌ ရှစ်ထောင်သော ဆင်တို့ဖြင့် ခြံရံလျက် ရွှေဂူ၌နေ၏။ နွေကာလ၌ကား ရေမှတက်သော လေညှင်းကိုခံလျက် ပညောင်ပင်ကြီးရင်းဝယ် ပါးပျဉ်းကြား၌ နေ၏။

ထိုအခါ ဆဒ္ဒန်ဆင်မင်းအား တနေ့သ၌ များစွာသော အင်ကြင်းတောသည် ကောင်းစွာ ပွင့်အပ်ပြီဟု အခြံအရံဆင်ပျိုတို့သည် လာလတ်၍ လျှောက်ကုန်၏။ ထိုဆဒ္ဒန်ဆင်မင်းသည် အခြံအရံနှင့်တကွ အင်ကြင်းပင်တော သဘင်ကစားခြင်းကို ကစားအံ့ဟု အင်ကြင်းတောသို့ သွား၍ ကောင်းစွာပွင့်သော တခုသော အင်ကြင်းပင်ကို ဦးကင်းဖြင့် ခိုက်၏။ ထိုအခါ စူဠသုဘဒ္ဒါ မည်သော မိဖုယားသည် လေညာနံပါး၌ နေ၏။ ထိုစူဠသုဘဒ္ဒါမိဖုယား ကိုယ်ပေါ်၌ ခြောက်သောသစ်ခက်နှင့် ရောကုန်သော သစ်ရွက်ရော်တို့သည်၎င်း, ခါချဉ်တို့သည်၎င်း ကျကုန်၏။ မဟာသုဘဒ္ဒါ မိဖုယားသည် လေကြေနံပါး၌ နေ၏။ ထိုမဟာသုဘဒ္ဒါမိဖုယား ကိုယ်ပေါ်၌ကား ပန်းဝတ်မှုံ ဝတ်ဆံ ပွင့်ချပ်တို့သည် ကျကုန်၏။ စူဠသုဘဒ္ဒါသည် မိမိချစ်သော မယားအပေါ်၌ ပန်းဝတ်မှုံ ဝတ်ဆံ ပွင့်ချပ်တို့ကို ကျစေ၏။ ငါ့ကိုယ်ပေါ်၌ကား သစ်ခက်ခြောက်နှင့် ရောသော သစ်ရွက်ရော်တို့ကို၎င်း, ခါချဉ်တို့ကို၎င်း ကျစေဘိ၏။ ထိုသို့ဖြစ်စေ, သိရလတ္တံ့ဟု ဘုရားလောင်း၌ ရန်ငြိုးဖွဲ့၏။

တပါးသော နေ့၌လည်း ဆဒ္ဒန်ဆင်မင်းသည် အခြံအရံနှင့်တကွ ရေချိုးခြင်းငှာ ဆဒ္ဒန်အိုင်သို့ သက်၏။ ထိုအခါ နှစ်စီးကုန်သော ဆင်ပျိုတို့သည် နှာမောင်းတို့ဖြင့် ပန်းရင်စည်းတို့ကို ကိုင်၍ ငွေတောင်ထွဋ်ကို သုတ်သင်သကဲ့သို့ သုတ်သင်လျက် ရေချိုးစေကုန်၏။ ထိုဆဒ္ဒန်ဆင်မင်းသည် ရေချိုးပြီး၍ တက်လတ်သော် နှစ်ဦးကုန်သော စူဠသုဘဒ္ဒါ, မဟာသုဘဒ္ဒါ မိဖုယားတို့ကို ရေချိုးစေကုန်၏။ ထိုမိဖုယား ဆင်မတို့သည်လည်း ရေချိုးပြီးလျှင် တက်လတ်၍ ဘုရားလောင်းအထံ၌ နေကုန်၏။ ထို့နောင်မှ ရှစ်ထောင်ကုန်သော ဆင်တို့သည် ဆဒ္ဒန်အိုင်သို့သက်၍ ရေကစားပြီးလျှင် အိုင်မှ အထူးထူးသော ပန်းတို့ကိုဆောင်ခဲ့၍ ငွေစေတီကို တန်ဆာဆင်သကဲ့သို့ ဘုရားလောင်းကို တန်ဆာဆင်ကုန်၏။ နောက်မှ နှစ်ဦးကုန်သော စူဠသုဘဒ္ဒါ မဟာသုဘဒ္ဒါ မိဖုယားတို့ကို တန်ဆာဆင်ကုန်၏။ ထိုအခါ တစီးသောဆင်သည် ဆဒ္ဒန်အိုင်၌ လှည့်လည်သည်ရှိသော် ပွင့်ချပ်ခုနစ်ဆင့်ရှိသော သတ္တုဒ္ဒယ မည်သော ကြီးစွာသော ပဒုမာကြာပွင့်ကိုရလျှင် ဆောင်ယူခဲ့၍ ဘုရားလောင်းအား ဆက်၏။ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် ထိုကြာပွင့်ကို နှာမောင်းဖြင့်ယူ၍ ဝတ်ဆံ ဝတ်မှုံကို ဦးကင်း၌ ကြဲပြီးလျှင် မိဖုယားကြီးဖြစ်သော မဟာသုဘဒ္ဒါအား ပေး၏။ ထိုသို့ ပေးသည်ကိုမြင်၍ စူဠသုဘဒ္ဒါသည် ပွင့်ချပ် ခုနစ်ဆင့်ရှိသော ဤပဒုမာ ကြာပွင့်ကြီးကိုလည်း မိမိ ချစ်မြတ်နိုးသော မယားအားသာလျှင် ပေး၏။ ငါ့အား မပေးဟု နှလုံး၌ထား၍ တဖန်လည်း ဘုရားလောင်းအား ရန်ငြိုးဖွဲ့၏။

ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် ချိုစွာသော သစ်သီးတို့ကို၎င်း၊ ကြာစွယ် ကြာရင်းတို့ကို၎င်း ပျားရည်နှင့် ယှဉ်စေ၍ ငါးရာကုန်သော ပစ္စေကဗုဒ္ဓါတို့ကို လုပ်ကျွေးသည်ရှိသော် စူဠသုဘဒ္ဒါသည် မိမိရအပ်သော သစ်သီးကြီးငယ်ကို အရှင်ပစ္စေကဗုဒ္ဓါတို့အား လှူ၍ အရှင်ဘုရားတို့- အကျွန်ုပ်သည် ဤဘဝမှစုတေသည်ရှိသော် မဒ္ဒရာဇ်မင်းမျိုး၌ ဖြစ်၍ သုဘဒ္ဒါအမည်ရှိသော မင်းသမီးဖြစ်၍ အရွယ်ရောက်လတ်သော် ဗာရာဏသီမင်း၏ မိဖုယားကြီးအဖြစ်သို့ ရောက်သဖြင့် ထိုဗာရာဏသီမင်း၏ အလွန်ချစ်မြတ်နိုးသော မိဖုယားကြီး ဖြစ်လို၏။ ထိုဗာရာဏသီမင်းကို မိမိနှစ်သက်သော အလိုကို ပြုစိမ့်သောငှါ စွမ်းနိုင်သည်ဖြစ်၍ ထိုဗာရာဏသီမင်းအား ကြားသဖြင့် တယောက်သောမုဆိုးကို စေလွှတ်၍ ဤဆင်မင်းကို အဆိပ်လူးသောမြှားဖြင့် ပစ်သတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် အရောင်ခြောက်သွယ်တို့ဖြင့် ထွန်းတောက်ပသော အစုံဖြစ်သော အစွယ်တို့ကို ဆောင်ယူစိမ့်သောငှါ စွမ်းနိုင်သည် ဖြစ်ရလို၏ဟု ဆုတောင်းခြင်းကို ဖြစ်စေ၏။ ထိုစူဠသုဘဒ္ဒါသည် ထိုဆုတောင်းသောအခါမှစ၍ အစာကို မယူမူ၍လျှင် ခြောက်တပ်သဖြင့် မကြာမြင့်မီလျှင် သေ၍ မဒ္ဒရာဇ်တိုင်းဝယ် မဒ္ဒရာဇ်မင်းကြီး၏ မိဖုယားကြီး ဝမ်း၌ ဖြစ်၏။ ထိုမင်းသ္မီးအား သုဘဒ္ဒါဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ အရွယ်ရောက်လတ်သော် ထိုသုဘဒ္ဒါမင်းသ်မီးကို ဗာရာဏသီမင်းအား ပေးကုန်၏။ ထိုသုဘဒ္ဒါ မင်းသ္မီးကို ဗာရာဏသီမင်းသည် အလွန် ချစ်မြတ်နိုး၏။ တသောင်း ခြောက်ထောင်ကုန်သော မိန်းမတို့၏ အကြီးဖြစ်၍ ရှေးအဖြစ်ကို သိတတ်သော ဇာတိဿရ ဉာဏ်ကိုလည်း ရ၏။

ထိုသုဘဒ္ဒါ မိဖုယားသည် ငါ၏ ဆုတောင်းခြင်းသည် ပြည့်စုံပြီ၊ ယခုအခါ ထိုဆင်မင်း၏ အစုံဖြစ်သော အစွယ်တို့ကို ဆောင်ယူစေအံ့ဟု ကြံ၏။ ထိုသို့ ကြံပြီးလျှင် ကိုယ်ကို ဆီလိမ်းကျံ၍ ညစ်နွမ်းသော အဝတ်ကို ဝတ်လျက် ဖျားနာသော အခြင်းအရာကိုပြ၍ ကြက်သရေရှိသော တိုက်ခန်းသို့ဝင်၍ ညောင်စောင်းငယ်၌ အိပ်၏။ မင်းသည် သုဘဒ္ဒါကား အဘယ်မှာနည်းဟု မေး၍ ဖျားနာသည်ဟု ကြားရလျှင် ကြက်သရေရှိသော တိုက်ခန်းသို့ ဝင်ပြီးလျှင် ညောင်စောင်းငယ်၌ ထိုင်၍ ထိုသုဘဒ္ဒါမိဖုယား ကျောကို သုံးသပ်လျက် အကြောင်းကို မေးလိုရကား-

၉၇။ ကိံနု သောစသိ အနုစ္စင်္ဂီ၊ ပဏ္ဍူသိ ဝရဝဏ္ဏိနိ။
မိလာယသိ ဝိသာလက္ခိ၊ မာလာဝ ပရိမဒ္ဒိတာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၇။ အနုစ္စင်္ဂီ၊ ရွှေအဆင်းကဲ့သို့ ဝင်းဝင်းညီးသော ကိုယ်ရှိသော သုဘဒ္ဒါမိဖုယား။ တွံ၊ ရှင်မိဖုယားသည်။ ကိံ၊ အဘယ်ကို။ သောစသိ နု၊ စိုးရိမ်ဘိသနည်း။ ဝရဝဏ္ဏိနီ၊ မြတ်သော အဆင်းရှိသော သုဘဒ္ဒါမိဖုယား။ တွံ၊ ရှင် မိဖုယားသည်။ ပဏ္ဍု၊ ဖက်ရွက်ကဲ့သို့ ဖြေဖျော့တော့သော ကိုယ်ရှိသည်။ အသိ၊ ဖြစ်ဘိ၏။ ဝိသာလက္ခိ၊ တင့်တယ်သော မျက်နှာရှိသော သုဘဒ္ဒါမိဖုယား။ တွံ၊ ရှင်မိဖုယားသည်။ ပရိမဒ္ဒိတာ၊ လက်ဖြင့် ဆုပ်နယ်အပ်သော။ မာလာဝ၊ ပဒုမာ ကြာပန်းကဲ့သို့။ မိလာယသိ၊ ညှိုးနွမ်းဘိ၏။

ထိုစကားကို ကြား၍ သုဘဒ္ဒါမိဖုယားသည် မင်းကြီးအား မိမိအကြောင်းကို ကြားလိုရကား-

၉၈။ ဒေါဟဠော မေ မဟာရာဇ၊ သုပိနန္တေ နုပဇ္ဈဂါ။
န သော သုလဘရူပေါဝ၊ ယာဒိသော မမ ဒေါဟဠော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၈။ မဟာရာဇ၊ မြတ်သော မင်းကြီး။ မေ၊ အကျွန်ုပ်အား။ ဒေါဟဠော၊ ချင်ခြင်းသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်၏။ သုပိနန္တေန၊ အိပ်မက်၌။ ဥပဇ္ဈဂါ၊ မြင်မက်သော။ မယာ၊ အကျွန်ုပ်သည်။ ဒိဋ္ဌော၊ မြင်မက်သော။ အစ္ဆရိယော၊ အံ့ဘွယ်သရဲသည်။ အတ္ထိ၊ ရှိ၏။ ယာဒိသော၊ အကြင်သို့ သဘောရှိသော။ မမ၊ အကျွန်ုပ်၏။ ဒေါဟဠော၊ ချင်ခြင်းသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်၏။ သော တာဒိသော၊ ထိုသို့ သဘောရှိသော ချင်ခြင်းသည်။ သုလဘရူပေါဝ၊ ရလွယ်သော သဘောရှိသကဲ့သို့။ န ဟောတိ၊ မဖြစ်။

ထိုစကားကို ကြား၍ မင်းကြီးသည် မိဖုယား၏ ချင်ခြင်းကို ဝန်ခံလိုရကား-

၉၉။ ယေကေစိ မာနုသာ ကာမာ၊ ဣဓ လောကမှိ နန္ဒနေ။
သဗ္ဗေ တေ ပစုရာ မယှံ၊ အဟံ တေ ဒမ္မိ ဒေါဟဠံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၉။ သုဘဒ္ဒေ၊ သုဘဒ္ဒါမိဖုယား။ ဣဓ လောကမှိ၊ ဤလူ့ရွာ၌။ မာနုသာ၊ လူတို့သည်။ ကာမာ၊ တောင့်တ အပ်ကုန်သော။ ယေကေစိ၊ ခပ်သိမ်းကုန်သော ရတနာခုနစ်ပါး, ကာမဂုဏ်ငါးပါးတို့သည်။ သန္တိ၊ ရှိကုန်၏။ နန္ဒနေ၊ နှစ်သက်ဘွယ်ရှိသော သုဘဒ္ဒါမိဖုယား။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုဝတ္ထုကာမဂုဏ်, ကိလေသာ ကာမဂုဏ်တို့သည်။ မယှံ၊ ငါ့အား။ ပစုရာ၊ များစွာ ရလွယ်ကုန်၏။ အဟံ၊ ငါသည်။ တေ၊ သင့်အား။ ဒေါဟဠံ၊ ချင်ခြင်းဖြစ်သော ဝတ္ထုကို။ ဒမ္မိ၊ ပေးအံ့။

မင်းကြီးဆိုသော စကားကိုကြား၍ သုဘဒ္ဒါမိဖုယားသည် မြတ်သောမင်းကြီး- အကျွန်ုပ်၏ ချင်ခြင်းသည် အလွန်ရခဲ၏။ ထိုချင်ခြင်းကို ယခုအခါ၌ အကျွန်ုပ်သည် မပြောဆိုသေး၊ စင်စစ်သော်ကား အရှင်မင်းကြီး နိုင်ငံတော် အတွင်း၌ အကြင်မျှလောက်ကုန်သော မုဆိုးတို့သည် ရှိကုန်၏။ ထိုအလုံးစုံကုန်သော မုဆိုးတို့ကို အရှင်မင်းကြီးတို့သည် စည်းဝေးစေတော်မူကုန်လော့၊ ထိုမုဆိုးတို့၏ အလယ်၌ ပြောဆိုပါအံ့ဟု ပြလိုရကား-

၁၀၀။ လုဒ္ဒါ ဒေဝ သမာယန္တု၊ ယေကေစိ ဝိဇိတေ တဝ။
ဧတေသံ အဟမက္ခိဿံ၊ ယာဒိသော မမ ဒေါဟဠော။

ဟူသော အခြားမဲ့ဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၀။ ဒေဝ၊ အရှင်မင်းကြီး။ တဝ၊ အရှင်မင်းကြီး၏။ ဝိဇိတေ၊ နိုင်ငံတော်၌။ ယေကေစိ၊ အလုံးစုံကုန်သော။ လုဒ္ဒါ၊ မုဆိုးတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ သဗ္ဗေ၊ ထိုအလုံးစုံကုန်သော မုဆိုးတို့သည်။ သမာယန္တု၊ အညီအညွတ် လာစေကုန်သတည်း။ ဧတေသံ၊ ထိုမုဆိုးတို့အား။ မမ၊ အကျွန်ုပ်၏။ ယာဒိသော၊ အကြင်သို့ သဘောရှိသော။ ဒေါဟဠော၊ ချင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တာဒိသံ၊ ထိုသို့သဘောရှိသော ချင်ခြင်းကို။ အဟံ၊ အကျွန်ုပ်သည်။ အက္ခိဿံ၊ ကြားပါအံ့။

မင်းသည် ကောင်းပြီဟုဆို၍ ကြက်သရေရှိသော တိုက်ခန်းမှ ထွက်ခဲ့ပြီးလျှင် အကြင်မျှလောက်ကုန်သော ယူဇနာ သုံးရာရှိသော ကာသိတိုင်း၌ မုဆိုးတို့သည် ရှိကုန်၏။ ထိုအလုံးစုံကုန်သော မုဆိုးတို့ကို စည်းဝေးစိမ့်သောငှါ စည်လည်စေကုန်လော့ဟု မှူးတော် မတ်တော်တို့ကို စေ၏။ မှူးတော် မတ်တော်တို့သည်လည်း မင်းကြီးဆိုတိုင်း ပြုကုန်၏။ မကြာမြင့်မီလျှင် ကာသိတိုင်း၌ နေကုန်သော မုဆိုးတို့သည် အစွမ်းအလျောက် လက်ဆောင် ပဏ္ဏာကို ယူ၍ လာလတ်ကုန်လျှင် လာသောအဖြစ်ကို မင်းအား တင်လျှောက်ကုန်၏။ ထိုအလုံးစုံကုန်သော မုဆိုးတို့သည် ခြောက်သောင်း အတိုင်းအရှည်ရှိသည် ဖြစ်ကုန်၏။ မင်းသည် မုဆိုးတို့ လာသောအဖြစ်ကို သိလျှင် လေသွန်တံခါး၌ ရပ်လျက် လက်ကိုဆန့်၍ ထိုမုဆိုးတို့ လာသောအဖြစ်ကို မိဖုယားအား ကြားလိုရကား-

၁၀၁။ ဣမေ တေ လုဒ္ဒကာ ဒေဝိ၊ ကတဟတ္ထာ ဝိသာရဒါ။
ဝနညူ စ မိဂညူ စ၊ မမတ္ထေ စတ္တဇီဝိတာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၁။ ဒေဝိ၊ မိဖုယား။ ဣမေ တေ လုဒ္ဒကာ၊ ဤမုဆိုးတို့သည်။ ကတဟတ္ထာ၊ ထိုးပစ်ခြင်း သတ်ဖြတ်ခြင်းတို့၌ ကောင်းစွာသင်အပ်ပြီးသော အတတ်ရှိကုန်၏။ ဝိသာရဒါ၊ ကြောက်ရွံ့ခြင်း ကင်းကုန်သည်ဖြစ်၍ အလွန်ရဲရင့်ကုန်၏။ ဝနညူ စ၊ တောကိုလည်း သိကုန်၏။ မိဂညူ စ၊ သားကိုလည်း သိကုန်၏။ တေ၊ ထိုအလုံးစုံသော မုဆိုးတို့သည်။ မမ၊ ငါ၏။ အတ္ထေ၊ အကျိုးစီးပွားတော်၌။ စတ္တဇီဝိတာ၊ စွန့်အပ်ပြီးသော အသက်ရှိကုန်၏။

မင်းကြီးဆိုသော စကားကိုကြား၍ သုဘဒ္ဒါမိဖုယားသည် ထိုမုဆိုးတို့ကို ခေါ်စေ၍ မုဆိုးတို့အား မိမိချင်ခြင်းကို ကြားလိုရကား-

၁၀၂။ လုဒ္ဒပုတ္တာ နိသာမေထ၊ ယာဝန္တေတ္ထ သမာဂတာ။
ဆဗ္ဗိသာဏံ ဂဇံ သေတံ၊ အဒ္ဒသံ သုပိနေ အဟံ။
တဿ ဒန္တေဟိ မေ အတ္ထော၊ အလာဘေ နတ္ထိ ဇီဝိတံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၂။ ဘော လုဒ္ဒပုတ္တာ၊ အို-မုဆိုးသားတို့။ ဧတ္ထ၊ ဤအရပ်၌။ ယာဝ၊ အကြင်မျှလောက်ကုန်သော သင်တို့သည်။ သမာဂတာ၊ အညီအညွတ် စည်းဝေးကုန်၏။ တာဝန္တာ၊ ထိုမျှလောက်ကုန်သော သင်တို့သည်။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ နိသာမေထ၊ နာကြကုန်။ အဟံ၊ ငါသည်။ ဆဗ္ဗိသာဏံ၊ ခြောက်ပါးသော အရောင်နှင့် ပြည့်စုံသော အစွယ်ရှိသော။ သေတံ၊ ကိုယ်လုံးဖြူသော။ ဂဇံ၊ ဆင်မင်းကို။ သုပိနေ၊ အိပ်မက်၌။ အဒ္ဒသံ၊ မြင်မက်၏။ တဿ၊ ထိုဆင်မင်း၏။ ဒန္တေဟိ၊ အစွယ်တို့ကို။ မေ၊ ငါသည်။ အတ္ထော၊ အလိုရှိ၏။ အလာဘေ၊ မရသည်ရှိသော်။ ဇီဝိတံ၊ ငါ၏ အသက်သည်။ နတ္ထိ၊ မရှိပြီ။

ထိုမိဖုယား စကားကို ကြား၍ မုဆိုးသားတို့သည် ထိုအကြောင်းကို မိဖုယားအား မေးလျှောက်လိုရကား-

၁၀၃။ န နော ပိတူနံ န ပိတာမဟာနံ၊
ဒိဋ္ဌော သုတော ကုဉ္ဇရော ဆဗ္ဗိသာဏော။
ယ မဒ္ဒသံ သုပိနေ ရာဇပုတ္တိ၊
အက္ခာဟိ နော ယာဒိသော ဟတ္ထိနာဂေါ။

ဟူသော ဤဂါထာကို ဆိုကုန်၏။ .

֍ ဋ္ဌ ၁၀၃။ ရာဇပုတ္တိ၊ မင်းသ္မီး။ ယံ၊ အကြင်သို့ သဘောရှိသောဆင်ကို။ တွံ၊ ရှင်မိဖုယားသည်။ သုပိနေ၊ အိပ်မက်၌။ အဒ္ဒသံ၊ မြင်မက်၏။ သော၊ ထိုသို့သဘောရှိသော။ ဆဗ္ဗိသာဏော၊ ခြောက်ပါးသော အဆင်းအရောင်နှင့် ပြည့်စုံသော အစွယ်ရှိသော။ ကုဉ္ဇရော၊ ဆင်ကို။ နော၊ အကျွန်ုပ်တို့၏။ ပိတူနံ၊ အဖတို့သည်၎င်း။ ပိတာမဟာနံ၊ အဘိုးတို့သည်၎င်း။ န ဒိဋ္ဌော၊ မြင်လည်း မမြင်စဘူး။ န သုတော၊ ကြားလည်း မကြားစဘူး။ ယာဒိသော၊ အကြင်သို့ သဘောရှိသော။ ဟတ္ထိနာဂေါ၊ ဆင်မင်းကို။ တယာ၊ အရှင်မိဖုယားသည်။ ဒိဋ္ဌော၊ မြင်အပ်၏။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဟတ္ထိနာဂံ၊ ဆင်မင်းကို။ နော၊ အကျွန်ုပ်တို့အား။ အက္ခာဟိ၊ ကြားတော်မူလော့။

ဤဂါထာဖြင့် မေးလျှောက်ကုန်ပြီး၍ တဖန် ထိုဆင်ရှိရာ အရပ်ကို မေးလျှောက်ပြန်လိုရကား-

၁၀၄။ ဒိသာ စတဿော ဝိဒိသာ စတဿော၊
ဥဒ္ဓံ အဓော ဒသ ဒိသာ ဣမာယော။
ကတမံ ဒိသံ တိဋ္ဌသိ နာဂရာဇာ၊
ယ မဒ္ဒသ သုပိနေ ဆဗ္ဗိသာဏံ။

ဟူသော ဤဂါထာကို ဆိုပြန်ကုန်၏။

֍ ဋ္ဌ ၁၀၄။ ဒေဝိ၊ မိဖုယား။ စတဿော၊ လေးပါးကုန်သော။ ဒိသာ၊ တူရူ အရပ်မျက်နှာတို့သည်၎င်း။ စတဿော၊ လေးပါးကုန်သော။ ဝိဒိသာ၊ အထောင့် အရပ်တို့သည်၎င်း။ ဥဒ္ဓံ၊ အထက်အရပ်၎င်း။ အဓော၊ အောက်အရပ်၎င်း။ ဣတိ၊ ဤသို့။ ဒသ၊ ဆယ်ပါးကုန်သော။ ဣမာယော ဒိသာ၊ ဤအရပ်မျက်နှာတို့သည်။ သန္တိ၊ ရှိကုန်၏။ တွံ၊ အရှင်မိဖုယားသည်။ ယံ၊ အကြင်သို့ သဘောရှိသော။ ဆဗ္ဗိသာဏံ၊ အရောင်ခြောက်ပါးနှင့် ပြည့်စုံသော အစွယ်ရှိသော ဆင်မင်းကို။ သုပိနေ၊ အိပ်မက်၌။ အဒ္ဒသ၊ မြင်မက်တော်မူ၏။ သော နာဂရာဇာ၊ ထိုဆင်မင်းသည်။ တာသံ ဒိသာနံ၊ ထိုဆယ်ပါးသော အရပ်မျက်နှာတို့တွင်။ ကတမံ ဒိသံ၊ အဘယ်အရပ်၌။ တိဋ္ဌသိ၊ တည်သနည်း။

ဤသို့ မုဆိုးတို့ မေးလျှောက်ကုန်သည် ရှိသော် သုဘဒ္ဒါ မိဖုယားသည် အလုံးစုံသော မုဆိုးတို့ကိုကြည့်၍ ထိုမုဆိုးတို့၏ အလယ်၌ ကြီးသော ခြေဘဝါးရှိသော, ထမင်းထုပ်နှင့်တူသော သလုံးသားရှိသော, ကြီးစွာသော ပုဆစ်ဒူးရှိသော, ကြီးသော နံရိုးရှိသော, တခဲနက်ထူသော ဖွားရရားထသော မုတ်ဆိတ် ကျင်စွယ်ရှိသော, ထုတ်ချင်းလျှိုကြောင်သော မျက်စိရှိသော, မကောင်းသော အဆင်းသဏ္ဌာန်ရှိသော, ကြောက်မက်ဘွယ်သော အဆင်းရှိသော, အလုံးစုံသော မုဆိုးတို့၏ ဦးခေါင်းအထက်ဖြင့် ထင်ရှားသော, ရှေးဘဝ၌ ဘုရားလောင်း၏ ရန်သူဖြစ်ဘူးသော, သောဏုတ္တရ မည်သောမုဆိုးကို မြင်၍ ဤမုဆိုးသည် ငါ၏စကားကို လိုက်နာခြင်းငှါ တတ်နိုင်လတ္တံ့ဟု ကြံ၍ မင်းကို ခွင့်ပြုစေပြီးလျှင် ထိုသောဏုတ္တရ မုဆိုးကိုခေါ်၍ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်အပြင်သို့ တက်ပြီးလျှင် ခြင်္သေ့ခံသော မြောက်လေသွန်တံခါးကိုဖွင့်၍ မြောက်ဟိမဝန္တာသို့ ရှေးရှုလက်ဆန့်၍ ဆင်မင်းရှိရာ အရပ်ကို သောဏုတ္တရမုဆိုးအား ညွှန်ပြလိုရကား-

၁၀၅။ ဣတော ဥဇုံ ဥတ္တရာယံ ဒိသာယံ၊
အတိက္ကမ္မ သော သတ္တဂိရီ ဗြဟန္တေ။
သုဝဏ္ဏပဿော နာမ ဂိရိ ဥဠာရော၊
သုပုပ္ဖိတော ကိံပုရိသာနုစိဏ္ဏော။
၁၀၆။ အာရူယှ သေလံ ဘဝနံ ကိန္နရာနံ၊
ဩလောကယ ပဗ္ဗတပါဒမူလံ။
အထ ဒက္ခသိ မောဃသမာနဝဏ္ဏံ၊
နိဂြောဓရာဇံ အဋ္ဌသဟဿပေါရံ။
၁၀၇။ တတ္ထစ္ဆတိ ကုဉ္ဇရော ဆဗ္ဗိသာဏော၊
သဗ္ဗသေတော ဒုပ္ပသဟော ပရေဘိ။
ရက္ခန္တိ နံ အဋ္ဌသဟဿေနာဂါ၊

ဤသာဒန္တာ ဝါတဇဝပ္ပဟာရိနော။

၁၀၈။ တိဋ္ဌန္တိ တေ တုမူလံ ပဿသန္တာ၊

ကုပ္ပန္တိ ဝါတဿပိ ဧရိတဿ။

မနုဿဘူတံ ပန တတ္ထ ဒိသွာ၊

ဘသ္မံ ကရေယျုံ နာဿ ရဇောပိ တဿ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၅။ လုဒ္ဒ ပုတ္တ၊ အို-အမောင် မုဆိုးသား။ သော တွံ၊ ထိုသင်သည်။ ဣတော၊ ဤအရပ်မှ။ ဥတ္တရာယံ၊ မြောက်ဖြစ်သော။ ဒိသာယံ၊ အရပ်မျက်နှာသို့။ ဥဇုံ၊ ဖြောင့်ဖြောင့်။ ဂစ္ဆာဟိ၊ သွားလေလော့။ ဗြဟန္တေ၊ ကြီးကျယ်ကုန်သော။ သတ္တဂိရိ၊ တောင်စဉ် ခုနစ်ထပ်တို့ကို။ အတိက္ကမ္မ၊ လွန်၍။ သုဝဏ္ဏပဿော နာမ၊ သုဝဏ္ဏပဿမည်သော။ ဂိရိ၊ တောင်သည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုသုဝဏ္ဏပဿတောင်သည်။ ဥဠာရော၊ ခြောက်ထပ်သော တောင်တို့ထက် ကြီးမြင့်၏။ သုပုပ္ဖိတော၊ ကောင်းစွာပွင့်သော ပန်းရှိသော တောအုပ်လည်း ဖြစ်၏။ ကိံပုရိသာနုစိဏ္ဏော၊ ကိန္နရာတို့၏ မပြတ်ကျက်စားရာလည်း ဖြစ်၏။

֍ ဋ္ဌ ၁၀၆။ ကိန္နရာနံ၊ ကိန္နရာတို့၏။ ဘဝနံ၊ နေရာဖြစ်သော။ သေလံ၊ သုဝဏ္ဏပဿ တောင်ထိပ်သို့။ အာရူယှ၊ တက်၍။ ပဗ္ဗတပါဒမူလံ၊ တောင်ခြေရင်းသို့။ ဩလောကယ၊ သင်ကြည့်လော့။ အထ၊ ထိုသို့ကြည့်သည်ရှိသော်။ မေဃသမာနဝဏ္ဏံ၊ တိမ်ညိုအဆင်းနှင့်တူသော အဆင်းရှိသော။ အဋ္ဌသဟဿပေါရံ၊ ရှစ်ထောင်သော ပါးပျဉ်းရှိသော။ နိဂြောဓရာဇံ၊ ပညောင်ပင်မင်းကို။ ဒက္ခသိ၊ သင်မြင်ရလတ္တံ့။

֍ ဋ္ဌ ၁၀၇။ တတ္ထ၊ ထိုပညောင်ပင်ရင်း၌။ ဆဗ္ဗိသာဏော၊ အရောင် ခြောက်ပါးနှင့် ပြည့်စုံသော အစွယ်ရှိသော။ သဗ္ဗသေတော၊ ကိုယ်လုံးဖြူသော။ ပရေဘိ၊ သူတပါးတို့သည်။ ဒုပ္ပသဟော၊ နှိပ်စက်ခြင်းငှါ စွမ်းနိုင်ခဲသော။ ကုဉ္ဇရော၊ ဆင်မင်းသည်။ ဂိမှသမယေ၊ နွေကာလ၌။ ဥဒကဝါတံ၊ ရေမှတက်သော လေညှင်းကို။ သမ္ပဋိစ္ဆန္တော၊ ခံယူလျက်။ အစ္ဆတိ၊ နေ၏။ နံ၊ ထိုဆင်မင်းကို။ အဋ္ဌသဟဿေနာဂါ၊ ရှစ်ထောင်သော ဆင်တို့သည်။ ရက္ခန္တိ၊ စောင့်ရှောက်ကုန်၏။ တေ နာဂါ၊ ထိုရှစ်ထောင်သော ဆင်တို့သည်။ ဤသာဒန္တာ၊ ရထားလှည်းသန်နှင့်တူသော အစုံဖြစ်သော အစွယ်ရှိကုန်၏။ ဝါတဇဝပ္ပဟာနော၊ လေ၏ လျင်ခြင်းနှင့်တူသော လျင်ခြင်းဖြင့် လိုက်၍ ရန်သူတို့ကို သတ်တတ်သော သဘောရှိကုန်၏။

֍ ဋ္ဌ ၁၀၈။ တေ၊ ထိုဆင်တို့သည်။ တုမူလံ၊ ကြောက်မက်ဘွယ်သော ပြင်းစွာသော အသံသို့ အစဉ်လိုက်သော ထွက်သက်ကို။ ပဿသန္တာ၊ လွှတ်ကုန်လျက်။ တိဋ္ဌန္တိ၊ တည်ကုန်၏။ ဧရိတဿ၊ လေခတ်သော မြက်သစ်ရွက် အစရှိသည်၏။ ယံ ဧရိတံ၊ အသံသို့ အစဉ်လိုက်သော အကြင် တုန်လှုပ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တဿပိ ဝါ၊ ထိုမြက်သစ်ရွက် စသည်၏ အသံဖြင့် တုန်လှုပ်ခြင်းကိုလည်း။ ကုပ္ပန္တိ၊ အမျက်ထွက်ကုန်၏။ တတ္ထ၊ ထိုအရပ်သို့။ အာဂတံ၊ ရောက်လာသော။ မနုဿဘူတံ ပန၊ လူဖြစ်သော သူကိုကား။ ဒိသွာ၊ မြင်သည်ရှိသော်။ ဘသ္မံ၊ ပြာကို။ ကရေယျုံ၊ ပြုကုန်ရာ၏။ တဿ၊ ထိုနှာခေါင်းလေဖြင့် ဖျက်ဆီး၍ ပြာကိုပြုအပ်သော လူ၏။ ရဇောပိ၊ မြူသည်လည်း။ တတ္ထ၊ ထိုအရပ်၌၊ န အဿ၊ ရှိသည်မဖြစ်ရာ။

ထိုမိဖုယားစကားကို ကြားလျှင် သောဏုတ္တရ မုဆိုးသည် သေဘေးမှ ကြောက်သည်ဖြစ်၍ ထိုမိဖုယားအား ပြန်လျှောက်လိုရကား-

၁၀၉။ ဗဟူဟိ မေ ရာဇကုလမှိ သန္တိ၊
ပိလန္ဓနာ ဇာတရူပဿ ဒေဝိ။
မုတ္တာ မဏိ ဝေဠုရိယမယာ စ၊
ကိံ ကာဟသိ ဒန္တပိလန္ဓနေန။
မာရေတုကာမာ ကုဉ္ဇရံ ဆဗ္ဗိသာဏံ၊
ဥဒါဟု ဃာတေဿသိ လုဒ္ဒပုတ္တေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၉။ ဒေဝိ၊ အရှင်မိဖုယား။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ ရာဇကုလမှိ၊ မင်း၏ နန်းတော်၌။ ဇာတရူပဿ၊ ရွှေငွေ၏။ ဗဟူ၊ များစွာကုန်သော။ ပိလန္ဓနာ၊ တန်ဆာသည်၎င်း။ မုတ္တမဏိဝေဠုရိယမယာ စ၊ ပုလဲ ပတ္တမြား ကျောက်မျက်ရွဲဖြင့် ပြီးကုန်သော။ ပိလန္ဓနာ၊ တန်ဆာတို့သည်၎င်း။ ဣမေ၊ ဤအလုံးစုံသော ရတနာ တန်ဆာတို့သည်။ သန္တိ၊ ရှိကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဒန္တပိလန္ဓနေန၊ ဆင်စွယ်တန်ဆာဖြင့်။ ကိံ ကာဟသိ၊ အသို့ပြုအံ့နည်း။ ဆဗ္ဗိသာဏံ၊ ရောင်ခြည်ခြောက်ပါးနှင့် ပြည့်စုံသော အစွယ်ရှိသော။ ကုဉ္ဇရံ၊ ဆင်မင်းကို။ မာရေတုကာမာ၊ သေစေလိုသည်ဖြစ်၍။ ဃာတေဿသိ၊ သတ်စေသလော။ ဥဒါဟု၊ ထိုသို့ မဟုတ်မူကား။ ပိလန္ဓနပဒေသေန၊ တန်ဆာကို အကြောင်းပြုသဖြင့်။ လုဒ္ဒပုတ္တေ၊ မုဆိုးသားတို့ကို။ ဃာတေဿသိ၊ သတ်စေလိုသလော။

ထို့နောင်မှ သုဘဒ္ဒါမိဖုယားသည် မိမိအလိုကို သောဏုတ္တရ မုဆိုးအား ကြားသဖြင့် တိုက်တွန်းပြန်လိုရကား-

၁၁၀။ သာ ဣဿာသိကာ ဒုက္ခိတာသ္မိ လုဒ္ဒ၊
ဥဒ္ဓစ္စ သုဿာမိ အနုဿရန္တီ။
ကရောဟိ မေ လုဒ္ဒက ဧတမတ္ထံ၊
ဒဿာမိ တေ ဂါမဝရာနိ ပဉ္စ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၀။ လုဒ္ဒ၊ အမောင်မုဆိုး။ သာ အဟံ၊ ထိုငါသည်။ ဣဿာသိကာ၊ ငြူစူခြင်းရှိသည်။ အသ္မိ၊ ဖြစ်၏။ ဒုက္ခိတာ၊ စိတ်ဆင်းရဲခြင်းဖြင့် နှိပ်စက်အပ်သည်။ အသ္မိ၊ ဖြစ်၏။ တေန၊ ထိုဆင်မင်းသည်။ ကတံ၊ ပြုအပ်သော။ ဝေရံ၊ ရန်ကို။ အနုသရန္တီ၊ အဖန်တလဲလဲ အောက်မေ့သော ငါသည်။ ဣဿာဝသေန၊ ငြူစူခြင်း၏ အစွမ်းဖြင့်။ ဥဒ္ဓစ္စ၊ ငါပျံလွင့်၍။ သုဿာမိ၊ ခြောက်တပ်၏။ လုဒ္ဒက၊ အမောင် မုဆိုး။ မေ၊ ငါ၏။ ဧတမတ္ထံ၊ ဤအကျိုးစီးပွားကို။ ကရောဟိ၊ သင်ပြုလော့။ တေ၊ သင့်အား။ ပဉ္စဂါမဝရာနိ၊ တနှစ်လျှင် အခွန်တသိန်းစီထွက်သော ငါးရွာတို့ကို။ ဒဿာမိ၊ ငါပေးအံ့။

ဤသို့သော စကားကို ဆိုပြီး၍ အမောင်မုဆိုး - ထိုဆဒ္ဒန်ဆင်မင်းကို သတ်၍ အစုံဖြစ်သော အစွယ်တို့ကို ဆောင်ယူခြင်းငှါ စွမ်းနိုင်သည် ဖြစ်ရလို၏ဟု အရှင်ပစ္စေကဗုဒ္ဓါတို့အား အလှူပေး၍ ဆုတောင်းခြင်းကို ဖြစ်စေ၏။ ငါသည် အိပ်မက်ဖြင့် မြင်မက်သော မည်သည် မရှိ၊ ငါသည် တောင့်တအပ်သော ဆုတောင်းခြင်းသည် ပြည့်စုံလတ္တံ့၊ သင်သည် သွားလေလော့ဟု ထိုမုဆိုးကို နှစ်သိမ့်စေ၏။ ထိုသောဏုတ္တရ မုဆိုးသည် အရှင်မိဖုယား- ကောင်းပြီဟု ထိုသုဘဒ္ဒါ မိဖုယားစကားကို ဝန်ခံ၍ ထိုသို့တပြီးကား အကျွန်ုပ်အား ထင်စွာပြ၍ ထိုဆင်မင်း၏ နေရာအရပ်ကို ကြားတော်မူလော့ဟု ဆို၍ မေးလျှောက်လိုရကား-

၁၁၁။ ကတ္ထစ္ဆတိ ကတ္ထ မုပေတိ ဌာနံ၊
ဝီထိဿ ကာ နှာနဂတဿ ဟောတိ။
ကထဉှိ သော နှာယတိ နာဂရာဇာ၊
ကထံ ဝိဇာနေမု ဂတိံ ဂဇဿ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၁။ ဒေဝိ၊ အရှင်မိဖုယား။ နာဂရာဇာ၊ ဆင်မင်းသည်။ ကတ္ထ၊ အဘယ်အရပ်၌။ အစ္ဆတိ၊ နေသနည်း။ ကတ္ထ၊ အဘယ်အရပ်၌။ ဌာနံ၊ တည်ရာသို့။ ဥပေတိ၊ ကပ်သနည်း။ နှာနဂတဿ၊ ရေချိုးသွားသော။ အဿ၊ ထိုဆင်မင်း၏။ ကာ ဝီထိ၊ အဘယ်ခရီးသည်။ ဟောတိ၊ ဖြစ်သနည်း။ ကထံ ဟိ၊ အသို့လျှင်။ သော နာဂရာဇာ၊ ထိုဆင်မင်းသည်။ နှာယတိ၊ ရေချိုးသနည်း။ ကထံ၊ အသို့လျှင်။ ဂဇဿ၊ ဆင်မင်း၏။ ဂတိံ၊ ရေချိုးသွားရာကို။ မယံ၊ အကျွန်ုပ်တို့သည်။ ဝိဇာနေမု၊ သိရကုန်အံ့နည်း။

ထို့နောင်မှ သုဘဒ္ဒါမိဖုယားသည် ဇာတိဿရဉာဏ်၏ အာနုဘော်ဖြင့် မျက်မှောက်မြင်အပ်သော အရပ်ကို ထိုမုဆိုးအား ကြားလိုရကား-

၁၁၂။ တတ္ထေဝသာ ပေါက္ခရဏီ အဝိဒူရေ၊
ရမ္မာ သုတိတ္ထာ စ မဟောဒကာ စ။
သံပုပ္ဖိတာ ဘမရဂဏာနုစိဏ္ဏာ၊
ဧတ္ထ ဟိ သော နှာယတိ နာဂရာဇာ။
၁၁၃။ သီသံ နှာတော ဥပ္ပလမာလဘာရီ၊
သဗ္ဗသေတော ပုဏ္ဍရီကတ္တစင်္ဂီ။
အာမောဒမာနော ဂစ္ဆတိ သန္နိကေတံ၊
ပုရေက္ခိတွာ မဟေသိံ သဗ္ဗဘဒ္ဒံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၂။ လုဒ္ဒ၊ အမောင်မုဆိုး။ တတ္ထေဝ၊ ထိုဆင်မင်းနေရာ အရပ်၌လျှင်။ အဝိဒူရေ၊ အနီး၌။ သာ ပေါက္ခရဏီ၊ ထိုဆဒ္ဒန်အိုင်သည်။ အတ္ထိ၊ ရှိ၏။ ရမ္မာ စ၊ မွေ့လျော်ဘွယ်လည်း ရှိ၏။ သုတိတ္ထာ စ၊ သာယာသော ဆိပ်လည်း ရှိ၏။ မဟောဒကာ စ၊ များသော ရေလည်း ရှိ၏။ သံပုပ္ဖိတာ၊ ကြာမျိုးငါးပါးတို့ဖြင့် ထက်ဝန်းကျင်မှ ကောင်းစွာ ပွင့်ခြင်းရှိ၏။ ဘမရဂဏာနုစိဏ္ဏာ၊ ပျား ပိတုန်းပေါင်းတို့၏ မပြတ်ကျက်စားရာ ဖြစ်၏။ ဧတ္ထ၊ ဤဆဒ္ဒန်အိုင်၌။ သော နာဂရာဇာ၊ ထိုဆင်မင်းသည်။ နှာယတိ၊ ရေချိုး၏။

֍ ဋ္ဌ ၁၁၃။ သီသံနှာတော၊ ဦးခေါင်းနှင့်တကွ ရေချိုးပြီး၍။ ဥပ္ပလမာလဘာရီ၊ ကြာအစရှိသော ရေပန်း ကြည်းပန်းတို့ကို ဆင်ယင်လျက်။ ပုဏ္ဍရီကတ္တစင်္ဂီ၊ ကြာဖြူအဆင်းနှင့်တူသော အရေဟု ဆိုအပ်သော ဖြူသောအင်္ဂါနှင့် ပြည့်စုံသည်ဖြစ်၍။ သဗ္ဗသေတော၊ ကိုယ်လုံးဖြူသော ဆဒ္ဒန် ဆင်မင်းသည်။ အာမောဒမာနော၊ နှစ်လိုဝမ်းသာ။ သဗ္ဗဘဒ္ဒံ၊ သဗ်ဗဘဒ္ဒါ အမည်ရှိသော။ မဟေသိံ၊ မိဖုယားကြီးကို။ ပုရေက္ခိတွာ၊ ရှေ့ထား၍။ သကေတံ၊ မိမိနေရာအရပ်သို့။ ဂစ္ဆတိ၊ သွား၏။

ထိုစကားကို ကြား၍ သောဏုတ္တရ မုဆိုးသည် အရှင်မိဖုယား- ကောင်းပြီ၊ အကျွန်ုပ်သည် ထိုဆင်မင်းကို သတ်၍ ဆင်မင်း၏ အစွယ်တို့ကို ဆောင်ပါအံ့ဟု ဝန်ခံ၏။ ထိုအခါ မုဆိုးအား သုဘဒ္ဒါမိဖုယားသည် အလွန် နှစ်သက်သည်ဖြစ်၍ အသပြာတထောင်ကို ပေး၍ အိမ်သို့ သွားချေဦးလော့၊ ဤနေ့မှ ခုနစ်ရက်လွန်သဖြင့် ထိုဆဒ္ဒန်အိုင်သို့ သွားရလတ္တံ့ဟု ဆို၍ ထိုမုဆိုးကို လွှတ်လိုက်ပြီးလျှင် ပန်းဘဲတို့ကို ခေါ်စေ၍ အမောင်တို့- ငါတို့အား ပဲခွပ်, ပုဆိန်, ပေါက်တူး, ဆောက်, ဆောက်ပုတ်, ဝါးရုံဖြတ်စရာ ဓားမ, မြက်ရိတ်စရာ တံစဉ်, သံမယ်န, လွှ, သံတံတင်း, သံကက္ကူဆူးတို့ဖြင့် အလိုရှိ၏။ ဤအလုံးစုံကို လျင်မြန်စွာလုပ်၍ ဆောင်ခဲ့လော့ဟုစေ၍ သားရေနယ် သမားတို့ကိုလည်း ခေါ်စေပြီးလျှင် အမောင်တို့- ငါတို့အား တကုမ္ဘသော ဝန်ကို ဆောင်နိုင်သော သားရေအိတ်ကို ပြုခြင်းငှါ သင့်၏။ သားရေလွန်ကြီး, သားရေလွန်ငယ်, ဆင်ခြေဘိနပ်, သားရေထီးတို့ကိုလည်း ငါတို့အား အလိုရှိ၏။ ဤအလုံးစုံကို လျင်စွာလုပ်၍ ဆောင်ခဲ့လော့ဟု စေ၏။ ထိုနှစ်ဦးကုန်သော ပန်းဘဲ, သားရေနယ်သမားတို့သည်လည်း အလုံးစုံသော အဆောက်အဦတို့ကို လျင်မြန်စွာ လုပ်၍ ဆက်ကုန်၏။

ထိုသုဘဒ္ဒါ မိဖုယားသည် မုဆိုးအား ရိက္ခာကို စီရင်၍ ပွတ်ခုံပွတ်ကျေကို အစပြု၍ အလုံးစုံသော အဆောက်အဦကို၎င်း, လှော်သောမုံ့လုံးကို အစပြု၍ ရိက္ခာကို၎င်း သားရေအိတ်၌ ထည့်၏။ ထိုအလုံးစုံသည် တကုမ္ဘ အတိုင်းအရှည်ရှိသည် ဖြစ်၏။ (**တကုမ္ဘကား နှစ်ဆယ့်ခုနစ်တင်း နှစ်စိတ်ရှိသည် ဟူ၏။ ) သောဏုတ္တရ မုဆိုးသည်လည်း မိမိ၏ ခရီးအဆောက်အဦကို ပြု၍ ခုနစ်ရက် မြောက်သောနေ့၌ လာလတ်ပြီးလျှင် မိဖုယားကို ရှိခိုး၍ တည်၏။ ထိုအခါ မုဆိုးကို သုဘဒ္ဒါမိဖုယားသည် အမောင် မုဆိုး- သင်၏ အလုံးစုံသော အဆောက်အဦသည် ပြီးပြီ၊ ဤသားရေအိတ်ကို သင်ယူလော့ဟု ဆို၏။ ထိုသောဏုတ္တရ မုဆိုးသည်ကား ကြီးသောခွန်အားရှိ၏။ ဆင်ပြောင်ငါးစီးအားကို ဆောင်နိုင်၏။ ထို့ကြောင့် ကွမ်းထုပ်ကိုကဲ့သို့ ကောက်ယူ၍ လက်ကတီးကြား၌ထား၍ လက်ချည်းကဲ့သို့ ထင်၏။ သုဘဒ္ဒါမိဖုယားသည် မုဆိုး၏ သားမယားတို့အား ရိက္ခာကိုပေး၍ မင်းအား ကြားလျှောက်ပြီးလျှင် သောဏုတ္တရ မုဆိုးကို လွှတ်လိုက်၏။

ထို သောဏုတ္တရ မုဆိုးသည်လည်း မင်းမိဖုယားနှစ်ပါးတို့ကို ရှိခိုး၍ နန်းတော်မှ ဆင်းသက်ခဲ့ပြီးလျှင် ရထားစီး၍ များစွာသော အခြံအရံဖြင့် မြို့မှထွက်၍ ရွာ နိဂုံး အဆက်ဆက်ဖြင့် ပစ္စန္တရစ်သို့ရောက်လျှင် ဇနပုဒ်သားတို့ကို ပြန်လည်စေ၍ ပစ္စန္တရစ်ရွာသားတို့နှင့် တကွ တောသို့ဝင်၍ လူတို့၏ခရီးကို လွန်လျှင် ပစ္စန္တရစ် ရွာသားတို့ကိုလည်း ပြန်လည်စေ၍ မိမိတယောက်တည်း သွားသည်ရှိသော် ယူဇနာသုံးဆယ်သို့ ရောက်လေ၍ ရှေးဦးစွာ နေဇာမြက်တော, သမန်းမြက်တော, မြက်သာမညတော, ရုံးရိုင်းတော, ကုလားမြှားတော, တိရိဝစ္ဆ အမည်ရှိသော မြက်တောတို့၏ အစွမ်းအားဖြင့် ခြောက်ပါးသော တောတို့၎င်း, ကြခပ်ဝါးတောတို့၎င်း, ကြိမ်ပိုက်တော, အရောဖြစ်သောတော, ကျူတော, ကုလားမြှာတောနှင့် တူသော မြွေသည်လည်း ထွင်နိုင်ခဲသော မြက်တော, တခဲနက်သောတောအုပ် မထူလွန်းသော သစ်ပင်တော, ဝါးတော, ဝါးရုံချုံတော, ညွန်တော, ရေတော, တောင်ခုနစ်ထပ်ဟူသောတော, ဤသို့ တဆယ့်ရှစ်ထပ်ကုန်သော တောတို့သို့ အစဉ်အားဖြင့် ရောက်လျှင် ချဉ်းကပ်၍ နေဇာမြက် အစရှိသည်တို့ကို တံစဉ်ဖြင့်ရိတ်၍ ရုံးရိုင်း အစရှိသည်တို့ကို ဝါးရုံဖြတ်သော ဓားဖြင့်ဖြတ်၍ သစ်ပင်တို့ကို ပုဆိန်ဖြင့်ပေါက်၍ အလွန်ကြီးကုန်သော သစ်ပင်တို့ကို ဆောက်ဖြင့်ထွင်း၍ ခရီးလမ်းကိုပြုလျက် ဝါးတော၌ လှေကားကိုထောင်၍ ဝါးရုံချုံသို့ တက်ပြီးလျှင် ဝါးရုံချုံကိုဖြတ်၍ တပါးသော ဝါးရုံချုံ၏အပေါ်၌ ကျစေ၍ ဝါးရုံချုံတို့၏ အပေါ်ဖြင့် သွား၍လျှင် ညွန်တော၌ ခြောက်သော သစ်သားတို့ကို ဆက်သဖြင့် ခင်း၍ ထိုသစ်သားတို့၏ အပေါ်ဖြင့် သွားပြီးလျှင် တခုသောပျဉ်ကို ခင်းပြန်၍ နင်း၍လာခဲ့သော ပျဉ်ကိုယူ၍ တဖန် ရှေ့မှခင်းပြန်လျက် ထိုညွန်တောကိုလွန်၍ ရေတော၌ ထိုပျဉ်ကို စားကျင်းထွင်းပြီးလျှင် ထိုစားကျင်းဖြင့် ရေတောကိုကူး၍ တောင်ခြေရင်း၌ ရပ်လျက် သံကက္ကူဆူးကို လွန်ဖြင့် ချည်ပြီးလျှင် တောင်ထိပ်သို့ ပစ်လိုက်၍ တောင်၌ငြိစေ၍ ထိုလွန်ကိုဆွဲ၍ တောင်သို့တက်၍ ဝရဇိန်အဖျားနှင့်တူသော သံစို့ဖြင့် တောင်ကိုထွင်း၍ သံတံသင်းကို နှက်ပြီးလျှင် ထိုတံသတင်း၌ရပ်၍ သံကက္ကူဆူးကိုငင်ပြီးလျှင် တဖန် အထက်၌ ငြိပြန်စေ၍ ထိုသံတံသင်း၌ ရပ်လျက် သားရေလွန်ကို ဆွဲ၍ ထိုသားရေလွန်ကို ယူပြီးလျှင် သက်၍ အောက်တံသင်း၌ချည်၍ လက်ဝဲလက်ဖြင့် လွန်ကိုကိုင်၍ လကျ်ာလက်ဖြင့် ဆောက်ပုတ်ကိုယူ၍ လွန်ကိုခတ်သဖြင့် သံတံသင်းကို နုတ်၍ တဖန် တက်ပြန်၏။ ဤနည်းဖြင့် တောင်ထိပ်သို့ တက်၍ ထိုမှာဘက်သို့ သက်သည်ရှိသော် ဤမှ တပါးသော သံတံသင်းတို့ကို ရှေးနည်းဖြင့်လျှင် ရှေးဦးစွာ တောင်ထိပ်၌ သံတံသင်းကို နှက်၍ သားရေအိတ်၌ လွန်ကိုချည်၍ တံသင်းကိုရစ်၍ မိမိသည် အိတ်တွင်း၌နေ၍ ပင့်ကူတို့၏ ပင့်ကူချည်လွှတ်သော အခြင်းအရာဖြင့် လွန်ခွေကိုဖြေ၍သက်၏။ (**သားရေထီးဖြင့် လေကိုယူ၍ ငှက်ကဲ့သို့ သက်၏ဟူ၍လည်း ဆိုကုန်၏။ ) ဤသို့ ထိုသုဘဒ္ဒါ မိဖုယား၏ စကားကိုယူပြီး၍ မြို့မှထွက်ခဲ့ပြီးလျှင် တဆယ့် ခုနစ်ထပ်ကုန်သော တောတို့ကို လွန်၍ တောင်တောသို့ ရောက်လျှင် ထိုတောင်တော၌လည်း တောခြောက်ထပ်တို့ကို လွန်၍ သုဝဏ္ဏပဿ တောင်ထိပ်သို့ တက်သောအဖြစ်ကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၁၄။ တတ္ထေဝ သော ဥဂ္ဂဟေတွာန ဝါကျံ၊
အာဒါယ တုဏ္ဍိဉ္စ ဓနုဉ္စ လုဒ္ဒေါ။
ဝိတုရိယတိ သတ္တဂိရီ ဗြဟန္တေ၊
သုဝဏ္ဏပဿံ နာမ ဂိရိံ ဥဠာရံ။
၁၁၅။ အာရူယှ သေလံ ဘဝနံ ကိန္နရာနံ၊
ဩလောကယိ ပဗ္ဗတပါဒမူလံ။
တတ္ထဒ္ဒသ မေဃသမမာနဝဏ္ဏံ၊
နိဂြောဓရာဇံ အဋ္ဌသဟဿပေါရံ။
၁၁၆။ တတ္ထဒ္ဒသ ကုဉ္ဇရံ ဆဗ္ဗိသာဏံ၊
သဗ္ဗသေတံ ဒုပ္ပသဟံ ပရေဘိ။
ရက္ခန္တိ နံ အဋ္ဌသဟဿေနာဂါ။
ဤသာဒန္တာ ဝါတဇဝပ္ပဟာရိနော။
၁၁၇။ တတ္ထဒ္ဒသ ပေါက္ခရိံ အဝိဒူရေ။
ရမ္မံ သုတိတ္ထဉ္စ မဟောဒကဉ္စ။
သံပုပ္ဖိတံ ဘမရဂဏာနုစိဏ္ဏံ၊
ယတ္ထ ဟိ သော နှာယတိ နာဂရာဇာ။
၁၁၈။ ဒိသွာန နာဂဿ ဂတိံ ဌိတဉ္စ၊
ဝီထိ ယဿ နှာနဂတဿ ဟောတိ။
ဩပါတ မာဂစ္ဆိ အနရိယရူပေါ၊
ပယောဇိတော စိတ္တ ဝသာနုဂါယ။

ဟူသော ဤ ငါးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၁၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သော လုဒ္ဒေါ၊ ထိုသောဏုတ္တရ မုဆိုးသည်။ တတ္ထေဝ၊ ထိုဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် အပြင်၌လျှင်။ ဌိတာယ၊ တည်သော။ တဿာ၊ ထိုမိဖုယား၏။ ဝါကျံ၊ စကားကို။ ဥဂ္ဂဟေတွာန၊ ယူ၍။ တုဏ္ဍိဉ္စ၊ မြှားတောင့်ကို၎င်း။ ဓနုဉ္စ၊ ဗိုလ်တထောင် တင်အပ်သော လေးကြီးကို၎င်း။ အာဒါယ၊ ယူ၍။ ပဗ္ဗတဂဟနံ၊ တောင်တောသို့။ ပတွာ၊ ရောက်၍။ ဗြဟန္တေ၊ ကြီးမြင့်ကုန်သော။ သတ္တဂိရီ၊ တောင်စဉ် ခုနစ်ထပ်တို့ကို။ ဝိတုရိယတိ၊ စုံစမ်းသည်ရှိသော်။ သုဝဏ္ဏပဿံ နာမ၊ သုဝဏ္ဏပဿ အမည်ရှိသော။ ဥဠာရံ၊ ကြီးမြင့်သော။ ဂိရိံ၊ တောင်ကို။ ဒိသွာ၊ မြင်၍။

֍ ဋ္ဌ ၁၁၅။ ကိန္နရာနံ၊ ကိန္နရာတို့၏။ ဘဝနံ၊ နေရာဖြစ်သော။ သေလံ၊ သုဝဏ္ဏပဿ တောင်ထိပ်သို့။ အာရူယှ၊ တက်၍။ ပဗ္ဗတပါဒမူလံ၊ တောင်ခြေရင်းသို့။ ဩလောကယိ၊ ကြည့်၏။ တတ္ထ၊ ထိုတောင်ခြေရင်း၌။ မေဃသမာနဝဏ္ဏံ၊ မိုဃ်းတိမ်ညို အဆင်းနှင့်တူသော အဆင်းရှိသော။ အဋ္ဌသဟဿပေါရံ၊ ရှစ်ထောင်သော ပါးပျဉ်းရှိသော။ နိဂြောဓရာဇံ၊ ပညောင်ပင်မင်းကို။ အဒ္ဒသ၊ မြင်လေ၏။

֍ ဋ္ဌ ၁၁၆။ ဘိက္ခဝေ၊ ရဟန်းတို့။ တတ္ထ၊ ထိုပညောင်ပင်ရင်း၌။ ဌိတံ၊ တည်သော။ ဆဗ္ဗိသာဏံ၊ ရောင်ခြည် ခြောက်ပါးနှင့် ပြည့်စုံသော အစွယ်ရှိသော။ သဗ္ဗသေတံ၊ ကိုယ်လုံးဖြူသော။ ကုဉ္ဇရံ၊ ဆင်မင်းကို။ အဒ္ဒသ၊ မြင်လေ၏။ ပရေဘိ၊ သူတပါးတို့သည်။ ဒုပ္ပသဟံ၊ နှိပ်စက်ခြင်းငှာ မတတ်ကောင်းသော။ ဤသာဒန္တာ၊ ရထားလှည်းသန်နှင့်တူသော အစုံဖြစ်သော အစွယ်ရှိကုန်သော။ ဝါတဇဝပ္ပဟာရိနော၊ လေ၏ လျင်ခြင်းနှင့်တူသော လျင်ခြင်းဖြင့် လိုက်၍ ရန်သူတို့ကို သတ်တတ်သော သဘောရှိကုန်သော။ အဋ္ဌသဟဿေနာဂါ၊ ရှစ်ထောင်သော ဆင်တို့သည်။ နံ၊ ထိုဆင်မင်းကို။ ရက္ခန္တိ၊ စောင့်ကုန်၏။

֍ ဋ္ဌ ၁၁၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တတ္ထ၊ ထိုသုဝဏ္ဏပဿတောင်၏အတွင်း၌။ အဝိဒူရေ၊ ပညောင်ပင်မင်း၏ အနီးသို့။ ပတွာ၊ ရောက်၍။ ယတ္ထ၊ အကြင်ဆဒ္ဒန်အိုင်၌။ သော နာဂရာဇာ၊ ထိုဆဒ္ဒန်ဆင်မင်းသည်။ နှာယတိ၊ ရေချိုး၏။ ရမ္မံ၊ မွေ့လျော်ဘွယ်ရှိသော။ သုတိတ္ထဉ္စ၊ ကောင်းသောဆိပ်လည်း ရှိထသော။ မဟောဒကဉ္စ၊ များသောရေလည်း ရှိထသော။ သံပုပ္ဖိတံ၊ ကောင်းစွာပွင့်သော ကြာမျိုးငါးပါးလည်း ရှိထသော။ ဘမရဂဏာနုစိဏ္ဏံ၊ ပျား ပိတုန်း အပေါင်းတို့ဖြင့် ထက်ဝန်းကျင်မှ ပြည့်ထသော။ တံ ပေါက္ခရဏိံ၊ ထိုဆဒ္ဒန်အိုင်ကို။ အဒ္ဒသ၊ မြင်လေ၏။

֍ ဋ္ဌ ၁၁၈။ ဘိက္ခဝေ၊ ရဟန်းတို့။ နာဂဿ၊ ဆဒ္ဒန် ဆင်မင်း၏။ ဂတိဉ္စ၊ သွားရာကို၎င်း။ ဌိတဉ္စ၊ တည်ရာကို၎င်း။ ယာ ဝီထိ၊ အကြင်ခရီးသည်။ နှာနဂတဿ၊ ရေချိုးသွားသော။ အဿ၊ ထိုဆင်မင်း၏။ ဝီထိ၊ ခရီးသည်။ ဟောတိ၊ ဖြစ်၏။ တဉ္စ၊ ထိုရေချိုးသွားရာ ခရီးကို၎င်း။ သဗ္ဗံ၊ အလုံးစုံကို။ ဒိသွာန၊ မြင်ပြီး၍။ အနရိယရူပေါ၊ မကောင်းမှုကို မရှက် မကြောက်တတ်သည်၏ အဖြစ်ကြောင့် ယုတ်မာသော သဘောရှိသော မုဆိုးသည်။ စိတ္တဝသာနုဂါယ၊ စိတ်၏အလိုသို့ လိုက်တတ်သော။ တာယ၊ ထိုသုဘဒ္ဒါမိဖုယားသည်။ ပယောဇိတော၊ စေခိုင်းအပ်သည် ဖြစ်သောကြောင့်။ ဩပါတံ၊ တွင်းကို။ အာဂစ္ဆိ၊ စီရင်၏။

ထိုသို့ သောဏုတ္တရမုဆိုးသည် တွင်းကိုစီရင်ရာ၌ ဤဆိုလတ္တံ့သည်ကား အစဉ်ဖြစ်သော စကားတည်း၊ ထိုသောဏုတ္တရ မုဆိုးသည် ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း နေရာအရပ်သို့ ခုနစ်နှစ် ခုနစ်လ ခုနစ်ရက်တို့ဖြင့် ရောက်၍ ဆိုအပ်ပြီးသောနည်းဖြင့် ထိုဘုရားလောင်းဆင်မင်း နေရာအရပ်ကိုမှတ်၍ ဤအရပ်၌ တွင်းကိုတူး၍ ထိုတွင်း၌နေလျက် ဆင်မင်းကို အဆိပ်လူးသော မြှားဖြင့်ပစ်၍ အသက်ကုန်ခြင်းသို့ ရောက်စေအံ့ဟု မှတ်၍ တောသို့ ဝင်ပြီးလျှင် တိုင်အစရှိသည်တို့၏ အကျိုးငှါ သစ်ပင်ကို ခုတ်ဖြတ်၍ အဆောက် အဦတို့ကို စီရင်၍ ဆင်တို့သည် ရေချိုးပြီး၍ သွားကုန်လတ်သော် ထိုဆင်မင်း၏ နေရာအရပ်၌ ကြီးစွာသော ပေါက်တူးဖြင့် လေးထောင့်ရှိသော တွင်းကိုတူး၍ တူးအပ်သော တွင်းစာဖြစ်သော မြေမှုန့်ကို မျိုးစေ့ကို ကြဲသကဲ့သို့ ရေ၌ကြဲ၍ ကျောက်ဆုံတို့၏အပေါ်၌ တိုင်တို့ကို စိုက်၍ ထုပ်လျောက်တို့ကို တင်၍ ပျဉ်တို့ကို ခင်းပြီးလျှင် မြှားထွက်လောက်ရုံမျှသော အပေါက်ကိုဖောက်၍ အပေါ်၌ မြေမှုန့်ကို၎င်း, အမှိုက်ကို၎င်း ဖုံးလွှမ်း၍ နံပါးတဘက်ဖြင့် မိမိဝင်ရာ အရပ်ကိုပြု၍ တွင်းသည်ပြီးလတ်သော် မိုးသောက်ထ အခါ၌လျှင် ဦးစွပ်ကိုစွပ်ပြီးလျှင် ဖန်ရည်စွန်းသော အဝတ်တို့ကိုဝတ်၍ အဆိပ်လူးသော မြားနှင့်တကွ လေးကိုယူ၍ တွင်းသို့ဆင်း၍ နေ၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၁၉။ ခဏိတွာန ကာသုံ ဖလကေဟိ ဆာဒယိ၊
အတ္တာန မောဓာယ ဓနုဉ္စ လုဒ္ဒေါ။
ပဿာဂတံ၊ ပုထု သလ္လေန နာဂံ၊
သမပ္ပယိ ဒုက္ကဋ ကမ္မကာရီ။
၁၂၀။ ဝိဒ္ဓေါ စ နာဂေါ ကောဉ္စ မနာဒိ ဃောရံ၊
သဗ္ဗေ စ နာဂါ နိန္နာဒံ ဃောရရူပံ။
တိဏဉ္စ ကဋ္ဌဉ္စ ရဏံ ကရောန္တော၊
ဓာဝိံသု တေ အဋ္ဌဒိသာ သမန္တတော။
၁၂၁။ ဝဓိူာမိ နန္တိ ပရာမသန္တော၊
ကာသာဝ မဒ္ဒက္ခိ ဓဇံ ဣသီနံ။
ဒုက္ခေန ဖုဋ္ဌဿုဒပါဒိ သညာ၊
အရဟဒ္ဓဇော သဗ္ဘိ အဝဇ္ဈရူပေါ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၁၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒုက္ကဋကမ္မကာရီ၊ မကောင်းသော အမှုကို ပြုလေ့ရှိသော။ လုဒ္ဒေါ၊ သောဏုတ္တရ မုဆိုးသည်။ ကာသုံ၊ တွင်းကို။ ခဏိတွာန၊ တူးပြီး၍။ ဓနုဉ္စ၊ လေးကို၎င်း။ သရဉ္စ၊ မြားကို၎င်း။ အဗ္ဘန္တရေ၊ တွင်းထဲ၌။ ကတွာ၊ ထားသည်ကို ပြု၍။ ဖလကေဟိ၊ ပျဉ်တို့ဖြင့်။ ဆာဒယိ၊ မိုး၏။ အတ္တာနံ၊ မိမိကိုယ်ကို။ ဩဓာယ၊ သွင်း၍။ ပဿာဂတံ၊ မိမိ၏ တွင်းအနီးသို့ လာသော။ နာဂံ၊ ဆင်မင်းကို။ ပုထုသလ္လေန၊ ကြီးစွာသော ဆိပ်လူးမြားဖြင့်။ သမပ္ပယိ၊ ပစ်၏။

֍ ဋ္ဌ ၁၂၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝိဒ္ဓေါ၊ သောဏုတ္တရ မုဆိုးသည် ပစ်အပ်သော။ နာဂေါစ၊ ဆင်မင်းသည်လည်း။ ဃောရံ၊ ပြင်းစွာသော။ ကောဉ္စံ၊ ကြိုးကြာသံကို။ တိက္ခတ္တုံ၊ သုံးကြိမ်။ အနာဒိ၊ ဟည်း၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ နာဂါ စ၊ ရှစ်ထောင်ကုန်သော ဆင်တို့သည်လည်း။ ဃောရရူပံ၊ ကြောက်မက်ဘွယ်သော သဘောရှိသော။ နိန္နာဒံ၊ ပဲ့တင်သံကို။ ကရိံသု၊ ပြုကုန်၏။ တေ၊ ထိုရှစ်ထောင်ကုန်သော ဆင်တို့သည်။ တိဏဉ္စ၊ မြက်ကို၎င်း။ ကဋ္ဌဉ္စ၊ သစ်ခက်သစ်ရွက်ကို၎င်း။ ရဏံ၊ မှုန့်မှုန့်ညက်ညက်။ ကရောန္တော၊ ပြုကုန်လျက်။ သမန္တတော၊ ထက်ဝန်းကျင်မှ။ အဋ္ဌဒိသာ၊ အရပ်ရှစ်မျက်နှာတို့သို့။ ဓာဝိံသု၊ ပြေးကုန်၏။

֍ ဋ္ဌ ၁၂၁။ ဘိက္ခဝေ၊ ရဟန်းတို့။ သော၊ ထိုဆဒ္ဒန် ဆင်မင်းသည်။ နံ၊ ထိုသောဏုတ္တရ မုဆိုးကို။ ဝဓိူာမီတိ၊ သတ်အံ့ဟူ၍။ ပရာမသန္တော၊ သုံးသပ်သည်ရှိသော်။ ဣသီနံ၊ သီလက္ခန္ဓ အစရှိသော ကျေးဇူးအပေါင်းကို ရှာမှီးလေ့ရှိကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏။ ဓဇံ၊ တံခွန်သဘွယ်ဖြစ်သော။ ကာသာဝံ၊ သင်္ကန်းကို။ အဒ္ဒက္ခိ၊ မြင်လေ၏။ အထ၊ ထိုသို့ မြင်သည်ရှိသော်။ ဒုက္ခေန၊ ဆင်းရဲသည်။ ဖုဋ္ဌဿ၊ နှိပ်စက်အပ်သော ဘုရားလောင်းအား။ အရဟဒ္ဓဇော၊ အရဟတ္တဖိုလ်၏ တံခွန်မည်သည်ကို။ သဗ္ဘိ၊ ပညာရှိသော သူတော်ကောင်းတို့သည်။ အဝဇ္ဈရူပေါ၊ မသတ်အပ်သော သဘောရှိ၏။ အညဒတ္ထု၊ စင်စစ်သဖြင့်ကား။ သက္ကာတဗ္ဗောယေဝ၊ ပူဇော်အပ်သည် သာလျှင်တည်း။ ဣတိ အယံ သညာ၊ ဤသို့သော အမှတ်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်၏။

ထို သောဏုတ္တရ မုဆိုး၏မြားသည် ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းချက်မှ ဖောက်ထွင်း၍ အဖျဉ်းသရက်ရွက် စသည်တို့ကို မှုန့်မှုန့်ညက်ညက် ကြေစေလျက် အအူတို့ကိုဖြတ်၍ ပုဆိန်ဖြင့် ပေါက်သကဲ့သို့ ကျောက်ကုန်းအဘို့သို့ ဖောက်၍ ကောင်းကင်သို့ ထွက်ပြေး၏။ ပေါက်သော ဆိုးရည်အိုးမှ ဆိုးရည်သည် ယိုစီးသကဲ့သို့ မြှားမှန်သော အဝမှ သွေးတို့သည် ယိုစီး၏။ သည်းစွာသော ဆင်းရဲဝေဒနာသည် ဖြစ်၏။ ထိုဘုရားလောင်း ဆင်မင်းသည် ဆင်းရဲဝေဒနာကို သည်းခံခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ရောက်လျှင် အလုံးစုံသော တောင်ကို တပြိုင်နက် ပဲ့တင်ထပ်စေသော အသံကို ပြုလျက် သုံးကြိမ် ပြင်းစွာသော ကြိုးကြာသံနှင့် တူသော အသံကို ဟည်း၏။ အလုံးစုံ ရှစ်ထောင်ကုန်သော အခြံအရံ ဆင်အပေါင်းတို့သည် ထိုဘုရားလောင်း ဆင်မင်းအသံကို ကြားကုန်လျှင် သေဘေးမှ ကျောက်ကုန်သည်ဖြစ်၍ ပြင်းထန်သော သဘောရှိသော ဘုရားလောင်းဆင်မင်း အသံသို့ အစဉ်လိုက်သော အသံကို ပြုကုန်၏။ ထိုအသံကြောင့် လာလတ်ကုန်၍ ဘုရားလောင်း ဆင်မင်းအား ဆင်းရဲဝေဒနာသို့ ရောက်ကုန်သည်ကို မြင်ကုန်လျှင် ရန်သူကို ဖမ်းကုန်အံ့ဟု ကြံ၍ မြက်သစ်ရွက် သစ်ခက်တို့ကို မှုန့်မှုန့်ညက်ညက် ကြေစေသည်တို့ကို ပြုကုန်လျက် ပြေးကုန်၏။

ဘုရားလောင်း ဆင်မင်းသည် ရှစ်ထောင်ကုန်သော အခြံအရံ ဆင်တို့သည် အရပ်တပါးသို့ ပြေးသွားကုန်သည်ရှိသော် သုဘဒ္ဒါ အမည်ရှိသော မိဖုယားကြီးသည် အပါးရင်း၌ရပ်လျက် မ, စ၍ သက်သာရာ ရစေသည်ရှိသော် ဆင်းရဲဝေဒနာကို သည်းခံလျက် မြှားလာရာအရပ်ကို မှတ်၍ အကယ်၍ ဤမြားသည် အရှေ့အရပ် အစရှိသည်တို့မှ လာသည် ဖြစ်ငြားအံ့၊ ဦးကင်း အစရှိသည်တို့မှ စူးဝင်၍ နောက်ဖြစ်သော ကိုယ်အစရှိသည်တို့မှ ထွက်ရာ၏။ ဤမြှားသည်တမူကား ချက်မှစူးဝင်၍ ကောင်းကင်သို့ ထွက်သွား၏။ ထို့ကြောင့် မြေထဲ၌ ရန်သူတည်သည် ဖြစ်လတ္တံ့ ဟုမှတ်၍ ရန်သူတည်ရာအရပ်ကို စုံစမ်းလိုသည်ဖြစ်၍ အဘယ်သူသည် သိနိုင်အံ့နည်း၊ အသို့ဖြစ်လတ္တံ့နည်း၊ သုဘဒ္ဒါကို ပြေးသွားစိမ့်သောငှါ သင့်၏ဟု ကြံ၍ ဤသို့ ဆို၏။

သုဘဒ္ဒါ- ရှစ်ထောင်ကုန်သော အခြံအရံဆင်တို့သည် ငါ၏ရန်သူကို ရှာခြင်းငှာ အရပ်မျက်နှာတို့သို့ ပြေးသွားကုန်ပြီ၊ သင်သည်ကား ငါ၏ အနီး၌ အဘယ်ကို ပြုသနည်းဟု မေး၏။ ထိုသုဘဒ္ဒါ မိဖုယားသည် အရှင်မင်းကြီး- အကျွန်ုပ်သည် အရှင်မင်းကြီးတို့ကို မ, စ၍ သက်သာစေလျက် နေပါ၏။ အကျွန်ုပ်အား သည်းခံတော် မူပါကုန်လော့ဟု တောင်းပန်၍ သုံးကြိမ် လကျ်ာရစ် လှည့်သည်ကိုပြုလျက် အရပ်လေးမျက်နှာတို့ကို ရှိခိုး၍ ထိုသုဘဒ္ဒါ မိဖုယားသည် ကောင်းကင်သို့ ပျံသွားသည်ရှိသော် ဘုရားလောင်း ဆင်မင်းသည် မြေကြီး ခြေသည်းဖြင့်ခြစ်၍ တွင်းပေါ်၌ ခင်းသောပျဉ်ကို ကွာစေ၏။ ဘုရားလောင်းသည် ထိုပျဉ်ကွာသော အပေါက်ဖြင့် ကြည့်လတ်သော် သောဏုတ္တရ မုဆိုးကိုမြင်၍ ထိုမုဆိုးကို သတ်အံ့ဟု စိတ်ကိုဖြစ်စေ၍ ငွေပန်းဆိုင်း အဆင်းနှင့်ကူသော နှာမောင်းကိုသွင်း၍ သုံးသပ်သည်ရှိသော် ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏ တံခွန်သဘွယ်ဖြစ်သော သင်္ကန်းကိုမြင်၍ မုဆိုးသည် သင်္ကန်းကို ဘုရားလောင်း နှာမောင်း၌ထား၏။ ဘုရားလောင်းသည် ထိုသင်္ကန်းကိုချီ၍ ရှေ့၌ထား၏။ ထိုသို့ ထားသောအခါ ဘုရားလောင်းအား ထိုသို့သဘောရှိသော ဆင်းရဲသည် တွေ့ငြားသော်လည်း ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းမည်သည်ကို ပညာရှိ သူတော်ကောင်းတို့သည် မသတ်အပ်သော သဘောရှိ၏။ စင်စစ်သော်ကား အလေးအမြတ် ပူဇော်မြတ်နိုးခြင်းကို ပြုအပ်၏ဟု အသင့်နှလုံးသွင်းခြင်း အမှတ်သည် ဖြစ်၏။ ဖြစ်ပြီး၍ ထိုဘုရားလောင်းသည် ပုဆိုးနှင့်တကွ ပြောလိုရကား-

၁၂၂။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ဝတ္ထံ ပရိဒဟတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝ မရဟတိ။
၁၂၃။ ယော စ ဝန္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သဝေ ကာသာဝ မရဟတိ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၂၂။ သမ္မ လုဒ္ဒပုတ္တ၊ အချင်းမုဆိုးသား။ အနိက္ကသာဝေါ၊ မကင်းသော ရာဂရှိသော ကိလေသာဟူသော ဖန်ရည်လည်း ရှိထသော။ ဒမသစ္စေန၊ စက္ခုစသော ဣန္ဒြေကို ဆုံးမခြင်း သစ္စာစောင့်ခြင်းမှ။ အပေတော၊ ကင်းသော။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာသာဝံ၊ ဖန်ရည်စွန်းသော။ ဝတ္ထံ၊ အဝတ်ကို။ ပရိဒဟတိ၊ ဝတ်ရုံ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ တံ ကာသာဝံ၊ ထိုသင်္ကန်းကို။ န အရဟတိ၊ မထိုက်။

֍ ဋ္ဌ ၁၂၃။ သမ္မ လုဒ္ဒပုတ္တ၊ အချင်းမုဆိုးသား။ ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဝန္တကသာဝေါ၊ အန်အပ်ပြီးသော ကိလေသာဟူသော ဖန်ရည်ရှိသည်။ အဿ၊ ဖြစ်ရာ၏။ သီလေသု၊ စတုပါရိသုဒ္ဓိ သီလတို့၌။ သုသမာဟိတော၊ ပြည့်စုံသော သီလအကျင့်ရှိသည်။ အဿ၊ ဖြစ်ရာ၏။ ဒမသစ္စေန၊ စက္ခုစသော ဣန္ဒြေကို ဆုံးမခြင်း သစ္စာစောင့်ခြင်းနှင့်။ ဥပေတော၊ ပြည့်စုံသည်လည်း။ အဿ၊ ဖြစ်ရာ၏။ သ-သော၊ ထိုအန်အပ်ပြီးသော ကိလေသာဟူသော ဖန်ရည်ရှိသော ပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ကာသာဝံ၊ သင်္ကန်းကို။ အရဟတိ၊ ထိုက်၏။

ဤသို့ ဆိုပြီး၍ ဘုရားလောင်းသည် ထိုမုဆိုး၌ဖြစ်သော ဒေါသစိတ်ကို ငြိမ်းစေ၍ အချင်းမုဆိုး - သင်သည် အဘယ်အကျိုးငှါ ငါ့ကို ပစ်သနည်း၊ အသို့နည်း၊ မိမိ၏ အစီးအပွားကို လို၍တည်း ပစ်သလော၊ ထိုသို့မဟုတ်မူ တပါးသောသူသည် စေအပ်သည်ဖြစ်၍တည်း ပစ်သလောဟု မေး၏။

ထိုအကြောင်းကို ထင်စွာပြလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်

၁၂၄။ သမပ္ပိတော ပုထုသလ္လေန နာဂေါ၊

အဒုဋ္ဌစိတ္တော လုဒ္ဒက အဇ္ဈဘာသိ။

ကိံ ပတ္ထယံ ကိဿ ဝါ သမ္မ ဟေတု၊

မမံ ဝဓိ ကဿဝါယံ ပယောဂေါ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၂၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ပုထုသလ္လေန၊ ကြီးစွာသောမြှားဖြင့်။ သမပ္ပိတော၊ မုဆိုးသည် ပစ်အပ်သော။ နာဂေါ၊ ဆင်မင်းသည်။ အဒုဋ္ဌစိတ္တော၊ ပြစ်မှားခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။ လုဒ္ဒကံ၊ မုဆိုးကို။ အဇ္ဈဘာသိ၊ ဤသို့ဆို၏။ သမ္မ၊ အချင်းမုဆိုး။ ကိံ၊ အဘယ်ကို။ ပတ္ထယံ၊ တောင့်တသည် ဖြစ်၍။ မမံ၊ ငါ့ကို။ အဝဓိ၊ သတ်ဘိသနည်း။ ကိဿ ဝါ ဟေတု၊ အဘယ် အကြောင်းကြောင့်မူလည်း။ အဝဓိ၊ သတ်ဘိသနည်း။ အယံ၊ ဤ ပယောဂသည်။ ကဿ ဝါ၊ အဘယ်သူ၏လည်း။ ပယောဂေါ၊ ပယောဂနည်း။

ဤသို့ ဘုရားလောင်းဆင်မင်း မေးသောအခါ သောဏုတ္တရ မုဆိုးသည် မိမိသတ်သော အကြောင်းကို ဘုရားလောင်း ဆင်မင်းအား ပြောဆိုလိုသည်ဖြစ်၍-

၁၂၅။ ကာသိဿ ရညော မဟေသီ ဘဒ္ဒန္တေ၊
သာ ပူဇိတာ ရာဇကုလေ သုဘဒ္ဒါ။
သာ တံ အဒ္ဒသ သာဝ မံ အသံသိ၊
ဒန္တေဟိ အတ္ထောတိ မမံ အဝေါစ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၅။ ဘဒ္ဒန္တေ၊ အရှင်ဆင်မင်း။ ကာသိဿရညော၊ ကာသိမင်း၏။ မဟေသီ၊ မိဖုယားကြီးသည်။ သုဘဒ္ဒါ၊ သုဘဒ္ဒါအမည်ရှိ၏။ သာ၊ ထိုသုဘဒ္ဒါ မိဖုယားကြီးကို။ ရာဇကုလေ၊ မင်းအိမ်၌။ ပူဇိတာ၊ ပူဇော်အပ်၏။ သာ၊ ထိုမိဖုယားသည်။ တံ၊ အရှင်ဆင်မင်းကို။ အဒ္ဒသ၊ အိပ်မက်၌ မြင်မက်၏။ သာဝ၊ ထို သုဘဒ္ဒါမိ ဖုယားကြီးသည်လျှင်။ မံ၊ အကျွန်ုပ်ကို။ အသံသိ၊ ပြောဆို၏။ ဒန္တေဟိ၊ အရောင်ခြောက်ပါးနှင့် ပြည့်စုံသော အစွယ်တို့ဖြင့်။ အတ္ထော၊ ငါ အလိုရှိ၏။ ဣတိ၊ ဤသို့။ မမံ၊ အကျွန်ုပ်ကို။ အဝေါစ၊ ဆို၏။

ထို မုဆိုးပြောဆိုသော စကားကို ကြား၍ ဤအမှုသည် စူဠသုဘဒ္ဒါ၏ အမှုတည်းဟု သိ၍ ဘုရားလောင်းသည် ပြင်းစွာသော ဝေဒနာကို သည်းခံ၍ ထိုသုဘဒ္ဒါသည် ငါ၏အစွယ်တို့ကို အလိုရှိသည်မဟုတ်၊ စင်စစ်သော်ကား ငါ့ကို သတ်လိုသည်၏ အဖြစ်ကြောင့် စေ၏ဟု မုဆိုးအား ပြောလိုရကား-

၁၂၆။ ဗဟူဟိ မေ ဒန္တယုဂါ ဥဠာရာ။
ယေ မေ ပိတူနဉ္စ ပိတာမဟာနံ။
ဇာနာတိသာ ကောဓနာ ရာဇပုတ္တီ၊
ဝဓတ္ထိကာ ဝေရမကာသိ ဗာလာ။
၁၂၇။ ဥဋ္ဌေဟိ တွံ လုဒ္ဒ ခရံ ဂဟေတွာ၊
ဒန္တေ ဣမေ ဆိန္ဒ ပုရာမရာမိ။
ဝဇ္ဇာသိ နံ ကောဓနံ ရာဇပုတ္တိံ၊
နာဂေါ ဟတော ဟန္ဒ ဣမဿ ဒန္တာ။

ဟူသော ဤဂါထာ နှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၂၆။ သမ္မ လုဒ္ဒ၊ အချင်းမုဆိုး။ မေ၊ ငါ၏။ ပိတူနဉ္စ၊ အဖတို့၏၎င်း။ ပိတာမဟာနဉ္စ၊ အဘိုးတို့၏၎င်း။ ဥဠာရာ၊ မြတ်ကုန်သော။ ယေ ဣမေ ဒန္တယုဂါ၊ အကြင်ရွှေဂူ၌ ကောင်းစွာစု၍ ထားအပ်ကုန်သော အစွယ် အစုံတို့သည်။ ဗဟူ၊ များစွာကုန်၏။ တေ၊ ထိုအစွယ်တို့ကို။ ကောဓနာ၊ အမျက် ဒေါသနိုင်ငံသို့ လိုက်တတ်သော။ သာ ရာဇပုတ္တီ၊ ထိုမင်းသ္မီး သုဘဒ္ဒါသည်။ ဇာနာတိ၊ သိသည်သာတည်း။ ဝဓတ်ထိကာ၊ သတ်ခြင်းငှါ အလိုရှိသည်ဖြစ်၍။ ဗာလာ၊ အမိုက်မသည်။ ဝေရံ၊ ရန်ငြိုးဖွဲ့ခြင်းကို။ အကာသိ၊ ပြု၏။

֍ ဋ္ဌ ၁၂၇။ သမ္မ လုဒ္ဒ၊ အချင်းမဆိုး။ တွံ၊ သင်သည်။ ဥဋ္ဌေဟိ၊ ထလော့။ ခရံ၊ လွှကို။ ဂဟေတွာ၊ ယူ၍။ ပုရာမရာမိ၊ ငါမသေမီ။ ဣမေ ဒန္တေ၊ ဤ ငါ့အစွယ်တို့ကို။ ဆိန္ဒ၊ ဖြတ်လော့။ ကောဓနံ၊ အမျက်ဒေါသနိုင်ငံသို့ လိုက်တတ်သော။ နံ ရာဇပုတ္တိံ၊ ထို မင်းသ္မီး သုဘဒ္ဒါကို။ နာဂေါ၊ ဆင်မင်းကို။ ဟတော၊ ငါသတ်ခဲ့ပြီ။ ဟန္ဒ၊ ယခု။ ဣမေ၊ ဤ အစွယ်တို့သည်။ အဿ၊ ထို ဆင်မင်း၏။ ဒန္တာ၊ အစွယ်တို့တည်း။ ဣတိ၊ ဤသို့။ ဝဇ္ဇာသိ၊ ငါမှာလိုက်သည်ဟု သင်ပြောလေလော့။

ထို သောဏုတ္တရ မုဆိုးသည် ဘုရားလောင်းစကားကို ကြားလျှင် နေရာမှထ၍ လွှကိုယူလျက် အစွယ်တို့ကို ဖြတ်အံ့ဟုကြံ၍ ဘုရားလောင်း အထံသို့ ကပ်သည်ရှိသော် ထို ဘုရားလောင်း ဆင်မင်းသည်ကား အစောက်အားဖြင့် အတောင် ရှစ်ဆယ့် ရှစ်တောင်ရှိ၏။ ငွေတောင်ကြီးကဲ့သို့ တည်သည်ဖြစ်၍ မမှီနိုင်၊ ထို့ကြောင့် ထိုသောဏုတ္တရ မုဆိုးသည် အစွယ်ရှိရာသို့ မရောက်နိုင်၊ ထိုသို့ မရောက်နိုင်သောကြောင့် ဘုရားလောင်း ဆင်မင်းသည် ကိုယ်ကိုညွတ်စေလျက် ဦးစောက်ဝပ်သောအခါ သောဏုတ္တရ မုဆိုးသည် ဘုရားလောင်း၏ ပန်းဆိုင်းနှင့်တူသော နှာမောင်းကို နင်းလျက် တက်၍ ငွေတောင်ထွဋ်၌ ရပ်သကဲ့သို့ ဦးကင်းပေါ်၌ ရပ်၍ ခံတွင်းသားအစွန်းကို ပုဆစ်ဖြင့်ကန်၍ ခံတွင်းထဲသို့ ထည့်၍ ဦးကင်းပေါ်မှ သက်ပြီးလျှင် လွှကို ခံတွင်းထဲသို့သွင်း၏။ ဘုရားလောင်းအား ပြင်းစွာသော ဝေဒနာသည် ဖြစ်၏။ ခံတွင်းသည် သွေးဖြင့်ပြည့်၏။ မုဆိုးသည် ထိုမှဤမှ တိုက်သည်ရှိသော် လွှဖြင့်ဖြတ်ခြင်းငှါ မတတ်နိုင်၊ ထိုအခါ မုဆိုးကို ဘုရားလောင်းသည် ခံတွင်းမှသွေးကိုထွေး၍ ဆင်းရဲဝေဒနာကို သည်းခံလျက် အချင်းမုဆိုး- အသို့နည်း၊ ဖြတ်ခြင်းငှါ မတတ်နိုင်သလောဟု မေး၏။ အရှင်မတတ်နိုင်ပါဟု ဆိုလတ်သော် ဘုရားလောင်းသည် သတိကိုဖြစ်စေ၍ အချင်းမုဆိုး- ထိုသို့တပြီးကား ငါ၏ နှာမောင်းကို ချီ၍ လွှအစွန်းကို ကိုင်စေလော့၊ ငါ့အား မိမိအလိုလို နှာမောင်းကိုချီခြင်းငှါ အားမရှိပြီဟု ဆို၏။ မုဆိုးသည် ဘုရားလောင်းဆိုတိုင်း ပြု၏။ ဘုရားလောင်းသည် နှာမောင်းဖြင့် လွှကိုကိုင်၍ ထိုမှဤမှ လှုပ်၏။ အစွယ်တို့သည် သစ်မြစ်နုတို့ကဲ့သို့ ပြတ်ကုန်၏။

ထိုအခါ မုဆိုးကို ထိုအစွယ်တို့ကို ဆောင်စေပြီးလျှင် နှာမောင်းဖြင့်ကိုင်၍ အချင်းမုဆိုး - ဤအစွယ်တို့ကို သင့်အား ပေးလှူသောငါသည် မချစ်မနှစ်သက်အပ်သော အစွယ်တို့တည်းဟု နှလုံးသွင်း၍ ငါမပေး၊ သိကြားမင်း စည်းစိမ်ကို တောင့်တ၍လည်း ငါမပေး၊ မာရ်မင်းစည်းစိမ်ကို တောင့်တ၍လည်း ငါမပေး၊ ဗြဟ္မာမင်းစည်းစိမ်ကို တောင့်တ၍လည်း ငါမပေး၊ စင်စစ်သော်ကား ငါသည် ဤအစွယ်တို့ထက် အဆ အရာဖြင့်၎င်း, အဆ အထောင်ဖြင့်၎င်း, အဆ အသိန်းဖြင့်၎င်း သဗ္ဗညုတဉာဏ်တည်းဟူသော အစွယ်တို့ကိုသာလျှင် အလွန်ချစ်၏။ ငါ၏ ဤကောင်းမှုသည် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အကြောင်း ဖြစ်စေသတည်းဟုဆို၍ အစွယ်တို့ကိုပေး၍ အချင်းမုဆိုး- သင်သည် ဤအရပ်သို့ အဘယ်မျှလောက်ကာလဖြင့် လာရသနည်းဟု မေး၍ ခုနစ်နှစ် ခုနစ်လ ခုနစ်ရက်တို့ဖြင့် လာရပါ၏ဟု ဆိုလတ်သော် သင် သွားလေလော့၊ ဤအစွယ်တို့၏ အာနုဘော်ကြောင့် ခုနစ်ရက် အတွင်း၌သာလျှင် ဗာရာဏသီသို့ ရောက်လတ္တံ့ဟု ဆို၍ ထိုမုဆိုးအား ပရိတ်အရံအတားကို ပြု၍ လွှတ်လိုက်၏။ လွှတ်လိုက်ပြီး၍ကား ရှစ်ထောင်သော အခြံအရံဆင်တို့သည်၎င်း, မဟာသုဘဒ္ဒါမိဖုယားကြီးသည်၎င်း မလာကုန်မီလျှင် သေ၏။

ဤအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၂၈။ ဥဋ္ဌာယ သော လုဒ္ဒေါ ခရံ ဂဟေတွာ၊
ဆေတွာန ဒန္တာနိ ဂဇုတ္တမဿ။
ဝဂ္ဂူ သုဘေ အပ္ပဋိမေ ပထဗျာ၊
အာဒါယ ပက္ကမိ တတော ဟိ ခိပ္ပံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၂၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သော လုဒ္ဒေါ၊ ထိုသောဏုတ္တရ မုဆိုးသည်။ ဥဋ္ဌာယ၊ ထလတ်၍။ ခရံ၊ လွှကို။ ဂဟေတွာ၊ ယူ၍။ ဂဇုတ္တမဿ၊ ဆဒ္ဒန်ဆင်မင်း၏။ ဒန္တာနိ၊ အစွယ်တို့ကို။ ဆေတွာန၊ ဖြတ်ပြီး၍။ ဝဂ္ဂူ၊ တင့်တယ် စံပယ်ခြင်းနှင့် ပြည့်စုံကုန်သော။ သုဘေ၊ ကောင်းမွန်စွာကုန်သော။ ပထဗျာ၊ မြေအပြင်၌။ အပ္ပဋိမေ၊ တပါးသော အစွယ်နှင့် မတူကုန်သော အစွယ်တို့ကို။ အာဒါယ၊ ယူ၍။ တတော၊ ထိုဝိသာလမာလက အမည်ရှိသော အရပ်မှ။ ခိပ္ပံ၊ လျင်စွာ။ ပက္ကမိ၊ ဖဲသွားလေ၏။

ထိုသောဏုတ္တရမုဆိုး သွားသည်ရှိသော် ထိုရှစ်ထောင်ကုန်သော ဆင်တို့သည် ရန်သူကိုမမြင်၍ လာလတ်ကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၂၉။ ဘယဋ္ဋိတာ နာဂဝဓေန အဋ္ဋာ၊
ယေ တေ နာဂါ အဋ္ဌဒိသာ ဝိဓာဝုံ။
အဒိသာန ပေါသံ ဂဇပစ္စာမိတ္တံ၊
ပစ္စာဂမုံ ယေန သော နာဂရာဇာ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၂၉။ ဘိက္ခဝေ၊ ရဟန်းတို့။ နာဂဝဓေန၊ ဆင်သတ်မုဆိုးသည်။ ဘယဋ္ဋိတာ၊ သေဘေးဖြင့် နှိပ်စက်အပ်သည်ဖြစ်၍။ အဋ္ဋာ၊ ဆင်းရဲခြင်းသို့ ရောက်ကုန်သော။ ယေ နာဂါ၊ အကြင် ရှစ်ထောင်ကုန်သော ဆင်တို့သည်။ အဋ္ဌဒိသာ၊ အရပ်ရှစ်မျက်နှာတို့သို့။ ဝိဓာဝုံ၊ ပြေးလေကုန်၏။ တေ နာဂါ၊ ထိုရှစ်ထောင်ကုန်သော ဆင်တို့သည်။ ဂဇပစ္စာမိတ္တံ၊ ဆင်မင်းရန်သူဖြစ်သော။ ပေါသံ၊ လူကို။ အဒိသွာန၊ မမြင်သောကြောင့်။ ယေန၊ အကြင် ဝိသာလမာလက အမည်ရှိသော အရပ်၌။ သော နာဂေါ၊ ထိုဆဒ္ဒန်ဆင်မင်းသည်။ အတ္ထိ၊ ရှိ၏။ တံ ဌာနံ၊ ထိုဆင်မင်းရှိရာအရပ်သို့။ ပစ္စာဂမုံ၊ ပြန်ခဲ့ကုန်၏။

ထိုရှစ်ထောင်ကုန်သော ဆင်တို့နှင့်တကွ မဟာသုဘဒ္ဒါ မိဖုယားကြီးသည်လည်း လာ၏။ ထိုအလုံးစုံကုန်သော ဆင်တို့သည်လည်း ထိုဝိသာလမာလက အရပ်၌ ငိုကြွေးမြည်တမ်းကုန်၍ ဘုရားလောင်းဆင်မင်း၏ ဆရာဖြစ်ကုန်သော အရှင်ပစ္စေကဗုဒ္ဓါတို့၏ အထံသို့သွားကုန်၍ အရှင်ဘုရားတို့၏ ပစ္စည်းလေးပါး ဒါယကာ ဆင်မင်းသည် အဆိပ်လူးသော မြှားဖြင့်ပစ်၍ သေခဲ့ပြီ၊ ထိုဆင်မင်း၏ သင်္ချိုင်း၌ အသုဘရှုခြင်းကို ပြုခြင်းငှါ ကြွတော်မူပါကုန်လော့ဟု ပင့်လျှောက်ကုန်၏။ ငါးရာကုန်သော အရှင်ပစ္စေကဗုဒ္ဓါတို့သည်လည်းကောင်းကင်ဖြင့် ကြွလာတော်မူလတ်ကုန်၍ ဝိသာလမာလက အရပ်၌ သက်တော်မူကုန်၏။ ထိုခဏ၌ ဆင်ပျိုနှစ်ခုတို့သည် ဆင်မင်းအလောင်းကို အစွယ်တို့ဖြင့် ချီ၍ အရှင်ပစ္စေကဗုဒ္ဓါတို့ကို ရှိခိုးစေပြီးလျှင် ထင်းပုံထက်သို့တင်၍ မီးသင်္ဂြိုဟ်ကုန်၏။ အရှင်ပစ္စေကဗုဒ္ဓါတို့သည် ညဉ့်သုံးယံပတ်လုံး ဆင်မင်း သင်္ချိုင်း၌ တရားသရဇ္ဈာယ်ခြင်းကို ပြုကုန်၏။ ရှစ်ထောင်ကုန်သော ဆင်တို့သည် သင်္ချိုင်းမီးကို ငြိမ်းစေ၍ ရှိခိုး၍ ရေချိုးပြီးလျှင် မဟာသုဘဒ္ဒါ မိဖုယားကြီးကို ရှေ့ထား၍ မိမိတို့နေရာ အရပ်သို့လျှင် သွားကုန်၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၃၀။ တေ တတ္ထ ကန္ဒိတွာ ရောဒိတွာ နာဂါ၊
သီသေ သကေ ပံသုကံ ဩကိရိတွာ။
အာဂမံသု တေ သဗ္ဗေ သကံ နိကေတံ၊
ပုရေက္ခိတွာ မဟေသိံ သဗ္ဗဘဒ္ဒံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၃၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တေ နာဂါ၊ ထိုရှစ်ထောင်ကုန်သော ဆင်တို့သည်။ တတ္ထ၊ ထိုဝိသာလမာလက၌။ ကန္ဒိတွာ၊ မြည်တမ်းကုန်၍။ ရောဒိတွာ၊ ငိုကြွေးကုန်၍။ သကေ သီသေ၊ မိမိတို့ ဦးခေါင်း၌။ ပံသုကံ၊ သင်းချိုင်းပြာကို။ ဩကိရိတွာ၊ ကြဲမြှောက်ကုန်၍။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ၊ ထိုရှစ်ထောင်ကုန်သော ဆင်တို့သည်။ သဗ်ဗဘဒ္ဒါ၊ သဗ်ဗဘဒ္ဒါ အမည်ရှိသော။ မဟေသိံ၊ မိဖုယားကြီးကို။ ပုရေက္ခိတွာ၊ ခြံရံကုန်၍။ သကံနိကေတံ၊ မိမိတို့နေရာသို့။ အာဂမံသု၊ လာလတ်ကုန်၏။

သောဏုတ္တရ မုဆိုးသည်လည်း ခုနစ်ရက်မရောက်မီလျှင် ဆင်မင်းအစွယ်တို့ကိုယူ၍ ဗာရာဏသီပြည်သို့ ရောက်လေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၃၁။ အာဒါယ ဒန္တာနိ ဂဇုတ္တမဿ။
ဝဂ္ဂူ သုဘေ အပ္ပဋိမေ ပထဗျာ။
သုဝဏ္ဏရာဇီဟိ သမန္တမောဒရေ။
သော လုဒ္ဒကော ကာသိပုရံ ဥပါဂမိ။
ဥပနေသိ သော ရာဇကညာယ ဒန္တေ၊
နာဂေါ ဟတော ဟန္ဒ ဣမဿ ဒန္တာ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၃၁။ ဘိက္ခဝေ၊ ရဟန်းတို့။ သော လုဒ္ဒကော၊ ထိုမုဆိုးသည်။ ဂဇုတ္တမဿ၊ ဆင်မင်း၏။ ဝဂ္ဂူ၊ တင့်တယ် စံပယ်ခြင်းနှင့် ပြည့်စုံကုန်သော။ သုဘေ၊ ကောင်းမွန်စွာကုန်သော။ ပထဗျာ၊ မြေအပြင်၌။ အပ္ပဋိမေ၊ တပါးကုန်သော ဆင်စွယ်တို့နှင့် မတူကုန်သော။ သုဝဏ္ဏရာဇီဟိ၊ ရွှေအရေးတို့မှ ထွက်ကုန်သော ရောင်ခြည်တို့ဖြင့်။ သမန္တမောဒရေ၊ ထက်ဝန်းကျင်မှ ထွန်းတောက်ပကုန်လျက် အလုံးစုံသော တောအုပ်တို့ကို ရွှေအဆင်းကဲ့သို့ ပြုတတ်ကုန်သော။ ဒန္တာနိ၊ အစွယ်တို့ကို။ အာဒါယ၊ ယူ၍။ ကာသိပုရံ၊ ဗာရာဏသီပြည်သို့။ ဥပါဂမိ၊ ရောက်လေ၏။ သော၊ ထိုသောဏုတ္တရ မုဆိုးသည်။ အယျေ၊ အရှင်မိဖုယား။ နာဂေါ၊ ဆဒ္ဒန် ဆင်မင်းကို။ မယာ၊ အကျွန်ုပ်သည်။ ဟတော၊ သတ်ခဲ့ပြီ။ ဟန္ဒ၊ ယခု။ ဣမေ၊ ဤအစွယ်တို့သည်။ အဿ၊ ထိုဆင်မင်း၏။ ဒန္တာ၊ အစွယ်တို့တည်း။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ရာဇကညာယ၊ မင်းသ္မီး သုဘဒ္ဒါမိဖုယားအား။ ဥပနေသိ၊ ဆက်၏။

ထိုသုဘဒ္ဒါ မိဖုယားသည် ခြောက်ပါးသော ရောင်ခြည်တို့ဖြင့် ဆန်းကြယ်သော ဘုရားလောင်း ဆင်မင်း၏ အစွယ်တို့ကို ပတ္တမြားစီယပ်ဖြင့် ခံ၍ ပေါင်ပေါ်၌ ထားပြီးလျှင် ရှေး၌ဖြစ်သော ချစ်လှစွာသော မိမိလင် ဆင်မင်း၏ အစွယ်တို့ကို ကြည့်သည်ရှိသော် ဤသို့ သဘောရှိသော တင့်တယ်ခြင်းအစုသို့ ရောက်သော ချစ်လင် ဆင်မင်းကို အဆိပ်လူးမြားဖြင့် အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ဤအစွယ်တို့ကို ဖြတ်ယူ၍ သောဏုတ္တရမုဆိုးသည် လာခဲ့ပြီတကားဟု ကြံမှိုင်လျက် ဘုရားလောင်းကို အောက်မေ့သဖြင့် စိုးရိမ်ပူဆွေးခြင်းကို ဖြစ်စေ၍ သည်းခံခြင်းငှါ မတတ်နိုင်ရကား ထိုအရပ်၌သာလျှင် ထိုသုဘဒ္ဒါ မိဖုယား၏ နှလုံးသည် ကွဲ၍ ထိုနေ့၌ပင်လျှင် သေ၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၃၂။ ဒိသွာန ဒန္တာနိ ဂဇုတ္တမဿ၊
ဘတ္တု ပိယဿ ပုရိမာယ ဇာတိယာ။
တတ္ထေဝ တဿာ ဟဒယံ အဖာလိ၊
တေနေဝသာ ကာလမကာသိ ဗာလာ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၃၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ပုရိမာယ ဇာတိယာ၊ ရှေးဘဝ၌။ ဘတ္တု၊ လင်ဖြစ်ဘူးသော။ ပိယဿ၊ ချစ်စွာသော။ ဂဇုတ္တမဿ၊ ဆင်မင်း၏။ ဒန္တာနိ၊ အစွယ်တို့ကို။ ဒိသွာန၊ မြင်၍။ တတ္ထေဝ၊ ထိုနေရာ၌လျှင်။ တဿာ၊ ထိုသုဘဒ္ဒါ မိဖုယား၏။ ဟဒယံ၊ နှလုံးသည်။ အဖာလိ၊ ကွဲ၏။ တေနေဝ၊ ထိုနှလုံးကွဲသောကြောင့်လျှင်။ သာ ဗာလာ၊ ထိုသူမိုက်မသည်။ ကာလမကာသိ၊ သေ၏။

သဗ္ဗညူ အဖြစ်သို့ ရောက်တော်မူပြီးသော ကြီးသော အာနုဘော်ရှိတော်မူသော မြတ်စွာဘုရားသည် ပရိသတ်လေးပါး အလယ်၌ ပြုံးတော်မူ၏။ ဘုရားသခင်တို့မည်သည် အကြောင်း မရှိဘဲလျက် ပြုံးတော်မူခြင်းကို ပြုတော်မမူကုန်ဟု ကြံ၍ ကိလေသာမှ ကောင်းစွာ လွတ်ပြီးသော စိတ်ရှိကုန်သော ရဟန္တာကြီးတို့သည် အကြောင်းကို မေးလျှောက်ကုန်သဖြင့် ဤဆဒ္ဒန္တဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ဤဓမ္မဒေသနာကို နာရကုန်သော များစွာကုန်သော သူတို့သည် သောတာပန် အစရှိသည်တို့သည် ဖြစ်ကုန်၏။ ထိုရဟန်းမိန်းမငယ်သည်ကား နောက်မှ ဝိပဿနာကို ပွားစေ၍ အရဟတ္တဖိုလ်သို့ ရောက်၏။

ဇာတ်ပေါင်း... ဤဓမ္မဒေသနာကို ဆောင်တော်မူပြီး၍ ဇာတ်ကို ပေါင်းပြန်တော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၃၄။ ယ မဒ္ဒသာထ ဒဟရိံ ကုမာရိံ၊
ကာသာယဝတ္ထံ အနဂါရိယံ စရန္တိံ။
သာ ခေါ တဒါ ရာဇကညာ အဟောသိ၊
အဟံ တဒါ နာဂရာဇာ အဟောသိ။
၁၃၅။ အာဒါယ ဒန္တာနိ ဂဇုတ္တမဿ၊
ဝဂ္ဂူ သုဘေ အပ္ပဋိမေ ပထဗျာ။
ယော လုဒ္ဒကော ကာသိပုရံ ဥပါဂမိ၊
သော ခေါ တဒါ ဒေဝဒတ္တော အဟောသိ။
၁၃၆။ အနာဝသူရံ စိရရတ္တသံသိတံ၊
ဥစ္စံ နီစံ စရိတမိဒံ ပုရာဏံ။
ဝီတဒ္ဒရော ဝီတသောကော ဝီတသလ္လော၊
သယံ အဘိညာယ အဘာသိ ဗုဒ္ဓေါ။
၁၃၇။ အဟံ ဝေါ တေန ကာလေန၊
အဟောသိ တတ္ထ ဘိက္ခဝေါ။
နာဂရာဇာ တဒါ ဟောသိ၊
ဧဝံ ဓာရေထ ဇာတကံ။

ဟူသော ဤလေးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၃၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတရဟိ၊ ယခုအခါ၌။ ဒဟရိံ၊ အရွယ်သို့ ရောက်သော။ ကာသာယဝတ္ထံ၊ ဖန်ရည်စွန်းသော သင်္ကန်းကို ဝတ်သော။ အနဂါရိယံ၊ ရဟန်းအဖြစ်သို့ ကပ်သော။ စရန္တိံ၊ ငါဘုရားအဆုံးအမကို ကျင့်သော။ ယံ ကုမာရိံ၊ အကြင်ရဟန်းမိန်းမငယ်ကို။ အဒ္ဒသထ၊ မြင်ကြကုန်၏လော။ သာ၊ ထိုရဟန်းမိန်းမငယ်သည်။ တဒါ၊ ထိုအခါ၌။ ရာဇကညာ၊ မင်းသ္မီး သုဘဒ္ဒါသည်။ အဟောသိ၊ ဖြစ်ဘူးပြီ။ ဧတရဟိ၊ ယခုအခါ၌။ အဟံ၊ ငါဘုရားသည်။ တဒါ၊ ထိုအခါ၌။ နာဂရာဇာ၊ ဆဒ္ဒန်ဆင်မင်းသည်။ အဟောသိ၊ ဖြစ်ဘူးပြီ။

֍ ဋ္ဌ ၁၃၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝဂ္ဂူ၊ တင့်တယ်ခြင်း ရှိကုန်သော။ သုဘေ၊ ကောင်းမွန်စွာကုန်သော။ ပထဗျာ၊ မြေအပြင်၌။ အပ္ပဋိမေ၊ တပါးသောဆင်တို့၏ အစွယ်နှင့်မတူကုန်သော။ ဂဇုတ္တမဿ၊ ဆင်မင်း၏။ ဒန္တာနိ၊ အစွယ်တို့ကို။ ယော လုဒ္ဒကော၊ အကြင်သောဏုတ္တရ မုဆိုးသည်။ အာဒါယ၊ ယူ၍။ ကာသိပုရံ၊ ဗာရာဏသီပြည်သို့။ ဥပါဂမိ၊ သွားလေ၏။ တဒါ၊ ထိုအခါ၌၊ သော လုဒ္ဒကော၊ ထိုသောဏုတ္တရမုဆိုးသည်လျှင်။ ဧတရဟိ၊ ယခုအခါ၌။ ဒေဝဒတ္တော၊ ဒေဝဒတ်သည်။ အဟောသိ၊ ဖြစ်ဘူးပြီ။

֍ ဋ္ဌ ၁၃၆။ ဘိက္ခဝေ၊ ရဟန်းတို့။ စိရရတ္တသံသိတံ၊ တပါးမက များစွာသော နှစ်ကုဋေထက်၌ ကျင်လည်လေ့ကျက်ဘူးသည်ကို။ ပုဗ္ဗဏှေ၊ နံနက်အခါ၌။ ကတံ၊ ပြုအပ်သည်ကို။ အနာဝသူရံ၊ နေမဝင်မီ။ သရတိ ဝိယ၊ အောက်မေ့နိုင်သကဲ့သို့။ ဝီတဒ္ဒရော၊ ရာဂအစရှိသော ပူပန်ခြင်းတို့၏ ကင်းခြင်းကြောင့် ဝိတဒ္ဒရ မည်တော်မူသော။ ဝီတသောကော၊ အဆွေအမျိုး စည်းစိမ် အစရှိသည်တို့ကြောင့် စိုးရိမ်ခြင်း၏ မရှိခြင်းကြောင့် ဝီတသောက မည်တော်မူသော။ ဝီတသလ္လော၊ ရာဂအစရှိသော မြားတို့၏ကင်းခြင်းကြောင့် ဝိတသလ္လမည်တော်မူသော။ ဗုဒ္ဓေါ၊ သင်တို့ဆရာ ငါဘုရားသည်။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဥစ္စံ နီစံ၊ မိမိ၏ အကျင့်ဖြင့် မြတ်သည်၏ အဖြစ်, သုဘဒ္ဒါမိဖုယား သောဏုတ္တရ မုဆိုးတို့၏ အကျင့်အားဖြင့် ယုတ်သည်၏ အဖြစ်ကြောင့် အယုတ်အမြတ်ဖြစ်သော။ ဣမံ စရိတံ၊ ဤအကျင့်ကို။ သယံ၊ ကိုယ်တော်တိုင်။ အဘိညာယ၊ သိ၍။ အဘာသိ၊ ဟောတော်မူ၏။

֍ ဋ္ဌ ၁၃၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တေန ကာလေန၊ ထိုအခါ၌။ တတ္ထ၊ ထိုဆဒ္ဒန်အိုင်၌။ အဟံ၊ ငါဘုရားသည်။ အဟောသိ၊ ဖြစ်တော်မူပြီ။ ဟောန္တော စ ပန၊ ဖြစ်တော်မူသော်လည်း။ အညော၊ မထင်ရှားသော။ ကောစိ၊ အမှတ်မရှိသော ဆင်သည်။ တဒါ၊ ထိုအခါ၌။ န အဟောသိ၊ မဖြစ်။ အထ၊ စင်စစ်သော်ကား။ နာဂရာဇာ၊ ဆင်မင်းသည်။ အဟောသိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝေါ-တုမှေ၊ သင်ရဟန်း အပေါင်းတို့သည်။ ဇာတကံ၊ ဇာတ်ပေါင်းခြင်းကို။ ဓာရေထ၊ မှတ်လေကုန်။

သည်းခံတတ်မှ၊ နိဗ္ဗာန်ရ၊ မုချမင်္ဂလာ

လေးခုမြောက်သော ဆဒ္ဒန္တဇာတ်သည် ပြီး၏။

*****

တိံသနိပါတ်

၅။ သမ္ဘဝဇာတ်

ဓမ္မယာဂ ပြဿနာ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရဇ္ဇဉ္စ ပဋိပန္နာသ္မာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသမ္ဘဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထုသည် မဟာဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့၌ ဓနဉ္စယ ကောရဗျမည်သော မင်းသည် မင်းပြု၏။ ထိုဓနဉ္စယကောရဗျမင်းအား သုစီရတမည်သော ပုရောဟိတ်ပုဏ္ဏားသည် အကျိုး အကြောင်းကို ဆုံးမ၏။ ဓနဉ္စယ ကောရဗျမင်းသည် ဒါနအစရှိသော ကောင်းမှုတို့ကို ပြုလျက် ရာဇဓံဆယ်ပါးနှင့်အညီ တိုင်းပြည်ကို ဆုံးမ၏။ ထိုဓနဉ္စယ ကောရဗျမင်းသည် တနေ့သ၌ ဓမ္မယာဂမည်သော ပြဿနာကို စီရင်ပြီးလျှင် သုစီရတမည်သော ဆရာပုရောဟိတ်ပုဏ္ဏားကို နေရာ၌နေစေလျက် ပူဇော်သက္ကာရကိုပြု၍ ပြဿနာကို မေးလိုရကား-

၁၃၈။ ရဇ္ဇဉ္စ ပဋိပန္နာသ္မာ၊ အာဓိပစ္စံ သုစီရတ။
မဟတ္တံ ပတ္တုမိစ္ဆာမိ၊ ဝိဇေတုံ ပထဝိံ ဣမံ။
၁၃၉။ ဓမ္မေန နော အဓမ္မေန၊ အဓမ္မော မေ န ရုစ္စတိ။
ကိစ္စော စ ဓမ္မော စရိတော၊ ရညော ဟောတိ သုစီရတ။
၁၄၀။ ဣဓ စာနိန္ဒိတာ ယေန၊ ပစ္စယေန အနိန္ဒိတာ။
ယသံ ဒေဝမနုဿေသု၊ ယေန ပပ္ပေမု ဗြာဟ္မဏ။
၁၄၁။ ယောဟံ အတ္ထဉ္စ ဓမ္မဉ္စ၊ ကတ္တုမိစ္ဆာမိ ဗြာဟ္မဏ။
တံ တွံ အတ္ထဉ္စ ဓမ္မဉ္စ၊ ဗြာဟ္မဏက္ခာဟိ ပုစ္ဆိတော။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၈။ သုစီရတ၊ ဆရာ သုစီရတ။ မယံ၊ ငါတို့သည်။ ရဇ္ဇဉ္စ၊ ခုနစ်ယူဇနာရှိသော ဣန္ဒပတ္တနဂိုရ်ပြည်၌ မင်းအဖြစ်ကို၎င်း။ အာဓိပစ္စဉ္စ၊ ယူဇနာ သုံးရာရှိသော ကုရုတိုင်း၌ အစိုးရသော အဖြစ်ကို၎င်း။ ပဋိပန္နာ၊ ရကုန်သည်။ အသ္မာ၊ ဖြစ်ကုန်၏။ မဟတ္တံ၊ မြတ်သောအဖြစ်သို့။ ပတ္တုံ၊ ရောက်ခြင်းငှာ။ ဣစ္ဆာမိ၊ ငါအလိုရှိ၏။ ဣမံ ပထဝိံ၊ ဤမြေအပြင်ကို။ ဝိဇေတုံ၊ တရားနှင့်အညီ အောင်ခြင်းငှာ။ ဣစ္ဆာမိ၊ ငါအလိုရှိ၏။

֍ ဋ္ဌ ၁၃၉။ သုစီရတ၊ ဆရာ သုစီရတ။ ဓမ္မေန၊ တရားသဖြင့်။ ဝိဇေတုံ၊ အောင်ခြင်းငှါ။ ဣစ္ဆာမိ၊ ငါအလိုရှိ၏။ အဓမ္မေန၊ မတရားသဖြင့်။ ဝိဇေတုံ၊ အောင်ခြင်းငှာ။ နော ဣစ္ဆာမိ၊ ငါအလိုမရှိ။ အဓမ္မော၊ တရားမဟုတ်သည်ကို။ မေ၊ ငါသည်။ န ရုစ္စတိ၊ မနှစ်သက်။ စရိတော၊ ကျင့်အပ်သော။ ဓမ္မော၊ တရားသည်။ ရညော စ၊ မင်း၏လျှင်။ ကိစ္စော၊ ပြုအပ်သော အမှုသည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၄၀။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယေန၊ အကြင်အကြောင်းဖြင့်။ မယံ၊ ငါတို့သည်။ ဣဓ စ၊ ဤ ပစ္စုပ္ပန်လောက၌လည်း။ အနိန္ဒိတာ၊ သူတော်ကောင်းတို့သည် မကဲ့ရဲ့အပ်ကုန်။ ယေန၊ အကြင်အကြောင်းဖြင့်။ ပေစ္စ၊ တမလွန်လောက၌။ အနိန္ဒိတာ၊ မကဲ့ရဲ့အပ်ကုန်။ ယေန၊ အကြင်အကြောင်းဖြင့်။ ဒေဝမနုဿေသု၊ နတ်လူတို့၌။ ယသံ၊ အစိုးရခြင်း တင့်တယ်ခြင်းသို့။ ပပ္ပေမု၊ ရောက်ရကုန်၏။ တံ၊ ထိုအကြောင်းကို။ နော၊ ငါတို့အား။ ကထေဟိ၊ ဟောပါလော့။

֍ ဋ္ဌ ၁၄၁။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ယော အဟံ၊ အကြင်ငါသည်။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ကတ္တုံ၊ ဆောက်တည်၍ ကျင့်ခြင်းငှာ။ ဣစ္ဆာမိ၊ အလိုရှိ၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တံ အတ္ထဉ္စ၊ ထိုအကျိုးကို၎င်း။ တံ ဓမ္မဉ္စ၊ ထို အကြောင်းကို၎င်း။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ သင်ဆရာပုဏ္ဏားသည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားလော့။

ဤ ဓမ္မယာဂ ပြဿနာသည်ကား အလွန်နက်နဲ၏။ သဗ္ဗညူမြတ်စွာဘုရားရှင်တို့ အရာဖြစ်၏။ သဗ္ဗညူမြတ်စွာဘုရားကိုသာလျှင် မေးခြင်းငှါသင့်၏။ ထိုသဗ္ဗညူ မြတ်စွာဘုရား မရှိသော် သဗ္ဗညုတ ဉာဏ်တော်ကိုရှာသော ဘုရားလောင်းကို မေးခြင်းငှါ သင့်၏။ သုစီရတ ပုဏ္ဏားသည်ကား မိမိဘုရားလောင်း မဟုတ်သည်၏ အဖြစ်ကြောင့် ထိုပြဿနာကို ဖြေဆိုခြင်းငှါ မတတ်နိုင်၊ မတတ်နိုင်သော်လည်း ငါပညာရှိဟူသော မာန်ကို မပြုမူ၍ မိမိ မစွမ်းနိုင်သည်၏ အဖြစ်ကို မင်းအား တင်လျှောက်လိုရကား-

၁၄၂။ နာညတြ ဝိဓုရော ရာဇ၊ ဧတဒက္ခာတု မရဟတိ။
ယံ တွံ အတ္ထဉ္စ ဓမ္မဉ္စ၊ ကတ္တုမိစ္ဆသိ ခတ္တိယ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၂။ ရာဇ၊ အရှင်မင်းမြတ်။ ယံ အတ္ထဉ္စ၊ အကြင် အကျိုးကို၎င်း။ ယံ ဓမ္မဉ္စ၊ အကြင် အကြောင်းကို၎င်း။ ကတ္တုံ၊ ဆောက်တည်၍ ကျင့်ခြင်းငှါ။ ဣစ္ဆသိ၊ အလိုရှိတော်မူ၏။ ခတ္တိယ၊ ရေမြေရှင် ဖြစ်တော်မူသော မင်းမြတ်။ ဧတံ၊ ထို အကျိုးအကြောင်းကို။ ဝိဓုရော၊ ဝိဓူရအမည်ရှိသော ပုဏ္ဏားကို။ အညတြ၊ ထား၍။ အညော၊ ဝိဓူရမှ တပါးသောသူသည်။ အက္ခာတုံ၊ ဖြေခြင်းငှာ။ န အရဟတိ၊ မထိုက်။

ကောရဗျမင်းသည် ထိုသုစီရတ ပုရောဟိတ် စကားကိုကြား၍ ဆရာ- ထိုသို့တပြီးကား လျင်စွာ ထိုဝိဓူရ အထံသို့ ဆရာသွားချေလော့ဟု ဆို၍ လက်ဆောင်ကိုပေး၍ ထို ပုရောဟိတ် သုစီရတပုဏ္ဏားကို စေလိုရကား-

၁၄၃။ ဧဟိ ခေါ ပဟိတော ဂစ္ဆ၊ ဝိဓုရဿ ဥပန္ထကံ။
နိက္ခဉ္စိမံ သုဝဏ္ဏဿ၊ ဟရံ ဂစ္ဆ သုစီရတ။
အဘိဟာရံ ဣမံ ဒဇ္ဇ၊ အတ္ထဓမ္မာနုသိဋ္ဌိယာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၃။ သုစီရတ၊ ဆရာသုစီရတ။ ဧဟိ၊ လာလှည့်။ ပဟိတော၊ စေအပ်သော သင်သည်။ ဝိဓုရဿ၊ ဝိဓူရပညာရှိ၏။ ဥပန္ထကံ၊ အထံသို့။ ဂစ္ဆ၊ သွားချေ။ သုဝဏ္ဏဿ၊ ရွှေ၏။ ဣမံ နိက္ခဉ္စ၊ ဤနိက္ခ တထောင်ကိုလည်း။ ဟရံ-ဟရန္တော၊ ဆောင်လျက်။ ဂစ္ဆ၊ သွားချေ။ အတ္ထဓမ္မာနုသိဋ္ဌိယာ၊ အကျိုးအကြောင်းဖြင့် ဆုံးမစိမ့်သောငှာ။ ဣမံ အဘိဟာရံ၊ ဤ ဆောင်သော ရွှေနိက္ခတထောင်ကို။ ဒဇ္ဇ၊ ပေးပါလေ။

**ဤဂါထာ၌ နိက္ခဖွဲ့နည်းကိုကား ဤသို့ သိအပ်၏။ လေးမုယောသည် တချင်ရွေးမည်၏။ နှစ်ချင်ရွေးသည် တပဲမည်၏။ ပဲတဆယ်သည် တအက္ခမည်၏။ ရှစ်အက္ခသည် ဓရဏတခု မည်၏။ ငါးဓရဏသည် သုဝဏ္ဏတခု မည်၏။ သုဝဏ္ဏ ငါးခုသည် တနိက္ခမည်၏ဟု အဘိဓာန်၌ ဖွဲ့ဆိုသည်။ ဤသို့ သိအပ်၏။

ဤဇာတ် အဋ္ဌကထာ၌ကား တဆယ့်ငါး သုဝဏ္ဏသည် တနိက္ခမည်သည် ဟူ၏။ ***

ဤသို့သော စကားကို ဆိုပြီး၍ ပြသာနာအဖြေကို ရေးစိမ့်သောငှါ အဘိုးတသိန်းထိုက်သော ရွှေပြားကို၎င်း၊ သွားစိမ့်သောငှါ ယာဉ်ကို၎င်း၊ အခြံအရံအလို့ငှာ ဗိုလ်ပါအပေါင်းကို၎င်း လက်ဆောင် ပဏ္ဏာကို၎င်း ပေး၍ ထိုခဏ၌လျှင် လွှတ်လိုက်၏။ ထိုသုစီရတ ပုဏ္ဏားသည်ကား ဣန္ဒပတ္တနဂိုရ်မြို့မှ ထွက်ခဲ့ပြီးလျှင် ဖြောင့်ဖြောင့်သာလျှင် ဗာရာဏသီပြည်သို့ မသွားမူ၍ အကြင်အကြင်အရပ်၌ ပညာရှိတို့သည် နေကုန်၏။ အလုံးစုံသော ထိုထိုအရပ်တို့သို့ ကပ်လေ၍ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ ပြဿနာ ဖြေရှင်းခြင်း၏ အကြောင်းကို မရသောကြောင့် အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်လျှင် တခုသောအရပ်၌ နေရာကိုယူ၍ နှစ်ယောက် သုံးယောက်သော လူတို့နှင့်တကွ နံနက်စာ စားချိန်အခါ၌ ဝိဓူရအိမ်သို့သွား၍ လာသောအဖြစ်ကို ကြားစေသဖြင့် ထိုဝိဓူရသည် ခေါ်စေအပ်သော သုစီရတပုဏ္ဏားသည် အိမ်၌ နံနက်စာ စားသော ဝိဓူရကို မြင်လေ၏။

ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၄၄။ သွာဓိပ္ပါဂါ ဘာရဒွါဇော၊ ဝိဓုရဿ ဥပန္ထကံ။
တမဒ္ဒသ မဟာဗြဟ္မာ၊ အသမာနံ သကေ ဃရေ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၄၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘာရဒွါဇော၊ ဘာရဒွါဇ အနွယ်ဖြစ်သော။ သော၊ ထို သုစီရတပုဏ္ဏားသည်။ ဝိဓုရဿ၊ ဝိဓူရ၏။ ဥပန္ထကံ၊ အထံသို့။ အဓိပ္ပါဂါ၊ သွားလေ၏။ မဟာဗြဟ္မာ၊ မြတ်သောပုဏ္ဏားဖြစ်သော သုစီရတသည်။

သကေ ဃရေ၊ မိမိအိမ်၌။ အသမာနံ၊ နံနက်စာ စားသော။ တံ၊ ထို ဝိဓူရကို။ အဒ္ဒသ၊ မြင်လေ၏။

ထိုဝိဓူရသည်ကား ထိုသုစီရတပုဏ္ဏား၏ ငယ်သောအခါမှစ၍ အဆွေခင်ပွန်းတည်း၊ တဆရာတည်း အတူ အတတ်သင်ဘက်တည်း၊ ထို့ကြောင့် သုစီရတပုဏ္ဏားနှင့် အတူတကွ ထမင်းတပွဲတည်းစား၍ ထမင်းစားသောကိစ္စ အဆုံး၌ ချမ်းသာစွာနေလျက် အဆွေသုစီရတ- အဘယ်အကျိုးငှါ လာသနည်းဟု မေးလတ်သော် မိမိလာခြင်း၏ အကြောင်းကို ဝိဓူရအား ကြားလိုရကား-

၁၄၅။ ရညောဟံ ပဟိတော ဒူတော၊
ကောရဗျဿ ယသဿိနော။
အတ္ထံ ဓမ္မဉ္စ ပုစ္ဆေသိ၊ ဣစ္စ ဗြဝိ ယုဓိဋ္ဌိလော။
တံ တွံ အတ္ထဉ္စ ဓမ္မဉ္စ၊ ဝိဓုရက္ခာဟိ ပုစ္ဆိတော။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၅။ သမ္မ ဝိဓုရ၊ အဆွေဝိဓူရ။ အဟံ၊ ငါသည်။ ကောရဗျဿ၊ ကောရဗျအမည်ရှိသော။ ယသဿိနော၊ များသော အခြံအရံရှိသော။ ရညော၊ ငါတို့အရှင်မင်းသည်။ ပဟိတော၊ စေတော်မူအပ်သော။ ဒူတော၊ တမန်တည်း။ ယုဓိဋ္ဌိလော၊ ယုဓိဋ္ဌိလ အနွယ်ဖြစ်သော ဓနဉ္စယကောရဗျမင်းသည်။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ပုစ္ဆေသိ၊ မေးချေလော့။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆို၏။ တံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားပါလော့။

ထိုအခါ၌ကား ထိုဝိဓူရပုဏ္ဏားသည် လူများ၏စိတ်ကို ယူအံ့ဟု ကြံ၍ ဂင်္ဂါမြစ်ကို ပိတ်သကဲ့သို့ အဆုံးအဖြတ်ကို စီရင်၏။ ထိုအမေးကို ဖြေခြင်း၌ အခွင့်သည်မရှိ၊ ထိုဝိဓူရသည် ထိုအကြောင်းကို သုစီရတပုဏ္ဏားအား ကြားလိုသည်ဖြစ်၍-

၁၄၆။ ဂင်္ဂံ မေ ပိဒဟိဿန္တိ၊ န တံ သက္ကောမိ ဗြာဟ္မဏ။
အပိဓေတုံ မဟာသိန္ဓုံ၊ တံကထံ သော ဘဝိဿတိ။
န တေ သက္ကောမိ အက္ခာတုံ၊ အတ္ထံ ဓမ္မဉ္စ ပုစ္ဆိတော။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၆။ ဗြာဟ္မဏ၊ သုစီရတပုဏ္ဏား။ ဂင်္ဂံ၊ လူအပေါင်း၏ အထူးထူးသော စိတ်အလိုဟု ဆိုအပ်သော မြစ်ကြီးကို။ ပိဒဟိဿံ၊ ငါပိတ်အံ့။ ဣတိ၊ ဤသို့။ မေ၊ ငါ၏။ ဗျာပါရော၊ ကြောင့်ကြသည်။ ဥပ္ပန္နော၊ ဖြစ်၏။ တံ မဟာသိန္ဓုံ၊ ထိုလူများအပေါင်း၏ အထူးထူးသော စိတ်အလိုဟု ဆိုအပ်သော မြစ်ကြီးကို။ အပိဓေတုံ၊ ပိတ်ခြင်းငှါ။ န သက္ကောမိ၊ မတတ်နိုင်။ ယသ္မာ၊ အကြင်ကြောင့်။ အတ္ထဉ္စ၊ အနက်ကို၎င်း။ ဓမ္မဉ္စ၊ ပါဠိကို၎င်း။ တေ၊ သင်သည်။ ပုစ္ဆိတော၊ မေးအပ်သော ငါသည်။ အက္ခာတုံ၊ ဖြေဆိုခြင်းငှါ။ န သက္ကောမိ၊ မတတ်နိုင်။ တံ-တသ္မာ၊ ထို့ကြောင့်။ သော ဩကာသော၊ ထိုဖြေအံ့သော အခွင့်သည်။ ကထံ၊ အသို့လျှင်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။

ဤသို့သော စကားကို ဆိုပြီး၍ ငါ၏သားသည် အလွန်ပညာရှိ၏။ ငါ့ထက် အထူးသဖြင့် ပညာရှိ၏။ ထိုငါ့သားသည် သင့်အား ဖြေဆိုလတ္တံ့၊ ထို့ကြောင့် ငါ့သားအထံသို့ သင်သွားချေလော့ဟု ဆို၍ သွားစေလိုရကား-

၁၄၇။ ဘဒြကာရော စ မေ ပုတ္တော၊
ဩရသော မမ အတြဇော။
တံ တွံ အတ္ထဉ္စ ဓမ္မဉ္စ၊ ဂန္တွာ ပုစ္ဆဿု ဗြာဟ္မဏ။

ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၇။ ဗြာဟ္မဏ၊ အဆွေ သုစီရတပုဏ္ဏား။ ဘဒြကာရော၊ ဘဒ္ဒကာရ အမည်ရှိသော။ မမ၊ ငါ၏။ ဩရသော၊ ရင်၌ဖြစ်သော။ အတြဇော၊ မိမိကိုယ်မှဖြစ်သော။ မေ ပုတ္တော၊ ငါ့သားသည် တမူကား။ ပဏ္ဍိတော၊ ပညာရှိ၏။ တွံ၊ သင်သည်။ ဂန္တွာ၊ သွား၍။ တံ၊ ထိုငါ့သားကို။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ပုစ္ဆဿု၊ မေးချေလော့။

ထိုစကားကို ကြား၍ သုစီရတ ပုဏ္ဏားသည်လည်း ဝိဓူရပုဏ္ဏားအိမ်မှ ထွက်ခဲ့၍ နံနက်စာ စားပြီးသော် ဘဒြကာရလုလင်၏ မိမိပရိသတ်အလယ်၌ နေသောအခါ၌ အိမ်သို့ သွားလေ၏။ ထိုအကြောင်းကို ထင်ရှားစွာ ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၄၈။ သွာဓိပ္ပါဂါ ဘာရဒွါဇော၊ ဘဒြကာရဿုပန္ထကံ။
တမဒ္ဒသ မဟာဗြဟ္မာ၊ နိသိန္နံ သမှိ ဝေသ္မနိ။

ဟူသော တဆယ့်တခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘာရဒွါဇော၊ ဘာရဒွါဇ အနွယ်ဖြစ်သော။ သော၊ ထိုသုစီရတပုဏ္ဏားသည်။ ဘဒြကာရဿ၊ ဘဒြကာရလုလင်၏။ ဥပန္ထကံ၊ အထံသို့။ အဓိပ္ပါဂါ၊ သွားလေ၏။ မဟာဗြဟ္မာ၊ မြတ်သောပုဏ္ဏားဖြစ်သော သုစီရတသည်။ သမှိ ဝေသ္မနိ၊ မိမိအိမ်၌။ နိသိန္နံ၊ နေလင့်သော။ တံ၊ ထိုဘဒြကာရလုလင်ကို။ အဒ္ဒသ၊ မြင်လေ၏။

ထိုသုစီရတ ပုဏ္ဏားသည် ဘဒြကာရလုလင်အိမ်သို့ သွား၍ ဘဒြကာရလုလင်သည် ပြုအပ်သော နေရာခင်းခြင်း ပူဇော်သက္ကာရ ရှိသည်ဖြစ်၍ နေလျက် လာခြင်း၏ အကြောင်းကို မေးသည်ရှိသော် ထိုဘဒြကာရ လုလင်အား မိမိလာခြင်း၏အကြောင်းကို ကြားလိုရကား-

၁၄၉။ ရညောဟံ ပဟိတော ဒူတော။
ကောရဗျဿ ယသဿိနော။
အတ္ထံ ဓမ္မဉ္စ ပုစ္ဆေသိ၊ ဣစ္စဗြဝိ ယုဓိဋ္ဌိလော။
တံ တွံ အတ္ထဉ္စ ဓမ္မဉ္စ၊ ဘဒြကာရ ပဗြူဟိ မေ။

ဟူသော တဆယ့်နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၉။ ဘဒြကာရ၊ အမောင် ဘဒြကာရ။ အဟံ၊ ငါသည်။ ယသဿိနော၊ များသောအခြံအရံရှိသော။ ကောရဗျဿ၊ ကောရဗျ အမည်ရှိသော။ ရညော၊ မင်း၏။ ပဟိတော၊ စေအပ်သော။ ဒူတော၊ တမန်တည်း။ ယုဓိဋ္ဌိလော၊ ယုဓိဋ္ဌိလ အနွယ်ဖြစ်သော ကောရဗျမင်းသည်။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ပုစ္ဆေသိ၊ သင် မေးချေလော့။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆို၏။ ဘဒြကာရ၊ အမောင်ဘကာရ။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ သင်သည်။ တံ အတ္ထဉ္စ၊ ထိုအကျိုးကို၎င်း။ တံ ဓမ္မဉ္စ၊ ထိုအကြောင်းကို၎င်း။ မေ၊ ငါ့အား။ ပဗြူဟိ၊ ဟောပါလော့။

ထိုသို့ဆိုသည်ရှိသော် ထိုသုစီရတ ပုဏ္ဏားကို ဘဒြကာရလုလင်သည် ဖခင်- အကျွန်ုပ်သည် ဤနေ့တို့၌ သူတပါးမယားကို ပြစ်မှားသောအမှု၌ နှလုံးသက်ဝင်သည်ဖြစ်၍ အကျွန်ုပ်၏ စိတ်သည် နှောက်ရှက်၏။ ထို့ကြောင့် ဖခင်အား အကျွန်ုပ်သည် ဖြေဆိုခြင်းငှါ မတတ်နိုင်ပါ၊ သဉ္စယ အမည်ရှိသော အကျွန်ုပ်၏ ညီသည်ကား အကျွန်ုပ်ထကျ အလွန်လျှင် အထူးသဖြင့် ပညာရှိ၏။ ထိုသဉ္စယလုလင်ကို မေးလေလော့၊ ထိုသဉ္စယလုလင်သည် ဖခင်၏ ပြဿနာကို ဖြေဆိုပါလတ္တံ့ ဟုဆို၍ ထိုသဉ္စယလုလင် အထံသို့ စေလိုရကား-

၁၅၀။ မံသကာဇံ အဝဟာယ၊ ဂေါဓံ အနုပ္ပတာမဟံ။
န တေ သက္ကောမိ အက္ခာတုံ၊ အတ္ထံ ဓမ္မဉ္စ ပုစ္ဆိတော။
၁၅၁။ သဉ္စယော နာမ မေ ဘာတာ၊
ကနိဋ္ဌော မေ သုစီရတ။
တံ တွံ အတ္ထဉ္စ ဓမ္မဉ္စ၊ ဂန္တွာ ပုစ္ဆဿု ဗြာဟ္မဏ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၅၀။ ဗြာဟ္မဏ၊ သုစီရတပုဏ္ဏား။ အဟံ၊ ငါသည်။ မံသကာဇံ၊ ဆူသောအမဲကို ထမ်းခဲ့သော ထမ်းပိုးကို။ အဝဟာယ၊ စွန့်၍။ ဂေါဓံ၊ ဖွတ်ငယ်ကို။ အနုပ္ပတာမိ၊ လိုက်မိချေ၏။ တေ၊ သင်သည်။ ပုစ္ဆိတော၊ မေးအပ်သောငါသည်။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ အက္ခာတုံ၊ ဖြေဆိုအံ့သောငှာ။ န သက္ကောမိ၊ မတတ်နိုင်။

֍ ဋ္ဌ ၁၅၁။ သုစီရတ၊ သုစီရတ အမည်ရှိသော။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မေ၊ ငါ၏။ ဘာတာ၊ ညီဖြစ်သော။ သဉ္စယော နာမ၊ သဉ္စယအမည်ရှိသော သတို့သားသည်။ မေ၊ ငါ၏။ ကနိဋ္ဌော၊ ညီတည်း။ တွံ၊ သင်သည်။ ဂန္တွာ၊ သွား၍။ တံ၊ ထိုသဉ္စယလုလင်ကို။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ပုစ္ဆဿု၊ မေးလေလော့။

ထိုသုစီရတပုဏ္ဏားသည် ထိုခဏ၌လျှင် သဉ္စယလုလင်အထံသို့ သွား၍ ထိုသဉ္စယလုလင်သည် ပြုအပ်သော ပူဇော်သက္ကာရ ရှိသည်ဖြစ်၍ လာခြင်း၏အကြောင်းကို မေးလတ်သော် မိမိလာခြင်း၏ အကြောင်းကို ပြောဆို၏။ ထို

အကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

၁၅၂။ သွာဓိပ္ပါဂါ ဘာရဒွါဇော၊ သဉ္စယဿ ဥပန္ထကံ။
တမဒ္ဒသ မဟာဗြဟ္မာ၊ နိသိန္နံ သမှိ ပရိသတိံ။
၁၅၃။ ရညောဟံ ပဟိတော ဒူတော၊
ကောရဗျဿ ယသဿိနော။
အတ္ထံ ဓမ္မဉ္စ ပုစ္ဆေသိ၊ ဣစ္စဗြဝိ ယုဓိဋ္ဌိလော။
တံ တွံ အတ္ထဉ္စ ဓမ္မဉ္စ၊ သဉ္စယက္ခာဟိ ပုစ္ဆိတော။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၅၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘာရဒွါဇော၊ ဘာရဒွါဇ အနွယ်ဖြစ်သော။ သော၊ ထို သုစီရတပုဏ္ဏားသည်။ သဉ္စယဿ၊ သဉ္စယ လုလင်၏။ ဥပန္ထကံ၊ အထံသို့။ အဓိပ္ပါဂါ၊ သွားလေ၏။ မဟာဗြဟ္မာ၊ မြတ်သော ပုဏ္ဏားဖြစ်သော သုစီရတသည်။ သမှိ ပရိသတိံ၊ မိမိပရိသတ် အလယ်၌။ နိသိန္နံ၊ နေသော။ တံ၊ ထိုသဉ္စယလုလင်ကို။ အဒ္ဒသ၊ မြင်လေ၏။

֍ ဋ္ဌ ၁၅၃။ သဉ္စယ၊ သဉ္စယလုလင်။ အဟံ၊ ငါသည်။ ယသဿိနော၊ များသော အခြံအရံရှိသော။ ကောရဗျဿ၊ ကောရဗျ အမည်ရှိသော။ ရညော၊ မင်း၏။ ပဟိတော၊ စေအပ်သော။ ဒူတော၊ တမန်တည်း။ ယုဓိဋ္ဌိလော၊ ယုဓိဋ္ဌိလအနွယ်ဖြစ်သော ငါတို့အရှင်ကောရဗျမင်းသည်။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ပုစ္ဆေသိ၊ သင်မေးချေလော့။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆို၏။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ သင်သည်။ တံ အတ္ထဉ္စ၊ ထိုအကျိုးကို၎င်း။ တံ ဓမ္မဉ္စ၊ ထိုအကြောင်းကို၎င်း။ အက္ခာဟိ၊ သင်ဖြေပါလော့။

သဉ္စယ လုလင်သည်လည်း ထိုအခါ သူတပါးမယားကိုလျှင် မှီဝဲမိ၏။ ထိုသို့ မှီဝဲမိသောကြောင့် ထိုသူစီရတ ပုဏ္ဏားအား ထိုသဉ္စယလုလင်သည် ဖခင်- အကျွန်ုပ်သည် သူတပါးမယားကို မှီဝဲမိ၏။ မှီဝဲမိသော အကျွန်ုပ်သည်ကား ဂင်္ဂါမြစ်ကိုကူး၍ ကမ်းတဘက်သို့ သွား၏။ ညချမ်းအခါ၌၎င်း, နံနက်အခါ၌၎င်း မြစ်ကိုကူးသော ထိုအကျွန်ုပ်ကို သေမင်းသည် မျိုသည်မည်၏။ ထို့ကြောင့် ကျွန်ုပ်စိတ်သည် နှောက်ရှက်၏။ ကျွန်ုပ်သည် ဖခင်အား ဖြေဆိုခြင်းငှါ မတတ်နိုင်လတ္တံ့၊ ကျွန်ုပ်ညီဖြစ်သော သမ္ဘဝ သတို့သားသည် ရှိ၏။ ထိုသတို့သားသည် ဖွားသည်မှ ခုနစ်နှစ်သာလျှင် ရှိသေး၏။ ကျွန်ုပ်ထကျ အဆ အရာဖြင့်၎င်း, အဆ အထောင်ဖြင့်၎င်း, အဆ အသိန်းဖြင့်၎င်း အထူးသဖြင့် သာလွန်သော ဉာဏ်ပညာရှိ၏။ ထိုသမ္ဘဝလုလင်သည် ဖခင်အား ဖြေဆိုပါလတ္တံ့၊ သွား၍ မေးပါလေလော့ဟု ဆို၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၅၄။ သဒါ မံ ဂိလတေ မစ္စု၊ သာယံ ပါတော သုစီရတ။
န တေ သက္ကောမိ အက္ခာတုံ၊ အတ္ထံ ဓမ္မဉ္စ ပုစ္ဆိတော။
၁၅၅။ သမ္ဘဝေါ နာမ မေ ဘာတာ၊
ကနိဋ္ဌော မေ သုစီရတ။
တံ တွံ အတ္ထဉ္စ ဓမ္မဉ္စ၊ ဂန္တွာ ပုစ္ဆဿု ဗြာဟ္မဏ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၅၄။ သုစီရတ၊ ဆရာသုစီရတ။ သာယံ၊ ညအခါ၌၎င်း။ ပါတော၊ နံနက်အခါ၌၎င်း။ မံ၊ ငါ့ကို။ သဒါ၊ အခါခပ်သိမ်း။ မစ္စု၊ သေမင်းသည်။ ဂိလတေ၊ မျို၏။ တေ၊ သင်သည်။ ပုစ္ဆိတော၊ မေးအပ်သောငါသည်။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ အက္ခာတုံ၊ ဖြေဆိုခြင်းငှာ။ န သက္ကောမိ၊ မတတ်နိုင်။

֍ ဋ္ဌ ၁၅၅။ သုစီရတ၊ ဆရာ သုစီရတ။ သမ္ဘဝေါ နာမ၊ သမ္ဘဝအမည်ရှိသော။ မေ၊ ငါ၏။ ကနိဋ္ဌော၊ ညီငယ်ဖြစ်သော။ ဘာတာ၊ ညီသည်။ အတ္ထိ၊ ရှိ၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ ဂန္တွာ၊ သွား၍။ တံ၊ ထိုငါ့ညီသမ္ဘဝကို။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ပုစ္ဆဿု၊ မေးလေလော့။

ထိုစကားကိုကြား၍ သုစီရတပုဏ္ဏားသည် ဤပြဿနာသည်ကား ဤလောက၌ မဖြစ်ဘူးသည် ဖြစ်လတ္တံ့၊ ဤပြဿနာကို ဖြေဆိုခြင်းငှါ စွမ်းနိုင်သော သူမည်သည် မရှိယောင်တကားဟု ကြံ၍-

၁၅၆။ အဗ္ဘုတော ဝတ ဘော ဓမ္မော၊
နာယံ အသ္မာက ရုစ္စတိ။
တယောဇနာ ပိတာ ပုတ္တာ၊
တေသု ပညာယ နော ဝိဒူ။
၁၅၇။ န တံ သက္ကောထ အက္ခာတုံ၊
အတ္ထံ ဓမ္မဉ္စ ပုစ္ဆိတော။
ကထံ နု ဒဟရော ဇညာ၊ အတ္ထံ ဓမ္မဉ္စ ပုစ္ဆိတော။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၆။ ဘော၊ အချင်းတို့။ အယံဓမ္မာ၊ ဤပြဿနာသည်။ အဗ္ဘုတော ဝတ၊ လူ၌ မဖြစ်ဘူးမြဲတကား။ အယံ၊ ဤသူငယ်ကို။ အသ္မာကံ၊ ငါတို့သည်။ န ရုစ္စတိ၊ မနှစ်သက်နိုင်။ ပိတာ၊ အဖဖြစ်သော ဝိဓူရ သုခမိန်၎င်း။ ပုတ္တာ၊ သားဖြစ်ကုန်သော ဘဒြကာရ, သဉ္စယတို့၎င်း။ ဣတိ၊ ဤသို့။ တေသုပိ တယောဇနာ၊ ထိုသားအဖ သုံးယောက်တို့သည် လျက်လည်း။ ပညာယ၊ ပညာဖြင့်။ ဣမံ ဓမ္မံ၊ ဤပြဿနာကို။ နော ဝိဒူ၊ မသိကုန်။

֍ ဋ္ဌ ၁၅၇။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ပုစ္ဆိတာ၊ မေးအပ်ကုန်သော သားအဖ သုံးယောက်တို့သည်။ တံ၊ ထိုပြဿနာကို။ အက္ခာတုံ၊ ဖြေဆိုခြင်းငှါ။ န သက္ကောထ၊ မတတ်နိုင်ကုန်။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ပုစ္ဆိတော၊ မေးအပ်သော။ ဒဟရော၊ ခုနစ်နှစ်ရွယ်သာရှိသော သူငယ်သည်။ ကထံ၊ အသို့လျှင်။ ဇညာ နု၊ သိနိုင်ရာအံ့နည်း။

ထိုစကားကိုကြား၍ သဉ္စယ လုလင်သည် ဖခင်- သမ္ဘဝသတို့သားကို ငယ်သည်ဟူ၍ မအောက်မေ့လင့်၊ ပြဿနာ ဖြေခြင်းကို အကယ်၍ အလိုရှိအံ့၊ သွားချေ။ ထိုသမ္ဘဝ လုလင်ကို မေးချေလော့ဟု ဆို၍ အနက်ကို ပြတတ်ကုန်

သော ဥပမာတို့ဖြင့် သမ္ဘဝလုလင်၏ ဂုဏ်ကျေးဇူးကို ထင်ရှားပြလိုရကား-

၁၅၈။ မာ နံ ဒဟရောတိ ဥညာသိ၊ အပုစ္ဆိတွာန သမ္ဘဝံ။
ပုစ္ဆိတွာ သမ္ဘဝံ ဇညာ၊ အတ္ထံ ဓမ္မဉ္စ ဗြာဟ္မဏ။
။ လ။
၁၆၉။ ဧဝံပိ ဒဟရူပေတော၊ ပညာယောဂေန သမ္ဘဝေါ။
မာ နံ ဒဟရောတိ ဥညာသိ၊ အပုစ္ဆိတွာန သမ္ဘဝံ။
ပုစ္ဆိတွာ သမ္ဘဝံ ဇညာ၊ အတ္ထံ ဓမ္မဉ္စ ဗြာဟ္မဏ။

ဟူသော ဤတဆယ့်နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၅၈။ ဗြာဟ္မဏ၊ ဆရာသုစီရတပုဏ္ဏား။ နံ သမ္ဘဝံ၊ ထိုသမ္ဘဝ သတို့သားကို။ အပုစ္ဆိတွာန၊ မမေးမူ၍။ ဒဟရောတိ၊ ငယ်၏ဟူ၍။ မာ ဥညာသိ၊ မထီမဲ့မြင် မမှတ်လင့်။ အတ္ထဉ္စ၊ ကို၎င်း။ ဓမ္မဉ္စ၊ ကို၎င်း။ သမ္ဘဝံ၊ ငါ့ညီ သမ္ဘဝသတို့သားကို။ ပုစ္ဆိတွာ၊ မေး၍။ ဇညာ၊ သိပါလတ္တံ့။

֍ ဋ္ဌ ၁၅၉။ ဗြာဟ္မဏ၊ ဆရာသုစီရတပုဏ္ဏား။ ယထာပိ၊ ဥပမာမည်သည်ကား။ အာကာသ ဓာတုယာ၊ ကောင်းကင်၌။ ဂစ္ဆံ-၈စ္ဆန္တော၊ သွားသော။ ဝိမလော၊ တိမ်တိုက် အစရှိသော အညစ်အကြေး ကင်းသော။ စန္ဒော၊ လပြည့်ဝန်းသည်။ လောကေ၊ လောက၌။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တာရဂဏေ၊ ကြယ်အပေါင်းတို့ကို။ အာဘာယ၊ မိမိအရောင်ဖြင့်။ အတိရောစသိ ယထာ၊ လွန်၍ တင့်တယ်သကဲ့သို့။

֍ ဋ္ဌ ၁၆၀။ ဧဝံပိ၊ ဤအတူ၎င်းလျှင်။ သမ္ဘဝေါ၊ သမ္ဘဝ သတို့သားသည်။ ဒဟရူပေတော၊ ငယ်သောအဖြစ်နှင့် ယှဉ်လျက်။ ပညာယောဂေန၊ ပညာအထူးဖြင့်။ အတိရောစတိ၊ ပညာရှိအပေါင်းကို လွန်၍ တင့်တယ်၏။ နံ သမ္ဘဝံ၊ ထိုသမ္ဘဝ သတို့သားကို။ အပုစ္ဆိတွာန၊ မမေးမူ၍။ ဒဟရောတိ၊ ငယ်၏ဟူ၍။ မာ ဥညာသိ၊ မထီမဲ့မြင် မအောက်မေ့လင့်။ အတ္ထဉ္စ၊ ကို၎င်း။ ဓမ္မဉ္စ၊ ကို၎င်း။ သမ္ဘဝံ၊ ငါ့ညီ သမ္ဘဝကို။ ပုစ္ဆိတွာ၊ မေး၍။ ဇညာ၊ သိပါလတ္တံ့။

֍ ဋ္ဌ ၁၆၁။ ဗြာဟ္မဏ၊ ဆရာသုစီရတပုဏ္ဏား။ ယထာပိ၊ ဥပမာတပါးလည်း။ ဂိမှာနံ၊ နွေလတို့၏။ ရမ္မကော မာသော၊ မွေ့လျော်ဘွယ်ရှိသော တန်ခူးလသည်။ ဟောတိ၊ ဖြစ်၏။ သော ရမ္မကော၊ ထိုမွေ့လျော်ဘွယ်ရှိသော တန်ခူးလသည်။ အညေဟိ၊ တပါးကုန်သော။ မာသေဟိ၊ တဆယ့်တလတို့ထက်။ အတေဝ- အတိ ဧဝ၊ အလွန်လျှင်။ ဒုမပုပ္ဖေဟိ၊ သစ်ပင်တောပန်းတို့ဖြင့်။ သောဘတိ ယထာ၊ တင့်တယ်သကဲ့သို့။

֍ ဋ္ဌ ၁၆၂။ ဧဝံပိ၊ ဤအတူ၎င်းလျှင်။ သမ္ဘဝေါ၊ ငါ့ညီသမ္ဘဝသည်။ ဒဟရူပေတော၊ ငယ်သောအဖြစ်နှင့်ယှဉ်လျက်။ ပညာယောဂေန၊ ပညာအထူးဖြင့်။ သောဘတိ၊ တင့်တယ်၏။ ဗြာဟ္မဏ၊ ဖခင်သုစီရတ ပုဏ္ဏား။ တွံ၊ သင်ဖခင်သည်။ နံ သမ္ဘဝံ၊ ထိုသမ္ဘဝသတို့သားကို။ အပုစ္ဆိတွာန၊ မမေးမူ၍။ ဒုဟရောတိ၊ ငယ်၏ဟူ၍။ မာ ဥညာသိ၊ မထီမဲ့မြင် မအောက်မေ့လင့်။ အတ္ထဉ္စ၊ ကို၎င်း။ ဓမ္မဉ္စ၊ ကို၎င်း။ သမ္ဘဝံ၊ ငါ့ညီသမ္ဘဝကို။ ပုစ္ဆိတွာ၊ မေး၍။ ဇညာ၊ သိပါလတ္တံ့။

֍ ဋ္ဌ ၁၆၃။ ဗြဟ္မေ၊ ဖခင်သုစီရတပုဏ္ဏား။ ယထာပိ၊ ဥပမာတပါးလည်း။ ဟိမဝါ၊ ဆီးနှင်းရှိသော။ တနည်းကား။ ဆောင်းလအခါ ဆီးနှင်းနှင့်ယှဉ်၍ နွေအခါ ဆီးနှင်းကိုအန်တတ်သော။ ပဗ္ဗတော၊ တောင်သည်၎င်း။ ဂန္ဓမာဒနော၊ ဂန္ဓမာဒန အမည်ရှိသော။ တနည်း။ ရောက်လာသော လူအပေါင်းကို နံ့သာဖြင့် ဝမ်းမြောက်စေတတ်သော။ ပဗ္ဗတော၊ တောင်သည်၎င်း။ နာနာရုက္ခေဟိ၊ အထူးထူးသော သစ်ပင်တို့ဖြင့်။ သဉ္ဆန္နော ယထာ၊ ကောင်းစွာ ဖုံးလွှမ်းသကဲ့သို့၎င်း။ မဟာဘူတ ဂဏာလယော ယထာ၊ များစွာသော နတ်အပေါင်းတို့၏ နေရာဖြစ်သကဲ့သို့၎င်း။ ဒိဗ္ဗေဟိ၊ နတ်၌ဖြစ်ကုန်သော။ ဩသဟိ၊ ဆေးတို့ဖြင့်။ သဉ္ဆန္နော ယထာ စ၊ ဖုံးလွှမ်းသကဲ့သို့၎င်း။ ဒိသာ၊ အရပ်မျက်နှာတို့ကို။ ဘာတိ ယထာ စ၊ ထွန်းပသကဲ့သို့၎င်း။ ပဝါတိ ယထာ စ၊ အနံ့တကြိုင်ကြိုင် လှိုင်သကဲ့သို့၎င်း။

֍ ဋ္ဌ ၁၆၄။ ဧဝံပိ၊ ဤအတူ၎င်းလျှင်။ သမ္ဘဝေါ၊ ငါ့ညီသမ္ဘဝသည်။ ဒဟရူပေတော၊ ငယ်သောအဖြစ်နှင့်ယှဉ်လျက်။ ပညာယောဂေန၊ ပညာအထူးဖြင့်။ ဘာတိ စ၊ ထွန်းလည်း ထွန်းပ၏။ ပဝါတိ စ၊ ဂုဏ်နံ့တကြိုင်ကြိုင် လှိုင်လည်း လှိုင်၏။ ဗြာဟ္မဏ၊ ဖခင်သုစီရတ ပုဏ္ဏား။ တွံ၊ သင်ဖခင်ပုဏ္ဏားသည်။ နံ သမ္ဘဝံ၊ ထို ငါ့ညီသမ္ဘဝကို။ အပုစ္ဆိတွာန၊ မမေးမူ၍။ ဒဟရောတိ၊ ငယ်၏ဟူ၍။ မာ ဥညာသိ၊ မထီမဲ့မြင် မအောက်မေ့လင့်။ အတ္ထဉ္စ၊ ကို၎င်း။ ဓမ္မဉ္စ၊ ကို၎င်း။ သမ္ဘဝံ၊ ငါ့ညီသမ္ဘဝကို။ ပုစ္ဆိတွာ၊ မေး၍။ ဇညာ၊ သိပါလတ္တံ့။

֍ ဋ္ဌ ၁၆၅။ ဗြဟ္မေ၊ ဖခင် သုစီရတပုဏ္ဏား။ ယထာပိ၊ ဥပမာတနည်းလည်း။ အစ္စိမာလိ၊ မီးတောက် မီးလျှံတည်းဟူသော ပန်းရှိသော။ ယသဿိမာ၊ တန်ခိုးနှင့်ပြည့်စုံသော။ ဂစ္ဆေ၊ ဂစ္ဆဟုဆိုအပ်သော။ ဝနေ၊ တောကြီး၌။ ဇာလမာနော၊ ထွန်းတောက်ပသော။ အနလော၊ မီးစာ၌ ရောင့်ရဲခြင်းမရှိသော။ ကဏှဝတ္တနိ၊ သွားရာခရီး၏ မည်းခြင်းကို ဖြစ်စေတတ်သော။

֍ ဋ္ဌ ၁၆၆။ ဃတာသနော၊ ယဇ်ပူဇော်သော ထောပတ်ကို စားတတ်သော။ ဓူမကေတု၊ အခိုးတည်းဟူသော မှန်ကင်းအထွဋ်ရှိသော။ ဥတ္တမာ ဟေဝနံ၊ မြတ်သော တောအုပ်ကို။ ဒဟော၊ လောင်တတ်သော။ ဗဟုတေဇော၊ များသော တန်ခိုးရှိသော။ ပါဝကော၊ မီးသည်။ နိသီထေ၊ ညဉ့်သန်းခေါင်အခါ၌။ ပဗ္ဗတဂ္ဂသ္မိံ၊ တောင်ထိပ်၌။ ဝိရောစတိ ယထာ၊ တင့်တယ်သကဲ့သို့။

֍ ဋ္ဌ ၁၆၇။ ဧဝံပိ၊ ဤအတူ၎င်းလျှင်။ သမ္ဘဝေါ၊ ငါ့ညီသမ္ဘဝသည်။ ဒဟရူပေတော၊ ငယ်သောအဖြစ်နှင့်ယှဉ်လျက်။ ပညာယောဂေန၊ ပညာအထူးဖြင့်။ ဝိရောစတိ၊ တင့်တယ်၏။ ဗြာဟ္မဏ၊ ဖခင်သုစီရတပုဏ္ဏား။ နံ သမ္ဘဝံ၊ ထို ငါ့ညီသမ္ဘဝကို။ အပုစ္ဆိတွာန၊ မမေးဦးဘဲ။ ဒဟရောတိ၊ ငယ်၏ဟူ၍။ မာ ဥညာသိ၊ မထီမဲ့မြင် မမှတ်ပါလင့်။ အတ္ထဉ္စ၊ ကို၎င်း။ ဓမ္မဉ္စ၊ ကို၎င်း။ သမ္ဘဝံ၊ ငါ့ညီသမ္ဘဝကို။ ပုစ္ဆိတွာ၊ မေး၍။ ဇညာ၊ သိပါလတ္တံ့။

֍ ဋ္ဌ ၁၆၈။ ဗြာဟ္မဏ၊ ဖခင် သူစီရတပုဏ္ဏား။ ဇဝေန၊ လျင်မြန်ခြင်းဖြင့်။ ဘဒြံ၊ မြင်းကောင်းကို။ ဇာနန္တိ၊ သိရကုန်၏။ ဗလိဗဒ္ဓဉ္စ၊ နွားကောင်းကိုလည်း။ ဝါဟဏေ၊ ဝန်ကို ရွက်ဆောင်ရာ၌။ ဇာနန္တိ၊ သိရကုန်၏။ ဓေနုံ၊ နွားမကို။ ဒေါဟေန၊ နို့ညှစ်သဖြင့်။ ဇာနန္တိ၊ သိရကုန်၏။

֍ ဋ္ဌ ၁၆၉။ ဧဝံပိ၊ ဤအတူ၎င်းလျှင်။ သမ္ဘဝေါ၊ ငါ့ညီသမ္ဘဝသည်။ ဒဟရူပေတော၊ ငယ်များအဖြစ်နှင့် ယှဉ်သော်လည်း။ ပညာယောဂေန၊ ပညာ အထူးဖြင့်။ ဇာနာတိ၊ သိ၏။ နံ သမ္ဘဝံ၊ ထို ငါ့ညီသမ္ဘဝကို။ အပုစ္ဆိတွာန၊ မမေးဦးဘဲ။ ဒဟရောတိ၊ ငယ်၏ဟူ၍။ တွံ၊ သင်ဖခင်သည်။ မာ ဥညသိ၊ မထီမဲ့မြင် မမှတ်ပါလင့်။ ဗြာဟ္မဏ၊ သုစီရတပုဏ္ဏား။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ သမ္ဘဝံ၊ ငါ့ညီသမ္ဘဝကို။ ပုစ္ဆိတွာ၊ မေး၍။ ဇညာ၊ သိပါလတ္တံ့။

သုစီရတ ပုဏ္ဏားသည် ဤသို့ ထိုသဉ္စယ လုလင်သည် သမ္ဘဝသတို့သားကို ချီးမွမ်းသည်ရှိသော် ဤ ပြသာနာကို မေး၍ သိရလတ္တံ့ဟု သင်ဆို၏။ သင့်ညီငယ်ဖြစ်သော သမ္ဘဝသတို့သားသည် အဘယ်အရပ်၌ နေသနည်းဟု မေး၏။ ထိုသို့ မေးသည်ရှိသော် ထိုသူစီရတပုဏ္ဏားအား သဉ္စယလုလင်သည် ခြင်္သေ့ခံသော လေသွန်တံခါးကိုဖွင့်၍ လက်ကိုဆန့်လျက် ထို အကျွန်ုပ်ညီ သမ္ဘဝသတို့သားသည် ပြာသာဒ်တံခါးအပ ခရီးလမ်းမအလယ်၌ သူငယ်တို့နှင့်တကွ ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၍ ကစား၏။ ဤကစားသော သူငယ်သည် အကျွန်ုပ် ညီငယ်တည်း၊ ထို ညီငယ်သမ္ဘဝသို့ ကပ်၍ မေးလေလော့၊ ဘုရားကဲ့သို့ တင့်တယ်ခြင်းဖြင့် သင်ဖခင်၏ အမေးကို ဖြေဆိုပါလတ္တံ့ဟု ဆို၏။ သုစီရတ ပုဏ္ဏားသည် ထိုသဉ္စယလုလင်၏ စကားကိုကြား၍ ပြာသာဒ်ထက်မှ သက်ခဲ့ပြီးလျှင် သမ္ဘဝသတို့သားအထံသို့ သွားလေ၏။ အဘယ်အခါ၌ သွားလေသနည်းဟူမူကား သမ္ဘဝသတို့သားသည် ဝတ်ပုဆိုးကို ချွတ်၍ ပခုံး၌တင်လျက် လက်နှစ်ဘက်တို့ဖြင့် မြေမှုန့်ကို ကိုင်၍ နေသောအခါ သွား၏။

ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၇၀။ သွာဓိပ္ပါဂါ ဘာရဒွါဇော၊ သမ္ဘဝဿ ဥပန္ထကံ။
တမဒ္ဒသ မဟာဗြဟ္မာ၊ ကီဠမာနံ ဗဟိပုရေ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၇၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘာရဒွါဇော၊ ဘာရဒွါဇအနွယ် ဖြစ်သော။ သော၊ ထိုသူစီရတပုဏ္ဏားသည်။ သမ္ဘဝဿ၊ သမ္ဘဝ သတို့သား၏။ ဥပန္ထကံ၊ အထံသို့။ အဓိပ္ပါဂါ၊ သွားလေ၏။ မဟာဗြဟ္မာ၊ သုစီရတ အမည်ရှိသော ပုဏ္ဏားမြတ်သည်။ ဗဟိပုရေ၊ အိမ်အပ၌။ ကီဠမာနံ၊ မြေမှုန့်ကစား၍ နေသော။ တံ၊ ထိုသမ္ဘဝသတို့သားကို။ အဒ္ဒသ၊ မြင်လေ၏။

ဘုရားလောင်း သမ္ဘဝလုလင်သည်လည်း သုစီရတပုဏ္ဏား လာလတ်၍ ရှေ့၌တည်သည်ကို မြင်လျှင် ဖခင်- အဘယ် အကြောင်းကြောင့် ကြွလာတော်မူသနည်းဟု မေး၍ ချစ်သား သမ္ဘဝသတို့သား- ငါသည် ဇမ္ဗူဒိပ်ကျွန်းအပြင်၌။ လှည့်လည်ငြားသော်လည်း ငါသည် မေးအပ်သော ပြသနာကို ဖြေဆိုခြင်းငှါ စွမ်းနိုင်သောသူကို မရသောကြောင့် သင်ချစ်သား အထံသို့ လာ၏ဟု ဆိုလတ်သော် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ မဆုံးဖြတ်နိုင်သော ပြဿနာသည် ငါ့အထံသို့ ရောက်လာ၏။ ငါသည် ဉာဏ်ဖြင့် ကြီးမြတ်သည် ဖြစ်သတတ်ဟု ဟိရိဩတ္တပ္ပကိုရ၍ လက်၌ရှိသော မြေမှုန့်ကိုစွန့်ပြီးလျှင် ပခုံးမှ ပုဆိုးကိုယူ၍ဝတ်လျက် ဖခင် သုစီရတပုဏ္ဏား- မေးတော်မူလော့၊ ဘုရား၏ တင့်တယ်စမ္ပယ်ခြင်းဖြင့် ဖခင်၏ပြသနာကို ဖြေပါအံ့ဟု ဆို၍ သဗ္ဗညူဘုရား၏ ဘိတ်ခြင်းကို ဘိတ်၏။

ထို့နောင်မှ သုစီရတပုဏ္ဏားသည်-

၁၇၁။ ရညောဟံ ပဟိတော ဒူတော၊
ကောရဗျဿ ယသဿိနော။
အတ္ထံ ဓမ္မဉ္စ ပုစ္ဆေသိ၊ ဣစ္စဗြဝိ ယုဓိဋ္ဌိလော၊
တံ တွံ အတ္ထဉ္စ ဓမ္မဉ္စ၊ သမ္ဘဝက္ခာဟိ ပုစ္ဆိတော။

ဟူသော ဤဂါထာဖြင့် ပြဿနာကို မေး၏။

֍ ဋ္ဌ ၁၇၁။ ကုမာရ၊ သမ္ဘဝသတို့သား။ အဟံ၊ ငါသည်။ ယသဿိနော၊ များစွာသော အခြံအရံရှိသော။ ကောရဗျဿ၊ ကောရဗျ အမည်ရှိသော။ ရညော၊ ပြည့်ရှင်မင်း၏။ ပဟိတော၊ စေအပ်သော။ ဒူတော၊ တမန်တည်း။ ယုဓိဋ္ဌိလော၊ ယုဓိဋ္ဌိလ အနွယ်ဖြစ်သော ငါတို့အရှင်ကောရဗျမင်းသည်။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ ပုစ္ဆေသိ၊ သင်မေးချေလော့။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆို၏။ သမ္ဘဝ၊ အမောင်သမ္ဘဝ။ ပုစ္ဆိတော၊ ငါမေးအပ်သော။ တွံ၊ သင်သည်။ တံ အတ္ထဉ္စ၊ ထိုအကျိုးကို၎င်း။ တံ ဓမ္မဉ္စ၊ ထိုအကြောင်းကို၎င်း။ အက္ခာဟိ၊ ဖြေပါလော့။

ထိုအခါ သုစီရတပုဏ္ဏားကို ဖခင်- ထိုသို့တပြီးကား နာလော့ဟု ဆို၍ ဓမ္မယာဂ ပြသနာကို ဖြေလိုရကား -

၁၇၂။ တဂ္ဃ တေ အဟမက္ခိဿံ၊
ယထာပိ ကုသလော တထာ။
ရာဇာ စ ဝေါ တံ ဇာနာတိ၊
ယဒိ ကာဟတိ ဝါ နဝါ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၂။ ဗြာဟ္မဏ၊ ဖခင် သုစီရတ ပုဏ္ဏား။ ကုသလော၊ တရားဟောခြင်း၌ လိမ်မာတော်မူသော သဗ္ဗညူ မြတ်စွာဘုရားသည်။ အာစိက္ခတိ ယထာ၊ ဖြေသကဲ့သို့။ တထာ၊ ထို့အတူ။ တဂ္ဃ၊ စင်စစ်သဖြင့်။ တေ၊ သင်ဖခင်အား။ အဟံ၊ အကျွန်ုပ်သည်။ အက္ခိဿံ၊ ဖြေပါအံ့။ ဝေါ၊ သင် ဖခင်တို့၏။ ရာဇာ စ၊ မင်းသည်ကား။ တံ၊ ထိုအကျွန်ုပ် ဖြေဆိုသော တရားကို။ ယဒိ ဇာနာတိ၊ အကယ်၍ သိအံ့။ ကာဟတိ ဝါ၊ ဟောတိုင်း ပြုမူလည်း ပြုလတ္တံ့။ န ဝါ ကာဟတိ၊ ဟောတိုင်း မပြုမူလည်း မပြုလတ္တံ့။ ကရောန္တဿ ဝါ၊ ပြုသည်မူလည်း ဖြစ်စေ။ အကရောန္တဿ ဝါ၊ မပြုသည်မူလည်း ဖြစ်စေ။ တဿေဝ၊ ထိုမင်းအားသာလျှင်။ တံ၊ ထိုပြု မပြု နှစ်ပါးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ မယှံ ပန၊ အကျွန်ုပ်အားကား။ ဒေါသော၊ အပြစ်သည်။ နတ္ထိ၊ မရှိ။

ခရီးလမ်းမ အလယ်၌ ရပ်၍ သာယာသော အသံဖြင့် တရားဟောသော ထိုဘုရားလောင်း၏ အသံသည် တဆယ့်နှစ်ယူဇနာ ရှိသော အလုံးစုံသော ဗာရာဏသီမြို့ကို လွှမ်းမိုး၏။ ထိုအခါ မင်းသည်၎င်း, အိမ်ရှေ့မင်း အစရှိသော သူတို့သည်၎င်း အလုံးစုံသော လူတို့သည် စည်းဝေးကုန်၏။ ဘုရားလောင်းသည်လည်း လူများအလယ်၌ တရားဒေသနာကို ဖြစ်စေ၏။

ဤသို့ ဤဂါထာဖြင့် ပြဿနာဖြေခြင်းကို ဝန်ခံပြီး၍ ယခုအခါ ဓမ္မယာဂ ပြသာနာကို ဖြေလိုရကား-

၁၇၃။ အဇ္ဇ သုဝေတိ သံသေယျ၊ ရညာ ပုဋ္ဌော သုစီရတ။
မာ ကတွာ အဝသီ ရာဇာ၊
အတ္ထေ ဇ တေ ယုဓိဋ္ဌိလော။
၁၇၄။ အဇ္ဈတ္တညေဝ သံသေယျ၊ ရညာ ပုဋ္ဌော သုစီရတ။
ကုမ္မဂ္ဂံ န နိသေဝေယျ၊
ယထာ မူဠှော အစေတနော။
၁၇၅။ အတ္တာနံ နာတိဝတ္တေယျ၊ အဓမ္မံ န သမာစရေ။
အတိတ္ထေ နပ္ပတာရေယျ၊
အနတ္ထေန ယုတ္တော သိယာ။
၁၇၆။ ယော စ ဧတာနိ ဌာနာနိ၊
ကတ္တုံ ဇာနာတိ ခတ္တိယော။
သဒါ သော ဝဍ္ဎတေ ရာဇာ၊ သုက္ကပက္ခေဝ စန္ဒိမာ။
၁၇၇။ ဉာတီနဉ္စ ပိယော ဟောတိ၊
မိတ္တေသု စ ဝိရောစတိ။
ကာယဿ ဘေဒါ သပ္ပညော၊
သဂ္ဂံ သော ဥပပဇ္ဇတိ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၇၃။ တာတ သုစီရတ၊ ဖခင် သုစီရတပုဏ္ဏား။ ရညာ၊ ဖခင်တို့၏ အရှင်မင်းသည်။ အဇ္ဇ၊ ယနေ့။ ကုသလံ၊ ကုသိုလ်ကို။ ကရိဿာမ၊ ပြုကုန်လတ္တံ့လော။ ဣတိ၊ ဤသို့။ ပုဋ္ဌော၊ မေးအပ်သည်ရှိသော်။ သုဝေ၊ နက်ဖြန်မှ ပြုကုန်အံ့ဟူ၍။ သံသေယျ၊ ဆိုရာ၏။ ယုဓိဋ္ဌိလော၊ ယုဓိဋ္ဌိလအနွယ်ဖြစ်သော။ ရာဇာ၊ ဘခင်တို့အရှင်မင်းသည်။ အတ္ထေ၊ အကျိုးစီးပွားသည်။ ဇာတေ၊ ဖြစ်သည်ရှိသော်။ တဿ၊ ထိုမေ့လျော့သောသူ၏။ ဝစနံ၊ စကားကို။ ကတွာ၊ လိုက်နာ၍။ တံ ဒိဝသံ၊ ထိုနေ့ကို။ ပမာဒေန၊ မေ့လျော့ခြင်းဖြင့်။ မာ အဝသီ၊ မေ့လျော့သောသူ၏ အလိုသို့ မလိုက်ပါစေလင့်။

֍ ဋ္ဌ ၁၇၄။ သုစီရတ၊ ဖခင် သုစီရတပုဏ္ဏား။ ရာဇာ၊ ဖခင်တို့အရှင်မင်းကို။ ပုဋ္ဌော၊ မေးအပ်သော ဖခင်သည်။ အဇ္ဈတ္တညေဝ၊ ခန္ဓာငါးပါးတို့၏ အပေါင်းကိုလျှင်။ သံသေယျ၊ အနိစ္စဟူ၍ ဟောပါလေ။ မူဠှော၊ တွေဝေသော။ အစေတနော၊ ကောင်းသော အယူနှင့်ယှဉ်သော စိတ်မရှိသော ပုထုဇဉ်မိုက်သည်။ ကုမ္မဂ္ဂံ၊ ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိဟု ဆိုအပ်သော မကောင်းသောခရီးကို။ သေဝတိ ယထာ၊ မှီဝဲသကဲ့သို့။ ဧဝံ၊ ဤအတူ။ ရာဇာ၊ ဖခင်တို့အရှင်မင်းသည်။ ကုမ္မဂ္ဂံ၊ ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိအယူဟု ဆိုအပ်သော မကောင်းသောခရီးကို။ န နိသေဝေယျ၊ မမှီဝဲရာ။

֍ ဋ္ဌ ၁၇၅။ ဗြာဟ္မဏ၊ ဖခင် သုစီရတပုဏ္ဏား။ အတ္တာနံ၊ သုဂတိဘဝ၌တည်သော မိမိကိုယ်ကို။ နာတိဝတ္တေယျ၊ လူနတ်ချမ်းသာကိုလွန်၍ အပါယ်လေးပါး၌ ဖြစ်စေတတ်သောကံကို မပြုရာ။ အဓမ္မံ၊ ဒုစရိုက်တရား သုံးပါးဟု ဆိုအပ်သော မကောင်းသောအကျင့်ကို။ န သမာစရေ၊ မကျင့်ရာ။ အတိတ္ထေ၊ ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိအယူ ဟု ဆိုအပ်သော ဆိပ်မဟုတ်သည်၌။ နပ္ပတာရေယျ၊ မချရာ။ အနတ္ထေ၊ အကျိုးမရှိသည်၌။ ယုတ္တော၊ ယှဉ်သည်။ န သိယာ၊ မဖြစ်ရာ။

֍ ဋ္ဌ ၁၇၆။ ဗြာဟ္မဏ၊ ဖခင် သုစီရတပုဏ္ဏား။ ယော ခတ္တိယော၊ အကြင်မင်းသည်။ ဧတာနိ ဌာနာနိ၊ ဤအကျွန်ုပ် ဟောအပ်ကုန်သော အကြောင်းတို့ကို။ ကတ္တုံ၊ ပြုခြင်းငှါ။ ဇာနာတိ၊ သိအံ့။ သော ခတ္တိယော၊ ထိုမင်းသည်။ သုက္က-ပက္ခေ၊ လဆန်းပက္ခ၌။ စန္ဒိမာဝ၊ လကဲ့သို့။ သဒါ၊ အခါခပ်သိမ်း။ ဝဍ္ဎတေ၊ အခြံအရံ စည်းစိမ် ပွားများရာ၏။

֍ ဋ္ဌ ၁၇၇။ ဉာတီနဉ္စ၊ ဆွေမျိုးတို့သည်လည်း။ ပိယော၊ ချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ မိတ္တေသုစ၊ အဆွေခင်ပွန်းတို့အလယ်၌လည်း။ ဝိရောစတိ၊ တင့်တယ်၏။ ကာယသ ဘေဒါ၊ ကမ္မဇရုပ် ခန္ဓာကိုယ် ပျက်သည်မှ။ ပရံ၊ နောက်၌။ သပ္ပညော၊ ပညာရှိသော။ သော ရာဇာ၊ ထိုမင်းသည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဥပပဇ္ဇတိ၊ ရောက်ရ၏။

ဤသို့ သမ္ဘဝသတို့သားသည် ကောင်းကင်ပြင်၌ လဝန်းကို တက်စေဘိသကဲ့သို့ သဗ္ဗညူဘုရား၏ တင့်တယ်ခြင်းဖြင့် သုစီရတပုဏ္ဏား၏ ပြဿနာကို ဖြေဆိုလျှင် လူများသည် ဟစ်ကြွေးကြော်ငြာ လက်ပမ်းပေါက် ခတ်လျက် ကောင်းချီး တထောင်တို့ကို ပေး၏။ အဝတ်ပုဆိုးဖြင့် ပစ်လွှားခြင်းတို့ကို၎င်း၊ လက်ဖျစ်တီးခြင်းတို့ကို၎င်း ဖြစ်စေ၏။ လက်ကောက် လက်ကြပ် လက်စွပ် အစရှိသည်တို့ကိုလည်း ပစ်၏။ ဤသို့ ပစ်အပ်သောဥစ္စာသည် တကုဋေအတိုင်းအရှည်ရှိ၏။ ဗာရာဏသီမင်းသည်လည်း ထိုသမ္ဘဝ သတို့သားအား အလွန် နှစ်သက်သည်ဖြစ်၍ များစွာသော စည်းစိမ်အခြံအရံကို ပေး၏။ သုစီရတ ပုဏ္ဏားသည်လည်း ရွှေစင်နိက္ခတထောင်ဖြင့် ပူဇော်၍ ရွှေပြား၌ ဟင်းသပြဒါးစစ်ဖြင့် ပြဿနာအဖြေကို ရေးပြီးလျှင် ဣန္ဒပတ္တနဂိုရ်ပြည်သို့ သွား၍ မိမိအရှင်ကောရဗျမင်း၏ ဓမ္မယာဂမည်သော ပြဿနာကို ဖြေဆို၏။ ကောရဗျမင်းသည်လည်း ထိုဓမ္မယာဂတရား၌ ကျင့်ဆောင်၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့- ယခုအခါ၌သာလျင် သင်တို့ဆရာ ငါဘုရားသည် ကြီးသော ပညာရှိတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ကြီးသော ပညာရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဓနဉ္စယ ကောရဗျမင်း ဖြစ်ဘူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သုစီရတပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ မဟာကဿပသည် ထိုအခါ ဝိဓူရ ပညာရှိ ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ ဘဒြကရလုလင် ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သဉ္စယလုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သမ္ဘဝပညာရှိ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ပညာရဲရင့်၊ ပွဲလယ်တင့်၊ ကြီးမြင့်အသရေကြွ

ငါးခုမြောက်ဖြစ်သော သမ္ဘဝဇာတ်သည် ပြီး၏။

*****

တိံသနိပါတ်

၆။ မဟာကပိဇာတ်

ကျေးဇူးရှင်ကို ပြစ်မှား၍ လူပြိတ္တာဖြစ်ခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗာရာဏသျံ အဟု ရာဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာကပိဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်၏ ကျောက်ဖြင့်လှိမ့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုဒေဝဒတ်သည် လေးသမားတို့ကို စေလွှတ်ပြီး၍ နောက်အဘို့၌ ကျောက်ကိုလှိမ့်ခြင်းဖြင့် မြတ်စွာဘုရားအား သေကြောင်းလုံ့လကို ပြု၏ဟု ရဟန်းတို့သည် ဒေဝဒတ်၏ ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို ပြောဆိုကုန်လတ်သော် သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့- ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါဘုရားအား ကျောက်ကို လှိမ့်ချသည် မဟုတ်သေး၊ ရှေး၌လည်း လှိမ့်ချဘူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ကာသိရွာ၌နေသော တယောက်သော လယ်ထွန်ပုဏ္ဏားသည် လယ်ထွန်ပြီးလျှင် နွားတို့ကိုလွှတ်၍ ပေါက်တူးပေါက်သော အမှုကို ပြုခြင်းငှါ အားထုတ်၍ နေ၏။ နွားတို့သည် တခုသောချုံ၌ သစ်ရွက်တို့ကို စားကုန်လျက် အစဉ်သဖြင့် တောအုပ်သို့ ဝင်၍ ပြေးကုန်၏။ ထိုလယ်ထွန်ပုဏ္ဏားသည် အခါကိုမှတ်၍ ပေါက်တူးကိုထား၍ နွားတို့ကို ကြည့်လတ်သော် မမြင်၍ နှလုံးမသာခြင်းသို့ ရောက်သဖြင့် ထိုနွားတို့ကို ရှာလျက် တောအုပ်အတွင်းသို့ ဝင်၍ လှည့်လည်သည်ရှိသော် ဟိမဝန္တာသို့ ဝင်လေ၏။ ထိုနွားရှာသော ပုဏ္ဏားသည် ထိုဟိမဝန္တာ တောအရပ်၌ မျက်စိလည်သည်ဖြစ်၍ ခုနစ်ရက်ပတ်လုံး အစာကင်းလျက် သွားရသည်ရှိသော် တခုသော တည်ပင်ကိုမြင်လျှင် တည်ပင်သို့တက်၍ တည်သီးတို့ကိုစားလျက် တည်ပင်မှ လျှောကျ၍ အတောင်ခြောက်ဆယ်ရှိသော နရက်ချောက် ကမ်းပါးပြတ်၌ ကျ၏။ ထို့နောက် ကမ်းပါးပြတ်၌ကျသော ထိုပုဏ္ဏားအား ဆယ်ရက်တို့သည် လွန်ကုန်၏။

ထိုအခါ ဘုရားလောင်းသည် မျောက်မျိုး၌ ဖြစ်၍ သစ်သီးကြီးငယ်ကို စားလျက် ထိုပုဏ္ဏားကိုမြင်လျှင် ကျောက်ခဲ အဆင့်ဆင့် ယှဉ်ခြင်းကိုပြု၍ ထိုပုဏ္ဏားကို နရက်ချောက်မှ ဆယ်တင်ပြီးလျှင် ကျောက်ဖျားငယ်၌ နေစေ၍ ဘုရားလောင်းသည် ဤသို့ ဆို၏။ အို ပုဏ္ဏား- ငါသည် အလွန်ပင်ပန်း၏။ တခဏမျှ အိပ်အံ့၊ ငါ့ကို သင်စောင့်လော့ဟု ဆို၏။ ထိုပုဏ္ဏားသည် ဘုရားလောင်း အိပ်ပျော်စဉ် ကျောက်ခဲဖြင့် ဘုရားလောင်း ဦးခေါင်းကို ခွဲ၏။ ဘုရားလောင်းသည် ထိုပုဏ္ဏား၏ အမှုကိုသိလျှင် ခုန်တက်၍ သစ်ခက်၌နေလျက် အိုယောက်ျား- သင်သည် မြေဖြင့်သွားလော့၊ ငါမူကား သစ်ခက်ဖျားဖြင့် သင့်အား လမ်းခရီးကို ညွှန်ကြားလျက် သွားအံ့ဟုဆို၍ ထိုယောက်ျားကို တောအုပ်မှ ထုတ်ဆောင်၍ လူ့ပြည်ခရီး၌ ထားခဲ့ပြီးလျှင် တောင်ခြေရင်းသို့လျှင် ဝင်လေ၏။ ထိုပုဏ္ဏားသည် ဘုရားလောင်း၌ ပြစ်မှားမိသောကြောင့် နူသည်ဖြစ်၍ မျက်မှောက်သော ကိုယ်အဖြစ်၌လျှင် လူပြိတ္တာဖြစ်၏။ ထိုပုဏ္ဏားသည် ခုနစ်နှစ်တို့ပတ်လုံး ဆင်းရဲဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ လှည့်လည်သည်ရှိသော် ဗာရာဏသီပြည်၌ မိဂါဇိန် ဥယျာဉ်သို့ ဝင်ပြီးလျှင် တံတိုင်းအကြား၌ ငှက်ပျောရွက်ကို ခင်း၍ ဆင်းရဲခြင်း ဝေဒနာသို့ရောက်၍ အိပ်၏။ ထိုအခါ ဗာရာဏသီမင်းသည် ဥယျာဉ်သို့သွား၍ ထိုဥယျာဉ်၌ လှည့်လည်သည်ရှိသော် ထိုလူပြိတ္တာကိုမြင်၍ သင်သည် အဘယ်သူနည်း၊ အဘယ်ကံကို ပြုသောကြောင့် ဤဆင်းရဲသို့ ရောက်သနည်းဟု မေး၍ ထိုလူပြိတ္တာသည်လည်း ဗာရာဏသီမင်းအား အလုံးစုံကို အကျယ်အားဖြင့် ကြား၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၇၈။ ဗာရာဏသျံ အဟု ရာဇာ၊ ကာသီနံ ရဋ္ဌဝဍ္ဎနော။
မိတ္တာမစ္စ ပရိဗျူဠှော၊ အဂမာသိ မိဂါဇိနံ။
၁၇၉။ တတ္ထ ဗြာဟ္မဏ မဒ္ဒက္ခိ၊ သေတံ စိတြံ ကိလာသိနံ။
ဝိဒ္ဓသ္တံ ကောဝိဠာရံဝ၊ ကိသံ ဓမနိသန္ထတံ။
၁၈၀။ ပရမကာရုညတံ ပတ္တံ၊ ဒိသွာ ကိစ္ဆဂတံ နရံ။
အဝစ ဗျမှိတော ရာဇာ၊ ယက္ခာနံ ကတမော နုသိ။
၁၈၁။ ဟတ္ထပါဒါ စ တေ သေတာ၊
တတော သေတတရံ သိရော။
ဂတ္တံ ကမ္မာသဝဏ္ဏန္တေ၊ ကိလာသ ဗဟုလော စသိ။
၁၈၂။ ဝဋ္ဋနာဝဠိ သံကာသာ၊ ပိဋ္ဌိ တေ နိန္နတုန္နတာ။
ကာဠပဗ္ဗာ စ တေ အင်္ဂါ၊ နာညံ ပဿာမိ ဧဒိသံ။
၁၈၃။ ဥဂ္ဃဋ္ဌပါဒေါ တသိတော၊ ကိသော ဓမနိသန္ထတော။
ဆာတော အတိတ္တရူပေါသိ၊
ကုတောသိ ကတ္ထ ဂစ္ဆသိ။
၁၈၄။ ဒုဒ္ဒသိ အပ္ပကရောသိ၊ ဒုဗ္ဗဏ္ဏော ဘိမ္မဒဿနော။
ဇနေတ္တိယာပိ တေ မာတာ၊
န တံ ဣစ္ဆေယျ ပဿိတုံ။
၁၈၅။ ကိံ ကမ္မ မကရံ ပုဗ္ဗေ၊ ကံ အဝဇ္ဈံ အဃာတယိ။
ကိဗ္ဗိသံ ယံ ကရိတွာန၊ ဣဒံ ဒုက္ခံ ဥပါဂမိ။

ဟူသော ဤရှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၇၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဗာရာဏသျံ၊ ဗာရာဏသီပြည်၌။ ကာသီနံ၊ ကာသိတိုင်းသူတို့၏။ ရဋ္ဌဝဍ္ဎနော၊ တိုင်းကားပြည်ရွာကို ပွားစေတတ်သော။ ရာဇာ၊ မင်းသည်။ အဟု၊ ဖြစ်ပြီ။ သော၊ ထိုဗာရာဏသီမင်းသည်။ မိတ္တာမစ္စပရိဗျူဠှော၊ အဆွေခင်ပွန်း အမတ်အပေါင်း ခြံရံလျက်။ မိဂါဇိနံ၊ မိဂါဇိန် ဥယျာဉ်သို့။ အဂမာသိ၊ သွားလေ၏။

֍ ဋ္ဌ ၁၇၉။ တတ္ထ၊ ထိုမိဂါဇိန် ဥယျာဉ်၌။ သေတံ၊ နူဖြူနာလည်း ရှိထသော။ စိတြံ၊ ပြောက်ကျားသော အနူအိုင်းနာလည်း ရှိထသော။ ကိလာသိနံ၊ ပေါက်ပြဲယားယံသော နူနာလည်းရှိထသော။ ဝိဒ္ဓသ္တံ ကောဝိဠာရံဝ၊ ပင်လယ်ကသစ်ပန်းနှင့်တူသော နူနာဝတို့မှ ယိုထွက်သော အသားလည်း ရှိထသော။ ကိသံ၊ အချို့သော အရပ်တို့၌ အရိုးအရေမျှသာရှိ၍ အလွန်ကြုံထသော။ ဓမနိသန္ထတံ၊ အကြောပြိုင်းရရိုင်းထသော ကိုယ်ရှိထသော။ ဗြာဟ္မဏံ၊ ပုဏ္ဏားကို။ အဒ္ဒက္ခိ၊ မြင်လေ၏။

֍ ဋ္ဌ ၁၈၀။ ပရမကာရုညတံ၊ အလွန်သနားဘွယ်ရှိသော အဖြစ်သို့။ ပတ္တံ၊ ရောက်သော။ ကိစ္ဆဂတံ၊ ဆင်းရဲခြင်းသို့ရောက်သော။ နရံ၊ လူကို။ ဒိသွာ၊ မြင်၍။ ရာဇာ၊ ဗာရာဏသီမင်းသည်။ ဗျမှိတော၊ ကြောက်သည်ဖြစ်၍။ တွံ၊ သင်သည်။ ယက္ခာနံ၊ ဘီလူးတို့၏။ အန္တရေ၊ အလယ်၌။ ကတမော၊ အဘယ်ဘီလူးသည်။ အသိ နု၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့။ အဝစ၊ ဆိုလေ၏။

֍ ဋ္ဌ ၁၈၁။ တေ၊ သင်၏။ ဟတ္ထပါဒါ၊ လက်ခြေတို့သည်။ သေတာ၊ ဖြူကုန်၏။ တတော၊ ထိုလက်ခြေတို့ထက်။ သိရော၊ ဦးခေါင်းသည်။ သေတတရံ၊ အလွန်ဖြု၏။ တေ၊ သင်၏။ ဂတ္တံ၊ ကိုယ်သည်။ ကမ္မာသဝဏ္ဏံ၊ ပြောက်ကျားသော အဆင်းရှိ၏။ ကိလာသ ဗဟုလော စ၊ ပေါက်ပြဲယားယံသော နူနာများသည်လည်း။ အသိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၈၂။ တေ၊ သင်၏။ ပိဋ္ဌိ၊ ကျောက်ကုန်းရိုးသည်။ နိန္နတုန္နတာ၊ နိမ့်တုံမြင့်တုံရှိ၏။ ဝဋ္ဋနာဝဠိသံကာသာ၊ သီ၍ထားအပ်သော ရွဲလုံးအစဉ်နှင့်တူ၏။ တေ၊ သင်၏။ အင်္ဂါ စ၊ အင်္ဂါကြီးငယ်တို့သည်လည်း။ ကာဠပဗ္ဗာ၊ မည်းသော အဆစ်ရှိသော နွယ်နှင့်တူကုန်၏။ ဧဒိသံ၊ ဤသို့သဘောရှိသော။ အညံ၊ သင်မှ တပါးသောလူကို။ န ပဿာမိ၊ ငါ မမြင်စဘူး။

֍ ဋ္ဌ ၁၈၃။ တွံ၊ သင်သည်။ ဥဂ္ဃဋ္ဌပါဒေါ၊ မြူဖြင့်ပြွမ်းသော ခြေလည်းရှိ၏။ တသိတော၊ ထိတ်လန့်၏။ ကိသော၊ ကြုံလှီ၏။ ဓမနိသန္ထတော၊ အကြောပြိုင်းရရိုင်းထသော ကိုယ်ရှိ၏။ ဆာတော၊ မွတ်သိပ်၏။ အတိတ္တရူပေါ၊ သွေ့ခြောက်သော ကိုယ်ရှိသည်လည်း။ အသိ၊ ဖြစ်၏။ ကုတော၊ အဘယ်အရပ်မှ။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်သနည်း။ ကတ္ထ၊ အဘယ်အရပ်သို့။ ဂစ္ဆသိ၊ သွားအံ့နည်း။

֍ ဋ္ဌ ၁၈၄။ သမ္မ၊ အချင်း။ တွံ၊ သင်သည်။ ဒုဒ္ဒသိ၊ မကောင်းသော အမြင်ရှိ၏။ အပ္ပကာရော၊ မကောင်းသော သဏ္ဌာန်ရှိသည်။ ဒုဗ္ဗဏ္ဏော၊ အဆင်းမလှသည်။ ဘိမ္မဒဿနော၊ ကြောက်မက်ဘွယ်သော အမြင်ရှိသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ ဇနေတ္တိယာ၊ အမိရင်းဖြစ်သော။ မာတာ၊ အမိစင်လျက်လည်း။ တံ၊ သင့်ကို။ ပဿိတုံ၊ မြင်ခြင်းငှာ။ န ဣစ္ဆေယျ၊ အလိုမရှိရာ။

֍ ဋ္ဌ ၁၈၅။ တွံ၊ သင်သည်။ ပုဗ္ဗေ၊ ရှေး၌။ ကိံ ကမ္မံ၊ အဘယ်ကံကို။ အကရံ၊ ပြုဘူးချေသနည်း။ ကံ၊ အဘယ်မည်သော။ အဝဇ္ဈံ၊ မသတ်အပ်သော သူကို။ အဃာတယိ၊ သတ်မိချေသနည်း။ ယံ၊ အကြင်အမှုသည်။ ကိဗ္ဗိသံ၊ ကြမ်းကြုတ်စွာ၏။ တံ၊ ထိုကြမ်းကြုတ်စွာသော အမှုကို။ ကရိတွာန၊ ပြုမိသောကြောင့်။ ဣဒံ ဒုက္ခံ၊ ဤဆင်းရဲသို့။ ဥပါဂမိ၊ ရောက်သနည်း။

ထို့နောင်မှ လူပြိတ္တာဖြစ်သော ပုဏ္ဏားသည် မိမိကိုမေးသော ဗာရာဏသီ ပြည့်ရှင်မင်းအား အကြောင်းကို ကြားလိုရကား-

၁၈၆။ တဂ္ဃ တေ အဟမက္ခိဿံ၊
ယထာပိ ကုသလော တထာ။
သစ္စဝါဒိံ ဟိ လောကသ္မိံ၊ ပသံသန္တိဓ ပဏ္ဍိတာ။
။ လ။
၂၂၂။ တံ ဝေါ ဝဒါမိ ဘဒ္ဒန္တေ၊ ယာဝန္တေတ္ထ သမာဂတာ။
မာဿု မိတ္တာနံ ဒုဗ္ဘိတော၊
မိတ္တဒုဗ္ဘော ဟိ ပါပတော။

ဟူသော ဤသုံးဆယ့်ခုနစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၈၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ အကြင် အခြင်းဖြင့်။ ကုသလော၊ လိမ်မာသောသူသည်။ ကထေသိ၊ ဟောကြား၏။ တထာ၊ ထိုအခြင်းဖြင့်။ တေ၊ ရှင်မင်းကြီးအား။ အဟံ၊ အကျွန်ုပ်သည်။ တဂ္ဃ၊ စင်စစ်သဖြင့်။ အက္ခိဿံ၊ ကြားလျှောက်ပါအံ့။ သစ္စဝါဒိံ၊ မှန်သောစကားကို ဆိုလေ့ရှိသောသူကို။ ဣဓ လောကသ္မိံ၊ ဤလူ့ရွာ၌။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။

֍ ဋ္ဌ ၁၈၇။ မဟာရာဇ၊ မြတ်သော မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ဧကော၊ အဘော်မပါဘဲ။ ဂေါဂဝေသော၊ နွားတို့ကိုရှာလျက်။ စရံ-စရန္တော၊ သွားသည်ရှိသော်။ ဝနေ၊ တော၌။ မူဠှော၊ မျက်စိလည်သည်ဖြစ်၍။ အစ္စသရိံ၊ လူတို့၏ခရီးကိုလွန်၍ ဟိမဝန္တာသို့ ရောက်၏။ အရညေ၊ မင်းမရှိသည်ဖြစ်၍ ဆိတ်သော။ ဣရဏေ၊ ခြောက်သော ခရီးခဲလည်းရှိသော။ ဝိဝနေ၊ ဆိတ်ညံသော။ နာနာကုဉ္ဇရ သေဝိတေ၊ အထူးထူးသော ဆင်အပေါင်းတို့၏ မှီဝဲရာဖြစ်သော။ ဝါဠမိဂါနုစရိတေ၊ သားရဲတို့၏ ကျင်လည်ရာ ဖြစ်သော။ ကာနနေ၊ တော၌။ ဝိပ္ပန္နတ္ထော၊ မျက်စိလည်သည်။ အသ္မိ၊ ဖြစ်၏။ တတ္ထကာနနေ၊ ထိုတော၌။ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။ ခုပ္ပိပါသသမပ္ပိတော၊ မွတ်သိပ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍။ အစရိံ၊ လှည့်လည်ရ၏။

֍ ဋ္ဌ ၁၈၉။ တတ္ထ၊ ထိုဟိမဝန္တာ၌။ ဝိသမဋ္ဌံ၊ မညီမညွတ်သောအရပ်၌ တည်သော။ ပပါတမဘိလမ္ဗန္တံ၊ ချောက်ကမ်းပါးပြတ်သို့ ရှေးရှုတွဲလျားဆွဲသော။ သမ္ပန္နဖလဓာရိနံ၊ ချိုသောအသီးကို ဆောင်သော။ တိန္ဒုကံ၊ တည်ပင်ကို။ အဟံ၊ အကျွန်ုပ်သည်။ အဒ္ဒက္ခိ၊ မြင်၏။ ဗုဘုက္ခိတော၊ ပြင်းစွာသော မွတ်သိပ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍။ ဝါတဿိတာနိ၊ လေခတ်၍ ကြွေကုန်သော တည်သီးတို့ကို။ ဘက္ခေသိ၊ စား၏။

֍ ဋ္ဌ ၁၉၀။ တာနိ၊ ထိုတည်သီးတို့သည်။ မေ၊ အကျွန်ုပ်အား။ ဘုသံ၊ ပြင်းစွာ။ ရုစိံသု၊ နှစ်သက်စေကုန်၏။ အတိတ္တော၊ မရောင့်ရဲသည်ဖြစ်၍။ တတ္ထ၊ ထိုတည်ပင်ထက်၌။ အာသိတော၊ များစွာစားရသည်။ ဟေဿာမိ၊ ဖြစ်အံ့။ ဣတိ၊ ဤသို့ကြံ၍။ ရုက္ခံ၊ တည်ပင်သို့။ အာရူယှ၊ တက်၍။

֍ ဋ္ဌ ၁၉၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်သည်။ ဧကံ၊ တလုံးတည်းသော တည်သီးကို။ ဘက္ခိတံ၊ စားအပ်သည်။ အသိ၊ ဖြစ်၏။ ဒုတိယံ၊ နှစ်ခုမြောက်သော အသီးကို။ အဘိပတ္ထိတံ၊ အလွန်တောင့်တအပ်၏။ တတောတဿ၊ ထိုတောင့်တသော တည်သီး၏။ အတ္ထာယ၊ အကျိုးငှါ။ ဟတ္ထေ၊ လက်ကို။ ပသာဂိတေ၊ ဆန့်သည်ရှိသော်။ သာ သာခါ၊ ထိုအကျွန်ုပ်တကျသော တည်ခက်သည်။ ဖရသုနာ၊ ပုဆိန်ဖြင့်။ ဆိန္ဒာ ဝိယ၊ ဖြတ်သကဲ့သို့။ ဘဉ္ဇထ၊ ပြတ်လေ၏။

֍ ဋ္ဌ ၁၉၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ သာခါဟိ၊ သစ်ခက်တို့နှင့်။ သဟာဝ၊ တကွလျှင်။ ဥဒ္ဓံပါဒေါ၊ ခြေမိုးမျှော်။ အဝံသိရော၊ ဦးခေါင်းစောက်ထိုး။ အပ္ပတိဋ္ဌေ၊ တည်ရာ ကင်းသော။ အနာလမ္ဗေ၊ ဆွဲကိုင်ရာ မရှိသော။ ဂိရိဒုဂ္ဂသ္မိံ၊ မညီမညွတ်သော တောင်ကမ်းပါးပြတ်၌။ ပပတံ၊ ကျ၏။

֍ ဋ္ဌ ၁၉၃။ ယသ္မာ စ၊ အကြင့်ကြောင့်ကား။ ဝါရိ၊ ရေသည်။ ဂမ္ဘီရံ၊ အတောင်ခြောက်ဆယ်နက်၏။ တသ္မာ၊ ထို့ကြောင့်။ သမံ၊ မြေညီရာသို့။ န ပဇ္ဇိသံ၊ မသွားနိုင်။ တတ္ထ၊ ထိုအရပ်၌။ နိရာနန္ဒော၊ နှလုံးနှစ်သက်ခြင်း ကင်းသည်ဖြစ်၍။ အနူနာ၊ မယုတ်ကုန်သော။ ဒသရတ္တိယော၊ ဆယ်ညဉ့်တို့ပတ်လုံး။ အဟံ၊ အကျွန်ုပ်သည်။ သေသိ၊ အိပ်ရပြီ။

֍ ဋ္ဌ ၁၉၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အထ၊ ထို့နောင်မှ။ ဂေါနင်္ဂုဋ္ဌော၊ နွားတို့၏ အမြီးနှင့်တူသော အမြီးရှိသော။ ဒရီစရော၊ ချောက် ကမ်းပါးပြတ်၌ ကျက်စားသော။ ကပိ၊ မျောက်မင်းသည်။ သာခါဟိ၊ သစ်ခက်တို့မှ။ သာခံ၊ သစ်တခက်သို့။ ဝိစရန္တော၊ သွားလျက်။ ဒုမပ္ဖလံ၊ သစ်သီးကို။ ခါဒမာနော၊ စားသည်ဖြစ်၍။ ဧတ္ထ၊ ဤအရပ်သို့။ အာဂစ္ဆိ၊ ရောက်လာ၏။

֍ ဋ္ဌ ၁၉၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကပိရာဇာ၊ ထိုမျောက်မင်းသည်။ ကိသံ၊ ကြုံသော။ ပဏ္ဍုံ၊ ဖြေဖျော့တော့သော ကိုယ်ရှိသော။ မံ၊ အကျွန်ုပ်ကို။ ဒိသွာ၊ မြင်၍။ မယိ၊ အကျွန်ုပ်၌။ ကာရုညံ၊ သနားခြင်းကို။ အကရံ၊ ပြုပေ၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သော ကပိရာဇာ၊ ထိုမျောက်မင်းသည်။ မံ၊ အကျွန်ုပ်ကို။ အမ္ဘော၊ အို လူ။ တွံ၊ သင်ကား။ ကော နာမ၊ အဘယ်မည်သော သူသည်။ အသိ၊ ဖြစ်သနည်း။ ဧတ္ထ၊ ဤအရပ်၌။ ဧဝံ၊ ဤသို့။ ဒုက္ခေန၊ ဆင်းရဲဖြင့်။ အဋ္ဋိတော၊ နှိပ်စက်အပ်၏။

֍ ဋ္ဌ ၁၉၆။ မနုဿော ဝါ၊ လူလော။ အမနုဿော ဝါ၊ ဘီလူးလော။ အတ္တာနံ၊ မိမိကိုယ်ကို။ မေ၊ ငါ့အား။ ပဝေဒယ၊ ကြားလော့။ ဣတိ၊ ဤသို့။ ပုစ္ဆ၊ မေး၏။ တဿ၊ ထိုမျောက်မင်းအား။ အဉ္စလိံ၊ လက်ဆယ်ချောင်းကို။ ပဏာမေတွာ၊ ညွတ်၍။ ဣဒံ ဝစနံ၊ ဤစကားကို။ အဗြဝိ၊ ဆို၏။

֍ ဋ္ဌ ၁၉၇။ ဝါနရိန္ဒ၊ မျောက်မင်း။ အဟံ၊ အကျွန်ုပ်ကား။ မနုဿော၊ လူပါတည်း။ ဝယံ၊ ပျက်စီးခြင်းသို့။ ပတ္တော၊ ရောက်၏။ ဣတော၊ ဤအရပ်မှ။ အညာ၊ တပါးသော။ ဂတိ၊ သွားစရာသည်။ မေ၊ ငါ့အား။ နတ္ထိ၊ မရှိ။ တံ တသ္မာ၊ ထို့ကြောင့်။ တေ၊ သင် မျောက်မင်းကို။ အဟံ၊ အကျွန်ုပ်သည်။ ဝဒါမိ၊ ဆို၏။ ဝေါ၊ အရှင်မျောက်မင်းတို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ တွဉ္စ၊ သင် မျောက်မင်းသည်လျှင်။ မေ- မမ၊ အကျွန်ုပ်၏။ သရဏံ၊ ကိုးကွယ်ရာသည်။ ဘဝ၊ ဖြစ်ပါလော့။ ဣတိ၊ ဤသို့။ အဟံ၊ အကျွန်ုပ်သည်။ ဝဒါမိ၊ ဆို၏။

֍ ဋ္ဌ ၁၉၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကပိ၊ မျောက်မင်းသည်။ ပဗ္ဗတေ၊ တောင်၌။ ဝိစရိတွာ၊ သွား၍။ ဂရုံ၊ လေးသော။ သိလံ၊ ကျောက်ကို။ ဂဟေတွာန၊ ယူ၍။ သိလာယ၊ ကျောက်ဖြင့်။ ယောဂ္ဂံ၊ ယှဉ်ခြင်းကို။ ကတွာန၊ ပြုဦး၍။ နိသဘော၊ ယောက်ျားမြတ်ဖြစ်သော မျောက်မင်းသည်။ ဧတံ၊ ဤသို့သော စကားကို။ အဗြဝိ၊ ဆို၏။

֍ ဋ္ဌ ၁၉၉။ ဘောပုရိသ၊ အို-ယောက်ျား။ ဧဟိ၊ လာလှည့်။ မေ၊ ငါ၏။ ပိဋ္ဌိ၊ ကျောက်ကုန်း၌။ အာရူယှ၊ စီး၍။ ဂီဝံ၊ လည်ကို။ ဗာဟာဘိ၊ လက်နှစ်ဖက်တို့ဖြင့်။ ဂဏှာဟိ၊ ဖက်လော့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ဂိရိဒုဂ္ဂတော၊ တောင်ကမ်းပါးပြတ်မှ။ ဝေဂသာ၊ အဟုန်ဖြင့်။ ဥဒ္ဓရိဿာမိ၊ ထုတ်ဆောင်အံ့။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆို၏။

֍ ဋ္ဌ ၂၀၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ တဿ၊ ထိုမျောက်မင်း၏။ တံ ဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ သိရီမတော၊ ဘုန်းကြက်သရေရှိသော။ ဓီရဿ၊ ပညာနှင့်ပြည့်စုံသော။ ဝါနရိန္ဒဿ၊ မျောက်မင်း၏။ ပိဋ္ဌိ၊ ကျောက်ကုန်း၌။ အာရုယှ၊ စီး၍။ ဗာဟာဘိ၊ လက်နှစ်ဖက်တို့ဖြင့်။ ဂီဝံ၊ လည်ကို။ အဂ္ဂဟိ၊ ဖက်၏။

֍ ဋ္ဌ ၂၀၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တေဇသိ၊ တန်ခိုးရှိသော။ ဗလဝါ၊ ခွန်အားကြီးသော။ သော ကပိ၊ ထိုမျောက်မင်းသည်။ ဝိဟညမာနော၊ အပင်အပန်းခံလျက်။ ကိစ္ဆေန၊ ငြိုငြင်သဖြင့်။ မံ၊ အကျွန်ုပ်ကို။ တတော ဂိရိဒုဂ္ဂတော၊ ထိုတောင်ကမ်းပါးပြတ်မှ။ ဝေဂသာ၊ အဟုန်ဖြင့်။ သမုဋ္ဌာပေသိ၊ ကယ်တင်ပေ၏။

֍ ဋ္ဌ ၂၀၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မံ၊ အကျွန်ုပ်ကို။ ဥဒ္ဓရိတွာန၊ ကယ်တင်ပြီး၍။ သန္တော၊ ပညာရှိသော။ နိသဘော၊ ယောက်ျားမြတ်ဖြစ်သော မျောက်မင်းသည်။ ဧတံ၊ ဤသို့သော စကားကို။ အဗြဝိ၊ ဆို၏။ သမ္မ၊ အချင်း။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ မံ၊ ငါ့ကို။ ရက္ခဿု၊ သင် စောင့်လော့။ မုဟုတ္တိကံ၊ တခဏမျှ။ ပသုပိဿံ၊ ငါအိပ်အံ့။

֍ ဋ္ဌ ၂၀၃။ သီဟာ စ၊ ခြင်္သေ့တို့သည်၎င်း။ ဗြဂ္ဃါ စ၊ ကျားတို့သည်၎င်း။ ဒီပိ စ၊ သစ်တို့သည်၎င်း။ အစ္ဆကောကတရစ္ဆယော စ၊ ဝံ, သစ်ကြုတ် ကျားသစ်တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုသားရဲတို့သည်။ ပမတ္တံ၊ မေ့လျော့သော။ မံ၊ ငါ့ကို။ ဟိံသေယျုံ၊ ညှဉ်းဆဲကုန်ရာ၏။ တေ၊ ထိုသားရဲတို့ကို။ တွံ၊ သင်သည်။ ဒိသွာ၊ မြင်၍။ နိဝါရယ၊ မြစ်လော့။

֍ ဋ္ဌ ၂၀၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝံ၊ ဤသို့။ သော၊ ထိုမျောက်မင်းသည်။ မေ၊ အကျွန်ုပ်ကို။ ပရိတ္တာတုန၊ မိမိ၏ အစောင့် အရှောက်ကို ပြု၍။ မုဟုတ္တိကံ၊ တခဏမျှ။ ပသုပိ၊ အိပ်၏။ တဒါ၊ ထိုသို့ မျောက်မင်းအိပ်သောအခါ၌။ အဟံ၊ အကျွန်ုပ်သည်။ အယောနိသော၊ မသင့် နှလုံးသွင်းခြင်းဖြင့်။ ပါပိကံ၊ ယုတ်မာသော။ ဒိဋ္ဌိံ၊ အယူကို။ ပဋိလစ္ဆိံ၊ ရ၏။

֍ ဋ္ဌ ၂၀၅။ ဝနေ၊ တော၌။ အညေ၊ တပါးကုန်သော။ မိဂါ၊ သားတို့သည်။ မနုဿာနံ၊ လူတို့၏။ ဘက္ခာ၊ အစာတို့သည်။ ဟောန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့။ တထာ၊ ထို အတူ။ အယံ၊ ဤမျောက်မင်းသည်။ ဘက္ခော၊ စားအပ်သည်နှင့်ယှဉ်၏။ အဟံ၊ ငါသည်။ ဆာတော၊ ဆာမွတ်၏။ ဣမံ ဝါနရံ၊ ဤမျောက်မင်းကို။ ဝဓိတွာန၊ သတ်၍။ ယံ နူန၊ အကယ်၍။ ခါဒေယျံ၊ စားအံ့။

֍ ဋ္ဌ ၂၀၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အသိတော စ၊ ကောင်းစွာ ဝသည်ဖြစ်၍လျှင်။ သမ္ဗလံ၊ ရိက္ခာဖြစ်သော။ မံသံ၊ မျောက်သားကို။ အာဒါယ၊ ယူ၍။ ဂမိဿာမိ၊ ငါသွားအံ့။ ကန္တာရံ၊ ခရီးခဲမှ။ နိတ္ထရိဿာမိ၊ ထွက်အံ့။ မေ၊ ငါ့အား။ ပါထေယျံ၊ ရိက္ခာသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့ ကြံမိ၏။

֍ ဋ္ဌ ၂၀၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တတော၊ ထိုသို့ကြံပြီးသော နောင်မှ။ သိလံ၊ ကျောက်ကို။ ဂဟေတွာန၊ ယူ၍။ မတ္ထကံ၊ ဦးခေါင်းကို။ သန္နိတာဠယိ၊ ထု၏။ ဂတ္တကိလန္တဿ၊ ပင်ပန်းသော ကိုယ်ရှိသော။ မမ၊ အကျွန်ုပ်၏။ ပဟာရော၊ ထုခြင်းသည်။ ဒုဗ္ဗလော၊ အားနည်းသည်။ အဟု၊ ဖြစ်၏။

֍ ဋ္ဌ ၂၀၈။ မဟာရာဇ၊ မြတ်သော မင်းကြီး။ သော စ ကပိ၊ ထိုမျောက်မင်းသည်လည်း။ ဝေဂေန၊ လျင်မြန်စွာ။ ဥဒပ္ပတ္တော၊ ထသည်ဖြစ်၍။ ရုဟိရမက္ခိတော၊ သွေးဖြင့် လိမ်းကျံလျက်။ အဿုပုဏ္ဏေဟိ၊ မျက်ရည်တို့ဖြင့် ပြည့်ကုန်သော။ နေတ္တေဟိ၊ မျက်စိတို့ဖြင့်။ ရောဒန္တာ၊ ငိုလျက်။ မံ၊ အကျွန်ုပ်ကို။ ဥဒိက္ခတိ၊ ကြည့်၏။

֍ ဋ္ဌ ၂၀၉။ အယျ၊ အရှင်။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေလော့။ မံ၊ ငါ့ကို။ ဧဝံ၊ ဤသို့။ မာကရိ၊ မပြုသင့်။ တွဉ္စနာမ၊ ငါသည် ချောက်ကမ်းပါးပြတ်မှ ဆယ်တင်အပ်သော သင်စဉ်လျက်လည်း။ ဧဒိသံ၊ ဤသို့သဘောရှိသော ကြမ်းကြုတ်စွာသော အမှုကို။ ကရိ၊ ပြုဘိ၏။ ဒီဃာဝု၊ အသက်ရှည်သော အရှင်။ တွဉ္စနာမ၊ သင်သို့သော သူမည်သည်ကား။ အညေ၊ တပါးကုန်သော ရန်သူတို့ကို။ ခေါ၊ စင်စစ်သဖြင့်။ ဝါရေတုံ၊ တားမြစ်ခြင်းငှါ။ အရဟတိ၊ ထိုက်သေး၏။

֍ ဋ္ဌ ၂၁၀။ ဒုက္ကရကာရက၊ အလွန် မကောင်းစွာသော အမှုကို ပြုတတ်သော။ ရေ ပုရိသ၊ အို ယောက်ျား။ အဟော ဝတ၊ ဪ-အံ့ဘွယ်ရှိစွတကား။ တဝ၊ သင့်အား။ ဧဒိသာ၊ ဤသို့သဘောရှိသော။ ဝိသမာ၊ မညီမညွတ်သော။ ဒုဂ္ဂါ၊ တက်နိုင်ခဲသော။ ပပါတာ၊ ကမ်းပါးပြတ်မှ။ မယာ၊ ငါသည်။ ဥဒ္ဓတော၊ ထုတ်ဆယ်အပ်၏။

֍ ဋ္ဌ ၂၁၁။ ဘော ပုရိသ၊ အို-ယောက်ျား။ တံ၊ သင့်ကို။ ပရလောကာ၊ တမလွန်ဘဝမှ။ အာနိတော ဣဝ၊ ဆောင်အပ်သကဲ့သို့။ မယာ၊ ငါသည်။ အာနီတော၊ ဆောင်အပ်လျက်။ ပါပေန၊ ယုတ်မာစွာသော သင်သည်။ တံ ပါပံ၊ ထိုမကောင်းသော အကြံကို။ စိန္တိတံ၊ ကြံဘိ၏။ တေန၊ ထိုသို့ သဘောရှိသော။ ပါပကမ္မေန၊ ယုတ်မာသော အမူအရာဖြင့်။ မံ၊ ငါ့ကို။ ဒုဗ္ဘေယျံ၊ ပြစ်မှားအပ်၏ဟူ၍။ အမညထ၊ အောက်မေ့ဘိ၏။

֍ ဋ္ဌ ၂၁၂။ အဓမ္မဋ္ဌ၊ အကျင့်မဟုတ်သည်၌ တည်သောသူ။ ဧဝံ သန္တေပိ၊ ဤသို့ ကျင့်မိသော်လည်း။ ကဋုကံ၊ ဆင်းရဲစွာသော။ ဝေဒနံ၊ ဝေဒနာကို။ အဟံ၊ ငါသည်။ ဖုသိ ယထာ၊ တွေ့ရ၏သို့။ ဧဝံ၊ ဤအတူ။ ဧဒိသံ၊ ဤသို့သဘောရှိသော။ ကဋုကံ၊ ဆင်းရဲစွာသော။ ဝေဒနံ၊ ဝေဒနာကို။ မာ ဖုသိ၊ မတွေ့စေလင့်။ ဖလံ၊ ဝါးသီးသည်။ ဝေဠုံ၊ ဝါးပင်ကို။ ဝဓိ ဣဝ၊ သတ်သကဲ့သို့။ တံ ပါပကမ္မံ၊ ထိုမကောင်းမှုသည်။ တံ ဧဝ၊ သင့်ကိုသာလျှင်။ မာ ဝဓိ၊ မသတ်စေလင့်။

֍ ဋ္ဌ ၂၁၃။ ပါပဓမ္မ၊ ယုတ်မာသော သဘောရှိသော။ အသညတ၊ ကိုယ်နှုတ်နှလုံး သုံးပါးကို မစောင့်သောသူ။ တယိ၊ သင်၌။ မေ၊ ငါ့အား။ ဝိဿာသော၊ အကျွမ်းဝင်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဧဟိ၊ လာလှည့်။ မေ၊ ငါ၏။ သန္တိကေ၊ အနီး၌။ ဒိဿမာနောဝ၊ ထင်သော ကိုယ်ရှိသည် ဖြစ်၍လျင်။ မေ၊ ငါ၏။ ပိဋ္ဌိတော၊ နောက်က။ ဂစ္ဆ၊ လိုက်လော့။

֍ ဋ္ဌ ၂၁၄။ အဓမ္မဋ္ဌ၊ တရားမဟုတ်သည်၌ တည်သောသူ။ ဝါဠာနံ၊ သားရဲတို့၏။ ဟတ္ထာ၊ လက်မှ။ မုတ္တော၊ လွတ်သည်။ အသိ၊ ဖြစ်၏။ မာနုသိံ၊ လူတို့၏ အနီးဖြစ်သော။ ပဒံ၊ အရပ်သို့။ ပတ္တော၊ ရောက်သည်။ အသိ၊ ဖြစ်၏။ ဧသ- ဧသော၊ ဤခရီးသည်ကား။ တေ၊ သင်၏။ မဂ္ဂေါ၊ သွားရာခရီးတည်း။ တေန၊ ထိုခရီးဖြင့်။ ယထာသုခံ၊ အလိုရှိတိုင်း။ ဂစ္ဆ၊ သင်သွားလေလော့။

֍ ဋ္ဌ ၂၁၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤသို့သော စကားကို။ ဝတွာ၊ ဆိုပြီး၍။ ဂိရိစရော၊ တောင်၌ ကျက်စားသော မျောက်မင်းသည်။ ရုဟိရံ၊ သွေးအလိမ်းလိမ်းကပ်သော။ မတ္ထကံ၊ ဦးခေါင်းကို။ ပက္ခလျ၊ ဆေး၍။ အဿူနိ၊ မျက်ရည်တို့ကို။ သမ္ပမဇ္ဇိတွာ၊ သုတ်၍။ တတော၊ ထိုအရပ်မှ။ နိဝတ္တေတွာ၊ ပြန်လည်၍။ ပဗ္ဗတံ၊ တောင်သို့။ အာရုဟိ၊ တက်လေ၏။

֍ ဋ္ဌ ၂၁၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သော အဟံ၊ ထိုအကျွန်ုပ်ကို။ တေန၊ ထိုမျောက်မင်းသည်။ ဣမံ၊ ဤစကားကို။ အဘိသပထော၊ ကျိန်ဆဲအပ်သည်။ အသ္မိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ပရိဠာဟေန၊ ပူပန်သော။ ဍယှမာနေန၊ ဆင်းရဲဝေဒနာဟူသော မီးဖြင့် လောင်သော။ ဂတ္တေန၊ ကိုယ်ဖြင့်။ အဋ္ဋိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ အဟံ၊ အကျွန်ုပ်သည်။ ဝါရိံ၊ ရေကို။ ပါတုံ၊ သောက်အံ့သောငှါ။ ဥပါဂမိ၊ တခုသော ရေအိုင်သို့ ကပ်၏။

֍ ဋ္ဌ ၂၁၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ရုဟိရမက္ခိတော၊ သွေးဖြင့်လိမ်းကျံအပ်သော။ သဗ္ဗော၊ အလုံးစုံသော။ ရဟဒေါ၊ ရေအိုင်သည်။ အဂ္ဂိနာ၊ မီးဖြင့်။ သန္တတ္တော ဝိယ၊ လောင်သကဲ့သို့။ ပုဗ္ဗလောဟိတသံကာသော၊ သွေးပြည်နှင့်တူသည်။ သမပဇ္ဇထ၊ ဖြစ်လေ၏။

֍ ဋ္ဌ ၂၁၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယာဝန္တော၊ အကြင်မျှလောက်ကုန်သော။ ဥဒကဗိန္ဒူနိ၊ ရေပေါက်တို့သည်။ မေ၊ အကျွန်ုပ်၏။ ကာယသ္မိံ၊ ကိုယ်၌။ နိပတိံသု၊ ကျကုန်၏။ တာဝန္တော၊ ထို ရေပေါက်နှင့် အမျှဖြစ်ကုန်သော။ အဍ္ဎဗေလုဝသာဒိသာ၊ ထက်ဝက်သော ဥသျှစ်သီး အတိုင်းအရှည်ရှိကုန်သော။ ဂဏ္ဍာ၊ အိုင်းအမာတို့သည်။ ဇာယေထ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၂၁၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တေ ဂဏ္ဍာ၊ ထို အိုင်းအမာတို့သည်။ ပဘိန္နာ၊ ကွဲကုန်သည် ဖြစ်၍။ ကုဏပါ၊ ပုပ်သောအနံ့ ရှိကုန်လျက်။ ပုဗ္ဗလောဟိတာ၊ သွေးပြည်တို့သည်။ ပဂ္ဃရိံသု၊ ယိုစီးကုန်၏။ ယေန ယေနော၊ အကြင် အကြင် ခရီးဖြင့်လျှင်။ အဟံ၊ အကျွန်ုပ်သည်။ ဂစ္ဆာမိ၊ သွား၏။ တတ္ထ တတ္ထ၊ ထိုထိုခရီး၌။ ဂါမေသု စ၊ ရွာတို့၌၎င်း။ နိဂမေသုစ၊ နိဂုံးတို့၌၎င်း။ ဣတ္ထိယော စ၊ မိန်းမတို့သည်၎င်း။ ပုရိသာ စ၊ ယောက်ျားတို့သည်၎င်း။ ဒဏ္ဍဟတ္ထာ၊ တုတ် လှံတံ လက်စွဲကုန်လျက်။ ပူတိဂန္ဓေန၊ ပုပ်သောအနံ့ဖြင့်။ ဩကိဏ္ဏာ၊ ခြံရံအပ်သောကြောင့်။ ဒုဋ္ဌသတ္တ၊ မကောင်းစွာသော သတ္တဝါ။ ဩရေန၊ ငါတို့အနီးသို့။ အာဂမာ၊ လာသည်။ မာ အဿု၊ မဖြစ်လင့်။ ဧဝံ၊ ဤသို့။ ဝဒန္တာ၊ ဆိုကုန်လျက်။ မံ၊ အကျွန်ုပ်ကို။ နိဝါရေန္တိ၊ တားမြစ်ကုန်၏။

֍ ဋ္ဌ ၂၂၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်အား။ ဧတာဒိသံ၊ ဤသို့ သဘောရှိသော။ ဣဒံ ဒုက္ခံ၊ ဤဆင်းရဲသည်။ ဣဒါနိ၊ ဤယခုအခါ၌။ သတ္တဝဿာနိ၊ ခုနစ်နှစ်တို့သည်။ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏။ ပုဗ္ဗေ၊ ရှေး၌။ အတ္တနော၊ မိမိ၏။ ဒုက္ကဋံ၊ မကောင်းသော အမှုဖြင့် ပြုအပ်သော။ သကံ၊ မိမိဥစ္စာဖြစ်သော။ ကမ္မံ၊ ကံကို။ အဟံ၊ အကျွန်ုပ်သည်။ အနုဘောမိ၊ ခံစားရချေ၏။

֍ ဋ္ဌ ၂၂၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တံ တသ္မာ၊ ထို့ကြောင့်။ ဝေါ၊ အရှင်မင်းကြီးတို့အား။ အဟံ၊ အကျွန်ုပ်သည်။ ဝဒါမိ၊ တင်လျှောက်ပါ၏။ တေ၊ အရှင်မင်းကြီးအား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဧတ္ထ၊ ဤအရပ်သို့။ သမာဂတာ၊ အညီအညွတ် လာကုန့သော။ ယာဝန္တော၊ အကြင်မျှလောက်ကုန်သော သူတို့သည်။ သန္တိ၊ ရှိကုန်၏။ တာဝန္တော၊ ထိုမျှလောက်ကုန်သော။ တုမှေ၊ သင်တို့သည်။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့ကို။ ဒုဗ္ဘိတော၊ ပြစ်မှားသည်။ မာ အဿု၊ မဖြစ်ကြစေကုန်လင့်။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ မိတ္တဒုဗ္ဘော၊ အဆွေခင်ပွန်းကို ပြစ်မှားသော သူသည်။ ပါပကော၊ အလွန် ယုတ်မာ၏။

ဤ အဆွေခင်ပွန်းကို ပြစ်မှားခြင်း၌ အပြစ်ကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၂၂၃။ ကုဋ္ဌီ ကိလာသီ ဘဝတိ၊ ယော မိတ္တာနီဓ ဒုဗ္ဘတိ။
ကာယဘေဒါ မိတ္တဒုဗ္ဘီ၊ နိရယံ သောပပဇ္ဇတိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၂၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤလောက၌။ ယော၊ အကြင်သူသည်။ မိတ္တာနိ၊ အဆွေခင်ပွန်းတို့ကို။ ဒုဗ္ဘတိ၊ ပြစ်မှား၏။ သော၊ ထိုအဆွေခင်ပွန်း ပြစ်မှားသောသူသည်။ ကုဋ္ဌီ၊ နူသည်။ ကိလာသီ၊ ခရုသင်း သမင်ရက်စွဲသည်။ ဘဝတိ၊ ဖြစ်၏။ ကာယဘေဒါ၊ ခန္ဓာကိုယ်ပျက်သည်မှ။ ပရံ၊ နောက်၌။ မိတ္တဒုဗ္ဘီ၊ အဆွေ ခင်ပွန်းဖြစ်မှားသော လူပြိတ္တာသည်။ နိရယံ၊ ငရဲသို့။ ဥပပဇ္ဇတိ၊ ရောက်ရ၏။

ထိုလူပြိတ္တာအားလည်း ဗာရာဏသီ မင်းနှင့်တကွ စကား ပြောစဉ်ပင်လျှင် မြေကြီးသည် ဟင်းလင်း အပြင်ကိုပေး၏။ ထိုသို့ မြေကြီး ဟင်းလင်းပွင့်၍ ပေးသော ခဏ၌လျင် စုတေ၍ အဝီစိငရဲ၌ ဖြစ်လေ၏။ ဗာရာဏသီမင်းသည် ပြိတ္တာကို မြေမျိုသည်ရှိသော် မိဂါဇိန်ဥယျာဉ်မှထွက်ခဲ့၍ မြို့သို့ဝင်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤမဟာကပိဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့- ယခုအခါ၌သာလျှင် ဤဒေဝဒတ်သည် ငါဘုရားအား ကျောက်ဖြင့် လှိမ့်ချဘူးသည် မဟုတ်သေး၊ ရှေး၌လည်း ကျောက်ဖြင့် လှိမ့်ချဘူးသည်သာတည်းဟု မိန့်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ အဆွေခင်ပွန်း ပြစ်မှားတတ်သော လူပြိတ္တာဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မျောက်မင်း ဖြစ်ဘူးလေပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှင်အား၊ ကျေးစွပ်ငြား၊ ပျက်ပြား ထိုသူမှာ

ခြောက်ခုမြောက်ဖြစ်သော မဟာကပိဇာတ်သည် ပြီး၏။

*****

တိံသနိပါတ်

၇။ ဒကရက္ခသဇာတ်

သစေ ဝေါ ဝုယှမာနာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော အလုံးစုံသော ဒကရက္ခသဇာတ်သည် မဟာဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

ခုနစ်ခုမြောက်ဖြစ်သော ဒကရက္ခသဇာက်သည် ပြီး၏။

*****

တိံသနိပါတ်

၈။ ပဏ္ဍရကဇာတ်

မုသာဝါဒကြောင့် မြေမျိုခြင်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိကိဏ္ဏဝါစံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဏ္ဍရကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မုသာဝါဒကိုဆိုသောကြောင့် ဒေဝဒတ်အား မြေမျိုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည်မှန်၏။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့သည် ဒေဝဒတ်၏ ကျေးဇူးမဲ့ ကဲ့ရဲသောစကားကို ပြောဆိုကုန်သည်ရှိသော် ရဟန်းတို့- ယခုအခါ၌သာလျှင် ဤဒေဝဒတ်သည် မဟုတ်မမှန် မုသာဝါဒ ပြောဆိုခြင်းကြောင့် မြေမျိုသည် မဟုတ်သေး၊ ရှေး၌လည်း ဤဒေဝဒတ်သည် မုသာဝါဒကို ပြောဆိုသောကြောင့် မြေမျိုဘူးသည်သာတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့- လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ငါးရာကုန်သော ကုန်သည်တို့သည် သင်္ဘောဖြင့် သမုဒြာသို့သွား၍ ခုနစ်ရက်မြောက်နေ့၌ ကမ်းကို မမြင်သည်ဖြစ်၍ သင်္ဘောသည် သမုဒြာအပြင်၌ ပျက်သည်ရှိသော် တယောက်သော လူကိုထား၍ ကြွင်းကုန်သော သင်္ဘောသားတို့သည် ငါးလိပ်တို့၏ အစာဖြစ်ကုန်၏။ တယောက်သောလူသည်လေ၏အဟုန်ဖြင့် ကရမ္ပိယမည်သော သင်္ဘောဆိပ်သို့ ရောက်လေ၏။ ထိုသူသည် သမုဒြာမှတက်၍ အဝတ်မဝတ်သော တက္ကတွန်း၏ အသုံးအဆောင်ရှိသည် ဖြစ်၍ ထိုသင်္ဘောဆိပ်၌ ထမင်းစားအံ့သောငှါ သွား၏။ ထိုသူကို လူတို့သည် ဤရဟန်းကား အလိုနည်း၏။ ရောင့်ရဲလွယ်၏ဟု ချီးမွမ်းကုန်၍ ပူဇော်သက္ကာရကို ပြုကုန်၏။ ထိုသူသည် ငါသည် အသက်မွေးခြင်း၏ အကြောင်းကို ရပြီဟု ကြံ၍ ထိုလူတို့သည် ဝတ်ရုံစရာ ပုဆိုးတို့ကို ပေးကုန်သော်လည်း အလိုမရှိ၊ ထိုလူတို့သည် ဤရဟန်းထက် အလွန်အလိုနည်းသော ရဟန်းသည် မရှိဟုကြံ၍ လွန်ကြည်ညိုကုန်၏။ ထိုသူအား ကျောင်းဆောက်၍ ထိုကျောင်း၌ နေစေကုန်၏။ ထိုသူသည် ကရမ္ပိယတက္ကတွန်းဟူ၍ ထင်ရှား၏။ ထိုကရမ္ပိယ သင်္ဘောဆိပ်၌နေသော တက္ကတွန်းအား များစွာသော ပူဇော်သက္ကာရ ရှိသည်ဖြစ်၏။

ထိုအခါ နဂါးမင်းသည်၎င်း, ဂဠုန်မင်းသည်၎င်း ထိုတက္ကတွန်းအား ခစားခြင်းငှါ လာကုန်၏။ ထိုနဂါးမင်း, ဂဠုန်မင်း နှစ်ဦးတို့တွင် နဂါးမင်းသည် အမည်အားဖြင့် ပဏ္ဍရက အမည်ရှိ၏။ ထိုအခါ တနေ့သ၌ ဂဠုန်မင်းသည် ထိုတက္ကတွန်းအထံသို့ သွားပြီးလျှင် ရှိခိုး၍ တင့်အပ်သော အရပ်၌နေလျက် ဤသို့ မေးလျှောက်၏။ အရှင်ဘုရား- အကျွန်ုပ်တို့၏ အမျိုးတို့သည် နဂါးတို့ကို ဖမ်းယူကုန်သည်ရှိသော် များစွာကုန်သော ဂဠုန်တို့သည် ပျက်စီးကုန်၏။ ထိုနဂါးတို့ကို ဖမ်းယူသောအမှတ်ကို အကျွန်ုပ်တို့သည် မသိပါကုန်၊ ထိုနဂါးတို့အား လျှို့ဝှက်အပ်သော အကြောင်းတို့သည် ရှိသတတ်၊ အရှင်ဘုရားတို့သည် ချစ်ကျွမ်းဝင်သကဲ့သို့ပြု၍ ထိုအကြောင်းကို မေးခြင်းငှါ တတ်နိုင်ပါကုန်

အံ့လောဟု မေး၏။ ထိုတက္ကတွန်းသည် ကောင်းပြီဟု ဝန်ခံ၍ ဂဠုန်မင်းသည် ရှိခိုး၍ သွားသည်ရှိသော် နဂါးမင်းလာသောအခါ ရှိခိုး၍နေသော နဂါးမင်းကို မေး၏။

နဂါးမင်း- ဂဠုန်တို့သည် သင်တို့ကို ဖမ်းယူကုန်သည်ရှိသော် များစွာကုန်သော ဂဠုန်တို့သည် ပျက်စီးကုန်သတတ်၊ သင်တို့ကို ဖမ်းယူကုန်သော ဂဠုန်တို့သည် အဘယ့်ကြောင့် ဖမ်းယူခြင်းငှာ မတတ်နိုင်ကုန်သနည်းဟု မေး၏။ အရှင်ဘုရား- ဤအကြောင်းသည် အကျွန်ုပ်တို့၏ လျှို့ဝှက်အပ်သော အကြောင်းတည်း၊ ဤအကြောင်းကို ပြောဆိုသော အကျွန်ုပ်သည် ဆွေမျိုးအပေါင်း၏ သေခြင်းကို ဆောင်အပ်သည် ဖြစ်ရာချေ၏ဟု ဆို၏။ နဂါးမင်း အသို့နည်း၊ ထိုအကြောင်းကိုကား ငါသည် သူတပါးတို့အား ပြောဆိုလတ္တံ့ဟု ထင်မှတ်သလော၊ ဤအကြောင်းကို ငါသည် သူတပါးတို့အား မပြောဆိုလတ္တံ့၊ စင်စစ်သော်ကား သိလိုသောကြောင့်သာလျှင် ငါမေး၏။ သင်သည် ငါ့အား ယုံကြည်သဖြင့် ကြောက်ခြင်း ကင်းသည်ဖြစ်၍ ပြောဆိုလော့ဟု ဆို၏။ နဂါးမင်းသည် အရှင်ဘုရား- အကျွန်ုပ်သည် မပြောဆိုအံ့ဟု ဆိုပြီးလျှင် ရှိခိုး၍ သွားလေ၏။ နက်ဖြန်နေ့၌လည်း တဖန် မေးပြန်၏။ ထိုနေ့၌လည်း ထိုတက္ကတွန်းအား မပြောဆို။

ထို့နောင် သုံးရက်မြောက်သောနေ့၌ လာလတ်၍နေသော နဂါးမင်းကို နဂါးမင်း- သင့်ကိုမေးသည်ကား ယနေ့ သုံးရက်ရှိပြီ၊ အဘယ့်ကြောင့် သင် မပြောဆိုသနည်းဟု မေး၏။ အရှင်ဘုရား- အရှင်ဘုရားတို့သည် သူတပါးတို့အား ပြောဆိုကုန်လတ္တံ့ဟု ကြောက်သောကြောင့် မပြောပါဟု ဆို၏။ တစုံတယောက်သော သူအား ငါမပြောဆိုအံ့၊ ကြောက်ခြင်း ကင်းသည်ဖြစ်၍ ပြောဆိုလော့ဟု ဆိုလတ်သော် အရှင်ဘုရား- ထိုသို့တပြီးကား သူတပါးအား ပြောတော်မမူပါကုန်လင့်ဟု ဝန်ခံခြင်းကိုယူ၍ အရှင်ဘုရား- အကျွန်ုပ်တို့သည် ကြီးကုန်သော ကျောက်ခဲတို့ကို ငုံ၍ ဝန်လေးကုန်သည်ဖြစ်၍ ဝပ်ကုန်လျက် ဂဠုန်တို့လာသောအခါ ခံတွင်းကိုဖွင့်၍ သွားတို့ကိုဖွင့်၍ ဂဠုန်တို့ကို ကိုက်အံ့သကဲ့သို့ နေကုန်၏။ ထိုဂဠုန်တို့သည် လာလတ်ကုန်၍ အကျွန်ုပ်တို့၏ ဦးခေါင်းကို ဖမ်းယူကုန်၏။ ထိုဂဠုန်တို့သည်လည်း အလွန်လေးသည်ဖြစ်၍ ဝပ်၍နေကုန်သော အကျွန်ုပ်တို့ကို ရေမှ ထုတ်ယူခြင်းငှါ အားထုတ်ကုန်စဉ်လျှင် ရေသည် လွှမ်းမိ၏။ ထိုဂဠုန်တို့သည် နစ်ကုန်သည်ဖြစ်၍ ရေထဲ၌သာလျှင် သေကုန်၏။ ဤသို့သော အကြောင်းကြောင့် များစွာကုန်သော ဂဠုန်တို့သည် ပျက်စီးကုန်၏။ အကျွန်ုပ်တို့ကို ဖမ်းယူလိုကုန်သော ဂဠုန်မိုက်တို့အား ဦးခေါင်း၌ ဖမ်းယူသဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ အကျွန်ုပ်တို့ကို အမြီး၌ကိုင်၍ ဦးခေါင်းအောက်သို့ တွဲလျားရှိသည်တို့ကို ပြုလျက် ယူအပ်သော အစာကို ခံတွင်းဖြင့် အန်စေ၍ ပေါ့သည်တို့ကို ပြု၍ သွားခြင်းငှါ တတ်နိုင်ကုန်၏ဟု ပဏ္ဍရက နဂါးမင်းသည် မိမိတို့၏ လျှို့ဝှက်အပ်သော အကြောင်းကို သီလမရှိသော ထိုတက္ကတွန်းအား ပြောဆို၏။

ထိုနဂါးမင်း သွားသည်ရှိသော် ဂဠုန်မင်းသည် လာလတ်၍ ကရမ္ပိယ တက္ကတွန်းကို ရှိခိုး၍ အရှင်ဘုရား- အသို့နည်း၊ အရှင်ဘုရားတို့သည် နဂါးမင်းအား လျှို့ဝှက်အပ်သော အကြောင်းကို မေးအပ်ပြီလောဟု မေးလျှောက်သည်ရှိသော် ဂဠုန်မင်းအား ငါမေးအပ်ပြီဟု ဆို၍ ထိုနဂါးမင်းသည် ဆိုအပ်သော အမှတ်ဖြင့်လျှင် အလုံးစုံကို ပြောဆို၏။ ထိုတက္ကတွန်း ပြောဆိုသော စကားကိုကြား၍ ဂဠုန်မင်းသည် နဂါးမင်းသည် မသင့်မလျော်သည်ကို ပြောဆိုဘိ၏။ အဆွေအမျိုးတို့၏ ပျက်စီးအံ့သော အကြောင်းကို သူတပါးတို့အား မပြောဆိုအပ်၊ ထိုသို့မူလည်းဖြစ်စေ၊ ယနေ့ပင်လျှင် ငါသည် ဂဠုန်တို့၏ လေအဟုန်ကို ပြု၍ ရှေးဦးစွာ ထိုနဂါးမင်းကိုလျှင် ဖမ်းခြင်းငှါသင့်၏ ဟု ကြံ၍ ထိုဂဠုန်မင်းသည် ဂဠုန်တို့၏ လေအဟုန်ကို ပြု၍ ပဏ္ဍရကနဂါးမင်းကို အမြီး၌ ကိုင်ယူ၍ ဦးခေါင်းစောက်ထိုး ပြုသဖြင့် ယူအပ်သောအစာကို စွန့်စေပြီးလျှင် ခုန်တက်၍ ကောင်းကင်သို့ ပျံလေ၏။ ပဏ္ဍရက နဂါးမင်းသည် ကောင်းကင်၌ ဦးခေါင်းစောက်ထိုး တွဲလျားဆွဲလျက် ငါသည်သာလျှင် ငါ၏ဆင်းရဲကို ဆောင်အပ်၏ဟု ဆို၍ ငိုကြွေး မြည်တမ်းလိုရကား-

၂၅၈။ ဝိကိဏ္ဏဝါစံ အနိဂုယှ မန္တံ၊
အသညတံ အပရိစက္ခိတာယံ။
ဘယန္တ မနွေတိ သယံ အဗောဓံ၊
နာဂံ ယထာ ပဏ္ဍရကံ သုပဏ္ဏော။
၂၅၉။ ယော ဂုယှမန္တံ ပရိရက္ခဏေယျံ၊
မောဟာ နရော သံသတိ ဟာသမာနော။
တံ ဘိန္နမန္တံ ဘယမနွေတိ ခိပ္ပံ၊
နာဂံ ယထာ ပဏ္ဍရကံ သုပဏ္ဏော။
၂၆၀။ နာနုမိတ္တော ဂရုံ အတ္ထံ၊ ဂုယှံ ဝေဒိတုမရဟတိ၊
သုမိတ္တော စ အသမ္ဗုဒ္ဓံ၊ သမ္ဗုဒ္ဓံ ဝါ အနတ္ထံဝါ။
၂၆၁။ ဝိဿာသ မာပဇ္ဇိ မဟံ အစေလံ၊
သမဏော အယံ သမ္မတော ဘာဝိတတ္တော။
တဿာဟ မက္ခိံ ဝိဝရိံ ဂုယှမတ္ထံ၊
အတီတမတ္ထော ကပဏံ ရုဒါမိ။
၂၆၂။ တဿာဟံ ပရမံ ဗြဟ္မေ ဂုယှံ၊
ဝါစဉှိ မံ နာသက္ခိ သံယမေတုံ။
တပ္ပက္ခတော ဟိ ဘယမာဂတံ မေ၊
အတီတမတ္ထော ကပဏံ ရုဒါမိ။
၂၆၃။ ယော ဝေ နရော သုဟဒံ မညမာနော၊
ဂုယှံ အတ္ထံ သံသတိ ဒုက္ကုလိနေ။
ဒေါသာ ဘယာ အထဝါယံ ရာဂရတ္တာ၊
ပလ္လိတ္ထိကော ဗာလော အသံသယံ သော။
၂၆၄။ တိရောက္ခဝါစော အသတံ ပဝိဋ္ဌော၊
ယော သင်္ဂီတီသု မုဒိရေတိ ဝါကျံ။
အာသီဝိသော ဒုမ္မုခေါ တျာဟု တံ နရံ၊
အာရာ အာရာ သံယမေ တာဒိသမှာ။
၂၆၅။ အန္နံ ပါနံ ကာသိကစန္ဒနဉ္စ၊
မနာပိတ္ထိယော မာလ မုစ္ဆာဒနဉ္စ။
ဩဟာယ ဂစ္ဆာမသေ သဗ္ဗကာမေ၊
သုပဏ္ဏ ပါဏူပဂတာဝ တျာမှာ။

ဟူသောဤရှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၅၈။ ဝိကိဏ္ဏဝါစံ၊ နှုတ်မစောင့်သော စကားရှိသော။ အနိဂုယှမန္တံ၊ မဖုံးလွှမ်းအပ်သော အတိုင်အပင် ရှိသော။ အသညတံ၊ ကိုနှုတ်နှလုံးကို စောင့်ခြင်းငှါ မစွမ်းနိုင်သော။ အပရိစက္ခိတာယံ၊ လျှို့ဝှက်အပ်သော အတိုင်အပင်ကို စောင့်နိုင်အံ့သောသူ မစောင့်နိုင်အံ့သောသူကို စုံစမ်းခြင်းငှါ မစွမ်းနိုင်သော။ တံ၊ ထိုဆိုအပ်ပြီးသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော။ အဗောဓံ၊ ပညာမရှိသော ပုဂ္ဂိုလ်ကို။ ပဏ္ဍရကံ၊ ပဏ္ဍရက အမည်ရှိသော။ နာဂံ၊ နဂါးမင်းကို။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ အနွာဂတောယထာ၊ မိမိနိုင်ငံသို့ လိုက်စေသကဲ့သို့။ တထာ၊ ထို့အတူ။ သယံ၊ မိမိသည်။ ကတမေဝ၊ ပြုအပ်သော အမှုသည်လျှင်။ ဘယံ၊ ဘေးသို့။ အနွေတိ၊ အစဉ်လိုက်ရ၏။

֍ ဋ္ဌ ၂၅၉။ ယော နရော၊ အကြင်ပုဂ္ဂိုလ်သည်။ ပရိရက္ခဏေယျ၊ စောင့်ရှောက်အပ်သော။ ဂုယှမန္တံ၊ လျှို့ဝှက်အပ်သော အတိုင်အပင်ကို။ မောဟာ၊ မိုက်သောကြောင့်။ ဟာသမာနော၊ နှစ်လိုဝမ်းသာ ရွှင်လန်းစွာလျက်။ ပါပပုရိသဿ၊ စောင့်ရှောက်ခြင်းငှာ မတတ်နိုင်သော ယောက်ျားယုတ်အား။ သံသတိ၊ ပြောဆိုအံ့။ ပဏ္ဍရကံ၊ ပဏ္ဍရက အမည်ရှိသော။ နာဂံ၊ နဂါးမင်းကို။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ အနွာဂတော ယထာ၊ မိမိနိုင်ငံသို့ လိုက်စေသကဲ့သို့။ တထာ၊ ထို့အတူ။ ဘိန္နမန္တံ၊ ပျက်သော အတိုင်အပင်ရှိသော။ တံ နရံ၊ ထိုပုဂ္ဂိုလ်ကို။ ဘယံ၊ ဘေးသည်။ ခိပ္ပံ၊ လျင်စွာ။ အနွေတိ၊ အစဉ်လိုက်၏။

֍ ဋ္ဌ ၂၆၀။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အနုမိတ္တော၊ အဆွေခင်ပွန်းတုသည်။ ဟောတိ၊ ဖြစ်၏။ ဟဒယေန၊ ချစ်သောစိတ်ဖြင့်။ န မိတ္တော၊ အဆွေခင်ပွန်းစစ်မဟုတ်။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဂရုံ၊ ဝန်လေးသော။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကျိုးစီးပွားကို။ ဝေဒိတုံ၊ သိခြင်းငှါ။ န အရဟတိ၊ မထိုက်။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ သုမိတ္တော စ၊ အဆွေခင်ပွန်းကောင်းသည်မူလည်း ဖြစ်အံ့။ အမိတ္တော စ၊ ရန်သူမူလည်း ဖြစ်အံ့။ အသမ္ဗုဒ္ဓံ၊ ပညာမရှိသည်မူလည်း ဖြစ်အံ့။ သမ္ဗုဒ္ဓံ၊ ပညာရှိသည်မူလည်း ဖြစ်အံ့။ အနတ္ထံ ဝါ၊ အစီးအပွားမဲ့ကိုလည်း ကျင့်တတ်အံ့။ သောပိ၊ ထိုပုဂ္ဂိုလ်သည်လည်း။ ဂရုံ၊ ဝန်လေးသော။ အတ္ထံ၊ အကျိုး စီးပွားကို။ ဝေဒိတုံ၊ သိခြင်းငှာ။ န အရဟတိ၊ မထိုက်။

֍ ဋ္ဌ ၂၆၁။ အယံ၊ ဤသူသည်ကား။ သမဏော၊ ကိလေသာ ငြိမ်းပြီးသူဟူ၍၎င်း။ သမ္မတော၊ လောက၌ အမြတ်ဟူ၍ သမုတ်အပ်သော သူဟူ၍၎င်း။ ဘာဝိတတ္တော၊ ပွားစေအပ်သောသူဟူ၍၎င်း။ မညမာနော၊ ထင်မှတ်၍။ အဟံ၊ ငါသည်။ အစေလံ၊ အစေလက တက္ကတွန်း၌။ ဝိဿာသံ၊ အကျွမ်းဝင်ခြင်းသို့။ အာပဇ္ဇိံ၊ ရောက်ပြီ။ အဟံ၊ ငါသည်။ တဿ၊ ထိုတက္ကတွန်းအား။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကျိုးစီးပွားကို။ အက္ခိံ၊ ပြောမိပြီ။ ဝိဝရိံ၊ ဖွင့်မိပြီ။ အတီတမတ္ထော၊ လွန်ပြီးသော အစီးအပွားရှိသော ငါသည်။ ဣဒါနိ၊ ယခုအခါ၌။ ကပဏံ၊ အထီးကျန်သည်ဖြစ်၍။ ရုဒါမိ၊ ငိုရ၏။

֍ ဋ္ဌ ၂၆၂။ ဗြဟ္မေ၊ မြတ်သော ဂဠုန်မင်း။ တဿ၊ ထိုတက္ကတွန်းအား။ ပရမံ၊ မြတ်သော။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ ဣမံ ဝါစံ၊ ဤစကားကို။ အဟံ၊ ငါသည်။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ သံယမေတုံ၊ စောင့်ရှောက်ခြင်းငှါ။ နာသက္ခိ၊ မတတ်နိုင်။ တသ္မာ၊ ထို့ကြောင့်။ ဘယံ၊ ဘေးသည်။ မမံ၊ ငါသို့။ တပ္ပက္ခတောဟိ၊ ထိုတက္ကတွန်း အထံမှလျှင်။ အာဂတံ၊ ရောက်လာ၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ အတီတမတ္ထော၊ လွန်ပြီးသော အစီးအပွားရှိသော ငါသည်။ ကပဏံ၊ အထီးကျန်သည်ဖြစ်၍။ ရုဒါမိ၊ ငိုရ၏။

֍ ဋ္ဌ ၂၆၃။ ယော နရော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ သုဟဒံ- သုဟဒေါ၊ ကောင်းသော စိတ်နှလုံးရှိသော သူဟူ၍။ မညမာနော၊ ထင်မှတ်လျက်။ ဒေါသာ၊ အမျက်ကြောင့်၎င်း။ ဘယာ၊ ကြောက်သောကြောင့်၎င်း။ အထ၊ ထို့မြို့။ ရာဂရတ္တာ ဝါ၊ ရာဂဖြင့် တပ်မက်မောသောကြောင့်၎င်း။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကျိုးစီးပွားကို။ ဒုက္ကုလိနေ၊ အမျိုးယုတ်သော သူတို့ကို။ သံသတိ၊ ပြောဆို၏။ ဗာလော၊ မလိမ်မာသော။ သော နရော၊ ထိုသူသည်။ အသံသယံ၊ ယုံမှားမဲ့။ ပလ္လိတ္ထိကော၊ မိမိကိုယ်ကို သတ်သည်မည်သည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၂၆၄။ တိရောက္ခဝါစော၊ ဖီလာဟု ဆိုအပ်သော မဖုံးလွှမ်းအပ်သော စကားရှိသောသူသည်။ အသတံ၊ သူယုတ်မာတို့၏။ အန္တရံ၊ အတွင်းသို့။ ပဝိဋ္ဌော၊ ဝင်၏။ ဝါကျံ၊ လျှို့ဝှက်အပ်သော စကားကို။ သင်္ဂတီသု၊ ပရိသတ်အလယ်တို့၌။ ဥဒိရေတိ၊ ဆိုတတ်၏။ တံ နရံ၊ ထိုသူကို။ အာသီဝိသော၊ လျင်သော အဆိပ်ရှိသော မြွေနှင့်တူသော။ ဒုမ္မုခေါတိ၊ ပုပ်သော ခံတွင်းရှိသော သူဟူ၍။ အာဟု၊ ဆိုကုန်၏။ တာဒိသမှာ၊ ထိုသို့ သဘောရှိသောသူမှ။ အာရာ အာရာ၊ ဝေးစွာ ဝေးစွာ။ သံသမေ၊ ရှောင်ကြဉ်ရာ၏။

֍ ဋ္ဌ ၂၆၅။ အန္နံ၊ ထမင်းကို၎င်း။ ပါနံ၊ အဖျော်ကို၎င်း။ ကာသိကစန္ဒနဉ္စ၊ ကာသိတိုင်း၌ ဖြစ်သော စန္ဒကူးကို၎င်း။ မနာပိတ္ထိယော၊ နှစ်လိုဘွယ် ရှိကုန်သော မိန်းမတို့ကို၎င်း။ မာလမုစ္ဆာဒနဉ္စ၊ နတ်၌ဖြစ်သောပန်း နတ်၌ဖြစ်သော နံ့သာမျိုးလေးပါး ကသယ်မှုန့်တို့ကို၎င်း။ ဧတေ သဗ္ဗကာမေ၊ ထိုအလုံးစုံသော နတ်၌ဖြစ်သော ကာမဂုဏ်တို့ကို။ ဩဟာယ၊ စွန့်၍။ မယံ၊ ငါတို့သည်။ ဂစ္ဆာမသေ၊ သွားရကုန်အံ့သည်တကား။ သုပဏ္ဏ၊ ဂဠုန်မင်း။ တေ၊ သင် ဂဠုန်မင်းအား။ ပါဏူပဂတာဝ၊ အသက်တို့ဖြင့် ကိုးကွယ်ခြင်းသို့ ရောက်သည်လျှင်။ အမှာ၊ ဖြစ်ကုန်၏။

ဤသို့ ပဏ္ဍရက နဂါးမင်းသည် ကောင်းကင်၌ ဦးခေါင်း စောက်ထိုး တွဲလျားဆွဲလျက် ရှစ်ဂါထာတို့ဖြင့် ငိုကြွေးလျှင် ဂဠုန်မင်းသည် ပဏ္ဍရက နဂါးမင်း ငိုကြွေးသံကို ကြား၍ နဂါးမင်း- မိမိလျှို့ဝှက်အပ်သော စကားကို အဝတ် မဝတ်သော တက္ကတွန်းအား ပြောဆိုပြီး၍ ယခုအခါ အဘယ့်ကြောင့် သင်သည် ငိုကြွေးဘိသနည်းဟုဆို၍ ထိုပဏ္ဍရက နဂါးမင်းကို ကဲ့ရဲ့လိုရကား-

၂၆၆။ ကောနီဓ တိဏ္ဏံ ဂရဟံ ဥပေတိ။
အသ္မိံဓ လောကေ ပါဏဘူ နာဂရာဇ။
သမဏော သုပဏ္ဏော အထဝါ တဝေဝ၊
ကိံ ကာရဏာ ပဏ္ဍရက ဂဟိတော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၆၆။ နာဂရာဇ၊ နဂါးမင်း။ ဣဓ၊ ဤနဂါးမင်းကို ဖမ်းယူရာ၌။ တိဏ္ဏံ၊ ငါတို့သုံးယောက်တို့တွင်။ ကော၊ အဘယ်မည်သော။ ပါဏဘူ၊ သတ္တဝါသည်။ အသ္မီဓ လောကေ၊ ဤလောက၌။ ဂရဟံ၊ ကဲ့ရဲ့အပ်သော အဖြစ်သို့။ ဥပေတိ နု၊ ရောက်မည်နည်း။ သမဏော၊ တက္ကတွန်း ရဟန်းသည်တည်း။ ဂရဟံ၊ ကဲ့ရဲ့အပ်သောအဖြစ်သို့။ ဥပေတိ နု၊ ရောက်မည်လော။ အထဝါ၊ ထိုသို့ မဟုတ်မူကား။ သုပဏ္ဏော၊ ဂဠုန်မင်းသည်တည်း။ ဂရဟံ၊ ကဲ့ရဲ့အပ်သောအဖြစ်သို့။ ဥပေတိ နု၊ ရောက်မည်လော။ အထ၊ ထိုသို့မဟုတ်မူကား။ တဝေဝ၊ သင်သည်လျှင်။ ဂရဟံ၊ ကဲ့ရဲအပ်သော အဖြစ်သို့။ ဥပေတိ နု၊ ရောက်မည်လော။ ပဏ္ဍရက၊ ပဏ္ဍရက နဂါးမင်း။ ကိံ ကာရဏာ၊ အဘယ့်ကြောင့်။ မံ၊ ငါ့ကို။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ ဂဟိတော၊ ဖမ်းလေသနည်း။ ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံ၍။ အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။ ဂရဟ၊ သင်ကဲ့ရဲ့လော့။

ထိုစကားကိုကြား၍ ပဏ္ဍရက နဂါးမင်းသည် မိမိအကြောင်းကို ဂဠုန်မင်းအား ကြားလိုရကား -

၂၆၇။ သမဏာတိ မေ သမ္မတတ္တော အဟောသိ၊
ပိယော စ မေ မနသာ ဘာဝိတတ္တော။
တဿာဟ မက္ခိံ ဝိဝရိံ ဂုယှမတ္ထံ၊
အတီတမတ္ထော ကပဏံ ရုဒါမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၆၇။ ဘော သုပဏ္ဏ၊ အို-ဂဠုန်မင်း။ သော သမဏော၊ ထိုတက္ကတွန်းရဟန်းကို။ မေ၊ ငါသည်။ သမ္မတတ္တော၊ သူတော်ကောင်းဟူ၍ သမုတ်အပ်သည်၏ အဖြစ်သည်။ အဟောသိ၊ ဖြစ်၏။ မေ၊ ငါ့အား။ ပိယော စ၊ ချစ်အပ်သည်လည်း။ အဟောသိ၊ ဖြစ်၏။ မနသာ၊ စိတ်ဖြင့်။ ဘာဝိတတ္တော စ၊ ပွားစေအပ်သော ကောင်းသော သဘောရှိသည်၏ အဖြစ်သည်လည်း။ အဟောသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့ထင်မှတ်၍။ အဟံ၊ ငါသည်။ တဿ၊ ထိုတက္ကတွန်းရဟန်းအား။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကျိုးစီးပွားကို။ အက္ခိံ၊ ပြောဆိုမိ၏။ ဝိဝရိံ၊ ဖွင့်မိ၏။ ဣဒါနိ၊ ယခုအခါ၌။ အတီတမတ္ထော၊ လွန်လေပြီးသော အစီးအပွား ရှိသည်ဖြစ်၍။ ကပဏံ၊ အထီးကျန်လျက်။ ရုဒါမိ၊ ငိုရ၏။

ထို့နောင်မှ ဂဠုန်မင်းသည် သေခြင်း၌ မစိုးရိမ်ရာသော အဖြစ်ကို ပြသဖြင့် မကဲ့ရဲ့အပ်သည်ဖြစ်သော အစေလက တက္ကတွန်းကို သင် မကဲ့ရဲလင့်၊ သင့်ကိုယ်ကိုသာလျှင် သင် ကဲ့ရဲ့လော့ဟု ဆို၍ ထိုပဏ္ဍရက နဂါးမင်းအား တရားဟော

လိုရကား-

၂၆၈။ န စတ္ထိ သတ္တော အမရော ပထဗျာ၊
ပညာဝိမာ နတ္ထိ န နိန္ဒိတဗ္ဗာ။
သစ္စေန ဓမ္မေန ဓိတိယာ ဒမေန၊
အလဗ္ဘ မဗျာဟရတိ နရော ဣဓ။
၂၆၉။ မာတာ ပိတာ ပရမာ ဗန္ဓဝါနံ၊
နာဿ တတိယော အနုကမ္ပကတ္ထိ။
တေသမ္ပိ ဂုယှံ ပရမံ န သံသေ၊
မန္တဿ ဘေဒံ ပရိသင်္ကမာနော။
၂၇၀။ မာတာ ပိတာ ဘဂိနိ ဘာတရော စ၊
သဟာယော ဝါ ယဿ ဟောန္တိ သပက္ခာ။
တေသမ္ပိ ဂုယှံ ပရမံ န သံသေ၊
မန္တဿ ဘေဒံ ပရိသင်္ကမာနော။
၂၇၁။ ဘရိယာစေ ပုရိသံ ဝဇ္ဇာ၊ ကောမာရီ ပိယဘာဏိနီ။
ပုတ္တရူပယသူပေတာ၊ ဉာတိသင်္ဃ ပုရေက္ခတာ။
တသာပိ ဂုယှံ ပရမံ န သံသေ၊
မန္တဿ ဘေဒံ ပရိသင်္ကမာနော။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၆၈။ နာဂရာဇ၊ နဂါးမင်း။ ပထဗျာ၊ မြေအပြင်၌။ အမရော၊ မသေသော သဘောရှိသော။ သတ္တော၊ သတ္တဝါ မည်သည်။ န စ အတ္ထိ၊ မရှိသည်သာတည်း။ ပညာဝိမာ၊ ပညာနှင့်တူသော။ န နိန္ဒိတာ၊ မကဲ့ရဲ့အပ်သော တရားမည်သည်။ နတ္ထိ၊ မရှိ။ နာဂရာဇ၊ နဂါးမင်း။ ဣဓ၊ ဤလောက၌။ နရော၊ သတ္တဝါသည်။ သစ္စေန၊ သစ္စာတရားဖြင့်၎င်း။ ဓမ္မေန၊ သုစရိုက်ဖြင့်၎င်း။ ဓိတိယာ၊ ပညာဖြင့်၎င်း။ ဒမေန၊ ဣန္ဒြေကို ဆုံးမခြင်းဖြင့်၎င်း။ အလဗ္ဘံ၊ ရခဲသော သမာပတ်ရှစ်ပါး မဂ်ဖိုလ် နိဗ္ဗာန်ဟု ဆိုအပ်သော တရားအထူးကို။ အဗျာဟရတိ၊ ပြီးစေနိုင်၏။ တသ္မာ၊ ထို့ကြောင့်။ အတ္တာနံဝ၊ မိမိကိုယ်ကိုသာလျှင်။ ဂရဟ၊ သင် ကဲ့ရဲ့လော့။

֍ ဋ္ဌ ၂၆၉။ နာဂရာဇ၊ နဂါးမင်း။ ဗန္ဓဝါနံ၊ အဆွေအမျိုးတို့တွင်။ မာတာ၊ အမိသည်၎င်း။ ပိတာ၊ အဖသည်၎င်း။ ပရမာ၊ မြတ်သော အဆွေအမျိုးမည်၏။ အဿ၊ ထိုသားသ္မီးဖြစ်သော သတ္တဝါအား။ အနုကမ္ပကော၊ သနားတတ်သော။ တတိယော၊ အမိအဖတို့မှတပါး သုံးယောက်မြောက်သော သတ္တဝါ မည်သည်။ န အတ္ထိ၊ မရှိ။ မန္တဿ၊ အတိုင်အပင်၏။ ဘေဒံ၊ ပျက်အံ့သည်ကို။ ပရိသင်္ကမာနော၊ ရွံရှာသောပညာရှိသည်။ တေသမ္ပိ၊ ထိုအမိအဖတို့အားလည်း။ ပရမံ၊ မြတ်သော။ ဂုယှံ၊ လျှို့ဝှက်အပ်သော စကားကို။ န သံသေ၊ မပြောဆိုရာ။

֍ ဋ္ဌ ၂၇၀။ နာဂရာဇ၊ နဂါးမင်း။ ယဿ၊ အကြင်သူ၏။ မာတာ၊ အမိသည်၎င်း။ ပိတာ၊ အဖသည်၎င်း။ ဘဂိနိ၊ နှမသည်၎င်း။ ဘာတရော စ၊ ညီအစ်ကိုသည်၎င်း။ သဟာယော ဝါ၊ အဆွေခင်ပွန်းသည်၎င်း။ သပက္ခာ၊ ဘထွေးဘကြီး ဦးရီး အစရှိသော တူသော အပင်းအသင်း ဖြစ်ကုန်သော အဆွေအမျိုးတို့သည်၎င်း။ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏။ မန္တဿ၊ အတိုင်အပင်၏။ ဘေဒံ၊ ပျက်အံ့သည်ကို။ ပရိသင်္ကမာနော၊ ရွံရှာသောပညာရှိသည်။ တေသမ္ပိ၊ ထိုသူတို့အားလည်း။ ပရမံ၊ မြတ်သော။ ဂုယှံ၊ လျှို့ဝှက်အပ်သော စကားကို။ န သံသေ၊ မပြောဆိုရာ။

֍ ဋ္ဌ ၂၇၁။ နာဂရာဇ၊ နဂါးမင်း။ ပုရိသံ၊ မိမိလင်မှ တပါးသောယောက်ျားကို။ ဝဇ္ဇာ၊ ဝေးစွာရှောင်ကြဉ်တတ်သော။ ကောမာရီ၊ ငယ်ရွယ်သောအခါ၌ ဆောင်ယူအပ်သော မယားလည်းဖြစ်သော။ ပိယဘာဏိနီ၊ ချစ်ဘွယ်သော စကားကိုလည်း ဆိုတတ်သော။ ပုတ္တရူပယသူပေတာ၊ သားသ္မီး အရောင်အဆင်း စည်းစိမ် အခြံအရံနှင့်လည်း ပြည့်စုံသော။ ဉာတိသင်္ဃပုရေက္ခတာ၊ ဆွေမျိုးအပေါင်းတို့သည် ခြံရံအပ်သော။ ဘရိယာ စ၊ မယားသည်မူလည်း။ အာစိက္ခာဟိ၊ ပြောပါလော့။ ဣတိ၊ ဤသို့။ စေ ဝဒေယျ၊ အကယ်၍ ဆိုငြားအံ့။ တဿာပိ၊ ထိုမယားအားလည်း။ မန္တဿ၊ အတိုင်အပင်၏။ ဘေဒံ၊ ပျက်အံ့သည်ကို။ ပရိသင်္ကမာနော၊ ရွံရှာသော ပညာရှိသည်။ ပရမံ၊ မြတ်သော။ ဂုယှံ၊ လျှို့ဝှက်အပ်သော စကားကို။ န သံသေ၊ မပြောဆိုရာ။

ဤဂါထာတို့ဖြင့် တရားဟောပြီး၍ တဖန် နဂါးမင်းအား အဆုံးအမပေးသဖြင့် တရားဟောပြန်လိုရကား-

၂၇၂။ န ဂုယှမတ္ထ ဝိဝရေယျ၊ ရက္ခေယျ နံ ယထာ နိဓိ။
န ဟိ ပါတုကတော သာဓု၊
ဂုယှော အတ္ထော ပဇာနတာ။
၂၇၃။ ထိယာ ဂုယှံ န သံသေယျ၊
အမိတ္တဿ စ ပဏ္ဍိတော။
ယော စာမိသေန သံဟီရော၊
ဟဒယတ္ထေနော စ ယော နရော။
၂၇၄။ ဂုယှမတ္ထမသမ္ဗုဒ္ဓံ၊ သမ္ဗောဓယတိ ယောနရော။
မန္တဘေဒဘယာ တဿ၊
ဒါသဘူတော တိတိက္ခတိ။
၂၇၅။ ယာဝန္တော ပုရိသဿတ္ထံ၊ ဂုယှံ ဇာနန္တိ မန္တိနံ။
တာဝန္တော တဿ ဥဗ္ဗေဂါ၊
တသ္မာ ဂုယှံ န ဝိဿဇေ။
၂၇၆။ ဝိဝိစ္စ ဘာသေယျ ဒိဝါ ရဟဿံ၊
ရတ္တိဂိရံ နာတိဝေလံ ပမုဉ္စေ။
ဥပဿုတိကာ ဟိ သုဏန္တိ မန္တံ၊
တသ္မာ မန္တော ခိပ္ပမုပေတိ ဘေဒံ၊
၂၇၇။ ယထာပိ အယနဂရံ မဟန္တံ၊
အဒွါရကံ အာယသံ ဘဒ္ဒသာလံ။
သမန္တခါတာ ပရိခါ ဥပေတံ၊
ဧဝံပိ မေ တေ ဣဓ ဂုယှမန္တာ။
၂၇၈။ ယေ ဂုယှမန္တာ အဝိကိဏ္ဏဝါစာ၊
ဒဠှာ သဒတ္ထေသု နရာ ဒုဇိဝှ။
အာရာ အမိတ္တာ ဗျဝဇန္တိ တေဟိ၊
အာသီဝိသာ ဝါရိဝ သတ္တုသင်္ဃာ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၇၂။ နာဂရာဇ၊ နဂါးမင်း။ ဂုယှမတ္ထံ၊ လျှို့ဝှက်အပ်သောအကြောင်းကို။ နိဓိယထာ၊ ရွှေအိုးကိုကဲ့သို့။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ န ဝိဝရေယျ၊ မဖွင့်ရာ။ ဟိ-သစ္စံ၊ မှန်၏။ ဂုယှော၊ လျှို့ဝှက်အပ်သော။ အတ္ထော၊ အကြောင်းကို။ ပါတုကတော၊ ထင်ရှားပြုခြင်းကို။ ပဇာနတာ၊ ပညာရှိသည်။ န သာဓု- နပ္ပသတ္ထော၊ မချီးမွမ်းအပ်။

֍ ဋ္ဌ ၂၇၃။ နာဂရာဇ၊ နဂါးမင်း။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ ထိယာ၊ မိန်းမအား၎င်း။ အမိတ္တဿ၊ ရန်သူအား၎င်း။ ဂုယှံ၊ လျှို့ဝှက်အပ်သောစကားကို။ န သံသေယျ၊ မပြောဆိုရာ။ ယော စ၊ အကြင်သူသည်ကား။ အာမိသေန၊ တစုံတခုသော အာမိသဖြင့်။ သံဟီရော၊ ဖြားယောင်းတတ်၏။ တဿပိ၊ ထိုသူ့အားလည်း။ ဂုယှံ၊ လျှို့ဝှက်အပ်သော စကားကို။ န သံသေယျ၊ မပြောဆိုရာ။ ယော စ နရော၊ အကြင်သူသည်ကား။ ဟဒယတ္ထေနော၊ နှုတ်တပါး စိတ်တပါး အဆွေခင်ပွန်းတုဖြစ်၍ စိတ်နှလုံးကို ခိုးတတ်၏။ တဿပိ၊ ထိုသူ့အားလည်း။ ဂုယှံ၊ လျှို့ဝှက်အပ်သော စကားကို။ န သံသေ၊ မပြောဆိုရာ။

֍ ဋ္ဌ ၂၇၄။ နာဂရာဇ၊ နဂါးမင်း။ ယော နရော၊ အကြင်သူသည်။ အသမ္ဗုဒ္ဓံ၊ မသိစေအပ်သော။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကြောင်းကို။ သမ္ဗောဓယတိ၊ သိလေအံ့။ မန္တဘေဒဘယာ၊ အတိုင်အပင် ပျက်စီးအံ့သည်မှ ကြောက်သောသူသည်။ တဿ၊ ထိုသိလေသော သူ၏။ ဒါသဘူတော၊ ကျွန်ကဲ့သို့ဖြစ်၍။ တိတိက္ခတိ၊ သည်းခံအပ်၏။

֍ ဋ္ဌ ၂၇၅။ နာဂရာဇ၊ နဂါးမင်း။ မန္တနံ၊ တိုင်ပင်အပ်သောသူတို့တွင်။ ယာဝန္တော၊ အကြင်မျှလောက်ကုန်သော သူတို့သည်။ ပုရိသဿ၊ ယောက်ျားပုဂ္ဂိုလ်၏။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကြောင်းကို။ ဇာနန္တိ၊ သိလေကုန်၏။ တာဝန္တော၊ ထိုမျှလောက်သောသူတို့သည်။ တဿ၊ ထိုပုဂ္ဂိုလ်အား။ ဥဗ္ဗေဂါ၊ ထိတ်လန့်ခြင်းကို ဖြစ်စေတတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဂုယှံ၊ လျှို့ဝှက်အပ်သောစကားကို။ န ဝိဿဇေ၊ သူတပါးကို မသိစေရာ။

֍ ဋ္ဌ ၂၇၆။ နာဂရာဇ၊ နဂါးမင်း။ ဒိဝါ၊ နေ့၌။ ဝိဝိစ္စ၊ ဆိတ်ကွယ်ရာအရပ်သို့ သွား၍။ ရဟဿံ၊ လျှို့ဝှက်အပ်သော စကားကို။ ဘာသေယျ၊ ပြောဆိုရာ၏။ ရတ္တိ၊ ညဉ့်၌။ အတိဝေလံ၊ အပိုင်းအခြားကို လွန်၍ ကျယ်စွာသောအသံကို။ ကရောန္တော၊ ပြုလျက်။ ဂိရံ၊ စကားကို။ န ပမုဉ္စေ၊ မလွှတ်ရာ။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဥပဿုတိကာ၊ တိုင်ပင်ရာသို့ ချဉ်း၍ တိုက်နံရံ၏အပ စသည်၌ရပ်၍ နားထောင်သော သူတို့သည်။ မန္တံ၊ အတိုင်အပင်ကို။ သုဏန္တိ၊ ကြားကုန်ရာ၏။ တသ္မာ၊ ထို့ကြောင့်။ မန္တော၊ အတိုင်အပင်သည်။ ခိပ္ပံ၊ လျင်စွာ။ ဘေဒံ၊ ပျက်စီးခြင်းသို့။ ဥပေတိ၊ ရောက်၏။

֍ ဋ္ဌ ၂၇၇။ ဒုဇိဝှ၊ နဂါးမင်း။ အဒွါရကံ၊ တံခါးလည်း မရှိထသော။ အယသာ၊ သံဖြင့်။ ကတံ၊ ပြုအပ်သော။ ဘဒ္ဒသာလံ၊ တင့်တယ်သော စရပ် တန်ဆောင်း အိမ်ဈေး အစရှိသည်တို့နှင့်လည်း ပြည့်စုံထသော။ သမန္တခါတာ၊ ထက်ဝန်းကျင် တူးအပ်ကုန်သော။ ပရိခါ၊ သုံးတန်သော ကျူးတို့နှင့်လည်း။ ဥပေတံ၊ ပြည့်စုံထသော။ မဟန္တံ၊ ကြီးကျယ်စွာသော။ အယနဂရံ ယထာ၊ သံဖြင့်ပြီးသော မြိုကဲ့သို့။ ဧဝမ္ပိ၊ ဤသံမြို့ အတူလျှင်။ ဣဓ၊ ဤလောက၌။ ဂုယှမန္တာ၊ လျှို့ဝှက်အပ်သော အတိုင်အပင် ရှိကုန်သော။ ယေ နရာ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ နရာ၊ ထိုပုဂ္ဂိုလ်တို့သည်။ မေ၊ ငါ့အား။ ခါယန္တိ၊ ထင်ကုန်၏။

֍ ဋ္ဌ ၂၇၈။ ဒုဇိဝှ၊ နဂါးမင်း။ ဂုယှမန္တာ၊ လျှို့ဝှက်အပ်သော အတိုင်အပင် ရှိကုန်သော။ သဒတ္ထေသု၊ မိမိအကျိုးစီးပွားတို့၌။ ဒဠှာ၊ မြဲမြံကုန်သော သူတို့သည်။ အာရာ၊ အဝေးမှ။ ဗျဝဇန္တိ ဣဝ၊ ဖဲကုန်သကဲ့သို့။ အဝိကိဏ္ဏဝါစာ၊ ဖရိုဖရဲ မရှိသည်ဖြစ်၍ စောင့်ရှောက်အပ်သော စကားရှိကုန်သော။ အာသီဝိသာ၊ လျင်သော အဆိပ်ရှိသော မြွေဟုဆိုအပ်သော။ သတ္တုသင်္ဃာ၊ ရန်သူအပေါင်းမှ။ ဇီဝိတုကာမာ၊ အသက်ရှည်ခြင်းငှါ အလိုရှိကုန်သော သူတို့သည်။ အာရာ၊ အဝေးမှ။ ဗျဝဇန္တိ ဣဝ၊ ဖဲကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တေဟိ၊ ထိုလျှို့ဝှက်အပ်သော အတိုင်အပင်ရှိကုန်သော သူတို့မှ။ အမိတ္တာ၊ ရန်သူတို့သည်။ အာရာ၊ အဝေးမှ။ ဗျဝဇန္တိ၊ ဖဲလေကုန်၏။

ဤသို့ ဂဠုန်မင်းသည် တရားဟောတော်မူသည်ရှိသော် ပဏ္ဍရက နဂါးမင်းသည် ထိုတက္ကတွန်း၏ သီလမရှိသော အဖြစ်ကိုသိ၍ ဂဠုန်မင်း- ငါသည် ထိုတက္ကတွန်းအား သီလရှိသောရဟန်း ထင်မှတ်၍ လျှို့ဝှက်အပ်သော စကားကို ပြောဆိုမိသောကြောင့် ပျက်စီးခြင်းသို့ ရောက်ရပြီ၊ အဘယ်သို့သော အကျင့်ဝတ်နှင့် ပြည့်စုံသောသူသည် ရဟန်းကောင်း အစစ်ဖြစ်၍ နတ်ရွာသို့ ရောက်ရာသနည်းဟု ဆို၍ ထိုအကြောင်းကို ဂဠုန်မင်းအား မေးလိုရကား-

၂၇၉။ ဟိတွာ ဃရံ ပဗ္ဗဇိတော အစေလော၊
နဂ္ဂေါ မုဏ္ဍော စရတိ ဃာသဟေတု။
တမှိ နုခေါ ဝိဝရိ ဂုယှမတ္ထံ၊
အတ္ထာ စ ဓမ္မာ စ အပဂတမှာ။
၂၈၀။ ကထံ ကရော ဝါဟိ သုပဏ္ဏရာဇ။
ကိံ သီလော ကေန ဝတေန ဝတန္တော။
သမဏော စရံ ဟိတွာ မမာယိတာနိ၊
ကထံ ကရော သဂ္ဂမုပေတိ ဌာနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၇၉။ သုပဏ္ဏရာဇ၊ ဂဠုန်မင်း။ ဃရံ၊ အိမ်ကို။ ဟိတွာ၊ စွန့်၍။ ပဗ္ဗဇိတော၊ ရဟန်းပြုသော။ အစေလော၊ အဝတ်မဝတ်။ နဂ္ဂေါ၊ အချည်းနှီးသော။ မုဏ္ဍော၊ ဦးပြည်းသည်။ ဃာသဟေတု၊ ခဲဘွယ်စားဘွယ်ကို ရှာလိုသောကြောင့်။ စရတိ၊ ကျင့်၏။ တမှိ နုခေါ၊ ထိုအဝတ် မဝတ်သော ရဟန်းဦးပြည်း၌လျှင်။ ဂုယှံ၊ လျှို့ဝှက်အပ်သော။ အတ္ထံ၊ အကြောင်းကို။ ဝိဝရိ၊ ဖွင့်ဆိုမိ၏။ မယံ၊ ငါတို့သည်။ အတ္ထာ စ၊ အကျိုးစီးပွားမှ၎င်း။ ဓမ္မာ စ၊ အကြောင်းမှ၎င်း။ အပဂတာ၊ ကင်းကုန်သည်။ အမှာ၊ ဖြစ်ကုန်ပြီ။

֍ ဋ္ဌ ၂၈၀။ သုပဏ္ဏရာဇ၊ ဂဠုန်မင်း။ ကိံ သီလော၊ အဘယ်သို့သော သီလနှင့်ပြည့်စုံသော။ ကေန ဝတေန၊ အဘယ်သို့သော အကျင့်ကို ဆောက်တည်ခြင်းဖြင့်။ ဝတန္တော၊ ကျင့်သော။ မမာယိတာနိ၊ တဏှာဟူသော ငါ၏ဥစ္စာဟူ၍ တပ်မက်မောတတ်သော အကုသိုလ်တို့ကို။ ဟိတွာ၊ စွန့်၍။ စရံ စရန္တော၊ ကျင့်သောသူသည်။ ကထံ၊ အဘယ်သို့။ ကရော၊ ပြုသည်ဖြစ်၍။ သမဏော၊ ရဟန်းသည်။ သဂ္ဂံ၊ ရူပါရုံစသည်တို့ဖြင့် မြတ်သော။ ဌာနံ၊ နတ်ပြည်သို့။ ဥပေတိ၊ ရောက်သနည်း။

ဂဠုန်မင်းသည် ထိုပဏ္ဍရက နဂါးမင်း၏ အမေးကို ဖြေလိုရကား-

၂၈၁။ ဟိရိယာ တိတိက္ခာယ ဒမေ နုပေတေ။
အက္ကောဓနော ပေသုဏိယံ ပဟာယ။
သမဏာ စရံ ဟိတွာ မမာယိတာနိ၊
ဧဝံ ကရော သဂ္ဂမုပေတိ ဌာနံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၈၁။ နာဂရာဇ၊ နဂါးမင်း။ ဟိရိယာ၊ အဇ္ဈတ္တကြောင့် ဖြစ်သော ဟိရီ, ဗဟိဒ္ဓကြောင့်ဖြစ်သော ဩတ္တပ္ပနှင့်၎င်း။ တိတိက္ခာယ၊ သည်းခံခြင်းနှင့်၎င်း။ ဒမေန၊ ဣန္ဒြေကို ဆုံးမခြင်းနှင့်၎င်း။ ဥပေတော၊ ပြည့်စုံသော။ အက္ကောဓနော၊ အမျက်မထွက်တတ်သော အလေ့ရှိသော။ ပေသုဏိယံ၊ ချောပစ်သော စကားကိုလည်း။ ပဟာယ၊ စွန့်၍။ မမာယိတာနိ၊ တပ်မက်မောတတ်သော တဏှာတို့ကို။ ဟိတွာ၊ စွန့်၍။ စရံ-စရန္တော၊ ကျင့်သောသူသည်။ သမဏော၊ ရဟန်းမည်သည်။ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ ကရော၊ ပြုသော ရဟန်းသည်လျှင်။ သဂ္ဂံ၊ ရူပါရုံစသည်တို့ဖြင့် မြတ်သော။ ဌာနံ၊ နတ်ပြည်သို့။ ဥပေတိ၊ ရောက်ရ၏။

ဂဠုန်မင်း၏ ဤတရားစကားကို ကြားရလျှင် ပဏ္ဍရကနဂါးမင်းသည် မိမိအသက်ကို တောင်းလိုသည်ဖြစ်၍-

၂၈၂။ မာတာဝ ပုတ္တံ တရုဏံ တနုဇ္ဇံ၊
သမ္ဖဿတံ သဗ္ဗဂတ္တံ ဖရေတိ။
ဧဝံပိ မေ တွံ ပါတုရဟု ဒိဇိန္ဒ၊
မာတာဝ ပုတ္တံ အနုကမ္ပမာနော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၈၂။ ဒိဇိန္ဒ၊ ငှက်များသေဌ်နင်း ဂဠုန်မင်း။ မာတာ၊ အမိသည်။ တနုဇံ၊ ကိုယ်မှဖြစ်သော။ တရုဏံ၊ ငယ်စွာသော။ ပုတ္တံ၊ သားကို။ သမ္ဖဿတံ၊ ကောင်းစွာ အတွေ့ရှိသည်၏ အဖြစ်ကိုသိ၍။ သဗ္ဗဂတ္တံ၊ အလုံးစုံသောကိုယ်ကို။ ဖရေတိ-ဣဝ၊ သား၏အတွေ့ဖြင့် နှံ့စေသကဲ့သို့။ ဧဝံပိ၊ ဤအတူလည်း။ တွံ၊ သင်ဂဠုန်မင်းသည်။ မေ၊ အကျွန်ုပ်အား။ ပါတုရဟု၊ ထင်ရှားဖြစ်ပါ၏။ တသ္မာ၊ ထို့ကြောင့်။ မာတာ၊ အမိသည်။ ပုတ္တံ၊ သားကို။ အနုကမ္ပမာနော ဣဝ၊ သနားသကဲ့သို့။ ဧဝံ၊ ဤအတူ။ မံ၊ အကျွန်ုပ်ကို။ ပဿ၊ ရှုတော်မူလော့။

ထိုသို့ နဂါးမင်း တောင်းပန်သောအခါ ဂဠုန်မင်းသည် နဂါးမင်း၏အသက်ကို ပေးလိုရကား-

၂၈၃။ ဟန္ဒဇ္ဇ တွံ မုဉ္စ ဝဓာ ဒုဇိဝှ၊
တယော ဟိ ပုတ္တာ န ဟိ အညော အတ္ထိ။
အန္တေဝါသိ ဒိန္နကော အတြဇော စ၊
ရဇ္ဇဿု ပုတ္တညတရော မေ အဟောသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၈၃။ ဒုဇိဝှ၊ နဂါးမင်း။ ဟန္ဒ၊ ငါသနားလှစွ။ အဇ္ဇ၊ ယခုအခါ၌။ တွံ၊ သင်သည်။ ဝဓာ၊ သတ်ခြင်းမှ။ မုဉ္စ၊ လွတ်လော့။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ အန္တဝါသိ စ၊ အတတ်သင်သော သား၎င်း။ ဒိန္နကော စ၊ သားပြုလော့ဟု သူတပါးပေးသော သား၎င်း။ အတြဇော စ၊ မိမိမှဖြစ်သော သား၎င်း။ ဣတိ၊ ဤသို့။ ပုတ္တာ၊ သားတို့သည်။ တယော ဟိ၊ သုံးယောက်တို့ သည်သာလျှင်တည်း။ အညော၊ သုံးယောက်မှ တပါးသော လေးယောက်မြောက်သော သားမည်သည်။ န အတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင် နဂါးမင်းသည်။ မေ၊ ငါ၏။ အညတရော၊ တယောက်ယောက်သော။ ပုတ္တော၊ သားသည်။ အဟောသိ၊ ဖြစ်၏။ ရဇ္ဇဿု၊ မွေ့လျော်လော့။

ဤသို့သော စကားကို ဆိုပြီးလျှင် ကောင်းကင်မှသက်၍ နဂါးမင်းကို မြေ၌ တည်စေ၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၈၄။ ဣစ္စေဝ ဝါကျံ ဝိဿဇ္ဇိ သုပဏ္ဏော၊
ဘူမျံ ပတိဋ္ဌာယ ဒိဇော ဒုဇိဝှံ။
မုတ္တဇ္ဇ တွံ သဗ္ဗဘယာတိဝတ္တော။
ထလူဒကေ ဟောတိ မယာဘိဂုတ္တော။
၂၈၅။ အာတင်္ကိနံ ယထာ ကုသလော ဘိသက္ကော၊
ပိပါသိတာနံ ဥဒကရဟဒေါဝ သီတော။
ဝေသ္မံ ယထာ ဟိမသီတဋ္ဋိတာနံ၊
ဧဝံပိ တေ သရဏမဟံ ဘဝါမိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၈၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣစ္စေဝ ဝါကျံ၊ ဤသို့သောစကားကို။ ဝတွာ၊ ဆိုပြီး၍။ သုပဏ္ဏော၊ ဂဠုန်မင်းသည်။ ဒုဇိဝှံ၊ နဂါးမင်းကို။ ဝိဿဇ္ဇိ၊ လွှတ်၏။ ဒိဇော၊ ဂဠုန်မင်းသည်။ ဘူမျံ၊ မြေ၌။ ပတိဋ္ဌာယ၊ ရပ်၍။ ဒုဇိဝှံ၊ နဂါးမင်းကို။ သမဿာသေန္တော၊ နှစ်သက်စေလျက်။ တွံ၊ သင် နဂါးမင်းကို။ အဇ္ဇ၊ ယခုအခါ၌။ မုတ္တော၊ ငါလွှတ်၏။ သဗ္ဗဘယာ၊ အလုံးစုံသော ဘေးမှ။ အတိဝတ္တော၊ လွန်မြောက်ပြီ။ ထလေ၊ ကြည်း၌၎င်း။ ဥဒကေ၊ ရေ၌၎င်း။ မယာ၊ ငါသည်။ အဘိဂုတ္တော၊ စောင့်ရှောက်အပ်သည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၂၈၅။ နာဂရာဇ၊ နဂါးမင်း။ ကုသလော၊ လိမ်မာသော။ ဘိသက္ကော၊ ဆေးသမားသည်။ အာတင်္ကိနံ၊ သူနာတို့၏။ သရဏံ ယထာ စ၊ ကိုးကွယ်ရာ ဖြစ်သကဲ့သို့၎င်း။ သီတော၊ ချမ်းမြေ့စွာသော။ ဥဒကရဟဒေါ၊ ရေအိုင်သည်။ ပိပါသိတာနံ၊ ရေမွတ်ကုန်သောသူတို့၏။ သရဏံ ဣဝ၊ ကိုးကွယ်ရာ ဖြစ်သကဲ့သို့၎င်း။ ဝေသ္မံ၊ အိမ်သည်။ ဟိမသီတဋ္ဋိတာနံ၊ ဆီးနှင်းအချမ်းဖြင့် နှိပ်စက်အပ်ကုန်သော သူတို့၏။ သရဏံ ယထာ စ၊ ကိုးကွယ်ရာဖြစ်သကဲ့သို့၎င်း။ ဧဝံပိ၊ ဤအတူလျှင်။ အဟံ၊ ငါသည်။ တေ၊ သင်၏။ သရဏံ၊ ကိုးကွယ်ရာသည်။ ဘဝါမိ၊ ဖြစ်၏။

ထိုပဏ္ဍရက နဂါးမင်းသည် နဂါးပြည်သို့ သွား၏။ ဂဠုန်မင်းသည် ဂဠုန်ပြည်သို့သွား၍ ငါသည် ပဏ္ဍရက နဂါးမင်းကို သစ္စာပြု၍ ယုံကြည်စေသဖြင့် လွှတ်အပ်၏။ ငါ၌ ထိုနဂါးမင်း၏ စိတ်နှလုံးသည် အသို့သဘောရှိသနည်း၊ ထိုနဂါးမင်းကို စူးစမ်းအံ့ဟု ကြံ၍ နဂါးပြည်သို့ သွားပြီးလျှင် ဂဠုန်မင်းတို့၏ လေအဟုန်ကို ပြု၏။ ထိုသို့ပြုသော ဂဠုန်မင်းကို မြင်၍ နဂါးမင်းသည် ဖမ်းယူခြင်းငှါ လာသည်ဖြစ်လတ္တံ့ဟု ထင်မှတ်၍ အလံတထောင် အတိုင်းအရှည်ရှိသော ကိုယ်ကို ဖန်ဆင်း၍ ကျောက်ခဲတို့ကို၎င်း, သဲတို့ကို၎င်း မျို၍ ဝန်လေးသည်ကို ပြုလျက် အမြီးကို အောက်သို့ ထားသည်ကို ပြု၍ အခွေ၏ အထက်၌ ပါးပျဉ်းမိုးလျက် ဝပ်၍ ဂဠုန်မင်းကို ကိုက်သတ်အံ့သကဲ့သို့ ပြု၍ နေ၏။ ထိုသို့နေသော နဂါးမင်းကို မြင်၍ ဂဠုန်မင်းသည် အကြောင်းကို မေးလိုရကား-

၂၈၆။ သဒ္ဓိံ ကတွာ အမိတ္တေန၊ အဏ္ဍဇေန ဇလာဗုဇော။
ဝိဝရိယ ဒါဌံ သယသိ၊ ကုတော တံ ဘယမာဂတံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၈၆။ နာဂရာဇ၊ နဂါးမင်း။ ဇလာဗုဇော၊ ဇလာဗုဇမျိုး ဖြစ်သော နဂါးမင်းသည်။ အဏ္ဍဇေန၊ အဏ္ဍဇမျိုးဖြစ်သော ဂဠုန်မင်းနှင့်။ သဒ္ဓိံ၊ တကွ။ ကတွာ၊ မိတ်ဖွဲ့ခြင်း အချိန်းအချက်ကို ပြုပြီးလျက်။ ဒါဌံ၊ အစွယ်ကို။ ဝိဝရိယ၊ ဖွင့်၍။ သယသိ၊ အိပ်၏။ ကုတော၊ အဘယ်အရပ်မှ။ တံ၊ သင်သို့။ ဘယံ၊ ဘေးသည်။ အာဂတံ၊ လာရောက်သနည်း။

ထိုဂဠုန်မင်း စကားကို ကြား၍ ပဏ္ဍရက နဂါးမင်းသည် မိမိအကြောင်းကို ဂဠုန်မင်းအား ကြားလိုရကား-

၂၈၇။ သံကေတေဝ အမိတ္တသ္မိံ၊ မိတ္တသ္မိံပိ န ဝိဿသေ။
အဘယာ ဘယမုပ္ပန္နံ၊ အပိ မူလာနိ ကန္ဒတိ။
၂၈၈။ ကထံ နု ဝိဿသေ တမှိ၊
ယေနာသိ ကလဟော ကတော။
နိစ္စယဋ္ဌေန ဌာတဗ္ဗံ၊ သောရီ သဗ္ဗိ န ရဇ္ဇတိ။
၂၈၉။ ဝိသာသယေ န စ တံ ဝိဿာသေယျ၊
အသံကိတော စ သံကိတော ဘဝေယျ။
တထာတထာ ဝိညူ ပရက္ကမေယျ။
ယထာယထာ ဘာဝံ ပရော နာဇညာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၈၇။ သုပဏ္ဏရာဇ၊ ဂဠုန်မင်း။ သံကေတေဝ၊ အချိန်းအချက် ပြုပြီးသည်လျှင် ဖြစ်သော။ အမိတ္တသ္မိံ၊ ရန်သူ၌၎င်း။ မိတ္တသ္မိံပိ၊ အဆွေ ခင်ပွန်း၌၎င်း။ န ဝိဿသေ၊ အကျမ်းမဝင်ရာ။ အဘယာ၊ ဘေးမရှိသော အဆွေခင်ပွန်းမှလည်း။ ယံ ဘယံ၊ အကြင်ဘေးသည်။ ဥပ္ပန္နံ၊ ဖြစ်၏။ တံ ဘယံ၊ ထိုဘေးသည်။ မူလာနိ၊ အမြစ်အရင်းဟု ဆိုအပ်သော အသက်တို့ကိုလျှင်။ အပိ၊ စင်စစ်။ ကန္ဒတိ၊ ဖြတ်တတ်၏။

֍ ဋ္ဌ ၂၈၈။ ယေန၊ အကြင်သူနှင့်။ ကလဟော၊ ခိုက်ရန်ကို။ ကတော၊ ပြုအပ်သည်။ အသိ၊ ဖြစ်ဘူး၏။ တမှိ၊ ထိုခိုက်ရန်ပြုဘူးသော သူ၌။ ကထံ၊ အဘယ့်ကြောင့်။ ဝိဿာသေနု၊ အကျွမ်းဝင်ရာအံ့နည်း။ နိစ္စယဋ္ဌေန၊ အမြဲလုံ့လပြုသဖြင့်။ ဌာတဗ္ဗံ၊ တည်အပ်၏။ သော၊ ထိုအမြဲလုံ့လပြု၍ တည်သောသူသည်။ အရီ-အရီဟိ၊ ရန်သူတို့နှင့်။ သဗ္ဗိ-သဒ္ဓိံ၊ တကွ။ န ရဇ္ဇတိ၊ အကျွမ်းဝင်သည်၏ အစွမ်းဖြင့် မတပ်စွန်း။

֍ ဋ္ဌ ၂၈၉။ ယော၊ အကြင်သူသည်။ ဝိဿာသယေ၊ မိမိ၌ အကျွမ်းဝင်ငြားအံ့။ တဉ္စ၊ ထိုသူကိုလည်း။ သယံ၊ မိမိသည်။ န ဝိဿာသေယျ၊ အကျွမ်းမဝင်ရာ။ ယော၊ အကြင်သူသည်။ အသံကိတော၊ သူတပါးသည် မရွံရှာအပ်သည်။ ဘဝေယျ၊ ဖြစ်ငြားအံ့။ တဉ္စ၊ ထိုသူကိုလည်း။ အတ္တနာ၊ မိမိသည်။ သံကိတော၊ ရွံရှာအပ်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ ယထာ ယထာ၊ အကြင်အကြင်သို့သော အပြားအားဖြင့်။ ဝိညူ၊ ပညာရှိသည်။ ပရက္ကမေယျ၊ လုံ့လပြုရာ၏။ တထာ တထာ၊ ထိုထိုသို့သော အပြားအားဖြင့်။ အဿ၊ ထိုပညာရှိ၏။ ဘာဝံ၊ သဘောကို။ ပရော၊ သူတပါးသည်။ န ဇညာ၊ မသိရာ။

ထိုသို့ ဂဠုန်မင်း နဂါးမင်းတို့သည် အချင်းချင်း ပြောဟောကြ၍ ညီညွတ်သင့်တင့်သဖြင့် ဝမ်းမြောက်ကုန်လျက် နှစ်ယောက်ကုန်သော ဂဠုန်မင်း နဂါးမင်းတို့သည်လည်း အဝတ်မဝတ်သော တက္ကတွန်းကျောင်းသို့ သွားကြကုန်၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၉၀။ တေ ဒေဝဝဏ္ဏာ သုခုမာလရူပါ၊
ဥဘော သမာ သုဇ္ဈယာ ပုညက္ခန္ဓာ။
ဥပါဂမုံ ကရမ္ပိယံ အစေလံ၊
မိဿိဘူတာ အဿဝဟာဝ နာဂါ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၉၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝဝဏ္ဏာ၊ နတ်၏ အဆင်းနှင့် တူသော အဆင်းရှိကုန်သော။ သုခုမာလရူပါ၊ နူးညံ့သိမ်မွေ့သော အဆင်းသဏ္ဌာန်လည်း ရှိကုန်သော။ သုဇ္ဈယာ၊ စင်ကြယ်ကုန်သော။ ပုညက္ခန္ဓာ၊ ကောင်းမှုအစုကဲ့သို့ ဖြစ်ကုန်သော။ တေ၊ ထိုဂဠုန်မင်း, နဂါးမင်းတို့သည်။ သမာ၊ တူမျှကုန်သော အဆင်းသဏ္ဌာန် ရှိကုန်သည်ဖြစ်၍။ မိဿိဘူတာ၊ အချင်းချင်း မိတ်ဖွဲ့သဖြင့် ကိုယ်လက်နှီးနှောသော အဖြစ်သို့ ရောက်ကုန်လျက်။ အဿဝဟာဝ၊ ရထားဦး၌ က, အပ်သော မြင်းနှစ်စီးကဲ့သို့။ ဥဘော၊ နှစ်ယောက်ကုန်သော။ တေ နာဂါ၊ ထိုယောက်ျားမြတ်တို့သည်။ ကရမ္ပိယံ၊ ကရမ္ပယ အမည်ရှိသော။ အစေလံ၊ အစေလက တက္ကတွန်းသို့။ ဥပါဂမုံ၊ ကပ်လေကုန်၏။

တက္ကတွန်းကျောင်းသို့ ရောက်ကြပြီးလျှင် ဂဠုန်မင်းသည် ဤသို့ ကြံ၏။ ဤနဂါးမင်းသည် တက္ကတွန်းအား အရိုအသေကို မပေးလတ္တံ့၊ ထိုဒုဿီလ တက္ကတွန်းကို ရှိမခိုးအံ့ ဤသိုကြံ၏။ ကြံပြီး၍ ထိုဂဠုန်မင်းသည် အပ၌ရပ်၍ နဂါးမင်းကိုသာလျှင် တက္ကတွန်းအထံသို့ စေလိုက်၏။ ထိုသို့ စေလိုက်ကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၉၁။ တတော ဟဝေ ပဏ္ဍရကော အစေလံ၊
သယမေ ဝုပါဂမ္မ ဣဒံ အဝေါစ။
မုတ္တဇ္ဇာဟံ သဗ္ဗဘယာတိဝတ္တော၊
န ဟိ နူန တုယှံ မနသော ပိယမှာ။

ဟူသော အခြားမဲ့ဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၉၁။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော-တဒါ၊ ထိုအခါ၌။ ပဏ္ဍရကော၊ ပဏ္ဍရကနဂါးမင်းသည်။ အစေလံ၊ အစေလက တက္ကတွန်းသို့။ သယမေဝ၊ မိမိချည်းသာလျှင်။ ဥပါဂမ္မ၊ ကပ်လေ၍။ ဟဝေ၊ စင်စစ်သဖြင့်။ ဣဒံ၊ ဤစကားကို။ အဝေါစ၊ ဆိုလေ၏။ ဒုဿီလ၊ သီလမရှိသော တက္ကတွန်း။ အဇ္ဇ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ သဗ္ဗဘယာ၊ အလုံးစုံသောဘေးမှ။ မုတ္တော၊ လွတ်သည်ဖြစ်၍။ အတိဝတ္တော၊ လွန်မြောက်ပြီ။ မယံ၊ ငါတို့သည်။ တုယှံ၊ သင့်အား။ နူန၊ စင်စစ်လျှင်။ မနသာ၊ စိတ်ဖြင့်။ န ဟိ ပိယာ၊ မချစ်ကုန်သည်။ အမှာ၊ ဖြစ်ကုန်ပြီ။

ထို့နောင်မှ အစေလကတက္ကတွန်းသည် မိမိပြုသောအကြောင်းကို နဂါးမင်းအား ကြားလိုသည်ဖြစ်၍-

၂၉၂။ ပိယော ဟိ မေ အာသိ သုပဏ္ဏရာဇာ၊
အ သံသယံ ပဏ္ဍရကေန သစ္စံ။
သော ရာဂရတ္တောဝ အကာသိ ဧတံ၊
ပါပကမ္မံ သမ္ပဇာနော န မောဟာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၉၂။ နာဂရာဇ၊ နဂါးမင်း။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ သုပဏ္ဏရာဇာ၊ ဂဠုန်မင်းကို။ မေ၊ ငါသည်။ အသံသယံ၊ ယုံမှားမရှိ။ ပဏ္ဍရကေန၊ ပဏ္ဍရက နဂါးမင်းထက်။ ပိယော၊ ချစ်အပ်သည်။ အသိ၊ ဖြစ်၏။ ဟိ-သစ္စံ၊ ထိုစကားသည်မှန်၏။ တသ္မာ၊ ထို့ကြောင့်။ သော-အဟံ၊ ထိုငါသည်။ တသ္မိံ၊ ထိုဂဠုန်မင်း၌။ ရာဂရတ္တော၊ လောဘအားဖြင့် ချစ်ခင် တပ်မက်မောသည် ဖြစ်၍။ သမ္ပဇာနောဝ၊ သိလျက်လျှင်။ ဧတံ ပါပကမ္မံ၊ ထို မကောင်းမှုကို။ အကာသိ၊ ပြုမိ၏။ မောဟာ၊ မိုက်သောကြောင့်။ န အကာသိ၊ ငါမပြု။

ထိုစကားကိုကြား၍ ပဏ္ဍရက နဂါးမင်းသည် ထိုတက္ကတွန်းကို ကဲ့ရဲ့လိုရကား-

၂၉၃။ န မေ ပိယံ အပ္ပိယံဝါပိ ဟောတိ၊
သမ္ပဿတော လောကမိမံ ပရဉ္စ။
သုသညတာနဉှိပိ ဗျဉ္ဇနေန၊
အသညတော လောကမိမံ စရာသိ။
၂၉၄။ အရိယာဝကာသောသိ အနရိယောစာသိ၊
အသညတော သညတသန္နိကာသော။
ကဏှာဘိ ဇာတိကောသိ အနရိယရူပေါ၊
ပါပံ ဗဟုံ ဒုစ္စရိတံ အစရိ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၉၃။ နဂ္ဂ၊ အဝတ်မဝတ်သော တက္ကတွန်း။ ဣမဉ္စ လောကံ၊ ဤပစ္စုပ္ပန် လောကကို၎င်း။ ပရဉ္စလောကံ၊ တမလွန်လောကကို၎င်း။ သမ္ပဿတော၊ ကောင်းစွာမြင်သော ရဟန်းအား။ မေ၊ ငါသည်။ ပိယံ ဝါ၊ ချစ်အပ်သောသူဟူ၍၎င်း။ အပ္ပိယံ ဝါ၊ မချစ်အပ်သော သူဟူ၍၎င်း။ န ဟောတိ၊ မထင်။ တွံ ပန၊ သင်သည်ကား။ သုသညတာနံ၊ ကိုယ်နှုတ်နှလုံးကို ကောင်းစွာ စောင့်ရှောက်သော သူတို့၏။ ဗျဉ္ဇနေနပိ၊ အသွင်အပြင်ဖြင့်လည်း။ အသညတော၊ ကိုယ်နှုတ်နှလုံးကို မစောင့်သည်ဖြစ်၍။ ဣမံ လောကံ၊ ဤလူအပေါင်းကို။ ဝဉ္စန္တော၊ လှည့်စားလျက်။ စရာသိ၊ ကျင့်၏။

֍ ဋ္ဌ ၂၉၄။ အမ္ဘော ဒုဿီလ၊ အိုသီလမရှိသော တက္ကတွန်း။ တွံ၊ သင်သည်။ အနရိယော စ၊ သူတော်သူမြတ် မဟုတ်ဘဲလျက်လည်း။ အရိယာဝကာသော၊ သူတော် သူမြတ်တို့၏ အတုပြုသည်။ အသိ၊ ဖြစ်၏။ အသညတောပိ၊ ကိုယ်နှုတ်နှလုံးကို မစောင့်ဘဲလျက်လည်း။ သညတသန္နိကာသော၊ ကိုယ်နှုတ်နှလုံးကို စောင့်စည်းသော သူတို့၏ အတုပြုသည်။ အသိ၊ ဖြစ်၏။ ကဏှာဘိ ဇာတိကော၊ ကိုယ်တွင်း၌ ဖြစ်သော အကုသိုလ်ဟူသော မည်းညစ်သော သဘောရှိသည်။ အသိ၊ ဖြစ်၏။ အနရိယရူပေါ၊ သူယုတ်မာတို့၏ သဘောရှိသည်။ အသိ၊ ဖြစ်၏။ ပါပံ၊ ယုတ်မာစွာသော။ ဒုစ္စရိတံ၊ မကောင်းသော အကျင့်ကို။ ဗဟုံ၊ များစွာ။ အစရိ၊ ကျင့်ဘိ၏။

ဤသို့ ထိုတက္ကတွန်းကို ကဲ့ရဲပြီး၍ ယခုအခါ ကျိန်ဆဲပြန်လိုသော နဂါးမင်းသည်-

၂၉၅။ အဒုဋ္ဌဿ တုဝံ ဒုဗ္ဘိ၊ ဒုဗ္ဘီ စ ပိသုဏောစာသိ။
ဧတေန သစ္စဝစေန၊ မုဒ္ဓါ တေ ဖလတု သတ္တဓာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၉၅။ အမ္ဘော ဒုဗ္ဘိ၊ အို-အဆွေခင်ပွန်းဖျက်။ တုဝံ၊ သင်သည်။ အဒုဋ္ဌဿ၊ မပြစ်မှားအပ်သော အဆွေခင်ပွန်းအား။ ဒုဗ္ဘီ စ၊ ပြစ်မှားသည်လည်း။ အသိ၊ ဖြစ်၏။ ပိသုဏော စ၊ ဂုံးချောတတ်သည်လည်း။ အသိ၊ ဖြစ်၏။ ဧတေန၊ ဤသို့သဘောရှိသော။ သစ္စဝစေန၊ မှန်သော စကားကြောင့်။ တေ၊ သင်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲစေသတည်း။

ဤသို့ ပဏ္ဍရက နဂါးမင်းသည် ကျိန်ဆဲစဉ်လျှင် ကရမ္ပိယမည်သော အစေလက တက္ကတွန်း ဦးခေါင်းသည် ခုနစ်စိတ်ကွဲ၏။ ထိုင်၍နေရာ အရပ်၌လျှင် မြေသည် ဟင်းလင်းအပြင်ကို ပေး၏။ ထိုအစေလက တက္ကတွန်းသည် မြေသို့ ဝင်ရလေ၍ အဝီစိငရဲ၌ ဖြစ်ရလေ၏။ နဂါးမင်း ဂဠုန်မင်းတို့သည်လည်း နေရာအရပ်သို့လျှင် သွားလေကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအစေလက တက္ကတွန်းကို မြေမျိုသောအဖြစ်ကို ထင်ရှား ပြတော်မူလိုသည်ဖြစ်၍-

၂၉၆။ တသ္မာဟိ မိတ္တာနံ န ဒုဗ္ဘိတဗ္ဗံ။
မိတ္တဒုဗ္ဘ ဟိ ပါပိယော နတ္ထိ အညော။
အာသိတ္တပတ္တော နိဟတော ပထဗျာ၊
ဣန္ဒဿ ဝါကျေန ဟိ သံဝရော ဟတော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၉၆။ ဘိက္ခဝေ၊ ရဟန်းတို့။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘိတဗ္ဗံ၊ မပြစ်မှားအပ်။ ဟိ-ယသ္နာ၊ အကြင့်ကြောင့်။ မိတ္တဒုဗ္ဘာ၊ အဆွေခင်ပွန်း ပြစ်မှားသော မကောင်းမှုအောက်။ ပါပိယော၊ အထူးသဖြင့် ယုတ်မာသော။ အညော၊ တပါးသော မကောင်းမှုသည်။ န ဟိ အတ္ထိ၊ မရှိသည်သာတည်း။ တသ္မာ၊ ထို့ကြောင့်။ အာသိတ္တပတ္တော၊ မိမိသည် သောက်အပ်သော အဆွေခင်ပွန်း ပြစ်မှားသော ကံဟူသော အဆိပ်သည် အပြီးသို့ ရောက်စေအပ်သည်ဖြစ်၍။ ပထဗျာ၊ မြေ၌။ နိဟတော၊ မြုပ်ရလေ၏။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ဣန္ဒဿ၊ ပဏ္ဍရကနဂါးမင်း၏။ ဝါကျေန၊ သစ္စာစကားသည်။ သံဝရော၊ မစောင့်ဘဲလျက် စောင့်သကဲ့သို့ ဝန်ခံသော အစေလက တက္ကတွန်းကို။ ဟတော၊ သတ်အပ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤပဏ္ဍရကဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့- ယခုအခါ၌ သာလျှင် ဤဒေဝဒတ်သည် မုသားဆို၍ မြေမျိုသည် မဟုတ်သေး၊ ရှေး၌လည်း မုသားဆိုသောကြောင့် မြေမျိုဘူးပြီဟု မိန့်တော်မူ၍ ယခုအခါ၌ ဤဒေဝဒတ်သည် ထိုအခါ အစေလက တက္ကတွန်းဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တသည် ထိုအခါ ပဏ္ဍရက နဂါးမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဂဠုန်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လျှို့ဝှက်ရာကို၊ ဖွင့်ဟဆို၊ ထိုသူ ပျက်စီးရာ

ရှစ်ခုမြောက်ဖြစ်သော ပဏ္ဍရကဇာတ်သည် ပြီး၏။

*****

တိံသနိပါတ်

၉။ သမ္ဗုလာဇာတ်

အမျိုးကောင်းသ္မီးကျင့်ဝတ်နှင့် ပြည့်စုံလျက် လင်ကို နတ်ကဲ့သို့ ရိုသေခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာ ဝေဓမာနာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသမ္ဗုလာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မလ္လိကာမိဖုယားကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုကို ကုမ္မာသပိဏ္ဍဇာတ်၌ ချဲ့အပ်ပြီးသလျှင်ကတည်း။

အထူးကား ထိုမလ္လိကာ မိဖုယားသည် မြတ်စွာဘုရားအား သုံးဆုပ်သော မုယောစိုင်အလှူ၏ အာနုဘော်ကြောင့် ထိုနေ့၌ပင်လျှင် ကောသလမင်းကြီး၏ မိဖုယားအဖြစ်သို့ ရောက်၍ လင်၏ရှေးဦးစွာ ထခြင်းအစရှိသော ငါးပါးကုန်သော ကောင်းသောအကျင့် ကျေးဇူးနှင့် ပြည့်စုံ၏။ ဉာဏ်ပညာနှင့် ပြည့်စုံသည်။ ဘုရားသခင်အား လုပ်ကျွေးသည်။ လင်ကို နတ်ကဲ့သို့ ရိုသေသည် ဖြစ်၏။ ထိုမလ္လိကာ မိဖုယား၏ လင်ကို နတ်ကဲ့သို့ ရိုသေသော အဖြစ်သည် အလုံးစုံသော သာဝတ္ထိပြည်၌ ကျော်စောထင်ရှား၏။ ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် စကားကို ဖြစ်စေကုန်၏။ ငါ့သျှင်တို့- မလ္လိကာ မိဖုယားသည် အကျင့်ဝတ်နှင့် ပြည့်စုံသတတ်၊ လင်ကို နတ်ကဲ့သို့ ရိုသေသတတ်ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့- ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်ကုန်လတ်သော် ရဟန်းတို့- ဤမလ္လိကာသည် ယခုအခါ၌သာလျှင် အကျင့်ဝတ်နှင့် ပြည့်စုံသည်။ လင်ကို နတ်ကဲ့သို့ ရိုသေသည် မဟုတ်သေး၊ ရှေး၌လည်း လင်ကို နတ်ကဲ့သို့ ရိုသေဘူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းအား သောတ္ထိသေနမည်သော သားတော်သည် ရှိ၏။ ဗြဟ္မဒတ်မင်းသည် အရွယ်သို့ရောက်သော ထိုသားတော် သောတ္ထိသေန မင်းသားကို အိမ်ရှေ့မင်းအဖြစ်၌ထားတော်မူ၏။ ထိုအိမ်ရှေ့မင်း၏ မိဖုယားကြီးသည် သမ္ဗုလာ အမည်ရှိ၏။ မြတ်သောအဆင်းကို ဆောင်၏။ ကိုယ်အရောင် အဆင်းနှင့် ပြည့်စုံ၏။ လေတိတ်ရာ၌ ထွန်းအပ်သော ဆီမီးအလျှံကဲ့သို့ ထင်၏။ နောက်အဘို့၌ သောတ္ထိသေနမင်း၏ ကိုယ်၌ နူနာသည် ဖြစ်၏။ ဆေးသမားတို့သည် ကုခြင်းငှါ မတတ်နိုင်ကုန်၊ ထိုသောတ္ထိသေန မင်းသားသည် နူနာ ပေါက်ကွဲသည်ရှိသော် စက်ဆုပ် ရွံရှာသည်ဖြစ်၍ နှလုံးမသာခြင်းသို့ ရောက်၍ ငါ့အား မင်းအဖြစ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ တော၌ ကိုးကွယ်ရာမရှိသော သေခြင်းဖြင့် သေအံ့ဟု ခမည်းတော် ဗြဟ္မဒတ်မင်းကြီးအား ကြားလျှောက်စေ၍ အလွန်နှစ်သက်ဘွယ်ရှိသော ရွှေအိမ်ရွှေနန်းကို စွန့်၍ မြို့မှထွက်၏။ သမ္ဗုလာမိဖုယားသည် များစွာကုန်သော အကြောင်းတို့ဖြင့် ပြန်လည်စေသော်လည်း မပြန်မူ၍ သွားလျှင် ငါသည် အရှင်ဖြစ်သော ထိုမင်းသားကို တော၌ လုပ်ကျွေးအံ့ဟု ဆို၍ မင်းသားနှင့် အတူတကွလျှင် ပြည်မှ ထွက်၏။

ထိုသောတ္ထိသေနဘမင်းသားသည် တောသို့ဝင်၍ ရလွယ်သော သစ်သီးကြီးငယ်ရှိသော အရိပ်ရေနှင့် ပြည့်စုံသောအရပ်၌ ကျောင်းဆောက်၍ နေ၏။ သမ္ဗုလာမင်းသ္မီးသည် ထိုမင်းသားကို လုပ်ကျွေး၏။ အဘယ်သို့ လုပ်ကျွေးသနည်း ဟူမူကား ထိုသမ္ဗုလာ မင်းသ္မီးသည် နံနက်စောစောက ထပြီးလျှင် ကျောင်းကိုတံမျက်လှည်း၍ သောက်ရေ သုံးဆောင်ရေကို တည်ထား၍ ဒန်ပူ မျက်နှာသစ်ရေကို သဖြင့် ခံတွင်းဆေးပြီးသည်ရှိသော် အထူးထူးသော ဆေးတို့ကိုကြိတ်၍ ထိုလင်မင်းသား၏ နူနာ၌လိမ်းကျံ၍ ချိုနိုးရာရာကုန်သော သစ်သီးကြီးငယ်တို့ကို စားစေပြီးလျှင် ခံတွင်းကိုဆေး၍ မိမိလက်ကို ကောင်းစွာဆေးပြီးသော် အရှင့်သား- မမေ့မလျော့ ဖြစ်လော့ဟု ဆို၍ ရှိခိုးပြီးလျှင် တောင်း, တူးရွင်း ချိတ် တံချူတို့ကို ယူ၍ သစ်သီးကြီးငယ်အလို့ငှါ တောသို့ဝင်၍ သစ်သီးကြီးငယ်တို့ကို ဆောင်ယူခဲ့ပြီးလျှင် တင့်အပ်သော အရပ်၌ထား၍ အိုးဖြင့် ရေကိုဆောင်၍ အထူးထူးသော ကသယ်မှုန့်တို့ဖြင့်၎င်း မြေညက်တို့ဖြင့်၎င်း သောတ္ထိသေနမင်းသားကို ရေချိုးစေ၍ တဖန် ချိုစွာသော သစ်သီးတို့ကို ဆက်ကပ်၏။ သစ်သီး သုံးဆောင်ပြီးသော အဆုံး၌ နံ့သာဖြင့် ထုံအပ်သောရေကို ဆက်ကပ်၍ မိမိသည် သစ်သီးတို့ကို သုံးဆောင်သဖြင့် ပျဉ်အခင်းကို စီရင်၍ မင်းသားသည် ထိုပျဉ်အခင်း၌ လျောင်းသည်ရှိသော် ထိုမင်းသား၏ ခြေတို့ကိုရေဆေး၍ ဦးခေါင်းကို ဆုပ်နယ်ခြင်း၊ ကျောကိုဆုပ်နယ်ခြင်း၊ ခြေလက်ကို ဆုပ်နယ်ခြင်းတို့ကို ပြုလျက် အိပ်ရာနံပါးသို့ ကပ်၍ အိပ်၏။ ဤသို့သောနည်းဖြင့် လင်ကို လုပ်ကျွေး၏။

ထိုသမ္ဗုလာ မင်းသ္မီးသည် တနေ့သောအခါ တော၌ သစ်သီးကြီးငယ်တို့ကို ဆောင်သည်ရှိသော် တခုသော ချောင်းငယ်ကို မြင်၍ ဦးခေါင်းမှ တောင်းကို ချသဖြင့် ချောင်းနား၌ထား၍ ရေချိုးအံ့ဟု ရေသို့သက်၍ နနွင်းမှုန့်ဖြင့် ကိုယ်ကိုပွတ်၍ ရေချိုးသဖြင့် ကောင်းစွာ ဆေးအပ်ပြီးသော ကိုယ်ရှိသည်ဖြစ်၍ ရေမှတက်ပြီးလျှင် လျှော်တေသင်္ကန်းကို ဝတ်၍ ချောင်းနား၌ ရပ်၏။ ထိုသို့ ရပ်သောအခါ သမ္ဗုလာမင်းသ္မီး၏ ကိုယ်ရောင်ဖြင့် တောအလုံးသည် တပြိုင်နက်လင်း၏။ ထိုခဏ၌ တယောက်သော ဒါနောဘီလူးသည် အစာရှာအံ့သောငှါ သွားသည်ရှိသော် ထိုသမ္ဗုလာမင်းသ္မီးကို မြင်၍ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ အကြောင်းကို မေးလိုရကား-

၂၉၇။ ကာ ဝေဓမာနာ ဂိရိကန္ဒရာယံ၊
ဧကာ တုဝံ တိဋ္ဌသိ သညတူရူ။
ပုဋ္ဌာသိ မေ ပါဏိပမေယျ မဇ္ဈေ၊
အက္ခာဟိ မေ နာမဉ္စ ဗန္ဓဝေ စ။
၂၉၈။ ဩဘာသယံ ဝနံ ရမ္မံ၊ သီဟဗျဂ္ဃနိသေဝိတံ။
ကာဝါ တွမသိ ကလျာဏီ၊ ကဿဝါတွံ သုမဇ္ဈိမေ။
အဘိဝါဒေမိ တံ ဘဒ္ဒေ၊ ဒါနဝါဟံ နမတ္ထု တေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၉၇။ သညတူရူ၊ ကောင်းစွာ ပေါင်းအပ်သော မြတ်သော ဦရုလက္ခဏာရှိသော မိန်းမ။ ဂိရိကန္ဒရာယံ၊ တောင်ကြား ချောင်းနား၌။ ဝေဓမာနာ၊ ချမ်းအေးသည်ဖြစ်၍ တုန်လှုပ်သည်ကား။ ကာ၊ အဘယ်သူနည်း။ တုဝံ၊ သင်သည်။ ဧကာ၊ တယောက်တည်း။ တိဋ္ဌသိ၊ တည်ဘိ၏။ ပါဏိပမေယျ မဇ္ဈေ၊ လက်ဖြင့် ညွတ်စေအပ်သော ခါးရှိသော မိန်းမ။ မေ၊ ငါသည်။ ပုဋ္ဌာ၊ မေးအပ်သည်။ အသိ၊ ဖြစ်၏။ မေ၊ ငါ့အား။ နာမဉ္စ၊ အမည်ကို၎င်း ဗန္ဓဝေ စ၊ အဆွေအမျိုးတို့ကို၎င်း။ အက္ခာဟိ၊ ကြားလော့။

֍ ဋ္ဌ ၂၉၈။ ကလျာဏိ၊ ကောင်းခြင်းငါးပါးနှင့် ပြည့်စုံသောမိန်းမ။ သီဟဗျဂ္ဃနိသေဝိတံ၊ ခြင်္သေ့ ကျားတို့၏ နေရာဖြစ်သော။ ရမ္မံ၊ မွေ့လျော်ဘွယ်ရှိသော။ ဝနံ၊ တောအလုံးသည်။ ဩဘာသယံ၊ ကိုယ်ရောင်ဖြင့် ထွန်းလင်း၏။ တွံ၊ သင်သည်။ ကာ ဝါ၊ အဘယ်သူသည်လည်း။ အသိ၊ ဖြစ်သနည်း။ သုမဇ္ဈိမေ၊ ခါးစည်းတင်ကျယ် ငယ်သော ဝမ်းရှိသော မိန်းမ။ တွံ၊ သင်သည်။ ကသဿ ဝါ၊ အဘယ်သူ၏မူလည်း။ ဓီတာ၊ သမီးနည်း။ ဘဒ္ဒေ၊ အဘယ်။ ဒါနဝါ၊ ဒါနော အမည်ရှိသော။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ အဘိဝါဒေမိ၊ ရှိခိုး၏။ တေ၊ သင့်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။

သမ္ဗုလာ မင်းသမီးသည် ထိုဒါနောဘီလူး၏ စကားကို ကြား၍ ထိုဒါနောဘီလူးအား အကြောင်းကို ကြားလိုရကား-

၂၉၉။ ယော ပုတ္တော ကာသိရာဇဿ၊
သောတ္ထိသေနောတိ တံ ဝိဒူ။
တဿာဟံ သမ္ဗုလာ ဘရိယာ၊ ဝံ ဇာနာဟိ ဒါနဝ။
၃၀၀။ အဘိဝါဒေမိ ဘဒ္ဒန္တေ၊ သမ္ဗုလာဟံ နမတ္ထု တေ။
ဝေဒေဟပုတ္တော ဘဒ္ဒန္တေ၊ ဝနေဝသတိ အာတုရော။
၃၀၁။ တမဟံ ရောဂသမ္ပတ္တံ၊ ဧကော ဧကံ ဥပဋ္ဌဟံ။
အဟဉ္စ ဝနမုဉ္ဆာယ၊ မဓုမံသံ မိဂါဗိလံ။
ယဒါ ဟရာမိ တံ ဘက္ခော၊ တဿ နူနဇ္ဇ နာဓသိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၉၉။ ဒါနဝ၊ ဒါနောဘီလူး။ ကာသိရာဇဿ၊ ညကာသိမင်း၏။ ယော ပုတ္တော၊ အကြင်သားသည်။ အတ္ထိ၊ ရှိ၏။ တံ ပုတ္တံ၊ ထိုသားကို။ သောတ္ထိသေနောတိ၊ သောတ္ထိသေန ဟူ၍။ ဝိဒူ၊ သူခပ်သိမ်းတို့ သိကုန်၏။ အဟံ၊ ငါသည်။ တဿ၊ ထိုသောတ္ထိသေန မင်းသား၏။ သမ္ဗုလာ၊ သမ္ဗုလာအမည်ရှိသော။ ဘရိယာ၊ မယားတည်း။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိလော့။

֍ ဋ္ဌ ၃၀၀။ ဘဒ္ဒန္တေ၊ အရှင်ဒါနောဘီလူး။ သမ္ဗုလာ၊ သမ္ဗုလာအမည်ရှိသော။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ အဘိဝါဒေမိ၊ ရှိခိုး၏။ တေ၊ သင်အား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဘဒ္ဒန္တေ၊ အရှင်ဒါနောဘီလူး။ ဝေဒေဟပုတ္တော၊ ဝိဒေဟမင်း၏သားဖြစ်သော သောတ္ထိသေနမင်းသည်။ အာတုရော၊ ကျင်နာသည်ဖြစ်၍။ ဝနေ၊ တော၌။ ဝသတိ၊ နေ၏။

֍ ဋ္ဌ ၃၀၁။ ရောဂသမ္ပတ္တံ၊ ရောဂါဖြင့်နှိပ်စက်အပ်သော။ ဧကံ၊ တယောက်တည်းသော။ တံ၊ ထိုမင်းသားကို။ ဧကာ၊ တယောက်တည်းသာ။ အဟံ၊ ငါသည်။ ဥပဋ္ဌဟံ၊ လုပ်ကျွေး၏။ အဟဉ္စ၊ ငါသည်ကား။ ဝနံ၊ တော၌။ မိဂါဗိလံ၊ ခြင်္သေ့ ကျားတို့၏ စားကြွင်းဖြစ်သော။ မဓုမံသံ၊ ပျားအမဲကို။ ဥဉ္ဆာယ၊ ရှာမှီး၍။ ယံ၊ အကြင်အစာကို။ အဟံ၊ ငါသည်။ အာဟရာမိ၊ ဆောင်ခဲ့၏။ တံ၊ ထိုအစာကို။ ဘက္ခော၊ စား၏။ အဇ္ဇ၊ ယနေ့မူကား။ တဿ၊ ထိုလင်မင်းသား၏။ သရီရံ၊ ကိုယ်သည်။ နာဓသိ နူန၊ ပူလောင်လိမ့်သည်တကား။

ထို့နောင်မှ ဒါနောဘီလူးသည် မင်းသ္မီးကို ဖြားယောင်းလိုရကား-

၃၀၂။ ကိံ ဝနေ ရာဇပုတ္တေန၊ အာတုရေန ကရိဿသိ။
သမ္ဗုလေ ပရိစိဏ္ဏေန၊ အဟံ ဘတ္တာ ဘဝါမိ တေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၀၂။ သမ္ဗုလေ၊ သမ္ဗုလာမင်းသ္မီး။ ပရိစိဏ္ဏေန၊ အနာ၌ ကျင်လည်ရသော။ အာတုရေန၊ အနာဖြင့် ကျင်နာသော။ ရာဇပုတ္တေန၊ မင်းသားဖြင့်။ ဝနေ၊ တော၌။ ကိံ ကရိဿသိ၊ အသို့ပြုအံ့နည်း။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ဘတ္တာ၊ လင်သည်။ ဘဝါမိ၊ ဖြစ်လို၏။

ထိုသို့ ဖြားယောင်းဆိုသော ဒါနောဘီလူး၏ စကားကို ပယ်လိုသော သမ္ဗုလာမင်းသ္မီးသည်-

၃၀၃။ သောကဋ္ဋာယ ဒုရတ္တာယ၊ ကိံ ရူပံ ဝိဇ္ဇတေ မမ။
အညံ ပရိယေသ ဘဒ္ဒန္တေ၊ အဘိရူပတရံ မယာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၀၃။ ဘဒ္ဒန္တေ၊ အရှင်ဒါနောဘီလူး။ သောကဋ္ဋာယ၊ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သော။ ဒုရတ္တာယ၊ ဆင်းရဲခြင်း အထီးကျန်ခြင်းသို့ ရောက်သော ကိုယ်ရှိသော။ မမ၊ ငါ့အား။ ရူပံ၊ အရောင်အဆင်းသည်။ ကိံ ဝိဇ္ဇတေ၊ အဘယ်မှာ ရှိအံ့နည်း။ ဘဒ္ဒန္တေ၊ အရှင်ဒါနောဘီလူး။ မယာ၊ အကျွန်ုပ်ထကျ။ အဘိရူပတရံ၊ အလွန် အဆင်းလှသော။ အညံ၊ တပါးသောမိန်းမကို။ ပရိယေသ၊ ရှာလေလော့။

ဤသို့ သမ္ဗုလာမင်းသမီး ပယ်သည်ရှိသော် ဒါနောဘီလူးသည် တဖန် ခြိမ်းချောက်သဖြင့် ဖျားယောင်းလိုရကား-

၃၀၄။ ဧဟိ မံ ဂိရိမာရုယှ၊ ဘရိယာ မယံ စတုသတာ။
တာသံ တွံ ပဝရာ ဟောဟိ၊ သဗ္ဗကာမသမိဒ္ဓိနီ။
၃၀၅။ နနု တာရကဝဏ္ဏာဘေ၊ ယံကိဉ္စိ မနသိစ္ဆသိ။
သဗ္ဗန္တံ ပစုရံ မယှံ၊ ရမ္မဿွဇ္ဇ မယာ သဟ။
၃၀၆။ နောစေ တုဝံ မဟေသေယျံ၊
သမ္ဗုလေ ကာရယိဿသိ။
အလံ တွံ ပါတရာသာယ၊
ပနှေ ဘက္ခာ ဘဝိဿသိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၀၄။ သမ္ဗုလေ၊ သမ္ဗုလာမင်းသ္မီး။ ဧဟိ၊ လာလှည့်။ ဣမံဂိရိံ၊ ဤတောင်သို့။ အာရူယု၊ တက်လော့။ မယှံ၊ ငါ၏။ ဘရိယာ၊ မယားတို့သည်။ စတုသတာ၊ လေးရာရှိကုန်၏။ တာသံ၊ ထိုလေးရာကုန်သော မယားတို့ထက်။ တွံ၊ သင်သည်။ သဗ္ဗကာမသမိဒ္ဓိနီ၊ အလုံးစုံသော အလိုဆန္ဒနှင့် ပြည့်စုံသည်ဖြစ်၍။ ပဝရာ၊ မြတ်သည်။ ဟောဟိ၊ ဖြစ်လော့။

֍ ဋ္ဌ ၃၀၅။ တာရကဝဏ္ဏာဘေ၊ ကြယ်ရောင်အဆင်းနှင့် တူသော အဆင်းရှိသော။ သမ္ဗုလေ၊ သမ္ဗလာမင်းသမီး။ ယံကိဉ္စိ၊ အလုံးစုံသော အသုံးအဆောင်ကို။ မနသာ၊ စိတ်ဖြင့်။ တွံ၊ သင်သည်။ ဣစ္ဆသိ၊ အလိုရှိ၏။ တံ သဗ္ဗံ၊ ထိုအလုံးစုံသော ဥစ္စာအသုံးအဆောင်သည်။ မယှံ၊ ငါ့အား။ နနု၊ စင်စစ်။ ပစုရံ၊ များ၏။ အဇ္ဇ၊ ယနေ့။ မယာ၊ ငါနှင့်။ သဟ၊ တကွ။ ရမ္မဿု၊ မွေ့လျော်လော့။

֍ ဋ္ဌ ၃၀၆။ သဏှေ၊ နူးညံ့သောကိုယ်ရှိသော။ သမ္ဗုလေ၊ သမ္ဗုလာမင်းသ္မီး။ တုဝံ၊ သင်သည်။ မဟေသေယျံ၊ မိဖုယားကြီး၏ အဖြစ်ကို။ နောစေ ကာရယိဿသိ၊ အကယ်၍ မပြုအံ့။ ဧဝံ၊ ဤသို့ မိဖုယားကြီး မပြုသည်ရှိသော်။ တွံ၊ သင်သည်။ ပါတရာသာယ၊ နံနက်အစာအလို့ငှာ။ အလံ၊ လောက်၏။ ပနှေ၊ နံနက်အခါ၌။ ဘက္ခာ၊ ငါ့အစာသည်။ ဘဝိဿသိ၊ ဖြစ်လတ္တံ့။

ဤသို့ ဖျားယောင်းပြောဆို၍ သမ္ဗုလာမင်းသမီး လက်၌ ဆွဲကိုင်လျှင် သမ္ဗုလာမင်းသမီးသည် ပြင်းစွာသော စိုးရိမ်ခြင်းသို့ ရောက်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၃၀၇။ တဉ္စ သတ္တဇဋော လုဒ္ဒေါ၊
ကဠာရော ပုရိသာဒကော။
ဝနေ နာထံ အပဿန္တီ၊ သမ္ဗုလံ အဂ္ဂဟိ ဘုဇေ။
၃၀၈။ အဓိပန္နာ ပိသာစေန၊ လုဒ္ဒေနာမိသ စက္ခုနာ။
သာ စ သတ္တု ဝသံ ပတ္တာ၊ ပတိမေ ဝါ နုသောစတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၃၀၇။ ဘိက္ခဝေ၊ ရဟန်းတို့။ သတ္တဇဋော၊ ဆံကျစ် ခုနစ်ထုံးရှိသော။ လုဒ္ဒေါ၊ ကြမ်းကြုတ်သော။ ကဠာရော၊ အစွယ်ခေါခေါ ထွက်သော။ ပုရိသာဒကော၊ လူသားစားတတ်သော။ ဒါနော၊ ဘီလူးသည်။ ဝနေ၊ တော၌။ နာထံ၊ ကိုးကွယ်ရာကို။ အပဿန္တီ၊ မမြင်သော။ တဉ္စ သမ္ဗုလံ၊ ထိုသမ္ဗုလာမင်းသမီးကိုလျှင်။ ဘုဇေ၊ လက်၌။ အဂ္ဂဟိ၊ ဆွဲကိုင်၏။

֍ ဋ္ဌ ၃၀၈။ ဘိက္ခဝေ၊ ရဟန်းတို့။ လုဒ္ဒေန၊ ကြမ်းကြုတ်စွာသော။ အာမိသစက္ခုနာ၊ ကိလေသာ မျက်စိဖြင့် ကြည့်တတ်သော။ ပိသာစေန၊ ဒါနောဘီလူးသည်။ အဓိပန္နာ၊ နှိပ်စက်အပ်သော။ သတ္တု၊ ရန်သူ၏။ ဝသံ၊ နိုင်ငံသို့။ ပတ္တာ၊ ရောက်ရသော။ သာ စ၊ ထိုသမ္ဗုလာ မင်းသမီးသည်ကား။ ပတိံဧဝ၊ မိမိလင်ကိုသာလျှင်။ အနုသောစတိ၊ စိုးရိမ်၏။

သမ္ဗုလာမင်းသ္မီးသည် စိုးရိမ်ထိတ်လန့်ခြင်း ပြင်းစွာ နှိပ်စက်အပ်သည်ဖြစ်၍ ငိုမြည်တမ်းလျက် နတ်တို့အား တိုင်တန်းလိုရကား-

၃၀၉။ န မေ ဣဒံ တထာ ဒုက္ခံ၊ ယံမံ ခါဒေယျ ရက္ခသော။
ယဉ္စ မေ အယျပုတ္တဿ၊
မနော ဟေဿတိ အညထာ။
၃၁၀။ န သန္တိ ဒေဝါ ပဝသန္တိ နူန၊
န ဟိ နူန သန္တိဓ လောကပါလာ။
သာဟသာ ကရောန္တာနံ အသညတာနံ၊
န ဟိ နူန သန္တိ ပဋိသေဓိတာရော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၀၉။ ဘောန္တော ဒေဝတာယော၊ အို- အရှင်နတ်မြတ်အပေါင်းတို့။ ယထာ၊ အကြင်အခြင်းဖြင့်။ ရက္ခသောဒါနော၊ ရက္ခိုသ်ဘီလူးသည်။ မံ၊ အကျွန်ုပ်ကို။ ယံ ခါဒေယျ၊ အကြင် စားရာ၏။ တထာ၊ ထိုအခြင်းဖြင့်။ ဣဒံ၊ ဤသို့စားခြင်းသည်။ မေ၊ အကျွန်ုပ်၏။ အယျပုတ္တဿ၊ အရှင့်သားအား။ အညထာ၊ တပါးသော အခြင်းအရာဖြင့်။ မနော၊ စိတ်သည်။ ယဉ္စ ဟေဿတိ၊ အကြင်တခြားဖြစ်လတ္တံ့။ ဣဒံ၊ ဤအရှင့်သားတော်၏ စိတ်တခြား ဖြစ်ခြင်းသည်လျှင်။ မေ၊ အကျွန်ုပ်အား။ ဒုက္ခတရံ၊ အလွန်ဆင်းရဲစွာ၏။

֍ ဋ္ဌ ၃၁၀။ ဒေဝါ၊ အရှင်နတ်မြတ်တို့သည်။ န သန္တိ နူန၊ မရှိလေကုန်ယောင်တကား။ ပဝသန္တိ နူန၊ ဤအရပ်မှ တပါး သွားလေကုန်ယောင်တကား။ ဣဓ၊ ဤလောက၌။ လောကပါလာ၊ လူတို့ကိုစောင့်တတ်ကုန်သော လောကပါလနတ်တို့သည်။ န ဟိ သန္တိ နူန၊ မရှိလေကုန်ယောင်တကား။ အသညတာနံ၊ ကိုယ်နှုတ်နှလုံးကို မစောင့်ကုန်သော။ သာဟသာကရောန္တာနံ၊ နိုင်ထက်ကလူ ပြုတတ်ကုန်သော သူတို့ကို။ ပဋိသေဓိတာရော၊ တားမြစ်တတ်ကုန်သော နတ်တို့သည်။ န ဟိ သန္တိ နူန၊ မရှိလေကုန်ယောင်တကား။

ထိုသို့ ငိုကြွေးမြည်တမ်းသောအခါ သမ္ဗုလာမင်းသမီး၏ သီလအာနုဘော်ကြောင့် သိကြားမင်း၏ ဘုံဗိမာန်သည် တုန်လှုပ်၏။ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသော အခြင်းအရာကို ပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ ဝရဇိန် လက်နက်ကိုယူ၍ လျင်မြန်စွာ လာလတ်ပြီးလျှင် ဘီလူးဦးခေါင်းထက်၌ ရပ်၍ ထိုဒါနောဘီလူးကို ခြိမ်းချောက်လိုရကား-

၃၀၉။ ဣတ္ထီနမေသာ ပဝရာ ယသဿိနီ၊
သန္တာ သမာ အဂ္ဂိရိဝုဂ္ဂတေဇာ။
တဉ္စ တုဝံ ရက္ခသာ ဒေသိ ကညံ။
မုဒ္ဓါ စ ဟိ သတ္တဓာ တေ ဖလေယျ၊
မာ တွံ ဒသိ မုဉ္စ ပတိဗ္ဗတာယ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၀၉။ ရက္ခသ၊ ရက္ခိုသ်ဘီလူး။ ဧသာ၊ ဤမိန်းမသည်။ ဣတ္ထီနံ၊ မိန်းမတကာတို့ထက်။ ပဝရာ၊ မြတ်၏။ ယသဿိနီ၊ များသော အခြံအရံရှိ၏။ သန္တာ၊ ငြိမ်သက်သော ဣန္ဒြေရှိ၏။ သမာ၊ ညီမျှသော အကျင့်ရှိ၏။ အဂ္ဂိရိဝ၊ မီးကဲ့သို့။ ဥဂ္ဂတေဇာ၊ ထက်သော တန်ခိုးရှိ၏။ တုဝံ၊ သင်သည်။ တံ ကညံ၊ ထိုမင်းသ္မီးကို။ စေ အဒေသိ၊ အကယ်၍ စားအံ့။ ဧဝံ၊ ဤသို့စားသည်ရှိသော်။ တေ၊ သင်၏။ မုဒ္ဓါ စ၊ ဦးခေါင်းသည်လည်း။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလေယျ၊ ကွဲရာပေအံ့။ တွံ၊ သင်သည်။ ပတိဗ္ဗတာယ၊ လင့်ဝတ်နှင့် ပြည့်စုံပေသော မိန်းမကို။ မာ ဒသိ၊ မစားလင့်။ မုဉ္စ၊ လွှတ်လော့။

ထိုစကားကို ကြား၍ ဒါနောဘီလူးသည် သမ္ဗုလာမင်းသီးကို လွှတ်၏။ သိကြားမင်းသည် တဖန်လည်း ဤဒါနော ဘီလူးသည် ဤသို့သဘောရှိသော အမှုကို ပြုပြန်ရာ၏ဟု ကြံ၍ ဒါနောဘီလူးကို သံခြေကျဉ်းဖြင့် နှောင်ဖွဲ့၍ တဖန် မလာစိမ့်သောငှါ သုံးခုမြောက်ဖြစ်သော တောင်ကြား၌ လွှတ်၏။ မင်းသ္မီးကို အပ္ပမာဒတရားဖြင့် ဆုံးမပြီးလျှင် မိမိနေရာ တာဝတိံသာ နတ်ရွာသို့လျှင် သွား၏။ သမ္ဗုလာမင်းသ္မီးသည်လည်း နေဝင်သည်ရှိသော် လရောင်ဖြင့်လျှင် ကျောင်းသို့ရောက်၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၃၁၀။ သာ စ အဿမမာဂစ္ဆိ၊ ပမုတ္တာ ပုရိသာဒကာ။
နီဠံ ပဠိနံ သကုဏီဝ ဂတသိင်္ဂံဝ အာလယံ။
၃၁၁။ သာ တတ္ထ ပရိဒေဝေသိ၊ ရာဇပုတ္တီ ယသဿိနီ။
သမ္ဗုလာ ဥတုမတ္တက္ခာ၊ ဝနေ နာထံ အပသန္တီ။
၃၁၂။ သမဏေ ဗြာဟ္မဏေ ဝန္ဒေ၊ သမ္ပန္နစရဏေ ဣသေ။
ရာဇပုတ္တံ အပသန္တီ၊ တုမှမှိ သရဏံ ဂတာ။
၃၁၃။ ဝန္ဒေ သီဟေ စ ဗျဂ္ဃေစ၊ ယေစ အညေ ဝနေ မိဂါ။
ရာဇပုတ္တံ အပဿန္တီ၊ တုမှမှိ သရဏံ ဂတာ။
၃၁၄။ တိဏာ လတာနိ ဩသဓျော၊ ပဗ္ဗတာနိ ဝနာနိ စ။
ရာဇပုတ္တံ အပသန္တီ၊ တုမှမှိ သရဏံ ဂတာ။
၃၁၅။ ဝန္ဒေ ဣန္ဒီဝရိဿမံ၊ ရတ္တိံ နက္ခတ္တမာလိနီ။
ရာဇပုတ္တံ အပသန္တီ၊ တုမှမှိ သရဏံ ဂတာ။
၃၁၆။ ဝန္ဒေ အင်္ဂီရသိံ ဂင်္ဂံ၊ သဝန္တီနံ ပဋိဂ္ဂဟံ။
ရာဇပုတ္တံ အပဿန္တီ၊ တုမှမှိ သရဏံ ဂတာ။
၃၁၇။ ဝန္ဒေ ပဗ္ဗတရာဇသေဋ္ဌံ၊ ဟိမဝန္တံ သိလုစ္စယံ။
ရာဇပုတ္တံ အပဿန္တီ၊ တုမှမှိ သရဏံ ဂတာ။

ဟူသော ဤရှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၃၁၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ သကုဏီ၊ ယစ်မသည်။ ပဠိနံ၊ ပျံသွားသည်ဖြစ်၍ သားငယ်မရှိသော။ နီဠံ၊ အသိုက်ကို။ အာဂစ္ဆိ ဣဝ စ၊ လာသကဲ့သို့၎င်း။ ဂတသိင်္ဂံ၊ ဦးချိုမှ ကင်းသော နွားငယ်ကို။ အာလယံ-အာလယန္တော၊ တပ်မက်မောသော အမိဖြစ်သော နွားမသည်။ သုညံ၊ နွားငယ်မရှိသော နွားခြံသို့။ အာဂစ္ဆိ ဣဝ စ၊ လာသကဲ့သို့၎င်း။ ဧဝံ၊ ဤအတူ။ ပုရိသာဒကာ၊ လူသားစား ဘီလူးလက်မှ။ ပမုတ္တာ၊ လွတ်သော။ သာ၊ ထိုသမ္ဗုလာ မင်းသ္မီးသည်။ သုညံ၊ မင်းသားမရှိသော။ အဿမံ၊ ကျောင်းသို့။ အာဂစ္ဆိ၊ လာ၏။

֍ ဋ္ဌ ၃၁၁။ ဘိက္ခဝေ၊ ရဟန်းတို့။ တတ္ထ ဝနေ၊ ထိုဟိမဝန္တာတော၌။ နာထံ၊ ကိုးကွယ်ရာကို။ အပဿန္တီ၊ မမြင်ရသော။ ဥတုမတ္တက္ခာ၊ အပူဥတုကြောင့် အမြင်နည်းသော မျက်စိရှိသော။ သမ္ဗုလာ၊ သမ္ဗုလာ အမည်ရှိသော။ ယသဿိနီ၊ များသော အခြံအရံရှိသော။ သာ ရာဇပုတ္တီ၊ ထိုမင်းသ္မီးသည်။ ပရိဒေဝေသိ၊ ငိုကြွေး၏။

֍ ဋ္ဌ ၃၁၂။ ရာဇပုတ္တံ၊ မင်းသားကို။ အပသန္တီ၊ မမြင်သော အကျွန်ုပ်သည်။ သမဏေ စ၊ မကောင်းမှုကို ငြိမ်းစေအပ်ပြီးသော ရဟန်းတို့ကို၎င်း။ ဗြာဟ္မဏေ စ၊ မကောင်းမှုကို အပပြုပြီးသော သူတို့ကို၎င်း။ သမ္ပန္နစရဏေ စ၊ သီလနှင့် တကွ သမာပတ် ရှစ်ပါးနှင့် ပြည့်စုံကုန်သော။ ဣသေ စ၊ ရသေ့တို့ကို၎င်း။ ဝန္ဒေ၊ ရှိခိုးပါ၏။ တုမှံ၊ အရှင်မြတ်တို့အား။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာ၊ ဆည်းကပ်သည်။ အမှိ၊ ဖြစ်ပါ၏။

֍ ဋ္ဌ ၃၁၃။ ရာဇပုတ္တံ၊ လင် မင်းသားကို။ အပဿန္တီ၊ မမြင်သော အကျွန်ုပ်သည်။ သီဟေ စ၊ ခြင်္သေ့တို့ကို၎င်း။ ဗျဂ္ဃ စ၊ ကျားတို့ကို၎င်း။ အညေ၊ ခြင်္သေ့ ကျားတို့မှ တပါးကုန်သော။ ဝနေ၊ တော၌။ ယေ မိဂါ၊ အကြင် သားရဲတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ မိဂေ စ၊ ထိုသားရဲတို့ကို၎င်း။ ဝန္ဒေ၊ ရှိခိုးပါ၏။ တုမှံ၊ အရှင်ခြင်္သေ့ ကျားတို့အား။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာ၊ ဆည်းကပ်သည်။ အမှိ၊ ဖြစ်ပါ၏။

֍ ဋ္ဌ ၃၁၄။ ရာဇပုတ္တံ၊ လင် မင်းသားကို။ အပဿန္တီ၊ မမြင်သော အကျွန်ုပ်သည်။ တိဏာ စ၊ မြက်ပင်စောင့်နတ်တို့ကို၎င်း။ လတာနိ စ၊ နွယ်ပင်စောင့် နတ်တို့ကို၎င်း။ ဩသဓျော စ၊ ဆေးဝင်သော သစ်ပင်စောင့်နတ်တို့ကို၎င်း။ ပဗ္ဗတာနိ စ၊ တောင်စောင့်နတ်တို့ကို၎င်း။ ဝနာနိ စ၊ တောစောင့်နတ်တို့ကို၎င်း။ ဝန္ဒေ၊ ရှိခိုးပါ၏။ အဟံ၊ အကျွန်ုပ်သည်။ တုမှံ၊ အရှင်နတ်တို့အား။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာ၊ ဆည်းကပ်သည်။ အမှိ၊ ဖြစ်ပါ၏။

֍ ဋ္ဌ ၃၁၅။ ဣန္ဒီဝရိဿမံ၊ ကြာညိုပန်းနှင့် တူသော။ နက္ခတ္တမာလိနီ၊ ပန်းကုံးကဲ့သို့ နက္ခတ်ကြယ်အစဉ်နှင့် ယှဉ်သော။ ရတ္တိံ၊ ညဉ့်ကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒေ၊ ရှိခိုးပါ၏။ ရာဇပုတ္တံ၊ လင် မင်းသားကို အပဿန္တီ၊ မမြင်သော အကျွန်ုပ်သည်။ တုမှံ၊ အရှင်ညဉ့်တို့အား။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာ၊ ဆည်းကပ်သည်။ အမှိ၊ ဖြစ်ပါ၏။

֍ ဋ္ဌ ၃၁၆။ ဘင်္ဂီရသိံ၊ လှည့်လည်သည်ဖြစ်၍ ကွေးညွတ်သော။ သဝန္တီနံ၊ မြစ်အပေါင်းတို့ကို။ ပဋိဂ္ဂဟံ၊ ခံတတ်သော။ ဂင်္ဂါ၊ ဂင်္ဂါမြစ်စောင့်နတ်ကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒေ၊ ရှိခိုးပါ၏။ ရာဇပုတ္တံ၊ လင် မင်းသားကို။ အပဿန္တီ၊ မမြင်ရသော အကျွန်ုပ်သည်။ တုမှံ၊ အရှင်ဂင်္ဂါမြစ်စောင့် နတ်မင်းတို့အား။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာ၊ ဆည်းကပ်သည်။ အမှိ၊ ဖြစ်ပါ၏။

֍ ဋ္ဌ ၃၁၇။ ပဗ္ဗတရာဇသေဋ္ဌံ၊ တောင်တကာတို့ထက် မြတ်သော တောင်မင်းဖြစ်သော။ သိလုစ္စယံ၊ ကျောက်အတိပြီးသော ဟိမဝန္တာ တောင်စောင့်နတ်ကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒေ၊ ရှိခိုးပါ၏။ ရာဇပုတ္တံ၊ လင် မင်းသားကို။ အပဿန္တီ၊ မမြင်ရသော အကျွန်ုပ်သည်။ တုမှံ၊ အရှင်တောင်စောင့်နတ်မင်းတို့အား။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာ၊ ဆည်းကပ်သည်။ အမှိ၊ ဖြစ်ပါ၏။

ဤသို့ငိုကြွေးသော ထိုသမ္ဗုလာမင်းသ္မီးကို မြင်၍ သောတ္ထိသေန မင်းသားသည် ကြံ၏။ ဤသမ္ဗုလာသည် အလွန်လျှင် ငိုကြွေး၏။ စင်စစ်သော်ကား ထိုသမ္ဗုလာ၏ စိတ်သဘောကို ငါမသိ၊ အကယ်၍ ငါ၌ ချစ်မြတ်နိုးသဖြင့် ဤသို့ပြုအံ့၊ သမ္ဗုလာ၏ နှလုံးသည် ကွဲရာ၏။ ထိုသမ္ဗုလာကို စုံစမ်းအံ့ဟု သွား၍ ကျောင်းတံခါး၌ နေ၏။ သမ္ဗုလာသည်လည်း ငိုကြွေးလျက် ကျောင်းတံခါးသို့သွား၍ သောတ္ထိသေန မင်းသား၏ ခြေတို့ကို ရှိခိုး၍ အရှင့်သား- အဘယ်အရပ်သို့ ကြွတော်မူသနည်းဟု မေး၏။ ထိုအခါ သောတ္ထိသေနမင်းသားသည် ထိုသမ္ဗုလာကို အဘယ်- သင်သည် တပါးကုန်သော နေ့တို့၌ ဤမျှသောအခါ၌ လာ၏။ ယနေ့ကား အလွန်မိုးချုပ်မှ လာ၏ဟုဆို၍ အကြောင်းကို မေးလိုရကား-

၃၁၈။ အတိသာယံ ဝတာဂစ္ဆိ၊ ရာဇပုတ္တီ ယသဿိနီ။
ကေန နွဇ္ဇ သမာဂစ္ဆိ၊ ကောတေ ပိယတရာ မယာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၁၈။ ယသဿိနီ၊ များသော အခြံအရံရှိသော။ ရာဇပုတ္တီ၊ မင်းသ္မီး။ ဝတ၊ စင်စစ်။ အတိသာယံ၊ အလွန်မိုးချုပ်မှ။ အာဂစ္ဆိ၊ လာ၏။ အဇ္ဇ၊ ယနေ့။ ကေန၊ အဘယ်သူနှင့်။ သမာဂစ္ဆိ နု၊ တွေ့ကြသနည်း။ တေ၊ သင့်အား။ မယာ၊ ငါ့ထက်။ ပိယတရော၊ သာ၍ချစ်သောသူသည်။ ကော၊ အဘယ်သူနည်း။

ထိုအခါ သောတ္ထိသေနမင်းသားကို သမ္ဗုလာမင်းသ္မီးသည် ဤသို့ ဆို၏။ အရှင့်သား- အကျွန်ုပ်သည် သစ်သီး ကြီးငယ်တို့ကို ယူ၍ လာလတ်သည်ရှိသော် တယောက်သော ဒါနောဘီလူးကို မြင်၏။ ထိုဒါနော ဘီလူးသည် အကျွန်ုပ်၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ အကျွန်ုပ်ကို လက်၌ ကိုင်၍ ငါ့စကားကို မလိုက်နာအံ့၊ သင့်ကို ငါစားအံ့ဟု ဆို၏။ အကျွန်ုပ်သည် ထိုအခါ၌ အရှင့်သားကိုသာလျှင် အဖန်တလဲလဲ စိုးရိမ်သည်ဖြစ်၍ ဤသို့ ငိုကြွေးပါ၏ဟု ဆို၍ ထိုအကြောင်းကို မင်းသားအား ကြားလိုရကား-

၃၁၉။ ဣဒံခေါဟံ တဒါ ဝေါစ၊ ဂဟိတာ တေန သတ္တုနာ။
န မေ ဣဒံ တယာ ဒုက္ခံ၊ ယံ မံ ခါဒေယျ ရက္ခသော။
ယဉ္စမေ အယျပုတ္တဿ၊
မနော ဟေဿတိ အညထာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၂၀။ အယျပုတ္တ၊ အရှင့်သား။ တဒါ၊ ထိုအခါ၌။ တေန သတ္တုနာ၊ ထိုရန်သူသည်။ ဂဟိတာ၊ ဖမ်းယူအပ်သော။ အဟံ၊ အကျွန်ုပ်သည်။ ဣဒံ ခေါ၊ ဤစကားကိုသာလျှင်။ အဝေါစ၊ ဆိုပါ၏။ ရက္ခသော၊ ရက္ခိုသ်ဘီလူးသည်။ မံ၊ ငါ့ကို။ ယံ ခါဒေယျ၊ အကြင်စားရာ၏။ တထာ၊ ထိုအခြင်းဖြင့်။ ဣဒံ၊ ဤဘီလူး စားခြင်းသည်။ န ဒုက္ခံ၊ ဆင်းရဲမဟုတ်။ အယျပုတ္တဿ၊ အရှင့်သား၏။ မနော၊ စိတ်နှလုံးသည်။ မေ၊ ငါ့အား။ အညထာ၊ တပါးသော အခြင်းအရာဖြင့်။ ယဉ္စ ဟေဿတိ၊ အကြင်ဖြစ်လတ္တံ့။ ဣဒံ ဒုက္ခံ၊ ဤအရှင့်သားသည် ငါ့အား မယုံသော ဆင်းရဲသည်သာလျှင်။ ဣတော၊ ဤဘီလူးစားသောထက်။ ဒုက္ခတရံ၊ အလွန် ဆင်းရဲ၏။

ထိုအခါ သမ္ဗုလာမင်းသ္မီးသည် ကြွင်းသော အကြောင်းအရာကိုလည်း ကြားလိုသည်ဖြစ်၍ အရှင့်သား- ထိုဒါနောဘီလူးသည် ဖမ်းယူအပ်သော အကျွန်ုပ်သည်ကား မိမိကိုယ်ကို လွှတ်စိမ့်သောငှါ မတတ်နိုင်သည် ဖြစ်၍ နတ်တို့ ကြည့်ရှုစိမ့်သောငှါ အမှုကိုပြု၏။ ထိုသို့ ပြုသောအခါ သိကြားနတ်မင်းသည် ဝရဇိန်လက်နက်စွဲလျက် လာလတ်၍ ကောင်းကင်၌ရပ်လျက် ဒါနောဘီလူးကို ခြိမ်းချောက်၍ အကျွန်ုပ်ကို လွှတ်စေပြီးလျှင် ထိုဒါနောဘီလူးကို နတ်၏သံခြေကျဉ်းဖြင့် ဖွဲ့ချည်ပြီး၍ ထိုဒါနောဘီလူးကိုကား သုံးခုမြောက်သော တောင်ကြား၌ ပစ်ချ၍ သွားလေ၏။ ဤသို့ အကျွန်ုပ်သည် သိကြားမင်းကိုမှီ၍ အသက်ကိုရ၏ဟု ဆို၏။ ထိုစကားကိုကြား၍ သောတ္ထိသေနမင်းသည် အဘယ် - ထိုသို့ဖြစ်စေ၊ မိန်းမ၏အလယ်၌ မှန်သော စကားမည်သည်ကို အလွန်ရခဲ၏။ ထိုစကားသည် မှန်၏။ ဟိမဝန္တာ၌ များကုန်သော မုဆိုးတို့သည်၎င်း၊ ရသေ့တို့သည်၎င်း, ဝိဇ္ဇဓိုရ်အစရှိသော သူတို့သည်၎င်း ရှိကုန်၏။ အဘယ်သူသည် သင်၏စကားကို ယုံကြည်အံ့နည်းဟု ဆို၍ ထိုအကြောင်းကို ပြဆိုလိုရကား-

၃၂၁။ စောရီနံ ဗဟု ဗုဒ္ဓီနံ၊ ယာသု သစ္စံ သုဒုလ္လဘံ။
ထီနံဘာဝေါ ဒုရာဇာနော၊ မစ္ဆဿေဝေါဒကေ ဂတံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၂၁။ ဘဒ္ဒေ၊ အဘယ်။ စောရီနံ၊ ခိုး၍ကျင့်တတ်ကုန်သော။ ဗဟုဗုဒ္ဓီနံ၊ များသောမာယာရှိကုန်သော မိန်းမတို့အား။ ယာသု၊ အကြင်မိန်းမတို့၌။ သစ္စံ၊ မှန်သော စကားသည်။ ဟောတိ၊ ဖြစ်၏။ တာသု၊ ထိုမိန်းမတို့၌။ သစ္စံ၊ မှန်သောစကားကို။ သုဒုလ္လဘံ၊ အလွန်ရခဲ၏။ ထီနံ၊ မိန်းမတို့၏။ ဘာဝေါ၊ အလိုကို။ ဒုရာဇာနော၊ သိနိုင်ခဲ၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဥဒကေ၊ ရေ၌။ မစ္ဆဿ၊ ငါး၏။ ဂတံ၊ သွားရာကို။ ဒုရာဇာနံ ဣဝ၊ သိနိုင်ခဲသကဲ့သို့တည်း။

ထိုစကားကို ကြား၍ သမ္ဗုလာမင်းသ္မီးသည် အရှင့်သား- အကျွန်ုပ်သည် မယုံကြည်သော အရှင့်သားကို အကျွန်ုပ်၏ သစ္စာအစွမ်းဖြင့်သာလျှင် ကုစားပါအံ့ဟုဆို၍ အိုးကို ရေဖြင့် ပြည့်စေပြီးလျှင် သစ္စာပြုခြင်းကိုပြု၍ ထိုသောတ္ထိသေန မင်းသားအား ဦးခေါင်း၌ရေကို သွန်းလောင်းလိုရကား-

၃၂၂။ တထာ မံ သစ္စံ ပါလေတု၊ ပါလယိဿတိ စေ မမ။
ယထာဟံ နာဘိဇာနာမိ၊ အညံ ပိယတရံ တယာ။
ဧတေန သစ္စဝဇ္ဇေန၊ ဗျာဓိ တေ ဝူပသမ္မတု။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၂၂။ သာမိ၊ အရှင်။ အဟံ၊ အကျွန်ုပ်သည်။ အညံ၊ အရှင့်သားမှတပါးသော။ တယာ၊ အရှင့်သားထက်။ ပိယတရံ၊ သာလွန်၍ ချစ်သောသူကို။ ယထာ၊ အကြင်အခြင်းဖြင့်။ နာဘိဇာနာမိ၊ မသိစဘူး။ တထာ၊ ထိုအခြင်းဖြင့်။ မမ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားသည်။ စေ သစ္စံ၊ အကယ်၍ မှန်အံ့။ ဧဝံ၊ ဤသို့မှန်သည်။ သတိ၊ ရှိသော်။ မံ၊ အကျွန်ုပ်ကို။ သစ္စံ၊ သစ္စာတရားသည်။ ဣဒါနိပိ၊ ယခုအခါ၌လည်း။ ပါလေတု၊ စောင်မစေသတည်း။ အာယတိံပိ၊ နောင်အခါ၌လည်း။ ပါလယိဿတိ၊ စောင့်ပါလတ္တံ့။ ဧတေန သစ္စဝဇ္ဇေန၊ ဤသို့မှန်သောစကားကို ဆိုခြင်းကြောင့်။ တေ၊ အရှင့်သား၏။ ဗျာဓိ၊ အနာသည်။ ဝူပသမ္မတု၊ ကင်းပျောက်စေသတည်း။

ဤသို့ ထိုသမ္ဗုလာမင်းသမီးသည် သစ္စာပြု၍ ရေသွန်းလောင်းကာမျှ၌သာလျှင် သောတ္ထိသေနမင်းသား၏ နူနာသည် ကြေးနီအညစ်အကြေးကို အချဉ်ရည်ဖြင့် ဆေးသကဲ့သို့ ထိုခဏ၌လျှင် ကင်းပျောက်၏။ မင်းသား မင်းသမီးတို့သည် နှစ်ရက်သုံးရက် ထိုအရပ်၌နေ၍ တောမှထွက်သွားသဖြင့် ဗာရာဏသီပြည်သို့ရောက်လျှင် ဥယျာဉ်တော်၌ နေကြကုန်၏။ ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် ထိုမင်းသား မင်းသမီးတို့ လာသောအဖြစ်ကို သိလျှင် ဥယျာဉ်တော်သို့ သွား၍ ထိုဥယျာဉ်တော်၌သာလျှင် သားတော် သောတ္ထိသေန မင်းသားအား ထီးဖြူကို ဆောင်နှင်း၍ သမ္ဗုလာမင်းသမီးကို မိဖုယားကြီးအရာ၌ အဘိသိက် သွန်းစေပြီးလျှင် မြို့တွင်းသို့သွင်း၍ မိမိသည် ရသေ့ရဟန်းပြု၍ ဥယျာဉ်တော်၌သာလျှင် နေ၏။ သားတော်မင်း၏ နန်းတော်၌သာလျှင် အမြဲ ဆွမ်းဘုဉ်းပေး၏။

သောတ္ထိသေနမင်းသည် သမ္ဗုလာမင်းသမီးအား မိဖုယားကြီး အရာကိုသာလျှင် ပေး၏။ တစုံတခုသော ချီးမြှောက်ခြင်း, မြတ်နိုးတနာ ပြုခြင်းသည်ကား မရှိ၊ သမ္ဗုလာမင်းသမီးသည် ရှိပါသော်လည်း တပါးကုန်သော မိန်းမတို့နှင့်သာလျှင် အတူတကွ မွေ့လျော်ပျော်ပါး၏။ သမ္ဗုလာသည် လင်၏အပြစ်ကြောင့် ကြုံလှီသော ကိုယ်ရှိသည်ဖြစ်၍ ဖျော့တော့သော အဆင်းရှိသည်ဖြစ်၏။ အကြော ပြိုင်းရရိုင်းထသော ကိုယ်ရှိ၏။ ထိုသမ္ဗုလာသည် တနေ့သ၌ သောကကို ဖျောက်အံ့သောငှါ ဆွမ်းစားကြွလာသော ယောက္ခမ ရှင်ရသေ့အထံသို့ သွား၍ ဆွမ်းစားခြင်းကိစ္စ ပြီးလတ်သော် ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ နေ၏။ ယောက္ခမ ရှင်ရသေ့သည် ညှိုးနွမ်းသော ဣန္ဒြေရှိသော ထိုသမ္ဗုလာကို မြင်၍ အကြောင်းကို မေးလိုရကား-

၃၂၃။ ယေ ကုဉ္ဇရာ သတ္တသတာ ဥဠ ရာ၊
ရတ္တိန္ဒိဝံ ဥယျုတ္တာဝုဓာ။
ဓနုဂ္ဂဟာနဉ္စ သတာနိ သောဠသ၊
ကထံဝိဧေ ပဿသိ ဘဒ္ဒေ သတ္တဝေါ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၂၄။ ဘဒ္ဒေ သမ္ဗုလေ၊ ရှင်မ သမ္ဗုလာ။ ဥယျုတ္တာဝုဓာ၊ လက်နက် လက်စွဲသော သူရဲစီးကုန်သော။ ဥဠာရာ၊ မြတ်ကုန်သော။ သတ္တသတာ၊ ခုနစ်ရာကုန်သော။ ယေ ကုဉ္ဇရာ၊ အကြင် ဆင်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ကုဉ္ဇရာ၊ ထိုလက်နက် လက်စွဲကုန်သော သူရဲစီးကုန်သော ခုနစ်ရာကုန်သော ဆင်တို့သည်၎င်း။ ဓနုဂ္ဂဟာနံ၊ လေးသ္မားတို့၏။ သောဠသသတာနိ စ၊ တထောင့် ခြောက်ရာတို့သည်၎င်း။ ရတ္တိန္ဒိဝံ၊ နေ့ညဉ့်မပြတ်။ ဗာရာဏသိံ၊ ဗာရာဏသီ ပြည်ကို။ ရက္ခန္တိ၊ စောင့်ကုန်၏။ ကထံဝိဓေ၊ အဘယ်သို့ အပြားရှိကုန်သော။ သတ္တဝေါ၊ ရန်သူတို့ကို။ တွံ၊ သင်သည်။ ပဿသိ၊ မြင်သနည်း။

ထိုသမ္ဗုလာသည် ထိုယောက္ခမရှင်ရသေ့ စကားကို ကြား၍ အရှင်မင်းကြီး- အရှင်မင်းကြီး၏ သားတော်သည် အကျွန်ုပ်၌ ရှေးကနှင့် မတူပါဟု ဆို၍ ထိုအကြောင်းကို ပြန်လျှောက်လိုရကား -

၃၂၅။ အလင်္ကတာယော ပဒုမုတ္တရတ္တစာ၊

ဝိရာဂိတာ ပဿတီ ဟံသဝဂ္ဂရာ။

တာသံ သုဏိတွာ မိတဂီတဝါဒိတံ၊

န ဒါနိမေ တာတ တထာ ယထာ ပုရေ။

၃၂၆။ သုဝဏ္ဏသံကစ္ဆဓရာ သုဝိဂ္ဂဟာ၊

အလင်္ကတာ မာနုသိယာစ္ဆရူပမာ။

သေနော ပိယာ တာတ အနိန္ဒိတင်္ဂိယော၊

ခတ္တိယကညာ ပဋိလောဘယန္တိ နံ။

၃၂၇။ သစေ အဟံ တာတ တထာ ယထာ ပုရေ။

ပတိံ တ မုဉ္ဆာယ ပုန ဝနေ ဘရေ။

သမ္မာနယေ မံ န စ ဝိမာနယေ၊

ဣတောပိ မေ တာတ တတော ဝရံ သိယာ။

၃၂၈။ ယမန္နပါနေ ဝိပုလသ္မိံ ဩဟိတေ၊

နာရီ ဝိမဋ္ဌာဘရဏာ အလင်္ကတာ။

ပဉ္စင်္ဂုပေတာ ပတိနောစ အပ္ပိယာ၊

အဗဇ္ဈ တဿာ မရဏံ တတော ဝရံ။

၃၂၉။ အပိ စေ ဒလိဒ္ဒ ကပဏာ အနာဠိယာ၊

ကဋာ ဒုတိယာ ပတိနော စသာ ပိယာ။

သဗ္ဗင်္ဂုပေတာယပိ အပ္ပိယာယ၊

အယမေဝ သေယျော ကပဏာ ပိယာ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၂၅။ ဒေဝ၊ အရှင်မင်းကြီး။ တေ၊ အရှင်မင်းကြီး၏။ ပုတ္တော၊ သားတော်သည်။ အလင်္ကတာယော၊ တန်ဆာဆင်အပ်ကုန်သော။ ပဒုမုတ္တရတ္တစာ၊ ပဒုမာကြာပွင့်ချပ်နှင့်တူသော ကိုယ်ရေရှိကုန်သော။ ဝိရာဂိတာ၊ အထူးထူးသော ချစ်နှစ်လိုဘွယ် ရှိကုန်သော။ ဟံသဝဂ္ဂရာ၊ ဟင်္သာသံကဲ့သို့ သာယာသော အသံရှိကုန်သော။ နာရိယော၊ မိန်းမတို့ကို။ ပဿတိ၊ ကြည့်ရှုဘိ၏။ တာတ၊ ဖခင်။ တေ၊ သင်ဖခင်၏။ ပုတ္တော၊ သားတော်သည်။ တာသံ၊ ထိုမိန်းမတို့၏။ မိတဂီတဝါဒိတံ၊ ညှင်းညှင်းသာသာ သီခြင်း, တီးမှုတ်ခြင်းကို။ သုဏိတွာ၊ နာ၍။ ပုရေယထာ၊ ရှေးကဲ့သို့။ တထာ၊ ထို အတူ။ ဒါနိ- ဣဒါနိ၊ ယခုအခါ၌။ မေ၊ အကျွန်ုပ်အား။ န ဝတ္တတိ၊ မကျင့်ပါခဲ့။

֍ ဋ္ဌ ၃၂၆။ တာတ၊ ဖခင်။ သုဝဏ္ဏသံကစ္ဆဓရာ၊ ရွှေတဘက်လည်း ဆင်ဝတ်ကုန်ထသော။ သုဝိဂ္ဂဟာ၊ လွန်စွာကာမဂုဏ်ဖြင့် ဖမ်းယူ ဆွဲငင်တတ်ကုန်ထသော။ အလင်္ကတာ၊ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာလည်း ဆင်ကုန်ထသော။ မာနုသိယာ၊ လူမိန်းမဖြစ်ကုန်လျက်။ အစ္ဆရူပမာ၊ နတ်သမီးနှင့် တူကုန်ထသော။ သေနော၊ သောတ္ထိသေန မင်းသားသည်။ ပိယာ၊ ချစ်အပ်ကုန်ထသော။ အနိန္ဒိတင်္ဂိယော၊ မကဲ့ရဲ့အပ်သော ကိုယ်အင်္ဂါ လက္ခဏာ ရှိကုန်ထသော။ ခတ္တိယကညာ၊ မင်းသမီးတို့သည်။ နံ၊ ထိုဖခင့်သားတော်ကို။ ပဋိလောဘယန္တိ၊ ဖျားယောင်းကုန်၏။

֍ ဋ္ဌ ၃၂၇။ တာတ၊ ဖခင်။ သစေ၊ အကယ်၍။ မံ၊ အကျွန်ုပ်ကို။ သမ္မာနယေ၊ အရိုအသေ မြတ်နိုးတနာ ပြုအံ့။ မံ၊ အကျွန်ုပ်ကို။ န စ ဝိမာနယေ၊ မရိုမသေ မထေမဲ့မြင် မပြုအံ့။ ပုရေ ယထာ၊ ရှေးကဲ့သို့။ တထာ၊ ထို့အတူ။ ဝတ္တတိ၊ ကျင့်အံ့။ ဧဝံ၊ ဤသို့ကျင့်သည်။ သတိ၊ ရှိသော်။ အဟံ၊ အကျွန်ုပ်သည်။ ပုန၊ တဖန်။ ဝနေ၊ တော၌။ တံ ပတိံ၊ ထိုလင်ကို။ ဥဉ္ဆာယ၊ သစ်သီး သစ်မြစ် ရှာမှီးခြင်းဖြင့်။ ဘရေ၊ မွေးကျွေးအံ့။ တာတ၊ ဖခင်။ မေ၊ အကျွန်ုပ်အား။ ဣတောပိ၊ ဤ ဗာရာဏသီပြည်ထက်လည်း။ တတော- တံ ဝနံ၊ ထိုတောသည်။ ဝရံ၊ မြတ်သည်။ သိယာ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၃၂၈။ တာတ၊ ဖခင် ရှင်ရသေ့။ ယံ- ယာ နာရီ၊ အကြင် မိန်းမသည်။ ဩဟိတေ၊ စီရင်အပ်သော။ ဝိပုလသ္မိံ၊ များမြတ်သော။ အန္နပါနေ၊ ထမင်းအဖျော်ရှိသော အိမ်၌။ ဝိမဋ္ဌာဘရဏာ အလင်္ကတာ၊ ပြေပြစ်သော တန်ဆာဆင်ယင်လျက်။ ဝသတိ၊ နေရ၏။ ပဉ္စင်္ဂုပေတာ၊ အင်္ဂါငါးပါး ကျေးဇူးနှင့်ပြည့်စုံ၏။ သာ နာရီ၊ ထိုမိန်းမကို။ ပတိနော စ၊ လင်သည်ကား။ အပ္ပိယာ၊ မချစ်။ တဿာ၊ ထိုလင်မချစ်သော မယားအား။ တတော၊ ထိုလင့်အိမ်၌ နေသာထက်။ အဗဇ္ဈ၊ သေဆွဲမူ၍။ မရဏံ၊ သေခြင်းသည်။ ဝရံ၊ မြတ်သေး၏။

ဤဂါထာ၌ အင်္ဂါငါးပါး သရုပ်ကို ဤသို့ မှတ်အပ်၏။

၁။ လင်၏ ရှေးဦးစွာ ထလေ့ရှိသည်။

၂။ လင်၏ နောက်မှ အိပ်လေ့ရှိသည်။

၃။ အဘယ်ကို ပြုစေလိုသနည်းဟုမေး၍ အလိုသို့ လိုက်၍ ပြုလေ့ရှိသည်။

၄။ ချစ်နှစ်သက်ဘွယ် ကျင့်လေ့ရှိသည်။

၅။ ချစ်ခင်လေးမြတ်စွာ ပြောဆိုလေ့ရှိသည်။

ဤသို့ မှတ်အပ်၏။

֍ ဋ္ဌ ၃၂၉။ အပိ၊ စင်စစ်။ စေ၊ အကယ်၍။ ယာ၊ အကြင်မိန်းမသည်။ ဒလိဒ္ဒါ၊ ဆင်းရဲ၏။ ကပဏာ၊ အထီးကျန်၏။ အနာဠိယာ၊ မှီခိုကိုးကွယ်ရာမရှိ။ ကဋာဒုတိယာ၊ ဖျာလျှင် နှစ်ခုမြောက်ရှိ၏။ သာ၊ ထိုမိန်းမကို။ ပတိနော၊ လင်သည်ကား။ ပိယာ၊ ချစ်မြတ်နိုး၏။ ကပဏာပိ၊ အထီးကျန်သော်လည်း။ အယမေဝ၊ ဤ လင်ချစ်မြတ်နိုးသော မယားသည်သာလျှင်။ သေယျာ၊ မြတ်၏။ အပ္ပိယာ၊ လင်မချစ်သော မယားသည်။ သဗ္ဗင်္ဂုပေတာယပိ၊ အလုံးစုံသော အင်္ဂါနှင့် ပြည့်စုံသော်လည်း။ န သေယျာ၊ မမြတ်။

ဤသို့ ထိုသမ္ဗုလာသည် မိမိညှိုးနွမ်းခြောက်တပ်ခြင်း၏ အကြောင်းကို ယောက္ခမ ရှင်ရသေ့အား ပြန်လျှောက်သည်ရှိသော် ယောက္ခမ ရှင်ရသေ့သည် သားတော် သောတ္ထိသေနမင်းကို ခေါ်စေ၍ ချစ်သား သောတ္ထိသေန- သင်ချစ်သားသည် နူနာနှိပ်စက်အပ်သည် ဖြစ်၍ တောသို့ ဝင်သည်ရှိသော် သင်ချစ်သားနှင့် အတူတကွ တောသို့ဝင်၍ သင်ချစ်သားကို ရိုသေစွာ လုပ်ကျွေးသဖြင့် မိမိသစ္စာ၏ အာနုဘော်ဖြင့် သင်ချစ်သား၏ နူနာကိုငြိမ်းစေ၍ အကြင်မိန်းမသည် သင်၏မင်းအဖြစ်၌ တည်ရခြင်း၏ အကြောင်းကို ပြုပေ၏။ ထိုမိန်းမအားစင်လျက်လည်း သင်သည် တည်ရာအရပ်ကို မသိ၊ နေရာအရပ်ကို မသိ၊ သင်ချစ်သားသည် မသင့်မလျော်သည်ကို ပြုဘိ၏။ ဤအဆွေခင်ပွန်း ပြစ်မှားသော အမှုမည်သည်ကား အလွန်ယုတ်မာ၏ဟု ဆို၍ သားတော်ကို ဆုံးမလိုရကား-

၃၃၀။ သုဒုလ္လဘိတ္ထီ ပုရိသဿ ယာ ဟိတာ၊
ဘတ္တိတ္ထိယာ ဒုလ္လဘော ယော ဟိတော စ။
ဟိတာ စ တေ သီလဝတီ စ ဘရိယာ၊
ဇနိန္ဒ ဓမ္မံ စရ သမ္ဗုလာယံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၃၀။ တာတ၊ ချစ်သား။ ယာ ဣတ္ထိ၊ အကြင်မိန်းမသည်။ ပုရိသဿ၊ ယောက်ျား၏။ ဟိတာ၊ အစီးအပွားကို အလိုရှိ၏။ သာ ဣတ္ထိ၊ ထိုယောက်ျား၏ အစီးအပွားကို အလိုရှိသော မိန်းမကို။ သုဒုလ္လဘာ၊ အလွန်ရခဲ၏။ ယော ဘတ္တာ၊ အကြင်လင်သည်။ ဣတ္တိယာ၊ မယား၏။ ဟိတော စ၊ အစီးအပွားကိုလည်းအလိုရှိ၏။ သော ဘတ္တာ၊ ထိုမယား အစီးအပွားကို အလိုရှိသောလင်ကို။ ဒုလ္လဘော၊ ရခဲ၏။ တေ၊ သင်ချစ်သား၏။ ဘရိယာ၊ မယားသည်ကား။ ဟိတာ စ၊ လင်၏အကျိုးစီးပွားကိုလည်း အလိုရှိ၏။ သီလဝတီ စ၊ သီလနှင့်လည်း ပြည့်စုံ၏။ ဇနိန္ဒ၊ မင်းမြတ်။ သမ္ဗုလာယံ၊ သမ္ဗုလာ၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်လော့။

ဤသို့ ခမည်းတော် ရှင်ရသေ့သည် သားတော်ကို အဆုံးအမ ပေးခဲ့ပြီးလျှင် နေရာမှထ၍ ကြွတော်မူ၏။ သောတ္ထိသေန မင်းသည်လည်း ခမည်းတော်ရှင်ရသေ့ ကြွတော်မူသည်ရှိသော် သမ္ဗုလာမိဖုယားကြီးကို ခေါ်တော်မူ၍ အရှင်မိဖုယား- ဤမျှလောက်သော ကာလပတ်လုံး ငါသည် ပြုမိသောအပြစ်ကို ရှင်မိဖုယားသည် သည်းခံလော့၊ ဤနေ့မှစ၍ အလုံးစုံသော စည်းစိမ်ဥစ္စာကို ရှင်မိဖုယားအားသာလျှင် ငါပေး၏ဟု ဆို၍ အလုံးစုံသော စည်းစိမ်ဖြင့် ဘိတ်လိုရကား-

၃၃၁။ သစေ တုဝံ ဝိပုလေ အာလဒ္ဓဘောဂေ၊
ဣဿာဝ တိဏ္ဏာ မရဏံ ဥပေသိ။
အဟဉ္စ တေ ဘဒ္ဒေ ဣမာ ရာဇကညာ၊
သဗ္ဗေဝ တေ ဝစနကရာ ဘဝါမ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၃၁။ ဘဒ္ဒေ၊ အဘယ်မိဖုယား။ သစေ၊ အကယ်၍။ တုဝံ၊ အရှင်မိဖုယားသည်။ ဝိပုလေ၊ များမြတ်ကုန်သော။ ဘောဂေ၊ စည်းစိမ်ဥစ္စာတို့ကို။ အာလဒ္ဓ-အာလဘိတွာ၊ ရသော်လည်း။ ဣဿာဝတိဏ္ဏာ၊ ငြူစူခြင်းသို့ သက်သည်ဖြစ်၍။ မရဏံ၊ သေခြင်းသို့။ ဥပေသိ၊ ကပ်ရလတ္တံ့။ အဟဉ္စ၊ ငါသည်၎င်း။ ဣမာ ရာဇကညာ စ၊ ဤမင်းသမီးအပေါင်းတို့သည်၎င်း။ တေ သဗ္ဗေဝ၊ ထိုအလုံးစုံသော ငါတို့သည်လျှင်။ တေ၊ သင်၏။ ဝစနကရာ၊ စကားကို လိုက်နာကုန်သည်။ ဘဝါမ၊ ဖြစ်ပါကုန်အံ့။

ထိုအခါမှစ၍ နှစ်ပါးကုန်သော မင်းမိဖုယားတို့သည် ညီညွတ်သင့်တင့်စွာ နေကြကုန်လျက် ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၍ ကံအားလျော်စွာ လားကုန်၏။ ခမည်းတော် ရှင်ရသေ့သည်လည်း ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤသမ္ဗုလာဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့- ယခုအခါ၌သာလျှင် မလ္လိကာသည် လင်ကို နတ်ကဲ့သို့ ရိုသေလေးမြတ်သည် မဟုတ်သေး၊ ရှေး၌လည်း လင်ကို နတ်ကဲ့သို့ ရိုသေလေးမြတ်ဘူးသည်သာတည်းဟု မိန့်တော်မူ၍ ယခုအခါ မလ္လိကာမိဖုယားသည် ထိုအခါ သမ္ဗုလာမိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ကောသလမင်းကြီးသည် ထိုအခါ သောတ္ထိသေနမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဖရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သစ္စာစောင့်တတ်၊ မိန်းမမြတ်၊ လူနတ်ချစ်သည်သာ

ကိုးခုမြောက်ဖြစ်သော သမ္ဗုလာဇာတ်သည် ပြီး၏။

*****

တိံသနိပါတ်

၁၀။ ဘဏ္ဍုတိန္ဒုကဇာတ်

ပြည့်ရှင်မင်းတို့ အဂတိလေးပါး မလိုက်စားသင့်ခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပ္ပမာဒေါ အမတံ ပဒံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘဏ္ဍုတိန္ဒုကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပသေနဒီ ကောသလမင်းကြီးအား ဆုံးမတော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမင်းအား ဆုံးမတော်မူခြင်းကို အောက်၌ ချဲ့အပ်ပြီးသလျင်ကတည်း။ အထူးကား

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကပ္ပိလတိုင်း ဥတ္တရ ပဉ္စာလပြည်၌ ပဉ္စာလမည်သော မင်းသည် အဂတိလေးပါးသို့ လိုက်ခြင်း၌တည်လျက် အဓမ္မဖြင့် မေ့လျော့သည်ဖြစ်၍ မင်းပြု၏။ ထိုအခါ ထိုမင်း၏ မှူးမတ်အစရှိသော အလုံးစုံသော သူတို့သည် တရား မစောင့်ကုန်သည်လျှင် ဖြစ်ကုန်၏။ အခွန်အတုတ်ဖြင့် နှိပ်စက်အပ်ကုန်သော တိုင်းပြည်၌နေသော သူတို့သည် သားမယားတို့ကို ယူ၍ တော၌ သမင်တို့ကဲ့သို့ သွားကုန်၏။ ရွာတည်ရာ၌ ရွာမည်သည် မဖြစ်၊ လူတို့သည် မင်းသံတမန်မှ ကြောက်ကုန်သောကြောင့် နေ့အခါ အိမ်၌နေခြင်းငှါ မတတ်နိုင်ကုန်၊ အိမ်တို့ကို ဆူးခက်တို့ဖြင့် ခြံရံ၍ ညဉ့်၌နေ၍ အရုဏ်တက်သောအခါကလျှင် တောသို့ ပြေးဝင်ရကုန်၏။ နေ့၌ မင်းသံတမန်တို့သည် လုယက်ကုန်၏။ ညဉ့်၌ ခိုးသူတို့သည် လုယက်ကုန်၏။

ထိုအခါ ဘုရားလောင်းသည် မြို့ပ၌ တည်ပင်စောင့်နတ် ဖြစ်၏။ နှစ်တိုင်းနှစ်တိုင်း မင်း၏အထံမှ အဘိုးတထောင်ထိုက်သော ပူဇော်သက္ကာရကို ရ၏။ ထိုဘုရားလောင်း တည်ပင်စောင့်နတ်သည် ဤသို့ကြံ၏။ ဤမင်းသည် မေ့လျော့သည်ဖြစ်၍ မင်းပြု၏။ အလုံးစုံသော တိုင်းပြည်ကို ဖျက်ဆီး၏။ ငါ့ကိုထား၍ ငါမှတပါးသော မင်းကို သင့်တင့်သော အကျင့်၌ ယှဉ်စေခြင်းငှါ စွမ်းနိုင်သော သူမည်သည် မရှိ၊ ငါ့အား ကျေးဇူးလည်း ရှိပေ၏။ နှစ်တိုင်း နှစ်တိုင်း အဘိုးတထောင်ထိုက်ဖြင့် ပူဇော်ပေ၏။ ထိုမင်းကို ဆုံးမအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုတည်ပင်စောင့်နတ်သည် ညဉ့်အဘို့၌ မင်း၏ ကြက်သရေရှိသော တိုက်ခန်းသို့ ဝင်၍ ဦးခေါင်းရင်း နံပါး၌ ရပ်လျက် အရောင်ကိုလွှတ်၍ ကောင်းကင်၌ တည်၏။

မင်းသည် ထိုဘုရားလောင်းကို တက်သစ်သော နေလုလင်ကဲ့သို့ ထွန်းတောက်ပသည်ကို မြင်၍ သင်သည် အဘယ်သူနည်း၊ အဘယ်အကြောင်းကြောင့် ဤအရပ်သို့ လာသနည်းဟု မေး၏။ ထိုဘုရားလောင်းသည် မင်း၏စကားကို ကြား၍ မြတ်သောမင်းကြီး- ငါသည် တည်ပင်စောင့် နတ်တည်း၊ ရှင်မင်းကြီးအား အဆုံးအမကို ပေးအံ့ဟု ကြံ၍ လာ၏ဟု ဆိုလတ်သော် အဘယ်မည်သော အဆုံးအမကို ငါ့အား သင်ပေးအံ့နည်းဟု မေးသည် ရှိသော် မြတ်သောမင်းကြီး- ရှင်မင်းကြီးသည် မေ့လျော့သည်ဖြစ်၍ မင်းပြု၏။ ထို့ကြောင့် ရှင်မင်းကြီး၏ အလုံးစုံသော တိုင်းပြည်သည် လုယက်ဖျက်ဆီးသည်ဖြစ်၍ ပျက်စီး၏။ ပြည့်ရှင်မင်း မည်သည်ကား မေ့လျော့သဖြင့် မင်းပြုသည်ရှိသော် အလုံးစုံသော တိုင်းပြည်၏အရှင်မဖြစ်ရာ၊ ပစ္စုပ္ပန် မျက်မှောက်၌လည်း ပျက်စီးခြင်းသို့ ရောက်၍ တမလွန်၌မူကား ငရဲကြီး၌ ဖြစ်ကုန်၏။ ထိုပြည့်ရှင်မင်းတို့သည် မမေ့မလျော့ကုန်သည်ရှိသော် ထိုမင်း၏ တိုင်းပြည်တွင်း၌ နေကုန်သော သူတို့သည်၎င်း, ပြည်ပ၌ နေကုန်သော သူတို့သည်၎င်း မမေ့မလျော့ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထို့ကြောင့် ပြည့်ရှင်မင်းသည် အတိုင်းထက်အလွန် မမေ့မလျော့သည် ဖြစ်ရာ၏ဟု ဆို၍ တရားဟော လိုရကား-

၃၃၂။ အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မိယီန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
။ လ။
၃၄၂။ ဥပဿုတိံ မဟာရာဇ၊ ရဋ္ဌေ ဇနပဒေ စရ။
တတ္ထ ဒိသွာ စ သုတွာ စ၊ တတော တံ ပဋိပဇ္ဇသိ။

ဟူသော ဤတဆယ့်တဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၃၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အပ္ပမာဒေါ၊ မမေ့မလျော့ခြင်းသည်။ အမတံ-အမတဿ၊ သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်၏။ ပဒံ၊ အကြောင်းတည်း။ ပမာဒေါ၊ မေ့လျော့ခြင်းသည်။ မစ္စုနော၊ အဖန်တလဲလဲ သေခြင်း၏။ ပဒံ၊ အကြောင်းတည်း။ အပ္ပမတ္တာ၊ မမေ့မလျော့ကုန်သော သူတို့သည်။ န မီယိန္တိ၊ မသေသည် မည်ကုန်၏။ ယေ၊ အကြင်သူတို့သည်။ ပမတ်တာ၊ မေ့လျော့ကုန်၏။ တေ၊ ထိုမေ့လျော့သော သူတို့သည်။ မတာ ယထာ၊ သေသည်နှင့်တူကုန်၏။

֍ ဋ္ဌ ၃၃၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မဒါ၊ အနာကင်းသောမာန်, အရွယ်ကောင်းသောမာန်, အသက်ရှည်မာန်ယစ်ခြင်းကြောင့်။ ပမာဒေါ၊ မေ့လျော့ခြင်းသည်။ ဇာယေထ၊ ဖြစ်ရာ၏။ ပမာဒါ၊ မေ့လျော့ခြင်းကြောင့်။ ခယော၊ အမျိုး, ဥစ္စာ, အသက်ကုန်ခြင်းသည်။ ဇာယတေ၊ ဖြစ်ရာ၏။ ခယာ၊ ဥစ္စာအခြံအရံ ကုန်ခြင်းကြောင့်။ ပဒေါသာ၊ အပြစ်တို့သည်။ ဇာယန္တိ၊ ဖြစ်ကုန်၏။ ဘရတ၊ ဘရတ အမည်ရှိသော။ ဥသဘ၊ မင်းမြတ်။ တသ္မာ၊ ထို့ကြောင့်။ မာ ပမာဒေါ၊ မမေ့မလျော့လင့်။

֍ ဋ္ဌ ၃၃၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ဗဟူ၊ များစွာကုန်သော။ ပမာဒိနော၊ မေ့လျော့ခြင်း ရှိကုန်သော။ ခတ္တိယာ၊ မင်းတို့သည်။ အတ္ထံ၊ အစီးအပွားကို၎င်း။ ရဋ္ဌံ၊ တိုင်းပြည်ကို၎င်း။ ဇိဏ္ဏာ ဝိနဋ္ဌာ၊ ဖျက်ဆီးသည် မည်ကုန်၏။ အထော၊ ထိုမြို့။ ဂါမိနောပိ၊ ရွာစားတို့သည်၎င်း။ ဂါမာ၊ ရွာ၌နေသော သူတို့သည်၎င်း။ ဇိဏ္ဏာ၊ ယုတ်ကုန်၏။ ပမာဒိနော၊ မေ့လျော့ခြင်း ရှိကုန်သော။ အနာဂါရာ၊ ရဟန်းတို့သည်။ ဇိဏ္ဏာ၊ ရဟန်းအကျင့်မှ ယုတ်ကုန်၏။ အဂါရိနော၊ လူတို့သည်။ ဇိဏ္ဏာ၊ ဥစ္စာစည်းစိမ်မှ ယုတ်ကုန်၏။

֍ ဋ္ဌ ၃၃၅။ ရဋ္ဌဝဍ္ဎန၊ ပြည်တိုင်းကား၏ အစီးအပွားကို ဆောင်တော်မူတတ်သော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပမတ္တဿ၊ မေ့လျော့သော။ ခတ္တိယဿ၊ ပြည့်ရှင်မင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းပြည်၌။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဘောဂါ၊ စည်းစိမ်တို့သည်။ ဝိနဿန္တိ၊ ပျက်စီးကုန်၏။ တံ၊ ထိုမေ့လျော့ခြင်းကို။ ရညော၊ ပြည့်ရှင်မင်း၏။ အဃံ၊ ဆင်းရဲခြင်း၏ အကြောင်းဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။

֍ ဋ္ဌ ၃၃၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အတိဝေလံ၊ အပိုင်းအခြားကိုလွန်၍။ တွံ၊ ရှင်မင်းကြီးသည်။ ယံ ပမဇ္ဇသိ၊ အကြင်မေ့လျော့၏။ ဧသော၊ ဤသို့မေ့လျော့ခြင်းသည်။ န ဓမ္မော၊ ရှေးမင်းတို့၏ အကျင့်သဘော မဟုတ်။ တေ၊ အရှင်မင်းကြီး၏။ ဣဒ္ဓံ၊ ထမင်းအဖျော်စသည်နှင့် ပြည့်စုံသော။ ဖီတံ၊ ရွှေငွေစသည်ဖြင့် ကြွယ်ဝသော။ နံ ဇနပဒံ၊ ထိုဇနပုဒ်ကို။ စောရာ၊ ခိုးသူတို့သည်။ ဝိဓံသယန္တိ၊ လုယက်ဖျက်ဆီးကုန်၏။

֍ ဋ္ဌ ၃၃၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တေ၊ အရှင်မင်းကြီး၏။ ပုတ္တာ၊ သားတို့သည်။ ပဝေဏိ ပါလကာ၊ အစဉ်အဆက်ကို စောင့်နိုင်ကုန်သည်။ န ဘဝိဿန္တိ၊ မဖြစ်ကုန်လတ္တံ့။ ဟိရညနိဓာနိယာ၊ ရွှေတိုက်တို့သည်။ န ဘဝိဿန္တိ၊ မဖြစ်ကုန်လတ္တံ့။ ရဋ္ဌံ ဝါ၊ တိုင်းပြည်၌မူလည်း။ ဝိလုပ္ပမာနမှိ၊ လုယက်ဖျက်ဆီးသည်ရှိသော်။ သဗ္ဗဘောဂေဟိ၊ အလုံးစုံသော စည်းစိမ် ဥစ္စာတို့မှ။ တွံ၊ ရှင်မင်းကြီးသည်။ ဇိယျသိ၊ ယုတ်၏။

֍ ဋ္ဌ ၃၃၈။ ခတ္တိယ၊ ရေမြေ့အရှင်။ သဗ္ဗဘောဂါ၊ အလုံးစုံသော စည်းစိမ်မှ။ ပရိဇိဏ္ဏံ၊ ယုတ်သောသူကို။ ရာဇာနံ ဝါပိ၊ မင်းပင် ဖြစ်ငြားသော်လည်း။ ဉာတိမိတ္တာ စ၊ အဆွေအမျိုး အဆွေခင်ပွန်းတို့သည်၎င်း။ သုဟဇ္ဇာ စ၊ ချစ်သော သူတို့သည်၎င်း။ တံ၊ ထိုဥစ္စာစည်းစိမ် ပျက်စီးသောမင်းကို။ မန္နိယံ၊ သိအပ်၏ဟူ၍။ န မညန္တိ၊ မအောက်မေ့ကုန်။

֍ ဋ္ဌ ၃၃၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တမေဝ၊ ထိုမင်းကိုလျှင်။ ဥပဇီဝန္တာ၊ မှီ၍ အသက်မွေးကုန်သော။ ဟတ္ထာရောဟာ၊ ဆင်စီး သူရဲတို့သည်၎င်း။ အနီကဋ္ဌာ၊ မင်းကြီး သက်တော် စောင့်တို့သည်၎င်း။ ရထိကာ၊ ရထားစီးသူရဲတို့သည်၎င်း။ ပတ္တိကာရကာ၊ ခြေသည်သူရဲတို့သည်၎င်း။ တံ၊ ထိုမင်းဆင်းရဲကို။ မန္နိယံ၊ သိအပ်၏ဟူ၍။ န မညန္တိ၊ မအောက်မေ့ကုန်။

֍ ဋ္ဌ ၃၄၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အသံဝိဟိတကမ္မန္တံ၊ မစုံစမ်း မဆင်ခြင်ဘဲ အမှုကို ပြုတတ်သော။ ဗာလံ၊ မိုက်စွာသော။ ဒုမ္မတိမန္တိနံ၊ အလွန်မသိသော။ ဒုမ္မေဓံ၊ ပညာနည်းသော။ ရာဇာနံ၊ မင်းကို။ သိရီ၊ ဘုန်းကြက်သရေသည်။ ဇဟာတိ၊ စွန့်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဥရဂေါ၊ မြွေသည်။ ဇိဏ္ဏံ၊ ဟောင်းလေပြီးသော။ တစံ၊ အရေကို။ ဇဟတိ ဣဝ၊ စွန့်သကဲ့သို့တည်း။

֍ ဋ္ဌ ၃၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သုသံဝိဟိတကမ္မန္တံ၊ မကောင်းမှုကို မပြုသော။ ကာလုဋ္ဌာယီ၊ သင့်သောအခါ၌ လုံ့လပြုလေ့ရှိသော။ အတန္ဒိတံ၊ မပျင်းမရိသော။ ရာဇာနံ၊ မင်းတို့အား။ သ ဥသဘာ၊ ဥသဘနှင့် တကွကုန်သော။ ဂါဝေါ၊ နွားတို့သည်။ အဘိဝဍ္ဎန္တိ ဣဝ၊ ပွားကုန်သကဲ့သို့။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဘောဂါ၊ စည်းစိမ်ဥစ္စာတို့သည်။ ဝဍ္ဎန္တိ၊ ပွားများကုန်၏။

֍ ဋ္ဌ ၃၄၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဥပဿုတိ၊ ပြည်သူတို့အနီးသို့ ကပ်၍ နားထောင်လျက်။ ရဋ္ဌေ၊ တိုင်းပြည်၌၎င်း။ ဇနပဒေ၊ ဇနပုဒ်၌၎င်း။ စရ၊ ကြွတော်မူလော့။ တတ္ထ၊ ထိုပြည်ရွာဇနပုဒ်၌။ ဒိသွာ စ၊ မြင်၍၎င်း။ သုတွာ စ၊ ကြား၍၎င်း။ တတော၊ ထိုမြင်ရာ ကြားရာမှ။ တွံ၊ ရှင်မင်းကြီးသည်။ ပဋိပဇ္ဇသိ၊ ကျင့်ရပါလတ္တံ့။

ဤသို့ဘုရားလောင်းသည် တဆယ့်တဂါထာတို့ဖြင့် မင်းကို ဆုံးမ၍ မင်းကြီး- သွားချေ၊ ကြာမြင့်ခြင်းကို မပြုမူ၍ စုံစမ်းလော့၊ တိုင်းပြည်ကို မဖျက်ဆီးလင့်ဟု ဆို၍ မိမိနေရာ ဗိမာန်သို့လျှင် သွား၏။ ထိုမင်းသည်လည်း ဘုရားလောင်းစကားကို ကြားရလျှင် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ မိုးသောက်သောနေ့၌ တိုင်းပြည်ကို မှူးမတ်တို့အား အပ်နှင်းခဲ့၍ ပုရောဟိတ်နှင့်တကွ စောစောကလျှင် အရှေ့တံခါးမဖြင့် မြို့မှထွက်၍ တယူဇနာရှိသော အရပ်သို့ ရောက်၏။ ထိုအရပ်၌ တခုသောရွာဝယ် နေသော လူအိုသည် တောအုပ်မှ ဆူးခက်ကို ဆောင်ယူခဲ့၍ အိမ်တံခါးကို ဆို့ပိတ်ပြီးလျှင် သားမယားကို ယူ၍ တောသို့ဝင်၍ ညအခါ၌ မင်းချင်း တမန်တို့သည် သွားကုန်သည်ရှိသော် မိမိအိမ်သို့ ပြန်လာခဲ့၍ အိမ်တံခါး၌ ဆူးစူးသည်ဖြစ်၍ ဆောင့်ကြောင့် ထိုင်၍ ဆူးကို နုတ်လျက် မင်းကို ကျိန်ဆဲလိုရကား-

၃၄၃။ ဧဝံ ဝေဒေတု ပဉ္စာလော၊ သင်္ဂါမေ သရမပ္ပိတော။
ယထာဟမဇ္ဇ ဝေဒေမိ၊ ကဏ္ဋကေန သမပ္ပိတော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၄၃။ အဇ္ဇ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ ကဏ္ဋကေန၊ ဆူးဖြင့်။ သမပ္ပိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ ဝေဒေမိ ယထာ၊ ဆင်းရဲခံရသကဲ့သို့။ ဧဝံ၊ ဤအတူ။ သင်္ဂါမေ၊ စစ်မြေအရပ်၌။ သရမပ္ပိတော၊ မြှားစူးသည်ဖြစ်၍။ ပဉ္စာလော၊ ပဉ္စာလမင်းသည်။ ဝေဒေတု၊ ဆင်းရဲ ခံရပါစေသတည်း။

ထိုလူအို၏ ထိုဆဲရေးခြင်းသည် ဘုရားလောင်း အာနုဘော်ကြောင့် ဖြစ်၏။ (ဘုရားလောင်း တည်ပင်စောင့်နတ်သည် ပူးဝင်သည်ဖြစ်၍ ထိုလူအိုသည် ဆဲရေး၏ဟု သိအပ်၏။ ) ထိုအခါ၌ကား မင်းသည်၎င်း ပုရောဟိတ်သည်၎င်း မထင်ရှားသော အသွင်ဖြင့် ထိုလူအို၏ အနီး၌လျှင် ရပ်ကုန်၏။ ထိုလူအို၏ စကားကိုကြား၍ ပုရောဟိတ်သည်-

၃၄၄။ ဇိဏ္ဏော ဒုဗ္ဗလစက္ခူသိ၊ န ရူပံ သာဓု ပဿသိ။
ကိံတတ္ထ ဗြဟ္မဒတ္တဿ၊ ယန္တံမဂ္ဂေယျ ကဏ္ဋကော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၄၄။ မဟလ္လက၊ လူအို။ တွံ၊ သင်သည်။ ဇိဏ္ဏော၊ အိုသည်ဖြစ်၍။ ဒုဗ္ဗလစက္ခု၊ မျက်စိအမြင်နည်းသည်။ အသိ၊ ဖြစ်၏။ ရူပံ၊ ရူပါရုံကို။ သာဓု၊ ကောင်းစွာ။ န ပဿသိ၊ သင်မမြင်။ တေန၊ ထိုသို့ ကောင်းစွာ မမြင်သောကြောင့်။ တံ၊ သင့်ကို။ ကဏ္ဋကော၊ ဆူးသည်။ ယံ မဂ္ဂေယျ၊ အကြင်စူးရာ၏။ တတ္ထ၊ ထိုသို့ဆူးစူးရာ၌။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ ကိံ၊ အဘယ်အပြစ်ရှိသနည်း။

လူအိုသည် ထိုပုဏ္ဏားအား မင်း၏အပြစ်ကို ကြားလို၍-

၃၄၅။ ဗဟွေတ္ထ ဗြဟ္မဒတ္တဿ၊
သောဟံ မဂ္ဂေသ္မိ ဗြာဟ္မဏ။
အရက္ခိတာ ဇနပဒါ၊ အဓမ္မဗလိနာ ဟတာ။
၃၄၆။ ရတ္တိဉှိ စောရာ ခါဒန္တိ၊ ဒိဝါ ခါဒန္တိ တုဏ္ဍိယာ။
ရဋ္ဌသ္မိံ ကူဋရာဇဿ၊ ဗဟု အဓမ္မိကော ဇနော။
၃၄၇။ ဧတာဒိသေ ဘယေ ဇာတေ၊
ဘယဋ္ဋာ တာတ မာဏဝါ။
နိလ္လေဏကာနိ ကြုဗ္ဗန္တိ၊
ဝနေ အာဟရိတွာ ကဏ္ဋကံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၄၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သော အဟံ၊ ထိုငါသည်။ မဂ္ဂေ၊ ဆူးရှိသောခရီး၌။ ပတိတော၊ လဲသည်။ အသ္မိ၊ ဖြစ်၏။ ဧတ္ထ၊ ဤငါ့ကို ဆူးစူးရာ၌။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ ဗဟု၊ အပြစ်များစွာ၏။ ဇနပဒါ၊ ဇနပုဒ် ပြည်ရွာတို့ကို။ အရက္ခိတာ၊ မစောင့်ရှောက်ပါကုန်။ အဓမ္မဗလိနာ၊ မတရားသော အခွန်အတုတ်ဖြင့်။ ဟတာ၊ နှိပ်စက်ညှဉ်းဆဲ၏။

֍ ဋ္ဌ ၃၄၆။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ရတ္တိံ၊ ညဉ့်၌။ စောရာ၊ ခိုးသူတို့သည်။ ခါဒန္တိ၊ လုယက်ကုန်၏။ ဒိဝါ၊ နေ့၌။ တုဏ္ဍိယာ၊ အခွန်တောင်းသော မင်းချင်းတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ကူဋရာဇဿ၊ စဉ်းလဲစဉ်းစား ယုတ်မာသော မင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းနိုင်ငံ၌။ အဓမ္မိကော၊ တရားမစောင့်သော။ ဇနော၊ လူသည်။ ဗဟု၊ များစွာ၏။

֍ ဋ္ဌ ၃၄၇။ တာတ၊ ချစ်သား ပုဏ္ဏား။ ဧတာဒိသေ၊ ဤသို့သဘောရှိသော။ ဘယေ၊ ဘေးသည်။ ဇာတေ၊ ဖြစ်လတ်သောကြောင့်။ ဘယဋ္ဋာ၊ ကြောက်ခြင်းဖြင့် နှိပ်စက်အပ်ကုန်သော။ မာဏဝါ၊ လူတို့သည်။ ဝနေ၊ တော၌။ ကဏ္ဍကံ၊ ဆူးကို။ အာဟရိတွာ၊ ဆောင်ယူကုန်၍။ နိလ္လေဏကာနိ၊ ပုန်းအောင်းရာတို့ကို။ ကြုဗ္ဗန္တိ၊ ပြုကြရကုန်၏။

ထိုလူအိုစကားကို ကြား၍ မင်းသည် ပုရောဟိတ်ကို ခေါ်၍ ဆရာ- လူအိုသည် သင့်သောစကားကို ဆိုပေ၏။ ငါတို့၏ အပြစ်သာလျှင်တည်း၊ လာလှည့် ပြန်ကြကုန်အံ့၊ တရားနှင့်အညီ မင်းပြုအံ့ဟု ဆို၏။ ဘုရားလောင်း တည်ပင်စောင့် နတ်သည် ပုရောဟိတ်ကိုယ်၌ ပူးဝင်၍ မြတ်သောမင်းကြီး- ရှေ့သို့သွား၍ စုံစမ်းကုန်အံ့ဟု ဆို၏။ ထိုမင်းနှင့် ပုရောဟိတ်တို့သည် ထိုရွာမှ တပါးသောရွာသို့ သွားကုန်သည်ရှိသော် ခရီးအကြား၌ တယောက်သော မိန်းမအို၏ အသံကို ကြားကုန်၏။ ဆင်းရဲစွာသော ထိုမိန်းမအိုသည် အရွယ်ရောက်သော သမီးနှစ်ယောက်တို့ကို စောင့်ရှောက်လျက် ထိုသမီးတို့ကို တောသို့ မသွားစေမူ၍ မိမိသည် တောမှ ထင်းတို့ကို၎င်း, ဟင်းရွက်တို့ကို၎င်း ဆောင်ယူ၍ သမီးတို့ကို မွေးကျွေးသတတ်၊ ထိုမိန်းမအိုသည် ထိုနေ့၌ ချုံတခုသို့တက်၍ ဟင်းရွက်ကို ခူးသည်ရှိသော် လိမ့်လျက် မြေ၌ကျလျှင် မင်းကို သေခြင်းဖြင့် ဆဲရေးလိုရကား-

၃၄၈။ ကဒါဿု နာမ ယံ ရာဇာ၊ ဗြဟ္မဒတ္တော မရိဿတိ။
ယဿ ရဋ္ဌမှိ ဇိယျန္တိ၊ အပ္ပတိကာ ကုမာရိကာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၄၈။ ယဿ ရညော၊ အကြင် ဗြဟ္မဒတ်မင်း၏။ ရဋ္ဌမှိ၊ တိုင်းနိုင်ငံ၌။ ကုမာရိကာ၊ သတို့သမီးတို့သည်။ အပ္ပတိကာ၊ လင်မရှိကုန်သည်ဖြစ်၍။ ဇိယျန္တိ၊ အိုရကုန်၏။ တာ၊ ထို ငါ့သမီး နှစ်ယောက်တို့သည်။ သသာမိကာ၊ လင်ရှိကုန်သည်။ အဿု- ဘဝန္တိ၊ အကယ်၍ ဖြစ်ကုန်အံ့။ မံ၊ ငါ့ကို။ ပေါသေယျုံ၊ မွေးမြူကုန်ရာ၏။ ဗြဟ္မဒတ္တော၊ ဗြဟ္မဒတ် အမည်ရှိသော။ အယံ ရာဇာ၊ ဤမင်းသည်။ ကဒါ၊ အဘယ်အခါ၌။ မရိဿတိ နာမ၊ သေပါလတ္တံ့နည်း။

ဤသို့ ဘုရားလောင်း၏ အာနုဘော်ဖြင့် ထိုမိန်းမအိုသည် ဆဲရေး၏။ ထိုသို့ ဆဲရေးသောအခါ ထိုမိန်းမအိုကို ပုရောဟိတ်သည် တားမြစ်လိုရကား-

၃၄၉။ ဒုဗ္ဗာသိတဉှိ တေ ဇမ္မိ၊ အနတ္ထပဒကောဝိဒေ။
ကုဟိံ ရာဇာ ကုမာရီနံ၊ ဘတ္တာရံ ပရိယေသတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၄၉။ အနတ္ထပဒကောဝိဒေ၊ အကြောင်းအရာ မဟုတ်သည်၌ လိမ်မာသော။ ဇမ္မိ၊ သူယုတ်မ။ တေ၊ သင်သည်။ ဒုဗ္ဘာသိတံ၊ မကောင်းသော စကားကို။ ဝုတ္တံ၊ ဆိုဘိ၏။ ဟိ- သစ္စံ၊ မှန်၏။ ရာဇာ၊ မင်းသည်။ ကုမာရီနံ၊ သတို့သမီးတို့၏။ ဘတ္တာရံ၊ လင်ကို။ ကုဟိံ၊ အဘယ်အရပ်၌။ ပရိယေသတိ၊ ရှာ၍ ပေးရမည်နည်း။

ထိုစကားကို ကြား၍ မိန်းမအိုသည် ပုရောဟိတ်ပုဏ္ဏားအား အကြောင်းကို ကြားလိုရကား-

၃၅၀။ န မေ ဒုဗ္ဘာသိတံ ဗြဟ္မေ၊ ကောဝိဒတ္ထပဒေ အဟံ။
အရက္ခိတာ ဇနပဒါ၊ အဓမ္မဗလိနာ ဟတာ။
၃၅၁။ ရတ္တိဉှိ စောရာ ခါဒန္တိ၊ ဒိဝါ ခါဒန္တိ တုဏ္ဍိယာ။
ရဋ္ဌသ္မိံ ကူဋရာဇဿ၊ ဗဟု အဓမ္မိကော ဇနော။
ဒုဇ္ဇီဝေ ဒုဗ္ဘရေ ဒါရေ၊
ကုတော ဘတ္တာ ကုမာရိယော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၅၁။ ဗြဟ္မေ၊ ပုဏ္ဏား။ မေ၊ ငါသည်။ ဒုဗ္ဘာသိတံ၊ မကောင်းသောစကားကို။ န ဝုတ္တံ၊ မဆို။ အဟံ၊ ငါသည်။ ကောဝိဒတ္ထပဒေ၊ အကြောင်းအရာ၌ လိမ်မာ၏။ တဿ၊ ထိုမင်းသည်။ ဇနပဒါ၊ ဇနပုဒ်ပြည်ရွာတို့ကို။ အရက္ခိတာ၊ မစောင့်ရှောက်ပါကုန်။ အဓမ္မဗလိနာ၊ အဓမ္မဖြစ်သော အခွန်အတုတ်ဖြင့်။ ဟတာ၊ နှိပ်စက်ညှဉ်းဆဲ၏။

֍ ဋ္ဌ ၃၅၁။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ရတ္တိံ၊ ညဉ့်အခါ၌။ စောရာ၊ ခိုးသူတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ဒိဝါ၊ နေ့အခါ၌။ တုဏ္ဍိယာ၊ အခွန်တောင်းသော မင်းချင်းတို့သည်။ ခါဒန္တိ၊ လုယက် ဖျက်ဆီးကုန်၏။ ကူဋရာဇဿ၊ စဉ်းလဲစဉ်းစား ယုတ်မာသော မင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းကား ပြည်ရွာ၌။ အဓမ္မိကော၊ တရားမစောင့်သော။ ဇနော၊ လူသည်။ ဗဟု၊ များစွာ၏။ ဒုဇ္ဇီဝေ၊ မကောင်းသဖြင့် အသက်မွေးခြင်းရှိသော တိုင်းကားပြည်ရွာ၌။ ဒါရေ၊ သားမယားတို့ကို။ ဒုဗ္ဘရေ၊ မွေးနိုင်ခဲသည်ရှိသော်။ ကုမာရိယော၊ သတို့သမီးတို့သည်။ ဘတ္တာ၊ လင်ကို။ ကုတော၊ အဘယ်မှာ။ လဘိဿန္တိ၊ ရနိုင်ကုန်အံ့နည်း။

ထိုမင်းပုဏ္ဏားတို့သည် မိန်းမအိုစကားကို ကြားကုန်လျှင် မိန်းမအိုသည် သင့်သောစကားကို ဆိုပေ၏ဟု ထိုအရပ်မှ တပါးသောအရပ်သို့ သွားကုန်သည်ရှိသော် တယောက်သော လယ်ထွန်သောသူ၏ အသံကို ကြားကုန်၏။ လယ်ထွန်သော ထိုသူ၏ သာလိယမည်သော နွားကြီးသည် ထွန်သွားဖြင့် ခတ်မိသည်ဖြစ်၍ လဲသတတ်၊ ထိုလယ်ထွန်ယောကျ်ားသည် မင်းကို ဆဲရေးလိုသည် ဖြစ်၍-

၃၅၂။ ဧဝံ သယတု ပဉ္စာလော၊
သင်္ဂါမေ သတ္တိယာ ဟတော။
ယထာယံ ကပဏော သေတိ၊
ဟတော ဖာလေန သာလိယော။

ဟူသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၃၅၂။ သာလိယော၊ သာလိယ အမည်ရှိသော နွားသည်။ ဖာလေန၊ ထွန်သွားဖြင့်။ ဟတော၊ ခတ်မိသည်ဖြစ်၍။ ကပဏော၊ ဆင်းရဲစွာ။ သေတိ ယထာ၊ လဲသကဲ့သို့။ ဧဝံ၊ ဤငါ့အတူ။ ပဉ္စာလော၊ ပဉ္စာလမင်းသည်။ သင်္ဂါမေ၊ စစ်မြေ၌။ သတ္တိယာ၊ လှံမဖြင့်။ ဟတော၊ ထိုးမိသည်ဖြစ်၍။ သယတု၊ လဲပါစေသတည်း။

ထိုသို့ ကျိန်ဆဲသောအခါ ပုရောဟိတ်သည် ထိုလယ်ထွန်သော ယောက်ျားကို တားမြစ်လိုရကား-

၃၅၃။ အဓမ္မေန တုဝံ ဇမ္မ၊ ဗြဟ္မဒတ္တဿ ကုဇ္ဈသိ။
ယောတွံ သပသိ ရာဇာနံ၊ အပရဇ္ဈိတွာ အတ္တနော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၅၃။ ဇမ္မ၊ လူယုတ်။ ယော တွံ၊ အကြင်သင်သည်။ အတ္တနော၊ မိမိအား။ အပရဇ္ဈိတွာ၊ မပြစ်မှားဘဲလျက်။ ရာဇာနံ၊ မင်းကို။ သပသိ၊ ကျိန်ဆဲ၏။ သော တုဝံ၊ ထိုသင်သည်။ အဓမ္မေန၊ အကြောင်းမဟုတ်သဖြင့်။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ ကုဇ္ဈသိ၊ အမျက်ထွက်ဘိ၏။

ထိုပုရောဟိတ် စကားကို ကြား၍ လယ်ထွန်သော ယောက်ျားသည် ထိုပုရောဟိတ်အား မင်း၏ အပြစ်ကို ပြဆိုလိုရကား-

၃၅၄။ ဓမ္မေန ဗြဟ္မဒတ္တဿ၊ အဟံ ကုဇ္ဈာမိ ဗြာဟ္မဏ။
အရက္ခိတာ ဇနပဒ၊ အဓမ္မဗလိနာ ဟတာ။
၃၅၅။ ရတ္တိဉှိ စောရာ ခါဒန္တိ၊ ဒိဝါ ခါဒန္တိ တုဏ္ဍိယာ။
ရဋ္ဌသ္မိံ ကူဋရာဇဿ၊ ဗဟု အဓမ္မိကော ဇနော။
၃၅၆။ သာ နူန ပုန ရေ ပက္ကာ၊ ဝိကာလေ ဘတ္တ မာဟရိ။
ဘတ္တဟာရိံ အပေက္ခန္ဓော၊
ဟတော ဖာလေန သာလိယော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၅၄။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ ဓမ္မေန၊ ဟုတ်မှန်သော သဘောဖြင့်။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ ကုဇ္ဈာမိ၊ အမျက် ထွက်၏။ တဿ၊ ထိုမင်းသည်။ ဇနပဒါ၊ ဇနပုဒ်ရွာတို့ကို။ အရက္ခိတာ၊ မစောင့်ရှောက်ကုန်။ အဓမ္မဗလိနာ၊ အဓမ္မဖြစ်သော အခွန်အတုတ်ဖြင့်။ ဟတာ၊ နှိပ်စက် ညှဉ်းဆဲ၏။

֍ ဋ္ဌ ၃၅၅။ ဟိ-သစ္စံ၊ ထိုမင်း တရားမစောင့်ဟု ဆိုသောစကားသည် မှန်၏။ ရတ္တိံ၊ ညဉ့်၌။ စောရာ၊ ခိုးသူတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ဒိဝါ၊ နေ့၌။ တုဏ္ဍိယာ၊ အခွန်တောင်းသော မင်းချင်းတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ကူဋရာဇဿ၊ ယုတ်မာသော မင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းနိုင်ငံ၌။ အဓမ္မိကော၊ တရားမစောင့်သော။ ဇနော၊ လူသည်။ ဗဟု၊ များစွာ၏။

֍ ဋ္ဌ ၃၅၆။ ရေ၊ ဟယ် ပုဏ္ဏား။ သာ၊ ထိုထမင်းပို့သော မိန်းမသည်။ ပုန၊ တဖန်။ ပက္ကာ နူန၊ ထမင်းချက်ပြန်ရသည်ထင်၏။ ဝိကာလေ၊ အခါမဟုတ်သည်၌။ ဘတ္တံ၊ ထမင်းကို အာဟရိ၊ ပို့လာ၏။ ဘတ္တဟာရိံ၊ ထမင်းပို့လာသောသူကို။ အပေက္ခန္တော၊ ကြည့်မျှော်ရသည်ဖြစ်၍။ သာလိယော၊ ငါ့နွား သာလိယကို။ ဖာလေန၊ ထွန်သွားဖြင့်။ ဟတော၊ ခတ်မိ၏။

ထိုမင်းနှင့် ပုရောဟိတ်တို့သည် လယ်ထွန်သော ယောက်ျားစကားကို ကြားလျှင် သင့်သောစကားကို ဆိုပေသည်ဟု ဆို၍ ရှေ့သို့သွား၍ တခုသောရွာ၌ နေကုန်၏။ မိုးသောက်သောနေ့၌ စောစောကလျှင် တခုသော နွားမစဉ်းလဲသည် နို့ညှစ်သောသူကို ခြေဖြင့် ကျောက်ကန်၍ နို့ရည်အိုးနှင့်တကွ လိမ့်၍ လဲစေ၏။ ထို့နို့ညှစ်သောသူသည် ဗြဟ္မဒတ်မင်းကို ကျိန်ဆဲလိုရကား-

၃၅၇။ ဧဝံ ဟညတု ပဉ္စာလော၊
သင်္ဂါမေ အသိနာ ဟတော။
ယထာဟမဇ္ဇ ပဟတော၊ ခီရဉ္စ မေ ပဝဋ္ဋိတံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၅၇။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါ့ကို။ ပဟတော ယထာ စ၊ နွားမကန်သကဲ့သို့၎င်း။ မေ၊ ငါ၏။ ခီရံ၊ နိုရည်အိုးသည်။ ပဝဋိတံ ယထာ စ၊ လိမ့်သကဲ့သို့၎င်း။ ဧဝံ၊ ဤအတူ။ သင်္ဂါမေ၊ စစ်မြေ၌။ အသိနာ၊ သန်လျက်ဖြင့်။ ဟတော၊ ခုတ်ဖြတ်အပ်သည်ဖြစ်၍။ ပဉ္စာလော၊ ပဉ္စာလမင်းသည်။ ဟညတု၊ သေပါစေသတည်း။

ထိုစကားကို ကြား၍ ပုရောဟိတ်သည် နို့ညှစ်သော ယောက်ျားစကားကို တားမြစ်လိုရကား-

၃၅၈။ ယံ ပသု ခီရံ ဆဍ္ဍေသိ၊ ပသုပါလဉ္စ ဟိံသတိ။
ကိံ တတ္ထ ဗြဟ္မဒတ္တဿ၊ ယံ နော ဂရဟတေ ဘဝံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၅၈။ ဘော ပုရိသ၊ အို ယောက်ျား။ ပသု၊ နွားမသည်။ ခီရံ၊ နို့ရည်ကို။ ယံ ဆဍ္ဍေသိ၊ အကြင်စွန့်၏။ ပသုပါလဉ္စ၊ နွားကျောင်းသားကိုလည်း။ ယံ ဟိံသတိ၊ အကြင် ကျောက်ကန်၏။ တတ္ထ၊ ထို့နိုရည်စွန့်ရာ နွားကန်ရာ၌။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ ကိံ ဒေါသော၊ အဘယ်အပြစ်ရှိသနည်း။ ဘဝံ၊ သင်သည်။ ယံ ဂရဟတေ၊ အကြင်ကဲ့ရဲ၏။ ဧတံ ဂရဟံ၊ ထိုသို့ ကဲ့ရဲ့ခြင်းသည်။ နော ယုတ္တံ၊ မသင့်။

ပုရောဟိတ်ပုဏ္ဏားသည် ဤဂါထာဖြင့် ဆိုသည်ရှိသော် ထို့နိုညှစ်သော ယောက်ျားသည် ပုဏ္ဏားအား မင်း၏အပြစ်ကို ပြလိုရကား-

၃၅၉။ ဂါရယှော ဗြဟ္မေ ပဉ္စာလော၊
ဗြဟ္မဒတ္တဿ ရာဇိနော။
အရက္ခိတာ ဇနပဒါ၊ အဓမ္မဗလိနာ ဟတာ။
၃၆၀။ ရတ္တိဉှိ စောရာ ခါဒန္တိ၊ ဒိဝါ ခါဒန္တိ တုဏ္ဍိယာ။
ရဋ္ဌသ္မိံ ကူဋရာဇဿ၊ ဗဟု အဓမ္မိကော ဇနော။
၃၆၁။ စဏ္ဍာ အာကဋနာ ဂါဝီ၊ ယံ ပုရေ န ဒုဟာမသေ။
တံ ဒါနိ အဇ္ဇ ဒေါဟာမ၊ ခီရကာမေ ဟုပဒ္ဒုတာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၅၉။ ဗြဟ္မေ၊ ပုဏ္ဏား။ ပဉ္စာလော၊ ပဉ္စာလမင်းကို။ ဂါရယှော၊ ကဲ့ရဲ့အပ်၏။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်အမည်ရှိသော။ ရာဇိနော၊ ပဉ္စာလမင်းသည်။ ဇနပဒါ၊ ဇနပုဒ်ပြည်ရွာတို့ကို။ အရက္ခိတာ၊ မစောင့်ရှောက်အပ်ကုန်။ အဓမ္မဗလိနာ၊ မတရားသော အခွန်အတုတ်ဖြင့်။ ဟတာ၊ ညှဉ်းဆဲအပ်ကုန်၏။

֍ ဋ္ဌ ၃၆၀။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ရတ္တိံ၊ ညဉ့်၌။ စောရာ၊ ခိုးသူတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ဒိဝါ၊ နေ့၌။ တုဏ္ဍိယာ၊ အခွန်တောင်းသော မင်းချင်းတို့သည်။ ခါဒန္တိ၊ လုယက် ဖျက်ဆီးကုန်၏။ ကူဋရာဇဿ၊ ယုတ်မာစွာသောမင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းကားပြည်ရွာ၌။ အဓမ္မိကော၊ တရားမစောင့်သော။ ဇနော၊ လူသည်။ ဗဟု၊ များ၏။

֍ ဋ္ဌ ၃၆၁။ ယံ ဂါဝီ၊ အကြင်နွားမသည်။ စဏ္ဍာ၊ ကြမ်းကြုတ်၏။ အာကဋနာ၊ ပြေးတတ်သော အလေ့ရှိ၏။ တံ ဂါဝီ၊ ထိုနွားမကို။ ပုရေ၊ ရှေး၌။ မယံ၊ ငါတို့သည်။ န ဒုဟာမသေ၊ နိုမညှစ်ကုန်။ အဇ္ဇ၊ ယခုအခါ၌ကား။ ခီရကာမေဟိ၊ နို့ရည်ကို အလိုရှိကုန်သော အခွန်တောင်း မင်းချင်းတို့သည်။ ဥပဒ္ဒုတာ၊ နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ မယံ၊ ငါတို့သည်။ ဒေါဟာမ၊ နို့ညှစ်ရကုန်၏။

ထိုမင်းနှင့် ပုရောဟိတ်တို့သည် ဤနိုညှစ်ယောက်ျားသည် အသင့်ကိုသာလျှင် ဆိုပေ၏ဟု ထိုရွာမှထွက်ခဲ့ပြီးလျှင် ခရီးသို့သက်၍ မြို့သို့ ရှေးရှုသွားကြကုန်၏။ တခုသောရွာ၌ အခွန်တောင်းသော မင်းသံတမန်တို့သည် သန်လျက်အိမ်အလို့ငှာ တခုသော ပြောက်ကျားသော အမွေးအရေရှိသော နွားငယ်ကိုသတ်၍ အရေကို ယူကုန်၏။ နွားငယ်၏ အမိဖြစ်သော နွားမသည် သား၌စိုးရိမ်သဖြင့် မြက်ရေတို့ကို မစားမသောက်၊ ငိုမြည်တမ်းလျက် လှည့်လည်၏။ ထိုနွားမကို မြင်၍ ရွာသူသားငယ်တို့သည် မင်းကို ကျိန်ဆဲလိုကုန်ရကား-

၃၆၂။ ဧဝံ ကန္ဒတု ပဉ္စာလော၊ ဝိပုတ္တော ဝိပ္ပသုက္ခတု။
ယထာယံ ကပဏာ ဂါဝီ၊ ဝိပုတ္တာ ပရိဓာဝတိ။

ဟူသော ဤဂါထာကို ဆိုကုန်၏။

֍ ဋ္ဌ ၃၆၂။ အယံ ဂါဝီ၊ ဤနွားမသည်။ ကပဏာ၊ ဆင်းရဲသည်ဖြစ်၍။ ဝိပုတ္တာ၊ သားငယ်မှ ကင်းသည်ဖြစ်၍။ ပရိဓာဝတိ ယထာ၊ ထိုမှဤမှ ငိုမြည်တမ်းလျက် ပြေးသွားရသကဲ့သို့။ ဧဝံ၊ ဤအတူ။ ပဉ္စာလော၊ ပဉ္စာလမင်းသည်။ ဝိပုတ္တော၊ သားနှင့်ကင်းသည်ဖြစ်၍။ ကန္ဒတု၊ ငိုရပါစေသတည်း။ ဝိပ္ပသုက္ခတု၊ သားနှင့်ကင်းလျက် ခြောက်တပ်ပါစေသတည်း။

ထို့နောင်မှ ပုရောဟိတ်သည် သူငယ်တို့ ကျိန်ဆဲရာ၌ အကြောင်းကို မေးလိုရကား-

၃၆၃။ ယံ ပသု ပသုပါလဿ၊ သမ္ဘမေယျ ရဝေယျ၊ ဝါ။
ကောနွီဓ အပရာဓတ္ထိ၊ ဗြဟ္မဒတ္တဿ ရာဇိနော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၆၃။ တာတာ၊ အမောင်တို့။ ပသု၊ နွားမသည်။ ပသုပါလဿ၊ နွားကျောင်းသားသည်။ ရက္ခန္တဿေဝ၊ ကျောင်းစဉ်ပင်လျှင်။ ယံ သမ္ဘမေယျ ဝါ၊ အကြင် ပြေးမူလည်း ပြေးရာ၏။ ယံ ရဝေယျ ဝါ၊ အကြင် မြည်တမ်းမူလည်း မြည်တမ်းရာ၏။ ဣဓ၊ ဤသို့ နွားမပြေးရာ မြည်တမ်းရာ၌။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ် အမည်ရှိသော။ ရာဇိနော၊ ပဉ္စာလမင်းအား။ ကော အပရာဓော၊ အဘယ်အပြစ်သည်။ အတ္ထိ နု၊ ရှိမည်နည်း။

ထို့နောင်မှ ရွာသူသားငယ်တို့သည် ပုဏ္ဏားအား မင်း၏အပြစ်ကို ပြလိုကုန်ရကား-

၃၆၄။ အပရာဓော မဟာဗြဟ္မေ၊ ဗြဟ္မဒတ္တဿ ရာဇိနော။
အရက္ခိတာ ဇနပဒါ၊ အဓမ္မဗလိနာ ဟတာ။
၃၆၅။ ရတ္တိဉှိ စောရာ ခါဒန္တိ၊ ဒိဝါ ခါဒန္တိ တုဏ္ဍိယာ။
ရဋ္ဌသ္မိံ ကူဠရာဇဿ၊ ဗဟု အဓမ္မိကော ဇနော။
ကထံနု အသိကောသတ္ထာ၊ ခီရပါ ဟညတေ ပဇာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆိုကုန်၏။

֍ ဋ္ဌ ၃၆၄။ မဟာဗြဟ္မေ၊ ပုဏ္ဏားကြီး။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ အပရာဓော၊ အပြစ်သည်။ ဗဟု၊ များစွာ၏။ ရာဇိနော၊ မင်းသည်။ ဇနပဒါ၊ ပြည်ရွာဇနပုဒ်တို့ကို။ အရက္ခိတာ၊ မစောင့်ရှောက်အပ်ကုန်။ အဓမ္မဗလိနာ၊ မဟုတ်မမှန် အဓမ္မဖြစ်သော အခွန်အတုတ်ဖြင့်။ ဟတာ၊ နှိပ်စက်ညှဉ်းဆဲကုန်၏။

֍ ဋ္ဌ ၃၆၅။ ဟိ-သစ္စံ၊ ထိုမင်း တရားမစောင့်ဟု ငါတို့ဆိုသော စကားသည် မှန်၏။ ရတ္တိံ၊ ညဉ့်၌။ စောရာ၊ ခိုးသူတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ဒိဝါ၊ နေ့၌။ တုဏ္ဍိယာ၊ အခွန်တောင်းသော မင်းချင်းတို့သည်။ ခါဒန္တိ၊ လုယက် ဖျက်ဆီးကုန်၏။ ကူဋရာဇဿ၊ စဉ်းလဲစဉ်းစား ယုတ်မာသောမင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းပြည်၌။ အဓမ္မိကော၊ တရားမစောင့်သာ။ ဇနော၊ လူသည်။ ဗဟု၊ များစွာ၏။ ကထံ၊ အဘယ့်ကြောင့်။ အသိကောသတ္ထာ၊ သန်လျက်အိမ် အလို့ငှါ။ ခီရပါ၊ နို့စို့သားဖြစ်သော။ ပဇာ၊ နွားသားငယ်ကို။ အဓမ္မသေဝကေဟိ၊ သူယုတ်တို့ အကျင့်ကို မှီဝဲလေ့ရှိကုန်သော မင်းချင်းတို့သည်။ ဟညတေ၊ သတ်အပ်လေသနည်း။

ထိုမင်းနှင့် ပုရောဟိတ်တို့သည် အမောင်တို့သည် ကောင်းစွာလျှင် အကြောင်းကို ဆိုပေကုန်၏ဟု ဆို၍ သွားကြကုန်၏။ ထိုသို့ သွားသောအခါ ခရီးအကြား၌ တခုသော ခြောက်တပ်သော ရေကန်၌ ကျီးတို့သည် နှုတ်သီးတို့ဖြင့် ထိုးဆိတ်ကုန်လျက် ဖားတို့ကို စားကုန်၏။ ဘုရားလောင်း တည်ပင်စောင့်နတ်သည် ထိုမင်းနှင့် ပုရောဟိတ်တို့သည် ထိုအရပ်သို့ ရောက်ကုန်သည်ရှိသော် မိမိအာနုဘော်ဖြင့် ဖားကို-

၃၆၆။ ဧဝံ ခဇ္ဇတု ပဉ္စာလော၊
ဟတော ယုဒ္ဓေ သပုတ္တကော။
ယထာဟမဇ္ဇ ခဇ္ဇမှိ၊ ဂါမိကေဟိ အရညဇော။

ဟူသော ဤဂါထာဖြင့် မင်းကို ကျိန်ဆဲစေ၏။

֍ ဋ္ဌ ၃၆၆။ ဂါမိကေဟိ၊ ရွာ၌နေကုန်သော ကျီးတို့သည်။ အရညဇော၊ တော၌ဖြစ်သော။ အဟံ၊ ငါ့ကို။ အဇ္ဇ၊ ယခုအခါ၌။ ခဇ္ဇော၊ ခဲအပ်သည်။ အမှိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ယုဒ္ဓေ၊ စစ်ထိုးရာ၌။ ဟတော၊ သတ်အပ်သည်ဖြစ်၍။ သပုတ္တကော၊ သားနှင့်တကွသော။ ပဉ္စာလော၊ ပဉ္စာလမင်းကို။ ကာကဂိဇ္ဈေဟိ၊ ကျီး, လင်းတတို့သည်။ ခဇ္ဇတု၊ ခဲပါလေစေသတည်း။

ထိုဖား ကျိန်ဆဲသံကို ကြား၍ ပုရောဟိတ်သည် ထိုဖားနှင့်တကွ စကားပြောလိုရကား-

၃၆၇။ န သဗ္ဗဘူတေသု ဝိဓေန္တိ ရက်ခံ၊
ရာဇာနော မဏ္ဍုက မနုဿလောကေ။
နေတ္တာဝတာ ရာဇာ အဓမ္မစာရီ၊
ယံ တာဒိသံ ဇီဝမဒေယျုံ ဓင်္ကာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၆၇။ ဘော မဏ္ဍုက၊ အို ဖား။ ရာဇာနော၊ မင်းတို့သည်။ မနုဿလောကေ၊ လူ့ပြည်၌။ သဗ္ဗဘူတေသု၊ အလုံးစုံသော သတ္တဝါတို့၌။ ရက်ခံ၊ အစောင့်အရှောက်ကို။ န ဝိဓေန္တိ၊ မစီရင်ကုန်။ ယံ တာဒိသံ၊ အကြင် သင်ကဲ့သို့သော ဖားကို။ ဇီဝံ၊ အရှင်ပင်လျှင်။ ဓင်္ကာ၊ ကျီးတို့သည်။ အဒေယျုံ၊ စားကုန်ရာ၏။ ဧတ္တာဝတာ၊ ဤသို့ သင်ကဲ့သို့သော ဖားကို ကျီးစားကာမျှဖြင့်။ ရာဇာ၊ မင်းကို။ န အဓမ္မစာရီ၊ တရားကိုမကျင့်ဟု မဆိုသာချေ။

ထိုပုရောဟိတ်စကားကို ကြား၍ ဖားသည် ပုရောဟိတ်အား ထိုအကြောင်းကို ပြဆိုလိုရကား-

၃၆၈။ အဓမ္မရူပေါ ဝတ ဗြဟ္မစာရီ၊
အနပ္ပိယံ ဘာသတိ ခတ္တိယဿ။
ဝိလုပ္ပမာနာယ ပုထုပ္ပဇာယ၊
ပူဇေသိ ရာဇံ ပရမပ္ပမာဒံ။
၃၆၉။ သစေ ဣမံ ဗြဟ္မေ သုရဇ္ဇကံ သိယာ၊
ဖီတံ ရဋ္ဌံ ပူရိတံ ဝိပ္ပသန္နံ။
ဘုတွာ ဗလိံ အပိဏ္ဍဉ္စ ကာကာ၊
န မာဒိသံ ဇိဝ မဒေယျုံ ဓင်္ကာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၆၈။ ဗြဟ္မစာရီ၊ မြတ်သော အကျင့်ရှိသော ပုဏ္ဏား။ တွံ၊ သင်သည်။ ခတ္တိယဿ၊ မင်းယုတ်၏။ အနပ္ပိယံ၊ ချစ်ဘွယ်သောစကားကို။ ဘာသသိ၊ ပြောဆိုဘိ၏။ အဓမ္မရူပေါဝတ၊ တရားမစောင့်သည်နှင့် တူစွတကား။ ပုထုပ္ပဇာယ၊ များစွာသော သတ္တဝါကို။ ဝိလုပ္ပမာနာယ၊ လုယက်ဖျက်ဆီးသည်ဖြစ်၍။ ပရမပ္ပမာဒံ၊ အလွန်မေ့လျော့သော။ ရာဇံ၊ မင်းကို။ ပူဇေသိ၊ ချီးမွမ်းဘိ၏။

֍ ဋ္ဌ ၃၆၉။ ဗြဟ္မေ၊ ပုဏ္ဏား။ ဣမံ၊ ဤတိုင်းပြည်သည်။ သုရဇ္ဇကံ၊ ဝပြောသာယာသော ပြည်သည်။ သစေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ ဣမံ ရဋ္ဌံ၊ ဤတိုင်းသည်။ ဖီတံ၊ ဝပြောစည်ပင်သည်။ ပူရိတံ၊ ပြည့်စုံသော ကောက်ရှိသည်။ ဝိပ္ပသန္နံ၊ အထူးသဖြင့် ကြည်ညိုဘွယ်ရှိသည်။ သစေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။ ကာကာ၊ မနှစ်သက်ဘွယ်သော အသံကို ပြုတတ်ကုန်သော။ ဓင်္ကာ၊ ကျီးတို့သည်။ ဗလိံ၊ ပူဇော်ပသရာ၌။ အဂ္ဂပိဏ္ဍံ၊ မြတ်သောထမင်းဆိုင်ကို။ ဘုတွာ၊ စားရကုန်သည်ရှိသော်။ မာဒိသံ၊ ငါကဲ့သို့သော ဖားကို။ ဇီဝံ၊ အရှင်လတ်လတ်။ န အဒေယျုံ၊ မစားကုန်ရာ။

ဤသို့ ခြောက်ပါးသော ဌာနတို့၌ ကျိန်ဆို ဆဲရေးခြင်းသည် ဘုရားလောင်း အာနုဘော်ကြောင့်သာလျှင် ဖြစ်၏။ ထိုဖား၏ စကားကို ကြား၍ မင်းနှင့်ပုရောဟိတ်တို့သည် တော၌နေသော တိရစ္ဆာန်ဖြစ်သော ဖားကိုအစပြု၍ အလုံးစုံသော သူတို့သည် ငါတို့ကိုသာလျှင် ကျိန်ဆို ဆဲရေးကုန်၏ဟု ဆိုကုန်၍ ထိုအရပ်မှ မြို့နန်းသို့ လာလတ်ကုန်ပြီးလျှင် တရားနှင့်အညီ မင်းပြု၍ ဘုရားလောင်း အဆုံးအမ၌ တည်ကုန်လျက် ဒါနအစရှိသော ကောင်းမှုတို့ကို ပြုကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ကောသလမင်းကြီးအား ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ မြတ်သောမင်းကြီး- ပြည့်ရှင်မင်းတို့ မည်သည်ကား အဂတိလေးပါးသို့ လိုက်ခြင်းကိုစွန့်၍ တရားနှင့်အညီ မင်းပြုရာ၏ဟု မိန့်တော်မူ၍ မြတ်သောမင်းကြီး- ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ တည်ပင်စောင့်နတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဂတိလိုက်စား၊ အုပ်ချုပ်ငြား၊ ပျက် ထိုပြည်မှာ

"ဆယ်ခုမြောက်ဖြစ်သော ဘဏ္ဍုတိန္ဒုကဇာတ်သည် ပြီး၏။

စတ္တာလီသနိပါတ်

၁။ တေသကုဏဇာတ်

မင်းကျင့်တရား၊ ဟောမြွက်ကြား၊ သုံးပါးငှက်သူတော်

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝေဿန္တရံ တံ ပုစ္ဆာမိ အစရှိသော ဂါထာတစ်ပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတေသကုဏဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်းကြီးအား ဆုံးမတော်မူသည်၏ အစွမ်းအားဖြင့် ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ တရားနာအံ့သောငှာ ဇေတဝန် ကျောင်းတော်သို့ လာသော ထိုကောသလမင်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ခေါ်တော်မူ၍ မြတ်သောမင်းကြီးမင်းမည်သည်ကား တရားနှင့်အညီ မင်းပြုရာ၏။ ထိုစကားသည် မှန်၏။ အကြင်အခါ၌ မင်းတို့သည် တရားမစောင့်သည် ဖြစ်ကုန်၏။ ထိုသို့ မင်း တရားမစောင့်သောအခါ မင်း၏ သားတော် သမီးတော်တို့သည်လည်း တရားမစောင့်သည် ဖြစ်ကုန်၏။ ဤသို့ အစရှိသော စတုက္ကနိပါတ်၌လာသော နည်းဖြင့်လျှင် ဆုံးမတော်မူ၍ လေးပါးသော အဂတိတို့ဖြင့် စီရင်ဆုံးဖြတ်ခြင်းသို့ ရောက်ခြင်း၌ အပြစ်ကိုလည်းကောင်း၊ မရောက်ခြင်း၌ အကျိုးကိုလည်းကောင်း ဟောတော်မူ၍ ကာမဂုဏ်တို့သည် အိပ်မက်နှင့် တူကုန်၏။ ဤသို့ အစရှိသောနည်းဖြင့် ကာမဂုဏ်တို့၌ အပြစ်ကို ချဲ့တော်မူ၍ မြတ်သောမင်းကြီး အကြင့်ကြောင့် ဤသတ္တဝါတို့အား သေမင်းနှင့် အချိန်းအချက်သည် မရှိ၊ လက်ဆောင် တံစိုးယူခြင်းလည်း မရှိ၊ စစ်ထိုးခြင်းသည်လည်း မရှိ၊ သေမင်းကို အောင်သည်လည်း မရှိ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည် သေမင်းနိုင်ငံသို့ သွားရကုန်သည်ချည်းတည်း၊ ထို့ကြောင့် ဘဝတစ်ပါးသို့ ပြောင်းသွားရကုန်သော ထိုသတ္တဝါတို့အား မိမိသည် ပြုအပ်သော ကောင်းမှုကံကိုထား၍ တစ်ပါးသော တည်ရာမည်သည် မရှိ၊ အကြင်အကြင် ဆိုအပ်ပြီးသောနည်းဖြင့် တစ်ခဏသာလျှင် တွေ့ကြုံဆုံဆည်းခြင်းရှိသော ဘဝတစ်ပါးသို့ ဆောင်ယူ၍ မသွားနိုင်ချေရကား စင်စစ် စွန့်ပစ်အပ်သော ဥစ္စာစည်းစိမ် အခြွေအရံ ပရိသတ် မှူးမတ် ဗိုလ်ပါအပေါင်းကို အမှီပြု၍ မေ့လျော့ခြင်းကို ပြုခြင်းငှာမသင့်၊ မမေ့မလျော့သည်ဖြစ်၍ တရားသဖြင့် မင်းပြုခြင်းငှာ သင့်၏။ ထိုစကားသည် မှန်၏။ ရှေးမင်းတို့သည် ဘုရားပွင့်တော်မမူပဲလျက်လည်း ပညာရှိတို့ အဆုံးအမ၌တည်၍ တရားသဖြင့် မင်းပြုခြင်းကြောင့် နတ်ပြည်ကို ပြည့်စေကုန်ဖူးပြီဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသည် သားသမီး မရှိသည်ဖြစ်၍ ဆုတောင်းသော်လည်း သားသမီးကိုမရ။ ထိုဗြဟ္မဒတ်မင်းသည် တစ်နေ့သ၌ များစွာသော အခြံအရံဖြင့် ဥယျာဉ်တော်သို့ သွားပြီးလျှင် နေ့အဖို့ပတ်လုံး ဥယျာဉ်တော်၌ ကစားတော်မူ၍ မင်္ဂလာ အင်ကြင်းပင်အနီး၌ နေရာတော်ခင်းစေ၍ ထိုနေရာအထက်၌ စက်တော်ခေါ်၏။

ငှက်သိုက်ကို တွေ့ပြီ

အတန်ငယ် စက်တော်ခေါ်၍ နိုးတော်မူလျှင် အင်ကြင်းပင်ကို ကြည့်လတ်သော် ထိုအင်ကြင်းပင် အထက်၌ ငှက်သိုက်ကိုမြင်၏။ မြင်တော်မူသည်နှင့် တကွသာလျှင် ဗြဟ္မဒတ်မင်းအား ချစ်ခြင်းသည် ဖြစ်၏။ ထိုဗြဟ္မဒတ်မင်းသည် မင်းခစား ယောက်ျားတစ်ယောက်ကို ခေါ်တော်မူ၍ အင်ကြင်းပင်ထက်သို့တက်၍ ထိုငှက်သိုက်၌ တစ်စုံတစ်ခု ရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ မရှိသည်၏ အဖြစ်ကိုလည်းကောင်း သိချေလော့ဟု ဆို၏။ ထို မင်းခစား ယောက်ျားသည် အရှင်မင်းကြီး ကောင်းပြီဟု ဆို၍ တက်လေလျှင် ထိုငှက်သိုက်၌ ဥသုံးလုံးတို့ကိုမြင်၍ ဗြဟ္မဒတ်မင်းအား တင်လျှောက်၏။ မင်းသည် ထိုသို့တပြီးကား ထိုငှက်ဥတို့၏အပေါ်၌ နှာခေါင်းလေကို မလွှတ်လင့်ဟု ဆို၍။ ပန်းပုံတောင်း၌ ဝါဂွမ်းစုကိုခင်း၍ ထို ဝါဂွမ်းစု၌သာလျှင် သုံးလုံးကုန်သော ငှက်ဥတို့ကိုထား၍ ဖြည်းညင်းသာယာ ဆင်းခဲ့လော့ ဟုဆို၍ ဆင်းစေပြီးလျှင် ပန်းပုံတောင်းတို့ကို လက်ဖြင့်ကိုင်၍။ အို... အမတ်များတို့ ဤငှက်ဥတို့ကား အဘယ်ငှက်ဥတို့နည်းဟု မှူးမတ်တို့ကို ဗြဟ္မဒတ်မင်း မေးတော်မူသည်ရှိသော်၊ အရှင်မင်းကြီး အကျွန်ုပ်တို့သည် မသိပါကုန်၊ မုဆိုးတို့သည် သိပါကုန်လတ္တံ့ဟု တင်လျှောက်ကုန်၏။

ငှက်ဥထိန်းကျောင်း မှူးမတ်ပေါင်း

ဗြဟ္မဒတ်မင်းသည် မုဆိုးတို့ကို ခေါ်တော်မူစေ၍ မေးတော်မူ၏။ မုဆိုးတို့သည် မြတ်သောမင်းကြီး ထိုသုံးလုံးကုန်သော ငှက်ဥတို့တွင် တစ်လုံးကား ခင်ပုပ်ဥ, တစ်လုံးကား ဆက်ရက်ဥ, တစ်လုံးအား ကျေးဥဟု တင်လျှောက်ကုန်၏။ အမောင်တို့ တစ်ခုတည်းသော အသိုက်၌ ငှက်မသုံးကောင်တို့၏ အဥတို့သည် ဖြစ်ကုန်မည်လောဟု မေးတော်မူသည်ရှိသော် အရှင်မင်းကြီး ဖြစ်ပါကုန်၏။ ဘေးရန်မရှိသော် ကောင်းစွာ ထားအပ်ကုန်သော အဥတို့သည် မပျက်စီးကုန်ဟု တင်လျှောက်ကြကုန်လျှင် ဗြဟ္မဒတ်မင်းသည် နှပ်သက်တော်မူ၍ ငှက်ဥတို့သည် သားတော်တို့သည် ဖြစ်ကုန်လတ္တံ့ ဟု နှလုံးသွင်း၍ ထို ဥသုံးလုံးတို့ကို အမတ်သုံးယောက်တို့အား အပ်နှင်း၍ ဤ ငှက်ဥတို့သည် ငါ၏ သားတော်တို့သည် ဖြစ်ကုန်လတ္တံ့၊ သင်တို့သည် ကောင်းစွာ စောင့်ရှောက်၍ ဥခွံမှ ပေါက်သောကာလ၌ ငါ့အား တင်လျှောက်ကြကုန်လော့ဟု ဆို၏။ ထိုအမတ်တို့သည် ငှက်ဥတို့ကို ကောင်းစွာ စောင့်ရှောက်ကုန်၏။

အမည်သညာ ဝေဿန္တရာ

ထိုသုံးလုံးသော ငှက်ဥတို့တွင် ခင်ပုပ်ဥသည် ရှေးဦးစွာပေါက်၏။ ထိုဥတော်ထိန်း အမတ်သည် မုဆိုးတစ်ယောက်ကို ခေါ်စေ၍ သင်သည် အမ၏အဖြစ်ကို လည်းကောင်း၊ အဖို၏ အဖြစ်ကိုလည်းကောင်း သိအောင်ပြုလော့ဟု ဆို၏။ ထိုမုဆိုးသည် စုံစမ်းဆင်ခြင်၍ အဖိုဟူ၍ ဆိုလတ်သော် ဗြဟ္မဒတ်မင်းသို့ကပ်၍ အရှင်မင်းကြီး အရှင်မင်းကြီး၏ သားတော်သည် ဖွားတော်မူပြီ ဟု တင်လျှောက်၏။ ဗြဟ္မဒတ်မင်းသည် နှစ်သက်တော်မူ၍ ထိုအမတ်အား များစွာသော ဥစ္စာတို့ ပေးတော်မူ၍ ငါ၏ သားငယ်ကို ကောင်းစွာ မွေးမြူလေလော့၊ ထိုသားငယ်အား ဝေဿန္တရာဟူသော အမည်ကိုလည်း မှည့်လော့ဟုဆို၍ လွှတ်လိုက်၏။ ထိုအမတ်သည် ဗြဟ္မဒတ်မင်းဆိုတိုင်း ပြု၏။

အမည်တွင်မည် ကုဏ္ဍလိနီ

ထိုနောက်မှ တစ်ရက် နှစ်ရက်လွန်သဖြင့် ဆက်ရက်ဥသည် ပေါက်ပြန်၏။ ထိုဆက်ရက် ဥတော်ထိန်း အမတ်သည်လည်း ထိုပေါက်သစ်စသော ဆက်ရက်ငယ်ကို မုဆိုးကို စုံစမ်းစေ၍ အမ တည်းဟု ကြား၍ ဗြဟ္မဒတ်မင်း အထံသို့သွား၍ အရှင်မင်းကြီး၏ သမီးတော်သည် ဖွားတော်မူပြီဟု တင်လျှောက်၏။ ဗြဟ္မဒတ်မင်းသည် နှစ်သက်သည်ဖြစ်၍ ထိုအမတ်အားလည်း များစွာသော ဥစ္စာကိုပေး၍ ငါ၏ သမီးတော်ကို ကောင်းစွာ မွေးမြူလေလော့၊ ထိုသမီးတော်အား ကုဏ္ဍလိနီဟူသော အမည်ကိုလည်း မှည့်လေလော့ဟု ဆို၍ လွှတ်လိုက်၏။ ထိုအမဘ်သည်လည်း ဗြဟ္မဒတ်မင်းဆိုတိုင်း ပြု၏။

ဇမ္ဗုက

တဖန် တစ်ရက် နှစ်ရက်လွန်သဖြင့် ကျေးဥသည် ပေါက်၏။ ထိုကျေးဥတော်ထိန်း အမတ်သည်လည်း ထိုပေါက်သစ်စသော ကျေးငယ်ကို မုဆိုးအား စုံစမ်းစေ၍ အဖိုဟူ၍ ဆိုလတ်သော် ဗြဟ္မဒတ်မင်း အထံသို့သွား၍ အရှင်မင်းကြီး အရှင်မင်းကြီး၏ သားတော်သည် ဖွားတော်မူပြီဟု တင်လျှောက်၏။ ဗြဟ္မဒတ်မင်းသည် နှစ်သက်တော်မူ၍ ထိုအမတ်အား များစွာသော ဥစ္စာကိုပေး၍ ငါ၏ သားတော်ကို ကောင်းစွာလုပ်ကျွေးလော့၊ ထို သားတော်အား များစွာသော အခြံအရံဖြင့် မင်္ဂလာပွဲခံ၍ ဇမ္ဗုကဟူသောအမည်ကို မှည့်လေလော့ဟု ဆို၍ လွှတ်လိုက်၏။ ထိုအမတ်သည်လည်း ဗြဟ္မဒတ်မင်းဆိုတိုင်း ပြု၏။

ဝေဿန္တရာ ပြဿနာဖြေခြင်း

ထိုငှက်သုံးကောင်တို့သည်လည်း အမတ်သုံးယောက်တို့၏ အိမ်တို့၌ မင်းသားတို့၏ အစောင့် အရှောက်ဖြင့်သာလျှင် ကြီးကုန်၏။ ဗြဟ္မဒတ်မင်းသည်လည်း ငါ၏သားတော်၊ ငါ၏သမီးတော် ဟု ခေါ်တော်မူ၏။ ထိုအခါ ဗြဟ္မဒတ်မင်းအား မှူးတော်မတ်တော်တို့သည် အချင်းချင်း ပြက်ရယ်ပြုကုန်၏။ အဘယ်သို့ ပြက်ရယ်ပြုကုန်သနည်းဟူမူကား အချင်းတို့ ငါတို့ အရှင်မင်းကြီး၏ အမူအရာတော်ကို သင်တို့သည် ကြည့်ကြကုန်လော့၊ တိရစ္ဆာန်တို့ကိုလျက်လည်း ငါ၏သားတော် ငါ၏သမီးတော်ဟု ခေါ်တော်မူလျက် သွားတော်မူဘိ၏တကားဟု ပြက်ရယ်ပြုကြကုန်၏။

ထိုစကားကိုကြား၍ ဗြဟ္မဒတ်မင်းသည် ကြံ၏။ ဤအမတ်တို့သည် သားတော် သမီးတော်တို့၏ ပညာနှင့်ပြည့်စုံခြင်းကို မသိကြလေကုန်၊ ထိုအမတ်တို့အား သိသာထင်ရှားအောင် ငါပြုအံ့ ဟု ကြံ၏။ ထိုသို့ကြံပြီးမှ အမတ်တစ်ယောက်ကို ဝေဿန္တရာ၏ အထံသို့ စေလိုက်၏။ အသို့စေလိုက်သနည်း ဟူမူကား အရှင့်သားတော် ဝေဿန္တရာ အရှင့်သားတော်တို့၏ ခမည်းတော်မင်းမြတ်သည် ပြဿနာကို မေးလို၏။ အဘယ်အခါ၌ လာလတ်၍ မေးစိမ့်သောငှာ အလိုရှိသနည်းဟု မေးချေလော့ဟု စေတော်မူလိုက်၏။ အမတ်သည် သွား၍ ဝေဿန္တရာကို ရှိခိုးလျက် ထိုစေတော်မူလိုက်သော အခြင်းအရာကို ကြား၏။ ထိုစကားကို ကြား၍ ဝေသဿန္တရာသည် မိမိအထိန်းတော် အမတ်ကို ခေါ်စေ၍ အချင်းအထိန်းတော် ကြားရသည်ကား ငါ၏ခမည်းတော် မင်းမြတ်သည် ငါ့အား ပြဿနာကို မေးတော်မူလို၏။ ဤငါတို့အိမ်သို့ ကြွတော်မူလာသောအခါ ထိုခမည်းတော် မင်းမြတ်အား ပူဇော်သက္ကာရကို ပြုခြင်းငှာ သင့်၏။ ဘယ်အခါ၌ ကြွတော်မူလာစေရမည်နည်း ဟု မေး၏။ အထိန်းတော် အမတ်သည် အရှင့်သား ဤနေ့မှ ခုနစ်ရက်မြောက်သော နေ့၌ ကြွလာတော်မူပါစေ ဟု ပြန်လျှောက်၏။ ထိုအထိန်းတော်အမတ် ပြန်လျှောက်သော စကားကိုကြား၍ ဝေဿန္တရာသည် ငါ၏ခမည်းတော် မင်းမြတ်သည် ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ကြွတော်မူလာစေလော့ ဟု ဆို၍ လွှတ်လိုက်၏။

ထိုအမတ်သည် လာလတ်၍ ဗြဟ္မဒတ်မင်းအား တင်လျှောက်၏။ ဗြဟ္မဒတ်မင်းသည် ခုနစ်ရက်မြောက်သောနေ့၌ ဗာရာဏသီမြို့တော်အလုံးဝယ် စည်လည်စေ၍ သားတော် ဝေဿန္တရာ၏ နေရာသို့ ကြွတော်မူ၏။ သားတော် ဝေဿန္တရာသည် ခမည်းတော် ဗြဟ္မဒတ်မင်းအား များစွာသော ပူဇော်သက္ကာရကို ပြုစေ၏။ အယုတ်သဖြင့် ကျေးတော်မျိုး ကျွန်တော်မျိုး အမှုထမ်းတို့အားသော်လည်း ပူဇော်သက္ကာရကို ပြုစေ၏။ ဗြဟ္မဒတ်မင်းသည် ဝေဿန္တရာ အမည်ရှိသော ခင်ပုပ်ငှက်၏ နေအိမ်၌ စားတော်ခေါ်၍ များစွာသော စည်းစိမ်ကို ခံစားတော်မူခဲ့ပြီးလျှင် မိမိနေရာ နန်းတော်သို့ လာလတ်၍ ညီလာခံရာ မင်းရင်ပြင်၌ ကြီးစွာသော မဏ္ဍပ်ကိုဆောက်၍ ဗာရာဏသီမြို့အလုံး၌ စည်လည်စေ၍ တန်ဆာ ဆင်အပ်ပြီးသော မဏ္ဍပ်အလယ်၌ လူများအပေါင်းကို ခြံရံလျက် နေတော်မူ၍ ဝေဿန္တရာကို ဆောင်ခဲ့လော့ ဟု အမတ်ထံသို့ စေတော် မူလိုက်၏။ အထိန်းတော်အမတ်သည် ဝေဿန္တရာကို ရွှေအင်းပျဉ်၌ နေစေ၍ ဆောင်ယူခဲ့၏။ ဝေဿန္တရာ အမည်ရှိသော ခင်ပုပ်ငှက်သည် ခမည်းတော် ဗြဟ္မဒတ်မင်း၏ ရင်ခွင်တော်၌နေ၍ ခမည်းတော် မင်းမြတ်နှင့်တကွ ကစား၍, သွား၍ ရွှေအင်းပျဉ်၌သာလျှင် နေ၏။ ထိုသို့ နေသောအခါ သားတော် ဝေဿန္တရာကို ခမည်းတော် ဗြဟ္မဒတ်မင်းသည် လူများအလယ်၌ မင်းကျင့်တရားကို မေးတော်မူလိုကား-

။ ဝေဿန္တရံ တံ ပုစ္ဆာမိ၊ သကုဏ ဘဒ္ဒမတ္ထု တေ။
ရဇ္ဇံ ကာရေတုကာမေန၊ ကိံသု ကိစ္စံ ကတံ ဝရံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁။ သကုဏ၊ ဝေဿန္တရာမည်ရ သားငှက်လှ။ တေ၊ သင် ချစ်သားအား။ ဘဒ္ဒံ၊ ကောင်းမြတ်လှစွာ မင်္ဂလာသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဝေဿန္တရံ၊ ဆန်းကြယ် ပြောက်ကျားသော အရောင်တို့ဖြင့် ဖုံးလွှမ်းအပ်သောကြောင့် ဝေဿန္တရာ အမည်ရှိသော။ တံ၊ သင်ချစ်သားကို။ ပုစ္ဆာမိ၊ မေးပါအံ့။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကရေတုကာမေန၊ ပြုလိုသောသူသည်။ ကိံသု ကိစ္စံ၊ အဘယ်အမှုကို။ ကတံ၊ ပြုရခြင်းသည်။ ဝရံ၊ မြတ်သနည်း။ တာတ၊ ချစ်သား ဝေဿန္တရာ။ တွံ၊ သင် ချစ်သားသည်။ ကထေဟိ၊ ဖြေပါလော့။

ထိုစကားကိုကြား၍ ဝေဿန္တရာသည် ပြဿနာကို မဖြေသေးပဲ ရှေးဦးစွာ ဗြဟ္မဒတ်မင်းကို မေ့လျော့ခြင်းဖြင့် အပြစ်တင်လိုရကား-

။ စိရဿံ ဝတ မေ တာတော၊
ကံသော ဗာရာဏသိဂ္ဂဟော။
ပမတ္တော အပ္ပမတ္တံ မံ၊ ပိတာ ပုတ္တံ အစောဒယိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂။ ဗာရာဏသိဂ္ဂဟော၊ ဗာရာဏသီပြည်သား လူအများကို လေးပါးသော သင်္ဂဟဝတ္ထုဖြင့် ချီးမြှင့်တော်မူတတ်သော။ ကံသော၊ ကံသအမည်ရှိသော။ တာတော၊ ခမည်းတော်မင်းမြတ်သည်။ ဝတ၊ စင်စစ်။ မေ၊ အကျွန်ုပ်၏။ သန္တိကေ၊ အထံ၌။ ဝသန္တော၊ နေတော်မူပါလျက်။ စိရဿံ၊ ကြာမြင့်စွာ။ ပမတ္တော၊ မေ့လျော့တော်မူလျက်။ အပ္ပမတ္တံ၊ မမေ့မလျော့သော။ ပုတ္တံ၊ သားတော်ဖြစ်သော။ မံ၊ အကျွန်ုပ်ကို။ ပိတာ၊ မွေးမြူပေသော ခမည်းတော်မင်းမြတ်သည်။ အဇ္ဇ၊ ယခုမှ။ အစောဒယိ၊ မေးတော်မူဘိ၏။

ဤသို့ ထိုဝေဿန္တရာသည် ဤဂါထာဖြင့် အပြစ်တင်၍ မြတ်သောမင်းကြီး မင်းမည်သည်ကား သုံးပါးကုန်သောတရားတို့၌ တည်၍ တရားသဖြင့် မင်းပြုရာ၏ဟု ဆို၍ မင်းကျင့်တရားကို ဟောလိုရကား.

။ ပဌမေနေဝ ဝိတထံ၊ ကောဓံ ဟာသံ နိဝါရယေ။

တတော ကိစ္စာနိ ကာရေယျ၊

တံ ဝတံ အာဟု ခတ္တိယ။

။ ယံ တွံ တာတ တပေါ ကမ္မံ၊ ပုဗ္ဗေ ကတမသံသယံ။

ရတ္တော ဒုဋ္ဌော စယံ ကယိရာ၊

န တံ ကယိရာ တတော ပုန။

။ ခတ္တိယဿ ပမတ္တဿ၊ ရဋ္ဌသ္မိံ ရဋ္ဌဝဍ္ဎန။

သဗ္ဗေ ဘောဂါ ဝိနဿန္တိ၊ ရညော တံ ဝုစ္စတေ အဃံ။

။ သိရီ တာတ အလက္ခီ စ၊ ပုစ္ဆိတာ ဧတဒဗြဝု။

ဥဋ္ဌာနဝီရိယေ ပေါသေ၊ ရမာဟံ အနုသူယကေ။

။ ဥသူယကေ ဒုဟဒယေ၊ ပုရိသေ ကမ္မဒုဿကေ။

ကာဠကဏ္ဏီ မဟာရာဇ၊ ရမတိ စက္ကဘဉ္ဇနီ။

။ သော တွံ သဗ္ဗေ သုဟဒယော၊

သဗ္ဗေသံ ရက္ခိတော ဘဝ။

အလက္ခိံ နုဒ မဟာရာဇ၊ လက္ချာ ဘဝ နိဝေသနံ။

။ သလက္ခီ ဓိတိသမ္ပန္နော၊ ပုရိသော ဟိ မဟဂ္ဂတော၊

အမိတ္တာနံ ကာသိပတိ၊ မူလံ အဂ္ဂဉ္စ ဆန္ဒတိ။

၁၀။ သက္ကောပိ ဟိ ဘူတပတိ၊ ဥဋ္ဌာနေ နပ္ပမဇ္ဇတိ။

သကလျာဏေ ဓိတိံ ကတွာ၊

ဥဋ္ဌာနေ ကုရုတေ မနော။

၁၁။ ဂန္ဓဗ္ဗာ ပိတရော ဒေဝါ၊ သာဇီဝါ ဟောန္တိ တာဒိနော။

ဥဋ္ဌာဟတော အပ္ပမဇ္ဇတော၊ အနုတိဋ္ဌန္တိ ဒေဝတာ။

၁၂။ သော အပ္ပမတ္တော အက္ကုဒ္ဓေါ၊
တာတ ကိစ္စာနိ ကာရယ။

ဝါယမဿု စ ကိစ္စေသု၊ နာလသော ဝိန္ဒတေ သုခံ။

၁၃။ တတ္ထေဝ တေ ဝတ္တပဒါ၊ ဧသာဝ အနုသာသနီ။

အလံ မိတ္တေ သုခါပေတုံ၊ အမိတ္တာနံ ဒုခါယ စ။

ဟူသော တစ်ဆယ့်တစ်ဂါထာကို ဆို၏။

֍ ဋ္ဌ ၃။ တာတ၊ ခမည်းတော်မင်းမြတ် ဗြဟ္မဒတ်။ ရာဇာ နာမ၊ မင်းမည်သည်ကား။ ပဌမေနေဝ၊ ရှေးဦးမဆွက သာလျှင်။ ဝိတထံ၊ မမှန်စကား မုသားဆိုခြင်းကိုလည်းကောင်း။ ကောဓံ၊ အမျက်ထွက်ခြင်းကို လည်းကောင်း။ ဟာသံ၊ ပေါ်လွင် ရွှင်မြူးခြင်းကို လည်းကောင်း။ နိဝါရယေ၊ ကြဉ်ရှောင်ရာ၏။ တတော၊ ထို နောင်မှ။ ကိစ္စာနိ၊ တိုင်းနိုင်ငံသူ ရှင်လူတို့၏ စီရင်ဖွယ် ကိစ္စတို့ကို။ ကာရေယျ၊ စီရင်ဆုံးဖြတ်ရာ၏။ ခတ္တိယ၊ ခမည်းတော်မင်းမြတ်။ ယံ ဝစနံ၊ အကြင် မုသာဝါဒ အမျက်ဒေါသ ပေါ်လွင်ရှင်မြူခြင်းတို့ကို ကြဉ်ရှောင်၍ တိုင်းရေး ပြည်ရေးတို့ကို စီရင်ရာ၏ဟူသော စကားကို။ မယာ၊ အကျွန်ုပ်သည်။ ဝုတ္တံ၊ ဆိုအပ်ပြီ။ တံ၊ ထို အကျွန်ုပ်ဆိုအပျပြီးသော ကျင့်ဝတ်တရားကို။ ဝတံ၊ မင်းကျင့်တရားဟူ၍။ ပေါရာဏပဏ္ဍိတာ၊ ရှေးပညာရှိတို့သည်။ အာဟု၊ ဆိုတော်မူကုန်ပြီ။

֍ ဋ္ဌ ၄။ တာတ၊ ခမည်းတော်မင်းမြတ်။ တွံ၊ ခမည်းတော်ဘုရား မင်းတရားသည်။ ရတ္တော၊ တပ်စွန်းတော်မူသည်ဖြစ်၍။ ဒုဋ္ဌော၊ မျက်တော်မူသည်ဖြစ်၍။ ယံ ကမ္မံ၊ အကြင် အမှုကို။ ကယိရာ၊ ပြုတော်မူရာ၏။ ပုဗ္ဗေ၊ ရှေး၌။ ကတံ၊ ပြုအပ်သော။ ယံ ကမ္မံ၊ အကြင် အမှုကို။ တွံ၊ ခမည်းတော်ဘုရား မင်းတရားသည်။ ပစ္ဆာ၊ နောက်ပြီးတစ်ဖန်။ အသံသယံ၊ မချွတ်။ တပေါ၊ စိုးရိမ်တော်မူရရာ၏။ တံ ကမ္မံ၊ ထို နောက်ပြီးတစ်ဖန် ပူပန်စေတတ်သော အမှုကို။ တတော၊ ထိုရှေး၌ ပြုပြီးသည်မှ။ ပုန၊ တစ်ဖန်။ န ကယိရာ၊ ပြုတော်မမူလင့်။

֍ ဋ္ဌ ၅။ ရဋ္ဌဝဍ္ဎန၊ နိုင်ငံတော်သား လူအများကို ပွားစေတတ်သောမင်းမြတ်ဖခင် ဘဝရှင်။ ပမတ္တဿ၊ မေ့လျော့သော။ ခတ္တိယဿ၊ ပြည့်ရှင်မင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းနိုင်ငံ၌။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘောဂါ၊ စည်းစိမ်တို့သည်။ ဝိနဿန္တိ၊ ပျက်စီးကုန်၏။ တံ ဘောဂဝိနာသံ၊ ထိုတိုင်းနိုင်ငံ၌ စည်းစိမ်ဥစ္စာပျက်စီးခြင်းကို။ ရညော၊ ပြည့်ရှင်မင်း၏။ အဃံ၊ ဆင်းရဲဟူ၍။ ပေါရာဏပဏ္ဍိတာ၊ ရှေးပညာရှိတို့သည်။ ဝုစ္စတေ-ဝုစ္စန္တိ၊ ဆိုတော်မူကုန်၏။ တသ္မာ၊ ထိုကြောင့်။ တွံ၊ ဖခင်မင်းမြတ် လောကနတ်သည်။ မာ ပမဇ္ဇ၊ မေ့လျော့တော်မမူလင့်။

֍ ဋ္ဌ ၆။ တာတ၊ ရေမြေပိုင်သ လောကသေဌ်နင်း ခမည်းမင်း။ သိရီ စ၊ သိရီနတ်သမီး လည်းကောင်း။ အလက္ခီ စ၊ အလက္ခီနတ်သမီး လည်းကောင်း။ ဣတိ၊ ဤသို့။ ပုစ္ဆိတာ၊ ဗာရာဏသီပြည်၌ သုစိပရိဝါရ ရှင်သူဌေးသည် မေးအပ်သော။ ဧတာ ဒေဝဓီတာ၊ ထိုနတ်သမီးတို့သည်။ ဧတံ ဝစနံ၊ ထိုစကားကို။ အဗြဝုံ၊ ဆိုကြကုန်ပြီ။ တာတ၊ ခမည်းတော်မင်းမြတ်။ တာသု၊ ထို နှစ်ယောက်ကုန်သော် နတ်သမီးတို့တွင်။ သိရီ၊ သိရီနတ်သမီးသည်။ ဘော မဟာသေဋ္ဌိ၊ အိုသုစိပရိဝါရ ရှင်သူဌေးကြီး။ အဟံ၊ ငါသည်။ ဥဋ္ဌာနေ၊ ထကြွခြင်းရှိသော။ ဝီရိယေ၊ လုံ့လရှိသော။ အနုသူယကေ၊ သူတစ်ပါးစည်းစိမ်ကို မငြူစူတတ်သော။ ပေါသေ၊ ယောက်ျား၌။ ရမာ၊ မွေ့လျော်၏။ ဣတိ၊ ဤသို့။ တာဝ၊ ရှေးဦးစွာ။ အာဟ၊ ဆိုဖူး၏။

֍ ဋ္ဌ ၇။ တာတ၊ ခမည်းတော်မင်းမြတ်။ အလက္ခီ ပန၊ အလက္ခီနတ်သမီးသည်ကား။ ဘော မဟာသေဋ္ဌိ၊ အို- သုစိပရိဝါရ ရှင်သူဌေးကြီး။ အဟံ၊ ငါသည်။ ဥသူယကေ၊ သူတစ်ပါးစည်းစိမ်ကို ငြူစူတတ်သော။ ဒုဟဒယေ၊ မကောင်းသော စိတ်ရှိသော။ ကမ္မဒုဿကေ၊ ကုသိုလ်ကောင်းမှုကို ဖျက်ဆီးတတ်သော။ ပုရိသေ၊ ယောက်ျား၌။ ရမာ၊ မွေ့လျော်၏။ ဣတိ၊ ဤသို့။ အာဟ၊ ဆိုဖူး၏။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ဧဝံ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ စက္ကဘဉ္ဇနီ၊ ကုသိုလ်စက်ကို ဖျက်ဆီးတတ်သော။ ကာဠကဏ္ဏီ၊ အလက္ခီ နတ်သမီးသည်။ ဥသူယကေ၊ သူတစ်ပါးစည်းစိမ်ကို ငြူစူတက်သော။ ဒုဟဒယေ၊ မကောင်းသောစိတ်ရှိသော။ ကမ္မ ဒုဿကေ၊ ကုသိုလ်ကောင်းမှုကို ဖျက်ဆီးတတ်သော။ ပုရိသေ၊ ယောက်ျားယုတ်၌။ ရမတိ၊ မွေ့လျော်ချေ၏။

֍ ဋ္ဌ ၈။ မဟာရာဇ၊ ကာသိတိုင်းရှင် ဖခင်မင်းမြတ် လောကနတ်။ သော တွံ၊ ထိုရေမြေစိုးရ လောကသေဌ်နင်း တရားမင်းသည်။ သဗ္ဗေ-သဗ္ဗသ္မိံ၊ တိုင်းနိုင်ငံသူ ရှင်လူအလုံး၌။ သုဟဒယော၊ ကောင်းမြတ်သော ရွှေနှလုံးတော်ရှိသည်ဖြစ်၍။ သဗ္ဗေသံ၊ အလုံးစုံကုန်သော တိုင်းပြည်သူတို့အား။ ရက္ခိတေ၊ စောင့်ရှောက် မစတော်မူသည်။ ဘဝ၊ ဖြစ်တော်မူလော့။ အလက္ခီ၊ အလက္ခီ နတ်သမီးကို။ နုဒ၊ နှင်ထုတ်တော်မူလော့။ လက္ချာ၊ သိရီနတ်သမီး၏။ နိဝေသနံ၊ တည်ရာသည်။ ဘဝ၊ ဖြစ်တော်မူလော့။

֍ ဋ္ဌ ၉။ ကာသိပတိ၊ ကာသိတိုင်းရှင် ဖခင်မင်းမြတ်။ လက္ခီ ဓိပတိသမ္ပန္နော၊ ပညာလုံ့လနှင့် ပြည့်စုံသော။ မဟဂ္ဂတော၊ မြတ်သောဆန္ဒရှိသော။ သ-သော ပုရိသော၊ ထိုယောကျ်ားသည်။ အမိတ္တာနံ၊ ရန်သူတို့၏။ မူလဉ္စ၊ အရင်းကိုလည်းကောင်း။ အဂ္ဂဉ္စ၊ အဖျားကို လည်းကောင်း။ ဆိန္ဒတိ၊ ဖြတ်ရာ၏။

֍ ဋ္ဌ ၁၀။ ဘူတပတိ၊ ကာသိတိုင်းသား လူများသခင် ဖနတ်ရှင်။ တွံ၊ ဖခင်မင်းမြတ် လောကနတ်သည်။ မမ၊ အကျွန်ုပ်အား။ ဝါယမဿုဿ၊ လုံ့လပြုတော်မူလော့။ ဓိတိသမ္ပန္နော၊ လုံ့လနှင့် ပြည့်စုံသောသူသည်။ အမိတ္တာနံ၊ ရန်သူတို့၏။ မူလံ၊ အမြစ်အညွန့်ကို။ ဆိန္ဒတိ၊ ဖြတ်ရာ၏။ ဣတိ၊ ဤသို့။ တွံ၊ သင်သားတော် ဝေဿန္တရာသည်။ ဩဝါဒေသိ၊ ဆုံးမတော်မူ၏။ အဟံ၊ ငါသည်။ အမိတ္တာနံ၊ ရန်သူတို့၏။ မူလဂ္ဂဆေဒကော၊ အမြစ်အညွန့်ကို ဖြတ်တတ်သော။ ရာဇာ၊ ရေမြေစိုးရ ဘဝသေနင်း အရှင်မင်းသည်။ အမှီနနု၊ ဖြစ်သည်မဟုတ်တုံလော။ တဝ၊ သားတော်အမောင် ဝေသန္တရာ ငှက်လိမ္မာ၏။ ဩဝါဒဝစနံ၊ ဆုံးမတော်မူသော စကားသည်။ ကထံ ယုဇ္ဇတိ၊ အသို့ သင့်ပါမည်နည်း။ ဣတိ၊ ဤသို့။ ဝဒေယျ စေ၊ ဆိုတော်မူငြားအံ့။ ယံ ဩဝါဒဝစနံ၊ အကြင် ဆုံးမသောစကားကို။ မယာ၊ ငါသည်။ ဝုတ္တံ၊ ဆိုအပ်၏။ တံ ဩဝါဒ ဝစနံ၊ ထိုဆုံးသောစကားသည်။ ဟိ-ယုတ္တံ၊ သင့်၏။ သက္ကောပိ၊ သိကြားမင်းစင်လျက်လည်း။ ဥဋ္ဌာနေ၊ လုံ့လ ဝီရိယ၌။ နပ္ပမဇ္ဇတိ၊ မမေ့မလျော့ချေ။ သော သက္ကော၊ ထိုသိကြားမင်းသည်။ ကလျာဏေ၊ ကုသိုလ်ကောင်းမှု၌သာလျှင်။ ဓိတိံကတွာ၊ လုံ့လဝါယမပြု၍။ ဥဋ္ဌာနေ၊ အားထုတ်ခြင်း၌။ မနော၊ စိတ်ကို။ ကုရုတေ၊ ပြုပါသေး၏။ တသ္မာ၊ ထို့ကြောင့်။ ယုတ္တံ၊ သင့်၏။

֍ ဋ္ဌ ၁၁။ ဂန္ဓဗ္ဗာ၊ ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း။ ပိတရော၊ ဗြဟ္မာတို့သည်လည်းကောင်း။ ဒေဝါ၊ ကာမာဝစရ နတ်ပြည်ခြောက်ထပ် နတ်တို့သည်လည်းကောင်း။ တာဒိနော၊ ထိုသို့သဘောရှိကုန်သော။ ဥဋ္ဌာဟတော၊ ကုသိုလ်ကောင်းမှု၌ လုံ့လပြုထသော။ အပ္ပမဇ္ဇတော၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သောသူနှင့်။ သာဇီဝါ၊ တူသော အသက်မွေးခြင်း ရှိကုန်သည်။ ယသ္မာ၊ အကြင့်ကြောင့်။ ယောန္တိ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဒေဝတာ၊ ဗြဟ္မာတို့သည်။ တာဒိနော၊ ထိုသို့သဘောရှိသောသူအား။ အနုတိဋ္ဌန္တိ၊ စောင့်ရှောက်ကုန်၏။

֍ ဋ္ဌ ၁၂။ တာတ၊ ဖခင်မင်းမြတ် ပြည်ကြီးနတ်။ သော တွံ၊ ထို ဖခင်မင်းမြတ် လောကနတ်သည်။ အပ္ပမတ္တော၊ မမေ့မလျော့။ အက္ကုဒ္ဓေါ၊ အမျက် ထွက်တော်မမူပဲ။ ကိစ္စာနိ၊ တိုင်းရေး ပြည်ရေးတို့ကို။ ကာရယ၊ ကိုယ်တော်တိုင် စီရင်ခန့်ထားတော်မူလော့။ ဝါယမဿု၊ လုံ့လပြုတင်မူလော့။ သကိစ္စေသု၊ မိမိအမှုတို့၌။ အလသော၊ ပျင်းရိသောသူသည်။ သုခံ၊ ချမ်းသာကို။ န ဝိန္ဒတေ၊ မရနိုင်ရာချေ။

֍ ဋ္ဌ ၁၃။ တာတ၊ ခမည်းတော်မင်းမြတ် ဗြဟ္မဒတ်။ တတ္ထေဝ၊ ဖခင်မင်းမြတ်၏ ကိံသု ကိစ္စံ ကတံ ဝရံ ဟူသော ပြဿနာ၌သာလျှင်။ ဝုတ္တာ၊ အကျွန်ုပ် ဖြေဆိုအပ်ကုန်သော။ ဧတေ၊ ထို ပဌမေနေဝ ဝိတထံ အစရှိသည်တို့သည်။ ဝတ္တပဒါ၊ မင်းကျင့်တရား အစုတို့တည်း။ ဧတ္ထ၊ ဤ မင်းကျင့်တရား အစု၌။ တွံ၊ ခမည်းတော် မင်းမြတ်သည်။ ဝတ္တဿု၊ ကျင့်တော်မူလော့။ ဧသာဝ၊ ဤသည်သာလျှင်။ အနုသာသနီ၊ ခမည်းတော်မင်းမြတ်အား အကျွန်ုပ်သည် ပေးအပ်သော အဆုံးအမတည်း။ ဧဝံ ဝတ္တမာနော၊ ဤသို့ အကျွန်ုပ်ဆုံးမတိုင်း ကျင့်သောမင်းသည်။ မိတ္တ၊ ချစ်ခင်လေးမြတ်ကုန်သော မိဖုရား သားတော် သမီးတော် အစရှိကုန်သော သူတို့ကို။ သုခါပေတုံ စ၊ ချမ်းသာစေတော်မူခြင်းငှာ လည်းကောင်း။ အမိတ္တာနံ၊ ရန်သူတို့ကို။ ဒုက္ခာယ စ၊ ဆင်းရဲစိမ့်သောငှာ လည်းကောင်း။ အလံ၊ စွမ်းနိုင်ပါ၏။

ဝေဿန္တရာအား စစ်ဗိုလ်ချုပ်ကြီးခန့်ပြီ

ဤသို့လျှင် ဝေသန္တရာ အမည်ရှိသော ခင်ပုပ်ငှက်သည် တစ်ဂါထာဖြင့် ဗြဟ္မဒတ်မင်းကို မေ့လျော့ခြင်း၌ အပြစ်တင်ပြီး၍ တစ်ဆယ် တစ်ဂါထာတို့ဖြင့် မင်းကျင့်တရားကို ဟောသည်ရှိသော် ဘုရားကဲ့သို့ တင့်တယ်ခြင်းဖြင့် ပြဿနာကို ဖြေဆို၏ ဟု လူများသည်အံ့ဖွယ်သရဲ မဖြစ်ဘူးမြဲသော စိတ်ရှိသည်ဖြစ်၍ များစွာကုန်သော သာဓုခေါ်ခြင်းတို့ကို ဖြစ်စေ၏။

ဗြဟ္မဒတ်မင်းသည် ဝမ်းမြောက်ခြင်းကို ရသည်ဖြစ်၍ မှူးတော် မတ်တော်တို့ကို ခေါ်တော်မူ၍ အမတ်တို့ ဤသို့ မင်းကျင့်တရားကို ဟောပေသော ငါ၏သားတော်ဖြစ်သော ဝဿန္တရာသည် အဘယ်သူသည် ပြုအပ်သောကိစ္စကို ပြုသင့်သနည်း ဟု မေးတော်မူ၏။ အရှင်မင်းကြီး ဝေဿန္တရာအား စစ်ဗိုလ်ချုပ်ကြီးသည် ပြုအပ်သော ကိစ္စကို ပြုသင့်ပါ၏ ဟု တင်လျှောက်ကုန်လတ်သော် ထိုသို့ စစ်ဗိုလ်ချုပ်ကြီးအရာနှင့် သင့်မူကား ထိုငါ့သားတော် ဝေဿန္တရာအား စစ်ဗိုလ်ချုပ်ကြီးအရာကို ပေးတော်မူ၏ ဟု ဝေဿန္တရာကို အရာအထူး၌ထားတော်မူ၏။ ထို ဝေဿန္တရာသည် စစ်ဗိုလ်ချုပ်ကြီးအရာကို ရသောအခါမှစ၍ စစ်ဗိုလ်ချုပ်ကြီးအရာ၌ တည်လျက် ခမည်းတော် ဗြဟ္မဒတ်မင်း၏ အမှုကြီးငယ်ကို စီရင်၏။

ဝေဿန္တရာငှက်သည် ဖြေဆိုအပ်သော ပြဿနာသည် ပြီး၏။

ကုဏ္ဍလိနီ တရားဟောခြင်း

တစ်ဖန် ဗြဟ္မဒတ်မင်းသည် တစ်ရက်နှစ်ရက် လွန်သဖြင့် ရှေးနည်းဖြင့်သာလျှင် ကုဏ္ဍလိနီ၏ အထံသို့ တမန်စေ၍ ခုနစ်ရက်မြောက်သော နေ့၌ ထိုကုဏ္ဍလိနီ၏ နေရာ အိမ်သို့သွား၍ တစ်ဖန် ပြန်လည်ခဲ့ပြီးလျှင် ရှေးမဏ္ဍပ်အလည်၌လျှင် နေ၍ ကုဏ္ဍလိနီကို ဆောင်ခဲ့စေပြီးလျှင် ရွှေအင်းပျဉ်၌နေသော ကုဏ္ဍလိနီကို မင်းကျင့်တရားကို မေးလိုရကား-

၁၄။ သက္ခိသိ တွံ ကုဏ္ဍလိနီ၊ မညသိ ခတ္တဗန္ဓုနီ။
ရဇ္ဇံ ကာရေတုကာမေန၊ ကိံသု ကိစ္စံ ကတံ ဝရံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄။ ခတ္တဗန္ဓုနီ၊ စစ်ဗိုလ်ချုပ်ကြီး၏ နှမဖြစ်သော။ ကုဏ္ဍလိနီ၊ နားနှစ်ဖက်တို့၌ ထိန်လက်ရောင်မောင်း နားတောင်းသဏ္ဌာန် အလျှံစွေးစွေး နှစ်ခုသောအရေးကြောင့် မည်ပေးသညီ ရှင်မ ကုဏ္ဍလိနီ။ တွံ၊ သင် ရှင်မသည်။ သက္ခသိ၊ ဖြေစွမ်းနိုင်ပါမည်လော။ မညသိ၊ ငါ မေးတော်မူသော ပြဿနာ၏ အနက်ကို သိပါလတ္တံ့လော။ သက္ကောန္တီ၊ ဖြေစွမ်းနိုင်ပါမူကား။ တံ၊ ရှင်မကို။ ပုစ္ဆိဿာမိ၊ ငါ မေးတော်မူအံ့။ ရဇ္ဇံ၊ မင်း အဖြစ်ကို။ ကာရေတုကာမေန၊ ပြုလိုသောသူသည်။ ကိံသု ကိစ္စံ၊ အဘယ် အကျင့်ကို။ ကတံ၊ ကျင့်ခြင်းသည်။ ဝရံ၊ မြတ်သနည်း။

ထိုကုဏ္ဍလိနီသည် ဤ သက္ခိသိ အစရှိသော တစ်ဂါထာဖြင့် ဗြဟ္မဒတ်မင်းသည် မင်းကျင့်တရားကို မေးသည်ရှိသော် ခမည်းတော်မင်းမြတ် သင်ခမည်းတော် မင်းမြတ်သည် မိန်းမငယ်မည်သည်ကား အဘယ်မှာ ဖြေဆိုနိုင်အံ့နည်းဟု စုံစမ်းတော်မူယောင်တကား၊ ဖခင် မင်းမြတ်အား အလုံးစုံသော မင်းကျင့်တရားကို နှစ်ခုသော အကြောင်းတို့၌သာလျှင် ထည့်သွင်း၍ ဟောပါအံ့ ဟု ဆို၍ ဟောလိုရကား-

၁၅။ ဒွေဝ တာတ ဝဒကာနီ၊ ယတ္ထ သဗ္ဗံ ပတိဋ္ဌိတံ။
အလဒ္ဓဿ စ ယော လာဘော၊ လဒ္ဓဿ စာနုရက္ခဏာ။
၁၆။ အမစ္စေ တာတ ဇာနာဟိ၊ ဓီရေ အတ္ထဿ ကောဝိဒေ။
အနက္ခာ ကိတဝေ တာတ၊ အသောဏ္ဍေ အဝိနာသကေ။
၁၇။ ယော စ တံ တာတ ရက္ခေယျ၊ ဓနံ ယဉ္စေဝ တေ သိယာ။
သူတောဝ ရထံ သံဂဏှေ၊ သော တေ ကိစ္စာနိ ကာရယေ။
၁၈။ သုသင်္ဂဟိတန္တဇနော၊ သယံ ဝိတ္တံ အဝေက္ခိယ။
နိဓိဉ္စ ဣဏဒါနဉ္စ၊ န ကရေ ပရပတ္တိယာ။
၁၉။ သယံ အာယံ ဝယံ ဇညာ၊ သယံဇညာ ကတာကတံ။
နိဂ္ဂဏှေ နိဂ္ဂဟာရဟံ၊ ပဂ္ဂဏှေ ပဂ္ဂဟာရဟံ။
၂၀။ သယံ ဇာနပဒံ အတ္ထံ၊ အနုသာသ ရထေသဘ။
မာ တေ အဓမ္မိကာ ယုတ္တာ၊ ဓနံ ရဋ္ဌဉ္စ နာသယုံ။
၂၁။ မာ စ ဝေဂေန ကိစ္စာနိ၊ ကရောသိ ကာရယေ သိဝါ။
ဝေဂသာ ဟိ ကတံ ကမ္မံ၊ မန္ဒော ပစ္ဆာနုတပ္ပတိ။
၂၂။ မာ တေ အဓိသရေ မုဉ္စ၊ သုဗာဠမဓိကောပိတံ။
ကောဓသာ ဟိ ဗဟု ဖီတာ၊ ကုလာ အကုလတံ ဂတာ။
၂၃။ မာ တာတ ဣဿရောမှီတိ၊ အနတ္ထာယ ပတာရယိ။
ဣတ္ထီနံ ပုရိသာနဉ္စ၊ မာ တေ အာသိ ဒုခုဒြယော။
၂၄။ အပေတလောမဟံသဿ၊ ရညော ကာမာနုသာရိနော။
သဗ္ဗေ ဘောဂါ ဝိနဿန္တိ၊ ရညော တံ ဝုစ္စတေ အဃံ။
၂၅။ တတ္ထေဝ တေ ဝတ္တပဒါ၊ ဧသာဝ အနုသာသနီ။
ဒက္ခဿုဒါနိ ပုညကရော၊ အသောဏ္ဍော အဝိနာသကော။
သီလဝါဿု မဟာရာဇ၊ ဒုဿီလော ဝိနိပါတိကော။

ဟူသော တစ်ဆယ့်တစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၅။ တာတ၊ ခမည်းတော်မင်းမြတ် ဗြဟ္မဒတ်။ အလဒ္ဓဿ၊ မရသေးသော စည်းစိမ်ကို။ ယော လာဘော စ၊ အကြင်ရအောင် ပြုခြင်းသည်လည်းကောင်း။ လဒ္ဓဿ၊ ရပြီးသောစည်းစိပ်ကို။ ယာ အနုရက္ခဏာ စ၊ အကြင် စောင့်ရှောက်ခြင်းသည်လည်းကောင်း။ ဣတိ၊ ဤသို့။ ပဒကာနိ၊ မင်းတို့ကျင့်ရာသော အကြောင်းတို့သည်။ ဒွေဝ၊ နှစ်ပါးတို့သည်သာတည်း။ ယတ္ထ၊ အကြင်နှစ်ပါးသော အကြောင်း၌။ သဗ္ဗေ၊ အလုံးစုံသော အကျိုးသည်။ ပတိဋ္ဌိတံ၊ တည်၏။ တတ္ထ၊ ထိုနှစ်ပါးသောအကြောင်း၌။ တွံ၊ ခမည်းတော်မင်းမြတ်သည်။ ပတိဋ္ဌာဟိ၊ တည်တော်မူလော့။

֍ ဋ္ဌ ၁၆။ တာတ၊ ခမည်းတော်မင်းမြတ် ဗြဟ္မဒတ်။ ဓီရေ၊ တည်ကြည်ကုန်သော။ အတ္ထဿ၊ ဘဏ္ဍာစိုး အစရှိသော သူတို့သည် ပြုအပ်သော အမှုအရေး၌။ ကောဝိဒေ၊ လိမ္မာကုန်သော။ အမစ္စေ၊ အမတ်တို့ကို။ ဇာနာဟိ၊ စုံစမ်းတော်မူလော့။ တာတ၊ ခမည်းတော်ဘုရား မင်းတရား။ အနက္ခာ ကိတဝေ၊ ကြွေလောင်းအန်ခတ် လှည့်ပတ်စဉ်းလဲခြင်း ကင်းကုန်သော။ အသောဏ္ဍေ၊ မုန့်သုရာ နံ့သာပန်းတို့ကို စားသောက်လိမ်းကျံ ဆင်ပန်ကြူးခြင်း ကင်းကုန်သော။ အဝိနာသကေ၊ မင်း၏ဥစ္စာ ဘဏ္ဍာတော်တို့ကို မဖျက်ဆီးတတ်ကုန်သော။ အမစ္စေ၊ အမတ်တို့ကို။ ဇာနာဟိ၊ စူးစမ်းတော်မူလော့။

֍ ဋ္ဌ ၁၇။ တာတ၊ ခမည်းတော်မင်းမြတ်။ သူတော၊ ရထားထိန်းသည်။ ရထံ၊ မိမိနှင်သော ရထားကို။ သံဂဏှေ ဣဝ၊ မညီမညွတ်သော ခရီးသို့ မရောက်စေရ မ, စ စောင့်ရှောက်သကဲ့သို့။ တေ၊ သင် ခမည်းတော်မင်းမြတ်၏။ ဃရေ၊ ရွှေနန်းတော်၌။ ယဉ္စေဝ ဓနံ၊ အကြင် ဘဏ္ဍာတော်သည်လျှင်။ သိယာ၊ ရှိသည်ဖြစ်ရာ၏။ တံ ဓနံ၊ ထို ဘဏ္ဍာတော်ကို။ ယော စ အမစ္စော၊ အကြင် အမတ်သည်လျှင်။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ သော အမစ္စော၊ ထိုအမတ်သည်။ တေ၊ သင် ခမည်းတော်မင်းမြတ်၏။ အမစ္စော နာမ၊ ဘဏ္ဍာစိုးစသောအရာနှင့် သင့်လျော်သော အမတ်မည်၏။ တာဒိသံ၊ ထိုသို့သဘောရှိသော သူကို။ သင်္ဂဟေတွာ၊ ချီးမြှောက်တော်မူ၍။ ကိစ္စာနိ၊ ဘဏ္ဍာစိုးသော အရာတို့ကို။ ကာရယေ၊ ခန့်ထားတော်မူလော့။

֍ ဋ္ဌ ၁၈။ တာတ၊ ခမည်းတော်မင်းမြတ် လောကနတ်။ သုသင်္ဂဟိတန္တဇနော၊ ကိုယ်တော်မြတ်၏ အထံတော်၌ မြဲစွဲစေပါးသောသူကို ပေးကမ်းခြင်း အစရှိသည်ဖြင့် ကောင်းစွာ ချီးမြှင့်တော်မူ၍။ သယံ၊ ကိုယ်တိုင်။ ဝိတ္တံ၊ ဥစ္စာကို။ အဝေက္ခိယ၊ ရှုတော်မူ၍။ နိဓိဉ္စ၊ ဥစ္စာမြှုပ်ထားတော်မူခြင်းကို လည်းကောင်း။ ဣဏဒါနဉ္စ၊ ကြွေးမြီ ချပေးတော်မူခြင်းကို လည်းကောင်း။ အတ္တပစ္စက္ခမေဝ၊ ကိုယ်တော် မျက်မြင်သာလျှင်။ ကရေယျာသိ၊ ပြုတော်မူလော့။ ပရပတ္တိယာ၊ သူ့ကိုယုံကြည်သဖြင့်။ န ကရေ-မာ ကရိ၊ ပြုတော်မမူလင့်။

֍ ဋ္ဌ ၁၉။ တာတ၊ ခမည်းတော်မင်းမြတ်။ အာယံ၊ ဆက်သ ဝင်ရောက်လာသော အခွန်အတုပ်ကို လည်းကောင်း။ ဝယံ၊ ပေးရသမျှသော မျိုးရိက္ခာကို လည်းကောင်း။ သယံဇညာ၊ ကိုယ်တော်တိုင် သိတော်မူရာ၏။ ကတာကတံ၊ ကျေးဇူးပြုဖူး မပြုဖူးသော သူကိုလည်း။ သယံဇညာ၊ ကိုယ်တော်တိုင် သိတော်မူရာ၏။ နိဂ္ဂဟာရဟံ၊ နှိပ်ကွပ်ထိုက်သောသူကို။ နိဂ္ဂဏှေ၊ နှိပ်ကွပ်ရာ၏။ ပဂ္ဂဟာရဟံ၊ ချီးမြှောက်လိုက်သောသူကို။ ပဂ္ဂဏှေ၊ ချီးမြှောက်ရာ၏။

֍ ဋ္ဌ ၂၀။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော ခမည်းတော်ဘုရား မင်းတရား။ ဇနပဒံ-ဇနပဒဝါသီနံ၊ ဇနပုဒ်သူတို့၏။ အတ္ထံ၊ စီရင်ဖွယ်အရေးကို။ သယံ၊ ကိုယ်တော်တိုင်။ အနုသာသ၊ စီရင်တော်မူ။ အဓမ္မိကာ၊ မတရားသောအမှု၌ ယှဉ်တတ်ကုန်သော။ အာယုတ္တာ၊ တရားသူကြီးတို့သည်။ တေ၊ သင်ဖခင်မင်းမြတ်၏။ ဓနဉ္စ၊ ဥစ္စာကို လည်းကောင်း။ ရဋ္ဌဉ္စ၊ တိုင်းနိုင်ငံသူတို့လည်းကောင်း။ မာ နာသယုံ၊ မဖျက်ဆီးစေကုန်လင့်။

֍ ဋ္ဌ ၂၁။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ မန္ဒော၊ မလိမ္မာသော သူသည်။ ဝေဂသာ၊ မဆင်မခြင် အဆောတလျင်။ ကတံ၊ ပြုမိသော။ ကမ္မံ၊ အမှုကို။ ပဋိစ္စ၊ စွဲ၍။ ပစ္ဆာနုတပ္ပတိ၊ နောက်ကာလ၌ ပူပန်ဆင်းရဲရ၏။ တသ္မာ၊ ထို့ကြောင့် တာတ၊ ခမည်းတော်မင်းမြတ်။ တွံ၊ သင်ခမည်းတော်မင်းမြတ်သည်။ ဝေဂေန၊ မဆင်မခြင် အဆော တလျင်။ ကိစ္စာနိ၊ အမှုတို့ကို။ မာ ကရောသိ၊ ပြုတော်မမူလင့်။ သိဝါ၊ ဆင်ဆင်ခြင်ခြင် ဖြည်းဖြည်း ညင်းညင်း။ ကာရယေ၊ ပြုတော်မူလော့။

֍ ဋ္ဌ ၂၂။ တာတ၊ ခမည်းတော်မင်းမြတ်။ ကောဓသာ၊ အမျက်ထွက်ခြင်းကြောင့်။ ဖီတာ-ဖီတာနိ၊ ပွင့်လင်းစွာကုန်သော။ ဗဟု- ဗဟူနိ၊ များစွာကုန်သော။ ကုလာ-ကုလာနိ၊ မင်းမျိုးတို့သည်။ အကုလတံ၊ ကြီးစွာသော ပျက်စီးခြင်းသို့။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဂတာ-ဂတာနိ၊ ရောက်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အဓိသရေ၊ ကောင်းမှုကိုလွန်၍ဖြစ်သော သူတစ်ပါးတို့၏ မကောင်းမှု၌။ တေ၊ သင် ခမည်းတော်မင်းမြတ်၏။ ဟဒယံ၊ စိတ်တော်သည်။ သုဗာဠှံ၊ အလွန်ပြင်းစွာ။ အဓိကောပိတံ၊ အမျက်ကို ဖြစ်စေ၍။ မာ မုဉ္စ၊ လွှတ်တော် မမူလင့်။

֍ ဋ္ဌ ၂၃။ တာတ၊ ခမည်းတော်မင်းမြတ်။ တွံ၊ ခမည်းတော်မင်းမြတ်သည်။ ဣဿရောမှီတိ၊ ငါ အစိုးရသော မင်းမြတ်တကား ဟူ၍။ မဟာဇနကာယံ၊ တိုင်းနိုင်ငံသား လူအပေါင်းကို။ အနတ္တာယ၊ အကျိုးမရှိသော အကျင့်ကို ကျင့်စိမ့်သောငှာ။ မာ ပတာရယိ၊ ပြုတော်မမူလင့်။ တေ၊ ခမည်းတော်မင်းမြတ်၏။ ဝိဇိတေ၊ နိုင်ငံတော်၌။ ဣတ္ထီနဉ္စ၊ မိန်းမတို့အားလည်းကောင်း။ ပုရိသာနဉ္စ၊ ယောက်ျားတို့အားလည်းကောင်း။ ဒုခုဒြယော၊ ဆင်းရဲခြင်း၏အဖြစ်သည်။ မာအာသိ၊ မဖြစ်စေလင့်။

֍ ဋ္ဌ ၂၄။ တာတ၊ ခမည်းတော်မင်းမြတ်။ အပေတ လောမဟံသဿ၊ သံသရာ, ပစ္စုပ္ပန် နှစ်တန်သောဘေးမှ ကြောက်ခြင်း ကင်းထသော။ ကာမာနုသာရိနာ၊ မိမိအလိုသို့သာ လိုက်လေ့ရှိသော။ ရညော၊ မင်း၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘောဂါ၊ စည်းစိမ်တို့သည်။ ဝိနဿန္တိ၊ ပျက်စီးကုန်၏။ တံ ဘောဂဗျသနံ၊ ထို စည်းစိမ် ပျက်စီးခြင်းကို။ ရညော၊ မင်း၏။ အဃံ၊ ဆင်းရဲဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။

֍ ဋ္ဌ ၂၅။ တာတ၊ ခမည်းတော်မင်းမြတ်။ တတ္ထေဝ၊ ခမည်းတော်မင်းမြတ်၏ ကိံသု ကိစ္စံ ကတံ ဝရံဟူသော ပြဿနာ၌သာလျှင်။ ဝုတ္တာ၊ အကျွန်ုပ်သည် ဖြေဆိုအပ်ကုန်သော။ ဧတေ၊ ထို ဒွေဝ တာတ ပဒကာနိအစရှိသည်တို့သည်။ ဝတ္တပဒါ၊ မင်းကျင့်တရားအစုတို့တည်း။ ဧတ္ထ၊ ဤ မင်းကျင့်တရားအစု၌။ တွံ၊ ဖခင်မင်းမြတ်သည်။ ဝတ္တဿု၊ ကျင့်တော်မူလော့။ ဧသာဝ၊ ဤ စကားသည်သာလျှင်။ အနုသာသနီ၊ ခမည်းတော်မင်းမြတ်အား အကျွန်ုပ်သည် ပေးအပ်သော အဆုံးအမတည်း။ တာတ၊ ခမည်းတော်မင်းမြတ်။ တွံ၊ ဖခင်မင်းမြတ်သည်။ ဣမံ အနုသာသနံ၊ ဤအဆုံးအမကို။ သုတွာ၊ နာတော်မူ၍။ ဒါနိ၊ ယခုအခါ၌။ ဒက္ခော၊ မပျင်းမရိသည်။ ပုညကရော၊ ကောင်းမှုကို ပြုတတ်သည်။ အသောဏ္ဍော၊ သုရာသောက်ကြူးခြင်း အစရှိသည်မှ ကင်းသည်။ အဝိနာသကော၊ ပစ္စုပ္ပန်သံသရာ အကျိုးစီးပွားကို မဖျက်ဆီးတတ်သည်။ အဿု၊ ဖြစ်တော်မူလော့။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တွံ၊ သင် မင်းကြီးသည်။ သီလဝါ၊ အကျင့်သီလနှင့် ပြည့်စုံသည်။ အဿု၊ ဖြစ်တော်မူလော့။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒုဿီလော၊ သီလမရှိသော သူသည်။ ဝိနိပါတိကော၊ ငရဲသို့ ကျသည်မည်၏။

ကုဏ္ဍလိနီအား ဘဏ္ဍာစိုးခန့်ပြီ

ဤသို့ ကုဏ္ဍလိနီမည်သော ဆက်ရက်မသည်လည်း တစ်ဆယ့်တစ်ဂါထာတို့ဖြင့် မင်းကျင့်တရားကို ဟော၏။ ဗြဟ္မဒတ်မင်းသည် အလွန် နှစ်သက်တော်မူသည်ဖြစ်၍ မှူးတော် မတ်တော်တို့ကို ခေါ်တော်မူ၍ မေးတော်မူ၏။ အို... အမတ်တို့။ အကြင်အကြင် ဆိုအပ်ပြီးသော နည်းဖြင့် မင်းကျင့်တရားကို ဟောပေသော ငါ့သမီးတော် ကုဏ္ဍလိနီသည် အဘယ်သူသည် ပြုအပ်သော ကိစ္စကို ပြုသင့်သနည်းဟု မေးတော်မူ၏။ အရှင်မင်းကြီး ဘဏ္ဍာစိုးသည် ပြုအပ်သောကိစ္စကို ပြုသင့်၏ဟု တင်လျှောက်ကုန်လတ်သော် ထိုသို့တပြီးကား ထိုငါ့သမီးတော် ကုဏ္ဍလိနီအား ဘဏ္ဍာစိုးအရာကို ငါပေးတော်မူ၏ဟု မိန့်တော်မူ၍ ကုဏ္ဍလိနီမည်သော ဆက်ရက်မအား ဘဏ္ဍာစိုးအရာ၌ထားတော်မူ၏။ ထိုကုဏ္ဍလိနီမည်သော ဆက်ရက်မသည် ထိုအခါမှစ၍ ဘဏ္ဍာစိုးအရာ၌ တည်လျက် ခမည်းတော်

အမှုကို စီရင်၏။

ကုဏ္ဍလိနီမည်သော ဆက်ရက်မသည် ဖြေဆိုအပ်သော ပြဿနာသည် ပြီး၏။

ဇမ္ဗုက တရားဟောခြင်း

တစ်ဖန် ဗြဟ္မဒတ်မင်းသည် တစ်ရက်နှစ်ရက် လွန်သဖြင့် ရှေးနည်းဖြင့်သာလျှင် သပြေသီးအဆင်းနှင့် တူသော နှုတ်သီးရှိသည်၏ အဖြစ်ကြောင့် ဇမ္ဗုကအမည်ရသော ကျေးသား သုခမိန်အထံသို့ တမန်စေ၍ ခုနစ်ရက်မြောက်သောနေ့၌ ဇမ္ဗူကကျေးသား သုခမိန် နေရာအိမ်သို့ သွားပြီးလျှင် စည်းစိမ်ကိုခံစား၍ တစ်ဖန် ပြန်လည်ခဲ့သဖြင့် ထို ရှေးနည်း အတူသာလျှင် မဏ္ဍပ်အလယ်၌ နေ၏။ ငှက်တော်ထိန်း အမတ်သည် ဇမ္ဗုကပညာရှိကို ရွှေနေရာ၌ နေစေ၍ ရွှေနေရာကို ဦးခေါင်းဖြင့် ရွက်ဆောင်လျက် လာလတ်၏။ ဇမ္ဗူက သုခမိန်သည် ခမည်းတော် ဗြဟ္မဒတ်မင်း ရင်ခွင်၌ နေ၍ ကစားပြီးလျှင်သွား၍ ရွှေနေရာ၌ သာလျှင် နေ၏။ ထိုသို့ နေသောအခါ ဇမ္ဗုကသုခမိန်ကို ခမည်းတော် ဗြဟ္မဒတ်မင်းသည် ပြဿနာ မေးလိုရကား-

၂၆။ အပုစ္ဆမှ ကောသိယဂေါတ္တံ၊ ကုဏ္ဍလိနိံ တထေဝ စ။
တွံ ဒါနိ ဝဒေဟိ ဇမ္ဗုက၊ ဗလာနံ ဗလမုတ္တမံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၆။ တာတ ဇမ္ဗုက၊ အမောင် ဇမ္ဗုက။ ကောသိယဂေါတ္တံ၊ ကောသိယ အနွယ်ဖြစ်သော မောင့်အစ်ကို ဝေဿန္တရာကို လည်းကောင်း။ ကုက္ကလိနိံစ၊ ကုဏ္ဍလိနီ အမည်ရှိသော မောင်နှမ ဆက်ရက်မကို လည်းကောင်း။ အဟံ၊ ငါသည်။ ရာဇ ဓမ္မံ၊ မင်းကျင့်တရားကို။ အပုစ္ဆိမှ၊ မေးလေပြီ။ ဇမ္ဗုက၊ ဖခင်သားလှ ဇမ္ဗူက။ တထေဝ၊ ထို့အတူလျှင်။ တံ၊ သင်ချစ်သားကို။ ပုစ္ဆာမိ၊ မေးဦးအံ့။ ဒါနိ၊ ယခု။ တွံ၊ သင် ချစ်သားသည်။ ဗလာနံ၊ အားတို့တွင်။ ဥတ္တမံ၊ မြတ်သော။ ဗလဉ္စ၊ အားကို လည်းကောင်း။ ရာဇဓမ္မဉ္စ၊ မင်းကျင့်တရားကို လည်းကောင်း။ မေ၊ ငါ့အား။ ဝဒေဟိ၊ ဖြေဆိုလော့။

ဤဂါထာဖြင့် ဗြဟ္မဒတ်မင်းသည် ဘုရားလောင်း ဇမ္ဗုက ကျေးသားကို ပြဿနာ မေးသည်ရှိသော် ဘုရားလောင်းမှ တစ်ပါးကုန်သော ဝေဿန္တရာ, ကုဏ္ဍလိနီတို့အား မေးအပ်သောနည်းဖြင့် မမေးမူ၍လျှင် အထူးပြု၍ မေး၏။ ထိုသို့ မေးသောအခါ ဗြဟ္မဒတ်မင်းအား ဇမ္ဗုကပညာရှိသည် မြတ်သောမင်းကြီး ထိုသို့တပြီးကား ချအပ်သော နားရှိသည်ဖြစ်၍ နားတော်မူလော့၊ ခမည်းတော် မင်းကြီးအား မေးတော်မူသမျှကို ဖြေဆိုပါအံ့ ဟု ဆို၍ ဖြန့်၍ ခံအပ်သော လက်ဝါးပြင်၌ ဥစ္စာထောင်ထုပ်ကို တင်ထားဘိသကဲ့သို့ တရားဟောလိုရကား-

၂၇။ ဗလံ ပဉ္စဝိဓံ လောကေ၊ ပုရိသသ္မိံ မဟဂ္ဂတေ။
တတ္ထ ဗာဟုဗလံ နာမ၊ စရိမံ ဝုစ္စတေ ဗလံ။
၂၈။ ဘောဂဗလဉ္စ ဒီဃာဝု၊ ဒုတိယံ ဝုစ္စတေ ဗလံ။
အမစ္စဗလဉ္စ ဒီဃာဝု၊ တတိယံ ဝုစ္စတေ ဗလံ။
၂၉။ အဘိဇစ္စ ဗလဉ္စေဝ၊ တံ စတုတ္ထ အသံသယံ။
ယာနိ စေတာနိ သဗ္ဗာနိ၊ အဓိဂဏှာတိ ပဏ္ဍိတော။
၃၀။ တံ ဗာလာနံ ဗလံ သေဋ္ဌံ၊ အဂ္ဂံ ပညာဗလံ ဗလံ။
ပညာဗလေနုပတ္ထဒ္ဓေါ၊ အတ္ထံ ဝိန္ဒတိ ပဏ္ဍိတော။
၃၁။ အပိစေ လဘတိ မန္ဒော၊ ဖီတံ ဓရဏိ မုတ္တမံ။
အကာမဿ ပသယှံ ဝါ၊ အညော တံ ပဋိပဇ္ဇတိ။
၃၂။ အဘိဇာတောပိ စေဟောတိ၊ ရဇ္ဇံ လဒ္ဓါန ခတ္တိယော။
ဒုပ္ပညော ဟိ ကာသိပတိ၊ သဗ္ဗေနပိ န ဇီဝတိ။
၃၃။ ပညာဝ သုတံ ဝိနိစ္ဆိနီ၊ ပညာ ကိတ္တိသိလောကဝဍ္ဎနီ။
ပညာသဟိတော နရော ဣဓ၊ အပိ ဒုက္ခေ သုခါနိ ဝိန္ဒတိ။
၃၄။ ပညဉ္စ ခေါ အသုဿူသံ၊ န ကောစိ အဓိဂစ္ဆတိ။
ဗဟုဿုတံ အနာဂမ္မ၊ မ္မဋ္ဌံ အဝိနိဗ္ဘုဇံ။
၃၅။ ယော စ ဓမ္မဝိဘင်္ဂညူ၊ ကာလုဋ္ဌာယီ အတန္ဒိတော။
အနုဋ္ဌဟတိ ကာလေန၊ ကမ္မဖလံ တဿိဇ္ဈတိ။
၃၆။ အနာယတနသီလဿ၊ အနာယတနသေဝိနော။
န နိဗ္ဗိန္ဒိယကာရိဿ၊ သမ္မဒတ္ထော ဝိပစ္စတိ။
၃၇။ အဇ္ဈတ္တဉ္စ ပယုတ္တဿ၊ တထာယတနသေဝိနော။
အနိဗ္ဗိန္ဒိယ ကာရိဿ၊ သမ္မဒတ္ထော ဝိပစ္စတိ။
၃၈။ ယောဂပ္ပယောဂ သင်္ခါတံ၊ သမ္ဘတဿာနုရက္ခဏံ။
တာနိ တွံ တာတ သေဝဿု၊ မာ အကမ္မာယ ရန္ဓယိ။
အကမ္မုနာ ဟိ ဒုမ္မေဓော၊ နဠာဂါရံဝ သီဒတိ။

ဟူသော ဤ တစ်ဆယ့်နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၇။ မဟာရာဇ၊ မြတ်သော မင်းကြီး။ လောကေ၊ သတ္တလောက၌။ မဟဂ္ဂတေ၊ မြတ်သောဆန္ဒရှိသော။ ပုရိသသ္မိံ၊ ယောက်ျား၌။ ဗလံ၊ အားသည်။ ကာယ ဘောဂ အမစ္စ ဇာတိ ပညာဗလဝသေန၊ ကိုယ်အား, စည်းစိမ်အား, အမတ်အား, အမျိုးအား, ပညာအားတို့၏ အစွမ်းအားဖြင့်။ ပဉ္စဝိဓံ၊ ငါးအပြားရှိ၏။ တတ္ထ၊ ထိုငါးပါးသော အားတို့တွင်။ ဗာဟုဗလံ၊ ကြီးလင့်ကစား ကိုယ်ခွန်အားကို။ စရိမံ၊ ယုတ်သော။ ဗလံနာမ၊ အားမည်၏ဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။

֍ ဋ္ဌ ၂၈။ ဒီဃာဝု၊ မင်းမြတ် ဒီဃာဝု။ ဘောဂဗလဉ္စ၊ စည်းစိမ်အားကိုလည်း။ ဒုတိယံ၊ နှစ်ခုမြောက်ဖြစ်သာ။ ဗလံ၊ ကိုယ်အားထက် မြတ်၍ အမတ်အား စသည်တို့အောက် ယုတ်သောအားဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။ ဒီဃာဝု၊ မင်းမြတ် ဒီဃာဝု။ အမစ္စဗလဉ္စ၊ အမတ်အားကိုလည်း။ တတိယံ၊ သုံးခုမြောက်ဖြစ်သော။ ဗလံ၊ ကိုယ်အား စည်းစိမ်ချမ်းသာအားတို့ထက် မြတ်၍ အမျိုးအား စသည်တို့အောက် ယုတ်သောအားဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။

֍ ဋ္ဌ ၂၉။ အဘိဇစ္စဗလံ၊ သုံးပါးသော အမျိုးတို့ထက် လွန်မြတ်သော မင်းမျိုးအားဟု ဆိုအပ်သော။ တံ ဗလဉ္စ၊ ထို အားကိုလည်း။ စတုတ္ထံ၊ လေးခုမြောက်ဖြစ်သော။ ဗလံ၊ ကိုယ်အား စည်းစိမ် အမတ်အားတို့ထက် မြတ်သော ပညာအားအောက် ယုတ်သောအားဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ ယာနိ စေတာနိ၊ အကြင် လေးပါးကုန် အားတို့ကို။ ပဏ္ဍိတော၊ ပညာအားရှိသော ပုဂ္ဂိုလ်သည်။ အသံသယံ၊ မချွတ်မယွင်း။ အဓိဂဏှာတိ၊ လွှမ်းမိုးနိုင်လေ၏။

֍ ဋ္ဌ ၃၀။ တသ္မာ၊ ထို့ကြောင့်။ တံ ဗလာနံ၊ ထို လေးပါးကုန်သော အားတို့ထက်။ ပညာဗလံ၊ ပညာအားကို။ သေဋ္ဌံဗလံ၊ အားမြတ်ဟူ၍။ အဂ္ဂဗလံ၊ အထွတ်အဖျားဖြစ်သော အားဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ ဝုစ္စတိ၊ ဆိုအပ်သနည်း။ ပညာဗလေန၊ ပညာအားသည်။ ဥပတ္ထဒ္ဓေါ - ဥပတ္ထဒ္ဓတ္တာ၊ ထောက်ပံ့အပ်သည်၏ အဖြစ်ကြောင့်။ ပဏ္ဍိတော၊ ပညာရှိသော ပုဂ္ဂိုလ်သည်။ အတ်ထံ၊ စီးပွားချမ်းသာခြင်းသို့။ ဝိန္ဒတိ၊ ရောက်လေ၏။ တသ္မာ၊ ထို့ကြောင့်။ ပညာဗလံ၊ ပညာအားကို။ သေဋ္ဌံဗလံ၊ မြတ်သောအားဟူ၍။ အဂ္ဂံဗလံ၊ အထွတ်အဖျား ဖြစ်သော အားဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

֍ ဋ္ဌ ၃၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မန္ဒာ၊ ပညာနည်းသောသူသည်။ ဖီတံ၊ ရတနာခုနစ်ပါးနှင့် ပြည့်စုံထသော။ ဥတ္တမံ၊ မြတ်သော။ ဓရဏိံ၊ မြေအပြင်ကို။ အပိ စေ လဘတိ၊ ရလင့်ကစား။ တဿ၊ ထိုပညာမရှိသောသူအား။ အကာမဿ၊ အလိုမရှိဘဲလျက်။ ပသယှံဝါ၊ အနိုင်အထက် လုယက်ခြင်းကိုလည်း။ ကတွာ၊ ပြု၍။ အညော၊ ပညာရှိ တစ်ဦးသည်။ တံ ဓရဏိံ၊ ထို မြေအပြင်ကို။ ပဋိပဇ္ဇတိ၊ စီရင် စိုးအုပ်တတ်၏။

֍ ဋ္ဌ ၃၂။ ကာသိပတိ၊ ကာသိတိုင်းရှင် ဖခင်မင်းမြတ် ဗြဟ္မဒတ်။ အဘိဇာတော၊ အမျိုး သုံးပါးတို့ထက် လွန်မြတ်သော။ ခတ္တိယောပိ၊ မင်းသားသည်မူလည်း။ ဟောတိ စေ၊ ဖြစ်လင့်ကစား။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ လဒ္ဓါန၊ ရ၍။ ဒုပ္ပညော၊ ပညာနည်းချေက။ သဗ္ဗေနပိ၊ အလုံးစုံသော မင်းအဖြစ်ဖြင့်လည်း။ န ဇီဝတိ ဟိ-န ဇီဝတိ ဧဝ၊ အသက်မမွေးနိုင်ချေ သလျှင်ကတည်း။

֍ ဋ္ဌ ၃၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပညာ၊ ပညာသည်သာလျှင်။ သုတံ၊ အကြားအမြင် အသင်အတတ်နှင့် ပြည့်စုံသည်၏ အဖြစ်ကို။ ဝိနိစ္ဆိနီ၊ ပြုတတ်၏။ ပညာ၊ ပညာသည်။ ကိတ္တိ သိလောကဝဍ္ဎနီ၊ အကျော်အစေယ လာဘ်ပူဇော်သက္ကာရကို ပွားများစေတတ်၏။ ဣဓ လောကေ၊ ဤသတ္တလောက၌။ ပညာသဟိတော၊ ပညာရှိသော။ နရော၊ လူသည်။ ဒုက္ခေ အပိ၊ မတော်တဆ ဆင်းရဲခြင်းဘဝသို့ ရောက်၍သော်ပင်။ သုခါနိ၊ ချမ်းသာခြင်းတို့ကို။ ဝိန္ဒတိ၊ ရနိုင်ရာ၏။

֍ ဋ္ဌ ၃၄။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ဓမ္မဋ္ဌံ၊ အကြောင်း၌ တည်သော။ ဗဟုဿုတံ၊ များသော အကြားအမြင်ရှိသော ပုဂ္ဂိုလ်အထံသို့။ အနာဂမ္မ၊ မဆည်းကပ်မူ၍။ အသုသူသံ- အသုသူသန္တော၊ နည်းနာနယကို မနာမခံရသော။ အဝိနိဗ္ဗုဇံ-အဝိနိဗ္ဗုဇန္တော၊ အကျိုးရှိသည်-မရှိသည် အကြောင်းဟုတ်သည်-မဟုတ်သည်ကို မဆင်ခြင်သော။ ကောစိ၊ တစ်စုံတစ်ယောက်ာသူသည်။ ပညဉ္စ၊ ပညာကိုလည်း။ န အဓိဂစ္ဆတိ ခေါ၊ မရချေသလျှင်ကတည်း။

֍ ဋ္ဌ ၃၅။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ဓမ္မဝိဘင်္ဂညူ၊ ကုသိုလ်ကမ္မပထ တရားဆယ်ပါးကို ခွဲခြမ်းဝေဖန်ခြင်း၌ လိမ္မာထသော။ ကာလုဋ္ဌာယီ၊ အခါ၌ လုံ့လပြုလေ့ရှိထသော။ အတန္ဒိတော၊ ပျင်းရိခြင်းကင်းထသော။ ယော စ ပဏ္ဍိတော၊ အကြင် ပညာရှိသည်လည်း။ ကာလေန၊ လုံ့လပြုသင့်သော ကာလ၌။ အနုဋ္ဌဟတိ၊ လုံ့လပြု၏။ တဿ ပဏ္ဍိတဿ၊ ထို ပညာရှိအား။ ဖလံ၊ ကံ၏ အကျိုးသည်။ သမိဇ္ဈတိ၊ ပြည့်စုံ၏။

֍ ဋ္ဌ ၃၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အနာယတန သီလဿ၊ သီလမရှိသောသူတို့၏ အမှုကို ပြုလေ့ရှိထသော။ အနာယတန သေဝိနော၊ သီလမရှိသောသူကို မှီဝဲဆည်းကပ်တတ်ထသော။ နိဗ္ဗန္ဒိယကာရိဿ၊ ကုသိုလ်ကောင်းမှုကို ပြုသောကာလ၌ တဆန့်ကျင်ကျင် မရွှင်ငြီးငွေ့၍ ပြုလေ့ရှိသောသူအား။ သမ္မဒတ္ထော၊ လူ့ပြည် နတ်ရပ်၌ ဖြစ်သော မြတ်သောအကျိုးသည်။ န ဝိပစ္စတိ၊ မပြည့်စုံနိုင်ချေ။

֍ ဋ္ဌ ၃၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အဇ္ဈတ္တဉ္စ၊ မိမိသန္တာန်၌လည်း။ ပယုတ္တဿ၊ အနိစ္စ အစရှိသော ဘာဝနာတို့၏ အစွမ်းအားဖြင့် ကုသိုလ်တရားကို အားထုတ်တတ်သော။ တထာယတနသေဝိနော၊ ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော သီလဝန္တ ပုဂ္ဂိုလ်ကို မှီဝဲ ဆည်းကပ်လေ့ရှိထသော။ အနိဗ္ဗိန္ဒိယ ကာရိဿ၊ ကုသိုလ်ကောင်းမှုကို ပြုသောကာလ၌ တဆန့်ကျင်ကျင် မရွှင်ငြီးငွေ့ခြင်း ကင်းသည်ဖြစ်၍ ပြုလေ့ရှိသော ပညာရှိအား။ သမ္မဒတ္ထော၊ လူ့ပြည်နတ်ရပ်၌ ကောင်းမြတ်သော အကျိုးသည်။ ဝိပစ္စတိ၊ ပြည့်စုံ၏။

֍ ဋ္ဌ ၃၈။ တာတ၊ ခမည်းတော်မင်းမြတ်။ သမ္ဘတဿ၊ အပုံအစု ပြုအပ်သော စည်းစိမ်ဥစ္စာကို။ အနုရက္ခဏံ၊ အစဉ် စောင့်ရှောက်ခြင်း။ ယောဂပ္ပယောဂ သင်္ခါတံ၊ ယှဉ်သင့်သည်၌ ယှဉ်ခြင်းဟု ဆိုအပ်သောပညာ။ တာနိ၊ ထို နှစ်ပါးကုန်သော အကြောင်းတို့ကိုလည်း။ တွံ၊ ခမည်းတော် မင်းမြတ်သည်။ သေဝဿု၊ မှီဝဲတော်မူလော့။ ဒုမ္မေဓော၊ ပညာမရှိသောသူသည်။ အကမ္မုနာ၊ မသင့်မလျော်သော အကြောင်းဖြင့်။ ဓနံ၊ ဥစ္စာကို။ နာသေတွာ၊ ပျက်စီးစေ၍။ နဠာဂရံ၊ ကျူအိမ်ဆွေးသည်။ သီဒတိ ဣဝ၊ ပျက်စီးပြိုကျ မြေ၌ခသကဲ့သို့။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ သီဒတိ၊ ပျက်စီးတတ်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ ခမည်းတော် မင်းမြတ်သည်။ အကမ္မာယ၊ မသင့်မလျော်သော အကြောင်းဖြင့်။ မာ အာရန္ဓယိ၊ ဥစ္စာကို ကုန်ခန်းစိမ့်သောငှာ လုံ့လပြုတော်မမူလင့်။

ဇမ္ဗူက၏ အဆုံးအမ

ဤသို့လျှင် ဘုရားအလောင်း ဇမ္ဗုကမည်သော ကျေးသားသည် ဤမျှ အတိုင်းအရှည်ရှိသော အကြောင်းဖြင့် ငါးပါးကုန်သော အားတို့ကိုဟော၍ ပညာကို ချီးမြှောက်တော်မူသဖြင့် လပြည့်ဝန်းကို ဆောင်ယူဘိသကဲ့သို့ ဟောတော်မူပြီး၍ ယခုအခါ မင်းအား အဆုံးအမ ပေးပြန်လိုရကား-

၃၉။ ဓမ္မံ စရ မဟာရာဇ၊ မာတာပိတူသု ခတ္တိယ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၀။ ဓမ္မံ စရ မဟာရာဇ၊ ပုတ္တဒါရေသု ခတ္တိယ
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၁။ ဓမ္မံ စရ မဟာရာဇ၊ မိတ္တာမစ္စေသု ခတ္တိယ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၂။ ဓမ္မံ စရ မဟာရာဇ၊ ဝါဟနေသု ဗလေသု စ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၃။ ဓမ္မံ စရ မဟာရာဇ၊ ဂါမေသု နိဂမေသု စ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၄။ ဓမ္မံ စရ မဟာရာဇ၊ ရဋ္ဌေ ဇနပဒေသု စ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၅။ ဓမ္မံ စရ မဟာရာဇ၊ သမဏဗြာဟ္မဏေသု စ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၆။ ဓမ္မံ စရ မဟာရာဇာ၊ မိဂပက္ခီသု ခတ္တိယ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၇။ ဓမ္မံ စရ မဟာရာဇ၊ ဓမ္မော စိဏ္ဏော သုခါဝဟော။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၈။ ဓမ္မံ စရ မဟာရာဇ၊ သဣန္ဒာ ဒေဝါ သဗြဟ္မကာ။
သုစိဏ္ဏေန ဒိဝံ ပတ္တာ၊ မာ ဓမ္မံ ရာဇ ပါမဒေါ။

ဟူသော ဤဆယ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မာတာ ပိတူသု၊ မယ်တော် ခမည်းတော်တို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ခတ္တိယ၊ ခတ္တိယအနွယ်ရှိတော်မူသော။ ရာဇ၊ မင်းမြတ်။ ဣဓလာကေ၊ ဤလောက၌။ ဓမ္မံ၊ တရားကို။ စရိတွာန၊ ကျင့်သောကြောင့်။ တွံ၊ သင် ဖခင်မင်းမြတ်သည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

֍ ဋ္ဌ ၄၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပုတ္တဒါရေသု၊ သားတော် သမီးတော် မိဖုရားတော်, မောင်းမမိဿံတို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

֍ ဋ္ဌ ၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မိတ္တာမစ္စေသု၊ ချစ်သော အဆွေခင်ပွန်း မှူးတော် မတ်တော်တို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

֍ ဋ္ဌ ၄၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝါဟနေသူ စ၊ ဆင်မြင်းစသော ယာဉ်တို့၌လည်းကောင်း။ ဗလေသုစ၊ ရဲမက်ဗိုလ်ပါတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

֍ ဋ္ဌ ၄၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဂါမေသု စ၊ ရွာတို့၌လည်းကောင်း။ နိဂမေသု စ၊ နိဂုံးတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

֍ ဋ္ဌ ၄၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ရဋ္ဌေသုစ၊ တိုင်းနိုင်ငံသူတို့၌လည်းကောင်း။ ဇနပဒေသု စ၊ ဇနပုဒ်သူတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

֍ ဋ္ဌ ၄၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သမဏဗြာဟ္မဏေသု၊ ရဟန်းပုဏ္ဏားတို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

֍ ဋ္ဌ ၄၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မိဂပက္ခီသု၊ သားငှက်တို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

֍ ဋ္ဌ ၄၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ သုစိဏ္ဏော၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မော၊ တရားသည်။ သုခံ၊ ချမ်းသာခြင်းသို့။ အာဝဟတိ၊ ရောက်စေတတ်၏။ ရာဇ၊ မင်းမြတ်။ ဣဓလောကေ၊ ဤလောက၌၊ ဓမ္မံ၊ တရားကို။ စရိတွာန၊ ကျင့်တော်မူသောကြောင့်။ တွံ၊ သင် ဖခင်မင်းမြတ်သည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

֍ ဋ္ဌ ၄၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ သဗြဟ္မကာ၊ ဗြဟ္မာနှင့် တကွကုန်သော။ ဣန္ဒာဒေဝါ၊ သိကြား, ကာမာဝစရ နတ်တို့သည်။ သုစိဏ္ဏေန၊ ကောင်းကျင့်အပ်သော သုစရိုက်ကြောင့်။ ဒီဝံ၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့။ ပတ္တာ၊ ရောက်ကြကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ရာဇ၊ ခမည်းတော်မင်းမြတ်။ တွံ၊ သင် ဖခင်မင်းမြတ်သည်။ ဓမ္မံ၊ တရားကို။ မာ ပါမာဒေါ၊ အသက်ကို စွန့်ပစ်ရသော်လည်း မေ့တော်မမူလင့်။

ဤသို့လျှင် မင်းတို့ကျင့်အပ်သော တရားကိုပြသော ဆယ်ဂါထာတို့ကို ဟောတော်မူပြီး၍ အလွန်လည်း ဆုံးမပြန်လိုရကား-

၄၉။ တတ္ထေဝ တေ ဝတ္တပဒါ၊ ဧသာဝ အနုသာသနီ။
သပ္ပညသေဝီ ကလျာဏီ၊ သမတ္တံ သာမ တံ ဝိဒူ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၄၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တတ္ထေဝ၊ ထိုဖခင်မင်းမြတ်သည် မေးအပ်သော အပုစ္ဆိမှ ကောသိယဂေါတ္တံ အစရှိစသာ ပုစ္ဆာတော်၌ သာလျှင်။ မယာ၊ အကျွန်ုပ်သည်။ ဝုတ္တာ၊ ဖြေဆိုအပ်ကုန်သော။ ဧတေ၊ ထိုဗလံ ပဉ္စဝိဓံ အစရှိသော စကားတို့သည်။ ဝတ္တပဒါ၊ မင်းကျင့်တရား အစုကို ပြသော စကားတို့တည်း။ ဧတ္ထ၊ ဤ မင်းကျင့်တရားအစု၌။ တွံ၊ သင် ဖခင်မင်းမြတ်သည်။ ဝတ္တဿု၊ ကျင့်တော်မူလော့။ ဧသာဝ၊ ဤသည်လျှင်။ အနုသာသနီ၊ ခမည်းတော်မင်းမြတ်အား အကျွန်ုပ်ပေးအပ်သော အဆုံးအမပေတည်း။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သမတ္တံ၊ အပြည့် အစုံဖြစ်သော။ တံ၊ ထိုအကျွန်ုပ်ပေးအပ်သော အဆုံးအမကို။ သာမံ၊ ကိုယ်တော်တိုင်။ ဝိဒူ၊ သိတော်မူ၍။ သပ္ပညသေဝီ၊ ပညာရှိသော ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်တော်မူ၍။ ကလျာဏီ၊ ကောင်းမြတ်သော ကျေးဇူးနှင့် ပြည့်စုံတော်မူသည် ဖြစ်၍။ ယထာနုသိဋ္ဌံ၊ အကျွန်ုပ်ဆုံးမတိုင်း။ ပဋိပဇ္ဇ၊ ကျင့်တော်မူလော့။

ဇမ္ဗုကကို သေနာပတိခန့်ပြီ

ဤသို့လျှင် ဘုရားအလောင်း ဇမ္ဗုကကျေးသားသည် ကောင်းကင်ပြင်၌ စီးသောမြစ်ကို အောက်သို့ စီးစေဘိသကဲ့သို့ သဗ္ဗညူ မြတ်စွာဘုရား၏ တင့်တယ်စံပယ်တော်မူခြင်းဖြင့် တရားဟောတော်မူ၏။ လူများသည် များစွာသော ပူဇော်သက္ကာရကို ပြု၏။ ကောင်းချီးအထောင် ပေးခြင်းတို့ကို ပေး၏။ ဗြဟ္မဒတ်မင်းသည် အလွန် နှစ်သက်တော်မူသည်ဖြစ်၍ မှူးတော် မတ်တော်တို့ကို ခေါ်တော်မူ၍ မေး၏။ အမတ်တို့ အကြင်အကြင် ဆိုအပ်ခဲ့ကုန်ပြီးသောနည်းဖြင့် တရားဟောပေသော သပြေသီးနှင့်တူသော နှုတ်သီးရှိသော ငါ့သားတော် ဇမ္ဗုကသုခမိန်သည် အဘယ်သူသည် ပြုအပ်သောကိစ္စကို ပြုအပ်သနည်း ဟု မေး၏။ အရှင်မင်းကြီး စစ်သူကြီးသည် ပြုအပ်သောအရာကို ပြုအပ်၏ ဟု တင်လျှောက်ကုန်လတ်သော် ထိုသို့တပြီးကား ငါ့သားတော် ဇမ္ဗုကအား စစ်သူကြီးအရာကို ငါပေးတော်မူ၏ဟု ဆို၍ ဇမ္ဗုကကို အရာအထူး၌ထားတော်မူ၏။

ငှက်သုံးပါးတို့အား များသော ပူဇော်သက္ကာရသည် ဖြစ်၏။

ငှက်ပညာရှိ သုံးပါးတို့သည်လည်း ဗြဟ္မဒတ်မင်းအား အကျိုးအကြောင်းကို ဆုံးမကုန်၏။

ဗြဟ္မဒတ်မင်းသည် ဘုရားလောင်း ဇမ္ဗုကကျေးသား အဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။ မှူးတော် မတ်တော်တို့သည် ဗြဟ္မဒတ်မင်း၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုပြီးလျှင် ငှက်ပညာရှိ သုံးပါးတို့အား အကြောင်းကိုကြား၍ အရှင်ဇမ္ဗုက အမည်တော်ရှိသော ငှက်မင်း အရှင်တို့အား ရွှေနန်းသိမ်း၍ ရွှေထီးဆောင်းအပ်သည်ကို လူများသည် ပြုပြီဟု တင်လျှောက်ကြကုန်၏။ ဘုရားလောင်းသည် ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိ၊ သင်တို့သည် မလျော့ဖြစ်ကုန်၍ မင်းပြုကြကုန်လော့ ဟု ဆို၍ လူများကို သီလတို့၌ တည်စေပြီးလျှင် ဤသို့ အဆုံးအဖြတ်ကို ဖြစ်ရစ်စေကုန်လော့ဟု ဆို၍ အဆုံးအဖြတ်တရားကို ရွှေပြား၌ရေးစေ၍ တောသို့ဝင်လေ၏။ ထိုဇမ္ဗုက သုခမိန်၏ အဆုံးအမသည် အနှစ်လေးသောင်းတို့ပတ်လုံး တည်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ပဿနဒီ ကောသလမင်းကြီးအား ဆုံးမတော်မူသည်၏ အစွမ်းဖြင့် ဤတေသကုဏဇာတ် ဓမ္မဒေသနာကို ဟောတော်မူ၍ မြတ်သောမင်းကြီး ယခုအခါ အာနန္ဒာသည် ထိုအခါ ဗြဟ္မဒတ်မင်း ဖြစ်ဖူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ကုဏ္ဍလိနီ အမည်ရှိသော ဆက်ရက်မ ဖြစ်ဖူးပြီး၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဝေဿန္တရာအမည်ရှိသော ခင်ပုပ်ငှက်ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဇမ္ဗုကအမည်ရှိသော ကျေးသုခမိန် ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရှေးဦးစွာသော တေသကုဏဇာတ်သည် ပြီး၏။

*****

စတ္တာလီသနိပါတ်

၂။ သရဘင်္ဂဇာတ်

ပညာသည်သာ၊ အရာရာ၊ လိုရာအောင်ကြောင်းမှတ်

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အလင်္ကတာ ကုဏ္ဍလိနော သုဝတ္ထာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသရဘင်္ဂဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်မဟာမောဂ္ဂလာန်မထေရ် ပရိနိဗ္ဗာန်ပြုတော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ အရှင်သာရိပုတ္တာ မထေရ်သည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားကို မိမိ၏ ပရိနိဗ္ဗာန်ပြုအံ့သော အဖြစ်ကို လျှောက်ကြား၍ နာလကရွာသို့သွား၍ ဖွားရာတိုက်ခန်း၌ ပရိနိဗ္ဗာန်ပြုတော်မူ၏။ ထို အရှင်သာရိပုတ္တရာ မထေရ် ပရိနိဗ္ဗာန် ပြုတော်မူသောအဖြစ်ကို ကြားတော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ ဝေဠုဝန်ကျောင်းတော်၌ နေတော်မူ၏။

အရှင်မောဂ္ဂလာန် ပရိနိဗ္ဗာန်ဝင်စံပုံ

ထိုအခါ မဟာမောဂ္ဂလာန် မထေရ်သည် ဣသိဂိလိ တောင်၏နံပါး၌ ညိုသောအဆင်းရှိသော ကျောက်ဖျာအပြင်ဝယ် နေတော်မူ၏။ ထို မဟာမောဂ္ဂလာန် မထေရ်သည်ကား အထွတ်သို့ရောက်သော အာနုဘော်ရှိသော တန်ခိုးတော်အစွမ်းဖြင့် နတ်ပြည်သို့ ဒေသစာရီ ကြွတော်မူခြင်းကို လည်းကောင်း၊ ဥဿဒငရဲ အစရှိသည်သို့ ကြွသွားတော်မူခြင်းကို လည်းကောင်း ကြွသွားတော်မူ၏။ နတ်ပြည်၌ ဘုရားသဗ္ဗညူ တပည့်ဖြစ်ကုန်သော သူတို့၏ များစွာသော စည်းစိမ်ချမ်းသာကို မြင်၍ ဥဿဒငရဲ အစရှိသည်တို့၌လည်း တိတ္ထိတို့၏ တပည့်ဖြစ်ကုန်သော သူတို့၏ များစွာသော ဆင်းရဲခြင်းကိုမြင်၍ လူ့ပြည်သို့ လာလတ်ပြီးလျှင် ဤအမည်ရှိသော ဒါယကာ ယောက်ျားသည်လည်းကောင်း၊ ဤအမည်ရှိသော ဒါယိကာမ မိန်းမသည်လည်းကောင်း ဤအမည်ရှိသော နတ်ပြည်၌ ဖြစ်၍ ကြီးစွာသော စည်းစိမ်ကို ခံရစံရကုန်၏။ တိတ္ထိတို့၏ တပည့်ဖြစ်ကုန်သော သူတို့တွင် ဤအမည်ရှိသော သူသည်လည်းကောင်း၊ ဤအမည်ရှိသော သူသည်လည်းကောင်း၊ ငရဲ အစရှိသည်တို့တွင် ဤအမည်ရှိသော အပါယ်ဘုံ၌ ဖြစ်၏ဟု လူတို့အား ဟောကြားတော်မူ၏။ လူတို့သည် သာသနာတော်၌ အလွန်ကြည်ညိုကုန်၏။ တိတ္ထိတို့ကို စွန့်ပစ်ကုန်၏။ ဘုရားတပည့်သားတို့အား များစွာသော ပူဇော်သက္ကာရသည် ဖြစ်၏။ တိတ္ထိတို့အား လာဘ် ပူဇော် သက္ကာရသည် ဆုတ်ယုတ်၏။ ထိုတိတ္ထိတို့သည် အရှင်မဟာမောဂ္ဂလာန် မထေရ်၌ ရန်ငြိုးဖွဲ့၍ ဤမောဂ္ဂလာန်မထေရ် အသက်ရှင်ချေသော် ငါတို့၏ ဒါယကာတို့သည် ပျက်စီးချေကုန်၏။ လာဘ် ပူဇော်သက္ကာရသည်လည်း ဆုတ်ယုတ်ချေ၏။ ထိုမောဂ္ဂလာန်ကို သတ်ကြကုန်အံ့ဟု ကြံကြကုန်၍ အရှင်မဟာမောဂ္ဂလာန် မထေရ်အား သတ်စိမ့်သောငှာ သမဏဂုတို့ကအမည်ရှိသော ခိုးသူအား တံစိုးတစ်ထောင် ပေးကြကုန်၏။

ထိုသမဏဂုတို့ကအမည်ရှိသော ခိုးသူသည် အရှင်မောဂ္ဂလာန်မထေရ်ကို သတ်အံ့ဟု များစွာသော အခြံအရံနှင့်တကွ ညိုသောအဆင်းရှိသော ကျောက်တောင်သို့ သွားလေ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ထိုသမဏဂုတို့ကအမည်ရှိသောခိုးသူ လာလတ်သည်ကို မြင်တော်မူလျှင် တန်ခိုးဖြင့်ပျံ၍ ကြွတော်မူလေ၏။ သမဏဂုတို့ကခိုးသူသည် ထိုနေ့၌ အရှင်မဟာမောဂ္ဂလာန် မထေရ်ကို မမြင်သောကြောင့် ပြန်ခဲ့၍ နက်ဖြန်နေ့၌လည်းကောင်း၊ သန်ဘက်နေ့၌ လည်းကောင်း ဤသို့ ခြောက်ရက်တို့ပတ်လုံးလျှင် လာ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည်လည်း ထိုရှေးအတူသာလျှင် တန်ခိုးဖြင့် ဖဲတော်မူ၏။ ခုနစ်ရက်မြောက်သောနေ့၌ အရှင်မဟာမောဂ္ဂလာန် မထေရ်အား ရှေး၌ပြုတော်မူခဲ့ဖူးသော အပရာပရိယ ဝေဒနီယကံသည် အခွင့်ရ၏။

ဝိပါက်ကံကြမ္မာ

ထို အရှင်မဟာ မောဂ္ဂလာန်မထေရ်သည် ရှေးဘဝ၌ မယားစကားကိုယူ၍ အမိအဖတို့ကို သေစေလိုသည်ဖြစ်၍ လှည်းဖြင့် တောသို့ ဆောင်ယူပြီးလျှင် ခိုးသူတို့ ထ, လေဟန်ပြု၍ အမိ အဖတို့ကို ပုတ်ခတ် ရိုက်နှက်၏။ ထိုမိဘတို့သည် မျက်စိအားနည်းသည်၏ အဖြစ်ကြောင့် ရူပါရုံကိုမြင်ခြင်း ကင်းကုန်ရကား ထိုရိုက်ပုတ်သောသူကား ငါတို့သားတည်း ဟု မသိကုန်သည်ဖြစ်၍ ဤသို့ ရိုက်ပုတ်သောသူကား ခိုးသူပင်တည်းဟု အမှတ်ရှိ၍ ချစ်သား ဤမည်သော ခိုးသူတို့သည် ငါတို့ကို ရိုက်ပုတ်ကုန်၏။ သားမောင်၊ သင်ချစ်သားသည် ပြေးပါလော့ဟု ဆို၍ ထိုရိုက်ပုတ်သော သားအကျိုးငှာသာလျှင် ငိုကြွေးမြည်တမ်းကြကုန်၏။ ထိုလုလင်သည် ဤသို့ကြံ၏။ ဤသူအိုတို့သည် ငါသည် ပုတ်ခတ်ရိုက်နှက်သော်လည်း ငါ၏ အကျိုးငှာသာလျှင် မြည်တမ်းကြကုန်၏။ ငါသည် မလျောက်ပတ်သော အမှုကို ပြုမိ၏ဟု ကြံ၏။ ထိုအခါ မိအိုဖအိုတို့ကို သက်သာရာရစေ၍ ခိုးသူတို့ ပြေးလေဟန် ပြုပြီးလျှင် လက်ခြေတို့ကို ဆုပ်နယ်၍ အို မိခင်ဖခင်တို့ မကြောက်ကြကုန်လင့်၊ ခိုးသူတို့သည် ပြေးလေကုန်ပြီ ဟု ဆို၍ တစ်ဖန် မိမိအိမ်သို့လျှင် ဆောင်ယူလေ၏။

ခိုးသူတိုနှိပ်စက်ပုံ

ထို မကောင်းမှုကံသည် ဤမျှလောက်သော ကာလပတ်လုံး အခွင့်မရလေသောကြောင့် ဖုံးအုပ်သော မီးကျီးစုကဲ့သို့ တည်၍ ဤ အဆုံးစွန်ဖြစ်သော ကိုယ်သို့ ပြေးလာ၍ ဖမ်းယူလေ၏။ ထိုစကားသည် မှန်၏။ ဥပမာမည်သည်ကား- ခွေးမုဆိုးသည် သားကိုမြင်၍ ခွေးကိုလွှတ်အပ်သည်ရှိသော် သားသို့အစဉ်လိုက်၍ အကြင်အရပ်၌ မီ၏။ ထိုမီသောအရပ်၌လျှင် ဖမ်းယူသကဲ့သို့ ထို့အတူ ကံသည် အကြင်အရပ်၌ အခွင့်ကိုရ၏။ ထိုအရပ်၌လျှင် ဖမ်းယူလေ၏။ ထိုကံမှ လွတ်သောသူ မည်သည် မရှိ။

အရှင်မဟာမောဂ္ဂလာန် မထေရ်သည် မိမိသည် ပြုအပ်သော မကောင်းမှုသည် ငင်သောအဖြစ်ကိုသိ၍ ဖဲတော်မမူလေ။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ထိုမကောင်းမှုကံ၏ အကျိုးဆက်ကြောင့် ကောင်းကင်သို့ ပျံအံ့သောငှာ မစွမ်းနိုင်ပေ။ ထိုအရှင်မဟာမောဂ္ဂလာန် မထေရ်၏ နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမခြင်း, ဝေဇယန္တာ ပြာသာဒ်ကို တုန်လှုပ်စေခြင်းငှာ စွမ်းနိုင်သည်သာလျှင်ဖြစ်သော တန်ခိုးတော်သည် မိဘတို့ကို ရိုက်နှက်ဖူးသော အကုသိုလ်ကံ၏ အစွမ်းကြောင့် အားနည်းသည်၏အဖြစ်သို့ ရောက်လေ၏။ သမဏဂုတို့ကခိုးသူသည် အရှင်မဟာမောဂ္ဂလာန်ကိုဖမ်း၍ မထေရ်၏ အရိုးတို့ကို ဆန်ကျိုးဆန်ကွဲ ပမာဏမျှ ရှိသည်တို့ကိုပြုလျက် ရိုက်နှက်၍ မှုန့်မှုန့်ညက်ညက် ကျေစေ၍ ကောက်ရိုးကဲ့သို့ ပြားချပ်သော အခြင်းအရာ မည်သည်ကိုပြု၍ ယခုသေလေပြီဟူသော အမှတ်ဖြင့် တစ်ခုသော ချုံအပေါ်၌ ပစ်ထားခဲ့၍ အခြံအရံနှင့်တကွ ဖဲလေ၏။

တန်ခိုးပြတော်မူခြင်း

အရှင်မဟာမောဂ္ဂလာန် မထေရ်သည် သတိရ၍ မြတ်စွာဘုရားကို ဖူးမြင်လျက် ပရိနိဗ္ဗာန်ပြုအံ့ ဟု ကြံ၍ ဈာန်တည်းဟူသောကြိုးဖြင့် ကိုယ်တော်ကို ရစ်စည်းပြီးလျှင် ခိုင်ခံ့သည်ကိုပြု၍ ကောင်းကင်သို့ ပျံတက်လျက် ကောင်းကင်ခရီးဖြင့် မြတ်စွာဘုရား အထံတော်သို့သွား၍ မြတ်စွာဘုရားအား ရှိခိုးလျက် ဘုန်းတော်ကြီးလှသော အရှင်ဘုရား အကျွန်ုပ်သည် အာယုသင်္ခါရကို လွှတ်အပ်ပြီ၊ အကျွန်ုပ်သည် ပရိနိဗ္ဗာန် ပြုပါတော့အံ့ဟု လျှောက်၏။

ချစ်သား မောဂ္ဂလာန် ပရိနိဗ္ဗာန်ပြုတော့အံ့လောဟု မိန့်တော်မူသည်ရှိသော် ပရိနိဗ္ဗာန် ပြုတော့အံ့သည် မှန်ကြောင်းကို လျှောက်ထား၍ အဘယ်အရပ်သို့သွား၍ ပရိနိဗ္ဗာန် ပြုလတ္တံ့နည်းဟု မေးတော်မူလျှင် ဣသိဂိလိတောင်၏ နံပါးဖြစ်သော ညိုသော ကျောက်ဖျာအပြင်ဝယ် ပရိနိဗ္ဗာန်ပြုပါအံ့ဟု လျှောက်၍ ချစ်သား မောဂ္ဂလာန်၊ ထိုသို့တပြီးကား ငါ့အား တရားဟော၍ သွားပါလော့၊ သင်သို့သော သာဝကကို ယခုအခါမှနောက်၌ မြင်ရခြင်းသည် မရှိပြီဟု မိန့်တော်မူလျှင် ထိုအရှင်မောဂ္ဂလာန်လည်း အရှင်ဘုရား... မိန့်တော်မူတိုင်းပြုပါအံ့ဟု ဆို၍ မြတ်စွာဘုရားကို ရှိခိုး၍ ကောင်းကင်သို့ပျံတက်၍ အရှင်သာရိပုတ္တရာ မထေရ် ပရိနိဗ္ဗာန်ပြုသော နေ့၌ကဲ့သို့ အထူးထူး အပြားပြားသော အခြင်းအရာရှိသော တန်ခိုးပြာဋိဟာတို့ကိုပြ၍ တရားဟော၍ မြတ်စွာဘုရားကို ရှိခိုး၍ ဣသိဂိလိတောင်၏ နံပါးဖြစ်သော ညိုသောအဆင်းရှိသော ကျောက်ဖျာအပြင်ဝယ် ပရိနိဗ္ဗာန် ပြုတော်မူ၏။

သာဓုကီဠနပွဲသဘင်

ထို ခဏသာလျှင် ကာမာဝစရ နတ်ပြည် ခြောက်ထပ်တို့သည် ငါတို့ဆရာ မဟာမောဂ္ဂလာန် မထေရ်သည် ပရိနိဗ္ဗာန် ပြုတော်မူသတတ် ဟု တစ်ပြိုင်နက် အုတ်အုတ် ကျက်ကျက် ဖြစ်ကုန်၏။ ဖြစ်ကုန်ပြီးလျှင် နံ့သာပန်း အခိုးအထုံတို့ကို လည်းကောင်း၊ အထူးထူးသော ထင်းတို့ကိုလည်းကောင်း ယူ၍လာကြကုန်၏။ ထို့အတူ လူတို့သည်လည်းကောင်း လာလတ်ကြကုန်၏။ ကိုးဆယ့် ကိုးတောင်မြင့်သော စန္ဒကူး ထင်းပုံတော်သည် ဖြစ်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် အရှင်မဟာမောဂ္ဂလာန် မထေရ်၏အနီး၌ ရပ်တော်မူ၍ အလောင်းတော်ကို စန္ဒကူးထင်းပုံ၌ ချခြင်းကို ပြုစေတော်မူ၏။ သင်္ချိုင်းတော် ထက်ဝန်းကျင်မှ တစ်ယူဇနာအတိုင်း အရှည်ရှိသော အရပ်တို့၌ ပန်းမိုးရွာ၏။ နတ်တို့၏အကြား၌ လူတို့သည်လည်းကောင်း၊ လူတို့၏အကြား၌ နတ်တို့သည်လည်းကောင်း ဖြစ်ကုန်၏။ အစဉ်အားဖြင့် နတ်တို့၏အကြား၌ ဘီလူးတို့သည် တည်ကုန်၏။ ဘီလူးတို့၏အကြား၌ ဂန္ဓဗ္ဗနတ်တို့သည် တည်ကုန်၏။ ဂန္ဓဗ္ဗနတ်တို့၏ အကြား၌ နဂါးတို့သည် တည်ကုန်၏။ နဂါးတို့၏အကြား၌ ဂဠုန်တို့သည် တည်ကုန်၏။ ဂဠုန်တို့၏အကြား၌ ကိန္နရာတို့သည် တည်ကုန်၏။ ထီးတို့၏အကြား၌ ရွှေစာမရီသားမြီးယပ်တို့သည် တည်ကုန်၏။ ထို ထီးရွှေစာမရီ သားမြီးယပ်တို့၏ အကြား၌ တံခွန်တို့သည် တည်ကုန်၏။ ခုနစ်ရက်တို့ပတ်လုံး သူတော်ကောင်းတို့၏ ကစားမြူးထူးခြင်း (သာဓုကီဠန) သဘင်ကို ကစားမြူးထူးကြကုန်၏။

စေတီတည်ထားပြီ

သဗ္ဗညူ မြတ်စွာဘုရားသည် အရှင်မောဂ္ဂလာန်မထေရ်၏ ဓာတ်တော်ကို ယူစေတော်မူ၍ ဝေဠုဝန်ကျောင်းတော် တံခါးမုခ်ဦး၌ စေတီတည်စေတော်မူ၏။

ထိုအခါ တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ ငါ့ရှင်တို့... အရှင်သာရိပုတ္တာ မထေရ်သည် မြတ်စွာဘုရား အထံတော်၌ ပရိနိဗ္ဗာန် မပြုသည်၏ အဖြစ်ကြောင့် မြတ်စွာဘုရား အထံတော်မှ များစွာသော ပူဇော်သက္ကာရကို မရ၊ အရှင်မဟာမောဂ္ဂလာန် မထေရ်သည်ကား မြတ်စွာဘုရား အထံတော်၌ ပရိနိဗ္ဗာန်ပြုတော်မူသည်၏ အဖြစ်ကြောင့် များစွာသော ပူဇော် သက္ကာရကို ရ၏ဟု စကားကို ဖြစ်စေကုန်၏။

သဗ္ဗညူ မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကုန်ကြသနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကုန်ကြ၏ဟု နားတော် လျှောက်ကုန်လတ်သော် ရဟန်းတို့... မာဂ္ဂလာန်သည် ယခုအခါ၌ သာလျှင် ငါဘုရားအထံတော်၌ များစွာသော ပူဇော်သက္ကာရကို ရသည်မဟုတ်သေး၊ ရှေး၌လည်း ရဖူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုရောဟိတ်ပုဏ္ဏား၏ ပုဏ္ဏေးမဝမ်း၌ ပဋိသန္ဓေယူ၍ ဆယ်လလွန်သဖြင့် မိုးသောက်ထကာလ၌ အမိ ပုဏ္ဏေးမသည် ဖွား၏။ ထိုခဏ၌ တစ်ဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့ အလုံးဝယ် ခပ်သိမ်းကုန်သော လက်နက်တို့သည် ထွန်းတောက်ပကုန်၏။

ပုရောဟိတ်သည် သားဖွားစဉ်ခဏ၌ပင် အပသို့ထွက်၍ ကောင်းကင်သို့ ကြည့်လတ်သော် နက္ခတ်တာရာယှဉ်ခြင်းကို မြင်၍ ဤသတို့သားသည် ဤနက္ခတ်ဖြင့် ဖွားမြင်သည်၏အဖြစ်ကြောင့် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ လေးသမား တကာတို့ထက် မြတ်သော လေးသမားဖြစ်လတ္တံ့ဟု သိ၍ စောစောကလျှင် နန်းတော်တို့သွား၍ ဗြဟ္မဒတ်မင်းကို ချမ်းသာစွာ စက်တော်ခေါ်ရသော အဖြစ်ကို မေးလျှောက်၍ ဆရာ... ယနေ့ ငါ့အား အဘယ်မှာ ချမ်းမြေ့သာယာစွာ ရှိပါအံ့နည်း၊ အလုံးစုံသော နန်းတော်၌ အလုံးစုံသော လက်နက်တို့သည် တောက်ပကုန်၏ဟု ဆိုလတ်သော် အရှင်မင်းကြီး စိုးရိမ်တော်မမူလင့်၊ အရှင်မင်းကြီးတို့ နန်းတော်၌သာလျှင် လက်နက်တို့သည် တောက်ပကုန်သည် မဟုတ်သေး၊ အလုံးစုံသော မြို့၌လည်း လက်နက်တို့သည် တောက်ပကုန်သည် သာလျှင်တည်း၊ အရှင်မင်းကြီး... ယနေ့ အကျွန်ုပ်တို့အိမ်၌ သူငယ်ဖွားသည်၏ အဖြစ်ကြောင့် လက်နက်တို့ ထွန်းတောက်ပခြင်းသည် ဖြစ်ကုန်၏ဟု တင်လျှောက်၏။

ဆရာ... ဤသို့ဖွားမြင်သော သတို့သားအားကား အဘယ်သို့သော အကျိုးဖြစ်လတ္တံ့နည်းဟု မေးတော်မူ၏။ မြတ်သောမင်းကြီး... ဤသို့ ဖွားသောသားသည် နည်းသော အာနုဘော်ရှိသောသူသည် မဖြစ်လတ္တံ့၊ စင်စစ်သော်ကား ထိုသတို့သားသည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ လေးသမား တကာတို့ထက် မြတ်သော လေးသမား ဖြစ်လတ္တံ့ဟု တင်လျှောက်သည်ရှိသော် ဆရာ... ကောင်းပြီ၊ ထိုသို့တပြီးကား ထိုသူငယ်ကို လုပ်ကျွေး၍ အရွယ်ရောက်သောကာလ၌ ငါတို့အား ပြလှည့်ဟု ဆို၍ နို့ဖိုး အသပြာတစ်ထောင် ပေးတော်မူလိုက်၏။

ပုရောဟိတ်သည် ထိုနို့ဖိုး အသပြာတစ်ထောင်ကိုယူ၍ အိမ်သို့သွားပြီးလျှင် ပုဏ္ဏေးမအားပေး၍ သားအား အမည်မှည့်သောနေ့၌ ဖွားသောခဏ၌ လက်နက်တို့ တောက်ပသည်၏ အဖြစ်ကြောင့် ထိုသတို့သားအား ဇောတိပါလဟူသော အမည်ကိုမှည့်၏။

ဇောတိပါလ လေးတတ်ပညာ သင်ကြား

ထို ဇောတိပါလ လုလင်သည်ကား များစွာသော အခြံအရံဖြင့်ကြီး၏။ တစ်ဆယ့်ခြောက်နှစ်ရှိသော ကာလ၌ မြတ်သောအဆင်းကိုဆောင်၏။ ထိုအခါ ဇောတိပါလ လုလင်၏ ခမည်းတော် ပုရောဟိတ် ပုဏ္ဏားသည် အရွယ်ရောက်သော ကိုယ်နှင့် ပြည့်စုံသော သားကိုမြင်၍ အမောင်... တက္ကသိုလ်ပြည်သို့သွား၍ အရပ်မျက်နှာသူတို့၏ အကြီးအမှူးဖြစ်သော ဆရာ့အထံ၌ လေးအတတ်ကို သင်ချေလော့ဟု ဆို၏။ ထိုဇောတိပါလ လုလင်သည် ကောင်းပါပြီဟု ဝန်ခံ၏။ ဆရာစား ဥစ္စာတစ်ထောင်ကို ယူ၍ မယ်တော် ခမည်းတော်တို့ကို ရှိခိုးပြီးလျှင် တက္ကသိုလ်ပြည်သို့သွား၍ တစ်ထောင်သော အသပြာကိုပေး၍ အတတ်ကိုသင်လျှင် ခုနစ်ရက်ဖြင့်သာ အပြီးသို့ရောက်၏။

ထိုအခါ ဇောတိပါလ လုလင်အား ဒိသာပါမောက္ခ ဆရာသည် အလွန်နှစ်သက်သည်ဖြစ်၍ မိမိဥစ္စာဖြစ်သော သန်လျက်ရတနာကို လည်းကောင်း၊ စပ်၍လုပ်အပ်သော ဆိတ်ချိုလေးကို လည်းကောင်း၊ အစပ်နှင့်ယှဉ်သော တောင့်ကိုလည်းကောင်း၊ မိမိ၏ ချပ်ဝတ် တန်ဆာကိုလည်းကောင်း၊ သင်တိုင်းကို လည်းကောင်း၊ သင်းကျပ်ကိုလည်းကောင်းပေး၍ အမောင် ဇောတိပါလ... ငါသည် အိုမင်းပြီ၊ ယခုအခါ သင်သည် ဤတပည့်လုလင် ငယ်တို့ကို သင်စေလော့ဟုဆို၍ ငါးရာကုန်သော တပည့်လုလင်ငယ်တို့ကိုလည်း ထိုဇောတိပါလ လုလင်အားသာလျှင် အပ်နှင်း၏။

တစ်နေ့ တစ်ထောင်ရ ဇောတိပါလ

ဘုရားလောင်းသည် အတတ်သင်ပြီးလျှင် ဆရာကိုရှိခိုး၍ ဗာရာဏသီပြည်သို့သာလျှင် ပြန်လည်ခဲ့၍ မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ တည်၏။ ထိုအခါ ရှိခိုး၍တည်သော ဇောတိပါလလုလင်ကို ခမည်းတော် ပုရောဟိတ်သည် ချစ်သား... သင်ချစ်သားသည် အတတ်သင်ခဲ့ပြီလော ဟု မေး၏။ ဖခင်... သင်အပ်ပြီ ဟု ဆို၏။ ထို ပုရောဟိတ်သည် သားတော် ဇောတိပါလ လုလင်စကားကို ကြားရလျှင် နန်းတော်သို့သွား၍ အရှင်မင်းကြီး အကျွန်ုပ်သားသည် အတတ်သင်၍ လာလတ်ပြီ၊ အသို့ ပြုစေရမည်နည်း ဟု မေးလျှောက်၏။ ဆရာ... ငါတို့ကို ခစားစေလော့ ဟု ဆိုလတ်သော် အရှင်မင်းကြီး ထိုဇောတိပါလ လုလင်အား ရိက္ခာကို သိတော်မူလော့ ဟု တင်လျှောက်၏။ ထိုဇောတိပါလ လုလင်သည် နေ့တိုင်းနေ့တိုင်း တစ်ထောင်သော ဥစ္စာကို ရစေ ဟု မိန့်တော်မူသည်ရှိသော် ထိုပုရောဟိတ်သည် ကောင်းပြီ ဟု ဝန်ခံ၍ အိမ်သို့ သွားပြီးလျှင် သားတော် ဇောတိပါလ လုလင်ကို ခေါ်စေ၍ ချစ်သား... အရှင်မင်းကြီးကို ခစားလော့ ဟု ဆို၏။ ထို ဇောတိပါလ လုလင်သည် ထိုအခါမှစ၍ နေ့တိုင်းနေ့တိုင်း တစ်ထောင်သော ဥစ္စာကိုရ၍ မင်းကိုခစား၏။

ဇောတိပါလ လေးအတတ်

မင်း၏ခြေရင်း၌ အမြဲခစားကုန်သော သူတို့သည် ကဲ့ရဲ့ကြကုန်၏။ ငါတို့သည် ဇောတိပါလ လုလင်သည် ပြုအပ်သောအမှုကို မမြင်ရကုန်၊ နေ့တိုင်းနေ့တိုင်း တစ်ထောင်သော ဥစ္စာကိုယူ၍ ငါတို့သည် ထိုဇောတိပါလ လုလင်၏ အတတ်ကို မြင်လိုကုန်၏ ဟု ဆို၍ ကဲ့ရဲ့ကြကုန်၏။ ဗြဟ္မဒတ်မင်းသည် ထိုမင်းခစား ယောကျ်ားတို့၏ စကားကို ကြား၍ ပုရောဟိတ်အား ဆိုတော်မူ၏။ ပုရောဟိတ် ပုဏ္ဏားသည် အရှင်မင်းကြီး ကောင်းပြီ ဟု တင်လျှောက်၍ သားတော်အား ကြား၏။ ထိုဇောတိပါလ လုလင်သည် ဖခင် ကောင်းပြီ၊ ဤနေ့မှ ခုနစ်ရက် မြောက်သောနေ့၌ ပြအံ့၊ ဗြဟ္မဒတ်မင်းကို မိမိ တိုင်းနိုင်ငံတော် အတွင်း၌ရှိသော လေးသမားတို့ကို စည်းဝေးစေလော့ ဟု ဆို၏။ ပုရောဟိတ်သည် သွား၍ ဗြဟ္မဒတ်မင်းအား ထိုအကြောင်းကို တင်လျှောက်၏။

ဗြဟ္မဒတ်မင်းသည် ဗာရာဏသီမြို့တော်၌ စည်လည်စေ၍ လေးသမားတို့ကို စည်းဝေးစေ၏။ ခြောက်သောင်းကုန်သော လေးသမားတို့သည် စည်းဝေးကြကုန်၏။ ဗြဟ္မဒတ်မင်းသည် ထိုခြောက်သောင်းကုန်သော လေးသမားတို့ စည်းဝေးသည်၏ အဖြစ်ကိုသိ၍ မြို့၌နေကုန်သောသူတို့သည် ဇောတိပါလလုလင်၏ အတတ်ကို ကြည့်ကြကုန် ဟု စည်လည်စေပြီးလျှင် မင်းရင်ပြင်ကို ပြုပြင်စေ၍ လူများအပေါင်း ခြံရံလျက် မြတ်သောပလ္လင်၌ နေ၍ လေးသမားတို့ကို ခေါ်စေပြီးလျှင် ဇောတိပါလ လုလင်သည် လာစေ ဟု စေတော်မူ၏။ ထို ဇောတိပါလ လုလင်သည် ဒိသာပါမောက္ခ ဆရာသည် ပေးအပ်သော ဆိတ်ချိုလေး, တောင့်, ချပ်ဝတ်တန်ဆာ, သင်တိုင်း, သင်းကျပ် အစရှိသည်တို့ကို ပုဆိုးကြား၌ထား၍ သန်လျက်ကို ယူခဲ့စေ၍ ပြကတော့အားဖြင့်သာလျှင် မင်း၏အထံသို့ သွား၍ လျောက်ပတ်သော အရပ်၌ တည်၏။

ရဲရင့်စွာသာ ထွက်ပေါ်လာ

ခြောက်သောင်းကုန်သော လှေသမားတို့သည် ဇောတိပါလ လုလင်သည် လေးအတတ်ကိုပြခြင်းငှာ လာ၏။ လေးကို မယူဘဲ လာသည်၏ အဖြစ်ကြောင့် ငါတို့လက်မှ လေးကို ယူလိုသည် ဖြစ်လတ္တံ့။ ထိုဇောတိပါလအား မပေးကြကုန်လင့်ဟု ကတိကဝတ် ပြုကြကုန်၏။ ဗြဟ္မဒတ်မင်းသည် ဇောတိပါလ လုလင်ကို ခေါ်တော်မူ၍ အတတ်ကို ပြလော့ ဟု ဆို၏။ ထိုဇောတိပါလ လုလင်သည် တင်းတိမ် ကာရံစေပြီးလျှင် တင်းတိမ်တွင်း၌ နေလျက် ပုဆိုးတို့ကိုပယ်၍ ချပ်သင်တိုင်းကိုဝတ်၍ သင်းကျပ်ကို ဦးခေါင်း၌စွပ်လျက် ဆိတ်ချိုလေး၌ သန္တာအဆင်းနှင့်တူသော လေးညှို့ကိုတင်လျက် တောင့်ကို လွယ်၍ သန်လျက်ကို လက်ဝဲဘက်က စွဲကိုင်၍ ဝရဇိန်အဖျား စဉ်းသွားတပ်သော မြားကို လက်သည်းခွံအပြင်ဖြင့် ပွတ်၍ တင်းတိမ်ကိုဖွင့်လျက် မြေကိုခွဲ၍ ထွက်လတ်သော တန်ဆာဆင်အပ်သော နဂါးလုလင်ကဲ့သို့ ထွက်သွား၍ မင်းအား အရိုအသေပြုသော အမူအရာကိုပြ၍ တည်၏။

ထိုဇောတိပါလ လုလင်ကိုမြင်၍ လူအပေါင်းသည် လက်ပမ်းပေါက် ခတ်ကုန်၏။ ပဲ့တင်ထပ်စေကုန်၏။ အံ့ချီးကုန်၏။

ဗြဟ္မဒတ်မင်းသည် အမောင် ဇောတိပါလ... အတတ်ကို ပြလော့ ဟု ဆို၏။

ဇောတိပါလ၏ မြားတစ်စင်းဖြင့် အကာအကွယ်ပြု

အရှင်မင်းကြီး ခြောက်သောင်းကုန်သော အရှင်မင်းကြီးတို့၏ လေးသမားတော်တို့တွင် အက္ခဏ ဝေဓိ, ဝါလဝေဓိ, သရဝေဓိ, သဒ္ဒဝေဓိ ဖြစ်ကုန်သော လေးသမားတော် လေးယောက်တို့ကို ခေါ်စေတော်မူလော့ ဟု နားတော် လျှောက်လတ်သော် ဗြဟ္မဒတ်မင်းသည် ခေါ်စေတော်မူ၏။ ဘုရားလောင်းသည် မင်း၏ ညီလာခံရာ အပြင်၌ လေးထောင့်ရှိသော အပိုင်းအခြား၏ အတွင်း၌ မဏ္ဍပ်ကိုပြု၏။ လေးထောင့်တို့၌ လေးသည်တော် လေးယောက်တို့ကိုထား၍ တစ်ယောက် တစ်ယောက်သော လေးသမားတော်အား သုံးသောင်း သုံးသောင်းကုန်သော မြားတို့ကိုပေးစေ၍ တစ်ယောက် တစ်ယောက်သော လေးသမားအထံ၌ မြားပေးသော ယောက်ျား တစ်ယောက် တစ်ယောက်စီကိုထား၍ မိမိသည် ဝရဇိန်အဖျား စဉ်းသွားတပ်သော မြားကိုကိုင်၍

မဏ္ဍပ်အလယ်၌ တည်လျက် မြတ်သောမင်းကြီး၏ ဤလေးသည်တော် လေးယောက်တို့ကို တစ်ပြိုင်နက်ခြင်းသာလျှင် မြားတို့ကိုလွှတ်၍ အကျွန်ုပ်ကို ပစ်စေလော့၊ အကျွန်ုပ်သည် ထိုလေးသည်တော် လေးယောက်တို့သည် ပစ်အပ်ကုန်သော မြားတို့ကို မြားတစ်စင်းတည်းဖြင့် တားပါအံ့ ဟု တင်လျှောက်၏။

ဗြဟ္မဒတ်မင်းသည် ဤသို့ဆိုတိုင်း ပြုကြကုန်လော့ ဟု မိမိလေးသည်ကျော် သူရဲတို့ကို စေတော်မူ၏။ လေးသည်တော်တို့သည် မြတ်သောမင်းကြီး... အကျွန်ုပ်တို့သည် အက္ခဏဝေဓိ, ဝါလဝေဓိ, သရဝေဓိ, သဒ္ဒဝေဓိ လေးသမားများ ဖြစ်ကုန်၏။ ဇောတိပါလသည် ပျိုနုသော သူငယ်ဖြစ်၏။ အကျွန်ုပ်တို့သည် မပစ်ကုန်အံ့ ဟု တင်လျှောက်ကုန်သည်ရှိသော် ဘုရားလောင်း ဇောတိပါလ လုလင်သည် သင်တို့သည် အကယ်၍ စွမ်းနိုင်ကုန်အံ့၊ ငါ့ကို ပစ်ကြကုန်လော့ ဟု ဆို၏။ ထို လေးသည်တော် လေးယောက်တို့သည် ကောင်းပြီဟု ဝန်ခံ၍ တစ်ပြိုင်နက်ခြင်းသာလျှင် မြားတို့ကို ပစ်ကြကုန်၏။ ဘုရားလောင်းတော်သည် ထိုမြားတို့ကို ဝရဇိန်အဖျား စဉ်းသွားတပ်သော မြားတစ်စင်းဖြင့်သာလျှင် ကွယ်ကာ၍ ကျလိုရာမှာ ကျစေ၏။ စင်စစ်သော်ကား ဗောဓိအိမ်ကို ပွတ်တိုင်ဖြင့် ခြံရံဘိသကဲ့သို့ မြားသွားတစ်ခုဖြင့် မြားသွားတစ်ခုကို မြားမြီးတစ်ခုဖြင့် မြားမြီးတစ်ခုကို မြားရိုးတစ်စင်းဖြင့် မြားရိုးတစ်စင်းကို မြားလွှတစ်ခုဖြင့် မြားလွှတစ်ခုကို မလွန်စေမူ၍ ပစ်သဖြင့် မြားတိုက်ကိုပြု၏။ လေးသည်တော်တို့၏ မြားတို့သည် ကုန်ကုန်၏။ ထိုဇောတိပါလ လုလင်သည် ထိုလေးသည်တော်တို့၏ မြားကုန်သည်၏ အဖြစ်ကို သိ၍ မြားတိုက်ကို မပျက်စီးစေဘဲလျက် ခုန်တက်လျက် ထွက်သွား၍ ဗြဟ္မဒတ်မင်း၏ အထံ၌ တည်၏။ လူအများတို့သည် ပဲ့တင်ထပ်စေကုန်လျက် လက်ပမ်းပေါက် ခတ်ကုန်လျက်အံ့ချီးကုန်လျက် လက်ခုပ်တီးကုန်လျက် တစ်ပြိုင်နက် အုတ်အုတ် ကျက်ကျက် ပြုကုန်လျက် ဝတ်စားတန်ဆာတို့ကို ပစ်ကြကုန်၏။ ဤသို့ စုပေါင်းအပ်သော ဥစ္စာသည် တစ်ဆယ့်ရှစ်ကုဋေ အရေအတွက်ရှိ၏။

ထိုအခါ ဇောတိပါလလုလင်ကို ဗြဟ္မဒတ်မင်းသည် အမောင် ဇောတိပါလ... ဤအတတ်သည် အဘယ်အတတ် မည်သနည်း ဟု မေးတော်မူ၏။ အရှင်မင်းကြီးမြားကို ကွယ်ကာ ဆီးတားသော အတတ်မည်၏ ဟု တင်လျှောက်၏။ ဤကဲ့သို့ တတ်သောသူသည် ရှိသေး၏လော ဟု မေးတော်မူလျှင် အရှင်မင်းကြီး... အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ အကျွန်ုပ်ကိုထား၍ ဤသို့တတ်သော တစ်ပါးသောသူသည် မရှိပါ ဟု တင်လျှောက်၏။

မြားစက်ဝန်းပစ် မြားအတတ်

အမောင် ဇောတိပါလ... ထိုမှတစ်ပါးသော အတတ်ကိုလည်း ပြဦးလော့ ဟု မိန့်တော်မူသည်ရှိသော် အရှင်မင်းကြီး... ထိုလေးယောက်သော လေးသည်တော်တို့ကို လေးထောင့်တို့၌ထား၍ လေးယောက်ကုန်သော လေးသည်တော်တို့သည်လည်း အကျွန်ုပ်ကို ပစ်အံ့သောငှာ ရှေးဦးစွာ မစွမ်းနိုင်ကြလေကုန်၊ အကျွန်ုပ်သည်တမူကား လေးထောင့်တို့၌ တည်ကုန်သော လေးယောက်ကုန်သော လေးသမားတော်တို့ကို တစ်စင်းတည်းသော မြားဖြင့်သာလျှင် ပစ်ပါအံ့ ဟု တင်လျှောက်သည်ရှိသော် လေးသည်တော် လေးယောက်တို့သည် တည်အံ့သောငှာ မဝံ့ကုန်။ ဘုရားအလောင်းသည် လေးထောင့်တို့၌ ငှက်ပျောလေးပင်တို့ကို ထားစေ၍ ဝရဇိန်အဖျား စဉ်းသွားတပ်သော မြား၌ နီသောအဆင်းရှိသော ပိုးချည်ကိုဖွဲ့၍ ငှက်ပျော်တစ်ပင်ကို ရွယ်၍ ပစ်၏။ ဝရဇိန်အဖျား စဉ်းသွားတပ်သော မြားသည် ထိုဌက်ပျောပင်ကို ထွင်းဖောက်၍ ထို့နောင်မှ နှစ်ခုမြောက်သော ငှက်ပျောပင်ကို, ထိုနောက်မှ သုံးခုမြောက်သော ငှက်ပျောပင်ကို, ထိုနောက်မှ လေးခုမြောက်သော ငှက်ပျောပင်ကို ထွင်းဖောက်၍ ထို့နောင်မှ ရှေးဦးစွာ ပစ်အပ်သော ငှက်ပျောပင်ပေါက်သို့သာလျှင် ဝင်၍ တစ်ဖန် ဘုရားအလောင်း လက်၌သာလျှင် တည်လာ၏။ ငှက်ပျောပင်တို့သည် နီးသောချည်ဖြင့် ရံကုန်လျက် တည်ကုန်၏။ လူအပေါင်းသည် များစွာသော ပဲ့တင်သံတို့ကို ဖြစ်စေ၏။

လေးအတတ်မျိုးစုံ ရှုမကုန်

ဗြဟ္မဒတ်မင်းသည် အမောင်ဇောတိပါလ ဤအတတ်သည်ကား အဘယ်အတတ် မည်သနည်း ဟု မေးတော်မူ၏။ အရှင်မင်းကြီး... စက်ဝန်းပစ် အတတ်မည်၏ ဟု တင်လျှောက်၏။

အမောင် ဇောတိပါလ တစ်ပါးသော လေးအတတ်ကိုလည်း ပြပါဦးလော့ ဟု မိန့်တော်မူသည်ရှိသော် ဘုရားအလောင်းသည် မြားကို နွယ်သဏ္ဌာန်ထင်အောင် ပစ်သော အတတ်မည်သည်ကို လည်းကောင်း၊ မြားကို ကြိုးသဏ္ဌာန်ထင်အောင်ပစ်သော အတတ်မည်သည်ကို လည်းကောင်း၊ မြားကိုမြားချင်း ထွင်းအောင်ပစ်သော အတတ်မည်သည်ကိုလည်းကောင်း၊ မြားကို ပြာသာဒ်သဏ္ဌာန် ထင်အောင်ပစ်သော အတတ်မည်သည်ကိုလည်းကောင်း၊ မြားကို မဏ္ဍပ်သဏ္ဌာန် ထင်အောင်ပစ်သော အတတ်မည်သည်ကို လည်းကောင်း၊ မြားကို စောင်းတန်းသဏ္ဌာန် ထင်အောင်ပစ်သော အတတ်မည်သည်ကို လည်းကောင်း၊ မြားကို တံတိုင်းသဏ္ဌာန် ထင်အောင်ပစ်သော အတတ်မည်သည်ကို လည်းကောင်း၊ မြားကို ရေကန်သဏ္ဌာန် ထင်အောင်ပစ်သော အတတ်မည်သည်ကို လည်းကောင်း ပြ၏။ မြားကြာပွင့်မည်သည်ကို ပွင့်စေ၏။ မြားမိုးရွာခြင်းကိုလည်း ရွာစေ၏။ ဤသို့ တစ်ပါးကုန်သော လေးသမားတို့နှင့် မဆက်ဆံကုန်သော ဤတစ်ဆယ့်နှစ်ပါးကုန်သော လေးအတတ်တို့ကို ပြပြီး၍ တစ်ဖန် တစ်ပါးကုန်သော လေးသမားတို့နှင့် မဆက်ဆံသည်သာလျှင် ဖြစ်ကုန်သော ခုနစ်ပါးကုန်သော ကြီးစွာကုန်သော ပစ်ဖွယ်အပေါင်းတို့ကို ပစ်၍ ကွဲစေ၏။ အထူ လက်ရှစ်သစ်ရှိသော ရေသဖန်းပျဉ်ကို ပစ်၏။ အထူ လက်လေးသစ်ရှိသော ပိတောက်ပျဉ်ကို ပစ်၏။ အထူ လက်နှစ်သစ်ရှိသော ကြေးနီကို ပစ်၏။ အထူ လက်တစ်သစ်ရှိသော သံပြားကို ပစ်၏။ တစ်စပ်တည်းသော ပျဉ်ချပ်ရေ တစ်ရာကို ပစ်၏။ ကောက်ရိုးလှည်း, သဲလှည်း, ပျဉ်လှည်းတို့၏ ရှေ့အဖို့၌များကိုပစ်၍ နောက်အဖိုဖြင့် မြားကို ထွက်စေ၏။ နောက်အဖို့ဖြင့် မြားကိုပစ်၍ ရှေးအဖို့၌ မြားကို ထွက်စေ၏။ ရေ၌ပစ်သောအခါ လေး ဥသဘတိုင်တိုင်, ကြည်း၌ ပစ်သောအခါ ရှစ်ဥသဘတိုင်တိုင် မြားတို့ကို စေလွှတ်၏။ သားမြီးအဖျား၌ ဆွဲအပ်သော ခရမ်းသီးအမှတ်ဖြင့် တဥသဘ အတိုင်းအရှည်ရှိသော အရပ်၌ သားမြီးဖျားကို ပစ်၏။ ဘုရားလောင်းသည် မြားတို့ကို ပစ်၍ ကောင်းကင်၌ ပြာသာဒ် စသည်တို့ကိုပြု၍ တစ်ဖန် တစ်ခုသောမြားဖြင့် ထိုမြားတို့ကို ကျစေလျက် ဖျက်ဆီးအပ်သည်တို့ကို ပြု၏။ ထို့ကြောင့် သရဘင်္ဂဟူ၍ အမည်ကို သိကြကုန်၏။

ဇောတိပါလလုလင် တောသို့ဝင်

ထိုဇောတိပါလ လုလင်၏ ဤမျှလောက်သော လေးအတတ်ကို ပြစဉ်ပင်လျှင် နေသည်ဝင်၏။ ထိုအခါ ဇောတိပါလ လုလင်အား ဗြဟ္မဒတ်မင်းကြီးသည် စစ်သူကြီး အရာကို အပ်နှင်းလိုသောကြောင့် အမောင် ဇောတိပါလ... ယနေ့ အခါမဟုတ်သေး၊ နက်ဖြန် စစ်သူကြီးအရာဖြစ်သော အချီးအမြှောက်ကို ရယူလတ္တံ့၊ ဆံမုတ်ဆိတ်ကို ပြုပြင်လျက် ရေချိုးခဲ့၍ လာလော့ဟု ဆို၍ ထိုနေ့၌ ရိက္ခာစားနပ်အလို့ငှာ တစ်သိန်းသော ဥစ္စာကို ပေးတော်မူ၏။ ဘုရားအလောင်းသည် ဤဥစ္စာဖြင့် ငါ့အား အလိုမရှိ ဟု နှလုံးသွင်း၍ တစ်ဆယ့်ရှစ်ကုဋေ အရေအတွက်ရှိသော ဥစ္စာကို ဥစ္စာရှင်တို့အားသာလျှင် ပေး၍ များစွာသော အခြံအရံဖြင့် ရေချိုအံ့သောငှာ မြစ်သို့သွားလေ၍ ဆံမုတ်ဆိတ်ကို ပြုပြင်စေပြီးလျှင် ရေချိုး၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် နှိုင်းယှဉ်စရာ ဥပမာမရှိသော အသရေဖြင့် မိမိအိမ်သို့ဝင်၍ အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကိုစားပြီးလျှင် အသရေရှိသော အိမ်ရာသို့တက်၍ လျောင်းလျက် ညဉ့်နှစ်ယံတို့ပတ်လုံးအိပ်၍ မိုးသောက်ယံ၌နိုးလျှင် ထလတ်၍ ထက်ဝယ်ဖွဲ့ခွေသဖြင့် အိပ်ရာအပြင်၌ ထိုင်လျက် မိမိအတတ်၏ အစ, အလယ်, အဆုံးကို ကြည့်လတ်သော် ငါ့အတတ်၏ အစ, ၌သာလျှင် သူတစ်ပါးကို သတ်ရခြင်းသည် ထင်၏။ အလယ်၌ ကိလေသာ၏ အာရုံဖြစ်သော ဝတ္ထုတို့ကို သုံးဆောင်ရခြင်းသည် ထင်၏။ အဆုံး၌ အပါယ်ပဋိသန္ဓေကို ပေး၏။ အဆင့်ဆင့် ပါဏာတိပါတကို ပြုခြင်းသည်လည်းကောင်း၊ ကိလေသာ၏ အာရုံဖြစ်သော ဝတ္ထုတို့ကို သုံးဆောင်ခံစားခြင်းတို့ကြောင့် ကုသိုလ်ကောင်းမှု၌ အလွန်မေ့လျော့ခြင်းသည်လည်းကောင်း၊ ငရဲ၌ ပဋိသန္ဓေကို ပေးတတ်၏။ ဗြဟ္မဒတ်မင်းသည် ငါ့အား မြတ်သောစစ်သူကြီးအရာကို ပေးအပ်ပြီ၊ ငါ့အား များစွာသော စည်းစိမ်သည် ဖြစ်လတ္တံ့၊ မယားတို့သည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း များကုန်သည် ဖြစ်လတ္တံ့၊ စင်စစ်သော်ကား များပြားပြန့်ပြောခြင်းသို့ ရောက်သော ကိလေသာ၏ အာရုံကို စွန့်နိုင်ခဲသည် ဖြစ်၏။ ယခုသာလျှင် အိမ်မှထွက်၍ တစ်ယောက်အထီးတည်းသာလျှင် တောသို့ဝင်၍ ရသေ့ရဟန်းပြုခြင်းငှာ ငါ့အား သင့်၏ ဟု မြတ်သောအိပ်ရာမှ ထ၍ တစ်စုံတစ်ယောက်သူကိုမျှ မသိစေမူ၍ ပြာသာဒ်ထက်မှ ဆင်းသက်၍ မြတ်သောတံခါးဖြင့် ထွက်၍ တစ်ယောက်အထီးတည်းသာလျှင် တောသို့ဝင်၍ ဂေါဓာဝရီ မြစ်နား၌ သုံးယူဇနာရှိသော သီးတောကို ရည်၍ သွားလေ၏။

ရသေ့ဘဝ ဇောတိပါလ

ထိုဇောတိပါလလုလင်၏ တောထွက်သောအဖြစ်ကို သိ၍ သိကြားမင်းသည် ဝိသုကြုံနတ်သားကို ခေါ်၍ အမောင် ဝိသုကြုံနတ်သား... ဇောတိပါလ လုလင်သည် တောထွက်၏။ များစွာသော ရသေ့ရဟန်းတို့၏ အစည်းအဝေးသည် ဖြစ်လတ္တံ့၊ ဂေါဓာဝရီ မြစ်နားဝယ် သီးတော၌ ကျောင်းကိုဖန်ဆင်း၍ ရသေ့ရဟန်းတို့၏ ပရိက္ခရာတို့ကို စီရင်ချေလော့ ဟု ဆို၍ ထိုဝိသုကြုံနတ်သားသည် သိကြားမင်းဆိုတိုင်း ပြု၏။ ဘုရားအလောင်းသည် ထိုအရပ်သို့ရောက်၍ တစ်ဖဝါးလှမ်းလောက်ရုံသော ခရီးကိုမြင်လျှင် ရသေ့ရဟန်းတို့၏ နေရာအရပ်သည် ဖြစ်ရာ၏ ဟု လမ်းခရီးဖြင့် ထိုကျောင်းသို့သွား၍ တစ်စုံတစ်ယောက်သောသူကို မမြင်လျှင် သစ်ရွက်မိုးသော ကျောင်းသို့ဝင်၍ ရသေ့ရဟန်းတို့၏ ပရိက္ခရာတို့ကိုမြင်လျှင် သိကြားမင်းသည် ငါ၏ တောထွက်သောအဖြစ်ကို သိယောင်တကား ဟု ကြံ၍ လူဝတ်ပုဆိုးတို့ကို ပယ်ပြီးလျှင် နီသော လျှော်တေသင်္ကန်းကို ဝတ်ရုံ၍ သစ်နက်ရေကို ပခုံးတစ်ဖက်၌ တင်သည်ကိုပြု၍ ဆံကျစ်ပန်းကိုဖွဲ့၍ ပရိက္ခရာဖြင့်ပြည့်သော ထမ်းပိုးကိုလည်း ပခုံး၌ထမ်း၍ သူအိုတို့၏ စွဲကိုင်ရာဖြစ်သော တောင်ဝှေးကို စွဲကိုင်လျက် သစ်ရွက်မိုးသော ကျောင်းမှထွက်၍ စင်္ကြံထက်သို့ တက်ပြီးလျှင် နှစ်ကြိမ်သုံးကြိမ် ထိုမှဤမှ စင်္ကြံသွား၍ ရဟန်း၏ အသရေဖြင့် တောကို တင့်တယ်စေလျက် ကသိုဏ်းပရိကံကိုပြု၍ ရသေ့ရဟန်း ပြုသောနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ရှစ်ပါးသော သမာပတ်တို့ကိုလည်းကောင်း၊ ငါးပါးသော အဘိညာဉ်တို့ကိုလည်းကောင်း ဖြစ်စေ၍ ဆွမ်းခံဝတ်ဖြင့် တောသစ်မြစ် တောသစ်သီး တည်းဟူသော အာဟာရရှိသည်ဖြစ်၍ တစ်ယောက်အထီးတည်းသာလျှင် နေ၏။

လူအများ ရဟန်းပြုကြ

ထိုဇာတိပါလလုလင်၏ မိခင်ဖခင် ချစ်ခင်ကျွမ်းဝင်သော အဆွေခင်ပွန်း အဆွေအမျိုး အပေါင်းတို့သည်လည်း ထိုဇာတိပါလလုလင်ကို မမြင်ကုန်သည်ဖြစ်၍ ငိုကြွေးကုန်လျက် လှည့်လည်ကြကုန်၏။

ထိုအခါ တစ်ယောက်သောမုဆိုးသည် တောသို့ဝင်၍ သီးတောကျောင်း၌နေသော ဘုရားအလောင်း ဇောတိပါလကို မြင်လျှင် သိသဖြင့် သွား၍ ထိုဘုရားအလောင်း ဇောတိပါလနှင့်တကွ ပျူငှာသော လောကဝတ်ကို ပြုပြီးလျှင် မြို့သို့သွား၍ ထိုဇောတိပါလလုလင်၏ မိဘတို့အား ပြောကြား၏။ ထိုမိဘတို့သည်လည်း ဗြဟ္မဒတ်မင်းကြီးအား ကြားလျှောက်ကုန်၏။ ဗြဟ္မဒတ်မင်းကြီးသည် လာလှည့်ကုန်၊ ထိုဇောတိပါလလုလင်ကို ဖူးမြင်ကြကုန်အံ့ဟု ဆို၍ ထိုဇောတိပါလလုလင်၏ မိဘတို့ကိုခေါ်၍ များစွာသော လူအပေါင်းတို့ဖြင့် ခြံရံလျက် မုဆိုးသည် ညွှန်အပ်သောလမ်းခရီးဖြင့် ဂေါဓာဝရီမြစ်သို့ ရောက်လေ၏။ ဘုရားလောင်းသည် မြစ်နားသို့သွား၍ ကောင်းကင်၌နေလျက် တရားဟော၍ ထိုအလုံးစုံသောသူတို့ကို ကျောင်းသို့ဝင်စေ၏။ ထိုကျောင်း၌လည်း ထိုသူတို့အား ကောင်းကင်၌ နေလျက်သာလျှင် ကာမတို့၌ အပြစ်ကိုပြ၍ တရားဟောတော်မူ၏။ ဗြဟ္မဒတ်မင်းကို အစပြု၍ အလုံးစုံသောသူတို့သည် ထိုဘုရားအလောင်း ဇောတိပါလ ရှင်ရသေထံ၌သာလျှင် ရသေ့ရဟန်း ပြုကြကုန်၏။ ဘုရားအလောင်းသည် ရဟန်းအပေါင်း ခြံရံလျက် ထို ဂေါဓာဝရီမြစ်နား သီးတောကျောင်း၌သာလျှင် နေ၏။ ထိုအခါ ဘုရားအလောင်း ဇောတိပါလရှင်ရသေ့၏ ထိုဂေါဓာဝရီမြစ်နား သီးတောကျောင်း၌ နေသောအဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ ထင်ရှား၏။ တစ်ပါးလည်းဖြစ်ကုန်သော မင်းတို့သည် တိုင်းနိုင်ငံသူတို့နှင့်တကွ လာလတ်ကုန်၍ ထိုဘုရားအလောင်း ဇောတိပါလ ရှင်ရသေ့အထံ၌ ရဟန်းပြုကုန်၏။ ရသေ့တို့၏ အစည်းအဝေးသည် များ၏။ အစဉ်သဖြင့် အသိန်းမကကုန်သော ပရိသတ်တို့သည် ဖြစ်ကုန်၏။ ထိုပရိသတ်တို့တွင် အကြင်သူသည် ကာမဝိတက်ကို လည်းကောင်း၊ ဗျာပါဒဝိတက်ကို လည်းကောင်း၊ ဝိဟိံသဝိတက်ကိုလည်းကောင်း ကြံ၏။ ဘုရားအလောင်းသည် သွား၍ ထိုသူ၏ရှေ့မှ ကောင်းကင်၌နေလျက် တရားဟော၏။ ကသိုဏ်းပရိကံကို ကြား၏။

တပည့်ရသေ့ကျော် ခုနစ်ဖော်

ထိုဘုရားလောင်း ဇောတိပါလရှင်ရသေ့၏ အဆုံးအမ၌ တည်၍ သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၍ ဈာန်၏အပြီးသို့ ရောက်ကုန်သော-

။ သာလိဿရရသေ့။
၂။ မေဏ္ဍိဿရရသေ့။
၃။ ပဗ္ဗတရသေ့။
၄။ ကာဠဒေဝီလရသေ့။
၅။ ကိသဝစ္ဆရသေ့။
၆။ အနုသိဿရသေ့။
၇။ နာရဒရသေ့။

ဤခုနစ်ပါးကုန်သော တပည့်ကြီးတို့သည် ဖြစ်ကုန်၏။

နောက်အဖို့၌ သီးတောကျောင်းသည် ပြည့်၏။ ရသေ့အပေါင်းအား နေရာအရပ်သည် မလောက်။ ထိုအခါ ဘုရားအလောင်းသည် သာလိဿရ ရသေ့ကို ခေါ်တော်မူ၍ ငါ့ရှင် သာလိဿရ... ဤကျောင်းသည် ရသေ့အပေါင်း မနေလောက်၊ သင်သည် ဤ ရသေ့အပေါင်းကိုယူ၍ မဇ္ဈမင်း၏နိုင်ငံ၌ ကလပ္ပစုလ္လက နိဂုံးကိုမှီ၍ နေချေလော့ ဟု ဆို၏။ ထို သာလိဿရ ရသေ့သည် ကောင်းပြီဟု ထို ဆရာဇောတိပါလ ရှင်ရသေ့၏စကားကို ဝန်ခံပြီးလျှင် အထောင်မကသော ရသေ့အပေါင်းကိုယူ၍ ထိုကလပ္ပစုလ္လကနိဂုံးသို့ သွား၍နေ၏။ လူတို့သည် လာတတ်ကုန်၍ ရဟန်းပြုကြကုန်သည်ရှိသော် တစ်ဖန် ကျောင်းသည် ပြည့်ပြန်၏။

ဘုရားအလောင်းသည် မေဏ္ဍိဿရ ရသေ့ကိုခေါ်၍ ငါ့ရှင်မေဏ္ဍိဿရ သင်သည် ဤ ရသေ့အပေါင်းကိုယူ၍ သုရဋ္ဌဇနပုဒ်၏ သီမန္တရစ်၌ သာတောဒိကမည်သော မြစ်သည်ရှိ၏။ ထို သာတောဒိက မြစ်ကမ်းနား၌ နေချေလော့ဟု ဆို၍ လွှတ်လိုက်၏။

တစ်ဖန် သီးတောကျောင်းသည် ပြည့်ပြန်၏။ ဤနည်းဖြင့်သာလျှင် သုံးကြိမ်မြောက်၌ ပဗ္ဗတရသေ့ကိုခေါ်၍ ငါ့ရှင်ပဗ္ဗတ... သင်သည် တောအုပ်ကြီး၌ အဉ္ဇနမည်သောတောင်သည် ရှိ၏။ ထိုအဉ္ဇနတောင်ကို အမှီပြု၍ နေချေလော့ဟု ဆို၍ စေလိုက်၏။

လေးကြိမ်မြောက် ကာဠဒေဝိလ ရသေ့ကိုခေါ်၍ ငါ့ရှင်ကာဠဒေဝိလ... သင်သည် ဒက္ခိဏာပထဝယ် အဝန္တိတိုင်း၌ ဃနသေလမည်သော တောင်သည် ရှိ၏။ ထိုဃနသေလတောင်ကို အမှီပြု၍ နေချေလော့ဟု ဆို၍ စေလိုက်၏။

တစ်ဖန် သီးတောကျောင်းသည် ပြည့်ပြန်၏။ ငါးဌာနတို့၌ အထောင်မကသော ရသေ့တို့၏ အပေါင်းသည် ဖြစ်၏။ ကိသဝစ္ဆရသေ့သည်ကား ဘုရားအလောင်းကို ပန်ကြား၍ ဒဏ္ဍကီမင်း၏နိုင်ငံ ကုမ္ဘဝတီမြို့၌ စစ်သူကြီးကိုအမှီပြု၍ ဥယျာဉ်၌နေ၏။

နာရဒရသေ့သည် မဇ္ဈိမဒေသဝယ် အဉ္ဇနဂိရိမည်သော တောင်ကွန်ရက် အကြား၌နေ၏။

အနုသိဿရသေ့သည်ကား ဘုရားလောင်းအထံ၌ သာလျှင် နေ၏။

ရသေ့ရှင်အား ဒဏ္ဍကီမင်း ပြစ်မှားခြင်း

ထိုအခါ ဒဏ္ဍကီမင်းသည် တစ်ယောက်သော ရပြီးသော ပူဇော်သက္ကာရရှိသော ပြည်တန်ဆာမကို အရာမှချ၏။ ထိုပြည့်တန်ဆာမသည် မိမိသဘောအားဖြင့် သွားသည်ရှိသော် ဥယျာဉ်သို့ရောက်၍ ကိသဝစ္ဆေ ရှင်ရသေ့ကိုမြင်လျှင် ဤသူသည် သူယုတ်ဖြစ်လတ္တံ့၊ ဤသူယုတ်၏ ကိုယ်၌ အညစ်အကြေးကို သွန်းလောင်းပြီးလျှင် ရေချိုး၍ သွားအံ့ဟု တံပူကိုစား၍ အလုံးစုံတို့၏ ရှေးဦးစွာ ထိုကိသဝစ္ဆ ရှင်ရသေ့၏ကိုယ်ပေါ်၌ ချွဲခန်းကိုဟတ်လျက် ကိသဝစ္ဆရှင်ရသေ့၏ ဆံကျစ်ကြား၌ထွေး၍ တံပူဖတ်ကိုလည်း ထိုရသေ့၏ ဦးခေါင်း၌သာလျှင် တင်ထားပြီးလျှင် မိမိသည် ဦးခေါင်းလျှော်၍ သွား၏။ ဒဏ္ဍကီမင်းသည်လည်း ထိုပြည့်တန်ဆာမကို အောက်မေ့၍ တစ်ဖန် ပကတိသောအရာ၌ ထားခြင်းကို ပြု၏။ ထိုပြည့်တန်ဆာမသည် အလွန် မိုက်မဲတွေဝသည်ဖြစ်၍ သူယုတ်၏ကိုယ်၌ အညစ်အကြေးကို သွန်းလောင်းခဲ့သောကြောင့် ငါသည် စည်းစိမ်ကိုရပြန်ပေ၏ဟု အမှတ်ပြု၏။ ထို့နောင်မှ မကြာမြင့်မီလျှင် ဒဏ္ဍကီမင်းသည် ပုရောဟိတ်ကို အရာမှချ၏။ ထိုပုရောဟိတ်သည် ထိုပြည့်တန်ဆာမအထံသို့သွား၍ သင်သည် အဘယ်အကြောင်းကြောင့် တစ်ဖန်အရာကို ရပြန်သနည်းဟု မေး၏။ ထိုအခါ ပုရောဟိတ်အား ပြည့်တန်ဆာမသည် ဆရာ... အကျွန်ုပ်သည် မင်း၏ ဥယျာဉ်တော်ဝယ် သူယုတ်၏ကိုယ်၌ အညစ်အကြေးကို သွန်းလောင်းသောကြောင့် ရပြန်ပေ၏ ဟု ပြောဆို၏။ ပုရောဟိတ်သည် သွား၍ ထိုပြည့်တန်ဆာမ ဆိုတိုင်းသာလျှင် ကိသဝစ္ဆ ရှင်ရသေ့၏ကိုယ်၌ အညစ်အကြေးကို သွန်းလောင်း၏။ ထိုပုရောဟိတ်ကိုလည်း ဒဏ္ဍကီမင်းသည် တစ်ဖန် ပုရောဟိတ်အရာ၌ ထားပြန်၏။ ထိုအခါ ဒဏ္ဍကီမင်းအား နောင်အဖို့၌ ပစ္စန္တရစ်သည် ပုန်ကန်၏။ ထို ဒဏ္ဍကီမင်းသည် စစ်အင်္ဂါလေးပါးဖြင့် ခြံရံလျှက် စစ်ထိုးအံ့သောငှာ ထွက်၏။

ထိုအခါ အလွန်မိုက်သော ပုရောဟိတ်သည် ထိုဒဏ္ဍကီမင်းကို မြတ်သောမင်းကြီး... အရှင်မင်းကြီးတို့သည် အောင်ခြင်းကို အလိုရှိတော်မူကုန်သလော၊ ရှုံးခြင်းကို အလိုရှိတော်မူကုန်သလော ဟု မေး၍ အောင်ခြင်းကို အလိုရှိကုန်၏ ဟု ဆိုလတ်သော် ထိုသို့ အောင်ခြင်းကို အလိုရှိတော်မူအံ့၊ ဥယျာဉ်တော်၌ သူယုတ်၏ ကိုယ်၌ အညစ်အကြေးကို သွန်းလောင်း၍ စစ်ချီသွားတော်မူလော့ဟု တင်လျှောက်၏။ ထိုဒဏ္ဍကီမင်းသည် ပုရောဟိတ်၏ စကားကို ယူပြီးလျှင် အကြင်သူသည် ငါနှင့်တကွ စစ်ချီသွားကုန်၏။ ထိုသူတို့သည် ဥယျာဉ်တော်၌ သူယုတ်၏ကိုယ်၌ အညစ်အကြေးကို သွန်းလောင်းကြကုန်ဟု ဆို၍ ဥယျာဉ်တော်သို့ ဝင်ပြီးလျှင် တံပူစား၍ အလုံးစုံသော သူတို့၏ ရှေးဦးစွာ မင်းသည် ကိုယ်တိုင်သာလျှင် ထိုကိသဝစ္ဆ ရှင်ရသေ့၏ ဆံကျစ်၌ တံတွေးကိုလည်းကောင်း၊ တံပူကို လည်းကောင်း စွန့်ပစ်၍ ဦးခေါင်းလျှော်၏။ ဗိုလ်ပါအပေါင်းသည်လည်း ထိုကိသဝစ္ဆ ရှင်ရသေ့အား ထိုမင်းပြုတိုင်း ပြု၏။ ထိုမင်းသည် သွားသည်ရှိသော် စစ်သူကြီးသည် လာလတ်၍ ဆရာကိသဝစ္ဆ ရှင်ရသေ့ကို မြင်၍ တံပူဖတ်တို့ကို ပယ်ပြီးလျှင် ကောင်းစွာရေချိုးစေ၍ အရှင်ဘုရား မင်းအား အသို့ဖြစ်လတ္တံ့နည်း ဟု မေးလျှောက်လျှင် ဒါယကာ... ငါ့အား နှလုံးဖြင့် ပြစ်မှားခြင်းသည်မရှိ၊ နတ်တို့သည်ကား အမျက် ထွက်ကုန်၏။ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံသော တိုင်းပြည်သည် ပျက်စီးလတ္တံ့၊ သင်သည် သားမယားကိုယူ၍ လျင်စွာပြေး၍ တစ်ပါးသော တိုင်းပြည်သို့ သွားလေလော့ဟု မိန့်တော်မူ၏။ ထိုစစ်သူကြီးသည် ကြောက်လန့်တကြား ပြေးသွား၍ မင်းအား ကြားလျှောက်၏။ ဒဏ္ဍကီမင်းသည် ထိုစစ်သူကြီးစကားကို ကြား၍လည်း မနာယူ။ ထိုစစ်သူကြီးသည် ပြန်လည်၍ မိမိအိမ်သို့သွားပြီးလျှင် သားမယားကိုယူ၍ တစ်ပါးသောတိုင်းပြည်သို့ ပြေးသွားလေ၏။

သရဘင်္ဂ ဆရာသည်လည်း ထိုအကြောင်းကို သိလျှင် ရသေ့ပျိုနှစ်ပါးတို့ကိုစေ၍ ကိသဝစ္ဆ ရှင်ရသေ့ကို ညောင်စောင်းထမ်းစင် ကောင်းကင်ခရီးဖြင့် ဆောင်ယူချေလော့ ဟု စေလိုက်၏။

ကုမ္ဘဝတီနိုင်ငံ ပျက်စီးပြန်

ဒဏ္ဍကီမင်းသည် စစ်ထိုးသဖြင့် ခိုးသူတို့ကို ဖမ်းယူ၍ မြို့သို့သာလျှင် ပြန်ခဲ့၏။ ထိုဒဏ္ဍကီမင်း လာရောက်သည်ရှိသော် နတ်တို့သည် ရှေးဦးစွာ မိုးကို ရွာစေကုန်၏။ မိုးရေ အလျဉ်ဖြင့် အလုံးစုံသော အပုပ်အစပ်တို့သည် မျောကုန် သည်ရှိသော် သဲဖြူမိုးကို ရွာစေကုန်၏။ သဲဖြူအပေါ်၌ နတ်ပန်းမိုးသည် ရွာ၏။ နတ်ပန်းအပေါ်၌ ပဲမိုးသည် ရွာ၏။ ပဲအပေါ်၌ အသပြာမိုးသည် ရွာ၏။ အသပြာအပေါ်၌ နတ်ဝတ်တန်ဆာ မိုးသည် ရွာ၏။ လူတို့သည် ဝမ်းမြောက်ခြင်းသို့ ရောက်ကုန်သည်ဖြစ်၍ သုံးဆောင်ပြီးသော ရွှေ၊ မသုံးဆောင်သေးသော ရွှေဖြင့် ပြီးကုန်သော တန်ဆာတို့ကို ယူအံ့သောငှာ အားထုတ်ကုန်၏။ ထိုအခါ ထိုသူတို့၏ ကိုယ်၌ ပြောင်ပြောင်တောက်သော အထူးထူး အပြားပြားရှိသော လက်နက်မိုးသည် ရွာ၏။ လူတို့သည် အပိုင်းပိုင်း ပြတ်ကုန်၏။ ထိုသို့ ပြတ်သောအခါ ထိုသူတို့၏ အပေါ်၌ ကြီးကုန်သော အလွန်ကြီးကုန်သော မီးကျီးတို့သည် ကျကုန်၏။ ထိုမီးကျီးတို့၏ အပေါ်၌ ကြီးစွာကုန်သော ပြောင်ပြောင်တောက်သော တောင်ထွတ်တို့သည် ကျကုန်၏။ ထိုတောင်ထွဋ်တို့၏ အပေါ်၌ အတောင်ခြောက်ဆယ်မြင့်သော အရပ်ကို ပြည့်စေလျက် သိမ်မွေ့စွာသော သဲမိုး ရွာ၏။ ဤသို့လျှင် ယူဇနာ ခြောက်ဆယ်ရှိသော အရပ်သည် ပျက်စီး၏။ ဤသို့ ထိုတိုင်းပြည်၏ ပျက်စီးသော အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်၌ ထင်ရှား၏။

မင်းကြီး၃-ပါး ရသေ့ကျောင်းသွား

ထိုအခါ ထိုတိုင်း၏ အခြားမဲ့ဖြစ်သော တိုင်း၌ တိုင်းနေသူတို့၏ အရှင်ဖြစ်ကုန်သော ကာလိင်္ဂမင်း, အဋ္ဌကမင်း, ဘိမရထမင်း, ဤမင်းသုံးပါးတို့သည် ကြံကြကုန်၏။ အဘယ်သို့ ကြံသနည်း ဟူမူကား ရှေး၌ ဗာရာဏသီပြည်ဝယ် ကလာဗု အမည်ရှိသော ကာသိမင်းသည် ခန္တီဝါဒီ ရှင်ရသေ့ကို ပြစ်မှား၍ နှစ်ဖြာကွဲသော မြေထဲသို့ ကျဝင်လေ၏။ ဤသို့သော စကားကို ကြားရဖူး၏။ ထို့အတူ နာဠိကေရမင်းသည် ရှင်ရသေ့တို့ကို ခွေးတို့ကိုကိုက်စေ၍ နှစ်ဖြာကွဲသော မြေထဲသို့ ဝင်လေ၏။ သဟဿဗာဟု အဇ္ဇုနမင်းသည်လည်း အင်္ဂီရသ ရသေ့ကို ပြစ်မှား၍ နှစ်ဖြာကွဲသော မြေထဲသို့ ကျဝင်လေ၏။ ယခုအခါ၌လည်း ဒဏ္ဍကီမင်းသည် ကိသဝစ္ဆ ရှင်ရသေ့ကို ပြစ်မှား၍ တိုင်းပြည်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်၏။ ဤသို့ စကားကို ကြားရ၏။ ဤ မင်းလေးပါးတို့၏ ဖြစ်ရာအရပ်ကိုကား ငါတို့သည် မသိကုန်၊ ထိုမင်းလေးယောက်တို့၏ ဖြစ်ရာအရပ်ကို ငါတို့ဆရာ သရဘင်္ဂ ရှင်ရသေ့ကိုထား၍ တစ်ပါးသော ဖြေဆိုခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ ထိုသရဘင်္ဂ ဆရာသို့ ကပ်၍ ဤပြဿနာကို မေးကုန်အံ့ ဟု ကြံကြကုန်၏။ ကြံကုန်ပြီး၍ ထိုမင်းသုံးပါးတို့သည်လည်း များစွာသော အခြံအရံနှင့်တကွ မေးအံ့သောငှာ ထွက်ကြကုန်၏။ ထိုမင်းသုံးပါးတို့သည်ကား ဤအမည်ရှိသော မင်းသည်လည်း ထွက်၏ဟု မသိကြကုန်၊ ငါတစ်ယောက်တည်းသာ သွား၏ ဟု အောက်မေ့ကြကုန်၏။ ထိုမင်းသုံးပါးတို့သည် ဂေါဓာဝရီမြစ်၏ အနီး၌ ပေါင်းဆုံမိကြကုန်၏။ ထိုမင်းသုံးပါးတို့သည် ရထားမှ ဆင်းသက်ကုန်၍ သုံးပါးသော မင်းတို့သည်လည်း တစ်ခုတည်းသော ရထားကိုသာလျှင် စီးကုန်၍ ဂေါဓာဝရီ မြစ်ကမ်းနားသို့ ရောက်ကြလေကုန်၏။

ရသေထံမှောက် သိကြားရောက်

ထိုအခါ သိကြားနက်မင်းသည် ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ နေလျက် ခုနစ်ပါးသော ပြဿနာတို့ကို ကြံ၍ ဤပြဿနာတို့ကို သရဘင်္ဂဆရာကိုထား၍ တစ်ပါးသော နတ်နှင့်တကွသော လောက၌ ဖြေဆိုအံ့သောငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ ထိုသရဘင်္ဂ ဆရာအား ဤပြဿနာတို့ကို ငါမေးအံ့၊ ဤလူမင်း သုံးပါးတို့သည်လည်း သရဘင်္ဂဆရာကို ပြသနာမေးအံ့သောငှာ ဂေါဓာဝရီ မြစ်သို့ ရောက်ကုန်၏။ ထိုမင်းသုံးပါးတို့၏ ပြဿနာကိုလည်း ငါသည်သာလျှင် မေးအံ့ ဟု နတ်ပြည်နှစ်ထပ်ရှိ နတ်တို့ဖြင့် ခြံရံလျက် နတ်ပြည်မှ ဆင်းသက်၏။

ကိသဝစ္ဆ ရှင်ရသေ့ ပျံလွန်လျှင်

ထိုနေ့၌ပင်လျှင် ကိသဝစ္ဆ ရှင်ရသေ့သည် သေလွန်၏။ ထိုကိသဝစ္ဆ ရှင်ရသေ့၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုအံ့သောငှာ ငါးဌာနတို့၌ အထောင်မကကုန်သော ရသေ့တို့သည် ထိုအရပ်သို့သာလျှင် လာလတ်ကုန်၍ ငါးဌာနတို့၌ မဏ္ဍပ်ကို ဆောက်စေ၍ အထောင်မကကုန်သော

ရသေ့အပေါင်းတို့သည် ကိသဝစ္ဆ ရှင်ရသေ့၏ အလောင်းကို သင်္ဂြိုဟ်ခြင်းအကျိုးငှာ စန္ဒကူးထင်းပုံကိုပြု၍ အလောင်းကို သင်္ဂြိုဟ်ကုန်၏။ သင်္ချိုင်းထက်ဝန်းကျင်မှ ယူဇနာခွဲသော အရပ်၌ နတ်ပန်းမိုးသည် ရွာ၏။ ဘုရားလောင်း သရဘင်္ဂ ရသေ့သည် ထိုကိသဝစ္ဆ ရှင်ရသေ့၏ အလောင်းချခြင်းကို ပြုစေပြီးလျှင် ကျောင်းတွင်းသို့ဝင်၍ ထိုရသေ့အပေါင်းတို့ဖြင့် ခြံရံလျက် နေ၏။ ထိုမင်း သုံးပါးတို့သည်လည်း ဂေါဓာဝရီ မြစ်နားသို့ ရောက်သောအခါ၌ များစွာသော စစ်သည်ဗိုလ်ပါ ဆင်မြင်း စသော ယာဉ်၊ တီးမှုတ်မျိုးတို့၏ အသံတို့သည်လည်းဖြစ်၏။ ဘုရားလောင်းသည် ထိုအသံကိုကြားလျှင် အနုသိဿမည်သော တပည့်ရသေ့ကိုခေါ်၍ အမောင် အနုသိဿ... သွား၍ ရှေးဦးစွာ သိအောင်ပြုလော့၊ ဤအသံသည် အဘယ်အသံနည်း ဟု ဆို၏။

သိလိုအရေး အနုသိဿရသေ့မေး

ထိုအနုသိဿ ရသေ့သည် သောက်ရေအိုးကို ယူ၍ ထိုအရပ်သို့သွားသဖြင့် ထိုမင်းသုံးပါးတို့ကို မြင်၍ မေးလိုရကား-

၅၀။ အလင်္ကတာ ကုဏ္ဍလိနော သုဝတ္ထာ၊
ပေဠုရိယမုတ္တာထရုခဂ္ဂဗန္ဓာ။
ရထေသဘာ တိဋ္ဌထ ကေ နု တုမှေ၊
ကထံ ဝေါ ဇာနန္တိ မနုဿလောကေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၀။ ရထေသဘာ၊ ရထားစီးအပေါင်းတို့ထက် မြတ်ကုန်သော ဒါယကာတို့။ အလင်္ကတာ၊ တန်ဆာလည်းဆင် ဝတ်ကုန်ထာသော။ ကုဏ္ဍလိနော၊ ပတ္တမြားနားတောင်းလည်း ဝတ်ကုန်ထသော။ သုဝတ္ထာ၊ ကောင်းသောအဝတ်လည်း ဝတ်ကုန်ထသော။ ဝေဠရိယမုတ္တာထရုခဂ္ဂဗန္ဓာ၊ ကျောက်မျက်ရွဲ ပတ္တမြား ပုလဲတို့ဖြင့် တန်ဆာဆင်အပ်သော အရိုးရှိကုန်သော သန်လျက်ရတနာတို့ကို လွယ်ကုန်ထသော။ တုမှေ၊ သင် ဒါယကာတို့သည်။ ဧကသ္မိံရထေ၊ တစ်ခုတည်းသော ရထား၌။ တိဋ္ဌထ၊ စီးကြကုန်၏။ ကေနု၊ အဘယ်သူတို့ မည်ကုန်သနည်း။ ကထံ၊ အသို့လျှင်။ ဝေါ၊ သင်တို့ကို။ မနုဿလောကေ၊ လူ့ပြည်၌။ ဇာနန္တိ၊ သိကြကုန်သနည်း။

ရသေ့အရှင်ဖူးတွေ့ချင်

ထိုမင်းသုံးပါးတို့သည် အနုသိဿ ရှင်ရသေ့၏ စကားကို ကြားကြကုန်၍ ရထားမှ ဆင်းသက်ကုန်ပြီးလျှင် ရှိခိုး၍ တည်ကုန်၏။ ထိုမင်းသုံးပါးတို့တွင် အဋ္ဌကမင်းသည် ထိုအနုသိဿ ရှင်ရသေ့နှင့်တကွ စကားပြောလိုရကား-

၅၁။ အဟမဋ္ဌကော ဘီမရထော ပနာယံ။
ကာလိင်္ဂရာဇာ ပန ဥဂ္ဂတောယံ။
သုသညတာနံ ဣသီနံ ဒဿနာယ၊
ဣဓာဂတာ ပုစ္ဆိတာယေမှ ပဉှေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၁။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ အဋ္ဌကော၊ အဋ္ဌကမင်းတည်း။ အယံပန၊ ဤမင်းသည်ကား။ ဘီမရထော၊ ဘီမရထမင်းတည်း။ ဥဂ္ဂတော၊ နေလကဲ့သို့ ကျော်စောထင်ရှားသော။ အယံပန၊ ဤမင်းသည်ကား။ ကလိင်္ဂရာဇာ၊ ကာလိင်္ဂမင်းပေတည်း။ သုသညတာနံ၊ ကာယဒွါရ အစရှိသည်တို့ကို ကောင်းစွာ စောင့်ရှောက်ကုန်သော။ ဣသီနံ၊ အရှင်ရသေ့တို့ကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ လာကြကုန်၏။ သရဘင်္ဂသတ္ထာရံ၊ သရဘင်္ဂ ဆရာကို။ ပဉှေ၊ ပြဿနာတို့ကို။ ပုစ္ဆိတာယ၊ မေးလိုကုန်သည်ဖြစ်၍။ ဧမှ၊ လာကြကုန်၏။

ထိုအခါ ထိုမင်းသုံးပါးတို့ကို အနုသိဿ ရှင်ရသေ့သည် မင်းမြတ်တို့... ကောင်းပြီ၊ သင်မင်းမြတ်တို့သည် လာသင့်သော အရပ်သို့သာလျှင် လာကြကုန်၏။ သင်မင်းမြတ်တို့ကို ငါတိုက်တွန်း၏။ ရေချိုးတော်မူကုန်၍ အပင်အပန်း ဖြေကုန်ပြီးလျှင် ကျောင်းတွင်းသို့ဝင်ကုန်၍ ရသေ့အပေါင်းကို ရှိခိုးကုန်လျက် သဘင်္ဂဆရာကို ပြဿနာ မေးကြကုန်လော့ဟု ဆို၍ ထိုမင်းတို့နှင့်တကွ ပျူငှာသော လောကဝတ်ကို ပြုပြီးလျှင်...

မည်သူမည်ဝါ မသဲမကွဲ သင် ဘယ်သူလဲ

သောက်ရေအိုးကိုထမ်း၍ ရေပေါက်တို့ကိုသုတ်လျက် ကောင်းကင်ကို ကြည့်သည်ရှိသော် နတ်အပေါင်းခြံရံလျက် ဧရာဝဏ်ဆင်မြတ်၏ ကျောက်ကုန်းထက်၌ စီးလျက် နတ်ပြည်မှ ဆင်းသက်လာသော သိကြားနတ်မင်းကို မြင်၍ ထိုအနုသိဿ ရှင်ရသေ့သည် ထိုသိကြား နတ်မင်းနှင့်တကွ စကားပြောလိုရကား-

၅၂။ ဝေဟာယသံ တိဋ္ဌတိ အန္တလိက္ခေ၊
ပထဒ္ဓုနော ပန္နရသေဝ စန္ဒော။
ပုစ္ဆာမိ တံ ယက္ခ မဟာနုဘာဝ၊
ကထံ တံ ဇာနန္တိ မနုဿလောကေ။

ဟူသော သုံးခုမြောက် ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၂။ မဟာနုဘာဝ၊ ကြီးသော အာနုဘော်ရှိသော။ ယက္ခ၊ နတ်မင်း။ တွံ၊ ရှင်နတ်မင်းသည်။ ပန္ဒရသေ၊ တစ်ဆယ့်ငါးရက်တို့၏ ပြည့်ကြောင်း ဖြစ်သောနေ့၌။ ပထဒ္ဓုနော၊ ကောင်းကင်လယ်၌ တည်သော။ စန္ဒော ဣဝ၊ လကဲ့သို့။ တထာ၊ ထို့အတူ။ ဝေဟာယသံ၊ တည်ရာမရှိသော။ အန္တလိက္ခေ၊ ကောင်းကင်၌။ တိဋ္ဌသိ၊ တည်၏။ တံ၊ ရှင်နတ်မင်းကို။ ပုစ္ဆာမိ၊ မေးပါ၏။ ကထံ၊ အသို့လျှင်။ တံ၊ ရှင်နတ်မင်းကို။ မနုဿလောကေ၊ လူ့ပြည်၌။ ဇာနန္တိ၊ သိကြကုန်သနည်း။

နတ်သေဌ်နင်း သိကြားမင်း

ထိုစကားကိုကြား၍ သိကြားနတ်မင်းသည် ထိုအနုသိဿ ရသေ့အား မိမိအမည်ကို ပြောဆိုသဖြင့် လာသောအကြောင်းကို ကြားလိုရကား-

၅၃။ ယမာဟု ဒေဝေသု သုဇမ္ပတီတိ၊
မဃဝါတိ တံ အာဟု မနုဿလောက။
သဒေဝရာဇာ ဣဒမဇ္ဇ ပတ္တော၊
သုသညတာနံ ဣသီနံ ဒဿနာယ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၃။ ဘန္တေ၊ အရှင်ဘုရား။ ယံ ဒေဝရာဇာနံ၊ အကြင် သိကြားမင်းကို။ ဒေဝေသု၊ နတ်ပြည်တို့၌။ သုဇမ္ပတီတိ၊ သူဇာ၏လင်ဟူ၍။ အာဟု၊ ဆိုကြကုန်၏။ တံ ဒေဝရာဇာနံ၊ ထိုသိကြားနတ်မင်းကို။ မနုဿလောကေ၊ လူ့ပြည်၌။ မဃ ဝါတိ၊ မဃဝဟူ၍။ အာဟု၊ ဆိုကြကုန်၏။ ဒေဝရာဇာ၊ နတ်တို့၏ မင်းဖြစ်သော။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ သုသညတာနံ၊ ကာယဒွါရ အစရှိသည်တို့ကို ကောင်းစွာ စောင့်ရှောက်ကုန်သော။ ဣသီနံ၊ ရသေ့အပေါင်းတို့အား။ ဒဿနာယ၊ ဖူးမြင်အံ့သောငှာ။ ဣဒံ ဌာနံ၊ ဤအရပ်သို့။ အဇ္ဇ၊ ယနေ့။ ပတ္တော၊ ရောက်လာ၏။

သရဘင်္ဂ ရသေကြီးထံ လမ်းညွှန်ပြန်

ထိုအခါ သိကြားနတ်မင်းကို အနုသိဿရသေ့သည် သိကြားမင်း... ကောင်းပြီ၊ သင် သိကြားနတ်မင်းတို့သည် နောက်မှ လာကြကုန်လော့ ဟုဆိုပြီးလျှင် သောက်ရေအိုးကို ယူလျက် ကျောင်းတွင်းသို့ဝင်၍ သောက်ရေအိုးကို သိုမှီးပြီးလျှင် လူမင်းသုံးပါးတို့၏ လည်းကောင်း၊ သိကြားနတ်မင်း၏ လည်းကောင်း ပြဿနာကို မေးအံ့သောငှာ လာသည်၏အဖြစ်ကို ဘုရားလောင်း ဆရာ သရဘင်္ဂရသေ့အား ကြားလျှောက်၏။ ဘုရားအလောင်း သရဘင်္ဂရသေ့သည် ရသေ့အပေါင်းခြံရံလျက် မြတ်သော ကျယ်သော တစ်ခုသော အထွတ်ရှိသော မဏ္ဍပ်၌ နေ၏။ မင်းသုံးပါးတို့သည် လာလတ်ကုန်ပြီးလျှင် ရသေ့အပေါင်းကို ရှိခိုးကုန်၍ လျှောက်ပတ်သောအရပ်၌ နေကြကုန်၏။

သိကြားမင်းက ရှိခိုးရ

သိကြားမင်းသည်လည်း သက်လတ်၍ ရသေ့အပေါင်းသို့ ကပ်ပြီးလျှင် လက်အုပ်ချီ၍ ရပ်ပြီးလျက် ရသေ့အပေါင်းကို ရှိခိုး၍ ရသေ့အပေါင်းတို့အား ချီးမွမ်းလိုရကား...

၅၄။ ဒူရေ သုတာ နာ ဣသယော သမာဂတာ။

မဟိဒ္ဓိကာ ဣဒ္ဓိဂုဏူပပန္နာ။

ဝန္ဒာမိ တေ အယိရေ ပသန္နစိတ္တော၊

ယေ ဇီဝလောကေတ္ထမနုဿသေဋ္ဌာ။

ဟူသော ငါးခုမြောက်သာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၄။ ဘန္တေ၊ အရှင်ဘုရားတို့။ သမာဂတာ၊ အညီအညွတ် စည်းဝေး ကုန်ထသော။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်ထသော။ ဣဒ္ဓိဂုဏူပပန္နာ၊ ငါးပါးသော တန်ခိုးကျေးဇူးနှင့် ပြည့်စုံကုန်ထသော။ ဣသယော၊ အရှင်ရသေကောင်းတို့ကို။ ဒူရေ၊ ဝေးသော နတ်ပြည်၌။ ဌိတေဟိ ဧဝ၊ တည်သည်သာလျှင် ဖြစ်ကုန်သော။ နော အမှေဟိ၊ အကျွန်ုပ်တို့သည်။ သုတာ၊ ကြားအပ်ကုန်၏။ ယေ အယိရေ၊ အကြင် အရှင်ကောင်းတို့သည်။ ဇီဝလောကေ၊ လူ့ပြည်၌။ မနုဿသေဋ္ဌာ၊ လူတို့၌ မြတ်ကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။ တေ အယိရေ၊ ထို အရှင်ကောင်းတို့ကို။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒာမိ၊ ရှိခိုးပါ၏။

လေကြေအရပ် မနေအပ်

ဤသို့ ရသေ့အပေါင်းကို ချီးမွမ်း၍ သိကြားမင်းသည် နေရာ၏ အပြစ်ခြောက်ပါးတို့ကို ကြဉ်သည်ဖြစ်၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေ၏။ ထိုအခါ သိကြားမင်းကို ရသေ့တို့၏ လေကြေ၌ နေသည်ကိုမြင်၍ အနုသိဿ ရသေ့သည် သိကြားမင်းကို မြစ်လိုရကား-

၅၅။ ဂန္ဓော ဣသီနံ စိရဒိက္ခိတာနံ၊
ကာယာ စုတော ဂစ္ဆတိ မာလုတေန။
ဣတောပဋိက္ကမ္မ သဟဿေနေတ္တ၊
ဂန္ဓော ဣသီနံ အသုစိ ဒေဝရာဇာ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၅။ သဟဿေနတ္တ၊ မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားနတ်မင်း။ စိရဒိက္ခိတာနံ၊ ရဟန်းပြု၍ ကြာမြင့် ကုန်ပြီးသော။ ဣသီနံ၊ ရသေ့တို့၏။ ဂန္ဓော၊ အနံ့သည်။ ကာယာ၊ ကိုယ်မှ။ မာလုတေန၊ လေကြောင့်။ စုတော၊ ရွေ့သည်ဖြစ်၍။ ဂစ္ဆတိ၊ လွင့်၏။ ဣတော၊ ဤလေကြေအရပ်မှ။ ပဋိက္ကမ္မ၊ ဖဲလော့။ ဒေဝရာဇ၊ သိကြားနတ်မင်း။ ဣသီနံ၊ ရသေ့ရှိ၏။ ဂန္ဓော၊ အနံ့သည်။ အသုစိ၊ မစင်ကဲ့သို့ စက်ဆုပ်ဖွယ် ရှိ၏။

သီလရှိသူအနံ့ သင်းတပျံ့ပျံ့

ထိုစကားကိုကြား၍ သိကြားနတ်မင်းသည် ထိုလေကြေအရပ်မှ မဖဲလိုသောအကြောင်းကို အနုသိဿရသေ့အား ကြားလျှောက်ရလိုကား...

၅၆။ ဂန္ဓော ဣသီနံ စိရဒိက္ခိတာနံ၊

ကာလာ စုတော ဂစ္ဆတု မာလုတေန။

ဝိစိတ္တပုပ္ဖံ သုရဘိံဝ မာလံ၊

ဂန္ဓဉ္စ ဧတံ ပါဋိကင်္ခမ ဘန္တေ။

န ဟေတ္ထ ဒေဝါ ပဋိက္ကူလသညိနော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၆။ ဘန္တေ၊ အရှင်ဘုရားတို့။ စိရဒိက္ခတာနံ၊ ရဟန်းပြု၍ ကြာမြင့်ကုန်ပြီးသော။ ဣသီနံ၊ အရှင်ကောင်းရသေ့တို့၏။ ဂန္ဓော၊ အနံ့သည်။ ကာယာ၊ ကိုယ်တော်မှ။ မာလုတန၊ လေကြောင့်။ စုတော၊ ရွေ့သည်ဖြစ်၍။ ဂစ္ဆတု၊ လွင့်လာပါစေ။ ဧတံ ဂန္ဓံ၊ ထို အရှင်ကောင်း ရသေ့တို့၏ အနံ့တော်ကို။ ဝိစိတ္တပုပ္ဖံ၊ ဆန်းကြယ်စွာ သီကုံးအပ်သောအပွင့်ရှိသော။ သုရဘိံ မာလံ ဣဝ၊ ကြိုင်ကြိုင်မွှေးသော ပန်းဆိုင်းကိုကဲ့သို့။ ပါဋိကင်္ခါမ၊ အလိုရှိပါကုန်၏။ ဟိ သစ္စံ၊ မှန်၏။ ဧတ္ထ၊ ဤသီလရှိသော သူတို့၏အနံ့၌။ ဒေဝါ၊ နတ်တို့သည်။ ပဋိက္ကူလသညိနော၊ စက်ဆုပ် ရွံရှာဖွယ်ဟု အမှတ်ရှိကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။

သိလိုရေးကြောင်း မေးခွင့်တောင်း

ဤသို့သောစကားကို ဆိုပြီး၍ အရှင်အနုသိဿ... အကျွန်ုပ်သည် ကြီးစွာသောအားထုတ်ခြင်းဖြင့် ပြဿနာမေးအံ့သောငှာ လာ၏။ အကျွန်ုပ်အား အခွင့်ပြုတော်မူလော့ဟု ဆို၏။ အနုသိဿ ရသေ့သည် သိကြားမင်းစကားကို ကြားလျှင် နေရာမှထ၍ ရသေ့အပေါင်းတို့ကို အခွင့်ပြုစေလိုရကား

၅၇။ ပုရိန္ဒဒေါ ဘူတပ္ပတီ ယသဿီ၊

ဒေဝိနမိန္ဒော သက္ကော မဃဝါ သုဇမ္ပတိ။

သဒေဝရာဇာ အသုရာဂဏပမဒ္ဒနော၊

ဩကာသ မာကင်္ခတိ ပဉှ ပုစ္ဆိတုံ။

၅၈။ ကောနေဝိမေသံ ဣဓ ပဏ္ဍိတာနံ၊

ပဉှေ ပုဋ္ဌော နိပုဏေ ဗျာကရိဿတိ။

တိဏ္ဏဉ္စ ရညံ မနုဇာဓိပါနံ၊

ဒေဝါနမိန္ဒဿ စ ဝါသဝဿ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၅၇။ ဘောန္တော၊ အရှင်ကောင်းတို့။ ပုရိန္ဒဒေါ၊ အလှူလက်ဦး ပေးဖူးသော။ ဘူတပ္ပတီ၊ သတ္တဝါတို့၏ အကြီးအမှူးဖြစ်သော။ ယသဿီ၊ များသော အခြံအရံရှိသော ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ မဃဝါ၊ မဃအနွယ်ဖြစ်သော။ သုဇမ္ပတိ၊ သုဇာ၏ လင်ဖြစ်သော။ အသုရာဂဏံ၊ အသုရာအပေါင်းကို။ ပမဒ္ဒနော၊ နှိမ်နင်းနိုင်သော။ သက္ကော ဒေဝရာဇာ၊ သိကြားမင်းသည်။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတုံ၊ မေးအံ့သောငှာ။ ဩကာသံ၊ အခွင့်ကို။ အာကင်္ခတိ၊ အလိုရှိ၏။

֍ ဋ္ဌ ၅၈။ မနုဇာဓိပါနံ၊ လူတို့၏ အကြီးဖြစ်ကုန်သော။ တိဏ္ဏံ၊ သုံးပါးကုန်သော။ ရညဉ္စ၊ မင်းတို့၏လည်းကောင်း။ ဒေဝါနမိန္ဒဿ၊ နတ်တို့ကို အစိုးရသော။ ဝါသဝဿ စ၊ သိကြားမင်း၏ လည်းကောင်း။ နိပုဏေ၊ နူးညံ့သိမ်မွေ့ကုန်သော။ ပဉှေ၊ ပြဿနာတို့ကို။ ဣဓ၊ ဤအရပ်၌။ တေသံ ပဏ္ဍိတာနံ၊ ထိုပညာရှိ ရသေ့တို့တွင်။ ပုဋ္ဌော၊ မေးအပ်သော။ ကောနေဝ- ကောနု ဧဝ၊ အဘယ်ရသေ့သည်လျှင်။ ဗျာကရိဿတိ၊ ဖြေနိုင်ပါလတ္တံ့နည်း။

သိကြားမေးက မည်သူဖြေပ

ထိုစကားကိုကြား၍ ရသေ့အပေါင်းတို့သည် ငါတို့နှင့်တူသော အရှင်အနုသိဿ... သင်သည် မြေ၌ရပ်လျက် မြေကိုမမြင်သကဲ့သို့ ဆိုဘိ၏။ သရဘင်္ဂ ဆရာကိုထား၍ ထိုမင်းလေးပါးတို့၏ ပြဿနာကို ဖြေဆိုခြင်းငှာ စွမ်းနိုင်သော တစ်ပါးသော အဘယ်မည်သောသူသည် ရှိအံ့နည်း ဟု ဆို၍ ထိုအကြောင်းကို အနုသိဿရသေ့အား ကြားလိုရကား-

၅၉။ အယံ ဣသိ သရဘင်္ဂေါ တပဿီ၊
ယတော ဇာတော ဝိရတော မေထုနသ္မာ။
အာစေရပုတ္တော သုဝိနီတရူပေါ၊
သာ နေသံ ပဉှာနိ ဝိယာကရိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၉။ ဘန္တေ အနုသိဿ၊ အရှင်အနုသိဿ။ သရဘင်္ဂေါ၊ ကောင်းကင်း၌ပြုအပ်သော မြားပြာသာဒ် အစရှိသည်တို့ကို တစ်စင်းတည်းသော မြားဖြင့် ကျစေ၍ ဖျက်ဆီးတတ်ထသော။ တပဿီ၊ ခြိုးခြံသောအကျင့်ရှိထသော။ ယတော၊ အကြင်အခါမှ။ ဇာတော၊ ဖွား၏။ တတော၊ အခါမှ။ ပဋ္ဌာယ၊ စ၍။ မေထုနသ္မာ၊ မေထုန်အကျင့်မှ။ ဝိရတော၊ ကြဉ်ထသော။ အာစေရ ပုတ္တော၊ ဆရာပုရောဟိတ်၏ သားဖြစ်သော။ သုဝိနီတရူပေါ၊ ကောင်းစွာ ဆုံးမအပ်သော သဘောရှိထသော။ အယံ ဣသိ၊ ဤရသေ့သည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုရသေ့သည်။ နေသံ၊ ထိုမင်းလေးပါးတို့၏။ ပဉှာနိ၊ ပြသနာတို့ကို။ ဝိယာကရိဿတိ၊ ဖြေလတ္တံ့။

သရဘင်္ဂ ဖြေမည်ပ

ဤသို့သောစကားကို ဆိုပြီးလျှင် ရသေ့အပေါင်းသည် အနုသိဿ ရသေ့ကို ဆို၏။ ငါတို့နှင့်တူသော အနုသိဿ ရှင်ရသေ့... ရှင်ရသေ့သည်သာလျှင် သရဘင်္ဂဆရာကို ရှိခိုး၍ ရသေ့အပေါင်း၏ စကားဖြင့် သိကြားမင်းသည် မေးအပ်သော ပြဿနာကို ဖြေစိမ့်သောငှာ အခွင့်ပြုပါစေလော့ဟု ဆို၏။ ထိုအနုသိဿ ရသေ့သည် ကောင်းပြီဟု ဝန်ခံပြီးလျှင် သရဘင်္ဂ ဆရာကိုရှိခိုး၍ အခွင့်ပြုစေလိုရကား-

၆၀။ ကောဏ္ဍည ပဉှာနိ ဝိယာကရောဟိ၊
ယာစန္တိ တံ ဣသယော သာဓုရူပါ။
ကောဏ္ဍည ဧသော မနုဇေသု ဓမ္မော၊
ယံ ဝုဒ္ဓမာဂစ္ဆတိ ဧသ ဘာရော။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၀။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ်ဖြစ်သော ရှင်ရသေ့။ သာဓုရူပါ၊ ကောင်းသော သဘော ရှိကုန်သော။ ဣသယော၊ ရသေ့တို့သည်။ တံ၊ ရှင်ရသေ့ကို။ ယာစန္တိ၊ တောင်းပန်ကုန်၏။ ပဉှာနိ၊ ပြဿနာတို့ကို။ ဝိယာကရောဟိ၊ ဖြေတော်မူလော့။ ကောဏ္ဍည၊ ကောဏ္ဍညအနွယ် ဖြစ်သော ရှင်ရသေ့။ ယံ ယသ္မာ၊ အကြင့်ကြောင့်။ ဝုဒ္ဓံ၊ ပညာဖြင့် ကြီးသောသူသို့။ ဧသ ဧသော ဘာရော၊ ဤပြဿနာကို ဖြေခြင်းတည်းဟူသော ဝန်သည်။ အာဂစ္ဆတိ၊ ရောက်၏။ ဧသော၊ ဤသို့ ပြဿနာကို ဖြေခြင်းတည်းဟူသော တာဝန်၏ ရောက်ခြင်းသည်။ မနုဇေသု၊ လူတို့၌။ ဓမ္မော၊ ဓမ္မတာ သဘောတည်း။

မေးခွင့်ပြုပြီး မေးနိုင်ပြီ

ထို့နောင်မှ ဘုရားလောင်းသည် အခွင့်ပြုလိုရကား-

၆၁။ ကတာဝကသာ ပုစ္ဆန္တု ဘောန္တော၊
ယံကိဉ္စိ ပဉှံ မနသာဘိပတ္ထိတံ။
အဟဉှိ တံ တံ ဝေါ ဝိယာကရိဿံ၊
ဉတွာ သယံ လောကမိမံ ပရဉ္စ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၁။ အနုသိဿ၊ ငါ့ရှင် အနုသိဿ။ ဟိယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ ငါသည်။ ဣမံ လောကံ၊ ဤ ပစ္စုပ္ပန်လောကကို လည်းကောင်း။ ပရဉ္စ၊ တမလွန်လောကကို လည်းကောင်း။ သယံ၊ ကိုယ်တိုင်။ ဉတွာ၊ သိ၍။ တံ တံ၊ ထိုထိုသို့သော ပြဿနာကို။ ဝေါ၊ သင်တို့အား။ ဝိယာကရိဿံ၊ ဖြေဆိုအံ့။ တသ္မာ၊ ထို့ကြောင့်။ ကတာဝကာသာ၊ ပြုအပ်ပြီးသော အခွင့်ရှိကုန်သော။ ဘောတ္တော၊ သူတော်ကောင်း ဖြစ်ကြကုန်သော အရှင်တို့သည်။ မနသာ၊ စိတ်ဖြင့်။ အဘိပတ္တိတံ၊ တောင့်တအပ်သော။ ယံ ကိဉ္စိ၊ အလုံးစုံသော။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆန္တု၊ မေးစေကုန်။

မာဃသိကြား မေးခွန်းများ

ဤဂါထာဖြင့် ထိုသရဘင်္ဂ ဆရာသည် အခွင့်ပြုပြီးသည် ရှိသော် သိကြားနတ်မင်းသည် မိမိစီရင်အပ်သော ပြဿနာတို့ကို မေးလျှောက်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၂။ တတော စ မဃဝါ သက္ကော၊ အတ္ထဒဿီ ပုရိန္ဒဒေါ။
အပုစ္ဆိ ပဌမံ ပဉှံ၊ ယဉ္စာသိ အဘိပတ္ထိတံ။
၆၃။ ကိံသု ဝဓိတွာ န ကဒါစိ သောစတိ၊
ကိဿပ္ပဟာနံ ဣသယော ဝဏ္ဏယန္တိ။
ကဿီဓ ဝုတ္တံ ဖရုသံ ခမေထ။
အက္ခာဟိ မေ ကောဏ္ဍည ဧတမတ္ထံ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၆၂။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော၊ ထိုခွင့်ပြုပြီးသောနောင်မှ။ မဃဝါ၊ မဃအနွယ်ဖြစ်သော။ အတ္ထဒဿီ၊ အကျိုးတို့ကို မြင်လေ့ရှိသော။ ပုရိန္ဒဒေါ၊ အလှူလက်ဦး ပေးခဲ့ဖူးသော။ သက္ကော၊ သိကြားမင်းသည်။ ယံ ပဉှံ၊ အကြင်ပြဿနာကို။ အဘိပတ္ထိတံ၊ တောင့်တအပ်သည်။ အသိ၊ ဖြစ်၏။ တံ ပဉှံ၊ ထိုပြဿနာကို။ ပဌမံ၊ ရှေးဦးစွာ။ အပုစ္ဆိ၊ မေးလျှောက်၏။

֍ ဋ္ဌ ၆၃။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ်ဖြစ်သော ရှင်ရသေ့။ ကိံသု၊ အဘယ်တရားကို။ ဝဓိတွာ၊ ပယ်၍။ ကဒါစိ၊ တစ်ရံတခါမျှ။ န သောစတိ၊ မစိုးရိမ်ရသနည်း။ ကိဿ၊ အဘယ်တရားကို။ ပဟာနံ၊ ပယ်ခြင်းကို။ ဣသယော၊ အရှင်ရသေ့ကောင်းတို့သည်။ ဝဏ္ဏယန္တိ၊ ချီးမွမ်းကုန်သနည်း။ ဣဓ လောကေ၊ ဤလောက၌။ ကဿ၊ အဘယ်သူ၏။ ဝုတ္တံ၊ ဆိုအပ်သော။ ဖရုသံ၊ ကြမ်းကြုတ်သော စကားကို။ ခမေထ၊ သည်းခံရာသနည်း။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ် ဖြစ်သော ရှင်ရသေ့။ ဧတမတ္တံ၊ ထိုမေးအပ်သော အနက်ကို။ မေ၊ အကျွန်ုပ်အား။ အက္ခာဟိ၊ ဖြေတော်မူလော့။

ရသေ့ပညာကျော် အဖြေတော်

ထို့နောင်မှ သရဘင်္ဂဆရာသည် ဖြေလိုရကား-

၆၄။ ကောဓံ ဝဓိတွာ န ကဒါစိ သောစတိ၊
မက္ခပ္ပဟာနံ ဣသယော ဝဏ္ဏယန္တိ။
သဗ္ဗေသံ ဝုတ္တံ ဖရုသံ ခမေထ၊
ဧတံ ခန္တိ့ ဥတ္တမမာဟု သန္တော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၄။ ဒေဝါနမိန္ဒ၊ နတ်တို့ကို အစိုးရသော သိကြားမင်း။ ကောဓံ၊ အမျက်ကို။ ဝဓိတွာ၊ ပယ်၍။ ကဒါစိ၊ တစ်ရံတစ်ခါမျှ။ န သောစတိ၊ မစိုးရိမ်ရ။ မက္ခပ္ပဟာနံ၊ ကျေးဇူးချေခြင်းတည်းဟူသော အကုသိုလ်ကို ပယ်ခြင်းကို။ ဣသယော၊ ရသေ့တို့သည်။ ဝဏ္ဏယန္တိ၊ ချီးမွမ်းကုန်၏။ သဗ္ဗေသံ၊ အယုတ်အလတ် အမြတ် ဖြစ်ကုန်သော ခပ်သိမ်းကုန်သော သူတို့၏။ ဖရုသံ၊ ကြမ်းကြုတ်စွာသော။ ဝုတ္တံ၊ ဆိုအပ်သော စကားကို။ ခမေထ၊ သည်းခံရာ၏။ ဧတံ ခန္တိံ၊ ထို အယုတ် အလတ်အမြတ် ဖြစ်ကုန်သော သူတို့၏ ကြမ်းကြုတ်စွာ ဆိုအပ်သော စကားကို သည်းခံခြင်းကို။ ဥတ္တမံ၊ မြတ်သော သည်းခံခြင်းဟူ၍။ သန္တော၊ ရှေးသူတော်ကောင်း ဖြစ်ကုန်သော ပညာရှိတို့သည်။ အာဟု၊ ဆိုတော်မူ၏။

ထိုသရဘင်္ဂ ဆရာ ဖြေဆိုသော စကားကိုကြား၍ သိကြားနတ်မင်းသည် တစ်ဖန် မေးပြန်လိုရကား-

၆၅။ သက္ကာ ဥဘိန္နံ ဝစနံ တိတိက္ခိတုံ၊
သဒိသဿ ဝါ သေဋ္ဌတရဿ ဝါပိ။
ကထံ နု ဟီနဿ ဝစော ခမေထ။
အက္ခာဟိ မေ ကောဏ္ဍည ဧတမတ္ထံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၅။ ကောဏ္ဍည၊ ကောဏ္ဍညအနွယ် ဖြစ်သော ရှင်ရသေ့။ သဒိသဿ ဝါ၊ ကိုယ်နှင့်တူသော သူ၏ လည်းကောင်း။ သေဋ္ဌတရဿ ဝါပိ၊ ကိုယ့်ထက် မြတ်သောသူ၏ လည်းကောင်း။ ဣတိ၊ ဤသို့။ ဥဘိန္နံ၊ နှစ်ယောက်ကုန်သော သူတို့၏။ ဝစနံ၊ စကားကို။ တိတိက္ခိတုံ၊ သည်းခံခြင်းငှာ။ သက္ကာ၊ တတ်နိုင်၏။ ဟီနဿ၊ ယုတ်သောသူ၏။ ဝစော၊ စကားကို။ ကထံနု-ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။ ခမေထ၊ သည်းခံနိုင်ရာသနည်း။ ဧတမတ္ထံ၊ ထိုမေးအပ်သော အနက်ကို။ မေ၊ အကျွန်ုပ်အား။ အက္ခာဟိ၊ ဖြေတော်မူလော့။

ထိုသိကြားမင်း၏ အမေးကို ဖြေဆိုလိုသော သရဘင်္ဂ ဆရာသည်-

၆၆။ ဘယာဟိ သေဋ္ဌဿ ဝစော ခမေထ၊
သာရမ္ဘဟေတု ပန သာဒိသဿ။
ယော စီဓ ဟီနဿ ဝစော ခမေထ၊
ဧတံ ခန္တိံ ဥတ္တမ မာဟု သန္တော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၆။ ဒေဝါနမိန္ဒ၊ နတ်တို့ကို အစိုးရသော သိကြားမင်း။ ဣဓ၊ ဤလောက၌။ သေဋ္ဌဿ၊ ကိုယ့်ထက်မြတ်သော သူ၏။ ဝစော၊ စကားကို။ ဘယာဟိ၊ ကြောက်ခြင်းကြောင့်လျှင်။ ခမေထ၊ သည်းခံရာ၏။ သာဒိသဿ၊ ကိုယ်နှင့်တူသောသူ၏။ ဝစော၊ စကားကို။ သာရမ္ဘဟေတု၊ ချုပ်ချယ်ခြင်း၌ အပြစ်ကို မြင်ခြင်းကြောင့်။ ခမေထ၊ သည်းခံလေရာ၏။ ဟီနဿ၊ ယုတ်သောသူ၏။ ဝစော၊ စကားကို။ ယောကောစိ၊ အမှတ်မရှိသော သူသည်။ ခမေထ၊ သည်းခံရာ၏။ ဧတံ ခန္တိံ၊ ထိုသို့ ယုတ်မာသောသူ၏ စကားကို သည်းခံခြင်းကို။ ဥတ္တမံ၊ မြတ်သော သည်းခံခြင်းမည်၏ ဟူ၍။ သန္တော၊ ရှေးပညာရှိ ဖြစ်ကုန်သော သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုတော်မူကုန်၏။

ဤသို့ ဖြေဆိုသည်ရှိသော် သိကြားမင်းသည် ဘုရားလောင်းကို မေးလျှောက်ပြန်၏။ အရှင်ဘုရားတို့... ရှေးဦးစွာ အရှင်ဘုရားတို့သည် ခပ်သိမ်းသော သူတို့၏ ကြမ်းကြုတ်စွာဆိုသော စကားကို သည်းခံရာ၏။ ထိုသို့ သည်းခံခြင်းကို မြတ်သော သည်းခံခြင်းဟူ၍ သူတော်ကောင်း ဖြစ်ကုန်သော ရှေးပညာရှိတို့သည် ဆိုတော်မူကုန်၏ ဟု ဆိုပြီး၍ ယခုအခါ ယုတ်သောသူ၏ စကားကို အမှတ်မရှိသောသူသည် သည်းခံရာ၏။ ထိုသို့ သည်းခံခြင်းကို မြတ်သော သည်းခံခြင်း ဟူ၍ ဆိုတော်မူပြန်၏ ဆိုကုန်၏။ အရှင်ဘုရားတို့၏ ရှေးစကားနှင့် နောက်စကားသည် မညီပါ ဟု လျှောက်၏။ ထိုသို့ မေးလျှောက်သောအခါ သိကြားမင်းကို ဘုရားအလောင်းသည် သိကြားမင်း၏ နောက်စကားကို ငါသည် ဤသူသည် ယုတ်၏ ဟု သိ၍ ကြမ်းကြုတ်သောစကားကို သည်းခံသောသူ၏ အစွမ်းအားဖြင့် ဆိုအပ်၏။ အကျင့်ကြောင့်ကား အဆင်းကို မြင်ကာမျှဖြင့် သတ္တဝါတို့၏ အမြတ်အစရှိသော အဖြစ်ကို သိအံ့သောငှာ မတတ်ကောင်း၊ ထို့ကြောင့် ရှေးစကားကို ဆိုအပ်၏ ဟု ဆို၍ သတ္တဝါတို့၏ ပေါင်းဖော်ရခြင်းကိုထား၍ အဆင်းကို မြင်ကာမျှဖြင့် အမြတ်အစရှိသော အဖြစ်၏ သိနိုင်ခဲသည်၏ အဖြစ်ကို ထင်ရှားပြလိုရကား-

၆၇။ ကထံ ဝိဇညာ စတုပတ္ထရူပံ၊
သေဋ္ဌံ သရိက်ခံ အထဝါပိ ဟီနံ။
ဝိရူပရူပေန စရန္တိ သန္တော၊
တသ္မာ ဟိ သဗ္ဗေသံ ဝစော ခမေထ။

ဟူသော ဤဂါထာ ဆို၏။

֍ ဋ္ဌ ၆၇။ သက္က၊ သိကြားမင်း။ စတုပတ္ထရူပံ၊ လေးပါးသော ဣရိယာပုတ်တို့ဖြင့် ဖုံးလွှမ်းအပ်သော သဘောရှိသာ။ သေဋ္ဌံ ဝါ၊ ကိုယ့်ထက်မြတ်သော သူကိုလည်းကောင်း။ သရိက်ခံ ဝါ၊ ကိုယ်နှင့် တူသောသူကိုလည်းကောင်း။ အထ၊ ထိုမှတစ်ပါး။ ဟီနံ ဝါပိ၊ ကိုယ့်အောက် ယုတ်သောသူကို လည်းကောင်း။ ကထံ ဝိဇညာ၊ အဘယ်သို့ သိနိုင်ရာအံ့နည်း။ ဝိရူပရူပေန၊ ယုတ်မာသော သူတို့၏ အသွင်ဖြင့်။ သန္တော၊ သူတော်ကောင်းတို့သည်။ စရန္တိ၊ သွားတတ်ကုန်၏။ တသ္မာ ဟိ၊ ထို့ကြောင့်သာလျှင်။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော သူတို့၏။ ဝစော၊ စကားကို။ ခမေထ၊ သည်းခံရာ၏။

သည်းခံကုန်ငြား အကျိုးတရား

ထိုသို့ ဖြေဆိုသော ဘုရားအလောင်း၏ စကားကို ကြား၍ သိကြားမင်းသည် ယုံမှားကင်းသည်ဖြစ်၍ အရှင်ဘုရား... အကျွန်ုပ်တို့ကို ထိုသည်းခံခြင်းအကျိုးကို ဟောတော်မူပါလော့ ဟု တောင်းပန်၏။ ထိုအခါ သိကြားမင်းအား ဘုရားလောင်းသည် သည်းခံခြင်း၏ အကျိုးကို ဟောလိုရကား -

၆၈။ န ဟေတမတ္ထ့ မဟတီပိ သေနာ၊
သရာဇိကာ ယုဇ္ဈမာနာ လဘေထ။
ယံ ခန္တိမာ သပ္ပုရိသော လဘေထ၊
ခန္တီဗလဿူပသမန္တိ ဝေရာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၈။ သက္က၊ သိကြားမင်း။ ခန္တီဗလဿ- ခန္တိဗလေန၊ သည်းခံခြင်း အာနုဘော်ကြောင့်။ ဝေရာ၊ ရန်တို့သည်။ ဥပသမန္တိ၊ ငြိမ်းကုန်၏။ ယံ၊ အကြင် ရန်ငြိမ်းခြင်းတည်းဟူသော အကျိုးကို။ ခန္တိမာ၊ သည်းခံခြင်းရှိသော။ သပ္ပုရိသော၊ သူတော်ကောင်း သည်သာလျှင်။ လဘေထ-လဘေယျ၊ ရရာ၏။ ဧတံအတ္ထံ၊ ထိုရန်ငြိမ်းခြင်းတည်းဟူသော အကျိုးကို။ သရာဇိကာ၊ မင်းနှင့်တကွကုန်သော။ ယုဇ္ဈမာနာ၊ စစ်ထိုးကုန်သော။ မဟတီ၊ များစွာကုန်သော။ သေနာပိ၊ စစ်သည်တို့သည်လည်း။ န လဘေထ- န လဘန္တိ၊ မရကုန်။

ရသေ့ညှဉ်းဆဲ ပါယ်ငရဲ

ဤဂါထာဖြင့် ဘုရားအလောင်းသည် သည်းခံခြင်း ကျေးဇူးကို ဟောသည်ရှိသော် ထိုလူမင်းသုံးပါးတို့သည် ကြံကြကုန်၏။ သိကြားမင်းသည် မိမိပြဿနာကိုသာလျှင် မေး၏။ ငါတို့မေးခွင့်ကို မပေးလတ္တံ့ဟု ကြံကြကုန်၏။ ထိုအခါ ထိုလူမင်းသုံးပါးတို့၏ အလိုကိုသိ၍ သိကြားမင်းသည် မိမိစီရင်အပ်သော လေးပါးကုန်သော ပြဿနာတို့ကိုထား၍လျှင် လူမင်းသုံးပါးတို့ လိုအပ်သောပြဿနာကို မေးလိုရကား-

၆၉။ သုဘာသိတံ တေ အနုမောဒိယာန၊
အညံ တံ ပုစ္ဆာမိ တဒိင်္ဃ ဗြူဟိ။
ယထာ အဟုံ ဒဏ္ဍကီ နာဠိကေရော၊
အထဇ္ဇုနော ကလာဗုစာပိ ရာဇာ။
တေသံ ဂတိံ ဗြူဟိ သုပါပကမ္မိနံ၊
ကတ္ထူပပန္နာ ဣသိနံ ဝိဟေဌကာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၉။ ကောဏ္ဍည၊ ကောဏ္ဍညအနွယယ်ဖြစ်သော ရှင်ရသေ့။ တေ-တဝ၊ အရှင်ဘုရား၏။ သုဘာသိတံ၊ ကောင်းစွာ ဖြေဆိုအပ်သော စကားတော်ကို။ အနုမောဒိယာန၊ ဝမ်းမြောက်ပြီး၍။ အညံ၊ တစ်ပါးသော ပြဿနာကို။ အဟံ၊ အကျန်ုပ်ကို။ တံ၊ အရှင်ဘုရားကို။ ပုစ္ဆာမိ၊ မေးပါအံ့။ တံ၊ အရှင်ဘုရားကို။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ ဗြူဟိ၊ ဖြေဆိုတော် မူပါလော့။ ဒဏ္ဍကီ၊ ဒဏ္ဍကီမင်း လည်းကောင်း။ နာဠိကေရော၊ နာဠိကေရမင်းလည်းကောင်း။ အထ၊ ထိုမှ တစ်ပါး။ အဇ္ဇုနောစ၊ အဇ္ဇုနမင်း လည်းကောင်း။ ကလာဗုရာဇာ စ၊ ကလာဗုမင်း လည်းကောင်း။ ဣတိ၊ ဤသို့။ ယထာ- ယေ စတ္တာရော ရာဇာ၊ အကြင် မင်းလေးပါးတို့သည်။ အဟုံ၊ ဖြစ်ကုန်ပြီ။ သုပါပကကမ္မိနံ၊ အလွန်ကြီးမားသော မကောင်းမှုရှိကုန်သော။ တေသံ စတုန္နံ ရာဇာနံ၊ ထိုမင်းလေးပါးတို့၏။ ဂတိံ၊ လားရာကို။ ဗြူဟိ၊ ဖြေမူလော့။ ဣသီနံ၊ ရသေ့တို့ကို။ ဝိဟေဌကာ၊ နှိပ်စက်ညှဉ်းဆဲ တတ်ကုန်သော မင်းလေးပါးတို့သည်။ ကတ္ထ၊ အဘယ်အရပ်၌။ ဥပပန္နာ၊ ဖြစ်ကုန်သနည်း။

ထိုအခါ သိကြားမင်းအား ဖြေဆိုတော်မူလိုသော ဘုရားအလောင်းသည်-

၇၀။ ကိသံ ဟိ ဝစ္ဆံ အဝကိရိယ ဒဏ္ဍကီ၊
ဥစ္ဆိန္နမူလော သဇနော သရဋ္ဌော။
ကုက္ကုဠနာမေ နိရယမှိ ပစ္စတိ၊
တဿ ဖုလိင်္ဂါနိ ပတန္တိ ကာယေ။
၇၁။ ယော သညတေ ပဗ္ဗဇိတေ အဟေဌယိ၊
ဓမ္မံ ဘဏန္တေ သမဏေ အဒူသကေ။
တံ နာဠိကေရံ သုနခါ ပရတ္ထ၊
သင်္ဂမ္မ ခါဒန္တိ ဝိဖန္ဒမာနံ။
၇၂။ အထဇ္ဇုနော နိရယေ သတ္တိသူလေ၊
အဝံသိရော ပတိတော ဥဒ္ဓံပါဒေါ။
အင်္ဂီရသံ ဂေါတမံ ဟေဌယိတွာ၊
ခန္တိံ တပဿိံ စိရဗြဟ္မစာရိံ။
၇၃။ ယော ခဏ္ဍသော ပဗ္ဗဇိတံ အဆေဒယိ၊
ခန္တိံ ဝဒန္တံ သမဏံ အဒူသကံ။
ကလာဗု ဝီစိံ ဥပပဇ္ဇ ပစ္စတိ၊
မဟာပတာပံ ကဋုကံ ဘယာနကံ။
၇၄။ ဧတာနိ သုတွာ နိရယာနိ ပဏ္ဍိတော။
အညာနိ ပါပိဋ္ဌတရာနိ စေတ္ထ။
ဓမ္မံ စရေ သမဏဗြာဟ္မဏေသု၊
ဧဝံ ကရော သဂ္ဂမုပေတိ ဌာနံ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇၀။ သက္က၊ သိကြားမင်း။ ဒဏ္ဍကီ၊ ဒဏ္ဍကီမင်းသည်။ ကိသံ၊ ကြုံလှီသော ကိုယ်ရှိသော။ ဝစ္ဆံ၊ ဝစ္ဆရှင်ရသေ့ကို။ အဝကိရိယ၊ တံတွေး, တံပူဖတ်တို့ဖြင့် သွန်းလောင်း၍။ သဇနော၊ အခြံအရံနှင့်တကွ။ သရဋ္ဌော၊ တိုင်းပြည်နှင့်တကွ။ ဥစ္ဆိန္နမူလော၊ ပြတ်သော အမြစ်ရှိသည်ဖြစ်၍။ ကုက္ကုဠနာမေ နိရယမှိ၊ ပြာပူရှိသောကြောင့် ကုက္ကုဠ အမည်ရှိသော ငရဲ၌။ ပစ္စတိ၊ ခံရ၏။ တဿ၊ ထိုဒဏ္ဍကီမင်း၏။ ကာယေ၊ ကိုယ်ပေါ်၌။ ဖုလိင်္ဂါနိ၊ မီးပေါက်မီးဖွားတို့သည်။ ပတန္တိ၊ ကျကုန်၏။

֍ ဋ္ဌ ၇၁။ သက္က၊ သိကြားမင်း။ ယော နာဠိကေရော၊ အကြင် နာဠိကေရမင်းသည်။ သညတေ၊ ကာယဒွါရ အစရှိသည်ကို ကောင်းစွာ စောင့်ရှောက်တတ်ကုန်သော။ ဓမ္မံ၊ ကုသိုလ်ကမ္မပထ တရားဆယ်ပါးကို။ ဘဏန္တေ၊ ဟောတတ်ကုန်သော။ သမဏေ၊ ကိလေသာတို့ကို ငြိမ်းစေတတ်ကုန်သော။ အဒူသကေ၊ အပြစ်မရှိကုန်သော။ ပဗ္ဗဇိတေ၊ ရဟန်းတို့ကို။ အဟေဌယိ၊ သတ်ဖြတ်ညှဉ်းဆဲ၏။ တံ နာဠိကေရံ၊ ထိုနာဠိကေရမင်းကို။ ပရတ္ထ၊ တမလွန်ဘဝ၌။ သုနခါ၊ ငရဲခွေးတို့သည်။ သင်္ဂမ္မ၊ အညီအညွတ် လာလတ်၍။ ဝိဖန္ဒမာနံ၊ လွန့်လျက် တုန်ယင်စဉ်။ ခါဒန္တိ၊ ခဲကုန်၏။

֍ ဋ္ဌ ၇၂။ သက္က၊ သိကြားမင်း။ အထ၊ ထိုမှတစ်ပါး။ အဇ္ဇုနော၊ အဇ္ဇုနမင်းသည်။ ဂေါတမံ၊ ဂေါတမအနွယ် ဖြစ်သော။ ခန္တိံ၊ သည်းခံခြင်းရှိသော။ တပဿိံ၊ ခြိုးခြံသော အကျင့်ရှိသော။ စိရဗြဟ္မစာရိံ၊ ကြာမြင့်စွာ မြတ်သော အကျင့်ကို ကျင့်လေ့ရှိသော။ အင်္ဂီရသံ၊ အရသ ရှင်ရသေ့ကို။ ဟေဌယိတွာ၊ ညှဉ်းဆဲနှိပ်စက်ခြင်းကြောင့်။ သတ္တိသူလေ၊ လှံတံကျင်ရှိသော။ နိရယေ၊ ငရဲ၌။ ဥဒ္ဓံပါဒေါ၊ ခြေကားမိုးမျှော်။ အဝံသိရော၊ ဦးခေါင်းစောက်ထိုး။ ပတိတော၊ ကျ၏။

֍ ဋ္ဌ ၇၃။ သက္က၊ သိကြားမင်း။ ယော ရာဇာ၊ အကြင် ကလာဗုမင်းသည်။ သမဏံ၊ ကိလေသာကို ငြိမ်းစေတတ်သော။ အဒူသကံ၊ အပြစ်မရှိသော။ ခန္တိံ ဝဒန္တံ၊ ခန္တီဟု ဆိုလေ့ရှိသော။ ပဗ္ဗဇိတံ၊ ရသေ့ရဟန်းကို။ ခဏ္ဍသော၊ အပိုင်းအပိုင်း။ အဆေဒယိ၊ ဖြတ်၏။ သော ကလာဗု၊ ထိုကလာဗုမင်းသည်။ မဟာပတာပံ၊ ပြင်းစွာသော ပူပန်ခြင်းရှိသော။ ကဋုကံ၊ ပြင်းထန်သော ဝေဒနာရှိသာ။ ဘယာနကံ၊ ကြောက်မက်ဖွယ်သော။ အဝီစိံ၊ အဝီစိငရဲ၌။ ဥပပဇ္ဇ၊ ဖြစ်၍။ ပစ္စတိ၊ ခံရ၏။

֍ ဋ္ဌ ၇၄။ သက္က၊ သိကြားမင်း။ ဧတာနိ နိရယာနိ၊ ထိုငရဲတို့ကိုလည်းကောင်း။ ဧတ္ထ ဧတေဟိ နိရယေဟိ၊ ထိုငရဲတို့ထက်။ ပါပိဋ္ဌတရာနိ၊ အလွန် ယုတ်မာကုန်သော။ အညာနိစ၊ တစ်ပါးကုန်သော ငရဲတို့ကို လည်းကောင်း။ သုတွာ၊ ကြား၍။ ပဏ္ဍိတော၊ ပညာရှိသော သူသည်။ သမဏဗြာဟ္မဏေသု၊ ရဟန်း ပုဏ္ဏားတို့၌။ ဓမ္မံ၊ တရားကို။ စရေ၊ ကျင့်ရာ၏။ ဧဝံကရော၊ ဤသို့ တရားကို ကျင့်သောသူသည်။ သဂ္ဂံ ဌာနံ၊ နတ်ပြည် အရပ်သို့။ ဥပေတိ၊ ရောက်၏။

သိအပ်လှစွာ ကြောင်းလေးဖြာ

ဤသို့ ဘုရားလောင်းသည် မင်းလေးပါးတို့၏ ဖြစ်ရာအရပ်ကို ပြသည်ရှိသော် မင်းသုံးပါးတို့သည် ယုံမှားခြင်းကင်းကုန်၏။ ထိုနောက်မှ သိကြားမင်းသည် ကြွင်းကုန်သော လေးပါးကုန်သော ပြဿနာတို့ကို မေးလိုရကား-

၇၅။ သုဘာသိတံ တေ အနုမောဒိယာန၊
အညံ တံ ပုစ္ဆာမိ တဒိင်္ဃ ဗြူဟိ၊
ကတံဝိဓံ သီလဝန္တံ ဝဒန္တိ၊
ကထံဝိဓံ ပညဝန္တံ ဝဒန္တိ။
ကထံဝိဓံ သပ္ပုရိသံ ဝဒန္တိ၊
ကထံဝိဓံ နော သိရိ နော ဇဟာတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၅။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ အရှင်ဘုရား၏။ သုဘာသိတံ၊ ကောင်းစွာ ဖြေဆိုတော်မူအပ်သော စကားကို။ အနုမောဒိယာန၊ ဝမ်းမြောက်ပြီး၍။ အညံ၊ တစ်ပါးသော ပြဿနာကို။ တံ၊ အရှင်ဘုရားကို။ ပုစ္ဆာမိ၊ မေးလျှောက်ပါအံ့။ တံ၊ အရှင်ဘုရားကို။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ တွံ၊ အရှင်ဘုရားသည်။ ဗြူဟိ၊ ဟောတော်မူပါလော့။ ကထံဝိဓံ၊ အဘယ်သို့ သဘောရှိသော သူကို။ သီလဝန္တံ၊ သီလရှိသောသူဟူ၍။ ဝဒန်တိ နု၊ ဆိုကုန်သနည်း။ ကထံဝိဓံ၊ အဘယ်သို့ သဘောရှိသော သူကို။ ပညဝန္တံ၊ ပညာရှိသောသူဟူ၍။ ဝဒန္တိ နု၊ ဆိုကုန်သနည်း။ ကထံဝိဓံ၊ အဘယ်သို့ သဘောရှိသော သူကို။ သပ္ပုရိသံ၊ သူတော်ကောင်းဟူ၍။ ဝဒန္တိ နု၊ ဆိုကုန်သနည်း။ ကထံဝိဓံ၊ အဘယ်သို့ သဘောရှိသောသူကို။ သိရိ၊ အသရေသည်။ နော ဇဟာတိ နု၊ မစွန့်သနည်း။

ထိုသို့ မေးလျှောက်သောအခါ ထိုသိကြားမင်းအား ဖြေတော်မူလိုသော ဘုရားလောင်းသည်-

၇၆။ ကာယေန ဝါစာယ ယောဓ သညတော၊
မနသာ စ ကိဉ္စိ န ကရောတိ ပါပံ။
န အတ္တဟေတု အလိကံ ဘဏေတိ၊
တထာဝိဓံ သီလဝန္တံ ဝဒန္တိ။
၇၇။ ဂမ္ဘီရပဉှံ မနသာဘိစိန္တယံ၊
နာစ္စာဟိတံ ကမ္မ ကရောတိ လုဒ္ဒံ။
ကာလာဂတံ အတ္ထပဒံ န ရိဉ္စတိ၊
တထာဝိဓံ ပညဝန္တံ ဝဒန္တိ။
၇၈။ ယော ဝေ ကတညူ ကတဝေဒိ ဓီရော၊
ကလျာဏမိတ္တော ဒဠှဘတ္တိစ ဟောတိ။
ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊
တထာဝိဓံ သပ္ပုရိသံ ဝဒန္တိ။
၇၉။ ဧတေဟိ သဗ္ဗေဟိ ဂုဏေဟုပေတော၊
သဒ္ဓေါ မုဒူ သံဝိဘာဂီ ဝဒညူ။
သင်္ဂါဟကံ သခိလံ သဏှဝါစံ၊
တထာဝိဓံ နော သိရိ နော ဇဟာဟိ။

ဟူသော ဤ လေးဂါထာကို ဆို၏။

֍ ဋ္ဌ ၇၆။ သက္က၊ သိကြားမင်း။ ဣဓလောကေ၊ ဤလောက၌။ ယော၊ အကြင်သူသည်။ ကာယန၊ ကိုယ်ဖြင့် လည်းကောင်း။ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ စ၊ စိတ်ဖြင့်လည်းကောင်း။ သညတော၊ ကောင်းစွာ စောင့်ရှောက်အပ်သည်ဖြစ်၍။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ပါပံ၊ မကောင်းမှုကို။ န ကရာတိ၊ မပြု။ အတ္တဟေတု၊ မိမိကိုယ်အစရှိသော အကြောင်းကြောင့်။ အလိကံ၊ မုသားကို။ န ဘဏေတိ၊ မဆို။ တထာဝိဓံ၊ ထိုသို့သဘောရှိသော သူကို။ သီလဝန္တံ၊ သီလရှိသောသူဟူ၍။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ ဝဒန္တိ၊ ဆိုကုန်၏။

֍ ဋ္ဌ ၇၇။ သက္က၊ သိကြားမင်း။ ယော၊ အကြင်သူသည်။ ဂမ္ဘီရပဉှံ၊ နက်နဲသောပြဿနာကို။ မနသာ၊ စိတ်ဖြင့်။ အဘိစိန္တယံ- အဘိစိန္တယန္တော၊ ကြံသည်ရှိသော်။ ကထေတုံ၊ ဖြေဆိုအံ့သောငှာ။ သက္ကောတိ၊ စွမ်းနိုင်၏။ အစ္စာဟိတံ၊ အစီးအပွားကိုလွန်သော။ လုဒ္ဒံ၊ ရုန့်ရင်းကြမ်းကြုတ်သော။ ကမ္မံ၊ အမှုကို။ န ကရောတိ၊ မပြု။ ကာလာဂတံ၊ အခါသို့ရောက်သော။ အတ္ထပဒံ၊ စီးပွားခြင်း၏ အကြောင်းကို။ န ရိဉ္စတိ၊ မယိုယွင်းစေ။ တထာဝိဓံ၊ ထိုသို့သဘောရှိသော သူကို။ ပညာန္တံ၊ ပညာရှိသောသူဟူ၍။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ ဝဒန္တိ၊ ဆိုကုန်၏။

֍ ဋ္ဌ ၇၈။ သက္က၊ သိကြားမင်း။ ယော၊ အကြင်သူသည်။ ကတညူ၊ သူ့ကျေးဇူးကို သိလေ့ရှိ၏။ ကတဝေဒီ၊ သိသည် အားလျော်စွာ သူ့ကျေးဇူးကို ဆပ်လေ့ရှိ၏။ ဓီရော၊ မြဲမြံတည်ကြည်၏။ ကလျာဏမိတ္တော၊ အဆွေခင်ပွန်းကောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဒဠှဘတ္တိ စ၊ မြဲမြံသော အဆွေခင်ပွန်းကောင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဒုခိတဿ၊ ဆင်းရဲခြင်းသို့ ရောက်သော အဆွေခင်ပွန်း၏။ ကိစ္စံ၊ အမှုကို။ သက္ကစ္စံ၊ ရိုသေစွာ။ ကရောတိ၊ ပြု၏။ တထာဝိဓံ၊ ထိုသို့သဘောရှိသော သူကို။ သပ္ပုရိသံ၊ သူတော်ကောင်းဟူ၍။ ပဏ္ဍိတာ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ ဝဒန္တိ၊ ဆိုတော်မူကုန်၏။

֍ ဋ္ဌ ၇၉။ သက္က၊ သိကြားမင်း။ ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဧတေဟိ ဂုဏေဟိ၊ ထိုကျေးဇူးတို့နှင့်။ ဥပတော၊ ပြည့်စုံ၏။ သဒ္ဓေါ၊ သက်ဝင်၍ သဒ္ဓါခြင်းရှိ၏။ မုဒူ၊ ချစ်ဖွယ်သောစကားကို ဆိုတက်သည်ဖြစ်၍ နူးညံ့သော စကားရှိ၏။ သံဝိဘာဂီ၊ ဒါန, သီလ အစရှိသည်တို့ကို ခွဲခြမ်းဝေဖန်လေ့ရှိ၏။ ဝဒညူ၊ ပေးကမ်းစွန့်ကြဲသည်၏ အစွမ်းအားဖြင့် တောင်းလာကုန်သော သူတို့၏အသံကို သိတတ်သော အလေ့ရှိ၏။ သင်္ဂါဟကံ၊ ပေးကမ်းခြင်း အစရှိသည်၏ အစွမ်းအားဖြင့် သူတစ်ပါးအို့အား ချီးမြှောက်လေ့ရှိသော။ သခိလံ၊ သာယာသော စကားရှိသော။ သဏှဝါစံ၊ နူးညံ့သော စကားရှိသော။ တထာဝိဓံ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို။ သိရိ၊ ဘုန်း ကျက်သရေသည်။ နော ဇဟာတိ၊ မစွန့်။

ဤသို့လျှင် ဘုရားလောင်းသည် ကောင်းကင်ပြင်၌ လကို ပေါ်စေဘိသကဲ့သို့ လေးပါးကုန်သော ပြဿနာတို့ကို ဖြေတော်မူ၏။

ပညာနှင့်အသရေ ဤနှစ်ထွေ

ဤသို့ ခုနစ်ပါးသော ပြဿနာတို့ကို ဖြေဆိုသည်ရှိသော် သိကြားမင်းသည် တစ်ဖန် မေးပြန်လိုရကား...

၈၀။ သုဘာသိတံ တေ အနုမောဒိယာန၊

အညံ တံ ပုစ္ဆာမိ တဒိင်္ဃ ဗြူဟိ။

သီလံ သိရိဉ္စာပိ သတဉ္စ ဓမ္မံ၊

ပညဉ္စ ကံ သေဋ္ဌတရံ ဝဒန်တိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၀။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ အရှင်ဘုရား၏။ သုဘာသိတံ၊ ကောင်းစွာ ဖြေဆိုတော် မူအပ်သောစကားကို။ အနုမောဒိယာန၊ ဝမ်းမြောက်ပြီး၍။ အညံ၊ တစ်ပါးသော ပြဿနာကို။ တံ၊ အရှင်ဘုရားကို။ ပုစ္ဆာမိ၊ မေးလျှောက်ပါအံ့။ တံ၊ အရှင်ဘုရားကို။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ ဗြူဟိ၊ ဖြေဆိုတော်မူပါလော့။ သီလဉ္စ၊ သီလလည်းကောင်း။ သိရိဉ္စ၊ အသရေလည်းကောင်း။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မဉ္စ၊ တရားလည်းကောင်း။ ပညဉ္စ၊ ပညာလည်းကောင်း။ တေသု၊ ထိုတရားတို့တွင်။ ကံ၊ အဘယ် တရားကို။ သေဋ္ဌတရံ၊ အထူးသဖြင့် မြတ်သော တရားဟူ၍။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ ဝဒန္တိ၊ ဆိုတော်မူကုန်သနည်း။

ဘုရားလောင်းသည် ထိုသိကြားမင်းအမေးကို ဖြေလိုရကား-

မြတ်သည့်အရာ ပညာ

၈၁။ ပညာ ဟိ သေဋ္ဌော ကုသလာ ဝဒန္တိ၊

နက္ခတ္တရာဇာရိဝ တာရကာနံ။

သီလံ သိရီစာပိ သတဉ္စ ဓမ္မော၊

အနွာယိကာ ပညဝတော ဘဝန္တိ-

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၁။ သက္က၊ သိကြားမင်း။ သီလဉ္စ၊ သီလသည်လည်းကောင်း။ သိရိဉ္စာပိ၊ အသရေသည်လည်းကောင်း။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော စ၊ တရားသည်လည်းကောင်း။ ပညဝတော ပညဝန္တံ၊ ပညာရှိသောသူသို့။ အနွာယိကာ၊ အစဉ်တစိုက် လိုက်ကုန်သည်။ ယသ္မာ၊ အကြင့်ကြောင့်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တာရကာနံ၊ ကြယ်တို့၏။ နက္ခတ္တရာဇာရိဝ၊ နက္ခတ်တို့၏ မင်းဖြစ်သော လကဲ့သို့။ ပညာဟိ ပညာ ဧဝ၊ ပညာကိုသာလျှင်။ သေဋ္ဌော၊ အမြတ်ဟူ၍။ ကုသလာ၊ ဘုရား အစရှိကုန်သော ပညာရှိတို့သည်။ ဝဒန္တိ၊ ဆိုကုန်၏။

ပညာရှိကြောင်းနှင့် ဗြဟ္မာ့ပြည်ရောက်ကြောင်း

ဤသို့ ဖြေဆိုသည်ရှိသော် တစ်ဖန် တစ်ပါးသော ပြဿနာကို မေးပြန်လိုရကား-

၈၂။ သုဘာသိတံ တေ အနုမောဒိယာန၊
အညံ တံ ပုစ္ဆာမိ တဒိင်္ဃ ဗြူဟိ။
ကထံကရော ကိန္တိကရော ကိမာစရံ၊
ကိံ သေဝမာနော လဘတီဓ ပညံ။
ပညာယ ဒါနိပ္ပဋိပဒံ ဝဒေဟိ၊
ကထံကရော ပညဝါ ဟောတိ မစ္စော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၂။ ကောဏ္ဍည၊ ကောဏ္ဍည အနွယ်ဖြစ်သော ရှင်ရသေ့။ တေ၊ အရှင်ဘုရား၏။ သုဘာသိတံ၊ ကောင်းစွာ ဆိုတော်မူအပ်သော စကားကို။ အနုမာဒိယာန၊ ဝမ်းမြောက်ကုန်ပြီး၍။ အညံ၊ တစ်ပါးသော ပြဿနာကို။ တံ၊ အရှင်ဘုရားကို။ ပုစ္ဆာမိ၊ မေးပါအံ့။ တံ၊ အရှင်ဘုရားကို။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ ဗြူဟိ၊ ဖြေဆိုတော်မူပါလော့။ ဣဓ၊ ဤလောက၌။ ကထံကရော၊ အဘယ်မည်သောအမှုကို ပြုသောသူသည်။ ကိန္တိကရော၊ အဘယ်သို့ ပြုသောသူသည်။ ကိမာစရံ၊ အဘယ်ကို ကျင့်သောသူသည်။ ကိံသေဝမာနော၊ အဘယ်ကို မှီဝဲသောသူသည်။ ပညံ၊ ပညာကို။ လဘတိ၊ ရသနည်း။ ဒါနိ၊ ယခုအခါ၌။ ပညာယ၊ ပညာ၏။ ပဋိပဒံ၊ ရခြင်းအကြောင်း ဖြစ်သောအကျင့်ကို။ ဝဒေဟိ၊ ဖြေဆိုတော်မူလော့။ ကထံကရော၊ အဘယ်သို့ပြုသော။ မစ္စော၊ သတ္တဝါသည်။ ပညဝါ၊ ပညာရှိသည်။ ဟောတိ၊ ဖြစ်သနည်း။

ထိုသိကြားမင်း အမေးကို ဖြေတော်မူလိုသော ဘုရားလောင်းသည်

၈၃။ သေဝေထ ဝုဒ္ဓေ နိပုဏေ ဗဟုသုတေ၊

ဥဂ္ဂါဟကော စ ပရိပုစ္ဆကော သိယာ။

သုဏေယျ၊ သက္ကစ္စ သုဘာသိတာနိ၊

ဧဝံ ကရော ပညဝါ ဟောတိ မစ္စော။

၈၄။ သ ပညဝါ ကာမဂုဏေ အဝေက္ခတိ၊

အနိစ္စတော ဒုက္ခတော ရောဂတော စ။

ဧဝံ ဝိပဿီ ပဇာဟတိ ဆန္ဒံ၊

ဒုက္ခေသု ကာမေသု မဟဗ္ဘယေသု။

၈၅။ သ ဝီတရာဂေါ ပဝိနေယျ ဒေါသံ၊

မေတ္တံ စိတ္တံ ဘာဝယေ အပ္ပမာဏံ။

သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊

အနိန္ဒိတော ဗြဟ္မမုပေတိ ဌာနံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၃။ သက္က၊ သိကြားမင်း။ ယော မစ္စော၊ အကြင်သတ္တဝါသည်။ နိပုဏေ၊ နူးညံ့သိမ်မွေ့သော အကြောင်းကို သိခြင်းငှာ စွမ်းနိုင်ကုန်သော။ ဗဟုဿုတေ၊ များသော အကြားအမြင် ရှိကုန်သော။ ဝုဒ္ဓေ၊ ပညာကြီးကုန်သော သူတို့ကို။ သေဝေထ- သေဝေယျ၊ မှီဝဲရာ၏။ ဥဂ္ဂါဟကော စ၊ ပါဠိကို သင်သည်လည်း။ သိယာ၊ ဖြစ်ရာ၏။ ပရိပုစ္ဆကော စ၊ ပါဠိတော်၏အနက်ကို အဖန် တလဲလဲ မေးမြန်းသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ သုဘာသိတာနိ၊ ကောင်းစွာ ဟောတော်မူအပ်ကုန်သော တရားတို့ကို။ သက္ကစ္စံ၊ ရိုသေစွာ။ သုဏေယျ၊ နာခံရာ၏။ ဧဝံကရော၊ ဤသို့ကျင့်သော။ မစ္စော၊ သတ္တဝါသည်။ ပညဝါ၊ ပညာရှိသည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၈၄။ ပညဝါ၊ ပညာရှိသော။ သ-သော၊ ထိုသူသည်။ ကာမဂုဏေ၊ ကာမဂုဏ်တို့ကို။ အနိစ္စတော စ၊ အနိစ္စအားဖြင့်လည်းကောင်း။ ဒုက္ခတော စ၊ ဒုက္ခအားဖြင့်လည်းကောင်း။ ရောဂတော စ၊ ရောဂါအားဖြင့်လည်းကောင်း။ အဝေက္ခတိ၊ ရှု၏။ ဧဝံ ဝိပဿီ၊ ဤသို့ ရှုလေ့ရှိသော ပညာရှိသည်။ ဒုက္ခေသု၊ ဆင်းရဲခြင်း၏ တည်ရာ ဖြစ်ကုန်သော။ မဟဗ္ဘယေသု၊ များစွာသော ဘေးရှိကုန်သော။ ကာမေသု၊ ကာမဂုဏ်တို့၌။ ဆန္ဒံ၊ တပ်စွန်းခြင်းဟု ဆိုအပ်သော ဆန္ဒကို။ ပဇာဟတိ၊ စွန့်နိုင်၏။

֍ ဋ္ဌ ၈၅။ ဝီတရာဂေါ၊ ကာမဂုဏ်တို့၌ တပ်စွန်းခြင်း ကင်းသော။ သ-သော၊ ထိုသူသည်။ ဒေါသံ၊ ဒေါသကို။ ပဝိနေယျ၊ ပယ်ဖျောက်၍။ အပ္ပမာဏံ၊ အတိုင်းအရှည်မရှိသာ။ မေတ္တံ စိတ္တံ၊ မေတ္တာနှင့် ယှဉ်သောစိတ်ကို။ ဘာဝယေ၊ ပွားစေရာ၏။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ ဘူတေသု၊ သတ္တဝါတို့၌။ ဒဏ္ဍံ၊ နှိပ်စက်ညှဉ်းဆဲခြင်း ဟူသော ဒဏ်ကို။ နိဓာယ၊ ချ၍။ သော၊ ထိုသူသည်။ အနိန္ဒိတော၊ မကဲ့ရဲ့အပ်သည်ဖြစ်၍။ ဗြဟ္မဋ္ဌာနံ၊ ဗြဟ္မာ့ပြည်သို့။ ဥပေတိ၊ ရောက်၏။

ဤသို့ ဘုရားလောင်းသည် ကာမဂုဏ်တို့၏အပြစ်ကို ဟောစဉ်ပင်လျှင် ဗိုလ်ပါအပေါင်းနှင့်တကွ ဖြစ်ကုန်သော ထိုမင်းသုံးပါးတို့သည် တဒင်္ဂပဟာန်ဖြင့် ငါးပါးသော ကာမဂုဏ်၌ တပ်စွန်းသော ရာဂကို ပယ်ဖျောက်အပ်၏။

မင်း၃-ပါး တရားမြင်

ထိုအကြောင်းကိုသိ၍ ဘုရားလောင်းသည် ထိုမင်းသုံးပါးတို့အား ရွှင်စေသည်၏ အစွမ်းအားဖြင့် ချီးမွမ်းလိုရကား-

၈၆။ မဟတ္ထိယံ အာဂမနံ အဟောတိ၊
တဝမဋ္ဌကာ ဘိမရထဿ စာပိ။
ကာလိင်္ဂရာဇဿ စ ဥဂ္ဂတဿ၊
သဗ္ဗေသ ဝေါ ကာမရာဂေါ ပဟီနော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၆။ အဋ္ဌက၊ အဋ္ဌကမင်း။ တဝ စ၊ သင်၏လည်းကောင်း။ ဘိမရထဿစာပိ၊ ဘိမရထမင်းလည်းကောင်း။ ဥဂ္ဂတဿ၊ နေလကဲ့သို့ ကျော်စော ထင်ရှားသော။ ကာလိင်္ဂရာဇဿစ၊ ကာလိင်္ဂမင်း၏ လည်းကောင်း။ အာဂမနံ၊ ဤအရပ်သို့ လာခြင်းသည်။ မဟတ္ထိယံ၊ များသော အကျိုးရှိသည်။ အဟောသိ၊ ဖြစ်၏။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော။ ဝေါ၊ သင်တို့သည်။ ကာမရာဂေါ၊ ကာမဂုဏ်တို့၌ တပ်စွန်းသော ရာဂကို။ ပဟီနာ၊ ပယ်ဖျောက်အပ်၏။

ရသေ့ပြုကြပြီ

ထိုစကားကို ကြားကုန်၍ မင်းသုံးပါးတို့သည် ဘုရားလောင်းအား ချီးမွမ်းခြင်းကို ပြုလိုကုန်ရကား-

၈၇။ ဧဝမေတံ ပရစိတ္တဝေဒိ၊
သဗ္ဗေသ နော ကာမရာဂေါ ပဟီနော။
ကရောဟိ ဩကာသ မနုဂ္ဂဟာယ၊
ယထာ ဂတိံ တေ အဘိသမ္ဘဝေမ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၇။ ပရစိတ္တဝေဒိ၊ သူတစ်ပါးတို့၏ စိတ်ကိုသိတတ်သော ရှင်ရသေ့။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော။ နော၊ အကျွန်ုပ်တို့အား။ ကာမရာဂေါ၊ ငါးပါးသော ကာမဂုဏ်တို့၌ တပ်စွန်းအပ်သော ရာဂကို။ ပဟီနော၊ ပယ်ဖျောက်အပ်၏။ တံ၊ ထိုသို့ ပယ်ဖျောက်ခြင်းသည်။ ဧဝမေဝ၊ အရှင်ဘုရားသိတိုင်း ဟုတ်သည်သာလျှင်တည်း။ ယထာ- ယေန အာကာရေန၊ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်။ မယံ၊ အကျွန်ုပ်တို့သည်။ တေ၊ အရှင်ဘုရား၏။ ဂတိံ၊ ဖြစ်ရာအရပ်သို့။ အဘိသမ္ဘဝေမ၊ ရောက်လိုကုန်၏။ တထာ-တေန အာကာရေန၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။ အနုဂ္ဂဟာယ၊ ရဟန်းပြုစိမ့်သောငှာ။ ဩကာသံ၊ အခွင့်ကို။ တွံ၊ အရှင်ဘုရားသည်။ ကရောဟိ၊ ပြုတော်မူလော့။

ထိုအခါ ထိုမင်းတို့အား အခွင့်ပြုတော်မူလိုသော ဘုရားလောင်းသည်-

၈၇။ ကရောမိ ဩကာသမနုဂ္ဂဟာယ၊
တထာ ဟိ ဝေါ ကာမရာဂေါ ပဟီနော။
ဖရာထ ကာယံ ဝိပုလာယ ပီတိယာ၊
ယထာ ဂတိံ အဘိသမ္ဘဝေထ။

֍ ဋ္ဌ ၈၈။ ဘောန္တိ ရာဇာနော၊ အိုမင်းများတို့။ ဝေါ၊ သင်တို့သည်။ ကာမရာဂေါ၊ ငါးပါးသောဂုဏ်၌ တပ်စွန်းသော ရာဂကို။ ပဟီနော၊ ပယ်ဖျောက်အပ်၏။ တထာဟိ- တတော ဧဝ၊ ထို့ကြောင့်လျှင်။ ဝေါ၊ သင်တို့အား။ အနုဂ္ဂဟာယ၊ ရဟန်းပြုစိမ့်သောငှာ။ ဩကာသံ၊ အခွင့်ကို။ ကရောမိ၊ ပြု၏။ ယထာ- ယေန အာကာရေန၊ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်။ မေ၊ ငါ၏။ ဂတိံ၊ လားရာအရပ်သို့။ အဘိသမ္ဘဝေထ၊ ရောက်ကုန်ရာ၏။ တထာ- တေန အာကာရေန၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။ ဝိပ္ပလာယ၊ ပြန့်ပြောစွာသော။ ပီတိယာ၊ ဈာန်နှင့်ယှဉ်သော ပီတိဖြင့်။ ကာယံ၊ ကိုယ်ကို။ ဖရာထ၊ နှံ့ကြစေကုန်လော့။

ထိုစကားကို ကြား၍ မင်းသုံးပါးတို့သည် ဝန်ခံလိုရကား-

၈၉။ သဗ္ဗံ ကရိဿာမ တဝါနုသာသနိံ၊
ယံ ယံ တုဝံ ဝက္ခသိ ဘူရိပည။
ဖရာမ ကာယံ ဝိပုလာယ ပီတိယာ၊
ယထာ ဂတိံ တေ အဘိသမ္ဘဝေမ။

ဟူသော ဤဂါထာကို ဆိုကုန်၏။

֍ ဋ္ဌ ၈၉။ ဘူရိပည၊ မြေကြီးအထုနှင့်တူသော ကြီးကျယ်သော ပညာရှိတော်မူသော ရှင်ရသေ့။ တုဝံ၊ အရှင်ဘုရားသည်။ အနုသာသနိံ၊ အဆုံးအမဖြစ်သော။ ယံ ယံ၊ အကြင် အကြင် စကားကို။ ဝက္ခသိ၊ ဆိုတော်မူ၏။ တဝ၊ အရှင်ဘုရား၏။ တံ တံ သဗ္ဗံ၊ ထိုထိုအဆုံးအမ စကားတော်အလုံးစုံကို။ ကရိဿာမ၊ လိုက်နာကြကုန်အံ့။ ယထာ- ယေန အာကာရေန၊ အကြင် အကြင်သို့သော အခြင်းအရာအားဖြင့်။ တေ၊ အရှင်ဘုရား၏။ ဂတိံ၊ လားရာအရပ်သို့။ အဘိသမ္ဘဝေမ၊ ရောက်ကြကုန်ရာ၏။ တထာ- တေန အာကာရေန၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။ ဝိပုလာယ၊ ပြန့်ပြောစွာသော။ ပီတိယာ၊ ဈာန်နှင့်ယှဉ်သော ပီတိဖြင့်။ ကာယံ၊ ကိုယ်ကို။ ဖရာမ၊ နှံ့ပါစေကုန်အံ့။

ရသေပြုကြပြီး ဈာန်ရကြကြောင်း

ထိုအခါ ဗိုလ်ပါအပေါင်းနှင့် တကွကုန်သော ထိုမင်းသုံးပါးတို့အား ဘုရားလောင်းသည် ရဟန်းအဖြစ်ကို ပေးတော်မူ၍ ရသေ့အပေါင်းကို လွှတ်တော်မူလိုသည်ဖြစ်၍-

၉၀။ ကတာယ ဝစ္ဆဿ ကိသဿ ပူဇာ၊
ဂစ္ဆန္တု ဘောန္တော ဣသယော သာဓုရူပါ။
ဈာနေ ရတာ ဟောထ သဒါ သမာဟိတာ၊
ဧသာ ရတီ ပဗ္ဗဇိတဿ သေဋ္ဌာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၀။ ဘောန္တော၊ အရှင်ကောင်း ဖြစ်ကုန်သော ရသေ အပေါင်းတို့။ ကိသဿ ဝစ္ဆဿ၊ ကိသဝစ္ဆ ရှင်ရသေ့အား။ အယံပူဇာ၊ ဤပူဇော်ခြင်းကို။ ကတာ၊ ပြုအပ်ပြီ။ သာဓုရူပါ၊ ကောင်းသော သဘောရှိကုန်သော။ ဣသယော၊ အရှင်ရသေ့ကောင်းတို့သည်။ ဂစ္ဆန္တု၊ မိမိ မိမိတို့၏ နေရာတို့သို့ သွားကြကုန်လော့။ သဒါ၊ အခါခပ်သိမ်း။ သမာဟိတာ၊ တည်ကြည်သော စိတ်ရှိကုန်သည်ဖြစ်၍။ ဈာနေ၊ ဈာန်၌။ ရတာ၊ မွေ့လျော်ကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။ ဧသာ ရတီ၊ ဤသို့ ဈာန်၌ မွေ့လျော်ခြင်းသည်။ ပဗ္ဗဇိတဿ၊ ရသေ့ရဟန်းအား။ သေဋ္ဌာ၊ မြတ်၏။

ရသေ့အပေါင်းတို့သည် ထိုသရဘင်္ဂဆရာ၏ စကားကို ဦးဖြင့်ဝန်ခံ၍ ရှိခိုးကုန်လျက် ကောင်းကင်သို့ တက်ပြီးလျှင် မိမိ မိမိတို့၏ နေရာအရပ်တို့သို့ သွားကြကုန်၏။ သိကြားမင်းသည်လည်း နေရာမှထပြီးလျှင် ဘုရားလောင်းအား ချီးမွမ်းခြင်းကိုပြု၍ လက်အုပ်ချီလျက် နေကိုရှိခိုးဘိသကဲ့သို့ ဘုရားလောင်းကို ရှိခိုးလျက် ပရိသတ်နှင့်တကွ ဖဲလေ၏။

ဈာန်ရတရားများ

ထိုအကြောင်းကို သိစေတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၉၁။ သုတွာန ဂါထာ ပရမတ္ထသံဟိတာ၊
သုဘာသိတာ ဣသိနာ ပဏ္ဍိတေန။
တေ ဝေဒဇာတာ အနုမောဒမာနာ။
ပက္ကာမု ဒေဝါ ဒေဝပုရံ ယသဿိနော။
၉၂။ ဂါထာ ဣမာ အတ္ထဝတီ သုဗျဉ္ဇနာ၊
သုဘာသိတာ ဣသိနာ ပဏ္ဍိတေန။
ယော ကောစိမာ အဋ္ဌိကတွာ သုဏေယျ၊
လဘေထ ပုဗ္ဗာပရိယံ ဝိသေသံ။
လဒ္ဓါန ပုဗ္ဗာပရိယံ ဝိသေသံ၊
အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဏ္ဍိတေန၊ ပညာရှိသော။ ဣသိနာ၊ သရဘင်္ဂ ရသေ့သည်။ ဘုဘာသိတာ၊ ကောင်းစွာဆိုအပ်သော။ ပရမတ္ထသံဟိတာ၊ နိဗ္ဗာန်ကိုမှီသော။ ဂါထာ၊ ဂါထာတို့ကို။ သုတွာန၊ နာရ၍။ ယသဿိနော၊ များသော အခြံအရံရှိကုန်သော။ တေ ဒေဝါ၊ ထိုနတ်တို့သည်။ ဝေဒဇာတာ၊ ဖြစ်သော နှစ်သက်ခြင်း ရှိကုန်သည်ဖြစ်၍။ အနုမောဒမာနာ၊ ဝမ်းမြောက်ခြင်း ရှိကုန်သည်ဖြစ်၍။ ဒေဝပုရံ၊ နတ်ပြည်သို့။ ပက္ကာမုံ၊ ဖဲကြလေကုန်၏။

֍ ဋ္ဌ ၉၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဏ္ဍိတေန၊ ပညာရှိသော။ ဣသိနာ၊ သရဘင်္ဂရသေ့သည်။ သုဘာသိတာ၊ ကောင်းစွာ အပ်ကုန်သော။ အတ္ထဝတီ၊ မြတ်သော အနက်ရှိကုန်ထသော။ သုဗျဉ္ဇနာ၊ သန့်ရှင်းစင်သော သဒ္ဒါရှိကုန်ထသော။ ဣမာဂါထာ၊ ဤဂါထာတို့ကို။ ယောကောစိ၊ အမှတ်မရှိ တစ်စုံတစ်ယောက်သောသူသည်။ အဋ္ဌိကတွာ၊ အရိုအသေပြု၍။ သုဏေယျ၊ နာရာ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ပုဗ္ဗာပရိယံ၊ ရှေ့နောက်ဖြစ်သော။ ဝိသေသံ၊ ဈာန်အစရှိသော တရားထူးကို။ လဘေထ-လဘေယျ၊ ရရာ၏။ ပုဗ္ဗာပရိယံ ဝိသေသံ၊ ရှေ့နောက်ဖြစ်ကုန်သော ဈာန်အစရှိသော တရားအထူးကို။ လဒ္ဓါန၊ ရ၍။ မစ္စုရာဇဿ၊ သေမင်း၏။ အဒဿနံ၊ မမြင်ရာသို့။ ဂစ္ဆေ၊ ရောက်ရာ၏။

ဇာတ်ပေါင်း... ဤသို့လျှင် သဗ္ဗညူ မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ဖြင့် ဒေသနာတော်၏ အထွတ်ကိုယူတော်မူ၍ ရဟန်းတို့... ယခုသာလျှင် မောဂ္ဂလာန်၏ သင်္ချိုင်း၌ ပန်းမိုးရွာသည် မဟုတ်သေး၊ ရှေး၌လည်း မောဂ္ဂလာန်၏ သင်္ချိုင်း၌ ပန်းမိုးရွာဖူးသည်လျှင်တည်းဟု မိန့်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူလိုရကား-

၉၃။ သာလိဿရော သာရိပုတ္တော၊ မေဏ္ဍိဿရော စ က ကဿပေါ။
ပဗ္ဗတော အနုရုဒ္ဓေါ စ၊ ကစ္စာယနော စ ဒေဝလော။
၉၄။ အနုသိဿော စ အာနန္ဒာ၊ ကိသဝစ္ဆော စ ကောလိတော။
နာရဒေါ ဥဒါယိတ္ထေရော၊ ပရိသာ ဗုဒ္ဓပရိသာ။
သရဘင်္ဂေါ လောကနာထော၊ ဧဝံ ဓာရေထ ဇာတကံ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၃။ ဘိက္ခဝေ၊ ရဟန်းတို့။ သာရိပုတ္တော၊ သာရိပုတ္တရာသည်။ သာလိဿရော၊ သာလိဿရ ရသေ့ဖြစ်ဖူးလေပြီ။ ကဿပေါ စ၊ ကဿပသည်ကား။ မေဏ္ဍိဿရော၊ မေဏ္ဍိဿရ ရသေ့ ဖြစ်ဖူးလေပြီ။ အနုရုဒ္ဓေါ စ၊ အနုရုဒ္ဓါသည်ကား။ ပဗ္ဗတော၊ ပဗ္ဗတရသေ့ ဖြစ်ဖူးလေပြီ။ ကစ္စာယနော စ၊ ကစ္စည်းမထေရ်သည်ကား။ ဒေဝလော၊ ဒေဝိလရသေ့ ဖြစ်ဖူးလေပြီ။

֍ ဋ္ဌ ၉၄။ အာနန္ဒော စ၊ အာနန္ဒာသည်ကား။ အနုသိဿော၊ အနုသိဿရသေ့ ဖြစ်ဖူးလေပြီ။ ကောလိတော စ၊ မောဂ္ဂလာန်သည်ကား။ ကိသဝစ္ဆော၊ ကိသဝစ္ဆရသေ့ ဖြစ်ဖူးလေပြီ။ ဥဒါယိတ္ထေရော၊ ဥဒါယီ မထေရ်သည်ကား။ နာရဒေါ၊ နာရဒရသေ့ ဖြစ်ဖူးလေပြီ။ ဗုဒ္ဓပရိသာ၊ ယခုအခါ ငါဘုရား ပရိသတ်တို့သည်။ ပရိသာ၊ ထိုအခါ သရဘင်္ဂ ဆရာရသေ့၏ ပရိသတ်ရသေ့တို့ ဖြစ်ဖူးကုန်ပြီ။ လောကနာထော၊ လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော ငါဘုရားသည်။ သရဘင်္ဂေါ၊ သရဘင်္ဂဆရာ ဖြစ်ဖူးလေပြီ။ ဧဝံ၊ ဤသို့။ ဇာတကံ၊ ဇာတ်ပေါင်းခြင်းကို။ ဓာရေထ၊ မှတ်ကြကုန်လော့။

ပညာသည်သာ၊ အရာရာ၊ လိုရာအောင်ကြောင်းမှတ်

နှစ်ခုမြောက်ဖြစ်သော သရဘင်္ဂဇာတ်သည် ပြီး၏။

*****

စတ္တာလီသနိပါတ်

၃။ အလမ္ဗုသာဇာတ်

အမှတ်သညာကင်းမဲ့၍ သောကကြီးစွာ တွေ့ရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အထဗြဝိ ဗြဟာ ဣန္ဒော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အလမ္ဗုသာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုကို ဣန္ဒြိယဇာတ်၌ ချဲ့အပ်ပြီးသလျှင်ကတည်း။

မိန်းမကြောင့် ဈာန်လျှောခြင်း

အထူးကား- သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း... သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ အရှင်ဘုရား မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် အဘယ်သူသည် ငြီးငွေ့စေအပ်သနည်း ဟု မေးတော်မူ၍ အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်၏။ သင်သည် ဤမိန်းမကိုအမှီပြု၍ ဈာန်ကိုပျက်စီးစေ၍ သုံးနှစ်တို့ပတ်လုံး တွေဝေလျက် သညာကင်းသဖြင့် အိပ်၍ဖြစ်သော သညာဖြင့် သည်းစွာသော ငိုကြွေးခြင်းကို ငိုကြွေးရဖူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လျှင် ခပ်သိမ်းသော အတတ်တို့၌ အပြီးသို့ရောက်၍ ရသေ့ရဟန်းပြုပြီးလျှင် တောကျောင်း၌ တောသစ်သီး တောသစ်မြစ်ဟူသော အာဟာရ ရှိသည်ဖြစ်၍ မျှ၏။

သမင်မ၏သား

ထိုအခါ တစ်ခုသော သမင်မသည် ထိုရှင်ရသေ့ ကျင်ငယ်စွန့်ရာအရပ်၌ သုက်နှင့်ရောသော မြက်ကိုစား၍ ရေကိုသောက်၏။ ဤမျှဖြင့်သာလျှင် ထိုရှင်ရသေ့၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ကိုယ်ဝန်ရလျှင် ထိုအခါမှစ၍ တစ်စုံတစ်ခုသော အရပ်သို့ မသွားမူ၍ ထိုအရပ်၌သာလျှင် မြက်ကိုစား၏။ ရှင်ရသေ့ကျောင်း၏ အနီး၌လျှင် ကျက်စား၏။ ဘုရားအလောင်းသည် စုံစမ်းသည်ရှိသော် ထိုအကြောင်းကို သိလေ၏။ ထိုသမင်မသည် နောက်အဖို့၌ သူငယ်ကိုဖွား၏။ ဘုရားလောင်းသည် ထိုသူငယ်ကို သားဟူသော ချစ်ခြင်းဖြင့် မွေးမြူ၏။ ထိုသူငယ်အား ဣသိသိင်္ဂ ဟူသော အမည်ကိုမှည့်၏။ ထိုမှ နောက်၌ လိမ္မာသောအဖြစ်သို့ ရောက်သော ထိုဣသိသိင်္ဂကို ဘုရားလောင်းသည် ရဟန်းပြု၍ မိမိအိုမင်းသောကာလ၌ ထိုဣသိသိင်္ဂ ရှင်ရသေ့ကိုခေါ်၍ မိန်းမသဏ္ဌာန် ပွင့်သော ပန်းရှိသောကြောင့် နာရီအမည်ရှိသော နွယ်ပန်းတောသို့သွား၍ ချစ်သား ဤဟိမဝန္တာတော၌ ဤပန်းတို့နှင့် တူကုန်သော မိန်းမတို့မည်သည် ရှိကုန်၏။ ထိုမိန်းမတို့သည် မိမိတို့အလိုသို့ လိုက်ကုန်သော သူတို့ကို ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်စေတတ်ကုန်၏။ ထိုမိန်းမတို့ အလိုမည်သည်ကို လိုက်ခြင်းငှာမအပ် ဟု ဆိုပြီးလျှင် နောက်အဖို့၌ ဗြဟ္မာ့ပြည်သို့ လား၏။

ရှင်ရသေ့၏ သီလတော်

ဣသိသိင်္ဂရသေ့သည် ဈာန်ကစားခြင်းကို ကစားရွှင်မြူးလျက် ဟိမဝန္တာအရပ်၌ နေ၏။ ပြင်းထန်သော အကျင့်ရှိ၏။ ချုပ်တည်း စောင့်စည်းသော ဣန္ဒြေရှိ၏။

သိကြားမင်း ကြောက်ရွံ့ပြီ

ထိုအခါ ဣသိသိင်္ဂရှင်ရသေ့၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ နေရာသည် တုန်လှုပ်၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိ၍ ဤရသေ့သည် ငါ့ကို သိကြားအဖြစ်မှ ရွေ့စေလို၏ ဟု နှလုံးသွင်းပြီးလျှင် တစ်ယောက်သော နတ်သမီးကိုစေ၍ ထိုဣသိသိင်္ဂရသေ့၏ သီလကို ဖျက်ဆီးစေအံ့ ဟု အလုံးစုံသော နတ်ပြည်ကို စုံစမ်းသည်ရှိသော် မိမိ၏ နှစ်ဆယ့်ငါးကုဋေ အရေအတွက် ရှိကုန်သော အလုပ်အကျွေးတို့၏ အလယ်၌ တစ်ယောက်သော အလမ္ဗုသာ အမည်ရှိသော နတ်သမီးကိုထား၍ ထိုဣသိသိင်္ဂရသေ့၏ သီလကို ဖျက်ဆီးအံ့သောငှာ စွမ်းနိုင်သော တစ်ပါးသော နတ်သမီးကိုမမြင်၍ ထိုအလမ္ဗုသာ နတ်သမီးကို ခေါ်စေပြီးလျှင် ထိုဣသိသိင်္ဂရသေ့၏ သီလကို ဖျက်ဆီးစိမ့်သောငှာ စေ၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၉၅။ အထ ဗြဝိ ဗြဟာ ဣန္ဒော၊ ဝတြဘူ ဇယတံ ပိတာ။
ဒေဝကညံ ပရာဘေတွာ၊ သုဓမ္မာယံ အလမ္ဗုသံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၅။ ဘိက္ခဝေ၊ ရဟန်းတို့။ အထ တဒါကာလေ၊ ထိုအခါ၌။ ဇယတံ၊ ရန်ကိုအောင်ကုန်သော သုံးကျိပ်သုံးယောက်ကုန်သော နတ်သားတို့၏။ ပိတာ၊ အဖဖြစ်သော။ ဝတြဘူ၊ ဝတြဘူအမည်ရှိသော အသုရာကို လွှမ်းမိုးသော။ ဗြဟာ၊ မြတ်သော။ ဣန္ဒော၊ သိကြားမင်းသည်။ သုဓမ္မာယံ၊ သုဓမ္မာအမည်ရှိသော နတ်သဘင်၌။ နိသိန္နော၊ နေလျက်။ အလမ္ဗုသံ၊ အလမ္ဗုသာ အမည်ရှိသော။ ဒေဝကညံ၊ နတ်သမီးကို။ ပရာဘေတွာ၊ စွမ်းနိုင်၏ဟု ကောင်းစွာသိ၍။ အဗြဝိ၊ ဆို၏။

နတ်သမီးကို ဖျက်ဆီးခိုင်းခြင်း

သိကြားမင်းသည် သုဓမ္မာအမည်ရှိသော နတ်သဘင်ဝယ် ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ နေလျက် ထိုအလမ္ဗုသာ နတ်သမီးကိုခေါ်၍ တောင်းပန်လိုရကား-

၉၆။ မိဿေ ဒေဝါ တံ ယာစန္တိ၊ တာဝတိံသာ သဣန္ဒကာ။
ဣသိပ္ပလောဘနေ ဂစ္ဆ၊ ဣသိသိင်္ဂံ အလမ္ဗုသေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၆။ မိဿေ၊ ယောက်ျားတို့ကို ကိလေသာတည်းဟူသော အာမိသဖြင့် ရောနှောတတ်သော။ ဣသိပ္ပလောဘနေ၊ ရသေ့တို့ကို ဖြားယောင်းခြင်းငှာ စွမ်းနိုင်သော။ အလမ္ဗုသေ၊ ရှင်မအလမ္ဗုသာ။ တံ၊ ရှင်မကို။ သဣန္ဒကာ၊ သိကြားမင်းနှင့် တကွကုန်သော။ တာဝတိံသာ ဒေဝါ၊ တာတိံသာ နတ်တို့သည်။ ယာစန္တိ၊ တောင်းပန်ကုန်၏။ ဣသိသိင်္ဂံ၊ ဣသိသိင်္ဂ ရသေ့ထံသို့။ ဂစ္ဆေ၊ သွားချေလော့။

ဤသို့သောနည်းဖြင့် သိကြားနတ်မင်းသည် ရှင်မ... သွားချေ၊ ဣသိသိင်္ဂရသေ့သို့ ချဉ်းကပ်၍ မိမိအလိုသို့ ဆောင်ယူသဖြင့် ထိုဣသိသိင်္ဂ ရသေ့၏ သီလကို ဖျက်ဆီးချေလော့ ဟုဆို၍ အလမ္ဗုသာ နတ်သမီးကို စေလိုရကား...

၉၇။ ပုရာယံ အမှေ အစ္စေတိ၊ ဝတ္တဝါ ဗြဟ္မစရိယဝါ။

နိဗ္ဗာနာဘိရတော ဝုဒ္ဓေါ၊ တဿ မဂ္ဂါနိ အာဝရ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၇။ အလမ္ဗုသေ၊ ရှင်မ အလမ္ဗုသာ။ ဝတ္တဝါ၊ ဝတ်ကြီးဝတ်ငယ်ကို လည်းကောင်း။ ဗြဟ္မစရိယ ဝါ၊ မြတ်သောအကျင့်ကို လည်းကောင်း။ ပူရေန္တော၊ ဖြည့်ကျင့်ထသော။ နိဗ္ဗာနာဘိရတော၊ နိဗ္ဗာန်ဟုဆိုအပ်သော နတ်ပြည်၌ အလွန်မွေ့လျော်ထသော။ ဝုဒ္ဓေါ၊ ဂုဏ်အားဖြင့် ကြီးသော။ အယံ တာပသော၊ ဤဣသိသိင်္ဂ ရသေ့သည်။ အမှေ၊ ငါတို့ကို။ ပုရေ န အစ္စေတိ၊ မလွှမ်းမိုးမီ။ တဿ၊ ထိုဣသိသိင်္ဂရသေ့၏။ မဂ္ဂါနိ၊ နတ်ပြည်ခရီးတို့ကို။ အာဝရ၊ ပိတ်ပင် တားမြစ်ချေလော့။

ထိုစကားကိုကြား၍ အလမ္ဗုသာနတ်သမီးသည် မိမိအရှင်သိကြားမင်းအား အကြောင်းကို ပြန်လျှောက်လိုရကား...

၉၈။ ဒေဝရာဇ ကိမေဝ တွံ၊ မမေဝ တုဝံ သိက္ခသိ။

ဣသိပ္ပလောဘနေ ဂစ္ဆ၊ သန္တိ အညာပိ အစ္ဆရာ။

၉၉။ မာဒိသိယော ပဝရာစေဝ၊ အသောကေ နန္ဒနေဝနေ။

တာသမ္ပိ ဟောတု ပရိယာယော၊ တာပိ ယန္တု ပလောဘနာ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၉၈။ ဒေဝရာဇ၊ အရှင်နတ်မင်း။ တွံ၊ အရှင်နတ်မင်းသည်။ ဧတံ၊ ထိုအမှုကို။ ကိနာမ ကရောသိ၊ အသို့ ပြုတော်မူဘိသနည်း။ မမေဝ၊ အကျွန်ုပ်ကိုသာလျှင်။ တုဝံ၊ အရှင်သိကြားမင်းသည်။ သိက္ခသိ၊ မြင်တော်မူဘိ၏။ ဣသိပ္ပလောဘနေ၊ ရသေ့ရဟန်းတို့ကို ဖျားယောင်းလှည့်ပတ်ခြင်းငှာ စွမ်းနိုင်သော ရှင်မ အလမ္ဗုသာ။ ဂစ္ဆ၊ သွားချေလော့။ ဣတိ၊ ဤသို့။ မမညေဝ၊ အကျွန်ုပ်ကိုသာလျှင်။ ဝဒသိ၊ ဆိုတော်မူဘိ၏။

֍ ဋ္ဌ ၉၉။ အသောကေ၊ စိုးရိမ်ကြောင့်ကြ ဗျာပါရတို့၏ ကင်းရာ ဖြစ်ထသော။ နန္ဒနေ၊ နှစ်သက်ခြင်းကိုဖြစ်စေတတ်ထသော။ ဝနေ၊ ဥယျာဉ်တော်၌။ မာဒိသိယော စေဝ၊ အကျွန်ုပ်နှင့် တူသည်သာလျှင်လည်း ဖြစ်ကုန်သော။ ပဝရာ စေဝ၊ အကျွန်ုပ်ထကျ သာလွန်သည်လည်း ဖြစ်ကုန်သော။ အညာ၊ တစ်ပါးကုန်သော။ အစ္ဆရာပိ၊ နတ်သမီးတို့သည်လည်း။ သန္တိ၊ ရှိပါကုန်၏ တကား။ တာသံပိ၊ ထိုနတ်သမီးတို့၏လည်း။ ပရိယာယော၊ အလှည့်သည်။ ဟောတု၊ ဖြစ်ပါစေလော့။ ပလောဘနာ၊ ရသေ့ရဟန်းကို ဖြားယောင်းစိမ့်သောငှာ။ တညပိ၊ ထိုနတ်သမီးတို့ကိုလည်း။ ယန္တု၊ သွားပါစေကုန်လော့။

ထို့နောင်မှ သိကြားမင်းသည် ထိုနတ်သမီး ပြန်လျှောက်သော စကားကို ပယ်သဖြင့် ထိုအလမ္ဗုသာ နတ်သမီးကိုပင်လျှင် အကြောင်းနှင့်တကွ တိုက်တွန်းပြန်လိုရကား-

၁၀၀။ အဒ္ဓါ ဟိ သစ္စံ ဘဏသိ၊ သန္တိ သညာပိ အစ္ဆရာ။
တာဒိသိယော ပဝရာစေဝ၊ အသောကေ နန္ဒနေ ဝနေ။
၁၀၁။ န တာ ဧဝံ ပဇာနန္တိ၊ ပါရိစရိယံ ပုမံ ဂတာ။
ယာဒိသံ တွံ ပဇာနာသိ၊ နာရိ သဗ္ဗင်္ဂသောဘနေ။
၁၀၂။ တွမေဝ ဂစ္ဆ ကလျာဏီ၊ ဣတ္ထီနံ ပဝရာ စ သိ။
တဝေဝ ဝဏ္ဏရူပေနေ၊ သဝသ မာနယိဿသိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၀။ အလမ္ဗုသေ၊ ရှင်မ အလမ္ဗုသာ။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ အသောကေ၊ စိုးရိမ်ကြောင့်ကြ ဗျာပါရတို့၏ ကင်းရာ ဖြစ်ထသော။ နန္ဒနေ၊ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော။ ဝနေ၊ ဥယျာဉ်တော်၌။ တာဒိသိယော စေဝ၊ ရှင်မနှင့် တူသည်လည်း ဖြစ်ကုန်သော။ ပဝရာ စေဝ၊ ရှင်မထက် သာလွန်သည်လည်း ဖြစ်ကုန်သော။ အညာ၊ တစ်ပါးကုန်သော။ အစ္ဆရာပိ၊ နတ်သမီးတို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်ရှင်မသည်။ အဒ္ဓါ၊ စင်စစ်။ သစ္စံ၊ မှန်သောစကားကို။ ဘဏသိ၊ ဆိုပေ၏။

֍ ဋ္ဌ ၁၁၁။ သဗ္ဗင်္ဂသောဘနေ၊ အလုံးစုံသော အင်္ဂါကြီးငယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော။ နာရီ၊ ရှင်မ အလမ္ဗုသာ။ ယာဒိသံ၊ အကြင်သို့သဘောရှိသော။ ပါရိစရိယံ၊ လုပ်ကျွေးခြင်းကို။ တွံ၊ သင်ရှင်မသည်။ ပဇာနာသိ၊ သိ၏။ ပုမံ၊ ယောက်ျားသို့။ ဂတာ၊ ဆည်းကပ်ကုန်သည်ရှိသော်။ တာ၊ ထိုနတ်သမီးတို့သည်။ ဧဝံ၊ ဤသို့။ ပါရိစရိယံ၊ လုပ်ကျွေးခြင်းကို။ န ပဇာနန္တိ၊ မသိကုန်။

֍ ဋ္ဌ ၁၀၂။ ကလျာဏိ၊ ကောင်းသောအင်္ဂါနှင့် ပြည့်စုံသော ရှင်မ အလမ္ဗုသာ။ တွမေဝ၊ သင် ရှင်မသည်သာလျှင်။ ဂစ္ဆ၊ သွားချေလော့။ တွမေဝ၊ သင် ရှင်မသည်သာလျှင်။ ဣတ္ထီနံ၊ မိန်းမတို့ထက်။ ပဝရာ စ၊ မြတ်သည်လည်း။ အသိ၊ ဖြစ်၏။ တဝေဝ၊ ရှင်မ၏သာလျှင်။ ဝဏ္ဏရူပေန၊ အဆင်းသဏ္ဌာန်ဖြင့်။ တံ၊ ထို ဣသိသိင်္ဂရသေ့ကို။ သဝသံ၊ ရှင်မ၏အလို့သို့။ အာနယိဿသိ၊ ဆောင်နိုင်လတ္တံ့။

နတ်သမီး ငြင်းဆိုပုံ

ထိုစကားကို ကြားရလျှင် အလမ္ဗုသာ နတ်သမီးသည် အလွန် ထိတ်လန့်သည်ဖြစ်၍ သိကြားမင်းအား မိမိအကြောင်းကို ကြားလျှောက်လိုရကား-

၁၀၃။ န ဝါဟံ ဂမိဿာမိ၊ ဒေဝရာဇေန ပေသိတာ။
ဝိဘေမိ စေတံ အဿာဒုံ၊ ဥဂ္ဂတေဇော ဟိ ဗြာဟ္မဏော။
၁၀၄။ အနေကေ နိရယံ ပတ္တာ၊ ဣသိမာသာဒိယာ ဇနာ။
အာပန္နာ မောဟသံသာရံ၊ တသ္မာ လောမာနိ ဟံသယေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၃။ ဒေဝရာဇေန၊ အရှင်သိကြားနတ်မင်းသည်။ ပေသိတာ၊ ခန့်တော်မူအပ်သော။ အဟံ၊ အကျွန်ုပ်သည်။ န ဂမိဿာမိ၊ မသွားအံ့သည်ကား။ ၊ မဟုတ်။ ဝေ၊ စင်စစ်။ ဂမိဿာမိ ဧဝ၊ သွားအံ့သည်သာလျှင်တည်း။ ၊ ထိုသို့မူကား။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဗြာဟ္မဏော၊ ဣသိသိင်္ဂရသေ့သည်။ ဥဂ္ဂတေဇော၊ ပြင်းထန်သော တန်ခိုးရှိ၏။ တသ္မာ၊ ထို့ကြောင့်။ သီလဘေဒနတ္ထာယ၊ သီလကိုဖျက်ဆီးအံ့သောငှာ။ ဧတံ၊ ထို့ဣသိသိင်္ဂရသေ့ကို။ အဿာဒုံ၊ သာယာကပ်ငြိစေသောငှာ။ ဝိဘေမိ၊ ကြောက်ပါ၏။

֍ ဋ္ဌ ၁၀၄။ မောဟာ- မောဟေန၊ မိုက်မဲ တွေဝေသောအားဖြင့်။ ဣသိံ၊ ရှင်ရသေ့ကို။ အာသာဒိယ၊ ဖြားယောင်းဖျက်ဆီး၍။ သံသာရံ၊ သံသရာ၌။ အာပန္နာ၊ ကျင်လည်ခြင်း ရောက်ကုန်သော။ နိရယံ၊ ငရဲ၌။ ပတ္တာ၊ ဖြစ်ကုန်သော။ ဇနာ၊ သတ္တဝါတို့သည်။ အနေကာ၊ များစွာကုန်၏။ တသ္မာ၊ ထို့ကြောင့်။ စိန္တိယမာနာယမေဝ၊ သီလကို ဖျက်ဆီးအံ့ဟု ကြံစဉ်ပင်လျှင်။ လောမာနိ၊ အမွေးတို့သည်။ ဟံသယေ- ဟံသန္တိ၊ ရွှင်ကုန်၏။ ဝါ၊ ကြက်သီးထကုန်၏။

ဖျက်ဆီးရန်သွားပြီ

ဤသို့သော စကားကိုဆိုပြီး၍ အလမ္ဗုသာ နတ်သမီးသည် ဣသိသိင်္ဂ ရှင်ရသေ့အထံသို့ သွားလေသတတ်။ ထိုကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်...

၁၀၅။ ဣဒံ ဝတွာန ပက္ကာမိ၊ အစ္ဆရာ ကာမဝဏ္ဏိနီ။

မိဿာ မိဿိတုမိစ္ဆန္တိ၊ ဣသိသိင်္ဂံ အလမ္ဗုသာ။

၁၀၆။ သာ စ တံ ဝနမောဂယှ၊ ဣသိသိင်္ဂေန ရက္ခိတံ။

ဗိမ္ဗိဇာလကသဉ္ဆန္နံ၊ သမန္တာ အဍ္ဎယောဇနံ။

၁၀၇။ ပါတောဝ ပတရာသမှိ၊ ဥဒဏှ သမယံ ပတိ။

အဂ္ဂိဋ္ဌံ ပရိမဇ္ဇန္တံ၊ ဣသိသိင်္ဂံ ဥပါဂမိ။

ဟူသော ဤသုံးဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၀၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာဝမဏ္ဏိနီ၊ နှစ်လိုဖွယ်သော အဆင်းရှိထသော။ မိဿာ၊ ယောက်ျားတို့ကို ကိလေသာဖြင့် ရောနှောတတ်သော။ အလမ္ဗုသာ၊ အလမ္ဗုသာအမည်ရှိသော။ အစ္ဆရာ၊ နတ်သမီးသည်။ ဣဒံဝစနံ၊ ဤသို့သော စကားကို။ ဝတွာန၊ ဆို၍။ မိဿိတုံ၊ ကိလေသာဖြင့် ရောနှောခြင်းငှာ အလိုရှိသည်ဖြစ်၍။ ဣသိသိင်္ဂံ၊ ဣသိသိသိင်္ဂ ရှင်ရသေ့အထံသို့။ ပက္ကာမိ၊ သွားလေ၏။

֍ ဋ္ဌ ၁၀၆။ ဘိက္ခဝေ၊ ရဟန်းတို့။ သာ စ၊ ထိုအလမ္ဗုသာ နတ်သမီးသည်လည်း။ ဣသိသိင်္ဂေန၊ ဣသိသိင်္ဂ ရှင်ရသေ့သည်။ ရက္ခိတံ၊ စောင့်ရှောက်အပ်သော။ ဗိမ္ဗိဇာလကသဉ္ဆန္နံ၊ နီသော အညွန့်ရှိသော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သော။ (တစ်နည်းကား) ကြက်မောက်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်ထသော။ သမန္တာ၊ ထက်ဝန်းကျင်မှ။ အဍ္ဎယောဇနံ၊ ယူဇနာခွဲရှိသော။ တံ ဝနံ၊ ထိုတောသို့။ ဩဂယှ၊ သက်ဝင်၍။

֍ ဋ္ဌ ၁၀၇။ ပါတရာသမှိ၊ နံနက်စာစားချိန်၌။ ပါတောဝ၊ စောသည်သာလျှင် ဖြစ်သော။ ဥဒဏှသမယံပတိ၊ နေဝန်းထွက်ပြူစအချိန်၌။ အဂ္ဂိဋ္ဌံ၊ မီးတင်းကုပ်ကို။ ပရိမဇ္ဇန္တံ၊ တံမြက်လှည်း၍ နေသော။ ဣသိသိင်္ဂံ၊ ဣသိသိင်္ဂ ရှင်ရသေ့မျက်နှာစာသို့။ ဥပါဂမိ၊ မိန်းမတို့၏ တင့်တယ်ခြင်းအမူအရာကို ပြလျက် ချဉ်းကပ်လေ၏။

ရှင်ရသေ့၏ ချီးမွမ်းချက်

ထိုအခါ အလမ္ဗုသာနတ်သမီးကို ဣသိသိင်္ဂရှင်ရသေ့သည် မေးလိုရကား...

၁၀၈။ ကာ နု ဝိဇ္ဇုရိဝါဘာသိ၊ ဩသဓီဝိယ တာရကာ။

ဝိစိတ္တဟတ္ထာဘရဏာ၊ အာမုက္ကမဏိကုဏ္ဍလာ။

၁၀၉။ အာဒိစ္စဝဏ္ဏသင်္ကာသာ၊ ဟေမစန္ဒနဂန္ဓိနီ။

သညတူရူ မဟာမာယာ၊ ကုမာရီ စာရုဒဿနာ။

၁၁၀။ ဝိလဂ္ဂါ မုဒုကာ သုဒ္ဓါ၊ ပါဒါ တေ သုပ္ပတိဋ္ဌိတာ။

ဂမနာ ကာမနီယာ တေ၊ ဟရန္တိယေဝ မေ မနော။

၁၁၁။ အနုပုဗ္ဗာ စ တေ ဦရူ၊ နာဂနာသသမူပမာ။

ဝိမဋ္ဌာ တုယှံ သုဿောဏီ၊ အက္ခဿ ဖလကံ ယထာ။

၁၁၂။ ဥပ္ပလဿေဝ ကိဉ္စက္ခာ၊ နာဘိ တေ သာဓုသဏ္ဌိတာ။

ပုရာ ကဏှဉ္ဇနဿေဝ၊ ဒူရတော ပတိဒိဿတိ။

၁၁၃။ ဒုဝိဓာ ဇာတာ ဥရဇာ၊ အဝဏ္ဋာ သာဓုပစ္စုဒါ။

ပယောဓရာ အပတိတာ၊ အဍ္ဎလာဗုသမာ ထနာ။

၁၁၄။ ဒီဃာ ကမ္ဗုတလာဘာသာ၊ ဂီဝါ ဧဏယျကာ ယထာ။

ပဏ္ဍရာဝရဏာ ဝဂ္ဂု၊ စတုတ္ထမနသန္နိဘာ။

၁၁၅။ ဥဒ်ဓဂ္ဂါ စ အဓဂ္ဂါ စ၊ ဒုမဂ္ဂပရိမဇ္ဇိတာ။

ဒုဝိဇာ နေလသမ္ဘူတာ၊ ဒန္တာ တဝ သုဒဿနာ။

၁၁၆။ အပဏ္ဍရာ လောဟိတန္တာ၊ ဇိဉ္ဇူကဖလသန္နိဘာ။

အာယတာ စ ဝိသာလာ စ၊ နေတ္တာ တဝ သုဒဿနာ။

၁၁၇။ နာတိဒီဃာ သုသမ္မဋ္ဌာ၊ ကနကဗျာသမောစိတာ။

ဥတ္တမင်္ဂရုဟာ တုယှံ၊ ကေသာ စန္ဒနဂန္ဓိကာ။

၁၁၈။ ယာဝတာ ကသိဂေါရက္ခာ၊ ဝါဏိဇာနံစ ယာ ဂတိ။

ဣသီနဉ္စ ပရက္ကန္တံ၊ သညတာနံ တပဿိနံ။

၁၁၉။ န တေ သမသမံ ပဿေ၊ အသ္မိံ ပထဝိမဏ္ဍလေ။

ကော ဝါ တွံ ကဿ ဝါ ပုတ္တော၊ ကထံ ဇာနေမု တံ မယံ။

ဟူသော ဤတစ်ဆယ့်နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၇။ ဝိစိတ္တဟတ္ထာဘရာ၊ ဆန်းကြယ်သော လက်ဝတ်တန်ဆာ ဆင်ယင်ထသော။ အာမုက္ကမဏိကုဏ္ဍလာ၊ ပုလဲသွယ်လည်ရွဲ ပတ္တမြားနားတောင်းလည်း ဆင်ယင်ထသော။ တွံ၊ သင်သည်။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်နွယ်ကဲ့သို့ လည်းကောင်း။ ဩသဓီတာရကာ ဝိယ၊ သောက်ရှူးကြယ်ကဲ့သို့ လည်းကောင်း။ အာဘာသိ၊ ထွန်းပ၏။ ကာ နု၊ အဘယ်သူနည်း။

֍ ဋ္ဌ ၁၀၉။ တွံ၊ သင်သည်။ အာဒိစ္စဝဏ္ဏသင်္ကာသာ၊ နေမင်းကဲ့သို့ ထွန်းလင်းသော အရောင်လည်း ရှိ၏။ ဟေမစန္ဒနဂန္ဓိနီ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော စန္ဒကူးနံ့သာလည်း လိမ်းကျံ၏။ သညတူရူ၊ လုံးသော တစ်ခဲနက်သော ပေါင်လုံး ပေါင်တံလည်းရှိ၏။ မဟာမာယာ၊ များသော မာယာလည်း ရှိ၏။ ကုမာရီ၊ ပျိုနု၏။ စာရုဒဿနာ၊ ရှုချင်စဖွယ် ရှိ၏။

֍ ဋ္ဌ ၁၁၀။ ဝိလဂ္ဂါ၊ သေးသေး သွယ်သွယ် တင့်တယ်သော ခါးလည်းရှိ၏။ မုဒုကာ၊ နူးညံ့၏။ သုဒ္ဓါ၊ ညစ်ကြေးမတင် သန့်ရှင်းစင်၏။ တေ တဝ၊ သင်၏။ ပါဒါ၊ ခြေတို့သည်။ သုပ္ပတိဋ္ဌိတာ၊ ကောင်းစွာ မြေ၌ အညီအညွတ် တည်ကုန်၏။ တေ-တဝ၊ သင်၏။ ကာမနီယာ၊ နှစ်သက်ဖွယ်သော ဂုဏ်နှင့် ယှဉ်ကုန်သော။ ဂမနာ၊ ယဉ်ကျေးစွာသော သွားပုံသွားဟန်တို့သည်။ မေ၊ ငါ၏။ မနော၊ စိတ်ကို။ ဟရန္တိယော၊ ဆောင်နိုင်ကုန်သည်သာလျှင်ကတည်း။

֍ ဋ္ဌ ၁၁၁။ တေ တဝ၊ သင်၏။ ဦရူစ၊ ပေါင်တို့သည်လည်း။ အနုပုဗ္ဗာ၊ အစဉ်အတိုင်း အရင်းကြီး၍ အဖျား သေးသွယ်ကုန်သည်ဖြစ်၍။ နာဂနာသသမူပမာ၊ ဆင်နှာမောင်းနှင့် တူကုန်၏။ အက္ခဿဖလကံ ယထာ၊ ကြွေအန်ကစားသော ပျဉ်ကဲ့သို့။ တုယှံ၊ သင်၏။ သုဿောဏီ၊ ကောင်းသော ခါးသည်။ ဝိမဋ္ဌာ၊ တင့်တယ် ပြေပြစ်ပေစွ။

֍ ဋ္ဌ ၁၁၂။ တေ-တဝ၊ သင်၏။ နာဘိ၊ ချက်သည်။ သာဓုသဏ္ဌိတာ၊ ကောင်းသောသဏ္ဌာန်ရှိ၏။ ဥပ္ပလဿ၊ ကြာညို၏။ ကိဉ္ဇက္ခာ ဣဝ၊ အချက်ကဲ့သို့ လည်းကောင်း။ ကဏှာဇိနဿ၊ သစ်နက်ရေဖြင့်။ ပူရာ ဣဝ၊ ပြည့်ဘိသကဲ့သို့ လည်းကောင်း။ ဒူရတော၊ အဝေးမှ။ ပတိဒိဿတိ၊ စိမ့်စိမ့်ညို့ညို့ ထင်၏။

֍ ဋ္ဌ ၁၁၃။ တေ-တဝ၊ သင်၏။ ဒုဝိဓာ ဇာတာ၊ နှစ်ခုအစုံ ဖြစ်သော။ ဥရဇာ၊ ရင်၌ ရောက်ကုန်သော။ ပယောဓရာ၊ နို့ရည်ကို ဆောင်ကုန်သော။ ထနာ၊ သားမြတ်တို့သည်။ အဝဏ္ဋာ၊ အညှာလည်း မရှိကုန်။ သာဓုပစ္စုဒါ၊ ကောင်းစွာ ရင်မှ ထွက်ပြူကုန်၏။ အပ္ပတိကာ၊ တွဲလျားမကျ မတွန့်မရှုံ့ကုန်။ အဍ္ဎလာဗုသမာ၊ ရွှေအင်ပျဉ်ဝယ် တင်၍ထားအပ်သော ကောင်းစွာလုံးသော ရွှေဘူးသီး၏ ထက်ဝက်နှင့်တူကုန်၏။

֍ ဋ္ဌ ၁၁၄။ တေ-တဝ၊ သင်၏။ ဂီဝါ၊ လည်သည်။ ဧဏေယျကာ ယထာ၊ ဧဏီမည်သောသား၏ လည်ကဲ့သို့။ ဒီဃာ၊ အတန်ငယ်ရှည်၏။ ကမ္ဗုတလာဘာသာ၊ ရွှေဖြင့်ပြီးသော မုရိုးစည်ငယ်နှင့် တူ၏။ ပဏ္ဍရာဝရဏာ၊ နှုတ်ခမ်းတို့သည်။ စတုတ္ထမနသန္နိဘာ၊ လျှာအဆင်းကဲ့သို့ နီဝင်းကုန်သည်ဖြစ်၍။ ဝဂ္ဂူ၊ တင့်တယ်ကုန်၏။

֍ ဋ္ဌ ၁၁၅။ တဝ၊ သင်၏။ ဥဒ်ဓဂ္ဂါ စ၊ အထက်သို့ အဖျားရှိသည်လည်း ဖြစ်ကုန်ထသော။ အဓဂ္ဂါ စ၊ အောက်သို့ အဖျားရှိသည်လည်း ဖြစ်ကုန်ထသော။ ဒုမဂ္ဂပရိမဇ္ဇိတာ၊ တံပူဖြင့် ပွတ်တိုက်အပ်သည်ဖြစ်၍ စင်ကြယ်ကုန်သော။ နေလသမ္ဘူတာ၊ အပြစ်မရှိကုန်သော သွားဖုံးသားတို့၏ အဆုံး၌ ရောက်ကုန်သည်ဖြစ်၍။ ဒုဝိဓာ၊ နှစ်ဖို့သောအရပ်၌ တည်ကုန်သော။ ဒန္တာ၊ သွားတို့သည်။ သုဒဿနာ၊ ရှုချင်စဖွယ် ရှိကုန်၏။

֍ ဋ္ဌ ၁၁၆။ အပဏ္ဍရာ၊ ညိုသင့်ရာဝယ် စိမ်းစိမ်းညိုကုန်ထသော။ လောဟိတန္တာ၊ အနီလျှင် အဆုံးရှိကုန်ထသော။ ဇိဉ္ဇူကဖလသန္နိဘာ၊ နီသင့်ရာ၌ ချင်ရွေးရောင် အဆင်းကဲ့သို့ နီဝင်းကုန်ထသော။ အာယတာ စ၊ ရှည်လည်း ရှည်ကုန်ထသော။ ဝိသာလာ စ၊ ကျယ်လည်း ကျယ်ကုန်ထသော။ တဝ၊ သင်၏။ နေတ္တာ၊ မျက်စိတို့သည်။ သုဒဿနာ၊ အလွန် ရှုချင်စဖွယ် ရှိကုန်၏။

֍ ဋ္ဌ ၁၁၇။ တုယှံ၊ သင်၏။ နာတိဒီဃာ၊ မရှည်လွန်းကုန်ထသော။ သုသမ္မဋ္ဌာ၊ ကောင်းစွာ ပြေပြစ်ကုန်ထသော။ ကနကဗျာသမောစိတာ၊ ရွှေခွက်၌ ထည့်အပ်သောဆီမွှေးကို လိမ်းဆွတ်၍ ကောင်းစွာ ဖြီးလိမ်းကုန်ထသော။ ဥတ္တမင်္ဂရုဟာ၊ မြတ်သော အင်္ဂါဟုဆိုအပ်သော ဦးခေါင်း၌ ရောက်ကုန်ထသော။ ကေသာ၊ ဆံပင်တို့သည်။ စန္ဒနဂန္ဓိကာ၊ စန္ဒကူးနံ့ တကြိုင်ကြိုင် လှိုင်ကုန်၏။

֍ ဋ္ဌ ၁၁၇။ ယာဝတာ-ယတ္တကာ၊ အကြင်မျှလောက်ကုန်သော။ ကသိဂေါရက္ခာ၊ လယ်ယာထွန်၍ အသက်မွေးသောသူ, နွားကျောင်း၍ အသက်မွေးသော သူတို့သည်။ သန္တိ၊ ရှိကုန်၏။ တေသံ- တတ္တကာနဉ္စ၊ ထိုမျှလောက်ကုန်သော သူတို့၏ လည်းကောင်း။ ဝါဏိဇာနံ၊ ကုန်သည်တို့၏ လည်းကောင်း။ ယာ ဂတိ စ၊ အကြင်ဖြစ်ရာ အရပ်သည်လည်းကောင်း။ သညတာနံ၊ ကိုယ်နှုတ်နှလုံး သုံးပါးကို စောင့်ရှောက်ကုန်ထသော။ တပဿီနံ၊ ခြိုးခြံသော အကျင့်ရှိကုန်ထသော။ ဣသီနံ၊ ရသေ့တို့၏။ ပရက္ကန္တဉ္စ၊ သွားလာရာ အရပ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။

֍ ဋ္ဌ ၁၁၉။ အသ္မိံ တာဒိသေ၊ ထိုသို့သဘောရှိသော။ ပထဝိမဏ္ဍလေ၊ မြေအပြင်၌။ ဝသန္တေသု၊ နေကုန်သော။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ တေသု၊ ထိုသူတို့တွင်။ တေ-တယာ၊ သင်နှင့်။ သမသမံ၊ ထပ်တူထပ်မျှ တူသောသူကို။ န ပဿေ၊ ငါ မမြင်စဖူး။ တွံ၊ သင်သည်။ ကောဝါ၊ အဘယ်သူနည်း။ ကဿဝါ၊ အဘယ်သူ၏မူလည်း။ ပုတ္တော၊ သားပေနည်း။ ကထံ၊ အဘယ်သို့လျှင်။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဇာနေမု၊ သိရကုန်အံ့နည်း။

နတ်သမီး ချစ်ခွင့်ပေးခြင်း

ဤတစ်ဆယ့်နှစ်ဂါထာဖြင့် ခြေဖျားမှစ၍ ဆံဖျားတိုင်အောင် မိမိဂုဏ်အထူးကို ဣသိသိင်္ဂ ရှင်ရသေ့ ချီးမွမ်း ပြောဆိုသည်ရှိသော် အလမ္ဗုသာ နတ်သမီးသည် ဆိတ်ဆိတ်နေလျက် ထိုဂါထာ၏ အနုသန္ဓေသို့ လျှောက်သဖြင့် ထိုဣသိသိင်္ဂရသေ့ မိန်းမောတွေဝေသည်၏ အဖြစ်ကိုသိ၍ ဣသိသိင်္ဂရှင်ရသေ့အား အခွင့်ကို ပေးလိုရကား-

၁၂၀။ န ပဉှကာလော ဘဒ္ဒန္တေ၊ ကဿပေဝံ ဂတေသတိ။
ဧဟိ သမ္မ ရမိဿာမ၊ ဥဘော အသ္မာကမဿမေ။
ဧဟိ တံ ဥပဂူဟိဿံ၊ ရတီနံ ကုသလော ဘဝ။

ဟူသော ဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၀။ ကဿပ၊ ကဿပအနွယ် ဖြစ်တော်မူသော။ ဘဒ္ဒန္တေ၊ မျက်နှာရောင်ဆင်း ကြေးညှင်းမတင် လှတံကျင်သည် သခင်ဘုန်းဟေ့ ရှင်ရသေ့။ ဧဝံ၊ ဤသို့။ တဝ၊ အရှင်ဘုရား၏။ စိတ္တေ၊ ကြင်နာယိုဖိတ်သော မေတ္တာစိတ်သည်။ ဂတေ၊ အကျွန်ုပ်ဆီသို့ ရောက်သည်။ သတိ၊ ရှိသော်။ န ပဉှကာလော၊ မေးမြန်းသင့်သောကာလ မဟုတ်ကုန်ပြီ။ သမ္မ၊ အရှင်ကောင်း။ ဧဟိ၊ ကြွတော်မူလှည့်လော့။ ဥဘော၊ နှစ်ယောက်ကုန်သော။ အသ္မာကံ၊ အကျွန်ုပ်တို့သည်။ အဿမေ၊ ကျောင်းတွင်း၌။ ရမိဿာမ၊ မွေ့လျော်ရွှင်ပျော်ကြကုန်အံ့။ ဧဟိ၊ ကြွတော်မူလှည့်လော့။ တံ၊ အရှင်ဘုရားကို။ ဥပဂူဟိဿံ၊ ပိုက်ဖက်ပါအံ့။ တွံ၊ အရှင်ဘုရားသည်။ ရတီနံ၊ ငါးပါးသော ကာမဂုဏ်တို့ဖြင့် မွေ့လျော်ရွှင်ပျော်သော သူတို့ထက်။ ကုသလော၊ လိမ္မာမွန်မြတ်သောသူသည်။ ဘဝ၊ ဖြစ်တော်မူပါလော့။

ဤဂါထာဖြင့် ခွင့်ပေးပြောဆို၍ အလမ္ဗုသာ နတ်သမီးသည် ငါသည် ရပ်လျက်နေသည်ရှိသော် ရသေ့သည် ငါ၏အနီးသို့ မလာလတ္တံ့၊ သွားတော့မည်ကဲ့သို့ သွားဟန်ပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုအလမ္ဗုသာ နတ်သမီးသည် မိန်းမတို့၏ မာယာ၌ လိမ္မာသည်၏အဖြစ်ကြောင့် ဣသိသိင်္ဂ ရှင်ရသေ့ကို တုန်လှုပ်စေ၍ လာခဲ့သော ခရီးသို့ ရှေးရှုဟန် ပြု၏။

ရသေလေး လိုက်၍ဆွဲပြီ

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

၁၂၁။ ဣဒံ ဝတွာန ပက္ကာမိ၊ အစ္ဆရာ ကာမဝဏ္ဏိနီ။
မိဿာ မိဿိတုမိစ္ဆန္တီ၊ ဣသိသိင်္ဂ့ အလမ္ဗုသာ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၂၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာမဝဏ္ဏနီ၊ နှစ်သက်ဖွယ်သော အဆင်းရှိသော။ မိဿာ၊ ယောက်ျားတို့ကို ကိလေသာဖြင့် ရောနှောတတ်သော။ အလမ္ဗုသာ၊ အလမ္ဗုသာ အမည်ရှိသော။ အစ္ဆရာ၊ နတ်သမီးသည်။ မိဿိတုံ၊ ကိလေသာဖြင့် ရောနှောခြင်းငှာ။ ဣစ္ဆန္တီ၊ အလိုရှိသည်ဖြစ်၍။ ဣသိသိင်္ဂံ၊ ဣသိသိင်္ဂ ရသေ့ကို။ ဣဒံဝစနံ၊ ဤသို့ လာလှည့်ဟူသော စကားကို။ ဝတွာန၊ ဆိုပြီး၍။ ပက္ကာမိ၊ သွားဟန် ပြု၏။

ထိုအခါ ဣသိသိင်္ဂ ရသေ့သည် အလမ္ဗုသာ နတ်သမီး သွားသည်ကို မြင်၍ ဤသူသည် သွားခဲ့ပြီ ဟု မိမိ၏ ညံ့သောအားထုတ်ခြင်းဟု ဆိုအပ်သော ဖြည်းဖြည်းညင်းညင်း သွားခြင်းကို ဖြတ်၍ လျင်မြန်စွာပြေးလျက် ဆံထုံးတို့၌ လက်ဖြင့် သုံးသပ်ဆွဲငင်၏။

ဈာန်လျှောရခြင်း

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၂၂။ သော စ ဝေဂေန နိက္ခမ္မ၊ ဆေတွာ ဒန္ဓပရက္ကမံ။
တမုတ္တမာသု ဝေဏီသု၊ အဇ္ဈပ္ပတ္တော ပရာမသိ။
၁၂၃။ တမုဒါဝတ္တ ကလျာဏီ၊ ပလိဿဇိ သုသောဘနာ။
စဝိ တမှိ ဗြဟ္မစရိယာ၊ ယထာ တံ အထ တောသိတာ။
၁၂၄။ မနသာ အဂမာ ဣန္ဒံ၊ ဝသန္တံ နန္ဒနေ ဝနေ။
တဿာ သင်္ကပ္ပမညာယ၊ မဃဝါ ဒေဝကုဉ္ဇရော။
၁၂၅။ ပလ္လင်္ကံ ပဟိဏီ ခိပ္ပံ၊ သောဝဏ္ဏံ သောပဝါဟနံ။
သဥတ္တရစ္ဆဒပညာသံ၊ သဟဿ ပဋိဃတ္ထတံ။
၁၂၆။ တမေနံ တတ္ထ ဓာရေသိ၊ ဥရေ ကတွာန သောဘနာ။
ယထာ ဧကမုဟုတ္တံဝ၊ တီဏိ ဝဿာနိ ဓာရယိ။
၁၂၇။ ဝိမဒေါ တီဟိ ဝဿေဟိ ပဗုဇ္ဈိတွာန ဗြာဟ္မဏော။
အဒ္ဒသာသိ ဟရိတရုက္ခေ, သမန္တာ အဂ္ဂိယာယနံ။
၁၂၈။ နဝပတ္တဝနံ ဖုလ္လံ၊ ကောကိလဂ္ဂဏဃောသိတံ။
သမန္တာ ပဝိလောကေတွာ၊ ရုဒံ အဿူနိ ဝတ္တယိ။
၁၂၉။ န ဇုဟေ န ဇပေ မန္တေ၊ အဂ္ဂိဟုတ္တံ ပဟာပိတံ။
ကောနုမေ ပါရိစရိယာယ၊ ပုဗ္ဗေစိတ္တံ ပလောဘယိ။
၁၃၀။ အရညေ မေ ဝိဟရတော၊ ယော မေ တေဇာဟ သမ္ဘုတံ။
နာနာရတနပရိပူရံ၊ နာဝံဝ ဂဏှိ အဏ္ဏဝေ။

ဟူသော ဤကိုးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၂၂။ ဘိက္ခဝေ၊ ရဟန်းတို့။ သော၊ ထိုဣသိသိင်္ဂရသေ့သည်။ ဒန္ဓပရက္ကမံ၊ ညံ့သောအားထုတ်ခြင်းဟု ဆိုအပ်သော ဖြည်းဖြည်း ညင်းညင်း သွားခြင်းကို။ ဆေတွာ၊ ဖြတ်၍။ ဝေဂေန၊ လျင်မြန်စွာ။ နိက္ခမ္မ၊ ပြေးလာ၍။ အဇ္ဈပ္ပတ္တော၊ မှီတည့်လေလျှင်။ တံ၊ ထိုအလမ္ဗုသာ နတ်သမီးကို။ ဥတ္တမာသု၊ မြတ်ကုန်သော။ ဝေဏီသု၊ ဆံထုံးတို့၌။ ပရာမသိ၊ သုံးသပ်ဆွဲငင်လေ၏။

֍ ဋ္ဌ ၁၂၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ကလျာဏီ၊ ကောင်းသော ကိုယ်အင်္ဂါနှင့် ပြည့်စုံသော။ သုသောဘနာ၊ အလွန်တင့်တယ်သော အလမ္ဗုသာ နတ်သမီးသည်။ တံ၊ ထိုဣသိသိင်္ဂ ရသေ့ကို။ ဥဒါဝတ္တ၊ ပြန်လည်၍။ ပလိဿဇိ၊ ပိုက်ဖက်၏။ တာပသော၊ ဣသိသိင်္ဂရသေ့သည်။ တမှိ ဗြဟ္မစရိယာ၊ ထိုမြတ်သော အကျင့်မှ။ စဝိ၊ ရွေ့လျားလေ၏။ ယထာ၊ အကြင်အခြင်းဖြင့်။ တံ၊ ထိုသိကြားမင်းသည် တောင့်တအပ်သော အလိုဆန္ဒသည်။ တထေဝ၊ ထိုတောင့်တတိုင်းသာလျှင်။ အဟောသိ၊ ဖြစ်လေ၏။ အထ၊ ထိုအလိုဆန္ဒ တောင့်တတိုင်း ပြည်စုံသည်ရှိသော်။ သက္ကဿ၊ သိကြားမင်းသည်။ ဒေဝကညာ၊ အလမ္ဗုသာ နတ်သမီးကို။ တောသိတာ၊ နှစ်သက်လေ၏။

֍ ဋ္ဌ ၁၂၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သာ၊ ထိုအလမ္ဗုသာ နတ်သမီးသည်။ နန္ဒနေဝနေ၊ နှစ်သက်ခြင်းကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ကြောင့် နန္ဒဝန်ဟု ဆိုအပ်သော တာဝတိံသာ နတ်ပြည်၌။ ဝသန္တံ၊ နေသော။ ဣန္ဒံ၊ သိကြားမင်းကို။ မနသာ၊ စိတ်ဖြင့်။ အဂမာ၊ အောက်မေ့တခေါ် မျှော်လင့်လေ၏။ ဒေဝကုဉ္ဇရော၊ နတ်တို့ထက် မြတ်ထသော။ မဃဝါ၊ သိကြားမင်းသည်။ တဿာ၊ ထိုအလမ္ဗုသာ နတ်သမီး၏။ သင်္ကပ္ပံ၊ အကြံကို။ အညာယ၊ သိ၍။

֍ ဋ္ဌ ၁၂၅။ သောဝဏ္ဏံ၊ ရွှေဖြင့်ပြီးထသော။ သောပဝါဟနံ၊ အခြံအရံနှင့်တကွသော။ သဥတ္တရစ္ဆဒပညာသံ၊ ငါးဆယ်သော အပေါ်လွှမ်းဗိတာန်နှင့် တကွသော။ သဟဿပဋိဃတ္ထတံ၊ တစ်ထောင်သော နတ်ကော်ဇောလည်း ခင်းထသော။ ပလ္လင်္ကံ၊ ပလ္လင်ကို။ ခိပ္ပံ၊ လျင်စွာ။ ပါဟိဏိ၊ ပို့စေ၏။

ရသေ့လေး ၃-နှစ် မေ့နေခြင်း

֍ ဋ္ဌ ၁၂၆။ ဘိက္ခဝေ၊ ရဟန်းတို့။ သောဘနာ၊ တင့်တယ်ခြင်းနှင့် ပြည့်စုံထသော အလမ္ဗုသာနတ်သမီးသည်။ တတ္ထ၊ ထိုနတ်ပလ္လင်၌။ နိသိန္နာ၊ နေလျက်။ တမေနံ၊ ထိုဣသိသိင်္ဂ ရသေ့ကို။ ဥရေကတွာန၊ ရင်၌ပိုက်၍။ ဓာရေသိ၊ ဆောင်၏။ ဧကမုဟုတ္တံဝ၊ တစ်ခဏမျှသာလျှင်။ ဓာရေတိ ယထာ၊ ဆောင်သကဲ့သို့။ တထာ၊ ထို့အတူ။ တီဏိဝဿာနိ၊ သုံးနှစ်တိုပတ်လုံး။ ဓာရယိ၊ ဆောင်၏။

သတိရ၍ ငိုရပြီ

֍ ဋ္ဌ ၁၂၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ဗြာဟ္မဏော၊ ဣသိသိင်္ဂရသေ့သည်။ တီဟိဝဿေဟိ၊ သုံးနှစ်တိုင်မှ။ ဝိမဒေါ၊ မိန်းမောတွေဝေခြင်း ပြေသည်ဖြစ်၍။ ပဗုဇ္ဈိတွာန၊ နိုး၍။ အဂ္ဂိယာယနံ၊ မီးတင်းကုပ်ကို။ ပရိဝါရေတွာ၊ ခြံရံ၍။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ဌိတေ၊ တည်ကုန်သော။ ဟရိတရုက္ခ၊ စိမ်းညိုသော အရွက်ရှိကုန်သော သစ်ပင်တို့ကို။ အဒ္ဒသာသိ၊ မြင်လေ၏။

֍ ဋ္ဌ ၁၂၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဗြာဟ္မဏော၊ ဣသိသိင်္ဂ ရသေ့သည်။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ဌိတံ၊ တည်သော။ ကောကိလဂ္ဂဏဃောသိတံ၊ ဥဩအပေါင်းတို့၏ တွန်မြူးရာဖြစ်သော။ ဖုလ္လံ၊ ပွင့်လင်းစည်ပင်ထသာ။ နဝပတ္တဝနံ၊ ပေါက်သစ်စဖြစ်သော ရွက်နုရှိသောတောကို။ ပဝိလောကေတွာ၊ ကြည့်၍။ ရုဒံ- ရုဒန္တော၊ ငိုကြွေးလျက်။ အဿူနိ၊ မျက်ရည်တို့ကို။ ဝတ္တယိ၊ ယိုစီးစေ၏။

֍ ဋ္ဌ ၁၂၉။ အဟံ၊ ငါသည်။ န ဇုဟေ၊ မီးမပူဇော်မိ။ မန္တေ၊ ဗေဒင်တို့ကို။ န ဇပေ၊ မသရဇ္ဈာယ်မိ။ အဂ္ဂိဟုတ္တံ၊ မီးပူဇော်ခြင်းကို။ ပဟာပိတံ၊ စွန့်ပစ်မိ၏။ ကော နု၊ အဘယ်သူသည်လျှင်။ ပါရိစရိယာယ၊ ကိလေသာဖြင့် လုပ်ကျွေးခြင်းဖြင့်။ ပုဗ္ဗေ၊ ရှေးကာလက။ မေ၊ ငါ၏။ စိတ္တံ၊ စိတ်ကို။ ပလောဘယိ၊ ဖျားယောင်းစေဘိသနည်း။

֍ ဋ္ဌ ၁၃၀။ နာနာရတနပရိပူရံ၊ အထူးထူးသော ရတနာတို့ဖြင့် ပြည့်သော။ နာဝံ၊ လှေကို။ အဏ္ဏဝေ၊ သမုဒ္ဒရာ၌။ ဂဏှိဣဝ၊ နှစ်ဘိသကဲ့သို့။ တထာ၊ ထို့အတူ။ ယော၊ အကြင်သူသည်။ အရညေ၊ တော၌။ ဝိဟရတော၊ နေသော။ မေ၊ ငါ၏။ တေဇာဟသမ္ဘူတံ၊ ရဟန်းတို့၏ အစွမ်းကြောင့်ဖြစ်သော ဈာန်တည်းဟူသော ကျေးဇူးကို။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါပေသိ၊ ရောက်စေ၏။ သော၊ ထိုသူသည်။ ကောနာမ၊ အဘယ်မည်သောသူ ဖြစ်လေသနည်း။ ဣတိ၊ ဤသို့။ ရုဒံ-ရုဒန္တော၊ ငိုမြည်တမ်းလျက်။ အဿူနိ၊ မျက်ရည်တို့ကို။ ဝတ္တယိ၊ ယိုစီးစေ၏။

နတ်သမီးတောင်းပန်ခြင်း

အလမ္ဗုသာ နတ်သမီးသည် ထိုဣသိသိင်္ဂရသေ့ ငိုကြွေးမြည်တမ်းသံကို ကြား၍ ကြ့၏။ ငါသည် အကယ်၍ မပြောဆိုချေအံ့၊ ဤရှင်ရသေ့သည် ငါ့ကို ကျိန်ဆဲလတ္တံ့၊ ယခုအခါ ထိုရသေ့အား ပြောဆိုအံ့ဟု ကြံ၍ ထိုအလမ္ဗုသာ နတ်သမီးသည် ထင်ရှားသောကိုယ်ဖြင့် တည်၍ ပြောဆိုလိုရကား-

၁၃၁။ အဟံတေ ပါရိစရိယာယ၊ ဒေဝရာဇေန ပေသိတာ။
အဝဓိံ စိတ္တံ စိတ္တေန၊ ပမာဒေါ တွံ န ဗုဇ္ဈသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၁။ ဘော တာပသ၊ အိုရှင်ရသေ့။ တေ၊ ရှင်ရသေ့အား။ ပါရိစရိယာယ၊ ကာမဂုဏ်ဖြင့် လုပ်ကျွေးစိမ့်သောငှာ။ ဒေဝရာဇေန၊ သိကြားမင်းသည်။ ပေသိတာ၊ စေအပ်သော။ အဟံ၊ အကျွန်ုပ်သည်။ စိတ္တေန၊ အကျွန်ုပ်စိတ်ဖြင့်။ စိတ္တံ၊ ရှင်ရသေ့ စိတ်ကို။ အဝဓိံ၊ ညှဉ်းဆဲမိပေ၏။ တွံ၊ သင်ရှင်ရသေ့သည်။ ပမာဒေါ၊ မေ့လျော့သည် ဖြစ်၍။ န ဗုဇ္ဈသိ၊ သိတော်မမူလေ။

ရသေ့လေး နောင်တရခြင်း

ဣသိသိင်္ဂ ရသေ့သည် ထိုအလမ္ဗုသာ နတ်သမီး၏ စကားကိုကြား၍ ခမည်းတော် ရှင်ရသေ့ကြီးသည် ပေးအပ်သော အဆုံးအမကိုအောက်မေ့၍ ခမည်းတော် ရှင်ရသေ့၏ စကားကို မလိုက်နာမိချေ၍ ကြီးစွာသော ပျက်စီးခြင်းသို့ရောက်ရ၏ဟု ဆို၍ ငိုကြွေးမြည်တမ်းလိုရကား-

၁၃၂။ ဣမာနိ ကိရ မံ တာတော၊ ကဿပေါ အနုသာသတိ။
ကမလာသဒိသိတ္ထိယော၊ တာယော ဗုဇ္ဈေသိ မာဏဝ။
၁၃၃။ ဥရေ ဂဏ္ဍာယော ဗုဇ္ဈေသိ၊ တာယော ဗုဇ္ဈေသိ မာဏဝ။
ဣစ္စာနုသာသိ မံ တာတော၊ ယထာ မံ အနုကမ္ပကော။
၁၃၄။ တဿာဟံ ဝစနံ နာကံ၊ ပိတု ဝုဒ္ဓဿ သာသနံ။
အရညေ နိမ္မနုဿမှိ၊ သွဇ္ဇ ဈာယာမိ ဧကကော။
၁၃၅။ သောဟံ တထာ ကရိဿာမိ၊ ဓိရတ္ထု ဇီဝိတေန မေ။
ပုန ဝါ တာဒိသော ဟေဿံ၊ မရဏံ မေ ဘဝိဿတိ။

ဟူသော ဤလေးဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၂။ ကသပေါ၊ ကဿပ အနွယ်တော်ဖြစ်သော။ တာတော၊ ခမည်းတော်သည်။ မံ၊ ငါ့ကို။ ဣမာနိ၊ ဤစကားတို့ကို။ ဝတွာ၊ ဆို၍။ အနုသာသတိ ကိရ၊ ဆုံးမတော်မူဖူးသတတ်။ မာဏဝ၊ လုလင်ပျို။ ကမလာသဒိသိတ္ထိယော၊ မိန်းမသဏ္ဌာန်နှင့်တူသော နွယ်ပန်းပွင့်ဖြစ်ကုန်သော မိန်းမတို့သည်။ ဣမသ္မိံ ဟိမဝန္တေ၊ ဤဟိမဝန္တာ အရပ်၌။ သန္တိ၊ ရှိကုန်၏။ တာယော၊ ထိုမိန်းမတို့ကို။ ဗုဇ္ဈေသိ၊ အမောင် သိလော့။

֍ ဋ္ဌ ၁၃၃။ မာဏဝ၊ လုလင်ပျို။ ဥရေ၊ ရင်၌။ ဂဏ္ဍာယော၊ နှစ်ခုအစုံ အသားငုံရှိသော မိန်းမတို့ကို။ ဗုဇ္ဈေသိ၊ အမောင် သိလော့။ တာယော၊ ထိုမိန်းမတို့သည်။ အတ္တနော၊ မိမိ၏။ ဝသံ၊ အလိုသို့။ ဂတေ၊ လိုက်ကုန်သော သူတို့ကို။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါပေန္တိ၊ ရောက်စေတတ်ကုန်၏။ ဣတိ၊ ဤသို့။ ဗုဇ္ဈေသိ၊ အမောင်သိလော့။ ဣတိ၊ ဤသို့။ ယထာ ယေန အာကာရေန၊ အကြင် အကြင်သို့သော အခြင်းအရာအားဖြင့်။ မံ၊ ငါ့ကို။ အနုကမ္ပကော၊ သနားကရုဏာ ရှိပေသော။ တာတော၊ ခမည်းတော် ရှင်ရသေ့သည်။ မံ၊ ငါ့ကို။ အနုသာသိ၊ ဆုံးမတော်မူဖူးလေ၏။

֍ ဋ္ဌ ၁၃၄။ အဟံ၊ ငါသည်။ ဝုဒ္ဓဿ၊ ပညာအမြော်အမြင်နှင့် ပြည့်စုံသော။ တဿ၊ ထိုသို့သဘောရှိသော။ ပိတု၊ ခမည်းတော်၏။ သာသနံ၊ အဆုံးအမဖြစ်သော။ ဝစနံ၊ စကားကို။ နာကံ၊ မလိုက်နာမိချေ။ အဇ္ဇ၊ ယနေ့။ သွာဟံ- သောအဟံ၊ ထိုငါသည်။ နိမ္မနုဿမှိ၊ လူမရှိသော။ အရညေ၊ တော၌။ ဧကကော၊ တစ်ယောက်အထီးတည်း။ ဈာယာမိ၊ ကျူကျူငိုကြွေးရ၏။

֍ ဋ္ဌ ၁၃၅။ မေ၊ ငါ့အား။ ဇီဝိတန၊ အသက်ရှင်ခြင်းဖြင့်။ ဓိရတ္ထု၊ အကျိုးလည်းမရှိ စက်ဆုပ်ရွံရှာဖွယ်ရှိစွ။ မေ၊ ငါ့အား။ မရဏံ ဝါ၊ သေခြင်းသည်လည်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ကယိရမာနေ၊ ပြုသည်ရှိသော်။ ပုန ဝါ၊ တစ်ဖန်လည်း။ တာဒိသော၊ ထိုသို့ ရှေးနှင့်တူသော သဘောရှိသော ဈာန်ရယောက်ျားသည်။ ဟေဿံ၊ ဖြစ်လတ္တံ့။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ သောအဟံ၊ ထိုငါသည်။ ကရိဿာမိ၊ ပြုဦးအံ့။

နတ်သမီး ကန်တော့ခြင်း

ဤသို့ ဣသိသိင်္ဂ ရသေ့သည် ကာမရာဂကိုပယ်၍ တစ်ဖန် ဈာန်ကိုဖြစ်စေ၏။ ထိုအခါ ဣသိသိင်္ဂရသေ့၏ တန်ခိုးအစွမ်းကိုမြင်၍ ဈာန်ကို ဖြစ်စေသည်၏ အဖြစ်ကိုလည်း သိ၍ အလမ္ဗုသာ နတ်သမီးသည် ကြောက်လေရကား ကန်တော့၏။ ထိုအကြောင်းကို ထင်ရှား တတ်မူလိုသာ သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၃၆။ တဿ တေဇံ ဝိရိယဉ္စ၊ ဓိတိံ ဉတွာ အဝဋ္ဌိတံ။
သိရသာ အဂ္ဂဟိ ပါဒေ၊ ဣသိသိင်္ဂံ အလမ္ဗုသာ။
၁၃၇။ မာမေ ကုဇ္ဈ မဟာဝီရ၊ မာ မေ ကုဇ္ဈ မဟာဣသေ။
မဟာအတ္ထော မယာ စိဏ္ဏော၊ တိဒသာနံ ယသဿိနံ။
တယာ ပကမ္ပိတံ အာသိ၊ သဗ္ဗံ ဒေဝပုရံ တဒါ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၃၆။ ဘိက္ခဝေ၊ ရဟန်းတို့။ အလမ္ဗုသာ၊ အလမ္ဗုသာနတ်သမီးသည်။ တဿ၊ ထိုဣသိသိင်္ဂရသေ့၏။ အဝဋ္ဌိတံ၊ ဖြစ်စေအပ်ပြီးသော။ တေဇဉ္စ၊ တန်ခိုးအစွမ်းကိုလည်းကောင်း။ ဝီရိယဉ္စ၊ လုံ့ လကိုလည်းကောင်း။ ဓိတိဉ္စ၊ ပညာကိုလည်းကောင်း။ ဉတွာ၊ သိ၍။ ဣသိသိင်္ဂံ- ဣသိသိင်္ဂဿ၊ ဣသိသိင်္ဂရသေ့၏။ ပါဒေ၊ ခြေတို့ကို။ သိရသာ၊ ဦးဖြင့်။ အဂ္ဂဟိ၊ တိုက်၏။

֍ ဋ္ဌ ၁၃၇။ မဟာဝီရ၊ ကြီးသော လုံ့လရှိသော ရှင်ရသေ့။ မေ၊ အကျွန်ုပ်အား။ မာ ကုဇ္ဈ၊ အမျက် ထွက်တော်မမူပါလင့်။ မဟာဣသေ၊ မြတ်သော ရှင်ရသေ့။ မေ၊ အကျွန်ုပ်အား။ မာ ကုဇ္ဈ၊ အမျက် ထွက်တော်မမူပါလင့်။ ယဒါ၊ အကြင်အခါ၌။ တယာ၊ ရှင်ရသေ့ကြောင့်။ သဗ္ဗံ၊ အလုံးစုံသော။ ဒေဝပုရံ၊ တာဝတိံသာ နတ်ပြည်သည်။ ပကမ္ပိတံ၊ တုန်လှုပ်သည်။ အာသိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ ယသသိနံ၊ များသော အခြံအရံရှိကုန်သော။ တိဒသာနံ၊ တာဝတိံသာနတ်တို့၏။ မဟာအတ္ထော၊ များမြတ်သော အလိုကို။ မယာ၊ အကျွန်ုပ်သည်။ စိဏ္ဏော၊ ကျင့်အပ်၏။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ဣသိသိင်္ဂံ- ဣသိသိင်္ဂဿ၊ ဣသိသိင်္ဂရသေ့၏။ ပါဒေ၊ ခြေတို့ကို။ အလမ္ဗုသာ၊ အလမ္ဗုသာ နတ်သမီးသည်။ သိရသာ၊ ဦးဖြင့်။ အဂ္ဂဟိ၊ တိုက်၏။

သွားခွင့် ပြုလိုက်ပြီ

ထိုအခါ ဣသိသိင်္ဂရသေ့သည် အလမ္ဗုသာနတ်သမီး ကန်တော့သည်ရှိသော် ကောင်းသောလက္ခဏာနှင့် ပြည့်စုံသော နတ်သမီး... သင်သည် အလိုရှိတိုင်း သွားလော့ ဟုဆို၍ အလမ္ဗုသာ နတ်သမီးကို လွှတ်လိုရကား

၁၃၈။ တာဝတိံသာ စ ယေ ဒေဝါ၊ တိဒသာနဉ္စ ဝါသဝေါ။

တွဉ္စ ဘဒ္ဒေ သုခီ ဟောဟိ၊ ဂစ္ဆ ကည ယထာသုခံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၈။ ဘဒ္ဒေ၊ ကောင်းသောလက္ခဏာနှင့် ပြည့်စုံသော နတ်သမီး။ တာဝတိံသာ၊ တာဝတိံသာဘုံ၌ နေကုန်သော။ ယေ ဒေဝါ၊ အကြင်နတ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ဒေဝါ စ၊ ထို နတ်တို့သည်လည်းကောင်း။ တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ ဝါသဝေါစ၊ အရှင်ဖြစ်သော သိကြားမင်းသည်လည်းကောင်း။ သုခီ၊ ချမ်းသာခြင်းရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ တွဉ္စ၊ သင်သည်လည်း။ သုခီ၊ ချမ်းသာခြင်းရှိသည်။ ဟောတိ၊ ဖြစ်စေလော့။ ကည၊ နတ်သမီး။ တွံ၊ သင်သည်။ ယထာသုခံ၊ အလိုရှိတိုင်း။ ဂစ္ဆ၊ သွားလေလော့။

သိကြားမင်း ဆုပေးခြင်း

ထိုအလမ္ဗုသာ နတ်သမီးသည် ဣသိသိင်္ဂရသေ့ကို ရှိခိုး၍ ရွှေပလ္လင်ဖြင့်သာလျှင် တာဝတိံသာ နတ်ပြည်သို့ သွားလေ၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၃၉။ တဿ ပါဒေ ဂဟေတွာန၊ ကတွာ စ နံ ပဒက္ခိဏံ။
အဉ္ဇလိံ ပဂ္ဂဟေတွာန၊ တမှာ ဌာနာ အပက္ကမိ။
၁၄၀။ ယော စ တဿာသိ ပလ္လင်္ကော၊
သောဝဏ္ဏော သောပဝါဟနော။
သဥတ္တရစ္ဆဒပညာသော၊ သဟဿပဋိဃတ္ထတော။
တမေဝပလ္လင်္ကမာရုယှ၊ အဂါ ဒေဝါန သန္တီကေ။
၁၄၁။ တမောက္ကမိဝ အာယန္တိံ၊ ဇလန္တိံ ဝိဇ္ဇုတံ ယထာ။
ပတီတော သုမနော ဝိတ္တော၊ ဒေဝိန္ဒော အဒဒါဝရံ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၃၉။ ဘိက္ခဝေ၊ ရဟန်းတို့။ အလမ္ဗုသာ၊ အလမ္ဗုသာ နတ်သမီးသည်။ တဿ၊ ထိုဣသိသိင်္ဂ ရသေ့၏။ ပါဒေ၊ ခြေတို့ကို။ ဂဟေတွာန၊ ဦးဖြင့်တိုက်၍။ နံ၊ ထိုဣသိသိင်္ဂ ရသေ့ကို။ ပက္ခိဏဉ္စ၊ လက်ယာရစ် လှည့်သည်ကိုလည်း။ ကတွာ၊ ပြု၍။ အဉ္ဇလိံ၊ လက်အုပ်ကို။ ပဂ္ဂဟေတွာန၊ မြှောက်ချီ၍။ တမှာ ဌာနာ၊ ထိုအရပ်မှ။ အပက္ကမိ၊ ဖဲလေ၏။

֍ ဋ္ဌ ၁၄၀။ တဿာ၊ ထိုအလမ္ဗုသာ နတ်သမီး၏။ သောဝဏ္ဏော၊ ရွှေဖြင့်ပြီးသော။ သောပဝါဟဝနော၊ အခြံအရံနှင့်တကွသော။ သဥတ္တရစ္ဆဒပညာသော၊ ငါးဆယ်သောအပေါ် လွှမ်းဗိတန်နှင့် တကွသော။ သဟဿပဋိဃတ္ထတော၊ တစ်ထောင်သော နတ်ကော်ဇောအခင်း ရှိထသော။ ယော စ ပလ္လင်္ကော၊ အကြင် ပလ္လင်သည်လည်း။ အသိ၊ ရှိသည်ဖြစ်၏။ တမေဝ ပလ္လင်္ကံ၊ ထို ရွှေပလ္လင်ကိုလျှင်။ အာရုယှ၊ စီးလေ၍။ ဒေဝါနံ၊ တာဝတိံသာ နတ်တို့၏။ သန္တိကေ၊ အထံသို့။ အဂါ၊ သွားလေ၏။

֍ ဋ္ဌ ၁၄၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ဥက္ကမိဝ၊ ဝင်းဝင်းပြောင်သော တန်ဆောင် မီးရှူးးကဲ့သို့လည်းကောင်း။ ဇလန္တိံ၊ ထိန်ထိန်လက်လက် ဝင်းဝင်းပြောင်သော။ ဝိဇ္ဇုယထာ၊ လျှပ်စစ်ကဲ့သို့ လည်းကောင်း။ အာယန္တိံ၊ လာသော။ တံ၊ ထိုအလမ္ဗုသာ နတ်သမီးကို။ ဒေဝိန္ဒော၊ စတုမဟာရာဇ် တာဝတိံသာ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။ ပတီတော၊ နှစ်သက်သည် ဖြစ်၍။ သုမနော စိတ္တော၊ ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍။ ဝရံ၊ ဆုကို။ အဒဒါ၊ ပေးလေ၏။

နတ်သမီးယူသောဆု

ထိုအလမ္ဗုသာ နတ်သမီးသည် သိကြားမင်းအထံ၌ ဆုကို ယူလိုရကား-

၁၄၂။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။
နိသိပ္ပလောဘိကာ ဂစ္ဆေ၊ ဧတံ သက္က ဝရံ ဝရေ။

ဟူသော အဆုံးဖြစ်သော ဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၂။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့ကို။ ဣဿရ၊ အစိုးရသော။ သက္က၊ သိကြားမင်း။ မေ၊ အကျွန်ုပ်အား။ ဝရံ၊ ဆုကို။ အဒေါ စေ၊ ပေးတော်မူလိုငြားအံ့။ ဧဝံ၊ ဤသို့ပေးလိုသည်။ သတိ၊ ရှိသော်။ ဣသိပ္ပလောဘိကာ-ဣသိပ္ပလောဘိကာယ၊ ရသေ့ရဟန်းတို့ကို ဖျားယောင်းအံ့ငှာ။ အဟံ၊ အကျွန်ုပ်သည်။ န ဂစ္ဆေ၊ မသွားလို။ သက္က၊ သိကြားမင်း။ အဟံ၊ အကျွန်ုပ်သည်။ ဧတံ ဝရံ၊ ထိုဆုကို။ ဝရေ-ဝရာမိ၊ တောင့်တ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ထိုသာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်းအား ဤအလမ္ဗုသာဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုသာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်း၏ မယားဟောင်းသည် ထိုအခါ အလမ္ဗုသာ နတ်သမီး ဖြစ်ဖူးပြီ၊ ယခုအခါ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်းသည် ထိုအခါ ဣသိသိင်္ဂရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဣသိသိင်္ဂရသေ့၏ ခမည်းတော် ရသေ့ကြီး ဖြစ်ဖူးပြီ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မဘက်လိုက်ပါ၊ မိုက်တတ်စွာ၊ ချမ်းသာကင်းရတတ်

သုံးခုမြောက်ဖြစ်သော အလမ္ဗုသာဇာတ်သည် ပြီး၏။

*****

စတ္တာလီသနိပါတ်

၄။ သင်္ခပါလဇာတ်

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အရိယာဝကာသောသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သင်္ခပါလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဥပုသ်ဆောက်တည်သော အမှုကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားကို ချဲ့ဦးအံ့။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ဥပုသ်ဆောက်တည်ကုန်သော ဒါယကာတို့ကို ရွှင်စေ၍ ရှေးပညာရှိတို့သည် ကြီးစွာသော နဂါးမင်းစည်းစိမ်ကို စွန့်၍ ဥပုသ်သုံးခြင်းကို သုံးဖူးကုန်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုဒါယကာတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတတ်ကို ဆောင်တော်၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ မဂဓမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် ထိုမဂဓမင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းအား ဒုယျောဓနဟူသော အမည်ကို မှည့်ကုန်၏။ အရွယ် ရောက်လတ်သော် ထိုဘုရားလောင်းသည် တက္ကသိုလ်ပြည်၌ အလုံးစုံသောအတတ်တို့ကို သင်ပြီးလျှင် လာလတ်၍ ခမည်းတော်ကို ဖူးမြင်၏။ ထိုအခါ ဘုရားလောင်းကို ခမည်းတော် မဂဓမင်းသည် မင်းအဖြစ်၌ အဘိသိက်သွန်းပြီးလျှင် ရသေ့ရဟန်းပြု၍ ဥယျာဉ်တော်၌ နေ၏။

မဂဓမင်း ရသေ့ကြီး

ဘုရားလောင်းသည် တစ်နေ့တစ်နေ့၌ သုံးကြိမ် ခမည်းတော်အထံသို့ သွား၏။ များစွာသော လာဘ်ပူဇော်သက္ကာရသည် ထင်ရှားဖြစ်၏။ ရသေ့သည် ထိုပလိဗောဓကြောင့် ကသိုဏ်းပရိကံကိုလည်း ပြုခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ကြံ၏။ ငါအား လာဘ်ပူဇော်သက္ကာရသည် များ၏။ ဤဥယျာဉ်၌ နေသောငါသည် ဤအနှောင်အဖွဲ့ကို ဖြတ်ခြင်းငှာ မတတ်နိုင်၊ သားအား မကြားမူ၍လျှင် တစ်ပါးသောအရပ်သို့ သွားအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုရသေ့သည် တစ်စုံတစ်ယောက်သောသူကို မသိစေမူ၍ ဥယျာဉ်တော်မှ ထွက်ခဲ့ပြီးလျှင် မဂဓတိုင်းကိုလွန်၍ မဟိံသကတိုင်းဝယ် သင်္ခပါလ အမည်ရှိသော ရေအိုင်မှထွက်သော ကဏ္ဏဝေဏ္ဏ အမည်ရှိသောမြစ်၏ အကွေ့၌ စန္ဒကတောင်ကို အမှီပြု၍ သစ်ရွက်မိုးသော ကျောင်းကိုပြု၍ ထိုကျောင်း၌ နေလျက် ကသိုဏ်းပရိကံကိုပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဆွမ်းခံဝတ်ဖြင့် မျှ၏။

နဂါးမင်း တရားနာလာခြင်း

ထိုအရှင်ရသေ့ကို သင်္ခပါလအမည်ရှိသော နဂါးမင်းသည် များစွာသောအခြံအရံဖြင့် ကဏ္ဏဝေဏ္ဏမြစ်မှထွက်၍ ကြိုကြား ကြိုကြား ဆည်းကပ်ခစား၏။ ရှင်ရသေ့သည် ထိုသင်္ခပါလနဂါးမင်းအား တရားဟော၏။ ထိုအခါ ရှင်ရသေ့၏ သားတော်မင်းသည် ခမည်းတော် ရှင်ရသေ့ကို ဖူးမြင်လို၍ ကြွသွားရာအရပ်ကို မသိရကား စုံစမ်းရှာဖွေ၍ ဤအမည်ရှိသောအရပ်၌ နေ၏ဟု သိ၍ ထိုခမည်းတော် ရှင်ရသေ့အား ဖူးမြင်အံ့သောငှာ များစွာသာအခြံအရံဖြင့် ထိုအရပ်သို့ သွားလေ၍ တင့်အပ်သောအရပ်၌ သစ်တပ်ကိုပြုပြီးလျှင် သစ်တပ်၌ ပရိသတ်ကိုနေစေ၍ နှစ်ယောက်သုံးယောက်သော အမတ်နှင့်တကွ ခမည်းတော် ရသေ့ကျောင်းသို့ ရှေးရှုသွားလေ၏။ ထိုခဏ၌ သင်္ခပါလနဂါးမင်းသည် များစွာသော အခြံအရံနှင့်တကွ တရားနာလျက်နေ၏။ ထိုသင်္ခပါလ နဂါးမင်းသည် မဂဓမင်းလာသည်ကိုမြင်လျှင် ရှင်ရသေ့ကိုရှိခိုး၍ နေရာမှထ၍ သွားလေ၏။

မဂဓမင်းသားဘုရင် နဂါးဖြစ်ခြင်း

မဂဓမင်းသည်လည်း ခမည်းတော် ရှင်ရသေ့ကို ရှိခိုး၍ ပျူငှာသော လောကဝတ်ကိုပြုလျက် နေ၍ အရှင်ဘုရားတို့၏ အထံတော်သို့လာသော ဤမင်းသည် အဘယ်မည်သော မင်းပါနည်းဟု မေး၏။ ချစ်သား ဤမင်းသည် သင်္ခပါလနဂါးမင်းတည်းဟု ပြောဆိုလတ်သော် ထိုမဂဓမင်းသည် ထိုသင်္ခပါလ နဂါးမင်းစည်းစိမ်ကိုမှီ၍ နဂါးပြည်၌ တပ်စွမ်းခြင်းကိုပြု၍ နှစ်ရက်သုံးရက် နေပြီးလျှင် ခမည်းတော်ရှင်ရသေ့အား ဆွမ်းအာဟာရကို မပြတ်လှူစေ၍ မိမိမြို့သို့သွားပြီးလျှင် တံခါးလေးမျက်နှာတို့၌ အလှူတင်းကုပ်တို့ကို ဆောက်စေ၍ ဇမ္ဗူဒိပ်ကျွန်းအလုံးကို ချောက်ချားစေလျက် အလှူပေးခြင်း သီလဆောက်တည်ခြင်း, ဥပုသ်သုံးခြင်း အမှုတို့ကိုပြုသဖြင့် နဂါးပြည်ကို ဆုယူ၍ အသက်၏ အဆုံးဝယ် နဂါးပြည်၌ဖြစ်၍ သင်္ခပါလနဂါးမင်းဖြစ်၏။ ထိုသင်္ခပါလနဂါးမင်းသည် ကာလလွန်သည်ရှိသော် ထိုနဂါးမင်း၏စည်းစိမ်ချမ်းသာဖြင့် နှလုံးမသာမရွှင်ဖြစ်၍ ထိုအခါမှစ၍ လူအဖြစ်ကို ဆုတောင်းဆုယူပြုလျက် ဥပုသ်သုံးခြင်းကို သုံး၏။ ထိုအခါ နဂါးပြည်၌နေသော သင်္ခပါလနဂါးမင်းအား ဥပုသ်သုံးခြင်းသည် မပြည့်စုံ၊ သီလ၏ပျက်စီးခြင်းသို့ ရောက်၏။ ထိုသင်္ခပါလနဂါးမင်းသည် ထိုနေ့မှစ၍ နဂါးပြည်မှထွက်ခဲ့ပြီးလျှင် ကဏ္ဏဝေဏ္ဏအမည်ရှိသော မြစ်၏အနီး၌ ခရီးလမ်းမ၏ လည်းကောင်း, တစ်ဖဝါးလှမ်းလောက်ရုံသော လမ်းခရီး၏ လည်းကောင်း, အကြား၌ တစ်ခုသောတောင်ပို့ကို ရစ်ပတ်၍ ဥပုသ်ကို အဓိဋ္ဌာန်လျက် ဆောက်တည်အပ်သော သီလရှိသည်ဖြစ်၍ ငါ၏ အရေအသား အစရှိသည်တို့ဖြင့် အလိုရှိကုန်သောသူတို့သည် အရေအသား အစရှိသည်တို့ကို ဆောင်စေကုန်သတည်း ဟု ကိုယ်ကို အလှူဝ၌စွန့်၍ တောင်ပို့ထိပ်၌ လျောင်းလျက် ရဟန်းတရားကို ပြုသည်ဖြစ်၍ တစ်ဆယ့်လေးရက်တို့ ပြည့်ကြောင်းဖြစ်သောနေ့၌ လည်းကောင်း၊ တစ်ဆယ့်ငါးရက်တို့ ပြည့်ကြောင်းဖြစ်သောနေ့၌ လည်းကောင်း နေ၍ အထွက်တစ်ရက်နေ့၌ နဂါးပြည်သို့သွား၏။

ထိုသင်္ခပါလနဂါးမင်းသည် တစ်နေ့သ၌ ဤသို့ သီလကို ဆောက်တည်၍ နေသည်ရှိသော် ပစ္စန္တရစ်ဝ၌ နေကုန်သော တစ်ကျိပ်ခြောက်ယောက်ကုန်သော မုဆိုးတို့သည် အသားကို ဆောင်ကုန်အံ့ ဟု လက်နက်စွဲကုန်လျက် တော၌ လှည့်လည်ကုန်သည်ရှိသော် တစ်စုံတစ်ခုကို မရ၍ ထွက်ခဲ့ကုန်လတ်သော် တောင်ပိုထိပ်၌ ကျောင်းလျက်နေသော ထိုသင်္ခပါလ နဂါးမင်းကိုမြင်၍ ငါတို့သည် ယခု ဖွတ်ငယ် တစ်ခုကိုမျှလည်း မရကုန်၊ ဤနဂါးကိုသတ်၍ စားကုန်အံ့ ဟု ကြံ၍ ဤနဂါးမင်းသည် ကြီးသလျှင်ကတည်း၊ ဖမ်းယူသည်ရှိသော် ပြေးလေရာ၏။ ထို့ကြောင့် လျောင်းမြဲတိုင်းသာလျှင် ထိုနဂါးမင်းကို အခွေတို့၌ တံကျင်တို့ဖြင့် ထိုး၍ အားနည်းသည်ကိုပြု၍ ဖမ်းယူကုန်အံ့ ဟု တံကျင်တို့ကို ယူ၍ ချဉ်းကပ်ကုန်၏။ ဘုရားလောင်း၏ ကိုယ်သည်လည်းကြီး၏။ တစ်ခုတည်းသော စကျင်းရှိသော လှေပိန်းကော အတိုင်းအရှည်ရှိ၏။ ခွေ၍ထားအပ်သော မြတ်လေးပန်းဆိုင်းနှင့် တူ၏။ ချင်ရွေးသီးအဆင်းနှင့် တူကုန်သော မျက်စိတို့နှင့်လည်းကောင်း၊ လယ်ခေါင်ရမ်းပန်း အဆင်းနှင့်တူသော ဦးခေါင်းနှင့် လည်းကောင်း ပြည့်စုံသည်ဖြစ်၍ အလွန်လျှင် တင့်တယ်၏။ ထိုဘုရားလောင်းသည် တစ်ကျိပ် ခြောက်ယောက်ကုန်သော ထိုမုဆိုးတို့၏ ခြေသံကြောင့် အခွေကြားမှ ဦးခေါင်းကိုထုတ်၍ နီသော မျက်လုံးတို့ကိုဖွင့်၍ တံကျင်လက်စွဲကုန်လျက် လာကုန်သော မုဆိုးတို့ကိုမြင်၍ ယနေ့ ငါ၏ နှလုံးအလိုသည် အပြီးသို့ ရောက်လတ္တံ့၊ ငါသည် ကိုယ်ကို အလှူဝ၌ ဆောင်နှင်း၍ သီလကို အဓိဋ္ဌာန်လျက် လျောင်းအံ့၊ ငါ၏ကိုယ်ကို လှံတို့ဖြင့်ထိုး၍ အပေါက်ကြီး အပေါက်ငယ်ကို ပြုကုန်သည်ရှိသော် ဤသူတို့ကို အမျက်၏အစွမ်းအားဖြင့် မျက်စိတို့ကိုဖွင့်၍ မကြည့်အံ့ ဟု ကြံ၏။ ကြံပြီးလျှင် မိမိ သီလပျက်အံ့သည်မှ ကြောက်သောကြောင့် မြဲမြံစွာအဓိဋ္ဌာန်လျက် ဦးခေါင်းကို အခွေကြား၌ သွင်း၍လျှင် လျောင်း၏။

မုဆိုးတို့ အနှိပ်စက်ခံရပုံ

ထိုအခါ သင်္ခပါလ နဂါးမင်းအထံသို့ မုဆိုးတို့သည် ကပ်ကုန်ပြီးလျှင် မြီးထူး၌ကိုင်ကုန်လျက် ငင်၍ မြေ၌ ရိုက်ပုတ်ပြီးလျှင် ထက်စွာကုန်သော တံကျင်တို့ဖြင့် ရှစ်ဌာနတို့၌ ထိုး၍ အဆူးရှိကုန်သော နက်သောအဆင်းရှိကုန်သော ကြိမ်လုံးတို့ကို တံကျင်ထိုးရာ အပေါက်တို့ဖြင့်သွင်း၍ ရှစ်ဌာနတို့၌ ထမ်းပိုးဖြင့်ထမ်းယူ၍ ခရီးမသို့ သွားကြကုန်၏။ ဘုရားလောင်းသည် လှံထိုးရာအရပ်မှစ၍ တစ်ခုသော အရပ်၌လည်း အမျက်၏အစွမ်းအားဖြင့် မျက်စိတို့ကို ဖွင့်၍ ထိုမုဆိုးတို့ကို မကြည့်။ ထမ်းပိုးရှစ်စင်းတို့ဖြင့် ထမ်း၍ ဆောင်ယူအပ်သော ထိုသင်္ခပါလ နဂါးမင်း၏ ဦးခေါင်းသည် တွဲလျားကျ၍ မြေ၌ခတ်မိ၏။ ထိုအခါ နဂါးမင်း၏ ဦးခေါင်းသည် တွဲလျားကျ၏ ဟု ထိုသင်္ခပါလ နဂါးမင်းကို ခရီးမ၌အိပ်စေ၍ သေးသွယ်သော တံကျင်ဖြင့် နှာခေါင်းဖု၌ ဖောက်ပြီးလျှင် ကြိုးငယ်ကိုသွင်း၍ ဦးခေါင်းကိုမြှောက်လျက် ထမ်းပိုး၌ဆွဲ၍ တစ်ဖန်ထမ်း၍ ခရီးမသို့ သွားကြကုန်၏။

အာဠာရကုန်သည် ကယ်မခြင်း

ထိုခဏ၌ ဝိဒေဟတိုင်းဝယ် မိထိလာမြို့၌နေသော အာဠာရမည်သော သူကြွယ်သည် လှည်းငါးရာတို့ကိုယူ၍ ညင်သာသောလှည်း၌ စီး၍လာသည်ရှိသော် ထိုမုဆိုးသားတို့သည် ဘုရားလောင်းကို ထိုအခြင်းအရာဖြင့် ဖမ်းယူ၍ လာကုန်သည်တို့ကို မြင်လျှင် တစ်ကျိပ် ခြောက်ယောက်ကုန်သော ထိုမုဆိုးတို့အား တစ်ဆယ့်ခြောက်ခုကုန်သော လှည်းတိုက် နွားတို့နှင့်တကွ တလက်ဆွမ်းစီ တလက်ဆွမ်းစီ ရွှေပဲတို့ကို လည်းကောင်း, ခပ်သိမ်းကုန်သော မုဆိုးတို့အား အဝတ်အာရုံတို့ကို လည်းကောင်း, ထိုမုဆိုးတို့၏ မယားတို့အားလည်း အဝတ်တန်ဆာတို့ကို လည်းကောင်း ပေး၍ လွှတ်စေ၏။

အာဠာရ ရသေ့ပြုပြီ

ထိုသင်္ခပါလ နဂါးမင်းသည် နဂါးပြည်သို့သွား၍ ထိုနဂါးပြည်၌ ကြာမြင့်ခြင်းကို မပြုမူ၍ များစွာသော အခြံအရံနှင့်တကွ ထွက်ခဲ့ပြီးလျှင် အာဠာရ ကုန်သည်အထံသို့ ချဉ်းကပ်၍ နဂါးပြည်၏ ဂုဏ်ကျေးဇူးကို ပြောဆိုပြီးလျှင် ထိုအာဠာရ ကုန်သည်ကိုယူ၍ နဂါးပြည်သို့သွား၍ သုံးရာကုန်သော နဂါးကညာတို့နှင့်တကွ များစွာသော စည်းစိမ်ကို ထိုအာဠာရ ကုန်သည်အား ပေး၍ နတ်ပြည်၌ ဖြစ်ကုန်သော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲစေ၏။ အာဠာရ ကုန်သည်သည် နဂါးပြည်၌ တစ်နှစ်ပတ်လုံးနေ၍ နတ်၌ ဖြစ်ကုန်သော ကာမဂုဏ်တို့ကို ခံစား၍ အဆွေ နဂါးမင်း ငါသည် ရဟန်းပြုခြင်းငှာ အလိုရှိ၏ ဟု နဂါးမင်းအား ပြောဆိုပြီးလျှင် ရသေ့ရဟန်းတို့၏ ရိက္ခရာတို့ကိုယူ၍ နဂါးပြည်မှ ဟိမဝန္တာအရပ်သို့ သွား၍ ရဟန်းပြုသဖြင့် ထိုဟိမဝန္တာ၌ ကြာမြင့်စွာနေပြီးလျှင် နောက်အဖို့၌ ဒေသစာရီ သွားသည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ဥယျာဉ်၌ နေသဖြင့် မိုးသောက်သောနေ့၌ ဆွမ်းအလို့ငှာ မြို့သို့ဝင်၍ မင်းအိမ်တံခါးသို့ သွားလေ၏။

အာဠာရ ရသေ့နှင့် ဗာရာဏသီမင်း

ထိုအခါ ထိုအာဠာရရသေ့ကို ဗာရာဏသီမင်းသည် မြင်လျှင် ဣရိယာပုထ်၌ ကြည်ညိုသဖြင့် ခေါ်စေ၍ ခင်းအပ်သော နေရာ၌ နေစေပြီးလျှင် အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကိုကျွေး၍ တစ်ခုသော နိမ့်သောနေရာ၌ နေလျက် ရှိခိုး၍ အာဠာရ ရသေ့နှင့်တကွ စကားဆွေးနွေး မေးမြန်းလိုရကား-

၁၄၃။ အရိယာဝကာသောသိ ပသန္နနေတ္တော၊
မညေ ဘဝံ ပဗ္ဗဇိတော ကုလမှာ။
ကထံ နု ဝိတ္တာနိ ပဟာယ ဘောဂေ၊
ပဗ္ဗဇိ နိက္ခမ္မ ဃရာ သပည။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၃။ ဘန္တေ၊ အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ အရိယာဝကာသော၊ အပြစ်ကင်းသော ကောင်းသော ကိုယ်ရောင်ကိုယ်ဝါရှိသည်။ ဝါ၊ လှပတင့်တယ်သည်။ အသိ၊ ဖြစ်၏။ ပသန္နနေတ္တော၊ ကြည်လင်သော မျက်စိရှိသည်။ အသိ၊ ဖြစ်၏။ ဘဝံ၊ အရှင်သည်။ ကုလမှာ၊ မြတ်သော အမျိုးမှ။ ပဗ္ဗဇိတော မညေ၊ ရဟန်းပြုသည် ထင်၏။ ကထံနု-ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။ ဝိတ္တာနိ၊ ဥစ္စာတို့ကိုလည်းကောင်း။ ဘောဂေ စ၊ အသုံးအဆောင်တို့ကိုလည်းကောင်း။ ပဟာယ၊ စွန့်၍။ သပညာ၊ ပညာနှင့် ပြည့်စုံသော။ တွံ၊ အရှင်ဘုရားသည်။ ဃရာ၊ အိမ်မှ။ နိက္ခမ္မ၊ တောထွက်၍။ ပဗ္ဗဇိ၊ ရဟန်းပြုသနည်း။

အာဠာရ ရသေ့သည် ထိုဗာရာဏသီမင်း၏ အမေးကို ဖြေလိုရကား-

၁၄၄။ သယံ ဝိမာနံ နရဒေဝ ဒိသွာ၊
မဟာနုဘာဝဿ မဟောရဂဿ။
ဒိသွာန ပုညာနံ မဟာဝိပါကံ၊
သဒ္ဓါယဟံ ပဗ္ဗဇိတောမှိ ရာဇ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၄။ နရဒေဝ၊ လူတို့အထွတ် လောကနတ်ဖြစ်တော်မူသော။ ရာဇ၊ မင်းမြတ်။ အဟံ၊ ငါသည်။ မဟာနုဘာဝဿ၊ ကြီးသောအာနုဘော်ရှိသော။ မဟောရဂဿ၊ သင်္ခပါလ နဂါးမင်း၏။ ဝိမာနံ၊ အရာမကသော ကချေသည် စည်းစိမ်ချမ်းသာတို့ဖြင့် ပြည့်စုံသာ ရွှေဗိမာန်ကို။ သယံ၊ ကိုယ်တိုင်။ ဒိသွာန စ၊ မြင်၍လည်းကောင်း။ ပုညာနံ၊ ကောင်းမှုတို့၏။ မဟာဝိပါကံ၊ ကြီးမြတ်သောအကျိုးကို။ ဒိသွာ စ၊ မြင်၍လည်းကောင်း။ သဒ္ဓါယ၊ ကံ ကံ၏အကျိုး တမလွန်ဘဝကို ယုံကြည်သောကြောင့်။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်၏။

ထိုစကားကိုကြား၍ ဗာရာဏသီမင်းသည် ရှင်ရသေ့အား ရဟန်း၏အကျိုးကို မေးလိုရကား-

၁၄၅။ န ကာမကာမာ န ဘယာ န ဒေါသာ၊
ဝါစံ မုသာ ပဗ္ဗဇိတာ ဘဏန္တိ။
အက္ခာဟိ မေ ပုစ္ဆိတော ဧတမတ္ထံ၊
သုတွာန မေ ဇာယိဟိတိပ္ပသာဒေါ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၄၅။ ဘန္တေ၊ အရှင်ဘုရား။ ပဗ္ဗဇိတာ၊ ရဟန်းတို့သည်။ ကာမကာမာ၊ ဝတ္ထုကာမတို့၌ တပ်စွန်းသောအားဖြင့်။ မုသာဝါစံ၊ ချွတ်ယွင်းသာ စကားကို။ န ဘဏန္တိ၊ မဆိုကုန်။ ဘယာ-ဘယေန၊ ကြောက်သောအားဖြင့်။ မုသာဝါစံ၊ ချွတ်ယွင်းသော စကားကို။ န ဘဏန္တိ၊ မဆိုကုန်။ ဒေါသာ- ဒေါသေန၊ အမျက်အားဖြင့်။ မုသာဝါစံ၊ ချွတ်ယွင်းသော စကားကို။ န ဘဏန္တိ၊ မဆိုကုန်။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ အရှင်ဘုရားသည်။ မေ၊ အကျွန်ုပ်အား။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ဖြေတော်မူလော့။ သုတွာန၊ ကြားနာရ၍။ မေ၊ အကျွန်ုပ်အား။ ပသာဒေါ၊ ကြည်ညိုခြင်းသည်။ ဇာယိဟိတိ၊ ဖြစ်လတ္တံ့။

ဤသို့ မေးလျှောက်သည်ရှိသော် အာဠာရ ရသေ့သည် ထိုမင်းအား အလုံးစုံသောအကြောင်းကို ကြားလိုရကား-

၁၄၆။ ဝါဏိဇ္ဇ ရဋ္ဌာဓိပ ဂစ္ဆမာနော၊
ပထေ အဒ္ဒသာသိမှိ ဘောဇပုတ္တေ။
ပဝဍ္ဎကာယံ ဥရဂံ မဟန္တံ၊
အာဒါယ ဂစ္ဆန္တေ ပမာဒမာနေ။
၁၄၇။ သောဟံ သမာဂမ္မ ဇနိန္ဒ တေဟိ၊
ပဟဋ္ဌလောမော အဝစမှိ ဘီတော။
ကုဟိံ အယံ နီယတိ ဘီမကာယော
နာဂေန ကိံ ကာဟထ ဘောဇပုတ္တာ။
၁၄၈။ နာဂေါ အယံ နီယတိ ဘောဇနတ္ထာ၊
ပဝဍ္ဎကာယော ဥရဂေါ မဟန္တော။
သာဒုံစ ထူလဉ္စ မုဒုဉ္စ မံသံ၊
န တွံ ရသညာသိ ဝိဒေဟပုတ္တ။
၁၄၉။ ဣတော မယံ ဂန္တွာ သကံ နိကေတံ၊
အာဒါယ သတ္ထာနိ ဝိကောပယိတွာ။
မံသာနိ ဘောက္ခာမ ပမောဒမာနာ၊
မယံ ဟိ ဝေ သတ္တဝေါ ပန္နဂါနံ။
၁၅၀။ သစေ အယံ နီယတိ ဘောဇနတ္ထော၊
ပဝဍ္ဎကာယော ဥရဂေါ မဟန္တော။
ဒဒါမိ ဝေါ ဗလိဗဒ္ဓါနိ သောဠသ၊
နာဂံ ဣမံ မုဉ္စထ ဗန္ဓနသ္မာ။
၁၅၁။ အဒ္ဓါ ဟိ နော ဘက္ခော အယံ မနာပေါ။
ဗဟူ စ နော ဥရဂါ ဘုတ္တပုဗ္ဗာ။
ကရောမ တေ တံ ဝစနံ အာဠာရ၊
မိတ္တဉ္စ နော ဟောဟိ ဝိဒေဟပုတ္တ။
၁၅၂။ တဒါဿု တေ ဗန္ဓနာ မောစယိံသု၊
ယံ နတ္ထုဘော ပဋိမောက္ကဿ ပါသေ။
မုတ္တော စ သော ဗန္ဓနာ နာဂရာဇာ၊
ပက္ကာမိ ပါစီနမှခေါ မုဟုတ္တံ။
၁၅၃။ ဟန္တွာန ပါစီနမုခေါ မုဟုတ္တံ၊
ပုဏ္ဏေဟိ နေတ္တေဟိ ပလောကယီ မံ။
တဒါဿဟံ ပိဋ္ဌိတော အနွဂစ္ဆိံ၊
ဒသင်္ဂုလိံ အဉ္ဇလိံ ပဂ္ဂဟေတွာ။
၁၅၄။ ဂစ္ဆေဝ ခေါ တွံ တရမာရူပေါ။
မာ တံ အမိတ္တာ ပုနရဂ္ဂဟေသုံ။
ဒုက္ခော ဟိ လုဒ္ဒေဟိ ပုန သမာဂမော။
အဒဿနံ ဘောဇပုတ္တာန ဂစ္ဆ။
၁၅၅။ အဂမာသိ သော ရဟဒံ ဝိပ္ပသန္နံ၊
နီလောဘာသံ ရမဏီယံ သုတိတ္တံ။
သမောတတံ ဇမ္ဗုဟိ ဝေတသာဟိ၊
ပါဝေက္ခိ နိတ္တိဏ္ဏဘယော ပတီတော။
၁၅၆။ သော တံ ပဝိဿ န စိရဿ နာဂေါ၊
ဒိဗ္ဗေန မေ ပါတုရဟု ဇနိန္ဒ။
ဥပဋ္ဌဟိ မံ ပိတရံဝ ပုတ္တော၊
ဟဒယင်္ဂမံ ကဏ္ဏသုခံ ဘဏန္တော။
၁၅၇။ တွံ မေသိ မာတာစ ပိတာ အဠာရ၊
အဗ္ဘန္တရော ပါဏဒဒေါ သဟာယော။
သကဉ္စ ဣဒ္ဓိံ ပဋိလာဘကောသ္မိ၊
အဠာရ ပဿ မေ နိဝေသနာနိ။
ပဟူတဘက်ခံ ဗဟုအန္နပါနံ၊
မသက္ကသာရံ ဝိယ ဝါသဝဿ။

ဟူသော ဤတစ်ဆယ့်နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄၆။ ရဋ္ဌာဓိပ၊ တိုင်းသူ့သခင် ပြည့်ရှင်မင်းမြတ် လောကနတ်။ အဟံ၊ ငါသည်။ ဝါဏိဇ္ဇံ၊ ကုန်သွယ်ခြင်းအမှုကို။ ကရိဿာမီတိ၊ ပြုအံ့ဟူ၍။ ဂစ္ဆမာနော၊ သွားသည်ရှိသော်။ ပထေ၊ ခရီးမ၌။ ပဝဍ္ဎကာယံ၊ ကြီးပွားသော ကိုယ်ရှိသော။ မဟန္တံ၊ မြတ်သော။ ဥရဂံ၊ သင်္ခပါလ နဂါးမင်းကို။ အာဒါယ၊ ဖမ်းယူ၍။ ပမောဒမာနော၊ ဝမ်းမြောက်ဝမ်းသာ။ အာဂစ္ဆန္တေ၊ လာကြကုန်သော။ ဘောဇပုတ္တေ၊ မုဆိုးတို့ကို။ အဒ္ဒသံ၊ မြင်သည်။ အသိမှိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၄၇။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ သော အဟံ၊ ထိုငါသည်။ သမာဂမ္မ၊ မုဆိုးတို့သို့ ချဉ်းကပ်၍။ တေဟိ၊ ထိုနဂါးမင်းကို ဖမ်း၍လာကုန်သော မုဆိုးတို့ကြောင့်။ ပဟဋ္ဌလောမော၊ ကြက်သီးမွေးညင်းထလျက်။ ဘီတော၊ ကြောက်သည်ဖြစ်၍။ အဝစမှိ၊ မေး၏။ ဘောဇပုတ္တာ၊ မုဆိုးသားတို့။ ဘီမကာယော၊ ကြောက်မက်ဖွယ်သော ကိုယ်ရှိသော။ အယံ နာဂေါ၊ ဤနဂါးကို။ ကုဟိံ၊ အဘယ်အရပ်သို့။ နီယတိ၊ ဆောင်အပ်သနည်း။ နာဂေန၊ နဂါးဖြင့်။ ကိံ ကာဟထ၊ အဘယ်ပြုကြကုန်မည်နည်း။ ဣတိ၊ ဤသို့။ အဝစမှိ၊ မေး၏။

֍ ဋ္ဌ ၁၄၈။ ဝိဒေဟပုတ္တ၊ ဝိဒေဟတိုင်းသား။ ပဝဍ္ဎကာယော၊ ကြီးပွားသောကိုယ်ရှိသော။ မဟန္တော၊ မြတ်သော။ ဥရဂေါ၊ ရင်ဖြင့်သွားတတ်သော။ အယံနာဂေါ၊ ဤနဂါးကို။ ဘောဇနတ္ထာ-ဘောဇနတ္ထာယ၊ စားအံ့သောငှာ။ နီယတိ၊ ဆောင်အပ်၏။ အဿ၊ ထိုနဂါး၏။ မံသံ၊ အသားသည်။ သာဒုဉ္စ၊ ချိုမြိန်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ထူလဉ္စ၊ ဆူသည်လည်း။ ဟောတိ၊ ဖြစ်၏။ မုဒုဉ္စ၊ နူးညံ့သည်လည်း။ ဟောတိ၊ ဖြစ်၏။ တွံ၊ သင်သည်။ ရသံ၊ နဂါးသားအရသာကို။ န အညာသိ၊ မသိလေယောင်တကား။

֍ ဋ္ဌ ၁၄၉။ မယံ၊ ငါတို့သည်။ ဣတော၊ ဤအရပ်မှ။ အာဒါယ၊ ထမ်းပိုးရွက်ဆောင်၍။ သကံ နိကေတံ၊ မိမိအိမ်သို့။ ဂန္တွာ၊ သွား၍။ သတ္ထာနံ-သတ္ထေဟိ၊ ဓားတို့ဖြင့်။ ဝိကောပယိတွာ၊ လှီးဖြတ်၍။ မံသာနိ၊ အသားတို့ကို။ ပမောဒမာနာ၊ ဝမ်းမြောက်ဝမ်းသာဖြစ်၍။ ဘောက္ခာမ၊ စားကြကုန်အံ့။ ဟိ-သစ္စံ၊ မှန်၏။ မယံ၊ ငါတို့သည်။ ဝေ၊ စင်စစ်။ ပန္နဂါနံ၊ နဂါးတို့၏။ သတ္တဝေါ၊ ရန်သူတို့သည်။ ဣတိ၊ ဤသို့။ အာဟံသု၊ ဆိုကြကုန်၏။

֍ ဋ္ဌ ၁၅၀။ ဘောဇပုတ္တာ၊ မုဆိုးသားတို့။ ပဝဍ္ဎကာယော၊ ကြီးပွားသော ကိုယ်ရှိသော။ မဟန္တော၊ မြတ်သော။ အယံ ဥရဂေါ၊ ဤနဂါးကို။ ဘောဇနတ္ထာ- ဘောဇနတ္ထာယ၊ စားအံ့သောငှာ။ သစေ နီယတိ၊ အကယ်၍ ဆောင်အပ်သည်ဖြစ်အံ့။ ဝေါ၊ သင်တို့အား။ သောဠသဗလိဗဒ္ဒါနီ၊ လှည်းတိုက်နွားလား တစ်ဆယ့်ခြောက်ကောင်တို့ကို။ ဒဒါမိ၊ ပေးအံ့။ ဣမံ နာဂံ၊ ဤနဂါးကို။ ဗန္ဓနသ္မာ၊ အနှောင်အဖွဲ့မှ။ မုဉ္စထ၊ လွှတ်ကြကုန်လော့။ ဣတိ၊ ဤသို့။ အဝစ၊ ဆို၏။

֍ ဋ္ဌ ၁၅၁။ ဝိဒေဟပုတ္တ၊ ဝိဒေဟတိုင်းသားဖြစ်သော။ အဠာရ၊ အဠာရ။ မနာပေါ၊ နှစ်လိုဖွယ်ရှိသော။ အယံ နာဂေါ၊ ဤနဂါးသည်။ နော အမှာကံ၊ ငါတို့၏။ အဒ္ဓါ ဟိ-အဒ္ဓါ ဧဝ၊ စင်စစ်လျှင်။ ဘက္ခော၊ အစာတည်း။ ဥရဂေါ၊ နဂါးကို။ နော၊ ငါတို့သည်။ ဗဟူ စ၊ များစွာလည်း။ ဘုတ္တပုဗ္ဗာ၊ စားဖူးကုန်ပြီ။ တေ၊ သင်၏။ တံ ဝစနံ၊ ထိုစကားကို။ ကရောမ၊ လိုက်နာကုန်အံ့။ တွံ၊ သင်သည်။ နော၊ ငါတို့၏။ မိတ္တဉ္စ၊ အဆွေခင်ပွန်းသည်လည်း။ ဟောဟိ၊ ဖြစ်လော့။ ဣတိ၊ ဤသို့။ အာဟံသု၊ ဆိုကြကုန်၏။

֍ ဋ္ဌ ၁၅၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တဒါ၊ ထိုအခါ၌။ တေ၊ ထိုမုဆိုးသည်။ တဿ၊ ထိုနဂါးမင်း။ ဗန္ဓနာ၊ အနှောင်အဖွဲ့မှ။ မောစယိံသု၊ လွတ်စေကုန်၏။ အဿ၊ ထို နဂါးမင်း၏။ နတ္ထုတော၊ နှာခေါင်းပေါက်မှ။ ပဝေသေတွာ၊ သွင်း၍။ ပါသေ၊ ကျော့ကွင်း၌။ ယံပဋိမောက္ကံ၊ အကြင် စွပ်အပ်သော အနှောင်အဖွဲ့သည်။ အတ္ထိ၊ ရှိ၏။ တသ္မာ ဗန္ဓနာ စ၊ ထို အနှောင်အဖွဲ့မှလည်း။ ဥရဂံ၊ နဂါးမင်းကို။ မောစယိံသု၊ လွှတ်စေကုန်၏။ သော နာဂရာဇာ၊ ထိုသင်္ခပါလ နဂါးမင်းသည်။ ဗန္ဓနာ၊ အနှောင်အဖွဲ့မှ။ မုတ္တော စ၊ လွှတ်စေသည်ဖြစ်၍လည်း။ မုဟုတ္တံ၊ တစ်ခဏမျှ။ ပါစီနမုခေါ၊ အရှေ့မျက်နှာသို့ ရှေးရှု။ ပက္ကာမိ၊ သွား၏။

֍ ဋ္ဌ ၁၅၃။ မုဟုတ္တံ၊ တစ်ခဏမျှ။ ပါစီနမုခေါ၊ အရှေ့မျက်နှာသို့ရှေးရှု။ ဂန္တွာန၊ သွားပြီး၍။ ပုဏ္ဏေဟိ၊ မျက်ရည်တို့ဖြင့် ပြည့်ကုန်သော။ နေတ္တေဟိ၊ မျက်စိတို့ဖြင့်။ မံ၊ ငါ့ကို။ ပလောကယိ၊ ကြည့်၏။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ အဿ၊ ထိုနဂါးမင်း၏။ ပိဋ္ဌိတာ၊ နောက်မှ။ ဒသင်္ဂုလိံ၊ လက်ဆယ်ချောင်းကို ပေါင်း၍ယှက်သော။ အဉ္ဇလိံ၊ လက်အုပ်ကို။ ပဂ္ဂဟေတွာ၊ ချီ၍။ အနွဂစ္ဆိံ၊ လိုက်၏။

֍ ဋ္ဌ ၁၅၄။ နာဂရာဇ၊ နဂါးမင်း။ တွံ၊ သင်သည်။ တရမာနရူပေါ၊ ရှောင်တခင်။ ဂစ္ဆေဝ၊ ကြွတော်မူလေလော့။ တံ၊ အရှင်နဂါးမင်းကို။ အမိတ္တာ၊ ရန်သူတို့သည်။ ပုန၊ တစ်ဖန်။ မာ အဂ္ဂဟေသုံ၊ မဖမ်းစေလင့်။ လုဒ္ဒေဟိ၊ ရုန့်ရင်းကြမ်းကြုတ်ကုန်သော သူတို့နှင့်။ ပုန၊ တစ်ဖန်။ သမာဂမော၊ ပေါင်းဖော်ရခြင်းသည်။ ဟိ-ဧကန္တေန၊ စင်စစ်သဖြင့်။ ဒုက္ခော၊ ဆင်းရဲ၏။ နာဂရာဇ၊ နဂါးမင်းသည်။ တွံ၊ သင်သည်။ ဘောဇပုတ္တာနံ၊ မုဆိုးသားတို့၏။ အဒဿနံ၊ မမြင်ရာသို့။ ဂစ္ဆ၊ ကြွတော်မူလေလော့။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။

֍ ဋ္ဌ ၁၅၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သော နာဂရာဇာ၊ ထိုနဂါးမင်းသည်။ ဝိပ္ပသန္နံ၊ ကြည်သောရေ ရှိထသော။ နီလောဘာသံ၊ ညိုသော အရောင်ရှိထသော။ ရမဏီယံ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ သုတိတ္ထံ၊ ကောင်းသောဆိပ် ရှိထသော။ ဇမ္ဗူဟိစ၊ သပြေပင်တို့ဖြင့်လည်းကောင်း။ ဝေတသာဟိစ၊ ရင်းရဲပင်တို့ဖြင့် လည်းကောင်း။ သမောတတံ၊ ကမ်းနှစ်ဖက်တို့၌ ထိုမှဤမှ ထက်ဝန်းကျင် ညွတ်လုဘနန်း ပြည့်ထသော။ ရဟဒံ၊ ကဏ္ဏဝေဏ္ဏမြစ်သို့။ အဂမာသိ၊ သွားလေ၏။ နိတ္တိဏ္ဏဘယော၊ ကင်းသောဘေးရှိသည်ဖြစ်၍။ ပတီတော၊ ဝမ်းမြောက် ဝမ်းသာ။ ပါဝေက္ခိ၊ ဝင်လေ၏။

֍ ဋ္ဌ ၁၅၆။ ဇနိန္ဒ၊ လူတို့သခင်ပြည်ရှင်မင်းမြတ်။ သော နာဂေါ၊ ထိုသင်္ခပါလ နဂါးမင်းသည်။ တံ၊ ထိုကဏ္ဏဝေဏ္ဏမြစ်သို့။ ပဝိဿ၊ ဝင်လေ၍။ နစိရဿံ၊ မကြာမြင့်မီ။ ဒိဗ္ဗေန၊ နတ်၌ဖြစ်သော အခြံအရံဖြင့်။ ပရိဝါရိတော၊ ခြံရံလျက်။ မေ၊ ငါ၍။ ပုရာ၊ ရှေ့မှ။ ပါတုရဟု၊ ထင်ရှားဖြစ်လာ၏။ ပုတ္တော၊ သားသည်။ ပိတရံ၊ အဖကို။ ဥပဋ္ဌဟိ ဣဝ၊ ဆည်းကပ်ခစား သကဲ့သို့။ တထာ၊ ထို့အတူ။ သော နာဂရာဇာ၊ ထိုနဂါးမင်းသည်။ ဟဒယင်္ဂမံ၊ နှလုံးသို့ဝင်သော။ ကဏ္ဏသုခံ၊ နား၌ချမ်းသာသော စကားကို။ ဘဏန္တော၊ ဆိုလျက်။ မံ၊ ငါ့ကို။ ဥပဋ္ဌဟိ၊ ဆည်းကပ်၏။

֍ ဋ္ဌ ၁၅၇။ အဠာရ၊ အဠာရ။ တွံ၊ သင်သည်။ မေ၊ ငါ၏။ မာတာ စ၊ အမိသည်လည်း။ အသိ၊ ဖြစ်၏။ ပိတာ စ၊ အဖသည်လည်း။ အသိ၊ ၏။ အဗ္ဘန္တရော၊ နှလုံးခွံသားနှင့်တူသော။ ပါဏဒဒေါ၊ အသက်ကို ပေးတတ်သော။ သဟာယော စ၊ ခင်ပွန်းအစစ် အဆွေချစ်သည်လည်း။ အသိ၊ ဖြစ်၏။ အဠာရ၊ အဠာရ။ တေ၊ သင့်အား။ အဟံ၊ ငါသည်။ သက္ကဉ္စ၊ ပူဇော် ချီးမြှောက်ခြင်းကိုလည်း။ ကရိဿာမိ၊ ပြုအံ့။ အဟံ၊ ငါသည်။ ဣဒ္ဓိပဋိလာဘကော၊ တန်ခိုးကို တစ်ဖန်ရပြန်သည်။ အသ္မိ၊ ဖြစ်၏။ အဠာရ၊ အဠာရ။ တွံ၊ သင်သည်။ မေ၊ ငါ၏။ နိဝေသနာနိ စ၊ နေရာ ဗိမာန်တို့ကိုလည်း။ ပဿ၊ လိုက်၍ ရှုကြည့်ပါလော့။ ဝါသဝဿ၊ သိကြားမင်း၏။ မသက္ကသာရံဝိယ၊ တာဝတိံသာ နတ်ပြည်နှင့်တူသော။ ပဟူတဘက်ခံ၊ များသော ဘောဇဉ်ရှိသော။ ဗဟုအန္နပါနံ၊ များသော ထမင်းအဖျော်ရှိသော နဂါးပြည်ကိုလည်း။ ပဿ၊ ရှုကြည့်ပါလော့။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣတိ၊ ဤသို့။ သော၊ ထိုသင်္ခလ နဂါးမင်းသည်။ မံ၊ ငါ့ကို။ အဗြဝိ၊ ဆို၏။

မြတ်သောမင်းကြီး ထိုသင်္ခပါလနဂါးမင်းသည် ဤဂါထာတို့ဖြင့် ကျေးဇူးစကားကို ဆိုပြီး၍ မိမိနဂါးပြည်ကို အလွန်ချီးမွမ်းလိုရကား-

၁၅၈။ တံ ဘူမိဘာဂေဟိ ဥပေတရူပံ၊
အသက္ခရာ စေဝ မုဒူ သုဘာ စ။
နီစတ္တိဏာ အပ္ပရဇာ စ ဘူမိ၊
ပါသာဒိကာ ယတ္ထ ဇဟန္တိ သောကံ။
၁၅၉။ အနာဝကုလာ ဝေဠုရိယူပနီလာ၊
စတုဒ္ဒိသံ အမ္ဗဝနံ သုရမ္မံ။
ပက္ကာ စ ပေသီ စ ဖလာ သုဖုလ္လာ၊
နိစ္စောတုကာ ဓာရယန္တိ ဖလာနိ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၅၈။ အဠာရ၊ အာဠာရ။ ယတ္ထ၊ အကြင်နဂါးပြည်အရပ်၌။ ပဝိဋ္ဌမတ္တာဝ၊ ဝင်တည့်ကာမျှပင်လျှင်။ သတ္တာ၊ သတ္တဝါတို့သည်။ သောကံ၊ စိုးရိမ်ကြောင့်ကြ ဗျာပါရကို။ ဇဟန္တိ၊ စွန့်ကုန်၏။ တံ နာဂဘဝနံ၊ ထိုငါတို့နဂါးပြည်အရပ်သည်။ ဘူမိဘာဂေဟိ၊ ညီညွတ်သော မြေအဖို့တို့နှင့်။ ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိ၏။ ဘူမိ၊ ငါတို့နဂါးပြည်၌ မြေအပြင်သည်။ အသက္ခရာ စေဝ၊ ကျောက်ခဲ ကျောက်စရစ် ကင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ မုဒုသုဘာစ၊ နူးညံ့သိမ်မွေ့စွာ ရတနာခုနစ်ပါးတို့၏ အရောင်ဖြင့် ပြောင်ပြောင်ထွန်းဝင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ နီစတ္တိဏာစ၊ ပိုးပရန်၏ ကျောက်ကုန်းအဆင်းနှင့်တူသော ခြင်းခြင်းနီသော နိမ့်သောမြက်နှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏။ အပ္ပရဇာ စ၊ မြူကင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ပါသာဒိကာ စ၊ ကြည်ညိုဖွယ်ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၅၉။ အနာဝကုလာ၊ မယုတ်သော ကမ်းရှိသော။ ဝေဠုရိယူပနီလာ၊ ကျောက်မျက်ရွဲဖြင့်ပြီးသော စိမ်းညိုကြည်လင်သော ရေ၏တည်ရာ ရေကန်ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ စတုဒ္ဒိသံ-စတုဒ္ဒိသာသု၊ ရေကန် လေးမျက်နှာတို့၌။ သုရမ္မံ၊ အလွန် မွေ့လျော်ဖွယ်ရှိသော။ အမ္ဗဝနံ၊ သရက်ဥယျာဉ်သည်။ အတ္ထိ၊ ရှိ၏။ တသ္မိံ၊ ထိုသရက်ဥယျာဉ်၌။ အမ္ဗာ၊ သရက်ပင်တို့သည်။ ပက္ကာ စ၊ မှည့်ကုန်သည်လည်း ဖြစ်ကုန်သော။ ပေသီ စ၊ အစိမ်းအရွမ်းလည်း ဖြစ်ကုန်သော။ ဖလာ၊ အသီးရှိကုန်သည်ဖြစ်၍။ သုဖုလ္လာ၊ အလွန်ပွင့်လင်း စည်ပင်ကုန်၏။ နိစ္စောတုကာ၊ ဥတုခြောက်ပါးတို့နှင့် လျော်သော အပွင့်အသီးနှင့် ပြည့်စုံကုန်၏။ ဖလာနိ၊ အသီးတို့ကို။ ဓာရယန္တိ၊ ဆာင်ကုန်၏။

ဤဂါထာတို့ဖြင့် ပြောဆိုပြီး၍ တစ်ဖန် မင်းအား ကြားပြန်လိုရကား-

၁၆၀။ တေသံ ဝနာနံ နရဒေဝ မဇ္ဈေ၊
နိဝေသနံ ဘဿရသန္နိကာသံ။
ရဇတဂ္ဂဠံ သောဝဏ္ဏမယံ ဥဠာရံ၊
ဩဘာသတိ ဝိဇ္ဇုရိဝန္တလိက္ခေ။
၁၆၁။ မဏိမယာ သောဝဏ္ဏမယာ ဥဠာရာ။
အနေကစိတ္တာ သတတံ သုနိမ္မိတာ။
ပရိပူရာ ကညာဟိ အလင်္ကတာဟိ၊
သုဝဏ္ဏကာယူရဓရာဟိ ရာဇ။
၁၆၂။ သော သင်္ခပါလော တရမာနရူပေါ၊
ပါသာဒမာရုယှ အနောမဝဏ္ဏော။
သဟဿထမ္ဘံ အတုလာနုဘာဝံ၊
ယတ္ထဿ ဘရိယာ မဟေသီ အဟောသိ။
၁၆၃။ ဧကာ စ နာရီ တရမာနရူပါ၊
အာဒါယ ဝေဠုရိယမယံ မဟဂ္ဃံ။
သုဘံ မဏိံ ဇာတိမန္တူပပန္နံ၊
အစောဒိတာ အာသနမဗ္ဘိဟာသိ။
၁၆၄။ တတော မံ ဥရဂေါ ဟတ္ထေ ဂဟေတွာ၊
နိသီဒယိ ပါမုခအာသနသ္မိံ။
ဣဒမာသနံ အတြ ဘဝံ နိသီဒတု၊
ဘဝံ ဟိ မေ အညတရော ဂရူနံ။
၁၆၅။ အညာ စ နာရီ တရမာနရူပါ၊
အာဒါယ ဝါရိံ ဥပသင်္ကမိတွာ။
ပါဒါနိ ပက္ခာလယိ မေ ဇနိန္ဒ၊
ဘရိယာဝ ဘတ္ထု ပတိနော ပိယဿ။
၁၆၆။ အပရာ စ နာရီ တရမာနရူပါ၊
ပဂ္ဂယှ သောဝဏ္ဏမယာယ ပါတိယာ။
အနေကသူပံ ဝိဝိဓံ ဝိယဉ္စနံ၊
ဥပနာမယိ ဘတ္တ မနုညရူပံ။
၁၆၇။ တုရိယေဟိ မံ ဘာရတ ဘုတ္တဝန္တံ၊
ဥပဋ္ဌဟုံ ဘတ္တု မနော ဝိဒိတွာ။
တတုတ္တရိံ မံ နိပတီ မဟန္တံ၊
ဒိဗ္ဗေဟိ ကာမေဟိ အနပ္ပကေဟိ။

ဟူသော ဤရှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၆၀။ နရဒေဝ၊ လူတို့အထွတ် လောကနတ်။ တေသံ ဝနာနံ၊ ထိုသရက်ဥယျာဉ်တော်တို့၏။ မဇ္ဈေ၊ အလယ်၌။ ဘဿရသန္နိကာသံ၊ ပြိုးပြိုးပြက်ထွက်သော အရောင်အဆင်းရှိထသော။ ရဇတဂ္ဂဠံ၊ ငွေဖြင့်ပြီးသော တံခါးရွက်ရှိထသော။ ဥဠာရံ၊ မြတ်သော။ သောဝဏ္ဏမယံ နိဝေသနံ၊ ရွှေပြာသာဒ်သည်။ အန္တလိက္ခေ၊ ကောင်းကင်ပြင်၌။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်ကဲ့သို့။ ဩဘာသတိ၊ ထွန်းတောက်ပ၏။

֍ ဋ္ဌ ၁၆၁။ ရာဇ၊ မင်းမြတ်။ တတ္ထ၊ ထိုပြာသာဒ်၌။ သုနိမ္မိတာ၊ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော။ အနေကစိတ္တာ၊ တစ်ပါးမက များသော ဆန်းကြယ်ခြင်း ရှိကုန်ထသော။ မဏိမယာ၊ ပတ္တမြားဖြင့် ပြီးသည်လည်း ဖြစ်ကုန်ထသော။ သောဝဏ္ဏမာ၊ ရွှေဖြင့် ပြီးသည်လည်း ဖြစ်ကုန်ထသော။ ဥဠာရာ၊ မွန်မြတ်သော စုလစ်မွန်းချွန်တပ်သော အဆောင်တိုက်ခန်းတို့သည်။ အလင်္ကတာဟိ၊ တန်ဆာဆင်အပ်ကုန်ထသော။ သုဝဏ္ဏကာယူရဓရာဟိ၊ ရွှေခြေကျင်းဝတ်ကုန်သော။ ကညာဟိ၊ သတို့သမီးတို့ဖြင့်။ သတတံ၊ အခါခပ်သိမ်း။ ပရိပူရာ၊ ပြည့်ကုန်၏။

֍ ဋ္ဌ ၁၆၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သဟဿထမ္ဘံ၊ အရာမက များစွာသော တိုင်ရှိထသော။ အတုလာနုဘာဝံ၊ အတုမဲ့လျဉ်း ပမာကင်းသော အာနုဘော်ရှိထသော။ တံ ပါသာဒံ၊ ထိုပြာသာဒ်သို့။ အနောမဝဏ္ဏော၊ မယုတ်မမာ မွန်မြတ်စွာသော အဆင်းရှိထသော။ သော သင်္ခပါလော၊ ထိုသင်္ခပါလ နဂါးမင်းသည်။ တရမာနရူပေါ၊ အဆောတလျင်။ မံ၊ ငါ့ကို။ ဟတ္တေ၊ လက်၌။ ဂဟေတွာ၊ ကိုင်၍။ အာရုယှ၊ တက်၍။ ယတ္ထ၊ အကြင်အရပ်၌။ အဿ၊ ထိုသင်္ခပါလ နဂါးမင်း၏။ ဘရိယာ၊ မယားဖြစ်သော။ မဟေသီ၊ မိဖုရားသည်။ အဟောသိ၊ နေ၏။ တံ ဌာနံ၊ ထိုအရပ်သို့။ နေတိ၊ ဆောင်၏။

֍ ဋ္ဌ ၁၆၃။ ဧကော၊ တစ်ယောက်သော။ နာရီ စ၊ မိန်းမသည်လည်း။ ဝေဠုရိယမယံ၊ ကျောက်မျက်ရွဲဖြင့်ပြီးသော။ မဟဂ္ဃံ၊ အဖိုးများစွာထိုက်သော။ သုဘံ၊ တင့်တယ်စွာသော။ မဏိဇာတိမန္တူပပန္နံ၊ အမျိုးကောင်းသော ပတ္တမြားတို့နှင့် ပြည့်စုံထသော။ အာသနံ၊ နေရာကို။ တရမာနရူပါ၊ အဆောတလျင်။ အာဒါယ၊ ယူတည့်၍။ အစောဒိတာ၊ မနှိုးဆော် မတိုက်တွန်းဘဲ။ အဗ္ဘိဟာသိ၊ ခင်း၏။

֍ ဋ္ဌ ၁၆၄။ တတော၊ ထို့နောင်မှ။ ဥရဂေါ၊ သင်္ခပါလနဂါးမင်းသည်။ မံ၊ ငါ့ကို။ ဟတ္ထ၊ လက်၌။ ဂဟေတွာ၊ ကိုင်၍။ ပါမုခအာသနသ္မိံ၊ မြတ်သော နေရာ၌။ နိသီဒယိ၊ နေစေ၏။ ဟိ- ယသ္မာ၊ အကြင့်ကြောင့်။ ဘဝံ၊ အရှင်သည်။ မေ၊ ငါ၏။ ဂရူနံ၊ အလေးအမြတ် ပြုအပ်ကုန်သော သူတို့တွင်။ အညတရော၊ တစ်ယောက်သော သူပေတည်း။ တသ္မာ၊ ထို့ကြောင့်။ ဣဒံ အာသနံ၊ ဤမြတ်သော နေရာသည်။ ဘဝတော၊ အရှင်၏။ အသနံ၊ နေရာတည်း။ အတြ၊ ဤမြတ်သောနေရာ၌။ ဘဝံ၊ အရှင်သည်။ နိသီဒတု၊ နေတော်မူလော့။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ပါမုခအာသနသ္မိံ၊ မြတ်သောနေရာ၌။ နိသီဒယိ၊ နေစေ၏။

֍ ဋ္ဌ ၁၆၅။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ ပိယဿ၊ ချစ်အပ်သော။ ဘတ္တု၊ လုပ်ကျွေးတမူ မွေးမြူအပ်သော။ ပတိနော၊ လင်၏။ ပါဒါနိ၊ ခြေတို့ကို။ ဘရိယာ၊ မယားသည်။ ပက္ခာလယိ ဣဝ၊ ဆေးသကဲ့သို့။ အညာ၊ တစ်ယောက်သော။ နာရီ စ၊ မိန်းမသည်လည်း။ တရမာနရူပါ၊ အဆောတလျင်။ ဝါရိံ၊ ရေကို။ အာဒါယ၊ ယူ၍။ ဥပသင်္ကမိတွာ၊ ကပ်လာ၍။ မေ၊ ငါ၏။ ပါဒါနိ၊ ခြေတို့ကို။ ပက္ခာလယိ၊ ဆေး၏။

֍ ဋ္ဌ ၁၆၆။ ဇနိန္ဒ၊ မင်းမြတ်။ အပရာ၊ တစ်ယောက်သော။ နာရီ စ၊ မိန်းမသည်လည်း။ သောဝဏ္ဏမယာယ၊ ရွှေဖြင့်ပြီးသော။ ပါတိယာ၊ ခွက်ဖြင့်။ အနေကသူပံ စ၊ များစွာသော ဟင်းကိုလည်းကောင်း။ ဝိဝိဓံ၊ အထူးထူးအပြားပြား များသော။ ဝိယဉ္စနံ စ၊ ဟင်းလျာကိုလည်းကောင်း။ မနုညရူပံ၊ နှစ်သက်ဖွယ်သော သဘောရှိသော။ ဘတ္တံ စ၊ ထမင်းကို လည်းကောင်း။ တရာနုရူပါ၊ အာတလျင်။ ပဂ္ဂယှ၊ ယူတည့်၍။ ဥပနာမယိ၊ တည်ထား ဆည်းကပ်လာ၏။

֍ ဋ္ဌ ၁၆၇။ ဘာရတ၊ မင်းမြတ် ဘာရတ။ နာရိယော၊ မိန်းမတို့သည်။ ဘတ္တု၊ မိမိတို့လင်ဖြစ်သော သင်္ခပါလနဂါးမင်း၏။ မနော၊ စိတ်ကို။ ဝိဒိတွာ၊ သိ၍။ ဘုတ္တဝန္တံ၊ စား၍ပြီးသော။ မံ၊ ငါ့ကို။ တူရိယေဟိ၊ တီးမှုတ်မျိုးတို့ဖြင့်။ ဥပဋ္ဌဟုံ၊ လုပ်ကျွေးကြကုန်၏။ တတုတ္တရိံ၊ ထိုထက်အလွန်။ သော၊ ထိုသင်္ခပါလ နဂါးမင်းသည်။ မံ၊ ကို။ နိပတိ၊ တုပ်ဝပ်ဆည်းကပ်၏။ အနပ္ပကေဟိ၊ များစွာကုန်သော။ မဟန္တံ ဒိဗ္ဗေဟိ၊ မြတ်သော နတ်၌ဖြစ်ကုန်သော။ ကာမေဟိ၊ ကာမဂုဏ်တို့ဖြင့်။ ဥပဋ္ဌဟိ၊ လုပ်ကျွေးစေ၏။

သင်္ခပါလနဂါးမင်းသည် ဤသို့ ဆည်းကပ်လုပ်ကျွေးသဖြင့် မိမိအား ကာမဂုဏ်ဖြင့် ဖိတ်သောအကြောင်းကို မင်းအား ကြားပြန်လိုရကား-

၁၆၈။ ဘရိယာ မမေတာ တိသတာ အဠာရ၊
သဗ္ဗတ္တမဇ္ဈာ ပဒုမုတ္တရာဘာ။
အဠာရ ဧတာဿုတေ ကာမံ ကရော၊
ဒဒါမိ တေ တာ ပရိစာရယဿု။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆၈။ အာဠာရ၊ အာဠာရ။ သဗ္ဗတ္ထမဇ္ဈာ၊ အလုံးစုံသော လက်တစ်ဆုပ်မျှ ပမာဏရှိသည်ဖြစ်၍ သွယ်သွယ် သေးသေး ယဉ်ကျေးသော ခါးလည်းရှိကုန်ထသော။ ပဒုမုတ္တရာဘာ၊ ပဒုမ္မာကြာပန်းနှင့်တူသော မွန်မြတ်သော အရောင်အဆင်း ရှိကုန်ထသော။ တိသတာ၊ သုံးရာကုန်သော။ ဧတာ၊ ထိုမိန်းမတို့သည်။ မမ၊ ငါ၏။ ဘရိယာ၊ မယားတို့တည်း။ အဠာရ၊ အာဠာရ။ ဧတာသု၊ ထိုမိန်းမတို့၌။ တွံ၊ သင်သည်။ ကာမံ၊ အလိုကို။ ကရော၊ ပြုလော့။ တေ၊ သင့်အား။ ဒါမိ၊ ပေး၏။ တွံ၊ သင်သည်။ တာ၊ ထိုသုံးရာကုန်သော မိန်းမတို့ကို။ ပရိစာရယဿု၊ အလုပ် အကျွေးပြုစေလော့။

ဤသို့ ပြောဆိုပြီး၍ တစ်နှစ်ပတ်လုံး နဂါးပြည်၌ ကာမဂုဏ်ချမ်းသာကို ခံစားစဉ် သင်္ခပါလနဂါးမင်းအား မိမိ မေးသော အကြောင်းကို ဗာရာဏသီမင်းအား တစ်ဖန် ကြားပြန်လိုရကား-

၂၆၉။ သံဝစ္ဆရံ ဒိဗ္ဗရသာနုဘုတွာ၊
တဒါဿုဟံ ဥတ္တရိမဇ္ဈဘာသိံ။
နာဂဿိဒံ ကိန္တိ ကထဉ္စ လဒ္ဓံ၊
ကထဇ္ဈဂမာသိ ဝိမာနသေဋ္ဌံ။
၁၇၀။ အဓိစ္စ လဒ္ဓံ ပရိဏာမဇံ တေ၊
သယံ ကတံ ဥဒါဟု ဒေဝေဟိ ဒိန္နံ။
ပုစ္ဆာမိ တံ နာဂရာဇေတမတ္ထံ၊
ကထဇ္ဈဂမာသိ ဝိမာနသေဋ္ဌံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၆၉။ မဟာရာဇ၊ မင်းမြတ်။ သော အဟံ၊ ထိုငါသည်။ သံဝစ္ဆရံ၊ တစ်နှစ်ပတ်လုံး။ တံ ဒိဗ္ဗရသံ၊ ထိုနတ်၌ဖြစ်သော ကာမဂုဏ်အရသာကို။ အနုဘုတွာ၊ ခံစား၍။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ ဥတ္တရိ၊ အလွန်။ နာဂဿ၊ သင်္ခပါလနဂါးမင်းအား။ အဇ္ဈဘာသိံ၊ မေးလျှောက်၏။ နာဂဿ၊ သင်္ခပါလနဂါးမင်းအား။ ဣဒံ၊ ဤစည်းစိမ် ချမ်းသာသည်။ ဇာတံ၊ ဖြစ်၏။ ကိန္တိ၊ အဘယ်ကောင်းမှုကို။ ကထဉ္စ၊ အဘယ်သို့သော အကြောင်းကို။ ကတွာ၊ ပြု၍။ ဣဒံ၊ ဤစည်းစိမ်ကို။ တယာ၊ သင်သည်။ လဒ္ဓံ၊ ရအပ်သနည်း။ ကထံ- ကေန ကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။ ကတွာ၊ ပြု၍။ တွံ၊ သင်သည်။ ဝိမာနသေဋ္ဌံ၊ မြတ်သော ရွှေဗိမာန်ကို။ အဇ္ဈဂမာသိ၊ ရသနည်း။

֍ ဋ္ဌ ၁၇၀။ နာဂရာဇ၊ နဂါးမင်း။ တေ- တယာ၊ သင်သည်။ ဣဒံ ဝိမာနသေဋ္ဌံ၊ ဤမြတ်သော ရွှေဗိမာန်ကို။ အဓိစ္စလဒ္ဓံ၊ အကြောင်းကင်းလျက် အလိုလိုပင် ရသလော။ ဥဒါဟု၊ ထိုသို့မဟုတ်မူကား။ တေ၊ သင်၏။ အတ္ထာယ၊ အကျိုးငှာတည်း။ ကေနစိ၊ တစ်စုံတစ်ယောက်သော သူသည်။ ပရိဏာမဇံ၊ ညွတ်ခြင်းကြောင့် ဖြစ်သလော။ သယံ၊ မိမိအလိုလိုတည်း။ ကတံ၊ ဆောက်လုပ်စေသလော။ ဥဒါဟု၊ ထိုသို့မဟုတ်မူကား။ ဒေဝေဟိ၊ နတ်တို့သည်တည်း။ ဒိန္နံ၊ ပေးသလော။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ တံ၊ အရှင်နဂါးမင်းကို။ ပုစ္ဆာမိ၊ ငါမေး၏။ ဝိမာနသေဋ္ဌံ၊ မြတ်သောရွှေဗိမာန်ကို။ ကထံ၊ အသို့။ ကတွာ၊ ပြု၍။ အဇ္ဈဂမာသိ၊ ရသနည်း။

ဘုရားအလောင်း သင်္ခပါလ နဂါးမင်းသည် ထိုအာဠာရ၏ အမေးကို ဖြေလိုရကား-

၁၇၁။ နာဓိစ္စလဒ္ဓံ န ပရိဏာမဇံ မေ။
န သယံ ကတံ နာပိ ဒေဝေဟိ ဒိန္နံ။
သကေဟိ ကမ္မေဟိ အပါပကေဟိ၊
ပုညေဟိ မေ လဒ္ဓမိဒံ ဝိမာနံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၁။ အဠာရ၊ အာဠာရ။ ဣဒံ ဝိမာနံ၊ ဤမြတ်သော ရွှေဗိမာန်ကို။ မေ-မယာ၊ ငါသည်။ နာဓိစ္စလဒ္ဓံ၊ အကြောင်း ကင်းသဖြင့် မရအပ်။ န ပရိဏာမဇံ၊ ငါ၏အကျိုးငှာ တစ်စုံတစ်ယောက်သော သူသည် ညွတ်ခြင်းကြောင့်လည်း မဖြစ်။ သယံ၊ မိမိ အလိုလို။ န ကတံ၊ မဆောက်လုပ်စေအပ်။ ဒေဝေဟိ၊ နတ်တို့သည်လည်း။ န ဒိန္နံ၊ မပေးအပ်။ အပါပကေဟိ၊ မယုတ်မာကုန်သော။ ပုညေဟိ၊ စိတ်သန္တာန်ကို ဖြူစင်စေတတ်ကုန်သော။ သကေဟိ ကမ္မေဟိ၊ မိမိ ကုသိုက်ကံတို့ကြောင့်။ ဣဒံ ဝိမာနံ၊ ဤရွှေဗိမာန်ကို။ မေ- မယာ၊ ငါသည်။ လဒ္ဓံ၊ ရအပ်၏။

ထိုသို့ ဖြေဆိုသည်ရှိသော် အာဠာရသည် ဘုရားအလောင်း သင်္ခပါလနဂါးမင်းအား စည်းစိမ်ရခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို မေးပြန် လိုရကား-

၁၇၂။ ကိံ တေ ဝတံ ကိံ ပန ဗြဟ္မစရိယံ၊
ကိဿ သုစိဏ္ဏဿ အယံ ဝိပါကော။
အက္ခာဟိ မေ နာဂရာဇေတမတ္ထံ၊
ကထံ နု တေ လဒ္ဓမိဒံ ဝိမာနံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇၂။ နာဂရာဇ၊ နဂါးမင်း။ တေ-တဝ၊ သင်နဂါးမင်း၏။ ဝတံ၊ မြတ်သောဗိမာန်ကို ရစိမ့်သောငှာ ကောင်းစွာဆောက်တည်အပ်သော ကျင့်ဝတ်သည်။ ကိံ၊ အဘယ်ကျင့်ဝတ်နည်း။ ဗြဟ္မစရိယံ၊ ရွှေဗိမာန်ကို ရခြင်း၏အကြောင်း ကောင်းမြတ်သော အကျင့်သည်။ ကိံ ပန၊ အဘယ်အကျင့်နည်း။ အယံ ဝိပါကော၊ ဤစည်းစိမ်ချမ်းသာကို ရခြင်းတည်းဟူသော အကျိုးသည်။ ကိဿ၊ အဘယ်မည်သာ။ သုစိဏ္ဏဿ၊ ကောင်းမှု၏။ ဝိပါကော၊ အကျိုးနည်း။ ကထံ၊ အသို့မူ၍။ တေ-တယာ၊ သင်နဂါးမင်းသည်။ ဣဒံ ဝိမာနံ၊ ဤဗိမာန်ကို။ လဒ္ဓံနု၊ ရသနည်း။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ မေ၊ ငါ့အား။ အက္ခာဟိ၊ ပြောကြားပါလော့။

ဘုရားလောင်း သင်္ခပါလနဂါးမင်းသည် ထိုအမေးကို ဖြေလိုရကား-

၁၇၃။ ရာဇာ အဟာသိံ မဂဓာနမိဿရော၊
ဒုယျောဓနော နာမ မဟာနုဘာဝေါ။
သော ဣတ္တရံ ဇီဝိတံ သံဝိဒိတွာ၊
အသဿတံ ဝိပရိဏာမဓမ္မံ။
၁၇၄။ အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တော၊
သက္ကစ္စံ ဒါနံ ဝိပုလံ အဒါသိံ။
ဩပါနဘူတံ မေ ဃရံ တဒါသိ၊
သန္တပ္ပိတာ သမဏဗြာဟ္မဏာ စ။
၁၇၅။ မာလဉ္စ ဂန္ဓဉ္စ ဝိလေပနဉ္စ၊
ပဒီပိယံ ယာနမုပဿယဉ္စ။
အစ္ဆာဒနံ သယန မထန္နပါနံ၊
သက္ကစ္စ ဒါနာနိ အဒမှ တတ္ထ။
၁၇၆။ တံ မေ ဝတံ တံ ပန ဗြဟ္မစရိယံ၊
တဿ သုစိဏ္ဏဿ အယံ ဝိပါကော။
တေနေဝ မေ လဒ္ဓမိဒံ ဝိမာနံ၊
ပဟူတဘက်ခံ ဗဟုအန္နပါနံ။
နစ္စေဟိ ဂီတေဟိ စုပေတရူပံ၊
စိရဋ္ဌိတိကံ န စ သဿတာယံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၇၃။ အဠာရ၊ အာဠာရ။ မဂဓာနံ၊ မဂဓရာဇ်တိုင်းသူတို့ကို။ ဣသရော၊ အစိုးရသော။ မဟာနုဘာဝေါ၊ ကြီးသော အာနုဘော်ရှိသော။ ဒုယျောဓနော နာမ၊ ဒုယျောဓနမည်သော။ ရာဇာ၊ မင်းမြတ်သည်။ အဟောသိံ၊ ဖြစ်ဖူးပြီ။ သောရာဇာ၊ ထိုဒုယျောဓနမင်းသည်။ ဇီဝိတံ၊ အသက်ကို။ ဣတ္တရံ၊ တိုတောင်း၏ဟူ၍။ အသဿတံ၊ မမြဲချေဟူ၍။ ဝိပရိဏာမဓမ္မံ၊ ဖောက်ပြန်သော သဘောရှိ၏ဟူ၍။ သံဝိဒိတွာ၊ ကောင်းစွာသိ၍။

֍ ဋ္ဌ ၁၇၄။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ ဝိပုလံ၊ ပြန့်ပြောစွာသော။ အန္နဉ္စ၊ ဆွမ်းအလှူကို လည်းကောင်း။ ပါနဉ္စ၊ ဟင်း အဖျော် အလှူကိုလည်းကောင်း။ သက္ကစ္စံ၊ ရိုသေစွာ။ အဒါသိံ၊ လှူခဲ့ဖူးပြီ။ တဒါ၊ ထိုအခါ၌။ မေ၊ ငါ၏။ ဃရံ၊ အိမ်သည်။ ဩပါနဘူတံ၊ ခရီးလေးခုတို့၏ အဆုံ၌ တူးအပ်သော ရေကန်သဖွယ်သည်။ အသိ၊ ဖြစ်၏။ သမဏာ စ၊ ရဟန်းတို့သည်လည်းကောင်း။ ဗြာဟ္မဏာ စ၊ ပုဏ္ဏားတို့သည်လည်းကောင်း။ သန္တပ္ပိတာ၊ ပစ္စည်းလေးပါးတို့ဖြင့် ရောင့်ရဲကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

အလှူဝတ္ထု ၁၀-ပါး

֍ ဋ္ဌ ၁၇၅။ တတ္ထ၊ ထိုလူ့ပြည်၌။ မာလဉ္စ၊ ပန်းကိုလည်းကောင်း။ ဂန္ဓဉ္စ၊ နံ့သာကိုလည်းကောင်း။ ဝိလေပနဉ္စ၊ နံ့သာပျောင်းကိုလည်းကောင်း။ ပဒီပိယဉ္စ၊ ဆီမီးကိုလည်းကောင်း။ ယာနဉ္စ၊ ယာဉ်ကိုလည်းကောင်း။ ဥပဿယဉ္စ၊ ကျောင်းကိုလည်းကောင်း။ အစ္ဆာဒနဉ္စ၊ အဝတ် သင်္ကန်းကိုလည်းကောင်း။ သယနဉ္စ၊ အိပ်ရာနေရာကို လည်းကောင်း။ အထ၊ ထိုမှတစ်ပါး။ အန္နပါနဉ္စ၊ ထမင်း အဖျော်ကို လည်းကောင်း။ ဣမာနိ ဒါနာနိ၊ ဤဆယ်ပါးကုန်သော ဒါနဝတ္ထုတို့ကို။ သက္ကစ္စံ၊ ရိုသေစွာ။ အဒမှ၊ လှူခဲ့ဖူး၏။

֍ ဋ္ဌ ၁၇၆။ အဠာရ၊ အာဠာရ။ တံ ဝတံ၊ ထိုဆယ်ပါးသော ဒါနဝတ္ထုတို့ကို လှူဒါန်းခြင်းတည်းဟူသော ကျင့်ဝတ်သည်။ မေ၊ ငါ၏။ ဝတံ၊ မြတ်သော ရွှေဗိမာန်ကြီးကို ရခြင်း၏ အကြောင်းဖြစ်သော ကျင့်ဝတ်တည်း။ တံ ဗြဟ္မစရိယံ ပန၊ ထိုဆိုအပ်ပြီးသော အကျင့်သည်ကား။ မေ၊ ငါ၏။ ဗြဟ္မစရိယံ၊ ရွှေဗိမာန်ကို ရခြင်း၏အကြောင်း ကောင်းမြတ်သော အကျင့်တည်း။ အယံ ဝိပါကော၊ ဤကောင်းကျိုးသည်။ တဿ တာဒိသဿ၊ ထိုသို့သဘောရှိသော။ သုစိဏ္ဏဿ၊ ကောင်းစွာကျင့်အပ်သော ဒါနကုသိုလ်၏။ ဝိပါကော၊ ကောင်းကျိုးတည်း။ အဠာရ၊ အာဠာရ။ တေနေဝ၊ ထိုသို့သဘောရှိသော လှူဒါန်းပူဇော်သော ကောင်းမှုကြောင့်သာလျှင်။ ဣဒံ ဝိမာနဉ္စ၊ ဤရွှေဗိမာန်ကို လည်းကောင်း။ ပဟူတဘက္ခဉ္စ၊ များသော ဘောဇဉ်ကို လည်းကောင်း။ ဗဟုအန္နပါနဉ္စ၊ များစွာသော ထမင်းအဖျော်ကို လည်းကောင်း။ မယာ၊ ငါသည်။ လဒ္ဓံ၊ ရအပ်၏။ နစ္စေဟိ စ၊ ကချေသည်တို့နှင့် လည်းကောင်း။ ဂီတေဟိ စ၊ သီချင်းသည်တို့နှင့်လည်းကောင်း။ ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိထသော။ အယံ ဣမံ ဝိမာနံ၊ ဤငါ၏ ရွှေဗိမာန်သည်။ စိရဋ္ဌိတိကံ၊ အဓွန့်မြင့်ရှည် တည်လင့်ကစား။ န စ သဿတံ၊ မြဲသောသဘော မရှိချေ။

ဤသို့ ဖြေဆိုသည်ရှိသော် နဂါးမင်း ဤကဲ့သို့သော ဘုန်းတန်ခိုးနှင့် ပြည့်စုံပါလျက် အဘယ့်ကြောင့် ဘုန်းကံနည်းသော သူဆင်းရဲမျိုး မုဆိုးတို့၏ အနှိပ်အစက်ကို ခံရဘိသနည်းဟု ဘုရားလောင်းကို မေးမြန်းလိုရကား-

၁၇၇။ အပ္ပါနုဘာဝါ တံ မဟာနုဘာဝံ၊
တေဇဿိနံ ဟန္တိ အတေဇဝန္တော။
ကိမေဝ ဒါဌာဝုဓ ကိံ ပဋိစ္စ၊
ဟတ္ထတ္တ မာဂစ္ဆိ ဝနိဗ္ဗကာနံ။
၁၇၈။ ဘယံ နု တေ အနွဂတံ မဟန္တံ၊
တေဇော နု တေ နာနွဂံ ဒန္တမူလံ။
ကိမေဝ ဒါဌာဝုဓ ကိံ ပဋိစ္စ၊
ကိလေသ မာပဇ္ဇိ ဝနိဗ္ဗကာနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၇၇။ နာဂရာဇ၊ နဂါးမင်း။ အတေဇဝန္တော၊ အရှိန်အစော် မရှိကုန်ထသော။ အပ္ပါနုဘာဝါ၊ နည်းသော အာနုဘော် ရှိကုန်သော မုဆိုးတို့သည်။ တေဇဿိနံ၊ အရှိန်အစော်နှင့် ပြည့်စုံထသော။ မဟာနုဘာဝေါ၊ ကြီးသော အာနုဘော်ရှိသော။ တံ၊ အရှင်နဂါးမင်းကို။ ကိံ ကာရဏာ၊ အဘယ့်ကြောင့်။ ဟန္တိ၊ ရှစ်ဌာနတို့၌ တံကျင်ဖြင့် ထိုးလျှိုဘိ၍ ညှဉ်းဆဲလေကုန်သနည်း။ ဒါဌာဝုဓ၊ အစွယ်လက်နက်ရှိသော နဂါးမင်း။ ကိံ၊ အဘယ်ကို။ ပဋိစ္စ၊ အစွဲပြု၍။ ကိမေဝ၊ အဘယ့်ကြောင့်သာလျှင်။ တွံ၊ အရှင်နဂါးမင်းသည်။ ဝနိဗ္ဗကာနံ၊ မုဆိုးတို့၏။ ဟတ္ထတ္တံ၊ လက်၌ ပျက်စီးခြင်းသို့။ အာဂစ္ဆိ၊ ရောက်သနည်း။

֍ ဋ္ဌ ၁၇၈။ ဒါဌာဝုဓ၊ အစွယ်လက်နက်ရှိသော နဂါးမင်း။ တေ၊ သင် နဂါးမင်း၏။ တေဇော၊ အစွမ်းတော်သည်။ တဒါ၊ ထို မုဆိုးတို့ကို မြင်သောအခါ၌။ မဟန္တံ၊ ကြီးစွာသော။ ဘယံ၊ ကြောက်ခြင်းသို့။ အနွာဂတံ နု၊ ရောက်လေသလော။ ဥဒါဟု၊ ထိုသို့ မဟုတ်မူကား။ တေ၊ သင် နဂါးမင်း၏။ တေဇော၊ အဆိပ်သည်။ ဒန္တမူလံ၊ အစွယ်ရင်းသို့။ နာနွဂံ နု၊ မရောက်လာလေသလော။ ကိံ၊ အဘယ်ကို။ ပဋိစ္စ၊ စွဲ၍။ ကိမေဝ၊ အဘယ်ကြောင့်လျှင်။ ဝနိဗ္ဗကာနံ၊ မုဆိုးတို့၏။ သန္တိကေ၊ အထံ၌။ ကိလေသံ၊ ဆင်းရဲပင်ပန်းခြင်းသို့။ အာပဇ္ဇိ၊ ရောက်တော်မူရလေသနည်း။

ဘုရားအလောင်း သင်္ခပါလ နဂါးမင်းသည် ထိုအာဠာရ အမေးကို ဖြေလိုရကား-

၁၇၉။ န မေ ဘယံ အနွဂတံ မဟန္တံ၊
တေဇော န သက္ကာ မမ တေဟိ ဟန္တုံ။
သတဉ္စ ဓမ္မာနိ သုကိတ္တိတာနိ၊
သမုဒ္ဒဝေလာဝ ဒုရစ္စယာနိ။
၁၈၀။ စတုဒ္ဒသိံ ပဉ္စဒသိံ အဠာရ။
ဥပေါသထံ နိစ္စမုပါဝသာမိ။
အထာဂမုံ သောဠသ ဘောဇပုတ္တာ၊
ရဇ္ဇုံ ဂဟေတွာန ဒဠှဉ္စ ပါသံ။
၁၈၁။ ဘေတွာန နာသံ အတိကဿ ရဇ္ဇုံ၊
နယိံသု မံ သမ္ပရိဂယှ လုဒ္ဒါ။
ဧတာဒိသံ ဒုက္ခမဟံ တိတိက်ခံ၊
ဥပေါသထံ အပ္ပဋိကောပယန္တော။

ဟူသော ဤ သုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၇၉။ အဠာရ၊ အာဠာရ။ တဒါ၊ ထိုမုဆိုးတို့ကို မြင်သောအခါ၌။ မေ၊ ငါ၏။ တေဇော၊ အစွမ်းသည်။ မဟန္တံ၊ ကြီးစွာသော။ ဘယံ၊ ကြောက်ခြင်းသို့။ နနွဂတံ၊ မရောက်။ မမ၊ ငါ့အား။ တေဟိ၊ ထိုမုဆိုးတို့သည်။ ဟန္တုံ၊ ဖျောက်အံ့သောငှာ။ န သက္ကာ၊ မတတ်နိုင်။ ၊ ထိုသို့ပင် မတတ်နိုင်စေကာမူ။ သမုဒ္ဒဝေလာဝ၊ သမုဒ္ဒရာ ကမ်းကိုကဲ့သို့။ သတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့၏။ သုကိတ္တိတာနိ၊ ကောင်းစွာ ဟောတော်မူအပ်ကုန်သော။ ဒုရစ္စယာနိ၊ ကျူးလွန်ခြင်းငှာ ခဲကုန်သော။ ဓမ္မာနိ၊ သီလ အစရှိကုန်သော တရားတို့သည်။ သန္တိ၊ ရှိကုန်၏။ တသ္မာ၊ ထို့ကြောင့် ဝနိဗ္ဗကာနံ၊ မုဆိုးတို့၏။ သန္တိကေ၊ အထံ၌။ အဟံ၊ ငါသည်။ ကိလေသံ၊ ဆင်းရဲ ပင်ပန်းခြင်းသို့။ အာပဇ္ဇာမိ၊ ရောက်၏။

֍ ဋ္ဌ ၁၈၀။ အဠာရ၊ အာဠာရ။ အဟံ၊ ငါသည်။ စာတုဒ္ဒသိံ၊ တစ်ဆယ့်လေးရက်တို့၏ ပြည့်ကြောင်းဖြစ်သော နေ့၌ လည်းကောင်း။ ပဉ္စဒသိံ၊ တစ်ဆယ့်ငါးရက်တို့၏ ပြည့်ကြောင်းဖြစ်သော နေ့၌လည်းကောင်း။ နိစ္စံ၊ အမြဲ။ ဥပေါသထံ၊ ဥပုသ်ကို။ ဥပဝသာမိ၊ သုံး၏။ အထ၊ ထိုအခါ၌။ သောဠသ၊ တစ်ကျိပ်ခြောက်ယောက်ကုန်သော။ ဘောဇပုတ္တာ၊ မုဆိုးသားတို့သည်။ ရဇ္ဇုံ စ၊ ကြိုးကိုလည်းကောင်း။ ဒဠှံ၊ မြဲမြံသော။ ပါသဉ္စ၊ ကျော့ကွင်းကိုလည်းကောင်း။ ဂဟေတွာန၊ ယူ၍။ မမ၊ ငါ၏။ သန္တိကံ၊ အထံသို့။ အာဂမုံ၊ လာကြကုန်၏။

֍ ဋ္ဌ ၁၈၁။ အဠာရ၊ အာဠာရ။ လုဒ္ဒါ၊ မုဆိုးတို့သည်။ မေ၊ ငါ၏။ သရီရေ၊ ကိုယ်၌။ ဘေတွာန၊ ရှစ်ဌာနတို့၌ဖောက်၍။ နာသံ၊ နှာခေါင်းကို။ ဝိဝဋ္ဋ၊ ဖောက်၍။ ရဇ္ဇုံ၊ နှာခေါင်း၌ သီသောကြိုးကို။ အတိကဿ၊ ထမ်းပိုးစွန်း၌ ဆွဲ၍။ သမ္ပရိဂယှ၊ ထက်ဝန်းကျင်မှ သိမ်းဆည်း၍။ မံ၊ ငါ့ကို။ နယိံသု၊ ဆောင်ကြကုန်၏။ အဟံ၊ သည်။ ဥပေါသထံ၊ ဥပုသ်ကို။ အပ္ပဋိကောပယန္တော၊ မပျက်စီးစေလိုသောကြောင့်။ ဧတာဒိသံ၊ ထိုသို့သဘောရှိသော။ ဒုက္ခံ၊ ဆင်းရဲကို။ တိတိက်ခံ၊ သည်းခံ၏။

ဤသို့ ဆိုသည်ရှိသော် အာဠာရသည် နဂါးမင်း ထိုသို့ စည်းစိမ်ချမ်းသာ ဘုန်းတန်ခိုးနှင့် ပြည့်စုံလျက် အဘယ့်ကြောင့် ကြီးစွာသောဆင်းရဲကို သည်းခံလျက် ဥပုသ်ဆောက်တည်ဘိသနည်းဟု အကြောင်းကို မေးလိုရကား-

၁၈၂။ ဧကာယနေ တံ ပထေ အဒ္ဒသံသု၊
ဗလေန ဝဏ္ဏေန စုပေတရူပံ။
သိရိယာ ပညာယ စ ဘာဝိတောသိ။
ကိံ ပတ္ထယံ နာဂ တပေါ ကရောသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၂။ နာဂ၊ အဆွေ သင်္ခပါလ နဂါးမင်း။ ဧကာယနေ၊ တစ်ဖဝါးလှမ်းလောက်ရုံမျှသော။ ပထေ၊ ခြေကြောင်းခရီး၌။ ဗလေန၊ ခွန်အားနှင့်လည်းကောင်း။ ဝဏ္ဏေန၊ အဆင်းနှင့်လည်းကောင်း။ ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိသော။ တံ၊ အဆွေ နဂါးမင်းကို။ ဘောဇပုတ္တာ၊ မုဆိုးတို့သည်။ အဒ္ဒသံသု၊ မြင်ကြကုန်၏။ တွံ၊ သင် အဆွေနဂါးမင်းသည်။ သိရိယာ စ၊ ဘုန်းကျက်သရေအားဖြင့်လည်းကောင်း။ ပညာယ စ၊ ပညာအားဖြင့် လည်းကောင်း။ ဘာဝိတော၊ ကြီးပွားသောသူသည်။ အသိ၊ ဖြစ်သည်မဟုတ်တုံလော။ ကိံ၊ အဘယ်ကို။ ပတ္ထယံ- ပတ္ထယန္တော၊ တောင့်တလျက်။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်းအကျင့်ကို။ တွံ၊ သင် အဆွေ နဂါးမင်းသည်။ ကရောသိ၊ ပြုတော်မူသနည်း။

သင်္ခပါလနဂါးမင်းသည် ထိုအာဠာရအမေးကို ဖြေလိုရကား-

၁၈၃။ န ပုတ္ထဟေတု န ဓနဿ ဟေတု၊
န အာယုနော စာပိ အဠာရ ဟေတု။
မနုဿယောနိံ အဘိပတ္ထယာနော၊
တသ္မာ ပရက္ကမ တပေ့ ကရောမိ။

ဟူသော ဤဂါထာကို ဆို၏။

လူဘဝ မွန်မြတ်ပုံ

֍ ဋ္ဌ ၁၈၃။ အဠာရ၊ အာဠာရ။ ပုတ္တဟေတု၊ သားကို အလိုရှိသောကြောင့်။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်း အကျင့်ကို။ န ကရောမိ၊ ငါမပြု။ ဓနဿ၊ ဥစ္စာ၏။ ဟေတု၊ အကြောင်းကြောင့်။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်း၏ အကျင့်ကို။ န ကရောမိ၊ ငါမပြု။ အာယုနော စာပိ၊ အသက်၏လည်း။ ဟေတု၊ အကြောင်းကြောင့်။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်း အကျင့်ကို။ န ကရောမိ၊ ငါမပြု။ အဟံ၊ ငါသည်။ မနုဿယောနိံ၊ လူ၏အဖြစ်ကို။ အဘိပတ္ထယာနော၊ တောင့်တ၏။ တသ္မာ၊ ထို့ကြောင့်။ ပရက္ကမ၊ အားထုတ်၍။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်း အကျင့်ကို။ ကရောမိ၊ ပြု၏။

ဤသို့ ဖြေဆိုသည်ရှိသော် လူ၏အဖြစ်ကို တောင့်တသော အကြောင်းကို မေးမြန်းလိုရကား-

၁၈၄။ တွံ လောဟိတက္ထော ဝိဟတန္တရံသော၊
အလင်္ကတော ကပ္ပိတကေသမဿု။
သုရောသိတော လောဟိတစန္ဒနေန၊
ဂန္ဓဗ္ဗရာဇာဝ ဒိသာ ပဘာသတိ။
၁၈၅။ ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ၊
သဗ္ဗေဟိ ကာမေဟိ သမင်္ဂီဘူတော။
ပုစ္ဆာမိ တံ နာဂရာဇေတမတ္ထံ၊
သေယျော ဣတော ကေန မနုဿလောကော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၈၄။ နာဂရာဇ၊ နဂါးမင်း၏။ တွံ၊ သင်နဂါးမင်းသည်။ လောဟိတက္ခော၊ နီသော မျက်လုံးရှိသည်။ အသိ၊ ဖြစ်၏။ ဝိဟတန္တရံသော၊ ပခုံးနှစ်ဖက်တို့၏ အကြား၌ ပြေပြစ်ချောမောသော အသားရှိသည်။ အသိ၊ ဖြစ်၏။ အလင်္ကတော၊ တန်ဆာဆင်အပ်သည်။ အသိ၊ ဖြစ်၏။ ကပ္ပိတကေသမဿု၊ ကောင်းစွာ ပြုပြင်အပ်သော ဆံမုတ်ဆိတ်ရှိသည်။ အသိ၊ ဖြစ်၏။ လောဟိတစန္ဒနေန၊ စန္ဒကူးနီဖြင့်။ သုရောသိတော၊ ကောင်းစွာ လိမ်းကျံအပ်သည်။ အသိ၊ ဖြစ်၏။ ဒိသာ၊ အရပ်မျက်နှာ၌။ တွံ၊ သင် အဆွေနဂါးမင်းသည်။ ဂန္ဓဗ္ဗရာဇာဝ၊ ဂန္ဓဗ္ဗနတ်မင်းကဲ့သို့။ ပဘာသတိ၊ ထွန်းပသည်တကား။

֍ ဋ္ဌ ၁၈၅။ နာဂရာဇ၊ နဂါးမင်း။ တွံ၊ သင်နဂါးမင်းသည်။ ဒေဝိဒ္ဓိပတ္တော၊ နတ်တို့၏ တန်ခိုးကိုရသည်။ အသိ၊ ဖြစ်၏။ မဟာနုဘာဝေါ၊ ကြီးသော အာနုဘော်ရှိသည်။ အသိ၊ ဖြစ်၏။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ကာမေဟိ၊ ကာမဂုဏ်တို့နှင့်။ သမင်္ဂီဘူတော၊ ပြည့်စုံစွာဖြစ်သည်။ အသိ၊ ဖြစ်၏။ ဣတော၊ ဤနဂါးပြည်ထက်။ မနုသာလောကော၊ လူ့ပြည်သည်။ ကေန၊ အဘယ်အကြောင်းအရာဖြင့်။ သေယျော၊ သာယာကဲလွန်၍ မြတ်လိမ့်မည်နည်း။ တံ၊ သင် နဂါးမင်းကို။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ ပုစ္ဆာမိ၊ ငါမေး၏။

သင်္ခပါလ နဂါးမင်းသည် အာဠာရ၏အမေးကို ဖြေလိုရကား-

၁၈၆။ အဠာရ နာညတြ မနုဿလောကာ၊
သုဒ္ဓိ ဝါ သံဝိဇ္ဇတိ သံယမော ဝါ။
အဟဉ္စ လဒ္ဓါန မနုဿယောနိ၊
ကာဟာမိ ဇာတိမရဏဿ အန္တံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၆။ အဠာရ၊ အာဠာရ။ မနုဿလောကာ၊ လူ့ပြည်ကို။ အညတြ-ဌပေတွာ၊ ထား၍။ သုဒ္ဓိ ဝါ၊ မဂ်ဖိုလ်နိဗ္ဗာန်ဟု ဆိုအပ်သော စင်ကြယ်ခြင်းသည်လည်းကောင်း။ သံယမော ဝါ၊ သီလကို ဆောက်တည်ရခြင်းသည်လည်းကောင်း။ န သံဝိဇ္ဇတိ၊ မရှိ။ အဟဉ္စ၊ ငါသည်တစ်မူကား။ မနုဿယောနိံ၊ လူ၏အဖြစ်ကို။ လဒ္ဓါန၊ ရ၍။ ဇာတိမရဏသဿ၊ ပဋိသန္ဓေနေခြင်း သေခြင်း၏ အန္တံ၊ အဆုံးကို။ ကာယာမိ၊ ပြုအံ့။

ဤသို့ ဘုရားလောင်း သင်္ခပါလနဂါးမင်း ဖြေဆိုသည်ရှိသော် အာဠာရသည် လူ့ပြည်သို့ ပြန်လိုသော အကြောင်းကို သင်္ခပါလနဂါးမင်းအား ပန်ကြားလိုရကား-

၁၈၇။ သံဝစ္ဆရော မေ ဝသတော တဝန္တိကေ၊
အန္နေန ပါနေန ဥပဋ္ဌိတောသ္မိ။
အာမန္တယိတွာန ပလေမိ နာဂ၊
စိရပ္ပဝုတ္ထောသ္မိ အဟံ ဇနိန္ဒ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၇။ နာဂ၊ နဂါးမင်း။ တဝန္တိကေ၊ သင်နဂါးမင်း၏ အထံတော်၌။ ဝသတောထ၊ နေသော။ မေ၊ ငါ့အား။ သံဝစ္ဆရော၊ တစ်နှစ်လည်ပြီ။ အဟံ၊ ငါ့ကို။ တယာ၊ သင် နဂါးမင်းသည်။ အန္နေန၊ ထမင်းဖြင့်လည်းကောင်း။ ပါနေန၊ အဖျော်ဖြင့်လည်းကောင်း။ ဥပဋ္ဌိတော၊ လုပ်ကျွေး ပူဇော်အပ်သည်။ အသ္မိ၊ ဖြစ်၏။ တံ၊ သင်နဂါးမင်းကို။ အာမန္တယိတွာန၊ ပန်ကြား၍။ ပလေမိ၊ သွားတော့အံ့။ ဇနိန္ဒ၊ နဂါးမင်းမြတ်။ အဟံ၊ ငါသည်။ စိရပ္ပဝုတ္ထော၊ လူ့ပြည်မှ ကင်းကွာ၍ ကြာမြင့်သည်။ အသ္မိ၊ ဖြစ်၏။

ဤသို့ ပန်ကြားသည်ရှိသော် သင်္ခပါလ နဂါးမင်းသည် မိမိချစ်မြတ်နိုးသော အကြောင်းအား အာဠာရအား ကြားလိုရကား-

၁၈၈။ ပုတ္တာ စ ဒါရာ စ အနုဇီဝိနော စ၊
နိစ္စာနုသိဋ္ဌာ ဥပတိဋ္ဌထေတံ။
ကစ္စိန္နု တံ နာဘိသပိတ္ထ ကောစိ၊
ပိယံ ဟိ မေ ဒဿနံ တုယှ့ အဠာရ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၈။ အဠာရ၊ အာဠာရ။ ပုတ္တာ စ၊ သားသမီးတို့သည်လည်းကောင်း။ ဒါရာ စ၊ မယားတို့သည်လည်းကောင်း။ အနုဇီဝိနော စ၊ မှီ၍ အသက်မွေးကုန်သော သူတို့သည်လည်းကောင်း။ နိစ္စံ၊ အမြဲ။ အနုသိဋ္ဌာ၊ ဆုံးမတိုင်း ခံရကုန်သည်ဖြစ်၍။ တံ၊ သင့်ကို။ ဥပတိဋ္ဌထေ၊ လုပ်ကျွေးကြကုန်၏။ ကောစိ၊ တစ်စုံတစ်ယောက်သော သူသည်။ တေ၊ သင့်အား။ နာဘိသပိတ္ထ ကစ္စိနု၊ မဆဲရေး မမြည်တမ်းသည် မဟုတ်လော။ တုယှံ၊ အင့်အား။ ဒဿနံ၊ မြင်ခြင်းကို။ မေ၊ ငါသည်။ ပီယံ ဟိ- ပိယံ ဧဝ၊ ချစ်ခင် လေးမြတ်သည်သာလျှင်တည်း။

ထိုသို့ သင်္ခပါလနဂါးမင်း ပြောဆိုသည်ရှိသော် အာဠာရသည် နဂါးမင်းထံ၌ ချမ်းသာစွာ နေရခြင်းကို ချီးမွမ်းလိုရကား-

၁၈၉။ ယထာပိ မာတု စ ပိတု အဂါရေ။
ပုတ္တော ပိယော ပဋိဝိဟိတော ဝသေယျံ၊
တတောပိ မယှံ ဣဓမေဝ သေယျော၊
စိတ္တံ ဟိ တေ နာဂ မယိ ပသန္နံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၉။ နာဂ၊ နဂါးမင်း။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ တေ၊ သင် နဂါးမင်း၏။ စိတ္တံ၊ စိတ်တော်သည်။ မယိ၊ ငါ့၌။ ပသန္နံ၊ ကြည်လင်၏။ တသ္မာ၊ ထို့ကြောင့်။ မာတု စ၊ အမိသည်လည်းကောင်း။ ပိတု စ၊ အဖသည်လည်းကောင်း။ ပဋိဝိဟိတော၊ လုပ်ကျွေးအပ်သော။ ပိယော၊ ချစ်စွာသော။ ပုတ္တော၊ သားသည်။ အဂါရေ၊ အိမ်၌။ ဝသေယျ ယထာပိ၊ နေရသကဲ့သို့လည်း။ တထာ၊ ထို့အတူ။ ဝသေယျံ၊ နေရ၏။ တတောပိ၊ ထိုမိဘအိမ်၌ နေရသည်ထက်လည်း။ မယှံ၊ ငါ့အား။ ဣဓမေဝ၊ ဤနဂါးပြည်၌သာလျှင်။ ဝါသော၊ နေရခြင်းသည်။ သေယျော၊ ကောင်းမြတ်ပေ၏။

ဤသို့ ချီးမွမ်းပြောဆိုသည်ရှိသော် သင်္ခပါလနဂါးမင်းသည် ထိုအာဠာရအား ပေးကမ်းဖွယ်ကို ပေးကမ်းမှာထားလိုရကား-

၁၉၀။ မဏိ မမံ ဝိဇ္ဇတိ လောဟိတင်္ဂေါ၊
ဓနာဟရော မဏိရတနံ ဥဠာရံ။
အာဒါယ တွံ ဂစ္ဆ သကံ နိကေတံ၊
လဒ္ဓါ ဓနံ တံ မဏိ မောဿဇ္ဇဿု

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၀။ အဠာရ၊ အာဠာရ။ မမံ၊ ငါ့အား။ လောဟိတင်္ဂေါ၊ နီသောအင်္ဂါရှိသော။ ဓနာဟရော၊ ဥစ္စာကို ဆောင်ယူ၍ ပေးတတ်သော။ မဏိ၊ ပတ္တမြားသည်။ ဝိဇ္ဇတိ၊ ရှိ၏။ ဥဠာရံ၊ မြတ်ဘော။ မဏိရတနံ၊ ပတ္တမြားရတနာကို။ တွံ၊ သင်သည်။ အာဒါယ၊ ယူ၍။ သကံ နိကေတံ၊ မိမိအိမ်သို့။ ဂစ္ဆ၊ သွားလေလော့။ ဓနံ၊ ဥစ္စာကို။ လဒ္ဓါ၊ ရပြီးမှ။ တံ မဏိံ၊ ထိုပတ္တမြားကို။ ဩသဇ္ဇဿု၊ ရေအိုးထဲ၌ ထားလေလော့။

အာဠာရ ရသေ့သည် ဤသို့ ပြန်ကြားပြောဆိုပြီးလျှင် မြတ်သောမင်းကြီး ငါသည် ထိုအခါ သင်္ခပါလနဂါးမင်းကို ဤသို့သော စကားကိုဆို၏။ အဆွေနဂါးမင်း... ငါသည် ဥစ္စာဖြင့် အလိုမရှိ၊ ရဟန်းပြုခြင်းငှာ အလိုရှိ၏ဟု ဆို၍ ရသေ့ရဟန်းတို့၏ ပရိက္ခရာကိုဆောင်ယူခဲ့၍ ထိုနဂါးမင်းနှင့်တကွ နဂါးပြည်မှထွက်ခဲ့၍ ထိုနဂါးမင်းကို ပြန်လည်စေပြီးလျှင် ဟိမဝန္တာသို့ဝင်၍ ရဟန်းပြု၏ဟု ပြောဆို၍ မင်းအား တရား ဟောလိုရကား-

၁၉၁။ ဒိဋ္ဌာ မယာ မာနုသကာပိ ကာမာ၊
အသဿတာ ဝိပရိဏာမဓမ္မာ။
အာဒီနဝံ ကာမဂုဏေသု ဒိသွာ၊
သဒ္ဓါယဟံ ပဗ္ဗဇိတောမှိ ရာဇ။
၁၉၂။ ဒုမပ္ဖလာနိဝ ပတန္တိ မာဏဝါ၊
ဒဟရာ စ ဝုဒ္ဓါ စ သရီရဘေဒါ။
ဧတမ္ပိ ဒိသွာ ပဗ္ဗတောမှိ ရာဇ၊
အပဏ္ဏကံ သာမညမေဝ သေယျော။

ဟူသော ဂါထာနှစ်ခုတို့၏ အပေါင်းကိုဆို၏။

֍ ဋ္ဌ ၁၉၁။ ရာဇ၊ မင်းမြတ်။ မာနုသကာ၊ လူ၌ဖြစ်ကုန်သော။ ကာမာပိ၊ ကာမဂုဏ်တို့ကိုလည်း။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ။ ကာမာ၊ ကာမဂုဏ်တို့သည်။ အသဿတာ၊ မမြဲသော သဘောရှိကုန်၏။ ဝိပရိဏာမဓမ္မာ၊ ဖောက်ပြန်သော သဘောရှိကုန်၏။ ကာမဂုဏေသု၊ ကာမဂုဏ်တို့၌၊ အာဒီနဝံ၊ အပြစ်ကို။ ဒိသွာ၊ မြင်၍။ အဟံ၊ ငါသည်။ သဒ္ဓါယ၊ ကံ ကံ၏အကျိုး နိဗ္ဗာန်ကို ယုံကြည်၍။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၉၂။ ဒုမပ္ဖလာနိ၊ အမှည့် အစိမ်းဖြစ်ကုန်သော သစ်သီးတို့သည်။ ပတန္တိ ဣဝ၊ ကြွေကျကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ ဒဟရာ၊ ပျိုရွယ်နုနယ်ကုန်သော။ မာဏဝါ စ၊ သတ္တဝါတို့သည်လည်းကောင်း။ ဝုဒ္ဓါ၊ ကြီးမားအိုမင်းကုန်ပြီးသော။ မာဏဝါ စ၊ သတ္တဝါတို့သည်လည်းကောင်း။ သရီရဘေဒါ၊ ကိုယ်ခန္ဓာ ပျက်စီးကုန်သည်ဖြစ်၍။ ပတန္တိ၊ ကြွေကျကုန်၏။ ရာဇ၊ မင်းမြတ်။ ဧတမ္ပိ၊ ထိုသေကျေ ပျက်စီးခြင်း သဘောကိုလည်း။ ဒိသွာ၊ မြင်၍။ အပဏ္ဏကံ၊ ပျက်မယွင်း သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော။ သာမညမေဝ၊ ရဟန်းအဖြစ်သည်သာလျှင်။ သေယျော၊ မြတ်၏ဟု နှလုံးပိုက်၍။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်၏။

မင်းသည် ထိုအာဠာရ ရသေ့၏ တရားစကားကို ကြားနာ၍ ဝမ်းမြောက်ရကား...

၁၉၃။ အဒ္ဓါ ဟဝေ သေဝိတဗ္ဗာ သပညာ၊
ဗဟုဿုတာ ယေ ဗဟုဌာနစိန္တိနော။
နဂဉ္စ သုတွာန တဝဉ္စဠာရ၊
ကာဟာမိ ပုညာနိ အနပ္ပကာနိ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၃။ အဠာရ၊ အရှင်အာဠာရ။ ယေ သန္တာ၊ အကြင်သူတော်ကောင်းတို့သည်။ သပညာ၊ ပညာရှိကုန်၏။ ဗဟုဿုတာ၊ များသော အကြားအမြင်ရှိကုန်၏။ ဗဟုဌာနစိန္တိနော၊ များသော အကြောင်းအရာတို့ကို သိကုန်၏။ တေ သန္တာ၊ ထိုသူတော်ကောင်းတို့ကို။ ပုညတ္ထိကေဟိ၊ ကုသိုလ်ကောင်းမှုကို အလိုရှိကုန်သော သူတို့သည်။ အဒ္ဓါဟဝေ၊ စင်စစ်ဧကန်။ သေဝိတဗ္ဗာ၊ မှီဝဲဆည်းကပ်အပ်ကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ နာဂဉ္စ၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ နေလေ့ရှိသော နဂါးမင်း၏ ဂုဏ်ကျေးဇူး စကားကိုလည်းကောင်း။ တဝ၊ အရှင်အာဠာရသေ့၏။ ဝစနဉ္စ၊ တရားစကားကိုလည်းကောင်း။ သုတွာန၊ ကြားနာရပေ၍။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကာဟာမိ၊ ပြုရပေအံ့။

ထိုစကားကိုကြား၍ အာဠာရ ရသေ့သည် ဗာရာဏသီမင်းအား ကောင်းမှု၌ အားထုတ်ခြင်းကို ဖြစ်စေလိုရကား...

၁၉၄။ အဒ္ဓါ ဟဝေ သေဝိတဗ္ဗာ သပညာ၊
ဗဟုဿုတာ ယေ ဗဟုဋ္ဌာနစိန္တိနော။
နာဂဉ္စ သုတွာန မမဉ္စ ရာဇ။
ကရောဟိ ပုညာနိ အနပ္ပကာနိ။

ဟူသော အဆုံးဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၄။ ရာဇ၊ မင်းမြတ်။ ယေ သန္တာ၊ အကြင်သူတော်ကောင်းတို့သည်။ သပညာ၊ ပညာရှိကုန်၏။ ဗဟုဿုတာ၊ များသော အကြားအမြင်ရှိကုန်၏။ ဗဟုဌာနစိန္တိနော၊ များသောအကြောင်းအရာကို သိတတ်ကုန်၏။ တေ သန္တာ၊ ထိုသူတင်ကောင်းတို့ကို။ ပုညတ္ထိကေဟိ၊ ကုသိုလ်ကောင်းမှုကို အလိုရှိကုန်သော သူတို့သည်။ အဒ္ဓါဟဝေ၊ စင်စစ်ကန်။ သေဝိတဗ္ဗာ၊ မှီဝဲဆည်းကပ်အပ်ကုန်၏။ တွံ၊ သင်မင်းမြတ်သည်။ နာဂဉ္စ၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ နေလေ့ရှိသော နဂါးမင်း၏ ဂုဏ်ကျေးဇူး စကားကိုလည်းကောင်း။ မမ၊ ငါ၏။ ဝစနဉ္စ၊ တရားစကားကိုလည်းကောင်း။ သုတွာန၊ ကြားနာရ၍။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကရောဟိ၊ ပြုတော်မူလော့။

ထိုအာဠာရ ရသေ့သည် အကြင်အကြင် ဆိုအပ်ပြီးသောနည်းဖြင့် ဗြဟ္မဒတ်မင်းအား တရားဟော၍ ထိုဗာရာဏသီ ပြည်၌သာလျှင် မိုးလေးလတို့ပတ်လုံး နေ၍ တစ်ဖန် ဟိမဝန္တာသို့သွား၍ အသက်ထက်ဆုံး ဗြဟ္မဝိဟာရ တရားလေးပါးကို ပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

သင်္ခပါလ နဂါးမင်းသည်လည်း အသက်ထက်ဆုံး ဥပုသ် သုံးခြင်းကိုသုံး၍, ဗာရာဏသီမင်းသည်လည်း ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့... ယခုအခါ ကဿပသည် ထိုအခါ ခမည်းတော်ဖြစ်သော ရသေ့ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ အာဠာရရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သင်္ခပါလနဂါးမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

လူ့ဘုံနတ်ဘုံ၊ ဗြဟ္မာဘုံ၊ လူဘုံမွန်မြတ်သည်

လေးခုမြောက်ဖြစ်သော သင်္ခပါလဇာတ်သည် ပြီး၏။

*****

စတ္တာလီသနိပါတ်

၅။ စူဠသုတသောမဇာတ်

လူ့ဘောင်၌ ငြီးငွေ့၍ ရဟန်းပြုခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အာမန္တယာမိ နိဂမံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠသုတသောမဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် နိက္ခမပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မဟာနာရဒ ကဿပဇာတ်နှင့် တူသလျှင်ကတည်း။ အထူးကား

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်သည် သုဒဿန အမည်ရှိသော မြို့ဖြစ်၏။ ထိုသုဒဿနမြို့၌ ဗြဟ္မဒတ်အမည်ရှိသော မင်းသည် မင်းပြု၏။ ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းအား လပြည့်ဝန်းကဲ့သို့ တင့်တယ်ခြင်းရှိသော မျက်နှာရှိသည်၏အဖြစ်ကြောင့် သောမသတို့သား ဟူသောအမည်ကို မှည့်ကုန်၏။ သိကြားလိမ္မာသော အဖြစ်သို့ရောက်သော ထိုသောမသတို့သားသည် အကြားအမြင်ကို နှစ်သက်တတ်၏။ စကားကောင်းကို နာခံလေ့ရှိ၏။ ထို့ကြောင့် ထိုသောမ သတို့သားကို သုတသောမဟူ၍ သိကုန်၏။ ထိုသုတသောမ မင်းသားသည် အရွယ်ရောက်လျှင် တက္ကသိုလ်ပြည်၌ အလုံးစုံသော အတတ်တို့ကိုသင်၍ ပြန်လာခဲ့ပြီးလျှင် ခမည်းတော်၏ ဥစ္စာဖြစ်သော ထီးဖြူကိုရ၍ တရားသဖြင့် မင်းပြု၏။ စည်းစိမ်ချမ်းသာသည် များ၏။ ထိုသုတသောမမင်းအား စန္ဒာဒေဝီ အမှူးရှိကုန်သော တစ်သောင်း ခြောက်ထောင်ကုန်သော မိဖုရားတို့သည် ရှိကုန်၏။ ထိုသုတသောမမင်းသည် နောက်အဖို့၌ သားသမီးတို့ဖြင့် ပွားများလျှင် အိမ်ရာထောင်သော လူ၏ဘောင်၌ မမွေ့လျော်သဖြင့် တောသို့ဝင်၍ ရဟန်းပြုလို၏။

ဆံဖြူတစ်ပင် တောထွက်ချင်

ထိုသုတသောမမင်းသည် တစ်နေ့သ၌ ဆေတ္တာသည်ကို ခေါ်တော်မူ၍ အမောင် ဆေတ္တာသည်... အကြင်အခါ၌ ငါ၏ ဦးခေါင်းတော်၌ ဆံဖြူမြင်ငြားအံ့၊ ထိုအခါ ငါ့အား တင်လျှောက်လော့ ဟု မိန့်တော်မူ၏။ ဆေတ္တာသည်သည် ထိုသုတသောမမင်း၏ စကားကိုဝန်ခံ၍ နောက်အဖို့၌ ဆံဖြူကိုမြင်လျှင် တင်လျှောက်၍ အမောင် ဆေတ္တသည်... ထိုသို့မြင်သော်ကား ထိုဆံဖြူကိုနုတ်၍။ ငါ၏လက်တော်၌ တင်ထားလော့ ဟု ဆိုလတ်သော် ရွှေမွေးညှပ်ဖြင့်နုတ်၍ လက်တော်၌ တင်ထား၏။ ထိုဆံဖြူကိုမြင်၍ ဘုရားလောင်း သုတသောမမင်းသည် ငါ၏ကိုယ်ကို အိုခြင်းသည် နှိပ်စက်အပ်၏ ဟု ထိတ်လန့်ရကား ထိုဆံဖြူကိုယူ၍ ပြာသာဒ်မှ ဆင်းသက်ပြီးလျှင် လူများမြင်ရာအရပ်ဝယ် ခင်းအပ်သော ရာဇပလ္လင်၌ နေတော်မူ၍ စစ်သူကြီး အမှူးရှိကုန်သော အမတ်ရှစ်သောင်းတို့ကို လည်းကောင်း၊ ပုရောဟိတ် အမှူးရှိကုန်သော ပုဏ္ဏားခြောက်သောင်းတို့ကို လည်းကောင်း၊ တစ်ပါးကုန်သော တိုင်းပြည်၌ နေကုန်သောသူတို့ကို လည်းကောင်း၊ ဇနပုဒ်သူတို့ကို လည်းကောင်း၊ နိဂုံးသူ အစရှိသည်တို့ကို လည်းကောင်း များစွာကုန်သောသူတို့ကို ခေါ်တော်မူ၍ ငါ၏ဦးခေါင်း၌ ဆံဖြူသည် ရောက်၏။ ငါသည် ကြီးရင့်အိုမင်းပြီ၊ ရဟန်းပြုလိုသည်၏အဖြစ်ကို သိကြကုန်လော့ ဟု ဆို၍ ကြားတော်မူလိုရကား-

၁၉၅။ အာမန္တယာမိ နိဂမံ၊ မိတ္တာမစ္စေ ပရိဿဇေ။
သိရသ္မိံ ပလိတံ ဇာတံ၊ ပဗ္ဗဇ္ဇံ ဒါနိ ရောစဟံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၅။ ဘောန္တော၊ အို... ပရိသတ် အပေါင်းတို့။ နိဂမံ၊ နိဂုံးသူတို့ကို လည်းကောင်း။ မိတ္တာမစ္စေ၊ အဆွေခင်ပွန်းတို့ကို လည်းကောင်း။ ပရိဿဇေ၊ အမှုလုပ်တို့ကိုလည်းကောင်း။ အဟံ၊ ငါသည်။ အာမန္တယာမိ၊ သိစေတော်မူ၏။ မမ၊ ငါ၏။ သိရသ္မိံ၊ ဦးခေါင်း၌။ ပလိတံ၊ ဆံဖြူသည်။ ဇာတံ၊ ရောက်၏။ ဒါနိ၊ ယခု။ အဟံ၊ ငါသည်။ ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။ ရောစ- ရောစေမိ၊ နှစ်သက်၏။

ထိုစကားကိုကြား၍ ထိုပရိသတ်တို့တွင် တစ်ယောက်သောသူသည် အလွန်ပင်ပန်းခြင်းသို့ ရောက်သည်ဖြစ်၍ တင်လျှောက်လိုရကား...

၁၉၆။ အဘုံ မေ ကထံ နု ဘဏသိ၊
သလ္လံ မေ ဒေဝ ဥရသိ ကပွေသိ။
သတ္တသတာ တေ ဘရိယာ၊
ကထံ နု တေ တာ ဘဝိဿန္တိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၆။ ဒေဝ၊ အရှင်မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ အဘုံ၊ အစီးအပွားမဲ့ဖြစ်သော စကားကို။ ကထံ-ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။ ဘဏသိ နု၊ မိန့်ဆိုတော်မူဘိသနည်း။ ဒေဝ၊ အရှင်မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ ဥရသိ၊ ရင်၌။ သလ္လံ၊ ထက်စွာသောလှံကို။ ကထံ ကပ္ပေသိ၊ အဘယ့်ကြောင့် ထိုးတော်မူဘိသနည်း။ တေ၊ အရှင်မင်းမြတ်အား။ သတ္တသတာ၊ ခုနစ်ရာကုန်သော။ ဘရိယာ၊ မိဖုရားတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ၊ အရှင်မင်းမြတ်၏။ တာ၊ ထို ခုနစ်ရာကုန်သော မိဖုရားတို့သည်။ ကထံ ဘဝိဿန္တိ နု၊ အသို့ ဖြစ်ကုန်လတ္တံ့နည်း။

ထို့နောင်မှ ဘုရားလောင်းသည် ထိုသူတင်လျှောက်သော စကားကို ပယ်တော်မူလိုရကား-

၁၉၇။ ပညာယိဟိန္တိ ဧတာ ဒဟရာ၊
အညမ္ပိ တာ ဂမိဿန္တိ။
သဂ္ဂဉ္စ ပတ္ထယာနော၊ တေန အဟံ ပဗ္ဗဇိဿာမိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၇။ ဧတာ၊ ထိုမိဖုရားတို့သည်။ ဒဟရာ၊ ပျိုနုကြကုန်သေးသည်။ ပညာယိဟိန္တိ၊ ထင်ကုန်၏။ အညမ္ပိ၊ မင်းတစ်ပါးသို့လည်း။ တာ၊ ထိုမိဖုရားတို့သည်။ ဂမိဿန္တိ၊ ဆည်းကပ်ကုန်လတ္တံ့။ သဂ္ဂဉ္စ၊ နတ်ပြည်ကိုလည်း။ ပတ္ထယာနော၊ တောင့်တသည်။ အဿ၊ ဖြစ်၏။ တေန၊ ထိုကြောင့်။ အဟံ၊ ငါသည်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။

မယ်တော်ကြီး ငိုကြွေးရပြီ

မှူးမတ်အစရှိကုန်သော သူတို့သည် ဘုရားလောင်းအား စကားတုံ့ပေးခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ မယ်တော်မိဖုရားအထံသို့ သွားကုန်ပြီးလျှင် ထိုအကြောင်းကို တင်လျှောက်ကြကုန်၏။ မယ်တော်မိဖုရားသည် အဆောတလျင် လာတော်မူလတ်၍ ချစ်သား... သင် ချစ်သားသည် ရဟန်းပြုလို၏ဟူသည် မှန်သလောဟု ဆို၍ သားတော်မင်းကို အပြစ်တင်သဖြင့် ငိုကြွေးမြည်တမ်းလိုရကား-

၁၉၈။ ဒုလ္လဒ္ဓံ မေ အာသိ သုတသောမ၊
ယဿ တေ ဟေမဟံ မာတာ။
ယံ မေ ဝိလပန္တိယာ၊ အနပေက္ခော ပဗ္ဗဇသိ ဒေဝ။
၁၉၉။ ဒုလ္လဒ္ဓံ မေ အာသိ သုတသောမ၊
ယံ တံ အဟံ ဝိဇာယိဿံ။
ယံ မေ ဝိလပန္တိယာ၊ အနပေက္ခော ပဗ္ဗဇသိ ဒေဝ။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၈။ သုတသောမ၊ သုတသောမ အမည်ရှိတော်မူသော။ ဒေဝ၊ သားတော်မင်းမြတ်။ အဟံ၊ ငါသည်။ ယဿ၊ အကြင်သို့သဘောရှိသော။ တေ၊ သင်ချစ်သား၏။ မာတာ၊ မယ်တော်သည်။ ဟောမိ၊ ဖြစ်ရ၏။ ယံ-ယေန ကာရဏေန၊ အကြင့်ကြောင့်။ မေ၊ ငါ၏။ ဝိလပန္တိယာ၊ ငိုကြွေးမြည်တမ်းစဉ်ပင်။ အနပေက္ခော၊ ငဲ့ကွက်ခြင်းမရှိဘဲ။ တွံ၊ သင်ချစ်သားသည်။ ပဗ္ဗဇသိ၊ ရဟန်းပြုလိုဘိ၏။ တေန ကာရဏေန၊ ထိုကြောင့်။ မေ၊ ငါ၏။ လဘနံ၊ သားကို ရခြင်းသည်။ ဒုလ္လဒ္ဓံ၊ မကောင်းဖြင့် ရခြင်းမည်သည်။ အာသိ၊ ဖြစ်ခဲ့ပြီတကား။

֍ ဋ္ဌ ၁၉၉။ သုတသောမ၊ သုတသောမ အမည်ရှိသော။ ဒေဝ၊ သားတော်မင်းမြတ်။ ယံ- ယေန ကာရဏေန၊ အကြင့်ကြောင့်။ တံ၊ သင်ချစ်သားကို။ အဟံ၊ ငါသည်။ ဝိဇာယိဿံ၊ ဖွားမြင်ရ၏။ ယံ-ယေန ကာရဏေန၊ အကြင့်ကြောင့်။ မေ၊ ငါ၏။ ဝိလပန္တိယာ၊ ငိုကြွေးမြည်တမ်းစဉ်ပင်။ အနပေက္ခော၊ ငဲ့ကွက်ခြင်း မရှိဘဲ။ တွံ၊ သင်ချစ်သားသည်။ ပဗ္ဗဇသိ၊ ရဟန်းပြုလိုဘိ၏။ တေန ကာရဏေန၊ ထိုသို့သော အကြောင်းကြောင့်။ မေ၊ ငါ၏။ လဘနံ၊ သားကိုရခြင်းသည်။ ဒုလ္လဒ္ဓံ၊ မကောင်းသော ရခြင်းမည်သည်။ အာသိ၊ ဖြစ်ရချေ၏တကား။

ခမည်းတော် တားမြစ်ပုံ

ဤသို့ နှစ်ဂါထာတို့ဖြင့် ငိုကြွေးမြည်တမ်းသော်လည်း ဘုရားလောင်းသည် မယ်တော်နှင့်တကွ တစ်စုံတစ်ခုသော စကားကိုမျှ ပြောဆိုတော်မမူ၊ မယ်တော်သည် ငိုကြွေးမြည်တမ်းလျက် အလိုလိုသာလျှင် တင့်အပ်လျောက်ပတ်စွာ နေ၏။ ထို့နောင်မှ ထိုသုတသောမမင်း၏ ခမည်းတော်အား ကြားလျှောက်ကြကုန်၏။ ခမည်းတော်သည် လာလတ်၍ သားတော်မင်းကို မေးလိုရကား-

၂၀၀။ ကော နာမေသော ဓမ္မော၊
သုတသောမ ကာ စ နာမ ပဗ္ဗဇ္ဇာ။
ယံ နော အမှေ ဇိဏ္ဏေ၊
အနပေက္ခော ပဗ္ဗဇသိ ဒေဝ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၀။ သုတသောမ၊ သုတသောမ အမည်ရှိသော။ ဒေဝ၊ သားတော် မင်းမြတ်။ ယံ-ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ နော၊ ငါတို့၏။ ပုတ္တော၊ သားဖြစ်သော။ တွံ၊ သင် ချစ်သားသည်။ ဇိဏ္ဏေ၊ အိုမင်းကုန်သော။ အမှေ၊ ငါတို့ကို။ အနပေက္ခော၊ ငဲ့ကွက်ခြင်းမရှိဘဲ။ ပဟာယ၊ စွန့်၍။ ပဗ္ဗဇသိ၊ ရဟန်းပြုလိုဘိ၏။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ တံ၊ သင်ချစ်သားကို။ ဝဒါမိ၊ ဆိုအံ့။ တဝ၊ သင် ချစ်သား၏။ ဧသော ဓမ္မာ၊ ဤအိုမင်းသည်ဖြစ်၍ မွေးမြူတုံ့ မွေးမြူသင့်ကုန်သော မိဘတို့ကို မငဲ့မကွက် တောထွက်လိုခြင်း အကျင့်သည်။ ကော နာမ၊ အဘယ်အကျင့် မည်သနည်း။ ပဗ္ဗဇ္ဇာ၊ ရဟန်းပြုခြင်းသည်။ ကာ စ နာမ၊ အဘယ်မည်သော အကျိုးရှိသနည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ဆိတ်ဆိတ် နေတော်မူ၏။ ထိုအခါ သားတော်မင်းကို ခမည်းတော် မင်းကြီးသည် ချစ်သား သုတသောမ... မယ်တော် ခမည်းတော်တို့၌ ချစ်သား၏ ချစ်မြတ်နိုးခြင်းသည် အကယ်၍ မရှိသည် ဖြစ်စေဦး၊ သင်ချစ်သား၏ ပျိုနုကုန်သော သားတော် သမီးတော်တို့သည် သင်ချစ်သားနှင့် ကင်း၍ လူဖြစ်အံ့သောငှာ မစွမ်းနိုင်ကုန်လတ္တံ့၊ ထိုသားတော် သမီးတော်တို့ ကြီးခြင်းသို့ ရောက်သောအခါ ရဟန်းပြုရပါလတ္တံ့ ဟု ဆို၍ အကြောင်းကို ကြားလိုရကား-

၂၀၁။ ပုတ္တာပိ တုယှံ ဗဟဝေါ၊ ဒဟရာ အပတ္တယောဗ္ဗနာ။
မဉ္ဇူ တေပိ တံ အပဿန္တာ၊ မညေ ဒုက္ခံ နိဂစ္ဆန္တိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၁။ တာတ သုတသောမ၊ ချစ်သား သုတသောမ။ မဉ္ဇူ၊ သာယာချေငံသော အသံရှိကုန်ထသော။ အပတ္တယောဗ္ဗနာ၊ အရွယ်သို့ မရောက်ကုန်သေးသော။ ဒဟရာ၊ ပျိုနုကုန်သော။ ဗဟဝေါ၊ များကုန်သော။ ပုတ္တာပိ၊ သားသမီးတို့သည်လည်း။ တုယှံ၊ သင်ချစ်သားအား။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုသားတော် သမီးတော်တို့သည်လည်း။ တံ၊ သင် ချစ်သားကို။ အပဿန္တာ၊ မမြင်ရကုန်သည်ရှိသော်။ ဒုက္ခ၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းသို့။ နိဂစ္ဆန္တိ မညေ၊ ရောက်ကုန်လတ္တံ့သည်ဟု ငါထင်မိ၏။

သုတသောမ တရားပြ

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ခမည်းတော်အား တရားဟောတော်မူလိုရကား-

၂၀၂။ ပုတ္တေဟိ စ မေ ဧတေဟိ၊
ဒဟရေဟိ အပတ္တယောဗ္ဗနေဟိ။
မဉ္ဇူဟိ သဗ္ဗေဟိပိ တုမှေဟိ၊
စိရမ္ပိ ဌတွာ ဝိနာသဘာဝေါ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၂။ တာတ၊ ခမည်းတော်။ ဒဟရေဟိ၊ ပျိုနုကုန်ထသော။ အပတ္တယောဗ္ဗနေဟိ၊ အရွယ်သို့ မရောက်ကုန်သော။ မဉ္ဇူဟိ၊ သာယာချေငံသော ပြောဆိုသံရှိကုန်သော။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဧတေဟိ ပုတ္တေဟိ စ၊ ထို သားတော် သမီးတော်တို့နှင့် လည်းကောင်း။ တုမေဟိ စ၊ ခမည်းတော်တို့နှင့် လည်းကောင်း။ စိရံ၊ မြင့်ရှည်စွာ။ ဌတွာပိ၊ အတူတကွ နေရသော်လည်း။ မေ၊ အကျွန်ုပ်အား။ ဝိနာသဘာဝေါ၊ ပျက်စီးခြင်းသဘောရှိသည်သာလျှင်တကား။

မောင်းမများ ငိုကြွေးကြပုံ

ဤ ပုတ္တဟိ အစရှိသော ဂါထာဖြင့် ဘုရားအလောင်းသည် ခမည်းတော်အား တရားဟောတော်မူ၏။ ခမည်းတော်သည် သားတော်၏ တရားစကားကို ကြားရလျှင် ဆိတ်ဆိတ်နေ၏။ ထို့နောင်မှ ဘုရားလောင်း၏ ခုနစ်ရာကုန်သော မိဖုရားတို့အား ကြားကြလေကုန်၏။ ထိုမိဖုရားတို့သည်လည်း ပြာသာဒ်ထက်မှ ဆင်းသက်ကုန်ပြီးလျှင် ဘုရားလောင်း အထံတော်သို့ လာလတ်၍ ဖမျက်တော်တို့၌ ကိုင်ကုန်လျက် ငိုကြွေးလိုကုန်ရကား-

၂၀၃။ ဆိန္နံ နု တုယှံ ဟဒယံ၊
အဒု တေ ကရုဏာ စ နတ္ထိ အမှေသု။
ယံ နော ဝိကန္ဒန္တိယော၊
အနပေက္ခော ပဗ္ဗဇသိ ဒေဝ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၃။ ဒေဝ၊ အရှင်မင်းမြတ်။ ယံ-ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ နော၊ အကျွန်ုပ်တို့၏။ ဝိကန္ဒန္တိယော၊ ငိုကြွေးကုန်စဉ်။ အနပေက္ခော၊ ငဲ့ကွက်ခြင်း ရှိတော်မမူဘဲ။ တွံ၊ အရှင်မင်းမြတ်သည်။ ပဗ္ဗဇသိ၊ ရဟန်းပြုတော်မူလိုဘိ၏။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ တံ၊ အရှင်မင်းမြတ်ကို။ မယံ၊ အကျွန်ုပ်တို့သည်။ ဝဒါမ၊ တင်လျှောက်ပါကုန်အံ့။ အမှေသု၊ အကျွန်ုပ်တို့၌။ တုယှံ၊ အရှင်မင်းမြတ်၏။ ဟဒယံ၊ မေတ္တာနှင့်ယှဉ်သော စိတ်တော်သည်။ ဆိန္နံ နု၊ ပြတ်တော်မူသလော။ အဒု၊ ထိုသို့မဟုတ်မူကား။ ကရုဏာ စ၊ စုံမက် သနားတော်မူခြင်းသည်လည်း။ တေ၊ အရှင်မင်းမြတ်အား။ နတ္ထိ၊ မရှိအလျှင်း ကင်းတော်မူပြီလော။

သုတသောမ တရားပြ

ဘုရားအလောင်းတော်သည် ခြေရင်း၌ လူးလဲငိုကြွေးကုန်သော ထိုမိဖုရားတို့၏ ငိုကြွေးသံကိုကြား၍ ထိုမိဖုရားတို့အား တရားစကားဖြင့် နှစ်သိမ့်စေလိုရကား-

၂၀၄။ န စ မယှံ ဆိန္နံ ဟဒယံ၊
အတ္ထိ ကရုဏာပိ မယှံ တုမှေသု။
သဂ္ဂဉ္စ ပတ္ထယာနော၊ တေန အဟံ ပဗ္ဗဇိဿာမိ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၄။ ဘဂိနိယော၊ နှမတို့။ တုမေဟိ၊ သင်တို့၌။ မယှံ၊ ငါ၏။ ဟဒယဉ္စ၊ မေတ္တာနှင့်ယှဉ်သော စိတ်သည်လည်း။ န ဆိုန္နံ၊ မပြတ်မကင်း မရှင်းပါ။ မယှံ၊ ငါ့အား။ တုမှေသု၊ သင်တို့၌။ ကရုဏာပိ၊ သနားစုံမက်ခြင်းသည်လည်း။ အတ္ထိ၊ ရှိပါ၏။ ယသ္မာ၊ အကြင့်ကြောင့်။ သဂ္ဂဉ္စ၊ နတ် ပြည်ကိုလည်း။ ပတ္ထယာနော၊ တောင့်တသည်။ အဿ၊ ဖြစ်၏။ တေန၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုပေအံ့။

မိဖုရားကြီး တားမြစ်ခြင်း

ထို့နောင်မှ ဘုရားလောင်း၏ မိဖုရားကြီးအား တင်လျှောက်ကြကုန်၏။ ထိုမိဖုရားကြီးသည် လေးသော ကိုယ်ဝန်ရှိသည်ဖြစ်၍ ပြည့်သော ကိုယ်ဝန်ရှိလျက်လည်း လာလတ်သဖြင့် ဘုရားအလောင်းကို ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ ရပ်လျက် ငိုကြွေးမြည်တမ်းသဖြင့် တားမြစ်လိုရကား-

၂၀၅။ ဒုလ္လဒ္ဓံ မေ အာသိ သုတသောမ၊
ယဿ တေ အဟံ ဘရိယာ။
ယံ မေ ဝိလပန္တိယာ၊ အနပေက္ခော ပဗ္ဗဇသိ ဒေဝ။
၂၀၆။ ဒုလ္လဒ္ဓံ မေ အာသိ သုတသောမ၊
ယဿ တေ အဟံ ဘရိယာ။
ယံ မေ ကုစ္ဆိ ပဋိသန္ဓိံ၊ အနပေက္ခော ပဗ္ဗဇသိ ဒေဝ။
၂၀၇။ ပရိပက္ကော မေ ဂဗ္ဘော၊
ကုစ္ဆိဂတော ယာဝ နံ ဝိဇာယာမိ။
မာဟံ ဧကာ ဝိဓဝါ၊ ပစ္ဆာ ဒုက္ခာနိ အဒ္ဒက္ခိံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၀၅။ သုတသောမ၊ သုတသောမ အမည်တော်ရှိသော။ ဒေဝ၊ အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ယဿ၊ အကြင်သို့ သဘောရှိသော။ တေ၊ အရှင်မင်းမြတ်၏။ ဘရိယာ၊ မိဖုရားကြီးသည်။ ဟောမိ၊ ဖြစ်ရ၏။ ယံ-ယသ္မာ ကာရဏာ၊ အကြင့်ကြောင့်။ ဝိလပန္တိယာ၊ ငိုကြွေးမြည်တမ်းသော။ မေ၊ အကျွန်ုပ်အား။ အနပေက္ခော၊ ငဲ့ကွက်တော်မမူဘဲ။ တွံ၊ အရှင်မင်းမြတ်သည်။ ပဗ္ဗဇသိ၊ ရဟန်းပြုလိုဘိ၏။ တသ္မာ၊ ထို့ကြောင့်။ မေ-မမ၊ အကျွန်ုပ်၏။ လဒ္ဓံ၊ မိဖုရားကြီးအရာကို ရခြင်းသည်။ ဒုလ္လဒ္ဓံ၊ မကောင်းသော ရခြင်းသည်။ အာသိ၊ ဖြစ်ပေစွတကား။

֍ ဋ္ဌ ၂၀၆။ သုတသောမ၊ သုဘာမ အမည်ရှိတော်မူသော။ ဒေဝ၊ အရှင်မင်းမြတ်။ ယံ-ယသ္မာ ကာရဏာ၊ အကြင့်ကြောင့်။ မေ၊ အကျွန်ုပ်၏။ ကုစ္ဆိပဋိသန္ဓိံ၊ ဝမ်း၌တည်သော ပဋိသန္ဓေကို။ အနပေက္ခော၊ ငဲ့ကွက်ခြင်း ကင်းတော်မူသည်ဖြစ်၍။ တွံ၊ အရှင်မင်းမြတ်သည်။ ပဗ္ဗဇသိ၊ ရဟန်းပြုတော်မူလိုဘိ၏။ တသ္မာ၊ ထို့ကြောင့်။ ယဿ၊ အကြင်သို့သဘောရှိသော။ တေ၊ အရှင်မင်းမြတ်၏။ ဘရိယာ၊ မိဖုရားကြီးဖြစ်သော။ အဟံ၊ အကျွန်ုပ်သည်။ တံ၊ အရှင်မင်းမြတ်ကို။ ဝဒါမိ၊ တင်လျှောက်ပါအံ့။ မေ၊ အကျွန်ုပ်သည်။ ယံ အဂ္ဂမဟေသိဋ္ဌာနံ၊ အကြင်မိဖုရားကြီး အရာကို။ လဒ္ဓံ၊ ရအပ်၏။ တံ၊ ထိုမိဖုရားကြီးအရာကို ရခြင်းသည်။ ဒုလ္လဒ္ဓံ၊ မကောင်းသော ရခြင်းသည်။ အာသိ၊ ဖြစ်ရချေ၏တကား။

֍ ဋ္ဌ ၂၀၇။ ဒေဝ၊ အရှင်မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ ကုစ္ဆိဂတော၊ ဝမ်း၌တည်သော။ ဂဗ္ဘော၊ ကိုယ်ဝန်သည်။ ပရိပက္ကော၊ ရင့်ပါပြီ။ ယာဝ၊ အကြင်မျှလောက်။ နံ၊ ထိုသူငယ်ကို ဝိဇာယာမိ၊ ဖွားမြင်ပါလတ္တံ့။ တာဝ၊ ထိုသူငယ်ဖွားမြင်ရုံ။ အဓိဝါသေဟိ၊ သည်းခံတော်မူပါလော့။ ပစ္ဆာ၊ နောက်ကာလ၌။ အဟံ၊ အကျွန်ုပ်သည်။ ဝိဓဝါ၊ မုဆိုးမဖြစ်၍။ ဧကာ၊ တစ်ယောက်အထီးတည်း။ ဒုက္ခာနိ၊ ဆင်းရဲတို့ကို။ မာ အဒ္ဒက္ခိံ၊ မမြင်ပါရစေလင့်။

ထိုနောက်မှ ဘုရားလောင်းသည် မိဖုရားကြီးစကားကို ပယ်လိုရကား-

၂၀၈။ ပရိပက္ကော တေ ဂဗ္ဘော၊
ကုစ္ဆိဂတော ဣင်္ဃ တွံ ဝိဇာယဿု။
ပုတ္တံ အနောမဝဏ္ဏံ၊ တံ ဟိတွာ ပဗ္ဗဇိဿာမိ။

ဟူသောဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၈။ ဒေဝိ၊ မိဖုရား။ တေ၊ ရှင်မိဖုရား၏။ ကုစ္ဆိဂတော၊ ဝမ်း၌တည်သော။ ဂဗ္ဘော၊ ကိုယ်ဝန်သည်။ ပရိပက္ကော စ၊ ရင့်သည်သာလျှင်တည်း။ ဣင်္ဃ၊ ငါ တိုက်တွန်းအံ့။ တွံ၊ သင်မိဖုယားကြီးသည်။ အနောမဝဏ္ဏံ၊ မယုတ်မမာ လှပစွာသော အဆင်းရှိသော။ ပုတ္တံ၊ သားတော်ကို။ ဝိဇာယဿု၊ ဖွားမြင် ရစ်လော့။ တံ ပုတ္တံ၊ ထိုရှင်မိဖုရားနှင့် တကွသော သားတော်တို့ကို။ ဟိတွာ၊ စွန့်၍။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။

ထိုမိဖုရားကြီးသည် ဘုရားအလောင်း၏ စကားကို ကြားလျှင် စိုးရိမ်ခြင်းကို ချုပ်တည်းအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ အရှင်မင်းမြတ် ယခုအခါ ဤနေ့မှစ၍ အကျွန်ုပ်တို့အား ဘုန်းကျက်သရေမည်သည် မရှိပြီ ဟု ဆို၍ လက်နှစ်ဖက်တို့ဖြင့် ရင်ကိုမလျက် မျက်ရည်တို့ကို ယိုစီးစေလျက် သည်းထန်စွာသော အသံဖြင့် ငိုကြွေး၏။ ထိုသို့ ငိုကြွေးသောအခါ ဘုရားလောင်းသည် ထိုမိဖုရားကြီးကို နှစ်သိမ့်စေလိုရကား-

၂၀၉။ မာ တွံ စန္ဒေ ရုဒိ၊ မာ သောစိ ဝနတိမိရမတ္တက္ခိ။
အာရောဟ ဝရပါသာဒံ၊
အနပေက္ခော အဟံ ဂမိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၉။ ဝနတိမိရမတ္တက္ခိ၊ ညိုသင့်ရာဝယ် အောက်မည်းညိုပွင့်လို စိမ်းလဲ့ညိုသော မျက်လုံးရှိထသော။ စန္ဒေ၊ ရှင်မစန္ဒာ တောင်ညာတင်ထား မိဖုရား။ တွံ၊ ရှင်မိဖုရားသည်။ မာ ရုဒိ၊ မငိုကြွေးပါလင့်။ မာ သောစိ၊ မစိုးရိမ်ပါလင့်။ ဝရပါသာဒံ၊ ရွှေပြာသာဒ်တော်သို့။ အာရောဟ၊ တက်ပါလော့။ အဟံ၊ ငါသည်။ အနပေက္ခော၊ ငဲ့ကွက်ခြင်းမရှိ။ ဂမိဿာမိ၊ သွားတော့အံ့။

ထိုမိဖုရားကြီးသည် ဘုရားလောင်း၏ စကားကို ကြား၍ တည်အံ့သောငှာ မတတ်နိုင်ရကား ရွှေနန်းပြာသာဒ်တော်သို့ တက်၍ ငိုကြွေးလျက်နေ၏။ ထိုအခါ မိဖုရားကြီးကို ဘုရားလောင်း၏ သားတော်အကြီးသည် မြင်လေ၍ အဘယ့်ကြောင့်လျှင် ငါ၏ မယ်တော်မိဖုရားကြီးသည် ငိုကြွေးလျက် နေတော်မူသနည်းဟု ထိုမယ်တော်မိဖုရားကြီးကို မေးလိုရကား-

၂၁၀။ ကော တံ အမ္မ ကောပေသိ၊
ကိံ ရောဒသိ ပေက္ခသိ စ မံ ဗာဠှံ။
ကံ အဝဇ္ဈံ ဃာတေမိ၊ ဉာတီနံ ဥဒိက္ခမာနာနံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၀။ အမ္မ၊ မယ်တော်ဖုရား။ တံ၊ မယ်တော်ဖုရားကို။ ကော၊ အဘယ်သူသည်။ ကောပေသိ၊ မျက်လိုခြင်းကို ပြုဘိသနည်း။ ကိံ၊ အဘယ့်ကြောင့်။ ရောဒသိ၊ ငိုတော်မူဘိသနည်း။ မံ၊ အကျွန်ုပ်ကို။ ဗာဠှံ၊ စိန်းစိန်း။ ကိံ ပေက္ခသိ စ၊ အဘယ့်ကြောင့် ကြည့်တော်မူဘိသနည်း။ က့ အဝဇ္ဈံ၊ သတ်ဖြတ်သင့်သော အပြစ်ရှိသော အဘယ်သူကို။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ဥဒိက္ခမာနာနံ၊ မြင်စဉ်ဆဲဆဲ။ အဟံ၊ အကျွန်ုပ်သည်။ ဃာတေမိ၊ သတ်ရအံ့နည်း။

ထိုနောက်မှ မယ်တော် မိဖုရားကြီးသည် သားတော်အား အကြောင်းကို ကြားလိုရကား-

၂၁၁။ န ဟိ သော သက္ကာ ဟန္တုံ၊
ဝိဇိတာဝီ ယော မံ တာတ ကောပေသိ။
ပိတာ တေ မံ တောတ အဝစ၊
အနပေက္ခော အဟံ ဂမိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၁။ တာတ၊ ချစ်သား။ ဝိဇိတာဝီ၊ မြေအပြင်၌ အောင်မြင်ပြီးသော ရန်ရှိသော။ ယော ပိတာ၊ အကြင်မောင်၏ ခမည်းတော်ဘုရားသည်။ မံ၊ ငါ့ကို။ ကောပေသိ၊ မချစ်စိမ်းကား မုန်းထားမျက်လိုတော်မူဘိ၏။ တာတ၊ ချစ်သား။ တေ၊ သင် ချစ်သား၏။ ပိတာ၊ ခမည်းတော်ဘုရားသည်။ အနပေက္ခော၊ ငဲ့ကွက်ခြင်းမရှိ။ အဟံ၊ ငါသည်။ ဂမိဿာမိ၊ သွားတော့အံ့။ ဣတိ၊ ဤသို့။ မံ၊ ငါ့ကို။ အဝစ၊ မိန့်တော်မူဘိ၏။ သော ပိတာ၊ ထိုမောင်၏ ခမည်းဘော်ဘုရားကို။ ဟန္တုံ၊ သတ်ဖြတ်စီရင်အံ့သောငှာ။ န ဟိ သက္ကာ၊ မတတ်ကောင်းသည်သာတကား။

သားတော်များ ငိုကြွေးကြပုံ

ထိုသားတော်ကြီးသည် မယ်တော်ဖုရား စကားကို ကြားရလျှင် မယ်တော်ဖုရား... မယ်တော်ဖုရားသည် အသို့ မိန့်တော်မူသနည်း၊ ဤသို့ ခမည်းတော်ဘုရား ရဟန်းပြုတော်မူသည် ဖြစ်လတ်သော် အကျွန်ုပ်တို့သည် ကိုးကွယ်ရာမရှိသော မည်သည် ဖြစ်ရကုန်လတ္တံ့ မဟုတ်လောဟု ဆို၍ ငိုကြွေးရလိုကား-

၂၁၂။ ယောဟံ ပုဗ္ဗေ နိယျာမိ၊
ဥယျာနံ မတ္တကုဉ္ဇရေ စ ယောဓေမိ။
သုတသောမေ ပဗ္ဗဇိတေ၊ ကထံ နု ဒါနိ ကရိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၂။ အမ္မ၊ မယ်တော်ဖုရား။ ယော အဟံ၊ အကွင်အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေး၌။ စတုအာဇညယုတ္တံ၊ အာဇာနည် မြင်းလေးစီး က, သော။ သဗ္ဗာလင်္ကာရပဋိမဏ္ဍိတံ၊ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်သော။ ရထံ၊ ရထားကို။ အဘိရုယှ၊ စီး၍။ ဥယျာနံ၊ ဥယျာဉ်သို့။ နိယျာမိ၊ ထွက်သွားရ၏။ မတ္တကုဉ္ဇရေ စ၊ အမုန်ယစ်သော

ဆင်ပြောင်တို့ကိုလည်း။ ယောဓေမိ၊ တိုက်စေ ထိုးစေရ၏။ သုတသောမေ။ ခမည်းတော် သုတသောမ မင်းမြတ်သည်။ ပဗ္ဗဇိတေ၊ ရဟန်းပြုတော်မူချေသော်။ ဣဒါနိ၊ ယခု။ ကထံ ကရိဿာမိ နု၊ အသို့ ပြုရပါမည်နည်း။

ထိုအခါ ခုနစ်နှစ်သာရှိသော ထိုသားတော်ကြီး၏ ညီတော် မင်းသားသည် ထိုနောင်တော်, မယ်တော် နှစ်ပါးတို့ ငို၍နေကုန်သည်တို့ကို မြင်လေ၍ မယ်တော် မိဖုရားကြီးအထံသို့ ချဉ်းကပ်၍ အဘယ်ကြောင့် မယ်တော်ဘုရားတို့သည် ငိုကြွေးတော် မူကုန်သနည်း ဟု မေး၍ အကြောင်းကို ကြားတည့်ရလျှင် ထိုသို့ဖြစ်သော်ကား ငိုတော်မမူလင့်၊ အကျွန်ုပ်သည် ရှေးဦးစွာ ခမည်းတော်ဘုရားအား ရဟန်းပြုစိမ့်သောငှာ ခွင့်မပေး ဟု ဆို၍ နှစ်ပါးကုန်သော နောင်တော် မယ်တော်တို့ကို နှစ်သိမ့်စေပြီးလျှင် အချီတော်မိန်းမနှင့်တကွ ရွှေနန်းပြာသာဒ်ထက်မှ ဆင်းသက်၍ ခမည်းတော်ဘုရား ခမည်းတော်မင်းမြတ်သည် မကွေကွင်းလိုပါကုန်သော အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူ၍ ရဟန်းပြုအံ့ဟု ဆိုတော်မူသတတ်၊ အကျွန်ုပ်သည် ခမည်းတော်ဘုရားအား ရဟန်းပြုစိမ့်သောငှာ ခွင့်မပေးအံ့ ဟု ခမည်းတော်ကို လည်၌ မြဲစွာဖက်၍ တားမြစ်လိုရကား-

၂၁၃။ မာတုစ္စ မေ ရုဒန္တျာ။
ဇေဋ္ဌဿ စ ဘာတုနော အကာမဿ၊
ဟတ္ထေပိ တေ ဂဟေဿံ၊
န ဟိ ဂစ္ဆသိ နော အကာမာနံ၊

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၃။ တာတ၊ ခမည်းတော်ဘုရား။ မေ၊ အကျွန်ုပ်၏။ ရုဒန္တျာ၊ ငိုကြွေးသော။ မာတု စ၊ မယ်တော်ဘုရားအားလည်းကောင်း။ အကာမဿ၊ မကွေကွင်းလိုသော။ ဇေဋ္ဌဿ ဘာတုနော စ၊ အစ်ကိုကြီးအားလည်းကောင်း။ အကာမာနံ၊ ကွေကွင်းခြင်းကို အလိုမရှိကုန်သော။ နော အမှာကံ၊ အကျွန်တို့အား။ ပဟာယ၊ စွန့်ပစ်၍။ ပဗ္ဗဇိတုံ၊ ရဟန်းပြုအံ့သောငှာ။ တွံ၊ ခမည်းတော် မင်းမြတ်သည်။ န ဟိ ဂစ္ဆသိ၊ မသွားရသည်သာတည်း။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ ခမည်းတော် မင်းမြတ်၏။ ဟတ္ထေပိ၊ လက်တော်၌လည်း။ တံ၊ ခမည်းတော်ဘုရားကို။ ဂဟေဿံ၊ ဆွဲ၍ထားအံ့။

ဘုရားလောင်း သုတသောမသည် ဤသူငယ်သည် ငါ၏ဘေးရန်ကို ပြုချေ၏။ အဘယ်သို့သော အကြောင်းဖြင့် ထိုသူငယ်ကို ဖဲစေရပါမည်နည်း ဟု ကြံတော်မူ၏။ ထို့နောင်မှ အထိန်းတော်အား ကြည့်တော်မူ၍ အို အထိန်းတော်... ယခု ဤပတ္တမြားတုံး တန်ဆာကို ယူလော့၊ ဤပတ္တမြားတုံးသည် သင့်ဖိုဖြစ်လော့၊ ငါ့သားတော်ကို ချီယူဆောင်ပလေလော့။ ငါ၏ အန္တရာယ်ကို မပြုပါစေလင့် ဟု ဆို၍ မိမိသည် သားတော်ကို လက်၌ကိုင်၍ ပယ်အံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ အထိန်းတော်အား တံစိုးပေး၍ တစ်ပါးသောအရပ်သို့ ဆောင်ယူစိမ့်သောငှာ တိုက်တွန်းလိုရကား-

၂၁၄။ ဥဋ္ဌေဟိ တုံ ဓာတိ၊
ဣမံ ကုမာရံ ရမေဟိ အညတ္ထ။
မာ မေ ပရိပန္ထမကာသိ။
သဂ္ဂံ မမ ပတ္ထယာနဿ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၄။ ဓာတိ၊ အချီတော်မ။ တွံ၊ ရှင်မသည်။ ဥဋ္ဌေဟိ၊ ထလော့။ ဣမံကုမာရံ၊ ဤမင်းသားငယ်ကို။ အညတ္ထ၊ တစ်ပါးသော အရပ်၌။ ရမေဟိ၊ မွေ့လျော်စေလော့။ မေ၊ ငါ၏။ ပုတ္တော၊ သားငယ်သည်။ သဂ္ဂံ၊ နတ်ပြည်ကို။ ပတ္ထယာနဿ၊ တောင့်တသော။ မမ၊ ငါ၏။ ပရိပန္ထံ၊ ဘေးရန်ကို။ မာ အကာသိ၊ မပြုပါစေလင့်။

ထိုအထိန်းတော် မိန်းမသည် တံစိုးကိုယူ၍ မင်းသားငယ်ကို နှစ်သိမ့်စေ၍ ဆောင်ယူပြီးလျှင် တစ်ပါးသော အရပ်သို့သွား၍ ငိုကြွေးလိုရကား-

၂၁၅။ ယံနူနိမံ ဒဒေယျံ ပဘင်္ကရံ၊
ကော နု မေ ဣမိနာတ္ထော။
သုတသောမေ ပဗ္ဗဇိတေ၊
ကိံနု မေ နံ ကရိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၅။ ပဘင်္ကရံ၊ ပြိုးပြိုးပြက်ထွက်သော အရောင်ကို ပြုစေတတ်သော။ ဒဒေယျံ၊ လက်ဆောင်အဖြစ်ဖြင့် ပေးတော် မူအပ်သော။ ဣမံ မဏိံ၊ ဤပတ္တမြားတုံးကို။ ယ့နူန ဂဟိတံ၊ အကယ်၍ ယူအပ်၏။ သုတသောမေ၊ မင်းမြတ် သုတသောမသည်။ ပဗ္ဗဇိတေ၊ ရဟန်းပြုတော်မူချေသော်။ ဣမိနာ၊ ဤပတ္တမြားတုံးဖြင့်။ မေ၊ ငါ့အား။ ကော အတ္ထော နု၊ အဘယ်အကျိုး ရှိမည်နည်း။ နံ၊ ပတ္တမြားတုံးကို။ မေ၊ ငါသည်။ ကိံ ကရိဿာမိ နု၊ အသို့ပြုရပါမည်နည်း။

စစ်သူကြီး တားမြစ်ခြင်း

ထို့နောင်မှ စစ်သူကြီးသည် ဤမင်းသည် ငါ၏နန်းတော်၌ ဥစ္စာသည် နည်းပါး၏ဟူသော အမှတ်ကို ပြုသည်ထင်၏။ ထိုမင်းအား ဥစ္စာစပါးဖြင့် ပေါများသည်၏အဖြစ်ကို တင်လျှောက်ဦးအံ့ ဟု ကြံ၏။ ကြံပြီး၍ စစ်သူကြီးသည် နေရာမှထ၍ ရှိခိုးလျက် တင်လျှောက်လိုရကား-

၂၁၆။ ကောသော စ တုယှ့ ဝိပုလော၊
ကောဋ္ဌာဂါရဉ္စ တုယှံ ပရိပူရံ။
ပထဝီ စ တုယှံ ဝိဇိတာ၊
ရမဿု မာ ပဗ္ဗဇိ ဒေဝ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၆။ ဒေဝ၊ အရှင်မင်းမြတ်။ တုယှံ၊ အရှင်မင်းမြတ်၏။ ကောသော စ၊ ရွှေတိုက် ငွေတိုက်တော်သည်လည်း။ ဝိပုလော၊ ပြန့်ပြောပြည့်စုံ၏။ တုယှံ၊ အရှင်မင်းမြတ်၏။ ကောဋ္ဌာဂါရဉ္စ၊ ကျီကြသည်လည်း။ ပရိပူရံ၊ ပြည့်ဖြိုး၏။ တုယှံ၊ အရှင်မင်းမြတ်သည်။ ပထဝီ စ၊ မြေနေ လူအပေါင်းကိုလည်း။ ဝိဇိတာ၊ အောင်မြင်လွှမ်းမိုး အစိုးရတော်မူ၏။ ဒေဝ၊ အရှင်မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ ရမဿု၊ မွေ့လျော်တော်မူလော့။ မာ ပဗ္ဗဇိ၊ ရဟန်းပြုတော်မမူလင့်။

ထိုစကားကို ကြား၍ ဘုရားလောင်းသည် ပယ်တော်မူလိုရကား-

၂၁၇။ ကောသော စ မယှံ ဝိပုလော၊
ကောဋ္ဌာဂါရဉ္စ မယှံ ပရိပူရံ။
ပထဝီ စ မယှံ ဝိဇိတာ၊
တံ ဟိတွာ ပဗ္ဗဇိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၇။ မဟာသေနဂုတ္တ၊ စစ်သူကြီး။ မယှံ၊ ငါ၏။ ကောသော စ၊ ရွှေတိုက် ငွေတိုက်တော်သည်လည်း။ ဝိပုလော၊ ပြန့်ပြောပြည့်စုံ၏။ မယှံ၊ ငါ၏။ ကောဋ္ဌာဂါရဉ္စ၊ ကျီကြသည်လည်း။ ပရိပူရံ၊ ပြည့်စုံ၏။ မယှံ၊ ငါ၏။ ပထဝီ စ၊ မြေနေ လူအများကိုလည်း။ ဝိဇိတာ၊ အောင်မြင်တော်မူ၏။ တံ၊ ထို ရွှေတိုက် ငွေတိုက် အစရှိသည်ကို။ ဟိတွာ၊ စွန့်၍။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။

သူဌေးကြီး တားမြစ်ခြင်း

ထိုစကားကိုကြား၍ စစ်သူကြီးဖဲသည်ရှိသော် ကုလဝဍ္ဎန အမည်ရှိသော သူဌေးသည် နေရာမှထ၍ ရှိခိုးလျက် တင်လျှောက် တောင်းပန်လိုရကား-

၂၁၈။ မယှံ ဓနံ ပဟူတံ၊
သင်္ခါတုံ နောပိ ဒေဝ သက္ကောမိ။
တံ တေ ဒဒါမိ သဗ္ဗမ္ပိ၊
ရမဿု မာ ပဗ္ဗဇိ ဒေဝ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၈။ ဒေဝ၊ အရှင်မင်းမြတ်။ မယှံပိ၊ အကျွန်ုပ်အားလည်း။ ပဟူတံ၊ များစွာသော။ ဓနံ၊ ဥစ္စာသည်။ အတ္ထိ၊ ရှိ၏။ သင်္ခါတုံပိ၊ ရေတွက်အံ့သောငှာလည်း။ နော သက္ကောမိ၊ မတတ်နိုင်။ တံ သဗ္ဗမ္ပိ၊ ထိုအလုံးစုံသော ဥစ္စာကိုလည်း။ တေ၊ အရှင်မင်းမြတ်အား။ ဒဒါမိ၊ ဆက်သပါ၏။ ဒေဝ၊ အရှင်မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ ရမဿု၊ မွေ့လျော်တော်မူပါလော့။ မာ ပဗ္ဗဇိ၊ ရဟန်းပြုတော်မမူပါလင့်။

ဘုရားလောင်းသည် ထိုကုလဝဍ္ဎနသူဌေး တင်လျှောက်သောစကားကို ကြား၍ ပယ်တော်မူလိုရကား-

၂၁၉။ ဇာနာမိ ဓနံ ပဟူတံ၊
ကုလဝဍ္ဎန ပူဇိတော တယာ စသ္မိ။
သဂ္ဂဉ္စ မေ ပတ္ထယာနော၊
တေန အဟံ ပဗ္ဗဇိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၉။ ကုလဝဍ္ဎန၊ ကုလဝဍ္ဎန အမည်ရှိသော။ မဟာ သေဋ္ဌိ၊ သူဌေးကြီး။ အဟံ၊ ငါသည်။ တဝ၊ သင့်အား။ ပဟူတံ ဓနံ၊ များစွာသော ဥစ္စာရှိသည်၏ အဖြစ်ကို။ ဇာနာမိ၊ သိပါ၏။ အဟံ၊ ငါသည်။ တယာ ပူဇိတော၊ သင် ပူဇော်ထိုက်သောသူသည်။ အသ္မိ၊ ဖြစ်၏။ သဂ္ဂဉ္စ၊ နတ်ပြည်ကိုလည်း။ မေ၊ ငါသည်။ ပတ္ထယာနော၊ တောင့်တော်မူ၏။ တေန၊ ထိုကြောင့်။ အဟံ၊ ငါသည်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။

ညီတော်ကို နန်းအပ်ပြီ

ထိုစကားကိုကြား၍ ကုလဝဍ္ဎနသူဌေး ဖဲသည်ရှိသော် ဘုရားလောင်းသည် သောမဒတ္တ အမည်ရှိသော ညီတော်ကို ခေါ်တော်မူ၍ ညီချစ် သောမဒတ်... ငါသည် ဆောင်းလှောင်သော တောကြက်ကဲ့သို့ ငြီးငွေ့၏။ လူတို့ဘောင်၌နေသော ငါ့ကို ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်ခြင်းသည် နှိပ်စက်၏။ ယနေ့ပင်လျှင် ရဟန်းပြုတော့အံ့၊ သင် ချစ်ညီသည် ဤမင်းအဖြစ်ကို ခံယူလော့ ဟု ဆို၍ မင်းအဖြစ်ကို ဆောင်နှင်းလိုရကား-

၂၂၀။ ဥက္ကဏ္ဌိတောသ္မိ ဗာဠှံ၊
အရတိ မံ သောမဒတ္တ အာဝိသတိ။
ဗဟုကာပိ မေ အန္တရာယာ၊
အဇ္ဇေဝါဟံ ပဗ္ဗဇိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၂၀။ သောမဒတ္တ၊ ညီချစ် သောမဒတ်။ အဟံ၊ ငါသည်။ ဥက္ကဏ္ဌိတော၊ ဆောင်းလှောင်မိသော တောကြက်ကဲ့သို့ ငြီးငွေ့သည်။ အသ္မိ၊ ဖြစ်၏။ မံ၊ ငါ့ကို။ အရတိ၊ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်ခြင်းသည်။ ဗာဠှံ အဝိသတိ၊ ပြင်းထန်စွာ နှိပ်စက်ဘိ၏။ မေ၊ ငါ့အား။ ဗဟုကာ၊ များစွာကုန်သော။ အန္တရာယာ၊ အန္တရာယ်တို့သည်။ ပညာယန္တိ၊ ထင်ကုန်၏။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ အဟံ၊ ငါသည်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။

ထိုစကားကိုကြား၍ ညီတော် သောမဒတ်သည်လည်း ရဟန်းပြုလို၍ ထိုအကြောင်းကို နောင်တော်မင်းအား ထင်ရှား တင်လျှောက်လိုရကား-

၂၂၁။ ဣဒံစ တုယှံ ရုစိတံ၊
သုတသောမ အဇ္ဇေဝ ဒါနိ တွံ ပဗ္ဗဇ။
အဟမ္ပိ ပဗ္ဗဇိဿာမိ၊
န ဥဿဟေ တယာ ဝိနာ အဟံ ဌာတုံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၂၁။ သုတသောမ၊ မင်းမြတ် သုတသောမ။ ဣဒံ စ ပဗ္ဗဇိတဘာဝံ၊ ဤရသေ့ရဟန်း အဖြစ်ကိုလည်း။ တုယှံ တယာ၊ နောင်တော် မင်းမြတ်သည်။ ရုစိတံ၊ နှစ်သက်တော်မူ၏။ ဒါနိ၊ ယခု။ တွံ၊ နောင်တော် မင်းမြတ်သည်။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇ၊ ရဟန်းပြုတော်မူပါလော့။ အဟမ္ပိ၊ အကျွန်ုပ်သည်လည်း။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုပါအံ့။ တယာ၊ နောင်တော်မင်းမြတ်နှင့်။ ဝိနာ၊ ကင်း၍။ ဌာတုံ၊ တည်အံ့သောငှာ။ န ဥဿဟေ၊ မစွမ်းနိုင်ပါ။

ထိုအခါ ဘုရားလောင်းသည် ညီတော် သောမဒတ် တင်လျှောက်သော စကားကို ပယ်တော်မူလိုရကား-

၂၂၂။ န ဟိ သက္ကာ ပဗ္ဗဇိတုံ၊
နဂရေ န ဟိ ပစ္စတိ ဇနပဒေ စ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၂၂။ တာတ၊ ညီချစ် သောမဒတ်။ မမ၊ ငါ၏။ ပဗ်ဗဇ်ဇာဓိပ္ပါယံ၊ ရဟန်းပြုလိုသောအဖြစ်ကို။ သုတွာဝ၊ ကြား၍လျှင်။ နဂရေ စ၊ သုဒဿနမြို့၌လည်းကောင်း။ ဇနပဒေ စ၊ ဇနပုဒ်၌ လည်းကောင်း။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဥဒ္ဓနေ၊ ခုံလောက်၌။ ကောစိ၊ တစ်စုံတစ်ယောက်သော သူသည်။ အဂ္ဂိံ၊ မီးကို။ န ပစ္စတိ၊ မညှိ။ တသ္မာ၊ ထို့ကြောင့်။ တယာ၊ သင် ညီချစ်သည်။ ပဗ္ဗဇိတုံ၊ ရဟန်းပြုအံ့သောငှာ။ န ဟိ သက္ကာ၊ မသင့်သည်သာတည်း။

ပြည်သူတို့ ငိုကြွေးကြပြီ

ထိုစကားကိုကြား၍ လူအများသည် ဘုရားအလောင်း ခြေတော်ရင်း၌ လူးလဲ၍ ငိုကြွေးလိုရား
သုတသောမေ ပဗ္ဗဇိတေ၊ ကထံ နု ဒါနိ ကရိဿာမ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဆို၏။

သုတသောမေ၊ သုတသောမ မင်းမြတ်သည်။ ပဗ္ဗဇိတေ၊ ရဟန်းပြုသည်ရှိသော်။ ဒါနိ၊ ယခု။ မယံ၊ ငါတို့သည်။ ကထံ ကရိဿာမ နု၊ အသို့ပြုရပါကုန်အံ့နည်း။

သုတသောမ တရားပြ

ထို့နောင်မှ ဘုရားလောင်းသည် အို လူများတို့... သင်တို့ မစိုးရိမ်ကြကုန်လင့်၊ ငါသည် ကြာမြင့်စွာ တည်သော်လည်း သင်တို့နှင့် ကွေကွင်းရသည် ဖြစ်လတ္တံ့။ ထိုစကားသည် မှန်၏။ ဖြစ်ပြီးသော သင်္ခါရသည် မြဲသောမည်သည် မရှိ ဟု ဆို၍ လူအများအား တရားဟောတော်မူလိုရကား-

၂၂၃။ ဥပနိယျတိဒံ မညေ၊
ပရိတ္တံ ဥဒကံဝ စင်္ကဝါရမှိ။
ဧဝံ သုပရိတ္တကေ ဇီဝိတေ၊
န စ ပမဇ္ဇိတုံ ကာလော။
၂၂၄။ ဥပနိယျတိဒံ မညေ၊
ပရိတ္တံ ဥဒကံ စင်္ကဝါရမှိ။
ဧဝံ သုပရိတ္တကေ ဇီဝိတေ၊
အန္ဓဗာလာ ပမဇ္ဇန္တိ။
၂၂၅။ တေ ဝဍ္ဎယန္တိ နိရယံ၊
တိရစ္ဆာနယောနိဉ္စ ပေတ္တိဝိသယဉ္စ။
တဏှာယ ဗန္ဓနဗဒ္ဓါ၊
ဝဍ္ဎေန္တိ အသုရကာယံ။

ဟူသော ဤ သုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၂၃။ တာတာ၊ အမောင်တို့။ စင်္ကဝါရမှိ၊ ခဝါသည်တို့၏ ပေါင်းအိုး၌။ ပက္ခိတ္တံ၊ ထည့်အပ်သော။ ပရိတ္တံ၊ အနည်းငယ်သော။ ဥဒကံ၊ ရေသည်။ ဥပနိယျတိ ဣဝ၊ လျင်စွာ ကုန်ခန်းသကဲ့သို့။ တထာ၊ ထို့အတူ။ သတ္တာနံ၊ သတ္တဝါတို့၏။ ဣဒံ ဇီဝိတံ၊ ဤအသက်သည်။ ဥပနိယျတိ၊ ကုန်လွယ်၏။ ဣတိ၊ ဤသို့။ မညေ၊ ငါ အောက်မေ့၏။ ဧဝံ- ယထာ ဝုတ္တနယေန၊ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ သုပရိတ္တကေ ဇီဝိတေ- သုပရိတ္တကာနံ ဇီဝိတာနံ၊ အလွန်တိုသော အသက်ရှိကုန်သော သတ္တဝါတို့အား။ ပမဇ္ဇိတုံ၊ မေ့လျော့အံ့သောငှာ။ န ကာလော၊ အခွင့်မရှိ။

֍ ဋ္ဌ ၂၂၄။ တာတ၊ အမောင်တို့။ စင်္ကဝါရမှိ၊ ခဝါသည်တို့၏ ပေါင်းအိုး၌။ ပက္ခိတ္တံ၊ ထည့်အပ်သော။ ပရိတ္တံ၊ အနည်းငယ်သော။ ဥဒကံ၊ ရေသည်။ ဥပနိယျတိ ဣဝ၊ လျင်စွာ ကုန်ခန်းသကဲ့သို့။ တထာ၊ ထို အတူ။ သတ္တာနံ၊ သတ္တဝါတို့၏။ ဣဒံ ဇီဝိတံ၊ ဤ အသက်သည်။ ဥပနိယျတိ၊ ကုန်ခန်းလွယ်၏။ ဣတိ၊ ဤသို့။ မညေ၊ ငါ အောက်မေ့၏။ ဧဝံ- ယထာ ဝုတ္တနယေန၊ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ ဇီဝိတေ၊ အသက်သည်။ သုပရိတ္တကေ၊ အလွန်နည်းသည်။ အထ သန္တေ၊ ဖြစ်ပါလျက်။ ဗာလာ၊ သူမိုက်တို့သည်။ ပမဇ္ဇန္တိ၊ မေ့လျော့ကြကုန်၏။

֍ ဋ္ဌ ၂၂၅။ တဏှာယ ဗန်ဓနဗဒ္ဓါ၊ တဏှာဟုဆိုအပ်သော အနှောင်အဖွဲ့သည် နှောင်ဖွဲ့အပ်ကုန်သော။ တေ ဗာလာ၊ ထို သူမိုက်တို့သည်။ နိရယဉ္စ၊ ငရဲပြည်ကိုလည်းကောင်း။ တိရစ္ဆာနယောနိဉ္စ၊ တိရစ္ဆာန်အမျိုးကို လည်းကောင်း။ ပေတ္တိဝိသယဉ္စ၊ ပြိတ္တာတို့၏ ဘုံကိုလည်းကောင်း။ ဝဍ္ဎယန္တိ၊ ပွားစေကုန်၏။ အသုရကာယဉ္စ၊ ကာလကဉ္စိက အသုရာမျိုးကိုလည်း။ ဝဍ္ဎေန္တိ၊ ပွားများစေကုန်၏။

ဆံတော်ကိုပယ်ပြီ

ဤသို့လျှင် ဘုရားလောင်းသည် လူများအား တရားဟောတော်မူပြီးလျှင် ပုဗ္ဗက အမည်ရှိသော ပြာသာဒ်သို့တက်၍ ခုနစ်ဆင့်မြောက်သော ဘုံ၌တည်လျက် သန်လျက်ဖြင့် ဦးသျှောင်တော်ကို ဖြတ်တော်မူ၍ ငါသည် သင်တို့နှင့် စိုးစဉ်းမျှတော်စပ်သည်မဖြစ်၊ မိမိတို့မင်းကို ဆောင်ယူကြကုန်လော့ ဟု ဆို၍ ဦးပေါင်းတော်နှင့်တကွ ဦးသျှောင်တော်ကို လူများအလယ်သို့ ပစ်လိုက်၏။ ထိုဦးသျှောင်တော်ကို ယူ၍ လူအများသည် မြေ၌လူးလဲ၍ ငိုကြွေး၏။ ထိုအရပ်၌ များစွာသော မြူအစုသည် ထောင်းထောင်းထ၏။ နောက်သို့ဆုတ်၍ တည်သော လူများသည် ထောင်းထောင်းထသော မြူကိုကြည့်၍ မင်း၏ ဦးသျှောင်တော်ကိုဖြတ်၍ မင်းသည် ဦးပေါင်းတော်နှင့်တကွ ဦးသျှောင်တော်ကို ပစ်လိုက်အပ်သည် ဖြစ်လတ္တံ့။ ထို့ကြောင့် ပုဗ္ဗကအမည်ရှိသော ပြာသာဒ်တော်၏ အနီး၌ ဤမြူအစုသည် ထောင်းထောင်းထ၏ ဟု ဆို၍ ငိုကြွေးလိုရကား-

၂၂၇။ ဥဟညတေ ရဇဂ္ဂံ အဝိဒူရေ။
ပုဗ္ဗကမှိ စ ပါပသာဒေ။
မညေ နော ကေသာ ဆိန္နာ၊
ယသဿိနော ဓမ္မရာဇဿ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၂၇။ ဘောန္တော ပရိသာ၊ အို ပရိသတ်အများတို့။ အဝိဒူရေ၊ ဤမှ မဝေးလွန်းသော။ ပုဗ္ဗကမှိ ပါသာဒေ၊ ပုဗ္ဗကအမည်ရှိသော ပြာသာဒ်တော်၏ အနီး၌။ ရဇဂ္ဂံ၊ မြူအစုသည်။ ဥဟညတေ၊ ထောင်းထောင်းထ၏။ နော၊ ငါတို့၏။ ယသဿိနော၊ များသော အခြံအရံရှိသော။ ဓမ္မရာဇဿ၊ တရားမင်းမြတ်သည်။ ကေသာ၊ ဆံတော်တို့ကို။ ဆိန္နာ မညေ၊ ဖြတ်တော်မူချေကုန်ပြီ ထင်၏။

ဘုရားလောင်းသည် အလုပ်အကျွေးတော်ကို စေတော်မူ၍ ရဟန်းတို့၏ ပရိက္ခရာတို့ကို ဆောင်ယူစေပြီးလျှင် ဆံမုတ်ဆိတ်တော်ကို ဆေတ္တာသည်ကို ရိတ်စေ၍ တန်ဆာဆင်အပ်သော အိပ်ရာအပြင်၌ ချစေပြီးလျှင် ဖန်ရည်စွန်းသော အဝတ်တို့၏ အဆာတို့ကိုဖြတ်၍ ထိုဖန်ရည်စွန်းသော အဝတ်ကိုဝတ်လျက် မြေသပိတ်ကို လက်ဝဲပခုံးစွန်း၌ လွယ်ပြီးလျှင် သူအိုတို့၏ စွဲကိုင်ရာ တောင်ဝှေးကိုယူ၍ မြတ်သော ရွှေနန်းပြင်၌ တုံ့ပြန်လူးလာ စင်္ကြံသွားတော်မူ၍ ရွှေနန်းပြာသာဒ်တော်မှ သက်ခဲ့ပြီးလျှင် ခရီးလမ်းမ အလယ်သို့ ကြွသွားတော်မူ၏။ ကြွသွားတော်မူသော ထိုဘုရားလောင်းကိုကား တစ်စုံ တစ်ယောက်သော သူသည် မသိ။ ထိုအခါ ဘုရားလောင်း၏ ခုနစ်ရာကုန်သော မင်းသမီးဖြစ်ကုန်သော မိဖုရားတို့သည် ပြာသာဒ်ထက်သို့ တက်လတ်ကုန်၍ ထိုဘုရားလောင်း သုတသောမမင်းကို မမြင်ကုန်၍ ဝတ်ဆင်ကုန်သော တန်ဆာတော်ကိုသာလျှင် မြင်ကုန်၍ ဆင်းခဲ့ကုန်ပြီးလျှင် ကြွင်းကုန်သော တစ်သောင်း ခြောက်ထောင်ကုန်သော မိန်းမတို့၏အထံသို့ သွားကုန်၍ အို အချင်းတို့... ရှင်မတို့၏ ချစ်လှစွာသော အရှင်ဖြစ်သော သုတသောမ အမည်ရှိသော မင်းမြတ်သည် ရဟန်းပြုတော်မူလေပြီ ဟု သည်းစွာသော အသံဖြင့် ငိုကြွေးကုန်လျက် အပသို့ထွက်ကြကုန်၏။ ထိုခဏ၌ လူအများသည် ဘုရားလောင်း သုတသောမမင်း ရဟန်းပြုသည်၏အဖြစ်ကို သိကြလေ၏။ အလုံးစုံသောမြို့၌ တို့အရှင်မင်းမြတ်သည် ရဟန်းပြုတော် မူသတတ် ဟု ချောက်ချားသည်ဖြစ်၍ ထိုအခါ မင်းအိမ်တံခါးတော်၌ စည်းဝေးကြ၏။ လူများသည် ငါတို့အရှင်မင်းမြတ်သည် ဤအရပ်၌ ရှိသည်ဖြစ်လတ္တံ့၊ ထိုအရပ်၌ ရှိသည်ဖြစ်လတ္တံ့ ဟု ပြာသာဒ် အစရှိကုန်သော မင်းသုံးဆောင် စံနေတော်မူရာ အရပ်တို့သို့သွား၍ မင်းကိုမမြင်သဖြင့် လှည့်လည်လျက် ငိုကြွေးလိုရကား-

၂၂၇။ အယမဿ ပါသာဒေါ၊
သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော။
ယဟိမနုဝိစရိ ရာဇာ။
ပရိကိဏ္ဏော ဣတ္ထာဂါရေဟိ။
၂၂၈။ အယမဿ ပါသာဒေါ၊
သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၂၉။ ဣဒမဿ ကူဋာဂါရံ၊
သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္တာဂါရေဟိ။
၂၃၀။ ဣဒမဿ ကူဋာဂါရံ၊
သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၃၁။ အယမဿ အသောကဝနိကာ၊
သုပုပ္ဖိတာ သဗ္ဗကာလိကာ ရမ္မာ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္ထာဂါရေဟိ။
၂၃၂။ အယမဿ အသောကဝနိကာ၊
သုပုပ္ဖိတာ သဗ္ဗကာလိကာ ရမ္မာ။
ယဟိ မနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၃၃။ ဣဒမဿ ဥယျာနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိ မနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္တာဂါရေဟိ။
၂၃၄။ ဣဒမဿ ဥယျာနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိ မနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၃၅။ ဣဒမဿ ကဏိကာရဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္တာဂါရေဟိ။
၂၃၆။ ဣမဿ ကဏိကာရဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၃၇။ ဣဒမဿ ပါဋလိဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိ မနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္တာဂါရေဟိ။
၂၃၈။ ဣဒမဿ ပါဋလိဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၃၉။ ဣဒမဿ အမ္မဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္ထာဂါရေဟိ။
၂၄၀။ ဣဒမဿ အမ္ဗဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၄၁။ အယမဿ ပေါက္ခရဏီ၊
သဉ္ဆန္နာ အဏ္ဍဇေဟိ ဝီတိကိဏ္ဏာ။
ယဟိ မနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္တာဂါရေဟိ။
၂၄၂။ အယမဿ ပေါက္ခရဏီ၊
သဉ္ဆန္နာ အဏ္ဍဇေဟိ ဝီတိကိဏ္ဏာ။
ယဟိ မနုဝိစရိ ရာဇာ၊
ပကိဏ္ဏော ဉာတိသံဃေန။

ဟူသော ဤတစ်ဆယ့်ခြောက်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၂၇။ သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော၊ ရွှေပန်း အထူးထူးသော ပန်းကုံးပန်းဆိုင်းတို့ဖြင့် ပြည့်သော။ အယံပါသာဒေ၊ ဤ ရွှေပြာသာဒ်တော်သည်။ အဿ၊ ထိုသုတသောမ မင်းမြတ်၏။ ပါသာဒေါ၊ စံတော်မူရာ ပြာသာဒ်တော်တည်း။ ယဟိံ၊ အကြင် ပြာသာဒ်တော်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဣတ္တာဂ့ရေဟိ၊ မင်းမောင်းမတို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံလျက်။ အနုဝိစရိ၊ စံပယ်တော်မူလှလေပြီ။

֍ ဋ္ဌ ၂၂၈။ သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော၊ ရွှေပန်း အထူးထူးသော ပန်းကုံးပန်းဆိုင်းတို့ဖြင့် ပြည့်သော။ အယံ ပါသာဒေါ၊ ဤရွှေပြာသာဒ်တော်သည်။ အဿ၊ ထိုသုတသောမ မင်းမြတ်၏။ ပါသာဒေါ၊ စံတော်မူရာ ပြာသာဒ်တော်တည်း။ ယဟိံ၊ အကြင်ရွှေပြာသာဒ်တော်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံ၍။ အနူဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၂၉။ သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော၊ ရွှေပန်း အထူးထူးသော ပန်းကုံးပန်းဆိုင်းတို့ဖြင့် ပြည့်ထသော။ ဣဒံ ကူဋာဂါရံ၊ ဤရတနာခုနစ်ပါးတို့ဖြင့် ဆန်းကြယ်သော နေရာရှိသော စုလစ်မွန်းချွန်တပ်သော ရွှေနန်းတော် တိုက်ခန်းသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ကူဋာဂါရံ၊ စုလစ်မွန်းချွန်တပ်သော ရွှေနန်းဆောင် တိုက်ခန်းတော်တည်း။ ယဟိံ၊ အကြင် အဆောင်တော် တိုက်ခန်း၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဣတ်ထာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၃၀။ သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော၊ ရွှေပန်း အထူးထူးသော ပန်းကုံးပန်းဆိုင်းတို့ဖြင့် ပြည့်သော။ ဣဒံကူဋာဂါရံ၊ ဤ ရတနာခုနှစ်ပါးတို့ဖြင့် ဆန်းကြယ်သော နေရာရှိသော စုလစ်မွန်းချွန်တပ်သော ဤရွှေနန်းဆောင် တိုက်ခန်းသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမမင်း၏။ ကူဋာဂါရံ၊ စုလစ်မွန်းချွန်တပ်သော ရွှေနန်းဆောင် ပြာသာဒ်တော်တည်း။ ယဟိံ၊ အကြင် အဆောင်တော်တိုက်ခန်း၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ပတ်လည်ဝန်းရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၃၁။ သုပုပ္ဖိတာ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကာ၊ ဆယ့်နှစ်ရာသီ အညီမလပ် မပြတ်ပွင့်ထသော။ ရမ္မာ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ အယံ အသောကဝနိကာ၊ ဤပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်သည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ အသောက ဝနိကာ၊ ပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်တည်း။ ယဟိံ၊ အကြင် ပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဣတ္တာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၃၂။ သုပုပ္ဖိတာ၊ ကောင်းစွာပွင့်ထသော။ သဗ္ဗကာလိကာ၊ ဆယ့်နှစ်ရာသီ အညီမလပ် မပြတ်ပွင့်ထသော။ ရမ္မာ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ အယံ အသောကဝနိကာ၊ ဤပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်သည်။ အဿ၊ ထိုငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ အသောကဝနိကာ၊ ပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်တည်း။ ယဟိံ၊ အကြင် ပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၃၃။ သုပုပ္ဖိတံ၊ ကောင်းစွာပွင့်ထသော။ သဗ္ဗကာလိကံ၊ ဆယ့်နှစ်ရာသီ အညီမလပ် မပြတ်ပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ်ရှိထသော။ ဣဒံ ဥယျာနံ၊ ဤ ဥယျာဉ်တော်သည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမမင်းမြတ်၏။ ဥယျာနံ၊ ဥယျဉ်တော်တည်း။ ယဟိံ၊ အကြင် ဥယျာဉ်တော်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမမင်းမြတ်သည်။ ဣတ္ထာဂါရေဟိ၊ မိဖုရားအလောင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၃၄။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကံ၊ ဆယ့်နှစ်ရာသီ အညီမလပ် မပြတ်သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ ဣဒံ ဥယျာနံ၊ ဤ ဥယျာဉ်တော်သည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ဥယျာနံ၊ ဥယျာဉ်တော်တည်း။ ယဟိံ၊ အကြင် ဥယျာဉ်တော်၌၊ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော် မျိုးတော်အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၃၅။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော် ပျော်ဖွယ် ရှိထသာ။ ဣဒံ ကဏိကာရဝနံ၊ ဤမဟာလှေကား ပန်းတောသည်။ အဿ၊ ထိုငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ကဏိကာရဝနံ၊ မဟာလှေကား ပန်းတောတည်း။ ယဟိံ၊ အကြင် မဟာလှေကား ပန်းတော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမမင်းမြတ်သည်။ ဣတ္ထာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြွေရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၃၆။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ ဣဒံ ကဏိကာရဝနံ၊ ဤ မဟာလှေကား ပန်းတောသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတတောမ မင်းမြတ်၏။ ကဏိကာရဝနံ၊ မဟာလှေကား ပန်းတောတည်း။ ယဟိံ၊ အကြင် မဟာလှေကား ပန်းတော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမမင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြွေရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၃၇။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ ဣဒံ ပါဋလိဝနံ၊ ဤ သခွတ်တောသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမမင်းမြတ်၏။ ပါဋလိဝနံ၊ သခွတ်တောတည်း။ ယဟိံ၊ အကြင်သခွတ်တော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဣတ္တာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၃၈။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ ဣဒံ ပါဋလိဝနံ၊ ဤ သခွတ်တောသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ပါဋလိဝနံ၊ သခွတ်တောတည်း။ ယဟိံ၊ အကြင် သခွတ်တော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမမင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၃၉။ သုပုပ္ဖိတံ၊ ကောင်းစွာပွင့်ထသော။ သဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ်ရှိထသော။ ဣဒံ အမ္ဗဝနံ၊ ဤ သရက်တောသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ အမ္ဗဝနံ၊ သရက်တောတည်း။ ယဟိံ၊ အကြင်သရက်တော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမမင်းမြတ်သည်။ ဣတ္တာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၄၀။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ ကဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ်ရှိထသော။ ဣဒံ အမ္မဝနံ၊ ဤ သရက်တောသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ အမ္ဗဝနံ၊ သရက်တောတည်း။ ယဟိံ၊ အကြင်သရက်တော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံ ဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၄၁။ သဉ္ဆန္နာ၊ အထူးထူးသော ရေပန်း ကြည်းပန်းတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းထား။ အဏ္ဍဇေဟိ၊ ငှက်အပေါင်း တို့ဖြင့်။ ဝိကိဏ္ဏာ၊ ပြည့်ထသော။ အယံ ပေါက္ခရဏီ၊ ဤ မင်္ဂလာ ရေကန်တော်သည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ပေါက္ခရဏီ၊ မင်္ဂလာ ရေကန်တော်တည်း။ ယဟိံ၊ အကြင် မင်္ဂလာရေကန်တော်၌ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဣတ္ထာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

֍ ဋ္ဌ ၂၄၂။ သဉ္ဆန္နာ၊ အထူးထူးသော ရေပန်း ကြည်းပန်းတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းအပ်ထသော။ အဏ္ဍဇေဟိ၊ ငှက်အပေါင်းတို့ဖြင့်။ ဝိကိဏ္ဏာ၊ ပြည့်ထသော။ အယံ ပေါက္ခရဏီ၊ ဤ မင်္ဂလာ ရေကန်တော်သည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ပေါက္ခရဏီ၊ မင်္ဂလာ ရေကန်တော်တည်း။ ယဟိံ၊ အကြင် မင်္ဂလာရေကန်တော်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းတို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

ဤသို့လျှင် ထိုထိုအရပ်တို့၌ ငိုကြွေးပြီးလျှင် လူအများသည် တစ်ဖန် မင်း၏ ညီလာခံတော်မူရာ အပြင်သို့ လာလတ်၍ ငိုကြွေးမြည်တမ်းလိုရကား-

၂၄၃။ ရာဇာ ဝေါ ခေါ ပဗ္ဗဇိတော။
သုတသောမော ရဇ္ဇံ ဣမံ ပဟန္တွာန။
ကာသာယဝတ္ထဝသနော၊
နာဂေါဝ ဧကကော စရတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၄၃။ ဝေါ၊ သင်တို့၏။ သုတသောမော၊ သုတသောမ အမည်ရှိသော။ ရာဇာ၊ အရှင်မင်းမြတ်သည်။ ဣမံ ရဇ္ဇံ၊ ဤ မင်းအဖြစ်ကို။ ပဟန္တွာန၊ စွန့်တော်မူ၍။ ကာသာယဝတ္ထဝသနော၊ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လျက်။ ပဗ္ဗဇိတာ၊ ရဟန်းပြုတော်မူ၍။ နာဂေါဝ၊ ဆင်ပြောင်ကြီးကဲ့သို့။ ဧကကော၊ ကိုယ်တော် တစ်ပါးတည်း။ စရတိ၊ ကြွသွားတော်မူ၏။

လူအများ ရဟန်းပြုကြခြင်း

ဤဂါထာဖြင့် ငိုမြည်တမ်းပြီးလျှင် မိမိတို့အိမ်၌ စည်းစိမ်ဥစ္စာကို စွန့်ခဲ့သဖြင့် သားသမီးတို့ကို လက်ဆွဲ၍ အိမ်မှထွက်သဖြင့် ဘုရားအလောင်း အထံသို့လျှင် သွားကြလေ၏။ မယ်တော် ခမည်းတော်တို့သည်လည်းကောင်း၊ သားတော်သမီးတော် ကိုယ်လုပ်တော် မောင်းမတို့သည်လည်းကောင်း။ တစ်သောင်း ခြောက်ထောင်ကုန်သော ကချေသည် မိန်းမတို့သည်လည်းကောင်း ထို့အတူလျှင် သွားကြကုန်၏။ ထို့ကြောင့် မြို့အလုံးသည် အချည်းနှီးကဲ့သို့ ဖြစ်၏။ ဇနပုဒ်၌နေသော သူတို့သည်လည်း မြို့သူတို့ နောက်မှ နောက်မှ သွားကြကုန်၏။ ဘုရားလောင်းသည် တစ်ဆယ့်နှစ်ယူဇနာရှိသော ပရိသတ်ကိုယူ၍ ဟိမဝန္တာသို့ရှေးရှု သွားတော်မူ၏။ ထိုအခါ ဘုရားအလောင်း တောထွက်တော်မူခြင်းကို သိ၍ သိကြားမင်းသည် ဝိသုကြုံ နတ်သားကို ခေါ်၍ အမောင် ဝိသုကြုံနတ်သား... သုတသောမ မင်းမြတ်သည် တောထွက်တော်မူလေပြီ၊ နေရာ အရပ်ကို ရခြင်းငှာ သင့်၏။ အစည်းအဝေးသည် များလတ္တံ့၊ သွားချေ၊ ဟိမဝန္တာအရပ်၌ ဂင်္ဂါနားဝယ် အလျား သုံးဆယ့်ခြောက်ယူဇနာ အနံ တစ်ဆယ့်ငါးယူဇနာရှိသော ကျောင်းသင်္ခမ်းကို ဖန်ဆင်းချေလော့ ဟု စေလိုက်၏။

ထိုဝိသုကြုံနတ်သားသည် သိကြားမင်း မိန့်ဆိုတိုင်းပြု၍ ကျောင်းတွင်း၌ ရသေ့ရဟန်းတို့၏ ပရိက္ခရာတို့ကို စီရင်ပြီးလျှင် တစ်ဖဝါးလှမ်းလောက်ရုံသော လမ်းကို သ့ယ်ခဲ့၍ နတ်ပြည်သို့လျှင် သွားလေ၏။ ဘုရားလောင်းသည် ထို လမ်းဖြင့် သွားလေ၍ ထိုကျောင်းတွင်းသို့ ဝင်ပြီးလျှင် ရှေးဦးစွာ မိမိသည် ရဟန်းပြု၍ နောက်မှ ကြွင်းကုန်သော သူတို့ကို ရဟန်းပြုစေ၏။ နောက်၌ များစွာသော သူတို့သည် ရဟန်းပြုကုန်၏။ သုံးဆယ့် ခြောက်ယူဇနာရှိသော အရပ်သည် ပြည့်၏။ ဝိသုကြုံနတ်သား ကျောင်းသင်္ခမ်းကို ဖန်ဆင်းသော နည်းကိုလည်းကောင်း၊ များစွာသောသူတို့ ရဟန်းပြုသော နည်းကိုလည်းကောင်း၊ ဘုရားလောင်း ကျောင်း၌စီရင်သော နည်းကိုလည်းကောင်း ဟတ္ထိပါလဇာတ်၌ လာသော နည်းဖြင့်လျှင် သိအပ်၏။ ဘုရားလောင်းသည် ထိုကျောင်း၌ အကြင်အကြင် ရသေ့ရဟန်းအားလျှင် ကာမဝိတက် အစရှိသော မိစ္ဆာဝိတက်သည်ဖြစ်၏။ ထိုထိုရသေ့ရဟန်းတို့ အထံသို့ ကောင်းကင်ခရီးဖြင့် ကပ်တော်မူ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျက် အဆုံးအမပေးတော်မူလိုရကား-

၂၄၄။ မာဿု ပုဗ္ဗေ ရတိ ကီဠိတာနိ၊
ဟသိတာနိ စ အနုဿရိတ္ထ။
မာ ဝေါ ကာမာ ဟနိံသု၊ ရမ္မံ ဟိ သုဒဿနံ နဂရံ။
၂၄၅။ မေတ္တစိတ္တဉ္စ ဘာဝေထ၊
အပ္ပမာဏံ ဒိဝါ စ ရတ္တော စ။
အဂစ္ဆိတ္ထ ဒေဝပုရံ၊ အာဝါသံ ပုညကမ္မိနံ။

ဟူသော ဤဂါထာ နှစ်ခုတို့၏အပေါင်းကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၄၄။ ဘောန္တော သဇ္ဇနာ၊ အိုသူတော်ကောင်း အပေါင်းတို့။ တုမှေ၊ သင်တို့သည်။ ပုဗ္ဗေ၊ ရှေးကာလ၌။ ရတိ ကီဠိတာနိ စ၊ ကာမ၌ မွေ့လျော်ခြင်းဖြင့်လည်းကောင်း, ကိုယ်နှုတ်တို့ဖြင့် ရွှင်မြူးခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း, ဖြစ်ဖူးကုန်သော မွေ့လျော်ခြင်းတို့ကိုလည်းကောင်း။ ဟသိတာနိစ၊ ပျော်ရွှင်ခြင်းတို့ကိုလည်းကောင်း။ မာ အနုဿရိတ္ထ၊ မအောက်မေ့ကြကုန်လင့်။ ဝေါ၊ သင်တို့အား။ ကာမာ၊ ကာမတို့သည်။ မာ ဟနိံသု၊ မညှဉ်းဆဲစေကုန်လင့်။ သုဒဿနံ၊ သုဒဿန အမည်ရှိသော။ ရမ္မံ ဟိ- ရမ္မံ ဧဝ၊ နှလုံးမွေ့လျော်ဖွယ် ရှိသည်သာလျှင် ဖြစ်သော။ နဂရံ၊ နေပြည်တော်ကို။ မာ အနုဿရိတ္ထ၊ မအောက်မေ့ကြကုန်လင့်။

֍ ဋ္ဌ ၂၄၅။ ဘောန္တော သဇ္ဇနာ၊ အိုသူတော်ကောင်း အပေါင်းတို့။ တုမှေ၊ သင်တို့သည်။ ဒိဝါစ၊ နေ့၌ လည်းကောင်း။ ရတ္တောစ၊ ညဉ့်၌လည်းကောင်း။ အပ္ပမာဏံ၊ အတိုင်းအရှည် မရှိသော။ မေတ္တစိတ္တဉ္စ၊ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာနှင့်ယှဉ်သော စိတ်ကိုလည်း။ ဘာဝေထ၊ ပွားစေကုန်လော့။ အထ၊ ထိုသို့ ပွားစေကုန်သည်ရှိသော်။ တုမှေ၊ သင်တို့သည်။ ပုညကမ္မိနံ၊ ဘုန်းကံရှိကုန်သော သူတို့၏။ အာဝါသံ၊ နေရာဖြစ်သော။ ဒေဝပူရံ၊ ဗြဟ္မာ့ပြည်သို့။ အဂစ္ဆိတ္ထ၊ ရောက်ကြကုန်လတ္တံ့။

ထိုရသေ့အပေါင်းသည်လည်း ဘုရားအလောင်း၏ အဆုံးအမ၌တည်၍ ဗြဟ္မာ့ပြည်သို့ လား၏။ ဤသို့အစရှိသော အလုံးစုံသော စကားကို ဟတ္ထိပါလဇာတ်၌ လာသော နည်းဖြင့်သာလျှင် သိအပ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း မြတ်သော တောထွက်ခြင်းကို တောထွက်တော် မူဖူးသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ ရဟန်းတို... ယခုအခါ မြတ်သော သာကီဝင်မင်းမျိုး ဖြစ်ကုန်သော သိရိမဟာမာယာ, သုဒ္ဓေါဒနမင်းကြီးတို့သည် ထိုအခါ မယ်တော် ခမည်းတော်တို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ရာဟုလာ့ မယ်တော်သည် ထိုအခါ စန္ဒာဒေဝီမိဖုရားကြီး ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သားတော်အကြီး ဖြစ်ဖူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားတော်အငယ် ဖြစ်ဖူးပြီ၊ ယခုအခါ ခုဇ္ဇုတ္တရာသည် ထိုအခါ အထိန်းတော်မ ဖြစ်ဖူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ ကုလဝဍ္ဎနသူဌေးကြီး ဖြစ်ဖူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ စစ်သူကြီး ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ညီတော်သောမဒတ်မင်း ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သုတသောမမင်းမြတ် ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆံတစ်ပင်ဖြူ၊ သံဝေယူ၊ သူတော်ကောင်းများ၊ တောထွက်သွား

ငါးခုမြောက်ဖြစ်သော စူဠသုတသောမဇာတ်သည် ပြီး၏။

*****

ပဏ္ဏာသနိပါတ်

၁။ နိလိနိကာဇာတ်

ကာမရမ္မက်နှင့် အကျင့်သီလ ပျက်စီးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဥဒ္ဒယှတေ ဇနပဒေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနိလိနိကာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဟောတော်မူသော သဗ္ဗညူ မြတ်စွာဘုရားသည်လည်း ထိုရဟန်းကို ရဟန်း... သင့်ကို အဘယ်သူသည် ငြီးငွေ့စေအပ်သနည်း ဟု မေးတော်မူ၍ အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... ယခုအခါ၌သာလျှင် ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်သည် မဟုတ်သေး၊ ရှေး၌လည်း သင်၏အကျိုးမဲ့ကို ပြုဖူးသည်သာလျှင်တည်း၊ ထိုမိန်းမကိုမှီ၍ ဈာန်မှရွေ့လျောသည်၏ အဖြစ်ဖြင့် ကြီးစွာသော ပျက်စီးခြင်းသို့ သင် ရောက်ဖူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကျော်စောထင်ရှားသော ပုဏ္ဏားသူကြွယ်မျိုး၌ ဖြစ်၍ အရွယ်သို့ရောက်သဖြင့် အတတ်သင်ပြီးလျှင် ရသေ့ရဟန်းအဖြစ်သို့ကပ်၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်၌ နေ၏။

ဣသိသိင်္ဂ ရှင်ရသေ့

အလမ္ဗုသာဇာတ်၌ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် ထို ဘုရားလောင်း ရှင်ရသေ့ကိုစွဲ၍ သမင်မတစ်ကောင်သည် ကိုယ်ဝန်ရ၍ သူငယ်ကိုဖွား၏။ ထိုသူငယ်အား ဣသိသိင်္ဂ ဟူသော အမည်သည်လျှင် ဖြစ်၏။ ထို့နောင်မှ အရွယ်သို့ရောက်သော ထိုဣသိသိင်္ဂကို ခမည်းတော် ရှင်ရသေ့ကြီးသည် ရသေ့ရဟန်းပြုပြီးလျှင် ကသိုဏ်းပရိကံကို ဟော၍ သင်စေ၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်သည် မကြာမြင့်မီလျှင် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဈာန်ချမ်းသာဖြင့် ကစားရွှင်မြူး၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်သည် ပြင်းထန်သော အကျင့်ရှိ၏။ ချုပ်တည်း စောင့်စည်းသော ဣန္ဒြေရှိ၏။

သိကြားမင်း လန့်ခြင်း

ထိုဣသိသိင်္ဂ ရသေ့ငယ်၏ သီလတန်ခိုးကြောင့် သိကြားမင်း၏နေရာသည် တုန်လှုပ်၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိ၍ ထိုရသေ့၏ သီလကို ဥပါယ်တံမျဉ်ဖြင့် ဖျက်ဆီးအံ့ဟု ကြံ၍ သုံးနှစ်တို့ပတ်လုံး ကာသိတိုင်းအလုံး၌ မိုးမရွာခြင်းကို ဖြစ်စေ၏။ ကာသိတိုင်းအလုံးသည် မီးလောင်သကဲ့သို့ ဖြစ်၏။ ကောက်သည် မပြည့်စုံသည်ရှိသော် ငတ်မွတ်ခြင်း နှိပ်စက်ရကား လူတို့သည် စည်းဝေးကုန်၍ မင်းရင်ပြင်၌ ကြွေးကြော်ကုန်၏။

ထိုအခါ လူတို့ကို ဗြဟ္မဒတ်မင်းသည် လေသာနန်း တံခါးဝ၌ ရပ်လျက် ထိုကြွေးခြင်းသည် အကြောင်း အသို့နည်း ဟု မေးတော်မူ၏။ မြတ်သောမင်းကြီး သုံးနှစ်ပတ်လုံး မိုးမရွာသည်၏အဖြစ်ကြောင့် အလုံးစုံသော တိုင်းပြည်သည် ပူလောင်၏။ လူတို့သည် ငတ်မွတ်ကုန်၏။

အရှင်မင်းကြီး... မိုးကို ရွာစေတော်မူလော့ ဟု တင်လျှောက်ကုန်သောကြောင့် ဗြဟ္မဒတ်မင်းသည် ငါးပါးသော သီလကိုဆောက်တည်၍ ဥပုသ်သုံးပါးသော်လည်း မိုးကို ရွာစိမ့်သောငှာ မတတ်နိုင်။ ထိုကာလ၌ သိကြားမင်းသည် သန်းခေါင်ယံအခါဝယ် ထိုဗြဟ္မဒတ်မင်း၏ အသရေရှိသော တိုက်ခန်းသို့ ဝင်ပြီးလျှင် တစ်ပြိုက်နက်သော အလင်းကိုပြု၍ ကောင်းကင်ပြင်၌ တည်၏။ ဗြဟ္မဒတ်မင်းသည် ထိုသိကြားမင်းကို မြင်၍ သင်ကား အဘယ်သူနည်း ဟု မေး၏။ ငါကား သိကြားနတ်မင်းတည်း ဟု ပြောဆိုလတ်သော် အဘယ်အကြောင်းကြောင့် လာသနည်း ဟု မေး၏။ မြတ်သောမင်းကြီး... သင်မင်းကြီး၏ တိုင်းနိုင်ငံတော်၌ သုံးနှစ်ပတ်လုံး မိုးရွာပါ၏လော ဟု သိကြားမင်း ဆိုလတ်သော် မရွာ ဟု ဗြဟ္မဒတ်မင်း ဆို၏။ သင်မင်းကြီးသည် မိုးမရွာခြင်း၏ အကြောင်းကို သိ၏လော ဟု သိကြားမင်း မေးသည်ရှိသော် သိကြားနတ်မင်း မသိပါ ဟု ဆို၏။

ရသေ့ကို ဖျက်ဆီးခြင်း

မြတ်သောမင်းကြီး... ဤဟိမဝန္တာအရပ်၌ ဣသိသိင်္ဂအမည်ရှိသော ရသေ့ငယ်သည် နေ၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်သည် ပြင်းထန်သောအကျင့် ရှိ၏။ ချုပ်တည်း စောင့်စည်းသော ဣန္ဒြေရှိ၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်သည် မပြတ်လျှင် မိုးရွာသည်ရှိသော် အမျက်ထွက်၍ ကောင်းကင်ကို ကြည့်၏။ ထို့ကြောင့် မိုးမရွာ ဟု သိကြားမင်းဆိုလတ်သော် ယခုအခါ ထိုဣသိသိင်္ဂ ရသေ့ငယ်အား အသို့ပြုအပ်သနည်း ဟု မေး၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်၏သီလကို ဖျက်ဆီးသည်ရှိသော် မိုးရွာလတ္တံ့ ဟု သိကြားမင်း ပြောဆိုလတ်သော် ထိုဣသိသိင်္ဂ ရသေ့ ၏သီလကို ဖျက်ဆီးအံ့သောငှာ အဘယ်သူသည် စွမ်းနိုင်ပါမည်နည်း မေး၏။ မြတ်သောမင်းကြီး... သင်မင်းကြီး၏ သမီးတော် နိလိနိကာသည် စွမ်းနိုင်၏။ ထိုနိလိနိကာကို ခေါ်စေတော်မူ၍ ဤမည်သော အရပ်သို့သွား၍ ဣသိသိင်္ဂရသေ့ငယ်၏ သီလကိုဖျက်ဆီးချေဟု စေတော်မူလော့ ဟု ဗြဟ္မဒတ်မင်းကို ဆုံးမခဲ့ပြီးလျှင် မိမိနေရာ တာတိံသာ နတ်ရွာသို့လျှင် သွားလေ၏။ ဗြဟ္မဒတ်မင်းသည် နက်ဖြန်နေ့၌ မှူးမတ်တော်တို့နှင့်တကွ တိုင်ပင်ပြီးလျှင် သမီးတော် နိလိနိကာကို ခေါ်စေ၍ စေတော်မူလိုရကား-

။ ဥဒ္ဒယှတေ ဇနပဒေါ၊ ရဋ္ဌဉ္စာပိ ဝိနဿတိ။
ဧဟိ နိလိနိကေ ဂစ္ဆ၊ တံ မေ ဗြာဟ္မဏမာနယ။

ဟူသော ရှေးဦးစွာသာ ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁။ နိလိနိကေ၊ ရှင်မ နိလိနိကာ။ ဧဟိ၊ လာလှည့်။ ဇနပဒေါ၊ ဇနပုဒ်သည်။ ဥဒ္ဒယှတေ၊ ဆင်းရဲပူလောင်၏။ ရဋ္ဌဉ္စာပိ၊ တိုင်းနိုင်ငံတော်သည်လည်း။ ဝိနဿတိ၊ ပျက်စီး၏။ တွံ၊ သင်ရှင်မသည်။ ဂစ္ဆ၊ သွားတည့်ချေ။ မေ၊ ငါ၏။ တံ ဗြာဟ္မဏံ၊ ထို အကျိုးမဲ့ကိုပြုကျင့်သော ရသေ့ငယ်ကို။ အာနယ၊ ရှင်မ အလိုသို့ ဆောင်တည့်ချေ။

ထိုစကားကိုကြား၍ သမီးတော် နိလိနိကာသည် ခမည်းတော် ဗြဟ္မဒတ်မင်းအား အကြောင်းကို ပြန်လျှောက်လိုရကား-

။ အဟံ ဒုက္ခက္ခမာ ရာဇ၊ နာဟံ အဒ္ဓါနကောဝိဒါ။
ကထံ အဟံ ဂမိဿာမိ၊ ဝနံ ကုဉ္ဇရသေဝိတံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂။ ရာဇ၊ ခမည်းတော်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ န ဒုက္ခက္ခမာ၊ ဆင်းရဲခြင်းကို သည်းမခံနိုင်ပါ။ အဟံ၊ အကျွန်ုပ်သည်။ န အဒ္ဓါနကောဝိဒါ၊ လမ်းခရီး၌ မလိမ္မာပါ။ ကုဉ္ဇရသေဝိတံ၊ တောဆင်ရိုင်းတို့၏ မှီဝဲကျက်စားရာဖြစ်သော။ ဝနံ၊ တောကြီးထဲသို့။ အဟံ၊ အကျွန်ုပ်သည်။ ကထံ ဂမိဿာမိ၊ အဘယ်သို့ သွားရပါမည်နည်း။

ထို့နောင်မှ ခမည်းတော် ဗြဟ္မဒတ်မင်းသည် သွားနိုင်အံ့သော အကြောင်းကို သမီးတော်အား ကြားလိုရကား-

။ ဖီတံ ဇနပဒံ ဂန္တာ၊ ဟတ္ထိနာ စ ရထေန စ။
ဒါရုသံဃာဋယာနေန၊ ဧဝံ ဂစ္ဆ နိလိနိကေ။
။ ဟတ္ထိအဿရထေ ပတ္တီ၊ ဂစ္ဆေဝါဒါယ ခတ္တိယေ။
တဝေဝ ဝဏ္ဏရူပေန၊ ဝသံ တမာနယိဿသိ။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

֍ ဋ္ဌ ၃။ နိလိနိကေ၊ ရှင်မ နိလိနိကာ။ တွံ၊ သင်ရှင်မသည်။ ဖီတံ၊ ဝပြောသာယာ ပွင့်လင်းစေသော။ ဇနပဒံ၊ ဇနပုဒ်ကို။ ဟတ္ထိနာ စ၊ ဆင်စီးလိုလျှင်လည်း ဆင်စီး၍။ ရထေန စ၊ ရထားစီးလိုလျှင်လည်း ရထားစီး၍။ ဂန္တာ၊ သွားပြီးမှ။ ဒါရုသံဃာဋယာနေန၊ ရေသို့ရောက်သောအခါ လှေယာဉ်ဖြင့်။ ဂမိဿသိ၊ သွားရလတ္တံ့သည်တကား။ ဧဝံ- ယထာ ဝုတ္တနယေန၊ အကြင် အကြင် ဆိုအပ်ပြီးသော နည်းဖြင့်။ ဂစ္ဆ၊ သွားတည့်ချေ။

֍ ဋ္ဌ ၄။ ခတ္တိယေ၊ မင်းသမီး နိလိနိကာ။ တဝေဝ၊ သင်ရှင်မ၏သာလျှင်။ ဝဏ္ဏရူပေန၊ အသွင်အဆင်းဖြင့်။ တံ၊ ထို ဣသိသိင်္ဂရသေ့ငယ်ကို။ ဝသံ၊ ကိလေသာနိုင်ငံသို့။ အာနသိဿသိ၊ ဆောင်နိုင်လတ္တံ့သည်တကား။ ဟတ္ထိအဿ ရထေ စ၊ ဆင်, မြင်း, ရထားတို့ကိုလည်းကောင်း။ ပတ္တီစ၊ ခြေသည်သူရဲတို့ကိုလည်းကောင်း။ အာဒါယ၊ ဆောင်ယူ၍။ ဂစ္ဆေဝ၊ သွားလျှင်တည့်ချေလော့။

မင်းသမီး တောထဲသွားပြီ

ဤသို့လျှင် ဗြဟ္မဒတ်မင်းသည် သမီးတော် နိလိနိကာနှင့်တကွ မအပ်သောစကားကို စင်လျက်လည်း တိုင်းပြည်ကိုစောင့်ရှောက်ခြင်းကို အမှီပြု၍ ဆိုတော်မူ၏။ ထိုမင်းသမီးတော် နိလိနိကာသည်လည်းကောင်းပြီ ဟု ဝန်ခံ၏။ ထိုအခါ သမီးတော်အား အလုံးစုံသော ပေးကောင်းဖွယ်ဟူသမျှကို ပေးလိုက်၍ အမတ်တို့နှင့်တကွ လွှတ်လိုက်၏။

အမတ်တို့သည် ပစ္စန္တရစ်သို့ရောက်လျှင် ထိုပစ္စန္တရစ်ဝယ် သစ်ခက်တပ်၌ နေစေပြီးလျှင် မင်းသမီး နီလိနိကာကို ထမ်းစေလျက် မုဆိုးကို ခရီးညွှန်ပြု၍ ဟိမဝန္တာသို့ ဝင်သဖြင့် နံနက်အခါ၌ ရသေ့၏ ကျောင်းအနီးသို့ ရောက်ကြလေကုန်၏။ ထိုခဏ၌ ဘုရားလောင်းသည် သားတော်ရသေ့ငယ်ကို ကျောင်း၌နေစေ၍ မိမိသည် သစ်သီးကြီးငယ် ဆွတ်ယူအံ့သောငှာ တောထဲသို့ ဝင်လေ၏။ မုဆိုးသည် မိမိသည်ကား ကျောင်းတိုင်အောင် မလိုက်မူ၍ ထိုကျောင်းကို မြင်ကောင်းရာ အရပ်၌သာလျှင်ရပ်၍ မင်းသမီး နိလိနိကာအား ထိုရှင်ရသေ့ကျောင်းကို ညွှန်ပြလိုရကား-

။ ကဒလိဓဇပညာဏော၊ အာဘုဇိပရိဝါရိဏော။
ဧသော ပဒိဿတိ ရမ္မော၊ ဣသိသိင်္ဂဿ အဿမော။
။ ဧသော အဂ္ဂိဿ သင်္ခါတော၊ ဧသော ဓူမော ပဒိဿတိ။
မညေ နော အဂ္ဂိံ ဟာပေတိ၊ ဣသိသိင်္ဂေါ မဟိဒ္ဓိကော။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

֍ ဋ္ဌ ၅။ ခတ္တိယေ၊ အရှင်မင်းသမီးတော်။ ကဒလီဓဇပညာဏော၊ ငှက်ပျောတံခွန်ဖြင့် ထင်ရှားစွာသော။ အာဘုဇိပရိဝါရိတော၊ ဘုဇပတ်ပင်ဖြင့် ခြံရံအပ်ထသော။ ရမ္မော၊ မွေ့လျော်ဖွယ်ရှိထသော။ ဣသိသိင်္ဂဿ၊ ဣသိသိင်္ဂ ရှင်ရသေ့၏။ ဧသော အဿမော၊ ဤကျောင်းတော်သည်။ ပဒိဿတိ၊ ထင်ရှား၏။

֍ ဋ္ဌ ၆။ အဿ ဣသိသိင်္ဂဿ၊ ထိုဣသိသိင်္ဂ ရှင်ရသေ့သည်။ ဧသော အဂ္ဂိ၊ ထိုမီးကို။ သင်္ခါတော၊ ညှိအပ်သည်ဖြစ်၍။ ဧသော ဓူမော၊ ထိုမီးခိုးသည်။ ပဒိဿတိ၊ တလူလူ ထင်၏။ မဟိဒ္ဓိကော၊ တန်ခိုးကြီးသော။ ဣသိသိင်္ဂေါ၊ ဣသိသိင်္ဂရသေ့သည်။ အဂ္ဂိံ၊ မီးကို။ နော ဟာပေတိ မညေ၊ မယုတ်စေသည် ထင်၏။

အမတ်တို့သည်လည်း ဘုရားလောင်း တောသို့ဝင်သောအခါ ကျောင်းကိုခြံရံ၍ အစောင့်အရှောက်ကို ထားပြီးလျှင် မင်းသမီးနိလိနိကာကို ရသေ့အသွင်ကို ယူစေ၍ ရွှေအဝတ်ဖြင့် ဝတ်ရုံခြင်းကိုပြုစေ၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်စေပြီးလျှင် ချည်ကြိုးဖြင့်ရစ်ဖွဲ့သော ဆန်းကြယ်သော ဂျင် (ဘောလုံး)ကို ကိုင်စေလျက် ကျောင်းတွင်းသို့ ဝင်စေ၍ မိမိတို့သည်ကား အပ၌ စောင့်ရှောက်ကုန်လျက် တည်ကြကုန်၏။ ထိုမင်းသမီး နိလိနိကာသည် ထိုဂျင်ဖြင့် ကစားလျက် စင်္ကြံဦးသို့ ဝင်လေ၏။ ထိုခဏ၌ ဣသိသိင်္ဂရသေ့သည် ကျောင်းတံခါးဝဝယ် ကျောက်ဖျာ၌ နေ၏။

ကျောင်းတံခါး၌ ကစားနေခြင်း

ထိုဣသိသိင်္ဂရသေ့သည် လာလတ်သော မင်းသမီး နိလိနိကာကိုမြင်လျှင် ကြောက်လန့်တကြား ထတည့်၍ ကျောင်းတွင်းသို့ ဝင်၍နေ၏။ ထိုမင်းသမီး နိလိနိကာသည်လည်း ထိုဣသိသိင်္ဂရသေ့ငယ်၏ ကျောင်းတံခါးဝသို့သွား၍ ကစားသလျှင်ကတည်း။

သဗ္ဗညူမြတ်စွာဘုရားသည် ထိုအကြောင်းကိုလည်းကောင်း၊ ထို့ထက်အလွန်ဖြစ်သော အကြောင်းကိုလည်းကောင်း ထင်ရှားပြတော်မူလိုရကား-

။ တဉ္စ ဒိသွာန အာယန္တိံ၊ အာမုက္ကမဏိကုဏ္ဍလိံ။
ဣသိသိင်္ဂေါ ပါဝိသိ ဘီတော၊ အဿမံ ပဏ္ဏဆာဒနံ။
။ အဿမဿစသာ ဒွါရေ၊ ဂေဏ္ဍုကေနဿ ကီဠတိ။
ဝိဒံသယန္တီ အင်္ဂါနိ၊ ဂုယှံ ပကာသိတာနိ စ။
။ တဉ္စ ဒိသွာန ကီဠန္တိံ၊ ပဏ္ဏသာလဂတော ဇဋီ။
အဿမာ နိက္ခမိတွာန၊ ဣဒံ ဝစနမဗြဝိ။

ဟူသော ဤသုံးဂါတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၇။ ဘိက္ခဝေ၊ ရဟန်းတို့။ အာမုက္ကမဏိကုဏ္ဍလိံ၊ ပတ္တမြားနားတောင်းဝတ်၍။ အာယန္တိံ၊ လာလတ်သော။ တဉ္စ ရာဇဓီတရံ၊ ထိုမင်းသမီး နိလိနိကာကိုလျှင်။ ဒိသွာန၊ မြင်၍။ ဘီတော၊ ကြောက်လေရကား။ ဣသိသိင်္ဂေါ၊ ဣသိသိင်္ဂရသေ့ငယ်သည်။ ပဏ္ဏဆာဒနံ၊ သစ်ရွက်မိုးသော။ အဿမံ၊ ကျောင်းတွင်းသို့။ ပါဝိသိ၊ ဝင်လေ၏။

֍ ဋ္ဌ ၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သာ၊ ထိုမင်းသမီး နိလိနိကာသည်။ ဂုယှဉ္စ၊ လျှို့ဝှက်အပ်သော အင်္ဂါကိုလည်းကောင်း။ ပကာသိတာနိ၊ ထင်ရှားပြအပ်ကုန်သော။ အင်္ဂါနိစ၊ မျက်နှာ ခြေ, လက် အစရှိသော အင်္ဂါတို့ကို လည်းကောင်း။ ဝိဒံသံသယန္တီ၊ ထင်စွာပြလျက်။ အဿ၊ ထိုဣသိသိင်္ဂရှင်ရသေ့၏။ အဿမဿ၊ သင်္ခမ်းကျောင်း၏။ ဒွါရေ၊ တံခါးဝ၌။ ဂေဏ္ဍုကေန၊ ဆန်းကြယ်သာဂျင်ဖြင့်။ ကီဠတိ၊ ကစား၏။

֍ ဋ္ဌ ၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဏ္ဏသာလဂတော၊ ကျောင်းတွင်း၌နေသော။ ဇဋီ၊ ဣသိသိင်္ဂရသေ့သည်။ ကီဠန္တိံ၊ ကစားသော။ တဉ္စ ရာဇဓီတရံ၊ ထိုမင်းသမီး နိလိနိကာကိုလျှင်။ ဒိသွာန၊ မြင်လေ၍။ အဿမာ၊ ကျောင်းတွင်းမှ။ နိက္ခမိတွာန၊ ထွက်တည့်၍။ ဣဒံ ဝစနံ၊ ဤသို့သောစကားကို။ အဗြဝိ၊ ဆိုလေ၏။

ရသေ့လေး မေးပြီ

ထိုဣသိသိင်္ဂ ရှင်ရသေ့သည် ကျောင်းတွင်း၌ ရပ်၍ ဤသူသည် အကယ်၍ ဘီလူးဖြစ်ငြားအံ့၊ ကျောင်းတွင်းသို့ ဝင်၍ တည်သောငါ့ကို ကျွတ်ကျွတ်မြည်စေ၍ စားလေရာ၏။ ဤသူသည် ဘီလူးမဟုတ်၊ ရသေ့ ဖြစ်လတ္တံ့ ဟု ကြံ၏။ ကြံပြီးလျှင် ကျောင်းတွင်းမှ ထွက်လတ်၍ ထိုမင်းသမီး နိလိနိကာကို မေးလိုရကား-

၁၀။ အမ္ဘော ကော နာမ သော ရုက္ခော၊
ယဿ တေဝံဂတံ ဖလံ။
ဒူရေပိ ခိတ္တံ ပစ္စေတိ၊ န တံ ဩဟာယ ဂစ္ဆတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀။ အမ္ဘော၊ အို ရှင်ရသေ့။ တေ၊ သင် ရှင်ရသေ့၏။ ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဧဝံဂတံ၊ ဤသဘောရှိသော။ ဖလံ၊ သစ်သီးသည်။ ဒူရေ၊ အဝေးသို့။ ခိတ္တံပိ၊ ပစ်လိုက်သော်လည်း။ ပစ္စေတိ၊ ပြန်၍လာ၏။ တံ၊ သင် ရှင်ရသေ့ကို။ ဩဟာယ၊ စွန့်၍။ န ဂစ္ဆတိ၊ မသွား။ သော ရုက္ခော၊ ထို သစ်ပင်သည်။ ကော နာမ၊ အဘယ်သစ်ပင်မည်သနည်း။

မင်းသမီး၏ အဖြေ

ထိုသို့မေးသောအခါ မင်းသမီး နိလိနိကာသည် ဣသိသိင်္ဂရသေ့အား ကြားလိုရကား -

၁၁။ အဿမဿ မမ ဗြဟ္မေ၊ သမီပေ ဂန္ဓမာဒနေ။
ဗဟဝေါ တာဒိသာ ရုက္ခာ၊ ယဿ တေဝံဂတံ ဖလံ။
ဒူရေပိ ခိတ္တံ ပစ္စေတိ၊ န မံ ဩဟာယ ဂစ္ဆတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁။ ဗြဟ္မေ၊ ရှင်ရသေ့။ မမ အဿမဿ၊ ငါ့ကျောင်း၏။ သမီပေ၊ အနီးဖြစ်သော။ ဂန္ဓမာဒနေ၊ ဂန္ဓမာဒနတောင်၌။ ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဧဝံဂတံ၊ ဤသို့သဘောရှိသော။ ဖလံ၊ အသီးသည်။ ဒူရေ၊ အဝေးသို့။ ခိတ္တံပိ၊ ပစ်လိုက်သော်လည်း။ ပစ္စေတိ၊ ပြန်၍လာ၏။ မံ၊ ငါ့ကို။ ဩဟာယ၊ စွန့်၍။ န ဂစ္ဆတိ၊ မသွား။ တာဒိသာ၊ ထိုသို့ သဘောရှိကုန်သော။ ရုက္ခာ၊ သစ်ပင်တို့သည်။ ဗဟဝေါ၊ များစွာရှိကုန်၏။

ဧည့်ခံကျွေးမွေးခြင်း

ဤသို့လျှင် ထိုမင်းသမီး နိလိနိကာသည် ချွတ်ယွင်းသော စကားကို ပြောဆို၏။ ဣသိသိင်္ဂရသေ့ငယ်သည်လည်း ယုံကြည်၍ ဤသူသည် ရသေ့ပင်တည်းဟူသောအမှတ်ဖြင့် ပျူငှာလောကဝတ်ကို ပြုလိုရကား-

၁၂။ ဧတု ဘဝံ အဿမိမံ အဒေတု၊
ပဇ္ဇဉ္စ ဘက္ခဉ္စ ပဋိစ္ဆ ဒမ္မိ။
ဣဒမာသနံ အတြ ဘဝံ နိသီဒတု၊
ဣတော ဘဝံ မူလဖလာနိ ဘုဉ္ဇတု။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂။ တာပသ၊ ရှင်ရသေ့။ ဘဝံ၊ အရှင်ရသေ့သည်။ ဣမံအဿမံ၊ ဤကျောင်းတွင်းသို့။ ဧတု၊ ဝင်တော်မူပါလှည့်။ အာဟာရံ၊ ဘုန်းပေးဖွယ်သော အာဟာရကို။ အဒေတု၊ ဘုန်းပေးတော်မူပါလှည့်။ ပဇ္ဇဉ္စ၊ ခြေသုတ်ပုဆိုးကိုလည်းကောင်း။ ဘက္ခဉ္စ၊ ချိုမြိန်မြတ်သော သစ်သီးကြီးငယ်ကို လည်းကောင်း။ ပဋိစ္ဆ၊ ခံတော်မူလှည့်။ ဒမ္မိ၊ ငါပေး၏။ ဣဒံ၊ ဤသည်ကား။ အာသနံ၊ နေရာတည်း။ အတြ၊ ဤနေရာ၌။ ဘဝံ၊ ရှင်ရသေ့သည်။ နိသီဒတု၊ နေတော်မူလော့။ ဣတော မူလဖလာနိ၊ ဤသစ်မြစ် သစ်သီးတို့ကို။ ဘဝံ၊ ရှင်ရသေ့သည်။ ဘုဉ္ဇတု၊ ဘုဉ်းပေးတော်မူပါလော့။

အံ့ဩ၍ မေးရပြီ

ကျောင်းတွင်းသို့ဝင်၍ သစ်ပျဉ်ပြားတည်းဟူသော နေရာအထူး၌နေသော ထိုမင်းသမီး နိလိနိကာ၏ ရွှေပြားစီသောအဝတ်ကို လှစ်ဖွင့်လိုက်သည်ရှိသော် ရှေ့ကိုယ်သည် မဖုံးလွှမ်းမိသည် ဖြစ်၏။ ဣသိသိင်္ဂ ရသေ့ငယ်သည် မိန်းမကိုယ်ကို မမြင်ဘူးသည်၏အဖြစ်ကြောင့် ထိုလျှို့ဝှက် ဖုံးလွှမ်းအပ်သော အင်္ဂါကို မြင်လေလျှင် ဤသည်ကား အနာတည်းဟူသော အမှတ်ဖြင့် နိလိနိကာကို မေးလိုရကား-

၁၃။ ကိံ တေ ဣဒံ ဦရူနမန္တရသ္မိံ၊
သုပိစ္ဆိတံ ကဏှရိဝပ္ပကာသတိ။
အက္ခာဟိ မေ ပုစ္ဆိတော ဧတမတ္ထံ၊
ကောသေ နု တေ ဥတ္တမင်္ဂံ ပဝိဋ္ဌံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃။ တာပသ၊ ရှင်ရသေ့။ တေ-တဝ၊ ရှင်ရသေ့၏။ ဦရူနံ၊ ပေါင်နှစ်ဖက်တို့၏။ အန္တရသ္မိံ၊ အကြား၌။ သုပိစ္ဆိတံ၊ ကောင်းစွာစေ့သော။ ဣဒံ၊ ဤအနာသည်ကား။ ကိံ၊ အဘယ်အနာနည်း။ ကဏှရိဝ၊ အနားနှစ်ဖက်၌ မှဲ့မည်းကဲ့သို့။ ပကာသတိ၊ ထင်၏။ ပုစ္ဆိတော၊ မေးအပ်သော ရှင်ရသေ့သည်။ မေ၊ ငါ့အား။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ပြောလော့။ တေ-တဝ၊ ရှင်ရသေ့၏။ ဥတ္တမင်္ဂံ၊ မြတ်သောအင်္ဂါသည်။ ကောသေ၊ သိုအိမ်တွင်းသို့။ ပဝိဋ္ဌံ နု၊ ဝင်ရှာလေတော့သလော။

ဝံကိုက်နာကို ဆေးကုပါ

ထိုသို့ မေးသောအခါ မင်းသမီး နိလိနီကာသည် ဣသိသိင်္ဂရသေ့ငယ်ကို လှည့်စားလိုရကား-

၁၄။ အဟံ ဝနေ မူလဖလေသနံ စရံ၊
အာသာဒယိံ အစ္ဆံ သုဃောရရူပံ။
သော မံ ပတိတွာ သဟသာဇ္ဈပ္ပတ္တော၊
ပနုဇ္ဇ မံ အဗ္ဘဟိ ဥတ္တမင်္ဂံ။
၁၅။ သွာယံ ဝဏော ခဇ္ဇတိ ကဏ္ဍု ဝါယတိ၊
သဗ္ဗဉ္စ ကာလံ န လဘာမိ သာတံ။
ပဟော ဘဝံ ကဏ္ဍုမိမံ ဝိနေတုံ၊
ကုရုတံ ဘဝံ ယာစိတော ဗြာဟ္မဏတ္ထံ။

ဟူသော ဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၄။ တာပသ၊ ရှင်ရသေ့။ မူလဖလေသနံ၊ သစ်မြစ်သစ်သီး ရှာအံ့သောငှာ။ ဝနေ၊ တော၌။ စရံ- စရန္တော၊ သွားသော။ အဟံ၊ ငါသည်။ သုဃောရရူပံ၊ အလွန်ကြောက်မက်ဖွယ်သော သဘောရှိသော။ အစ္ဆံ၊ ဝံကို။ အာသာဒယိံ၊ ခဲဖြင့် ပစ်လိုက်မိ၏။ သော အစ္ဆော၊ ထိုဝံသည်။ မံ၊ ငါ့ဆီသို့။ ပတိတွာ၊ ပြေးလာတည့်၍။ သဟသာ၊ အဆောတလျင်။ အဇ္ဈပ္ပတ္တာ၊ မီလာ၍။ မံ၊ ငါ့ကို။ ပနုဇ္ဇ၊ ပက်လက်လန်အောင် တွန်းလှဲ၍။ ဥတ္တမင်္ဂံ၊ မြတ်သော အင်္ဂါကို။ အဗ္ဘဟိ၊ နုတ်၍ ပြေးလေ၏။

֍ ဋ္ဌ ၁၅။ သွာယံ- သော အယံ ဝဏော၊ ထိုဝံနုတ်ရာ အနာသည်။ ခဇ္ဇတိ စ၊ ကိုက်လည်း ကိုက်ခဲ၏။ ကဏ္ဍုဝါယတိစ၊ ယားလည်း ယား၏။ တေန၊ ထို့ကြောင့်။ သဗ္ဗဉ္စကာလံ၊ အခါခပ်သိမ်း။ သာတံ၊ ကိုယ်စိတ်၏ ချမ်းသာခြင်းကို။ န လဘာမိ၊ မရပါ။ ဘဝံ၊ အရှင်သည်။ ဣမံ ကဏ္ဍုံ၊ ဤဝံကိုက်နာကို။ ဝိနေတုံ၊ ဖျောက်အံ့သောငှာ။ ပဟော၊ စွမ်းနိုင်တော်မူပါ၏။ ယာစိတော၊ တောင်းပန်အပ်သော။ ဘဝံ၊ အရှင်သည်။ ဗြာဟ္မဏတ္ထံ၊ ရသေ့ဖြစ်သော ငါ့အား ဆေးကုခြင်းအမှုကို။ ကုရုတံ၊ ပြုတော်မူပါလော့။

အနာကို စစ်ဆေးကြည့်ခြင်း

ထိုဣသိသိင်္ဂ ရသေ့ငယ်သည် မင်းသမီးနိလိနီကာ လှည့်စားသော မုသားစကားကို မှန်သောစကားဟူ၍ ယုံကြည်သဖြင့် အရှင်သည် ချမ်းသာသည် အကယ်၍ ဖြစ်အံ့၊ ဆေးကုအံ့ ဟု ဆို၍ ထိုအရပ်ကိုကြည့်လျက် ကုစားလိုရကား-

၁၆။ ဂမ္ဘီရရူပေါ တေ ဝဏော သလောဟိတော၊
အာပူတိကော ဝဏဂန္ဓော မဟာ စ။
ကရောမိ တေ ကိဉ္စိ ကသာယယောဂံ၊
ယထာ ဘဝံ ပရမသုခီ ဘဝေယျ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆။ အမ္ဘော၊ အို... အရှင်ရသေ့။ တေ၊ ရှင်ရသေ့၏။ ဝဏော၊ ဝံကိုက်နာသည်။ ဂမ္ဘီရရူပေါ၊ နက်သော သဘောရှိ၏။ သလောဟိတော၊ နီသောအရောင်ရှိ၏။ အပူတိကော၊ အသားဆွေးလည်း မရှိ။ ဝဏဂန္ဓော၊ စဉ်းငယ် မကောင်းနံ့ နံ၏။ မဟာ စ၊ ကျယ်လည်း ကျယ်၏။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ကယိရမာနေ၊ ဖန်ဆေးခြင်းကို ပြုသည်ရှိသော်။ ဘဝံ၊ ရှင်ရသေ့သည်။ ပရမသုခီ၊ မြတ်သော ချမ်းသာကိုရသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ တေ၊ ရှင်ရသေ့၏။ ဝဏံ၊ ဝံကိုက်နာကို။ ကိဉ္စိကသာယယောဂံ၊ စဉ်းငယ် ဖန်ဆေးသောအားဖြင့် ဆေးကုခြင်းကို။ ကရောမိ၊ ပြုရတော့အံ့။

ထို့နောင်မှ မင်းသမီးနိလိနိကာသည် ဣသိသိင်္ဂရသေ့ငယ်စကားကို ပယ်သဖြင့် မိမိအလိုအားလျော်စွာ ကုစားစေလိုရကား-

ကိုယ်ဖိရင်ဖိ ဆေးကုစေခြင်း

၁၇။ န မန္တယောဂါ န ကသာယယောဂါ၊
န ဩသဓာ ဗြဟ္မစရိ ကမန္တိ၊
ဃဋ္ဋေန မုဒုကေန ဝိနေဟိ ကဏ္ဍုံ၊
ယထာ အဟံ ပရမသုခံ ဘဝေယျ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၇။ ဘော ဗြဟ္မစာရိ၊ အို... ရှင်ရသေ့။ မမ၊ ငါ၏။ ဣမသ္မိံ ဝဏေ၊ ဤ ဝံကိုက်နာ၌။ မန္တယောဂါ၊ မန္တရား မန်းသဖြင့်လည်း။ ဝေဒနာ၊ ကိုက်ခဲယားယံကုန်သော ဝေဒနာတို့သည်။ န ကမန္တိ၊ မငြိမ်းကုန်။ ကသာယယောဂါ၊ ဖန်ဆေးသဖြင့်လည်း။ ဝေဒနာ၊ ကိုက်ခဲယားယံသော ဝေဒနာတို့သည်။ န ကမန္တိ၊ မငြိမ်းကုန်။ ဩသဓာ၊ ဆေးလိမ်းကျံသဖြင့်လည်း။ ဝေဒနာ၊ ကိုက်ခဲယားယံသော ဝေဒနာတို့သည်။ န ကမန္တိ၊ မငြိမ်းကုန်။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ကယိရမာနေ၊ ပြုသည်ရှိသော်။ အဟံ၊ ငါသည်။ ပရမသုခီ ဘဝေယျံ၊ မြတ်သော ချမ်းသာကို ရသည် ဖြစ်လေရာ၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ မုဒုကေန၊ နူးညံ့သော။ အင်္ဂေန၊ ရှင်ရသေ့၏ အင်္ဂါဇာတ်ဖြင့်။ ဃဋ္ဋေန- ဃဋ္ဋံ ကတွာ၊ ထိုးသည်ကိုပြု၍။ ကဏ္ဍုံ၊ ဝံကိုက်နာကို။ ဝိနေဟိ၊ ကုစားတော်မူပါလော့။

ထိုဣသိသိင်္ဂ ရသေ့ငယ်သည် ဤရှင်ရသေ့ကား မှန်သောစကားကိုလျှင် ဆို၏ ဟု မှတ်၍ မေထုန် ပေါင်းဖော်ခြင်းကြောင့် သီလပျက်တတ်၏။ ဈာန် ကွယ်ပျောက်တတ်၏ ဟု အပြစ်ကို မသိသည်ဖြစ်၍ မိန်းမကို မမြင်ဘူးသည်၏ အဖြစ်ကြောင့် မေထုန် အကျင့်ကိုလည်း မသိသည်၏အဖြစ်ကြောင့်သာလျှင် ဆေးကုစားခြင်း ဟူ၍ မုသားစကားကိုဆိုသော ထိုမင်းသမီး နလိနိကာ၌ မေထုန်မှီဝဲလေ၏။ ထိုခဏ၌သာလျှင် ထိုဣသိသိင်္ဂ ရသေ့ငယ်၏ သီလသည် ပျက်စီးလေ၏။ ဈာန်သည် ကွယ်ပျောက်၏။

နေရပ်ကိုမေးခြင်း

ထိုဣသိသိင်္ဂ ရသေ့ငယ်သည် နှစ်ကြိမ်သုံးကြိမ် မေထုန်စပ်ယှက်ခြင်းကို ပြုခြင်းကြောင့် ပင်ပန်းရကား ကျောင်းမှထွက်ပြီးလျှင် ရေအိုင်သို့ဆင်းသက်၍ ရေချိုးသဖြင့် အပင်ပန်းငြိမ်းလျှင် လာလတ်၍ ကျောင်းတွင်း၌နေလျက် တစ်ဖန်လည်း ထိုမင်းသမီး နိလိနိကာကို ရသေ့ဟုမှတ်၍ နေရာအရပ်ကို မေးလိုရကား-

၁၈။ ဣတော နု ဘောတော ကတမေန အဿမော၊
ကစ္စိ ဘဝံ အဘိရမသိ အရညေ။
ကစ္စိ နု တေ မူလဖလံ ပဟူတံ၊
ကစ္စိ ဘဝန္တံ န ဝိဟိံသန္တိ ဝါဠာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈။ ဘော တာပသ၊ အိုရှင်ရသေ့။ ဘောဘော၊ ရှင်ရသေ့၏။ အဿမော၊ ကျောင်းသင်္ခမ်းသည်။ ဣတော၊ ဤကျောင်းမှ။ ကတမေန၊ အဘယ်အရပ်၌။ အတ္ထိ၊ ရှိလေသနည်း။ ဘဝံ၊ ရှင်ရသေ့သည်။ အရညေ၊ နေတော်မူရာ တောမြိုင်သာ၌။ အဘိရမသိ ကစ္စိ၊ ပျော်တော်မူပါ၏လော။ တေ၊ ရှင်ရသေ့အား။ မူလဖလံ၊ သစ်မြစ်သစ်သီးသည်။ ပဟူတံ ကစ္စိနု၊ ပေါများပါ၏လော။ ဘဝန္တံ၊ ရှင်ရသေ့ကို။ ဝါဠာ၊ သားရဲတို့သည်။ န ဝိဟိံသန္တိ ကိစ္စ၊ မညှဉ်းဆဲဘဲ ရှောင်လွှဲပါကုန်၏လော။

လိုက်ခဲ့ပါရန်

ထို့နောင်မှ မင်းသမီး နိလိနီကာသည် လှည့်စားပျက်ပြယ်သဖြင့် ဣသိသိင်္ဂရသေ့ငယ်အား မိမိနေရာအရပ်ကို ပြောဆိုလိုရကား-

၁၉။ ဣတော ဥဇုံ ဥတ္တရာယံ ဒိသာယံ၊
ခေမာ နဒီ ဟိမဝတော ပဘာဝီ။
တဿာ တီရေ အဿမော မယှ ရမ္မော၊
အဟော ဘဝံ အဿမံ မယှံ ပဿေ။
၂၀။ အမ္ဗာ စ သာလာ တိလကာ စ ဇမ္ဗုယော၊
ဥဒ္ဒါလကာ ပါဋလိယော စ ဖုလ္လာ။
သမန္တတော ကိမ္ပုရိသာဘိဂီတံ၊
အဟော ဘဝံ အဿမံ မယှံ ပဿေ။
၂၁။ တာလာ စ မူလာ စ ဖလာ စ မေတ္ထ၊
ဝဏ္ဏေန ဂန္ဓေန ဥပေတရူပံ။
တံ ဘူမိဘာဂေဟိ ဥပေတရူပံ၊
အဟော ဘဝံ အဿမံ မယှံ ပဿေ။
၂၂။ ဖလာ စ မူလာ စ ပဟူတာ မေတ္ထ၊
ဝဏ္ဏေန ဂန္ဓေန ရသေနုပေတာ။
အာယန္တိ စ လုဒ္ဒကာ တံ ပဒေသံ၊
မာ မေ တတော မူလဖလံ အဟောသုံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၉။ ဘော တာပသ၊ အိုရှင်ရသေ့။ ဘောတော၊ ရှင်ရသေ့၏။ ဣတော၊ ဤကျောင်းမှ။ ဥဇုံ ဥတ္တရာယံ ဒိသာယံ၊ မြောက်ဘက်တူရူအရပ်၌။ ခေမာနဒီ၊ ခေမာအမည်ရှိသော မြစ်သည်။ ဟိမဝတော၊ ဟိမဝန္တာမှ။ ပဘာဝီ၊ စီးလာ၏။ တဿာ တီရေ၊ ထိုခေမာ မြစ်ကမ်းထိပ်၌။ ရမ္မော၊ မွေ့လျော်ဖွယ်ရှိသော။ မယှံ၊ ငါ၏။ အဿမော၊ ကျောင်းသည်။ ဝိဇ္ဇတိ၊ ရှိပါ၏။ အဟော၊ မြင်စေချင်လှ၏။ ဘဝံ၊ ရှင်ရသေ့သည်။ မယှံ၊ ငါ၏။ အဿမံ၊ ကျောင်းကို။ ပဿေ၊ လိုက်၍ရှုပါလှည့်။

֍ ဋ္ဌ ၂၀။ ဘော တာပသ၊ အိုရှင်ရသေ့။ တသ္မိံ အဿမေ၊ ထိုကျောင်း၌။ အမ္ဗာ စ၊ သရက်ပင်တို့သည်လည်းကောင်း။ သာလာ စ၊ အင်ကြင်းပင်တို့သည်လည်းကောင်း။ တိလကာ စ၊ ပြည့်စင်ပင်တို့သည်လည်းကောင်း။ ဇမ္ဗုယော စ၊ သပြေပင်တို့သည်လည်းကောင်း။ ဥဒ္ဒါလကာ စ၊ ငုရွှေပင်တို့သည်လည်းကောင်း။ ပါဋလိယော စ၊ သခွက်ပင်တို့သည်လည်းကောင်း။ ဖုလ္လာ၊ စည်ပင်လှကုန်၏။ သမန္တတော၊ ကျောင်းထက်ဝန်းကျင်မှ။ ကိမ္ပုရိသာဘိဂီတံ၊ ကိန္နရာတို့သည် သာယာစွာ သီချင်းသီကြကုန်၏။ အဟော၊ မြင်စေချင်လှ၏။ ဘဝံ၊ ရှင်ရသေ့သည်။ မယှံ၊ ငါ၏။ အဿမံ၊ ကျောင်းကို။ ပဿေ၊ ရှုပါလှည့်။

֍ ဋ္ဌ ၂၁။ မေ၊ ငါ၏။ ဧတ္ထ အဿမေ၊ ထိုကျောင်း၌။ တာလာ စ၊ ထန်းပင်တို့သည်လည်းကောင်း။ မူလာ စ၊ သစ်မြစ်တို့သည်လည်းကောင်း။ ဖလာ စ၊ သစ်သီးတို့သည်လည်းကောင်း။ ဝဏ္ဏေန စ၊ အဆင်းနှင့်လည်းကောင်း။ ဂန္ဓေန စ၊ အနံ့နှင့်လည်းကောင်း။ ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိကုန်၏။ တံ အဿမံ၊ ထိုငါ၏ ကျောင်းသည်။ ဘူမိဘာဂေဟိ၊ သာယာညီညွတ်ကုန်သော မြေအဖို့တို့နှင့်။ ဥပေတရူပံ၊ ပြည့်စုံသောသဘောရှိ၏။ အဟော၊ မြင်စေချင်လှ၏။ ဘဝံ၊ ရှင်ရသေ့သည်။ မယှံ၊ ငါ၏။ အဿမံ၊ ကျောင်းကို။ ပဿေ၊ ရှုပါလှည့်။

֍ ဋ္ဌ ၂၂။ ဘော တာပသ၊ အိုရှင်ရသေ့။ ဝဏ္ဏေန စ၊ အဆင်းနှင့်လည်းကောင်း။ ဂန္ဓေန စ၊ အနံ့နှင့်လည်းကောင်း။ ရသေန စ၊ အရသာနှင့်လည်းကောင်း။ ဥပေတာ၊ ပြည့်စုံကုန်သော။ ပဟူတာ၊ များစွာကုန်သော။ ဖလာ စ၊ သစ်သီးတို့သည်လည်းကောင်း။ မူလာ စ၊ သစ်မြစ် သစ်နွယ်တို့သည်လည်းကောင်း။ မေ၊ ငါ၏။ ဧတ္ထ၊ ထိုကျောင်း၌။ သံဝိဇ္ဇန္တိ၊ ရှိကုန်၏။ တံပဒေသံ၊ ထိုငါ၏ကျောင်းသို့။ လုဒ္ဒကာ စ၊ များစွာကုန်သော မုဆိုးတို့သည်လည်း။ အာယန္တိ၊ လာကြကုန်၏။ တေ၊ ထိုမုဆိုးတို့သည်။ တတော၊ ထိုငါ၏ ကျောင်းမှ။ မေ၊ ငါ၏။ မူလဖလံ၊ သစ်မြစ်သစ်သီးကို။ မာ အဟာရေယုံ၊ မခိုးမယူကြကုန်။

ဖခင်ရသေ့လာအောင် စောင့်ပါ

ထိုနိလိနိကာမင်းသမီး စကားကိုကြား၍ ဣသိသိင်္ဂသည် အကြင်မျှလောက် ခမည်းတော်ရှင်ရသေ့ ရောက်လာအံ့သော ကာလသည် ရှိ၏။ ထိုခမည်းတော် ရှင်ရသေ့ ရောက်ရုံ ဆိုင့းငံ့စေလိုရကား-

၂၃။ ပိတာ မမံ မူလဖလေသနံ ဂတော၊
ဣဒါနိ အာဂစ္ဆတိ သာယကာလေ။
ဥဘောဝ ဂစ္ဆာမသေ အဿမံ တံ၊
ယာဝ ပိတာ မူလဖလတော ဧတု။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၃။ ဘော တာပသ၊ အို-ရှင်ရသေ့။ မမ၊ ငါ၏။ ပိတာ၊ ခမည်းတော် ရှင်ရသေ့သည်။ မူလဖလေသနံ- မူလဖလေသနတ္ထာယ၊ သစ်မြစ်သစ်သီး ရှာအံ့သောငှာ။ ဂတော၊ တောသို့သွားလေ၏။ ဣဒါနိ၊ ယခုပင်။ အာဂစ္ဆတိ၊ ရောက်လာလတ္တံ့။ ပိတော၊ ခမည်းတော် ရှင်ရသေ့သည်။

မူလဖလတော၊ သစ်သီး သစ်မြစ်တောမှ။ ယာဝ ဧတု၊ လာပါစေဦး။ သာယာလေ၊ ညချမ်းအခါ၌။ တံ အဿမံ၊ ထိုရှင်ရသေ့ ကျောင်းတော်သို့။ ဥဘောဝ ဂစ္ဆာမသေ၊ နှစ်ဦးတူစုံ သွားကြကုန်အံ့။

မင်းသမီးရသေ့ ပြန်ခဲ့ပြီ

ထို့နောင်မှ မင်းသမီးနိလိနိကာသည် ဣသိသိင်္ဂရသေ့ငယ်သည် တောထဲ၌သာလျှင်ကြီးသည်၏အဖြစ်နှင့် ငါ၏ မိန်းမ၏အဖြစ်ကို မသိသည်ဖြစ်စေဦး၊ ထိုရသေ့ငယ်၏ အဖရသေ့ကြီးသည်ကား ငါ့ကိုမြင်လျှင်ပင် မိန်းမမှန်းသိ၍ နင်ကား ဤငါ၏ကျောင်း၌လျှင် အသို့ပြုရန် လာသနည်းဟု ဆို၍ ထမ်းပိုးကောက်စွန်းဖြင့် ရိုက်ပုတ်၍ ငါ၏ဦးခေါင်းကိုသော်လည်း ပေါက်ခွဲရာချေ၏။ ထိုရသေ့ကြီး မလာခင်လျှင် ငါသွားခြင်းငှာ သင့်၏။ ဗာရာဏသီပြည်ကြီးမှ လာခဲ့၍ ဆောင်အပ်သော ငါ၏အမှုသည်လည်း ပြီးလေပြီ ဟု ကြံ၏။ ကြံပြီး၍ ထိုမင်းသမီး နိလိနိကာသည် ထိုဣသိသိင်္ဂရသေ့ငယ်အား လာခြင်း၏အကြောင်းကို ပြောကြားခဲ့လိုရကား-

၂၄။ အညေ ဗဟူ ဣသယော သာဓုရူပါ၊
ရာဇီသယော အနုမဂ္ဂေ ဝသန္တိ။
တေ ယေဝ ပုစ္ဆေသိ မမဿမံ တံ၊
တေ တံ နယိဿန္တိ မမံ သကာသေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၄။ သမ္မ၊ အရွယ်တူဖြစ်သော ရှင်ရသေ့။ ရာဇီသယော၊ မင်းမျိုး ပုဏ္ဏားမျိုးတို့မှ တောထွက်ကုန်သော ရသေ့ဖြစ်ကုန်သော။ သာဓုရူပါ၊ ကောင်းသော သဘောရှိကုန်သော။ ဗဟူ၊ များစွာကုန်သော။ အညေ ဣသယော၊ တစ်ပါးကုန်သော ရသေ့တို့သည်။ မမ၊ ငါ၏။ အနုမဂ္ဂေ၊ ကျောင်းသို့သွားသော ခရီး၌။ ဝသန္တိ၊ နေကြကုန်၏။ မမ၊ ငါ၏။ တံ အဿမံ၊ ထိုကျောင်းကို။ တေယေဝ၊ ထိုရသေ့တို့ကိုသာလျှင်။ ပုစ္ဆေသိ၊ မေးတော်မူပါလော့။ တေ၊ ထိုရှင်ရသေ့တို့သည်။ တံ၊ သင့်ကို။ မမ သကာသေ၊ ငါ့အထံသို့။ နယိဿန္တိ၊ ဆောင်ပို့ကုန်လတ္တံ့။

ဤသို့လျှင် ထိုမင်းသမီး နိလိနိကာသည် မိမိသွားဖို့ရာ ဥပါယ်တံမျဉ်ကို ပြောဆို၍ ကျောင်းမှထွက်ခဲ့၍ ထိုဣသိသိင်္ဂ ရသေ့ငယ်ကို စိန်းစိန်းကြည့်လျှက်သာလျှင် အရွယ်တူ ရှင်ရသေ့... ရှင်ရသေ့သည် လိုက်လာရစ်လော့ဟု ဆို၍ လာခဲ့သောခရီးဖြင့်လျှင် အမတ်တို့၏အထံသို့ သွားလေ၏။

ထိုအမတ်တို့သည် မင်းသမီး နိလိနိကာကို ဆောင်ယူ၍ သစ်ခက်တပ်သို့ သွားပြီးလျှင် အစဉ်သဖြင့် ဗာရာဏသနနေပြည်တော်သို့ ရောက်ကြကုန်၏။ သိကြားမင်းသည်လည်း အလွန်နှစ်သက်သည်ဖြစ်၍ ထိုနေ့၌လျှင် အလုံးစုံသောတိုင်း၌ မိုးကိုရွာစေ၏။ ထိုမိုးရွာခြင်းတို့ကြောင့် တိုင်းဇနပုဒ်သည် သာယာဝပြောခြင်း ဖြစ်၏။

ရသေ့ကြီး မေးပြီ

ဣသိသိင်္ဂ ရသေ့ငယ်သည်လည်း ထိုမင်းသမီး နိလိနိကာသွားလျှင်ပင် ကိုယ်အလုံး၌ ပူပန်ခြင်းဖြစ်၏။ ထိုဣသိသိင်္ဂ ရသေ့ငယ်သည် စိတ်တုန်လှုပ်သည်ဖြစ်၍ ကျောင်းတွင်းသို့ ဝင်ပြီးလျှင် လျှော်တေသင်္ကန်းကိုခြုံ၍ စိုးရိမ်ပူပန်လျက် အိပ်၏။ ဘုရားလောင်းသည် ညချမ်းအခါ ပြန်လာလတ်၍ သားကိုမမြင်ရကား အဘယ်အရပ်သို့ သွားလေသနည်း ဟု ထမ်းပိုးကိုချ၍ ကျောင်းတွင်းသို့ဝင်လျှင် ထိုဣသိသိင်္ဂရသေ့ငယ် အိပ်၍နေသည်ကိုမြင်၍ ချစ်သား အသို့ဖြစ်သနည်းဟု ဆို၍ ကျောကိုဆုပ်နယ်လျက် အကြောင်းကို မေးလိုရကား-

၂၅။ န တေ ကဋ္ဌာနိ ဘိန္နာနိ၊ န တေ ဥဒကမာဘတံ။
အဂ္ဂီပိ တေ န ဟာပိတော၊ ကိံနု မန္ဒောဝ ဈာယသိ။
၂၆။ ဘိန္နာနိ ကဋ္ဌာနိ ဟုတော စ အဂ္ဂိ၊
တပနီပိ တေ သမိတာ ဗြဟ္မစာရီ။
ပီဌဉ္စ မယှံ ဥဒကဉ္စ ဟောတိ၊
ရမသိ တုဝံ ဗြဟ္မဘူတော ပုရတ္ထာ။
၂၇။ အဘိန္နကဋ္ဌောသိ အနာဘတောဒကော၊
အဟာပိကဂ္ဂီသိ အသိဒ္ဓဘောဇနော။
န မေ တုဝံ အာလပသီ မမဇ္ဇ၊
နဋ္ဌံ နု ကိံ စေတသိကဉ္စ ဒုက္ခံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၅။ တာတ၊ ချစ်သား။ တေ-တယာ၊ သင်သည်။ ကဋ္ဌာနိ၊ ထင်းတို့ကို။ န ဘိန္နာနိ၊ မခွဲအပ်ကုန်။ တေ-တယာ၊ သင်သည်။ ဥဒကံ၊ ရေကို။ န အာဘတံ၊ မခပ်အပ်။ အဂ္ဂီပိ၊ မီးကိုလည်း။ တေ တယာ၊ သင်သည်။ န ဟာပိတော၊ မညှိအပ်။ မန္ဒောဝ၊ တွေမှိုင်၍သာလျှင်။ ကိံ ဈာယသိ နု၊ အဘယ်ကိုကြံသနည်း။

֍ ဋ္ဌ ၂၆။ ဗြဟ္မစာရိ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော သားရသေ့။ ပုရတ္ထာ၊ ရှေးကာလက။ တေ-တယာ၊ သင်သည်။ ဘိန္နာနိကဋ္ဌာနိ၊ ငါမလာမီက ထင်းခွဲလင့်အပ်ကုန်၏။ အဂ္ဂိဟုတော စ၊ မီးလည်းပူဇော်နှင့်၏။ တပနီပိသမိတာ၊ လှုံစရာမီးတို့ကိုလည်း စီရင်အပ်ကုန်၏။ မယှံ၊ ငါ့ကို။ ပီဌဉ္စ ဟောတိ၊ နေရာလည်း ခင်းနှင့်၏။ ဥဒကဉ္စ ဟောဟိ၊ ခြေဆေးရေလည်း တည်နှင့်၏။ ဗြဟ္မဘူတော၊ မြတ်သည်ဖြစ်၍။ ရမသိ၊ မွေ့လျော် ပျော်ရွှင်၏။

֍ ဋ္ဌ ၂၇။ ဗြဟ္မစာရိ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော သားရသေ့။ ဣဒါနိ၊ ယခုတမူကား။ တုဝံ၊ သင်ချစ်သားသည်။ အဘိန္နကဋ္ဌောသိ၊ ထင်းလည်း မခွဲနှင့်ပါတကား။ အနာဘတောဒကော၊ ရေလည်း မခပ်နှင့်ပါတကား။ အဟာပိတဂ္ဂီသိ၊ မီးလည်း မညှိနှင့်ပါတကား။ အသိဒ္ဓဘောဇနော၊ ဖိုစားစရာ သစ်မြစ် သစ်ရွက်လည်း မပြုတ် ဖြောနှင့်ပါတကား။ မမပုတ္တ၊ ငါ့သားချစ်။ အဇ္ဇ၊ ယခု။ မေ၊ ငါ့အား။ န အာလပသိ၊ စကားမပြောပါတကား။ တေ၊ သင်အား။ ကိံ၊ အဘယ်ဥစ္စာသည်လည်း။ နဋ္ဌံ နု၊ ပျောက်သနည်း။ စေတသိကံ ဒုက္ခဉ္စ ကိံ၊ ငါ့ကိုတည်း စိတ်ဆိုးသလော။

ရသေလေးထံ လိုက်ပို့စေခြင်း

ထိုဣသိသိင်္ဂ ရသေ့သည် ခမည်းတော် ရသေ့ကြီးစကားကိုကြား၍ ထိုအိပ်ခြင်း၏အကြောင်းကို ခမည်းတော်အား ပြောလိုရကား-

၂၈။ ဣဓာဂမာ ဇဋိလော ဗြဟ္မစာရီ၊
သုဒဿနေယျာ သုတနူ ဝိနေတိ။
နေဝါတိဒီဃော န ပနာတိရဿော၊
သုကဏှကဏှစ္ဆဒနေဟိ ဘောတော။
။ လ။
၅၀။ ဝိစိတြဖုလ္လံ ဟိ ဝနံ သုတံ မယာ၊
ဒိဇာဘိဃုဋ္ဌံ ဒိဇသံဃသေဝိတံ။
တံ မံ ဝနံ ပါပယ တာတ ခိပ္ပံ။
ပုရာ တေ ပါဏံ ဝိဇဟာမိ အဿမေ။

ဟူသော ဤနှစ်ဆယ့်သုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၈။ တတ၊ ခမည်းတော်။ ဇဋိလော၊ ဆံကျစ်ထုံးသော။ ဗြဟ္မစာရီ၊ ရသေ့ပျို တစ်ယောက်သည်။ ဣဓ၊ ဤကျောင်းသို့။ အာဂမာ၊ လာ၏။ သော၊ ထိုငါတို့ကျောင်းသို့ လာသော ရသေ့ပျိုသည်။ သုဒဿနေယျာ၊ အလွန် ရှုစဖွယ်ရှိ၏။ သုတနူ၊ တင့်တယ်သော ကိုယ်ရှိ၏။ ဝိနေတိ၊ မိမိကိုယ်ရောင်ဖြင့် ဤကျောင်းတွင်းကို တစ်ပြိုင်နက်သော အရောင်ကဲ့သို့ပြု၍ ပြည့်စေ၏။ နေဝါတိဒီဃော၊ ရှည်လည်း မရှည်လွန်း။
(တစ်နည်း) နေဝါတိဒီဃော
၊ မြင့်လည်း မမြင့်လွန်း။ နပနာတိရဿော၊ နိမ့်လည်း မနိမ့်လွန်း။ (တစ်နည်းကား) နပနာတိရဿော၊ ပုလည်း မပုလွန်း။ ဘောတော၊ ငါတို့ကျောင်းသို့လာသော ရှင်ရသေ့၏။ သုကဏှကဏှစ္ဆဒနေဟိ၊ အလွန် ညိုကုန်သည်ဖြစ်၍ ပိတုံးရောင်ကဲ့သို့ ပြောင်ပြောင်လက်လက် ဖိတ်ဖိတ်နက်ကုန်သော ဆံတို့ဖြင့်။ သုကဏှသီသံ၊ ကောင်းစွာ ညိုနက်သော ဦးခေါင်းသည်။ သုမဇ္ဇိတမဏိမယံ ဝိယ၊ ကောင်းစွာပွတ်အပ်သော ပတ္တမြားညိုဖြင့် ပြီးသကဲ့သို့။ ခါယတိ၊ ထင်၏။

֍ ဋ္ဌ ၂၉။ အမဿုဇာတော၊ မုတ်ဆိတ်ကျင်စွယ်လည်း မပေါက်သေး။ အပုရာဏဝဏ္ဏီ၊ ရသေ့ပြုသစ်စနှင့် တူ၏။ အဿ၊ ထိုရှင်ရသေ့၏။ ကဏ္ဌေ ပန၊ လည်ပင်း၌ကား။ အဓာရရူပဉ္စ၊ ကရွတ်ခွေနှင့်တူသော တန်ဆာသည်လည်း။ အတ္ထိ၊ ရှိ၏။ ဥရေ၊ ရင်၌။ သုဇာတာ၊ ကောင်းစွာဖြစ်ကုန်သော။ သုဝဏ္ဏတိန္ဒုကနိဘာ၊ ရွှေတည်သီးနှင့်တူကုန်သော။ ပဘဿရာ၊ ပြိုးပြိုးပြက် ထွက်လတ်သော အရောင်ရှိကုန်သော။ ဒွေယမာဂဏ္ဍာ၊ နှစ်ခုအစုံဖြစ်ကုန်သော အသားငုံတို့သည်။ သန္တိ၊ ရှိကုန်၏။

֍ ဋ္ဌ ၃၀။ တဿ၊ ထိုရှင်ရသေ့ပျို၏။ မုခဉ္စ၊ မျက်နှာသည်လည်း။ ဘုသဒဿနေယျံ၊ အလွန် ရှုချင်ဖွယ်ရှိ၏။ ကဏ္ဏေသု၊ နားနှစ်ဖက်တို့၌။ ကုဉ္ဇိတဂ္ဂါ၊ ကော့သော အဖျားရှိသောတန်ဆာတို့ကိုလည်း။ လမ္ဗန္တိ၊ ဝတ်ကုန်၏။ စရတော၊ သွားသော။ မာဏဝဿ၊ ရသေ့ပျို၏။ တေ၊ ထိုနားနှစ်ဖက်တို့၌ ဝတ်ကုန်သော တန်ဆာတို့သည်။ ဇောတရေ၊ ဖိတ်ဖိတ်လက်လက် ပြိုးပြိုးပြက်လျှင် ထွန်းပကုန်၏။ အဿ၊ ထိုရှင်ရသေ့ပျို၏။ သံယမနံ၊ ထုံးအပ်ကုန်သော။ ဇဋာနံ၊ ဆံကျစ်တို့ကို။ သုတ္တဉ္စ၊ စည်းသော ကြိုးသည်လည်း။ ဇောတတိ၊ ထွန်းပ၏။

֍ ဋ္ဌ ၃၁။ တဿ၊ ထိုရသေ့ပျို၏။ အညာ-အညာနိ၊ တစ်ပါးကုန်သော။ နီလာ-နီလာနိ စ၊ ညိုသော အဆင်းရှိသည်လည်း ဖြစ်ကုန်သော။ ပီတာ-ပီတာနိ စ၊ ရွှေသော အဆင်း ရှိသည်လည်း ဖြစ်ကုန်သော။ လောဟိတကာ-လောဟိတကာနိ စ၊ နီသော အဆင်းရှိသည်လည်း ဖြစ်ကုန်သော။ သေတာ-သေတာနိ စ၊ ဖြူသော အဆင်းရှိသည်လည်း ဖြစ်ကုန်သော။ စတဿော-စတ္တာရိ၊ လေးပါးကုန်သော အဆင်းရှိကုန်သော။ သံယမာနိ စ၊ တန်ဆာတို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ စရတော၊ သွားသော။ မာဏဝသ၊ ရှင်ရသေ့ပျို၏။ တာ-တာနိ ပိလန္ဓနာနိ၊ ထိုတန်ဆာတို့သည်။ ဝါဝုသမှိ၊ မိုးတွင်းကာလ၌။ တိရိဋိသင်္ဃာရိဝ၊ ပုစဉ်းအပေါင်းတို့ကဲ့သို့။ ပိသရေ-ပိသိတွာ ရဝန္တိ၊ ထိသည်ဖြစ်၍ မြည်ကြကုန်၏။

֍ ဋ္ဌ ၃၂။ တာတ၊ ခမည်းတော်။ သော မာဏဝေါ၊ ထိုရသေ့ပျိုသည်။ မုဉ္ဇမယံ၊ ဖြူဆံမြက်ဖြင့် ရက်သော။ မိခလံ၊ ခါးကြိုးကို။ န ဓာရေတိ၊ မစည်းမဆောင်။ တာတ၊ ခမည်းတော်။ မယံ၊ ငါတို့သည်။ သန္ထရေ၊ လျှော်တေသင်္ကန်းတို့ကိုလည်းကောင်း။ ပဗ္ဗဇဿ၊ ပြိတ်မြက်ဖြင့်။ ကတံ၊ ပြုအပ်သော သင်္ကန်းကိုလည်းကောင်း။ ဓာရေတိ ယထာ၊ ဝတ်ကြကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ သော မာဏဝေါ၊ ထိုရသေ့ပျိုသည်ကား။ သန္ထရေ၊ လျှော်တေသင်္ကန်းတို့ကို။ န ဓာရေတိ၊ မဝတ်မဆောင်။ ပဗ္ဗဇဿ၊ ပြိတ်မြက်ဖြင့်။ ကတံ၊ ပြုအပ်သော သင်္ကန်းကို။ နော ပန ဓာရေတိ၊ မဝတ်သည်သာတည်း။ တာတ၊ ခမည်းတော်။ အန္တလိက္ခေ၊ ကောင်းကင်၌။ သတေရတာနိစ္စံစရိတာ၊ အစဉ်မပြတ် တလျှပ်လျှပ်ရှိကုန်သော။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်နွယ်ကဲ့သို့။ တဿ၊ ထိုရှင်ရသေ့ပျို၏။ ဇဃနန်တရဝေိလဂ္ဂါ၊ ခါးတွင်စည်းအပ်ကုန်သော။ တာ၊ ထိုခါးကြိုးတို့သည်။ ဇောတရေ၊ ထိန်ထိန်လက်လက် ထွန်းပကုန်၏။

֍ ဋ္ဌ ၃၃။ တာတ၊ ခမည်းတော်။ တဿ၊ ထိုရှင်ရသေ့ပျို၏။ ကဋိသမောဟိတာနိ၊ ခါး၌စည်းအပ်ကုန်သော။ ဟေဋ္ဌာ၊ အောက်သို့။ နဘျာနဝယာနိ၊ မလျှောမကျကုန်သော။ အခိလကာနိ၊ အခွံလည်း မရှိကုန်သော။ အဝဏ္ဋကာနိ စ၊ အညှာလည်း မရှိကုန်သော သစ်သီးတို့သည်။ အဃဋိတာနိ၊ အချင်းချင်း မထိပါးကုန်သည် ဖြစ်၍။ နိစ္စကီဠံ၊ အစဉ်ရွှင်မြူးခြင်းကို။ ကရောန္တိ၊ ပြုကြကုန်၏။ တာနိ၊ ထိုချည်ဖြင့်သီ၍ ခါး၌စည်းအပ်ကုန်သော သစ်သီးလုံးတို့သည်။ ကိံ ရုက္ခဖလာနိ၊ အဘယ်သစ်သီးတို့ မည်ကုန်သနည်း။

֍ ဋ္ဌ ၃၄။ တာတ၊ ခမည်းတော်။ အဿ၊ ထိုရှင်ရသေ့ပျို၏။ ဇဋိလာ စ၊ ဆံကျစ်တို့သည်လည်း။ ဘုသဒဿနေယျာ၊ အလွန် ရှုချင်စဖွယ် ရှိကုန်၏။ ပရောသတံ၊ အရာမက။ ဝလ္လိတဂ္ဂါ၊ သားလှီးဓားကဲ့သို့ ကော့သော အဖျားရှိသော ဆံတို့သည်။ သုဂန္ဓာ၊ ကြိုင်ကြိုင် မွှေးကုန်၏။ တဿ၊ ထိုရှင်ရသေ့ပျိုအား။ ဒွေဓာသိရော၊ ဦးခေါင်းကို နှစ်စုံဝေ၍။ သာဓုဝိဘတ္တရူပေါ၊ ထုံးအပ်သော ဆံကျစ်တို့၏ အစွမ်းအားဖြင့် ကောင်းစွာ ဝေဖန်အပ်သော သဘောရှိ၏။ မယှံ၊ ငါ၏။ ဇဋာ၊ ဆံကျစ်တို့သည်။ တထာ၊ ထိုရှင်ရသေ့ ဆံကျစ်အတူ။ အဟော နု ခေါ အဿု၊ ဖြစ်ပါကုန်ဘိတော့လော။ ဝါ၊ ဖြစ်ပါမူကား ကောင်းလေစွ။

֍ ဋ္ဌ ၃၅။ တာတ၊ ခမည်းတော်။ ယဒါ စ၊ အကြင်အခါ၌လည်း။ သော မာဏဝေါ၊ ထိုရသေ့ပျိုသည်။ ဝဏ္ဏေန၊ အဆင်းနှင့်လည်းကောင်း။ ဂန္ဓေန၊ အနံ့နှင့်လည်းကောင်း။ ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိကုန်သော။ တာ ဇဋာယော၊ ထိုဆံကျစ်တို့ကို။ ပကိရတိ၊ ဖြေလိုက်၏။ တဒါ၊ ထိုအခါ၌။ နီလုပ္ပလံ ဝါတသမေရိတံဝ၊ ကြာညိုနံ့ကို လေသည် ဆောင်လာသကဲ့သို့။ တထေဝ၊ ထို့အတူလျှင်။ အယံ အဿမော သံဝါယတိ၊ ဤတစ်ကျောင်းလုံး ကြိုင်ကြိုင်မွှေး၏။

֍ ဋ္ဌ ၃၆။ တာတ၊ ခမည်းတော်။ တဿ၊ ထိုရသေ့ပျို၏။ ကာယေ၊ ကိုယ်၌။ ပင်္ကော စ၊ လူးသောညွန်သည်လည်း။ ဘုသဒဿနေယျော၊ အလွန်ရှုချင်စဖွယ်ရှိ၏။ မယှံ၊ ငါ၏။ ကာယေ၊ ကိုယ်၌။ ပင်္ကော၊ လူးသောညွန်သည်။ ယာဒိသော၊ အကြင်သို့ ရွံဖွယ်လိလိ သဘောရှိ၏။ တဿ၊ ထိုရှင်ရသေ့ ပျို၏။ ကာယေ ပန၊ ကိုယ်၌ သော်ကား။ ပင်္ကော၊ လူးသောညွန်သည်။ တာဒိသော၊ ထိုသို့ ရွံဖွယ်လိလိသဘော ရှိသည်။ န ဟောတိ၊ မဖြစ်။ အဂ္ဂဂိမှေ၊ နွေလ၏ အထွတ်ဖြစ်သော မိုးဦးကာလ၌။ သုဖုလ္လံ၊ ကောင်းစွာပွင့်သော။ ဝနံ ယထာ၊ ပန်းတောကဲ့သို့။ တထာ၊ ထို့အတူ။ မာလုတေန၊ လေညင်းသည်။ ဧရိတော၊ သွေးဆောင်တိုက်လွှင့်အပ်သော။ သော ပင်္ကော၊ ထိုရသေ့ပျို၏ကိုယ်၌ လူးခဲ့သော ညွန်ပျောင်းသည်။ ဝါယတိ၊ ကြိုင်ကြိုင်မွှေး၏။

֍ ဋ္ဌ ၃၇။ တာတ၊ ခမည်းတော်။ သုစိတ္တရူပံ၊ အလွန်ထူးဆန်းသော အဆင်းရှိသော။ ရုစိရံ၊ နှစ်သက်ဖွယ်ရှိသော။ ဒဿနေယျံ၊ ရှုချင်စဖွယ်ရှိသော။ ရုက္ခဖလံ၊ သစ်သီးကို။ သော မာဏဝေါ၊ ထိုရသေ့ပြိုသည်။ ပထဗျာ၊ မြေပေါ်၌။ နဟန္တိ နိဟနတိ၊ ပစ်၏။ ခိတ္တဉ္စ၊ ပစ်သော်လည်း။ ယံ ရုက္ခဖလံ၊ အကြင်သစ်သီးသည်။ တဿ၊ ထိုရသေ့ပျို၏။ ဟတ္ထံ၊ လက်တွင်းသို့။ ပုနရေတိ၊ လာပြန်၏။ တာတ၊ အို ခမည်းတော်။ တံ ရုက္ခဖလံ၊ ထိုသစ်သီးသည်။ ကိံ ရုက္ခဖလံ နု ခေါ၊ အဘယ် သစ်သီးမျိုးနည်း။

֍ ဋ္ဌ ၃၈။ တာတ၊ ခမည်းတော်။ တဿ၊ ထိုရသေ့ပျို၏။ ဒန္တာ စ၊ သွားတို့သည်လည်း။ ဘုသဒဿနေယျာ၊ အလွန်ရှုချင်စဖွယ် ရှိကုန်၏။ သမာသင်္ခဝရူပပန္နာ၊ ကောင်းစွာ ပွတ်အပ်သော ခရုသင်းအဆင်းနှင့် တူကုန်၏။ သုဒ္ဓါ၊ စင်ကြယ်ကုန်၏။ ဝိဝရိယမာနာ၊ ဖွင့်လိုက်သည်ရှိသော်။ မနော၊ ငါ၏စိတ်ကို။ ပသာဒေန္တိ၊ ရွှင်စေကုန်၏။ တာတ၊ ခမည်းတော်။ သော တာပသော၊ ထို ရှင်ရသေ့ပျို၏။ တေဟိ၊ ထိုသွားတို့ဖြင့်။ သာကံ၊ ဟင်းရွက် သစ်မြစ်သစ်သီးကို။ န ဟိ နူန အခါဒိ၊ မစားလေသည် ထင်၏။

֍ ဋ္ဌ ၃၉။ တာတ၊ ခမည်းတော်။ တဿ၊ ထိုရှင်ရသေ့ပျို၏။ ဘာသိတံ၊ ပြောဆိုသော စကားသည်။ အကက္ကသံ၊ ပြေပြစ်ချောမြေ့၏။ အခလိတံ၊ အဖန်တလဲလဲ ပြောဆိုသော်လည်း မချွတ်ယွင်း။ မုဟုံ၊ လျင်မြန်၏။ မုဒုံ၊ နူးညံ့၏။ ဥဇုံ၊ ဖြောင့်မတ်၏။ အနုဒ္ဓတံ၊ မပျံလွင့်။ အစပလံ၊ မလျှပ်ပေါ်။ ရုဒံ၊ ပြောဆိုစဉ် ရင့်ကျူးသော အသံသည်လည်း။ မနူညံ၊ နှစ်သက်ဖွယ်ရှိ၏။ ကရဝီကသုဿရံ၊ ကရဝိက်ငှက်မင်း၏ သာယာသော အသံနှင့်တူ၏။ ဟဒယင်္ဂမံ၊ နှလုံးသို့ သက်ဝင်၏။ တဿ၊ ထိုရှင်ရသေ့ပျို၏။ တံ ဘာသိတံ၊ ထိုပြောဆိုသံကို။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ ရဉ္ဇယတေဝ၊ ကြိုက်နှစ်သက်သည်သာတည်း။

֍ ဋ္ဌ ၄၀။ တာဝ၊ ခမည်းတော်။ သော တာပသော၊ ထိုရှင်ရသေ့ပျိုသည်။ ဗိန္ဒုဿရော၊ လုံးသော အသံရှိ၏။ နာတိဝိဿဋ္ဌဝါကျော၊ တိုးတိုးသာသာ ပြောဆိုတတ်၏။ သဇ္ဈာယံ-သဇ္ဈာယနကာလေ၊ ကမ္မဋ္ဌာန်းဗေဒင် သင်အံခြင်းကို ပြုသောကာလ၌။ န နူန အတိပ္ပယုတ္တော၊ အားမထုတ်လွန်းလေသည် ထင်၏။ တာတ၊ ခမည်းတော်။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ သော မာဏဝေါ၊ ထို ရှင်ရသေ့ပျိုသည်။ ပုရတ္ထာ၊ ရှေးကာလက။ မေ၊ ငါ၏။ မိတ္တော၊ အဆွေခင်ပွန်းသည်။ အဟု၊ ဖြစ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ တံ မာဏဝံ၊ ထိုရသေ့ပျိုကို။ ပုနဒေဝ၊ နောက်ကိုတစ်ဖန်လျှင်။ ဒဋ္ဌုံ ဣစ္ဆာမိ၊ မြင်ရလိုသေး၏။

֍ ဋ္ဌ ၄၁။ တာတ၊ ခမည်းတော်။ တဿ မာဏဝဿ၊ ထို ရှင်ရသေ့ပျို၏။ ဦရူနံ၊ ပေါင်နှစ်သက်တို့၏။ အန္တရေ၊ အကြား၌။ ဧကံ ဝဏံ၊ ဝံကိုက်နာ တစ်ခုသည်။ အတ္ထိ၊ ရှိ၏။ ဣမံ ဝဏံ၊ ဤဝံကိုက်နာသည်။ သုသန္ဓိ၊ ယောက်သွားခုံး မျက်နှာဝကဲ့သို့ ကောင်းစွာစေ့စပ်၏။ သဗ္ဗတ္ထဝိမဋ္ဌံ၊ ထက်ဝန်းကျင်မှ ကောင်းစွာပြေပြစ် ချောမော၏။ ပုထူ၊ ကြီးလည်းကြီး၏။ သုဇာတံ၊ ကောင်းသော သဏ္ဌာန်လည်းရှိ၏။ ခရပတ္တသန္နိဘံ၊ ပွင့်လုခါနီးဖြစ်သော ပဒုမ္မာကြာငုံဖူးနှင့်တူသော မျက်နှာရှိ၏။ တေနေဝ၊ ထိုသို့ အနာရှိသောကြောင့်လျှင်။ မာဏဝေါ၊ ရှင်ရသေ့ပျိုသည်။ ဝိဝရိယ၊ ကိုယ်ဝတ်ကို ဖွင့်လှစ်တည့်၍။ မံ၊ ငါ့ကို။ ဥတ္တာရိယာန၊ ဖိထည့်၍။ ဦရုံဇဃနေန၊ ပေါင်ခါးစောင်ဖြင့်။ ပီဠယိ၊ ညှပ်၏။

֍ ဋ္ဌ ၄၂။ တာတ၊ ခမည်းတော်။ တဿ မာဏဝဿ၊ ထိုရှင်ရသေ့ပျို၏။ သရီရတော၊ ကိုယ်မှ။ နိစ္ဆရန္တာ၊ ပြိုးပြိုး ပြက်ပြက် ထွက်လတ်ကုန်သော။ သုဝဏ္ဏဝဏ္ဏာ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော။ ရသ္မိယော၊ အရောင်တို့သည်။ အန္တလိက္ခေ၊ ကောင်းကင်၌။ သတေရတာ၊ အစဉ်မပြတ် တလျှပ်လျှပ်ရှိကုန်သော။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်နွယ်တို့ကဲ့သို့။ တပန္တိ ဧဝ၊ ထိန်ထိန် ဝင်းကုန်သလျှင်ကတည်း။ အာဘန္တိ ဧဝ၊ အလွန် ထွန်းပကုန်သလျှင်ကတည်း။ ဝိရောစရေဝ၊ အထူးသဖြင့် ထွန်းလင်းကုန်သလျှင်ကတည်း။ တဿ၊ ထိုရှင်ရသေ့ပျို၏။ အဉ္ဇနလောမ သဒိသာ၊ မျက်စဉ်းညို အဆင်းနှင့်တူသော အဆင်းရှိကုန်သော အမွေးတို့နှင့် ပြည့်စုံကုန်သော။ ဗာဟာ၊ မောင်းနှစ်ဖက်တို့သည်။ မုဒူ၊ နူးညံလှကုန်၏။ တဿ၊ ထိုရှင်ရသေ့ပျို၏။ ဟတ်ထာ၊ လက်တို့သည်။ ဝိစိတြဝဋင်္ဂုလိကာ၊ ဆန်းကြယ်လှစွာ သန္တာညွန့်နှင့်တူကုန်သော လုံးသော လက်ချောင်းရှိကုန်သည်ဖြစ်၍။ သောဘရေ၊ တင့်တယ်ကုန်၏။

֍ ဋ္ဌ ၄၃။ တာတ၊ ခမည်းတော်။ သော မာဏဝေါ၊ ထိုရှင်ရသေ့ပျိုသည်။ အကက္ကသင်္ဂေါ၊ ပွေးဝဲမစွဲ ရှုမရဲသော ကိုယ်ရှိ၏။ အဿ၊ ထိုရှင်ရသေ့ပျို၏။ န စ ဒီဃလောမော၊ အမွေးတို့သည် ရှည်လည်း မရှည်ကုန်။ အဿ၊ ထိုရသေ့ပျို၏။ နခါ၊ လက်သည်းတို့သည်။ ဒီဃာ၊ ရှည်ကုန်၏။ အပိစ၊ ရှည်ကာသာလည်း မဟုတ်သေး။ လောဟိတင်္ဂါ၊ ကျေးနှုတ်သီးကဲ့သို့ တွေးတွေးနီသော အဆင်းလည်း ရှိကုန်၏။ ကလျာဏရူပေါ၊ ကောင်းသော သဘောရှိသော ရှင်ရသေ့ပျိုသည်။ မုဒူဟိ၊ နူးညံ့ကုန်သော။ ဗာဟာဟိ၊ မောင်းနှစ်ဖက်တို့ဖြင့်။ ပလိဿဇန္တော၊ ငါ့ကိုပိုက်ဖက်၍။ ရမယံ-ရမယန္တော၊ မွေ့လျော်စေလျက်။ ဥပဋ္ဌဟိ၊ ငါ့အား လုပ်ကျွေးပေ၏။

֍ ဋ္ဌ ၄၄။ တာတ၊ ခမည်းတော်။ အဿ၊ ထိုရှင်ရသေ့ပျို၏။ ဟတ္ထာ၊ လက်တို့သည်။ တူလူပနိဘာ၊ ဝါဂွမ်းစုကဲ့သို့။ မုဒူ၊ နူးညံ့ကုန်၏။ ပဘဿရာ၊ ပြိုးပြိုးပြက်ပြက် ထွက်လတ်သော အရောင်ရှိကုန်၏။ သုဝဏ္ဏကမ္ဗုတလဝဋ္ဋာ၊ ရွှေကြေးမုံကဲ့သို့ ညီညွတ်သော လက်ဝါးပြင်, ပွတ်တင်သကဲ့သို့ လုံးသော လက်ချောင်း ရှိကုန်၏။ သုစ္ဆဝီ၊ ကောင်းသော အရေအသား ရှိကုန်၏။ သော၊ ထိုရှင်ရသေ့ပျိုသည်။ တေဟိ၊ ထိုသို့သဘောရှိကုန်သော။ မုဒုကေဟိ၊ နူးညံ့လှကုန်သောလက်တို့ဖြင့်။ မံ၊ ကို။ သံဖုသိတွာ၊ ကောင်းစွာတို့၍။ ဣတော၊ ဤကျောင်းမှ။ ဂတော၊ ငါမျှော်လိုက်စဉ်ပင် သွားရှာလေ၏။ တေန၊ ထိုသိုနူးညံ့လှကုန်သော လက်တို့ဖြင့် ငါ့ကိုတို့၍ သွားရှာလေသောကြောင့်။ မံ-မမ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ဒဟတိ၊ ပူလှချေ၏။

֍ ဋ္ဌ ၄၅။ တာတ၊ ခမည်းတော်။ သော ဣသိ၊ ထို ရှင်ရသေ့ပျိုသည်။ ခါရိဝိဓံ၊ ပရိက္ခရာဖြင့်ပြည့်သော ဝန်ကို။ န ဝဟတိ နူန၊ မထမ်းလေသည် ထင်၏။ သော ဣသိ၊ ထိုရှင်ရသေ့ပျိုသည်။ သယံ၊ ကိုယ်တိုင်။ ကဋ္ဌာနိ၊ မီးပူဇော်စရာထင်းတို့ကို။ န အဘဉ္ဇိ နူန၊ ခွဲဘူးဟန်မရှိ။ သော ဣသိ၊ ထို ရှင်ရသေ့ပျိုသည်။ ဒုမေ၊ သစ်ပင်တို့ကို။ ကုဒါရိယာ၊ ပုဆိန်ဖြင့်။ န ဟန္တိ နူန၊ ပေါက်ဘူးဟန်မရှိ။ ဟိ-သစ္စံ၊ မှန်၏။ အဿ၊ ထိုရှင်ရသေ့ပျို၏။ ဟတ္တေသု၊ လက်တို့၌။ ခိလာနိ၊ ပွန်းရာ ပေါက်ရာတို့သည်။ န အတ္ထိ- နသန္တိ၊ မရှိကုန်။

֍ ဋ္ဌ ၄၆။ တာတ၊ ခမည်းတော်။ အစ္ဆော စ ခေါ၊ ဝံတစ်ခုသည်လျှင်။ အဿ၊ ထိုရသေ့ပျို၏။ ဦရုန္တရေ၊ ပေါင်ကြား၌။ ဝဏံ၊ အနာကို။ အကာသိ၊ ပြုလေ၏။ တာတ၊ ခမည်းတော်။ သော၊ ထိုရှင်ရသေ့သည်။ ဗြဟ္မေ၊ ဣသိသိင်္ဂရသေ့မြတ်။ တွံ၊ ရှင်ရသေ့သည်။ မံ၊ ငါ့ကို။ သုခိတံ၊ ချမ်းသာအောင်။ ကရောဟိ၊ ပြုပါလော့။ ဣတိ၊ ဤသို့။ မံ၊ ငါ့ကို။ အဗြဝိ၊ ဆို၏။ တေန၊ ထို့ရှင်ရသေ့ပျိုသည်။ မမ၊ ငါ့အား။ သုခိတံ၊ ချမ်းသာအောင်။ ကရောဟိ၊ ပြုပါလော့။ ဝုတ္တော၊ ဆိုအပ်သော။ သော အဟံ၊ ထိုငါသည်။ တဿ၊ ထိုရှင်ရသေ့ပျိုအား။ သောချံ၊ ချမ်းသာအောင်။ ကရိံ၊ ပြုလိုက်၏။ တာတ၊ ခမည်းတော်။ ကာရိတေ၊ ချမ်းသာအောင်ပြုသည်ရှိသော်။ သော တာပသော၊ ထိုရှင်ရသေ့ပျိုသည်။ မံ၊ ငါ့ကို။ ဗြဟ္မေ၊ ဣသိသိင်္ဂ ရှင်ရသေ့မြတ်။ သုခိတောသ္မိ၊ ငါ ချမ်းသာပြီ။ ဣတိ၊ ဤသို့။ အဗြဝိ၊ ပြောဆိုခဲ့၏။

֍ ဋ္ဌ ၄၇။ တာတ၊ ခမည်းတော်။ တေ-တဝ၊ ခမည်းတော်၏။ မာလုဝပဏ္ဏသန္ထတာ၊ မာလောရွက်ဖြင့် မိုးအပ်သော။ အယဉ္စ၊ ဤကျောင်းတော်သည်လည်း။ အဇ္ဇ၊ ယနေ့။ မယာ စ၊ ငါသည်လည်းကောင်း။ တေနေ စ၊ ထိုရှင်ရသေ့ပျိုသည်လည်းကောင်း။ အညမညပရာမသနာလိင်္ဂနဝသေန၊ အချင်းချင်း သုံးသပ်ဖက်ရမ်းကြသည်၏ အစွမ်းအားဖြင့်။ ပရိဝတ္တေန္တေဟိ၊ ထိုမှဤမှ လွင့်၍ ကျကုန်သောကြောင့်။ ဝိကိဏ္ဏရူပါဝ၊ ဖရိုဖရဲ ဤသို့သောသဘောရှိ၏။ တာတ၊ ခမည်းတော်။ အဟဉ္စ၊ ငါသည်လည်းကောင်း။ သော စ၊ ထို ရှင်ရသေ့ပျိုသည်လည်းကောင်း။ ရမိတွာ၊ မွေ့လျော်ကြ၍။ ကိလန္တရူပါ၊ ပင်ပန်းကြလျှင်။ ဥဒကေ၊ ရေအိုင်၌။ ရမိတွ၊ ရေချိုးကြ၍။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ပဏ္ဏကုဋိံ၊ ကျောင်းတွင်းသို့။ ဝဇာမ၊ ဝင်ကြကုန်၏။

֍ ဋ္ဌ ၄၈။ တာတ၊ ခမည်းတော်။ အဇ္ဇ၊ ယနေ့။ မမ၊ ငါ့အား။ မန္တာ၊ ဗေဒင်တို့သည်။ နပ္ပဋိဘန္တိ၊ မထင်ကုန်။ အဂ္ဂိဟုတ္တမ္ပိ၊ မီးပူဇော်ခြင်းသည်လည်း။ နပ္ပဋိဘာတိ၊ မထင်။ ယညန္တံပိ၊ ယဇ်ပူဇော်ခြင်းသည်လည်း။ နပ္ပဋိဘာတိ၊ မထင်။ တတြ- တသ္မိံ၊ ထိုအရပ်၌။ တံ ဗြဟ္မာစာရိံ၊ ထိုရှင်ရသေ့ပျိုကို။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ န ပဿမိ၊ မမြင်ရသေး။ တာဝ၊ ထို မမြင်ရသေးသမျှ ကာလပတ်လုံး။ တေ၊ သင်ခမည်းတော်၏။ မူလဖလာနိ၊ သစ်မြစ်သစ်သီးတို့ကို။ န စာပိ ဘုဉ္ဇ၊ ငါမစား။

֍ ဋ္ဌ ၄၉။ တာတ၊ ခမည်းတော်။ ယဿ ဒိသံ၊ အကြင် အရပ်မျက်နှာ၌။ သော ဗြဟ္မစာရီ၊ ထိုရှင်ရသေ့ပျိုသည်။ ဝသ၊ နေ၏။ တံ ဒိတံ၊ ထိုအရပ်မျက်နှာကို။ တုဝမ္ပိ၊ သင် ခမည်းတော်သည်လည်း။ အဒ္ဓါ၊ စင်စစ်။ ပဇာနာသိ၊ သိတော်မူအံ့။ တာတ၊ ခမည်းတော်။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ သင်ခမည်းတော်၏။ အဿမမှိ၊ ကျောင်းတော်၌။ မာ အမရိ၊ မသေခင်။ တံ ဒိသံ၊ ထိုရှင်ရသေ့ပျိုနေသော အရပ်သို့။ မံ၊ ငါ့ကို။ ခိပ္ပံ ပါပယ၊ လျင်စွာ ပို့ပါလော့။

֍ ဋ္ဌ ၅၀။ တာတ၊ ခမည်းတော်။ ဝနံ၊ ရှင်ရသေပျို၏ ကျောင်းကိုလည်၍ တည်သောတောသည်။ ဝိစိတြဖုလ္လံ၊ အဖြူ အနီ အစရှိသည်တို့ဖြင့် ဆန်းကြယ်သော အဆင်း ရှိသော ပန်းပွင့်တို့ဖြင့် ပွင့်လင်းသာယာ၏။ ဒိဇာဘိဃုဋ္ဌံ၊ ငှက်အပေါင်းတို့၏ သာယာစွာ တွန်မြူးရာဖြစ်၏။ ဒိဇသံဃသေဝိတံ၊ ငှက်အပေါင်းတို့ မှီဝဲရာဖြစ်၏။ ဣတိ၊ ဤသို့။ မယာ၊ ငါသည်။ သုတံ၊ ရှင်ရသေ့ပျိုပြော၍ ကြားလိုက်ရ၏။ တာတ၊ ခမည်းတော်။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ ခမည်းတော်ရှင်ရသေ့၏။ အဿမေ၊ ကျောင်းတော်၌။ ပါဏံ၊ အသက်ကို ပုရာ ဝိဇဟာမိ၊ မစွန့်ရခင်။ တံ ဝနံ၊ ထိုရှင်ရသေ့ပျိုနေရာ တောမြိုင်သာသို့။ မံ၊ ငါ့ကို။ ခိပ္ပံ ပါပယ၊ လျင်စွာ ပို့တော်မူပါလော့။

ရသေ့ကြီး၏ ဆုံးမစကား

ဤသို့ တ, သ မြည်တမ်းသော သားတော် ဣသိသိင်္ဂရသေင့ယ်၏ ထိုတ, သ မြည်တမ်းသံကိုကြား၍ ဘုရားအလောင်းသည် တစ်ယောက်သော မိန်းမသည် ဤဣသိသိင်္ဂရသေ့ငယ်၏ သီလကို ဖျက်ဆီးသည်ဖြစ်လတ္တံ့ဟု သိ၍ သားတော် ဣသိသိင်္ဂရသေ့ငယ်ကို ဆုံးမတော်မူလိုရကား-

၅၁။ ဣမသ္မာဟံ ဇောတိရသေ ဝနမှိ၊
ဂန္ဓဗ္ဗဒေဝစ္ဆရ သံဃသေဝိတေ။
ဣသီနမာဝါသေ သနန္တနမှိ၊
နေတာဒိသံ အရတိံ ပါပုဏေထ။
၅၂။ ဘဝန္တိ မိတ္တာနိ အထော န ဟောန္တိ၊
ဉာတီသု မိတ္တေသု ကရောန္တိ ပေမံ။
အယဉ္စ ဇမ္မော ကိဿ ဝါ နိဝိဋ္ဌော၊
ယော နေဝ ဇာနာတိ ကုတောမှိ အာဂတော။
၅၃။ သံဝါသေန ဟိ မိတ္တာနိ၊ သန္ဓိယန္တိ ပုနပ္ပုနံ။
သွေဝ မိတ္တော အသံဂန္တု၊ အသံဝါသေန ဇီရတိ။
၅၄။ သစေ တုဝံ ဒက္ခသိ ဗြဟ္မစာရိံ၊
သစေ တုဝံ သလ္လပေ ဗြဟ္မစာရိနာ။
သမ္ပန္နသဿံဝ မဟောဒကေန၊
တပေါ ဂုဏံ ခိပ္ပမိမံ ပဟိဿသိ။
၅၅။ ပုနပိ စေ ဒက္ခသိ ဗြဟ္မစာရိံ၊
ပုနပိ စေ သလ္လပေ ဗြဟ္မစာရိနာ။
သမ္ပန္နသဿံဝ မဟောဒကေန၊
ဥသ္မာဂတံ ခိပ္ပမိမံ ပဟိဿသိ။
၅၆။ ဘူတာနိ ဟေတာနိ စရန္တိ တာတ၊
ဝိရူပရူပေန မနုဿလောကေ။
န တာနိ သေဝေထ နရော သပညော၊
အာသဇ္ဇ နံ နဿတိ ဗြဟ္မစာရီ။

ဟူသော ဤခြောက်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၁။ တာတ၊ ချစ်သား ဣသိသိင်္ဂ။ ဂန္ဓဗ္ဗဒေဝစ္ဆရသံဃသေဝိတေ၊ ဂန္ဓဗ္ဗ နတ်သမီးအပေါင်းတို့၏ မှီဝဲရာဖြစ်ထသော။ ဣသီနံ၊ ရသေ့သူမြတ်တို့၏။ အာဝါသေ၊ နေရာဖြစ်ထသော။ သနန္တနမှိ၊ ရှည်ကြာ ဟောင်းမြင်းလေပြီးထသော။ ဇောတိရသေ၊ ပူဇော်သော မီးအရောင်ဖြင့် တပြောင်ပြောင် ထွန်းပထသော။ ဣမသ္မာ-ဣမသ္မိံ၊ ဤသို့ သဘောရှိသော။ ဝနမှိ၊ ဟိမဝန္တာတော၌။ ဝသန္တော၊ နေသော။ တွံ၊ သင် ချစ်သားသည်။ ယံ အနဘိရတိံ၊ အကြင်ပညာရှိတို့အား မထိုက်မလျော်သော ငြီးငွေ့ခြင်းသို့။ ပတ္တော၊ ရောက်ချေပြီ။ ဧတာဒိသံ၊ ထိုသို့သဘောရှိသော။ အရတိံ၊ ငြီးငွေ့ခြင်းသို့။ န ပါပုဏေထ၊ မရောက်သင့်ပါတကား။

֍ ဋ္ဌ ၅၂။ တာတ၊ ချစ်သား ဣသိသိင်္ဂ။ လောကေ၊ လောက၌။ သတ္တာနံ၊ သတ္တဝါတို့အား။ မိတ္တာနိ၊ အဆွေခင်ပွန်းတို့မည်သည်။ ဘဝန္တိ၊ ရှိသည်လည်း ဖြစ်ကုန်၏။ အထော၊ ထိုမှတစ်ပါး။ နဟောန္တိ၊ မရှိသည်လည်း ဖြစ်ကုန်၏။ တတ္ထ၊ ထိုအဆွေခင်ပွန်း ရှိ, မရှိ ဖြစ်ကုန်သောသူ နှစ်ဦးတို့တွင်။ ယေသံ၊ အကြင်သူတို့အား။ ဟောန္တိ၊ အဆွေခင်ပွန်းရှိသည် ဖြစ်ကုန်၏။ တေ၊ ထိုအဆွေခင်ပွန်း ရှိကုန်သော သူတို့သည်။ ဉာတီသု၊ အဆွေအမျိုးတော်ကုန်သော။ မိတ္တေသု၊ အဆွေခင်ပွန်းတို့၌သာလျှင်။ ပေမံ၊ ချစ်ခြင်းကို။ ကရောန္တိ၊ ပြုကြကုန်သည်တကား။ ယော၊ အကြင်ဣသိသိင်္ဂသည်။ အဟံ၊ ငါကား။ ကုတော၊ အဘယ်အရပ်မှ။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်သနည်း။ ဣတိ၊ သို့။ ဧတ္တကမ္ပိ၊ ဤမျှကိုလည်း။ နေဝ ဇာနာတိ၊ မသိသည်သာတည်း။ အထ၊ ထိုသို့ မသိဘဲလျက်။ အယဉ္စ ဇမ္မော၊ ဤဣသိသိင်္ဂ ရသေ့ယုတ်သည်လျှင်။ ကိဿ ဝါ၊ အဘယ် မည်သော အကြောင်းကြောင့်လျှင်။ နိဝိဋ္ဌော၊ မိန်းမ၌ အဆွေခင်ပွန်းဟူသော အမှတ်ဖြင့် ချစ်ကျွမ်းဝင်ရလေသနည်း။

֍ ဋ္ဌ ၅၃။ တာတ၊ ချစ်သား ဣသိသိင်္ဂ။ ပုနပ္ပနံ၊ အဖန်တလဲလဲ။ သံဝါသေနဟိ၊ ပေါင်းဖော်ခြင်းဖြင့်လျှင်။ မိတ္တာနိ၊ အဆွေခင်ပွန်းတို့သည်။ သန္ဓိယန္တိ၊ တပေါင်းတည်း ဖြစ်ကုန်၏။ အသံဂန္တု၊ မပေါင်းဖော်သောသူအားကား။ သွေဝ မိတ္တော၊ ထိုအဆွေခင်ပွန်းသည်လျှင်။ အသံဝါသေန၊ မပေါင်းဖော်ခြင်းကြောင့်။ ဇီရတိ၊ ပျက်စီး၏။

֍ ဋ္ဌ ၅၄။ တာတ၊ ချစ်သား။ တုဝံ၊ သင်သည်။ ဗြဟ္မစာရိံ၊ ဤကျောင်းသို့လာသော ရှင်ရသေ့ကို။ သစေ ဒက္ခသိ၊ အကယ်၍ မြင်ရပြန်အံ့။ တုဝံ၊ သင်သည်။ ဗြဟ္မစာရိနာ၊ ဤကျောင်းသို့ လာသော ရှင်ရသေ့နှင့်။ သစေ သလ္လပေ၊ အကယ်၍ ပြောဟောပြန်အံ့။ အထ၊ ထိုသို့ မြင်ပြန် ပြောပြန် ဟောပြန်သည်ရှိသော်။ သမ္မန္နသဿံ၊ ပြည့်စုံသော ကောက်ပင်ကို။ မဟောဒကေန၊ ပြင်းထန်စွာသော ရေသည်။ နီဟရိယတိ ဣဝ၊ မျှောလေအပ်သကဲ့သို့။ တထာ၊ ထို့အတူ။ ဣမံ တပါဂုဏံ၊ ဤမြတ်သော အကျင့်တည်းဟူသော ဂုဏ်ကို။ ခိပ္ပံ၊ လျင်စွာ။ တွံ၊ သင်သည်။ ပဟိဿသိ၊ ဖျောက်ပေလတ္တံ့။

֍ ဋ္ဌ ၅၅။ တာတ၊ ချစ်သား ဣသိသိင်္ဂ။ တွံ၊ သင်သည်။ ဗြဟ္မစာရိံ၊ ဤကျောင်းသို့ လာသော ရသေ့ကို။ ပုနပိ၊ တစ်ဖန်လည်း။ န ဒက္ခသိ စေ၊ မတွေ့ပြန်သည်ဖြစ်အံ့။ တွံ၊ သင်သည်။ ဗြဟ္မစရိနာ၊ ဤကျောင်းသို့ လာသော ရသေ့နှင့်။ ပုနပိ၊ တစ်ဖန်လည်း။ န သလ္လပေ စေ၊ မပြောဆိုပြန်သည် ဖြစ်အံ့။ သမ္ပန္နသဿံ၊ ပြည့်စုံသော ကောက်ပင်ကို။ မဟောဒကေန၊ များစွာသော ရေသည်။ ပဟိဿသိ ဣဝ၊ ရွှင်စေဘိသကဲ့သို့။ တထာ၊ ထို့အတူ။ ဣမံ ဥသ္မာဂတံ၊ ဤရသေ့ ရဟန်းတို့၏ တန်ခိုးအရှိန်ကို။ တွံ၊ သင်သည်။ ခိပ္ပံ၊ လျင်စွာ။ ပဟိဿသိ၊ ရွှင်စေလတ္တံ့။

֍ ဋ္ဌ ၅၆။ တာတ၊ ချစ်သား ဣသိသိင်္ဂ။ မနုဿလောကေ၊ လူ့ပြည်၌။ ဝိရူပရူပေန၊ အထူးထူးသော အဆင်းဖြင့်။ ဧတာနိ ဘူတာနိ စ၊ ထိုဘီလူးမတို့သည်လည်း။ စရန္တိ၊ လှည့်ပတ်သွားလာတတ်ကုန်။ တာနိ၊ ထိုဘီလူးမတို့ကို။ သပညော၊ ပညာရှိသော။ နရော၊ ယောကျ်ားသည်။ န သေဝေထ- န သေဝေယျ၊ မမှီဝဲရာ။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်သော ရသေ့ရဟန်းသည်။ အာသဇ္ဇနံ၊ မှီဝဲခြင်းသို့။ ပတွာ၊ ရောက်၍။ နဿတိ၊ ပျက်စီးတတ်၏။

ဈာန်များ ပြန်ရလေပြီ

ထိုဣသိသိင်္ဂရသေ့ငယ်သည် ခမည်းတော် ရှင်ရသေ့ကြီး၏စကားကို ကြားရလျှင် ထိုမိန်းမသည် ဘီလူးမဖြစ်သတတ်ဟု ကြောက်လန့်ရကား မင်းသမီးသို့ ပြေးသွားသောစိတ်ကို ပြန်လည်စေ၍ ဖခင် ဤကျောင်းမှ မသွားပါအံ့၊ အကျွန်ုပ်အား သင်ဖခင်တို့သည် သည်းခံတော် မူပါကုန်ဟု ဆို၍ ကန်တော့၏။

ခမည်းတော် ရှင်ရသေ့ကြီးသည်လည်း ထိုသားတော် ဣသိသိင်္ဂ ရသေ့ငယ်ကို သက်သာရာရစေ၍ လုလင်... အမောင်သည် လာလှည့်၊ မေတ္တာကို ပွားစေလော့, ကရုဏာကို ပွားစေလော့, မုဒိတာကို ပွားစေလော့, ဥပေက္ခာကို ပွားစေလော့ဟု ဆို၍ ဗြဟ္မဝိဟာရဘာဝနာကို ကြားတော်မူ၏။ သားတော် ဣသိသိင်္ဂရသေ့ငယ်သည်လည်း ခမည်းတော် ရှင်ရသေ့ကြီးကြားတိုင်း ကျင့်၏။ တစ်ဖန် ဈာန် အဘိညာဉ်တို့ကို ဖြစ်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤနိလိနိကာဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား၊ ယခုအခါ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သောရဟန်း၏ မယားဟောင်းသည် ထိုအခါ နိလိနိကာအမည်ရှိသော မင်းသမီး ဖြစ်ဖူးပြီ၊ ယခုအခါ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သော ရဟန်းသည် ထိုအခါ ဣသိသိင်္ဂရသေ့ငယ် ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခမည်းတော်ရသေ့ကြီး ဖြစ်ဖူးပြီ ဤသို့ ဇာတ်ပေါင်းတော်မူ၏။

မဘက်လိုက်ရာ၊ မိုက်ဘက်ပါ၊ ပညာပျက်တတ်သည်

ရှေးဦးစွာ နိလိနိကာဇာတ်သည် ပြီး၏။

*****

ပဏ္ဏာသနိပါတ်

၂။ ဥမ္မာဒန္တီဇာတ်

ပညာရှိပုဂ္ဂိုလ်သည် ကိလေသာ၏အလိုသို့ မလိုက်

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နိဝေသနံ ကဿ နုဒံ သုနန္ဒ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥမ္မာဒန္တီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် သာသနာတော်၌ ငြီးငွေ့သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ကာမရောဂါ

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် တစ်နေ့သ၌ သာဝတ္ထိမြို့သို့ ဆွမ်းခံအံ့သောငှာ သွားသည်ရှိသော် တန်ဆာဆင်ခြင်းနှင့်စပ်သော မြတ်သောအဆင်းနှင့် ပြည့်စုံသော မိန်းမတစ်ယောက်ကို မြင်လေလျှင် တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ထိုမိန်းမသို့ပြေးသွားသောစိတ်ကို ပြန်လည်စိမ့်သောငှာ မတတ်နိုင်ရကား ကျောင်းသို့သာလျှင် ပြန်ခဲ့သဖြင့် ထိုအခါမှစ၍ မြားစူးခြင်းကြောင့် တုန်လှုပ်သော သမင်ကဲ့သို့ ရာဂနှိပ်စက်သည်ဖြစ်၍ ကြုံကြုံလှီလှီ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိသည်ဖြစ်၍ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ဖြစ်၍ မပျော်မရွှင် တစ်ခုသော ဣရိယာပုထ်၌မျှလည်း စိတ်၏ချမ်းသာခြင်းကို မရလျှင် ဆရာ အားပြုသော ဝတ်အစရှိသည်တို့ကို စွန့်ပစ်လျက် ပါဠိသင်ခြင်း, အဋ္ဌကထာသင်ခြင်း, ကမ္မဋ္ဌာန်း စီးဖြန်းခြင်း၌ အားထုတ်ခြင်းမှ ကင်းသည်ဖြစ်၍ နေ၏။

ထိုရဟန်းကို အဆွေခင်ပွန်း အကျွမ်းဝင်ကုန်သော ရဟန်းတို့သည် ငါ့ရှင်... သင်သည် ရှေး၌ ငြိမ်သက်သော ဣန္ဒြေရှိ၏။ ကြည်လင်သော မျက်နှာအဆင်းရှိ၏။ ယခုတစ်မူကား ရှေးနှင့်မတူ၊ အကြောင်းကား အသို့နည်း ဟု မေးအပ်သော ထိုငြီးငွေ့သောရဟန်းသည် ငါ့ရှင်တို့... မမွေ့လျော်ခြင်း ဖြစ်၏ဟု ဆို၏။

ကာမဂုဏ်၏ အပြစ်များ

ထိုအခါ ထိုရဟန်းကို အဆွေခင်ပွန်း အကျွမ်းဝင်ကုန်သော ရဟန်းတို့သည် ဆိုကြကုန်၏။ ငါ့ရှင်... မွေ့လျော်လော့၊ ဘုရားဖြစ်ခြင်းမည်သည်ကို အလွန်ရခဲ၏။ သူတော်ကောင်းတို့၏ တရားကို နာရခြင်းကိုလည်း ထို့အတူ အလွန်ရခဲ၏။ လူ့အဖြစ်ကို ရခြင်းကိုလည်း အလွန်ရခဲ၏။ သင်သည် လူ၏အဖြစ်ကိုရပြီး၍ ဝဋ်ဆင်းရဲ၏အဆုံးကို ပြုခြင်းကို တောင့်တသည်ဖြစ်၍ မျက်ရည်ယိုသော မျက်နှာရှိသော ဆွေမျိုးဖြစ်သော သူတို့ကိုစွန့်၍ သဒ္ဓါသဖြင့် ရဟန်းပြုလျက် အဘယ့်ကြောင့် ကိလေသာ၏နိုင်ငံသို့ လိုက်ရဘိသနည်း။ ထိုကိလေသာတို့မည်သည်ကား တီဖြစ်သောသတ္တဝါကို အစပြု၍ အလုံးစုံသော သူမိုက်တို့အား ဆက်ဆံကုန်၏။ အကြင် ငါးပါးသော ကာမဂုဏ်တို့သည် ထိုကိလေသာတို့၏ တည်ရာဖြစ်ကုန်၏။ ထိုငါးပါးသော ကာမဂုဏ်တို့သည်လည်း ကြည်ညိုဖွယ်မရှိကုန်၊ ဤငါးပါးကုန်သော ကာမဂုဏ်တို့၌ များစွာကုန်သော ဆင်းရဲခြင်းတို့သည်, များစွာကုန်သော ပင်ပန်းခြင်းတို့သည်, များစွာကုန်သော အပြစ်တို့သည် ရှိကုန်၏။ လွန်စွာလျှင် ကာမဂုဏ်တို့သည် အရိုးသက်သက်နှင့် တူကုန်၏။ ကာမဂုဏ်တို့သည် သားတစ်နှင့် တူကုန်၏။ ကာမဂုဏ်တို့သည် မြက်မီးရှူးနှင့် တူကုန်၏။ ကာမဂုဏ်တို့သည် မီးကျီးတွင်းနှင့် တူကုန်၏။ ကာမဂုဏ်တို့သည် များလှည့်သည်နှင့် တူကုန်၏။ ကာမဂုဏ်တို့သည် အိပ်မက်နှင့် တူကုန်၏။ ကာမဂုဏ်တို့သည် ချေးငှား၍ သုံးဆောင်အပ်သောဥစ္စာနှင့် တူကုန်၏။ ကာမဂုဏ်တို့သည် အဆိပ်သီးနှင့် တူကုန်၏။ ကာမဂုဏ်တို့သည် သန်လျက်နှင့် တူကုန်၏။ ကာမဂုဏ်တို့သည် လှံတံကျင်နှင့် တူကုန်၏။ ကာမဂုဏ်တို့သည် မြွေဟောက်ဦးခေါင်းနှင့် တူကုန်၏။ ကာမဂုဏ်တို့သည် မီးပုံကြီးနှင့် တူကုန်၏။ သို့စင်လျက် ဤသို့သဘောရှိသာ ဘုရားသခင်သာသာသနာတော်၌ ရဟန်းပြုပြီး၍ ဤသို့ အကျိုးမဲ့ကိုသာ ပြုတတ်ကုန်သော ဏိလေသာတို့၏အလိုသို့ လိုက်တော့အံ့လောဟု ဆိုကြကုန်၏။

ထိုသို့ ဆိုဆုံးမကုန်၍ မိမိတို့၏စကားကို ယူစိမ့်သောငှာ မတတ်နိုင်ကုန်ရကား သဗ္ဗညူ ဘုရားသခင်အထံတော်ဖြစ်သော တရားသဘင်သို့ ဆောင်ယူကုန်၍ ရဟန်းတို့... အလိုမရှိသော ရဟန်းကို အဘယ့်ကြောင့် ဆောင်ယူခဲ့ကြ ကုန်သနည်းဟု မေးတော်မူသည်ရှိသော် အရှင်ဘုရား... ဤရဟန်းသည် သာသနာတော်၌ ငြီးငွေ့သတတ်ဟု နားတော်လျှောက်ကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း မှန်ပေသလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီးတော်မူသော အရှင်ဘုရား... မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... ရှေးပညာရှိတို့သည် တိုင်းနိုင်ငံကို စီရင်ဆုံးမကုန်လျက်လည်း ကိလေသာဖြစ်သည်ရှိသော် ထိုကိုလေသာ၏အလိုသို့ မလိုက်မူ၍ စိတ်ကိုမြစ်သဖြင့် မသင့်လျော်သောအမှုကို မပြုကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့... လွန်လေပြီးသောအခါ သိဝိတိုင်း အရိဋ္ဌပုရမြို့၌ သိဝိအမည်ရှိသောမင်းသည် မင်းပြု၏။ ဘုရားလောင်းသည် ထိုသိဝိမင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၏။ ထို ဘုရားလောင်းအား သိဝိသတို့သားဟူသော အမည်ကို မှည့်ကုန်၏။ စစ်သူကြီးလည်း သားသည်ဖွား၏။ ထိုစစ်သူကြီးသားအားကား အဘိပါရကဟူသော အမည်ကို မှည့်ကုန်၏။ ထိုမင်း၏သား စစ်သူကြီး၏သား နှစ်ပါးတို့သည်လည်း အပေါင်းအဖော်ဖြစ်သဖြင့် ကြီးကြကုန်၏။ တစ်ဆယ့်ခြောက်နှစ်ရှိကုန်သော် တက္ကသိုလ်ပြည်သို့ သွားကုန်ပြီးလျှင် အတတ်ကိုသင်၍ လာခဲ့ကြကုန်၏။ ခမည်းတော် သိဝိမင်းကြီးသည် သားတော်အား မင်းအဖြစ်ကို ပေးတော်မူ၏။ ထိုသားတော် သိဝိမင်းသည်လည်း အဘိပါရကကို စစ်သူကြီးအရာ၌ထား၍ တရားသဖြင့် မင်းပြု၏။

ဥမ္မာဒန္တီ

ထိုအရိဋ္ဌပုရမြို့၌လျှင် ကုဋေရှစ်ဆယ်ကြွယ်ဝသော တိရိဋိဝစ္ဆ အမည်ရှိသောသူဌေးအား သမီးသည်ဖြစ်၏။ မြတ်သောအဆင်းကို ဆောင်၏။ တင့်တယ်ခြင်း အထွတ်သို့ရောက်၏။ တင့်တယ်သော လက္ခဏာနှင့် ပြည့်စုံ၏။ ထို သတို့သမီးအား အမည်မှည့်သောနေ့၌ ဥမ္မာဒန္တီ ဟူသော အမည်ကို မှည့်ကုန်၏။

ထို ဥမ္မာဒန္တီ သတို့သမီးသည် တစ်ဆယ့်ခြောက်နှစ် မြောက်သောအခါ လူတို့၏အဆင်းကိုလွန်၍ နတ်သမီးကဲ့သို့ အလွန် အဆင်းလှ၏။ ရှုချင်ဖွယ် ရှိ၏။ ကြည်ညိုဖွယ် ရှိ၏။ မြတ်သောအဆင်းနှင့် ပြည့်စုံ၏။ အကြင် အကြင် ပုထုဇဉ်တို့သည် ထိုဥမ္မာဒန္တီ သတို့သမီးကို မြင်ကုန်၏။ ထိုထိုပုထုဇဉ်တို့သည် မိမိတို့သဘောအားဖြင့် ကိုယ်ကိုဆောင်အံ့သောငှာ မတတ်နိုင်ကုန်၊ သုရာယစ်သော သူတို့ကဲ့သို့ ကိလေသာဟူသော ယစ်ခြင်းဖြင့် ယစ်ကုန်သည်ဖြစ်၍ သတိကိုဖြစ်စိမ့်သောငှာ စွမ်းနိုင်သူမည်သည် မရှိကုန်။

ပုဏ္ဏားများ နှင်ထုတ်ခံကြရ

ထိုအခါ ဥမ္မာဒန္တီ သတို့သမီး၏ အဖဖြစ်သော တိရိဋိဝစ္ဆသူဌေးသည် သိဝိမင်းသို့ကပ်၍ အရှင်မင်းမြတ်... အကျွန်ုပ်အိမ်၌ အရှင်မင်းမြတ်အားထိုက်သော မိန်းမရတနာ ဖြစ်၏။ လက္ခဏာဖတ်တတ်ကုန်သော ပုရောဟိတ်တို့ကို စေတော်မူ၍ ထိုမိန်းမရတနာကို စုံစမ်းစေ၍ အလိုတော်မြတ်ရှိတိုင်း မိန့်တော်မူပါလော့ ဟု တင်လျှောက်၏။ သိဝိမင်းသည် ကောင်းပြီ ဟု ဆို၍ ပုရောဟိတ်ပုဏ္ဏားတို့ကို စေတော်မူ၏။ ထိုပုရောဟိတ် ပုဏ္ဏားတို့သည် တိရိဋိဝစ္ဆ သူဌေးအိမ်သို့ သွားကြကုန်သဖြင့် ပြုအပ်သော ပူဇော်သက္ကာရ မြတ်နိုးတနာ ရှိကုန်သည်ဖြစ်၍ နို့ဃနာထမင်းကို စားကြကုန်၏။ ထိုခဏ၌ ဥမ္မာဒန္တီသည် အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆလျက် ထိုပုရောဟိတ် ပုဏ္ဏားတို့၏အထံသို့ သွား၏။ ထိုပုဏ္ဏားတို့သည် ဥမ္မာဒန္တီကိုမြင်လျှင် သတိကို ဖြစ်စိမ့်သောငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ ကိလေသာဟူသော ယစ်ခြင်းဖြင့် ယစ်ကုန်သည်ဖြစ်၍ မိမိတို့သည် ထမင်းစား၍ မပြီးသေးသည်၏အဖြစ်ကို မသိကြကုန်။ အချို့ကုန်သော ပုဏ္ဏားတို့သည် ထမင်းလုပ်ကိုယူ၍ စားကုန်အံ့ဟူသော အမှတ်ဖြင့် ဦးခေါင်း၌ထားကုန်၏။ အချို့ကုန်သော ပုဏ္ဏားတို့သည် လက်ကတီး ကြား၌ ချကုန်၏။ အချို့ကုန်သော ပုဏ္ဏားတို့သည် နံရံကိုတိုးဝှေ့ကြကုန်၏။ အလုံးစုံကုန်သော ပုဏ္ဏားတို့သည် ရူးကုန်သည်သာလျှင် ဖြစ်ကုန်၏။
ဥမ္မာဒန္တီသည် ထိုပုဏ္ဏားတို့ကို မြင်လျှင် ဤအရူးတို့သည် ငါ၏လက္ခဏာကို စုံစမ်းကြကုန်လတ္တံ့သတတ် ဟု နှလုံးသွင်း၍ ထိုပုဏ္ဏားတို့ကို လည်၌ကိုင်၍ နှင်ထုတ်လိုက်ကြကုန် ဟု ဆို၍ နှင်ထုတ်စေ၏။

အပြစ်လျှောက်တင်

ထိုပုရောဟိတ် ပုဏ္ဏားတော်တို့သည် မျက်နှာမသာကုန်သည်ဖြစ်၍ မင်း၏နေရာ နန်းတော်သို့ သွားကြကုန်ပြီးလျှင် အရှင်မင်းမြတ်... ဥမ္မာဒန္တီအမည်ရှိသော အကြင်မိန်းမသည် အမျက်ဟူးဟူးထွက်၏။ ထိုဥမ္မာဒန္တီ အမည်ရှိသော မိန်းမသည် သူယုတ်မတည်း၊ အရှင်မင်းမြတ်တို့အား မထိုက်မလျော်ပါ ဟု တင်လျှောက်ကြကုန်၏။ သိဝိမင်းသည် သူယုတ်မ ဖြစ်သတတ် ဟု ထိုဥမ္မာဒန္တီကို ဆောင်ယူတော် မမူစေ။

မင်းကို ရန်ငြိုးဖွဲ့

ဥမ္မာဒန္တီသည် ထိုသတင်းစကားကိုကြား၍ မင်းကြီးသည် ငါ့အား မိန်းမယုတ်ဟူ၍ မဆောင်ယူသတတ်။ သူယုတ်တို့သည်ကား ဤသို့ သဘောရှိသည် မဖြစ်ကုန်ဟုဆို၍ သူယုတ်မဟု ထင်မှတ်တော်မူ၍ မယူသည်ဖြစ်စေ။ ထိုမင်းကို အကယ်၍ မြင်မှမြင်ရစေ၊ သိအံ့ ဟု ထိုသိဝိမင်း၌ ရန်ငြိုးဖွဲ့၏။ ထို့နောင်မှ ဥမ္မာဒန္တီကို အဖသူဌေးသည် စစ်သူကြီး အဘိပါရကအား ပေး၏။ ထိုဥမ္မာဒန္တီသည် ထိုစစ်သူကြီး အဘိပါရက၏ နှလုံးကို ပွားစေတတ်သော မယား ဖြစ်၏။

ဥမ္မာဒန္တီ၏ ရှေးကုသိုလ်

အဘယ်ကောင်းမှုကံ၏ အကျိုးကြောင့် ထိုဥမ္မာဒန္တီသည် ဤသို့ အဆင်းလှသည် ဖြစ်လေသနည်း ဟူမူကား... ဝတ်ပန်းဆိုးသော အဝတ်အလှူ၏ အကျိုးဆက်ကြောင့် ဤသို့ လှသည် ဖြစ်သတတ်။

ထိုဥမ္မာဒန္တီသည် လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် သူဆင်းရဲအမျိုး၌ ဖြစ်၍ ပွဲသဘင်ခံသောနေ့၌ ကောင်းမှုကံ၏ ပြည့်စုံကုန်သော မိန်းမတို့သည် ဝတ်ပန်းဆိုးအဝတ်ကို ဝတ်ကုန်၍ တန်ဆာဆင်ကုန်လျက် ကစားရွှင်မြူးကြကုန်သည်တို့ကို မြင်လေလျှင် ထိုသို့သဘောရှိသော အဝတ်ကိုဝတ်၍ ကစားမြူးရွှင်လိုရာ မိဘတို့အား အကြောင်းကြား၏။ ထိုမိဘတို့သည် ချစ်သမီး... ငါတို့သည် အလွန် ဆင်းရဲကုန်၏။ ငါတို့အား ဤသို့ သဘောရှိသော အဝတ်သည် အဘယ်မှာရှိအံ့နည်း ဟု ထို မိဘတို့ ဆိုသည်ရှိသော် ထိုသို့ဖြစ်လျှင် ငါ့ကို သူကြွယ်မျိုး တစ်ဦး၌ အခစားလုပ်စိမ့်သောငှာ အခွင့်ပြုကြကုန်လော့၊ ထိုသူကြွယ်တို့သည် ငါ့အား ကျေးဇူးကိုသိ၍ ပေးလတ္တံ့ ဟု ဆို၍ ထိုမိတို့သည် ခွင့်ပြုအပ်သည်ရှိသော် သူကြွယ်မျိုး တစ်ဦးသို့ ကပ်၍ ဝတ်ပန်းဆိုးအဝတ်ဖြင့် အခစားလုပ်လိုပါ၏ ဟု ဆို၏။ ထိုအခါ ထိုအမျိုးသမီးကို သူကြွယ်တို့သည် သုံးနှစ်တို့ပတ်လုံး အမှုကို လုပ်ဆောင်သည်ရှိသော် ရှင်မအား ကျေးဇူးကိုသိ၍ ပေးကုန်အံ့ ဟု ဆိုကြကုန်၏။ ထိုအမျိုးသမီးသည် ကောင်းပြီဟု ဝန်ခံ၍ အမှုကို လုပ်ဆောင်၏။

ထိုသူကြွယ်တို့သည် ထိုအမျိုးသမီး၏ ကျေးဇူးကိုသိ၍ သုံးနှစ်မပြည့်မီပင်လျှင် ထိုအမျိုးသမီးအား ခိုင်ခံ့ထူထဲသော ဝတ်ပန်းဆိုး အဝတ်နှင့်တကွ တစ်ပါးလည်းဖြစ်သာ အဝတ်ကိုပေး၍ ရှင်မ၏ သူငယ်ချင်းအဖော်တို့နှင့် အတူသွား၍ ရေချိုး၍ ဆင်ဝတ်လေလော့ ဟု ဆို၍ ထိုအမျိုးသမီးကို စေကုန်၏။ ထိုအမျိုးသမီးသည် သူငယ်ချင်း အဖော်တို့ကို ခေါ်၍ သွားသဖြင့် ဝတ်ပန်းဆိုးအဝတ်ကို ကမ်းနား၌ထား၍ ရေချိုး၏။

ထိုခဏ၌ ကဿပ ဘုရားသခင်၏ တပည့်ဖြစ်သော ရဟန်းတစ်ပါးသည် သင်္ကန်းကို ခိုးသူလုယူသဖြင့် သစ်ခက် သစ်ရွက်ကိုချိုးလျက် ဝတ်ရုံ၍ ထိုအရပ်သို့ ရောက်လာ၏။ ထိုအမျိုးသမီးသည် ထိုသစ်ရွက်သစ်ခက်တို့ကို ဝတ်ရုံ၍ လာသော ရဟန်းကိုမြင်လျှင် အရှင်ကောင်းသည် သင်္ကန်းကို ခိုးသူ လုယူသည် ဖြစ်လတ္တံ့ ဟု နှလုံးသွင်း၍ ငါသည် ရှေး၌လည်း မလှူဖူးသည်၏ အဖြစ်ကြောင့် အဝတ်ကို ရခဲသည်ဖြစ်၏ ဟု ကြံ၍ ထို ဝတ်ပန်းဆိုးအဝတ်ကို နှစ်ပိုင်းဖြတ်ပြီးလျှင် တစ်ပိုင်းကို အရှင်ကောင်းအား လှူအံ့ဟုကြံ၍ ရေမှတက်ပြီးလျှင် မိမိအဝတ် တစ်ထည်ကိုဝတ်လျက် တစ်ထည်ကိုခြုံ၍ အရှင်ဘုရား... ရပ်တော်မူပါလော့ဟု တင်လျှောက်ပြီးလျှင် မထေရ်ကိုရှိခိုး၍ ဝတ်ပန်းဆိုးအဝတ်ကို ဖြတ်၍ ထိုမထေရ်မြတ်အား တစ်ပိုင်းကို လှူ၏။ ထိုမထေရ်သည် တင့်တယ်လျောက်ပတ်သော ဖုံးကွယ်ရာအရပ်၌ ရပ်ပြီးလျှင် ချိုး၍ဝတ်အပ်သော သစ်ခက်သစ်ရွက်ကိုစွန့်၍ တစ်ပိုင်းသော ဝတ်ပန်းဆိုးသင်္ကန်း၏ အစွန်းတစ်ဖက်ကိုဝတ်၍ တစ်စွန်းကိုရုံ၍ ထွက်၏။ ထိုသို့ထွက်သောအခါ ဝတ်ပန်းပုဆိုး သင်္ကန်းရောင်ကြောင့် ထိုမထေရ်မြတ်၏ ကိုယ်အလုံးသည် တက်သစ်သော နေလုလင်ကဲ့သို့ တစ်ခဲနက်နီသော အရောင်ထွက်၏။ အမျိုးသမီးသည် ထိုမထေရ်မြတ်ကိုမြင်လျှင် ငါ့အရှင်ကောင်းသည် ရှေးကမူ တင့်တယ်တော် မမူသေး၊ ယခုကား တက်သစ်သော နေလုလင်ကဲ့သို့ တင့်တယ်တော်မူ၏။ ဤဝတ်ပန်းထည် တစ်ပိုင်းကိုလည်း ထိုအရှင်မြတ်အားသာလျှင် လှူဦးအံ့ ဟု နှစ်ခုမြောက်ဖြစ်သော ဝတ်ပန်းထည်ပိုင်းကို လှူပြန်၍ အရှင်ဘုရား... အကျွန်ုပ်သည် ဘဝတိုင်းဘဝတိုင်း မြတ်သောအဆင်းကို ဆောင်နိုင်သည် ဖြစ်ရပါလို၏။ အကျွန်ုပ်ကိုမြင်၍ တစ်စုံတစ်ယောက်သော ယောက်ျားသည် မိမိသဘောအားဖြင့် ကိုယ်ကိုဆောင်အံ့သောငှာ မစွမ်းနိုင်သည် ဖြစ်စေသော၊ တစ်ပါးသောမိန်းမသည် အကျွန်ုပ်ထက်လွန်ကဲ၍ လှသည် မဖြစ်စေသတည်းဟု ဆုတောင်း၏။ မထေရ်မြတ်သည်လည်း တောင်းတိုင်း ပြည့်စုံစေ ဟူသော အနုမောဒနာကိုပြု၍ ကြွတော်မူ၏။ ထိုအမျိုးသမီးသည် နတ်ပြည်၌ကျင်လည်၍ ထိုအခါ အရိဋ္ဌပုရပြည်၌ဖြစ်၍ ထိုသို့ သဘောရှိသည်ဖြစ်၏။

နက္ခတ်သဘင် ကြွေးကြော်ပြီ

ထိုအခါ ထိုအရိဋ္ဌပုရမြို့၌ တန်ဆောင်မုန်းလ နက္ခတ်သဘင်ခံခြင်းကို ကြွေးကြော်ကုန်၏။ တန်ဆောင်မုန်းလပြည့်နေ့၌ အရိဋ္ဌပုရမြို့ကို ပြုပြင်ဆင်ယင်ကြကုန်၏။

စစ်သူကြီး၏ မှာထားချက်

စစ်သူကြီး အဘိပါရကသည် စောင့်ရှောက်လုံခြုံစေအပ်သော အရပ်ဟုဆိုအပ်သော မိမိအိမ်သို့သွားပြီးလျှင် ထိုဥမ္မာဒန္တီကိုခေါ်၍ ရှင်မဥမ္မာဒန္တီ... ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ည၌ ပွဲသဘင်ခံသော အလှည့်ရောက်၏။ အရှင်မင်းမြတ်သည် မြို့တော်ကို လက်ယာရစ် လှည့်လည်သည်ကို ပြုတော်မူသည်ရှိသော် ရှေးဦးစွာ ဤအိမ်တံခါးလမ်းသို့ ရောက်တော်မူလတ္တံ့၊ ထိုအရှင်မင်းမြတ်အား ရှင်မကိုယ်ကို မပြပါလင့်၊ ထိုအရှင်မင်းမြတ်သည်လည်း ရှင်မကို မြင်တော်မူလျှင် သတိကိုထင်စိမ့်သောငှာ မစွမ်းနိုင်လတ္တံ့ဟု ဆို၏။ ထို ဥမ္မာဒန္တီသည် အရှင်အရှင်သည် ကြွတော်မူလေလော့၊ အကျွန်ုပ်သည် သိပါအံ့ဟု ဆို၍ ထိုစစ်သူကြီး အဘိပါရက သွားသည်ရှိသော် ကျွန်မကိုခေါ်၍ ရှင်မ... ဤအိမ်တံခါးသို့ သိဝိမင်း ရောက်လာသောအခါ ငါ့အား ကြားလာလှည့်လော့ဟု စေဆိုမှာထား၏။

မင်းကြီး မြို့တွင်းလှည့်

နေသည် ဝင်လတ်သည်ရှိသော် လပြည့်ဝန်းသည် ထွက်ပြူလတ်သဖြင့် နတ်ပြည်ကဲ့သို့ တန်ဆာဆင်အပ်သော အရိဋ္ဌပုရမြို့အလုံးဝယ် ခပ်သိမ်းသော အရပ်မျက်နှာတို့၌ ဆီမီးတို့သည် တောင်ပြောင် ထွန်းတောက်ကုန်လတ်သော် သိဝိမင်းသည် အလုံးစုံသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော အာဇာနည်မြင်းက, သော မြတ်သောရထားကိုစီး၍ မှူးတော်မတ်တော်အပေါင်း ခြံရံလျက် များစွာသော စည်းစိမ်ဖြင့် အရိဋ္ဌပုရမြို့ကို လက်ယာရစ် လှည့်သည်ကို ပြုလတ်သော် ရှေးဦးစွာလျှင် အဘိပါရကစစ်သူကြီး အိမ်တံခါးသို့ ရောက်လေ၏။

ဥမ္မာဒန္တီ ပန်းမြှောက်ကြဲ

ထိုအဘိပါရက စစ်သူကြီးအိမ်သည်ကား ဆေးဒန်းမြင်းသီလာ အဆင်းနှင့်တူသော အဆင်းရှိသော တံတိုင်းဖြင့် ခြံရံအပ်၏။ တန်ဆာဆင်အပ်သော တံခါးပစ္စင်ရှိ၏။ တင့်တယ်ခြင်းအစုသို့ ရောက်၏။ ကြည်ညိုဖွယ်ရှိ၏။ ထိုခဏ၌ စေဆိုမှာထားအပ်သော ကျွန်မသည် ဥမ္မာဒန္တီအား လျှောက်၏။ ထိုဥမ္မာဒန္တီသည် ပန်းပုံတောင်းကိုကိုင်စေ၍ တင့်တယ်လှသော ကိန္နရီမကဲ့သို့ လေသွန်းတံခါးဝကိုမှီ၍ ရပ်လျက် သိဝိမင်းကို ပန်းတို့ဖြင့် ပစ်၏။

ရထားထိန်းကို မေးကြည့်ပုံ

သိဝိမင်းသည် ထိုဥမ္မာဒန္တီကိုမြင်လျှင် မော်ကြည့်၍ ကိလေသာတည်းဟူသော ယစ်ခြင်းဖြင့်ယစ်၍ သတိကိုထင်စိမ့်သောငှာ မတတ်နိုင်ရကား ဤအိမ်သည် စစ်သူကြီး အဘိပါရက၏အိမ်တည်းဟု သိအံ့သောငှာလည်း မတတ်နိုင်။ ထိုအခါ ရထားထိန်းကိုခေါ်၍ မေးလိုရကား-

၅၇။ နိဝေသနံ ကဿ နုဒံ သုနန္ဒ၊
ပါကာရေန ပဏ္ဍုမယေန ဂုတ္တံ။
ကာ ဒိသတိ အဂ္ဂိသိခါဝ ဒူရေ။
ဝေဟာယသံ ပဗ္ဗတဂ္ဂေဝ အစ္စိ။
၅၈။ ဓီတာ နွယံ ကဿ သုနန္ဒ ဟောတိ၊
သုဏိသာ နွယံ ကဿ အထောပိ ဘရိယာ။
အက္ခာဟိ မေ ခိပ္ပမိဓေဝ ပုဋ္ဌော၊
အဝါဝဋာ ယဒိ ဝါ အတ္ထိ ဘတ္တာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၇။ သုနန္ဒ၊ ရထားထိန် သုနန္ဒ။ ပဏ္ဍုမယေန၊ နီသော အုတ်ဖြင့် ပြီးသော။ ပါကာရေန၊ တံတိုင်းဖြင့်။ ဂုတ္တံ၊ ခြံရံလုံခြုံစေအပ်သော။ ဣဒံ နိဝေသနံ၊ ဤအိမ်သည်ကား။ ကဿ၊ အဘယ်သူ၏။ နိဝေသနံ နု၊ အိမ်ပေနည်း။ တတ္ထ၊ ထိုအိမ်ထက်၌။ ဝါတပါနေ၊ လေသွန်ပြတင်းဝ၌။ ဌိတာ၊ ရပ်လျက်တည်နေသော။ ယာ၊ အကြင်အမျိုးသမီးသည်။ ဒူရေ၊ ဝေးသော။ ဝေဟာယသံ- ဝေဟာယသေ၊ ကောင်းကင်ပြင်၌။ အဂ္ဂိသိခါဝ၊ မီးလျှံကဲ့သို့။ ဒီဿတိ၊ ဝင်းဝင်းထင်၏။ သာ၊ ထိုအမျိုးသမီးသည်။ ကာ၊ အဘယ်မည်သော မိန်းမနည်း။ သုနန္ဒ၊ ရထားထိန်း သုနန္ဒ။ ယာ ဓီတာ၊ အကြင် ပြတင်းပေါက်ဝ၌ ရပ်လျက်နေသော အမျိုးသမီးသည်။ ပဗ္ဗတတဂ္ဂေ၊ တောင်ထိပ်၌။ အစ္စိ ဣဝ၊ မီးလျှံစုကဲ့သို့။ ဇောတလတိ၊ ထိန်ထိန်ဝင်း၏။

֍ ဋ္ဌ ၅၈။ သုနန္ဒ၊ ရထားထိန်း သုနန္ဒ။ အယံ၊ ဤပြတင်းပေါက်ဝ၌ ရပ်လျက်နေသော အမျိုးသမီးသည်။ ကဿ၊ အဘယ်သူ၏။ ဓီတာ၊ သမီးသည်။ ဟောတိ နု၊ ဖြစ်လေသနည်း။ အယံ၊ ဤမိန်းမသည်။ ကဿ၊ အဘယ်သူ၏။ သုဏိသာ၊ ချွေးမသည်။ ဟောတိ နု၊ ဖြစ်သနည်း။ အထောပိ၊ ထိုမှတပါးလည်း။ ကဿ၊ အဘယ်သူ၏။ ဘရိယာ၊ မယားသည်။ ဟောတိ နု၊ ဖြစ်သနည်း။ အယံ၊ ဤမီးတမျှ ထိန်ဝင်းပသော မိန်းမသည်။ အဝါဝဋာ၊ သိမ်းဆည်းသောသူ မရှိသေးသော မိန်းမလော။ ယဒိ၊ ထိုသို့မဟုတ်မူကား။ ဘတ္တဝါ၊ သိမ်းဆည်းအပ်သောသူသည်တည်း။ အတ္ထိ၊ ရှိပြီလော။ ဣဓေဝ၊ ဤအရပ်၌သာလျှင်။ ဧတံ ကာရဏံ၊ ထိုအကြောင်းကို။ မယာ၊ ငါသည်။ ပုဋ္ဌော၊ မေးတော်မူအပ်သော အမောင်ရထားထိန်းသည်။ မေ၊ ငါ့အား။ ခိပ္ပံ၊ လျင်စွာ။ အက္ခာဟိ၊ တင်လျှောက်လော့။

ရထားထိန်း၏ လျှောက်ထားချက်

ထိုသို့ မေးတော်မူသောအခါ ရထားထိန်း သုနန္ဒသည် မိမိအရှင်သိဝိမင်းအား တင်လျှောက်လိုရကား-

၅၉။ အဟံ ဟိ ဇာနာမိ ဇနိန္ဒ ဧတံ၊
မတျာစ ပေတျာ စ အထောပိ အဿာ။
တဝေဝ သော ပုရိသော ဘူမိပါလ၊
ရတ္တိံဒိဝံ အပ္ပမတ္တော တဝတ္ထေ။
၆၀။ ဣဒ္ဓေါ စ ဖီတော စ သုဝဍ္ဎိတော စ၊
အမစ္စော စ တေ အညတရော ဇနိန္ဒ။
တဿေဝသာ ဘရိယာ ဘိပါရကဿ၊
ဥမ္မာဒန္တီ နာမဓေယျေန ရာဇ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၉။ ဇနိန္ဒ၊ လူတို့ကိုအစိုးရတော်မူသော မင်းမြတ်။ မတျာ စ၊ အမိမှသော်လည်းကောင်း။ ပေတျာ စ၊ အဖမှသော်လည်းကောင်း။ ဧတံ ဣတ္ထိံ၊ ထိုမိန်းမကို။ အဟံ၊ အကျွန်ုပ်သည်။ ဇာနာမိ၊ သိပါ၏။ အထော၊ ထိုမှတစ်ပါး။ အဿာ၊ ထိုမိန်းမ၏။ သာမိကံပိ၊ လင်ကိုလည်း။ ဇာနာမိ၊ သိပါ၏။ ဘူမိပါလ၊ မြေအပြင်သူ ရှင်လူတို့ကို စောင့်တော်မူတတ်သော မင်းမြတ်။ အဿာ ဣတ္ထိယာ၊ ထိုမိန်းမ၏။ သာမိကော၊ လင်ဖြစ်သော။ ယောပုရိသော၊ အကြင်ယောက်ျားသည်။ အတ္ထိ၊ ရှိ၏။ သော ပုရိသော၊ ထိုယောက်ျားသည်။ ရတ္တိံဒိဝံ၊ နေ့ညဉ့်မပြတ်။ တဝ၊ အရှင်မင်းမြတ်၏။ အတ္ထေ၊ အမှုတော်တို့ကို။ အပ္ပမတ္တော၊ မမေ့မလျော့ ထမ်းပိုးရွက်ဆောင်သော။ တဝေဝ၊ အရှင်မင်းမြတ်၏လျှင်။ ပုရိသော၊ ကျွန်တော်ရင်း အဘိပါရကမည်သော ယောကျ်ားပင်တည်း။

֍ ဋ္ဌ ၆၀။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော။ ရာဇ၊ မင်းမြတ်။ နာမဓေယျေန၊ အမည်အားဖြင့်။ ဥမ္မာဒန္တီတိ၊ ဥမ္မာဒန္တီ အမည်ရှိသော။ ယာ ဣတ္ထိ၊ အကြင်ပြတင်းပေါက်ဝ၌ ရပ်လျက်နေသော မိန်းမသည်။ အတ္ထိ၊ ရှိ၏။ သာ ဣတ္ထိ၊ ထိုပြတင်းပေါက်ဝ၌ ရပ်လျက်နေသော မိန်းမသည်။ တေ၊ အရှင်မင်းမြတ်၏။ အမစ္စော စ၊ အမတ်တော်လည်း ဖြစ်သော။ ဣဒ္ဓေါ စ၊ ပြည့်စုံသည်လည်းဖြစ်သော။ ဖီတော စ၊ ပွင့်လင်းသည်လည်းဖြစ်သော။ သုဝဍ္ဎိတော စ၊ ကောင်းစွာ ကြီးပွားသည်လည်း ဖြစ်သော။ အညတရော၊ ထင်ရှားသော။ ယော အဘိပါရကော၊ အကြင် အဘိပါရကသည်။ အတ္ထိ၊ ရှိ၏။ တဿ အဘိပါရကဿ၊ ထိုအဘိပါရက၏လျှင်။ ဘရိယာ၊ မယားပင်တည်း။

ဪ... ဥမ္မာဒန္တီ

ထိုရထားထိန်း သုနန္ဒ တင်လျှောက်သော စကားကိုကြား၍ သိဝိမင်းသည် ထိုမိန်းမ၏ အမည်ကို ချီးမွမ်းလိုရကား-

၆၁။ အမ္ဘော အမ္ဘော နာမမိဒံ ဣမိဿာ၊
မတျာ စ ပေတျာ စ ကတံ သုသာဓု။
တဒါ ဟိ မယှံ အဝလောကယန္တီ၊
ဥမ္မတ္တကံ ဥမ္မာဒန္တီ အကာသိ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၁။ အမ္ဘော အမ္ဘော၊ အို... အို... အမတ်တို့။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ အဝလောကယန္တီ၊ ငါနှင့်သူနှင့် အချင်းချင်း ရှုမျှော်ကြသော။ ဥမ္မာဒန္တီ၊ ဥမ္မာဒန္တီသည်။ တဒါ၊ ထိုသို့မျှော်ကြည့်စဉ်ကပင်။ မယှံ၊ ငါ့ကို။ ဥမ္မတ္တကံ၊ ရူးခြင်းကို။ အကာသိ၊ ပြု၏။ တသ္မာ၊ ထို့ကြောင့်။ မတျာ စ၊ သူ့မိခင်သည်လည်းကောင်း။ ပေတျာ စ၊ သူ့ဖခင်သည်လည်းကောင်း။ ကတံ၊ မှည့်ခေါ်အပ်သော။ ဣမိဿာ၊ ဤမိန်းမ၏။ ဣဒံ နာမံ၊ ဤဥမ္မာဒန္တီဟူသော အမည်သည်။ သုသာဓု၊ အလွန်လျော်ကန်ပေစွ။

သိဝိမင်းကြီး ရူးရလေပြီ

ထိုဥမ္မာဒန္တီသည် သိဝိမင်း တုန်လှုပ်သောအဖြစ်ကိုသိလျှင် လေသွန်တံခါးကိုပိတ်၍ ကျက်သရရှိသော အိပ်ရာတိုက်ခန်းသို့လျှင် သွားလေ၏။ သိဝိမင်းအားလည်း ထိုဥမ္မာဒန္တီကို မြင်ရသော ကာလမှစ၍ မြို့ကို လက်ယာရစ် လှည့်ခြင်းကို ပြုခြင်း၌ စိတ်မျှမဖြစ်လေ။ ထိုသိဝိမင်းသည် ရထားထိန်း သုနန္ဒကို ခေါ်တော်မူ၍ အမောင် သုနန္ဒ... ရထားကို ပြန်လည်စေလော့၊ ဤပွဲသဘင်သည် ငါတို့အား မလျော်ချေတကား၊ အဘိပါရက အမည်ရှိသော စစ်သူကြီးအားသာလျှင် သင့်လျော်ပေ၏။ ထိုမင်းအဖြစ်သည်လည်း ထိုအဘိပါရကအားသာလျှင် သင့်လျော်ပေ၏ ဟု ဆို၍ ရထားထိန်းကို ပြန်လည်စေပြီးလျှင် ရွှေနန်းပြာသာဒ်ထက်သို့ တက်တော်မူ၍ ကျက်သရေရှိသော အိပ်ရာတိုက်ခန်း၌ လျောင်းလျက် မြည်တမ်းလိုရကား-

၆၂။ ယာ ပုဏ္ဏမာသေ မိဂမန္ဒလောစနာ၊
ဥပါဝိသိ ပုဏ္ဍရီကတ္တစင်္ဂီ။
ဒွေ ပုဏ္ဏမာယော တဒဟု အမညဟံ၊
ဒိသွာန ပါရာဝတရတ္တဝါသိနိံ။
။ လ။
၇၀။ သက္ကော စေ မေ ဝရံ ဒဇ္ဇာ၊
သော စ လဘေထ မေ ဝရော။
ဧကရတ္တံ ဒိရတ္တံ ဝါ ဘဝေယျံ အဘိပါရကော။
ဥမ္မာဒန္တျာ ရမိတွာန၊ သိဝိရာဇာ တတော သိယံ။

ဟူသော ဤကိုးဂါထာတို့ကို ဆို၏။

မျက်လုံးကလေးတွေ အလှ

֍ ဋ္ဌ ၆၂။ ပုဏ္ဍရီကတ္တစင်္ဂီ၊ ကြာနီပွင့်နှင့်တူသော အရေဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိထသော။ မိဂမန္ဒလောစနာ၊ ယနေ့ မွေးဖွားစဖြစ်သော သမင်မငယ်၏ မျက်စိနှင့်တူသော ပြုံးရွှင်ခြင်းကို ပြုလေ့ရှိသော မျက်စိရှိထသော။ ယာ ဣတ္ထိ၊ အကြင်မိန်းမသည်။ ပုဏ္ဏမာသေ၊ လပြည့်နေ့ညဉ့်၌။ ပဒုမဝဏ္ဏေန၊ ပဒုမ္မာကြာပန်း အဆင်းနှင့်တူသော။ ကရတလေန၊ လက်ဝါးပြင်ဖြင့်။ ပုပ္ဖာနိ၊ ပန်းတို့ကို။ ခိပိတွာ၊ ပစ်လိုက်၍။ မံ၊ ငါ့ကို။ ဩလောကေန္တီ၊ စိန်းစိန်ကြည့်လျက်။ ဝါတပါနေ၊ လေသွန် ပြတင်းဝ၌။ ဥပါဝိသိ၊ ရပ်လျက်နေ၏။ အဟံ၊ ငါသည်။ ပါရာဝတရတ္တဝါသိနိံ၊ ခိုခြေ အဆင်းနှင့်တူသော နီသောအဝတ်ကို ဝတ်ထသော။ တံ ဣတ္ထိံ၊ ထိုမိန်းမကို။ ဒိသွာန၊ မြင်ရ၍။ တဒဟု၊ ထိုပွဲသဘင်ခံသော လပြည့်နေ့၌။ ဒွေ ပုဏ္ဏမာယော၊ လပြည့်ဝန်းနှစ်ခုတို့သည်။ ဥဂ္ဂန္တာ၊ ထွက်လာကုန်၏။ ဣတိ၊ ဤသို့။ အမညိ၊ အောက်မေ့မိ၏။

֍ ဋ္ဌ ၆၃။ ပဗ္ဗတေ၊ ဟိမဝန္တာတောင်၌။ ဌိတေ၊ တည်သော။ ဇာတိဝနေ၊ ကောင်းစွာပွင့်သော မြတ်လေးပန်းတော၌။ ဝီဏံ၊ စောင်းကို။ အာဒါယ၊ ယူ၍။ တန္တိဿရေန၊ စောင်းသံနှင့်။ အတ္တနော၊ မိမိ၏။ သရံ၊ သီချင်းသံကို။ သံသန္ဒန္တီ၊ နှီးနှော ညီညွတ်စေသော။ ကိံပုရိသီ၊ ကိန္နရီမသည်။ ကိံပုရိသဿ၊ ကိန္နရာဖို၏။ မနံ၊ ချစ်စိတ်ကို။ ဟရတိ ယထာ၊ ဆောင်ယူဘိသကဲ့သို့။ တထာ၊ ထို့အတူ။ ဝဂ္ဂူဘိ၊ ကောင်းသော အခြင်းအရာနှင့် ပြည့်စုံကုန်ထသော။ သုဘေဟိ၊ တင့်တယ်ကုန်သော။ အဠာရပမေဟိ၊ စုတ်နှင့်ငင်၍ မင်နှင့်ရေးသို့ ညွတ်ကွေးရှုဖွယ် တင့်တယ်သော မျက်မှေးရှိကုန်သော မျက်လုံးတို့ဖြင့်။ ဝိဇမ္ဘမာနာ၊ တင့်တယ် စံပယ်ခြင်းနှင့် ပြည့်စုံသော ဥမ္မာဒန္တီသည်။ မံ၊ ငါ့ကို။ ပလောဘယန္တီ၊ ကြိုက်နှစ်သက်ခြင်းကို ဖြစ်စေလျက်။ ယဒါ၊ အကြင်အခါ၌။ ဥဒိက္ခတိ၊ ကြည့်ဘိ၏။ တဒါ၊ ထိုအခါ၌။ မေ၊ ငါ၏။ မနော၊ စိတ်ကို။ ဟရတေဝ၊ ဆောင်ယူနိုင်လေသလျှင်ကတည်း။

֍ ဋ္ဌ ၆၄။ တဒါဟိ-တဒါဧဝ၊ ထိုအဘိပါရက၏ အိမ်နားသို့ ရောက်သောအခါ၌သာလျှင်။ ဗြဟတီ ဥဠာရာ၊ မွန်မြတ်စွာထသော။ သာမာ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိထသော။ အာမုက္ကပဏိကုဏ္ဍလာ၊ ပတ္တမြားနားတောင်း ဝတ်ထသော။ ဧကစ္စဝသနာ၊ တစ်လွှာတည်းသော အဝတ်ကို ဝတ်ထသော။ နာရီ၊ ရှင်မဥမ္မာဒန္တီသည်။ ဘန္တာ၊ တုန်လှုပ်သော။ မိဂီဝ၊ သမင်မကဲ့သို့။ မံ၊ ငါ့ကို။ ဥဒိက္ခတိ၊ ကြည့်လိုက်၏။

ခြေလက်အင်္ဂါ အလှ

֍ ဋ္ဌ ၆၅။ တမ္ဗနခါ၊ တွေးတွေးနီသော လက်သည်း ရှိထသော။ သုလောမာ၊ မျက်စဉ်းညို အဆင်းနှင့်တူသော ကောင်းမြတ် တင့်တယ်သော အမွေးရှိထသော။ မုဒုဗာဟာ၊ နူးညံ့သော လက်မောင်းရှိထသော။ စန္ဒနသာရလိတ္တာ၊ ဂေါသီတစန္ဒကူးဖြင့် လိမ်းကျံသော ကိုယ်ရှိထသော။ ဝဋ္ဋင်္ဂုလီ၊ ရင်းကြီးဖျားငယ် ရှည်သွယ်ညံ့ပျောင်း လုံးလျောင်းသော လက်ချောင်းလည်း ရှိထသော။ သုဘာ၊ တင့်တယ်စွာသော။ နာရီ၊ ရှင်မဥမ္မာဒန္တီသည်။ ကဒါ၊ အဘယ်နံခါမှ။ မံ၊ ငါ့ကို။ သီသတော၊ ဦးခေါင်းမှ။ ပဋ္ဌာယ၊ စ၍။ မန္ဒမန္ဒီ၊ နူးနူးညံ့ညံ့။ သန္နတဓီရကုတ္တိယာ၊ ကောင်းစွာ တွေ့စေခြင်းဟူသော လိမ္မာသော အမူအရာဖြင့်။ ဥပညိဿတိ၊ နှစ်သက်စေလတ္တံ့နည်း။

နှုတ်ခမ်း၊ ရင်၊ ခါးအလှ

֍ ဋ္ဌ ၆၆။ ဗြဟာဝနေ၊ ကျယ်သော တော၌။ ဇာတိဒုမံ၊ မြတ်လေးပင်ကို။ မာလုဝါ၊ မာလာနွယ်သည်။ ပလိဿဇိဿတိ ဣဝ၊ ရစ်ပတ်၍ နွယ်ဘိသကဲ့သို့။ တထာ၊ ထို အတူ။ ကဉ္စနဇာလုရစ္ဆဒါ၊ ရွှေကွန်ရက်နှင့်တူသော ရင်လွှမ်းတန်ဆာရှိသော။ ဝိလဂ္ဂမဇ္ဈာ၊ သေးသေးသွယ်သွယ် ငယ်သော ခါးလည်းရှိထသော။ တိရိဋိဿ၊ တိရိဋိ ရှင်သူဌေး၏။ ဓီတာ၊ သမီးတော် ရှင်မ ဥမ္မာဒန္တီသည်။ မုဒူဟိ၊ နူးညံ့ကုန်သော။ ဗာဟာဟိ၊ လက်မောင်းတို့ဖြင့်။ ကဒါ၊ အဘယ်နံခါမှ။ မံ၊ ငါ့ကို။ ပလိဿဇိဿတိ၊ ပိုက်ဖက်ပါမည်နည်း။

֍ ဋ္ဌ ၆၇။ သောဏ္ဍော၊ သေသောက်ကြူး တစ်ယောက်သည်။ သောဏ္ဍဿ၊ သေသောက်ကြူး တစ်ယောက်အား။ သုရာယ၊ သေဖြင့်။ ပုရိတံ၊ ပြည့်သော။ ထာလံ၊ ခွက်ကို။ ဥပနာမေသိ ဣဝ၊ ကပ်လေဘိသကဲ့သို့။ တထာ၊ ထို့အတူ။ လာခါရသရတ္တသုစ္ဆဝီ၊ လက်ဖဝါး, ခြေဖဝါး, လက်သည်းဖျား, ခြေသည်းဖျား, နှုတ်ခမ်းသားတို့၌ ချိပ်ရည်ဆိုးသကဲ့သို့ တွေးတွေးနီသော ကောင်းသော အရေအဆင်းရှိထသော။ ဗိန္ဒုတ္ထနီ၊ ရေပွက်ကဲ့သို့ လုံးဝန်းသော သားမြတ်လည်း ရှိထသော။ ပုဏ္ဍရီကတ္တစင်္ဂီ၊ ကြာနီအဆင်းနှင့်တူသော အရေတို့ဖြင့် ဖုံးလွှမ်းသော ကိုယ်ရှိသော ရှင်မ ဥမ္မာဒန္တီသည်။ ကဒါ၊ အဘယ်နံခါမှ။ မံ၊ ငါ့ကို။ မုခေန မုခံ၊ မျက်နှာချင်းချင်း။ ဥပနာမယိဿတိ၊ အပ်လာ ကပ်လာပါမည်နည်း။

֍ ဋ္ဌ ၆၈။ သဗ္ဗဘဒ္ဒံ၊ အလုံးစုံသော အင်္ဂါကြီးငယ်နှင့် ပြည့်စုံထသော။ မနောရမံ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ တိဋ္ဌန္တိံ၊ လေသွန်ပြတင်းဝ၌ ရပ်လျက်နေသော။ ယံ ဥမ္မာဒန္တိံ၊ အကြင် ရှင်မ ဥမ္မာဒန္တီကို။ အဒ္ဒသံ၊ ငါ မြင်ခဲ့မိ၏။ တတော ပစ္ဆာ၊ ထိုသို့မြင်သည်မှ နောက်၌။ သကဿ စိတ္တဿ၊ မိမိစိတ်ကို။ ကိဉ္စိနံ၊ တစ်ရံတစ်ခါမျှ။ နာဝဗောဓာမိ၊ မသိနိုင်။

֍ ဋ္ဌ ၆၉။ သဟသံ ပရာဇိတော ဣဝ၊ ဥစ္စာတစ်ထောင်ရှုံးသော သူကဲ့သို့။ မယာ၊ ငါသည်။ အာမုက္ကမဏိကုဏ္ဍလာ၊ ပတ္တမြား နားတောင်း ဝတ်သော။ ဥမ္မာဒန္တိံ၊ ရှင်မ ဥမ္မာဒန္တီကို။ ဒိဋ္ဌာ၊ မြင်ရသောကြောင့်။ အဟံ၊ ငါသည်။ ဒီဝါရတ္တိံ၊ နေ့ညပတ်လုံး။ န သုပါမိ၊ မကျိန်းစက်နိုင်။

လိုချင်သောဆု

֍ ဋ္ဌ ၇၀။ ဧကရတ္တံ ဝါ၊ တစ်ညဉ့်မျှပင် ဖြစ်သော်လည်းကောင်း။ ဒိရတ္တံ ဝါ၊ နှစ်ညဉ့်မျှပင် ဖြစ်သော်လည်းကောင်း။ ဥမ္မာဒန္တီ၊ ရှင်မ ဥမ္မာဒန္တီသည်။ မမ၊ ငါ၏။ ဂေဟေ၊ ရွှေနန်းတော်၌။ ဘဝေယျ-ဘဝတု၊ စံနေလာသည် ဖြစ်ပါလေလော့။ ဥမ္မာဒန္တျာ၊ ရှင်မ ဥမ္မာဒန္တီနှင့်။ ရမိတွာန၊ မွေ့လျော်ပျော်ရွှင်၍။ အဘိပါရကော၊ အဘိပါရက စစ်သူကြီးသည်။ ဘဝ၊ ဖြစ်ဦးလော့။ တတော ပစ္ဆာ၊ ထို နောင်မှ။ သိဝိရာဇာ၊ သိဝိမင်းသည်။ သိယ-ဘဝါဟိ၊ ဖြစ်ဦးတော့။ ဣတိ၊ ဤသို့။ သက္ကော၊ သိကြားနတ်မင်းသည်။ မေ၊ ငါ့အား။ ယံ ဝရံ၊ အကြင်ဆုကို။ စေ ဒဇ္ဇေ၊ ပေးလာငြားအံ့။ သောစ ဝရော- တဉ္စ ဝရံ၊ ထိုဆုကိုပင်လည်း။ မေ၊ ငါသည်။ လဘေထ- လဘေယျ၊ ရချင်လှပါ၏။

စစ်သူကြီး သိလေပြီ

ထိုသိဝိမင်း မြည်တမ်းသောအခါ မှူးတော်မတ်တို့သည် အဘိပါရက စစ်သူကြီးအား ထိုအကြောင်းကို ကြားကြကုန်၏။ အရှင်စစ်သူကြီး... အရှင်မင်းမြတ်သည် မြို့တော်ကို လက်ယာရစ် လှည့်လည်တော်မူသည်ရှိသော် အရှင်စစ်သူကြီး အိမ်တံခါးသို့ ရောက်တော်မူလျှင် ပြန်လည်တော်မူခဲ့၍ ရွှေနန်းသို့ တက်တော်မူ၏ ဟု အဘိပါရက စစ်သူကြီးအား ကြားကြကုန်၏။ ထိုအခါ အဘိပါရက စစ်သူကြီးလည်း မိမိအိမ်သို့သွားပြီးလျှင် မယားဥမ္မာဒန္တီကို ခေါ်၍ ရှင်မ ဥမ္မာဒန္တီ.အရှင်မင်းမြတ်အား ရှင်မကိုယ်ကို ပြသလော ဟု မေး၏။ အရှင်ရထားစီး၍လာသော ကြီးသော ဝမ်းဗိုက်ရှိသော၊ ကြီးစွာသော အစွယ်ရှိသောယောက်ျားတစ်ယောက်သည် ရှိ၏။ အကျွန်ုပ်သည် ထိုဝမ်းဗိုက်ကြီးနှင့် ရထားစီး၍လာသော ယောက်ျားကို မင်းဟူ၍လည်းကောင်း၊ မင်းခစားယောက်ျား ဟူ၍လည်းကောင်း မသိပါ၊ အရှင်တစ်ပါးဟူ၍ ပြောဆိုကြလျှင်ကား လေသာပြတင်းဝ၌ ရပ်လျက်နေ၍ ပန်းတို့ဖြင့် ထိုအရှင်ကို ပစ်လိုက်မိပေ၏။ ထိုအရှင်သည် ထိုပစ်စဉ်ခဏ၌ပင်လျှင် ပြန်လည်၍ သွားလေ၏ဟု ပြောဆိုလေ၏။

နတ်ပူဇော်ခြင်း

ထိုအဘိပါရကသည် မယားဥမ္မာဒန္တီ ပြောဆိုသောစကားကို ကြားရလျှင် ရှင်မသည် ငါ့ကို ဖျက်ဆီးအပ်၏ ဟု ဆို၍ နက်ဖြန်နေ့၌ စောစောကလျှင် နန်းတော်သို့တက်၍ ကျက်သရေရှိသော အိပ်ရာတိုက်ခန်းတံခါးဝ၌ ရပ်၍ ဥမ္မာဒန္တီကို အမှီပြု၍ ယောင်ယမ်းမြည်တမ်းသော သိဝိမင်း၏ အသံကို ကြား၍ ဤမင်းသည် ဥမ္မာဒန္တီ၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၏။ ဥမ္မာဒန္တီကို မရသည်ရှိသော် သေလတ္တံ့၊ မင်းအားလည်းကောင်း ငါ့အားလည်းကောင်း အကျိုးမရှိခြင်းမှ လွတ်စေ၍ ဤမင်းအား ငါသည် အသက်ကိုပေးခြင်းငှာ သင့်၏ ဟု နှလုံးသွင်း၍ မိမိအိမ်သို့ သွားပြီးလျှင် မြဲမြံလုံခြုံစွာသော အတိုင်အပင်ရှိသော အလုပ်အကျွေး တစ်ယောက်ကိုခေါ်စေ၍ အမောင်... ဤမည်သောအရပ်၌ အခေါင်းရှိသော လူတို့၏ ပူဇော်ရာ သစ်ပင်သည် ရှိ၏။ အမောင်သည် တစ်စုံတစ်ယောက်သောသူကို မသိစေမူ၍ နေဝင်သည်ရှိသော် ထိုအရပ်သို့သွား၍ သစ်ခေါင်းတွင်း၌ နေနှင့်လော့၊ ငါသည် ထိုလူတို့ပူဇော်ရာ သစ်ပင်၌ ပူဇော်ပသသောအမှုကို ပြုလျက် ထိုအရပ်သို့ ရောက်လျှင် နတ်အား ရှိခိုးလျက် အရှင်နတ်မင်းတို့ အရှင်မင်းမြတ်သည် မြို့တော်ပွဲသဘင် ခံသည်ရှိသော် ကြည့်ရှု ရွှင်မြူးတော်မမူဘဲလျှင် ကျက်သရေရှိသော အိပ်ရာတိုက်ခန်းသို့ဝင်၍ ယောင်ယမ်းမြည်တမ်းတော်မူလျက် လျောင်းတော်မူ၏။ ငါတို့သည် ထိုအရှင်မင်းကြီး အမူအရာတော်၌ အကြောင်းကို မသိပါကုန်၊ အရှင်မင်းမြတ်သည် နတ်တို့အား များစွာ ကျေးဇူးပြုတော်မူ၏။ နှစ်စဉ်မပြတ် တစ်ထောင်သော ဥစ္စာကိုစွန့်၍ ပူဇော်ပသသော အမှုကို ပြုတော်မူ၏။ ဤမည်သောသူကို အမှီပြု၍ မြည်တမ်းယောင်ယမ်းတော်မူ၏ ဟု ကြားကုန်၏။ ငါတို့ အရှင်မင်းမြတ်အား ဇီဝိတဒါနကို ပေးပါကုန်လော့ ဟု ဆို၍ တောင်းပန်လာအံ့၊ အမောင်သည် ထိုခဏ၌ အသံကို ဖောက်ပြန်စေ၍ စစ်သူကြီး... သင်တို့အရှင်သိဝိမင်းအား အနာမည်သည်ကား မရှိ။ ထိုသိဝိမင်းကြီးသည်ကား သင့်မယားဖြစ်သော ဥမ္မာဒန္တီ၌ တပ်စွန်းသောစိတ် ရှိ၏။ ထိုဥမ္မာဒန္တီကို အကယ်၍ ရအံ့၊ အသက်ရှင်လတ္တံ့၊ မရအံ့ သေလတ္တံ့။ ထိုသိဝိမင်း အသက်ရှင်ခြင်းကို အကယ်၍ အလိုရှိအံ့၊ ဥမ္မာဒန္တီကို ထိုမင်းအား ပေးလော့ ဟု ဆိုလော့ ဟု ထိုအလုပ်အကျွေးကို သင်၍ လွှတ်လိုက်၏။ ထိုအလုပ်အကျွေးလည်း သွားလေ၍ ထိုသစ်ပင်ခေါင်း၌ ဝင်အောင်းနေနှင့်၍ နက်ဖြန် မိုးသောက်သောနေ့၌ စစ်သူကြီးသည် အမတ်အပေါင်း ခြံရံလျက် ထိုအရပ်သို့သွား၍ ခစားတောင်းပန်သည်ရှိသော် ထိုစစ်သူကြီးမှာ လိုက်တိုင်းဆို၏။

အခစားဝင်ပြီ

စစ်သူကြီး အဘိပါရကသည် ကောင်းပြီ ဟု ဆို၍ နတ်ကို ရှိခိုးလျက် အမတ်တို့ကို ကြားသိစေပြီးလျှင် မြို့သို့ ဝင်သဖြင့် နန်းတော်သို့တက်၍ ကျက်သရေရှိသော အိပ်ရာတိုက်ခန်း တံခါးကို ခေါက်၏။ သိဝိမင်းသည် သတိကိုဖြစ်စေ၍ ဤသူသည် အဘယ်သူနည်း ဟု မေး၏။ အရှင်မင်းမြတ်... အကျွန်ုပ် အဘိပါရကပါတည်း ဟု တင်လျှောက်၏။ ထိုသို့ တင်လျှောက်သောအခါ သိဝိမင်းသည် ထိုအိပ်ရာတိုက်ခန်း တံခါးကို ဖွင့်တော်မူ၏။

မယားကို လှူခြင်း

ထိုအဘိပါရကသည် အိပ်ရာတိုက်ခန်းသို့ဝင်၍ သိဝိမင်းကို ရှိခိုးလျက် အကြောင်းကို တင်လျှောက်လိုရကား-

၇၁။ ဘူတာနိ မေ ဘူတပတီ နမဿတော၊
အာဂမ္မ ယက္ခော ဣဒမေတဒဗြဝိ။
ရညော မနော ဥမ္မာဒန္တျာ နိဝိဋ္ဌော၊
ဒဒါမိ တေ တံ ပရိစာရယဿု။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၁။ ဒေဝ၊ အရှင်မင်းမြတ်။ ဘူတာနိ၊ နတ်တို့ကို။ နမဿတော၊ ရှိခိုးသော။ မေ-မမ၊ အကျွန်ုပ်၏။ သန္တိကံ၊ အထံသို့။ ဘူတပတီ၊ နတ်တကာတို့၏ အရှင်ဖြစ်သော။ ယက္ခော၊ နတ်မင်းသည်။ အာဂမ္မ၊ လာလတ်၍။ ရညော၊ သင်တို့အရှင်သိဝိမင်း၏။ မနော၊ စိတ်တော်သည်။ ဥမ္မဒန္တျာ၊ ဥမ္မာဒန္တီ အမည်ရှိသော မိန်းမ၌။ နိဝိဋ္ဌော၊ သက်ဝင်တော်မူ၏။ ဣတိ၊ ဤသို့။ ဧတံ ဝစနံ၊ ထိုစကားကို။ မေ၊ အကျွန်ုပ်အား။ အဗြဝိ၊ ဆို၏။ ဒေဝ၊ အရှင်မင်းမြတ်။ တေ၊ အရှင်မင်းမြတ်အား။ တံ၊ ထိုဥမ္မာဒန္တီကို။ တုမှာကံ၊ အရှင်မင်းမြတ်တို့၏။ ပရိစာရိကံ၊ အလုပ်အကျွေးတော်ကို။ ကတွာ၊ ပြု၍။ ဒဒါမိ၊ ဆက်ပါ၏။ တာယ၊ ထို ဥမ္မာဒန္တီအမည်ရှိသော မိန်းမနှင့်။ သဒ္ဓိံ၊ တကွ။ ပရိစာရယဿု၊ မွေ့လျော် စံပျော်တော်မူပါလော့။

ရှက်၍ အလှူမခံ

ထိုသို့ တင်လျှောက်သောအခါ အဘိပါရက စစ်သူကြီးကို သိဝိမင်းသည် အရွယ်တူ အဘိပါရက၊ ဥမ္မာဒန္တီ၌ တပ်စွန်းတော်မူသော စိတ်ရှိသည်၏အဖြစ်ကြောင့် ယောင်ယမ်း မြည်တမ်းတော်မူသည်၏အဖြစ်ကို နတ်တို့သည်လည်း သိကြချေကုန်ပြီလော ဟု မေးတော်မူ၏။ အရှင်မင်းမြတ်... သိကြလေကုန်ပြီ ဟု တင်လျှောက်၏။ ခပ်သိမ်းသော လောကသည် ငါယုတ်မာသည်၏ အဖြစ်ကို သိကြချေကုန်သတတ် ဟု ထိုသိဝိမင်းသည် သူတော်ကောင်းသဘော၌ တည်၍ စစ်သူကြီး အဘိပါရကအား အကြောင်းကို ပြန်ကြားတော်မူလိုရကား-

၇၂။ ပုညာ စ ဓံသေ အမရော န စမှိ၊
ဇနော စ မေ ပါပမိဒဉ္စ ဇညာ။
ဘုသော စ တျဿ မနသော ဝိဃာတာ၊
ဒတွာ ပိယံ ဥမ္မာဒန္တိံ အဒဋ္ဌာ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၂။ သမ္မ အဘိပါရက၊ အရွယ်တူ အဘိပါရက။ အဟံ၊ ငါသည်။ တာယ၊ ထိုဥမ္မာဒန္တီနှင့်။ သဒ္ဓိံ၊ တကွ။ ကိလေသဝသေန၊ ကိလေသာ၏ အစွမ်းအားဖြင့်။ ပရိစာရော၊ စံစားမွေ့လျော် ပျော်ရွှင်တော်မူချေက။ ပုညာ စ၊ ကောင်းမှုမှလည်း။ ဓံသေ၊ ရွေ့လျောရာ၏။ အမရော စ၊ မသေမကျေ နေရသည်လည်း။ န အမှိ၊ မဖြစ်ချေ။ ဇနော စ၊ လူအပေါင်းသည်လည်း။ မေ၊ ငါ၏။ ဣဒံ ပါပဉ္စ၊ ဤ ယုတ်မာသည်၏ အဖြစ်ကိုလည်း။ ဇညာ၊ သိရာချေ၏။ တဝ၊ သင်၏။ ပိယံ၊ မယားဖြစ်သော။ ဥမ္မာဒန္တိံ၊ ဥမ္မာဒန္တီကို။ မမ၊ ငါ့အား။ ဒတွာ၊ ဆက်သ၍။ အဒဋ္ဌာ၊ မမြင်ရသောကြောင့်။ ဘုသော- ဧကန္တေန၊ စင်စစ်သဖြင့်။ တေ-တဝ၊ သင့်အား။ မနသော၊ စိတ်၏။ ဝိဃာတော စ၊ ပင်ပန်းခြင်းသည်လည်း။ အဿ၊ ဖြစ်လေရာ၏။

ထပ်ကာလှူ၍ ငြင်းဆန်ပုံများ

ထို့နောင်မှ အဘိပါရက စစ်သူကြီးသည် အကြောင်းနှင့်တကွ တင်လျှောက်၍ ဥမ္မာဒန္တီကို ဆက်သပြန်လိုရကား-

၇၃။ ဇနိန္ဒ နာညတြ တယာ မယာ ဝါ၊
သဗ္ဗာပိ ကမ္မဿ ကတဿ ဇညာ။
ယံ တေ မယာ ဥမ္မာဒန္တီ ပဒိန္နာ၊
ဘုသေဟိ ရာဇာ ဝနထံ သဇာဟိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၃။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသောမင်းမြတ်။ တယာ ဝါ၊ အရှင်မင်းမြတ်ကို လည်းကောင်း။ မယာ ဝါ၊ အကျွန်ုပ်ကို လည်းကောင်း။ အညတြ၊ ထား၍။ သဗ္ဗာပိ ပဇာ၊ အလုံးစုံသော လူတို့သည်လည်း။ ကတဿ၊ ဥမ္မာဒန္တီကို ဆက်သခြင်းကို ပြုအပ်သော။ ကမ္မဿ၊ အမှုကို။ န ဇည- န ဇာနိဿန္တိ၊ မသိကုန်လတ္တံ့။ ယံ ယေန ကာရဏေန၊ အကြင့်ကြောင့်။ မယာ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းမြတ်အား။ ဥမ္မာဒန္တီ၊ ဥမ္မာဒန္တီကို။ ပဒိန္နာ၊ ဆက်သအပ်ပြီ။ တေန ကာရဏေန၊ ထို့ကြောင့်။ ရာဇာ၊ အရှင်မင်းမြတ်သည်။ ဝနထံ၊ အလိုတော်ကို။ ဘုသေဟိ၊ ဖြည့်တော်မူလော့။ သဇာဟိ၊ အလိုတော်ပြည့်မှ အကျွန်ုပ်အား သနားတော်မူဦးလော့။

သိဝိမင်းသည် ထိုအဘိပါရက စစ်သူကြီး ဆက်သ တင်လျှောက်သော စကားကို တရားသဖြင့် ပယ်တော်မူလိုရကား-

၇၄။ ယော ပါပကံ ကမ္မကရံ မနုဿော၊
သော မညတိ မာယိဒ မညိံသု အညေ။
ပဿန္တိ ဘူတာနိ ကရောန္တမေတံ၊
ယုတ္တာ စ ယေ ဟောန္တိ နရာ ပထဗျာ။
၇၅။ အညာ နု တေ ကောစိ နရော ပထဗျာ၊
သဒ္ဓေယျ လောကသ္မိံ န မေ ပိယာတိ။
ဘုသော စ တျဿ မနသော ဝိဃာတော။
ဒတွာ ပိယံ ဥမ္မဒန္တိံ အဒဋ္ဌာ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇၄။ သမ္မ အဘိပါရက၊ အရွယ်တူ အဘိပါရက။ ယော မနုဿော၊ အကြင်လူသည်။ ပါပကံ၊ ယုတ်မာသော။ ကမ္မံ၊ အမှုကို။ ကရံ၊ ပြုသည်ရှိသော်။ သော မနုဿော၊ ထိုလူသည်။ ပစ္ဆာ၊ နောက်ကာလ၌။ ဣဓ၊ ဤလောက၌။ အညေ၊ တစ်ပါးကုန်သော သူတို့သည်။ မမ၊ ငါ၏။ ဣဒံ ပါပကမ္မံ၊ ဤ ယုတ်မာသော အမှုကို။ မာ မညိံသု၊ မသိကုန်သတည်း။ ဣတိ၊ ဤသို့။ မညတိ၊ အောက်မေ့၏။ ကရောန္တံ၊ ပြုစဉ်ကပင်။ တဿ၊ ထိုသူ၏။ တံ ပါပကမ္မံ၊ ထို ယုတ်မာသော အမှုကို။ ဘူတာနိ၊ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာ အရှင်မြတ်တို့သည်။ (တစ်နည်းကား) ဘူတာနိ၊ နတ်တို့သည်။ ပဿန္တိ၊ မြင်ကုန်၏။ ပထဗျာ၊ မြေအပြင်၌။ ယေ နရာ စ၊ အကြင် လူတို့သည်လည်း။ ယုတ္တာ၊ တန်ခိုးနှင့်ပြည့်စုံကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ စ၊ ထိုလူတို့သည်လည်း။ ပဿန္တိ၊ မြင်ကုန်၏။

֍ ဋ္ဌ ၇၅။ သမ္မ အဘိပါရက၊ အရွယ်တူ အဘိပါရက။ လောကသ္မိံ၊ လောက၌။ ပထဗျာ၊ အလုံးစုံသော မြေအပြင်၌။ အညော၊ တစ်ပါးသော။ ကောစိ၊ တစ်စုံတစ်ယောက်သာ။ နရော၊ လူသည်။ တေ- တဝ၊ သင်၏။ သာ ပိယာ၊ ထိုမယား ဥမ္မာဒန္တီကို။ မေ၊ ငါ၏။ ပိယာတိ၊ မိဖုရားဟူ၍။ နု၊ စင်စင်။ န သဒ္ဓေယျ၊ မယုံကြည်လေရာ။ ပိယံ၊ ချစ်လှစွာသော။ ဥမ္မာဒန္တိံ၊ မယား ဥမ္မာဒန္တီကို။ မမ၊ ငါ့အား။ ဒတွာ၊ ဆက်သ၍။ ပစ္ဆာ၊ နောက်ကာလ၌။ အဒဋ္ဌာ၊ မမြင်ရ၍။ ဘုသော စ၊ လွန်စွာလည်း။ တေ-တဝ၊ သင့်အား။ မနော၊ စိတ်၏။ ဝိဃာတော၊ ပင်ပန်းခြင်းသည်။ အဿ၊ ဖြစ်လေရာ၏။

ထိုစကားကိုကြား၍ အဘိပါရက စစ်သူကြီးသည် တစ်ဖန် ဆက်ခံစိမ့်သောငှာ အကြောင်းနှင့်တကွ တိုက်တွန်း တင်လျှောက်ပြန်လိုရကား-

၇၆။ အဒ္ဓါ ပိယာ မယှံ ဇနိန္ဒ ဧသာ၊
နသာ မမံ အပ္ပိယာ ဘူမိပါလ။
ဂစ္ဆေဝ တွံ ဥမ္မာဒန္တိံ ဘဒန္တေ၊
သီဟောဝ သေလဿ ဂုဟံ ဥပေတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၆။ ဇနိန္ဒ၊ အရှင်မင်းမြတ်။ ဧသာ၊ ဤဥမ္မာဒန္တီသည်။ မယှံ၊ အကျွန်ုပ်၏။ အဒ္ဓါ ပိယာ၊ စင်စစ် ချစ်မြတ်နိုးအပ်သော မယားပင်တည်း။ ဘူမိပါလ၊ ရေမြေ့ရှင်။ သာ၊ ထိုဥမ္မာဒန္တီသည်။ မမံ၊ အကျွန်ုပ်၏။ အပ္ပိယာ၊ မယားမဟုတ်သည်ကား။ ၊ မဟုတ်ပေ။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သီဟော၊ ကိလေသာဖြင့် ပူပန်ခြင်းရှိသော သားများသေဌ်နင်း ခြင်္သေ့မင်းသည်။ သေလဿ ဂုဟံ- သေလေန နိပ္ဖန္နဂုဟံ၊ ခြင်္သေ့မငယ်၏နေရာ ပတ္တမြားဖြင့်ပြီးသော ဂူသို့။ ဥပေတိ ဣဝ၊ ကပ်လေသကဲ့သို့။ တထာ၊ ထို့အတူ။ တွံ၊ အရှင်မင်းမြတ်သည်။ ဥမ္မာဒန္တိံ၊ ဥမ္မာဒန္တီနေရာသို့။ ဂစ္ဆေဝ၊ ကြွသွားတော်မူပါလော့။ တေ၊ အရှင်မင်းမြတ်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။

ထိုစကားကို ကြား၍ သိဝိမင်းသည် အဘိပါရကအား တရားစကားဖြင့် ပြောဆိုတော်မူလိုရကား-

၇၇။ န ပီဠိတာ အတ္တဒုခေန ဓီရာ၊
သုခပ္ဖလံ ကမ္မပရိစ္စဇန္တိ။
သမ္မောဟိတာ ဝါပိ သုခေန မတ္တာ၊
န ပါပကမ္မဉ္စ သမာစရန္တိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၇။ သမ္မ အဘိပါရက၊ အရွယ်တူ အဘိပါရက။ ဓီရာ၊ ပညာရှိတို့သည်။ အတ္တဒုခေန၊ မိမိအား ဆင်းရဲခြင်းသည်။ ပီဠိတာ၊ နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ သုခပ္ဖလံ၊ ချမ်းသာသော အကျိုးကို ပေးတတ်သော။ ကမ္မံ၊ ကောင်းမှုကံကို။ နပရိစ္စဇန္တိ၊ မစွန့်ကုန်။ သုခေန၊ ကာယသုခ စိတ္တသုခဖြင့်။ မတ္တာ၊ မေ့လျော့ယစ်မူးကုန်သည်ဖြစ်၍။ သမ္မောဟိတာ ဝါပိ၊ ပြင်းစွာ တွေဝေကုန်သည် ဖြစ်၍လည်း။ ပါပကမ္မဉ္စ၊ ယုတ်မာသောအမှုကိုလည်း။ န သမာစရန္တိ၊ မကျင့်ကုန်။

ထိုစကားကိုကြား၍ အဘိပါရကသည် မိမိအရှင်သိဝိမင်းအား အကြောင်းနှင့်တကွ တင်လျှောက်ပြန်လိုရကား-

၇၈။ တုဝံဟ မာတာ စ ပိတာ စ မယှံ၊
ဘတ္တာ ပတီ ပေါသကော ဒေဝတာ စ။
ဒါသော အဟံ တုယှ သပုတ္တဒါရော၊
ယထာသုခံ သာမိ ကရောဟိ ကာမံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တုဝံဟိ၊ အရှင်မင်းမြတ်သည်သာလျှင်။ မယှံ၊ အကျွန်ုပ်၏။ မာတာ စ၊ အမိသည်လည်း။ အသိ၊ ဖြစ်တော်မူ၏။ ပိတာ စ၊ အဖသည်လည်း။ အသိ၊ ဖြစ်တော်မူ၏။ ဘတ္တာ စ၊ အရှင်သည်လည်း အသိ၊ ဖြစ်တော်မူ၏။ ပတီ စ၊ ကိုးကွယ်ရာသည်လည်း။ အသိ၊ ဖြစ်တော်မူ၏။ ပေါသကော စ၊ သားမယားနှင့်တကွ ကျွေးမွေးပေတတ်သော အရှင်သည်လည်း။ အသိ၊ ဖြစ်တော်မူ၏။ ဒေဝတာ စ၊ နတ်သည်လည်း။ အသိ၊ ဖြစ်တော်မူ၏။ သပုတ္တဒါရော၊ သားမယားနှင့်တကွ။ အဟံ၊ အကျွန်ုပ်သည်။ တုယှံ၊ အရှင်မင်းမြတ်၏။ ဒါသော၊ ကျွန်သည်။ အမှိ၊ ဖြစ်၏။ သာမိ၊ အရှင်သိဝိမင်းမြတ်။ ယထာသုခံ၊ ချမ်းသာတော်မူတိုင်း။ ကာမံ၊ အလိုတော်ကို။ ကရောဟိ၊ ဖြည့်တော်မူလော့။

သိဝိမင်းသည် ထိုအဘိပါရကစကားကို အကြောင်းနှင့်တကွ ပယ်တော်မူလိုရကား-

၇၉။ ယော ဣသရောမှီတိ ကရောတိ ပါပံ၊
ကတွာ စ သော နုတ္တသတေ ပရေသံ။
န တေန သော ဇီဝတိ ဒီဃမာယု၊
ဒေဝါပိ ပါပေန သမေက္ခရေ နံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၉။ သမ္မ အဘိပါရက၊ အမောင် အဘိပါရက။ ယော၊ အကြင်သူသည်။ ဣဿရောမှီတိ၊ ငါ အစိုးရသော သူတကားဟူ၍။ ပါပံ၊ ယုတ်မာသောအမှုကို။ ကရောတိ၊ ပြု၏။ သော၊ ထိုသူသည်။ ကတွာ စ၊ ယုတ်မာသော အမှုကို ပြုပြီး၍လည်း။ ပရေသံ၊ တစ်ပါးကုန်သောသူတို့အား။ အနုတ္တသတေ၊ မထိတ်လန့်။ သော၊ ထိုသူသည်။ တေန၊ ထိုယုတ်မာသော အမှုကြောင့်။ ဒီဃံ၊ ကြာမြင့်စွာ။ န ဇီဝတိ၊ အသက်မရှည်။ အာယု၊ အသက်သည်။ အပ္ပမေဝ၊ တို့သည်သာလျှင်တည်း။ ဒေဝါပိ၊ သူတစ်ပါးတို့၏စိတ်ကို သိကုန်သော နတ်တို့သည်လည်း။ နံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ပါပေန၊ ယုတ်မာသော ရှုခြင်းဖြင့်။ သမေက္ခရေ၊ ရှုကုန်၏။

အဘိပါရကသည် ထိုသိဝိမင်း၏ စကားကို ပြန်လျှောက်လိုရကား-

၈၀။ အညာတကံ သာမိကေဟိ ပဒိန္နံ၊
ဓမ္မေ ဌိတာ ယေ ပဋိစ္ဆန္တိ ဒါနံ။
ပဋိစ္ဆကာ ဒါယကာ စာပိ တတ္ထ၊
သုခပ္ဖလညေဝ ကရောန္တိ ကမ္မံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၀။ မဟာရာဇ၊ မြတ်သော မင်းကြီး။ သာမိကေဟိ၊ ဥစ္စာရှင်တို့သည်။ ပဒိန္နံ၊ ဆက်သအပ်သော။ အညာတကံ၊ သူတစ်ပါး၏ဥစ္စာဖြစ်သော။ ဒါနံ၊ ဒါနဝတ္ထုကို။ ဓမ္မေ၊ မိမိသဘော၌။ ဌိတာ၊ တည်ကုန်သော။ ယေ၊ အကြင်သူတို့သည်။ ပဋိစ္ဆန္တိ၊ ခံယူကုန်၏။ တတ္ထ၊ ထိုနှစ်ဦးသော သူတို့တွင်။ ပဋီစ္ဆကာ စ၊ အလှူခံတို့သည်လည်းကောင်း။ ဒါယကာစာပိ၊ အလှူပေးတို့သည်လည်းကောင်း။ သုခပ္ဖလညေဝ၊ ချမ်းသာသော အကျိုးကို ပေးတတ်သည်သာလျှင် ဖြစ်သော။ ကမ္မံ၊ အမှုကို။ ကရောန္တိ၊ ပြုသည်မည်ကုန်၏။

သိဝိမင်းသည် ဤသို့ချစ်လှစွာသော မယားကို အရှင်မင်းအား ဆက်သခြင်း၌ အပြစ်ကို အဘိပါရကအား ကြားတော်မူလိုရကား-

၈၁။ အညော နု တေ ကောစိ နရော ပထဗျာ။
သဒ္ဓေယျ လောကသ္မိံ န မေ ပိယာတိ။
ဘုသော စ တျဿ မနသော ဝိဃာတော၊
ဒတွာ ပိယံ ဥမ္မဒန္တိံ အဒဋ္ဌာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၁။ သမ္မ အဘိပါရက၊ အမောင် အဘိပါရက။ လောကသ္မိံ၊ လောက၌။ ပထဗျာ၊ အလုံးစုံသော မြေအပြင်၌။ အညော၊ တစ်ပါးသော။ ကောစိ၊ တစ်စုံတစ်ယောက်သော။ နရော၊ လူသည်။ တေ-တဝ၊ သင်၏။ သာ ပိယာ၊ ထိုမယား ဥမ္မာဒန္တီကို။ မယှံ၊ ငါ၏။ ပိယာတိ၊ မယားဟူ၍။ နု၊ စင်စစ်။ န သဒ္ဓေယျ၊ မယုံကြည်ရာ။ ပိယံ၊ ချစ်မြတ်နိုးလှသော။ ဥမ္မာဒန္တိံ၊ ဥမ္မာဒန္တီကို။ မမ၊ ငါ့အား။ ဒတွာ၊ ဆက်သ၍။ ပစ္ဆာ၊ နောက်၌။ အဒဋ္ဌာ၊ မမြင်ရ၍။ ဘုသော စ၊ လွန်စွာလည်း။ တေ- တဝ၊ သင့်အား။ မနသော၊ စိတ်၏။ ဝိဃာတော၊ ဆင်ရဲပင်ပန်းခြင်းသည်။ အဿ၊ ဖြစ်ရာ၏။

အဘိပါရကသည် တစ်ဖန် အဆက်ခံစိမ့်သောငှာ တင်လျှောက်ပြန်လိုရကား-

၈၂။ အဒ္ဓါ ပိယာ မယှ ဇနိန္ဒ ဧသာ၊
နသာ မမံ အပ္ပိယာ ဘူမိပါလ။
ယံ တေ မယာ ဥမ္မာဒန္တီ ပဒိန္နာ၊
ဘုသေဟိ ရာဇ ဝနထံ သဇာဟိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၂။ ဇနိန္ဒ၊ အရှင်မင်းမြတ်။ ဧသာ၊ ဤဥမ္မာဒန္တီသည်။ မယှံ၊ အကျွန်ုပ်၏။ အဒ္ဓါ ပိယာ၊ စင်စစ် ချစ်မြတ်နိုးအပ်သော မယားပင် မှန်ပေ၏။ ဘူမိပါလ၊ ရေမြေ့အရှင်။ သာ၊ ထိုဥမ္မာဒန္တီသည်။ မမံ၊ အကျွန်ုပ်၏။ အပ္ပိယာ၊ မယားမဟုတ်သည်ကား။ ၊ မဟုတ်ပေ။ ရာဇ၊ အရှင်မင်းမြတ်။ တေ၊ အရှင်မင်းမြတ်အား။ ယံ ယေန ကာရဏေန၊ အကြင်သို့သော အကြောင်းကြောင့်။ မယာ၊ အကျွန်ုပ်သည်။ ဥမ္မာဒန္တီ၊ ဥမ္မာဒန္တီကို။ ပဒိန္နာ၊ ဆက်သအပ်ပြီ။ တေန ကာရဏေန၊ ထိုသို့သော အကြောင်းကြောင့်။ တွံ၊ အရှင်မင်းမြတ်သည်။ ဝနထံ၊ အလိုတော်ကို။ ဘုသေဟိ၊ ဖြည့်တော်မူဦးလော့။ သဇာဟိ၊ တပ်စွန်းခြင်း ပြေမှ အကျွန်ုပ်အား သနားတော်မူလော့။

သိဝိမင်းသည် ထိုအဘိပါရက တင်လျှောက်သော စကားကို တရားသဖြင့် ပယ်တော်မူလိုရကား -

၈၃။ ယော အတ္တဒုခေန ပရဿ ဒုက္ခံ၊
သုခေန ဝါ အတ္တသုခံ ဒဟာတိ။
ယထေဝိဒံ မယှ တထာ ပရေသံ၊
ယော ဧဝံ ဇာနာတိ သ ဝေဒိ ဓမ္မံ။
၈၄။ အညော နု တေ ကောစိ နရော ပထဗျာ၊
သဒ္ဓေယျ လောကသ္မိံ န မေ ပိယာတိ။
ဘုသော စ တျဿ မနသော ဝိဃာတော၊
ဒတွာ ပိယံ ဥမ္မာဒန္တိံ အဒဋ္ဌာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၃။ သမ္မ အဘိပါရက၊ အမောင် အဘိပါရက။ ယော၊ အကြင်သူသည်။ အတ္ထဒုခေန၊ မိမိအား ဆင်းရဲခြင်းသည်။ ပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ ဒုက္ခံ၊ မိမိကိုယ်၌ရှိသော ဆင်းရဲခြင်းကို။ အပနေတွာ၊ မိမိကိုယ်မှခွာ၍။ ပရဿ၊ သူတစ်ပါး၏။ သရီရေ၊ ကိုယ်ပေါ်၌။ ဒဟာတိ၊ တင်တတ်၏။ သုခေနဝါ- ပရဿသုခံ ဂဟေတွာဝါ၊ သူတစ်ပါး၏ ချမ်းသာခြင်းကို ယူ၍မူလည်း။ အတ္တသုခံ၊ မိမိကိုယ်၌ ချမ်းသာခြင်းကို။ ဒဟတိ၊ တင်တတ်၏။ သော၊ ထိုသူသည်။ ဓမ္မံ၊ တရားကို။ န ဇာနာတိ၊ မသိ။ ယောပန၊ အကြင်သူသည်ကား။ မယှံ၊ ငါ့အား။ ဣဒံ၊ ဤချမ်းသာ ဆင်းရဲသည်။ ဟောတိ ယထေဝ၊ ဖြစ်သကဲ့သို့။ တထာ၊ ထို အတူ။ ပရေသံ၊ သူတစ်ပါးတို့အား။ ဣဒံ၊ ဤချမ်းသာဆင်းရဲသည်။ ဘဝေယျ၊ ဖြစ်လေရာ၏။ ဧဝံ၊ ဤသို့။ ဇာနာတိ၊ သိ၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဓမ္မံ၊ တရားကို။ ဝေဒိ၊ သိသည်မည်၏။

֍ ဋ္ဌ ၈၄။ သမ္မ အဘိပါရက၊ အရွယ်တူအဘိပါရက။ လောကသ္မိံ၊ လောက၌။ ပထဗျာ၊ အလုံးစုံသော မြေအပြင်၌။ အညော၊ တစ်ပါးသော။ ကောစိ၊ တစ်စုံတစ်ယောက်သော။ နရော၊ လူသည်။ တေ တဝ၊ သင်၏။ သာ ပိယာ၊ ထိုမယား ဥမ္မာဒန္တီကို။ မေ၊ ငါ၏။ ပိယာတိ၊ မယားဟူ၍။ နု၊ စင်စစ်။ န သဒ္ဓေယျ၊ မယုံကြည်ရာ။ ပိယံ ဥမ္မာဒန္တိံ၊ မယား ဥမ္မာဒန္တီကို။ မမ၊ ငါ့အား။ ဒတွာ၊ ဆက်သ၍။ ပစ္ဆာ၊ နောက်ကာလ၌။ အဒဋ္ဌာ၊ မမြင်ရ၍။ ဘုသော စ၊ လွန်စွာလည်း။ တေ-တဝ၊ သင့်အား။ မနသော၊ စိတ်၏။ ဝိဃာတော၊ ဆင်းရဲ ပင်ပန်းခြင်းသည်။ အဿ၊ ဖြစ်လေရာ၏။

အဘိပါရက စစ်သူကြီးသည် အကြောင်းနှင့်တကွ တင်လျှောက်ပြန်လိုရကား-

၈၅။ ဇနိန္ဒ ဇာနာသိ ပိယာ မမေသာ၊
နသာ မမံ အပ္ပိယာ ဘူမိပါလ။
ပိယေန တေ ဒမ္မိ ပိယံ ဇနိန္ဒ၊
ပိယဒါယိနော ဒေဝ ပိယံ လဘန္တိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၅။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ ဇာနာသိ၊ သိတော်မူရာ၏။ ဧသာ၊ ဤဥမ္မာဒန္တီသည်။ မမံ၊ အကျွန်ုပ်၏။ ပိယာ၊ ချစ်လှစွာသော မယားပင်မှန်ပေ၏။ ဘူမိပါလ၊ ရေမြေ့ရှင်။ သာ၊ ထိုဥမ္မာဒန္တီသည်။ မမံ၊ အကျွန်ုပ်၏။ အပ္ပိယာ၊ မယားမဟုတ်သည်ကား။ ၊ မဟုတ်ပေ။ ဇနိန္ဒ၊ အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ပိယေန၊ ချစ်မြတ်နိုးသော ကောင်းကျိုးကို လိုသောကြောင့်။ ပိယံ၊ ချစ်မြတ်နိုးသော မယား ဥမ္မာသန္တီကို။ တေ၊ အရှင်မင်းကြီးအား။ ဒမ္မိ၊ ဆက်သပါ၏။ ဒေဝ၊ အရှင်မင်းမြတ်။ ပိယုါယိနော၊ ချစ်မြတ်နိုးအပ်သော ဝတ္ထုကို လှူလေ့ရှိကုန်သောသူတို့သည်။ သံသာရေ၊ သံသရာ၌။ သံသရန္တော၊ ကျင်လည်သည်ရှိသော်။ ပိယံ၊ ချစ်မြတ်နိုးသော ဝတ္ထုကို။ လဘန္တိ၊ ရကုန်၏။

ထိုသို့ အဘိပါရက တင်လျှောက်သောစကားကို ကြား၍ မိမိ မဝံ့သော အကြောင်းကို ကြားတော်မူလိုရကား-

၈၆။ သော နူနာဟံ ဝဓိူာမိ၊
အတ္တာနံ ကာမဟေတုကံ။
န ဟိ ဓမ္မံ အဓမ္မေန၊ အဟံ ဝဓိတု မုဿဟေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၆။ သမ္မ အဘိပါရက၊ အမောင် အဘိပါရက။ သော အဟံ၊ ထိုငါသည်။ ကာမဟေတုကံ၊ ကာမဟူသော အကြောင်းကြောင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဝဓိဿာမိ နူန၊ ဖျက်ဆီးရတော့မည်လော။ ဟိ-သစ္စံ၊ မှန်၏။ အဘိပါရက၊ အမောင် အဘိပါရက။ အဓမ္မေန၊ တရား၏ဆန့်ကျင်ဘက်ဖြင့်။ ဓမ္မံ၊ တရားကို။ ဝဓိတုံ၊ ဖျက်ဆီးအံ့သောငှာ။ အဟံ၊ ငါသည်။ န ဥဿဟေ၊ မဝံ့ချေ။

အဘိပါရကသည် လက်ခံခြင်းငှာ စွမ်းနိုင်ရာသော အကြောင်းကို တစ်ဖန် မင်းအား တင်လျှောက်ပြန်လိုရကား-

၈၇။ သစေ တုဝံ မယု သတိံ ဇနိန္ဒ၊
န ကာမယာသိ နရဝီရသေဋ္ဌ။
စဇာမိ နံ သဗ္ဗဇနဿ သိဗျာ၊
မယာ ပမုတ္တံ တတော အဝှယေသိနံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၇။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော။ နရဝီရ၊ လူတို့ထက် ကြီးမြတ်သော လုံ့လရှိတော်မူသော။ သေဋ္ဌ၊ အရှင်မင်းမြတ်။ တုဝံ၊ အရှင်မင်းမြတ်သည်။ မယှံ၊ အကျွန်ုပ်၏။ သတိံ၊ ဥစ္စာဟူ၍။ သစေ န ကာမယာသိ၊ အကယ်၍ အလိုတော် မရှိအံ့။ သဗ္ဗဇနဿ၊ လူအပေါင်း၏။ သိဗျာ၊ အလယ်၌။ နံ၊ ထိုဥမ္မာဒန္တီကို။ စဇာမိ၊ အကျိုးစီးပွားမဲ့ကို ပြုကျင့်သော မိန်းမဟူ၍ ကွာရှင်းပါတော့အံ့။ တတော၊ ထိုသို့ ကွာရှင်းကြပြီးသော နောင်မှ။ မယာ၊ အကျွန်ုပ်သည်။ ပမုတ္တံ၊ ကွာရှင်း စွန့်ပစ်အပ်ပြီးသော။ နံ၊ ထိုဥမ္မာဒန္တီကို။ အဝှယေသိ၊ ခေါ်ယူတော်မူလော့။

သိဝိမင်းသည် ထိုစကားကိုလည်း ပယ်တော်မူလိုရကား-

၈၈။ အဒူသိယံ စေ ဘိပါရက တွံ၊
စဇာသိ ကတ္တေ အဟိတာယ တျသ။
မဟာ စ တေ ဥပဝါဒေါပိ အဿ၊
န စာပိ တျဿ နဂရမှိ ပက္ခော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၈။ အဘိပါရက၊ အမောင် အဘိပါရက။ တွံ၊ သင်သည်။ အဒူသိယံ၊ အပြစ်မရှိပေသော ဥမ္မာဒန္တီကို။ စေ စဇာသိ၊ အကယ်၍ ကွာရှင်းစွန့်ပစ်ငြားအံ့။ ကတ္တေ၊ အလုံးစုံသော မင်းမှုရပ်ကို ဆောင်ရွက်ပေတတ်သော အမတ်ကောင်း။ တေ၊ သင့်အား။ အဟိတာယ၊ စီးပွားမရှိခြင်းငှာ။ အဿ၊ ဖြစ်လေရာ၏။ တေ၊ သင့်အား။ မဟာ ဥပဝါဒေါပိစ၊ ကြီးစွာသော ကဲ့ရဲ့စွပ်စွဲဖွယ်သည်လည်း။ အဿ၊ ဖြစ်လေရာ၏။ တေ၊ သင့်အား။ နဂရမှိ၊ မြို့၌။ ပက္ခောပိ စ၊ အပေါင်းအဖော်သည်လည်း။ န အဿ၊ မရှိသည်ဖြစ်လေရာ၏။

အဘိပါရကသည် ထိုသို့သောအပြစ်တို့ကို မိမိသည်းခံနိုင်သော အကြောင်းကိုလည်း အရှင်မင်းအား တင်လျှောက်ပြန်လိုရကား-

၈၉။ အဟံ သဟိဿံ ဥပဝါဒမေတံ၊
နိန္ဒံ ပသံသံ ဂရဟဉ္စ သဗ္ဗံ။
မမေတမာဂစ္ဆတု ဘူမိပါလ၊
ယထာသုခံ သိဝိ ကရောဟိ ကာမံ-

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၉။ ဘူမိပါလ၊ ရေမြေ့ရှင်။ ဥပဝါဒဉ္စ၊ စွပ်စွဲခြင်းကို လည်းကောင်း။ နိန္ဒဉ္စ၊ မျက်မှောက်ရှုတ်ချခြင်းကို လည်းကောင်း။ ပသံသဉ္စ၊ ချီးမွမ်းခြင်းကိုလည်းကောင်း။ ဂရဟဉ္စ၊ အပြစ်တင်ခြင်းကိုလည်းကောင်း။ ဧတံ သဗ္ဗံ၊ ထိုအလုံးစုံကို။ အဟံ၊ အကျွန်ုပ်သည်။ သဟိဿံ၊ သည်းခံ

နိုင်ပါ၏။ ဧတံ၊ ထို အလုံးစုံသော အပြစ်သည်။ မမံ၊ အကျွန်ုပ်ဆီသို့။ အာဂစ္ဆတု၊ လာပါစေ။ သိဝိ၊ အရှင်သိဝိမင်းမြတ်။ ယထာသုခံ၊ ချမ်းသာတော်မူတိုင်း။ ကာမံ၊ အလိုတော်ကို။ ကရောဟိ၊ ဖြည့်တော်မူပါလော။

သိဝိမင်းသည် ထိုစကားကိုလည်း နှစ်သက်တော်မမူသည်ဖြစ်၍ ပယ်တော်မူရကား-

၉၀။ ယော နေဝ နိန္ဒံ န ပနပ္ပသံသံ၊
အာဒိယတိ ဂရဟံ နောပိ ပူဇံ။
သိရီစ လက္ခီစ အပေတိ တမှာ၊
အာပေါ သုဝုဋ္ဌီဝ ယထာ ထလမှာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၀။ အဘိပါရက၊ အမောင်အဘိပါရက။ ထလမှာ၊ မြင့်သောကုန်းကြည်းအရပ်မှ။ သုဝုဋ္ဌီ၊ အလျင်ထန်စွာ ရွာသော။ အာပေါ၊ မိုးရေသည်။ အပေတိ ယထာ၊ နိမ့်ရာအရပ်သို့ စီးသွားလေသကဲ့သို့။ တထာ၊ ထို့အတူ။ ယော၊ အကြင်သူသည်။ နိန္ဒံ၊ ရှုတ်ချခြင်းကို။ နေဝ အာဒိယတိ၊ မစိုးရိမ်သည်သာတည်း။ ပသံသံ၊ ချီးမွမ်းခြင်းကို။ န အာဒိယတိ၊ မခံချင်သည်သာတည်း။ ဂရဟံပိ၊ အပြစ်တင်ခြင်းကိုလည်း။ နော အာဒိယတိ၊ မကြောင့်ကြသည်သာတည်း။ ပူဇာပိ၊ ပူဇော်ခြင်းကိုလည်း။ နော အာဒိယတိ၊ မယူ မခံချင်သည်သာတည်း။ တမှာ၊ ထိုသူမှ။ သိရီစ၊ ဘုန်း ကျက်သရေသည်လည်းကောင်း။ လက္ခီ စ၊ ပညာသည်လည်းကောင်း။ အပေတိ၊ ဖဲခွာရှောင်ကွငါးလေ၏။

ထိုစကားကိုကြား၍ အဘိပါရကသည် ထိုထိုအပြစ်ကို ခံလိုရကား-

၉၁။ ယံ ကိဉ္စိ ဒုက္ခဉ္စ သုခဉ္စ ဧတ္တော၊
ဓမ္မာတိသာရဉ္စ မနော ဝိဃာတံ။
ဥရသာ အဟံ ပစ္စုတ္တရိဿာမိ သဗ္ဗံ၊
ပထဝီ ယထာ ထာဝရာနံ တသာနံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၁။ ဒေဝ၊ အရှင်မင်းမြတ်။ ပထဝီ၊ မြေကြီးသည်။ ထာဝရာနံ၊ အာသဝေါကုန်ပြီးသော အရှင်မင်းမြတ်တို့တွင် လည်းကောင်း။ တသာနဉ္စ၊ ပုထုဇဉ်တို့တွင်လည်းကောင်း။ ကိဉ္စိ၊ အချို့သော သူကိုသာ။ န သမ္ပဋိစ္ဆိ၊ ခံသည်မဟုတ်။ သဗ္ဗံ၊ အလုံးစုံကို။ သမ္ပဋိစ္ဆိ ယထာ၊ ခံသကဲ့သို့။ တထာ၊ ထို့အတူ။ ယံကိဉ္စိ၊ အလုံးစုံသော။ ဒုက္ခဉ္စ၊ ဆင်းရဲကိုလည်းကောင်း။ သုခဉ္စ၊ ချမ်းသာကိုလည်းကောင်း။ ဧတ္တော၊ ဤဥမ္မာဒန္တီကို ကွာရှင်းခြင်းကြောင့်။ ပဝတ္တံ၊ ဖြစ်သော။ ဓမ္မာတိသာရဉ္စ၊ ကုသိုလ်တရားကို လွန်၍ဖြစ်သော အကုသိုလ်တရားကို လည်းကောင်း။ မနော ဝိဃာတဉ္စ၊ စိတ်၏ ပင်ပန်းဆင်းရဲခြင်းကို လည်းကောင်း။ အဟံ၊ အကျွန်ုပ်သည်။ ဥရသာ၊ ရင်ဖြင့်။ ပစ္စုတ္တရိဿာမိ၊ ခံယူပါအံ့။

သိဝိမင်းသည် ထိုအဘိပါရက၏ ဝန်ခံခြင်းကို ပယ်တော်မူလိုရကား

၉၂။ ဓမ္မာတိသာရဉ္စ မနောဝိဃာတံ၊

ဒုက္ခဉ္စ နိစ္ဆာမိ အလံ ပရေသံ။

ဧကောဝိမံ ဟာရယိဿာမိ ဘာရံ၊

ဓမ္မေ ဌိတော ကိဉ္စိ အဟာပယန္တော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၂။ အဘိပါရက၊ အမောင် အဘိပါရက။ အဟံ၊ ငါသည်။ ပရေသံ၊ သူတစ်ပါးတို့၏။ ဓမ္မာတိသာရဉ္စ၊ ကုသိုလ်ကို လွန်၍ဖြစ်သော အကုသိုလ်ကိုလည်းကောင်း။ မနောဝိဃာတဉ္စ၊ စိတ်၏ ပင်ပန်းခြင်းကိုလည်းကောင်း။ ဒုက္ခဉ္စ၊ ဆင်းရဲခြင်းကိုလည်းကောင်း။ နိစ္ဆာမိ၊ အလိုမရှိ။ ဓမ္မေ၊ ကုသိုလ်တရား၌။ (တစ်နည်း ) ဓမ္မေ၊ ဝိနိစ္ဆယဓမ္မ ပဝေဏီဓမ္မ တိဝိဓသုစရိတဓမ္မ၌။ ဌိတော၊ တည်သော။ ကိဉ္စိ၊ တစ်စုံတစ်ယောက်သောသူကို။ အဟာပယန္တော၊ မပူပန် မဆင်းရဲစေမူ၍။ ဧကောဝ၊ တစ်ယောက်အထီးတည်းသာလျှင်။ ဣမံဘာရံ၊ ဤဆင်းရဲခြင်းတည်းဟူသော ဝန်ကို။ ဟာရယိဿာမိ၊ ထမ်းပိုးရွက်ဆောင်တော့အံ့။

ထိုစကားကိုကြား၍ အဘိပါရကသည် တစ်ဖန် တောင်းပန်ပြန်လိုရကား-

၉၃။ သဂ္ဂူပဂံ ပုညကမ္မံ ဇနိန္ဒ၊

မာ မေ တုဝံ အန္တရာယံ အကာသိ။

ဒဒါမိ တေ ဥမ္မာဒန္တိံ ပသန္နော၊

ရာဇာဝ ယညေ ဓနံ ဗြာဟ္မဏာနံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၃။ ဇနိန္ဒ၊ လူတို့ကိုအစိုးရတော်မူသော မင်းမြတ်။ တုံဝံ၊ အရှင်မင်းမြတ်သည်။ မေ၊ အကျွန်ုပ်၏။ သဂ္ဂူပဂံ၊ နတ်ရွာလားကြောင်းခရီးဖြစ်သော။ ပုညကမ္မံ၊ ကောင်းမှုကံကို။ အန္တရာယံ၊ ဖျက်ဆီးခြင်းကို။ မာ အကာသိ၊ ပြုတော်မမူပါလင့်။ ရာဇ၊ အရှင်မင်းမြတ်။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ ယညေ ဓနံ၊ ယဇ်ပူဇော်သော ဥစ္စာကို။ ဒေတိ ဣဝ၊ ပေးသကဲ့သို့။ တထာ၊ ထို့အတူ။ တေ၊ အရှင်မင်းမြတ်အား။ ပသန္နော၊ ကြည်ညိုသည်ဖြစ်၍။ အဟံ၊ အကျွန်ုပ်သည်။ ဥမ္မာဒန္တိံ၊ ဥမ္မာဒန္တီကို။ ဒဒါမိ၊ ဆက်သပါ၏။

သိဝိမင်းသည် ထိုသို့ဆက်သခြင်း၌ အပြစ်ကို အဘိပါရအား ပြတော်မူပြန်လိုရကား-

၉၄။ အဒ္ဓါ တုဝံ ကတ္တေ ဟိတေသိ မယှံ၊
သခါ မမံ ဥမ္မာဒန္တီ တုဝဉ္စ။
နိန္ဒေယျု ဒေဝါ ပိတရော စ သဗ္ဗေ၊
ပါပဉ္စ ပဿံ အဘိ သမ္ပရာယံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၄။ ကတ္တေ၊ ငါ၏ အမှုတော်ကို ဆောင်ရွက်ပေတတ်သော အမောင်အဘိပါရက။ တုဝံ၊ သင်သည်။ အဒ္ဓါ၊ စင်စစ်။ မယှံ၊ ငါ၏။ ဟိတေ၊ အစီးအပွားတော်သည်။ အသိ၊ ဖြစ်၏။ ဥမ္မာဒန္တိံ စ၊ ဥမ္မာဒန္တီသည်လည်းကောင်း။ တုဝဉ္စ၊ သင်သည်လည်းကောင်း။ မမ၊ ငါ၏။ သခါ၊ အဆွေခင်ပွန်းချည်းတည်း။ တသ္မာ၊ ထို့ကြောင့်။ ဥမ္မာဒန္တိယာ၊ ဥမ္မာဒန္တီကို။ ပရိဂ္ဂဟိတာယ၊ သိမ်းဆည်းအပ်သည်ရှိသော်။ ဒေဝါ စ၊ နတ်တို့သည်လည်းကောင်း။ ပိတရော စ၊ ဗြဟ္မာတို့သည်လည်းကောင်း။ သဗ္ဗေ စ၊ အလုံးစုံကုန်သော တိုင်းနိုင်ငံသူ အပေါင်းတို့သည်လည်းကောင်း။ နိန္ဒေယျုံ၊ အဆွေခင်ပွန်းအား ပြစ်မှားသောမင်းဟု ကဲ့ရဲကုန်ရာ၏။ အဟံ၊ ငါသည်။ အဘိသမ္ပရာယံ- အဘိသမ္ပရာယေ၊ တမလွန်ဘဝ၌။ ပါပဉ္စ၊ ယုတ်မာသော အဖြစ်သို့လည်း။ ပဿ၊ ရောက်ရာ၏။

အဘိပါရကသည် ထိုသိဝိမင်းပြောဆိုသော စကားကို ပယ်သဖြင့် တစ်ဖန် ဆက်သပြန်လိုရကား-

၉၅။ နဟေတ ဓမ္မံ သိဝိရာဇ ဝဇ္ဇုံ၊
သ နေဂမာ ဇာနပဒါ စ သဗ္ဗေ။
ယံ တေ မယာ ဥမ္မာဒန္တီ ပဒိန္နာ၊
ဘုသေဟိ ရာဇာ ဝနထံ သဇာဟိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၅။ သိဝိရာဇ၊ သိဝိမင်းမြတ်။ ယံ-ယသ္မာ၊ အကြင့်ကြောင့်။ မယာ၊ အကျွန်ုပ်သည်။ ဥမ္မာဒန္တီ၊ ဥမ္မာဒန္တီကို။ တေ၊ အရှင်မင်းမြတ်အား။ ပဒိန္နာ၊ ဆက်သအပ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ သနေဂမာ၊ နိဂုံး၌နေသူနှင့် တကွကုန်သော။ ဇာနပဒါ စ၊ ဇနပုဒ်သူတို့သည်လည်းကောင်း။ သဗ္ဗေ စ၊ အလုံးစုံသော နတ်ဗြဟ္မာတို့သည်လည်းကောင်း။ ဧတံ၊ ထိုဥမ္မာဒန္တီကို သိမ်းဆည်းခြင်းကို။ အဓမ္မံ၊ တရားနှင့်မလျော်သော အကျင့်ဟူ၍။ န ဟိ ဝဇ္ဇုံ၊ မဆိုအပ်ကုန်ရာ။ ရာဇ၊ မင်းမြတ်။ ဝနထံ၊ အလိုတော်ကို။ ဘုသေဟိ၊ ဖြည့်တော်မူလော့။ သဇာဟိ၊ တပ်စွန်းခြင်းပြေမှ အကျွန်ုပ်အား သနားတော်မူလော့။

သိဝိမင်းသည် ထိုစကားကိုလည်း ပယ်တော်မူလိုရကား-

၉၆။ အဒ္ဓါ တုဝံ ကတ္တေ ဟိတေသိ မယှံ၊
သခါ မမံ ဥမ္မာဒန္တီ တုဝဉ္စ။
သတဉ္စ ဓမ္မာနိ သုကိတ္တိတာနိ၊
သမုဒ္ဒဝေလာဝ ဒုရစ္စယာနိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၆။ ကတ္တေ၊ ငါ၏ အမှုတော်ကို ဆောင်ရွက်ပေတတ်သော အမောင် အဘိပါရက။ အဒ္ဓါ၊ စင်စစ်။ တုဝံ၊ သင်သည်။ မယှံ၊ ငါ၏။ ဟိတေ၊ အစီးအပွားတော်သည်။ အသိ၊ ဖြစ်၏။ ဥမ္မာဒန္တီ စ၊ ဥမ္မာဒန္တီသည်လည်းကောင်း။ တုဝဉ္စ၊ သင်သည်လည်းကောင်း။ မမ၊ ငါ၏။ သခါ၊ အဆွေခင်ပွန်းချည်းတကား။ ဒုရစ္စယာ၊ လှန်နိုင်ခဲကုန်သော။ သမုဒ္ဒဝေလာဝ၊ သမုဒ္ဒရာကမ်းကိုကဲ့သို့။ တထာ၊ ထို့အတူ။ ဒုရစ္စယာနိ၊ လွန်နိုင်ခဲကုန်သော။ သတံ၊ သူတော်ကောင်းတို့၏။ သုကိတ္တိတာနိ၊ ကောင်းစွာ ဟောတော်မူအပ်ကုန်သော။ ဓမ္မာနိ စ၊ ခန္တီ, မေတ္တာ, ဘာဝနာ, သီလ, အာစာရဟု ဆိုအပ်ကုန်သော တရားတို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဥမ္မာဒန္တိံ၊ ဥမ္မာဒန္တီကို။ န ဂဏှိဿာမိ၊ မယူအံ့။

ထိုစကားကိုကြား၍ အဘိပါရကသည် တစ်ဖန် အကြောင်းနှင့်တကွ တင်လျှောက်လိုရကား-

၉၇။ အာဟုနေယျော မေသိ ဟိတာနုကမ္ပီ၊
ဓာတာ ဝိဓာတာ စာသိ ကာမပါလော။
တယီ ဟုတာ ရာဇ မဟပ္ဖလာဟိ၊
ကာမေန မေ ဥမ္မာဒန္တိံ ပဋိစ္စ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၇။ ဒေဝ၊ အရှင်မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ မေ၊ အကျွန်ုပ်၏။ အာဟုနေယျော စ၊ အဝေးမှဆောင်ယူ၍ ပြုအပ်သော အလှူဝတ္ထု, ဧည့်သည်တို့အားရည်၍ အလှူဝတ္ထုတို့ဖြင့် ပူဇော်သက္ကာရကို ခံထိုက်သည်လည်း။ အသိ၊ ဖြစ်တော်မူ၏။ ဟိကာနုကမ္ပီ စ၊ အကျွန်ုပ်အား စီးပွားကိုလိုသည်။ ဝါ၊ အကျွန်ုပ်အား သနားတော်မူလတ်သည်လည်း။ အသိ၊ ဖြစ်တော်မူ၏။ ဓာတာ စ၊ အကျွန်ုပ်အား ဆောင်ရွက်ပေတတ်သည်လည်း။ အသိ၊ ဖြစ်တော်မူ၏။ ဝိဓာတာ စ၊ စည်းစိမ်ချမ်းသာကို စီရင်ပေတတ်သည်လည်း။ အသိ၊ ဖြစ်တော်မူ၏။ ကာမပါလော စ၊ အလိုရှိတိုင်း အလိုရှိတိုင်းကုန်သော ကာမတို့ကို စောင့်ရှောက်ပေတတ်သည်လည်း။ အသိ၊ ဖြစ်တော်မူ၏။ တယိ-တုယှံ၊ အရှင်မင်းမြတ်အား။ ဟုတာ၊ ပူဇော်အပ်သည်ရှိသော်။ မဟပ္ဖလာဟိ၊ အကျိုးကြီးမြတ်သည်သာတည်း။ မေ-မမ၊ အကျွန်ုပ်၏။ ကာမေန၊ အလိုအားဖြင့်။ ဥမ္မာဒန္တိံ၊ ဥမ္မာဒန္တီကို။ ပဋိစ္ဆ၊ ခံတော်မူပါလော့။

သိဝိမင်းကြီး စိတ်တိုလာပြီ

ဤသို့ တင်လျှောက်သည်ရှိသော် သိဝိမင်းသည် အဘိပါရက... သင်သည် ရှေးကာလ၌ ငါ၏ အလုံးစုံသော အကျိုးစီးပွားကို ကျင့်ဆောင်ပါလျက် ယခုမူ ဆန့်ကျင်ဘက်ဖြစ်၍ များစွာ တင်လျှောက်ဘိသည်။ မတင်မလျှောက်လင့် ဟု ခြိမ်းခြောက်သဖြင့် ပယ်တော်မူလိုရကား-

၉၈။ အဒ္ဓါ ဟိ သဗ္ဗံ အဘိပါရက တွံ၊

ဓမ္မံ အစာရီ မမ ကတ္တု ပုတ္တ။

အညော နု တေ ကော ဣဓ သောတ္ထိကတ္တာ၊

ဒွိပဒေါ နရော အရုဏေ ဇီဝလောကေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၈။ ကတ္တု၊ အမှုကြီးငယ်ကို ရွက်ဆောင်ပေတတ်သော။ အဘိပါရက၊ အဘိပါရက အမည်ရှိသော။ ပုတ္တ၊ ငါ့ချစ်သား။ တွံ၊ သင်ချစ်သားသည်။ အဒ္ဓါ၊ စင်စစ်။ ပုဗ္ဗေ၊ ရှေးကာလက။ မမ၊ ငါ၏။ သဗ္ဗံ၊ အလုံးစုံသော။ ဓမ္မံ၊ အကျိုးစီးပွားကို။ အစာရီ၊ ဆောင်ရွက်ကျင့်ဘူးပြီ။ ဣဓ ဇီဝလောကေ၊ ဤလူ့ပြည်၌။ အရုဏေ၊ အရုဏ်သည်။ ဥဂ္ဂစ္ဆန္တေ၊ တက်လတ်သော်။ အညော၊ ငါမှတစ်ပါးသော။ တေ၊ သင့်အား။ သောတ္ထိကတ္တာ၊ ချမ်းသာခြင်းကိုပြုတတ်သော။ ဒွိပဒေါ၊ အခြေ နှစ်ချောင်းရှိသော။ ကော နရော၊ အဘယ်မင်းသည်။ အတ္ထိ နု၊ ရှိပါသေးသလော။

တရားဟောရန် တောင်းပန်ခြင်း

အဘိပါရကသည် ထိုစကားကိုကြားလျှင် တစ်ဖန် တစ်စုံတစ်ခုသောစကားကို တင်လျှောက်ခြင်းငှာ မဝံ့သည်ဖြစ်၍ မင်းအား ချီးမွမ်းသည်၏ အစွမ်းအားဖြင့် တရားဟောစိမ့်သောငှာ တောင်းပန်လိုရကား-

၉၉။ တုဝံ နု သေဋ္ဌော တွမနုတ္တရောသိ၊
တွံ ဓမ္မဂုတ္တော ဓမ္မဝိဒူ သုမေဓော။
သော ဓမ္မဂုတ္တော စီရမေဝ ဇီဝ၊
ဓမ္မဉ္စ မေ ဒေသယ ဓမ္မပါလ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၉။ နရိန္ဒ၊ လူများသေဌ်နင်း ပြည့်ရှင်မင်း တုဝံနု၊ အရှင်မင်းမြတ်သည်လျှင်။ သေဋ္ဌော၊ မင်းတကာတို့ထက် မြတ်သည်။ အသိ၊ ဖြစ်တော်မူ၏။ တွံ၊ အရှင်မင်းမြတ်သည်လျှင်။ အနုတ္တရော၊ ပြိုင်ဖက်ကင်းလတ် မြတ်သော မင်းသည်။ အသိ၊ ဖြစ်တော်မူ၏။ တွံ၊ အရှင်မင်းမြတ်သည်လျှင်။ ဓမ္မဂုတ္တော၊ အဆုံးအဖြတ်တရား အစဉ်အဆက်တရား သုစရိုက်တရားတို့ကို လုံခြုံစေတော်မူ၏။ (တစ်နည်းကား) ဓမ္မဂုတ္တော၊ ကုသိုလ်ဆယ်ပါးတရား၌ အားထုတ်တော်မူပေတတ်၏။ တွံ၊ အရှင်မင်းမြတ်သည်လျှင်။ ဓမ္မဝိဒူ၊ တရားကို သိတော်မူပေ၏။ တွံ၊ အရှင်မင်းမြတ်သည်လျှင်။ သုမေဓော၊ ကောင်းသောပညာရှိတော်မူ၏။ သော တွံ၊ ထိုအရှင်မင်းမြတ်သည်လျှင်။ ဓမ္မဂုတ္တော၊ တရားကို စောင့်ရှောက်တော်မူတတ်၏။ ဓမ္မပါလ၊ တရားစောင့်တော်မူသော အရှင်မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ စိရမေဝ ဇီဝ၊ သက်တော်ရှည်သည်သာလျှင် ဖြစ်စေလော့။ တွံ၊ အရှင်မင်းမြတ်သည်။ မေ၊ အကျွန်ုပ်အား။ ဓမ္မဉ္စ၊ တရားကိုလည်း။ ဒေသယ၊ ဟောတော်မူပါလော့။

သိဝိမင်း၏ တရားတော်

ထိုသို့ အဘိပါရက ချီးမွှမ်းတင်လျှောက် တောင်းပန်သည်ရှိသော် သိဝိမင်းသည် အဘိပါရကအား တရားဟောတော်မူလိုရကား-

၁၀၀။ တဒိင်္ဃ အဘိပါရက၊
သုဏောဟိ ဝစနံ မမ။
ဓမ္မံ တေ ဒေသယိဿာမိ၊
သတံ အာသေဝိတံ အဟံ။
။ လ။
၁၁၁။ နေတာ ဟိတာ ဥဂ္ဂတော ရဋ္ဌပါလော၊
ဓမ္မံ သိဝီနံ အပစာယမာနော။
သော ဓမ္မမေဝါနုဝိစိန္တယန္တော၊
တသ္မာ သကေ စိတ္တဝသေ န ဝတ္တော။

ဟူသော ဤတစ်ဆယ့်နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၀။ အဘိပါရက၊ အမောင် အဘိပါရက။ ယသ္မာ၊ အကြင့်ကြော။ င့် မံ၊ ငါ့ကို။ တွံ၊ သင်သည်။ ဣင်္ဃ၊ တောင်းပန်တိုက်တွန်း၏။ တံ-တသ္မာ၊ ထို့ကြောင့်။ တေ၊ သင့်အား။ သတံ-သန္တေဟိ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ အာသေဝိတံ၊ မှီဝဲတော်မူအပ်သော။ ဓမ္မံ၊ တရားတော်ကို။ အဟံ၊ ငါသည်။ ဒေသယိဿာမိ၊ ဟောအံ့။ တွံ၊ သင်သည်။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာလော့။

֍ ဋ္ဌ ၁၀၁။ အဘိပါရက၊ အမောင်အဘိပါရက။ ဓမ္မရုစိ၊ ဝိနိစ္ဆယဓမ္မ, ပဝေဏီဓမ္မ, သုစရိတဓမ္မကို နှစ်သက်တတ်သော။ ရာဇာ၊ ပြည့်ရှင်မင်းသည်။ သာဓု၊ ကောင်း၏။ (တစ်နည်း) ဓမ္မရုစိ၊ အကုသိုလ်တရားကို ပယ်၍ ကုသိုလ်တရားကို နှစ်သက်တတ်သော။ ရာဇာ၊ ပြည့်ရှင်မင်းသည်။ သာဓု၊ ကောင်းပါ၏။ ပညာဏဝါ၊ ပညာရှိသော။ နရော၊ လူပုဂ္ဂိုလ်သည်။ သာဓု၊ ကောင်း၏။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့ကို။ အဒုဗ္ဘော၊ မပြစ်မှားသည်၏ အဖြစ်သည်။ သာဓု၊ ကောင်း၏။ ပါပဿ၊ မကောင်းမှုကို။ အကရံ၊ မပြုခြင်းသည်။ သုခံ၊ နောက်ခါ ချမ်းသာ ခံစံရာသော အကြောင်းတည်း။

֍ ဋ္ဌ ၁၀၂။ အဘိပါရက၊ အမောင်အဘိပါရက။ အကောဓဿ၊ အမျက်ထွက်ခြင်း ကင်းထသော။ ဌိတဓမ္မဿ၊ သုံးပါးသောတရား၌ တည်ထသော။ ရာဇိနော၊ ပြည့်ရှင်မင်း၏။ ဝိဇိတေ၊ တိုင်းနိုင်ငံ၌။ ဝသန္တာ၊ နေကုန်သော။ မနုဿာ၊ လူတို့သည်။ သီတစ္ဆာယာယ၊ သားသမီး မယား ဆွေမျိုးသားချင်း မိတ်ဆွေ ခင်ပွန်း၏ ချမ်းမြေ့သာယာသော အရိပ်ဖြင့်။ သံဃရေ၊ မိမိတို့အိမ်၌။ သုခံ၊ ချမ်းသာစွာ။ အာသေထ၊ နေရကုန်၏။

֍ ဋ္ဌ ၁၀၃။ သမ္မ အဘိပါရက၊ အရွယ်တူ အဘိပါရက။ အမေက္ခ၊ မဆင်ခြင်မူ၍။ ကတံ၊ ပြုအပ်သော။ ယံ ကမ္မံ၊ အကြင်အမှုသည်။ အတ္ထိ၊ ရှိ၏။ အသာဓု၊ မကောင်းသော။ ဧတံ ကမ္မံ၊ ထိုအမှုကို။ အဟံ၊ ငါသည်။ နေဝ အဘိရောစယာမိ၊ မနှစ်သက်သည်သာတည်း။ ယေ ဝါ ပိ ရာဇာနော၊ အကြင် ပြည့်ရှင်မင်းတို့သည်ကား။ ဉတွာန၊ သိကုန်၍။ သယံ၊ ကိုယ်တိုင်။ ကရောန္တိ၊ ပြုကုန်၏။ တေသံ၊ ထိုမင်းတို့၏။ ကမ္မံ၊ အမှုကို။ အဟံ၊ ငါသည်။ ရောစေမိ၊ နှစ်သက်တော်မူ၏။ မယှံ၊ ငါ၏။ ဣမာ ဥပမာ၊ ဤနှစ်ပါးသော ဥပမာတို့ကို။ တုဝံ၊ သင်သည်။ သုဏောဟိ၊ နာလော့။

֍ ဋ္ဌ ၁၀၄။ အဘိပါရက၊ အမောင် အဘိပါရက။ တရမာနာနံ- ဂစ္ဆန္တာနံ၊ သွားကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင် နွားမင်းဥသဘသည်။ ဇိမှံ၊ ကောက်တကျစ်။ စေ ဂစ္ဆတိ၊ သွားငြားအံ့။ နေတ္တေ၊ ရှေ့ဆောင် နွားမင်းဥသဘသည်။ ဇိမှံ၊ ကောက်တကျစ်။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ တာ ဂါဝီ၊ ထို့နောက်လိုက် နွားအပေါင်းတို့သည်။ ဇိမှံ၊ ကောက်ကောက် ကွေ့ကွေ့။ ဂစ္ဆန္တိ၊ သွားကုန်၏။

֍ ဋ္ဌ ၁၀၅။ အဘိပါရက၊ အမောင် အဘိပါရက။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော ရာဇာ၊ အကြင် ပြည့်ရှင်မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍ သမုတ်အပ်သော သူသည်။ ဟောတိ၊ ဖြစ်၏။ သော ရာဇာ၊ ထိုအမြတ်ဟူ၍ သမုတ်အပ်သော ပြည့်ရှင်မင်းသည်။ အဓမ္မံ၊ မတရားသောအကျင့်ကို။ စေ စရတိ၊ ကျင့်ငြားအံ့။ ဣတရာ၊ မင်းမှတစ်ပါးသော။ ပဇာ၊ သတ္တဝါသည်ကား။ ပဂေဝ၊ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ အဓမ္မံ၊ မတရားသော အကျင့်ကို။ အတိဝိယ၊ အလွန်လျှင်။ စရတိ ယေဝ၊ ကျင့်လေသည်သာတည်း။ အဘိပါရက၊ အမောင် အဘိပါရက။ ရာဇာ၊ ပြည့်ရှင်မင်းသည်။ အဓမ္မိကော၊ တရား မကျင့်သည်။ စေ ဟောတိ၊ ဖြစ်ငြားအံ့။ ဧဝံသတိ၊ ဤသို့ ပြည့်ရှင်မင်း တရားမကျင့်သည် ရှိသော်။ သဗ္ဗရဋ္ဌံ၊ အလုံးစုံသော တိုင်းနိုင်ငံသည်။ ဒုက္ခံ၊ ဆင်းရဲစွာ။ သေတိ- ဝသတိ၊ နေရ၏။

֍ ဋ္ဌ ၁၀၆။ အဘိပါရက၊ အမောင် အဘိပါရက။ တရမာနာနံ- ဂစ္ဆန္တာနံ၊ သွားကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင် နွားမင်းဥသဘသည်။ ဥဇုံ၊ ဖြောင့်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ခပ်သိမ်းကုန်သာ။ တာ ဂါဝီ၊ ထို နောက်လိုက် နွားအပေါင်းတို့သည်။ ဥဇုံ၊ ဖြောင့်စွာ။ ဂစ္ဆန္တိ၊ သွားကုန်၏။

֍ ဋ္ဌ ၁၀၇။ အဘိပါရက၊ အမောင်အဘိပါရက။ ဧဝမေဝ၊ ဤအတူလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော ရာဇာ၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အမြတ်ဟူ၍ သမုတ်အပ်သော သူသည်။ ဟောတိ၊ ဖြစ်၏။ သော ရာဇာပိ၊ ထိုမင်းသည်လည်း။ ဓမ္မံ၊ တရားကို။ စေညစရတိ၊ ကျင့်ငြားအံ့။ ဣတရာ၊ မင်းမှတစ်ပါး။ ပဇာ၊ သတ္တဝါသည်။ ပဂေဝ၊ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ စရတိ ဧဝ၊ ကျင့်သည်သာလျှင်တည်း။ အဘိပါရက၊ အမောင် အဘိပါရက။ ရာဇာ၊ မင်းသည်။ ဓမ္မိကော၊ တရားစောင့်သည်။ စေ ဟောတိ၊ ဖြစ်ငြားအံ့။ ဧဝံ သတိ၊ ဤသို့ မင်းတရားစောင့်သည်ရှိသော်။ သဗ္ဗရဋ္ဌံ၊ အလုံးစုံသော တိုင်းနိုင်ငံသူလူအပေါင်းသည်။ သုခံ၊ ချမ်းသာစွာ။ သေတိ- ဝသတိ၊ နေရ၏။

֍ ဋ္ဌ ၁၀၈။ အဘိပါရက၊ အမောင်အဘိပါရက။ အဟံ၊ ငါသည်။ အဓမ္မေန၊ တရားမကျင့်သဖြင့်။ အမရတ္တံ၊ နိဗ္ဗာန်ကို။ န စာပိ အဘိပတ္ထယေ၊ ဆုမပန်ဆင်။ သဗ္ဗံ၊ အလုံးစုံသော။ ဣမံ ဝါ ပထဝိံ၊ ဤမြေအပြင်ကိုလည်း။ ဝိဇေတုံ၊ တိုင်းနိုင်ငံပြုအံ့သောငှာ။ န ဣစ္ဆာမိ၊ အလိုမရှိ။

֍ ဋ္ဌ ၁၀၉။ အဘိပါရက၊ အမောင် အဘိပါရက။ ဣဓ- ဣမသ္မိံ လောကေ၊ ဤလောက၌။ မနုဿေသု၊ လူတို့၌။ ယံကိဉ္စိ၊ အလုံးစုံသော။ ရတနံ၊ သဝိညာဏက အဝိညာဏကဖြစ်သော ရတနာသည်။ ဝိဇ္ဇတိ၊ ရှိ၏။ ဂါဝေါ၊ နွားတို့သည်လည်းကောင်း။ ဒါသော၊ ကျွန်လည်းကောင်း။ ဟိရညဉ္စ၊ ရွှေလည်းကောင်း။ ဝတ္ထိယံ၊ ကာသိတိုင်း၌ဖြစ်သော အဝတ် လည်းကောင်း။ ဟရိစန္ဒနံ၊ စန္ဒကူးရွှေလည်းကောင်း။ ဣတိ၊ ဤသို့။ ဣမာနိ ရတနာနိ၊ ဤရတနာတို့သည်။ ဝိဇ္ဇန္တိ၊ ရှိကုန်၏။

֍ ဋ္ဌ ၁၁၀။ အဿိတ္ထိယောပိ၊ လှေနှင့်တူသော လျင်မြန်ခြင်း ရှိကုန်သောမြင်း, မြတ်သောအဆင်းကိုဆောင်သော မိန်းမတို့ကိုလည်းကောင်း။ ယဉ္စာပိ ရတနံ၊ အကြင် ခုနစ်ပါး အပြားရှိသော ရတနာကို လည်းကောင်း။ ယဉ္စေပိ မဏိကံ၊ အကြင်အဖိုးများစွာထိုက်သော ပတ္တမြားတုံးကိုလည်းကောင်း။ ဣမေ စန္ဒိမသူရိယာ၊ ဤလနေတို့သည်။ အဘိပါလယန္တိ၊ စောင့်ကုန်၏။ အဘိပါရက၊ အမောင် အဘိပါရက။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ င့သည်။ သိဝီနံ၊ သိဝိတိုင်းသူတို့၏။ မဇ္ဈေ၊ အလယ်၌။ ဥသဘော၊ မြတ်သောမင်းသည်။ ဟုတွာ၊ ဖြစ်၍။ ဇာတော၊ ဖြစ်သည်။ အမှိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တဿဟေတု၊ ထိုဆိုအပ်ပြီးသော ရတနာအပေါင်းဖြစ်သော စကြဝတေးမင်း၏ စည်းစိမ်ဟူသော အကြောင်းကြောင့်လည်း။ ဝိသမံ၊ မညီညွတ်သော အကျင့်ကို။ န စရေယျံ၊ မကျင့်အံ့။

֍ ဋ္ဌ ၁၁၁။ အဘိပါရက၊ အမောင် အဘိပါရက။ ယသ္မာ၊ အကြင့်ကြောင့်။ နေတာ၊ လူအများကို နတ်ပြည်သို့ ပို့ဆောင်တတ်ထသော။ ဟိတာ၊ လူအများ၏ စီးပွားကို ဆောင်တတ်ထသော။ ဥဂ္ဂတော၊ တရားကျင့်သော မင်းဟူ၍ ဇမ္ဗူကျွန်းအလုံး၌ ကျော်စောထသော။ ရဋ္ဌပါလော၊ တိုင်းနိုင်ငံသူ လူအပေါင်းကို စောင့်ရှောက်တတ်ထသော။ သိဝီနံ၊ သိဝိတိုင်းကို အစိုးရကုန်သော ရှေးမင်းမြတ်တို့၏။ ဓမ္မံ၊ အစဉ်အဆက်ဖြစ်သော တရားကို။ အပစာယမာနော၊ ပူဇော်ထသော။ သော အဟံ၊ ထိုငါသည်။ ဓမ္မမေဝ၊ တရားကိုသာလျှင်။ အနုဝိစိန္တယန္တော၊ ကြံဆင်ခြင်တော်မူ၏။ တတော၊ ထို့ကြောင့်။ သကစိတ္တဝသေ၊ မိမိစိတ်၏ အလိုအားဖြင့်။ န ဝတ္တော၊ မကျင့်အံ့။

စစ်သူကြီး၏ မင်းကျင့်တရားများ

ဤဂါထာတို့ဖြင့် ဘုရားအလောင်း သိဝိမင်းကြီး၏ တရားစကားကိုကြား၍ အဘိပါရက စစ်သူကြီးသည် မိမိအရှင်သိဝိမင်းအား ချီးမွမ်းခြင်းကိုပြုလိုရကား-

၁၁၂။ အဒ္ဓါ တုဝံ မဟာရာဇ၊ နိစ္စံ အဗျသနံ သိဝံ။
ကရိဿသိ စိရံ ရဇ္ဇံ၊ ပညာ ဟိ တဝ တာဒိသီ။
၁၁၃။ ဧတံ တေ အနုမောဒါမ၊ ယံ ဓမ္မံ နပ္ပမဇ္ဇသိ။
ဓမ္မံ ပမဇ္ဇ ခတ္တိယော၊ ရဋ္ဌာ စဝတိ ဣဿရော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ တဝ၊ အရှင်မင်းမြတ်၏။ ပညာ၊ ပညာတော်သည်။ တာဒိသီ၊ ထိုအရှင်မင်းမြတ်၏ အကျင့်နှင့်တူသော သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ အဒ္ဓါ၊ စင်စစ်။ တုဝံ၊ အရှင်မင်းမြတ်သည်။ စိရံ၊ မြင့်ရှည်စွာ။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ နိစ္စံ၊ အမြဲ။ အဗျသနံ၊ ပျက်စီးခြင်း ကင်းသည်ကို။ သိဝံ၊ ငြိမ်းချမ်းသည်ကို။ ကရိဿသိ၊ ပြုတော်မူလတ္တံ့။

֍ ဋ္ဌ ၁၁၃။ မဟာရာဇာ၊ မြတ်သောမင်းကြီး။ တွံ၊ အရှင်မင်းမြတ်သည်။ ယံ ဓမ္မံ၊ အကျင့်တရားတော်ကို။ နပ္ပမဇ္ဇသိ၊ မေ့လျော့တော် မမူပေ။ တေ၊ အရှင်မင်းမြတ်၏။ တံ၊ ဤတရားတော်ကို မမေ့ခြင်းကို။ မယံ၊ အကျွန်ုပ်သည်။ အနုမောဒါမ၊ ဝမ်းမြောက်ပါကုန်၏။ ဓမ္မံ၊ တရားကို။ ပမဇ္ဇ၊ မေ့လျော့၍။ ဣဿရော၊ အစိုးရသော။ ခတ္တိယော၊ ပြည့်ရှင်မင်းသည်။ ရဋ္ဌာ၊ တိုင်းနိုင်ငံမှ။ စဝတိ၊ ရွေ့လျောရ၏။

ဤနှစ်ဂါထာတို့ဖြင့် အဘိပါရကသည် မိမိအရှင်သိဝိမင်းအား ချီးမွမ်းခြင်းကို ပြုပြီး၍ တစ်ဖန်လည်း အရှင်မင်းမြတ် တရားကို ကျင့်တော်မူလော့ဟု ထိုသိဝိမင်းအား တရားကျင့်စိမ့်သောငှာ အလွန်လျှင် တိုက်တွန်း တင်လျှောက်ပြန်လိုရကား-

၁၁၄။ ဓမ္မဉ္စရ မဟာရာဇ၊ မာတာပိတူသု ခတ္တိယ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇာ သဂ္ဂံ ဂမိဿတိ။
။ လ။
၁၂၃။ ဓမ္မဉ္စရ မဟာရာဇ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ။
သုစိဏ္ဏေန ဒိဝံ ပတ္တာ၊ မာ ဓမ္မံ ရာဇ ပါမဒေါ။

ဟူသောအဆုံး ဤဆယ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မာတာပိတူသု၊ မယ်တော် ခမည်းတော်တို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ခတ္ထိယ၊ အရှင်မင်းမြတ်။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌။ ဓမ္မံ၊ တရားကို။ စရိတွာနု၊ ကျင့်၍။ တွံ ရာဇာ၊ အရှင်မင်းမြတ်သည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿသိ၊ လားတော်မူရလတ္တံ့။

֍ ဋ္ဌ ၁၁၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပုတ္တဒါရေသု၊ သားတော် သမီးတော် အရှင်မိဖုရားတို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ လားတော်မူရလတ္တံ့။

֍ ဋ္ဌ ၁၁၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တွံ၊ အရှင်မင်းမြတ်သည်။ မိတ်တာမစ္စေသု၊ ချစ်ကုန်သော အဆွေခင်ပွန်းတို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ လားတော်မူရလတ္တံ့။

֍ ဋ္ဌ ၁၁၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တွံ၊ အရှင်မင်းမြတ်သည်။ ဝါဟနေသုစ၊ ဆင် မြင်း အစရှိသော ယာဉ်တော်တို့ကို လည်းကောင်း။ ဗလေသုစ၊ ဗိုလ်ပါတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ လားတော်မူရလတ္တံ့။

֍ ဋ္ဌ ၁၁၈။ မဟာရာဇ၊ မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ ဂါမေသုစ၊ ရွာသူတို့၌လည်းကောင်း။ နိဂမေသု စ၊ နိဂုံးသူတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ လားတော်မူရလတ္တံ့။

֍ ဋ္ဌ ၁၁၉။ မဟာရာဇ၊ မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ ရဋ္ဌေသု၊ တိုင်းနိုင်ငံ့သူတို့၌လည်းကောင်း။ ဇနပဒေသု စ၊ ဇနပုဒ်သူတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ လားတော်မူရလတ္တံ့။

֍ ဋ္ဌ ၁၂၀။ မဟာရာဇ၊ မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ သမဏေသု စ၊ ရဟန်းတို့၌လည်းကောင်း။ ဗြာဟ္မဏေသု စ၊ ပုဏ္ဏားတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ လားတော်မူရလတ္တံ့။

֍ ဋ္ဌ ၁၂၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တွံ၊ အရှင်မင်းကြီးသည်။ မိဂပက္ခီသု၊ သားငှက်တို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ လားတော်မူရလတ္တံ့။

֍ ဋ္ဌ ၁၂၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တွံ၊ အရှင်မင်းကြီးသည်။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ သုစိဏ္ဏော၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မော၊ တရားတော်သည်။ သုခံ၊ ချမ်းသာခြင်းကို။ အာဝဟတိ၊ ဆောင်တတ်၏။ တွံ ရာဇာ၊ အရှင်မင်းမြတ်သည်။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌။ ဓမ္မံ၊ တရားကို။ စရိတွာန၊ ကျင့်တော်မူ၍။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿသိ၊ လားတော်မူရလတ္တံ့။

֍ ဋ္ဌ ၁၂၃။ မဟာရာဇ၊ မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ သဗြဟ္မကာ၊ ဗြဟ္မာနှင့်တကွကုန်သော။ ဣန္ဒာဒေဝါ၊ သိကြား ကာမာဝစရနတ်တို့သည်။ သုစိဏ္ဏေန၊ ကောင်းစွာ ကျင့်အပ်သော သုစရိုက်တရားကြောင့်။ ဒိဝံ၊ နတ်ပြည် ဗြဟ္မာပြည်သို့။ ပတ္တာ၊ ရောက်ကုန်၏။ ရာဇ၊ မင်းမြတ်။ ဓမ္မံ၊ တရားကို။ မာ ပါမဒေါ၊ မေ့လျော့တော်မမူလင့်။

ဤ ဂါထာတို့ဖြင့် စစ်သူကြီး အဘိပါရကသည် သိဝိမင်းအား တရားစကားတို့ကို တင်လျှောက်သည်ရှိသော် သိဝိမင်းသည် ဥမ္မာဒန္တီ၌ တပ်စွန်းသောစိတ်ကို ပယ်ဖျောက်တော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤဥမ္မာဒန္တီဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သာသနာတော်ဝယ် ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အာနန္ဒာသည် ထိုအခါ သုနန္ဒ ရထားထိန်း ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စစ်သူကြီး အဘိပါရက ဖြစ်ဖူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ဥမ္မာဒန္တီ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရား ပရိသတ်တော်တို့သည် ထိုအခါ ကြွင်းကုန်သော ပရိသတ်တို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိဝိမင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်တိုင်တရား ကျင့်မူကား အများတရား ကျင့်ပေမည်

နှစ်ခုမြောက်ဖြစ်သော ဥမ္မာဒန္တီဇာတ်သည် ပြီး၏။

*****

ပဏ္ဏာသနိပါတ်

၃။ မဟာဗောဓိဇာတ်

ပညာရှိဖြစ်၍ သူတစ်ပါးတို့၏အယူဝါဒကို ဖျက်ဆီးနိုင်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကိံ နု ဒဏ္ဍံ ကိမဇိနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာဗောဓိပရိဗ္ဗာဇကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မဟာဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ အထူးကား - ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့... ယခုအခါ၌သာလျှင် သင်တို့ဆရာ ငါဘုရားသည် ပညာရှိတော်မူသည် သူတစ်ပါးတို့၏ အယူဝါဒကို ချိုးဖဲ့ဖျက်ဆီးနိုင်သည် မဟုတ်သေး၊ ရှေး၌လည်း သင်တို့ဆရာ ငါဘုရားသည် ပညာရှိတော် မူသည်သာလျှင်တည်း၊ သူတစ်ပါးတို့၏ အယူဝါဒကို ချိုးဖဲ့ ဖျက်ဆီးတော် မူနိုင်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

ဗောဓိပရိဗိုဇ်ရဟန်း

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော ဥဒိစ္စ ဗြာဟ္မဏ မဟာသာလ ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား ဗောဓိ သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဗောဓိသတို့သားသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်သင်ပြီးလျှင် တစ်ဖန် ပြန်လည်ခဲ့၍ အိမ်ရာထောင်သော လူ၏ဘောင်၌နေလျက် နောက်အဖို့၌ ကမတို့ကို စွန့်၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် ပရိဗိုဇ်ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ ထိုဟိမဝန္တာ တောအရပ်၌သာလျှင် တောသစ်မြစ် တောသစ်သီးဟူသော အစာအာဟာရ ရှိသည်ဖြစ်၍ ကြာမြင့်စွာနေလျက် မိုးလလွန်သောအခါ ဟိမဝန္တာမှ သက်ခဲ့၍ ဒေသစာရီသွားသည်ရှိသော် အစဉ်သဖြင့် ဗာရာဏသီပြည်သို့ရောက်လျှင် မင်း၏ဥယျာဉ်တော်၌ နေလျက် နက်ဖြန်နေ့၌ ပရိဗိုဇ်ရဟန်း၏ တင့်တယ်လျောက်ပတ်သော အသွင်အပြင်ဖြင့် မြို့၌ ဆွမ်းခံအံ့သောငှာ သွားသည်ရှိသော် မင်းအိမ်တံခါးသို့ ရောက်၏။

ဗာရာဏသီမင်း ကိုးကွယ်ခြင်း

ထိုသို့ ဆွမ်းခံဝင်သော ဗောဓိပရိဗိုဇ်ကို ခြင်္သေ့ခံသော လေသွန်ပြတင်းပေါက်၌ ရပ်သော ဗြဟ္မဒတ်မင်းသည် မြင်လေလျှင် ထိုဗောဓိပရိဗိုင်၏ ဣန္ဒြေတော်၏ ငြိမ်သက်ခြင်း၌ ကြည်ညို၍ ထိုဗောဓိပရိဗိုဇ်ကို မိမိနန်းတော်သို့ ဝင်စေတော်မူ၍ ရာဇပလ္လင်၌ နေစေပြီးလျှင် ပြုအပ်သော ပျူငှာသော လောကဝတ်ရှိသည်ဖြစ်၍ အတန်ငယ် တရားစကားကို နာပြီးလျှင် အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကို လှူစေ၏။ ဘုရားလောင်းသည် ဆွမ်းကို ခံယူတော်မူ၍ ဤမင်းမျိုးသည်ကား အပြစ်များ၏။ ရန်သူတို့သည် များကုန်၏။ ငါ့အား ဖြစ်လာသောဘေးကို အဘယ်သူသည်လျှင် ထုတ်ဆောင်နိုင်လတ္တံ့နည်း ဟု ကြံ၏။ ကြံပြီး၍ ဗောဓိပရိဗိုဇ်သည် အနီး၌တည်သော မင်းနှင့်အကျွမ်းဝင်သော ပိင်္ဂလမည်သော ခွေးတစ်ကောင်ကိုမြင်၍ ကြီးစွာသော ထမင်းစိုင်ကိုကိုင်၍ ထိုပိင်္ဂလအမည်ရှိသော ခွေးအား ပေးလိုသောအခြင်းအရာကို ပြ၏။

ဗြဟ္မဒတ်မင်းသည် သိလတ်၍ ခွေးစားခွက်ကို ဆောင်ယူစေပြီးလျှင် ထမင်းခဲကိုယူစေ၍ ပေးစေ၏။ ဘုရားလောင်းသည်လည်း ထိုခွေးအားပေး၍ ဆွမ်းစားခြင်း ကိစ္စကို ပြီးစေ၏။ ဗြဟ္မဒတ်မင်းသည်လည်း ထိုဘုရားလောင်း၏ ဝန်ခံခြင်းကို ယူစေပြီးလျှင် မြို့တွင်းဝယ် မင်းဥယျာဉ်တော်၌ သစ်ရွက်မိုးသောကျောင်းကို ဆောက်စေ၍ ရဟန်းတို့၏ ပရိက္ခရာတို့ကိုလှူ၍ ထိုကျောင်း၌ နေစေ၏။ နေ့တိုင်း နေ့တိုင်းလည်း နှစ်ကြိမ်သုံးကြိမ် ဘုရားလောင်းအား ဆည်းကပ်ခစားအံ့သောငှာ သွား၏။ ဆွမ်းဘုဉ်းပေးသော ကာလ၌ကား ဘုရားလောင်းသည် အမြဲ ရာဇပလ္လင်၌သာလျှင် နေ၍ မင်း၏ဘောဇဉ်ကိုသာလျှင် ဘုဉ်းပေးတော်မူ၏။ ဤသို့လျှင် တစ်ဆယ့်နှစ်နှစ်တို့သည် လွန်ကုန်၏။

မိစ္ဆာဝါဒ ၅-ပါး

ထိုဗြဟ္မဒတ်မင်းအားကား ငါးယောက်ကုန်သော အမတ်တို့သည် အကျိုးအကြောင်းကိုပြ၍ ဆုံးမကုန်၏။ ထိုငါးယောက်ကုန်သော အမတ်တို့တွင် တစ်ယောက်သော အမတ်သည် အဟေတုကဝါဒ ရှိ၏။ တစ်ယောက်သောအမတ်သည် ဣဿရကတဝါဒ ရှိ၏။ တစ်ယောက်သော

အမတ်သည် ပုဗ္ဗေကတဝါဒ ရှိ၏။ တစ်ယောက်သော အမတ်သည် ဥစ္ဆေဒဝါဒ ရှိ၏။ တစ်ယောက်သောအမတ်သည် ခတ္တဝိဇ္ဇဝါဒရှိ၏။

ထိုအမတ်တို့တွင် အဟေတုကဝါဒရှိသော အမတ်သည် ဤသတ္တဝါတို့သည် အကြောင်းမရှိ၊ သံသရာဖြင့် စင်ကြယ်ကုန်၏ ဟု လူများကို ယူစေ၏။ ဣသရကတ ဝါဒရှိသော အမတ်သည် လူများကို ဗြဟ္မဗိသာနိုး အစိုးရသောသူသည် ဖန်ဆင်းအပ်၏ ဟု လူအများကို ယူစေ၏။ ပုဗ္ဗေကတဝါဒရှိသော အမတ်သည် ဤသတ္တဝါတို့အား ချမ်းသာဆင်းရဲ ဖြစ်သည်ရှိသော် ရှေး၌ပြုအပ်သော ကံကြောင့်သာလျှင် ဖြစ်၏ ဟု လူအများကို ယူစေ၏။ ဥစ္ဆေဒဝါဒရှိသော အမတ်သည် ဤပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝသို့ သွားသောသူ မည်သည်ကား မရှိ၊ ဤလောကသည် ပြတ်၏ ဟု လူများကို ယူစေ၏။ ခတ္တဝိဇ္ဇဝါဒရှိသော အမတ်သည် မိမိအတွက် အကျိုးရှိမည်ဆိုလျှင် မိဘတို့ကိုလည်း သတ်၍ မိမိအလိုဆန္ဒအတိုင်း ပြုအပ်၏ ဟု လူများကို ယူစေ၏။

ရဟန်းတရားသူကြီး

ထိုအမတ်တို့သည် ဗြဟ္မဒတ်မင်း၏ တရားသူကြီးအရာ၌ တည်နေကုန်လျက် တံစိုးစားကုန်သည်ဖြစ်၍ ဥစ္စာရှင် မဟုတ်သောသူကို ဥစ္စာရှင်ပြုကုန်၏။ ဥစ္စာရှင်ဖြစ်သောသူကို ဥစ္စာရှင် မဟုတ်သည်ကို ပြုကုန်၏။

ထိုအခါ တစ်နေ့သ၌ လိမ်လည် ကောက်ကျစ်၍ တရားတွေ့တတ်သောသူမှ တရားရှုံးသော ယောက်ျားတစ်ယောက်သည် ဆွမ်းခံကြွတော်မူလျက် မင်း၏ နန်းတော်သို့ ဝင်သော ဘုရားလောင်းကို မြင်လေလျှင် ရှိခိုး၍ အရှင်ဘုရား... အရှင်ဘုရားတို့သည် အရှင်မင်းကြီးနန်းတော်၌ ဆွမ်းဘုဉ်းပေးတော်မူဘိ၏တကား၊ တံစိုးယူ၍ လူကို ဖျက်ဆီးကုန်သော တရားစီရင် ဆုံးဖြတ်ကုန်သော အမတ်တို့ကို အဘယ့်ကြောင့် လျစ်လျူရှုတော်မူကုန်ဘိသနည်း၊ ယခုအခါ ငါးယောက်ကုန်သော အမတ်တို့သည် ကောက်တကျစ်ပြု၍ တရားတွေ့တတ်သောသူ၏ လက်မှ တံစိုးကိုယူ၍ ဥစ္စာရှင်ဖြစ်ပါလျက်လျှင် ဥစ္စာရှင်မဟုတ်သည်ကို ပြုအပ်၏ ဟု လျှောက်ထား၍ ငိုကြွေး၏။ ဘုရားလောင်းသည် ထိုတရားရှုံးသော ယောက်ျား၌ သနားတော်မူသည်၏ အစွမ်းအားဖြင့် တရားဆုံးဖြတ်ရာသို့ သွား၍ တရားသဖြင့် ဆုံးဖြတ်စီရင်လျှင် ဥစ္စာရှင်ဖြစ်သောသူကိုသာလျှင် ဥစ္စာရှင် ပြုတော်မူ၏။ လူများသည် တစ်ပြိုင်နက်သာလျှင် ဖြစ်သော သည်းစွာသောအသံဖြင့် ကောင်းချီးကြွေးကြော်သော အခြင်းအရာကို ပေး၏။ ဗြဟ္မဒတ်မင်းသည် ထိုအသံကိုကြားလျှင် ဤအသံသည် အဘယ်အသံနည်း ဟု မေး၍ ထိုအကြောင်းကို ကြားသိရလျှင် ဘုရားလောင်းအထံ၌နေ၍ ပြုအပ်ပြီးသော ဆွမ်းဘုဉ်းပေးခြင်း ကိစ္စရှိသော ဘုရားလောင်းကို အရှင်ဘုရား... ယနေ့ အရှင်ဘုရားသည် တရားဆုံးဖြတ်တော်မူသလော ဟု မေး၏။ မြတ်သောမင်းကြီး ဆုံးဖြတ်သည် မှန်၏ ဟု ဆိုလတ်သော် အရှင်ဘုရား... အရှင်ဘုရားတို့သည် စီရင်ဆုံးဖြတ်တော်မူသည်ရှိသော် လူများ၏ စီးပွားချမ်းသာသည် ဖြစ်လတ္တံ့၊ ဤနေ့မှစ၍ အရှင်ဘုရားတို့သည်သာလျှင် စီရင်ဆုံးဖြတ်တော်မူပါကုန်လော့ ဟု လျှောက်၏။

မြတ်သောမင်းကြီး... ငါတို့သည် ရဟန်းမည်ကုန်၏။ ငါတို့အား ထိုတရားကိုစီရင်သော အမှုသည် မအပ် ဟု ဆိုလတ်သော် အရှင်ဘုရား... လူများ၌ သနားတော်မူသဖြင့် စီရင်ဆုံးဖြတ်တော်မူအံ့သောငှာ အပ်ပါ၏။ အရှင်ဘုရားတို့သည် အလုံးစုံသော နေ့တို့ပတ်လုံး ဆုံးဖြတ်တော်မမူလင့်၊ ဥယျာဉ်တော်မှ ဤ နန်းတော်သို့ ကြွလာတော်မူကုန်သည်ရှိသော် တရားစီရင်ရာအရပ်သို့ ကြွတော်မူ၍ စောစောကသာလျှင် တရားစီရင်မှု လေးခုတို့ကို ဆုံးဖြတ်တော်မူကုန်လော့၊ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် ဥယျာဉ်တော်သို့ ကြွတော်မူလိုသည်ရှိသော် တရားစီရင်မှု လေးခုတို့ကို ဆုံးဖြတ်တော်မူကုန်လော့၊ ဤသို့ ဆုံးဖြတ်စီရင်တော်မူသည်ရှိသော် လူများအား စီးပွားချမ်းသာ ဖြစ်ပါလတ္တံ့ ဟု လျှောက်၏။ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း အဖန်တလဲလဲ တောင်းပန်သည်ရှိသော် ကောင်းပြီ ဟု ဝန်ခံတော်မူပြီးလျှင် ထိုနေ့မှစ၍ ထို ဗြဟ္မဒတ်မင်း လျှောက်တောင်းပန်တိုင်း စီရင်ဆုံးဖြတ်တော်မူ၏။ တံစိုးထိုး၍ တရားတွေ့တတ်ကုန်သော သူတို့သည် အခွင့်မရကုန်၊ ထိုအမတ်တို့သည်လည်း တံစိုးကို မရကုန်သည်ဖြစ်၍ ဆင်းရဲကုန်သဖြင့် ကြံကြကုန်၏။

အမတ်တို့ ကုန်းတိုက်ပြီ

ဗောဓိပရိဗိုဇ် တရားဆုံးဖြတ်သော ကာလမှစ၍ ငါတို့သည် တစ်စုံတစ်ခုကိုမျှ မရကုန်၊ ယခု ထိုဗောဓိပရိဗိုဇ်ကို အရှင်မင်းမြတ်၏ ရန်သူဟု တင်လျှောက်၍ ထိုဗောဓိပရိဗိုဇ်ကို အရှင်မင်းကြီးနှလုံးတော်၌ ချစ်ခြင်းကိုဖျက်၍ သတ်စေကုန်အံ့ ဟု ကြံကြကုန်၏။ ကြံကုန်ပြီး၍ ထို အမတ်တို့သည် ဗြဟ္မဒတ်မင်းသို့ကပ်ကုန်၍ အရှင်မင်းမြတ်... ဗောဓိပရိဗိုဇ်သည် အရှင်မင်းမြတ်တို့၏ အကျိုးမဲ့ကို အလိုရှိ၏ ဟု တင်လျှောက်ကုန်လတ်သော် မယုံကြည်သည်၏ အဖြစ်ကြောင့် ဤဗောဓိပရိဗိုဇ်သည် သီလရှိ၏။ ဉာဏ်နှင့် ပြည့်စုံ၏။ ဤသို့ မပြုကုန်လတ္တံ့ ဟု ဗြဟ္မဒတ်မင်း ဆိုသည်ရှိသော် အရှင်မင်းမြတ်... နာတော်မူဦးလော့၊ မြိုအလုံး၌ နေကုန်သောသူတို့ကို မိမိလက်နက်, မိမိဘက်သာအဖြစ် ပြု၏။ စင်စစ်သော်ကား ငါးယောက်ကုန်သော အကျွန်ုပ်တို့ကိုသာလျှင် လက်နက် ပြုအံ့သောငှာ မတတ်နိုင်၊ အကျွန်ုပ်တို့၏စကားကို အကယ်၍ ယုံတော်မမူကုန်အံ့၊ ထိုဗောဓိပရိဗိုဇ် ဤနန်းတော်သို့ လာသောအခါ ပရိသတ်တို့ကို ကြည့်တော်မူပါကုန်လော့ ဟု တင်လျှောက်ကြကုန်၏။

ဗြဟ္မဒတ်မင်းသည် ကောင်းပြီ ဟု ခြင်္သေ့ခံသော လေသွန်ပြတင်းပေါက်၌ ရပ်လျက် လာလတ်သော ဗောဓိပရိဗိုဇ်ကို ကြည့်သည်ရှိသော် အခြံအရံနှင့်တကွ လာသည်ကိုမြင်၍ မိမိကိုယ်တိုင် တရားဥပဒေနားလည်မှုမရှိပဲ တရားတွေ့ကုန်သော လူတို့ကို ထိုဗောဓိပရိဗိုဇ်၏ အခြံအရံဟု အောက်မေ့၍ အချစ်ပျက်လေလျှင် ထိုအမတ်တို့ကိုခေါ်စေ၍ အသို့ ပြုရကုန်အံ့နည်း ဟု မေး၏။ အရှင်မင်းမြတ်... ထိုဗောဓိပရိဗိုဇ်ကို ဖမ်းစေတော်မူလော့ ဟု တင်လျှောက်ကုန်လတ်သော် ရုန့်ရင်း ကြမ်းကြုတ်သောအပြစ်ကို မမြင်ဘဲလျက် အသို့ဖမ်းရအံ့နည်း ဟု ဆို၏။ အရှင်မင်းမြတ်... ထိုသို့ဖြစ်လျှင် ထိုဗောဓိပရိဗိုဇ်အား ပြုမြဲတိုင်းသော ပူဇော်သက္ကာရကို ယုတ်စေတော်မူကုန်လော့၊ ထိုသို့ ပူဇော်သက္ကာရကို ဆုတ်ယုတ်စေသည်ကိုမြင်လျှင် ပညာရှိသော ဗောဓိပရိဗိုဇ်သည် တစ်စုံတစ်ယောက်သောသူအား မကြားမူ၍ မိမိအလိုလိုသာလျှင် ပြေးလတ္တံ့ ဟု တင်လျှောက် ကုန်လတ်သော် ဗြဟ္မဒတ်မင်းသည် ကောင်းပြီ ဟု ဆို၍ အစဉ်သဖြင့် ထိုဗောဓိပရိဗိုဇ်အား ပူဇော်သက္ကာရကို ယုတ်စေ၏။ အစစွာသောနေ့၌ ရှေးဦးစွာ ထိုဗောဓိပရိဗိုဇ်အား အခင်းမရှိ၊ အချည်းနှီးသော ပလ္လင်၌သာလျှင် နေစေကုန်၏။ ထိုဗောဓိပရိဗိုဇ်သည် အချည်းနှီးသော ပလ္လင်ကိုမြင်လျှင် မင်းအချစ်ပျက်သည်၏ အဖြစ်ကိုသိ၍ ဥယျာဉ်သို့သွား၍ ထိုနေ့ပင်လျှင် ဖဲလိုသည်ဖြစ်လျက် စင်စစ်သဖြင့် သိမှ ဖဲအံ့ ဟု ကြံပြီးလျှင် မဖဲဘဲ နေ၏။

ထို့နောင် နက်ဖြန်နေ့၌ အချည်းနှီးသော ပလ္လင်၌နေသော ထိုဗောဓိပရိဗိုဇ်အား ဗြဟ္မဒတ်မင်း၏ လှုမြဲတိုင်းသော ဆွမ်းကိုလည်းကောင်း၊ တစ်ပါးသော ဆွမ်းကိုလည်းကောင်း ယူ၍ ရောနှောသောဆွမ်းကို ပေးကြကုန်၏။ သုံးရက်မြောက်သောနေ့၌ မြတ်သော နန်းတော်အပြင်သို့ ဝင်စိမ့်သောငှာ မပေးမူ၍ လှေကားဦး၌သာလျှင်ထား၍ ရောနှောသောဆွမ်းကို ပေးကြကုန်၏။ ဘုရားလောင်းသည် ထိုရောနှောသောဆွမ်းကိုယူ၍ ဥယျာဉ်တော်သို့သွား၍ ဆွမ်းစားခြင်းကိစ္စကို ပြုတော်မူ၏။ လေးရက်မြောက်သောနေ့၌ နန်းတော်ပြာသာဒ်အောက်၌ထား၍ ဆန်ကွဲထမင်းကို ပေးကြကုန်၏။ ဘုရားလောင်းသည် ထိုဆန်ကွဲထမင်းကိုလည်း ယူ၍ ဥယျာဉ်တော်သို့ သွားပြီးလျှင် ဆွမ်းစားခြင်းကိစ္စကို ပြုတော်မူ၏။

ဗြဟ္မဒတ်မင်းသည် အမတ်တို့ကို မေးတော်မူ၏။ ဗောဓိပရိဗိုဇ်သည် ပူဇော်သက္ကာရကို ဆုတ်ယုတ်စေသော်လည်း မပြေးသွား၊ ထိုဗောဓိပရိဗိုဇ်ကို အသို့လျင် ပြုရကုန်အံ့နည်း ဟု မေး၏။ အရှင်မင်းမြတ်... ထိုဗောဓိပရိဗိုဇ်သည် ဆွမ်းအလိုငှာ မကျင့်၊ ထီးနန်းအကျိုးငှာသာ ကျင့်၏။ ဆွမ်းအကျိုးငှာ အကယ်၍ ကျင့်အံ့၊ ရှေးဦးစွာသော နေ့ကပင်လျှင် ပြေးလေရာ၏ ဟု တင်လျှောက်ကြကုန်၏။ ယခု အသို့ပြုရကုန်အံ့နည်း ဟု ဗြဟ္မဒတ်မင်း မေးသည်ရှိသော် အရှင်မင်းမြတ်... နက်ဖြန် ထိုဗောဓိပရိဗိုဇ်ကို သတ်စေတော်မူကုန်လော့ ဟု တင်လျှောက်ကြကုန်၏။

ပရိဗိုဇ်ကို သတ်စေခြင်း

ထိုဗြဟ္မဒတ်မင်းသည် ကောင်းပြီ ဟု ထိုအမတ်တို့၏ လက်၌သာလျှင် သန်လျက်ကိုထား၍ နက်ဖြန် တံခါးမ တံခါးငယ်တို့၏ အကြား၌ရပ်၍ ဝင်လာစဉ်လျှင် ထိုဗောဓိပရိဗိုဇ်၏ ဦးခေါင်းကိုဖြတ်၍ အပိုင်းပိုင်းပြုပြီးလျှင် တစ်စုံတစ်ယောက်သောသူကို မသိစေမူ၍ ရေအိမ်တွင်း၌ ချပြီးလျှင် ရေချိုး၍ လာခဲ့ကြကုန်လော့ ဟု ဆို၏။ ထိုအမတ်တို့သည် ကောင်းပြီ ဟု ဝန်ခံ၍ နက်ဖြန် လာလတ်ကြကုန်ပြီးလျှင် ဤသို့ ပြုကုန်အံ့ ဟု အချင်းချင်း စီရင်ကုန်၍ မိမိတို့အိမ်သို့ သွားကြကုန်၏။

ဗြဟ္မဒတ်မင်းသည်လည်း ညအခါ ဘောဇဉ်ကိုစားပြီးလျှင် အသရေရှိသော အိပ်ရာ၌လျောင်းလျက် ဘုရားလောင်း၏ ဂုဏ်ကျေးဇူးကို အောက်မေ့၏။ ထိုအခါ ဗြဟ္မဒတ်မင်းအား ထိုသို့ အောက်မေ့စဉ်လျှင် စိုးရိမ်ခြင်းဖြစ်၏။ ကိုယ်မှချွေးတို့သည် ယိုကုန်၏။ အိပ်ရာ၌ သက်သာရာမရသည်ဖြစ်၍ ထိုမှဤမှ တလွန့်လွန့် ပြု၏။

ထိုအခါ မိဖုရားကြီးသည် မင်း၏အနီး၌ အိပ်၏။ ထိုဗြဟ္မဒတ်မင်းသည် ထိုမိဖုရားကြီးနှင့်တကွ စကား ပြောဟောခြင်းကိုမျှလည်း မပြု။ ထိုအခါ မင်းကို မိဖုရားကြီးသည် အရှင်မင်းကြီး. အဘယ့်ကြောင့် စကားပြောဟောခြင်းကိုမျှလည်း ပြုတော်မမူကုန်သနည်း၊ အကျွန်ုပ်အား တစ်စုံတစ်ခုသော အပြစ်သည် ရှိသလော ဟု လျှောက်၏။ ရှင်မိဖုရား... မရှိ၊ စင်စစ်သော်ကား ဗောဓိပရိဗိုဇ်သည် ငါတို့ရန်သူ ဖြစ်သတတ်၊ ထို့ကြောင့် ထိုဗောဓိပရိဗိုဇ်အား နက်ဖြန် သတ်စိမ့်သောငှာ အမတ်ငါးယောက်တို့ကို စေ၏။ ထို အမတ်ငါးယောက်တို့သည်ကား ထိုဗောဓိပရိဗိုဇ်ကို သတ်ပြီးလျှင် အပိုင်းအပိုင်းပြု၍ ကျင်ကြီးတွင်း၌ ချကုန်လတ္တံ့၊ ထိုဗောဓိပရိဗိုဇ်သည်ကား ငါတို့အား တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး များစွာသောတရားကို ဟောပေ၏။ ငါသည် ထိုဗောဓိပရိဗိုင်၏ တစ်စုံတခုသော အပြစ်ကိုလည်း မျက်မှောက်အားဖြင့် မမြင်စဖူး၊ သူတစ်ပါးစကားကိုကား ယုံကြည်သည်ဖြစ်၍ ထိုဗောဓိပရိဗိုဇ်ကို ငါသည် သတ်လေဟူ၍ စေမိ၏။ ထိုအကြောင်းကြောင့် စိုးရိမ်၏ ဟု ဆို၏။

ထိုသို့ ပြောဆိုသောအခါ မင်းကို မိဖုရားကြီးသည် တင်လျှောက်၏။ အရှင်မင်းကြီး အရှင်မင်းကြီး၏ ရန်သူတော်သည် အကယ်၍ ဖြစ်ငြားအံ့၊ ထို ဗောဓိပရိဗိုဇ်ကို သတ်စေကာမူ အဘယ်မူ၍ စိုးရိမ်တော်မူသနည်း၊ ရန်သူမည်သည်ကို သားပင် ဖြစ်လှည့်ငြားသော်လည်း သတ်၍ မိမိ၏ ချမ်းသာသောအဖြစ်ကို ပြုအပ်၏။ စိုးရိမ်တော်မမူလင့် ဟု သက်သာရာ ရစေ၏။ ထိုဗြဟ္မဒတ်မင်းသည် ထိုမိဖုရားကြီးစကားဖြင့် သက်သာရာရ၍ အိပ်ပျော်ခြင်းသို့ရောက်၏။

ခွေး၏ ကယ်တင်ခြင်း

ထိုခဏ နန်းတော်၌မွေးသော ပိင်္ဂလအမည်ရှိသော ခွေးသည် ထိုစကားကိုကြား၍ နက်ဖြန် ငါသည် ငါ၏အစွမ်းဖြင့် ထိုဗောဓိပရိဗိုဇ်အား အသက်ကိုပေးခြင်းငှာ သင့်၏ ဟု ကြံ၍ မိုးသောက်သောနေ့၌ စောစောကလျှင် နန်းတော်ပြသာဒ်ထက်မှ ဆင်းသက်၍ တံခါးမသို့သွားပြီးလျှင် တံခါးခုံပေါ်၌ မေးတင်၍ ဘုရားလောင်း လာလတ္တံ့သော လမ်းကို ကြည့်မျှော်လျက်သာလျှင် ဝပ်၍နေ၏။ ထိုအမတ်တို့သည်လည်း စောစောကလျှင် သန်လျက်စွဲကုန်လျက် လာလဘ်ကုန်၍ တံခါးမ တံခါးငယ်တို့၏ အကြား၌ တည်ကုန်ကြ၏။ ဘုရားလောင်းသည်လည်း အခါကိုမှတ်၍ ဥယျာဉ်တော်မှ ထွက်ခဲ့ပြီးလျှင် မင်းအိမ်တံခါးသို့ သွားလေ၏။ ထိုအခါ ဘုရားလောင်းကို ပိင်္ဂလအမည်ရှိသောခွေးသည် မြင်လျှင် ခံတွင်းကိုဖွင့်၍ အစွယ်လေးချောင်းတို့ကို ပြလျက် အရှင်ဘုရား... အရှင်ဘုရားသည် ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် တစ်ပါးသောအရပ်၌ ဆွမ်းကို မရသလော၊ အကျွန်ုပ်တို့ အရှင်မင်းကြီးသည် အရှင်ဘုရားအား သတ်စိမ့်သောငှာ သန်လျက်လက်စွဲကုန်သော အမတ်ငါးယောက်တို့ကို တံခါးနှစ်ခုတို့၏အကြား၌ထားတော်မူ၏။ အရှင်ဘုရားသည် နဖူးပြင်ဖြင့် သေမင်းကိုဆောင်ယူခဲ့၍ မလာလင့်၊ လျင်စွာ ဖဲပလေလော့ဟု ပြင်းထန်စွာသောအသံဖြင့် ဟောင်၏။ ထိုဘုရားလောင်း ဗောဓိပရိဗိုဇ်သည် အလုံးစုံသော သတ္တဝါတို့၏အသံကို သိသည်၏အဖြစ်ကြောင့် ထိုအကြောင်းကိုသိ၍ ထိုအရပ်မှလျှင် ပြန်လည်၍ ဥယျာဉ်တော်သို့ သွားပြီးလျှင် တစ်ပါးသောအရပ်သို့ သွားအံ့သောငှာ ပရိက္ခရာတို့ကို ယူ၏။

မင်းကြီးတောင်းပန်ခြင်း

ဗြဟ္မဒတ်မင်းသည် ခြင်္သေ့ခံသော လေသွန်တံခါးဝ၌ရပ်လျက် ထိုဘုရားလောင်း လာလတ်သည်ကိုလည်းကောင်း၊ ပြန်လည်၍ သွားသည်ကိုလည်းကောင်း မြင်၍ ဤဗောဓိပရိဗိုဇ်သည် ငါ၏ရန်သူ အကယ်၍ ဖြစ်ငြားအံ့၊ ဥယျာဉ်တော်သို့ရောက်လျှင် ဗိုလ်ပါကိုစုရုံး၍ စစ်ထိုးမှုကိုစီရင်သည် ဖြစ်လတ္တံ့၊ အကယ်၍ ငါ၏ရန်သူ မဖြစ်ငြားအံ့၊ မိမိပရိက္ခရာတို့ကိုယူ၍ ပြေးသွားအံ့သောအမှုကို စီရင်သည် ဖြစ်လတ္တံ့၊ ထိုဗောဓိပရိဗိုဇ်၏ အမူအရာကို သိအောင်ပြုအံ့ ဟု ဥယျာဉ်သို့သွား၍ မိမိပရိက္ခရာတို့ကို ယူ၍ သွားအံ့ဟု သစ်ရွက်မိုးသောကျောင်းမှ ထွက်သောဘုရားလောင်းကို စင်္ကြံဦးကမြင်လျှင် ရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ ရပ်လျက် မေးလျှောက်လိုရကား-

၁၂၄။ ကိံနု ဒဏ္ဍံ ကိမဇီနံ၊ ကိံ ဆတ္တံ ကိမုပါဟနံ။
ကိမင်္ကုသဉ္စ ပတ္တဉ္စ၊ သံဃဋိဉ္စာပိ ဗြာဟ္မဏ။
တရမာနရူပေါ ဂဏှာသိ၊ ကိံ နု ပတ္ထယသေ ဒိသံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၄။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရဟန်း။ တွံ၊ အရှင်ဘုရားသည်။ တရမာနရူပေါ၊ လျင်မြန်သော သဘောရှိလျက်။ ဒဏ္ဍံ၊ တောင်ဝှေးကို။ ကိံနု ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ အဇိနံ၊ သစ်နက်ရေကို။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ ဆတ္တံ၊ ထီးကို။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ ဥပ ဟနံ၊ ဖိနပ်ကို။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ အင်္ကုသဉ္စ၊ သပိတ်အိတ်ဆွဲသော ချွန်းကောက်ကိုလည်း။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ ပတ္တဉ္စ၊ သပိတ်ကိုလည်း။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ သံဃဋိဉ္စာပိ၊ ဒုကုဋ်ကိုလည်း။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ တွံ၊ အရှင်ဘုရားသည်။ ကိံနု ဒိသံ၊ အဘယ်အရပ်မျက်နှာကိုလျှင်။ ပတ္ထယသေ၊ သွားခြင်းငှာ တောင့်တတော်မူသနည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ဤမင်းသည် မိမိပြုသောအမှုကို ငါ့ကိုမသိဟု မှတ်ထင်လေ၏။ ထိုကြောင့် ထိုမင်းကို သိစေအံ့ဟု သိစေတော် မူလိုရကား-

၁၂၅။ ဒွါဒသေတာ ဝဿာနိ၊ ဝုသိတာနိ တဝန္တိကေ။
နာဘိဇာနာမိ သောဏေန၊ ပိင်္ဂလေနာဘိကူဇိတံ။
၁၂၆။ သွာဟံ ဒိတ္တောဝ နဒတိ၊ သုက္ကဒါဌံ ဝိဒံသယံ။
တဝ သုတွာ သဘရိယဿ၊ ဝီတသဒ္ဓဿ မံ ပတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၅။ မဟာရာဇ၊ မင်းမြတ်။ တဝန္တိကေ၊ ဒါယကာ မင်းမြတ်အထံ၌။ ဝုသိတာနိ၊ မင်းမြတ်ကို အမှီပြု၍ နေအပ်ကုန်သော။ ယာနိ ဒွါဒသဝဿာနိ၊ အကြင် တစ်ဆယ့်နှစ်နှစ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတာနိ ဒွါဒသဝဿာနိ၊ ထို တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး။ ပိင်္ဂလေန၊ ပိင်္ဂလအမည်ရှိသော။ သောဏေန၊ အရှင်မင်းမြတ်၏ ခွေးတော်သည်။ မံ၊ ငါ့ကို။ အဘိကူဇိတံ၊ ပြင်းထန်စွာ ဟောင်ဘူးသည်ကို။ အဟံ၊ ငါသည်။ နာဘိဇာနာမိ၊ မသိစဘူး။

֍ ဋ္ဌ ၁၂၆။ မံ ပတိ၊ ငါ၏ကိုယ်တွင်း၌။ သဘရိယသ၊ မိဖုရားနှင့်တကွ။ ဝီတသဒ္ဓဿ၊ သဒ္ဓါကြည်ညိုခြင်းကင်းထသော။ တဝ၊ အရှင်မင်းမြတ်၏။ ဝစနံ၊ စကားကို။ သုတွာ၊ ကြား၍။ သွာယံ- သော အယံ သုနခေါ၊ ထိုခွေးတော် ပိင်္ဂလသည်။ သုက္ကံဒါဌံ၊ ဖြူသော အစွယ်လေးချောင်းကို။ ဝိဒံသယံ၊ ဖော်ပြလျက်။ ဒိတ္တောဝ၊ ဆုံးမဘိသကဲ့သို့။ မံ၊ ငါ့ကို။ နဒတိ၊ ပြင်းစွာဟောင်၏။

ထို့နောင်မှ ဗြဟ္မဒတ်မင်းသည် မိမိအပြစ်ကို ဝန်ခံ၍ ကန်တော့လိုရကား-

၁၂၇။ အဟု ဧသ ကတော ဒေါသော၊
ယထာ ဘာသသိ ဗြာဟ္မဏ။
ဧသ ဘိယျော ပသီဒါမိ၊ ဝသ ဗြာဟ္မဏ မာဂမာ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

ဗောဓိပရိဗိုဇ် သွားခွင့်တောင်းခြင်း

֍ ဋ္ဌ ၁၂၇။ ဗြဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော အရှင်မြတ်။ တွံ၊ အရှင်မြတ်သည်။ မမ၊ အကျွန်ုပ်၏။ ဒေါသံ၊ အပြစ်ကို။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘာသသိ၊ ဆိုတော်မူ၏။ တထာ၊ ထိုအရှင်ဘုရား ဆိုတော်မူတိုင်း။ မယာ၊ အကျွန်ုပ်သည်။ ဧသ- ဧသော ဒေါသော၊ သတ်ပေတော့ဟူ၍ စေခြင်းဟူသော အပြစ်ကို။ ကတော၊ ပြုအပ်သည်။ အဟု၊ ဖြစ်ချေ၏။ ဧသ-ဧသော အဟံပန၊ ဤသို့ ဗောဓိပရိဗိုင်ကို သတ်ပေတော့ဟူ၍ စေမိသော အပြစ်ရှိသော အကျွန်ုပ်သည်ကား။ ဘိယျာ၊ အတိုင်းထက်အလွန်။ ပသီဒါမိ၊ ယခု ကြည်ညို လှပါပြီ။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော အရှင်မြတ်။ ဝသ၊ ဤတွင်သာ နေတော်မူပါလော့။ မာဂမာ၊ တစ်ပါးသောအရပ်သို့ ကြွတော်မမူပါလင့်။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် မြတ်သောမင်းကြီး... ပညာရှိတို့မည်သည်ကား ထိုသို့သဘောရှိသော သူတစ်ပါးတို့၏ စကားကို ယုံကြည်တတ်သော မျက်မြင်ပြုလေ့မရှိသော သူတို့နှင့်တကွ မနေကုန်ဟု ဆို၍ ထိုမင်း မရိုမသေပြုခြင်းကို ပြတော်မူလိုရကား-

၁၂၈။ သဗ္ဗသေတော ပုရေ အာသိ၊
တတောပိ သဗလော အဟု။
သဗ္ဗလောဟိတကော ဒါနိ၊
ကာလော ပက္ကမိတုံ မမ။
။ လ။
၁၃၆။ အတိစိရံ နိဝါသေန၊ ပိယော ဘဝတိ အပ္ပိယော။
အာမန္တခေါ တံ ဂစ္ဆာမ၊ ပုရာတေ ဟောမ အပ္ပိယာ။

ဟူသော ဤကိုးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၂၈။ မဟာရာဇ၊ မင်းမြတ်။ ပုရေ၊ ရှေးက။ တယာ၊ သင်မင်းမြတ်သည်။ မမ၊ ငါ့အား။ ဒိန္နော၊ လှူအပ်သော။ ဩဒနော၊ ဆွမ်းသည်။ သဗ္ဗသေတော၊ အလုံးစုံဖြူသည်။ အာသိ၊ ဖြစ်၏။ တတောပိ၊ ထို့နောင်မှလည်း။ သဗလော၊ ကြောင်ကျားသည်။ အဟု၊ ဖြစ်ပြီ။ ဣဒါနိ၊ ယခုတမူကား။ သဗ္ဗလောဟိတကော၊ အလုံးစုံနီသည်။ ဇာတော၊ ဖြစ်၏။ ဣဒါနိ၊ ယခု။ မေ၊ ငါ့အား။ ပက္ကမိတုံ၊ အရပ်တစ်ပါးသို့ သွားအံ့သောငှာ။ ကာလော၊ အခါသင့်ပြီ။

֍ ဋ္ဌ ၁၂၉။ မဟာရာဇ၊ မင်းမြတ်။ ပုရေ၊ ရှေးက။ မမ၊ ငါ၏။ အတ္ထာယ၊ အကျိုးငှာ။ ပညတ္တိ၊ ခင်းအပ်သော။ အာသနံ၊ နေရာသည်။ အဗ္ဘန္တရံ၊ ထီးဖြူဆောက်သော ရာဇပလ္လင်ဟုဆိုအပ်သော အတွင်းတော်၌။ အသိ၊ ဖြစ်၏။ တတော၊ ထို နောင်မှ။ မဇ္ဈေ၊ လှေကားတော်ဦးဟု ဆိုအပ်သောအလယ်၌။ အာသိ၊ ဖြစ်၏။ တတော၊ ထို့နောင်မှ။ ဗဟိ၊ အပ၌။ ဟောတိ၊ ဖြစ်၏။ နိဒ္ဓမနာ၊ လည်ဆစ်ကိုကိုင်၍ နှင်ထုတ်ခြင်းသည်။ ပုရာ ဟောတိ၊ မဖြစ်မီခင်။ အဟံ၊ ငါသည်။ သယမေဝ၊ အလိုလိုသာလျှင်။ ဝဇာမိ၊ သွားတော့အံ့။

֍ ဋ္ဌ ၁၃၀။ နောဒကံ၊ ရေမရှိသော။ ဥဒပါနံ၊ ရေတွင်းကို။ န သေဝေယျ ဣဝ၊ မမှီဝဲရာသကဲ့သို့။ တထာ၊ ထို့အတူ။ မဟာရာဇ၊ မင်းမြတ်။ ဝီတသဒ္ဓံ၊ ကြည်ညိုခြင်းကင်းသော သူကို။ န သေဝေယျ၊ မမှီဝဲရာ။ နံ၊ ထို ရေမရှိသောရေတွင်းကို။ သစေပိ အနုခဏေ၊ အကယ်၍မူလည်း ယက်ရာ တူးရာသေး၏။ တထာပိ၊ ထိုသို့ တူးငြား ယက်ငြားသော်လည်း။ ဝါရိ၊ ရေသည်။ ကဒ္ဒမဂန္ဓိကံ၊ ညွန်စော်နံသည်။ ဘဝေယျ၊ ဖြစ်ရာ၏။

֍ ဋ္ဌ ၁၃၁။ မဟာရာဇ၊ မင်းမြတ်။ ဥဒကတ္ထိကော၊ ရေကို အလိုရှိသောသူသည်။ ရဟဒံ၊ နက်စွာသာရေအိုင်ကြီးသို့။ ပတွာ၊ ရောက်၍။ ပသန္နံ၊ ကြည်လင်သောရေကို။ ပယိရုပါသေယျ ဣဝ၊ မှီဝဲသုံးဆောင်ရာသကဲ့သို့။ တထာ၊ ထို့အတူ။ ပဏ္ဍိတော၊ ပညာရှိသော သူသည်။ ပသန္နမေဝ၊ မိမိအား ကြည်ညိုသောသူကိုသာလျှင်။ သေဝေယျ၊ ပေါင်းဖော်မှီဝဲရာ၏။ အပ္ပသန္နံ၊ မိမိအား မသဒ္ဓါ မကြည်ညိုသောသူကို။ ဝိဝဇ္ဇယေ၊ ရှောင်လွှဲခွာရှဲရာ၏။

֍ ဋ္ဌ ၁၃၂။ မဟာရာဇ၊ မင်းမြတ်။ ဘဇန္တံ၊ မိမိကို မှီဝဲဆည်းကပ်သော။ ပုရိသံ၊ မိမိ စီးပွားချမ်းသာကို အလိုရှိသော ယောက်ျားကို။ ဘဇေ၊ မှီဝဲဆည်းကပ်ရာ၏။ အဘဇန္တံ၊ မိမိကို မမှီဝဲ မဆည်းကပ်သော ရန်သူကို။ န ဘဇ္ဇယေ၊ မမှီဝဲ မဆည်းကပ်ရာ။ ယော၊ အကြင်သူသည်။ ဘဇန္တံ၊ မိမိကို မဆည်းကပ်သော မိတ်ဆွေ ခင်ပွန်းဖြစ်သောသူကို။ န ဘဇ္ဇတိ၊ မမှီဝဲ မဆည်းကပ်။ သော၊ ထိုသူသည်။ အသပ်ပုရိသဓမ္မော၊ သူယုတ်မာတို့၏ အကျင့်ရှိသောသူ မည်၏။

֍ ဋ္ဌ ၁၃၃။ မဟာရာဇ၊ မင်းမြတ်။ သာခဿိတော၊ သစ်ခက်ကိုမှီသော။ မိဂေါ ယထာ၊ မျောက်ကဲ့သို့။ ယော၊ အကြင်သူသည်။ ဘဇန္တံ၊ မိမိကို ဆည်းကပ်သောသူကို။ န ဘဇ္ဇတိ၊ မဆည်းကပ်။ သေဝမာနံ၊ မိမိကို မှီဝဲသောသူကို။ န သေဝတိ၊ မမှီဝဲ။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ မနုဿပါပိဋ္ဌော၊ အလွန်ယုတ်သောသူ မည်၏။

မိတ်ဆွေပျက်ကြောင်း ၃-ပါး

֍ ဋ္ဌ ၁၃၄။ မဟာရာဇာ၊ မင်းမြတ်။ သစ္စာဘိက္ခဏသံသဂ္ဂါ၊ မပြတ် ပေါင်းဖော်လွန်ခြင်းကြောင့်လည်းကောင်း။ အသမော သရဏေန စ၊ မပေါင်းဖော်ခြင်းကြောင့်လည်းကောင်း။ အကာလေ၊ မလျောက်ပတ်သောကာလ၌။ ယာစနာယစ၊ ချစ်မြတ်နိုးသောဥစ္စာကို တောင်းခြင်းကြောင့်လည်းကောင်း။ တေန ကာရဏေန၊ ထိုဆိုအပ်ပြီးသော အကြောင်းကြောင့်။ မိတ္တာ၊ အဆွေခင်ပွန်းတို့သည်။ ဇိရန္တိ၊ ဆွေးမြည့်ပျက်စီးကုန်၏။

֍ ဋ္ဌ ၁၃၅။ တသ္မာ၊ ထို့ကြောင့်။ အဘိက္ခဏံ၊ အစဉ်မပြတ်။ န ဂစ္ဆေ၊ မဆည်းကပ်ရာ။ စိရာ စိရံ စ ဂစ္ဆေ၊ အလွန် မြင့်ရှည်စွာလည်း မဆည်းကပ်ဘဲ မနေရာ။ ကာလေန၊ လျောက်ပတ်သောအခါကာလ၌။ ယာစံ၊ တောင်းအပ်သော ဥစ္စာကို။ ယာစေယျ၊ တောင်းရာ၏။ ဧဝံ- ဣမိနာ ပကာရေန၊ ဤသို့သောအပြားအားဖြင့်။ စရမာနေ၊ ကျင့်သည်ရှိသော်။ မိတ္တာ၊ အဆွေခင်ပွန်းတို့သည်။ န ဇီယရေ၊ မဆွေးမြည့် မပျက်စီးကုန်။

֍ ဋ္ဌ ၁၃၆။ မဟာရာဇ၊ မင်းမြတ်။ အတိစိရံ၊ အလွန်ကြာမြင့်စွာ။ နိဝါသေန၊ နေခြင်းကြောင့်။ ပိယော၊ ချစ်မြတ်နိုးသော သူသည်။ အပ္ပိယော ဘဝတိ၊ မုန်းသောသူ ဖြစ်တတ်ချေ၏။ မဟာရာဇ၊ မင်းမြတ်။ မယံ၊ ငါတို့သည်။ တေ၊ သင်မင်းမြတ်၏။ အပ္ပိယာ ပုရာ ဟောမ၊ မုန်းတော်မမူကုန်မီ။ တံ၊ သင်မင်းမြတ်ကို။ အာမန္တခေါ၊ ပန်ကြား၍သာလျှင်။ ဂစ္ဆာမ၊ သွားပါကုန်ပါအံ့။

မင်းကြီးပြန်ကြွလာရန် ဖိတ်ကြား

ထိုစကားကိုကြား၍ ဗြဟ္မဒတ်မင်းသည် မိမိပြည်သို့ တစ်ဖန်ပြန်လည်စိမ့်သောငှာ တောင်းပန်လိုရကား-

၁၃၇။ ဧဝံ တေ ယာစမာနာနံ၊ အဉ္ဇလိံ နာဝဗုဇ္ဈသိ။
ပရိစာရကာနံ သတ္တာနံ၊ ဝစနံ န ကရောသိ နော။
ဧဝံ တံ အဘိယာစာမ၊ ပုန ကယိရာသိ ပရိယာယံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၇။ ဘန္တေ၊ အရှင်ဘုရား။ ဧဝံ- ဣမိနာ ပကာရေန၊ ဤသို့သော အပြားအားဖြင့်။ တေ၊ အရှင်ဘုရားအား။ ယာစမနာနံ၊ တောင်းပန်အပ်ကုန်သော အကျွန်ုပ်တို့၏။ အဉ္စလိံ၊ လက်အုပ်ချီခြင်းကို။ တွံ၊ အရှင်ဘုရားသည်။ နာဝ ဗုဇ္ဈသိ၊ သိတော်မမူအံ့။ ပရိစာရကာနံ သတ္တာနံ၊ အလုပ် အကျွေး ပစ္စည်းဒါယကာဖြစ်ကုန်သော။ နော၊ အကျွန်ုပ်တို့၏။ ဝစနံ၊ လျှောက်ထားတောင်းပန်သောစကားကို။ န ကရောသိ၊ နာယူတော်မမူသည် ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့နာယူတော် မမူသည်ရှိသော်။ တံ၊ အရှင်ဘုရားကို။ အဘိယာစာမ၊ အထူးတောင်းပန်ပါကုန်ဦးအံ့။ ပုန ပရိယာယံ၊ ဤနေပြည်တော်သို့ တစ်ဖန်ပြန်လည်တော်မူခြင်းငှာ အလှည့်ကို။ ကယိရာသိ၊ ပြုတော်မူပါဦးလော့။

ဘုရားလောင်းသည် ဝန်ခံတော်မူလိုရကား-

၁၃၈။ ဧဝံ စေ နော ဝိဟရတံ၊
အန္တရာယော န ဟေဿတိ။
တုယှံ ဝါပိ မဟာရာဇ၊
မယှံ ဝါ ရဋ္ဌဝဍ္ဎန။
အပ္ပေဝ နာမ ပဿေမ၊
အဟောရတ္တာနမစ္စယေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၈။ ရဋ္ဌဝဍ္ဎန၊ တိုင်းနိုင်ငံသူ ရှင်လူများကို ပွားစေတော်မူတတ်သော။ မဟာရာဇ၊ မင်းမြတ်။ တုယှံ ဝါပိ၊ သင်မင်းမြတ်အားလည်းကောင်း။ မယှံ ဝါပိ၊ ငါ့အားလည်းကောင်း။ ဧဝံ ဝိဟရတံ၊ ဤသို့ကွေကွင်း၍ နေကြကုန်လတ္တံ့သော။ နော အမှာကံ၊ ငါတို့အား။ အန္တရာယော၊ အန္တရာယ်သည်။ စေ န ဟေဿတိ၊ မဖြစ်ငြားအံ့။ ဧဝံသတိ၊ ဤသို့ အန္တရာယ် မဖြစ်ကြပါသော်။ အဟောရတ္တာနံ၊ နေ့ညဉ့်တို့၏။ အစ္စယေ၊ လွန်ခြင်းသည်။ သတိ၊ ရှိသော်။ အပ္ပေဝ နာမ ပဿမ၊ မြင်ရကုန်ငြားအံ့လည်း မသိ။ ဝါ၊ ပြန်လည် ဆုံဆည်းကောင်း ဆုံဆည်းနိုင်ရာ၏။

ဤသို့လျှင် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းအား တရားဟောတော်မူ၍ မင်းမြတ်... မမေ့မလျော့ ဖြစ်တော်မူလော့ဟု ဆို၍ ဥယျာဉ်တော်မှ ထွက်ခဲ့ပြီးလျှင် သင့်တင့်လျောက်ပတ်သော အရပ်တစ်ခု၌ ဆွမ်းခံ၍ ဗာရာဏသီပြည်မှ ထွက်သွားလေ၍ အစဉ်သဖြင့် ဟိမဝန္တာသို့သာလျှင်သွား၍ အတန်ငယ်သော ကာလပတ်လုံးနေပြီးလျှင် တစ်ဖန် ဟိမဝန္တာမှသက်ခဲ့၍ တစ်ခုသော ပစ္စန္တရစ်ရွာကို အမှီပြုလျက် တော၌နေ၏။

မင်းကြီး ဘေးတွေ့ပြီ

ဘုရားလောင်း ဗောဓိပရိဗိုဇ်သွားသော ကာလမှစ၍ ထိုအမတ်တို့သည် တစ်ဖန် တရားဆုံးဖြတ်ရာ၌ နေကုန်၍ ဖျက်ဆီးခြင်းကိုပြုကုန်လျက် မဟာဗောဓိပရိဗိုဇ်သည် တစ်ဖန် အကယ်၍ လာငြားအံ့၊ ငါတို့ အသက်ရှိတော့မည် မဟုတ်၊ စင်စစ်သော်ကား ထိုဗောဓိပရိဗိုင်၏ မလာလတ္တံ့သော အကြောင်းကို အသို့ ပြုကြကုန်အံ့နည်းဟု ကြံကြကုန်၏။

ထိုအခါ ထိုအမတ်တို့အား ဤသို့သောအကြံသည် ဖြစ်၏။ ဤသတ္တဝါတို့သည် တပ်စွန်းသူရှိရာ အရပ်မည်သည်ကို စွန့်ခြင်းငှာ မတတ်နိုင်ကုန်၊ ဤမြို့၌ ထိုဗောဓိပရိဗိုဇ်၏ တပ်စွန်းနှစ်သက်ရာ ဌာနသည်ကား အဘယ်နည်းဟု စုံစမ်းရှာဖွေ၍ ထို့နောင်မှ မင်း၏ မိဖုရားကြီးတည်းဟု သိလျှင် အကြင်အကြောင်းကြောင့် ထိုဗောဓိပရိဗိုဇ်သည် ဤမိဖုရားကြီးကို အမှီပြု၍ လာပြန်ရာ၏။ ထိုအကြောင်းသည် ရှိချေသလျှင်ကတည်း၊ ဗောဓိပရိဗိုဇ် မလာမီကလျှင် ထိုမိဖုရားကြီးကို သတ်စေကုန်အံ့ဟု ကြံကြကုန်ပြီးလျှင် ဗြဟ္မဒတ်မင်းကို ဤသို့သောစကားကို တင်လျှောက်ကြကုန်၏။ အရှင်မင်းမြတ်... ဤမည်သောနေ့၌ မြို့တော်ဝယ် တစ်ခုသောစကားကို အကျွန်ုပ်တို့သည် ကြားအပ်၏ဟု တင်လျှောက်ကြကုန်၏။ အဘယ်မည်သော စကားနည်းဟု မေးတော်မူလတ်သော် အရှင်မင်းမြတ်... မဟာဗောဓိပရိဗိုဇ်သည်လည်းကောင်း၊ အရှင်မိဖုရားကြီးသည်လည်းကောင်း၊ အချင်းချင်း သတင်းစကား တုံ့ပြန်သော သတင်းစကားကို မှာကြားပို့ သ စေဆိုကြကုန်၏ဟု တင်လျှောက်ကြကုန်၏။ အသို့ပြု၍ မှာကြားပို့သ စေဆိုကြကုန်သနည်းဟု မေးတော်မူသည်ရှိသော် ရှင်မိဖုရား ရှင်မိဖုရားအစွမ်းဖြင့် မင်းကိုသေစေ၍ ငါ့အား ထီးဖြူကိုပေးခြင်းငှာ တတ်နိုင်ပါမည်လောဟု ထိုဗောဓိပရိဗိုဇ်သည် အရှင်မိဖုရားအား စကားပို့ဆောင် စေဆို မှာကြားသတတ်။ မင်းအား သေအောင်သတ်ခြင်း မည်သည်ကား အကျွန်ုပ်၏ ဝန်ဖြစ်စေ၊ အရှင်မင်းမြတ်သည် လျင်မြန်စွာ ကြွလာလှည့်ဟု ထိုမိဖုရားကြီးကလည်း ထိုဗောဓိပရိဗိုဇ်အား စေဆိုမှာထားလိုက်ပါသည်ဟု တင်လျှောက်ကြကုန်၏။ ဗြဟ္မဒတ်မင်းသည် အဖန်တလဲလဲ တင်ကြကုန်သော ထိုအမတ်တို့၏စကားကို ယုံကြည်၍ ယခု အသို့ပြုအပ်သနည်းဟု မေးတော်မူ၍ အရှင်မင်းမြတ်... အရှင်မိဖုရားကို သတ်ခြင်းငှာ ထိုက်ပါ၏ ဟု တင်လျှောက်ကုန်လတ်သော် မစုံစမ်း မဆင်ခြင်မူ၍ ထိုသို့ဖြစ်လျှင် သင်တို့သည်ပင်လျှင် ထိုမိဖုရားကြီးကို သတ်၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ကျင်ကြီးတွင်း၌ ပစ်ချကုန်လော့ဟု ဆို၏။

ထိုအမတ်တို့သည် ထိုသို့စီရင်တိုင်း ပြုကြကုန်၏။ ထိုမိဖုရားကို သတ်စေသော အဖြစ်သည် မြို့အလုံး ကျော်စောထင်ရှား၏။ ထိုအခါ ဤမင်းသည် အပြစ်မရှိသော ငါတို့ မယ်တော်မိဖုရားကြီးကို သတ်အပ်၏ဟု ထိုမိဖုရားကြီး၏ သားတော်လေးယောက်တို့သည် မင်း၏ရန်သူ ဖြစကြကုန်၏။ ဗြဟ္မဒတ်မင်းသည် ကြီးစွာသောဘေးသို့ ရောက်၏။

ဗောဓိပရိဗိုင် ပြန်ကြွလာ

ဘုရားလောင်းသည် အဆင့်ဆင့်အားဖြင့် ထိုသတင်းစကားကို ကြား၍ ငါ့ကိုထား၍ ငါမှတစ်ပါးသော ထိုမင်းသားလေးယောက်တို့ကို နှစ်သက်စေ၍ ခမည်းတော် ဗြဟ္မဒတ်မင်းကို ကန်တော့စိမ့်သောငှာ စွမ်းနိုင်သူမည်သည် မရှိ၊ မင်းအားလည်း အသက်ကိုပေးအံ့၊ မင်းသားတို့ကိုလည်း မကောင်းမှုမှ လွတ်စေအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် မိုးသောက်သောနေ့၌ ပစ္စန္တရစ်ရွာသို့ဝင်၍ လူတို့သည် လှူအပ်သော မျောက်သားကို ဘုဉ်းပေးတော်မူပြီးလျှင် ထိုမျောက်ရေကို တောင်း၍ယူသဖြင့် ကျောင်း၌ ခြောက်စေပြီးလျှင် အနံ့မရှိအောင်ပြု၍ ဝတ်လည်းဝတ်၏။ ရုံလည်းရုံ၏။ ပခုံး၌လည်း တင်၏။ အဘယ့်ကြောင့် ဤသို့ပြုသနည်းဟူမူကား မျောက်သည် ငါ့အား များစွာ ကျေးဇူးပြု၏ဟု ပြောရအောင် ပြုတော်မူ၏။ ဘုရားလောင်းသည် ထိုမျောက်ရေကိုယူ၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်လေလျှင် မင်းသားတို့သို့ ကပ်တော်မူ၍ အရှင်မင်းသားတို့... အဖကိုသတ်သော မကောင်းမှုကံမည်သည်ကား ကြမ်းကြုတ်လှစွာသော မကောင်းကျိုးရှိ၏။ ထိုပိတုဃာတကကံကို သင်မင်းသားတို့သည် မပြုအပ်၊ မအိုမသေ နေရသော သတ္တဝါမည်သည် မရှိ၊ ငါသည် သင်မင်းသားတို့ကို အချင်းချင်း သင့်တင့်ညီညွတ်သည်တို့ကိုပြုအံ့ ဟူ၍သာလျှင် လာ၏။ သင်မင်းသားတို့သည် ငါသည် သတင်းစကားကို စေသည်ရှိသော် လာလတ်ကြကုန်လော့ဟု မင်းသားတို့ကို ဆုံးမမှာထားခဲ့ပြီးလျှင် မြို့တွင်း၌ ဥယျာဉ်တော်သို့ဝင်၍ မျောက်ရေကိုခင်းလျက် ကျောက်ဖျာ၌ နေ၏။

ထိုအခါ ဘုရားလောင်းကို ဥယျာဉ်စောင့်မြင်၍ လျင်မြန်စွာ သွားပြီးလျှင် ဗြဟ္မဒတ်မင်းအား ကြားလျှောက်၏။ ဗြဟ္မဒတ်မင်းသည် ကြား၍လျှင်ဖြစ်သော ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ ထိုအမတ်တို့ကိုခေါ်၍ ထိုဥယျာဉ်သို့ သွားပြီးလျှင် ဘုရားအလောင်းကို ရှိခိုးလျက်နေ၍ ပျူငှာလောကဝတ်ကို ပြုအံ့သောငှာ အားထုတ်၏။ ဘုရားလောင်းသည် ထိုမင်းနှင့်တကွ မပြောဆိုမူ၍ မျောက်ရေကိုသာလျှင် သုံးသပ်၏။ ထိုအခါ ဘုရားလောင်းကို ဤသို့ ဆို၏။ အရှင်ဘုရား... အရှင်ဘုရားတို့သည် အကျွန်ုပ်နှင့်မဆိုမူ၍ မျောက်ရေကိုသာလျှင် သုံးသပ်တော်မူဘိကုန်၏။ အရှင်ဘုရားတို့အား ဤမျောက်ရေသည် အကျွန်ုပ်ထကျ ကျေးဇူးကြီးမြတ်လေသလောဟု မေးလျှောက်၏။ ဒါယကာမင်းမြတ် ဤမျောက်သည် ငါ့အားကျေးဇူးများသည် ဟုတ်၏။ ငါသည် ထိုမျောက်၏ ကျောက်ကုန်း၌ စီး၍သွားရပေ၏။ ဤမျောက်သည် ငါ၏ သောက်ရေအိုးကို ဆောင်ပေ၏။ နေရာအရပ်ကို တံမြက်လှည်းပေ၏။ ငါ့အား အာဘိသမာစာရိက သီလဖြစ်သော ဝတ်ကြီးဝတ်ငယ်ကို ပြုပေ၏။ ငါသည်တစ်မူကား မိမိ၏ အားနည်းသောစိတ် ရှိသည်၏အဖြစ်ကြောင့် ထိုမျောက်သားကိုစား၍ အရေကို ခြောက်စေပြီးလျှင် ခင်း၍ ထိုင်လည်း ထိုင်၏။ အိပ်လည်း အိပ်၏။ အကြင်အကြင် ဆိုအပ်ပြီးသောနည်းဖြင့် ဤမျောက်သည် ငါ့အား များစွာ ကျေးဇူးပြုဖူးပေ၏ ဟု ဘုရားလောင်းသည် အမတ်တို့၏ အယူတို့ကို ဖျက်ဆီးအံ့သောငှာ မျောက်ရေ၌ မျောက်ပညတ်ကိုတင်လျက် ထိုထို အကြောင်းပရိယာယ်ကိုရည်၍ ဤစကားကို ဆိုတော်မူ၏။

ထိုစကားသည် မှန်၏။ ဘုရားလောင်းသည် ထိုမျောက်ရေပေါ်၌ နေဖူးသည်၏ အဖြစ်ကြောင့် ကျောက်ကုန်း၌ စီး၍ သွားရပေ၏ဟူ၍ စကားကို ဆိုတော်မူ၏။ ထိုမျောက်ရေကို ပခုံး၌တင်၍ သောက်ရေအိုးကို ထမ်းပိုးရွက်ဆောင်ဖူးသည်၏ အဖြစ်ကြောင့် သောက်ရေအိုးကို ထမ်းပိုး ရွက်ဆောင်ဖူးပေ၏ဟု ဤသို့သော စကားကို ဆိုတော်မူ၏။ ထိုမျောက်ရေဖြင့် မြေ၌ တံမြက် လှည်းဖူးသည်၏ အဖြစ်ကြောင့် နေရာအရပ်ကို တံမြက်လှည်းဖူးပေ၏ဟု ဤသို့သောစကားကို ဆိုတော်မူ၏။ လျောင်းသောကာလ၌ ထိုမျောက်ရေနှင့် ဘုရားလောင်း ကျောတော်၏, နင်းသောကာလ ခြေတို့၏ ထိဖူးသည်၏ အဖြစ်ကြောင့် ငါအား ဝတ်ကြီးဝတ်ငယ်ကို ပြုဖူးပေ၏ဟု ဤသို့သောစကားကို ဆိုတော်မူ၏။ ဆာမွတ်သော ကာလ၌ကား ထိုမျောက်အသားကိုရ၍ စားတော်မူဖူးသည်၏ အဖြစ်ကြောင့် ငါသည်တမူကား မိမိ၏ အားနည်းသော စိတ်ရှိသည်၏အဖြစ်ကြောင့် ထိုမျောက်အသားကို စား၏ဟု ဤသို့သောစကားကို ဆိုတော်မူ၏။

ထိုအမတ်တို့သည် ထိုစကားကိုကြား၍ ထိုဗောဓိပရိဗိုဇ်သည် ပါဏာတိပါတကို ပြုအပ်၏ဟူသော အမှတ်ဖြင့် အို ပရိသတ်အပေါင်းတို့... ရဟန်း၏အမှုကို သင်တို့သည် ရှုကြပါကုန်လော၊ မျောက်ကိုသတ်၍ မျောက်သားကိုစားပြီးလျှင် အရေကိုယူ၍ လှည့်လာသတတ်ဟု လက်ခုပ်တီး၍ ပြက်ရယ်ပြုကြကုန်၏။

အဟတုကဝါဒကို ဖျက်ဆီးပုံ

ဘုရားလောင်းသည် ထိုအမတ်တို့ ထိုသို့ ပြက်ရယ်ပြုကုန်သည်တို့ကို မြင်တော်မူလျှင် ဤအမတ်တို့သည် မိမိ မိမိတို့၏အယူကို ဖျက်ဆီးအံ့သောငှာ မျောက်ရေကိုယူ၍ လာသောအဖြစ်ကို မသိကြလေကုန်၊ ထိုအမတ်တို့ကို သိစေအံ့ဟု နှလုံးသွင်းတော်မူပြီးလျှင် အဟေတုကဝါဒီ အမတ်ကို ရှေးဦးစွာခေါ်၍ မေးတော်မူ၏။ ဒါယက... သင်သည် အဘယ့်ကြောင့် ငါ့ကို ပြက်ရယ်ပြုဘိသည် ဟု မေးတော်မူ၏။ ရဟန်း... အဆွေခင်ပွန်းကို ပြစ်မှားသော အမှုကိုလည်းကောင်း ပါဏာတိပါတကိုလည်းကောင်း ပြုသည်၏အဖြစ်ကြောင့် ပြက်ရယ်ပြု၏ဟု ဆိုလတ်သော် ထို့နောင်မှ ဘုရားလောင်းသည် ဒါယကာ... အကြင်သူသည် သင့်အားလည်းကောင်း သင့်၏ အယူဝါဒအားလည်းကောင်း ယုံကြည်၍ ဤသို့ အဆွေခင်ပွန်းပြစ်မှားခြင်းအမှု, ပါဏ်ကတိပါတအမှုကို ပြုလေရာ၏။ ထိုသူနှင့်တကွ မည်သည့်သူ၏အမှုသည် မကောင်းသနည်း ဟု ဆို၍ ထိုအဟတုကဝါဒီ အမတ်၏ အယူဝါဒကို ဖျက်ဆီးတော်မူလိုရကား

၁၃၉။ ဥဒီရဏာ စေ သံဂတျာ၊ ဘာဝါယ မနုဝတ္တတိ။

အကာမအကရဏီယံ ဝါ၊ ကရဏီယံ ဝါပိ ကုဗ္ဗတိ။

အကာမကရဏီယမှိ၊ ကွိဓ ပါပေန လိပ္ပတိ။

၁၄၀။ သော စေ အတ္ထော စ ဓမ္မော စ၊

ကလျာဏော န စ ပါပကာ။

ဘောတော စေ ဝစနံ သစ္စံ၊

သုဟတော ဝါနရော မယာ။

၁၄၁။ အတ္တနော စေ ဟိ ဝါဒဿ၊ အပရာဓံ ဝိဇာနိယာ။

န မံ တွံ ဂရဟေယျာသိ။

ဘောတော ဝါဒေါ ဟိ တာဒိသော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၉။ အာဝုသော၊ ဒါယကာ။ လောကော၊ လောကသည်။ သံဂတျာ စ၊ ခြောက်ပါးကုန်သော အမျိုးများတို့တွင် တစ်ပါးကုန်သောအမျိုးသို့ ရောက်သဖြင့်လည်းကောင်း။ ဘာဝါယ၊ သဘောအားဖြင့်လည်းကောင်း။ အနုဝတ္တတိ၊ ချမ်းသာခြင်း ဆင်းရဲခြင်းသို့ရောက်၏။ အကာမာ၊ အလိုမရှိသဖြင့်။ အကရဏီယံ ဝါ၊ မကောင်းမှုကို လည်းကောင်း။ ကရဏီယံ ဝါ၊ ကောင်းမှုကိုလည်းကောင်း။ ကုဗ္ဗတိ၊ ပြု၏။ ဣတိ၊ ဤသို့။ တွံ၊ သင် ဒါယကာသည်။ ဝဒသိ၊ ဆို၏။ အယံ၊ ဤစကားသည်။ တဝ၊ သင်၏။ ဥဒီရဏာ စေ၊ စကားဖြစ်ငြားအံ့။ ဧဝံ သန္တေ၊ ဤသို့ သင့်စကားဖြစ်သည်ရှိသော်။ ဣဓ လောကေ၊ ဤလောက၌။ အကာမာ၊ အလိုမရှိသဖြင့်။ ကရဏီယမှိ၊ ပြုသည်ရှိသော်။ ကော နာမ၊ အဘယ်မည်သော သတ္တဝါသည်။ ပါပေန၊ မကောင်းမှုဖြင့်။ လိပ္ပတိ၊ လိမ်းကျံမည်နည်း။

֍ ဋ္ဌ ၁၄၀။ အာဝုသော၊ ဒါယကာ။ တဝ၊ သင်၏။ သော အတ္ထော စ၊ ထိုအဟေတုကဝါဒဟု ဆိုအပ်သော အနက်သည်လည်းကောင်း။ သော ဓမ္မော စ၊ ထိုအနက်ကို ပြတတ်သော သဒ္ဒါသည်လည်းကောင်း။ ကလျာဏော၊ ကောင်းမြတ်သည်။ ဟောတိ စေ၊ ဖြစ်ငြားအံ့။ ပါပကော၊ ယုတ်မာသည်။ န စဟောတိ စေ၊ မဖြစ်ငြားအံ့။ ဘောတော၊ သင်ဒါယကာ၏။ ဝစနံ၊ အကြောင်းမရှိဘဲ သတ္တဝါတို့သည် ဆင်းရဲချမ်းသာကို ခံရကုန်၏ဟူသော စကားသည်။ သစ္စံ စေ၊ မှန်ငြားအံ့။ ဧဝံ သတိ၊ ဤသို့ မှန်သည်ရှိသော်။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်ကောင်းပါသည်တကား။

֍ ဋ္ဌ ၁၄၁။ ဟိ-သစ္စံ၊ မျောက်ကိုသတ်အပ်သည်ကား ကောင်းဟူ၍ ဆိုအပ်သော ငါ့စကားသည် မှန်၏။ အာဝုသော၊ ဒါယကာ။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ ဘောတော၊ ဒါယကာ၏။ ဝါဒေါ၊ အယူဝါဒသည်။ တာဒိသော၊ ထိုငါပြုသော အမှုနှင့်တူသော သဘောရှိ၏။ တသ္မာ၊ ထို့ကြောင့်။ မမ၊ ငါ့အား။ ဂရဟမာနေ၊ ကဲ့ရဲ့သည်ရှိသော်။ အတ္တနော၊ မိမိ၏။ ဝါဒဿ၊ အယူဝါဒအား။ အပရာဓံ၊ ကဲ့ရဲအံ့သော အပြစ်ကို။ ဝိဇာနိယာ စေ၊ သိသည်ဖြစ်အံ့။ ဧဝံသတိ၊ ဤသို့ သိသည်ရှိသော်။ မံ၊ ငါ့ကို။ တွံ၊ သင် ဒါယကာသည်။ နံ ဂရဟောသိ၊ မကဲ့ရဲရာ။

ပထမဂါထာ၌ ဆိုအပ်သော အမျိုးခြောက်ပါး၏ သရုပ်ကို ဤသို့မှတ်အပ်၏။

ကဏှာဘိဇာတိ၊ နီလာဘိဇာတိ၊ လောဟိတာဘိဇာတိ၊ ဟလိဒ္ဒါဘိဇာတိ၊ သုက္ကာဘိဇာတိ၊ ပရမသုက္ကာဘိဇာတိဟူသော ခြောက်ပါးတည်း။

*ထိုခြောက်ပါးတို့တွင် တံငါ, မုဆိုး, သူခိုး, သူသတ်တို့မှတစ်ပါး ကြမ်းကြုတ်သောအမှုကို ပြုသောသူတို့သည် ကဏှာဘိဇာတိမည်၏။

*ရဟန်းသည် နီလာဘိဇာတိ မည်၏။

*တက္ကတွန်းတို့သည် လောဟိတာဘိဇာတိ မည်၏။

*လူ, အစေလက, သာဝကတို့သည် ဟလိဒ္ဒါဘိဇာတိ မည်၏။

*နန္ဒ, ဝစ္ဆ သံကိစ္စအမျိုးသည် သုက္ကာဘိဇာတိ မည်၏။

*အာဇီဝကတို့သည် ပရမသုက္ကာဘိဇာတိ မည်၏။ ဤသို့ မှတ်အပ်၏။

ဤဂါထာတို့ဖြင့် ဘုရားလောင်းသည် ထိုအဟေတုကဝါဒီ အမတ်ကို နှိပ်တော်မူ၍ ပညာကင်းသည်ကို ပြုတော်မူ၏။ ထိုအဟေတုကဝါဒီ အမတ်သည်လည်း မင်းပရိသတ်ဘောင်၌ မျက်နှာမသာသည်ဖြစ်၍ ဦးခေါင်းငိုက်စိုက်နေ၏။

ဣဿရကတဝါဒကို ဖျက်ဆီးပုံ

ဘုရားလောင်းသည်လည်း ထို အဟေတုကဝါဒီ အမတ်၏ အယူဝါဒကို ဖျက်ဆီးတော်မူပြီး၍ ဗြဟ္မာ, ဗိဿနိုး, အစိုးရသောသူ ဖန်ဆင်းသည်ဟု အယူရှိသော ဣဿရကတဝါဒီ အမတ်ကို ခေါ်တော်မူ၍ ဒါယကာ... သင်သည် ဗြဟ္မာ, ဗိဿနိုး, အစိုးရသောသူ ဖန်ဆင်းသည်ဟူသော အယူဝါဒကို အကယ်၍ အနှစ်သာရအားဖြင့် ယုံကြည်အံ့၊ ဤသို့ယုံကြည်သော် အဘယ့်ကြောင့် ငါ့ကို ပြက်ရယ်ပြုရဘိသနည်း ဟု ဆို၍ ထိုအယူဝါဒကို ဖျက်ဆီးတော်မူလိုရကား-

၁၄၂။ ဣဿရော သဗ္ဗလောကဿ၊
သစေ ကပ္ပေတိ ဇီဝိတံ။
ဣဒ္ဓိံ ဗျသနဘာဝဉ္စ၊
ကမ္မံ ကလျာဏပါပကံ။
နိဒ္ဒေသကာရီ ပုရိသော၊
ဣဿရော တေန လိပ္ပတိ။
၁၄၃။ သော စေ အတ္ထော စ ဓမ္မော စ၊
ကလျာဏော န စ ပါပကော။
ဘောတော စေ ဝစနံ သစ္စံ၊
သုဟတော ဝါနရော မယာ။
၁၄၄။ အတ္တနော စေ ဟိ ဝါဒဿ၊ အပရာဓံ ဝိဇာနိယာ။
န မံ တွံ ဂရဟေယျာသိ၊
ဘောတော ဝါဒေါ ဟိ တာဒိသော။

ဟူသော ဤသုံးဂါထာတို့ကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁၄၂။ အာဝုသော၊ ဒါယကာ။ သဗ္ဗလောကဿ၊ အလုံးစုံသော သတ္တဝါ၏။ ဇီဝိကဉ္စ၊ အသက်မွေးခြင်းကိုလည်းကောင်း။ ဣဒ္ဓိ ဗျသန ဘာဝဉ္စ၊ တန်ခိုးပြည့်စုံခြင်း ပျက်စီးခြင်းအဖြစ်ကိုလည်းကောင်း။ ကလျာဏပါပကံ၊ ကောင်း-မကောင်းသော။ ကမ္မဉ္စ၊ ကုသိုလ် အကုသိုလ်ကို လည်းကောင်း။ ဣဿရော၊ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူသည်။ သစေ ကပ္ပေတိ၊ အကယ်၍ စီရင်သည် ဖြစ်အံ့။ ဧဝံ သန္တေ၊ ဤသို့ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ စီရင်သည် ရှိသော်။ ပုရိသော၊ သတ္တဝါသည်။ နိဒ္ဒေသကာရီ၊ ညွှန်ပြ စီရင်သည်ကိုသာ ပြုလေ့ရှိသည်ဖြစ်၍။ ပါပေန၊ မကောင်းမှုဖြင့်။ နလိမ္ပတိ၊ မလိမ်းကျံပါတကား။ ဣဿရော၊ ဗြဟ္မာ ဗိဿနိုး အစိုးရသော သူသည်သာ။ တေန၊ ထို မကောင်းမှုဖြင့်။ လိပ္ပတိ၊ လိမ်းကျံ လူးကပ်ပါလေသည် တကား။

֍ ဋ္ဌ ၁၄၃။ အာဝုသော၊ ဒါယကာ။ တဝ၊ သင်၏။ သော တာဒိသော၊ ထိုသို့သဘောရှိသော။ အတ္ထော စ၊ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ ဖန်ဆင်းစီရင်၏ဟူသော အနက်သည်လည်းကောင်း။ ဓမ္မော စ၊ အနက်ကိုပြတတ်သော သဒ္ဒါသည်လည်းကောင်း။ ကလျာဏော၊ ကောင်းမြတ်သည်။ ဟောတိ စေ၊ ဖြစ်ငြားအံ့။ ပါပကော၊ ယုတ်မာသည်။ န စ ဟောတိ စေ၊ မဖြစ်ငြားအံ့။ ဘောတော၊ သင်ဒါယကာ၏။ ဝစနံ၊ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ ဖန်ဆင်းစီရင်၏ ဟူသော စကားသည်။ သစ္စံ စေ၊ မှန်ငြားအံ့။ ဧဝံ သတိ၊ ဤသို့ မှန်သည်ရှိသော်။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်သည် ကောင်းစွတကား။

֍ ဋ္ဌ ၁၄၄။ ဟိ-သစ္စံ၊ မျောက်ကို သတ်အပ်သည် ကောင်းစွတကားဟူ၍ ဆိုအပ်သော စကားသည် မှန်၏။ အာဝုသော၊ ဒါယကာ။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဘောတော၊ သင်ဒါယကာ၏။ ဝါဒေါ၊ အယူဝါဒသည်။ တာဒိသော၊ ထို ငါပြုသောအမှုနှင့် တူသောသဘောရှိ၏။ တသ္မာ၊ ထို့ကြောင့်။ မမ၊ ငါ့အား။ စောဒိယမာနေ၊ ကဲ့ရဲ့သည်ရှိသော်။ အတ္တနော၊ မိမိ၏။ ဝါဒသ၊ အယူဝါဒအား။ အပရာဓံ၊ ကဲ့ရဲ့အံ့သော အပြစ်ကို။ ဝိဇာနိယာ စေ၊ သိငြားအံ့။ ဧဝံ-သတိ၊ ဤသို့ သိသည်ရှိသော်။ မံ၊ ငါ့ကို။ တွံ၊ သင်သည်။ န ဂရဟေယျာသိ၊ မကဲ့ရဲ့ရာ။

ပုဗ္ဗေကတဝါဒကို ဖျက်ဆီးပုံ

ဤသို့လျှင် ထိုဘုရားလောင်းသည် သရက်ပင်မှလျှင် တုတ်ချောင်းကိုယူ၍ သရက်သီးကို ကြွေစေသကဲ့သို့ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ ဖန်ဆင်းသည်ဟူသော အယူဝါဒဖြင့်လျှင် ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ ဖန်ဆင်းသည်ဟူသော ဝါဒကို ဖျက်ဆီးတော်မူပြီး၍ ပုဗ္ဗေကတဝါဒီအမတ်ကို ခေါ်တော်မူ၍ ဒါယကာ သင်သည် ပုဗ္ဗေကတဝါဒကို မှန်၏ဟူ၍ အကယ်၍ အောက်မေ့အံ့၊ ဤသို့ အောက်မေ့သည်ရှိသော် ငါ့ကို အဘယ့်ကြောင့် ရယ်သွမ်း သွေးရဘိသနည်း ဟု ဆို၍ ထိုအယူဝါဒကိုလည်း ဖျက်ဆီးတော်မူလိုရကား-

၁၄၅။ သစေ ပုဗ္ဗေကတဟေတု၊ သုခဒုက္ခံ နိဂစ္ဆတိ။
ပေါရာဏကံ ကတံ ပါပံ၊
တမေသော မုစ္စတေ ဣဏံ။
ပေါရာဏကဣဏမောက္ခော၊ ကွီဓ ပါပေ လိပ္ပတိ။
၁၄၆။ သော စေ အတ္ထော စ ဓမ္မော စ၊
ကလျာဏော န စ ပါပကော။
ဘောတော စေ ဝစနံ သစ္စံ၊
သုဟတော ဝနရော မယာ။
၁၄၇။ အတ္တနော စေ ဟိ ဝါဒဿ၊
အပရာဓံ ဝိဇာနိယာ။
န မံ တွံ ဂရဟေယျာသိ၊
ဘောတော ဝါဒေါ ဟိ တာဒိသော။

ဟူသော ဤသုံးဂါထာတို့ကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁၄၅။ အာဝုသော၊ ဒါယကာ။ ပုဗ္ဗေကတဟေတု၊ ရှေးဘဝ၌ပြုအပ်သော ကံကြောင့်သာလျှင်။ လောကော၊ သတ္တဝါသည်။ သုခဒုက္ခံ၊ ချမ်းသာ ဆင်းရဲခြင်းသို့။ သစေ နိဂစ္ဆတိ၊ အကယ်၍ ရောက်အံ့။ တေန၊ ထိုသတ္တဝါသည်။ ပေါရာဏကံ၊ ရှေး၌ဖြစ်သော။ ယံ ပါပံ၊ အကြင်မကောင်းမှုကို။ ကတံ၊ ပြုအပ်ပြီ။ ဧသော၊ ဤသတ္တဝါသည်။ ဣဒါနိ၊ ယခုအခါ၌။ တံ ဣဏံ-တမှာ ဣဏမှာ၊ ထိုမြီဟောင်းမှ။ သစေ မုစ္စတေ၊ အကယ်၍ လွတ်သည်ဖြစ်အံ့။ ဧဝံ-သန္တေ၊ ဤသို့ လွတ်သည်ရှိသော်။ သော သတ္တော၊ ထိုသတ္တဝါသည်။ ပေါရာဏကံ-ပေါရာဏကာ၊ ရှေးမကောင်းမှုတည်းဟူသော မြို့ဟောင်းမှ။ မုစ္စတိ ယထာ၊ လွတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ မမပိ၊ ငါ့အားလည်း။ ဣဏမောက္ခော၊ မြီမှလွတ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣဓ၊ ဤလောက၌။ ကောနာမ၊ အဘယ်မည်သော သူသည်။ ပါပေန၊ မကောင်းမှုဖြင့်။ လိပ္ပတိ၊ လိမ်းကျံမည်နည်း။

֍ ဋ္ဌ ၁၄၆။ အာဝုသော၊ ဒါယကာ။ သော တာဒိသော၊ ထိုသို့ သဘောရှိသော။ အတ္ထော စ၊ ရှေးဘဝက ပြုအပ်သော ကံနှင့်သာလျှင် ချမ်းသာဆင်းရဲဖြစ်၏ဟူသော အနက်သည်လည်းကောင်း။ ဓမ္မော စ၊ အနက်ကိုပြတတ်သော သဒ္ဒါသည်လည်းကောင်း။ ကလျာဏော စေ၊ မှန်ကန် ကောင်းမြတ်ငြားအံ့။ ပါပကော၊ ယုတ်မာသည်။ န စ ဟောတိ စေ၊ မဖြစ်ငြားအံ့။ ဘောတော၊ ဒါယကာ၏။ ဝစနံ၊ ရှေးဘဝက ပြုအပ်သောကံကြောင့် ချမ်းသာဆင်းရဲဖြစ်၏ ဟူသော စကားသည်။ သစ္စံ စေ၊ မှန်ငြားအံ့။ ဧဝံ-သတိ၊ ဤသို့ မှန်ကန်သည်ရှိသော်။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်ကောင်းစွတကား။

֍ ဋ္ဌ ၁၄၇။ ဟိ-သစ္စံ၊ မျောက်ကိုသတ်သည်ကား ကောင်းစွဟူ၍ ဆိုသောစကားသည် မှန်၏။ အာဝုသော၊ ဒါယကာ။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဘောတော၊ ဒါယကာ၏။ ဝါဒေါ၊ အယူဝါဒသည်။ တာဒိသော၊ ထို ငါပြုအပ်သောအမှုနှင့် တူသောသဘောရှိ၏။ တသ္မာ၊ ထို့ကြောင့်။ မမ၊ ငါ့အား။ စောဒိယမာနေ၊ အပြစ်တင်သည်ရှိသော်။ အတ္တနော၊ မိမိ၏။ ဝါဒဿ၊ အယူဝါဒအား။ အပရာဓံ၊ တင်အပ်သောအပြစ်ကို။ တွံ၊ သည်။ ဝိဇာနိယာ စေ၊ သိငြားအံ့။ ဧဝံ- သတိ၊ ဤသို့ သိသည်ရှိသော်။ မံ၊ ငါ့ကို။ န ဂရဟေယျာသိ၊ မကဲ့ရဲ့လေရာ။

ဥစ္ဆေဒဝါဒကို ဖျက်ဆီးပုံ

ဤသို့လျှင် ဘုရားလောင်းသည် ထိုပုဗ္ဗေကတဝါဒီအမတ်၏ အယူဝါဒကိုလည်း ဖျက်ဆီးတော်မူပြီး၍ ဥစ္ဆေဒဝါဒီအမတ်သို့ ရှေးရှုပြု၍ ဒါယကာ... သင်သည် အလှူ၏ အကျိုးမရှိ၊ ဤသို့ အစရှိသည်တို့ကိုဆို၍ ဤပစ္စုပ္ပန်ဘဝ၌သာလျှင် သတ္တဝါတို့သည် ပြတ်ကုန်၏။ တမလွန်ဘဝသို့ သွားကုန်သောသူတို့မည်သည် မရှိကုန်ဟု ထင်မှတ်လျက် အဘယ့်ကြောင့် ငါ့ကို ပြက်ရယ်ပြုဘိသနည်းဟု ခြိမ်းခြောက်၍ ထိုအမတ်၏ အယူကိုလည်း ဖျက်ဆီးတော်မူလိုရကား-

၁၄၈။ စတုန္နံယေဝုပါဒါယ၊ ရူပံ သမ္ဘောတိ ပါဏိနံ။
ယတော စ ရူပံ သမ္ဘောတိ၊ တတ္ထေဝါနုပဂစ္ဆတိ။
ဣဓေဝ ဇီဝတိ ဇီဝါ၊ ပေစ္စ ပေစ္စ ဝိနဿတိ။
၁၄၉။ ဥစ္ဆိဇ္ဇတိ အယံ လောကော၊
ယေ ဗာလာ ယေ စ ပဏ္ဍိတာ။
ဥစ္ဆိဇ္ဇမာန လောကမှိ၊ ကွီဓ ပါပေန လိပ္ပတိ။
၁၅၀။ သော စေ အတ္ထော စ ဓမ္မော စ၊
ကလျာဏော န စ ပါပကော။
ဘောတော စေ ဝစနံ သစ္စံ၊
သုဟတော ဝါနရော မယာ။
၁၅၁။ အတ္တနော စေ ဟိ ဝါဒဿ၊ အပရာဓ့ ဝိဇာနိယာ။
မမံ တွံ ဂရဟေယျာသိ၊
ဘောတော ဝါဒေါ ဟိ တာဒိသော။

ဟူသော ဤလေးဂါထာတို့ကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁၄၈။ အာဝုသော၊ ဒါယကာ။ ပါဏိနံ၊ သတ္တဝါတို့၏။ ရူပံ၊ ရူပက္ခန္ဓာသည်။ စတုန္နံယေဝ၊ ပထဝီ အစရှိကုန်သော လေးပါးသော မဟာဘုတ်တို့ကိုသာလျှင်။ ဥဒပါယ၊ စွဲ၍။ သမ္ဘောတိ၊ ဖြစ်၏။ ယတော စ၊ အကြင် ပထဝီအစရှိသော မဟာဘုတ်ကြောင့်သာလျှင်။ ရူပံ၊ ရူပက္ခန္ဓာသည်။ သမ္ဘောတိ၊ ဖြစ်၏။ မရဏကာလေ၊ သေသောကာလ၌။ တတ္ထေဝ၊ ထို ပထဝီအစရှိသော ဘုတ်အပေါင်းသို့သာလျှင်။ ရူပံ၊ ရူပက္ခန္ဓာသည်။ အနုပဂစ္ဆတိ၊ ဆည်းကပ်သက်ဝင်လေ၏။ ဣဓေဝ၊ ဤပစ္စုပ္ပန် လောက၌သာလျှင်။ ဇီဝေါ၊ သတ္တဝါသည်။ ဇီဝတိ၊ အသက်ရှင်၏။ ပေစ္စ၊ ဘဝတစ်ပါး၌။ နိဗ္ဗတ္တော၊ ဖြစ်သောသတ္တဝါသည်။ ဣဓ၊ ဤပစ္စုပ္ပန်လောကသို့။ အနာဂန္တာ၊ မရောက်လာမူ၍။ ပစ္စ၊ တမလွန်ဘဝ၌။ ဝိနဿတိ၊ ပျက်စီးလေ၏။

֍ ဋ္ဌ ၁၄၉။ ယေ ဗာလာ စ၊ အကြင် ပညာမရှိကုန်သော သူတို့သည်လည်းကောင်း။ ယေ ပဏ္ဍိတာ စ၊ အကြင် ပညာရှိကုန်သော သူတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ အယံ- ဤဒိသော၊ ဤသို့သဘောရှိသော။ လောကော၊ ပညာရှိမဲ့ဖြစ်သော လူအပေါင်းသည်။ ဥစ္ဆိဇ္ဇတိ၊ ဘဝတစ်ပါးသို့ ပြောင်းမသွား, ပစ္စုပ္ပန်ဘဝတွင်သာ ပြတ်လေတော့သည်တည်း။ ဣတိ၊ ဤသို့။ တွံ၊ သင်သည်။ ဝဒသိ၊ ဆို၏။ ဧဝံ- ယထာ ဝုတ္တနယေန၊ အကြင် အကြင် သင်ဆိုအပ်သောနည်းဖြင့်။ လောကသ္မိံ၊ သတ္တဝါအပေါင်းသည်။ ဥစ္ဆိဇ္ဇမာနေ၊ ပြတ်သည်ရှိသော်။ ဣဓ၊ ဤလောက၌။ ကော၊ အဘယ်သူသည်။ ပါပေန၊ မကောင်းမှုဖြင့်။ လိပ္ပတိ၊ လိမ်းကျံလိမ့်မည်နည်း။

֍ ဋ္ဌ ၁၅၀။ အာဝုသော၊ ဒါယကာ။ သော တာဒိသော၊ ထိုသို့သဘောရှိသော။ အတ္ထော စ၊ ဥစ္ဆေဒဝါဒဟူသော အနက်သည်လည်းကောင်း။ ဓမ္မော စ၊ အနက်ကိုပြတတ်သော သဒ္ဒါသည်လည်းကောင်း။ ကလျာဏော စေ၊ ကောင်းငြားအံ့။ ပါပကော၊ ယုတ်မာသည်။ န စ ဟောတိ စေ၊ မဖြစ်ငြားအံ့။ ဘောတော၊ ဒါယကာ၏။ ဝစနံ၊ သတ္တဝါသည် သေလွန်သည်မှနောက်၌ ပြတ်လေတော့သည်ဟူသော စကားသည်။ သစ္စံ စေ၊ မှန်ငြားအံ့။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်သည်ကား ကောင်း၏။

֍ ဋ္ဌ ၁၅၁။ ဟိ-သစ္စံ၊ မျောက်ကို သတ်အပ်သည်ကား ကောင်း၏ဟူသော စကားသည် မှန်၏။ အာဝုသော၊ ဒါယကာ။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဘောတော၊ ဒါယကာ၏။ ဝါဒေါ၊ အယူဝါဒသည်။ တာဒိသော၊ ထို ငါပြုသောအမှုနှင့် တူသောသဘောရှိ၏။ တသ္မာ၊ ထို့ကြောင့်။ မမ၊ ငါ့အား။ ဂါရယှမာနေ၊ ကဲ့ရဲသည်ရှိသော်။ အတ္တနော၊ မိမိ၏။ ဝါဒဿ၊ အယူဝါဒအား။ အပရာဓံ၊ ကဲ့ရဲ့အံ့သောအပြစ်ကို။ ဝိဇာနိယာ စေ၊ သိငြားအံ့။ ဧဝံ သတိ၊ ဤသို့ သိသည်ရှိသော်။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ န ဂရဟေယျာသိ၊ မကဲ့ရဲ့လေရာ။

ခတ္တဝိဇ္ဇဝါဒကို ဖျက်ဆီးပုံ

ဤသို့လျှင် ဘုရားလောင်းသည် ဥစ္ဆေဒဝါဒီအမတ်၏ အယူကိုလည်း ဖျက်ဆီးတော်မူပြီး၍ ခတ္တဝိဇ္ဇဝါဒီအမတ်ကို ခေါ်တော်မူ၍ ဒါယကာ သင်သည် မိဘတို့ကိုလည်းသတ်၍ မိမိအလိုဆန္ဒကို ပြုအပ်၏ဟူသော ဤအယူကို ရွက်ဆောင်စွဲယူ၍ သွားလျက် အဘယ့်ကြောင့် ငါ့ကို ပြက်ရယ် ပြုဘိသနည်း ဟု ဆို၍ ထိုအမတ်၏ အယူဝါဒကိုလည်း ဖျက်ဆီးတော် မူလိုရကား-

၁၅၂။ အာဟု ခတ္တဝိဒါ လောကေ၊
ဗာလာ ပဏ္ဍိတမာနိနော။
မာတရံ ပိတရံ ဟန္တွာ၊
အထော ဇေဋ္ဌမ္ပိ ဘာတရံ။
ဟနေယျ ပုတ္တဒါရေ စ၊
အတ္ထော စေ တာဒိသော သိယာ။

ဟူသော ဤဂါထာကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁၅၂။ အာဝုသော၊ ဒါယကာ။ လောကေ၊ လောက၌။ ဗာလာ၊ ပညာမရှိဘဲလျက်။ ပဏ္ဍိတမာနိနော၊ မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်ကုန်သော။ ခတ္တဝိဒါ၊ မိဘဟူသော မျိုးစေ့ကို ဖျက်ဆီးအပ်၏ဟု အယူရှိကုန်သော သူတို့သည်။ တာဒိသော၊ ထိုသို့ မိဘစသည်တို့ကို သတ်သင့်သော သဘောရှိသော။ အတ္ထော၊ မိမိအလိုသည်။ သိယာ စေ၊ ဖြစ်ငြားအံ့။ ဧဝံ သတိ၊ ဤသို့ ရှိသည်ဖြစ်သော်။ မာတရံပိ၊ အမိကိုလည်းကောင်း။ ပိတရမ္ပိ၊ အဖကိုလည်းကောင်း။ ဟညေ၊ သတ်ရာ၏။ အထော၊ ထိုမှတစ်ပါး။ ဇေဋ္ဌမ္ပိပိ၊ အစ်ကိုကိုလည်းကောင်း။ ဘာတရမ္ပိ၊ ညီကိုလည်းကောင်း။ ပုတ္တဒါရေစ၊ သားမယားတို့ကို လည်းကောင်း။ ဟနေယျ၊ သတ်ရာ၏။ ဣတိ၊ ဤသို့။ အာဟု၊ ဆိုကုန်၏။ နေသံ၊ ထို ခတ္တဝိဇ္ဇာ ဆရာတို့တွင်။ တွမ္ပိ၊ သင်သည်လည်း။ အညတရော၊ တစ်ယောက်ပင် တကား။

ဘုရားအလောင်းသည် ဤဂါထာဖြင့် ထိုအမတ်၏ အယူကို တည်စေပြီးလျှင် မိမိအယူကို ပြတော်မူလိုရကား-

၁၅၃။ ယဿ ရုက္ခဿ ဆာယာယ၊
နိသီဒေယျ သယေယျ ဝါ။
န တဿ သာခံ ဘဉ္ဇေယျ၊
မိတ္တဒုဗ္ဘော ဟိ ပါပကော။
၁၅၄။ အထ အတ္ထေ သမုပ္ပန္နေ၊ သမူလမပိ အဗ္ဗဟေ။
အတ္ထော မေ သမ္ဗလေနာပိ၊
သုဟတော ဝါနရော မယာ။
၁၅၅။ သော စေ အတ္ထော စ ဓမ္မော စ၊
ကလျာဏော န စ ပါပကော။
ဘောတော စေ ဝစနံ သစ္စံ၊
သုဟတော ဝါနရော မယာ။
၁၅၆။ အတ္တနော စေ ဟိ ဝါဒဿ၊ အပရာဓံ ဝိဇာနိယာ။
န မံ တွံ ဂရဟေယျာသိ။
ဘောတော ဝါဒေါ ဟိ တာဒိသော။

֍ ဋ္ဌ ၁၅၃။ အာဝုသော၊ ဒါယကာ။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ မိတ္တဒုဗ္ဘော၊ အဆွေခင်ပွန်းကို ပြစ်မှားသောသူသည်။ ပါပကော၊ ယုတ်မာသည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ယသ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျ ဝါ၊ နေမူလည်း နေဖူးငြားအံ့။ သယေယျ ဝါ၊ အိပ်မူလည်း အိပ်ဖူးငြားအံ့။ တဿ၊ ထိုသစ်ပင်၏။ သာခံ၊ သစ်ခက်သစ်ရွက်ကို။ နဘဉ္ဇေယျ၊ မချိုးမဖျက်ရာ။ ဣတိ၊ ဤသို့။ အမှာကံ၊ ငါတို့၏။ အာစရိယာ၊ ဆရာတို့သည်။ ဝဏ္ဏယန္တိ၊ ချီးမွမ်းတော် မူကုန်၏။

֍ ဋ္ဌ ၁၅၄။ တွံ ပန၊ သင်သည်တမူကား။ အတ္ထေ၊ အလိုသည်။ သမုပ္ပန္နေ၊ ဖြစ်သည်ရှိသော်။ သမူလမ္ပိ၊ အမြစ်နှင့် တကွပင်သော်လည်း။ အဗ္ဗဟေ၊ နုတ်ရာ၏။ ဣတိ၊ ဤသို့။ ဝဒေသိ၊ ဆို၏။ အထ၊ ထိုသို့ သင်ဆိုတိုင်း ပြုသင့်သည်ရှိသော်။ မေ၊ ငါ့အား။ သမ္ဗလေနာပိ၊ ရိက္ခာဖြင့်လည်း။ အတ္ထော၊ အလိုရှိရကား။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်သည် ကောင်းစွတကား။

֍ ဋ္ဌ ၁၅၅။ အာဝုသော၊ ဒါယကာ။ သော တာဒိသော၊ ထိုသို့သဘောရှိသော။ အတ္ထော စ၊ အလိုရှိသော် မိဘကိုပင်သော်လည်း သတ်အပ်၏ ဟူသော အနက်သည်လည်းကောင်း။ ဓမ္မော စ၊ အနက်ကိုပြတတ်သော သဒ္ဒါသည်လည်းကောင်း။ ကလျာဏော စေ၊ ကောင်းငြားအံ့။ ပါပကော၊ ယုတ်မာသည်။ နစ ဟောတိ စေ၊ မဖြစ်ငြားအံ့။ ဘောတော၊ ဒါယကာ၏။ ဝစနံ၊ စကားသည်။ သစ္စံ စေ၊ မှန်ငြားအံ့။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်သည် ကောင်းစွ တကား။

֍ ဋ္ဌ ၁၅၆။ အာဝုသော၊ ဒါယကာ။ ဟိ-သစ္စံ၊ မှန်၏။ ဘောတော၊ ဒါယကာ၏။ ဝါဒေါ၊ အယူဝါဒသည်။ တာဒိသော၊ ထိုငါပြုသောအမှုနှင့် အလားတူသည်။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ မမ၊ ငါ့အား။ စောဒိယာနေ၊ ကဲ့ရဲ့သည်ရှိသော်။ အတ္တနော၊ မိမိ၏။ ဝါဒဿ၊ အယူဝါဒအား။ အပရာဓံ၊ ကဲ့ရဲအံ့သောအပြစ်ကို။ ဝိဇာနိယာ စေ၊ သိငြားအံ့။ မံ၊ ငါ့ကို။ န ဂရဟေယျာသိ၊ မကဲ့ရဲ့ရာ။

မင်းကြီးအား တရားဟောခြင်း

ဤသို့လျှင် ဘုရားအလောင်းသည် ထိုခတ္တဝိဇ္ဇဝါဒီအမတ်၏ အယူကိုလည်း ဖျက်ဆီး၍ ငါးယောက်ကုန်သော ထိုအမတ်တို့သည်လည်း ပညာကင်းကုန်လျက် နေကုန်သည်ရှိသော် မင်းကို ခေါ်တော်မူ၍ မင်းမြတ် သင်မင်းမြတ်သည် တိုင်းနိုင်ငံကို ဖျက်တတ်ကုန်သော ခိုးသူကြီးငါးယောက်တို့ကို သိမ်းပိုက်၍ လှည့်လည်တော်မူဘိ၏။ အလွန်မိုက်စွတကား။ ဤသို့သဘော ရှိသည်သာလျှင် ဖြစ်ကုန်သောသူတို့ကို ပေါင်းဖော်မှီဝဲခြင်းကြောင့် ပုဂ္ဂိုလ်များသည် မလိမ္မာသည်ဖြစ်၍ ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ကြီးစွာသော ဆင်းရဲခြင်းကို လည်းကောင်း, တမလွန်ဘဝ၌ဖြစ်သော ကြီးစွာသော ဆင်းရဲခြင်းသို့လည်းကောင်း ရောက်ရာချေသည်တကား ဟု ဆို၍ မင်းအား တရားဟောတော်မူလိုရကား-

၁၅၇။ အဟေတုဝါဒေါ ပုရိသော၊
ယော စ ဣဿရကုတ္တိကော။
ပုဗ္ဗေကတီ စ ဥစ္ဆေဒီ၊
ယော စ ခတ္တဝိဒေါ နရော။
၁၅၈။ ဧတေ အသပ္ပုရိသာ လောကေ၊
ဗာလာ ပဏ္ဍိတမာနိနော။
ကရေယျ တာဒိသော ပါပံ၊
အထော အညမ္ပိ ကာရယေ။
အသပ္ပုရိသသံသဂ္ဂေါ၊
ဒုက္ခန္တော ကဋုကုဒြယော။

ဟူသော ဤဂါထာ နှစ်ခုတို့၏ အပေါင်းကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁၅၇။ မဟာရာဇ၊ မင်းမြတ်။ အဟေတုဝါဒေါ၊ အကြောင်းမရှိဟု အယူရှိသော။ ယော ပုရိသော စ၊ အကြင် ပုဂ္ဂိုလ်သည်လည်းကောင်း။ ဣဿရကုတ္တိကော၊ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ ဖန်ဆင်းစီရင်သည်ဟု အယူရှိသော။ ယော ပုရိသော စ၊ အကြင် ပုဂ္ဂိုလ်သည်လည်းကောင်း။ ပုဗ္ဗေကတီ၊ ရှေးဘဝ၌ ပြုအပ်သော ကံကြောင့်သာ ချမ်းသာဆင်းရဲဖြစ်သည်ဟု အယူရှိသော။ ယော ပုရိသော စ၊ အကြင် ပုဂ္ဂိုလ်သည်လည်းကောင်း။ ဥစ္ဆေဒီ၊ သေသည်မှနောက်၌ သတ္တဝါသည် မဖြစ်ပြီ ပြတ်လေတော့သည်ဟု အယူဝါဒရှိသော။ ယော ပုရိသော စ၊ အကြင်ပုဂ္ဂိုလ်သည်လည်းကောင်း။ ခတ္တဝိဒေါ၊ ခတ္ထဝိဒ အယူရှိသော။ ယော နရော စ၊ အကြင် ပုဂ္ဂိုလ်သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။

֍ ဋ္ဌ ၁၅၈။ လောကေ၊ လောက၌။ ဧတေ-ဧတာဒိယာ၊ ထိုသို့ သဘောရှိကုန်သော။ အသပ္ပုရိသာ၊ သူတော်မဟုတ် သူယုတ်တို့သည်။ ဗာလာ၊ ပညာမရှိကုန်ဘဲလျက်။ ပဏ္ဍိတမာနိနော၊ မိမိတို့ကိုယ်ကို ငါ ပညာရှိဟု ထင်မှတ်ကြကုန်၏။ တာဒိသော၊ ထိုသို့ သဘောရှိသော သူယုတ်မာသည်။ ပါပံ၊ မကောင်းမှုကို။ ကရေယျ၊ မိမိလည်း ပြုရာ၏။ အထော၊ ထိုမြို့။ အညမ္ပိ၊ သူတစ်ပါးကိုလည်း။ ကာရယေ၊ ပြုစေရာ၏။ အသပ္ပုရိသသံသဂ္ဂေါ၊ သူတော်မဟုတ် သူယုတ်မာနှင့် ပေါင်းဖော်သောသူသည်။ ဒုက္ခန္တော၊ ဆင်းရဲအစုကို ခံရ၏။ ကဋုကုဒြယော၊ ပြင်းထန်ပူပန်သော မကောင်းကျိုးကို ရ၏။

ဤသို့ တရားဟောပြီး၍ ယခုအခါ ဥပမာပြသည်၏ အစွမ်းအားဖြင့် ဓမ္မဒေသနာကို ပွားစေတော်မူပြန်လိုရကား-

၁၅၉။ ဥရဗ္ဘရူပေန ဝကာဿု ပုဗ္ဗေ၊
အသံကိတော အဇယူထံ ဥပေတိ။
ဟန္တာ ဥရဏိံ အဇိကံ အဇဉ္စ၊
ဥတြာသယိတွာ ယေန ကာမံ ပလေတိ။
။ လ။
၁၈၂။ သ တာဒိသော ဘူမိပတိ၊
ရဋ္ဌပါလော အကောဓနော။
သပတ္တေ သမ္ပကမ္ပေတိ၊
ဣန္ဒောဝ အသုရာဓိပေါ။

ဟူသော ဤနှစ်ဆယ့်ငါးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၅၉။ မဟာရာဇ၊ မင်းမြတ်။ ပုဗ္ဗေ၊ ရှေးကာလ၌။ ဝကော၊ ကျားရဲသည်။ ဥရဗ္ဘရူပေန၊ ဆိတ်အသွင်ဖြင့်။ အသံကိတော၊ ရွံရှာခြင်း ကင်းသည်ဖြစ်၏။ အဇယူထံ၊ ဆိတ်အပေါင်းသို့။ ဥပေတိ၊ ကပ်၏။ ဥရဏိံ၊ သတ်ပုတ်ညှဉ်းဆဲသော်လည်း မမြည်တတ်သောကြောင့် ဥရဏီအမည်ရှိသော။ အဇိကဉ္စ၊ ဆိတ်မကို လည်းကောင်း။ အဇဉ္စ၊ ဆိတ်ဖိုကိုလည်းကောင်း။ ဟန္တာ၊ သတ်၍။ ဥတြာသယိတွာ၊ ဆိတ်အပေါင်းကို ထိတ်လန့်စေ၍။ ယေန၊ အကြင် အရပ်သို့။ ကာမံ၊ ပြေးသွားလို၏။ တေန၊ ထိုသွားလိုရာ အရပ်သို့။ ပလေတိ၊ ပြေးသွားလေ၏။

֍ ဋ္ဌ ၁၆၀။ မဟာရာဇ၊ မင်းမြတ်။ တထာဝိဓေ၊ ထိုသို့ ဆိတ်ယောင်ဆောင်သဖြင့် ဆိတ်အပေါင်းကိုသတ်၍ စားတတ်သော ကျားရဲနှင့်တူသော သဘောရှိကုန်သာ။ ဧကေ၊ အချို့ကုန်သော။ သမဏဗြာဟ္မဏာ၊ ရဟန်း ပုဏ္ဏားတို့သည်။ ဆဒနံ ကတွာ၊ ရဟန်းယောင်ဆောင်၍။ မနုဿေ၊ လူတို့ကို။ ဝိဉ္စယန္တိ၊ လှည့်စားတတ်ကုန်၏။ ကိံ ဆဒနံ ကရောတိ၊ အဘယ်သို့ ရဟန်းယောင် ဆောင်ကြကုန်သနည်း ဟူမူကား။ အနာသကာ၊ တစ်စုံတစ်ခုသော အစာအာဟာရကို မစားဟန်ပြုကြကုန်၏။ ထဏ္ဍိလသေယျကာ စ၊ မြေ၌ အိပ်ဟန်လည်း ပြုကြကုန်၏။ ရဇောဇလ္လံ၊ မြူအညစ်အကြေးကို။ ဓာရယန္တိ၊ ဆောင်ကြကုန်၏။ ဥက္ကုဋိကပ္ပဓာနံ၊ ဆောင့်ကြောင့်ထိုင်၍ အားထုတ်ခြင်း လုံ့လကို။ ကရောန္တိ၊ ပြုကြကုန်၏။ ပရိယာယဘတ္တဉ္စ၊ ခုနစ်ရက်တစ်ကြိမ် ဆယ်ရက်တစ်ကြိမ် တင်လဲကိုစားခြင်းဟု ဆိုအပ်သော အလှည့်အားဖြင့် စားဟန်ကိုလည်း။ ကရောန္တိ၊ ပြုကြကုန်၏။ အပါနကတ္တာ၊ ရေမသောက်ဟန် ပြုကြကုန်၏။ ပါပါစာရာ၊ ယုတ်မာသောအကျင့်ရှိကုန်လျက်။ အရဟန္တော၊ ငါတို့ ရဟန္တာတည်းဟူ၍။ ဝဒါနာ၊ ပြောဆိုကြကုန်၏။ ဣတိ၊ ဤသို့။ ဆဒနံ ကရောန္တိ၊ ရဟန်းယောင်ဆောင်ကြကုန်၏။

֍ ဋ္ဌ ၁၆၁။ မဟာရာဇ၊ မင်းမြတ်။ လောကေ၊ လောက၌။ ဗာလာ၊ မလိမ္မာဘဲကုန်လျက်။ ပဏ္ဍိတာနိနော၊ မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်ကြကုန်သော။ ဧတေ ပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်တို့သည်။ အသပ္ပုရိသာ၊ သူတော်မဟုတ် သူယုတ်နှင်နှင်တို့တည်း။ မဟာရာဇ၊ မင်းမြတ်။ တာဒိသော၊ ထိုသို့သဘောရှိသော သူယုတ်မာသည်။ ပါပံ၊ မကောင်းမှုကို။ ကရေယျ၊ မိမိသော်လည်း ပြုရာ၏။ အထော၊ ထိုမြို့။ အညမ္ပိ၊ တစ်ပါးသောသူကိုလည်း။ ကာရယေ၊ ပြုစေရာ၏။ မဟာရာဇ၊ မင်းမြတ်။ အသပ္ပုရိသသံသဂ္ဂေါ၊ သူတော်မဟုတ် သူယုတ်တို့နှင့် ပေါင်းဖော်သောသူသည်။ ဒုက္ခန္တော၊ ဆင်းရဲအစုကို ခံရသည်။ ဟောတိ၊ ဖြစ်၏။ ကဋုကုဒြယော၊ စပ်ခါးပြင်းထန် ပူပန်သော မကောင်းကျိုးကို ခံရသည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၆၂။ မဟာရာဇ၊ မင်းမြတ်။ ယေ သတ္တာ၊ အကြင် သတ္တဝါတို့သည်။ ဝီရိယံ၊ ဉာဏသမ္ပယုတ်ဖြစ်သော ဝီရိယအကျိုးသည်။ နတ္ထိ၊ မရှိ။ ဣတိ- ဣဒံ ဝစနံ၊ ဤသို့သောစကားကို။ အာဟု၊ ဆိုကုန်၏။ ယေ သတ္တာ၊ အကြင် သတ္တဝါတို့သည်။ အဟေတုဉ္စ၊ အကြောင်းကင်း၍ ဖြစ်၏ဟူသော အယူကိုလည်း။ ပဋိစ္စ၊ စွဲ၍။ ပဝဒန္တိ၊ ဆိုကုန်၏။ ယေ သတ္တာ၊ အကြင် သတ္တဝါတို့သည်။ ပရကာရဉ္စ၊ သူတစ်ပါးတို့အား ကျေးဇူးပြုခြင်းကို လည်းကောင်း။ အတ္တကာရဉ္စ၊ မိမိအား သူတစ်ပါးတို့၏ ကျေးဇူးပြုခြင်းကိုလည်းကောင်း။ တုစ္ဆံ၊ အချည်းနှီးဟူ၍။ သမဝဏ္ဏယုံ၊ အမျှပြု၍ ဆိုကြကုန်၏။

֍ ဋ္ဌ ၁၆၃။ မဟာရာဇ၊ မင်းမြတ်။ လောကေ၊ လောက၌။ ဗာလာ၊ ပညာမရှိဘဲကုန်လျက်။ ပဏ္ဍိတမာနိနော၊ မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်ကုန်သော။ ဧတေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ အသပ္ပုရိသာ၊ သူတော်မဟုတ် သူယုတ်နှင်နှင်တို့တည်း။ မဟာရာဇ၊ မင်းမြတ်။ တာဒိသော၊ ထိုသို့ သဘောရှိသော သူယုတ်မာသည်။ ပါပံ၊ မကောင်းမှုကို။ ကရေယျ၊ မိမိသော်လည်း ပြုရာ၏။ အထော၊ ထိုမြို့။ အညမ္ပိ၊ တစ်ပါးသောသူကိုလည်း။ ကာရယေ၊ ပြုစေရာ၏။ မဟာရာဇ၊ မင်းမြတ်။ အသပ္ပုရိသသံသဂ္ဂေါ၊ သူယုတ်မာနှင့် ပေါင်းဖော်သောသူသည်။ ဒုက္ခန္တော၊ ဆင်းရဲအစုကို ခံရ၏။ ကဋုကုဒြယော၊ သာယာခြင်းကင်းသော အကျိုးကို ရ၏။

֍ ဋ္ဌ ၁၆၄။ ဟိ-သစ္စံ၊ မှန်၏။ မဟာရာဇ၊ မင်းမြတ်။ ဝီရိယံ၊ ဉာဏသမ္ပယုတ်ဖြစ်သော ကာယိကစေတသိက ဝီရိယအကျိုးသည်။ သစေ န အဿ၊ အကယ်၍ မရှိသည် ဖြစ်ငြားအံ့။ ကလျာဏပါပကံ ကမ္မံ၊ ကောင်းမှုကံ, မကောင်းမှုကံ၏ အကျိုးသည်။ သစေ န အဿ၊ အကယ်၍ မရှိသည် ဖြစ်ငြားအံ့။ ဧဝံ သန္တေ၊ ဤသို့ ဖြစ်သည်ရှိသော်။ ရာဇာ၊ မင်းသည်။ ဝဍ္ဎကိံ၊ လက်သမားစသည်ကို။ န ဘရေ၊ မမွေးမြူရာ။ ယန္တာနိပိ၊ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် အစရှိသည်တို့ကိုလည်း။ န ကာရယေ၊ မပြုစေရာ။

֍ ဋ္ဌ ၁၆၅။ မဟာရာဇ၊ မင်းမြတ်။ ယသ္မာ စ၊ အကြင့်ကြောင့်လည်း။ ဝီရိယံ၊ ဝီရိယ၏ အကျိုးသည်လည်းကောင်း။ ကလျာဏပါပကံ ကမ္မံ၊ ကောင်းမှုကံ, မကောင်းမှုကံ၏ အကျိုးသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တသ္မာ၊ ထို့ကြောင့်။ ရာဇာ၊ မင်းသည်။ ယန္တာနိ၊ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်စသည်တို့ကို။ ကရေသိ၊ ပြုစေ၏။ ဝဍ္ဎကိံ၊ လက်သမား အစရှိသောသူကို။ ဘရတိ၊ မွေး၏။

֍ ဋ္ဌ ၁၆၆။ မဟာရာဇ၊ မင်းမြတ်။ ဝဿသတံ၊ အနှစ်တစ်ရာပတ်လုံး။ ဒေဝေါ၊ မိုးသည်။ ယဒိ န ဝဿေ၊ အကယ်၍ မရွာငြားအံ့။ ဟိမံ၊ ဆီးနှင်းသည်။ ယဒိ န ပတေ၊ အကယ်၍ မကျငြားအံ့။ ဧဝံ-သတိ၊ ဤသို့ အနှစ်တစ်ရာပတ်လုံး မိုးမရွာ ဆီးနှင်းမကျသည်ရှိသော်။ အယံ လောကော၊ ဤလောကသည်။ ဥစ္ဆိဇ္ဇေယျ၊ ပြတ်ရာ၏။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ဝိနဿေယျ၊ ပျက်စဆုံးရှုံးရာ၏။

֍ ဋ္ဌ ၁၆၇။ မဟာရာဇ၊ မင်းမြတ်။ ယသ္မာ၊ အကြင့်ကြောင့်။ ဒေဝေါစ၊ မိုးသည်လည်း။ ဝသတိ၊ ရွာ၏။ ဟိမဉ္စ၊ ဆီးနှင်းသည်လည်း။ အနုဖုသာယဟိ၊ မိုး၏နောက်၌ ကျ၏။ တသ္မာ၊ ထို့ကြောင့်။ သသာနိ၊ ကောက်စပါးတို့သည်။ ပစ္စန္တိ၊ မှည့်ကုန်၏။ စိရံ၊ မြင့်ရှည်စွာ။ ရဋ္ဌဉ္စ၊ တိုင်းနိုင်ငံသူကိုလည်း။ ပါလိတေ၊ စောင့်ရှောက်၏။

֍ ဋ္ဌ ၁၆၈။ မဟာရာဇ၊ မင်းမြတ်။ တရမာနာနံ၊ သွားကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင်နွားမင်း ဥသဘသည်။ ဇိမှံ၊ ကောက်တကျစ်။ ဂစ္ဆတိ စေ၊ သွားငြားအံ့။ နေတ္တေ၊ ရှေ့ဆောင်နွားမင်း ဥသဘသည်။ ဇိမှံ၊ ကောက်တကျစ်။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ တာ၊ ထို နောက်လိုက်နွားတို့သည်။ ဇိမှံ၊ ကောက်တကျစ်။ ဂစ္ဆန္တိ၊ သွားကုန်၏။

֍ ဋ္ဌ ၁၆၉။ မဟာရာဇ၊ မင်းမြတ်။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယောရာဇာ၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အထွတ်အမြတ်ဟု သမုတ်အပ်သောသူသည်။ ဟောတိ၊ ဖြစ်၏။ သော ရာဇာ၊ ထိုမင်းသည်။ အဓမ္မံ၊ မတရားသော အကျင့်ကို။ စရတိ စေ၊ ကျင့်ငြားအံ့။ ဧဝံ၊ ဤမင်းသည် မတရားသောအကျင့်ကို ကျင့်သည်ရှိသော်။ ဣတရာ၊ မင်းမှတစ်ပါးသော။ ပဇာ၊ ပြည်သူပြည်သားသည်ကား။ ပဂေဝ၊ အဘယ်သို့ ဆိုဖွယ်ရာ ရှိအံ့နည်း။ အဓမ္မံ၊ မတရားသောအကျင့်ကို။ အတိဝိယ၊ အလွန်လျှင်။ စရတိ ဧဝ၊ ကျင့်သည်သာလျှင်တည်း။ မဟာရာဇ၊ မင်းမြတ်။ ရာဇာ၊ မင်းသည်။ အဓမ္မိကော၊ မတရားသောအကျင့်ကို ကျင့်သည်။ ဟောတိ စေ၊ ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့ မင်းသည် မတရားသောအကျင့်ကို ကျင့်သည်ရှနသော်။ သဗ္ဗရဋ္ဌံ၊ အလုံးစုံသော တိုင်းနိုင်ငံသူသည်။ ဒုက္ခံ၊ ဆင်းရဲငြိုငြင်စွာ။ သေတိ-ဝသတိ၊ နေရ၏။

֍ ဋ္ဌ ၁၇၀။ မဟာရာဇ၊ မင်းမြတ်။ တရမာနာနံ၊ သွားကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင်နွားမင်း ဥသဘသည်။ ဥဇုံ၊ ဖြောင့်စွာ။ ဂစ္ဆတိ စေ၊ သွားငြားအံ့။ နေတ္တေ၊ ရှေ့ဆောင်နွားမင်းသည်။ ဥဇုံ၊ ဖြောင့်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ တာ၊ ထို့နောက်လိုက်နွားတို့သည်။ ဥဇုံ၊ ဖြောင့်စွာ။ ယန္တိ၊ သွားကုန်၏။

֍ ဋ္ဌ ၁၇၁။ မဟာရာဇ၊ မင်းမြတ်။ ဧဝမေဝ၊ ဤအတူလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော ရာဇာ၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အထွတ်အမြတ်ဟု သမုတ်အပ်သော သူသည်။ ဟောတိ၊ ဖြစ်၏။ သော ရာဇာ၊ ထိုမင်းသည်။ ဓမ္မံ၊ တရားကို။ စရတိ စေ၊ ကျင့်ငြားအံ့။ ဧဝံ၊ ဤသို့ မင်းတရားကျင့်သည်။ သတိ၊ ရှိသော်။ ဣတရာ၊ မင်းမှ တစ်ပါးသော။ ပဇာ၊ ပြည်သူ ပြည်သားသည်။ ပဂေဝ၊ အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။ ဓမ္မံ၊ တရားကို။ စရတိ ဧဝ၊ ကျင့်သည်သာလျှင်တည်း။ မဟာရာဇ၊ မင်းမြတ်။ ရာဇာ၊ ပြည့်ရှင်မင်းသည်။ ဓမ္မိကော၊ တရားကျင့်သည်။ ဟောတိ စေ၊ ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့ မင်းတရားကျင့်သည်။ သတိ၊ ရှိသော်။ သဗ္ဗရဋ္ဌံ၊ အလုံးစုံသော တိုင်းနိုင်ငံသူသည်။ သုခံ၊ ချမ်းမြေ့သာယာစွာ။ သေတိ-ဝသတိ၊ နေရ၏။

֍ ဋ္ဌ ၁၇၂။ မဟာရာဇ၊ မင်းမြတ်။ ယော ဇနော၊ အကြင်သူသည်။ ဖလိနော၊ ချိုမြိန်မြတ်သော အရသာရှိသော အသီးကိုဆောင်သော။ မဟာရုက္ခဿ၊ သရက်ပင်မြတ်၏။ အာမံ ဖလံ၊ အသီးစိမ်းကို။ ဆိန္ဒတိ၊ ဆွတ်၏။ သော ဇနော၊ ထိုသူသည်။ အဿ၊ ထိုသရက်သီး၏။ ရသဉ္စ၊ အရသာကိုလည်း။ န ဇာနာတိ၊ မခံစားရ။ အဿ၊ ထို သရက်သီး၏။ ဗီဇဉ္စ၊ မျိုးစေ့သည်လည်း။ ဝိနဿတိ၊ ပျက်စီး၏။

֍ ဋ္ဌ ၁၇၃။ မဟာရာဇ၊ မင်းမြတ်။ ယော ရာဇာ၊ အကြင်မင်းသည်။ မဟာရုက္ခူပမံ၊ ချိုမြိန်မြတ်သော အရသာရှိသော အသီးကိုဆောင်သော သရက်ပင်မြတ်နှင့်တူသော။ ရဋ္ဌံ၊ တိုင်းနိုင်ငံကို။ အဓမ္မေန၊ အဂတိသို့လားသဖြင့်။ ပသာသတိ၊ ဆုံးမစီရင်၏။ သော ရာဇာ၊ ထိုမင်းသည်။ အဿ၊ ထိုတိုင်းနိုင်ငံ၏။ ရသဉ္စ၊ အရသာကိုလည်း။ န ဇာနာတိ၊ မခံစားရ။ အဿ၊ ထိုမင်း၏။ ရဋ္ဌဉ္စ၊ တိုင်းနိုင်ငံသည်လည်း။ ဝိနဿတိ၊ ပျက်စီး၏။

֍ ဋ္ဌ ၁၇၄။ မဟာရာဇ၊ မင်းမြတ်။ ယော ဇနော၊ အကြင်သူသည်။ ဖလိနော၊ ချိုမြိန်မြတ်သော အရသာနှင့်ပြည့်စုံသောအသီးကိုဆောင်သော။ မဟာရုက္ခဿ၊ သရက်ပင်မြတ်၏။ ပက္ကဖလံ၊ သရက်သီးမှည့်ကို။ ဆန္ဒတိ၊ ဆွတ်ယူ၏။ သော ဇနော၊ ထိုသူသည်။ အဿ၊ ထိုသရက်သီး၏။ ရသဉ္စ၊ အရသာကိုလည်း။ ဝိဇာနာတိ၊ ခံစားရ၏။ အဿ၊ ထိုသရက်သီး၏။ ဗီဇဉ္စ၊ မျိုးစေ့သည်လည်း။ န နဿတိ၊ မပျက်စီး။

֍ ဋ္ဌ ၁၇၅။ မဟာရာဇ၊ မင်းမြတ်။ ယော ရာဇာ၊ အကြင်မင်းသည်။ မဟာရုက္ခူပမံ၊ ချိုမြိန်မြတ်သော အရသာရှိသော အသီးကိုဆောင်သော သရက်ပင်မြတ်နှင့်တူသော။ ရဋ္ဌံ၊ တိုင်းနိုင်ငံကို။ ဓမ္မေန၊ တရားသဖြင့်။ ပသာသတိ၊ ဆုံးမစီရင်၏။ သော ရာဇာ၊ ထိုမင်းသည်။ အဿ၊ ထိုပြည်တိုင်းကား၏။ ရသဉ္စ၊ အရသာကိုလည်း။ ဝိဇာနာတိ၊ ခံစားရ၏။ အဿ၊ ထိုမင်း၏။ ရဋ္ဌဉ္စ၊ တိုင်းနိုင်ငံသည်လည်း။ န နဿတိ၊ မပျက်စီး။

֍ ဋ္ဌ ၁၂၆။ မဟာရာဇ၊ မင်းမြတ်။ ယော စ ရာဇာ၊ အကြင် မင်းသည်လျှင်။ ဇနပဒံ၊ ဇနပုဒ်သူကို။ အဓမ္မေန၊ အဂတိလေးပါးသို့ လားရောက်သောအားဖြင့်။ ပသာသတိ၊ ဆုံးမစီရင်၏။ ခတ္တိယော၊ ရေမြေကို အစိုးရသော။ သော ရာဇာ၊ ထိုမင်းသည်။ သဗ္ဗောသဓီဟိ၊ အလုံးစုံကုန်သော အမြစ် အခွံ အရွက် အပွင့် အသီး ထောပတ် ဆီဦး အစရှိကုန်သော ဆေးတို့နှင့်။ ဝိရုဒ္ဓေါ၊ ဆန့်ကျင်ဘက်သည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၇၇။ မဟာရာဇ၊ မင်းမြတ်။ တထေဝ၊ ထို့အတူလျှင်။ ယော ရာဇာ၊ အကြင်မင်းသည်။ နေဂမေ စ၊ နိဂုံး၌နေကုန်သော သူကြွယ်တို့ကိုလည်းကောင်း။ ယေ ဝါဏိဇာ၊ အကြင်ကုန်သည်တို့သည်။ ကယဝိက္ကယေ၊ ရောင်းဝယ်ခြင်း၌။ ယုတ္တာ၊ လုံ့လပြုကုန်၏။ ဩဇဒါနဗလီကာရေ၊ ထိုထိုအရပ်မှ ဥစ္စာကိုဆောင်ယူခဲ့ခြင်း အခွန်အတုတ်ပေးခြင်း အစွမ်းအားဖြင့် ဩဇာကိုပေးခြင်း ခြောက်စုတစ်စု ဆယ်စုတစ်စု အစရှိသော အခွန်အတုတ်ပေးခြင်းကို ပြုတတ်ကုန်သော။ တေ ဝါဏိဇေ၊ ထိုကုန်သည်တို့ကိုလည်းကောင်း။ ဟိံသံ ဟိသန္တော၊ ညှဉ်းဆဲတတ်သည်။ ဟောတိ၊ ဖြစ်၏။ သ- သောရာဇာ၊ ထိုမင်းသည်။ ကောသေန၊ ကျီကြနှင့်။ ဝိရုဇ္ဈတိ၊ ဆန့်ကျင်ဘက်ဖြစ်၏။

֍ ဋ္ဌ ၁၇၈။ မဟာရာဇ၊ မင်းမြတ်။ ယော ရာဇာ၊ အကြင်မင်းသည်။ ပဟာရဝရခေတ္တညူ၊ ဤနေရာ၌နေ၍ စစ်ထိုးခြင်းငှာ သင့်၏ဟု ခေတ်ကိုသိကုန်သော လေးသမားတို့ကိုလည်းကောင်း။ သင်္ဂါမေ၊ စစ်ထိုးခြင်း၌။ ကတနိဿမေ၊ ကောင်းစွာ သင်အပ်ကျင့်အပ်သော အမှုရှိကုန်သော သူရဲကောင်းဖြစ်ကုန်သော။ ဥဿိတေ၊ ကျော်စောထင်ရှားကုန်သော အမတ်ကြီးတို့ကိုလည်းကောင်း။ ဟိံသယံ-ဟိံသယန္တော၊ ညှဉ်းဆဲတတ်, ညှဉ်းဆဲစေတတ်၏။ သ- သော ရာဇာ၊ ထိုမင်းသည်။ ဗလေန၊ ဗိုလ်ပါနှင့်။ ဝိရုဇ္ဈတိ၊ ဆန့်ကျင်ဘက်ဖြစ်၏။

֍ ဋ္ဌ ၁၇၉။ မဟာရာဇ၊ မင်းမြတ်။ အဓမ္မစာရီ၊ တရားမကျင့်သော။ ခတ္တိယော၊ ရေမြေကို အစိုးရသော။ ယော ရာဇာ၊ အကြင်မင်းသည်။ နေဂမာဒယော၊ နိဂုံးသူ အစရှိသည်တို့ကို။ ဟိံသတိ ယထာ၊ ညှဉ်းဆဲသကဲ့သို့။ တထေဝ၊ ထို အတူလျှင်။ သံယမေ၊ ကိုယ်နှုတ်နှလုံးကို စောင့်ရှောက်ကုန်ထသော။ ဗြဟ္မစာရိနော၊ မြတ်သောအကျင့်ကို ကျင့်ကုန်ထသော။ ဣသယော၊ ဂုဏ်ကျေးဇူးကို ရှာတတ်ကုန်သော ရသေ့ရဟန်းတို့ကို။ ဟိံသံ-ဟိံသန္တော၊ ညှဉ်းဆဲတတ်သည်။ ဟောတိ၊ ဖြစ်၏။ သောရာဇာ၊ ထိုမင်းသည်။ သဂ္ဂေန၊ နတ်ပြည်နှင့်။ ဝိရုဇ္ဈတိ၊ ဆန့်ကျင်ဘက် ဖြစ်၏။

֍ ဋ္ဌ ၁၈၀။ မဟာရာဇ၊ မင်းမြတ်။ အဓမ္မဋ္ဌော၊ တရား၌မတည်သော။ ယောစ ရာဇာ၊ အကြင်မင်းသည်လျှင်။ အဒူသိကံ၊ အပြစ်မရှိသော။ ဘရိယံ၊ မိဖုရားကို။ ဟန္တိ-ဟနတိ၊ သတ်၏။ သော ရာဇာ၊ ထိုမင်းသည်။ လဒ္ဓံဌာနံ၊ ရုန့်ရင်းကြမ်းကြုတ်သော ငရဲ၌ ဖြစ်ခြင်း၏အကြောင်း မကောင်းမှုကို။ ပသဝတေ၊ ပွားစေ၏။ ပုတ္တေဟိ စ၊ သားတို့နှင့်လည်း။ ဝိရုဇ္ဈတိ၊ ဆန့်ကျင်ဘက် ဖြစ်၏။

֍ ဋ္ဌ ၁၈၁။ မဟာရာဇ၊ မင်းမြတ်။ ရာဇာ၊ မင်းသည်။ ဇနပဒေစ၊ ဇနပုဒ်သူ၌ လည်းကောင်း။ နေဂမေသု စ၊ နိဂုံးသူတို့၌လည်းကောင်း။ ဗလေသု စ၊ ဗိုလ်ပါတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို။ စရေ၊ ကျင့်ရာ၏။ ဣသယော စ၊ ရသေ့ရဟန်းတို့ကိုလည်း။ န စ ဟိံသေယျ၊ မညှဉ်းဆဲရာ။ ပုတ္တဒါရေ၊ သားမယား၌။ သမံ စရေ၊ အညီအမျှ ကျင့်ရာ၏။

֍ ဋ္ဌ ၁၈၂။ မဟာရာဇ၊ မင်းမြတ်။ အသုရာဓိပေါ၊ အသူရာတို့ကို နှိပ်စက်လွှမ်းမိုး အစိုးရသော။ ဣန္ဒော၊ သိကြားမင်းသည်။ သပတ္တေ၊ မိမိရန်သူတို့ကို။ သမ္ပကမ္ပေတိ ဣဝ၊ ထိတ်လန့် တုန်လှုပ်စေသကဲ့သို့။ တထာ၊ ထို့အတူ။ ဘူမိပတိ၊ မြေကိုအစိုးရသော။ ရဋ္ဌပါလော၊ တိုင်းနိုင်ငံသူတို့ကို စောင့်ရှောက်တတ်သော။ အကောဓနော၊ အမျက်မထွက်သော။ တာဒိသော၊ ထိုတရားစောင့်သော ရှေးမင်းတို့နှင့်တူသော သဘောရှိသော။ သ-သော ရာဇာ၊ ထိုမင်းသည်။ သပတ္တေ၊ မိမိရန်သူတို့ကို။ ရာဇတေဇေန၊ မင်း၏တန်ခိုးအရှိန်ဖြင့်။ သမ္ပကမ္ပေတိ၊ ထိတ်လန့် တုန်လှုပ်စေနိုင်၏။

မင်းသားတို့ကို ကန်တော့စေခြင်း

ဤသို့လျှင် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းအား တရားဟောတော်မူ၍ မင်းသား လေးယောက်တို့ကိုလည်း ခေါ်ပြီးလျှင် ဆုံးမတော်မူ၍ မင်း၏အမှုကို ထင်ရှားပြတော်မူသဖြင့် ခမည်းတော် မင်းကြီးကို ကန်တော့ကြကုန်လော့ဟု ဆို၍ ကန်တော့စေပြီးလျှင် မင်းမြတ်... ဤနေ့မှစ၍ မဆင်ခြင်ဘဲ ကုန်းချောတတ်ကုန်သော သူတို့၏စကားကို ယူလျက် ဤသို့သဘောရှိသော နိုင်ထက်ကလူမူသော အမှုကိုမပြုလင့်၊ ရှင်မင်းသားတို့... သင်တို့သည်လည်း ခမည်းတော် မင်းကြီးအား မပြစ်မှားကြကုန်လင့် ဟု အလုံးစုံသော သူတို့အား အဆုံးအမကို ပေးတော်မူ၏။

အမတ်တို့ အနှင်ခံကြရ

ထိုအခါ ဘုရားလောင်းကို ဗြဟ္မဒတ်မင်းသည် လျှောက်၏။ အရှင်ဘုရား... အကျွန်ုပ်သည် အရှင်ဘုရားတို့၌လည်းကောင်း၊ မိဖုရားကြီး၌လည်းကောင်း၊ ပြစ်မှားလျက် ဤသူယုတ်မာတို့ကို မှီ၍ ထိုသူယုတ်မာတို့၏ စကားကိုယူသဖြင့် ထိုမကောင်းမှုကို ပြုမိ၏။ ငါးယောက်ကုန်သော ဤသူတို့ကိုလည်း သတ်အံ့ ဟု လျှောက်၏။ မင်းမြတ် ဤသို့ ပြုအံ့သောငှာ မသင့်ဟု မိန့်တော်မူလတ်သော် ထိုသို့တပြီးကား ထိုသူယုတ်တို့၏ လက်ခြေတို့ကို ဖြတ်အံ့ ဟု လျှောက်ပြန်၏။ မင်းမြတ် ဤလက်ခြေဖြတ်ခြင်းကိုလည်း ပြုခြင်းငှာ မသင့် ဟု မိန့်တော်မူသည်ရှိသော် ဗြဟ္မဒတ်မင်းသည် ကောင်းပြီဟု ဝန်ခံ၍ ထိုအမတ်ငါးယောက်တို့ကို အလုံးစုံသောသူ၏ ဥစ္စာတို့ကို ဆောင်ယူတတ်သော သူခိုးတို့ကဲ့သို့ပြု၍ ဦးစွန်းငါးခု ပြုခြင်း၊ တောင်းဆွဲခြင်း၊ နွားချေးတို့ဖြင့် သွန်းလောင်းခြင်းတို့ဖြင့် မရိုမသေပြု၍ တိုင်းနိုင်ငံမှ နှင်ထုတ်စေ၏။ ဘုရားလောင်းသည်လည်း ထိုဗာရာဏသီပြည်၌ နှစ်ရက် သုံးရက် နေတော်မူ၍ မမေ့မလျော့ ဖြစ်လော့ဟု ဗြဟ္မဒတ်မင်းကို ဆုံးမတော်မူလျက် ဟိမာသို့လျှင် ကြွတော်မူ၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ အသက်ထက်ဆုံး ဗြဟ္မဝိဟာရတရားတို့ကို ပွားစေ၍ ဗြဟ္မာ့ပြည်သို့ လားတော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ငါဘုရားသည် ယခုအခါ၌သာလျှင် ပညာရှိသည်။ သူတစ်ပါးတို့၏ အယူဝါဒကို နှိမ်နင်းဖျက်ဆီးနိုင်သည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိသည်သာတည်း၊ သူတစ်ပါးတို့၏ အယူဝါဒကို နှိမ်နင်း ဖျက်ဆီးနိုင်သည်သာတည်းဟု မိန့်တော်မူ၍ ရဟန်းတို့... ယခုအခါ ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ ပကုဓကစ္စာယန၊ အဇိတကေသကမ္ဗလ၊ နိဂဏ္ဌနာဋပုတ္တတို့သည် ထိုအခါ ငါးယောက်ကုန်သော မိစ္ဆာအယူ ရှိကုန်သော အမတ်တို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ပိင်္ဂလအမည်ရှိသော ဗြဟ္မဒတ်မင်းခွေးတော်ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာဗောဓိပရိဗိုဇ် ဖြစ်ဖူးပြီဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။

တိတ္ထိဝါဒ၊ ဤငါးဝ၊ ရှေးကပယ်ခဲ့ပြီ

သုံးခုမြောက်ဖြစ်သော မဟာဗောဓိဇာတ်သည် ပြီး၏။

*****

သဋ္ဌိနိပါတ်

၁။ သောဏကဇာတ်

သူတော်ကောင်းတို့၏ စကားကို နာယူအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တဿ သုတွာ သတံ ဒမ္မိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသောဏကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် နေက္ခမ္မပါရမီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် တရားသဘင်၌ နေက္ခမ္မပါရမီကို ချီးမွမ်းကုန်သော ရဟန်းတို့၏ အလယ်၌ နေတော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် သင်တို့ဆရာ ငါဘုရားသည် မြတ်သောတောထွက်ခြင်းဖြင့် တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း သင်တို့ဆရာ ငါဘုရားသည် မြတ်သောတောထွက်ခြင်းကို တောထွက်တော်မူဖူးသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူလေ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ မဂဓမင်းသည် မင်းပြု၏။ ဘုရားလောင်းသည် ထိုမဂဓမင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၏။ ထိုမင်းသားအား အမည်မှည့်အံ့သောနေ့၌ အရိန္ဒမသတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအရိန္ဒမသတို့သား ဖွားတော်မူသော နေ့၌ပင်လျှင် ပုရောဟိတ်အားလည်း သားဖွား၏။ ထို

ပုရောဟိတ်သားအား သောဏက သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုမင်းသား, ပုရောဟိတ်သားတို့သည်လည်း အတူတကွ ကြီးကြကုန်သည်ဖြစ်၍ အရွယ်ရောက်ကုန်သည်ရှိသော် မြတ်သောအဆင်းကို ဆောင်ကုန်၏။ အဆင်းအားဖြင့် အထူးမရှိကြကုန်သည်ဖြစ်၍ တက္ကသိုလ်ပြည်သို့ သွားသဖြင့် အတတ်သင်ကုန်ပြီးသော် ထိုတက္ကသိုလ်ပြည်မှထွက်ခဲ့၍ ခပ်သိမ်းသော သတ္တဝါတို့၏ အယူအတတ်ကို လည်းကောင်း, အရပ်သူတို့၏ စရိုက်ကိုလည်းကောင်း သိကုန်အံ့ ဟူ၍ အစဉ်သဖြင့် ဒေသစာရီ သွားကုန်သည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်လေ၍ မင်း၏ဥယျာဉ်၌ နေပြီးလျှင် မိုးသောက်သောနေ့၌ မြို့သို့ဝင်ကုန်၏။

အရိန္ဒမမင်းသား မင်းဖြစ်ပြီ

ထိုနေ့၌လည်း အချို့ကုန်သောသူတို့သည် ပုဏ္ဏားတို့၏အထံ၌ ဗေဒင်သင်ခြင်းကို ပြုကုန်အံ့ဟု ဃနာထမင်းကို စီရင်ပြီးလျှင် နေရာတို့ကိုခင်း၍ လာလတ်ကုန်သော ထိုသတို့သားတို့ကိုမြင်လျှင် အိမ်သို့သွင်း၍ ခင်းအပ်သောနေရာ၌ နေစေကုန်၏။ ထိုအိမ်ဝယ် ဘုရားလောင်း နေရာ၌ ပုဆိုးဖြူကို ခင်း၏။ သောဏကသတို့သား နေရာ၌ ကမ္ဗလာနီကို ခင်း၏။ သောဏက သတို့သားသည် ထိုနိမိတ်ကိုမြင်၍ ယနေ့ ငါ၏ ချစ်စွာသော အဆွေခင်ပွန်းဖြစ်သော အရိန္ဒမမင်းသားသည် ဗာရာဏသီမင်း ဖြစ်လတ္တံ့၊ ငါအားကား စစ်သူကြီးအရာကို ပေးလတ္တံ့ဟု ဆို၏။ ထိုနှစ်ယောက်သော သူတို့သည်လည်း ထမင်းစားခြင်းကိစ္စပြီးလတ်သော် ဥယျာဉ်သို့သာလျှင် ပြန်ခဲ့ကုန်၏။ ထိုအခါ ဗာရာဏသီမင်းသေ၍ ခုနစ်ရက်မြောက်သောနေ့ ဖြစ်၏။ မင်းမျိုးသည်ကား သားမရှိ။ မှူးတော်မတ်တော် အစရှိသောသူတို့သည် ဦးခေါင်းနှင့်တကွ ရေချိုးကုန်ပြီးသော် စည်းဝေး၍ မင်းပြုထိုက်သောသူ၏ အထံသို့ သွားလတ္တံ့ ဟု ဖုဿရထားကို တပ်ဆင်၍ လွှတ်ကုန်၏။ ထိုဖုဿရထားသည် မြို့မှထွက်၍ အစဉ်သဖြင့် မင်း၏ဥယျာဉ်တော်သို့ သွားပြီးလျှင် ဥယျာဉ်တော်တံခါး၌ ပြန်လည်၍ တက်စီးစေအံ့သော အစီအရင်ရှိသည်ဖြစ်၍ ရပ်၏။ ဘုရားလောင်းသည် မင်္ဂလာကျောက်ဖျာပေါ်၌ ဦးခေါင်းနှင့်တကွ ခြုံ၍အိပ်၏။ သောဏက သတို့သားသည် ထိုဘုရားလောင်းအနီး၌ နေ၏။ ထိုသောဏက သတို့သားသည် တီးမှုတ်မျိုး အသံကိုကြား၍လျှင် အရိန္ဒမမင်းသားအား ဖုဿရထားရောက်လာပြီ၊ ယနေ့ ဤအရိန္ဒမမင်းသားသည် မင်းဖြစ်၍ ငါ့အား စစ်သူကြီးအရာကို ပေးလတ္တံ့၊ ထိုသို့ပေးသော်လည်း ငါ့အား စည်းစိမ်ချမ်းသာဖြင့် အလိုမရှိပြီ၊ ထိုအရိန္ဒမမင်းသား သွားသည်ရှိသော် တောထွက်၍ ရဟန်းပြုအံ့ဟု ကြံ၍ တင့်အပ်လျောက်ပတ်သော ပုန်းကွယ်ရာအရပ်၌ နေ၏။ ပုရောဟိတ် ပုဏ္ဏားသည် ဥယျာဉ်ဝင်လေ၍ လျောင်းလျက်နေသော ဘုရားလောင်းကိုမြင်လျှင် တီးမှုတ်မျိုးတို့ကို တီးမှုတ်စေ၏။ ဘုရားလောင်းသည် နိုးလတ်လျှင် ပြန်၍ အတန်ငယ်အိပ်ပြီးမှ ထ၍ မင်္ဂလာကျောက်ဖျာအပြင်၌ ထက်ဝယ်ပလ္လင်တော်ဖြင့် နေတော်မူ၏။

ထိုအခါ ဘုရားလောင်းကို ပုရောဟိတ်ပုဏ္ဏားသည် လက်အုပ်ချီ၍ အလောင်းမင်းမြတ်... အလောင်းမင်းမြတ်အား မင်းအဖြစ်သည် ရောက်ပါ၏ဟု တင်လျှောက်၏။ သင်တို့မင်းသည် မရှိသလောဟု မေးတော်မူ၏။ အလောင်းမင်းမြတ် မရှိပါတင်လျှောက်လတ်သော် ထိုသို့ဖြစ်သော် ကောင်း၏ဟု မိန့်တော်မူ၏။ ထိုအခါ ဘုရားလောင်းအား ထိုဥယျာဉ်တော်၌ပင်လျှင် အဘိသိက်သွန်း၍ ရထားသို့ တင်ပြီးလျှင် များစွာသော အခြံအရံဖြင့် မြို့သို့သွင်းကုန်၏။ ဘုရားလောင်းသည် မြို့ကို လက်ယာရစ် လှည့်သည်ကိုပြု၍ ရွှေနန်းပြာသာဒ် အထက်သို့ တက်တော်မူ၏။ ထိုဘုရားလောင်းသည် စည်းစိမ်ချမ်းသာ ကြီးမြတ်သောကြောင့်ကား သောဏက သတို့သားကို မအောက်မေ့မိ။

သောဏကသတို့သား ဘုရားငယ်ဖြစ်ပြီ

ထိုသောဏက သတို့သားသည်လည်း အရိန္ဒမမင်း မြို့သို့ဝင်သည်ရှိသော် လာလတ်၍ မင်္ဂလာကျောက်ဖျာပေါ်၌ နေ၏။ ထိုအခါ သောဏကသတို့သားရှေ့၌ အညှာမှလွတ်သော ဖက်ရွက်ရော်သည် အင်ကြင်းပင်မှ ကြွေကျ၏။ သောဏကသတို့သားသည် ဖက်ရွက်ရော်ကိုမြင်၍လျှင် ဤဖက်ရွက်ရော်သည် ကြွေကျသကဲ့သို့ ထို့အတူ ငါ၏ ကိုယ်သည်လည်း အိုခြင်းသို့ရောက်၍ ကြွေကျလတ္တံ့ဟု အနိစ္စစသော အစွမ်းအားဖြင့် ဝိပဿနာကိုဖြစ်စေ၍ ပစ္စေကဗောဓိဉာဏ်သို့ ရောက်၍ နေ၏။ ထိုသောဏက သတို့သားအား ထိုခဏ၌ပင်လျှင် လူ၏အသွင်သည် ကွယ်ပျောက်၏။ ရဟန်းအသွင်သည် ထင်ရှားဖြစ်၏။ ထို အရှင်ပစ္စေကဗုဒ္ဓါသည် ယခုအခါ ငါ့အား တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းသည် မရှိပြီဟု ဥဒါန်းကျူးလျက် နန္ဒမူလိုဏ်ဂူသို့ ကြွတော်မူ၏။

မင်းကြီး မိတ်ဆွေကို သတိရပြီ

ဘုရားလောင်းသည်လည်း အနှစ်လေးဆယ်လွန်လျှင် အောက်မေ့မိ၍ ငါ့အဆွေချစ်ဖြစ်သော သောဏကသတို့သားသည် အဘယ်မှာနည်းဟု သောဏကသတို့သားကို အဖန်တလဲလဲ အောက်မေ့သော်လည်း အကျွန်ုပ်ကွားပါ၏ ဟူ၍လည်းကောင်း၊ အကျွန်ုပ် မြင်ပါ၏ ဟူ၍လည်းကောင်း ပြောဆိုအံ့သောသူကို မရသောကြောင့် တန်ဆာဆင်အပ်သော မြတ်သော ရွှေနန်းပြသာဒ်အပြင်ဝယ် ရာဇပလ္လင်၌ နေတော်မူလျက် စောင်းသမား၊ ကချေသမား၊ သီချင်းသည်တို့ဖြင့် ခြံရံလျက် မင်း၏စည်းစိမ်ကို ခံစားလျက် အကြင်သူသည် တစ်စုံတစ်ယောက်သော သူ၏အထံမှကြား၍ ဤမည်သောအရပ်၌ အဆွေသောဏက နေ၏ဟု ငါ့အား ကြားလာအံ့၊ ထိုသူ့အား ရွှေတစ်ရာပေးအံ့၊ အကြင်သူသည် ကိုယ်တိုင်မြင်၍ ငါ့အား ကြားလာအံ့၊ ထိုသူ့အား ရွှေတစ်ထောင်ပေးဟု တစ်ခုသော ဥဒါန်းဂါထာကို စီရင်၍ သီချင်း၏အစွမ်းဖြင့် ဥဒါန်းကျူးလိုရကား-

။ တဿ သုတွာ သတံ ဒမ္မိ၊ သဟဿံ ဒိဋ္ဌသောဏကံ။
ကော မေ သောဏကမက္ခာတိ၊ သဟာယံ ပံသုကီဠိတံ။

ဟူသော ရှေးဦးစွာသောဂါထာကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁။ ဘောန္တော၊ အချင်းတို့။ ကော၊ အဘယ်သူသည်။ မေ၊ ငါ၏။ ပံသုကီဠိတံ၊ မြေမှုန့် ကစားဖက်ဖြစ်သော။ သဟာယံ သောဏကံ၊ ငါ့အဆွေ သောဏကကို။ အက္ခာတိ၊ ကြားလာပါအံ့နည်း။ တဿ၊ ထိုငါ့အဆွေ သောဏက၏။ ဝသနဋ္ဌာနံ၊ နေရာအရပ်ကို။ သုတွာ၊ ကြား၍။ အာရောစေန္တဿ၊ ငါ့အား ပြောလာသောသူအား။ သတံ၊ ရွှေတစ်ရာကို။ ဒမ္မိ၊ ငါပေးအံ့။ သောဏကံ၊ ငါ့အဆွေ သောဏကကို။ ဒိဋ္ဌံ-ဒိဋ္ဌောတိ၊ မြင်၏ဟူ၍။ အာရောစေန္တဿ၊ ငါ့အား ပြောလာသောသူအား။ သဟဿံ၊ ရွှေတစ်ထောင်ကို။ ဒမ္မိ၊ ငါပေးအံ့။

ထိုအခါ အရိန္ဒမမင်းကြီး၏ ခံတွင်းမှ နုတ်ယူဘိသကဲ့သို့ တစ်ယောက်သော မောင်းမငယ်သည် ထိုဥဒါန်းသီချင်းကို သီ၏။ ထို့နောင်မှ တစ်ပါးသော မောင်းမတို့သည် ဤသီချင်းသည်ကား ငါတို့ အရှင်မင်းကြီး ချစ်မြတ်နိုးသော သီချင်းတည်းဟု အလုံးစုံသော မောင်းမတို့သည် သီကြကုန်၏။ အစဉ်သဖြင့် မြို့၌နေသော သူအပေါင်းတို့သည်လည်းကောင်း၊ ဇနပုဒ်၌နေသော သူအပေါင်းတို့သည်လည်းကောင်း ထိုသီချင်းကိုသာလျှင် သီကြကုန်၏။ အရိန္ဒမင်းသည်လည်း အဖန်တလဲလဲ ထိုသီချင်းကိုသာလျှင် သီတော်မူ၏။

အရှင်သောဏက ကြွလာခြင်း

အနှစ်ငါးဆယ် လွန်သဖြင့်ကား ထိုအရိန္ဒမမင်းကြီးအား များသော သားသမီးတို့သည် ရှိကုန်၏။ သားတော်အကြီးသည် ဒီဃာဝုမင်းသား မည်၏။ ထိုအခါ အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် အရိန္ဒမမင်းကြီးသည် ငါ့ကို ဖူးမြင်လို၏။ ငါသည် ထိုအရိန္ဒမမင်းကြီးထံသို့ သွား၍ ကာမတို့၌ အပြစ်ကိုလည်းကောင်း၊ တောထွက်ခြင်း၌ အကျိုးကိုလည်းကောင်း ပြောဆို၍ ရဟန်းပြုအံ့သော အခြင်းအရာကို ငါပြုအံ့ဟု ကြံတော်မူပြီးလျှင် တန်ခိုးဖြင့် ကောင်းကင်ခရီးသို့ ကြွလာတော်မူလတ်၍ ဥယျာဉ်တော်၌ နေတော်မူ၏။

ထင်းခွေသူငယ် ဆုရပြီ

ထိုအခါ တစ်ယောက်သော အသက်ခုနစ်နှစ်အရွယ် ရှိပြီးသော ပဉ္စစူဠက အမည်ရှိသော သတို့သားသည် အမိသည် စေခိုင်းအပ်သဖြင့် သွား၍ ဥယျာဉ်တော်အနီးဖြစ်သော တော၌ ထင်းတို့ကို ခွေသည်ရှိသော် အဖန်တလဲလဲ ထိုသီချင်းကိုသာလျှင် သီ၏။ ထိုအခါ အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ပဉ္စစူဠက သတို့သားကို ခေါ်တော်မူ၍ သူငယ်... သင်သည် တစ်ပါးသောသီချင်းကို မသိမူ၍ တစ်ခုတည်းသော သီချင်းကိုသာသီဘိ၏။ တစ်ပါးသော သီချင်းကို မတတ်သလောဟု မေးတော်မူ၏။

အရှင်ဘုရား... တစ်ပါးသော သီချင်းကို မတတ်သည်မဟုတ် တတ်ပါ၏။ ထိုသို့တတ်သော်လည်း အကျွန်ုပ်တို့ အရှင်မင်းကြီးသည် ဤသီချင်းကိုသာလျှင် ချစ်မြတ်နိုးတော်မူ၏။ ထို့ကြောင့် ထိုသီချင်းကို အကျွန်ုပ်သည် အဖန်တလဲလဲ သီပါ၏ဟု လျှောက်၏။ သင်သည် ထိုသီချင်း၏ အတုံ့ကိုသိသော တစ်စုံ တစ်ယောက်သောသူကို မြင်ဖူး၏လောဟု မေးတော်မူ၏။ အရှင်ဘုရား... မမြင်ဖူပါဟု လျှောက်၏။ ငါသည် ထိုသီချင်း၏ အတုံ့ကိုသင်စေအံ့၊ သင်သည် အရိန္ဒမမင်းကြီးထံသို့သွား၍ သီချင်းတုံ့ကို သီအံ့သောငှာ တတ်နိုင်အံ့လော ဟု မေးတော်မူ၏။ အရှင်ဘုရား တတ်နိုင်ပါ၏ဟု လျှောက်၏။ ထိုအခါ ပဉ္စစူဠက သတို့သားအား အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် သီချင်းတုံ့ကို ကြားတော်မူလိုသည်ဖြစ်၍ မယှံ သုတွာ အစရှိသည်ကို မိန့်တော်မူ၏။ သီချင်းတုံ့ကို သင်ပြီး၍ကား ထိုပဉ္စစူဠကကို လွှတ်တော်မူလိုက်၏။ သူငယ်သွားချေ၊ ဤသီချင်းတုံ့ကို အရိန္ဒမမင်းကြီးနှင့်တကွ သီချေ၊ အရိန္ဒမမင်းကြီးသည် သင့်အား များစွာသော စည်းစိမ်ချမ်းသာကို ပေးလတ္တံ့၊ သင့်အား ထင်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လျင်စွာ သွားချေလော့ဟု မိန့်တော်မူ၏။

ထိုပဉ္စစူဠက သတို့သားသည် ကောင်းပြီဟု ထိုသီချင်းတုံကို သင်ပြီးလျှင် ရှိခိုး၍ အရှင်ဘုရား... အကျွန်ုပ်သည် အကြင်မျှလောက် အရှင်မင်းကြီးကို ဆောင်ပါချေဦးအံ့၊ ထိုမျှလောက် အရှင်ဘုရားတို့သည် ဤအရပ်၌ နေတော်မူပါကုန်လော့ ဟု ဆို၍ လျင်မြန်စွာ အမိထံသို့သွားပြီးလျှင် မိခင် အကျွန်ုပ်ကို လျင်မြန်စွာ ရေချိုး၍ တန်ဆာဆင်လော့၊ ယနေ့ သင်မိခင်ကို ဆင်းရဲသောအဖြစ်မှ လွတ်စေအံ့ဟု ဆို၍ ရေချိုး၍ တန်ဆာဆင်ပြီးသော် မင်းအိမ်တံခါးသို့ သွား၍ အရှင်တံခါးစောင့် သူငယ်တစ်ယောက်သည် အရှင်မင်းကြီးနှင့်တကွ သီချင်းကိုသီအံ့ဟု လာလတ်၍ တံခါး၌ရပ်၏ဟု မင်းအား တင်လျှောက်ပါ ဟု ဆို၏။ ထို တံခါးစောင့်သည် လျင်မြန်စွာသွား၍ မင်းကြီးအား တင်လျှောက်၏။ အရိန္ဒမမင်းကြီးသည် လာစေလော့ဟု ခေါ်စေတော်မူပြီးလျှင်အမောင်... သင်သည် ငါနှင့်တကွ သီချင်းတုံ့ကို သီလတ္တံ့လော ဟု မိန့်တော်မူ၏။ အရှင်မင်းကြီး... သီပါအံ့ဟု တင်လျှောက်၏။ ထိုသို့တပြီးကား သီလော့ဟု မိန့်တော်မူလတ်သော် အရှင်မင်းကြီး. ဤအရပ်၌ မသီပေအံ့၊ စင်စစ်သော်ကား မြို့တော်၌ စည်လည်စေတော်မူ၍ လူများကို စည်းဝေးစေပါကုန်လော့၊ လူများအလယ်၌ သီပါအံ့ ဟု တင်လျှောက်၏။ အရိန္ဒမမင်းကြီးသည် ထိုသူငယ်ဆိုတိုင်း ပြုစေပြီးလျှင် တန်ဆာဆင်သော မဏ္ဍပ်အလယ်ဝယ် ပလ္လင်၌ နေတော်မူ၍ ထိုသူငယ်အား လျောက်ပတ်သောနေရာကို ပေးစေပြီးလျှင်အခု... သင်၏ သီချင်းကို သီလော့ ဟု မိန့်တော်မူ၏။ အရှင်မင်းကြီး. အရှင်မင်းကြီးတို့သည် ရှေးဦးစွာ သီတော်မူကုန်လော့၊ နောက်မှ အကျွန်ုပ်သည် သီချင်းတုံ့ကို သီပါအံ့ ဟု တင်လျှောက်၏။ ထိုနောက်မှ အရိန္ဒမမင်းကြီးသည် ရှေးဦးစွာ သီတော်မူ၍ကား-

။ တဿ သုတွာ သတံ ဒမ္မိ၊ သဟဿံ ဒိဋ္ဌသောဏကံ။
ကော မေသောဏက မက္ခာတိ၊ သဟာယံ ပံသုကီဠိတံ။

ဟူသော ဤဂါထာကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁။ ဘော ကုမာရ၊ အို... သတို့သား။ ကော၊ အဘယ်သူသည်။ မေ၊ ငါ၏။ ပံသုကီဠိတံ၊ မြေမှုန့်ကစားဖက် ဖြစ်သော။ သဟာယံ သောဏကံ၊ ငါ့အဆွေ သောဏကကို။ အက္ခာတိ၊ ပြောကြားပါလတ္တံ့နည်း။ တဿ၊ ထိုငါ့အဆွေ သောဏက၏။ ဝသနဋ်ဌာနံ၊ နေရာအရပ်ကို။ သုတွာ၊ ကြား၍။ အာရောစေန္တဿ၊ ငါ့အား ပြောလာသောသူအား။ သတံ၊ ရွှေတစ်ရာကို။ ဒမ္မိ၊ ငါပေးအံ့။ သောဏကံ၊ ငါ့အဆွေ သောဏကကို။ ဒိဋ္ဌံ-ဒိဋ္ဌောတိ၊ မြင်၏ဟူ၍။ အာရောစေန္တဿ၊ ငါ့အား ပြောလာသောသူအား။ သဟဿံ၊ ရွှေထစ်ထောင်ကို။ ဒမ္မိ၊ ငါပေးအံ့။

ဤသို့ အရိန္ဒမမင်းကြီးသည် ရှေးဦးစွာ ဥဒါန်းဂါထာဖြင့် သီချင်းကိုသီပြီးသော် ပဉ္စစူဠက သတို့သားသည် ထိုသီချင်းတုံ့ကို သီဆိုလိုရကား-

။ မယှံ သုတွာ သတံ ဒေဟိ၊ သဟဿံ ဒိဋ္ဌသောဏကံ။
အဟံ တေ သောဏကမက္ခိဿံ၊ သဟာယံ ပံသုကီဠိတံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂။ မဟာရာဇ၊ မြတ်သောအရှင်မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းကြီး၏။ ပံသုကီဠိတံ၊ မြေမှုန့် ကစားဖက်ဖြစ်သော။ သဟာယံ သောဏကံ၊ အဆွေ သောဏကကို။ အက္ခဿံ၊ ကြားလျှောက်ပါအံ့။ မယှံ၊ အကျွန်ုပ်၏။ သန္တိကာ၊ အထံမှ။ သုတွာ၊ ကြား၍။ အာရောစေန္တဿ၊ ပြောသော အကျွန်ုပ်အား။ သတံ၊ ရွှေတစ်ရာကို။ ဒေဟိ၊ ပေးတော်မူလော့။ သောဏကံ၊ အဆွေ သောဏကကို။ ဒိဋ္ဌံ-ဒိဋ္ဌောတိ၊ မြင်၏ဟူ၍။ အာရောစေန္တဿ၊ ပြောသော အကျွန်ုပ်အား။ သဟဿံ၊ ရွှေတစ်ထောင်ကို။ ဒေဟိ၊ ပေးတော်မူလော့။

ဤသို့ ပဉ္စစူဠက သတို့သားသည် သီချင်းတုံ့ကို သီသောအဖြစ်ကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -

။ အထ ဗြဝိ မာဏဝကော၊ ဒဟရော ပဉ္စစူဠကော။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒဟရော၊ သူငယ်ဖြစ်သော။ ပဉ္စစူဠကော၊ ပဉ္စစူဠက အမည်ရှိသော။ မာဏဝကော၊ လုလင်ငယ်သည်။ ပစ္ဆာ၊ ထိုမင်းကြီး သီဆိုပြီးသော နောင်မှ။ အဗြဝိ၊ ဆိုလေ၏။

ထိုနောက်မှ အရိန္ဒမင်းကြီးသည် ပဉ္စစူဠက သတို့သားကို မေးတော်မူလိုရကား-

။ ကတမသ္မိံ သော ဇနပဒေ၊ ရဋ္ဌေသု နိဂမေသု စ။
ကတ္ထ တေ သောဏကော ဒိဋ္ဌော၊
တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ဤဂါထာကို ဆိုတော်မူ၏။

֍ ဋ္ဌ ၃။ ဘော မာဏဝ၊ အိုလုလင်ငယ်။ သော သောဏကော၊ ထိုငါ့အဆွေ သောဏကကို။ တေ၊ သင်သည်။ ကတမသ္မိံ ဇနပဒေ စ၊ အဘယ်ဇနပုဒ်၌ လည်းကောင်း။ ကတမေသု ရဋ္ဌေသုစ၊ အဘယ်တိုင်းတို့၌လည်းကောင်း။ ကတမေသု နိဂမေသု စ၊ အဘယ်နိဂုံးတို့၌လည်းကောင်း။ ကတ္ထ၊ အဘယ်အရပ်၌။ ဒိဋ္ဌော၊ မြင်ပါသနည်း။ တံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ် အမောင်လုလင်ငယ်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ တင်လျှောက်လော့။

ပဉ္စစူဠက သတို့သားသည် အရိန္ဒမ မင်းကြီးအား တင်လျှောက်လိုရကား-

။ တဝေဝ ဒေဝ ဝိဇိတေ၊ တဝေဝုယျာနဘူမိယံ။
ဥဇုဝံသာ မဟာသာလာ၊ နီလောဘာသာ မနောရမာ။
။ တိဋ္ဌန္တိ မေဃသမာနာ၊ ရမ္မာ အညောညနိဿိတာ၊
တေသံ မူလမှိ သောဏကော၊ ဈာယတိ အနုပါဒနော။
ဥပါဒါနေသု လေကေသု၊ ဍယှမာနေသု နိဗ္ဗုတော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄။ ဒေဝ၊ အရှင်မင်းမြတ်။ တဝေဝ၊ အရှင်မင်းမြတ်၏လျှင်။ ဝိဇိတေ၊ နိုင်ငံတော်၌။ တဝေဝ၊ အရှင်မင်းမြတ်၏သာလျှင်။ ဥယျာနဘူမိယံ၊ ဥယျာဉ်တော်၌။ ဥဇုဝ့သာ၊ ဖြောင့်မတ်သော ပင်စည်လည်းရှိကုန်ထသော။ နီလောဘာသာ၊ စိမ်းညိုသော အဆင်းလည်း ရှိကုန်ထသော။ မနောရမာ၊ နှလုံးမွေ့လျော်ဖွယ်လည်း ရှိကုန်ထသော။

֍ ဋ္ဌ ၅။ မေဃသမာနာ၊ တိမ်ညို အဆင်းနှင့်လည်း တူကုန်ထသော။ ရမ္မာ၊ မွေ့လျော်ဖွယ်လည်း ရှိကုန်ထသော။ အညောညနိဿိတာ၊ အခက်အရွက် အမြစ်တို့ဖြင့် အချင်းချင်း ရောပြွမ်းယှက်တင်၍လည်း တည်ကုန်ထသော။ မဟာသာလာ၊ သစ်ပင်ကြီးတို့သည်။ တိဋ္ဌန္တိ၊ တည်ကုန်၏။ တေသံ၊ ထိုသစ်ပင်ကြီးတို့၏။ မူလမှိ၊ အရင်း၌။ သောဏကော၊ အရှင်မင်းမြတ်၏ အဆွေတော်ဖြစ်သော သောဏကသည်။ ဥပါဒါနေသု၊ ဥပါဒါန်တရားတို့၏ အာရုံဖြစ်ကုန်သော တဏှာ, ဒိဋ္ဌိသည် စွဲလမ်းအပ်ကုန်သော။ လောကေသု၊ သတ္တဝါတို့တွင်။ အနုပါဒနာ၊ ဥပါဒါန်တရားတို့၏ အာရုံဖြစ်သော တဏှာ ဒိဋ္ဌိတို့သည် မစွဲလမ်းအပ်သည်ဖြစ်၍။ ဍယှမာနေသု၊ ရာဂအစရှိသော တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့် လောင်ကုန်သောသတ္တဝါတို့၌။ နိဗ္ဗုတော၊ ရာဂအစရှိသော မီးတို့ကို ငြိမ်းစေသည်ဖြစ်၍။ ဈာယတိ၊ နှစ်ပါးသာ ဈာန်တို့ဖြင့် နေ၏။

မင်းကြီး ဥယျာဉ်တော်ထွက်

အရိန္ဒမမင်းသည် ထိုလုလင်ငယ် တင်လျှောက်သော စကားကိုကြားရလျှင် အရှင်သောဏက ပစ္စေကဗုဒ္ဓါကို ဖူးမြင်အံ့ဟု အင်္ဂါလေးပါးရှိသော စစ်သည်နှင့် ဥယျာဉ်တော်သို့ ထွက်တော်မူ၍ အရှင်သောဏက ပစ္စေကဗုဒ္ဓါကို ဖူးမြင်တော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

။ တတော စ ရာဇာ ပါယာသိ။ သေနာယ စတုရင်္ဂိယာ။
ကာရာပေတွာ သမံ မဂ္ဂံ၊ အဂမာ ယေန သောဏကော။
။ ဥယျာနဘူမိံ ဂန္တွာန၊ ဝိစရန္တော ဗြဟာဝနေ။
အာသီနံ သောဏကံ ဒက္ခိ၊ ဍယှမာနေသု နိဗ္ဗုတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၆။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော စ၊ ထို့နောင်မှလျှင်။ ရာဇာ၊ အရိန္ဒမမင်းကြီးသည်။ မဂ္ဂံ၊ ခရီးကို။ သမံ၊ ညီညွတ်စွာ။ ကာရာပေတွာ၊ ပြုပြင်စေ၍။ စတုရင််ဂိယာ၊ လေးပါးသော အင်္ဂါရှိသော။ သေနာယ၊ စစ်သည်ဖြင့်။ ပါယာသိ၊ သွားလေ၏။ ယေန၊ အကြင်အရပ်၌။ သောဏကော၊ အရှင်သောဏက ပစ္စေကဗုဒ္ဓါသည်။ အတ္ထိ၊ ရှိ၏။ တံ ဌာနံ၊ ထိုအရပ်သို့။ အဂမာ၊ သွားလေ၏။

֍ ဋ္ဌ ၇။ ဥယျာနဘူမိံ၊ ဥယျာဉ်တော်သို့။ ဂန္တွာန၊ သွားပြီး၍။ ဗြဟာဝနေ၊ ကျယ်သောဥယျာဉ်တော် တော၌။ ဝိစရန္တော၊ လှည့်လည်သည်ရှိသော်။ ဍယှမာနေသု၊ ရာဂ အစရှိသော တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့် လောင်ကုန်သော သတ္တဝါတို့၌။ နိဗ္ဗုတံ၊ ရာဂ အစရှိသော တစ်ဆယ့်တစ်ပါးသောမီးတို့မှ ငြိမ်းပြီးထသော။ အာသီနံ၊ သီလက္ခန္ဓ အစရှိသော ကျေးဇူးအပေါင်းတို့ကိုလည်း ရှာမှီးပြီးထသော။ သောဏကံ၊ သောဏကမည်သာ အရှင်ပစ္စေကဗုဒ္ဓါကို။ ဒက္ခိ၊ မြင်လေ၏။

အရှင်သောဏကကို တွေ့ရပြီ

ထိုအရိန္ဒမမင်းကြီးသည် အရှင်သောဏက ပစ္စေကဗုဒ္ဓါကို ရှိခိုး၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေလျက် မိမိသည် ကိလေသာ၌ အလွန်မွေ့လျော်သည်၏အဖြစ်ကြောင့် ထိုအရှင်ပစ္စေကဗုဒ္ဓါကို အထီးကျန်သော သူတည်းဟု ထင်မှတ်ရကား

။ ကပဏော ဝတာယံ ဘိက္ခု၊ မုဏ္ဍော သံဃာဋိပါရုတော။

အမာတိကော အပိတိကော၊ ရုက္ခမူလသ္မိံ ဈာယတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈။ ဘောန္တော အမစ္စာ၊ အို... အမတ်အပေါင်းတို့။ မုဏ္ဍော၊ ဦးပြည်းသော။ သံဃဋိပတော၊ ဒုကုဋ်ကိုရုံသော။ အယံဘိက္ခု၊ ဤရဟန်းသည်။ အမာတိကော၊ အမိမရှိသည်ဖြစ်၍။ အပိတိကော၊ အဖမရှိသည်ဖြစ်၍။ ကပဏော ဝတ၊ အထီးကျန်စွတကား။ ရုက္ခမူလသ္မိံ၊ သစ်ပင်ရင်း၌။ ဈာယတိ၊ သနားဖွယ် မှိုင်တွေဘိ၏။

ထိုစကားကိုကြား၍ အရှင်ပစ္စေကဗုဒ္ဓါသည် မင်းအား စကားဆိုတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

။ ဣဒံ ဝါကျံ နိသာမေတွာ၊ သောဏကော ဧတဒဗြဝိ။
န ရာဇ ကပဏော ဟောတိ၊ ဓမ္မံ ကာယေန ဖဿယံ။
၁၀။ ယော စ ဓမ္မံ နိရံကတွာ၊ အဓမ္မ မနုဝတ္တတိ။
သ ရာဇ ကပဏော ဟောတိ၊ ပါပေါ ပါပပရာယဏော။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သောဏကော၊ သောဏက အမည်ရှိသော ပစ္စေကဗုဒ္ဓါသည်။ ဣဒံ ဝါကျံ၊ ဤမင်းကြီးစကားကို။ နိသာမေတွာ၊ မှတ်၍။ ဧတံဝစနံ၊ ဤသို့သောစကားကို။ အဗြဝိ၊ ဆိုလေ၏။ ရာဇ၊ မင်းမြတ်။ မေ-မယာ၊ ငါသည်။ ဓမ္မံ၊ ကိုးပါးသော လောကုတ္တရာတရားကို။ ကာယေန၊ နာမကာယဖြင့် ဖဿယံ-ဖဿယန္တော၊ သုံးသပ်သည်ဖြစ်၍။ ကပဏော၊ အထီးကျန်သောသူသည်။ န ဟောတိ၊ မဖြစ်။

֍ ဋ္ဌ ၁၀။ ယော စ ရာဇာ၊ အကြင်မင်းသည်ကား။ ဓမ္မ၊ သုစရိုက်တရား သုံးပါးကို။ နိရံကတွာ၊ စွန့်၍။ အဓမ္မံ၊ ဒုစရိုက်သုံးပါးကို။ အနုဝတ္တတိ၊ ကျင့်၏။ သ-သော ရာဇာ၊ ထိုစရိုက်ကိုကျင့်သောမင်းသည်။ ကပဏော၊ အထီးကျန်သည်။ ဟောတိ၊ ဖြစ်၏။ ပါပေါ၊ ယုတ်မာသော မင်းတည်း။ ပါပပရာယဏာ၊ ယုတ်မာသောအရပ်သို့ လားရအံ့သော မင်းတည်း။

ထိုသို့ ထိုအရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ဘုရားလောင်း အရိန္ဒမမင်းကြီးကို ကဲ့ရဲ့တော်မူ၏။ ထိုအရိန္ဒမ မင်းကြီးသည် မိမိအား ကဲ့ရဲသောအဖြစ်ကို မသိသကဲ့သို့ဖြစ်၍ အမည်အမျိုးမျိုးကို ပြောဆို၍ ထိုအရှင်သောဏက ပစ္စေကဗုဒ္ဓါနှင့်တကွ စကားပြောဟောခြင်းကိုပြုလိုရကား-

၁၁။ အရိန္ဒမောတိ မေ နာမံ၊ ကာသိရာဇာတိ မံ ဝိဒူ။
ကစ္စိ ဘောတော သုခဿေယျာ၊ ဣဓ ပတ္တဿ သောဏက။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁။ သောဏက၊ အရှင်သောဏက။ မေ၊ အကျွန်ုပ်၏။ နာမံ၊ အမည်ကို။ အရိန္ဒမာတိ၊ အရိန္ဒမဟူ၍ လည်းကောင်း။ ကာသိရာဇာတိ၊ ကာသိမင်းဟူ၍လည်းကောင်း။ မံ၊ အကျွန်ုပ်ကို။ ဝိဒူ၊ သိကြကုန်၏။ ကစ္စိ၊ အသို့နည်း။ ဣဓ၊ အကျွန်ုပ်တို့၏ ဥယျာဉ်တော်သို့။ ပတ္တဿ၊ ရောက်လာသော။ ဘောတော၊ အရှင်ဘုရားအား။ သုခဿေယျာ၊ ချမ်းသာစွာ အိပ်ရပါ၏လော။

ရဟန်းတို့၏ ကောင်းခြင်း ဂ-ခု

ထိုအခါ အရိန္ဒမင်းကြီးကို အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် မြတ်သောမင်းကြီး... စင်စစ်လျှင် ဤအရပ်၌လည်းကောင်း တစ်ပါးသော အရပ်၌လည်းကောင်း နေသော ငါ့အား မချမ်းသာသော မည်သည် မရှိ။ ချမ်းသာသည်သာလျှင်တည်းဟု ဆိုတော်မူ၍ ထိုမင်းအား ရဟန်းတို့အား ကောင်းခြင်းမည်သည်တို့ကို ထုတ်ဆောင်၍ ပြတော်မူလိုရကား-

၁၂။ သဒါ ဘဒြ မဓနဿ၊ အနာဂါရဿ ဘိက္ခုနော။
န တေသံ ကောဋ္ဌေ ဩပေန္တိ၊ န ကုမ္ဘိံ န ကဠောပိယံ။
ပရနိဋ္ဌိတမေသာနာ၊ တေန ယာပေန္တိ သုဗ္ဗတာ။
။ လ။
၁၉။ အဋ္ဌမမ္ပိ ဘဒြမဓနဿ၊ အနာဂါရဿ ဘိက္ခုနော။
ယံ ယံဒိသံ ပက္ကမတိ၊ အနပေက္ခောဝ ဂစ္ဆတိ။

ဟူသော ဤရှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၂။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ ဘိက္ခုနော၊ ရဟန်းအား။ သဒါ၊ အခါခပ်သိမ်း ဘဒြံ၊ ကောင်းသည် သာလျှင်တည်း။ မဟာရာဇ၊ မင်းမြတ်။ တေသံ၊ ထိုဥစ္စာစပါး မရှိကုန်သော ရဟန်းတို့အား။ ကောဋ္ဌေ၊ ကျီကြ၌။ ဓနဓညာနိ၊ ဥစ္စာစပါးတို့ကို။ န ဩပေန္တိ၊ မထားကုန်။ ကုမ္ဘိံ၊ အိုးစရည်း၌။ န ဩပေန္တိ၊ မထားကုန်။ ကဠောပိယံ၊ ခြင်းတောင်း၌။ န ဩပေန္တိ၊ မထားကုန်။ သုဗ္ဗတာ၊ ပေါ့သော အသက်မွေးခြင်းရှိကုန်သော ရဟန်းကောင်းတို့သည်။ ပရနိဋ္ဌိတံ၊ သူတစ်ပါးအိမ်၌ ကျက်လေပြီးသောအစာကို။ ဧသနာ၊ ရှာကုန်၍။ တေန၊ ထိုအစာဖြင့်။ ယာပေန္တိ၊ မျှကုန်၏။

֍ ဋ္ဌ ၁၃။ မဟာရာဇ၊ မင်းမြတ်။ ယေန ဘိက္ခုနာ၊ အကြင် ရဟန်းသည်။ အနဝဇ္ဇပိဏ္ဍော၊ အပြစ်မရှိသောဆွမ်းကို။ ဘောတ္တဗ္ဗော၊ စားအပ်၏။ ဧတံ ဘိက္ခုံ၊ ထိုရဟန်းကို။ ကောစိ၊ တစ်စုံတစ်ခုသော ကိလေသာသည်။ န စ ဥပရောဓတိ၊ မနှိပ်စက်။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

֍ ဋ္ဌ ၁၄။ မဟာရာဇ၊ မင်းမြတ်။ ယေန ဘိက္ခုနာ၊ အကြင် ရဟန်းသည်။ နိဗ္ဗုတော၊ အေးပြီးသော။ ပိဏ္ဍော၊ ဆွမ်းကို။ ဘောတ္တဗ္ဗော၊ စားအပ်၏။ ဧတံ ဘိက္ခုံ၊ ထိုရဟန်းကို။ ကောစိ၊ တစ်စုံတစ်ခုသော ကိလေသာသည်။ န စ ဥပရောဓတိ၊ မနှိပ်စက်။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

֍ ဋ္ဌ ၁၅။ မဟာရာဇ၊ မင်းမြတ်။ မုတ္တဿ၊ ကိလေသာမှ လွတ်ပြီးထသော။ ရဋ္ဌေ၊ ရွာ နိဂုံး တိုင်း နိုင်ငံ စသည်တို့၌။ စရတော၊ သွားထသော။ ယဿ ဘိက္ခုနော၊ အကြင်ရဟန်းအား။ သင်္ဂေါ၊ ရာဂ အစရှိသော ငြိတွယ်ခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ စတုတ္ထမ္ပိ၊ လေးကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

֍ ဋ္ဌ ၁၆။ မဟာရာဇ၊ မင်းမြတ်။ နဂရမှိ၊ မြို့ကို။ ဍယှမာနမှိ၊ မီးလောင်သည်ရှိသော်။ အဿ ဘိက္ခုနော၊ ထိုရဟန်း၏။ ကိဉ္စိ၊ တစ်စုံတစ်ခုသော ပရိက္ခရာကို။ အဍယှထ၊ မီးမလောင်။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိပ်လည်းမရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ ပဉ္စမမ္ပိ၊ ငါးကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

֍ ဋ္ဌ ၁၇။ မဟာရာဇ၊ မင်းမြတ်။ ရဋ္ဌေ၊ တိုင်းပြည်တို့ကို။ ဝိလုပ္ပမာနမှိ၊ ခိုးသူ လုယက်ဖျက်ဆီးသည်ရှိသော်။ အဿ ဘိက္ခုနော၊ ထို ပေါ့သော အသက်မွေးခြင်းရှိသော ရဟန်း၏။ ကိဉ္စိ၊ တစ်စုံတစ်ခုသော ပရိက္ခရာကို။ န အဟီရထ၊ ခိုးသူ မလုယက်။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ ဆဋ္ဌမ္ပိ၊ ခြောက်ကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

֍ ဋ္ဌ ၁၈။ မဟာရာဇ၊ မင်းမြတ်။ စောရေဟိ၊ ခိုးသူတို့သည်။ ရက္ခိတံ၊ စောင့်အပ်သော။ မဂ္ဂဉ္စ၊ ခရီးကိုလည်းကောင်း။ အညေ၊ ခိုးသူမှ တစ်ပါးကုန်သော။ ယေ စ ပရိပန္ထိကာ၊ အကြင် ကင်းစောင့်တို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ တေဟိ စ၊ ထိုကင်းစောင့်တို့သည်လည်း။ ရက္ခိတံ၊ စောင့်အပ်သော။ မဂ္ဂဉ္စ၊ ခရီးကိုလည်းကောင်း။ သုဗ္ဗတော၊ ပေါ့သော အသက်မွေးခြင်းရှိသော ရဟန်းသည်။ ပတ္တစီဝရံ၊ သပိတ် သင်္ကန်းကို။ အာဒါယ၊ ယူ၍။ သောတ္ထိံ၊ ချမ်းသာစွာ။ ဂစ္ဆတိ၊ သွားရ၏။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာ စပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ သတ္တမမ္ပိ၊ ခုနစ်ကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

֍ ဋ္ဌ ၁၉။ မဟာရာဇ၊ မင်းမြတ်။ သုဗ္ဗတော၊ ပေါ့သော အသက်မွေးခြင်းရှိသော ရဟန်းကောင်းသည်။ ယံ ယံ ဒိသံ၊ အကြင် အကြင် အရပ်မျက်နှာသို့။ ပက္ကမတိ၊ သွားလို၏။ တံ တံ ဒိသံ၊ ထိုထို အရပ်မျက်နှာသို့။ အနပေက္ခောဝ၊ ငဲ့ကွက်ခြင်း မရှိသည်ဖြစ်၍လျှင်။ ဂစ္ဆတိ၊ သွားရ၏။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ အဋ္ဌမမ္ပိ၊ ရှစ်ကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

မင်းကြီး ရဟန်းမပြုလို

ဤသို့လျှင် အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ရှစ်ပါးကုန်သော ရဟန်းတို့၏ ကောင်းခြင်းတို့ကို ဟောတော်မူ၏။ ထိုရှစ်ပါးထက် အလွန်ကား အရာလည်းကောင်း၊ အထောင်လည်းကောင်း၊ မရေတွက်နိုင်သော ရဟန်းတို့၏ ကောင်းခြင်းတို့ကို ဤအရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ဟောခြင်းငှာ စွမ်းနိုင်တော်မူသည်သာတည်း။ ထိုသို့ စွမ်းနိုင်တော်မူသော်လည်း အရိန္ဒမ မင်းကြီးသည် ကာမဂုဏ်၌ အလွန် မွေ့လျော်သည်၏ အဖြစ်ကြောင့် ထို အရှင်ပစ္စေကဗုဒ္ဓါ စကားကိုဖြတ်၍ အကျွန်ုပ်အား ရဟန်းတို့၏ ကောင်းခြင်းတို့ဖြင့် အလိုမရှိ ဟု မိမိ၏ ကာမဂုဏ်၌ အလိုရှိသောအဖြစ်ကို အရှင်ပစ္စေကဗုဒ္ဓါအား ပြလိုရကား-

၂၀။ ဗဟူနိ သမဏ ဘဒြာနိ၊
ယော တွံ ဘိက္ခုပသံသသိ။
အဟဉ္စ ဂိဒ္ဓေါ ကာမေသု၊
ကထံ ကာဟာမိ သောဏက။
၂၁။ ပိယာ မေ မနုသာ ကာမာ၊
အထော ဒိဗျာပိ မေ ပိယာ။
အထ ကေန နု ဝဏ္ဏေန။
ဥဘော လောကေ လဘာမသေ-

ဟူသော ဤ နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၀။ သောဏက၊ သောဏက အမည်ရှိသော။ ဘိက္ခု၊ ရဟန်း။ ယော တွံ၊ အကြင်သင်သည်။ ဗဟူနိ၊ များစွာကုန်သော။ သမဏဘဒြာနိ၊ ရဟန်းတို့အား ကောင်းခြင်းတို့ကို။ ပသံသသိ၊ ချီးမွမ်း၏။ အဟဉ္စ၊ အကျွန်ုပ်သည်ကား။ ကာမေသု၊ ကာမဂုဏ်တို့၌။ ဂိဒ္ဓေါ၊ အလွန်တပ်မက်မော၏။ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။ ကာာမိ၊ စွန့်နိုင်ပါအံ့နည်း။

֍ ဋ္ဌ ၂၁။ မေ၊ အကျွန်ုပ်အား။ မာနုသာ၊ လူ၌ ဖြစ်ကုန်သော။ ကာမာ၊ ကာမဂုဏ်တို့ကို။ ပိယာ၊ ချစ်အပ်ကုန်၏။ အထော၊ ထိုမှတစ်ပါး။ မေ၊ အကျွန်ုပ်အား။ ဒိဗျာ၊ နတ်၌ ဖြစ်ကုန်သော။ ကာမာပိ၊ ကာမဂုဏ်တို့ကိုလည်း။ ပိယာ၊ ချစ်အပ်ကုန်၏။ အထ၊ ထိုသို့လျက်။ ကေန ဝဏ္ဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။ ဥဘော လောကေ၊ နှစ်ပါးသော လောကတို့ကို။ လဘာမသေ၊ ရပါအံ့နည်း။

တရားဟောတော်မူခြင်း

ထိုအခါ အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ထိုအရိန္ဒမ မင်းကြီးအား တရားဟောတော်မူလိုရကား-

၂၂။ ကာမေ ဂိဒ္ဓါ ကာမရတာ၊
ကာမေသု အဓိမုစ္ဆိတာ။
နရာ ပါပါနိ ကတွာန၊
ဥပပဇ္ဇန္တိ ဒုဂ္ဂတိံ။
။ လ။
၃၃။ ဧသာ တေ ဥပမာ ရာဇ။
အတ္ထသန္ဒဿနီ ကတာ။
တွဉ္စ ပညာယသေ တေန၊
ယဒိ ကာဟသိ ဝါ န ဝါ။

ဟူသော ဤတစ်ဆယ့်နှစ်ဂါထာတို့ကို မိန့်တော်မူ၏။

֍ ဋ္ဌ ၂၂။ မဟာရာဇ၊ မင်းမြတ်။ ယေ နရာ၊ အကြင်သူတို့သည်။ ကာမေ၊ ကာမ ဂုဏ်ငါးပါး၌။ ဂိဒ္ဓါ၊ တပ်မက်မောကုန်၏။ ကာမရတာ၊ ကာမဂုဏ်၌ မွေ့လျော်ကုန်၏။ ကာမေသု၊ ကာမဂုဏ် ငါးပါးတို့၌။ အဓိမုစ္ဆိတာ၊ လွန်စွာ တွေဝေကုန်၏။ တေ နရာ၊ ထိုသူတို့သည်။ ပါပါနိ၊ မကောင်းမှုတို့ကို။ ကတွာန၊ ပြု၍။ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာဖြစ်သော ငရဲသို့။ ဥပပဇ္ဇန္တိ၊ ဖြစ်လေကုန်၏။

֍ ဋ္ဌ ၂၃။ မဟာရာဇ၊ မင်းမြတ်။ ယေ စ နရာ၊ အကြင် သူတို့သည်ကား။ ကာမေ၊ ငါးပါးသော ကာမဂုဏ်တို့ကို။ ပဟန္တွာန၊ တံတွေးပေါက်ကဲ့သို့စွန့်၍။ နိက္ခန္တာ၊ တောထွက်ကုန်၏။ တေ နရာ၊ ထိုသူတို့သည်။ အကုတောဘယာ၊ ဘေးမှ ကင်းကုန်၏။ ဧကောဒိဘာဝံ၊ တစ်ယောက် အထီးတည်း နေခြင်းသို့။ အဓိဂတာ၊ ရောက်ကုန်၏။ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာဖြစ်သော ငရဲသို့။ န ဂစ္ဆန္တိ၊ မလားရကုန်။

֍ ဋ္ဌ ၂၄။ အရိန္ဒမ၊ မင်းမြတ် အရိန္ဒမ။ တေ၊ သင် မင်းမြတ်အား။ ဥပမံ၊ ဥပမာကို။ ကရိဿာမိ၊ ပြုအံ့။ တံ၊ ထို ဥပမာကို။ သုဏောဟိ၊ နာတော်မူလော့။ မဟာရာဇ၊ မင်းမြတ်။ ဣဓ လောကေ၊ ဤလောက၌။ ဧကစ္ဆေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဥပမာယပိ၊ ဥပမာဖြင့်လည်း။ အတ္ထံ၊ အနက်ကို။ ဇာနန္တိ၊ သိကုန်၏။

ဆင်သေကောင်နှင့် ကျီးကန်း

֍ ဋ္ဌ ၂၅။ မဟာရာဇ၊ မင်းမြတ်။ အပ္ပပညော၊ နည်းသော ပညာရှိသော။ အစေတသော၊ ပညာနှင့်ယှဉ်သော စိတ်မရှိသော။ ဝါယသော၊ ကျီးတစ်ကောင်သည်။ မဟဏ္ဏဝေ၊ နက်ကျယ်သော ရေရှိသော။ ဂင်္ဂါယံ၊ ဂင်္ဂါ၌။ ဝုယှမာနံ၊ မျောသော။ ကုဏပံ၊ ဆင်ကောင်ပုပ်ကို။ ဒိသွာ၊ မြင်၍။ သမစိန္တေသိ၊ မိမိအစွမ်းဖြင့်ကြံ၏။

֍ ဋ္ဌ ၂၆။ မယာ၊ ငါသည်။ ဣဒံ ယာနဉ္စ၊ ဤယာဉ်ကိုလည်း။ လဒ္ဓံ ဝတ၊ ရပေစွတကား။ အယံ ဘက္ခော စ၊ ဤအစာသည်လည်း။ အနပ္ပကော၊ များပေစွတကား။ ဣတိ၊ ဤသို့။ စိန္တေသိ၊ ကြံ၏။ ဧဝံ စိန္တေတွာ၊ ဤသို့ကြံပြီး၍။ တတ္ထ၊ ထိုဆင်ကောင်ပုပ်၌။ ရတ္တိံ၊ ညဉ့်၌လည်းကောင်း။ တတ္ထ၊ ထိုဆင်သေကောင်ပုပ်၌။ ဒိဝါ၊ နေ့၌လည်းကောင်း။ တတ္ထေဝ၊ ထို ဆင်သေကောင်ပုပ်၌သာလျှင်။ မနော၊ စိတ်၏။ နိရတော၊ အမြဲ မွေ့လျော်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၂၇။ မဟာရာဇ၊ မင်းမြတ်။ ဝိဟင်္ဂမော၊ ကျီးမိုက်သည်။ နာဂဿ၊ ဆင်၏။ မံသာနိ၊ အသားတို့ကို။ ခါဒံ-ခါဒန္တော၊ စားလျက်။ ဂင်္ဂါဘာဂီရထောဒကံ၊ ဂင်္ဂါရေကို။ ပိတံ-ပိဝန္တော၊ သောက်လျက်။ ဧတာနိ စ၊ ဤသို့ ဆိုပြီးသည်တို့ကိုလည်း။ သမ္မဿံ၊ ကောင်းစွာ မြင်နိုင်သည်ဖြစ်၍။ ဝနံ၊ မိမိနေရတောသို့။ န ပလေတ္ထ၊ မပြန်ပြီ။

֍ ဋ္ဌ ၂၈။ မဟာရာဇ၊ မင်းမြတ်။ တဉ္စ၊ ထိုဆင်သေကောင်သည်လည်း။ ဂင်္ဂါ၊ ဂင်္ဂါမြစ်မှ။ ဩတရဏီ၊ သမုဒ္ဒရာသို့ သက်လေသည် ရှိသော်။ ပမတ္တံ၊ မေ့လျော့သော။ ကုဏပေ၊ ဆင်သေကောင်ပုပ်၌။ ရတံ၊ မွေ့လျော်သော ကျီးသည်။ ယတ္ထ၊ အကြင်သမုဒ္ဒရာ၌။ ပက္ခီနံ၊ ငှက်တို့၏။ အဂတီ-ပတိဋ္ဌာနရဟိတံ၊ တည်ရာမရှိသော။ တံ သမုဒ္ဒံ၊ ထိုသမုဒ္ဒရာသို့။ အဇ္ဈဂါဟာသိ၊ ဝင်လေ၏။

֍ ဋ္ဌ ၂၉။ မဟာရာဇ၊ မင်းမြတ်။ သော စ ဝိဟင်္ဂမော၊ ထိုကျီးမိုက်သည်။ ဘက္ခပရိက္ခီဏော၊ အစာကုန်ပြီးသော်။ ဥဒပတွာ၊ ရေအပေါ် ပျံ၍။ ပစ္ဆတော၊ အနောက်အရပ်မှ။ ပတိဋ္ဌံ၊ တည်ရာကို။ န လဘတိ၊ မရ။ ပုရတော၊ အရှေ့အရပ်မှ။ ပတိဋ္ဌံ၊ တည်ရာကို။ န လဘတိ၊ မရ။ ဥတ္တရံ၊ မြောက်အရပ်မှ။ ပတိဋ္ဌံ၊ တည်ရာကို။ န လဘတိ၊ မရ။ ဒက္ခိဏံ၊ တောင်အရပ်မှ။ ပတိဋ္ဌံ၊ တည်ရာကို။ နောပိ လဘတိ၊ မရ။

֍ ဋ္ဌ ၃၀။ မဟာရာဇ၊ မင်းမြတ်။ သော ဝိဟင်္ဂမော၊ ထိုကျီးမိုက်သည်။ ယတ္ထ၊ အကြင် သမုဒ္ဒရာအပြင်၌။ ပက္ခီနံ၊ ငှက်တို့အား။ အဂတီ၊ တည်ရာမရှိ။ တတ္ထ၊ ထို တည်ရာမရှိသော သမုဒ္ဒရာအပြင်၌။ အဂစ္ဆိ၊ ပျံသွား၏။ ဒိသံ၊ တည်ရာအရပ်ကိုကား။ နာဇ္ဈဂါ၊ မရနိုင်း။ မဟာရာဇ၊ မင်းမြတ်။ သော စ ဝိဟင်္ဂမော၊ ထိုကျီးမိုက်သည်။ ယထာ၊ အကြင် အခြင်းဖြင့် ပျံသွားဖန် များသည်ရှိသော်။ ဒုဗ္ဗလကော၊ အားနည်း၏။ တထာ၊ ထိုအခြင်းဖြင့် ပျံသွားသည်ရှိသော်။ တတ္ထေဝ၊ ထိုသမုဒ္ဒရာ အပြင်၌ပင်လျှင်။ ပါပတ္ထ- ပပတိတော၊ ကျလေ၏။

֍ ဋ္ဌ ၃၁။ မဟာရာဇ၊ မင်းမြတ်။ ဝိပက္ခကံ၊ အတောင်လည်း ပျက်စီးထသော။ ဖန္ဒမာနံ၊ တုန်လှုပ်ထသော။ တဉ္စ၊ ထိုကျီးကိုလည်း။ သာမုဒ္ဒကာ၊ သမုဒ္ဒရာ၌ ဖြစ်ကုန်သော။ မစ္ဆာ စ၊ ငါးတို့သည်လည်းကောင်း။ ကုမ္ဘီလာ စ၊ လင်းပိုင်တို့သည်လည်းကောင်း။ မကရာ စ၊ မကရ်းတို့သည်လည်းကောင်း။ သုသူ စ၊ မိကျောင်းတို့သည်လည်းကောင်း။ ပသယှကာရာ၊ နှိပ်စက်ခြင်းကို ပြုကုန်လျက်။ ခါဒိံသု၊ စားကြကုန်၏။

֍ ဋ္ဌ ၃၂။ ရာဇ၊ မင်းမြတ်။ ဧဝမေဝ၊ ဤအတူလျှင်။ တုဝံ စ၊ သင်မင်းမြတ်သည်လည်းကောင်း။ အညေ၊ သင်မင်းကြီးမှ တစ်ပါးကုန်သော။ ကာမဘောဂိနော၊ ကာမဂုဏ်ချမ်းသာကို ခံစားကြကုန်သော။ ဂိဒ္ဓါ၊ ကာမဂုဏ်၌ တပ်မက်မာကုန်သော။ ယေ ပုဂ္ဂလာ၊ အကြင် ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ စေ န ဝမိဿန္တိ၊ အကယ်၍ မစွန့်ကုန်အံ့။ တေ ပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်တို့ကို။ ကာကပညာဝ၊ ကျီးမိုက်၏ အသိဉာဏ်နှင့်တူသော အသိဉာဏ်ရှိသူဟူ၍။ တေ၊ ထို ဘုရားအစရှိသော ပညာရှိ သူတော်ကောင်းတို့သည်။ ဝိဒူ၊ သိုကုန်၏။

֍ ဋ္ဌ ၃၃။ ရာဇ၊ မင်းမြတ်။ တေ၊ သင်မင်းမြတ်အား။ အတ္ထသန္ဒဿနီ၊ အကျိုးကို ကောင်းပြတတ်သော။ ဧသာ ဥပမာ၊ ဤဥပမာကို။ ကတာ၊ ပြုအပ်ပြီ။ တွဉ္စ၊ သင်မင်းမြတ်သည်လည်း။ တေန၊ ထိုအကြောင်းဖြင့်။ ပညာယသေ၊ ထင်လတ္တံ့။ ယဒိ၊ အကယ်၍။ ကာဟသိ ဝါ၊ လိုက်နာလိုလည်း လိုက်နာတော်မူလော့။ န ဝါ ကာဟသိ၊ မလိုက်နာလိုလျှင်လည်း နေတော်မူလော့။

နန္ဒမူလိုဏ်သို့ ကြွ

ဤသို့လျှင် ထိုအရိန္ဒမ မင်းကြီးအား အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ဤဥပမာဖြင့် အဆုံးအမကိုပေးတော်မူပြီး၍ ယခုအခါ ထိုအဆုံးအမကိုပင်လျှင် မြဲစွာပြု၍ တည်စိမ့်သော အဆုံးအမကို ပေးပြန်တော် မူလိုရကား-

၃၄။ ဧကဝါစမ္ပိ ဒွိဝါစံ၊ ဘဏေယျ အနုကမ္ပကော။
တတုတ္တရိံ န ဘာသေယျ၊ ဒါသောဝယျဿ သန္တိကေ။

ဟူသော ဤဂါထာကို ဘော်မူ၏။

֍ ဋ္ဌ ၃၄။ မဟာရာဇ၊ မင်းမြတ်။ အနုကမ္ပကော၊ အစဉ်သနားခြင်းရှိသောသူသည်။ ဧကဝါစံ၊ တစ်ခွန်းသောစကားကို လည်းကောင်း။ ဒွိပိဝါစံ၊ နှစ်ခွန်းသောစကားကိုလည်းကောင်း။ ဘဏေယျ၊ ဆိုဆုံးမရာ၏။ တတုတ္တရိံ၊ ထိုတစ်ခွန်း နှစ်ခွန်းထက်အလွန်။ န ဘာသေယျ၊ မဆိုဆုံးမရာ။ အယျဿ၊ အရှင်၏။ သန္တိကေ၊ အထံ၌။ ဒါသော ဣဝ၊ ကျွန်ကဲ့သို့။ ဟောတိ၊ ဖြစ်၏။

ဤသို့ ဟောပြောဆုံးမပြီးလျှင် အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ကောင်းကင်သို့ ပျံတက်၍ နန္ဒမူလိုဏ်သို့သာလျှင် ကြွတော်မူလေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၃၅။ ဣဒံ ဝတွာန ပက္ခာမိ၊ သောဏကော အမိတဗုဒ္ဓိမာ။

ဝေဟာသေ အန္တလိက္ခသ္မိံ၊ အနုသာသိတွာန ခတ္ထိယံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၃၅။ ဘိက္ခဝေ၊ ရဟန်းတို့။ အမိတဗုဒ္ဓိမာ၊ မနှိုင်းယှဉ်အပ်သော လောကုတ္တရာ ပညာရှိသော။ သောဏကော၊ သောဏက ပစ္စေကဗုဒ္ဓါသည်။ ဣဒံ၊ ဤသို့သော စကားကို။ ဝတွာန၊ မိန့်တော်မူပြီး၍။ ခတ္တိယံ၊ ရေမြေကို အစိုးရသော အရိန္ဒမမင်းကြီးကို။ အနုသာသိတွာန၊ ဆုံးမတော်မူပြီး၍။ ဝေဟာသေ၊ ဝေဟာသဟု ဆိုအပ်သော။ အန္တလိက္ခသ္မိံ၊ ကောင်းကင်၌။ ပက္ကာမိ၊ ပျံကြွလေ၏။

သားတော်ကို နန်းအပ်ပုံ

ဘုရားလောင်း အရိန္ဒမမင်းသည်လည်းကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသော ထိုအရှင်သောဏက ပစ္စေကဗုဒ္ဓါကို မျက်စိမြင်ကောင်းသော ခရီးတိုင်အောင်ရပ်၍ ကြည့်မျှော်လျက် ထိုအရှင်သောဏက ပစ္စေကဗုဒ္ဓါသည် မျက်စိမြင်ကောင်းသောခရီးကို လွန်သည်ရှိသော် ထိတ်လန့်ခြင်းကိုရ၍ ဤ ပုဏ္ဏားသည် ယုတ်သောဇာတ် ရှိသည်ဖြစ်လျက် အသမ္ဘိန္နခတ္တိယ အမျိုး၌ဖြစ်သော ငါ၏ ဦးခေါင်းထက်၌ မိမိ၏ ခြေမှုန့်မြူတို့ကို ကြဲချလျက် ကောင်းကင်သို့ ပျံတက်ကြွသွားတော်မူ၏။ ငါသည်လည်း ယနေ့ပင်လျှင် တောထွက်၍ ရဟန်းပြုခြင်းငှာ သင့်၏ ဟု ကြံ၏။ ကြံပြီး၍ ထိုအရိန္ဒမမင်းကြီးသည် တိုင်းပြည်ကို အပ်နှင်း၍ ရဟန်းပြုတော်မူလိုရကား-

၃၆။ ကောနုမေ ရာဇကတ္တာရော၊ သုဒ္ဒါ ဝေယျတ္တမာဂတာ။
ရဇ္ဇံ နိယျာဒယိဿာမိ၊ နာဟံ ရဇ္ဇေန မတ္ထိကော။
၃၇။ အဇ္ဇေဝ ပဗ္ဗဇိဿာမိ၊ ကော ဇညာ မရဏံ သုဝေ။
နာဟံ ကာကောဝ ဒုမ္မေဓော၊ ကာမာနံ ဝသမနွဂံ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆိုတော်မူ၏။

֍ ဋ္ဌ ၃၆။ ဘောန္တော အမစ္စာ၊ အို... အမတ်အပေါင်းတို့။ သုဒ္ဒါ စ၊ သူဆင်းရဲတို့သည်လည်းကောင်း။ ဝေယျတ္တမာဂတာ၊ ထင်ရှားသောအဖြစ်သို့ ရောက်ကုန်သာ နှုတ်မင်္ဂလာရှိသော သူတို့သည်လည်းကောင်း။ ယေ၊ အကြင်သူတို့သည်။ ရာဇကတ္တာရော၊ မင်း၏အာဏာကို ပြုခြင်းငှာ စွမ်းနိုင်ကုန်၏။ ဣမေထ၊ ဤသူတို့သည်။ ကာ နု၊ အဘယ်မှာနည်း။ ရဇ္ဇံ၊ တိုင်းပြည်ကို။ နိယျာဒယိဿာမိ၊ အပ်နှင်းပါအံ့။ အဟံ၊ ငါသည်။ ရဇ္ဇေန၊ မင်းအဖြစ်ဖြင့်။ န အတ္ထိကော၊ အလိုမရှိ။

֍ ဋ္ဌ ၃၇။ ဘောန္တော အမစ္စာ၊ အို... အမတ်အပေါင်းတို့။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေရအံ့သည်ကို။ ကော၊ အဘယ်သူသည်း။ ဇညာ၊ သိနိုင်ရာအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကာဝ၊ ဆင်သေကောင်ပုပ်၌ တပ်စွန်းသဖြင့် မွေ့လျော်ပျော်ပါးသော ကျီးကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

ဤသို့ တိုင်းပြည်ကိုအပ်နှင်းသော အရိန္ဒမမင်းကြီးစကားကို ကြားကုန်၍ မှူးတော် မတ်တော်တို့သည် အရှင်မင်းမြတ်အား အကြောင်းကို တင်လျှောက်လိုကုန်ရကား-

၃၈။ အတ္ထိ တေ ဒဟရော ပုတ္တော၊ ဒီဃာဝု ရဋ္ဌဝဍ္ဎနော။
တံ ရဇ္ဇေ အဘိသိဉ္စဿု၊ သော နော ရာဇာ ဘဝိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၈။ မဟာရာဇ၊ မင်းမြတ်။ တေ၊ အရှင်မင်းမြတ်၏။ ပုတ္တော၊ သားတော်ဖြစ်သော။ ဒဟရော၊ ငယ်နုစွာသော။ ရဋ္ဌဝဍ္ဎနော၊ ပြည်သူတို့၏နှလုံးကို ပွားစေတတ်သော။ ဒီဃာဝု၊ ဒီဃာဝု အမည်ရှိသော သတို့သားသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုသားတော် ဒီဃာဝုကို။ ရဇ္ဇေ၊ မင်းအဖြစ်၌။ အဘိသိဉ္စဿု၊ အဘိသိက် သွန်းတော်မူပါ။ သော၊ ထိုဒီဃာဝု မင်းသားသည်။ နော၊ အကျွန်ုပ်တို့၏။ ရာဇာ၊ အရှင်မင်းမြတ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ထိုသို့ တင်လျှောက်သောအခါ အရိန္ဒမမင်းကြီးသည် သားတော်ကို ခေါ်စေတော်မူလိုရကား-

၃၉။ ခိပ္ပံ ကုမာရံ အာနေထ၊ ဒီဃာဝုံ ရဋ္ဌဝဍ္ဎနံ။
တံ ရဇ္ဇေ အဘိသိဉ္စိဿံ၊ သော ဝေ ရာဇာ ဘဝိဿတိ။

ဟူသော ဤဂါထာကိုဆို၏။

֍ ဋ္ဌ ၃၉။ ဘောန္တော၊ အိုအမတ်များတို့။ ရဋ္ဌဝဍ္ဎနံ၊ ပြည်သူအပေါင်းတို့၏ နှလုံးကို ပွားစေတတ်သော။ ဒီဃာဝုံ၊ ဒီဃာဝု အမည်ရှိသော။ ကုမာရံ၊ မင်းသားကို။ ခိပ္ပံ၊ လျင်စွာ။ အာနေထ၊ ဆောင်ခဲ့ကြကုန်လော့။ တံ၊ ထိုဒီဃာဝု မင်းသားကို။ ရဇ္ဇေ၊ မင်းအဖြစ်၌။ အဘိသိဉ္စဿံ၊ အဘိသိက်သွန်းအံ့။ သော၊ ထိုဒီဃာဝု မင်းသားသည်။ ဝေါ၊ သင်တို့၏။ ရာဇာ၊ မင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ထို့နောင်မှ သားတော်ကို ဆောင်ယူခဲ့သော အကြောင်းကို ပြလိုရကား-

၄၀။ တတော ကုမာရံ အာနသေုံ၊ ဒီဃာဝုံ ရဋ္ဌဝဍ္ဎနံ။
တံ ဒိသွာ အာလပိ ရာဇာ၊ ဧကပုတ္တံ မနောရမံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၀။ တတော၊ ထို့နောင်မှ။ ရဋ္ဌဝဍ္ဎနံ၊ ပြည်သူအပေါင်းတို့၏နှလုံးကို ပွားစေတတ်သော ဒီဃာဝုံ၊ ဒီဃာဝု အမည်ရှိသော။ ကုမာရံ၊ မင်းသားကို။ အာနေသုံ၊ ဆောင်ခဲ့ကုန်ရာ၏။ ရာဇာ၊ ခမည်းတော် အရိန္ဒမမင်းကြီးသည်။ မနာရမံ၊ နှစ်လိုဖွယ်ရှိသော။ တံ ဧကပုတ္တံ၊ ထိုတစ်ယောက်တည်းသော သားတော်ကို။ ဒိသွာ၊ ၍။ အာလပိ၊ ခေါ်တော်မူ၏။

ခမည်းတော် အရိန္ဒမ မင်းကြီးသည် သားတော်အား မှာထားတော်မူသဖြင့် တိုင်းပြည်ကို ဆောက်နှင်းတော်မူလိုရကား-

၄၁။ သဋ္ဌိဂါမ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
တေ ပုတ္တ ပဋိပဇ္ဇဿု၊ ရဇ္ဇံ နိယျဒယာမိ တေ။
။ လ။
၅၅။ အဇ္ဇေဝ ပဗ္ဗဇိဿာမိ၊ ကော ဇညာ မရဏံ သုဝေ။
နာဟံ ကာကောဝ ဒုမ္မေဓော၊ ကာမာနံ ဝသ မနွဂံ။

ဟူသော ဤ တစ်ဆယ့်နှစ်ဂါထာတို့ကို ဆိုတော်မူ၏။

֍ ဋ္ဌ ၄၁။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။ ပရိပုဏ္ဏာနိ၊ ကောင်းစွာ ပြည့်ကုန်သော။ သဋ္ဌိဂါမသဟဿာနိ၊ ခြောက်သောင်းသော ရွာတို့ကို။ တေ၊ သင်ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော့။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ ပြည်စည်းစိမ်ကို။ နိယျာဒယာမိ၊ ငါ ဆောင်နှင်း၏။

֍ ဋ္ဌ ၄၂။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ အဟံ၊ ငါသည်။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိပါချေအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကကောဝ၊ ဆင်သေကောင်ပုပ်၌ မွေ့လျော်သော ကျီးမိုက်ကဲ့သို့။ ကမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

֍ ဋ္ဌ ၄၃။ ပုတ္တ၊ ဖခင်ရင်နှစ် သားချစ်မျက်ရှု ဒီဃာဝု။ သဗ္ဗာလင်္ကာရဘူသိတာ၊ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်ထသော။ သုဝဏ္ဏကစ္ဆာ၊ ရွှေကြိမ်တို့ဖြင့်လည်း ခက်အပ်ကုန်ထသော။ မာတင်္ဂါ၊ မာတင်မျိုးလည်း ဖြစ်ကုန်ထသော။ ဟေမကပ္ပနိဝါသသာ၊ ရွှေကြိုး ရွှေကလည်း တင်ကုန်ထသော။ တောမရင်္ကုသပါဏိဘိ၊ လှံမ ချွန်းတောင်းလည်း လက်စွဲကုန်ထသော။ ဂါမဏိယေဘိ၊ ဆင်စီးသူရဲတို့သည်။ အာရုဠှာ၊ တက်စီးကုန်ထသော။ သဋ္ဌိနာဂသဟဿာနိ၊ ခြောက်သောင်းသော ဆင်တော်အပေါင်းတို့ကို။ တေ၊ သင် ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော့။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ တိုင်းပြည်ကို။ နိယျာဒယိဿာမိ၊ ငါဆောင်နှင်း၏။

֍ ဋ္ဌ ၄၅။ ပုတ္တ၊ ဖခင်ရင်နှစ် သားချစ်မျက်ရှု ဒီဃာဝု။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်အံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကောဝ၊ ကျီးမိုက်ကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

֍ ဋ္ဌ ၄၆။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ သဗ္ဗာလင်္ကာရဘူသိတာ၊ ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်ထသော။ ဇာတိယာ၊ အမျိုးအားဖြင့်။ အာဇာနီယာ စ၊ အာဇာနည်မျိုး၌လည်း ဖြစ်ကုန်ထသော။ သိန္ဓဓဝါ၊ သိန္ဓောမျိုး၌လည်း ဖြစ်ကုန်ထသော။ သီဃဝါဟိနော၊ လျင်ခြင်းအားနှင့်လည်း ပြည့်စုံကုန်ထသော။ ဣလ္လိယာစာပဓာရိဘိ၊ သိကြားမင်း လေးတောင့်လည်း လွယ်ကုန်ထသော။ ဂါမဏီယေဘိ၊ မြင်းစီးသူရဲတို့သည်။ အာရုဠှာ၊ တက်စီးကုန်ထသော။ သဋ္ဌိအဿသဟဿာနိ၊ ခြောက်သောင်းကုန်သော မြင်းအပေါင်းတို့ကို။ တေ၊ သင်ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော့။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ တိုင်းပြည်ကို။ နိယျာဒယိသာမိ၊ အပ်နှင်း၏။

֍ ဋ္ဌ ၄၈။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်ရာအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကောဝ၊ ကျီးမိုက်ကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

֍ ဋ္ဌ ၄၉။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ သန္နဒ္ဓါ၊ မြဲမြံစွာ ဖွဲ့အပ်ကုန်ထသော။ ဥဿီတဒ္ဓဇာ၊ ရထားဦး၌ ဆောက်အပ်သော တံခွန်လည်း ရှိကုန်ထသော။ ဒီပါ၊ သစ်ရေလည်း ရံအပ်ကုန်ထသာ။ အထောပိ၊ ထိုမှ တစ်ပါးလည်း။ ဝယြေဂ်ဃါ၊ ကျားရေလည်း ရံအပ်ကုန်ထသော။ သဗ္ဗာလင်္ကာရဘူသိတာ၊ ခပ်သိမ်းသော တန်ဆာတို့ဖြင့်လည်း တန်ဆာဆင်အပ်ကုန်ထသော။ စာပဟတ္ထေဟိ၊ လေးလည်း လက်စွဲကုန်ထသော။ ဝမ္မိဘိ၊ ချပ်မိန်ညိုလည်း ဝတ်ကုန်ထသော။ ဂါမဏီယေဘိ၊ ရထားစီး သူရဲတို့သည်။ အာရုဠှာ၊ တက်စီးအပ်ကုန်ထသော။ သဋ္ဌိရထသဟဿာနိ၊ ခြောက်သောင်းကုန်သော ရထားတော် အပေါင်းတို့ကို။ တေ၊ သင်ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော့။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ နိယျာဒယိဿာမိ၊ ဆောင်နှင်း၏။

֍ ဋ္ဌ ၅၁။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်ရာအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကောဝ၊ ကျီးကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ နု အနွဂံ၊ မလိုက်ပြီ။

֍ ဋ္ဌ ၅၂။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ ရောဟညာ၊ နီသောအဆင်းလည်းရှိကုန်ထသော။ ပုင်္ဂဝူသဘာ၊ နွားလား ဥသဘဟု ဆိုအပ်သော အကြီးဖြစ်သော နွားနှင့်တကွ ဖြစ်ကုန်ထသော။ သဋ္ဌိဓေနုသဟဿာနိ၊ ခြောက်သောင်းကုန်သော နို့ညှစ်နွားမတို့သည်။ သန္တိ၊ ရှိကုန်၏။ တာ၊ ထိုနွားမအပေါင်းတို့ကို။ တေ၊ သင်ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ တိုင်းပြည်ကို။ နိယျာဒယိဿာမိ၊ ဆောင်နှင်း၏။

֍ ဋ္ဌ ၅၃။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်ရာအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကောဝ၊ ကျီးမိုက်ကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

֍ ဋ္ဌ ၅၄။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ သဗ္ဗာလင်္ကာရဘူသိတာ၊ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်ထသော။ ဝိစိတြဝတ္ထာဘရဏာ၊ ဆန်းကြယ်သော အဝတ်တန်ဆာလည်း ဆင်ဝတ်ကုန်ထသော။ အာမုက္ကမဏိကုဏ္ဍလာ၊ ပုလဲပတ္တမြားနားတောင်းလည်း ဆင်ဝတ်ကုန်ထသော။ သောဠသိတ္ထိသဟဿာနိ၊ တစ်သောင်း ခြောက်ထောင်ကုန်သော မောင်းမတို့သည်။ သန္တိ၊ ရှိကုန်၏။ တာ၊ ထိုမောင်းမတို့ကို။ တေ၊ သင်ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော့။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ တိုင်းပြည်ကို။ နိယျာဒယိဿာမိ၊ ဆောက်နှင်း၏။

֍ ဋ္ဌ ၅၅။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်ရာအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကောဝ၊ ကျီးမိုက်ကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

သားတော်ပါ လိုက်ပါလို

ဤသို့ မိန့်ဆိုမှာထားတော်မူသော စကားကိုကြား၍ သားတော် ဒီဃာဝုမင်းသားသည် ခမည်းတော် အရိန္ဒမမင်းကြီးအား အကြောင်းကို တင်လျှောက်လိုရကား-

၅၆။ ဒဟရဿေဝ မေ တာတ၊ မာတာ မတာတိ မေ သုတံ။
တယာ ဝိနာ အဟံ တာတ၊ ဇီဝိတုမ္ပိ န ဥဿဟေ။
၅၇။ ယထာ အာရညကံ နာဂံ၊ ပေါတော အနွေတိ ပစ္ဆတော။
ဇေဿန္တံ ဂိရိဒုဂ္ဂေသု၊ သမေသု ဝိသမေသု စ။
၅၈။ ဧဝံ တံ အနုဂစ္ဆာမိ၊ ပုတ္တ မာဒါယ ပစ္ဆတော။
သုဘရော တေ ဘဝိဿာမိ၊ န တေ ဟေဿာမိ ဒုဗ္ဘရော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၆။ တာတ၊ ခမည်းတော်မင်းမြတ်။ ဒဟရဿေဝ၊ ငယ်စဉ်ကသာလျှင်။ မေ၊ အကျွန်ုပ်၏။ မာတာ၊ မယ်တော်သည်။ မတာတိ၊ သေပြီဟူ၍။ မေ၊ အကျွန်ုပ်သည်။ သုတံ၊ ကြားဖူးပါ၏။ တာတ၊ ခမည်းတော်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ တယာ၊ သင် ဖခင်မင်းမြတ်နှင့်။ ဝိနာ၊ ကင်း၍။ ဇီဝိတုမ္ပိ၊ အသက်ရှည်ခြင်းငှာလည်း။ န ဥဿဟေ၊ မစွမ်းနိုင်ပါ။

֍ ဋ္ဌ ၅၇။ တာတ၊ ခမည်းတော် မင်းမြတ်။ ယထာ၊ ဥပမာ မည်သည်ကား။ သမေသု စ၊ ညီညွတ်သည်လည်း ဖြစ်ကုန်ထသော။ ဝိသမေသု စ၊ မညီညွတ်သည်လည်း ဖြစ်ကုန်ထသော။ ဂိရိဒုဂ္ဂေသု၊ တောင် မြောင် ချောက်ကြားတို့၌။ ဇေဿန္တံ၊ သွားသော။ အာရညကံ၊ တော၌နေသော။ နာဂံ၊ ဆင်မင်းကို။ ပေါတော၊ ဆင်သူငယ်သည်။ ပစ္ဆတော၊ နောက်က။ အနွေတိ ယထာ၊ အစဉ်လိုက်သကဲ့သို့။

֍ ဋ္ဌ ၅၈။ ဧဝံ တထာ၊ ထို့အတူ။ ပုတ္တံ၊ သားငယ်ကို။ အာဒါယ၊ ခေါ်ယူ၍။ ဂစ္ဆ၊ သွားတော်မူပါလော့။ ပစ္ဆတာ၊ နောက်မှ။ တံ၊ သင်ဖခင်မင်းမြတ်သို့။ အနုဂစ္ဆာမိ၊ အစဉ်တစိုက်လိုက်ပါအံ့။ တေ၊ သင်ဖခင် မင်းမြတ်အား။ သုဘရော၊ အသက်မွေးလွယ်သည်။ ဘဝိဿာမိ၊ ဖြစ်ပါလတ္တံ့။ တေ၊ သင် ဖခင်မင်းမြတ်အား။ ဒုဗ္ဘရော၊ အသက်မွေးခက်သည်။ န ဟေဿာမိ၊ မဖြစ်ရပါလတ္တံ့။

အတင်းနန်းအပ်ခဲ့

ထိုသို့ သားတော် တင်လျှောက်သောအခါ ခမည်းတော်မင်းကြီးသည် မှူးတော် မတ်တော်တို့ကို စေတော်မူလိုရကား-

၅၉။ ယထာ သာမုဒ္ဒိကံ နာဝံ၊ ဝါဏိဇာနံ ဓနေသိနံ။
ဝေါဟာရော တတ္ထ ဂဏှေယျ၊ ဝါဏိဇာ ဗျသနီ သိယာ။
၆၀။ ဧဝမေဝါယံ ပုတ္တကလိ၊ အန္တရာယကရော မမ။
ဣမံ ကုမာရံ ပါပေထ၊ ပါသာဒံ ရတိဝဍ္ဎနံ။
၆၁။ တတ္ထ ကမ္ဗုသဟတ္ထာယော၊ ယထာ သက္ကံဝ အစ္ဆရာ။
တာနံ တတ္ထ ရမေဿန္တိ၊ တာဟိ စေသော ရမိဿတိ။

ဟူသော ဤသုံးဂါထာကို ဆိုတော်မူ၏။

֍ ဋ္ဌ ၅၉။ ဘောန္တော၊ အမတ်တို့။ ယထာ၊ ဥပမာ မည်သည်ကား။ ဓနေသိနံ၊ ဥစ္စာကိုရှာကုန်သော။ ဝါဏိဇာနံ၊ ကုန်သည်တို့၏။ သာမုဒ္ဒိကံ၊ သမုဒ္ဒရာ၌သွားသော။ နာဝံ၊ လှေကို။ တတ္ထ၊ သမုဒ္ဒရာ၌။ ဝေါဟာရော၊ အထူးထူးသော ဘေးရန်သည်။ ယဒိ ဂဏှေယျ၊ အကယ်၍ ကိုင်ငင်ငြားအံ့။ ဝါဏိဇာဗျသနီ၊ ကုန်သည်တို့၏ ပျက်စီးခြင်းသည်။ သိယာ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ အယံပုတ္တကလိ၊ ဤ သားယုတ်သည်။ မမ၊ ငါ၏။ အန္တရာယံ၊ ရဟန်းပြုခြင်း အန္တရာယ်ကို။ ကရော၊ ပြုဘိ၏။ ဣမံ ကုမာရံ၊ ဤမင်းသားကို။ ရတိဝဍ္ဎနံ၊ မွေ့လျော်ခြင်းကို ပွားစေတတ်သော။ ပါသာဒံ၊ ရွှေနန်းပြာသာဒ်ထက်သို့။ ပါပေထ၊ ပို့ကြစေကုန်။

֍ ဋ္ဌ ၆၁။ ဘောန္တော၊ အို... အမတ်အပေါင်းတို့။ တတ္ထ၊ ထိုမွေ့လျော်ခြင်းကို ပွားစေတတ်သော ရွှေနန်းပြာသာဒ်ထက်၌။ ကမ္ဗုသဟတ္ထာယော၊ ရွှေတန်ဆာဖြင့် တန်ဆာဆင်အပ်သော လက်ရှိကုန်သော။ တာ၊ ထိုမောင်းမတို့သည်။ နံ၊ ထို ဒီဃာဝုမင်းသားကို။ အစ္ဆရာ၊ နတ်သမီးအပေါင်းသည်။ သက္ကံ၊ သိကြားနတ်မင်းကို။ ယထာ၊ အကြင်အခြင်းဖြင့်။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ တထာ၊ ထိုအခြင်းဖြင့်။ ရမေတိ ဣဝ၊ မွေ့လျော် ပျော်ပါးစေသကဲ့သို့။ တထာ၊ ထို့အတူ။ တတ္ထ၊ ထိုမွေ့လျော်ခြင်းကို ပွားစေတတ်သော ရွှေနန်းပြာသာဒ်၌။ ရမေဿန္တိ၊ မွေ့လျော်စေကုန်လတ္တံ့။ ဧသော စ၊ ဤမင်းသားသည်လည်း။ တာဟိ၊ ထိုမောင်းမတို့နှင့်။ သဒ္ဓိံ၊ တကွ။ ရမိဿတိ၊ မွေ့လျော်ပျော်ပါးလတ္တံ့။

ဤသို့ မိန့်ဆိုတော်မူပြီးလျှင် ဘုရားလောင်း အရိန္ဒမမင်းကြီးသည် သားတော် ဒီဃာဝုမင်းသားကို ထိုဥယျာဉ်၌ပင်လျှင် အဘိသိက်သွန်းစေ၍ နန်းမြို့သို့ ပို့ဆောင်စေတော်မူ၏။

တောထွက်လေပြီ

မိမိသည်ကား ကိုယ်တော်တစ်ပါးတည်း ဥယျာဉ်တော်မှထွက်သွားပြီးလျှင် ဟိမဝန္တာသို့ဝင်၍ မွေ့လျော်ဖွယ်ရှိသော မြေအဖို့၌ ကျောင်းဆောက်ပြီးလျှင် ရသေ့ရဟန်းပြု၍ တောသစ်မြစ် တောသစ်သီးဟူသော အာဟာရရှိသည်ဖြစ်၍ မျှတော်မူ၏။ မှူးတော်မတ်တော်စသော လူအပေါင်းတို့သည်လည်း သားတော် ဒီဃာဝုမင်းသားကို ဗာရာဏသီ နေပြည်တော်သို့ ပို့ဆောင်ကုန်၏။

သားတော်မင်းပြုရပြီ

ထိုဒီဃာဝုမင်းသားသည် မြို့တော်ကို လက်ယာရစ်လှည့်သည်ကိုပြု၍ ရွှေနန်းပြာသာဒ်ထက်သို့ တက်တော်မူ၏။ ထိုအခါ မင်းသားကို မင်းသမီးအပေါင်းတို့သည် မေးလျှောက်ကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၂။ တတော ကုမာရံ ပါပေသုံ၊ ပါသာဒံ ရတိဝဍ္ဎနံ။
တံ ဒိသွာ အဝစုံ ကညာ၊ ဒီဃာဝုံ ရဋ္ဌဝဍ္ဎနံ။
၆၃။ ဒေဝတာနုသိ ဂန္ဓဗ္ဗော၊ အဒု သက္ကော ပူရိန္ဒဒေါ။
ကော ဝါ တွံ ကဿ ဝါ ပုတ္တော၊ ကထံ ဇာနေမု တံ မယံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၆၂။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော၊ ထို့နောင်မှ။ ကုမာရံ၊ ဒီဃာဝုမင်းသားကို။ ရတိဝဍ္ဎနံ၊ မွေ့လျော်ခြင်းကို ပွားစေတတ်သော။ ပါသာဒံ၊ ရွှေနန်းပြာသာဒ်ထက်သို့။ ပါပေသုံ၊ ပို့လေကုန်၏။ ရဋ္ဌဝဍ္ဎနံ၊ တိုင်းပြည်သူအပေါင်းကို ပွားစေတတ်သော။ ဒီဃာဝုံ၊ ဒီဃာဝု အမည်ရှိသော။ တံ၊ ထိုမင်းသားကို။ ဒိသွာ၊ မြင်၍။ ကညာ၊ နန်းတွင်းသူ အပေါင်းတို့သည်။ အဝစုံ၊ မေးလျှောက်ကြကုန်၏။

֍ ဋ္ဌ ၆၃။ ကထံ အဝစုံ၊ အဘယ်သို့ မေးလျှောက်ကြကုန်သနည်းဟူမူကား။ သာမိ၊ အရှင်။ တွံ၊ သင်သည်။ ဒေဝတာ၊ စတုမဟာရာဇ် နတ်သည်တည်း။ အသိ နု၊ ဖြစ်သလော။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗနတ်သည်တည်း။ အသိ နု၊ ဖြစ်သလော။ အဒု၊ ထိုသို့ မဟုတ်မူကား။ ပုရိန္ဒဒေါ၊ အလှူလက်ဦး ပေးဖူးသော။ သက္ကော၊ သိကြား နတ်မင်းသည်တည်း။ အသိ နု၊ ဖြစ်သလော။ တွံ၊ သင်သည်။ ကော၊ အဘယ်သူနည်း။ ကဿ ဝါ၊ အဘယ်သူ၏မူလည်း။ ပုတ္တော၊ သားနည်း။ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဇာနေမု၊ သိရကုန်အံ့နည်း။

ထိုသို့ နန်းတွင်းသူ အပေါင်းတို့ မေးလျှောက်သောအခါ ဒီဃာဝုမင်းသားသည် အကြောင်းကို ကြားတော်မူလိုရကား-

၆၄။ နမှိ ဒေဝေါ န ဂန္ဓဗ္ဗော၊ နာပိ သက္ကော ပုရိန္ဒဒေါ။
ကာသိရညော အဟံ ပုတ္တော၊ ဒီဃာဝုံ ရဋ္ဌဝဍ္ဎနော။
မမံ ဘရထ ဘဒ္ဒံ ဝေါ၊ အဟံ ဘတ္တာ ဘဝါမိ ဝေါ။

ဟူသော ဤဂါထာကို မိန့်တော်မူ၏။

֍ ဋ္ဌ ၆၄။ ဘဒ္ဒန္တေ၊ ရှင်မတို့။ အဟံ၊ ငါသည်။ ဒေဝေါ၊ စတုမဟာရာဇ်နတ်သည်။ န အမှိ၊ မဖြစ်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗနတ်သည်။ န အမှိ၊ မဖြစ်။ ပုရိန္ဒဒေါ၊ အလှူလက်ဦး ပေးဖူးသော။ သက္ကော၊ သိကြား နတ်မင်းသည်။ န အမှိ၊ မဖြစ်။ အဟံ၊ ငါသည်။ ရဋ္ဌဝဍ္ဎနော၊ တိုင်းပြည်သူအပေါင်းကို ပွားစေတတ်သော။ ဒီဃာဝု၊ ဒီဃာဝု အမည်ရှိသော။ ကသိရညော၊ ကာသိမင်းမြတ်၏။ ပုတ္တော၊ သားတော်တည်း။ ဘဒ္ဒံ၊ ကောင်းစွာ။ မမံ၊ ငါ့ကို။ ဝေါ၊ ရှင်မတို့သည်။ ဘရထ၊ လုပ်ကျွေးကြကုန်လော့။ အဟံ၊ ငါသည်။ ဝေါ၊ ရှင်မတို့၏။ ဘတ္တာ၊ ချစ်လင်သည်။ ဘဝါမိ၊ ဖြစ်အံ့။

ထိုသို့ မိန့်တော်မူလတ်သော် နန်းတွင်းသူ အပေါင်းတို့သည် ခမည်းတော် အရိန္ဒမမင်းကြီးအကြောင်းကို မေးလျှောက်ကြပြန်ကုန်၏။ ဒီဃာဝု မင်းသားသည်လည်း အကြောင်းကို ပြန်ကြားတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၅။ တံ တတ္ထ အဝစုံ ကညာ၊ ဒီဃာဝုံ ရဋ္ဌဝဍ္ဎနံ။
ကုဟိံ ရာဇာ အနုပ္ပတ္တော၊ ဣတော ရာဇာ ကုဟိံ ဂတော။
၆၆။ ပင်္ကံ ရာဇာ အတိက္ကန္တော၊ ထလေ ရာဇာ ပတိဋ္ဌိတော။
အကဏ္ဋကံ အဂဟဏံ၊ ပဋိပန္နော မဟာပထံ။
၆၇။ အဟဉ္စ ပဋိပန္နောသ္မိ၊ မဂ္ဂံ ဒုဂ္ဂတိဂါမိနံ။
သကဏ္ဋကံ သဂဟဏံ၊ ယေန ဂစ္ဆန္တိ ဒုဂ္ဂတိံ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၆၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တတ္ထ၊ ထိုမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ရွှေနန်းပြာသာဒ်၌။ ကညာ၊ မင်းသမီး အပေါင်းတို့သည်။ ရဋ္ဌဝဍ္ဎနံ၊ ပြည်သူအပေါင်းကို ပွားစေတတ်သော။ ဒီဃာဝုံ၊ ဒီဃာဝုအမည်ရှိသော။ တံ၊ ထိုမင်းသားကို။ အဝစုံ၊ မေးလျှောက်ကြကုန်၏။ သာမိ၊ အရှင်။ ရာဇာ၊ ငါတို့သခင် အရှင်အရိန္ဒမ မင်းမြတ်သည်။ ကုဟိံ၊ အဘယ်အရပ်သို့။ အနုပ္ပတ္တော၊ ရောက်တော်မူလေသနည်း။ ရာဇာ၊ ငါတို့သခင် အရှင်အရိန္ဒမ မင်းမြတ်သည်။ ဣတော၊ ဤ ငါတို့တိုင်းပြည်မှ။ ကုဟိံ၊ အဘယ်အရပ်သို့။ ဂတော၊ သွားလေသနည်း။

֍ ဋ္ဌ ၆၆။ ဘဒ္ဒန္တေ၊ ရှင်မတို့။ ရာဇာ၊ သင်တို့သခင် အရှင်အရိန္ဒမ မင်းမြတ်သည်။ ပင်္ကံ၊ ရာဂအစရှိသော ကိလေသာတည်းဟူသော ညွန်ကို။ အတိက္ကန္တော၊ လွန်လေပြီ။ ရာဇာ၊ သင်တို့သခင် အရှင်အရိန္ဒမမင်းမြတ်သည်။ ထလေ၊ ရဟန်းအဖြစ်တည်းဟူသော ကုန်းကြည်းထက်၌။ ပတိဋ္ဌိတော၊ တည်လေပြီ။ အကဏ္ဋကံ၊ ရာဂအစရှိသော ဆူးငြောင့်မှ ကင်းထသော။ အဂဟဏံ၊ ရာဂအစရှိသည်တို့သည် မစွဲလမ်းအပ်ထသော။ မဟာပထံ၊ နတ်ရွာနိဗ္ဗာန်သို့ သွားသောသူတို့၏ ခရီးမသို့။ ပဋိပန္နော၊ သွားလေပြီ။

֍ ဋ္ဌ ၆၇။ ဘဒ္ဒန္တေ၊ ရှင်မတို့။ ယေန မိစ္ဆာမဂ္ဂေန၊ အကြင်မှားသောခရီးဖြင့်။ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာဘုံဘဝသို့။ ဂစ္ဆန္တိ၊ သွားရကုန်၏။ သကဏ္ဋကံ၊ ရာဂအစရှိသော ဆူးငြောင့်လည်းရှိထသော။ သဂဟဏံ၊ ရာဂအစရှိသည်တို့သည် စွဲလမ်းအပ်ထသော။ ဒုဂ္ဂတိဂါမိနံ၊ မကောင်းမှုကို ပြုသောသူတို့၏ သွားရာဖြစ်သော။ တံ မဂ္ဂံ၊ ထိုခရီးကို။ အဟဉ္စ၊ ငါသည်သာလျှင်။ ပဋိပန္နော၊ သွားသည်။ အသ္မိ၊ ဖြစ်ချေ၏။

ထို့နောင်မှ မင်းသမီးအပေါင်း မောင်းမတို့သည် အရိန္ဒမ မင်းကြီးသည် ရှေးဦးစွာ ငါတို့ကိုစွန့်၍ ရဟန်းပြုတော်မူလေပြီ၊ ဤဒီဃာဝု မင်းသားသည်လည်း ကာမဂုဏ်တို့၌ တပ်စွန်းခြင်းကင်းသော စိတ်သဘောရှိ၏။ အကယ်၍ ထိုမင်းသားကို ကာမဂုဏ်၌ မမွေ့လျော်စေကုန်အံ့၊ တောထွက်၍ ရဟန်းပြုခဲ့ရာ၏။ ကာမဂုဏ်ချမ်းသာ၌ အလွန် မွေ့လျော်ကြောင်းဖြစ်သော အခြင်းအရာကို ပြုကြကုန်အံ့ဟု ကြံကြကုန်၏။ ကြံကုန်ပြီး၍ ထိုဒီဃာဝုမင်းသားကို အလွန် နှစ်သက်စေလိုကုန်ရကား...

၆၈။ တဿ တေ သွာဂတံ ရာဇ၊ သီဟသေဝ ဂိရိဗ္ဗဇံ။

အနုသာသ မဟာရာဇ၊ တွံ နော သဗ္ဗာသမိဿရော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၈။ ရာဇ၊ အရှင်မင်းမြတ်။ ဂိရိဗ္ဗဇံ၊ ခြင်္သေ့မငယ်နေရာ ရွှေဂူသို့။ သီဟဿ၊ သားများသေဌ်နင်း ခြင်္သေ့မင်း၏။ အာဂတံဝ၊ လာခြင်းကဲ့သို့။ တဿ-တေ၊ ထိုအရှင်မင်းမြတ်၏။ အာဂတံ၊ လာတော်မူခြင်းသည်ကား။ သွာဂတံ၊ ကောင်းသော လာတော်မူခြင်းတည်း။ မဟာရာဇ၊ မင်းမြတ်။ အနုသာသ၊ ဆုံးမတော်မူပါလော့။ တွံ၊ အရှင်မင်းမြတ်သည်။ သဗ္ဗာသံ၊ အလုံးစုံကုန်သော။ နော-အမှာကံ၊ အကျွန်ုပ်တို့၏။ ဣဿရော၊ အစိုးရသော ချစ်လင်တည်း။

ဤသို့သောစကားကို ဆိုကုန်၍ အလုံးစုံသော တီးမှုတ်မျိုးတို့ကို တီးမှုတ်ကြကုန်၏။ အထူးထူး အပြားပြားသော ကခြင်း သီခြင်းတို့ကို ဖြစ်စေကုန်၏။ စည်းစိမ်ချမ်းသာ အခြံအရံသည် အလွန်များ၏။ ထိုဒီဃာဝုမင်းသားသည် များမြတ်သော စည်းစိမ်အခြံအရံဖြင့် ယစ်သည်ဖြစ်၍ ခမည်းတော်ကို မအောက်မေ့ပြီ။ တရားနှင့်အညီ မင်းပြု၍ ကံအားလျော်စွာ လား၏။ ဘုရားအလောင်းသည်လည်း ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားတော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် သင်တို့ဆရာ ငါဘုရားသည် မြတ်သောတောထွက်ခြင်းကို တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း မြတ်သော တောထွက်ခြင်းကို တောထွက်တော် မူဖူးသည်လျှင်တည်း ဟု မိန့်တော်မူ၍ ထိုအခါ အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ပရိနိဗ္ဗာန် ပြုတော်မူပြီ။ ယခုအခါ ရာဟုလာသည် ထိုအခါ ဒီဃာဝုမင်းသား ဖြစ်ဖူးပြီ၊ ကြွင်းသောပရိသတ်သည် ယခုအခါ ဘုရားရှင်၏ ပရိသတ်တို့ ဖြစ်ကုန်ပြီ။ ယခုအခါ ငါဘုရားသည် ထိုအခါ အရိန္ဒမမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆင်သေကောင်ပုပ်၊ ကျီးကန်းယုတ်၊ အဟုတ်မက်ကာ သေရရှာ

ရှေးဦးစွာသော သောဏကဇာတ်သည် ပြီး၏။

*****

သဋ္ဌိနိပါတ်

၂။ သံကိစ္စဇာတ်

သူတော်ကောင်းတရား နာရ၍ သောကကင်းဝေးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒိသွာ နိသိန္နံ ရာဇာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသံကိစ္စဇာတ်ကို ဇီဝက၏ သရက်ဥယျာဉ်တော်၌ သီတင်းသုံးနေတော်မူစဉ် အဇာတသတ်မင်း၏ ပိတုဃာတကကံကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ အဇာတသတ်မင်းကြီးသည် ဒေဝဒတ်ကိုအမှီပြု၍ ထိုဒေဝဒတ်၏ စကားဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကိုသတ်စေ၍ သံဃဘေဒကကံကို ပြုသောအဆုံး၌ ပျက်စီးသော ပရိသတ်ရှိသော ဒေဝဒတ်အား အနာဖြစ်လတ်သော် သဗ္ဗညူ မြတ်စွာဘုရားကို ကန်တော့အံ့ ဟု ညောင်စောင်းထမ်းစင်ဖြင့် သာဝတ္ထိပြည်သို့သွားသော ဒေဝဒတ်၏ ဇေတဝန် ကျောင်းတော် တံခါးအနီး၌ မြေမျိုသောအဖြစ်ကိုကြား၍ ရှင်ဒေဝဒတ်သည် ဘုရားသခင်၏ ဆန့်ကျင်ဘက်ဖြစ်၍ မြေသို့ဝင်ရသဖြင့် အဝီစိ၌ဖြစ်၏။ ငါသည်လည်း ထိုဒေဝဒတ်ကိုအမှီပြု၍ တရားစောင့်သော မင်းတရားဖြစ်သော ခမည်းတော်ကို သတ်မိ၏။ ငါသည်လည်း မြေသို့ဝင်ရအံ့လော့ ဟု ကြောက်သည်ဖြစ်၍ မင်းစည်းစိမ်၌ စိတ်၏ သာယာခြင်းကို မရ၊ အတန်ငယ် အိပ်အံ့ဟု အိပ်ခြင်းသို့ ကပ်ကာမျှဖြင့်လျှင် အထုကိုးယူဇနာရှိသော သံမြေ၌ကျ၍ သံတံကျင်တို့ဖြင့် လျှိုဘိသကဲ့သို့လည်းကောင်း၊ ခွေးတို့သည် နှုတ်ဖြင့် ကိုက်ခဲကုန်ဘိသကဲ့သို့လည်းကောင်း ကြောက်မက်ဖွယ်သောအသံဖြင့် မြည်တမ်းလျက် ထ၏။

အဇာတသတ် ဘုရားရှင်ထံ ခစားဝင်ပုံ

ထိုအခါ တစ်နေ့သ၌ မိုးလေးလတို့၏ အဆုံးဖြစ်သော ကြာခေါင်းလောင်း (ကုမုဒြာကြ) ပွင့်တုန်း တန်ဆောင်မုန်း လပြည့်နေ့၌ မှူးတော် မတ်တော်အပေါင်း ခြံရံလျက် မိမိစည်းစိမ်ကိုကြည့်၍ ငါ့ခမည်းတော်စည်းစိမ်သည် ဤငါ့စည်းစိမ်ထက် ကြီးမြတ်၏။ ငါသည် ထိုသို့သဘောရှိသော တရားစောင့်ပေသော မင်းတရားကို ဒေဝဒတ်ကိုအမှီပြု၍ သတ်မိ၏ဟု ကြံ၏။ ထိုသို့ ကြံစည်သည်သာလျှင်ဖြစ်သော အဇာတသတ်မင်း၏ ကိုယ်၌ ပူလောင်ခြင်းသည် ဖြစ်၏။ ကိုယ်အလုံးကို ချွေးဖြင့်စွတ်၏။ ထို နောက်မှ အဘယ်သူသည်သာလျှင် ငါ၏ဘေးကို ဖျောက်အံ့သောငှာ တတ်နိုင်ပါလတ္တံ့နည်း ဟု ကြံ၍ အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော သဗ္ဗညူမြတ်စွာဘုရားကိုထား၍ သဗ္ဗညူမြတ်စွာဘုရားမှ တစ်ပါးသောသူမည်သည် မရှိဟု သိ၍ ငါသည် မြတ်စွာဘုရားအား ကြီးစွာ ပြစ်မှားမိ၏။ အဘယ်သူသည် ငါ့ကိုဆောင်ယူ၍ ပြပါလတ္တံ့နည်း ဟု ကြံသည်ရှိသော် ဇီဝကကိုထား၍ ဇီဝကမှတစ်ပါးသော တစ်စုံ တစ်ယောက်သောသူသည် ငါ့ကိုဆောင်ယူ၍ မပြနိုင်လတ္တံ့ဟု ကောင်းစွာမှတ်ပြီးလျှင် ထိုဇီဝကကိုခေါ်တော်မူ၍ သွားရခြင်း၏အကြောင်းကို ပြုလိုရကား -

ရမဏီယာ ဝတ ဘော ဒေါသိနာ ရတ္တိ ဟူသော ဥဒါန်းကိုကျူး၍ ယနေ့ အဘယ်မည်သော ရဟန်းပုဏ္ဏားသို့ ဆည်းအပ်ရကုန်အံ့နည်းဟု မိန့်တော်မူလျှင် ပူရဏကဿပတို့၏ တပည့်အစရှိသော မှူးတော်မတ်တော်တို့သည် ပူရဏကဿပ အစရှိသော ဒိဋ္ဌိတို့၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုတင်လျှောက်လတ်သော် ထိုသူတို့၏စကားကို မယူမူ၍ ဇီဝကကိုမေးတော်မူပြန်လျှင် ထိုဇီဝကသည် သဗ္ဗညူဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ပြောဆို၍ အရှင်မင်းမြတ်... အရှင်မင်းမြတ်သည် သဗ္ဗညူဘုရားသခင်ထံ ဆည်းကပ်ပါလော့ဟု တင်လျှောက်လတ်သော် ဆင်ယာဉ် စသည်တို့ကို က, စေ၍ ဇီဝက၏ သရက်ဥယျာဉ်တောသို့ ထွက်တော်မူပြီးလျှင် သဗ္ဗညူ မြတ်စွာဘုရားသို့ကပ်၍ ရှိခိုးလျက် မြတ်စွာဘုရားနှင့်တကွ ပျူငှာလောကဝတ်ကို ပြုပြီးသော် မျက်မှောက်၌ဖြစ်သော ရဟန်း၏အကျိုးကို မေးလျှောက်၍ မြတ်စွာဘုရား၏ သာယာသော သာမညဖလသုတ် ဓမ္မဒေသနာကိုနာရ၍ သာမညဖလသုတ်ကို ဟောတော်မူသော အဆုံး၌ ရတနာသုံးပါးသို့ ဆည်းကပ်တတ်သော ဥပါသကာ၏ အဖြစ်ကို ကြားလျှောက်ပြီးလျှင် မြတ်ဘုရားကိုကန်တော့ သည်းခံတော်မူစေ၍ ပြန်သွားလေ၏။

စိတ်ချမ်းသာမှုရပြီ

ထိုအဇာတသတ်မင်းသည် ထိုအခါမှစ၍ အလှူပေးလျက် သီလစောင့်လျက်လျှင် မြတ်စွာဘုရားနှင့်တကွ ပေါင်းဖော်ခြင်းကိုပြု၍ သာယာသော တရားစကားကို ကြားနာလျက် ကလျာဏမိတ္တနှင့် ပေါင်းဖော်ရသဖြင့် ကြောက်ခြင်းကင်းသည်ဖြစ်၍ ကင်းသော ကြက်သီးမွေးညှင်း ထခြင်းရှိသည်ဖြစ်၍ စိတ်၏ချမ်းသာခြင်းကိုရလျှင် ချမ်းသာသဖြင့် ဣရိယာပုထ်လေးပါးတို့ကို ပြုရ၏။

ထိုအခါ တစ်နေ့သ၌ တရားသဘင်ဝယ် စကားကို ဖြစ်စေကုန်၏။ ငါ့ရှင်တို့... အဇာတသတ်မင်းကြီးသည် ပိတုဃာတကကံကို ပြုမိသောကြောင့် ကြောက်ခြင်းသို့ရောက်၏။ မင်းစည်းစိမ်ကိုမှီ၍ စိတ်ချမ်းသာခြင်းကို မရရကား အလုံးစုံသော ဣရိယာပုထ်တို့၌ ဆင်းရဲကိုသာလျှင် ခံရ၏။ ထိုအဇာတသတ်မင်းသည် ယခုမူကား သဗ္ဗညူမြတ်စွာဘုရားကိုစွဲ၍ ကလျာဏမိတ္တနှင့် ပေါင်းဖော်ရသဖြင့် ကြောက်လန့်ခြင်းကင်းလျက် အစိုးရခြင်း မင်း၏ချမ်းသာကို ခံစားရ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်ကုန်လတ်သော် ရဟန်းတို့... အခုအခါ၌သာလျှင် ဤအဇာတသတ်မင်းသည် အဖကိုသတ်သောကြောင့် စိတ်မချမ်းသာခြင်းသို့ ရောက်ရ၍ ငါ့ကိုမှီ၍ ချမ်းသာစွာ အိပ်ရသည်မဟုတ်သေး၊ ရှေး၌လည်း ဤအဇာတသတ်သည် အဖကိုသတ်ပြီး၍ ငါ့ကိုမှီ၍ ချမ်းသာစွာအိပ်ရဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗြဟ္မဒတ်မည်သော သားကို ရ၏။ ထိုအခါ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်အိမ်၌ ပဋိသန္ဓေယူတော်မူ၍ ဖွားမြင်ပြီးသော် ထိုဘုရားလောင်းအား သံကိစ္စ ဟူသောအမည်ကို မှည့်ကုန်၏။ ထိုနှစ်ယောက်ကုန်သော မင်းသား, ပုဏ္ဏားသာတို့သည် မင်းအိမ်၌သာလျှင် အတူတကွ ကြီးကြကုန်၏။ အချင်းချင်း ချစ်မြတ်နိုးသော အဆွေခင်ပွန်းဖြစ်ကြကုန်၏။ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွားကုန်ပြီးလျှင် အလုံးစုံသောအတတ်တို့ကိုသင်၍ တစ်ဖန် ပြန်လည်ခဲ့ကြကုန်၏။ ထိုအခါ ခမည်းတော်ဗြဟ္မဒတ်မင်းကြီးသည် သားတော်အား အိမ်ရှေ့မင်းအဖြစ်ကို ပေးတော်မူ၏။ ဘုရားလောင်းသည်လည်း အိမ်ရှေ့မင်းအထံ၌သာလျှင် နေ၏။

ဖခင်ကိုသတ်ရန်ကြံ

ထိုအခါ တစ်နေ့သ၌ အိမ်ရှေ့မင်းသည် ဥယျာဉ်ကစားအံ့သောငှာသွားသော ခမည်းတော် ဗြဟ္မဒတ်မင်းကြီး၏ များစွာသော စည်းစိမ်ချမ်းသာကိုမြင်လျှင် ထိုစည်းစိမ်၌ လောဘကိုဖြစ်စေ၍ ငါ၏ ခမည်းတော်သည် အစ်တို့နှင့်တူ၏။ အကယ်၍ ထိုခမည်းတော်၏ သေလွန်ခြင်းကို ငံ့လင့်အံ့၊ ကြီးရင့်သောအခါမှ မင်းအဖြစ်ကိုရလတ္တံ့၊ ထိုသို့ကြီးရင့်သောအခါမှ မင်းအဖြစ်ကို ရသည်ရှိသော် မင်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ခမည်းတော်ကိုသတ်၍ မင်းအဖြစ်ကိုယူအံ့ဟု ကြံပြီးလျှင် ဘုရားလောင်းအား ထိုအကြောင်းကို ကြား၏။

မိတ်ဆွေ တားမြစ်

ဘုရားလောင်းသည် အရှင့်သား... ပိတုဃာတကကံ မည်သည်ကား အလွန် ဝန်လေး၏။ ငရဲသို့ လားရအံ့သော အကြောင်းတည်း၊ အဖကိုသတ်ခြင်းကို ပြုအံ့သောငှာ မတတ်ကောင်း၊ မပြုလင့်ဟု တားမြစ်၏။

သံကိစ္စ တောထွက်သွား

ထိုအိမ်ရှေ့မင်းသည် အဖန်တလဲလဲ ပြောဆို၍ သုံးကြိမ်မြောက်အောင် ထိုဘုရားလောင်းသည် တားမြစ်လျှင် ခြေရင်း၌ ခစားကုန်သောသူတို့နှင့် တိုင်ပင်၏။ ထိုခြေရင်း၌ ခစားသော သူတို့သည်လည်း ဝန်ခံ၍ ဗြဟ္မဒတ်မင်းကြီး၏ သေခြင်းအကြောင်းကို စုံစမ်းကြကုန်၏။ ဘုရားလောင်းသည် ထိုအကြောင်းကိုသိ၍ ငါသည် ထိုသူတို့နှင့်တကွ တစ်ပေါင်းတည်း မဖြစ်အံ့ဟု နှလုံးသွင်း၍ မိဘတို့ကို မပန်မူ၍လျှင် မြတ်သောတံခါးဖြင့် ထွက်ခဲ့၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် ရသေ့ရဟန်းကို ပြုသဖြင့် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ သစ်မြစ်သစ်သီးဟူသော အစာရှိသည်ဖြစ်၍ နေ၏။

အိမ်ရှေ့မင်းသည်လည်း ဘုရားလောင်း သွားသည်ရှိသော် ခမည်းတော် ဗြဟ္မဒတ်မင်းကြီးကိုသတ်၍ များစွာသော မင်း၏စည်းစိမ်ကို ခံစား၏။ သံကိုစ္စသတို့သားသည် ရဟန်းပြုသတတ်ဟု ကြား၍ များစွာကုန်သော အမျိုးသားတို့သည် အိမ်မှထွက်၍ ထိုသံကိစ္စ သတို့သား၏ အထံ၌ ရဟန်းပြုကြကုန်၏။ ထိုသံကိစ္စရသေ့သည် များစွာသော ရသေ့အပေါင်းခြံရံလျက် ထိုဟိမဝန္တ၌သာလျှင် နေ၏။ အလုံးစုံသော ရသေ့တို့သည်လည်း ဈာန်သမာပတ်ကို ရကုန်သလျှင်ကတည်း။ မင်းသည်လည်း ခမည်းတော်ကို သတ်ပြီးလျှင် အနည်းငယ်မျှသော ကာလပတ်လုံး မင်းစည်းစိမ်ကိုခံစားရသဖြင့် ထိုအခါမှစ၍ ကြောက်လန့်လျက် စိတ်၏ ချမ်းသာခြင်းကို မရသည်ဖြစ်၍ ငရဲ၌ ညှင်းဆဲခံရခြင်းသို့ ရောက်သကဲ့သို့ ထင်၏။

မင်းကြီး မိတ်ဆွေကိုအောက်မေ့နေ

ထိုမင်းသည် ဘုရားလောင်းကို အောက်မေ့၏။ ငါ့အဆွေဖြစ်သော သံကိုစ္စသတို့သားသည် အဖကိုသတ်သော ကံမည်သည်ကား အလွန်ဝန်လေး၏။ မပြုလင့်ဟု တားမြစ်၍ ငါ့ကို မိမိစကားကိုယူစိမ့်သောငှာ မတတ်နိုင်သည်ဖြစ်၍ မိမိကိုယ်ကို အပြစ်မရှိသည်ကိုပြုလျက် ထွက်ပြေးလေ၏။ ထိုသံကိစ္စသည် ဤအရပ်၌ အကယ်၍ရှိအံ့၊ ငါ့အား ပိတုဃာတကကံကို ပြုခြင်းငှာ မပေးလေရာ၊ ငါ၏ ဤကြောက်ရွံ့ ထိတ်လန့်ခြင်းဘေးကိုလည်း ပယ်ဖျောက်လေရာ၏။ ထိုသံကိစ္စသည် ယခုအခါ အဘယ်မှာ နေလေသနည်း၊ ထိုသံကိစ္စနေရာအရပ်ကို အကယ်၍ ငါသည် သိပါအံ့၊ ထိုသံကိစ္စကို ခေါ်စေရလေ၏။ အဘယ်သူသည် ထိုသံကိစ္စနေရာအရပ်ကို ငါ့အား ကြားလာပါအံ့နည်းဟု ကြံ၏။ ကြံပြီး၍ ဗြဟ္မဒတ်မင်းသည် ထိုအခါမှစ၍ နန်းတော်တွင်း၌ လည်းကောင်း၊ မင်းပွဲသဘင်၌ လည်းကောင်း ထိုဘုရားလောင်း၏ ဂုဏ်ကျေးဇူးကိုသာလျှင် ပြောဆို၏။

သံကိစ္စရသေ့ ကြွလာ

ဤသို့လျှင် ရှည်သောကာလသို့ ရောက်လတ်သော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းသည် ငါ့ကိုအောက်မေ့၏။ ငါသည် ထိုဗြဟ္မဒတ်မင်း၏ နန်းတော်သို့သွား၍ ထိုမင်းအား တရားဟောသဖြင့် ထိုမင်းကို ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းသည်ကိုပြု၍ လာခြင်းငှာ သင့်၏ဟု အနှစ်ငါးဆယ်တိုပတ်လုံး ဟိမဝန္တာ၌နေ၍ ရသေ့ငါးရာခြံရံလျက် ကောင်းကင်ခရီးဖြင့်လာလတ်ပြီးလျှင် ဒါယပဿအမည်ရှိသော ဥယျာဉ်၌သက်၍ ရသေ့အပေါင်းခြံရံလျက် မင်္ဂလာကျောက်ဖျာအပြင်၌ နေတော်မူ၏။ ဥယျာဉ်စောင့်သည် ထိုဘုရားလောင်းကိုမြင်၍ ဂိုဏ်းဆရာဖြစ်တော်မူသော အရှင်ဘုရား... အရှင်ဘုရားကား အဘယ်အမည်တော် ရှိသနည်းဟု မေးလျှောက်၏။ သံကိစ္စသုခမိန် မည်၏ဟု ကြား၍ ဥယျာဉ်စောင့်သည်လည်း သိလျှင် အရှင်ဘုရား... အကြင်မျှလောက် အကျွန်ုပ်သည် အရှင်မင်းကြီးကို ဆောင်ပါချေဦးအံ့၊ ထိုမျှလောက် အရှင်ဘုရားတို့သည် ဤအရပ်၌ နေတော်မူပါဦးလော့၊ အကျွန်ုပ်တို့ အရှင်မင်းကြီးသည် အရှင်ဘုရားတို့ကို ဖူးမြင်လိုပါ၏ဟု ပန်လျှောက်သဖြင့် ရှိခိုး၍ လျင်မြန်စွာ မင်း၏ နန်းတော်သို့သွားပြီးလျှင် သံကိစ္စရှင်ရသေ့ ရောက်လာသောအကြောင်းကို မင်းအား တင်လျှောက်၏။

မင်းကြီး ဆည်းကပ်၍မေးပြီ

ဗြဟ္မဒတ်မင်းသည် ထိုရသေ့အထံသို့သွား၍ ပြုအပ်သည်နှင့်ယှဉ်သော အဆောက်အဦကိုပြု၍ ပြဿနာမေးလျှောက်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၆၉။ ဒိသွာ နိသိန္နံ ရာဇာနံ၊ ဗြဟ္မဒတ္တံ ရထေသဘံ။
အထဿ ပဋိဝေဒေသိ၊ ယဿာသိ အနုကမ္ပကော။
။ လ။
၇၇။ ကံ ဂတိံ ပေစ္စ ဂစ္ဆန္တိ၊ နရာ ဓမ္မာတိစာရိနော။
အတိစိဏ္ဏော မယာ ဓမ္မော၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ဤရှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၆၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သောဥယျာနပါလော၊ ထိုဥယျာဉ်စောင့်သည်။ ရာဇာနံ- ရာဇသဘာယံ၊ မင်းကွန်း၌။ နိသိန္နံ၊ နေသော သံကိစ္စရသေ့ကို။ ဒိသွာ၊ မြင်၍။ အထ၊ ထိုသို့ မြင်ပြီးသောနောင်မှ။ ယဿ၊ အကြင် သံကိစ္စရသေ့အား။ အနုကမ္ပကော၊ အစဉ်အောက်မေ့သည်။ အသိ၊ ဖြစ်၏။ အဿ၊ ထိုသံကိစ္စရသေ့အား။ အနုကမ္ပံ၊ အစဉ်အောက်မေ့ထသော။ ရထေသဘံ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်ထသော။ ဗြဟ္မဒတ္တံ၊ ဗြဟ္မဒတ်မင်းကြီးကို။ ပဋိဝေဒေသိ၊ ကြားလျှောက်၏။

֍ ဋ္ဌ ၇၀။ မဟာရာဇ၊ မင်းမြတ်။ ဣသီနံ၊ ရသေ့တကာတို့ထက်။ သာဓုသမ္မတော၊ ကောင်းမြတ်၏ဟု သမုတ်အပ်သော။ အယံ သံကိစ္စော၊ ဤသံကိစ္စရှင်ရသေ့သည်။ အနုပ္ပတ္တော၊ ရောက်လာတော်မူ၏။ တရမာနရူပေါ၊ အဆောတလျင်။ နိယျာဟိ၊ ကြွတော်မူပါလော့။ မဟေသိနံ၊ သီလက္ခန္ဓ အစရှိသော ကျေးဇူးအပေါင်းကို ရှာမှီးလေ့ရှိသော ရှင်ရသေ့ကို။ ခိပ္ပံ၊ လျင်စွာ။ ပဿ၊ ဖူးမြင်တော်မူပါလော့။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော၊ ထိုသို့ ကြားလျှောက်ပြီး နောင်မှ။ ရထေသဘော၊ ရထားစီးချင်း မင်းတာတို့ထက် မြတ်သော။ ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။ တရမာနရူပေါ၊ အဆောတလျင်။ ယုတ္တံ၊ က, အပ်သော။ သန္ဒနံ၊ ရထားထက်သို့။ အာရုယှ၊ တက်စီး၍။ မိတ္တာမစ္စပရိဗျူဠှော၊ ချစ်ကျွမ်းဝင်သော မှူးတော်မတ်တော်အပေါင်း ခြံရံလျက်။ အဂမာသိ၊ သွားလေ၏။

֍ ဋ္ဌ ၇၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာသီနံ၊ ကာသိတိုင်းသူတို့၏။ ရဋ္ဌဝဍ္ဎနော၊ တိုင်းပြည်သူအပေါင်းတို့ကို ပွားစေတတ်သော။ ရာဇာ၊ ဗြဟ္မဒတ်မင်းကြီးသည်။ ဝါဠဗီဇနီ၊ သားမြီးယပ်လည်းကောင်း။ ဥဏှီသဉ္စ၊ ရွှေသင်းကျစ်လည်းကောင်း။ ခဂ္ဂဉ္စ၊ သန်လျက်လည်းကောင်း။ ဆတ္တဉ္စ၊ ထီးဖြူလည်းကောင်း။ ဥပါဟနဉ္စ၊ ရွှေခြေနင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ပဉ္စကကုဓာနိ၊ ငါးပါးကုန်သော မင်းမြောက်တန်ဆာတို့ကို။ နိက္ခပ၊ ထားခဲ့၍။

֍ ဋ္ဌ ၇၃။ ယာနမှာ၊ ရထားထက်မှ။ ဩရုယှ၊ သက်၍။ ပဋိစ္ဆဒံ၊ မင်းမြောက်တန်ဆာ ငါးပါးကို။ ဌပယိတွာ၊ ဘဏ္ဍာစိုးလက်၌ ထားခဲ့၍။ ဒါယပဿသ္မိံ၊ ဒါယပဿ အမည်ရှိသော ဥယျာဉ်တော်၌။ အာသီနံ၊ နေလင့်သော။ သံကိစ္စံ၊ သံကိစ္စရှင်ရသေ့သို့။ ဥပသင်္ကမိ၊ ကပ်လေ၏။

֍ ဋ္ဌ ၇၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သော ရာဇာ၊ ထိုဗြဟ္မဒတ်မင်းကြီးသည်။ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။ ဣသိနာ၊ သံကိစ္စရှင်ရသေနှင့်။ သဟ၊ အတူတကွ။ သမ္မာဒိ၊ ဝမ်းမြောက်ဝမ်းသာ ပြောဟော၏။ တံ ကထံ၊ ထိုဝမ်းမြောက်ဝမ်းသာ ပြောဟောသော စကားကို။ ဝီတိသာရေတွာ၊ ပြီးဆုံးစေပြီး၍။ ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။ ဥပါဝိသိ၊ ကပ်၏။

֍ ဋ္ဌ ၇၅။ ဧကမန္တံ၊ တင့်အပ်လျှောက်အပတ်သော အရပ်၌။ နိသိန္နောဝ၊ နေပြီး၍သာလျှင်။ အထပစ္ဆာ၊ ထို့နောင်မှ။ ကာလံ၊ ပြသနာမေးအံ့သော ကာလကို။ အမညထ၊ သိ၏။ တတော၊ ထိုသို့ သိပြီးသောနောင်မှ။ ပါပါနိ ကမ္မာနိ၊ မကောင်းမှုကံတို့ကို။ ပုစ္ဆိတုံ၊ မေးအံ့သောငှာ။ ပဋိပဇ္ဇထ၊ ဆည်းကပ်လေ၏။

֍ ဋ္ဌ ၇၆။ ဣသီနံ၊ ရသေ့အပေါင်းတို့တွင်။ သာဓုသမ္မတံ၊ သူတော်ကောင်းဟု သမုတ်အပ်သော။ ဣသိသံဃပုရက္ခတံ၊ ရသေ့အပေါင်းသည် ခြံရံအပ်သော။ ဒါယပဿသ္မိံ၊ ဒါယပဿ အမည်ရှိသော ဥယျာဉ်တော်၌။ အာသီနံ၊ နေသော။ သံကိစ္စံ၊ သံကိစ္စအမည်ရှိသော။ ဣသိံ၊ ရှင်ရသေ့ကို။ ပုစ္ဆာမ၊ မေးလျှောက်ပါကုန်၏။

֍ ဋ္ဌ ၇၇။ ဘန္တေ၊ အရှင်ဘုရား။ ဓမ္မာတိစာရိနော၊ ကုသိုလ်ဆယ်ပါးတရားကိုလွန်၍ ကျင့်ကုန်သော။ နရာ၊ လူတို့သည်။ ပေစ္စ၊ တမလွန်ဘဝ၌။ ကံ ဂတိံ၊ အဘယ်မည်သောဂတိသို့။ ဂစ္ဆန္တိ၊ သွားရကုန်အံ့နည်း။ ဘန္တေ၊ အရှင်ဘုရား။ မယာ၊ အကျွန်ုပ်သည်။ ဓမ္မော၊ သုစရိုက်တရားကို။ အတိစိဏ္ဏော၊ လွန်၍ကျင့်မိ၏။ ပုစ္ဆိတော၊ မေးအပ်သော အရှင်ဘုရားသည်။ တံ၊ ထိုအကြောင်းကို။ မေ၊ အကျွန်ုပ်အား။ အက္ခာဟိ၊ ဖြေကြားတော်မူပါလော့။

ရသေ့ကြီး တရားဟောခြင်း

ထိုသို့မေးလျှောက်သော စကားကိုကြား၍ ဘုရားလောင်းသည် မြတ်သောမင်းကြီး... ထိုသို့တပြီးကား နာတော်မူလော့ဟု ဆို၍ ရှေးဦးစွာ အဆုံးအမကို ပေးတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၇၈။ ဣသီ အဝစ သံကိစ္စော၊ ကာသီနံ ရဋ္ဌဝဍ္ဎနံ။
အာသီနံ ဒါယပဿသ္မိံ၊ မဟာရာဇ သုဏောဟိ မေ။
၇၉။ ဥပ္ပထေန ဝဇန္တဿ၊ ယော မဂ္ဂမနုသာသတိ။
တဿ စေ ဝစနံ ကယိရာ၊ နာဿ မဂ္ဂေယျ ကဏ္ဋကော။
၈၀။ အဓမ္မံ ပဋိပန္နဿ၊ ယော ဓမ္မ မနုသာသတိ။
တဿ စေ ဝစနံ ကယိရာ၊ န သော ဂစ္ဆေယျ ဒုဂ္ဂတိံ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၇၈။ ဘိက္ခဝေ၊ ရဟန်းတို့။ အာသီနံ၊ ရသေ့တို့၏။ ဒါယပဿသ္မိံ၊ နေရာဖြစ်သော ဒါယပဿအမည်ရှိသော ဥယျာဉ်၌။ ကာသီနံ၊ ကာသိတိုင်းသူတို့၏။ ရဋ္ဌဝဍ္ဎနံ၊ တိုင်းပြည်သူအပေါင်းကို ပွားစေတတ်သော ဗြဟ္မဒတ်မင်းကြီးကို။ သံကိစ္စော၊ သံကိစ္စအမည်ရှိသော။ ဣသိ၊ ရှင်ရသေ့သည်။ မဟာရာဇ၊ မင်းမြတ်။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာလော့။ ဣတိ၊ ဤသို့။ အဝစ၊ ဆိုလေ၏။

֍ ဋ္ဌ ၇၉။ မဟာရာဇ၊ မင်းမြတ်။ ယော ဣသိ၊ အကြင်ရသေ့သည်။ ဥပ္ပထေန၊ ခိုးသူရှိသောခရီးဖြင့်။ ဝဇန္တဿ၊ သွားသော ယောကျ်ားအား။ မဂ္ဂံ၊ ဘေးမရှိသောခရီးကို။ အနုသာသတိ၊ ကြား၏။ ဣသိနော၊ ထိုဘေးမရှိသော ခရီးကိုကြားသော ရှင်ရသေ့၏။ ဝစနံ၊ စကားကို။ စေ ကယိရာ၊ အကယ်၍ လိုက်နာငြားအံ့။ အဿ ပုရိသဿ၊ ထိုသို့လိုက်နာသော ယောက်ျား၏။ မုခံ၊ မျက်နှာကို။ ကဏ္ဋကော၊ ခိုးသူသည်။ န မဂ္ဂေယျ၊ မမြင်ရာ။

֍ ဋ္ဌ ၈၀။ မဟာရာဇ၊ မင်းမြတ်။ ယော ဣသိ၊ အကြင်ရသေ့သည်။ အဓမ္မံ၊ ဒုစရိုက်တရားကို။ ပဋိပန္နဿ၊ ကျင့်သော ယောက်ျားအား။ ဓမ္မံ-ဓမ္မေန၊ သုစရိုက်တရားဖြင့်။ အနုသာသတိ၊ ဆုံးမ၏။ တဿ ဣသိနော၊ ထိုရှင်ရသေ့၏။ ဝစနံ၊ စကားကို စေ ကယိရာ၊ အကယ်၍ လိုက်နာငြားအံ့။ သော ပုရိသော၊ ထိုလိုက်နာသော ယောကျ်ားသည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိသို့။ န ဂစ္ဆေယျ၊ မလားရာ။

ဤသို့လျှင် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်းအား အဆုံးအမကို ပေးတော်မူပြီး၍ အလွန်လည်း ငရဲကြီးရှစ်ထပ် အစရှိသည်တို့ကို ဖွင့်လှစ်၍ ပြတော်မူသဖြင့် ထိုမင်းအား တရားဟောပြန်လိုရကား-

၈၁။ ဓမ္မော ပထော မဟာရာဇ၊ အဓမ္မော ပန ဥပ္ပထော။
အဓမ္မော နိရယံ နေတိ၊ ဓမ္မော ပါပေတိ သုဂ္ဂတိံ။
။ လ။
၁၃၂။ ယေ မိဂေန မိဂံ ဟန္တိ၊ ပက္ခိ ဝါ ပန ပက္ခိနာ။
အသန္တော ရဇသာ ဆန္နော၊ ဂန္တာ တေ နိရယုဿဒံ။

ဟူသော ဤငါးဆယ့်သုံးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၈၁။ မဟာရာဇ၊ မင်းမြတ်။ ဓမ္မော၊ ကုသိုလ် ကမ္မပထ တရား ဆယ်ပါးသည်။ ပထော၊ ကောင်းမှုကို ပြုသောသူတို့၏ သွားရာဖြစ်သော ဘေးမရှိသော မြတ်သောခရီးမတည်း။ အဓမ္မော ပန၊ အကုသိုလ် ကမ္မပထတရား ဆယ်ပါးသည်ကား။ ဥပ္ပထော၊ မကောင်းမှုကို ပြုသောသူတို့၏ သွားရာဖြစ်သော ဘေးနှင့်တကွသော ခရီးတည်း။ အဓမ္မော၊ အကုသိုလ်တရားသည်။ နိရယံ၊ ငရဲသို့။ နေတိ၊ ဆောင်တတ်၏။ ဓမ္မော၊ ကုသိုလ်တရားသည်။ သုဂ္ဂတိံ၊ သုဂတိဘဝသို့။ ပါပေတိ၊ ရောက်စေတတ်၏။

֍ ဋ္ဌ ၈၂။ ရာဇ၊ မင်းမြတ်။ အဓမ္မစာရိနော၊ မကောင်းသော အကျင့်ကို ကျင့်လေ့ရှိကုန်သော။ ဝိသမဇီဝိနော၊ မကောင်းသော အသက်မွေးခြင်း ရှိကုန်သော။ ယေ နရာ၊ အကြင်သတ္တဝါတို့သည်။ ပေစ္စ၊ တမလွန်ဘဝ၌။ ယံ ဂတိံ၊ အကြင်ငရဲသို့။ ဂစ္ဆန္တိ၊ သွားရကုန်၏ တေသံ နရာနံ၊ ထိုသတ္တဝါတို့၏။ တေ နိရယေ၊ ထိုငရဲတို့ကို။ မေ၊ ငါ၏။ သန္တိကာ၊ အထံမှ၊ သုဏောဟိ၊ နာလော့။

ငရဲကြီးရှစ်ထပ်

֍ ဋ္ဌ ၈၃။ ဟောရာဇ၊ မင်းမြတ်။ သဉ္ဇီဝေါ၊ သဉ္စိငရဲလည်းကောင်း။ ကာဠသုတ္တော စ၊ ကာဠသုတ် ငရဲလည်းကောင်း။ သံဃာတော စ၊ သံဃာတ ငရဲ လည်းကောင်း။ ဒွေစ ရောရုဝါ၊ ဇာလရောရုဝ, ဓူမရောရုဝ ငရဲနှစ်ပါးတို့ လည်းကောင်း။ အထာပရော၊ ထိုမှတစ်ပါး။ မဟာအဝီစိ စ၊ မဟာအဝီစိငရဲ လည်းကောင်း။ တာပနော စ၊ တာပနငရဲလည်းကောင်း။ မဟာတာပနော စ၊ မဟာတာပန ငရဲ လည်းကောင်း။

֍ ဋ္ဌ ၈၄။ ဣတိ၊ ဤသို့။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ ဧတေ နိရယာ၊ ထိုငရဲကြီးတို့ကို။ အက္ခာတာ၊ ဟောတော်မူအပ်ကုန်၏။ ဒုရတိက္ကမာ၊ လွန်နိုင်ခဲကုန်၏။ လုဒ္ဒကမ္မေဟိ၊ ကြမ်းကြုတ်သောအမှုကို ပြုတတ်ကုန်သော ငရဲထိန်းတို့ဖြင့်။ အာကိဏ္ဏာ၊ ပြွမ်းကုန်၏။ ပစ္စေကာ၊ တစ်ခုတစ်ခုသော ငရဲကြီးကိုစွဲ၍။ သောဠသုဿဒါ၊ တစ်ဆယ့်ခြောက်ပါးကုန်သော ဥဿဒငရဲတို့သည်။ သန္တိ၊ ရှိကုန်၏။

ဝန်တိုသူတို့ ငရဲ

֍ ဋ္ဌ ၈၅။ ကဒရိယာ၊ ဝန်တိုစဉ်းလဲသော သူတို့သည်။ တာပနာ၊ ကျရာခံရာ ဖြစ်ကုန်၏။ ဃောရာ၊ ကြမ်းကြုတ်ကုန်၏။ အစ္စိမန္တော၊ အရောင်ရှိကုန်၏။ မဟဗ္ဘယာ၊ ကြီးသောဘေးရှိကုန်၏။ လောမဟံသနရူပါ၊ ကြက်သီး မွေးညင်းထဖွယ် ရှိကုန်၏။ ဘေဟ္မာ၊ အလွန်ကြောက်မက်ဖွယ် ရှိကုန်၏။ ပဋိဘယာ၊ ဘေးကိုဖြစ်စေတတ်ကုန်၏။ ဒုက္ခာ၊ ဆင်းရဲကုန်၏။

֍ ဋ္ဌ ၈၆။ စတုကဏ္ဏာ၊ လေးထောင့် ရှိကုန်၏။ စတုဒွါရာ၊ တံခါးလေးမျက်နှာ ရှိကုန်၏။ ဝိဘတ္တာ၊ လေးတံခါးစီ ဝေဖန်အပ်ကုန်၏။ ဘာဂသော၊ တံခါးခရီးမအားဖြင့်။ မိတာ၊ နှိုင်းယှဉ်အပ်ကုန်၏။ အယောပါကာရပရိယန္တာ၊ သံတံတိုင်းလျှင် အဆုံးရှိကုန်၏။ အယသာ၊ ကိုးယူဇနာရှိသော သံအိုးကင်းဖြင့်။ ပဋိကုဇ္ဇိတာ၊ ဖုံးအုပ်ကုန်၏။

֍ ဋ္ဌ ၈၇။ မဟာရာဇ၊ မင်းမြတ်။ တေသံ နိရယာနံ၊ ထိုငရဲတို့၏။ ဘူမိ၊ မြေတို့သည်။ အယောမယာ၊ သံဖြင့် ပြီးကုန်၏။ ဇလိတာ၊ အလျှံပြောင်ပြောင်တောက်သော။ တေဇသာ၊ မီးနှင့်။ ယုတာ၊ ယှဉ်ကုန်၏။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ယာဇနသတံ၊ ယူဇနာ တစ်ရာတိုင်အောင်။ ဖုဋာ၊ ထိကုန်လျက်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ တိဋ္ဌန္တိ၊ တည်ကုန်၏။

ရသေ့ရဟန်းကို ဆဲသူတို့ငရဲ

֍ ဋ္ဌ ၈၈။ မဟာရာဇ၊ မင်းမြတ်။ ယေ၊ အကြင်သူတို့သည်။ တပသီနံ၊ ခြိုးခြံသော အကျင့်ရှိကုန်သော။ သညတာနံ၊ ကိုယ်နှုတ်နှလုံးကို စောင့်ရှောက် တတ်ကုန်သော။ ဣသီနံ၊ ရသေ့တို့အား။ အတိဝတ္တာရော၊ ကြမ်းကြုတ်သော စကားတို့ဖြင့် လွန်ကျူး၍ ဆိုတတ်ကုန်၏။ ဧတေ၊ ထိုသူတို့သည်။ ဥဒ္ဓံပါဒါ၊ ခြေကားမိုးမျှော်။ အဝံသိရာ၊ ဦးခေါင်းစောက်ထိုး။ နိရယေ၊ ငရဲ၌။ ပတန္တိ၊ ကျကုန်၏။

֍ ဋ္ဌ ၈၉။ မဟာရာဇ၊ မင်းမြတ်။ ဘူနဟုနော၊ မိမိ အစီးအပွားကို ဖျက်ဆီးတတ်ကုန်သော။ တေ၊ ထိုရသေ့တို့အား ကြမ်းကြုတ်သောစကားဖြင့် လွန်ကျူး၍ ဆိုတတ်ကုန်သောသူတို့သည်။ ဗိလကတာ၊ အပိုင်းအပိုင်းပြု၍ ချက်အပ်ကုန်သော။ မစ္ဆာ ယထာ၊ ငါးတို့ကဲ့သို့။ ပစ္စန္တိ၊ ကျက်ကုန်၏။ ကိဗ္ဗိသကာရိနော၊ ကြမ်းကြုတ်သောအမှုကို ပြုလေ့ ရှိကုန်သော။ နရာ၊ လူတို့သည်။ သံဝစ္ဆရေ၊ နှစ်တို့ကို။ အသင်္ခေယျေ၊ မရေမတွက်နိုင်ကုန်။ မဟာရာဇ၊ မင်းမြတ်။ နိစ္စံ၊ အမြဲ။ အန္တရဗာဟိရံ၊ ကိုယ်တွင်း ကိုယ်ပကို။ ဍယှမာနေန၊ လောင်သော။ ဂတ္တေန၊ ကိုယ်ဖြင့်။ နိရယာ၊ ငရဲမှ။ နိက္ခမနံ၊ ထွက်ခြင်းကို။ ဧသိနော၊ ရှာကုန်သောငရဲသူတို့သည်။ ဒွါရံ၊ တံခါးကို။ နာဓိဂစ္ဆန္တိ၊ မရကုန်။

֍ ဋ္ဌ ၉၀။ မဟာရာဇ၊ မင်းမြတ်။ တေ၊ ထိုငရဲသူ သတ္တဝါတို့သည်။ ပုရတ္ထိမေန၊ အရှေ့မျက်နှာဖြင့်။ ဓာဝန္တိ၊ ပြေးလေကုန်၏။ တတော၊ ထိုအရှေ့မျက်နှာမှ။ ပစ္ဆတော၊ အနောက်မျက်နှာဖြင့်။ ဓာဝန္တိ၊ ပြေးလေကုန်၏။ တတော၊ ထိုအနောက်မျက်နှာမှ။ ဥတ္တရေန၊ မြောက်မျက်နှာဖြင့်။ ဓာဝန္တိ၊ ပြေးလေကုန်၏။ တတော၊ ထိုမြောက်မျက်နှာမှ။ ဒက္ခိဏံ၊ တောင်မျက်နှာသို့။ ဓာဝန္တိ၊ ပြေးလေကုန်၏။ ယံ ယဉှိ ဒွါရံ၊ အကြင်အကြင် အမှတ်မရှိသော တံခါးသို့။ ဓာဝန္တိ၊ ပြေးလေကုန်၏။ တံ တဒေဝ၊ ထိုသို့ အမှတ်မရှိသော တံခါးသည်လျှင်။ ပိဓိယျရေ၊ ပိတ်နှင့်လေ၏။

֍ ဋ္ဌ ၉၁။ မဟာရာဇ၊ မင်းမြတ်။ နိရယဂါမိနော၊ ငရဲသို့ လားရကုန်သော။ ဇနာ၊ ငရဲသူသတ္တဝါတို့သည်။ ဗဟူနိ၊ များစွာကုန်သော။ သတသဟဿာနိ၊ အနှစ်တစ်သိန်းတို့ပတ်လုံး။ အနပ္ပကံ၊ အတိုင်းအရှည် မရှိသော။ ဒုက္ခံ၊ ဆင်းရဲသို့။ ပတ္တာ၊ ရောက်ကုန်သည်ဖြစ်၍။ ဗာဟာ၊ လက်နှစ်ဖက်တို့ကို။ ပဂ္ဂယှ၊ မြှောက်ချီ၍။ ကန္ဒန္တိ၊ ငိုကြွေးကုန်၏။

֍ ဋ္ဌ ၉၂။ မဟာရာဇ၊ မင်းမြတ်။ တေဇသာ၊ တန်ခိုးဖြင့်။ ဒုရတိက္ကမေ၊ လွန်နိုင်ခဲကုန်သော။ သာဓုရူပေ၊ ကောင်းသောသဘောရှိကုန်သော ရသေ့တို့ကို ကုပ္ပိတံ၊ အမျက်ထွက်သော။ အာသီဝိသံ၊ မြွေဟောက်ကို။ ဃဋေတိ ဣဝ၊ ပုတ်ခတ်သကဲ့သို့။ အာဒေသိ၊ ပုတ်ခတ်၏။ သညတာနံ၊ ကိုယ်နှုတ်နှလုံး သုံးပါးကို စောင့်တတ်ကုန်သော။ တပဿီနံ၊ ကိလေသာကို ပူပန်စေတတ်သော အကျင့်ရှိကုန်သော ရသေ့တို့ကို။ အာဒိဒေါ-ဃဋ္ဋန္တော၊ သတ်ပုတ်သော။ နရော၊ လူသည်။ အဋ္ဌသု နိရယေသု၊ ငရဲကြီးရှစ်ထပ်တို့၌။ ဥပဂစ္ဆေယျ၊ ကပ်လေရာ၏။

ငရဲကျသူများနှင့် အပြစ်

֍ ဋ္ဌ ၉၃။ မဟာရာဇ၊ မင်းမြတ်။ အတိကာယော၊ ခွန်အားနှင့်ပြည့်စုံသော ကြီးသောကိုယ်လည်း ရှိထသော။ မဟိဿာသော၊ လေးသမားကြီးလည်း ဖြစ်ထသာ။ ကေကကာဓိပေါ၊ ကေကကတိုင်းသူတို့၏ အကြီးလည်း ဖြစ်ထသော။ အဇ္ဇာနော၊ အဇ္ဇုနမင်းသည်လည်းကောင်း။ သဟဿဗာဟု၊ လေးသမားငါးရာတို့သည် လက်ရုံးတစ်ထောင်တို့ဖြင့် တင်အပ်သောလေးကို တင်ခြင်းငှာစွမ်းနိုင်သော လက်ရုံးရှိသောကြောင့် သဟဿဗာဟုအမည်ရှိသော မင်းသည်လည်းကောင်း။ ဂေါတမံ၊ ဂေါတမအနွယ်ဖြစ်သော။ ဣသိံ၊ ရှင်ရသေ့ကို။ အာသဇ္ဇ၊ သတ်၍။ ဥစ္ဆိန္နော၊ ပျက်စီးခြင်းသို့ ရောက်၏။

֍ ဋ္ဌ ၉၄။ မဟာရာဇ၊ မင်းမြတ်။ ဒဏ္ဍကီ၊ ဒဏ္ဍကီမင်းသည်။ ရဇသာ၊ ကိလေသာဟူသော မြူအားဖြင့်။ အရဇံ၊ မြူမရှိသော။ ကိသဝစ္ဆံ၊ ကိသဝစ္ဆအမည်ရှိသော ရှင်ရသေ့ကို။ တာလော၊ ထန်းပင်ကို။ သမူလော၊ အမြစ်နှင့်တကွ။ ဆိန္နောဝ၊ ဖြတ်သကဲ့သို့။ အဝကိရိယ၊ လွန်ကျူး၍။ ဆိန္နော၊ ဖြတ်အပ်၏။ သ-သော ရာဇာ၊ ထို ဒဏ္ဍကီမင်းသည်။ ဝိဘဝံ၊ ပျက်စီးခြင်းသို့။ ဂတော၊ ရောက်၏။

֍ ဋ္ဌ ၉၅။ မဟာရာဇ၊ မင်းမြတ်။ မဇ္ဈော၊ မဇ္ဈအမည်ရှိသောမင်းသည်။ ယသဿိနေ၊ များသော အခြံအရံရှိသော။ မာတင်္ဂသ္မိံ၊ မာတင်္ဂသုခမိန်၌။ ဥပဟစ္စမနံ၊ ပြစ်မှားသော စိတ်ရှိသည်ဖြစ်၍။ သပါရိသဇ္ဇော၊ ပရိသတ်နှင့်တကွ။ ဥစ္ဆိန္နော၊ ပျက်စီး၏။ တဒါ၊ ထိုအခါ၌။ မဇ္ဈရညံ၊ မမင်း၏ တိုင်းပြည်သည်။ နဋ္ဌံ၊ ပျက်စီးသည်။ အဟု၊ ဖြစ်၏။

֍ ဋ္ဌ ၉၆။ မဟာရာဇ၊ မင်းမြတ်။ အန္ဓကဝေဏ္ဍယော၊ အန္ဓကဝေဏ္ဍတိုင်း၌နေသော သူတို့သည်။ ကဏှဒီပါယနံ၊ ကဏှဒီပါယန အမည်ရှိသော။ ဣသိံ၊ ရှင်ရသေ့ကို။ အာသဇ္ဇ၊ သတ်ကုန်၍။ အညမညံ၊ အချင်းချင်း။ မုသလာ- မုသလေန၊ ကျည်ပွေ့ဖြင့်။ ဟန္တာ၊ သတ်ကုန်၍။ ယမသာဓနံ၊ ငရဲသို့။ သမ္ပတ္တာ၊ ရောက်ရကုန်၏။

֍ ဋ္ဌ ၉၇။ မဟာရာဇ၊ မင်းမြတ်။ ဣသိနာ၊ ကပိလ ရှင်ရသေ့သည်။ သတ္ထော၊ ဆုံးမအပ်သော။ ပုရေ၊ ရှေးကာလ၌။ အန္တလိက္ခစရော၊ ကောင်းကင်၌ သွားသော။ စေစ္စော၊ စေတိယမင်းသည်။ ပတ္တပရိယာယံ၊ သေခါနီးသို့ရောက်၍။ ဟီနတ္တော၊ ယုတ်မာသောကိုယ် ရှိသည်ဖြစ်၍။ ပထဝိံ၊ မြေထဲသို့။ ပါဝေက္ခိ၊ ဝင်လေ၏။

֍ ဋ္ဌ ၉၈။ မဟာရာဇ၊ မင်းမြတ်။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ ဆန္ဒာဂမနံ၊ ဆန္ဒ စသော လေးပါးသော မလားအပ်သည်သို့ လားခြင်းကို။ ပဏ္ဍိတာ၊ ဘုရား အစရှိကုန်သော သူတော်ကောင်း အပေါင်းတို့သည်။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။ အဒုဋ္ဌစိတ္တော၊ မပြစ်မှားသော စိတ်ရှိသည်ဖြစ်၍။ သစ္စူပသံဟိတံ၊ မှန်သည်နှင့်စပ်သော။ ဂိရံ၊ စကားကို။ ဘာသေယျ၊ ပြောဆိုရာ၏။

֍ ဋ္ဌ ၉၉။ မဟာရာဇ၊ မင်းမြတ်။ နရော၊ အကြင်သူသည်။ ပဒုဋ္ဌေန၊ ပြစ်မှားလိုသော။ မနသာ၊ စိတ်ဖြင့်။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး, စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော။ မုနိံ၊ မြတ်စွာဘုရားကို။ စေ ပေက္ခတေ၊ အကယ်၍ ကြည့်ငြားအံ့။ သော နရော၊ ထိုသူသည်။ အဓော နိရယံ၊ အောက်ငရဲသို့။ ဂတော၊ သွားရလေ၏။

֍ ဋ္ဌ ၁၀၀။ မဟာရာဇ၊ မင်းမြတ်။ ယေ ဇနာ၊ အကြင်သူတို့သည်။ ဖရုသံ၊ ရုန့်ရင်းကြမ်းကြုတ်စွာ။ ဥပက္ကမာ၊ လုံ့လပြုကုန်၍။ ဝုဍ္ဎေ၊ ဂုဏဝုဍ္ဎိ ဝယဝုဍ္ဎိဖြစ်သော သူတို့ကို။ ပရိဘာသန္တိ၊ ဆဲရေးစွပ်စွဲကုန်၏။ တေ ဇနာ၊ ထိုသူတို့သည်။ အနပစ္စာ၊ သားသမီး မရှိကုန်သည်ဖြစ်၍။ အဒါယာဒါ၊ မယားလည်း မရှိကုန်သည်ဖြစ်၍။ တာလဝတ္ထူဝ၊ ထန်းပင်ငုတ်ကဲ့သို့။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ကာဠသုတ် ငရဲ

֍ ဋ္ဌ ၁၀၁။ မဟာရာဇ၊ မင်းမြတ်။ ယော နရော၊ အကြင်သူသည်။ မဟေသိနံ၊ သီလက္ခန္ဓအစရှိသော ကျေးဇူးအပေါင်းကို ရှာမှီးလေ့ရှိထသော။ ကတကိစ္စံ၊ ပြုအပ်ပြီးသော ကိစ္စလည်း ရှိထသော။ ပဗ္ဗဇိတံ၊ ရသေ့ရဟန်းကို။ ဟန္တိ၊ သတ်၏။ သော နရော၊ ထိုသူသည်။ ကာဠသုတ္တေ၊ ကာဠသုတ် အမည်ရှိသော။ နိရယေ၊ ငရဲ၌။ စိရရတ္တာယ၊ ကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး။ ပစ္စတိ၊ ခံရ၏။

တာပနငရဲ

֍ ဋ္ဌ ၁၀၂။ မဟာရာဇ၊ မင်းမြတ်။ ယော စ ရာဇာ၊ အကြင် မင်းသည်ကား။ အဓမ္မဋ္ဌော၊ မင်းကျင့်တရား၌မတည်။ မိဂေါ ယထာ၊ သားမိုက်ကဲ့သို့။ ရဋ္ဌဝိဒ္ဓံသနော၊ ဆန္ဒအစရှိသည်တို့၏ အစွမ်းဖြင့် အဂတိသို့ရောက်၍ တိုင်းပြည်ကို ဖျက်ဆီးတတ်၏။ သော စ ရာဇာ၊ ထိုမင်းသည်ကား။ ဇနပဒံ၊ ဇနပုဒ်သူ ရှင်လူအပေါင်းကို။ တာပယိတွာ၊ ပူပန်စေတတ်သောကြောင့်။ ပေစ္စ၊ တမလွန်ဘဝ၌။ တာပနေ၊ တာပန အမည်ရှိသော ငရဲ၌။ ပစ္စတိ၊ ခံရ၏။

֍ ဋ္ဌ ၁၀၃။ မဟာရာဇ၊ မင်းမြတ်။ ယော စ ရာဇာ၊ အကြင် ဇနပုဒ်သူ ရှင်လူအပေါင်းကို ဖျက်ဆီးတတ်သော မင်းသည်ကား။ ဒိဗ္ဗာနိ၊ နတ်တို့၏ အရေအတွက် ဖြစ်ကုန်သော။ သတဝဿ သဟဿာနိ၊ အနှစ်တစ်သိန်း ကာလပတ်လုံး။ နိရယေ၊ ငရဲ၌။ ပစ္စတိ၊ ခံရ၏။ သော ရာဇာ၊ ထိုမင်းသည်။ အစ္စိသံဃပရေတော၊ မီးလျှံအပေါင်းတို့ဖြင့် ခြံရံလျက်။ ဒုက္ခဝေဒနံ၊ ဆင်းရဲဝေဒနာကို။ ဝေဒေတိ၊ ခံရလေ၏။

֍ ဋ္ဌ ၁၀၄။ မဟာရာဇ၊ မင်းမြတ်။ တဿ နေရယိကဿ၊ ထို ငရဲသူ သတ္တဝါ၏။ ကာယာ၊ ကိုယ်မှ။ အဂ္ဂိသိခါ၊ မီးလျှံတို့သည်။ ပဘဿရာ၊ ပြိုးပြိုးပြက်။ နိစ္ဆရန္တိ၊ ထွက်ကုန်၏။ တေဇောဘက္ခဿ၊ မီးကို စားရသော ငရဲသူ၏။ ဂတ္တာနိ၊ ကိုယ်တို့သည်။ လောမေဟိ စ၊ မွေးတွင်းတို့နှင့်လည်းကောင်း။ နခေဟိ စ၊ ခြေသည်း လက်သည်းတို့နှင့် လည်းကောင်း။ သဒ္ဓိံ၊ တကွ။ ပဘဿရာ၊ ပြိုးပြိုးပြက်။ နိစ္ဆရန္တိ၊ ထွက်ကုန်၏။

֍ ဋ္ဌ ၁၀၅။ မဟာရာဇ၊ မင်းမြတ်။ သော နေရယိကော၊ ထိုငရဲသူသည်။ နိစ္စံ၊ အမြဲ။ အန္တရဗာဟိရံ၊ ကိုယ်တွင်းကိုယ်ပကို။ ဍယှမာနေန၊ လောင်သော။ ဂတ္တေန၊ ကိုယ်ဖြင့်။ ဒုက္ခာ ဘိတုန္နော၊ ဆင်းရဲဖြင့် အလွန် နှိပ်စက်အပ်သည်ဖြစ်၏။ တုတ္တဋ္ဋိတော၊ လှံချွန်းတောင်းဖြင့် နှိပ်စက်အပ်သော။ နာဂေါ ယထာ၊ ဆင်ပြောင်ကဲ့သို့။ နဒတိ၊ ဟစ်ကြွေးငိုမြည်ရ၏။

ကာဠသုတ်ငရဲ

֍ ဋ္ဌ ၁၀၆။ မဟာရာဇ၊ မင်းမြတ်။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ လောဘဝါ၊ ပြည်တိုင်းကားကို လိုချင်သဖြင့် လည်းကောင်း။ ဒေါသာဝါ၊ ပြစ်မှားလိုသော စိတ်ဖြင့်လည်းကောင်း။ ပုရိသမဒါဝါ၊ ပုရိသမာန် ယစ်သဖြင့်လည်းကောင်း။ ပိုတရံ၊ အဖကို။ ဟန္တိ၊ သတ်၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ကာဠသုတ္တေ၊ ကာဠသုတ် အမည်ရှိသော။ နိရယေ၊ ငရဲ၌။ စိရရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။ ပစ္စတိ၊ ခံရ၏။

အဖသတ်သူ

֍ ဋ္ဌ ၁၀၇။ မဟာရာဇ၊ မင်းမြတ်။ တာဒိသော၊ ထိုသို့သဘောရှိသော။ သော ပုဂ္ဂလော၊ ထိုအဖကိုသတ်ပုဂ္ဂိုလ်သည်။ လောဟကုမ္ဘီယံ၊ ကြေးအိုး၌။ ပစ္စတိ၊ ခံရ၏။ ပက္ကဉ္စ၊ ကျက်သော ငရဲသူကိုလည်း။ သတ္တီဟိ၊ လှံတို့ဖြင့်။ ဟနန္တိ၊ ထိုးကုန်၏။ နိတ္တစံ၊ အရေမရှိသည်ကို။ ကရောန္တိ၊ ပြုကုန်၏။ တထာဝိဓံ၊ ထိုသို့ အပြားရှိသော။ နရံ၊ အဖသတ်ငရဲသူကို။ အန္ဓံ၊ မျက်စိကန်းသည်ကို။ ကရိတွာ၊ ပြု၍။ မုတ္တကရီသံ၊ ကျင်ကြီးကျင်ငယ်ကို။ ဘက်ခံ ခါဒါပေန္တိ၊ စားစေကုန်၏။ ခါရေ၊ ကြေးနီရေ၌။ နိမုဇ္ဇန္တိ၊ ငုပ်စေကုန်၏။

֍ ဋ္ဌ ၁၀၈။ မဟာရာဇ၊ မင်းမြတ်။ ရက္ခသာ၊ ငရဲထိန်းတို့သည်။ တတ္တံ၊ ရဲရဲပြောင်ပြောင် တောက်လောင်သော။ ပက္ကုထိတံ၊ ကျိုက်ကျိုက်ဆူသော။ အယောဂုဠဉ္စ၊ ကြေးနီစိုင်ကိုလည်းကောင်း။ စိရရတ္တာပိတေ၊ ကြာမြင့်စွာ ပူစေအပ်ကုန်ပြီးသော။ ဒီဃေ၊ ရှည်ကုန်သော။ ဗလီသေ စ၊ သံမျှားချိတ်တို့ကို လည်းကောင်း။ အာဒါယ၊ ယူ၍။ ရဇ္ဇူဘိ၊ ကြိုးတို့ဖြင့်။ ဝိဗန္ဓ၊ ဖွဲ့၍။ ဝိက္ခမ္ဘံ၊ ခံတွင်းကိုဖွင့်၍။ ဝိဝဋေ၊ ဟင်းလင်းပွင့်သော။ မုခေ၊ ခံတွင်း၌။ သမ္ပဝိသန္တိ၊ ထည့်ကုန်၏။

֍ ဋ္ဌ ၁၀၉။ မဟာရာဇ၊ မင်းမြတ်။ တဿ ပိတုဃာတကဿ၊ ထိုအဖသတ်သော ငရဲသူ၏။ ဇိဝှံ၊ လျှာကို။ ဝိဘဇ္ဇ၊ ဖြတ်၍။ သာမာ၊ ရွှေသော အဆင်းရှိကုန်သော။ သောဏာ စ၊ ဆင် အတိုင်းအရှည် ရှိကုန်သော ခွေးတို့သည်လည်းကောင်း။ သဗလာ၊ ပြောက်ကျားသော အဆင်းရှိကုန်သော။ သောဏာ စ၊ ဆင်အတိုင်းအရှည် ရှိကုန်သော ခွေးတို့သည်လည်းကောင်း။ အယောမုခါ၊ သံနှုတ်သီးရှိကုန်သော။ ဂိဇ္ဈာ စ၊ ဝန်တင်လှည်း အတိုင်းအရှည်ရှိကုန်သော လင်းတတို့သည်လည်းကောင်း။ ကာကောလသံဃာ စ၊ တောကျီးအပေါင်းတို့သည်လည်းကောင်း။ ဒိဇာ စ၊ ငှက်အပေါင်းတို့သည်လည်းကောင်း။ သင်္ဂမ္မ၊ စည်းဝေးကြ၍။ ဝိဃာသံ၊ ပင်ပန်းလှသော နွားကျွဲစသည်ကို။ သလောဟိတံ၊ သွေးနှင့်တကွ။ ခါဒန္တော ဝိယ၊ စားကုန်သကဲ့သို့။ ဝိပ္ဖန္ဒမာနံ၊ တုန်လှုပ်သော ငရဲသူကို။ မုရုံ၊ ကျွတ်ကျွတ်ကျွတ်ကျွတ် မြည်အောင်ဝါး၍။ ခါဒန္တိ၊ စားကုန်၏။

֍ ဋ္ဌ ၁၁၀။ မဟာရာဇ၊ မင်းမြတ်။ ဍဍ္ဎတာလံ၊ မီးလောင်သော ထန်းပင်ကဲ့သို့သော ကိုယ်ရှိသော။ ပရိဘိန္နဂတ္တံ၊ တစ်ကိုယ်လုံး အပေါက်ပေါက် ခုတ်ထွင်းအပ်သော ကိုယ်ရှိသော။ တံ၊ ထိုအဖကိုသတ်သောသူကို။ ရက္ခသာ၊ ငရဲထိန်းတို့သည်။ နိပေါထယန္တာ၊ ပုတ်ခတ်ကုန့လျက်။ အနုဝိစရန္တိ၊ သွားကြကုန်၏။

֍ ဋ္ဌ ၁၁၁။ မဟာရာဇ၊ မင်းမြတ်။ တေသံ၊ ထိုငရဲထိန်းတို့အား။ ရတီ၊ မွေ့လျော်ခြင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတရေ ပန၊ ငရဲသူ သတ္တဝါတို့သည်ကား။ ဒုခိနော၊ ဆင်းရဲကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ မဟာရာဇ၊ မင်းမြတ်။ ဣဓ လောကေ၊ ဤလူ့ရွာ၌။ ယေ ကေစိ၊ ခပ်သိမ်းကုန်သော။ ပေတ္တိဃာတိနော၊ အဖကို သတ်သောသူတို့သည်။ ဧတာဒိသသ္မိံ၊ ဤသို့ သဘောရှိသော။ နိရယေ၊ ကြေးနီအိုးငရဲ၌။ ဝသန္တိ၊ နေရကုန်၏။

အမိသတ်သူ

֍ ဋ္ဌ ၁၁၂။ မဟာရာဇ၊ မင်းမြတ်။ ပုတ္တော စ၊ သားသည်လည်း။ မာတရံ၊ အမိကို။ ဟန္တွာ၊ သတ်မိသောကြောင့်။ ဣတော၊ ဤလူ့ပြည်မှ။ ဂန္တွာ၊ သွားလေ၍။ ယမက္ခယံ၊ ယမမင်း၏ နေရာ၌။ ဘုသံ၊ ပြင်းစွာသော။ ဒုက္ခံ၊ ဆင်းရဲသို့။ အာပဇ္ဇတေ၊ ရောက်၏။ အတ္တကမ္မဖလူပဂေါ၊ မိမိပြုသော မကောင်းမှုကံ၏ အကျိုးဖြင့် ကပ်ရလေ၏။

֍ ဋ္ဌ ၁၁၃။ မဟာရာဇ၊ မင်းမြတ်။ ဇနယန္တိယာ၊ အမိကို။ ဟန္တရံ၊ သတ်မိသောကြောင့်။ အဝိဗလာ၊ ခွန်အားဗလကြီးမားကုန်သော။ အမနုဿာ၊ ငရဲထိန်းတို့သည်။ အယောမယေဟိ၊ သံဖြင့်ပြီးကုန်သော။ ဝါဠေဟိ၊ လျှော်တို့ဖြင့်။ ပုနပ္ပုနံ၊ အထပ်ထပ်။ ဝေဌေတွာ၊ ရစ်ပတ်၏။ အယယန္တေ၊ သံယန္တရား၌။ ပီဠေန္တိ၊ ကြိတ်ခြေကုန်၏။

֍ ဋ္ဌ ၁၁၄။ မဟာရာဇ၊ မင်းမြတ်။ တံ မာတုဃံ၊ ထိုအမိကို သတ်သော ငရဲသူကို။ သကာဂတ္တာ၊ မိမိကိုယ်မှ။ ဥဿဝံ၊ ယိုသောသွေးကို။ ပဿန္တံ၊ မြင်စဉ်ပင်လျှင်။ အဿ၊ ထိုငရဲသူသတ္တဝါ၏။ အတ္တသမ္ဘဝံ၊ ကိုယ်ကောင်ပကတိ ဖြစ်ပြန်သောအခါ၌။ တမ္ဗလောဟဝိလီနံဝ၊ မြည့်မြည့်ကြေသော ကြေးနီရေနှင့်တူသော။ တတ္တံ၊ ရဲရဲပြောင်ပြောင်တောက်သော။ ရုဓိရံ၊ သွေးကို ပါယေန္တိ၊ သောက်စေကုန်၏။

֍ ဋ္ဌ ၁၁၅။ ဇိဂုစ္ဆံ၊ စက်ဆုပ်ဖွယ်သော။ ကုဏပံ၊ အကောင်ပုပ်လည်းဖြစ်ထသော။ ပူတိံ၊ ပုပ်သောအဖြစ်သို့လည်း ရောက်ထသော။ ဒုဂ္ဂန္ဓံ၊ အလွန်မကောင်းသော အနံ့လည်းရှိထသော။ ဂူထကဒ္ဒမံ၊ မစင်ဟုဆိုအပ်သော ညွန်လည်းဖြစ်ထသော။ ပုဗ္ဗလောဟိတသံကာသံ၊ သွေးပြည်နှင့်လည်းတူသော။ ရဟဒံ၊ အိုင်သို့။ ခိပေန္တိ၊ ပစ်ချကုန်၏။ သော၊ ထိုအမိကိုသတ်သော ငရဲသူသည်။ တံ ရဟဒံ၊ ထိုအိုင်သို့။ ဩဂ္ဂယှ၊ သက်၍။ တိဋ္ဌတိ၊ နေရ၏။

֍ ဋ္ဌ ၁၁၆။ မဟာရာဇ၊ မင်းမြတ်။ တတ္ထ၊ ထိုမစင်ငရဲ၌။ တမေနံ၊ ထိုအမိကိုသတ်သော ငရဲသူကို။ အဘိကာယာ၊ ပိန်းကောလှေ အတိုင်းအရှည်ရှိသော ကိုယ်ရှိကုန်သော။ အယောမုခါ၊ သံအပ်နှင့်တူသော ထက်စွာသော နှုတ်သီးရှိကုန်သော။ ကိမိယော၊ ပိုးလောက်တို့သည်။ ဆဝံ၊ အရေကို။ ဘေတွာန၊ ဖြတ်၍။ မံသလောဟိတေ၊ အသားအသွေးတို့ကို။ သံဂိဒ္ဓါ၊ ပြင်းစွာ ဆာလောင် မွတ်သိပ်ကုန်သည်ဖြစ်၍။ ခါဒန္တိ၊ စားကုန်၏။

֍ ဋ္ဌ ၁၁၇။ မဟာရာဇ၊ မင်းမြတ်။ သော စ၊ ထိုအမိကိုသတ်သော ငရဲသူသည်လည်း။ သတပေါရိသံ၊ အသူတရာနက်သော။ တံ နိရယံ၊ ထိုငရဲသို့။ ပတ္တော၊ ရောက်၍။ နိမုဂ္ဂေါ၊ နစ်သည်။ ဟောတိ၊ ဖြစ်၏။ ကုဏပံ၊ ဘင်ပုပ်အနံ့သည်။ သမန္တာ၊ ထက်ဝန်းကျင်မှ။ သတယောဇနံ၊ ယူဇနာတစ်ရာတိုင်တိုင်။ ပူတိကံ၊ အပုပ်အတိ။ ဝါတိ၊ လှိုင်၏။

֍ ဋ္ဌ ၁၁၈။ မဟာရာဇ၊ မင်းမြတ်။ ဟိ-သစ္စံ၊ မှန်၏။ စက္ခုမာပိ၊ မျက်စိရှိသော သူတို့၏လည်း။ စက္ခူနိ၊ မျက်စိတို့သည်။ တေန ဂန္ဓေန၊ ထိုအပုပ်နံ့ဖြင့်။ ဇိယတိ၊ ကြေမွ၏။ ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်မင်းမြတ်။ မာတုဃော၊ အမိကိုသတ်သော ငရဲသူသည်။ ဧတာဒိသံ၊ ထိုသို့ သဘောရှိသော။ ဒုက္ခံ၊ ဆင်းရဲကို။ လဘတေ၊ ရ၏။

ကိုယ်ဝန်ဖျက်ချသူ

֍ ဋ္ဌ ၁၁၉။ မဟာရာဇ၊ မင်းမြတ်။ ဂဗ္ဗပါတိယော၊ ကိုယ်ဝန်ကိုချသော မိန်းမတို့သည်။ ဒုရဘိသမ္ဘဝံ၊ အလွန်ကြောက်မက်ဖွယ်ကို ဖြစ်စေတတ်သော။ တိက်ခံ၊ ထက်လှစွာသော။ ခုရဓာရံ၊ သင်တုန်းသွားကို။ အနုက္ကမ္မ၊ လွန်၍။ ဒုဂ္ဂံ၊ ကူးနိုင်ခဲသော။ ဝေတ္တရဏိံ၊ ဝေတ္တရဏီ အမည်ရှိသော။ နဒိံ၊ ကြိမ်ပိုက်ချောင်းသို့။ ပတန္တိ၊ ကျကုန်၏။

֍ ဋ္ဌ ၁၂၀။ မဟာရာဇ၊ မင်းမြတ်။ အယောမယာ၊ သံဖြင့်ပြီးကုန်သော။ သောဠသင်္ဂုလိကဏ္ဋကာ၊ တစ်ဆယ့်ခြောက်လက်သစ် ပမာဏ အဆူးရှိကုန်သော။ သိမ္ဗလိယော၊ လက်ပံပင်၏ အခက်တို့သည်။ ဥဘတော- ဒွီသု တီရေသု၊ ကမ်းနားနှစ်ဖက်တို့၌။ ဒုဂ္ဂံ၊ ကူးနိုင်ခဲသော။ ဝေတ္တရဏိံ၊ ဝေတ္တရဏီ အမည်ရှိသော။ နဒိံ၊ ကြိမ်ပိုက်ချောင်းသို့။ အဘိလမ္ဗန္တိ၊ တွဲရရွဲကျကုန်၏။

֍ ဋ္ဌ ၁၂၁။ မဟာရာဇ၊ မင်းမြတ်။ တေ ရုက္ခာ၊ ထိုလက်ပံပင်တို့သည်။ အစ္စိမန္တော၊ အလျှံပြောင်ပြောင် တောက်ကုန်လျက်။ ဒါရုနာ၊ ကြောက်မက်ဖွယ် ရှိကုန်သော။ အဂ္ဂိက္ခန္ဓာဝ၊ မီးပုံကြီးတို့ကဲ့သို့။ တိဋ္ဌန္တိ၊ တည်ကုန်၏။ အာဒိတ္တာ၊ ပြောင်ပြောင်တောက်သော အလျှံတို့သည်။ ဇာတဝေဒေန၊ မီးအဟုန်ဖြင့်။ ဥဒ္ဓံ၊ အထက်သို့။ ယောဇနမုဂ္ဂတာ၊ တစ်ယူဇနာတိုင်တိုင် တက်ကုန်၏။

လင်ငယ် မယားငယ်နေသူ

֍ ဋ္ဌ ၁၂၂။ မဟာရာဇ၊ မင်းမြတ်။ အတိစာရာ၊ မိမိလင်ကို လွန်ကျူး၍ ကျင့်ကုန်သော။ နာရိယော စ၊ မိန်းမတို့သည်လည်းကောင်း။ ပရဒါရဂူ၊ သူတစ်ပါးမယားကို လွန်ကျူး၍ ကျင့်ကုန်သော။ နရာ စ၊ ယောက်ျားတို့သည်လည်းကောင်း။ ဧတာ၊ ထိုသူတို့သည်။ တတ္တေ၊ အလျှံတပြောင်ပြောင် ပူလောင်၍နေသော။ တိခိဏကဏ္ဋကေ၊ ထက်စွာသော အဆူးရှိသော။ တတ္ထ နိရယေ၊ ထိုလက်ပံပင်ငရဲ၌။ ဝဇန္တိ၊ တက်ရကုန်၏။

֍ ဋ္ဌ ၁၂၃။ မဟာရာဇ၊ မင်းမြတ်။ တေ၊ ထို မိမိလင်ကို လွန်ကျူး၍ကျင့်သော မိန်းမ, သူတစ်ပါးမယားကို လွန်ကျူး၍ကျင့်သော ယောက်ျားတို့သည်။ အဓောက္ခန္ဓာ၊ ဦးခေါင်းစောက်ထိုး။ ပတန္တိ၊ လက်ပံပင်မှ ကျကုန်၏။ ပုထူ၊ အသီးသီး။ ဝိဟတာ၊ စုတ်ပြတ်သောကိုယ် ရှိကုန်သည်။ ဝိဝတ္တာ၊ ပျက်စီးသောကိုယ် ရှိကုန်သည်။ ဝိနိဝိဒ္ဓင်္ဂါ၊ ထိုးကျင့်သော ကိုယ်ရှိကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ သယန္တိ၊ အိပ်ရကုန်၏။ ဒီဃံ၊ မြင့်ရှည်စွာသော နေ့ညဉ့်ပတ်လုံး။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဇဂ္ဂန္တိ- နိဒ္ဒံ န ဩက္ကမန္တိ၊ မအိပ်ရကုန်။

֍ ဋ္ဌ ၁၂၄။ မဟာရာဇ၊ မင်းမြတ်။ တတော၊ ထို့နောင်မှ။ ရတျာဝိဝသာနေ၊ များစွာသော ညဉ့်တို့၏အဆုံး၌။ မဟတီ၊ ကြီးမားသာ။ ပဗ္ဗတူပမံ၊ တောင်အတိုင်းအရှည်သာ။ တတ္တံ၊ ပြောင်ပြောင်တောက်သော။ အဂ္ဂိသမူဒကံ၊ မီးနှင့်တူသော ရေရှိသော။ လောဟကုမ္ဘိံ၊ ကြေးနီအိုး၌။ ပဝဇ္ဇန္တိ၊ ဝင်လျက် ငုပ်ရကုန်၏။

֍ ဋ္ဌ ၁၂၅။ မဟာရာဇ၊ မင်းမြတ်။ ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ ဒိဝါ စ၊ နေ့၌ လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ မောဟပါရုတာ၊ မောဟဖြင့် ဖုံးလွှမ်းအပ်ကုန်သော။ ဒုဿီလာ၊ သူတစ်ပါးမယားကို ပြစ်မှားတတ်ကုန်သော သူတို့သည်။ ပုဗ္ဗေ၊ ရှေး၌။ အတ္တနော၊ မိမိ၏။ ဒုက္ကဋံ၊ မကောင်းသဖြင့် ပြုအပ်သောကံကို။ ပဋိစ္စ၊ စွဲ၍။ သကံ ကမ္မံ၊ မိမိပြုသော မကောင်းမှုကံ့ကို။ အနုဘောန္တိ၊ ခံရကုန်၏။

֍ ဋ္ဌ ၁၂၆။ မဟာရာဇ၊ မင်းမြတ်။ ဓနက္ကိတာ၊ ဥစ္စာဖြင့် ဝယ်အပ်ကုန်သော။ ယာ စ ဘရိယာ၊ အကြင်မယားသည်။ သာမိကံ၊ မိမိလင်ကို။ အတိမညတိ၊ မထီမဲ့မြင်ပြု၏။ သဿုဝါ၊ ယောက္ခမ ယောက်ျားသူကိုလည်းကောင်း။ သဿုရံ ဝါ၊ ယောက္ခမ မိန်းမသူကို လည်းကောင်း။ ဇေဋ္ဌံဝါပိ၊ ခဲအိုကိုလည်းကောင်း။ နနန္ဒနံ ဝါ၊ ယောက်မကို လည်းကောင်း။ အတိမညတိ၊ မထီမဲ့မြင်ပြု၏။ မဟာရာဇ၊ မင်းမြတ်။ တဿာ၊ ထိုငရဲသူမ၏။ မုခံ၊ ခံတွင်းကို။ အယသင်္ကုနာ၊ သံချွန်းတောင်းဖြင့်။ ဝိဝရိတွာ၊ ဖွင့်၍။ ဝင်္ကေန၊ သံမျှားချိတ်ဖြင့်။ ဇိဝှဂ္ဂံ၊ လျှာဖျားကို။ နိဗ္ဗဟန္တိ၊ ငင်ထုတ်ကုန်၏။ သဗန္ဓနံ၊ ကြိုးဖြင့်ဖွဲ့လျက်။ ကဍ္ဎန္တိ၊ ဝင်ကုန်၏။

֍ ဋ္ဌ ၁၂၇။ ကိမိနံ၊ ပိန်းကြီးမျှလောက်သော ပိုးလောက်တို့ဖြင့်ပြည့်သော။ သဗျာမမတ္တံ၊ မိမိတစ်လံ အတိုင်းအရှည်ရှိသော။ အတ္တနိ-အတ္တနော၊ မိမိ၏။ ဇိဝှံ၊ လျှာကို။ ပဿတိ၊ မြင်ရ၏။ ဝိညာပေတုံ၊ ငရဲထိန်းတို့ကို တောင်းပန်ခြင်းငှာလည်း။ န သက္ကောတိ၊ မတတ်နိုင်။ ပေစ္စ၊ တစ်ဖန်လည်း။ တာပနေ၊ တာပန်ငရဲ၌။ ပစ္စတိ၊ ကျက်ရ၏။

တံငါမုဆိုး

֍ ဋ္ဌ ၁၂၈။ မဟာရာဇ၊ မင်းမြတ်။ ဩရဗ္ဘိကာ စ၊ ဆိတ်ကိုသတ်၍ အသက်မွေးသော သူတို့ကိုလည်းကောင်း။ သူကရိကာ စ၊ ဝက်ကိုသတ်၍ အသက်မွေးသောသူတို့ကိုလည်းကောင်း။ မစ္ဆိကာ စ၊ တံငါတို့ကိုလည်းကောင်း။ မိဂဗန္ဓကာ စ၊ သားမုဆိုးတို့ကိုလည်းကောင်း။ စောရာ စ၊ ခိုးသူတို့ကိုလည်းကောင်း။ ဂေါဃာတကာ စ၊ နွားသတ် ယောက်ျားတို့ကိုလည်းကောင်း။ လုဒ္ဒါ စ၊ ရုန့်ရင်းကြမ်းကြုတ်သော သူတို့ကိုလည်းကောင်း။ အဝဏ္ဏေ၊ မချီးမွမ်းအပ်သောသူတို့ကို။ ဝဏ္ဏကာရကာ စ၊ ချီးမွမ်းခြင်းကို ပြုတတ်သော သူတို့ကိုလည်းကောင်း။

֍ ဋ္ဌ ၁၂၉။ သတ္တီဟိ စ၊ လှံတို့ဖြင့်လည်းကောင်း။ လောဟကူဋေဟိစ၊ သံဆောက်ပုတ်တို့နှင့်လည်းကောင်း။ နေတ္တိံသေဟိ စ၊ သန်လျက်တို့ဖြင့်လည်းကောင်း။ ဥသူဟိ စ၊ မြားတို့ဖြင့် လည်းကောင်း။ ဟညမာနာ၊ ညှဉ်းဆဲသတ်ပုတ်ကုန်လျက်။ အဝံသိရာ၊ ဦးခေါင်းစောက်ထိုး။ ခါရနဒိံ၊ ကြိမ်ပိုက်ချောင်းသို့။ နိရယပါလာ၊ ငရဲထိန်းတို့သည်။ သံပတန္တိ၊ ပစ်ချကုန်၏။

လာဘ်စားသူ

֍ ဋ္ဌ ၁၃၀။ မဟာရာဇ၊ မင်းမြတ်။ ကူဋကာရီ၊ စဉ်းလဲစဉ်းစားတတ်ကုန်သော တရားသူကြီးစသော သူတို့ကို။ သာယံပါတော၊ ည, နံနက်။ အယောကူဋေဟိ၊ ပြောင်ပြောင်တောက်သော သံတူကြီးတို့ဖြင့်။ ဟညတိ၊ ညှဉ်းဆဲ၏။ တတော၊ ထို့နောင်မှ။ ဒုရတ္တာနံ၊ ကူးခပ်နိုင်ခဲသော ကိုယ်ရှိသော တရားသူကြီးစသော ငရဲသူသတ္တဝါတို့သည်။ ပရေသံ၊ သူတစ်ပါးတို့၏။ ဝန္တံ၊ အန်ဖတ်ကို။ သဒါ၊ အခါခပ်သိမ်း။ ဘုဉ္ဇရေ၊ စားရကုန်၏။

֍ ဋ္ဌ ၁၃၁။ မဟာရာဇ၊ မင်းမြတ်။ ကိဗ္ဗိသကာရကံ၊ ကြမ်းကြုတ်သောအမှုကို ပြုတတ်ထသော။ ဝိပ္ဖန္ဒမာနံ၊ တပြောင်းပြန်ပြန် တုန်လှုပ်ထသော။ နရံ၊ ငရဲသူသတ္တဝါကို။ အယာမုခါ၊ သံဖြင့်ပြီးသော နှုတ်သီးရှိကုန်သော။ ဓင်္ကာ စ၊ စွန်ရဲတို့သည်လည်းကောင်း ဘေရဏ္ဍကာ စ၊ မြေခွေးတို့သည်လည်းကောင်း။ ဂိဇ္ဈာ စ၊ ဝန်တင်လှည်းအတိုင်းအရှည်ရှိကုန်သော လင်းတတို့သည်လည်းကောင်း။ ကာကောာလာ စ၊ တောကျီးအပေါင်းတို့သည်လည်းကောင်း။ ခါဒန္တိ၊ ခဲကုန်၏။

မုဆိုးများ

֍ ဋ္ဌ ၁၃၂။ မဟာရာဇ၊ မင်းမြတ်။ ရဇသာဆန္နာ၊ ကိလေသာတည်းဟူသောမြူဖြင့် မြှေးယှက်ဖုံးလွှမ်းအပ်ကုန်သော။ အသန္တော၊ သူတော်ကောင်း မဟုတ်ကုန်သော။ ယေ ပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ မိဂေန၊ သမင်တိန်ညင်ဖြင့်။ မိဂံ၊ သားအပေါင်းကို။ ဟန္တိ၊ သတ်ကုန်၏။ ပက္ခိနာ ဝါ ပန၊ ငှက်တိန်ညင်ဖြင့်လည်း။ ပက္ခိံ၊ ငှက်အပေါင်းကို။ ဟန္တိ၊ သတ်ကုန်၏။ တေ ပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်တို့သည်။ နိရယုဿဒံ၊ ဥဿဒငရဲသို့။ ဂန္တွာ၊ လားရကုန်၏။

နတ်ပြည်ချမ်းသာ

ဤသို့လျှင် ဘုရားလောင်း သံကိစ္စရှင်ရသေ့သည် ဤမျှ အတိုင်းအရှည်ရှိသော ငရဲတို့ကို ဖွင့်လှစ်ဖော်ပြတော်မူပြီး၍ ယခုအခါ နတ်ပြည်ကိုဖွင့်လှစ်၍ ဗြဟ္မဒတ်မင်းအား ပြတော်မူပြန်လိုရကား-

၁၃၃။ သန္တော စ ဥဒ္ဓံ ဂစ္ဆန္တိ၊ သုစိဏ္ဏေနိဓ ကမ္မုနာ။
သုစိဏ္ဏဿ ဖလံ ပဿ၊ သဣန္ဒာ ဒေဝ သဗြဟ္မကာ။
၁၃၄။ တံ တံ ဗြူမိ မဟာရာဇ၊ ဓမ္မံ ရဋ္ဌပတီ စရ။
တထာ ရာဇ စရာဟိ ဓမ္မံ၊
ယထာ တံ သုစိဏ္ဏံ နာနုတပ္ပေယျ ပစ္ဆာ။

ဟူသော ဤနှစ်ဂါထာကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁၃၃။ မဟာရာဇ၊ မင်းမြတ်။ သန္တော၊ ကိုယ်အစရှိသည်ဖြင့် ငြိမ်သက်ကုန်သော။ သဣန္ဒာ၊ သိကြားနတ်မင်းနှင့် တကွကုန်သော။ သဗြဟ္မကာ၊ ဗြဟ္မာနှင့်တကွကုန်သော။ ဒေဝါ၊ နတ်ဗြဟ္မာတို့သည်။ ဣဓ၊ ဤလူ့ပြည်၌။ သုစိဏ္ဏေန၊ ကောင်းစွာ ကျင့်အပ်သော။ ကမ္မုနာ၊ ကံကြောင့်။ ဥဒ္ဓံ၊ နတ်ပြည် ဗြဟ္မာပြည်သို့။ ဂစ္ဆန္တိ၊ သွားရကုန်၏။ သုစိဏ္ဏဿ၊ ကောင်းစွာကျင့်ခြင်း၏။ ဖလံ၊ အကျိုးကို။ ပဿ၊ ရှုပါလော့။

֍ ဋ္ဌ ၁၃၄။ မဟာရာဇ၊ မင်းမြတ်။ တံ-တသ္မာ၊ ထို့ကြောင့်။ တံ၊ သင်မင်းကြီးကို။ ဗြူမိ၊ ငါဆိုအံ့။ ရဋ္ဌပတိ၊ တိုင်းပြည်သူ၏ အရှင်ဖြစ်သော်မူသော။ ရာဇ၊ မင်းမြတ်။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်လော့။ ယထာ၊ အကြင်အခြင်းဖြင့်။ ယံ ဓမ္မံ၊ အကြင်တရားကို။ သုစိဏ္ဏံ၊ ကောင်းစွာ ကျင့်သည်ရှိသော်။ ပစ္ဆာ၊ နောက်ကာလ၌။ နာနုတပ္ပေယျ၊ မပူပန်ရာ။ တထာ၊ ထိုအခြင်းဖြင့်။ သုစိဏ္ဏံ၊ ကောင်းစွာကျင့်အပ်သော။ တံ ဓမ္မံ၊ ထိုတရားကို။ စရာဟိ၊ ကျင့်တော်မူလော့။

ထိုဗြဟ္မဒတ်မင်းသည် ဘုရားလောင်း သံကိစ္စရှင်ရသေ့၏ တရားစကားကို ကြားနာရသဖြင့် ထိုနေ့မှစ၍ သက်သာရာကို ရ၏။ ဘုရားလောင်း သံကိစ္စရှင်ရသေ့သည်ကား အတန်ငယ် ထိုဥယျာဉ်၌နေ၍ မိမိနေရာ ဟိမဝန္တာသို့သာလျှင် ကြွတော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤသံကိစ္စဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် ငါဘုရားသည် အဇာတသတ်မင်းကို သက်သာရာ ရစေတော်မူသည် မဟုတ်သေး၊ ရှေးဗြဟ္မဒတ်မင်း ဖြစ်သောအခါ၌လည်း ဤအဇာတသတ်မင်းကို ငါဘုရားသည် သက်သာရာကို ရစေတော်မူဖူးပြီဟု မိန့်တော်မူ၍ ယခုအခါ အဇာတသတ်မင်းသည် ထိုအခါ ဗြဟ္မဒတ်မင်း ဖြစ်ဖူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ တပည့်ရသေ့အပေါင်းတို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သံကိစ္စရသေ့ဖြစ်ဖူးပြီဟု ဇာတ်ပေါင်းတော်မူ၏။

ငရဲဖုံဖုံ၊ နတ်ပြည်ဘုံ၊ သိကုန် ကျင့်ကောင်းစွာ

နှစ်ခုမြောက်သော သံကိစ္စဇာတ်သည် ပြီး၏။

*****

သတ္တတိနိပါတ်

၁။ ကုသဇာတ်

ကိလေသာအလိုသို့ မလိုက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣဒံ တေ ရဋ္ဌံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သာဝတ္ထိပြည်၌နေသော အမျိုးသားဖြစ်သော ထိုရဟန်းသည် သာသနာတော်၌ အသက်ကိုစွန့်၍ ရဟန်းပြုသတတ်၊ တစ်နေ့သ၌ သာဝတ္ထိပြည်သို့ ဆွမ်းခံသွားသည်ရှိသော် တန်ဆာဆင်အပ်သော မိန်းမတစ်ယောက်ကို လက် ခြေ ဆံပင် အစရှိသော အလုံးစုံသော ကိုယ်အင်္ဂါသည် လွန်စွာ တင့်တယ်ပေစွတကား ဟူသောအယူကို ယူသောအားဖြင့် ကြည့်လေလျှင် ကိလေသာသည် လွန်စွာနှိပ်စက်လျက် သာသနာတော်၌ မမွေ့လျော်သည်ဖြစ်၍ နေ၏။ ရှည်သော ဆံ, လက်သည်းရှိသည်။ ညစ်နွမ်းသော အဝတ်သင်္ကန်းရှိသည်။ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ဖြစ်၍ နေ၏။

နတ်တို့သေခါနီး

ဥပမာမည်သည်ကား နတ်ပြည်မှ စုတော့အံ့သော သဘောရှိကုန်သော နတ်တို့အား ငါးပါးသာ ပုဗ္ဗနိမိတ်တို့သည် ထင်ကုန်၏။ ပန်ဆင်သော ပန်းတို့သည် ညှိုးကုန်၏။ ဆင်ဝတ်သော အဝတ်တို့သည် ညစ်နွမ်းကုန်၏။ ကိုယ်၌ အဆင်းမလှခြင်းသို့ရောက်၏။ လက်ကတီးကြားနှစ်ဖက်တို့မှ ချွေးတို့သည် ထွက်ကုန်၏။ နတ်တို့၏ နေရာ၌ မမွေ့လျော်ကုန်သကဲ့သို့။

ရဟန်းတို့လူထွက်ခါနီး

ထို့အတူ သာသနာတော်မှ ရွေ့လျောလိုသော သဘော ရှိကုန်သော ငြီးငွေ့ဆန့်ကျင်ကုန်သော ရဟန်းတို့အား ငါးပါးသော နိမိတ်တို့သည် ထင်ကုန်၏။ သဒ္ဓါတရားတည်းဟူသော ပန်းတို့သည် ညှိုးနွမ်းကုန်၏။ သီလတည်းဟူသော အဝတ်တို့သည် ညစ်နွမ်းကုန်၏။ မျက်မှောင်ကြုတ်သော အဖြစ်ဖြင့်လည်းကောင်း၊ အရှိန်အစော်မရှိသောအားဖြင့်လည်းကောင်း အဆင်းမလှခြင်းသို့ ရောက်၏။ ကိလေသာတည်းဟူသော ချွေးတို့သည် ယိုထွက်ကုန်၏။ တောကျောင်း၌ လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်၌ လည်းကောင်း မမွေ့လျော်၊ ထိုရဟန်းအားလည်း ထိုနိမိတ်ငါးပါးတို့သည် ထင်ကုန်၏။

ထိုအခါ ထိုရဟန်းကို သဗ္ဗညူဘုရားသခင် အထံတော်သို့ ဆောင်ယူ၍ ဘုန်းတော်ကြီးလှသော အရှင်ဘုရား... ဤရဟန်းသည် သာသနာတော်၌ ငြီးငွေ့၏ဟု ပြကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း... မှန်ပေသလော ဟု မေးတော်မူ၍ အရှင်ဘုရား... မှန်ပေ၏ဟု နားတော် လျှောက်လတ်သော် ရဟန်း... ကိလေသာအလိုသို့ မလိုက်သင့်၊ မိန်းမမည်သည်ကား အလွန်ယုတ်မာ၏။ ထိုမိန်းမ၌ တပ်စွန်းသောစိတ်ကို ဖျောက်ဘိလော့၊ ငါဘုရား သာသနာတော်၌ မွေ့လျော်လော့၊ ထိုစကားသည် မှန်၏။ မိန်းမ၌ တပ်စွန်းသောစိတ် ရှိသောကြောင့် ဘုန်းတန်ခိုး အာနုဘော်ရှိကုန်သော ရှေးပညာရှိတို့သည်လည်း ဘုန်းတန်ခိုး အရှိန်အစော်မရှိကုန်သည်ဖြစ်၍ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ဖူးကုန်ပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း... လွန်လေပြီးသောအခါ မလ္လတိုင်း ကုသဝတီအမည်ရှိသော မင်းနေပြည်ကြီး၌ ဩက္ကာကရာဇ် အမည်ရှိသောမင်းသည် ရာဇဓံဆယ်ပါးနှင့်အညီ မင်းပြု၏။ ထိုဩက္ကာကရာဇ်မင်း၏ တစ်သောင်း ခြောက်ထောင်ကုန်သော မောင်းမတို့၏ အကြီးဖြစ်သော မိဖုရားကြီးသည် သီလဝတီအမည်ရှိ၏။ ထိုသီလံဝတီ မိဖုရားကြီးသည် သားသမီးမရ။ ထိုအခါ ဩက္ကာကရာဇ်မင်း၏ မြို့၌နေသော လူအပေါင်းတို့သည်လည်းကောင်း၊ မလ္လတိုင်း၌နေသော လူအပေါင်းတို့သည်လည်းကောင်း၊ မင်းအိမ်တံခါး၌ စည်းဝေးကုန်၍ အရှင်မင်းကြီး၏ တိုင်းပြည်သည် ပျက်စီးလတ္တံ့ဟု ကြွေးကြော်ကုန်၏။ ဩက္ကာကရာဇ်မင်းကြီးသည် ခြင်္သေ့ခံသော လေသွန်တံခါးကိုဖွင့်၍ ငါသည် မင်းပြုသည်ရှိသော် မတရားသဖြင့် ပြုသောမည်သည်မရှိ၊ အဘယ့်ကြောင့် ကြွေးကြော်ကုန်သနည်းဟု မေးတော်မူ၏။ အရှင်မင်းမြတ်... မတရားသဖြင့် ပြုသောမည်သည် မရှိဟု မိန့်တော်မူသည်ကား မှန်ပေ၏။ ထိုသို့ မှန်သော်လည်း အရှင်မင်းမြတ်အား အမျိုးအနွယ်ကို စောက်ရှောက်တတ်သော သားတော်သည် မရှိပါ။ တစ်ပါးမင်းသည် တိုင်းပြည်ကိုယူ၍ အရှင်မင်းကြီး၏ တိုင်းပြည်ကို ပျက်စီးစေလတ္တံ့၊ ထို့ကြောင့် တရားနှင့်အညီ မင်းပြုခြင်းငှာ စွမ်းနိုင်သာသားကို တောင့်တတော် မူပါကုန်လော့ဟု တင်လျှောက်ကြကုန်၏။ သားဆုတောင်းသည်ရှိသော် အသို့ပြုရအံ့နည်းဟု မေးတော်မူ၏။ အရှင်မင်းမြတ်... ရှေးဦးစွာ တစ်ခုသော ခုနစ်ရက်ပတ်လုံး မောင်းမငယ်ကို တရားစောင့်သော မောင်းမငယ်ဟုပြု၍ လွှတ်တော်မူလော့၊ ထိုမောင်းမငယ်သည် သားကို အကယ်၍ ရအံ့၊ ကောင်း၏။ အကယ်၍ မရအံ့၊ ထိုသို့မရသည်ရှိသော် အလတ်ဖြစ်သော မောင်းမကို တရားစောင့်သော မောင်းမဟုပြု၍ လွှတ်တော်မူကုန်လော့၊ ထို့နောင်မှ မောင်းမကြီးကို တရားစောင့်သော မောင်းမဟုပြု၍ လွှတ်တော်မူကုန်လော့၊ ဤမျှလောက်ကုန်သော မောင်းမတို့တွင် တစ်ယောက်ယောက်သည် ဘုန်းကံရှိအံ့၊ မချွတ်လျှင် သားကိုရပါလတ္တံ့ဟု တင်လျှောက်ကြကုန်၏။

မောင်းမမိဿံ သားဆုပန်

ဩက္ကာကရာဇ် မင်းကြီးသည် ထိုသူတို့၏ စကားကိုကြားလျှင် ထိုသူတို့တင်လျှောက်တိုင်း ပြုတော်မူ၍ ခုနစ်ရက်မြောက်သောနေ့၌ အလိုရှိတိုင်း မွေ့လျော်ပျော်ပါး၍ လာကုန်သော မောင်းမတို့အား ရှင်မတို့ အသို့နည်း၊ သင်တို့အား သား ရပါ၏လောဟု မေးတော်မူ၏။ အလုံးစုံသော မောင်းမတို့သည် အရှင်မင်းကြီး... မရပါကုန်ဟု တင်လျှောက်ကြကုန်၏။ ဩက္ကာကရာဇ် မင်းကြီးသည် ငါ့အား သားသည် မဖြစ်လတ္တံ့ဟု နှလုံးသာယာတော်မမူ။

ပြည်သူတို့သည် တစ်ဖန် ထိုရှေးအတူလျှင် ကြွေးကြော်ကြပြန်ကုန်၏။ ဩက္ကာကရာဇ် မင်းကြီးသည် အဘယ့်ကြောင့် ကြွေးကြော်ကုန်သနည်း၊ ငါသည် သင်တို့စကားဖြင့် မောင်းမတို့ကို စေလွှတ်အပ်ကုန်ပြီ၊ တစ်ယောက်သော မောင်းမမျှလည်း သားကိုမရ၊ ယခု အသို့ပြုကုန်အံ့နည်းဟု မိန့်တော်မူ၏။ အရှင်မင်းမြတ်... ထိုမောင်းမတို့သည် သီလမရှိကုန်သည်, ဘုန်းကံမရှိကုန်သည် ဖြစ်ကုန်လတ္တံ့၊ ထိုမောင်းမတို့အား သားရခြင်းငှာ ကောင်းမှုမရှိ၊ အရှင်မင်းမြတ်တို့သည် ထိုမောင်းမတို့၌ သားမရကုန်သည်ရှိသော် ကြောင့်ကြမဲ့ ဖြစ်တော်မမူပါကုန်လင့်၊ အရှင်မင်းမြတ်၏ သီလဝတီအမည်ရှိသော မိဖုရားကြီးသည် သီလနှင့် ပြည့်စုံပါ၏။ ထိုမိဖုရားကို လွှတ်တော်မူပါကုန်လော့၊ ထိုမိဖုရားကြီးအား သားရပါလတ္တံ့ဟု တင်လျှောက်ကြကုန်၏။ ဩက္ကာကရာဇ်မင်းကြီးသည် ကောင်းပြီဟု ဝန်ခံတော်မူ၍ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ဩက္ကာကရာဇ် မင်းကြီးသည် သီလဝတီ မိဖုရားကြီးကို တရားစောင့်သော မိဖုရားကြီးဟုပြုတော်မူ၍ လွှတ်တော်မူလတ္တံ့ သတတ်၊ ယောက်ျား အပေါင်းတို့သည် စည်းဝေးစေကုန်သတည်းဟု စည်လည်စေတော်မူ၍ ခုနစ်ရက်မြောက်သောနေ့၌ သီလဝတီ မိဖုရားကြီးကို တန်ဆာဆင်ပြီးလျှင် နန်းတော်မှသက်စေ၍ လွှတ်တော်မူ၏။

သိကြားမင်း သားဆုပေးပုံ

ထိုသီလဝတီ မိဖုရားကြီး၏ သီလတန်ခိုးကြောင့် သိကြားမင်း၏နေရာသည် ပူသောအခြင်းအရာကို ပြ၏။ သိကြားမင်းသည် အကြောင်း အသို့နည်းဟု ဆင်ခြင်လတ်သော် သီလဝတီ မိဖုရားအား ငါသည် သားဆုကို ပေးခြင်းငှာ သင့်၏။ ထိုမိဖုရားအား လျောက်ပတ်သောသားသည် နတ်ပြည်၌ ရှိပါအံ့လောဟု စူးစမ်းလတ်သော် ဘုရားလောင်း နတ်သားကို မြင်၏။ ထိုဘုရားလောင်း နတ်သားသည် ထိုအခါ တာဝတိံသာနတ်ပြည်၌ အသက်ကိုကုန်စေ၍ အထက်နတ်ပြည်၌ ဖြစ်လိုသတတ်။ သိကြားမင်းသည် ထိုနတ်သား၏ ဗိမာန်တံခါးသို့သွား၍ ထိုနတ်သားကို ခေါ်စေပြီးလျှင် အမောင်နတ်သား... အမောင်သည် လူ့ပြည်သို့သွား၍ ဩက္ကာကရာဇ်မင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေယူအံ့သောငှာ သင့်၏ဟုဆို၍ ထိုနတ်သားအား ဝန်ခံစေပြီးလျှင် ထိုနတ်သားမှ တစ်ပါးသောနတ်သားကို အမောင်နတ်သားသည်လည်း ထိုသီလဝတီ မိဖုရားကြီး၏ သားဖြစ်လတ္တံ့ ဟုဆို၍ စင်စစ် ထိုသီလဝတီ မိဖုရားကြီး၏သီလကို တစ်စုံတစ်ယောက်သောသူသည် မဖျက်ဆီးစေသတည်းဟု နှလုံးသွင်း၍ ပုဏ္ဏားအိုအသွင်ဖြင့် ဩက္ကာကရာဇ်မင်းကြီး၏ နန်းတော်တံခါးသို့ သွားလေ၏။ လူများသည်လည်း ရေချိုးပြီး၍ တန်ဆာဆင်ပြီးသော် ငါသည် မိဖုရားကြီးကိုယူအံ့၊ ငါသည် မိဖုရားကြီးကိုယူအံ့ဟု မင်းအိမ်တံခါးဝ၌ စည်းဝေး၏။ သိကြားမင်းကိုမြင်လျှင်ကား သင်သည် အဘယ့်ကြောင့် လာသနည်း ဟု ပြက်ရယ်ပြု၏။ သိကြားမင်းသည် ငါ့ကို သင်တို့ အဘယ့်ကြောင့် ကဲ့ရဲ့ကြကုန်သနည်း၊ ငါ၏ကိုယ်သည် အကယ်၍ကား အို၏။ ထိုသို့အိုသော်လည်း ရာဂမအို၊ သီလဝတီ မိဖုရားကြီးကို အကယ်၍ ရအံ့၊ ယူ၍သွားအံ့ဟု လာ၏ဟု ဆို၍ မိမိအာနုဘော်ဖြင့် အလုံးစုံသောသူတို့၏ ရှေ့မှလျှင် ရပ်၏။

တစ်ပါးသောသူသည် သိကြားမင်းတန်ခိုးကြောင့် ရှေ့မှဖြစ်ခြင်းငှာ မတတ်နိုင်။ ထိုသို့ သိကြားမင်းသည် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော နန်းတော်မှထွက်လတ်သော ထိုမိဖုရားကြီးကိုလျှင် လက်၌ကိုင်၍ ဆောင်ယူသွားလေ၏။ ထိုအခါ သိကြားမင်းကို ထိုထိုအရပ်၌ တည်ကုန်သောသူတို့သည် ကဲ့ရဲ့ကြကုန်၏။ အို အချင်းတို့... ကြည့်ကြပါကုန်လော့၊ ပုဏ္ဏားအိုသည် ဤသို့သဘောရှိသော မြတ်သောအဆင်းကိုဆောင်သော မိဖုရားကြီးကိုယူ၍ သွားဘိ၏။ မိမိအား မလျှောက်ပတ်သည်ကို မသိဟု ကဲ့ရဲ့ကြကုန်၏။ မိဖုရားကြီးသည်လည်း ပုဏ္ဏားအိုသည် ငါ့ကို ယူ၍သွားဘိ၏ ဟူ၍လည်း ဆင်းရဲခြင်းမဖြစ်၊ မစက်ဆုပ်။ ဩက္ကာကရာဇ်မင်းကြီးသည်လည်း နန်းတော်လေသွန်တံခါး၌ ရပ်တော်မူ၍ အဘယ်သူသည် မိဖုရားကြီးကိုယူ၍ သွားလေသနည်းဟု ကြည့်လတ်သော် ထိုပုဏ္ဏားအိုကိုမြင်၍ နှလုံးမသာယာခြင်း ဖြစ်တော်မူ၏။ သိကြားမင်းသည် ထိုမိဖုရားကြီးကိုယူ၍ မြို့တံခါးဖြင့် ထွက်သွားပြီးလျှင် မြို့တံခါးအနီး၌ ဟင်းလင်းသော တံခါးရှိသော ခင်းအပ်သော ပျဉ်အခင်းရှိသော အိမ်တစ်ဆောင်ကို ဖန်ဆင်း၏။ ထိုအခါ သိကြားမင်းကို သီလဝတီမိဖုရားကြီးသည် အရှင်... ဤအိမ်သည် သင့်အိမ်လောဟု မေး၏။ သိကြားမင်းသည် ရှင်မိဖုရား... ဟုတ်၏။ ရှေး၌မူကား ငါတစ်ယောက်တည်းသာ၊ ယခု ငါတို့နှစ်ယောက် ဖြစ်ကြကုန်၏။ ငါသည် ဆွမ်းခံသွား၍ ဆန်အစရှိသည်တို့ကို ယူစေအံ့၊ ရှင်မိဖုရားသည် ဤပျဉ်အခင်း၌ အိပ်လော့ ဟုဆို၍ သိကြားမင်းသည် ထိုမိဖုရားကြီးကို နူးညံ့သောလက်ဖြင့် သုံးသပ်လျက် နတ်၏အတွေ့ကို နှံစေ၍ ထိုပျဉ်အိပ်ရာခင်း၌ အိပ်စေ၏။ ထိုမိဖုရားသည် နတ်၏အတွေ့ နှံ့သည်ဖြစ်၍ အမှတ်သညာကို လွတ်စေ၏။ ထိုအခါ မိဖုရားကြီးကို မိမိအာနုဘော်ဖြင့် တာဝတိံသာနတ်ပြည်သို့ ဆောင်ယူပြီးလျှင် တန်ဆာဆင်အပ်သောဗိမာန်ဝယ် နတ်၏အိပ်ရာ၌ အိပ်စေ၏။

ထိုမိဖုရားကြီးသည် ခုနစ်ရက်မြောက်သောနေ့၌နိုး၍ ထိုသို့သော စည်းစိမ်ချမ်းသာ၏ပြည့်စုံခြင်းကို မြင်ရလျှင် ထိုပုဏ္ဏားသည် လူမဟုတ်၊ သိကြားမင်း ဖြစ်လတ္တံ့ဟု သိ၏။ သိကြားမင်းသည်လည်း ထိုအခါ ပင်လယ်ကသစ်ပင်ရင်း၌ နတ်သမီး ကချေသည်အပေါင်း ခြံရံလျက်နေ၏။ သီလဝတီ မိဖုရားသည် အိပ်ရာမှထ၍ ထိုသိကြားအထံသို့ သွားပြီးလျှင် ရှိခိုး၍ တင့်အပ်သောအရပ်၌ နေ၏။ ထိုအခါ သီလဝတီ မိဖုရားကို သိကြားမင်းသည် ရှင်မိဖုရား... ရှင်မိဖုရားအား ငါ ဆုပေး၊ ယူအံ့လောဟုဆို၍ အရှင်နတ်မင်း... ထိုသို့ ပေးတော်မူလိုလျှင်ကား အကျွန်ုပ်အား သားဆုကို ပေးတော်မူလော့ဟု ဆို၏။ ရှင်မိဖုရား... သားတစ်ယောက်ကို ထားဘိဦး၊ ရှင်မိဖုရားအား သားနှစ်ယောက်တို့ကို ငါ ပေးအံ့။ ထိုသားနှစ်ယောက်တို့တွင်ကား တစ်ယောက်သည် ပညာရှိသည် ဖြစ်လတ္တံ့၊ အဆင်းမှုကား မလှအံ့၊ တစ်ယောက်သည် အလွန် အဆင်းလှလတ္တံ့၊ ပညာမရှိအံ့၊ ထိုသားနှစ်ယောက်တို့တွင် အဘယ်သားကို ရှေးဦးစွာ အလိုရှိသနည်းဟု မေး၏။ အရှင်နတ်မင်း ပညာရှိသောသားကို အလိုရှိပါ၏ဟု ဆို၏။ ထိုသိကြားမင်းသည် ကောင်းပြီဟု ဆို၍ ထိုသီလဝတီ မိဖုရားအား သမန်းမြက်ကိုလည်းကောင်း၊ နတ်ပုဆိုးကို လည်းကောင်း၊ နတ်၌ဖြစ်သော စန္ဒကူးနံ့သာကိုလည်းကောင်း၊ ပင်လယ်ကသစ်ပွင့်ကိုလည်းကောင်း၊ ကောကနဒအမည်ရှိသော စောင်းကိုလည်းကောင်း ပေးပြီးလျှင် ထိုသီလဝတီ မိဖုရားကြီးကိုယူခဲ့၍ ဩက္ကာကရာဇ်မင်းကြီး၏ အိပ်ရာတိုက်ခန်းသို့ မင်းနှင့်တကွ တစ်အိပ်ရာတည်း၌ အိပ်စေပြီးလျှင် လက်မဖြင့် ထိုသီလဝတီမိဖုရားကြီး၏ ချက်ကို သုံးသပ်၏။ ထိုခဏ၌ ဘုရားလောင်းသည် ထိုသီလဝတီမိဖုရားကြီး ဝမ်း၌ ပဋိသန္ဓေယူတော်မူ၏။ သိကြားမင်းသည်လည်း မိမိနေရာ တာဝတိံသာ နတ်ပြည်သို့သာလျှင် သွားလေ၏။ ပညာရှိတို့သည် သီလဝတီမိဖုရားကြီး ကိုယ်ဝန်တည်သောအဖြစ်ကို သိကုန်၏။

မင်းကြီး ချီးမြှောက်ပြီ

ထိုအခါ သီလဝတီမိဖုရားကြီး နိုးလတ်သည်ကိုမြင်၍ ဩက္ကာကရာဇ်မင်းကြီးသည် ရှင်မိဖုရား... ရှင်မိဖုရားကို အဘယ်သူ ဆောင်ယူသနည်းဟု မေးတော်မူ၏။ အရှင်မင်းကြီး... သိကြားမင်းသည် ဆောင်ယူပါ၏ ဟု တင်လျှောက်၏။ ငါသည် မျက်မှောက်အားဖြင့် သင့်ကို ပုဏ္ဏားအိုတစ်ယောက် ယူ၍သွားသည်ကို မြင်၏။ အဘယ့်ကြောင့် ငါ့ကို လှည့်စားဘိသနည်း၊ ငါမယုံဟု မိန့်တော်မူ၏။ အရှင်မင်းကြီး... ယုံတော်မူကုန်လော့၊ သိကြားမင်းသည် အကျွန်ုပ်ကိုယူ၍ နတ်ပြည်သို့ဆောင်ပါ၏ဟု တင်လျှောက်၏။ ရှင်မိဖုရား... ငါမယုံဟု မိန့်တော်မူ၏။ ထိုအခါ မင်းကြီးအား မိဖုရားကြီးသည် သိကြားမင်းပေးအပ်သော သမန်းမြက် စသည်တို့ကိုပြ၍ ယုံတော်မူပါကုန်လော့ဟု တင်လျှောက်ပြန်၏။ ဩက္ကာကရာဇ်

မင်းကြီးသည် ရှင်မိဖုရား... သမန်းမြက်သည်ကိုကား အကြင်အမှတ်မရှိသော အရပ်၌ ရရာ၏။ ထို့ကြောင့် ငါယုံတော်မမူဟု မိန့်တော်မူ၏။ ထိုအခါ ဩက္ကာကရာဇ်မင်းကြီးအား မိဖုရားကြီးသည် နတ်ပုဆိုးစသည်တို့ကို ပြပြန်၏။ ဩက္ကာကရာဇ် မင်းကြီးသည် ထိုသမန်းမြက် နတ်ပုဆိုး စသည်တို့ကို မြင်လျှင် ယုံတော်မူ၍ ရှင်မိဖုရား... သိကြားမင်းသည် သင့်ကိုဆောင်စေကာမူ ရှင်မိဖုရားအား သားရပါသလောဟု မေးတော်မူ၏။ အရှင်မင်းကြီး... ရအပ်ပြီ၊ အကျွန်ုပ်အား ကိုယ်ဝန်တည်ပြီ ဟု တင်လျှောက်လတ်သော် ဩက္ကာကရာဇ်မင်းကြီးသည် အလွန်နှစ်သက်တော် မူသည်ဖြစ်၍ ထိုမိဖုရားကြီးအား ကိုယ်ဝန်အစောင့်အရှောက်ကို ပေးတော်မူ၏။

ကုသနှင့် ဇယမ္ပတိ

ထိုသီလဝတီ မိဖုရားကြီးသည် ဆယ်လလွန်သဖြင့် သားကို ဖွားတော်မူ၏။ ထိုသားအား တစ်ပါးသောအမည်ကို မမှည့်မူ၍ သမန်းမြက်ကိုစွဲသဖြင့် ကုသ သတို့သား ဟူသော အမည်ကိုသာလျှင် မှည့်ကုန်၏။ ကုသမင်းသား ခြေဖြင့်သွားနိုင်သော ကာလ၌ တစ်ယောက်သော နတ်သားသည် နတ်ပြည်မှစုတေခဲ့၍ ထိုသီလဝတီ မိဖုရားကြီး ဝမ်း၌သာလျှင် ပဋိသန္ဓေ ယူလာပြန်၏။ ထိုသားအား ဇယမ္ပတိ ဟူသော အမည်ကိုမှည့်ကုန်၏။ ထိုမင်းသား ညီနောင်နှစ်ပါးတို့သည် များစွာသော အခြံအရံဖြင့် ကြီးကြကုန်၏။ ဘုရားအလောင်းဖြစ်သော နောင်တော် ကုသမင်းသားသည် အလွန် ပညာရှိတော်မူ၏။ ဆရာ၏အထံ၌ တစ်စုံတစ်ခုသော အတတ်ပညာကို မသင်မူ၍ မိမိပညာဖြင့်သာလျှင် အလုံးစုံသောအတတ်တို့၌ အပြီးသို့ရောက်၏။ ထိုအခါ သားတော်ကုသမင်းသား တစ်ဆယ့်ခြောက်နှစ် ရှိလတ်သော် ခမည်းတော် ဩက္ကာကရာဇ် မင်းကြီးသည် သားတော်အား မင်းအဖြစ်ကို ပေးတော်မူလိုသည်ဖြစ်၍ မယ်တော် မိဖုရားကြီးကို ခေါ်တော်မူပြီးလျှင် ရှင်မိဖုရား... ရှင်မိဖုရားသားအား မင်းအဖြစ်ကိုပေး၍ ကိုယ်လုပ်မောင်းမတို့ကို လုပ်ကျွေးစေကုန်အံ့၊ ငါတို့အသက်ရှိစဉ်လျှင် ငါတို့သားတော်ကို မင်းအဖြစ်၌တည်သည်ကို ရှုကုန်အံ့၊ စင်စစ်သော်ကား အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် အကြင်ပြည့်ရှင်မင်း၏သမီးကို ငါ့တို့သားတော် အလိုရှိ၏။ ထိုမင်းသမီးကို ငါတို့သားဖို့ ဆောင်ယူ၍ မိဖုရားကြီးပြုစေကုန်အံ့၊ သားတော်စိတ်ကို သိအောင်ပြုလော့၊ အဘယ်မင်းသမီးကို ငါတို့သားတော် နှစ်သက်သနည်း ဟု မိန့်တော်မူ၏။

ကုသမင်းသားကိုမေးကြည့်ခြင်း

မယ်တော် သီလဝတီ မိဖုရားကြီးသည် ကောင်းပြီဟု ဝန်ခံ၍ သားတော်အား ဤအကြောင်းကို ကြားလျှောက်၍ သားတော်စိတ်ကို သိအောင်ပြုလော့ ဟု မှာထား၍ တစ်ယောက်သော အလုပ်အကျွေးမိန်းမကို စေတော်မူလိုက်၏။ ထိုအလုပ်အကျွေး မိန်းမသည်သွား၍ သားတော်အား ထိုအကြောင်းကို တင်လျှောက်၏။ ထိုသို့ တင်လျှောက်သော စကားကိုကြား၍ ဘုရားလောင်းသည် ငါသည် အဆင်းမလှ၊ အဆင်းနှင့်ပြည့်စုံသော မင်းသမီးတို့ကို ဆောင်ယူခဲ့ကုန်သော်လည်း ငါ့ကိုမြင်ရလျှင် ငါ့အား အဆင်းမလှသော မင်းသားဖြင့် အဘယ်မူအံ့နည်းဟု ပြေးလေကုန်ရာ၏။ ဤသို့ ထွက်ပြေးသည်ရှိသော် ငါတို့အား ရှက်ဖွယ်ဖြစ်လတ္တံ့၊ ငါ့အား အိမ်ရာထောင်ခြင်းဖြင့် အဘယ်မူအံ့နည်း၊ ထင်ရှားရှိသော မယ်တော် ခမည်းတော်တို့ကို လုပ်ကျွေး၍ ထိုမယ်တော် ခမည်းတော်တို့ ကွယ်လွန်သဖြင့် တောထွက်၍ ရဟန်းပြုဟု ကြံ၍ ထိုဘုရားလောင်း ကုသမင်းသားသည် ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိ၊ ကိုယ်လုပ်မောင်းမတို့ဖြင့် အလိုမရှိ၊ စင်စစ်သော်ကား ငါသည် မယ်တော်ခမည်းတော်တို့ ကွယ်လွန်သဖြင့် ရဟန်းသာလျှင် ပြုအံ့ ဟု မှာတော်မူလိုက်၏။

ထိုအလုပ်အကျွေး မိန်းမသည် သွားလေ၍ သားတော် မှာလိုက်သော စကားကို မယ်တော် မိဖုရားကြီးအား တင်လျှောက်၏။ မယ်တော် မိဖုရားကြီးသည်လည်း ခမည်းတော် ဩက္ကာကရာဇ် မင်းကြီးအား တင်လျှောက်၏။ ခမည်းတော် ဩက္ကာကရာဇ် မင်းကြီးသည် သားတော် တင်လျှောက်လိုက်သော စကားကိုကြားတော်မူလျှင် နှလုံးမသာသည်ဖြစ်၍ တစ်ဖန် နှစ်ရက်သုံးရက်လွန်လျှင် သတင်းစကားကို စေတော်မူပြန်၏။ သားတော် ကုသမင်းသားသည်လည်း ပယ်တော်မူသည်သာလျှင်တည်း။

ဤသို့ သုံးကြိမ်မြောက်အောင် ပယ်တော်မူ၍ လေးကြိမ်မြောက်၌ ငါသည် မယ်တော် ခမည်းတော်တို့နှင့်တကွ စင်စစ်သဖြင့် ဆန့်ကျင်ဘက် ဖြစ်ခြင်းမည်သည်ကား မသင့်လျော်၊ ထို့ကြောင့် တစ်ခုသော ဥပါယ်တံမျဉ်ကို ပြုအံ့ ဟု ကြံတော်မူ၏။ ကြံပြီး၍ ထိုကုသမင်းသားသည် ရွှေပန်းထိမ်သည်ကြီးကို ခေါ်စေတော်မူ၍ များစွာသော ရွှေကိုပေးပြီးလျှင် တစ်ခုသောမိန်းမရုပ်ကို ပြုလော့ ဟု စေတော်မူ၍ ထိုရွှေပန်းထိမ်သည်ကြီး သွားသည်ရှိသော် တစ်ပါးသောရွှေကိုယူ၍ မိမိကိုယ်တိုင်လည်း မိန်းမရုပ်ကို ပြု၏။

ရွှေရုပ်ပုံနှင့်တူမှယူမည်

ဘုရားအလောင်းတို့ အလိုတော်မည်သည်ကား ပြည့်စုံသည်သာလျှင်တည်း။ ထိုဘုရားအလောင်း ပြုသော ရွှေရုပ်ကို အသက်ရှင်သောမိန်းမသည် အဆင်း၏ တင့်တယ်ခြင်းဖြင့် မမှီနိုင်ဖြစ်၏။ ထိုအခါ ဘုရားလောင်းသည် ထိုရွှေရုပ်ကို ခေါမတိုင်း၌ဖြစ်သော အဝတ်ကိုဝတ်၍ ကျက်သရေရှိသော တိုက်ခန်း၌ ထားစေ၏။ ဘုရားလောင်းသည် ရွှေပန်းထိမ်သည်ကြီးသည် ဆောင်ယူခဲ့သော ရွှေရုပ်ကို မြင်တော်မူလျှင် ထိုရွှေရုပ်ကို ကဲ့ရုံတော်မူ၍ အမောင်သွားချေ၊ ကျက်သရေရှိသော ငါတို့တိုက်ခန်း၌ ထားအပ်သော ရွှေရုပ်ကို ဆောင်ယူခဲ့ချေလော့ ဟု စေတော်မူ၏။ ထိုရွှေပန်းထိမ်သည်ကြီးသည် ကျက်သရေရှိသော တိုက်ခန်းသို့ ဝင်သည်ရှိသော် ထိုရွှေရုပ်ကိုမြင်၍ အရှင်မင်းသားနှင့်တကွ မွေ့လျော်ခြင်းငှာ တစ်ယောက်သော နတ်သမီးသည် လာသည်ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ လက်ဆန့်ခြင်းငှာ မဝံရကား ထွက်ခဲ့၍ အရှင့်သား... ကျက်သရေရှိသော တိုက်ခန်း၌ တစ်ယောက်သော နတ်သမီးသည် ရှိပါ၏။ ကပ်အံ့သောငှာ မဝံ့ပါ ဟု တင်လျှောက်၏။ အမောင်... သွားချေ။ ဤသည်ကား ရွှေရုပ်တည်း၊ ဆောင်ယူခဲ့လော့ ဟု တစ်ဖန် စေတော်မူပြန်မှ ရွှေပန်းထိမ်သည်ကြီးသည် ဆောင်ယူ၏။ ကုသမင်းသားသည် ရွှေပန်းထိမ်သည်ကြီး ပြုအပ်သော ရွှေရုပ်ကို ရွှေတိုက်၌ထားပြီးလျှင် မိမိပြုလုပ်အပ်သော ရွှေရုပ်ကို တန်ဆာဆင်စေ၍ ယာဉ်၌ထားစေပြီးလျှင် ဤသို့ သဘောရှိသော မင်းသမီးကိုရသော် ယူအံ့ ဟု မယ်တော် အရှင်မိဖုရားကြီးထံသို့ ပို့စေ၏။

မယ်တော် မိဖုရားကြီးသည် မှူးတော် မတ်တော်တို့ကို ခေါ်စေတော်မူ၍ အမောင်တို့ သားတော်သည် ပညာကြီး၏။ သိကြားမင်းပေး၍ ရသောသားတည်း၊ လျောက်ပတ်သော မင်းသမီးကို ရပါလတ္တံ့၊ အမောင်တို့သည် ဤရွှေရုပ်နှင့်တူသော မင်းသမီးကို ရကုန်သည်ရှိသော် ယူခဲ့ကြကုန်၊ ဤရွှေရုပ်ကို ဖုံးလွှမ်းသောယာဉ်၌ထား၍ အလုံးစုံသောဇမ္ဗူဒိပ်ကျွန်းကို လှည့်လည်သည်ရှိသော် အကြင်မင်းကြီးအထံ၌ ဤရွှေရုပ်နှင့်တူသော မင်းသမီးကို မြင်ရ၏။ ထိုမင်းအား ဤရွှေရုပ်ကိုပေးခဲ့၍ အကျွန်ုပ်တို့အရှင်ဩက္ကာကရာဇ် မင်းကြီးသည် အရှင်မင်းကြီးတို့နှင့်တကွ အိမ်ရာထိမ်းမြားခြင်းကို ပြုတော်မူလတ္တံ့ ဟု နေ့ရက်အချိန်းအချက်ကို မှတ်သား၍ လာခဲ့ကြကုန်လော့ ဟု မှာတော်မူလိုက်၏။

ရွှေရုပ်ဖြင့် လှည့်လည်ရှာဖွေခြင်း

မှူးတော်မတ်တော်တို့သည် ကောင်းပြီဟု ထိုရွှေရုပ်ကိုယူ၍ များစွာသော အခြံအရံဖြင့်ထွက်သွား၍ လှည့်လည်ကုန်သည်ရှိသော် အကြင်မင်းနေပြည်တော်သို့ ရောက်ကုန်၏။ ထိုမင်းနေပြည်တော်၌ ညချမ်းအခါ လူများစည်းဝေးရာအရပ်၌ ထိုရွှေရုပ်ကို အဝတ်တန်ဆာတို့ဖြင့် တန်ဆာဆင်ကုန်ပြီးလျှင် ရွှေထမ်းစင်သို့တင်၍ ထိုလူများ စည်းဝေးရာအရပ်သို့ သွားသောခရီး၌ ချထား၍ မှူးတော် မတ်တော်တို့သည် ဖဲသွားကုန်၍ လာတိုင်းလာတိုင်းကုန်သော လူတို့၏ စကားကို နားထောင်အံ့သောငှာ တင့်အပ်သောအရပ်၌ နေကုန်၏။ လူများသည် ထိုရွှေရုပ်ကိုကြည့်၍ ရွှေရုပ်ဟူသောအမှတ်ကို မပြု၍ ဤသူသည် လူမိန်းမဖြစ်လျက် နတ်သမီးတမျှ လှပဘိ၏။ အလွန်လျှင် တင့်တယ်၏။ အဘယ့်ကြောင့် ဤအရပ်၌ နေလာသနည်း၊ အဘယ်အရပ်မှမူလည်း လာသနည်း၊ ငါတို့ပြည်၌ ဤသို့သဘောရှိသော မိန်းမသည် မရှိ ဟု ချီးမွမ်း၍ သွားကြလေ၏။ ထိုစကားကိုကြား၍ နားထောင်သော မှူးတော် မတ်တော်တို့သည် ဤပြည်၌ ဤသို့သဘောရှိသော သတို့သမီးသည် အကယ်၍ရှိငြားအံ့၊ ဤမည်သော မင်းသမီးကဲ့သို့တကား၊ ဤမည်သော အမတ်သမီးကဲ့သို့ တကားဟု ဆိုကုန်ရာ၏။ မချွတ်လျှင် ဤပြည်၌ ရွှေရုပ်နှင့် တူသောမိန်းမသည် မရှိ ဟု ထိုရွှေရုပ်ကိုယူ၍ တစ်ပါးသောပြည်သို့ သွားကြကုန်၏။ ထိုအခါ အမတ်တို့သည် ဤသို့ သွားကြလေကုန်သည်ရှိသော် မဒ္ဒရာဇ်တိုင်း သာဂလမြို့သို့ ရောက်ကြလေကုန်၏။ ထိုသာဂလမြို့၌ မဒ္ဒရာဇ်မင်း၏ သမီးတော် ရှစ်ယောက်တို့သည် မြတ်သောအဆင်းကို ဆောင်ကုန်၏။ နတ်သမီးနှင့်တူကုန်၏။ ထိုရှစ်ယောက်သော မင်းသမီးတို့တွင် အလုံးစုံသော မင်းသမီးတို့ထက် အကြီးသည် ပဘာဝတီ အမည်ရှိ၏။ ထိုပဘာဝတီမင်းသမီး ကိုယ်မှ တက်သစ်သော နေလုလင်ကဲ့သို့ အရောင်တို့သည် ပြိုးပြိုးပြက် ထွက်ကုန်၏။

ထိုအရောင်သည် အမိုက်၌လည်း လေးတောင်ရှိသော တိုက်ခန်း၌ ဆီမီးထွန်းခြင်းကိစ္စသည်မရှိ။ အလုံးစုံသော တိုက်ခန်းသည် တစ်ခဲနက် အရောင်ဖြင့် ထွန်းလင်းသည်သာလျှင်ဖြစ်၏။ ထိုပဘာဝတီမင်းသမီး အထိန်းသည်ကား ခုဇ္ဇာ အမည်ရှိ၏။ ထိုအထိန်းတော် ခုဇ္ဇာသည် ပဘာဝတီ မင်းသမီးကို ထမင်းစားစေပြီးလျှင် ထိုမင်းသမီး ပဘာဝတီအား ဦးခေါင်းနှင့်တကွ ရေချိုအံ့သောငှာ ရှစ်ယောက်ကုန်သော အဆင်းလှသော ကျွန်မတို့ကို ရေအိုးရှစ်လုံးတို့ကို ယူခဲ့စေ၍ ညချမ်းအခါ ရေခပ်အံ့သောငှာ သွားကုန်သည်ရှိသော် ရေဆိပ်ခရီး၌ တည်လင့်သော ထိုရွှေရုပ်ကို မြင်ကုန်လျှင် မင်းသမီး ပဘာဝတီဟူသော အမှတ်ဖြင့် ဤဆုံးမခက်သော သူမယ်မသည် ဦးခေါင်းနှင့်တကွ ရေချိုအံ့ ဟု ငါတို့ကို ရေခပ်စိမ့်သောငှာ စေလိုက်ပြီးလျက် ရှေးဦးစွာ လာ၍ ရေခပ်ဆိပ်၌ နေလင့်ဘိ၏ ဟု အမျက်ထွက်လတ်ကုန်ရကား အမျိုးကို ရှက်စေတတ်သော ဟယ် သူငယ်မ ငါတို့၏ရှေးဦးစွာ လာလတ်၍ အဘယ့်ကြောင့် ရေဆိပ်၌ နေလင့်ဘိသနည်း၊ ခမည်းတော် မင်းကြီးသည် အကယ်၍ သိဘော်မူအံ့၊ ငါတို့ ပျက်စီးရကုန်လတ္တံ့တကား ဟု ဆို၍ လက်ဖြင့် တင်ပါးကိုပုတ်လျှင် လက်ဝါးပြင် ကွဲအံ့သကဲ့သို့ဖြစ်၏။ ထို့နောင်မှ ရွှေရုပ်မှန်းသိ၍ ရယ်လျက် ထိုအဆင်းလှသော ကျွန်မတို့၏အထံသို့ သွားလေ၍ အချင်းတို့... ငါ၏ ဤအမှုကို ကြည့်ကြကုန်လော့၊ ငါ၏သမီးဟူသော အမှတ်ဖြင့် ငါသည် ပုတ်ခတ်မိ၏။ ဤရွှေရုပ်သည် သမီးနှင့်ယှဉ်လျှင် အဘယ်မျှထိုက်အံ့နည်း၊ သက်သက် ငါလက်ကို ဆင်းရဲဖြင့် နှိပ်စက်အပ်၏ ဟု ဆို၏။

ပဘာဝတီကို ရခဲ့ပြီ

ထိုအခါ အထိန်းတော် ခုဇ္ဇာကို ဩက္ကာကရာဇ်မင်း၏ တမန်တို့သည် လက်ကိုဆွဲ၍ သင်သည် ငါ့သမီးသည် ဤရွှေရုပ်ထက် အလွန် အဆင်းလှ၏ ဟုဆို၏။ အဘယ်မည်သောသူကို ဆိုသနည်း ဟု မေးကုန်၏။ မဒ္ဒရာဇ်မင်း၏ သမီးဖြစ်သော ပဘာဝတီကိုဆို၏။ ထိုပဘာဝတီကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှလည်း ဤရွှေရုပ်သည် မထိုက် ဟု ဆို၏။ ထိုဩက္ကာကရာဇ်မင်း၏ တမန်တို့သည် အလွန် ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍ မင်းအိမ်တံခါးသို့ သွားကုန်ပြီးလျှင် ဩက္ကာကရာဇ်မင်း၏ တမန်တော်တို့သည် တံခါး၌ ရပ်လာပါကုန်၏ ဟု လျှောက်စေကုန်၏။ မဒ္ဒရာဇ်မင်းသည် နေရာမှထ၍ ရပ်လျက်လျှင် ခေါ်ခဲ့ကြကုန်လော့ ဟု မိန့်တော်မူ၏။ ထိုတမန်တို့သည်ဝင်၍ မဒ္ဒရာဇ်မင်းကိုရှိခိုးလျက် အရှင်မင်းမြတ်... အကျွန်ုပ်တို့အရှင်ဩက္ကာကရာဇ် မင်းကြီးသည် အရှင်မင်းမြတ်တို့ အနာကင်းသော အဖြစ်ကို မေးတော်မူပါ၏ ဟု တင်လျှောက်၍ ပြုအပ်ပြီးသော ပူဇော်သက္ကာရ မြတ်နိုးတနာ ရှိကုန်သည်ဖြစ်၍ အဘယ်အကျိုးငှာ အမောင်တို့ လာရောက်ကြကုန်သနည်း ဟု မိန့်တော်မူလတ်သော် အကျွန်ုပ်တို့အရှင်ဩက္ကာကရာဇ် မင်းကြီးအား ခြင်္သေ့မင်း၏ အသံနှင့်တူသော အသံရှိသော ကုသအမည်ရှိသော သားတော်သည် ရှိပါ၏။ ထိုသားတော်အား ခမည်းတော် ဩက္ကာကရာဇ် မင်းကြီးသည် တိုင်းပြည်ကို ဆောင်နှင်းတော်မူလို၍ အရှင်မင်းမြတ် အထံတော်သို့ စေတော်မူလိုက်၏။ အရှင်မင်းမြတ်တို့အား ပဘာဝတီ အမည်ရှိသော သမီးတော်သည် ရှိသတတ်၊ ထိုသမီးတော်ဖြစ်သော ပဘာဝတီကို အရှင့်သားတော် ကုသမင်းအား ပေးတော်မူပါကုန်၊ ရွှေရုပ်ကိုလည်း ဆက်သအပ်သော လက်ဆောင်ပြု၍ ယူတော်မူပါ ဟု တင်လျှောက်၍ ထိုရွှေရုပ်ကို မဒ္ဒရာဇ်မင်းအား ဆက်သကုန်၏။ မဒ္ဒရာဇ်မင်းကြီးသည်လည်း ဤသို့ သဘောရှိသော မင်းမြတ်နှင့်တကွ သမီးတော်ပေးခြင်း မင်္ဂလာသည် ဖြစ်လတ္တံ့ ဟု ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဝန်ခံတော်မူ၏။

ထိုအခါ မဒ္ဒရာဇ်မင်းကြီးကို ဩက္ကာကရာဇ်မင်းကြီး၏ တမန်တို့သည် တင်လျှောက်ကြကုန်၏။ အရှင်မင်းမြတ်... အကျွန်ုပ်တို့သည် ကြာမြင့်ခြင်းကို ပြုအံ့သောငှာ မတတ်ကောင်း၊ မင်းသမီးရသော အဖြစ်ကိုသိ၍ အကျွန်ုပ်တို့အရှင်ဩက္ကာကရာဇ်မင်းကြီးအား တင်လျှောက်ပါကုန်အံ့၊ ထိုသို့ လျှောက်သောအခါ အကျွန်ုပ်တို့အရှင်ဩက္ကာကရာဇ် မင်းကြီးသည်လာ၍ ထိုသမီးတော်ကိုယူ၍ သွားလတ္တံ့ဟု တင်လျှောက်ကြကုန်၏။ ထိုမဒ္ဒရာဇ်မင်းကြီးသည် ကောင်းပြီ ဟု မိန့်တော်မူ၍ ထိုတမန်တို့အား ပေးကမ်းဖွယ်ကို ပေးကမ်း၍ လွှတ်တော်မူလိုက်၏။

ချွေးမတော်ကို လိုက်ကြည့်ကြပုံ

ထိုတမန်တို့သည် သွား၍ ဩက္ကာကရာဇ် မင်းကြီးအားလည်းကောင်း၊ သီလဝတီ မိဖုရားအားလည်းကောင်း အကြောင်းကို တင်လျှောက်ကြကုန်၏။ ဩက္ကာကရာဇ် မင်းကြီးသည် များစွာသောအခြံအရံဖြင့် ကုသဝတီနေပြည်တော်မှ ထွက်၍ အစဉ်သဖြင့် သာဂလမြို့သို့ ရောက်တော်မူ၏။

မဒ္ဒရာဇ်မင်းကြီးသည် ခရီးဦးကြိုဆို၍ ထိုဩက္ကာကရာဇ်မင်းကြီးကို မြို့တွင်းသို့ဝင်စေ၍ များစွာသော ပူဇော်သက္ကာရကို ပြုတော်မူ၏။ သီလဝတီ မိဖုရားကြီးသည် ပညာရှိသည်၏အဖြစ်ကြောင့် အဘယ်သူသည် သိနိုင်ရာအံ့နည်း၊ အသို့ဖြစ်လတ္တံ့နည်း ဟု နှလုံးသွင်း၍ တစ်ရက်နှစ်ရက် လွန်သဖြင့် မဒ္ဒရာဇ်မင်းကို ဆို၏။ အရှင်မင်းကြီး... အကျွန်ုပ်ခြှေးမကို မြင်လိုပါ၏ ဟု ဆို၏။ မဒ္ဒရာဇ်မင်းကြီးသည် ကောင်းပြီ ဝန်ခံ၍ သမီးတော်ကို ခေါ်စေတော်မူ၏။ သမီးတော် ပဘာဝတီသည်လည်း ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ပြီးလျှင် အထိန်းအချီအပေါင်း ခြံရံလျက် လာလတ်၍ ယောက္ခမဖြစ်သော သီလဝတီ မိဖုရားကြီးကို ရှိခိုး၏။

သီလဝတီ မိဖုရားကြီးသည် မင်းသမီး ပဘာဝတီကိုမြင်လျှင် ဤသတို့သမီးငယ်သည် အလွန် အဆင်းလှပေ၏။ သားတော်သည်ကား အဆင်းမလှချေ၊ ဤသတို့သမီးငယ်သည် သားတော်ကို အကယ်၍ မြင်ရအံ့၊ တစ်ရက်မျှလည်း မနေမူ၍ ထွက်ပြေးခဲ့ရာ၏။ ဥပါယ်တမျဉ်ကို ပြုအံ့ ဟု ကြံတော်မူ၏။ ကြံပြီး၍ ထိုသီလဝတီမိဖုရားကြီးသည် မဒ္ဒရာဇ်မင်းကို ပင့်ခေါ်တော်မူ၍ အရှင်မင်းကြီး... ချွေးမတော်သည် အကျွန်ုပ်သားတော်အား လျောက်ပတ်၏။ ထိုသို့ လျောက်ပတ်သော်လည်း အနည်းငယ်ဆိုဖွယ်ရှိသေး၏။ အကျွန်ုပ်တို့ အမျိုးအနွယ်အစဉ်အဆက်မှ အကျင့်ရှိပါ၏။ ဤသတို့သမီးငယ်သည် ထိုအကျင့်၌ အကယ်၍ ကျင့်ပါအံ့၊ ထိုသတို့သမီးငယ်ကို ဆောင်ယူပါအံ့ဟု ဆို၏။ ရှင်မိဖုရားတို့၏ အမျိုးအကျင့်သည် အဘယ်နည်းဟု မေးတော်မူ၏။ အကျွန်ုပ်တို့အမြိုး၌ အကြင်မျှလောက်သော တစ်ကြိမ်သော ကိုယ်ဝန်တည်ခြင်းသည် ရှိ၏။ ထိုမျှလောက် လင်ကိုမြင်ခြင်းငှာ မရ။ အကယ်၍ ဤသတို့သမီးငယ်သည် အကျွန်ုပ်ဆိုတိုင်း လိုက်နာအံ့၊ ထိုသတို့သမီးငယ်ကို ဆောင်ယူပါအံ့ဟု ဆို၏။

အဘိသိက်ခံ နန်းစံရပြီ

ခမည်းတော် မဒ္ဒရာဇ်မင်းကြီးသည် သမီးတော်ပဘာဝတီကို အသို့နည်း၊ ချစ်သမီး... ဤသို့ သီလဝတီမိဖုရားကြီးဆိုတိုင်း ချစ်သမီး ကျင့်ခြင်းငှာ တတ်နိုင်ပါအံ့လောဟု မေးတော်မူ၏။ သမီးတော် ပဘာဝတီသည် ဖခင်မင်းမြတ်... တတ်နိုင်ပါလတ္တံ့ဟု တင်လျှောက်၏။ ထိုသို့ ပဘာဝတီ ဝန်ခံတင်လျောက်ပြီးမှ ဩက္ကာကရာဇ်မင်းကြီးသည် မဒ္ဒရာဇ်မင်းအား များစွာသော ဥစ္စာဘဏ္ဍာကို ပေးပြီးလျှင် မင်းသမီးပဘာဝတီကို ဆောင်ယူ၍ ကုသဝတီ နေပြည်တော်ကြီးသို့ ပြန်တော်မူ၏။ မဒ္ဒရာဇ်မင်းသည်လည်း များစွာသောအခြံအရံဖြင့် သမီးတော်ပဘာဝတီကို ထည့်တော်မူလိုက်၏။ ဩက္ကာကရာဇ်မင်းကြီးသည် ကုသဝတီနေပြည်တော်သို့ သွား၍ မြို့တော်ကို တန်ဆာဆင်စေတော်မူပြီးလျှင် အလုံးစုံသော အနှောင်အဖွဲ့တို့ကို လွှတ်စေတော်မူ၍ သားတော်အား ရာဇာဘိသိက်ကိုပြု၍ တိုင်းပြည်ကို ပေးတော်မူ၍ မင်းသမီးပဘာဝတီကို မိဖုရားကြီးပြုစေ၍ မြို့တော်၌ ကုသမင်း၏ အာဏာတော်တည်းဟု စည်လည်စေတော်မူ၏။ ဇမ္ဗူဒိပ်ကျွန်းအပြင်၌ မင်းတို့တွင် အကြင်မင်းတို့အား သမီးသည်ရှိ၏။ ထိုမင်းတို့သည် ကုသမင်းအား သမီးကိုဆက်စေကုန်၏။ အကြင်မင်းတို့အား သားသည်ရှိ၏။ ထိုမင်းတို့သည် ထိုကုသမင်းနှင့်တကွ မိတ်ခင်ပွန်းအဖြစ်ကို အလိုရှိကုန်သည်ဖြစ်၍ သားတို့ကို အလုပ်အကျွေးပြု၍ စေလိုက်ကြကုန်၏။ ဘုရားလောင်း ကုသမင်းအား ကိုယ်လုပ်မောင်းမ အခြံအရံသည် အလွန်များသည် ဖြစ်၏။ မြတ်သောအခြံအရံဖြင့် မင်းပြုတော်မူ၏။

ပဘာဝတီကို ကြည့်လိုခြင်း

ထိုကုသမင်းသည် နေ့အခါ၌ ပဘာဝတီကို မြင်ခြင်းငှာမရ။ ထိုမင်းသမီး ပဘာဝတီသည်လည်း ကုသမင်းကို နေ့အခါ မြင်ခြင်းငှာ မရ။ နှစ်ပါးကုန်သော မင်းမိဖုရားတို့အား ညဉ့်အခါ၌သာလျှင် တွေ့မြင်ကြရ၏။ ထိုမင်းမိဖုရား နှစ်ပါးတို့တွင် ပဘာဝတီ၏ ကိုယ်ရောင်သည်လည်း မထင်ရှားသည်။ မခေါ်ဝေါ်လောက်သည်သာလျှင် ဖြစ်၏။ ဘုရားလောင်း ကုသမင်းသည် ညဉ့်၌သာလျှင် ကျက်သရေရှိသော တိုက်ခန်းမှ ထွက်ခဲ့ရ၏။

ထိုမင်းသည် တစ်ရက်နှစ်ရက်လွန်လျှင် ပဘာဝတီကို နေ့အခါ၌ မြင်လိုသည်ဖြစ်၍ မယ်တော်အား ကြားလျှောက်၏။ မယ်တော်မိဖုရားကြီးသည် ချစ်သား... သင်ချစ်သားသည် နေ့အခါ၌ ပဘာဝတီကို မြင်ခြင်းငှာ အလိုမရှိလင့်၊ အကြင်မျှလောက်သော တစ်ယောက်သောသားကို ရအံ့၊ ထိုမျှလောက် ငံ့လင့်ပါဦးဟု ပယ်တော်မူ၏။ သားတော်ကုသမင်းသည်ကား အဖန်တလဲလဲ တောင်းပန်တင်လျှောက် သည်သာတည်း။

ဆင်ချေးတုံးဖြင့် ပစ်ပြီ

ထိုသို့ အဖန်တလဲလဲ တင်လျှောက်သောအခါ သားတော်မင်းသားကို မယ်တော်မိဖုရားကြီးသည် ဤသို့ မိန့်တော်မူ၏။ ချစ်သား... ထိုသို့ မြင်လိုလျှင်ကား ဆင်တင်းကုပ်သို့သွား၍ ဆင်ထိန်းအသွင်ဖြင့်နေနှင့်လော့၊ ငါသည် ပဘာဝတီကို ဆင်တင်းကုပ်သို့ ဆောင်ခဲ့အံ့၊ ထိုသို့ ဆောင်ခဲ့သောအခါ ပဘာဝတီကို မျက်စိပြည့်အောင် ကြည့်လော့၊ သင်ချစ်သားကိုလည်း လင်အဖြစ်ကို မသိစေလင့်ဟု မိန့်တော်မူ၏။ သားတော်ကုသမင်းသည် ကောင်းပြီဟု ဝန်ခံ၍ ဆင်တင်းကုပ်သို့ သွားနှင့်လေ၏။ မယ်တော်မိဖုရားကြီးသည် မင်္ဂလာဆင်တော်တင်းကုပ်ကို တန်ဆာဆင်စေတော်မူပြီးလျှင် မင်းသမီး ပဘာဝတီကို ချစ်သမီး... လာလှည့်၊ ချစ်သမီးလင်၏ ဆင်တော်တို့ကို ကြည့်ရှုကုန်အံ့ဟုဆို၍ ဆင်တင်းကုပ်သို့ ခေါ်ဆောင်ခဲ့ပြီးလျှင် ဤဆင်သည်ကား ဤအမည်ရှိသော ဆင်တည်း၊ ဤဆင်သည်ကား ဤအမည်ရှိသောဆင်တည်းဟုဆို၍ ပြ၏။

ကုသမင်းသည် ဆင်တင်းကုပ်၌ မယ်တော်နောက်မှ လိုက်လာသော ပဘာဝတီကိုမြင်လျှင် ဆင်ထိန်းအသွင်ဖြင့် ပဘာဝတီကျောကို ဆင်ချေးတုံးဖြင့်ပစ်၏။ ပဘာဝတီသည် အမျက်ထွက်ရကား အရှင်မင်းကြီးအား တင်လျှောက်၍ သင့်လက်ကို ဖြတ်စေအံ့ဟု ဆို၍ မယ်တော် သီလဝတီမိဖုရားကြီးကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုမယ်တော်မိဖုရားကြီးသည် ချစ်သမီး စိတ်မဆိုးလင့်ဟု ဆို၍ ပဘာဝတီကို ချော့မော့စေ၍ ကျောကို ဆုပ်နယ်တော်မူ၏။

မြင်ချေးတုံးဖြင့် ပစ်ပြီ

တစ်ဖန်လည်း ကုသမင်းသည် မြင်လိုပြန်သည်ဖြစ်၍ မြင်းတင်းကုပ်၌ မြင်းထိန်းအသွင်ဖြင့် ထိုပဘာဝတီကိုမြင်၍ ထိုရှေးအတူသာလျှင် မြင်းချေးတုံးဖြင့် ပစ်၏။ ထိုအခါ၌လည်း အမျက်ထွက်သော ပဘာဝတီကို ယောက္ခမတော် သီလဝတီမိဖုရားသည် ချော့မော့၍ သည်းခံစေ၏။

ညီတော်ကို ပြခြင်း

တစ်ဖန်လည်း တစ်နေ့သ၌ ပဘာဝတီသည် ကုသမင်းကို မြင်လိုသည်ဖြစ်၍ ယောက္ခမတော် သီလဝတီမိဖုရားအား ကြားလျှောက်လျှင် ချစ်သမီး... မသင့်၊ ချစ်သမီးအား ကုသမင်းကို မြင်ခြင်းငှာ မနှစ်သက်လင့်ဟု ပယ်တော်မူ၏။ ပဘာဝတီသည်လည်း အဖန်တလဲလဲ တင်လျှောက်တောင်းပန်၏။ ထိုအခါ ပဘာဝတီကို မယ်တော်မိဖုရားကြီးသည် မိန့်တော်မူ၏။ ချစ်သမီး... ထိုသို့ မြင်လိုလျှင်ကား နက်ဖြန် သားတော်သည် မြို့ကိုလက်ယာရစ် လှည့်လည်သည်ကို ပြုလတ္တံ့၊ ချစ်သမီးသည် ခြင်္သေ့ခံသော လေသွန်နန်းတံခါးကိုဖွင့်၍ ထိုကုသမင်းကို ကြည့်လော့ဟု မိန့်တော်မူ၏။ ဤစကားကို မိန့်ဆိုတော်မူပြီးလျှင် နက်ဖြန်နေ့၌ တန်ဆာဆင်စေတော်မူ၍ ညီတော် ဇယမ္ပတိမင်းသားကို မင်း၏ အသွင်ကိုယူစေ၍ ဆင်ကျောက်ကုန်းထက်၌ စီးစေလျက် မြို့တော်ကို လက်ယာရစ် လှည့်သည်ကို ပြုစေတော်မူ၏။

မယ်တော်မိဖုရားကြီးသည် ပဘာဝတီကိုခေါ်၍ ခြင်္သေ့ခံသော လေသွန်နန်းတံခါး၌ရပ်လျက် ချစ်သမီး... ချစ်သမီးလင်၏ တင့်တယ်စံပယ်ခြင်း အသရေအစုံသို့ ရောက်သည်ကို ကြည့်ပါလော့ဟုဆို၏။ ထိုမင်းသမီး ပဘာဝတီသည် ငါသည် တင့်တယ်လျောက်ပတ်သော လင်ကို ရပေ၏ဟု အလွန်ဝမ်းမြောက်၏။ ထိုနေ့၌ကား ကုသမင်းသည် ဆင်ထိန်းအသွင်ဖြင့် ညီတော် ဇယမ္ပတိမင်းသား၏ နောက်နေရာ၌ နေတော်မူ၍ အလိုရှိတိုင်း ပဘာဝတီကိုကြည့်လျက် လက်ဖောက်ပြန်ခြင်း အစရှိသော အခြင်းအရာဖြင့် စိတ်အလိုအတိုင်း ပြက်ရယ်မှုကို ပြု၏။ ဆင်တော် လွန်သည်ရှိသော် မယ်တော်မိဖုရားကြီးသည် ပဘာဝတီကို မေးတော်မူ၏။ ချစ်သမီး... ချစ်သမီးလင်ကို မြင်ပြီလောဟုမေးတတ်၏။ မိခင် မြင်ရပေပြီ၊ ထိုမင်းကြီး နောက်နေရာ၌နေသော ဆင်ထိန်းသည်ကား အလွန်လျင် ဆိုနိုင်ခက်၏။ ကျွန်ုပ်အား လက်ဖောက်ပြန်ခြင်း အစရှိသည်တို့ကို ပြဘိ၏။ အဘယ့်ကြောင့် ဤသို့သဘောရှိသော အရှက်မရှိသောသူကို မင်း၏နောက်နေရာ၌ နေစေကုန်ဘိနည်း၊ ထိုဆင်ထိန်းကို နှင်ထုတ်စေဘိလော့ဟု ဆို၏။ ချစ်သမီး... မင်းကြီးနောက်တော်၌ အစောင့်အရှောက်မည်သည်တို့ကို အလိုရှိအပ်ကုန်၏ဟု ဆို၏။

ပဘာဝတီ စုံစမ်းခြင်း

ပဘာဝတီသည် ကြံ၏။ ဤဆင်ထိန်းသည် အလွန်လျှင် ကြောက်ခြင်းမရှိ၊ မင်းကို မင်းဟူ၍လည်း မမှတ်၊ ဤသူသည်ပင်လျှင် ကုသမင်းလေလော၊ ထိုစကားသည် မှန်၏။ မချွတ်လျှင် ထိုကုသမင်းသည် အဆင်းမလှသည် ဖြစ်လတ္တံ့၊ ထိုကြောင့်လျှင် ငါ့ကိုမပြဟုကြံ၍ ထိုပဘာဝတီသည် ခုဇ္ဇာအမည်ရှိသော အထိန်းတော်၏ နားရင်း၌အပ်၍ မှာဆို၏။ မိခင်... သွားချေ၊ သိအောင် ပြုချေလော့၊ ရှေ့ နေရာ၌ နေသောသူသည်တည်း မင်းလော၊ ထိုသို့မဟုတ်မူ နောက်နေရာ၌ နေသောသူသည်တည်း မင်းလော၊ သိအောင် ပြုချေလော့ဟု ဆို၏။

အကျွန်ုပ်သည် အသို့လျှင် သိနိုင်အံ့နည်းဟု မေးလျှောက်၏။ မိခင်... အသို့ဆိုသနည်း၊ အကြင်သူသည် အကယ်၍ မင်းဖြစ်အံ့၊ ထိုသူသည် ရှေးဦးစွာ ဆင်ထက်မှ ဆင်းလတ္တံ့၊ ဤအမှတ်ဖြင့် သိအောင်ပြုလော့ဟု ဆို၏။ ထိုအထိန်းတော် ခုဇ္ဇာသည် သွား၍ တင့်အပ်လျှောက်ပတ်သော အရပ်၌ရပ်လျက် ရှေးဦးစွာ ကုသမင်းသည် ဆင်းသည်ကို မြင်လေ၏။ နောက်မှ ညီတော် ဇယမ္ပတိမင်းသား ဆင်းသက်သည်ကိုမြင်၏။ ကုသမင်းသည်လည်း ထိုမှဤမှ ကြည့်လတ်သော် အထိန်းတော် ခုဇ္ဇာကိုမြင်၍ ဤမည်သော အကြောင်းကြောင့် ဤခုဇ္ဇာသည် လာသည် ဖြစ်လတ္တံ့ဟု သိတော်မူလျှင် ထိုအထိန်းတော်ခုဇ္ဇာကို ခေါ်စေတော်မူ၍ ဤအကြောင်းအထူးကို ပဘာဝတီအား မပြောပါလင့်ဟု မြဲမြံစွာ မှာဆို၍ လွှတ်လိုက်၏။ ထိုအထိန်းတော် ခုဇ္ဇာသည် သွားလေ၍ အရှင့်သမီး... ရှေ့ နေရာ၌နေသောသူသည် ရှေးဦးစွာ ဆင်းပါ၏ဟု ကြားလျှောက်၏။ ပဘာဝတီသည် ထိုအထိန်းတော် ခုဇ္ဇာပြောသည့် စကားကိုကြား၍ ယုံကြည်၏။

ရေကန်ထဲ ရွှေလက်ဆွဲ

ဘုရားလောင်းသည်လည်း တစ်ဖန် မြင်လိုပြန်သည်ဖြစ်၍ မယ်တော်မိဖုရားကို လျှောက်ထားတောင်းပန်ပြန်၏။ မယ်တော် မိဖုရားကြီးသည် ပယ်အံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ချစ်သား ထိုသို့တပြီးကား မထင်ရှားသောအသွင်ဖြင့် ဥယျာဉ်တော်သို့ သွားနှင့်လော့ဟု မိန့်တော်မူ၏။ သားတော် ကုသမင်းသားသည် ဥယျာဉ်တော်သို့သွားလေ၍ မင်္ဂလာရေကန်တော်၌ လည်တိုင်အောင် ရေထဲသို့ဆင်းပြီးလျှင် ပဒုမ္မာကြာဖက်ဖြင့် ဦးခေါင်းကိုဆောင်း၍ ပဒုမ္မာကြာပွင့်ကို မျက်နှာကိုဖုံးကာလျက် နေနှင့်၏။

ကုသမင်း၏မယ်တော် မိဖုရားကြီးသည်လည်း ပဘာဝတီအား ဥယျာဉ်တော်သို့ ညချမ်းအခါ ခေါ်ဆောင်ခဲ့၍ ဤသစ်ပင်တို့ကို ရှုလော့၊ ဤငှက်တို့ကို ရှုလော့၊ ဤသမင်တို့ကို ရှုလော့ ဟု ဖျားယောင်းလျက် မင်္ဂလာရေကန်နားသို့ သွားလေ၏။ ထို ပဘာဝတီ မင်းသမီးသည် ငါးပါး အပြားရှိသော ကြာပဒုမ္မာတို့ဖြင့် ဖုံးလွှမ်းအပ်သော မင်္ဂလာရေကန်တော်ကိုမြင်လျှင် ရေချိုးလိုသည်ဖြစ်၍ အလုပ်အကျွေး ကိုယ်လုပ်မောင်းမတို့နှင့်တကွ ရေကန်သို့ဆင်းသက်၍ ကစားသည်ရှိသော် ထိုပဒုမ္မာကြာပွင့်ကိုမြင်လျှင် ဆွတ်ယူလိုသည်ဖြစ်၍ လက်ကိုဆန့်၏။ ထိုသို့ လက်ကိုဆန့်သောအခါ ကုသမင်းသည် ပဒုမ္မာကြာရွက်ကိုပယ်၍ ငါ ကုသမင်းတည်းဟု ဆို၍ ပဘာဝတီကို လက်၌ဆွဲ၏။ ပဘာဝတီသည် ထိုသမင်းမျက်နှာကို မြင်လျှင် ငါ့ကို ဘီလူးဖမ်းခဲ့ပြီဟု ငိုမြည်တမ်း၍ ထိုအရပ်၌ပင်လျှင် မိန်းမောခြင်းသို့ ရောက်၏။ ထိုအခါ ကုသမင်းသည် ပဘာဝတီလက်ကိုလွှတ်၏။

ပဘာဝတီ ပြန်သွားပြီ

ထိုပဘာဝတီသည် သတိရပြန်လိုရကား ကုသမင်းသည် ငါ့လက်ကို ကိုင်ဆွဲသတတ်၊ ဤကုသမင်းသည်ပင်လျှင် ငါ့ကို ဆင်တင်းကုပ်၌ ဆင်ချေးဖြင့် ပစ်၏။ မြင်းတင်းကုပ်၌လည်း မြင်းချေးဖြင့် ပစ်ဘိ၏။ ဤကုသမင်းသည်ပင်လျှင် ဆင်ပေါ်၌ နောက်ကနေ၍ ငါ့အား ပြက်ရယ်မှုကို ပြုဘိ၏။ ငါ့အား ဤသို့သဘောရှိသော အဆင်းမလှသောလင်ဖြင့် အဘယ်မူအံ့နည်း၊ ငါသည် အသက်ရှည်သည်ရှိသော် တစ်ပါးသောလင်ကို ရပါလတ္တံ့ဟု ကြံ၍ မိမိနှင့် အတူတကွပါလာသော အမတ်တို့ကို ခေါ်စေ၍ ငါ၏ ယာဉ်ကိုလည်းကောင်း၊ ဆင်ယာဉ် မြင်းယာဉ်ကို လည်းကောင်း က, ကုန်၊ စီရင်ကြကုန်လော့၊ ယနေ့ပင် ငါ သွားအံ့ဟု ဆို၏။ ထိုအမတ်တို့သည် ထိုအကြောင်းကို ကုသမင်းကြီးအား တင်လျှောက်ကြကုန်၏။ ကုသမင်းကြီးသည် ပဘာဝတီသည် အကယ်၍ ပြန်သွားခြင်းငှာ အခွင့်မရအံ့၊ ထိုပဘာဝတီနှလုံးသည် ကွဲလတ္တံ့၊ သွားစေကာမူ ထိုပဘာဝတီကို တစ်ဖန် ငါ၏အစွမ်းဖြင့် ဆောင်ယူအံ့ဟု ကြံတော်မူ၍ ထိုပဘာဝတီအား မိမိပြည်သို့ ပြန်သွားစိမ့်သောငှာ ခွင့်ပေးတော်မူ၏။ ပဘာဝတီသည် ခမည်းတော်၏ မြို့သို့သာလျှင် ပြန်သွားလေ၏။ ဘုရားလောင်း ကုသမင်းကြီးသည်လည်း ဥယျာဉ်တော်မှ မြို့တော်သို့ ဝင်တော်မူ၍ တန်ဆာဆင်အပ်သော ရွှေနန်းပြာသာဒ်ထက်သို့ တက်တော်မူ၏။

ရှေးအကြောင်းဖန် ကံစီမံ

ထိုစကားသည် မှန်၏။ ထိုပဘာဝတီသည် ရှေးဆုတောင်း၏အစွမ်းဖြင့် ဘုရားလောင်းကုသမင်းကို အလိုမရှိ။ ထိုဘုရားလောင်း ကုသမင်းကြီးသည်လည်း ရှေးမကောင်းကံ၏ အစွမ်းဖြင့်လျှင် အဆင်းမလှသည် ဖြစ်၏။ အကြောင်းကား...

လွန်လေပြီးသောအခါ ဗာရာဏသီပြည် တံခါးအနီး ရွာ၌ အရှေ့ခရီး၌လည်းကောင်း အနောက်ခရီး၌လည်းကောင်း နှစ်ဦးကုန်သော အမျိုးတို့သည် နေကုန်သတတ်၊ အမျိုးတစ်ယောက်အား သားနှစ်ယောက်တို့သည် ရှိကုန်သတတ်၊ အမျိုးတစ်ယောက်အား သမီးတစ်ယောက်သာ ရှိသတတ်၊ သားနှစ်ယောက်တို့တွင် ဘုရားလောင်းသည် ညီငယ် ဖြစ်သတတ်၊ ထိုတစ်ယောက်သော သတို့သမီးကို အစ်ကိုကြီးအား ပေးကြကုန်၏။ ညီငယ်သည် သားမယားမမွေးမြူဘဲ အစ်ကို့အထံ၌သာ နေ၏။

ပဘာဝတီ ဆုတောင်းပြီ

ထိုအခါ တစ်နေ့သ၌ ထိုအိမ်ဝယ် အလွန်အရသာရှိသော မုန့်တို့ကို ကြော်ကုန်၏။ ညီငယ် ဘုရားလောင်းသည် တောသို့သွား၏။ ထိုညီငယ်ဘုရားလောင်း၏ အစုမုန့်ကိုထား၍ ကြွင်းသောမုန့်တို့ကို ဝေဖန်၍ စားကြကုန်၏။ ထိုခဏ၌ အရှင်ပစ္စေကဗုဒ္ဓါသည် ဆွမ်းအလို့ငှာ အိမ်တံခါးဝသို့ ကြွရောက်တော်မူလာ၏။ ဘုရားလောင်း၏ အစ်ကို့မယားသည် မတ်အား တစ်ပါးသောမုန့်ကို ကြော်အံ့ဟု ထိုမတ်၏ အစုမုန့်ကိုယူ၍ အရှင်ပစ္စေကဗုဒ္ဓါအား လှူ၏။ ဘုရားလောင်းသည်လည်း ထိုခဏလျှင် တောမှရောက်လာ၏။ ထိုသို့ ရောက်လာသောအခါ မတ်ကို မရီးသည် အမောင်... စိတ်ကိုကြည်ညိုပါစေလော့၊ အမောင်၏ အဖို့အစုမုန့်ကို အရှင်ပစ္စေကဗုဒ္ဓါအား လှူအပ်ပြီဟု ပြောဆို၏။ ထိုမတ်သည် သင့်အစုကိုစား၍ ငါ့အစုကို လှူဘိ၏။ တစ်ပါးသောမုန့်ကို အဘယ်ပြုအံ့နည်းဟု အမျက်ထွက်ရကား သွား၍ အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်မှ မုန့်ကိုယူ၏။ ထိုမရီးသည် အမိအိမ်သို့သွား၍ ဆွတ်သစ်စဖြစ်သော စကားပွင့်အဆင်းနှင့်တူသော ထောပတ်ကို ဆောင်ယူခဲ့၍ အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်ကိုပြည့်စေ၍ ထိုထောပတ်သည် အရောင်ကိုလွှတ်၏။ ထိုဘုရားလောင်း၏ မရီးသည် ထိုအရောင်ကိုမြင်၍ ဆုတောင်းခြင်းကို ဖြစ်စေ၏။ အရှင်ဘုရား... ဤထောပတ်အလှူ၏ အစွမ်းကြောင့် ဖြစ်တိုင်းဖြစ်တိုင်းသောဘဝ၌ အကျွန်ုပ်ကိုယျမှ အရောင်ထွက်ပါစေသတည်း၊ မြတ်သောအဆင်းကို ဆောင်သည် ဖြစ်ပါစေသတည်း။ အကျွန်ုပ်အား ဤသူယုတ်နှင့်အတူတကွ တစ်ခုသောအရပ်၌ နေခြင်းသည် မဖြစ်ပါစေသတည်း ဟု ဆုတောင်းခြင်းကို ဖြစ်စေ၏။ ထိုပဘာဝတီသည် ဤရှေးဆုတောင်း၏ အစွမ်းကြောင့် ထိုကုသမင်းကို အလိုမရှိ။

မင်းကုသ၏ ဆုတောင်း

ဘုရားလောင်းသည်လည်း ထိုမုန့်ကို ထိုထောပတ်ထက်၌ ဖုံးလိုက်၍ ဆုတောင်းခြင်းကို ဖြစ်စေ၏။ ဤအကျွန်ုပ်မရီးကို ယူဇနာတစ်ရာ ခြားသောအရပ်၌ နေသော်လည်း ဆောင်ယူ၍ အကျွန်ုပ်ခွရေင်း၌ အလုပ် အကျွေးပြုခြင်းငှာ စွမ်းနိုင်သည် ဖြစ်ရပါလို၏ဟု ဆုတောင်းခြင်းကို ဖြစ်စေ၏။

အခု တွေ့ကြပြီ

ထိုသူနှစ်ယောက်တို့တွင် ထိုကုတမင်းသည် အမျက်ထွက်သဖြင့်သွား၍ အကြင်မုန့်ကို လုယူ၏။ ထိုရှေးမကောင်းမှု၏ အစွမ်းကြောင့် အဆင်းမလှသည် ဖြစ်၏။ ထိုပဘာဝတီသည်လည်း ထိုရှေးဆုတောင်း၏ အစွမ်းကြောင့် ကုသမင်းကို အလိုမရှိ။ ဤသည်လျှင် ရှေးအကြောင်းတည်း။

မင်းကုသ လိုက်လာပြီ

ထိုကုသမင်းသည် ပဘာဝတီ ပြန်သွားသည်ရှိသော် ပြင်းစွာသော စိုးရိမ်ပူပန်ခြင်းသို့ ရောက်၏။ ကြွင်းကုန်သော ကိုယ်လုပ် မောင်းမအပေါင်းတို့သည် ထိုကုသမင်းကို အထူးထူးသော အခြင်းအရာတို့ဖြင့် လုပ်ကျွေးပါကုန်သော်လည်း ကြည်စိမ့်သောငှာ မတတ်နိုင်ကုန်။ ထိုကုသမင်းအား ပဘာဝတီနှင့်ကင်းသော အလုံးစုံသောနန်းတော်ကို အချည်းနှီးကဲ့သို့ ထင်တော်မူ၏။ ထိုကုသမင်းသည် ယခုပင် သာဂလမြို့သို့ ရောက်လတ္တံ့ဟု နှလုံးသွင်းတော်မူ၍ မိုးသောက်သောအခါ မယ်တော်ထံသို့သွား၍ မိခင်... အကျွန်ုပ်သည် ပဘာဝတီကို ဆောင်ယူပါချေအံ့၊ မိခင်တို့သည် တိုင်းပြည်ကို ဆုံးမတော်မူရစ်ပါကုန်လော့ ဟု ဆို၍ မယ်တော်အား တိုင်းပြည်ကို အပ်နှင်းလိုရကား-

။ ဣဒံ တေ ရဋ္ဌံ သဓနံ သယောဂ္ဂံ၊
သကာယုရံ သဗ္ဗကာမူပပန္နံ။
ဣဒံ တေ ရဋ္ဌံ အနုသာသ အမ္မ၊
ဂစ္ဆာမဟံ ယတ္ထ ပိယာ ပဘာဝတီ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁။ အမ္မ၊ မိခင်။ ဣဒံ ရဋ္ဌံ၊ ဤတိုင်းသည်။ တေ၊ သင် မိခင်၏။ ရဋ္ဌံ၊ တိုင်းတည်း။ အမ္မ၊ မိခင်။ သဓနံ၊ ဥစ္စာဘဏ္ဍာနှင့် တကွဖြစ်သော။ သယောဂ္ဂံ၊ ဆင်ယာဉ် မြင်းယာဉ်နှင့်တကွ ဖြစ်ထသော။ သကာယုရံ၊ မင်းမြှောက်တန်ဆာ ငါးပါးနှင့်တကွ ဖြစ်ထသော။ သဗ္ဗကာမူပပန္နံ၊ ခပ်သိမ်းသော အလိုဆန္ဒနှင့် ပြည့်စုံထသော။ ဣဒံ ရဋ္ဌံ၊ ဤတိုင်းကို။ တေ၊ သင် မိခင်သည်။ အနုသာသ၊ ဆုံးမတော်မူရစ်လော့။ အဟံ၊ အကျွန်ုပ်သည်။ ယတ္ထ၊ အကြင်အရပ်၌။ ပိယာ၊ ချစ်အပ်သော။ ပဘာဝတီ၊ ပဘာဝတီသည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထို ပဘာဝတီရှိရာအရပ်သို့။ ဂစ္ဆာမိ၊ သွားပါချေအံ့။

မယ်တော် သီလဝတီ မိဖုရားကြီးသည် သားတော် ကုသမင်းစကားကိုကြား၍ ချစ်သား... ထိုသို့ သွားလိုလျှင်ကား မမေ့မလျော့ ဖြစ်လေလော့၊ ထိုစကားသည် မှန်၏။ မိန်းမတို့မည်သည်ကား မစင်ကြယ်သော စိတ်နှလုံး ရှိတတ်၏ ဟု မှာဆိုတော်မူပြီးလျှင် အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ဖြင့် ရွှေပခြုပ်ကိုပြည့်စေ၍ ဤဘောဇဉ်ကို ခရီးအကြား၌ စားလေလော့ ဟု ဆို၍ လွှတ်လိုက်၏။ သားတော် ကုသမင်းသည် မယ်တော် ပေးလိုက်သော ထမင်းပခြုပ်ကိုယူ၍ မယ်တော်ကို ရှိခိုးလျက် သုံးကြိမ် လက်ယာရစ်လှည့်သည်ကို ပြု၍ အသက်ရှင်ပါသည်ရှိသော် တစ်ဖန် ဖူးမြင်ပါအံ့ ဟု တင်လျှောက်ခဲ့ပြီးလျှင် ကျက်သရေရှိသော တိုက်ခန်းသို့ဝင်၍ ငါးပါးသော လက်နက်ကို မြဲမြံစွာဖွဲ့ပြီးလျှင် ထမင်းပခြုပ်နှင့်တကွ အသပြာတစ်ထောင်ကို လွယ်အိတ်၌ထည့်၍ ကောကနဒ အမည်ရှိသော စောင်းတော်ကိုလည်းယူ၍ မြို့တော်မှ ထွက်ခဲ့သဖြင့် ခရီးသို့သွားလျှင် အလွန် စွမ်းပကား ခွန်အားနှင့် ပြည့်စုံတော်မူရကား မွန်းတည့်တိုင်ရုံဖြင့် ယူဇနာငါးဆယ်ရှိသော ခရီးကိုသွားပြီးလျှင် ထမင်းစား၍ ကြွင်းသော နေ့အဖို့ဖြင့် တစ်ဖန် ယူဇနာငါးဆယ်ရှိသော ခရီးကိုသွား၍ တစ်နေ့ချင်းဖြင့်လျှင် ယူဇနာ တစ်ရာရှိသောခရီးကို ကုန်စေ၍ ညအခါရောက်တော်မူလျှင် သာဂလမြို့သို့ ဝင်တော်မူ၏။ ထိုကုသမင်း သာဂလမြို့သို့ ဝင်တော်မူကာမျှဖြင့်လျှင် ကုသမင်း၏တန်ခိုးကြောင့် ပဘာဝတီသည် အိပ်ရာအပြင်၌ တည်ခြင်းငှာမတတ်နိုင်ရကား ဆင်းသက်၍ မြေ၌ အိပ်၏။

စောင်းသံပေးပြီ

ညစ်နွမ်းသော ဣန္ဒြေရှိသော ခရီးသွားသော ဘုရားလောင်း ကုသမင်းကိုလည်း မိန်းမတစ်ယောက်သည် မြင်လေလျှင် ခေါ်စေ၍ ခြေတို့ကိုဆေး၍ အိပ်ရာကိုပေး၏။ ထိုဘုရားလောင်းသည် ပင်ပန်းသောကြောင့် အိပ်လျှင် အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ မိန်းမသည် ဘုရားလောင်း အိပ်ပျော်သည်ရှိသော် ထမင်းကိုပြည့်စုံစေ၍ နိုးလျှင် ထမင်းကျွေး၏။ ဘုရားလောင်းသည် နှစ်သက်သည်ဖြစ်၍ ထိုမိန်းမအား ထမင်းပခြုပ်နှင့်တကွ အသပြာတစ်ထောင်ကို ပေးတော်မူ၏။ ထိုဘုရားလောင်းသည် လက်နက်ငါးပါးကို ထိုအိမ်၌လျှင်ထား၍ ငါ့အား စောင်းတီးရာ အရပ်သည် ရှိ၏ ဟု ဆို၍ စောင်းကိုယူလျက် ဆင်တင်းကုပ်သွား၍ ယနေ့တစ်ရက်မျှ နေခြင်းငှာ ပေးပါကုန်လော့၊ သင်တို့အား စောင်းသီချင်းကို ပြုပါအံ့ ဟု ဆို၍ ဆင်ထိန်းတို့ ခွင့်ပေးရကား တစ်ခုသောအရပ်၌ အိပ်လျှင် အနည်းငယ်အိပ်ပျော်၍ ပူပန် ပင်ပန်းခြင်း ငြိမ်းလတ်သော် အိပ်ရာမှထ၍ စောင်းကိုဖြေပြီးလျှင် သာဂလမြို့နေသူ အလုံးတို့သည် ဤစောင်းသံကို ကြားစေကုန်သတည်း ဟု စောင်းကိုတီးလျက် သီ၏။ ပဘာဝတီသည် မြေ၌လျောင်းလျက် ထိုစောင်းသံကိုကြား၍လျှင် ကြံ၏။ ဤစောင်းသံသည် တစ်ပါးသောသူ၏ စောင်းသံမဟုတ်၊ မချွတ်လျှင် ကုသမင်းသည် ငါ၏အလို့ငှာ လာ၏ဟု သိ၏။ မဒ္ဒရာဇ်မင်းကြီးသည်လည်း ထိုစောင်းသံကို ကြားတော်မူလျှင် အလွန်လျှင် သာယာစွာ တီးပေ၏။ နက်ဖြန် ထိုစောင်းသမားကိုခေါ်၍ ငါ့အား စောင်းသီချင်းကို ပြုစေအံ့ ဟု ကြံ၏။

အိုးတော်ဆက်ပြန်ပြီ

ဘုရားလောင်းသည် ဤဆင်တင်းကုပ်၌ နေသဖြင့် ပဘာဝတီကို မြင်ခြင်းငှာ မတတ်ကောင်းသေး၊ ဤဆင်းတင်းကုပ်သည် နေရာမဟုတ်သေးဟု နှလုံးသွင်း၍ နံနက်စောစောကလျှင်ထွက်ခဲ့၍ ညဦးက ထမင်းစားသော အိမ်၌သာလျှင် နံနက်စာစားသဖြင့် စောင်းကိုထားခဲ့၍ မင်း၏အိုးထိန်းသည်အထံသို့ သွား၍ ထိုအိုးထိန်းသည်၏ တပည့်အဖြစ်သို့ကပ်၍ တစ်နေ့ချင်းဖြင့်သာလျှင် အိမ်ကို မြေစိုင်ခဲဖြင့်ပြည့်စေ၍ ဆရာ... အိုးတို့ကို လုပ်ပါအံ့ ဟု ဆို၍ လုပ်လော့ ဟု ဆိုလတ်သော် တစ်ခုသောမြေစိုင်ကို အိုးထိန်းစက်၌ထား၍ စက်ကိုလှည့်၏။ တစ်ကြိမ်လှည့်လျှင် မွန်းလွဲတိုင်အောင် လည်သလျှင်ကတည်း။ ဘုရားလောင်းသည် အထူးထူးသော အဆင်းရှိကုန်သော ငယ်ငယ်ကြီးကြီးဖြစ်ကုန်သော အိုးတို့ကိုလုပ်၍ ပဘာဝတီ အလို့ငှာ အိုးကိုလုပ်သည်ရှိသော် အထူးထူးသောအရုပ်တို့ကို ဖြစ်စေ၏။ ထိုစကားသည် မှန်၏။ ဘုရားလောင်းတို့ အလိုတော်မည်သည်ကား ပြည့်စုံသည်သာလျှင်တည်း။ ထိုအထူးထူးသောအရုပ်တို့ကို ပဘာဝတီသာလျှင် မြင်စေသတည်း ဟု ဓိဋ္ဌာန်တော်မူ၏။ ထိုဘုရားလောင်းသည် အလုံးစုံသောအိုးတို့ကို ခြောက်စေပြီးလျှင် ဖုတ်၍ အိမ်ကိုပြည့်စေ၏။

အိုးထိန်းသည်သည် အထူးထူးသော အိုးတို့ကိုယူ၍ မင်း၏တော်သို့ သွားလေ၏။ မဒ္ဒရာဇ်မင်းကြီးသည် မြင်တော်မူလျှင် ဤအိုးတို့ကို အဘယ်သူ လုပ်သနည်း ဟု မေးတော်မူ၏။ အရှင်မင်းကြီး... အကျွန်ုပ် လုပ်ပါ၏ ဟု တင်လျှောက်လတ်သော် ငါသည် သင်လုပ်သောအိုးတို့ကို သိ၏။ ဟုတ်တိုင်း တင်လျှောက်လော့၊ အဘယ်သူ လုပ်သနည်းဟု မေးတော်မူပြန်၏။ အရှင်မင်းကြီး... အကျွန်ုပ်၏ တပည့်သည် လုပ်အပ်၏ ဟု တင်လျှောက်ရလေ၏။ ထိုသူသည် သင့်တပည့်မဟုတ်၊ သင့်ဆရာပေတည်း၊ သင်သည် ထိုသူ့အထံ၌ သင်လေလော့၊ ဤနေ့မှစ၍ ထိုသူသည် ငါ့သမီးတော်တို့ဖို့ အိုးတို့ကို လုပ်စေ၊ ဤ အသပြာတစ်ထောင်ကိုလည်း ပေးလေလော့ဟု မိန့်တော်မူ၍ အသပြာတစ်ထောင် ပေးစေပြီးလျှင် အထူးထူးသော အဆင်းရှိကုန်သော ဤအိုးငယ်တို့ကို သမီးတော်တို့ကို ပေးချေလော့ ဟု ဆိုတော်မူ၏။

အိုးထိန်းသည်သည် ထိုအိုးတို့ကို သမီးတော်တို့အထံသို့ ဆောင်ယူ၍ ဤအိုးငယ်တို့သည် အရှင့်သမီးတော်တို့ ကစားဖို့ အိုးငယ်တို့တည်းဟု ဆက်သ၍ လျှောက်၏။ အလုံးစုံသော သမီးတော်တို့သည် လာလတ်ကုန်၏။ အိုးထိန်းသည်သည် ဘုရားလောင်းသည် မင်းသမီး ပဘာဝတီအလို့ငှာလုပ်သော အိုးကိုသာလျှင် ထိုမင်းသမီး ပဘာဝတီအား ဆက်မိ၏။ ထိုမင်းသမီး ပဘာဝတီသည်လည်း အိုးကိုယူ၍ ထိုအိုး၌ မိမိအရုပ် ကုသမင်းအရုပ် အထိန်းတော် ခုဇ္ဇာအရုပ်တို့ကို မြင်လျှင် ဤအိုးကို တစ်ပါးသောသူ မလုပ်ပေရာ၊ ကုသမင်းသာလျှင်လုပ်၏ ဟုသိ၍ အမျက်ထွက်သဖြင့် ငါအား ဤအိုးဖြင့် အလိုမရှိ၊ အလိုရှိသောသူတို့အား ပေးဘိလော့ ဟု ဆို၏။ ထိုအခါ ညီမတော်တို့သည် အစ်မတော် ပဘာဝတီ အမျက်ထွက်သော အဖြစ်ကို သိကုန်၍ ကုသမင်းလုပ်သည်ဟု ထင်မှတ်သလော၊ ဤအိုးကို ကုသမင်း မလုပ်ပေရာ၊ အိုးထိန်းသည်သည် လုပ်အပ်၏။ ထိုအိုးကို ယူလော့ ဟု ပြက်ရယ်ပြုကြကုန်၏။

ထိုပဘာဝတီသည် ကုသမင်းလုပ်သော အဖြစ်ကိုလည်းကောင်း ကုသမင်းလာသော အဖြစ်ကိုလည်းကောင်း ညီမတော်တို့အား မပြောဆို။ အိုးထိန်းသည်သည် ဘုရားလောင်းအား အသပြာတစ်ထောင်ကိုပေး၍ အမောင်... အမောင့်အား အရှင်မင်းကြီး နှစ်သက်တော်မူ၏။ ဤနေ့မှစ၍ သမီးတော်တို့ဖို့ အိုးကို လုပ်ရအံ့သတတ်၊ ငါသည် ထိုသမီးတော်တို့အား ဆောင်ယူ၍ ဆက်ရအံ့သတတ် ဟု ဆို၏။

ဖျာတော်ဆက်ပြန်ပြီ

ဘုရားလောင်းသည် ဤအရပ်၌လည်း နေသဖြင့် ပဘာဝတီကိုမြင်ခြင်းငှာ မတတ်ကောင်းသေး ဟု ထိုအသပြာ တစ်ထောင်ကိုလည်း အိုးထိန်းသည်သာလျှင် ပေးခဲ့ပြီးလျှင် မင်းကိုခစားသော ကျူးထရံသည်အထံသို့ သွား၍ ကျူထရံသည်၏ တပည့်လုပ်ပြီးလျှင် ပဘာဝတီအလို့ငှာ ထန်းရွက်ကိုရက်၍ ထိုထန်းရွက်ဖျာ၌လျှင် ထီးဖြူရုပ်ကိုလည်းကောင်း ပုဆိုးစသည်ကိုရောင်းရာ အိမ်ဈေးကိုလည်းကောင်း အဝတ်ကိုကိုင်လျက် တည်သော ပဘာဝတီ အရုပ်ကိုလည်းကောင်း ဤအထူးထူးသော အရုပ်တို့ကို ထင်စေ၏။ ကျူထရံသည်သည် ထိုကုသမင်း ပြုအပ်သော ထန်းရွက်ဖျာကိုလည်းကောင်း မိမိပြုအပ်သော ဘဏ္ဍာတော်ဖြစ်သော တစ်ပါးသောဖျာကိုလည်းကောင်း ယူ၍ မင်း၏နန်းတော်သို့ သွားလေ၏။ မဒ္ဒရာဇ်မင်းကြီးသည် မြင်တော်မူလျှင် ဤ ဖျာတို့ကို အဘယ်သူပြုအပ်သနည်း ဟု မေးတော်မူ၍ ရှေးနည်းဖြင့်သာလျှင် အသပြာတစ်ထောင်ကိုပေးတော်မူ၍ ကျူထရံသည်ကို ဤဖျာတို့ကို ငါ့သမီးတော်တို့အား ပေးချေလော့ဟု မိန့်တော်မူ၏။ ထို ကျူထရံသည်သည်လည်း ဘုရားလောင်းသည် ပဘာဝတီအလို့ငှာ ပြုအပ်သော ထန်းရွက်ဖျာကို မင်းသမီးပဘာဝတီအားသာလျှင် ဆက်မိ၏။ ဖျာ၌လည်း အထူးထူးသော အရုပ်တို့ကို တစ်ပါးသောသူသည် မမြင်၊ ပဘာဝတီသည်ကားမြင်၍ ကုသမင်းပြုသောအဖြစ်ကို သိလျှင် ယူလိုကုန်သော သူတို့သည် ယူပါကုန်ဟု အမျက်ထွက်သဖြင့် မြေ၌ပစ်လိုက်၏။ ထိုသို့ပစ်လိုက်သောအခါ ကြွင်းကုန်သော ညီမတို့သည် ရှေးအတူ ပြက်ရယ်ပြုကြကုန်၏။ ကျူထရံသည်သည် အသပြာတစ်ထောင်ကို ဆောင်ယူခဲ့ပြီးလျှင် ဘုရားလောင်းအား ပေး၏။

ပန်းကုံးဆက်ပြန်ပြီ

ဘုရားလောင်းသည် ဤအရပ်၌လည်း ငါ့အား နေရာမဟုတ်သေးဟု အသပြာတစ်ထောင်ကို ထိုကျူထရံသည်အားသာလျှင် ပေးခဲ့၍ မင်း၏ ပန်းကုံးသည်အထံသို့ သွားပြီးလျှင် ပန်းကုံးသည်တပည့်လုပ်၍ အထူးထူးအပြားပြားသော ပန်းမျိုးတို့ဖြင့် သီကုံး၍ ပဘာဝတီအလို့ငှာ အထူးထူးသောအရုပ်တို့ဖြင့် ဆန်းကြယ်သော တစ်ခုသောပန်းကုံးကို ကုံး၏။ ပန်းကုံးသည်သည် ထိုအလုံးစုံကိုယူ၍ မင်း၏နန်းတော်သို့သွား၏။ မဒ္ဒရာဇ်မင်းကြီးသည် မြင်တော်မူ၍ ဤပန်းကုံးတို့ကို အဘယ်သူ ကုံးသနည်းဟု

မေးတော်မူ၏။ အရှင်မင်းကြီး... အကျွန်ုပ် ကုံးပါ၏ဟု တင်လျှောက်လတ်သော် ငါသည် သင်ကုံးသော ပန်းကုံးကိုသိ၏။ ဟုတ်မှန်တိုင်း တင်လျှောက်လော့၊ အဘယ်သူ ကုံးအပ်သနည်း ဟု မေးတော်မူပြန်၏။ အရှင်မင်းကြီး... အကျွန်ုပ်တပည့် ကုံးပါ၏ဟု လျှောက်တင်လေသော် ထိုသူသည် သင့်တပည့်မဟုတ်၊ သင့်ဆရာပေတည်း၊ သင်သည် ထိုသူ့အထံ၌ အတတ်ကိုသင်လော့၊ ဤနေ့မှစ၍ ထိုသူသည် သမီးတော်တို့ဖို ပန်းတို့ကို သီကုံးစေလော့၊ ဤ အသပြာတစ်ထောင်ကိုလည်း ထိုသူအား ပေးလေလော့ ဟု အသပြာတစ်ထောင်ကို ပေးတော်မူလိုက်၍ ဤပန်းတို့ကို ငါသမီးတော်တို့အား ပေးချေလော့ဟု ဆိုတော်မူ၏။ ထိုပန်းကုံးသည်လည်း ဘုရားလောင်းသည် ပဘဝတီအလို့ငှာ ကုံးအပ်သောပန်းကုံးတို့ကို ပဘာဝတီမင်းသမီးအားသာလျှင် ဆက်မိ၏။ ပဘာဝတီသည် ထိုပန်းကုံး၌ မိမိအရုပ် ကုသမင်းအရုပ်နှင့်တကွ အထူးထူးသောအရုပ်တို့ကိုမြင်၍ ကုသမင်းကုံးသော အဖြစ်ကိုသိလျှင် အမျက်ထွက်၍ မြေ၌ ပစ်လိုက်၏။ ကြွင်းကုန်သော ညီမတော်တို့သည် အစ်မတော်ပဘာဝတီကို ထို့အတူသာလျှင် ပြက်ရယ်ပြုကုန်၏။ ပန်းကုံးသည်သည်လည်း အသပြာတစ်ထောင်ကို ဆောင်ယူခဲ့ပြီးလျှင် ဘုရားလောင်းအားပေး၍ ထိုအကြောင်းကို ကြား၏။

စားတော်ဆက် သွားပြီ

ထိုဘုရားလောင်းသည် ဤအရပ်သည်လည်း ငါ့အား နေရာမဟုတ်ချေသေး ဟု အသပြာတစ်ထောင်ကို ထို ပန်းကုံးသည်အားသာလျှင် ပေးခဲ့ပြီးလျှင် မင်းစားတော်ချက်အထံသို့သွား၍ တပည့်လုပ်ပြန်၏။ ထိုအခါ တစ်နေ့သ၌ စားတော်ချက်သည် မင်းအား ဘောဇဉ်အထူးကို ပို့ဆောင်လေသော် မိမိအတွက် ချက်စိမ့်သောငှာ ဘုရားလောင်းအား အရိုးသားကို ပေး၏။ ဘုရားလောင်းသည် ထိုအရိုးများကို စားတော်ချက်ဆိုတိုင်း ပြီးစေ၏။ ထိုအခါ ဟင်းနံ့သည် မြို့အလုံးကို နှံ့၏။ မဒ္ဒရာဇ်မင်းသည် ထိုအနံ့ကို နံ၍ သင် စားဖိုသည်အိမ်၌ တစ်ပါးသော ဟင်းမျိုးကို ချက်သလောဟု မေးတော်မူ၏။ အရှင်မင်းမြတ်... မချက်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်တပည့်အား အကျွန်ုပ်ဖို့ ထမင်းကိုလည်းကောင်း၊ အရိုးသားကိုလည်းကောင်း ချက်စိမ့်သောငှာ ပေးခဲ့၏။ ထိုအနံ့သည် ထိုဟင်း၏အနံ့ ဖြစ်လတ္တံ့ဟု တင်လျှောက်လျှင် မဒ္ဒရာဇ်မင်းသည် ထိုဟင်းကိုဆောင်ယူစေ၍ ထိုဟင်းမှ အတန်ငယ် လျာဖျား၌ထားတော်မူ၏။ ထိုခဏ၌ အရသာကိုဆောင်တတ်သော အကြောနှစ်ထောင်ကို ချောက်ချားစေလျက် နှံ့လေ၏။ မဒ္ဒရာဇ်မင်းသည် ရသတဏှာဖြင့် နှောင်ဖွဲ့လျှင် အသပြာတစ်ထောင်ကိုပေး၍ ဤနေ့မှစ၍ သင့်တပည့်သည် ငါ၏လည်းကောင်း၊ သမီးတော်တို့၏လည်းကောင်း ထမင်းကိုချက်စေ၍ သင်သည် ငါ့ဖို့ ဆောင်ခဲ့လော့၊ သင့်တပည့်ကို သမီးတော်တို့ဖို့ ဆောင်ခဲ့စေလော့ဟု မိန့်တော်မူ၏။ စားဆော်ချက်သည်လည်း သွား၍ ထိုဘုရားလောင်းအား ပြောကြား၏။

ဘုရားလောင်းသည် စားတော်ချက်စကားကို ကြားရလျှင် ယခုအခါ ငါ၏နှလုံးအလိုသည် အပြီးသို့ရောက်ပြီ၊ ယခုအခါ ငါသည် ပဘာဝတီကို မြင်ရလတ္တံ့ဟု အလွန်နှစ်သက်သည်ဖြစ်၍ ထိုအသပြာတစ်ထောင်ကို စားတော်ဆက်အားသာလျှင်ပေး၍ နက်ဖြန်နေ့၌ စားတော်ထမင်းကို ပြည့်စုံစေပြီးလျှင် မင်း၏ထမင်းချက်တို့ကို ပို့စေ၍ မင်းသမီး၏ ထမင်းခွက်နှင့်တကွသော ထမ်းပိုးကို မိမိထမ်း၍ ပဘာဝတီနေရာ နန်းပြာသာဒ်ထက်သို့ တက်လေ၏။

ပဘာဝတီနှင်ပြီ

ပဘာဝတီသည် ထိုထမ်းပိုးကိုထမ်း၍ နန်းပြာသာဒ်ထက်သို့ တက်လာသော ဘုရားလောင်းကိုမြင်လျှင် ဤကုသမင်းသည် မိမိအား မလျောက်ပတ်သော ကျွန်အမှုကို ပြုဘိ၏။ မပြုအပ်သည်ကို ပြုဘိ၏။ အကယ်၍ ငါသည် နှစ်ရက်သုံးရက် ဆိတ်ဆိတ်နေချေအံ့၊ ယခုအခါ ဤပဘာဝတီသည် ငါ့ကိုနှစ်သက်လေပြီဟု ထင်မှတ်၍ တစ်စုံတစ်ခုသောအရပ်သို့လည်း မသွားမူ၍ ငါ့ကိုကြည့်လျက် ဤအရပ်၌သာလျှင် နေလတ္တံ့၊ ယခုသာလျှင် ထိုကုသမင်းကို ပြေးစေအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုပဘာဝတီသည် တံခါး

ရွက် ထက်ဝက်ကိုဖွင့်၍ လက်တစ်ဖက်ကို တံခါးရွက်ဆွဲ၍ လက်တစ်ဖက်ဖြင့် တံခါးကျည်ကိုနှိပ်၍ ဆဲရေးမြည်တမ်းလိုရကား-

။ အနုဇ္ဇုဘူတေန ဟရံ မဟန္တံ၊
ဒိဝါ စ ရတ္တော စ နိသီထကာလေ။
ပဋိဂစ္ဆ တွံ ခိပ္ပံ ကုသာဝတိံ ကုသေ၊
နိစ္ဆာမိ ဒုဗ္ဗဏ္ဏမဟံ ဝသန္တံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂။ ကုသေ၊ ကုသမင်းမြတ်။ အနုဇ္ဇုဘူတေန၊ ကောက်သောရာဂစိတ်ဖြင့်။ မဟန္တံ၊ ကြီးစွာသော ထမ်းပိုးကို။ ဟရံ-ဟရန္တော၊ ထမ်းလျက်။ ဒိဝါ စ၊ နေ့၌ လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌ လည်းကောင်း။ နိသီထကာလေ စ၊ ထိုင်သောအခါ၌ လည်းကောင်း။ မဟန္တံ၊ ကြီးစွာသော ဆင်းရဲကို။ အနုဘဝိဿသိ၊ အစဉ်ခံစားဘိ၏ တကား။ တွံ၊ သင်မင်းမြတ်သည်။ ခိပ္ပံ၊ လျင်စွာ။ ကုသာဝတိံ၊ ကုသဝတီပြည်ကြီးသို့။ ပဋိဂစ္ဆေ၊ ပြန်လေလော့။ ဣဓ၊ ဤငါတို့ပြည်၌။ ဝသန္တံ၊ နေလာသော။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ နိစ္ဆာမိ၊ အလိုမရှိ။ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ ဒုဗ္ဗဏ္ဏံ-ဒုဗ္ဗဏ္ဏတ္တာ၊ အဆင်းမလှသောကြောင့်တည်း။

မချစ်ရ ငါမပြန်

ထိုကုသမင်းသည် ငါသည် ပဘာဝတီအထံမှ စကားရပြီဟု အလွန် နှစ်သက်သည်ဖြစ်၍ ပဘာဝတီအား စကားတုံ့ပြန်လိုရကား-

။ နာဟံ ဂမိဿာမိ ဣတော ကုသာဝတိံ၊
ပဘာဝတီ ပဏ္ဏပလောဘိတော တဝ။
ရမာမိ မဒ္ဒဿ နိကေတရမ္မေ၊
ဟိတွာန ရဋ္ဌံ တဝ ဒဿနေ ရတော။
။ ပဘာဝတိ ဝဏ္ဏပလောဘိတော တဝ၊
သမ္မူဠှရူပေါ ဝိစရာမိ မေဒိနိံ။
ဒိသံ နဇာနာမိ ကုတောမှိ အာဂတော၊
တယမှိ မတ္တော မိဂမန္ဒလောစနေ။
။ သုဝဏ္ဏစီရဝသနေ၊ ဇာတရူပသုမေခလေ။
သုသောဏိ တဝ ကာမာဟိ၊
နာဟံ ရဇ္ဇေန မတ္တိကော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃။ ပဘာပတီ၊ ရှင်မ ပဘာဝတီ။ တဝ၊ သင်၏။ ဝဏ္ဏပလောဘိတော၊ လှပတင့်တယ်ခြင်းဟူသော အဆင်းဖြင့် ဖျားယောင်းအပ်သည်ဖြစ်၍။ ဣတော၊ ဤသင်တို့ပျော်ရာ သာဂလပြည်တော်မှ။ ကုသာဝတိံ၊ ငါတို့နေရာ ကုသဝတီ ပြည်ကြီးသို့။ နာဟံ ဂမိဿာမိ၊ ငါမသွားအံ့။ မဒ္ဒဿ၊ ရှင့်ခမည်းတော် မဒ္ဒရာဇ်မင်း၏။ ရမ္မေ၊ မွေ့လျော်တော်မူရာဖြစ်သော။ နိကေတေ၊ ရွှေနန်းတော်၌။ ရမာမိ၊ ငါမွေ့လျော်၏။ တဝဒဿနေ၊ သင့်ကိုမြင်ရခြင်း၌။ ရတော၊ ချစ်ခင်တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍။ ရမာမိ၊ မွေ့လျော်၏။ ရဋ္ဌံ၊ သင့်တို့ပျော်ရာ သာဂလမည်သော ဤရွှေပြည်ကို။ ဟိတွာန၊ စွန့်ပစ်၍။ အဟံ၊ ငါသည်။ န ဂမိဿာမိ၊ မသွားနိုင်။

֍ ဋ္ဌ ၄။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တဝ၊ သင်၏။ ဝဏ္ဏပလောဘိတော၊ ရူပါရုံတည်းဟူသော အဆင်းဖြင့် ဖျားယောင်းရကား။ သမ္မူဠှရူပေါ၊ ချစ်ခင်လေးမြတ် တပ်စွန်းခြင်းဟူသော ကိလေသာဖြင့် တွေဝေသော သဘောရှိသည်ဖြစ်၍။ မေဒိနိံ၊ မြေအပြင်၌။ ဝိစရာမိ၊ ငါသွားလာ၏။ ကုတော၊ အဘယ်အရပ်မှ။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်၏ဟူ၍။ ဒိသံ၊ အရပ်မျက်နှာကို။ န ဇာနာမိ၊ ငါ မမှတ်မိပြီ။ တယိ၊ သင်၌။ မတ္တော၊ ချစ်ခင်လေးမြတ် တပ်စွန်းသောအားဖြင့် မေ့လျော့သည်။ အမှိ၊ ဖြစ်ခဲ့ပြီ။ (တစ်နည်းကား) တယိ-တယာ၊ သင်သည်။ မတ္တော၊ ငါ့ကိုမေ့သည်။ အမှိ၊ ဖြစ်ခဲ့ပြီ။

֍ ဋ္ဌ ၅။ မိဂမန္ဒလောစနေ၊ ယနေ့မွေးစဖြစ်သော သမင်ငယ်၏ မျက်စိနှင့်တူသော စိမ်းညိုသော မျက်စိရှိထသော။ သုဝဏ္ဏစီရဝသနေ၊ ရွှေချည်တို့ဖြင့် ရက်အပ်သော အဝတ်အထည်ကိုလည်း ဝတ်ထသော။ ဇာတရူပသုမေခလေ၊ ရွှေပြားခါးကြိုးကိုလည်း ဆင်ထသော။ သုဿောဏိ၊ လျပါးသေးသွယ် ငယ်သောခါးရှိသော ရှင်မ ပဘာဝတီ။ တဝ၊ သင့်အား။ ကာမေဟိ၊ ချစ်ခင်တပ်စွန်းခြင်းတို့ကြောင့်။ အဟံ၊ ငါသည်။ ရဇ္ဇေန၊ ပြည်ကြီးစည်းစိမ်ဖြင့်။ နအတ္ထိကော၊ အလိုမရှိပြီ။

ပဘာဝတီ ထွက်မလာပြီ

ဤသို့ ကုသမင်း ပြောဆိုလတ်သော် ထိုပဘာဝတီသည် ကြံ၏။ ငါသည် ဤကုသမင်းကို နှလုံးမသာမာသည် ဖြစ်လတ္တံ့ဟု ပြက်ရယ် ပြု၏။ ဤကုသမင်းသည်ကား ငါ့ကို တပ်စွန်း၍ သာလျှင် ပြောဆိုဘိ၏။ စင်စစ်သော်ကား ငါ့ကို ငါ ကုသမင်းတကားဟု ကြုံးဝါးလျက် အကယ်၍ လက်ကို ဆွဲကိုင်ငြားအံ့၊ ဤသိုဆွဲကိုင်ခဲ့သော် ထိုကုသမင်းကို အဘယ်သူသည် တားမြစ်နိုင်ချေအံ့နည်း။ ငါ့ကို ပြောကြားသော ဤစကားကိုလည်း တစ်စုံ တစ်ယောက်သောသူသည် ကြားခဲ့ရာ၏ဟု နှလုံးသွင်း၍ တံခါးကိုပိတ်ပြီးလျှင် တံခါးကျင်ကိုလျှို၍ တိုက်ခန်းတွင်း၌ တည်၏။

မင်းကုသ မှောက်လျက်လဲပြီ

ထိုကုသမင်းသည်လည်း ထမင်းနှင့်တကွသော ထမ်းပိုးကို ထမ်းယူ၍ မင်းသမီးတို့ကို လုပ်ကျွေး၏။ ပဘာဝတီသည် သွားချေ၊ ကုသမင်းချက်သော ထမင်းကို ဆောင်ချေလော့ဟု အထိန်းတော် ခုဇ္ဇာကို စေလိုက်၏။ ထိုအထိန်းတော် ခုဇ္ဇာသည် ဆောင်ယူ၍ စားတော်မူပါလော့ဟု ဆို၏။ ငါသည် ကုသမင်းချက်သော ထမင်းကို မစားအံ့၊ သင်သည်လျှင်စား၍ သင့်အားရအပ်သော ရိက္ခာကိုယူ၍ ထမင်းချက်ပြီးလျှင် ဆောင်ယူခဲ့ပါလော့၊ ကုသမင်းလာသော အဖြစ်ကိုလည်း တစ်စုံ တစ်ယောက်သောသူအား မကြားလေလင့်ဟု မှာဆို၏။

အထိန်းတော် ခုဇ္ဇာသည် ထိုနေ့မှစ၍ ပဘာဝတီအစုကိုယူ၍ မိမိစား၏။ မိမိအစုကို ပဘာဝတီအားပေး၏။ ကုသမင်းသည်လည်း ထိုနေ့မှစ၍ ပဘာဝတီကိုမမြင်ရကား ကြံတော်မူပြန်၏။ ပဘာဝတီသည် ငါ့၌ ချစ်ခြင်း မရှိပြီ၊ ထိုသို့မဟုတ်မူ ချစ်ခြင်း ရှိဦးမည်လော၊ ပဘာဝတီကို စုံစမ်းအံ့ဟု ကြံတော်မူ၏။ ကြံပြီး၍ ထိုကုသမင်းသည် မင်းသမီးကိုကျွေးပြီးလျှင် ထမင်းထမ်းပိုးကိုထမ်း၍ ထွက်ခဲ့သည်ရှိသော် ပဘာဝတီ တိုက်ခန်းတံခါးအနီး ပြာသာဒ်အပြင်၌ ခြေတို့ဖြင့်ခတ်လိုက်၍ အိုးခွက်တို့ကို လိမ့်စေပြီးလျှင် ကျည်းဟီးလျက် မိန်းမောဟန်ပြု၍ မှောက်ခုံလဲ၏။

ပဘာဝတီ တံတွေးထွေးခံရ

ပဘာဝတီသည် ကုသမင်း ကျည်းဟီးသံကြောင့် တံခါးကိုဖွင့်လျှင် ထိုကုသမင်း ထမ်းပိုးနှင့်တကွ ဖိမိသည်ကိုမြင်၍ ဤ ကုသမင်းသည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် မြတ်သော မင်းပေတည်း၊ ငါ့ကိုမှီ၍ နေ့ညဉ့်ပတ်လုံး ဆင်းရဲကြီးစွာခံရ၏။ နူးညံ့သောကြောင့် ထမင်းထမ်းပိုးဖြင့် ဖိလျက်အိပ်ရ၏။ အသက်ရှင်ပါသေးသလော၊ မရှင်ပြီလောဟုကြံ၍ ပဘာဝတီသည် တိုက်ခန်းမှထွက်လတ်၍ ထိုကုသမင်း၏ နှာခေါင်းလေကို စုံစမ်းအံ့သောငှာ လည်ကိုဆန့်၍ မျက်နှာကိုကြည့်၏။ ကုသမင်းသည် ခံတွင်းပြည့်အောင် တံတွေးကိုငုံ၍ ထွေး၏။ ပဘာဝတီကိုယ်၌လည်း ကျစေ၏။ ပဘာဝတီသည် ထိုကုသမင်းကို ဆဲရေး၍ တိုက်ခန်းသို့ဝင်ပြီးလျှင် တံခါးရွက်တစ်ဖက်ကိုပိတ်၍ရပ်လျက် မြည်တမ်း ရေရွတ်လိုရကား-

။ အဗ္ဘူတိ တဿ သော ဟောတိ၊
ယော အနိစ္ဆန္တမိစ္ဆတိ။
အကာမံ ရာဇ ကာမေသိ၊ အကန္တံ ကန္တုမိစ္ဆသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆။ ရာဇ၊ ကုသမင်း။ ယောကောစိ၊ အကြင် အမှတ်မရှိသောသူသည်။ အနိစ္ဆန္တံ၊ အလိုမရှိအပ်သည်ကို။ ဣစ္ဆတိ၊ အလိုရှိ၏။ အကာမံ၊ မနှစ်သက်အပ်သည်ကို။ ကာမေသိ၊ နှစ်သက်၏။ အကန္တံ၊ မနှစ်လိုအပ်သည်ကို။ ကန္တုံ၊ နှစ်လိုအံ့သောငှာ။ ဣစ္ဆသိ၊ အလိုရှိ၏။ တဿ၊ ထိုသူ၏။ သော၊ ထိုအလိုရှိခြင်း နှစ်သက်ခြင်း နှစ်လိုခြင်းသည်။ အဗ္ဘူတီ၊ အစီးအပွားမရှိသည်။ ဟောတိ၊ ဖြစ်၏။

မကြိုက်ကြိုက် ရဖို့သာ ပဓာန

ထိုကုသမင်းသည်ကား တပ်စွန်းသောစိတ် ရှိသည်ဖြစ်သောကြောင့် ထိုသို့ ဆဲရေးရေရွတ်သော်လည်း နှလုံးမသာခြင်းကို မဖြစ်စေမူ၍လျှင် ပဘာဝတီအား စကားပြန်ပြောလိုရကား-

။ အကာမံ ဝါ သကာမံ ဝါ၊
ယောနရော လဘတေ ပိယံ။
လာဘမေတ္ထ ပသံသာမ၊
အလာဘော တတ္ထ ပါပကော။

ဟူသော အခြားမရှိသောဂါထာကို ဆို၏။

֍ ဋ္ဌ ၇။ အယျေ၊ ရှင်မ ပဘာဝတီ။ ယော နရော၊ အကြင်သူသည်။ အကာမံ ဝါ၊ အလိုမရှိသည်လည်းဖြစ်သော။ သကာမံ ဝါ၊ အလိုရှိသည်လည်းဖြစ်သော။ လာဘံ၊ ရအပ်သော။ ပိယံ၊ မိမိချစ်အပ်သော သူကို။ လဘတေ၊ ရ၏။ ဧတ္ထ၊ ဤသို့ ချစ်သောသူကို ရရာ၌။ ပသံသာမ၊ ချီးမွမ်းကုန်လတ္တံ့။ တတ္ထ၊ ထိုချစ်အပ်သောသူ၌။ အလာဘော၊ မရခြင်းသည်။ ပါပကော၊ ယုတ်မာ၏။

အပြန်အလှန်ကြပြီ

ပဘာဝတီသည်လည်း ထိုကုသမင်းသည် ဤသို့မနှစ်သက်ဖွယ်သော်လည်း နောက်မဆုတ်လေလျှင် ပို၍ကြမ်းသော စကားကိုဆို၍ ပြေးစေလိုရကား-

။ ပါသာဏသာရံ ခဏသိ၊ ကဏိကာရဿ ဒါရုနာ။
ဝါတံ ဇာလေန ဗာဓေသိ၊ ယော အနိစ္ဆန္တမိစ္ဆသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈။ ဘောရာဇ၊ အို... ကုသမင်း။ ယော ရာဇာ၊ အကြင်မင်းသည်။ ကဏိကာရဿ ဒါရုနာ၊ မဟာလှေကားသားဖြင့်။ ပါသာဏသာရံ၊ အနှစ်ပြည့်သော ကျောက်ကို။ ခဏသိ ယထာ၊ တူးသကဲ့သို့လည်းကောင်း။ ဝါတံ၊ လေကို။ ဇာလေန၊ ကွန်ဖြင့်။ ဗာဓေသိ ယထာ၊ ဖွဲ့ထောင်သကဲ့သို့လည်းကောင်း။ ဝထာ၊ ထို့အတူ။ အနိစ္ဆန္တံ၊ အလိုမတူသော ငါ့ကို။ တွံ၊ သင်သည်။ ဣစ္ဆသိ၊ အလိုရှိဘိ၏။

ထိုစကားကိုကြား၍ ကုသမင်းသည် စကားတုံ့ ချေလိုရကား-

။ ပါသာဏော နူန တေ ဟဒယေ၊
ဩဟိတော မုဒုလက္ခဏေ။
ယော တေ သာတံ န ဝိန္ဒာမိ၊
တိရောဇနပဒါဂတော။
၁၀။ ယဒါ မံ ဘကုဋိံ ကတွာ၊ ရာဇပုတ္တီ ဥဒိက္ခတိ၊
အဠာရိကော တဒါ ဟောမိ၊
ရညော မဒ္ဒဿန္တေပူရေ။
၁၁။ ယဒါ ဥမှယမာနာ မံ၊ ရာဇပုတ္တီ ဥဒိက္ခတိ။
နာဠရိကော တဒါ ဟောမိ၊
ရာဇာ ဟောမိ တဒါ ကုသော။

ဟူသော ဤသုံးဂါထာကို ဆို၏။

֍ ဋ္ဌ ၉။ မုဒုလက္ခဏေ၊ နူးညံ့လှစွာသော မိန်းတို့၏လက္ခဏာနှင့် ပြည့်စုံသော ရှင်မပဘာဝတီ။ တေ၊ သင်၏။ ဟဒယေ၊ နှလုံး၌။ ပါသာဏော၊ ကျောက်ဖျာကို။ ဩဟိတော နူန၊ ထားလေသလော။ တိရောဇနပဒါ၊ ဇနပုဒ်တစ်ပါးမှ။ အာဂတော၊ ရောက်လာသော။ ယော အဟံ၊ အကြင်ငါသည်။ တေ၊ သင်၏။ သန္တိကေ၊ အထံ၌။ သာတံ၊ ချမ်းသာရာကို။ န ဝိန္ဒာမိ၊ မရပါ။

֍ ဋ္ဌ ၁၀။ မုဒုလက္ခဏေ၊ နူးညံ့လှစွာသော မိန်းမတို့၏လက္ခဏာနှင့် ပြည့်စုံသော ရှင်မပဘာဝတီ။ ယဒါ၊ အကြင်အခါ၌။ ရာဇပုတ္တီ၊ မင်းသမီးဖြစ်သာ ရှင်မပဘာဝတီသည်။ မံ၊ ငါ့ကို။ ဘကုဋိံ ကတွာ၊ မျက်မှောင် တကြုတ်ကြုတ်ပြု၍။ ဥဒိက္ခတိ၊ ကြည့်၏။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ မဒ္ဒဿရညော၊ မဒ္ဒရာဇ်မင်း၏။ အန္တေပုရေ၊ နန်းတော်တွင်း၌။ အာဠာရိကော ဝိယ၊ စားတော်ချက်၏ ကျွန်ကဲ့သို့။ ဟောမိ၊ ဖြစ်ရချေ၏။

֍ ဋ္ဌ ၁၁။ မုဒုလက္ခဏေ၊ နူးညံ့လှစွာသော မိန်းမတို့၏လက္ခဏာနှင့် ပြည့်စုံသော ရှင်မပဘာဝတီ။ ယဒါ၊ အကြင်အခါ၌။ ရာဇပုတ္တီ၊ မင်းသမီးဖြစ်သော ရှင်မပဘာဝတီသည်။ မံ၊ ကို။ ဥမှယမာနာ၊ ရယ်မြူးလျက်။ ဥဒိက္ခတိ၊ ကြည့်၏။ တဒါ၊ ထိုအခါ၌။ အာဠကော ဝိယ၊ စားတော်ချက်၏ ကျွန်ကဲ့သို့။ န ဟောမိ၊ ငါ မဖြစ်ရပေ။ တဒါ၊ ထိုသို့ ရယ်မြူးလျက် ကြည့်သောအခါ၌။ ကုသရာဇာ ဝိယ၊ ကုသမင်းကဲ့သို့။ ဟောမိ၊ ဖြစ်ရပေ၏။

ပဘာဝတီသည် ထိုကုသမင်းစကားကို ကြားရလျှင် ဤကုသမင်းသည် အလွန်လျှင် ကပ်ငြိစွဲလမ်း၍ ဆို၏။ ငါသည် မုသာဝါဒကိုပြု၍ တစ်ခုသော ဥပါယ်တံမျဉ်ဖြင့် ထိုကုသမင်းကို ငါတို့နေပြည်တော်မှ ပြေးစေအံ့ ဟု ကြံ၍ ပြေးစေလိုရကား...

၁၂။ သစေ ဟိ ဝစနံ သစ္စံ၊ နေမိတ္တာနံ ဘဝိဿတိ။

နေဝ မေ တွံ ပတိ အဿ၊ ကမံ ဆန္ဒန္တု သတ္တဓာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂။ ရာဇ၊ ကုသမင်း။ နေမိတ္တာနံ၊ နိမိတ်ကိုသိသော သူတို့၏။ ဝစနံ၊ စကားသည်။ သစ္စံ၊ မှန်သည်။ သစေ ဘဝိဿတိ၊ အကယ်၍ ဖြစ်ငြားအံ့။ ကာမံ၊ စင်စစ်။ မေ၊ ငါ၏။ ကာယံ၊ ကိုယ်ကို။ သတ္တဓာ၊ ခုနစ်ပိုင်း။ ဆိန္ဒန္တု၊ ဖြတ်စေကာမူ။ တွံ၊ သင်သည်။ မေ၊ ငါ၏။ ပတိ၊ လင်သည်။ နေဝ အဿ၊ မဖြစ်ရာ။ ဣတိ၊ ဤသို့။ ဝဒိံသု၊ ဖတ်ဆိုကြကုန်၏။

ထိုစကားကိုကြား၍ ကုသမင်းသည် တစ်ဖန် ပယ်ပြန်လိုသည်ဖြစ်၍ ရှင်မပဘာဝတီ... ငါသည်လည်း ငါတို့ ကုသဝတီပြည်ကြီး၌ နိမိတ်ဖတ်တတ်သောသူတို့ကို မေးခဲ့အပ်သည်ရှိသော် ထိုနိမိတ်ဖတ်တတ်သော သူတို့သည် ခြင်္သေ့မင်းအသံနှင့်တူသော အသံရှိသော ကုသမင်းကိုထား၍ ကုသမင်းမှတစ်ပါး သင့်အား လင်မည်သည် မရှိဟု ဖတ်ဆိုကြကုန်၏။ ငါသည်လည်း ငါ့ဉာဏ်စွမ်းဖြင့် နိမိတ်တို့ကို ဤအတူလျှင် ဖတ်ဆိုပြီ ဟု ဆို၍ ထိုအကြောင်းကို ပြန်ကြားလိုရကား-

၁၃။ သစေ ဟိ ဝစနံ သစ္စံ၊ အညေသံ ယဒိ ဝါ မမ။
နေဝ တုယှံ ပတိ အတ္ထိ၊
အညော သီဟဿရာ ကုသာ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃။ အယျေ၊ ရှင်မ ပဘာဝတီ။ အညေသံ ဝစနံ၊ ငါမှတစ်ပါးသော နိမိတ်ဖတ်တတ်သော သူတို့၏ စကားသည်လည်းကောင်း။ ယဒိ ဝါ၊ ထိုမှတပါးလည်း။ မမဝစနံ၊ ငါ့စကားသည်လည်းကောင်း။ သစ္စံ၊ မှန်သည်။ သစေ သိယာ၊ အကယ်၍ ဖြစ်အံ့။ ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။ သီဟဿရာ၊ ခြင်္သေ့မင်း အသံနှင့်တူသော အသံရှိသော။ အညော ကုသာ၊ ကုသမင်းမှတစ်ပါး။ တုယှံ၊ သင့်အား။ ပတိ၊ လင်သည်။ နေဝ အတ္ထိ၊ မရှိသလျှင်ကတည်း။

ပဘာဝတီသည် ထိုကုသမင်းစကားကို ကြားလျှင် ဤမင်းကို ရှက်စိမ့်သောငှာ မတတ်နိုင်၊ ပြေးလိုမူလည်း ပြေးပစေ၊ မပြေးလိုမူလည်း နေပစေ၊ ငါ့အား ဤကုသမင်းဖြင့် အဘယ်မူအံ့နည်း ဟု တံခါးကိုပိတ်၍ မိမိကိုယ်တို့ မပြပြီ။

ကုသမင်းသည်လည်း ထမ်းပိုးကိုထမ်း၍ ဆင်းသွားရ၏။ ထိုနေ့မှစ၍ ပဘာဝတီကို မမြင်ရပြီ။ စဖိုသည်အမှုကို ပြုလျက် အလွန်ပင်ပန်း၏။ နံနက်စာ စားပြီးသော် ထင်းတို့ကို ခွဲရ၏။ အိုးခွက်တို့ကို ဆေးရ၏။ ထမ်းပိုးဖြင့် ရေထမ်းရ၏။ အိပ်သည်ရှိသော် ထမင်းတင်သော အင်းပျဉ်၌ အိပ်ရ၏။ နံနက်စောစောကလျှင် ထ၍ ယာဂုအစရှိသည်တို့ကို ချက်ရ၏။ ထမ်းယူ ပို့ဆောင်ရ၏။ ကျွေးမွေးရ၏။ မိန်းမ၌ ချစ်ကြိုက် နှစ်သက်ခြင်းတည်းဟူသော ရာဂကိုမှီ၍ လွန်ကဲသော ဆင်းရဲကို ခံရ၏။

ခုဇ္ဇာကို ကပ်၍ပြောသည်

ထိုကုသမင်းသည် တစ်နေ့သ၌ စဖိုအိမ်တံခါးဖြင့် သွားသော အထိန်းတော် ခုဇ္ဇာကိုမြင်လျှင် ခေါ်၏။ ထိုအထိန်းတော်ခုဇ္ဇာသည် ပဘာဝတီကို ကြောက်သောကြောင့် ထိုကုသမင်းအထံသို့ သွားအံ့သောငှာ မဝံ့ရကား အလျင်လိုသကဲ့သို့ သွား၏။ ထိုအခါ ခုဇ္ဇာသို့ လျင်မြန်စွာချဉ်းကပ်၍ ခုဇ္ဇာဟုခေါ်၏။ ထိုခုဇ္ဇာသည် ပြန်လည်၍ရပ်လျက် အဘယ်သူနည်းဟု ဆို၍ အရှင်မင်းကြီးတို့၏ စကားကို မကြားဝံ့ကုန်ဟု ဆို၏။ ထိုအခါ ခုဇ္ဇာကို ခုဇ္ဇာ... သင်သည်လည်းကောင်း သင့် သခင်မ ပဘာဝတီသည်လည်းကောင်း သင်တို့နှစ်ယောက်စလုံးပင် အလွန်လျှင် မာကျော၏။ ဤမျှလောက်သော ကာလပတ်လုံး သင်တို့အထံ၌ နေပါလျက် အနာကင်းပါ၏လော ဟူသော စကားကိုမျှလည်း မရပါ၊ ပေးကမ်းအပ်သော လက်ဆောင်ကိုကား အဘယ်မှာ ရပါကုန်အံ့နည်း၊ သင်တို့၏ ဤအမှုကို ထားဘိဦး၊ စင်စစ်သော်ကား ငါ့အား ပဘာဝတီကို နူးညံ့အောင်ပြု၍ပြခြင်းငှာ တတ်နိုင်ပါမည်လောဟုဆို၏။ ထိုအခါ အထိန်းတော်ခုဇ္ဇာသည် ကောင်းပြီဟု ဝန်ခံ၏။ ထို့နောက် ခုဇ္ဇာအား သင်သည် ငါ့အား ပြအံ့သောငှာ အကယ်၍ တတ်နိုင်အံ့၊ ဤသို့တတ်နိုင်သည်ရှိသော် သင့်အား ကျွန်အဖြစ်ကို ဖြောင့်ဖြောင့်တော်လှန်သည်ကိုပြု၍ လည်ရွဲတန်ဆာကို ငါပေးအံ့ဟုဆို၍ အထိန်းတော်ခုဇ္ဇာကို ဖြားယောင်းလိုရကား-

၁၄။ နေက္ခံ ဂီဝံ တေ ကာရေဿံ၊
ပတွာ ခုဇ္ဇေ ကုသာဝတိံ။
သစေ မံ နာဂနာသူရူ၊ ဩလောကေယျ ပဘာဝတီ။
၁၅။ နေက္ခံ ဂီဝံ တေ ကာရေဿံ၊
ပတွာ ခုဇ္ဇေ ကုသာဝတိံ။
သစေ မ နာဂနာသူရူ၊ အာလပေယျ ပဘာဝတီ။
၁၆။ နေက္ခံ ဂီဝံ တေ ကာရေဿံ၊
ပတွာ ခုဇ္ဇေ ကုသာဝတိံ။
သစေ မံ နာဂနာသူရူ၊ ဥမှာယေယျ ပဘာဝတီ။
၁၇။ နေက္ခံ ဂီဝံ တေ ကာရေဿံ၊
ပတွာ ခုဇ္ဇေ ကုသာဝတိံ။
သစေ မံ နာဂနာသူရူ၊ ပမှာယေယျ၊ ပဘာဝတီ။
၁၈။ နေက္ခံ ဂီဝံ တေ ကာရေဿံ၊
ပတွာ ခုဇ္ဇေ ကုသာဝတိံ။
သစေ မံ နာဂနာသူရူ၊ ပါဏီဟိ ဥပသမ္ဖုသေ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄။ ခုဇ္ဇေ၊ မိခင် ခုဇ္ဇာ။ နာဂနာသူရူ၊ ဆင်နှာမောင်းနှင့်တူသော ဦရုလက္ခဏာရှိသော။ ပဘာဝတီ၊ ပဘာဂတီကို။ မံ၊ ငါ့ကို။ သစေ ဩလောကေယျ၊ အကယ်၍ ကြည့်နိုင်စေငြားအံ့။ ကုသာဝတိံ၊ ကုသဝတီပြည်သို့။ ပတွာ၊ ရောက်၍။ တေ၊ သင့်အား။ နေက္ခံ၊ ရွှေစင်ဖြင့်ပြီးသော။ ဂီဝံ၊ လည်ရွဲတန်ဆာကို။ ကာရေဿံ၊ ပြုစေအံ့။

֍ ဋ္ဌ ၁၅။ ခုဇ္ဇေ၊ အထိန်းတော် ခုဇ္ဇာ။ နာဂနာသူရူ၊ ဆင်နှာမောင်းနှင့်တူသော ပေါင်ရှိသော။ ပဘာဝတီ၊ ပဘာဝတီ အမည်ရှိသော မင်းသမီးကို။ မံ၊ ဆို။ သစေ အာလပေယျ၊ အကယ်၍ခေါ်စေနိုင်ငြားအံ့။ ကုသဝတိံ၊ ငါတို့နေရာ ကုသဝတီပြည်ကြီးသို့။ ပတွာ၊ ရောက်၍။ တေ၊ သင့်အား။ နေက္ခံ၊ ရွှေစင်ဖြင့်ပြီးသော။ ဂီဝံ၊ လည်ရွဲတန်ဆာကို။ ကာရေဿံ၊ ပြုစေအံ့။

֍ ဋ္ဌ ၁၆။ ခုဇ္ဇေ၊ မိခင် ခုဇ္ဇာ။ နာဂနာသူရူ၊ ဆင်နှာမောင်းနှင့်တူသော ပေါင်ရှိသော။ ပဘာဝတီ၊ ပဘာဝတီ အမည်ရှိသော မင်းသမီးကို။ မံ၊ ငါ့ကို။ သစေ ဥမှာယေယျ၊ အကယ်၍ ဖြည်းညင်းသာယာစွာ ရယ်စေနိုင်ငြားအံ့။ ကုသာတိံ၊ ကုသဝတီ အမည်ရှိသော မင်းနေပြည်တော်ကြီးသို့။ ပတွာ၊ ရောက်၍။ တေ၊ သင်မိခင်အား။ နေက္ခံ၊ ရွှေစင်ဖြင့်ပြီးသော။ ဂီဝံ၊ လည်ရွဲတန်ဆာကို။ ကာရေဿံ၊ ပြုစေအံ့။

֍ ဋ္ဌ ၁၇။ ခုဇ္ဇေ၊ ခုဇ္ဇာမည်ခေါ်သော အထိန်းတော်။ နာဂနာသူရူ၊ ရင်းကြီးဖျားငယ် တင့်တယ်လှစွာ ဆင်နှာမောင်းနှင့်တူသော ဥရုလက္ခဏာရှိသော။ ပဘာဝတီ၊ ပဘာဝတီ အမည်ရှိသော မင်းသမီးကို။ မံ၊ ငါ့ကို။ သစေ ပမှာယေယျ၊ အကယ်၍ ပြင်းစွာ ရယ်ရွှင်စေနိုင်ငြားအံ့။ ကုသာဝတိံ၊ ကုသဝတီ အမည်ရှိသော မင်းနေပြည်တော်ကြီးသို့။ ပတွာ၊ ရောက်၍။ တေ၊ သင့်အား။ နေက္ခံ၊ ရွှေစင်ဖြင့်ပြီးသော။ ဂီဝံ၊ လည်ရွဲတန်ဆာကို။ ကရေဿံ၊ ပြုစေအံ့။

֍ ဋ္ဌ ၁၈။ ခုဇ္ဇေ၊ အထိန်းတော် ခုဇ္ဇာ။ နာဂနာသူရူ၊ ဆင်နှာမောင်းနှင့်တူသော ရင်းကြီးဖျားငယ် တင့်တယ်သော ပေါင်ရှိသော။ ပဘာဝတီ၊ မင်းသမီး ပဘာဝတီကို။ မံ၊ ငါ့ကို။ ပါဏီဟိ၊ လက်တို့ဖြင့်။ သစေ ဥပသမ္ဖုသေ၊ အကယ်၍ သုံးသပ်စေနိုင်ငြားအံ့။ ကုသာဝတိံ၊ ငါ့ကိုနေရာ ကုသဝတီပြည်ကြီးသို့။ ပတွာ၊ ရောက်၍။ တေ၊ သင့်အား။ နေက္ခံ၊ ရွှေစင်ဖြင့်ပြီးသော။ ဂီဝံ၊ လည်ရွဲတန်ဆာ ကို။ ကရေဿံ၊ ပြုစေအံ့။

ခုဇ္ဇာ၏ ကြိုးပမ်းချက်

ထိုအထိန်းတော် ခုဇ္ဇာသည် ကုသမင်းစကားကို ကြား၍ အရှင်မင်းကြီး အရှင်မင်းကြီးတို့သည် ကြွတော်မူပါလော့၊ နှစ်ရက်သုံးရက်လွန်သဖြင့် ထိုမင်းသမီး ပဘာဝတီကို အရှင်မင်းကြီးအလိုတော်သို့ လိုက်သည်ကို ပြုပါအံ့၊ အကျွန်ုပ် လုံ့လကို ကြည့်တော်မူဦးလော့ ဟု ဆို၍ ပြုဖွယ်ကိစ္စကို ပြုပြီးလျှင် ပဘာဝတီအထံသို့သွား၍ ထိုပဘာဝတီနေရာ တိုက်ခန်းကို သုတ်သင်သကဲ့သို့ ယူအပ်သည်နှင့်ယှဉ်သော တီကျစ်စာတို့ကိုလည်း မကြွင်းစေမူ၍ အယုတ်သဖြင့် ခြေနင်းတို့ကိုလည်း ထုတ်၍ အလုံးစုံသော တိုက်ခန်းကို တံမြက်လှည်း၍ တိုက်ခန်းတံခါးခုံကို အခြားပြု၍ မြင့်သောနေရာကို ခင်းပြီးလျှင် ပဘာဝတီအား တစ်ခုသော နိမ့်သောအင်းပျဉ်ကိုခင်း၍ ချစ်သမီး... လာလှည့်၊ သင့်ဦးခေါင်း၌ သန်းရှာအံ့ဟု ဆို၍ ထိုပဘာဝတီကို နိမ့်သောအင်းပျဉ်၌ နေစေ၍ မိမိပေါင်ပေါ်၌ ပဘာဝတီဦးခေါင်းကိုထား၍ အတန်ငယ် ယားစေပြီးလျှင် ဤမင်းသမီးဦးခေါင်း၌ သန်းတို့သည် များစွတကား ဟု ဆို၍ မိမိခေါင်းမှ သန်းတို့ကိုယူ၍ ပဘာဝတီလက်၌ ထားစေပြီးလျှင် ချစ်သမီး... ဦးခေါင်းမှ အညစ်အကြေးဖြစ်ကုန်သော သန်းတို့ကို ရှုပါလော့ ဟု ချစ်ဖွယ်သောစကားကို ပြောဆို၍ ကုသမင်း ဂုဏ်ကျေးဇူးကို ပြောဆိုလိုရကား-

၁၆။ န ဟိ နူနာယံ ရာဇပုတ္တီ၊ ကုသေ သာတမ္ပိ ဝိန္ဒတိ။
အာဠာရိကေ ဘတေ ပေါသေ၊
ဝေတနေန အနတ္ထိကေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၆။ ရာဇပုတ္တိ၊ ရှင်မင်းသမီး။ တွံ၊ အရှင်သမီးတော်သည်။ ကုသေ၊ ကုသဝတီပြည်၌။ သာတမ္ပိ၊ စိုးစဉ်းမျှသော ချမ်းသာကိုလည်း။ န ဟိ နူန ဝိန္ဒတိ၊ မရပါသလော။ အယံ ရာဇာ၊ ဤကုသမင်းသည်။ အာဠာရိကေ၊ စဖိုသည်အဖြစ်၌။ ဝေတနေန၊ အခဖြင့်။ အနတ္ထိကေ၊ အလိုမရှိဘဲ။ ဘတေ၊ အခစားယောက်ျား ဖြစ်လျက်။ တုမှေ၊ အရှင့်သမီးတော်တို့ကို။ ပေါသေ၊ မွေးကျွေးပေ၏။

ခုဇ္ဇာကို ကြိမ်းမောင်းပုံ

ထိုပဘာဝတီသည် အထိန်းတော်ခုဇ္ဇာ၌ အမျက်ထွက်၏။ ထိုသို့ အမျက်ထွက်သောအခါ ပဘာဝတီကို အထိန်းတော် ခုဇ္ဇာသည် လည်၌ ကိုင်၍ တိုက်ခန်းတွင်းသို့ ပစ်လိုက်ပြီးလျှင် အဝ၌နေလျက် တံခါးလှည့်ကြိုး၌ ဆွဲလျက်ရပ်၏။ ပဘာဝတီသည် ထိုခုဇ္ဇာကို ဖမ်းအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ တံခါးဝ၌ရပ်လျက် ဆဲရေးလိုကား -

၂၀။ န ဟိ နူနာယံသာ ခုဇ္ဇာ၊ လဘတိ ဇိဝှာယ ဆေဒနံ။
သုနိသိတေန သတ္ထေန၊ ဧဝံ ဒုဗ္ဘာသိတံ ဘဏံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀။ ဧဝံ၊ ဤသို့ န ဟိနူနာယံ ရာဇပုတ္တီ အစရှိသော အပြားအားဖြင့်။ ဒုဗ္ဘာသိတံ၊ မကောင်းသဖြင့် ဆိုအပ်သော စကားကို။ ဘဏံ-ဘဏန္တီ၊ ဆိုသော။ အယံသာ ခုဇ္ဇာ၊ ဤ ခုဇ္ဇာသည်။ အတ္ထိ၊ ၏။ ဧတာယ၊ ဤခုဇ္ဇာ၏။ ဇိဝှာယ၊ လျှာကို။ သုနိသိတေန၊ ကောင်းသွားအပ်သော။ သတ္ထေန၊ ဓားဖြင့်။ ဆေဒနံ၊ ဖြတ်ခြင်းကို။ န ဟိ နူန လဘဘိ၊ မရလတ္တံ့လော။ လဘိဿတိ ဧဝ၊ ရလတ္တံ့သည်သာလျှင်တည်း။

ခုဇ္ဇာ ကြုံးဝါးသံ

ထိုသို့ ပဘာဝတီ ဆဲရေးသောအခါ အထိန်းတော် ခုဇ္ဇာသည် တံခါးလှည့်ကြိုးကိုဆွဲ၍ ရပ်လျက်လျှင် ပညာမရှိသော ဆုံးမခက်သော သူငယ်မ... သင့်အား သင့်အဆင်းသည် အသို့ပြုလတ္တံ့နည်း၊ ငါတို့သည် သင့်အဆင်းကို စား၍မျှ ရကုန်အံ့လော ဟု ဆိုမြည်လျက် တစ်ဆယ့်သုံးဂါထာတို့ဖြင့် ကုသမင်း ဂုဏ်ကျေးဇူးကို ထင်ရှားပြလျက် ခုဇ္ဇာ၏ ကြုံးဝါးခြင်းမည်သည်ကို ကြုံးဝါးလိုရကား-

၂၁။ မာ နံ ရူပေန ပါမေသိ၊ အာရောဟေန ပဘာဝတီ။
မဟာယသောတိ ကတွာန၊ ကရဿု ရုစိရေ ပိယံ။
။ လ။
၃၃။ မာ နံ ရူပေန ပါမေသိ၊ အာရောဟေန ပဘာဝတီ။
ကုသရာဇာတိ ကတွာန၊ ကရဿု ရုစိရေ ပိယံ။

ဟူသော ဤ တစ်ဆယ့်သုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၁။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဟာယသောတိ၊ ကြီးမြတ်သော အာနုဘော်ရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၂၂။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဟဒ္ဓနောတိ၊ များသော ဥစ္စာနှစ်ရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၂၃။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့် လည်းကောင်း အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဟဗ္ဗလောတိ၊ ခွန်အားကြီးသောမင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌၊ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၂၄။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့် လည်းကောင်း။ အာရာဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဟာရဋ္ဌောတိ၊ ပြန့်ပြောသော တိုင်းနိုင်ငံရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၂၅။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့် လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဟာရာဇာတိ၊ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ မြတ်သောမင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်မြတ်နိုးခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၂၆။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ သီဟဿရောတိ၊ ခြင်္သေ့မင်း၏ အသံနှင့်တူသော အသံရှိသောမင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၂၇။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မလင့်လော။ ဝဂ္ဂုဿရောတိ၊ တင့်တယ် စံပယ်သော အသံရှိသော မင်းပေတည်း။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကိုမြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၂၈။ ပဘာဝတိ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ ဗိန္ဒုဿရောတိ၊ တစ်ခဲနက်သော အသံရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွညန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၂၉။ ပဘာဝတိ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့် လည်းကောင်း။ အာရောဟေန စ၊ လုံးယပ်သဏ္ဌာန် ကြန်အင်လက္ခာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဉ္ဇုဿရောတိ၊ ကောင်းသောအသံရှိသော မင်းပေတည်း။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၃၀။ ပဘာဝတိ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဓုဿရောတိ၊ သာယာသော အသံရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၃၁။ ပဘာဝတိ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မလင့်လော့။ ကတသိပ္ပေါတိ၊ သင်အပ်ပြီးသော အရာမကသော အတတ်ရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌၊ ကတွာန၊ ပြဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၃၂။ ပဘာဝတိ၊ ရှင်မှ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင် လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်။ ခတ္တိယောတိပိ၊ မပြတ်သော ဩက္ကာကရာဇ် မင်းမျိုးမှဖြစ်သော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

֍ ဋ္ဌ ၃၃။ ပဘာဝတိ၊ ရှင်မပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်။ ကုသရာဇာတိ၊ သိကြားနတ်မင်းပေးသော သမန်းမြက်၏အမည်နှင့်တူသော အမည်ရှိသော ကုသမင်းမြတ်ပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်မြတ်နိုးခြင်းကို။ ကရဿု၊ ပြုဘိလော့။

ပဘာဝတီ တောင်းပန်ပြီ

ပဘာဝတီသည် ထိုစကားကိုကြား၍ ခုဇ္ဇာ... သင်သည် အလွန်လျှင် ကြုံးဝါးဘိ၏တကား၊ ငါ့လက်သို့ ရောက်သည်ရှိသော် အရှင်ရှိသောအဖြစ်ကို သင့်အား သိအံ့ဟု ခုဇ္ဇာကို ခြိမ်းခြောက်၏။ ထိုခုဇ္ဇာသည်လည်း ငါသည် သင့်ကိုစောင့်ထိန်းသည်ရှိသော် သင့်ခမည်းတော်အား ကုသမင်းလာသောအဖြစ်ကို ငါ မကြားသိစေ၊ ထိုသို့ဖြစ်စေ၊ ယနေ့ အရှင်မင်းကြီးအား တင်လျှောက်အံ့ဟု ကျယ်စွာသော အသံဖြင့် ကြောက်စေ၏။ ထိုပဘာဝတီသည်လည်း တစ်စုံတစ်ယောက်သောသူသည် ကြားခဲ့ရာ၏ဟု ခုဇ္ဇာကို တောင်းပန်၏။

ခုနစ်ပြည်ထောင်မင်းတို့ လာတောင်းခြင်း

ကုသမင်းသည်လည်း ပဘာဝတီကိုမြင်ခြင်းငှာ မရသည်ဖြစ်၍ ခုနစ်လပတ်လုံး မကောင်းသောအစာ, မကောင်းသောအိပ်ရာဖြင့် ပင်ပန်းရကား ကြံတော်မူ၏။ အဘယ်သို့ ကြံတော်မူသနည်းဟူမူကား ငါ့အား ထိုပဘာဝတီဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ခုနစ်လပတ်လုံး နေပါလျက် ပဘာဝတီကို မြင်ခြင်းငှာ မရ၊ အလွန်လျှင် ခက်ထန်၏။ အလွန်လျှင် ညှဉ်းဆဲစွ၊ ငါတို့ ကုသဝတီပြည်ကြီးသို့ ပြန်လည်၍ မယ်တော် ခမည်းတော်တို့ကိုသာ ဖူးမြင်အံ့ဟု ဤသို့ ကြံတော်မူ၏။

ထိုခဏ၌ သိကြားနတ်မင်းသည် ဆင်ခြင်လတ်သော် ထိုကုသမင်းမြတ် ငြီးငွေ့သောအဖြစ်ကိုသိ၍ ကုသမင်းမြတ်သည် ခုနစ်လပတ်လုံး ပဘာဝတီကို မြင်ရုံမျှလည်း မရ၊ ထိုကုသမင်းအား ပဘာဝတီကို ရခြင်း၏အကြောင်းကို ငါ ပြုအံ့ ဟု ကြံ၍ မဒ္ဒရာဇ်မင်းကြီး၏ တမန်ပြုလုပ်၍ ခုနစ်ပြည်ထောင်သော မင်းတို့အား စေသည်ရှိသော် ပဘာဝတီသည် ကုသမင်းကို စွန့်ပစ်၍လာ၏။ သင်တို့လာလှည့်ကုန်၊ ပဘာဝတီကို ယူလှည့်ကြကုန်ဟု တစ်ယောက် တစ်ယောက်သောမင်းအား အသီးအသီး သတင်းစကားတို့ကို စေလိုက်၏။ ထိုခုနစ်ပြည်ထောင်သော မင်းတို့သည် များစွာသောအခြံအရံဖြင့် လာလတ်ကြကုန်၍ သာဂလမြို့သို့ ရောက်ကုန်လျှင် အချင်းချင်း လာသောအကြောင်းကို မသိကြကုန်။ ထိုခုနစ်ပြည်ထောင်သော မင်းတို့သည် သင်သည် အဘယ့်ကြောင့် လာသနည်း၊ သင်သည် အဘယ်ကြောင့် လာသနည်း ဟု အချင်းချင်း မေးကြကုန်၍ ထိုအကြောင်းကို သိကြကုန်လျှင် အမျက်ထွက်ကြကုန်၍ သမီးတစ်ယောက်ကိုစင်လျက် ခုနစ်ပြည်ထောင်သော မင်းတို့အား ပေးလတ္တံ့သတတ်၊ ထိုမဒ္ဒရာဇ်မင်း၏ မသင့်သောအကျင့်ကို ကြည့်ကြကုန်လော့၊ ငါတို့ကို ချုပ်ချယ်ဘိ၏။ ထိုမဒ္ဒရာဇ်မင်းကို ဖမ်းကြကုန်အံ့ဟု အလုံးစုံသော မင်းတို့သည်လည်း ငါတို့အား သမီးတော် ပဘာဝတီကိုတည်းပေးမည်လော၊ စစ်ကိုတည်း ထိုးမည်လောဟု သတင်းစကားတို့ကို စေလိုက်၍ မြို့ကို ဝန်းရံကုန်၏။

ခု ပေးမှ ဖြစ်တော့မယ်

မဒ္ဒရာဇ်မင်းကြီးသည် ထိုသတင်းစကားကို ကြားရလျှင် အလွန်ကြောက်လန့်ရကား မှူးတော်မတ်တော်တို့ကို ခေါ်တော်မူ၍ အသို့ ပြုရကုန်အံ့နည်းဟု မေးတော်မူ၏။ ထိုသို့ မေးတော်မူသောအခါ မှူးတော်မတ်တော်တို့သည် အရှင်မင်းမြတ်... ခုနစ်ပြည်ထောင် မင်းတို့သည်လည်း ဤပဘာဝတီကိုမှီ၍ လာရောက်ကြကုန်၏။ အကယ်၍ ပေးတော်မမူအံ့၊ မြိုတော်တံတိုင်းကို ဖြိုဖျက်ပြီးလျှင် မြို့တွင်းသို့ဝင်၍ အသက်ကုန်ခြင်းသို့ ရောက်စေ၍ တိုင်းပြည်ကို ယူကုန်အံ့ဟု ဆိုကုန်၏။ မြို့တော်ကို မဖျက်ဆီးကုန်မီလျှင် ထိုမင်းတို့အား ပဘာဝတီကို စေလိုက်ကုန်အံ့ဟု ဆို၍ ထိုအကြောင်းကို တင်လျှောက်လိုကုန်ရကား-

၃၄။ ဧတေ နာဂါ ဥပတ်ထဒ္ဓါ၊ သဗ္ဗေ တိဋ္ဌန္တိ ဝမ္မိတာ။
ပုရာမဒ္ဒန္တိ ပါကာရံ၊ အာနေန္တေတံ ပဘာဝတိ။

ဟူသော ဤဂါထာကို ဆိုကုန်၏။

֍ ဋ္ဌ ၃၄။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဧတေ နာဂါ၊ ထိုခုနစ်ပြည်ထောင်သော မင်းတို့၏ဆင်တို့သည်။ ဥပတ်ထဒ္ဓါ၊ အလွန် ခက်ထန်ကုန်၏။ ဝမ္မိတာ၊ ချပ်မန်ညိုကို ဝတ်ဆင်ကုန်သော။ သဗ္ဗေ၊ အလုံးစုံ ခုနစ်ပြည်ထောင်သော မင်းတို့သည်။ တိဋ္ဌန္တိ၊ မြို့တွင်းသို့ ချဉ်းကပ်၍ တည်ကုန်၏။ ပါကာရံ၊ မြို့တော်တံတိုင်းကို။ ပုရာ မဒ္ဒန္တိ၊ မဖျက်ဆီးကုန်မီ။ ဧတံ ပဘာဝတိံ၊ ဤပဘာဝတီကို။ အာနေန္တု၊ ဆောင်စေကုန်။

ခုနစ်ပိုင်း ပိုင်းစေ

ထိုသို့ မှူးတော်မတ်တော်တို့ တင်လျှောက်သောစကားကို ကြားတော်မူ၍ မဒ္ဒရာဇ်မင်းကြီးသည် အမတ်တို့ ငါသည် တစ်ယောက်သော မင်းအားသာ ပဘာဝတီကို အကယ်၍ စေငြားအံ့၊ ကြွင်းကုန်သော မင်းတို့သည် စစ်ထိုးခြင်းကို ပြုကုန်လတ္တံ့၊ တစ်ယောက်သော မင်းအားသာ ပေးခြင်းငှာ မတတ်ကောင်း၊ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းအပြင်၌ မြတ်သော ကုသမင်းကိုစင်လျက် စွန့်ပစ်၍လာ၏။ ထိုလာခြင်း၏ အကျိုးကိုရခြင်းငှာ ထိုပဘာဝတီကို သတ်ပြီးလျှင် ခုနစ်ပိုင်းပိုင်း၍ ခုနစ်ပြည်ထောင်သော မင်းတို့အား ပို့စေအံ့ ဟု ဆို၍ ထိုအကြောင်းကို အမိန့်တော် ရှိလိုရကား-

၃၅။ သတ္တဗိလေ ကရိတွာန၊ အဟမေတံ ပဘာဝတိံ။
ခတ္တိယာနံ ပဒဿာမိ၊ ယေ မံ ဟန္တုံ ဣဓာဂတာ။

ဟူသော အခြားမရှိသော ဤဂါထာကို မိန့်တော်မူ၏။

֍ ဋ္ဌ ၃၅။ ဘောန္တော အမစ္စာယော၊ အို... အမတ်အပေါင်းတို့။ ယေ၊ အကြင် ခုနစ်ပြည်ထောင်သော မင်းတို့သည်။ မံ၊ ငါ့ကို။ ဟန္တုံ၊ သတ်အံ့သောငှာ။ ဣဓ၊ ဤငါတို့ မဒ္ဒရာဇ်ပြည်သို့။ အာဂတာ၊ လာရောက်ကြကုန်၏။ တေသံ ခတ္တိယာနံ၊ ထိုခုနှစ်ပြည်ထောင်သော မင်းတို့အား။ ဧတံ ပဘာဝတိံ၊ ဤ ပဘာဝတီကို။ သတ္တဗိလေ၊ ခုနစ်ပိုင်း ပိုင်းသည်ကို။ ကတွာန၊ ပြု၍။ အဟံ၊ ငါသည်။ ပဒဿာမိ၊ ပေးလိုက်တော့အံ့။

မယ်တော်ထံ အသနားခံငိုကြွေးပြီ

ထိုမဒ္ဒရာဇ်မင်း မိန့်ဆိုတော်မူသော ထိုစကားသည် အလုံးစုံသောနန်းတော်၌ ထင်ရှား၏။ အလုပ်အကျွေးတို့သည်သွား၍ ခမည်းတော်မင်းသည် အရှင်သမီးတော်ကို ခုနစ်ပိုင်း ပိုင်းသည်ကိုပြု၍ ခုနစ်ပြည်ထောင်သော မင်းတို့အား ပို့စေတော်မူလတ္တံ့ သတတ် ဟု ပဘာဝတီအား ကြားလျှောက်ကြကုန်၏။ ထိုပဘာဝတီသည် သေဘေးမှ ကြောက်လန့်ရကား နေရာမှထ၍ ညီမတော်အပေါင်း ခြံရံလျက် မယ်တော်ဘုရား တိုက်ခန်းဆောင်သို့ သွားလေ၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၃၆။ အဝုဋ္ဌဟိ ရာဇပုတ္တီ၊ သာမာ ကောသေယျဝါသိနီ။
အဿုပုဏ္ဏေဟိ နေတ္တေဟိ၊ ဒါသီဂဏပုရက္ခတာ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၃၆။ ဘိက္ခဝေ၊ ရဟန်းတို့။ သာမာ၊ ရွှေအဆင်းနှင့် တူသောအဆင်းရှိသော။ ကောသေယျဝါသိနီ၊ ရွှေချည်တို့ဖြင့် စီရင်အပ်သော ပိုးချည်ပုဆိုးကိုလည်း ဝတ်ထသော။ ရာဇပုတ္တီ၊ မင်းသမီး ပဘာဝတီသည်။ ဒါသီဂဏပုရက္ခတာ၊ ကျွန်မအပေါင်း ခြံရံလျက်။ အဿုပုဏ္ဏေဟိ၊ မျက်ရည်တို့ဖြင့် ပြည့်ကုန်ထသော။ နေတ္တေဟိ၊ မျက်စိတို့ဖြင့်။ ရောဒမာနာ၊ ငိုလျက်။ အဝုဋ္ဌဟိ၊ ထလတ်၏။

ထိုပဘာဝတီသည် မယ်တော်အထံသို့သွား၍ မယ်တော်ကို ရှိခိုးလျက် ငိုကြွေးမြည်တမ်းလိုရကား-

၃၇။ တံနူန ကက္ကူပနိသေဝိတံ မုခံ၊
အာဒါသဒန္တာထရုပစ္စဝေက္ခိတံ။
သုဘံ သုနေတ္တံ ဝိရဇံ အနင်္ဂဏံ၊
ဆုဒ္ဓံ ဝနေ ဌဿတိ ခတ္တိယေဟိ။
။ လ။
၄၄။ ခေတ္တာနိ အမ္မ ကာရေတွာ၊
ကဏိကာရေတ္ထ ရောပယ။
ယဒါ တေ ပုပ္ဖိတာ အဿု၊
ဟေမန္တာနံ ဟိမစ္စယေ။
သရေယျာထ မမ အမ္မ၊
ဧဝံ ဝဏ္ဏာ ပဘာဝတီ။

ဟူသော ဤရှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၇။ အမ္မ၊ မိခင်။ အာဒါသဒန္တာထရုပစ္စဝေက္ခိတံ၊ ဆင်စွယ်ဖြင့်ပြီးသော အရိုး၌ ထည့်အပ်သော ကြေးမုံပြင်၌ ကြည့်အပ်ထသော။ သုဘံ၊ တင့်တယ်စွာထသော။ သုနေတ္တံ၊ ကောင်းသော မျက်စိလည်း ရှိထသော။ ဝိရဇံ၊ အညစ်အကြေးလည်း ကင်းထသော။ အနင်္ဂဏံ၊ အမာရွတ် မှဲ့မည်းအစရှိသော အပြစ်လည်း ကင်းထသော။ ကက္ကူပနိသေဝိတံ၊ ငါးပါးသော ကသယ်မှုန့်တို့ဖြင့်လည်း အမြဲလိမ်းကျံအပ်ထသော။ မမ၊ အကျွန်ုပ်၏။ တံ မုခံ၊ ထိုမျက်နှာကို။ နူန၊ စင်စစ်သဖြင့်။ ခတ္တိယေဟိ၊ ခုနစ်ပြည်ထောင်သော မင်းတို့သည်။ ဝနေ၊ တော၌။ ဆုဒ္ဓံ၊ စွန့်ပစ်လေအံ့သည်တကား။ ဣတိ၊ ဤသို့။ တဿတိ၊ ငိုကြွေး၏။

֍ ဋ္ဌ ၃၈။ အမ္မ၊ မိခင်။ အသိတေ၊ ကောင်းစွာ မည်းကုန်သော။ ဝေလ္လိတဂ္ဂေ၊ ကော့သော အဖျားလည်း ရှိကုန်ထသော။ မုဒူ၊ နူးညံ့ကုန်ထသော။ စန္ဒနသာရလိတ္တေ၊ စန္ဒကူးနံ့သာနှစ်တို့ဖြင့် လိမ်းကျံအပ်ကုန်ထသော။ သမ္မာ၊ ကောင်းစွာ။ သမာကုလေ၊ ညီညွတ်ကုန်ထသော။ မေ၊ အကျွန်ုပ်၏။ ယေ ကေလေ၊ အကြင်ဆံတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ကေသေ၊ ထိုဆံတို့ကို။ သီဝထိကာယ၊ သုသာန်၏။ မဇ္ဈေ၊ အလယ်၌။ ဂိဇ္ဈာ၊ လင်းတတို့သည်။ ပါဒေဟိ၊ ခြေတို့ဖြင့်။ ပရိကဍ္ဎိဿန္တိ နူန၊ ဆွဲငင်လေကုန်အံ့သည် တကား။

֍ ဋ္ဌ ၃၉။ အမ္မ၊ မိခင်။ မုဒူ၊ နူးညံ့ကုန်ထသော။ စန္ဒနသာရလိတ္တာ၊ စန္ဒကူးနှစ်တို့ဖြင့် လိမ်းကျံအပ်ကုန်ထသော။ သုလောမာ၊ ကောင်းသောအမွေးလည်း ရှိကုန်ထသော။ တမ္ဗနခါ၊ နီသော လက်သည်းလည်း ရှိကုန်ထသော။ မေ၊ အကျွန်ုပ်၏။ ယေ ဗာဟာ၊ အကြင် လက်နှစ်ဖက်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ဗာဟာ၊ ထို လက်နှစ်ဖက်တို့ကို။ ခတ္တိယေဟိ၊ ခုနစ်ပြည်ထောင်သော မင်းတို့သည်။ ဆိန္ဒာ၊ ဖြတ်ကုန်၍။ ဝနေ၊ တော၌။ ဥဇ္ဈိတာ၊ ပစ်လေကုန်သည်ရှိသော်။ ဓင်္ကော၊ ကျီးသည်။ ဂယှ၊ ချီ၍။ လုဉ္စိတွာ၊ နုတ်၍။ ခါဒန္တော၊ ခဲစားလျက်။ ယေန ကာမံ၊ အလိုရှိရာ အရပ်သို့။ ဂစ္ဆတိ နူန၊ သွားလေအံ့သည်တကား။

֍ ဋ္ဌ ၄၀။ အမ္မ၊ မိခင်။ တာလူပနိတေ၊ ရွှေထန်းသီးမှည့်နှင့် တူကုန်သော။ အလမ္ဗေ၊ ရင်၌ တွဲရရွဲ ဆွဲအပ်ကုန်သော။ ကာသိကစန္ဒနေန၊ နူးညံ့သော စန္ဒကူးနံ့သာဖြင့်။ နိသေဝိတေ၊ အမြဲထုံအပ်ကုန်သော။ မေ၊ အကျွန်ုပ်၏။ ယေ ထနာ၊ အကြင် သားမြတ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ထနေ၊ ထို သားမြတ်တို့ကို။ တရုဏော တနုဇော၊ ငယ်သော။ ပုတ္တော၊ သားသည်။ မာတု၊ အမိ၏။ ထနေသု၊ သားမြတ်တို့၌။ လမ္ဗတ ဣဝ၊ စို့သကဲ့သို့။ သိင်္ဂါလော၊ သင်္ချိုင်းပြင်၌နေသော မြေခွေးအိုသည်။ လမ္ဗိဿတိ နူန၊ စို့လေအံ့သည်တကား။

֍ ဋ္ဌ ၄၁။ အမ္မ၊ မိခင်။ သုကောဋ္ဋိတံ၊ နွားမရိုးဖြင့် ခတ်အပ်သည်ဖြစ်၍။ ပုထုလံ၊ ကောင်းစွာ ကြီးစေအပ်သော။ ကဉ္စနမေခလေဟိ၊ ရွှေခါးကြိုးတို့ဖြင့်။ နိသေဝိတံ၊ အမြဲ တန်ဆာဆင်အပ်သော။ မေ၊ အကျွန်ုပ်၏။ ယာ သောဏိ၊ အကြင် ခါးအရပ်သည်။ အတ္ထိ၊ ရှိ၏။ တံ သောဏိံ၊ ထိုခါးအရပ်ကို။ ခတ္တိယေဟိ၊ ခုနစ်ပြည်ထောင်သော မင်းတို့သည်။ ဝနေ၊ တော၌။ အဝတ္ထံ၊ အဝတ်မဆည်း အချည်းစည်း။ ဆဋ္ဋံ၊ စွန့်ပစ်အပ်လေသည် ဖြစ်၍။ သိင်္ဂါလသံဃာ၊ တောခွေးအပေါင်းတို့သည်။ ပရိကဍ္ဎိဿန္တိ၊ ဆွဲငင်ကြကုန်လိမ့်တကား။

֍ ဋ္ဌ ၄၂။ အမ္မ၊ မိခင်။ သောဏာ စ၊ ခွေးတို့သည်လည်းကောင်း။ ဓင်္ကာ စ၊ ကျီးတို့သည်လည်းကောင်း။ သိင်္ဂါလာ စ၊ မြေခွေးတို့သည်လည်းကောင်း။ အညေ၊ ခွေး, ကျီး, မြေခွေးတို့မှ တစ်ပါးကုန်သော။ ဒါဌိနော၊ အစွယ်ရှိကုန်သော။ ယေ စ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ စ သတ္တာ၊ ထိုသတ္တဝါတို့သည်လည်းကောင်း။ ပဘာဝတိံ၊ ပဘာဝတီ၏ အသားကို။ ဘက္ခယိတွာ၊ စားရသောကြောင့်။ အဇရာ၊ မအိုကုန်သည်။ ဟေဿန္တိ နူန၊ ဖြစ်လေကုန်အံ့သည်တကား။

֍ ဋ္ဌ ၄၃။ အမ္မ၊ မိခင်။ ဒူရဂါမိနော၊ အဝေးသို့ သွားကုန်သော။ ခတ္တိယာ၊ မင်းတို့သည်။ မေ၊ ငါ၏။ မံသာနိ၊ အသားတို့ကို။ သစေ ဟရိံသု၊ အကယ်၍ ဆောင်ယူကုန်ငြားအံ့။ အဋ္ဌီနိ၊ အရိုးတို့ကို။ ယာစိတွာ၊ တောင်းလိုက်၍။ နံ၊ ထို အရိုးကို။ အနုပထေ၊ လမ်းမအနီး၌။ ဒဟာထ၊ သင်္ဂြိုဟ်တော်မူရစ်ပါကုန်။

֍ ဋ္ဌ ၄၄။ အမ္မ၊ မိခင်။ မမ ဈာပိတဋ္ဌာနေ၊ အကျွန်ုပ်ကို သင်္ဂြိုဟ်ရာ အရပ်၌။ ခေတ္တာနိ၊ ပန်းခင်းတို့ကို။ ကရေတွာ၊ ပြုစေတော်မူ၍။ ဧတ္ထ၊ ဤပန်းခင်း၌။ ကဏိကာရေ၊ မဟာလှေကားပင်တို့ကို။ ရောပယ၊ စိုက်တော်မူရစ်ပါလော့။ ဟေမန္တာနံ ဟိမစ္စယေ၊ ဆောင်းလ လွန်လတ်သော်။ ယဒါ၊ အကြင်အခါ၌။ တေ၊ ထို မဟာလှေကားပင်တို့သည်။ ပုပ္ဖိတာ၊ ပွင့်ကုန်သည်။ အဿု-ဘဝန္တိ၊ ဖြစ်ကုန်၏။ အမ္မ၊ မိခင်။ တဒါ၊ ထိုမဟာလှေကားပင်တို့ ပွင့်သောအခါ၌။ မမ ဓီတာ၊ ငါ့သမီးတော်ဖြစ်သော။ ပဘာဝတီ၊ ပဘာဝတီသည်။ ဧဝံဝဏ္ဏာ၊ ဤမဟာလှေကားပွင့်နှင့်တူသော အဆင်းရှိ၏ဟူ၍။ မမံ၊ အကျွန်ုပ်ကို။ သရေယျာထ၊ အောက်မေ့တော်မူရစ်ပါကုန်။

မယ်တော်ပါ ငိုရပြီ

ဤသို့လျှင် ထိုပဘာဝတီသည် သေဘေးဖြင့် ကြောက်လန့်သည်ဖြစ်၍ မယ်တော်အထံ၌ ငိုမြည်တမ်း၍နေစဉ် ခမည်းတော် မဒ္ဒရာဇ်မင်းကြီးသည်လည်း ပုဆိန်ကိုလည်းကောင်း, သားလှီးဓားကိုလည်းကောင်းယူ၍ ခိုးသူသတ်ယောက်ျားသည် ဤသို့လျှင် လာစေသတည်း ဟု စေလိုက်၏။ ထိုခိုးသူသတ်ယောကျ်ား လာသောအဖြစ်ကို ကြား၍ ပဘာဝတီ၏ မယ်တော်သည် နေရာမှထ၍ စိုးရိမ်ခြင်းနှိပ်စက်ရကား မင်းကြီးအထံသို့ လာလတ်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၄၅။ တဿာ မာတာ ဥဒဋ္ဌာသိ၊ ခတ္တိယာ ဒေဝဝဏ္ဏနီ။
ဒိသွာ အသိဉ္စ သူနဉ္စ၊ ရညော မဒ္ဒဿန္တေပုရေ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၄၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ခတ္တိယာ၊ မင်းမျိုး၌လည်း ဖြစ်ထသော။ ဒေဝဝဏ္ဏနီ၊ နတ်သမီးအဆင်းနှင့်တူသော အဆင်းရှိထသော။ တဿာ၊ ထိုပဘာဝတီ၏။ မာတာ၊ မယ်တော်သည်။ ရညော မဒ္ဒဿ၊ မဒ္ဒရာဇ်မင်း၏။ အန္တေပုရေ၊ နန်းတော်တွင်း၌။ အသိဉ္စ၊ ပုဆိန်ကိုလည်းကောင်း။ သူနဉ္စ၊ သားလှီးဓားကိုလည်းကောင်း။ ဒိသွာ၊ မြင်၍။ ဥဒဋ္ဌသိ၊ နေရာမှ ထလတ်၏။

မယ်တော်မိဖုရားကြီးသည် မင်းကြီးအထံသို့သွား၍ ငိုမြည်တမ်းလျက် အကြောင်းကို မေးလျှောက်လိုကား-

၄၆။ ဣမိနာ နူန အသိနာ၊ သုသညံ တနုမဇ္ဈိမံ။
ဓီတရံ မဒ္ဒ ဟန္တွာန၊ ခတ္ထိယာနံ ပဒဿသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆။ မဒ္ဒ၊ မဒ္ဒရာဇ်မင်းမြတ်။ သုသညံ၊ ကောင်းသော အမှတ်လည်း ရှိထသော။ တနုမဇ္ဈိမံ၊ ငယ်သောခါးလည်း ရှိထသော။ ဓီတရံ၊ သမီးတော် ပဘာဝတီကို။ ဣမိနာ အသိနာ၊ ဤပုဆိန်ဖြင့်။ ဟန္တွာန၊ သတ်လတ်၍။ ခတ္တိယာနံ၊ ခုနစ်ပြည်ထောင်သော မင်းတို့အား။ ပဒဿသိ နူန၊ ပေးတော်မူလတ္တံ့လော။

ထိုသို့ မယ်တော်မိဖုရားကြီး မေးလျှောက်သောအခါ မဒ္ဒရာဇ်မင်းကြီးသည် မိဖုရားကြီးကို သိစေတော်မူလိုရကား ဤသို့ မိန့်ဆိုတော်မူ၏။ ရှင်မိဖုရား... အသို့ဆိုဘိသနည်း၊ ရှင်မိဖုရားသမီးသည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းအပြင်၌ မြတ်သောမင်းကိုစင်လျက် အဆင်းမလှဟု စွန့်ပစ်၍လာသောခရီး၌ ခြေရာသည်မပျက်လျှင် သေမင်းကို နဖူးဖြင့်ဆောင်ယူ၍ လာပြန်၏။ ယခု မိမိအဆင်းကိုမှီ၍ ဤသို့သဘောရှိသော အကျိုးကို ရ၏ဟု မိန့်တော်မူ၏။

ကုသမင်းရှိလျှင် ကောင်းမယ်

ထိုမယ်မိဖုရားကြီးသည် ခမည်းတော်မဒ္ဒရာဇ်မင်းကြီး စကားကိုကြားလျှင် သမီးတော် ပဘာဝတီအထံသို့သွား၍ ငိုမြည်တမ်းလျက် သမီးတော်နှင့်တကွ ပြောလိုရကား-

၄၇။ န မေ အကာသိ ဝစနံ၊ အတ္ထကာမာယ ပုတ္တိကေ။
သာဇ္ဇ လောဟိတသဉ္ဆန္နာ၊ ဂစ္ဆသိ ယမသာဓနံ။
။ လ။
၅၂။ မယူရကောဉ္စာဘိရုဒေ၊ ကောကိလာဘိနိကူဇိတေ။
ခတ္တိယာနံ ကုလေ ဘဒ္ဒေ၊ ကိန္နု သုခတရံ တတော။

ဟူသော ဤခြောက်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၇။ ပုတ္တိကေ၊ ချစ်သမီးပဘာဝတီ။ တဝ၊ သင်၏။ အတ္ထကမာယ၊ အကျိုးစီးပွားကိုလိုသဖြင့်။ ယာစန္တိယာ၊ တောင်းပန်သော။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ န အကာသိ၊ မလိုက်နာပါလေ။ သာ၊ ထိုငါ့သမီးတော် ပဘာဝတီသည်။ အဇ္ဇ၊ ယနေ့။ လောဟိတသဉ္ဆန္နာ၊ သွေးဖြင့်လိမ်းကျံလျက်။ ယမသာဓနံ၊ ယမမင်း၏အိမ်သို့။ ဂစ္ဆသိ၊ လိုက်ရအံ့သည်တကား။

֍ ဋ္ဌ ၄၈။ ပုတ္တိကေ၊ ချစ်သမီးပဘာဝတီ။ ယော ပေါသော၊ အကြင်သတ္တဝါသည်။ အတ္ထဒဿီနံ၊ ရှည်မြင့်စွာသော အကျိုးစီးပွားကို မြင်လေ့ရှိကုန်သော။ ဟိတာနံ၊ အစီးအပွားကို အလိုရှိကုန်သော သူတို့၏။ ဝစနံ၊ စကားကို။ စေ န ကရောတိ၊ အကယ်မလိုက်နာအံ့။ သော ပေါသော၊ ထိုသတ္တဝါသည်။ ဧဝံ-ဣမိနာ ပကာရေန၊ ဤသို့သော အများအားဖြင့်။ အာပဇ္ဇတိ၊ ရောက်ရ၏။ အာပဇ္ဇန္တော စ၊ ရောက်ရသည် ရှိသော်ကား။ ပါပိယဉ္စ၊ ယုတ်မာသောအဖြစ်သို့သာလျှင်။ နိဂစ္ဆတိ၊ ရောက်ရ၏။

֍ ဋ္ဌ ၄၉။ ပုတ္တိကေ၊ ချစ်သမီး ပဘာဝတီ။ သစေ၊ အကယ်၍လည်း။ တွံ၊ သင်သည်။ စိတ္တဿ၊ စိတ်၏။ ဝသံ၊ အလိုသို့။ အဂန္တာ၊ မလိုက်မူ၍။ ကုသေန၊ ကုသအမည်ရှိသော။ ခတ္တိယံ၊ မင်းမျိုး၌၊ ဇာတံ၊ ဖြစ်သော။ စာရုဒဿနံ၊ နှစ်လိုဖွယ်သော အမြင်လည်းရှိထသော။ သုဝဏ္ဏမဏိမေခလံ၊ ရွှေပတ္တမြားဖြင့် ခါးကြိုးတန်ဆာကိုလည်း ဆင်ထသော။ ဉာတိသင်္ဃေဟိ၊ ဆွေမျိုးအပေါင်းတို့သည်။ ပူဇိတံ၊ ပူဇော်အပ်သော။ ကုမာရံ၊ သတို့သားကို။ ဓာရေသိ၊ ဆောင်ခဲ့ငြားအံ့။ ဧဝံသတိ၊ ဤသို့ ဆောင်ခဲ့သည်ရှိသော်။ အဇ္ဇ၊ ယနေ့။ ယမက္ခယံ၊ ယမမင်းအိမ်သို့။ န ဂစ္ဆသိ၊ မလိုက်ရလေရာ။

֍ ဋ္ဌ ၅၀။ ဘဒ္ဒေ၊ ချစ်သမီး ပဘာဝတီ။ ခတ္တိယာနံ၊ ကုသဝတီမင်းတို့၏။ ကုလေ၊ အမျိုး၌။ ယတ္ထ၊ အကြင်အရပ်၌။ ဘေရိံ၊ စည်ကြီးကို။ နဒတိ၊ တီး၏။ ကုဉ္ဇရော စ၊ ဆင်ပြောင်သည်လည်း။ နိကူဇတိ၊ ကြိုးကြာသံနှင့်တူသော အသံကို ပြု၏။ တတော၊ ထိုကုသဝတီမင်းမျိုးထက်။ ကိန္နု၊ အဘယ်မှာလျှင်။ သုခတရံ၊ လွန်မြက်သော ချမ်းသာကို။ ဒိသွာ၊ မြင်၍။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ ပြေးလာသည်။ အသိ၊ ဖြစ်သနည်း။

֍ ဋ္ဌ ၅၁။ ဘဒ္ဒေ၊ ချစ်သမီး ပဘာဝတီ။ ခတ္တိယာနံ၊ ကုသဝတီ မင်းတို့၏။ ကုလေ၊ အမျိုး၌။ အဿော စ၊ အထင်မကသော မြင်းတို့ဖြင့်ခြံရံအပ်သော မင်္ဂလာမြင်းသည်လည်း။ ဟသတိ၊ မြူးရွှင်၏။ ကုမာရော၊ စောင်းတတ်သော သူငယ်သည်။ ဒွါရေ၊ နန်းတော်တံခါး၌။ ဥပရောဒတိ၊ သီချင်းသီ၍ တီး၏။ တတော၊ ထိုကုသဝတီမင်းထက်။ ကိန္နု၊ အဘယ်မှာလျှင်။ သုခတရံ၊ လွန်မြတ်သော ချမ်းသာကို။ ဒိသွာ၊ မြင်၍။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ ပြေးလာသည်။ အသိ၊ ဖြစ်သနည်း။

֍ ဋ္ဌ ၅၂။ ဘဒ္ဒေ၊ ချစ်သမီး ပဘာဝတီ။ ခတ္တိယာနံ၊ ကုသဝတီ မင်းမျိုးတို့၏။ ကုလေ၊ အမျိုး၌။ မယူရကောဉ္စာဘိရုဒေ၊ ဥဒေါင်း ကြိုးကြာတို့ တွန်မြူးရာလည်း ဖြစ်၏။ ကောကိလာဘိနိကူဇိတေ၊ ဥဩတို့ မပြတ်တွန်မြူးရာလည်းဖြစ်၏။ တတော၊ ထို ကုသဝတီမင်းမျိုးထက်။ ကိန္နု၊ အဘယ်မှာလျှင်။ သုခတရံ၊ လွန်မြတ်သော ချမ်းသာကို။ ဒိသွာ၊ မြင်၍။ ဣဓ၊ ဤအရပ်သို့။ အဂတာ၊ ထွက်ပြေးလာသည်။ အသိ၊ ဖြစ်သနည်း။

ဤသို့လျှင် ထိုမယ်တော် မိဖုရားကြီးသည် ဤမျှလောက် အတိုင်းအရှည်ရှိကုန်သော ဂါထာတို့ဖြင့် သမီးတော် ပဘာဝတီနှင့်တကွ ပြောဟောတော်မူ၍ ယခုအခါ ကုသမင်းမြတ်သည် ဤငါတို့ပြည်၌ အကယ်၍ ရှိသည်ဖြစ်ပါမူ ဤခုနစ်ပြည်ထောင်သော မင်းတို့ကို ပြေးစေ၍ ငါ့သမီးတော် ပဘာဝတီကို ဆင်းရဲမှလွတ်စေသဖြင့် ခေါ်ယူသွားရာ၏ ဟု ကြံ၍ တမ်းတ မြည်တမ်းတော်မူလိုရကား-

၅၃။ ကထံ နု ခေါ သတ္တုမဒ္ဒနော၊ ပရဋ္ဌပ္ပမဒ္ဒနော။
ကုသော သောဠာရပညာဏော၊
ယော နော ဒုက္ခာ ပမောစယ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၃။ သတ္တုမဒ္ဒနော၊ ရန်သူတို့ကို နှိမ်နင်းနိုင်ထသော။ ပရရဋ္ဌပ္ပမဒ္ဒနော၊ တိုင်းတစ်ပါးကိုလည်း နှိမ်နင်းနိုင်ထသော။ သောဠာရပညာဏော၊ များမြတ်သော ပညာလည်းရှိထသော။ သော ကုသော၊ ထိုကုသမင်းမြတ်သည်။ ကထံ၊ အသို့လျှင်။ နော၊ ငါတို့ကို။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစယ နုခေါ၊ လွတ်ပါစေအံ့နည်း။

ကုသမင်း ဒီမှာရှိနေတယ်

ထို့နောင်မှ ပဘာဝတီသည် ကုသမင်း၏ ဂုဏ်ကျေးဇူးကိုဆိုသော မယ်တော်၏ခံတွင်းသည် မဆံ့ပြီ၊ ထိုငါ့မယ်တော်အား ထိုကုသမင်း ဤငါတို့ပြည်၌လျှင် စဖိုသည်အမှုကိုပြု၍ နေသောအဖြစ်ကို ကြားလျှောက်အံ့ ဟု ကြံ၍ ကြားလျှောက်လိုရကား...

၅၄။ ဣဓေဝ သော သတ္တုမဒ္ဒနော၊ ပရရဋ္ဌပ္ပမဒ္ဒနော။

ကုသော သောဠာရပညာဏော၊

ယော တေ သဗ္ဗေ ဝဓိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၄။ အမ္မ၊ မိခင်။ သတ္တုမဒ္ဒနနော၊ ရန်သူတို့ကို နှိမ်နင်း နိုင်ထသော။ ပရရဋ္ဌပ္ပမဒ္ဒနော၊ တစ်ပါးသော တိုင်းပြည်ကိုလည်း နှိမ်နင်းနိုင်ထသော။ သောဠာရပညာဏော၊ များမြတ်သော ပညာလည်းရှိထသော။ ယော ကုသော၊ အကြင် ကုသမင်းမြတ်သည်။ ဣဓေဝ၊ ဤငါတို့ပြည်၌ပင်လျှင်။ အတ္ထိ၊ ရှိပါ၏။ သော ကုသော၊ ထိုကုသမင်းမြတ်သည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုရန်သူမင်းတို့ကို။ ဝဓိဿတိ၊ သတ်လတ္တံ့သတည်း။

နင် ရူးနေသလား

ထိုသို့ ကြားလျှောက်သောအခါ ပဘာဝတီမယ်တော် မိဖုရားကြီးသည် ဤ ပဘာဝတီသည် သေဘေးမှ ကြောက်သည်ဖြစ်၍ ငိုမြည်တမ်းယောင်တကား ဟု ကြံ၍ ထိုပဘာဝတီကို မေးတော်မူလိုရကား...

၅၅။ ဥမ္မတ္တိကာ နု ဘဏသိ၊ အန္ဓဗာလာ ပဘာသသိ။

ကုသော စေ အာဂတော အဿ၊

ကိန္နု ဇာနေမှ တံ မယံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၅။ ပုတ္တိကေ၊ ချစ်သမီး။ ဥမ္မတ္တိကာ၊ ပျံ့လွင့်သောစိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဘဏသိ နု၊ ဆိုမြည်တမ်းသလော။ အန္ဓဗာလာ၊ အလွန်မိုက်မဲ တွေဝေသည်ဖြစ်၍။ ပဘာသသိ နု၊ ဤစကားကို ဆိုမြည်တမ်းသလော။ ကုသော၊ ကုသမင်းသည်။ အာဂတော၊ လာသည်။ သစေ အဿ၊ အကယ်၍ ဖြစ်ငြားအံ့။ ဧဝံ သတိ၊ ဤသို့ လာရောက်သည်ရှိသော်။ မယံ၊ ငါတို့သည်။ တံ၊ ထိုကုသမင်းကို။ ကိန္နု၊ အသို့လျှင်။ နေမှ၊ သိရကုန်အံ့နည်း။

ဟိုမှာကြည့်ပါမယ်၌

ထိုပဘာဝတီသည် ဤသို့ မယ်တော်မိဖုရားကြီး မေးတော် မူလတ်သော် မယ်တော်သည် ငါလျှောက်ထား ပြောဆိုသောစကားကို ယုံတော်မမူ၊ ထိုကုသမင်း ဤငါတို့၏ပြည်သို့ လာလတ်၍ ခုနစ်လပတ်လုံးနေသော အဖြစ်ကို သိတော်မမူ၊ ငါ့ မယ်တော်ကို ပြအံ့ ဟု ကြံ၍ မယ်တော်လက်ကို ဆွဲပြီးလျှင် ခြင်္သေ့ခံသော လေသွန်နန်းတံခါးကို ဖွင့်၍ လက်ကိုဆန့်လျက် ပြလိုရကား

၅၆။ ဧသော အာဠာရိကော ပေါသော၊

ကုမာရီပုရမန္တရေ။

ဒဠှံ ကတွာန သံဝေလ္လိံ၊

ကုမ္ဘိံ ဓောဝတိ ဩဏတော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၆။ အမ္မ၊ မိခင်။ ဒဠှံ၊ မြဲစွာ။ သံဝေလ္လိံ၊ အောက်ပိုး ကျိုက်သည်ကို။ ကတွာန၊ ပြု၍။ ဩဏတော၊ အောက်သို့ညွတ်သော ဦးခေါင်းရှိသည်ဖြစ်၍။ ကုမ္ဘိံ၊ အိုးခွက်ကို။ ဓောဝတိ၊ ဆေး၏။ ဧသော အာဠာရိကော၊ ထိုစဖိုသည်သည်။ ပေါသော၊ ထို ကုသမင်းတည်း။ တွံ၊ သင်မိခင်သည်။ ကုမာရိပုရမန္တရေ၊ သမီးတော်တို့နေရာ လေသာနန်းတံခါးကြား၌။ ဩလောကေဟိ၊ ကြည့်တော်မူလော့။

နင် တယ်မိုက်ပါလား

ထိုအခါ ကုသမင်းသည် ယနေ့ ငါ၏နှလုံးအလိုသည် အပြီးသို့ရောက်လတ္တံ့ သတတ်၊ မချွတ်လျှင် ပဘာဝတီသည် သေဘေးမှ ကြောက်သည်ဖြစ်၍ ငါလာသောအဖြစ်ကို ပြောဆိုလတ္တံ့၊ အိုးခွက်တို့ကိုဆေး၍ သိုမှီးအံ့ဟု နှလုံးသွင်း၍ ရေခပ်ပြီးလျှင် အိုးခွက်တို့ကို ဆေးအံ့သောငှာ အားထုတ်၏။ ထိုသို့ မြင်ရသောအခါ သမီးတော် ပဘာဝတီကို မယ်တော်မိဖုရားကြီးသည် ဆဲရေးမြည်တမ်းတော်မူလိုရကား-

၅၇။ ဝေဏီ တွမသိ စဏ္ဍာလီ၊ အဒူသိ ကုလဂန္ဓိနီ။
ကထံ မဒ္ဒကုလေ ဇာတာ၊
ဒါသံ ကယိရာသိ ကာမုကံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၇။ ပုတ္တိကေ၊ ချစ်သမီး။ တွံ၊ သင်သည်။ ဝေဏီ၊ ဒေါင်းရွေသည်သမီးသည်။ အသိ၊ ဖြစ်လေသလော။ စဏ္ဍာလီ၊ ဒွန်းစဏ္ဏား သမီးသည်။ အသိ၊ ဖြစ်လေသလော။ အဒု၊ ထိုသို့မဟုတ်မူ။ ကုလဂန္ဓိနီ၊ အမျိုးကို ဖျက်ဆီးတတ်သော မိန်းမသည်။ အသိ၊ ဖြစ်လေသလား။ ကထံ၊ အဘယ်အကြောင်းကြောင့်။ မဒ္ဒကုလေ၊ မဒ္ဒရာဇ်မင်းမျိုး၌။ ဇာတာ၊ ဖြစ်ပါလျက်။ ကာမုကံ၊ အဘယ့်ကြောင့်။ အတ္တနော၊ မိမိ၏။ သာမိကံ၊ လင်ကို။ ဒါသံ၊ ကျွန်အဖြစ်ကို။ ကယိရာသိ၊ ပြုဘိသနည်း။

ကျွန်လို့ ထင်လို့ လား

ထို့နောင်မှ ပဘာဝတီသည် မယ်တော်သည် ကုသမင်း၏ ငါ့ကိုမှီ၍ ဤသို့ စဖိုသည်ပြု၍ နေလာသာအဖြစ်ကို သိတော်မမူယောင်တကားဟု ကြံ၍ မယ်တော်ကို သိစေလိုရကား-

၅၈။ နာမှိ ဝေဏီ န စဏ္ဍာလီ၊ န စ ကုလဂန္ဓိနီ။
ဩက္ကာကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၅၈။ အမ္မ၊ မိခင်။ အဟံ၊ အကျွန်ုပ်သည်။ ဝေဏီ၊ ဒေါင်းရွေသည်သမီးသည်။ န အမှိ၊ မဖြစ်ပါ။ စဏ္ဍာလီ၊ ဒွန်းစဏ္ဍား သမီးသည်။ န အမှိ၊ မဖြစ်ပါ။ ကုလဂန္ဓိနီ၊ အမျိုးကိုဖျက်ဆီးတတ်သော မိန်းမသည်။ န အမှိ၊ မဖြစ်ပါ။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ တွံ၊ သင်မိခင်သည်။ ဩက္ကာကပုတ္တော၊ ဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းမြတ်ကို။ ဒါသောတိ၊ ကျွန်ဟူ၍။ မညသိ နု၊ အောက်မေ့တော်မူဘိ၏တကား။

ယခုအခါ ပဘာဝတီသည် ကုသမင်း ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆိုလိုရကား -

၅၉။ ယော ဗြဟ္မဏသဟဿာနိ၊
သဒါ ဘောဇေတိ ဝီသတိံ။
ဩက္ကာကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။
၆၀။ ယဿ နာဂသဟဿာနိ၊
သဒါ ယောဇေန္တိ ဝီသတိံ။
ဩက္ကာကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။
၆၁။ ယဿ အဿသဟဿာနိ၊
သဒါ ယောဇေန္တိ ဝီသတိံ။
ဩက္ကကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။
၆၂။ ယဿ ရထသဟသာနိ၊
သဒါ ယောဇေန္တိ ဝီသတိံ။
ဩက္ကာကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။
၆၃။ ယဿ ဓေနုသဟဿာနိ၊
သဒါ ဒုဟန္တိ ဝီသတိံ။
ဩက္ကာကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅၉။ အမ္မ၊ မိခင်။ ဩက္ကာကပုတ္တော၊ ဩက္ကာကရာဇ်မင်း၏သားတော်ဖြစ်သော။ ယော ရာဇာ၊ အကြင်ကုသမင်းသည်။ ဝီသတိ ဗြာဟ္မဏသဟဿာနိ၊ နှစ်သောင်းသော ပုဏ္ဏားတို့ကို။ သဒါ၊ အခါခပ်သိမ်း။ ဘောဇေတိ၊ ဆွမ်းကျွေး၏။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ သော ဩကပုတ္တော၊ ထိုဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းကို။ တွံ၊ သင်မိခင်သည်။ ဒါသောတိ၊ ကျွန်ဟူ၍။ မညသိ နု၊ ထင်တော်မူဘိသလော။

֍ ဋ္ဌ ၆၀။ အမ္မ၊ မိခင်။ ဩက္ကာကပုတ္တဿ၊ ဩက္ကာကရာဇ်မင်း၏သားတော်ဖြစ်သော။ ယဿ၊ အကြင်ကုသမင်းအား။ ဝီသတိနာဂသဟာနိ၊ နှစ်သောင်းသောဆင်တို့ကို။ သဒါ၊ အခါခပ်သိမ်း။ ယောဇေန္တိ၊ က-စေကုန်၏။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ တွံ၊ သင်မိခင်သည်။ သော ဩက္ကာကပုတ္တော၊ ထိုဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းကို။ ဒါသောတိ၊ ကျွန်ဟူ၍။ မညသိ နု၊ အောက်မေ့တော်မူဘိသလော။

֍ ဋ္ဌ ၆၁။ အမ္မ၊ မိခင်။ ဩက္ကာကပုတ္တဿ၊ ဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော။ ယဿ၊ အကြင်ကုသမင်းမြတ်အား။ ဝီသတိ အဿသဟဿာနိ၊ နှစ်သောင်းသောမြင်းတို့ကို။ သဒါ၊ အခါခပ်သိမ်း။ ယောဇေန္တိ၊ က-စေကုန်၏။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ တွံ၊ သင်မိခင်သည်။ သော ဩက်ကာကပုတ္တော၊ ထိုဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းမြတ်ကို။ ဒါသောတိ၊ ကျွန်ဟူ၍။ မညသိ နု၊ ထင်မှတ်တော်မူဘိသလော။

֍ ဋ္ဌ ၆၂။ အမ္မ၊ မိခင်။ ဩက္ကာကပုတ္တဿ၊ ဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော။ ယဿ၊ အကြင်ကုသမင်းမြတ်အား။ ဝီသတိရထသဟဿာနိ၊ နှစ်သောင်းသော ရထားတို့ကို။ သဒါ၊ အခါခပ်သိမ်း။ ယောဇေန္တိ၊ ကစေကုန်၏။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ တွံ၊ သင်မိခင်သည်။ သော ဩက္ကာကပုတ္တော၊ ထိုဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းမြတ်ကို။ ဒါသောတိ၊ ကျွန်ဟူ၍။ မည်သိ နု၊ အောက်မေ့တော်မူဘိသလော။

֍ ဋ္ဌ ၆၃။ အမ္မ၊ မိခင်။ ဩက္ကာကပုတ္တဿ၊ ဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော။ ယဿ၊ အကြင် ကုသမင်းမြတ်အား။ ဝီသတိ ဓေနုသဟဿာနိ၊ နှစ်သောင်းသော နို့ညှစ်နွားမတို့ကို။ သဒါ၊ အခါခပ်သိမ်း။ ဒုဟန္တိ၊ နို့ညှစ်ကုန်၏။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ တွံ၊ သင်မိခင်သည်။ သော ဩက္ကာကပုတ္တော၊ ထိုဩက္ကကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းမြတ်ကို။ ဒါသောတိ၊ ကျွန်ဟူ၍။ မညသိ နု၊ ထင်မှတ်တော်မူဘိသလော။

မယ်တော် မင်းကြီးကို လျှောက်ပြီ

ဤသို့ ထိုပဘာဝတီသည် ငါးဂါထာတို့ဖြင့် ဘုရားလောင်း ကုသမင်း၏ စည်းစိမ်အခြံအရံကို ချီးမွမ်းလတ်သော် ထိုအခါ ပဘာဝတီ၏ မယ်တော်သည် ဤပဘာဝတီသည် မကြောက်မရွံ ပြောဆိုဘိ၏။ မချွတ်လျှင် ထိုစဖိုအိမ်၌ ရှိသောသူသည် ဤပဘာဝတီဆိုတိုင်း ကုသမင်း ဟုတ်၏ဟု ယုံကြည်သဖြင့် မဒ္ဒရာဇ်မင်းကြီးအထံသို့ သွား၍ ထိုအကြောင်းကို တင်လျှောက်၏။

သမီးတော်ကို ကဲ့ရဲ့၍

မဒ္ဒရာဇ်မင်းကြီးသည် လျင်မြန်စွာ သမီးတော်ပဘာဝတီအထံသို့ လာလတ်၍ ချစ်သမီး... ကုသမင်းသည် ဤငါတို့ပြည်သို့ ရောက်လာသတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဖခင်မင်းမြတ်... မှန်၏။ ထိုကုသမင်းသည် ဖခင်မင်းမြတ် သမီးတော်တို့၏ စဖိုသည်အဖြစ်ကိုပြု၍ နေသည်ကား ယနေ့ ခုနစ်လ ရှိပြီဟု လျှောက်၏။ ခမည်းတော် မဒ္ဒရာဇ်မင်းကြီးသည် သမီးတော် ပဘာဝတီစကားကို ယုံတော်မမူသည်ဖြစ်၍ အထိန်းတော် ခုဇ္ဇာကိုမေးတော်မူလျှင် ဟုတ်မှန်သောအတိုင်း ကြားသိတော်မူ၍ သမီးတော် ပဘာဝတီကို ကဲ့ရဲ့တော်မူလိုရကား-

၆၄။ တဂ္ဃ တေ ဒုက္ကဋံ ဗာလေ၊ ယံ ခတ္တိယံ မဟဗ္ဗလံ။

နာဂံ မဏ္ဍူကဝဏ္ဏေန၊ န တံ အက္ခာသိဓာဂတံ။

ဟူသော ဤဂါထာကို ဆိုတော်မူ၏။

֍ ဋ္ဌ ၆၄။ ဗာလေ၊ ဟယ်... အမိုက်မ။ မဟဗ္ဗလံ၊ ကြီးမားသော ခွန်အားရှိသော။ နာဂံ၊ ပြည့်ရှင်မင်းမြတ် ဖြစ်တော်မူသော။ ယံ ခတ္တိယံ၊ အကြင်ကုသမင်းမြတ်ကို။ မဏ္ဍူကဝဏ္ဏေန၊ ဖား၏အသွင်ဖြင့်။ တေ-တယာ၊ သင်သည်။ ကတံ၊ ပြုကျင့်ခြင်းသည်။ တဂ္ဃ၊ စင်စစ်။ ဒုက္ကဋံ၊ မကောင်းသဖြင့် ပြုခြင်းတည်း။ ဣဓ၊ ဤငါတို့ပြည်သို့။ အာဂတံ၊ ရောက်လာသော။ တံ၊ ထိုကုသမင်းမြတ်ကို။ န အက္ခာသိ၊ သင် မပြောဆို။ တံပိ၊ ထိုသို့ မပြောဆိုခြင်းသည်လည်း။ ဒုက္ကဋံ၊ မသင့်သော ပြုခြင်းတည်း။

ကုသမင်းကို ကန်တော့ပြီ

ဤသို့ မဒ္ဒရာဇ်မင်းကြီးသည် သမီးတော်ပဘာဝတီကို ကဲ့ရဲ့တော်မူပြီးလျှင် ထိုကုသမင်းအထံသို့ လျင်စွာသွား၍ ပြုအပ်သော ပျူငှာလောကဝတ် ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် မိမိအပြစ်ကို ပြလိုရကား-

၆၅။ အပရာဓံ မဟာရာဇ၊ တွံ နော ခမ ရထေသဘ။
ယံ တံ အညာတဝေသေန၊ နညာသိမှာ ဣဓာဂတံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၅။ မဟာရာဇ၊ ကုသမင်းမြတ်။ တွံ၊ သင်မင်းမြတ်သည်။ နော၊ ငါတို့၏။ အပရာဓံ၊ အပြစ်ကို။ ခမ၊ သည်းခံတော်မူပါလော့။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော။ ရာဇ၊ ကုသမင်းမြတ်။ အညာတဝေသေန၊ မထင်ရှားသောအသွင်ဖြင့်။ ဣဓ၊ ဤသာဂလမြို့သို့။ တဝ၊ အရှင်မင်းမြတ်၏။ ယံ အာဂတံ၊ အကြင် ရောက်လာတော်မူခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ အာဂတံ၊ ထိုသို့ရောက်လာတော်မူခြင်းကို။ မယံ၊ အကျွန်ုပ်တို့သည်။ န အညာသိမှာ၊ မသိကြရပါကုန်း၊

ကုသမင်း တောင်းပန်ခြင်း

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ငါသည် ကြမ်းကြုတ်စွာသော စကားကို အကယ်၍ ဆိုအံ့၊ ဤသို့ဆိုသည်ရှိသော် ထိုအရပ်၌ပင်လျှင် ထိုမဒ္ဒရာဇ်မင်း၏နှလုံးသည် ကွဲလတ္တံ့၊ ထိုမဒ္ဒရာဇ်မင်းကို သက်သာစေအံ့ဟုကြံ၍ အိုးခွက်ကြား၌ရပ်လျက် ထိုမဒ္ဒရာဇ်မင်းအား သိစေတော်မူလိုရကား-

၆၆။ မာဒိသဿ န တံ ဆန္နံ၊
ယောဟံ အာဠာရိကော ဘဝေ။
တွညေဝ မေ ပသီဒဿု၊ နတ္ထိ တေ ဒေဝ ဒုက္ကဋံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၆၆။ ဒေဝ၊ အရှင်မင်းကြီး။ ယော အဟံ၊ အကြင်ငါသည်။ အာဠာရိကော၊ စဖိုသည်သည်။ ဘဝေ၊ ဖြစ်၏။ တံ၊ ထိုသို့ဖြစ်ရခြင်းသည်။ မာဒိသဿ၊ ငါကဲ့သို့သောသူအား။ ဆန္နံ၊ လျောက်ပတ်သည်။ န ဘဝတိ၊ မဖြစ်။ တွညေဝ၊ အရှင်မင်းသည်သာလျှင်။ မေ၊ အကျွန်ုပ်အား။ ပသီဒဿု၊ ကြည်ညိုတော်မူလော့။ တေ၊ သင်မင်းကြီးအား။ ဒုက္ကဋံ၊ မကောင်းသဖြင့် ပြုအပ်သော အပြစ်သည်။ နတ္ထိ၊ မရှိပေ။

သမီးတော်ကို ကန်တော့စေပြီ

ကုသမင်းအထံမှ အစေ့အစပ် စကားကိုရလျှင် ပြာသာဒ်ထက်သို့ တက်တော်မူ၍ သမီးတော် ပဘာဝတီကို ခေါ်တော်မူပြီးလျှင် ကန်တော့စိမ့်သောငှာ စေတော်မူလိုရကား-

၆၇။ ဂစ္ဆ ဗာလေ ခမာပေဟိ၊ ကုသရာဇံ မဟဗ္ဗလံ။
ခမာပိတော ကုသရာဇာ၊
သော တေ ဒဿတိ ဇီဝိတံ။

ဟူသော ဤဂါထာကို မိန့်တော်မူ၏။

֍ ဋ္ဌ ၆၇။ ဗာလေ၊ အမိုက်မ။ ဂစ္ဆ၊ သွားချေ။ မဟဗ္ဗလံ၊ ကြီးသောခွန်အားရှိသော။ ကုသရာဇံ၊ ကုသမင်းမြတ်ကို။ ခမာပေဟိ၊ ကန်တော့ချေလော့။ တုမှေဟိ၊ သင်တို့သည်။ ခမာပိတော၊ ကန်တော့အပ်သည်ရှိသော်။ သော ကုသရာဇာ၊ ထိုကုသမင်းမြတ်သည်။ တေ၊ သင်အား။ ဇီဝိတံ၊ အသက်ကို။ ဒဿတိ၊ ပေးလတ္တံ့။

ပဘာဝတီ ကန်တော့ရပြီ

ထိုပဘာဝတီသည် ခမည်းတော် မဒ္ဒရာဇ်မင်းကြီး အမိန့်တော်ကိုနာရလျှင် ညီမတော်အပေါင်းတို့ဖြင့်လည်းကောင်း, အလုပ်အကျွေး ကိုယ်လုပ်မောင်းမ အပေါင်းတို့ဖြင့်လည်းကောင်း ခြံရံလျက် ကုသမင်းအထံသို့ သွားလေ၏။ ကုသမင်းသည်လည်း အမှုလုပ်သော အသွင်ဖြင့် ရပ်လျက်သာလျှင် ထိုပဘာဝတီ မိမိထံသို့လာသည်ကိုသိ၍ ယနေ့ ထိုပဘာဝတီ၏မာနကို ချိုးဖျက်၍ ခြေရင်းညွန်၌ ဝပ်စေအံ့ဟု မိမိခပ်ဆောင်အပ်သော ရေအလုံးစုံကို သွန်၍ တလင်းရာမျှလောက်သော အရပ်ကိုနင်းနယ်၍ တပေါင်တည်းသော ညွန်ကို ပြုတော်မူ၏။ ထိုပဘာဝတီသည် ကုသမင်းအထံသို့ သွားပြီးလျှင် ကုသမင်းခြေရင်း၌ဝပ်၍ ညွန်ပျောင်းအပြင်၌ လျောင်းလျက် ကုသမင်းကို ကန်တော့၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၈။ ပိတုဿ ဝစနံ သုတွာ၊ ဒေဝဝဏ္ဏီ ပဘာဝတီ။
သိရသာ အဂ္ဂဟိ ပါဒေ၊ ကုသရာဇံ မဟဗ္ဗလံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၆၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝဝဏ္ဏီ၊ နတ်သမီးအဆင်းနှင့်တူသော အဆင်းရှိသော။ ပဘာဝတီ၊ မင်းသမီး ပဘာဝတီသည်။ ပိတုဿ၊ ခမည်းတော် မဒ္ဒရာဇ်မင်းကြီး၏။ ဝစနံ၊ စကားကို။ သုတွာ၊ ကြား၍။ မဟဗ္ဗလံ၊ ကြီးသော ခွန်အားရှိသော။ ကုသရာဇံ၊ ကုသမင်းကို။ ပါဒ၊ ခြေ၌။ သိရသာ၊ ဦးခေါင်းဖြင့်။ ပတိတွာ၊ ဝပ်၍။ အဂ္ဂဟိ၊ ဦးတိုက်ရ၏။

ထိုသို့ ခြေတို့၌ ဦးခေါင်းဖြင့် ဦးတိုက်လျက် ကန်တော့လိုရကား -

၆၉။ ယာမာ ရတျော အတိက္ကန္တာ၊
တာမာ ဒေဝ တယာ ဝိနာ။
ဝန္ဒေ တေ သိရသာ ပါဒေ၊
မာ မေ ကုဇ္ဈ ရထေသဘ။
၇၀။ သဗ္ဗံ တေ ပဋိဇာနာမိ၊ မဟာရာဇ သုဏောဟိ မေ။
န စာပိ အပ္ပိယံ တုယှံ၊ ကရေယျာမိ အဟံ ပုန။
၇၁။ ဧဝံစေ ယာစမာနာယ၊ ဝစနံ မေ န ကာဟသိ။
ဣဒါနိ မံ တတော ဟန္တွာ၊ ခတ္တိယာနံ ပဒဿတိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၆၉။ ဒေဝ၊ အရှင်မင်းမြတ်။ တယာ၊ အရှင်မင်းမြတ်နှင့်။ ဝိနာ၊ ကင်း၍။ ယာမာ ရတျော၊ အကြင် ညဉ့်တို့သည်။ အတိက္ကန္တာ၊ လွန်ကုန်၏။ တမာရတ္တိယော၊ ထိုညဉ့်တို့သည်။ သတ္တမာသာ၊ ခုနစ်လရှိကုန်ပြီ။ ရထေသဘ၊ ရထားစီးခြင်း မင်းဘကာတို့ထက် မြတ်တော်မူသော အရှင်မင်းမြတ်။ တေ၊ အရှင်မင်းမြတ်၏။ ပါဒေ၊ ခြေတော်တို့ကို။ သိရသာ၊ ဦးဖြင့်။ ဝန္ဒေ၊ ရှိခိုးပါ၏။ မေ၊ အကျွန်ုပ်အား။ မာ ကုဇ္ဈ၊ အမျက်ထွက်တော်မမူပါလင့်။

֍ ဋ္ဌ ၇၀။ မဟာရာဇ၊ အရှင်မင်းမြတ်။ တေ၊ အရှင်မင်းမြတ်အား။ အပ္ပိယံ၊ မနှစ်သက်အပ်သည်ကို။ ကတံ၊ ပြုမိပေ၏။ သဗ္ဗံ၊ အလုံးစုံသောအပြစ်ကို။ အဟံ၊ အကျွန်ုပ်သည်။ ပဋိဇာနာမိ၊ ဝန်ခံပါ၏။ မဟာရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာတော်မူပါလော့။ အဟံ၊ အကျွန်ုပ်သည်။ ပုန၊ တစ်ဖန်။ တုယှံ၊ အရှင်မင်းမြတ်အား။ အပ္ပိယံ၊ မနှစ်သက်အပ်သည်ကို။ န စာပိ ကရေယျာမိ၊ မပြုဝံ့ပါပြီ။

֍ ဋ္ဌ ၇၁။ ဧဝံ၊ ဤသို့။ ယာစမာနာယ၊ တောင်းပန်ပါသော။ မေ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ စေ န ကာဟသိ၊ အကယ်၍ လိုက်နာတော်မမူအံ့။ ဧဝံသတိ၊ ဤသို့ လိုက်နာတော်မမူသည်ရှိသော်။ တတော၊ ထိုသို့ မလိုက်နာခြင်းကြောင့်။ ဣဒါနိ၊ ယခု။ မံ၊ အကျွန်ုပ်ကို။ ဟန္တွာ၊ သတ်၍။ ခတ္တိယာနံ၊ ခုနစ်ပြည်ထောင်သော မင်းတို့အား။ ပဒဿတိ၊ ပေးလိုက်ပါလတ္တံ့။

မင်းကုသ ကျေနပ်၍

ဤသို့ ပဘာဝတီ ကန်တော့တောင်းပန်သော စကားကို ကြား၍ ကုသမင်းသည် ငါသည် ဤပဘာဝတီကို သင်သည်သာလျှင် သိရလိမ့်သတည်းဟု အကယ်၍ ဆိုအံ့၊ ထိုပဘာဝတီ၏နှလုံးသည် ကွဲလတ္တံ့၊ ထိုပဘာဝတီကို သက်သာစေအံ့ဟု ကြံ၍ တောင်းပန်ခြင်းကို ဝန်ခံတော်မူလိုရကား-

၇၂။ ဧဝံ တေ ယာစမာနာယ၊
ကိံ န ကာဟာမိ တေ ဝစော။
ဝိကုဒ္ဓေါ တျသ္မိ ကလျာဏိ၊
မာ တွံ ဘာယိ ပဘာဝတိ။
၇၃။ သဗ္ဗေ တေ ပဋိဇာနာမိ၊ ရာဇပုတ္တိ သုဏောဟိ မေ။
နစာပိ အပ္ပိယံ တုယှံ၊ ကရေယျာမိ အဟံ ပုန။
၇၄။ တဝ ကာမာ ဟိ သုဿောဏိ၊
ပဟုဒုက္ခံ တိတိက္ခိသံ။
ဗဟုံ မဒ္ဒကုလံ ဟန္တွာ၊ နယိတုံ တံ ပဘာဝတိ။

ဟူသော ဤသုံးဂါထာတို့ကို ဆိုတော်မူ၏။

֍ ဋ္ဌ ၇၂။ ကလျာဏိ၊ ကောင်းခြင်း ငါးပါးနှင့် ပြည့်စုံသော။ ပဘာဝတိ၊ ရှင်မပဘာဝတီ။ တွံ၊ သင်သည်။ မာ ဘာယိ၊ မကြောက်လင့်။ တေ၊ ရှင်မအား။ ဝိကုဒ္ဓေါ၊ အမျက်မထွက်သည်။ အသ္မိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ တေ၊ ရှင်မပဘာဝတီသည်။ ယာစမာနာယ၊ တောင်းပန်ပါလျက်။ တေ၊ ရှင်မ၏။ ဝစော၊ စကားကို။ ကိံ၊ အဘယ့်ကြောင့်။ န ကာဟာမိ၊ မလိုက်နာတုံအံ့နည်း။ ကာဟာမိ ဧဝ၊ လိုက်နာအံ့သည်သာတည်း။

֍ ဋ္ဌ ၇၃။ ရာဇပုတ္တီ၊ မင်းသမီးဖြစ်သော ရှင်မ ပဘာဝတီ။ တေ၊ ရှင်မ၏။ သဗ္ဗံ၊ အလုံးစုံသောအပြစ်ကို။ ပဋိဇာနနမိ၊ ငါ သည်းခံ၏။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာဦးလော့။ အဟံ၊ သည်။ ပုန၊ တစ်ဖန်။ တုယှံ၊ ရှင်မအား။ အပ္ပိယံ၊ မနှစ်သက်အပ်သည်ကို။ န စာပိ ကရောမိ၊ မပြုပြီ။

֍ ဋ္ဌ ၇၄။ သုဿောဏိ၊ လျပါးသေးသွယ် တင့်တယ်သော ခါးရှိသော။ ပဘာဝတီ၊ ရှင်ပဘာဝတီ။ ပဟု၊ များစွာသော။ မဒ္ဒကုလံ၊ မဒ္ဒရာဇ်မင်းမျိုးကို။ ဟန္တွာ၊ အကုန်သတ်၍။ တံ၊ ရှင်မကို။ နယိတုံ၊ ဆောင်ယူခြင်းငှာ။ သမတ္ထော၊ စွမ်းနိုင်လျက်။ တဝ ကာမာဟိ၊ ရှင်မကို အလိုရှိသောကြောင့်သာလျှင်။ ဗဟုံ၊ များသာ။ ဒုက္ခံ၊ ဆင်းရဲကို။ တိတိက္ခိသံ၊ ငါ သည်းခံ၏။

ကြုံးဝါးပြီး စစ်တပ်ကို ပြင်စေခြင်း

ထိုအခါ ကုသမင်းသည် သိကြားနတ်မင်း၏ အခြံအရံနှင့်တူသော မိမိအခြံအရံကိုမြင်လျှင် မင်း၏မာန်ကို ဖြစ်စေလျက် ငါထင်ရှားရှိစဉ်လျှင် ငါ့မယားကို တစ်ပါးသောမင်းတို့သည် ယူ၍သွားကုန်လတ္တံ့သတတ်ဟု ခြင်္သေ့မင်းကဲ့သို့ မင်းရင်ပြင်၌ တင့်တယ်စံပယ်တော်မူလျက် မြို့အလုံး၌ နေသောသူတို့သည် ငါလာသောအဖြစ်ကို သိစေကုန်သတည်း ဟု ဟစ်ကြွေးကြော်ငြာ လက်ပမ်းပေါက်ခတ်၍ ယခု ထိုခုနစ်ပြည်ထောင်သော မင်းတို့ကို အရှင်ဖမ်းအံ့၊ ငါ့အား ရထားစသည်တို့ကို က, လေကုန် ဟုဆို၍ စေတော်မူလိုရကား-

၇၅။ ယောဇယန္တု ရထေ အဿေ၊
နာနာစိတ္တေ သမာဟိတေ။
အထ ဒက္ခထ မေ ဝေဂံ၊ ဝိဓမန္တဿ သတ္တဝေါ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆိုတော်မူ၏။

֍ ဋ္ဌ ၇၅။ ဘော၊ အို... အချင်းတို့။ နာနာစိတ္တေ၊ အထူးထူးသော တန်ဆာတို့ဖြင့် ဆန်းကြယ်ကုန်သော။ သမာဟိတေ၊ ရဲရင့် တည်ကြည်ကုန်သော။ အဿေ၊ မြင်းတို့ကို။ ရထေ၊ ရထား၌။ ယောဇယန္တု၊ က-လေကုန်။ အထ-ပစ္ဆာ၊ ထို့နောင်မှ။ သတ္တဝေါ၊ ရန်သူမင်းတို့ကို။ ဝိဓမန္တဿ၊ နှိမ်နင်းသော။ မေ၊ ငါ၏။ ဝေဂံ၊ လုံ့လကို။ ဒက္ခထ၊ မြင်ရကုန်လတ္တံ့။

ဤသို့ ကြုံးဝါးတော်မူ၍ ရန်သူမင်းတို့ကို ဖမ်းယူခြင်း မည်သည်ကား ငါ၏တာဝန်တည်း၊ သွားချေ၊ သင် ရေချိုးပြီးလျှင် တန်ဆာဆင်၍ ပြာသာဒ်ထက်သို့ တက်နှင့်လေလော့ဟု ဆို၍ ထိုပဘာဝတီကို လွှတ်လိုက်၏။

စစ်ဝတ်တန်ဆာ ဝတ်ဆင်ကာ

မဒ္ဒရာဇ်မင်းကြီးသည်လည်း ထိုကုသမင်းအား ပြုပြင်စိမ့်သောငှါ မှူးတော်မတ်တော်တို့ကို စေတော်မူလိုက်၏။ ထိုမှူးတော် မတ်တော်တို့သည် ကုသမင်းအား စားဖိုအိမ်တံခါးဝ၌ပင်လျှင် တင်းထိမ်ကာရံ၍ ဆေတ္တာသည်တို့ကို ပြုပြင်စေကုန်၏။ ထိုကုသမင်းသည် ပြုပြင်အပ်ပြီးသော မုတ်ဆိတ်ရှိသည်ဖြစ်၍ ဦးခေါင်းနှင့်တကွ ရေချိုးပြီးလျှင် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်တော်မူပြီးသော် မှူးတော်မတ်တော် အပေါင်းတို့ဖြင့်ခြံရံလျက် ပြာသာဒ်ထက်သို့ တက်အံ့ဟု အရပ် မျက်နှာတို့ကိုကြည့်၍ လက်ပမ်းပေါက်ခတ်၏။ ကြည့်တိုင်းကြည့်တိုင်းသော အရပ်သည် တုန်လှုပ်၏။ ထိုကုသမင်းသည် ယခု ငါ၏လုံ့လကို ကြည့်ကြကုန်လော့ဟု ဆိုတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၇၆။ တဉ္စ တတ္ထ ဥဒိက္ခိံသု၊ ရညော မဒ္ဒဿန္တေပုရေ။
ဝိဇမ္ဘမာနံ သီဟံဝ၊ ဖောဋေန္တံ ဒိဂုဏံ ဘုဇံ။

ဟူသော အခြားမရှိသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၇၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒိဂုဏံ၊ အဆင့်ဆင့်။ ဘုဇံ၊ ဟစ်ကြွေးထသော။ ဝိဇမ္ဘမာနံ၊ တင့်တယ်စွာထသော။ သီဟံဝ၊ ခြင်္သေ့မင်းကိုကဲ့သို့။ ရညော မဒ္ဒဿ၊ မဒ္ဒရာဇ်မင်းကြီး၏။ တတ္တ- တသ္မိံ အန္တေပုရေ၊ ထိုနန်းတော်တွင်း၌။ ဖောဋေန္တံ၊ လက်ပမ်းပေါက်ခတ်ထသော။ တဉ္စ၊ ထိုကုသမင်းကိုလျှင်။ ဥဒိက္ခိံသု၊ ကြည့်ကြကုန်၏။

ခြင်္သေ့မင်းအသံ ဟစ်ကြွေးသံ

ထိုအခါ ထိုကုသမင်းအား မဒ္ဒရာဇ်မင်းကြီးသည် ဆောင်းအပ်ပြီးသော ထီးဖြူရှိသော တန်ဆာဆင်အပ်သော မြတ်သောဆင်ကို ပို့စေတော်မူ၏။ ထိုကုသမင်းသည် ကောင်းစွာ ဆောင်းအပ်ပြီးသော ထီးဖြူရှိသော ဆင်ကျောက်ကုန်းထက်သို့ တက်တော်မူပြီးလျှင် ပဘာဝတီကို ဆောင်ခဲ့ကြကုန်လော့ဟု ဆို၍ ထိုပဘာဝတီကိုလည်း နောက်ကနေစေ၍ လေးပါးသော အင်္ဂါရှိသော စစ်သည်အပေါင်းခြံရံလျက် အရှေ့တံခါးဖြင့် ထွက်တော်မူလတ်၍ သူတစ်ပါးစစ်သည်ကို ကြည့်တော်မူပြီးလျှင် ငါ ကုသမင်းတည်း၊ အသက်ကို အလိုရှိသောသူတို့သည် ရင်ဖြင့်ဝပ်လေကုန်ဟု သုံးကြိမ် ခြင်္သေ့မင်းအသံနှင့်တူသော အသံကို ဟစ်ကြွေးတော်မူ၍ ရန်သူကို နှိမ်နင်းခြင်းကို ပြုတော်မူ၏။

ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

၇၇။ ဟတ္ထိက္ခန္ဓဉ္စ အာရုယှ၊ အာရောပေတွာ ပဘာဝတိံ။
သင်္ဂါမံ ဩတရိတွာန၊ သီဟနာဒံ နဒိ ကုသော။
။ လ။
၈၃။ သဗ္ဗေပိ တေ ဝသံ ဂတာ၊ အမိတ္တာ ဝိဟတာ တဝ။
ကာမံ ကရောဟိ တေ တယာ၊
မုဉ္စ ဝါ တေ ဟနဿု ဝါ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၇၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ကုသော၊ ကုသမင်းမြတ်သည်။ ဟတ္ထိက္ခန္ဓဉ္စ၊ ဆင်ကျောက်ကုန်းထက်သို့လည်း။ အာရုယှ၊ တက်စီး၍။ ပဘာဝတိံ၊ မင်းသမီး ပဘာဝတီကို။ အာရောပေတွာ၊ တင်ပြီး၍။ သင်္ဂါမံ၊ စစ်မြေအရပ်သို့။ ဩတရိတွာန၊ သက်၍။ သီဟနာဒံ၊ ခြင်္သေ့မင်းအသံနှင့်တူသော အသံကို။ နဒိ၊ ဟစ်ကြွေး၏။

֍ ဋ္ဌ ၇၈။ ဘိက္ခဝေ၊ ရဟန်းတို့။ နဒတော၊ ဟောက်သော။ သီဟဿ၊ ခြင်္သေ့မင်း၏။ သဒ္ဒံ၊ အသံကို။ သုတွာ၊ ကြားကုန်၍။ ဣတရေ၊ ခြင်္သေ့မင်းမှ တစ်ပါးကုန်သော။ မိဂါ၊ သားအပေါင်းတို့သည်။ ပလာယိံသု ဣဝ၊ ပြေးကုန်သကဲ့သို့။ နဒတော၊ ဟစ်ကြွေးသော။ တဿ ရညော၊ ထိုကုသမင်းမြတ်၏။ တံ သဒ္ဒံ၊ ထိုအသံကို။ သုတွာ၊ ကြားကုန်၏။ ခတ္တိယာ၊ ခုနှစ်ပြည်ထောင်သော မင်းတို့သည်။ ကုသသဒ္ဒဘယဋ္ဋိတာ၊ ကုသမင်း၏ အသံတည်းဟူသော ဘေးဖြင့် နှိပ်စက်အပ်သည်ဖြစ်၍။ ဝိပလာယိံသု၊ ပြေးလေကုန်၏။

֍ ဋ္ဌ ၇၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ကုသသဒ္ဒဘယဋ္ဋိတာ၊ ကုသမင်း၏ အသံတည်းဟူသောဘေးဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ ဟတ္ထာရောဟာ၊ ဆင်စီးသူရဲတို့သည်လည်းကောင်း။ အနီကဋ္ဌာ၊ မြင်းစီသူရဲတို့သည်လည်းကောင်း။ ရထိကာ၊ ရထားစီးသူရဲတို့သည်လည်းကောင်း။ ပတ္တိကာရကာ၊ ခြေသည်သူရဲတို့သည်လည်းကောင်း။ အညမညဿ၊ အချင်းချင်းအား။ ဆိန္ဒန္တိ၊ ခုတ်ဖြတ်ကြကုန်၏။

ဝေရောစန ပတ္တမြား

֍ ဋ္ဌ ၈၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝိန္ဒော၊ သိကြားနတ်မင်းသည်။ တသ္မိံ သင်္ဂါမသီသသ္မိံ၊ ထိုစစ်မြေဦး၌။ ပဿိတွာ၊ မြင်ရ၍။ တုဋ္ဌမာနသော၊ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ ကုသဿ ရညော၊ ကုသမင်းမြတ်အား။ ဝေရောစနံ၊ ဝေရောစန အမည်ရှိသော။ မဏိံ၊ ပတ္တမြားကို။ အဒါသိ၊ ပေး၏။

֍ ဋ္ဌ ၈၁။ ဘိက္ခဝေ၊ ရဟန်းတို့။ သောရာဇာ၊ ထိုကုသမင်းမြတ်သည်။ တံ သင်္ဂါမံ၊ ထိုစစ်မြေအရပ်ကို။ ဇိနိတွာန၊ အောင်မြင်ပြီး၍။ ဝေရောစနံ၊ ဝေရောစန အမည်ရှိသော။ မဏိံ၊ ပတ္တမြားကို။ လဒ္ဓါ၊ ရပြီး၍။ ဟတ္ထိက္ခန္ဓဂတော၊ မြတ်သော ဆင်ကျောက်ကုန်းထက် စီးလျက်။ နဂရံ ပုရံ၊ သာဂလမြို့သို့။ ပါဝေက္ခိ၊ ဝင်လေ၏။

၇-ပြည်ထောင်မင်းတို့ကိုဖမ်း၍

֍ ဋ္ဌ ၈၂။ ဘိက္ခဝေ၊ ရဟန်းတို့။ သတ္တခတ္တိယေ၊ ခုနစ်ပြည်ထောင်သော မင်းတို့ကို။ ဇီဝဂ္ဂါဟံ၊ အရှင်ဖမ်းခြင်းကို။ ဂဟေတွာန၊ ဖမ်းယူပြီး၍။ ဗန္ဓိတွာ၊ နှောင်ဖွဲ့၍။ ဒေဝ၊ ဖခင်မင်းမြတ်။ ဣမေ၊ ဤမင်းတို့သည်။ တေ၊ သင် ဖခင်မင်းမြတ်၏။ သတ္တဝေါ၊ ရန်သူတော်တို့တည်း။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ သဿုရဿ၊ ယောက္ခမဖြစ်သော မဒ္ဒရာဇ်မင်းကြီးအား။ ဥပနာမေသိ၊ ဆက်၏။

မင်းကြီးလက်သို့ အပ်

֍ ဋ္ဌ ၈၃။ မဟာရာဇ၊ မင်းမြတ်။ တေ၊ သင် ဖခင်မင်းမြတ်၏။ ဝသံ၊ အလိုသို့လိုက်သည်ကို။ ကတွာ၊ ပြုတော်မူ၍။ သဗ္ဗေပိ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ တဝ၊ သင် ဖခင်မင်းမြတ်၏။ အမိတ္တာ၊ ရန်သူတို့ကို။ ဝိဟတာ၊ နှိပ်စက်အပ်ကုန်ပြီ။ တေ-တယာ၊ သင် ဖခင်မင်းမြတ်သည်။ ကာမံ၊ အလိုတော်ရှိတိုင်း။ ကရောဟိ၊ ပြုတော်မူလော့။ တေ၊ သင် ဖခင်မင်းမြတ်သည်။ မုဉ္စ ဝါ၊ လွှတ်လိုလျှင်လည်း လွှတ်တော်မူလော့။ ဟနဿု ဝါ၊ သတ်လိုလျှင်မူလည်း သတ်တော်မူလော့။ ဣတိ၊ ဤသို့။ ဥပနာမေသိ၊ ဆက်လေ၏။

မင်းကုသအား ပြန်အပ်၍

ထို့နောင်မှ မဒ္ဒရာဇ်မင်းကြီးသည် ထိုအလုံးစုံကို ကုသမင်းအားသာလျှင် အပ်နှင်းတော်မူလိုရကား-

၈၄။ တုယှေဝ သတ္တဝေါ ဧတေ၊
န ဟိ တေ မယှ သတ္တဝေါ။
တွညေဝ နော မဟာရာဇ၊ မုဉ္စ ဝါ တေ ဟနဿု ဝါ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၄။ မဟာရာဇ၊ မင်းမြတ်။ ဧတေ၊ ဤခုနစ်ယောက်သော မင်းတို့သည်။ တုယှေဝ၊ သင် မင်းမြတ်၏သာလျှင်။ သတ္တဝေါ၊ ရန်သူတို့တည်း။ ဟိ-သစ္စံ၊ မှန်၏။ တေ၊ ထိုခုနစ်ပြည်ထောင်သော မင်းတို့သည်။ မယှံ၊ ငါ၏။ န သတ္တဝေါ၊ ရန်သူမဟုတ်ကုန်။ တွညေဝ၊ သင် မင်းမြတ်သာလျှင်။ နော၊ ငါတို့ကို။ မဟာရာဇာ၊ အစိုးရသော မင်းပေတည်း။ တေ၊ ထို ခုနစ်ပြည်ထောင်သော မင်းတို့ကို။ မုဉ္စ ဝါ၊ လွှတ်လိုမူလည်း လွှတ်လော့။ ဟနဿု ဝါ၊ သတ်လိုမူလည်း သတ်လော့။

ညီမ ၇-ဖော်နှင့်လက်ဆက်ပြီ

ဤသို့ မဒ္ဒရာဇ်မင်း မိန့်ဆိုလတ်သော် ဘုရားလောင်း ကုသမင်းသည် ဤခုနစ်ပြည်ထောင်သော မင်းတို့ကို သတ်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုမင်းတို့ လာခြင်းသည် အကျိုးမဲ့ မဖြစ်စေသတည်း၊ ပဘာဝတီ၏ ညီမဖြစ်ကုန်သော မင်းသမီး ခုနစ်ယောက်တို့သည် ရှိကုန်၏။ ထို မင်းသမီးခုနစ်ယောက်တို့ကို ခုနစ်ပြည်ထောင်သော မင်းတို့အား ပေးစေအံ့ ဟုကြံ၍ ပေးစေတော်မူလိုရကား-

၈၅။ ဣမာ တေ ဓီတရော သတ္တ၊
ဒေဝကညူပမာ သုဘာ။
ဒဒါဟိ နေသံ ဧကေကံ၊
ဟောန္တု ဇာမာတရော တဝ။

ဟူသော ဤဂါထာကို ဆိုတော်မူ၏။

֍ ဋ္ဌ ၈၅။ မဟာရာဇ၊ ဖခင် မင်းမြတ်။ တေ၊ သင် ဖခင်မင်းမြတ်၏။ သတ္တ၊ ခုနစ်ယောက်ကုန်သော။ ဣမာ ဓီတရော၊ ဤသမီးတော်တို့သည်။ ဒေဝကညူပမာ၊ နတ်သမီးလျှင် ဥပမာရှိကုန်သည်ဖြစ်၍။ သုဘာ၊ တင့်တယ်ကုန်၏။ နေသံ၊ ထိုခုနစ်ယောက်သော သမီးတော်တို့တွင်။ ဧကေကံ၊ တစ်ယောက် တစ်ယောက်သော သမီးတော်ကို။ ဧကေကဿ၊ တစ်ယောက် တစ်ယောက်သော မင်းသား။ ဒဒါဟိ၊ ပေးတော်မူလော့။ တဝ၊ သင်ဖခင်မင်းမြတ်၏။ ဇာမာတရော၊ သားမက်တော်တို့သည်။ ဟောန္တု၊ ဖြစ်ပါစေကုန်လော့။

ထိုအခါ မဒ္ဒရာဇ်မင်းကြီးသည် ကုသမင်းကိုပင် သမီးတော်တို့ကို အပ်နှင်းလိုရကား-

၈၆။ အမှာကဉ္စေဝ တာသဉ္စ၊
တွံ နော သဗ္ဗေသမိဿရော။
တွညေဝ နော မဟာရာဇ၊ ဒေဟိ နေသံ ယဒိစ္ဆသ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၈၆။ မဟာရာဇ၊ မင်းမြတ်။ အမှာကဉ္စေ၊ ငါတို့ကို လည်းကောင်း။ တာသဉ္စ၊ ထိုသမီးတော်တို့ကို လည်းကောင်း။ သဗ္ဗေသံ၊ အလုံးစုံကုန်သော။ နော၊ ငါတို့ကို။ တွံ၊ သင် မင်းမြတ်သည်။ ဣဿရော၊ အစိုးရတော်မူ၏။ တွညေဝ၊ သင် မင်းမြတ်သည်သာလျှင်။ နော၊ ငါတို့ကို။ မဟာရာဇာ၊ အစိုးရတော်မူသော မင်းပေတည်း။ နေသံ၊ ထိုခုနစ်ပြည်ထောင်သော မင်းတို့အား။ ယဒိစ္ဆသိ၊ အကယ်၍ ပေးတော်မူလိုအံ့။ ဒေဟိ၊ ပေးလော့။

ဤသို့ မဒ္ဒရာဇ်မင်းကြီး မိန့်ဆိုတော်မူလတ်သော် ကုသမင်းသည် ထိုခုနှစ်ယောက်သော မင်းသမီးတို့ကို တန်ဆာဆင်စေပြီးလျှင် တစ်ယောက်တစ်ယောက်သော မင်းအား တစ်ယောက် တစ်ယောက်စီ ပေးတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၈၇။ ဧကမေကဿ ဧကေကံ၊
အဒါ သီဟဿရော ကုသာ။
ခတ္တိယာနံ တဒါ တေသံ၊ ရညော မဒ္ဒဿ ဓီတရော။
၈၈။ ပီဏိတာ တေန လာဘေန၊
တုဋ္ဌာ သီဟဿရေ ကုသေ။
သကရဋ္ဌာနိ ပါယိံသု၊ ခတ္တိယာ သတ္တ တာဝဒေ။
၈၉။ ပဘာဝတိဉ္စ အာဒါယ၊ မဏိံ ဝေရောစနံ သုဘံ။
ကုသာဝတိံ ကုသော ရာဇာ၊
အဂမာသိ မဟဗ္ဗလော။
၉၀။ တျဿု ဧကရထေ ယန္တာ၊ ပဝိသန္တာ ကုဿာဝတိံ။
သမာနာဝဏ္ဏရူပေန၊ အညမညာတိ ရောစိသုံ။
၉၁။ မာတာ ပုတ္တေန သံဂစ္ဆိ၊ ဥဘယော စ ဇယမ္မတီ။
သမဂ္ဂါ တေ တဒါ အာသုံ၊ ဖီတံ ဓရဏိမာဝသုံ။

ဟူသော ဤငါးဂါထာတို့ကို ဟောကြားတော်မူ၏။

֍ ဋ္ဌ ၈၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုမဒ္ဒရာဇ်မင်း ခွင့်ပြုသောအခါ၌။ သီဟဿရော၊ ခြင်္သေ့မင်းအသံနှင့်တူသော အသံရှိသော။ ကုသော၊ ကုသမင်းမြတ်သည်။ ရညော မဒ္ဒဿ၊ မဒ္ဒရာဇ်မင်း၏။ ဓီတရော၊ သမီးတော်တို့ကို။ တေသံ ခတ္တိယာနံ၊ ထိုခုနစ်ပြည်ထောင်သော မင်းတို့တွင်။ ဧကမေကဿ၊ တစ်ယောက် တစ်ယောက်သာမင်းအား။ ဧကေကံ၊ တစ်ယောက် တစ်ယောက်သော မင်းသမီးကို။ အဒါ၊ ပေး၏။

֍ ဋ္ဌ ၈၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သတ္တခတ္တိယာ၊ ခုနစ်ပြည်ထောင်သော မင်းတို့သည်။ တာဝဒေ၊ ထိုခဏ၌။ တေန လာဘန၊ ထိုသမီးကညာကိုရသဖြင့်။ ပီဏိတာ၊ ရောင့်ရဲကုန်သည်ဖြစ်၍။ သီဟဿရေ၊ ခြင်္သေ့မင်းအသံနှင့်တူသော အသံရှိသော။ ကုသေ၊ ကုသမင်းမြတ်၌။ တုဋ္ဌာ၊ နှစ်သက်ကုန်သည်ဖြစ်၍ သကရဋ္ဌာနိ၊ မိမိတို့၏ တိုင်းပြည်တို့သို့။ ပါယိံသု၊ သွားလေကုန်၏။

ကုသဝတီ ပြည်ည်တော်ပြန်

֍ ဋ္ဌ ၈၉။ ဘိက္ခဝေ၊ ရဟန်းတို့။ မဟဗ္ဗလော၊ ကြီးသော ခွန်အားရှိသော။ ကုသော ရာဇာ၊ ကုသမင်းမြတ်သည်။ ပဘာဝတိဉ္စ၊ မင်းသမီး ပဘာဝတီကိုလည်းကောင်း။ သုဘံ၊ တင့်တယ်သော။ ဝေရောစနံ၊ ဝေရောစန အမည်ရှိသော။ မဏိဉ္စ၊ ပတ္တမြားကိုလည်းကောင်း။ အာဒါယ၊ ယူခဲ့၍။ ကုသာဝတိံ၊ ကုသာဝတီပြည်ကြီးသို့။ အဂမာသိ၊ သွားလေ၏။

֍ ဋ္ဌ ၉၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တေ၊ ထိုမင်းမိဖုရား နှစ်ပါးတို့သည်။ ဧကရထေ၊ တစ်ခုတည်းသောရထား၌။ အာရုယှ၊ စီး၍။ ယန္တာ၊ သွားကြကုန်သည်ရှိသော်။ ကုသာဝတိံ၊ ကုသဝတီပြည်ကြီးသို့။ ပဝိသန္တာ၊ ဝင်လေကုန်၍။ မဏိရတနာနုဘာဝေန၊ ဝေရောစန ပတ္တမြားရတနာ၏ အာနုဘော်ကြောင့်။ သမာနာဝဏ္ဏရူပေန၊ တူမျှသော အဆင်းအသွင်ရှိသဖြင့်။ အညမညံ၊ အချင်းချင်း။ အတိရောစိံသု၊ အလွန်နှစ်သက်ကြကုန်၏။

֍ ဋ္ဌ ၉၁။ ဘိက္ခဝေ၊ ရဟန်းတို့။ မာတာ၊ မယ်တော် သီလဝတီ မိဖုရားကြီးသည်။ ပုတ္တေန၊ သားတော်မင်းမြတ်နှင့်။ သံဂစ္ဆိ၊ ပေါင်းမိ၏။ တဒါ၊ ထိုအခါ၌။ ဇယမ္ပတီ၊ လင်မယားဖြစ်ကုန်သော။ တေ ဥဘယော စ၊ ထိုမင်းမိဖုရားနှစ်ပါးတို့သည်လည်း။ သမဂ္ဂါ၊ ညီညွတ် သင့်တင့်ကြကုန်သည်။ အာသုံ၊ ဖြစ်ကုန်၏။ ဓရဏိံ၊ မြေအပြင်ထက်၌။ ဖီတံ၊ အဝတ်တန်ဆာ အစရှိသည်တို့ဖြင့် ပွင့်လင်းစွာလျက်။ အာဝသုံ၊ နေကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤကုသဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ မြတ်သော သာကီဝင်မင်းမျိုး ဖြစ်ကုန်သော မယ်တော် ခမည်းတော်သည် ထိုအခါ မယ်တော် ခမည်းတော်တို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားနတ်မင်း ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ညီတော် ဇယမ္ပတိမင်းသား ဖြစ်ဖူးပြီ၊ ယခုအခါ ခုဇ္ဇုတ္တရာသည် ထိုအခါ အထိန်းတော် ခုဇ္ဇာဖြစ်ဖူးပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ ပဘာဝတီ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ ပရိသတ်တို့ဖြင့် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကုသမင်း ဖြစ်ဖူးပြီဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ခက်ခက်ခဲခဲ၊ ဉာဏ်ဖြင့်ခွဲ၊ ဇွဲဖြင့် အောင်စေရာ

ရှေးဦးစွာသော ကုသဇာတ်သည် ပြီး၏။

*****

သတ္တတိနိပါတ်

၂။ သောဏနန္ဒဇာတ်

အသက်စည်းစိမ် မငဲ့မူ၍ မိဘလုပ်ကျွေးသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒေဝတာ နုသိ ဂန္ဓဗ္ဗော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သောဏနန္ဒဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အမိအဘကိုလုပ်ကျွေးသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပွန်ဝတ္ထုသည် သုဝဏ္ဏသာမဇာတ်၌ ပစ္စုပ္ပန်ဝတ္ထုနှင့် တူသလျှင်ကတည်း။

အထူးကား- ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့... ဤရဟန်းကို မကဲ့ရဲ့ကြကုန်လင့်၊ ရှေးပညာရှိတို့သည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းအပြင်၌ မင်းအဖြစ်ကို ရကုန်သော်လည်း ထိုမင်းအဖြစ်ကို မရေတွက်မူ၍ မိဘတို့ကိုသာလျှင် လုပ်ကျွေးဖူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်သည် ဗြဟ္မဝဍ္ဎနမြို့ အမည်ရှိသည် ဖြစ်၏။ ထိုဗြဟ္မဝဍ္ဎနမြို့၌ မနောဇ အမည်ရှိသောမင်းသည် မင်းပြု၏။ ထိုဗြဟ္မဝဍ္ဎနမြို့၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော ဗြာဟ္မဏမဟာသာလ အမျိုးဖြစ်သော ပုဏ္ဏားတစ်ယောက်သည် သားသမီး မရှိသည်ဖြစ်၏။ ထိုအခါ ပုဏ္ဏားသည် ပုဏ္ဏေးမကို အချင်းပုဏ္ဏေးမ... ငါတိုက်တွန်း၏။ ရှင်မသည် သားဆုကို တောင်းလော့ဟု ဆိုလတ်သော် ပုဏ္ဏေးမသည် သားဆုကိုတောင်း၏။ ထိုအခါ ဘုရားလောင်းသည် ဗြဟ္မာ့ပြည်မှ စုတေခဲ့၍ ထိုပုဏ္ဏေးမဝမ်း၌ ပဋိသန္ဓေယူတော်မူ၏။ ဖွားမြင်ပြီးသော ထိုသူငယ်အား သောဏသတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုသောဏသတို့သားသည် ခြေဖြင့်သွားနိုင်သော ကာလ၌ တစ်ယောက်သော သတ္တဝါသည်လည်း ဗြဟ္မာ့ပြည်မှစုတေခဲ့၍ ထိုပုဏ္ဏေးမ ဝမ်း၌သာလျှင် ပဋိသန္ဓေယူပြန်၏။ ဖွားမြင်ပြီးသော ထိုသူငယ်အား နန္ဒသတို့သားဟူသော အမည်ကို မှည့်ကုန်၏။

ရသေ့ ပြုကြပြီ

သင်အပ်ပြီးသော ဗေဒင်ရှိကုန်သော ခပ်သိမ်းသော အတတ်တို့၌ အပြီးသို့ရောက်ပြီးသော အရွယ်သို့ရောက်ကုန်သော ထိုသားနှစ်ယောက်တို့၏ အဆင်း၏ပြည့်စုံခြင်းကိုမြင်၍ ပုဏ္ဏားကြီးသည် ပုဏ္ဏေးမကိုခေါ်၍ အိုပုဏ္ဏေးမ... သားဖြစ်သော သောဏသတို့သားကို အိမ်ထောင်ခြင်းဟူသော အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ကုန်အံ့ဟု ဆို၏။ ပုဏ္ဏေးမသည် ကောင်းပြီဟု ဝန်ခံ၍ သားအား ထိုအကြောင်းကို ကြား၏။ ထိုသောဏသတို့သားသည် မိခင်... အကျွန်ုပ်ကား အိမ်ရာထောင်ခြင်းဖြင့် အလိုမရှိပါ၊ အကျွန်ုပ်သည် အသက်ရှည်သမျှကာလပတ်လုံး မိခင်ဖခင်တို့ကို လုပ်ကျွေး၍ မိခင်ဖခင်တို့ ကွယ်လွန်လျှင် ဟိမဝန္တာသို့ဝင်၍ ရဟန်းပြုပါအံ့ဟု ဆို၏။ ထိုပုဏ္ဏေးမသည် အဖပုဏ္ဏားကြီးအား ထိုအကြောင်းကိုကြား၏။

ထိုမိဘတို့သည် အဖန်တလဲလဲ ပြောဆိုပါသော်လည်း ထိုသောဏသတို့သား စိတ်ကိုမရလျှင် ညီ နန္ဒသတို့သားကိုခေါ်၍ အမောင်နန္ဒ... အမောင်သည် ဤဥစ္စာနှစ်ကို စီရင်လော့ဟု ဆိုသည်ရှိသော် မိခင်ဖခင်တို့... အကျွန်ုပ်သည် နောင်တော် ထွေးအပ်သော တံတွေးကို ဦးခေါင်းဖြင့် မရွက်လိုပါပြီ၊ အကျွန်ုပ်သည် မိခင်ဖခင်တို့လွန်သဖြင့် နောင်တော်နှင့်တကွသာလျှင် ရဟန်းပြုပါအံ့ဟု ဆိုလတ်သော် ဤသူငယ်တို့သည် ဤသို့ ငယ်စဉ်ကာလကပင် ကာမဂုဏ်တို့ကို စွန့်ကုန်သေး၏။ ငါတို့သည်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော ငါတို့လေးယောက်တို့သည် ရဟန်းပြုကြအံ့ဟု ကြံ၍ အမောင်တို့... ငါတို့သေလွန်သဖြင့် ရဟန်းပြုခြင်းငှာ အမောင်တို့အား အဘယ်မူအံ့နည်း၊ ယခုပင်လျှင် အလုံးစုံသောငါတို့သည် ရဟန်းပြုကြအံ့ဟု ဆို၍ မင်းအား ပန်ပြီးလျှင် အလုံးစုံသောဥစ္စာကို အလှူဝ၌စွန့်၍ ကျွန်အပေါင်းကိုတော်လှန်သည်ကိုပြုပြီးလျှင် ဆွေမျိုးအပေါင်းတို့အား ပေးအပ်သည်နှင့်ယှဉ်သည်ကို ပေး၍ လေးယောက်ကုန်သော မိသားတစ်စုသည် ဗြဟ္မဝဍ္ဎနမြို့မှ ထွက်ခဲ့ပြီးလျှင် ဟိမဝန္တအရပ်၌ ငါးပါးသော ကြာမျိုးတို့ဖြင့် ဖုံးလွှမ်းအပ်သောအိုင်ကို အမှီပြု၍ မွေ့လျော်ဖွယ်သော တောအုပ်၌ ကျောင်းဆောက်ပြီးလျှင် ရသေ့ရဟန်းပြုသဖြင့် ထိုကျောင်း၌ နေကြကုန်၏။ ညီနောင် နှစ်ယောက်တို့သည်လည်း မိဘတို့ကို လုပ်ကျွေးကုန်၏။

ထိုမိဘတို့အား နံနက်စောစောကသာလျှင် တံပူ မျက်သစ်ရေကိုပေး၍ ကျောင်းကိုလည်းကောင်း၊ ပရိဝုဏ်ကိုလည်းကောင်း တံမြက်လှည်း၍ သောက်ရေကို ဖြစ်စေပြီးလျှင် တောမှ ချိုမြိန်ကောင်းမြတ်ကုန်သော သစ်သီးကြီးငယ်တို့ကို ဆောင်ယူ၍ မိဘတို့ကိုစားစေကုန်၏။ ရေနွေးဖြင့်လည်းကောင်း ရေအေးဖြင့်လည်းကောင်း ရေချိုးစေကုန်၏။ ဆံကျစ်တို့ကို သုတ်သင်ကုန်၏။ ထိုမိဘတို့အား ခြေလက်ဆုပ်နယ်ခြင်း စသည်တို့ကို ပြုကုန်၏။

ညီရသေ့ လု၍ ပြုစုခြင်း

ဤသို့ရှည်မြင့်သော ကာလရောက်လတ်သော် နန္ဒပညာရှိသည် ငါဆောင်ယူအပ်သော သစ်သီးကြီးငယ်တို့ကိုသာလျှင် မိဘတို့ကို စားစေအံ့ဟု ရှေးဦးစွာ လာလတ်၍ ယမန်နေ့ကလည်းကောင်း, တမြန်နေ့ကလည်းကောင်း ဆွတ်ယူရာအရပ်မှ အကောင်းအဆိုးမရွေး ရတတ်သမျှသော သစ်သီးတို့ကို နံနက်စောစောကလျှင် ဆောင်ယူခဲ့၍ မိဘတို့ကို စားစေ၏။ ထိုမိဘတို့သည်လည်း ထိုသစ်သီးတို့ကို စားပြီးလျှင် ခံတွင်းကိုဆေး၍ ဥပုသ် ဆောက်တည်ကြကုန်၏။ နောင်တော် သောဏပညာရှိသည်ကား ဝေးသောအရပ်သို့သွား၍ ချိုနိုးရာရာကုန်သော မှည့်နိုးရာရာကုန်သော သစ်သီးတို့ကို ဆောင်ယူခဲ့၍ ကပ်၏။ ထိုအခါ သောဏပညာရှိကို မိဘတို့သည် ချစ်သားသောဏ... ချစ်သား၏ညီတော် နန္ဒပညာရှိသည် ဆောင်ယူခဲ့ကုန်သော သစ်သီးတို့ကို ငါတို့သည် နံနက်စောစောကလျှင် စား၍ ဥပုသ်ဆောက်တည်အပ်သည် ဖြစ်ကုန်ပြီ၊ ယခုအခါ ငါတို့အား အလိုမရှိဟု ဆိုကုန်၏။ ထို့ကြောင့် ထိုသောဏပညာရှိ၏ သစ်သီးတို့သည် သုံးဆောင်ခြင်းကို မခံရကုန်သည်ဖြစ်၍ ပျက်စီးကုန်၏။ နက်ဖြန်နေ့ စသည်တို့၌လည်း ထို့အတူသာလျှင် ပျက်စီးကုန်၏။ ဤသို့ ပျက်စီးကုန်သော်လည်း တိုသောဏပညာရှိသည် ငါးပါးသော အဘိညာဉ်ရှင် ဖြစ်သောကြောင့် ဝေးသောအရပ်သို့ သွား၍သာလျှင် ဆောင်ယူ၏။ ထိုမိဘတို့သည် တစ်ဖန် မစားကုန်ပြီ။

ထိုအခါ ဘုရားလောင်းသည် ကြံတော်မူ၏။ ငါ့မယ်တော် ခမည်းတော်တို့သည် နူးညံ့ကုန်၏။ ညီနန္ဒသည်ကား အကောင်းအဆိုးမရွေး ရတတ်သမျှလည်းဖြစ်ကုန်သော မမှည့်ကုန်သော အကြင်သစ်သီးတို့ကို ဆောင်ယူ၍ စားစေ၏။ ဤသို့ စားစေသည်ရှိသော် ဤမိဘတို့သည် ရှည်မြင့်စွာ မတည်ကုန်လတ္တံ့၊ ညီနန္ဒကို တားမြစ်အံ့ဟု ကြံတော်မူ၏။ ထိုနောက်မှ ညီတော်နန္ဒကို ခေါ်တော်မူ၍ အမောင်နန္ဒ ဤနေ့မှစ၍ သစ်သီးကြီးငယ်တို့ကို ဆောင်ယူ၍ ငါရောက်သည့်တိုင်အောင် ငံ့လင့်လော့၊ နှစ်ယောက်ကုန်သော ငါတို့သည် တပါင်းတည်းသာလျှင် မိဘတို့ကို စားစေကုန်အံ့ ဟုဆို၏။ ထိုညီနန္ဒသည် ဤသို့ နောင်တော်ဆိုပါသော်လည်း မိမိကောင်းမှုကို တောင့်တသည်ဖြစ်၍ ထိုနောင်တော်စကားကို မလိုက်နာ။

ညီရသေ့ အနှင်ခံရ

ဘုရားလောင်းသည် ငါ့ညီ နန္ဒသည် နားမထောင်၊ မသင့်သည်ကို ပြုဘိ၏။ ထိုနန္ဒကို ပြေးစေအံ့၊ ထို့နောင်မှ ငါချည်းသာလျှင် မယ်တော်ခမည်းတော်တို့ကို လုပ်ကျွေးအံ့ဟု ကြံတော်မူ၍ အမောင်နန္ဒ... သင်သည် အဆုံးအမကိုမခံ၊ ပညာရှိတို့စကားကို နားမထောင်၊ ငါသည် အစ်ကိုကြီးတည်း၊ မိဘတို့သည် ငါ၏သာလျှင် ဝန်တည်း၊ ငါသည်သာလျှင် ထိုမိဘတို့ကို လုပ်ကျွေးအံ့၊ သင်သည် ဤအရပ်၌နေခြင်းငှာ မရလတ္တံ့၊ တစ်ပါးသောအရပ်သို့ သွားလေလော့ ဟုဆို၍ ထိုနန္ဒအား လက်ဖျစ်တီး၏။

အစ်ကိုရသေ့အား ကန်တော့မည်

ထိုနန္ဒသည် နောင်တော်သည် ပြေးစေရဘိရကား ထိုနောင်တော် သောဏအထံ၌ တည်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ နောင်တော်ကို ရှိခိုးပြီးလျှင် မိဘတို့ကိုကပ်သဖြင့် ထိုအကြောင်းကိုကြား၍ မိမိကျောင်းတွင်းသို့ ဝင်ပြီးလျှင် ကသိုဏ်းတို့ကိုကြည့်၍ ထိုနေ့ပင်လျှင် ငါးပါးသော အဘိညာဉ်တို့ကို လည်းကောင်း ရှစ်ပါးသော သမာပတ်တို့ကို လည်းကောင်း ဖြစ်စေ၍ ကြံ၏။ ငါသည် မြင်းမိုရ်တောင်ခြေရင်းမှ ရတနာသဲကို ထုတ်ဆောင်၍ ငါ့နောင်တော် ကျောင်း၌လည်းကောင်း ပရိဝုဏ်၌ လည်းကောင်း ကြဲ၍ နောင်တော်ကို ကန်တော့ခြင်းငှာ စွမ်းနိုင်၏။ ဤသို့ စွမ်းနိုင်သော်လည်း မတင့်တယ်လတ္တံ့၊ အနောတတ်အိုင်မှရေကို ဆောင်ယူ၍ ကန်တော့အံ့၊ ဤသို့ ကန်တော့သော်လည်း မတင့်တယ်လတ္တံ့။ နောင်တော်ကို နတ်တို့၏အစွမ်းဖြင့် အကယ်၍ ကန်တော့လိုငြား၍ မဟာရာဇ်နတ်မင်းကြီး လေးယောက်တို့ကို လည်းကောင်း၊ သိကြားမင်းကိုလည်းကောင်း ဆောင်ယူသဖြင့် ကန်တော့နိုင်ရာ၏။ ဤသို့ ကန်တော့သော်လည်း မတင့်တယ်လတ္တံ့။ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မနောဇအမည်ရှိသော မြတ်သောမင်းကိုအစပြု၍ မင်းတို့ကို ဆောင်ယူသဖြင့် ကန်တော့အံ့၊ ထိုသို့ ကန်တော့သည်ရှိသော် ငါနောင်တော် ဂုဏ်ကျေးဇူးသည် ဇမ္ဗူဒိပ်ကျွန်းအလုံး၌ လွှမ်းမိုး၍ သွားလတ္တံ့၊ နေလကဲ့သို့ ထင်ရှားလတ္တံ့ဟု ကြံ၏။

မင်းတို့အား စည်းရုံးခြင်း

ကြံပြီး၍ ထိုညီတော်နန္ဒသည် ထိုခဏ၌ပင်လျှင် တန်ခိုးဖြင့်သွား၍ ဗြဟ္မဝဍ္ဎနမြို့၌ မနောဇမင်း၏ နန်းတော်တံခါး၌ သက်၍ရပ်လျက် ရသေ့တစ်ယောက်သည် အရှင်မင်းကြီးတို့ကို မြင်လိုသတတ်ဟု မနောဇမင်းအား လျှောက်စေ၏။ မနာဇာမင်းသည် ရသေ့ရဟန်းအား ငါသည် မြင်ခြင်းဖြင့် အဘယ်မူအံ့နည်း၊ အာဟာရအလို့ငှာ လာသည်ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ ထမင်းကို ပို့စေ၏။ ထိုနန္ဒပညာရှိသည် ထမင်းကို အလိုမရှိ၊ ဆန်ကို ပို့ပြန်စေ၏။ ဆန်ကိုလည်း အလိုမရှိ၊ အဝတ်ကို ပို့ပြန်စေ၏။ အဝတ်တို့ကိုလည်း အလိုမရှိ၊ ကွမ်းကို ပို့ပြန်စေ၏။ ကွမ်းကိုလည်း အလိုမရှိ။ ထိုအခါ နန္ဒရသေ့အထံသို့ အဘယ်အကျိုးငှာ ကြွလာတော်မူသနည်းဟု တမန်စေလိုက်၏။ ထိုနန္ဒရသေ့သည် တမန်သည် မေးအပ်သည်ရှိ မင်းကို လုပ်ကျွေးအံ့သောငှာ လာ၏ဟု ဆို၏။

မနာဇမင်းကိုရပြီ

မနောဇမင်းသည် ထိုစကားကိုကြားလျှင် ငါအား အလုပ်အကျွေးသည် များကုန်၏။ မိမိ၏ ရသေ့ရဟန်းတရားကိုသာ ပြုလေလော့ဟု စေလိုက်၏။ ထိုနန္ဒရသေ့သည် ထိုမင်းစကားကိုကြား၍ ငါသည် ရှင်မင်းကြီးတို့အား ငါ့အစွမ်းဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းအဖြစ်ကိုယူ၍ ပေးအံ့ဟု ဆို၏။ ထိုစကားကိုကြားလျှင် မနောဇမင်းသည် ရသေ့ရဟန်းတို့မည်သည်ကား ပညာရှိကုန်၏။ တစ်စုံတစ်ခုသော အကြောင်းကို သိကုန်လတ္တံ့ဟုကြံ၏။ ကြံပြီးလျှင် ထိုနန္ဒရသေ့ကို ခေါ်စေတော်မူပြီးလျှင် နေရာကိုပေးစေ၍ ရှိခိုးလျက် အရှင်ဘုရား အရှင်တို့သည် အကျွန်ုပ်အား ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းအဖြစ်ကိုယူ၍ ပေးတော်မူလတ္တံ့သတတ် ဟု မေး၏။ မြတ်သောမင်းကြီး... ဟုတ်၏ဟု ဆို၏။ အသို့ ယူနိုင်ပါကုန်အံ့နည်းဟု မေးလျောက်၏။ မြတ်သောမင်းကြီး အယုတ်သဖြင့် ယင်ငယ် သောက်လောက်ရုံမျှသော သွေးကို တစ်စုံ တစ်ယောက်သောသူအား မဖြစ်စေမူ၍ ရှင်မင်းကြီးအား ဥစ္စာပျက်စီးခြင်းကို မပြုမူ၍ ငါ၏တန်ခိုးဖြင့်သာလျှင်ယူ၍ ပေးအံ့။ သက်သက်ကား အနည်းငယ် ဆိုဖွယ်ရာရှိသေး၏။ ကြာမြင့်ခြင်းကို မပြုမူ၍ ယနေ့ပင်လျှင် ထွက်ခြင်းငှာ သင့်၏ ဟု ဆို၏။

ကောသလမင်းကိုရပြီ

ထိုမနာဇမင်းသည် ထိုနန္ဒပညာရှိစကားကို ယုံကြည်သည်ဖြစ်၍ စစ်သည်အပေါင်း ခြံရံလျက် ထွက်၏။ စစ်သည်အပေါင်းအား အပူသည် အကယ်၍ဖြစ်အံ့၊ နန္ဒ ပညာရှိရသေ့သည် မိမိတန်ခိုးဖြင့် အရိပ်အာဝါသကို ပြုသဖြင့် ချမ်းအေးခြင်းကို ပြု၏။ မိုးရွာသည်ရှိသော် စစ်သည်အပေါင်းတို့အပေါ်၌ ရွာစိမ့်သောငှာ မပေး၊ လေအေးကို လည်းကောင်း လေပူကိုလည်းကောင်း တားမြစ်၏။ လမ်းခရီး၌။ ကြမ်းတမ်းကုန်သော ဆူးငြောင့်အစရှိကုန်သော ခပ်သိမ်းသော ဘေးရန်တို့ကို ကွယ်စေ၏။ လမ်းခရီးကို ကသိုဏ်းဝန်းကဲ့သို့ ညီညွတ်စွာပြု၍ မိမိသည် ကောင်းကင်၌ စမ္မခဏ်ကိုဖြန့်၍ ထက်ဝယ်ပလ္လင်ဖြင့်နေလျက် စစ်သည်အပေါင်းခြံရံသဖြင့် သွား၏။ ဤသို့လျှင် စစ်သည်အပေါင်းကိုယူ၍ ရှေးဦးစွာ ကောသလတိုင်းသို့ သွားပြီးလျှင် မြို့မှမနီးမဝေးသောအရပ်၌ သစ်တပ်တည်၍ ငါတို့အား စစ်ကိုတည်းထိုးအံ့လော၊ ထီးဖြူကိုတည်း ပေးအံ့လော ဟု ကောသလမင်းအား တမန်စေလိုက်၏။ ထိုကောသလမင်းသည် အမျက်ထွက်သဖြင့် ငါသည် မင်းမဟုတ်ပါလောဟု နှလုံးသွင်း၍ စစ်ထိုးခြင်းကိုသာ ပေးအံ့ ဟု စစ်သည်အပေါင်းကို စုရုံး၍ မြို့မှထွက်၍ စစ်သည် နှစ်ဦးတို့သည် စစ်ထိုးအံ့သောငှာ အားထုတ်ကုန်၏။ နန္ဒ ပညာရှိရသေ့သည် စစ်သည်နှစ်ဦးတို့၏ အကြား၌ မိမိ နေရာဖြစ်သော သစ်နက်ရေကို ကြီးစွာဖန်ဆင်းပြီးလျှင် ဖြန့်၍ နှစ်ဦးသော စစ်သည်တို့သည်ပစ်အပ်သော မြားတို့ကို သားရေဖြင့်သာလျှင် ခံ၏။ တစ်ယောက်သော စစ်သည်အားလည်း တစ်စုံတစ်ခုသော မြားဖြင့် စူးသောမည်သည် မရှိ။ လက်၌ရှိကုန်သော မြားတို့ကုန်သဖြင့် နှစ်ဦးသော စစ်သည်တို့သည်လည်း အားထုတ်ခြင်းကင်းကုန်သည်ဖြစ်၍ ရပ်ကုန်၏။ နန္ဒပညာရှိသည် မနာဇမင်းထံသွား၍ မြတ်သောမင်းကြီး ကြောက်တော်မမူလင့် ဟု နှစ်သိမ့်စေပြီးလျှင် ကောသလမင်းအထံသို့သွား၍ မြတ်သောမင်းကြီး... ကြောက်တော်မမူလင့်၊ သင်မင်းကြီးအား ဆန့်ကျင်ဘက် ရန်သူမရှိ၊ ရှင်မင်းကြီး တိုင်းပြည်သည် ရှင်မင်းကြီးအားသာလျှင် ဖြစ်လတ္တံ့၊ စင်စစ်သော်ကား မနောဇမင်းအလိုသို့ လိုက်ခြင်းကို ဖြစ်စေတော်မူလော့ ဟု ဆို၏။

ထိုကောသလမင်းသည် နန္ဒပညာရှိစကားကို ယုံကြည်၍ ကောင်းပြီ ဟု ဆို၏။ ထိုသို့ ဝန်ခံသောအခါ ကောသလမင်းကို မနာဇာမင်းအထံသို့ ဆောင်ယူ၍ မြတ်သောမင်းကြီး... ကောသလမင်းသည် ရှင်မင်းကြီးအလိုသို့ လိုက်လတ္တံ့၊ ထို့ကြောင့် ဤကောသလံမင်း၏ တိုင်းပြည်သည် ဤကောသလမင်းအားသာလျှင် ဖြစ်ပါစေလော့ ဟု ဆို၏။

မင်းအားလုံးကိုရပြီ

ထိုမနောဇမင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ ထိုကောသလမင်းကို မိမိအလိုသို့ လိုက်စေပြီးလျှင် နှစ်ဦးသော စစ်သည်တို့ကိုသိမ်းယူ၍ အင်္ဂတိုင်းသို့သွား၍ အင်္ဂတိုင်းကို သိမ်းယူပြီးလျှင် ထို့နောင်မှ မဂဓတိုင်းသို့သွား၍ မဂဓတိုင်းကို သိမ်းယူ၍။ ဤသို့သောနည်းဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းတို့ကို မိမိအလိုသို့လိုက်စေပြီးလျှင် ထိုမင်းအပေါင်းကို ခြံရံလျက် ဗြဟ္မဝဍ္ဎနမြို့သို့သာလျှင် သွားလေ၏။ ဤနန္ဒပညာရှိ ရသေ့သည်ကား ပြည်ထောင်အပေါင်းကို သိမ်းယူသည်ရှိသော် ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက်တို့ဖြင့်လျှင် သိမ်းယူ၏။

မင်းကြီး ကျေးဇူးတင်ခြင်း

ထိုမနေဇမင်းသည် တစ်ဦးတစ်ဦးသော မင်းနေပြည်မှ အထူးထူးသော ခဲဖွယ်ဘောဇဉ်ကို ဆောင်ယူစေပြီးလျှင် တစ်ရာ့ တစ်ယောက်သော မင်းတို့ကိုခေါ်၍ ထိုမင်းတို့နှင့်တကွ ခုနစ်ရက်ပတ်လုံး မြတ်သောအဖျော်ကို သောက်၏။ နန္ဒပညာရှိရသေ့သည် အကြင်မျှလောက် မနောဇမင်းသည် ခုနစ်ရက်ပတ်လုံး အစိုးရခြင်း မင်း၏စည်းစိမ်ချမ်းသာကို ခံစားသေး၏။ ထိုမျှလောက် ထိုမနာဇမင်းအား မိမိကိုယ်ကိုမပြ ဟု မြောက်ကျွန်းသို့ ဆွမ်းခံသွားပြီးလျှင် ဟိမဝန္တဝယ် ရွှေဂူတံခါး၌ ခုနစ်ရက်ပတ်လုံး နေ၏။

မနာဇာမင်းသည်လည်း ခုနစ်ရက်မြောက်သောနေ့၌ မိမိ၏ ကြီးစွာသော စည်းစိမ်ချမ်းသာ အသရေ၏တင့်တယ်ခြင်းကို ကြည့်၍ ဤစည်းစိမ်ကို ငါ၏မယ်တော် ခမည်းတော်တို့သည်လည်း မပေးအပ်၊ တစ်ပါးသူသည်လည်း မပေးအပ်၊ နန္ဒရသေ့ကိုမှီ၍ ဖြစ်၏။ စင်စစ်သော်ကား ထိုနန္ဒ ပညာရှိကို မမြင်ရသော ငါအား ယနေ့ ခုနစ်ရက်ရှိပြီ၊ ငါ့အား စည်းစိမ်ချမ်းသာကို ပေးပေသော ရှင်ရသေ့သည် အဘယ်မှာနည်း ဟု နန္ဒပညာရှိကို အောက်မေ့၏။ ထိုနန္ဒပညာရှိ ရသေ့သည် မနာဇမင်း အောက်မေ့သောအဖြစ်ကိုသိလျှင် လာလတ်၍ ရှေ့မှကောင်းကင်၌ ရပ်၏။ ထိုမနောဇမင်းသည် ကြံ၏။ ငါသည် ဤရသေ့၏ နတ်အဖြစ်ကို လည်းကောင်း လူအဖြစ်ကို လည်းကောင်း မသိ၊ ဤရသေ့သည် အကယ်၍ လူဖြစ်အံ့၊ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းအဖြစ်ကို ထိုရသေ့အားသာလျှင် ပေးအံ့၊ ထိုသို့ လူမဟုတ် နတ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ပူဇော်သက္ကာရကိုပေးအံ့ဟု ကြံ၍ ထိုမနာဇာမင်းသည် ထိုနန္ဒရသေ့ကို စုံစမ်းလိုရကား-

၉၂။ ဒေဝတာ နုသိ ဂန္ဓဗ္ဗော၊ အဒု သက္ကော ပုရိန္ဒဒေါ။
မနုဿဘူတော ဣဒ္ဓိမာ၊ ကထံ ဇာနေမု တံ မယံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၂။ ဘော တာပသ၊ အိုရှင်ရသေ့။ တွံ၊ ရှင်ရသေ့သည်။

ဒေဝတာ၊ စတုမဟာရာဇ်နတ်သည်။ အသိ နု၊ ဖြစ်သလော။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗနတ်သည်။ အသိ နု၊ ဖြစ်သလော။ အဒု၊ ထိုသို့မဟုတ်မူ။ ပုရိန္ဒဒေါ၊ အလှူလက်ဦး ပေးဘူးစွာသော။ သက္ကော၊ သိကြားမင်းသည်လည်း။ အသိ နု၊ ဖြစ်သလော။ ဣဒ္ဓိမာ၊ တန်ခိုးကြီးသော။ မနုဿဘူတော၊ လူဖြစ်သောသူတည်း။ အသိ နု၊ ဖြစ်သလော။ ကထံ၊ အသို့လျှင်။ တံ၊ ရှင်ရသေ့ကို။ မယံ၊ ငါတို့သည်။ ဇာနေမု၊ သိရကုန်အံ့နည်း။

ထိုနန္ဒပညာရှိရသေ့သည် မနာဇမင်း၏ စကားကိုကြား၍ ဟုတ်မှန်တိုင်းသာလျှင် ပြောဆိုရကား-

၉၃။ နာပိ ဒေဝေါ န ဂန္ဓဗ္ဗော၊ နာပိ သက္ကော ပုရိန္ဒဒေါ။
မနုဿဘူတော ဣဒ္ဓိမာ၊ ဧဝံ ဇာနာဟိ ဘာရဓ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၉၃။ ဘာရဓ၊ ပြည်ကြီးဝန်ကို ရွက်ဆောင်တတ်သော မင်းမြတ်။ အဟံ၊ ငါသည်။ ဒေဝေါ၊ စတုမဟာရာဇ်နတ်သည်။ နာပိ-အမှိ၊ မဖြစ်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗနတ်သည်။ နာပိ အမှိ၊ မဖြစ်။ ပုရိန္ဒဒေါ၊ အလှူလက်ဦး ပေးဘူးစွာသော။ သက္ကော၊ သိကြားနတ်မင်းသည်။ နာပိ-အမှိ၊ မဖြစ်။ ဣဒ္ဓိမာ၊ တန်ခိုးကြီးသော။ မနုဿဘူဘော၊ လူစင်စစ်ဖြစ်သောသူတည်း။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

ထိုစကားကိုကြား၍ မနာဇမင်းသည် ဤရသေ့သည် လူစင်စစ်ဖြစ်လျက် ငါ့အား ဤသို့ ကျေးဇူးများစွာ ပြုပေသတတ်၊ များမြတ်သော စည်းစိမ်ချမ်းသာဖြင့် ရောင့်ရဲစေအံ့ဟု ကြံ၍ ကျေးဇူးကို ထုတ်ဖော်ပြလျက် အလိုရှိကုန်သော ဝတ္ထုဖြင့် ဖိတ်လိုရကား-

၉၄။ ကတရူပမိဒံ ဘောတော၊ ဝေယျာဝစ္စံ အနပ္ပကံ။
ဒေဝမှိ ဝဿမာနမှိ၊ အနောဝဿံ ဘဝံ အကာ။
၉၅။ တတော ဝါတာတပေ ဃောရေ၊
သီတစ္ဆာယံ ဘဝံ အကာ။
တတော အမိတ္တမဇ္ဈေသု၊ သရတာဏံ ဘဝံ အကာ။
၉၆။ တတော ဖီတာနိ ရဋ္ဌာနိ၊ ဝသိနော တေ ဘဝံအကာ။
တတော ဧကသတံ‌ခတျေ၊ အနုယန္တေ ဘဝ အကာ။
၉၇။ ပတိတာဿု မယံ ဘောတော၊ ဝဒ တံ ဘဉ္ဇမိစ္ဆသိ။ .
ဟတ္ထိယာနံ အဿရထံ၊ နာရိယော စ အလင်္ကဝာ။
နိဝေသနာနိ ရမ္မာနိ၊ မယံ ဘောတော ဒဒါမသေ။
၉၈။ အထ ဝင်္ဂေဝါ မဂဓေ၊ မယံ ဘောတော ဒဒါမသေ။
အထဝါ အဿကာဝန္တီ၊ သုမနာ ဒမ္မ တေ မယံ။
၉၉။ ဥပဍ္ဎံ ဝါပိ ရဇ္ဇဿ၊ မယံ ဘောတော ဒဒါမသေ။
သစေ တေ အတ္ထော ရဇ္ဇေန၊ အနုသာသ ယဒိစ္ဆသိ။

ဟူသော ဤခြောက်ဂါထာတို့ဖြင့် ဆို၏။

֍ ဋ္ဌ ၉၄။ ဘော တာပသ၊ အို... ရှင်ရသေ့။ ဘောတော၊ အရှင်၏။ ကတရူပံ၊ ပြုအပ်သောသဘောဟု ဆိုအပ်သော။ ဣဒံ ဝေယျာဝစ္စံ၊ ဤ ကာယဝေယျာဝစ္စသည်။ အနပ္ပကံ၊ များစွာ၏။ ဒေဝမှိ၊ မိုးသည်။ ဝဿမာနမှိ၊ ရွာလတ်သော်။ အနောဝဿံ၊ မိုးမစွတ်အောင်။ ဘဝံ၊ အရှင်သည်။ အကာ၊ ပြုတော်မူပေ၏။

֍ ဋ္ဌ ၉၅။ ဘော တာပသ၊ အို.ရှင်ရသေ့။ ဘဝံ၊ အရှင်ကောင်းသည်။ တတော၊ ထို့နောင်မှ။ ဃောရေ၊ ကြမ်းကြုတ်စွာသော။ ဝါတာတပေ၊ လေနေပူ၌။ သီတစ္ဆာယံ၊ ချမ်းမြေ့သောအရိပ်ကို။ အကာ၊ ပြုတော်မူပေ၏။ တတော၊ ထို့နောင်မှ။ အမိတ္တမဇ္ဈေသု၊ ရန်သူတို့၏အလယ်၌။ သရတာဏံ၊ မြားအရံအတားကို။ ဘဝံ၊ အရှင်ကောင်းသည်။ အကာ၊ ပြုတော်မူ၏။

֍ ဋ္ဌ ၉၆။ တတော၊ ထို့နောင်မှ။ ဘဝံ၊ အရှင်ကောင်းသည်။ ဖီတာနိ၊ ပွင့်လင်းစည်ပင်ကုန်သော။ ရဋ္ဌာနိ၊ တိုင်းကြီးပြည်ကြီးတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ရဋ္ဌဝါသိနော၊ ထိုတိုင်းကြီး ပြည်ကြီးတို့၌နေကုန်သော မင်းတို့ကို။ အမှာကံ၊ အကျွန်ုပ်တို့၏။ ဝသိနော၊ အလိုသို့လိုက်သည်ကို။ အကာ၊ ပြုတော်မူပေ၏။ တတော၊ ထို့နောင်မှ။ ဘဝံ၊ အရှင်ကောင်းသည်။ ဧကသတံခတျေ၊ တစ်ရာ့တစ်ပါးသော မင်းတို့ကို။ အနုယန္တေ၊ အကျွန်ုပ်နှင့်တကွ သွားသည်ကို။ အကာ၊ ပြုတော်မူပေ၏။

֍ ဋ္ဌ ၉၇။ ဘော တာပသ၊ အို ရှင်ရသေ့။ ဘောတော၊ အရှင်မြတ်အား။ မယံ၊ အကျွန်ုပ်တို့သည်။ ပတီတဿု၊ နှစ်သက်ကုန်သည်ဖြစ်၍။ တေ၊ ရှင်ရသေ့အား။ ဝရံ၊ ဆုကို။ ဒဒါမိ၊ ပေးအံ့။ ယံ ဘဉ္ဇံ၊ အကြင်ရတနာကို။ ဣစ္ဆသိ၊ အလိုရှိ၏။ တံ ဘဉ္ဇံ၊ ထိုအလိုတော်ရှိသော ရတနာကို။ ဝဒ၊ မိန့်တော်မူပါလော့။ ဘောတော၊ အရှင်ဘုရားအား။ ဟတ္ထိယာနဉ္စ၊ ဆင်ယာဉ်ကို လည်းကောင်း။ အသရထဉ္စ၊ မြင်း က, သော ရထားယာဉ်ကိုလည်းကောင်း။ အလင်္ကတာ၊ တန်ဆာဆင်အပ်ကုန်သော။ နာရိယော စ၊ သတို့သမီးငယ်တို့ကိုလည်းကောင်း။ ရမ္မာနိ၊ နှလုံးမွေ့လျော်ဖွယ် ရှိကုန်ထသော။ နိဝေသနာနိ စ၊ အိမ်တို့ကိုလည်းကောင်း။ မယံ၊ အကျွန်ုပ်တို့သည်။ ဒဒါမသေ၊ ပေးပါကုန်အံ့။

֍ ဋ္ဌ ၉၈။ အထ၊ ထိုမှတစ်ပါး။ ဝင်္ဂေ ဝါ၊ ဝင်္ဂတိုင်းကိုလည်းကောင်း။ မဂဓေ ဝါ၊ မဂဓတိုင်းကိုလည်းကောင်း။ မယံ၊ အကျွန်ုပ်တို့သည်။ ဘောတော၊ အရှင်ဘုရားအား။ ဒဒါမသေ၊ ပေးပါကုန်အံ့။ အထဝါ၊ ထိုမှတစ်ပါးလည်း။ သုမနာ၊ နှစ်သက်ဖွယ်ရှိကုန်သော။ အဿကာဝန္တီ၊ အဿကတိုင်း အဝန္တိတိုင်းတို့ကို။ တေ၊ အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ဒမ္မ၊ ပေးပါကုန်အံ့။

֍ ဋ္ဌ ၉၉။ ဘော တာပသ၊ အို ရှင်ရသေ့။ ဘောတော၊ အရှင်ဘုရားအား။ ဥပဍ္ဎံ ဝါပိ ရဇ္ဇဿ၊ ထက်ဝက်သော ပြည်ကိုမူလည်း။ မယံ၊ အကျွန်ုပ်တို့သည်။ ဒဒါမသေ၊ ပေးပါကုန်အံ့။ တေ၊ အရှင်ဘုရားအား။ ရဇ္ဇေန၊ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းအဖြစ်ဖြင့်။ သစေ အတ္ထော၊ အကယ်၍ အလိုတော်ရှိအံ့။ ဒဒါမသေ၊ ပေးပါအုန်အံ့။ ယံ၊ အကြင်အလိုကို။ ဣစ္ဆသိ၊ အလိုရှိ၏။ တံ၊ ထိုအလိုကို။ အနုသာသ၊ စေခိုင်းတော်မူပါလော့။

အစ်ကိုရသေ့အား ကန်တော့ရန်

ထိုစကားကို ကြား၍ နန္ဒပညာရှိသည် မိမိအလိုကို မနောဇာမင်းအား ထင်ရှားပြလိုရကား-

၁၀၀။ န မေ အတ္ထောပိ ရဇ္ဇေန၊ နဂရေန ဓနေန ဝါ။
အထောပိ ဇနပဒေန၊ အတ္ထော မယှံ န ဝိဇ္ဇတိ။
သစေ တေ မယိ သိနေဟော အတ္ထိ။
ဧကံ မေ ဝစနံ ကရောဟီတိ ဝတွာ-
၁၀၁။ ဘောတောဝ ရဋ္ဌေ ဝိဇိတေ၊
အရညေ အတ္ထိ အဿမော၊
ပိတာ မယှံ ဇနေတ္တိ စ၊ ဥဘော သမ္မန္တိ အဿမေ။
၁၀၂။ တေသာဟံ ပုဗ္ဗာစရိယေသု၊
ပုညံ န လဘာမိ ကာတဝေ။
ဘဝန္တံ အဇ္ဈာစာရံ ကတွာ၊
သောဏံ ယာစေမု သံဝရံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ ငါ့အား။ ရဇ္ဇေနပိ၊ ဇမ္ဗူဒိပ်မင်း အဖြစ်ဖြင့်လည်းကောင်း။ နာဂရေန ဝါ၊ မြို့ဖြင့်လည်းကောင်း။ ဓနေန ဝါ၊ ဥစ္စာဖြင့်လည်းကောင်း။ န အတ္ထော၊ အလိုမရှိ။ အထောပိ၊ ထိုမှတစ်ပါးလည်း။ ဇနပဒေန၊ ဇနပုဒ်ဖြင့်။ မယှံ၊ ငါ့အား။ အတ္ထော၊ အလိုရှိသည်။ န ဝိဇ္ဇတိ၊ မရှိ။ မယိ၊ ငါ၌။ တေ၊ အရှင်မင်းကြီး၏။ သိနေဟော၊ ချစ်ခြင်းသည်။ သစေ အတ္ထိ၊ အကယ်၍ရှိပါအံ့။ မေ၊ ငါ၏။ ဧကံ ဝစနံ၊ တစ်ခွန်းသော စကားကို။ ကရောဟိ၊ လိုက်နာပါလော့။ ဣတိ-ဣဒံ ဝစနံ၊ ဤသို့သောစကားကို။ ဝတွာ၊ ဆို၏။

֍ ဋ္ဌ ၁၀၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘောတောဝ၊ အရှင်မင်းကြီး၏သာလျှင်။ ဝိဇိတေ၊ အာဏာတော်နှံ့ရာဖြစ်သော။ ရဋ္ဌေ၊ တိုင်းနိုင်ငံတော်၌။ အရညေ၊ တောအရပ်၌။ အဿမော၊ တစ်ခုသောကျောင်းသည်။ အတ္ထိ၊ ရှိ၏။ မယှံ၊ ငါ၏။ ပိတာ စ၊ အဖသည်လည်းကောင်း။ ဇနေတ္တိ စ၊ အမိသည်လည်းကောင်း။ ဣတိ၊ ဤသို့။ ဥဘော၊ နှစ်ယောက်ကုန်သော မိဘတို့သည်။ တသ္မိံ အဿမေ၊ ထိုကျောင်း၌။ သမ္မန္တိ၊ နေကုန်၏။

֍ ဋ္ဌ ၁၀၂။ အဟံ၊ ငါသည်။ တေသု ပုဗ္ဗာစရိယေသု၊ ထိုလက်ဦးဆရာဖြစ်ကုန်သော မိဘတို့၌။ ပုညံ၊ ကောင်းမှုကို။ ကတေဝ၊ ပြုခြင်းငှာ။ န လဘာမိ၊ မရပါ။ ဘဝန္တံ၊ အရှင်မင်းကြီးသို့။ ကတွာ၊ အခြံအရံပြုပြီး၍။ သောဏံ၊ နောင်တော် သောဏပညာရှိကို။ အဇ္ဈာစာရံ၊ လွန်ကျူးမိသော အပြစ်ကို။ အာယတိံ၊ နောင်အခါ၌။ သံဝရံ၊ စောင့်ရှောက်ခြင်းကို။ ယာစေမု၊ တောင်းပန်ပါကုန်အံ့။

ထိုသို့ အလိုကို ပြဆိုသောအခါ နန္ဒပညာရှိကို မနောဇမင်းသည် မေးလျှောက်ပြန်လိုရကား-

၁၀၃။ ကရောမိ တေ တံဝစနံ၊ ယံ မံ ဘဏသိ ဗြာဟ္မဏ။
ဧတဉ္စ ခေါ နော အက္ခာဟိ၊
ကီဝန္တော ဟောန္တု ယာစကာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၃။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ တွံ၊ အရှင်ဘုရားသည်။ ယံ ဝစနံ၊ အကြင်စကားကို။ မံ၊ အကျွန်ုပ်ကို။ ဘဏသိ၊ ဆိုတော်မူ၏။ တေ၊ အရှင်ဘုရား၏။ တံ ဝစနံ၊ ထိုစကားကို။ အဟံ၊ အကျွန်ုပ်သည်။ ကရောမိ၊ လိုက်နာပါအံ့။ နော၊ အကျွန်ုပ်တို့အား။ ဧတဉ္စ ခေါ၊ ထိုအကြောင်းကိုသာလျှင်။ အက္ခာဟိ၊ ပြောကြားတော်မူပါလော့။ ယာစကာ၊ တောင်းပန်တတ်သော သူတို့သည်။ ကီဝန္တော၊ အဘယ်မျှရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်အံ့နည်း။

ထို့နောင်မှ နန္ဒရသေ့သည် မိမိအလိုကို မင်းအား ကြားလိုရကား-

၁၀၄။ ပရောသတံ ဇာနပဒါ၊ မဟာသာလာစ ဗြာဟ္မဏာ။
ဣမေ စ ခတ္တိယာ သဗ္ဗေ၊
အဘိဇာတာ ယသဿိနော။
ဘဝဉ္စ ရာဇာ မနောဇော၊
အလံ ဟေဿန္တိ ယာစကာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၄။ မဟာရာဇ၊ မင်းမြတ်။ ပရောသတံ၊ အရာထက်မက လွန်ကုန်သော။ ဇာနပဒါ၊ ဇနပုဒ်၌နေကုန်သော။ မဟာသာလာ စ၊ ဂဟပတိ မဟာသာလတို့သည်လည်းကောင်း။ ဗြာဟ္မဏာ စ၊ ဗြာဟ္မဏ မဟာသာလအဖြစ်သို့ ရောက်ကုန်ပြီးသော ပုဏ္ဏားတို့သည်လည်းကောင်း။ အဘိဇာတာ၊ မြတ်သောအမျိုး၌ ဖြစ်ကုန်သော။ ယသဿိနာ၊ များသော အခြံအရံရှိကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဣမေ စ ခတ္တိယာ၊ ဤမင်းတို့သည်လည်းကောင်း။ မနာဇော ရာဇာ၊ မနာဇာမင်း အမည်ရှိသော။ ဘဝဉ္စ၊ မင်းကြီးသည်လည်းကောင်း။ ယာစကာ၊ ငါ၏အကျိုးငှာ နောင်တော် သောဏပညာရှိအား တောင်းပန်တတ်သော သူတို့သည်။ အလံ၊ စွမ်းနိုင်ကုန်သည်။ ဟေဿန္တိ၊ ဖြစ်ကုန်လတ္တံ့။

မင်းပေါင်းစုံ သွားကြပုံ

ထိုအခါ မနာဇမင်းသည် ရှင်ရသေ့ကျောင်းသို့ သွားအံ့သော အစီအရင်ကို စေတော်မူလိုရကား-

၁၀၅။ ဟတ္ထိအဿေ စ ယောဇန္တု၊ ရထံ သန္နယှ သာရထိ။

အာဗန္ဓနာနိ ဂဏှာထ၊ ပါဒါသုဿာရယဒ္ဓဇေ။

အဿမံ တံ ဂမိဿာမိ၊

ယတ္ထ သမ္မတိ ကောသိယော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၅။ ဘောန္တော အမစ္စာ၊ အို... အမတ်အပေါင်းတို့။ ဟတ္ထိအဿေ စ၊ ဆင်မြင်းတို့ကိုလည်းကောင်း။ ယောဇေန္တု၊ က-လေကုန်။ သာရထိ၊ ရထားထိန်း။ ရထံ၊ ရထားကို။ သန္နယှ၊ က-လေလော့။ အာဗန္ဓနာနိ၊ ဆင် မြင်း ရထားတို့၌ ဖွဲ့ချည်သော ကြိုး စသည်တို့ကို။ ဂဏှာထ၊ ယူခဲ့ကုန်။ ပါဒါသု၊ ရထားဦးတို့၌။ ဓဇေ၊ ခွန်တို့ကို။ ဥဿာရယ၊ စိုက်ဆောက်ကြလေကုန်။ ယတ္ထ၊ အကြင်ကျောင်း၌။ ကောသိယော၊ ကောသိယ အနွယ်ဖြစ်သော ရှင်ရသေ့သည်။ သမ္မတိ၊ နေ၏။ တံ အဿမံ၊ ထိုကျောင်းတော်သို့။ ဂမိဿာမ၊ သွားကြကုန်အံ့။

ဤသို့ မိန့်ဆိုတော်မူပြီးလျှင် တစ်ရာ့တစ်ယောက်သော မင်းတို့ကိုခေါ်၍ နှစ်ဆယ့်လေးခေါဘိဏီ အရေအတွက်ရှိသော စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် နန္ဒပညာရှိရသေ့ကို ရှေ့ထားသဖြင့် မြို့မှထွက်၍ သောဏရှင်ရသေ့နေရာကျောင်းသို့ သွားလေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၁၀၆။ တတော စ ရာဇာ ပါယာသိ၊ သေနာယ စတုရင်္ဂိနီ။
အဂမာ အဿမံရမ္မံ၊ ယတ္ထ သမ္မတိ ကောသိယော။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၀၆။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော၊ ထိုသို့စေပြီးသောနောက်မှ။ ရာဇာ၊ မာနောဇမင်းသည်။ စတုရင်္ဂိနိယ၊ လေးပါးသော အင်္ဂါရှိသော။ သေနာယ၊ စစ်သည်ဖြင့်။ ပရိဝုတော၊ ခြံရံလျက်။ ပါယာသိ၊ သွားလေ၏။ ယတ္ထ၊ အကြင်ကျောင်း၌။ ကောသိယော၊ ကောသိယအနွယ်ဖြစ်သော ရှင်ရသေ့သည်။ သမ္မတိ၊ နေ၏။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ်ရှိသော။ တံ အဿမံ၊ ထိုကျောင်းသို့။ အဂမာ၊ သွားလေ၏။

ထိုအခါ ထိုနန္ဒရှင်ရသေ့ကျောင်းသို့ ရောက်အံ့သောနေ့၌ နောင်တော် သောဏပညာရှိသည် ဤအရပ်မှထွက်သွားလေသော ညီနန္ဒအား ခုနစ်နှစ် ခုနစ်လ ခုနစ်ရက်တို့သည် ရှိကုန်ပြီဟု ဆင်ခြင်တော်မူ၍ ယခုအခါ အဘယ်မှာနည်းဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်တော်မူလတ်သော် နှစ်ဆယ်လေးခေါဘိဏီ အခြံအရံရှိသော စစ်သည်နှင့်တကွ တစ်ရာ့တစ်ပါးသော မင်းတို့ကိုခေါ်ယူခဲ့၍ ငါ့ကို ကန်တော့အံ့သာလျှင် လာ၏ဟုမြင်၍ ကြံတော်မူ၏။ ဤတစ်ရာ့တစ်ပါးသော မင်းတို့သည်လည်းကောင်း၊ ဤနှစ်ဆယ့်လေးခေါ်ဘိဏီ အရေအတွက်ရှိသော ပရိသတ်တို့သည်လည်းကောင်း ညီနန္ဒ၏ များစွာသော တန်ခိုးပြာဋိဟာတို့ကို မြင်ရကုန်ပြီ၊ ငါ၏ အာနုဘော်ကို မသိသောကြောင့် ဤရသေ့စဉ်းလဲသည် မိမိပမာဏကိုမသိ၊ တို့အရှင်နှင့်ထပ်တူ ယှဉ်ဘိ၏တကား ဟု ငါ့ကို ကဲ့ရဲ့စကားဖြင့် ပြောဆို၍ အဝီစိသို့ လားကုန်ရာ၏။ ထိုသူတို့အား တန်ခိုးပြာဋိဟာကို ငါပြအံ့ဟု ကြံတော်မူ၏။ ကြံပြီး၍ ထိုသောဏပညာရှိသည် လက်လေးသစ်မျှ အတိုင်းအရှည်ရှိသော ပခုံးကို မထိစေဘဲ ကောင်းကင်၌ ထမ်းပိုးကိုထား၍ အနဝတတ်အိုင်မှရေကို ခပ်အံ့သောငှာ မနောဇမင်း၏ မနီးမဝေးအရပ်၌ ကောင်းကင်ဖြင့် သွား၏။ နန္ဒပညာရှိသည် နောင်တော် သောဏပညာရှိ လာလတ်သည်ကိုမြင်၍ မိမိကိုယ်ကို ပြအံ့သောငှာ မဝံ့ရကား နေရာအရပ်၌ပင်လျှင် ကွယ်လေ၍ ပြေးသွားသဖြင့် ဟိမဝန္တာသို့ ဝင်လေ၏။

မနောဇမင်းအံ့ဩခြင်း

မနာဇမင်းသည်ကား ထိုသောဏပညာရှိကိုအံ့ဖွယ်သရဲသော ရသေ့အသွင်ဖြင့် လာလတ်သည်ကိုမြင်၍ အကြောင်းကို မေးလျှောက်လိုရကား-

၁၀၇။ ကဿ ကာဒမ္ဗယော ကာဇော၊
ဝေဟာသံ စတုရင်္ဂုလံ။
အံသံ အသမ္ဖုသံ ဧတိ၊ ဥဒဟာရာယ ဂစ္ဆတော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၇။ ဘော တာပသ၊ အို... အရှင်ရသေ့။ စတုရင်္ဂုလံ၊ လက်လေးသစ် အတိုင်းအရှည်ရှိသော။ အံသံ၊ ပခုံးစွန်းကို။ အသမ္ဖုသံ၊ မထိစေဘဲ။ ဝေဟာသံ၊ ကောင်းကင်သို့။ ဧတိ၊ သွား၏။ ဥဒဟာရာယ၊ ရေခပ်အံ့သောငှာ။ ဂစ္ဆတော၊ သွားသော အရှင်ဘုရား၏။ ကဒမ္ဗယော၊ ထိန်သားဖြင့်ပြီးသော။ ကာဇော၊ ထမ်းပိုးသည်။ ကဿ ကာဇော၊ အဘယ်သူ၏ ထမ်းပိုးပေနည်း။

ဤသို့ မေးလျှောက်သည်ရှိသော် ဘုရားလောင်း သောဏပညာရှိ ရသေ့သည် အကြောင်းကို ပြန်ပြောတော်မူလိုရကား-

၁၀၈။ အဟံ သောဏော မဟာရာဇ၊
တာပသော သဟိတဗ္ဗတော။
ဘရာမိ မာတာပိတရော၊ ရတ္တိံဒိဝ မတန္ဒိတော။
၁၁၉။ ဝနေ ဖလဉ္စ မူလဉ္စ၊ အာဟရိတွာ ဒိသမ္ပတိ။
ပေါသေမိ မာတာပိတရော၊ ပုဗ္ဗေကတ မနုဿရံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁၀၈။ မဟာရာဇ၊ မင်းမြတ်။ အဟံ၊ ငါသည်။ သဟိတဗ္ဗတော၊ သီလကျေးဇူးနှင့် ပြည့်စုံသော။ သောဏော၊ သောဏ အမည်ရှိသော။ တာပသော၊ ရသေတည်း။ အတန္ဒိတော၊ မပျင်းမရိသည်ဖြစ်၍။ ရတ္တိံဒိဝံ၊ နေ့ညဉ့်ပတ်လုံး။ မာတာပိတရော၊ အမိအဖတို့ကို။ ဘရာမိ၊ မွေးမြူ၏။

֍ ဋ္ဌ ၁၀၉။ ဒိသမ္ပတိ၊ အရပ်မျက်နှာအရှင်ဖြစ်တော်မူသောမင်းမြတ်။ ပုဗ္ဗေ၊ ရှေးငယ်စဉ်ကာလ၌။ ကတံ၊ ပြုဖူးသော ကျေးဇူးကို။ အနုဿရံ - အနုဿရန္တော၊ အစဉ်အောက်မေ့လျက်။ ဝနေ၊ တော၌။ ဖလဉ္စ၊ သစ်သီးကြီးငယ်ကို လည်းကောင်း။ မူလဉ္စ၊ သစ်မြစ်သစ်ဥကိုလည်းကောင်း။ အာဟရိတွာ၊ ဆောင်ယူ၍။ မာတာပိတရော၊ အမိအဖတို့ကို။ ပေါသေမိ၊ ကျွေးမွေး၏။

ထိုစကားကိုကြား၍ မနာဇမင်းသည် ထိုသောဏပညာရှိနှင့်တကွ အကျွမ်းဝင်ခြင်းကို ပြုလိုရကား...

၁၁၀။ ဣစ္ဆာမ အဿမံ ဂန္တုံ၊

ယတ္ထ သမ္မတိ ကောသိယော။

မဂ္ဂံ နော သောဏ အက္ခာဟိ၊

ယေန ဂစ္ဆေမု အဿမံ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၁၀။ သောဏ၊ သောဏ အမည်ရှိသော အရှင်ဘုရား။ ယတ္ထ၊ အကြင်ကျောင်း၌။ ဧကာသိယော၊ ကောသိယ အနွယ်ဖြစ်သော အရှင်ဘုရားသည်။ သမ္မတိ၊ နေတော်မူ၏။ တံ အဿမံ၊ ထိုကျောင်းသို့။ ဂန္တုံ၊ သွားခြင်းငှာ။ မယံ၊ အကျွန်ုပ်တို့သည်။ ဣစ္ဆာမ၊ အလိုရှိပါကုန်၏။ နော၊ အကျွန်ုပ်တို့အား။ မဂ္ဂံ၊ ခရီးကို။ အက်ခာဟိ၊ ကြားတော်မူပါလော့။ ယေန၊ အကြင် အရပ်၌။ အဿမော၊ အရှင်ဘုရား ကျောင်းတော်သည်။ အတ္ထိ၊ ရှိ၏။ တံ အသမံ၊ ထိုအရှင်ဘုရား၏ ကျောင်းတော်သို့။ ဂစ္ဆေမု၊ သွားပါကုန်အံ့။

သောဏရသေ့ လမ်းညွှန်၍

ထိုအခါ ဘုရားလောင်း သောဏရှင်ရသေ့သည် မိမိတန်ခိုးဖြင့် ကျောင်းသို့သွားသော လမ်းခရီးကို ဖန်ဆင်း၍ ထိုမနောဇမင်းအား ကျောင်းသို့သွားရာ လမ်းခရီးကို ကြားတော်မူလိုကား-

၁၁၁။ အယံ ဧကပဒီ ရာဇ၊ ယေနေတံ မေဃသန္နိဘံ။
ကောဝိဠာရေဟိ သဉ္ဆန္နံ၊
ဧတ္ထ သမ္မတိ ကောသိယော။

ဟူသော ဤဂါထာကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁၁၁။ ရထေသဘ၊ ရထားစီးခြင်း မင်းတကာတို့ထက် မြတ်တော်မူသော။ ရာဇ၊ မင်းမြတ်။ ဧကပဒီ၊ တစ်ယောက် သွားလောက်ရုံမျှ ဖြစ်သော။ အယံ၊ ဤခြေကြောင်းခရီးသည်။ အတ္ထိ၊ ရှိ၏။ ဣမိနာ၊ ဤခြေကြောင်းခရီးဖြင့်။ ဂစ္ဆထ၊ သွားလေကုန်။ ယေန၊ အကြင် အရပ်မျက်နှာ အဖို့ဖြင့်။ မေဃသန္နိဘံ၊ တိမ်အဆင်းနှင့်တူသော။ ကောဝိဠာရေဟိ၊ ပင်လယ်ကသစ်ပန်းတို့ဖြင့်။ သဉ္ဆန္နံ၊ ကောင်းစွာ ဖုံးလွှမ်းအပ်သော။ တံ ဝနံ၊ ထိုတောသည်။ ဒိဿတိ၊ ထင်၏။ ဧတ္ထ၊ ဤအရပ်၌။ ကောသိယော၊ ကောသိယအမျိုးသည်။ သမ္မတိ၊ နေ၏။

ဖခင်ရသေ့အား အကြောင်းကြား

ဤသို့ လမ်းခရီးကို ညွှန်ကြားတော်မူခဲ့ပြီးလျှင် လျင်မြန်စွာ အနဝတတ်အိုင်သို့သွား၍ သောက်ရေကို ခပ်ယူခဲ့သဖြင့် ထိုတစ်ရာ့တစ်ပါးသော မင်းတို့သည် ကျောင်းသို့ မရောက်ကုန်မီလျှင် လာလတ်၍ သောက်ရေအိုးတို့ကို ရေအိုးစင်၌ထား၍ လူများသည် သောက်ကြလတ္တံ့ဟု တောပန်းတို့ဖြင့် ဖုံးပြီးလျှင် တံမြက်ဆုပ်ကိုယူ၍ ကျောင်းကို တံမြက်လှည်းသဖြင့် ကျောင်းတံခါးဝ၌ ခမည်းတော် ရှင်ရသေ့ကြီးနေရာကို ခင်းပြီးလျှင် ကျောင်းတွင်းဝင်၍ ခမည်းတော် ရှင်ရသေ့ကြီးကို သိစေတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၁၁၂။ ဣဒံ ဝတွာန ပက္ကာမိ၊ တရမာနော မဟာဣသိ။
ဝေဟာသေ အန္တလိက္ခသ္မိံ၊
အနုသာသေတွာန ခတ္တိယေ။
၁၁၃။ အဿမံ ပရိမဇ္ဇိတွာ၊ ပညာပေတွာန အာသနံ။
ပဏ္ဏသာလံ ပဝိသိတွာ၊ ပိတရံ ပတိဗောဓယိ။
၁၁၄။ ဣမေ အာယန္တိ ရာဇာနော၊
အဘိဇာတာ ယသဿိနော။
အဿမာ နိက္ခမိတွာန၊ နိသီဒ တွံ မဟာဣသေ။
၁၁၅။ တဿ တံ ဝစနံ သုတွာ၊ တရမာနော မဟာဣသိ။
အဿမာ နိက္ခမိတွာန၊ သဒွါရမှိ ဥပါဝိသိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၁၂။ ဘိက္ခဝ၊ ရဟန်းတို့။ မဟာဣသိ၊ ရသေ့မြတ်သည်။ ဝေဟာသေ အန္တလိက္ခသ္မိံ၊ ကောင်းကင်၌။ ဌတွာ၊ ရပ်၍။ ခတ္တိယေ၊ မင်းတို့ကို။ အနုသာသေတွာန၊ ဆုံးမပြီး၍။ ဣဒံဝစနံ၊ ဤစကားကို။ ဝတွာ၊ ဆိုပြီး၍။ တရမာနော၊ အဆောတလျင်။ ပက္ကာမိ၊ သွားလေ၏။

֍ ဋ္ဌ ၁၁၃။ ဘိက္ခဝေ၊ ရဟန်းတို့။ မဟာဣသိ၊ ရသေ့မြတ်သည်။ အဿမံ၊ ကျောင်းကို။ ပရိမဇ္ဇိတွာ၊ တံမြက်လှည်းပြီး၍။ အာသနံ၊ ခမည်းတော် ရသေ့ကြီး နေရာကို။ ပညာပေတွာန၊ ခင်းပြီး၍။ ပဏ္ဏသာလံ၊ သစ်ရွက်မိုး ကျောင်းတွင်းသို့။ ပဝိသိတွာ၊ ဝင်လေ၍။ ပိတရံ၊ အဖ ရသေ့ကြီးကို။ ပတိဗောဓယိ၊ သိစေ၏။

֍ ဋ္ဌ ၁၁၄။ မဟာဣသေ၊ ဖခင် ရသေ့ကြီး။ အဘိဇာတာ၊ မြတ်သောအမျိုး၌ ဖြစ်ကုန်သော။ ယသဿိနော၊ များသော အခြံအရံရှိကုန်သော။ ဣမေ ရာဇာနော၊ ဤတစ်ရာ့တစ်ပါးသော မင်းတို့သည်။ အာယန္တိ၊ လာကုန်၏။ တွံ၊ ဖခင် ရသေ့မြတ်သည်။ အဿမာ၊ ကျောင်းမှ။ နိက္ခမိတွာန၊ ထွက်လတ်၍။ နိသီဒ၊ နေတော်မူပါလော့။ ဣတိ၊ ဤသို့။ ပတိဗောဓယိ၊ သိစေ၏။

֍ ဋ္ဌ ၁၁၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တဿ၊ ထိုသားတော် သောဏပညာရှိ၏။ တံ ဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ မဟာဣသိ၊ ခမည်းတော် ရသေ့ကြီးသည်။ တရမာနော၊ အဆောတလျင်။ အဿမာ၊ ကျောင်းတွင်းမှ။ နိက္ခမိတွာန၊ ထွက်လတ်၍။ သဒွရမှိ၊ မိမိ ကျောင်းတံခါးဝ၌။ ဥပါဝိသိ၊ မြင့်သောနေရာ၌နေ၏။

ဖခင်ရသေ့ကြီးနှင့် တွေ့ကြပြီ

ဘုရားလောင်း မယ်တော်သည် ထိုရသေ့ကြီးနောက်မှ နိမ့်သောအရပ်၌ တင့်အပ်လျောက်ပတ်စွာ နေ၏။ ဘုရားလောင်းသည် နိမ့်သောနေရာ၌ နေတော်မူ၏။ ညီတော် နန္ဒရသေ့သည်လည်း နောင်တော် သောဏရသေ့ အနဝတတ်အိုင်မှရေခပ်၍ ကျောင်းသို့လာသောအခါ၌ မနောဇမင်းအထံသို့ လာ၍ ကျောင်းမှမနီးမဝေးသော သစ်တပ်၌ နေ၏။

ထိုအခါ မနာဇာမင်းသည် ရေချိုး၍ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်ပြီးလျှင် တစ်ရာ့တစ်ယောက်သော မင်းအပေါင်းခြံရံလျက် နန္ဒရသေ့ကိုခေါ်၍ များစွာသော အသရေ၏တင့်တယ်ခြင်းဖြင့် ဘုရားလောင်းကို ကန်တော့အံ့သောငှာ ကျောင်းသို့ ဝင်၏။

ထိုအခါ ထိုသို့သော အခြင်းအရာဖြင့် လာလတ်သော မနောဇမင်းကို ဘုရားလောင်းခမည်းတော် ရသေ့ကြီးသည် မြင်၍ သားတော်ဘုရားလောင်းကို မေး၏။ သားတော် ဘုရားလောင်းသည်လည်း ခမည်းတော် ရသေ့ကြီးအား ကြားလျှောက်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၁၆။ တဉ္စ ဒိသွာန အာယန္တံ၊ ဇလန္တံရိဝ တေဇသာ။
ခတျသံဃပရိဗျူဠှံ၊ ကောသိယော ဧတဒဗြဝိ။
။ လ။
၁၂၇။ တဿေသာ မဟတီ သေနာ၊
ပိဋ္ဌိတော အနုဝတ္တတိ။
အက္ခောဘိဏီ အပရိယန္တာ၊
သာဂရဿေဝ ဦးမိယော။

ဟူသော ဤတစ်ဆယ့်နှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၁၆။ ဘိက္ခဝေ၊ ရဟန်းတို့။ တေဇသာ၊ မိမိတန်ခိုးဖြင့်။ ဇလန္တံရိဝ၊ တောက်ပသကဲ့သို့သော။ ခတျသံဃပရိဗျူဠှံ၊ တစ်ရာ့တစ်ပါးသော မင်းအပေါင်းခြံရံလျက်။ အာယန္တံ၊ လာလတ်သော။ တဉ္စ၊ ထိုမနောဇမင်းကိုလျှင်။ ဒိသွာန၊ မြင်လတ်၍။ ကောသိယော၊ ကောသိယအနွယ်ဖြစ်သော ရသေ့ကြီးသည်။ ဧတံ၊ ဤသို့သောစကားကို။ အဗြဝိ၊ ဆိုလေ၏။

֍ ဋ္ဌ ၁၁၇။ ပုတ္တ၊ ချစ်သားသောဏ။ ဘေရီမုဒိင်္ဂါစ၊ စည်ကြီးမုရိုးစည်တို့သည်လည်းကောင်း။ သင်္ခါ စ၊ ခရုသင်းတို့သည်လည်းကောင်း။ ပဏဝဒိန္ဒိမာ စ၊ ထက်စည် ပတ်သာတို့သည်လည်းကောင်း။ ပုရတော၊ ရှေ့မှ။ ရထေသဘံ၊ ရထားစီးခြင်း မင်းတကာတို့ထက် မြတ်သောမင်းကို။ ဟာသယန္တာ၊ ရွှင်စေကုန်လျက်။ ပဋိပန္နာနိ၊ လာလတ်ကုန်၏။

֍ ဋ္ဌ ၁၁၈။ တာတ၊ ချစ်သောဏ။ ပုထုနာ၊ များမြတ်သော။ ဝိဇ္ဇုဝဏ္ဏိနာ၊ လျှပ်စစ်နွယ်အဆင်းနှင့်တူသော အဆင်းရှိသော။ ကဉ္စနပတ္တေန၊ ရွှေသင်းကျစ်ပြားဖြင့်။ ပရိက္ခိတော၊ နဖူးပြင်အဆုံး၌ ခြံရံဆင်ယင်အပ်သော မင်းသည်။ ကော၊ အဘယ်မည်သော မင်းနည်း။ ကလာပသန္နဒ္ဓေါ၊ ကောင်းစွာဖွဲ့အပ်သော လေးမြားတောင့်ရှိသော။ ယုဝါ၊ လုလင်ပျိုသည်။ သိရိယာ၊ မိမိအသရေဖြင့်။ ဇလံ-ဇလန္တော၊ တောက်ပလျက်။ ဧတိ၊ လာလတ်သည်ကား။ ကော၊ အဘယ်လုလင်နည်း။

֍ ဋ္ဌ ၁၁၉။ တာတ၊ အမောင်သောဏ။ ဥက္ကာမုခပဟဋ္ဌံဝ၊ ဦးသစ်သော ရွှေကဲ့သို့လည်းကောင်း။ ခဒိရင်္ဂါရသန္နိဘံဝ၊ ဖုတ်အပ်သော မီးလျှံကင်းသော ရှားမီးကျီးအဆင်းကဲ့သို့ လည်းကောင်း။ အဿ၊ ထိုလုလင်၏။ မုခဉ္စ၊ မျက်နှာသည်လည်း။ ရုစိယာ၊ ပြိုးပြိုးပြက်ပြက်။ ဘာတိ၊ တောက်ပ၏။ သိရိယာ၊ မိမိအသရေဖြင့်။ ဇလံ-ဇလန္တော၊ တောက်ပလျက်။ ဧတိ၊ လာလတ်သည်ကား။ ကော၊ အဘယ်မင်းပေနည်း။

֍ ဋ္ဌ ၁၂၀။ တာတ၊ ချစ်သားသာဏ။ အာဒိစ္စရံသာဝရဏံ၊ နေမင်း၏အရောင်ကို ဟန့်ဆီးနိုင်သော။ မနောရမံ၊ နှလုံး မွေ့လျော်ဖွယ်ရှိသော။ သ သလာကံ၊ အရိုးနှင့်တကွ။ ပဂ္ဂဟိတံ၊ ကိုင်စွဲအပ်သော။ ဆတ္တံ၊ ထီးသည်။ ကဿ ဆတ္တံ၊ အဘယ်မည်သာမင်း၏ ထီးပေနည်း။ သိရိယာ၊ မိမိအသရေဖြင့်။ ဇလံ-ဇလန္တော၊ ထွန်းတောက်ပလျက်။ ဧတိ၊ လာလတ်သည်ကား။ ကော၊ အဘယ်မည်သော မင်းပေနည်း။

֍ ဋ္ဌ ၁၂၁။ တာတ၊ ချစ်သားသာဏ။ အင်္ဂံ၊ ပရိသတ်ကို ပရိဂ္ဂယှ၊ ခြံရံ၍။ ဥတ္တမံ၊ မြတ်သော။ ဝါလဗီဇနိံ၊ သားမြီးယပ်ကို။ အာဒါယ၊ ယူ၍။ စရန္တိ၊ ကောင်းစွာ လာလတ်ကုန်၏။ ဟတ္ထိက္ခန္ဓေန၊ ဆင်ကျောက်ကုန်းထက်၌ စီးလျက်။ အာယတော၊ လာလတ်သော။ ဝရပုညူ၊ မြတ်သော ဘုန်းရှိသောမင်း၏။ နာမံ၊ အမည်ကား။ ကံ၊ အဘယ်အမည် ရှိသနည်း။

֍ ဋ္ဌ ၁၂၂။ တာတ၊ ချစ်သား သောဏ။ အာဇာနိယာ၊ အာဇာနည် မြင်းကျောက်ကုန်းထက်၌။ သေတာနိ၊ ဖြူကုန်သော။ ဆတ္တာနိ၊ ဆောင်းအပ်သော ထီးရှိကုန်သော မင်းတို့ကို။ ဝမ္မိကာ၊ ချပ်မိန်ညို ဝတ်ဆင်ကုန်သော သူရဲတို့သည်။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ပရိကီရေန္တိ၊ ခြံရံကုန်၏။ သော ရာဇာ၊ ထိုမင်းသည်။ ကော နာမော၊ အဘယ်အမည်ရှိသနည်း။ သိရိယာ၊ မိမိအသရေဖြင့်။ ဇလံ-ဇလန္တော၊ ထွန်းတောက်ပလျက်။ ဧတိ၊ လာလတ်သည်ကား။ ကော၊ အဘယ်မင်းပေနည်း။

֍ ဋ္ဌ ၁၂၃။ တာတ၊ ချစ်သားသောဏ။ ယသဿိနော၊ များသော အခြံအရံရှိကုန်သော။ ဧကသတံခတျာ၊ တစ်ရာ့ယောက်သော မင်းတို့သည်။ အနုယန္တာ၊ အစဉ်လိုက်ကုန်လျက်။ သမန္တာ၊ ထက်ဝန်းကျင်မှ။ အနုပရိယန္တိ၊ ခြံရံကုန်၏။ သော ရာဇာ၊ ထိုမင်းသည်။ ကော၊ အဘယ်မင်းပေနည်း။ သိရိယာ၊ မိမိအသရေဖြင့်။ ဇလံ-ဇလန္တော၊ ထွန်းတောက်ပလျက်။ ဧတိ၊ လာသည်ကား။ ကော၊ အဘယ်အမည်ရှိသော မင်းပေနည်း။

֍ ဋ္ဌ ၁၂၄။ တာတ၊ ချစ်သားသောဏ။ စတုရင်္ဂိနိယာ၊ လေးပါးသော အင်္ဂါရှိသော။ ဟတ္ထိအဿရထပတ္တိသေနာယ၊ ဆင် မြင်း ရထား ခြေသည်ဟုဆိုအပ်သော စစ်သည်ဖြင့်။ သမန္တာ၊ ထက်ဝန်း ကျင်မှ။ အနုပရိယန္တိ၊ ခြံရံကုန်၏။ သိရိယာ၊ မိမိအသရေဖြင့်။ ဇလံ-ဇလန္တော၊ ထွန်းတောက်ပလျက်။ ဧတိ၊ လာလတ်သည်ကား။ ကော၊ အဘယ်မည်သော မင်းပေနည်း။

֍ ဋ္ဌ ၁၂၅။ တာတ၊ ချစ်သားသောဏ။ သာဂရဿ၊ သမုဒ္ဒရာ၏။ ဦမိယော ဣဝ၊ လှိုင်းတံပိုးကဲ့သို့။ အက္ခောဘိဏီအပရိယန္တာ၊ အက္ခောဘဏီလျှင် အဆုံးမရှိသော။ မဟတီ၊ များစွာသော။ သေနာ၊ စစ်သည်အပေါင်းသည်။ ပိဋ္ဌိတော၊ နောက်မှ။ အနုဝတ္တတိ၊ အစဉ်တစိုက်လိုက်၏။ ဧသာ၊ ဤစစ်သည်အပေါင်းသည်။ ကဿ သေနာ၊ အဘယ်မင်း၏ စစ်သည်ပေနည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုသို့ အဘရသေ့ကြီး မေးသောအခါ၌။ သောဏပဏ္ဍိတော၊ သောဏပညာရှိသည်။ ဣတိ၊ ဤသို့။ အာဟ၊ ဖြေဆိုတော်မူ၏။

သောဏပညာရှိ လျှောက်ကြားချက်

֍ ဋ္ဌ ၁၂၆။ တာတ၊ ဖခင်သူမြတ်။ မနာဇော၊ မနောဇ အမည်ရှိသော။ ရာဇာဓိရာဇာ၊ မင်းတကာတို့သည် ပူဇော်ထိုက်သော မင်းကြီးသည်။ ဇယတံ၊ ရန်အပေါင်းကို အောင်မြင်ခြင်းသို့ ရောက်ကုန်သော တာဝတိံသာနတ်တို့၏။ ပတိ၊ အရှင်ဖြစ်သော။ ဣန္ဒောဝ၊ သိကြားနတ်မင်းကဲ့သို့။ နန္ဒဿ၊ ငါ့ညီနန္ဒ၏။ အဇ္ဈာစာရံ၊ လွန်ကျူးမိသော အပြစ်ကို။ ခမာပနတ္ထာယ၊ ကန်တော့အံ့သောငှာ။ ဗြဟ္မစာရိနံ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိကုန်သော ဖခင်ရသေ့တို့၏။ အဿမံ၊ ကျောင်းသို့။ ဧတိ၊ လာ၏။

֍ ဋ္ဌ ၁၂၇။ တာတ၊ ဖခင်သူမြတ်။ သာဂရဿ၊ သမုဒ္ဒရာ၏။ ဦးမိယော ဣဝ၊ လှိုင်းတံပိုးတို့ကဲ့သို့။ အက္ခောဘိဏိအပရိယန္တာ၊ အက္ခောဘဏီလျှင် အဆုံးမရှိသော။ မဟတီ၊ များစွာသော။ သေနာ၊ စစ်သည်အပေါင်းသည်။ ပိဋ္ဌိတော၊ နောက်မှ။ အနုဝတ္တတိ၊ အစဉ်တစိုက်လိုက်၏။ ဧသာ၊ ဤစစ်သည်အပေါင်းသည်။ တဿ၊ ထိုမနာဇာမင်းမြတ်၏။ သေနာ၊ စစ်သည်တော် အပေါင်းတည်း။ ဣတိ၊ ဤသို့။ သောဏပဏ္ဍိတော၊ သောဏပညာရှိသည်။ အာဟ၊ ဖြေဆို၏။

မင်းတစ်ရာ့တစ်ပါးတို့ ကန်တော့ပြီ

ထိုတစ်ရာ့တစ်ပါးသော မင်းတို့သည် ဆည်းကပ်ခစားအံ့သောငှာ ရောက်လာသောအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၂၈။ အနုလိတ္တာ စန္ဒနေန၊ ကာသိကုတ္တမဓာရိနော။
သဗ္ဗေ ပဉ္ဇလိကာ ဟုတွာ၊ ဣသီနံ အဇ္ဈုပါဂမုံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၂၈။ ဘိက္ခဝေ၊ ရဟန်းတို့။ စန္ဒနေန၊ ကောင်းသောအနံ့ ရှိသော စန္ဒကူးနံ့သာဖြင့်။ အနုလိတ္တာ၊ လိမ်းကျံကုန်ပြီး၍။ ကာသိကုတ္တမမဓာရိနော၊ ကာသိတိုင်း၌ဖြစ်သော မြတ်သော ပုဆိုးကို ဝတ်ကုန်ပြီးသော။ သဗ္ဗေ၊ အလုံးစုံ တစ်ရာ့တစ်ပါးသော မင်းတို့သည်။ ပဉ္ဇလိကာ၊ လက်အုပ်ချီကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ ဣသီနံ၊ ရသေ့တို့၏။ သန္တိကံ၊ အထံသို့။ အဇ္ဈုပါဂမုံ၊ ရိုသေစွာ ဆည်းကပ်လာကုန်၏။

ထိုသို့ဆည်းကပ်ပြီးသော နောက်မှ မနာဇမင်းကြီးသည် ထိုသောဏရှင်ရသေ့ကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် ပျူငါကဝတ်ကို ပြုလိုရကား-

၁၂၉။ ကစ္စိ နု ဘောတော ကုသလံ၊
ကစ္စိ ဘောတော အနာမယံ။
ကစ္စိ ဥဉ္ဆေန ယာပေထ၊ ကစ္စိ မူလဖလာ ဗဟူ။
၁၃၀။ ကစ္စိ ဍံသမကသာ စ၊ အပ္ပမေဝ သရီသပါ။
ဝနေ ဝါဠမိဂါကိဏ္ဏေ၊ ကစ္စိ ဟိံသာ န ဝိဇ္ဇတိ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၂၉။ ဘန္တေ၊ အရှင်ဘုရား။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်ဘုရားအား။ ကုသလံ နု၊ အပြစ်ကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်ဘုရားအား။ အနာမယံ၊ အနာကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဥဉ္ဆေန၊ သပိတ်လက်စွဲ၍ ဆွမ်းခံသဖြင့်။ ယာပေထ၊ မျှပါကုန်၏လော။ ကစ္စိ၊ အသို့နည်း။ မူလဖလာ၊ တောသစ်မြစ် သစ်သီးတို့သည်။ ဗဟူ၊ များပါကုန်၏လော။

֍ ဋ္ဌ ၁၃၀။ ကစ္စိ၊ အသို့နည်း။ ဝါဠမိဂကိဏ္ဏေ၊ သားရဲတို့ဖြင့် ပြွမ်းသော။ ဝနေ၊ တော၌။ သရီသပါ စ၊ မြွေ ကင်း သန်းတို့သည်လည်းကောင်း။ ဍံသမကသာ စ၊ မှတ်ခြင်တို့သည်လည်းကောင်း။ အပ္ပမေဝ၊ နည်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဟိံသာ၊ ညှဉ်းဆဲခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိ ကင်းပါ၏လော။

ထို့နောင်မှ သောဏပညာရှိသည် ထိုမနောဇမင်း၏ ပျူငှာလောကဝတ်ဖြင့် မေးလျှောက်သောအမေးကို ဖြေတော်မူသဖြင့် ပျူငှာလောကဝတ်ကို ပြုတော်မူလိုရကား-

၁၃၁။ ကုသလဉ္စေဝ နော ရာဇ၊ အထော ရာဇ အနာမယံ။
အထောဥဉ္ဆေန ယာပေမ၊ အထောမူလဖလာ ဗဟူ။
၁၃၂။ အထော ဍံသမကသာ စ၊ အပ္ပမေဝ သရီသပါ။
ဝနေ ဝါဠမိဂါကိဏ္ဏေ ဟိံသာ မယှံ န ဝိဇ္ဇတိ။
၁၃၃။ ဗဟူနိ ဝဿပူဂါနိ၊ အဿမေ သမ္မတံ ဣဓ။
နာဘိဇာနာမိ ဥပ္ပန္နံ၊ အာဗာဓံ အမနောရမံ။
၁၃၄။ သွာဂတံ တေ မဟာရာဇ၊
အထော တေ အဒုရာဂတံ။
ဣဿရောသိ အနုပ္ပတ္တော၊ ယံ ဣဓတ္ထိ ပဝေဒယ။
၁၃၅။ တိန္ဒုကာနိ ပိယာလာနိ၊
မဓုကေ ကာသုမာရိယော။
ဖလာနိ ခုဒ်ဒကပ္ပါနိ၊ ဘုဉ္ဇ ရာဇ ဝရံ ဝရံ။
၁၃၆။ ဣဒမ္ပိ ပါနိယံ သီတံ၊ အာဘတံ ဂိရိဂဗ္ဘရာ။
တတော ပိဝ မဟာရာဇ၊ သစေ တွံ အဘိကင်္ခသိ။

ဟူသော ဤခြောက်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၁။ ရာဇ၊ မင်းမြတ်။ နော၊ ငါတို့အား။ ကုသလဉ္စေဝ၊ အပြစ်မရှိသည်သာလျှင်တည်း။ ရာဇ၊ မင်းမြတ်။ အထော၊ ထိုမှတစ်ပါး။ အနာမယံ၊ အနာကင်းသည်သာတည်း။ အထော၊ ထိုမှတစ်ပါး။ ဥဉ္ဆေန၊ သပိတ်လက်စွဲ၍ ဆွမ်းခံသဖြင့်။ ယာပေမ၊ မျှလောက်ပါကုန်၏။ အထော၊ ထိုမှတစ်ပါး။ မူလဖလာ၊ တောသစ်မြစ် သစ်သီးတို့သည်။ ဗဟူ၊ များပေကုန်၏။

֍ ဋ္ဌ ၁၃၂။ အထော၊ ထိုမှတစ်ပါး။ ဝါဠမိဂါကိဏ္ဏေ၊ သားရဲတို့ဖြင့်ပြွမ်းသာ။ ဝနေ၊ တော၌။ သရီသပါစ၊ မြွေကင်းသန်းတို့သည်လည်းကောင်း။ ဍသမကသာ၊ မှက် ခြင်တို့သည်လည်းကောင်း။ အပ္ပမေဝ၊ နည်းပေကုန်သလျှင်ကတည်း။ မယှံ၊ ငါတို့အား။ ဟိံသာ၊ ညှဉ်းဆဲခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိပေ။

֍ ဋ္ဌ ၁၃၃။ မဟာရာဇ၊ မင်းမြတ်။ ဣဓ အဿမေ၊ ဤကျောင်း၌။ သမ္မတံ၊ နေကုန်သော ငါတို့အား။ ဝဿပူဂါနိ၊ နှစ်အပေါင်းတို့သည်။ ဗဟူနိ၊ များစွာကုန်ပြီ။ ဥပ္ပန္နံ၊ ဖြစ်ထသော။ အာဗာဓံ၊ ဖျားနာခြင်းကိုလည်းကောင်း။ အမနောရမံ၊ မနှစ်သက်ဖွယ်ကို လည်းကောင်း။ နာဘိဇာနာမိ၊ မသိစဘူး။

֍ ဋ္ဌ ၁၃၄။ မဟာရာဇ၊ မင်းမြတ်။ တေ၊ သင်မင်းမြတ်၏။ အာဂတံ၊ လာခြင်းသည်။ သွာဂတံ၊ ကောင်းသောလာခြင်းတည်း။ အထော၊ ထိုမှ တစ်ပါး။ တေ၊ သင် မင်းမြတ်၏။ အာဂတံ၊ လာခြင်းသည်။ အဒုရာဂတံ၊ အပြစ်မရှိသော လာခြင်းတည်း။ ဣဿရော၊ လူတို့ကို အစိုးရသောမင်းမြတ်သည်။ အနုပ္ပတ္တော၊ ရောက်တော်မူလာပေသလျှင်ကတည်း။ ဣဓ၊ ဤအရပ်၌၊ ယံ၊ အကြင်အလိုသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုအလိုကို။ ပဝေဒယ၊ ကြားတော်မူလော့။

֍ ဋ္ဌ ၁၃၅။ မဟာရာဇ၊ မင်းမြတ်။ တိန္ဒုကာနိ၊ တည်သီးတို့သည်လည်းကောင်း။ ပိယာလာနိ စ၊ လွန်သီးတို့သည်လည်းကောင်း။ မဓုကေ စ၊ သစ်မြည်စည်သီး ထောက်ရှာသီးတို့သည်လည်းကောင်း။ ကာသုမာရိယော စ၊ သရက်ဖြူသီးတို့သည်လည်းကောင်း။ ဧတာနိ ဖလာနိ၊ ထိုသစ်သီးတို့သည်။ ခုဒ်ဒကပ္ပါနိ၊ ပျားမွဲအရသာရှိကုန်၏။ ရာဇ၊ မင်းမြတ်။ ဝရံ ဝရံ၊ ချိုနိုးရာကို။ ဘုဉ္စ၊ သုံးဆောင်တော်မူလော့။

֍ ဋ္ဌ ၁၃၆။ မဟာရာဇ၊ မော်မြတ်။ ဣဒမ္ပိ ပါနိယံ၊ ဤသောက်ရေသည်လည်း။ သီတံ၊ အေးစွာ၏။ ဂိရိဂဗ္ဘရာ၊ အနဝတတ်အိုင်မှ။ အာဘတံ၊ ဆောင်အပ်၏။ တွံ၊ သင်မင်းမြတ်သည်။ သစေ အဘိကင်္ခသိ၊ အကယ်၍အလိုရှိအံ့။ တတော၊ ထိုရေအိုးစင်မှ။ ဂဟေတွာ၊ ယူ၍။ ပိဝ၊ သောက်တော်မူလော့။

ထို့နောင်မှ မနောဇမင်းသည် ဘုရားလောင်းစကားကို ဝန်ခံသဖြင့် ထိုဘုရားလောင်းအား ကန်တော့ခံစိမ့်သောငှါ တောင်းပန်လိုရကား -

၁၃၇။ ပဋိဂ္ဂဟိတံ ယံ ဒိန္နံ၊ သဗ္ဗဿ အဂ္ဃိယံ ကတံ။
နန္ဒဿာပိ နိသာမေထ၊ ဝစနံ သော ပဝက္ခတိ။
၁၃၈။ အဇ္ဈာစာရမှာ နန္ဒဿ၊
ဘောတော သန္တကမာဂတာ။
သုဏာတု ဘဝံ ဝစနံ။ နန္ဒဿ ပရိသာယ စ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၇။ ဘန္တေ၊ အရှင်ဘုရား။ ယံဝစနံ၊ အကြင် ယံ ဣဓတ္ထိ ပဝေဒယဟူသော စကားဖြင့်။ ဒိန္နံ၊ ပေးတော်မူအပ်၏။ တံ ဝစန၊ ထို ယံ ဣဓတ္ထိ ပဝေဒယ ဟူသောစကားကို။ အမှေဟိ၊ အကျွန်ုပ်တို့သည်။ ပဋိဂ္ဂဟိတံ၊ ခံပါ၏။ သဗ္ဗာသံ၊ အလုံးစုံသော အကျွန်ုပ်တဈစုတို့အား။ အဂ္ဃိယံ၊ ဧည့်ဝတ်ကို။ ကတံ၊ ပြုသည်မည်ပေ၏။ နန္ဒဿ၊ နန္ဒပညာရှိအားလည်း။ နိသာမေထ၊ သည်းခံတော်မူပါကုန်။ သော၊ ထိုနန္ဒပညာရှိသည်။ ဝစနံ၊ စကားကို။ ပဝက္ခတိ၊ ကြားလျှောက်ပါလတ္တံ့။

֍ ဋ္ဌ ၁၃၈။ ဘန္တေ၊ အရှင်ဘုရား။ နန္ဒဿ၊ နန္ဒပညာရှိ၏။ အဇ္ဈာစာရမှာ၊ ပြစ်မှားမိသော အပြစ်ကြောင့်။ ဘောတော၊ အရှင်ဘုရား၏။ သန္တိကံ၊ အထံသို့။ အာဂတာ၊ ရောက်လာကုန်၏။ နန္ဒဿ စ၊ နန္ဒပညာရှိ၏ လည်းကောင်း။ ပရိသာယ စ၊ ပရိသတ်၏ လည်းကောင်း။ ဝစနံ၊ စကားကို။ ဘဝံ၊ အရှင်ဘုရားသည်။ သုဏာတု၊ နာတော်မူလော့။

နန္ဒရသေ့ တောင်းပန်ခြင်း

ဤသို့ မနောဇမင်း တောင်းပန်ပြီးသော် နန္ဒရသေ့သည် နေရာမှထ၍ မယ်တော် ခမည်းတော်တို့ကိုလည်းကောင်း နောင်တော် သောဏရသေ့ကို လည်းကောင်း ရှိခိုး၍ မိမိပရိသတ်နှင့်တကွ စကားပြောလိုရကား-

၁၃၉။ ပရောသတံ ဇာနပ္ပဒါ၊ မဟာသာလာ စ ဗြဟ္မဏာ။
ဣမေ စ ခတ္တိယာ သဗ္ဗေ၊
အဘိဇာတာ ယသဿိနော။
ဘဝံ စ ရာဇာ မနောဇော၊ အနုမညန္တု မေ ဝစော။
။ လ။
၁၄၅။ ဥဋ္ဌာနပါရိစရိယာယ၊ မာတာ ပိတု သုခါဝဟံ။
တံ မံ ပုညာ နိဝါရေတိ၊ အရိယမဂ္ဂါဝရော နရော။

ဟူသော ဤခုနစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၉။ ပရောသတံ၊ တစ်ရာမက လွန်ကုန်သော။ ဇာနပ္ပဒါ၊ ဇနပုဒ်၌နေကုန်သော။ မဟာသာ စ၊ ဂဟပတိ မဟာလတို့သည်လည်းကောင်း။ ဗြာဟ္မဏာ စ၊ အထွတ်သို့ ရောက်ကုန်ပြီးသော ပုဏ္ဏားတို့သည်လည်းကောင်း။ အဘိဇာတာ၊ မြတ်သောအမျိုး၌ ဖြစ်ကုန်သော။ ယသဿိနော၊ များသော အခြံအရံရှိကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဣမေ စ ခတ္တိယာ၊ ဤတစ်ရာသော မင်းတို့သည်လည်းကောင်း။ မနောဇော၊ မနောဇ အမည်ရှိသော။ ဘဝံ စ ရာဇာ၊ အရှင်မင်းကြီးသည်လည်းကောင်း။ မေ၊ ငါ၏။ ဝစော၊ စကားကို။ အနုမညန္တု၊ သိစေကုန်သတည်း။

֍ ဋ္ဌ ၁၄၀။ သမိတာရော၊ အညီအညွတ် စည်းဝေးလာကုန်သော။ ယေ စ ဒေဝါ၊ အကြင်နတ်တို့သည်လည်းကောင်း။ ဣဓ အဿမေ၊ ဤကျောင်းအရပ်၌။ ဝသန္တာ၊ စောင့်နေကုန်သော။ ယေ စ ယက္ခာနိ၊ အကြင်နတ်တို့သည်လည်းကောင်း။ အရညေ၊ ဟိမဝန္တာ တောအရပ်၌။ ဝသန္တာ၊ နေကုန်သော။ ယာနိ စ ဘူတာဘဗျာနိ၊ အကြင် အသက်အရွယ်ကြီးခြင်းသို့ ရောက်ကုန်ပြီးသော နတ်, ငယ်နုကုန်သော နတ်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တေ ဒေဝါ၊ ထို နတ်တို့သည်။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏန္တု၊ နာစေကုန်သတည်း။

֍ ဋ္ဌ ၁၄၁။ ဘူတာနံ၊ နတ်တို့အား။ နမော၊ ရှိခိုးခြင်းကို။ ကတွာန၊ ပြုပြီး၍။ ကောသိယ၊ ကောသိယအနွယ်ဖြစ်တော်မူသော နောင်တော်သူမြတ်။ သုဗ္ဗတံ၊ ကောင်းသောအကျင့်ရှိသော။ ဣသိ၊ သီလက္ခန္ဓအစရှိသော ကျေးဇူးအပေါင်းကို ရှာမှီးလေ့ရှိသော။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ တေ၊ သင်နောင်တော်သူမြတ်အား။ ဒက္ခိဏာဗာဟု၊ လက်ယာ လက်ရုံးကဲ့သို့။ သမ္မတော၊ အမှတ်ရှိသည်ဖြစ်၍။ တဝ၊ နောင်တော်သူမြတ်အား။ ဝက္ခာမိ၊ ကြားလျှောက်ပါအံ့။

֍ ဋ္ဌ ၁၄၂။ ဝီရ၊ ကြီးသောလုံ့လ ရှိတော်မူသော။ ကောသိယ၊ ကောသိယအနွယ်ဖြစ်သော နောင်တော်သူမြတ်။ ပိတရဉ္စ၊ အဖကိုလည်းကောင်း။ ဇနေတ္တိဉ္စ၊ အမိကိုလည်းကောင်း။ ဘတ္တုကာမဿ၊ လုပ်ကျွေးလိုသည်ဖြစ်၍။ ဧသတော၊ ရှာထသော။ မေ၊ အကျွန်ုပ်၏။ ဣဒံ ဌာနံ၊ ဤ အမိအဖတို့အား လုပ်ကျွေးခြင်းတည်းဟူသော။ ပုညံ၊ ကောင်းမှုကို။ ကရောန္တံ၊ ပြုသော။ မံ၊ အကျွန်ုပ်ကို။ မာ ဝါရယ၊ တားမြစ်စ်တော်မမူလင့်။

֍ ဋ္ဌ ၁၄၃။ ဟိ-သစ္စံ၊ မှန်၏။ ဧတံ၊ ဤအမိအဖတို့အား လုပ်ကျွေးခြင်းကို။ သဗ္ဘိ၊ ဘုရားအစရှိသော သူတော်ကောင်း အပေါင်းတို့သည်။ ဥပညာတံ၊ ကပ်၍ သိအပ်ချီးမွမ်းအပ်၏။ ဧတံ၊ ဤအမိအဖတို့အား လုပ်ကျွေးခြင်း တည်းဟူသော ကောင်းမှုကို။ မမ၊ အကျွန်ုပ်အား။ ဥပနိဿဇ၊ ပေးတော်မူပါလော့။ ဥဋ္ဌာနပါရိစရိယာယ၊ ထကြွလုံ့လ လုပ်ကျွေးခြင်းဖြင့်။ ဒီဃရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။ တယာ၊ သင်နောင်တော်သူမြတ်သည်။ ကုသလံ၊ မိဘတို့အား လုပ်ကျွေးခြင်းတည်းဟူသော ကောင်းမှုကို။ ကတံ၊ ပြုတော်မူပြီ။ ဣဒါနိ၊ ယခုအခါ၌။ အဟံ၊ အကျွန်ုပ်သည်။ မာတာပိတူသု၊ မိဘတို့၌။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကတ္တုကာမော၊ ပြုလိုပါ၏။ မမ၊ အကျွန်ုပ်အား။ လောကဒဒေါ၊ နတ်ရွာကိုပေးသည်။ ဘဝ၊ ဖြစ်တော်မူပါလော့။

֍ ဋ္ဌ ၁၄၄။ ဣသေ၊ သီလက္ခန္ဓ အစရှိသော ကျေးဇူးအပေါင်းကို ရှာလေ့ရှိတော်မူသော နောင်တော်သူမြတ်။ တွံ၊ သင် နောင်တော်သူမြတ်သည်။ ဇာနာသိ ယထာ၊ သိတော်မူသကဲ့သို့။ တထေဝ၊ ထို အတူသာလျှင်။ ဓမ္မေ၊ ကြီးသောသူတို့အား အရိုအသေပြုခြင်းအဖြစ်ဟု ဆိုအပ်သောတရားအစု၌။ ဓမ္မပဒံ၊ ကြီးသောသူအား အရိုအသေပြုခြင်း အဖြစ်ဟုဆိုအပ်သော တရားအစု၏ အကြောင်းကို။ ဝိဒူ၊ သိကုန်သော။ မနုဇာ၊ တစ်ပါးသော မင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ ကိန္တိ၊ အသို့ သိကုန်သနည်းဟူမူကား။ သဂ္ဂဿ လောကဿ၊ နတ်ရွာကို ရခြင်း၏။ မဂ္ဂေါ၊ အကြောင်းဟူ၍။ ဝိဒူ၊ သိပါကုန်၏။

֍ ဋ္ဌ ၁၄၅။ ယော နရော၊ အကြင်သူသည်။ ဥဋ္ဌာနပါရိစရိယာယ၊ ထကြွလုံ့လ လုပ်ကျွေးခြင်းဖြင့်။ မာတာပိတုသုခါဝဟံ၊ အမိအဘတို့ ချမ်းသာကိုဆောင်တတ်သော။ တံမံ၊ ထိုအကျွန်ုပ်ကို။ ပုညာ၊ ကောင်းမှုမှ။ နိဝါရေတိ၊ တားမြစ်၏။ သောနရော၊ ထိုသူသည်။ အရိယမဂ္ဂါဝရော၊ ချစ်မြတ်နိုးအပ်သော နတ်ရွာခရီးကို ပိတ်ဆီးတတ်သောသူမည်သည်။ ဟောတိ၊ ဖြစ်၏။

သောဏပညာရှိ၏ မိန့်ခွန်း

ဤသို့ နန္ဒပညာရှိဆိုလတ်သော် နောင်တော် သောဏရသေ့သည် ဤနန္ဒစကားကို ရှင်မင်းကြီးတို့သည် ရှေးဦးစွာ ကြားတော်မူပြီ၊ ယခုအခါ ငါ၏စကားကိုလည်း နာတော်မူကုန်လော့ ဟု မိန့်တော်မူ၍ ကြားလိုရကား-

၁၄၆။ သုဏန္တု ဘောန္တော ဝစနံ၊ ဘာတုရဇ္ဈာဝရာ မမ။
ကုလဝံသံ မဟာရာဇ၊ ပေါရာဏံ ပရိဟာပယံ။
အမမ္မစာရီ ဇေဋ္ဌေသု၊ နိရယံ သောပပဇ္ဇတိ။
၁၄၇။ ယေစ ဓမ္မဿ ကုသလာ၊ ပေါရာဏဿ ဒိသမ္ပတိ။
စာရိတ္တေန စ သမ္ပန္နာ၊ န တေ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၁၄၈။ မာတာ ပိတာ စ ဘာတာ စ၊ ဘဂိနီ ဉာတိဗန္ဓဝါ။
သဗ္ဗေ ဇေဋ္ဌဿ တေဘာရာ၊ ဧဝံဇာနာဟိ ဘာရဓ။
၁၄၉။ အာဒိယိတွာ ဂရုံဘာရံ၊ နာဝိကောဝိယ ဥဿဟေ။
ဓမ္မဉ္စ နပ္ပမဇ္ဇာမိ၊ ဇောဋ္ဌော စသ္မိ ရထေသဘ။

ဟူသော ဤလေးဂထာတို့ကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁၄၆။ မမ၊ ငါ၏။ ဘာတုရဇ္ဈာဝရာ၊ ညီတော်နန္ဒ ပရိသတ်ဖြစ်၍။ အာဂတာ၊ ရောက်လာကြကုန်သော။ ဘောန္တော ရာဇာနော၊ အိုမင်းများတို့။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏန္တု၊ နာကြကုန်။ မဟာရာဇ၊ မြတ်သော မနောဇမင်းမြတ်။ ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ ပေါရာဏံ၊ ရှေး၌ဖြစ်သော။ ကုလဝံသံ၊ အမျိုးအနွယ်ကို။ ပရိဟာပယံ-ပရိဟာပယန္တော၊ ယုတ်စေလျက်။ ဇေဋ္ဌေသု၊ ဂုဏ်ဖြင့် ကြီးသောသူ, အရွယ်ဖြင့် ကြီးသောသူတို့၌။ အဓမ္မစာရီ၊ မရိုမသေပြုခြင်းရှိသော ဒုစရိုက်တရားကို ကျင့်လေ့ရှိ၏။ သော ပုဂ္ဂလော၊ ထိုဂုဏ်ဖြင့် ကြီးသောသူ အရွယ်ဖြင့်ကြီးသောသူတို့၌ မရိုမသေပြုခြင်း အစရှိသော ဒုစရိုက်တရားကို ကျင့်လေ့ရှိသော ပုဂ္ဂိုလ်သည်။ နိရယံ၊ ငရဲ၌။ ဥပပဇ္ဇတိ၊ ဖြစ်ရ၏။

֍ ဋ္ဌ ၁၄၇။ ဒိသမ္ပတိ၊ အရပ်မျက်နှာအရှင်ဖြစ်တော်မူသော မင်းမြတ်။ ယေ စ၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား။ ပေါရာဏဿ၊ ရှေး၌ ဖြစ်သော။ ဓမ္မဿ၊ ကြီးသောသူတို့အား အရိုအသေပြုခြင်း အစရှိသော ကုသိုလ်တရားကို ကျင့်ခြင်း၌။ ကုသလာ၊ လိမ္မာကုန်၏။ စာရိတ္တေန၊ အကျင့်သီလနှင့်။ သမ္ပန္နာ၊ ပြည့်စုံကုန်၏။ တေ ပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်တို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိသို့။ န ဂစ္ဆန္တိ၊ မရောက်ကုန်။

֍ ဋ္ဌ ၁၄၈။ ဘာရဓ၊ ပြည်ကြီးဝန်ကို ရွက်ဆောင်တော် မူတတ်သော မင်းမြတ်။ မာတာ စ၊ အမိသည်လည်းကောင်း။ ပိတာ စ၊ အဖသည်လည်းကောင်း။ ဘာတာ စ၊ ညီတို့သည်လည်းကောင်း။ ဘဂိနီ စ၊ နှမတို့သည်လည်းကောင်း။ ဉာတိ စ၊ အဆွေအမျိုးတို့သည်လည်းကောင်း။ ဗန္ဓဝါ စ၊ အဆွေခင်ပွန်းတို့သည်လည်းကောင်း။ တေ သဗ္ဗေ၊ ထိုအလုံးစုံကုန်သော သူတို့သည်။ ဇေဋ္ဌဿ၊ သားကြီး၏။ ဘာရာ၊ တာဝန်တို့တည်း။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

֍ ဋ္ဌ ၁၄၉။ ရထေသဘ၊ ရထားစီးခြင်း မင်းတာတို့ထက် မြတ်တော်မူသော မင်းမြတ်။ နာဝိကော၊ လှေမှူးသည်။ ဂရုံ၊ လေးစွာသော။ ဘာရံ၊ ဝန်ကို။ အာဒိယိတွာ၊ တင်၍။ ဥဿဟေ ဝိယ၊ လုံ့လပြုရာသကဲ့သို့။ တထာ၊ ထို့အတူ။ အဟဉ္စ၊ ငါသည်လည်း။ တေ၊ ထိုမိဘတို့ကို။ ဥဿဟာမိ၊ လုံ့လပြုရ၏။ ဓမ္မဉ္စ၊ ကြီးသောသူတို့သည် ကျင့်ရာသော တရားကိုလည်း။ နပ္ပမဇ္ဇာမိ၊ ငါမမေ့။ ဇေဋ္ဌော စ၊ အကြီးသည်လည်း။ အသ္မိ၊ ဖြစ်၏။

မင်းများ ကြည်ညိုသွားကြပြီ

ထိုစကားကို ကြား၍ အလုံးစုံသော မင်းတို့သည် အလွန် ဝမ်းမြောက်ကုန်သည်ဖြစ်၍ ကြွင်းသော သားချင်းတို့သည် အစ်ကိုကြီး၏ ဝန်ဖြစ်သတတ်ဟူ၍ ယနေ့ ငါတို့သည် သိရပေပြီဟု နန္ဒရသေ့ကိုစွန့်၍ ဘုရားလောင်းကို ခြံရံကုန်လျက် ဘုရားလောင်းအား ကောင်းချီးပေးခြင်းပြုလိုရကား-

၁၅၀။ အဓိဂမာ တမေ ဉာဏံ၊ ဇလံဝ ဇာတဝဒတော။
ဧဝမေဝ နော ဘဝံ ဓမ္မံ၊ ကာသိယော ပဝိဒံသယိ။
၁၅၁။ ယထာ ဥဒယမာဒိစ္စော၊ ဝါသုဒေဝေါ ပဘင်္ကရော။
ပါဏိနံ ပဝိဒံသေတိ၊ ရူပံ ကလျာဏပါပကံ။
ဧဝမေဝ နော ဘဝံ ဓမ္မံ၊ ကောသိယော ပဝိဒံသယို။

ဟူသော ဤနှစ်ဂါထာတို့ကို ဆိုကုန်၏။

֍ ဋ္ဌ ၁၅၀။ ဘန္တေ၊ အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ဣတော၊ ဤအခါမှ။ ပုဗ္ဗေ၊ ရှေးကာလ၌။ တမေ၊ ကြီးသောသူတို့ ကျင့်ရာသောတရားတို့ကို ဖုံးလွှမ်းတတ်ကုန်သော မောဟတို့ကို။ အဇ္ဇ၊ ယနေ့။ ဇလံ၊ တောက်ပသော။ ဉာဏံ၊ သိခြင်းဉာဏ်ကို။ အဓိဂမာ၊ ရပေကုန်ပြီ။ ဘန္တေ၊ အရှင်ဘုရား။ ယထာ၊ ဥပမာမည်သည်ကား။ ဇလံ-ဇလန္တော၊ တောက်ပသော။ ဇာတဝေဒတောဝ၊ မိုက်သောအခါ တောင်ထိပ်၌ တောက်ပသော တောမီးကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ကောသိယော၊ ကောသိယ အနွယ်ဖြစ်သော။ ဘဝံ၊ အရှင်ဘုရားသည်။ နော၊ အကျွန်ုပ်တို့အား။ ဓမ္မံ၊ ကြီးသောသူတို့ပြုသော ကျင့်ဝတ်တရားကို။ ပဝိဒံသယိ။ ပြတော်မူပေ၏။

֍ ဋ္ဌ ၁၅၁။ ဘန္တေ၊ အရှင်ဘုရား။ ပဘင်္ကရော၊ အရောင်ကို ပြုတတ်သော။ ဝါသုဒေါ၊ ဒြဗ်ကိုပြတတ်သော။ ဥဒယံ-ဥဒယန္တော၊ တက်ထွန်းသော။ အာဒိစ္စော၊ နေမင်းသည်။ ပါဏိနံ၊ သတ္တဝါတို့အား။ ကလျာဏပါပကံ၊ ကောင်း, မကောင်းဖြစ်သော။ ရူပံ၊ ရူပါရုံကို။ ပဝိဒံသေတိ ယထာ၊ ပြသကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ကောသိယော၊ ကာသိယအနွယ် ဖြစ်တော်မူသော။ ဘဝံ၊ အရှင်ဘုရားသည်။ နော၊ အကျွန်ုပ်တို့အား။ ဓမ္မံ၊ ကြီးသောသူတို့သည် ပြုရာသော ကျင့်ဝတ်တရားကို။ ပဝိဒံသယိ၊ အပြားအားဖြင့် ပြတော်မူပေ၏။

ဤသို့လျှင် ဘုရားလောင်း သောဏရှင်ရသေ့သည် ဤမျှလောက်သော ကာလပတ်လုံး နန္ဒပညာရှိ၏ တန်ခိုးပြာဋိဟာကို မြင်ရကုန်၍ ထိုနန္ဒပညာရှိ၌ ကြည်ညိုသောစိတ် ရှိကုန်သော ထိုမင်းတို့ကို မိမိဉာဏ်အစွမ်းဖြင့် ထိုနန္ဒပညာရှိ၌ ကြည်ညိုခြင်းကို ဖျက်ဆီး၍ မိမိစကားကို ယူစေသဖြင့် အလုံးစုံသောပရိသတ်တို့ကို မိမိသို့ ရှေးရှုကြည့်စေသည်တို့ကို ပြုတော်မူလေ၏။

ညီတော် တောင်းပန်ခြင်း

ထိုအခါ ညီတော် နန္ဒရသေ့သည် ငါ၏ နောင်တော်သည် ပညာရှိ၏။ ဥပယ်တံမျဉ်၌ လိမ္မာတော်မူ၏။ တရားဟော ပုဂ္ဂိုလ်တည်း၊ ငါ၏ အလုံးစုံသော ပရိသတ်တို့ကိုလည်း ဖျက်ဆီး၍ မိမိအသင်းအပင်းကို ပြုနိုင်၏။ ဤနောင်တော်ကိုထား၍ နောင်တော်မှတစ်ပါး ငါ့အား ကိုးကွယ်ရာမရှိပြီ၊ ဤငါ့နောင်တော်ကိုသာ တောင်းပန်အံ့ဟု ကြံ၍ တောင်းပန်လိုရကား-

၁၅၂။ ဧဝံ မေ ယာစမာနဿ၊ အဉ္ဇလိံ နာဝဗုဇ္ဈထ။
တဝ ဗဒ္ဓစရော ဟေဿံ၊ ဝုဋ္ဌိတော ပရိစာရကော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၂။ ဘာတိက၊ နောင်တော်သူမြတ်။ ဧဝံ၊ ဤသို့။ ခမနာယ၊ သည်းခံစိမ့်သောငှာ။ ယာစမာနဿ၊ တောင်းပန်ပါသော။ မေ၊ အကျွန်ုပ်၏။ အဉ္ဇလိံ၊ လက်အုပ်ကို။ တုမှေ၊ နောင်တော်သူမြတ်တို့သည်။ သစေ နာဝ ဗုဇ္ဈထ၊ အကယ်၍ ခံတော်မမူကုန်အံ့။ တုမှေဝ၊ နောင်တော်တို့သည်သာလျှင်။ မာတာပိတရော၊ အမိအဘတို့ကို။ ဥပဋ္ဌဟထ၊ လုပ်ကျွေးတော်မူကုန်လော့။ အဟံပန၊ ကျွန်ုပ်သည်ကား။ တဝ၊ နောင်တော်သူမြတ်၏။ ဗဒ္ဓစရော၊ အမှုလုပ်ဖြစ်သော။ ဝုဋ္ဌိတော၊ မပျင်းမရိသော။ ပရိစာရကော၊ အလုပ်အကျွေးသည်။ ဟေဿံ၊ ဖြစ်ပါအံ့။

မိဘလုပ်ကျွေးခွင့်ရပြီ

ဘုရားလောင်းအား ပကတိအားဖြင့်လည်း ညီတော်နန္ဒပညာရှိ၌ အမျက်ထွက်ခြင်းသည်လည်းကောင်း, ရန်ငြိုးဖွဲ့ခြင်းသည်လည်းကောင်း ရှိတော်မမူ၊ အလွန် ခိုင်မာသောစကားကို ပြောဆိုသော ထိုညီတော်နန္ဒပညာရှိ၏ မာနကို ပယ်ခြင်းငှာ နှိပ်သည်၏အစွမ်းဖြင့် ထိုသို့သော အခြင်းအရာအားဖြင့် ပြုတော်မူပြီး၍ ယခုအခါ၌ ထိုညီတော် လျှောက်ထားတောင်းပန်သော စကားကို ကြားတော်မူရလျှင် နှစ်သက်သောစိတ် ရှိတော်မူရကား ထိုညီတော်နန္ဒ၌ ကြည်ညိုခြင်းကို ဖြစ်စေလျက် ယခုအခါ သင့်အား ငါသည်းခံ၏။ မယ်တော် ခမည်းတော်တို့ကိုလည်း လုပ်ကျွေးအံ့သောငှာ ရလတ္တံ့ဟု မိန့်တော်မူ၍ ထိုညီတော်နန္ဒ၏ ဂုဏ်ကျေးဇူးကို ထင်ရှားပြတော်မူလိုရကား-

၁၅၃။ အဒ္ဓါ နန္ဒ ဝိဇာနာသိ၊ သဒ္ဓမ္မံ သဗ္ဘိဒေသိတံ။
အရိယော အရိယသမာစာရော၊
ဗာဠှံ တွံ မမ ရုစ္စသိ။
၁၅၄။ ဘဝန္တံ ဝဒါမိ ဘောတိဉ္စ၊ သုဏာထ ဝစနံ မမ။
နာယံ ဘာရော ဘာရမတော၊
အဟု မယှံ ကုဒါစနံ။
၁၅၅။ တံ မံ ဥပဋ္ဌိတံ သန္တံ၊ မာတာပိတု သုခါဝဟံ။
နန္ဒော အဇ္ဈာဝရံ ကတွာ၊ ဥပဋ္ဌာနာယ ယာစတိ။
၁၅၆။ ယော ဝေ ဣစ္ဆတိ ကာမေန၊ သန္တာနံ ဗြဟ္မစာရိနံ။
နန္ဒံ ဝေါ ဝရထ ဧကော၊ ကံ နန္ဒော ဥပတိဋ္ဌတု။

ဟူသော ဤလေးဂါထာတို့ကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁၅၃။ နန္ဒ၊ ညီချစ်နန္ဒ။ တွံ၊ သင်ညီချစ်သည်။ အဒ္ဓါ၊ မချွတ်။ သဗ္ဘိဒေသိတံ၊ သူတော်ကောင်းတို့သည် ဟောတော်မူအပ်သော။ သဒ္ဓမ္မံ၊ သူတော်ကောင်းတို့၏ တရားကို။ ဝိဇာနာသိ၊ အထူးသဖြင့် သိပေ၏။ အရိယော၊ ကောင်းပေစွ။ အရိယသမာစာရော၊ ကောင်းသောအကျင့် ရှိပေ၏။ တွံ၊ သင်ညီချစ်သည်။ မမ၊ ငါ့အား။ ဗာဠှံ၊ လွန်စွာ။ ရုစ္စသိ၊ နှစ်သက်စေ၏။

֍ ဋ္ဌ ၁၅၄။ ဘဝန္တဉ္စ၊ ဖခင်ကိုလည်းကောင်း။ ဘောတိဉ္စ၊ မိခင်ကိုလည်းကောင်း။ အဟံ၊ ငါသည်။ ဝဒါမိ၊ ကြားလျှောက်အံ့။ မမ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ သုဏာထ၊ နာတော်မူပါကုန်။ အယံ ဘာရော၊ ဤမိခင် ဖခင်တို့အား လုပ်ကျွေးခြင်း တည်းဟူသော ဝန်ကို။ ကုဒါစနံ၊ တရံတဆစ်မျှ။ မယှံ၊ အကျွန်ုပ်၏။ ဘာရမတော၊ ဝန်ဟု အမှတ်ရှိသည်။ န အဟု၊ မဖြစ်။

֍ ဋ္ဌ ၁၅၅။ တံ၊ ထိုဝန်ကို။ ဘာရောတိ၊ ဝန်ဟူ၍။ အမညိတွာဝ၊ မအောက်မေ့မူ၍လျှင်။ မာတာပိတုသုခါဝဟံ၊ အမိအဖတို့အား ချမ်းသာကို ရွက်ဆောင်တတ်သော။ သန္တံ၊ မြတ်နိုးတနာ။ ဥပဋ္ဌိတံ၊ လုပ်ကျွေးသော။ မံ၊ အကျွန်ုပ်ကို။ နန္ဒော၊ ကျွန်ုပ်ညီနန်ဒသည်။ အဇ္ဈာစာရံ၊ လွန်ကျူးခြင်းကို။ ကတွာ၊ ပြုပြီး၍။ ဥပဋ္ဌာနာယ၊ လုပ်ကျွေးခြင်းငှာ။ ယာစတိ၊ တောင်းပန်ပြန်၏။

֍ ဋ္ဌ ၁၅၆။ သန္တာနံ၊ ကိုယ်နှုတ်နှလုံးဖြင့် ငြိမ်သက်ပေကုန်သော။ ဗြဟ္မစာရိနံ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိကုန်သော မိခင်ဖခင်တို့တွင်။ ယော ဧကော၊ အကြင်တစ်ယောက်ယောက်သည်။ တံ နန္ဒံ၊ ထိုအကျွန်ုပ်ညီနန်ဒကို။ စေ ဣစ္ဆသိ၊ အကယ်၍ လုပ်ကျွေးခြင်းငှာ အလိုရှိပါအံ့။ ဧဝံ သတိ၊ ဤသို့ အလိုရှိသည်ရှိသော်။ သော ဧကော၊ ထို တစ်ယောက်ယောက်သည်။ ကာမေန၊ လုပ်ကျွေးစေလိုသောအားဖြင့်။ ဝေါ၊ သင် မိခင်ဖခင်တို့သည်။ နန္ဒံ၊ ကျွန်ုပ်ညီနန်ဒကို။ ဝဒထ၊ ဆိုတော်မူပါကုန်။ နန္ဒော၊ ကျွန်ုပ်ညီနန်ဒသည်။ ကံ၊ အဘယ်သူကို။ ဥပတိဋ္ဌတု၊ ကပ်၍ နေစေရအံ့နည်း။

မယ်တော်ကို လုပ်ကျွေးခြင်း

ထိုအခါ နန္ဒရသေ့၏ မယ်တော်သည် နေရာမှထ၍ ချစ်သား သောဏပညာရှိ... သင့်ညီတော်နန္ဒသည် ကြာမြင့်စွာ ကွေကွင်းရလေပြီ၊ ဤသို့ ကြာမြင့်စွာကွေကွင်းရသော်လည်း သင်ချစ်သားကို တောင်းပန်အံ့သောငှာ ငါတို့မဝံ့ပါကုန်၊ ထိုစကားသည် မှန်၏။ ငါတို့သည် သင်ချစ်သားကိုမှီ၍ နေရပေကုန်၏။ ယခုတမူ သင်ချစ်သားသည် ခွင့်ပြုအပ်ပြီ၊ ငါသည် မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော ဤသားနန္ဒကို လက်နှစ်ဖက်တို့ဖြင့် ပိုက်ဖက်၍ ဦးခေါင်း၌ ကပ်ငြိ၍ နမ်းခြင်းငှာ ရချင်ပါ၏ဟု ဆို၍ ဤအကြောင်းကို သောဏပညာရှိအား ထင်ရှားပြလိုရကား-

၁၅၇။ တယာ တာတ အနုညာတာ၊
သောဏ တံ နိဿိတာ မယံ။
ဥပဃာတုံ လဘေ နန္ဒံ၊ မုဒ္ဓနိ ဗြဟ္မစာရိနံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၅၇။ တာတ သောဏ၊ ချစ်သားသောဏ။ တံ၊ သင်ချစ်သားကို။ မယံ၊ ငါတို့သည်။ နိဿိတာ၊ မှီ၍နေကုန်၏။ ဣဒါနိ၊ ယခုအခါ၌။ တယာ၊ သင်ချစ်သားသည်။ အနုညာတာ၊ အခွင့်ပြုတော်မူအပ်ပြီ။ ဗြဟ္မစာရိနံ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော။ နန္ဒံ၊ ငါ့သား နန္ဒကို။ မုဒ္ဓနိ၊ ဦးထိပ်၌။ ဥပဃာတုံ၊ ကပ်၍နမ်းခြင်းငှာ။ လဘေ၊ ရချင်ပါ၏။

ထိုအခါ မယ်တော်ကို ဘုရားအလောင်းသည် မိခင်... ထိုသို့ဖြစ်သော်ကား အကျွန်ုပ်ခွင့်ပြု၏။ မိခင်သည် ကြွတော်မူလေလော့၊ သားနန္ဒကို လည်ဖက်၍ ဦးခေါင်းကိုကပ်၍ နမ်းသဖြင့် မိခင်နှလုံး၌ စိုးရိမ်ခြင်းကို ငြိမ်းစေတော်မူလော့ဟု ဆို၏။ ထိုမယ်တော်သည် သားတော် နန္ဒပညာရှိအထံသို့သွား၍ သားနန္ဒကို ပရိသတ်အလယ်၌ပင်လျှင် လည်ဖက်၍ ဦးခေါင်းကိုကပ်၍ အဖန်တလဲလဲ နမ်းသဖြင့် နှလုံး၌ စိုးရိမ်ခြင်းကို ငြိမ်းစေပြီး၍ သားတော်ဘုရားလောင်းနှင့်တကွ စကားပြောဟောလိုရကား-

၁၅၈။ အဿတ္ထဿေဝ တရုဏံ၊ ပဝါဠံ မာလုတေရိတံ။
စိရဿံ နန္ဒံ ဒိသွာန၊ ဟဒယံ မေ ပဝေဓတိ။
၁၅၉။ ယဒါ သုတ္တာပိ သုပိနေ၊ နန္ဒံ ပဿာမိ အာဂတံ။
ဥဒဂ္ဂါ သုမနာ ဟောမိ၊
နန္ဒော နော အာဂတော အယံ။
၁၆၀။ ယဒါစ ပဋိဗုဇ္ဈိတွာ၊ နန္ဒံ ပဿာမိ နာဂတံ။
ဘိယျော အာဝိသတိ သောကော၊
ဒေါမနဿဉ္စ နပ္ပကံ။
၁၆၁။ သာဟံ အဇ္ဇ စိရဿမ္ပိ၊ နန္ဒံ ပဿာမိ အာဂတံ။
ဘတ္တုစ္စ မယှဉ္စ ပိယော၊ နန္ဒော နော ပါဝိသိ ဃရံ။
၁၆၂။ ပိတုပိ နန္ဒော သုပ္ပိယော၊
ယံ နန္ဒော နပ္ပဝသေ ဃရာ။
လဘတု တာတ နန္ဒော တံ၊ မံ နန္ဒော ဥပတိဋ္ဌတု။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၅၈။ တာတ သောဏ၊ ချစ်သားသောဏ။ အဿတ္ထဿ၊ ညောင်ဗုဒ္ဓဟေပင်၏။ မာလုတေရိတံ၊ လေခပ်အပ်သော။ ပဝါဠံ၊ သန္တာအဆင်းနှင့်တူသော အဆင်းရှိသော။ တရုဏံ၊ ရွက်နုသည်။ ကမ္ပတိ ယထာ၊ တုန်လှုပ်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ စိရဿံ၊ ကြာမြင့်မှ။ အာဂတံ၊ ရောက်လာသော။ နန္ဒံ၊ ငါ့သားနန္ဒကို။ ဒိသွာ၊ မြင်၍။ မေ၊ ငါ၏။ ဟဒယံ၊ နှလုံးသည်။ ပဝေဓတိ၊ တုန်လှုပ်၏။

֍ ဋ္ဌ ၁၅၉။ တာတ သောဏ၊ ချစ်သား သောဏ။ ယဒါ၊ အကြင်အခါ၌။ အဟံ၊ ငါသည်။ သုတ္တာပိ၊ အိပ်ပျော်သည်။ အမှိ၊ ဖြစ်၏။ သုပိနေ၊ အိပ်မက်၌။ နန္ဒံ၊ ငါသားနန္ဒကို။ အာဂတံ၊ လာလတ်သည်ကို။ ပဿာမိ၊ မြင်မက်၏။ တဒါ၊ ထိုအခါ၌။ နော၊ ငါတို့၏။ ပုတ္တော၊ သားဖြစ်သော။ အယံ နန္ဒော၊ ဤနန္ဒသည်။ အာဂတော၊ လာပြီဟု။ ဥဒဂ္ဂါ၊ ဝမ်းမြောက်သည်။ သုမနာ၊ နှစ်သက်သည်။ ဟောမိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၆၀။ တာတ၊ ချစ်သောဏ။ ယဒါ စ၊ အကြင် အခါ၌ကား။ ပဋိဗုဇ္ဈိတွာ၊ နိုးလတ်၍။ နန္ဒံ၊ ငါ့သား နန္ဒကို။ အာဂတံ၊ လာသည်ကို။ န ပဿာမိ၊ မမြင်။ တဒါ၊ ထိုအခါ၌။ ဘိယျော၊ လွန်စွာသော။ သောကော၊ စိုးရိမ်ခြင်းသည်။ အာဝိသတိ၊ ဖြစ်၏။ အနပ္ပကံ၊ များစွာသော။ ဒေါမနဿဉ္စ၊ နှလုံးမသာယာခြင်းသည်လည်း။ အာဝိသတိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၆၁။ တာတ၊ ချစ်သား သောဏ။ သာ အဟံ၊ ထို ငါသည်။ အဇ္ဇ၊ ယနေ့။ စိရဿမ္ပိ၊ ကြာမြင့်မှလျှင်။ နန္ဒံ၊ ငါ့သား နန္ဒကို။ အာဂတံ၊ လာလတ်သည်ကို။ ပဿာမိ၊ မြင်ရ၏။ ဘတ္တုစ္စ၊ လင်အားလည်းကောင်း။ မယှဉ္စ၊ ငါ့အားလည်းကောင်း။ နန္ဒော၊ ငါ့သား နန္ဒကို။ ပိယော၊ ချစ်အပ်၏။ နော၊ ငါတို့၏။ ပုတ္တော၊ သားဖြစ်သော။ နန္ဒော၊ နန္ဒသည်။ ဃရံ၊ ငါတို့ကျောင်းသို့။ ပါဝိသိ၊ ဝင်လာ၏။

֍ ဋ္ဌ ၁၆၂။ တာတ၊ ချစ်သား သောဏ။ ယံ-ယ္မာ၊ အကြင့်ကြောင့်။ နန္ဒော၊ ငါ့သား နန္ဒကို။ ပိတုပိ၊ အဖအားလည်း။ သုပ္ပိယော၊ အလွန် ချစ်မြတ်နိုးအပ်၏။ တံ-တသ္မာ၊ ထိုကြောင့်။ ပုန၊ တစ်ဖန်။ ဣမမှာ ဃရာ၊ ဤကျောင်းမှ။ နပ္ပဝသေ၊ မစွန့်ပါလင့်။ တာတ၊ ချစ်သား သောဏ။ နန္ဒော၊ ငါ့သား နန္ဒသည်။ ယံ၊ အကြင်သူကို။ ဣစ္ဆသိ၊ လုပ်ကျွေးခြင်းငှာ အလိုရှိ၏။ တံ၊ ထို လုပ်ကျွေးလိုသော သူကို။ လဘတု၊ ရပါစေ။ မံ၊ ငါ့ကို။ နန္ဒော၊ ငါ့သား နန္ဒသည်။ ဥပတိဋ္ဌတု၊ လုပ်ကျွေးပါစေ။

မိခင်တို့ ကျေးဇူး

ဘုရားလောင်းသည် ဤသို့ ဖြစ်စေဟု မယ်တော် စကားကို ဝန်ခံ၍ ညီထွေး နန္ဒ၌ သင်သည် ကြီးသောအစုကို ရအပ်၏။ အမိမည်သည်ကား အလွန် ကျေးဇူးပြုပေ၏။ မမေ့မလျော့ဖြစ်၍ လုပ်ကျွေးလော့ ဟု ညီတော် နန္ဒကို ဆုံးမတော်မူ၍ အမိဂုဏ်ကျေးဇူးကို ထင်ရှားပြတော်မူလိုရကား-

၁၆၃။ အနုကမ္ပိကာ ပတိဋ္ဌာ စ၊ ပုဗ္ဗေ ရသဒဒီ စ နော။
မဂ္ဂေါ သဂ္ဂဿ လောကဿ၊
မာတာ တွံ ဝရတေ ဣသေ။
၁၆၄။ ပုဗ္ဗေ ရသဒဒီ ဂေါတ္တီ၊ မာတာ ပုညူပသံဟိတာ။
မဂ္ဂေါ သဂ္ဂဿ လောကဿ၊
မာတာ တေ ဝရတေ ဣသေ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၆၃။ ဣသေ၊ ညီထွေး နန္ဒရသေ့။ မာတာ နာမ၊ အမိ မည်သည်ကား။ ပုတ္တေ၊ သား၌။ အနုကမ္ပိကာ၊ နူးညံ့သောစိတ် ရှိ၏။ ပတိဋ္ဌာ စ၊ တည်ရာလည်း ဖြစ်၏။ ပုဗ္ဗေ၊ ရှေးငယ်စဉ်ကာလ၌။ နော၊ ငါတို့အား။ ရသဒဒီ စ၊ နို့ရည်ဟူသော အရသာကိုလည်း ပေးပေတတ်၏။ သဂ္ဂဿ လောကဿ၊ နတ်ရွာကိုရခြင်း၏။ မဂ္ဂေါ၊ အကြောင်းပေတည်း။ မာတာ၊ မယ်တော်သည်။ ယံ၊ အကြင် သင်ညီထွေးကို။ ဣစ္ဆသိ၊ အလိုရှိအပ်၏။ တံ၊ ထို သင်ညီထွေးကို။ ဝရတေ၊ တောင့်တ၏။

֍ ဋ္ဌ ၁၆၄။ ဣသေ၊ ညီထွေး နန္ဒရသေ့။ မာတာ၊ မယ်တော်သည်။ ပုဗ္ဗေ၊ ရှေးငယ်စဉ်ကာလ၌။ ရသဒဒီ၊ နို့ရည်တည်းဟူသော အရသာကိုလည်း ပေးပေတတ်၏။ ဂေါတ္တီ၊ စောင့်ရှောက်ပေတတ်၏။ မာတာ၊ အမိသည်။ ပုညူပသံဟိတာ၊ ကောင်းမှု ပြုအပ်သည်နှင့် ယှဉ်၏။ သဂ္ဂဿ လောကဿ၊ နတ်ရွာကိုရခြင်း၏။ မဂ္ဂေါ၊ အကြောင်းပေတည်း။ မာတာ၊ မယ်တော်သည်။ ယံ၊ အကြင် သင်ညီထွေးကို။ ဣစ္ဆသိ၊ အလိုရှိ၏။ တံ၊ ထို သင်ညီထွေးကို။ ဝရတေ၊ တောင့်တ၏။

မိဘတို့ကို လုပ်ကျွေးသင့်ကြောင်း

ဤသို့လျှင် ဘုရားလောင်းသည် နှစ်ဂါထာတို့ဖြင့် အမိ ကျေးဇူးကို ပြဆို၍ တစ်ဖန် လာလတ်၍ ထိုအမိနေရာ၌ နေသောအခါ၌ ညီထွေးနန္ဒ သင်သည် လုပ်ကျွေးရခဲသော အမိကို လုပ်ကျွေးခြင်းငှာ ရ၏။ နှစ်ယောက်ကုန်သော ငါတို့ကို မယ်တော်သည် ဆင်းရဲငြိုငြင်သဖြင့် ကောင်းစွာ ကြီးစေအပ်၏။ ထိုမယ်တော်ကို ယခုအခါ သင်သည် မမေ့မလျော့ လုပ်ကျွေးလော့၊ မချိုမကောင်းသော သစ်သီးတို့ကို မစားစေလင့် ဟုဆို၍ ပရိသတ်အလယ်၌ပင်လျှင် အမိအား လုပ်ကျွေးရခဲသောအဖြစ်ကို ထင်ရှားပြတော်မူလိုရကား-

၁၆၅။ အာကင်္ခမာနာ ပုတ္တဖလံ၊ ဒေဝတာယ နမဿတိ။
နက္ခတ္တာနိ စ ပုစ္ဆတိ၊ ဥတု သံဝစ္ဆရာနိစ။
။ လ။
၁၈၃။ တာယ နံ ပါရိစရိယာယ၊ မာတာပိတူသု ပဏ္ဍိတာ။
ဣဓေဝ နံ ပသံသန္တိ၊ ပေစ္စ သဂ္ဂေ ပမောဒတိ။

ဟူသော ဤတစ်ဆယ့်ကိုးဂါထာတို့ကို မိန့်ဆိုတော်မူ၏။

֍ ဋ္ဌ ၁၆၅။ တာတ၊ ညီထွေး နန္ဒ။ မာတာနာမ၊ အမိမည်သည်ကား။ ပုတ္တဖလံ၊ သားဆုဟုဆိုအပ်သော အကျိုးကို။ အာကင်္ခမာနာ၊ အလိုရှိသည်ဖြစ်၍။ ဒေဝတာယ၊ နတ်အား။ နမဿတိ၊ ရှိခိုး၏။ နက္ခတ္တာနိ စ၊ နက္ခတ်တို့ကိုလည်းကောင်း။ ဥတုသံဝစ္ဆရာနိ စ၊ ဥတုနှစ်တို့ကို လည်းကောင်း။ ပုစ္ဆတိ၊ မေး၏။

֍ ဋ္ဌ ၁၆၆။ နန္ဒ၊ ညီထွေးနန္ဒ။ တဿာ၊ ထိုအမိအား။ ဥတုမှိ၊ ရှေးဖြစ်သော ဥတုသည်။ နှာတာယ၊ သန့်ရှင်းပြီးသော်။ ဂဗ္ဘဿ၊ ကိုယ်ဝန်၏။ ဝေါက္ကမာ၊ တည်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တေန၊ ထိုသို့ ကိုယ်ဝန်တည်သောကြောင့်။ ဒေါဟဠိနီ၊ ချင်ခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ တေန ကာရဏေန၊ ထိုသို့ ချင်ခြင်းရှိသောကြောင့်။ သာ မာတာ၊ ထိုအမိကို။ သုဟဒ၊ သုဟဒ အမည်ရှိ၏ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

֍ ဋ္ဌ ၁၆၇။ နန္ဒ၊ ညီချစ်နန္ဒ။ သံဝစ္ဆရံ၊ တစ်နှစ်သည်လည်းကောင်း။ ဦနံ ဝါ၊ ခုနစ်လသည်လည်းကောင်း။ ပရိဟရိတွာ၊ လွယ်၍။ ဝိဇာယတိ၊ ဖွား၏။ တေန ကာရဏေန၊ ထိုသို့ ဖွားသောကြောင့်။ သာ မာတာ၊ ထိုအမိကို။ ဇနယန္တီတိ စ၊ ဇနယန္တီဟူ၍လည်းကောင်း။ ဇနေတ္တိ စ၊ ဇနေတ္တိဟူ၍လည်းကောင်း။ ဝုစ္စတိ၊ ဆိုအပ်၏။

֍ ဋ္ဌ ၁၆၈။ နန္ဒ၊ ညီထွေးနန္ဒ။ ယာ မာတာ၊ အကြင်အမိသည်။ ထနခီရေန စ၊ နို့ရည်ဖြင့်လည်းကောင်း။ ဂီတေန စ၊ သီချင်းဖြင့်လည်းကောင်း။ အင်္ဂပါဝုရဏေန စ၊ သားမြတ်၌ အိပ်စေ၍ ကိုယ်အတွေ့ကို နှံ့စေလျက် ကြီးပွားစေသဖြင့် လည်းကောင်း။ ရောဒန္တံ၊ ငိုသော။ ပုတ္တံ၊ သားကို။ တောသေတိ၊ နှစ်သက်စေတတ်၏။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ သာ မာတာ၊ ထိုအမိကို။ တောသေန္တီ၊ တောသေန္တီဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

֍ ဋ္ဌ ၁၆၉။ နန္ဒ၊ ညီထွေးနန္ဒ။ တတော ပစ္ဆာ၊ ထို့နောင်မှ။ ယာ မာတာ၊ အကြင်အမိသည်။ ဃောရေ၊ ပြင်းစွာသော။ ဝါတာတပေ၊ လေ နေပူသည်။ ဇာတေ၊ ဖြစ်လတ်သော်။ မမံကတွာ၊ မြတ်နိုးတနာပြု၍။ ဥဒိက္ခတိ၊ ကြည့်ပေတတ်၏။ အပ္ပဇာနန္တံ၊ မသိမကြား မလိမ္မာသေးသော။ ဒါရကံ၊ မိမိသားငယ်ကို။ ပေါသေတိ၊ မွေးပေတတ်၏။ တေန၊ ထို့ကြောင့်။ သာ မာတာ၊ ထိုအမိကို။ ပေါသေန္တီ၊ ပေါသေန္တီဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

֍ ဋ္ဌ ၁၇၀။ နန္ဒ၊ ညီထွေးနန္ဒ။ မာတု၊ အမိ၏။ ယဉ္စ ဓနံ၊ အကြင်ဥစ္စာသည်လည်း။ ဟောတိ၊ ရှိ၏။ ပိတု၊ အဖ၏။ ယဉ္စ ဓနံ၊ အကြင်ဥစ္စာသည်လည်း။ ဟောတိ၊ ရှိ၏။ ဥဘယံပိ၊ နှစ်ပါးသော ဥစ္စာကိုလည်း။ နော၊ ငါတို့၏။ ပုတ္တဿ၊ သားအား။ အပိ သိယာ၊ ဖြစ်ငြားအံ့လည်းမသိ။ ဣတိ၊ ဤသို့။ ဧတဿ၊ ထိုသား၏။ အတ္ထာယ၊ အကျိုးငှာ။ မာတာ၊ အမိသည်။ ဂေါပေတိ၊ စောင့်ရှောက်ပေတတ်၏။

֍ ဋ္ဌ ၁၇၁။ နန္ဒ၊ ညီထွေးနန္ဒ။ ပုတ္တ၊ သားမိုက်။ ဧဝံ၊ ဤသို့ ပြုပါလော့။ ပုတ္တ၊ သားမိုက်။ အဒုံ၊ ဤအမှုကိုပြုလော့။ ဣတိ၊ ဤသို့။ မာတာ၊ အမိသည်။ ဝိညာယတိ-သိက္ခာပေတိ၊ သွန်သင်ပေ၏။ ပရဒါရေသု၊ သူတစ်ပါး မယားတို့၌။ ပမတ္တံ၊ မေ့လျော့သော။ အနာသန္တံ၊ မရောက်လာသော။ ပုတ္တံ၊ သားကိုလည်းကောင်း။ နိသိထေ၊ ညဉ့်အခါ၌။ အနာယန္တံ၊ မရောက်လာသော။ ပုတ္တံ၊ သားကိုလည်းကောင်း။ ပတ္တယောဗ္ဗနေ၊ အရွယ်သို့ရောက်ပြီးသော။ အနာယန္တံ၊ မရောက်လာသော။ ပုတ္တံ၊ သားကိုလည်းကောင်း။ သာယံ၊ ညဉ့်အခါ၌။ အနာယန္တံ၊ မရောက်လာသော။ ပုတ္တံ၊ သားကိုလည်းကောင်း။ ဣတိ ဣမေဟိ ကာရဏေဟိ၊ ဤသို့သောအကြောင်းတို့ဖြင့်။ မာတာ၊ အမိသည်။ ဝိဟညတိ၊ ပင်ပန်းတတ်၏။

အမိ မလုပ်ကျွေးပြစ်

֍ ဋ္ဌ ၁၇၂။ နန္ဒ၊ ညီထွေးနန္ဒ။ ဧဝံ-ဣမိနာ ဝုတ္တပ္ပကာရေန၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်။ ကိစ္ဆာဘတော၊ ဆင်းရဲငြိုငြင်သဖြင့် သုတ်သင်မွေးကျွေးအပ်သော။ ယော ပေါသော၊ အကြင်သားသည်။ မာတု၊ အမိအား။ အပရိစာရကော၊ မလုပ်ကျွေး။ သော ပေါသော၊ ထိုသားသည်။ မာတရိ၊ အမိ၌။ မိစ္ဆာစရိတွာန၊ မလုပ်ကျွေးသောကြောင့်။ နိရယံ၊ ငရဲ၌။ ဥပပဇ္ဇတိ၊ ခံရ၏။

အဖ မလုပ်ကျွေးပြစ်

֍ ဋ္ဌ ၁၇၃။ နန္ဒ၊ ညီထွေးနန္ဒ။ ဧဝံ-ဣမိနာဝုတ္တပ္ပကာရေန၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်။ ကိစ္ဆာဘတော၊ ဆင်းရဲငြင်သဖြင့် သုတ်သင်ကျွေးမွေးအပ်သော။ ယော ပေါသော၊ အကြင်သားသည်။ ပိတု၊ အဖအား။ အပရိစာရကော၊ မလုပ်မကျွေး။ သော ပေါသော၊ ထိုသားသည်။ ပိတရိ၊ အဖ၌။ မိစ္ဆာစရိတွာန၊ မလုပ်မကျွေးသောကြောင့်။ နိရယံ၊ ငရဲ၌။ ဥပပဇ္ဇတိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၇၄။ တာတ၊ ညီထွေးနန္ဒ။ ဓနကာမာနံ၊ ဥစ္စာကိုအလိုရှိကုန်သော သူတို့၏။ ဓနမ္ပိ၊ ရပြီးသော ဥစ္စာသည်လည်း။ မာတရံ၊ အမိကို။ အပရိစရိတွာန၊ မလုပ်မကျွေးသောကြောင့်။ နဿတိ၊ ပျက်စီးတတ်၏။ သော ပေါသော၊ ထိုအမိကို မလုပ်ကျွေးသော သားသည်။ ကိစ္ဆံ ဝါ၊ ဆင်းရဲ ငြိုငြင်ခြင်းသို့လည်း။ နိဂစ္ဆတိ၊ ရောက်တတ်၏။ ဣတိ၊ ဤသို့။ မေ-မယာ၊ ငါသည်။ သုတံ၊ ကြားဖူး၏။

֍ ဋ္ဌ ၁၇၅။ တာတ၊ ညီထွေးနန္ဒ။ ဓနကာမာနံ၊ ဥစ္စာကို အလိုရှိကုန်သော သူတို့၏။ ဓနမ္ပိ၊ ဖြစ်ပြီးသော ဥစ္စာသည်လည်း။ ပိတရံ၊ အဖကို။ အပရိစရိတွာန၊ မလုပ်မကျွေးသောကြောင့်။ နဿတိ၊ ပျက်စီးတတ်၏။ သော ပေါသော၊ ထိုအဖကို မလုပ်မကျွေးသော သားသည်။ ကိစ္ဆံ ဝါ၊ ဆင်းရဲ ငြိုငြင်ခြင်းသို့လည်း။ နိဂစ္ဆတိ၊ ရောက်တတ်၏။ ဣတိ၊ ဤသို့။ မေ မယာ၊ ငါသည်။ သုတံ၊ ကြားဖူး၏။

֍ ဋ္ဌ ၁၇၆။ တာတ၊ ညီထွေးနန္ဒ။ အာနန္ဒော စ၊ နှစ်သက်ခြင်းကိုလည်းကောင်း။ ပမောဒေါ စ၊ လွန်နှစ်သက်ခြင်းကိုလည်းကောင်း။ ဟသိတဉ္စ၊ ရယ်ရွှင်ခြင်းကိုလည်းကောင်း။ ကီဠိတဉ္စ၊ မြူးထူးပျော်ပါး ကစားခြင်းကိုလည်းကောင်း။ ဧတံ သဗ္ဗံ၊ ဤအလုံးစုံကို။ မာတရံ၊ အမိကို။ ပရိစရိတွာန၊ ရိုသေစွာ လုပ်ကျွေးသောကြောင့်။ ဝိဇာနတော၊ ပညာရှိသော သားအား။ သဒါ၊ အခါခပ်သိမ်း။ လဗ္ဘံ၊ ရအပ်၏။

֍ ဋ္ဌ ၁၇၇။ တာတ၊ ညီထွေး နန္ဒ။ အာနန္ဒော စ၊ နှစ်သက်ခြင်းကိုလည်းကောင်း။ ပမောဒေါ စ၊ အလွန်နှစ်သက်ခြင်းကိုလည်းကောင်း။ ဟသိတဉ္စ၊ ရယ်ရွှင်ခြင်းကိုလည်းကောင်း။ ကီဠိတဉ္စ၊ မြူးထူးပျော်ပါး ကစားခြင်းကိုလည်းကောင်း။ ဧတံ သဗ္ဗံ၊ ဤအလုံးစုံကို။ ပိတရံ၊ အဖကို။ ပရိစရိတွာန၊ ရိုသေစွာ လုပ်ကျွေးသောကြောင့်။ ဝိဇာနတော၊ ပညာရှိသောသားအား။ သဒါ၊ အခါခပ်သိမ်း။ လဗ္ဘံ၊ ရအပ်၏။

သင်္ဂဟတရား ၄-ပါး

֍ ဋ္ဌ ၁၇၈။ တာတ၊ အမောင်နန္ဒ။ ဣဓ လောကေ၊ ဤလူ့ရွာ၌။ မာတာပိတူနံ၊ အမိအဖတို့အား။ ယံ ဒါနဉ္စ၊ အကြင်ပေးအပ်သော ဝတ္ထုသည်လည်း။ အတ္ထိ၊ ရှိ၏။ တံ ဒါနဉ္စ၊ ထိုပေးအပ်သောဝတ္ထုကိုလည်း။ ဒါတဗ္ဗံ၊ ပေးအပ်၏။ ယံ ပိယဝါစဉ္စ၊ အကြင်ချစ်ဖွယ်သော စကားသည်လည်း။ အတ္ထိ၊ ရှိ၏။ တံ ပိယဝါစဉ္စ၊ ထိုချစ်ဖွယ်သော စကားကိုလည်း။ ဘဏိတံ၊ ပြောဆိုအပ်၏။ ယာ အတ္ထစရိယာ စ၊ အကြင်ဖြစ်သောကိစ္စကို ပြီးစေသောအားဖြင့် အကျိုးကိုကျင့်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ သာ အတ္ထစရိယာ စ၊ ထိုဖြစ်သောကိစ္စကို ပြီးစေသောအားဖြင့် အကျိုးကိုကျင့်ခြင်းကိုလည်း။ စရိတံ၊ ကျင့်အပ်၏။ တတ္ထ တတ္ထ၊ ထိုထိုအရပ်၌။ ယထာရဟံ၊ ထိုက်သည် အားလျော်စွာ။ ဓမ္မေသု၊ ကြီးသောသူတို့အား အရိုအသေပြုအပ်သော ကုသိုလ်တရားတို့၌။ ယာ သမာနတ္တတာ စ၊ အကြင် ကိုယ်နှင့်ထပ်တူ ကျင့်အပ်သော အဖြစ်သည်လည်း။ အတ္ထိ၊ ရှိ၏။ သာ သမာနတ္တတာ စ၊ ထိုကိုယ်နှင့်ထပ်တူ ကျင့်အပ်သော အဖြစ်ကိုလည်း။ ကာတဗ္ဗာ၊ ပြုအပ်၏။

֍ ဋ္ဌ ၁၇၉။ တာတ၊ အမောင်နန္ဒ။ လောကေ၊ လောက၌။ ဧတေ သင်္ဂဟာ၊ ဤလေးပါးသော သင်္ဂဟဝတ္ထုတို့သည်။ ယာယတော၊ သွားသော။ ရထဿ၊ ရထား၏။ အာဏီဝ၊ နားစောင့်ကဲ့သို့တည်း။ ဧတေ စ သင်္ဂဟာ၊ ဤလေးပါးသော အင်္ဂဟဝတ္ထုတို့ကိုလည်း။ နာဿု၊ မဖြစ်စေကုန်ငြားအံ့။ ပုတ္တကာရဏာ၊ သားဟူသော အကြောင်းကြောင့်။ မာတာ၊ အမိသည်။ န ဘဝေယျ၊ မဖြစ်ရာ။

֍ ဋ္ဌ ၁၈၀။ နန္ဒ၊ ညီထွေးနန္ဒ။ ပုတ္တကာရဏာ၊ သားကိုစွဲ၍။ ပိတာ ဝါ၊ အဖသည်မူလည်း။ ပူဇံ ဝါ၊ ပူဇော်ခြင်းကိုလည်းကောင်း။ မာနံ ဝါ၊ မြတ်နိုးခြင်းကိုလည်းကောင်း။ လဘေထ၊ ရရာ၏။ ယသ္မာ စ၊ အကြင့်ကြောင့်လည်း။ ဧတေ၊ ဤလေးပါးတို့သည်။ သင်္ဂဟာ၊ သင်္ဂဟဝတ္ထုမည်ကုန်၏။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ သမ္မဝေက္ခန္တိ၊ ကောင်းစွာရှုကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တေ၊ ထိုလေးပါးသော သင်္ဂဟဝတ္ထုတို့သည်။ မဟတ္တံ၊ မြတ်သော အဖြစ်သို့။ ပပ္ပေါန္တိ၊ ရောက်ကုန်၏။ ပသံသာ စ၊ ချီးမွမ်းခြင်းငှာ ထိုက်ကုန်သည်လည်း။ ဘဝန္တိ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၁၈၁။ မာတာပိတရော၊ အမိအဖတို့ကို။ ပုတ္တာနံ၊ သားတို့၏။ ဗြဟ္မာတိ၊ ဗြဟ္မာဟူ၍ လည်းကောင်း။ ပုဗ္ဗာစရိယာတိ၊ လက်ဦးဆရာဟူ၍လည်းကောင်း။ ဝုစ္စရေ၊ ဆိုအပ်ကုန်၏။ မာတာပိတရော၊ အမိအဖတို့သည်။ ပုတ္တာနံ၊ သားတို့၏။ အာဟုနေယျာ စ၊ ဆောင်၍ပူဇော်အပ်သော ဝတ္ထုကိုလည်း ခံထျုက်၏။ ပဇာယ၊ သား၌။ ယသ္မာ၊ အကြင့်ကြောင့်။ အနုကမ္ပကာ၊ အစဉ်သနားခြင်း ရှိကုန်၏။

မိဘကို ရှိခိုးသင့်ကြောင်း

֍ ဋ္ဌ ၁၈၂။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ နေ၊ ထိုမိဘတို့ကို။ ပဏ္ဍိတော၊ ပညာရှိသောသားသည်။ အန္နေန စ၊ ထမင်းဖြင့်လည်းကောင်း။ အထော၊ ထိုမှတစ်ပါး။ ပါနေန စ၊ အဖျော်ဖြင့်လည်းကောင်း။ ဝတ္ထေန စ၊ အဝတ်ဖြင့်လည်းကောင်း။ သယနေန စ၊ အိပ်ရာနေရာဖြင့်လည်းကောင်း။ ဥစ္ဆာဒနေန စ၊ ခြေလက် ဆုပ်နယ်ခြင်းဖြင့် လည်းကောင်း။ နှာပနေန စ၊ ရေနွေးရေအေးတို့ဖြင့် ရေချိုးစေခြင်းဖြင့် လည်းကောင်း။ ပါဒါနံ၊ ခြေတို့ကို။ ဓောဝနေန စ၊ ဆေးသဖြင့်လည်းကောင်း။ နံမဿေယျ စ၊ ရှိလည်းခိုးရာ၏။ သက္ကရေယျ စ၊ အရိုအသေကိုလည်း ပြုရာ၏။

֍ ဋ္ဌ ၁၈၃။ နန္ဒ၊ ညီထွေးနန္ဒ။ မာတာပိတူသု၊ အမိအဖတို့၌။ တာယ ပါရိစရိယာယ၊ ထိုသို့ လုပ်ကျွေးခြင်းကြောင့်။ နံ၊ ထိုသားကို။ ပဏ္ဍိတော၊ ပညာရှိဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ဣဓေဝ၊ ဤလူ့ပြည်၌ပင်လျှင်။ နံ၊ ထိုမိဘတို့၌ လုပ်ကျွေးသောသားကို။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။ ပေစ္စ၊ တမလွန်ဘဝ၌။ သဂ္ဂေ၊ နတ်ပြည်၌။ ပမောဒတိ၊ မွေ့လျော်ရ၏။

ဤသို့လျှင် ဘုရားလောင်းသည် မြင်းမိုရ် တောင်မင်းကို လိမ့်စေဘိသကဲ့သို့ ဓမ္မဒေသနာကို ပြီးစေတော်မူ၏။ ထိုဓမ္မဒေသနာတော်ကို နာရ၍ အလုံးစုံလည်း ဖြစ်ကုန်သော တစ်ရာ့တစ်ပါးသော မင်းတို့သည် မိမိတို့ဗိုလ်ပါအပေါင်းနှင့်တကွ ကြည်ညိုကုန်၏။ ထိုအခါ တစ်ရာ့တစ်ပါးသော မင်းတို့ကို ငါးပါးသောသီလတို့၌ တည်စေတော်မူပြီးလျှင် အလှူပေးခြင်း အစရှိသည်တို့၌ မမေ့မလျော့ ဖြစ်ကြကုန်လော့ဟု ဆုံးမတော်မူ၍ လွှတ်လိုက်၏။ အလုံးစုံသော မင်းတို့သည်လည်း တရားနှင့်အညီ မင်းပြု၍ အသက်၏ အဆုံး၌ နတ်ပြည်ကို ပြည့်စေကုန်၏။ နောင်တော် သောဏပညာရှိရသေ့, ညီတော်နန္ဒပညာရှိ ရသေ့တို့သည်လည်း အသက်ထက်ဆုံး မယ်တော် ခမည်းတော်တို့ကိုလုပ်ကျွေး၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူ၏အဆုံး၌ မိဘတို့ကို လုပ်ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား... ယခုအခါ မြတ်သော သာကီဝင်မင်းမျိုးဖြစ်ကုန်သော မယ်တော် မဟာမာယာ, ခမည်းတော် သုဒ္ဓေါဒနမင်းကြီးတို့သည် ထိုအခါ မယ်တော် ခမည်းတော်တို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ညီတော်အာနန္ဒာသည် ထိုအခါ နန္ဒပညာရှိရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မနောဇမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ရှစ်ကျိပ်ကုန်သော မထေရ်တို့သည်လည်းကောင်း တစ်ပါးကုန်သော မထေရ်တို့သည်လည်းကောင်း ထိုအခါ တစ်ရာ့တစ်ပါးသော မင်းတို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ နှစ်ဆယ့်လေးခေါဘိဏီ အရေအတွက်ရှိသော စစ်သည်တို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သောဏပညာရှိရသေ့ ဖြစ်ဖူးပြီး၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သောဏ, နန္ဒ၊ နည်းအရ၊ နှစ်ပါးမိဘ လုပ်ကျွေးကြ

နှစ်ခုမြောက်ဖြစ်သော သောဏနန္ဒဇာတ်သည် ပြီး၏။

*****

အသီတိနိပါတ်

၁။ စူဠဟံသဇာတ်

တပည့်လိမ္မာကြောင့် ဆရာသေဘေးမှလွတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သုမုခအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠဟံသဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာ မထေရ်မြတ်၏ မြတ်စွာဘုရားကိုယ်တော်အား အသက်ကိုစွန့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ ဒေဝဒတ်သည် ဘုရားသခင်ကို သတ်စိမ့်သောငှာ စေလွှတ်ကုန်သော လေးသမားတို့တွင် အလုံးစုံသော လေးသမားတို့၏ရှေးဦးစွာ လွှတ်အပ်သော လေးသမားသည်လာလတ်၍ အရှင်ဒေဝဒတ်... အကျွန်ုပ်သည် ဘုရားသခင်ကိုသတ်ခြင်းငှာ မတတ်နိုင်ပါ၊ ဘုရားသခင်သည် ကြီးသောတန်ခိုးရှိ၏။ ကြီးသော အာနုဘော်ရှိ၏ဟု ဆိုလတ်သော် ဒေဝဒတ်သည် ဤသို့ဆို၏။ ဒါယကာမသင့်၊ သင်သည် ရဟန်းဂေါတမကို မသတ်လင့်လော့၊ ငါသည်ပင်လျှင် ရဟန်းဂေါတမကို သတ်အံ့ဟုဆို၍ သဗ္ဗညူ ဘုရားသခင်သည် ဂိဇ္ဈကုဋ်တောင်၏ အနောက်အရပ်ဝယ် စင်္ကြံကြွမူသည်ရှိသော် ဂိဇ္ဈကုဋ်တောင်သို့ တက်လတ်၍ ယန္တရားအဟုန်ဖြင့် ကြီးစွာသောကျောက်ကိုယူ၍ ဤကျောက်ဖြင့် ရဟန်းဂေါတမကို သတ်အံ့ဟုကြံ၍ လှိမ့်၏။ တောင်ထွတ်နှစ်ခုတို့သည် တကွလာလတ်ကုန်၍ ထိုကျောက်ကို ခံလင့်ကုန်၏။ ထိုကျောက်မှ ကျောက်ချပ်လွှာသည် ကွာ၍ ဘုရားသခင့် ခြေမတော်ကိုခတ်မိ၍ သွေးကိုဖြစ်စေ၏။ ကြီးစွာသော ဝေဒနာတို့သည် ဖြစ်ကုန်၏။ ဇီဝကသည် ဘုရားသခင်ခြေတော်ကို ဓားငယ်ဖြင့်ခွဲ၍ မကောင်းသောသွေးကို ထုတ်ပြီးလျှင် ပုပ်သော အသားတော်ကိုပယ်၍ ဖန်ဆေးသဖြင့် ဆေးလိမ်းကျံ၍ အနာမရှိသည်ကိုပြု၏။ သဗ္ဗညူ မြတ်ဘုရားသည် ရှေ့နေ့ကဲ့သို့လျှင် ရဟန်းအပေါင်း ခြံရံလျက် တင့်တယ်လှစွာသော ဘုရား၏စံပယ်ခြင်းဖြင့် ကြွတော်မူ၏။

နာဠာဂီရိဆင်နှင့်တိုက်

ထိုအခါ ဘုရားသခင်ကိုမြင်၍ ဒေဝဒတ်သည် ကြံ၏။ ဂေါတမ၏ အဆင်း၏ တင့်တယ်ခြင်းအစုသို့ ရောက်သောကိုယ်ကို မြင်သည်ရှိသော် တစ်စုံတစ်ယောက်သော လူဖြစ်သောသူသည် ချဉ်းကပ်ခြင်းငှာ မတတ်နိုင်၊ အဇာတသတ်မင်းကြီး၏ နာဠာဂိရိအမည်ရှိသော ဆင်တော်သည် အလွန်ကြမ်းကြုတ်၏။ ခက်ထန်၏။ လူကို သတ်တတ်၏။ ဘုရားဂုဏ်ကျေးဇူး, တရားဂုဏ်ကျေးဇူး, သံဃာဂုဏ်ကျေးဇူးတို့ကိုမသိ၊ ထိုနာဠာဂိရိ ဆင်တော်သည် ဂေါတမကို အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့ဟု ကြံ၍ ထိုဒေဝဒတ်သည် သွား၍ အဇာတသတ်မင်းကြီးအား ထိုအကြောင်းကို ကြား၏။ အဇာတသတ်မင်းသည် ကောင်းပြီဟု ဝန်ခံ၍ ဆင်ထိန်းကိုခေါ်စေပြီးလျှင် အချင်းဆင်ထိန်း... နက်ဖြန် နာဠာဂိရိ ဆင်တော်ကို ယစ်အောင်ပြု၍ နံနက်စောစောကလျှင် ရှင်ဂေါတမနှင့် ခရီးရင်ဆိုင် လွှတ်လော့ဟု ဆို၏။ ဒေဝဒတ်သည်လည်း ထိုဆင်ထိန်းကို ဒါယကာ... သင်သည် တစ်ပါးသောနေ့၌ ထိုဆင်တော်ကို အဘယ်မျှလောက်သော သုရာကို တိုက်သနည်းဟု မေးသည်ရှိသော် အရှင်ဘုရား... ရှစ်ဖောင်းအိုးကို တိုက်ပါ၏ဟု ဆိုလတ်သော် ထိုသို့တိုက်ပြီးကား နက်ဖြန် သင်သည် ထိုနာဠာဂိရိ ဆင်တော်ကို တစ်ဆယ့်ခြောက်ဖောင်းအိုးကိုတိုက်၍ ရဟန်းဂေါတမ ဆွမ်းခံသွားသောခရီးသို့ ရှေးရှုလွှတ်လော့ ဟု ဆို၏။

ထိုဆင်ထိန်းသည် ကောင်းပြီဟု ဝန်ခံ၏။ အဇာတသတ်မင်းကြီးသည် နက်ဖြန် နာဠာဂိရိ ဆင်တော်ကို သုရာယစ်သည်ကိုပြု၍ မြို့၌ လွှတ်ကုန်လတ္တံ့၊ မြို့သူအပေါင်းတို့သည် နံနက်စောစောကလျှင် အလုံးစုံသော ပြုဖွယ်ကိစ္စတို့ကို ပြုကုန်၍ ခရီးလမ်းမသို့ မသွားကြကုန်လင့်ဟု မြို့၌ စည်လည်စေတော်မူ၏။ ဒေဝဒတ်သည်လည်း နန်းတော်မှဆင်းခဲ့၍ ဆင်တင်းကုပ်သို့သွားပြီးလျှင် ဆင်ထိန်းတို့ကိုခေါ်၍ အချင်းတို့... ငါတို့သည် မြင့်သောအရာ၌ ရှိသောသူကို နိမ့်သောအရာ၌လည်းကောင်း, နိမ့်သောအရာရှိသောသူကို မြင့်သောအရာ၌လည်းကောင်း တည်စေခြင်းငှာ တတ်နိုင်ကုန်၏။ သင်တို့သည် စည်းစိမ်ချမ်းသာကို အကယ်၍ အလိုရှိကုန်အံ့၊ နက်ဖြန် နံနက်စောစောကလျှင် နာဠာဂိရိဆင်တော်ကို ထက်လှစွာသော တစ်ဆယ့်ခြောက်လုံးသော အရက်ကိုတိုက်၍ ဂေါတမလာသောအခါ လှံမချွန်းတောင်းတို့ဖြင့် ထိုးဖောက်ကုန်လျက် အမျက်ထွက်စေပြီးလျှင် ဆင်တင်းကုပ်ကို ချိုးဖျက်စေ၍ ရဟန်းဂေါတမ သွားသောခရီးကို ရှေ့ရှုလွှတ်၍ ဂေါတမကို အသက်ကုန်ခြင်းသို့ ရောက်စေကုန်လော့ဟု ဆို၏။ ထိုဆင်ထိန်းတို့သည် ကောင်းပြီဟု ဝန်ခံကုန်၏။ ထိုအကြောင်းသည် အလုံးစုံသော ရာဇဂြိုဟ်ပြည်၌ နှံ့၏။

ဘုရား, တရား, သံဃာ၌ မြတ်နိုးကုန်သော ဒါယကာတို့သည် ထိုစကားကို ကြားကုန်၍ ဘုရားသခင်သို့ ကပ်ကုန်ပြီးလျှင် အရှင်ဘုရား... ဒေဝဒတ်သည် အဇာတသတ်မင်းကြီးနှင့်တကွ တပေါင်းတည်းဖြစ်၍ နက်ဖြန် အရှင်ဘုရားတို့ ကြွရောက်တော်မူသောခရီး၌ နာဠာဂိရိဆင်တော်ကို လွှတ်ပါလတ္တံ့၊ နက်ဖြန် ဆွမ်းခံကြွတော် မမူပါလင့်၊ ဤဝေဠုဝန် ကျောင်းတော်၌သာလျှင် နေတော်မူပါကုန်၊ အကျွန်ုပ်တို့သည် ကျောင်းတော်၌သာလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာအား ဆွမ်းလုပ်ကျွေးပါကုန်အံ့ဟု လျှောက်ကုန်၏။ သဗ္ဗညူ မြတ်ဘုရားသည်လည်း နက်ဖြန် ဆွမ်းခံမသွားအံ့ဟု မိန့်တော်မမူဘဲ ငါဘုရားသည် နက်ဖြန် နာဠာဂိရိဆင်ကြမ်းကို ဆုံးမတော်မူသဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူ၍ တိတ္ထိတို့ကိုနှိမ်နင်းလျက် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ မသွားမူ၍လျှင် ရဟန်းအပေါင်းခြံရံလျက် မြို့မှထွက်၍ ဝေဠုဝန်ကျောင်းသို့သာလျှင် ငါလာအံ့၊ ရာဇဂြိုဟ်ပြည်၌နေကုန်သော လူအပေါင်းတို့သည်လည်း များစွာကုန်သော ဆွမ်းခွက်တို့ကို ယူခဲ့ကုန်၍ ဝေဠုဝန်ကျောင်းသို့လျှင် လာလတ်ကြကုန်လတ္တံ့၊ နက်ဖြန် ကျောင်းတော်၌သာလျှင် ဆွမ်းဘုဉ်းပေးခြင်း ဖြစ်လတ္တံ့ဟု ဤအကြောင်းဖြင့် ထိုသူတို့အား သည်းခံတော်မူ၏။ ထိုပြည်သူတို့သည် ဘုရားသခင်သည်းခံတော်မူခြင်းကို သိကုန်လျှင် ဆွမ်းခွက်တို့ကို ဆောင်ယူခဲ့ကုန်၍ ဝေဠုဝန်ကျောင်းတော်၌သာလျှင် အလှူပေးကြကုန်အံ့ဟု ဖဲကြလေကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ပထမယာမ်၌ တရားဟောတော်မူ၍ မဇ္ဈိမယာမ်၌ ပြဿနာကို ဖြေတော်မူ၍ ပစ္ဆိမယာမ်ပထမအစု၌ ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ ကျိန်းအိပ်တော်မူခြင်းကို ကျိန်းအိပ်တော်မူပြီးလျှင် ဒုတိယအစု၌ ဖလသမာပတ်ဖြင့် လွန်စေတော်မူ၍ တတိယအစု၌ မဟာကရုဏာသမာပတ်ကို ဝင်စားတော်မူ၍ ကျွတ်ထိုက်ကုန်သော သတ္တဝါတို့ကို ကြည့်တော်မူသည်ရှိသော် နာဠာဂီရိဆင်ကြမ်းကို ဆုံးမတော်မူသဖြင့် ရှစ်သောင်းလေးထောင်ကုန်သော သတ္တဝါတို့ အကျွတ်တရားရမည်ကို မြင်တော်မူ၍ ထိုညဉ့်သည် လင်းလတ်သော် ပြုအပ်ပြီးသော ကိုယ် လက်သုတ်သင်ခြင်း ကိစ္စရှိတော်မူသည်ဖြစ်၍ အရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ အာနန္ဒာ... ယနေ့ ရာဇဂြိုဟ်ပြည်၏ ထက်ဝန်းကျင်ဖြစ်ကုန်သော တစ်ဆယ့်ရှစ်ရပ်ကုန်သော ကျောင်းတိုက်ကြီးတို့၌ အလုံးစုံကုန်သော ရဟန်းတို့အား ဘုရားနှင့်တကွ ရာဇဂြိုဟ်ပြည်သို့ ဝင်စိမ့်သောငှာ ကြားချေလော့ဟု မိန့်တော်မူ၏။

အရှင်အာနန္ဒာမထေရ်သည် ဘုရားသခင် မိန့်တော်မူတိုင်း ပြု၏။ အလုံးစုံကုန်သော ရဟန်းတို့သည်လည်း ဝေဠုဝန်ကျောင်းတော်၌ စည်းဝေးကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်း ခြံရံလျက် ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူ၏။ ဆင်ထိန်းတို့သည် ဒေဝဒတ်ဆုံးမတိုင်း ကျင့်ကုန်၏။ များစွာသော အစည်းအဝေးသည် ဖြစ်၏။

သဒ္ဓါတရားနှင့် ပြည့်စုံကုန်သော လူတို့သည် ယနေ့ ဘုရားတည်းဟူသော ဆင်မြတ်အား တိရစ္ဆာန်ဖြစ်သောဆင်နှင့် စစ်ထိုးခြင်း ဖြစ်လတ္တံ့သတတ်၊ နှိုင်းယှဉ်စရာ ဥပမာမရှိသော ဘုရား၏ တင့်တယ်စံပယ်ခြင်းဖြင့် နာဠာဂိရိဆင်ကြမ်းကို ဆုံးမတော်မူသည်ကို ကြည့်ကြကုန်အံ့ဟု ကြံ၍ ပြာသာဒ်ရှည်, ပြာသာဒ်ဦးပြည်း အိမ်အမိုး အစရှိသည်တို့ကို တက်၍တည်ကုန်၏။

မသဒ္ဓါ မကြည်ညိုကုန်သော မိစ္ဆာအယူရှိကုန်သော သူတို့သည်ကား နာဠာဂိရှိဆင်တော်သည် အလွန်ကြမ်းကြုတ်၏။ ခက်ထန်၏။ လူကိုသတ်တတ်၏။ ဘုရားအစရှိသည်တို့၏ ဂုဏ်ကျေးဇူးကို မသိ၊ ထိုနာဠာဂိရိဆင်တော်သည် ယနေ့ ရွှေအဆင်းတူသော အဆင်းရှိသော ရဟန်းဂေါတမကို ဖျက်ဆီး၍ အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့၊ ယနေ့ ငါတို့ရန်သူ၏ပျက်စီးခြင်းကို မြင်ရကုန်လတ္တံ့ဟုကြံ၍ ပြာသာဒ်ထက် အစရှိသည်တို့၌ တည်ကုန်၏။

နာဠာဂီရိ ဆင်သည်လည်း ဘုရားသခင် ကြွတော်မူလတ်သည်ကိုမြင်လျှင် လူတို့ကိုခြိမ်းခြောက်လျက် အိမ်တို့ကို ဖျက်ဆီးပြီး၍ လှည်းတို့ကို မှုန့်မှုန့်ညက်ညက်ကျေစေလျက် နှာမောင်းကိုမြှောက်၍ နားရွက်အမြီးတို့ကို ထောင်လျက် တောင်ကြီးကဲ့သို့လွှမ်းမိုး၍ အကြင်အရပ်၌ ဘုရားသခင် ရှိတော်မူ၏။ ထိုအရပ်သို့ ရှေးရှုပြေးလာ၏။ ထိုနာဠာဂိရိဆင် လာလတ်သည်ကိုမြင်၍ ရဟန်းတို့သည် သဗ္ဗညူ မြတ်စွာဘုရားကို ဤသို့သောစကားကို နားတော်လျှောက်ကုန်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား... နာဠာဂိရိဆင်သည် ကြမ်းတမ်း၏။ ခက်ထန်၏။ လူကို သတ်တတ်၏။ ဤအရပ်သို့ ကြွတော်မမူပါလင့်။ စင်စစ်သော်ကား ဤနာဠာဂိရိဆင်သည် ဘုရားအစရှိသည်၏ ဂုဏ်ကျေးဇူးကိုမသိပါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား... အရှင်ဘုရားသည် နောက်သို့ ဆုတ်တော်မူပါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အရှင်ဘုရား... အရှင်ဘုရားသည် နောက်သို့ ဆုတ်တော်မူပါလော့ဟု နားတော် လျှောက်ကြကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့... သင်တို့သည် မကြောက်ကြကုန်လင့်၊ ငါဘုရားသည် နာဠာဂီရိဆင်ကြမ်းကို ဆုံးမခြင်းငှာ စွမ်းနိုင်တော်မူ၏ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသောအခါ အရှင်သာရိပုတ္တရာ မထေရ်သည် ဘုရားသခင်ကို တောင်းပန်၏ ဘုန်းတော်ကြီးသော အရှင်ဘုရား အဖအားဖြစ်သော ကိစ္စမည်သည်ကား သားကြီး၏ ဝန်တည်း၊ အကျွန်ုပ်သည်လျှင် ထိုနာဠာဂီရိဆင်ကြမ်းကို ဆုံးမပါအံ့ဟု တောင်းပန်၏။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်ကို သဗ္ဗညူမြတ်စွာဘုရားသခင်သည်

သာရိပုတ္တရာ... ဘုရားအားတော်မည်သည်ကား တစ်ပါးတည်း၊ သာဝကတို့အားလည်း တစ်ပါးတည်း၊ သင်သည် ရပ်လေဟု တားမြစ်တော်မူ၏။

အရှင်သာရိပုတ္တရာ မထေရ်အတူ များသောအားဖြင့် ရှစ်ကျိပ်ကုန်သော သာဝကတို့သည်လည်း တောင်းပန်ကြကုန်၏။ သဗ္ဗညူမြတ်ဘုရားသည် အလုံးစုံသော သာဝကတို့ကို တားမြစ်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာ

မထေရ်သည် သဗ္ဗညူမြတ်ဘုရားသခင်၌ အားကြီးစွာသော ချစ်ခြင်းရှိသည်ဖြစ်၍ သည်းခံခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ဆင်သည် ငါ့ကို ရှေးဦးစွာ သတ်ပါစေဟု ဘုရားသခင့်အကျိုးငှာ မိမိအသက်ကိုစွန့်သဖြင့် သွား၍ ဘုရားသခင့်ရှေ့တော်၌ ရပ်၏။ ထိုအခါ အရှင်အာနန္ဒာကို ဘုရားသခင်သည် အာနန္ဒာ. ဖဲလေလော့၊ ငါဘုရားရှေ့တော်၌ သင် မရပ်လင့်ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာ မထေရ်သည် ဘုရားသခင်ကို ဤသို့ နားတော်လျှောက်ပြန်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား... ဤနာဠာဂိရိဆင်သည် ကြမ်းတမ်း၏။ ခက်ထန်၏။ လူကို သတ်တတ်၏။ ကမ္ဘာလောင်မီးနှင့်တူ၏။ ရှေးဦးစွာ အကျွန်ုပ်ကိုသတ်စေ၍ နောက်မှ အရှင်ဘုရားထံတော်သို့ လာပစေလော့ဟု အရှင်အာနန္ဒာသည် နားတော်လျှောက်၏။ သုံးကြိမ်မြောက်အောင် မြစ်တော်မူသော်လည်း ထိုရှေ့တော်၌သာလျှင် ရပ်၏။ နောက်သိုမဆုတ်။ ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်ကို တန်ခိုးတော်၏အစွမ်းဖြင့် နောက်သို့ ဆုတ်စေတော်မူ၍ ရဟန်းတို့၏အလယ်၌ ချထားတော်မူ၏။

ဆင်ကို ဆုံးမတော်မူခြင်း

ထိုခဏ၌ မိန်းမတစ်ယောက်သည် နာဠာဂိရိဆင်ကိုမြင်လျှင် သေဘေးမှကြောက်သည်ဖြစ်၍ ခါးပိုက်ဖြင့်ချီခဲ့သော သားငယ်ကို နာဠာဂိရိဆင်၏လည်းကောင်း၊ ဘုရားသခင်၏ လည်းကောင်း အလယ်ကြား၌စွန့်၍ ပြေးလေ၏။ နာဠာဂိရိဆင်သည် ထိုမိန်းမကိုလိုက်ပြီးလျှင် ပြန်လည်၍ သူငယ်အထံသို့ သွား၏။ ထိုအခါ သူငယ်သည် သည်းစွာသောအသံဖြင့် ငိုမြည်တမ်း၏။ သဗ္ဗညူ မြတ်ဘုရားသခင်သည် နာဂီရိဆင်ကို ရည်မှတ်တော်မူ၍ ထိုနာဠာဂီရိဆင်ကိုပင်လျှင် မေတ္တာဖြင့်နှံ့စေ၍ သာယာသော ဗြဟ္မာမင်း၏အသံနှင့်တူသော အသံတော်ကို မြှောက်တော်မူ၍ အို... နာဠာဂီရိဆင်... သင့်ကို တစ်ဆယ့်ခြောက်လုံးသော သုရာတို့ကိုသောက်စေ၍ ယစ်ခြင်းကိုပြုကုန်သည်ရှိသော် တစ်ပါးသောသူကို ဤဆင်သည် ဖမ်းလတ္တံ့ဟုကြံ၍ မပြုကုန်၊ စင်စစ်သော်ကား ငါဘုရားကို ဖမ်းယူလတ္တံ့ဟု ကြံ၍ ပြုကုန်၏။ အကြောင်းမဟုတ်သည်၌ သလုံးမြင်းခေါင်း အစရှိသည်တို့ကို ပင်ပန်းစေလျက် သင်မသွားလင့်၊ ဤ ငါဘုရားအထံသို့ လာလှည့်ဟု ခေါ်တော်မူ၏။

ထိုနာဠာဂိရိဆင်သည် ဘုရားသခင့်စကားတော်ကို ကြားလျှင် မျက်စိတို့ကိုဖွင့်၍ ဘုရားသခင့် အဆင်းတော်၏ တင့်တယ်ခြင်း အသရေကိုကြည့်၍ ထိတ်လန့်ခြင်းကို ရရကား ဘုရားသခင့်တန်ခိုးတော်ကြောင့် သုရာယစ်ခြင်း ပြေသည်ဖြစ်၍ နှာမောင်းကိုချသဖြင့် နားရွက်တို့ကို တွဲလျားချလျက်သွား၍ ဘုရားသခင့်ခြေတော်ရင်း၌ ဝပ်၏။ ထိုအခါ နာဠာဂိရိဆင်ကို ဘုရားသခင်သည် နာဠာဂိရိ... သင်သည် တိရစ္ဆာန်ဖြစ်သော ဆင်တည်း၊ ငါကား ဘုရားတည်းဟူသော ဆင်တည်း၊ ဤနေ့မှစ၍ မကြမ်းတမ်းလင့်၊ မခက်ထန်လင့်၊ လူတို့ကိုမသတ်လင့်၊ ခပ်သိမ်းသော သတ္တဝါတို့၌ မေတ္တာစိတ်ကို အဖန်တလဲလဲ ပွားစေလော့ ဟု မိန့်တော်မူလျက် လက်ယာလက်ကို ဆန့်တော်မူ၍ ဦးကင်း၌ သုံးသပ်တော်မူလျက် ဆုံးမတော်မူလိုရကား -

မာ ကုဉ္ဇရ နာဂမာသဒေါ၊
ဒုက္ခော ဟိ ကုဉ္ဇရ နာဂမာသဒေါ။
န ဟိ နာဂဟတဿ ကုဉ္ဇရ၊
သုဂတိ ဟောတိ ဣတော ပရံ ယတော။
မာ စ မဒေါ မာ စ ပမာဒေါ၊
န ဟိ ပမတ္တာ သုဂတိံ ဝဇန္တိ တေ။
တွညေဝ တထာ ကရိဿသိ။
ယေန တွံ သုဂတိံ ဂမိဿသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

နာဂ၊ တောင်နှင့်တူသော။ ကုဉ္ဇရ၊ ဆင်မင်း။ မာ မာသဒေါ၊ သူတစ်ပါးကို မညှဉ်းဆဲ မနှိပ်စက်လင့်။ ကုဉ္ဇရ၊ နှာမောင်းရှိသော။ နာဂ၊ ဆင်မင်း။ မာသဒေါ၊ သူတစ်ပါးကို နှိပ်စက်ညှဉ်းဆဲခြင်းသည်။ ဒုကျခော ဟိ၊ ဆင်းရဲခြင်း၏ အကြောင်းသာလျှင်တည်း။ နာဂ၊ တောင်ကဲ့သို့ ကြီးမြင့်သော။ ကုဉ္ဇရ၊ ဆင်မင်း။ ဟိ၊ ထိုစကားသည် မှန်၏။ ဟတဿ၊ သူတစ်ပါးကို နှိပ်စက် ညှဉ်းဆဲသောသူအား။ ဣတော၊ ဤပစ္စုပ္ပန်ဘဝမှ။ ပရံ၊ ဘဝတစ်ပါးသို့။ ယတော၊ ပြောင်းသွားသည် ရှိသော်။ သုဂတိံ၊ သုဂတိဘဝသို့ လားရသည်။ န ဟောတိ၊ မဖြစ်။

နာဂ၊ နာဠာဂိရိဆင်မင်း။ တွံ၊ သင်သည်။ မာစ မဒေါ၊ မာန်လည်း မယစ်လင့်။ မာ စ ပမာဒေါ၊ မေ့လည်း မမေ့မလျော့သင့်။ ဟိ၊ ထိုစကားသည် မှန်၏။ ပမတ္တာ၊ မေ့လျော့ကုန်သော။ တေ၊ ထိုသူတို့သည်။ သုဂတိံ၊ နတ်ရွာသို့။ နညဝဇန္တိ၊ မသွားကုန်။ ယေန၊ အကြင်ကောင်းမှုဖြင့်။ တွံ၊ သင်သည်။ သုဂတိံ၊ နတ်ရွာသို့။ ဂမိဿသိ၊ သွားရလတ္တံ့။ တေန၊ ထိုကောင်းမှုကို။ တွညေဝ၊ သင်သည်သာလျှင်။ တထာ၊ ထိုအခြင်းဖြင့်။ ကရိဿသိ၊ ပြုလော့။

ဤသို့ မိန့်တော်မူ၍ တရားဟောတော်မူလျှင် ထိုနာဠာဂိရိဆင်၏ ကိုယ်အလုံးသည် ပီတိဖြင့် မပြတ်တွေ့၏။ ထိုနာဠာဂိရိဆင်သည် အကယ်၍ တိရစ္ဆာန်မဖြစ်အံ့၊ သောတာပတ္တိဖိုလ်ကို ရလတ္တံ့သတတ်၊ လူတို့သည် ထိုတန်ခိုးပြာဋိဟာကို မြင်ရကုန်၍ ပဲ့တင်ထပ်စေကုန်၏။ လက်ပန်းပေါက်ခတ်ကုန်၏။ ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်း ရှိကုန်သည်ဖြစ်၍ အထူးထူးသော တန်ဆာတို့ကို ပစ်ကြကုန်၏။ ထိုရွှေငွေအစရှိသော ရတနာတန်ဆာတို့သည် နာဠာဂီရိဆင်ကို ဖုံးအုပ်မိကုန်၏။ ထိုအခါမှစ၍ နာဠာဂိရိဆင်သည် ဓနပါလဆင်ဟူ၍ တွင်၏။ ထိုဓနပါလဆင်ကြမ်းကို ဆုံးမတော်မူသော အစည်းအဝေး၌ကား ရှစ်သောင်းလေးထောင်ကုန်သော သတ္တဝါတို့သည် အမြိုက်နိဗ္ဗာန်တည်းဟူသော အဖျော်ကို သောက်ရကုန်၏။ သဗ္ဗညူ မြတ်နာဘုရားသခင်သည် ဓနပါလဆင်ကို ငါးပါးသီလတို့၌ တည်စေတော်မူ၏။ ထိုဓနပါလဆင်သည် နှာမောင်းဖြင့် ဘုရားသခင့်ခြေတော်၌ မြေမှုန့်တို့ကိုယူ၍ ဦးခေါင်းထက်၌ ကြဲမြှောက်သဖြင့် ရိုသေတုပ်ဝပ်လျက် နောက်ဆုတ်သွားသဖြင့် မြင်ကောင်းသောအရပ်၌ တည်လျက် သဗ္ဗညူ မြတ်စွာဘုရားကို ရှိခိုး၍ ပြန်လာသဖြင့် ဆင်တင်းကုပ်သို့ ဝင်၏။ ထိုအခါမှစ၍ ယဉ်ကျေးသော ဆင်တကာတို့ထက် အထူးသဖြင့် ယဉ်ကျေးသည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူကို မညှဉ်းဆဲပြီ။

ဘုရားသခင်သည် နှလုံးတော်အလိုပြီးခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ အကြင်သူတို့သည် အကြင်ဥစ္စာကို ပစ်ကြဲအပ်၏။ ထိုဥစ္စာသည် ထိုသူတို့အားသာလျှင် ဖြစ်စေသတည်းဟု အဓိဋ္ဌာန်တော်မူ၍ ယနေ့ ငါဘုရားသည် ကြီးစွာသော တန်ခိုးပြာဋိဟာကို ပြုတော်မူအပ်ပြီ၊ ဤ

ရာဇဂြိုဟ်မြို့၌ ဆွမ်းအလို့ငှာ သွားခြင်းသည် မသင့်လျော်ပြီဟု နှလုံးသွင်းတော်မူ၍ တိတ္ထိတို့ကိုနှိမ်နင်းတော်မူသဖြင့် ရဟန်းအပေါင်းခြံရံလျက် ရန်ကိုအောင်မြင်ခြင်းသို့ရောက်သော မင်းကဲ့သို့ ရာဇဂြိုဟ်မှထွက်တော်မူခဲ့ပြီးလျှင် ဝေဠုဝန်ကျောင်းတော်သို့သာလျှင် ကြွတော်မူ၏။

ရာဇဂြိုဟ်မြို့သူ အပေါင်းတို့သည် များစွာသော ဆွမ်း အဖျော် ခဲဖွယ် ဘောဇဉ် စားဖွယ် သောက်ဖွယ်တို့ကိုယူခဲ့၍ ဝေဠုဝန်ကျောင်းတော်သို့ သွားကုန်၍ ကြီးစွာသောအလှူကို ဖြစ်စေကုန်၏။ ထိုဓနပါလဆင်ကို ဆုံးမတော်မူသောနေ့ ညချမ်းအခါ၌ တရားသဘင်ကိုပြည့်စေ၍ နေကုန်သော ရဟန်းတို့သည် စကားကို ဖြစ်စေကုန်၏။ အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့ရှင်တို့ အရှင်အာနန္ဒာမထေရ်သည် သဗ္ဗညူမြတ်စွာဘုရားသခင့်အကျိုးငှာ မိမိအသက်ကိုစွန့်သဖြင့် ပြုနိုင်ခဲသောအမှုကို ပြုပေ၏။ နာဠာဂီရိဆင်ကိုမြင်၍ ဘုရားသခင်သည် သုံးကြိမ်မြစ်တော်မူသော်လည်း မဆုတ်နစ်၊ ငါ့ရှင်တို့ အရှင်အာနန္ဒာမထေရ်သည်အံ့ဖွယ်ရှိစွ၊ ပြုနိုင်ခဲ့သော အမှုကို ပြုပေ၏ဟု အရှင်အာနန္ဒာမထေရ်အား ချီးမွမ်းပြောပခြင်းစကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် အာနန္ဒာ၏ ဂုဏ်ကျေးဇူးစကားသည် ဖြစ်၏ဟု သိတော်မူလျှင် ထိုအရပ်သို့ ငါဘုရားသည် သွားအပ်၏ဟု ကြံတော်မူ၍ ဂန္ဓကုဋိတော်မှ ထွက်ကြတော်မူခဲ့သဖြင့် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်ကုန်လတ်သော် ရဟန်းတို့ ယခုအခါ၌သာလျှင် အာနန္ဒာသည် ငါဘုရား၏အကျိုးငှာ မိမိအသက်ကို စွန့်သည်မဟုတ်သေး၊ ရှေး၌လည်း အာနန္ဒာသည် တိရစ္ဆာန်အမျိုး၌ပင် ဖြစ်သော်လည်း ငါဘုရား၏အကျိုးငှာ မိမိအသက်ကို စွန့်ဖူးပြီဟု မိန့်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ မဟိံသကတိုင်း သာဂလမြို့၌ သာဂလအမည်ရှိသော မင်းသည် တရားနှင့်အညီ မင်းပြု၏။ ထိုအခါ မြို့မှမနီးမဝေးသော တစ်ခုသောမုဆိုးရွာ၌ တစ်ယောက်သောမုဆိုးသည် ကျော့ကွင်းတို့ဖြင့် ငှက်တို့ကိုထောင်ပြီးလျှင် မြို့၌ရောင်းချ၍ အသက်မွေး၏။ သာဂလမြို့မှလည်း မနီးမဝေးသောအရပ်၌ အဝန်း တစ်ဆယ့်နှစ်ယူဇနာရှိသော ငါးပါးသာအဆင်းရှိသော ပဒုမ္မာကြာဖြင့် ဖုံးလွှမ်းအပ်သော မာနုဿိယအမည်ရှိသော အိုင်သည် ရှိ၏။ ထိုမာနုဿိယ ပဒုမ္မာအိုင်၌ အထူးထူး အပြားပြားရှိကုန်သော များစွာကုန်သော ငှက်အပေါင်းတို့သည် သက်ကုန်၏။ ထိုငှက်မုဆိုးသည် ထိုမာနုဿိယ ပဒုမ္မာအိုင်၌ အဘယ်ငှက်ဟူ၍ မမှတ်ဘဲ ကျော့ကွင်းကိုထောင်၏။ ထိုအခါ၌ ဓတရဋ္ဌ ဟင်္သာမင်းသည် ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာအပေါင်း ခြံရံလျက် စိတ္တကုဋ်တောင်ဝယ် ရွှေဂူ၌ နေတော်မူ၏။ ထိုဟင်္သာမင်းအား သုမုခ အမည်ရှိသော ဟင်္သာစစ်သူကြီးသည် ရှိ၏။ ထိုအခါ တစ်နေ့သ၌ ထိုဟင်္သာအပေါင်းမှ နှစ်ကောင် သုံးကောင်ကုန်သော ရွှေဟင်္သာတို့သည် မာနုဿိယအမည်ရှိသော ပဒုမ္မာအိုင်သို့ သွားကုန်သော် များစွာသောအစာရှိသော ထိုမာနုဿိယ ပဒုမ္မာအိုင်၌ အလိုရှိတိုင်း ကျက်စားကုန်၍ ဝ, ကုန်လတ်သော် စိတ္တကုဋ်တောင်သို့သွား၍ ဓတရဋ္ဌ ရွှေဟင်္သာမင်းအား ကြားလျှောက်ကုန်၏။ မြတ်သောမင်းကြီး... လူ့ပြည်ခရီး၌ မာနုဿိယအမည်ရှိသော ပဒုမ္မာအိုင်သည် ပြည့်စုံသော ကျက်စားရာရှိ၏။ ထိုအိုင်၌ အစာကိုယူခြင်းငှာ သွားကြကုန်အံ့ ဟု လျှောက်ကြကုန်၏။

ဟင်္သာမင်း ကျော့ကွင်းမိပြီ

ထိုဘုရားလောင်း ဓတရဋ္ဌ ဟင်္သာမင်းသည် လူ့ပြည် မည်သည်ကား ဘေးဘျမ်းနှင့်တကွ ဖြစ်၏။ ရွံရှာဖွယ်ရှိ၏။ သင်တို့သည် မနှစ်သက်ကြကုန်လင့်ဟု ပယ်တော်မူသော်လည်း ထိုဟင်္သာတို့သည် အဖန်တလဲလဲ လျှေက်ဆိုအပ်သည်ဖြစ်၍ သင်တို့သည် အကယ်၍ နှစ်သက်ကုန်အံ့၊ သွားကြကုန်အံ့ ဟု အခြံအရံနှင့်တကွ ထိုအိုင်သို့ သွားတော်မူ၏။ ထိုဘုရားလောင်း ဓတရဋ္ဌ ဟင်္သာမင်းသည် ကောင်းကင်မှ သက်သည်ရှိသော် ခြေကို ကျော့ကွင်း၌ သွင်းလျက်သာလျှင် သက်၏။ ထိုအခါ ဘုရားလောင်း ဟင်္သာမင်းခြေကို ကျော့ကွင်းသည် သံပြားဖြင့်ငင်သကဲ့သို့ ဖွဲ့၍ယူ၏။ ထိုအခါ ကျော့ကွင်းကို ဖြတ်အံ့ ဟု ကြံ၍ ငင်သော ဘုရားလောင်း၏ ရှေးဦးစွာအကြိမ်၌ အရေသည်ပြတ်၏။ နှစ်ကြိမ်မြောက်ငင်ရာ၌ အသားသည်ပြတ်၏။ သုံးကြိမ်မြောက်ငင်ရာ၌ အကြောသည်ပြတ်၏။ ကျော့ကွင်းသည် အရိုးကိုထိ၍ တည်၏။ သွေးသည် ယိုစီး၏။ သည်းစွာသော ဝေဒနာတို့သည် ဖြစ်ကုန်၏။

ထိုဘုရားလောင်းသည် ငါသည် ကျော့ကွင်းမိသော မြည်သံကို အကယ်၍ မြည်ငြားအံ့၊ ငါ၏ ဆွေမျိုးတို့သည် ထိတ်လန့်ကုန်သည်ဖြစ်၍ အစာကိုမယူကုန်မူ၍ ဆာမွတ်သော ကိုယ်ရှိသည်ဖြစ်၍ ပြေးလွှားကုန်လတ်သော် အားနည်းသည်၏အဖြစ်ကြောင့် မဟာသမုဒ္ဒရာ၌ ကျကုန်လတ္တံ့ ဟု ကြံတော်မူ၏။ ကြံပြီး၍ ဘုရားလောင်းသည် သည်းစွာသောဝေဒနာကို သည်းခံတော်မူ၍ ဆွေမျိုးဖြစ်ကုန်သော ဟင်္သာတို့၏ အလိုရှိတိုင်းစားပြီး၍ ကစားသောအခါ၌ သည်းစွာသောအသံဖြင့် ကျော့ကွင်းမိသော

အသံကို မြည်တော်မူ၏။ ထိုမြည်သံကို ကြားကုန်လျှင် ဟင်္သာတို့သည် သေဘေးမှကြောက်ကုန်သဖြင့် အစုအစုဖြစ်၍ စိတ္တကုဋ်တောင်သို့ရှေးရှု ပျံသွားကြလေကုန်၏။

စစ်သူကြီးသုမုခ ပြန်လာခြင်း

ထိုဟင်္သာတို့ ပျံသွားကုန်သည်ရှိသော် သုမုခအမည်ရှိသော ဟင်္သာစစ်သူကြီးသည် အသို့နည်း၊ စင်စစ်လျှင် ဤဘေးသည် ငါတို့သခင် အရှင်မင်းမြတ်အား ဖြစ်လေသလော့၊ ထိုဘေးကို သိအောင်ပြုအံ့ ဟု ကြံ၍ လျင်မြန်စွာ ပျံသွားသဖြင့် ရှေ့ကသွားသော ဟင်္သာအပေါင်း၌ ဘုရားလောင်းကို မမြင်လျှင် အလယ်ကသွားသော ဟင်္သာအပေါင်း၌ စုံစမ်းရှာဖွေ၏။ ထိုအလယ် ဟင်္သာအပေါင်း၌လည်း ထိုဘုရားလောင်းကို မမြင်၍ နောက်ကသွားသော ဟင်္သာအပေါင်း၌ စုံစမ်းရှာဖွေပြန်၏။ ထိုဟင်္သာအပေါင်း၌လည်း မမြင်၍ မချွတ်လျှင် ထိုဘေးသည် ငါတို့သခင် အရှင်မင်းမြတ်အားသာလျှင် ဖြစ်၏ ဟု ပြန်လည်ခဲ့သဖြင့် လာလတ်သော် ကျော့ကွင်း၌မိသော သွေးအလိမ်း အလိမ်းကပ်လျက် ဆင်းရဲနာကျင်စွာ ညွန်ပျောင်းအပြင်၌နေသော ဘုရားလောင်းကို မြင်၍ အရှင်မင်းမြတ် ကြောက်တော်မမူလင့်၊ အကျွန်ုပ်သည် အသက်ကိုစွန့်၍ အရှင်မင်းမြတ်တို့ကို ကျော့ကွင်းမှ လွတ်ပါစေအံ့ ဟု ဆိုလျက်လျှင် ကောင်းကင်မှသက်လတ်၍ ဘုရားလောင်းကို နှစ်သိမ့်စေလျက် ညွန်ပျောင်း အပြင်၌နေ၏။

ဟင်္သာမင်း နှင်လွှတ်

ထိုသို့ နေသာအခါ ဘုရားလောင်းသည် စစ်သူကြီး သုမုခကို စုံစမ်းတော်မူလိုရကား-

။ သုမုခ အနုပစိနန္တာ၊ ပက္ကမန္တံ ဝိဟင်္ဂမာ။
ဂစ္ဆ တုဝမ္ပိ မာ ကင်္ခိ၊ နတ္ထိ ဗဒ္ဓေ သဟာယတာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆိုတော်မူ၏။

֍ ဋ္ဌ ၁။ သုမုခ၊ အမောင် သုခ။ အနုပစိနန္တာ၊ ချစ်ခင်သဖြင့် မကြည့်ကုန်မူ၍။ ဝိဟင်္ဂမာ၊ ဆွေမျိုးဖြစ်ကုန်သော ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာတို့သည်။ မံ၊ ငါ့ကို။ ဆဍ္ဍေတွာ၊ စွန့်ခဲ့ကုန်၍။ ပက္ကမန္တိ၊ ပျံသွားလေကုန်၏။ ဗဒ္ဓေ၊ ကျော့ကွင်းမိသော ငါ၌။ သဟာယတာ၊ အဆွေခင်ပွန်းဖြစ်သော အပေါင်းအဖော်မည်သည်။ နတ္ထိ၊ မရှိ။ တုဝမ္ပိ၊ သင်သည်လည်း။ ဂစ္ဆ၊ သွားလော့။ မာ ကင်္ခိ၊ ငါ့ထံ၌နေခြင်းကို အလိုမရှိလင့်။

စစ်သူကြီး ငြင်းဆန်ပုံ

ထိုစကားကိုကြား၍ စစ်သူကြီးသုမုခသည် ဟင်္သာမင်းကိုစွန့်၍ မိမိမသွားလိုသောအကြောင်းကို ဟင်္သာမင်းအား ပြန်တင်လျှောက်လိုရကား-

။ ဂစ္ဆေဝါဟံ န ဝါ ဂစ္ဆေ၊ န တေန အမရော သိယံ။
သုခိတံ တံ ဥပါသိတွာ၊ ဒုက္ခိတံ တံ ကထံ ဇဟေ။
။ မရဏံ ဝါ တယာ သဒ္ဓိံ၊ ဇီဝိတံ ဝါ တယာ ဝိနာ။
တဒေဝ မရဏံ သေယျော၊ ယဉ္စေဇီဝေ တယာ ဝိနာ။
။ နေသ ဓမ္မော မဟာရာဇ၊ ယံ တံ ဧဝံ ဂတံ ဇဟေ။
ယာ ဂတိ တုယှံသာ မယှံ၊ ရုစ္စတေ ဝိဟဂါဓိပ။

ဟူသော ဤ သုံးဂါတာတို့ကို ဆို၏။

֍ ဋ္ဌ ၂။ မဟာရာဇ၊ မြတ်သော မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ဂစ္ဆေဝါ၊ သားမူလည်း သွားအံ့။ န ဂစ္ဆေ ဝါ၊ မသွားဘဲမူလည်းနေအံ့။ တေန၊ ထိုအရှင်မင်းကြီးကိုစွန့်၍ သွားသဖြင့်။ အမရောပိ၊ မသေပဲ နေရသည်လည်း။ န သိယံ၊ မဖြစ်လတ္တံ့။ သုခိတံ၊ ချမ်းသာသော။ တွံ၊ အရှင်မင်းကြီးကို။ ဥပါသိတွာ၊ မှီဝဲဆည်းကပ်ပြီး၍။ ဒုက္ခိတံ၊ ဆင်းရဲသော။ တံ၊ အရှင်မင်းကြီးကို။ ကထံ၊ အဘယ့်ကြောင့်။ ဇဟေ၊ စွန့်ရအံ့နည်း။

֍ ဋ္ဌ ၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တယာ၊ အရှင်မင်းကြီးနှင့်။ သဒ္ဓိံ၊ တကွ။ မဏံ ဝါ၊ သေခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ တယာ၊ အရှင်မင်းကြီးနှင့်။ ဝိနာ၊ ကင်း၍။ ဇီဝိတံ၊ သက်ရှည်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ ဣမေသု ဒွီသု၊ ဤနှစ်ပါးတို့တွင်။ တယာ၊ အရှင်မင်းကြီးနှင့်။ သဒ္ဓိံ၊ ကွ။ တဒေဝမရဏံ၊ ထိုသေခြင်းသည်လျှင်။ သေယျော၊ အထူးသဖြင့် မြတ်၏။ တယာ၊ အရှင်မင်းကြီးနှင့်။ ဝိနာ၊ ကင်း၍။ ယံ ဇီဝေ၊ အကြင် အသက်ရှည်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ ဇီဝိတံ၊ ထိုအရှင်မင်းကြီးနှင့်ကင်း၍ အသက်ရှည်ခြင်းသည်။ န သေယျော၊ မမြတ်။

֍ ဋ္ဌ ၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ- ယေန၊ အကြင့်ကြောင့်။ ဧဝံ၊ ဤသို့။ ဂတံ၊ ကျေးဇူးပြုအပ်သော။ တံ၊ အရှင်မင်းကြီးကို။ ဇဟေ၊ စွန့်ငြားအံ့။ ဧသ-ဧသော၊ ဤသို့ ချမ်းသာသောအခါ မှီဝဲ၍ ဆင်းရဲသောအခါ စွန့်ခြင်းသည်။ န ဓမ္မော၊ သူတော်ကောင်း သဘောမဟုတ်။ ဝိဟဂါဓိပ၊ ဟင်္သာမင်း။ တုယှံ၊ အရှင်မင်းကြီး၏။ ယာ ဂတိ၊ အကြင်ဖြစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ သာ ဂတိ၊ ထိုဖြစ်ခြင်းကို။ မယှံ၊ အကျွန်ုပ်သည်။ ရုစ္စတေ၊ နှစ်သက်အပ်၏။

အဘယ်ကြောင့် သေလိုသနည်း

ထိုသို့ သုမုခစစ်သူကြီး တင်လျှောက်သောစကားကို ကြား၍ ရွှေဟင်္သာမင်းသည် အမောင် သုမုခ... သင့်အသက်ကိုစွန့်၍ ငါ့အသက်ကိုရှင်ခြင်းသည် အကြောင်းမရှိ၊ ကန်းလေပြီးသောသူသည် လင်းစေလို၍ ဆီမီးတန်ဆောင် အထောင်မက ထွန်းငြားပါသော်လည်း အလင်းမဖြစ်နိုင်သကဲ့သို့ သင့်အသက်ကို စွန့်ခြင်း၏ အကျိုးအထူးကို ငါမမြင်ဟု မိန့်တော်မူ၍ ထိုအကြောင်းကို သုမုခအား ကြားတော်မူလိုရကား-

။ ကာ နု ပါသေန ဗဒ္ဓဿ၊ ဂတိ အညာ မဟာနသာ။

သာ ကထံ စေတယာနဿ၊ မုတ္တဿ တဝ ရုစ္စတိ။

။ ကံ ဝါ တွံ ပဿသေ အတ္ထံ၊ မမ တုယှဉ္စ ပက္ခိမ။

ဉာတီနံ ဝါ ဝသိဋ္ဌာနံ၊ ဥဘိန္နံ ဇီဝိတက္ခယေ။

။ ယံ န ကဉ္စနဒေပိဉ္ဆ၊ အန္ဓေန တမသာ ဂတံ။

တာဒိသေ သဉ္စဇံ ပါဏံ၊ ကမတ္ထ မဘိဇောတယေ။

ဟူသော ဤ သုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၅။ သုမုခ၊ အမောင် သုမုခ။ ပါသေန၊ ကျော့ကွင်းဖြင့်။ ဗဒ္ဓဿ၊ ဖွဲ့မိသောငါ့အား။ မဟာနသာ၊ စဖိုအိမ်မှ။ အညာ၊ တစ်ပါးသော။ ဂတိ၊ လားရာသည်။ ကာ နု အတ္ထိ၊ အတီမှာရှိအံ့နည်း။ စေတယာနဿ၊ ကျော့ကွင်းမိသည်ကို သိသောစိတ်ရှိသော။ မုတ္တဿ၊ ကျော့ကွင်းမှ လွတ်သော။ တဝ၊ သင်သည်။ ကထံ၊ အဘယ့်ကြောင့်။ သာ၊ ထိုစဖိုအိမ်သို့ ငါသွားရသည်ကို။ ရုစ္စတိ၊ နှစ်သက်ဘိသနည်း။

֍ ဋ္ဌ ၆။ ပက္ခိမ၊ အတောင်ရှိသော။ သုမုခ၊ အမောင်သုခ။ ဥဘိန္နံ၊ နှစ်ယောက်ကုန်သော ငါတို့သည်။ ဇီဝိတက္ခယေ၊ အသက်ကုန်ခြင်း၌။ မမဉ္စ၊ ငါ၏လည်းကောင်း။ တုယှဉ္စ၊ သင်၏ လည်းကောင်း။ အဝသိဋ္ဌာနံ၊ ငါတို့မှ ကြွင်းကုန်သော။ ဉာတီနံ၊ ဆွေမျိုးတို့သည်လည်းကောင်း။ ကံ ဝါ အတ္ထံ၊ အဘယ်အကျိုးကိုလျှင်။ တွံ၊ သင်သည်။ ပဿသေ၊ မြင်ဘိသနည်း။

֍ ဋ္ဌ ၇။ ကဉ္စနဒေပိဉ္ဆ၊ ရွှေအဆင်းနှင့်တူသော အတောင်နှစ်ဖက်ရှိသော။ သုမုခ၊ အမောင် သုမုခ။ တာဒိသေ၊ ထိုသို့သဘောရှိသော လုံ့လပြု၍ အကျိုးမရှိသောအရာ၌။ ပါဏံ၊ မိမိအသက်ကို။ သဉ္စဇံ၊ စွန့်သောသင်သည်။ ကံ အတ္ထံ၊ အဘယ်အကျိုးကို။ အဘိဇောတယေ၊ ပြနိုင်အံ့နည်း။ ယံ- ယေန၊ အကြင့်ကြောင့်။ အန္ဓေန၊ သူကန်းသည်။ တမသာ၊ အမိုက်တိုက်၌။ နဂတံ၊ ဆီမီးထွန်းသော်လည်း မထွန်းသည်နှင့် တူ၏။

တရားရှိသူ တရားကစောင့်

ထို့နောင်မှ သုမုခသည် မိမိအသက်ကိုစွန့်ရာ၌ အကျိုးကို ဘုရားလောင်းအား ပြလိုရကား-

။ ကထံ နု ပတတံ သေဋ္ဌ၊ ဓမ္မေ အတ္ထံ န ဗုဇ္ဈသိ။
ဓမ္မော အပစိတော သန္တော၊ အတ္ထံ ဒဿေတိ ပါဏိနံ။
။ သောဟံ ဓမ္မံ အပေက္ခာနော၊ ဓမ္မာ စတ္ထံ သမုဋ္ဌိတံ။
ဘတ္တိဉ္စ တယိ သမ္ပဿံ၊ နာဝ ကင်္ခါမိ ဇီဝိတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈။ ပတတံ၊ ပျံတတ်သော ငှက်အပေါင်းတို့ထက်။ သေဋ္ဌ၊ အထူးသဖြင့် မြတ်တော်မူသော ဟင်္သာမင်း။ တွံ၊ အရှင်မင်းကြီးသည်။ ဓမ္မေ၊ ကျင့်အပ်သော တရား၌။ ကထံ၊ အဘယ့်ကြောင့်။ အတ္ထံ၊ အကျိုးကို။ န ဗုဇ္ဈသိ နု၊ မသိသနည်း။ မယာ၊ အကျွန်ုပ်သည်။ သန္တော၊ ထင်ရှားရှိသော။ ဓမ္မော၊ ကျင့်အပ်သော တရားကို။ အပစိတော၊ ပူဇော်အပ်၏။ ဓမ္မော၊ ကျင့်အပ်သော ကုသိုလ်တရားသည်။ ပါဏိနံ၊ သတ္တဝါတို့၏။ အတ္ထံ၊ အစီးအပွားကို။ ဒဿေတိ၊ ပေးတတ်၏။

֍ ဋ္ဌ ၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ ဓမ္မံ၊ ကျင့်အပ်သော တရားကို။ အပေက္ခာနော၊ ရှုသည်ဖြစ်၍။ ဓမ္မာ၊ ကျင့်အပ်သော ကုသိုလ်တရားကြောင့်။ သမုဋ္ဌိတံ၊ ဖြစ်သော။ ယံ အတ္ထဉ္စ၊ အကြင် အကျိုးစီးပွားသည်လည်းကောင်း။ တယိ၊ အရှင်မင်းကြီး၌။ ယံ ဘတ္တိံ စ၊ အကြင်ချစ်ခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုအကျိုးကို။ သမ္ပဿံ-သမ္မဿန္တော၊ ရှုသည်ဖြစ်၍။ ဇီဝိတံ၊ အကျွန်ုပ်အသကျကို။ နာဝကင်္ခါမိ၊ အလိုမရှိ။

မိတ်ဆွေအစစ်

ထိုစကားကိုကြား၍ ဘုရားလောင်း ရွှေဟင်္သာမင်းသည် သဘောအားဖြင့် ချီးမွမ်းတော်မူသဖြင့် သုမုခကို မှာထား၍ တစ်ပါးသောအရပ်သို့ သွားစေလိုရကား-

၁၀။ အဒ္ဓါ ဧသော သတံ ဓမ္မော၊
ယော မိတ္တော မိတ္တမာပဒေ။
န စဇေ ဇီဝိတဿာပိ၊ ဟေတုဓမ္မမအနုဿရံ။
၁၁။ သွာယံ ဓမ္မော စ တေ စိဏ္ဏော၊
ဘတ္တိ စ ဝိဒိတာ မယိ။
ကာမံ ကရဿု မယှေတံ၊ ဂစ္ဆေဝါနုမတော မယာ။
၁၂။ အပိ တွေဝံ ဂတေ ကာလေ၊
ယံ ခဏ္ဍံ ဉာတိနံ မယာ။
တယာ တံ ဗုဒ္ဓိသမ္ပန္နံ၊ အဿ ပရမသံဝုတံ။

ဟူသော ဤ သုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀။ သုမုခ၊ အမောင်သုမုခ။ ယော မိတ္တော၊ အကြင် အဆွေခင်ပွန်းသည်။ ဓမ္မံ၊ အဆွေခင်ပွန်း ကျင့်ဝတ်တရားကို။ အနုဿရံ- အနုဿရန္တော၊ အောက်မေ့သည်ဖြစ်၍။ ဇီဝိတဿာပိ၊ အသက်၏လည်း။ ဟေတု၊ အကြောင်းကြောင့်။ အာပဒေ၊ ဘေးရန်ရှိလတ်သော်။ မိတ္တံ၊ အဆွေ ခင်ပွန်းကို။ န စဇေ၊ မစွန့်။ တဿ မိတ္တဿ၊ ထိုအဆွေ ခင်ပွန်း၏။ ဧသော၊ ဤသို့ ဘေးရန်ရှိသောအခါ အဆွေ ခင်ပွန်းကို မစွန့်ခြင်းသည်။ အဒ္ဓါ၊ စင်စစ်။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော၊ သဘောပေတည်း။

֍ ဋ္ဌ ၁၁။ သုမုခ၊ အမောင်သုမုခ။ တေ၊ သင်သည်။ သွာယံ ဓမ္မော စ၊ ထို အဆွေခင်ပွန်းကျင့်ဝတ် တရားကိုလျှင်။ စိဏ္ဏော၊ ကျင့်လိုအံ့။ မယိ၊ ငါ၌၊ ဘတ္တိ စ၊ ချစ်ခြင်းကိုလည်း။ ဝိဒိတာ၊ သိအံ့။ မယှံ၊ ငါ၏။ ကာမံ၊ အလိုရှိအပ်သော။ ဧတံ၊ ဤငါ့စကားကို။ ကရဿု၊ လိုက်နာလော့။ မယာ၊ ငါသည်။ အနုမတော ဧဝ၊ ခွင့်ပြုသည်သာလျှင်တည်း။ တွံ၊ သင်သည်။ ဂစ္ဆ၊ သွားလေလော့။

֍ ဋ္ဌ ၁၂။ သုမုခ၊ အမောင် သုမုခ။ အပိတု၊ စင်စစ်သဖြင့်ကား။ ဧဝံ ဂတေ၊ ဤသို့ဖြစ်သော။ ကာလေ၊ အခါ၌။ မယာ၊ ငါသည်။ ဉာတီနံ၊ အဆွေ အမျိုးတို့အား။ ယံ ခဏ္ဍံ၊ အကြင် အပိုင်းအခြားကို။ ကတံ၊ ပြုအပ်ပြီ။ တံ ခဏ္ဍ၊ ထို အပိုင်းအခြားကို။ တယာ၊ သင်သည်။ ဗုဒ္ဓိသမ္ပန္နံ၊ ပညာနှင့်ပြည့်စုံသည် ဖြစ်၍။ ပရမသံဝုတံ၊ လွန်စွာ စောင့်ရှောက်သည်။ အဿု၊ ဖြစ်လော့။

ဤသို့ ဘုရားလောင်း ရွှေဟင်္သာမင်းနှင့် စစ်သူကြီး သုမုခတို့ မှာထားပြောဆိုကြစဉ် ငှက်ဆိုးသည် မြင်လေ၏။ ရွှေဟင်္သာမင်းတို့သည်လည်း ရန်သူဖြစ်သောမုဆိုးကို ကြည့်ကြကုန်၍ ဆိတ်ဆိတ်နေသဖြင့် မတုန်လှုပ်ကြကုန်။

ဘာကြောင့် မပျံသနည်း

ငှက်မုဆိုးသည် ဟင်္သာမင်းတို့အထံသို့ လျင်မြန်စွာ လာလတ်သဖြင့် ချဉ်းကပ်၍ နှစ်ကောင်လုံးကိုပင် မိသလော ဟု ကြံစည် တွေးတောလျက် ရွှေဟင်္သာတို့ကို မေးလေ၏။

ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၃။ ဣစ္စေဝံ မန္တယန္တာနံ၊ အရိယာနံ အရိယဝုတ္တိနံ။
ပစ္စဒိဿထ နေသာဒေါ၊ အာတုရာနမိဝန္တကော။
။ လ။
၂၀။ ကိံနု တျာဟံ ဒိဇော ဟောတိ၊ မုတ္တောဗဒ္ဓံ ဥပါသသိ။
ဩဟာယ သကုဏာ ယန္တိ၊ ကိံဧကော အဝဟီယသိ။

ဟူသော ဤရှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣစ္စေဝံ၊ ဤသို့လျှင်။ အရိယဝုတ္တီနံ၊ မြတ်သော အကျင့်ရှိကုန်သော။ အရိယာနံ၊ မြတ်သော ငှက်မင်းနှစ်ပါးတို့၏။ မန္တယန္တာနံ၊ တိုင်ပင် ပြောဟောကုန်စဉ်။ အာတုရာနံ၊ ရောဂါနှိပ်စက်ကုန်သော သူတို့အား။ အန္တကော၊ သေမင်းသည်။ ပစ္စဒိဿတိ ဣဝ၊ ထင်လာသကဲ့သို့။ နေသာဒေါ၊ ငှက်မုဆိုးသည်။ ပစ္စဒိဿထ၊ ထင်လာ၏။

֍ ဋ္ဌ ၁၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒီဃရတ္တံ၊ ရှည်မြင့်သော နေ့ညဉ့်ပတ်လုံး။ ဟိတာ၊ အချင်းချင်း အကျိုးစီးပွားကို ဆောင်ကုန်သော။ တေ ဒိဇာ၊ ထိုရွှေဟင်္သာမင်း နှစ်ပါးတို့သည်။ သတ္တုံ၊ ရန်သူဖြစ်သောမုဆိုးကို။ အဘိသဉ္စိက္ခ၊ ကြည့်ကုန်၍။ တုဏှီမာသိတ္ထ၊ ဆိတ်ဆိတ်နေကုန်၏။ ဥဘယော၊ ဟင်္သာ နှစ်ပါးတို့သည်။ အာသနာ၊ နေရာမှ။ န စ ပစ္စေသုံ၊ မတုန်မလှုပ်ကုန်။

֍ ဋ္ဌ ၁၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော တတော၊ ထိုထို အရပ်မှ။ သမုဍ္ဍေန္တ၊ ကောင်းကင်သို့ ပျံတက်ကုန်သော။ ဓတရဋ္ဌေ စ၊ ဓတရဋ္ဌရွှေဟင်္သာတို့ကိုလျှင်။ ဒိသွာန၊ မြင်လတ်၍။ ဒိဇသတ္တု၊ ငှက်မုဆိုးသည်။ ဒိဇာဓိပေ၊ ဟင်္သာမင်းတို့သို့။ ဝေဖဂန၊ လျင်စွာ။ အဘိက္ကမထ၊ ရောက်လေ၏။

֍ ဋ္ဌ ၁၆။ ဘိက္ခဝေ၊ ရဟန်းတို့။ သော စ နေသာဒေါ၊ ထို ငှက်မုဆိုးသည်လည်း။ ဝေဂေန၊ လျင်စွာ။ အဘိက္ကမ္မ၊ ရောက်တည့်လာ၍။ ပရမေ၊ မြတ်ကုန်သော။ ဒိဇေ၊ ဟင်္သာမင်းတို့သို့။ အာသဇ္ဇ၊ ချဉ်းကပ်၍။ ဗဒ္ဓါ၊ နှစ်ကောင်ကိုပင် မိလေသလော။ ဣတိ၊ ဤသို့။ ဝိစိန္တယံ-ဝိစိန္တယန္တော၊ စုံစမ်းလျက်။ ပစ္စကမိတ္ထ၊ ဖြည်းဖြည်းသာသာ သွားလေ၏။

֍ ဋ္ဌ ၁၇။ ဧကံ ဝါ၊ တစ်ကောင်ကိုသာလျှင်။ ဗဒ္ဓံ၊ ကျော့ကွင်းမိသည်ဖြစ်၍။ အာသီနံ၊ နေ၏။ ပုနာပရံ၊ ဟင်္သာမင်း တစ်ကောင်ကို။ အဗဒ္ဓဉ္စ၊ ကျော့ကွင်းလည်း မမိ။ ဗဒ္ဓံ၊ ကျော့ကွင်းမိသော ဟင်္သာမင်းသို့။ အာသဇ္ဇ၊ ကပ်၍။ အာဒီနဝံ၊ အပြစ်ကို။ ပေက္ခာနံ၊ ရှုကြည့်လျက်။ အာသီနံ၊ နေ၏။

֍ ဋ္ဌ ၁၈။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော၊ ထို့နောင်မှ။ သော၊ ထိုငှက်မုဆိုးသည်။ ဝိမတောယေဝ၊ နှစ်ကောင်ကိုပင် မိလေသလောဟု တွေးတောယုံမှားရှိသည်ဖြစ်၍လျှင်။ ပဏ္ဍရေ၊ ရွှေအဆင်းနှင့် တူကုန်သော။ ပဝဍ္ဎကာယေ၊ ကြီးသောကိုယ် ရှိကုန်သော။ အာသီနေ၊ ညွန်ပျောင်း၌ နေကုန်သော။ ဒိဇသင်္ဃဂဏာဓိပေ၊ ငှက်အပေါင်းတို့၏ အရှင်ဖြစ်ကုန်သော ဟင်္သာမင်းတို့ကို။ အဇ္ဈဘာသထ၊ ဤသို့ မေးလေ၏။

֍ ဋ္ဌ ၁၉။ ပက္ခိ၊ ဟင်္သာမင်း။ ယံ ယေန၊ အကြင့်ကြောင့်။ မဟတာ၊ ကြီးစွာသော။ ပါသေန၊ ကျော့ကွင်းဖြင့်။ ဗဒ္ဓေါ၊ မိသော ဟင်္သာမင်းသည်ကား။ ဒိသံ၊ အရပ်တစ်ပါးသို့။ ဂန္တုံ၊ သွားခြင်းငှာ။ န ကုရုတေ၊ မပြုနိုင်မူကား သင့်တန်စေ။ အဗဒ္ဓေါ၊ ကျော့ကွင်းမမိသော ဟင်္သာမင်းသည်ကား။ ဒိသံ၊ အရပ်တစ်ပါးသို့။ ဂန္တုံ၊ သွားခြင်းငှာ။ ကုရုတေ နု၊ ပြုနိုင်၏ မဟုတ်လော။ အထ၊ ထိုသို့ဖြစ်လျက်။ ကသ္မာ၊ အဘယ့်ကြောင့်။ အဗဒ္ဓေါ၊ ကျော့ကွင်းမမိသော။ ဗလီ၊ ကြီးသော ခွန်အားရှိသော။ တွံ၊ သင်သည်။ န ဂစ္ဆသိ၊ မသွားဘိသနည်း။

֍ ဋ္ဌ ၂၀။ အယံ ဒိဇော၊ ဤရွှေဟင်္သာသည်။ တေ၊ သင်နှင့်။ ကိန္နု ဟောဟိ၊ အသို့တော်ကြသနည်း မုတ္တော၊ ကျော့ကွင်းမမိသော သင်သည်။ ဗဒ္ဓံ၊ ကျော့ကွင်းမိသော ရွှေဟင်္သာသို့။ ဥပါသသိ၊ ဆည်းကပ်၏။ သကုဏာ၊ သင်မှ တစ်ပါးသော ဟင်္သာတို့သည်။ ဩဟာယ၊ စွန့်၍။ ယန္တိ၊ ပျံသွားကုန်၏။ ကိံ၊ အဘယ်ကြောင့်။ ဧကော၊ သင်တစ်ယောက်တည်း။ အဝဟီယသိ၊ ကျန်ရစ်ဘိသနည်း။

မိတ်ဆွေကို မစွန့်ကောင်း

ထိုသို့ မေးသောအခါ သုမုခသည် ဘုရားလောင်း ဟင်္သာမင်းကိုစွန့်၍ မိမိ မသွားသောအကြောင်းကို မုဆိုးအား ကြားလိုရကား-

၂၁။ ရာဇာ မေ သော ဒိဇာမိတ္တ၊ သခါ ပါဏသမောစ မေ။
နေဝ နံ ဝိဇဟိဿာမိ၊ ယာဝ ကာလဿ ပရိယာယံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁။ ဒိဇာမိတ္တ၊ အဆွေမုဆိုး။ ဧသော၊ ဤရွှေဟင်္သာသည်။ မေ၊ ငါ၏။ ရာဇာ၊ အရှင်မင်းတည်း။ မေ၊ ငါ၏။ ပါဏသမော၊ အသက်နှင့်တူသော။ သခါ၊ အဆွေခင်ပွန်းတည်း။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ကာလဿ၊ သေခြင်း၏။ ပရိယာယံ၊ အလှည့်သည်။ အတ္ထိ၊ ရှိ၏။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ နံ၊ ထိုရွှေဟင်္သာမင်းကို။ နေဝ ဝိဇဟိဿာမိ၊ ငါ မစွန့်အံ့။

ကျော့ကွင်းကို မမြင်သလော

ထိုစကားကိုကြား၍ မုဆိုးသည် ငှက်တို့၏အရှင်ဟင်္သာမင်းဖြစ်လျက် မိမိအလို့ငှာ ထောင်အပ်သော ကျော့ကွင်းကို အဘယ့်ကြောင့် မသိသနည်းဟု ဆို၍ ထိုသုမုခအား မေးလိုရကား-

၂၂။ ကထံ ပနာယံ ဝိဟင်္ဂေါ၊ နာဒ္ဒသ ပါသမောဍ္ဍိတံ။
ပဒံ ဟေတံ မဟန္တာနံ၊ ဗောဒ္ဓုမရဟန္တိ အာပဒံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၂။ သမ္မဟံသ၊ အဆွေဟင်္သာမင်း။ အယံ ဝိဟင်္ဂေါ၊ ဤဟင်္သာမင်းသည်။ မဟန္တာနံ၊ အခြံအရံများသာသူ ပညာကြီးသော သူတို့တွင်။ ဧကော၊ တစ်ယောက်ဖြစ်ပါလျက်။ ကထံ ပန၊ အဘယ့်ကြောင့်လျှင်။ ဩဍ္ဍိတံ၊ မိမိအလို့ငှာ ထောင်အပ်သော။ ပါသံ၊ ကျော့ကွင်းကို။ နာဒ္ဒသ၊ မမြင်လေသနည်း။ ဟိ-သစ္စံ၊ မှန်၏။ တေ၊ သင်၏။ ရာဇာ၊ အရှင်မင်းသည်။ အာပဒံ၊ ဘေးရန်ဖြစ်ခြင်း၏ အကြောင်းဟူ၍။ ဗောဒ္ဓုံ၊ သိခြင်းငှာ။ အရဟတိ၊ ထိုက်ပါ၏။

ပျက်စီးချင်က မမြင်ကြ

သုမုခသည် ထိုမုဆိုးစကားကို ဖြေလိုရကား-

၂၃။ ယဒါ ပရာဘဝေါ ဟောတိ၊
ပေါသော ဇီဝိတသင်္ခယေ။
အထ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္ဈတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၃။ သမ္မ၊ အဆွေမုဆိုး။ ယဒါ၊ အကြင်အခါ၌။ ယော ပေါသော၊ အကြင်သတ္တဝါသည်။ ဇီဝိတသင်္ခယေ၊ အသက်ကုန်ခြင်းကြောင့်။ ပရာဘဝေါ၊ ပျက်စီးလိုသည်။ ဟောတိ၊ ဖြစ်အံ့။ အထ၊ ထိုသို့ ပျက်စီးလိုသောအခါ၌။ သော ပေါသော၊ ထိုသတ္တဝါသည်။ ဇာလဉ္စ၊ ပိုက်ကွန်သို့လည်းကောင်း။ ပါသဉ္စ၊ ကျော့ကွင်းသို့ လည်းကောင်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ န ဗုဇ္ဈတိ၊ မသိပြီ။

မုဆိုးသည် ထိုသူမုခဖြေဆိုသော စကားကို ဝန်ခံလိုရကား-

၂၄။ အပိတွေဝ မဟာပည၊ ပါသာ ဗဟုဝိဓာ တထာ။
ဂုယှမာသဇ္ဇ ဗဇ္ဈန္တိ၊ အထေဝံ ဇီဝိတက္ခယေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၄။ မဟာပည၊ ကြီးသောပညာရှိသော ဟင်္သာမင်း။ အပိတွေဝ၊ စင်စစ်လျှင်။ ဗဟုဝိဓာ၊ များသော အပြားရှိကုန်သော။ ပါသာ၊ ကျော့ကွင်းတို့ကို။ မယာ၊ ငါသည်။ တထာ၊ ထို့အတူ ထောင်အပ်၏။ အထ၊ ထိုသို့ ငါထောင်သော ကျော့ကွင်း၌။ ဧဝံ၊ ဤသို့။ ဇီဝိတက္ခယေ၊ အသက်သေလိုသည်ရှိသော်။ ဂုယှံ၊ လျှို့ဝှက်အပ်သော ကျော့ကွင်းသို့။ အာသဇ္ဇ၊ ရောက်လာကုန်၍။ ဗဇ္ဈန္တိ၊ ဖွဲ့မိကုန်၏။

ချမ်းသာပေးပါ

ဤသို့ ထိုသုမုခသည် စကားပြောဟောသဖြင့် မုဆိုးကို စိတ်နူးညံ့သည်ကိုပြု၍ ဘုရားလောင်း၏အသက်ကို တောင်းလိုရကား-

၂၅။ အပိ နာယံ တယာ သဒ္ဓိံ၊ သံဝါသဿ သုခုဒြယော။
အပိနော အနုမညာသိ၊ အပိနော ဇီဝိတံ ဒဒေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၅။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ အယံ၊ ဤရွှေဟင်္သာမင်းသည်။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ သံဝါသဿ၊ ပေါင်းဖော်သဖြင့်။ သုခုဒြယော၊ ချမ်းသာသော အကျိုးရှိသည်။ အပိ နု၊ စင်စစ်လျှင်။ ဟောတိ၊ ဖြစ်၏။ နော၊ ငါတို့အား။ အပိနုမညာသိ၊ အခွင့်ပြုပါလော့။ နော၊ ငါတို့၏။ ဇီဝိတံ၊ အသက်ကို။ အပိ ဒဒေ၊ ပေးပါလော့။

စစ်သူကြီးကိုလွှတ်ပြီ

မုဆိုးသည် ထိုသုမုခ၏ သာယာာသော တရားစကားဖြင့် ဖွဲ့သည်ဖြစ်၍ သုမုခကို လွှတ်လိုရကား-

၂၆။ န စေဝ မေ တွံ ဗဒ္ဓေါသိ၊ နပိ ဣစ္ဆာမိ တေ ဝဓံ။
ကာမံ ခိပ္ပမိတော ဂန္တာ၊ ဇီဝ တွံ အနိဃော စိရံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၆။ သမ္မဟံသ၊ အဆွေဟင်္သာ။ တွံ၊ သင်သည်။ ပါသေ၊ ကျော့ကွင်း၌။ ဗဒ္ဓေါ၊ ဖွဲ့မိသည်။ န စေဝ အသိ၊ မဖြစ်သလျှင်ကတည်း။ တေ၊ သင်အား။ ဝဓံ၊ သတ်ခြင်းကို။ နပိ ဣစ္ဆာမိ၊ ငါ အလိုမရှိ။ ဣတော၊ ဤအရပ်မှ။ ခိပ္ပံ၊ လျင်စွာ။ ကာမံ၊ အလိုရှိရာသို့။ ဂန္တာ၊ သွား၍။ တွံ၊ သင်သည်။ အနီဃော၊ ဆင်းရဲမရှိသည်ဖြစ်၍။ စိရံ၊ မြင့်ရှည်စွာ။ ဇီဝ၊ အသက်ရှင်လေလော့။

ဟင်္သာမင်းကို လွှတ်ပါ

ထို့နောင်မှ သုမုခသည် မိမိအား လွှတ်သည်ကို အလိုမရှိ၊ ဘုရားလောင်းကိုသာလျှင် လွှတ်စိမ့်သောငှာ သာယာစွာသောစကားကို ပြောဆိုသဖြင့် အကြောင်းနှင့်တကွ တောင်းပန်ပြန်လိုရကား-

၂၇။ နေဝါဟမေတ မိစ္ဆာမိ၊ အညတြေတဿ ဇီဝိတာ။
သစေ ဧကေန တုဋ္ဌောသိ၊ မုဉ္စေတံ မံ စ ဘက္ခယ။
၂၈။ အာရောဟပရိဏာဟေန၊
တုလျာသ္မာ ဝယသာ ဥဘော။
န တေ လာဘေန ဇီဝတ္ထိ၊ ဧတေန နိမိနာ တုဝံ။
၂၉။ တဒိင်္ဃ သမပေက္ခဿု၊ ဟောတု ဂိဒ္ဓိ တဝမှသု။
မံ ပုဗ္ဗေ ဗဒ္ဓ ပါသေန၊ ပစ္ဆာ မုဉ္စ ဒိဇာဓိပံ။
၃၀။ တာဝဒေဝ စ တေ လာဘော၊
ကတဿ ယာစနာယ စ။
မိတ္တိ စ ဓတရဋ္ဌေဟိ၊ ယာဝ ဇီဝါယ တေ သိယာ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၇။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ အဟံ၊ ငါသည်။ ဧတေဿ၊ ထိုရွှေဟင်္သာမင်း၏။ ဇီဝိတာ၊ အသက်ရှင်ခြင်းကို။ အညတြ၊ ထား၍။ ဧတံ၊ ဤ ငါ၏အသက်ရှင်ခြင်းကို။ နေဝ ဣစ္ဆာမိ၊ အလိုမရှိသည်သာတည်း။ သစေ၊ အကယ်၍။ တွံ၊ သင်သည်။ ဧကေန၊ ဟင်္သာတစ်ကောင်ဖြင့်။ တုဋ္ဌော၊ ရောင့်ရဲသည်။ အသိ၊ ဖြစ်ပါအံ့။ ဧတံ၊ ထိုဟင်္သာမင်းကို။ မုဉ္စ၊ လွှတ်ပါ။ မံ စ၊ ငါ့ကိုသာလျှင်။ ဘက္ခယ၊ စားတော်မူလော့။

֍ ဋ္ဌ ၂၈။ တာတ၊ ဖခင်မုဆိုး။ အာရောဟပရိဏာဟေန၊ လုံးရပ်သဏ္ဌာန်အားဖြင့် လည်းကောင်း။ ဝယသာ၊ အရွယ်အားဖြင့် လည်းကောင်း။ ဥဘော၊ နှစ်ယောက်ကုန်သော ငါတို့သည်။ တုလျာသ္မာ၊ တူကုန်၏။ တေ၊ သင် ဖခင်မုဆိုးအား။ ဟံသရာဇဿ၊ ဟင်္သာမင်း၏။ ဇီဝံ၊ အသက်ကို။ လာဘေန၊ ရခြင်းကို။ န အတ္ထိ၊ အလိုမရှိအံ့။ တုဝံ၊ သင်သည်။ ဧတေန၊ ထို ဟင်္သာမင်းနှင့်။ မံ၊ ငါ့ကို။ နိမိနာဟိ၊ ဖလှယ်ပါလော့။

֍ ဋ္ဌ ၂၉။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ တံ၊ သင့်ကို။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ အမှေ၊ အကျွန်ုပ်တို့ကို။ သမပေက္ခဿု၊ အမျှရှုပါလော့။ အမှေသု၊ အကျွန်ုပ်တို့၌။ တဝ၊ သင့်အား။ ဂိဒ္ဓိ၊ တပ်မက်မောခြင်းသည်။ ဟောဟု၊ ဖြစ်အံ့။ မံ၊ အကျွန်ုပ်ကို။ ပုဗ္ဗေ၊ ရှေးဦးစွာ။ ပါသေန၊ ကျော့ကွင်းဖြင့်။ ဗန္ဓ၊ ဖွဲ့ပါလော့။ ဒီဇာဓိပံ၊ ရွှေဟင်္သာမင်းကို။ ပစ္ဆာ၊ နောက်မှ။ မုဉ္စ၊ လွှတ်တော်မူပါလော့။

֍ ဋ္ဌ ၃၀။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ ယာ ယာစနာ စ၊ အကြင်ငါ၏ တောင်းပန်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ သာ ယာစနာ၊ ထို တောင်းပန်ခြင်းကို။ ကတာ၊ ပြုအပ်သည်။ အဿ၊ ဖြစ်၏။ ဓတရဋ္ဌေဟိ၊ ဓတရဋ္ဌ ရွှေဟင်္သာမင်းတို့နှင့်။ မိတ္တိ စ၊ အဆွေခင်ပွန်းသည်လည်း။ အဿ၊ ဖြစ်ရာ၏။ ယာဝ၊ အကြင်မျှလောက်။ တေ၊ သင့်အား။ ဇီဝါယ၊ အသက်ရှည်ခြင်းငှာ။ သိယာ၊ ဖြစ်ရာ၏။ တာဝဒေဝ၊ ထိုမျှလောက်။ တေ၊ သင်၏။ ဇီဝံ၊ အသက်ကို။ လာဘော၊ ရပါစေလော့။

ဟင်္သာမင်းကိုပါ လွှတ်ပြီ

ဤသို့ဆိုလျှင် မုဆိုးသည် စစ်သူကြီးသုမုခတရားစကားဖြင့် ဆီ၌ချအပ်သော ဝါဂွမ်းစိုင်ကဲ့သို့ နူးညံ့သောစိတ် ရှိသည်ဖြစ်၍ ဘုရားလောင်း ရွှေဟင်္သာမင်းကို ထိုစစ်သူကြီး သုမုခအား မြတ်သောပေးခြင်းကို ပေးလိုရကား-

၃၁။ ပဿန္တု နော မဟာသံဃာ၊
တယာ မုတ္တံ ဣတော ဂတံ။
မိတ္တာမစ္စာ စ ဘစ္စာ စ၊ ပုတ္တဒါရာ စ ဗန္ဓဝါ။
၃၂။ န စ တေ တာဒိသာ မိတ္တာ၊ ဗဟူနံ ဣဓ ဝိဇ္ဇတိ။
တထာ တွံ ဓတရဋ္ဌဿ၊ ပါဏသာဓာရဏော သခါ။
၃၃။ သော တေ သဟာယံ မုဉ္စာမိ၊
ဟောတု ရာဇာ တဝါနုဂေါ။
ကာမံ ခိပ္ပမိတော ဂန္တာ၊ ဉာတိမဇ္ဈေ ဝိရောစထ။

ဟူသော ဤသုံးဂါထာကို ဆို၏။

֍ ဋ္ဌ ၃၁။ သမ္မဟံသ၊ အဆွေဟင်္သာမင်း။ တယာ၊ သင်သည်။ မုတ္တံ၊ လွတ်စေအပ်သည်ဖြစ်၍။ ဣတော၊ ဤအရပ်မှ။ ဂတံ၊ သွားလေ၍။ မဟာသံဃာ စ၊ များစွာသော ဆွေမျိုး ဟင်္သာ အပေါင်းတို့သည်လည်းကောင်း။ မိတ္တာ စ၊ အဆွေခင်ပွန်းတို့သည်လည်းကောင်း။ အမစ္စာ စ၊ အမတ်တို့သည်လည်းကောင်း။ ဘစ္စာ စ၊ ကျွန်တို့သည်လည်းကောင်း။ ပုတ္တဒါရာစ၊ သားမယားတို့သည်လည်းကောင်း။ ဗန္ဓဝါ စ၊ အဆွေခင်ပွန်း မည်ကာမျှဖြစ်သော သူတို့သည်လည်းကောင်း။ ပဿန္တု၊ ဖူးမြင်စေကုန်လော့။

֍ ဋ္ဌ ၃၂။ သမ္မဟံသ၊ အဆွေဟင်္သာမင်း။ တွံ၊ သင်သည်။ ဓတရဋ္ဌဿ၊ ဓတရဋ္ဌ ရွှေဟင်္သာမင်း၏။ ပါဏသာဓာရဏော၊ အသက်နှင့် ဆက်ဆံသော။ သခါ၊ အဆွေခင်ပွန်းသည်။ အသိ ယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထို့အတူ။ ဣဓ၊ ဤလောက၌။ ဗဟူနံ၊ များစွာကုန်သော သူတို့အား။ ဧတာဒိသာ၊ ထိုသင်နှင့်တူကုန်သော။ မိတ္တာ၊ အဆွေခင်ပွန်းတို့သည်။ န စ ဝိဇ္ဇတိ- န စ ဝိဇ္ဇန္တိ၊ မရှိကုန်သလျှင်ကတည်း။

֍ ဋ္ဌ ၃၃။ သော အဟံ၊ ထိုငါသည်။ တေ၊ သင်၏။ သဟာယံ၊ အဆွေခင်ပွန်းဖြစ်သော ဟင်္သာမင်းကို။ မုဉ္စာမိ၊ လွှတ်အံ့။ ရာဇာ၊ ရွှေဟင်္သာမင်းသည်။ တဝ၊ သင်၏။ အနုဂေါ၊ အလိုသို့လိုက်သည်။ ဟောတု၊ ဖြစ်လေလော့။ ဣတာ၊ ဤအရပ်မှ။ ကာမံ၊ အလိုရှိရာသို့။ ခိပ္ပံ၊ လျင်စွာ။ ဂန္တာ၊ သွား၍။ တုမှေ၊ သင်ဟင်္သာမင်းနှစ်ပါးတို့သည်။ ဉာတိမဇ္ဈေ၊ ဆွေမျိုးတို့၏အလယ်၌။ ဝိရောစထ၊ တင့်တယ်ကြလေကုန်လော့။

ဤသို့သော စကားကိုဆို၍ မုဆိုးသားသည် မေတ္တာစိတ်ဖြင့် ဘုရားလောင်းသို့ကပ်ပြီးလျှင် ကျော့ကွင်းကိုဖြတ်၍ ပိုက်ဖက်သဖြင့် အိုင်မှထုတ်ဆောင်၍ အိုင်နား၌ နုပျိုသော နေဇာမြက်အပြင်ဝယ် နေစေ၍ ဘုရားလောင်းခြေဝယ် မိသောကျော့ကွင်းကို နူးညံ့သောစိတ်ဖြင့် အသာဖြည်၍ အဝေးသို့ ပစ်လိုက်ပြီးလျှင် ဘုရားလောင်း၌ အားကြီးစွာသော ချစ်ခြင်းကို ဖြစ်စေ၏။ မေတ္တာစိတ်ဖြင့် ရေကိုဆောင်ယူ၍ သွေးကိုဆေးသဖြင့် အဖန်တလဲလဲ ဆုပ်နယ်၏။ ထိုမုဆိုးသား၏ မေတ္တာစိတ် အာနုဘော်ဖြင့် ဘုရားလောင်းခြေ၌ အကြောသည် အကြောချင်း, အသားသည် အသားချင်း, အရေသည် အရေချင်း ဆက်မိကြ၏။ ထိုခဏ၌လျှင် ဘုရားလောင်းခြေသည် အသားနုတက်သည်။ ကောင်းသော အရေရှိသည်။ ကောင်းစွာပေါက်ရောက်သော အမွေးရှိသည် ဖြစ်၏။ ကျော့ကွင်းမမိသောခြေနှင့် အထူးမရှိသည်သာလျှင်တည်း။ ဘုရားလောင်းသည် ချမ်းသာသည်ဖြစ်၍ ပြကတော့အားဖြင့်လျှင် နေတော်မူ၏။

မုဆိုးကို ဆုပေး၍

ထိုသို့နေသော စစ်သူကြီးသုမုခသည် မိမိကိုယ်ကိုမှီ၍ ဘုရားလောင်းရွှေဟင်္သာမင်း ချမ်းသာသာအဖြစ်ကို မြင်ရလျှင် ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်းဖြစ်ရကား မုဆိုးအား ချီးမွမ်းခြင်းကို ပြု၏။ ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

၃၄။ သောပတီတော ပမုတ္တေန၊ ဘတ္တုနာ ဘတ္တုဂါရဝေါ။
အဇ္ဈာဘာသထ ဝက္ကင်္ဂေါ၊ ဝါစံ ကဏ္ဏသုခံ ဘဏံ။
၃၅။ ဧဝံ လုဒ္ဒက နန္ဒဿု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟမဇ္ဇ နန္ဒာမိ၊ မုတ္တံ ဒိသွာ ဒိဇာဓိပံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၃၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘတ္တုနာ၊ မိမိအရှင်ရွှေဟင်္သာမင်းသည်။ ပမုတ္တေန၊ ကျော့ကွင်းမှ လွတ်သောကြောင့်။ ဝက္ကင်္ဂေါ၊ ကောက်သောလည်ရှိသော။ ဘတ္တုဂါရဝေါ၊ အရှင်ကို ရိုသေလေ့ရှိသော။ သော၊ ထိုစစ်သူကြီး သုမုခသည်။ ပတီတော၊ ဝမ်းမြောက်သည် ဖြစ်၍။ ကဏ္ဏသုခံ၊ နားချမ်းသာသော။ ဝါစံ၊ စကားကို။ ဘဏံ-ဘုဏန္တော၊ ပြောဟောလျက်။ အဇ္ဈဘာသထ၊ ဤသို့ဆိုလေ၏။

֍ ဋ္ဌ ၃၅။ လုဒ္ဒက၊ အဆွေဆိုး။ အဇ္ဇ၊ ဤအခါ၌။ အဟံ၊ ငါသည်။ မုတ္တံ၊ ကျော့ကွင်းမှလွတ်သော။ ဒိဇာဓိပံ၊ ရွှေဟင်္သာမင်းကို။ ဒိသွာ၊ မြင်ရ၍။ နန္ဒာမိ ယထာ၊ နှစ်သက်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ တွံ၊ သင်အဆွေမုဆိုးသည်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်ပါစေသတည်း။

မင်းကြီးထံ ပို့စေခြင်း

ဤသို့ ချီးမွမ်းခြင်းကို ပြုပြီး၍ စစ်သူကြီး သုမုခသည် မိမိရွှေဟင်္သာမင်းအား ဤသို့ လျှောက်၏။ မြတ်သောမင်းကြီး ဤမုဆိုးသည် အကျွန်ုပ်တို့အား ကျေးဇူးပြုပေ၏။ ထိုစကားသည် မှန်၏။ ဤမုဆိုးသည် အကျွန်ုပ်တို့စကားကို မလိုက်နာမူ၍ ဟင်္သာဖြစ်ကုန်သော အကျွန်ုပ်တို့ကို ပင်ပန်းစေသည်တို့ကိုပြု၍ ပြည့်ရှင်မင်းတို့အား ဆက်သည်ရှိသော် များစွာသောဥစ္စာကို ရပေရာ၏။ သတ်၍ အသားကိုရောင်းချသည်ရှိသော် အဖိုးကိုလည်း ရပေရာ၏။ စင်စစ်သဖြင့် မိမိအသက်ကို မကြည့်မူ၍ အကျွန်ုပ်တို့စကားကို နာယူပေ၏။ ဤမုဆိုးကို မင်း၏အထံသို့ ဆောင်ယူ၍ ချမ်းသာစွာ အသက်မွေးရသည်ကို ပြုကြကုန်အံ့ဟု ကြားလျှောက်၏။ ဘုရားလောင်းသည် ဝန်ခံတော်မူ၏။ သုမုခသည် မိမိတို့ဘာသာဖြင့် ဘုရားလောင်းနှင့်တကွ တိုင်ပင်ပြောဆိုပြီး၍ တစ်ဖန် လူ့ဘာသာဖြင့် မုဆိုးကိုခေါ်၍ အဆွေမုဆိုး... သင်သည် အဘယ်အကျိုးငှာ ကျော့ကွင်းကိုထောင်ဘိသနည်းဟု မေး၍ ဥစ္စာအကျိုးငှာ ထောင်၏ ဟု ပြောဆိုလတ်သော် ဤသို့ ဥစ္စာအလို့ငှာ ထောင်သည်ရှိသော် ငါတို့ကိုဆောင်ယူ၍ မြို့သို့ဝင်ပြီးလျှင် မင်းအား ပြလော့၊ သင့်အား များစွာသောဥစ္စာကို ပေးအံ့ဟု ဆို၍ မုဆိုးအား အကြောင်းကို ကြားလိုရကား-

၃၆။ ဧဟိ တံ အနုသိက္ခာမိ၊ ယထာ တွမပိ လစ္ဆသေ။
လာဘံ တဝါယံ ဓတရဋ္ဌော၊ ပါပံ ကိဉ္စိ န ဒက္ခတိ။
၃၇။ ခိပ္ပမန္တေပုရံ နေတွာ၊
ရညော ဒဿေဟိ နော ဥဘော။
အဗဒ္ဓေ ပကတိဘူတေ၊
ကာဇေ ဥဘယတော ဌိတေ။
၃၈။ ဓတရဋ္ဌာ မဟာရာဇ၊ ဟံသာဓိပတိနော ဣမေ။
အယံဟိ ရာဇာ ဟံသာနံ၊ အယံ သေနာပတီတရော။
၃၉။ အသံသယံ ဣမံ ဒိသွာ၊ ဟံသာရာဇံ နရာဓိပေါ။
ပတီတော သုမနော စိတ္တော၊
ဗဟုံ ဒဿတိ တေ ဓနံ။

ဟူသော လေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၆။ သမ္မ လုဒ္ဒက၊ အဆွေမုဆိုး။ ဧဟိ၊ လာလှည့်။ ယထာ၊ အကြင်အခြင်းဖြင့် ငါ ဆုံးမသည်ရှိသော်။ တွံ၊ သင်သည်။ အပိ၊ စင်စစ်။ လာဘံ၊ လာဘ်ကို။ လစ္ဆသေ၊ ရလတ္တံ့။ တထာ၊ ထိုအခြင်းဖြင့်။ တံ၊ သင့်ကို။ အနုသိက္ခာမိ၊ ငါဆုံးမအံ့။ အယံ ဓတရဋ္ဌော၊ ဤ ဓတရဋ္ဌ ရွှေဟင်္သာမင်းသည်။ တဝ၊ သင့်အား။ ကိဉ္စိ၊ အနည်းငယ်သော။ ပါပံ၊ ယုတ်မာခြင်းကို။ န ဒက္ခတိ၊ မရှု။

֍ ဋ္ဌ ၃၇။ သမ္မ၊ အဆွေမုဆိုး။ ခိပ္ပံ၊ လျင်စွာ။ အန္တေပုရံ၊ မင်း၏နန်းတော်သို့။ ဂန္တာ၊ သွား၍။ အဗဒ္ဓေ၊ မဖွဲ့အပ်ကုန်သော။ ပကတိဘူတေ၊ ပကတိဖြစ်၍ ဖြစ်ကုန်သော။ ကာဇေ၊ ထမ်းပိုး၌။ ဥဘယတော၊ အစွန်းနှစ်ဖက်မှ။ ဌိတေ၊ တည်ကုန်သော။ ဥဘော၊ နှစ်ပါးကုန်သော။ နော၊ ငါတို့ကို။ ရညော၊ မင်းအား။ ဒဿေဟိ၊ ပြလော့။

֍ ဋ္ဌ ၃၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမေ၊ ဤရွှေဟင်္သာတို့သည်။ ဓတရဋ္ဌာ၊ ဓတရဋ္ဌမျိုးဖြစ်ကုန်သော။ ဟံသာဓိပတိနော၊ ဟင်္သာမင်းတို့တည်း။ ဟိ-သစ္စံ၊ မှန်၏။ အယံ၊ ဤရွှေဟင်္သာသည်။ ဟံသာနံ၊ ဟင်္သာတို့၏။ ရာဇာ၊ မင်းတည်း။ ဣတရော၊ ဤရွှေဟင်္သာမှတစ်ပါးသော။ အယံ၊ ဤရွှေဟင်္သာသည်။ သေနာပတိ၊ စစ်သူကြီးတည်း။

֍ ဋ္ဌ ၃၉။ သမ္မ၊ အဆွေမုဆိုး။ နရာဓိပေါ၊ သင်တို့၏ အရှင်မင်းသည်။ ဣမံ ဟံသရာဇံ၊ ဤ ငါတို့အရှင်ရွှေဟင်္သာမင်းကို။ ဒိသွာ၊ မြင်ရသည်ရှိသော်။ အသံသယံ၊ ယုံမှားမဲ့။ ပတီတော၊ နှစ်သက်သည်ဖြစ်၍။ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍။ စိတ္တော၊ ပီတိဖြင့်ပြည့်သော ရွှင်သောစိတ်ရှိသည်ဖြစ်၍။ တေ၊ သင့်အား ဗဟုံ၊ များစွာသော။ ဓနံ၊ ဥစ္စာကို။ ဒဿတိ၊ ပေးလတ္တံ့။

ငါတို့ကိုဆောင်ယူ၍ မင်းအားပြလော့ ဟု သုမုခဆိုသည်ကား ဘုရားလောင်း ရွှေဟင်္သာမင်း၏ ပညာအစွမ်းကို ပြခြင်းငှာလည်းကောင်း, မိမိ၏ အဆွေခင်ပွန်းသဘောကို ထင်ရှားပြခြင်းငှာလည်းကောင်း, မုဆိုးအား ဥစ္စာရခြင်းငှာလည်းကောင်း, သာဂလမင်းအား သီလတို့၌ တည်စိမ့်သောငှာ လည်းကောင်း, ဤလေးပါးသော အကြောင်းတို့ကြောင့် ဤသို့ ဆို၏။

မင်းကြီးထံ ပြလေသော်

ဤသို့ စစ်သူကြီးသုမုခ ဆိုလတ်သော် မုဆိုးသည် အရှင်အရှင်တို့သည် မင်းအားပြခြင်းကို နှစ်သက်တော်မမူပါလင့်၊ မင်းတို့မည်သည်ကား တုန်လှုပ်သော စိတ်ရှိကုန်၏။ အရှင်တို့ကို ပင်ပန်းစေသည်တို့ကိုမူလည်း ပြုကုန်ရာ၏။ သတ်မူလည်း သတ်ကုန်ရာ၏ဟု ဆိုသည်ရှိသော် အဆွေမုဆိုး... သင် မကြောက်လင့်၊ ငါသည် သင်ကဲ့သို့ ခက်ထန်ကြမ်းတမ်းသော သတ္တဝါတို့၏သွေးကို သောက်တတ်သော မုဆိုးကိုစင်လျက် တရားစကားဖြင့် နူးညံ့သည်ကိုပြု၍ ငါ၏ခြေသို့ ဝပ်စေနိုင်သေး၏။ မင်းတို့မည်သည်ကား ဘုန်းကံနှင့် ပြည့်စုံကုန်၏။ ပညာလည်း ကြီးကုန်၏။ ကောင်းသောစကား မကောင်းသော စကားတို့ကို သိတတ်ကုန်၏။ ငါတို့ကို မင်းအား လျင်စွာပြလော့ဟု ဆိုသည်ရှိသော် ထိုသို့ဖြစ်သော်ကား အကျွန်ုပ်အား အမျက် မထွက်ပါကုန်လင့်၊ အကျွန်ုပ်သည် မချွတ်လျှင် အရှင်တို့အလိုအားဖြင့် ဆောင်ယူပါအံ့ဟု ဆို၍ ရွှေဟင်္သာနှစ်ကောင်တို့ကိုလည်း ထမ်းပိုးသို့တင်၍ မင်းအိမ်သို့သွား၍ မင်းအား ပြသဖြင့် မင်းသည် မေးအပ်သည်ရှိသော် ဟုတ်မှန်တိုင်း တင်လျှောက်၏။

ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၄၀။ တဿ တံ ဝစနံ သုတွာ၊ ကမ္မုနာ ဥပပါဒယိ။
ခိပ္ပမန္တေပုရံ ဂန္တွာ၊ ရညော ဟံသေ အဒဿယိ။
အဗဒ္ဓေ ပကတီဘူတေ၊
ကာဇေ ဥဘယတော ဌိတေ။
။ လ။
၅၆။ ဥပါယနဉ္စ တေ ဒေဝ၊ နာညံ ပဿာမိ ဧဒိသံ။
သဗ္ဗသာကုဏိကာ ဂါမေ၊ တွံ ပဿ မနုဇာဓိပ။

ဟူသော ဤတစ်ဆယ့်ခုနစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၄၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တဿ၊ ထိုသုမုခ၏။ တံ ဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ လုဒ္ဒေါ၊ မုဆိုးသည်။ ကမ္မုနာ၊ ကိုယ်မှုဖြင့်။ ဥပပါဒယိ၊ ပြည့်စုံစေ၏။ ခိပ္ပံ၊ လျင်စွာ။ အန္တေပုရံ၊ မင်း၏ နန်းတော်သို့။ ဂန္တွာ၊ သွား၍။ ရညော၊ သာဂလမင်းအား။ အဗဒ္ဓေ၊ မဖွဲ့မချည်ကုန်သော။ ပကတိဘူတေ၊ ပကတိဖြစ်၍ ဖြစ်ကုန်သော။ ကာဇေ၊ ထမ်းပိုး၌။ ဥဘယတော၊ အစွန်းနှစ်ဖက်မှ။ ဌိတေ၊ တည်ကုန်သော။ ဟံသေ၊ ဟင်္သာမင်း နှစ်ကောင်တို့ကို။ အဒဿယိ၊ ပြလေ၏။

֍ ဋ္ဌ ၄၁။ ရညာ၊ သာဂလမင်းသည်။ ပုဋ္ဌော၊ မေးအပ်သော မုဆိုးသည်။ မဟာရာဇ၊ မင်းမြတ်။ ဣမေ၊ ဤရွှေဟင်္သာတို့သည်။ ဓတရဋ္ဌာ၊ ဓတရဋ္ဌမျိုး ဖြစ်ကုန်သော။ ဟံသာဓိပတိနော၊ ဟင်္သာမင်းတို့တည်း။ ဟိ-သစ္စံ၊ မှန်ပါ၏။ အယံ၊ ဤ ရွှေဟင်္သာသည်။ ဟံသာနံ၊ ဟင်္သာတို့၏။ ရာဇာ၊ မင်းတည်း။ ဣတရော၊ ဤဟင်္သာမင်းမှ တစ်ပါးသော။ အယံ၊ ဤရွှေဟင်္သာသည်။ သေနာပတိ၊ စစ်သူကြီးတည်း။ ဣတိ၊ ဤသို့။ အာဟ၊ တင်လျှောက်၏။

֍ ဋ္ဌ ၄၂။ လုဒ္ဒက၊ မုဆိုး။ ကထံ ပန၊ အသို့မူ၍လျှင်။ ဣမေ ဝိဟင်္ဂါ၊ ဤရွှေဟင်္သာတို့သည်။ တဝ၊ သင်၏။ ဟတ္ထတ္တံ၊ လက်သို့။ အာဂတာ၊ ရောက်ကုန်သနည်း။ ကထံ၊ အသို့လျှင်။ တွံ၊ သင်သည်။ မဟန္တာနံ၊ များစွာကုန်သော ဟင်္သာတို့၏။ ဣဿရေ၊ အစိုးရသော မင်းတို့ကို။ ဣဓ၊ ဤအရပ်၌။ အဇ္ဈဂါ၊ ရသနည်း။

֍ ဋ္ဌ ၄၃။ ဇနာဓိပ၊ လူတို့ကို အစိုးရတော်မူသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ ယံယံ၊ အကြင် အကြင်သို့ သဘောရှိသော။ အာယတနံ၊ ငှက်အပေါင်းတို့၏ စုဝေးရာသည်။ အတ္ထိ၊ ရှိပါ၏။ ဒိဇာနံ၊ ငှက်တို့၏။ ပါဏရောဓနံ၊ အသက်သေခြင်းကို ပြုတတ်သော။ ပါသံ၊ ကျော့ကွင်းကို။ မညေ၊ အကျွန်ုပ်ကွံမိ၏။ တေသု တေသု၊ ထိုထိုသို့ သဘောရှိကုန်သော။ ပလ္လလေသု၊ ညွန်ပျောင်းတို့၌။ မေ၊ အကျွန်ုပ်၏။ ဝိဟိတာ၊ ထောင်အပ်ကုန်သော။ ပါသာ၊ ကျော့ကွင်းတို့သည်။ သန္တိ၊ ရှိကုန်၏။

֍ ဋ္ဌ ၄၄။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ပါသံ၊ ကျော့ကွင်းသို့။ အာသဇ္ဇ၊ ရောက်၍။ ဟံသရာဇာ၊ ရွှေဟင်္သာမင်းသည်။ အဗဇ္ဈထ၊ မိလေ၏။ တံ၊ ထို ကျော့ကွင်းမိသော ရွှေဟင်္သာမင်းကို။ အဗဒ္ဓေါ၊ ကျော့ကွင်းမမိသော စစ်သူကြီးသည်။ ဥပါသိနော၊ ကပ်လျက်နေ၏။ အယံ၊ ဤရွှေဟင်္သာ စစ်သူကြီးသည်။ မမံ၊ အကျွန်ုပ်ကို။ အဇ္ဈဘာသထ၊ တောင်းပန်စကားဆို၏။

֍ ဋ္ဌ ၄၅။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဘတ္တုရတ္ထေ၊ အရှင့် အကျိုးတော်၌။ ပရက္ကမန္တော၊ လုံ့လပြုလျက်။ ဓမ္မယုတ္တော၊ ကျင့်ဝတ်တရားနှင့်ယှဉ်သော။ ဝိဟင်္ဂမော၊ ဟင်္သာစစ်သူကြီးသည်။ အနရိယေဟိ၊ သူယုတ်တို့သည်။ သုဒုက္ကရံ၊ အလွန် ပြုနိုင်ခဲသော။ ဥတ္တမံ၊ မြတ်သော။ ဘာဝံ၊ မိမိအလိုကို။ ဒဟတေ၊ ပြပေတတ်၏။

֍ ဋ္ဌ ၄၆။ မဟာရာဇ၊ မင်းမြတ်။ ဇီဝိတာရဟော၊ အသက်ရှည်ခြင်းငှာထိုက်သော။ အယံ၊ ဤဟင်္သာစစ်သူကြီးသည်။ အတ္တနော၊ မိမိ၏။ ဇီဝိတံ၊ အသက်ကို။ စဇိတွာန၊ စွန့်၍။ အနုတ္ထုနန္တော၊ အရှင့်ကျေးဇူးကို ချီးမွမ်းလျက်။ အာသိနော၊ မိမိအရှင်ဟင်္သာမင်းထံ၌ နေလာ၍။ ဘတ္တု၊ မိမိအရှင်၏။ ဇီဝိတံ၊ အသက်ကို။ ယာစိတ္ထ၊ တောင်းပန်၏။

֍ ဋ္ဌ ၄၇။ မဟာရာဇ၊ အရှင်မင်းမြတ်။ တဿ၊ ထိုရွှေဟင်္သာ စစ်သူကြီး၏။ တံ ဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြားရ၍။ အဟံ၊ အကျွန်ုပ်သည်။ ပသာဒံ၊ ကြည်ညိုခြင်းကို။ အဇ္ဈဂါ၊ ရ၏။ တတော၊ ထိုသို့ ကြည်ညိုသောကြောင့်။ နံ၊ ထိုရွှေဟင်္သာမင်းကို။ ပါသာ၊ ကျော့ကွင်းမှ။ ပမုဉ္စိ၊ လွှတ်၏။ သုခေန စ၊ ချမ်းသာသဖြင့် လည်း။ အနုညာသိံ၊ အကျွန်ုပ် ခွင့်ပြုခဲ့ပါပြီ။

֍ ဋ္ဌ ၄၈။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဘတ္တုနာ၊ မိမိအရှင်ရွှေဟင်္သာမင်းသည်။ ပမုတ္တေန၊ ကျော့ကွင်းမှ လွတ်သည်ရှိသော်။ ဘတ္တုဂါရဝေါ၊ အရှင်ကို ရိုသေတတ်သော။ သော ဝက္ကင်္ဂေါ၊ ထိုရွှေဟင်္သာစစ်သူကြီးသည်။ ပတီတော၊ နှစ်သက် ဝမ်းမြောက်သည်ဖြစ်၍။ ကဏ္ဏသုခံ၊ နား၌ ချမ်းသာသော။ ဝါစံ၊ စကားကို။ ဘဏံ-ဘဏန္တော၊ ပြောဟောလျက်။ အဇ္ဈဘာသထ၊ ဤသို့ ဆို၏။

֍ ဋ္ဌ ၄၉။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ အဇ္ဇ၊ ဤအခါ၌။ အဟံ၊ ငါသည်။ မုတ္တံ၊ ကျော့ကွင်းမှလွတ်သော။ ဒိဇာဓိပံ၊ ရွှေဟင်္သာမင်းကို။ ဒိသွာ၊ မြင်ရ၍။ နန္ဒာမိ ယထာ၊ နှစ်သက်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်ပါလေလော့။

֍ ဋ္ဌ ၅၀။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ ဧဟိ၊ လာလှည့်။ တံ၊ သင့်ကို။ အနုသိက္ခာမိ၊ ငါဆုံးမအံ့။ ယထာ၊ အကြင်အခြင်းဖြင့် ဆုံးမသည်ရှိသော်။ တွံ၊ သင်သည်။ အပိ၊ စင်စစ်။ လာဘံ၊ လာဘ်ကို။ လစ္ဆသေ၊ ရလတ္တံ့။ တထာ၊ ထိုအခြင်းဖြင့်။ အနုသိက္ခာမိ၊ ငါဆုံးမအံ့။ အယံ ဓတရဋ္ဌော၊ ဤဓတရဋ္ဌ ရွှေဟင်္သာမင်းသည်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ တဝ၊ သင်၏။ ပါပ၊ မကောင်းခြင်းကို။ န ဒက္ခသိ၊ မရှု။

֍ ဋ္ဌ ၅၁။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ ခိပ္ပံ၊ လျင်စွာ။ အန္တေပုရံ၊ မင်း၏ နန်းတော်သို့။ ဂန္တွာ၊ သွား၍။ အဗဒ္ဓေ၊ မဖွဲ့မချည်အပ်ကုန်သော။ ပကတိဘူတေ၊ ပကတိသဘော၌ တည်သည်ဖြစ်၍ ဖြစ်ကုန်သော။ ကာဇေ၊ ထမ်းပိုး၌။ ဥဘယတော၊ အစွန်းနှစ်ဖက်မှ။ ဌိတေ၊ တည်ကုန်သော။ ဥဘော၊ နှစ်ပါးကုန်သော။ နော၊ ငါတို့ကို။ ရညော၊ မင်းအား။ ဒဿေဟိ၊ သင်ပြလော့။

֍ ဋ္ဌ ၅၂။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဣမေ၊ ဤရွှေဟင်္သာတို့သည်။ ဓတရဋ္ဌာ၊ ဓတရဋ္ဌမျိုးဖြစ်ကုန်သော။ ဟံသာဓိပတိနော၊ ဟင်္သာမင်းတို့တည်း။ ဟိ-သစ္စံ၊ မှန်၏။ အယံ၊ ဤရွှေဟင်္သာသည်။ ဟံသာနံ၊ ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာတို့၏။ ရာဇာ၊ မင်းတည်း။ ဣတရော၊ ဤဟင်္သာမင်းမှ တစ်ပါးသော။ အယံ၊ ဤရွှေဟင်္သာသည်။ သေနာပတိ၊ စစ်သူကြီးတည်း။

֍ ဋ္ဌ ၅၃။ နရာဓိပေါ၊ လူတို့အရှင်ဖြစ်သော။ ရာဇာ၊ မင်းသည်။ ဣမံ ဟံသရာဇံ၊ ဤရွှေဟင်္သာမင်းကို။ ဒိသွာ၊ မြင်ရသည်ရှိသော်။ ပတီတော၊ နှစ်သက်သည်ဖြစ်၍။ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍။ စိတ္တော၊ ရွှင်လန်းသောစိတ် ဖြစ်သည်ဖြစ်၍။ အသံသယံ၊ ယုံမှားမဲ့။ တေ၊ သင့်အား။ ဗဟုံ၊ များစွာသော။ ဓနံ၊ ဥစ္စာကို။ ဒဿတိ၊ ပေးလတ္တံ့။

֍ ဋ္ဌ ၅၄။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဧဝံ၊ ဤသို့ဆိုသော။ ဧတဿ၊ ထိုစစ်သူကြီး သုမုခ၏။ ဝစနာ၊ စကားကြောင့်။ မယာ၊ အကျွန်ုပ်သည်။ ဣမေ ဥဘော၊ ဤရွှေဟင်္သာနှစ်ကောင်တို့ကို။ အာနီတာ၊ ဆောင်အပ်၏။ ဧတ္ထေဝ၊ ဤမာနုဿိယအိုင်၌ပင်လျှင်။ မယာ၊ အကျွန်ုပ်သည်။ ဟိ-သစ္စံ၊ အကယ်၍လျှင်။ ဣမေ ဥဘော၊ ဤရွှေဟင်္သာနှစ်ကောင်တို့ကို။ အနုမတာ၊ ခွင့်ပြုအပ်ကုန်သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။

֍ ဋ္ဌ ၅၅။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဧဝံ၊ ဤသို့။ ဂတော၊ ရောက်လာသော။ ပက္ခီ၊ အတောင်ရှိသော။ သော အယံ ဒိဇော၊ ထိုရွှေဟင်္သာစစ်သူကြီးသည်။ ပရမဓမ္မိကော၊ လွန်မြတ်သော တရားကိုစောင့်ပေ၏။ ဟိ-သစ္စံ၊ မှန်၏။ သော၊ ထိုရွှေဟင်္သာစစ်သူကြီးသည်။ မာဒိသဿ၊ အကျွန်ုပ်ကဲ့သို့သော။ လုဒ္ဒဿ၊ မုဆိုးအား။ မဒ္ဒဝံ၊ နူးညံ့သည်၏အဖြစ်ကို။ ဇနယေယျာထ၊ ဖြစ်စေနိုင်၏။

֍ ဋ္ဌ ၅၆။ မနုဇာဓိပ၊ လူတို့အရှင်ဖြစ်တော်မူသော။ ဒေဝ၊ အရှင်မင်းမြတ်။ တေ၊ အရှင်မင်းမြတ်အား။ ဧဒိသံ၊ ဤရွှေဟင်္သာမင်း နှစ်ပါးနှင့်တူသော။ အညံ၊ ရွှေဟင်္သာမင်းနှစ်ပါးမှ တစ်ပါးသော။ ဥပါယနဉ္စ၊ ပဏ္ဏာလက်ဆောင်ကိုလည်း။ န ပဿာမိ၊ မမြင်ဖူးပါ။ သဗ္ဗသာကုဏိကဂါမေပိ၊ အလုံးစုံသော ငှက်မုဆိုးတို့ရွာ၌လည်း။ အညံ၊ ရွှေဟင်္သာမင်းနှစ်ပါးမှ တစ်ပါးသော ပဏ္ဏာလက်ဆောင်ကို။ န ပဿာမိ၊ အကျွန်ုပ်မမြင်ဖူးပါ။ တွံ၊ အရှင်မင်းမြတ်သည်။ ပဿ၊ ရှုတော်မူပါလော့။

ဟင်္သာမင်းနှင့် မင်းကြီးတို့ စာဆိုကြပုံ

ဤသို့ ထိုမုဆိုးသည် ရပ်လျက်သာလျှင် စစ်သူကြီးသုခ၏ ဂုဏ်ကျေးဇူးကို မင်းအား တင်လျှောက်၏။ ထို့နောင်မှ မင်းသည် ရွှေဟင်္သာမင်းအား မြတ်သောသူတို့အားသာလျှင် ထိုက်သောနေရာကို, စစ်သူကြီးသုမုခအား ရွှေအင်းပျဉ်ကို ပေးစေပြီးလျှင် ထိုနေရာ၌နေကုန်သော ရွှေဟင်္သာမင်းနှစ်ပါးတို့ကို ရွှေခွက်တို့ဖြင့် ပေါက်ပေါက် တင်လဲ အစရှိသည်တို့ကို ကျွေးမွေးစေ၍ စားသောက်ခြင်းကိစ္စပြီးလတ်သော် လက်အုပ်ချီ၍ ဘုရားလောင်း ရွှေဟင်္သာမင်းကို တရားဟောစိမ့်သောငှာ တောင်းပန်၍ ရွှေနေရာ၌ နေတော်မူ၏။ ထိုမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ ဘုရားလောင်း ရွှေဟင်္သာမင်းသည် ရှေးဦးစွာ အစေ့အစပ်စကား ပြောဟောခြင်းကို ပြုတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၅၇။ ဒိသွာ နိသိန္နံ ရာဇာနံ၊ ပီဌေ သောဝဏ္ဏယေ သုဘေ။
အဇ္ဈဘာသထ ဝက္ကင်္ဂေါ၊ ဝါစံ ကဏ္ဏသုခံ ဘဏံ။
။ လ။
၆၃။ အထာ မေ သာဒိသီ ဘရိယာ၊
အဿဝါ ပိယဘာဏီနီ။
ပုတ္တရူပယသူပေတာ၊ မမ ဆန္ဒဝသာနုဂါ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၅၇။ ဘိက္ခဝေ၊ ရဟန်းတို့။ သောဝဏ္ဏယေ၊ ရွှေဖြင့်ပြီးသော။ သုဘေ၊ တင့်တယ်စွာသော။ ပီဌေ၊ အင်းပျဉ်၌။ နိသိန္နံ၊ နေသော။ ရာဇာနံ၊ သာဂလမင်းကို။ ဒိသွာန၊ မြင်၍။ ဝက္ကင်္ဂေါ၊ ရွှေဟင်္သာမင်းသည်။ ကဏ္ဏသုခံ၊ နား၌ ချမ်းသာသော။ ဝါစံ၊ စကားကို။ ဘဏံ- ဘဏန္တော၊ ပြောဟောလို၍။ အဇ္ဈဘာသထ၊ ဤသို့ဆို၏။

֍ ဋ္ဌ ၅၈။ နရသေဋ္ဌ၊ လူတကာတို့ထက် မြတ်တော်မူသော။ မန္ဒိရိဿရ၊ ရွှေနန်းရှင်။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းကြီးအား။ ကုသလံ နု၊ အနာကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းကြီးအား။ အနာမယံ၊ ဆင်းရဲကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဣဒံ ရဋ္ဌံ၊ ဤမဟိံသက တိုင်းပြည်တော်သည်။ ဖီတံ၊ ဝပြောသာယာပါ၏လော။ တွံ၊ အရှင်မင်းကြီးသည်။ ဓမ္မေန၊ တရားနှင့်အညီ။ အနုသာသသိ၊ ဆုံးမတော်မူပါ၏လော။

֍ ဋ္ဌ ၅၉။ ဟံသ၊ ရွှေဟင်္သာမင်း။ မေ၊ ငါအား။ ကုသလဉ္စေဝ၊ အနာလည်း ကင်းပေ၏။ ဟံသ၊ ရွှေဟင်္သာမင်း။ အထော၊ ထိုမှတပါး။ အနာမယံ၊ ဆင်းရဲလည်းကင်းပေ၏။ အထော၊ ထိုမှတပါး။ ဣဒံ ရဋ္ဌံ၊ ဤငါတို့မဟိံသကတိုင်းသည်။ ဖီတံ၊ ဝပြောသာယာပေ၏။ အဟံ၊ ငါသည်။ ဓမ္မေန၊ တရားနှင့်အညီ။ အနုသာသိ၊ ဆုံးမပါ၏။

֍ ဋ္ဌ ၆၀။ ဘူနာထ၊ သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူထသော။ ဘူပါလ၊ ရေမြေ့ရှင်။ ကစ္စိ၊ အသိနည်း။ ဘောတော၊ အရှင်မင်းကြီးအား။ အမစ္စေသု၊ မှူးတော် မတ်တော်တို့၌။ ကောစိ၊ တစ်စုံတစ်ခုသော။ ဒေါသော၊ အပြစ်သည်။ န ဝိဇ္ဇတိ၊ မရှိ ကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ တေ အမစ္စာ၊ ထိုမှူးမတ်တို့သည်။ တဝ၊ အရှင်မင်းကြီး၏။ အတ္ထေသု၊ အကျိုးစီးပွားတော်တို့၌။ ဇီဝိတံ၊ အသက်ကို။ နာဝကင်္ခန္တိ နု၊ အလိုမရှိပါကုန်၏လော။ (မှူးမတ်တို့သည် အသက်ကိုစွန့်၍ အရှင်မင်းကြီးအမှုတော်ကို ထမ်းပါကုန်၏လော ဟု ဆိုလိုသည်။)

֍ ဋ္ဌ ၆၁။ ဟံသ၊ ရွှေဟင်္သာမင်း။ အထောပိ၊ ထိုမှတပါးလည်း။ မေ၊ ငါ့အား။ အမစ္စေသု၊ မှူးတော် မတ်တော်တို့၌။ ကောစိ၊ တစ်စုံတစ်ခုသော။ ဒေါသော၊ အပြစ်သည်။ န ဝိဇ္ဇတိ၊ မရှိပေ။ အထောပိ၊ ထို့မှတပါးလည်း။ မေ၊ ငါ၏။ တေ၊ ထိုမှူးမတ်တို့သည်။ မမ၊ ငါ၏။ အတ္ထေသု၊ အကျိုးစီးပွား အမှုကိစ္စတို့၌။ ဇီဝိတံ၊ မိမိတို့အသက်ကို။ နာဝကင်္ခန္တိ၊ အလိုမရှိကြပေကုန်။

(မိမိတို့အသက်ကိုစွန့်၍ ငါ၏အမှုတော်ကို ထမ်းရွက်ကြပေ၏ဟု ဆိုလိုသည်။)

֍ ဋ္ဌ ၆၂။ ဘာရဓ၊ ပြည်ကြီးဝန်ကို ရွက်ဆောင်တော် မူတတ်သော။ ဘူပါလ၊ ရေမြေ့ရှင်။ ကစ္စိ၊ အသို့နည်း။ တေ၊ အရှင်မင်းကြီး၏။ သာဒိသီ၊ ဇာတ်အမျိုး အနွယ် တူကုန်သော။ ဘရိယာ၊ မိဖုရားတို့သည်။ အဿဝါ၊ လင်ဖြစ်သော အရှင်မင်းကြီး စကားတော်ကို နားထောင်ပါကုန်၏လော။ ပိယာဘာဏိနီ၊ ချစ်ဖွယ်သောစကားကို ပြောဆိုပါကုန်၏လော။ ပုတ္တရူပယသူပေတာ၊ သားသမီး အရောင် အဆင်း အခြံအရံနှင့် ပြည့်စုံကြပါကုန်၏လော။ တဝ၊ အရှင်မင်းကြီး၏။ ဆန္ဒဝသာနုဂါ၊ အလိုဆန္ဒသို့ လိုက်ကြပါကုန်၏လော။

֍ ဋ္ဌ ၆၃။ ဟံသ၊ ရွှေဟင်္သာမင်း။ အထော၊ ထိုမှတပါး။ မေ၊ ငါ၏။ သာဒိသီ၊ ဇာတ်အမျိုးအနွယ် တူကုန်သော။ ဘရိယာ၊ မိဖုရားတို့သည်။ အဿဝါ၊ လင်ဖြစ်သော ငါ၏စကားကို နားထောင်ကြပေကုန်၏။ ပိယဘာဏိနီ၊ ချစ်ဖွယ်သောစကားကိုလည်း ပြောဆိုကြပေကုန်၏။ ပုတ္တရူပယသူပေတာ၊ သားသမီး အရောင်အဆင်း အခြံအရံနှင့်လည်း ပြည့်စုံကြပေကုန်၏။ မမ၊ ငါ၏။ ဆန္ဒဝသာနုဂါ၊ အလိုဆန္ဒသို့လည်း လိုက်ကြပေကုန်၏။

ဤသို့ ဘုရားအလောင်းဟင်္သာမင်းသည် စကားပြောဟောခြင်းကိုပြုတော်မူသည်ရှိသော် တစ်ဖန် သာဂလမင်းသည် ထိုဘုရားလောင်း ရွှေဟင်္သာမင်းနှင့်တကွ စကားပြောခြင်းကို ပြုလိုရကား-

၆၄။ ဘဝန္တံ ကစ္စိ နု မဟာ-သတ္တုဟတ္ထတ္တတံ ဂတော။
ဒုက္ခမာပဇ္ဇိ ဝိပုလံ၊ တသ္မိံ ပဌမမပဒေ။
။ လ။
၇၀။ သွာဂတဉ္စေဝိဒံ ဘဝတံ၊ ပတီတော စသ္မိ ဒဿနာ။
ဧသော စာပိ ဗဟုံ ဝိတ္တံ၊ လဘတံ ယာဝဒိစ္ဆတိ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၆၄။ ဒိဇာဓိပ၊ ငှက်တို့အရှင်ဖြစ်သော။ ဟံသရာဇ၊ ရွှေဟင်္သာမင်း။ ကစ္စိ၊ အသို့နည်း။ ဘဝန္တံ၊ ရွှေဟင်္သာမင်းသည်။ မဟာသတ္တု၊ ကြီးစွာသောရန်သူ၏။ ဟတ္ထတ္တတံ၊ လက်သို့။ အာဂတော နု၊ ရောက်သည်မဟုတ်လော။ တသ္မိံ အာပဒေ၊ ထိုဘေးရန်ကြောင့်။ ပဌမံ၊ ရှေးဦးစွာ။ ဝိပုလံ၊ ကြီးစွာသော။ ဒုက္ခံ၊ ဆင်းရဲသို့။ အာပဇ္ဇိ နု၊ ရောက်သည် မဟုတ်လော။

֍ ဋ္ဌ ၆၅။ ဟံသရာဇ၊ ရွှေဟင်္သာမင်း။ ကစ္စိ၊ အသို့နည်း။ အာယန္တော၊ ယန္တရားထောင်တတ်သော မုဆိုးသည်။ အပတိတွာန၊ ပြေးလာတည့်၍။ ဒဏ္ဍေန၊ ငှက်ခတ်လှင်ကန်ဖြင့်။ သမပေါထယိ၊ ပုတ်ခတ်၏။ တာဝဒေ၊ ထိုသို့မိသောခဏ၌လျှင်။ ဧဝံ၊ ဤသို့ ပုတ်ခတ်ခြင်းသည်။ ဇမ္မာနံ၊ ယုတ်မာကုန်သော။ ဧတေသံ၊ ထိုငှက်ခတ်မုဆိုးတို့၏။ ပါကတိကံ၊ သဘောအလေ့သည်။ ဘဝတိ၊ ဖြစ်၏။

֍ ဋ္ဌ ၆၆။ ဘူပါလ၊ ရေမြေ့ရှင် ဖြစ်တော်မူသော။ မဟာရာဇ၊ မင်းမြတ်။ ဧဝံ၊ ဤသို့မိန့်တော်မူတိုင်း။ အာပဒိယာ၊ ဘေးရန်သည်။ သတိပိ၊ ရှိသော်လည်း။ ခေမံ၊ ဘေးမရှိသည်။ အသိ၊ ဖြစ်ပေ၏။ သတ္တူဝ၊ ရန်သူနှင့်တူသော မုဆိုးလက်သို့။ သမပဇ္ဇထ၊ ရောက်ရ၏။ ဧဝံ၊ ဤသို့ ရောက်ရသော်လည်း။ အယံ၊ ဤမုဆိုးသည်။ အသ္မာသု၊ အကျွန်ုပ်တို့၌။ ကိဉ္စိ၊ တစ်စုံတစ်ခုသော ဆင်းရဲကိုမျှ။ န စ အကာသိ၊ မပြုစေသည်သာတည်း။

֍ ဋ္ဌ ၆၇။ မဟာရာဇ၊ မင်းမြတ်။ နေသာဒေါ၊ မုဆိုးသည်။ ပစ္စဂမိတ္ထ၊ စုံစမ်း၍ ကပ်လာ၏။ ပုဗ္ဗေဝ၊ ရှေးဦးစွာကလျှင်။ အဇ္ဈဘာသထ၊ နူးညံ့သောစကားကို ဆိုပေ၏။ တဒါ၊ ထိုသို့ နူးညံ့သောစကားကို ဆိုသောအခါ၌။ ပဏ္ဍိတော၊ ပညာရှိသော။ အယံ သုမုခေါယေဝ၊ ဤ စစ်သူကြီးသုမုခသည်လျှင်။ ပစ္စဘာသထ၊ စကားတုံ့ပြောဆို၏။

֍ ဋ္ဌ ၆၇။ မဟာရာဇ၊ မင်းမြတ်။ အထ၊ ထိုအခါ၌။ တဿ၊ ထိုစစ်သူကြီး သုမုခ၏။ တံ ဝါစံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ အယံ နေသာဒေါ၊ ဤမုဆိုးသည်။ ပသာဒံ၊ ကြည်ညိုခြင်းသို့။ အဇ္ဈဂါ၊ ရောက်ပေ၏။ တတော၊ ထိုသို့ ကြည်ညိုခြင်းသို့ ရောက်သောကြောင့်။ မံ၊ အကျွန်ုပ်ကို။ ပါသာ၊ ကျော့ကွင်းမှ။ ပါမုစိ၊ လွှတ်ပေ၏။ သုခေန စ၊ ချမ်းသာစွာလည်း။ အနုညာသိ၊ ခွင့်ပြုပေ၏။

֍ ဋ္ဌ ၆၉။ မဟာရာဇ၊ မင်းမြတ်။ ဧတဿ၊ ဤမုဆိုးအား။ ဓနံ၊ ဥစ္စာကို။ ဣစ္ဆတာ၊ ရခြင်းငှာ အလိုရှိသောကြောင့်။ သုမုခေနေဝ၊ သုမုခသည်ပင်လျှင်။ ဣဒဉ္စ၊ ဤအကြံကိုလည်း။ ဧတဒတ္ထာယ၊ ထိုမုဆိုးအား ဥအလို့ငှာ။ စိန္တိတံ၊ ကြံအပ်၏။ ဧဝံ၊ ဤသို့ ကြံ၍။ ဘောတော၊ အရှင်မင်းကြီး၏။ သကာသေ၊ အထံတော်သို့။ အာဂမနံ၊ လာပါကုန်၏။

֍ ဋ္ဌ ၇၀။ ဟံသရာဇ၊ ရွှေဟင်္သာမင်း။ ဘဝတံ၊ ရွှေဟင်္သာမင်းတို့၏။ ဣဒံ၊ ဤလာခြင်းသည်။ သွာဂတဉ္စေဝ၊ ကောင်းသော လာခြင်းသည်သာတည်း။ တေ၊ ရွှေဟင်္သာမင်းအား။ ဒဿနာ၊ ဖူးမြင်ရခြင်းကြောင့်။ အဟံ၊ ငါသည်။ ပတီတော၊ ဝမ်းမြောက်သည်။ အသ္မိ၊ ဖြစ်ပါ၏။ ဧသော စာပိ၊ ဤမုဆိုးသည်လည်း။ ယာဝ၊ အကြင်မျှလောက်သော ဥစ္စာကို။ ဣစ္ဆသိ၊ အလိုရှိ၏။ တာဝ၊ ထိုမျှလောက်။ ဗဟုံ၊ များစွာသော။ ဝိတ္တံ၊ ဥစ္စာကို။ လဘတံ-လဘတု၊ ရပါစေအံ့။

မုဆိုးအား ဆုချီးမြှင့်ခြင်း

ဤသို့သောစကားကို ပြောဆိုပြီးလျှင် သာဂလမင်းသည် အမတ်တစ်ယောက်ကို ကြည့်၍ အရှင်မင်းမြတ်... အဘယ်ကို ပြုရအံ့နည်းဟု တင်လျှောက်လတ်သော် ဤမုဆိုးကို ဆံမုတ်ဆိတ်တို့ကို ပြုပြင်ပြီးလျှင် ရေချိုး၍ နံ့သာလိမ်းသဖြင့် ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်၍ ဆောင်ယူခဲ့လော့ ဟု မိန့်တော်မူ၏။ ထိုအမတ်သည် သာဂလမင်း မိန့်ဆိုတော်မူတိုင်းပြု၍ ဆောင်ယူခဲ့သောထိုမုဆိုးအား တစ်နှစ်တစ်နှစ်၌ အခွန်တစ်သိန်းထွက်သော ရွာကို လည်းကောင်း, လမ်းနှစ်ခုရှိသော ကြီးစွာသောအိမ်ကိုလည်းကောင်း မြတ်သောရထားကိုလည်းကောင်း တစ်ပါးသော များစွာသော ရွှေငွေတို့ကိုလည်းကောင်း ပေးစေတော်မူ၏။ ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

၇၁။ သန္တပ္ပယိတွာ နေသ၁ဒံ၊ ဘောဂေဟိ မနုဇာဓိပေါ။
အဇ္ဈဘာသထ ဝက္ကင်္ဂေါ၊ ဝါစံ ကဏ္ဏသုခံ ဘဏံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၇၁။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ မနုဇာဓိပေါ၊ လူတို့အရှင်ဖြစ်သော။ ရာဇာ၊ သာဂလမင်းမြတ်သည်။ ဘောဂေဟိ၊ စည်းစိမ်ချမ်းသာတို့ဖြင့်။ နေသာဒံ၊ မုဆိုးကို။ သန္တပ္ပယိတွာ၊ ရောင့်ရဲစေပြီး၍။ ဟံသရာဇာနံ၊ ရွှေဟင်္သာမင်းကို။ အဇ္ဈဘာသထ၊ ဆိုလေ၏။ ဝက္ကင်္ဂေါ စ၊ ရွှေဟင်္သာမင်းသည်လည်း။ ကဏ္ဏသုခံ၊ နား၌ ချမ်းသာသော။ ဝါစံ၊ စကားကို။ ဘဏံ-ဘဏန္တော၊ ပြောဟောလျက်။ အဇ္ဈဘာသထ၊ ဆိုလေ၏။

ဟင်္သာမင်းအား နန်းအပ်ပြီး

ထိုအခါ ဘုရားလောင်း ရွှေဟင်္သာမင်းသည် သာဂလမင်းအား တရားဟောတော်မူ၏။ ထိုသာဂလမင်းသည် ဘုရားလောင်း၏ တရားစကားကို ကြားရလျှင် အလွန်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တရားဟောပေတတ်သော ထိုရွှေဟင်္သာမင်းအား ပူဇော်သက္ကာရကို ပြုအံ့ဟုကြံ၍ ထီးဖြူကိုပေးသဖြင့် မင်းအဖြစ်ကို ဆောင်နှင်းလိုရကား-

၇၂။ ယံ ခလု ဓမ္မ မာဓီနံ၊ ဝသော ဝတ္တတိ ကိဉ္စနံ။
သဗ္ဗတ္ထိဿရိယံ ဘဝတံ၊ ပသာသထ ယဒိစ္ဆထ။
၇၃။ ဒါနတ္ထံ ဥပဘောတ္တုံ ဝါ၊ ယံ စညံ ဥပကပ္ပတိ။
ဧတံ ဒဒမိ ဝေါ ဝိတ္တံ၊ ဣဿရိယံ ဝိဿဇာမိ ဝေါ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇၂။ ဟံသရာဇ၊ ရွှေဟင်္သာမင်း။ ခလု၊ စင်စစ်။ ယံ-ယတ္ထ၊ အကြင်အရပ်၌။ ဓမ္မံ၊ ရာဇဓံဆယ်ပါးသည်။ အာဓီနံ၊ တည်၏။ မမ၊ ငါ၏။ ဝသော၊ အာဏာသည်။ ဝတ္တတိ၊ တည်၏။ နံ ဌာနံ၊ ထိုအာဏာတည်ရာအရပ်သည်။ ကိဉ္စိနံ၊ အနည်းငယ်သာတည်း။ သဗ္ဗတ္ထိဿရိယံ၊ အလုံးစုံသော စည်းစိမ်ချမ်းသာသည်။ ဘဝတံ၊ အရှင်ရွှေဟင်္သာမင်းတို့အားသာလျှင်။ အတ္ထု၊ ဖြစ်စေသတည်း။ ယံ၊ အကြင်အမှုကို။ ဣစ္ဆထ၊ အလိုရှိတော်မူကုန်၏။ တံ၊ ထိုအလိုတော်ကို။ ပသာသထ၊ ဆုံးမတော်မူပါလော့။

֍ ဋ္ဌ ၇၃။ ဟံသရာဇ၊ ဟင်္သာမင်း။ ဒါနတ္ထံ ဝါ၊ အလှူအလို့ငှာ လည်းကောင်း။ ဥပဘောတ္တုံ ဝါ၊ သုံးဆောင်ခြင်းငှာလည်းကောင်း။ အညံ၊ တစ်ပါးသော။ ယံ ဝိတ္တဉ္စ၊ အကြင်ဥစ္စာကိုလည်းကောင်း။ တုမှာကံ၊ ရွှေဟင်္သာမင်းတို့အား။ ဥပကပ္ပဟိ-ရုစ္စတိ၊ နှစ်သက်တော်မူ၏။ ဧတံ ဝိတ္တံ၊ ထိုဥစ္စာကို။ ဝေါ၊ သင် ရွှေဟင်္သာမင်းတို့အား။ ဒဒါမိ၊ ပေး၏။ အဟံ၊ ငါသည်။ ဝေါ၊ သင် ရွှေဟင်္သာမင်းတို့အား။ ဣဿရိယံ၊ အလုံးစုံသောစည်းစိမ်ကို။ ဝိဿဇာမိ၊ စွန့်လွှတ်ပါ၏။

စစ်သူကြီး စကားဆိုခြင်း

ထိုအခါ ဘုရားလောင်းရွှေဟင်္သာသည် သာဂလမင်းသည်ပေးအပ်သော ထီးဖြူကို ထိုသာဂလမင်းအားသာလျှင် တစ်ဖန် ပေးတော်မူပြန်၏။ သာဂလမင်းသည်လည်း ရှေးဦးစွာ ရွှေဟင်္သာမင်းတရားစကားကို ငါသည် ကြားနာရပေပြီ၊ မုဆိုးသည်ကား ဤစစ်သူကြီးသုမုခသည် တရားစကားရှိ၏ဟု အလွန်လျှင် ချီးမွမ်းပြောဆို၏။ ဤစစ်သူကြီး သုမုခ၏ တရားကိုလည်း နာခံအံ့ဟု ကြံ၍ သာဂလမင်းသည် ထိုစစ်သူကြီးသုမုခနှင့်တကွ စကားပြောလိုကား-

၇၄။ ယထာ စ မျာယံ သုမုခေါ၊
အဇ္ဈဘာသေယျ ပဏ္ဍိတော။
ကာမသာ ဗုဒ္ဓိသမ္ပန္နော၊ တံ မျာဿ ပရမပ္ပိယံ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၇၄။ ယထာ စ- ယဒိ၊ အကယ်၍လည်း။ ကာမသာ၊ မိမိ အလိုအားဖြင့်။ ဗုဒ္ဓိသမ္ပန္နော၊ ဉာဏ်ပညာနှင့်ပြည့်စုံသော။ ပဏ္ဍိတော၊ ပညာရှိသော။ အယံ သုမုခေါ၊ ဤစစ်သူကြီး သုခသည်။ မေ၊ ငါ့အား။ ယံ၊ အကြင်စကားကို။ အဇ္ဈဘာသေယျ၊ ပြောဆိုရာ၏။ တံ၊ ထိုပြောဆိုသော စကားကို။ မေ၊ ငါသည်။ ပရမပ္ပိယံ၊ အလွန်နှစ်သက်သည်။ အဿ၊ ဖြစ်ရာ၏။

ထို့နောင်မှ စစ်သူကြီး သုခသည် ထိုမင်းအား ပြောဆိုလိုရကား-

၇၅။ အဟံ ခလု မဟာရာဇ၊ နာဂရာဇာရိဝန္တရံ။
ပဋိဝတ္တုံ န သက္ကောမိ၊
န မေ သော ဝိနယော သိယာ။
၇၆။ အမှာကဉ္စေ သော သေဋ္ဌော၊ တွဉ္စ ဥတ္တမသတ္တဝေါ။
ဘူမိပါလော မနုဿိန္ဒော၊ ပူဇာ ဗဟူဟိ ဟေတုဘိ။
၇၇။ တေသံ ဥဘိန္နံ ဘဏတံ၊ ဝတ္တမာနေ ဝိနိစ္ဆယေ။
နန္တရံ ပတိဝတ္တဗ္ဗံ၊ ပေဿေန မနုဇာဓိပ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇၅။ မဟာရာဇ၊ မြတ်သောမင်းကြီး အဟံ၊ အကျွန်ုပ်သည်။ ခလု၊ စင်စစ်သဖြင့်။ အန္တရံ၊ ပချုပ်တွင်းသို့။ ပဝိဋ္ဌော၊ ဝင်သော။ နာဂရာဇာဝ၊ နဂါးမင်းကဲ့သို့။ ပဋိဝတ္တုံ၊ စကား တုံ့ပြန်ဆိုခြင်းငှာ။ န သက္ကောမိ၊ မဝံ့ပါ။ ဧဝံ၊ ဤသို့ စကားတုံ့ ပြာချေသည်ရှိသော်။ သော၊ ထိုရွှေဟင်္သာမင်းသည်။ မေ၊ ငါ့အား။ ဝိနယော၊ ဆုံးမသည်။ န သိယာ၊ မဖြစ်ရာ။

֍ ဋ္ဌ ၇၆။ ဘာရဓ၊ ပြည်ကြီးဝန်ကို ရွက်ဆောင်တော်မူတတ်သော။ ဘူပါလ၊ ရေမြေ့ရှင်။ သော၊ ထိုရွှေဟင်္သာမင်းသည်။ အမှာကဉ္စေ၊ အကျွန်ုပ်တိုထကျလည်း။ သေဋ္ဌော၊ မြတ်တော်မူပေ၏။ မနုဿိန္ဒော၊ လူတို့ကိုအစိုးရတော်မူသော။ ဘူမိပါလော၊ ရေမြေ့ရှင်ဖြစ်တော်မူသော။ တွဉ္စ၊ အရှင်မင်းကြီးသည်လည်း။ ဥတ္တမသတ္တဝေါ၊ မြတ်သော ပုဂ္ဂိုလ်ပေတည်း။ ဗဟူဟိ ဟေတူဘိ၊ များစွာသော အကြောင်းတို့ဖြင့်။ ပူဇာ၊ ပူဇော်ထိုက်ပေကုန်၏။

֍ ဋ္ဌ ၇၇။ မနုဇာဓိပ၊ လူတို့အရှင်ဖြစ်တော်မူသော။ ရာဇိန္ဒ၊ မင်းများနတ်။ ဘဏတံ-ဘဏန္တာနံ၊ ပြောဆိုတော်မူကြကုန်သော။ တေသံ ဥဘိန္နံ၊ ထိုမင်းနှစ်ပါးတို့၏။ ဝိနိစ္ဆယေ၊ အဆုံးအဖြတ်သည်။ ဝတ္တမာနေ၊ ဖြစ်သည်ရှိသော်။ အန္တရံ၊ မင်းနှစ်ပါးတို့၏ အကြား၌။ ပေဿေန၊ အမှုကြီးငယ်ကို ရွက်ဆောင်ရသောသူသည်။ န ပတိဝတ္တဗ္ဗံ၊ စကားတုံ့ မဆိုရာ။

မင်းကြီး ကျေနပ်ပြီ

သာဂလမင်းသည် ထိုစစ်သူကြီး သုမုခစကားကိုကြားရလျှင် အလွန် နှစ်သက်တော်မူ၏။ မုဆိုးကိုလည်း ချီးမွမ်းတော်မူ၏။ စစ်သူကြီးသုမုမုခမှ တစ်ပါးသော သင်ကဲ့သို့သော သာာသောတရားစကားကို ဟောတော်မူတတ်သော ပုဂ္ဂိုလ်မည်သည် မဖြစ်ရာဟုဆို၍ ထိုသုမုခစစ်သူကြီးအား ချီးမွမ်းလိုရကား-

၇၈။ ဓမ္မေန ကိရ နေသာဒေါ၊
ပဏ္ဍိတော အဏ္ဍဇော ဣတိ။
နဟေဝ အကတတ္တဿ၊
နရော ဧတာဒိသော သိယာ။
၇၉။ ဧဝံ အဂ္ဂပကတိမာ၊ ဧဝံ ဥတ္တမသတ္တဝေါ။
ယာဝတတ္ထိ မယာ ဒိဋ္ဌာ၊ နာညံ ပဿာမိ ဧဒိသံ။
၈၀။ တုဋ္ဌောသ္မိ ဝေါ ပကတိယာ၊ ဝါကျေန မဓုရေန စ။
ဧသော စာပိ မမစ္ဆန္ဒော၊ စိရံ ပဿေယျ ဝေါ ဥဘော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၇၇။ သမ္မဟံသ၊ အဆွေဟင်္သာ။ အဏ္ဍဇော၊ ရွှေဟင်္သာသည်။ ပဏ္ဍိတော၊ ပညာရှိပေ၏။ ဣတိ၊ ဤသို့။ နေသာဒေါ၊ မုဆိုးသည်။ ဓမ္မေန၊ ဟုတ်မှန်သောအကြောင်းဖြင့်။ ဝဒတိ ကိရ၊ ဆိုပေသတတ်။ ဟိ-သစ္စံ၊ မှန်၏။ အကတတ္တဿ၊ သူ့ကျေးဇူးကို မသိသောသူအား။ ဧတာဒိသော၊ ဤသုခစစ်သူကြီးနှင့်တူသော။ နရော၊ ပညာရှိသည်။ န သိယာ၊ မဖြစ်ရာသလျှင်ကတည်း။

֍ ဋ္ဌ ၇၉။ ဧဝံ၊ ဤသို့သောအပြားအားဖြင့်။ သုမုခေါ၊ သုမုခသည်။ အဂ္ဂပကတိမာ၊ မြတ်သောသဘော ရှိပေ၏။ ဧဝံ၊ ဤသို့သောအပြားအားဖြင့်။ ဥတ္တမသတ္တဝေါ၊ ပုဂ္ဂိုလ်မြတ်ပေတည်း။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ရဖူးကုန်သော။ ယာဝတာ၊ အကြင်မျှလောက်ကုန်သော သတ္တဝါတို့သည်။ အတ္ထိ- သန္တိ၊ ရှိကုန်၏။ တာဝတာ-တတ္တကေသု၊ ထိုမျှလောက်ကုန်သော သတ္တဝါတို့တွင်။ ဧဒိသံ၊ ဤစစ်သူကြီးသုမုခနှင့်တူသော။ အညံ၊ တစ်ပါးသောသူကို။ နပဿာမိ၊ မမြင်စဖူး။

֍ ဋ္ဌ ၈၀။ သမ္မဟံသ၊ အဆွေဟင်္သာမင်း။ ဝေါ၊ သင်တို့၏။ ပါကတိယာ စ၊ ပြကတေ့ သဘောကြောင့်လည်းကောင်း။ မဓုရေန၊ သာယာစွာသော။ ဝါကျေန စ၊ တရားစကားကြောင့် လည်းကောင်း။ အဟံ၊ ငါသည်။ တုဋ္ဌော၊ နှစ်သက်လှသည်။ အသ္မိ၊ ဖြစ်၏။ စီရံ၊ မြင့်ရှည်စွာသော ကာလပတ်လုံး။ ဥဘော၊ နှစ်ခုကုန်သော။ ဝေါ၊ သင်ရွှေဟင်္သာမင်းတို့ကို။ အဟံ၊ ငါသည်။ ပဿေယျ၊ မြင်ချင်ပါ၏။ ဧသော စာပိ၊ ဤသို့ ရှည်မြင့်စွာသော ကာလပတ်လုံး မြင်ချင်ခြင်းသည်။ မေ၊ ငါ၏။ ဆန္ဒော၊ အလိုတည်း။

ဟင်္သာမင်း ပြန်ခွင့်တောင်းခြင်း

ထိုနောက်မှ ဘုရားလောင်းသည် သာဂလမင်းကို ချီးမွမ်းတော်မူလိုရကား -

၈၁။ ယံ ကိစ္စံ ပရမေ မိတ္တေ၊ ကတမသ္မာသု တံ တယာ။
ပတ္တာ နိဿံသယံ တျာမှာ၊ ဘတ္တိရသ္မာသု ယာ တဝ။
၈၂။ အဒုဉ္စ နူန သုမဟာ၊ ဉာတိသံဃဿ မန္တရံ။
အဒသနေန အသ္မာကံ၊ ဒုက္ခံ ဗဟူသု ပက္ခီသု။
၈၃။ တေသံ သောကဝိဃာတာယ၊
တယာ အနုမတာ မယံ။
တံ ပဒက္ခိဏတော ကတွာ၊ ဉာတိံ ပဿေမုရိန္ဒမ။
၈၄။ အဒ္ဓါဟံ ဝိပုလံ ပီတိံ၊ ဘဝတံ ဝိန္ဒာမိ ဒဿနာ။
ဧသော စာပိ မဟာ အတ္ထော၊
ဉာတိဝိသာသနာ သိယာ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၈၁။ အရိန္ဒမ၊ ရန်သူကို ဆုံးမတော်မူတတ်သော။ ရာဇိန္ဒ၊ မင်းများနတ်။ ယံ ကိစ္စံ၊ အကြင်အမှုကို။ ပရမေ၊ မြတ်သော။ မိတ္တေ၊ အဆွေ ခင်ပွန်း၌။ ကတံ၊ ပြုအပ်၏။ တံကိစ္စံ၊ ထိုမြတ်သောအဆွေခင်ပွန်း၌ ပြုအပ်သော အမှုကို။ တယာ၊ သင်သည်။ အသ္မာသု၊ ငါတို့၌။ ကတံ၊ ပြုပေ၏။ တဝ၊ သင်မင်းကြီးအား။ အသ္မာသု၊ ငါတို့၌။ ယာ ဘတ္တိ၊ အကြင် အဆွေခင်ပွန်းအဖြစ်သည်။ အတ္ထိ၊ ရှိ၏။ တာယ ဘတ္တိယာ၊ ထိုအဆွေခင်ပွန်း၏အဖြစ်သည်။ တေ၊ အရှင်မင်းကြီးနှင့်။ နိဿံသယံ၊ မချွတ်။ ပတ္တာ၊ ရောက်ကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၈၂။ အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတော်မူတတ်သော။ ဘူပါလ၊ ရေမြေ့ရှင်။ နူနစ၊ စင်စစ်သော်ကား။ သုမဟာ ဉာတိသံဃဿ၊ အလွန်များစွာသော ဆွေမျိုးအပေါင်း၏။ အဒုံ၊ ဤအမည်ရှိသော။ အန္တရံ၊ ပျက်စီးခြင်းသည်။ အတ္ထိ၊ ရှိ၏။ အသ္မာကံ၊ ငါတို့ကို။ အဒဿနေန၊ မမြင်ရသောကြောင့်။ ဗဟူသု၊ မြားစွာကုန်သော။ ပက္ခီသု၊ ဟင်္သာတို့၌။ ဒုက္ခံ၊ ဆင်းရဲခြင်းသည်။ ဥပ္ပန္နံ၊ ဖြစ်လေ၏။

֍ ဋ္ဌ ၈၃။ အရိန္ဒမ၊ ရန်သူကို ဆုံးမတော်မူတတ်သော။ မဟာရာဇ၊ မင်းမြတ်။ တေသံ၊ ထိုဆွေမျိုးဖြစ်ကုန်သော ရွှေဟင်္သာတို့၏။ သောကဝိဃာတာယ၊ စိုးရိမ်ခြင်းကို ဖျောက်အံ့သောငှာ။ တယာ၊ သင်မင်းကြီးသည်။ အနုမတာ၊ ခွင့်ပြုအပ်ကုန်သော။ မယံ၊ ငါတို့သည်။ တံ၊ အရှင်မင်းကြီးကို။ ပဒက္ခိဏတော၊ လက်ယာရစ်လည်သောအားဖြင့်။ ကတွာ၊ ပြု၍။ ဉာတိံ၊ ဆွေမျိုးအပေါင်းကို။ ပဿေမု၊ မြင်ချင်ပါကုန်၏။

֍ ဋ္ဌ ၈၄။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော။ နရာသဘ၊ လူများသေဌ်နင်း ပြည့်ရှင်မင်း။ အဒ္ဓါ၊ စင်စစ်လျှင်။ ဘဝတံ၊ သင်မင်းမြတ်ကို။ ဒဿနာ၊ မြင်ရခြင်းကြောင့်။ ဝိပုလံ၊ များစွာသော။ ပီတိံ၊ နှစ်သက်ခြင်းကို။ အဟံ၊ ငါသည်။ ဝိန္ဒာမိ၊ ရပေ၏။ ယာ ဉာတိဝိဿာသနာ၊ အကြင်ဆွေမျိုးကို ဆုံးမခြင်းသည်။ သိယာ၊ ရှိသည်ဖြစ်ရာ၏။ ဧသောစာပိ၊ ဤဆွေမျိုးတို့ကို ဆုံးမခြင်းသည်လည်း။ မဟာအတ္ထော၊ အကျိုးစီးပွား များပါ၏။

ဤသို့ ချီးမွှမ်းပြောဆိုသည်ရှိသော် သာဂလမင်းသည် ထိုရွှေဟင်္သာတို့၏ သွားခြင်းကို ခွင့်ပြုတော်မူ၏။

ဟင်္သာမင်းတို့ ပြန်ကြပြီ

ဘုရားအလောင်းသည်လည်း သာဂလမင်းအား ငါးပါးအပြားရှိသော ဒုဿီလအမှု၌ အပြစ်ကိုလည်းကောင်း, သီလ၏ အကျိုးအာနိသင်ကိုလည်းကောင်း ဟောတော်မူ၍ ဤသီလကို စောင့်ရှောက်တော်မူ၍ တရားနှင့်အညီ မင်းပြုတော်မူလော့၊ လေးပါးသော သင်္ဂဟဝတ္ထုတို့ဖြင့် လူအပေါင်းကို သင်္ဂြိုဟ်တော်မူလော့ ဟု ဆုံးမတော်မူခဲ့ပြီးလျှင် စိတ္တကုဋ်တောင်သို့သာလျှင် ကြွတော်မူလေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၈၅။ ဣဒံ ဝတွာ ဓတရဋ္ဌော၊ ဟံသရာဇာ နရာဓိပံ။
ဥတ္တမံ ဇဝမနွယ၊ ဉာတိသံဃံ ဥပါဂမုံ။
၈၆။ တေ အရောဂေ အနုပ္ပတ္တေ၊ ဒိသွာန ပရမေ ဒိဇေ။
ကေကာတိ မကရုံ ဟံသာ၊ ပုထုသဒ္ဒေါ အဇာယထ။
၈၇။ တေ ပတီတာ ပမုတ္တေန၊ ဘတ္တုနာ ဘတ္တုဂါရဝါ။
သမန္တာ ပရိကိရိံသု၊ အဏ္ဍဇာ လဒ္ဓပစ္စယာ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၈၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ဓတရဋ္ဌော၊ ဓတရဋ္ဌအမျိုး ဖြစ်သော။ ဟံသရာဇာ၊ ရွှေဟင်္သာမင်းသည်။ နရာဓိပံ၊ လူတို့သခင်ဖြစ်သော ပြည့်ရှင်မင်းကို။ ဣဒံ၊ ဤစကားကို။ ဝတွာ၊ ဆို၍။ ဥတ္တမံ၊ မြတ်သော။ ဇဝံ၊ လျင်မြန်ခြင်းကို။ အနွာယ၊ စွဲ၍။ ဒွေ ဟံသရာဇာနော၊ ရွှေဟင်္သာမင်းနှစ်ပါးတို့သည်။ ဉာတိသံဃံ၊ ဆွေမျိုးအပေါင်းသို့။ ဥပါဂမုံ၊ ကပ်လေကုန်၏။

֍ ဋ္ဌ ၈၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ပရမေ၊ မြတ်ကုန်သော။ အရောဂေ၊ အနာကင်းသည်ဖြစ်၍။ အနုပ္ပတ္တေ၊ စိတ္တကုဋ်တောင်သို့ ရောက်တော်မူကုန်သော။ တေ ဒိဇေ၊ ထိုရွှေဟင်္သာမင်း နှစ်ပါးတို့ကို။ ဒိသွာန၊ မြင်ကုန်သောကြောင့်။ ဟံသာ၊ ဆွေမျိုးဖြစ်သော ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာတို့သည်။ ကေကာတိ၊ ကေကာ-ဟူသော အသံကို။ အကရုံ၊ မြည်ကြကုန်၏။ ပုထုသဒ္ဒေါ၊ များစွာသော အသံသည်။ အဇာယထ၊ ဖြစ်လေ၏။

֍ ဋ္ဌ ၈၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘတ္တုနာ၊ အရှင်ဖြစ်သော ရွှေဟင်္သာမင်းသည်။ ပမုတ္တေန၊ ရန်သူလက်မှ လွတ်သည်ရှိသော်။ ပတီတာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။ ဘတ္တုဂါရဝါ၊ အရှင်ကို ရိုသေတတ်ကုန်သော။ တေ အဏ္ဍဇာ၊ ထို ဆွေမျိုးဖြစ်ကုန်သော ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာတို့သည်။ လဒ္ဓပစ္စယာ၊ ရအပ်သော ကိုးကွယ်ရာ ရှိကုန်သည်ဖြစ်၍။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ပရိကိရိံသု၊ ခြံရံကုန်၏။

ဟင်္သာတို့ ဆုတောင်း

ဤသို့ ခြံရံကုန်ပြီး၍ကား ထိုဟင်္သာတို့သည် အရှင်မင်းကြီး အဘယ်သို့သော အကြောင်းဖြင့် လွတ်တော်မူသနည်းဟု လျှောက်ကြကုန်၏။ ဘုရားလောင်းသည် သုမုခစစ်သူကြီးကိုမှီ၍ လွတ်သာအဖြစ်ကိုလည်းကောင်း၊ သာဂလမင်း, မုဆိုးတို့သည် ပြုအပ်သောအမှုကိုလည်းကောင်း ပြောဆိုတော်မူ၏။ ထိုသို့ ဘုရားလောင်း ရွှေဟင်္သာမင်း ပြောဆိုသောစကားကို ကြားရလျှင် ဟင်္သာအပေါင်းသည် အလွန်နှစ်သက်သည်ဖြစ်၍ သုမုခ စစ်သူကြီးသည်လည်းကောင်း သာဂလမင်းသည်လည်းကောင်း မုဆိုးသားသည်လည်းကောင်း ချမ်းသာစွာ ရှိကုန်သည်ဖြစ်၍ မြင့်ရှည်စွာ အသက်ရှည်ကြပါစေကုန်သတည်း ဟု ဆုတောင်းဆုယူမှု ပြုကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည် -

၈၈။ ဧဝံ မိတ္တဝတံ အတ္ထာ၊ သဗ္ဗေ ဟောန္တိ ပဒက္ခိဏာ။
ဟံသာ ယထာ ဓတရဋ္ဌာ၊ ဉာတိသံဃံ ဥပါဂမုံ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၈၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဓတရဋ္ဌာ၊ ဓတရဋ္ဌမျိုး ဖြစ်ကုန်သော။ ဟံသာ၊ ရွှေဟင်္သာမင်းနှစ်ပါးတို့သည်။ ဉာတိသံဃံ၊ ဆွေမျိုးအပေါင်းသို့။ ဥပါဂမုံ ယထာ၊ ချမ်းသာစွာ ကပ်ရကုန်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ မိတ္တဝတံ၊ အဆွေခင်ပွန်းကောင်းရှိသော သူတို့အား။ ပဒက္ခိဏာ၊ ချမ်းသာကို ဖြစ်စေတတ်ကုန်သော ကြီးပွားခြင်းနှင့် ယှဉ်ကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ အတ္ထာ၊ အကျိုးစီးပွားတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤစူဠဟံသဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုသာလျှင် အာနန္ဒာသည် ငါဘုရားအကျိုးငှာ မိမိအသက်ကို စွန့်သည်မဟုတ်သေး၊ ရှေးအခါ၌လည်း အာနန္ဒာသည် ဘုရား၏ အကျိုးငှာ မိမိအသက်ကို စွန့်ဖူးပြီ ဟု မိန့်တော်မူ၍ ယခုအခါ ဆန္နမထေရ်သည် ထိုအခါ မုဆိုးဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတြာသည် ထိုအခါ သာဂလမင်း ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ရွှေဟင်္သာစစ်သူကြီး သုမုခ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာအပေါင်းတို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သားအပေါင်းတို့၏အရှင်ဓတရဋ္ဌရွှေဟင်္သာမင်း ဖြစ်ဖူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ကျေးဇူးရှင်တွက်၊ စွန့်အသက်၊ တိုးတက်ချမ်းသာရာ

ရှေးဦးစွာသော စူဠဟံသဇာတ် ပြီး၏။

*****

အသီတိနိပါတ်

၂။ မဟာဟံသဇာတ်

တပည့်လိမ္မာ၍ ဆရာအသက်ချမ်းသာခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသခင်သည် ဧတေ ဟံသာ ပက္ကမန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာဟံသဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်၏ အသက်ကိုစွန့်ခြင်းကိုပင်လျှင် အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် အောက်စူဠဟံသဇာတ်၌ ဆိုအပ်ပြီးသည်နှင့် တူသလျှင်ကတည်း။ အထူးကား- ဤမဟာဟံသဇာတ်၌ သဗ္ဗညူဘုရားသခင်သည် အတိတ်ကို ဆောင်တော်မူသည်ရှိသော် ဤအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သံယမအမည်ရှိသော မင်းသည် မင်းပြု၏။ ထိုမင်းအား ခေမာအမည်ရှိသော မိဖုရားကြီးသည် ရှိ၏။ ထိုအခါ ဘုရားလောင်း ရွှေဟင်္သာမင်းသည် ကိုးသောင်းသော ဟင်္သာအပေါင်းခြံရံလျက် စိတ္တကုဋ်တောင်၌ နေတော်မူ၏။

အိပ်မက်ထဲမှာ ရွှေဟင်္သာ

ထိုအခါ တစ်နေ့သ၌ ခေမာမိဖုရားကြီးသည် မိုးသောက်ထအခါ၌ အိပ်မက်မြင်မက်၏။ ရွှေဟင်္သာတို့သည် လာလတ်ကုန်၍ ရာဇပလ္လင်၌နေကုန်လျက် သာယာသောအသံဖြင့် တရားဟောကုန်၏။ ခေမာမိဖုရားကြီးသည် ကောင်းချီးပေးလျက် တရားတော်ကိုနာစဉ် တရားနာခြင်းဖြင့် မရောင့်ရဲမီသာလျှင် ညဉ့်သည်လင်းလတ်၏။ ဟင်္သာတို့သည် တရားဟောပြီးကုန်ပြီးလျှင် ခြင်္သေ့ခံသော လေသွန်နန်းတံခါးဖြင့်ထွက်၍ သွားကုန်၏။ ထိုမိဖုရားသည် လျင်မြန်စွာထလတ်၍ ပြေးသွားကုန်သော ဟင်္သာတို့ကို ဖမ်းကြပါကုန်လော့၊ ဖမ်းကြပါကုန်လော့ဟု ဆို၍ လက်ကိုဆန့်စဉ်ပင်လျှင် နိုး၏။ ထိုမိဖုရားကြီးစကားကို ကြားကုန်၍ ကိုယ်လုပ်မောင်းမတို့လည်း ဟင်္သာတို့သည် အဘယ်မှာနည်းဟု အတန်ငယ် ပြက်ရယ်ပြုကြကုန်၏။

မိဖုရားကြီး ချင်ခြင်းဖြစ်

ခေမာ မိဖုရားကြီးသည် ထိုခဏ၌ အိပ်မက်အဖြစ်ကိုသိ၍ ငါသည် မဟုတ်မမှန်သည်ကို မမြင်မက်ရာ၊ မချွတ်လျှင် ဤလောက၌ ရွှေဟင်္သတို့သည် ရှိကုန်လတ္တံ့၊ စင်စစ်သော်ကား အကယ်၍ ရွှေဟင်္သာတို့၏တရားကို နာလိုပါ၏ဟု အရှင်မင်းကြီးကို တင်လျှောက်အံ့၊ ငါတို့သည် ရွှေဟင်္သာမည်သည်ကို မမြင်ဖူးပါကုန်၊ ဟင်္သာတို့ တရားစကားမည်သည်လည်း မဖြစ်ဖူးသည်သာလျှင်တည်းဟုဆို၍ အားမထုတ်သည် ဖြစ်လတ္တံ့။ ချင်ခြင်းဖြစ်ပါ၏ဟု တင်လျှောက်သည်ရှိသော်ကား အမှတ်မရှိသောအကြောင်းဖြင့် ရှာတော်မူလတ္တံ့၊ ဤသို့ ရှာတော်မူသည်ရှိသော် ငါ၏စိတ်အလိုသည် ပြည့်စုံလတ္တံ့ဟု ကြံ၍ ထိုမိဖုရားကြီးသည် ဖျားနာဟန်ပြုသဖြင့် ကိုယ်လုပ်မောင်းမတို့အား အမှတ်သညာကိုပေး၍ အိပ်၏။

မင်းသည် မင်း၏နေရာ၌ နေသည်ရှိသော် ထိုမိဖုရားကြီးအား မြင်သင့်သောအခါ၌ ထိုမိဖုရားကြီးကိုမမြင်၍ ခေမာ မိဖုရားကြီးသည် အဘယ်မှာနည်းဟု မေးတော်မူ၍ ဖျားနာပါ၏ဟု တင်လျှောက်ကုန်လတ်သော် ထိုမိဖုရားကြီးအထံသို့ သွားပြီးလျှင် အိပ်ရာတစ်ပိုင်းက ထိုင်တော်မူ၍ ကျောကိုသုံးသပ်လျက် ရှင်မိဖုရားအား အဘယ် မချမ်းသာသနည်းဟု မေးတော်မူ၏။ အရှင်မင်းကြီး... အကျွန်ုပ်အား တစ်ပါးသော မချမ်းသာခြင်းမည်သည် မရှိပါ၊ ချင်ခြင်းသည်ကား ဖြစ်ပါ၏ဟု တင်လျှောက်၏။ ရှင်မိဖုရား... ထိုသို့ဖြစ်လျှင် ငါအားပြောဆိုလော့၊ အကြင်ဝတ္ထုကို ရှင်မိဖုရား အလိုရှိ၏။ ထိုဝတ္ထုကိုလျှင် ရှင်မိဖုရားအား လျင်စွာ ဆက်စေအံ့ဟု မိန့်တော်မူ၏။ အရှင်မင်းကြီး... အကျွန်ုပ်သည် ဆောက်အပ်သောထီးဖြူရှိသော ရာဇပလ္လင်၌နေသော တစ်ခုသောရွှေဟင်္သာမင်းအား ပန်းနံ့သာအစရှိသည်တို့ဖြင့် ပူဇော်ခြင်းကိုပြု၍ ကောင်းချီးပေးလျက် တရားစကားကိုနာခြင်းငှာ အလိုရှိပါ၏။ အကယ်၍ ရအံ့၊ ဤသို့ ရပါသည်ရှိသော် ကောင်း၏။ အကယ်၍ မရအံ့၊ အကျွန်ုပ်အသက်သည် မရှိပြီဟု တင်လျှောက်၏။

မင်းကြီး ရွှေဟင်္သာရှာခြင်း

ထိုအခါ မိဖုရားကြီးကို မင်းသည် လူ့ပြည်၌ အကယ်၍ ရှိအံ့၊ ရပါလတ္တံ့၊ မစိုးရိမ်လင့်ဟု ထိုမိဖုရားကြီးကို နှစ်သိမ့်စေပြီးလျှင် ကျက်သရေရှိသော တိုက်ခန်းမှ ထွက်တော်မူခဲ့၍ မှူးတော်မတ်တော်တို့နှင့်တကွ တိုင်ပင်တော်မူ၏။ အို... အမတ်တို့... ခေမာမိဖုရားကြီးသည် ရွှေဟင်္သာမင်း၏ တရားစကားကိုနာခြင်းငှာ ရသည်ရှိသော် အသက်ရှင်အံ့၊ မရသည်ရှိသော် အကျွန်ုပ်အသကျ မရှိပြီဟု ငါ့အား တင်လျှောက်၏။ ရွှေဟင်္သာတို့မည်သည် ရှိပါကုန်မည်လော ဟု မေးတော်မူလတ်သော် အရှင်မင်းမြတ်... အကျွန်ုပ်တို့သည် မမြင်ဖူး ကြားဖူးပါကုန် ဟု တင်လျှောက်ကြကုန်၏။ အဘယ်သူတို့သည် သိပါကုန်အံ့နည်းဟု မေးတော်မူပြန်သော် အရှင်မင်းမြတ်... ပုဏ္ဏားတို့သည် သိကုန်ရာ၏ဟု တင်လျှောက်ကြကုန်၏။

မင်းသည် ပုဏ္ဏားတို့ကို ခေါ်တော်မူပြီးလျှင် ပူဇော်သက္ကာရကို ပြုတော်မူ၍ ဆရာတို့... ရွှေဟင်္သာတို့သည် ရှိကုန်မည်လောဟု မေးတော်မူ၏။ အရှင်မင်းမြတ်... ရှိပါကုန်၏။ အကျွန်ုပ်တို့ ဗေဒင်ကျမ်းတို့၌ ငါးတို့သည်လည်းကောင်း၊ ပုစွန်တို့သည်လည်းကောင်း၊ လိပ်တို့သည်လည်းကောင်း၊ သမင်တို့သည်လည်းကောင်း၊ ဥဒေါင်းတို့သည်လည်းကောင်း၊ ဟင်္သာတို့သည်လည်းကောင်း တိရစ္ဆာန်ဖြစ်ကုန်သော ဤသတ္တဝါတို့သည် ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏ဟု လာပါကုန်၏။ ထိုတိရစ္ဆာန်တို့တွင် ဓတရဋ္ဌမျိုးဖြစ်ကုန်သော ရွှေဟင်္သာတို့မည်သည်ကား ပညာရှိကုန်၏။ ဉာဏ်နှင့်ပြည့်စုံကုန်၏။ ဤသို့လျှင် လူတို့နှင့်တကွ ခုနစ်ယောက်သောသူတို့သည် ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏ဟု တင်လျှောက်ကြကုန်၏။

ထိုသို့ တင်လျှောက်သောစကားကို ကြား၍ မင်းသည် ဝမ်းမြောက်သည်ဖြစ်၍ ဆရာတို့... ဓတရဋ္ဌမျိုး ဖြစ်ကုန်သော ရွှေဟင်္သာတို့သည် အဘယ်အရပ်၌ နေကုန်သနည်း ဟု မေးတော်မူ၏။ အရှင်မင်းမြတ်... အကျွန်ုပ်တို့သည် မသိပါကုန်ဟု တင်လျှောက်ကြကုန်၏။ ဆရာတို့မသိကုန်သည်ရှိသော် အဘယ်သူတို့သည် သိပါကုန်အံ့နည်းဟု မေးတော်မူပြန်၏။ အရှင်မင်းကြီး... မုဆိုးသားတို့သည် သိပါကုန်လတ္တံ့ဟု တင်လျှောက်ကုန်လတ်သော် မိမိနိုင်ငံအတွင်း၌ရှိကုန်သော အလုံးစုံကုန်သောမုဆိုးတို့ကို စည်းဝေးစေ၍ မေးတော်မူ၏။ အမောင်တို့... ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော ဓတရဋ္ဌမျိုးဖြစ်ကုန်သော ဟင်္သာတို့သည် အဘယ်အရပ်၌ နေကုန်သနည်းဟု မေးတော်မူ၏။ ထိုအခါ တစ်ယောက်သောမုဆိုးသည် အရှင်မင်းမြတ် ဟိမဝန္တာအရပ်ဝယ် စိတ္တကုဋ်တောင်၌ နေကုန်သတတ်ဟု အကျွန်ုပ်တို့ အမျိုးအဆက်ဆက်မှ ပြောဆိုကြပါကုန်၏ဟု တင်လျောက်၏။

ထို ရွှေဟင်္သာတို့ကို ဖမ်းယူအံ့သောအကြောင်းကို သင်သိ၏လောဟု မေးတော်မူ၏။ အရှင်မင်းမြတ်... အကျွန်ုပ် မသိပါဟု တင်လျှောက်လတ်သော် အဘယ်သူတို့သည် သိကုန်အံ့နည်းဟု မေးတော်မူ၍ အရှင်မင်းမြတ်... ပုဏ္ဏားတို့သည် သိပါကုန်လတ္တံ့ဟု တင်လျှောက်၏။

ရေကန်တူးစေခြင်း

ထိုမင်းသည် ပုဏ္ဏားပညာရှိတို့ကို ခေါ်စေတော်မူ၍ စိတ္တကုဋ်တောင်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဟင်္သာတို့ရှိသောအဖြစ်ကို ကြား၍ ထိုရွှေဟင်္သာတို့ကို ဖမ်းယူအံ့သောအကြောင်းကို သိကြကုန်၏လောဟု မေးတော်မူ၏။ အရှင်မင်းမြတ်... ထိုရွှေဟင်္သာတို့ကိုသွား၍ဖမ်းယူသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဥပါယ်တမျဉ်ဖြင့် ထိုရွှေဟင်္သာတို့ကို မြို့တော်အနီးသို့သွေးဆောင်၍ ဖမ်းယူပါကုန်အံ့ဟု တင်လျှောက်ကုန်လတ်သော် ဥပါယ်တမျဉ်သည် အဘယ်နည်းဟု မေးတော်မူ၏။ အရှင်မင်းမြတ်... မြို့တော်မှမနီးမဝေး သုံးဂါဝုတ်ရှိသောမြောက်အရပ်၌ သုံးဂါဝုတ်အတိုင်းအရှည်ရှိသော ခေမာမည်သောအိုင်ကို တူးစေ၍ ရေဖြင့်ပြည့်စေပြီးလျှင် အထူးထူးသော စပါးမျိုးတို့ကို စိုက်ပျိုးစေ၍ ငါးပါးသောအဆင်းရှိသော ကြာပဒုမ္မာတို့ဖြင့် ဖုံးလွှမ်းသည်ကို ပြုစေတော်မူပြီးလျှင် ပညာရှိသော မုဆိုးတစ်ယောက်ကိုအပ်နှင်း၍ လူတို့အား ချဉ်းကပ်စိမ့်သောငှာ မပေးမူ၍ အိုင်လေးထောင့်တို့၌ တည်သူတို့ကို ဘေးမဲ့ပေးခြင်းကို ကြွေးကြော်စေတော်မူကုန်လော့၊ ထို ဘေးမဲ့ကြွေးကြော်သံကို ကြားကုန်လျှင် အထူးထူးသောငှက်တို့သည် အရပ်ဆယ်မျက်နှာမှ သက်ကြကုန်လတ္တံ့၊ ထိုသို့ အထူးထူးသောငှက်တို့သည် သက်ကြကုန်သည်ရှိသော် ထိုရွှေဟင်္သတို့သည်လည်း အဆင့်ဆင့်ဖြင့် ထိုအိုင်၏ ဘေးမရှိသောအဖြစ်ကိုကြား၍ လာကုန်လတ္တံ့၊ ထိုသို့ လာကုန်သည်ရှိသော် ထိုရွှေဟင်္သာတို့ကို သားမြီးကွင်းတို့ဖြင့်ထောင်စေ၍ ဖမ်းယူတော်မူကုန်လော့ဟု တင်လျှောက်ကုန်၏။

ထိုသို့တင်လျှောက်သော စကားကိုကြား၍ မင်းသည် ထိုပုဏ္ဏားတို့ တင်လျှောက်သောအရပ်၌ ဆိုအပ်ပြီးသော အခြင်းအရာရှိသောအိုင်ကို တူးစေပြီးလျှင် လိမ္မာသောမုဆိုးတစ်ယောက်ကို ခေါ်စေတော်မူ၍ ထိုမုဆိုးအား အသပြာတစ်ထောင်ပေး၍ သင်သည် ဤနေ့မှစ၍ မိမိအမှုကို မပြုလင့်၊ ငါသည် သင်၏သားမယားတို့ကို မွေးကျွေးအံ့၊ သင်သည် မမေ့မလျော့ ခေမာအိုင်ကိုစောင့်လျက် လူတို့ကိုဖဲစေ၍ အိုင်လေးထောင့်တို့၌ ဘေးမဲ့ကိုကြွေးကြော်၍ လာတိုင်းလာတိုင်းကုန်သော ငှက်တို့ကို ငါ့အား ကြားလာလှည့်၊ ရွှေဟင်္သာတို့သည် လာကုန်သည်ရှိသော် များစွာသော ပူဇော်သက္ကာရကို ရလတ္တံ့ဟု မိန့်တော်မူ၍ ထိုမုဆိုးကို နှစ်သိမ့်စေသဖြင့် ခေမာအိုင်ကို အပ်နှင်းတော်မူ၏။ ထိုမုဆိုးသည် ထိုအခါမှစ၍ မင်းမိန့်မှာတော်မူသည့် နည်းဖြင့်လျှင် ထိုအိုင်၌ကျင့်၏။ ခေမာအိုင်ကို စောင့်ရှောက်၏။ ထိုသို့ ခေမာအိုင်ကို စောင့်ရှောက်သောကြောင့် ထိုမုဆိုးအား ခေမာမုဆိုးဟူ၍သာလျှင် ထင်ရှားလေ၏။

ဟင်္သာတို့လာကြပြီ

ထိုအခါမှစ၍ အထူးထူးအပြားပြားကုန်သော ငှက်တို့သည် သက်ကုန်၏။ ခေမာအိုင်သည် ဘေးမရှိ၊ ငြိမ်းချမ်းသာယာ၏ဟု အဆင့်ဆင့်ကြွေးကြော်သဖြင့် အထူးထူးသောဟင်္သာတို့သည် လာလတ်ကုန်၏။ ရှေးဦးစွာ တိဏဟင်္သာမျိုးတို့သည် လာလတ်ကုန်၏။ ထိုတိဏဟင်္သာတို့၏ ကြွေးကြော်သံကြောင့် ပဏ္ဍုဟင်္သာမျိုးတို့သည် လာလတ်ကုန်၏။ ထိုပဏ္ဍုဟင်္သာတို့၏ ကြွေးကြော်သံကြောင့် မနောသိလာမျိုးဖြစ်ကုန်သော ဟင်္သာတို့သည် လာလတ်ကုန်၏။ ထိုမနောသိလာမျိုးဖြစ်ကုန်သော ဟင်္သာတို့၏ ကြွေးကြော်သံကြောင့် သေတဟင်္သာမျိုးတို့သည် လာလတ်ကုန်၏။ ထိုသေတဟင်္သာမျိုး ဖြစ်ကုန်သော ဟင်္သာတို့၏ကြွေးကြော်သံကြောင့် ပါကဟင်္သာမျိုးတို့သည် လာလတ်ကုန်၏။

ထိုပါကဟင်္သာမျိုးတို့သည် လာလတ်ကုန်သည်ရှိသော် ခေမာမုဆိုးသည်သွား၍ မင်းအားလျှောက်၏။ အရှင်မင်းမြတ်... အမျိုးငါးပါးရှိကုန်သော ဟင်္သာတို့သည် လာလတ်ကုန်၍ အိုင်၌ကျက်စားကုန်ပြီ၊ ပါကဟင်္သာမျိုးတို့ လာသည်၏အဖြစ်ကြောင့် ယခုအခါ နှစ်ရက်သုံးရက်ဖြင့် ရွှေဟင်္သာတို့သည် လာပါကုန်လတ္တံ့၊ အရှင်မင်းမြတ် စိုးရိမ်တော်မမူလင့်ဟု တင်လျှောက်၏။ ထိုစကားကိုကြား၍ မင်းသည် ခေမာမုဆိုးမှ တစ်ပါးသောသူသည် ထိုခေမာအိုင်သို့မသွားအပ်၊ အကြင်သူသည်သွားအံ့၊ ထိုသူသည် လက်ခြေဖြတ်ခြင်းသို့လည်းကောင်း၊ အိမ်ဖျက်ဆီးခြင်းသို့ လည်းကောင်း ရောက်လတ္တံ့ ဟု မြို့တော်အလုံး၌ စည်လည်စေတော်မူ၏။ ထိုအခါမှစ၍ ထိုအိုင်သို့ တစ်စုံတစ်ယောက်သောသူသည် မသွားဝံ့ပြီ။ စိတ္တကုဋ်တောင်၏ မနီးမဝေး၌ကား ရွှေဂူဝယ် ပါကဟင်္သာမျိုးတို့သည် နေကုန်၏။ ထိုပါကဟင်္သာမျိုးတို့သည် ကြီးသော ခွန်အားရှိကုန်၏။ ဓတရဋ္ဌဟင်္သားမျိုးနှင့်သာလျှင် တကွနေကုန်၏။ ထိုပါကဟင်္သာမျိုးတို့၏ ကိုယ်အဆင်းသည်သာလျှင်ထူး၏။ ပါကဟင်္သာမင်း၏ သမီးသည်ကား ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ထိုပါကဟင်္သာမင်းသည် ထိုသမီးကို ဓတရဋ္ဌရွှေဟင်္သာမင်းအား လျောက်ပတ်၏ဟု ကြံ၍ ထိုဓတရဋ္ဌ ရွှေဟင်္သာမင်းအား မိဖုရားကြီးပြု၍ ဆက်စေ၏။ ထိုပါကဟင်္သာမင်း၏ သမီးတော်ကို ဓတရဋ္ဌရွှေဟင်္သာမင်းသည် အလွန်ချစ်နှစ်သက်တော်မူ၏။ ထိုအကြောင်းကြောင့်လျှင် ထိုဟင်္သာမျိုးနှစ်ပါးတို့သည် အချင်းချင်း အကျွမ်းဝင်ကုန်သည် ဖြစ်၏။

ထိုအခါ တစ်နေ့သ၌ ဘုရားလောင်း ရွှေဟင်္သာမင်း၏ အခြံအရံဟင်္သာတို့သည် ပါကဟင်္သာတို့ကို မေးကုန်၏။ ဤနေ့တို့၌ သင်တို့သည် အဘယ်အရပ်၌ ကျက်စားကြကုန်သနည်းဟု မေးကုန်၏။ ငါတို့သည် ဗာရာဏသီပြည်မှ မနီးမဝေးသောအရပ်၌ ခေမာအမည်ရှိသောအိုင်ဝယ် ကျက်စားကြကုန်၏။ သင်တို့သည်ကား အဘယ်အရပ်သို့ လှည့်လည်ကုန်သနည်းဟု မေးကုန်၏။ ငါတို့သည် ဤမည်သောအရပ်သို့ လှည့်လည်ကြကုန်၏ဟု ပြောဆိုလတ်သော် အဘယ်ကြောင့် ခေမာအိုင်သို့ သင်တို့မသွားကြကုန်သနည်း၊ ထိုစကားသည် မှန်၏။ ထိုခေမာအိုင်သည် နှလုံးမွေ့လျော်ဖွယ်ရှိ၏။ အထူးထူးသော ငှက်မျိုးတို့ဖြင့် ပြွမ်း၏။ ကြာမျိုးငါးပါးတို့ဖြင့် ဖုံးလွှမ်းအပ်၏။ အထူးထူးသော စပါးတို့ဖြင့်ပြည့်စုံ၏။ အထူးထူးသော ပျားပိတုန်းတို့ဖြင့် ရင့်ရူရွှင်မြူးရာလည်း ဖြစ်၏။ အိုင်လေးထောင့်တို့၌ အမြဲလျှင်ဖြစ်သော ဘေးမဲ့ကြွေးကြော်သံသည် ဖြစ်၏။ ထိုခေမာအိုင်သို့ ချဉ်းကပ်အံ့သောငှာဝံ့သော တစုံစ်တစ်ယောက်သော သူမည်သည်မရှိ၊ တစ်ပါးသောဘေးရန်ကို ပြုခြင်းကား အဘယ်ဆိုဖွယ်ရှိအံ့နည်း၊ ဘေးရန်မရှိသည်သာတည်း၊ ခေမာအိုင်သည် ဤသို့သဘောရှိ၏ဟု ထိုခေမာအိုင်ကို ချီးမွမ်းကြကုန်၏။

ဟင်္သာမင်း တားမြစ်ခြင်း

ထိုဘုရားလောင်း ရွှေဟင်္သာမင်း၏ အခြံအရံတို့သည် ထိုပါကဟင်္သာတို့၏စကားကို ကြားကုန်၍ ဗာရာဏသီပြည်၏အနီး၌ ဤသို့သဘောရှိသော ခေမာအမည်ရှိသောအိုင်သည် ရှိပါသတတ်၊ ပါကဟင်္သာတို့သည် ထိုခေမာအိုင်သို့သွားကုန်၍ အစာကိုယူကုန်၏။ အရှင်တို့သည်လည်း ဓတရဋ္ဌဟင်္သာမင်းအား တင်လျှောက်ကုန်လော့။ အကယ်၍ ခွင့်ပြုတော်မူကုန်အံ့၊ အကျွန်ုပ်တို့သည်လည်း ထိုခေမာအိုင်သို့သွား၍ အစာကိုယူပါကုန်အံ့ဟု စစ်သူကြီး သုမုခအား ကြားလျှောက်ကြကုန်၏။ စစ်သူကြီးသုမုခသည် မိမိအရှင်ဓတရဋ္ဌရွှေဟင်္သာမင်းအား ထိုအကြောင်းကို တင်လျှောက်၏။ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာသည် လူတို့မည်သည်ကား များသောမာယာရှိကုန်၏။ ကြမ်းတမ်းသော အတိုင်အပင်ရှိကုန်၏။ ဥပါယ်တံမျဉ်၌ လိမ္မာကုန်၏။ ထိုခေမာအိုင်၌ အကြောင်းရှိသည် ဖြစ်ရာ၏။ ဤမျှလောက်သော ကာလပတ်လုံး ဤအိုင်သည်မရှိ၊ ယခုအခါ၌ ပြုအပ်၏။ ငါတို့ကို ဖမ်းယူခြင်းငှာ ပြုသည်ဖြစ်လတ္တံ့ဟု ကြံတော်မူ၏။ ကြံပြီး၍ ထိုဘုရားလောင်း ရွှေဟင်္သာမင်းသည် စစ်သူကြီးသုမုခအား မိန့်တော်မူ၏။ သုမုခ... သင်သည် ထိုခေမာအိုင်သို့ သွားခြင်းကို မနှစ်သက်လင့်၊ ထိုခေမာအိုင်ကို လူတို့သည် ကုသိုလ်ကောင်းမှုအလို့ငှာ မပြုအပ်၊ ငါတို့ကို ဖမ်းယူခြင်းငှာသာ ပြုအပ်၏။ လူတို့မည်သည်ကား များသောမာယာရှိကုန်၏။ ကြမ်းတမ်းသော အတိုင်အပင် ရှိကုန်၏။ ဥပါယ်တံမျဉ်၌ လိမ္မာကုန်၏။ သင်တို့သည် မိမိတို့ဥစ္စာဖြစ်သော ကျက်စားရာ၌သာလျှင် ကျက်စားကြကုန်လော့ဟု မိန့်တော်မူ၏။

ရွှေဟင်္သာတို့ လာကြပြီ

ရွှေဟင်္သာတို့သည် ခေမာအိုင်သို့ သွားလိုကုန်သည်သာလျှင် ဖြစ်ပါကုန်၏ဟု နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း စစ်သူကြီးသုမုခအား ကြားလျှောက်ကြကုန်၏။ ထိုစစ်သူကြီးသုမုခသည် ထိုအခြံအရံ ရွှေဟင်္သာတို့ ခေမာအိုင်သို့ သွားလိုကြကြောင်းကို ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းအား တင်လျှောက်ပြန်၏။ ထိုသို့ စစ်သူကြီးသုမုခ တင်လျှောက်သောအခါ ဘုရားလောင်းသည် ငါ၏ဆွေမျိုးတို့သည် ငါ့ကိုမှီ၍ မပင်ပန်းစေကုန်လင့်ဟု နှလုံးသွင်းတော်မူ၍ ထိုသို့ဖြစ်လျှင်ကား သွားကုန်အံ့ ဟု မိန့်တော်မူ၍ ရွှေဟင်္သာအပေါင်း ကိုးသောင်းခြံရံလျက် ထိုခေမာအိုင်သို့ ကြွသွားတော်မူ၍ အစာကိုယူလျက် ဟင်္သာတို့၏ ကစားပြုံးရွှင်ခြင်းကို ကစားပြုံးရွှင်တော်မူပြီး၍ စိတ္တကုဋ်တောင်သို့သာလျှင် တစ်ဖန် ပြန်လည်တော်မူခဲ့၏။ ခေမာမုဆိုးသည် ထိုရွှေဟင်္သာတို့ကျက်စား၍ ပြန်လည်သောအခါ သွား၍ ထိုရွှေဟင်္သာတို့လာကြောင်းကို မင်းအား လျှောက်၏။ မင်းသည် အလွန်နှစ်သက်တော်မူသည်ဖြစ်၍ အချင်း ခေမာမုဆိုး... တစ်ကောင်သော ရွှေဟင်္သာကိုလည်းကောင်း၊ နှစ်ကောင်သော ရွှေဟင်္သာကိုလည်းကောင်း ဖမ်းယူခြင်းငှာ သင်သည် လုံ့လပြုလော့၊ သင့်အား များစွာသော စည်းစိမ်ချမ်းသာကို ငါပေးအံ့ဟု ဆို၍ စားနပ်ရိက္ခာပေး၍ ထိုမုဆိုးကို လွှတ်တော်မူလိုက်၏။ ထိုမုဆိုးသည် ခေမာအိုင်သို့သွား အိုးစရည်းနှင့်တူသော ချိုင့်၌နေ၍ ဟင်္သာတို့ ကျက်စားရာအရပ်ကို စုံစမ်း၏။ ဘုရားအလောင်းတို့ မည်သည်ကား လျှပ်ပေါ်သော ကျက်စားခြင်းသည် မဖြစ်ကုန်၊ ထို့ကြောင့် ဘုရားလောင်းသည် ဆင်းသက်ရာအရပ်မှစ၍ အစဉ်အတိုင်း ကျက်စားသဖြင့် သလေးကိုစားလျက် သွား၏။ ဘုရားလောင်းမှ ကြွင်းကုန်သော ဟင်္သာတို့သည် ထိုမှဤမှ စားကုန်လျက်လျှင် သွားကုန်၏။ ထိုအခါ ခေမာမုဆိုးသည် ဤရွှေဟင်္သာသည်ကား လျှပ်ပေါ်သော ကျက်စားခြင်းမရှိ၊ ဤရွှေဟင်္သာကို ထောင်ခြင်းငှာသင့်၏ဟု ကြံ၍ နက်ဖြန်နေ့၌ ရွှေဟင်္သာတို့သည် အိုင်သို့မသက်ကုန်မီလျှင် အိုးစရည်းနှင့်တူသော ချိုင့်၌နေလျက် ထိုအရပ်သို့သွား၍ မနီးမဝေး၌ မိမိကိုယ်ကို ချိုင့်ဖြင့်ဖုံးလွှမ်း၍ အပေါက်ဖြင့် ကြည့်လျက်နေ၏။ ထိုခဏ၌ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းသည် ဟင်္သာကိုးသောင်းခြံရံလျက် ယမန်နေ့ ဆင်းသက်ရာအရပ်၌သာလျှင် ဆင်းသက်တော်မူ၍ အပိုင်းအခြားအတွင်း၌နေလျက် ကျက်စားပြီးသော် သွားလေ၏။

ရွှေဟင်္သာမင်း

ခေမာမုဆိုးသည် ချိုင့်ပေါက်ဖြင့်ကြည့်လတ်သော် အဆင်း၏ မြတ်သောတင့်တယ်ခြင်း အစုသို့ရောက်သော ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်း၏ ကိုယ်ကိုမြင်ရလျှင် ဤရွှေဟင်္သာသည် လှည်းပုံတောင်း အတိုင်းအရှည်ရှိသော ကိုယ်ရှိ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ သုံးကြောင်းကုန်သော နီသောအရေးတို့ဖြင့်လည်၍ ခြံရံအပ်၏။ သုံးကြောင်းကုန်သော အရေးတို့သည် လည်မှဆင်းသက်၍ ရင်၏ဘယ်ညာအရပ်မှ လျှောက်၍သွားကုန်၏။ အရေးသုံးကြောင်းတို့သည် နောက်အဖို့ဖြင့် ထုတ်ချင်းလျှို သွားလေကုန်၏။ ကမ္ဗလာနီချည်ဖြင့် ဖွဲ့အပ်သော ဆိုင်း၌ထားအပ်သော ရွှေတုံးကဲ့သို့ အလွန်တင့်တယ်၏။ ဤရွှေဟင်္သာသည် ထိုဟင်္သာတို့၏ မင်းဖြစ်ရာ၏။ ဤရွှေဟင်္သာကိုသာလျှင် ငါဖမ်းအံ့ဟု ကြံ၏။ ဓတရဋ္ဌရွှေဟင်္သာမင်းသည်လည်း များစွာသောအစာကို စားပြီးလျှင် ရေကစားခြင်းကိုကစား၍ ဟင်္သာအပေါင်းခြံရံလျက် စိတ္တကုဋ်တောင်သို့သာလျှင် ကြွတော်မူ၏။ ဤနည်းဖြင့်လျှင် ငါးရက်တိုပတ်လုံး အစာကိုယူတော်မူ၏။

ဖမ်းမိလေပြီ

ခြောက်ရက်မြောက်သောနေ့၌ကား ခေမာမုဆိုးသည် မည်းနက်သော မြင်းမြီးဖြင့်ပြီးသော မြဲမြံခိုင်ခံသောကြိုးကို ကျစ်ပြီးလျှင် လှံတံ၌ ကျော့ကွင်းကိုဖွဲ့၍ နက်ဖြန် ဟင်္သာမင်းသည် ဤအရပ်၌ သက်လတ္တံ့ဟု ဟုတ်မှန်သောအားဖြင့်သိ၍ ရေထဲ၌ လှံတံကျော့ကွင်းကိုထောင်၏။ နက်ဖြန်နေ့၌ ရွှေဟင်္သာမင်း သက်သည်ရှိသော် ခြေကိုကျော့ကွင်း၌ သွတ်သွင်းလျက် သက်မိ၏။ ထိုအခါ ဘုရားလောင်း၏ခြေကို ကျော့ကွင်းသည် သံပြားဖြင့်ငင်သကဲ့သို့ ဖွဲ့၍ယူ၏။ ရွှေဟင်္သာမင်းသည် ကျော့ကွင်းကို ဖြတ်အံ့ဟု ကြံ၍ အဟုန်ကိုဖြစ်စေလျက် ငင်၍ချီ၏။ ရှေးဦးစွာငင်သောအကြိမ်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော အရေသည် ပြတ်၏။ နှစ်ကြိမ်မြောက်ငင်ရာ၌ ကမ္ဗလာနီအဆင်းနှင့်တူသော အသားသည် ပြတ်၏။ သုံးကြိမ်မြောက်ငင်ရာ၌ အကြောသည် ပြတ်၏။ လေးကြိမ်မြောက်ငင်သော်ကား ဘုရားလောင်း ရွှေဟင်္သာမင်း၏ခြေသည် ပြတ်ရာ၏။ မင်းအား အင်္ဂါချို့တဲ့ခြင်း မည်သည်ကား မလျှောက်ပတ်၊ ထို့ကြောင့် အားထုတ်ခြင်းလုံ့လကို ပြုတော်မမူပြီ။ အားကြီးသော ဝေဒနာတို့သည် ဖြစ်ကုန်၏။ ဘုရားလောင်း ရွှေဟင်္သာမင်းသည် ငါသည် ကျော့ကွင်းမိသော မြည်သံကို အကယ်၍မြည်အံ့၊ ငါ၏ ဆွေမျိုးတို့သည် စိတ်နှလုံး ထိတ်လန့်ကုန်သည်ဖြစ်၍ အစာကိုမယူဘဲလျှင် ဆာမွတ်သော ကိုယ်ရှိကုန်သည်ဖြစ်၍ ပြေးသွားကုန်သော် မဟာသမုဒ္ဒရာ၌ ကျကုန်လတ္တံ့ဟု ကြံတော်မူ၏။

ကြံပြီး၍ ထိုဘုရားအလောင်းသည် ကြီးသောဝေဒနာကို သည်းခံတော်မူလျက် ကျော့ကွင်း၌ အမိခံရသည်ဖြစ်ပါလျက် သလေးစပါးကို စားသကဲ့သို့ဖြစ်၍ ထိုဟင်္သာအပေါင်းတို့၏ အလိုရှိတိုင်းစားပြီး၍ ဟင်္သာတို့၏ကစားခြင်းကို ကစားသောအခါ၌လျှင် သည်းစွာသောအသံဖြင့် ကျော့ကွင်းမိသောအသံကို မြည်၏။ ထိုအသံကိုကြား၍ ဟင်္သာတို့သည် သေဘေးမှ ကြောက်ကုန်ရကား အစုအစု စိတ္တကုဋ်တောင်သို့ရှေးရှု၍ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် ပြန်သွားကြကုန်လေ၏။

သုမုခစစ်သူကြီး ပြန်လာခြင်း

သုမုခစစ်သူကြီးသည်လည်း အောက်၌ဆိုအပ်ပြီးသောနည်းဖြင့်လျှင် စုံစမ်းရှာဖွေ၍ သုံးခုသောအစုတို့၌လည်း မိမိအရှင်ဓတရဋ္ဌရွှေဟင်္သာမင်းကို မမြင်၍ မချွတ်လျှင် ဤဘေးသည် ငါတို့၏ အရှင်မင်းကြီးအားသာလျှင် ဖြစ်၏ဟု ကြံ၍ ပြန်လည်ခဲ့သဖြင့် လာလတ်သည်ရှိသော် သွေးလိမ်းကျံလျက် ဆင်းရဲကြင်နာစွာ ညွန်ပျောင်းအပြင်၌ ကျော့ကွင်းမိသဖြင့် လျောင်းလျက်နေသာ ဘုရားလောင်းကိုမြင်၍ အရှင်မင်းကြီး ကြောက်တော်မမူလင့်၊ အကျွန်ုပ်သည် မိမိအသက်ကိုစွန့်၍ အရှင်မင်းကြီးတို့ကို လွှတ်ပါစေအံ့ဟု ဆိုလျက် ကောင်းကင်မှသက်လတ်၍ ဘုရားလောင်းကို နှစ်သိမ့်စေလျက် ညွန်ပျောင်းအပြင်၌ နေလာ၏။

ဟင်္သာမင်းက ပြန်လွှတ်ခြင်း

ဘုရားလောင်းသည် ကိုးသောင်းကုန်သော ဟင်္သာအပေါင်းတို့သည် ငါ့ကိုစွန့်၍ ပြေးသွားကုန်သည်ရှိသော် ဤသုမုခသည် တစ်ယောက်တည်းသာလျှင် လာ၏။ အသို့နည်း၊ မုဆိုးလာသောအခါ ငါ့ကိုစွန့်၍ ပြေးသွားလတ္တံ့လော၊ ထိုသို့မဟုတ်မူ မပြေးလတ္တံ့လောဟု စုံစမ်းသည့်အစွမ်းဖြင့် သွေးလိမ်းကျံလျက် ကျော့ကွင်းတံ၌ တွဲလျားဆွဲလျက်ပင် စစ်သူကြီးသုမုခကို စုံစမ်းတော်မူလိုရကား-

၈၉။ ဧတေ ဟံသာ ပက္ကမန္တိ၊ ဝက္ကင်္ဂါ ဘယမေရိကာ။
ဟရိတ္တစ ဟေမဝဏ္ဏ၊ ကာမံ သုမုခ ပက္ကမ၊
၉၀။ ဩဟာယ မံ ဉာတိဂဏာ၊ ဧကံ ပါသဝသံ ဂတံ။
အနပေက္ခမာနာ ဂစ္ဆန္တိ၊ ကိံ ဧကော အဝဟီယသိ။
၉၁။ ပတေဝ ပတတံ သေဋ္ဌ၊ နတ္ထိ ဗဒ္ဓေ သဟာယတာ။
မာ အနီဃာယ ဟာပေသိ၊ ကာမံ သုမုခ ပက္ကမ။

ဟူသော ဤသုံးဂါထာတို့ကို ဆိုတော်မူ၏။

֍ ဋ္ဌ ၈၉။ ဟရိတ္တစ၊ ရွှေသောအရေရှိသော။ သုမုခ၊ ကောင်းသောမျက်နှာရှိသော အမောင်သုမုခ။ ဝက္ကင်္ဂါ၊ ကောက်သောလည်ရှိကုန်သော။ ဧတေ ဟံသာ၊ ထိုကိုးသောင်းကုန်သော ဟင်္သာအပေါင်းတို့သည်။ ဘယမေရိတာ၊ ကြောက်ခြင်းဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ ပက္ကမန္တိ၊ ပျံသွားကြလေကုန်ပြီ။ ဟေမဝဏ္ဏ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော။ သုမုခ၊ အမောင်သုမုခ။ ကာမံ၊ အလိုရှိရာသို့။ ပက္ကမ၊ ပျံသွားလေလော့။

֍ ဋ္ဌ ၉၀။ သုမုခ၊ အမောင်သုမုခ။ ဧကံ၊ တစ်ယောက်အထီးတည်း။ ပါသဝသံ၊ ကျော့ကွင်းအလိုသို့။ ဂတံ၊ လိုက်ရသော။ မံ၊ ငါ့ကို။ ဉာတိဂဏာ၊ ကိုးသောင်းကုန်သော ဆွေမျိုးဟင်္သာအပေါင်းတို့သည်။ ဩဟာယ၊ စွန့်၍။ အနပေက္ခမာနာ၊ ငဲ့ကွက်ခြင်း ကင်းကုန်သည်ဖြစ်၍။ ဂစ္ဆန္တိ၊ ပျံသွားလေကုန်ပြီ။ ဟေမဝဏ္ဏ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော။ သုမုခ၊ အမောင်သုမုခ။ ဧကော၊ အမောင်တစ်ယောက်တည်း။ ကိံ၊ အဘယ့်ကြောင့်။ အဝဟီယသိ၊ ကျန်ရစ်ဘိသနည်း။

֍ ဋ္ဌ ၉၁။ ပတတံ၊ ပျံသွားတက်သော ဟင်္သာအပေါင်းတို့ထက်။ သေဋ္ဌ၊ အထူးသဖြင့်မြတ်သော။ သုမုခ၊ အမောင်သုမုခ။ ပတေဝ၊ ပျံသွားလေလော့။ ဗဒ္ဓေ၊ ကျော့ကွင်းမိသော ငါ၌။ သဟာယတာ၊ အပေါင်းအဖော် အဆွေခင်ပွန်း၏ အဖြစ်သည်။ နတ္ထိ၊ မရှိပြီ။ ပတတံ၊ ပျံတက်သွားသော ဟင်္သာအပေါင်းတို့ထက်။ သေဋ္ဌ၊ အထူးသဖြင့်မြတ်သော။ သုမုခ၊ အမောင်သုမုခ။ အနီဃာယ၊ ဆင်းရဲခြင်းမရှိသောငှာ။ ကတ္တဗ္ဗံ၊ ပြုအပ်သော။ ဝီရိယံ၊ လုံ့လကို။ မာ ဟာပေသိ၊ မယုတ်စေလင့်။ ကာမံ၊ အလိုအလျောက်။ ပက္ကမ၊ ပျံသွားပါလေလော့။

မိတ်ဆွေအစစ်ပါ

ထိုစကားကိုကြား၍ စစ်သူကြီးသုမုခသည် ဤဟင်္သာမင်းကား ငါ၏ အဆွေခင်ပွန်းအဖြစ်ကို မသိ၊ ငါ့ကို အဆွေခင်ပွန်းတုဟူ၍ ထင်မှတ်ဘိ၏။ ထိုရွှေဟင်္သာမင်းအား အဆွေခင်ပွန်းစစ်အဖြစ်ဖြင့် ချစ်ခင်လေးမြတ်သောအဖြစ်ကို ငါပြအံ့ဟု ကြံ၍ ပြလိုရကား-

၉၂။ နာဟံ ဒုက္ခပရေတောပိ၊ ဓတရဋ္ဌ တုဝံ ဇဟေ။
ဇီဝိတံ မရဏံ ဝါ မေ၊ တယာ သဒ္ဓိံ ဘဝိဿတိ။
၉၃။ နာဟံ ဒုက္ခပရေတောပိ၊ ဓတရဋ္ဌ တုဝံ ဇဟေ။
န မံ အနရိယသံယုတ္တေ၊
ကမ္မေ ယောဇေတုမရဟသိ။
၉၄။ သကုမာရော သခါ တျသ္မိ၊
သစိတ္တေ စသ္မိ တေ ဌိတော။
ဉာတော သေနာပတီ တျာဟံ၊ ဟံသာနံ ပဝရုတ္တမ။
၉၅။ ကထံ အဟံ ဝိကတ္တိဿံ၊
ဉာတိမဇ္ဈေ ဣတော ဂတော။
တံ ဟိတွာ ပတတံ သေဋ္ဌ၊
ကိံ တေ ဝက္ခာမိတော ဂတော။
ဣဓ ပါဏံ စဇိဿာမိ၊ နာနရိယံ ကတ္တုမုဿဟေ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၂။ ဓတရဋ္ဌ၊ ဓတရဋ္ဌအနွယ်တော်ဖြစ်သော။ မဟာရာဇ၊ အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ဒုက္ခပရေတောပိ၊ ဆင်းရဲနှိပ်စက်အပ်သော်လည်း။ တုဝံ၊ အရှင်မင်းမြတ်ကို။ န ဇဟေ၊ မစွန့်ရာ။ မေ၊ အကျွန်ုပ်၏။ ဇီဝိတံ ဝါ၊ အသက်ရှင်ခြင်းသည်လည်းကောင်း။ မရဏံ ဝါ၊ သေခြင်းသည်လည်းကောင်း။ တယာ၊ သင်မင်းကြီးနှင့်။ သဒ္ဓိံ၊ အတူတကွသာလျှင်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

֍ ဋ္ဌ ၉၃။ ဓတရဋ္ဌ၊ ဓတရဋ္ဌအမည်တော်ရသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ဒုက္ခပရေတောပိ၊ ဆင်းရဲခြင်းဖြင့် နှိပ်စက်အပ်သော်လည်း။ တုဝံ၊ အရှင်မင်းမြတ်ကို။ န ဇဟေ၊ မစွန့်ရာ။ မံ၊ အကျွန်ုပ်ကို။ တွံ၊ အရှင်မင်းမြတ်သည်။ အနရိယသံယုတ္တေ၊ သူတော်မဟုတ် သူယုတ်တို့၏သဘောနှင့် ယှဉ်သော။ ကမ္မေ၊ အမှု၌။ ယောဇေတုံ၊ ယှဉ်စေခြင်းငှာ။ န အရဟသိ၊ မထိုက်။

֍ ဋ္ဌ ၉၄။ ဟံသာနံ၊ ဟင်္သာအပေါင်းတို့ထက်။ ပဝရုတ္တမ၊ လွန်မြတ်တော်မူသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းမြတ်၏။ သကုမာရော၊ တပြိုင်နက် ပဋိသန္ဓေယူဘက် ဖွားဘက် ကြီးပွားဘက်ဖြစ်သော။ သခါ၊ လက်ယာမျက်စိနှင့်တူသော ချစ်မြတ်နိုးသော အဆွေခင်ပွန်းစစ်သည်။ အသ္မိ၊ ဖြစ်၏။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းမြတ်၏။ သစိတ္တေ၊ စိတ်တော်၌။ ဌိတော စ၊ တည်သည်လည်း။ အသ္မိ၊ ဖြစ်၏။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းမြတ်၏။ သေနာပတိ၊ စစ်သူကြီးဟူ၍။ ဉာတော၊ ထင်ရှားသည်။ အသ္မိ၊ ဖြစ်၏။

֍ ဋ္ဌ ၉၅။ ဓတရဋ္ဌ၊ ဓတရဋ္ဌအမည်တော်ရသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသော။ အဟံ၊ အကျွန်ုပ်သည်။ ကထံ၊ အသို့လျှင်။ ဉာတိမဇ္ဈေ၊ ဆွေမျိုးတို့၏ အလယ်၌။ ဝိကတ္တိဿံ၊ ပြေရပါအံ့နည်း။ တံ၊ အရှင်မင်းမြတ်ကို။ ဟိတွာ၊ စွန့်ပစ်၍။ ဣတော၊ ဤအရှင်မင်းမြတ်ခြေတော်ရင်းမှ။ ဂတော၊ သွားသော။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းမြတ်၏။ ပဝတ္တိံ၊ အကြောင်းကို။ ကိံ ဝက္ခာမိ၊ အသို့ပြောဆိုရပါအံ့နည်း။ ပတတံ၊ ဟင်္သာအပေါင်းတို့ထက်။ သေဋ္ဌ၊ အထူးသဖြင့်မြတ်တော်မူသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ဣဓ၊ ဤအရှင်မင်းမြတ်ခြေတော်ရင်း၌။ ပါဏံ၊ အသက်ကို။ စဇိဿာမိ၊ စွန့်ပါအံ့။ အနရိယံ၊ သူတော်မဟုတ် သူယုတ်တို့၏ အကျင့်ကို။ ကတ္တုံ၊ ပြုခြင်းငှာ။ န ဥဿဟေ၊ မဝံ့ပါ။

တော်ပါပေတယ်

ဤသို့ စစ်သူကြီးသုမုခသည် လေးဂါထာတို့ဖြင့် ရဲရင့်သောစကားကို ပြောဆိုသည်ရှိသော် ဘုရားလောင်းသည် ထိုစစ်သူကြီးသုမုခ၏ ဂုဏ်ကျေးဇူးကို သဘောအားဖြင့် ထင်ရှားပြလိုရကား-

၉၆။ ဧသော ဟိ ဓမ္မော သုမုခ၊
ယံ တွံ အရိယပထေ ဌိတော။
ယော ဘတ္တာရံ သခါရံ မံ၊ န ပရိစ္စတ္တုမုဿဟေ။
၉၇။ တံ ဟိ မေ ပေက္ခမာနဿ၊ ဘယံ နတွေဝ ဇာယတိ။
အဓိဂစ္ဆသိ တွံ မှယှံ၊ ဧတံ ဘူတဿ ဇီဝိတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၉၆။ သုမုခ၊ အမောင်သုမုခ။ ယော တွံ၊ အကြင်သင်သည်။ အရိယပထေ၊ သူတော်ကောင်းတို့၏ သွားရာလမ်းခရိး၌။ ဌိတော၊ တည်သည်ဖြစ်၍။ ဘတ္တာရဉ္စ၊ အရှင်လည်းဖြစ်ထသော။ သခါရဉ္စ၊ အဆွေခင်ပွန်းလည်းဖြစ်ထသော။ မံ၊ ငါ့ကို။ ပရိစ္စတ္တုံ၊ စွန့်ခြင်းငှာ။ ယံ န ဥဿဟေ၊ အကြင် မဝံ့။ တဿ တေ၊ ထိုသင်၏။ ဧသော ဟိ၊ ဤသို့မဝံ့ခြင်းသည်လျှင်။ ဓမ္မော၊ သူတော်ကောင်းတို့၏ သဘောတည်း။

֍ ဋ္ဌ ၉၇။ ဟိ- သစ္စံ၊ မှန်၏။ တံ၊ သင့်ကို။ ပေက္ခမာနဿ၊ မြင်ရသော။ မေ၊ ငါ့အား။ ဘယံ၊ ကြောက်ခြင်းသည်။ နတွေဝ ဇာယတိ၊ မဖြစ်သလျှင်ကတည်း။ ဧဝံ၊ ဤသို့ ဆင်းရဲကြီးစွာ။ ဘူတဿ၊ ဖြစ်သော။ မယှံ၊ ငါ၏။ ဇီဝိတံ၊ အသက်ကို။ တွံ၊ သင်သည်။ အဓိဂစ္ဆတိ၊ ရစေလတ္တံ့။

ခေမာမုဆိုးလာပြီ

ဤသို့ ရွှေဟင်္သာမင်းနှစ်ပါးတို့ ပြောဟောကြစဉ်ပင်လျှင် မုဆိုးသားသည် အိုင်နား၌ရပ်လျက် သုံးစုကွဲ၍ပြေးသွားကြကုန်သော ဟင်္သာတို့ကိုမြင်၍ အသို့နည်းဟု ကျော့ကွင်းထောင်ရာသို့ ကြည့်လတ်သော် ကျော့ကွင်းတံဖျား၌ တွဲလျားဆွဲလျက်မိသော ဘုရားလောင်း ရွှေဟင်္သာမင်းကိုမြင်၍ အလွန်ဝမ်းမြောက်သည်ဖြစ်၍ ခါးတောင်းကို မြဲမြံစွာကျိုက်လျက် တုတ်ကိုကိုင်၍ ကမ္ဘာမီးလောင်သကဲ့သို့ လွှမ်းမိုးလျက် ဖနောင့်ဖြင့်နင်းအပ်သောညွန်ကို အထက်သို့တက်စေလျက် ဦးခေါင်းကိုကျော်၍ ရှေ့၌ကျစေလျက် လျင်မြန်စွာ ချဉ်းကပ်လေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၉၈။ ဣစ္စေဝံ မန္တယန္တာနံ၊ အရိယာနံ အရိယဝုတ္တိနံ။
ဒဏ္ဍမာဒါယ နေသာဒေါ၊
အာပတီ တုရိတော ဘုသံ။
၉၉။ တမာပတန္တံ ဒိသွာန၊ သုမုခေါ အတိဗြူဟယိ။
အဋ္ဌာသိ ပုရတော ရညော၊
ဟံသော ဝိဿာသယံ ဗျထံ။
၁၀၀။ မာ ဘာယိ ပတတံ သေဋ္ဌ၊ န ဟိ ဘာယန္တိ တာဒိသာ။
အဟံ ယောဂံ ပယုဉ္ဇိဿံ၊ ယုတ္တံ ဓမ္မူပသဉှိတံ။
တေန ပရိယာဒါနေန၊ ခိပ္ပံ ပါသာ ပမောက္ခသိ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၉၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣစ္စေဝံ၊ ဤသို့လျှင်။ အရိယဝုတ္တိနံ၊ မြတ်သောအကျင့် ရှိကုန်သော။ အရိယာနံ၊ မြတ်ကုန်သော ရွှေဟင်္သာမင်းနှစ်ပါးတို့၏။ မန္တယန္တာနံ၊ တိုင်ပင် ပြောဟောကုန်စဉ်။ နေသာဒေါ၊ ခေမာမုဆိုးသည်။ ဒဏ္ဍံ၊ တုတ်လှံတံကို။ အာဒါယ၊ ယူ၍။ တုရိတော၊ အဆောတလျင်။ ဘုသံ၊ ပြင်းစွာ။ အာပတိ၊ လာလတ်၏။

֍ ဋ္ဌ ၉၉။ အာပတန္တံ၊ လာလတ်သော။ တံ၊ ထိုခေမာမုဆိုးကို။ ဒိသွာန၊ မြင်၍။ သုမုခေါ၊ သုမုခအမည်ရှိသော။ ဟံသော၊ ရွှေဟင်္သာစစ်သူကြီးသည်။ ဗျထံ၊ ကြောက်ထိတ်လန့်သော ရွှေဟင်္သာမင်းကို။ ဝိဿာသယံ-ဝိဿာသယန္တော၊ သက်သာရာရစေလျက်။ ရညော၊ ရွှေဟင်္သာမင်း၏။ ပုရတော၊ ရှေ့မှ။ အဋ္ဌာသိ၊ ရပ်၏။ အတိဗြူဟယိ၊ ပြင်းစွာသောအသံကို မြွက်၏။

֍ ဋ္ဌ ၁၀၀။ ပတတံ၊ ဟင်္သာအပေါင်းတို့ထက်။ သေဋ္ဌ၊ မြတ်တော်မူသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ မာ ဘာယိ၊ ကြက်တော်မမူလင့်။ တာဒိသာ၊ အရှင်မင်းမြတ်နှင့်တူကုန်သော သူတို့သည်။ န ဟိ ဘာယန္တိ၊ မကြောက်ကုန်။ အဟံ၊ အကျွန်ုပ်သည်။ ယုတ္တံ၊ သင့်လျော်သော။ ဓမ္မူပသဉှိတံ၊ အကြောင်းကိုမှီသော။ ယောဂံ၊ ဉာဏ်ဝီရိယနှင့်ယှဉ်သောလုံ့လကို။ ပယုဉ္ဇိဿံ၊ အားထုတ်ပါအံ့။ တေန ပရိယာဒါနေန၊ ထိုသို့ အကျွန်ုပ်သည် ယှဉ်စေအပ်သော စင်ကြယ်သော လုံ့လကြောင့်။ ခိပ္ပံ၊ လျင်စွာ။ တွံ၊ အရှင်မင်းမြတ်သည်။ ပါသာ၊ ကျော့ကွင်းမှ။ ပမောက္ခသိ၊ လွတ်ပါလတ္တံ့။

စစ်သူကြီးတောင်းပန်ပုံ

ဤသို့ စစ်သူကြီးသုမုခသည် မိမိအရှင်ဖြစ်သော ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းကို နှစ်သိမ့်စေလျက် မုဆိုးအထံသို့သွား၍ သာယာစွာသော လူ့ဘာသာကိုမြွက်ဆိုလျက် အဆွေမုဆိုး... သင်သည် အဘယ်အမည်ရှိသနည်းဟု မေး၍ ဟင်္သာမင်း... ငါသည် ခေမာမုဆိုးမည်၏ ဟု ပြောဆိုလတ်သော် အဘယ်အကျိုးငှာ လာသနည်းဟု မေး၏။ ရွှေဟင်္သာမင်းကို ဖမ်းယူခြင်းငှာ လာ၏ဟု ဆိုလတ်သော် အဆွေခေမာမုဆိုး... သင်သည် ထောင်အပ်သော ကျော့ကွင်း၌ မိသောဟင်္သာသည် ဟင်္သာမည်ကာမျှတည်းဟု သင်မမှတ်လင့်၊ ကိုးသောင်းကုန်သော ဟင်္သာတို့ထက် မြတ်တော်မူသော ဓတရဋ္ဌအမည်တော်ရသော ရွှေဟင်္သာမင်းသည် သင်၏ကျော့ကွင်း၌ မိ၏။ ဉာဏ် ပညာ သီလအကျင့်နှင့် ပြည့်စုံတော်မူ၏။ သင်္ဂဟတရား လေးပါး၌ တည်တော်မူ၏။ ဤရွှေဟင်္သာမင်းကို သတ်ခြင်းငှာ မသင့်၊ ငါသည်လည်း ဤကိုယ်ဖြင့် သင်၏အမှုကြီးငယ်ကို ပြုပါအံ့၊ ဤဟင်္သာမင်းသည်လည်း ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ငါသည်လည်း ဤရွှေဟင်္သာမင်းအတူ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ငါသည် ဤရွှေဟင်္သာမင်းအကျိုးငှာ အသက်ကိုစွန့်ပါအံ့၊ အကယ်၍ အသင်မုဆိုးသည် ဤရွှေဟင်္သာမင်း၏အတောင်တို့ကို ယူလိုသည် ဖြစ်အံ့၊ ငါ၏အတောင်တို့ကို ယူပါလော့။ ထိုမှတစ်ပါး အရေ အသား အကြော အရိုးတို့တွင် တစ်ခုခုကို ယူလိုသည်ဖြစ်အံ့၊ ငါ၏ကိုယ်မှလျှင် ယူပါလော့၊ အကယ်၍ အရပ်တစ်ပါးသိုသွား၍ ထိုရွှေဟင်္သာမင်းကို ဟင်္သာဖြင့်ကစားခြင်းကို ကစားလိုသည်ဖြစ်အံ့၊ ငါ့ကိုသာလျှင် ကစားပါလော့၊ အရှင်ပင်လျှင်ရောင်းချ၍ ဥစ္စာကို အကယ်၍ ဖြစ်စေလိုအံ့၊ ငါ့ကိုရောင်းချ၍ ဥစ္စာကို ဖြစ်စေလော့၊ ဉာဏ်ပညာအစရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော ရွှေဟင်္သာမင်းကို မသတ်ပါလင့်၊ ထိုစကားသည် မှန်၏။ ထိုရွှေဟင်္သာမင်းကို အကယ်၍ သတ်အံ့၊ ငရဲအစရှိသည်တို့မှ သင် မလွတ်လတ္တံ့ဟု ထိုခေမာမုဆိုးကို ငရဲ အစရှိသောဘေးဖြင့် ခြိမ်းခြောက်၍ မိမိ၏ သာယာသော တရားစကားကို ယူစေပြီးလျှင် တစ်ဖန် ဘုရားလောင်းအထံသို့သွား၍ ဘုရားလောင်းကို နှစ်သိမ့်စေလျက် တည်၏။

မုဆိုးက ရှိခိုးရပြီ

ခေမာမုဆိုးသည် ထိုစစ်သူကြီးသုမုခစကားကို ကြား၍ ဤရွှေဟင်္သာမင်းသည် တိရစ္ဆာန်ဖြစ်လျက် လူတို့သည်လည်း ပြုခြင်းငှာမတတ်နိုင်သော ဤသို့သဘောရှိသောအမှုကို ပြုဘိ၏။ လူတို့သည်လည်း ဤသို့ အဆွေခင်ပွန်းသဘောကို ပြုခြင်းငှာမတတ်နိုင်ကုန်၊ ဤရွှေဟင်္သာသည် အံ့ဖွယ်ရှိစွ၊ ဉာဏ်ပညာနှင့် ပြည့်စုံပေ၏။ သာယာသော တရားစကားကို ပြောတတ်၏။ တရားစောင့်ပေစွတကား ဟု ကြံ၍ ကိုယ်အလုံးကို ပီတိသောမနဿဖြင့် ပြည့်သည်ကိုပြု၍ ကြက်သီးမွေးညင်းထသဖြင့် လှံတံကိုစွန့်ပစ်၍ ဦးခေါင်း၌ လက်အုပ်ကိုတင်ထားလျက် နေမင်းကို ရှိခိုးသကဲ့သို့ရှိခိုး၍ စစ်သူကြီးသုမုခ၏ ဂုဏ်ကျေးဇူးကို ပြောဆိုလျက် တည်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

၁၀၁။ တဿ တံ ဝစနံ သုတွာ၊ သုမုခဿ သုဘာသိတံ။
ပဟဋ္ဌလောမော နေသာဒေါ၊
အဉ္စလိဿ ပဏာမယိ။
၁၀၂။ န မေ သုတံ ဝါ ဒိဋ္ဌံ ဝါ၊ ဘာသန္တော မနုသိံ ဒိဇော။
အရိယံ ဗြုဝါနော ဝက်ကင််ဂေါ၊ ဝဇန်တော မာနုသိံ ဂိရံ။
၁၀၃။ ကိန္နု တာယံ ဒိဇော ဟောတိ၊
မုတ္တော ဗဒ္ဓံ ဥပါသသိ။
ဩဟာယ သကုဏာ ယန္တိ၊
ကိံ ဧကော အဝဟီယျသိ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၀၁။ ဘိက္ခဝေ၊ ရဟန်းတို့။ နေသာဒေါ၊ ခေမာမုဆိုးသည်။ တဿ သုမုခဿ၊ ထိုစစ်သူကြီးသုမုခ၏။ သုဘာသိတံ၊ ကောင်းစွာပြောဆိုအပ်သော။ တံ ဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ ပဟဋ္ဌလောမော၊ ရွှင်သော ကြက်သီးမွေးညင်း ရှိသည်ဖြစ်၍။ အဿ၊ ထိုသုမုခအား။ အဉ္စလီ၊ လက်အုပ်ချီလျက်။ ပဏာမယိ၊ ရှိခိုး၏။

֍ ဋ္ဌ ၁၀၂။ သမ္မ၊ အဆွေရွှေဟင်္သာ။ တွံ၊ သင်သည်။ ဝက္ကင်္ဂေါ၊ ကောက်သောလည်ရှိသော။ ဒိဇော၊ ငှက်သည်။ သမာနော၊ ဖြစ်လျက်။ အဟော၊ အံ့ဖွယ်ရှိစွတကား။ အရိယံ၊ အာစာရအရိယာဖြစ်သော။ ဒိဇာဓိပံ၊ ရွှေဟင်္သာမင်းကို။ ဗြုဝါနော၊ နှစ်သိမ့်စေလျက်။ မာနုသိံ၊ လူ၏ ဘာသာဖြစ်သော။ ဂိရံ၊ စကားကို။ ဝဇန္တော၊ မြွက်ဟပြောဆိုသော။ တေ၊ သင့်အား။ ဒါနိ၊ ယခု။ မယာ၊ ငါသည်။ ဒိဋ္ဌော၊ မြင်ရ၏။ ဣတော၊ ဤအခါမှ။ ပုဗ္ဗေ၊ ရှေး၌။ ဒိဇော၊ ငှက်ဖြစ်လျက်။ မာနုသိံ၊ လူ၏ ဘာသာစကားကို။ ဘာသန္တော၊ ပြောဆိုသည်ကို။ မေ၊ ငါသည်။ န သုတံ ဝါ၊ ကြားလည်းမကြားစဖူး။ န ဒိဋ္ဌံ ဝါ၊ မြင်လည်းမမြင်စဖူး၊

֍ ဋ္ဌ ၁၀၃။ သမ္မ၊ အဆွေရွှေဟင်္သာ။ မုတ္တော၊ ကျော့ကွင်းမှလွတ်သော သင်သည်။ ဗဒ္ဓံ၊ ကျော့ကွင်းမိသော။ ယံ ဒိဇံ၊ အကြင် ရွှေဟင်္သာမင်းသို့။ ဥပါသသိ၊ ချဉ်းကပ်၏။ အယံ ဒိဇော၊ ဤရွှေဟင်္သာမင်းသည်။ တေ၊ သင်နှင့်။ ကိန္နု ဟောတိ၊ အသို့တော်ကြသနည်း။ သကုဏာ၊ သင်မှတစ်ပါးသော ဟင်္သာတို့သည်။ ဩဟာယ၊ ရွှေဟင်္သာမင်းကိုစွန့်၍။ ယန္တိ၊ သွားကြကုန်၏။ ကိံ၊ အဘယ့်ကြောင့်။ ဧကော၊ သင်တစ်ယောက်တည်း။ အဝဟိယျသိ၊ ကျန်ရစ်ဘိသနည်း။

စစ်သူကြီးလိမ္မာပုံ

ဤသို့လျှင် နှစ်သက်သောစိတ်ဖြင့် ခေမာမုဆိုးသည် မေးအပ်သော ထိုစစ်သူကြီးသုမုခသည် ဤမာဆိုးကား စိတ်နူးညံ့ပြီ၊ ယခုအခါ ထိုမုဆိုးအား အတိုင်းထက်အလွန် နူးညံ့စိမ့်သောငှာ ငါ၏ဂုဏ်ကျေးဇူးကို ပြဆိုအံ့ဟု ကြံ၍ ပြလိုရကား-

၁၀၄။ ရာဇာ မေ သော ဒိဇာမိတ္တ၊
သေနာပစ္စဿ ကာရိယံ။
တမာပဒေ ပရိစ္စတ္တုံ၊ နုဿဟေ ဝိဟဂါဓိပံ။
၁၀၅။ မဟာဂဏာယ ဘတ္တာ မေ၊
မာ ဧကော ဗျသနံ အဂါ။
တထာ တံ သမ္မ နေသာဒ၊
ဘတ္တာယံ အဘိတော ရမေ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၄။ ဒိဇာမိတ္တ၊ အဆွေမုဆိုး။ ဧသော ဒိဇော၊ ဤရွှေဟင်္သာမင်းသည်။ မေ၊ ငါ၏။ ရာဇာ၊ မင်းတည်း။ ဧသော၊ ဤရွှေဟင်္သာမင်းသည်။ အဿ-မေ၊ ထိုငါ့အား။ သေနာပစ္စံ၊ စစ်သူကြီး၏ အဖြစ်ကို။ ကာရယိံ၊ ပြုပေ၏။ ဒိဇာဓိပံ၊ ရွှေဟင်္သာတို့၏ မင်းဖြစ်သော။ တံ၊ ထိုငါတို့အရှင်ရွှေဟင်္သာမင်းကို။ အာပဒေ၊ ဘေးရန်ရလတ်သော်။ ပရိစ္စတ္တုံ၊ စွန့်ခြင်းငှာ။ န ဥဿဟေ၊ ငါ မဝံ့။

֍ ဋ္ဌ ၁၀၅။ သမ္မ၊ အဆွေမုဆိုး။ မေ၊ ငါ၏။ ဘတ္တာ၊ အရှင်ဖြစ်တော်မူသော။ အယံ၊ ဤ ရွှေဟင်္သာမင်းသည်။ မဟာဂဏော၊ များသော အပေါင်းအဖော် ရှိတော်မူ၏။ သမ္မ နေသာဒ၊ အဆွေမုဆိုး။ ဧကော၊ ကိုယ်တော်တစ်ပါးတည်း။ ဗျသနံ၊ ပျက်စီးခြင်းသို့။ မာ အဂါ၊ မရောက်စေသတည်း။ ယထာ၊ အကြင်အခြင်းဖြင့်။ အဟံ၊ ငါသည်။ ဝဒါမိ၊ ဆိုအံ့။ တထေဝ၊ ထိုအခြင်းဖြင့်သာလျှင်တည်း။ အယံ ဘတ္တာ၊ ဤ အရှင်ရွှေဟင်္သာမင်းသည်။ မမ၊ ငါ၏။ အဘိတော၊ အထံ၌။ ရမေ၊ မွေ့လျော်၏။

ရွှေဟင်္သာတို့ကို လွှတ်လိုက်ပြီ

မုဆိုးသည် ထိုသုမုခ၏ အကြောင်းကိုမှီသော သာယာသော တရားစကားကို ကြားရလျှင် နှစ်သက်ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ ရွှင်သော ကြက်သီးမွေးညင်းရှိသဖြင့် အကယ်၍ ငါသည် သီလအစရှိသော ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော ဤရွှေဟင်္သာမင်းကို သတ်ချေအံ့ အပါယ်လေးပါးတို့မှ မလွတ်လတ္တံ့၊ အရှင်မင်းမြတ်သည် ငါ့ကို အကြင်အမှုကို ပြုလို၏။ ထိုအမှုကို ပြုပစေ၊ ငါသည် ဤရွှေဟင်္သာမင်းကို စစ်သူကြီးသုမုခအား မြတ်သောပေးခြင်းကိုပြု၍ လွှတ်အံ့ ဟုကြံ၍ လွှတ်လိုရကား-

၁၀၆။ အရိယဝတ္တသိ ဝက္ကင်္ဂ၊ ယော ပိဏ္ဍမပစာယသိ။
စဇာမိ တေ တံ ဘတ္တာရံ၊ ဂစ္ဆန္တူဘော ယထာသုခံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၆။ ဝက္ကင်္ဂ၊ ရွှေဟင်္သာမြတ်။ ယာ တွံ၊ အကြင် သင်သည်။ ပိဏ္ဍံ၊ ထမင်းသခင်ဖြစ်သော ရွှေဟင်္သာမင်းကို။ အပစာယသိ၊ အရိုအသေပြုပေ၏။ သော တွံ၊ ထိုသင်သည်။ အရိယဝတ္တော၊ သူတော်ကောင်းတို့၏ကျင့်ဝတ်နှင့် ပြည့်စုံသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ ဘတ္တာရံ၊ အရှင်

ဖြစ်သော။ တံ၊ ထိုရွှေဟင်္သာမင်းကို။ စဇာမိ၊ ငါ လွှတ်အံ့။ ဥဘော၊ ရွှေဟင်္သာမင်းနှစ်ပါးတို့သည်။ ယထာသုခံ၊ အလိုတော်ရှိတိုင်း၊ ဂစ္ဆန္တု၊ ကြွတော်မူကုန်လော့။

ဤသို့ဆိုပြီးလျှင် ခေမာမုဆိုးသည် နူးညံ့သောစိတ်ဖြင့် ဘုရားလောင်း ရွှေဟင်္သာမင်းသို့ကပ်၍ လှံတံကိုညွတ်စေ၍ ညွှန်ပျောင်းအပြင်၌ နေစေပြီးလျှင် ကျော့ကွင်းကို လှံတံမှဖြေ၍ ဘုရားလောင်းကိုချီ၍ အိုင်မှဆယ်တင်ပြီးလျှင် နုပျိုသော နေဇာမြက်အပြင်၌ အားကြီးသောချစ်ခြင်းကို ဖြစ်စေ၍ မေတ္တာစိတ်ဖြင့် ရေကိုယူ၍ သွေးကို ဆေးပြီလျှင် အဖန်တလဲလဲ သုံးသပ်၏။ ထိုအခါ ထိုမုဆိုး၏ မေတ္တာအာနုဘော်ကြောင့် အကြောသည် အကြောချင်း, အသားသည် အသားချင်း အရေသည် အရေချင်း ဆက်မိ၏။ ဘုရားလောင်းခြေသည် ပကတိဖြစ်၏။ ကျော့ကွင်းမမိသောခြေနှင့် အထူးမရှိ။ ဘုရားလောင်းသည် ချမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍လျှင် ပကတိအားဖြင့် နေတော်မူ၏။

အဘယ့်ကြောင့် ဖမ်းသနည်း

စစ်သူကြီးသုမုခသည် မိမိကိုမှီ၍ ဘုရားလောင်း ရွှေဟင်္သာမင်း၏ ချမ်းသာသောအဖြစ်ကိုမြင်လျှင် ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ ဤသို့ကြံ၏။ ဤမုဆိုးသည် ငါတို့အား များစွာကျေးဇူးပြုပေ၏။ ငါတို့သည် ဤမုဆိုးအား ကျေးဇူးပြုအပ်သည် မည်သည်မရှိ၊ အကယ်၍ ဤမုဆိုးသည် မင်း၏အမတ်ကြီး အစရှိသည်တို့၏အကျိုးငှာ ငါတို့ကို ဖမ်းယူအံ့၊ ထိုမင်း၏ အမတ်ကြီး အစရှိသည်တို့၏အထံသို့ ဆောင်ယူ၍ များစွာသော ဥစ္စာကို ရလတ္တံ့၊ အကယ်၍ မိမိအကျိုးငှာ ငါတို့ကိုဖမ်းယူအံ့၊ ငါတို့ကို ရောင်းချ၍ ဥစ္စာကို ရပေလတ္တံ့၊ ထိုမုဆိုးကို ရှေးဦးစွာမေးအံ့ဟု ကြံ၏။ ထိုသို့ကြံပြီး၍ ထိုမုဆိုးကို ကျေးဇူးတုံ့ ပြုလိုသည်၏အဖြစ်ကြောင့် မေးလိုရကား-

၁၀၇။ သစေ အတ္တပ္ပယောဂေန၊
ဩဟိတော ဟံသပက္ခိနံ။
ပဋိဂ္ဂဏှာမ တေ သမ္မ၊ ဧတံ အဘယဒက္ခိဏံ။
၁၀၈။ နော စေ အတ္တပ္ပယောဂေန၊
ဩဟိတော ဟံသပက္ခိနံ။
အနိဿရော ပဉ္စမမှေ၊
ထေယျံ ကယိရာသိ လုဒ္ဒက။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၀၇။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ သစေ၊ အကယ်၍။ အတ္တပ္ပယောဂေန၊ မိမိ၏အကျိုးငှာ။ ဟံသပက္ခိနံ၊ ဟင်္သာနှင့်တကွ တစ်ပါးသောငှက်တို့အား။ ပါသော၊ ကျော့ကွင်းကို။ ဩဟိတော၊ ထောင်အံ့။ တေ၊ သင်၏။ ဝစနံ၊ စကားကို။ ပဋိဂ္ဂဏှာမ၊ ခံယူကုန်အံ့။ ဧတံ၊ ဤခေမာအိုင်သည်။ အဘယဒက္ခိဏံ၊ ဘေးမဲ့ပေးရာဖြစ်၍ မြတ်သောအိုင်တည်း။

֍ ဋ္ဌ ၁၀၈။ လုဒ္ဒက၊ မုဆိုး။ စေ၊ အကယ်၍။ အတ္တပ္ပယောဂေန၊ မိမိ၏အကျိုးငှာ။ ဟံသပက္ခိနံ၊ ဟင်္သာနှင့်တကွ တစ်ပါးသောငှက်တို့အား။ ပါသော၊ ကျော့ကွင်းကို။ ဩဟိတော၊ သင်ထောင်အပ်သည်။ နော၊ မဟုတ်ငြားအံ့။ အမှေ၊ ငါတို့ကို။ အနိဿရော၊ အစိုးမရဘဲ။ မုဉ္စ၊ လွှတ်သည်ဖြစ်၍။ ထေယျံ၊ ခိုးယူ၍ လွှတ်သည်ကို။ တွံ၊ သင်သည်။ ကယိရာသိ၊ ပြုသည် မည်ရာ၏။

ထိုစကားကိုကြား၍ ခေမာမုဆိုးသည် အကျွန်ုပ်သည် အကျွန်ုပ်အကြိုးငှာ အရှင်ရွှေဟင်္သာမင်းတို့ကို မဖမ်းပါ၊ စင်စစ်သော်ကား သံယမမင်း အမည်တော်ရှိသော အကျွန်ုပ်တို့အရှင်ဗာရာဏသီမင်းမြတ်သည် ဖမ်းစေတော်မူအပ်၏ ဟု ပြောဆို၍ ခေမာမိဖုရားကြီး အိပ်မက်မြင်သောအခါမှစ၍ အကြင်မျှလောက် သံယမမင်းအား ထိုရွှေဟင်္သာလာသော အဖြစ်ကိုကြား၍ အချင်းခေမာမုဆိုး... တစ်ကောင်သော ဟင်္သာကိုလည်းကောင်း၊ နှစ်ကောင်သော ဟင်္သာတို့ကိုလည်းကောင်း ဖမ်းယူခြင်းငှာ သင်သည် လုံ့လပြုပါလော့၊ သင့်အား ကြီးစွာသော စည်းစိမ်ချမ်းသာကို ငါပေးအံ့ ဟု ဆို၍ စားနပ်ရိက္ခာကိုပေး၍ လွှတ်သည့်တိုင်အောင်သော အဖြစ်သည်ရှိ၏။ ထိုမျှလောက် အလုံးစုံသော အကြောင်းကို သုမုခစစ်သူကြီးအား လျှောက်၏။

မင်းကြီးထံ ပို့ပါလေ

ထိုသို့ ခေမာမုဆိုး လျှောက်သောစကားကို ကြား၍ စစ်သူကြီးသုမုခသည် ဤမုဆိုးသည် မိမိ၏အသက်ကို မရေတွက်မူ၍ ငါတို့ကိုလွှတ်သဖြင့် ပြုနိုင်ခဲသောအမှုကို ပြုပေ၏။ ငါတို့သည် ဤအရပ်မှ စိတ္တကုဋ်တောင်သို့သာလျှင် အကယ်၍ သွားကုန်ငြားအံ့၊ ငါတို့အရှင်ဓတရဋ္ဌရွှေဟင်္သာမင်း၏ ပညာဉ်အစွမ်းသည်လည်း ထင်ရှားသည် မဖြစ်လတ္တံ့၊ ငါ၏ အဆွေခင်ပွန်း သဘောသည်လည်း ထင်ရှားသည်မဖြစ်လတ္တံ့၊ မုဆိုးသားသည်လည်း ကြီးစွာသော စည်းစိမ်ချမ်းသာကို မရလတ္တံ့၊ သံယမမင်းကြီးသည်လည်း ငါးပါးသောသီလ၌ မတည်လတ္တံ့၊ ခေမာမိဖုရားကြီး၏ နှလုံးအလိုသည်လည်း အပြီးသို့မရောက်လတ္တံ့ဟု ကြံ၍ အဆွေ ခေမာမုဆိုး... ဤသို့ဖြစ်သည်ရှိသော် ငါတို့ကို လွှတ်ခြင်းငှာ မရလတ္တံ့၊ ငါတို့ကို သံယမမင်းကြီးအား ပြလော့၊ ထိုသံယမမင်းကြီးသည် ငါတို့ကို အလိုတော်ရှိတိုင်းပြုပစေ ဟု ဆို၍ ဤအကြောင်းကို ခေမာမုဆိုးအား ထင်ရှားပြလိုရကား-

၁၀၉။ ယဿ တွံ ဘတကော ရညာ၊
ကာမံ တဿေဝ ပါပယ။
တတ္ထ သံယမနော ရာဇာ၊
ယထာဘိညံ ကရိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၀၉။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ တွံ၊ သင်သည်။ ယဿ ရညာ၊ အကြင်မင်း၏။ ဘတကော၊ ကျွန်တည်း။ ကာမံ၊ စင်စစ်။ တဿေဝ ရညော၊ ထိုသင်တို့အရှင်မင်း၏သာလျှင်။ သန္တိကံ၊ အထံသို့။ အမှေ၊ ငါတို့ကို။ ပါပယ၊ ပို့လော့။ တတ္ထ၊ ထိုမင်း၏နန်းတော်၌။ သံယမနော၊ သံယမအမည်ရှိသော (တစ်နည်းကား) သံယမနော၊ စောင့်စည်းသော စိတ်နှလုံးရှိသော။ ရာဇာ၊ မင်းသည်။ ယထာဘိညံ၊ အလိုရှိတိုင်း။ ကရိဿတိ၊ ပြုလတ္တံ့။

ထိုစကားကိုကြား၍ ခေမာမုဆိုးသည် အရှင်တို့သည် မင်းအားပြခြင်းကို နှစ်သက်တော်မမူပါကုန်လင့်၊ မင်းတို့ မည်သည်ကား ဘေးဘျမ်းနှင့်တကွ ဖြစ်ကုန်၏။ ဟင်္သာ ကစားခြင်းကိုမူလည်း ကစားကုန်ရာ၏။ သတ်မူလည်း သတ်ကုန်ရာ၏ ဟု ဆို၏။ ထိုသို့ ဆိုသောအခါ ခေမာမုဆိုးကို စစ်သူကြီးသုမုခသည် အဆွေမဆိုး... ငါတို့ကို သင် မစိုးရိမ်လင့်၊ ငါသည် သင်ကဲ့သို့သော ကြမ်းကြုတ်ရုန့်ရင်းသော သူကိုပင်လျှင် တရားစကားဖြင့် နူးညံ့သောအဖြစ်ကို ဖြစ်စေနိုင်သေး၏။ မင်းအား အဘယ့်ကြောင့် နူးညံ့သောအဖြစ်ကို မဖြစ်စေနိုင်ရှိအံ့နည်း၊ ထိုစကားသည် မှန်၏။ မင်းတို့မည်သည် ပညာရှိကုန်၏။ ကောင်းသောစကား၊ မကောင်းသောစကားကို သိတတ်ကုန်၏။ ငါတို့ကို မင်းအထံသို့ လျင်စွာလျှင် ဆောင်ယူလော့၊ ဆောင်ယူသည်ရှိသော် နှောင်ဖွဲ့သဖြင့် မဆောင်ယူလင့်၊ ပန်းချိုင့်၌နေစေ၍ ဆောင်ယူလော့၊ ပန်းချိုင့်ကို လုပ်သည်ရှိသော် ငါတို့အရှင်ဓတရဋ္ဌရွှေဟင်္သာမင်းဖို့ ကြီးစွာသော ကြာပဒုမ္မာဖြူတို့ဖြင့် ဖုံးလွှမ်းအပ်သော ချိုင့်ကိုလုပ်၍ ငါ့ဖို့မူ ငယ်သော ကြာပဒုမ္မာနီဖြင့် ဖုံးလွှမ်းအပ်သောချိုင့်ကို လုပ်ပြီးလျှင် ငါတို့အရှင်ဓတရဋ္ဌရွှေဟင်္သာမင်းကို ရှေ့က, ငါ့ကိုနောက်က နိမ့်သည်ကိုပြုသဖြင့် ဆောင်ယူ၍ လျင်မြန်စွာ မင်းအားပြလော့ ဟု ဆို၏။

ထိုခေမာမုဆိုးသည် သုမုခစစ်သူကြီးဆိုသော စကားကို ကြား၍ သုမုခသည် မင်းကို မြင်ရသည်ရှိသော် ငါ့အား များစွာသော စည်းစိမ်ချမ်းသာကို ပေးစေလိုသည်ဖြစ်လတ္တံ့ ဟု ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ နူးညံ့ကုန်သော နွယ်တို့ဖြင့် ချိုင့်တို့ကိုလုပ်ပြီးလျှင် ကြာပဒုမ္မာတို့ဖြင့် ကောင်းစွာဖုံးလွှမ်း၍ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်လျှင် ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ကို ဆောင်ယူ၍ သွားလေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၁၀။ ဣစ္စေဝံ ဝုတ္တော နေသာဒေါ၊
ဟေမဝဏ္ဏေ ဟရိတ္တစေ။
ဥဘော ဟတ္ထေဟိ သံဂယှ၊ ပဉ္ဇရေ အဇ္ဈဝေါဒဟိ။
၁၁၁။ တေ ပဉ္ဇရဂတေ ပက္ခီ၊ ဥဘော ဘဿရဝဏ္ဏိနေ။
သုမုခံ ဓတရဋ္ဌဉ္စ၊ လုဒ္ဒေါ အာဒါယ ပက္ကမိ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၁၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣစ္စေဝံ၊ ဤသို့လျှင်။ ဝုတ္တော၊ စစ်သူကြီးသုမုခသည် ဆိုအပ်သော။ နေသာဒေါ၊ ခေမာမုဆိုးသည်။ ဟေမဝဏ္ဏေ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော။ ဟရိတ္တစေ၊ ရွှေအဆင်းနှင့်တူသော အရေရှိကုန်သော။ ဥဘော၊ ရွှေဟင်္သာမင်း နှစ်ပါးတို့ကို။ ဟတ္ထေဟိ၊ လက်နှစ်ဖက်တို့ဖြင့်။ သံဂယှ၊ ချီ၍။ ပဉ္ဇရေ၊ ချိုင့်၌။ အဇ္ဈဝေါဒဟိ၊ ထား၏။

֍ ဋ္ဌ ၁၁၁။ ပဉ္ဇရဂတေ၊ ချိုင့်၌တည်ကုန်သော။ ဘဿရဝဏ္ဏိနေ၊ အရောင်အဆင်းနှင့် ပြည့်စုံကုန်သော။ သုမုခဉ္စ၊ စစ်သူကြီးသုမုခကိုလည်းကောင်း။ ဓတရဋ္ဌဉ္စ၊ ဓတရဋ္ဌ ရွှေဟင်္သာမင်းကိုလည်းကောင်း။ တေ ဥဘောပက္ခီ၊ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ကို။ လုဒ္ဒေါ၊ ခေမာမုဆိုးသည်။ အာဒါယ၊ ယူ၍။ ပက္ကမိ၊ သွားလေ၏။

ဟင်္သာမကို အောက်မေ့ခြင်း

ဤသို့ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ကို ခေမာမုဆိုး ဆောင်ယူသွားသောအခါ၌ ဓတရဋ္ဌ ရွှေဟင်္သာမင်းသည် ပါကဟင်္သာမင်း၏ သမီးတော်ဖြစ်သော မိဖုရားကြီးကို အောက်မေ့၍ စစ်သူကြီးသုမုခကိုခေါ်၍ မိမိ၏ ကိလေသာ၏ အစွမ်းအားဖြင့် မြည်တမ်းတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၁၂။ ဟရီယမာနော ဓတရဋ္ဌော၊ သုမုခံ ဧတဒဗြဝိ။
ဗာဠှံ ဘာယာမိ သုခ၊ သာမာယ လက္ခဏူရုယာ။
အသ္မာကံ ဝဓမညာယ၊ အထတ္တာနံ ဝဓိဿတိ။
၁၁၃။ ပါကဟံသာ စ သုမုခ၊ သုဟေမာ ဟေမသုတ္တစာ။
ကောဉ္စီ သမုဒ္ဒတီရေဝ၊ ကပဏာ နူ န ရုစ္ဆတိ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၁၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ဟရီယမာနော၊ ခေမာ မုဆိုးသည် ဆောင်ယူသွားအပ်သော။ ဓတရဋ္ဌော၊ ဓတရဋ္ဌ ရွှေဟင်္သာမင်းသည်။ သုမုခံ၊ စစ်သူကြီးသုမုခကို။ ဧတံ၊ ဤစကားကို။ အဗြဝိ၊ ဆို၏။ သုမုခ၊ အမောင်သုမုခ။ လက္ခဏူရုယာ၊ မြတ်သော ဦရုလက္ခဏာနှင့်ပြည့်စုံသော။ သာမာယ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဟင်္သာမ၏။ မရဏတော၊ သေခြင်းမှ။ ဗာဠှံ၊ လွန်စွာ။ ဘာယာမိ၊ ငါကြောက်၏။ အသ္မာကံ၊ ငါတို့ကို။ ဝဓမညာယ၊ သေချေပြီဟု အမှတ်ရှိသည်ဖြစ်၍။ မေ၊ ငါ၏။ ပိယသာမိကေ၊ ချစ်လင်ဖြစ်သော ရွှေဟင်္သာမင်းသည်။ မတေ၊ သေသည်ရှိသော်။ မေ၊ အား။ ဇီဝိတေန၊ အသက်ရှင်သဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဣတိ၊ ဤသို့။ အဒ္ဓါ၊ စင်စစ်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဝဓိူတိ၊ သတ်လိမ့်သည်တကား။

֍ ဋ္ဌ ၁၁၃။ သုမုခ၊ အမောင်သုမုခ။ ပါကဟံသာ စ၊ ပါကဟင်္သာမင်း၏ သမီးတော်လည်းဖြစ်ထသော။ ဟေမသုတ္တစာ၊ ရွှေအဆင်းနှင့်တူသော အလွန်တင့်တယ်သော အရေလည်းရှိထသော။ သုဟေမာ၊ သုဟေမာအမည်ရှိသော မိဖုရားကြီးသည်။ ကောဉ္စီ၊ ကြိုးကြာငှက်မသည်။ သမုဒ္ဒတီရေ၊ သမုဒ္ဒရာနား၌။ ကပဏာ၊ အထီးကျန်သည် ဖြစ်၍။ ရုစ္ဆတိ ဣဝ၊ ငိုကြွေးသကဲ့သို့။ နူန၊ စင်စစ်။ ရုစ္ဆတိ၊ ငိုကြွေးလိမ့်သည်တကား။

မိန်းမတို့ အပြစ်များ

ထိုသို့ရွှေဟင်္သာမင်း မြည်တမ်းသောစကားကို ကြား၍ စစ်သူကြီးသုမုခသည် ဤရွှေဟင်္သာမင်းသည် တစ်ပါးသောသူကို ဆုံးမခြင်းငှာသင့်ပါလျက် မိန်းမကိုမှီ၍ ကိလေသာ၏အစွမ်းဖြင့် မြည်တမ်းဘိ၏။ ရေကို မီးလောင်သောအခါကဲ့သို့ လည်းကောင်း, စည်းစောင်းရန်းသည် (စပါးကိုကာကွယ်ရမည့်အစား သူကိုယ်တိုင်) ထလတ်၍ လယ်၌ရှိသောစပါးကို စားသောအခါကဲ့သို့လည်းကောင်း ဖြစ်ခဲ့ပြီ၊ စင်စစ်သဖြင့် ငါသည် ငါ၏အစွမ်းဖြင့်မိန်းမ၏အပြစ်ကိုပြ၍ ဤရွှေဟင်္သာမင်းကို သိစေအံ့ ဟု ကြံ၍ ရွှေဟင်္သာမင်းအားပြလိုရကား-

၁၁၄။ ဧဝံ မဟန္တော လောကဿ၊
အပ္ပမေယျော မဟာဂဏီ။
ဧကိတ္ထိ မနုသောစေယျ၊ နယိဒံ ပညဝတာမိဝ။
၁၁၅။ ဝါတောဝ ဂန္ဓမာဒေတိ၊ ဥဘယံ ဆေကပါပကံ။
ဗာလော အာမကပက္ကံဝ၊
လောလော အန္ဓောဝ အာမိသံ။
၁၁၆။ အဝိနိစ္ဆယညု အတ္ထေသု၊ မန္ဒောဝ ပဋိဘာသိ မံ။
ကိစ္စာကိစ္စံ န ဇာနာသိ၊
သမ္ပတ္တော ကာလပရိယာယံ။
၁၁၇။ အဍ္ဎုမ္မတ္တော ဥဒီရေသိ၊
ယော သေယျာ မညသိတ္ထိယော။
ဗဟုသာဓာရဏာ ဟေတာ၊
သောဏ္ဍာနံဝ သုရာဃရံ။
၁၁၈။ မာယာ စေတာ မရီစီ စ၊ သောကာ ရောဂါ စုပဒ္ဒဝါ။
ခရာ စ ဗန္ဓနာ စေတာ၊ မစ္စုပါသာ ဂုဟာသယာ။
တာသု ယော ဝိဿသေ ပေါသော၊
သော နရေသု နရာဓမော။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၄။ ဓတရဋ္ဌ၊ ဓတရဋ္ဌအမည်တော်ရှိသော။ မာရာဇ၊ မင်းမြတ်။ ဧဝံ၊ ဤသို့။ လောကဿ၊ သတ္တလောကထက်။ မဟန္တော၊ ကြီးမြတ်ပါလျက်။ အပ္ပမေယျော၊ နှိုင်းယှဉ်စရာ ဥပမာမရှိသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသည်ဖြစ်ပါလျက်။ မဟာဂဏီ၊ များစွာသောအပေါင်း၏ ဆရာဖြစ်ပါလျက်။ ဧကိတ္ထိံ၊ မိန်းမတစ်ယောက်ကို။ ယံ အနုသောစေယျ၊ အကြင်စိုးရိမ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ သောစနံ၊ ဤသို့ စိုးရိမ်ခြင်းသည်။ န ပညဝတော ဣဝ၊ ပညာရှိမဟုတ်သကဲ့သို့ ထင်၏။

֍ ဋ္ဌ ၁၁၅။ မဟာရာဇ၊ မင်းမြတ်။ ဝါတော၊ လေသည်။ ဆေကပါပကံ၊ ကောင်း မကောင်းဖြစ်သော။ ဥဘယံ၊ နှစ်ပါးသော။ ဂန္ဓံ၊ အနံ့ကို။ အာဒေတိ ဣဝ၊ ယူဆောင်လေသကဲ့သို့လည်းကောင်း။ လောလော၊ အစာ၌လျှပ်ပေါ်သော။ ဗာလော၊ သူမိုက်သည်။ အာမကပက္ကံ၊ အစိမ်း, အမှည့်ဖြစ်သော သစ်သီးကို။ ခါဒတိ ဣဝ၊ စားသကဲ့သို့လည်းကောင်း။ လောလော၊ အစာ၌ လျှပ်ပေါ်သော။ အန္ဓော၊ သူကန်းသည်။ အာမိသံ၊ အစာအာဟာရကို။ ခါဒတိ ဣဝ၊ စားသကဲ့သို့လည်းကောင်း။ ဧဝံ၊ ဤအတူ။ ဣတ္ထိယော၊ မိန်းမတို့သည်။ သဗ္ဗံ၊ အလုံးစုံ အယုတ်အမြတ်ဖြစ်သော ယောက်ျားသို့။ ဘဇန္တိ၊ ချဉ်းကပ်တတ်ကုန်၏။

֍ ဋ္ဌ ၁၁၆။ မဟာရာဇ၊ မင်းမြတ်။ အတ္ထေသု၊ အကြောင်းဟုတ်သည် မဟုတ်သည်တို့၌။ အဝိနိစ္ဆယညူ၊ အဆုံးအဖြတ်ကိုမသိသော။ မန္ဒောဝ၊ ပညာနုံ့သော သူကဲ့သို့။ မံ မမ၊ အကျွန်ုပ်၏။ ပဋိဘာသိ၊ ဉာဏ်၌ထင်ရှား၏။ ကာလပရိယာယံ၊ သေရအံ့သောအလှည့်သို့။ သမ္ပတ္တော၊ ရောက်ပြီးလျက်။ ကိစ္စာကိစ္စံ၊ ပြုသင့် မပြုသင့်ကို။ တွံ၊ အရှင်မင်းမြတ်သည်။ န ဇာနာသိ၊ သိတော်မမူ။

֍ ဋ္ဌ ၁၁၇။ မဟာရာဇ၊ မင်းမြတ်။ ယော၊ အကြင်သူသည်။ ဣတ္ထိယော၊ မိန်းမတို့ကို။ သေယျာ၊ မြတ်ကုန်၏ဟူ၍။ မညသိ၊ ထင်မှတ်အံ့။ သော၊ ထိုမိန်းမတို့ကို အမြတ်ဟုထင်မှဘ်သောသူသည်။ အဍ္ဎုမ္မတ္တော၊ သေသောက်ကြူး၍ တစ်ပိုင်းရူးသောသူသည်။ ဥဒိရေတိ ဣဝ၊ မြည်တမ်းသကဲ့သို့တည်း။ ဟိ-သစ္စံ၊ မှန်၏။ ဧတာ၊ ထိုမိန်းမတို့သည်။ သောဏ္ဍာနံ၊ သေသောက်ကြူးတို့၏။ သုရာဃရံ ဣဝ၊ သေတင်းကုပ်ကဲ့သို့။ ဗဟုသာဓာရဏာ၊ ယောက်ျားအများနှင့် ဆက်ဆံတတ်ကုန်၏။

֍ ဋ္ဌ ၁၁၈။ မဟာရာဇ၊ မင်းမြတ်။ ဧတာ၊ ဤမိန်းမတို့သည်။ မာယာ ဣဝ၊ လှည့်ပတ်တတ်သောကြောင့် မျက်လှည့်သည်နှင့် တူ၏။ မရီစိ ဣဝ၊ စိတ်နှလုံးကို ယူကျုံး၍မရတတ်သောကြောင့် တံလျှပ်နှင့်တူ၏။ သောကာ၊ စိုးရိမ်ခြင်းကိုပြုတတ်၏။ ရောဂါ၊ အနာရောဂါကို ပြုတတ်၏။ ဥပဒ္ဒဝါ စ၊ ဘေးရန်လည်း များ၏။ ဧတော၊ ထိုမိန်းမတို့သည်။ ခရာ စ၊ ဒေါသကြီးသောကြောင့် ခက်ထန်ခိုင်မာ ကြမ်းတမ်းကုန်၏။ ဗန္ဓနာ စ၊ နှောင်ဖွဲ့ခြင်း၏အကြောင်းလည်း ဖြစ်ကုန်၏။ မစ္စုပါသာ၊ သေမင်း၏ ကျော့ကွင်းလည်းဖြစ်ကုန်၏။ ဂုဟာသယာ၊ ကိုယ်တည်းဟူသောလိုဏ်၌ နေတတ်ကုန်၏။ ယော ပေါသော၊ အကြင်ယောက်ျားသည်။ တာသု၊ ထိုမိန်းမတို့၌။ ဝိဿာသေ၊ အကျွမ်းဝင်အံ့။ သော ပေါသော၊ ထိုယောက်ျားသည်။ နရေသု၊ ယောကျ်ားတကာတို့တွင်။ နရာဓမော၊ ယောက်ျားယုတ်တည်း။

မိန်းမတို့ ဂုဏ်ကျေးဇူးများ

ထို့နောင်မှ ဓတရဋ္ဌရွှေဟင်္သာမင်းသည် မိန်းမ၌တပ်စွန်းသော စိတ်ရှိသည်၏အဖြစ်ကြောင့် သင်သည် မိန်းမတို့၏ ဂုဏ်ကျေးဇူးကို မသိ၊ ပညာရှိတို့သည်သာလျှင် သိကုန်၏။ ထိုမိန်းမတို့ကို မကဲ့ရဲ့အပ်ကုန်ဟု ဆို၍ မိန်းမတို့၏ဂုဏ်ကျေးဇူးကို ပြလိုရကား-

၁၁၉။ ယံ ဝုဒ္ဓေဟိ ဥပညာတံ၊ ကော တံ နိန္ဒိတုမရဟတိ။
မဟာဘူတိတ္ထိယော နာမ၊ လောကသ္မိံ ဥဒပဇ္ဇိသုံ။
။ လ။
၁၂၅။ မုတ္တောပိ န ဣစ္ဆိ ဥဍ္ဍေတုံ၊ သယံ ဗန္ဓံ ဥပါဂမိ။
သောပဇ္ဇ သံသယံ ပတ္တော၊ အတ္ထံ ပဏှာဟိ မာမုခံ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၁၉။ သုမုခ၊ အမောင်သုမုခ။ ယံ၊ အကြင် မိန်းမတို့၏အကြောင်းကို။ ဝုဒ္ဓေဟိ၊ ကြီးကုန်သော သူတို့သည်။ ဥပညာတံ၊ ကပ်၍သိအပ်၏။ ကော၊ အဘယ်သူသည်။ တံ၊ ထိုမိန်းမကို။ နိန္ဒိတုံ၊ ကဲ့ရဲ့ခြင်းငှာ။ အရဟတိ၊ ထိုက်အံ့နည်း။ လောကသ္မိံ၊ လောက၌။ ဣတ္ထိယော နာမ၊ မိန်းမတို့မည်သည်လား။ မဟာဘူတာ၊ များမြတ်သော ဂုဏ်ကျေးဇူးရှိကုန်၏။ ပဌမံ၊ ကမ္ဘာဦးအစကာလ၌ ပထမရှေးဦးစွာ။ ဥဒပဇ္ဇိသုံ၊ ထင်ရှားဖြစ်ကုန်၏။

֍ ဋ္ဌ ၁၂၀။ သုမုခ၊ အမောင်သုမုခ။ တျာသု၊ ထိုမိန်းမတို့၌။ ခိဍ္ဍာ၊ ကိုယ်နှုတ်တို့၏ မြူးထူးခြင်းတို့သည်။ ပဏိဟိတာ၊ တည်ကုန်၏။ တျာသု၊ ထိုမိန်းမတို့၌။ ရတိ၊ ကာမဂုဏ်ဖြင့် မွေ့လျော်ခြင်းသည်လည်း။ ပတိဋ္ဌိတာ၊ တည်၏။ တျာသု၊ ထိုမိန်းမတို့၌။ ဗီဇာနိ၊ ဘုရား, ပစ္စေကဗုဒ္ဓါ အရိယာသာဝက စကြဝတေး, မန္ဓာတ် အစရှိကုန်သော မျိုးစေ့တို့သည်။ ရူဟန္တိ၊ ရောက်ကုန်၏။ ယဒိဒံ ယေ ဣမေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ တာသု၊ ထိုမိန်းမတို့၏ဝမ်းတို့၌။ ပဇာယရေ၊ ဖြစ်ကုန်၏။ ပါဏိဘိ၊ မိမိအသက်တို့ဖြင့်။ ပါဏံ၊ မိန်းမတို့၏ အသက်ကို။ အာသဇ္ဇ၊ ကပ်၍။ ကော ပေါသော၊ အဘယ်ယောက်ျားသည်။ တာသု၊ ထို မိန်းမှုတို့၌။ နိဗ္ဗိဒေ၊ ငြီးငွေ့နိုင်အံ့နည်း။

֍ ဋ္ဌ ၁၂၁။ သုမုခ၊ အမောင်သုမုခ။ တွမေဝ၊ သင်သည်သာလျှင်။ ထီနံ၊ မိန်းမတို့၏။ အတ္ထေသု၊ အကြောင်းတို့၌။ ယုဉ္ဇသိ၊ ယှဉ်ဘိ၏။ အညော၊ သင်မှ တစ်ပါးသောသူသည်။ န ယုဉ္ဇသိ၊ မယှဉ်။ အဇ္ဇ၊ ယခု။ တဿ တေ၊ ထိုသင့်အား။ ဘယေ၊ ဘေးသည်။ ဇာတေ၊ ဖြစ်လတ်သော်။ ဘီတေန၊ ကြောက်လျက်။ မတိ၊ သိခြင်းပညာသည်။ ဇာယတေ၊ ဖြစ်ပေ၏။

֍ ဋ္ဌ ၁၂၂။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ သဗ္ဗော၊ အလုံးစုံသောသူသည်။ သံသယံ၊ တွေးတော ယုံမှားခြင်းသို့။ ပတ္တော၊ ရောက်၏။ ပဏ္ဍိတော၊ ပညာရှိသည်။ ဘီရုံဟုတွာ၊ သေဘေးသို့ ရောက်သည်ဖြစ်လျက်။ ဘယံ၊ ဘေးကို။ တိတိက္ခတိ၊ သည်းခံတတ်၏။ ပဏ္ဍိတာ၊ ပညာရှိကုန်သော။ မဟန္တာနော စ၊ သူမြတ်တို့သည်သာလျှင်။ ဒုယျုဇေ၊ ယှဉ်နိုင်ခဲသော။ အတ္ထေ၊ ကိစ္စ၌။ ယုဉ္ဇန္တိ၊ ယှဉ်ကုန်၏။

֍ ဋ္ဌ ၁၂၃။ ဧတဒတ္တာယ၊ ထိုဆိုခဲ့ပြီးသောအမှုကို ပြုစိမ့်သောငှာ။ ရာဇာနော၊ မင်းတို့သည်။ မန္တီနံ၊ အတိုင်အပင် ပညာရှိသော။ သူရံ၊ ရဲရင့်သောသူကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ ယံ အာပဒံ၊ အကြင်ဘေးရန်သည်။ အတ္ထိ၊ ရှိ၏။ တံ အာပဒံ၊ ထိုဘေးရန်ကို သူရော၊ ရဲရင့်သောသူသည်။ ပဋိဗာဟတံ၊ တားမြစ်နိုင်၏။ အတ္တပရိယာယံ၊ ကိုယ်ကိုစောင့်ရှောက်ခြင်းငှာ။ ကရောတိ၊ ပြုနိုင်၏။

֍ ဋ္ဌ ၁၂၄။ သုမုခ၊ အမောင် သုမုခ။ ရညော၊ မင်း၏။ သူဒါ၊ စဖိုသည်တို့သည်။ မဟာနသေ၊ စဖိုအိမ်၌၊ အဇ္ဇ၊ ယနေ့။ နော၊ ငါတို့ကို။ မာ ဝိကန္တိံသု၊ မသတ်ဖြတ်စေကုန်သတည်း။ ဝေဠုံ၊ ဝါးပင်ကို။ နိဿာယ၊ မှီ၍။ ပဝတ္တံ၊ ဖြစ်သော။ ဖလံ၊ ဝါးသီးသည်။ တံ ဝေဠုံ၊ ထိုဝါးပင်ကို။ ဝဓိ ဣဝ၊ သတ်သကဲ့သို့။ တထာ၊ ထို့အတူ။ ပတ္တာနံ၊ အတောင်တို့၏။ ဝဏ္ဏောဟိ၊ ရွှေအဆင်းနှင့်တူသော အဆင်းသည်လျှင်။ တံ၊ သင့်ကို။ မာ ဝဓိ၊ မသတ်စေလင့်။

֍ ဋ္ဌ ၁၂၅။ သုမုခ၊ အမောင်သုမုခ။ တွံ၊ သင်သည်။ မုတ္တောပိ၊ ကျော့ကွင်းမှ လွတ်ပါလျက်လည်း။ ဥဍ္ဍေတုံ၊ ပျံသွားခြင်းငှာ။ န ဣစ္ဆိ၊ အလိုမရှိ။ သယံ၊ မိမိသည်။ ဗန္ဓံ၊ မိခြင်းသို့။ ဥပါဂမိ၊ ကပ်လာ၏။ သောပိ အဟံ၊ ထိုငါသည်လည်း။ အဇ္ဇ၊ ဤအခါ၌။ သံသယံ၊ အသက်ရှည်ခြင်း၌ ယုံမှားခြင်းသို့။ ပတ္တော၊ ရောက်ရ၏။ အတ္ထံ၊ ငါ၏ အစီးအပွားကို။ ဂဏှာဟိ၊ သင်ယူလော့။ မုခံ၊ မိန်းမတို့အား ကဲ့ရဲ့အပ်သောအကြောင်းကို။ မာ စိန္တေသိ၊ သင်မကြံလင့်။

ငါ့ကို အသက်ပေးပါ

ဤသို့ ဘုရားလောင်း ရွှေဟင်္သာမင်းသည် မိန်းမတို့၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းတော်မူသဖြင့် စစ်သူကြီးသုမုခကို စကားဆိုရာ မရှိသည်ကိုပြုတော်မူ၍ ထိုသုမုခ၏ နှလုံးမသာယာသောအဖြစ်ကို သိတော်မူသဖြင့် ယခုအခါ သုခကို ချီးမြှောက်တော်မူပြန်လိုရကား -

၁၂၆။ သော တံယောဂံ ပယုဉ္ဇဿု၊ ယုတ္တံ ဓမ္မူပသံဟိတံ။
တဝ ပရိယာပဒါနေန၊ မမ ပါဏေသနံ စရ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၆။ သုမုခ၊ အမောင် သုမုခ။ သောတွံ၊ ထိုသင်သည်။ ယုတ္တံ၊ သင့်လျော်သော။ ဓမ္မူပသံဟိတံ၊ အကြောင်းနှင့်ယှဉ်သော။ တံ ယောဂံ၊ ထိုလုံ့လကို။ ပယုဉ္ဇဿု၊ အားထုတ်ပါလော့။ တဝ၊ သင်၏။ ပရိယာပဒါနေန၊ စင်ကြယ်သော လုံ့လဖြင့်။ မမ၊ ၏။ ပါဏေသနံ၊ အသက်ကိုရှာခြင်းကို။ စရ၊ ကျင့်ပါလော့။

အေးအေးသာနေပါ

ထိုအခါ စစ်သူကြီးသုခသည် ဤရွှေဟင်္သာမင်းကား အလွန်လျှင် သေဘေးမှကြောက်၏။ ငါ၏ ဉာဏ်အစွမ်းကို မသိ၊ ဗာရာဏသီမင်းကို မြင်၍လျှင် အတန်ငယ်သော စကားပြောခြင်းကိုရသည်ရှိသော် သိရလတ္တံ့၊ ထိုရွှေဟင်္သာမင်းကို ရှေးဦးစွာ နှစ်သိမ့်စေအံ့ဟု ကြံ၍ နှစ်သိမ့်စေလိုရကား-

၁၂၇။ မာ ဘာယိ ပတတံ သေဋ္ဌ၊
န ဟိ ဘာယန္တိ တာဒိသာ။
အဟံ ယောဂံ ပယုဉ္ဇိဿံ၊ ယုတ္တံ ဓမ္မူပသံဟိတံ။
မမ ပရိယာပဒါနေန၊ ခိပ္ပံ ပါသာ ပမောက္ခသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၂၇။ ပတတံ၊ ကောင်းကင်သို့ ပျံသွားတတ်သော ဟင်္သာအပေါင်းတို့ထက်။ သေဋ္ဌ၊ အထူးသဖြင့် မြတ်သော။ မဟာရာဇ၊ အရှင်မင်းမြတ်။ မာ ဘာယိ၊ ကြောက်တော်မမူလင့်။ တာဒိသာ၊ အရှင်မင်းမြတ်နှင့်တူကုန်သော သူတို့သည်။ န ဟိ ဘာယန္တိ၊ မကြောက်ကုန်သလျှင်ကတည်း။ အဟံ၊ အကျွန်ုပ်သည်။ ယုတ္တံ၊ သင့်လျော်သော။ ဓမ္မူပသံဟိတံ၊ အကြောင်းနှင့်ယှဉ်သော။ ယောဂံ၊ လုံ့လကို။ ပယုဉ္ဇိဿံ၊ အားထုတ်ပါအံ့။ မမ၊ အကျွန်ုပ်၏။ ပရိယာပဒါနေန၊ စင်ကြယ်သော လုံ့လဖြင့်။ တွံ၊ အရှင်မင်းမြတ်သည်။ ခိပ္ပံ၊ လျင်စွာ။ ပါသာ၊ ဆင်းရဲခြင်းတည်းဟူသော ကျော့ကွင်းမှ။ ပမောက္ခသိ၊ လွတ်တော်မူပါလတ္တံ့။

နန်းတော်သို့ ရောက်ကြပြီ

ဤသို့ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ အချင်းချင်း ဟင်္သာတို့ဘာသာဖြင့် စကားပြောဟောကြကုန်သည်တို့ကို ခေမာမုဆိုးတို့သည် တစ်စုံတစ်ခုကိုမျှ မသိ၊ သက်သက်သော်ကား ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ကို ထမ်းပိုးဖြင့်ဆောင်ယူ၍ ဗာရာဏသီမြို့သို့သာလျှင် ဝင်လေ၏။ အံ့ဖွယ်သူရဲ မဖြစ်စဖူးဖြစ်သဖြင့် လူများသည် လက်အုပ်ချီလျက် ပို့လိုက်ကြသည်ဖြစ်၍ ထိုခေမာမုဆိုးသည် မင်း၏ နန်းတော်တံခါးသို့ရောက်လျှင် မိမိလာရောက်သောအကြောင်းကို မင်းကြီးအား လျှောက်စေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၂၈။ သော လုဒ္ဒေါ ဟံသကာဇေန၊ ရာဇဒွါရံ ဥပါဂမိ။
ပဋိဝေဒေထ မံ ရညော၊ ဓတရဋ္ဌာယမာဂတော။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၂၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သော လုဒ္ဒေါ၊ ထိုခေမာမုဆိုးသည်။ ဟံသကာဇေန၊ ဟင်္သာထမ်းသော ထမ်းပိုးဖြင့်။ ရာဇဒွါရံ၊ နန်းတော်တံခါးသို့။ ဥပါဂမိ၊ ကပ်လေ၏။ ဘော၊ အိုအချင်းတို့။ မံ၊ ငါ့ကို။ ရညော၊ အရှင်မင်းမြတ်အား။ အယံ ဓတရဋ္ဌော၊ ဤရွှေဟင်္သာမင်းသည်။ အာဂတော၊ ရောက်လာပြီ။ ဣတိ၊ ဤသို့။ ပဋိဝေဒေထ၊ တင်လျှောက်ကြကုန်လော့။

မင်းကြီး ဆုတော်သနားခြင်း

တံခါးစောင့်သည်သွား၍ မင်းအား ထိုအကြောင်းကို တင်လျှောက်၏။ မင်းသည် ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ လျင်မြန်စွာ လာစေလော့ ဟု မိန့်တော်မူ၍ မှူးတော်မတ်တော်အပေါင်း ခြံရံပြီးလျှင် ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေတော်မူလျက် ရွှေဟင်္သာမင်းနှစ်ပါးတို့ကို ထမ်းပိုးဖြင့်ထမ်းယူ၍ ရွှေနန်းတော်ပြာသာဒ်မအပြင်သို့ တက်လာသော ခေမာမုဆိုးကိုမြင်လျှင် ရွှေဟင်္သာမင်းနှစ်ပါးတို့ကို ကြည့်တော်မူလျက် ငါ၏စိတ်အလိုတော်သည် ပြည့်စုံပေပြီဟု ကြံ၍ ထိုခေမာမုဆိုးအား ပြုအပ်သောကိစ္စကို မှူးမတ်တော်တို့အား စေတော်မူလိုက်၏။ ထိုအကြောင်းကို ထင်ရှားပြတော်လိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၂၉။ တေ ဒိသွာ ပုညသင်္ကာသေ၊
ဥဘော လက္ခဏသမ္မတေ။
ခလု သံယမနော ရာဇာ၊ အမစ္စေ အဇ္ဈဘာသထ။
၁၃၀။ ဒေထ လုဒ္ဒဿ ဝတ္ထာနိ၊ အန္နံ ပါနဉ္စ ဘောဇနံ။
ကာမံကရော ဟိရညဿ၊ ယာဝန္တော ဧသဣစ္ဆတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၂၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ပုညသင်္ကာသေ၊ မိမိဘုန်းကံနှင့်တူသော ဘုန်းကံပါရမီရှိသာ။ လက္ခဏသမ္မတေ၊ အမြတ်ဟူ၍ သမုတ်အပ်သော။ တေ ဥဘော၊ ထိုဟင်္သာမင်းနှစ်ပါးတို့ကို။ သံယမနော၊ သံယမအမည်တော်ရှိသော။ ရာဇာ၊ ဗာရာဏသီပြည့်ရှင်မင်းမြတ်သည်။ ခလု၊ စင်စစ်သဖြင့်။ ဒိသွာ၊ မြင်၍။ အမစ္စေ၊ မှူးတော် မတ်တော်တို့ကို။ အဇ္ဈဘာသထ၊ ဤသို့ဆိုလေ၏။

֍ ဋ္ဌ ၁၃၀။ ဘောန္တော အမစ္စာ၊ အို အမတ်တို့။ လုဒ္ဒဿ၊ ခေမာမုဆိုးအား။ ဝတ္ထာနိ၊ အဝတ်ပုဆိုး အထည်မျိုးတို့ကိုလည်းကောင်း။ အန္နပါနဉ္စ၊ ထမင်းအဖျော်ကိုလည်းကောင်း။ ဘောဇနဉ္စ၊ ခဲဖွယ်ဘောဇဉ်ကိုလည်းကောင်း။ ဒေထ၊ ပေးကြကုန်လော့။ ဧသ- ဧသော၊ ဤမုဆိုးသည်။ ယာဝန္တော၊ အကြင်မျှလောက်။ ဣစ္ဆတိ၊ အလိုရှိ၏။ တာဝ တတ္တကံ၊ ထိုမျှလောက်သော။ ဟိရညံ၊ ရွှေကို။ အဿ၊ ထိုမုဆိုးအား။ ကာမံ၊ အလိုရှိတိုင်း။ ကရော-ကရောထ၊ ပေးကြကုန်လော့

ဤသို့လျှင် ကြည်ညိုသောအခြင်းအရာကိုပြု၍ နှစ်သက်ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ သွားကြကုန်၊ ထိုမုဆိုးကို တန်ဆာဆင်၍ ဆောင်ခဲ့ကြကုန်လော့ဟု မိန့်တော်မူ၏။ ထိုအခါ မုဆိုးကို မှူးတော်မတ်တော်တို့သည် နန်းတော်မှ ဆင်းသက်စေပြီးလျှင် ဆံမုတ်ဆိတ်တို့ကိုပြုပြင်၍ ရေချိုးသဖြင့် နံ့သာလိမ်းပြီးသော် ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်ယင်၍ မင်းအား ပြကုန်၏။ ထိုအခါ မင်းသည် တစ်နှစ်တစ်နှစ်လျှင် အခွန်တစ်သိန်းတစ်သိန်းထွက်သောရွာ တစ်ဆယ့်နှစ်ရွာတို့ကိုလည်းကောင်း၊ အာဇာနည်မြင်းက, သော ရထားကိုလည်းကောင်း၊ တန်ဆာဆင်အပ်သော ကြီးစွာသောအိမ်ကိုလည်းကောင်း၊ ဤသို့အစရှိသော များစွာသော စည်းစိမ်ချမ်းသာကို ပေးတော်မူ၏။ ထိုခေမာမုဆိုးသည် များစွာသော စည်းစိမ်ချမ်းသာကိုရပြီး၍ မိမိဆောင်ရွက်ရသောအမှုကို မင်းအား ထင်ရှားပြလိုရကား အရှင်မင်းမြတ်... အကျွန်ုပ်သည် ဟူးဟူးငြားငြား (ဟင်္သာမည်ကာမျှ) သော ဟင်္သာကို မဆောင်ယူအပ်၊ စင်စစ်သော်ကား ဤရွှေဟင်္သာမင်းသည် ကိုးသောင်းကုန်သော ဟင်္သာအပေါင်းတို့၏ မင်းဖြစ်သော ဓတရဋ္ဌအမည်တော်ရသော ရွှေဟင်္သာမင်းတည်း၊ ဤရွှေဟင်္သာမင်းသည် သုမုခအမည်ရှိသော ဟင်္သာစစ်သူကြီးတည်းဟု တင်လျှောက်၏။

ဘယ်လိုမိခဲ့သလဲ

ထိုအခါ မုဆိုးကို မင်းသည် အမောင်မုဆိုး... အမောင်သည် ဤဟင်္သာတို့ကို အသို့ဖမ်းယူအပ်သနည်းဟု မေးတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၃၁။ ဒိသွာ လုဒ္ဒံ ပသန္နတ္တံ၊ ကာသိရာဇာ တဒဗြဝိ။
ယဒျာယံ သမ္မ ခေမက၊ ပုဏ္ဏာ ဟံသေဟိ တိဋ္ဌတိ။
၁၃၂။ ကထံ ရုစိမဇ္ဈဂတံ၊ ပါသဟတ္ထော ဥပါဂမိ။
ဩကိဏ္ဏံ ဉာတိသံဃေဟိ၊ နိမ္မဇ္ဈိမံ ကထံ ဂဟိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၃၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာသိရာဇာ၊ ကာသိတိုင်းရှင်ဖြစ်သော ဗာရာဏသီမင်းသည်။ ပသန္နတ္တံ၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ လုဒ္ဒံ၊ ခေမာမုဆိုးကို။ ဒိသွာ၊ မြင်၍လျှင်။ ဧတံ ဝစနံ၊ ဤစကားကို။ အဗြဝိ၊ ဆို၏။ သမ္မခေမက၊ အမောင်ခေမာမုဆိုး။ အယံ၊ ဤငါတို့ခေမာအိုင်သည်။ ဟံသေဟိ၊ ဟင်္သာတို့ဖြင့်။ ပုဏ္ဏာ၊ ပြည့်သည်ဖြစ်၍။ ယဒိ တိဋ္ဌတိ၊ အကယ်၍ တည်၏။

֍ ဋ္ဌ ၁၃၂။ မဇ္ဈဂတံ၊ ဟင်္သာအပေါင်းတို့၏ အလယ်၌ဖြစ်သော။ ရုစိံ၊ နှစ်သက်ဖွယ်ရှိသော ရွှေဟင်္သာမင်းကို။ ပါသဟတ္ထော၊ ကျော့ကွင်းလက်စွဲသော သင်သည်။ ကထံ၊ အသို့လျှင်။ ဥပါဂမိ၊ ချဉ်းကပ်သနည်း။ ဉာတိသံဃေဟိ၊ ဆွေမျိုးအပေါင်းတို့ဖြင့်။ ဩကိဏ္ဏံ၊ ပြည့်သော။ နိမ္မဇ္ဈိမံ၊ ကြီးမြတ်သော ရွှေဟင်္သာမင်းကို။ ကထံ၊ အသို့လျှင်။ ဂဟိ၊ သင်ဖမ်းယူသနည်း။

ခေမာမုဆိုးသည် ထိုမင်းအား ရွှေဟင်္သာမင်းတို့ကို မိမိဖမ်းယူသောအကြောင်းကို ပြန်လျှောက်လိုရကား-

၁၃၃။ အဇ္ဇ မေ သတ္တမာ ရတ္တိ၊ အဒနာနိ ဥပါသတော။
ပဒမေတဿ အနွေသံ၊
အပ္ပမတ္တော ဃဋဿိတော။
၁၃၄။ အထဿ ပဒမဒ္ဒက္ခိံ၊ စရတော အဒနေသနံ။
တတ္ထာဟံ ဩဒဟိံ ပါသံ၊ ဧဝံ တံ ဒိဇမဂ္ဂဟိံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၃။ မဟာရာဇ၊ မင်းမြတ်။ အဒနာနိ၊ ကျက်စားရာ အရပ်တို့သို့။ ဥပါသတော၊ ကပ်ရောက်လာသော။ မေ၊ အကျွန်ုပ်အား။ အဇ္ဇ၊ ယနေ့။ သတ္တမာရတ္တိ၊ ခုနစ်ညဉ့်ရှိပြီ။ ဧတဿ၊ ထိုရွှေဟင်္သာမင်း၏။ ပဒံ၊ ကျက်စားရာ၌ နင်းသောခြေရာကို။ အနွေသံ-အနွေသန္တော၊ ရှာသောအကျွန်ုပ်သည်။ အပ္ပမတ္တော၊ မမေ့မလျော့။ ဃဋဿိတော၊ အိုးစရည်းကြီးဟူသော ချိုင့်ကိုမှီ၏။

֍ ဋ္ဌ ၁၃၄။ အထ၊ ထိုအခါ၌။ အဒနေသနံ၊ အစာကိုရှာလျက်။ စရတော၊ ကျက်စားသော။ အဿ၊ ထိုရွှေဟင်္သာမင်း၏။ ပဒံ၊ ခြေရာကို။ အက္ခိံ၊ အကျွန်ုပ် မြင်ရ၏။ တတ္ထ၊ ထိုနင်းသောခြေရာကို မြင်ရာ၌။ အဟံ၊ အကျွန်ုပ်သည်။ ပါသံ၊ ကျော့ကွင်းကို။ ဩဒဟိံ၊ ထောင်ပါ၏။ ဧဝံ၊ ဤသို့ ထောင်သဖြင့်။ တံ ဒိဇံ၊ ထိုရွှေဟင်္သာမင်းကို။ အဂ္ဂဟိံ၊ ဖမ်းယူပါ၏။

တစ်ကောင်တည်းဆို

ထိုစကားကိုကြား၍ မင်းသည် ဤမုဆိုးကား တံခါး၌ရပ်လျက် ကြားလျှောက်သော်လည်း ဓတရဋ္ဌရွှေဟင်္သာမင်း၏ လာခြင်းကိုသာလျှင် ကြားလျှောက်၏။ ယခုအခါ၌လည်း တစ်ခုသော ဤရွှေဟင်္သာမင်းကိုသာလျှင်မိ၏ဟု ဆို၏။ ဤအရာ၌ အကြောင်းကား အသို့နည်းဟု ကြံ၍ မုဆိုးကို မေးလိုရကား-

၁၃၅။ လုဒ္ဒ ဒွေ ဣမေ သကုဏာ၊
အထ ဧကာတိ ဘာသသိ။
စိတ္တံ နု တေ ဝိပရိယတ္တံ၊ အဒု ကိန္နု ဇိဂီသသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၅။ လုဒ္ဒ၊ အမောင်မုဆိုး။ ဣမေ သကုဏာ၊ ဤရွှေဟင်္သာတို့သည်။ ဒွေ၊ နှစ်ကောင်တည်း။ အထ၊ ထိုသို့ နှစ်ကောင်ဖြစ်လျက်။ ဧကောတိ၊ တစ်ကောင်ဟူ၍သာလျှင်။ ဘာသသိ၊ သင်ပြောဆိုဘိ၏။ တေ၊ သင်၏။ စိတ္တံ၊ စိတ်သည်။ ဝိပရိယတ္တံ နု၊ ဖောက်ပြန်သလော။ အဒု၊ ထိုသို့မဟုတ်မူ။ တွံ၊ သင်သည်။ ကိံ၊ အဘယ်ကို။ ဇိဂီသသိ နု၊ ကြံသနည်း။

တစ်ကောင်က အဖမ်းခံ

ထို့နောင်မှ ခေမာမုဆိုးသည် အရှင်မင်းမြတ် အကျွန်ုပ်၏စိတ်သည် မဖောက်ပြန်ပါ။ အကျွန်ုပ်သည် တစ်ကောင်သောရွှေဟင်္သာကို အရှင်မင်းမြတ်မှတစ်ပါးသောသူအား ပေးလိုသည်လည်း မဟုတ်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်သည် ထောင်အပ်သောကျော့ကွင်း၌ ရွှေဟင်္သာ တစ်ကောင်ကိုသာလျှင် မိပါ၏ဟု ဆို၍ ထိုအကြောင်းကို ထင်ရှားစွာပြ၍ မင်းအား တင်လျှောက်လိုရကား-

၁၃၆။ ယဿ လောဟိတကာ တာလာ၊
တပနီယနိဘာ သုဘာ။
ဥရံ သံဟစ္စ တိဋ္ဌန္တိ၊ သော မေ ဗန္ဓံ ဥပါဂမိ။
၁၃၇။ အထာယံ ဘဿရော ပက္ခီ၊ အဗဒ္ဓေါ ဗဒ္ဓမာတုရံ။
အရိယံ ဗြုဝါနေည အဋ္ဌာသိ၊ စဇန္တော မာနုသိံ ဂိရံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၃၆။ မဟာရာဇ၊ အရှင်မင်းမြတ်။ ယဿ၊ အကြင်ရွှေဟင်္သာမင်းအား။ လောဟိတကာ၊ နီကုန်သော။ တာလာ၊ သုံးကြောင်းကုန်သော အရေးတို့သည်။ တပနီယနိဘာသုဘာ၊ နေရောင်နှင့်တူသော အဆင်းရှိကုန်၏။ ဥရံ၊ ရင်ကို။ သံဟစ္စ၊ ဆိုက်၍။ တိဋ္ဌန္တိ၊ တည်ကုန်၏။ သော၊ ထိုရွှေဟင်္သာမင်းသည်။ မေ၊ အကျွန်ုပ်၏။ ဗန္ဓံ၊ ကျော့ကွင်းသို့။ ဥပါဂမိ၊ ကပ်လာ၏။

֍ ဋ္ဌ ၁၃၇။ မဟာရာဇ၊ အရှင်မင်းမြတ်။ အထ၊ ထိုအခါ၌။ အဗဒ္ဓေါ၊ ကျော့ကွင်းမမိသော။ ဘဿရော၊ ပြိုးပြိုးပြက်သော အရောင်ရှိသော။ အယံ ပက္ခီ၊ ဤရွှေဟင်္သာစစ်သူကြီးသည်။ အရိယံ၊ အာစာရအရိယာဖြစ်သော။ အာတုရံ၊ ကျင်နာသော။ ဗန္ဓံ၊ ကျော့ကွင်းမိသော ရွှေဟင်္သာမင်းကို။ ဗြုဝါနော၊ နှစ်သိမ့်စေလျက်။ မာနုသိံ၊ လူ၏ ဘာသာဖြစ်သော။ ဂိရံ၊ စကားကို။ စဇန္တော၊ စွန့်လျက်။ အဋ္ဌာသိ၊ တည်၏။

အရှင်မင်းမြတ် ထိုအခါ ဓတရဋ္ဌရွှေဟင်္သာမင်းအား ကျော့ကွင်းမိသောအဖြစ်ကိုသိ၍ ပြန်လည်သဖြင့် ဤရွှေဟင်္သာမင်းကို နှစ်သိမ့်စေ၍ အကျွန်ုပ်လာသောအခါ၌လည်း ခရီးဦးကြိုဆိုခြင်းကိုပြု၍ ကောင်းကင်၌သာလျှင် အကျွန်ုပ်နှင့်တကွ သာယာစွာသော ပျူငှာစကားကိုဆို၍ လူ၏ဘာသာစကားဖြင့် မိမိအရှင်ဓတရဋ္ဌရွှေဟင်္သာမင်း၏ ဂုဏ်ကျေးဇူးကိုပြောဆိုလျက် တည်၏။ အကျွန်ုပ်စိတ်ကို နူးညံ့အောင်ပြု၍ တစ်ဖန် ရွှေဟင်္သာမင်း၏ ရှေ့၌သာလျှင် တည်လာ၏။ အရှင်မင်းမြတ်... အကျွန်ုပ်သည် ထိုသို့ကောင်းစွာ ပြောဆိုအပ်သော စစ်သူကြီးသုမုခ၏ တရားစကားကိုကြားရလျှင် ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ ဓတရဋ္ဌရွှေဟင်္သာမင်းကို လွှတ်၏။ ဤသို့ ဓတရဋ္ဌရွှေဟင်္သာမင်း၏ ကျော့ကွင်းမှလွှတ်ခြင်းကိုလည်းကောင်း ဤရွှေဟင်္သာမင်းနှစ်ပါးတို့ကိုယူ၍ အကျွန်ုပ်ဤရွှေနန်းတော်သို့ လာခြင်းကိုလည်းကောင်း စစ်သူကြီးသုမုခသည်သာလျှင် ပြုပါ၏ဟုဆို၍ ထိုခေမာမုဆိုးသည် စစ်သူကြီးသုမုခ၏ ဂုဏ်ကျေးဇူးစကးကို တင်လျှောက်၏။

သုမုခ ကြောက်သလော

ထိုသို့ တင်လျှောက်သော စကားကိုကြား၍ မင်းသည် စစ်သူကြီးသုမုခ၏ တရားစကားကို နာလိုသည်ဖြစ်၏။ မုဆိုးအား ပူဇော်သက္ကာရကိုပြုစဉ်ပင်လျှင် နေသည်ဝင်၏။ ဆီမီးတို့ကို ညှိထွန်းကုန်၏။ များစွာကုန်သော မင်းအစရှိကုန်သောသူတို့သည် စည်းဝေးကုန်၏။ ခေမာမိဖုရားကြီးသည်လည်း အထူးထူးသော ကချေသည် ကိုယ်လုပ်မောင်းမ အပေါင်းခြံရံလျက် မင်း၏ လက်ယာနံပါး၌ နေ၏။ ထိုခဏ၌ မင်းသည် စစ်သူကြီးသုခကို စကားပြောစေလိုရကား-

၁၃၈။ အထ ကိံ ဒါနိ သုမုခ၊ ဟနုံ သံဟစ္စ တိဋ္ဌသိ။
အဒု မေ ပရိသံ ပတ္တော၊
ဘယာ ဘီတော န ဘာသသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၈။ သုမုခ၊ အမောင်သုမုခ။ မဓုကထော၊ သာယာစွာသော တရားစကားကို ပြောဟောတတ်၏။ အထ၊ ထိုသို့ဖြစ်ပါလျက်။ ကိံ၊ အဘယ့်ကြောင့်။ ဒါနိ၊ ယခုအခါ၌။ တွံ၊ သင်သည်။ ဟနုံ သံဟစ္စ၊ ခံတွင်းကိုပိတ်၍။ တိဋ္ဌသိ၊ တည်ဘိသနည်း။ အဒု၊ အသို့နည်း။ မေ၊ ငါ၏။ ပရိသံ၊ ပရိသတ်သို့။ ပတ္တော၊ ရောက်သည်ဖြစ်၍။ ဘယာ၊ ဘေးမှ။ ဘီတော၊ ကြောက်သည်ဖြစ်၍။ န ဘာသသိ၊ မပြောဆိုသလော။

မကြောက်ပါဘုရား

ထိုစကားကိုကြား၍ စစ်သူကြီးသုမုခသည် မိမိမကြောက်သောအဖြစ်ကို ထိုမင်းအား ပြလိုရကား-

၁၃၉။ နာဟံ ကာသိပတိ ဘီတော၊ ဩဂယှ ပရိသံ တဝ။
နာဟံ ဘယာ န ဘာသိဿံ၊
ဝါကျံ အတ္ထသ္မိ တာဒိသေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၃၉။ ကာသိပတိ၊ ကာသိတိုင်းရှင် ဖြစ်တော်မူသော။ မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ တဝ၊ သင် မင်းမြတ်၏။ ပရိသံ၊ ပရိသတ်သို့။ ဩဂယှ၊ ရောက်၍။ န ဘီတော၊ မကြောက်။ အဟံ၊ ကျွန်ုပ်သည်။ ဘယာ၊ ပရိသတ်မှ ကြောက်သောကြောင့်။ န ဘာသိဿံ၊ စကားမဆိုသည်ကား။ ၊ မဟုတ်။ တာဒိသေ၊ ထိုသိုသဘောရှိသော။ အတ္ထသ္မိံ၊ အကျိုးစီးပွားသည်။ ဥပ္ပန္နေ၊ ဖြစ်လတ်သော်။ ဝါကျံ၊ စကားကို။ ဘာသိဿံ၊ ပြောဆိုအံ့။

အဘယ့်ကြောင့် မကြောက်သနည်း

ထိုစကားကိုကြား၍ မင်းသည် ထိုသုမုခစကားကို ပွားစေလိုသောကြောင့် ပြက်ရယ်ပြုပြန်လိုရကား-

၁၄၀။ န တေ အဘိသရံ ပဿေ၊ န ရထေ နပိ ပတ္တိကေ။
နာဿ စမ္မံဝ ကီဋံ ဝါ၊ ဝမ္မိတေ စ ဓနုဂ္ဂဟေ။
၁၄၁။ န ဟိရညံ သုဝဏ္ဏံ ဝါ၊ နဂရံ ဝါ သုမာပိတံ။
ဩကိဏ္ဏပရိခံ ဒုဂ္ဂံ၊ ဒဠှမဋ္ဋာလကောဋ္ဌကံ။
ယတ္ထ ပဝိဋ္ဌော သုမုခ၊ ဘာယိတဗ္ဗံ န ဘာယသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄၀။ သုမုခ၊ အမောင်သုမုခ။ တေ၊ သင်၏။ အဘိသရံ၊ လက်နက်စွဲကိုင်သော သူရဲကို။ န ပဿေ၊ ငါ မမြင်။ ရထေ၊ ရထားစီးသူရဲတို့ကို လည်းကောင်း။ န ပဿေ၊ ငါမမြင်။ ပတ္တိကေ၊ ခြေသည်သူရဲတို့ကိုလည်းကောင်း။ နပိ ပဿေ၊ ငါ မမြင်။ စမ္မံ ဝါ၊ မြားတား သားရေကိုလည်းကောင်း။ ကီဋံ ဝါ၊ အိုးခြမ်းလက်စွဲသော သူရဲကိုလည်းကောင်း။ ဝမ္မိတေ၊ ချပ်မိန်ညိုဝတ်ကုန်သော။ ဓနုဂ္ဂဟေ စ၊ လေးသမားတို့ကိုလည်းကောင်း။ န ပဿေ၊ ငါမမြင်။

֍ ဋ္ဌ ၁၄၁။ ဟိရညံ ဝါ၊ သုံးဆောင်ပြီးသော ရွှေကိုလည်းကောင်း။ သုဝဏ္ဏံ ဝါ၊ မသုံးဆောင်ရသေးသော ရွှေကိုလည်းကောင်း။ သုမာပိတံ၊ ကောင်းစွာတည်အပ်သော။ နဂရံ ဝါ၊ မြို့ကိုလည်းကောင်း။ ဒုဂ္ဂံ၊ ကူးနိုင်ခဲသော။ ဩကိဏ္ဏပရိခံ ဝါ၊ ရေဖြင့်ပြည့်သော ကျုံးကိုလည်းကောင်း။ ဒဠှံ၊ မြဲမြံခိုင်ခံ့သော။ အဋ္ဋာလကောဋ္ဌကံ၊ ပြအိုး, ပစ္စင်, တံခါးမုခ်ကိုလည်းကောင်း။ န ပဿေ၊ ငါ မမြင်။ ယတ္ထ၊ အကြင်အရပ်သို့။ ပဝိဋ္ဌော၊ ဝင်သောသင်သည်။ ဘာယိတဗ္ဗံ၊ ကြောက်အပ်သောအရာကို။ န ဘာယသိ၊ သင် မကြောက်။ တံ၊ ထိုသင်မကြောက်ရာသော အကြောင်းကို။ န ပဿေ၊ ငါမမြင်။

မကြောက်သည့် အရင်းခံတရား

ဤသို့ မင်းသည် သင့်အား မကြောက်ခြင်း၏ အကြောင်းကား အဘယ်နည်း ဟု မေးသည်ရှိသော် မင်းအား ထိုမကြောက်ခြင်း၏ အကြောင်းကို ပြောဆိုလိုရကား-

၁၄၂။ န မေ အဘိသရေနတ္ထော၊ နဂရေန ဓနေန ဝါ။
အပထေန ပထံ ယာမ၊ အန္တလိက္ခေစရာ မယံ။
၁၄၃။ သုတာ စ ပဏ္ဍိတာ တျမှာ၊ နိပုဏာစတ္ထစိန္တကာ။
ဘာသေမတ္ထဝတိံ ဝါစံ၊ သစ္စေ စဿ ပတိဋ္ဌိတော။
၁၄၄။ ကိဉ္စ တုယှံ အသစ္စဿ၊ အနရိယဿ ကရိဿတိ။
မုသာဝါဒိဿ လုဒ္ဒဿ၊ ဘဏိတမ္ပိ သုဘာသိတံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄၂။ မဟာရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ အဘိသရေန၊ အခြံအရံပရိသတ်ဖြင့်။ အတ္ထော၊ အလိုကိစ္စသည်။ န အတ္ထိ၊ မရှိ။ နဂရေန ဝါ၊ မြို့ဖြင့်လည်းကောင်း။ ဓနေန ဝါ၊ ဥစ္စာဖြင့်လည်းကောင်း။ အတ္ထော၊ အလိုသည်။ န အတ္ထိ၊ မရှိ။ အပထေန၊ ခြေကြောင်းခရီးမဟုတ်သဖြင့်။ ပထံ၊ ကောင်းကင်ခရီးသို့။ မယံ၊ အကျွန်ုပ်တို့သည်။ ယာမ၊ သွားကုန်၏။ မယံ၊ အကျွန်ုပ်တို့သည်။ အန္တလိက္ခေစရာ၊ ကောင်းကင်၌ သွားကုန်သူတို့တည်း။

֍ ဋ္ဌ ၁၄၃။ တေ၊ သင်မင်းမြတ်သည်။ မယံ၊ အကျွန်ုပ်တို့ကို။ ပဏ်ဍိတာ၊ ပညာရှိကုန်၏ဟူ၍။ သုတာ စ၊ ကြားအပ်ကုန်သည်လည်း။ အမှာ၊ ဖြစ်ကုန်၏။ မယံ၊ ငါတို့သည်။ နိပုဏာ၊ သိမ်မွေ့ကုန်သော။ အတ္ထစိန္တကာ စ၊ အနက်ကိုလည်း ကြံနိုင်ကုန်၏။ သစ္စေ စ၊ သစ္စာ၌သာလျှင်။ ပတိဋ္ဌိတော၊ တည်သည်။ အဿ၊ ဖြစ်အံ့။ အတ္ထဝတိံ၊ အကျိုးရှိသော။ ဝါစံ၊ စကားကို။ ဘာသေမ၊ ပြောဆိုကုန်အံ့။

֍ ဋ္ဌ ၁၄၄။ မဟာရာဇ၊ မင်းမြတ်။ အသစ္စဿ၊ သစ္စာမစောင့်သော။ အနရိယဿ၊ သူတော်မဟုတ်သော။ မုသာဝါဒိဿ၊ မဟုတ်မမှန်သောစကားကို ဆိုတတ်သော။ လုဒ္ဒဿ၊ ကြမ်းကြုတ်စွာသော။ တုယှံ၊ သင်မင်းမြတ်အား။ သုဘာသိတံ၊ ကောင်းစွာဆိုအပ်သော စကားကို။ ဘဏိတမ္ပိ၊ ဆိုငြားသော်လည်း။ ကိံ ကရိဿတိ၊ အသို့ပြုလတ္တံ့နည်း။

မင်းယုတ် ဖြစ်ပုံ

ထိုသို့ သုမုခစကားကိုကြား၍ မင်းသည် အဘယ့်ကြောင့် ငါ့ကို မုသားဆိုတတ်သော သူယုတ်ဟူ၍ သင်ဆိုသနည်း၊ ငါသည် အဘယ်ကိုပြုသနည်းဟု ဆို၏။ ထိုအခါ မင်းကို သုမုခသည် အရှင်မင်းမြတ် ထိုသို့ဖြစ်လျှင်ကား နာတော်မူလော့ဟု ဆို၍ ထိုမင်း၏မုသာဝါဒကို ပြလိုရကား -

၁၄၅။ တံ ဗြာဟ္မာဏာနံ ဝစနာ၊ ဣမံ ခေမမကာရယိ။
အဘယဉ္စ တယာဃုဋ္ဌံ၊ ဣမာယော ဒသဓာ ဒိသာ။
၁၄၆။ ဩဂ္ဂယှ တေ ပေါက္ခရဏိံ၊ ဝိပ္ပသန္နောဒကံ သုစိံ။
ပဟူတံ စာဒနံ တတ္ထ၊ အဟိံသာ စေတ္ထ ပက္ခိနံ။
၁၄၇။ ဣဒံ သုတွာန နိဂ္ဃေါသံ၊ အာဂတမှ တဝန္တိကေ။
တေ တေ ဗဒ္ဓသ္မ ပါသေန၊
ဧတံ တေ ဘာသိတံ မုသာ။
၁၄၈။ မုသာဝါဒံ ပုရက္ခတွာ၊ ဣစ္ဆာလောဘဉ္စ ပါပကံ။
ဥဘောသန္ဓိမတိက္ကမ္မ၊ အသာတံ ဥပပဇ္ဇတိ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄၅။ မဟာရာဇ၊ မင်းမြတ်။ တံ-တွံ၊ အရှင်မင်းမြတ်သည်။ ဗြာဟ္မဏာနံ၊ ဆရာပုဏ္ဏားတို့၏။ ဝစနာ၊ စကားကြောင့်။ ဣမံ ခေမံ၊ ဤခေမာအိုင်ကို။ အကာရယိ၊ တူးစေတော်မူ၏။ တယာ၊ အရှင်မင်းမြတ်သည်။ အဘယဉ္စ၊ ဘေးမဲ့ပေးခြင်းကိုလည်း။ ဣမာယော ဒသဓာ ဒိသာ၊ ဤအရပ်ဆယ်မျက်နှာတို့၌။ ဃုဋ္ဌံ၊ ကြွေးကြော်စေတော်မူ၏။

֍ ဋ္ဌ ၁၄၆။ တေ၊ အရှင်မင်းမြတ်၏။ ပေါက္ခရဏိံ၊ ခေမာအိုင်သို့။ ဩဂ္ဂယှ၊ သက်၍။ အာဂတာနံ၊ လာကုန်သော ဟင်္သာတို့၏။ သန္တိကာ၊ အထံမှ။ အယံ၊ ဤခေမာအိုင်သည်။ ဝိပ္ပသ န္နောဒကံ၊ အလွန် ချမ်းအေးကြည်လင်သော ရေရှိ၏။ သုစိံ၊ စင်ကြယ်၏။ တတ္ထ၊ ထိုခေမာအိုင်၌။ အဒနံ၊ ခဲဖွယ်စားဖွယ်သည်။ ပဟူတံ၊ များစွာ၏။ ဧတ္ထ၊ ဤခေမာအိုင်၌။ ပက္ခီနံ၊ ငှက်တို့အား။ အဟိံသာစ၊ ညှင်းဆဲသတ်ဖြတ်ခြင်းလည်း မရှိ။

֍ ဋ္ဌ ၁၄၇။ မဟာရာဇ၊ မင်းမြတ်။ ဣဒါနိဂ္ဃေါသံ၊ ဤဘေးမဲ့ ကြွေးကြော်သံကို။ သုတွာန၊ ကြား၍။ တဝန္တိတေ၊ အရှင်မင်းမြတ်၏ အထံသို့။ အာဂတာ၊ လာကုန်သည်။ အမှ၊ ဖြစ်ကုန်၏။ တေ-မယံ၊ ထိုအကျွန်ုပ်တို့သည်။ တေ၊ အရှင်မင်းမြတ်၏။ ပါသေန၊ ကျော့ကွင်းကြောင့်။ ဗဒ္ဓသ္မာ၊ ဖွဲ့မိကုန်၏။ ဧတံ မုသာ၊ ဤမုသာဝါဒကို။ တေ၊ အရှင်မင်းမြတ်သည်။ ဘာသိတံ၊ ဆိုတော်မူ၏။

֍ ဋ္ဌ ၁၄၈။ မဟာရာဇ၊ မင်းမြတ်။ မုသာဝါဒံ စ၊ မုသားဆိုခြင်းကိုလည်းကောင်း။ ပါပကံ၊ ယုတ်မာသော။ ဣစ္ဆာလောဘဉ္စ၊ မကောင်းသော အလိုဟုဆိုအပ်သော လောဘကိုလည်းကောင်း။ ပုရက္ခတွာ၊ ရှေ့တည်ပြုသည်ရှိသော်။ ဥဘောသန္ဓိံ၊ လူ့ပြည်နတ်ပြည်ဟုဆိုအပ်သော နှစ်ပါးသောပဋိသန္ဓေကို။ အတိက္ကမ္မ၊ လွန်၍။ အသာတံ၊ ငရဲ၌။ ဥပပဇ္ဇတိ၊ ဖြစ်ရ၏။

တရားနာလိုကြပါသည်

ဤသို့ ပရိသတ်အလယ်၌ မင်းကို ရှက်စေ၏။ ထိုအခါ သုမုခကို မင်းသည် အမောင်သုမုခ ငါသည် အမောင်တို့ကိုသတ်၍ အသားကိုစားလိုသောကြောင့် မဖမ်းစေ၊ စင်စစ်သော်ကား ပညာရှိသောအဖြစ်ကိုကြား၍ ကောင်းစွာဟောအပ်သော တရားစကားကိုနာလို၍ ဖမ်းစေတော်မူ၏ဟု ဆို၍ ထိုအကြောင်းကို ပြလိုရကား-

၁၄၉။ နာပရဇ္ဈာမ သုမုခ၊ နပိ လောဘာဝ အဂ္ဂဟိံ။
သုတာစ ပဏ္ဍိတာ တျာတ္ထ၊ နိပုဏာ အတ္ထစိန္တကာ။
၁၅၀။ အပ္ပေဝတ္ထဝတိံ ဝါစံ၊ ဗျာကရေယျုံ ဣဓာဂတာ။
တထာ တံ သမ္မ နေသာဒေါ၊ ဝုတ္တော သုမုခ မဂ္ဂဟိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၄၉။ သုမုခ၊ အမောင်သုမုခ။ မယံ၊ ငါတို့သည်။ တုမှာကံ၊ သင်တို့ကို။ နာပရဇ္ဈာမ၊ မသတ်ကုန်အံ့။ လောဘာဝ၊ လောဘဖြင့်သာလျှင်။ တုမှေ၊ သင်တို့ကို။ နာပိ အဂ္ဂဟိံ၊ ငါ မဖမ်း။ တုမှေ၊ သင်တို့သည်။ ပဏ္ဍိတာတိ၊ ပညာရှိကုန်၏ဟူ၍လည်း။ သုတာ၊ ကျော်စောထင်ရှားကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။ နိပုဏာ၊ သိမ်မွေ့ကုန်သော။ အတ္ထစိန္တကာတိ စ၊ လျှို့ဝှက်အပ်သော အနက်အဓိပ္ပာယ်ကို ကြံနိုင်ကုန်ဟူ၍လည်း။ သုတာ၊ ကျော်စောထင်ရှားကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၁၅၀။ သုမုခ၊ အမောင် သုမုခ။ အတ္ထဝတိံ၊ အကြောင်းကိုမှီသော။ ဝါစံ၊ တရားစကားကို။ ဣဓ၊ ဤငါတို့နန်းတော်သို့။ အာဂတာ၊ ရောက်လာကုန်သော ပညာရှိတို့သည်။ အပ္ပေဝ ဗျာကရေယျုံ၊ ဟောပါကုန်ငြားအံ့လည်းမသိ။ တံ ဝါစံ၊ ထိုသို့အကြောင်းကိုမှီသော တရားစကားကို။ မယံ၊ ငါတို့သည်။ သုဏာမ၊ နာလိုပါကုန်၏။ သမ္မသုမုခ၊ အချင်းသုမုခ။ တထာ၊ ထိုအကြောင်းကိုမှီသော တရားစကားကို နာလိုသောကြောင့်။ တံ၊ သင့်ကို။ ဝုတ္တော၊ ပြောဆိုအပ်သာ။ နေသာဒေါ၊ မုဆိုးသည်။ အဂ္ဂဟိ၊ ဖမ်းယူ၏။

စစ်သူကြီး၏ တရားတော်

ထိုသို့ သံယမမင်းသည် ပြောဆိုသောစကားကို ကြား၍ စစ်သူကြီးသုမုခသည် မြတ်သောမင်းကြီး... ကောင်းသော တရားစကားကို နာလိုသော သင်မင်းကြီးသည် မသင့်သည်ကို ပြုတော်မူဘိ၏ဟု ဆို၍ ထိုအကြောင်းကို မင်းအား ပြောပြလိုရကား-

၁၅၁။ နေဝ ဘီတာ ကာသိပတိ၊ ဥပနီတသ္မိံ ဇီဝိတေ။
ဘာသေမတ္ထဝတိံဝါစံ၊ သမ္ပတ္တာ ကာလပရိယာယံ။
၁၅၂။ ယော မိဂေန မိဂံ ဟန္တိ၊ ပက္ခိံ ဝါပန ပက္ခိနာ။
သုတေန ဝါ သုတံ ကိဏျာ၊
ကိံ အနရိယတရံ တတော။
၁၅၃။ ယော စာရိယရုဒံ ဘာသေ၊
အနရိယဓမ္မဝဿိတော။
ဥဘော သော ဓံသတေ လောကာ၊
ဣဓ စေဝ ပရတ္ထ စ။
၁၅၄။ န မဇ္ဇေထ ယသံ ပတ္တော၊ န ဗျာဓေ ပတ္တသံသယံ၊
ဝါယမေထေဝ ကိစ္စေသု၊ သံဝရေ ဝိဝရာနိ စ။
၁၅၅။ ယေ ဝုဒ္ဓါ အဗ္ဘတိက္ကန္တာ၊
သမ္ပတ္တာ ကာလပရိယာယံ။
ဣဓ ဓမ္မံ စရိတွာန၊ ဧဝံ တေ တိဒိဝံ ဂတာ။
၁၅၆။ ဣဒံ သုတွာ ကာသိပတိ၊ ဓမ္မမတ္တနိ ပါလယ။
ဓတရဋ္ဌဉ္စ မုဉ္စာဟိ၊ ဟံသာနံ ပဝရုတ္တမံ။

ဟူသော ဤခြောက်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၅၁။ ကာသိပတိ၊ ကာသိတိုင်းရှင် ဖြစ်တော်မူသော။ သံယမ၊ မင်းမြတ်သံယမ။ ဘူတာ၊ သတ္တဝါတို့သည်။ ကာလပရိယာယံ၊ သေရအံ့သောအလှည့်သို့။ သမ္ပတ္တာ၊ ရောက်ကုန်သည်ရှိသော်။ ဇီဝိတေ၊ မိမိအသက်သည်။ ဥပနီတသ္မိံ၊ သေမင်းနိုင်ငံသို့ လိုက်ရသည်ရှိသော်။ အတ္တဝတိံ၊ အကြောင်းနှင့်ယှဉ်သော။ ဝါစံ၊ စကားကို။ နေဝ ဘာသေမ၊ မဟောကြကုန်။

֍ ဋ္ဌ ၁၅၂။ မဟာရာဇ၊ မင်းမြတ်။ ယော၊ အကြင်သူသည်။ မိဂေန၊ သမင်တိန်ညင်ဖြင့်။ မိဂံ၊ တောသမင်ကို။ ဟန္တိ၊ သတ်တတ်၏။ ပက္ခိနာ၊ ငှက်တိန်ညင်ဖြင့်။ ပက္ခိံ ဝါပန၊ တောငှက်ကိုမူလည်း။ ဟန္တိ၊ သတ်တတ်၏။ တယာ၊ သင်မင်းမြတ်သည်။ သုတေန၊ ကျော်စောထင်ရှားသော ခေမာအိုင်ဖြင့်။ သုတံ၊ ပညာရှိဖြစ်သော တရားဟောတတ်သော ပုဂ္ဂိုလ်ကို။ ကိဏျာ၊ ဝယ်အပ်၏။ တတော၊ ထိုအရှင်မင်းကြီး အမှုထက်။ အနရိယတရံ၊ အလွန်ယုတ်မာသော အမှုသည်။ ကိံ၊ အတီမှာရှိအံ့နည်း။

֍ ဋ္ဌ ၁၅၃။ မဟာရာဇ၊ မင်းမြတ်။ ယော စ၊ အကြင်သူသည်ကား။ အရိယရုဒံ၊ ကောင်းမြတ်သော တရားစကားသံကို။ ဘာသေ၊ နှုတ်ဖြင့်သာပြောဆို၏။ ကာယေန၊ ကိုယ်ဖြင့်။ အနရိယဓမ္မဝဿိတော၊ ယုတ်မာသောအကျင့်ကို ကျင့်၏။ သော၊ ထိုနှုတ်ဖြင့်သာပြောဆို၍ ကိုယ်ဖြင့် ယုတ်မာစွာကျင့်သောသူသည်။ ဣဓ စေဝ၊ ဤပစ္စုပ္ပန်လောက၌ လည်းကောင်း။ ပရတ္ထ စ၊ တမလွန်လောက၌ လည်းကောင်း။ ဥဘော လောကာ၊ လောကနှစ်ပါးမှ။ ဓံသတေ၊ ပျက်စီး၏။

֍ ဋ္ဌ ၁၅၄။ မဟာရာဇ၊ မင်းမြတ်။ ယသံ၊ စည်းစိမ်ချမ်းသာ အခြံအရံသို့။ ပတ္တော၊ ရောက်သောသူသည်။ န မဇ္ဇေထ၊ မမေ့မလျော့ရာ။ ပတ္တသံသယံ၊ အသက်သေအံ့သော ယုံမှားခြင်းသို့ ရောက်သည်ရှိသော်။ န ဗျာဓေ၊ မပင်ပန်းစေရာ။ ကိစ္စေသု ဧဝ၊ အမှုကိစ္စတို့၌သာလျှင်။ ဝါယမေထ၊ လုံ့လပြုရာ၏။ ဝိဝရာနိ စ၊ တံခါးပေါက်တို့ကိုလည်း။ သံဝရေ၊ ပိတ်ရာ၏။

֍ ဋ္ဌ ၁၅၅။ မဟာရာဇ၊ မင်းမြတ်။ ယေ ဝုဒ္ဓါ၊ အကြင်ပညာဂုဏ်ကြီးသော သူတို့သည်။ အဗ္ဘတိက္ကန္တာ၊ ဤပစ္စုပ္ပန်လောကကို လွန်ကုန်၏။ ကာလပရိယာယံ၊ သေခြင်းအလှည့်သို့။ သမ္ပတ္တာ၊ ရောက်ကုန်သော်လည်း။ ဣဓ၊ ဤ ပစ္စုပ္ပန်ဘဝမှ။ ဓမ္မံ၊ ကုသိုလ်တရားကို။ စရိတွာ၊ ကျင့်သောကြောင့်။ ဧဝံ၊ ဤသို့။ တေ၊ ထိုပညာဂုဏ်ကြီးသော သူတို့သည်။ ဒိဝံ၊ နတ်ပြည်သို့။ ဂတာ၊ ရောက်ရကုန်၏။

֍ ဋ္ဌ ၁၅၆။ ကာသိပတိ၊ ကာသိတိုင်းရှင်ဖြစ်တော်မူသော။ မဟာရာဇ၊ မင်းမြတ်။ ဣဒံ၊ ဤအကျွန်ုပ်ဟောသော တရားစကားကို။ သုတွာန၊ နာရ၍။ အတ္တနိ၊ မိမိ၌။ ဓမ္မံ၊ တရားကို။ ပါလယ၊ စောင့်တော်မူလော့။ ဟံသာနံ၊ ဟင်္သာအပေါင်းတို့ထက်။ ပဝရုတ္တမံ၊ အလွန်မြတ်တော်မူသော။ ဓတရဋ္ဌဉ္စ၊ ဓတရဋ္ဌရွှေဟင်္သာမင်းကိုလည်း။ မုဉ္စာဟိ၊ လွှတ်တော်မူလော့။

ဟင်္သာတို့ကိုလွှတ်ရန်

ထိုစစ်သူကြီး သုမုခစကားကိုကြား၍ သံယမမင်းသည် ထိုရွှေဟင်္သာမင်းတို့ကို လွှတ်လိုသည်ဖြစ်၍ မှူးမတ်အစရှိသောသူတို့အား စစ်သူကြီးသုမုခ၏ ဂုဏ်ကျေးဇူးကို ထင်ရှားပြလိုရကား.

၁၅၇။ အာဟရန္တု ဒကံ ပဇ္ဇံ၊ အာသနဉ္စ မဟာရဟံ။

ပဉ္စရတော ပမောက္ခာမိ၊ ဓတရဋ္ဌံ ယသဿိနံ။

၁၅၈။ တဉ္စ သေနာပတိံ ဓီရံ၊ နိပုဏံ အတ္ထစိန္တကံ။

ယော သုခေ သုခိတော ရညော၊

ဒုက္ခိတေ ဟောတိ ဒုက္ခိတော။

၁၅၉။ ဧဒိသောခေါ အရဟတိ၊ ပိဏ္ဍမသ္နာတု ဘတ္တုနော။

ယထာယံ သုမုခေါ ရညော၊

ပါဏသာဓာရဏော သခါ။

ဟူသော ဤသုံးဂါထာတို့ကိုဆို၏။

֍ ဋ္ဌ ၁၅၇။ ဘောန္တော အမစ္စာ၊ အို... အမတ်ပေါင်းတို့။ ဒကဉ္စ၊ ခြေဆေးရေကို လည်းကောင်း။ ပဇ္ဇဉ္စ၊ ခြေနယ်ဆီကိုလည်းကောင်း။ မဟာရဟံ၊ မြတ်သောသူတို့အားသာ ထိုက်သော။ အာသနဉ္စ၊ နေရာကိုလည်းကောင်း။ အာဟရန္တု၊ ဆောင်ခဲ့ကုန်။ ယသဿိနံ၊ များစွာသောအခြံအရံရှိသော။ ဓတရဋ္ဌံ၊ ဓတရဋ္ဌရွှေဟင်္သာမင်းကို။ ပဉ္ဇရတော၊ လှောင်ချိုင့်မှ။ ပမောက္ခာမိ၊ ငါ လွှတ်အံ့။

֍ ဋ္ဌ ၁၅၈။ သုမုခေါ၊ သုမုခ အမည်ရှိသော။ ယော သေနာပတိ၊ အကြင်စစ်သူကြီးသည်။ ရညော၊ မိမိအရှင်ရွှေဟင်္သာမင်းသည်။ သုခေ၊ ချမ်းသာသည်ရှိသော်။ သုခိတော၊ မိမိချမ်းသာသည်။ ဟောတိ၊ ဖြစ်၏။ ဒုက္ခိတေ၊ မိမိအရှင်ရွှေဟင်္သာမင်း ဆင်းရဲသည်ရှိသော်။ ဒုက္ခိတော၊ မိမိဆင်းရဲသည်။ ဟောတိ၊ ဖြစ်၏။ ဓီရံ၊ ပညာရှိသော။ နိပုဏံ၊ သိမ်မွေ့သော။ အတ္ထစိန္တကံ၊ လျှို့ဝှက်ခဲခက်သောအနက်ကို ကြံနိုင်သော။ တဉ္စ သေနာပတိံ၊ ထိုစစ်သူကြီး သုမုခကိုလည်း။ ပ မောက္ခာမိ၊ ငါလွှတ်အံ့။

֍ ဋ္ဌ ၁၅၉။ ဘောန္တော အမစ္စာ၊ အိုအမတ်တို့။ အယံ သုမုခေါ၊ ဤစစ်သူကြီး သုမုခသည်။ ယထာ၊ အကြင်အခြင်းဖြင့်။ ရညော၊ မိမိအရှင်ရွှေဟင်္သာမင်းအား။ ပါဏသာဓာရဏော၊ ဆက်ဆံသော အသက်ရှင်ခြင်းရှိသော။ ဝါ၊ အသက်နှင့်ထပ်တူ မြတ်နိုးခြင်းရှိသော။ သခေါ၊ အဆွေခင်ပွန်းစစ်သည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုအခြင်းဖြင့်။ ဧဒိသော၊ ထိုသုမုခနှင့်တူသောသူသည်။ ဘတ္တုနော၊ အရှင်၏။ ပိဏ္ဍံ၊ ထမင်းကို။ အသ္နာတုံ၊ စားခြင်းငှာ။ အရဟတိ၊ ထိုက်တန်လှ၏။

ဟင်္သာတို့ကို ပြုစုစေပြီ

သံယမမင်းစကားကိုကြား၍ အမတ်တို့သည် ထိုရွှေဟင်္သာမင်းနှစ်ပါးတို့အား နေရာခင်း၍ ထိုနေရာ၌နေကုန်သော ရွှေဟင်္သာမင်းနှစ်ပါးတို့၏ ခြေတို့ကို နံ့သာရေဖြင့်ဆေး၍ အကြိမ်တစ်ရာချက်သောဆီဖြင့် ဆုပ်နယ်ကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ

မြတ်စွာဘုရားသည်-

၁၆၀။ ပီဋ္ဌဉ္စ သဗ္ဗသောဝဏ္ဏံ၊ အဋ္ဌပါဒံ မနောရမံ။
မဋ္ဌံ ကာသိကမတ္ထန္နံ၊ ဓတရဋ္ဌော ဥပါဝိသိ။
၁၆၁။ ကောစ္ဆဉ္စ သဗ္ဗသောဝဏ္ဏံ၊ ဝေယျဂ္ဃပရိသိဗ္ဗိတံ။
သုမြခေါ အဇ္ဈုပါဝေက္ခိ၊ ဓတရဋ္ဌဿ နန္တရာ။
၁၆၂။ တေသံ ကဉ္စနပတ္တေဟိ၊
ပုထူ အာဒါယ ကာသိယော။
ဟံသာနံ အဘိဟာရေသုံ၊ အဂ္ဂရညော ပဝါသိတံ။

ဟူသော ဤ သုံးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၆၀။ ဘိက္ခဝေ၊ ရဟန်းတို့။ သဗ္ဗသောဝဏ္ဏံ၊ အလုံးစုံ ရွှေဖြင့်ပြီးသော။ အဋ္ဌပါဒံ၊ အခြေရှစ်ချောင်းရှိသော။ မနောရမံ၊ နှလုံးမွေ့လျော်ဖွယ်ရှိသော။ မဋ္ဌံ၊ နူးညံ့သိမ်မွေ့သော။ ကာသိကမထန္နံ၊ ကာသိကရာဇ်တိုင်း၌ဖြစ်သော ပုဆိုးခင်းသော။ ပီဌဉ္စ၊ အင်းပျဉ်သို့လျှင်။ ဓတရဋ္ဌော၊ ဓတရဋ္ဌရွှေဟင်္သာမင်းသည်။ ဥပါဝိသိ၊ ကပ်လေ၏။

֍ ဋ္ဌ ၁၆၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝေယျဂ္ဃပရိသိဗ္ဗိတံ၊ ကျားရေဖြင့်ချုပ်အပ်သော။ သဗ္ဗသောဝဏ္ဏံ၊ အလုံးစုံရွှေဖြင့်ပြီးသော။ ကောစ္ဆဉ္စ၊ မြတ်သောထိုင်စရာ အင်းပျဉ်၌လျှင်။ သုမုခေါ၊ စစ်သူကြီးသုမုခသည်။ ဓတရဋ္ဌဿ၊ ဓတရဋ္ဌရွှေဟင်္သာမင်း၏။ အနန္တရာ၊ အခြားမဲ့၌။ အဇ္ဈုပါဝေက္ခိ၊ ကပ်လေ၏။

֍ ဋ္ဌ ၁၆၂။ တေသံ ဟံသာနံ၊ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့အား။ ကဉ္စနပတ္တေဟိ၊ ရွှေခွက်တို့ဖြင့်။ အာဒါယ၊ ယူ၍။ ပုထူ၊ များစွာကုန်သော။ ကာသိယော၊ ကာသိတိုင်းသူတို့သည်။ ရညော၊ သံယမမင်းသည်။ ပဝါသိတံ၊ စေအပ်သော။ အဂ္ဂံ၊ အထူးထူးသော မြတ်သောအရသာရှိသော ခဲယ်ဘောဇဉ်ကို။ အဘိဟာရေသုံ၊ ကုန်၏။

မင်းကြီးနှင့် ရွှေဟင်္သာမင်း

ထိုဟင်္သာမင်းနှစ်ပါးတို့သည် ထိုရွှေခွက်၌ ပေါက်ပေါက်တို့ကို စား၍ ချိုမြိန်မြတ်သောရေကို သောက်ကုန်၏။ ထိုအခါ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းသည် သံယမမင်းကြီးသည် ဆောင်အပ်သော ခဲဖွယ်ဘောဇဉ်ကို လည်းကောင်း၊ ကြည်ညိုခြင်းကိုလည်းကောင်း မြင်၍ ပျူငှာလောကဝတ်ကို ပြုတော်မူသဖြင့် အလုံးစုံသော အကြောင်းကို မေးတော်မူ၏။ သံယမမင်းသည် ထိုရွှေဟင်္သာမင်းသည် မေးအပ်သော အလုံးစုံသောအကြောင်းကို ဖြေဆို၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၆၃။ ဒိသွာ အဘိဟဋံ အဂ္ဂံ၊ ကာသိရာဇေန ပေသိတံ။
ကုသလော ခတ္တဓမ္မာနံ၊ တတော ပုစ္ဆိ အနန္တရာ။
။ လ။
၁၇၉။ သော ကုဒ္ဓေါ ဖရုသံ ဝါစံ၊
နိစ္ဆာရေသိ အယောနိသော။
ယာနာသ္မေသု န ဝိဇ္ဇန္တိ၊ န ယိဒံ ပညဝတာမိဝ။

ဟူသော တစ်ဆယ့်ခုနစ်ဂါတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၆၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ကသိရာဇေန၊ ကာသိတိုင်းရှင်ဖြစ်သော သံယမမင်းသည်။ ပေသိတံ၊ စေအပ်သော။ အဘိဟဋံ၊ ရှေးရှုဆောင်အပ်သော။ အဂ္ဂံ၊ မြတ်သောခဲဖွယ်ဘောဇဉ်ကို။ ဒိသွာ၊ မြင်၍။ ခတ္တဓမ္မာနံ၊ မင်းကျင့်ဝတ်တို့၌။ ကုသလော၊ လိမ္မာသော ရွှေဟင်္သာမင်းသည်။ အနန္တရာ၊ အခြားမဲ့သော။ တတော- တသ္မိံ ကာလေ၊ ထိုအခါ၌။ ပုစ္ဆိ၊ မေး၏။

֍ ဋ္ဌ ၁၆၄။ မဟာရာဇ၊ မင်းမြတ်။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းကြီးအား။ ကုသလံ နု၊ အနာကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းမြတ်အား။ အနာမယံ၊ ဆင်းရဲကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဣဒံ ရဋ္ဌံ၊ ဤကာသိတိုင်းသည်။ ဖီတံ၊ ဝပြောသာယာပါ၏လော။ တွံ၊ အရှင်မင်းမြတ်သည်။ ဓမ္မေန၊ တရားနှင့်အညီ။ အနုသာသသိ၊ ဆုံးမပါ၏လော။

֍ ဋ္ဌ ၁၆၅။ ဟံသ၊ ရွှေဟင်္သာမင်း။ မေ၊ ငါ့အား။ ကုသလော၊ အနာလည်းကင်းပေ၏။ ဟံသ၊ ရွှေဟင်္သာမင်း။ အထော၊ ထိုမှတပါး။ အနာမယံ၊ ဆင်းရဲလည်းကင်းပါ၏။ အထော၊ ထိုမှတပါး။ ဣဒံ ရဋ္ဌံ၊ ဤကာသိတိုင်းသည်။ ဖီတံ၊ ဝပြော သာယာပါ၏။ ဓမ္မေန၊ တရားနှင့်အညီ။ အနုသာသာမိ၊ ဆုံးမပါ၏။

֍ ဋ္ဌ ၁၆၆။ မဟာရာဇ၊ မင်းမြတ်။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းမြတ်အား။ အမစ္စေသု၊ မှူးတော်မတ်တော်တို့၌။ ကောစိ၊ အနည်းငယ်သော။ ဒေါသော၊ အပြစ်သည်။ န ဝိဇ္ဇတိ၊ မရှိ ကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ တေ၊ ထိုမှူးတော်မတ်တော်တို့သည်။ တဝ၊ သင်မင်းမြတ်၏။ အတ္ထေသု၊ အမှုကိစ္စတို့သည်။ ဥပ္ပန္နေသု၊ ဖြစ်ကုန်သည်ရှိသော်။ ဇီဝိတံ၊ မိမိ၏ အသက်ကို။ နာဝကင်္ခန္တိ၊ အလိုမရှိပါကုန်၏လော။ ဝါ၊ ဇီဝိတံ နာဝကင်္ခန္တိ၊ အသက်ကိုစွန့်၍ ဆောင်ရွက်ပါကုန်၏လော။

֍ ဋ္ဌ ၁၆၇။ ဟံသ၊ ရွှေဟင်္သာမင်း။ အထောပိ၊ ထိုမှတပါးလည်း မေ၊ ငါ၏။ အမစ္စေသု၊ မှူးတော် မတ်တော်တို့၌။ ကောစိ၊ အနည်းငယ်သော။ ဒေါသော၊ အပြစ်သည်။ န ဝိဇ္ဇတိ၊ မရှိ ကင်းပါ၏။ အထာပိ၊ ထိုမှတပါးလည်း။ တေ၊ ထိုမှူးမတ်တိုဘသည်။ မမ၊ ငါ၏။ အတ္ထေသု၊ အမှုကိစ္စတို့သည်။ ဥပ္ပန္နေသု၊ ဖြစ်ကုန်သည်ရှိသော်။ ဇီဝိတံ၊ မိမိတို့အသက်ကို။ နာဝကင်္ခန္တိ၊ အလိုမရှိပေကုန်။

֍ ဋ္ဌ ၁၆၈။ မဟာရာဇ၊ မင်းမြတ်။ ကစ္စိ၊ အသို့နည်း။ တေ၊ သင်မင်းမြတ်အား။ သာဒိသီ၊ ဇာတ်အမျိုးအနွယ် တူကုန်သော။ ဘရိယာ၊ မယားတို့သည်။ အဿဝါ၊ လင်ဖြစ်သော သင်မင်းကြီး၏အလိုသို့ လိုက်ပါကုန်၏လော။ ပိယဘာဏိနီ၊ ချစ်ဖွယ်သောစကားကို ဆိုပါကုန်၏လော။ ပုတ္တရူပယသူပေတာ၊ သားသမီး အရောင်အဆင်း စည်းစိမ်အခြံအရံနှင့် ပြည့်စုံပါကုန်၏လော။ တဝ၊ သင်မင်းမြတ်၏။ ဆန္ဒဝသာနုဂါ၊ အလိုသို့လိုက်ကြပါကုန်၏လော။

֍ ဋ္ဌ ၁၆၉။ ဟံသရာဇ၊ ရွှေဟင်္သာမင်း မေ၊ ငါ၏။ သာဒိသီ၊ ဇာတ်အမျိုးအနွယ် တူကုန်သော။ ဘရိယာ၊ မယားတို့သည်။ အဿဝါ၊ လင်ဖြစ်သော ငါ၏စကားကို နားထောင်ကုန်၏။ ပိယဘာဏိနီ၊ ချစ်ဖွယ်သော စကားကို ဆိုတတ်ကုန်၏။ ပုတ္တရူပယသူပေတာ၊ သားသမီး အရောင် အဆင်း အခြံအရံ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကုန်၏။ မမ၊ ငါ၏။ ဆန္ဒဝသာနုဂါ၊ အလိုဆန္ဒသို့ လိုက်ကုန်၏။

֍ ဋ္ဌ ၁၇၀။ မဟာရာဇ၊ မင်းမြတ်။ ကစ္စိ၊ အသို့နည်း။ ရဋ္ဌံ၊ တိုင်းပြည်ကို။ အနုပ္ပီဠိ၊ မညှဉ်းဆဲပါ၏လော။ အကုတောစိ ဥပဒ္ဒဝံ၊ တစ်စုံတစ်ခုမျှ ဘေးမရှိပါ၏လော။ အသာဟသေန၊ နိုင်ထက်ကလူ မမူဘဲ။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်စွာ။ အနုသာသသိ၊ ဆုံးမပါ၏လော။

֍ ဋ္ဌ ၁၇၁။ ဟံသရာဇ၊ ရွှေဟင်္သာမင်း။ အထောပိ၊ ထိုမှတပါးလည်း။ အဟံ၊ ငါသည်။ ရဋ္ဌံ၊ တိုင်းပြည်ကို။ အနုပ္ပီဠံ၊ မညှဉ်းဆဲပါ။ အကုတောစိ ဥပဒ္ဒဝံ၊ တစ်စုံတစ်ခုမျှသော ဘေးမရှိ။ အဟံ၊ ငါသည်။ အသာဟသေန၊ နိုင်ထက်ကလူ မမူဘဲ။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်စွာ။ အနုသာသာမိ၊ ဆုံးမပါ၏။

֍ ဋ္ဌ ၁၇၂။ မဟာရာဇ၊ မင်းမြတ်။ ကစ္စိ၊ အသို့နည်း။ တုမှေဟိ၊ သင်မင်းမြတ်တို့သည်။ သန္တော၊ သူတော်ကောင်းတို့သို့။ အပစိတာ၊ ရိုသေစွာ ဆည်းကပ်ပါကုန်၏လော။ အသန္တော၊ သူယုတ်တို့ကို။ ပရိဝဇ္ဇိတာ၊ ကြဉ်ရှောင်ပါကုန်၏လော။ စေ၊ အကယ်၍။ ဓမ္မံ၊ ကုသိုလ်တရားကို။ နိရံကတွာ၊ စွန့်၍။ အဓမ္မံ၊ အကုသိုလ်တရားကို။ နာ အနုဝတ္တသိ၊ မကျင့်ပဲရှိပါ၏လော။

֍ ဋ္ဌ ၁၇၃။ ဟံသ၊ ရွှေဟင်္သာမင်း။ မေ၊ ငါသည်။ သန္တော စ၊ သူတော်ကောင်းတို့ကိုသာလျှင်။ အပစိတာ၊ ရိုသေစွာဆည်းကပ်ပါ၏။ အသန္တော၊ သူယုတ်တို့ကို။ ပရိဝဇ္ဇိတာ၊ ကြဉ်ရှောင်ပါ၏။ ဓမ္မေဝ၊ ကုသိုလ်တရားကိုသာလျှင်။ အနုဝတ္တာမိ၊ အစဉ်ကျင့်ပါ၏။ မေ၊ ငါသည်။ အဓမ္မော၊ အကုသိုလ်တရားကို။ နီရံကတော၊ စွန့်ပါ၏။

֍ ဋ္ဌ ၁၇၄။ ခတ္တိယ၊ ရေမြေအရှင်။ ကစ္စိ၊ အသို့နည်း။ အနာဂတံ၊ နောင်ဖြစ်လတ္တံ့သည်ကို။ ဒီဃံ၊ ရှည်စွာ။ သမပေက္ခသိ နု၊ ရှူပါ၏လော။ ကစ္စိ၊ အသို့နည်း။ မဒနိယေ၊ မေ့လျော့ခြင်း၏ အကြောင်း၌။ မတ္တော၊ မေ့လျော့သလော။ ပရလောကံ၊ တမလွန်လောကကို။ တွံ၊ သင်မင်းမြတ်သည်။ န သန္တသိ၊ မကြောက်လန့်ပါသလော။

֍ ဋ္ဌ ၁၇၅။ ပက္ခိမ၊ ရွှေဟင်္သာမြတ်။ အဟံ၊ ငါသည်။ အနာဂတံ၊ အနာဂတ်ဘေးကို။ ဒီဃံ၊ ရှည်ရွာ။ သမပေက္ခာမိ၊ ရှုပါ၏။ ဒသသု ဓမ္မေသု၊ ရာဇဓဆယ်ပါးတို့၌။ ဌိတော၊ တည်ပါ၏။ တေန၊ ထိုသို့ ရာဇဓံဆယ်ပါး၌ တည်သောကြောင့်။ ပရလောကံ၊ တမလွန်လောကကို။ န သန္တသေ၊ ငါမကြောက်လန့်ပါ။

မင်းကျင့်တရား ၁၀-ပါး

֍ ဋ္ဌ ၁၇၆။ ဟံသ၊ ရွှေဟင်္သာမင်း။ ဒါနံ၊ အလှူပေးခြင်း လည်းကောင်း။ သီလံ၊ သီလဆောက်တည်ခြင်းလည်းကောင်း။ ပရိစ္စာဂံ၊ ပေးကမ်းစွန့်ကြဲခြင်း လည်းကောင်း။ အဇ္ဇဝံ၊ ဖြောင့်မတ်ခြင်းလည်းကောင်း။ မဒ္ဒဝံ၊ နူးညံ့ခြင်းလည်းကောင်း။ တပံ၊ ဥပုသ်ဆောက်တည်ခြင်း လည်းကောင်း။ အက္ကောခံ၊ အမျက်မထွက်ခြင်းလည်းကောင်း။ အဝိဟိံသဉ္စ၊ သူတစ်ပါးကို မညှဉ်းဆဲခြင်း လည်းကောင်း။ ခန္တီ စ၊ သည်းခံခြင်းလည်းကောင်း။ အဝိရောဓနဉ္စ၊ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်းလည်းကောင်း။

֍ ဋ္ဌ ၁၇၇။ ဣတိ၊ ဤသို့။ ဧတေ ကုသလေ ဓမ္မေ၊ ဤ ကုသိုလ်တရားတို့ကို။ အတ္တနိ၊ မိမိ၌။ ဌိတေ၊ တည်သည်တို့ကို။ ပဿာမိ၊ ငါမြင်၏။ တတော၊ ထိုသိုမြင်သောကြောင့်။ မေ၊ ငါ့အား။ ပီတိ၊ နှစ်သက်ခြင်းသည်လည်းကောင်း။ အနပ္ပကံ၊ များစွာသော။ သောမနဿဉ္စ၊ ဝမ်းမြောက်ခြင်းသည်လည်းကောင်း။ ဇာယတေ၊ ဖြစ်၏။

֍ ဋ္ဌ ၁၇၈။ ဟံသ၊ ရွှေဟင်္သာမင်း။ ဝိဟင်္ဂမော၊ ကောင်းကင်သို့သွားတတ်သော။ အယံ သုမုခေါ၊ ဤသုမုခသည်။ အစိန္တေတွာ၊ မကြံမူ၍။ အသ္မာကံ၊ ငါတို့၏။ ဘာဝဒေါသံ၊ စိတ်၌ဖြစ်သော ဒေါသကို။ အနညာယ၊ မသိဘဲလျက်။ ဖရုသံ၊ ကြမ်းကြုတ်စွာသော။ ဂိရံ၊ စကားကို။ ဝိဿဇိ၊ လွှတ်၏။

֍ ဋ္ဌ ၁၇၉။ ဟံသ၊ ရွှေဟင်္သာမင်း။ သော၊ ထိုသုမုခသည်။ ကုဒ္ဓေါ၊ အမျက်ထွက်သည်ဖြစ်၍။ အယောနိသော၊ မသင့်သောအားဖြင့်။ ဖရုသံ၊ ကြမ်းကြုတ်စွာသော။ ဝါစံ၊ စကားကို။ နိစ္ဆာရေသိ၊ မြွက်ဆို၏။ အသ္မာသု၊ ငါတို့၌။ ယာနိ၊ အကြင် အပြစ်ရှိသည်။ နု ဝိဇ္ဇန္တိ၊ မရှိကုန်။ တာနိ၊ ထိုအပြစ်တို့ကို။ ဝဒသိ၊ ဆိုဘိ၏။ ဣဒံ၊ ဤ သုမုခ၏စကားသည်။ ပညဝတော၊ ပညာရှိသောသူတို့၏။ ဝစနံ ဣဝ၊ စကားကဲ့သို့။ န ပညာယတိ၊ ငါမထင့။

စစ်သူကြီး ကန်တော့ခြင်း

ထိုစကားကိုကြား၍ စစ်သူကြီးသုမုခသည် ငါသည် ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော မင်းကိုလျှင် ကဲ့ရဲ့မိ၏။ ဤမင်းသည် ငါ့အား အမျက်ထွက်၏။ ထိုမင်းကို သည်းခံစေအံ့ဟု ကြံ၍ သည်းခံစေလိုရကား-

၁၈၀။ အတ္ထိ မေ တံ အတိသာရံ၊ ဝေဂေန မနုဇာဓိပ။
ဓတရဋ္ဌေ စ ဗဒ္ဓသ္မိံ၊ ဒုက္ခံ မေ ဝိပုလံ အဟု။
၁၈၁။ တွံ နော ပိတာဝ ပုတ္တာနံ၊ ဘူတာနံ ဓရဏီရိဝ။
အသ္မာကံ အဓိပန္နာနံ၊ ခမဿု ရာဇကုဉ္ဇရ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၈၀။ မနုဇာဓိပ၊ လူတို့အရှင်ဖြစ်တော်မူသော။ မဟာရာဇ၊ မင်းမြတ်။ ဓတရဋ္ဌေ၊ အကျွန်ုပ်အရှင်ဓတရဋ္ဌရွှေဟင်္သာမင်းသည်။ ဗဒ္ဓသ္မိံ၊ ကျော့ကွင်းမိသည်ရှိသော်။ မေ၊ အကျွန်ုပ်အား။ ဝိပုလံ၊ များစွာသော။ ဒုက္ခံ၊ ဆင်းရဲခြင်းသည်။ အဟု၊ ဖြစ်၏။ တသ္မာ၊ ထိုသို့ဆင်းရဲသောကြောင့်။ မေ၊ အကျွန်ုပ်အား။ ဝေဂေန၊ လျင်စွာ။ တံ အဘိသာရံ၊ ထိုသို့ ချွတ်ယွင်းသောစကားသည်။ အတ္ထိ၊ ရှိ၏။

֍ ဋ္ဌ ၁၈၁။ မဟာရာဇ၊ မင်းမြတ်။ တွံ၊ သင်မင်းမြတ်သည်။ ပုတ္တာနံ၊ သားသမီးတို့အား။ ပိတာ ဝိယ၊ အဖကဲ့သို့။ ဘူတာနံ၊ သတ္တဝါမြက်သစ်ပင်တို့၏။ ပတိဋ္ဌာ၊ တည်ရာဖြစ်သော။ ဓရဏီရိဝ၊ မြေကြီးကဲ့သို့။ အဓိပန္နာနံ၊ အမျက်ဒေါသဖြင့် နှိပ်စက်လွှမ်းမိုးအပ်ကုန်သော။ အသ္မာကံ၊ အကျွန်ုပ်တို့၏။ အဝဿယော၊ ကိုးကွယ်ရာသည်။ ဟောဟိ၊ ဖြစ်တော်မူပါလော့။ ကုဉ္ဇရ၊ မင်းတာတို့ထက် မြတ်တော်မူသော။ ရာဇ၊ မင်းမြတ်။ အမှာကံ၊ အကျွန်ုပ်တို့၏။ ဒေါသံ၊ အပြစ်ကို။ ခမဿု၊ သည်းခံတော်မူပါလော့။

မင်းကြီး ကျေနပ်ခြင်း

ဤစကားကို ထိုစစ်သူကြီးသုခသည် နေရာမှဆင်းသက်၍ အတောင်တို့ကိုယှက်သဖြင့် လက်အုပ်ချီခြင်းကို ပြု၍ဆို၏။ ထိုအခါ သုမုခကို သံယမမင်းသည် ပိုက်ဖက်သဖြင့်ယူ၍ ရွှေအင်းပျဉ်၌နေစေပြီးလျှင် အပြစ်ကို ကြားခြင်းကို ဝန်ခံလိုရကား-

၁၈၂။ ဧတံ တေ အနုမောဒါမ၊ ယံ ဘာဝံ န နိဂူဟသိ။
ခိလံ ပဘိန္ဒသိ ပက္ခိ၊ ဥဇုကောသိ ဝိဟင်္ဂမ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၈၂။ ပက္ခိ၊ အတောင်ရှိသော။ ဝိဟင်္ဂမ၊ ကောင်းကင်သို့ ပျံတက်သွားတတ်သော။ သုမုခ၊ အမောင် သုမုခ။ ယံ-ယသ္မာ၊ အကြင့်ကြောင့်။ တွံ၊ သင်သည်။ အတ္တနာ၊ မိမိ၏။ ဘာဝံ၊ စိတ်၌ ဖုံးလွှမ်းအပ်သော အပြစ်ကို။ န နိဂူဟသိ၊ သင် မဖုံးလွှမ်း။ တေ၊ သင်၏။ ဧတံ၊ ထိုသို့ မဖုံးလွှမ်းခြင်းကို။ မယံ၊ ငါတို့သည်။ အနုမောဒါမ၊ ဝမ်းမြောက်ပါကုန်၏။ ခိလံ၊ စိတ်နှလုံး၌ ငြောင့်တံသင်းကို။ ပဘိန္ဒသိ၊ သင်ဖျက်၏။ ဥဇုကော၊ ဖြောင့်မှန်သည်။ အသိ၊ ဖြစ်ပေ၏။ ဧတံ၊ ဤစိတ်နှလုံး၌ဖြစ်သော ငြောင့်တံသင်းကို နုတ်ခြင်း ဖြောင့်မှန်းခြင်းကိုလည်း။ အနုမောဒါမ၊ ဝမ်းမြောက်ပါကုန်၏။

နိုင်ငံကို နှင်းအပ်ပြီ

သံယမမင်းသည် စကားကိုဆိုပြီး၍ ဘုရားလောင်း ရွှေဟင်္သာမင်း၏ တရားစကား၌လည်းကောင်း စစ်သူကြီး သုမုခ၏ ဖြောင့်မှန်သော အဖြစ်၌လည်းကောင်း ကြည်ညိုသည်ဖြစ်၍ ကြည်ညိုသောသူမည်သည် ကြည်ညိုသောအခြင်းအရာကို ပြုအပ်၏ဟု ကြံ၍ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့အား မိမိ၏ မင်းစည်းစိမ်နှင့်တကွသော ဗာရာဏသီမြို့ကြီးကို ဆောင်နှင်းလိုရကား-

၁၈၃။ ယံ ကိဉ္စိ ရတနံ အတ္ထိ၊ ကာသိရာဇနိဝေသနေ။
ရဇတံ ဇာတရူပဉ္စ၊ မုတ္တာ ဝေဠုရိယာ ဗဟူ။
၁၈၄။ မဏယော သင်္ခမုတ်တာ စ၊ ဝတ္ထကံ ဟရိစန္ဒနံ။
အဇိနံ ဒန္တဘဏ္ဍဉ္စ၊ လောဟံ ကဠာယသံ ဗဟုံ။
ဧတံ ဒဒါမိ ဝေါ ဝိတ္တံ၊ ဣဿရံ ဝိဿဇာမိ ဝေါ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၈၃။ ဟံသရာဇာ၊ ရွှေဟင်္သာမင်းတို့။ ကာသိရာဇနိဝေသနေ၊ ကာသိမင်း၏ နန်းတော်၌။ ယံကိဉ္စိ၊ အလုံးစုံသော။ ရတနံ၊ ရတနာသည်။ အတ္ထိ၊ ရှိ၏။ ရဇတံ၊ ငွေသည်လည်းကောင်း။ ဇာတရူပဉ္စ၊ ရွှေသည်လည်းကောင်း။ မုတ္တာ၊ ပုလဲသွယ်သည်လည်းကောင်း။ ဝေဠုရိယာ၊ ကျောက်မျက်ရွဲသည်လည်းကောင်း။ ဗဟူ၊ များစွာ။ သန္တိ၊ ရှိကုန်၏။

֍ ဋ္ဌ ၁၈၄။ ဗဟူ၊ များစွာကုန်သော။ မဏယော၊ ပတ္တမြား ဘဏ္ဍာတို့သည်လည်းကောင်း။ သင်္ခမုတ္တာ စ၊ လက်ယာရစ် ခရုသင်းရတနာ, ပုလဲရတနာတို့သည်လည်းကောင်း။ ဝတ္ထကံ၊ နူးညံ့သိမ်မွေ့သော ကာသိကရာဇ်တိုင်းဖြစ် ပုဆိုးသည်လည်းကောင်း။ ဟရိစန္ဒနံ၊ ရွှေအဆင်းနှင့်တူသော စန္ဒကူးနီသည်လည်းကောင်း။ အဇိနံ၊ သစ်နက်ရေသည်လည်းကောင်း။ ဒန္တဘဏ္ဍဉ္စ၊ ဆင်စွယ်ဘဏ္ဍာသည်လည်းကောင်း။ ဗဟုံ၊ များစွာသော။ လောဟဉ္စ၊ ကြေးနီသည်လည်းကောင်း။ ကာဠာယသဉ္စ၊ ကြေးပုပ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သဗ္ဗံ၊ အလုံးစုံသော။ တံ ဝိတ္တံ၊ ဤဥစ္စာကို။ ဝေါ၊ သင် ရွှေဟင်္သာ မင်းနှစ်ပါးတို့အား။ အဟံ၊ အကျွန်ုပ်သည်။ ဒဒါမိ၊ ပေး၏။ ဣဿရံ၊ မင်းအဖြစ်ကို။ ဝေါ၊ သင် ရွှေဟင်္သာမင်းနှစ်ပါးတို့အား။ ဝိဿဇာမိ၊ စွန့်လွှတ်ပါ၏။

ဟင်္သာတို့ ပြန်ခွင့်တောင်းခြင်း

ဤသို့သော စကားကိုဆိုပြီးလျှင် ရွှေဟင်္သာမင်းနှစ်ပါးတို့ကို ထီးဖြူဖြင့်ပူဇော်၍ ဗာရာဏသီမင်းအဖြစ်ကို ဆောင်နှင်း၏။ ထိုအခါ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းသည် မင်းနှင့်တကွ စကားပြောဟောလိုရကား-

၁၈၅။ အဒ္ဓါ အပစိတာ တျာမှာ၊ သက္ကတာ စ ရထေသဘ။
ဓမ္မေသု ဝတ္တမာနာနံ၊ တွံ နော အာစရိယော ဘဝ။
၁၈၆။ အာစရိယ မနုညာတာ၊ တယာ အနုမတာ မယံ။
တံ ပဒက္ခိဏတော ကတွာ၊ ညတိံ ပဿမုရိန္ဒမ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၈၅။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော။ ရာဇိန္ဒ၊ မင်းများနတ်။ တေ၊ သင်မင်းမြတ်သည်။ မယံ၊ အကျွန်ုပ်တို့ကို။ အဒ္ဓါ၊ စင်စစ်။ အပစိတာ၊ အရိုအသေ ပူဇော်အပ်ကုန်သည်။ အမှာ၊ ဖြစ်ကုန်ပြီ။ သက္ကတာ စ၊ အရိုအသေ ပြုအပ်ကုန်သည်လည်း။ အမှာ၊ ဖြစ်ကုန်ပြီ။ တွံ၊ သင် မင်းမြတ်သည်။ ဓမ္မေသု၊ ကုသိုလ်ကမ္မပထတရားတို့၌။ ဝတ္တမာနာနံ၊ ကျင့်ကုန်သော။ နော၊ အကျွန်ုပ်တို့၏။ အာစရိယော၊ ဆရာသည်။ ဘဝ၊ ဖြစ်တော်မူလော့။

֍ ဋ္ဌ ၁၈၆။ အာစရိယ၊ ဆရာအရာ၌တည်ပေသော။ အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမပေတတ်သော။ မန္ဒိရိဿရ၊ ရွှေနန်းရှင်။ တယာ၊ သင် မင်းမြတ်သည်။ အနုညာတာ၊ ခွင့်ပြုအပ်ကုန်သော။ အနုမတာ၊ အလိုတော်ကိုသိကုန်သော။ မယံ၊ အကျွန်ုပ်တို့သည်။ တံ၊ သင်မင်းမြတ်ကို။ ပဒက္ခိဏတော၊ လက်ယာရစ်လှည့်သည်ကို။ ကတွာ၊ ပြု၍။ ဉာတိံ၊ ဆွေမျိုးအပေါင်းကို။ ပဿေမု၊ မြင်လိုပါကုန်၏။

ရွှေဟင်္သာတို့ လွတ်ကြပြီ

ထိုသံယမမင်းသည် ရွှေဟင်္သာမင်းတို့အား သွားခြင်းကို ခွင့်ပြုတော်မူ၏။ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်း တရားဟောစဉ်ပင်လျှင် အရုဏ်သည်တက်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၈၇။ သဗ္ဗရတ္တိံ စိန္တယိတွာ၊ မန္တယိတွာ ကထာကထံ။
ကာသိရာဇာ အနုညာသိ၊ ဟံသာနံ ပဝရုတ္တမံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၈၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌ ကာသိရာဇာ၊ ကာသိမင်းသည်။ တေဟိ၊ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့နှင့်။ သဒ္ဓိံ၊ တကွ။ ယထာကထံ၊ အလိုရှိတိုင်းသောစကားကို။ သဗ္ဗရတ္တိံ၊ ညဉ့်သုံးယံပတ်လုံး။ စိန္တယိတွာ၊ ကြံစည်ပြီး၍။ မန္တယိတွာ၊ တိုင်ပင်ပြီး၍။ ဟံသာနံ၊ ဟင်္သာအပေါင်းတို့ထက်။ ပဝရုတ္တမံ၊ အလွန်မြတ်သော ရွှေဟင်္သာမင်းကို။ အနုညာသိ၊ အခွင့်ပြု၏။

ဤသို့ ထိုဗာရာဏသီပြည့်ရှင် သံယမမင်း ခွင့်ပြုသည်ရှိသော် ဘုရားလောင်သည် ဗာရာဏသီမင်းကို မမေ့မလျော့ တရားနှင့်အညီ မင်းပြုလော့ဟု ဆုံးမ၍ ငါးပါးသီလတို့၌ တည်စေ၏။ ဗာရာဏသီမင်းသည်လည်း ရွှေဟင်္သာမင်းနှစ်ပါးတို့အား ရွှေခွက်တို့ဖြင့် ပေါက်ပေါက်တို့ကိုလည်းကောင်း၊ ချိုမြိန်မြတ်သော ရေကိုလည်းကောင်း စေ၍ စားသောက်ခြင်းကိစ္စ ပြီးလတ်သော် ရွှေဟင်္သာမင်းနှစ်ပါးတို့ကို ပန်းနံ့သာအစရှိသည်တို့ဖြင့် ပူဇော်၍ ဘုရားလောင်းကို ရွှေပန်းတောင်းဖြင့် မင်းကြီးကိုယ်တိုင်ချီ၍ ခေမာမိဖုရားကြီးသည် စစ်သူကြီးသုမုခကိုချီပြီးလျှင် ရွှေဟင်္သာမင်းနှစ်ပါးတို့ကို မြတ်သော လေသွန်တံခါးကိုဖွင့်၍ နေထွက်သောအခါ၌ အရှင်ကောင်းတို့ ကြွတော်မူကြကုန်လော့ဟု ဆို၍ လွှတ်တော်မူကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၈၈။ တတော ရတျာဝိဝသာနေ၊ သူရိယုဂ္ဂမနံ ပတိ။
ပေက္ခတော ကာသိရာဇဿ၊
ဘဝနာ တေ ဝိဂါဟိသုံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၈၈။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော တဒါကာလေ၊ ထိုအခါ၌၊ ရတျာဝိဝသာနေ၊ ညဉ့်၏ အဆုံး၌။ သူရိယုဂ္ဂမနံ၊ နေထွက်ခြင်းကို။ ပတိ၊ စွဲ၍။ ကာသိရာဇဿ၊ ကာသိမင်း၏။ ပေက္ခတော၊ ရှုကြည့်လျက်။ ဘဝနာ၊ ရွှေနန်းတော်မှ။ တေ သုဝဏ္ဏဟံသာ၊ ရွှေဟင်္သာမင်းနှစ်ပါးတို့သည်။ အာကာသံ၊ ကောင်းကင်သို့။ ဝိဂါဟိသုံ၊ ပျံသွားလေကုန်၏။

စိတ္တကုဋ်တော်သို့ ရောက်ကြခြင်း

ထိုရွှေဟင်္သာမင်းနှစ်ပါးတို့တွင် ဘုရားလောင်းသည် ရွှေပန်းတောင်းမှ ပျံတက်၍ ကောင်းကင်၌ရပ်လျက် မြတ်သောမင်းကြီး စိုးရိမ်တော်မမူလင့်၊ မမေ့မလျော့ ငါတို့အဆုံးအမ၌ ကျင့်တော်မူလော့ဟု ဗာရာဏသီပြည့်ရှင် သံယမမင်းမြတ်ကို နှစ်သိမ့်စေပြီးလျှင် စစ်သူကြီးသုမုခကိုခေါ်၍ စိတ္တကုဋ်တောင်သို့သာလျှင် ကြွတော်မူ၏။ ထိုအခါ ကိုးသောင်းကုန်သော ဟင်္သာတို့သည်လည်း ရွှေဂူမှထွက်လတ်၍ စိတ္တကုဋ်တောင်အပြင်၌ နေကုန်လျက် ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ လာလတ်သည်တို့ကို မြင်ကုန်လျှင် ခရီးဦးကြိုဆို၍ ခြံရံကုန်၏။ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့သည် ဆွေမျိုးအပေါင်းခြံရံလျက် စိတ္တကုဋ်တောင်အပြင်သို့ ဝင်ကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်

၁၈၉။ တေ အရောဂေ အနုပ္ပတ္တေ၊

ဒိသွာန ပရမေ ဒိဇေ။

ကေကာတိ မကရုံ ဟံသာ၊

ပုထုသဒ္ဒေါ အဇာယထ။

၁၉၀။ တေ ပတီတာ ပမုတ္တေန၊ ဘတ္တုနာ ဘတ္တုဂါရဝါ။

သမန္တာ ပရိကိရိံသု၊ အဏ္ဍဇာ လဒ္ဓပစ္စယော။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၈၉။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ဟံသာ၊ ဟင်္သာအပေါင်းတို့သည်။ အရောဂေ၊ အနာကင်းသည်ဖြစ်၍။ အနုပ္ပတ္တေ၊ ရောက်လာကုန်သော။ ပရမေ၊ မြတ်ကုန်သော။ တေ ဒိဇေ၊ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ကို။ ဒိသွာ၊ မြင်ကုန်၍။ ကေကာတိ၊ မိမိတို့ဘာသာဖြစ်သော ကေကာဟူသော အသံကို။ အကရုံ၊ မြည်ကုန်၏။ ပုထုသဒ္ဒေါ၊ များစွာသော အသံသည်။ အဇာယထ၊ ဖြစ်လေ၏။

֍ ဋ္ဌ ၁၉၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘတ္တုနာ၊ မိမိတို့အရှင်ဖြစ်သော ရွှေဟင်္သာမင်းသည်။ ပမုတ္တေန၊ ရန်သူလက်မှ လွတ်သည်ရှိသော်။ ဘတ္တုဂါရဝါ၊ အရှင်ကိုရိုသေတတ်ကုန်သော။ တေ အဏ္ဍဇာ၊ ထိုရွှေဟင်္သတို့သည်။ ပတီတာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။ လဒ္ဓပစ္စယာ၊ ရအပ်သော တည်ရာရှိကုန်သည်ဖြစ်၍။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ပရိကိရိံသု၊ ခြံရံအပ်ကုန်၏။

ဟင်္သာတို့ မေတ္တာပို့ကြခြင်း

ဤသို့ ခြံရံကုန်ပြီး၍ ထိုဟင်္သာတို့သည် အရှင်မင်းမြတ်... အဘယ်သို့သော အကြောင်းကြောင့် လွတ်တော်မူကုန်သနည်းဟု မေးလျှောက်ကြကုန်၏။ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းသည် စစ်သူကြီးသုခကိုမှီ၍ လွတ်သောအကြောင်းကိုလည်းကောင်း၊ သံယမမင်း, မုဆိုးတို့သည် ပြုအပ်သောအမှုကိုလည်းကောင်း ပြောဆိုတော်မူ၏။ ထိုသို့ ပြောဆိုသောစကားကို ကြားကုန်၍ ဟင်္သာအပေါင်းတို့သည် နှစ်သက်ကုန်သည်ဖြစ်၍ စစ်သူကြီးသုမုခသည်လည်းကောင်း, သံယမမင်းသည်လည်းကောင်း မုဆိုးသားသည်လည်းကောင်း ချမ်းသာသဖြင့် ဆင်းရဲကင်းကုန်သည် ဖြစ်၍ မြင့်ရှည်စွာ အသက်ရှည်ပါစေကုန်သတည်းဟု ဆိုကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်

၁၉၁။ ဧဝံ မိတ္တဝတံ အတ္ထာ၊ သဗ္ဗေ ဟောန္တိ ပဒက္ခိဏာ။

ဟံသာ ယထာ ဓတရဋ္ဌာ၊ ဉာတိသံဃမုပါဂမုံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၁၉၁။ ဘိက္ခဝ၊ ရဟန်းတို့။ မိတ္တဝန္တာ၊ အဆွေခင်ပွန်းကောင်းဖြစ်ကုန်သော။ ဓတရဋ္ဌာ၊ ဓတရဋ္ဌမျိုးဖြစ်ကုန်သော။ ဟံသာ၊ ရွှေဟင်္သာမင်းနှစ်ပါးတို့သည်။ ပဒက္ခိဏာ၊ အစီးအပွားနှင့် ယှဉ်ကုန်သည် ဖြစ်၍။ ဉာတိသံဃံ၊ ဆွေမျိုးအပေါင်းသို့။ ဥပါဂမုံ ယထာ၊ ကပ်ရကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ မိတ္တဝတံ၊ အဆွေခင်ပွန်းကောင်းရှိသော သူတို့အား။ သဗ္ဗေ၊ အလုံးစုံကုန်သော။ အတ္ထာ၊ အကျိုးတို့သည်။ ပဒက္ခိဏာ၊ စီးပွားခြင်းနှင့်ယှဉ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် အာနန္ဒာသည် ငါဘုရားအကျိုးငှာ မိမိအသက်ကို စွန့်သည်မဟုတ်သေး၊ ရှေး၌လည်း အာနန္ဒာသည် ငါဘုရားအကျိုးငှာ မိမိအသက်ကို စွန့်ဖူးပြီဟု မိန့်တော်မူ၍ ယခုအခါ ဆန္နမထေရ်သည် ထိုအခါ ခေမာမုဆိုးဖြစ်ဖူးပြီ၊ ယခုအခါ ခေမာဘိက္ခုနီမသည် ထိုအခါ ခေမာမိဖုရားကြီးဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ်တရာသည် ထိုအခါ သံယမမင်းကြီး ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ရွှေဟင်္သာစစ်သူကြီး သုမုခဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကြွင်းသောပရိသတ်တို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဓတရဋ္ဌရွှေဟင်္သာ ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးထောက်ထား သက်စွန့်ငြား ကြီးပွားချမ်းသာမည်

နှစ်ခုမြောက်ဖြစ်သော မဟာဟံသဇာတ်သည် ပြီး၏။

*****

အသီတိနိပါတ်

၃။ သုဓာဘောဇနဇာတ်

ဝန်တိုမစ္ဆရိယ ကင်းဝေးကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နေဝ ကိဏာမိအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဓာဘောဇနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အလှူဒါနကိုအလိုရှိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် သာဝတ္ထိပြည်၌ တစ်ယောက်သော အမျိုးသားဖြစ်၍ ဘုရားသခင်တရားတော်ကို ကြားနာရလျှင် ကြည်ညိုသောစိတ်ရှိသဖြင့် ရဟန်းပြု၍ သီလတို့၌ ဖြည့်လေ့ရှိသည်။ ဓုတင်ကျေးဇူးနှင့်ပြည့်စုံသည်။ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသည်။ ကောင်းစွာဖြစ်စေအပ်သော မေတ္တာစိတ်ရှိသည်။ နေ့၌သုံးကြိမ် ဘုရား, တရား, သံဃာကို လုပ်ကျွေးခစားခြင်း၌ မမေ့မလျော့သည်။ အကျင့်သီလနှင့် ပြည့်စုံသည်။ အလှူဒါနကို အလိုရှိသည်ဖြစ်၏။ သာရဏီယဝတ်ကို ဖြည့်၏။ မိမိသည်ရအပ်သောပစ္စည်းကို အလှူခံတို့သည် ရှိကုန်လတ်သော် မိမိအတွက် ပြတ်သောဆွမ်းရှိသည် ဖြစ်သော်လည်း လှူသည်သာလျှင်တည်း။ ထို့ကြောင့် ထိုရဟန်း၏ အလှူဒါန၌ အလိုရှိသောအဖြစ်၊ အလှူဒါန၌ မွေ့လျော်သောအဖြစ်သည် ရဟန်းသံဃာအပေါင်း၌ ထင်ရှား၏။

အလှူရှင်ရဟန်း

ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် စကားကို ဖြစ်စေကုန်၏။ ငါ့ရှင်တို့... ဤအမည်ရှိသော ရဟန်းသည် အလှူဒါနကို အလိုရှိ၏။ အလှူ၌မွေ့လျော်၏။ မိမိသည်ရအပ်သော တစ်လက်ဖက်မျှလောက်သော ရေကိုသော်လည်း လောဘကိုဖြတ်၍ သီတင်းသုံးဖော်တို့အား ပေးလှူ၏။ ထိုရဟန်း၏အလိုသည် ဘုရားလောင်း၏ အလိုဆန္ဒကဲ့သို့ ဖြစ်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုစကားကို နတ်တို့နားနှင့်တူသော ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြားတော်မူလျှင် ဂန္ဓကုဋိတော်မှ ထွက်တော်မူခဲ့သဖြင့် ကြွလာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်ကုန်လတ်သော် ရဟန်းတို့... ဤရဟန်းသည် ရှေး၌ကား ပေးလှူလေ့မရှိသည် ဝန်တိုမစ္ဆရိယရှိသည် ဖြစ်၏။ မြက်ဖျားဖြင့် ဆီပေါက်မျှလောက်ကိုသော်လည်း မပေးမလှူ၊ ထိုအခါ ထိုရဟန်းကို ငါဘုရားသည် ဆုံးမတော်မူသဖြင့် ယဉ်ကျေးသည်ကိုပြု၍ အလှူဒါန၏အကျိုးကို ချီးမွမ်းလျက် အလှူပေးခြင်း၌ တည်စေတော်မူ၏။ ထိုရဟန်းသည် တစ်လက်ဖက်မျှလောက်သော ရေကိုသော်လည်း ရသည်ရှိသော် မလှူမူ၍ မသောက်ပါပြီဟု ငါဘုရားအထံ၌ ဆုကိုယူ၏။ ထိုသို့ယူဖူးသော ဆု၏အစွမ်းကြောင့် အလှူဒါန၌ အလိုရှိသည်။ အလှူဒါန၌ မွေ့လျော်သည်ဖြစ်၏ ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူလျှင် ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် တစ်ယောက်သော သူကြွယ်သည် များသော ဥစ္စာနှစ်ရှိသည်ဖြစ်၍ ကုဋေရှစ်ဆယ် ကြွယ်ဝ၏။ ထိုအခါ ဗာရာဏသီမင်းသည် ထို သူကြွယ်အား သူဌေးအရာကို ပေးတော်မူ၏။ ထိုသူကြွယ်သည် မင်း, ပြည်သူ, ဇနပုဒ်သူတို့သည် ပူဇော်အပ်သည်ဖြစ်၍ တစ်နေ့သ၌ မိမိစည်းစိမ်ကိုကြည့်၍ ဤ စည်းစိမ် ချမ်းသာကို ငါသည် ရှေးဘဝ၌ အိပ်သဖြင့်လည်းမရ၊ ကာယဒုစရိုက် အစရှိသည်တို့ကို ပြုသဖြင့်လည်းမရ၊ စင်စစ်သော်ကား သုစရိုက်တရားကိုဖြည့်၍ ရအပ်၏။ နောင်အခါ၌လည်း ငါသည် ငါ၏တည်ရာကို ပြုခြင်းငှာ သင့်၏ ဟု ကြံ၏။ ကြံပြီး၍ ထိုသူကြွယ်သည် မင်း၏အထံသို့သွား၍ အရှင်မင်းမြတ်... အကျွန်ုပ်အိမ်၌ ဥစ္စာကုဋေရှစ်ဆယ်ရှိပါ၏။ ထိုဥစ္စာကို အရှင်မင်းမြတ်သည် ယူတော်မူပါလော့ ဟု တင်လျှောက်လတ်သော် သူဌေး... ငါသည် သင့်ဥစ္စာဖြင့်အလိုမရှိ၊ ငါ့အား ဥစ္စာသည် များစွာ၏။ ဤငါ၏နန်းတော်မှသည် အကြင်ဥစ္စာကို သင် အလိုရှိ၏။ ထိုဥစ္စာကို သင်ယူလော့ ဟု ဆိုလတ်သော် အရှင်မင်းမြတ်... အသို့နည်း၊ အကျွန်ုပ်ဥစ်စာကို အကျွန်ုပ်သည် လှူခြင်းငှာ ရပါမည်လော ဟု တင်လျှောက်ပြန်၏။ ထိုအခါ သူဌေးကို ဗြဟ္မဒတ်မင်းသည် သင့်ဥစ္စာကို သင်အလိုရှိတိုင်းပြုပါလော့ ဟု ဆိုလတ်သော် မြို့တံခါးလေးမျက်နှာတို့၌လည်းကောင်း၊ မြို့လယ်၌ လည်းကောင်း၊ နေအိမ်တံခါး၌ လည်းကောင်း ဤသို့ ခြောက်ဌနတို့၌ ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်စေ၍ နေ့တိုင်းနေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကို စွန့်ကြဲလျက် ကြီးစွာသောအလှူကို ဖြစ်စေ၏။

မစ္ဆရိယသူဌေး

ထိုသူဌေးသည် အသက်ထက်ဆုံး အလှူပေး၍ ငါ၏ ဤအလှူအစဉ်အဆက်ကို မဖြတ်ကြကုန်လင့် ဟု သားတို့ကို ဆုံးမ၍ အသက်၏အဆုံး၌ နတ်သိကြားဖြစ်၏။ ထို ပထမသူဌေး၏ သားသည်လည်း ထို့အတူလျှင် အလှူပေး၍ စန္ဒနတ်သား ဖြစ်၏။ ထိုဒုတိယသူဌေး၏ သားသည်လည်း ထို့အတူ အလှူပေး၍ သူရိယနတ်သား ဖြစ်၏။ ထိုတတိယသူဌေး၏ သားသည်လည်း ထို့အတူ အလှူပေး၍ မာတလိနတ်သားဖြစ်၏။ ထိုစတုတ္ထသူဌေး၏ သားသည်လည်း ထို့အတူ အလှူပေး၍ ပဉ္စသီခနတ်သား ဖြစ်၏။ ထိုပဉ္စမသူဌေး၏သားဖြစ်သော ခြောက်ယောက်မြောက်သော သူဌေးသားသည်ကား သူဌေးအရာကိုရသည်ရှိသော် မစ္ဆရိယကောသိယ အမည်ရှိသော သူဌေးဖြစ်၏။ ကုဋေရှစ်ဆယ် ကြွယ်ဝသည်သာလျှင်တည်း။

ခြိုးခြံလွန်းလှသူ

ထိုမစ္ဆရိယကောသိယ သူဌေးသည် ငါ၏ အဘ အဘိုးတို့သည် မိုက်သည်ဖြစ်ကုန်၏။ ဆင်းရဲငြိုငြင်စွာ ဆည်းပူးအပ်သောဥစ္စာကို စွန့်ကုန်၏။ ငါမူကား ဤဥစ္စာကို စောင့်ရှောက်အံ့၊ တစ်စုံတစ်ယောက်သောသူအား အနည်းငယ်မျှသော ဥစ္စာကို ငါမပေးအံ့ ဟု ကြံ၍ အလှူ တင်းကုပ်တို့ကိုဖျက်ဆီး၍ မီးတိုက်ပြီးလျှင် ခက်ထန်ဝန်တို့သည်ဖြစ်၏။ ထိုအခါ ထိုမစ္ဆရိယကောသိယ သူဌေးအိမ်တံခါး၌ အလှူခံ ဖုန်းတောင်းယာစကာတို့သည် စည်းဝေးကုန်၍ လက်နှစ်ဖက်တို့ကို ချီးမြှောက်ကြကုန်လျက် သူဌေးကြီး... မိမိ၏အဘအဘိုး အဆက်ဆက်တို့၏ အလှူဝတ်အစဉ်ကို မဖျက်ဆီးပါလင့်၊ အလှူပေးပါလော့ ဟု ဆို၍ များစွာသောအသံဖြင့် ငိုကြွေးကုန်၏။ ထိုငိုကြွေးသံကိုကြား၍ လူများသည် မစ္ဆရိယကောသိယ သူဌေးသည် မိမိ အလှူဝတ်အစဉ်ကို ဖြတ်၏ ဟု ထိုသူဌေးကို ကဲ့ရဲ့ကြကုန်၏။ ထိုမစ္ဆရိယကောသိယ သူဌေးသည် ရှက်သည်ဖြစ်၍ အိမ်တံခါးသို့ လာကုန်လာကုန်သော အလှူခံတို့ကို တားမြစ်စိမ့်သောငှာ အစောင့်အရှောက်ကိုထား၏။ ထိုအလှူခံ ဖုန်းတောင်းယာစကာတို့သည် အထောက်အပံ့ မရှိကုန်သည်ဖြစ်၍ တစ်ဖန် ထိုသူဋ္ဌေးအိမ်တံခါးကို မကြည့်ကုန်ပြီ။ ထိုသူဌေးသည် ထိုအခါမှစ၍ ဥစ္စာကိုသာလျှင် ဆည်းပူး၏။ ထိုဥစ္စာကို မိမိလည်း မသုံးဆောင်၊ သားမယားအစရှိသော သူတို့အားလည်း မပေး၊ ပအုံးရည်လျှင် နှစ်ခုမြောက်သော ဆန်ကွဲထမင်းကိုသာလျှင် စား၏။ ဝါချည်ဖြင့် ရက်အပ်ကုန်သော ရုန့်ကြမ်းသော ပုဆိုးတို့ကိုသလျှင်ဝတ်၏။ သစ်ရွက်ထီးကို ဦးခေါင်းထက်၌ဆောင်း၍ နွားအိုက, သော ဆွေးမြည့်ဟောင်းနွမ်းသော ရထားအိုကိုသာလျှင် စီး၍သွား၏။ ဤသို့လျှင် သူဌေးယုတ်၏ဥစ္စာသည် ခွေးသည်ရအပ်သော အုန်းသီးကဲ့သို့ ဖြစ်၏။

အာဟာရချို့ပြီ

ထိုသူဌေးသည် တစ်နေ့သ၌ မင်းခစားအံ့သောငှာ သွားသည်ရှိသော် သူဌေးငယ်ကိုခေါ်၍ သွားအံ့ ဟု ထိုသူဌေးငယ်အိမ်သို့သွား၏။ ထိုခဏ၌ သူဌေးငယ်သည် သားသမီးတို့ဖြင့်ခြံရံလျက် ထောပတ်သစ်, ပျားလဖို့, သကာမှုန့်တို့ဖြင့် စီရင်အပ်သော နို့ဃနာကို စားလျက်နေ၏။ ထိုသူဌေးငယ်သည် မစ္ဆရိကောသိယ သူဌေးကြီးကိုမြင်လျှင် နေရာမှထ၍ အရှင်သူဌေးကြီး... ကြွတော်မူလှည့်၊ ဤပလ္လင်၌နေ၍ နို့ဃနာကို စားကြကုန်အံ့ ဟု ဆို၏။ ထိုဃနာကိုမြင်လျှင် ထိုမစ္ဆရိယကောသိယသူဌေး အာခံတွင်း၌ တံတွေးသည်ဖြစ်၏။ စားလို၏။ ဤသို့ စားလိုသော်လည်း တစ်ဖန်ကြံပြန်၏။ အကယ်၍ ငါသည် ဤဃနာကို စားအံ့၊ ဤသို့ စားသည်ရှိသော် သူဌေးငယ်သည် အိမ်သို့လာသောအခါ ပူဇော်သက္ကာရ အတုံ့ပြုရလတ္တံ့၊ ဤသို့ ပြုတုံ့ပြုရသည်ရှိသော် ငါ၏ဥစ္စာသည် ပျက်စီးလတ္တံ့ ဟု ကြံ၍ မစားအံ့ ဟု ဆို၏။ အဖန်တလဲလဲ တောင်းပန်သော်လည်း ယခုအခါ ငါ ထမင်းဝသည်ဖြစ်၏ ဟု ဆို၍ အလိုမရှိ။ သူဌေးငယ် စားသည်ရှိသော်ကား ကြည့်လျက် ခံတွင်း၌ များစွာသော တံတွေးရှိလျက်နေ၍ ထိုသူဌေးငယ် စားခြင်းကိစ္စအဆုံး၌ ထိုသူဌေးငယ်နှင့်တကွ မင်း၏နန်းတော်သို့သွား၍ မင်းကိုဖူးမြင်ပြီးလျှင် မင်းအိမ်မှသက်ခဲ့၍ မိမိအိမ်သို့ ရောက်လတ်သော် နို့ဃနာကို စားချင်ခြင်းတဏှာဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ကြံ၏။ အကယ်၍ ငါသည် နို့ဃနာကို စားလို၏ဟု ဆိုအံ့၊ လူများသည်လည်း စားလိုသည် ဖြစ်လတ္တံ့၊ များစွာကုန်သော ဆန်အစရှိသည်တို့သည် ပျက်စီးကုန်လတ္တံ့၊ တစ်စုံ တစ်ယောက်သော သူကိုမျှ မပြောမဆို ဟု ကြံ၏။ ကြံပြီး၍ ထိုသူဌေးသည် နေ့ညဉ့်မပြတ် နို့ခနာကိုသာလျှင် ကြံလျက် လွန်စေသော်လည်း ဥစ္စာပျက်စီးခြင်းမှ ကြောက်သောကြောင့် တစ်စုံ တစ်ယောက်သောသူအား မပြောမဆိုမူ၍လျှင် ငတ်မွတ်ခြင်းကိုသည်းခံ၏။ အစဉ်သဖြင့် သည်းခံခြင်းငှာ မတတ်နိုင်ရကား ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ဖြစ်၏။ ဤသို့ ဖျော့တော့သော အဆင်းရှိသည် ဖြစ်သော်လည်း ဥစ္စာပျက်စီးခြင်းမှ ကြောက်သောကြောင့် မပြောဆို။ နောက်အဖို့၌ အားနည်းသည်ဖြစ်၍ အိပ်ရာညောင်စောင်းကိုဖက်၍ အိပ်၏။

ပုန်း၍ နို့ဃနာချက်ပုံ

ထိုအခါ ထိုမစ္ဆရိယကောသိယ သူဌေးကို မယားသည် ချဉ်းကပ်၍ လက်ဖြင့် ကျောကိုသုံးသပ်လျက် အရှင်... အရှင့်အား အဘယ်မချမ်းသာသနည်းဟု မေး၏။ ရှင်မ... သင်၏ကိုယ်၌သာလျှင် မချမ်းသာခြင်းကို ပြုလော့၊ ငါ့အား မချမ်းသာခြင်းသည် မရှိဟု ဆို၏။ အရှင်... အရှင်သည် ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိ၏။ အရှင့်အား တစ်စုံတစ်ခုသော အကြံသည် ရှိသလော၊ ထိုသို့မဟုတ်မူ အရှင်၏မင်းမြတ်သည် အမျက်ထွက်တော် မူသလော၊ ထိုသို့မဟုတ်မူ သားသမီးတို့သည် မထီမဲ့မြင်ပြုသလော၊ ထိုသို့မဟုတ်မူ တစ်စုံတစ်ခုသော ချင်ခြင်းတဏှာသည် ဖြစ်သလောဟု မေး၏။ ရှင်မ... ငါ့အား ချင်ခြင်းတဏှာသည် ဖြစ်၏ဟု ဆိုလတ်သော် အရှင်... ဖြစ်သောချင်ခြင်းကို ဆိုပါလော့ဟု ဆို၏။ ရှင်မ... ထိုချင်ခြင်းကို ငါ မဆိုအံ့ဟု ဆိုလတ်သော် အရှင်... ထိုချင်ခြင်းတဏှာကို စောင့်ခြင်းငှာ တတ်နိုင်လတ္တံ့လောဟု မေး၏။ စောင့်အပ်သည်နှင့် လျော်သောအခါသည် အကယ်၍ ဖြစ်ငြားအံ့၊ ငါ စောင့်အံ့ဟုဆို၍ ဤသို့ဖြစ်သော်လည်း ဥစ္စာပျက်စီးအံ့သည်မှ ကြောက်သောကြောင့် ပြောဆိုခြင်းငှာမဝံ့၊ ထိုမယားသည် အဖန်တလဲလဲနှိပ်စက်၍ မေးသည်ရှိသော် ပြောဆို၏။ ရှင်မ... ငါသည် တစ်နေ့သ၌ ထောပတ်သစ် ပျား သကာတို့ဖြင့် ကောင်းစွာ စီရင်အပ်သော နွားနို့ဃနာထမင်းကို သူဌေးငယ်စားသည်ကို မြင်ရလျှင် ထိုအခါမှစ၍ ထိုနို့ဃနာနှင့်တူသော ဃနာထမင်းကို စားလိုသည်ဖြစ်၏ ဟု ပြောဆိုလတ်သော် အိုသူယုတ်... အသို့နည်း၊ သင်သည် ဆင်းရဲပါသလော၊ ဗာရာဏသီမြို့လုံးလောက်အောင် နို့ဃနာထမင်းကို ချက်အံ့ဟု ဆို၏။ ထိုသို့ဆိုသောအခါ ထိုသူဌေးအား ဦးခေါင်း၌ လှင်တံဖြင့် ပုတ်ခတ်သကဲ့သို့ ဖြစ်၏။

ထိုသူဌေးသည် မယားအား အမျက်ထွက်၍ ငါသည် သင်ဥစ္စာများသောအဖြစ်ကို သိပါ၏။ သင့်အား မိဘအိမ်မှ ဆောင်ယူခဲ့သောဥစ္စာသည် အကယ်၍ ရှိအံ့၊ ထိုဥစ္စာဖြင့် နို့ဃနာချက်၍ အလုံးစုံသော မြို့နေသူတို့အား ပေးလော့ဟု ဆို၏။ ထိုသို့တပြီးကား တစ်ခုသော လမ်းခရီး၌နေသော သူတို့အား စားလောက်သည်ကို ပြု၍ ချက်အံ့ ဆိုလတ်သော် သင့်အား ထိုသူတို့ကို မိမိဥစ္စာကို စားစေသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ဆို၏။ ထိုသို့တပြီးကား ထိုမှ ဤမှ ခုနစ်အိမ် ခုနစ်အိမ်၌ နေကုန်သောသူတို့အား စားလောက်သည်ကိုပြု၍ ချက်အံ့ဟု ဆို၏။ ထိုသူတို့ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်းဟု ဆိုလတ်သော် ဤ ငါတို့အိမ်၌နေသော ပရိသတ်အပေါင်းအား စားလောက်ရုံချက်အံ့ဟု ဆို၏။ သင့်အား ထိုသူတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ဆို၏။ ထိုသို့တပြီးကား ငါတို့သားသမီး အဆွေအမျိုးတစ်စုအားသာလျှင် စားလောက်ရုံ ချက်အံ့ဟု ဆို၏။ သင့်အား ဤသားသမီးဆွေမျိုးတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟုဆို၏။ ထိုသို့တပြီးကား ငါတို့လင်မယား စားလောက်ရုံချက်အံ့ဟု ဆိုသည်ရှိသော် သင့်အား အဘယ်ပြုအံ့နည်း၊ သင့်အား မသင့်ဟု ဆို၏။ ထိုသို့ဖြစ်လျှင် အရှင်တစ်ယောက်တည်း စားလောက်ရုံသာ ချက်အံ့ဟု ဆိုလတ်သော် ငါ့ဖို့ကိုလည်း သင် မချက်ပါလင့်၊ စင်စစ်သော်ကား ဤဃနာကို ဤအိမ်၌ ချက်သည်ရှိသော် များစွာသော လူတို့သည် တောင့်တကုန်လတ္တံ့၊ ငါ့အား တစ်ခွက်သောဆန်ကိုလည်းကောင်း၊ ဆန်၏လေးစုတစ်စုသော နို့ရည်ကိုလည်းကောင်း၊ နို့ရည်အားလျော်သော သကာခွက်ကိုလည်းကောင်း ထောပတ်ခွက်ကိုလည်းကောင်း ပျားခွက်ကိုလည်းကောင်း ဃနာချက်စရာ အိုးတစ်လုံးကိုလည်းကောင်း ပေးလော့၊ တောသို့ဝင်၍ ထိုတော၌ချက်၍ စားချေအံ့ဟု ဆိုလတ်သော် ထိုမယားသည် သူဌေးဆိုတိုင်းပြု၏။

ထိုသူဌေးသည် အလုံးစုံကို အစေအပါးတစ်ယောက်ကို ယူခဲ့စေ၍ ထိုသူဌေးသည် အစေအပါးကို သွားချေ၊ ဤမည်သောအရပ်၌ သင်နေနှင့်လော့ဟု မှာထားပြီးလျှင် ထိုအလုပ်အကျွေးကို ရှေ့ကသွားစေ၍ တစ်ယောက်တည်းသာလျှင် လျှို့ဝှက်သည်ကိုပြု၍ မထင်ရှားသောအသွင်ဖြင့် ထိုမှာထားလိုက်ရာအရပ်သို့ သွား၍ မြစ်နားဝယ် တစ်ခုသောတွင်း၌ ခုံလောက်လုပ်ပြီးလျှင် ထင်းရေကိုဆောင်ယူစေ၍ သင်သည် သွား၍ တစ်ခုသော လမ်းခရီး၌နေ၍ တစ်စုံတစ်ယောက်သောသူကိုမြင်လျှင် ငါ့အား အမှတ်ပေးလှည့်လော့၊ ငါခေါ်မှသာလျှင် သင်လာခဲ့လော့ဟု ဆို၍ ထိုအလုပ်အကျွေးကို စေလိုက်ပြီးလျှင် မီးညှိ၍ နို့ဃနာချက်၏။

သိကြားမင်း အလှူခံလာခြင်း

ထိုခဏ၌ သိကြားနတ်မင်းသည် ယူဇနာတစ်ထောင်ရှိသော တန်ဆာဆင်အပ်သော သုဒဿနနတ်မြို့ကိုလည်းကောင်း, ယူဇနာခြောက်ဆယ်ရှိသော ရွှေဖြင့်ပြီးသော နတ်လမ်းကိုလည်းကောင်း ယူဇနာ တစ်ထောင်မြင့်သော ဝေဇယန္တာပြာသာဒ်ကို လည်းကောင်း ယူဇနာငါးရာရှိသော သုဓမ္မာနတ်သဘင်ကို လည်းကောင်း ယူဇနာ ခြောက်ဆယ်ရှိသော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာနေရာကို လည်းကောင်း အဝန်း ငါးယူဇနာရှိသော ရွှေပန်းကိုလည်းကောင်း ထီးဖြူကိုလည်းကောင်း နှစ်ကုဋေငါးသန်း အရေအတွက်ရှိသော နတ်သမီးအပေါင်းတို့ကိုလည်းကောင်း တန်ဆာဆင်ခြင်းနှင့်စပ်သော မိမိကိုယ်အဖြစ်ကိုလည်းကောင်း၊ ဤသို့ မိမိ၏ ဘုန်းကျက်သရေအစုကို ကြည့်၍ အဘယ်ကောင်းမှုကိုပြု၍ ငါသည် ဤကဲ့သို့သော နတ်မင်းစည်းစိမ်ချမ်းသာကို ရလေသနည်းဟု ကြံဆင်ခြင်လတ်သော် ဗာရာဏသီပြည်၌ သူဌေးဖြစ်စဉ် မိမိသည် ဖြစ်စေအပ်သော အလှူဒါနကို မြင်၏။

ထို နောင်မှ ငါ၏သား အစရှိကုန်သောသူတို့သည် အဘယ်အရပ်၌ ဖြစ်လေသနည်းဟု ကြည့်ပြန်လတ်သော် မိမိသားသည် စန္ဒနတ်သားဖြစ်၏။ စန္ဒနတ်သား၏သားသည် သူရိယနတ်သား ဖြစ်၏။ ထိုသူရိယနတ်သား၏ သားသည် မာတလိနတ်သား ဖြစ်၏။ ထိုမာတလိနတ်သား၏သားသည် ပဉ္စသိခနတ်သားဖြစ်၏။ ဤသို့ အလုံးစုံသော ဖြစ်ခြင်းကိုမြင်၍ ပဉ္စသီခနတ်သား၏ သားသည် အဘယ်သို့ သဘောရှိအံ့သနည်း ဟု ကြည့်ပြန်လတ်သော် မိမိအနွယ်ကိုဖြတ်သောအဖြစ်ကို မြင်၏။ ထိုအခါ ထိုသိကြားနတ်မင်းအား ဤသို့ အကြံသည် ဖြစ်၏။ ဤသူယုတ်သည် ဝန်တိုပိတ်ပင်သည်ဖြစ်၍ မိမိလည်း မသုံးဆောင်၊ သူတစ်ပါးတို့အားလည်း မပေး၊ ငါ၏အနွယ်အဆက်ကို ထိုသူယုတ်သည်ဖြတ်၏။ သေလျှင် ငရဲ၌ဖြစ်လတ္တံ့၊ ထိုသူယုတ်အား ဆုံးမသဖြင့် ငါ၏အနွယ်အဆက်ကို တည်စေ၍ သူယုတ်၏ ဤငါတို့နတ်ပြည်၌ဖြစ်အံ့သော အကြောင်းကို ပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုသိကြားနတ်မင်းသည် စန္ဒနတ်သား အစရှိသောသူတို့ကို ခေါ်စေ၍ အမောင်တို့... လာကြကုန်၊ လူ့ပြည်သို့သွားကုန်အံ့၊ မစ္ဆရိယကောသိယသူဌေးသည် ငါတို့အနွယ်အဆက်ကို ဖြတ်၏။ အလှူတင်းကုပ်တို့ကို ဖျက်ဆီး၍ မီးတိုက်အပ်ကုန်၏။ ဥစ္စာပစ္စည်းတို့ကို မိမိလည်း မသုံးဆောင်၊ သူတစ်ပါးတို့အားလည်း မပေး၊ ယခုအခါ နို့ဃနာကို စာလိုသည်ဖြစ်၍ အိမ်၌ ချက်သည်ရှိသော် တစ်ပါးသောသူအားလည်း နို့ဃနာကို ပေးရလတ္တံ့ဟု ကြံ၍ တောသို့ဝင်ပြီးလျှင် တစ်ယောက်တည်းသာလျှင် ချက်၏။ ထိုသူယုတ်ကို ဆုံးမသဖြင့် အလှူ၏အကျိုးကို သိစေ၍ လာကြကုန်အံ့၊ စင်စစ်သော်ကား အလုံးစုံသောငါတို့သည် တစ်ပေါင်းတည်း တောင်းကြကုန်သည်ရှိသော် ထိုအရပ်၌ပင်လျှင် သေရာ၏။

ငါသည် ရှေးဦးစွာသွား၍ ဃနာကိုတောင်း၍ နေသောကာလ၌ သင်တို့သည် ပုဏ္ဏားအသွင်ဖြင့် အစဉ်အတိုင်း လာကုန်၍ တောင်းကြကုန်လော့ ဟု မှာထားခဲ့ပြီးလျှင် မိမိသည်ကား ရှေးဦးစွာ ပုဏ္ဏားအသွင်ဖြင့် ထိုမစ္ဆရိယကောသိယ သူဌေးအထံသို့ချဉ်းကပ်၍ အို ရှင်သူဌ... ဗာရာဏသီသို့ သွားရာလမ်းခရီးသည် အဘယ်နည်းဟု မေး၏။ ထိုအခါ သိကြားနတ်မင်းကို မစ္ဆရိယသိယသူဌေးသည် သင်သည် ရူးသလော၊ ဗာရာဏသီပြည် လမ်းခရီးကိုမျှ မသိ၊ အဘယ့်ကြောင့် ဤအရပ်သို့ လာသနည်း၊ ဤအရပ်မှသွားလော့ဟု ဆို၏။

သိကြားမင်းသည် ထိုသူဌေးဆိုသောစကားကို ကြားလျက်လည်း မကြားဤကဲ့သို့ အသို့ဆိုသနည်းဟု ဆို၍ ထိုသူဌေးသို့ ချဉ်းကပ်သည်သာတည်း။ ထိုသူဌေးသည်လည်း ဟယ်ပုဏ္ဏားနားပင်း... အဘယ့်ကြောင့် ဤအရပ်သို့လာသနည်း၊ ရှေ့သို့သွားလော့ဟု ဆိုမြည်ရေရွတ်၏။ ထိုအခါ သူဌေးကို သိကြားမင်းသည် အိုသူဌေး... အဘယ့်ကြောင့် သင်မြည်တမ်းသနည်း၊ မီးခိုးသည် ထင်၏။ မီးသည် ထင်၏။ နို့ဃနာချက်သလော၊ ပုဏ္ဏားတို့အား ပင့်ဖိတ်ရာအရပ်သည် ဖြစ်ရာ၏။ ငါသည်လည်း ပုဏ္ဏားတို့အား ဆွမ်းကျွေးသောအခါ အတန်ငယ်ရလတ္တံ့၊ အဘယ့်ကြောင့် ငါ့ကို နှင်ထုတ်သနည်းဟု ဆိုလတ်သော် ဤအရပ်၌ ပုဏ္ဏားတို့အား ပင့်ဖိတ်ခြင်းသည် မရှိ၊ ရှေ့သို့ အသင်သွားလေလော့ဟု ဆိုသဖြင့် ထိုသို့ဖြစ်လျှင် အဘယ့်ကြောင့် သင်အမျက်ထွက်သနည်း၊ သင်စားသောကာလ၌ အတန်ငယ် ငါရလတ္တံ့ဟု ဆို၏။ ထိုအခါ သိကြားမင်းကို သူဌေးသည် ပုဏ္ဏား... ငါသည် ထမင်းတစ်လုတ်ကိုလည်း သင့်အားမပေးလတ္တံ့၊ ဤဃနာသည် အနည်းငယ်သာတည်း၊ ငါတစ်ယောက်မျှ လောက်ရုံသာ ချက်၏။ တောင်း၍သာလျှင် ငါသည် ရအပ်၏။ အသို့နည်း၊ သင်သည် တစ်ပါးသောအစာကို ရှာလေလော့ ဟု ဆို၍ မယားကိုတောင်း၍ ရသောအဖြစ်ကို ရည်၍သာလျှင် ပြောဆိုသဖြင့် ထိုအကြောင်းကို ပုဏ္ဏားအား ကြားလိုရကား-

၁၉၂။ နေဝ ကိဏာမိ နပိ ဝိက္ကိဏာမိ၊
န စာ ပိ မေ သန္နိစယော စ အတ္ထိ။
သုကိစ္ဆရူပံ ဝတိဒံ ပရိတ္တံ၊
ပတ္တောဒနာ နာလမယံ ဒုဝိန္နံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၁၉၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ ပါယာသံ၊ နို့ဃနာကို။ နေဝ ကိဏာမိ၊ ဝယ်လည်းမဝယ်။ နပိ ဝိက္ကိဏာမိ၊ ရောင်းလည်းမရောင်း။ မေ၊ ငါ့အား။ သန္နိစယော စာပိ၊ စု၍ထားသော နို့ဃနာသည်လည်း။ န အတ္ထိ၊ မရှိ။ ဣဒံ၊ ဤနို့ဃနာကို။ သုကိစ္ဆရူပံ၊ အလွန်ငြိုငြင်စွာ ရှာမှီးရ၏။ ပရိတ္တံ၊ အနည်းငယ်သာတည်း။ အယံ၊ ဤ နိုဃနာသည်။ ပတ္တောဒနော၊ တစ်ကွမ်းစားချက်သာတည်း။ ဒုဝိန္နံ၊ နှစ်ယောက်ကုန်သော ငါတို့အား။ နာလံ၊ မစားလောက်။

ထိုစကားကိုကြား၍ သိကြားမင်းသည် ငါသည်လည်း သင့်အား သာယာသော အသံဖြင့် တစ်ခုသောဂါထာကို ဟောအံ့၊ ထိုဂါထာကိုနာလော့ဟု ဆို၍ ငါသည် သင့်ဂါထာဖြင့် အလိုမရှိဟု သူဌေးမြစ်စဉ်ပင်လျှင်-

၁၉၃။ အပ္ပမှာ အပ္ပကံ ဒဇ္ဇာ၊ အနုမဇ္ဈတော မဇ္ဈကံ။
ဗဟုမှာ ဗဟုကံ ဒဇ္ဇာ၊ အဒါနံ နူပပဇ္ဇတိ။
၁၉၄။ တံ တံ ဝဒါမိ ကောသိယ၊ ဒေဟိ ဒါနာနိ ဘုဉ္စ စ။
အရိယမဂ္ဂံ သမာရုဟ၊ နေကာသီ လဘတေ သုခံ။

ဟူသော ဤနှစ်ဂါထာတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၉၃။ ကောသိယ၊ ကောသိယသူဌေး။ အပ္ပမှာ၊ အနည်းငယ်သောဝတ္ထုမှ။ အပ္ပကံ၊ အနည်းငယ်သော ဝတ္ထုကို။ ဒဇ္ဇာ၊ ပေးလှူအံ့။ အနုမဇ္ဈတာ၊ အနည်းငယ်သော ဝတ္ထု ထက်ဝက်မှ။ မဇ္ဈကံ၊ အနည်းငယ်ထက်ဝက်သော အဖို့ကို။ ဒဇ္ဇာ၊ ပေးလှူရာ၏။ ဗဟုမှာ၊ များသောဝတ္ထုမှ။ ဗဟုကံ၊ များသောဝတ္ထုကို။ ဒဇ္ဇာ၊ ပေးလှူအပ်၏။ အဒါနံ၊ မပေးမလှူသည်။ န ဥပပဇ္ဇတိ၊ မဖြစ်ရာ။

֍ ဋ္ဌ ၁၉၄။ ကောသိယ၊ ကောသိယသူဌေး။ တံ-တသ္မာ၊ ထိုကြောင့်။ တံ၊ သင့်ကို။ ဝဒါမိ၊ ငါဆို၏။ အရိယမဂ္ဂံ၊ မြတ်သောပုဂ္ဂိုလ်တို့ သွားရာလမ်းခရီးကို။ သမာရုဟ၊ ကောင်းစွာတက်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒေဟိ၊ ပေးလှူလော့။ ဘုဉ္ဇ စ၊ မိမိလည်း သုံးဆောင်လော့။ ဧကောပိ၊ မိမိတစ်ယောက်တည်း။ ဘုဉ္ဇန္တော၊ သုံးဆောင်စားသောက်သောသူသည်။ သုခံ၊ ချမ်းသာသုံးပါးကို။ န လဘတေ၊ မရရာ။

ထိုသူဌေးသည် သိကြားမင်း စကားကိုကြား၍ ပုဏ္ဏား... သင်သည် နှစ်သက်ဖွယ်သော စကားကို ဆိုပေ၏။ နို့ဃနာ ကျက်လတ်သော် အတန်ငယ်ရလတ္တံ့၊ နေလော့ဟု ဆို၏။ သိကြားမင်းသည် သင်တင့်သောအရပ်၌ နေ၏။

စန္ဒနတ်သား အလှူခံလာခြင်း

သိကြားမင်းနေပြီးသော် စန္ဒနတ်သားသည် ထိုရှေးနည်းဖြင့်သာလျှင် သူဌေးအထံသို့ကပ်၍ ထိုရှေးအတူလျှင် စကားကို ဖြစ်စေ၍ ထိုသူဌေး တားမြစ်စဉ်မှာပင်လျှင်-

၁၉၅။ မောဃဉ္စဿ ဟုတံ ဟောတိ၊
မောဃဉ္စာပိ သမီဟိတံ။
အတိထိသ္မိံ ယော နိသိန္နသ္မိံ၊
ဧကော ဘုဉ္ဇတိ ဘောဇနံ။
၁၉၆။ တံ တံ ဝဒါမိ ကောသိယ၊ ဒေဟိ ဒါနာနိ ဘုဉ္ဇ စ။
အရိယမဂ္ဂံ သမာရုဟ၊ နေကာသီ လဘတေ သုခံ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၉၅။ ကောသိယ၊ ကောသိယသူဌေး။ ယော၊ အကြင် သူသည်။ အတိထိသ္မိံ၊ ဧည့်သည်သည်။ နိသိန္နသ္မိံ၊ ရှိပါလျက်။ ဧကော၊ တစ်ယောက်တည်း။ ဘောဇနံ၊ ဘောဇဉ်ကို။ ဘုဉ္ဇတိ၊ စား၏။ အဿ၊ ထိုသူအား။ ဟုတံ၊ လှူအပ်သော အလှူသည်။ မောဃဉ္စ၊ အကျိုးမရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ သမီဟိတံပိ၊ ဥစ္စာကို ဆည်းပူးအပ်သော လုံ့လသည်လည်း။ မောဃဉ္စ၊ အကျိုးမရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၉၆။ ကောသိယ၊ ကောသိယသူဌေး။ တံ-တသ္မာ၊ ထို့ကြောင့်။ တံ၊ သင့်ကို။ ဝဒါမိ၊ ငါဆို၏။ အရိယမဂ္ဂံ၊ အရိယာတို့ သွားရာလမ်းခရီးကို။ သမာရုဟ၊ ကောင်းစွာတက်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒေဟိ၊ ပေးလှူလော့။ ဘုဉ္ဇ စ၊ မိမိလည်းသုံးဆောင်လော့။ ဧကော၊ တစ်ယောက်တည်း။ ဘုဉ္ဇာပိ၊ သုံးဆောင်သောသူသည်လည်း။ သုခံ၊ ချမ်းသာသုံးပါးကို။ န လဘတေ၊ မရရာ။

ထိုသူသည် ထိုစန္ဒနတ်သား စကားကိုကြား၍ ထို ရှေးနည်းအတူသာလျှင် စကားကိုဖြစ်စေ၍ ဆင်းရဲငြိုငြင်သဖြင့် ထိုသို့ဖြစ်လျှင်ကား နေလော့၊ အတန်ငယ် သင်ရလတ္တံ့ဟု ဆို၏။ ထိုစန္ဒနတ်သားသည်သွား၍ သိကြားမင်း အထံ၌ နေ၏။

သူရိယနတ်သား အလှူခံလာခြင်း

ထို့နောင်မှ သူရိယနတ်သားသည် ထိုရှေးနည်းဖြင့်သာလျှင် သူဌေးသို့ကပ်၍ ရှေးနည်းအတူသာလျှင် စကားကိုဖြစ်စေ၍ ထိုသူဌေးသည် တားမြစ်စဉ်ပင်လျှင်-

၁၉၇။ သစ္စဉ္စဿ ဟုတံ ဟောတိ၊ သစ္စဉ္စာပိ သမီဟိတံ။
အတိထိသ္မိံ ယော နိသိန္နသ္မိံ၊
နေကော ဘုဉ္ဇတိ ဘောဇနံ။
၁၉၈။ တံတံ ဝဒါမိ ကောသိယ၊ ဒေဟိ ဒါနာနိ ဘုဉ္ဇ စ။
အရိယမဂ္ဂံ သမာရုဟ၊ နေကာသီ လဘတေ သုခံ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၁၉၇။ ကောသိယ၊ ကာသိယသူဌေး။ ယော၊ အကြင်သူသည်။ အတိထိသ္မိံ၊ ဧည့်သည်သည်။ နိသိန္နသ္မိံ၊ နေပါသည်ရှိသော်။ ဧကော၊ တစ်ယောက်တည်း။ ဘောဇနံ၊ ဘောဇဉ်ကို။ န ဘုဉ္ဇတိ၊ မစား။ အဿ၊ ထိုသူအား။ ဟုတံ၊ အလှူသည်။ သစ္စဉ္စ၊ မှန်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ သမီဟိတံပိ၊ ဥစ္စာကိုဖြစ်စေသော လုံ့လသည်လည်း။ သစ္စဉ္စ၊ မှန်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၁၉၈။ ကာသိယ၊ ကောသိယသူဌေး။ တံ-တသ္မာ၊ ထို့ကြောင့်။ တံ၊ သင့်ကို။ ဝဒါမိ၊ ငါဆို၏။ အရိယမဂ္ဂံ၊ သူတော်ကောင်းတို့ သွားရာလမ်းခရီးသို့။ သမာရုဟ၊ ကောင်းစွာတက်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒေဟိ၊ ပေးလှူလော့။ ဘုဉ္ဇ စ၊ မိမိလည်း သုံးဆောင်လော့။ ဧကော၊ တစ်ယောက်တည်း။ ဘုဉ္ဇန္တော၊ စားသောက်သောသူသည်။ သုခံ၊ ချမ်းသာသုံးပါးကို။ န လဘတေ၊ မရရာ။

ထိုသူရိယနတ်သားစကားကို ကြား၍လည်း ဆင်းရဲငြိုငြင်သဖြင့် ထိုသို့ဖြစ်လျှင် နေလော့၊ အတန်ငယ် သင်ရလတ္တံ့ဟု ဆို၏။ ထိုသူရိယနတ်သားသည် သွား၍ စန္ဒနတ်သားအထံ၌ နေ၏။

မာတလိ အလှူခံလာခြင်း

ထိုအခါ ထိုသူဌေးကို မာတလိနတ်သားသည် ထိုရှေးနည်းဖြင့်လျှင်ချဉ်းကပ်၍ ရှေးအတူ စကားကိုဖြစ်စေ၍ ထိုသူဌေးသည် တားမြစ်စဉ်ပင်လျှင်-

၁၉၉။ သရဉ္စ ဇုဟတိ ပေါသော၊ ဗဟုကာယ ဂယာယ စ။
ဒေါဏေ တိမ္ဗရုတိတ္ထသ္မိံ၊
သီဃသောတေ မဟာဝဟေ။
၂၀၀။ အတြ စဿ ဟုတံ ဟောတိ၊
အတြ စဿ သမီဟိတံ။
အတိထိသ္မိံ ယော နိသိန္နသ္မိံ၊
နေကော ဘုဉ္ဇတိ ဘောဇနံ။
၂၀၁။ တံတံ ဝဒါမိ ကောသိယ၊ ဒေဟိ ဒါနာနိ ဘုဉ္ဇ စ။
အရိယမဂ္ဂံ သမာရုဟ၊ နေကာသီ လဘတေ သုခံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၁၉၉။ ကောသိယ၊ ကောသိယသူဌေး။ ပေါသော၊ သတ္တဝါသည်။ သရဉ္စ၊ ရေအိုင်သို့လည်း။ ဥပသင်္ကမိတွာ၊ ကပ်၍။ ဇုဟတိ၊ ပူဇော်၏။ ဗဟုကာယ စ၊ ဗဟုကာအမည်ရှိသော မြစ်၌လည်းကောင်း။ ဂယာယ စ၊ ဂယာအမည်ရှိသော ရေကန်၌လည်းကောင်း။ ဒေါဏေ၊ ဒေါဏမည်သော မြစ်ဆိပ်၌လည်းကောင်း။ တိမ္ဗရုတိတ္ထသ္မိံ၊ တိမ္ဗရုမည်သော မြစ်ဆိပ်၌လည်းကောင်း။ သီဃသောတေ၊ လျင်သော အလျဉ်ရှိသော။ မဟာဝဟေ၊ ကြီးစွာသောရေအလျဉ်၌ လည်းကောင်း။ ဇုဟတိ၊ ပူဇော်၏။

֍ ဋ္ဌ ၂၀၀။ ကောသိယ၊ ကောသိယသူဌေး။ ယော၊ အကြင်သူသည်။ အတိထိသ္မိံ၊ ဧည့်သည်သည်။ နိသိန္နသ္မိံ၊ ရှိလတ်သော်။ ဧကော၊ တစ်ယောက်တည်း။ ဘောဇနံ၊ ဘောဇဉ်ကို။ န ဘုဉ္ဇတိ၊ မစား။ အဿ၊ ထိုသူအား။ အတြ၊ ဤမြစ်အစရှိသည်တို့၌။ ဟုတဉ္စ၊ ပူဇော်အပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အဿ၊ ထိုသူအား။ အတြ၊ ဤမြစ်အစရှိသည်တို့၌။ သမီဟိတဉ္စ၊ ဥစ္စာကိုဖြစ်စေသော လုံ့လသည်လည်း။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၂၁၁။ တံ-တသ္မာ၊ ထို့ကြောင့်။ တံ၊ သင့်ကို။ ဝဒါမိ၊ ငါဆို၏။ ကောသိယ၊ ကောသိယသူဌေး။ အရိယမဂ္ဂံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့ သွားရာလမ်းခရီးသို့။ သမာရုဟ၊ ကောင်းစွာတက်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒေဟိ၊ ပေးလှူလော့။ ဘုဉ္ဇ စ၊ မိမိလည်း သုံးဆောင်လော့။ ဧကော၊ တစ်ယောက်တည်း။ ဘုဉ္ဇမာနောပိ၊ စားသောသူသည်လည်း။ သုခံ၊ ချမ်းသာသုံးပါးကို။ န လဘတေ၊ မရရာ။

ထိုသူဌေးသည် မာတလိနတ်သားစကားကို ကြားရှိသော် တောင်ထွတ်ဖြင့်ဖိသကဲ့သို့ ဆင်းရဲငြိုငြင်စွာဖြင့် ထိုသို့ဖြစ်လျှင်ကား နေလော့၊ အတန်ငယ် သင်ရလတ္တံ့ဟု ဆို၏။ မာတလိနတ်သားသည် သွား၍ သူရိယနတ်သားအထံ၌နေ၏။

ပဉ္စသိခ အလှူခံလာခြင်း

ထိုနောက်မှ ပဉ္စသိခနတ်သားသည် ထိုရှေးနည်းဖြင့်လျှင်ကပ်၍ ထိုရှေးအတူ စကားကိုဖြစ်စေ၍ ထိုသူဌေးသည် တားမြစ်စဉ်ပင်လျှင်-

၂၀၂။ ဗလိသံ ဟိ သော နိဂိလတိ၊ ဒီသသုတ္တံ သဗန္ဓနံ။
အတိထိသ္မိံ ယော နိသိန္နသ္မိံ၊
ဧကော ဘုဉ္ဇတိ ဘောဇနံ။
၂၀၃။ တံ တံ ဝဒါမိ ကောသိယ၊ ဒေဟိ ဒါနာနိ ဘုဉ္ဇ စ။
အရိယမဂ္ဂံ သမာရုဟ၊ နေကာသီ လဘတေ သုခံ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကိုဆို၏။

֍ ဋ္ဌ ၂၀၂။ ကောသိယ၊ ကောသိယသူဌေး။ ယော၊ အကြင်သူသည်။ အတိထိသ္မိံ၊ ဧည့်သည်သည်။ နိသိန္နသ္မိံ၊ နေပါလျက်။ ဧကော၊ တစ်ယောက်တည်း။ ဘောဇနံ၊ ဘောဇဉ်ကို။ ဘုဉ္ဇတိ၊ စား၏။ သော၊ ထိုဧည့်သည်သည် ရှိလျက် တစ်ယောက်တည်း စားသောသူသည်။ ဒီဃသုတ္တံ၊ ရှည်သောကြိုးရှိသော။ သဗန္ဓနံ၊ ချိတ်နှင့်တကွသော။ ဗလိသံ၊ သံမြားကောက်ကို။ နိဂိလတိ၊ မျိုသည်နှင့်တူ၏။

֍ ဋ္ဌ ၂၀၃။ ကောသိယ၊ ကောသိယသူဌေး။ တံ တသ်မာ၊ ထို့ကြောင့်။ တံ၊ သင့်ကို။ ဝဒါမိ၊ ငါဆို၏။ အရိယမဂ္ဂံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့ သွားရာလမ်းခရီးသို့။ သမာရုဟ၊ ကောင်းစွာတက်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒေဟိ၊ ပေးလှူလော့။ ဘုဉ္ဇ စ၊ မိမိလည်းသုံးဆောင်လေလော့။ ဧကော၊ တစ်ယောက်တည်း။ ဘုဉ္ဇမာနော၊ စားသောသူသည်။ သုခံ၊ လူနတ်နိဗ္ဗာန်ဟူသော ချမ်းသာသုံးပါးကို။ နလဘတေ၊ မရရာ။

နို့ဃနာများ လှူခြင်း

မစ္ဆရိယကောသိယသူဌေးသည် ထိုစကားကိုကြား၍ စိတ်ဆင်းရဲလျက် ညည်းတွားကာ ထိုသို့ဖြစ်လျှင်ကား နေလော့၊ အတန်ငယ် ရလတ္တံ့ဟု ဆို၏။ ပဉ္စသိခနတ်သားသည်သွား၍ မာတလိနတ်သားအထံ၌ နေ၏။

ဤသို့ ထိုပုဏ္ဏားငါးယောက်တို့ နေကာမျှ၌လျှင် နို့ဃနာသည်ကျက်၏။ ထိုအခါ နို့ဃနာကို ကောသိယသူဌေးသည် ခုံလောက်မှချ၍ သင်တို့ခွက်တို့ကို ဆောင်ခဲ့ကြကုန်လော့ ဟု ဆို၏။ ထိုပုဏ္ဏားငါးယောက်တို့သည် မထကုန်ဘဲ ထိုင်ကုန်လျက်လျှင် လက်တို့ကိုဆန့်၍ ဟိမဝန္တာမှ အင်ရွက်တို့ကို ဆောင်ကုန်၏။ ကောသိယသူဌေးသည် အင်ရွက်တို့ကိုမြင်၍ သင်တို့အား ဤသစ်ရွက်တို့၌ ထည့်၍ပေးအပ်သော နို့ဃနာသည် မရှိ၊ ရှားပင်အစရှိသည်တို့၏ အရွက်တို့ကို ဆောင်ခဲ့ကြကုန်လော့ဟု ဆိုလတ်သော် ထိုပုဏ္ဏားတို့သည် ထိုရှားရွက် အစရှိသည်တို့ကိုလည်း ဆောင်ခဲ့ကြကုန်၏။ တစ်ရွက် တစ်ရွက်သော ရှားရွက်သည် ရထားပျဉ်ချပ် အတိုင်းအရှည်ရှိ၏။ ထိုသူဌေးသည် အလုံးစုံသောပုဏ္ဏားတို့ကို ယောက်မဖြင့်ယူ၍ နို့ဃနာကိုပေး၏။ အလုံးသောပုဏ္ဏားတို့အား ပေးပြီးလျက်လည်း ချက်သောအိုး၏ လျော့ခြင်းသည် မရှိ။ ငါးယောက်ကုန်သော ပုဏ္ဏားတို့အား ပေးပြီး၍ မိမိသည် ချက်သောအိုးကို ကိုင်၍နေ၏။ ထိုခဏ၌ ပဉ္စသိခနတ်သားသည်ထ၍ ပုဏ္ဏားအသွင်ကိုစွန့်ပြီးလျှင် ခွေးယောင်ဖန်ဆင်း၍ ထိုသူ၏ရှေ့မှ ကျင်ငယ်ကိုစွန့်လျက် သွား၏။ ပုဏ္ဏားတို့သည် မိမိတို့နို့ဃနာထမင်းကို သစ်ရွက်ဖြင့်ပိတ်ကုန်၏။ ကောသိယသူဌေးလက်ဖမိုး၌ ကျင်ငယ်ပေါက်သည် ကျ၏။

ခွေးလိုက်ခံရခြင်း

ပုဏ္ဏားတို့သည် ကရားတို့မှရေဖြင့် လက်ဆေး၍ နို့ဃနာကို စားသကဲ့သို့ ဖြစ်ကုန်၏။ ကောသိယသူဌေးသည် ငါအားလည်း ရေကိုပေးကြပါကုန်၊ လက်ဆေး၍ စားပါအံ့ဟု ဆို၏။ သင်သည် ရေကိုဆောင်၍ လက်ကိုဆေးလော့ ဟု ဆိုကုန်၏။ ငါသည် သင်တို့အား နို့ဃနာကိုပေးအပ်ပြီ၊ ငါ့အား အတန်ငယ်သောရေကို ပေးကြကုန်လော့ ဟု ဆိုသဖြင့် ငါတို့သည် အတုံ့ပေးသော အမှုမည်သည်ကို မပြုကုန်ဟု ဆိုသည်ရှိသော် ထိုသို့ဖြစ်လျှင်ကား ဤနို့ဃနာကို ကြည့်ရစ်ကြပါကုန်၊ လက်ဆေး၍ ငါလာပါအံ့ဟု ဆို၍ မြစ်သို့ဆင်း၏။ ထိုခဏ၌ ခွေးသည် နို့ဃနာကို ကျင်ငယ်ဖြင့် ပြည့်စေ၏။ ထိုသူဌေးသည် ကျင်ငယ်စွန့်သော ထိုခွေးကိုမြင်လျှင် ကြီးစွာသော လှံတံကိုယူ၍ ထိုခွေးကိုခြိမ်းခြောက်လျက် လာ၏။ ထိုခွေးသည် အာဇာနည်မြင်း အတိုင်းအရှည်ရှိသည်ဖြစ်၍ ထိုသူဌေးကို လိုက်သည်ရှိသော် အတူးထူးသော အဆင်းရှိသည်ဖြစ်၏။ မည်းနက်သော အဆင်းရှိသည်လည်း ဖြစ်၏။ ဖြူလည်း ဖြူ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်လည်း ဖြစ်၏။ ပြောက်ကျားသော အဆင်းရှိသည်လည်း ဖြစ်၏။ မြင့်လည်း မြင့်၏။ နိမ့်လည်း နိမ့်၏။ ဤသို့လျှင် အထူးထူးသော အဆင်းရှိသည်ဖြစ်၍ မစ္ဆရိယကောသိယ သူဌေးကိုလိုက်၏။ ထိုသူဌေးသည် သေဘေးမှကြောက်သည်ဖြစ်၍ ပုဏ္ဏားတို့သို့ ကပ်၏။ ထိုပုဏ္ဏားတို့သည်လည်း ပျံတက်၍ ကောင်းကင်၌ တည်ကုန်၏။

နတ်များဟု သိလေပြီ

ထိုသူဌေးသည် ထိုပုဏ္ဏားတို့၏တန်ခိုးကိုမြင်၍ ထိုပုဏ္ဏားတို့ကိုမေးလိုရကား-

၂၀၄။ ဥဠာရဝဏ္ဏာ ဝတ ဗြာဟ္မဏာ ဣမေ၊
အယဉ္စ ဝေါ သုနခေါ ကိဿ ဟေတု။
ဥစ္စာဝစံ ဝဏ္ဏနိဘံ ဝိကုဗ္ဗတိ၊
အက္ခာထ နော ဗြာဟ္မဏာ ကေ နု တုမှေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၄။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့။ ဣမေ ဗြာဟ္မဏာ၊ ဤ ပုဏ္ဏားတို့သည်။ ဥဠာရဝဏ္ဏာ ဝတ၊ အလွန် တင့်တယ်သော အဆင်းရှိကုန်စွာ့တကား။ ဝေါ၊ အရှင်ပုဏ္ဏားတို့၏။ အယဉ္စ သုနခေါ၊ ဤခွေးသည်လည်း။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်။ ဥစ္စာဝစံ၊ ယုတ်ယုတ်မြတ်မြတ်သော။ ဝဏ္ဏနိဘံ၊ အရောင်အဆင်းကို။ ဝိကုဗ္ဗတိ၊ ဖန်ဆင်းသနည်း။ နော၊ ငါတို့အား။ အက္ခာထ၊ ကြားကြကုန်လော့။ တုမှေ၊ သင်သည်။ ကေ နု၊ အဘယ်မည်သော သူတို့နည်း။

ထိုသူဌေးစကားကိုကြား၍ သိကြားနတ်မင်းသည် ထိုသူဌေးအား ပြောကြားလိုရကား-

၂၀၅။ စန္ဒော စ သူရိယော စ ဥဘော ဣဓာဂတာ၊
အယံ ပန မာတလိ ဒေဝသာရထိ။
သက္ကောဟမသ္မိ တိဒသာနမိန္ဒော၊
ဧသော စ ခေါ ပဉ္စသိခေါတိ ဝုစ္စတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၀၅။ မဟာသေဋ္ဌိ၊ သူဌေးကြီး စန္ဒော စ၊ စန္ဒနတ်သား လည်းကောင်း။ သူရိယော စ၊ သူရိယနတ်သားလည်းကောင်း။ ဣတိ၊ ဤသို့။ ဥဘော၊ နှစ်ယောက်ကုန်သော နတ်သားတို့သည်။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ လာကုန်၏။ အယံ ပန၊ ဤသူသည်ကား။ ဒေဝသာရထိ၊ နတ်၏ ရထားထိန်းဖြစ်သော။ မာတလိ၊ မာတလိနတ်သားတည်း။ အဟံ၊ ငါသည်ကား။ တိဒသာနံ၊ တာဝတိံသာနတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ သက္ကော၊ သိကြားနတ်မင်းသည်။ အသ္မိ၊ ဖြစ်၏။ ဧသော စ၊ ဤသူကိုကား။ ပဉ္စသိခေါတိ၊ ပဉ္စသိခနတ်သားဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

သိကြားနတ်မင်းသည် ဤဂါထာဖြင့်ပြောဆိုပြီး၍ တစ်ဖန် ထိုနတ်တို့၏ စည်းစိမ်ချမ်းသာကို ချီးမွမ်းပြောဆိုလိုရကား-

၂၀၆။ ပါဏိဿရာ မုဒိင်္ဂါ စ၊ မုရဇာလမ္ဗရာနိ စ။
သုတ္တမေနံ ပဗောဓေန္တိ၊ ပဋိဗုဒ္ဓေါ စ နန္ဒတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၆။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ ပါဏိဿရာ စ၊ ခွက်ခွင်းသံတို့သည်လည်းကောင်း။ မုဒိင်္ဂါ စ၊ မုရိုးစည်တို့သည်လည်းကောင်း။ မုရဇာ စ၊ မုရဇမည်သော စည်တို့သည်လည်းကောင်း။ အာလမ္ဗရာနိ စ၊ ထက်စည်တို့သည်လည်းကောင်း။ သုတ္တံ၊ အိပ်ပျော်သော။ ဧနံ မံ၊ ထိုငါ့ကို။ ပဗောဓေန္တိ၊ နိုးစေကုန်၏။ ပဋိဗုဒ္ဓေါစ၊ နိုးသောငါသည်လည်း။ နန္ဒတိ၊ နှစ်သက်၏။

စဉ်းလဲသူများ ငရဲလား

ထိုသူဌေးသည် သိကြားမင်းစကားကိုကြား၍ အရှင်နတ်မင်း... ဤသို့သဘောရှိသော နတ်စည်းစိမ်ကို အဘယ်အမှုပြု၍ ရသနည်း ဟု မေး၏။ သိကြားမင်းသည် ပေးကမ်းလှူဒါန်းလေ့ မရှိကုန်သော, ယုတ်မာသော အကျင့်ရှိကုန်သော ဝန်တိုစဉ်းလဲ ပိတ်ပင်တတ်ကုန်သော သူတို့သည် နတ်ပြည်သို့ မရောက်ရကုန်၊ ငရဲ၌သာလျှင် ဖြစ်ကုန်၏ဟုဆို၍ ထိုအကြောင်းကို သူဌေးအား ပြလိုရကား-

၂၀၇။ ယေကေစိ မေ မစ္ဆရိနော ကဒရိယာ၊
ပရိဘာသကာ သမဏဗြာဟ္မဏာနံ။
ဣဓေဝ နိက္ခိပ္ပ သရီရဒေဟံ၊
ကာယဿ ဘေဒါ နိရယံ ဝဇန္တိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၇။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ မစ္ဆရိနော၊ ဝန်တိုပိတ်ပင်တတ်ကုန်သော။ ကဒရိယာ၊ စဉ်းလဲခက်ထန်ကုန်သော။ ယေကေစိ၊ အလုံးစုံကုန်သော။ ဣမေ၊ ဤသူတို့သည်လည်းကောင်း။ သမဏဗြာဟ္မဏာနံ၊ မကောင်းမှုကို ငြိမ်းစေပြီးသောသူ မကောင်းမှုကို အပပြုပြီးသောသူတို့ကို။ ပရိဘာသကာ၊ ဆဲရေးရေရွတ်တတ်ကုန်သော သူတို့သည်လည်းကောင်း။ ဣဓေဝ၊ ဤလူ့ပြည်၌သာလျှင်။ သရီရဒေဟံ၊ သရီရဟူ၍ဆိုအပ်သော ကိုယ်ကို။ နိက္ခိပ္ပ၊ စွန့်၍။ ကာယသ၊ ကရဇကာယ၏။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ နိရယံ၊ ငရဲသို့။ ဝဇန္တိ၊ သွားရကုန်၏။

ကုသိုလ်ပြုကံ နတ်ပြည်စံ

ဤဂါထာဖြင့် ဝန်တိုစဉ်းလဲသောသူသည် ငရဲသို့ လားရခြင်းကိုဆိုပြီး၍ ဝန်တိုခြင်းကင်းသဖြင့် ကုသိုလ်ကမ္မပထတရားဆယ်ပါး၌ တည်ကုန်သောသူတို့၏ နတ်ပြည်သို့ ရောက်ခြင်းကို ပြလိုရကား-

၂၀၈။ ယေကေစိမေ သုဂ္ဂတိမာသမာနာ၊
ဓမ္မေ ဋ္ဌိတာ သံယမေ သံဝိဘာဂေ။
ဣမေ နိက္ခိပ္ပ သရီဒေဟံ၊
ကာယဿ ဘေဒါ သုဂတိံ ဝဇန္တိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၈။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ သုဂတိံ၊ သုဂတိဘဝကို။ အာသမာနာ၊ တောင့်တကုန်သော။ ဓမ္မေ စ၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါး၌လည်းကောင်း။ သံယမေ စ၊ ကိုယ်နှုတ်နှလုံး စောင့်စည်းခြင်း၌လည်းကောင်း။ သံဝိဘာဂေ စ၊ ခွဲခြမ်းဝေဖန်၍ သုံးဆောင်ခြင်း၌လည်းကောင်း။ ဌိတာ၊ တည်ကုန်သော။ ယေကေစိ၊ ခပ်သိမ်းကုန်သော။ ဣမေ၊ ဤသူတို့သည်။ ဣဓေဝ၊ ဤလူ့ပြည်၌သာလျှင်။ သရီရဒေဟံ၊ သရီရဟုဆိုအပ်သော ကိုယ်ကို။ နိက္ခိပ္ပ၊ စွန့်၍။ ကာယဿ ဘေဒါ၊ ကိုယ်ခန္ဓာ ပျက်သည်မှ။ ပရံ၊ နောက်၌။ သုဂတိံ၊ သုဂတိဘဝသို့။ ဝဇန္တိ၊ လားကုန်၏။

အမှန်ကို ပြောပြခြင်း

ဤသို့ ပြဆိုပြီး၍ ကောသိယသူဌေး... ငါတို့သည် သင့်အထံသို့ နို့ဃနာအလိုငှာ မလာကုန်၊ စင်စစ်သော်ကား သနားသောကြောင့် သင့်ကို စောင့်ရှောက်လိုသည်ဖြစ်၍ လာကုန်၏ဟုဆို၍ ထိုသူဌေးအား အကြောင်းကို ကြားလို

ရကား-

၂၀၉။ တွံ နောသိ ဉာတိ ပုရိမာသု ဇာတိသု၊
သော မစ္ဆရီ ရောသကော ပါပဓမ္မော။
တဝေဝ အတ္ထာယ ဣဓာဂတမှာ၊
မာ ပါပဓမ္မော နိရယံ ဂမိတ္ထ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၀၉။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ တွံ၊ သင်သည်။ ပုရိမာသု ဇာတိသု၊ ရှေးဘဝတို့၌။ နော၊ ငါတို့၏။ ဉာတိ၊ အဆွေအမျိုးသည်။ အသိ၊ ဖြစ်၏။ ရောသကော၊ ချုပ်ချယ်တတ်သော။ သော တွံ၊ ထိုသင်သည်။ မစ္ဆရီ၊ ဝန်တိုပိတ်ပင်တတ်၏။ ပါပဓမ္မော၊ ယုတ်မာသော အကျင့်ရှိ၏။ တဝေဝ၊ သင်၏သာလျှင်။ အတ္ထာယ၊ အကျိုးငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ လာကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။ ပါပဓမ္မော၊ ယုတ်မာသော အကျင့်ရှိသောသင်သည်။ နိရယံ၊ ငရဲသို့။ မာ ဂမိတ္ထ၊ မရောက်စေသတည်း။

ဆုံးမတော်မူကြပါ

ထိုစကားကိုကြား၍ ကောသိယသူဌေးသည် ဤသူတို့သည် ငါ၏အကျိုးစီးပွားကို အလိုရှိကုန်သတတ်၊ ငါ့ကို အပါယ်ငရဲမှ ထုတ်ဆောင်၍ နတ်ပြည်၌ တည်စေလိုကုန်သတတ်ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ မိမိကိုဆုံးမစိမ့်သောငှာ သိကြားမင်းအား တိုက်တွန်းလိုရကား-

၂၁၀။ အဒ္ဓါ မံ ဝေါ ဟိတကာမာ၊ ယံ မံ သမနုသာသထ။
သောဟံ တထာ ကရိဿာမိ၊
သဗ္ဗံ ဝုတ္တံ ဟိတေသိဘိ။
၂၁၁။ ဧသာဟ မဇ္ဇေဝ ဥပရမာမိ၊
န စာဟံ ကိဉ္စိ ကရေယျ ပါပံ။
န စာပိ မေ ကိဉ္စိ အဒေယျ မတ္ထိ၊
န စာပိ ဒတွာ ဥဒကံ ပိဝါမိ။
၂၁၂။ ဧဝဉ္စ မေ ဒဒတော သဗ္ဗကာလံ၊
ဘောဂါ ဣမေ ဝါသဝ ခီယိဿန္တိ။
တတော အဟံ ပဗ္ဗဇိဿာမိ သက္က၊
ဟိတွာန ကာမာနိ ယထောဓိကာနိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၁၀။ သက္က၊ သိကြားနတ်မင်း။ အဒ္ဓါ၊ စင်စစ်။ ဝေါ၊ အရှင်နတ်မင်းတို့သည်။ မံ၊ အကျွန်ုပ်ကို။ ယံ-ယေန၊ အကြင့်ကြောင့်။ သမနုသာသထ၊ ဆုံးမတော်မူကုန်၏။ တေန၊ ထိုသို့ ဆုံးမတော်မူသောကြောင့်လျှင်။ မံ-မမ၊ အကျွန်ုပ်၏။ ဟိတကာမာ၊ အစီးအပွားကို အလိုရှိတော်၏။ ယထာ၊ အကြင်အခြင်းဖြင့်။ ဝဒထ၊ ဆိုတော်မူပါကုန်။ တထာ၊ ထိုအခြင်းဖြင့်။ ဟိတေသီဘိ၊ စီးပွားကို အလိုရှိကုန်သော အရှင်နတ်မင်းတို့သည်။ ဝုတ္တံ၊ မိန့်တော်မူအပ်သော။ သဗ္ဗံ၊ အလုံးစုံကို။ အဟံ၊ ထိုအကျွန်ုပ်သည်။ ကရိဿာမိ၊ လိုက်နာပါအံ့။

֍ ဋ္ဌ ၂၁၁။ သက္က၊ သိကြားမင်း။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ မစ္ဆရိယဘာဝတော၊ ဝန်တိုပိတ်ပင်သည်၏အဖြစ်မှ။ ဥပရမာမိ၊ ရှောင်ကြဉ်ပါအံ့။ အဟံ၊ အကျွန်ုပ်သည်။ ကိဉ္စိ၊ အနည်းငယ်သော။ ပါပံ၊ မကောင်းမှုကို။ န ကရေယျုံ၊ မပြုပါပြီ။ မေ၊ အကျွန်ုပ်အား။ အဒေယျံ၊ မပေးမလှူသော။ ကိဉ္စိပိ၊ အနည်းငယ်သော ဝတ္ထုသည်လည်း။ န စ အတ္ထိ၊ မရှိရပါပြီ။ ဥဒကံပိ၊ တလက်ဖက်မျှသော ရေကိုလည်း။ အဒတွာ၊ မပေးမလှူမူ၍။ န စ ပိဝါမိ၊ မသောက်ပါအံ့။

֍ ဋ္ဌ ၂၁၂။ ဝါသဝ၊ သိကြားမင်း။ ဧဝဉ္စ၊ ဤဆိုအပ်ပြီးသော အပြားအားဖြင့်။ သဗ္ဗကာလေ၊ ခပ်သိမ်းသောကာလ၌။ ဒဒတော၊ ပေးလှူသော။ မေ၊ အကျွန်ုပ်၏။ ဣမေ ဘောဂါ၊ ဤဥစ္စာတို့သည်။ ခီယိဿန္တိ၊ ကုန်ကုန်လတ္တံ့။ သက္က၊ သိကြားမင်း။ တတော၊ ထိုသို့ကုန်သောအခါမှ။ အဟံ၊ အကျွန်ုပ်သည်။ ယထာဓိကာနိ၊ အကြင်အကြင် အဖို့ဖြစ်ကုန်သော။ ကာမာနိ၊ ကာမဂုဏ်တို့ကို။ ဟိတွာန၊ စွန့်၍။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုပါအံ့။

သိကြားနတ်မင်းသည် မစ္ဆရိယကောသိယသူဌေးကို ဆုံးမသဖြင့် ယဉ်ကျေးသည်ကိုပြု၍ တရားဟောသဖြင့် အလှူဒါန၏အကျိုးကို သိစေပြီးလျှင် ငါးပါးသောသီလတို့၌ တည်စေ၍ ထိုနတ်သား လေးယောက်တို့နှင့်တကွ နတ်ပြည်သို့သာလျှင် ကြွတော်မူ၏။

ရသေ့ဝတ်လေပြီ

မစ္ဆရိယကောသိယ သူဌေးသည်လည်း မြို့သို့ဝင်ပြီးလျှင် မင်းကိုခွင့်ပြုစေ၍ ယူခဲ့တိုင်း ယူခဲ့တိုင်းသော ခွက်တို့ကိုပြည့်စေ၍ အလိုရှိတိုင်း ယူစေကုန်သတည်းဟု ဆို၍ အလှူခံဖုန်းတောင်း ယာစကာတို့အား ဥစ္စာကိုပေးစွန့်၍ ထိုဥစ္စာကုန်ပြီးသော် တောထွက်၍ ဟိမဝန္တာမှ တောင်ဘက်နံပါး၌ ဂင်္ဂါ၏လည်းကောင်း၊ တစ်ခုသာ ဇာတသရအိုင်၏ လည်းကောင်း၊ အလယ်ကြား၌ သစ်ရွက်မိုးသောကျောင်းကို ဆောက်ပြီးလျှင် ရဟန်းပြု၍ တောသစ်မြစ်သစ်သီးဟု ဆိုအပ်သော အစာရှိသည်ဖြစ်၍ ထိုဟိမဝန္တာ၌ ကြာမြင့်စွာနေ၍ အိုခြင်းသို့ ရောက်၏။

နာရဒရသေ့ ပြဿနာပြုခြင်း

ထိုအခါ သိကြားမင်းအား အာသာ, သဒ္ဓါ, သိရီ, ဟိရီ ဟူသော သမီးတော်လေးယောက်တို့သည် ရှိကုန်၏။ ထို နတ်သမီးလေးယောက်တို့သည် များစွာကုန်သော နတ်ပန်းတို့ကိုယူခဲ့၍ ရေကစားအံ့သောငှာ အနဝတတ်အိုင်သို့ သွားကုန်၍ ထိုအနဝတတ်အိုင်၌ ရေကစားပြီးလျှင် ဆေးဒန်းမြင်းသီလာ ကျောက်အပြင်၌ နေကုန်၏။ ထိုခဏ၌ နာရဒအမည်ရှိသော ပုဏ္ဏားရသေ့သည် တာဝတိံသာနတ်ပြည်သို့ နေ့သန့်ခြင်းငှာသွား၍ နန္ဒဝန်ဥယျာဉ် စိတ္တလတာဥယျာဉ်တို့၌ နေ့သန့်ခြင်းကိုပြုပြီးလျှင် ပင်လယ်ကသစ်ပွင့်ကို ထီးကဲ့သို့ အရိပ်အလို့ငှာဆောင်းလျက် နတ်သမီးတို့နေသော ကျောက်ဖျာအပြင်၏ အထက်အဖို့ဖြင့် မိမိနေရာဖြစ်သော ရွှေဂူသို့သွား၏။ ထိုအခါ ထိုနတ်သမီး လေးယောက်တို့သည် နာရဒရသေ့လက်၌ ထိုပင်လယ်ကသစ်ပွင့်ကိုမြင်၍ တောင်းကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၁၃။ နဂုတ္တမေ ဂိရိဝရေ ဂန္ဓမာဒနေ၊
မောဒန္တိ တာ ဒေဝဝရာဘိပါလိတာ။
အထာဂမာ ဣသိဝရော သဗ္ဗလောကဂူ၊
သုပုပ္ဖိတံ ဒုမဝရသာခမာဒိယ၊
၂၁၄။ သုစိံ သုဂန္ဓံ တိဒသေဟိ သက္ကတံ။
ပုပ္ဖုတ္တမံ အမရဝရေဟိ သေဝိတံ။
အလဒ္ဓ မစ္စေဟိ ဝ ဒါနဝေဟိ ဝါ။
အညတြ ဒေဝေဟိ တဒါရဟံ ဟိဒံ။
၂၁၅။ တတော စတဿော ကနကတ္တစူပမာ၊
ဥဋ္ဌာယ နာရိယော ပမဒါဓိပါ မုနိံ။
အာသာ စ သဒ္ဓါ စ သိရီ တတော ဟိရီ၊
ဣစ္စဗြဝုံ နာရဒ ဒေဝ ဗြာဟ္မဏံ။
၂၁၆။ သစေ အနုဒ္ဒိဋ္ဌံ တယာ မဟာမုနိ၊
ပုပ္ဖံ ဣမံ ပါရိစ္ဆတ္တသ ဗြာဟ္မေ။
ဒဒါဟိ နော သဗ္ဗာ ဂတိ တေ ဣဇ္ဈတု၊
တုဝမ္ပိ နော ဟောတိ ယထေဝ ဝါသဝေါ။
၂၁၇။ တံ ယာစမာနာ ဘိသမေက္ခ နာရဒေါ၊
ဣစ္စဗြဝီ သံကလဟံ ဥဒီရယိ။
န မယှမတ္ထတ္ထိ ဣမေဟိ ကောစိ နံ၊
ယာယေဝ ဝေါ သေယျသိသာ ပိဠန္ဓထ။

ဟူသော ဤငါးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၁၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ဂိရိဝရေ၊ ဂိရိဝရဟုဆိုအပ်သော။ ဂန္ဓမာဒနေ၊ ဂန္ဓမာဒနအမည်ရှိသော။ နဂုတ္တမေ၊ မြတ်သောတောင်၌။ ဒေဝဝရာဘိပါလိတာ၊ သိကြားမင်းသည် စောင့်အပ်သာ။ တာ၊ ထိုနတ်သမီးလေးယောက်တို့သည်။ မောဒန္တိ၊ ဝမ်းမြောက်စွာ ရေကစားကုန်၏။ သဗ္ဗလောကဂူ၊ အလုံးစုံသော လူ့ပြည်နတ်ပြည်သို့ သွားခြင်းငှာ စွမ်းနိုင်သော။ ဣသိဝရော၊ နာရဒရသေ့မြတ်သည်။ သုပုပ္ဖိတံ၊ ကောင်းစွာပွင့်သော။ ဒုမဝရသာခံ၊ ပင်လယ်ကသစ်ခက်ကို။ အဒိယ၊ ယူ၍။ ဣဓ၊ ဤအရပ်သို့။ အာဂမာ၊ ကြွလာ၏။

֍ ဋ္ဌ ၂၁၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သုစိံ၊ စင်ကြယ်သော။ သုဂန္ဓံ၊ ကောင်းသော အနံ့ရှိသော။ တိဒသေဟိ၊ တာဝတိံသာ နတ်တို့သည်။ သက္ကတံ၊ အရိုအသေပြုအပ်သော။ အမရဝရေဟိ၊ နတ်မြတ်တို့သည်။ သေဝိတံ၊ မှီဝဲအပ်သော။ ဥတ္တမံ၊ မြတ်သော။ ပုပ္ဖံ၊ ပင်လယ်ကသစ်ပန်းကို။ ဒေဝေဟိ၊ နတ်တို့ကို။ အညတြ၊ ထား၍ မစ္စေဟိ ဝါ၊ နတ်တို့မှတစ်ပါးသော လူတို့သည်လည်းကောင်း။ ဒါနဝေဟိ ဝါ၊ ဒါနောဘီလူးတို့သည်လည်း။ အလဒ္ဓံ၊ မရအပ်။ ဣဒံ၊ ဤပင်လယ်ကသစ်ပန်းသည်။ တဒါရဟံ၊ ထိုနတ်တို့အားသာလျှင် ထိုက်၏။

֍ ဋ္ဌ ၂၁၅။ ဘိက္ခဝ၊ ရဟန်းတို့။ တတော၊ ထို့နောင်မှ။ ကနကတ္တစူပမာ၊ ရွှေအဆင်းနှင့်တူသော အရေရှိကုန်သော။ ပမဒါဓိပါ၊ မိန်းမတကာတို့ထက် မြတ်ကုန်သော။ အာသာ စ၊ အာသာလည်းကောင်း။ သဒ္ဓါ စ၊ သဒ္ဓါလည်းကောင်း။ သိရီစ၊ သိရီလည်းကောင်း။ တတော၊ ထိုမှတစ်ပါး။ ဟိရီ စ၊ ဟိရီလည်းကောင်း။ ဣတိ၊ ဤသို့။ စတဿော၊ လေးယောက်ကုန်သာ။ နာရိယော၊ နတ်တမီးတို့သည်။ ဥဋ္ဌာယ၊ နေရာမှထကုန်၍။ မုနိံ၊ ရသေ့ဖြစ်သော။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသော။ နာရဒံ ဧဝ၊ နာရဒကိုသာလျှင်။ ဣတိ ဣဒံ၊ ဤစကားကို။ အဗြဝုံ၊ ဆိုကုန်၏။

֍ ဋ္ဌ ၂၁၆။ ဗြာဟ္မေ၊ မကောင်းမှုကို အပပြုတော်မူပြီးသော။ မဟာမုနိ၊ မြတ်သောရှင်ရသေ့။ တယာ၊ ရှင်ရသေ့သည်။ သစေ၊ အကယ်၍။ အနုဒ္ဒိဋ္ဌံ၊ မရည်သေးသည် ဖြစ်အံ့။ ဧဝံ၊ ဤသို့ မရည်သေးသည်ရှိသော်။ ပါရိစ္ဆတ္တဿ၊ ပင်လယ်ကသစ်ပင်၏။ ဣမံ ပုပ္ဖံ၊ ဤအပွင့်ကို။ နော၊ အကျွန်ုပ်တို့အား။ ဒဒါဟိ၊ ပေးတော်မူလော့။ တေ၊ အရှင်ဘုရားအား။ သဗ္ဗာ၊ အလုံးစုံသော။ ဂတိ၊ စိတ်အလိုရှိတိုင်းသည်။ ဣဇ္ဈတု၊ ပြည့်စုံပါစေသတည်း။ နော၊ အကျွန်ုပ်တို့၏။ ဝါသဝေါ ယထေဝ၊ အဖသိကြားမင်းကဲ့သို့လျှင်။ တုဝမ္ပိ၊ အရှင်ဘုရားသည်လည်း။ ဟောဟိ၊ ဖြစ်တော်မူပါလော့။

֍ ဋ္ဌ ၂၁၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တံ၊ ထိုပင်လယ်ကသစ်ပွင့်ကို။ ယာစမာနာ၊ တောင်းကုန်သောနတ်သမီးတို့ကို။ နာရဒေါ၊ နာရဒရသေ့သည်။ အဘိသမေက္ခ၊ စုံစမ်းဆင်ခြင်၍။ ဣတိ ဣဒံ၊ ဤစကားကို။ အဗြဝိ၊ ဆိုလေ၏။ သင်္ကလဟံ၊ ငြင်းခုံခြင်းနှင့်တကွသော စကားကို။ ဥဒီရယိ၊ မြွက်ဆို၏။ ဒေဝဓီတာယော၊ နတ်သမီးတို့။ မယှံ၊ ငါ့အား။ ဣမေဟိ၊ ဤပင်လယ်ကသစ်ပန်းတို့ဖြင့်။ ကောစိနံ၊ အနည်းငယ်သော။ အတ္ထိ၊ အလိုသည်။ န အတ္ထိ၊ မရှိ။ ဝေါ၊ သင်တို့ လေးယောက်တို့တွင်။ ယာယေဝ၊ အကြင်နတ်သမီးသည်လျှင်။ သေယျာ၊ အထူးသဖြင့်မြတ်သည်။ အသိ၊ ဖြစ်၏။ သာယေဝ၊ ထိုအထူးသဖြင့်မြတ်သော နတ်သမီးသည်သာလျှင်။ ဣမံ ပုပ္ဖံ၊ ဤကသစ်ပန်းတို့ကို။ ပိဠန္ဓထ၊ ပန်ဆင်လေကုန်။

ထိုလေးယောက်ကုန်သော နတ်သမီးတို့သည် ထိုနာရဒစကားကိုကြားကုန်၍ ထိုအယုတ်အမြတ်ကို ထိုရသေ့ကိုပင်လျှင် စုံစမ်းစိစစ်စိမ့်သောငှာ ပြန်လျှောက်ကြပြန်လိုရကား-

၂၁၈။ တွံ နောတ္တမေဝါဘိသမေက္ခ နာရဒ၊
ယဿိစ္ဆသိ တဿာ အနုပ္ပဝေစ္ဆသု။
ယဿာ ဟိ နော နာရဒ တွံ ပဒဿသိ၊
သာ ယေဝ နော ဟေဟိတိ သေဋ္ဌသမ္မတာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၈။ နာရဒ၊ နာရဒရှင်ရသေ။ တွံ ဧဝ၊ အရှင်ဘုရားသည်သာလျှင်။ ဥတ္တမံ၊ မြတ်သောသူကို။ အဘိသမေက္ခ၊ ရှုတော်မူလော့။ ယဿာ၊ အကြင်နတ်သမီးအား။ တွံ၊ အရှင်ဘုရားသည်။ ဣစ္ဆသိ၊ ပေးခြင်းငှာ အလိုရှိတော်မူ၏။ တဿာ၊ ထိုနတ်သမီးအား။ အနုပ္ပဝေစ္ဆသု၊ ပေးတော်မူလော့။ နာရဒ၊ နာရဒရှင်ရသေ့။ တွံ၊ အရှင်ဘုရားသည်။ နော၊ အကျွန်ုပ်တို့၏။ အန္တရေ၊ အလယ်၌။ ယဿာ၊ အကြင်နတ်သမီးအား။ ပဒဿသိ၊ ပေးတော်မူလတ္တံ့။ သာယေဝ၊ ထိုနတ်သမီးသည်သာလျှင်။ နော၊ အကျွန်ုပ်တို့၏။ အန္တရေ၊ အလယ်၌၊ သေဋ္ဌသမ္မတာ၊ အမြတ်ဟူ၍ သမုတ်အပ်သည်။ ဟေဟိတိ၊ ဖြစ်လတ္တံ့။

သိကြားမင်းထံ မေးကြ

ထိုနတ်သမီးတို့၏ စကားကိုကြား၍ နာရဒရှင်ရသေ့သည် ထိုနတ်သမီးတို့ကိုခေါ်၍ သိကြားမင်းကို မေးစေလိုကား-

၂၁၉။ အကလ္လမေတံ ဝစနံ သုဂတ္တေ၊
ကော ဗြာဟ္မဏော ကလဟံ ဥဒိရယေ။
ဂန္တွာန ဘူတာဓိပမေဝ ပုစ္ဆထ၊
သစေ န ဇာနာထ ဣဓုတ္တမာဓမံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၉။ သုဂတ္တေ၊ ကောင်းသောကိုယ်ရှိသော နတ်သမီးတို့။ ဧတံဝစနံ၊ ဤသင်တို့စကားသည်။ မေ၊ ငါ့အား။ အကလ္လံ၊ မသင့်။ ကော ဗြာဟ္မဏော၊ အဘယ်ရသေ့ရဟန်းသည်။ ကလဟံ၊ ငြင်းခုံခြင်းကို။ ဥဒီရယေ၊ ပွားစေအံ့နည်း။ ဣဓ၊ ဤအရပ်၌။ တုမှ၊ သင်တို့သည်။ ဥတ္တမာဓမံ၊ အမြတ်အယုတ်ကို။ သစေ န ဇာနာထ၊ အကယ်၍ မသိကြကုန်အံ့။ ဧဝံ၊ ဤသို့ မသိကြကုန်သည်ရှိသော်။ ဣတော၊ ဤအရပ်မှ။ ဂန္တွာန၊ သွားကုန်၍။ ဘူတာဓိပမေဝ၊ အဖသိကြားမင်းကိုသာလျှင်။ ပုစ္ဆထ၊ မေးကြကုန်လော့။

ထို့နောင်မှ နတ်သမီးတို့သည်သွား၍ အဖသိကြားမင်းကို မေးလျှောက်ကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၂၂၀။ တာ နာရဒေန ပရမပ္ပကောပိတာ၊
ဥဒီရိတာ ဝဏ္ဏမဒေန မတ္တာ။
သံကာသံ ဂန္တွာန သဟဿစက္ခုနော၊
ပုစ္ဆိံသု ဘူတာဓိပံ ကာ နု သေယျသိ-

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၂၀။ ဘိက္ခဝေ၊ ရဟန်းတို့။ နာရဒေန၊ နာရဒရသေ့သည်။ ဥဒီရိတာ၊ ဆိုအပ်ကုန်သော။ တာ၊ ထိုနတ်သမီးတို့သည်။ ပရမပ္ပကောပိတာ၊ လွန်စွာ အမျက်ထွက်ကုန်သည်ဖြစ်၍။ ဝဏ္ဏမဒေန၊ အဆင်းမာန်ယစ်ခြင်းဖြင့်။ မတ္တာ၊ ယစ်ကုန်သည်ဖြစ်၍။ သဟသစက္ခုနော၊ သိကြားနတ်မင်း၏။ သံကာသံ၊ အထံသို့။ ဂန္တွာန၊ သွားကုန်၍။ တာတ၊ ဖခင်။ အမှေသု၊ အကျွန်ုပ်တို့တွင်။ ကာ၊ အဘယ်သူသည်။ သေယျာ၊ အထူးသဖြင့် မြတ်သည်။ အသိ နု၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့။ ဘူတာဓိပံ၊ အဖသိကြားမင်းကို။ ပုစ္ဆိံသု၊ မေးလျှောက်ကြ၏။

သိကြားမင်းသည် သမီးတော်တို့ကိုမြင်၍ ချစ်သမီးတို့၏ အငြင်းအခုံကို အဘယ်သူပြုသနည်းဟု မေးတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်

၂၂၁။ တာ ဒိသွာ အာယတ္တမနာ ပုရိန္ဒဒေါ၊

ဣစ္စဗြဝိ ဒေဝဝရော ကတဉ္ဇလီ။

သဗ္ဗာ စ ဝေါ ဟောထ သုဂတ္တေ သာဒိသီ၊

ကောနေဝ ဘဒ္ဒေ ကလဟံ ဥဒီရယိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၂၁။ ဘိက္ခဝေ၊ ရဟန်းတို့။ တာ၊ ထိုနတ်သမီးတို့ကို။ ဒိသွာ၊ မြင်၍။ အာယတ္တမနာ၊ ကြောင့်ကြသော စိတ်ရှိကုန်သည်ဖြစ်၍။ ဒေဝဝရော၊ နတ်မြတ်ဖြစ်သော။ ကတဉ္ဇလီ၊ နတ်တို့သည် လက်အုပ်ချီအပ်သော။ ပုရိန္ဒဒေါ၊ အဖသိကြားမင်းသည်။ ဣတိ ဣဒံ၊ ဤစကားကို။ အဗြဝိ၊ ဆိုလေ၏။ သုဂတ္တေ၊ ကောင်းသောကိုယ်ရှိသော ချစ်သမီးတို့။ သဗ္ဗာ စ၊ အလုံးစုံလည်းဖြစ်ကုန်သာ။ ဝေါ၊ သင်တို့သည်။ သာဒိသီ၊ တူမျှကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော့။ ဘဒ္ဒေ၊ ချစ်သမီးတို့။ ဣဓ၊ ဤအရပ်၌။ ကောနေဝ၊ အဘယ်သူသည်လျှင်။ ကလဟံ၊ ငြင်းခုံခြင်းကို။ ဥဒီရယိ၊ ပွားစေသနည်း။

ထိုအခါ သမီးတော်တို့သည် အဖသိကြားမင်းအား ထင်ရှားစွာ တင်လျှောက်ကုန်လိုရကား-

၂၂၂။ ယော သဗ္ဗလောကစ္စရိတော မဟာမုနိ၊
ဓမ္မေ ဌိတော နာရဒေါ သစ္စနိက္ကမော။
သော နောဗြဝိ ဂိရိဝရေ ဂန္ဓမာဒနေ၊
ဂန္တွာန ဘူတာဓိပမေဝ ပုစ္ဆထ။
သစေ န ဇာနာထ ဣဓုတ္တမာဓမံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၂၂။ ဘူတာဓိပ၊ နတ်တို့၏အရှင်ဖြစ်တော်မူသော။ တာတ၊ ဖခင်နတ်မြတ်။ သဗ္ဗလောကစ္စရိတော၊ အလုံးစုံသော လူ့ပြည်နတ်ပြည်သို့ ကြွသွားနိုင်သော။ ဓမ္မေ၊ ကျင့်ဝတ်တရား၌။ ဌိတော၊ တည်သော။ နာရဒေါ၊ နာရဒအမည်ရှိသော။ သစ္စနိက္ကမော၊ မချွတ်သော လုံ့လရှိသော။ ယော မဟာမုနိ၊ အကြင်ရသေ့မြတ်သည်။ အတ္ထိ၊ ရှိ၏။ သော မဟာမုနိ၊ ထိုရသေ့မြတ်သည်။ ဂန္ဓမာဒနေ၊ ဂန္ဓမာဒန အမည်ရှိသော။ ဂီရိဝရေ၊ တောင်မြတ်၌။ နော၊ အကျွန်ုပ်တို့ကို။ အဗြဝိ၊ ဆို၏။ တုမှေ၊ သင်တို့သည်။ ဣဓ၊ ဤအရပ်၌။ ဥတ္တမာဓမံ၊ မြတ်သည် ယုတ်သည်ကို။ သစေ န ဇာနာထ၊ အကယ်၍ မသိကြကုန်အံ့ ဂန္တွာန၊ သွားကုန်၍။ ဘူတာဓိပမေဝ၊ သင်တို့အဖသိကြားမင်းကိုသာလျှင်။ ပုစ္ဆထ၊ မေးကြလေကုန်။ ဣတိ၊ ဤသို့။ နော၊ အကျွန်ုပ်တို့ကို။ နာရဒေါ၊ နာရဒရသေ့သည်။ အဗြဝိ၊ ဆို၏။

ကောသိယရှင်ရသေ့ထံ သွားမေးကြ

ထိုသို့သမီးတော်တို့ တင်လျှောက်သောစကားကို ကြား၍ အဖသိကြားမင်းသည် ဤလေးယောက်သော နတ်သမီးတို့သည်လည်း ငါ့သမီးတော်ချည်းတည်း၊ အကယ်၍ ငါသည် ဤငါ့သမီးတော် လေးယောက်တို့တွင် တစ်ယောက်သောသမီးသည် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ မြတ်၏ဟု အကယ်၍ ဆိုငြားအံ့၊ ကြွင်းကုန်သော သမီးတို့သည် ငါ့ကို အမျက်ထွက်ကုန်လတ္တံ့၊ ဤတရားကို ငါသည် ဆုံးဖြတ်ခြင်းငှာ မတတ်ကောင်း၊ ဤငါ့သမီးတော်တို့ကို ဟိမဝန္တာ၌ ကောသိယ ရသေ့အထံသို့ စေလိုက်အံ့၊

ထိုကောသိယရသေ့သည် ထိုနတ်သမီးတို့၏ တရားကို ဆုံးဖြတ်စီရင်လတ္တံ့ ဟုကြံ၍ ငါသည် ချစ်သမီးတို့ အငြင်းအခုံတရားကို မဆုံးဖြတ်အံ့၊ ဟိမဝန္တာ၌ ကောသိယ အမည်ရှိသော ရသေ့သည်ရှိ၏။ ထိုကောသိယရသေ့အား ငါသည် နတ်သုဓာဘုတ်ကို ပို့စေအံ့၊ ထိုကောသိယရသေ့သည် သူတစ်ပါးအား မပေးလှူမူ၍ မစား၊ ပေးလှူ၍သာလျှင် စား၏။ ထိုသို့ ပေးလှူသော်လည်း ရွေးချယ်စိစစ်၍ ဂုဏ်ရှိသောသူတို့အားသာလျှင် ပေးလှူ၏။ သင်တို့လေးယောက်တို့တွင် အကြင်နတ်သမီးသည် ထိုကောသိယရသေ့လက်မှ နတ်သုဓာဘုတ်ကိုရအံ့၊ ထိုနတ်သမီးသည် မြတ်သည် ဖြစ်ပါလတ္တံ့ဟု ဆို၍ ထိုအကြောင်းကို သမီးတော်တို့အား ကြားလိုရကား-

၂၂၃။ အသု ဗြဟာရညစရော မဟာမုနိ၊
နာဒတွာ ဘတ္တံ ဝရဂတ္တေ ဘုဉ္ဇတိ။
ဝိစေယျ ဒါနာနိ ဒဒါတိ ကောသိယော။
ယဿာ ဟိ သော ဒဿတိ သာဝ သေယျသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၂၃။ ဝရဂတ်တ၊ မြတ်သောကိုယ်ရှိသော ချစ်သမီးတို့။ ဗြဟာရညစရော၊ တောကြီး၌ နေလေ့ရှိသော။ အသု၊ ဤအမည်ရှိသော။ မဟာမုနိ၊ ကောသိယရသေ့မြတ်သည်။ အဒတွာ၊ သူတစ်ပါးအား မပေးလှူမူ၍။ ဘတ္တံ၊ ထမင်းကို။ န ဘုဉ္ဇတိ၊ မစား။ ဒတွာဝ၊ ပေးလှူ၍သာလျှင်။ ဘုဉ္ဇတိ၊ စား၏။ ကောသိယော၊ ကောသိယ ရှင်ရသေ့သည်။ ဝိစေယျ၊ ရွေးချယ်စိစစ်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒဒါတိ၊ ပေးလှူ၏။ ဟိ သစ္စံ၊ မှန်၏။ သော၊ ထိုကောသိယရသေ့သည်။ ယဿာ၊ အကြင်နတ်သမီးအား။ ဒဿတိ၊ ပေးအံ့။ သာဧဝ၊ ထိုနတ်သမီးသည်သာလျှင်။ သေယျာ၊ အထူးသဖြင့် မြတ်သည်။ အသိ၊ ဖြစ်၏။

သိကြားမင်းထံ မေးကြ

ထိုနတ်သမီးတို့၏ စကားကိုကြား၍ နာရဒရှင်ရသေ့သည် ထိုနတ်သမီးတို့ကိုခေါ်၍ သိကြားမင်းကို မေးစေလိုကား-

၂၁၉။ အကလ္လမေတံ ဝစနံ သုဂတ္တေ၊
ကော ဗြာဟ္မဏော ကလဟံ ဥဒိရယေ။
ဂန္တွာန ဘူတာဓိပမေဝ ပုစ္ဆထ၊
သစေ န ဇာနာထ ဣဓုတ္တမာဓမံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၁၉။ သုဂတ္တေ၊ ကောင်းသောကိုယ်ရှိသော နတ်သမီးတို့။ ဧတံဝစနံ၊ ဤသင်တို့စကားသည်။ မေ၊ ငါ့အား။ အကလ္လံ၊ မသင့်။ ကော ဗြာဟ္မဏော၊ အဘယ်ရသေ့ရဟန်းသည်။ ကလဟံ၊ ငြင်းခုံခြင်းကို။ ဥဒီရယေ၊ ပွားစေအံ့နည်း။ ဣဓ၊ ဤအရပ်၌။ တုမှ၊ သင်တို့သည်။ ဥတ္တမာဓမံ၊ အမြတ်အယုတ်ကို။ သစေ န ဇာနာထ၊ အကယ်၍ မသိကြကုန်အံ့။ ဧဝံ၊ ဤသို့ မသိကြကုန်သည်ရှိသော်။ ဣတော၊ ဤအရပ်မှ။ ဂန္တွာန၊ သွားကုန်၍။ ဘူတာဓိပမေဝ၊ အဖသိကြားမင်းကိုသာလျှင်။ ပုစ္ဆထ၊ မေးကြကုန်လော့။

ထို့နောင်မှ နတ်သမီးတို့သည်သွား၍ အဖသိကြားမင်းကို မေးလျှောက်ကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၂၂၀။ တာ နာရဒေန ပရမပ္ပကောပိတာ၊
ဥဒီရိတာ ဝဏ္ဏမဒေန မတ္တာ။
သံကာသံ ဂန္တွာန သဟဿစက္ခုနော၊
ပုစ္ဆိံသု ဘူတာဓိပံ ကာ နု သေယျသိ-

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၂၀။ ဘိက္ခဝေ၊ ရဟန်းတို့။ နာရဒေန၊ နာရဒရသေ့သည်။ ဥဒီရိတာ၊ ဆိုအပ်ကုန်သော။ တာ၊ ထိုနတ်သမီးတို့သည်။ ပရမပ္ပကောပိတာ၊ လွန်စွာ အမျက်ထွက်ကုန်သည်ဖြစ်၍။ ဝဏ္ဏမဒေန၊ အဆင်းမာန်ယစ်ခြင်းဖြင့်။ မတ္တာ၊ ယစ်ကုန်သည်ဖြစ်၍။ သဟသစက္ခုနော၊ သိကြားနတ်မင်း၏။ သံကာသံ၊ အထံသို့။ ဂန္တွာန၊ သွားကုန်၍။ တာတ၊ ဖခင်။ အမှေသု၊ အကျွန်ုပ်တို့တွင်။ ကာ၊ အဘယ်သူသည်။ သေယျာ၊ အထူးသဖြင့် မြတ်သည်။ အသိ နု၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့။ ဘူတာဓိပံ၊ အဖသိကြားမင်းကို။ ပုစ္ဆိံသု၊ မေးလျှောက်ကြ၏။

သိကြားမင်းသည် သမီးတော်တို့ကိုမြင်၍ ချစ်သမီးတို့၏ အငြင်းအခုံကို အဘယ်သူပြုသနည်းဟု မေးတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်

၂၂၁။ တာ ဒိသွာ အာယတ္တမနာ ပုရိန္ဒဒေါ၊

ဣစ္စဗြဝိ ဒေဝဝရော ကတဉ္ဇလီ။

သဗ္ဗာ စ ဝေါ ဟောထ သုဂတ္တေ သာဒိသီ၊

ကောနေဝ ဘဒ္ဒေ ကလဟံ ဥဒီရယိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂၂၁။ ဘိက္ခဝေ၊ ရဟန်းတို့။ တာ၊ ထိုနတ်သမီးတို့ကို။ ဒိသွာ၊ မြင်၍။ အာယတ္တမနာ၊ ကြောင့်ကြသော စိတ်ရှိကုန်သည်ဖြစ်၍။ ဒေဝဝရော၊ နတ်မြတ်ဖြစ်သော။ ကတဉ္ဇလီ၊ နတ်တို့သည် လက်အုပ်ချီအပ်သော။ ပုရိန္ဒဒေါ၊ အဖသိကြားမင်းသည်။ ဣတိ ဣဒံ၊ ဤစကားကို။ အဗြဝိ၊ ဆိုလေ၏။ သုဂတ္တေ၊ ကောင်းသောကိုယ်ရှိသော ချစ်သမီးတို့။ သဗ္ဗာ စ၊ အလုံးစုံလည်းဖြစ်ကုန်သာ။ ဝေါ၊ သင်တို့သည်။ သာဒိသီ၊ တူမျှကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော့။ ဘဒ္ဒေ၊ ချစ်သမီးတို့။ ဣဓ၊ ဤအရပ်၌။ ကောနေဝ၊ အဘယ်သူသည်လျှင်။ ကလဟံ၊ ငြင်းခုံခြင်းကို။ ဥဒီရယိ၊ ပွားစေသနည်း။

ထိုအခါ သမီးတော်တို့သည် အဖသိကြားမင်းအား ထင်ရှားစွာ တင်လျှောက်ကုန်လိုရကား-

၂၂၂။ ယော သဗ္ဗလောကစ္စရိတော မဟာမုနိ၊
ဓမ္မေ ဌိတော နာရဒေါ သစ္စနိက္ကမော။
သော နောဗြဝိ ဂိရိဝရေ ဂန္ဓမာဒနေ၊
ဂန္တွာန ဘူတာဓိပမေဝ ပုစ္ဆထ။
သစေ န ဇာနာထ ဣဓုတ္တမာဓမံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၂၂။ ဘူတာဓိပ၊ နတ်တို့၏အရှင်ဖြစ်တော်မူသော။ တာတ၊ ဖခင်နတ်မြတ်။ သဗ္ဗလောကစ္စရိတော၊ အလုံးစုံသော လူ့ပြည်နတ်ပြည်သို့ ကြွသွားနိုင်သော။ ဓမ္မေ၊ ကျင့်ဝတ်တရား၌။ ဌိတော၊ တည်သော။ နာရဒေါ၊ နာရဒအမည်ရှိသော။ သစ္စနိက္ကမော၊ မချွတ်သော လုံ့လရှိသော။ ယော မဟာမုနိ၊ အကြင်ရသေ့မြတ်သည်။ အတ္ထိ၊ ရှိ၏။ သော မဟာမုနိ၊ ထိုရသေ့မြတ်သည်။ ဂန္ဓမာဒနေ၊ ဂန္ဓမာဒန အမည်ရှိသော။ ဂီရိဝရေ၊ တောင်မြတ်၌။ နော၊ အကျွန်ုပ်တို့ကို။ အဗြဝိ၊ ဆို၏။ တုမှေ၊ သင်တို့သည်။ ဣဓ၊ ဤအရပ်၌။ ဥတ္တမာဓမံ၊ မြတ်သည် ယုတ်သည်ကို။ သစေ န ဇာနာထ၊ အကယ်၍ မသိကြကုန်အံ့ ဂန္တွာန၊ သွားကုန်၍။ ဘူတာဓိပမေဝ၊ သင်တို့အဖသိကြားမင်းကိုသာလျှင်။ ပုစ္ဆထ၊ မေးကြလေကုန်။ ဣတိ၊ ဤသို့။ နော၊ အကျွန်ုပ်တို့ကို။ နာရဒေါ၊ နာရဒရသေ့သည်။ အဗြဝိ၊ ဆို၏။

ကောသိယရှင်ရသေ့ထံ သွားမေးကြ

ထိုသို့သမီးတော်တို့ တင်လျှောက်သောစကားကို ကြား၍ အဖသိကြားမင်းသည် ဤလေးယောက်သော နတ်သမီးတို့သည်လည်း ငါ့သမီးတော်ချည်းတည်း၊ အကယ်၍ ငါသည် ဤငါ့သမီးတော် လေးယောက်တို့တွင် တစ်ယောက်သောသမီးသည် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ မြတ်၏ဟု အကယ်၍ ဆိုငြားအံ့၊ ကြွင်းကုန်သော သမီးတို့သည် ငါ့ကို အမျက်ထွက်ကုန်လတ္တံ့၊ ဤတရားကို ငါသည် ဆုံးဖြတ်ခြင်းငှာ မတတ်ကောင်း၊ ဤငါ့သမီးတော်တို့ကို ဟိမဝန္တာ၌ ကောသိယ ရသေ့အထံသို့ စေလိုက်အံ့၊

ထိုကောသိယရသေ့သည် ထိုနတ်သမီးတို့၏ တရားကို ဆုံးဖြတ်စီရင်လတ္တံ့ ဟုကြံ၍ ငါသည် ချစ်သမီးတို့ အငြင်းအခုံတရားကို မဆုံးဖြတ်အံ့၊ ဟိမဝန္တာ၌ ကောသိယ အမည်ရှိသော ရသေ့သည်ရှိ၏။ ထိုကောသိယရသေ့အား ငါသည် နတ်သုဓာဘုတ်ကို ပို့စေအံ့၊ ထိုကောသိယရသေ့သည် သူတစ်ပါးအား မပေးလှူမူ၍ မစား၊ ပေးလှူ၍သာလျှင် စား၏။ ထိုသို့ ပေးလှူသော်လည်း ရွေးချယ်စိစစ်၍ ဂုဏ်ရှိသောသူတို့အားသာလျှင် ပေးလှူ၏။ သင်တို့လေးယောက်တို့တွင် အကြင်နတ်သမီးသည် ထိုကောသိယရသေ့လက်မှ နတ်သုဓာဘုတ်ကိုရအံ့၊ ထိုနတ်သမီးသည် မြတ်သည် ဖြစ်ပါလတ္တံ့ဟု ဆို၍ ထိုအကြောင်းကို သမီးတော်တို့အား ကြားလိုရကား-

၂၂၃။ အသု ဗြဟာရညစရော မဟာမုနိ၊
နာဒတွာ ဘတ္တံ ဝရဂတ္တေ ဘုဉ္ဇတိ။
ဝိစေယျ ဒါနာနိ ဒဒါတိ ကောသိယော။
ယဿာ ဟိ သော ဒဿတိ သာဝ သေယျသိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၂၃။ ဝရဂတ္တ၊ မြတ်သောကိုယ်ရှိသော ချစ်သမီးတို့။ ဗြဟာရညစရော၊ တောကြီး၌ နေလေ့ရှိသော။ အသု၊ ဤအမည်ရှိသော။ မဟာမုနိ၊ ကောသိယရသေ့မြတ်သည်။ အဒတွာ၊ သူတစ်ပါးအား မပေးလှူမူ၍။ ဘတ္တံ၊ ထမင်းကို။ န ဘုဉ္ဇတိ၊ မစား။ ဒတွာဝ၊ ပေးလှူ၍သာလျှင်။ ဘုဉ္ဇတိ၊ စား၏။ ကောသိယော၊ ကောသိယ ရှင်ရသေ့သည်။ ဝိစေယျ၊ ရွေးချယ်စိစစ်၍။ ဒါနာနိ၊ အလှူတို့ကို။ ဒဒါတိ၊ ပေးလှူ၏။ ဟိ သစ္စံ၊ မှန်၏။ သော၊ ထိုကောသိယရသေ့သည်။ ယဿာ၊ အကြင်နတ်သမီးအား။ ဒဿတိ၊ ပေးအံ့။ သာဧဝ၊ ထိုနတ်သမီးသည်သာလျှင်။ သေယျာ၊ အထူးသဖြင့် မြတ်သည်။ အသိ၊ ဖြစ်၏။

ဤသို့ ထိုသိကြားမင်းသည် ကောသိယ ရသေ့အထံသို့ သမီးတော်တို့ကို စေလိုက်ပြီးလျှင် မာတလိနတ်သားကိုခေါ်၍ ထိုရသေ့အထံသို့ စေလိုက်ပြန်လိုရကား-

၂၂၄။ အသူ ဟိ ယော သမ္မတိ ဒက္ခိဏဒိသံ၊
ဂင်္ဂါယ တီရေ ဟိမဝန္တပဿနိ။
သ ကောသိယော ဒုလ္လဘပါနဘောဇနော၊
တဿ သုဓံ ပါပယ ဒေဝသာရထိ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၂၄။ ဒေဝသာရထိ၊ နတ်၏ရထားထိန်းဖြစ်သော။ မာတလိ၊ အမောင်မာတလိ နတ်သား။ အသု၊ ဤအမည်ရှိသော။ ယော ကာသိယော၊ အကြင်ကောသိယ ရသေ့သည်။ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏။ တီရေ၊ ကမ်းနား၌။ ဟိမဝန္တပဿနိ၊ ဟိမဝန္တာ၏နံပါး၌။ ဒက္ခိဏဒိသံ၊ တောင်အရပ်မျက်နှာ၌။ သမ္မတိ၊ နေ၏။ သော ကောသိယော၊ ထိုကောသိယ ရသေ့သည်။ ဒုလ္လဘပါနဘောဇနော၊ ရခဲသော ဘောဇဉ် အဖျာ်ရှိ၏။ မာတလိ၊ အမောင်မာတလိနတ်သား။ တွံ၊ သင်သည်။ တဿ၊ ထိုကောသိယ ရသေ့အား။ သုဓံ၊ နတ်သုဓာဘုတ်ကို။ ပါပယ၊ ပို့လှူပါချေလော့။

နတ်သုဓာဘုတ် အလှူခံရပြီ

မာတလိနတ်သားသည် နတ်သုဓာဘုတ်ကို ဆောင်ယူ၍ ကောသိယရသေ့အား ကပ်လှူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၂၂၅။ သ မာတလိ ဒေဝဝရေန ပေသိတော၊
သဟဿယုတ္တံ အဘိရုယှ သန္ဒနံ။
သုခိပ္ပမေဝ ဥပဂမ္မ အဿမံ၊
အဒိဿမာနော မုနိနော သုဓံ အဒါသိ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၂၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ဒေဝဝရေန၊ သိကြားနတ်မင်းသည်။ ပေသိတော၊ စေအပ်သော။ သော မာတလိ၊ ထိုမာတလိနတ်သားသည်။ သဟဿယုတ္တံ၊ သိန္ဓောမြင်း တစ်ထောင်ကသော။ သန္ဒနံ၊ ရထားကို။ အဘိရုယှ၊ တက်စီး၍။ သုခိပ္ပံမေဝ၊ အလွန်လျင်မြန်စွာလျှင်။ အဿမံ၊ ကောသိယရသေ့ ကျောင်းသို့။ ဥပဂမ္မ၊ ကပ်ရောက်၍။ အဒိဿမာနော၊ မထင်ရှားသော ကိုယ်ရှိသည်ဖြစ်၍။ မုနိနော၊ ကောသိယရသေ့အား။ သုဓံ၊ နတ်သုဓာဘုတ်ကို။ အဒါသိ၊ လှူလေ၏။

ကောသိယရသေ့သည် ထိုနတ်သုဓာဘုတ်ခွက်ကို ကိုင်၍ ရပ်လျက်လျှင် ထိုမာတလိနတ်သားအား အကြောင်းကို မေးလိုရကား-

၂၂၆။ ဥဒဂ္ဂိဟုတ္တံ ဥပတိဋ္ဌတော ဟိ မေ၊
ပဘင်္ကရံ လောကတမောနုဒုတ္တမံ။
သဗ္ဗာနိ ဘူတာနိ အဓိစ္စ ဝါသဝေါ။
ကော နေဝ မေ ပါဏိသု ကိံ သုဓောဒဟိ။
၂၂၇။ သင်္ခူပမံ သေတမတုလျဒဿနံ၊
သုစိံ သုဂန္ဓံ ပိယရူပမဗ္ဘုတံ။
အဒိဋ္ဌပုဗ္ဗံ မမ ဇာတု စက္ခုဘိ၊
ကာ ဒေဝတာ ပါဏိသု ကိံ သုဓောဒဟိ။

ဟူသော ဤနှစ်ဂါထာတို့၏အပေါင်းကို ဆို၏။

֍ ဋ္ဌ ၂၂၆။ ဘော၊ အချင်းတို့။ ဥဒဂ္ဂိ၊ ရေမီးကို။ ဟုတ္တံ၊ ပူဇော်အပ်သည်ဖြစ်၍။ လောကတမောနုဒံ၊ လောက၌ အမိုက်ကို ဖျောက်တတ်သော။ ဥတ္တမံ၊ မြတ်သော။ ပဘင်္ကရံ၊ နေမင်းကို။ ဟိ-သစ္စံ၊ အကယ်လျှင်။ မေ၊ ငါသည်။ ဥပတိဋ္ဌတော၊ ရှိခိုးစဉ်။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ ဘူတာနိ၊ သတ္တဝါတို့ကို။ အဓိစ္စ၊ လွန်၍။ ဝတ္တမာနော၊ ဖြစ်သောသူသည်။ ဝါသဝေါ၊ သိကြားလော။ ကော ဧဝ၊ အဘယ်သူသည်သာလျှင်။ မေ၊ ငါ၏။ ပါဏိသု၊ လက်တို့၌။ ကိံ၊ အဘယ့်ကြောင့်။ သုဓံ၊ နတ်သုဓာဘုတ်ကို။ ဩဒဟိ နု၊ ထားဘိသနည်း။

֍ ဋ္ဌ ၂၂၇။ သင်္ခူပမံ၊ ခရုသင်းနှင့်တူသော။ သေတံ၊ ဖွေးဖွေးဖြူသော။ အတုလျဒဿနံ၊ အတုမရှိသော အဆင်းရှိသော။ သုစိံ၊ စင်ကြယ်စွာသော။ သုဂန္ဓံ၊ ကောင်းသောအနံ့ရှိသော။ ပိယရူပံ၊ နှစ်သက်ဖွယ်သော အဆင်းရှိသော။ အဗ္ဘုတံ၊ မဖြစ်ဘူးမြဲသော။ ဇာတု၊ စင်စစ်သဖြင့်။ မမ၊ ငါ၏။ စက္ခုဘိ၊ မျက်စိတို့ဖြင့်။ အဒိဋ္ဌပုဗ္ဗံ၊ ဤဘဝတွင် မမြင်ဖူးသော။ သုဓံ၊ နတ်သုဓာဘုတ်ကို။ ကာ ဒေဝတာ၊ အဘယ်နတ်သားသည်။ ပါဏိသု၊ ငါ၏လက်တို့၌။ ကိံ၊ အဘယ့်ကြောင့်။ ဩဒဟိ၊ ထားဘိသနည်း။

ထို့နောင်မှ မာတလိနတ်သားသည် ကောသိယရသေ့အား အကြောင်းကို လျှောက်လိုရကား -

၂၂၈။ အဟံ မဟိန္ဒေန မဟေသိ ပေသိတော၊
သုဓာဘိဟာသိံ တုရိတော မဟာမုနိ။
ဇာနာသိ မံ မာတလိ ဒေဝသာရထိ၊
ဘုဉ္ဇဿု ဘတ္တုတ္တမ မာဘိဝါရယိ။
၂၂၉။ ဘုတ္တာ စသာ ဒွါဒသ ဟန္တိ ပါပကေ၊
ခုဒ္ဒံ ပိပါသံ အရတိံ ဒရက္လမံ။
ကောဓူပနာဟဉ္စ ဝိဝါဒပေသုဏံ၊
သိတုဏှ တန္ဒိဉ္စ ရသုတ္တမံ ဣဒံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၂၈။ မဟေသိ၊ မြတ်သော ကျေးဇူးတရားကို ရှာလေ့ရှိသော။ မဟာမုနိ၊ မြတ်သော ရှင်ရသေ့။ မဟိန္ဒေန၊ သိကြား နတ်မင်းသည်။ ပေသိတော၊ စေတော်မူအပ်သော။ အဟံ၊ အကျွန်ုပ်သည်။ တုရိတော၊ အဆောတလျင်။ သုဓာ၊ နတ်သုဓာဘုတ်တို့ကို။ အဘိဟာသိံ၊ ရှေးရှုဆောင်၏။ ဒေဝသာရထိ၊ နတ်၏ ရထားထိန်းဖြစ်သော။ မာတလိ၊ မာတလိနတ်သားဟူ၍။ မံ၊ အကျွန်ုပ်ကို။ ဇာနာသိ၊ သိတော်မူလော့။ ဥတ္တမံ၊ မြတ်သော။ ဘတ္တံ၊ သုဓာဘုတ်ကို။ ဘုဉ္ဇဿု၊ ဘုဉ်းပေးတော်မူပါလော့။ မာဘိဝါရယိ၊ တားမြစ်တော်မမူပါလင့်။

နတ်ဩဇာ၏စွမ်းအင်

֍ ဋ္ဌ ၂၂၉။ ဘ​န္တေ၊ အရှင်ဘုရား။ ဘုတ္တာ၊ သုံးဆောင် အပ်သော။ သာ စ၊ ထိုနတ်သုဓာဘုတ်သည်ကား။ ခုဒ္ဒံ၊ ထမင်းမွတ်ခြင်းကိုလည်းကောင်း။ ပိပါသံ၊ ရေမွတ်ခြင်းကိုလည်းကောင်း။ အရတိံ၊ မမွေ့လျော်ခြင်းကိုလည်းကောင်း။ ဒရက္လမံ၊ ပူပန်ခြင်း ပင်ပန်းခြင်းကိုလည်းကောင်း။ ကောဓံ၊ အမျက်ထွက်ခြင်းကိုလည်းကောင်း။ ဥပနာဟဉ္စ၊ ရန်ငြိုးဖွဲ့ခြင်းကိုလည်းကောင်း။ ဝိဝါဒံ၊ ငြင်းခုံခြင်းကိုလည်းကောင်း။ ပေသုဏံ၊ ကုန်းတိုက်ချောပစ်ခြင်းကိုလည်းကောင်း။ သီတံ၊ အေးခြင်းကိုလည်းကောင်း။ ဥဏှံ၊ အပူကိုလည်းကောင်း။ တန္ဒိဉ္စ၊ ပျင်းရိခြင်းကိုလည်းကောင်း။ ဣတိ၊ ဤသို့။ ပါပကေ ဒွါဒသ၊ တစ်ဆယ့်နှစ်ပါးကုန်သော ယုတ်မာကုန်သော မကောင်းကျိုးတို့ကို။ ဟန္တိ-ဟနတိ၊ ပယ်ဖျောက်တတ်၏။ ဣဒံ၊ ဤနတ်သုဓာဘုတ်သည်။ ရသုတ္တမံ၊ မြတ်သောအရသာတည်း။

ထိုစကားကိုကြား၍ ကောသိယရသေ့သည် မိမိဆောက်တည်သော အကျင့်ဝတ်ကို ထင်ရှားပြလိုရကား-

၂၃၅။ န ကပ္ပတိ မာတလိ မယှ ဘုဉ္ဇိတုံ၊
ပုဗ္ဗေ အဒတွာ ဣတိ မေ ဝတုတ္တမံ။
နစာပိ ဧကာသ္နမရိယပူဇိတံ၊
အသံဝိဘာဂီ စ သုခံ န ဝိန္ဒတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၃၀။ မာတလိ၊ မာတလိနတ်သား။ ပုဗ္ဗေ၊ မစားမီ ရှေ့အဖို့၌။ အဒတွာ၊ မပေးလှူဘဲ။ မယှံ၊ ငါ့အား။ ဘုဉ္ဇိတုံ၊ စားခြင်းငှာ။ န ကပ္ပတိ၊ မသင့်။ ဣတိ၊ ဤသို့။ မေ၊ ငါသည်။ ဥတ္တမံ၊ မြတ်သော။ ဝတံ၊ ကျင့်ဝတ်ကို။ သမာဒိန္နံ၊ ဆောက်တည်အပ်၏။ ဧကာသ္နံပိ၊ တစ်ယောက်တည်း စားခြင်းကိုလည်း။ န စ အရိယပူဇိတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည် မချီးမွမ်း။ အသံဝိဘာဂီ စ၊ ဝေဖန်ခွဲခြမ်းလေ့ မရှိသောသူသည်လည်း။ သုခံ၊ လူနတ်နိဗ္ဗာန်ချမ်းသာကို။ န ဝိန္ဒတိ၊ မရ။

ဤဂါထာကိုဆိုပြီး၍ အရှင်ဘုရား... အရှင်ဘုရားတို့သည် သူတစ်ပါးတို့အား မပေးလှူမူ၍ စားခြင်း၌ အဘယ်အပြစ်ကိုမြင်၍ ဤကျင့်ဝတ်ကို ဆောက်တည်တော် မူသနည်းဟု မာတလိနတ်သား မေးအပ်သည်ရှိသော် ထိုမာတလိနတ်သားအား ထိုအကြောင်းကို ကြားပြန်လိုရကား-

၂၃၁။ ထီ ဃာတကာ ယေစိမေ ပါရဒါရိကာ၊
မိတ္တဒ္ဒုနော ယေစ သပန္တိ သုဗ္ဗတေ။
သဗ္ဗေ စ တေ မစ္ဆရိယပဉ္စမာဓမာ၊
တသ္မာ အဒတွာ ဥဒကံပိ နာသ္နိယေ။
၂၃၂။ သောဟိတ္ထိယာ ဝါ ပုရိသဿ ဝါ ပန၊
ဒဿာမိ ဒါနံ ဝိဒုသမ္ပဝဏ္ဏိတံ။
သဒ္ဓါ ဝဒညု ဣဓ ဝီတမစ္ဆရာ၊
ဘဝန္တိ ဟေတေ သုစိသစ္စသမ္မတာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၃၀။ မာတလိ၊ မာတလိနတ်သား။ ယေ ဣမေ စ၊ အကြင်သူတို့သည်ကား။ ထီဃာတကာ၊ မိန်းမတို့ကို ညှဉ်းဆဲတတ်ကုန်၏။ ယေစ၊ အကြင်သူတို့သည်ကား။ ပါရဒါရိကာ၊ သူတစ်ပါးမယားကို ပြစ်မှားတတ်ကုန်၏။ ယေစ၊ အကြင်သူတို့သည်ကား။ မိတ္တဒ္ဒုနော၊ အဆွေ ခင်ပွန်းကို ပြစ်မှားတတ်ကုန်၏။ ယေစ၊ အကြင်သူတို့သည်ကား။ သုဗ္ဗတေ၊ ကောင်းသောအကျင့်ရှိကုန်သော ရသေ့ရဟန်းတို့ကို။ သပန္တိ၊ ကျိန်ဆဲရေရွတ်တတ်ကုန်၏။ ယေ၊ အကြင်သူတို့သည်။ မစ္ဆရိယပဉ္စမာ၊ ဝန်တိုခြင်းလျှင် ငါးယောက်မြောက် ရှိကုန်၏။ သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သာ။ တေ၊ ထိုသူတို့သည်။ အဓမာ၊ သူယုတ်မည်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဥဒကံပိ၊ ရေမျှကိုသော်လည်း။ အဒတွာ၊ သူတစ်ပါးအား မပေးလှူမူ၍။ နာသ္နိယေ၊ ငါမသုံးဆောင်။

֍ ဋ္ဌ ၂၃၂။ မာတလိ၊ မာတလိနတ်သား။ သော အဟံ၊ ထိုငါသည်။ ဣတ္ထိယာ ဝါ၊ မိန်းမအားလည်းကောင်း။ ပုရိသဿ ဝါ၊ ယောက်ျားအားလည်းကောင်း။ ပန၊ စင်စစ်။ ဝိဒူသမ္ပဝဏ္ဏိတံ၊ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့သည် ချီးမွမ်းအပ်သော။ ဒါနံ၊ အလှူကို။ ဒဿာမိ၊ ပေးလှူအံ့။ ဣဓ၊ ဤလောက၌။ သဒ္ဓါ၊ သဒ္ဓါတရားနှင့်ပြည့်စုံသော။ ဝဒညူ၊ ကောင်းသောစကားကို သိတတ်ကုန်သော။ ဝီတမစ္ဆရာ၊ ဝန်တိုခြင်းကင်းကုန်သော။ ဧတေ၊ ဤသူတို့သည်။ သုစီ၊ စင်ကြယ်ကုန်သည်လည်းကောင်း။ သစ္စသမ္မတာ၊ သူမြတ်ဟူ၍ သမုတ်အပ်ကုန်သည်လည်းကောင်း။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ရှင်ရသေ့နှင့် နတ်သမီးများ

ထိုစကားကိုကြား၍ မာတလိနတ်သားသည် ထင်ရှားသောကိုယ်ဖြင့် တည်၏။ ထိုခဏ၌ လေးယောက်ကုန်သော နတ်သမီးတို့သည် အရပ်လေးမျက်နှာတို့၌ ရပ်လာကုန်၏။ သိရီနတ်သမီးသည် အရှေ့အရပ်၌ ရပ်၏။ အာသာနတ်သမီးသည် တောင်အရပ်၌ ရပ်၏။ သဒ္ဓါနတ်သမီးသည် အနောက်အရပ်၌ ရပ်၏။ ဟိရီနတ်သမီးသည် မြောက်အရပ်၌ ရပ်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၂၃၃။ အထော မတာ ဒေဝဝရေန ပေသိတာ၊
ကညာ စတဿော ကနကတ္တစူပမာ။
အာသာ စ သဒ္ဓါ စ သိရီ တတော ဟိရီ၊
တံ အဿမံ အာဂမု ယတ္ထ ကောသိယော။
။ လ။
၂၃၇။ ယဿာဟမိစ္ဆာမိ သုဓံ မဟာမုနိ၊
သော သဗ္ဗကာမေဟိ နရော ပမောဒတိ။
သိရီတိ မံ ဇာနာတိ ဇုဟတုတ္တမ၊
တံ မံ သုဓာယ ဝရပည ဘာဇယ။

ဟူသော ဤငါးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၃၃။ ဘိက္ခဝေ၊ ရဟန်းတို့။ အထော၊ ထို့နောင်မှ။ ဒေဝဝရေန၊ သိကြားနတ်မင်းသည်။ မတာ၊ ခွင့်ပြုအပ်ကုန်သော။ ပေသိတာ၊ စေအပ်ကုန်သော။ ကနကတ္တစူပမာ၊ ရွှေအဆင်းနှင့်တူသော အရေရှိကုန်သော။ အာသာ စ၊ အာသာ လည်းကောင်း။ သဒ္ဓါ စ၊ သဒ္ဓါလည်းကောင်း။ သိရီ စ၊ သိရီလည်းကောင်း။ တတော၊ ထိုမှတစ်ပါး။ ဟိရီ စ၊ ဟိရီလည်းကောင်း။ ဣတိ၊ ဤသို့။ စတဿော၊ လေးယောက်ကုန်သော။ ကညာ၊ နတ်သမီးတို့သည်။ ယတ္ထ၊ အကြင်ကျောင်း၌။ ကောသိယော၊ ကောသိယရှင်ရသေ့သည်။ အတ္ထိ၊ ရှိ၏။ တံ အဿမံ၊ ထိုကျောင်းသို့။ အာဂမုံ၊ လာကြကုန်၏။

֍ ဋ္ဌ ၂၃၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သုဘေန၊ တင့်တယ်စံပယ်သော။ ဝဏ္ဏေန၊ အဆင်းဖြင့်။ အဂ္ဂိနော၊ မီး၏။ သိခါရိဝ၊ အလျှံကဲ့သို့။ စတုဒ္ဒိသာ၊ အရပ်လေးမျက်နှာတို့၌။ စာတုရော၊ တင့်တယ်ခြင်းနှင့် ပြည့်စုံကုန်သော။ စတဿော၊ လေးယောက်ကုန်သော။ တာ ကညာ၊ ထိုနတ်သမီးတို့ကို။ ဒိသွာ၊ မြင်၍။ ကောသိယော၊ ကောသိယရှင်ရသေ့သည်။ သဗ္ဗော ပရမပ္ပမောဒိတော၊ အလုံးစုံ အကြွင်းမရှိ ဝမ်းမြောက်သည်ဖြစ်၍။ မာတလိနော၊ မာတလိနတ်သား၏။ သမ္မုခါဝ၊ မျက်မှောက်၌လျှင်။ ဣတိ-ဣဒံ၊ ဤစကားကို။ အဗြပိ၊ ဆိုလေ၏။

֍ ဋ္ဌ ၂၃၅။ ဒေဝတေ၊ နတ်သမီး။ တွံ၊ သင်သည်။ ပုရိမံဒိသံ၊ အရှေ့မျက်နှာ၌။ ပဘာသိ၊ ထွန်းတောက်ပ၏။ ကာ၊ အဘယ်သူနည်း။ အလင်္ကတာ၊ တန်ဆာဆင်သည်ဖြစ်၍။ တာရဝရာ၊ ကြယ်တကာတို့ထက် မြတ်သော။ ဩသဓီဝ၊ သောက်ရှူးကြယ်နှင့် တူ၏။ ကဉ္စနဝေလ္လဝိဂ္ဂဟေ၊ ရွှေရုပ်ကဲ့သို့ ကိုယ်ရှိသော။ ဒေဝတေ၊ နတ်သမီး။ တံ၊ သင့်ကို။ ပုစ္ဆာမိ၊ ငါမေး၏။ တွံ၊ သင်သည်။ ကတမာ၊ အဘယ်မည်သော။ ဒေဝတာ၊ နတ်သ္မီးသည်။ အသိ၊ ဖြစ်သနည်း။ တွံ၊ သင်သည်။ မေ၊ ငါအား။ အာစိက္ခ၊ ပြောကြားလာ။

သိရီနတ်သမီး

֍ ဋ္ဌ ၂၃၆။ ဝရပည၊ မြတ်သော ပညာရှိတော်မူသော ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ သိရီ၊ သိရီအမည်ရှိသော။ ဒေဝီ၊ နတ်သမီးတည်း။ အဟံ၊ အကျွန်ုပ်ကို။ မနုဇေဟိ၊ လူတို့သည်။ ပူဇိတာ၊ ပူဇော်အပ်ကုန်၏။ သဒါ၊ အခါခပ်သိမ်း။ အပါပသတ္တူပနိသေဝိနီ၊ မြတ်သော သတ္တဝါတို့သည်သာ မှီဝဲဆည်းကပ်အပ်ကုန်၏။ သုဓာဝိဝါဒေန၊ သုဓာဘုတ် အငြင်းအခုံကြောင့်။ တဝန္တိံ၊ အရှင်ဘုရား အထံတော်သို့။ အာဂတာ၊ လာရောက်ပါကုန်၏။ တံ တသ္မာ၊ ထို့ကြောင့်။ မံ၊ အကျွန်ုပ်ကို။ သုဓာယံ၊ သုဓာဘုတ်ကို။ ဘာဇယ၊ ပေးတော်မူပါလော့။

֍ ဋ္ဌ ၂၃၇။ မဟာမုနိ၊ မြတ်သောရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ ယဿနရဿ၊ အကြင်သူ၏။ သုခံ၊ နတ်သုဓာဘုတ်ကို။ ဣစ္ဆာမိ၊ အလိုရှိ၏။ သော နရော၊ ထိုသူသည်။ သဗ္ဗကာမေဟိ၊ အလုံးစုံသော အလိုဆန္ဒတို့ဖြင့်။ ပမောဒတိ၊ မွေ့လျော်၏။ ဇုဟတံ၊ မီးပူဇော်သောသူတို့ထက်။ ဥတ္တမ၊ မြတ်တော်မူသော အရှင်ရသေ့။ မံ၊ အကျွန်ုပ်ကို။ သိရီတိ၊ သိရီနတ်သမီးဟူ၍။ ဇာနာဟိ၊ သိတော်မူလော့။ ဝရပည၊ မြတ်သော ပညာရှိတော်မူသော ရှင်ရသေ့။ တံ တသ္မာ၊ ထိုကြောင့်။ မံ၊ အကျွန်ုပ်ကို။ သုဓာယံ၊ သုဓာဘုတ်ကို။ ဘာဇယ၊ ပေးတော်မူပါလော့။

ထိုစကားကိုကြား၍ ကောသိယရသေ့သည် ထိုသိရီ နတ်သမီး၏စကားကို ပယ်လိုရကား-

၂၃၈။ သိပ္ပေန ဝိဇ္ဇာစရဏေန ဗုဒ္ဓိယာ၊
နရာ ဥပေတာ ပဂုဏာ သကမ္မုနာ။
တယာ ဝိဟီနာ နလဘန္တိ ကိဉ္စနံ၊
တယိဒံ န သာဓု ယဒိဒံ တယာ ကတံ။
၂၃၉။ ပဿာမိ ပေါသံ အလသံ မဟဂ္ဃသံ၊
သုဒုက္ကုလီနမ္ပိ အရူပိမံ နရံ။
တယာနုဂုတ္တော သိရိ ဇာတိမာမပိ၊
ပေသေတိ ဒါသံ ဝိယ ဘောဂဝါ သုခီ။
၂၄၀။ တံ တံ အသစ္စံ အဝိဘဇ္ဇသေဝိနိံ၊
ဇာနာမိ မူဠှံ ဝိဒုရာနုပါတိနိံ။
န တာဒိသီ အရဟတိ အာသနူဒကံ၊
ကုတော သုဓာ ဂစ္ဆ န မယှ ရုစ္စသိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၃၈။ ဒေဝတေ၊ နတ်သမီး။ သိပ္ပေန၊ ဆင် မြင်း အစရှိသော အတတ်ဖြင့်လည်းကောင်း။ ဝိဇ္ဇာစရဏေန၊ ဗေဒင် သုံးပုံဟုဆိုအပ်သော အတတ်သီလနှင့်လည်းကောင်း။ ဗုဒ္ဓိယာ၊ ပညာနှင့်လည်းကောင်း။ ပဂုဏာ သကမ္မုနာ၊ အားထုတ်အပ်သော မိမိအမှုနှင့်လည်းကောင်း။ ဥပေတာ၊ ပြည့်စုံကုန်သော။ နရာ၊ သတ္တဝါတို့သည်။ သုခံ၊ ချမ်းသာကို။ လဘန္တိ၊ ရကုန်၏။ တယာ၊ သင်သည်ကား။ ဧတေဟိ၊ ထိုအတတ်အစရှိသည်တို့မှ။ ဝိဟီနာ၊ ကင်း၍။ ကိဉ္စနံ၊ စိုးစဉ်းမျှသောဥစ္စာကို။ န လဘန္တိ၊ မရကုန်။ တယာ၊ သင်သည်။ ယံ ဣဒံ၊ အကြင်အမှုကို။ ကတံ၊ ပြုအပ်၏။ တယာ၊ သင်သည်။ ကတံ၊ ပြုအပ်သော။ တံ ဣဒံ၊ ထိုအမှုသည်။ န သာဓု၊ မကောင်း။

֍ ဋ္ဌ ၂၃၉။ ပေါသံ၊ ပေါသဟုဆိုအပ်သော။ အလသံ၊ ပျင်းရိသော။ မဟဂ္ဃသံ၊ အစားကြီးသော။ သုဒုက္ကုလိနမ္ပိ၊ အမျိုးယုတ်သည်လည်း ဖြစ်သော။ အရူပိယံ၊ အဆင်းမလှသည်ဖြစ်သော။ နရံ၊ သတ္တဝါကို။ ပဿာမိ၊ ငါမြင်၏။ တယာ၊ သင်သည်။ အနုဂုတ္တော၊ စောင့်ရှောက်အပ်သော။ သိရီ၊ ဘုန်းကျက်သရေရှိသော။ ဇာတိမာအပိ၊ အမျိုးမြတ်သည်လည်းဖြစ်သော။ ဘောဂဝါ၊ ဥစ္စာရှိသော။ သုခီ၊ ချမ်းသာခြင်းရှိသော။ နရော၊ သတ္တဝါကို။ ဒါသံ ဝိယ၊ ကျွန်ကိုကဲ့သို့။ ပေသေတိ၊ စေ၏။

֍ ဋ္ဌ ၂၄၀။ တံ-တသ္မာ၊ ထို့ကြောင့်။ အသစ္စံ၊ သစ္စာမစောင့်သော။ အဝိဘဇ္ဇသေဝိနိံ၊ ဝေဖန်ခွဲခြမ်း၍ ဆည်းကပ်လေ့မရှိသော။ မူဠှံ၊ မိုက်မဲတွေဝေသော။ ဝိဒုရာနုပါတိနိံ၊ ပညာရှိကို မဆည်းကပ်တတ်သော။ တံ၊ သင့်ကို။ ဇာနာမိ၊ ငါသိ၏။ တာဒိသီ၊ သင်ကဲ့သို့သောသူသည်။ အာသနူဒကံ၊ နေရာရေကိုမျှလည်း။ န အရဟတိ၊ မထိုက်။ သုဓာ၊ နတ်သုဓာဘုတ်ကို။ ကုတော အရဟတိ၊ အတီမှာထိုက်အံ့နည်း။ မယှံ၊ ငါသည်။ တံ၊ သင့်ကို။ န ရုစ္စတိ၊ မနှစ်သက်။ ဂစ္ဆ၊ သွားလေလော့။

အာသာနတ်သမီး

ထိုသိရီနတ်သမီးသည် ထိုအရပ်၌သာလျှင် ကွယ်လေ၏။ ထို့နောင်မှ အာသာနတ်သမီးနှင့်တကွ စကားပြောလိုရကား-

၂၄၁။ ကာ သုက္ကဒါဌာ ပဋိမုက္ကကုဏ္ဍလာ၊
စိတ္တင်္ဂဒါ ကမ္ဗုဝိမဋ္ဌဓာရိနီ။
ဩသိတ္တဝဏ္ဏံ ပရိဒယှ သောဘသိ။
ကုသဂ္ဂိရတ္တံ အပိဠယှ မဉ္ဇရိံ။
၂၄၂။ မိဂီဝ ဘန္တာ သရစာပဓာရိနာ၊
ဝိရာဓိတာ မန္ဒမိဝ ဥဒိက္ခသိ။
ကော တေ ဒုတိယော ဣဓ မန္ဒလောစနေ၊
န ဘာယသိ ဧကိကာ ကာနနေ ဝနေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၄၁။ ဒေဝတေ၊ နတ်သမီး။ သုက္ကဒါဌာ၊ ဖြူစင်စွာသော သွားရှိသော။ ပဋိမုက္ကကုဏ္ဍလာ၊ ပတ္တမြားနားတောင်းဝတ်သော။ စိတ္တင်္ဂဒါ၊ ဆန်းကြယ်သော ရတနာခုနစ်ပါးတို့ဖြင့် တန်ဆာဆင်ထသော။ ကမ္ဗုဝိမဋ္ဌဓာရိနီ၊ အလွန်ပြေပြစ်သော ရွှေတန်ဆာလည်း ဆင်ထသော။ တွံ၊ သင်ကား။ ကာ၊ အဘယ်သူနည်း။ ဩသိတ္တဝဏ္ဏံ၊ သွန်းလောင်းအပ်သော ရေအယဉ်အဆင်းနှင့်တူသော နတ်ဘွဲ့ဖြူပုဆိုးကို။ ပရိဒယှ၊ ဝတ်ရုံ၍။ ကုသဂ္ဂိ၊ သမန်းမြက်မီးလျံကဲ့သို့။ ရတ္တံ၊ နီသော။ မဉ္ဇရိံ၊ အငုံနှင့်တကွသော အသောကပန်းကုံးကို။ အပိဠယှ၊ ပန်ဆင်၍။ သောဘသိ၊ တင့်တယ်၏။

֍ ဋ္ဌ ၂၄၂။ မန္ဒလောစနေ၊ ညှင်းညှင်းသာယာ ပြုံးရယ်၍ ကြည့်တတ်သော။ ဒေဝတေ၊ နတ်သမီး။ သရစာပဓာရိနာ၊ မုဆိုးသည်။ ဝိရာဓိတာ၊ မြားဖြင့်ပစ်၍ ချွတ်ယွင်းသော။ မိဂီ၊ သခင်မသည်။ ဘန္တာ၊ တုန်လှုပ်လျက်။ ဥဒိက္ခသိ ဣဝ၊ ကြည့်သကဲ့သို့။ တွံ၊ သင်သည်။ မန္ဒမိဝ၊ ပြုံးရယ်သကဲ့သို့ ဖြစ်၏။ ဥဒိက္ခသိ၊ ကြည့်၏။ ဣဓ၊ ဤအရပ်၌။ တေ၊ သင်၏။ ဒုတိယာ၊ အဖော်ကား။ ကာ၊ အဘယ်သူနည်း။ ကာနနေ ဝနေ၊ တောကြီး၌။ ဧကိကာ၊ တစ်ယောက်အထီးတည်း။ န ဘာယသိ၊ သင် မကြောက်သလော။

ထို့နောင်မှု အာသာနတ်သမီးသည် မိမိလာသောအကြောင်းကို ရသေ့အား လျှောက်လိုရကား-

၂၄၃။ န မေ ဒုတိယော ဣဓမတ္ထိ ကောသိယ၊
မသက္ကသာရပ္ပဘဝမှိ ဒေဝတာ။
အာသာ သုဓာသာယ တဝန္တိမာဂတာ၊
တံ မံ သုဓာယ ဝရပည ဘာဇယ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၄၃။ ကောသိယ၊ ကောသိယရှင်ရသေ့။ ဣဓ၊ ဤအရပ်၌။ မေ၊ အကျွန်ုပ်အား။ ဒုတိယော၊ အဖော်သည်။ န အတ္ထိ၊ မရှိ။ မသက္ကသာရပ္ပဘဝါ၊ တာပတိံသာ နတ်ရွာ၌ဖြစ်သော။ ဒေဝတာ၊ နတ်သမီးသည်။ အမှိ၊ ဖြစ်၏။ အာသာ၊ အာသာအမည်ရှိသော အကျွန်ုပ်သည်။ သုဓာသာယ၊ နတ်သုဓာဘုတ်ကို အလိုရှိသောကြောင့်။ တဝန္တိံ၊ အရှင်ဘုရားအထံသို့။ အာဂတာ၊ လာရောက်ပါ၏။ ဝရပည၊ မြတ်သော ပညာရှိတော်မူသော ရှင်ရသေ့။ တံ တသ္မာ၊ ထို့ကြောင့်။ မံ မမ၊ အကျွန်ုပ်အား။ သုဓာယ၊ နတ်သုဓာဘုတ်ကို။ ဘာဇယ၊ သနားတော်မူလော့။

ထိုအာသာနတ်သမီးစကားကို ကြား၍ ကောသိယရသေ့သည် သင်သည် အကြင်သူကို နှစ်သက်၏။ ထိုနှစ်သက်သော သူအားသာလျှင် တောင့်တခြင်းအကျိုးကို ပြီးစေသဖြင့် အလိုအသာကို ပေးသတတ်၊ အကြင်သူကို သင်သည် မနှစ်သက်၊ ထိုမနှစ်သက်သောသူအား အလို

အာသာကို မပေး၊ သင်သည် အညီအမျှဖြစ်ခြင်းမရှိ၊ အညီအမျှကို ဖျက်ဆီးတတ်၏ဟု ဆို၍ ထိုအကြောင်းကို ပြလိုရကား-

၂၄၄။ အာသာယ ယန္တိ ဝါဏိဇာ ဓနေသိနော၊
နာဝံ သမာရုယှ ပရေန္တိ အဏ္ဏဝေ။
တေ တတ္ထ သီဒန္တိ အထောပိ ဧကဒါ၊
ဇိနာဓနာ ဧန္တိ ဝိနဋ္ဌမာဂတာ။
။ လ။
၂၄၈။ အာသာ ဝိသံဝါဒိကသမ္မတာ ဣမေ၊
အာသေ သုဓာသံ ဝိနယဿု အတ္တနိ။
န တာဒိသီ အရဟတိ အာသနူဒကံ၊
ကုတော သုဓာ ဂစ္ဆ န မယှံ ရုစ္စသိ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၄၄။ ဒေဝတေ၊ နတ်သမီး။ ဓနေသိနော၊ ဥစ္စာကိုရှာကုန်သော။ ဝါဏိဇာ၊ ကုန်သည်တို့သည်။ အာသာယ၊ အလိုအာသာကြောင့်။ ယန္တိ၊ သွားကုန်၏။ အဏ္ဏဝေ၊ သမုဒ္ဒရာ၌။ နာဝံ၊ လှေသင်္ဘောကို။ သမာရုယှ၊ စီးကုန်၍။ ပရေန္တိ၊ သွားကုန်၏။ တေ၊ ထိုကုန်သည်တို့သည်။ တတ္ထ၊ ထိုသမုဒ္ဒရာ၌။ သီဒန္တိ၊ နစ်ကုန်၏။ အထောပိ၊ ထိုမှတပါးလည်း။ ဧကဒါ၊ တစ်ရံတစ်ခါ၌။ ဇီနာဓနာ၊ ဥစ္စာရှုံးကုန်သည်ဖြစ်၍။ ဧန္တိ၊ လာရကုန်၏။ ဝိနဋ္ဌံ၊ ပျက်စီးခြင်းသို့။ အာဂတာ၊ ရောက်ကုန်၏။

֍ ဋ္ဌ ၂၄၅။ ဒေဝတေ၊ နတ်သမီး။ ကဿကာ၊ လယ်လုပ်သော သူတို့သည်။ အာသာယ၊ အလိုအာသာကြောင့်။ ခေတ္တာနိ၊ လယ်တို့ကို။ ကသန္တိ၊ ထွန်ကုန်၏။ ဗီဇာနိ၊ မျိုးစေ့တို့ကို။ ဝပန္တိ၊ စိုက်ပျိုးကုန်၏။ ဥပါယသော၊ အကြောင်းဖြင့်။ ကိစ္စံ၊ အမှုကိစ္စကို။ ကရောန္တိ၊ ပြုကုန်၏။ ဤတိနိပါတေန ဝါ၊ လေဆိုးဖျက်ခြင်း ကြွက်ခဲခြင်း နှံကျခြင်း ကျေးကိုက်ခြင်း, ငမြောင်တောင်ကျခြင်း, ပိုးကျခြင်းဖြင့်လည်းကောင်း။ အဝုဋ္ဌိတာယ ဝါ၊ မိုးခေါင်သဖြင့်လည်းကောင်း။ တေ၊ ထိုလယ်လုပ်သော သူတို့သည်။ တတော၊ ထိုကောက်စပါးမှ။ ကိဉ္စိ၊ အနည်းငယ်သော။ ဖလာဂမံ၊ စပါးသီးကို။ န ဝိန္ဒန္တိ၊ မရကုန်။

֍ ဋ္ဌ ၂၄၆။ အထ၊ ထိုမှတစ်ပါး။ အတ္တကာရာနိ၊ မိမိသည် ပြုအပ်သော ယောကျ်ားအမှုတို့ကို။ ကတွာ၊ ပြု၍။ ဘတ္တူသု၊ အရှင်သခင်တို့၏။ ကရောန္တိ၊ အမှုထမ်းကုန်၏။ သုခေသိနော၊ စီးပွားချမ်းသာကို ရှာလေ့ရှိကုန်သော။ နရာ၊ လူတို့သည်။ အာသံ၊ အလိုအာသာကို။ ပုရက္ခတွာ၊ ရှေ့သွားပြု၍။ ကရောန္တိ၊ မင်းမှုထမ်းကုန်၏။ တေ နရာ၊ ထိုသူတို့သည်။ ဘတ္တုရတ္ထာယ၊ အရှင်သခင်အကျိုးငှာ။ အတိဂါဠှိတာ၊ ရန်သူတို့သည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ ပုန၊ တစ်ဖန်။ ကိဉ္စနံ၊ အနည်းငယ်သော ဥစ္စာကိုမျှ။ အလဒ္ဓ၊ မရမူ၍။ ဒိသာ၊ အရပ်ထက်ဝန်းကျင်တို့သို့။ ပနဿန္တိ၊ ထိုမှ ဤမှ ပြေးဝင်ကုန်၏။

֍ ဋ္ဌ ၂၄၇။ ဒေဝတေ၊ နတ်သမီး။ သုခေသိနော၊ ချမ်းသာကို ရှာလေ့ရှိကုန်သော သူတို့သည်။ ဓညဉ္စ၊ စပါးကိုလည်းကောင်း။ ဓနဉ္စ၊ ဥစ္စာကိုလည်းကောင်း။ ဉာတကေ စ၊ အဆွေအမျိုးတို့ကိုလည်းကောင်း။ ဇဟိတွာ၊ စွန့်၍။ အာသာယ၊ တဏှာအာသာကြောင့်။ သဂ္ဂါဓိဂမနာ၊ နတ်ရွာကို ရလိုသည်ဖြစ်၍။ လူခံ၊ ဆင်းရဲငြိုငြင်သော။ တပမ္ပိ၊ ပဉ္စာတပအစရှိသော အကျင့်ကိုလည်း။ စိရတရံ၊ အလွန်ကြာမြင့်စွာ။ တပန္တိ၊ ကျင့်ကုန်၏။ တေ၊ ထိုပဉ္စာတပ အစရှိသောအကျင့် ကျင့်ကုန်သောသူတို့သည်။ ကုမဂ္ဂံ၊ မကောင်းသော ခရီးသို့။ အာရုယု၊ တက်၍။ ဒုဂ္ဂတိံ၊ အပါယ်

လေးပါးကို။ ပူရေန္တိ၊ ပြည့်စေကုန်၏။

֍ ဋ္ဌ ၂၄၈။ ဒေဝတေ၊ နတ်သမီး။ ဣမေ၊ ဤသတ္တဝါတို့သည်။ အာသာယ၊ တဏှာအာသာကြောင့်။ ဒုဂ္ဂတိံ၊ အပါယ်လေးပါးသို့။ ဂစ္ဆန္တိ၊ သွားရကုန်၏။ အာသာ၊ အာသာအမည်ရှိသော သင့်ကို။ ဝိသံဝါဒိကသမ္မတာ၊ ချတ်ယွင်းသောစကားကို ဆိုတတ်၏ဟု သမုတ်အပ်၏။ အာသေ၊ အာသာနတ်သမီး။ အတ္တနိ၊ မိမိ၌။ သုဓာယ၊ နတ်သုဓာဘုတ်ကို။ ဝိနယဿု၊ စွန့်လော့။ တာဒိသီ၊ သင်ကဲ့သို့သောသူသည်။ အသနူဒကံပိ၊ နေရာရေကိုမျှလည်း။ န အရဟတိ၊ မထိုက်။ သုဓာ၊ နတ်သုဓာဘုတ်သည်ကား။ ကုတော အရဟသိ၊ အတီမှာထိုက်အံ့နည်း။ မယှံ၊ ငါသည်။ တံ၊ သင့်ကို။ န ရုစ္စတိ၊ မနှစ်သက်။ ဂစ္ဆ၊ သင်သွားလေလော့။

သဒ္ဓါ နတ်သမီး

ထိုအာသာ နတ်သမီးသည်လည်း ထိုကောသိယရသေ့သည် ပယ်အပ်သည်ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်လေ၏။ ထို့နောင်မှ သဒ္ဓါနတ်သမီးနှင့်တကွ စကားပြောပြန်လိုရကား -

၂၄၉။ ဒဒ္ဒလ္လမာနာ ယသသာ ယသဿိနီ၊
ဇိဃညနာမဝှယနံ ဒိသမ္ပတိ။
ပုစ္ဆာမိ တံ ကဉ္စနဝေလ္လိဝိဂ္ဂဟေ၊
အာစိက္ခ မေ တွံ ကတမာသိ ဒေဝတေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၄၉။ ကဉ္စနဝိဂ္ဂဟေ၊ ရွှေအဆင်းနှင့်တူသော ကိုယ်ရှိသောနတ်သမီး။ ဒဒ္ဒလ္လမာနာ၊ ထွန်းတောက်ပသည်ဖြစ်၍။ ယသသာ၊ အခြံအရံဖြင့်။ ယသဿိနီ၊ များသော အခြံအရံရှိသော။ ဇိဃညနာမဝှယနံ၊ အနောက်ဟူ၍ ယုတ်သောအမည်ဖြင့် ခေါ်ဝေအပ်သော။ ဒိသမ္ပတိ၊ အရပ်မျက်နှာ၏ အကြီးအကဲဖြစ်သော။ ဒေဝဘေ၊ နတ်သမီး။ တွံ၊ သင်သည်ကား။ ကာ၊ အဘယ်မည်သော သူနည်း။ တံ၊ သင့်ကို ပုစ္ဆာမိ၊ ငါမေး၏။ တွံ၊ သင်သည်။ ကတမာ၊ အဘယ်မည်သော နတ်သမီးသည်။ အသိ၊ ဖြစ်သနည်း။ မေ၊ ငါ့အား။ အာစိက္ခ၊ ကြားလော့။

ထို့နောင်မှ ထိုသဒ္ဓါနတ်သမီးသည် ထိုကောသိယရသေ့အား အကြောင်းကို ကြားလျှောက်လိုရကား-

၂၅၀။ သဒ္ဓါဟ ဒေဝီ မနုဇေဟိ ပူဇိတာ၊
အပါပသတ္တူပနိသေဝိနီ သဒါ။
သုဓာဝိဝါဒေန တဝန္တိမာဂတာ၊
တံ မံ သုဓာယ ဝရပည ဘာဇယ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၅၀။ ဝရပည၊ မြတ်သော ပညာရှိတော်မူသော ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ သဒ္ဓါ၊ သဒ္ဓါအမည်ရှိ၏။ ဒေဝမနုဇေဟိ၊ နတ်လူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ ပူဇိတာ၊ ပူဇော်အပ်သော။ ဒေဝီ၊ နတ်သမီးပါတည်း။ အပါပသတ္တူပနိသေဝိနီ၊ မြတ်သောသတ္တဝါတို့သည် ဆည်းကပ်အပ်၏။ ဝရပည၊ မြတ်သော ပညာရှိတော်မူသော အရှင်ရသေ့။ သုဝိဝါဒေန၊ နတ်သုဓာဘုတ်ကို ရသင့် မရသင့် အငြင်းအခုံကြောင့်။ တဝန္တိံ၊ အရှင်ဘုရား၏ အထံသို့။ အာဂတာ၊ လာရောက်ပါ၏။ တံ တသ္မာ၊ ထို့ကြောင့်။ မံ၊ အကျွန်ုပ်ကို။ သုဓာယ၊ နတ်သုဓာဘုတ်ကို။ ဘာဇယ၊ ပေးတော်မူပါလော့။

ထိုအခါ ကောသိယရသေ့သည် ထိုသဒ္ဓါနတ်သမီးကို ပယ်လိုရကား...

၂၅၁။ ဒါနံ ဒမံ စာဂမထောပိ သံယမံ၊

အာဒါယ သဒ္ဓါယ ကရောန္တိ ဟေကဒါ။

ထေယျံ မုသာ ကူဋမထောပိ ပေသုဏံ၊

ကရောန္တိ ဟေကေ ပုန ဝိစ္စုတာ တယာ။

၂၅၂။ ဘရိယာသု ပေါသော သဒိသီသု ပေက္ခဝါ၊

သီလူပပန္နာသု ပတိဗ္ဗတာသုပိ။

ဝိနေတွာန ဆန္ဒံ ကုလိတ္ထိယာသုပိ၊

ကရောတိ သဒ္ဓံ ပုန ကုမ္ဘဒါသိယာ။

၂၅၃။ တွမေဝ သဒ္ဓေ ပရဒါရသေဝိနီ။

ပါပံ ကရောသိ ကုသလမ္ပိ ရိဉ္စသိ။

န တာဒိသီ အရဟတိ အာသနူဒကံ၊

ကုတော သုဓာ ဂစ္ဆ န မယှံ ရုစ္စသိ။

ဟူသော သုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၅၁။ ဒေဝတေ၊ နတ်သမီး။ ဒါနံ၊ ပေးလှူခြင်းကိုလည်းကောင်း။ ဒမံ၊ ဣန္ဒြေကို ဆုံးမခြင်းကိုလည်းကောင်း။ စာဂံ၊ စွန့်ကြဲခြင်းကိုလည်းကောင်း။ အထောပိ၊ ထိုမှတပါးလည်း။ သံယမံ၊ သီလကို စောင့်ခြင်းကိုလည်းကောင်း။ အာဒါယ၊ အကြောင်းပြု၍။ သဒ္ဓါယ၊ ယုံကြည်သဖြင့်။ ဧကေ၊ အချို့သောသူတို့သည်။ ဧကဒါ၊ တစ်ရံတစ်ခါ၌။ ကရောန္တိ၊ ပြုကုန်၏။ တယာ၊ သင်သည်။ ဝိစ္စုတာ၊ ရွေ့လျားစေအပ်ကုန်သော။ ဧက၊ အချို့သောသူတို့သည်။ ပုန၊ တစ်ဖန်။ ထေယျံ၊ ခိုးဝှက်ခြင်းကိုလည်းကောင်း။ မုသာ၊ ချွတ်လွဲသာစားကိုလည်းကောင်း။ ကူဋံ၊ ချိန်စဉ်းလဲ အသပြာစဉ်းလဲကိုလည်းကောင်း။ အထောပိ၊ ထိုမှတပါးလည်း။ ပေသုဏံ၊ ချောပစ်သော စကားကိုလည်းကောင်း။ ကရောန္တိ၊ ပြုကုန်၏။

֍ ဋ္ဌ ၂၅၂။ ဒေဝတေ၊ နတ်သမီး။ ပေက္ခဝါ၊ ဝဏှာနှင့်တကွသော။ ပေါသော၊ ယောကျ်ားသည်။ သဒိသီသု၊ အမျိုးအနွယ် စသည်ဖြင့်တူကုန်သော။ သီလူပပန္နာသု၊ သီလနှင့် ပြည့်စုံကုန်သော။ ပတိဗ္ဗဘာသု၊ လင်ဝတ်နှင့် ပြည့်စုံကုန်သော။ ဘရိယာသုပိ၊ မိမိမယားတို့၌လည်းကောင်း။ ကုလိတ္ထိယာသုပိ၊ အမျိုးနှင့်ပြည့်စုံသော မိန်းမတို့၌လည်းကောင်း။ ဆန္ဒံ၊ တပ်စွန်းခြင်းဆန္ဒကို။ ဝိနေတွာန၊ စွန့်၍။ ပုန၊ တစ်ဖန်။ ကုမ္ဘဒါသိယာ၊ ကျွန်မ၏။ ဝစနံ၊ စကားကို။ သဒ္ဓံ၊ ယုံကြည်ခြင်းကို။ ကရောသိ၊ ပြု၏။

֍ ဋ္ဌ ၂၅၃။ သဒ္ဓေ၊ သဒ္ဓါနတ်သမီး။ တွမေဝ၊ သင်သည်သာလျှင်။ ပရဒါရသေဝိနီ၊ သူတစ်ပါးမယားကို သွားလာစေတတ်၏။ တွံ၊ သင်သည်။ ပါပံ၊ မကောင်းမှုကို။ ကရောတိ၊ ပြု၏။ ကုသလံ၊ ကုသိုလ်ကို။ ရိဉ္စသိ၊ အလိုမရှိ။ တာဒိသီ၊ သင်ကဲ့သို့သောသူသည်။ အာသနူဒကံ၊ နေရာရေကိုမျှလည်း။ န အရဟတိ၊ မထိုက်။ သုဓ၊ နတ်သုဓာဘုတ်သည်ကား။ ကုတော အရဟသိ၊ အဘယ်မှာ ထိုက်အံ့နည်း။ မယှံ၊ ငါသည်။ တံ၊ သင့်ကို။ န ရုစ္စတိ၊ မနှစ်သက်။ ဂစ္ဆ၊ သွားလော့။

ဟိရီနတ်သမီး

ကောသိယရသေ့သည် ထိုသဒ္ဓါနတ်သမီးကို ဤသတ္တဝါတို့သည် တစ်စုံတစ်ယောက်သောသူ၏ စကားကိုယုံကြည်၍ ထိုသို့သောအမှုကို ပြုသည်ရှိသော် ပြုအပ်သောအမှုထက် မပြုအပ်သောအမှုကိုလျှင် အလွန်များစွာ ပြုကုန်၏။ ထိုထိုအလုံးစုံကို သင်သည် ပြုစေအပ်သည်မည်၏ ဟု ဆိုလတ်သော် ထို သဒ္ဓါနတ်သမီးသည် ထို အရပ်၌သာလျှင် ကွယ်လေ၏။ ကောသိယရသေ့သည်လည်း မြောက်အရပ်၌တည်သော ဟိရီနတ်သမီးနှင့်တကွ စကားပြောပြန်လိုရကား-

၂၅၄။ ဇိဃညရတ္တိံ အရုဏသ္မိမူဟတေ၊
ယာ ဒိဿတိ ဥတ္တမရူပဝဏ္ဏိနီ။
တထူပမာ မံ ပဋိဘာတိ ဒေဝတေ၊
အာစိက္ခ မေ တွံ ကတမာသိ အစ္ဆရာ။
၂၅၅။ ကာဠာ နိဒါဃေရိဝ အဂ္ဂိဇာရိဝ၊
အနိလေရိတာ လောဟိတပတ္တမာလိနီ။
ကာ တိဋ္ဌသိ မန္ဒ မိဂါဝလောကယံ။
ဘာသေသမာနာဝ ဂိရံ န မုဉ္စသိ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၂၅၄။ ဒေဝတေ၊ နတ်သမီး။ ဇိဃညရတ္တိံ၊ မိုးသောက်ယံ၌။ အရုဏသ္မိံ၊ နေအရုဏ်သည်။ ဥဟတေ၊ တက်လတ်သော်။ ဥတ္တမရူပဝဏ္ဏိနီ၊ မြတ်သော ကိုယ်အဆင်းကိုဆောင်သော ယာ၊ အကြင် အရှေ့အရပ်၌တည်သော နတ်သမီးနှင့်တူသော နတ်သမီးသည်။ ဒိဿတိ၊ ထင်၏။ အယံ၊ ဤအရပ်၌တည်သော နတ်သမီးသည်။ တထူပမာ၊ ထိုအရှေ့အရပ်၌တည်သော နတ်သမီးနှင့်တူသည်ဖြစ်၍။ ပဋိဘာသိ၊ ထင်၏။ မေ၊ ငါအား။ အာစိက္ခ၊ ကြားလော့။ တွံ၊ သင်သည်။ ကတမာ၊ အဘယ်မည်သော။ အစ္ဆရာ၊ နတ်သမီးသည်။ အသိ၊ ဖြစ်သနည်း။

֍ ဋ္ဌ ၂၅၅။ ဒေဝတေ၊ နတ်သမီး။ နိဒါဃေ၊ နွေကာလ၌။ ကာဠာရိဝ၊ ညိုသောနွယ်ကဲ့သို့လည်းကောင်း။ အနိလေရိတာ၊ လေညင်းခတ်အပ်သော။ အဂ္ဂိဇာလာရိဝ၊ မီးလျှံကဲ့သို့လည်းကောင်း။ လောဟိတပတ္တမာလိနီ၊ နီသော အရွက်ရှိသော ပန်းကို ပန်ဆင်သည်ဖြစ်၍။ မန္ဒမိဂါ ဣဝ၊ သမင်ငယ်ကဲ့သို့။ လောကယံ၊ ကြည့်လျက်။ တိဋ္ဌသိ၊ တည်သည်ကား။ ကာ၊ အဘယ်သူနည်း။ ဘာသေသမာနာဝ၊ ငါနှင့်စကားပြောလိုသည် ဖြစ်လျက်လျှင်။ ဂိရံ၊ စကားကို။ န မုဉ္စသိ၊ မလွှတ်။

ထို့နောင်မှ ဟိရီနတ်သမီးသည် ထိုကောသိယရသေ့အား အကြောင်းကို ကြားလျှောက်လိုရကား-

၂၅၆။ ဟိရာဟ ဒေဝီ မနုဇေဟိ ပူဇိတာ။
အပါပသတ္တူပနိသေဝိနီ သဒါ။
သုဓာဝိဝါဒေန တဝန္တိမာဂတာ၊
သာဟံ န သက္ကောမိ သုဓမ္ပိ ယာစိတုံ။
ကောပီနရူပါ ဝိယ ယာစနိတ္ထိယာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၅၆။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ ဟိရီ၊ ဟိရီအမည်ရှိသော နတ်သမီးတည်း။ အဟံ၊ အကျွန်ုပ်ကို။ ဒေဝနုဇေဟိ၊ နတ်လူတို့သည်။ ပူဇိတာ၊ ပူဇော်အပ်ကုန်၏။ သဒါ၊ အခါခပ်သိမ်း။ အပါပသတ္တူပနိသေဝိနီ၊ မြတ်သောသတ္တဝါတို့ကိုသာ ဆည်းကပ်လေ့ရှိ၏။ သုဓာဝိဝါဒေန၊ နတ်သုဓာဘုတ်ကို ရသင့် မရသင့် အငြင်းအခုံရှိသောကြောင့်။ တဝန္တိံ၊ အရှင်ဘုရား၏အထံသို့။ အာဂတာ၊ လာရောက်ပါ၏။ သာ အဟံ၊ ထိုအကျွန်ုပ်သည်။ သုဓမ္ပိ၊ နတ်သုဓာဘုတ်ကိုလည်း။ ယာစိတုံ၊ တောင်းခြင်းငှာ။ န သက္ကောမိ၊ မဝံ့ပါ။ ဣတ္ထိယာ၊ မိန်းမ၏။ ယာစနာ၊ တောင်းခြင်းသည်။ ကောပီနရူပါ ဝိယ၊ အရှက်မရှိသည်နှင့်တူ၏။

ထိုဟိရီနတ်သမီး ကြားလျှောက်သောစကားကို ကြား၍ ကောသိယရသေ့သည် ထိုဟိရီနတ်သမီးအား ချီးမွမ်းသဖြင့် နတ်သုဓာဘုတ်ကိုပေးလိုရကား-

၂၅၇။ ဓမ္မေန ဉာယေန သုဂတ္တေ လစ္ဆသိ။
ဧသော ဟိ ဓမ္မော န ဟိ ယာစနာ သုဓာ။
တံ တံ အာယာစန္တိမဟံ နိမန္တယေဖ
သုဓာယ ယဉ္စိစ္ဆသိ တမ္ပိ ဒမ္မိ တေ။
၂၅၈။ သာ တွံ မယာ အဇ္ဇ သကမှိ အဿမေ၊
နိမန္တိတာ ကဉ္စနဝေလ္လဝိဂ္ဂဟေ။
တုဝံ ဟိ မေ သဗ္ဗရသေဟိ ပူဇိယာ၊
တံ ပူဇယိတွာန သုဓမ္ပိ အသ္နိယေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၅၇။ သုဂတ္တေ၊ ကောင်းသောကိုယ်ရှိသော နတ်သမီး။ တွံ၊ သင်သည်။ ဓမ္မေန၊ သဘောအားဖြင့်။ ဉာယေန၊ အကြောင်းအားဖြင့်။ လစ္ဆသိ၊ ရပေ၏။ ဧသော ဟိ၊ ဤသို့ ရခြင်းသည်လျှင်။ ဓမ္မော၊ ကောင်းသော သဘောတည်း။ ယာစနာ၊ တောင်းသဖြင့်။ သုဓာ၊ နတ်သုဓာဘုတ်ကို။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ န လဘိဘဗ္ဗာ၊ မရအပ်။ တံ တသ္မာ၊ ထို့ကြောင့်။ အယာစန္တိံ၊ မတောင်းသော။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ နိမန္တယေ၊ ဖိတ်အံ့။ ယဉ္စ သုဓာယ၊ အကြင်နတ်သုဓာဘုတ်ကို။ ဣစ္ဆတိ၊ သင်အလိုရှိ၏။ တံ သုဓံ၊ ထိုနတ်သုဓာဘုတ်ကို။ တေ၊ သင့်အား။ ဒမ္မိ၊ ငါပေးအံ့။

֍ ဋ္ဌ ၂၅၈။ ကဉ္စနဝေလ္လိဝိဂ္ဂဟေ၊ ရွှေအဆင်းနှင့် တူသော အဆင်းရှိသော။ ဟိရီ၊ ဟိရီနတ်သမီး။ သာ တွံ၊ ထိုသင့်ကို။ မာ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ သကမှိ အဿမေ၊ မိမိကျောင်း၌။ နိမန္တိတာ၊ ပင့်ဖိတ်အပ်၏။ ဟိ-သစ္စံ၊ မှန်၏။ မေ၊ ငါသည်။ တုဝံ၊ သင့်ကို။ သဗ္ဗရသေဟိ၊ အလုံးစုံသော အရသာတို့ဖြင့်။ ပူဇိယာ၊ ပူဇော်ထိုက်၏။ တံ၊ သင့်ကို။ ပူဇယိတွာ၊ ပူဇော်ပြီး၍။ သုဓမ္ပိ၊ ကြွင်းသော သုဓာဘုတ်ကိုလည်း။ အသ္နိယေ၊ ငါစားအံ့။

ရှင်ရသေ၏ သင်္ခမ်းကျောင်း

ထို့နောင်မှ ကောသိယရှင်ရသေ့သည် ခွင့်ပြုအပ်သော ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံသော ထိုဟိရီနတ်သမီးသည် နှလုံးမွေ့လျော်ဖွယ်ရှိသော ရေ အစာ, သစ်သီးနှင့် ပြည့်စုံသော သူတော်ကောင်းတို့သည် ပူဇော်အပ်သောအခါခပ်သိမ်းမြတ်သော သတ္တဝါတို့သည် မပြတ်မှီဝဲဆည်းကပ်အပ်သော ကောသိယရှင်ရသေ့ကျောင်းသို့ ဝင်လေ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကောသိယရှင်ရသေ့ကျောင်းကို ချီးမွမ်းခြင်းနှင့်တကွ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုရကား ဘုရားဖြစ်တော်မူပြီး၍-

၂၅၉။ သာ ကောသိယေနနုမတာ ဇုတိမတာ၊
အဒ္ဓါ ဟိရီ ရမ္မံ ပါဝိသိ ယဿမံ။
ဥဒကဝန္တံ ဖလမရိယပူဇိတံ၊
အပါပသတ္တူပနိသေဝိတံ သဒါ။
။ လ။
၂၆၈။ ကဒလိမိဂါ ဗဟူကေတ္ထ၊ ဗိဠရာ သသကဏ္ဏိကာ။
ဆမာ ဂိရိ ပုဗ္ဗဝိစိတြသန္ထတာ၊
ဒီဇာဘိဃုဋ္ဌာ ဒိဇသံဃသေဝိတာ

ဟူသော ဤဆယ်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၅၉။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ကောသိယေန၊ ကောသိယ ရှင်ရသေ့သည်။ အနုမတာ၊ အခွင့်ပြုအပ်သော။ ဇုတိမတာ၊ အရောင်အဝါနှင့် ပြည့်စုံသော။ သာ ဟိရီ၊ ထိုဟိရီနတ်သမီးသည်။ အဒ္ဓါ၊ စင်စစ်။ ရမ္မံ၊ နှလုံး မွေ့လျော်ဖွယ်ရှိသော။ ဥဒကဝန္တံ၊ ရေနှင့်ပြည့်စုံသော။ ဖလံ၊ သစ်သီးနှင့် ပြည့်စုံသော။ အရိယပူဇိတံ၊ သူတော်ကောင်းတို့သည် ပူဇော်အပ်သော။ သဒါ၊ အခါခပ်သိမ်း။ အပါပသတ္တူပနိသေဝိတံ၊ မြတ်သော သတ္တဝါတို့သည် မှီဝဲအပ်သော။ အဿမံ၊ ကောသိယ ရှင်ရသေ့ကျောင်းသို့။ ပါဝိသိ၊ ဝင်လေ၏။

֍ ဋ္ဌ ၂၆၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတ္ထ၊ ဤကောသိယ ရှင်ရသေ့ကျောင်း၌။ ဗဟုကာ၊ များစွာကုန်သော။ ပုပ္ဖိတာ၊ ကောင်းစွာပွင့်ကုန်သော။ ရုက္ခဂ္ဂဟဏာ၊ အပွင့်အသီးကို ဆောင်ကုန်သော သစ်ပင်တောတို့သည်။ သန္တိ၊ ရှိကုန်၏။ အမ္ဗာ စ၊ သရက်ပင်တို့သည်လည်းကောင်း။ ပိယာလာ စ၊ လွန်ပင်တို့သည်လည်းကောင်း။ ပနသာ စ၊ ပိန္နဲပင်တို့သည်လည်းကောင်း။ ကိံသုကာ စ၊ ပေါက်ပင်တို့သည်လည်းကောင်း။ သောဘဉ္ဇနာ စ၊ အိမ်ဒန့်သလွန်ပင်တို့သည်လည်းကောင်း။ လောဒ္ဓံ၊ တောက်ရပ်ပင်တို့သည်လည်းကောင်း။ အထော၊ ထိုမှတပါး။ ပဒ္ဓမာပိ၊ ပဒုမ္မာကြာပင်တို့သည်လည်းကောင်း။ ကေကာ၊ ထောက်ရှာပင်တို့သည်လည်းကောင်း။ ဘင်္ဂါ စ၊ အင်ပင်တို့သည်လည်းကောင်း။ တိလကာ စ၊ ပြည့်စင်ပင်တို့သည်လည်းကောင်း။ သုပုပ္ဖိတာ၊ ကောင်းစွာပွင့်ကုန်၏။

֍ ဋ္ဌ ၂၆၁။ ဧတ္ထ၊ ဤကောသိယရှင်ရသေ့ကျောင်း ထက်ဝန်းကျင်၌။ ဗဟုကာ၊ များစွာကုန်သော။ သာလာ စ၊ အင်ကြင်းပင်တို့သည်လည်းကောင်း။ ကရေရီ စ၊ ရေခံတတ်ပင်တို့သည်လည်းကောင်း။ ဇမ္ဗုယော စ၊ သပြေပင်တို့သည်လည်းကောင်း။ အဿတ္ထနိဂြောဓမဓုကာစ၊ ညောင်ဗုဒ္ဓဟေပင် ပညောင်ပင် သစ်မြည်စည်ပင်တို့သည်လည်းကောင်း။ ဝေဒိသာ၊ ရင်းရဲပင်တို့သည်လည်းကောင်း။ ဥဒ္ဒါလကာ စ၊ ငုရွှေပင်တို့သည်လည်းကောင်း။ ပါဋလိ၊ သံသတ်ပင်လည်းကောင်း။ သိန္ဒုဝါရိကာ၊ ကြောင်ပန်းပင်တို့သည်လည်းကောင်း။ မနုညဂန္ဓာ၊ နှစ်သက်ဖွယ်သော အနံ့ရှိကုန်သော။ မုစလိန္ဒကေတကာ၊ ကျည်းပင် ဆတ်သွားပင်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။

֍ ဋ္ဌ ၂၆၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတ္ထ၊ ဤကျောင်းထက်ဝန်းကျင်၌။ ဟရေဏုကာ၊ ပဲမျိုးတို့သည်လည်းကောင်း။ ဝေဠုကာ၊ ဝါးမျိုးတို့သည်လည်းကောင်း။ ကေနု၊ တောပဲတို့သည်လည်းကောင်း။ တိန္ဒုကာ၊ တည်ပင်တို့သည်လည်းကောင်း။ သာမာကနီဝါရော၊ ကျိတ်လမန်းပင်တို့သည်လည်းကောင်း။ အထောပိ၊ ထိုမှတပါးလည်း။ စိနကာ၊ မင်းပဲငယ်တို့သည်လည်းကောင်း။ မောစာ၊ တောငှက်ပျောပင်တို့သည်လည်းကောင်း။ ကဒလီ၊ အိမ်ငှက်ပျောပင်တို့သည်လည်းကောင်း။ ဗဟုကာ၊ များစွာကုန်သော။ သာလိယော စ၊ သလေးတို့သည်လည်းကောင်း။ ဝီဟယော စ၊ ကောက်တို့သည်လည်းကောင်း။ အာဘူဇိနောစ၊ ဘူဇပတ်ပင်တို့သည်လည်းကောင်း။ တဏ္ဍုလာ စ၊ ဖွဲ့မရှိသောဆန်နှံတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။

֍ ဋ္ဌ ၂၆၃။ ဘိက္ခဝေ၊ ရဟန်းတို့။ တဿ စ၊ ထိုကျောင်း၏လည်း။ ဥတ္တရပဿေ၊ မြောက်ဘက်နံပါး၌။ ဇာတာ၊ အလိုလိုဖြစ်သော အကက္ကသာ၊ ငါးပုပ် ယောက်သွားပုပ် မှော်ညှိ စသည်ကင်းသော ရေရှိသော။ အပဗ္ဘာရာ၊ ချိုင့်ဝှမ်းခြင်းမရှိသော။ သာဓု၊ ကောင်းသော။ အပ္ပဋိဂန္ဓိကာ၊ မစက်ဆုပ်ဖွယ်သော အနံ့ရှိသော ရေရှိသော။ ပေါက္ခရဏီဝါပိ၊ ကြာမျိုးငါးပါးတို့ဖြင့် ဖုံးလွှမ်းအပ်သော ရေကန်သည်လည်း။ အတ္ထိ၊ ရှိ၏။

֍ ဋ္ဌ ၂၆၄။ တတ္ထ၊ ထိုရေကန်၌။ သန္နိရတာ၊ အလွန် မွေ့လျော်ကုန်သော။ ခေမိနော၊ ဘေးမရှိကုန်သော။ ဗဟုဘောဇနာ၊ များသောအစာရှိကုန်သော။ မစ္ဆာ၊ ငါးတို့သည်။ သန္တိ၊ ရှိကုန်၏။ သိင်္ဂူ၊ သိင်္ဂုမည်သော ငါးတို့သည်လည်းကောင်း။ သဝင်္ကာ၊ သဝင်္ကမည်သော ငါးတို့သည်လည်းကောင်း။ သင်္ကုလာ၊ သင်္ကုလာ မည်သောငါးတို့သည်လည်းကောင်း။ သတဝင်္ကာ စ၊ သတဝင်္ကဝာမည်သော ငါးတို့သည်လည်းကောင်း။ ရောဟိတာ စ၊ ရောဟိတမည်သော ငါးတို့သည်လည်းကောင်း။ အာဠိဝဂ္ဂရကာကိဏ္ဏာ၊ အာဠဝဂ္ဂရမည်သောငါး, ကာကိဏ္ဏမည်သော ငါးတို့သည်လည်းကောင်း။ ပါဌီနာ၊ ပါဌီန မည်သော ငါးတို့သည်လည်းကောင်း။ ကာကမစ္ဆကာ၊ ကာကမစ္ဆကမည်သော ငါးတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။

֍ ဋ္ဌ ၂၆၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တတ္ထ၊ ထိုဇာတဿရ ရေကန်၌။ သန္နိရတာ၊ အလွန်မွေ့လျော်ကုန်သော။ ခေမိနော၊ ဘေးမရှိကုန်သော။ ဗဟုဘောဇနာ၊ များစွာသော အစာရှိကုန်သော။ ပက္ခီ၊ ငှက်မျိုးအပေါင်းဝို့သည်။ သန္တိ၊ ရှိကုန်၏။ ဟံသာ၊ ဟင်္သာတို့သည်လည်းကောင်း။ ကောဉ္စာ၊ ကြိုးကြာတို့သည်လည်းကောင်း။ မယူရာ စ၊ ဥဒေါင်းတို့သည်လည်းကောင်း။ စက္ကဝါကာ စ၊ စက္ကဝါက်ငှက်တို့သည်လည်းကောင်း။ ကုက္ကုဟာ၊ ဘုတ်ငှက်တို့သည်လည်းကောင်း။ ဗဟူ၊ များစွာကုန်သော။ ကုဏာလကာ၊ ဥဩတို့သည်လည်းကောင်း။ စိတြာ၊ ဆန်းကြယ်ကုန်သော။ သိခဏ္ဍိဇီဝဇီဝကာ၊ ဦးစွန်းရှိသောငှက်, ဇီဝဇိုးငှက်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။

֍ ဋ္ဌ ၂၆၆။ ဘိက္ခဝေ၊ ရဟန်းတို့ တတ္ထ၊ ထိုဇာတဿရရေကန်၌။ ဗဟူ၊ များစွာကုန်သော။ နာနာမိဂဂဏာ၊ အထူးထူးအပြားပြား ရှိကုန်သော သားအပေါင်းတို့သည်။ ပါနာယ၊ ရေသောက်အံ့သောငှာ။ အာယန္တိ၊ လာကုန်၏။ သီဟာစ၊ ခြင်္သေ့တို့သည်လည်းကောင်း။ ဗြဂ္ဃါ၊ ကျားတို့သည်လည်းကောင်း။ ဝရာဟာစ၊ ဝက်တို့သည်လည်းကောင်း။ အစ္ဆကောကတရစ္ဆယော၊ ဝံ သစ်ကျုတ် အောင်းတို့သည်လည်းကောင်း။ ပါနာယ၊ ရေသောက်အံ့သောငှာ။ အာယန္တိ၊ လာကုန်၏။

֍ ဋ္ဌ ၂၆၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ပလာသာဒါ စ၊ ကြံ့တို့သည်လည်းကောင်း။ ဂဝဇာ စ၊ နွားနောက်တို့သည်လည်းကောင်း။ မဟိံသာ စ၊ ကျွဲတို့သည်လည်းကောင်း။ ရောဟိတာ၊ သမင်တို့သည်လည်းကောင်း။ ရုရူ၊ ဆတ်တို့သည်လည်းကောင်း။ ဧဏေယျာ စ၊ ဧဏီမြည်သော သားတို့သည်လည်းကောင်း။ ဝရာဟာ စေဝ၊ ဝက်တို့သည်လည်းကောင်း။ ဂဏိနော စ၊ စိုင်တို့သည်လည်းကောင်း။ နီကသူကရာ၊ သိုး ဝက်ဝံတို့သည်လည်းကောင်း။ တတ္ထ၊ ထိုဇာတဿရရေအိုင်၌။ ပါနာယ၊ ရေသောက်အံ့သောငှာ။ အာယန္တိ၊ လာကုန်၏။

֍ ဋ္ဌ ၂၆၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတ္ထ၊ ထိုကောသိယရသေ့ ကျောင်းထက်ဝန်းကျင်၌။ ကဒလိမိဂါ၊ ဝံပိုင်တို့သည်လည်းကောင်း။ ဗိဠာရာ၊ ကြောင်တို့သည်လည်းကောင်း။ သသကဏ္ဏိကာ၊ ယုန်ငယ်, ဒရယ်တို့သည်လည်းကောင်း။ ဗဟုကာ၊ များစွာကုန်၏။ ဆမာဂိရီ၊ မြေပြင်ကဲ့သို့ ညီညွတ်သော ကျောက်ဖျာရှိ၏။ ပုပ္ဖဝိစိတြသန္ထတာ၊ ဆန်းကြယ်သောပန်းတို့ဖြင့် ကောင်းစွာခင်းအပ်၏။ ဒိဇာဘိဃုဋ္ဌာ၊ ငှက်အပေါင်းတို့၏ အလွန်တွန်ကျူးမြူးထူးရာဖြစ်၏။ ဒိဇသံဃသေဝိသာ၊ ငှက်အပေါင်းတို့၏ မှီဝဲရာ ဖြစ်၏။

ဤဆိုအပ်ခဲ့ပြီးသော ဂါထာတို့ဖြင့် သဗ္ဗညူဘုရားသခင်သည် ကောသိယရသေ့၏ ကျောင်းကို ချီးမွမ်းတော်မူ၏။ ယခုအခါ ဟိရီနတ်သမီး၏ ထိုကျောင်းသို့ဝင်ခြင်း အစရှိသည်တို့ကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်

၂၆၉။ သာ သုတ္တစာ နီလဒုမာဘိလမ္ဗိတာ၊

ဝိဇ္ဇူ မဟာမေဃရိဝါနုပဇ္ဇထ။

တဿာ သုသမ္ဗန္ဓသိရံ ကုသာမယံ၊

သုစိံ သုဂန္ဓံ အဇိနူပသေဝိတံ။

အတြိစ္စ ကောစ္ဆံ ဟိရိမေတဒဗြဝိ၊

နိသီဒ ကလျာဏီ သုခယိဒ မာသနံ။

။ လ။

၂၇၃။ တမေန သက္ကာပိ တဒါ အပူဇယိ၊

သဟိန္ဒဒေဝါ သုရကညမုတ္တမံ။

သာ ပဉ္ဇလီ ဒေဝမနုဿပူဇိတာ၊

နဝမှိ ကောစ္ဆမှီ ယဒါ ဥပါဝိသိ။

ဟူသော ဤငါးဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၆၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သုတ္တစာ၊ ကောင်းသော အရေရှိသော။ သာ၊ ထိုဟိရီနတ်သမီးသည်။ နီလဒုမာဘိလမ္ဗိတာ၊ စိမ်းညိုသော သစ်ပင်သစ်ခက်၌ ဆွဲသကဲ့သို့ တင့်တယ်၏။ မဟာမေဃံ၊ မိုးကြီးစွာ ရွာသောအခါ၌။ ဝိဇ္ဇူ ဣဝ၊ လျှပ်စစ်ရောင်ကဲ့သို့။ အနုပဇ္ဖထ၊ ကျောင်းသို့ဝင်လေ၏။ တဿာ၊ ထိုဟိရီနတ်သမီး။ သုသမ္ဗန္ဓသိရံ၊ ကောင်းစွာဖွဲ့အပ်သော ဦးခေါင်းရှိသော။ ကုသာမယံ၊ ပန်းရင်း အစရှိသည်နှင့်ရောသော သမန်းမြက်ဖြင့်ပြီးသော။ သုစိံ၊ စင်ကြယ်စွာသော။ သုဂန္ဓံ၊ ကောင်းသောအနံ့ရှိသော။ အဇိနူပသေဝိတံ၊ သစ်နက်ရေဖြင့် တင့်တယ်စွာပြုအပ်သော။ အတြိစ္ဆကောစ္ဆံ၊ အလွန် အလိုရှိအပ်သော ကောင်းမြတ်သော ထိုင်စရာအင်းပျဉ်ကို။ ပဏသာလဒွါရေ၊ ကျောင်းတံခါးဝ၌။ အတ္ထရိတွာ၊ ခင်း၍။ ကလျာဏိ၊ ကောင်းခြင်းငါးပါးနှင့် ပြည့်စုံသော နတ်သမီး။ သုခံ၊ ကောင်းမြတ်သော။ ဣဒံ အာသနံ၊ ဤနေရာ၌၊ နိသီဒ၊ နေလော့။ ဣတိ၊ ဤသို့။ ဟိရိ၊ ဟိရီနတ်သမီးကို။ ဧတံ၊ ဤစကားကို။ အဗြဝိ၊ ဆိုလေ၏။

֍ ဋ္ဌ ၂၇၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ကောသိယော၊ ကောသိယ အမည်ရှိသော။ ဇဋာ၊ ဆံကျစ်ထုံးသော။ ဇုတိန္ဓရော၊ တန်ခိုးအရောင်ကို ဆောင်သော။ မဟာမုနိ၊ ရသေ့မြတ်သည်။ တဒါ၊ ထိုအခါ၌။ ကောစ္ဆဂတာယ၊ မြတ်သော အင်းပျဉ်အခင်းနေရာ၌ နေပြီးသော။ ယံ-ယာဝဒတ္တံ၊ အကြင်အကြင် ပေးတိုင်းသော နတ်သုဓာဘုတ်ကို။ ဣစ္ဆမာနာယ၊ အလိုရှိသော။ တဿာ၊ ထိုဟိရီနတ်သမီးအား။ နဝေဟိ ပတ္တေဟိ၊ ကြာပဒုမ္မာအိုင်မှ ခူးယူစဖြစ်၍ စိမ်းစိုသော ပဒုမ္မာရွက်တို့ဖြင့်။ သယံ၊ မိမိလက်ဖြင့်။ ပဟုဒကံ၊ ရေနှင့်တကွသော။ သုဓံ၊ နတ်သုဓာဘုတ်ကို။ တုရိတော၊ အဆောတလျင်။ အဘိဟာသိ၊ ရှေးရှုဆောင်၏။

֍ ဋ္ဌ ၂၇၁။ သာ၊ ထိုဟိရီနတ်သမီးသည်။ တံ၊ ထိုနတ်သုဓာဘုတ်ကို။ ဥဘောဟိ ပါဏိဘိ၊ လက်နှစ်ဖက်တို့ဖြင့်။ ပဋိဂ္ဂယှ၊ ခံယူပြီး၍။ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်သည် ဖြစ်၍။ ဇဋာဓရံ၊ ကောသိယ ရှင်ရသေ့ကို။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆိုလေ၏။ ဗြဟ္မေ၊ ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ ဧတရဟိ၊ ယခုအခါ၌။ တယာ၊ ရှင်ရသေ့သည်။ ပူဇိတာ၊ ပူဇော်အပ်သည်ဖြစ်၍။ ဇိတာဝိနီ၊ အောင်အပ်သည်ဖြစ်၍။ တိဒိဝံ၊ တာဝတိံသာ နတ်ရွာသို့။ ဂစ္ဆေယျံ၊ ပြန်သွားတော့အံ့။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆိုလေ၏။

֍ ဋ္ဌ ၂၇၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ကောသိယေန၊ ကောသိယရှင်ရသေ့သည်။ အနုမတာ၊ ခွင့်ပြုအပ်သော။ ဇုတိမတာ၊ အရောင်အဆင်းနှင့်ပြည့်စုံသော။ သာ၊ ထိုဟိုရီနတ်သမီးသည်။ ဝဏ္ဏမဒေန၊ အဆင်းမာန်ယစ်ခြင်းဖြင့်။ မတ္တာ၊ ယစ်သည်ဖြစ်၍။ သဟဿစက္ခုနော၊ သိကြားနတ်၏။ သံကာသေ၊ အထံသို့။ ဂန္တွာန၊ သွား၍။ ဥဒီရယိ၊ ဆိုလေ၏။ ဝါသဝ၊ ဖခင်သိကြားမင်း။ အယံ သုဓာ၊ ဤနတ်သုဓာဘုတ်သည်။ မေ၊ အကျွန်ုပ်အား။ ဇယံ၊ အောင်ခြင်းကို။ ဒေဟိ၊ ပေးတော်မူလော့။ ဣတိ၊ ဤသို့။ ဥဒီရယိ၊ ဆိုလေ၏။

֍ ဋ္ဌ ၂၇၃။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ သက္ကောပိ၊ သိကြားမင်းသည်လည်း။ တမေနံ၊ ထိုဟိရီနတ်သမီးကို အပူဇယိ၊ ပူဇော်လေ၏။ ယဒါ၊ အကြင်အခါ၌။ နဝမှိ၊ အသစ်ဖြစ်သော။ ကောစ္ဆမှိ၊ မြတ်သော အင်းပျဉ်အခင်း နေရာ၌။ ပဉ္ဇလီ၊ လက်အုပ်ချီလျက်။ ဒေဝမနုဿပူဇိတာ၊ နတ်လူတို့သည် ပူဇော်အပ်သော။ သာ၊ ထိုဟိရီနတ်သမီးသည်။ ဥပါဝိသိ၊ ဝင်၍နေ၏။ တဒါ၊ ထိုအခါ၌။ သဟိန္ဒဒေဝါ၊ သိကြားနတ်မင်းနှင့်တကွသော နတ်တို့သည်။ ပါရိစ္ဆတ္တကပုပ္ဖာဒီဟိ၊ ပင်လယ်ကသစ်ပန်း အစရှိသည်တို့ဖြင့်။ ဥတ္တမံ၊ မြတ်သော။ သုရကညံ၊ ဟိရီနတ်သမီးကို။ အပူဇယိ-ပူဇယိံသု၊ ပူဇော်ကုန်၏။

ဟိရီနတ်သမီး၏ဂုဏ်ပုဒ်များ

ဤသို့လျှင် သိကြားနတ်မင်းသည် ထိုဟိရီနတ်သမီးကို ပူဇော်ပြီး၍ အဘယ်အကြောင်းကြောင့် ကောသိယရသေ့သည် ဟိရီနတ်သမီးမှကြွင်းသော နတ်သမီးတို့အား မပေးမူ၍ ဤဟိရီနတ်သမီးအားသာလျှင် နတ်သုဓာဘုတ်ကို ပေးလေသနည်းဟု ကြံ၏။ ကြံပြီး၍ ထိုသိကြားနတ်မင်းသည် ထိုအကြောင်းကို သိစိမ့်သောငှာ တစ်ဖန် မာတလိနတ်သားကို စေလိုက်၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်

၂၇၄။ တမေဝ သံသီ ပုနဒေဝ မာတလိံ၊

သဟူနတျေတော တိဒသာနမိန္ဒော။

ဂန္တွာန ဝါကျံ မမ ဗြူဟိ ကောသိယံ၊

အာသာယ သဒ္ဓါ သိရိယာ စ ကောသိယ၊

ဟိရီ သုဓံ ကေန မလတ္ထ ဟေတုနာ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၇၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သဟဿေနေတ္ဆော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော။ တိဒသာနံ၊ တာဝတိံသာနတ်တို့ကို။ ဣန္ဒော၊ အစိုးရသော သိကြားနတ်မင်းသည်။ ပုနဒဝ၊ တစ်ဖန်။ တမေဝ မာတလိံ၊ ထိုမာတလိနတ်သားကိုလျှင်။ သံသိ၊ ဆိုလေ၏။ မာတလိ၊ အမောင်မာတလိ။ တွံ၊ သင်သည်။ ဂန္တွာန၊ သွား၍။ မမ၊ ငါ၏။ ဝါကျံ၊ စကားကို။ ကောသိယံ၊ ကောသိယ ရှင်ရသေ့ကို။ ဗြူဟိ၊ မေးလျှောက်ပါချေလော့။ ကောသိယ၊ ကောသိယ ရှင်ရသေ့။ အာသာယစ၊ အာသာနတ်သမီးမှ လည်းကောင်း။ သဒ္ဓါစ၊ သဒ္ဓါနတ်သမီးမှ လည်းကောင်း။ သိရိယာစ၊ သိရီနတ်သမီးမှလည်းကောင်း။ ကေန ဟေတုနာ၊ အဘယ်အကြောင်းကြောင့်။ ဟိရီ၊ ဟိရီနတ်သမီးသည်။ သုဓံ၊ နတ်သုဓာဘုတ်ကို။ အလတ္ထ၊ ရလေသနည်း။ ဣတိ၊ ဤသို့။ သံသိ၊ လျှောက်လေလော့။

ထိုမာတလိနတ်သားသည် မိမိအရှင်သိကြားနတ်မင်း စကားကို ဝန်ခံပြီးလျှင် ဝေဇယန္တာရထားကိုစီး၍ ကောသိယ ရှင်ရသေ့အထံသို့ သွားလေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၂၇၅။ တံ သုပ္လဝတ္တံ ဥဒတာရယိ ရထံ၊
ဒဒ္ဒလ္လမာနံ ဥပကာရိယသာဒိသံ။
ဇမ္မောနဒီသံ တပနေယျသန္နိဘံ၊
အလင်္ကတံ ကဉ္စနစိတ္တသန္နိဘံ။
။ လ။
၂၈၀။ ဣန္ဒဿ ဝါကျံ နိသာမေဟိ ကောသိယ၊
ဒူတော အဟံ ပုစ္ဆတိ တံ ပုရိန္ဒဒေါ။
အာသာယ သဒ္ဓါ သိရိယာ စ ကောသိယ၊
ဟိရီ သုဓံ ကေန မလတ္ထ ဟေတုနာ။

ဟူသော ဤခြောက်ဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၇၅။ ဘိက္ခဝေ၊ ရဟန်းတို့။ သုပ္လဝတ္တံ၊ အလွန်လျင်မြန်သော။ ဒဒ္ဒလ္လမာနံ၊ ထွန်းတောက်ပသော။ ဥပကာရိယသာဒိသံ၊ အဆောက်အဦဘဏ္ဍာနှင့်တူသော။ ဇမ္ဗောနဒီသံ၊ ဇမ္ဗူရာဇ်ရွှေဖြင့်ပြီးသော ဝက်စွယ်ရှိထသော။ တပနေယျသန္နိဘံ၊ နှစ်သက်အပ်သော ရွှေနှင့်တူသော အရောင်ရှိထသော။ အလင်္ကတံ၊ တန်ဆာဆင်အပ်သော။ ကဉ္စနစိတ္တသန္နိဘံ၊ ရွှေဖြင့်ပြီးသော ဆန်းကြယ်သော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော။ တံ ရထံ၊ ထိုဝေဇယန္တရထားကို။ ဥဒတာရယိ၊ သွားအံ့သော အစီအရင်ကိုပြု၏။

ဝေဇယန္တာရထား

֍ ဋ္ဌ ၂၇၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတ္ထ၊ ဤဝေဇယန္တာရထား၌။ ဗဟူနိ၊ များစွာကုန်သော။ သုဝဏ္ဏစန္ဒကာ၊ ရွှေဖြင့်ပြီးသော ဒေါင်းမြီးကွက်တို့သည်လည်းကောင်း။ ဟတ္ထိဂဝဿာကိံပုရိသဗျဂ္ဃဒီပိယော၊ ရွှေငွေပတ္တမြားဖြင့်ပြီးသော ဆင်ရုပ်, နွားရုပ်မြင်းရုပ် ကိန္နရာရုပ် ကျားရုပ်သစ်ရုပ်တို့သည်လည်းကောင်း။ ဧဏေယျကာ၊ ဧဏီမည်သော သားရုပ်တို့သည်လည်းကောင်း။ ဧတ္ထ၊ ဤဝေဇယန္တာရထား၌၊ လင်္ဃမယာ၊ ပျံအံ့သကဲ့သို့ ထင်ကုန်သော။ ပက္ခိနော၊ အထူးထူးသော ရတနာတို့ဖြင့် ပြီးကုန်သော ငှက်ရုပ်အပေါင်းတို့သည်လည်းကောင်း။ ပဋိပါဋိယာ၊ အစဉ်အတိုင်း။ ဌိတာ၊ တည်ကုန်။ ဧတ္ထ၊ ဤဝေဇယန္တာရထား၌။ ဝေဠုရိယမယာ၊ ကျောက်မျက်ရွဲဖြင့် ပြီးကုန်သော။ မိဂါ၊ သမင်အစရှိသော သားရဲရုပ်တို့သည်။ ယုဓာ၊ တိုက်ကြကုန်သကဲ့သို့။ ယုတ္တာ၊ ယှဉ်ကုန်၏။

֍ ဋ္ဌ ၂၇၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တတ္ထ၊ ထိုဝေဇယန္တာရထား၌။ သုသုနာဂသာဒိသေ၊ ဆင်ပျို ဆင်ပေါက်ငယ်နှင့် တူကုန်သော။ အလင်္ကတေ၊ တန်ဆာဆင်အပ်ကုန်သော။ ကဉ္စနဖာလုရစ္ဆဒေ၊ ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်ကုန်သော ရင်လွှမ်းတန်ဆာ ရှိကုန်သော။ အာဝေဠိနေ၊ နားတန်ဆာနှင့် ယှဉ်ကုန်သော။ သဒ္ဒဂမေ၊ နှင်တံမကိုင်ဘဲ အသံဖြင့်သာ သွားကုန်သော။ အသင်္ဂိတေ၊ ငြိတွယ်ခြင်း မရှိကုန်သော။ ဒသသတာနိ၊ တစ်ထောင်ကုန်သော။ အဿရာဇဟရယော၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မနောမယသိန္ဓောမြင်းမင်းတို့ကို။ အယောဇယုံ၊ ကကုန်၏။

֍ ဋ္ဌ ၂၇၈။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ မာတလိ၊ မာတလိနတ်သားသည်။ သေဋ္ဌံ၊ အထူးသဖြင့် မြတ်သော။ တံ ယာနံ၊ ထိုဝေဇယန္တာရထားကို။ အဘိရုယှ၊ တက်စီး၍။ ဣမာ ဒသဒိသာ၊ ဤအရပ် ဆယ်မျက်နှာတို့ကို။ အဘိနာဒယိတ္ထ၊ ပဲ့တင်ထပ်စေ၏။ နဘဉ္စ၊ ကောင်းကင်ကိုလည်းကောင်း။ သေလဉ္စ၊ တောင်ကိုလည်းကောင်း။ ဝနပ္ပတီနဉ္စ၊ တောစိုးသစ်ပင်တို့ကို လည်းကောင်း။ ဝနသဏ္ဍဉ္စ၊ တောအုပ်ကိုလည်းကောင်း။ သသာဂရံ၊ သမုဒ္ဒရာနှင့်တကွသော။ မေဒနိံ စ၊ မြေကြီးကိုလည်းကောင်း။ ပဗျထယိတ္ထ၊ တုန်လှုပ်စေ၏။

֍ ဋ္ဌ ၂၇၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သော မာတလိ၊ ထိုမာတလိနတ်သားသည်။ အဿမံ၊ ကောသိယ ရှင်ရသေ့ကျောင်းသို့။ ခိပ္ပမေဝ၊ လျင်စွာလျှင်။ ဥပဂမ္မ၊ ကပ်၍။ ပါဝါရံ၊ စုလျားတဘက်ကို။ ဧကံသကတော၊ ပခုံးတစ်ဖက်၌ တင်၍။ ကတဉ္ဇလီ၊ လက်အုပ်ချီလျက်။ ဗဟုဿုတံ၊ များသော အကြားအမြင်ရှိသော။ ဝုဒ္ဓံ၊ ဂုဏ်ဖြင့် ကြီးမြတ်သော။ ဝိနီတဝန္တံ၊ ကောင်းစွာ ဆုံးမအပ်သော အကျင့်ရှိသော။ ဗြာဟ္မဏံ၊ ကောသိယရသေ့မြတ်ကို။ ဣတိ၊ ဤသို့။ အဗြဝိ၊ မေး လျှောက်၏။

֍ ဋ္ဌ ၂၈၀။ ကောသိယ၊ ကောသိယ ရသေ့။ ဣန္ဒဿ၊ သိကြားနတ်မင်း၏။ ဝါကျံ၊ စကားကို။ နိသာမေဟိ၊ နာတော်မူလေ။ အဟံ၊ အကျွန်ုပ်သည်။ တဿ၊ ထိုသိကြားနတ်မင်း၏။ ဒူတော၊ တစ်မန်တည်း။ ပုရိန္ဒဒေါ၊ သိကြားနတ်မင်းသည်။ တံ၊ အရှင်ဘုရားကို။ ပုစ္ဆတိ၊ မေးလျှောက်၏။ ကောသိယ၊ ကောသိယ ရသေ့။ အာသာယ စ၊ အာသာမှလည်းကောင်း။ သဒ္ဓါ စ၊ သဒ္ဓါမှလည်းကောင်း။ သိရိယာ စ၊ သိရီမှလည်းကောင်း။ ကေန ဟေတုနာ၊ အဘယ်အကြောင်းကြောင့်။ ဟိရီ၊ ဟိရီနတ်သမီးသည်။ သုဓံ၊ နတ်သုဓာဘုတ်ကို။ အလတ္ထ၊ ရလေသနည်း။

ကောသိယ ရှင်ရသေ့သည် ထိုမာတလိနတ်သား မေးလျှောက်သော စကားကိုကြား၍ ထိုမာတလိနတ်သားအား အကြောင်းကို ပြန်ကြားလိုရကား-

၂၈၁။ အန္ဓာ သိရီ မံ ပဋိဘာတိ မာဘလိ၊
သဒ္ဓါ အနိစ္စာ ပန ဒေဝသာရထိ။
အာသာ ဝိသံဝါဒိကသမ္မတာ ဟိ မေ၊
ဟိရီစ အရိယမှိ ဂုဏေ ပတိဋ္ဌိတာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၈၁။ ဒေဝသာရထိ၊ နတ်၏ ရထားထိန်းဖြစ်သော။ မာတလိ၊ မာတလိနတ်သား။ သိရီ၊ သိရီနတ်သမီးသည်။ အန္ဓာ၊ မိုက်၏ဟူ၍။ မံ၊ ငါ၏။ ပဋိဘာတိ၊ ဉာဏ်၌ထင်၏။ သဒ္ဓါ ပန၊ သဒ္ဓါနတ်သမီးသည်ကား။ အနိစ္စာ၊ အဖြစ်မမြဲ။ အာသာ ပန၊ အာသာနတ်သမီးကား။ မေ၊ ငါသည်။ ဝိသံဝါဒိကသမ္မတာတိ၊ ချွတ်ယွင်းသောစကားကို ဆိုတတ်၏ဟူ၍ သမုတ်အပ်၏။ ဟိရီ စ၊ ဟိရီနတ်သမီးသည်ကား။ အရိယမှိ၊ မြတ်သော။ ဂုဏေ၊ ဂုဏ်ကျေးဇူး၌။ ပတိဋ္ဌိတာ၊ အမြဲတည်၏။

ယခုအခါ၌လည်း ထိုဟိရီနတ်သမီး၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြန်လိုရကား-

၂၈၂။ ကုမာရိယော ယာစိမာ ဂေါတ္တရက္ခိတာ၊
ဇိဏ္ဏာ စ ယာယာ စ သဘတ္တုဣတ္ထိယော။
တာ ဆန္ဒရာဂံ ပုရိသေသု ဥဂ္ဂတံ၊
ဟိရိယာ နိဝါရေန္တိ စိတ္တမတ္တနော။
၂၈၃။ သင်္ဂါမသီသေ သရသတ္တိသံယုတေ၊
ပရာဇိတာနံ ပတတံ ပလာယိနံ။
ဟိရိယာ နိဝတ္တန္တိ ဇဟိတွာ ဇီဝိတံ၊
တေ သမ္ပဋိစ္ဆန္တိ ပုန ဟိရီမနာ။
၂၈၄။ ဝေလာ ယထာ သာဂရဝေဂဝါရိနီ၊
ဟိရာယတိ ပါပဇနံ နိဝါရိနီ။
တံ သဗ္ဗလောကေ ဟိရိမရိယပူဇိတံ၊
ဣန္ဒဿ တံ ဝေဒယ ဒေဝသာရထိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၂၈၂။ မာတလိ၊ မာတလိနတ်သား။ ဂေါတ္တရက္ခိတာ၊ အမျိုးအနွယ်ကို စောင့်တတ်သော။ ယာ စ ဣမာ ကုမာရိယော၊ အကြင် အပျိုအရွယ်ဖြစ်ကုန်သော မိန်းမတို့သည်လည်းကောင်း။ ဇိဏ္ဏာ၊ အိုမင်းကုန်သော။ ယာ စ ဣတ္ထိယော၊ အကြင် လင်ကွာ မိန်းမတို့သည်လည်းကောင်း။ သဘတ္တု၊ လင်ရှိမယား ဖြစ်ကုန်သော။ ယာ စ ဣတ္ထိယော၊ အကြင် မိန်းမတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တာ၊ ထိုအလုံးစုံကုန်သော မိန်းမတို့သည်။ ပုရိသေသု၊ တစ်ပါးသော ယောက်ျားတို့၌။ ဥဂ္ဂတံ၊ လွန်စွာသော။ ဆန္ဒရာဂံ၊ အားကြီးစွာသော တပ်စွန်းခြင်းကို။ ဝိဒိတွာ၊ သိ၍။ အတ္တနောစိတ္တံ၊ မိမိစိတ်ကို။ ဟိရိယာ၊ အရှက်ဖြင့်။ နိဝါရေန္တိ၊ တားမြစ်ကုန်၏။

֍ ဋ္ဌ ၂၈၃။ မာတလိ၊ မာတလိနတ်သား။ သရသတ္တိသံယုတေ၊ မြားဖျားချင်း ဓားလှံချင်းယှက်သော။ သင်္ဂါမသီသေ၊ စစ်မြေဦး၌။ ပတတံ၊ ဆုတ်နစ်ခဲ့ကုန်သော။ ပလာယိနံ၊ ပြေးကုန်သော။ ပရာဇိတာနံ၊ စစ်ရှုံးကုန်သော သူတို့အား။ ဟိရိယာ၊ အရှက်ဖြင့်။ ဇီဝိတံ၊ မိမိတို့အသက်ကို။ ဇဟိတွာ၊ စွန့်ကုန်၏။ နိဝတ္တန္တိ၊ ပြန်၍ခံကုန်၏။ တေ၊ ထိုစစ်ရှုံး၍ ပြေးသောသူတို့သည်။ ပုန၊ တစ်ဖန်။ ဟိရိမနာ၊ ရှက်သော စိတ်ရှိကုန်သည်ဖြစ်၍။ သမ္ပဋိစ္ဆန္တိ၊ ခံကုန်၏။

֍ ဋ္ဌ ၂၈၄။ ဒေဝသာရထိ၊ နတ်၏ ရထားထိန်းဖြစ်သော။ မာတလိ၊ မာတလိနတ်သား။ ဝေလာ၊ သမုဒ္ဒရာကမ်းသည်။ သာဂရဝေဂံ၊ သမုဒ္ဒရာ လှိုင်းတံပိုးအဟုန်ကို။ ဝါရိနီ ယထာ၊ တားမြစ်သကဲ့သို့။ အယံ ဟိရီ၊ ဤဟိရီနတ်သမီးသည်။ ဇနံ၊ သတ္တဝါအပေါင်းကို။ ပါပါ၊ မကောင်းမှုမှ။ နိဝါရိနီ၊ တားမြစ်တတ်၏။ သဗ္ဗလောကေ၊ အလုံးစုံသော လူ့ပြည် နတ်ပြည်၌။ တံ ဟိရိံ၊ ထိုဟိရိနတ်သမီးကို။ အရိယပူဇိတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည် ချီးမွမ်းအပ်၏။ တံ၊ ထိုအကြောင်းကို။ ဣန္ဒဿ၊ သိကြားနတ်မင်းအား။ ဝေဒယ၊ သင်ကြားလျှောက်လေလော့။

ထိုစကားကိုကြား၍ မာတလိနတ်သားသည် ကောသိယ ရှင်ရသေ့မိန့်ဆိုတိုင်း ဝန်ခံလိုရကား-

၂၈၅။ ကော တေ ဣဒံ ကောသိယ ဒိဋ္ဌိမောဒဟိ၊
ဗြဟ္မာ မဟိန္ဒော အထဝါ ပဇာပတိ။
ဟိရာယ ဒေဝေသု ဟိ သေဋ္ဌသမ္မတာ။
ဓီတာ မဟိန္ဒဿ မဟေသိ ဇာယထ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၈၅။ ကောသိယ၊ ကောသိယ ရှင်ရသေ့။ တေ၊ အရှင်ဘုရားအား။ ကော၊ အဘယ်ကြောင့်။ ဣမံဒိဋ္ဌိံ၊ ဤအယူကို။ ဩဒဟိ၊ ယူတော်မူသနည်း။ မဟိန္ဒော၊ သိကြားနတ်မင်းသည်။ ဗြဟ္မာ၊ မြတ်စွာ၏။ အထဝါ၊ ထိုမှတစ်ပါးလည်း။ ပဇာပတိ၊ သတ္တဝါတို့၏ အရှင်ဖြစ်၏။ မဟိန္ဒဿ၊ မြတ်သော သိကြားနတ်မင်း၏။ ဓီတာ၊ သမီးတော်ဖြစ်သော။ မဟေသီ၊ မြတ်သောကျေးဇူးကို ရှာလေ့ရှိသော။ အယံ ဟိရီ၊ ဤဟိရီနတ်သမီးသည်။ ဒေဝေသု၊ နတ်ပြည်တို့၌။ သေဋ္ဌသမ္မတာ၊ အထူးသဖြင့် မြတ်သည်ဟု သမုတ်အပ်သည်။ ဇာယထ၊ ဖြစ်လေ၏။

ကောသိယရှင်ရသေ့ နတ်သားဖြစ်ပြီ

ဤသို့ ထိုမာတလိနတ်သား စကားပြောဆိုစဉ်ပင်လျှင် ကောသိယရသေ့အား ကွယ်လွန် ပျက်စီးခြင်းသဘောသည် ဖြစ်လာ၏။ ထိုအခါ မာတလိနတ်သားသည် ထိုကောသိယရသေ့ကို အရှင်ဘုရား... အာယုသင်္ခါရသည် စွန့်လွှတ်ပြီ၊ အရှင်ဘုရားအား စုတေရအံ့သော သဘောသည်လည်း ရောက်လာပြီ၊ အရှင်ဘုရားအား လူ့ပြည်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ နတ်ပြည်သို့ သွားကုန်အံ့ ဟု ဆို၍ ထိုနတ်ပြည်သို့ ယူဆောင်လိုရကား -

၂၈၆။ ဟန္ဒေဟိ ဒါနိ တိဒိဝံ အပက္ကမ၊
ရထံ သမာရုယှ မမာယိတံ ဣမံ။
ဣန္ဒော စ တံ ဣန္ဒသဂေါတ္တ ကင်္ခတိ၊
အဇ္ဇေဝ တွံ ဣန္ဒသဟဗျတံ ဝဇ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၂၈၆။ ဣန္ဒသဂေါတ္တ၊ သိကြားနတ်မင်းနှင့်တူသော အမျိုးအနွယ်ရှိသော ရှင်ရသေ့။ ဟန္ဒ၊ အကျွန်ုပ် တိုက်တွန်းပါ၏။ ဧဟိ၊ လာလှည့်။ ဣဒါနိ၊ ယခုအခါ၌။ တီဒိဝံ၊ တာဝတိ့သာ နတ်ရွာသို့။ အက္ကမ၊ ကြွတော်မူလော့။ မမာယိတံ၊ မြတ်နိုးအပ်သော။ ဣမံ ရထံ၊ ဤဝေဇယန္တာရထားကို။ သမာရုယှ၊ တက်စီပါလော့။ ဣန္ဒော စ၊ သိကြားနတ်မင်းသည်လည်း။ တံ၊ အရှင်ဘုရားကို။ ကင်္ခတိ၊ အလိုရှိတော်မူ၏။ တွံ၊ အရှင်ဘုရားသည်။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ဣန္ဒသဟဗျတံ၊ သိကြားနတ်မင်း၏ အပေါင်းအဖော်အဖြစ်သို့။ ဝဇ၊ ကြွတော်မူလော့။

ဤသို့ ထိုမာတလိနတ်သားသည် ကောသိယရသေ့နှင့်တကွ စကားပြောစဉ်လျှင် ကောသိယရသေ့သည် စုတေ၍ ဥပပါတ် ပဋိသန္ဓေဖြစ်သော နတ်သားဖြစ်၍ တက်စီးသဖြင့် ဝေဇယန္တာနတ်ရထား၌ တည်၏။

ဟိရီနတ်သမီးနှင့် ထိမ်းမြားခြင်း

ထိုအခါ ထိုကောသိယရသေ့ကို မာတလိနတ်သားသည် သိကြားမင်းအထံသို့ ဆောင်ယူလေ၏။ သိကြားနတ်မင်းသည် ထိုကောသိယနတ်သားကိုမြင်လျှင် အလွန်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ မိမိသမီးတော်ဖြစ်သော ဟိရီနတ်သမီးကို ထိုကောသိယနတ်သားအား မိဖုရားကြီးပြု၍ ပေးတော်မူ၏။ ထိုကောသိယနတ်သားအား အတိုင်းအရှည်မရှိသော များစွာသော စည်းစိမ်အခြံအရံ ရှိသည်ဖြစ်၍ သဗ္ဗညူဘုရားသခင်သည် ထိုအကြောင်းကို သိတော်မူ၍ မြတ်ကုန်သော သတ္တဝါတို့၏ ကံမည်သည်ကား ဤသို့လျှင် စင်ကြယ်၏ဟု မိန့်တော်မူ၍ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုရကား-

၂၈၇။ ဧဝံ ဝိသုဇ္ဈန္တိ အပါပကမ္မိနော၊
အထော သုစိဏ္ဏဿ ဖလံ န နဿတိ။
ယေကေစိ မဒ္ဒက္ခု သုဓာယ ဘောဇနံ၊
သဗ္ဗေဝ တေ ဣန္ဒသဟဗျတံ ဂတာ။

ဟူသော အဆုံးဖြစ်သော ဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၂၈၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံ၊ ဤဆိုအပ်ပြီးသော အပြားအားဖြင့်။ အပါပကမ္မိနော၊ မကောင်းမှုကို မပြုကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ဝိသုဇ္ဈန္တိ၊ အထူးသဖြင့် စင်ကြယ်ကုန်၏။ အထော၊ ထိုမှတပါး။ သုစိဏ္ဏဿ၊ ကောင်းစွာကျင့်အပ်သော အမှု၏။ ဖလံ၊ အကျိုးသည်။ န နဿတိ၊ မပျက်။ ယေကေစိ၊ အလုံးစုံကုန်သော သူတို့သည်။ သုဓာယဘောဇနံ၊ နတ်သုဓာဘုတ်ကို။ ဟိရိ၊ ဟိရီနတ်သမီးအား။ ဒိယျာနံ၊ ပေးလှူသည်ကို။ အဒ္ဒက္ခု၊ မြင်ရကုန်၏။ တေသဗ္ဗေစ၊ ထိုအလုံးစုံကုန်သော သူတို့သည်လည်း။ တံ ဒါနံ၊ ထိုအလှူကို။ အနုမောဒိတွာ၊ ဝမ်းမြောက်ကုန်သောကြောင့်။ ဣန္ဒသဟဗျတံ၊ သိကြားနတ်မင်း၏ အပေါင်းအဖော်အဖြစ်သို့။ ဂတာ၊ ရောက်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤသုဓာဘောဇနဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် အလှူဒါန၌ မမွေ့လျော်သော ဝန်တို ခက်ထန်သည်လျှင်ဖြစ်သော ဤရဟန်းကို ဆုံးမတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းကို ငါဘုရားသည် ဆုံးမတော် မူဖူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ဟိရီနတ်သမီး ဖြစ်ဖူးပြီ။ ယခုအခါ အလှူဒါန၌ မွေ့လျော်သော အလှူရှင်ဖြစ်သော ဤရဟန်းသည် ထိုအခါ ကောသိယရသေ့ ဖြစ်ဖူးပြီ။ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ ပဉ္စသိခနတ်သား ဖြစ်ဖူးပြီ။ ယခုအခါ အာနန္ဒာသည် ထိုအခါ မာတလိနတ်သား ဖြစ်ဖူးပြီ။ ယခုအခါ မဟာကဿပသည် ထိုအခါ သူရိယနတ်သားဖြစ်ဖူးပြီ။ ယခုအခါ မဟာမောဂ္ဂလာန်သည် ထိုအခါ စန္ဒနတ်သားဖြစ်ဖူးပြီ။ ယခုအခါသာရိပုတ္တရာသည် ထိုအခါ နာရဒရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားနတ်မင်း ဖြစ်ဖူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဝန်တိုသသူ၊ ငရဲယူ၊ အလှူရှင်မှ နတ်ပြည်ကြွ

သုံးခုမြောက်ဖြစ်သော သုဓာဘောဇနဇာတ်သည် ပြီး၏။

*****

အသီတိနိပါတ်

၄။ မဟာကုဏာလဇာတ်

ငြင်းခုံခိုက်ရန် မပြုသင့်ခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧဝမက္ခာယတိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာကုဏာလဇာတ်ကို ကုဏာလအိုင်၌ သီတင်းသုံးနေတော်မူစဉ် မမွေ့လျော်ခြင်းဖြင့် နှိပ်စက်ကုန်သော ရဟန်းငါးရာတို့ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကား၌ ဤဆိုလတ္တံ့ သည်ကား အစဉ်ဖြစ်သော စကားတည်း။

ပစ္စုပ္ပန်ဝတ္ထု... သာကီဝင်မင်း၊ ကောလိယမင်းတို့သည် ကပိလဝတ်ပြည်၏လည်းကောင်း၊ ကောလိယပြည်၏လည်းကောင်း အကြား၌ ရောဟိနီမည်သောမြစ်ကို တခုသောဆည်ဖြင့်ဆည်၍ ကောက်တို့ကိုလုပ်ကုန်၏။

အစည်းအဝေးပဋိပက္ခ

ထိုအခါ၌ နယုန်လအခါဝယ် ကောက်ပင်တို့သည် ညှိုးကုန်လတ်သော် နှစ်ပြည်သားတို့၏ လယ်လုပ်သားတို့သည် စည်းဝေးကြကုန်၏။ ထိုနှစ်ပြည်သားတို့တွင် ကောလိယပြည်သားတို့သည် ဤသို့ဆိုကုန်၏။ ဤရေကို ငါတို့နှစ်ဦးသား ဆောင်ယူသည်ရှိသော် သင်တို့အားလည်းမလောက်၊ ငါတို့အားလည်းမလောက်၊ ငါတို့ ကောက်သည်ကား ရေတစ်ကြိမ်သွင်းသဖြင့် အောင်ပါလတ္တံ့၊ ဤရေကို ငါတို့အား ပေးကုန်လော့ ဟု ဆိုကုန်၏။ ကပိလဝတ်ပြည်သားတို့သည် ဤသို့ ဆိုကုန်၏။ သင်တို့သည် ကျီတို့ကိုပြည့်စေ၍ တည်ကုန်သည်ရှိသော် ငါတို့သည် ရွှေ ငွေ နီလာ ပတ္တမြား သလွဲမည်း အသပြာတို့ကိုယူ၍ တောင်းပခြုပ်စသည် လက်စွဲကုန်လျက် သင်တို့အိမ်တံခါးသို့ သွားအံ့သောငှာ မတတ်နိုင်ကုန်၊ ငါတို့ကောက်သည်လည်း ရေတစ်ကြိမ်သွင်းသဖြင့်လျှင် အောင်လတ္တံ့၊ ဤရေကို ငါတို့အားသာလျှင် ပေးကုန်လော့ ဟု ဆိုကုန်၏။ ငါတို့သည် မပေးကုန်အံ့။ ငါတို့သည် မပေးကုန်အံ့ဟု ဆို၍ ခိုက်ရန်ကိုပွားစေသဖြင့် တစ်ယောက်သောသူသည် ထ၍ တစ်ယောက်သောသူကို ပုတ်ခတ်၏။ ထိုသူသည်လည်း တစ်ယောက်သောသူကို ပုတ်ခတ်၏။ ဤသို့ အချင်းချင်း ပုတ်ခတ်ကုန်သဖြင့် မင်းမျိုးတို့ ဇာတ်အနွယ်ကို ထိခိုက်၍ တိုက်ခိုက်၍ ခိုက်ရန်ကို ဖြစ်စေကုန်၏။

ကောလိယပြည် လယ်လုပ်သားတို့သည် ဤသို့ ဆိုကုန်၏။ သင်တို့သည် ကပိလဝတ်မြို့၌နေကုန်သော သာကီဝင်မင်းသားတို့ကိုယူ၍ ကြုံးဝါးကြကုန်၏။ အကြင် ကပိလဝတ်မြို့နေ သာကီဝင်မင်းသားတို့သည် ခွေး၊ မြေခွေး အစရှိသည်တို့ကဲ့သို့ မိမိတို့၏နှမတို့နှင့်တကွ ပေါင်းဖော်ကြကုန်၏။ ထိုသာကီဝင်မင်းသားတို့၏ ဆင်၊ မြင်း အစရှိသည်တို့သည်လည်းကောင်း၊ ဗိုလ်ပါ လက်နက်တို့သည်လည်းကောင်း ငါတို့အား အဘယ်ပြုကုန်လတ္တံ့နည်းဟု ဆိုကုန်၏။ ကပိလဝတ်ပြည် လယ်လုပ်သားတို့သည် ဤသို့ ဆိုကုန်၏။ သင်တို့သည် ယခုအခါ၌ အနူမျိုးဖြစ်ကုန်သော မင်းသားတို့ကိုယူ၍ ကြုံးဝါးကြကုန်၏။ အကြင် ကောလိယမင်းသားတို့သည် နှင်ထုတ်အပ်ကုန်သည်ဖြစ်၍ ကိုးကွယ်ရာမရှိကုန်သဖြင့် တိရစ္ဆာန်ကဲ့သို့ ကလောပင်အောက်၌ နေရကုန်၏။ ထိုကောလိယမင်းတို့၏ ဆင်၊ မြင်း အစရှိသည်တို့သည်လည်းကောင်း၊ ဗိုလ်ပါ လက်နက်သည်လည်းကောင်း ငါတို့အား အဘယ်ပြုကုန်အံ့ည်း ဟု ဆိုကုန်၏။ ထိုနှစ်ဦးသော လယ်လုပ်သားတို့သည် သွားကုန်၍ ထိုအမှု၌ယှဉ်သော အမတ်တို့အား လျှောက်ကုန်၏။ ထိုအမတ်တို့သည် မင်းမျိုးတို့အား ကြားလျှောက်ကုန်၏။ ထို့နောင်မှ သာကီဝင်မင်းသားတို့သည် နှမနှင့် ပေါင်းဖော်သောသူတို့၏ အစွမ်းကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း ပြကုန်အံ့ဟု စစ်ထိုးအံ့သော အစီအရင်ရှိကုန်သည်ဖြစ်၍ ထွက်ကြကုန်၏။ ကောလိယမင်းတို့သည်လည်း ကလောပင်အောက်၌ နေကုန်သောသူတို့၏ အစွမ်းကိုလည်းကောင်း၊ ခွန်အားကို လည်းကောင်း ပြကုန်အံ့ဟု စစ်ထိုးအံ့သော အစီအရင်ရှိကုန်သည်ဖြစ်၍ ထွက်ကြကုန်၏။

မှာထားချက်

တစ်ပါးကုန်သော ဆရာတို့သည်ကား သာကီဝင်မင်း, ကောလိယမင်းတို့၏ ကျွန်မတို့သည် ရေခပ်အံ့သောငှာ မြစ်သို့သွား၍ ခေါင်းခုတို့ကို မြေ၌ချထား၍ ချမ်းသာသောစကားဖြင့် နေကုန်သည်ရှိသော် တစ်ယောက်သောမိန်းမ၏ ခေါင်းခုကို တစ်ယောက်သောမိန်းမသည် မိမိခေါင်းခုအမှတ်ဖြင့် ယူမိ၏။ ထိုခေါင်းခုကိုမှီ၍ ငါ့ခေါင်းခု သင့်ခေါင်းခုဟုငြင်းခုံ၍ ခိုက်ရန်ဖြစ်ကြသည်ရှိသော် အစဉ်သဖြင့် ထိုနှစ်ပြည်၌နေကုန်သော ကျွန်အမှုလုပ်တို့သည်လည်းကောင်း၊ ရွာစားတို့သည်လည်းကောင်း၊ အမတ်တို့သည်လည်းကောင်း၊ အိမ်ရှေ့မင်းတို့သည်လည်းကောင်း၊ ဤသို့ အလုံးစုံသောသူတို့သည် စစ်ထိုးအံ့သော အစီအရင်ရှိကုန်သည်ဖြစ်၍ ထွက်ကြကုန်၏ဟု ဆိုကုန်၏။ ဤနောက်နည်းထက် ရှေးနည်းသာလျှင် များစွာကုန်သော မဟာအဋ္ဌကထာတို့၌ လာ၏။ သင့်လည်းသင့်၏။ ထို့ကြောင့် ထိုရှေးနည်းကိုသာလျှင် ယူအပ်၏။

ထိုသာကီဝင်မင်း, ကောလိယမင်းတို့သည် ညချမ်းအခါ၌ စစ်ထိုးအံ့သော အစီအရင်ရှိကုန်သည်ဖြစ်၍ ထွက်ကြကုန်၏။

မြတ်စွာဘုရား ငြိမ်းစေခြင်း

ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည်၌ နေတော်မူလျက် မိုးသောက်ထသောအခါ၌ သတ္တလောကကို ကြည့်တော်မူလတ်သော် ဤသို့ စစ်ထိုးအံ့သော အစီအရင်ရှိသည်ဖြစ်၍ ထွက်ကုန်သော ဤသာကီဝင်မင်းတို့ကို မြင်တော်မူ၏။ မြင်တော်မူပြီးလျှင် ငါကြွသွားတော်မူသည်ရှိသော် ဤခိုက်ရန်သည် ငြိမ်းလတ္တံ့လော၊ မငြိမ်းလတ္တံ့လောဟု စုံစမ်းဆင်ခြင်တော်မူသည်ရှိသော် ငါသည်လျှင် ထိုအရပ်သို့သွား၍ ထိုခိုက်ရန်ကို ငြိမ်းစေသောငှာ ဇာတ်သုံးဇာတ်တို့ကို ဟောအံ့၊ ထိုသို့ဟောသောကြောင့် ခိုက်ရန်သည် ငြိမ်းလတ္တံ့၊ ထိုသို့ ငြိမ်းသောအခါ ညီညွတ်ခြင်းကို ပြအံ့သောငှာ နှစ်ဇာတ်တို့ကိုဟော၍ အတ္တဒဏ္ဍသုတ်ကို ဟောအံ့၊ ဓမ္မဒေသနာကို ကြားနာရ၍ နှစ်ပြည်သားတို့သည် နှစ်ရာ့ငါးဆယ်, နှစ်ရာ့ငါးဆယ်စီသော မင်းသားတို့ကို ပေးကုန်လတ္တံ့၊ ငါသည် ထိုငါးရာသော မင်းသားတို့ကို ရဟန်းပြုအံ့၊ များစွာသော အစည်းအဝေးသည် ဖြစ်လတ္တံ့ဟု ဆုံးဖြတ်ခြင်းကို ပြုတော်မူ၍ နံနက်ကလျှင် ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံကြွတော်မူ၍ ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသည်ရှိသော် ညချမ်းအခါ ဂန္ဓကုဋိတိုက်မှ ထွက်တော်မူခဲ့၍ တစ်စုံတစ်ယောက်သောသူအား ကြားတော်မမူဘဲ ကိုယ်တော်တိုင်သာလျှင် သပိတ်သင်္ကန်းတော်ကိုယူ၍ နှစ်ဦးသောစစ်သည်တို့၏ အကြားဖြစ်သော ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျှင် နှစ်ဦးသော စစ်သည်တို့အား ထိတ်လန့်စိမ့်သောငှာ နေ့အခါ၌ အမိုက်တိုက်ပြုအံ့သောငှာ ဆံတော်မှ ညိုသောရောင်ခြည်တော်ကို လွှတ်တော်မူလျက် နေတော်မူ၏။

ထိုအခါ ထိတ်လန့်သော စိတ်ရှိကုန်သော ထိုနှစ်ဦးသော စစ်သည်တို့အား ကိုယ်တော်ကိုပြလျက် ခြောက်ပါးသောအဆင်းရှိသော ဘုရားရောင်ခြည်တော်တို့ကို လွှတ်တော်မူ၏။ ကပိလဝတ် ပြည်သားတို့သည်လည်း မြတ်စွာဘုရားကို မြင်ကုန်လျှင် ငါတို့အမျိုးမြတ်ဖြစ်သော မြတ်စွာဘုရားသည် ကြွတော်မူလာ၏။ ထိုမြတ်စွာဘုရားသည် ငါတို့ကို ခိုက်ရန်ပြုသောအဖြစ်ကို မြင်တော်မူလေသလော ဟု ကြံ၍ စင်စစ်သော်ကား မြတ်စွာဘုရား ကြွလာတော်မူသည်ရှိသော် ငါတို့သည် သူတစ်ပါးတို့၌ လက်နက်ဖြင့် တိုက်ခိုက်အံ့သောငှာ မတတ်ကောင်း၊ ကောလိယပြည်သားတို့သည် ငါတို့ကို သတ်မူလည်း သတ်ပစေကုန်၊ နှောင်ဖွဲ့မှုလည်း နှောင်ဖွဲ့ပစေကုန်ဟု လက်နက်တို့ကို စွန့်ကုန်၏။ ကောလိယ ပြည်သားတို့သည်လည်း ထို့အတူလျှင် ပြုကုန်၏။

ထိုအခါ သဗ္ဗညူဘုရားသခင်သည် ကောင်းကင်မှ သက်တော်မူ၍ မွေ့လျော်ဖွယ်ရှိသော သဲစု၌ခင်းအပ်သော မြတ်သော ဘုရားနေရာ၌ နှိုင်းယှဉ်စရာ ဥပမာမရှိသော ဘုရားအသရေတော်ဖြင့် တင့်တယ်လျက် နေတော်မူ၏။ ထိုနှစ်ဦးသော မင်းတို့သည်လည်း သဗ္ဗညူမြတ်စွာဘုရားကို ရှိခိုးလျက် နေကုန်၏။ ထိုသို့နေကုန်သောအခါ ထိုနှစ်ဦးသောမင်းတို့ကို သဗ္ဗညူဘုရားသခင်သည် သိတော်မူလျက်လျှင် မြတ်သောမင်းမျိုးတို့ အဘယ်ကြောင့် သင်မင်းမြတ်တို့သည် လာကြကုန်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မြစ်ကိုရှုအံ့သောငှာ မလာပါကုန်၊ မြစ်၌ ကစားအံ့သောငှာလည်း မလာပါကုန်၊ စင်စစ်သော်ကား ဤအရပ်၌ စစ်ထိုးခြင်းကို ဖြစ်စေလိုသောကြောင့် လာပါကုန်၏ဟု ကြားလျှောက်ကြကုန်၏။ “မြတ်သောမင်းမျိုးတို့... သင်တို့သည် အဘယ်ကိုမှီ၍ ခိုက်ရန်ဖြစ်ကြကုန်သနည်း” ဟု မေးတော်မူ၏။ အရှင်ဘုရား ရေကိုအမှီပြု၍ ဖြစ်ပါကုန်၏ဟု လျှောက်ကြကုန်၏။ မြတ်သောမင်းမျိုးတို့... ရေသည် အဘယ်မျှ အဖိုးထိုက်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား... ရေသည် နည်းသောအဖိုးကို ထိုက်ပါ၏ဟု လျှောက်ကုန်၏။ မြတ်သောမင်းမျိုးတို့... မြေသည်ကား အဖိုး အဘယ်မျှထိုက်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား... မြေသည် အဖိုးအတိုင်းမသိ ထိုက်ပါဟု လျှောက်ကုန်၏။ မြတ်သော မင်းမျိုးတို့... မင်းတို့သည် အဖိုးအဘယ်မျှ ထိုက်ကုန်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား... မင်းတို့မည်သည်ကား အဖိုးအတိုင်းမသိ ထိုက်ကုန်၏ဟု လျှောက်ကုန်၏။ မြတ်သောမင်းမျိုးတို့... အဘယ့်ကြောင့် အဖိုးမထိုက်သောရေကို အမှီပြု၍ အဖိုးများစွာထိုက်သော မင်းတို့ကို ဖျက်ဆီးကုန်ဘိသနည်း၊ ခိုက်ရန်ပြုခြင်း၌ စိတ်ချမ်းသာခြင်းမည်သည် မရှိ၊ မြတ်သောမင်းမျိုးတို့... ထိုစကားသည် မှန်၏။ ခိုက်ရန်ပြုခြင်း၏ အစွမ်းအားဖြင့် တစ်ယောက်သော ကြိုပင်စောင့်နတ်သည် ဝံနှင့်တကွ ရန်ငြိုးဖွဲ့၍ အလုံးစုံသော ဤကမ္ဘာလုံးလည်း ပျက်စီးခြင်းသို့ ရောက်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဖန္ဒနဇာတ်ကို ဟောတော်မူ၏။ (ဤဖန္ဒနဇာတ်ကိုကား တေရသကနိပါတ်၌ ဟောတော်မူ၏။ )

ထို့နောင်မှ မြတ်သောမင်းမျိုးတို့ သူတစ်ပါးစကားကို ယုံကြည်လိုက်နာခြင်းမည်သည် မဖြစ်ရာ။ ထိုစကားသည် မှန်၏။ သူတစ်ပါးစကားကို ယုံကြည်လိုက်နာသည်ဖြစ်၍ ယုန်ငယ်တစ်ကောင်၏ စကားကြောင့် ယူဇနာသုံးထောင် အပြောကျယ်သော ဟိမဝန္တာတော၌ အခြေလေးချောင်းရှိသော သားအပေါင်းတို့သည် မဟာသမုဒ္ဒရာသို့ချည်း ပြေးဆင်း၍ ဝင်ရကုန်၏။ ထို့ကြောင့် သူတစ်ပါးစကားကို လိုက်နာသည် မဖြစ်ရာဟု မိန့်တော်မူ၍ ဒုဒ္ဒရဇာတ်ကို ဟောတော်မူ၏။ (ဤ ဒုဒ္ဒရဇာတ်ကိုကား စတုက္ကနိပါတ်၌ ဟောတော်မူ၏။ )

ထို့နောင်မှ မြတ်သောမင်းမျိုးတို့... ရံခါ အားနည်းသော သူသည်လည်း အားကြီးသောသူ၏ အကျိုးမဲ့ကို ပြုနိုင်၏။ ထိုစကားသည်မှန်၏။ နှံစုတ်ငှက်ငယ်စင်လျက် ဆင်ပြောင်ကြီးကို သတ်နိုင်၏ဟု မိန့်တော်မူ၍ လဋုကိက ဇာတ်ကို ဟောတော်မူ၏။ (ဤလဋုကိကဇာတ်ကိုကား ပဉ္စကနိပါတ်၌ ဟောတော်မူ၏။ )

ဤသို့လျှင် ခိုက်ရန်ငြိမ်းစိမ့်သောငှာ သုံးဇာတ်ကို ဟောတော်မူ၍ ထိုမှတစ်ပါး သင့်တင့်ညီညွတ်ခြင်းကို ပြအံ့သောငှာ နှစ်ဇာတ်ကိုဟောတော်မူ၏။ မြတ်သောမင်းမျိုးတို့... ထိုစကားသည် မှန်၏။ သင့်တင့် ညီညွတ်ကုန်သောသူတို့အား တစ်စုံတစ်ယောက်သောသူသည် အပေါက်အကြားမည်သည်ကို မြင်ခြင်းငှာ မတတ်နိုင်ဟု မိန့်တော်မူ၍ ရုက္ခဓမ္မဇာတ်ကို ဟောတော်မူ၏။ (ဤရုက္ခဓမ္မဇာတ်ကိုကား ဧကကနိပါတ်၌ ဟောတော်မူ၏။ )

ထိုမှတစ်ပါးလည်း မြတ်သောမင်းမျိုးတို့... သင့်တင့်ညီညွတ်သောသူတို့အား တစ်စုံ တစ်ယောက်သောသူသည် ကွဲပြားသည်ကို မြင်ခြင်းငှာ မတတ်နိုင်။ အကြင်အခါ၌ကား အချင်းချင်း ငြင်းခုံခြင်း ခိုက်ရန်ကို ပြုကုန်၏။ ထိုအခါ၌ ထိုငုံးတို့ကို တစ်ယောက်သောမုဆိုးသည် အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ယူ၍သွားလေ၏။ ခိုက်ရန်ပြုခြင်း၌ ချမ်းသာခြင်းမည်သည် မရှိဟု မိန့်တော်မူ၍ ဝဋ္ဋကဇာတ်ကို ဟောတော်မူ၏။ (ဤဝဋ္ဋကဇာတ်ကို သမ္မာဒမာနဇာတ် ဟူသောအမည်ဖြင့် ဧကကနိပါတ်၌ ဟောတော်မူ၏။ )

ရဟန်းငါးရာရ

ဤသို့လျှင် ငါးဇာတ်တို့ကို ဟောတော်မူပြီး၍အဆုံး၌ အတ္တဒဏ္ဍသုတ်ကို ဟောတော်မူ၏။ ထိုအခါ သာကီဝင်မင်းတို့သည် ကြည်ညိုကုန်သည်ဖြစ်၍ မြတ်စွာဘုရားသည် အကယ်၍ ကြွတော်မမူလာသည်ဖြစ်အံ့၊ ငါတို့သည် အချင်းချင်းသတ်၍ သွေးချောင်းစီးသည်ကို ဖြစ်စေကုန်လတ္တံ့၊ ဘုရားသခင်ကိုမှီ၍ ငါတို့သည် အသက်ကိုရအပ်၏။ ဘုရားသခင်သည် အိမ်ရာထောင်သော လူ၏ဘောင်၌ အကယ်၍ နေတော်မူအံ့၊ ကျွန်းငယ်နှစ်ထောင် အရံရှိသော ကျွန်းကြီးလေးကျွန်း၌ဖြစ်သော မင်းစည်းစိမ်သည် လက်တော်သို့ ရောက်သည်ဖြစ်ရာ၏။ စင်စစ်သော်ကား ထိုမြတ်စွာဘုရားအား တစ်ထောင်အလွန်ရှိကုန်သော သားတို့သည် ဖြစ်ကုန်ရာ၏။ ထိုကျွန်းကြီးလေးကျွန်းကို အစိုးရသောကြောင့် မင်းအပေါင်း အခြံအရံရှိသည်ဖြစ်၍လျှင် သွားရာ၏။ မြတ်ဘုရားသည် ထိုသဘောရှိသော စကြာမင်းစည်းစိမ်ကိုစွန့်၍ တောထွက်တော်မူသဖြင့် သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူ၏။ ယခုခါ၌လည်း မင်းမျိုးအပေါင်း အခြံအရံရှိသည်ဖြစ်၍လျှင် ကြွတော်မူစသတည်း ဟု နှစ်ပြည်ထောင်သားတို့ နှစ်ရာ့ငါးဆယ် နှစ်ရာ့ငါးဆယ်စီသော မင်းသားတို့ကို လှူကြကုန်၏။

သဗ္ဗညူ ဘုရားသခင်သည် ထိုငါးရာသော မင်းသားတို့ကို ရဟန်းပြုတော်မူ၍ မဟာဝုန်သို့ ကြွတော်မူ၏။ မိုးသောက်သောနေ့မှစ၍ ထိုငါးရာသော သာကီဝင်မင်းသား ရဟန်းတို့ဖြင့်ခြံရံလျက် ရံခါ ကပိလဝတ် ပြည်တော်၌၊ ရံခါ ကောလိယပြည်တော်၌၊ ဤသို့ နှစ်ပြည်တို့၌ ဆွမ်းခံကြွတော်မူ၏။ နှစ်ပြည်ထောင်သားတို့သည် ကြီးစွာသော ပူဇော်သက္ကာရကို ပြုကြကုန်၏။ အလွန် ရိုသေလေးမြတ်ကြသည်ဖြစ်၍ မိမိတို့အလိုအားဖြင့် ရဟန်းပြုကြသည် မဟုတ်ကုန်သော ထိုငါးရာကုန်သော ရဟန်းတို့အား မမွေ့လျော်ခြင်းတို့သည်ဖြစ်၏။ မယားဟောင်းတို့သည် ထိုရဟန်းတို့အား မမွေ့လျော်ခြင်း ဖြစ်စိမ့်သောငှာ ထိုထိုသို့သောအကြောင်းကို ပြောဆို၍ သတင်းစကား စေလိုက်ကြကုန်၏။ ထိုရဟန်းတို့သည် လွန်စွာ ငြီးငွေ့ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဆင်ခြင်တော်မူလတ်သော် ထိုငါးရာသော သာကီဝင်မင်းသား ရဟန်းတို့ မမွေ့လျော်သောအဖြစ်ကို သိတော်မူ၍ ဤရဟန်းတို့သည် ငါကဲ့သို့သော ဘုရားသဗ္ဗညူနှင့် အတူတကွနေကုန်လျက် ငြီးငွေ့ကုန်ဘိ၏။ ထိုရဟန်းတို့အား အဘယ်သို့သော တရားစကားသည် သင့်လျော်ပါအံ့နည်း၊ လျောက်ပတ်ပါအံ့နည်းဟု စုံစမ်းဆင်ခြင်တော်မူလတ်သော် ကုဏာလဇာတ် ဓမ္မဒေသနာကို မြင်တော်မူ၏။ ထိုအခါ ဘုရားသခင်အား ဤသို့သောအကြံသည် ဖြစ်တော်မူ၏။ ငါသည် ဤငါးရာသော ရဟန်းတို့ကို ဟိမဝန္တာသို့ ဆောင်ယူ၍ ကုဏာလဇာတ် ဓမ္မဒေသနာဖြင့် ထိုရဟန်းတို့အား မိန်းမတို့၏ အပြစ်ကို ပြသဖြင့် မမွေ့လျော်ခြင်းကိုဖျောက်၍ သောတာပတ္တိဖိုလ်ကို ပေးအံ့ဟု အကြံဖြစ်တော်မူ၏။ အကြံဖြစ်တော်မူပြီး၍ ထိုဘုရားသခင်သည် နံနက်အခါ၌ သင်းပိုင်ကို ပြင်ဝတ်တော်မူပြီးလျှင် သပိတ်သင်္ကန်းကို ယူတော်မူ၍ ကပိလဝတ်ပြည်သို့ ဆွမ်းခံကြွတော်မူ၍ ဆါမ်းဘုဉ်းပေးပြီးသော် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော် ဆွမ်းဘုဉ်းပေးသောကာလ (နံနက်ချိန်) ၌လျှင် ငါးရာကုန်သော ထိုရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... သင်တို့သည် မွေ့လျော်ဖွယ်သော ဟိမဝန္တာအရပ်ကို မြင်ဖူးကုန်၏လော ဟု မေးတော်မူ၏။

ဟိမဝန္တာသို့ ကြွခြင်း

အရှင်ဘုရား... ထိုဟိမဝန္တာကို အကျွန်ုပ်တို့ မမြင်ဖူးပါကုန်ဟု နားတော် လျှောက်ကုန်၏။ ဟိမဝန္တာ၌ လှည့်လည်ခြင်းကို လှည့်လည်ကုန်အံ့လောဟု မေးတော်မူလတ်သော် အရှင်ဘုရား... ဘုန်းတန်ခိုးမရှိကုန်သော အကျွန်ုပ်တို့သည် အသို့လျှင် သွားနိုင်ကုန်အံ့နည်းဟု တင်လျှောက်ကုန်၏။ အကယ်၍ သင်တို့ကို တစ်စုံတစ်ယောက်သောသူသည် ခေါ်၍ သွားငြားအံ့၊ လိုက်ကြကုန်အံ့လောဟု မေးတော်မူ၏။ အရှင်ဘုရား... လိုက်ပါကုန်အံ့ဟု နားတော်လျောက်ကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအလုံးစုံသော ရဟန်းငါးရာတို့ကိုလည်း ကိုယ်တော်မြတ် တန်ခိုးတော်ဖြင့် ဆောင်ယူ၍ ကောင်းကင်သို့တက်၍ ဟိမဝန္တာသို့သွား၍ ကောင်းကင်ပြင်၌ ရပ်တော်မူလျက်လျှင် မွေ့လျော်ဖွယ်ရှိသော ဟိမဝန္တာအရပ်၌ ရွှေတောင်၊ ငွေတောင်၊ မြတောင်၊ ဟင်္သာပြဒါးတောင်၊ မျက်စဉ်းတောင်ထ ဖလ်တောင်၊ တောင်လျဉ်တောင်ဝှမ်း၊ ဤသို့ အထူးထူး အပြားပြားရှိသော တောင်တို့ကိုလည်းကောင်း, ဂင်္ဂါ ယမုနာ အစိရဝတီ မဟီ သရဘူဟူကုန်သော မြစ်ကြီးငါးစင်းတို့ကိုလည်းကောင်း, ကဏ္ဏမုဏ္ဍအိုင် ရထကာရအိုင် သီဟပပါတအိုင် ဆဒ္ဒန္တအိုင် တိယင်္ဂလအိုင် အနဝတတ်အိုင် ကုဏာလအိုင်ဟူသော အိုင်ကြီးခုနစ်အိုင်တို့ကိုလည်းကောင်း ပြတော်မူ၏။ ဟိမဝန္တာမည်သည်ကား ကြီးကျယ်စွာ၏။ ယူဇနာငါးရာ အစောက်မြင့်၏။ ယူဇနာသုံးထောင် အပြောကျယ်၏။ ထိုဟိမဝန္တာ၏ မွေ့လျော်ဖွယ်ရှိသော ဤတစ်စိတ်သောအရပ်ကို ကိုယ်တော်၏ အာနုဘော်ဖြင့် ပြတော်မူ၏။

ထိုဟိမဝန္တာ၌ ပြုအပ်သော နေခြင်းရှိကုန်သော ခြင်္သေ့မျိုး ကျားမျိုး ဆင်မျိုး အစရှိကုန်သော အခြေလေးချောင်းရှိသော သားတို့ကိုလည်း တစ်စိတ်အားဖြင့် ပြတော်မူ၏။ ထိုဟိမဝန္တာ၌ နှလုံးမွေ့လျော်ဖွယ်ရှိသော အရံအစရှိသည်တို့ကိုလည်းကောင်း, အပွင့်အသီးကို ဆောင်ကုန်သော သစ်ပင်တို့ကိုလည်းကောင်း၊ အထူးထူး အပြားပြားရှိကုန်သော ငှက်အပေါင်းတို့ကိုလည်းကောင်း ရေပန်း ကြည်းပန်းတို့ကိုလည်းကောင်း ဟိမဝန္တာတောင်၏ အရှေ့နံပါး၌ ရွှေအပြင်ကိုလည်းကောင်း အနောက်နံပါး၌ ဟင်္သာပြဒါး အပြင်ကိုလည်းကောင်း ပြတော်မူ၏။ ဤသို့သဘောရှိကုန်သော မွေ့လျော်ဖွယ်တို့ကို မြင်ရသောအခါမှစ၍ ထိုငါးရာကုန်သော ရဟန်းတို့အား မယားဟောင်းတို့၌ အားကြီးစွာသော တပ်ခြင်းရာဂကို ပယ်အပ်ကုန်၏။

ဥဩငှက်မင်း

ထိုအခါ သဗ္ဗညူ ဘုရားသခင်သည် ထိုငါးရာကုန်သော ရဟန်းတို့ကိုယူ၍ ကောင်းကင်မှ သက်တော်မူပြီးလျှင် ဟိမဝန္တာ အနောက်နံပါး၌ ယူဇနာခြောက်ဆယ်ရှိသော မြင်းသီလာ ကျောက်ဖျာအပြင်၌ ခုနှစ်ယူဇနာရှိသော တစ်ကမ္ဘာလုံးတည်သော အင်ကြင်းပင်အောက်၌ သုံးယူဇနာရှိသော မြင်းသီလာ ကျောက်ဖျာအပြင်၌ ထိုငါးရာသော ရဟန်းအပေါင်းခြံရံလျက် ခြောက်ပါးသော အဆင်းရှိသော ဘုရား၏ ရောင်ခြည်တော်တို့ကို လွှတ်တော်မူလျက် သမုဒ္ဒရာအဝှမ်းကို ချောက်ချားစေ၍ ထွန်းပသော နေလုလင်ကဲ့သို့ နေတော်မူ၍ သာယာစွာသော အသံတော်ကို မြွက်တော်မူလျက် ထိုရဟန်းတို့ကို ခေါ်တော်မူ၏။ ရဟန်းတို့... ဤဟိမဝန္တာအရပ်၌ သင်တို့မမြင်ဖူးသည်ကို မေးကြကုန်လော့ဟု မိန့်တော်မူ၏။

ထိုခဏ၌ ဆန်းကြယ်သော ဥဩမ နှစ်ကောင်တို့သည် လှံတံကို အစွန်းနှစ်ဖက်တို့၌ နှုတ်သီးဖြင့်ကိုက်ယူလျက် အလယ်၌ မိမိတို့လင်ဖြစ်သော ဥဩမင်းကိုနေစေ၍ ဆန်းကြယ်ကုန်သော ဥဩတို့ကို ရှေ့ကရှစ်ကောင်၊ နောက်က ရှစ်ကောင်၊ လက်ဝဲက ရှစ်ကောင်၊ လက်ယာက ရှစ်ကောင်၊ အောက်က ရှစ်ကောင်၊ အထက်က ရှစ်ကောင်၊ အရိပ်ပြု၍ ဤသို့ဆန်းကြယ်သော ဥဩမင်းကိုခြံရံလျက် ကောင်းကင်ဖြင့် လာလတ်ကုန်၏။

ထိုရဟန်းတို့သည် ထိုငှက်အပေါင်းကိုမြင်၍ ဘုရားသခင်ကို မေးလျှောက်ကြကုန်၏။ အရှင်ဘုရား ဤငှက်တို့ကား အဘယ်မည်သော ငှက်တို့နည်းဟု မေးလျှောက်ကြကုန်၏။ ရဟန်းတို့... ဤငှက်အပေါင်းတို့သည် ငါဘုရား၏ အနွယ်တည်း၊ ငါသည် ထားအပ်သော အစဉ်အဆက်တည်း၊ ငါ့ကို ရှေးဦးစွာ ရှေး၌ ဤသို့ လုပ်ကျွေးဖူးကုန်၏။ ထိုအခါ၌ ဤငှက်အပေါင်းသည် အလွန်များ၏။ သုံးထောင့်ငါးရာသော ငှက်မတို့သည် ငါ့ကို လုပ်ကျွေးကုန်၏။ အစဉ်သဖြင့် ဆုတ်ယုတ်၍ ယခုအခါ၌ ဤမျှသာလျှင် ဖြစ်၏ဟု မိန့်တော်မူ၏။ အရှင်ဘုရား ဤသို့သဘောရှိသော တောအုပ်၌ ထိုငှက်မတို့သည် အရှင်ဘုရားတို့ကို အသို့လုပ်ကျွေးကြကုန်သနည်းဟု မေးလျှောက်ကြကုန်၏။

အတိတ်ဝတ္ထု... ထိုအခါ ထိုရဟန်းတို့အား သဗ္ဗညူ ဘုရားသခင်သည် ရဟန်းတို့... ထိုတပြီးကား နာကြကုန်လော့ဟု သတိကို ဖြစ်စေတော်မူ၍ လွန်လေပြီးသောအကြောင်းကို ထုတ်ဆောင်၍ ပြတော်မူလိုရကား

ဧဝ မက္ခာယတိ၊ ဧဝ မနုသူယတိ... အစရှိသော ဤဂါထာတို့ကို ဟောတော်မူ၏။

ဟိမဝန္တ သားကောင်များ

ထိုဂါထာတို့၏ အနက်ကား-

ဘောန္တော၊ အို ရဟန်းအပေါင်းတို့။ ခလု၊ စင်စစ်သဖြင့်။ သဗ္ဗော သဓဓရဏိဓရေ၊ အလုံးစုံသော ဆေးကို ဆောင်သော မြေနှင့်ပြည့်စုံသော။ အနေကပုပ္ဖမာလျဝိတတေ၊ မြားစွာသော အသီးအလို့ငှာ ပွင့်သောပန်း, ပန်စရာမရှိသော ပန်းတို့ဖြင့် ပြည့်စုံထသော။ ဂဇ၊ ဆင်။ ဂဝဇ၊ နွားနောက်။ မဟိံသ၊ ကျွဲ။ ရုရု၊ ဆတ်။ စာမရ၊ စာမရီမည်သောသား။ ပသဒ၊ ချေ။ ခဂ္ဂ၊ ကြံ့။ ဂေါကဏ္ဏ၊ စိုင်။ သီဟ၊ ခြင်္သေ့။ ဗျဂ္ဃ၊ ကျား။ ဒီပိ၊ ကျားသစ်။ အစ္ဆ၊ ဝံ။ ကောက၊ သစ်ကြုတ်။ တရစ္ဆ၊ အောင်း။ ဥဒ္ဒါရ၊ ဖျံ။ ကဒလီမိဂ၊ ဝံပိုင့်။ ဗိဠာရ၊ ကြောင်။ သသ၊ ယုန်။ ကဏ္ဏိကာနုစရိတေ၊ ဒရယ်တို့၏ ကျင်လည်ရာလည်း ဖြစ်ထသော။ အာကိဏ္ဏ နေလ မဏ္ဍလ မဟာဝရာဟ နာဂကုလ ကရေဏု သင်္ဃာဓိဝုဋ္ဌေ၊ ပြည့်သော ဆင်ငယ်-ဆင်ကြီးအပေါင်း ဆယ်ပါးသော ဆင်မျိုးအပေါင်းတို့၏ နေရာလည်း ဖြစ်ထသော။

ဣဿမိဂ၊ ဝံ။ သာခမိဂ၊ မျောက်။ သရဘမိဂ၊ သမင်ဆီးဆောက်။ ဧဏီမိဂ၊ ဧဏီမည်သောသား။ ဝါတမိဂ၊ သမင်ပျံ။ ပသဒမိဂ၊ ချေ။ ပုရိသာလု၊ ဝါလဝါမည်သော ဘီလူး။ ကိံပုရိသ၊ ဒေဝကိန္နရာ, စန္ဒကိန္နရာ, ဒုမကိန္နရာ စသည်ပြားသော ကိန္နရာမျိုး။ ယက္ခ၊ ဘီလူး။ ရက္ခသနိသေဝိတေ၊ ရက္ခိုသ်ဘီလူးတို့၏ မှီဝဲရာလည်း ဖြစ်သသော။ အမဇ္ဇဝ မဉ္ဇရီ ဓရ ပဟဋ္ဌ ပုပ္ဖ ဖုသိတဂ္ဂါ နေကပါဒပ ဂဏဝိကတေ၊ ပန်းငုံ ပန်းတံတို့နှင့်ပြည့်စုံသော ထိသော အပွင့်အဖျားရှိသော များစွာသော ပန်းပင်အပေါင်းဖြင့် ဆန်းကြယ်ထသော။

ကုရရ၊ ဝန်လိုငှက်။ စကောရ၊ စင်ရော်။ ဝါရဏ၊ ငှက်ဆင်။ မယူရ၊ ဥဒေါင်း။ ပရဘတ၊ ဥဩ။ ဇီဝဇီဝက၊ ဇီဝဇိုးငှက်။ စေလာဝက၊ ထီးလိုင်ကာငှက်။ ဘိင်္ကာရ၊ ဘိင်္ကရာဇ်ငှက်။ ကရဝိကမတ္တ ဝိဟင်္ဂဂဏ သတသမ္ပဃုဋ္ဌေ၊ ယစ်ကုန်သော ကရဝိက်ငှက်အပေါင်းတို့၏ မပြတ်ကောင်းစွာ တွန်မြူရာလည်း ဖြစ်ထသော။

ဓာတ်သတ္တု ရတနာများ

အဉ္ဇန၊ မျက်စဉ်း။ မနောသိလာ၊ မြင်းသီလာ။ ဟရီတာလ၊ ဆေးဒန်း။ ဟိင်္ဂုလက၊ ဟင်္သာပြဒါး။ ဟေမ၊ ရွှေ။ ရဇတ၊ ငွေ။ ကနကာနေက ဓာတုသတဝိနဒ္ဓပဋိမဏ္ဍိတပ္ပဒေသေ၊ ရွှေဟူသော များစွာသောဓာတ်တို့ဖြင့် မပြတ် မြှေးယှက်အပ်သည်ဖြစ်၍ တန်ဆာဆင်အပ်သော အရပ်လည်းရှိထသော။ ဧဝရူပေ၊ ဤသို့သဘောရှိသော။ ရမ္မေ၊ မွေ့လျော်ဖွယ်ရှိသော။ ဝနသဏ္ဍေ၊ တောအုပ်၌။ အတိဝိယစိတ္တော၊ အထူးသဖြင့်ဆန်းကြယ်သော အဆင်းလည်းရှိထသော။ အတိဝိယစိတ္တပတ္တစ္ဆေဒနော၊ အလွန်အထူးသဖြင့် ဆန်းကြယ်သော အတောင်ဖြင့် ဖုံးလွှမ်းအပ်သော။ ကုနာလော နာမ၊ ကုဏာလအမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ ပဋိဝသတိ၊ နေ၏။ သော ဝနသဏ္ဍော၊ ထိုကုဏာလငှက်မင်း နေရာတောအုပ်ကို။ ဧဝံ၊ ဤဆိုအပ်ခဲ့ပြီးသော အခြင်းအရာဖြင့်။ အက်ခာယတိ၊ ဆိုအပ်၏။ ဧဝံ၊ ဤဆိုအပ်ခဲ့ပြီးသော အခြင်းအရာဖြင့်။ အနုသူယတိ၊ ကြားအပ်၏။

ဘောန္တော၊ အို ရဟန်းအပေါင်းတို့။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ ကုဏာလဿ၊ ကုဏာလအမည်ရှိသော။ တဿေဝ သကုဏဿ၊ ထိုဥဩငှက်မင်း၏လျှင်။ ပါရိစာရိကာ၊ အလုပ် အကျွေး ဖြစ်ကုန်သော။ ဒိဇကညာယော၊ ငှက်မဖြစ်ကုန်သော။ အဍ္ဎုဍ္ဎာနိ ဣတ္ထိသဟဿာနိ၊ သုံးထောင့်ငါးရာကုန်သော ဥဩမတို့သည်။ သန္တိ၊ ရှိကုန်၏။

ဘောန္တော၊ အို ရဟန်းတို့။ အထ၊ ထိုအခါ၌။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ ဒွေ ဒိဇကညာယော၊ နှစ်ကောင်ကုန်သော ဥဩမတို့သည်။ ကဋ္ဌံ၊ လှံတံကို။ မုခေန၊ နှုတ်သီဖြင့်။ ဍံသိတွာ၊ ကိုက်၍။ ကုဏာလံ၊ ကုဏာလအမည်ရှိသော။ တံ သကုဏံ၊ ထိုဥဩငှက်မင်းကို။ မဇ္ဈေ၊ အလယ်၌။ နီသီဒါပေတွာ၊ နေစေ၍။ ကုဏာလံ၊ ကုဏာလအမည်ရှိသော။ သကုဏံ၊ ထိုငှက်မင်းကို။ အဒ္ဓါနပရိယာယပထေ၊ အဓွန့်ရှည်သောခရီးကို သွားခြင်း၌။ ကိလမထော၊ ပင်ပန်းခြင်းသည်။ မာ ဥဗ္ဗာဟေတ္ထ၊ မဖြစ်စေသတည်း။ ဣတိ မနသိကတွာ၊ ဤသို့ နှလုံးပိုက်၍။ ဥဍ္ဍေန္တိ၊ ပျံသွားကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒိဇကညာယော၊ ငှက်မတို့သည်။ သစေ၊ အကယ်၍။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ အယံ သကုဏော၊ ဤငှက်မင်းသည်။ အာသနာ၊ နေရာမှ။ ပရိပတိဿတိ၊ လျှောကျသည်ဖြစ်အံ့။ မယံ၊ ငါတို့သည်။ တံ၊ ထိုငှက်မင်းကို။ ပက္ခေဟိ၊ အတောင်တို့ဖြင့်။ ပဋိဂ္ဂဟေဿာမ၊ ခံကုန်အံ့။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ဟေဋ္ဌတော ဟေဋ္ဌတော၊ အောက်မှ အောက်မှ။ ဍေန္တိ၊ သွားကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒီဇယညာယော၊ ငှက်မတို့သည်။ ကုဏာလံ၊ ကုဏာလအမည်ရှိ။ နံ သကုဏံ၊ ထိုငှက်မင်းကို။ အာတပေါ၊ နေပူသည်။ မာ ပရိယာပေသိ၊ မပူစေသနည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဥပရူပရိ၊ အဆင့်ဆင့်။ ဍေန္တိ၊ ပျံကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒိဇကညာယော၊ ငှက်မတို့သည်။ ကုဏာလံ၊ ကုဏာလ အမည်ရှိသော။ နံ သကုဏံ၊ ထိုငှက်မင်းကို။ သီတံ ဝါ၊ အချမ်းသည်လည်းကောင်း။ ဥဏှံ ဝါ၊ အပူသည်လည်းကောင်း။ တိဏံ ဝါ၊ မြက်သည်လည်းကောင်း။ ရဇော ဝါ၊ မြူသည်လည်းကောင်း။ ဝါတော ဝါ၊ လေသည်လည်းကောင်း။ ဥဿာဝေါ ဝါ၊ ဆီးနှင်းသည်လည်းကောင်း။ မာ ဥပပ္ဖုသိ၊ မထိစေသတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဥဘတော ပဿေန၊ နံပါးနှစ်ဖက်ဖြင့်။ ဍေန္တိ၊ ပျံသွားကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒီဇကညာယော၊ ငှက်မတို့သည်။ ကုဏာလံ၊ ကုဏာလအမည်ရှိသော။ နံ သကုဏံ၊ ထိုငှက်မင်းကို။ ဂေါပါလကာ ဝါ၊ နွားကျောင်းသားတို့သည်လည်းကောင်း။ ပသုပါလကာ ဝါ၊ ဆိတ်ကျောင်းသားတို့သည်လည်းကောင်း။ တိဏဘာရကာ ဝါ၊ မြက်ရိတ်သော သူတို့သည်လည်းကောင်း။ ကဋ္ဌဟာရကာ ဝါ၊ ထင်းခွေသော သူတို့သည်လည်းကောင်း။ ဝနကမ္မိကာ ဝါ၊ တောကို လုပ်သောသူတို့သည်လည်းကောင်း။ ကဋ္ဌေန ဝါ၊ သစ်သားဖြင့်လည်းကောင်း။ ကဌလေန ဝါ၊ အိုးခြမ်းကွဲဖြင့်လည်းကောင်း။ ပါဏိနာ ဝါ၊ လက်ဖြင့်လည်းကောင်း။ လေဍ္ဍုနာ ဝါ၊ ခဲဖြင့်လည်းကောင်း။ ဒဏ္ဍေန ဝါ၊ တုတ်လှံတံဖြင့်လည်းကောင်း။ သတ္တေန ဝါ၊ လက်နက်ဖြင့်လည်းကောင်း။ သက္ခရာဟိ ဝါ၊ ကျောက်စရစ်တို့ဖြင့်လည်းကောင်း။ ပဟာရံ၊ ပုတ်ခက်ခြင်းကို။ မာ အဒံသု၊ မပေးစေကုန်သတည်း။

ကုဏာလော၊ ကုဏာလအမည်ရှိသော။ အယံ သကုဏော၊ ဤငှက်မင်းသည်။ ဂစ္ဆေဟိ ဝါ၊ ချုံတို့ဖြင့်လည်းကောင်း။ လတာဟိ ဝါ၊ နွယ်တို့ဖြင့်လည်းကောင်း။ ရုက္ခေဟိ ဝါ၊ သစ်ပင်တို့ဖြင့်လည်းကောင်း။ သာခါဟိ ဝါ၊ သစ်ခက်တို့ဖြင့်လည်းကောင်း။ ထမ္ဘေဟိ ဝါ၊ တိုင်တို့ဖြင့်လည်းကောင်း။ ပါသာဏေဟိ ဝါ၊ ကျောက်တို့ဖြင့်လည်းကောင်း။ ဗလဝန္တေဟိ၊ အားကြီးကုန်သော။ ပက္ခီဟိ၊ ငှက်တို့ဖြင့်လည်းကောင်း။ မာ သင်္ဂမေသိ၊ မထိစေသတည်း။ ဣတိ၊ ဤသိုနှလုံးသွင်း၍။ ပုရော ပုရတော၊ ရှေ့မှ ရှေ့မှ။ ဍေန္တိ၊ ပျံသွားကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒိဇကညာယော၊ ငှက်မတို့သည်။ သဏှာဟိ၊ ပြေပြစ်ကုန်သော။ သခိလာဟိ၊ ချစ်ဖွယ်ရှိကုန်သော။ မဉ္ဇူဟိ၊ သာယာကုန်သော။ မဓုရာဟိ၊ ချိုသာကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ သမုဒါစရန္တိယော၊ ပြောဟောကုန်လျက်။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ အယံ သကုဏောထ၊ ဤငှက်မင်းသည်။ အာသနေ၊ နေရာ၌။ မာပရိယုက္ကဏ္ဌိ၊ မငြီးငွေ့စေသတည်း။ ဣတိ၊ ဤသိုနှလုံးသွင်း၍။ ပစ္ဆတော ပစ္ဆတော၊ နောက်မှ နောက်မှ။ ဍေန္တိ၊ ပျံသွားကုန်၏။

ပဉ္စသတာ၊ ငါးရာကုန်သော။ ဒိဇကညာယော၊ ဥဩမတို့သည်။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ အယံ သကုဏော၊ ဤငှက်မင်းသည်။ ခုဒါယ၊ မွတ်သိပ်ခြင်းဖြင့်။ မာ ပရိကိလမိတ္ထ၊ မပင်ပန်းစေသတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဒိသောဒိသံ၊ အရပ်ထက်ဝန်းကျင်။ အနေက ရုက္ခဝိဝိဓဝိကတိဖလံ၊ များစွာသောသစ်ပင်တို့မှ အထူးထူးသော သစ်သီးကို။ အာဟရန္တိယော၊ ဆောင်ယူကုန်၍။ ဍေန္တိ၊ ပျံသွားကုန်၏။

ဘောန္တော၊ အို ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ တာ ဒိဇကညာယော၊ ထို ငှက်မတို့သည်။ ကုဏာလံ၊ ကုဏာလ အမည်ရှိသော။ တံ သကုဏံ၊ ထိုငှက်မင်းကို။ အာရာမေနေဝ၊ အရံတစ်ခုမှလျှင်။ အာရာမံ၊ အရံတစ်ခုသို့။ ဥယျာနေနေဝ၊ ဥယျာဉ်တစ်ခုမှလျှင်။ ဥယျာနံ၊ ဥယျာဉ်တစ်ခုသို့။ နဒီတိတ္ထေနေဝ၊ မြစ်ဆိပ်တစ်ခုမှလျှင်။ နဒီတိတ္ထံ၊ မြစ်ဆိပ်တစ်ခုသို့။ ပဗ္ဗတသိခရေနေဝ၊ ဧတောင်ထွဋ်တစ်ခုမှလျှင်။ ပဗ္ဗတသိခရံ၊ တောင်ထွဋ်တစ်ခုသို့။ အမ္ဗဝနေနေဝ၊ သရက်တော တစ်ခုမှလျှင်။ အမ္ဗဝနံ၊ သရက်တောတစ်ခုသို့။ ဇမ္ဗုဝနေနေဝ၊ သပြေတောတစ်ခုမှလျှင်။ ဇမ္ဗုဝနံ၊ သပြေတောတစ်ခုသို့။ လဗုဇဝနေနေဝ၊ တောင်ပိန္နဲတော တစ်ခုမှလျှင်။ လဗုဇဝနံ၊ တောင်ပိန္နဲတော တစ်ခုသို့။ နာဠိကေရသဉ္စာရိယေနေဝ၊ အုန်းတောတစ်ခုမှလျှင်။ နာဠိကေရသဉ္စာရိယံ၊ အုန်းတောတစ်ခုသို့။ ခိပ္ပမေဝ၊ လျင်စွာလျှင်။ ရတိတ္ထာယ၊ ကာမဂုဏ်၌ မွေ့လျော်စိမ့်သောငှာ။ အဘိသမ္ဘောန္တိ၊ ရောက်စေကုန်၏။

ဘော၊ အို... ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ ကုဏာလော၊ ကုဏာလအမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ တာဟိ ဒိဇ ကညာဟိ၊ ထို သုံးထောင့်ငါးရာကုန်သော ငှက်မတို့ဖြင့်။ ဒိဝသံ၊ တစ်နေ့ပတ်လုံး။ ပရိဗျူဠှော၊ ထက်ဝန်းကျင် ခြံရံအပ်သည် ဖြစ်၍။ ဝသလိယော၊ ယုတ်မာကုန်သော။ စောရိယော၊ ခိုးသူနှင့်တူကုန်သော။ ဓုတ္တိယော၊ များသော မာယာရှိကုန်သော။ အသတိယော၊ ပျက်သော သတိရှိကုန်သော။ လဟုစိတ္တာယော၊ မတည်ကြည်သည်ဖြစ်၍ လျင်သောစိတ်ရှိကုန်သော။ ကတဿ၊ ပြုအပ်သော ကျေးဇူးကို။ အပ္ပဋိကာရိယော၊ ပြုတုံ့ မပြုတတ်ကုန်သော။ အနိလော ဝိယ၊ လေကဲ့သို့။ ယေန၊ အကြင်အရပ်၌။ ကာမံ၊ အလိုသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဂမာယော၊ သွားတတ်ကုန်သော။ တုမှေဝ၊ သင်တို့သည်သာလျှင်။ နဿထ၊ ပျက်ကြလေကုန်။ ဝသလိယော၊ ယုတ်မာကုန်သော။ တုမှေဝ၊ သင်တို့သည်သာလျှင်။ ဝိနဿထ၊ ပျက်လေကုန်။ ဣတိ ဧဝံ၊ ဤသို့။ အပသာဒတိ၊ ကြိမ်းမောင်း၏။

ဤသို့သောစကားကို မိန့်တော်မူပြီး၍ ရဟန်းတို့... ဤသို့လျှင် ငါဘုရားသည် တိရစ္ဆာန်မျိုး၌ ဖြစ်သော်လည်း မိန်းမတို့၏ သူ့ကျေးဇူးကို မသိတတ်သော အဖြစ်ကိုလည်းကောင်း၊ မာယာများသောအဖြစ်ကို လည်းကောင်း၊ အကျင့်မကောင်းသောအဖြစ်ကို လည်းကောင်း၊ သီလမရှိသော အဖြစ်ကိုလည်းကောင်း သိတော်မူ၏။ ထိုအခါ၌လည်း ငါဘုရားသည် ထိုမိန်းမတို့၏ အလိုသို့မလိုက်မူ၍ ထိုမိန်းမတို့ကိုသာလျှင် ငါ၏အလိုသို့ လိုက်စေ၏ဟု မိန့်တော်မူ၍ ဤဂါထာတို့ဖြင့် ထိုရဟန်းတို့၏ မမွေ့လျော်ခြင်းကို ပယ်ဖျောက်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။

ဖုဿဥဩမင်း

ထိုခဏ၌ မည်းသော ဥဩမနှစ်ကောင်တို့သည် မိမိတို့လင်ကို လှံတံဖြင့်ချီ၍ အောက်အဖို့ အစရှိသည်တို့၌ လေးကောင် လေးကောင်ကုန်သော ဥဩမတို့သည်ဖြစ်ကုန်၍ ထိုအရပ်သို့ လာလတ်ကုန်၏။ ထိုရဟန်းတို့သည် ထိုငှက်မတို့ကိုလည်း မြင်ကုန်၍ သဗ္ဗညူဘုရားသခင်ကို မေးလျှောက်ကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို... ရှေး၌ ငါ၏ အဆွေခင်ပွန်းဖြစ်သော ပုဏ္ဏေးမုခ အမည်ရှိသော ဖုဿဥဩသည် ရှိ၏။ ဤအနွယ်သည် ပုဏ္ဏမုခဥဩ၏ အနွယ်တည်းဟု မိန့်တော်မူ၍ ရှေးနည်းဖြင့်လျှင် ထိုရဟန်းတို့သည် မေးလျှောက်အပ်သည်ဖြစ်၍ ဖြေဆိုတော်မူလိုရကား-

တဿေဝ ခလု ဘော ဟိမဝတော ပဗ္ဗတရာဇဿ ပုရတ္ထိမေ ဒိသာဘာဂေ သုသုခုမ သုနိပုဏာ ဂီရိပ္ပဘဝဟရိတုပယန္တိယော- ဟူသော ဤဂါထာကို ဟောတော်မူ၏။

ဘော၊ အို... ရဟန်းအပေါင်းတို့။ တဿဝ ဟိမဝတော ပဗ္ဗတရာဇဿ၊ ထိုဟိမဝန္တာတောင်မင်း၏လျှင်။ ပုရတ္ထိမေ ဒိသာဘာဂေ၊ အရှေ့အရပ်မျက်နှာအဖို့၌။ သုသုခုမ သုနိပုဏာ၊ အလွန်သိမ်မွေ့သော ကြည်လင်သော ရေရှိကုန်သော။ ဂိရိပ္ပဘဝါ၊ တောင်မှစီးကုန်သော။ ဟရိတုပယန္တိယော၊ စိမ်းသောမြက်နှင့် ရောသော ရေအလျဉ်ရှိသော မြစ်တို့သည်။ သန္ဒန္တိ၊ စီးကုန်၏။

ယခုအခါ၌ အကြင်ကုဏာလအိုင်ကိုလည်၍ သွားကုန်သော မြစ်တို့ကို ချီးမွမ်းတော်မူပြီး၍ ထိုကုဏလအိုင်၌ ရောက်ကုန်သော ပန်းတို့ကို ချီးမွမ်းတော်မူလိုရကား-

ဥပ္ပလ ပဒုမ ကုမုဒ နဠိန သတပတ္တ သောဂန္ဓိက မန္ဒာလက သမ္ပတိဝိရူဠှ သုစိဂန္ဓ မနုညမာဝကပ္ပဒေသေ- ဟူသော ဤဂါထာကို ဟောတော်မူ၏။

ဘော၊ အိုရဟန်းအပေါင်းတို့။ သမ္ပတိဝိရူဠှ သုစိဂန္ဓမနုညာဝကပ္ပဒေသေ၊ ကောင်းစွာရောက်ကုန်သော စင်ကြယ်သောအနံ့တို့ဖြင့် နှလုံးကိုဖွဲ့တတ်သောအရပ်နှင့် ပြည့်စုံသောအိုင်၌။ ဥပ္ပလ ပဒုမ နဠိန၊ ကြာညို, ပဒုမ္မာကြာနီ, ကုမုဒြာကြာ, ပဒုမ္မာကြာဖြူသည်လည်းကောင်း။ သတ္တပတ္တ သောဂန္ဓိက မန္ဒာလက၊ သတပတ်ကြာ, ကြာသိမ်, ကြာခေါင်းလောင်းသည်လည်းကောင်း။ သမ္ပတိ၊ ပွင့်၏။

ထိုကုဏာလအိုင်၌ ရောက်ကုန်သော အထူးထူးသော ကြာပန်းမျိုးတို့ကို ချီးမွမ်းတော်မူပြီး၍ ယခုအခါ ထိုကုဏာလအိုင်၏ ထက်ဝန်းကျင်၌ ရောက်ကုန်သော သစ်ပင်အစရှိသည်တို့ကို ချီးမွမ်းခြင်းနှင့်တကွ ဖုဿဥဩ၏ စည်းစိမ်အခြံအရံ အခြင်းအရာတို့ကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

ကုရဝက မုစလိန္ဒကေတက ဝေဒိသ ဝဉ္စုလ
ပုန္နာဂ ဗကုလ တိလက ပိယက အသန
သာလသလဠစမ္ပက အသောက နာဂရုက္ခ။
တိရီဋိဘုဇပတ္တ လောဒ္ဒ စန္ဒနောဃဝနေ
။ လ။
အထ ခလု ဘော ကုဏာလော သကုဏော
တံ ပုဏ္ဏမုခံ ဖုဿကောကိလံ ပက္ခေဟိ စ မုခတုဏ္ဍကေန စ ပရိဂ္ဂဟေတွာ ဝုဋ္ဌာပေတွာ နာနာဘေသဇ္ဇာနိ ပါယာပေသိ။
အထ ခလု ဘော ပုဏ္ဏမုခဿ ဖုဿ ကောကိလဿ သော အာဗာဓော ပဋိပ္ပဿမ္ဘိ။

ဟူသော ဤနှစ်ဆယ့်ခြောက်ဂါထာတို့ကို ဟောတော်မူ၏။

သစ်ပင်မျိုးစုံ

ကုရဝက၊ ကုရဝကမည်သော သစ်ပင်။ မုစလိန္ဒ၊ ကျည်းပင်။ ကေတက၊ ဆတ်သွားပင်။ ဝေဒိသ၊ ဝေဒိသမည်သော သစ်ပင်။ ဝဉ္ဇုလ၊ ရင်းရဲပင်။ ပုန္နာဂ၊ ပုန်းညက်ပင်။ ဗကုလ၊ ချယားပင်။ တိလက၊ ပြည့်စင်ပင်။ ပိယက၊ မအူပင်။ အသန၊ ပိတောက်ပင်။ သလဠ၊ ထင်းရှူးပင်။ စမ္ပက၊ စကားပင်။ အသောက၊ ပန်းသုဉ်းပင်။ နာဂရုက္ခ၊ ကံကော်ပင်။ တိရိဋိ၊ တိရိဋိ အမည်ရှိသောသစ်ပင်။ ဘုဇပတ္တ၊ ဘုဇပတ်ပင်။ လောဒ္ဓ၊ တောက်ရပ်ပင်။ စန္ဒနောဃဝနေ၊ စန္ဒကူးနီပင် အပေါင်းဟူသော တောရှိထသော။

ကာဠာဂရု၊ ကြဇုပင်။ ပဒ္ဓက၊ ကြက်မောက်ပင်။ ပိယင်္ဂု၊ ဥပါသကာပင်။ ဒေဝဒါရုကာ၊ နတ်သစ်ပင်။ စောစဂဟနေ၊ ငှက်ပျောတောလည်း ရှိထသော။ ကကုဓ၊ ရေခံတက်ပင်။ ကုဋဇ၊ လက်ထုပ်ကြီးပင်။ အင်္ကောလ၊ မှန်ကူပင်။ ကစ္စိကာရ၊ စွန်လက်သည်းပင်။ ကဏိကာရ၊ မဟာလှေကားပင်။ ကဏ္ဏိကာရ၊ ကုလားဇလပ်ပင်။ ကောရဏ္ဍကာ၊ လိပ်ဆူးသို့ပင်။ ကောဝိဠာရ၊ ပင်လယ် ကသစ်ပင်။ ကိံသုက၊ ပေါက်ပင်။ ယောဓိက၊ စမ္ပယ်ပင်။ ဝနမလ္လိက၊ တောကြက်ရုံးပင်။ အနင်္ဂဏာ၊ အနင်္ဂဏအမည်ရှိသော သစ်ပင်။ အနဝဇ္ဇ၊ အနဝဇ္ဇမည်သော သစ်ပင်။ ဘဏ္ဍိ၊ ဇီဇဝါပင်။ သုရုစိရ ဘဂိနိမာလာ မာလျဓရေ၊ အလွန်နှစ်သက်ဖွယ်ရှိသော ဘဂိနီမည်သော ပန်းကိုလည်း ဆောင်ထသော။

ဇာတိသုမန၊ မြတ်လေး။ မဓုဂန္ဓိက၊ သင်းခွေ။ ဓနု၊ ဆူးကျင့်။ တက္ကာရီ၊ ရာသကျဉ်း။ တာလီသ၊ ပစ္စည်းပင်။ တဂရ၊ တောင်ဇလပ်။ မုသိရ၊ ပန်းရင်း။ ကောဋ္ဌ ကစ္ဆ ဝိဘတေ၊ ပန်းချုံတို့ဖြင့် တင့်တယ်ထသော။ အဓိမုတ္တက သံကုသုမိတ လတာ ဝိတတ ပဋိမဏ္ဍိတပ္ပဒေသေ၊ အပွင့်ကိုဆောင်သော အထူးထူးသော ပန်းနွယ်တို့ဖြင့် တန်ဆာဆင်အပ်သော အရပ်လည်းရှိထသော။

ငှက်မျိုးစုံ

ဟံသ၊ ဟင်္သာ။ ပိလဝ၊ ငှက်ဘီလူး။ ကာဒမ္ဗ၊ ဒီးဒုတ်။ ကာရဏ္ဍဝါ ဘိနာဒိတေ၊ ဝမ်းဘဲ ဟင်္သာတို့၏ အလွန်တွန်မြူးရာလည်း ဖြစ်ထသော။ ဝိဇ္ဇာဓရ သိဒ္ဓိသမဏ တာပသဂဏာဓိဝုဋ္ဌေ၊ ဝိဇ္ဇာဓိုရ်အတတ်ဖြင့် ပြီးသောသူ, ရဟန်းရသေ့အပေါင်းတို့၏ နေရာလည်းဖြစ်ထသော။ ဝရဒေဝယက္ခ ရက္ခသဒနဝဂန္ဓဗ္ဗကိန္နရ မဟောရဂါနုစိဏ္ဏပ္ပဒေသေ၊ မြတ်ကုန်သောနတ် ရက္ခိုသ် ဒါနောဘီလူး ဂန္ဓဗ္ဗနတ် ကိန္နရာ နဂါးတို့၏ မပြတ်ကျင်လည်ရာ အရပ်လည်းဖြစ်ထသော။

ဧဝရူပေ၊ ဤသို့သဘောရှိသော။ ရမ္မေ၊ မွေ့လျော်ဖွယ်ရှိသော။ ဝနသဏ္ဍေ၊ တောအုပ်၌။ ဘော၊ အို... ရဟန်းအပေါင်းတို့။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ အတိဝိယ မဓုရဂိရော၊ အလွန် သာယာသော အသံရှိသော။ ဝိလာသိတ နယန မတ္တက္ခော၊ တင့်တယ်စံပယ်သောမျက်စိ သုရာယစ်သောသူကဲ့သို့ နီသောမျက်စိရှိသော။ ပုဏ္ဏမုခေါ နာမ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿ ကောကိလော၊ ဖုဿဥဩသည်။ ပဋိဝသတိ၊ နေ၏။

ငှက်မတို့ လုပ်ကျွေးကြပုံ

ဘော၊ အို... ရဟန်းအပေါင်းတို့။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ ပုဏ္ဏမုခဿ၊ ပုဏ္ဏမုခအမည်ရှိသော။ တဿေဝ ဖုဿ ကောကိလဿ၊ ထိုဖုဿဥဩမင်း၏လျှင်။ ပရိစာရိကာ၊ အလုပ် အကျွေး ဖြစ်ကုန်သော။ ဒိဇကညာယော၊ ငှက်မဖြစ်ကုန်သော။ အဍ္ဎုဍ္ဎာနိ ဣတ္ထိသတနိ၊ သုံးရာ့ငါးဆယ်ကုန်သော မိန်းမတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဘော၊ အိုရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု- ဧကန္တေန၊ စင်စစ်သဖြင့်။ ဒွေ၊ နှစ်ကောင်ကုန်သော။ ဒိဇကညာယော၊ ငှက်မတို့သည်။ ကဋ္ဌံ၊ သစ်သားလှံတံကို။ မုခေန၊ နှုတ်သီးဖြင့်။ ဍံသိတွာ၊ ကိုက်၍။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ အမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩမင်းကို။ မဇ္ဈေ၊ အလယ်၌။ နိသီဒါပေတွာ၊ နေစေ၍။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ နံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩကို။ အဒ္ဓါနပရိယာယပထေ၊ အဓွန့်ရှည်သော ခရီးကို သွားခြင်း၌။ ကိလမထော၊ ပင်ပန်းခြင်းသည်။ မာ ဥဗ္ဗာဟေတ္ထ၊ မဖြစ်စေသတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒီဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခမည်သော။ အယံ ဖုဿ ကောကိလော၊ ဤဖုဿဥဩသည်။ အာသနာ၊ နေရာမှ။ သစေ ပရိပတိဿတိ၊ အကယ်၍ လျှောကျငြားအံ့။ မယံ၊ ငါတို့သည်။ တံ၊ ထိုပုဏ္ဏမုခဥဩမင်းကို။ ပက္ခေဟိ၊ အတောင်တို့ဖြင့်။ ပဋိဂ္ဂဟေသာမ၊ ခံကုန်အံ့။ ဣတိ၊ ဤသို့ နှလုံးသွင်းကုန်၍။ ဟေဋ္ဌတော ဟေဋ္ဌတော၊ အောက်မှ အောက်မှ။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒိဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ အမည်ရှိသော။ နံ ဖုဿ ကောကိလံ၊ ထို ဖုဿဥဩမင်းကို။ အာတပေါ၊ နေပူသည်။ မာ ပရိတာပေသိ၊ မပူစေသတည်း။ ဣတိ၊ ဤနှလုံးသွင်း၍။ ဥပရူပရိ၊ အဆင့်ဆင့်။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒိဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿ ကောကိလံ၊ ဖုဿဥဩမင်းကို။ သီတံ၊ အချမ်းသည်လည်းကောင်း။ ဥဏှံ၊ အပူသည်လည်းကောင်း။ တိဏံ ဝါ၊ မြက်သည်လည်းကောင်း။ ရဇော ဝါ၊ မြူသည်လည်းကောင်း။ ဝါတော ဝါ၊ လေသည်လည်းကောင်း။ ဥဿာဝေါ ဝါ၊ ဆီးနှင်းပေါက်သည်လည်းကောင်း။ မာ ဥပပ္ဖုသိ၊ မထိစေသတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ဥဘတာ ပဿေ၊ နံပါးနှစ်ဖက်၌။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒိဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ အမည်ရှိသော။ နံ ဖုဿ ကောကိလံ၊ ထို ဖုဿဥဩမင်းကို။ ဂေါပါလကာ ဝါ၊ နွားကျောင်းသားတို့သည်လည်းကောင်း။ ပသုပါလကာ ဝါ၊ ဆိတ်ကျောင်းသားတို့သည်လည်းကောင်း။ တိဏဟာရကာ ဝါ၊ မြက်ရိတ်သောသူတို့သည်လည်းကောင်း။ ကဋ္ဌဟာရကာ ဝါ၊ ထင်းခွေသောသူတို့သည်လည်းကောင်း။ ဝနကမ္မိကာ ဝါ၊ တောလုပ်သော သူတို့သည်လည်းကောင်း။ ကဋ္ဌေန ဝါ၊ သစ်သားဖြင့်လည်းကောင်း။ ကဌလာယ ဝါ၊ အိုးခြမ်းကွဲဖြင့်လည်းကောင်း။ ပါဏီနာ ဝါ၊ လက်ဖြင့်လည်းကောင်း။ လေဍ္ဍုနာ ဝါ၊ ခဲဖြင့်လည်းကောင်း။ ဒဏ္ဍေန ဝါ၊ တုတ် လှံတံဖြင့်လည်းကောင်း။ သတ္ထေန ဝါ၊ လက်နက်ဖြင့်လည်းကောင်း။ သက္ခရာဟိ ဝါ၊ ကျောက်ဆစ်တို့ဖြင့်လည်းကောင်း။ ပဟာရံ၊ ပုတ်ခတ်ခြင်းကို။ မာ အဒံသု၊ မပေးစေကုန်သတည်း။

ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသော။ အယံ ဖုဿ ကောကိလော၊ ဤ ဖုသဥဩမင်းသည်။ ဂစ္ဆေဟိ ဝါ၊ ချုံတို့ဖြင့်လည်းကောင်း။ လတာဟိ ဝါ၊ နွယ်တို့ဖြင့်လည်းကောင်း။ ရုက္ခေဟိ ဝါ၊ သစ်ပင်တို့ဖြင့်လည်းကောင်း။ သာခါဟိ ဝါ၊ သစ်ခက်တို့ဖြင့်လည်းကောင်း။ ထမ္ဘေဟိ ဝါ၊ တိုင်တို့ဖြင့် လည်းကောင်း။ ပါသာဏေဟိ ဝါ၊ ကျောက်တို့ဖြင့်လည်းကောင်း။ ဗလဝန္တေဟိ၊ အားကြီးကုန်သော။ ပက္ခီဟိဝါ၊ ငှက်တို့ဖြင့်လည်းကောင်း။ မာ သင်္ဂမေသိ၊ မထိစေသတည်း။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ ပုရတော ပုရတော၊ ရှေ့မှ ရှေ့မှ။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒီဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ သဏှာဟိ၊ ပြေပြစ်ကုန်သော။ သခိလာဟိ၊ ချစ်ဖွယ်ကုန်သော။ မဉ္ဇူဟိ၊ သာယာကုန်သော။ မဓုရာဟိ၊ ချို သာကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ သမုဒါစရန္တိယော၊ ပြောဟောကုန်လျက်။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသော အယံ ဖုဿ ကောကိလော၊ ဤဖုဿဥဩမင်းသည်။ အာသနေ၊ နေရာ၌။ မာ ပရိယုက္ကဏ္ဌိ၊ မငြီးငွေ့စေသတည်း။ ဣတိ၊ ဤသို့ နှလုံးသွင်းကုန်၍။ ပစ္ဆတော ပဏ္ဏတော၊ နောက်မှနောက်မှ။ ဍေန္တိ၊ ပျံသွားကုန်၏။

ပညာသ ဒိဇကညာယော၊ ငါးဆယ်ကုန်သော ငှက်မတို့သည်။ ပုဏ္ဏမှခေါ၊ ပုဏ္ဏမုခ အမည်ရှိသော။ အယံ ဖုဿကောကိလော၊ ဤ ဖုသဥဩမင်းသည်။ ခုဒါယ၊ မွတ်သိပ်ခြင်းဖြင့်။ မာပရိကိလမိတ္ထ၊ မပင်ပန်းစေသတည်း။ ဣတိ၊ ဤသို့ နှလုံးသွင်းကုန်၍။ ဒိသောဒိသံ၊ အရပ်ထက်ဝန်းကျင်မှ။ အနေကရုက္ခဝိဝိဓဝိကတိဖလံ၊ များစွာသောသစ်ပင်တို့မှ အထူးထူး အပြားပြား ထူးဆန်းသော သစ်သီးကို။ အာဟရန္တိယော၊ ဆောင်ယူကုန်လျက်။ ဍေန္တိ၊ ပျံသွားကုန်၏။

ဘော၊ အို ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု- ဧကန္တေန၊ စင်စစ်သဖြင့်။ ဒီဇကညာယော၊ ထိုငှက်မတို့သည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩမင်းကို။ အာရာမေနေဝ၊ အရန်တစ်ခုမှလျှင်။ အာရာမံ၊ အရန်တစ်ခုသို့။ ဥယျာနေနေဝ၊ ဥယျာဉ်တစ်ခုမှလျှင်။ ဥယျာနံ၊ ဥယျာဉ်တစ်ခုသို့။ နဒီတိတ္ထေနေဝ၊ မြစ်ဆိပ်တစ်ခုမှလျှင်။ နဒီတိတ္ထံ၊ မြစ်ဆိပ်တစ်ခုသို့။ ပဗ္ဗတ သိခရေနေဝ၊ တောင်ထွတ်တစ်ခုမှသာလျှင်။ ပဗ္ဗတသိခရံ၊ တောင်ထွတ်တစ်ခုသို့။ အမ္ဗဝနေနေဝ၊ သရက်တော တစ်ခုမှလျှင်။ အမ္ဗဝနံ၊ သရက်တောတစ်ခုသို့။ ဇမ္ဗုဝနေနေဝ၊ သပြေတော တစ်ခုမှလျှင်။ ဇမ္ဗုဝနံ၊ သပြေတောတစ်ခုသို့။ လဗုဇဝနေနေဝ၊ တောင်ပိန္နဲတော တစ်ခုမှလျှင်။ လဗုဇဝနံ၊ တောင်ပိန်တော တစ်ခုသို့။ နာဠိကေရ သဉ္စရိယေနေဝ၊ အုန်းတော တစ်ခုမှလျှင်။ နာဠိကေရသဉ္စာရိယံ၊ အုန်းတောတစ်ခုသို့။ ခိပ္ပမေဝ၊ လျင်စွာလျှင်။ ရတိတ္ထာယ၊ ကာမဂုဏ်၌ မွေ့လျော်စိမ့်သောငှာ။ အဘိသမ္ဘောန္တိ၊ ရောက်စေကုန်၏။

ဘော၊ အိုရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု- ဧကန္တေန၊ စင်စစ်သဖြင့်။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခမည်သော။ ဖုဿ ကောကိလော၊ ဖုသ ဥဩမင်းသည်။ တာဟိ ဒီဇ ကညာဟိ၊ ထိုငှက်မအပေါင်းတို့ဖြင့်။ ဒိဝသံ၊ နေ့ပတ်လုံး။ ပရိဗျူဠှော၊ ထက်ဝန်းကျင် ခြံရံအပ်သည်ဖြစ်၍။ ဘဂိနိ၊ နှမတို့။ သာဓု သာဓု၊ ကောင်းစွ ကောင်းစွ။ တုမှေ၊ သင်တို့သည်။ ဘတ္တာရံ၊ လင်ကို။ ယံ ပရိစရေယျာထ၊ အကြင်လုပ်ကျွေးကုန်၏။ ဧတံ၊ ဤသို့ လုပ်ကျွေးခြင်းသည်။ ကုလဓီတာနံ၊ အမျိုးကောင်းသမီး ဖြစ်ကုန်သော။ တုမှာကံ၊ သင်တို့အား။ ပတိရူပံ၊ လျောက်ပတ်ပေ၏။ ဧဝံ၊ ဤသို့။ ပသံသတိ၊ ချီးမွမ်း၏။

ကုဏာလငှက်မင်းထံ သွားခြင်း

ဘော၊ အိုရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု- ဧကန္တေန၊ စင်စစ်သဖြင့်။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသော။ ဖုဿ ကောကိလော၊ ဖုဿ ဥဩမင်းသည်။ ယေန၊ အကြင်အရပ်၌။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဥပသင်္ကမိ၊ ကပ်လေ၏။ ကုဏာလဿ၊ ကုဏာလအမည်ရှိသော။ သကုဏဿ၊ ငှက်မင်း၏။ ပရိစာရိကာ၊ အလုပ် အကျွေးဖြစ်ကုန်သော။ ဒိဇကညာယော၊ ငှက်မတို့သည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ မည်သော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿ ဥဩမင်းကို။ ဒူရတောဝ၊ အဝေးမှလျှင်။ အာဂစ္ဆန္တံ၊ လာလတ်သည်ကို။ အဒ္ဒသံသုခေါ၊ မြင်ကုန်သလျှင်ကတည်း။ ဒိသွာန၊ မြင်ကုန်ပြီး၍။ ယေန၊ အကြင်အရပ်၌။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသာ။ ဖုဿ ကောကိလော၊ ဖုဿ ဥဩသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဥပသင်္ကမိံသု၊ ကပ်ကုန်၏။ ဥပသင်္ကမိတွာ၊ ကပ်ကုန်ပြီး၍။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ အမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထို ဖုဿဥဩကို။ ဧတံ ဝစနံ၊ ဤစကားကို။ အဝေါစုံ၊ ဆိုကုန်၏။

သမ္မ ပုဏ္ဏမုခ၊ အမောင်ပုဏ္ဏမုခ။ ကုဏာလော၊ ကုဏာလအမည်ရှိသော။ အယံ သကုဏော၊ ဤငှက်မင်းသည်။ အတိဝိယ ဖရုသော၊ အလွန်ကြမ်းကြုတ်၏။ အတိဝိယ ဖရုသဝါစော၊ အလွန်ကြမ်းကြုတ်သော စကားရှိ၏။ တုဝမ္ပိ၊ သင့်ကိုလည်း။ အာဂမ္မ၊ စွဲ၍။ ပိယဝါစံ၊ ချစ်ဖွယ်သော စကားကို။ မယံ၊ ငါတို့သည်။ အပ္ပေ နာမ လဘာနာ၊ ရပါကုန်ငြားအံ့လည်း မသိ။ ဣတိ၊ ဤသို့။ အဝေါစုံ၊ ဆိုကုန်၏။

ဘဂိနိယော၊ နှမတို့။ တုမှေ၊ သင်တို့သည်။ အပ္ပေဝ နာမ လဘာမ၊ ရပါကုန်အံ့လည်း မသိ။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ယေန၊ အကြင်အရပ်၌။ ကုဏာလော၊ ကုာလ အမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်၌။ ဥပသင်္ကမိ၊ ကပ်လေ၏။ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။ ကုဏာလေန၊ ကုဏာလအမည်ရှိသော။ သကုဏေန၊ ငှက်မင်းနှင့်။ သဒ္ဓိံ၊ တကွ။ ပဋိသမ္မောဒိတွာ၊ နှစ်သက်ဝမ်းသာ ပြောဟော၍။ ဧကမန္တံ၊ တင့်အပ်သော အရပ်၌။ နိသီဒိ၊ နေ၏။ ဧကမန္တံ၊ တင့်အပ်သောအရပ်၌။ နိသိန္နော၊ နေပြီးသော။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿ ကောကိလော၊ ဖုဿဥဩသည်။ ကုဏာလံ၊ ကုဏာလ အမည်ရှိသော။ တံ သကုဏံ၊ ထိုငှက်မင်းကို။ ဧတံ ဝစနံ၊ ဤစကားကို။ အဝေါစ၊ ဆို၏။

မိန်းမကောင်းတွေ

သမ္မကုဏာလ၊ အဆွေကုဏာလ။ တွံ၊ သင်သည်။ ကိဿ၊ အဘယ့်ကြောင့်။ သုဇာတာနံ၊ တူသော ဇာတ်ရှိကုန်သော။ ကုလဓီတာနံ၊ ဥဩသမီး ဖြစ်ကုန်သော။ ဣတ္ထီနံ၊ မိန်းမတို့ကို။ သမ္မာပဋိပန္နာနံ၊ ကောင်းစွာ ကျင့်ပါကုန်လျက်။ မိစ္ဆာပဋိပန္နောတိ၊ မကောင်းသော အကျင့်ရှိ၏ဟူ၍။ ဝဒသိ၊ ဆိုဘိသနည်း။ သမ္မ ကုဏာလ၊ အဆွေကုဏာလ။ ဟိ သစ္စံ၊ မှန်၍။ ဣတ္ထီနံ၊ မိန်းမတို့သည်။ အမနာပဘာဏိနံပိ၊ မနှစ်သက်ဖွယ်သော စကားကို ဆိုကုန်သော်လည်း။ မနာပဘာဏိနာ၊ နှစ်သက်ဖွယ်သော စကားကို ဆိုကုန်သကဲ့သို့။ ပုရိသေဟိ၊ ယောက်ျားတို့သည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။ မနာပဘာဏိနံ၊ နှစ်သက်ဖွယ်သောစကားကို ဆိုလတ်သော်။ ကိုမင်္ဂံပန၊ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။

မယားကြောက် သွားစမ်း

ဧဝံ၊ ဤသို့။ ဝုတ္တ၊ ဆိုလတ်သော်။ ကုဏာလော၊ ကုဏာလမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩမင်းကို။ ဧဝံ၊ ဤသို့။ အပသာဒေတိ၊ ကြိမ်းမောင်း၏။ ဝသလ၊ ယုတ်မာသော။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ နဿ၊ ပျက်လေလော့။ ဇမ္မဝသလ၊ အလွန်ယုတ်မာသော။ သမ္မ၊ အဆွေ။ တွံ၊ သင်သည်။ ဝိနဿ၊ ပျက်လေလော့။ ဇာယာဇိနေန၊ မယားနိုင်သော။ တယ၊ သင်နှင့်။ သဒိသော၊ တူသော။ ဝိယတ္တော၊ လိမ္မာသောသူသည်။ ကောနုအတ္ထိ၊ အဘယ်မှာရှိအံ့နည်း။ ဣတိ၊ ဤသို့။ အပသာဒေတိ၊ ကြိမ်းမောင်း၏။ ဧဝံ၊ ဤသို့။ အပသာဒိတော ပန၊ ကြိမ်းမောင်းအပ်သည် ရှိသော်ကား။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသော။ ဖုဿ ကောကိလာ၊ ဖုဿဥဩသည်။ တတောယေဝ၊ ထိုအရပ်မှလျှင်။ ပဋိဝတ္တိ၊ ပြန်လေ၏။

ဖုဿဥဩ မကျန်းမာ

ဘော၊ အိုရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု-ဧကန္တေန၊ စင်စစ်သဖြင့်။ ပုဏ္ဏမုခဿ၊ ပုဏ္ဏမုခ အမည်ရှိသော။ ဖုဿ ကောကိလဿ၊ ဖုဿဥဩအား။ အပရေန သမယေန၊ နောက်အခါ၌။ နစိရဿေဝ၊ မကြာမြင့်သော ကာလ၏လျှင်။ အစ္စယေန၊ လွန်သဖြင့်။ ခရော၊ ပြင်းစွာသော။ အာဗာဓော၊ အနာသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်၏။ လောဟိတပက္ခန္ဒိကာ၊ ဝမ်းသွေးကျကုန်သော။ မာရဏန္တိကာ၊ သေခါနီးကုန်သော။ ဗာဠှာ၊ ပြင်းစွာကုန်သော။ ဝေဒနာ၊ ဒုက္ခဝေဒနာတို့သည်။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။

မယားတို့ ကုဏာလထံ လာကြ

ဘော၊ အို ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ပုဏ္ဏမုခဿ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿ ကောကိလဿ၊ ဖုဿ ဥဩ၏။ ပရိစာရိကာနံ၊ အလုပ်အကျွေး ဖြစ်ကုန်သော။ ဒိဇကညာနံ၊ ငှက်မတို့အား။ ဧဝံ၊ ဤသို့သော အကြံသည်။ အဟောသိ၊ ဖြစ်၏။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခအမည်ရှိသော။ အယံ ဖုဿ ကောကိလော၊ ဤဖုဿဥဩသည်။ အာဗာဓိကော ခေါ၊ အနာဖြင့် နှိပ်စက်အပ်လျှင်ကတည်း။ ဣမမှာ အာဗာဓာ၊ ဤအနာမှ။ အပ္ပေဝ နာမ ဝုဋ္ဌဟေယျ၊ ထမြောက် နိုင်ငြားအံ့လည်း မသိ။ ဣတိ၊ ဤသို့။ ဧကံ၊ တစ်ယောက်အထီးတည်း။ အဒုတိယံ၊ အဖော်မရှိဘဲ။ ဩဟာယ၊ စွန့်ကုန်၍။ ယေန၊ အကြင်အရပ်၌။ ကုဏာလော၊ ကုဏာလအမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဥပသင်္ကမိံသု၊ ကပ်ကုန်၏။

ကြိမ်းမောင်း၍ လွှတ်

ညကုဏာလော၊ ကုဏာလအမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ ဒူရတောဝ၊ အဝေးမှလျှင်။ အာဂစ္ဆန္တယော၊ လာလတ်ကုန်သော။ တာ ဒိဇကညာယော၊ ထိုငှက်မတို့ကို။ အဒ္ဒသ၊ မြင်လေ၏။ ဒိသွာန၊ မြင်ပြီး၍။ တာ ဒိဇကညာယော၊ ထိုငှက်မတို့ကို။ ဧတံ ဝစနံ၊ ဤစကားကို။ အဝေါစ၊ ဆို၏။ ဝသလိယော၊ အယုတ်မတိုဘ။ တုမှံ၊ သင်တို့၏။ ဘတ္တာ၊ လင်သည်။ ကဟံ ပန၊ အတီမှာနည်း။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။ သမ္မကုဏာလ၊ အရှင်ကုဏာလ။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿ ကောကလော၊ ဖုဿဥဩသည်။ ခေါ၊ စင်စစ်။ အာဗာဓိကော၊ အနာဖြင့် နှိပ်စက်အပ်၏။ တမှာ အာဗာဓာ၊ ထိုအနာမှ။ အပ္ပေဝ နာမ ဝုဋ္ဌဟေယျ၊ ထနိုင်ငြားအံ့လည်း မသိ။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆိုကုန်၏။

ဧဝံ၊ ဤသို့။ ဝုတ္တေ၊ ဆိုကုန်လတ်သော်။ ကုဏာလော၊ ကုဏာလူအမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ တာ ဒိဇကညာယော၊ ထိုငှက်မတို့ကို။ ဧဝံ၊ ဤသို့။ အပသာဒေတိ၊ ခြိမ်းခြောက်၏။ ဝသလိယော၊ အယုတ်မာမတို့။ တုမှေ၊ သင်တို့သည်။ နဿထ၊ ပျက်လေကုန်။ ဝသလိယော၊ ယုတ်မာကုန်သော။ စောရိယော၊ ခိုးသူနှင့်တူကုန်သော။ ဓုတ္ထိယော၊ လှည့်ပတ်တတ်ကုန်သော။ အသတိယော၊ သတိမရှိကုန်သော။ လဟုစိတ္တာ၊ လျင်သော စိတ်ရှိကုန်သော။ ကဿ၊ ပြုအပ်သော ကျေးဇူးကို။ အပ္ပဋိကာရိကာယော၊ အတုံ့ မပြုတတ်ကုန်သော။ အနိလော ဝိယ၊ လေကဲ့သို့။ ယေန၊ အကြင်အရပ်၌။ ကာမံ၊ အလိုရှိသည်။ အတ္ထိ၊ ရှိ၏။ တေန၊ အရပ်သို့။ ဂမာယော၊ သွားတတ်ကုန်သော။ တုမှေ၊ သင်တို့သည်။ ဝိနဿထ၊ ပျက်လေကုန်။

ဖုဿကို ဆေးကု

ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ယေန၊ အကြင်အရပ်၌။ ပုဏ္ဏမုခေါ၊ ပုဏ္ဏမုခ အမည်ရှိသော။ ဖုဿ ကောကိလော၊ ဖုဿဥဩသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဥပသင်္ကမိ၊ ချဉ်းကပ်လေ၏။ ဥသင်္ကမိတွာ၊ ချဉ်းကပ်လေပြီး၍။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခ အမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩကို။ ဧတံ ဝစနံ၊ ဤစကားကို။ အဝေါစ၊ ဆို၏။ သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမှခ။ ကိံ၊ အသို့နည်း။ ဇီဝသိ၊ အသက် ရှိပါသေး၏လော။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။ သမ္မကုဏာလ၊ အဆွေကုဏာလ။ အဟံ၊ ငါသည်။ ဇီဝါမိ၊ အသက်ရှိပါသေး၏။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။

ဘော၊ အို... ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ တံ ဖုဿ ကောကိလံ၊ ထိုဖုဿဥဩကို။ ပက္ခေဟိ စ၊ အတောင်တို့ဖြင့်လည်းကောင်း။ မုခတုဏ္ဍကေန စ၊ နှုတ်သီးဖြင့်လည်းကောင်း။ ပရိဂ္ဂဟေတွာ၊ ပိုက်ဖက်၍။ ဝုဋ္ဌာပေတွာ၊ ထစေ၍။ နာနာဘေသဇ္ဇာနိ၊ အထူးထူးသော ဆေးတို့ကို။ ပါယာပေသိ၊ သောက်စေ၏။ ဘော၊ အို... ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ပုဏ္ဏမုခဿ၊ ပုဏ္ဏမုခ အမည်ရှိသော။ ဖုဿ ကောကိလဿ၊ ဖုဿဥဩအား။ သော အာဗာဓော၊ ထိုအနာသည်။ ပဋိပ္ပဿမ္ဘိ၊ ငြိမ်း၏။

ကုဏာလဥဩမင်း တရားဟောခြင်း

ထိုငှက်မအပေါင်းတို့သည်လည်း ပုဏ္ဏမုခမည်သော ဖုဿဥဩသည် အနာကင်းသည်ရှိသော် လာလတ်ကုန်၏။ ကုဏာလငှက်မင်းသည်လည်း ပုဏ္ဏမုခမည်သော ဖုဿဥဩကို နှစ်ရက်သုံးရက် သစ်သီးကြီးငယ်တို့ကို စားစေ၍ ဥဩ၏ အားရှိခြင်းသို့ ရောက်သောကာလ၌ အဆွေ... ယခုအခါ၌ သင်သည် အနာကင်းပြီ၊ သင့်အလုပ်အကျွေးတို့နှင့်တကွ နေရစ်လော့၊ ငါသည်လည်း ငါ၏နေရာအရပ်သို့ သွားတော့အံ့ဟု ဆို၏။ ထိုအခါ ကုဏာလငှက်မင်းကို ဖုဿဥဩသည် အဆွေဤမိန်းမတို့သည် ပြင်းစွာနာနေသော ငါ့ကိုစွန့်ပစ်၍ ပြေးကုန်၏။ ငါ့အား ဤကာမကျူးကုန်သော မိန်းမတို့ဖြင့် အလိုမရှိ ဟု ဆို၏။ ထိုစကားကိုကြား၍ ဘုရားလောင်း ကုဏာလငှက်မင်းသည် အဆွေ... ထိုသို့ဖြစ်လျှင်ကား သင့်အား မိန်းမ၏ ယုတ်မာသောအဖြစ်ကို ဟောအံ့ဟု ပုဏ္ဏမုခကိုခေါ်၍ ဟိမဝန္တာ၏ နံပါး၌ မြင်းသီလာ ကျောက်ဖျာနေရာ၌ နေ၏။ ပုဏ္ဏမုခသည် တစ်ခုသောနံပါး၌ မိမိအခြံအရံနှင့်တကွ နေ၏။ အလုံးစုံသော ဟိမဝန္တာတော၌ နတ်အပေါင်းသည်လည်း ကြွေးကြော်၏။ ယခုအခါ ကုဏာလငှက်မင်းသည် ဟိမဝန္တာဝယ် မြင်းသီလာ ကျောက်ဖျာနေရာ၌နေ၍ ဘုရား၏ တင့်တယ်စံပယ်ခြင်းဖြင့် တရားဟောလတ္တံ့၊ ထိုတရားကို နာကုန်လော့ဟု အဆင့်ဆင့် ကြွေးကြော်သဖြင့် နတ်ပြည်ခြောက်ထပ်နတ်တို့သည် ကြားကုန်၍ များသောအားဖြင့် ထိုမြင်းသီလာ ကျောက်ဖျာနေရာ၌ စည်းဝေးကုန်၏။

များစွာသော နဂါးဂဠုန် ကိန္နရာ ဝိဇ္ဇာဓိုရ် အစရှိသည်တို့အားလည်း နတ်တို့သည် ထိုအကြောင်းကို ကြွေးကြော်ကုန်၏။ ထိုအခါ အာနန္ဒာ အမည်ရှိသော လင်းတမင်းသည် လင်းတတစ်သောင်းခြံရံလျက် ဂိဇ္ဈကုဋ်တောင်၌ နေ၏။ ထိုအာနန္ဒာ လင်းတမင်းသည်လည်း ထိုအုတ်အုတ် ကျက်ကျက်သော အသံကိုကြား၍ တရားနာအံ့ဟု မိမိအခြံအရံနှင့်တကွ လာလတ်၍ တင့်အပ်သော အရပ်၌နေ၏။ နာရဒ အမည်ရှိသော အဘိညာဉ်ငါးပါးနှင့် ပြည့်စုံသော ရသေ့သည်လည်း ရသေ့တစ်သောင်းခြံရံလျက် ဟိမဝန္တာ၌ နေသည်ရှိသော် ထိုနတ်တို့ ကြွေးကြော်သံကိုကြား၍ ငါ၏ အဆွေဖြစ်သော ကုဏာလငှက်မင်းသည် မိန်းမတို့၏ကျေးဇူးမဲ့ကို ဟောလိမ့်သတတ်၊ များစွာသော အစည်းအဝေးသည် ဖြစ်လတ္တံ့သတတ်၊ ငါသည်လည်း ထိုတရားကို နာခြင်းငှာ သင့်၏ဟု အခြံအရံ ရသေ့တစ်သောင်းနှင့်တကွ တန်ခိုးဖြင့် ထိုအရပ်သို့သွား၍ တင့်အပ်သောအရပ်၌ နေ၏။ သဗ္ဗညူဘုရားသခင်တို့၏ တရားဟောတော်မူသော အစည်းအဝေးနှင့်တူသော များသော အစည်းအဝေးသည် ဖြစ်၏။

ထိုအခါ ဘုရားလောင်း ကုဏာလငှက်မင်းသည် ဇာတိဿရဉာဏ်ဖြင့် မိန်းမတို့၏ အပြစ်နှင့်ယှဉ်သော ရှေးဘဝ၌ မြင်ဖူးသောအကြောင်းကို ပုဏ္ဏမုခကို သက်သေပြု၍ ဟော၏။ ထိုအကြောင်းကို ထင်ရှားပြလိုတော်မူသော သဗ္ဗညူမြတ်စွာဘုရားသည်-

အထ ခလု ဘော ကုဏာလော သကုဏော၊
တံ ပုဏ္ဏမုခံ ဖုဿ ကောကိလံ။
ဂိလာနဝုဋ္ဌိတံ အစိရဝုဋ္ဌိတံ၊
ဂေလညာ ဧတဒဝေါစ။
။ လ။
ယထာ သိခီ ဒနီ ဝါတော နေရုနာဝ သမသာဂတာ။
ဝိသရုက္ခော ဝိယ နိစ္စဖလော။
နာသယန္တိ ဃရေ ဘောဂံ။
ရတနာ နန္တကရိတ္ထိယော။

ဟူသော ဤတစ်ဆယ့်လေးဂါထာတို့ကို ဟောတော်မူ၏။

ဘော၊ အို... ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ သကုဏော၊ ငှက်မင်းသည်။ ဂိလာနဝုဋ္ဌိတံ၊ အနာမှထသော။ ဂေလညာ၊ နာသောအဖြစ်မှ။ အစိရဝုဋ္ဌိတံ၊ ထ၍ မကြာမြင့်သေးသော။ ပုဏ္ဏမုခံ၊ ပုဏ္ဏမုခအမည်ရှိသော။ ဖုဿကောကိလံ၊ ထိုဖုဿဥဩကို။ ဧတံ၊ ထိုစကားကို။ အဝေါစ၊ ဆို၏။

မိန်းမယုတ် ကဏှာဒေဝီ

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ဒွေပိတိကာ၊ အဖနှစ်ယောက်ရှိသော။ ပဉ္စပတိကာယ၊ လင်ငါးယောက်ရှိသော။ ကဗန္ဓေ၊ လည်တိုပြိတ္တာနှင့်တူသော။ ပီဌသပ္ပိမှိ၊ ဆွံ့သော။ ဆဋ္ဌေ၊ ခြောက်ယောက်မြောက်သော။ ပုရိသေ၊ ယောက်ျား၌။ စိတ္တံ၊ စိတ်သည်။ ပဋိဗန္ဓန္တိယာ၊ တပ်စွန်းသော။ ယဒိဒံ-ယာ ဧသော ကဏှာဒေဝီ၊ အကြင်ကဏှာဒေဝီသည်။ အတ္ထိ၊ ရှိ၏။ သာ ကဏှာဒေဝီ၊ ထိုကဏှာဒေဝီကို။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ဖူး၏။ ဧတ္ထု၊ ဤအရာ၌။ အနုတ္တရံ၊ အတုမရှိသော။ ဝါကျံစ၊ စကားသည်လည်း။ ဘဝတိ၊ ဖြစ်၏။

အထ၊ ထိုအခါ၌။ အဇ္ဇုနော၊ အဇ္ဇုန မင်းသားသည်လည်းကောင်း။ နကုလော၊ နကုလမင်းသားသည်လည်းကောင်း။ ဘီမသေနော၊ ဘီမသေန မင်းသားသည်လည်းကောင်း။ ယုဓိဋ္ဌိလော၊ ယုဓိဋ္ဌိလမင်းသားသည်လည်းကောင်း။ သဟဒေဝေါ စ ရာဇာ၊ သဟဒေဝ မင်းသားသည်လည်းကောင်း။ ဧတေ ပဉ္စပတိကာ၊ ဤငါးယောက်ကုန်သော လင်တို့ကို။ အတိစ္စ၊ လွန်၍။ နာရီ၊ ကဏှာဒေဝီ မည်သော မင်းသမီးသည်။ ခုဇ္ဇဝါမနကေန၊ ကုန်းလည်းကုန်း ကွလည်းကွသော။ ပီဌသပ္ပိနာ၊ ငဆွံ့နှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ မကောင်းသော အမှုကို။ အကာသိ၊ ပြု၏။

သစ္စတပါပီ

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ဖူးသည်ကား။ သစ္စတပါပီ နာမ၊ သစ္စတပါပီ အမည်ရှိသော။ သုသာနမဇ္ဈေ၊ သုသာန်အလယ်၌။ ဝသန္တီ၊ နေလေ့ ရှိသော။ စတုတ္ထဘတ္တံ၊ လေးရက်မြောက်ဖြစ်သော ထမင်းကို။ ပရိဏာမယမာနာ၊ လွန်စေသော။ သေတသမဏီ၊ အဝတ်ဖြူဝတ်သော ပရိဗိုဇ်မသည်။ အတ္ထိ၊ ရှိ၏။ သာ၊ ထိုပရိဗိုဇ်မသည်။ သုရာဓုတ္တကေန၊ သေသောက်ကြူးနှင့်။ သဟ၊ တကွ။ ပါပံ၊ မကောင်းမှုကို။ အကာသိ၊ ပြု၏။

ကာကဝတီ

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ဖူးသည်ကား။ သမုဒ္ဒမဇ္ဈေ၊ သမုဒ္ဒရာအလယ်၌။ ဝသန္တီ၊ နေသော။ ဘရိယာ၊ ဗြဟ္မဒတ်မင်း၏ မယားဖြစ်သော။ ကာကဝတီ နာမ၊ ကာကဝတီ အမည်ရှိသော။ ဒေဝီ၊ မိဖုရားသည်။ ဝေနတေယျဿနဋကုဝေရေန၊ ဝေနတေယျ အမည်ရှိသော ကချေသည် စောင်းသမားနှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ မကောင်းမှုကို။ အကာသိ၊ ပြု၏။

ကုရုင်္ဂဒေဝီ

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ဖူးသည်ကား။ လောမသုဒ္ဒရီ၊ အမွေးအရေတည်းဟူသော ဆန်းကြယ်သော ဝမ်းရှိသော။ ဧဠိကကုမာရံ၊ ဧဠိကသတို့သားကို။ ကာမယမာနာ၊ တောင့်တသော။ ကုရုင်္ဂဒေဝီ နာမ၊ ကုရုင်္ဂဒေဝီအမည်ရှိသော မင်းသမီးသည်။ ဆဠင်္ဂကုမာရဓနန္တေဝါသိနာ၊ ဆဠင်္ဂကုမာရ အမည်ရှိသောဆရာ, ဓနန္တေဝါသီ အမည်ရှိသော အလုပ်အကျွေးနှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ မကောင်းသောအမှုကို။ အကာသိ၊ ပြု၏။

ဗြဟ္မဒတ်မင်းမယ်တော်

သမ္မပုဏ္ဏမုခ၊ အဆွေ ပုဏ္ဏမုခ။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်း၏။ ဧတံ မာတရံ၊ ထိုအမိကို။ မယာ၊ ငါသည်။ ဧဝဉ္စ၊ ဤသို့လျှင်။ ဉာတံ၊ သိအပ်ပြီ။ သာ မာတာ၊ ထိုဗြဟ္မဒတ်မင်း၏ အမိသည်။ ကောသလရာဇံ၊ ကောသလမင်းကို။ ဩဟာယ၊ စွန့်၍။ ပဉ္စာလစဏ္ဍေန၊ ပဉ္စာလစဏ္ဍနှင့်။ ပါပံ၊ မကောင်းသော အမှုကို။ အကာသိ၊ ပြု၏။

မိန်းမတို့ကို မခင်ရ

ဧတာစ၊ ထိုငါးယောက်သော မိန်းမတို့သည်လည်းကောင်း။ အညာ စ၊ ထိုငါးယောက်မှ တစ်ပါးသော မိန်းမတို့သည်လည်းကောင်း။ ပါပံ၊ မကောင်းမှုကို။ အကံသု၊ ပြုကုန်သည်ချည်းတည်း။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ဣတ္ထိနံ၊ မိန်းမတို့အား။ န ဝိဿသေ၊ အကျွမ်းဝင်။ နပ္ပသံသေ၊ မချီးမွမ်း။ ဇဂတိ၊ ဇဂတိဟု ဆိုအပ်သော။ သမာနရတ်တာ၊ တူသောတပ်ခြင်းရှိသော။ ဝသုန္ဓရာ၊ ရတနာအပေါင်းတို့၏ တည်ရာဖြစ်သော။ ဣတရီတရာပတိဋ္ဌာ၊ အမြတ်အယုတ်တို့၏ တည်ရာဖြစ်သော။ မဟီ၊ မြေသည်။ သဗ္ဗသဟာ၊ အလုံးစုံသော မကောင်းမှုကို သည်းခံနိုင်သည်။ အဖန္ဒနာ၊ မတုန်မလှုပ်သည်။ အကုပ္ပါ၊ မမျက်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထို့အတူ။ ဣတ္ထိယော၊ မိန်းမတို့သည်။ ဣတရီတရာပတိဋ္ဌာ၊ အမြတ်အယုတ်တို့၏ တည်ရာရှိသည်။ သဗ္ဗသဟာ၊ အလုံးစုံသော မကောင်းမှုကို သည်းခံနိုင်ကုန်သည်။ အဖန္ဒနာ၊ မတုန်မလှုပ်ကုန်သည်။ အကုပ္ပါ၊ မမျက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တာယော၊ ထိုမိန်းမတို့ကို။ နရော၊ ယောက်ျားသည်။ နဝိဿသ၊ အကျွမ်းမဝင်ရာ။

လောဟိတမံသဘောဇနော၊ အသားအသွေးကို စားတတ်သော။ ဝါဠိမိဂေါ၊ သားရဲဖြစ်သော။ ပဉ္စာဝုဓော၊ ငါးပါးသော လက်နက်ရှိ။ သုရုဒ္ဓေါ၊ အလွန်ကြမ်းကြုတ်သော။ ပသယှခါဒီ၊ နိုင်ထက်မူ၍ စားလေ့ရှိသော။ သီဟော၊ ခြင်္သေ့သည်။ ပရဟိံသနေ၊ သူတစ်ပါးကို ညှဉ်းဆဲခြင်း၌။ ရတော၊ မွေ့လျော်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထို့အတူ။ ဣတ္ထိယော၊ မိန်းမတို့သည်။ ပရဟိံသနေ၊ သူတစ်ပါးကို ညှဉ်းဆဲခြင်း၌။ ရတာ၊ မွေ့လျော်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တာယော၊ ထိုမိန်းမတို့ကို။ နရော၊ ယောက်ျားသည်။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။

မိန်းမတို့အပြစ်များ

သမ္မပုဏ္ဏမုခ၊ အဆွေ ပုဏ္ဏမုခ။ တဒိဒံ - ယာ ဧတာ၊ အကြင် မိန်းမတို့ကို။ ဝေသိယော၊ ဝေသီတို့ဟူ၍ လည်းကောင်း။ နာရိယော၊ နာရီတို့ဟူ၍ လည်းကောင်း။ ဂမနိယော၊ ဂမနီယတို့ဟူ၍ လည်းကောင်း။ ဗန္ဓကယော၊ ဗန္ဓကီတို့ဟူ၍ လည်းကောင်း။ န ဝုစ္စန္တိ၊ မဆိုအပ်ကုန်။ ဧတောယော၊ ထိုမိန်းမတို့သည်။ န ဝေသိယော၊ ဝေသီမည်သည်သာလျှင် မဟုတ်ကုန်။ န နာရိယော၊ နာရီမည်သည်သာလျှင် မဟုတ်ကုန်။ သဘာဝတော ပန၊ သဘောအားဖြင့်ကား။ ဧတာယော၊ ထိုမိန်းမတို့သည်။ ဝဓိကာယော နာမ၊ လင်သတ်မတို့ မည်ကုန်၏။

စောရော ဝိယ၊ ခိုးသူကဲ့သို့။ ဝေဏိကတာ၊ ဆံထုံးခြင်းကို ပြုတတ်ကုန်၏။ ဒိဒ္ဓါ၊ ဒိဒ္ဓါဟု ဆိုအပ်သော။ မဒိရာဝ၊ အဆိပ်နှင့်ရောသော သုရာနှင့်တူ၏။ ဝါဏိဇော ဝိယ၊ ကုန်သည်ကဲ့သို့။ ဝါစာသန္ထုတိယော၊ နှုတ်ဖြင့်သာ ချီးမွမ်းတတ်ကုန်၏။ ဣဿသိင်္ဂမိဝ၊ ဝက်ဝံ၏လျင်ခြင်းကဲ့သို့။ ဝိပရိဝတ္တာယော၊ လျင်သောအပြန်ရှိကုန်၏။ (အပြောင်းအလဲ မြန်ကုန်၏)။ ဥရဂမိဝ၊ မြွေကဲ့သို့။ ဒုဇိဝှါယော၊ လျှာနှစ်ခွရှိကုန်၏။ သောဗ္ဘမိဝ၊ မစင်တွင်းကဲ့သို့။ ပဋိစ္ဆန္နာ၊ ဖုံးလွှမ်းအပ်ကုန်၏။ ပါတာလမိဝ၊ သမုဒ္ဒရာ၌ ပါတာလမုခကဲ့သို့။ ဒုပ္ပုရာ၊ ပြည့်နိုင်ခဲကုန်၏။ ရက္ခသီဝိယ၊ ရက္ခိုသ်ဘီလူးမကဲ့သို့။ ဒုတ္တောသာ၊ ရောင့်ရဲနိုင်ခဲကုန်၏။

ယမောဝ၊ ယမမင်းကဲ့သို့။ ဧကန္တဟာရိယော၊ စင်စစ်လျှင် ဆောင်ယူတတ်ကုန်၏။ သိခီရိဝ၊ မီးကဲ့သို့။ သဗ္ဗဘက္ခာ၊ အလုံးစုံ ကောင်းမကောင်းကို စားတတ်ကုန်၏။ နဒီရိဝ၊ မြစ်ကဲ့သို့။ သဗ္ဗဝါဟီ၊ အလုံးစုံကို မျှောတတ်ကုန်၏။ အနီလော ဝိယ၊ လေကဲ့သို့။ ယေန၊ အကြင်အရပ်၌။ ကာမံ၊ အလိုသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ စရာ၊ သွားတတ်ကုန်၏။ နေရုဝိယ၊ နေရုမည်သော ရွှေတောင်ကဲ့သို့။ အဝိသေသကရာ၊ အထူးမရှိသည်ကို ပြုတတ်ကုန်၏။ တာယော၊ ထိုမိန်းမတို့သည်။ ဝိသရုက္ခော ဝိယ၊ အဆိပ်ပင်ကဲ့သို့။ နိစ္စဖလိတာယော၊ အမြဲလျှင် အသီးသီးတတ်ကုန်၏။ ဧတ္ထ၊ ဤအရာ၌။ အနုတ္တရံ၊ အတုမရှိသော။ ဝါကျံ စ၊ စကားသည်လည်း။ ဘဝတိ၊ ဖြစ်၏။

ဣတ္ထိယော၊ မိန်းမတို့သည်။ စောရော ယထာ၊ ခိုးသူနှင့်တူ၏။ ဒိဒ္ဓေါ ယထာ၊ အဆိပ်နှင့်ရောသော သုရာနှင့်တူ၏။ ဝါဏိဇောဝ၊ ကုန်သည်ကဲ့သို့။ ဝိကတ္ထနီ၊ အထူးထူးသော စကားတို့ကို ဆိုတတ်ကုန်၏။ ဣဿသိင်္ဂမိဝ၊ ဝက်ဝံ၏ လျင်ခြင်းကဲ့သို့။ ပရိဝတ္တာ၊ လျင်သာအပြန် ရှိကုန်၏။ ဥရဂေါ ယထာ၊ မြွေကဲ့သို့။ ဒုဇိဝှါ၊ လျှာနှစ်ခွရှိကုန်၏။ သောဗ္ဘမိဝ၊ မစင်တွင်းကဲ့သို့။ ပဋိစ္ဆန္နာ၊ ဖုံးလွှမ်းအပ်ကုန်၏။ ပါတာလမိဝ၊ ပါတာလမုခကဲ့သို့။ ဒုပ္ပုရာ၊ လိုအင်ဆန္ဒ ပြည့်နိုင်ခဲကုန်၏။ ရက္ခသီ ဝိယ၊ ရက္ခိုသ်ဘီလူးမကဲ့သို့။ ဒုတ္တောသာ၊ ရောင့်ရဲနိုင်ကုန်၏။ ယမောဝ၊ ယမမင်းကဲ့သို့။ ဧကန္တဟာရိယော၊ စင်စစ်လျှင် ယူဆောင်တတ်ကုန်၏။

သိခီယထာ၊ မီးနှင့်တူကုန်၏။ နဒီယထာ၊ မြစ်နှင့်တူကုန်၏။ ဝါတော ယထာ၊ လေနှင့်တူကုန်၏။ နေရုနာဝ၊ နေရုမည်သော ရွှေတောင်နှင့်လျှင်။ သမဂတာ၊ တူသောအဖို့ ရှိကုန်၏။ ဝိသရုက္ခော ဝိယ၊ အဆိပ်ပင်ကဲ့သို့။ နိစ္စဖလာ၊ အမြဲလျှင် အသီးသီး၏။ ဃရေ၊ အိမ်၌။ ဘောဂံ၊ စည်းစိမ်ကို။ နာသယန္တိ၊ ဖျက်ဆီးတတ်ကုန်၏။ ရတနန္တကရာ၊ ရွှေ ငွေ အစရှိသော ရတနာတို့၏အန္တရာယ်ကို ပြုတတ်ကုန်၏။

(ဤပါဠိတော်ဂါထာတို့၌ အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ကဏှာဒေဝီ အစရှိသော မိန်းမငါးယောက်တို့၏ အကြောင်းကို အဋ္ဌကထာ၌ ဤသို့ အကျယ်ပြဆောင်အပ်၏။ )

(၁) ကဏှာဒေဝီ

ဇာတ်အမျိုးအနွယ် အဆင်းသဏ္ဌာန် ဥစ္စာစည်းစိမ် အခြံအရံနှင့်ပြည့်စုံသော လင်ငါးယောက်ရှိလျက် ခြောက်ယောက်မြောက် ငကုန်းနှင့် ယုတ်မာသောအကျင့်ကို လွန်ကျူး၍ကျင့်သော ရှေးဦးစွာသော ကဏှာဒေဝီ၏အကြောင်းကား

လွန်လေပြီးသောအခါ ဗြဟ္မဒတ်မည်သော ကာသိမင်းသည် ပြည့်စုံသော ဗိုလ်ပါဆင်မြင်း ရှိသည်၏အဖြစ်ကြောင့် ကောသလတိုင်းကို သိမ်းယူပြီးလျှင် ကောသလမင်းကိုသတ်၍ နုသော ကိုယ်ဝန်ရှိသော ထိုကောသလမင်း၏ မိဖုရားကို ဆောင်ယူ၍ ဗာရာဏသီပြည်သို့ သွားပြီးလျှင် မိမိ၏မိဖုရားကြီးပြု၏။ ထိုမိဖုရားကြီးသည် နောက်အဖို့၌ သမီးကိုဖွား၏။ ဗြဟ္မဒတ်မင်းအားကား ပကတိအားဖြင့်လည်း သားတော်သမီးတော်မရှိ။ ထိုဗြဟ္မဒတ်မင်းသည် အလွန်နှစ်သက်သည်ဖြစ်၍ ရှင်မိဖုရား... ဆုကိုယူလော့ဟု ဆို၏။ ထိုမိဖုရားသည် ယူအပ်သည်ကိုပြု၍ထား၏။ ထိုသမီးငယ်အားကား ကဏှာဒဝီဟူသော အမည်ကိုမှည့်ကုန်၏။ ထိုအခါ ကဏှာဒေဝီသည် အရွယ်ရောက်သည်ရှိသော် မယ်တော်မိဖုရားကြီးသည် သမီးတော် ကဏှာဒေဝီကို ဆို၏။ ချစ်သမီး... သင့်ခမည်းတော်သည် သင့်အား ဆုပေးတော်မူအပ်၏။ ထိုဆုကို ငါသည် ယူ၍ထားအပ်၏။ သင်သည် နှစ်သက်သောဆုကို ယူလော့ ဟု ဆို၏။ ထိုသမီးတော် ကဏှာဒေဝီသည် မိခင်... အကျွန်ုပ်အား တစ်ပါးသော မရှိသောဥစ္စာမည်သည် မရှိ၊ လင်ကိုယူအံ့သောငှာ မိခင်သည် ကိုယ်တိုင်ဆုကိုပြုလော့ ဟု ဆို၏။ ထိုကဏှာဒေဝီသည် ကိလေသာ များသည်၏ အဖြစ်ကြောင့် အရှက်အကြောက်ကိုဖျက်၍ မယ်တော်မိဖုရားကြီးကို ဆို၏။ ထိုမယ်တော်မိဖုရားကြီးသည် ခမည်းတော်တော် ဗြဟ္မဒတ်မင်းအား ထိုအကြောင်းကို ကြားလျှောက်၏။ ခမည်းတော် ဗြဟ္မဒတ်မင်းသည် နှစ်သက်သော လင်ကို ယူစေလော့ဟု မိန့်တော်မူ၍ မိမိသည် ဆုကို ကြွေးကြော်စေ၏။ မင်းရင်ပြင်၌ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော များစွာသော ယောက်ျားတို့သည် စည်းဝေးကြကုန်၏။

လင်ပြိုင် ၅-ယောက်

ကဏှာဒေဝီမင်းသမီးသည် ပန်းပခြုပ်ကိုယူ၍ ခြင်္သေ့ခံသော မြောက်လေသာနန်းတံခါး၌ရပ်လျက် ကြည့်လတ်သော် တစ်ယောက်ကိုမျှလည်း မနှစ်သက်။ ထိုအခါပဏ္ဍုမင်းမျိုးမှ အဇ္ဇုမင်းသား, နကုလမင်းသား ဘီမသေနမင်းသား, ယုဓိဋ္ဌိလမင်းသား, သဟဒေဝမင်းသား ဟူကုန်သော ညီနောင်ငါးယောက် ဖြစ်ကုန်သော ဤပဏ္ဍုမင်းသားတို့သည် တက္ကသိုလ်ပြည်ဝယ် ဒိသာပါမောက္ခ ဆရာအထံ၌ အတတ်သင်ပြီး၍ အရပ်ဒေသတို့၏ အလေ့အကျက်ကို သိကုန်အံ့ဟု လှည့်လည်ကုန်သည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်ကုန်၍ မြို့တွင်း၌ အုတ်အုတ် ကျက်ကျက်ကို ကြားသဖြင့် မေး၍ ထိုအကြောင်းကို သိကုန်လျှင် ငါတို့သည်လည်း သွားကြကုန်အံ့ဟု ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော ငါးယောက်ကုန်သော ပဏ္ဍုမင်းသားတို့သည်လည်း ထိုမင်းရင်ပြင်အရပ်သို့ သွားကုန်၍ အစဉ်အတိုင်း တည်ကုန်၏။ ထိုအခါ ကဏှာဒေဝီမင်းသမီးသည် ထိုငါးယောက်သော မင်းသားညီနောင်တို့ကို မြင်၍ ထိုငါးယောက်သော မင်းသားတို့၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ငါးယောက်ကုန်သော မင်းသားတို့၏ လည်, ဦးခေါင်းတို့၌ ပန်းကုံးတို့ကို စွပ်၍ မိခင် ဤငါးယောက်သောသူတို့ကို အကျွန်ုပ်အား ဆုကို ပေးလော့ဟု ဆို၏။ ထိုမယ်တော် မိဖုရားကြီးသည်လည်း ခမည်းတော် ဗြဟ္မဒတ်မင်းအား ကြားလျှောက်၏။ ခမည်းတော်ဗြဟ္မဒတ်မင်းသည် ဆုကို ပေးမိသည်၏ အဖြစ်ကြောင့် မရလတ္တံ့ဟု မဆိုမူ၍ နှလုံးမသာလျက်လျှင် အဘယ် အမျိုးအနွယ်ရှိကုန်သနည်း၊ အဘယ်သူ၏ သားတို့နည်းဟု မေးတော်မူ၍ ပဏ္ဍုမင်းသားအဖြစ်ကို သိလျှင် ထိုမင်းသားတို့အား ပူဇော် သက္ကာရကိုပြု၍ သမီးတော် ကဏှာဒေဝီကို ပေးတော်မူ၏။ ထိုကဏှာဒေဝီ မင်းသမီးသည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၌ ကိလေသာ၏အစွမ်းဖြင့် ဖမ်းယူ၏။

ကဏှာဒေဝီ ဖောက်ပြန်ပုံ

ထိုကဏှာဒေဝီမင်းသမီးအား တစ်ယောက်သော အလုပ်အကျွေးဖြစ်သော ကုန်းကွသော ငဆွံ့သည် ရှိ၏။ ထိုကဏှာဒေဝီမင်းသမီးသည် မင်းသား ငါးယောက်တို့ကို ကိလေသာ၏အစွမ်းဖြင့် ဖမ်းယူပြီး၍ ထိုမင်းသားငါးယောက်တို့ အပသို့ ထွက်သွားသောကာလ၌ အခွင့်ရလျှင်

ကိလေသာ၏အစွမ်းဖြင့် ပူလောင်သည်ဖြစ်၍ ငကုန်းနှင့်တကွ ယုတ်မာသောအကျင့်ကို ကျင့်၏။ ထိုငကုန်းနှင့်တကွလည်း စကားပြောသည်ရှိသော် ငါ့အား သင်နှင့်တူသော ချစ်သူသည်မရှိ၊ မင်းသားတို့ကို သတ်၍ မင်းသားတို့၏ လည်ချောင်းသွေးဖြင့် ခြေတို့ကို ဆေးစေအံ့ဟု ဆို၏။ မင်းသားငါးယောက်တို့တွင်လည်း မင်းသားကြီးနှင့် အတူတကွ ရောယှက်ခြင်းဖြစ်သောကာလ၌ ဤမင်းသား လေးယောက်တို့ထက် သင့်ကိုသာလျှင် ငါသည် သာလွန်၍ ချစ်၏။ ငါအသက်ကိုသော်လည်း သင်၏အကျိုးငှာ စွန့်၏။ ငါခမည်းတော် မင်းကြီးလွန်သဖြင့် သင့်အားသာလျှင် မင်းအဖြစ်ကို ပေးအံ့ဟု ဆို၏။ ကြွင်းသော မင်းသားလေးယောက်နှင့် အတူတကွ ပေါင်းဖက်ရောယှက်သော ကာလ၌လည်း ဤနည်းဖြင့်သာလျှင် ပြောဆို၏။ ထိုမင်းသားတို့သည် ဤမင်းသမီးသည်ကား ငါတို့ကို အလွန် ချစ်မြတ်နိုးပေ၏။ ငါတို့အား စည်းစိမ်ချမ်းသာသည်လည်း ဤမင်းသမီးကိုမှီ၍ ဖြစ်၏ဟု ထိုမင်းသမီးအား အလွန်လျှင် နှစ်သက်ကုန်၏။ ထိုကဏှာဒေဝီမင်းသမီးသည် တစ်နေ့သ၌ အနာနှိပ်စက်သည် ဖြစ်၏။ ထိုအခါ ထိုမင်းသမီးကိုခြံရံ၍ မင်းသားတစ်ယောက်ကား ဦးခေါင်းကို ဆုပ်နယ်လျက် နေ၏။ ကြွင်းသော မင်းသားတို့သည်ကား တစ်ယောက် တစ်ယောက်စီ လက်ခြေတို့ကို ဆုပ်နယ်ကုန်၏။ ငကုန်းသည်ကား ခြေရင်း၌ နေ၏။

ထိုကဏှာဒေဝီ မင်းသမီးသည် ဦးခေါင်းကို ဆုပ်နယ်နေသော အစ်ကိုကြီးဖြစ်သော အဇ္ဇုနမင်းသားအား ကျွန်ုပ်အား အရှင့်သားထက် သာလွန်၍ ချစ်သောသူသည် မရှိပြီ၊ ကျွန်ုပ် အသက်ရှင်ပါသည်ရှိသော် ရှင်မင်းသားအား အသက်ရှင်လတ္တံ့၊ ခမည်းတော်လွန်သဖြင့် မင်းအဖြစ်ကို ရှင်မင်းသားအား ပေးအံ့ဟု ဦးခေါင်းအမူအရာဖြင့် အမှတ်ပေးလျက် ထိုမင်းသားကို သိမ်းသွင်း၏။ လေးယောက်ကုန်သော မင်းသားတို့အားလည်း လက်ခြေအမူအရာတို့ဖြင့် ထိုရှေးအတူလျှင် အမှတ်သညာပေး၏။ ငကုန်းအားကား သင့်ကိုသာလျှင် ငါသည် ချစ်မြတ်နိုး၏။

သင်၏အကျိုးငှာ ငါသည် အသက်ရှင်အံ့ဟု လျှာအမူအရာဖြင့် အမှတ်သညာပေး၏။ ထိုအလုံးစုံသောသူတို့သည်လည်း ရှေး၌ ဆိုဖူးသည်၏အဖြစ်ကြောင့် ထိုအမှတ်သညာဖြင့် ထိုအကြောင်းကို သိကြကုန်၏။ ထိုသူတို့တွင် အဇ္ဇုနမင်းသားမှ ကြွင်းကုန်သောသူတို့သည် မိမိတို့အား ပေးအပ်သော အမှတ်သညာဖြင့်သာလျှင် သိကြကုန်၏။ အဇ္ဇုနမင်းသားသည်ကား ထိုကဏှာဒေဝီ မင်းသမီး၏ လက် ခြေ လျှာ ဖောက်ပြန်ခြင်းတို့ကိုမြင်၍ ငါ့အား အမှတ်သညာ ပေးသကဲ့သို့ ငါမှကြွကုန်သော သူတို့အားလည်း အမှတ်ပေးသည် ဖြစ်လတ္တံ့၊ ငကုန်းနှင့်လည်း ထိုမင်းသမီး ပေါင်းဖော်ခြင်းရှိသည် ဖြစ်ရာ၏ဟု ကြံ၍ ညီတော်မင်းသားတို့ကို ခေါ်ပြီးလျှင် အပသို့ထွက်၍ မေး၏။

မင်းသားငါးယောက် ရဟန်းပြုခြင်း

သင်တို့သည် လင်ငါးယောက်ရှိသော မိန်းမသည် ငါ့အား ဦးခေါင်း ဖောက်ပြန်ခြင်းကိုပြု၍ ပြသည်ကို မြင်ကြကုန်၏လော ဟု မေး၏။ မြင်ပါကုန်၏ဟု ဆိုကုန်လတ်သော် အကြောင်းကို သိကြကုန်၏လောဟု မေးပြန်၍ မသိပါကုဟု ဆိုကုန်သဖြင့် ဤအရာ၌ ဤမည်သည်ကား အကြောင်းတည်း၊ သင်တို့အားကား လက်ခြေတို့ဖြင့် ပေးအပ်သော အမှတ်၏အကြောင်းကို သိကုန်၏လောဟု မေး၏။ သိပါကုန်၏ဟု ဆိုသဖြင့် ငါ့အားလည်း ထိုအကြောင်းဖြင့် အမှတ်သညာပေး၏။ ငကုန်းအား လျှာဖောက်ပြန်ခြင်းဖြင့် အမှတ်သညာပေးခြင်း၏ အကြောင်းကို သိကုန်၏လောဟု မေး၏။ မသိပါကုန် ဟု ဆိုလုတ်သော် ထိုအခါ ညီတော်တို့အား ထိုအကြောင်းကိုကြား၍ ဤငကုန်းနှင့်လည်း အတူတကွ ထိုမင်းသမီးသည် ယုတ်မာသောအမှုကို ပြု၏ဟုဆို၍ ထိုညီတော်လေးယောက်တို့သည် မယုံကြည်ကုန်သည်ရှိသော် ငကုန်းကို ခေါ်စေ၍ မေး၏။ ထိုငကုန်းသည် အလုံးစုံသောအကြောင်းကို ပြောဆို၏။ ထိုမင်းသားတို့သည် ငကုန်းစကားကို ကြားရလျှင် ထိုမင်းသမီးအား တပ်စွန်းခြင်း ကင်းကုန်သည်ဖြစ်၍ မိန်းမတို့မည်သည်ကား ဪ... ယုတ်မာစွ၊ ဩာ်... သီလမရှိကုန်စွ၊ ငါတို့ကဲ့သို့သော အမျိုးအနွယ်နှင့် ပြည့်စုံသော တင့်တယ်ခြင်းအစုသို့ ရောက်သော မင်းသားတို့ကို စွန့်၍ ဤသို့သဘောရှိသော စက်ဆုပ်ရွံရှာဖွယ်သော ငကုန်းနှင့်တကွ ယုတ်မာသောအမှုကို ပြု၏။ ပညာရှိသော သဘောရှိသော အဘယ်မည်သောသူသည် ဤသို့ အရှက်အကြောက်မရှိသော ယုတ်မာသော အကျင့်ရှိကုန်သော မိန်းမတို့နှင့်တကွ မွေ့လျော်လတ္တံ့နည်းဟု များစွာသော အကြောင်းဖြင့် မိန်းမတို့ကိုကဲ့ရဲ၍ ငါတို့အား အိပ်ရာထောင်ခြင်းဖြင့် အလိုမရှိဟု ငါးယောက်ကုန်သော မင်းသားတို့သည် ဟိမဝန္တာသို့ဝင်၍ ရဟန်းပြုကုန်ပြီးလျှင် ကသိုဏ်းပရိကံကိုပြု၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လားကုန်၏။

ကုဏာလငှက်မင်းသည်ကား ထိုအခါ နောင်တော်ကြီး အဇ္ဇုနမင်းသား ဖြစ်၏။ ထို့ကြောင့် မိမိသည် မြင်ဖူးသော အကြောင်းကို ပြလိုသည်ဖြစ်၍ ဒိဋ္ဌာ မယာ အစရှိသော နှစ်ဂါထာတို့ကို ဆို၏။

(၂) သစ္စတပါပီ

နှစ်ခုမြောက်သော သစ္စတပါပီမည်သော ပရိဗိုဇ်မ၏ အကြောင်းကား...

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ကိုမှီ၍ သစ္စတပါပီမည်သော အဝတ်ဖြူဝတ်သော ပရိဗိုဇ်မသည် သုသာန်၌ သစ်ရွက်မိုးသောကျောင်းကို ဆောက်စေ၍ ထိုသုသာန်ကျောင်း၌ နေလျက် လေးရက်သော ထမင်းတို့ကိုလွန်၍ စား၏။ အလုံးစုံသော ဗာရာဏသီပြည်၌ နေလကဲ့သို့ ထင်ရှား၏။

ဗာရာဏသီပြည်အလုံး၌ နေကုန်သောသူတို့သည် ချေသော်လည်းကောင်း, ချေချွတ်သော်လည်းကောင်း နမော သစ္စတပါပိယာ ဟူ၍ ဆိုကုန်၏။

ကျပ်တစ်ထောင်ကြေးလောင်း

ထိုအခါ တစ်ခုပွဲသဘင်ဝယ် ရှေးဦးစွာသောနေ့၌ ရွှေပန်းထိမ်သည်တို့သည် အပေါင်းဖွဲ့သဖြင့် တစ်ခုသော အရပ်၌ မဏ္ဍပ်ဆောက်၍ ငါးအမဲကိုလည်းကောင်း သုရာ နံ့သာ အစရှိသည်တို့ကိုလည်းကောင်း ဆောင်ယူခဲ့၍ သုရာသောက်ခြင်းကို အားထုတ်ကုန်၏။ ထိုအခါ တစ်ယောက်သော ရွှေပန်းထိမ်သည်သည် သုရာအိုးကို စွန့်သည်ရှိသော် နမော သစ္စတပါပိယာဟုဆိုရာ တစ်ယောက်သော ပညာရှိသည် အလွန်မိုက်သောအချင်း... တုန်လှုပ်သောစိတ်ရှိသော မိန်းမအား ရှိခိုးခြင်းကို ပြုဘိ၏။ အလွန် မိုက်စွတကားဟု ဆိုလတ်သော် အချင်း... ဤသို့ မဆိုပါလင့်၊ ငရဲ၌ဖြစ်စေတတ်သော အမှုကို မပြုလင့်ဟု ဆို၏။ ထိုအခါ ထိုရွှေပန်းထိမ်သည်ကို ထိုပညာရှိသည် ပညာနည်းသောသူ... ဆိတ်ဆိတ်နေလော့၊ ဥစ္စာတစ်ထောင် လောင်းတမ်းကို သင်ပြုလော့၊ ငါသည် သင်၏ သစ္စတပါပီကို ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ တန်ဆာဆင်ခြင်းနှင့်စပ်သော ဤနေရာမဏ္ဍပ်၌လျှင် နေလျက် သုရာအိုးကို ရွက်ခဲ့စေ၍ သုရာကိုသောက်အံ့၊ မိန်းမသည် မြဲသောသီလရှိသောသူမည်သည် မရှိဟု ဆို၏။ ထိုရွှေပန်းထိမ်သည်သည် သင် မတတ်နိုင်လတ္တံ့ ဟုဆို၍ ထိုပညာရှိနှင့်တကွ ဥစ္စာတစ်ထောင် လောင်းခြင်းကို ပြု၏။

ရသေ့ယောင်ဆောင်၍ ပိုးသော်

ထိုပညာရှိသည် ထိုရွှေပန်းထိမ်သည်ကို တစ်ပါးသော ရွှေပန်းထိမ်သည်တို့အား ပန်ကြား၍ နက်ဖြန်နေ့၌ နံနက်စောစောကလျှင် ရသေ့အသွင်ဖြင့် သုသာန်သို့ဝင်၍ ထိုသစ္စတပါပီ ပရိဗိုဇ်မ၏ နေရာအရပ်မှ မနီးမဝေးသောအရပ်၌ နေကို ရှိခိုးလျက်ရပ်၏။ ထိုပရိဗိုဇ်မသည် ဆွမ်းအလို့ငှာ သွားသည်ရှိသော် ထိုရသေ့ အယောင်ဆောင်သော ပညာရှိကိုမြင်၍ တန်ခိုးကြီးသော ရှင်ရသေ့ ဖြစ်လတ္တံ့၊ ငါသည် ရှေးဦးစွာ သုသာန်နံပါး၌ နေ၏။ ဤရှင်ရသေ့သည်ကား သုသာန်အလယ်၌ နေ၏။ ထိုရှင်ရသေ့ကိုယ်တွင်း၌ နိဗ္ဗာန်တရားသည် ရှိသည်ဖြစ်ရာ၏။ ထိုရှင်ရသေ့ကို ရှိခိုးအံ့ဟု ချဉ်းကပ်၍ ရှိခိုး၏။ ထိုရသေ့သည် ကြည့်လည်းမကြည့်၊ စကားလည်းမပြော၊ နှစ်ရက်မြောက်သောနေ့၌လည်း ရှေးအတူလျှင် ပြု၏။ သုံးရက်မြောက်သောနေ့၌ ရှိခိုးသောအခါ၌ မျက်နှာအောက်ချလျက် သွားလေလော့ဟု ဆို၏။

လေးရက်မြောက်သောနေ့၌ကား အသို့နည်း၊ ဆွမ်းခံသဖြင့် မပင်ပန်းလောဟု စကားပြောဟောခြင်းကို ပြု၏။ ထိုပရိဗိုဇ်မသည် စကားပြောခြင်းကို ရပေပြီဟု အလွန်နှစ်သက်သည်ဖြစ်၍ ဖဲလေ၏။ ငါးရက်မြောက်သော နေ့၌ကား အလွန်များစွာသော စကားပြောဟာခြင်းကိုရသဖြင့် အတန်ငယ်နေ၍ သွားလေ၏။ ဆက်ရက်မြောက်သော နေ့၌ကား လာလတ်၍ ရှိခိုးလျက်နေသော ထိုသစ္စတပါပီကို နှမ... ယနေ့ ဗာရာဏသီသီမြို့၌ သီချင်းသံ တီးမှုတ်သံများစွာ၏။ အသို့နည်းဟု မေး၍ အရှင်ဘုရား... အရှင်ဘုရားတို့သည် သိတော်မမူကုန်လော၊ ဗာရာဏသီမြို့၌ ပွဲသဘင်ကြွေးကြော်၏။ ဤအသံသည် ထိုပွဲသဘင်၌ ကစားကုန်သောသူတို့၏ အသံတည်း ဟု ပြောဆိုလတ်သော် ဤအသံသည် ထိုသဘင်၌ အသံမည်၏ဟု မသိသကဲ့သို့ဖြစ်၍ နှမ သင်သည် အဘယ်မျှသော ထမင်းတို့ကို လွန်စေသနည်းဟု မေး၏။ အရှင်ဘုရား... လေးရက်ထမင်းတို့ကို လွန်ပါစေ၏ ဟုဆို၍ အရှင်ဘုရားတို့သည်ကား အဘယ်မျှသော ထမင်းတို့ကို လွန်စေတော်မူကုန်သနည်းဟု မေး၏။ နှမ... ခုနစ်ရက်သော ထမင်းတို့ကို လွန်စေ၏ဟု ဤစကားကို ထိုရသေ့သည် လိမ်ညာ၍ဆို၏။

ထိုရသေ့သည် နေ့တိုင်းနေ့တိုင်း အခါခပ်သိမ်း ညဉ့်၌စား၏။ ထိုရသေ့သည် ပရိဗိုဇ်မကို နှမ... ရဟန်းပြုသည်မှာ အဘယ်မျှ ဝါရပြီနည်းဟု မေး၍ ထိုပရိဗိုဇ်မသည် တစ်ဆယ့်နှစ်ဝါရပြီဟု ဆို၏။ အရှင်ဘုရားတို့အား... အဘယ်မျှ ဝါရပြီနည်းဟု မေးလတ်သော် ဤဝါသည် ငါ့အား ခြောက်ခုမြောက်သော ဝါတည်းဟု ဆို၏။ ထိုအခါ ထိုပရိဗိုဇ်မကို နှမ... နှမအား နိဗ္ဗာန်တရားကို ရခြင်းသည် ရှိပါ၏လော ဟု မေး၏။ အရှင်ဘုရား မရှိပါဟု ပြောဆို၍ အရှင်ဘုရားတို့အား နိဗ္ဗာန်တရားကိုရခြင်းသည် ရှိပါ၏လောဟု မေးလတ်သော် ငါ့နှမ... ငါ့အားလည်း မရှိ ဟုပြောဆို၍ နှမ... ငါတို့သည်ကား ကာမချမ်းသာကိုလည်း မရကုန်၊ ရဟန်းချမ်းသာကိုလည်း မရကုန်၊ ငါတို့အားသာလျှင် ငရဲသည်ပူသလော၊ လူအပေါင်းတို့၏ အမူအကျင့်ကို ပြုကုန်အံ့၊ ငါသည်လည်း လူထွက်အံ့၊ ငါ့အား မိဘတို့၏အမွေဖြစ်သော ဥစ္စာသည်ရှိ၏။ ငါသည် ဆင်းရဲကို ခံစားအံ့သောငှာ မတတ်နိုင်ဟု ဆို၏။

ရသေ့မ လူထွက်ပြီ

ထိုပရိဗိုဇ်မသည် ထိုရသေ့စကားကိုကြားရ၍ မိမိ၏ တုန်လှုပ်သောစိတ် ရှိသည်၏အဖြစ်ကြောင့် ထိုရသေ့၌ တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ အရှင်ဘုရား... အကျွန်ုပ်သည်လည်း ငြီးငွေ့၏။ အကယ်၍ အကျွန်ုပ်ကို အရှင်ဘုရားသည် မစွန့်အံ့၊ အကျွန်ုပ်သည်လည်း လူထွက်အံ့ဟု ဆို၏။ ထိုအခါ ပရိဗိုဇ်မကို ထိုရသေ့ယောင်ဆောင်သော ပညာရှိသည် နှမ... လာလှည့်၊ သင့်ကို မစွန့်အံ့၊ ငါ၏မယား ဖြစ်လတ္တံ့ ဟုဆို၍ မြို့သို့သွား၍ သုရာသောက်သော မဏ္ဍပ်သို့သွား၍ ထိုသစ္စတပါပီ ပရိဗိုဇ်မကို သုရာအိုးကိုယူခဲ့စေ၍ သုရာသောက်၏။ ရွှေပန်းထိမ်သည်သည် ဥစ္စာတစ်ထောင်မှ ရှုံးလေ။ ထိုသစ္စတပါပီသည် သေသောက်ကြူးကိုစွဲ၍ သားသမီးတို့ဖြင့် ပွား၏။

ထိုအခါ၌ ကုဏာလငှက်မင်းသည် သေသောက်ကြူး ဖြစ်၏။ ထို့ကြောင့် မိမိသည် မြင်ဖူးသည်ကို ပြလိုသည်ဖြစ်၍ ဒိဋ္ဌာ မာယာ အစရှိသော ဂါထာကို ဆို၏။

(၃) ကာကဝတီမိဖုရား

သုံးခုမြောက်ဖြစ်သော ကာကဝတီမိဖုရား၏ အကြောင်း အတိတ်စကားကို စတုက္ကနိပါတ် ကာကဝတီဇာတ် အဋ္ဌကထာ၌ ချဲ့ဆိုအပ်ပြီ၊ ထိုအခါ ကုဏာလငှက်မင်းသည် ဂဠုန်မင်းဖြစ်၏။ ထို့ကြောင့် မိမိမြင်ဖူးသည်ကို ပြလိုသည်ဖြစ်၍ ဒိဋ္ဌာ မာယာ အစရှိသော ဂါထာကို ဆို၏။

(၄) ကုရုင်္ဂဒေဝီမင်းသမီး

လေးခုမြောက်သော ကုရုင်္ဂဒေဝီမင်းသမီး အကြောင်းကား...

လွန်လေပြီးသောအခါ ဗြဟ္မဒတ်မင်းသည် ကောသလမင်းကိုသတ်၍ တိုင်းပြည်ကိုသိမ်းပြီယူလျှင် ကိုယ်ဝန်ရှိသော ထိုကောသလမင်း၏ မိဖုရားကြီးကိုယူ၍ ဗာရာဏသီပြည်သို့ ပြန်လည်ခဲ့ပြီးလျှင် ထိုမိဖုရားကြီးအား ကိုယ်ဝန်ရှိသောအဖြစ်ကို သိလျက်လည်း ထိုကောသလမင်း၏ မိဖုရားကြီးကို မိမိ၏မိဖုရားကြီး ပြု၏။

သားကို ပစ်ထားစေခြင်း

ထိုမိဖုရားသည် ရင့်သောကိုယ်ဝန်ရှိသဖြင့် ရွှေအဆင်းနှင့်တူသော အဆင်းရှိသောသားကို ဖွား၍ ကြီးခြင်းသို့ ရောက်လတ်သော် ထိုငါ့သားကို ဗာရာဏသီမင်းသည် ဤမင်းသား ရန်သူ၏ သားတည်း၊ ဤမင်းသားဖြင့် အဘယ်မူအံ့နည်းဟု နှလုံးသွင်း၍ သတ်စေလတ္တံ့၊ ငါ့သားသည် သူတစ်ပါးလက်၌ မသေစေသတည်းဟု ကြံပြီးလျှင် အထိန်းမိန်းမကို ခေါ်၍ မိခင် ဤသူငယ်ကို ပုဆိုးနွမ်းခင်း၍ သူကောင်ပစ်ရာသင်္ချိုင်း၌ အိပ်စေ၍ လာခဲ့လော့ဟု ဆို၏။ အထိန်းမိန်းမသည် မိဖုရားကြီး ဆိုတိုင်းပြုပြီးလျှင် ရေချိုး၍ ပြန်ခဲ့၏။

ရေ၌ မျှောခံရခြင်း

ကောသလမင်းသည်လည်းသေ၍ သား၏ ကိုယ်စောင့်နတ်ဖြစ်၏။ ထိုနတ်၏ အာနုဘော်ကြောင့် တစ်ယောက်သော ဆိတ်ကျောင်းသား၏ ဆိတ်တို့သည် ထိုအရပ်၌ ကျက်စားကုန်သည်ရှိသော် ဆိတ်မတစ်ခုသည်

ထိုမင်းသားကိုမြင်လျှင် ချစ်ခြင်းကိုဖြစ်စေလျက် နို့တိုက်၍ အတန်ငယ် ကျက်စားသဖြင့် တစ်ဖန်လာလတ်၍ နှစ်ကြိမ် သုံးကြိမ် လေးကြိမ် နို့တိုက်၏။ ဆိတ်ကျောင်းသားသည် ထိုဆိတ်မအမူအရာကိုမြင်လျှင် ထိုအရပ်သို့သွားသဖြင့် သူငယ်ကိုမြင်၍ သားဟူသောချစ်ခြင်းကို ဖြစ်စေပြီးလျှင် ရေချိုး၍ မိမိမယားအား ပေး၏။ ထိုမယားသည်ကား သားမရှိ။ ထို့ကြောင့် ထိုမယားအား နို့ရည်မရှိ။ ထိုအခါ ထိုသူငယ်ကို ဆိတ်နို့ရည်ကိုသာလျှင် တိုက်၏။ ထိုနေ့မှစ၍ နေ့တိုင်းနေ့တိုင်း နှစ်ခုသုံးခုသော ဆိတ်မတို့သည် သေကုန်၏။ ဆိတ်ကျောင်းသားသည် ဤသူငယ်ကို မွေးမြူသည်ရှိသော အလုံးစုံသောဆိတ်မတို့သည် သေကုန်လတ္တံ့၊ ငါတို့အား ဤသူငယ်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ကြံ၍ ထိုသူငယ်ကို တစ်လုံးသောမြေအိုး၌ အိပ်စေပြီးလျှင် စလောင်းတစ်ခုဖြင့်ပိတ်၍ ပဲမှုန့်ညက်ဖြင့် အိုးဝကို ဟင်းလင်းမရှိအောင် လိမ်းကျံ၍ မြစ်၌ မျှော၏။

ဒွန်းစဏ္ဍားသား ဖြစ်ရခြင်း

မြစ်၌မျှောသော ထိုအိုးကို အောက်ဆိပ်၌ မင်းအိမ်၌ ဆွေးမြည့်သည်ကို တစ်ဖန်ပြုပြင်တတ်သော ဒွန်းစဏ္ဍားတစ်ယောက်သည် မယားနှင့်တကွ ခဝါဖွပ်သည်ရှိသော် မြင်၍ လျင်မြန်စွာသွားသဖြင့် ဆောင်ယူဆယ်တင်၍ ကမ်း၌ထားပြီးလျှင် ဤအိုး၌ အသို့နည်းဟု ဖွင့်၍ကြည့်လတ်သော် သူငယ်ကို မြင်လေ၏။ ထိုဒွန်းစဏ္ဍား မယားသည်လည်း သားမရှိ။ ထို့ကြောင့် သူငယ်၌ သားဟူသော ချစ်ခြင်းသည် ဖြစ်၏။ ထိုအခါ သူငယ်ကို အိမ်သို့ဆောင်ယူ၍ မွေးကျွေး၏။ ထိုသူငယ်ကို ခုနစ်နှစ် ရှစ်နှစ်အရွယ်မှစ၍ မိဘတို့သည် မင်းအိမ်သို့ သွားကုန်သည်ရှိသော် ခေါ်၍ သွားကုန်၏။

မင်းသမီးကို ရခြင်း

တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိသောအခါမှစ၍ ထိုသတို့သားသာလျှင် များစွာသွား၍ ဆွေးမြည့်ဟောင်းနွမ်းသည်တို့ကို တစ်ဖန်ပြုပြင်ခြင်းကို ပြု၏။ မင်း၏ မိဖုရားကြီးအားလည်း ကိုရုင်္ဂဒေဝီ အမည်ရှိသော မြတ်သောအဆင်းကိုဆောင်သော သမီးတော်သည် ရှိ၏။ ထိုကုရုင်္ဂဒေဝီ မင်းသမီးသည် ထိုသတို့သားကို မြင်ရသောအခါမှ စ၍ ထိုသတို့သား၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ တစ်ပါးသောအရပ်၌ မမွေ့လျော်။ ထိုသတို့သား အမှုလုပ်ဆောင်ရာ အရပ်သို့သာလျှင် လာ၏။ မပြတ်မြင်ရသဖြင့် အချင်းချင်း တပ်စွန်းသောစိတ်ရှိကုန်သော ထိုသူနှစ်ယောက်တို့သည် မင်းအိမ်အတွင်း၌သာလျှင် ဖုံးလွှမ်းအပ်သောအရပ်၌ လွန်ကျူးခြင်းသည် ဖြစ်၏။ ကာလရှည်ခြင်းသို့ ရောက်လတ်သော် အလုပ်အကျွေးမိန်းမတို့သည် သိကုန်၍ ခမည်းတော်မင်းကြီးအား ကြားလျှောက်ကြကုန်၏။ ခမည်းတော်မင်းကြီးသည် အမျက်ထွက်၍ မှူးတော် မတ်တော်တို့ကို စည်းဝေးစေပြီးလျှင် ဤဒွန်းစဏ္ဍားသားသည် ဤမည်သောအမှုကို ပြုကျင့်၏။ ဤဒွန်းစဏ္ဍားသားအား ပြုအပ်သည်ကို သိကုန်လော့ဆို၏။

မှူးတော် မတ်တော်တို့သည် ဤသူကား အပြစ်ကြီး၏။ အထူးထူးအပြားပြားသော မင်းဒဏ်ပေးခြင်းကို ပြုစေပြီး၍ နောက်မှ သတ်ခြင်းငှာ သင့်၏ဟု ဆိုကုန်၏။ ထိုခဏ၌ မင်းသား၏ အဖဖြစ်သော ကိုယ်စောင့်နတ်သည် ထိုမင်းသား၏ မယ်တော်မိဖုရားကြီးကိုယ်၌ ပူးဝင်၏။ ထိုမိဖုရားကြီးသည် နတ်၏အာနုဘော်ကြောင့် မင်းသို့ကပ်၍ မြတ်သောမင်းကြီး... ဤသတို့သားသည် ဒွန်းစဏ္ဍားသား မဟုတ်ပါ၊ ဤသတို့သားသည် အကျွန်ုပ်၏ ဝမ်း၌ဖြစ်သော ကောသလမင်းသားတည်း၊ အကျွန်ုပ်သည် ငါ့သားသေပြီဟု အရှင်မင်းကြီးအား မုသာဝါဒဖြင့် ပြောဆို၏။ အကျွန်ုပ်သည် ဤမင်းသားကို အရှင်မင်းကြီး၏ ရန်သူသယးတည်းဟု အထိန်းတော်တို့ကို ပေး၍ သူသေကောင်ပစ်ရာ သုသာန်၌ စွန့်စေ၏။ ထိုအခါ ထိုသူငယ်ကို တစ်ယောက်သော ဆိတ်ကျောင်းသားသည် မွေးကျွေး၏။ ထိုဆိတ်ကျောင်းသားသည် မိမိဆိတ်မတို့သည် သေကုန်သည်ရှိသော် မြစ်၌မျှောလိုက်၏။ ထိုအခါ မြစ်၌မျှောသော ထိုသူငယ်ကို အရှင်မင်းကြီးတို့နန်းတော်၌ ဆွေးမြည့်ဟောင်းနွမ်းသည်တို့ကို တစ်ဖန် ပြုပြင်တတ်သော ဒွန်းစဏ္ဍားသည်မြင်၍ မွေးမြူပါ၏။ အကယ်၍ ယုံတော်မမူကုန်အံ့၊ ထိုအလုံးစုံသောသူတို့ကို ခေါ်စေတော်မူ၍ မေးတော်မူကုန်လော့ဟု တင်လျှောက်၏။ မင်းသည် အထိန်းကိုအစပြု၍ အလုံးစုံသောသူတို့ကို ခေါ်စေတော်မူ၍မေးလျှင် ထိုမိဖုရားကြီးဆိုတိုင်း အကြောင်းကို အဟုတ်အမှန်အားဖြင့် သိတော်မူ၍ ဤမင်းသားသည် အမျိုးနှင့်ပြည့်စုံသော မင်းသားပေတည်းဟု နှစ်သက်သည်ဖြစ်၍ ထိုမင်းသားကို ရေချိုးစေပြီးလျှင် တန်ဆာဆင်၍ ထိုမင်းသားအားသာလျှင် သမီးတော် ကုရုင်္ဂဒေဝီကို ပေးတော်မူ၏။

မိဖုရား ယုတ်မာပုံ

ထိုမင်းသားအားကား ဆိတ်မတို့သေသည်၏ အဖြစ်ကြောင့် ဧဠိကကုမာရ ဟူသောအမည်ကို မှည့်ကုန်၏။ ထိုအခါ မင်းသားအား ခမည်းတော်မင်းကြီးသည် စစ်သည်ဗိုလ်ပါ ဆင်မြင်းနှင့်တကွ ပေးတော်မူ၍ မောင့်ခမည်းတော်၏ ဥစ္စာဖြစ်သော ကောသလတိုင်း သာဝတ္ထိပြည်ကြီးကို ယူချေလော့ဟု ဧဠိကမင်းသားကို လွှတ်လိုက်၏။ ထိုဧဠိကမင်းသားသည် ကုရုင်္ဂဒေဝီ မင်းသမီးကိုယူ၍ သွားပြီးလျှင် ကောသလမင်း အဖြစ်၌တည်လေ၏။ ထိုအခါ ထိုကောသလမင်းသားအား ဗာရာဏသီမင်းကြီးသည် ဤ ကောသလမင်းသားသည် အတတ်ပညာ မသင်ရသေး ဟု အတတ်ပညာ သင်စိမ့်သောငှာ ဆဠင်္ဂကုမာရ အမည်ရှိသော ဆရာကို စေလိုက်၏။ ထိုမင်းသားသည် ဆဠင်္ဂကုမာရ ဆရာအား ဤသူသည် ငါ၏ဆရာပေတည်းဟု စစ်သူကြီးအရာကို ပေး၏။ နောက်အဖို့၌ ကုရုင်္ဂဒေဝီသည် ထိုဆဠင်္ဂကုမာရဆရာနှင့်တကွ လွန်ကျူးသောအမှုကို ပြု၏။ ထိုဆဠင်္ဂဆရာ စစ်သူကြီးအားလည်း ဓနန္တေဝါသီ အမည်ရှိသော အလုပ်အကျွေးသည် ရှိ၏။ ထိုစစ်သူကြီးသည် ထိုအလုပ်အကျွေးလက်၌ အဝတ်တန်ဆာ စသည်တို့ကို ပေးအပ်၍ ကုရုင်္ဂဒေဝီအား ပို့စေ၏။ ထိုကုရုင်္ဂဒေဝီသည် ထိုစစ်သူကြီး အလုပ်အကျွေးဖြစ်သော ဓနန္တေဝါသီနှင့်လည်းတကွ ယုတ်မာသောအကျင့်ကို ကျင့်၏။

ထိုအခါ၌လည်း ကုဏာလငှက်မင်းသည် ဆဠင်္ဂကုမာရ ဆရာဖြစ်၏။ ထို့ကြောင့် မိမိမြင်ဖူးသော ထိုအကြောင်းကို ထုတ်ဆောင်ပြလိုသည်ဖြစ်၍ ဒိဋ္ဌာ မာယာ အစရှိသော ဂါထာကို ဆို၏။

(၅) ဗြဟ္မဒတ်မင်း မယ်

ငါးခုမြောက်သော ဗြဟ္မဒတ်မင်း မယ်တော်အကြောင်းကား...

လွန်လေပြီးသောအခါ၌ ကောသလမင်းသည် ဗာရာဏသီပြည်ကို သိမ်းယူပြီးလျှင် ဗာရာဏသီမင်း၏ ကိုယ်ဝန်ရှိသော မိဖုရားကို မိမိမိဖုရားကြီးပြု၍ မိမိပြည်သို့လျှင် ပြန်ခဲ့၏။ ထိုမိဖုရားကြီးသည် နောက်အဖို၌ သားယောကျ်ား ဖွား၏။ ကောသလမင်းသည် သားမရှိသည်၏ အဖြစ်ကြောင့် သားဟူသောချစ်ခြင်းဖြင့် မွေးမြူ၍ ခပ်သိမ်းသောအတတ်တို့ကို သင်စေပြီးလျှင် အရွယ်ရောက်လတ်သော် မိမိခမည်းတော်၏ ဥစ္စာဖြစ်သော ဗာရာဏသီပြည်ကို ယူချေလော့ဟု စေလိုက်၏။ ထိုဗြဟ္မဒတ်မင်းသားသည် ဗာရာဏသီပြည်သို့သွား၍ မင်းပြု၏။

မယ်တော် ယုတ်မာပုံ

ထိုအခါ ဗြဟ္မဒတ်မင်းသား၏ မယ်တော်မိဖုရားကြီးသည် သားတော် ဗြဟ္မဒတ်မင်းသားကို ဖူးမြင်လိုသည်ဖြစ်၏ဟု ကောသလမင်းကို ပန်ကြားပြီးလျှင် များစွာသောအခြံအရံဖြင့် ဗာရာဏသီပြည်သို့ သွားသည်ရှိသော် ကာသိတိုင်း ကောသလတိုင်း နှစ်တိုင်းတို့၏ အကြားဝယ် တစ်ခုသောနိဂုံး၌ တည်းနေခြင်းကို ပြု၏။ ထိုနိဂုံး၌ ပဉ္စာလစဏ္ဍ အမည်ရှိသော ပုဏ္ဏားသတို့သားတစ်ယောက် ရှိသည်။ အလွန် အဆင်းလှ၏။ ထိုပဉ္စာလစဏ္ဍ ပုဏ္ဏားသည် ထိုမိဖုရားအား လက်ဆောင်ပဏ္ဏာတို့ကို ဆက်၏။ မိဖုရားကြီးသည် ပဉ္စာလစဏ္ဍ ပုဏ္ဏားကိုမြင်လျှင် တပ်စွန်းသော စိတ် ရှိသည်ဖြစ်၍ ထိုပဉ္စာလစဏ္ဍနှင့်တကွ ယုတ်မာသောအကျင့်ကို ကျင့်ပြီးလျှင် ထိုနိဂုံး၌ နှစ်ရက်သုံးရက်လွန်စေ၍ ဗာရာဏသီပြည်သို့သွား၍ သားတော်ကို ဖူးမြင်ခဲ့ပြီးလျှင် လျင်မြန်စွာပြန်ခဲ့၍ တစ်ဖန် နိဂုံး၌သာလျှင် တည်းနေခြင်းကိုပြု၍ နှစ်ရက်သုံးရက် ထိုပဉ္စာလစဏ္ဍနှင့်တကွ လွန်ကျူးသော အကျင့်ကိုကျင့်ပြီး၍ ကောသလတိုင်းသို့ သွားလေ၏။ ထိုမိဖုရားကြီးသည် ထိုအခါမှစ၍ မကြာမြင့်မီသာလျှင် ထိုထိုသို့သော အကြောင်းကို ပြောဆို၍ သားတော်အထံသို့ သွားပါအံ့ ဟု မင်းကိုပန်ကြား၍ သွားသော်လည်းကောင်း၊ ပြန်သော်လည်းကောင်း ထိုနိဂုံး၌သာလျှင် လခွဲအတိုင်းအရှည်ကာလ ထိုပဉ္စာလစဏ္ဍနှင့်တကွ လွန်ကျူးအကျင့်ကို ကျင့်လေ၏။

ထိုအခါ၌လည်း ကုဏာလ ငှက်မင်းသည် ပဉ္စာလစဏ္ဍဖြစ်၏။ ထို့ကြောင့် မိမိသည် သိမြင်ဖူးသော ထိုအကြောင်းကို ထုတ်ဆောင်ပြလိုသည်ဖြစ်၍ ဧဝဉ္စေတံ မယာ ဉာတံ အစရှိသော ဂါထာကို ဆို၏။

ဧတာ စ အညာ စ အကံသု ပါပံ အစရှိသော ဂါထာတို့၏ အဓိပ္ပာယ်ကို အဋ္ဌကထာ၌ ဤသို့ အကျယ်ပြအပ်၏။

မိန်းမအားလုံး ယုတ်မာကြောင်း

အဆွေပုဏ္ဏမုခဤ ငါးယောက်ကုန်သော မိန်းမတို့သည်သာလျှင် ယုတ်မာသောအကျင့်ကို ကျင့်ကုန်၏။ ဤငါးယောက်မှ တစ်ပါးသော မိန်းမတို့သည်ကား ယုတ်မာသောအကျင့်ကို မကျင့်ကုန်ဟု မမှတ်လေနှင့်။ စင်စစ်သော်ကား ဤငါးယောက်သော မိန်းမတို့သည်လည်းကောင်း၊ တစ်ပါးသော မိန်းမတို့သည်လည်းကောင်း များစွာသော မကောင်းမှုတို့ကို ပြုတတ်ကုန်၏။ ဖဂတိဟု ဆိုအပ်သော ဤမြေကြီးသည် အမျက်ဒေါသ မရှိသောကြောင့် အလုံးစုံသောဝတ္ထုတို့၌ တူမျှသော တပ်ခြင်းရှိသည်ဖြစ်၍ အလုံးစုံသော အယုတ်အမြတ် ဖြစ်ကုန်သောဝတ္ထုတို့၏ တည်ရာဖြစ်သကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း ကိလေသာ၏ အစွမ်းဖြင့် အလုံးစုံသော အယုတ်အမြတ် ဖြစ်ကုန်သော ယောက်ျားတို့၏တည်ရာ ဖြစ်ကုန်၏။ ထိုစကားသည် မှန်၏။ ထိုမိန်းမတို့သည် အခွင့်ရကုန်သည်ရှိသော် တစ်စုံတစ်ယောက်သော သူနှင့်တကွ ယုတ်မာသော အကျင့်ကို ကျင့်ကုန်၏။ ဤမြေကြီးသည် အလုံးစုံကိုသာလျှင် သည်းခံသကဲ့သို့ မတုန်လှုပ်သကဲ့သို့ မပျက်စီးသကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း အလုံးစုံ အယုတ်အမြတ် ဖြစ်ကုန်သော ယောက်ျားတို့ကို ကိလေသာ၌ သာယာခြင်း၏ အစွမ်းဖြင့်လျှင် သည်းခံတတ်ကုန်၏။ အကယ်၍ ထိုမိန်းမတို့၏စိတ်၌ တစ်စုံတစ်ယောက်သော ယောက်ျားသည် တည်ငြားအံ့၊ ဤသို့ စိတ်၌တည်သည်ရှိသော် ထိုယောက်ျားကို စောင့်အံ့သောငှာ စဉ်းငယ်မျှလည်း မတုန်လှုပ်၊ မရွှေ့မပြောင်း အုတ်အုတ်ကျက်ကျက်ကို မပြု၊ ဤမြေကြီးသည် မပျက်စီးသကဲ့သို့ မတုန်လှုပ်သကဲ့သို့ ထို အတူ မိန်းမတို့သည် မေထုန်ကာမအကျင့်ဖြင့် မပျက်စီးကုန်၊ မတုန်လှုပ်ကုန်၊ ထိုမေထုန်ကာမအကျင့်ဖြင့် ပြည့်ခြင်းငှာ မတတ်နိုင်ကုန်။

မိန်းမတို့ခြင်္သေ့နှင့်တူပုံ

သားအပေါင်းတို့၏ အသွေးအသားကို သောက်ထုတ် ဖမ်းစားတတ်သော အလွန်ရက်ရော ကြမ်းကြုတ် ခက်ထန်သော ခြင်္သေ့အား ခြေလက်လေးဘက် နှုတ်သီးဟူသော လက်နက်ငါးပါးရှိသကဲ့သို့ ထို့အတူ မိန်းမတို့အား အဆင်း အသံ အနံ့ အရသာ အတွေ့ဟူသော လက်နက်ငါးပါးတို့သည် ရှိကုန်၏။

ထိုခြင်္သေ့သည် မိမိအစာဖြစ်သော သားငါးတိရစ္ဆာန်တို့ကို ဖမ်းယူသည်ရှိသော် ထိုလက်နက်ငါးပါးတို့ဖြင့် ဖမ်းယူသကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း ကိလေသာတည်းဟူသောအစာကို ဆောင်ယူလိုသည်ရှိသော် အဆင်းအစရှိကုန်သော လက်နက်ငါးပါးတို့ဖြင့် ပစ်ခတ်၍ ဆောင်ယူတတ်ကုန်၏။ ထိုခြင်္သေ့သည် ကြမ်းကြုတ် ခက်ထန်သည်ဖြစ်၍ နိုင်ထက်မူလျက် စားတတ်သကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း ကြမ်းကြုတ် ခက်ထန်ကုန်၏။ နိုင်ထက်မူ၍ စားတတ်ကုန်၏။ ထိုစကားသည်လျှင် မှန်၏။ ထိုမိန်းမတို့သည် သီလရှိကုန်သော ယောက်ျားတို့ကိုလည်း မိမိတို့၏အစွမ်းဖြင့် နိုင်ထက်မူခြင်းကိုပြု၍ သီလ၏ပျက်စီးခြင်းသို့ ရောက်စေတတ်ကုန်၏။ ထိုခြင်္သေ့သည် သူတစ်ပါးကို ညှဉ်းဆဲခြင်း၌ မွေ့လျော်သကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း ကိလေသာ၏ အစွမ်းဖြင့် သူတစ်ပါးကို ညှဉ်းဆဲခြင်း၌ မွေ့လျော်ကုန်၏။ ဤသို့သော မကောင်းသော ဂုဏ်ကျေးဇူးမဲ့နှင့် ပြည့်စုံကုန်သော မိန်းမတို့ကို ယောက်ျားဖြစ်သောသူသည် အကျွမ်းမဝင်ရာ။ အဆွေပုဏ္ဏမုခ ထိုမိန်းမတို့အား ဝေသီအစရှိကုန်သော အကြင်အမည်တို့သည် ထိုမိန်းမတို့အား သဘောအားဖြင့် အမည် မဟုတ်ကုန်။ အကြင်မိန်းမတို့ကို ဝေသီဟူ၍ လည်းကောင်း၊ နာရီဟူ၍ လည်းကောင်း၊ ဂမနီဟူ၍ လည်းကောင်း၊ ဗန္ဓကီဟူ၍ လည်းကောင်း မဆိုအပ်ကုန်။

(ဤဝေသီ အစရှိသည်တို့ကား မိန်းမဟော ပရိယာယျသဒ္ဒါခညြျးတည်း။ )

မိန်းမအလိုလိုက် မင်းလူမိုက်

ထိုမိန်းမတို့သည် ဝေသီမည်သည် မဟုတ်ကုန်၊ ဂမနီမည်သည် မဟုတ်ကုန်၊ ဗန္ဓကီမည်သည် မဟုတ်ကုန်။ သဘောအားဖြင့်ကား မိန်းမတို့သည် လင်ကိုသတ်တတ်သည် မည်ကုန်၏။ လင်ကို သတ်တတ်ကုန်၏။ ထိုအနက်ကိုကား-

မာယာ စေတာ မရီစီစ၊ သောကာ ရောဂါ စုပဒ္ဒဝါ။
ခရာ စ ဗန္ဓနာ စေတာ၊ မစ္စုပါသာ ဂုဟာသယာ။
တာသု ယော ဝိဿသေ ပေါသော၊ သော နရေသု နရာဓမော။

ဟူသော မဟာဟံသဇာတ်ဂါထာဖြင့် ပြအပ်၏။

ဂါထာ အနက်ကား...

ဧတော ဣတ္ထိယော၊ ထိုမိန်းမတို့သည်။ မာယာ၊ လှည့်ပတ်တတ်ကုန်၏။ မရီစီ၊ တံလှပ်နှင့်တူကုန်၏။ သောကာ၊ စိုးရိမ်ကြောင့်ကြခြင်းကို ပြုတတ်၏။ ရောဂါ၊ အနာရောဂါကို ပြုတတ်၏။ ဥပဒ္ဒဝါ စ၊ ဘေးရန်ကိုလည်းပြုတတ်၏။ ဧတာ၊ ထိုမိန်းမတို့သည်။ ခရာ စ၊ အမျက်ဒေါသအားဖြင့် ကြမ်းကြုတ်ကုန်၏။ ဗန္ဓနာ စ၊ သတ်ခြင်း နှောင်ဖွဲ့ခြင်း၏ အကြောင်းလည်း ဖြစ်ကုန်၏။ ဧတာ၊ ထိုမိန်းမတို့သည်။ မစ္စုပါသာ၊ သေမင်း၏ကျော့ကွင်း မည်ကုန်၏။ ဂုဟာသယာ၊ ကိုယ်တည်းဟူသော လိုဏ်ကိုမှီကုန်၏။ တာသု၊ ထိုမိန်းမတို့၌။ ယော ပေါသော၊ အကြင်ယောက်ျားသည်။ ဝိဿသေ၊ အကျွမ်းဝင်အံ့။ သော ပေါသော၊ ထိုယောက်ျားသည်။ နရေသု၊ ယောက်ျားတို့တွင်။ နရာဓမော၊ ယောက်ျားယုတ်သည်။ ဟောတိ၊ ဖြစ်၏။

မိန်းမတို့ မရောင့်ရဲမှု သုံးပါး

ဦးသျှောင်ကိုထုံး၍ တောအုပ်၌တည်သော ခိုးသူသည် ဥစ္စာကို လုယက်ဘိသကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း ကိလေသာနိုင်ငံသို့ ဆောင်ယူ၍ ယောက်ျားအပေါင်းကို လုယက်ဖျက်ဆီးတတ်ကုန်၏။ အဆိပ်နှင့်ရောသော သုရာသည် ဖောက်ပြန်ခြင်းကို ပြုတတ်သကဲ့သို့ ထို အတူ ထိုမိန်းမတို့သည်လည်း ယောက်ျားတစ်ပါးတို့၌ တပ်စွမ်းသောစိတ် ရှိသည်ဖြစ်၍ ပြုအပ်သည်။ မပြုအပ်သည်ကို မသိကုန်သည်ဖြစ်၍ တစ်ပါးကို ပြုသည်ရှိသော် တစ်ပါးကိုလျှင် ပြုကုန်သည်ဖြစ်၍ ဖောက်ပြန်ခြင်းကို ပြုတတ်ကုန်၏။ ကုန်သည်သည် မိမိကုန်၏ ကျေးဇူးကိုသာလျှင် ချီးမွမ်းပြောပသကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း မိမိတို့ ဂုဏ်ကျေးဇူးမဲ့ကို ဖုံးလွှမ်း၍ ဂုဏ်ကျေးဇူးကိုသာလျှင် ပြတတ်ကုန်၏။ ဝက်ဝံသည် လျင်မြန်စွာပြန်၍ တည်သကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း လျင်သောစိတ်ရှိသည်၏ အဖြစ်ကြောင့် လျင်သောအပြန် ရှိသည်သာလျှင် ဖြစ်ကုန်၏။ မြွေသည် လျှာနှစ်ခွရှိသကဲ့သို့ ထိုမိန်းမတို့သည်လည်း မုသားဆိုတတ်သည်၏ အဖြစ်ကြောင့် လျှာနှစ်ခွရှိသည် မည်ကုန်၏။ ပျဉ်ဖြင့်ဖုံးအုပ်သော မစင်တွင်းကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အဝတ်တန်ဆာဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ သွားတတ်ကုန်၏။ အမှိုက်ဖြင့် ဖုံးလွှမ်းအပ်သောတွင်းသည် နင်းမိသည်ရှိသော် သူတစ်ပါး၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အကျွမ်းဝင်သဖြင့် မှီဝဲသည်ရှိသော် သူတစ်ပါး၏ ဆင်းရဲကို ဖြစ်စေတတ်ကုန်၏။ မဟာသမုဒ္ဒရာ၌ ပါတာလမုခသည် ရေဖြင့်ပြည့်နိုင်ခဲသကဲ့သို့။ (ပါတာလမုခဟူသည် ဗလဝမုခပင်တည်း။ ) ထို့အတူ မိန်းမတို့သည်လည်း မေထုန် ကာမအကျင့်ကိုလည်းကောင်း၊ သားဖွားခြင်းဖြင့်လည်းကောင်း၊ တန်ဆာဆင်ခြင်းဖြင့် လည်းကောင်း၊ ဤသုံးပါးသော အကြောင်းတို့ဖြင့် ပြည့်နိုင်ခဲကုန်၏။ ထို့ကြောင့်လျှင် သဗ္ဗညူ မြတ်စွာဘုရားသည်

တိဏ္ဏံ ဘိက္ခဝေ ဓမ္မာနံ အတိတ္တော မာတုဂါမာ- အစရှိသည်တို့ကို ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ တိဏ္ဏံ ဓမ္မာနံ၊ မေထုန်အကျင့် သားဖွားခြင်း တန်ဆာဆင်ခြင်း ဟူသော သုံးပါးသော အကြောင်းအရာတို့ဖြင့်။ အတိတ္တော၊ မရောင့်ရဲသည်ဖြစ်၍။ မာတုဂါမော၊ မိန်းမသည်။ ကာလံ ကရောတိ၊ သေရ၏။

အဆိပ်နှင့် မိန်းမ

ရက္ခိုသ် ဘီလူးမသည် သားဟင်းမျိုးကိုသာ တပ်မက်မောသောကြောင့် ဥစ္စာဖြင့်ရောင့်ရဲခြင်းငှာ မတတ်နိုင်။ များစွာသော ဥစ္စာကိုလည်းပယ်၍ ဟင်းမျိုးကိုသာလျှင် တောင့်တသကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း မေထုန်ကာမ၌ တပ်မက်မောသောကြောင့် များစွာသော ဥစ္စာဖြင့်လည်း မရောင့်ရဲနိုင်ကုန်၊ ဥစ္စာကို မရေတွက်မူ၍ မေထုန်အကျင့်ကိုသာလျှင် တောင့်တကုန်၏။ ယမမင်းသည် စင်စစ်လျှင် စိစစ်တတ်သည်ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မရှောင်ကြဉ်သကဲ့သို့ ထို့အတူ မိန်းမသည်လည်း အမျိုးနှင့်ပြည့်စုံခြင်း အစရှိသောသူတို့တွင် တစ်စုံတစ်ယောက်သောသူကိုမျှ မရှောင်ကြဉ်ကုန်။ အလုံးစုံသော ယောက်ျားကို ကိလေသာ၏အစွမ်းဖြင့် သီလ၏ပျက်စီးခြင်း အစရှိသည်သို့ရောက်စေ၍ နှစ်ကြိမ်ဖြစ်မြောက်သော ပဋိသန္ဓေစိတ်အလှည့်၌ ငရဲသို့ ဆောင်တတ်ကုန်၏။ မီးသည် စင်ကြယ်သော ဝတ္ထုကိုလည်းကောင်း၊ မစင်ကြယ်သောဝ တ္ထုကိုလည်းကောင်း အလုံးစုံ ကောင်းမကောင်းကို လောင်တတ်သကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အယုတ်အမြတ် ဖြစ်ကုန်သော အလုံးစုံသော ယောက်ျားတို့ကို မှီဝဲတတ်ကုန်၏။ မြစ်သည် အလုံးစုံ ကောင်းမကောင်းဖြစ်သော ဝတ္ထုကို မျှောတတ်သကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အလုံးစုံ အယုတ်အမြတ် ဖြစ်ကုန်သော ယောက်ျားတို့နှင့် ဆက်ဆံတတ်ကုန်၏။ လေသည် မိမိအလိုရှိရာအရပ်သို့ ပြေးသွားတတ်သကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အကြင်အရပ်၌ အလိုရှိ၏။ ထိုအရပ်သို့သာလျှင် ပြေးသွားတတ်ကုန်၏။ ဟိမဝန္တာ၌ နေရုမည်သော တစ်ခုသောရွှေတောင်ရှိ၏။ ထိုရွှေတောင်သို့ ကပ်ရောက်လာကုန်သော ကျီးတို့သည်လည်း ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုနေရုမည်သော ရွှေတောင်သည် အထူးမရှိသည်ကိုပြု၍ မိမိသို့ကပ်ရောက်လာကုန်သော သူတို့ကို ထပ်တူထပ်မျှပြုသကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အထူးမရှိသည်ကိုပြု၍ မိမိသို့ရောက်လာကုန်သော ယောက်ျားတို့ကို ထပ်တူထပ်မျှပြု၍ ရှုတတ်ကြကုန်၏။ သရက်ပင်နှင့် တူသော ကိံပက္ကမည်သော အဆိပ်ပင်သည် အမြဲလျှင် အသီးသီး၏။ အဆင်း အစရှိသည်တို့နှင့်လည်း ပြည့်စုံ၏။ ထို့ကြောင့် ထိုအဆိပ်သီးကို ရွံရှာခြင်းကင်းကုန်သဖြင့် စားကုန်၍လျှင် သေကုန်သကဲ့သို့ ထို့အတူ ထိုမိန်းမတို့သည်လည်း အဆင်းအစရှိသည်တို့၏ အစွမ်းဖြင့် အမြဲ အသီးသီးကုန်သောကြောင့် မွေ့လျော်ဖွယ်ကဲ့သို့ ထင်ကုန်၏။ မိမိတို့ကို မှီဝဲကုန်သောသူတို့အား မေ့လျော့ခြင်းကို ဖြစ်စေ၍ အပါယ်လေးပါးတို့၌ ချတတ်ကုန်၏။ ထို့ကြောင့် သဗ္ဗညူ မြတ်စွာဘုရားသည်-

အာယတိံ ဒေါသံ နာညာယ၊ ယေ ကာမေ ပဋိသေဝတိ။
ဝိပါကန္တေ ဟနန္တိ နံ၊ ကိံပက္ကမိဝ ဘက္ခိတံ။

ဟူ၍ ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ ယော၊ အကြင်သူသည်။ အာယတိံ၊ နောင်အခါ၌။ ဒေါသံ၊ အပြစ်ကို။ နာညာယ၊ မသိမူ၍။ ယေ ကာမေ၊ အကြင် ကာမဂုဏ်တို့ကို။ ပဋိသေဝတိ၊ မှီဝဲ၏။ ဝိပါကံ၊ မှည့်သော။ ဘက္ခိတံ၊ စားအပ်သော။ ကိံပက္ကမိဝ၊ ကိံပက္ကမည်သော အဆိပ်သီးကဲ့သို့။ တေ၊ ထိုကာမဂုဏ်တို့သည်။ နံ၊ ထိုမှီဝဲသောသူကို။ ဟနန္တိ၊ သတ်တတ်ကုန်၏။

မိန်းမတို့သည် အိမ်ရှင်ဖြစ်သော လင်တို့သည် ဆင်းရဲ ငြိုငြင်စွာ ဆည်းပူးအပ်သော ဥစ္စာရတနာတို့၏ အန္တရာယ်ကို ပြုတတ်ကုန်၏။ ထိုလင်တို့သည် ဆင်းရဲငြိုငြင်စွာ ဆည်းပူးအပ်သော ဥစ္စာရတနာကိုလည်း သူတစ်ပါးအားပေး၍ ယုတ်မာသောအကျင့်ကို ကျင့်တတ်ကုန်၏။ (ဤသို့ အဋ္ဌကထာ၌ အကျယ်ပြအပ်၏။ )

ပျက်တတ်ကြောင်း လေးပါး

ဤမှနောက်၌လည်း ကုဏာလငှက်မင်းသည် မိမိ၏ တရားဓမ္မဒေသနာကို တင့်တယ်စေသဖြင့် ထိုမိန်းမနှင့်တကွ ပျက်ရာသော အကြောင်းလေးပါးတို့ကို ထိုပုဏ္ဏမုခအား ပြပြန်လိုရကား- စတ္တာရိမာနိ သမ္မပုဏ္ဏမုခ- အစရှိသော သုံးဂါထာတို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ စတ္တာရိ၊ လေးပါးကုန်သော။ ယာနိ ဣမာနိ ဝတ္ထူနိ၊ အကြင်ဝတ္ထုတို့သည်။ ကိစ္စေ၊ ပြုဖွယ်ကိစ္စသည်။ ဇာတေ၊ ဖြစ်လတ်သော်။ အနတ္ထစရာနိ၊ အစီးအား မရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တာနိ၊ ထိုလေးပါးသော ဝတ္ထုတို့ကို။ ပရကုလေ၊ သူတစ်ပါးတို့အိမ်၌။ န ဝါသေတဗ္ဗာနိ၊ မနေစေအပ်ကုန်။ ဂေါဏံ၊ နွားထီးလည်းကောင်း။ ဓေနု၊ နွားမလည်းကောင်း။ ယာနံ၊ ယာဉ် လည်းကောင်း။ ဘရိယာ၊ မယားလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ ယာနိ ဓနာနိ၊ အကြင်ဥစ္စာတို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတာနိ၊ ထိုဥစ္စာတို့ကို။ ပဏ္ဍိတာ၊ ပညာရှိသောသူသည်။ ဃရာ၊ အိမ်မှ။ န ဝိပ္ပဝါသယေ၊ ကင်း၍မနေစေရာ။ ဧတ္ထ၊ ဤအရာ၌။ ပုန စ၊ တစ်ဖန်လည်း။ ဥတ္တရံ၊ အလွန်သော။ ဝါကျံ၊ ဂါထာစကားသည်။ ဘဝတိ၊ ဖြစ်၏။

ဂေါဏံ စ၊ နွားလားလည်းကောင်း ဓေနုစ၊ နွားမလည်းကောင်း။ ယာနဉ္စ၊ ယာဉ်လည်းကောင်း။ ဉာတိကုလေ၊ မိဘအိမ်၌။ ဘရိယံ စ၊ မယားလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိ ဝတ္ထူနိ၊ ဤဝတ္ထုတို့ကို။ န ဝါသယေ၊ မိမိအိမ်မှကင်း၍ မနေစေရာ။ အယာနကာ၊ ယဉ်မရှိသော သူတို့သည်။ ရထံ၊ လှည်းရထားကို။ ဘဉ္ဇန္တိ၊ ဖျက်ဆီးကုန်၏။ အတိဝါဟေန၊ အလွန် လေးသောဝန်ကို ဆောင်စေခြင်းဖြင့်။ ပုင်္ဂဝံ၊ နွားလားကို။ ဟနန္တိ၊ သတ်တတ်ကုန်၏။ ဒေါဟေန၊ နို့ညှစ်သဖြင့်။ ဝစ္ဆကံ၊ နွားငယ်ကို။ ဟနန္တိ၊ သတ်တတ်ကုန်၏။ ဉာတိကုလေ၊ မိဘအိမ်၌ရှိသော။ ဘရိယာ၊ မယားသည်။ ပဒုဿတိ၊ ပျက်တတ်၏။

ပျက်ရာအကြောင်း ၆-ပါး

ပျက်ရာသည်အကြောင်း လေးပါးတို့ကို ပြပြီး၍ ပျက်ရာသည်အကြောင်း ခြောက်ပါးကို ပြပြန်လိုရကား-ဆယိမာနိ ပုဏ္ဏမုခ အစရှိသော အခွဲနှင့်တကွ နှစ်ဂါထာတို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ၊ ခြောက်ပါးကုန်သော။ ယာနိ ဣမာနိ ဝတ္ထူနိ၊ အကြင်ဝတ္ထုတို့သည်။ သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုခြောက်ပါးသော ဝတ္ထုတို့သည်။ ကိစ္စေ၊ ပြုဖွယ်ကိစ္စသည်။ ဇာတေ၊ ဖြစ်လတ်သော်။ အနတ္ထစရာနိ၊ အကျိုးမဲ့ စီးပွားကို ကျင့်တတ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

အဂုဏံ၊ ညှို့မရှိသော။ ဓနုဉ္စ၊ လေးလည်းကောင်း။ ဉာတိကုလေ၊ မိဘအိမ်၌။ ဘရိယာ စ၊ မယားလည်းကောင်း။ ပါရံ၊ ထိုမှာဘက်ကမ်း၌။ နာဝါ စ၊ လှေလည်းကောင်း။ အက္ခဘဂ္ဂံ၊ ဝင်ရိုးကျိုးသော။ ယာနဉ္စ၊ လှည်းရထားလည်းကောင်း။ ဒူရေ၊ အဝေး၌ရှိသော။ မိတ္တော စ၊ အဆွေခင်ပွန်းလည်းကောင်း။ ပါပသဟာယကော စ၊ မကောင်းသော အဆွေခင်ပွန်းလည်းကောင်း။ ဣမာနိ ဆ၊ ဤခြောက်ပါးတို့သည်။ ကိစ္စေ၊ ပြုဖွယ်ကိစ္စသည်။ ဇာတေ၊ ဖြစ်လတ်သော်။ အနတ္ထစရာနိ၊ အကျိုးစီးပွားမဲ့ကို ကျင့်တတ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

လင်ကိုမထီမဲ့သော အကြောင်း ဂ-ပါး

ပျက်ရာသည် အကြောင်းခြောက်ပါးတို့ကို ပြပြီး၍ ထို မိန်းမတို့သည် လင်ကို မထီမဲ့မြင်ပြုရာသည် အကြောင်းရှစ်ပါးကို ပြပြန်လိုရကား-အဋ္ဌဟိ ခလု သမ္မပုဏ္ဏမုခ အစရှိသော ဤနှစ်ဂါထာတို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ခလု၊ စင်စစ်။ အဋ္ဌဟိ၊ ရှစ်ပါးကုန်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ ဣတ္ထီ၊ မိန်းမသည်။ သာမိကံ၊ လင်ကို။ အဝဇာနာတိ၊ မထီမဲ့မြင် ပြုတတ်၏။ လိဒ္ဒတာ၊ ဆင်းရဲသည်၏ အဖြစ်ဖြင့်လည်းကောင်း။ အာတုရတာ၊ ရောဂါ နှိပ်စက်သည်၏ အဖြစ်ဖြင့်လည်းကောင်း။ ဇိဏ္ဏတာ၊ အိုသည်၏ အဖြစ်ဖြင့်လည်းကောင်း။ သုရာသောဏ္ဍတာ၊ သေသောက် ကြူးသည်၏ အဖြစ်ဖြင့်လည်းကောင်း။ မုဒ္ဓတာ၊ အလွန်တွေဝေသည်၏ အဖြစ်ဖြင့်လည်းကောင်း။ ပမတ္တတာ၊ သုရာယစ်သည်၏ အဖြစ်ဖြင့်လည်းကောင်း။ သဗ္ဗကိစ္စေသု၊ အလုံးစုံသော ကိစ္စတို့၌။ အနုဝတ္တနတာ၊ မယားအလိုသို့ လိုက်သည်၏ အဖြစ်ဖြင့်လည်းကောင်း။ သဗ္ဗဓနံ၊ အလုံးစုံသော ဥစ္စာကို။ အနုပ္ပဒါနေန၊ ပေးသဖြင့်လည်းကောင်း။ သမ္မပုဏ္ဏမုခ၊ အဆွေ ပုဏ္ဏမုခ။ ဣမေဟိ အဋ္ဌဟိ ဌာနေဟိ၊ ဤရှစ်ပါးသော အကြောင်းတို့ဖြင့်။ ဣတ္ထီ၊ မိန်းမသည်။ သာမိကံ၊ လင်ကို။ အဝဇာနာတိ၊ မထီမဲ့မြင် ပြုတတ်၏။ ဧတ္ထ၊ ဤအရာ၌။ အနုတ္တရံ၊ အတုမရှိ။ ဝါကျံ၊ ဤဂါထာစကားသည်။ ဘဝတိ၊ ဖြစ်၏။

ဒလိဒ္ဒံ စ၊ ဆင်းရဲခြင်းလည်းကောင်း။ အာတုရဉ္စာပိ၊ ရောဂါ နှိပ်စက်ခြင်းလည်းကောင်း။ ဇိဏ္ဏကဉ္စ၊ အိုခြင်းလည်းကောင်း။ သုရာသောဏ္ဍကံ စ၊ သေသောက်ကြူးခြင်းဖြင့်လည်းကောင်း။ ပတ္တမတ္တံ စ၊ သေယစ်ခြင်းလည်းကောင်း။ မုဒ္ဓပတ္တဉ္စ၊ တွေဝေသောအဖြစ်သို့ ရောက်ခြင်းလည်းကောင်း။ ရတ္တံ၊ တပ်စွန်းသည်ဖြစ်၍။ သဗ္ဗကိစ္စေသု၊ အလုံးစုံသော ကိစ္စတို့၌။ ဟာပနံ၊ မိန်းမအလိုသို့ လိုက်ခြင်းလည်းကောင်း။ သဗ္ဗကာမပဒါနေန၊ အလုံးစုံသော အလိုကို ပေးခြင်းဖြင့်လည်းကောင်း။ ဣတိ- ဣမေဟိ၊ ဤ ရှစ်ပါးသော အကြောင်းတို့ဖြင့်။ ဣတ္ထိယော၊ မိန်းမတို့သည်။ သာမိကံ၊ လင်ကို။ အဝဇာနန္တိ၊ မထီမဲ့မြင် ပြုတတ်ကုန်၏။

ဤဂါထာတို့ဖြင့် လင်ကို မထီမဲ့မြင်ပြုရာသော အကြောင်း ရှစ်ပါးကို ပြပြီးလျှင် လင်၌ အပြစ်ကိုဆောင်ရာသည့် အကြောင်းကိုးပါးကို ပြပြန်လိုရကား-

ရောင့်တက်ကြောင်း ၉-ပါး

နဝဟိ ခလု သမ္မပုဏ္ဏမုခ ဌာနေဟိ- အစရှိသော ဤသုံးဂါထာတို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ခလု၊ စင်စစ်။ နဝဟိ ဌာနေဟိ၊ ကိုးပါးသော အကြောင်းတို့ဖြင့်။ ဣတ္ထိ၊ မိန်းမသည်။ ပဒေါသံ၊ လင်၌အပြစ်ကို။ အာဟရန္တိ၊ ဆောင်တတ်ကုန်၏။ အာရာမဂမနသီလာ စ၊ ပန်းအရံ အစရှိသည်သို့ သွားလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဥယျာနဂမနသီလာ စ၊ ဥယျာဉ်သို့ သွားလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ နဒီတိတ္တဂမနသီလာ စ၊ မြစ်ဆိပ်သို့ သွားလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဉာတိကုလဂမနသီလာ စ၊ မိဘအိမ်သို့ သွားလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ပရကုလဂမနသီလာ စ၊ သူတစ်ပါးအိမ်သို့ သွားလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ အာဒါသဒုဿမဏ္ဍနာနုယောဂ မနုယုတ္တသီလာ စ၊ မှန်ကြည့်ခြင်း အဝတ်တန်ဆာဆင်ခြင်း၌ အလွန်လုံ့လပြုလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ မဇ္ဇပါယိနီစ၊ သေအရက်ကို သောက်လေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ နိလ္လောကနသီလာ စ၊ လေသာပြတင်းပေါက် စသည်ဖြင့် ကြည့်လေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ သဒွါရဌာယိနီ စ၊ မိမိ၏ အင်္ဂါကြီးငယ်တို့ကိုပြလျက် အရာအကြောင်းမဟုတ်သည်၌ တည်လေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ သမ္မပုဏ္ဏမုခ၊ အဆွေ ပုဏ္ဏမုခ။ ခလု၊ စင်စစ်။ ဣမေဟိ နဝဟိ ဌာနေဟိ၊ ဤကိုးပါးသော အကြောင်းတို့ဖြင့်။ ဣတ္ထီ၊ မိန်းမသည်။ ပဒေါသံ၊ လင်၌ အပြစ်ကို။ အာဟရန္တိ၊ ဆောင်တတ်ကုန်၏။ ဧတ္ထ၊ ဤအရာ၌။ အနုတ္ထရံ၊ အတုမရှိသော။ ဝါကျံ၊ ဂါထာစကားသည်။ ဘဝတိ၊ ဖြစ်၏။

အာရာမသီလာ၊ ပန်းအရံ အစရှိသည်သို့ သွားလေ့ရှိ၏။ ဥယျာနံ၊ ဥယျာဉ်သို့ သွားလေ့ရှိ၏။ နဒီ၊ မြစ်ဆိပ်သို့ သွားလေ့ရှိ၏။ ဉာတီ၊ မိဘအိမ်သို့ သွားလေ့ရှိ၏။ ပရကုလံ၊ သူတစ်ပါးအိမ်သို့ သွားလေ့ရှိ၏။ အာဒသဒုဿမဏ္ဍနအနုယုတ္တာ၊ မှန်ကြည့်ခြင်း အဝတ်တန်ဆာဆင်ယင်ခြင်း၌ အလွန်အားထုတ်လေ့ရှိ၏။ ယာ စ ဣတ္ထိ၊ အကြင်မိန်းမသည်လည်း။ မဇ္ဇပါယိနီ၊ သေအရက်ကိုသောက်လေ့ရှိ၏။

ယာ စ၊ အကြင်မိန်းမသည်လည်း။ နိလ္လောကနသီလာ၊ လေသာပြတင်းပေါက် စသည်ဖြင့် ကြည့်လေ့ရှိ၏။ ယာ စ၊ အကြင်မိန်းမသည်လည်း။ သဒွါရဋ္ဌာယိနီ၊ မိမိအင်္ဂါကိုကြီးငယ်ကိုပြလျက် အကြောင်းမဟုတ်သည်၌ တည်လေ့ရှိ၏။ နဝဟိ၊ ကိုးပါးကုန်သာ။ ဧတေဟိ ဌာနေဟိ၊ ထိုအကြောင်းတို့ဖြင့်။ ဣတ္ထိ၊ မိန်းမတို့သည်။ ပဒေါသံ၊ လင်၌အပြစ်ကို။ အာဟရန္တိ၊ ဆောင်တတ်ကုန်၏။

မာယာ-၄၀

ဤဂါထာတို့ဖြင့် လင်၌အပြစ်ကို ဆောင်ရာသည် အကြောင်းကိုးပါးကို ပြပြီး၍ လေးဆယ်သော မာယာတို့ဖြင့် ယောကျ်ားတို့ကိုလွန်၍ ကျင့်ရာသည်ကို ပြလိုရကား- စတ္တာလီသာယ ခလု သမ္မပုဏ္ဏမုခ-အစရှိသော ပါဌ်တို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ခလု၊ စင်စစ်။ စတ္တာလီသာယ၊ လေးဆယ်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ ဣတ္ထီ၊ မိန်းမတို့သည်။ ပုရိသံ၊ ယောက်ျားကို။ အစ္စာစရတိ၊ လွန်ကျူး၍ကျင့်၏။ ဝိဇမ္ဘတိ၊ ကိုယ်လက်ဆန့်၏။ ဝိနမတိ၊ ညွတ်၏။ ဝိလသတိ၊ တင့်တယ်စံပယ်၏။ ဝိလဇ္ဇတိ၊ ရှက်နိုးသကဲ့သို့ ပြု၏။ နခေန၊ လက်သည်း ခြေသည်းဖြင့်။ နခံ၊ လက်သည်း ခြေသည်းကို။ ဃဍ္ဍေတိ၊ ခြစ်၏။ ပါဒေန၊ ခြေဖြင့်။ ပါဒံ၊ ခြေကို။ အက္ကမတိ၊ နင်း၏။ ကဋ္ဌေန၊ သစ်သားလှံတံဖြင့်။ ပထဝိံ၊ မြေကို။ ဝိလိခတိ၊ ခြစ်၏။ ဒါရကံ၊ သူငယ်ကို။ ဥလ္လင်္ဃတိ၊ မြှောက်၏။ ဥလ္လင်္ဃာပေတိ၊ မြှောက်စေ၏။ ဥက္ခိပတိ၊ ချီ၏။ ကီဠတိ၊ ကစား၏။ ကီဠာပေတိ၊ ကစားစေ၏။ စုမ္ဗတိ၊ နမ်း၏။ စုမ္ဗာပေတိ၊ နမ်းစေ၏။ ဘုဉ္ဇတိ၊ စား၏။ ဘုဉ္ဇာပေတိ၊ စားစေ၏။ ဒဒါတိ၊ ပေး၏။ ယာစတိ၊ တောင်း၏။ ကတံ၊ ပြုသည်ကို။ အနုကရောတိ၊ အတုလိုက်၍ပြု၏။ ဥစ္စံ ဘာသတိ၊ မြှင့်၍ဆို၏။

နီစံ ဘာသတိ၊ နှိမ့်၍ဆို၏။ နစ္စေန၊ ကခြင်းဖြင့်။ ဂီတေန၊ သီခြင်းဖြင့်။ ဝါဒိတေန၊ တီးမှုတ်ခြင်းဖြင့်။ ရောဒိတေန၊ ငိုခြင်းဖြင့်။ ဝိလာသိတေန၊ တင့်တယ်စံပယ်ခြင်းဖြင့်။ ဝိဘူသိတေန၊ တန်ဆင်ဆင်ခြင်းဖြင့်။ အဝိစ္စံ ဘာသတိ၊ ထင်စွာဆို၏။ ဝိဝိစ္စံ ဘာသတိ၊ ကွယ်၍ဆို၏။ ဇဂ္ဃတိ၊ ပြင်းစွာရယ်၏။ ပေက္ခတိ၊ စောင်း၍ကြည့်၏။ ကဋိံ၊ ခါးကို။ စာလေတိ၊ လှုပ်ရှား၏။ ဂုယှ ဘဏ္ဍကံ၊ လျှို့ဝှက်အပ်သော အင်္ဂါကို။ သဉ္စာလေတိ၊ ထက်ဝန်းကျင်လှုပ်၏။ ဦရုံ၊ ပေါင်ကို။ ဝိဝရတိ၊ ဖွင့်၏။ ဦရုံ၊ ပေါင်ကို။ ပိဒဟတိ၊ ဖုံး၏။ ထနံ၊ သားမြတ်ကို။ ဒဿေတိ၊ ပြ၏။ ကစ္ဆံ၊ လက်ကတီးကို။ ဒဿေတိ၊ ပြ၏။ နာဘိံ၊ ချက်ကို။ ဒဿေတိ၊ ပြ၏။ အက္ခိံ၊ မျက်စိကို။ နိခနတိ၊ မှိတ်၏။ ဘမုကံ၊ မျက်မှောင်ကို။ ဥက္ခိပတိ၊ ချီ၏။ ဩဋ္ဌံ၊ နှုတ်ခမ်းကို။ ဥပလိခတိ၊ ကိုက်၏။ ဇိဝှံ၊ လျှာကို။ နိလ္လာလေတိ၊ ထုတ်၏။ ဒုဿံ၊ အဝတ်ကို။ မုဉ္စတိ၊ ကျွတ်အောင်ပြု၏။ ဒုဿံ၊ အဝတ်ကို။ ပဋိဗန္ဓတိ၊ ပြင်၍ ဝတ်၏။ သိရသံ၊ ဆံပင်ကို။ မုဉ္စတိ၊ ဖြေ၏။ သိရသံ၊ ဆံပင်ကို။ ဗန္ဓတိ၊ ထုံး၏။ သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ စတ္တာလီသာယ၊ လေးဆယ်သော။ ဣမေဟိ ဌာနေဟိ၊ ဤအကြောင်းတို့ဖြင့်။ ဣတ္ထိ၊ မိန်းမတို့သည်။ ပုရိသံ၊ ယောက်ျားတကာကို။ အစ္စာစရတိ၊ လွန်ကျူး၍ ကျင့်၏။

မိန်းမပျက်အင်္ဂါ ၂၅-ပါး

လေးဆယ်သောအကြောင်းတို့ဖြင့် ထိုမိန်းမတို့သည် ယောက်ျားတို့ကို လွန်ကျူး၍ကျင့်ရာသည်ကို ပြပြီး၍ ထို မိန်းတို့၏ ပျက်ရာသည်အကြောင်း နှစ်ဆယ့်ငါးပါးတို့ကို ပြပြန်လိုရကား-ပဉ္စဝီသာယ ခလု အစရှိသော တစ်ဆယ့်တစ်ဂါထာတို့ကို ဆို၏။

သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ခလု၊ စင်စစ်။ ပဉ္စဝီသာယ၊ နှစ်ဆယ့်ငါးပါးကုန်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ ဣတ္ထိပဒုဋ္ဌာ၊ မိန်းမတို့၏ ပျက်စီးခြင်းတို့ကို။ ဝေဒိတဗ္ဗာ၊ သိအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သာမိကဿ၊ လင်၏။ ပဝါသံ၊ အရပ်တစ်ပါးသို့ သွားခြင်းကို။ ဝဏ္ဏေတိ၊ ချီးမွမ်း၏။ ပဝုဋ္ဌံ၊ အရပ်တစ်ပါးမှရောက်လာသောလင်ကို။ န သရတိ၊ မအောက်မေ့။ အာဂတံ၊ အရပ်တစ်ပါးမှ ရောက်လာသောလင်ကို။ နာဘိနန္ဒတိ၊ မနှစ်သက်။ တဿ၊ ထိုလင်၏။ အဝဏ္ဏံ၊ ကျေးဇူးမဲ့ကို။ ဘဏတိ၊ ဆို၏။ တဿ၊ ထိုလင်၏။ ဝဏ္ဏံ၊ ကျေးဇူးကို။ န ဘဏတိ၊ မပြောဆို။ တဿ၊ ထိုလင်၏။ အနတ္ထံ၊ အကျိုးမဲ့ကို။ စရတိ၊ ကျင့်၏။ တဿ၊ ထိုလင်၏။ အတ္ထံ၊ အကျိုးစီးပွားကို။ န စရတိ၊ မကျင့်၊ တဿ၊ ထိုလင်အား။ အကိစ္စံ၊ မပြုအပ်သည်ကို။ ကရောတိ၊ ပြု၏။ တဿ၊ ထိုလင်အား။ ကိစ္စံ၊ ပြုအပ်သည်ကို။ န ကရောတိ၊ မပြု။ ပရိဒဟိတွာ၊ အဝတ်ကို မြဲစွာဝတ်၍။ သယတိ၊ အိပ်၏။ ပရမ္မုခီ၊ လင်ကိုကျောပေး၍။ နိပ္ပဇ္ဇတိ၊ အိပ်၏။ ပရိဝတ္တကဇာတာ ခေါ ပန၊ တပြောင်းပြန်ပြန် လူးလဲတတ်သည်။ ဟောတိ၊ ဖြစ်၏။ ကုင်္ကုမိယ ဇာတာ၊ အုတ်အုတ်ကျက်ကျက်ဖြစ်၍။ ဒီဃံ၊ ရှည်စွာ။ အဿာသတိ၊ ထွက်သက် ဝင်သက်ကို ဖြစ်စေ၏။ ဒုက္ခံ၊ ဆင်းရဲဝေဒနာကို။ ဝေဒယတိ၊ ပြောကြားတတ်၏။ ဥစ္စာရပဿာဝံ၊ ကျင်ကြီး ကျင်ငယ်ကို။ အဘိဏှံ၊ မပြတ်။ ဂစ္ဆတိ၊ သွား၏။ ဝိလောပံ၊ ဖောက်ပြန်သောအကျင့်ကို။ အာစရတိ၊ ကျင့်တတ်၏။ ပရပုရိသသဒ္ဒံ၊ တစ်ပါးသော ယောက်ျား၏ အသံကို။ သုတွာ၊ ကြား၍။ ကဏ္ဏသောတံ၊ နားတွင်းကို။ ဝိဝရ၊ ဖွင့်၍။ တံ၊ ထိုတစ်ပါးသော ယောက်ျား၏အသံကို။ ဩဒဟတိ၊ နားထောင်တတ်၏။ ခေါ ပန၊ စင်စစ်။ နိဟတဘောဂါ၊ စည်းစိမ်ဥစ္စာကို ဖျက်ဆီးတတ်သည်။ ဟောတိ၊ ဖြစ်၏။ ပဋိဝိဿကေဟိ၊ အိမ်နီးချင်း ယောက်ျားတို့နှင့်။ သန္ထဝံ၊ ကိလေသာ၏အစွမ်းဖြင့် ပေါင်းဖက်ရောယှက်ခြင်းကို။ ကရောတိ၊ ပြု၏။ နိက္ခန္တပါဒါ၊ ထွက်သွားသော ခြေရှိသည်။ ဟောတိ၊ ဖြစ်၏။ ဝိသိခါနုစာရိနီ၊ အခါမဲ့ဖြစ်သော ညဉ့်မှ သွားလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ အတိစာရိနီခေါပန၊ သယောက်လင်စောင် ထားတတ်သည်လျှင်။ ဟောတိ၊ ဖြစ်၏။ နိစ္စံ၊ အမြဲ။ သာမိကေ၊ လင်၌။ အဂါရဝါ၊ ရိုသေခြင်း မရှိသည်ဖြစ်၍။ ပဒုဋ်ဌမာနသင်္ကပ္ပါ၊ ပြစ်မှားလိုသော စိတ်အကြံ ရှိသည်ဖြစ်၍။ အဘိဏှံ၊ မပြတ်။ ဒွါရေ၊ တံခါးဝ၌။ တိဋ္ဌတိ၊ တည်၏။ ကစ္ဆာဒီနိ။ လက်ကတီးကြား အစရှိကုန်သော။ အင်္ဂါနိ၊ အင်္ဂါကြီးငယ်ဖြစ်ကုန်သော။ ထနာနိ၊ သားမြတ်တို့ကို။ ဒဿေတိ၊ ပြတတ်၏။ ဒိသောဒိသံ၊ ထိုမှဤမှ။ ဂန္တွာ၊ သွား၍။ ပေက္ခတိ၊ ကြည့်တတ်၏။ သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ပဉ္စဝီသာယ၊ နှစ်ဆယ့်ငါးပါးကုန်သော။ ဣမေဟိ ဌာနေဟိ၊ ဤအကြောင်းတို့ဖြင့်။ ဣတ္ထိပဒုဋ္ဌာ၊ မိန်းမတို့၏ ပျက်စီးခြင်းတို့ကို။ ဝေဒိတဗ္ဗာ၊ သိအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧတ္ထ၊ ဤအရာ၌။ အနုတ္တရံ၊ အတုမရှိသော။ ဝါကျံ၊ ဂါထာစကားသည်။ ဘဝတိ၊ ဖြစ်၏။

တဿ၊ ထိုလင်၏။ ပဝါသံ၊ ကွေကွင်းခြင်းကို။ ဝဏ္ဏေတိ၊ ချီးမွမ်း၏။ တဿ၊ ထိုလင်၏။ ဂတံ၊ သွားလေသည်ကို။ န သောစတိ၊ မစိုးရိမ်။ အာဂတံ၊ ရောက်လာသော။ ပတိံ၊ လင်ကို။ ဒိသွာ၊ မြင်ရ၍။ နာဘိနန္ဒတိ၊ မနှစ်သက်။ ဘတ္တာရဝတ္တံ၊ လင်၏ကျေးဇူးကို။ ကဒါစိ၊ တစ်ရံတစ်ဆစ်။ န ဘာသတိ၊ မပြောဆို။ ဧတေ၊ ဤသည်တို့ကား။ ပဒုဋ္ဌာယ၊ ပျက်စီးခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

တဿ၊ ထိုလင်၏။ အနတ္ထံ၊ အကျိုးမဲ့ကို။ စရတိ၊ ကျင့်၏။ အသညတာ၊ ပျင်းရိသည်ဖြစ်၍။ အတ္ထံ၊ အစီးအပွားကို။ ဟာပေတိ၊ ယုတ်စေ၏။ အကိစ္စကာရိနီ၊ မပြုအပ်သည်ကို ပြုလေ့ရှိ၏။ ပရိဒဟိတွာ၊ အဝတ်ကို မြဲစွာဝတ်၍။ ပရမ္မုခီ၊ လင်ကို ကျောပေး၍။ သယတိ၊ အိပ်၏။ ဧတေ၊ ဤသည်တို့ကား။ ပဒုဋ္ဌာယ၊ ပျက်စီးခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ပရိဝတ္တကဇာတာ စ၊ တပြောင်းပြန်ပြန် လူးလဲကုန်သည်လည်း။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ကုင်္ကုမီ၊ အုတ်အုတ်ကျက်ကျက်ဖြစ်၍။ ဒီယံစ၊ ရှည်စွာလည်း။ အဿာသတိ၊ ထွက်သက် ဝင်သက်ကို ဖြစ်စေ၏။ ဒုက္ခဝေဒိနီ၊ ဆင်းရဲဝေဒနာကို ပြောကြားတတ်၏။ ဥစ္စာရပဿာဝံ၊ ကျင်ကြီး ကျင်ငယ်ကို။ အဘိဏှံ၊ မပြတ်။ ဂစ္ဆတိ၊ သွားတတ်၏။ ဧတေ၊ ဤသည်တို့ကား။ ပဒုဋ္ဌာယ၊ ပျက်ခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ဝိလောပံ၊ ဖောက်ပြန်သော အကျင့်ကို။ အာစရတိ၊ ကျင့်၏။ အကိစ္စကာရိနီ၊ မပြုအပ်သည်ကို ပြုလေ့ရှိ၏။ ဘာသတော၊ ပြောဆိုသော။ ပရဿ၊ ယောက်ျားတစ်ပါး၏။ သဒ္ဒံ၊ အသံကို။ နိသာမေတိ၊ နားထောင်တတ်၏။ နိဟတဘောဂါ စ၊ ဥစ္စာစည်းစိမ်တို့ကိုလည်း ဖျက်ဆီးတတ်၏။ သန္ထဝံ၊ ကိလေသာ၏အစွမ်းဖြင့် ပေါင်းဖက် ရောယှက်ခြင်းကို။ ကရောတိ၊ ပြုတတ်၏။ ဧတေ၊ ဤသည်ကိုကား။ ပဒုဋ္ဌာယ၊ ပျက်ခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ကိစ္ဆေန၊ ငြိုငြင်သဖြင့်။ လဒ္ဓံ၊ ရအပ်သော။ ကသိရာဘတံ၊ ဆင်းရဲစွာ ဆောင်အပ်သော။ ဒုက္ခေန၊ ဆင်းရဲငြိုငြင်သဖြင့်။ သမ္ဘဝံ၊ ဖြစ်စေအပ်သော။ ဝိတ္တံ၊ စည်းစိမ်ချမ်းသာဟု ဆိုအပ်သော။ ဓနံ၊ ဥစ္စာကို။ ဝိနာသေတိ၊ ဖျက်ဆီးတတ်၏။ ပဋိဝိဿကေဟိ စ၊ အိမ်နီးချင်းများတို့နှင့်လည်း။ သန္တဝံ၊ ပေါင်းဖက် ရောယှက်ခြင်းကို။ ကရောတိ၊ ပြု၏။ ဧတေ၊ ဤသည်ကိုကား။ ပဒုဋ္ဌာယ၊ ပျက်ခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

နိက္ခန္တပါဒ၊ ထွက်သွားသောခြေ ရှိ၏။ ဝိသိခါနုစာနီ၊ အခါမဲ့ ညဉ့်မှ သွားလေ့ရှိ၏။ နိစ္စံ၊ အမြဲ။ သာမိမှိ၊ မိမိလင်၌။ ပဒုဋ္ဌမာနသာ၊ ပြစ်မှားလိုသောစိတ် ရှိသည်ဖြစ်၍။ အတိစာရိနီ၊ သယောက်လင်စောင် ထားတတ်သည်။ ဟောတိ၊ ဖြစ်၏။ အပေတဂါရဝါ၊ ရိုသေခြင်း ကင်းသည်။ ဟောတိ၊ ဖြစ်၏။ ဧတေ၊ ဤသည်တို့ကား။ ပဒုဋ္ဌာယ၊ ပျက်ခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

အဘိက္ခဏံ၊ မပြတ်။ ဒွါရမူလေ၊ တံခါးဝ၌။ တိဋ္ဌတိ၊ တည်၏။ ထနာနိ စ၊ သားမြတ်တို့ကို လည်းကောင်း။ ကစ္ဆာနိ စ၊ လက်ကတီးကြားတို့ကို လည်းကောင်း။ ဒဿယန္တီ၊ ပြလျက်။ ဒိသောဒိသံ၊ ထိုမှဤမှ။ ဘန္တစိတ္တာ၊ တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍။ ပေက္ခတိ၊ ကြည့်တတ်၏။ ဧတေ၊ ဤသည်တို့ကား။ ပဒုဋ္ဌာယ၊ ပျက်ခြင်း၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ နဒီ၊ မြစ်တို့သည်။ ဝင်္ကဂတီ၊ ကောက်သဖြင့်သာ သွားကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဝနာ၊ တောတို့သည်။ ကဋ္ဌမယာ၊ ထင်းဖြင့် ပြီးကုန်၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ဣတ္ထိယော၊ မိန်းမတို့သည်။ နိဝါတကေ၊ ဆိတ်ကွယ်ရာအရပ်ကို။ လဘမာနေ၊ ရသည်ရှိသော်။ ပါပံ၊ ယုတ်မာသော အမှုကို။ ကရေ၊ ပြုကုန်၏။

ခဏံ ဝါ၊ အခွင့်ကို လည်းကောင်း။ ရဟော ဝါ၊ ဆိတ်ကွယ်ရာကို လည်းကောင်း။ နိဝါတကံဝါပိ၊ ဖျက်ဆီးအံ့သော သူကိုလည်းကောင်း။ သစေ လဘထ၊ အကယ်၍ ရကုန်အံ့။ တာဒိသံ၊ ထိုသို့ သဘောရှိသော သူကို။ လဘေထ၊ ရကုန်ငြားအံ့။ သဗ္ဗာဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ ဣတ္ထီ၊ မိန်းမတို့သည်။ အညံ၊ တစ်ပါးသောသူကို။ အလဒ္ဓါ၊ မရသည်ရှိသော်။ ပီဌသပ္ပိနာပိ၊ ဆွံ့သောသူနှင့်လည်း။ သဒ္ဓိံ၊ တကွ။ ပါပံ၊ ယုတ်မာသော အမှုကို။ ကယိရုံနု၊ ပြုကုန်ရာ၏။

နရာနံ၊ ယောကျ်ားတို့၏။ အာရမကရာသု၊ မမွေ့လျော်ခြင်းကို ပြုတတ်ကုန်သော။ အနေကစိတ္တာသု၊ များသောစိတ်ရှိကုန်သော။ အနိဂ္ဂဟာသု၊ နှိပ်သဖြင့် ဆုံးမနိုင်ခဲကုန်သော။ နာရီသု၊ မိန်းမတို့၌။ သဗ္ဗတ္ထ၊ အလုံးစုံ၌။ နာပီတိကရာပိ၊ နှစ်သက်ခြင်းကို မပြုတတ်သည်လည်း။ စေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဟိသစ္စံ၊ မှန်၏။ နာရိယော၊ မိန်းမတို့သည်။ တိတ္ထသမာ၊ မြစ်ဆိပ်နှင့် တူကုန်၏။

(ဤပါဠိတော် ဂါထာတို့ဖြင့် မိန်းမတို့၏ များစွာသော မာယာရှိသည်၏အဖြစ်၊ များစွာသော အပြစ်ရှိသည်၏ အဖြစ်တို့ကို ဟောတော်မူရာ၌ အဋ္ဌကထာ၌ ဤဝတ္ထုကို ပြဆောင်အပ်၏။ ) ပြအပ်သောဝတ္ထုသည်ကား-

ကိန္နရဒေဝီ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကဏ္ဍရီမည်သော မင်းသည် မင်းပြု၍ မြက်သောအဆင်းကို ဆောင်၏။ ထိုမင်းအား နေ့တိုင်း နေ့တိုင်း အမတ်တစ်ထောင်တို့သည် နံ့သာကြုတ်တစ်ထောင်ကို ဆောင်ခဲ့ကုန်၏။ ထို့ကြောင့် ထိုမင်း၏ နန်းတော်၌ အရံအကာကိုပြုပြီးလျှင် နံ့သာကြုတ်တို့ကို ခွဲ၍ နံ့သာကိုထင်းပြု၍ ထမင်းချက်ကုန်၏။ ထိုမင်း၏ မိဖုရားကြီးသည်လည်း အလွန် အဆင်းလှ၏။ အမည်အားဖြင့် ကိန္နရဒေဝီ အမည်ရှိ၏။ ထိုမင်းအား အရွယ်တူဖြစ်သော ပညာနှင့်ပြည့်စုံသော ပဉ္စာလစဏ္ဍ အမည်ရှိသော ပုရောဟိတ်သည် ရှိ၏။ မင်း၏နန်းတော် ပြာဿာဒ်ကို မှီ၍ မြို့တံတိုင်းအတွင်း၌ သပြေပင်သည် ရှိ၏။ ထိုသပြေ၏ အခက်သည် တံတိုင်းအထက်၌ကား တွဲလျားကျ၏။ ထိုသပြေပင်၏အရိပ်၌ စက်ဆုပ်ရွံရှာဖွယ်ရှိသော၊ မကောင်းသော အဆင်းသဏ္ဌာန်ရှိသော ငဆွံ့သည်နေ၏။ ထိုအခါ တစ်နေ့သ၌ ကိန္နရဒေဝီ မိဖုရားသည် လေသွန်တံခါးဖြင့် ကြည့်လတ်သော် ထိုငဆွံ့ကိုမြင်၍ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ညဉ့်၌ မင်းကို ကာမဂုဏ် မွေ့လျော်ခြင်းဖြင့် ဖြေဖျော်၍ ထိုမင်း အိပ်ပျော်ခြင်းသို့ ရောက်လတ်သော် အသာအယာ နေရာမှထ၍ အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကို ရွှေခွက်၌ထည့်၍ ခါးပိုက်ဖြင့် ဆောင်ယူခဲ့ပြီးလျှင် ပုဆိုးကြိုးဖြင့် လေညွှန်တံခါးမှ ဆင်းသက်၍ သပြေပင်သနု့တက်၍

သပြေခက်ဖြင့် ဆင်းသက်ပြီးလျှင် ငဆွံ့ကို ကျွေးမွေး၍ ယုတ်မာသောအကျင့်ကို ကျင့်ပြီးလျှင် လာသောလမ်းခရီးဖြင့် နန်းတော် ပြာသာဒ်ထက်သို့တက်၍ နံ့သာတို့ဖြင့် ကိုယ်ကိုလိမ်းကျံပြီးလျှင် မင်းနှင့်တကွအိပ်၏။

ဤနည်းဖြင့်လျှင် မပြတ် ငဆွံ့နှင့်တကွ ယုတ်မာသော အကျင့်ကိုကျင့်၏။ မင်းသည်ကား မသိ။ ထိုမင်းသည် တစ်နေ့သ၌ မြို့ကို လက်ယာရစ် လှည့်သည်ကိုပြု၍ နန်းတော်သို့ ဝင်သည်ရှိသော် သပြေပင်ရိပ်၌ အလွန်သနားဖွယ်ရှိသော အဖြစ်သို့ရောက်သော ထိုငဆွံ့ကိုမြင်၍ ပုရောဟိတ်ကို ဤလူပြိတ္တာကို ဆရာ မြင်၏လောဟု ဆို၏။ အရှင်မင်းမြတ် မြင်ပါ၏ ဟု လျှောက်တင်လတ်သော် ဆရာ ဤသို့သဘောရှိသော စက်ဆုပ်ရွံရှာဖွယ်ရှိသောသူကို တစ်စုံတစ်ယောက်သော မိန်းမတို့သည် ဆန္ဒရာဂ၏အစွမ်းဖြင့် ချဉ်းကပ်အံ့လောဟု ဆို၏။ ထိုစကားကိုကြား၍ ငဆွံ့သည် မာနကိုဖြစ်စေ၍ ဤမင်းသည် အသို့ ဆိုဘိသနည်း၊ မိမိ မယားဖြစ်သော ကိန္နရဒေဝီသည် ငါ့အထံသို့ လာရောက်သည်ကို မသိလေယောင်တကား ဟု သပြေပင်အား လက်အုပ်ချီ၍ အရှင်သပြေပင်စောင့်နတ် နာတော်မူပါလော့၊ အရှင်နတ်မင်းကိုထား၍ အရှင်နတ်မင်းမှ တစ်ပါးသောသူသည် ထိုအကြောင်းကို မသိပါ ဟု ဆို၏။ ပုရောဟိတ်သည် ထိုငဆွံ့အမူအရာကိုမြင်၍ မချွတ်လျှင် မင်း၏ မိဖုရားကြီးသည် သပြေပင်ဖြင့်သွား၍ ဤငဆွံ့နှင့်တကွ ယုတ်မာသောအမှုကို ပြု၏ဟု ကြံ၍ ထိုပုရောဟိတ်သည် မင်းကိုမေး၏။ အရှင်မင်းမြတ်... အရှင်မင်းမြတ်အား ညဉ့်အဖို့၌ မိဖုရားကြီး၏ ကိုယ်အတွေ့သည် အသို့ရှိသနည်းဟု မေး၏။ ဆရာ... တစ်ပါးကို ငါမမြင်၊ သန်းခေါင်ယံ၌ကား ထိုမိဖုရား၏ ကိုယ်အတွေ့သည် အလွန်အေး၏ ဟု ဆို၏။ အရှင်မင်းမြတ်... ထိုသို့ဖြစ်သော်ကား တစ်ပါးသော မိန်းမကိုထားဘိဦး၊ အရှင်မင်းမြတ်၏ မိဖုရားကြီးဖြစ်သော ကိုန္နရဒေဝီသည် ဤငဆွံ့နှင့်တကွ ယုတ်မာသော အကျင့်ကိုကျင့်၏ဟု တင်လျှောက်၏။ ဆရာ... အသို့ ဆိုဘိသနည်း၊ ဤသို့သဘောရှိသော အလွန် တင့်တယ်စံပယ်ခြင်းနှင့်ပြည့်စုံသော မိဖုရားကြီးသည် အဘယ့်ကြောင့် အလွန် စက်ဆုပ်ရွံရှာဖွယ်ရှိသော ဤငဆွံ့နှင့်တကွ မွေ့လျော်လတ္တံ့နည်း ဟု ဆို၏။ အရှင်မင်းမြတ်... ထိုသို့ဖြစ်လျှကား ထိုမိဖုရားကြီးကို စုံစမ်းတော်မူလော့ဟု တင်လျှောက်လတ်သော် ထိုမင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ ညစာစားပြီးသော် ထိုမိဖုရားကြီးနှင့်တကွ အိပ်၍ ထိုမိဖုရားကြီးကို စုံစမ်းအံ့ဟု ပကတိအားဖြင့် အိပ်သောအချိန်၌ အိပ်ပျော်သောအခါကဲ့သို့ ဖြစ်၏။ ထိုမိဖုရားကြီးသည်လည်း ထ၍ ထိုရှေးအတူလျင် ပြု၏။ မင်းသည် ထိုမိဖုရားကြီးခြေရာသို့ လျှောက်၍ သပြေပင်ရိပ်ကိုမှီလျက် ရပ်၏။ ငဆွံ့သည် မိဖုရားအား အမျက်ထွက်၍ နင်သည် ယနေ့ အလွန်ကြာမြင့်မှ လာ၏ ဟု နားတောင်းဖြင့် တန်ဆာဆင်ယင်အပ်သော နားကို လက်ဖြင့် ပုတ်ခတ်၏။ ထိုအခါ ငဆွံ့ကို အရှင်... အကျွန်ုပ်ကို အမျက်မထွက်ပါလင့်၊ မင်း၏ အိပ်ပျော်ခြင်းကို ကြည့်ရပါသည်ဟု ဆို၍ ထိုငဆွံ့၌ မယားကဲ့သို့ ဖြစ်၏။ ထိုသို့ ပုတ်ခတ်သဖြင့် ထိုမိဖုရာကြီး၏ ခြင်္သေ့ခံတွင်းခံသော နားတောင်းသည် နားမှလျှော၍ မင်း၏ခြေရင်း၌ ကျ၏။ မင်းသည် ဤမျှသည် ဖြစ်လတ္တံ့ဟု ထိုနားတောင်းကိုယူ၍ သွားလေသည်။ ထိုမိဖုရားကြီးသည်လည်း ငဆွံ့နှင့်တကွ လွန်ကျူးသောအကျင့်ကို ကျင့်ပြီးလျှင် ရှေးနည်းဖြင့်သာလျှင် သွား၍ မင်းနှင့်တကွ အိပ်အံ့သောငှာ အားထုတ်၏။

မင်းသည် နက်ဖြန်နေ့၌ ကိန္နရဒေဝီသည် ငါပေးသော အလုံးစုံသော တန်ဆာကို ဆင်ယင်၍ လာစေ ဟု စေလိုက်၏။ ထိုကိန္နရဒေဝီသည် အကျွန်ုပ်၏ ခြင်္သေ့ခံတွင်းခံသော နားတောင်းသည် ရွှေပန်းထိမ်သည် အထံပါး၌ ရှိ၏ဟု ဆို၍ မလာ။ တစ်ဖန်စေလတ်သော်ကား နားတောင်းတစ်ဖက် ဝတ်လျက်လျှင် လာ၏။ မင်းသည် သင်၏နားတောင်းသည် အဘယ်မှာနည်းဟု မေး၏။ ရွှေပန်းထိမ်သည်အထံ၌ ရှိပါ၏ဟု တင်လျှောက်လတ်သော် ရွှေပန်းထိမ်သည်ကို ခေါ်စေ၍ သင်သည် အဘယ့်ကြောင့် ဤမိဖုရားနားတောင်းကို မပေးသနည်း ဟု ဆို၏။ အရှင်မင်းမြတ် အကျွန်ုပ်မယူပါဟု တင်လျှောက်လတ်သော် မင်းသည် မိဖုရားကိုအမျက်ထွက်၍ ဟယ်ယုတ်မာသော ဒွန်းစာဏ္ဍားမ... ငါကဲ့သို့သောသူသည် နင်၏ ရွှေပန်းထိမ်သည် ဖြစ်ရာသလောဟု ဆို၍ ထိုနားတောင်းကို မိဖုရားရှေ့မှချ၍ ပုရောဟိတ်ကို ဆရာ... ဆရာဆိုသောစကားသည် အလွန်မှန်ပေ၏။ သွားချေ၊ ထိုမိဖုရားကြီးဦးခေါင်းကို ဖြတ်ချေလော့ဟု ဆို၏။

သတို့သမီးပျက်

ပုရောဟိတ်သည် ထိုမိဖုရားကြီးကို မင်း၏ နန်းတော်၌သာလျှင် တစ်ခုသောအရပ်၌ထားပြီးလျှင် မင်းသို့ကပ်၍ အရှင်မင်းမြတ်... ကိုန္နရဒေဝီအား အမျက်ထွက်တော် မမူပါလင့်၊ ခပ်သိမ်းကုန်သော မိန်းမတို့သည် ဤသို့ သဘောရှိကုန်သည်သာလျှင်တည်း၊ အကယ်၍လျှင် မိန်းမတို့၏ သီလမရှိသောအဖြစ်ကို သိတော်မူလိုအံ့၊ ထိုမိန်းမ၏ ယုတ်မာသော အကျင့်ကိုလည်းကောင်း၊ များသော မာယာ ရှိသော အဖြစ်ကိုလည်းကောင်း၊ အရှင်မင်းမြတ်အား ပြပါအံ့၊ ကြွတော်မူလော့၊ မထင်ရှားသောအသွင်ဖြင့် ဇနပုဒ်သို့ လှည့်လည်ကုန်အံ့ဟုတင်လျှောက်၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ မယ်တော်အား တိုင်းပြည်ကိုအပ်နှင်းခဲ့ပြီးလျှင် ထိုပုရောဟိတ်နှင့်တကွ ဒေသစာရီလှည့်လည်၏။ ထို မင်း, ပုရောဟိတ်တို့သည် တစ်ယူဇနာမျှလောက်သော အရပ်သို့ရောက်၍ ခရီးမ၌ နားနေကုန်စဉ်လျှင် တစ်ယောက်သောသူကြွယ်သည် မိမိသားအား သတို့သမီးတစ်ယောက်ကို မင်္ဂလာပြု၍ ဖုံးလွှမ်းသောယာဉ်၌ နေစေလျက် များစွာသောအခြံအရံဖြင့် သွား၏။

ထိုသို့ သွားသည်ကိုမြင်၍ ပုရောဟိတ်သည် မင်းကို တင်လျှောက်၏။ အရှင်မင်းမြတ် အကယ်၍ အလိုတော်ရှိအံ့၊ ဤသတို့သမီးကို အရှင်မင်းမြတ်နှင့်တကွ ယုတ်မာသောအမှုကို ပြုစိမ့်သောငှာ အကျွန်ုပ်တတ်နိုင်ပါ၏ဟု တင်လျှောက်၏။ ဆရာ... အသို့ဆိုဘိသနည်း၊ များစွာသော အခြံအရံ ရှိ၏။ မတတ်နိုင်ကုန်ရာဟု ဆိုလတ်သော် အရှင်မင်းမြတ်... ထိုသို့တပြီးကား ကြည့်တော်မူလော့ ဟု ဆို၍ ရှေ့ကသွားနှင့်ပြီးလျှင် ခရီးမှ မနီးမဝေးသောအရပ်၌ တင်းထိမ်ကိုကာရံ၍ မင်းကို တင်းတိမ်တွင်း၌ ထားပြီးလျှင် မိမိသည် ခရီးအပါး၌ ငိုလျက်နေ၏။ ထိုအခါ ပုရောဟိတ်ကို သူကြွယ်သည်မြင်၍ အမောင်... အဘယ့်ကြောင့် ငိုသနည်း ဟု မေး၏။ ဖခင်... ကျွန်ုပ်မယားသည် လေးသော ကိုယ်ဝန်ရှိသည်ဖြစ်၍ မိဘအိမ်သို့ ဆောင်ယူအံ့သောငှာ ခရီးသို့သွားပါ၏။ ထိုမယား၏ ကိုယ်ဝန်သည် ခရီးအကြား၌ လှုပ်၏။ ဤကျွန်ုပ်မယားသည် တင်းထိမ်တွင်း၌ အလွန်ပင်ပန်းလျက် ရှိပါ၏။ ထိုအကျွန်ုပ် မယား၏ အထံ၌ တစ်စုံတစ်ယောက်သော မိန်းမသည် မရှိပါ၊ ကျွန်ုပ်သည်လည်း ထိုအရပ်သို့သွားခြင်းငှာ မတတ်ကောင်း၊ အသို့ဖြစ်လတ္တံ့သည်ကို မသိ၊ တစ်ယောက်သော မိန်းမကိုရခြင်းငှာ သင့်ပါ၏ ဟု ပြောဆို၏။ သူကြွယ်သည်လည်း အမောင်... မငိုလင့်၊ ငါ့အား မိန်းမတို့သည် များပါကုန်၏။ တစ်ယောက်သော မိန်းမသည် သွားလတ္တံ့ ဟု ဆို၏။

ဖခင်... ထိုသို့ဖြစ်လျှင်ကား ဤသတို့သမီးကိုလျှင် သွားပါစေ၊ ဤသတို့သမီးအားလည်း စီးပွားကြောင်းဖြစ်သော မင်္ဂလာသည် ဖြစ်လတ္တံ့ ဟု ဆိုလတ်သော် ထိုသူကြွယ်သည် ဤပုဏ္ဏားသည် ဟုတ်မှန်သော စကားကို ဆိုပေရာ၏။ ချွေးမအားလည်း စီးပွားကြောင်းဖြစ်သော မင်္ဂလာကိုသာလျှင် အလိုရှိ၏။ ဤနိမိတ်ဖြင့် ထိုချွေးမသည် သားသမီးတို့ဖြင့် ပွားများလတ္တံ့ ဟု ကြံ၏။ ထိုချွေးမကိုပင်လျှင် စေ၏။ ထိုသတို့သမီးသည် တင်းထိမ်တွင်းသို့ဝင်၍ မင်းကိုမြင်လျှင် တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ယုတ်မာသော အမှုကိုပြု၏။ မင်းသည်လည်း ထိုသတို့သမီးအား လက်စွပ်ကိုပေး၏။ ထိုအခါ ပြုအပ်သော ကိစ္စပြီးလတ်သော် တင်းထိမ်တွင်းမှ ထွက်ခဲ့၍ လာလတ်သော ထိုသတို့သမီးကို အသို့ ဖွားသနည်း ဟု မေးကြကုန်၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သားကိုဖွား၏ ဟု ပြောဆို၏။ သူကြွယ်သည် ထိုသတို့သမီးကိုယူ၍ သွားလေ၏။ ပုရောဟိတ်သည်လည်း မင်း၏အထံသို့သွား၍ အရှင်မင်းမြတ်... အရှင်မင်းမြတ်သည် သတို့သမီးစင်လျက်လည်း ဤသို့ ယုတ်မာသောအမှုကို ပြုသည်ကို မြင်တော်မူရပြီ၊ တစ်ပါးသော မိန်းမတို့သည်ကား အဘယ်ဆိုဖွယ်ရှိအံ့နည်း၊ စင်စစ်သော်ကား အရှင်မင်းမြတ်သည် တစ်စုံတစ်ခုကို ပေးတော်မူလိုက်သလော ဟု မေး၏။

ဆရာ... ငါသည် လက်စွပ်ကို ပေးလိုက်၏ ဟု ဆိုလတ်သော် ထိုသတို့သမီးအား ထိုလက်စွပ်ကို မပေးအံ့ ဟု လျင်မြန်စွာသွား၍ ယာဉ်ကိုကိုင်၏။ ဤယာဉ်ကို ကိုင်သည်ကား အသူနည်း ဟု ဆိုလတ်သော် ဤသတို့သမီးသည် ငါ၏ပုဏ္ဏေးမ ဦးခေါင်းရင်း၌ ထားအပ်သော လက်စွပ်ကိုယူ၍ သွားသောကြောင့် လာပါ၏။ ချစ်သမီး... လက်စွပ်ကို ပေးပါလော့ ဟု ဆို၏။ ထိုသတို့သမီးသည် လက်စွပ်ကို ပေးသည်ရှိသော် ပုဏ္ဏားလက်ကို လက်သည်းဖြင့် ထိုးခြစ်၍ ခိုးသူ... ယူလော့ ဟု ဆို၍ ပေးလိုက်၏။

ဤသို့လျှင် ပုရောဟိတ် ပုဏ္ဏားသည် အထူးထူး အပြားပြားကုန်သော ဥပါယ်တံမျဉ်ဖြင့် တစ်ပါးလည်း ဖြစ်ကုန်သော များစွာကုန်သော လွန်ကျူး၍ ကျင့်တတ်ကုန်သော မိန်းမတို့ကို မင်းအားပြ၍ ဤအရပ်၌ ဤမျှသည် ဖြစ်စေဦး၊ အရှင်မင်းမြတ် တစ်ပါးသောအရပ်သို့ သွားကုန်ဦးအံ့ ဟု ဆို၏။ မင်းသည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းကို လှည့်လည်သော်လည်း အလုံးစုံသော မိန်းမတို့သည် ဤသို့သဘောရှိသည်သာလျှင် ဖြစ်ကုန်လတ္တံ့၊ ငါတို့အား ထိုမိန်းမတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ပြန်လည်ကုန်အံ့ ဟု ဆို၍ ဗာရာဏသီပြည်သို့သာလျှင် ပြန်လည်ခဲ့၍ အရှင်မင်းမြတ်... ထိုမိန်းမတို့မည်သည်ကား ဤသို့ ယုတ်မာသော အကျင့်ရှိကုန်၏။ ဤသို့ ယုတ်မာသော အကျင့်ရှိသည်ကား ထိုမိန်းမတို့၏ ပြကတော့ သဘောတည်း၊ အရှင်မင်းမြတ် ကိန္နရဒေဝီ၏အပြစ်ကို သည်းခံတော်မူကုန်လော့ ဟု ပုရောဟိတ်သည် တောင်းပန် အပ်သည်ဖြစ်၍ သည်းခံသဖြင့် မင်းအိမ်မှ နှင်ထုတ်စေ၏။ ထိုမိဖုရားကြီး ကိန္နရဒေဝီကို အရာမှချ၍ တစ်ပါးသောမိန်းမကို မိဖုရားကြီးပြု၏။ ထိုငဆွံ့ကိုလည်း နှင်ထုတ်စေ၍ သပြေခက်ကိုလည်း ဖြတ်စေ၏။

ထိုအခါ ကုဏာလငှက်မင်းသည် ပဉ္စာလစဏ္ဍ ပုဏ္ဏားဖြစ်၏။ ထို့ကြောင့် မိမိမြင်ဖူးသည်ကိုသာလျှင် ထုတ်ဆောင်၍ ပြလိုရကား-

ယံ ဒိသွာ ကဏ္ဍရီ ကိန္နရာနံ၊
သဗ္ဗတ္ထိယော န ရမန္တိ အဂါရေ။
တံ တာဒိသံ မစ္စံ စဇိတွာ ဘရိယာ၊
အညံ ဒိသွာ ပုရိသံ ပီဌသပ္ပိံ။

ဟူသော ဤဂါထာကို ဆို၏။

ကဏ္ဍရီ ကိန္နရာနံ၊ ကဏ္ဍရီမင်း ကိန္နရာမိဖုရားတို့၏။ ယဉ္စ၊ အကြင်အကြောင်းကိုလျှင်။ ဒိသွာ၊ မြင်၍။ ဇာနိတဗ္ဗံ၊ သိအပ်၏။ သဗ္ဗိတ္ထိယော၊ အလုံးစုံသော မိန်းမတို့သည်။ အဂါရေ၊ လင်အိမ်၌။ န ရမန္တိ၊ မမွေ့လျော်ကုန်။ အညံ၊ တစ်ပါးသော။ ပရပုရိသံ၊ တစ်ပါးသော ယောက်ျားဖြစ်သော။ ပီဌသပ္ပိံ၊ ငဆွံ့ကို။ ဒိသွာ၊ မြင်၍။ တာဒိသံ၊ ထိုသို့ မွေ့လျော်ခြင်း၌ လိမ္မာသော သဘောရှိသော။ တံ၊ ထိုကဏ္ဍရီမင်းကို။ မစ္စံစဇိတွာ၊ လွန်ကျူး၍။ ဘရိယာ၊ မယားဖြစ်သော ကိန္နရာမသည်။ မနုဿပေတေ၊ လူ့ပြိတ္တာဖြစ်သော ငဆွံ့နှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ မကောင်းမှုကို အကာသိ၊ ပြု၏။

ပဉ္စပါပီ

အကြောင်းတစ်ပါးလည်း လွန်လေပြီးသောအခါ တစ်ယောက်သော ဗကအမည်ရှိသော ဗာရာဏသီမင်းသည် တရားနှင့်အညီ မင်းပြု၏။ ထိုအခါ ဗာရာဏသီပြည်၏ အရှေ့တံခါး၌နေသော တစ်ယောက်သော သူဆင်းရဲအား ပဉ္စပါပီ အမည်ရှိသော သမီးသည် ရှိ၏။

ဘဝအကုသိုလ်

ထိုပဉ္စပါပီသည် ရှေးဘဝ၌လည်း တစ်ယောက်သော သူဆင်းရဲသမီးဖြစ်၍ မြေကိုနယ်၍ အိမ်နံရံကို လိမ်းကျံ၏။ ထိုအခါ အရှင်ပစ္စေကဗုဒ္ဓါ တစ်ပါးသည် မိမိလိုဏ်ကို လိမ်းကျံခြင်းကို ပြုအံ့သောငှာ အဘယ်အရပ်၌ မြေကို ရအံ့နည်းဟု ကြံ၍ ဗာရာဏသီပြည်၌ ရအံ့သောငှာ တတ်ကောင်း၏ဟု သင်္ကန်းကိုရုံလျက် သပိတ်လက်စွဲလျက် ဗာရာဏသီပြည်သို့ဝင်၍ ထိုသတို့သမီး၏ မနီးမဝေး၌ ရပ်တော်မူ၏။ ထိုသတို့သမီးသည် အမျက်ထွက်သဖြင့် ကြည့်လျက် ပြစ်မှားလိုသောစိတ်ဖြင့် မြေမျှကိုလည်း တောင်းဘိ၏ဟု ဆို၏။ မတုန်မလှုပ်လျှင် ရပ်တော်မူ၏။ ထိုအခါ ထိုသတို့သမီးသည် မတုန်မလှုပ်ရပ်၍နေသော အရှင်ပစ္စေကဗုဒ္ဓါကိုမြင်၍ တစ်ဖန် ထိုသတို့သမီးအား စိတ်ကိုကြည်ညိုစေ၍ ရှင်ရဟန်း မြေကိုလည်း မရသလော ဟု ဆို၍ ကြီးစွာသော မြေစိုင်ကိုယူ၍ သပိတ်၌ထည့်၏။ ထိုအရှင်ပစ္စေကဗုဒ္ဓါသည် ထိုမြေစိုင်ဖြင့် လိုဏ်၌လိမ်းကျံခြင်းကို ပြုတော်မူ၏။ ထိုသတို့သမီးသည် မကြာမြင့်မီလျှင် ထိုဘဝမှစုတေ၍ ထိုမြို့၌သာလျှင် မြို့ပဖြစ်သော တံခါးရွာဝယ် သူဆင်းရဲမဝမ်း၌ ပဋိသန္ဓေယူ၏။ ထိုသတို့သမီးသည် ဆယ်လလွန်သဖြင့် အမိဝမ်းမှ ဖွား၏။ ထိုသတို့သားအား မြေစိုင်လှူဖူးသော အကျိုးကြောင့် ကိုယ်သည် အတွေ့နှင့် ပြည့်စုံ၏။ အမျက်ထွက်၍ ကြည့်သောကြောင့်ကား လက်, ခြေ, ခံတွင်း, မျက်စိ, နှာခေါင်းတို့သည် ယုတ်မာကုန်သည်။ အဆင်းမလှကုန်သည် ဖြစ်ကုန်၏။ ထို့ကြောင့် ထိုသတို့သမီးကို ပဉ္စပါပီဟူ၍ သာလျှင် သိကြကုန်၏။

မင်းကြီး ကြိုက်သွားပြီ

ထိုအခါ တစ်နေ့သ၌ ဗာရာဏသီမင်းသည် ညဉ့်အဖို့၌ မထင်ရှားသော အသွင်ဖြင့် မြို့ကိုစုံစမ်းသည်ရှိသော် ထိုအရပ်သို့ ရောက်လေ၏။ ထိုပဉ္စပါပီသည်လည်း ရွာသူသားငယ်တို့နှင့်တကွ ကစားသည်ဖြစ်၍ မသိဘဲလျှင် မင်းလက်၌ ကိုင်မိ၏။ ထိုမင်းသည် ပဉ္စပါပီ၏ လက်အတွေ့ကြောင့် မိမိကိုယ်အဖြစ်ဖြင့် တည်အံ့သောငှာ မတတ်နိုင်။ နတ်အတွေ့ဖြင့် တွေ့သကဲ့သို့ ဖြစ်၏။ ထိုမင်းသည် ဖဿရာဂဖြင့် တပ်စွန်းသည်ဖြစ်၍ ထိုသို့ ဖောက်ပြန်သော အဆင်းရှိသော်လည်း ထိုပဉ္စပါပီကို လက်၌ကိုင်၍ အဘယ်သူ့ သမီးနည်းဟု မေး၍ တံခါးရွာ၌ နေသောသူ၏ သမီးတည်းဟု ပြောဆိုလတ်သော် လင်မရှိသောအဖြစ်ကို မေး၍ ငါသည် သင်၏လင်ပြုအံ့၊ သွားချေ မိဘတို့ကို အခွင့်ပြုစေလော့ဟု ဆို၏။ ထိုပဉ္စပါပီသည် မိဘတို့ကိုကပ်၍ မိခင်ဖခင်တို့... တစ်ယောက်သော ယောက်ျားသည် အကျွန်ုပ်ကိုမြင်၍ အလိုရှိ၏ ဟု ပြောဆို၍ ထိုယောက်ျားသည်လည်း ဆင်းရဲသည် ဖြစ်လတ္တံ့၊ အကယ်၍ ထိုသို့သောသူကိုလည်း အလိုရှိအံ့၊ ကောင်းပြီဟု ဆိုကုန်လတ်သော် သွား၍ မိဘတို့သည် ခွင့်ပြုသောအဖြစ်ကို ကြား၏။ ထိုမင်းသည် ထိုအိမ်၌သာလျှင် ထိုပဉ္စပါပီနှင့်တကွနေ၍ နံနက်စောစောကလျှင် နန်းတော်သို့ ဝင်၏။ ထိုအခါမှ စ၍လျှင် မထင်မှားသောအသွင်ဖြင့် မပြတ် ထိုအိမ်သို့သွား၏။ တစ်ပါးသောမိန်းမကို ကြည့်ခြင်းငှာလည်း အလိုမရှိ။

နန်တော်သို့ ခေါ်ရန်ကြံခြင်း

ထိုအခါ တစ်နေ့သ၌ ပဉ္စပါပီ၏ အဖအား ဝမ်းသွေးကျသော အနာသည် ဖြစ်၏။ မွန်မြတ်သော နို့ရည်ထောပတ် ပျားသကာနှင့်ယှဉ်သော နို့ဃနာသည်လျှင် ထိုအနာ၏ ဆေးတည်း။ ထိုဆေးကို ထိုသူတို့သည် ဆင်းရဲသောကြောင့် ရအံ့သောငှာ မတတ်နိုင်ကုန်။ ထို့နောင်မှ ပဉ္စပါပီအမိသည် သမီးပဉ္စပါပီကို ချစ်သမီး... အသို့နည်း၊ ချစ်သမီးလင်သည် နို့ဃနာကို ဖြစ်စိမ့်သောငှာ တတ်နိုင်ပါလတ္တံ့လောဟု ဆို၏။ မိခင် အကျွန်ုပ်လင်သည် အကျွန်ုပ်တို့ထကျလည်း အလွန်ဆင်းရဲသည် ဖြစ်ရာ၏။ ထိုသို့ဖြစ်သော်လည်း အကျွန်ုပ်လင်ကို မေးပါဦးအံ့၊ မစိုးရိမ်လင့် ဟုဆို၍ ထိုမင်းလာသောကာလ၌ နှလုံးမသာသကဲ့သို့ ဖြစ်၍ နေလင့်၏။ ထိုအခါ ပဉ္စပါပီကို မင်းသည် လာလတ်၍ ရှင်မ... အဘယ့်ကြောင့် နှလုံး မသာသနည်းဟု မေး၏။ ပဉ္စပါပီသည် ထိုအကြောင်းကိုကြား၏။ မင်းသည် ထိုစကားကိုကြား၍ ရှင်မ... ဤအလွန်အရသာရှိသော ဆေးကို အဘယ်မှာ ရကုန်အံ့နည်းဟုဆို၍ ကြံ၏။ ငါသည် အခါခပ်သိမ်း ဤသို့သွားအံ့သောငှာ မတတ်ကောင်း၊ ခရီးအကြား၌ ဘေးရန်ကိုလည်း ရှုအပ်၏။ စင်စစ်သော်ကား ဤမိန်းမကို နန်းတော်သို့ အကယ်၍ ဆောင်ယူအံ့၊ ဤသို့ဆောင်ယူသည်ရှိသော် ဤပဉ္စပါပီ၏ အတွေ့နှင့်ပြည့်စုံခြင်းကို မသိကုန်သော သူတို့သည် ငါတို့မင်းသည် ဘီလူးမကိုယူ၍ လာ၏ဟု ပြက်ရယ်ပြုကုန်လတ္တံ့၊ မြို့အလုံး၌ နေကုန်သောသူတို့ကို ပဉ္စပါပီ၏အတွေ့ကို သိစေ၍သာလျှင် ကဲ့ရဲ့ခြင်းကို လွှတ်စေအံ့ဟု ကြံ၍ ထိုအခါ ပဉ္စပါပီကို ရှင်မ... မစိုးရိမ်လင့်၊ သင့်အဖဖို့ နို့ဃနာကို ဆောင်ယူခဲ့အံ့ ဟု ဆို၍ ထိုပဉ္စပါပီနှင့်တကွ မွေ့လျော်ပြီးလျှင် နန်းတော်သို့သွား၍ နက်ဖြန်နေ့၌ ထိုသို့သဘောရှိသော နို့ဃနာကို ချက်စေပြီးလျှင် ဖက်ရွက်တို့ကို ဆောင်ယူစေ၍ နှစ်ထုပ်ပြုပြီးလျှင် တစ်ထုပ်၌ နို့ဃနာကိုထည့်၍ တစ်ထုပ်၌ ပတ္တမြားဦးသျှောင်ကျင်ကိုထား၍ ထုပ်ပြီးလျှင် ညဉ်အဖို့၌သွား၍ ရှင်မငါတို့သည် ဆင်းရဲကုန်၏။ ငြိုငြင်သဖြင့် ပြည့်စုံစေရ၏။ သင့်အဖကို ယနေ့ ဤအထုပ်မှ နို့ဃနာကို စားစေလော့၊ နက်ဖြန် ဤအထုပ်မှပေးလော့ ဟုဆို၏။

ထိုပဉ္စပါပီသည် မင်းမှာဆိုတိုင်းပြု၏။ ထိုအခါ ပဉ္စပါပီ၏ အဖသည် ဤသို့သော ဩဇာအရသာနှင့် ပြည့်စုံသော နို့ဃနာကို အတန်ငယ်စားပြီးလျှင် ရောင့်ရဲသည် ဖြစ်၏။ အကြွင်းကို အမိအားပေး၍ မိမိလည်းစား၏။ သုံးယောက်သော သူတို့သည်လည်း ဝသည်ဖြစ်ကုန်၏။ ပတ္တမြား ဦးသျှောင်ကျင်ထည့်သော အထုပ်ကိုကား နက်ဖြန်အလို့ငှာ ထားကုန်၏။

ဦးသျှောင်ကျင်သူခိုး

မင်းသည် နန်းတော်သို့သွား၍ မျက်နှာသစ်ပြီးလျှင် ငါ၏ ပတ္တမြား ဦးသျှောင်ကျင်ကို ဆောင်ခဲ့ကြကုန်လော့ ဟု ဆို၍ အရှင်မင်းမြတ်... မမြင်ပါကုန် ဟု ဆိုကုန်လတ်သော် မြို့အလုံး၌ စိစစ်ကြလေကုန် ဟု ဆို၏။ မင်းချင်းတို့သည် စုံစမ်းရှာဖွေသော်လည်း မမြင်ကုန်။ ထိုသို့ဖြစ်လျှင်ကား မြို့အပ၌နေကုန်သော သူဆင်းရဲအိမ်တို့၌ ထမင်းထုပ်ကိုအစပြု၍ ရှာလေကုန် ဟု ဆို၍ ရှာကုန်သည်ရှိသော် ပဉ္စပါပီအိမ်၌ ပတ္တမြား ဦးသျှောင်ကျင်ကိုမြင်၍ ထိုပဉ္စပါပီမိဘတို့ကို ခိုးသူဟု နှောင်ဖွဲ့၍ ဆောင်ယူခဲ့ကြကုန်၏။ ထိုအခါ ပဉ္စပါပီမိဘတို့သည် မင်းအား အရှင်မင်းမြတ်... အကျွန်ုပ်တို့သည် မခိုးယူပါကုန်၊ တစ်ပါးသောသူသည် ပတ္တမြားဦးသျှောင်ကျင်ကို ဆောင်ယူခဲ့ပါ၏ ဟု တင်လျှောက်ကုန်၍ အဘယ်သူသည် ဆောင်ယူခဲ့သနည်းဟု မေးလတ်သော် အကျွန်ုပ်သမကျသည် ဆောင်ယူခဲ့ပါ၏ ဟု တင်လျှောက်ကုန်၏။ ထိုသမက်သည် အဘယ်မှာနည်း ဟု မေးလျှင် အကျွန်ုပ်တို့ သမီးသည် သိပါ၏ ဟု တင်လျှောက်ကုန်၏။ ထို့နောင်မှ သမီးနှင့်တကွ ပြောဆို၏။ ချစ်သမီး ချစ်သမီးလင်ကို သိပါ၏လော ဟု မေး၏။ မသိပါဟု ပြောဆိုလတ်သော် ဤသို့ မသိသည်ဖြစ်ခဲ့က ငါတို့အသက်မရှိပြီ ဟု ဆိုသဖြင့် ဖခင်... အကျွန်ုပ်လင်သည် မိုက်သောအခါမှ လာလတ်၍ မိုက်သောအခါကပင်လျှင် သွား၏။ ထို့ကြောင့် ထိုလင်၏ ရုပ်အဆင်းကို မသိပါ၊ လက်အတွေ့ဖြင့်ကား ထိုလင်ကိုသိခြင်းငှာ တတ်နိုင်ပါ၏ ဟု ဆို၍ ပဉ္စပါပီသည် မင်းချင်းတို့အား ကြား၏။

သူခိုးရှာဖွေစေ

ထိုမင်းချင်းတို့သည်လည်း မင်းအား တင်လျှောက်ကြကုန်၏။ မင်းသည် မသိသကဲ့သို့ဖြစ်၍ ထိုသို့ဖြစ်လျှင်ကား ထိုမိန်းမကို မင်းရင်ပြင်ဝယ် တင်းထိပ်တွင်း၌ထား၍ တင်းတိမ်ကို လက်ဆန့်ရုံမျှသော အပေါက်ကိုဖောက်၍ မြို့အလုံး၌နေသော သူတို့ကို စည်းဝေး၍ လက်အတွေ့ဖြင့် ခိုးသူကို ဖမ်းကြကုန်လော့ ဟု ဆို၏။ မင်းချင်းတို့သည် မင်းဆိုတိုင်း ပြုအံ့သောငှာ ထိုပဉ္စပါပီ အထံသို့သွား၍ အဆင်းကိုမြင်ကုန်၍လျှင် နှလုံးမသာသည်ဖြစ်၍ လမ်းခရီး၌ နေသော မြေဘုတ်ဘီလူးမလော ဟု ဆိုကုန်၍ စက်ဆုပ် ရွံရွာကုန်သည်ဖြစ်၍ ထိအံ့သောငှာ မဝံ့ကုန်။ ဆောင်ယူ၍မူကား ထိုပဉ္စပါပီကို မင်းရင်ပြင်ဝယ် တင်းထိမ်တွင်း၌ထား၍ မြို့အလုံး၌ နေကုန်သောသူတို့ကို စည်းဝေးစေကုန်၏။ ထိုပဉ္စပါပီသည် လာတိုင်း လာတိုင်းကုန်သော သူတို့၏ တင်းတိမ်ပေါက်ဖြင့် ဆန့်သောလက်ကိုကိုင်၍သာလျှင် ဤသူသည် ခိုးသူမဟုတ် ဟု ဆို၏။ ယောက်ျားတို့သည် ထိုပဉ္စပါပီ၏ နတ်အတွေ့နှင့်တူသော အတွေ့၌ တပ်စွန်းသဖြင့် သွားအံ့သောငှာ မတတ်နိုင်ကုန်။ အကယ်၍ ဤမိန်းမသည် မင်း ဒဏ်ထိုက်အံ့၊ ဒဏ်ကိုပေး၍ လည်းကောင်း၊ ကျွန်အမှုလုပ်အဖြစ်သို့ ကပ်၍ လည်းကောင်း၊ ဤမိန်းမကို အိမ်၌သာလျှင် ပြုကုန်အံ့ ဟု ကြံကြကုန်၏။ ထိုအခါ မင်းချင်းတို့သည် တုတ်လှံတံဖြင့် ပုတ်ခတ်၍ ထိုသူတို့ကို ပြေးစေကုန်၏။ အိမ်ရှေ့မင်းကိုအစပြု၍ အလုံးစုံသော ယောကျ်ားတို့သည် ရူးကုန်သကဲ့သို့ ဖြစ်ကုန်၏။

သူခိုးမိပြီ

ထိုအခါ မင်းသည် အသို့နည်း၊ ငါသည် ဖြစ်လေသလော ဟု လက်ကို တင်းတိမ်တွင်းသို့ သွင်း၏။ ထိုမင်းကို လက်၌ကိုင်၍လျှင် ငါသည် ခိုးသူကိုဖမ်းမိပြီ ဟု သည်းစွာသော အသံကိုပြု၏။ မင်းသည် ထိုမြို့နေသူ အပေါင်းတို့အား သင်တို့သည် ဤမိန်းမသည် သင်တို့လက်တို့၌ ကိုင်သည်ရှိသော် အသို့ကြံကြကုန်သနည်း ဟု မေး၏။ ထိုမြို့နေသူ အပေါင်းတို့သည် ဟုတ်မှန်သောအတိုင်း တင်လျှောက်ကြကုန်၏။ ထိုအခါ ထိုသူတို့ကို မင်းသည် ဤသို့ပြောဆို၏။ ငါသည် ဤမိန်းမကို နန်းတော်သို့ ဆောင်ယူခြင်းငှာ ဤသို့ပြု၏။ ဤမိန်းမ၏အတွေ့ကို မသိကုန်သောသူတို့သည် ငါ့ကိုကဲ့ရဲ့ကုန်ရာ၏ ဟု ကြံ၏။ ထို့ကြောင့် ငါသည် အလုံးစုံကုန်သော သင်တို့ကို သိစေအပ်ကုန်ပြီ။ ဆိုကြကုန်လော့၊ ယခုအခါ ထိုမိန်းမသည် အဘယ်သူ၏ အိမ်၌ဖြစ်ခြင်းငှာ သင့်မည်နည်း ဟု မေးတော်မူ၏။ အရှင်မင်းမြတ်... အရှင်မင်းမြတ်တို့၏ နန်းတော်၌ ဖြစ်ခြင်းငှာ သင့်ပါ၏ ဟု တင်လျှောက်ကြကုန်၏။

မိဖုရားကြီး ဖြစ်ပြီ

ထိုအခါ ပဉ္စပါပီကို အဘိသိက်သွန်း၍ မိဖုရားကြီး ပြု၏။ ထိုပဉ္စပါပီ မိဘတို့အားလည်း များစွာသော စည်းစိမ်ဥစ္စာကို ပေးတော်မူ၏။ ထိုအခါမှစ၍ကား ထိုပဉ္စပါပီကို အလွန် မြတ်နိုးသောကြောင့် တရားဆုံးဖြတ်ခြင်းကို မဖြစ်စေ၊ တစ်ပါးသော မိန်းမကိုလည်း မကြည့်ပြီ။

မိဖုရားကြီး ဖြစ်ပြန်ခြင်း

ထိုအခါ တစ်ပါးသော မိန်းမတို့သည် ထိုပဉ္စပါပီ၌ အခွင့်ကိုရှာကြကုန်၏။ ထိုပဉ္စပါပီသည် တစ်နေ့သ၌ မင်းနှစ်ပါးတို့ မိဖုရားကြီးဖြစ်ခြင်း၏ နိမိတ်ကို အိပ်မက်၌မြင်မက်၍ မင်းအား ကြားလျှောက်၏။ မင်းသည် အိပ်မက် ဖတ်ကတ်ကုန်သောသူတို့ကို၍ ဤသို့ သဘောရှိသော အိပ်မက်ကို မြင်မက်သည်ရှိသော် အသို့ဖြစ်လတ္တံ့နည်းဟု မေးတော်မူ၏။ ထိုအိပ်မက် ဖတ်တတ်သော သူတို့သည် တစ်ပါးကုန်သော မိန်းမတို့၏အထံမှ တံစိုးကိုယူ၍ အရှင်မင်းမြတ်၊ မိဖုရားကြီးသည် ကိုယ်လုံးဖြူသော ဆင်ကျောက်ကုန်းထက်၌ နေရသည်ဟုမက်သော အဖြစ်သည် အရှင်မင်းမြတ်တို့၏ သေရလတ္တံ့သော ပုဗ္ဗနိမိတ်တည်း၊ ဆင်ကျောက်ကုန်းထက်၌နေလျက် လကိုသုံးသပ် မက်ခြင်းသည် အရှင်မင်းတို့အား ရန်သူမင်းတို့ ဆောင်ခြင်း၏ ပုဗ္ဗနိမိတ်တည်းဟု ဖတ်ဆို၍ ယခုအခါ အသို့ပြုအပ်သနည်းဟု မေးလတ်သော် အရှင်မင်းမြတ်... မိဖုရားကြီးကို သတ်ခြင်းငှာ မတတ်ကောင်း၊ ဤမိဖုရားကို လှေ၌ထား၍ မြစ်၌စွန့်အံ့သော သင့်၏ဟု တင်လျှောက်ကြကုန်၏။ မင်းသည် အစာအာဟာရ အဝတ်တန်ဆာတို့နှင့်တကွ ညဉ့်အဖို့ဝယ် လှေ၌ထား၍ မြစ်၌လွှတ်၏။ ထိုမိဖုရားသည် မြစ်၌မျောသည်ရှိသော် အကြေ၌ လှေဖြင့် ရေကစားသာ ဗာဝရိကမင်း၏ ရှေးရှုအရပ်သို့ ရောက်လေ၏။ ထိုဗာဝရိကမင်း၏ စစ်သူကြီးသည် ထိုလှေကို မြင်၍ ဤလှေသည် ငါ့လှေဟု ဆို၏။ မင်းသည် လှေ၌ ဘဏ္ဍာသည် ငါ့ဥစ္စာဟု ဆို၏။ လှေသည် ရောက်လတ်သော် ထိုပဉ္စပါပီကိုမြင်၍ သင်သည် ရက္ခိုသ်ဘီလူးမနှင့် တူ၏။ အဘယ်အမည် ရှိသနည်း ဟု မေး၏။ ထိုပဉ္စပါပီသည် ပြုံးရယ်ခြင်းကိုပြု၍ ဗကမင်း မိဖုရားကြီးအဖြစ်ကို ပြောဆိုလျက် အလုံးစုံသော ထိုအကြောင်းကို ထိုဗာဝရိကမင်းအား ကြား၏။ ထိုမိဖုရားသည်ကား ပဉ္စပါပီဟူ၍ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ထင်ရှား၏။ ထိုအခါ ထိုပဉ္စပါပီကို ဗာဝရိကမင်းသည် လက်၌ ကိုင်၍ ချီ၏။ ကိုင်မိသည်နှင့်တကွလျှင် ဖဿရာဂ တပ်စွန်းသည်ဖြစ်၍ တစ်ပါးကုန်သော မိန်းမတို့၌ မိန်းမဟူသောအမှတ်ကို မပြုမူ၍ ထိုပဉ္စပါပီကို မိဖုရားကြီးအရာ၌ထား၏။ ထိုပဉ္စပါပီသည် ဗာဝရိကမင်း၏ အသက်နှင့်အတူ ဖြစ်၏။

မင်းနှစ်ပါး၏ မိဖုရားကြီး

ဗကမင်းသည် ထိုအကြောင်းကို ကြား၍ ငါသည် ထိုဗာဝရိကမင်းအား ပဉ္စပါပီကို မိဖုရားကြီး ပြုစိမ့်သောငှာ မပေးအံ့ဟု စစ်သည်ဗိုလ်ပါကို စုရုံး၍ မြစ်ဆိပ်၌ နန်းဆောက်၍ ထိုဗာဝရိကမင်းအား ငါ၏မယားကိုလည်း ပေးမည်လော၊ စစ်ကိုတည်း ထိုးမည်လောဟု မှာစာကို စေလိုက်၏။ ထိုဗာဝရိကမင်းသည် စစ်ထိုးခြင်းကိုသာ ပေးအံ့၊ မယားကို မပေးဟု မှာလိုက်၍ စစ်ထိုးအံ့သော အစီအရင်ကို ပြု၏။ ထိုမင်းနှစ်ပါးတို့၏ မှူးမတ်တို့သည် မိန်းမကိုမှီ၍ သေရအံ့သော ကိစ္စသည် မရှိ၊ ရှေးဦးစွာ လင်ဖြစ်သောကြောင့် ဤမိဖုရားသည် ဗကမင်းအားလည်း ရောက်သင့်၏။ လှေ၌ရသောကြောင့် ဗာဝရိကမင်းအားလည်း ရောက်သင့်၏။ ထို့ကြောင့် တစ်ယောက်တစ်ယောက်သော မင်း၏ နန်းတော်၌ ခုနစ်ရက်စီ ခုနစ်ရက်စီ ဖြစ်စေလော့ဟု တိုင်ပင်၍ မင်းနှစ်ပါးတို့ကိုလည်း သိစေကုန်၏။ ထိုမင်းနှစ်ပါးတို့သည်လည်း နှစ်သက်ကုန်သည်ဖြစ်၍ မြစ်ဆိပ်တစ်ဖက်စီဖြင့် မြို့တည်၍ နေကုန်၏။ ထို ပဉ္စပါပီသည်လည်း မင်းနှစ်ပါးတို့၏ မိဖုရားကြီးအဖြစ်ကို ပြု၏။ မင်းနှစ်ပါးတို့သည်လည်း ထိုပဉ္စပါပီအား အလွန် မြတ်နိုးကုန်၏။

လင်ငယ်နေပြီ

ထိုပဉ္စပါပီသည်ကား မင်းတစ်ပါး နန်းတော်၌ ခုနစ်ရက်နေပြီး၍ လှေဖြင့် မင်းတစ်ပါး နန်းတော်သို့ သွားသည်ရှိသော် လှေကိုလှော်၍ ဆောင်သွားသော အိုမင်းပြီးသော တံငါငကုန်းနှင့်တကွ မြစ်လယ်၌ ယုတ်မာသော အကျင့်ကို ကျင့်၏။

ထိုအခါ ကုဏာလငှက်မင်းသည် ဗကအမည်ရှိသော ဗာရာဏသီမင်း ဖြစ်၏။ ထို့ကြောင့် မိမိသည် မြင်ဖူးသောအကြောင်းကို ထုတ်ဆောင်ပြလိုရကား-

ဗကဿစ ဗာဝရိကဿစ ရညော၊
အစ္စန္တကာမာနုဂတဿ ဘရိယာ။
အဝါစရီ ပဋ္ဌဝသာနုဂဿ၊
ကံ ဝါ ပိ ဣတ္ထီ နာတိစရေ တဒညံ။

ဟူသော ဤဂါထာကို ဆို၏။

ဗကဿစ ရညော၊ ဗကမင်း၏ လည်းကောင်း။ ဗာဝရိကဿ စ ရညော၊ ဗာဝရိကမင်း၏ လည်းကောင်း။ အစ္စန္တကာမာနုဂတသ၊ စင်စစ်လျှင် အလိုသို့လိုက်ရသော။ အဝါစရီ၊ ယုတ်မာသော အကျင့်ရှိသော။ ဘရိယာ၊ မယားသည်။ ပဋ္ဌဝသာနုဂဿ၊ တောင့်တ၍ မိမိအလိုသို့ လိုက်ရသောသူနှင့်။ သဒ္ဓိံ၊ တကွ။ ပါပံ၊ ယုတ်မာသော အကျင့်ကို။ အကာသိ၊ ပြု၏။ ကံ ဝါ၊ အဘယ်မည်သော။ အညံ၊ တစ်ပါးသော။ တံပိ၊ ထိုယောက်ျားကိုလည်း။ ဣတ္ထီ၊ မိန်းမတို့သည်။ နာတိစရေ၊ မလွန်ကျူးဘဲ ရှိအံ့နည်း။

ပိင်္ဂိယာနီမိဖုရား

အကြောင်းတစ်ပါးလည်း လွန်လေပြီးသောအခါ တစ်ယောက်သော ဗြဟ္မဒတ်မင်း၏ မယားဖြစ်သော ပိင်္ဂိယာနီ အမည်ရှိသော မိဖုရားကြီးသည် ခြင်္သေ့ခံသော လေသွန်နန်းတံခါးကိုဖွင့်၍ ကြည့်လတ်သော် မင်္ဂလာမြင်ထိန်းတော်ကိုမြင်၍ မင်းအိပ်ပျော်သောအခါ လေသွန်နန်းတံခါးဖြင့် နန်းတော်မှဆင်းသက်၍ ထိုမြင်ထိန်းနှင့်တကွ လွန်ကျူးပြီးလျှင် တစ်ဖန် နန်းတော်ထက်သို့တက်၍ နံ့သာတို့ဖြင့် ကိုယ်ကိုလိမ်းကျံ၍ မင်းနှင့်တကွ အိပ်၏။ ထိုအခါ တစ်နေ့သ၌ မင်းသည် အဘယ်ကြောင့် ဤမိဖုရားကြီးကိုယ်သည် သန်းခေါင်ယံအခါ၌ အေးလေသနည်း၊ မိဖုရားကြီးကို စုံစမ်းအံ့ဟု တစ်နေ့သ၌ အိပ်ပျော်သကဲ့သို့ဖြစ်၍ ထ၍သွားသော ထိုမိဖုရားသို့လိုက်၍ မြင်းထိန်းနှင့်တကွ လွန်ကျူးသောအမှုကို ပြုသည်ကိုမြင်လျှင် ပြန်ခဲ့၍ အိပ်ရာသို့တက်၏။ ထိုမိဖုရားကြီးသည်လည်း လွန်သောအမှုကို ပြုခဲ့ပြီးလျှင် လာလတ်၍ နိမ့်သောအိပ်ရာ၌ အိပ်၏။ မိုးသောက်နေ့၌ မင်းသည် မှူးတော်မတ်တော် အပေါင်တို့၏အလယ်၌

ထိုမိဖုရားကိုခေါ်စေ၍ အမှုကို ထင်စွာပြုပြီးလျှင် ခပ်သိမ်းကုန်သောမိန်းမတို့သည် ယုတ်မာသော အကျင့်ရှိကုန်၏ ဟု ထိုမိဖုရားကြီးအား သတ်ခြင်း နှောင်ဖွဲ့ခြင်း ခြေလက်တို့ကိုဖြတ်ခြင်းငှာ ထိုက်သောအပြစ်ကို သည်းခံ၍ မိဖုရားကြီးအရာမှ ချပြီးလျှင် တစ်ပါးသောမိန်းမကို မိဖုရားကြီးမြှောက်၏။

ထိုအခါ ကုဏာလငှက်မင်းသည် ဗြဟ္မဒတ်မင်း ဖြစ်၏။ ထို့ကြောင့် မိမိသည် မြင်ဖူးသော ထိုအကြောင်းကို ထုတ်ဆောင်၍ပြလိုရကား-

ပိင်္ဂိယာနီ သဗ္ဗလောကိဿရဿ၊
ရညော ပိယာ ဗြဟ္မဒတ္တဿ ဘရိယာ။
အဝါစရီ ပဋ္ဌဝသာနုဂဿ၊
တံ ဝါပိသာ နာဇ္ဈဂါ ကာမကာမိနီ။

ဟူသော ဤဂါထာကို ဆို၏။

ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်အမည်ရှိသော။ သဗ္ဗလောကိဿရဿ၊ အလုံးစုံသောလူကို အစိုးရသော။ ရညော၊ မင်း၏။ ဘရိယာ၊ မဖြစ်သော။ ပိယာ၊ ချစ်အပ်သော။ ပိင်္ဂိယာနီ၊ ပိင်္ဂိယာနီ အမည်ရှိသော မိဖုရားကြီးသည်။ ပဋ္ဌဝသာနုဂဿ၊ တောင့်တ၍ မိမိအလိုသို့ လိုက်ရသော မြင်းထိန်းနှင့်။ အဝါစရီ၊ ယုတ်မာသောအကျင့်ကို လွန်ကျူး၍ ကျင့်သည်ဖြစ်၍။ ကာမကာမိနီ၊ ကာမဂုဏ်ကို တောင့်တသော။ သာ၊ ထိုမိဖုရားသည်။ တံဝါပိ၊ ထိုတောင့်တသော ကာမဂုဏ်ကိုလည်းကောင်း။ မဟေသိဋ္ဌာနံ ဝါ၊ မိဖုရားကြီးအရာကို လည်းကောင်း။ နာဇ္ဈဂါ၊ မရပြီ။ ဥဘတော၊ နှစ်ပါးစုံမှ။ ဘဋ္ဌာ၊ လျှောကျပျက်စီးရလေ၏။

မပေါင်းအပ်သောမိန်းမများ

ဤသို့လျှင် ဘုရားလောင်း ကုဏာလငှက်မင်းသည် ဤအတိတ်ဝတ္ထုတို့ဖြင့် မိန်းမတို့၏ အပြစ်ကို ပြပြီး၍ တစ်ပါးသောအကြောင်းဖြင့်လည်း ထိုမိန်းမတို့၏ အပြစ်ကိုပင်လျှင် ဟောပြောလိုကား-

လုဒ္ဓါနံ လဟုစိတ္တာနံ၊ အကတညူန ဒုဗ္ဘိနံ။
နာဒေဝသတ္တော ပုရိသော၊ ထီနံ သဒ္ဓါတုမရဟတိ။
။ လ။
နာစ္စန္တဝဏ္ဏာ န ဗဟူ န ကန္တာ၊
နဒက္ခိဏာပမဒါ သေဝိတဗ္ဗာ။
န ပရဿ ဘရိယာ န ဓနဿ ဟေတု၊
ဧတိတ္ထိယော ပဉ္စ န ထေဝိတဗ္ဗာ။

ဟူသော ဤတစ်ဆယ့်နှစ်ဂါထာတို့ကို ဆို၏။

လုဒ္ဓါနံ၊ တပ်မက်မောတတ်ကုန်သော။ လဟုစိတ္တာနံ၊ လျင်သော စိတ်အပြန်ရှိကုန်သော။ အကတညူနံ၊ သူ့ ကျေးဇူးကို မသိတတ်ကုန်သော။ ဒုဗ္ဘိနံ၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်ကုန်သော။ ထီနံ၊ မိန်းမတို့၏။ သီလဝန္တဝါဒံ၊ သီလရှိ၏ဟူသော စကားကို။ သဒ္ဓါတုံ၊ ယုံကြည်အံ့သောငှာ။ အဒေဝသတ္တော၊ ရာဂနတ်မဖမ်းသော။ ပုရိသော၊ ယောကျ်ားသည်။ န အရဟဟိ၊ မထိုက်။

တာ၊ ထိုမိန်းမတို့သည်။ ကတံ၊ မိမိအား ပြုအပ်ပြီးသောကျေးဇူးကို။ နပ္ပဇာနန္တိ၊ မသိကုန်။ ကိစ္စံ၊ ပြုအပ်သော ကျေးဇူးတုံ့ကို။ နပ္ပဇာနန္တိ၊ မသိကုန်။ မာတရံ၊ အမိကိုလည်းကောင်း။ ပိတရံ၊ အဖကိုလည်းကောင်း။ အထ၊ ထိုမှတစ်ပါး။ ဘာတရံဝ၊ မောင် အစ်မ ညီမကိုလည်းကောင်း။ န ဇာနန္တိ၊ မသိကုန်။ အနရိယာ၊ ယုတ်မာသောအကျင့်၌ မရှက်ကုန်။ သမတိက္ကန္တဓမ္မာ၊ လွန်ကျူး၍ ကျင့်တတ်သော သဘောရှိကုန်၏။ သဿေဝ၊ မိမိ၏လျှင်။ စိတ္တဿ၊ စိတ်၏။ ဝသံ၊ အလိုသို့။ ဝဇန္တိ၊ လိုက်ကုန်၏။

စိရာနုဝုဋ္ဌံပိ၊ မြင့်ရှည်စွာ အတူနေ၍လည်း။ ပိယံ၊ ချစ်အပ်သော။ မနာပံ၊ နှစ်လိုအပ်သော။ အနုကမ္ပကံ၊ သနားတတ်သော။ ပါဏသမံ၊ အသက်နှင့်တူသော။ နံ ဘတ္တုံပိ၊ ထိုလင်ကိုသော်လည်း။ အာဝါသုစ၊ ဘေးရန်တို့ကြောင့် လည်းကောင်း။ ကိစ္စေသု စ၊ ထိုထိုကိစ္စတို့ကြောင့်လည်းကောင်း။ ဇဟန္တီ၊ စွန့်တတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ဣတ္ထီနံ၊ မိန်းမတို့ကို။ န ဝိဿသာမိ၊ အကျွမ်းမဝင်။

ဟိ သစ္စံ၊ မှန်၏။ ထီနံ၊ မိန်းမတို့၏။ စိတ္တံ၊ စိတ်သည်။ ဝါနရဿ၊ မျောက်၏။ စိတ္တံယထာ၊ စိတ်နှင့်တူ၏။ ရုက္ခဆာယာ၊ သစ်ပင်ရိပ်သည်။ ကန္နပ္ပကဏ္ဏံ၊ သက်တိုင်းသက်တိုင်းသောသူကို။ အဘိရုယှတိ ယထာ၊ တက်သကဲ့သို့တည်း။ ဣတ္ထီနံ၊ မိန်းမတို့၏။ ဟဒယံ၊ နှလုံးသည်။ စလာစလံ၊ အလွန်တုန်လှုပ်၏။ စက္ကသ၊ လှည်းဘီးစက်၏။ နေမိဝိယ၊ အကွပ်ကဲ့သို့။ ပရိဝတ္တတိ၊ လည်တတ်၏။

ယဒါ၊ အကြင်အခါ၌။ တာ၊ ထိုမိန်းမတို့သည်။ သမေက္ခမာနာ၊ ကြည့်ရှုအပ်ကုန်သည် ဖြစ်၍။ အာဒေယျရူပံ၊ ယူအပ်သော သဘောရှိသော။ ပုရိသဿ၊ ယောက်ျား၏။ ဝိတ္တံ၊ ဥစ္စာကို။ ပဿန္တိ၊ မြင်ကုန်၏။ တဒါ၊ ထိုအခါ၌။ သဏှာဟိ၊ သိမ်မွေ့ပြေပြစ်ကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ ဓနံ၊ ဥစ္စာကို။ နယန္တိ၊ ဆောင်တတ်ကုန်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ကမ္ဗောဇကာ၊ ကမ္ဘောဇတိုင်းသားတို့သည်။ ဇလဇေန၊ ရေ၌ဖြစ်သော မှော်ဖြင့်။ အဿံ၊ မြင်းကို။ နယန္တိ ဣဝ၊ ဆောင်ကုန်သကဲ့သို့တည်း။

ယဒါ၊ အကြင်အခါ၌။ တာ၊ ထိုမိန်းမတို့သည်။ သမေက္ခမာနာ၊ ရှုကုန်သည်ဖြစ်၍။ အာဒေယျရူပံ၊ ယူအပ်သော သဘောရှိသော။ ပုရိသဿ၊ ယောက်ျား၏။ ဝိတ္တံ၊ ဥစ္စာကို။ န ပဿန္တိ၊ မမြင်ကုန်။ တဒါ၊ ထိုအခါ၌။ သမန္တာ၊ ထက်ဝန်းကျင်မှ။ နံ၊ ထိုယောက်ျားကို။ ပရိဝဇ္ဇယန္တိ၊ ကြဉ်ရှောင်ကုန်၏။ တိဏ္ဏော၊ ကူးမြောက်ပြီးသော။ နဒီပါရဂတော၊ မြစ်တစ်ဘက်သို့ ရောက်သောသူသည်။ ကုလ္လံ၊ ဖောင်ကို။ န ပဋိဣက္ခတိ ဣဝ၊ မကြည့်သကဲ့သို့တည်း။

ဣတ္ထိယော၊ မိန်းမတို့သည်။ သိလေသူပမာ၊ မျောက်နှဲစေးနှင့် တူကုန်၏။ သဗ္ဗဘက်ခာ၊ အလုံးစုံ ကောင်း, မကောင်းကို စားတတ်သော။ သိခီရိဝ၊ မီးနှင့်တူကုန်၏။ သီဃသောတာ၊ လျင်သော အလျဉ်ရှိသော။ နဒီရိဝ၊ မြစ်ကဲ့သို့။ တိက္ခမာယာ၊ ထက်သောမာယာရှိကုန်၏။ ဟိသစ္စံ၊ မှန်၏။ နာဝါ၊ လှေသည်။ ဩရကုလံ၊ ဤမှာ ဘက်ကမ်းကိုလည်းကောင်း။ ပရဉ္စကုလံ၊ ထိုမှာ ဘက်ကမ်းကိုလည်းကောင်း။ သေဝတိ ယထာ၊ မှီဝဲသကဲ့သို့။ တထာ၊ ထို အတူ။ ဧတာ၊ ထိုမိန်းမတို့သည်။ ပိယဉ္စ၊ ချစ်မြတ်နိုးသော ယောက်ျားကိုလည်းကောင်း။ အပ္ပိယဉ္စ၊ မုန်းသောယောက်ျားလည်းကောင်း။ သေဝန္တိ၊ မှီဝဲတတ်ကုန်၏။

တာ၊ ထိုမိန်းမတို့သည်။ ဧကဿ၊ တစ်ယောက်သောသူအား။ န ဟောန္တိ၊ မဖြစ်ကုန်။ ဒိန္နံ၊ နှစ်ယောက်သောသူတို့အား။ န ဟောန္တိ၊ မဖြစ်ကုန်။ ပသာရိတော၊ ခင်းကျင်းအပ်သော။ အာပဏောဝ၊ အိမ်ဈေးနှင့်တူ၏။ ယော၊ အကြင်ယောက်ျားသည်။ တာ၊ ထိုမိန်းမတို့ကို။ မယှံ၊ ငါ၏။ ဘရိယာတိ၊ မယားဟူ၍။ မညေယျ၊ အောက်မေ့ငြားအံ့။ သော၊ ထိုယောက်ျားသည်။ ဝါတံ၊ လေကို။ ဇာလေန၊ ကွန်ဖြင့်။ ဗာဓယေ၊ ဖွဲ့မိရာ၏။

လောကေ၊ လောက၌။ ဣတ္ထိယော နာမ၊ မိန်းမတို့မည်သည်ကား။ ဧဝံ၊ ဤသို့သဘောရှိကုန်၏။ နဒီ ယထာ စ၊ မြစ်ဆိပ်ကဲ့သို့လည်းကောင်း။ ပန္ထော ယထာ စ၊ ခရီးလမ်းမကဲ့သို့ လည်းကောင်း။ ပါနာဂါရံ ယထာ စ၊ သေသောက်ရာ တင်းကုပ်ကဲ့သို့ လည်းကောင်း။ သဘာ ယထာ စ၊ သဘင်ကဲ့သို့ လည်းကောင်း။ ပပါ ယထာ စ၊ ရေအိုးစင်ကဲ့သို့လည်းကောင်း။ တာသံ၊ ထိုမိန်းမတို့အား။ ဝေလာ၊ သတ်မှတ်အပ်သော အချိန်အခါသည်။ န ဝိဇ္ဇတိ၊ မရှိ။

ဧတာ၊ ထိုမိန်းမတို့သည်။ ဃတာသနပမာ၊ မီးနှင့်တူကုန်၏။ ကဏှသပ္ပသိရူပမာ၊ မြွေဟောက်ဦးခေါင်းနှင့် တူကုန်၏။ ဂါဝေါ၊ နွားတို့သည်။ တိဏသ၊ မြက်၏။ ဗဟိ၊ အပ၌။ ဝရာဝရံ၊ ကောင်းနိုးရာရာကို။ ဩမသန္တိ ဣဝ၊ ရှာ၍စားသည်နှင့် တူကုန်၏။

ဃတာသနံ၊ မီးကိုလည်းကောင်း။ ကုဉ္ဇရံ၊ ဆင်ကို လည်းကောင်း။ ကဏှသပ္ပံ၊ မြွေဟောက်ကိုလည်းကောင်း။ မုဒ္ဓါဘိသိတ်တံ၊ မင်းကိုလည်းကောင်း။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ပမဒါစ၊ မိန်းမကိုလည်းကောင်း။ ဧတေပဉ္စ၊ ထိုငါးယောက်တို့ကို။ နရော၊ လူသည်။ နိစ္စယတော၊ မြဲသော သတိရှိသည်ဖြစ်၍။ ဘဇေထ၊ ဆည်းကပ်ရာ၏။ ဟဝေ၊ စင်စစ်။ တေသံ၊ ထိုငါးယောက်တို့၏။ သဗ္ဗဘာဝေါ၊ အလုံးစုံသောအလိုကို။ ဒုဗ္ဗိဒူ၊ သိနိုင်ခဲ၏။

မချစ်သင့်သော မိန်းမများ

အစ္စန္တဝဏ္ဏာ၊ အလွန်အဆင်းနှင့် ပြည့်စုံသောမိန်းမကို။ န သေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။ ဗဟူနကန္တာ၊ များစွာသောသူတို့ ချစ်နှစ်သက်သောမိန်းမကို။ န သေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။ ဒက္ခိဏာ၊ ကခြင်းသီခြင်း၌ လိမ္မာကုန်သော။ ပမဒါ၊ မိန်းမတို့ကို။ နသေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။ ပရဿ၊ သူတစ်ပါး၏။ ဘရိယာ၊ မယားကို။ န သေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။ ယာ စ၊ အကြင်မိန်းမသည်ကား။ ဓနဿ၊ ဥစ္စာ၏။ ဟေတု၊ အကြောင်းကြောင့်။ ဘဇတိ၊ မိမိသို့ဆည်းကပ်၏။ သာ၊ ထိုမိန်းမကို။ အပရိဂ္ဂဟာပိ၊ သိမ်းဆည်းသောသူပင် မရှိသော်လည်း။ န သေဝိတဗ္ဗာ၊ မမှီဝဲအပ်။ ပဉ္စ၊ ငါးယောက်ကုန်သော။ ဧတာ ဣတ္ထိယော၊ ထိုမိန်းမတို့ကို။ န သေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။

အာနန္ဒာလင်းတမင်း၏ မိန်းမတရား

ဤသို့ ဟောသည်ရှိသော် လူများသည် ဘုရားလောင်း ကုဏာလငှက်မင်းအား ဪ... အံ့ဖွယ်ရှိစွ... ကောင်းစွာဟောပေ၏ဟု ကောင်းချီးပေးကြ၏။ ထိုဘုရားလောင်း ကုဏာလ ငှက်မင်းသည်လည်း ဤမျှသော အကြောင်းတို့ဖြင့် မိန်းမတို့၏ကျေးဇူးမဲ့ကို ဟောပြီးလျှင် ဆိတ်ဆိတ်နေတော်မူ၏။ ထိုကုဏာလငှက်မင်း၏ တရားစကားကို ကြား၍ အာနန္ဒလင်းတမင်းသည် အဆွေကုဏာလငှက်မင်း... ငါသည်လည်း ငါ၏ဉာဏ်စွမ်းဖြင့် မိန်းမတို့၏ ကျေးဇူးမဲ့ကို ဟောအံ့ဟု ဆို၍ မိန်းမတို့၏ ကျေးဇူးမဲ့စကားကို ပြောဆိုဖို့ရာအားထုတ်၏။ ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်

အထ ခလု ဘော အာနန္ဒော ဂိဇ္ဈရာဇာ- အစရှိသော တစ်ဆယ့်ငါးဂါထာတို့ကို ဟောတော်မူ၏။

ဘော၊ အိုရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ အာနန္ဒော၊ အာနန္ဒာအမည်ရှိသော။ ဂိဇ္ဈရာဇာ၊ လင်းတမင်းသည်။ ကုဏာလဿ၊ ကုလအမည်ရှိသော။ သကုဏဿ၊ ငှက်မင်း၏။ အာဒိမဇ္ဈကထာ ပရိယောသာနံ၊ စကား၏ အစ, အလယ်, အဆုံးကို။ ဝိဒိတွာ၊ သိပြီး၍။ တာယံ ဝေလာယံ၊ ထိုအခါ၌။ ဣမာ ဂါထာ၊ ဤဂါထာတို့ကို။ အဘာသိ၊ ရွတ်၏။

ပုရိသော၊ ယောကျ်ားသည်။ သမ္မတာယ၊ မြတ်နိုးအပ်သော။ ဣတ္ထိယာ၊ မိန်းမအား။ ဓနေန၊ ဥစ္စာဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ပထဝိံ၊ ဤမြေကြီးကို။ စေဒဇ္ဇာပိ၊ အကယ်၍ ပေးသော်လည်း။ ခဏံ၊ အခွင့်ကို။ လဒ္ဓါ၊ ရသည်ရှိသော်။ တမ္ပိ၊ ထိုယောက်ျားကိုလည်း။ အတိမညေယျ၊ မထီမဲ့မြင်ပြုရာ၏။ အသတီနံ၊ သူယုတ်မာ ဖြစ်ကုန်သော။ တာသံ၊ ထိုမိန်းမတို့၏။ ဝသံ၊ နိုင်ငံသို့။ န ဂစ္ဆေ၊ မလိုက်ရာ။

စေပိ၊ အကယ်၍လည်း။ အလီနဝုတ္တိံ၊ မတွန့်တိုသော ဖြစ်ခြင်းရှိသည် ဖြစ်၍။ ဥဋ္ဌာဟကံ၊ လုံ့လပြုရာ၏။ ပိယံ၊ ချစ်အပ်သော။ မနာပံ၊ နှစ်လိုအပ်သော။ နံ ကောမာရဘတ္တာရံပိ၊ ထိုသတို့သားငယ်ဖြစ်သော လင်ကိုသော်လည်း။ အာဝါသု စ၊ ဘေးရန်တို့ကြောင့် လည်းကောင်း။ ကိစ္စေသု စ၊ ထိုထိုကိစ္စတို့ကြောင့်လည်းကောင်း။ ဇဟန္တိ၊ စွန့်တတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ဣတ္ထီနံ၊ မိန်းမအား။ န ဝိဿာသာမိ၊ အကျွမ်းဝင်။

ပေါသော၊ ယောက်ျားသည်။ အယံ၊ ဤမိန်းမသည်။ မံ၊ ငါ့ကို။ ဣစ္ဆတိ၊ အလိုရှိ၏။ ဣတိ၊ ဤသို့ထင်မှတ်၍။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ မေ၊ ငါ၏။ သကသေ၊ အထံ၌။ ရောဒတိ၊ ကြင်နာ၏။ ဣတိ၊ ဤသို့။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဧတာ၊ ထိုမိန်းမတို့သည်။ ပိယမပ္ပိယဉ္စ၊ ချစ်သောသူ မချစ်သောသူကိုလည်း။ သေဝန္တိ၊ မှီဝဲတတ်ကုန်၏။ နာဝါ၊ လှေသည်။ ဩရကုလံ၊ ဤမှာဘက်ကမ်းသို့လည်းကောင်း။ ပရဉ္စကုလံ၊ ထိုမှာဘက်ကမ်းသို့လည်းကောင်း။ နေတိ ယထာ၊ ပို့ဆောင် သကဲ့သို့တည်း။

အကျွမ်းမဝင်သင့် ၄-ပါး

သာခပုရာဏသန္ထတံ၊ ဟောင်းလေပြီးသော သစ်ခက်အခင်းကို။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ မိတ္တပုရာဏစောရံ၊ အဆွေခင်ပွန်းဟောင်းဖြစ်သော ခိုးသူကို။ န ဝိဿ သေ၊ အကျွမ်း မဝင်ရာ။ ရာဇာနံ၊ မင်းကို။ မမ၊ ငါ၏။ သခါ၊ အဆွေခင်ပွန်းတည်း။ ဣတိ၊ ဤသို့။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဒသန္နမာတရံ၊ သားတစ်ကျိပ်၏ အမိဖြစ်သော်လည်း။ ဣတ္ထိံ၊ မိန်းမကို။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။

ရာမကရာသု၊ လူမိုက်တို့၏ မွေ့လျော်ခြင်းကို ပြုတတ်ကုန်သော။ အစ္စန္တသီလာသု၊ လွန်ကျူး၍ ကျင့်လေ့ရှိကုန်သော။ အသညတာသု၊ ကိုယ်နှုတ်နှလုံးကို မစောင့်ကုန်သော။ နာရီသု၊ မိန်းမတို့၌။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဘရိယာ၊ မယားသည်။ အစ္စန္တပေမာနုဂတာ၊ စင်စစ်လျှင် အတုလိုက်သော ချစ်ခြင်းရှိသည်။ အဿ၊ ဖြစ်ငြားအံ့။ န ဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဟိ-သစ္စံ၊ မှန်၏။ နာရိယော၊ မိန်းမတို့သည်။ တိတ္ထသမာ၊ မြစ်ဆိပ်နှင့် တူကုန်၏။

ဣတ္ထိယော၊ မိန်းမတို့သည်။ သာမိကံ၊ လင်ကို။ ဟနေယျုံပိ၊ သတ်မူလည်း သတ်ကုန်၏။ ဆိန္ဒေယျုံပိ၊ ဖြတ်မူလည်း ဖြတ်ကုန်ရာ၏။ ဆေဒါပေယျုံပိ၊ ဖြတ်စေမူလည်း ဖြတ်စေကုန်ရာ၏။ ကဏ္ဌေပိ၊ လည်း၌လည်း။ ဆေတွာ၊ ဖြတ်၍။ ရုဟိရံ၊ သွေးကို။ ပိဝယျုံ၊ သောက်ကုန်ရာ၏။ ဒီနကာမာသု၊ ယုတ်မာသောအလိုရှိကုန်သော။ အသညတာ သု၊ မစောင့်စည်းကုန်သော။ ဂင်္ဂတိတ္ထူပမာသု၊ ဂင်္ဂါဆိပ်နှင့် တူကုန်သော။ နာရီသု၊ မိန်းမတို့၌။ ဘာဝံ၊ ချစ်ခြင်းကို။ မာ ကရေ၊ မပြုရာ။

မိန်းမသစ္စာ မုသားသာ

တာသံ၊ ထိုမိန်းမတို့အား။ မုသာ၊ မုသာဝါဒသည်။ သစ္စံ ယထာ၊ သစ္စာနှင့်တူ၏။ တာသံ၊ ထိုမိန်းမတို့၏။ သစ္စံ၊ သစ္စာသည်။ မုသာ ယထာ၊ မုသာဝါဒနှင့် တူ၏။ ဂါဝေါ၊ နွားတို့သည်။ တိဏဿ၊ မြက်၏။ ဗဟိ၊ အပ၌။ ဝရာဝရံ၊ ကောင်းနိုးရာရာကို။ ဩမသန္တ ဣဝ၊ ရှာစားကုန်သကဲ့သို့တည်း။

ဧတာ၊ ထိုမိန်းမတို့သည်။ ဂတေန၊ သွားခြင်းဟူသော။ နိမိတ္တေန စ၊ နိမိတ်ဖြင့်လည်းကောင်း။ ပေက္ခိတေန၊ ကြည့်ရှုခြင်းဟူသော။ နိမိတ္တေန စ၊ နိမိတ်ဖြင့်လည်းကောင်း။ မှိတေန၊ ပြုံးခြင်းဟူသော။ နိမိတ္တေနစ၊ နိမိတ်ဖြင့်လည်းကောင်း။ အထောပိ၊ ထိုမှတစ်ပါးလည်း။ ဒုန္နိဝတ္ထေနစ၊ မကောင်းသောဝတ်ခြင်းဖြင့်လည်းကောင်း။ မဉ္ဇုနာ ဘဏိတေန စ၊ သာယာစွာ ပြောဆိုခြင်းဖြင့်လည်းကောင်း။ ပလောဘေန္တိ၊ ဖြားယောင်းတတ်ကုန်၏။

ဟိ-သစ္စံ၊ မှန်၏။ ဧတာ၊ ထိုမိန်းမတို့သည်။ စောရိယော၊ ခိုးသူနှင့်တူကုန်၏။ ကထိနာ၊ ခက်ထန်သောစိတ် ရှိကုန်၏။ ဝါဠာ၊ ကြမ်းကြုတ်ကုန်၏။ တာ၊ ထိုမိန်းမတို့သည်။ လပသက္ခရာ၊ အကျိုးမဲ့ ပြောဆိုသဖြင့် သကာခဲကဲ့သို့ နှုတ်ဖြင့် ချိုသာကုန်သည်ဖြစ်၍။ ကိဉ္စိ၊ စိုးစဉ်းသော စိတ်အကြံအစည်ကို။ တာ၊ ထိုမိန်းမတို့သည်။ န ဇာနန္တိ၊ မသိနိုင်ကုန်။ မနုဿေသု၊ လူတို့၌။ ယံ ဝဉ္စနံ၊ အကြင် လှည့်ပတ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ ဝဉ္စနံ၊ ထိုလှည့်ပတ်ခြင်းကို။ န ဇာနန္တိ၊ မသိနိုင်ကုန်။

လောကေ၊ လောက၌။ ဣတ္ထိယော နာမ၊ မိန်းမတို့မည်သည်ကား။ အသာ၊ သတိမရှိသည်ဖြစ်၍ ယုတ်မာကုန်၏။ တာသံ၊ ထိုမိန်းမတို့အား။ ဝေလာ၊ အပိုင်းအခြားသည်။ န ဝိဇ္ဇတိ၊ မရှိ။ သာရတ္တာ စ၊ အခါခပ်သိမ်း တပ်စွန်းခြင်းနှင့်တကွ ဖြစ်ကုန်၏။ ပဂဗ္ဘာ စ၊ ကိုယ်နှုတ်နှလုံးလည်း ကြမ်းတမ်းကုန်၏။ သဗ္ဗဃသော၊ အလုံးစုံ ကောင်း မကောင်းကို စားတတ်သော။ သိခီ ယထာ၊ မီးနှင့်တူကြကုန်၏။

ထီနံ၊ မိန်းမတို့အား။ ပိယာ နာမ၊ ချစ်ခြင်းမည်သည်။ နတ္ထိ၊ မရှိ။ အပ္ပိယောပိ၊ မချစ်ခြင်းသည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။ ဟိ-သစ္စံ၊ မှန်၏။ နာဝါ၊ လှေသည်။ ဩရကုလဉ္စ၊ ဤမှာဘက်ကမ်းကို လည်းကောင်း။ ပရဉ္စကုလံ၊ ထိုမှာဘက်ကမ်းကို လည်းကောင်း။ သေဝတိ ယထာ၊ မှီဝဲသကဲ့သို့။ တထာ၊ ထို့အတူ။ ဧတာ၊ ထိုမိန်းမတို့သည်။ ပိယဉ္စ၊ ချစ်သောယောက်ျားကို လည်းကောင်း။ အပ္ပိယဉ္စ၊ မချင်သောယောက်ျားကို လည်းကောင်း။ သေဝန္တိ၊ မှီဝဲတတ်ကုန်၏။

ထီနံ၊ မိန်းမတို့အား။ ပိယော နာမ၊ ချစ်ခြင်းမည်သည်။ န ဝိဇ္ဇတိ၊ မရှိ။ အပ္ပိယောပိ၊ မချစ်ခြင်းသည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။ ဒုမနိဿိတာ၊ သစ်ပင်ကိုမှီသော။ လတာ၊ နွယ်သည်။ ဒုမံ၊ အလုံးစုံ ကောင်းမကောင်းဖြစ်သော သစ်ပင်အပေါင်းကို။ ပဝေဌတိ ဣဝ၊ ရစ်ပတ်၍ နွယ်သကဲ့သို့။ တထာ၊ ထို့အတူ။ ဓနတ္ထာ၊ ဥစ္စာဟူသော အကြောင်းကြောင့်။ ပဋိဝလ္လန္တိ၊ မှီဝဲရစ်ပတ်တတ်ကုန်၏။

မိန်းမတို့ကြိုက်တတ်ရာ

ဟတ္ထိဗန္ဓံ၊ ဆင်ထိန်းကိုလည်းကောင်း။ အဿဗန္ဓံ၊ မြင်းထိန်းကို လည်းကောင်း။ ဂေါပုရိသံ၊ နွားကျောင်းသားကို လည်းကောင်း။ ဆဝဍာဟကံ၊ သူကောင်ဖုတ်ဖြစ်သော။ စဏ္ဍာလဉ္စ၊ ဒွန်းစဏ္ဍားကို လည်းကောင်း။ ပုပ္ဖဆဍ္ဍကံ၊ မစင်ကျုံးသောသူကို လည်းကောင်း။ သဓနံ၊ ဥစ္စာရှိသော။ ပုရိသမဏ္ဍလံ၊ ယောက်ျားအပေါင်းကို။ နာရိယော၊ မိန်းမတို့သည်။ အနုပတန္တိ၊ အစဉ် လိုက်တတ်ကုန်၏။

နာရိယော၊ မိန်းမတို့သည်။ အကိဉ္စနံ၊ ဥစ္စာမရှိသော။ ကုလပုတ္တံ၊ အမျိုးကောင်းသားကိုလည်း။ ဇဟန္တိ၊ စွန့်တတ်ကုန်၏။ ဆဝကသမသဒိသံ၊ ခွေးသားကိုစားသော ဒွန်းစဏ္ဍားနှင့်တူသော။ သဓနံ၊ ဥစ္စာရှိသောသူကို။ ဓနဟေတု၊ ဥစ္စာဟူသောအကြောင်းကြောင့်။ ဂစ္ဆန္တိ-အနုပတန္တိ၊ အစဉ်လိုက်တတ်ကုန်၏။

နာရဒရသေ့၏ မိန်းမတရား

ဤသို့လျှင် အာနန္ဒာမည်သော လင်းတမင်းသည် မိမိဉာဏ်၌တည်၍ မိန်းမတို့၏ကျေးဇူးမဲ့ကို ဟောပြီးလျှင် ဆိတ်ဆိတ်နေ၏။

ထိုအာနန္ဒာ လင်းတမင်း တရားစကားကိုကြား၍ နာရဒရသေ့သည်လည်း မိမိဉာဏ်၌ တည်၍ ထိုမိန်းမတို့၏ ကျေးဇူးမဲ့ကို ဟော၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်- အထ ခလု ဘော နာရဒေါ- အစရှိသော တစ်ဆယ့်နှစ်ဂါထာတို့ကို ဟောတော်မူ၏။

ဘော၊ အို ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ဒေဝဗြဟ္မာဏော၊ မြတ်သောပုဏ္ဏားဖြစ်သော။ နာရဒေါ၊ နာရဒရသေ့သည်။ အာနန္ဒဂိဇ္ဈရာဇဿ၊ အာနန္ဒာအမည်ရှိသော လင်းတမင်း၏။ အာဒိမဇ္ဈကထာ ပရိယောနံ၊ စကား၏ အစ, အလယ်, အဆုံးကို။ ဝိဒိတွာ၊ သိပြီး၍။ တာယံ ဝေလာယံ၊ ထိုအခါ၌။ ဣမာ ဂါထာ၊ ဤဂါထာတို့ကို။ အဘာသိ၊ ရွတ်၏။

မပြည့်နိုင်သော အရာများ

ဒိဇမ္ပတိ၊ ငှက်တကာတို့၏ မင်းဖြစ်သော ဥဩမင်းသည်။ ဘာသဘော၊ ဆိုလတ္တံ့သော။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏာထ၊ နာလင့်ကုန်။ သမုဒ္ဒေါ၊ မဟာသမုဒ္ဒရာလည်းကောင်း။ ဗြာဟ္မဏော၊ ပုဏ္ဏားလည်းကောင်း။ ရာဇာ၊ မင်းလည်းကောင်း။ ဣတ္ထီစာပိ၊ မိန်းမလည်းကောင်း။ ဣမေ စတ္တာရော၊ ဤလေးယောက်သော သူတို့သည်။ န ပူရေန္တိ၊ မပြည့်နိုင်ကုန်။

ယာကာစိ၊ အလုံးစုံကုန်သော။ ပထဝိဿိတာ၊ မြေကိုမှီကုန်သော။ သရိတာ၊ မြစ်တို့သည်။ သာဂရံ၊ သမုဒ္ဒရာသို့။ ယန္တိ၊ စီးဝင်ကုန်၏။ တာ၊ ထိုမြစ်တို့သည်။ သမုဒ္ဒံ၊ မဟာသမုဒ္ဒရာကို။ န ပူရေန္တိ၊ မပြည့်စေနိုင်ကုန်။ ဦနတ္တာဟိ၊ ယုတ်သည်၏အဖြစ်ကြောင့်လျှင်။ န ပူရတိ၊ မပြည့်နိုင်။

ဗြာဟ္မဏော စ၊ ပုဏ္ဏားသည်လည်း။ ပဉ္စမံ၊ ဣတိဟာသကျမ်းလျှင် ငါးခုမြောက်ဖြစ်သော။ ဝေဒမက္ခာနံ၊ ဗေဒင်လေးပုံကို။ အဓိယာန၊ သင်၍။ ဘိယျောပိ၊ လွန်စွာလည်း။ သုတံ၊ အကြားအမြင်ကို။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ ဦနတ္တာဟိ၊ ယုတ်သည်၏ အဖြစ်ကြောင့်လျှင်။ န ပူရတိ၊ မပြည့်နိုင်။

ရာဇာ စ၊ မင်းသည်လည်း။ သသမုဒ္ဒါ၊ သမုဒ္ဒရာနှင့်တကွသော။ သပဗ္ဗတံ၊ စကြဝဠာတောင်နှင့်တကွသော။ အဇ္ဈာဝသံ၊ နေရာဖြစ်သော။ သဗ္ဗံ၊ အလုံးစုံသော။ ပထဝိံ၊ မြေကို။ ဝိဇိနိတွာပိ၊ အောင်မြင်ပြီးသော်လည်း။ အနန္တရတနောစိတံ၊ အထူးထူးများသော ရတနာတို့ဖြင့် ပြည့်သော။ ပါရံ သမုဒ္ဒံ၊ သမုဒ္ဒရာ၏ ကမ်းတစ်ဖက်ကို။ ပတ္ထေတိ၊ တောင့်တ၏။ ဦနတ္တာဟိ၊ ယုတ်သည်၏ အဖြစ်ကြောင့်လျှင်။ န ပူရတိ၊ မပြည့်နိုင်။

ဧကမေကာယ ဣတ္ထိယာ၊ တစ်ယောက် တစ်ယောက်သော မိန်းမအား။ သူရာ စ၊ ကာမ၌ အလွန်ရဲရင့်သည်လည်း ဖြစ်ကုန်သော။ ဗလဝန္တော စ၊ ကာမ၌ အားကြီးသည်လည်း ဖြစ်ကုန်သော။ သဗ္ဗကာမရသာဟရာ၊ အလုံးစုံသော ကာမအရသာကို ဆောင်နိုင်ကုန်သော။ အဋ္ဌဋ္ဌပတိနော၊ ရှစ်ယောက် ရှစ်ယောက်သော လင်တို့သည်။ သိယာ- သိယုံ၊ ရှိသည်ဖြစ်ကုန်ငြားအံ့။ နဝမေ၊ ကိုးယောက်မြောက်သောလင်၌။ ဆန္ဒံ၊ ဆန္ဒကို။ ကရေယျ၊ ပြုသည်သာတည်း။ ဦနတ္တာတိ၊ ယုတ်သည်၏ အဖြစ်ကြောင်းလျှင်။ န ပူရတိ၊ မပြည့်နိုင်။

သဗ္ဗတ္ထိယော၊ ခပ်သိမ်းသော မိန်းမတို့သည်။ သဗ္ဗဘက္ခာ၊ အလုံးစုံကို စားတတ်သော။ သိခီရိဝ၊ မီးနှင့်တူကုန်၏။ သဗ္ဗိတ္ထိယော၊ ခပ်သိမ်းသော မိန်းမတို့သည်။ သဗ္ဗဝါဟီ၊ အလုံးစုံကို မျှောတတ်သော။ နဒီရိဝ၊ မြစ်နှင့်တူကုန်၏။ သဗ္ဗိတ္ထိယော၊ ခပ်သိမ်းသော မိန်းမတို့သည်။ ကဏ္ဋကာနံဝ သာခါ၊ အဆူးရှိသောသစ်ခက်နှင့် တူကုန်၏။ သဗ္ဗတ္ထိယော၊ ခပ်သိမ်းကုန်သော မိန်းမတို့သည်။ ဓနဟေတု၊ ဥစ္စာဟူသော အကြောင်းကြောင့်။ ဝဇန္တိ၊ ယောကျ်ားတစ်ပါးသို့ ကပ်တတ်ကုန်၏။

ယော နရော၊ အကြင်ယောက်ျားသည်။ သဗ္ဗဘာဝံ၊ အလုံးစုံသောအလိုကို။ ပမဒါသု၊ မိန်းမတို့၌။ ဩဿဇေ၊ လွှတ်ငြားအံ့။ သော နရော၊ ထိုယောက်ျားသည်။ ဝါတံ၊ လေကို။ ဇာလေန၊ ကွန်ဖြင့်။ ပရာမသေ၊ ဖမ်းရာ၏။ သာဂရံ၊ မဟာသမုဒ္ဒရာကို။ ဧကပါဏိနာ၊ လက်တစ်ဖက်တည်းဖြင့်။ ဩသိဉ္စယျေ၊ သွန်ရာ၏။ သကေန ဟတ္တေန၊ မိမိလက်ဖြင့်။ ဃောသံ၊ အသံကို။ ကရေယျ၊ ပြုရာ၏။

ယာသု၊ အကြင်မိန်းမတို့၌။ သစ္စံ၊ မှန်သောစကားကို။ သုဒုလ္လဘံ၊ အလွန်ရခဲ၏။ စောရီနံ၊ ခိုးသူနှင့်တူကုန်သော။ ဗဟုဗုဒ္ဓီနံ၊ များသော ဥပါယ်တံမျဉ်ရှိကုန်သော။ ထီနံ၊ မိန်းမတို့၏။ ဘာဝေါ၊ အလိုကို။ ဒုရာဇာနော၊ သိနိုင်ခဲကုန်၏။ ဥဒကေ၊ ရေ၌။ မစ္ဆဿ၊ ငါး၏။ ဂတံ၊ သွားခြင်းကဲ့သို့တည်း။

အနလာ၊ သုံးပါးကုန်သော တရားတို့ဖြင့် တန်ပြီဟု မဆိုကုန်။ မုဒုသမ္ဘာသာ၊ နူးညံ့ချိုသာသော စကားရှိကုန်၏။ တာ၊ ထိုမိန်းမတို့သည်။ ဒုပ္ပူရာ၊ ကိလေသာဖြင့် ပြည့်နိုင်ခဲသည်ဖြစ်၍။ နဒီသမာ၊ မြစ်နှင့်တူကုန်၏။ ဣတ္ထိယာ၊ မိန်းမတို့သည်။ အပါယေသု၊ အပါယ်လေးပါးတို့၌။ သီဒန္တိ၊ နစ်တတ်ကုန်၏။ ဣတိ၊ ဤသို့။ ဝိဒိတွာန၊ သိ၍။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇယေ၊ ကြဉ်ရှောင်ရာ၏။

ဣတ္ထိယော၊ မိန်းမတို့သည်။ မဟာမာယာ၊ များစွာသော မာယာရှိကုန်သည်ဖြစ်၍။ အာဝဋ္ဋနီ၊ မျက်လှည့်သည်နှင့် တူကုန်၏။ ဗြဟ္မစရိယဝိကောပနာ၊ မြတ်သောအကျင့်ကို ဖျက်ဆီးတတ်ကုန်၏။ သီဒန္တိ၊ အပါယ်လေးပါး၌ နစ်တတ်ကုန်၏။ ဣတိ၊ ဤသို့။ ဝိဒိတွာန၊ သိ၍။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇယေ၊ ကြဉ်ရှောင်ရာ၏။

ဧတာ၊ ထိုမိန်းမတို့သည်။ ယံ၊ အကြင်ယောက်ျားကို။ ဆန္ဒသာဝါ၊ ချစ်မြတ်နိုးသောကြောင့် လည်းကောင်း။ ဓနေန ဝါ၊ ဥစ္စာကြောင့် လည်းကောင်း။ ဥပသေဝန္တိ၊ မှီဝဲတတ်ကုန်၏။ ဇာတဝေဒေါ၊ မီးသည်။ သဏ္ဌာနံ၊ မိမိတည်ရာကို။ ဒဟတိ ဣဝ၊ လောင်သကဲ့သို့။ တထာ၊ ထို့အတူ။ နံ၊ ထိုမိန်းမကို မှီဝဲသော ယောက်ျားကို။ ခိပ္ပံ၊ လျင်စွာ။ အနုဒဟန္တိ၊ လောင်တတ်ကုန်၏။

ကုဏာလဥဩမင်း၏ မိန်းမတရား

ဤသို့ နာရဒရသေ့သည် မိန်းမတို့၏ ကျေးဇူးမဲ့ကို ပြသည်ရှိသော် တစ်ဖန် ဘုရားလောင်း ကုဏာလငှက်မင်းသည် အထူးပြု၍ ထိုမိန်းမတို့၏ ကျေးဇူးမဲ့ကို ပြတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်- အထ ခလု ကုဏာလော- အစရှိသော ဂါထာနှစ်ဆယ်တို့ကို ဟောတော်မူ၏။

ဘော၊ အို ရဟန်းအပေါင်းတို့။ အထ၊ ထိုအခါ၌။ ခလု၊ စင်စစ်။ ကုဏာလော၊ ကုဏာလ အမည်ရှိသော။ သကုဏာ၊ ငှက်မင်းသည်။ ဒေဝဗြာဟ္မဏဿ၊ မြတ်သော ပုဏ္ဏားဖြစ်သော။ နာရဒဿ၊ နာရဒရသေ့၏။ အာဒိမဇ္ဈကထာ ပရိယာသာနံ၊ စကား၏ အစ, အလယ်, အဆုံးကို။ ဝိဒိတွာန၊ သိပြီး၍။ တာယံ ဝေလာယံ၊ ထိုအခါ၌၊ ဣမာ ဂါထာယော၊ ဤဂါထာတို့ကို။ အဘာသိ၊ ဟော၏။

ပဏ္ဍိတော၊ ပညာရှိသောသူသည်။ နိသိတခဂ္ဂပါဏိနာအပိ၊ ထက်စွာ သွေးအပ်ပြီးသော သန်လျက်လက်စွဲသော သူနှင့်လည်းကောင်း။ ပိသာစဒေါသိနာအပိ၊ ဒေါသထွက်သော ဘီလူးနှင့်လည်းကောင်း။ သလ္လပေ၊ စကားပြောရာ၏။ ဥဂ္ဂတေဇံ၊ ထက်သော အဆိပ်ရှိသော။ ဥရဂံ၊ မြွေကိုသော်လည်း။ အာသိဒေ၊ ကိုင်ရာ၏။ ဧကောဧကာယ၊ တစ်ယောက်တည်းချင်း။ ပမဒါယ၊ မိန်းမနှင့်။ နာလပေ၊ ဆိတ်ကွယ်ရာ၌ စကားမပြောရာ။

မိန်းမတို့ လက်နက်များ

ဟိ သစ္စံ၊ မှန်၏။ နာရိယော၊ မိန်းမတို့သည်။ လောကစိတ္တမထနာ၊ လူတို့၏စိတ်ကို ညှဉ်းဆဲတတ်ကုန်၏။ နစ္စ ဂီတ ဘဏိတမှိတာဝုဓာ၊ ကခြင်း သီချင်း စကားပြောခြင်း ပြုံးရယ်ခြင်း လက်နက်ရှိကုန်သည်ဖြစ်၍။ တာ၊ ထိုမိန်းမတို့သည်။ အနုပဋိတသတိံ၊ မထင်သော သတိရှိသော ယောက်ျားကို။ ဗာဓယန္တိ၊ နှိပ်စက်တတ်ကုန်၏။ ဒီပေ၊ သမုဒ္ဒရာကျွန်းငယ်၌။ ရက္ခသိဂဏော၊ ရက္ခိုသ်ဘီလူးအပေါင်းသည်။ ဝါဏိဇေ၊ ကုန်သည်တို့ကို။ ခါဒန္တိ ဣဝ၊ စားကုန်သကဲ့သို့တည်း။

တာသံ၊ ထိုမိန်းမတို့အား။ ဝိနယော၊ ကောင်းသောအကျင့်သည်။ နတ္ထိ၊ မရှိ။ သံဝရော၊ စောင့်စည်းခြင်းသည်။ နတ္ထိ၊ မရှိ။ မဇ္ဇမံသာနိရတာ၊ သေအရက် ငါး, အမဲနှင့် မွေ့လျော်ကုန်၏။ အသညတာ၊ ကိုယ် နှုတ် နှလုံးကို မစောင့်ကုန်။ တာ၊ ထိုမိန်းမတို့သည်။ ပုရိသဿ၊ ယောက်ျားသည်။ ပါဘတံ၊ ဆင်းရဲစွာ ဆည်းပူးအပ်သော ဥစ္စာကို။ ဂိလန္တိ၊ ဖျက်ဆီးတတ်ကုန်၏။ တိမင်္ဂလော၊ တိမင်္ဂလအမည်ရှိသော ငါးကြီးသည်။ သာဂရေ၊ သမုဒ္ဒရာ၌။ မကရံ၊ မကရ်းကို။ ဂိလတိ ဣဝ၊ မျိုသကဲ့သို့တည်း။

ပဉ္စကာမဂုဏသာတဂေါစရာ၊ ငါးပါးကုန်သော ကာမဂုဏ်၌ သာယာခြင်း၏အာရုံဖြစ်ကုန်၏။ ဥဒ္ဓတာ၊ ထက်သောစိတ် ရှိကုန်၏။ အနိယတာ၊ မမြဲကုန်။ အသညတာ၊ မစောင့်စည်းကုန်။ ပမဒါ၊ မိန်းမတို့သည်။ ပမာဒီနံ၊ မေ့လျော့သော ယောကျ်ားတို့အား။ ဩသရန္တိ၊ အနီးသို့ ကပ်တတ်ကုန်၏။ အာပကာ၊ မြစ်တို့သည်။ လောဏတောယဝတိယံ၊ ဆားငန်ရေ အတိပြီးသော မဟာသမုဒ္ဒရာသို့။ ဩသရန္တိ ဣဝ၊ စီးဝင်ကုန်သကဲ့သို့တည်း။

မိန်းမကပ်ဆေး

နာရိယော၊ မိန်းမတို့သည်။ ဆန္ဒသာ ဝါ၊ ချစ်ခင်လေးမြတ်သဖြင့်လည်းကောင်း။ ရတိယာ ဝါ၊ ကာမဂုဏ်၌ မွေ့လျော်လိုသဖြင့်လည်းကောင်း။ ဓနေန ဝါ၊ ဥစ္စာဟူသော အကြောင်းကြောင့်လည်းကောင်း။ ယံ နရံ၊ အကြင်ယောက်ျားကို။ ဥပလပေန္တိ၊ ဖြားယောင်းတတ်ကုန်၏။ ရာဂဒေါသဝဓိယော၊ ရာဂ ဒေါသတို့ဖြင့် နှိပ်စက်တတ်ကုန်သော မိန်းမတို့သည်။ ဇာတဝေဒသဒိသံ၊ မီးကဲ့သို့ ထင်ရှားသော။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ နံ-နရံပိ၊ ထိုယောက်ျားကိုလည်း။ ဒဟန္တိ၊ လောင်တတ်ကုန်၏။

အဍ္ဎံ၊ ကြွယ်ဝကုံလုံ ပြည့်စုံသော။ မဟဒ္ဓနံ၊ များသောဥစ္စာရှိသော။ ပုရိသံ၊ ယောက်ျားကို။ ဉတွာ၊ သိ၍။ သဓနံ၊ မိမိဥစ္စာကို။ ဒတွာ၊ ပေး၍။ သဟတ္တနာ၊ အတ္တဘောတည်းဟူသော ကိုယ်နှင့်တကွ။ ဩသရန္တိ၊ အနီးသို့ ကပ်တတ်ကုန်၏။ ရတ္တစိတ္တံ၊ တပ်စွန်းသော စိတ်ရှိသော။ နံ ပုရိသံ၊ ထိုယောက်ျားကို။ အတိဝေဌယန္တိ၊ အလွန် ရစ်ပတ်တတ်ကုန်၏။ ကာနနေ၊ တောကြီး၌။ မာလုဝလတာ၊ ပြိတ်နွယ်သည်။ သာလံ၊ အင်ကြင်း ပင်ကို။ အတိဝေဌသိ ဣဝ၊ ရစ်ပတ်သကဲ့သို့တည်း။

တာ၊ ထိုမိန်းမတို့သည်။ အလင်္ကတာ၊ တန်ဆာဆင်ကုန်သောကြောင့်။ စိတြဗိမ္ဗမုခိယော၊ ဆန်းကြယ်သော ကိုယ်မျက်နှာ ရှိကုန်သည်ဖြစ်၍။ ဝိဝိဓေန၊ အထူးထူးအပြားပြားသော။ ဆန္ဒသာ၊ အလိုဆန္ဒဖြင့်။ ဥပေန္တိ၊ ကပ်ကုန်၏။ နာရိယော၊ မိန်းမတို့သည်။ ဥဟသန္တိ၊ ပြင်းစွာရယ်ကုန်၏။ ပဟသန္တိ၊ ညှင်းညှင်းသာသာရယ်ကုန်၏။ သမ္ဗရောဣဝ၊ မျက်လှည့်သည် ရာဟုအသူရှိန်နှင့် တူကုန်၏။ သတမာယကောဝိဒါ၊ များသော မာယာ၌ လိမ္မာကုန်၏။

ဇာတရူပ မဏိမုတ္တဘူသိတာ၊ ရွှေ ပတ္တမြား ပုလဲတို့ဖြင့် တန်ဆာဆင်အပ်ကုန်သည် ဖြစ်၍။ ပတိကူလေသု၊ လင့်အိမ်တို့၌၊ သက္ကတာ၊ အရိုအသေပြုကုန်သော်လည်း။ နာရိယော၊ မိန်းမတို့သည်။ အရက္ခိတာ၊ မစောင့်ရှောက်အပ်ကုန်သည်ဖြစ်၍။ သာမိကံ၊ လင်ကို။ အတိစရန္တိ၊ လွန်ကျူးတတ်ကုန်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဟဒယန္တရဿိတာ၊ ဒါနောဘီလူး၏ဝမ်း၌ ထားအပ်သော မိန်းမသည်။ ဒါနဝံ၊ ဒါနောဘီလူးကို။ အတိစရတိ ဣဝ၊ လွန်ကျူး၍ ကျင့်သကဲ့သို့။ အတိစရန္တိ၊ လွန်ကျူး၍ ကျင့်ကုန်၏တည်း။

ဟိ-သစ္စံ၊ မှန်၏။ တေဇဝါ၊ တန်ခိုးကြီးသော။ ဝိစက္ခဏော၊ ပညာအဆင်ခြင်နှင့် ပြည့်စုံသော။ ဗဟုဇနဿ၊ များစွာသော သူသည်။ သက္ကတော၊ အရိုအသေပြုအပ်သော။ ပူဇိတော၊ ပူဇော်အပ်သော။ နရောပိ၊ ယောက်ျားသည်လည်း။ နာရီနံ၊ မိန်းမတို့၏။ ဝသံ၊ အလိုသို့။ ဂတော၊ လိုက်သည်ရှိသော်။ န သောဘတိ၊ မတင့်တယ်။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ရာဟုနာ၊ ရာဟု အသူရိန်သည်။ ဥပဟတော၊ ဖမ်းအပ်သော။ စန္ဒိမာ၊ လသည်။ န သောဘတိ ဣဝ၊ မတင့်တယ်သကဲ့သို့တည်း။

ကုပိတော၊ အမျက်ထွက်သော သူသည်။ ဒုဋ္ဌစိတ္တော၊ ပျက်စီးသော စိတ်ရှိသည်ဖြစ်၍။ ဒိသောဒိသံ၊ အရပ်ထက်ဝန်းကျင်မှ။ ဝသံ၊ မိမိနိုင်ငံသို့။ အာဂတံ၊ ရောက်လာသော။ အရိံ၊ ရန်သူကို။ ယံ ဗျသနံ၊ အကြင်ပျက်စီးခြင်းကို။ ကရေယျ၊ ပြုရာ၏။ တေနဘိယျောဗျသနံ၊ ထိုရန်သူပျက်စီးသောထက်။ နာရီနံ၊ မိန်းမတို့၏။ ဝသံ၊ နိုင်ငံသို့။ ဂတော၊ လိုက်သော။ အပေက္ခဝါ၊ တဏှာကိုငဲ့သောသူသည်။ ဘိယျော၊ လွန်စွာ။ ဗျသနံ၊ ပျက်စီးခြင်းသို့။ နိဂစ္ဆတိ၊ ရောက်၏။

ကေသလူနနခဆိန္နတဇ္ဇိတာ၊ ဆံကိုနုတ်ခြင်း, ခြေသည်း လက်သည်းတို့ဖြင့် ကုတ်ဖဲ့ခြင်းတို့ဖြင့် ခြိမ်းခြောက်ကုန်သည် ဖြစ်၍။ ပါဒပါဏိကသဒဏ္ဍတာဠိတာ၊ ခြေ လက် တတောင် ကြိုး လှံတံတို့ဖြင့် ပုတ်ခတ်ကုန်သော်လည်း။ နာရိယော၊ မိန်းမတို့သည်။ ဟီနမေဝ၊ အယုတ်ကိုသာလျှင်။ ဥပဂတာ၊ ကပ်တတ်ကုန်၏။ တာ၊ ထိုမိန်းမတို့သည်။ မက္ခိကာ၊ ယင်တို့သည်။ ကုဏပေ၊ အပုပ်၌။ ရမန္တိ ဣဝ၊ မွေ့လျပ်ကုန်သကဲ့သို့။ ဟီနေယေဝ၊ အယုတ်၌သာလျှင်။ ရမန္တိ၊ မွေ့လျော်တတ်ကုန်၏။

တာ၊ ထိုမိန်းမတို့သည်။ ကုလေသု ဝါ၊ လင့်အိမ်တို့၌လည်းကောင်း။ ဝိသိခန္တရေသုဝါ၊ ခရီးလမ်းမတို့၌လည်းကောင်း။ ရာဇဌာနီ နိဂမေသု ဝါ၊ မင်းနေပြည် ရွာနိဂုံးတို့၌လည်းကောင်း။ ပုန၊ တစ်ဖန်။ ဩဍ္ဍိတံ၊ ထောင်အပ်သော။ နမုစိပါသဝါကရံ၊ ကိလေသာမာရ်၌ ကျော့ကွင်းကုပ်ညွတ်ကို။ ဩဍ္ဍန္တိ၊ ထောင်ကုန်၏။ တံ၊ ထိုကျော့ကွင်းကုပ်ညွတ်ကို။ သုခတ္ထိကော၊ ချမ်းသာကို အလိုရှိသော။ စက္ခုမာ၊ ပညာမျက်စိနှင့် ပြည့်စုံသောသူသည်။ ပရိဝဇ္ဇေ၊ ကြဉ်ရှောင်ရာ၏။

ကုသလံ၊ ကုသိုလ်ဟုဆိုအပ်သော။ တပေါဂုဏံ၊ အကျင့်ဂုဏ်ကျေးဇူးကို။ ဩဿဇိတွာ၊ စွန့်၍။ ယော၊ အကြင်သူသည်။ အနရိယစရိယာနိ၊ ကာမဂုဏ်၌ မကောင်းသောအကျင့်တို့ကို။ စရိ၊ ကျင့်အံ့။ သော၊ ထိုသူကို။ ဒေဝတာဟိ၊ နတ်တို့သည်။ နိရယံ၊ ငရဲသို့။ နယိဿတိ၊ ဆောင်လတ္တံ့။ ဝါဏိဇော၊ ကုန်သည်သည်။ သတသဟဿဂ္ဃဘဏ္ဍံ၊ အဖိုးတစ်သိန်းထိုက်သော ဥစ္စာကို။ ဒတွာ၊ ပေး၍။ ဆေဒဂါမိမဏိယံ၊ စဉ်းကောက်ကို။ ဂဏှတိ ဣဝ၊ ယူသကဲ့သို့တည်း။

သော ဒုမ္မတီ၊ ထိုပညာနည်းသောသူသည်။ ဣဓ စ၊ ဤပစ္စုပ္ပန်လောက၌လည်း။ ဂဟရိတော၊ ကဲ့ရဲ့အပ်သည်ဖြစ်၍။ ပရတ္ထ စ၊ တမလွန်ဘဝ၌လည်း။ သကမ္မုနာ၊ မိမိပြုသော မကောင်းမှုသည်။ ဥပဟတော၊ ဖျက်ဆီးအပ်သည်ဖြစ်၍။ ဂဠာဂဠံ၊ လူ့ပြည် နတ်ပြည်မှ လျှောကျ၍။ အနိယတော၊ ရှည်မြင့်သော ကာလပတ်လုံး။ အပါယေသု၊ အပါယ်တို့၌။ ပစ္စိဿတိ၊ ကျက်ရလတ္တံ့။ ဒုဋ္ဌဂဒြဘရထော၊ မြင်းဆိုးမြင်းယုတ် က, သောရထားသည်။ ဥပ္ပထေ၊ ခရီးမဟုတ်သည်၌။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့တည်း။

တပ်မက်လွန်းသူ့ ငရဲ

သော၊ ထိုကာမဂုဏ်၌ မက်မောသောသူသည်။ ပတာပနံ၊ ပတာပန အမည်ရှိသော။ နိရယံ၊ ငရဲကြီးသို့။ ဥပေတိ၊ ရောက်ရ၏။ အာယသံ၊ သံဖြင့်ပြီးသော။ သတ္တိသိမ္ဗလိဝနဉ္စ၊ လှံသွားကဲ့သို့ ဆူးရှိသော လက်ပံတောသို့လည်း။ ဥပေတိ၊ ရောက်ရ၏။ တိရစ္ဆာနယောနိယံ၊ တိရစ္ဆာန်အမျိုး၌။ အာဝသိတွာန၊ ဖြစ်ပြီး၍။ ပေတရာဇဝိသယံ၊ ပြိတ္တာအသုရကာယ်မှ။ န မုစ္စတိ၊ မလွတ်။

ပမဒါ၊ မိန်းမတို့သည်။ ပမာဒီနံ၊ မေ့လျော့သော ယောက်ျားတို့အား။ နန္ဒနေ၊ နန္ဒဝန် ဥယျာဉ်၌။ ဒိဗျခိဍ္ဍရတိယော၊ နတ်ပြည်၌ဖြစ်သော မြူးထူးခြင်း မွေ့လျော်ခြင်းတို့ကိုလည်းကောင်း။ မာနုသေ၊ လူ့ပြည်၌။ စက္ကဝတ္တိစရိတဉ္စ၊ စကြဝတေးမင်း၏ စည်းစိမ်ချမ်းသာကို လည်းကောင်း။ နာသယန္တိ၊ ဖျက်ဆီးတတ်ကုန်၏။ နံ၊ ထိုမေ့လျော့သော ယောကျ်ားကို။ ဒုဂ္ဂတိဉ္စ၊ အပါယ်လေးပါးသို့လည်း။ ပဋိပါဒယန္တိ၊ ရောက်စေတတ်ကုန်၏။

ယေ ပုရိသာ၊ အကြင် ယောကျ်ားတို့သည်။ ပမဒါဟိ၊ မိန်းမတို့ဖြင့်။ အနတ္ထိကာ၊ အလိုမရှိကုန်သည်ဖြစ်၍။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ စရန္တိ၊ ကျင့်ကုန်၏။ တေဟိ ပုရိသေဟိ၊ ထိုယောက်ျားတို့သည်။ ဒိဗျခိဍ္ဍရတိယော၊ နတ်၌ဖြစ်သော မြူးထူးခြင်း မွေ့လျော်ခြင်းတို့ကို။ န ဒုလ္လဘာ၊ ရလွယ်ကုန်၏။ မနုဿေ၊ လူ့ပြည်၌။ စက္ကဝတ္တိစရိတဉ္စ၊ စကြဝတေးမင်း စည်းစိမ်ကိုလည်း။ န ဒုလ္လဘံ၊ ရလွယ်၏။ သောဝဏ္ဏဗျမှနိလယာ၊ ရွှေဗိမာန်၌ နေကုန်သော။ အစ္ဆရာ စ၊ နတ်သမီးတို့ကိုလည်း။ န ဒုလ္လဘာ၊ ရလွယ်ကုန်၏။

ယေ ပုရိသာ၊ အကြင် ယောက်ျားတို့သည်။ ပမဒါဟိ၊ မိန်းမတို့ကို။ အနတ္ထိကာ၊ အလိုမရှိကုန်သည် ဖြစ်၍။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ စရန္တိ၊ ကျင့်ကုန်၏။ တေဟိ ပုရိသေဟိ၊ ထိုယောက်ျားတို့သည်။ ကာမဓာတု သမတိက္ကမာ၊ ကာမဓာတ်ကို လွန်ခြင်းဟု ဆိုအပ်သော။ ယာ ဂတိ၊ အကြင်ဖြစ်ခြင်းကိုလည်းကောင်း။ ရူပဓာတုယာ၊ ရူပဘုံ၌။ ယော ဘာဝေါ၊ အကြင်ဖြစ်ခြင်းကိုလည်းကောင်း။ န ဒုလ္လဘော၊ ရခဲသည်မဟုတ်။ ဝီတရာဂဝိသယူပပတ္တိယာ၊ သုဒ္ဓါဝါသဘုံ၌ ဖြစ်ခြင်းငှာ။ န ဒုလ္လဘာ၊ ရခဲသည်မဟုတ်။ သုလဘာ ဧဝ၊ ရလွယ်သည်သာလျှင်တည်း။

ယေ ပုရိသာ၊ အကြင် ယောက်ျားတို့သည်။ ပမဒါဟိ၊ မိန်းမတို့ကို။ အနတ္ထိကာ၊ အလိုမရှိကုန်သည် ဖြစ်၍။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ စရန္တိ၊ ကျင့်ကုန်၏။ နိဗ္ဗုတေဟိ၊ ကိလေသာတို့မှ ငြိမ်းကုန်ပြီးသော။ သုစီဟိ၊ ကိလေသာတို့မှ စင်ကြယ်ကုန်ပြီးသော။ တေဟိ ပုရိသေဟိ၊ ထိုယောကျ်ားတို့သည်။ သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသော ဆင်းရဲအပေါင်းမှ။ သမတိက္ကမံ၊ လွန်ရာဖြစ်သော။ သိဝံ၊ ငြိမ်သက်ခြင်းကိုပြုတတ်သော။ အစ္စန္တံ၊ စင်စစ်။ အစလိတံ၊ ကိလေသာတို့ဖြင့် တုန်လှုပ်ခြင်း မရှိသော။ အသင်္ခတံ၊ ကံ စိတ် ဥတု အာဟာရတည်း ဟူသော အကြောင်းတရား လေးပါးတို့သည် မပြုပြင်အပ်သော။ နိဗ္ဗာနံပိ၊ နိဗ္ဗာန်ကိုသော်လည်း။ န ဒုလ္လဘံ၊ ရခဲသည်မဟုတ်။ သုလဘံ ဧဝ၊ ရလွယ်သည်သာလျှင်တည်း။

ဤသို့လျှင် ဘုရားလောင်း ကုဏာလငှက်မင်းသည် အမြိုက်နိဗ္ဗာန်သို့ ရောက်စေသဖြင့် ဓမ္မဒေသနာတော်ကို ပြီးစေတော်မူ၏။ ဟိမဝန္တာအရပ်၌ နေကုန်သော ကိန္နရာ နဂါးအစရှိသည်တို့သည်လည်းကောင်း, ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဪ... အံ့ဖွယ်ရှိစွ၊ သဗ္ဗညူဘုရားရှင်၏ တင့်တယ်စံပယ်ခြင်းဖြင့် ဟောပေ၏ဟု ချီးမွမ်းကုန်လျက် ကောင်းချီးပေးကြကုန်၏။ အာနန္ဒာအမည်ရှိသော လင်းတမင်းသည်လည်းကောင်း, နာရဒရသေ့သည်လည်းကောင်း ပုဏ္ဏမုခအမည်ရှိသော ဖုဿဥဩသည်လည်းကောင်း မိမိ မိမိတို့၏ ပရိသတ်တို့ကိုယူ၍ မိမိတို့နေရာ အရပ်သို့သာလျှင် သွားကြကုန်၏။ ဘုရားလောင်း ကုဏာလ ငှက်မင်းသည် မိမိနေရာအရပ်သို့ သွားလေ၏။ အာနန္ဒာ မည်သော လင်းတမင်း, နာရဒရသေ့, ပုဏ္ဏမုခ ဥဩတို့သည်ကား ကြိုးကြား ကြိုးကြား လာလတ်ကုန်၍ ဘုရားလောင်း ကုဏာလငှက်မင်းထံ၌ အဆု့းအမကိုယူ၍ ထိုအဆုံးအမ၌ တည်ကုန်၍လျှင် နတ်ပြည်သို့ လားကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီး၍ ဇာတ်ကို ပေါင်းပြန်တော်မူလိုရကား-

ကုဏာလောဟံ တဒါ အာသိံ ဥဒါယီ ဖုဿကောကိလော။
အာနန္ဒော ဂိဇ္ဈရာဇာသိ၊ သာရိပုတ္တော စ နာရဒေါ။
ပရိသာ ဗုဒ္ဓပရိသာ၊ ဧဝံ ဓာရေထ ဇာကတံ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ ဧတရဟိ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ တဒါ၊ ထိုအခါ၌။ ကုဏာလော၊ ကုဏာလငှက်မင်းသည်။ အာသိံ၊ ဖြစ်ဖူးပြီ။ ဧတရဟိ၊ ယခုအခါ၌။ ဥဒါယီ၊ ဥဒါယီသည်။ တဒါ။ ထိုအခါ၌။ ဖုဿကောကိလော၊ ပုဏ္ဏမုခအမည်ရှိသော ဖုဿဥဩသည်။ အသိ၊ ဖြစ်ဖူးပြီ။ ဧတရဟိ၊ ယခုအခါ၌။ အာနန္ဒော၊ အာနန္ဒာသည်။ တဒါ၊ ထိုအခါ၌။ ဂိဇ္ဈရာဇာ၊ အာနန္ဒာအမည်ရှိသော လင်းတမင်းသည်။ အသိ၊ ဖြစ်ဖူးပြီ။ ဧတရတိ၊ ယခုအခါ၌။ သာရိပုတ္တော စ၊ သာရိပုတ္တရာသည်ကား။ တဒါ၊ ထိုအခါ၌။ နာရဒေါ၊ နာရဒရသေ့သည်။ အသိ၊ ဖြစ်ဖူးပြီ။ ဧတရဟိ၊ ယခုအခါ၌။ ဗုဒ္ဓပရိသာ၊ ဘုရားပရိသတ်တို့သည်။ တဒါ၊ ထိုအခါ၌။ ပရိသာ၊ ကုဏာလငှက်မင်း ပရိသတ်တို့သည်။ အဟေသုံ၊ ဖြစ်ဖူးကုန်ပြီ။ ဧဝံ၊ ဤသို့။ ဇာတကံ၊ ဇာတ်ပေါင်းခြင်းကို။ ဓာရေထ၊ မှတ်လေကုန်။

ထိုငါးရာကုန်သော သာကီဝင်မင်းသားတို့သည်ကား သွားသောအခါ မြတ်စွာဘုရား အာနုဘော်တော်ဖြင့် သွားကုန်၍ လာသောအခါ၌ကား မိမိ မိမိတို့၏ အာနုဘော်ဖြင့်သာလျှင် လာကြကုန်၏။ ထိုငါးရာကုန်သော သာကီဝင် မင်းသား ရဟန်းတို့အား သဗ္ဗညူမြတ်စွာဘုရားသည် မဟာဝုန်တော၌ ကမ္မဋ္ဌာန်းကို ဟောတော်မူ၏။ အလုံးစုံသော ရဟန်းတို့သည်လည်း ထိုနေ့၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ များစွာသော နတ်တို့၏ အစည်းအဝေးသည် ဖြစ်၏။ ထိုများစွာသော နတ်တို့ အစည်းအဝေး၌ မြတ်စွာဘုရားသည် မဟာသမယသုတ်ကို ဟောတော်မူ၏။

မိန်းမတို့မှာ၊ ပြစ်များစွာ၊ သိကာ ချမ်းသာရ

လေးခုမြောက်ဖြစ်သော မဟာကုဏာလဇာတ်သည်ပြီး၏။

*****

အသီတိနိပါတ်

၅။ မဟာသုတသောမဇာတ်

ပညာဉာဏ်ဖြင့် အလိုဆန္ဒပြည့်ဝခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကသ္မာ တုဝံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာသုတသောမဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အင်္ဂုလိမာလမထေရ်ကို ဆုံးမတော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအင်္ဂုလိမာလ မထေရ်၏ အတ္ထုပ္ပတ္တိကိုလည်းကောင်း ရဟန်းပြုခြင်းကိုလည်းကောင်း အင်္ဂုလိမာလသုတ် အဋ္ဌကထာ၌ ဆိုအပ်ပြီးသောနည်းဖြင့် သိအပ်၏။ အထူးကား- ထိုအင်္ဂုလိမာလမထေရ်သည် သစ္စာပြုသဖြင့် သားမဖွားနိုင်သော မိန်းမအား ချမ်းသာခြင်းကိုပြုသဖြင့် ထိုအခါမှစ၍ ရလွယ်သော ဆွမ်းရှိသည်ဖြစ်၍ ကမ္မဋ္ဌာန်းကိုပွားစေလျက် နောက်အဖို့၌ ရဟန္တာအဖြစ်သို့ရောက်သဖြင့် ထင်ရှားသည်ဖြစ်၍ ရှစ်ကျိပ်သော မဟာထေရ်တို့၏ အတွင်း၌ ဖြစ်၏။ ထိုအခါ တရားသဘင်၌ ရဟန်းတို့သည် စကားကို ဖြစ်စေကုန်၏။ ငါ့ရှင်တို့ ဪ... အံ့ဖွယ်ရှိစွ၊ သဗ္ဗညူ ဘုရားသခင်သည် ထိုသို့သဘောရှိသော ရုန့်ရင်းကြမ်းကြုတ်စွာသော လက်၌ သွေးအလိမ်းလိမ်းကပ်သော ခိုးသူကြီးဖြစ်သော အင်္ဂုလိမာလ မထေရ်ကိုစင်လျက် တုတ် လှံတံ လက်နက် ကိုင်စွဲတော်မမူဘဲ ဆုံးမတော်မူ၍ အဆိပ်မရှိသည်ကို ပြုတော်မူသဖြင့် ပြုနိုင်ခဲသောအမှုကို ပြုတော်မူ၏။ သဗ္ဗညူ ဘုရားရှင်တို့ မည်သည်ကားအံ့ဖွယ်ရှိစွ၊ ပြုနိုင်ခဲသောအမှုကို ပြုတော်မူပေစွဟု စကားကို ဖြစ်စေကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဂန္ဓကုဋိတိုက်တော်၌ တည်တော်မူလျက်လျှင် ဒိဗ္ဗသောတဖြင့် ရဟန်းတိုစကားကို ကြားတော်မူ၍ ယနေ့ တရားသဘင်သို့ ကြွတော်မူခြင်းသည် သတ္တဝါတို့အား များစွာသော ကျေးဇူးရှိသည် ဖြစ်လတ္တံ့၊ ကြီးစွာသော တရားဓမ္မဒေသနာသည် ဖြစ်လတ္တံ့ ဟု သိတော်မူ၍ နှိုင်းယှဉ်စရာ ဥပမာမရှိသော ဘုရား၏ တင့်တယ်စံပယ်ခြင်းဖြင့် တရားသဘင်သို့ ကြွတော်မူ၍ ခင်းအပ်သော ဘုရားနေရာတော်၌ နေတော်မူလျက် ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်လတ်သော် ရဟန်းတို့... ယခုအခါ၌ကား အလွန်မြင့်မြတ်သော သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူ၍ ငါဘုရားသည် အင်္ဂုလိမာလမထေရ်ကို ဆုံးမတော်မူခြင်းသည်အံ့ဖွယ်မရှိသေး၊ ငါဘုရားသည် ရှေး၌ ဘုရားအကျင့်ကို ကျင့်တော်မူသည်ရှိသော် တစ်စိတ် တစ်ဒေသဖြစ်သော ပဒေသဉာဏ်၌ တည်လျက်လည်း ထိုအင်္ဂုလိမာလကို ဆုံးမတော်မူဖူးပြီဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူလျှင် ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့၌ ကောရဗျ အမည်ရှိသော မင်းသည် ရာဇဓံဆယ်ပါးနှင့်အညီ မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် ထို ကောရဗျမင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၏။ ထိုမိဖုရားသည် ဆယ်လလွန်သည်ရှိသော် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သားကို ဖွား၏။ အကြားအမြင်တည်းဟူသော နှစ်သက်ဖွယ်သော ဥစ္စာရှိသည်၏ အဖြစ်ကြောင့်ကား ထို သတို့သားကို သုတသောမဟူ၍ မှည့်ကုန်၏။ ခမည်းတော် ကောရဗျမင်းကြီးသည် အရွယ်သို့ရောက်သော ထိုသားတော် သုတသောမ မင်းသားကိုမြင်၍ ရွှေစင်နိက္ခ တစ်ထောင်ပေး၍ ဒိသာပါမောက္ခ ဆရာအထံ၌ အတတ်သင်စိမ့်သောငှာ တက္ကသိုလ်ပြည်သို့ စေလိုက်၏။ ထိုသုတသောမမင်းသားသည် ဆရာစားဖြစ်သော ရွှေစင်နိက္ခ တစ်ထောင်ကိုယူ၍ မြို့မှထွက်ခဲ့သဖြင့် ခရီးသို့ သွား၏။ ထိုအခါ ဗာရာဏသီပြည်၌ ကာသိမင်းသားဖြစ်သော ဗြဟ္မဒတ် မင်းသားသည်လည်း ထိုသုတသောမ မင်းသားအတူလျှင် ခမည်းတော် ကာသိကရာဇ်မင်းကြီးသည် စေအပ်သည်ဖြစ်၍ မြို့မှထွက်ခဲ့သဖြင့် ခရီးသို့ သွား၏။ ထိုအခါ သုတသောမမင်းသားသည် ခရီးသို့သွား၍ တက္ကသိုလ်မြို့တံခါးရှိ ဇရပ်ပေါ်၌ အပင်အပန်း ဖြေအံ့သောငှာ နားလေ၏။

မိတ်ဆွေ မင်းသား နှစ်ပါး

ဗြဟ္မဒတ်မင်းသားသည်လည်း သွား၍ ထိုသုတသောမမင်းသားနှင့်တကွ ပျဉ်တစ်ပြားတည်း၌ နေ၏။ ထိုအခါ ဗြဟ္မဒတ်မင်းသားကို သုတသောမမင်းသားသည် စကားပြောခြင်းကို ပြုလိုသည်ဖြစ်၍ ဤသို့ ဆို၏။ အဆွေ... ခရီးသွားရသဖြင့် ပင်ပန်းသလော၊ အဘယ်အရပ်မှ လာခဲ့သနည်းဟု မေး၍ ဗာရာဏသီပြည်မှ လာခဲ့၏ ဟု ပြောဆိုလတ်သော် အဘယ်သူ၏ သားနည်းဟု မေး၏။ ကာသိမင်း၏ သားတော်တည်းဟု ပြောဆိုလတ်သော် အဘယ်အမည် ရှိသနည်းဟု မေး၍ ငါကား ဗြဟ္မဒတ်မင်းသား အမည်ရှိ၏ဟု ပြောဆိုလတ်သော် အဘယ်အကြောင်းကြောင့် ဤအရပ်သို့ လာသနည်းဟု မေး၏။ ဗြဟ္မဒတ်မင်းသားသည် အတတ်သင်အံ့သောငှာ လာ၏ဟုဆို၍ သင်သည်လည်း ခရီးပင်ပန်းသလော၊ အဘယ်အရပ်မှ လာခဲ့သနည်းဟု ထိုနည်းဖြင့်လျှင် သုတသောမမင်းသားကို မေး၏။ ထို သုတသောမမင်းသားသည်လည်း အလုံးစုံသော အကြောင်းကို ပြောဆို၏။ ထိုသူနှစ်ယောက်တို့သည်လည်း ငါတို့သည် မင်းမျိုးချည်းတည်း၊ တစ်ဆရာတည်းအထံ၌ အတတ်သင်အံ့သောငှာ သွားကြကုန်အံ့ ဟု အချင်းချင်း မိတ်ဖွဲ့ခြင်းကိုပြုပြီးလျှင် မြို့သို့ဝင်၍ ဆရာ့အိမ်ကို သွားသဖြင့် ဆရာကို ရှိခိုးကုန်၍ မိမိတို့၏ အမျိုးအနွယ်ကို ထင်စွာပြု၍ အတတ်သင်အံ့သောငှာ လာသောအဖြစ်ကို ပြောဆိုကုန်၏။ ထိုဆရာသည်လည်းကောင်းပြီဟု ဝန်ခံ၏။ ထိုမင်းသား နှစ်ယောက်တို့သည် ဆရာစားကိုပေး၍ အတတ်သင်ကြကုန်၏။

ပညာသင်ပြီး ပြန်ခဲ့ကြပြီ

သက်သက်သော်ကား ထိုမင်းသားတို့သည်သာ မဟုတ်ကုန်။ ထိုအခါ၌ ထိုမင်းသားနှစ်ပါးတို့မှ တစ်ပါးကုန်သော ဇမ္ဗူဒီပါကျွန်း၌ တစ်ရာ့တစ်ပါးသော မင်းသားတို့သည်လည်း ထိုဆရာ့အထံ၌သာလျှင် အတတ်သင်ကြကုန်၏။ သုတသောမမင်းသားသည် ထိုမင်းတို့ထက် တပည့်ကြီးဖြစ်၍ အတတ်သင်သည်ရှိသော် မကြာမြင့်မီလျှင် အပြီးသို့ ရောက်၏။ ထိုသုတသောမမင်းသားသည် တစ်ပါးသောသူ၏အထံသို့ မသွားမူ၍ ဗြဟ္မဒတ်မင်းသားသည်ကား ငါ၏ အဆွေ ခင်ပွန်းတည်းဟု ဗြဟ္မဒတ်မင်းသား၏ အထံသို့သာလျှင် သွား၍ ဗြဟ္မဒတ်မင်းသား ဆရာစောင် (ဆရာကြီး၏ လက်ထောက်) ဖြစ်၍ အတတ်ကို သင်စေ၏။ သုတသောမမင်းသားမှ တစ်ပါးကုန်သော မင်းသားတို့အားလည်း အစဉ်သဖြင့် အတတ်သည် အပြီးသို့ ရောက်၏။ ထိုမင်းသားတို့သည် ခက်ဆစ်ခက်ရပ်တို့ကို သုတ်သင်ပြီးလျှင် ဆရာကိုရှိခိုး၍ သုတသောမ မင်းသားကို ခြံရံကုန်လျက် တက္ကသိုလ်ပြည်မှ ထွက်ခဲ့ကြကုန်၏။

မင်းဖြစ်ကြသော်

ထိုအခါ ထိုမင်းသားတို့ကို သုတသောမမင်းသားသည် ခရီးအလယ်၌ရပ်၍ လွှတ်လိုသည်ရှိသော် သင်တို့သည် မိမိ မိမိတို့၏ မိဘတို့အား ပညာကိုပြ၍ မင်းအဖြစ်၌ တည်ကြကုန်လတ္တံ့၊ တည်ကုန်ပြီးသော်ကား ငါ၏ ဩဝါဒကို ပြုကြကုန်လော့ ဟု ဆို၏။ ဆရာ... အသို့နည်း ဟု မေးကုန်လတ်သော် လဆန်းပက္ခ လဆုတ်ပက္ခ ဥပုသ်နေ့တို့၌ ဥပုသ်ဆောက်တည်ကုန်လျက် အသက်သတ်ခြင်းကို မပြုကုန်လင့်ဟု စည်လည်ခြင်းကို ပြုလေကုန်လော့ဟု ဆုံးမ၏။ ထိုမင်းသားတို့သည် ကောင်းပြီဟု ဝန်ခံကုန်၏။ ဘုရားလောင်း သုတသောမမင်းသားသည်လည်း အင်္ဂဝိဇ္ဇာအတတ်၌ ထင်ရှားသောကြောင့် နောင်သောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသားကိုမှီ၍ ကြီးစွာသော ဘေးသည် ဖြစ်လတ္တံ့ဟု သိ၍ ထိုမင်းသားတို့အား အဆုံးအမကိုပေး၍ လွှတ်လိုက်၏။ ထိုအလုံးစုံကုန်သော မင်းသားတို့သည်လည်း မိမိတို့၏ ပြည်ရွာသို့ သွားကုန်၍ မိဘတို့အား အတတ်ပညာကိုပြ၍ မင်းအဖြစ်၌ တည်ပြီး၍ မင်းအဖြစ်၌ တည်သောအဖြစ်ကို လည်းကောင်း။ အဆုံးအမကို လိုက်နာသောအဖြစ်ကို လည်းကောင်း သိစိမ့်သောငှာ ပဏ္ဏာလက်ဆောင်နှင့်တကွ မှာစာတို့ကို စေလိုက်ကုန်၏။ ဘုရားလောင်းသည် ထိုအကြောင်းကို ကြား၍ မမေ့မလျော့သာလျှင် ဖြစ်ကြလေကုန်လော့ဟု မှာစာတို့ကို ပြန်၍ စေလိုက်၏။

ဗာရာဏသီမင်း လူသားစားခြင်း

ထိုမင်းသားတို့တွင် ဗာရာဏသီမင်းသည် အမဲနှင့်ကင်း၍ ထမင်းမစား၊ ထိုဗာရာဏသီမင်းအား ဥပုသ်နေ့အလို့ငှာ အမဲကိုဝယ်၍ ထားရ၏။ ထိုအခါ တစ်နေ့သ၌ ဤသို့ထားအပ်သောအမဲကို စားတော်ချက်သည် မေ့လျော့သဖြင့် မင်းအိမ်၌ မွေးသော ခွေးတို့သည် စားကုန်၏။ စားတော်ချက်သည် ထိုအမဲကိုမမြင်၍ အသပြာတို့ကိုယူ၍ လှည့်လည်ရှာဖွေသော်လည်း အမဲကို ရစိမ့်သောငှာ မတတ်နိုင်သည်ဖြစ်၍ အမဲမရှိသော စားတော်ပွဲကို အကယ်၍ ဆက်ချေအံ့၊ ငါ၏အသက်သည် မရှိပြီ၊ အသို့ ပြုရအံ့နည်းဟု ကြံ၍ ဤအကြောင်းသည်ရှိ၏ဟု ညဉ့်အခါ၌ သုသာန်သို့သွား၍ ထိုခဏ၌သေသော ယောကျ်ား၏ပေါင်သားကိုယူပြီးလျှင် ကောင်းစွာချက်၍ စားတော်ပွဲကို ဆက်၏။ မင်းအား အသားတုံးကို လျှာဖျား၌ ထားခါမျှ၌သာလျှင် အရသာကိုဆောင်သော အကြောခုနစ်ထောင်တို့ကို နှံ၏။ ကိုယ်အလုံးသည် ကျောက်များ၏။

**အဘယ့်ကြောင့်နည်းဟူမူကား ထိုဗြဟ္မဒတ်မင်းအား ရှေးဘဝ၌ လူသားကို စားဖူးသောကြောင့် ကိုယ်အလုံးသည် ချောက်ချား၏။ ဗြဟ္မဒတ်မင်းသည် အခြားမရှိသော ကိုယ်အဖြစ်၌ ဘီလူးဖြစ်၍ လူသားကို များစွာစားဖူးသတတ်။ ထို့ကြောင့် ထိုမင်းအား လူသားကို ချစ်မြတ်နိုး၏။ ***

ထိုဗြဟ္မဒတ်မင်းသည် ငါသည် ဆိတ်ဆိတ်သာလျှင် အကယ်၍ စားအံ့၊ ဤစားတော်ချက်သည် ငါ့အား ဤအမဲကို မပြောဆိုလတ္တံ့ ဟု ကြံ၍ တံတွေးနှင့်တကွလျှင် မြေ၌ထွေး၏။ အရှင်မင်းမြတ်... အမဲသည် အပြစ်မရှိပါ၊ စားတော်မူလော့ဟု တင်လျှောက်လတ်သော် လူတို့ကိုဖဲစေ၍ ငါသည်လည်း ထိုအမဲ အပြစ်မရှိသောအဖြစ်ကို သိ၏။ ဤအသားသည် အဘယ်အသားနည်းဟု မေး၏။ အရှင်မင်းမြတ် ရှေးနေ့တို့၌ သုံးဆောင်အပ်သော အမဲပင်တည်း ဟု တင်လျှောက်လတ်သော် တစ်ပါးသောကာလ၌ ဤအမဲသည် အရသာမရှိတကားဟု ဆိုလတ်သော် အရှင်မင်းမြတ်... ယနေ့ အချက်ကောင်းပါ၏ဟု တင်လျှောက်၏။ ရှေးနေ့တို့၌လည်း ဤအတူချက်သည် မဟုတ်လောဟု မေး၏။ ထိုအခါ စားတော်ချက် ဆိတ်ဆိတ်နေသည်ကိုသိ၍ ဟုတ်မှန်တိုင်း ပြောဆိုလော့၊ အကယ်၍ ဟုတ်မှန်တိုင်း မပြောဆိုအံ့၊ သင့်အသက်သည် မရှိပြီဟု ဆို၏။ ထိုစားတော်ချက်သည် ဘေးမဲ့ကိုတောင်းပန်၍ ဟုတ်မှန်သောအတိုင်း တင်လျှောက်၏။ ဗြဟ္မဒတ်မင်းသည် အသံမပြုလင့်၊ ဆိတ်ဆိတ်နေလော့၊ ပကတိအားဖြင့် ချက်သောအမဲကို သင်စား၍ ငါ့ဖို့မူကား လူသားကိုသာလျှင် ချက်လော့ဟု ဆို၏။ အရှင်မင်းမြတ် ... လူသားကို ရခဲပါ၏ဟု တင်လျှောက်လတ်သော် သင် မကြောက်လင့်၊ ရလွယ်၏ဟု ဆို၏။ အရှင်မင်းမြတ် မပြတ်လျှင် အဘယ်မှာ ရပါလတ္တံ့နည်းဟု တင်လျှောက်လတ်သော် နှောင်အိမ်၌ လူတို့သည် များစွာရှိကုန်သည် မဟုတ်လာဟု ဆို၏။

လူတို့ ဆူကြသော်

ထိုစားတော်ချက်သည် ထိုအခါမှစ၍ ထိုမင်းဆိုတိုင်းပြု၏။ နောက်အဖို့၌ နှောင်အိမ်၌ လူတို့သည် ကုန်လတ်သော် အရှင်မင်းမြတ်... ယခုအခါ၌ အသို့ပြုပါအံ့နည်း ဟု တင်လျှောက်၏။ ခရီးအကြား၌ အသပြာထောင်ထုပ်ကိုပစ်ချ၍ အကြင်သူသည် ထိုအသပြာထောင်ထုပ်ကို ယူလတ္တံ့၊ ထိုသူကို ခိုးသူဟု ဖမ်း၍ သတ်ပြီးလျှင် ချက်လော့ဟု ဆို၏။ ထိုစားတော်ချက်သည် မင်းဆိုတိုင်း ပြု၏။ နောက်အဖို့၌ မင်းဘေးမှ ကြောက်ကုန်သောကြောင့် အသပြာ ထောင်ထုပ်ကို ကြည့်သောသူကိုမျှလည်း မမြင်၍ အရှင်မင်းမြတ် ယခုအခါ အသို့ပြုပါရအံ့နည်းဟု မေးလျှောက်ပြန်၏။ အကြင် သန်းခေါင်ယံအခါ၌ မြို့အလုံးသည် ခိုးသူတို့ဖြင့် နှောင့်ယှက်၏။ ထိုအခါ သင်သည် တစ်ခုသော အိမ်ခြံစပ်၌ လည်းကောင်း ခရီးလမ်းမ၌လည်းကောင်း ခရီးလမ်းအဆုံး၌လည်းကောင်း ရပ်၍ လူကိုသတ်ပြီးလျှင် အသားကို ယူလော့ဟု ဆို၏။ စားတော်ချက်သည် ထိုနေ့မှစ၍ မင်းဆိုတိုင်းပြုလျက် ဆူဖြိုးသောအသားကို ယူ၍ သွားလေ၏။ ထိုထိုအရပ်၌ လူသေကောင်တို့ကို မြင်ကုန်၍ ငါ၏ အမိသည်မထင်၊ ငါ၏ အဖသည် မထင်၊ ငါ၏ ညီအစ်ကိုသည်လည်းကောင်း, နှမသည်လည်းကောင်း မထင်၏ဟု လူတို့၏ငိုကြွေးသံကို ကြားကြကုန်၏။ ပြည်သူတို့သည် ကြောက်လန့်ကုန်သည် ဖြစ်၍ ဤသူတို့ကို ခြင်္သေ့သည် စားလေသလော၊ ကျားသည် စားလေသလော၊ ဘီလူးသည် စားလေသလောဟု ကြည့်ကြကုန်လတ်သော် ထိုးခုတ်ရာကို မြင်ကုန်၍ တစ်ယောက်သော လူသားစား ခိုးသူသည်ဤသူတို့ကို စား၏ဟု သိကြကုန်၏။ လူများတို့သည် မင်းရင်ပြင်၌ စည်းဝေး၍ ကြွေးကြော်ကြကုန်၏။ ဗြဟ္မဒတ်မင်းသည် အမောင်တို့ အသို့နည်းဟု မေး၏။ အရှင်မင်းမြတ် ဤမြို့တော်၌ လူသားစားသော ခိုးသူသည် ရှိပါ၏။ ထိုလူသားစားခိုးသူကို ဖမ်းစေတော်မူပါလော့ဟု တင်လျှောက်ကြကုန်၏။ ငါသည် အသို့မူ၍ ထိုခိုးသူကို သိနိုင်မည်နည်း၊ အသို့နည်း၊ ငါသည် မြို့ကိုစောင့်ရှောက်လျက် လှည့်လည်ရမည်လောဟု ဆို၏။

လူသတ်သူကို မိပြီ

လူများတို့သည် ဤမင်းကား တိုင်းပြည်ဖြင့် အလိုမရှိ၊ ကာဠဟတ် အမည်ရှိသော စစ်သူကြီးအား ကြားလျှောက်ကြကုန်အံ့ ဟု ဆို၍ ထိုစစ်သူကြီးအား ထိုအကြောင်းကို လျှောက်ကုန်၍ ခိုးသူကို ရှာအံ့သောငှာ သင့်၏ဟု ဆိုကြကုန်၏။ ထိုစစ်သူကြီးသည် ကောင်းပြီ၊ ခုနစ်ရက်မျှ ငံ့ကြကုန်လော့၊ ခိုးသူကို ရှာ၍ပေးအံ့ဟု ဆို၍ လူများကို လွှတ်လိုက်ပြီးလျှင် မင်းချင်းတို့ကိုခေါ်၍ အမောင်တို့... မြို့၌ လူသားစားသော ခိုးသူရှိသတတ်၊ အမောင်တို့သည် ထိုထိုအရပ်၌ ပုန်းကွယ်၍ ထိုခိုးသူကို ဖမ်းကြကုန်လော့ ဟု စေလိုက်၏။ ထိုမင်းချင်းတို့သည် ကောင်းပြီဟု ဝန်ခံကုန်ပြီးလျှင် ထိုနေ့မှစ၍ မြို့ကို စုံစမ်းကြကုန်၏။ စားချက်သည်သည်း တစ်ခုသောအိမ်ခြံစပ်၌ ပုန်းကွယ်လျက် မိန်းမတစ်ယောက်ကို သတ်ပြီးလျှင် တခဲနက်သော အသားကိုယူ၍ အမဲတောင်းကို ပြည့်စိမ့်သောငှာ အားထုတ်၏။ ထိုအခါ စားတော်ချက်ကို မင်းချင်းတို့သည် ဖမ်းယူ၍ ပုတ်ခတ်သဖြင့် လက်ပြန်နှောင်ဖွဲ့၍ လူသားစားခိုးသူကို ဖမ်းမိပြီဟု သည်းစွာသော အသံကို ပြုကုန်၏။ လူများသည် ထိုစားတော်ချက်ကို ဝန်းရံလာ၏။ ထိုအခါ ထိုစားတော်ချက်ကို မြဲမြံစွာ နှောင်ဖွဲ့ပြီးလျှင် အမဲတောင်းကို လည်၌ဆွဲလျက် ဆောင်ယူ၍ စစ်သူကြီးအား ပြကုန်၏။

အဘယ့်ကြောင့် သတ်သနည်း

စစ်သူကြီးသည် ထိုစားတော်ချက်ကို မြင်လျှင် အသို့နည်း၊ ဤသူသည် ဤလူသားကို စားလေသလော၊ ထိုသို့မဟုတ်မူ တစ်ပါးသော အမဲနှင့်ရော၍ ရောင်းလေသလော၊ ထိုသို့မဟုတ်မူ တစ်ပါးသောသူ၏စကားဖြင့် သတ်လေသလောဟု ကြံ၍ ထိုအကြောင်းကို မေးလိုရကား-

၃၇၁။ ကသ္မာ တုဝံ ရသက ဧဒိသာနိ၊
ကရောသိ ကမ္မာနိ သုဒါရုဏာနိ။
ဟနာသိ ဣတ္ထီ ပုရိသေ စ မူဠှော၊
မံသဿ ဟေတု အဒု ဓနဿ ကာရဏာ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၇၁။ သမ္မ ရသက၊ အချင်း စားတော်ချက်။ တုဝံ၊ သင်သည်။ ဧဒိသာနိ၊ ဤသို့ သဘောရှိကုန်သော။ သုဒါရုဏာနိ၊ အလွန်ကြမ်းကြုတ်ကုန်သော။ ကမ္မာနိ၊ အမှုတို့ကို။ ကသ္မာ၊ အဘယ့်ကြောင့်။ ကရောသိ၊ ပြုဘိသနည်း။ မူဠှော၊ တွေဝေသည်ဖြစ်၍။ ဣတ္ထီ စ၊ မိန်းမတို့ကိုလည်းကောင်း။ ပုရိသေ စ၊ ယောက်ျားတို့ကိုလည်းကောင်း။ ဟနာသိ၊ သတ်သလော။ မံသဿ၊ အသား၏။ ဟေတု၊ အကြောင်းကြောင့်။ ဟနာသိ၊ သတ်သလော။ အဒု၊ ထိုမှတပါး။ ဓနဿ၊ ဥစ္စာ၏။ ကာရဏာ၊ အကြောင်းကြောင့်။ ဟနာသိ၊ သတ်သလော။

မင်းကြီး ခိုင်းစေပါသည်

ထို့နောင်မှ စားတော်ချက်သည် စစ်သူကြီးအား အကြောင်းကို ပြန်လျှောက်လိုရကား-

၃၇၂။ န အတ္တဟေတု န ဓနဿ ကာရဏာ၊
န ပုတ္တဒါရဿ သဟာယ ဉာတိနံ။
ဘတ္တာ စ မေ ဘဂဝါ ဘူမိပါလော၊
သော ခါဒတိ မံသံ ဘဒ္ဒန္တေဒိသံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၇၂။ သာမိ၊ အရှင်စစ်သူကြီး။ တေ၊ အရှင်စစ်သူကြီးအား။ ဘဒ္ဒံ၊ ကောင်းမြတ်သည်။ အတ္ထု၊ ဖြစ်စေသတည်း။ အဟံ၊ အကျွန်ုပ်သည်။ အတ္တဟေတု၊ အကျွန်ုပ်၏ အကြောင်းကြောင့်လည်း။ န ဟနာမိ၊ မသတ်ပါ။ ဓနဿ၊ ဥစ္စာ၏။ ကရဏာ၊ အကြောင်းကြောင့်။ န ဟနာမိ၊ မသတ်ပါ။ ပုတ္တဒါရဿ၊ သားမယား၏။ ဟေတု၊ အကြောင်းကြောင့်။ န ဟနာမိ၊ မသတ်ပါ။ သဟာယဉာတိနံ၊ အဆွေခင်ပွန်း အဆွေအမျိုးတို့၏။ ကာရဏာ၊ အကြောင်းကြောင့်။ န ဟနာမိ၊ မသတ်ပါ။ မေ၊ အကျွန်ုပ်၏။ ဘတ္တာ စ၊ ထမင်းရှင်လည်းဖြစ်သော။ ဘဂဝါ၊ ကြီးသော ဘုန်းတော်လည်းရှိထသော။ ဘူမိပါလော၊ ရေမြေကို အစိုးရသော။ ယော ရာဇာ၊ အကြင် ပြည့်ရှင်မင်းမြတ်သည်။ အတ္ထိ၊ ရှိ၏။ သော ရာဇာ၊ ထိုပြည့်ရှင်မင်းမြတ်သည်။ ဧဒိသံ၊ ဤသို့ သဘောရှိသော။ မံသံ၊ အသားကို။ ခါဒတိ၊ စားပါ၏။

ဘုရင့်ရှေ့တော်မှာ ဖြေလော့

ထိုစကားကိုကြား၍ ကာဠဟတ် စစ်သူကြီးသည် ထိုအကြောင်းကို မင်းရှေ့တော်၌ ရသကကို ပြောဆိုစေလိုရကား-

၃၇၃။ သစေ တုဝံ ဘတ္တုရတ္ထေ ပယုတ္တော၊
ကရောသိ ကမ္မာနိ သုဒါရုဏာနိ။
ပါတောဝ အန္တေပုရံ ပါပုဏိတွာ၊
လပေယျာသိ ရာဇိနော သမ္မုခေတံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၇၃။ သမ္မရသက၊ အချင်းရသက။ တုဝံ၊ သင်သည်။ ဘတ္တုရတ္ထေ၊ အရှင့် အစီးအပွားတော်၌။ ပယုတ္တော၊ ယှဉ်သည်ဖြစ်၍။ သုဒါရုဏာနိ၊ အလွန်ကြမ်းကြုတ်ကုန်သော။ ကမ္မာနိ၊ အမှုတို့ကို။ ကရောသိ၊ ပြုအံ့။ ဧဝံ၊ ဤသို့ပြုသည်ရှိသော်။ ပါတောဝ၊ နံနက်စောစောကလျှင်။ အန္တေပုရံ၊ နန်းတော်တွင်းသို့။ ပါပုဏိတွာ၊ ရောက်၍။ ရာဇိနော၊ အရှင်မင်းမြတ်၏။ သမ္မုခေ၊ ရှေ့တော်၌။ ဧတံ၊ ဤစကားကို။ မေ၊ ငါ့အား။ လပေယျာသိ၊ ပြောဆိုလော့။

ထိုအခါ ရသကသည် ထိုသို့ပြောဆိုအံ့သည်ကို ဝန်ခံလိုရကား-

၃၇၄။ တထာ ကရိဿာမိ အဟံ ဘဒန္တေ၊
ယထာ တုဝံ ဘာသတိ ကာဠဟတ္ထိ။
ပါတောဝ အန္တေပုရံ ပါပုဏိတွာ၊
ဝက္ခာမိ တေ ရာဇိနော သမ္မုခေတံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၇၄။ ဘဒန္တေ၊ ကောင်းသော မျက်နှာရှိသော။ ကာဠဟတ္ထိ၊ အရှင်ကာဠဟတ်။ တုဝံ၊ အရှင်ကာဠဟတ်သည်။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘာသတိ၊ ဆို၏။ တထာ၊ ထိုအခြင်းဖြင့်။ အဟံ၊ အကျွန်ုပ်သည်။ ကရိဿာမိ၊ ပြုပါအံ့။ ပါတောဝ၊ နံနက်စောစောလျှင်။ အန္တေပုရံ၊ နန်းတော်တွင်းသို့။ ပါပုဏိတွာ၊ ရောက်၍။ ရာဇိနော၊ အရှင်မင်းမြတ်၏။ သမ္မုခေ၊ ရှေ့တော်၌။ ဧတံ၊ ဤစကားကို။ တေ၊ အရှင်ကာဠဟတ်အား။ အဟံ၊ အကျွန်ုပ်သည်။ ဝက္ခာမိ၊ ဆိုပါအံ့။

ဤသို့ စိစစ်ပြောဆိုပြီးသော စစ်သူကြီးကာဠဟတ်သည် ရသကကို မြဲမြံစွာ နှောင်ဖွဲ့တိုင်းသာလျှင် အိပ်စေ၍ မိုးသောက်သည်ရှိသော် မှူးမတ်စသော ပြည်သူအပေါင်းတို့နှင့်တကွ တိုင်ပင်၍ အလုံးစုံသော သူတို့သည် တူသောဆန္ဒရှိကုန်လတ်သော် အလုံးစုံသော အရပ်တို့၌ အစောင့်အရှောက်ထား၍ မြို့ကို မိမိလက်သို့ ရောက်သည်ကို ပြုပြီးလျှင် ရသကလည်၌ အမဲတောင်းကို ဆွဲလျက် ခေါ်ယူ၍ မင်း၏နန်းတော်သို့ သွားလေ၏။ မြို့အလုံးသည် တွန်မြူးထူး၏။ ဗြဟ္မဒတ်မင်းသည်လည်း ယမန်နေ့က နံနက်စာ စားပြီးသော် ညဉ့်အခါ အမဲကိုမရ၍ ရသကသည် ယခုပင် လာလတ္တံ့၊ ရသကသည် ယခုပင် လာလတ္တံ့ဟု ဆိုလျက်သာလျှင် ညဉ့်ကိုလွန်စေ၍ ယနေ့လည်း ရသကသည် မလာ၊ ပြည်သူတို့၏ များစွာသော အသံကိုလည်း ကြားရ၏။ ဤအကြောင်းကား အသို့နည်းဟု နန်းတော်လေသွန်တံခါးဖြင့် ကြည့်လတ်သော် ထိုသို့သောအခြင်းအရာအားဖြင့် ဆောင်ယူခဲ့သော ရသကကိုမြင်၍ ဤအကြောင်းသည် ထင်ရှားသည်ဖြစ်ချေပြီဟုကြံ၍ သတိကိုဖြစ်စေလျက် ရာဇပလ္လင်၌လျှင် နေလင့်၏။

စစ်သူကြီး လျှောက်ချက်

စစ်သူကြီး ကာဠဟတ်သည်လည်း ထိုမင်းသို့ကပ်၍ အကြောင်းကို စိစစ်၏။ ထိုမင်းသည်လည်း စစ်သူကြီး ကာဠဟတ် ဆို၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၃၇၅။ တတော ရတျာ ဝိဝသာနေ၊ သူရိယုဂ္ဂမနံ ပတိ။
ကာဠော ရသကမာဒါယ၊ ရာဇာနံ ဥပသင်္ကမိ။
ဥပသင်္ကမ္မ ရာဇာနံ၊ ဣဒံ ဝစန မဗြဝိ။
၃၇၆။ သစ္စံ ကိရ မဟာရာဇ၊
ရသကော ပေသိတော တယာ။
ဟနတိ ဣတ္ထိပုရိသေ၊ တုဝံ မံသာနိ ခါဒသိ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

֍ ဋ္ဌ ၃၇၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော- တဒါကာလေ၊ ထိုအခါ၌။ ရတျာ၊ ညဉ့်သည်။ ဝိဝသာနေ၊ မိုးသောက်လတ်သော်။ သူရိယုဂ္ဂမနံပတိ၊ နေထွက်သောအခါ၌။ ကာဠော၊ စစ်သူကြီး ကာဠဟတ်သည်။ ရသကံ၊ ရသကကို။ အာဒါယ၊ ယူဆောင်ခဲ့၍။ ရာဇာနံ၊ ဗြဟ္မဒတ်မင်းသို့။ ဥပသင်္ကမိ၊ ကပ်၏။ ဥပသင်္ကမ္မ၊ ကပ်ပြီး၍။ ရာဇာနံ၊ ဗြဟ္မဒတ်မင်းကို။ ဣဒံဝစနံ၊ ဤစကားကို။ အဗြဝိ၊ ဆို၏။

֍ ဋ္ဌ ၃၇၆။ မဟာရာဇ၊ အရှင်မင်းမြတ်။ တယာ၊ အရှင်မင်းမြတ်သည်။ ရသကော၊ ရသကကို။ ပေသိတော၊ စေတော်မူအပ်သည်။ သစ္ဆံ ကိရ၊ မှန်ပေသလော။ အယံ ရသကော၊ ဤရသကသည်။ ဣတ္ထီစ၊ မိန်းမတို့ကိုလည်းကောင်း။ ပုရိသေစ၊ ယောကျ်ားတို့ကိုလည်းကောင်း။ ဟနတိ၊ သတ်၏။ တုဝံ၊ အရှင်မင်းမြတ်သည်။ မံသာနိ၊ လူသားတို့ကို။ ခါဒသိ ကိရ၊ စားတော်မူသတတ်ဟူသည်။ သစ္စံ၊ မှန်ပေသလော။

မင်းကြီး၏ အဖြေ

ထိုစကားကိုကြား၍ ဗြဟ္မဒတ်မင်းသည် မိမိအမှုကို ဝန်ခံသဖြင့် စစ်သူကြီးကာဠဟတ်ကို အပြစ်တင်လိုရကား-

၃၇၇။ ဧဝမေဝ တထာ ကာဠ၊
ရသကော ပေသိတော မယာ။
မမ အတ္ထံ ကရောန္တဿ၊ ကိမေတံ ပရိဘာသသိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၇၇။ ကာဠ၊ ကာဠဟတ်။ ဧဝမေဝ၊ ဤသို့ဆိုတိုင်း ဟုတ်သည်သာလျှင်တည်း။ တထာ၊ ထိုအခြင်းဖြင့်။ ရသကော၊ ရသကကို။ မယာ၊ ငါသည်။ ပေသိတော၊ စေအပ်၏။ မမ၊ ငါ၏။ အတ္ထံ၊ အကျိုးစီးပွားကို။ ကရောန္တဿ၊ ပြုစဉ်။ ဧတံ၊ ဤရသကကို။ ကိံ၊ အဘယ့်ကြောင့်။ ပရိဘာသသိ၊ ဆဲရေးဘိသနည်း။

ထိုစကားကိုကြား၍ စစ်သူကြီးကာဠဟတ်သည် ဤမင်းသည်ကား မိမိနှုတ်ဖြင့်သာလျှင် ဝန်ခံဘိ၏။ ငါ၏ အဆွေခင်ပွန်းဖြစ်သော မင်းသည်အံ့ဖွယ်ရှိစွ၊ ဤမျှလောက်သော ကာလပတ်လုံး ဤလူတို့ကို ဤမင်းသည် စားအပ်ကုန်၏။ ထိုမင်းကို ငါမြစ်အံ့ဟု ကြံ၍ အရှင်မင်းမြတ် ဤသို့ပြုတော်မမူလင့်၊ လူသားတို့ကို စားတော်မမူပါလင့်ဟု တားမြစ်၏။ ကာဠဟတ်... သင်သည် အသို့ဆိုသနည်း၊ ငါသည် ဤလူသားတို့ကို ကြဉ်ရှောင်ခြင်းငှာ မတတ်နိုင်ဟု ဆို၏။ အကယ်၍ အရှင်မင်းမြတ်သည် ဤလူသားကို ကြဉ်ရှောင်တော် မမူအံ့၊ ဤသို့ မကြဉ်ရှောင်သည်ရှိသော် ကိုယ်တော်ကိုလည်းကောင်း၊ တိုင်းပြည်အလုံးကိုလည်းကောင်း ဖျက်ဆီးသည်မည်လတ္တံ့ဟု ဆို၏။ ကာဠဟတ်... ဤသို့ ပျက်စီးသော်လည်း ငါသည် ထိုလူသားမှ ကြဉ်ရှောင်ခြင်းငှာ မတတ်နိုင်ဟု ဆို၏။ ထို့နောင်မှ စစ်သူကြီး ကာဠဟတ်သည် ထိုမင်းသိစိမ့်သောငှာ ဤဝတ္ထုကို ထုတ်ဆောင်၍ ပြ၏။

ငါးကြီးအာနန္ဒာ

မြတ်သောမင်းကြီး လွန်လေပြီးသောအခါ မဟာသမုဒ္ဒရာ၌ ငါးကြီးခြောက်ကောင်တို့သည် ရှိကုန်၏။ ထိုငါးကြီး ခြောက်ကောင်တို့တွင် အာနန္ဒာမည်သောငါး, တိမိနန္ဒာမည်သောငါး, အဇ္ဈာရောဟမည်သောငါး, ဤငါးကြီး သုံးကောင်တို့သည် ယူဇနာငါးရာစီ ရှိကုန်၏။ တိပိင်္ဂလမည်သောငါး, တိမိရပိင်္ဂလမည်သောငါး, မဟာတိမိရပိင်္ဂလမည်သောငါး ဤငါးကြီးသုံးကောင်တို့သည် ယူဇနာ တစ်ထောင်စီ ရှိကုန်၏။ ထိုအလုံးစုံသော ငါးကြီးတို့သည်လည်း ကျောက်စစ်မှော် ရေညှိကိုသာလျှင် စားကုန်၏။ ထိုငါးကြီးခြောက်ကောင်တို့တွင် အာနန္ဒာငါးကြီးသည် မဟာသမုဒ္ဒရာ နံပါးတစ်ဘက်၌ နေ၏။ ထိုအာနန္ဒာငါးကြီးကို ဖူးမြင်အံ့သောငှာ များစွာကုန်သော ငါးတို့သည် ကပ်လာကုန်၏။ တစ်နေ့သ၌ ထိုအလုံးစုံသော ငါးတို့အား ဤသို့သောအကြံသည် ဖြစ်၏။ အခြေနှစ်ချောင်းရှိသောလူ, အခြေလေးချောင်းရှိသော သားတို့အား မင်းသည်ထင်၏။ ငါတို့အား မင်းသည် မရှိ၊ ငါတို့သည်လည်း ထိုအာနန္ဒာငါးကြီးကို မင်းမြှောက်ကြကုန်အံ့ဟု အကြံသည်ဖြစ်၏။ ကြံပြီး၍ အလုံးစုံသောငါးတို့သည် တူသောဆန္ဒ ရှိကုန်သည်ဖြစ်၍ အာနန္ဒာငါးကြီးကို မင်းမြှောက်ကြကုန်၏။ ထိုငါးတို့သည် ထိုအခါမှစ၍ ညဉ့်နံနက် ထိုအာနန္ဒာငါးကြီးအား ခစားခြင်းငှာ သွားကုန်၏။

ထိုအခါ တစ်နေ့သ၌ အာနန္ဒာငါးကြီးသည် တစ်ခုသောတောင်၌ ကျောက်စစ်ညှိမှော်ရေတို့ကို စားသည်ရှိသော် မသိ၍ မှော်ရေညှိဟူသောအမှတ်ဖြင့် ငါးတစ်ကောင်ကို စားမိ၏။ ထိုအသားကို စားမိသော အာနန္ဒာငါးကြီး၏ ကိုယ်အလုံးသည် ချောက်ချား၏။ ထိုအာနန္ဒာငါးကြီးသည် အဘယ့်ကြောင့်လျှင် ဤအစာသည် အလွန်အရသာ ရှိလေသနည်းဟု ထုတ်၍ ကြည့်လတ်သော် ငါးတုံးကိုမြင်၍ ငါသည် ဤမျှလောက်သော ကာလပတ်လုံး မသိသောကြောင့်လျှင် မစားမိဟုကြံ၍ ညဉ့်နံနက် ငါးတို့ ခစားအံ့သောငှာ လာ၍ ပြန်သွားသောအခါ၌ တစ်ကောင်သောငါးကို လည်းကောင်း နှစ်ကောင်သောငါးကို လည်းကောင်း စားအံ့။ ထင်ရှားစွာပြု၍ စားသည်ရှိသော် တစ်ကောင်သော ငါးသည်မျှလည်း ငါ့သို့ မချဉ်းကပ်လတ္တံ့။

အလုံးစုံသော ငါးတို့သည် ပြေးကုန်လတ္တံ့၊ ဖုံးလွှမ်းသည်ကိုပြု၍ ငါးတို့ပြန်သောအခါ နောက်ဆုံးငါးကိုသတ်၍ စားအံ့ဟုကြံလျက် ထိုသို့ကြံတိုင်းပြု၍ စား၏။ ငါးတို့သည် ကုန်သည်ကိုသိ၍ ကြံကြကုန်၏။ အဘယ်အရပ်မှလျှင် ငါတို့ဆွေမျိုးတို့အား ဘေးဖြစ်သနည်းဟု ဆိုကုန်၏။ ထိုအခါ တစ်ကောင်သော ငါးပညာရှိသည် ငါသည် အာနန္ဒာငါးကြီး၏ အမူအရာကို မနှစ်သက်၊ ထိုအာနန္ဒာငါးကြီးကို စုံစမ်းအံ့ဟု ကြံ၍ ငါးတို့သည် ခစားအံ့သောငှာ သွားကြကုန်လတ်သော် အာနန္ဒာငါးကြီး၏ နားရွက်ဖြင့် ဖုံးလွှမ်းလျက်တည်၏။ အာနန္ဒာငါးကြီးသည် ငါးတို့ကို လွှတ်လိုက်၍ အလုံးစုံတို့၏ နောက်မှသွားသောငါးကို စား၏။ ထိုပညာရှိသည် ထိုအမူအရာကိုမြင်လျှင် တစ်ပါးသောငါးတို့အား ထိုအကြောင်းကို ပြောဆို၏။ ထိုအလုံးစုံသော ငါးတို့သည်လည်း ကြောက်လန့်တကြား ပြေးလေကုန်၏။

ဇာတ်တူသားစား၍ သေပြီ

အာနန္ဒာငါးကြီးသည် ထိုအခါမှစ၍ ငါးအသား၌ တပ်မက်မောသောကြောင့် တစ်ပါးသောအစာကို မယူ၊ ထိုအာနန္ဒာငါးကြီးသည် မွတ်သိပ်ဆာလောင်ခြင်းဖြင့် နှိပ်စက်ရကား ပင်ပန်းသည်ဖြစ်၍ ဤငါးတို့သည် အဘယ်အရပ်သို့ ပြေးသွားကြလေကုန်သနည်းဟု ထိုငါးတို့ကို စုံစမ်းရှာဖွေသည်ရှိသော် တောင်တစ်ခုကိုမြင်၍ ငါမှ ကြောက်ကုန်သောကြောင့် ဤတောင်ကိုမှီ၍ နေကုန်သည်ထင်၏။ ထိုတောင်ကို ရစ်ပတ်၍ စုံစမ်းရှာဖွေအံ့ဟု အမြီးဖြင့်လည်းကောင်း, ဦးခေါင်းဖြင့်လည်းကောင်း နံပါးနှစ်ဘက်၌ ရစ်ပတ်၍ရှာ၏။ ထို့နောင်မှ အကယ်၍ ဤတောင်၌ နေကုန်အံ့၊ ပြေးကုန်လတ္တံ့ဟု တောင်ကိုရစ်ပတ်သည်ရှိသော် မိမိ၏ အမြီးကိုမြင်၍ ဤငါးသည် ငါ့ကိုလှည့်ပတ်သဖြင့် တောင်ကိုမှီ၍ နေ၏ဟု အမျက်ထွက်သည်ဖြစ်၍ ယူဇနာငါးဆယ်ရှိသော မိမိအမြီးပိုင်းကို တစ်ပါးသော ငါးမှတ်သဖြင့် မြဲစွာဖမ်းယူ၍ အပိုင်းပိုင်းပြတ်စေလျက် စား၏။ သည်းစွာသော ဆင်းရဲဝေဒနာသည် ဖြစ်၏။ သွေးအနံ့ကြောင့် ငါးတို့သည် ရုံးစုပြီးလျှင် အသားကိုဖဲ့၍ စားကုန်လျက် ဦးခေါင်းတိုင်အောင် သွားကုန်၏။ ကြီးသော ကိုယ်ရှိသည်၏အဖြစ်ကြောင့် ပြန်အံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ အရိုးစုသည် တောင်ကဲ့သို့ ဖြစ်၏။ ကောင်းကင်ဖြင့် ပျံသွားကုန်သော ရသေ့, ရဟန်း, ပရိဗိုဇ်တို့သည် ထိုအရိုးစုကို မြင်ကုန်၍ လူတို့အား ကြားကုန်၏။ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော သူတို့သည် သိကုန်၏။ ထိုဝတ္ထုကို ထုတ်ဆောင်၍ ပြလိုသော စစ်သူကြီး ကာဠဟတ်သည်-

၃၇၈။ အာနန္ဒော သဗ္ဗမစ္ဆာနံ၊ ခါဒိတွာ ရသဂိဒ္ဓိမာ။
ပရိက္ခိဏာယ ပရိသာယ၊
အတ္တာနံ ခါဒီယာ မတော။
၃၇၉။ ဧဝံ ပမတ္တော ရသဂါရဝေ ရတ္တော၊
ဗာလော ယဒိ အာယတိ နာဝဗုဇ္ဈတိ။
ဝိဓမ္မ ပုတ္တေ စဇိ ဉာတကေ စ၊
ပရိဝတ္တိယ အတ္တာနညေဝ ခါဒတိ။
၃၈၀။ ဣဒံ တေ သုတွာန ဝိဂေတု ဆန္ဒော၊
မာ ဘက္ခယိ ရာဇ မနုဿမံသံ။
မာ တွံ ဣမံ ကေဝလံ ဝါရိဇောဝ၊
ဒွိပဒါဓိပ သုညမကာသိ ရဋ္ဌံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၇၈။ မဟာရာဇ၊ မင်းမြတ်။ ရသဂိဒ္ဓိမာ၊ အရသာ၌ တပ်မက်မောခြင်း ရှိသော။ အာနန္ဒော၊ အာနန္ဒာငါးကြီးသည်။ သဗ္ဗမစ္ဆာနံ၊ အလုံးစုံသော ငါးတို့ကို။ ခါဒိတွာ၊ စား၍။ ပရိသာယ၊ ပရိသတ်သည်။ ပရိက္ခီဏာယ၊ ကုန်သည်ရှိသော်။ အတ္တာနံ၊ မိမိကိုယ်ကို။ ခါဒိယ၊ စား၍။ မတော၊ သေရလေသည်။

֍ ဋ္ဌ ၃၇၉။ ဧဝံ၊ ဤအတူလျှင်။ ပမတ္တော၊ မေ့လျော့သော။ ရသဂါရဝေ၊ လူသားအရသာ သဘော၌။ ရတ္တော၊ တပ်မက်သော။ ဗာလာ၊ မလိမ္မာသော။ သော တွံ၊ ထိုအရှင်မင်းမြတ်သည်။ အာယတိံ၊ နောင်ဖြစ်လတ္တံ့သော ဆင်းရဲကို။ ယဒိ နာဝ ဗုဇ္ဈတိ၊ အကယ်၍ သိတော်မမူအံ့။ ဧဝံ၊ ဤသို့ သိတော်မမူသည်ရှိသော်။ ပုတ္တေ စ၊ သားသမီးတို့ကိုလည်း။ ဝိဓမ္မ၊ ဖျက်ဆီး၍။ ဉာတကေ စ၊ အဆွေအမျိုးတို့ကိုလည်း။ စဇိ၊ စွန့်လော့။ ပရိဝတ္တိယ၊ မြို့အလုံးကို လှည့်လည်လျက်။ မနုဿမံသံ၊ လူသားကို။ အလဘိတွာ၊ မရသည်ရှိသော်။ အတ္တာနညေဝ၊ မိမိကိုယ်ကိုသာလျှင်။ ခါဒတိ၊ စားလတ္တံ့။

֍ ဋ္ဌ ၃၈၀။ မဟာရာဇ၊ မင်းမြတ်။ ဣဒံ၊ ဤအကြောင်းကို။ သုတွာန၊ ကြားရသောကြောင့်။ တေ၊ အရှင်မင်းမြတ်၏။ ဆန္ဒော၊ လူသား၌ ချင်ခြင်းကို။ ဝိဂေတု၊ ပျောက်စေချင်ပါ၏။ ရာဇ၊ မင်းမြတ်။ မနုဿမံသံ၊ လူသားကို။ မာဘက္ခယိ၊ စားတော်မမူပါလင့်။ ဒွိပဒါဓိပ၊ လူတို့အရှင်ဖြစ်တော်မူသော။ မဟာရာဇ၊ မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ ကေဝလံ၊ စင်စစ်။ ဝါရိဇောဝ၊ ငါးမင်းအာနန္ဒာကဲ့သို့။ ဣဒံရဋ္ဌံ၊ ဤကာသိတိုင်းကို။ သုညံ၊ ဆိတ်သည်ကို။ မာ အကာသိ၊ ပြုတော်မမူပါလင့်။

ဇမ္ဗုသပြေသီးမက်၍ သေရသူ

ထိုစကားကို ကြား၍ ဗြဟ္မဒတ်မင်းသည် အချင်း ကာဠဟတ်... သင်သည်သာလျှင် ဥပမာကို သိသလော၊ ငါသည်လည်း သိ၏။ လူသားကို တပ်မက်မောသောကြောင့် ရှေးအကြောင်းကို ထုတ်ဆောင်၍ ပြလိုရကား-

၃၈၁။ သုဇာတောနာမ နာမေန၊
ဩရသော တဿ အတြဇော။
ဇမ္ဗုပေသိ မလဒ္ဓါန၊
မတော သော တဿ သင်္ခယေ။
၃၈၂။ ဧဝမေဝ အဟံ ကာဠ၊ ဘုတွာ ဘက်ခံ ရသုတ္တမံ။
အလဒ္ဓါ မာနုသံ မံသံ၊ မညေ ဟိဿာမိ ဇီဝိတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၈၁။ ကာဠ၊ ကာဠဟတ်။ နာမေန၊ အမည်အားဖြင့်။ သုဇာတာနာမ၊ သုဇာတ အမည်ရှိသော။ ယော ကုဋုမ္ဗိကော၊ အကြင်သူကြွယ်သည်။ အတ္ထိ၊ ရှိ၏။ တဿ၊ ထိုသူကြွယ်၏။ အတြဇော၊ မိမိမှဖြစ်သော။ ဩရသော၊ သားဦးသည်။ ဇမ္ဗုပေသိံ၊ ဇမ္ဗုသပြေသီးကို။ အလဒ္ဓါန၊ မရ၍။ တဿ ဇမ္ဗုပေသိယာ၊ ထိုဇမ္ဗုသပြေသီး၏။ သင်္ခယေ၊ ကုန်ခြင်းကြောင့်။ မတော၊ သေလေ၏။

֍ ဋ္ဌ ၃၈၂။ ကာဠ၊ ကာဠဟတ်။ ဧဝမေဝ၊ ဤအတူလျှင်။ အဟံ၊ ငါသည်။ ရသုတ္တမံ၊ အရသာတကာတို့ထက် မြတ်သော။ ဘက်ခံ၊ အစာကို။ ဘုတွာန၊ စားဦး၍။ မာနုသံမံသံ၊ လူသားကို။ အလဒ္ဓါ၊ မရခြင်းကြောင့်။ မေ၊ ငါ၏။ ဇီဝိတံ၊ အသက်ကို။ ဟိဿာမိ မညေ၊ စွန့်ရအံ့ယောင်တကား။

ဤဂါထာ၌ အကျဉ်းအားဖြင့် ပြဆောင်အပ်သော သုဇာတသူကြွယ်၏ အကြောင်းကို အဋ္ဌကထာ၌ ဤသို့ အကျယ်ပြဆောင်အပ်၏။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သုဇာတ အမည်ရှိသော သူကြွယ်သည် ချဉ်ဆားမှီဝဲအံ့သောငှာ ဟိမဝန္တာမှ လာကုန်သော ရသေ့ငါးရာတို့ကို မိမိဥယျာဉ်၌ နေစေ၍ အမြဲလုပ်ကျွေး၏။ အိမ်၌ အမြဲ ငါးရာအတိုင်းအရှည်ရှိသော ဆွမ်းသည် ဖြစ်၏။ ထိုရသေ့တို့သည်ကား ရံခါ ဇနပုဒ်သို့ ဆွမ်းခံသွားကုန်၏။ ရံခါ ကြီးစွာသော ဇမ္ဗုသပြေသီးကို ဆောင်ယူ၍ စားကုန်၏။ ထိုရသေ့တို့ ဇမ္ဗုသပြေသီးကို ဆောင်ယူ၍ စားသောအခါ၌ သုဇာတာသူကြွယ်သည် ယခုအခါ အရှင်ကောင်းတို့သည် သုံးရက် လေးရက်တို့ မလာကုန်၊ အဘယ်အရပ်သို့ သွားကြလေကုန်သနည်းဟု ကြံ၍ ထိုသူကြွယ်သည် မိမိသားငယ်ကို လက်၌ဆွဲစေ၍ ထိုရသေ့တို့ ဆွမ်းဘုဉ်းပေးသောအခါ၌ ထိုကျောင်းသို့လာ၏။ ထိုသူကြွယ် လာသောအခါ၌လျှင် ရသေ့ကြီးတို့ ခံတွင်းဆေးသောကာလ၌ ရေကိုပေး၍ အငယ်ဆုံးဖြစ်သော ရသေ့သည် ဇမ္ဗုသပြေသီးကို စား၏။ သုဇာတာသူကြွယ်သည် ရသေ့တို့ကိုရှိခိုး၍ ထိုင်လျက် အရှင်ဘုရားတို့ အဘယ်ကို ဘုဉ်းပေးတော်မူကြကုန်သနည်းဟု မေးလျှောက်၏။ ဒါယကာ... ဇမ္ဗုသပြေသီးကို စားကုန်၏ဟု ပြောဆိုကုန်လတ်သော် ထိုစကားကိုကြား၍ သားသူငယ်သည် ချင်ခြင်းကို ဖြစ်စေ၏။ ထိုအခါ ထိုသူငယ်အား ရသေ့အပေါင်းတို့၏ ဂိုဏ်းဆရာဖြစ်သော ရသေ့ကြီးသည် အတန်ငယ်သော ဇမ္ဗုသပြေသီးကို ပေး၏။ ထိုသူငယ်သည် ထိုသပြေသီးကို စားရလျှင် အရသာ၌ အလွန်တပ်စွန်း၍ ငါ့အား ဇမ္ဗုသပြေသီးကို ပေးကုန်လော့၊ ငါ့အား ဇမ္ဗုသပြေသီးကို ပေးကုန်လော့ ဟု အဖန်တလဲလဲ တောင်း၏။

သူကြွယ်သည် တရားနာပြီး၍ ချစ်သား... မငိုလင့်၊ အိမ်သို့ရောက်လျှင် စားရလတ္တံ့ဟု ထိုသားငယ်ကို လှည့်စားလျက် ဤသူငယ်ကိုမှီ၍ အရှင်ကောင်းတို့သည် ငြီးငွေ့ ကုန်လတ္တံ့ဟု ထိုသားငယ်ကို နှစ်သိမ့်စေလျက် ရသေ့အပေါင်းကို မပန်ကြားမူ၍လျင် အိမ်သို့ သွားလေ၏။ အိမ်သို့ရောက်သောအခါမှစ၍ သူကြွယ်၏သားသည် ငါ့အား ဇမ္ဗုသပြေသီးကို ပေးကုန်လော့၊ ငါ့အား ဇမ္ဗုသပြေသီးကို ပေးကုန်လော့ ဟု ငိုမြည်တမ်း၏။ သုဇာတာသူကြွယ်သည် ရသေ့တို့ကိုသာလျှင် ပြောကြားအံ့ဟု ဥယျာဉ်သို့ လာ၏။ ရသေ့အပေါင်းတို့သည်လည်း ဤအရပ်၌ ငါတို့သည် ကြာမြင့်ကုန်ပြီဟု ဟိမဝန္တသို့လျှင် သွားကြကုန်သဖြင့် ကျောင်း၌ ရသေ့တို့ကို မမြင်ကုန်သည်ဖြစ်၍ ထိုသူငယ်အား သပြေသီး သရက်သီး ပိန္နဲသီး ငှက်ပျောသီး အစရှိသည်တို့ကို ပျားသကာနှင့်နယ်၍ ပေး၏။ ထိုအရာတို့သည် ထိုသူငယ်၏ လျှာဖျား၌ ထားကာမျှဖြင့်လျှင် လတ်တလော သေစေတတ်သော အဆိပ်နှင့်တူသည် ဖြစ်ကုန်၏။ ထိုသူငယ်သည် ခုနစ်ရက်ပတ်လုံး အစာကင်းသည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်၏။

ဗြဟ္မဒတ်မင်းသည် ဤအကြောင်းကို ထုတ်ဆောင်၍ ပြလိုသည်ဖြစ်၍ သုဇာတော နာမ နာမေန အစရှိသော နှစ်ဂါထာတို့ကို ဆို၏။ (ဤသို့ အဋ္ဌကထာ၌ အကျယ်အားဖြင့် ပြဆောင်အပ်၏။ )

ထို့နောင်မှ စစ်သူကြီး ကာဠဟတ်သည် ဤမင်းကား အလွန်လျှင် အရသာ၌ တပ်မက်မော၏။ ထိုမင်းအား တစ်ပါးလည်းဖြစ်ကုန်သော ပုံသက်သေတို့ကို ပြဆောင်ဦးဟု ကြံ၍ အရှင်မင်းမြတ်... လူသားကိုစားခြင်းမှ ကြဉ်ရှောင်တော်မူလော့ဟု ဆို၏။ ထိုဗြဟ္မဒတ်မင်းသည်

လူသားကိုစားခြင်းမှ ကြဉ်ရှောင်ခြင်းငှာ မတတ်နိုင်ဟု ဆိုလတ်သော် အရှင်မင်းမြတ်... အကယ်၍ ကြဉ်ရှောင်တော် မမူနိုင်သည်ဖြစ်အံ့၊ အရှင်မင်းမြတ်သည် ဆွေတော် မျိုးတော် အပေါင်းမှလည်းကောင်း၊ ပြည်စည်းစိမ် အသရေမှ လည်းကောင်း ယုတ်လတ္တံ့၊ ထိုစကားသည် မှန်၏။

သောတ္ထိယ အရက်သမား

အရှင်မင်းမြတ် လွန်လေပြီးသောအခါ ဤဗာရာဏသီပြည်၌ပင်လျှင် ပဉ္စသီ ငါးပါးကိုစောင့်သော သောတ္ထိယအမျိုးသည် ရှိ၏။ ထိုသောတ္ထိယအမျိုးအား တစ်ယောက်သော သားငယ်သည်ရှိ၏။ ထိုသားငယ်သည် မိဘတို့အား ချစ်မြတ်နိုး၏။ ပညာရှိ၏။ လိမ္မာ၏။ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ ရောက်၏။ ထိုသားငယ်သည် အရွယ်တူဖြစ်ကုန်သော လုလင်ပျိုတို့နှင့်တကွ အပေါင်းဖွဲ့သဖြင့် သွား၏။ ထိုလုလင်မှ ကြွင်းကုန်သော အပေါင်းဖွဲ့ကုန်သော သူတို့သည် ငါးအမဲတို့ကို စားကုန်လျက် သုရာကို သောက်ကုန်၏။ ထိုလုလင်သည် ငါးအမဲအစရှိသည်တို့ကို မစား၊ သုရာကို မသောက်။ ထိုအပေါင်းအဖော်တို့သည် တိုင်ပင်ကြကုန်၏။ ဤလုလင်သည် သုရာကို မသောက်သောကြောင့် ငါတို့အား အဖိုးကိုမပေး၊ ဥပါယ်တမျဉ်ဖြင့် ထိုလုလင်ကို သုရာသောက်စေကုန်အံ့ဟု ဆို၍ ထိုလုလင်နှင့်တကွ စည်းဝေး၍ အဆွေ သဘင်ကစားအံ့ဟု ဆိုကုန်၏။ အဆွေတို့ သင်တို့သည်သာလျှင် သုရာကိုသောက်ကုန်လော့၊ ငါသည် မသောက်အံ့၊ သင်တို့သည်သာလျှင် သွားကြကုန်လော့ဟု ဆိုလတ်သော် အဆွေ သင်သောက်ရန်အလို့ငှာ နို့ရည်ကို ယူစေကုန်အံ့ဟု ဆိုကုန်၏။ ထိုသောတ္ထိယလုလင်သည် ကောင်းပြီဟု ဝန်ခံ၏။

သေသောက်ကြူးတို့သည် ဥယျာဉ်သို့သွားကုန်၍ ကြာပဒုမ္မာရွက်တို့၌ ထက်စွာသောသုရာကို ထုပ်၍ထားကုန်၏။ ထိုအခါ ထိုသူတို့၏ သုရာသောက်သော ကာလ၌ လုလင်အား နို့ရည်ကိုပေးကုန်၏။ ထို့နောက် တစ်ယောက်သော သေသောက်ကြူးသည် အချင်းတို့... ကြာမှဖြစ်သော ပျားကို ဆောင်ယူခဲ့ကြကုန်လော့ ဟု ဆောင်ယူစေ၍ ပဒုမ္မာကြာရွက်ထုပ်ကို အောက်မှ အပေါက်ဖောက်ပြီးလျှင် လက်တို့ဖြင့် ခံတွင်း၌ထား၍ စုတ်၏။ ဤအတူ တစ်ပါးသော သေသောက်ကြူး လုလင်တို့သည်လည်း ယူဆောင်၍ သောက်ကြကုန်၏။ လုလင်သည် ဤသည်ကား အသို့နည်းဟု မေး၍ ကြာပျားမည်၏ ဟု ဆိုသည်ရှိသော် အချင်းတို့ ငါ့အားလည်း အတန်ငယ် ရလိုပါ၏။ ပေးပါကုန်လော့ ဟု ဆိုသဖြင့် ထိုလုလင်အားလည်း ပေးစေကုန်၏။ ထိုလုလင်သည် ကြာမှဖြစ်သောပျား ဟူသောအမှတ်ဖြင့် သုရာကိုသောက်၏။ ထိုအခါ ထိုလုလင်အားလည်း မီးကျီး၌ကင်သော အမဲကိုလည်း ပေးကုန်၏။ ထိုအမဲကိုလည်း စား၏။ ဤသို့လျှင် အဖန်တလဲလဲ သောက်သော ထိုလုလင်အား ယစ်သောအခါ၌ ဤသည်ကား ကြာမှဖြစ်သော ပျားမဟုတ်၊ ဤသည်ကား သုရာတည်း ဟု ဆိုကုန်၏။ ထိုလုလင်သည်လည်း ဤမျှလောက်သော ကာလပတ်လုံး ငါသည် ဤသို့ ကောင်းမြတ်သော အရသာကိုမသိ၊ အချင်းတို့... သုရာကို ဆောင်ခဲ့ပါကုန်လော့ ဟု ဆို၏။ ထိုသေသောက်ကြူးတို့သည် တစ်ဖန်လည်း ဆောင်ယူ၍ ပေးကုန်၏။ ချင်ခြင်း မွတ်ခြင်းသည် များစွာဖြစ်၏။

ထိုအခါ တစ်ဖန်လည်း တောင်းပြန်သော ထိုလုလင်အား ကုန်ပြီ ဟု ဆိုကုန်၏။ ထိုလုလင်သည် အချင်းတို့... ယခု ထိုသုရာကို ဆောင်ချေကုန်လော့ ဟု ဆို၍ လက်စွပ်ကိုပေး၏။ ထိုလုလင်သည် တစ်နေ့ပတ်လုံး ထိုသူတို့နှင့်တကွ သောက်စား၍ ယစ်သောကြောင့် နီသောမျက်စိရှိသည်ဖြစ်၍ တုန်လှုပ်လျက် မြည်တမ်းလျက် အိမ်သို့သွား၍ အိပ်၏။ ထိုအခါ ထိုလုလင်၏အဖသည် သုရာသောက်သော အဖြစ်ကိုသိ၍ အယစ်ပြေသည်ရှိသော် ချစ်သား... အသင်ချစ်သားသည် မသင့်လျော်သည်ကို ပြုကျင့်၏။ သောတ္ထိယအမျိုး၌ ဖြစ်ပါလျက် သုရာကို သောက်သဖြင့် မသင့်၊ တစ်ဖန် ဤသို့မပြုလင့် ဟု ဆို၏။ ဖခင်... သုရာသောက်သဖြင့် အကျွန်ုပ်အား အဘယ်အပြစ် ရှိသနည်း ဟု ဆို၍ သုရာသောက်သောအဖြစ်သည် မသင့် ဟု ဆိုသည်ရှိသော် ဖခင်... အသို့ဆိုသနည်း၊ အကျွန်ုပ်သည် ဤမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော ကောင်းမြတ်သော အရသာကို မရဘူးပါ ဟုဆို၏။ အဖပုဏ္ဏားသည်လည်း အဖန်တလဲလဲ တောင်းပန်၏။ ထိုလုလင်သည်လည်း ကြဉ်ရှောင်အံ့သောငှာ မတတ်နိုင် ဟု ဆို၏။ ထိုအခါ ထိုလုလင်ကို အဖပုဏ္ဏားသည် ဤသို့ဖြစ်သည်ရှိသော် ငါတို့ အမျိုးအနွယ်သည်လည်း ပြတ်လတ္တံ့၊ ဥစ္စာသည်လည်း ပျက်စီးလတ္တံ့ ဟု ကြံ၍ သားကို ဆုံးမလိုရကား-

၃၈၃။ မာဏဝ အဘိရူပေါသိ၊
ကုလေ ဇာတောသိ သောတ္ထိယေ။
န တွံ အရဟသိ တာတ၊ အဘက်ခံ ဘက္ခယေတဝေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၈၃။ မာဏဝ၊ လုလင်ဖြစ်သော။ တာတ၊ ချစ်သား။ တွံ၊ သင်ချစ်သားသည်။ အဘိရူပေါ၊ အလွန်အဆင်းလှသည်။ အသိ၊ ဖြစ်၏။ သောတ္ထိယေ၊ သောတ္ထိယဖြစ်သော။ ကုလေ၊ အမျိုး၌။ ဇာတော၊ ဖြစ်သည်။ အသိ၊ ဖြစ်၏။ တာတ၊ ချစ်သား။ တွံ၊ သင်ချစ်သားသည်။ အဘက်ခံ၊ မစားမသောက်အပ်သည်ကို။ ဘက္ခယေတဝေ၊ စားသောက်ခြင်းငှာ။ န အရဟသိ၊ မထိုက်။

အရက်ကိုမက်၍ သေရပြီ

ဤသို့သော စကားကို ပြောဆိုပြီး၍ကား ချစ်သား... ကြဉ်ရှောင်လော့၊ အကယ်၍ မကြဉ်ရှောင်အံ့၊ ချစ်သား... ငါသည်လည်း ဤအိမ်မှထွက်အံ့၊ သင်ချစ်သားကိုလည်း တိုင်းပြည်မှ နှင်ထုတ်သောအမှုကို ပြုအံ့ဟု ဆို၏။ လုလင်သည် ဖခင်... ဤသို့နှင်ထုတ်သော်လည်း အကျွန်ုပ်သည် သုရာသောက်ခြင်းကို စွန့်အံ့သောငှာ မတတ်နိုင် ဟု ဆို၍ ထိုအကြောင်းကို အဖပုဏ္ဏားအား ကြားလိုရကား-

၃၈၄။ ရသာနံ အညတရံ ဧတံ၊ ကသ္မာ မံ တွံ နိဝါရယေ။
သောဟံ တတ္ထ ဂမိဿာမိ၊ ယတ္ထ လစ္ဆာမိ ဧဒိသံ။
၃၈၅။ သောဝါဟံ နိပ္ပတိဿာမိ၊ န တေ ဝစ္ဆာမိ သန္တိကေ။
ယဿ မေ ဒဿနေန တွံ၊ နာဘိနန္ဒသိ ဗြာဟ္မဏ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၈၄။ ဗြာဟ္မဏ၊ ဖခင်ပုဏ္ဏား။ ဧတံ၊ ဤသုရာသည်။ ရသာနံ၊ အရသာတကာတို့တွင်။ အညတရံ၊ မြတ်သော တစ်ပါးသော အရသာသည်။ ဟောတိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ မံ၊ အကျွန်ုပ်ကို။ တွံ၊ သင်ဖခင်သည်။ နိဝါရယေ၊ တားမြစ်ဘိသနည်း။ ဗြာဟ္မဏ၊ ဖခင်ပုဏ္ဏား။ ယော အဟံ၊ အကြင်ငါသည်။ ယတ္ထ၊ အကြင်အရပ်၌။ ဧဒိသံ၊ ဤသို့သဘောရှိသော အရသာကို။ လစ္ဆာမိ၊ ရအံ့။ တတ္ထ၊ ထိုအရပ်သို့။ သော အဟံ၊ ထိုငါသည်။ ဂမိဿာမိ၊ သွားပါအံ့။

֍ ဋ္ဌ ၃၈၅။ ဗြာဟ္မဏ၊ ဖခင်ပုဏ္ဏား။ တွံ၊ သင်ဖခင်သည်။ ယဿ-မေ၊ အကြင်ငါအား။ ဒဿနေန၊ မြင်ရသဖြင့်။ နာဘိနန္ဒသိ၊ မနှစ်သက်။ သော အဟံ၊ ထိုငါသည်။ တေ၊ သင် ဖခင်၏။ သန္တိကေ၊ အထံ၌။ န ဝစ္ဆာမိ၊ မနေပြီ။ နိပ္ပတိဿမိ၊ ထွက်ပါတော့အံ့။

ဤသို့သောစကားကို ဆို၍ ငါသည် သုရာသောက်ခြင်းကို မကြဉ်ရှောင်အံ့၊ အကြင်အမှုကို ပြုခြင်းငှာ သင်ဖခင်သည် နှစ်သက်၏။ ထိုအမှုကို ပြုလော့ဟု ဆို၏။ ထိုအခါ အဖပုဏ္ဏားသည် သင်သည် ငါတို့ကို စွန့်သည်ရှိသော် ငါတို့သည်လည်း သင့်ကိုစွန့်အံ့ဟု ဆို၍ ထိုအကြောင်းကို သားအား ကြားလိုရကား-

၃၈၆။ အဒ္ဓါ အညေပိ ဒါယာဒေ၊ ပုတ္တေ လစ္ဆာမ မာဏဝ။
တွဉ္စ ဇမ္မ ဝိနဿဿု၊ ယတ္ထ ပတ္တံ န တံ သုဏေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၈၆။ မာဏဝ၊ လုလင်။ ဒါယာဒေ၊ အမွေခံထိုက်သော။ အညေပိ၊ သင်မှတစ်ပါးလည်း ဖြစ်ကုန်သော။ ပုတ္တေ၊ သားသမီးတို့ကို။ အဒ္ဓါ၊ စင်စစ်။ လစ္ဆာမ၊ ရကုန်အံ့။ ဇမ္မ၊ သူယုတ်။ ယတ္တ၊ အကြင်အရပ်သို့။ ပတ္တံ၊ ရောက်လေသော။ တံ၊ သင့်ကို။ န သုဏေ၊ ငါတို့မကြားရ။ တတ္ထ၊ ထိုအရပ်သို့။ တွံ၊ သင်သည်လျှင်။ ဝိနဿဿု၊ သွားလေလော့။

ထိုအခါ အဖပုဏ္ဏားသည် ထိုသားယုတ်ကို တရားဆုံးဖြတ်ရာအရပ်သို့ ဆောင်၍ သားမဟုတ်သောအဖြစ်ကိုဆို၍ နှင်ထုတ်စေ၏။ ထိုလုလင်သည် နောက်အဖို့၌ အထောက်အပံ့ မရှိသောကြောင့် အထီးကျန်သည်ဖြစ်၍ ပုဆိုးနွမ်းကိုဝတ်ရသဖြင့် ခွက်လက်စွဲလျက် အစာ အာဟာရအလို့ငှာ တောင်းစားလျက် တစ်ခုသောနံရံကိုမှီ၍ သေ၏။

ဤအကြောင်းကိုဆောင်၍ စစ်သူကြီးကာဠဟတ်သည် ဗြဟ္မဒတ်မင်းအား ပြလျက် မြတ်သောမင်းကြီး... အရှင်မင်းကြီးသည် အကျွန်ုပ်တို့စကားကို အကယ်၍ လိုက်နာတော်မမူအံ့၊ သင်မင်းကြီးအား ပြည်မှ နှင်ထုတ်သောအမှုကို ပြုကုန်အံ့ဟုဆို၍ ထိုအကြောင်းကို မင်းကြီးအား ကြားလိုရကား-

၃၈၇။ ဧဝမေဝ တုဝံ ရာဇ၊ ဒွိပဒိန္ဒ သုဏောဟိ မေ။
ပဗ္ဗာဇေဿန္တိ တံ ရဋ္ဌာ၊
သောဏ္ဍံ မာဏဝကံ ယထာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၈၇။ ဒိပဒိန္ဒ၊ အခြေနှစ်ချောင်းရှိသော လူတို့ကို အစိုးရတော်မူသော။ ရာဇ၊ မင်းမြတ်။ တုဝံ၊ အရှင်မင်းမြတ်သည်။ မေ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာတော်မူလော့။ သောဏ္ဍံ၊ သေသောက်ကြူးသော။ မာဏဝကံ၊ လုလင်ပျိုကို။ ပဗ္ဗာဇေဿန္တိ ယထာ၊ တိုင်းပြည်မှ နှင်ထုတ်ကုန်သကဲ့သို့။ ဧဝမေဝ၊ ဤအတူလျှင်။ တံ၊ အရှင်မင်းကြီးကို။ ရဋ္ဌာ၊ တိုင်းနိုင်ငံမှ။ ပဗ္ဗာဇေဿန္တိ၊ နှင်ထုတ်ကုန်လတ္တံ့။

နတ်သမီးကိုမက်၍ သေသူ

ဤသို့စစ်သူကြီး ကာဠဟတ်သည် ဥပမာ ပုံသက်သေကို ပြဆောင်သော်လည်း ဗြဟ္မဒတ်မင်းသည် ထိုလူသားမှ ကြဉ်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ တစ်ပါးသော ပုံသက်သေကို စစ်သူကြီး ကာဠဟတ်အား ပြန်လိုရကား-

၃၈၈။ သုဇာတော နာမ နာမေန၊
ဘာဝိတတ္တာန သာဝကော။
အစ္ဆရံ ကာမယန္တောဝ၊ န သော ဘုဉ္ဇိ န သော ပိဝိ။
၃၈၉။ ကုသဂ္ဂေနုကမာဒါယ၊ သမုဒ္ဒေ ဥဒကံ မိနေ။
ဧဝံ မာနုသကာ ကာမာ၊ ဒိဗ္ဗကာမာန သန္တိကေ။
၃၉၀။ ဧဝမေဝ အဟံ ကာဠ၊ ဘုတွာ ဘက်ခံ ရသုတ္တမံ။
အလဒ္ဓါ မာနုသံ မံသံ၊ မညေ ဟိဿာမိ ဇီဝိတံ။

ဟူသော ဤသုံးဂါထာကို ဆို၏။

֍ ဋ္ဌ ၃၈၈။ ကာဠ၊ ကာဠဟတ်။ ဘာဝိတတ္တာနံ၊ ပွားစေအပ်ကုန်သော စိတ်ရှိကုန်သော။ ပဉ္စန္နံ ဣသိသတာနံ၊ ရသေ့ငါးရာတို့၏။ သာဝကော၊ တပည့်ဒကာဖြစ်သော။ နာမေန၊ အမည်အားဖြင့်။ သုဇာတော နာမ၊ သုဇာတ အမည်ရှိသော။ ယော ကုဋုမ္ဗိကော၊ အကြင်သူကြွယ်သည်။ အတ္ထိ၊ ရှိ၏။ သော ကုဋုမ္ဗိကော၊ ထိုသူကြွယ်သည်။ အစ္ဆရံ၊ နတ်သမီးကို။ ကာမယန္တောဝ၊ အလိုရှိသည်ဖြစ်၍လျှင်။ န ဘုဉ္ဇိ၊ စားလည်းမစား။ သော၊ ထိုသူကြွယ်သည်။ န ပိဝိ၊ သောက်လည်း မသောက်။

֍ ဋ္ဌ ၃၈၉။ ကာဠ၊ ကာဠဟတ်။ ကုသဂ္ဂေန၊ သမန်းမြက်ဖြင့်။ ဥဒကံ၊ ရေကို။ အာဒါယ၊ ယူ၍။ သမုဒ္ဒေ၊ သမုဒ္ဒရာ၌။ ဥဒကံ၊ ရေကို။ မိနေ ယထာ၊ နှိုင်းယှဉ်သကဲ့သို့။ ဧဝံ၊ ထို့အတူ။ မာနုသကာ၊ လူ၌ဖြစ်ကုန်သော။ ကာမာ၊ ကာမဂုဏ်တို့သည်။ ဒိဗ္ဗကာမာနံ၊ နတ်၌ဖြစ်ကုန်သော ကာမဂုဏ်တို့၏။ သန္တိကေ၊ အထံ၌။ ဟောန္တိ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၃၉၀။ ကာဠ၊ ကာဠဟတ်။ ဝေမေဝ၊ ဤအတူလျှင်။ အဟံ၊ ငါသည်။ ရသုတ္တမံ၊ အရသာတကာတို့ထက် မြတ်သော အရသာရှိသော။ ဘက်ခံ၊ အစာကို။ ဘုတွာ၊ စားဦး၍။ မာနုသံမံသံ၊ လူသားကို။ အလဒ္ဓါ၊ မရခြင်းကြောင့်။ မေ၊ ငါ၏။ ဇီဝိတံ၊ အသက်ကို။ ဟိဿာမိ မညေ၊ စွန့်ရအံ့ယောင်တကား။

ဤဂါထာတို့၌ အကျဉ်းအားဖြင့် ဆောင်အပ်သော သုဇာတသူကြွယ်၏ဝတ္ထုကို အဋ္ဌကထာ၌ အကျယ် ဤသို့ပြဆောင်အပ်၏။

နတ်သမီးကိုမက်၍ သေရသူ

အောက်၌ဆိုအပ်ပြီးသော သုဇာတမည်သော သူကြွယ်သည် ရသေ့ငါးရာတို့ ဇမ္ဗုသပြေသီးကို စားသောအခါ၌ မလာသည်ကိုသိ၍ အရှင်ကောင်းတို့သည် အဘယ့်ကြောင့် မကြွလာကုန်သနည်း၊ အကယ်၍ တစ်စုံတစ်ခုသော အရပ်သို့ ကြွတော်မူကုန်အံ့၊ အကြောင်းကိုသိအံ့။ အကယ်၍ တစ်စုံတစ်ခုသောအရပ်သို့ ကြွတော်မမူကုန်အံ့၊ ထိုသို့ တစ်ပါးသော အရပ်သို့ ကြွတော်မမူကုန်သည်ရှိသော် ထိုအရှင်မြတ်တို့၏ အထံ၌ တရားတော်ကို နာအံ့ဟု ဥယျာဉ်သို့သွား၍ ရသေ့အပေါင်းကိုရှိခိုး၍ ဂိုဏ်းဆရာဖြစ်သော ရှင်ရသေ့ကြီးအထံ၌ တရားနာလျက်နေစဉ်လျှင် နေသည်ဝင်၏။ ထိုရသေ့တို့သည် လွှတ်လိုက်ကုန်သော်လည်း ယနေ့ ဤကျောင်း၌သာလျှင်နေအံ့ဟုဆို၍ ရသေ့အပေါင်းကို ရှိခိုးလျက် ကျောင်းတွင်းသို့ဝင်၍ အိပ်၏။ ညဉ့်အဖို့၌ သိကြားနတ်မင်းသည် နတ်သမီးအပေါင်းခြံရံလျက် မိမိ အလုပ်အကျွေးတို့နှင့်တကွ ရသေ့အပေါင်းကို ရှိခိုးအံ့သောငှာ လာလတ်၏။ အလုံးစုံသော ကျောင်းအရံသည် တစ်ပြိုင်နက်သာလျှင် လင်း၏။ သုဇာတာ သူကြွယ်သည် ဤအလင်းကား အဘယ်နည်းဟု ထ၍ ကျောင်းအပေါက်ဖြင့် ကြည့်လတ်သော် ရသေ့အပေါင်းကို ရှိခိုးအံ့သောငှာ လာလတ်သော နတ်သမီးအပေါင်း ခြံရံအပ်သော သိကြားနတ်မင်းကိုမြင်၍ နတ်သမီးတို့ကို မြင်သည်နှင့်တကွလျှင် ရာဂဖြင့်တပ်စွန်းသော စိတ်ရှိသည်ဖြစ်၏။ သိကြားနတ်မင်းသည် ထိုကျောင်း၌နေ၍ သာယာစွာသော တရားတော်ကို နာပြီးလျှင် မိမိနေရာ တာဝတိံသာနတ် ရွာသို့လျှင် သွားလေ၏။

သုဇာတာ သူကြွယ်သည်လည်း မိုးသောက်သောနေ့၌ ရသေ့အပေါင်းကို ရှိခိုး၍ အရှင်ဘုရားတို့ ညဉ့်အဖို့၌ အရှင်ဘုရားတို့ကို ရှိခိုးအံ့သောငှာလာသော ထိုသူသည် အဘယ်မည်သော သူနည်းဟု မေးလျှောက်၏။ ဒါယကာ... သိကြားမင်းတည်းဟု ပြောဆို၍ ထိုသိကြားနတ်မင်းကို ခြံရံလျက်နေကုန်သော ထိုမိန်းမတို့ကား အဘယ်မည်သော သူတို့နည်းဟု မေးသည်ရှိသော် ဒါယကာ ဤမိန်းမတို့ကား နတ်သမီးတို့တည်းဟု ပြောဆိုသဖြင့် ထိုသူကြွယ်သည် ရသေ့အပေါင်းကိုရှိခိုး၍ အိမ်သို့သွားပြီးလျှင် အိမ်သို့ရောက်သောအခါမှစ၍ ငါ့အား နတ်သမီးကို ပေးကုန်လော့၊ ငါအား နတ်သမီးကို ပေးကုန်လော့ဟု မြည်တမ်း၏။ ဆွေမျိုးတို့သည် ခြံရံကုန်၍ ဖုတ်ဝင်လေသလောဟု လက်ဖျစ်တီးကုန်၏။ ထိုသူကြွယ်သည် ငါ့ကိုဖုတ်မဝင်၊ ငါသည် ဤနတ်သမီးကို မပြောဆို၊ တာဝတိံသာ နတ်သမီးကိုသာလျှင် ပြောဆို၏ဟုဆို၍ ဤသူကား နတ်သမီးတည်းဟု နတ်သမီးကဲ့သို့ တန်ဆာဆင်၍ ဆောင်ယူပြအပ်သော မိမိမယားကို လည်းကောင်း ပြည့်တန်ဆာမကို လည်းကောင်း ကြည့်၍ ဤသူကား နတ်သမီးမဟုတ်၊ ဤသူသည် ဘီလူးမတည်း၊ ငါအား နတ်သမီးကို ပေးကုန်လော့ဟု မြည်တမ်းလျက် အစာကင်းသည်ဖြစ်၍ ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ရောက်လေ၏။

အချင်း ကာဠဟတ်... အကြင်သူသည် သမန်းမြက်ဖျားဖြင့် ရေကိုယူ၍ မဟာသမုဒ္ဒရာ၌ ရေသည် ဤမျှသည်ဖြစ်ရာ၏ဟု မဟာသမုဒ္ဒရာရေနှင့်တကွ နှိုင်းယှဉ်ရာ၏။ ထိုသူသည် သက်သက်သာလျှင် နှိုင်းယှဉ်ရာ၏။ သမန်းမြက်ဖြင့် ယူအပ်သော ရေသည်ကား အလွန်နည်းသည်သာလျှင် ဖြစ်သကဲ့သို့။ ထို့အတူလျှင် လူ၌ဖြစ်သော ကာမဂုဏ်တို့သည် နတ်၌ဖြစ်သော ကာမဂုဏ်တို့၏အထံ၌ သမန်းမြက်ဖျားဖြင့် ယူအပ်သော ရေကဲ့သို့လျှင် ဖြစ်ကုန်၏။ ထို့ကြောင့် ထိုသုဇာတာ သူကြွယ်သည် တစ်ပါးသောမိန်းမကို မကြည့်မူ၍ နတ်သမီးကိုသာလျှင် တောင့်တလျက် သေလေ၏။ ထိုသူကြွယ်သည် နတ်၌ဖြစ်သော ကာမဂုဏ်ကိုမရ၍ မိမိအသက်ကိုစွန့်သကဲ့သို့ ထို့အတူ ငါသည်လည်း မြတ်သော အရသာဖြစ်သော လူသားကို မရသည်ရှိသော် ငါ၏အသက်ကို စွန့်ရအံ့ဟုဆို၏။ ဤသို့ အဋ္ဌကထာ၌ ပြဆောင်အပ်၏။

ဇာတ်တူသားစား ရွှေဟင်္သာများ

ဤသို့ ဗြဟ္မဒတ်မင်း ပြဆောင်အပ်သော ပုံသက်သေ စကားကိုကြား၍ စစ်သူကြီး ကာဠဟတ်သည် ဤမင်းကား အလွန်လျှင် အရသာ၌ မက်မော၏။ ထိုမင်းကို သိစေအံ့ဟုကြံ၍ မိမိနှင့် ဇာတ်တူဖြစ်သောသူ၏ အသားကိုစား၍ ကောင်းကင်သို့ ပျံသွားတတ်ကုန်သော ရွှေဟင်္သာတို့ စင်လျက်လည်း ပျက်စီးကုန်သေး၏ ဟု ထိုအကြောင်းကို မိမိအရှင်ဗြဟ္မဒတ်မင်းအား ပြလိုရကား -

၃၉၁။ ယထာပိတေ ဓတရဋ္ဌာ၊ ဟံသာ ဝေဟာယသင်္ဂမာ။
အဘုတ္တပရိဘောဂေန၊ သဗ္ဗေ အဗ္ဘတ္ထတံ ဂတာ။
၃၉၂။ ဧဝမေဝ တုဝံ ရာဇ၊ ဒွိပဒိန္ဒ သုဏောဟိ မေ။
အဘက်ခံ ရာဇ ဘက္ခေသိ၊ တသ္မာ ပဗ္ဗာဇယန္တိ နံ။

ဟူသော ဤနှစ်ဂါထာတို့၏အပေါင်းကို ဆို၏။

֍ ဋ္ဌ ၃၉၁။ ဒိပဒိန္ဒ၊ အခြေနှစ်ချောင်းရှိသော လူတို့ကို အစိုးရတော်မူသော။ ရာဇ၊ မင်းမြတ်။ တုဝံ၊ အရှင်မင်းမြတ်သည်။ မေ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာတော်မူလော့။ ဓတရဋ္ဌာ၊ ဓတရဋ္ဌမျိုးဖြစ်ကုန်သော။ ဝေဟာယသင်္ဂမာ၊ ကောင်းကင်သို့ပျံသွားလေ့ရှိကုန်သော။ ယေ ဟံသာ၊ အကြင်ဟင်္သာတို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ ဟံသာ၊ ထိုရွှေဟင်္သာတို့သည်။ အဘုတ္တပရိဘောဂေန၊ မစားအပ်သော အစာကို စားသောကြောင့်။ အဗ္ဘတ္ထတံ၊ ပျက်စီးခြင်းသို့။ ဂတာ ယထာပိ၊ ရောက်ကုန်သကဲ့သို့တည်း။

֍ ဋ္ဌ ၃၉၂။ ဧဝမေဝ၊ ဤအတူလျှင်။ ရာဇ၊ မင်းမြတ်။ တုဝံ၊ အရှင်မင်းမြတ်သည်။ ယသ္မာ၊ အကြင့်ကြောင့်။ အဘက်ခံ၊ မစားအပ်သော အစာကို။ ဘက္ခေသိ၊ စားတော်မူဘိ၏။ တသ္မာ၊ ထို့ကြောင့်။ တံ၊ အရှင်မင်းမြတ်ကို။ ရဋ္ဌာ၊ တိုင်းနိုင်ငံမှ။ ပဗ္ဗာဇယန္တိ၊ နှင့်ထုတ်ကုန်လတ္တံ့။

ဤဥပမာ ပုံသက်သေ၌ အကျဉ်းမျှ ပြဆောင်အပ်သော ဇာတ်တူဖြစ်သော အသားကို စားသောကြောင့် ပျက်စီးခြင်းသို့ ရောက်ကုန်သော ရွှေဟင်္သာမင်းတို့၏ ဝတ္ထုကို အဋ္ဌကထာ၌ အကျယ်ပြဆောင်အပ်၏။

လွန်လေပြီးသောအခါ စိတ္တကုဋ်တောင်ဝယ် ရတနာရွှေဂူ၌ ကိုးသောင်းကုန်သော ရွှေဟင်္သာတို့သည် နေကုန်၏။ ထိုရွှေဟင်္သာတို့သည် မိုးလေးလပတ်လုံး အပသို့ မထွက်ကုန်။ အကယ်၍ ထွက်ကုန်ငြားအံ့၊ ရေပြည့်သော အတောင်တို့ဖြင့် ပျံသွားခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ မဟာသမုဒ္ဒရာ၌သာလျှင် ကျကုန်၏။ ထို့ကြောင့် အပသို့ မထွက်ကုန်။ မိုးကာလ နီးလတ်သော် ဇာတဿရအိုင်မှ အလိုလိုသာလျှင်ဖြစ်သော သလေးတို့ကို ဆောင်ယူ၍ ရွှေဂူကို ပြည့်စေပြီးလျှင် သလေးကို စားကုန်လျက် နေကုန်၏။ ထိုရွှေဟင်္သာတို့၏ ရွှေဂူတံခါး၌ တစ်ခုသော ရထားလှည်းဘီး ပမာဏရှိသော ဥဏ္ဏနာဘိ အမည်ရှိသောပင့်ကူသည် တစ်လတစ်လ၌ တစ်ခုတစ်ခုသော အမြှေးကိုဖွဲ့၏။ ထိုပင့်ကူ၏ တစ်ခုတစ်ခုသော အမြှေးချည်သည် နွားချည်ကြိုးပမာဏ ရှိ၏။ ဟင်္သာတို့သည် ထိုပင့်ကူမြှေး ကွန်ရက်ကို ဖောက်လတ္တံ့ ဟု တစ်ခုသော ဟင်္သာပျိုအား နှစ်စုသောအစာတို့ကို ပေးကုန်၏။ ထိုဟင်္သာပျိုသည် မိုးစဲလတ်သော် အလုံးစုံသော ဟင်္သာတို့ရှေ့က သွား၍ ထိုပင့်ကူမြှေး ကွန်ရက်ကို ဖောက်၏။ ကြွင်းကုန်သော ဟင်္သာတို့သည် ထိုခရီးဖြင့် သွားကြကုန်၏။

ထိုအခါ တစ်ပါးသော ကာလ၌ ငါးလပတ်လုံး မိုးရွာ၏။ ဟင်္သာတို့သည် အစာကုန်လတ်သော် အသို့လျှင် ပြုပါရအံ့နည်းဟု တိုင်ပင်၍ ငါတို့သည် အသက်ရှင်ကုန်သည်ရှိသော် အဥတို့ကို ရကုန်လတ္တံ့၊ ရှေးဦးစွာ အဥတို့ကို စားကုန်၏။ ထို့နောင်မှ ဟင်္သာငယ်တို့ကို စားကုန်၏။ ထို့နောင်မှ အိုသောဟင်္သာတို့ကို စားကုန်၍ ငါးလလွန်သဖြင့် မိုးစဲလတ်သော် ပင့်ကူသည် ငါးခုသော အမြှေးကွန်ရက်တို့ကို ဖွဲ့၏။ ဟင်္သာတို့သည် မိမိနှင့် ဇာတ်တူတို့၏ အသားကို စားကုန်သောကြောင့် နည်းသောအား ရှိသည်ဖြစ်ကုန်၏။ နှစ်ဆတက်သော အစုအစာကိုရသော ဟင်္သာပျိုသည် ပင့်ကူမြှေး ကွန်ရက်တို့ကို ဖြတ်သဖြင့် လေးထပ်သော ကွန်ရက်တို့ကို ဖောက်၏။ ငါးခုမြောက်သော ကွန်ရက်ကိုဖောက်ခြင်းငှာ မတက်နိုင်။ ထိုငါးခုမြောက်သော ကွန်ရက်၌သာလျှင် ငြိလေ၏။ ထိုအခါ ပင့်ကူသည် ထိုဟင်္သာပျို၏ ဦးခေါင်းကိုဖြတ်၍ သွေးကိုသောက်၏။ တစ်ပါးကုန်သော ဟင်္သာတို့သည်လည်း လာလတ်ကုန်၍ ကွန်ရက်ကို ဖောက်ကုန်၏။ ထိုဟင်္သာတို့သည်လည်း ထိုကွန်ရက်၌သာလျှင် ငြိကုန်၏။ ဤသို့လျှင် ပင့်ကူသည် အလုံးစုံကုန်သော ဟင်္သာတို့၏ သွေးကိုသောက်၏။ ထိုအခါ ဓတရဋ္ဌဟင်္သာမျိုးသည် ပြတ်၏။

ထိုဟင်္သာတို့သည် မစားအပ်သော မိမိတို့နှင့် ဇာတ်တူတို့၏ အသားကို စားကုန်သကဲ့သို့ ထို့အတူ အရှင်မင်းကြီးသည်လည်း မစားအပ်သော လူသားကို စားတော်မူဘိ၏။ တိုင်းပြည်အလုံးသည် ဘေးသို့ရောက်၏။ အရှင်မင်းမြတ်... အရှင်မင်းမြတ်သည် လူသားစားခြင်းမှ ကြဉ်ရှောင်တော်မူလော့၊ အကြင့်ကြောင့် မစားအပ်သာ မိမိနှင့် ဇာတ်တူဖြစ်သော လူသားကို စားတော်မူဘိ၏။ ထို့ကြောင့် ဤပြည်သူတို့သည် အရှင်မင်းမြတ်ကို တိုင်းနိုင်ငံမှ နှင်ထုတ်ကုန်လတ္တံ့ဟု ဆို၏။ ဤသို့ ပြ ဆောင်အပ်၏။

တိုင်းပြည်မှ နှင်လိုက်ပြီ

ဗြဟ္မဒတ်မင်းသည် တစ်ပါးသော ပုံဥပမာကိုလည်း ဆိုလိုသည်ဖြစ်၏။ ပြည်သူတို့သည်ကား ထလတ်ကုန်၍ အရှင်စစ်သူကြီး... အသို့ပြုကုန်သနည်း၊ လူသားစား ခိုးသူကိုယူ၍ အသို့ကျင့်လတ္တံ့နည်း၊ အကယ်၍ လူသားစားခြင်းကို မကြဉ်ရှောင်အံ့၊ ထိုမင်းကို တိုင်းပြည်မှ နှင်ထုတ်တော်မူလော့ ဟု ဆိုကုန်၍ ထိုမင်းအား စကားဆိုစိမ့်သောငှာ မပေးကုန်။ ဗြဟ္မဒတ်မင်းသည် များစွာကုန်သော လူတို့၏စကားကို ကြား၍ ကြောက်ရကား တစ်ဖန်ဆိုခြင်းငှာ မတတ်နိုင်။ တစ်ဖန်လည်း ထိုဗြဟ္မဒတ်မင်းကို စစ်သူကြီးကာဠဟတ်သည် အရှင်မင်းမြတ်... အသို့နည်း၊ လူသားကို ကြဉ်ရှောင်အံ့သောငှာ တတ်နိုင်လတ္တံ့လော၊ သို့မဟုတ် မတတ်နိုင်လတ္တံ့လော ဟု မေးပြန်၍ မတတ်နိုင် ဟု ဆိုလတ်သော် အလုံးစုံကုန်သော ကိုယ်လုပ်မောင်းမတို့ကို လည်းကောင်းသားတော် သမီးတော်တို့ကိုလည်းကောင်း ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်သည်တို့ကို ရှုတော်မူလော့ ဟု ဆို၍ အရှင်မင်းမြတ်... ဤသို့ သဘောရှိကုန်သော ဆွေမျိုးအပေါင်းတို့ကို လည်းကောင်း မှူးတော်မတ်တော် အပေါင်းတို့ကိုလည်းကောင်း, မင်းစည်းစိမ်အသရေကို လည်းကောင်း ရှုတော်မူလော့၊ မပျက်ပါစေလင့်၊ လူသားကို စားခြင်းမှ ကြဉ်ရှောင်တော်မူပါဟုတင်လျှောက်၏။ ဗြဟ္မဒတ်မင်းသည် ငါသည် ဤစည်းစိမ်ကို လူသားထက် မချစ်အပ်ကုန် ဟု ဆို၍ အရှင်မင်းမြတ်... ထိုသို့ဖြစ်လျှင်ကား ဤမြို့မှလည်းကောင်း, ဤတိုင်းပြည်မှ လည်းကောင်း ထွက်တော်မူကုန်လော့ ဟု တင်လျှောက်လတ်သော် အချင်း ကာဠဟတ်... ငါသည် မင်းအဖြစ်ကို အလိုမရှိပြီ၊ မြို့မှထွက်သွားတော့အံ့၊ စင်စစ်သော်ကား တစ်ခုသော သန်လျက်ကိုလည်းကောင်း, ရသကကို လည်းကောင်း လူသားချက်ရန် အိုးကိုလည်းကောင်း ငါ့အားပေးပါ ဟုဆို၏။ ထိုအခါ ထိုဗြဟ္မဒတ်မင်းအား သန်လျက်ကိုလည်းကောင်း လူသားချက်သော အိုးကိုလည်းကောင်း, လူသားထည့်သော တောင်းကိုလည်းကောင်း, ရသကကိုလည်းကောင်း ပေးပြီးလျှင် တိုင်းပြည်မှ နှင်ထုတ်သောအမှုကို ပြုကုန်၏။

မရ ရသက ချိုင်

ထိုဗြဟ္မဒတ်မင်းသည် သန်လျက်ကိုလည်းကောင်း ရသကကိုလည်းကောင်း ယူ၍ မြို့နန်းမှ ထွက်သွားပြီးလျှင် တောသို့ဝင်၍ တစ်ခုသော ပညောင်ပင်ရင်း၌ နေရာအရပ်ကို ပြုသဖြင့် ထိုပညောင်ပင်ရင်း၌ နေလျက် တောအုပ်ခရီး၌ရပ်၍ လူတို့ကိုသတ်ပြီးလျှင် ဆောင်ယူ၍ စားတော်ချက် ရသကအား ပေး၏။ ရသကသည်လည်း လူသားကိုချက်၍ ထိုဗြဟ္မဒတ်မင်းအား ဆက်ရ၏။ ဤသို့လျှင် နှစ်ယောက်သူတို့သည် အသက်မွေးခြင်းကို ပြုကုန်၏။ လူကိုဖမ်းသာအခါ၌ကား ငါသည် လူကို ခိုးစား သတ်ဖြတ်တတ်သော ပေါရိသာဒတည်းဟု မိမိအမည်ကို ကြား၍ ပေါရိသာဒသည် ထွက်လတ်သော် တစ်စုံတစ်ယောက်သော သူသည် ကိုယ်အဖြစ်ဖြင့် တည်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အလုံးစုံသော သူတို့သည် မြေ၌လဲကုန်၏။ ထိုလူတို့တွင် အကြင်သူကို အလိုရှိ၏။ ထိုသူကို ခြေထောက်မိုးမျှော်၊ ဦးခေါင်းစောက်ထိုးထား၍ ပုတ်ခတ်သတ်ပြီးလျှင် ရသကအားပေး၏။ ထိုပေါရိသာဒသည် တစ်နေ့သောအခါ တော၌ တစ်စုံတစ်ခုသော လူသားကိုမရ၍ လာလတ်သည်ရှိသော် ခုံလောက်၌ အိုးကို တည်လော့ဟု ဆို၏။ အရှင်မင်းမြတ်... အမဲသည် အဘယ်မှာနည်းဟု ဆိုလတ်သော် ငါသည် အမဲကို ရလတ္တံ့ ဟုဆို၏။ ထိုရသကသည် ယခုအခါ ငါ၏အသက်သည် မရှိပြီ ဟု တုန်လှုပ်လျက် ခုံလောက်၌ မီးညှိ၍ အိုးကိုတည်၏။ ထိုအခါ ပေါရိသာဒသည် ထိုရသကကို သန်လျက်ဖြင့်ခုတ်ပြီးလျှင် အသားကိုချက်၍ စား၏။ ထိုအခါမှစ၍ တစ်ယောက်တည်းသာလျှင် ဖြစ်၏။ မိမိကိုယ်တိုင်သာလျှင် ချက်၍စား၏။ ပေါရိသာဒသည် ခရီးသွားကုန်သော သူတို့ကို သတ်၍ စား၏ဟု ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ထင်ရှား၏။

ပေါရိသာဒ ငုတ်စူးပြီ

ထိုအခါ တစ်ယောက်သော ပြည့်စုံသော ဥစ္စာစည်းစိမ် ရှိသော ပုဏ္ဏားသည် လှည်းငါးရာတို့ဖြင့် ကုန်သွယ်ခြင်းကိုပြုလျက် အရှေ့ အစွန်းမှသည် အနောက်အစွန်းသို့ သွား၏။ ထိုပုဏ္ဏားသည် ပေါရိသာဒ အမည်ရှိသော ခိုးသူသည် ခရီး၌ လူတို့ကိုသတ်သတတ်၊ ဥစ္စာကိုပေး၍ ထိုတောအုပ်ကို လွန်အံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုပုဏ္ဏားသည်

တောအုပ်၌နေကုန်သော သူတို့ကိုဆို၏။ သင်တို့သည် ငါ့ကို တောအုပ်ကို လွန်စေကုန်လော့ ဟု ဆို၍ အသပြာတစ်ထောင်ကို ပေးပြီးလျှင် ထိုသူတို့နှင့်တကွ ခရီးသို့သွား၏။ သွားသော်လည်း ထိုပုဏ္ဏားသည် အလုံးစုံသောလှည်းကို ရှေ့ကသွားစေသဖြင့် ရေချိုး၍ နံ့သာလိမ်းပြီးသော် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် ဖြူသောနွားကသော ညင်သာသောလှည်း၌ စီးလျက် ထိုတောအုပ်ကိုစောင့်သော သူတို့ဖြင့် ခြံရံလျက် မိမိသည် အလုံးစုံသောလူတို့၏ နောက်မှသွား၏။ ထိုခဏ၌ ပေါရိသာဒသည် သစ်ပင်သို့တက်၍ လူကိုစုံစမ်း ကြည့်ရှုသည်ရှိသော် လာလတ်သော ထိုပုဏ္ဏားကို မြင်၍ ဤပုဏ္ဏားမှကြွင်းသောသူတို့၌ စားဖွယ်သည် အဘယ်မှာရှိအံ့နည်းဟု အလုံးစုံသော သူတို့၌ကင်းသော ဆန္ဒရှိသည်ဖြစ်၍ ပုဏ္ဏားကို မြင်သောအခါမှ စ၍ စားလိုသည်၏အဖြစ်ကြောင့် ယိုစီးသော တံတွေးရှိသည် ဖြစ်၏။ ထိုပေါရိသာဒသည် မိမိအထံသို့ ထိုပုဏ္ဏား ရောက်လတ်သော် သစ်ပင်မှဆင်းသက်၍ ဟယ် အချင်းတို့... ငါသည် ပေါရိသာဒတည်း ဟု မိမိအမည်ကို သုံးကြိမ်ကြား၍ သန်လျက်ကို ပတ်ပတ်လှည့်လျက် သဲဖြင့် ထိုသူတို့၏ မျက်စိတို့ကို ပြည့်စေသကဲ့သို့ ပြေးလာ၏။

တစ်ယောက်သော သူသည်လည်း တည်တံ့ခြင်းငှာ စွမ်းနိုင်သောမည်သည် မရှိ။ အလုံးစုံသော သူတို့သည် ရင်ဖြင့် မြေ၌ ဝပ်ကုန်၏။ ထိုပေါရိသာဒသည် ညင်သာသောလှည်း၌စီးသော ပုဏ္ဏားကို ခြေ၌ကိုင်၍ ကျောက်ကုန်း၌ ဦးခေါင်း စောက်ထိုးတွဲလျားဆွဲလျက် ဦးခေါင်းကို ဖမျက်တို့ဖြင့် ပုတ်ခတ်လျက် ချီယူ၍ သွားလေ၏။ ထိုအခါ လူတို့သည်ထ၍ အိုအချင်းတို့... ငါတို့သည် ပုဏ္ဏားလက်မှ အသပြာတစ်ထောင်ကို ယူကုန်၏။ ငါတို့အား ယောက်ျားတို့သည် ပြုအပ်သောကိစ္စသည် အသို့နည်း၊ တတ်နိုင်မူလည်း ဖြစ်စေ၊ မတတ်နိုင်မူလည်းဖြစ်စေ အတန်ငယ်လိုက်ကုန်အံ့ဟု လူတို့သည် ထိုပေါရိသာဒသို့ လိုက်ကုန်၏။ ပေါရိသာဒသည်လည်း ပြန်ကြည့်လတ်သော် တစ်စုံတစ်ယောက်သော သူကို မမြင်၍ ဖြည်းဖြည်းသွား၏။ ထိုခဏ၌ အားနှင့်ပြည့်စုံသော တစ်ယောက်သော ရဲရင့်သောသူသည် လျင်မြန်စွာလိုက်၍ ပေါရိသာဒကို မီလေ၏။ ပေါရိသာဒသည် ထိုရဲရင့်သောသူကို မြင်၍ တစ်ခုသော စောင်ရန်းကို ခုန်လတ်သော် ရှားငုတ်ကို နင်းမိ၏။ ရှားငုတ်သည် ဖဝါမှစူး၍ ခြေဖမိုးသို့ ထွက်၏။ သွေးယိုစီးလျက် ခုန်သည်ဖြစ်၍ သွား၏။ ထိုအခါ ရဲရင့်သောသူသည်

ထိုပေါရိသာဒကိုမြင်၍ အချင်းတို... ငါသည် ဤပေါရိသာဒကို ထိုးပစ်အပ်ပြီ၊ သက်သက်သော်ကား သင်တို့သည် နောက်မှ လာလှည့်ကုန်၊ ထိုပေါရိသာဒကို ဖမ်းကုန်အံ့ဟု ဆို၏။ ထိုသူတို့သည် အားနည်းသောအဖြစ်ကို သိကုန်၍ ပေါရိသာဒသို့ လိုက်ကုန်၏။

ပညောင်ပင်စောင့်နတ်ကို တောင်းပန်

ပေါရိသာဒသည် ထိုလူတို့ လိုက်သောအဖြစ်ကို သိလျှင် ပုဏ္ဏားကိုလွှတ်၍ မိမိကိုယ်ကို ချမ်းသာခြင်းကို ပြု၏။ အခစားသော သူတို့သည် ပုဏ္ဏားကို ရသောအခါမှစ၍ ငါတို့အား ခိုးသူဖြင့် အဘယ်မူအံ့နည်းဟု ထိုအရပ်မှလျှင် ပြန်ကုန်၏။ ပေါရိသာဒသည်လည်း မိမိနေရာ ပညောင်ပင် ရင်းသို့ သွားပြီးလျှင် ပညောင်ပင်မြစ် ပါးပျဉ်းကြားသို့ဝင်၍ အိပ်လျက် အရှင်ပညောင်ပင်စောင့်နတ်... အကယ်၍ ခုနစ်ရက်အတွင်း၌လျှင် ငါ၏အနာကို ချမ်းသာအောင် ပြုခြင်းငှာ တတ်နိုင်သည် ဖြစ်အံ့၊ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ တစ်ရာ့တစ်ယောက်သော မင်းတို့၏ လည်ချောင်းသွေးဖြင့် အရှင်နတ်မင်း၏ ပင်စည်ကိုဆေးအံ့၊ အအူတို့ဖြင့် ရစ်ပတ်၍ ငါးပါးသော အရသာရှိသော အမဲသားဖြင့် ပူဇော်သောအမှုကို ငါ ပြုအံ့ဟု တောင်းပန်ခြင်းကို ပြု၏။ ထိုပေါရိသာဒအား ထမင်းအဖျော် အမဲသားကို မရသဖြင့် ကိုယ်သည် ခြောက်ကပ်၍ ခုနစ်ရက်အတွင်း၌သာလျှင် အနာသည် ချမ်းသာ၏။ ထိုပေါရိသာဒသည် ပညောင်ပင်စောင့်နတ်၏ အာနုဘော်ကြောင့် ထိုအနာ ချမ်းသာသောအဖြစ်ကို မှတ်၏။ ထိုပေါရိသာဒသည် နှစ်ရက်သုံးရက် လူသားကိုစား၍ အားကိုယူ၍ ငါ့အား ဤနတ်သည် များစွာ ကျေးဇူးကိုပြုပေ၏။ ထိုနတ်အား တောင်းပန်ခြင်းကို လွတ်စေအံ့ဟု ကြံ၍ ထိုပေါရိသာဒသည် သန်လျက်ကိုယူကာ ပညောင်ပင်ရင်းမှထွက်၍ တစ်ရာ့တစ်ယောက်သော မင်းတို့ကို ဆောင်ယူချေအံ့ဟု သွား၏။

ပဒလက္ခဏ မန္တန်

ထိုအခါ ပေါရိသာဒကို ရှေးဘဝ၌ ဘီလူးဖြစ်သောအခါ အတူတကွ လူသားစားဖက်ဖြစ်သော အဆွေခင်ပွန်းဖြစ်သော ဘီလူးသည် လှည့်လည်သွားလာစဉ် ပေါရိသာဒကိုမြင်၍ ဤသူသည် ရှေးဘဝ၌ ငါ၏ အဆွေခင်ပွန်းတည်း ဟု သိ၍ အဆွေ ငါ့ကို သိ၏လောဟု မေး၏။ မသိပါဟု ဆိုလတ်သော် ထိုအခါ ပေါရိသာဒအား ဘီလူးသည် ရှေးဘဝ၌ ဖြစ်ဖူးသောအကြောင်းကို ပြောဆို၏။ ထိုပေါရိသာဒသည် သိ၍ စကားပြောဟောခြင်းကို ပြု၏။ အဘယ်အရပ်၌ ဖြစ်သနည်းဟု မေးလတ်သော် ဖြစ်ရာအရပ်ကိုလည်းကောင်း၊ တိုင်းပြည်မှ နှင်ထုတ်သော အကြောင်းကိုလည်းကောင်း၊ ယခုအခါ၌ နေသောအရပ်ကိုလည်းကောင်း ရှားငုတ်စူးမိသော အကြောင်းကို လည်းကောင်း နတ်အား တောင်းပန်ခြင်းမှ လွတ်စိမ့်သောငှာ သွားသော အကြောင်းကို လည်းကောင်း အလုံးစုံကို ပြောဆို၍ အဆွေ... သင်သည်လည်း ငါ၏ ဤအမှုကို ပြေလည်အောင် ကူညီသင့်ပါ၏။ အဆွေ... ငါတို့နှစ်ယောက်သည်လည်း သွားကြကုန်အံ့ဟု ဆို၏။ အဆွေ ငါသည် မလိုက်အံ့၊ စင်စစ်သော်ကား ငါ့အား တစ်ခုသောအမှုသည် ရှိ၏။ ငါသည်လျှင် အဖိုးများစွာထိုက်သော ပဒလက္ခဏမည်သော တစ်ခုသောမန္တရားကို တတ်၏။ ထိုမန္တရားသည် ခွန်အားကိုလည်းကောင်း လျင်မြန်ခြင်းကို လည်းကောင်း ဘုန်းတန်ခိုးကိုလည်းကောင်း အသံကိုလည်းကောင်း ပြုနိုင်၏။ ထိုမန္တရားကို ယူလော့ဟု ဆို၏။ ထိုပေါရိသာဒသည် ကောင်းပြီဟု ဝန်ခံ၏။ ဘီလူးသည်လည်း ထိုပေါရိသာဒအား ပဒလက္ခဏ မန္တန်ကိုပေး၍ သွားလေ၏။

မင်းတို့ကို ဖမ်းခြင်း

ပေါရိသာဒသည် မန္တန်ကိုသင်၍ ထိုအခါမှစ၍ လေကဲ့သို့ လျင်မြန်၏။ ရဲရင့်၏။ ထိုပေါရိသာဒသည် ခုနစ်ရက်အတွင်း၌သာလျှင် တစ်ရာ့တစ်ပါးသော မင်းတို့ကို ဥယျာဉ်အစရှိသည်တို့သို့ သွားသည်တို့ကိုမြင်လျှင် လေကဲ့သို့ လျင်မြန်ခြင်း အဟုန်ဖြင့် ပြေးသွားလျက် ဟယ်အချင်းတို့... ငါကား ပေါရိသာဒတည်းဟု အမည်ကိုကြား၍ ဟစ်ကြွေးကြော်ငြာလျက် ကြောက်မက်ဖွယ်သို့ ရောက်သည်ကိုပြု၍ ခြေတို့ကိုကိုင်လျက် ဦးခေါင်းစောက်ထိုးထား၍ ဖနှောင့်ဖြင့် ဦးခေါင်းကိုပုတ်ခတ်လျက် လေကဲ့သို့သော လျင်ခြင်းဖြင့် ဆောင်ယူ၍ လက်ဝါးပြင်တို့၌ အပေါက်ဖောက်ပြီးလျှင် ကြိုးဖြင့်သီပြီး ခြေဖျားတို့ဖြင့် မြေကို ထိစေကုန်လျက် ပညောင်ပင်၌ ဆွဲ၏။

ထိုအလုံးစုံသော မင်းတို့သည် လေခတ်သည်ရှိသော် ညှိုးသော လိပ်ဆူးရွှေပန်းကုံးကဲ့သို့ တပြောင်းပြန်ပြန် လည်ကုန်လျက် တွဲရရွဲဆွဲကုန်၏။ သုတသောမမင်းသည်ကား ငါ၏ ဆရာစောင်ပေတည်း၊ အကယ်၍ ထိုသုတသောမမင်းကို ဖမ်းယူသည်ဖြစ်အံ့၊ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှီးဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ သုတသောမမင်းကို မဆောင်ယူ။ ထိုပေါရိသာဒသည် နတ်အား ပူဇော်သောအမှုကို ပြုအံ့ဟု မီးညှိ၍ တံစို့ကို ချွန်လျက်နေ၏။

သုတသောမမင်းကို ဖမ်းစေခြင်း

ပညောင်ပင်စောင့်နတ်သည် ထိုအမူအရာကိုမြင်၍ ဤပေါရိသာဒသည် ငါ့အား ပူဇော်သောအမှုကို ပြုလတ္တံ့ သတတ်၊ ငါသည် ထိုပေါရသာဒအနာကိုလည်း တစ်စုံတစ်ခုမျှ ချမ်းသာသည်ကို ပြုအပ်သည်မရှိ၊ ယခုအခါ ဤမင်းတို့အား ကြီးစွာသော ပျက်စီးခြင်းကို ပြုလတ္တံ့၊ အသို့လျှင် ပြုပါရအံ့နည်းဟုကြံ၍ ငါသည် ပေါရိသာဒကို တားမြစ်ခြင်းငှာ မတတ်နိုင်လတ္တံ့ဟု စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တိုအထံသို့သွားပြီး ထိုအကြောင်းကို ပြောဆို၍ ထိုပေါရိသာဒကို တားမြစ်ပါကုန်လော့ဟု ဆို၏။

ထိုစတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့သည်လည်း ငါတို့သည် ပေါရိသာဒအမှုကို တားမြစ်ခြင်းငှာ မတတ်နိုင်ကုန်ဟု ဆိုကုန်လတ်သော် အဘယ်သူသည် တတ်နိုင်ပါအံ့နည်းဟု မေး၍ သိကြားနတ်မင်းသည် တတ်နိုင်လတ္တံ့ဟု ဆိုကုန်၍ ထိုစကားကိုကြား၍ သိကြားနတ်မင်းအထံသို့ ကပ်၍ ထိုအကြောင်းကို ပြောဆိုသဖြင့် ထိုပေါရိသာဒကို တားမြစ်တော်မူပါကုန်လော့ဟုဆို၍ ထိုသိနတ်မင်းသည်လည်း ငါသည် ထိုပေါရိသာဒကို တားမြစ်ခြင်းငှာ မတတ်နိုင်၊ တတ်နိုင်သူကိုမူကား ငါကြားအံ့ဟုဆို၍ တတ်နိုင်သောသူသည် အဘယ်သူနည်းဟု မေးလျှောက်သော် နတ်နှင့်တကွသော လောက၌ တစ်ပါးသော တူသောသူမရှိသော ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်မြို့၌ ကောရဗျမင်း၏ သားတော်ဖြစ်သော သုတသောမ အမည်ရှိသော မင်းမြတ်သည် ထိုပေါရိသာဒကို အဆိပ်မရှိသည်ကိုပြု၍ ဆုံးမလတ္တံ့၊ မင်းတို့၏အသက်ကိုလည်း ပေးလတ္တံ့။ ပေါရိသာဒကိုလည်း လူသားစားခြင်းမှ ကြဉ်ရှောင်စေလတ္တံ့၊ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ အမြိုက်ကဲ့သို့ တရားရေအေးဖြင့် သွန်းလတ္တံ့။ အကယ်၍ မင်းတို့၏ အသက်ကို ပေးလိုသည်ဖြစ်အံ့၊ သုတသောမမင်းကို ဆောင်၍ ပူဇော်သောအမှုကို ပြုခြင်းငှာ သင့်၏ဟု ပြောဆိုလေလော့ဟု မိန့်တော်မူလိုက်၏။

ထိုပညောင်ပင်စောင့်နတ်သည် ကောင်းပြီဟု ပန်ခံ၍ လျင်မြန်စွာ လာလတ်ပြီးလျှင် ရဟန်းအသွင်ဖြင့် ထိုပေါရိသာဒ၏ မနီးမဝေးသို့ သွား၏။ ထိုပေါရိသာဒသည် ခြေသံဖြင့် တစ်စုံ တစ်ယောက်သော မင်းသည် ထွက်ပြေးသည် ဖြစ်လတ္တံ့ဟု ကြည့်လတ်သော် ထိုပညောင်ပင်စောင့်နတ်ကိုမြင်၍ ရဟန်းတို့မည်သည်ကား မင်းလျှင်ပင်တည်း၊ ဤရဟန်းကိုဖမ်း၍ မင်း တစ်ရာ့တစ်ပါး ပြည့်စေပြီးလျှင် နတ်အား ပူဇော်သောအမှုကို ပြုအံ့ဟု ထ၍ သန်လျက်ကို လက်စွဲလျက်လိုက်၏။ သုံးယူဇနာတိုင်တိုင် လိုက်သော်လည်း ထိုရဟန်းကို မှီခြင်းငှာ မတတ်နိုင်။ ကိုယ်မှ ချွေးတို့သည် ထွက်ကုန်၏။ ထိုပေါရိသာဒသည် ငါသည် ရှေးကာလ၌ကား ပြေးသွားသောဆင်ကိုလည်းကောင်း, မြင်းကိုလည်းကောင်း ရထားကိုလည်းကောင်း လိုက်၍ ဖမ်းနိုင်၏။ ယခုမူကား မိမိ၏ ပကတိအားဖြင့်သွားသော ဤရဟန်းကို အားကုန်ထုတ်သဖြင့် ပြေးသွား၍ လိုက်ပါသော်လည်း ငါသည် ဖမ်းယူခြင်းငှာ မတတ်နိုင်၊ ဤအကြောင်းကား အသို့နည်းဟု ကြံ၏။ ကြံပြီး၍ ထိုပေါရိသာဒသည် ရဟန်းမည်သည်ကား စကားကို လိုက်နာတတ်ကုန်၏။ ရပ်လော့ဟုဆို၍ ရပ်သောရဟန်းကို ဖမ်းယူအံ့ဟုကြံ၍ ရှင်ရဟန်း... ရပ်လော့ဟု ဆို၏။ ငါသည်ကား ရပ်၏။ သင်မူကား ပြေးသွားအံ့သောငှာ လုံ့လပြု၏ဟု ရဟန်းကဆိုလတ်သော် ထိုအခါ ရဟန်းကို အိုရဟန် ရဟန်းတို့မည်သည်ကား အသက်ဟူသော အကြောင်းကြောင့်လည်း မဟုတ်မမှန်သောစကားကို မပြောဆိုကုန်၊ သင်သည်ကား မုသားဆိုခြင်းကို ပြုဘိ၏ဟုဆို၍ ထိုရဟန်းကို သိစေလိုရကား-

၃၉၃။ တိဋ္ဌာဟီတိ မယာ ဝုတ္တော၊
သော တွံ ဂစ္ဆသိ ပမုခေါ။
အဋ္ဌိတော တွံ ဌိတောမှီတိ၊
လပသိ ဗြဟ္မစာရိနီ။
ဣဒံ တေ သမဏယုတ္တံ၊
အသိဉ္စ မေ မညသိ ကင်္ကပတ္တံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၉၃။ သမဏ၊ ရှင်ရဟန်း။ တိဋ္ဌာဟိ၊ ရပ်လော့။ ဣတိ၊ ဤသို့။ မယာ၊ ငါသည်။ ဝုတ္တော၊ ဆိုအပ်သော။ သောတွံ၊ ထိုသင်သည်။ ပမုခေါ၊ အရပ်တစ်ပါးသို့ ရှေးရှု။ ဂစ္ဆသိ၊ ပြေးသွားဘိ၏။ ဗြဟ္မစာရိနိ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော။ သမဏ၊ ရှင်ရဟန်း။ အဋ္ဌိတော၊ မရပ်ဘဲလျက်။ ဌိတော၊ ရပ်သည်။ အမှိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ တေ၊ သင်ရဟန်းသည်။ အယုတ္တံ၊ မသင့်သော။ ဣဒံ၊ ဤစကားကို။ လပသိ၊ ပြောဆို၏။ မေ၊ ငါ၏။ အသိဉ္စ၊ သန်လျက်ကိုလည်း။ ကင်္ကပတ္တံ၊ သိန်းတောင်ကဲ့သို့။ မညသိ၊ သင် အောက်မေ့သလော။

ထို့နောင်မှ ပညောင်ပင်စောင့်နတ်သည် ထိုပေါရိသာဒအား အကြောင်းကို ကြားလိုရကား-

၃၉၄။ ဋ္ဌိတောဟမသ္မိ သဓမ္မေသု ရာဇ၊
န နာမဂေါတ္တံ ပရိဝတ္တယာမိ။
စောရဉ္စ လောကေ အဋ္ဌိတံ ဝဒန္တိ၊
အပါယိကံ နေရယိကံ ဣတော စုတံ။
၃၉၅။ သစေ တွံ သဒ္ဒဟသိ ရာဇ၊
သုတံ ဂဏှာဟိ ခတ္တိယ။
တေန ယညံ ယဇိတွာန၊
ဧဝံ သဂ္ဂံ ဂမိဿသိ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

֍ ဋ္ဌ ၃၉၄။ ရာဇ၊ မင်းမြတ်။ အဟံ၊ ငါသည်။ သဓမ္မေသု၊ ဆယ်ပါးသော ကုသလကမ္မပထ တရားတို့၌။ ဌိတော၊ တည်သည်။ အသ္မိ၊ ဖြစ်၏။ နာမ ဂေါတ္တံ၊ အမည်လူမျိုးကို။ န ပရိဝတ္တယာမိ၊ မပြန်။ မဟာရာဇ၊ မင်းမြတ်။ ဣတော၊ ဤလူ့ပြည်မှ။ စုတံ၊ စုတေသည်။ ဟုတွာ၊ ဖြစ်၍။ အပါယိကံ၊ ချမ်းသာကင်းသော။ နေရယိကံ၊ ငရဲ၌ ဖြစ်လတ္တံ့သော။ စောရဉ္စ၊ ခိုးသူကိုသာလျှင်။ အဋ္ဌိတံ၊ မရပ်သောသူဟူ၍။ လောကေ၊ လောက၌။ ဝဒန္တိ၊ ဆိုကုန်၏။

֍ ဋ္ဌ ၃၉၅။ ခတ္တိယ၊ ရေမြေကို အစိုးရသော။ ရာဇ၊ မင်းမြတ်။ တွံ၊ သင်မင်းမြတ်သည်။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သစေ သဒ္ဒဟသိ၊ အကယ်၍ ယုံကြည်အံ့။ သုတံ၊ သုတသောမမင်းကို။ ဂဏှာဟိ၊ ဖမ်းယူလော့။ တေန၊ ထိုသုတသောမမင်းဖြင့်။ ယညံ၊ ယဇ်ကို။ ယဇိတွာန၊ ပူဇော်၍။ ဧဝံ၊ ဤသို့ ပူဇော်သဖြင့်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿသိ၊ ရောက်လတ္တံ့။

ပေါရိသာဒ ရေကန်တွင်း ဆင်းနေ

ဤသို့သော စကားကို ပြောဆိုပြီးလျှင် ပညောင်ပင်စောင့်နတ်သည် ရဟန်းအသွင်ကို ကွယ်စေ၍ မိမိအသွင်ဖြင့် ကောင်းကင်၌ ထွက်သစ်သော နေလုလင်ကဲ့သို့ ထွန်းတောက်ပလျက် တည်၏။ ပေါရိသာဒသည် ထိုနတ်၏စကားကို ကြား၍ အသွင်ကိုကြည့်လျက် သင်သည်ကား အဘယ်သူနည်းဟု မေး၏။ ဤပညောင်ပင်၌ ဖြစ်သော နတ်တည်းဟု ပြောဆိုလတ်သော် ထိုပေါရိသာဒသည် အရှင်နတ်မင်းကို ငါသည် မြင်ရပေပြီဟု အလွန် နှစ်သက်သည်ဖြစ်၍ အရှင်နတ်မင်း... သုတသောမမင်းကြောင့် စိုးရိမ်တော် မမူလင့်၊ အရှင်နတ်မင်း၏ ပညောင်ပင်သို့သာလျှင် ဝင်တော်မူလော့ဟု ဆို၏။ ပညောင်ပင်စောင့်နတ်သည် ထိုပေါရိသာဒ မြင်စဉ်လျှင် ပညောင်ပင်သို့ ဝင်လေ၏။ ထိုခဏ၌ နေသည် ဝင်၏။ လသည်ထွက်၏။ ပေါရိသာဒသည် ဗေဒင်၌ လိမ္မာ၏။ နက္ခတ်သွားခြင်းတို့ကို သိ၏။ ထိုပေါရိသာဒသည် ကောင်းကင်သို့ကြည့်လတ်၍ နက်ဖြန် လသည် ဖုသျှနက္ခတ်နှင့် ယှဉ်လတ္တံ့၊ သုဘသောမမင်းသည် ရေချိုးအံ့သောငှာ ဥယျာဉ်သို့ ထွက်လတ္တံ့၊ ထိုဥယျာဉ်၌ သုတသောမမင်းကို ဖမ်းယူအံ့၊ ထိုသုတသောမမင်းအား အစောင့်အရှောက်ကား များသည် ဖြစ်လတ္တံ့။ ထက်ဝန်းကျင် သုံးယူဇနာတိုင်တိုင် အလုံးစုံသော မြို့နေလူတို့သည် စောင့်ရှောက်ကုန်လျက် သွားလတ္တံ့၊ အစောင့်အရှောက်ကို မစီရင်မီ ပထမယာမ်ကသာလျှင် မိဂါဇိန်ဥယျာဉ်သို့သွား၍ မင်္ဂလာရေကန်သို့ ဆင်းသက်၍ နေအံ့ဟု ကြံလျက် ထိုမိဂါဇိန်ဥယျာဉ်သို့ သွား၍ မင်္ဂလာရေကန်သို့ ဆင်းသက်ပြီးလျှင် ပဒုမ္မာကြာရွက်ဖြင့် ဦးခေါင်းကို ဖုံးလျက် နေ၏။ ထိုပေါရိသာဒ၏ တန်ခိုးကြောင့် ငါး လိပ် အစရှိသည်တို့သည် ရွေ့လျှောကုန်လျက် ရေအဆုံး၌သာလျှင် အစုအစုဖြစ်၍ လှည့်လည်ကုန်၏။

ဤတန်ခိုးကို ပေါရိသာဒသည် အဘယ်အကြောင်းကြောင့် ရသနည်းဟူမူကား ရှေးကောင်းမှု၏ အစွမ်းကြောင့် ရသတတ်။

ထိုစကားသည် မှန်၏။ ထိုပေါရိသာဒသည် ကဿပမြတ်စွာဘုရား ပွင့်တော်မူလတ်သောအခါ နို့ဃနာဖြင့်ပြီးသော စာရေးတံဆွမ်းကို လှူဖူး၏။ ထို့ကြောင့် ခွန်အားကြီးသည် ဖြစ်၏။ မီးတင်းကုပ် ဆောက်လုပ်၍ ရဟန်းအား အချမ်းပျောက်စိမ့်သောငှာ မီးကိုလည်းကောင်း၊ ထင်းကိုလည်းကောင်း ထင်းဖြတ်ရန် ပဲခွပ်ကိုလည်းကောင်း ပုဆိန်ကိုလည်းကောင်း လှူဖူး၏။ ထို့ကြောင့် တန်ခိုးကြီးသည် ဖြစ်၏။ ဤသို့လျှင် ပေါရိသာဒသည် မိဂါဇိန်ဥယျာဉ်အတွင်းသို့ ရောက်ပြီးသော် မိုးသောက်အားကြီးသောအခါ၌ ထက်ဝန်းကျင်မှ သုံးယူဇနာတိုင်တိုင် အစောင့်အရှောက်ကို ယူကုန်၏။

သုတသောမမင်း ထွက်ချီလာပြီ

သုတသောမမင်းသည်လည်း နံနက်စောစောကလျှင် နံနက်စာ စားပြီးသော် တန်ဆာဆင်အပ်သော မြတ်သော ဆင်ကျောက်ကုန်းထက်၌စီး၍ အင်္ဂါလေးပါးရှိသော စစ်သည် ရဲမက်အပေါင်း ခြံရံလျက် မြို့မှထွက်၏။

ထိုအခါ တက္ကသိုလ်ပြည်မှ နန္ဒအမည်ရှိသော ပုဏ္ဏားသည် လေးပါးကုန်သော သတာရဟဂါထာတို့ကိုယူ၍ ယူဇနာ တစ်ရာ့ရှစ်ဆယ်ရှိသော ခရီးကိုလွန်၍ ထိုဣန္ဒပတ္ထနဂိုရ်မြို့သို့ ရောက်လျှင် တံခါးရွာ၌နေ၍ နေထွက်လတ်သော် ထိုမြို့တွင်းသို့ဝင်၍ သုတသောမမင်းကို အရှေ့ တံခါးဖြင့် ထွက်သည်ကိုမြင်လျှင် လက်ကိုဆန့်၍ အောင်ဆုပေး၏။ သုတသောမမင်းသည် အရပ်တစ်ပါးသို့ ရှေးရှုသော မျက်နှာရှိသည်ဖြစ်၍ သွားလတ်သော် မြင့်ရာအရပ်၌တည်သော ပုဏ္ဏား၏ ဆန့်သောလက်ကို မြင်လျှင်

ဆင်တော်ဖြင့် ပုဏ္ဏားသို့ချဉ်းကပ်၍ မေးတော်မူလိုရကား-

၃၉၆။ ကိသ္မိံ နု ရဋ္ဌေ တဝ ဇာတိဘူမိ၊
အထ ကေန အတ္ထေန ဣဓာနုပတ္တော။
အက္ခာဟိ မေ ဗြာဟ္မဏ ဧတမတ္ထံ၊
ကိမိစ္ဆသိ ဒေမိ တယဇ္ဇ ပတ္ထိတံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၉၆။ ဗြာဟ္မဏ၊ အို... ပုဏ္ဏား။ တဝ၊ သင်၏။ ဇာတိဘူမိ၊ ဖွားရာအရပ်သည်။ ကိသ္မိံ၊ အဘယ်မည်သော။ ရဋ္ဌေ၊ တိုင်း၌။ အထ နု၊ ဖြစ်သနည်း။ ကေန၊ အဘယ်မည်သော။ အတ္ထေန၊ အကြောင်းကြောင့်။ ဣဓ၊ ဤအရပ်သို့။ တွံ၊ သင်သည်။ အနုပ္ပတ္တော၊ ရောက်လာသနည်း။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါအား။ အက္ခာဟိ၊ ကြားလျှောက်လော့။ ကိံ၊ အဘယ်ကို။ ဣစ္ဆသိ၊ အလိုရှိသနည်း။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တယာ၊ သင်သည်။ ပတ္ထိတံ၊ တောင့်တအပ်သော ဝတ္ထုကို။ တေ၊ သင့်အား။ အဇ္ဇ၊ ယခု။ ဒေမိ၊ ငါပေးအံ့။

ထိုသို့မေးသောအခါ နန္ဒပုဏ္ဏားသည် ထိုသုတသောမမင်းအား မိမိလာရောက်သော အကြောင်းကို တင်လျှောက်လိုရကား...

၃၉၇။ ဂါထာ စတဿော ဓရဏီမဟိဿရ၊

သုဂမ္ဘီရတ္ထာ ဝရသာဂရူပမာ။

တဝေဝ အတ္ထာယ ဣဓာဂတောသ္မိ။

သုဏောဟိ ဂါထာ ပရမတ္ထသံဟိတာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၃၉၇။ ဓရဏီမဟိဿရ၊ အလုံးစုံသော မြေအပြင်ကို အစိုးရတော်မူသော။ ဘူမိပါလ၊ ရေမြေ့ရှင်။ သုဂမ္ဘီရတ္ထာ၊ အလွန်နက်နဲသော အနက်အဓိပ္ပာယ် ရှိကုန်သော။ ဝရသာဂရူပမာ၊ မြတ်သောသမုဒ္ဒရာလျှင် ဥပမာရှိကုန်သော။ စတဿော၊ လေးပါးကုန်သော။ ဂါထာ၊ ဂါထာတို့သည်။ သန္တိ၊ ရှိကုန်၏။ တဝေဝ၊ အရှင်မင်းမြတ်၏သာလျှင်။ အတ္ထာယ၊ အကျိုးငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ ရောက်လာသည်။ အသ္မိ၊ ဖြစ်၏။ ပရမတ္ထသံဟိတာ၊ မြတ်သော အကျိုးစီးပွားနှင့် စပ်ကုန်သော။ ဂါထာ၊ ဂါထာတို့ကို။ သုဏောဟိ၊ နာတော်မူလော့။

ဤသို့ တင်လျှောက်ပြီး၍ကား အရှင်မင်းမြတ်... ဤဂါထာတို့ကို မြတ်စွာဘုရားသည် ဟောတော်မူကုန်၏။ ဤသတာရဟ လေးဂါထာတို့ကို အရှင်မင်းမြတ်တို့သည် အကြားအမြင်၌ နှစ်သက်တော်မူကုန်၏ဟု ကြား၍ အရှင်မင်းမြတ်တို့အား ဟောအံ့သောငှာ လာရောက်ပါ၏ ဟု တင်လျှောက်၏။ သုတသောမမင်းသည် အလွန်နှစ်သက်တော်မူသည်ဖြစ်၍ ဆရာ... ဆရာလာရောက်ခြင်းသည်ကား ကောင်းသော လာရောက်ခြင်းတည်း၊ ငါသည်ကား ပြန်လည်အံ့သောငှာ မတတ်ကောင်း၊ ယနေ့ ဖုသျှနက္ခတ်နှင့်ယှဉ်သဖြင့် ဦးခေါင်းဆေးအံ့သောငှာ လာသည်ဖြစ်၏။ ငါသည် နက်ဖြန်နေ့၌ လာလတ်၍နာပါအံ့၊ ဆရာသည် မငြီးငွေ့ပါလင့်ဟု ဆို၍ သွားချေကုန်၊ ဆရာပုဏ္ဏားအား ဤမည်သောအိမ်၌ အိပ်ရာနေရာကိုခင်း၍ အဝတ်အစားကို စီရင်လေကုန်လော့ ဟု မှူးမတ်တော်တို့ကို စေလိုက်ပြီးလျှင် ဥယျာဉ်သို့ ဝင်တော်မူ၏။ ထိုဥယျာဉ်သည် တစ်ဆယ့်ရှစ်တောင် အစောက်မြင့်သော တံတိုင်းဖြင့် ခြံရံအပ်၏။ ထိုဥယျာဉ်ကို အချင်းချင်း ဦးကင်းထိကုန်သော ဆင်တို့သည် ခြံရံကုန်၏။ ထို့နောင်မှ မြင်းတို့သည် ခြံရံကုန်၏။ ထို့နောင်မှ ရထားတို့သည် ခြံရံအပ်ကုန်၏။ ထို့နောင်လေးသမားတို့သည် ခြံရံအပ်ကုန်၏။ ထို့နောင်မှ ခြေသည်သူရဲတို့သည် ခြံရံအပ်ကုန်၏။ လေ၏အဟုန်ဖြင့် ချောက်ချားသော သမုဒ္ဒရာကဲ့သို့ ရဲမက်ဗိုလ်ပါ အပေါင်းသည် ပဲ့တင်ထပ်စေ၏။

ထိုအခါ မဟာသုတသောမမင်းသည် လေးကုန်သော တန်ဆာတို့ကိုချွတ်၍ ဆံမုတ်ဆိတ်ပြုပြင်ခြင်းအမှုကို ပြုစေပြီးလျှင် ပေါ့သောကိုယ်ရှိသည်ဖြစ်၍ မင်္ဂလာရေကန်တော်အတွင်း၌ မင်း၏တင့်တယ် စံပယ်ခြင်းဖြင့် ရေချိုး၍ ရေမှတက်ပြီးလျှင် ဝတ်လဲတော်ပုဆိုးကိုဝတ်၍ တည်၏။ ထိုအခါ မဟာသုတသောမမင်းအား အဝတ်တန်ဆာ ပန်းနံ့သာတို့ဖြင့် ဆက်ကုန်၏။

မင်းအား ဖမ်းလေပြီ

ပေါရိသာဒသည် ကြံ၏။ သုတသောမမင်းသည် တန်ဆာဆင်ယင်ပြီးသောအခါ၌ လေးသည်ဖြစ်လတ္တံ့၊ ပေါ့သောအခါ၌သာလျှင် ထိုသုတသောမမင်းကို ဖမ်းယူအံ့ဟု ကြံ၍ ထိုပေါရိသာဒသည် ဟစ်ကြွေး ကြော်ငြာလျက် ရေ၌ ငါးတို့ကို တုန်လှုပ်ချောက်ချားစေလျက် လျှပ်စစ် နွယ်ကဲ့သို့ သန်လျက် ဦးခေါင်းထက်၌ ပတ်ပတ်လှည့်၍ ဟယ်အချင်းတို့... ငါကား မနဒဿစောရ ပေါရိသာဒတည်းဟု မိမိအမည်ကို ကြားစေ၍ လက်ချောင်းကို နဖူးပြင်၌ထားလျက် ရေထဲမှ တက်လတ်၏။ ထိုပေါရိသာဒအသံကို ကြားရလျှင် ဆင်စီးသူရဲတို့သည် ဆင်ထက်မှ လျောကျကုန်၏။ မြင်းစီးသူရဲတို့သည် မြင်းထက်မှ လျောကျကုန်၏။ ရထားစီးသူရဲတို့သည် ရထားထက်မှ လျောကျကုန်၏။ ရဲမက် ဗိုလ်ပါအပေါင်းတို့သည် စွဲကိုင်တိုင်းသော လက်နက်တို့ကို စွန့်ပစ်၍ ရင်ဖြင့် မြေ၌ဝပ်ကုန်၏။ ပေါရိသာဒသည် သုတသောမမင်းကို ပိုက်ချီ၍ ယူ၏။ သုတသောမမင်းမှ ကြွင်းကုန်သော မင်းတို့ကိုကား ခြေ၌ကိုင်၍ ဦးခေါင်းစောက်ထိုး၍ ဖနှောင့်ဖြင့် ဦးခေါင်းကို ပုတ်ခတ်လျက် သွား၏။

မင်းကြီး ကြောက်၍ ငိုသလော

ဘုရားလောင်း သုတသောမမင်းကိုကား ကပ်၍ညွတ်စေလျက် အသာအယာပိုက်ချီ၍ ပခုံး၌နေစေ၏။ ထိုပေါရိသာဒသည် ဥယျာဉ်တံခါးဖြင့် ထွက်သွားသည်ရှိသော် ကြာမြင့်သည် ဖြစ်လတ္တံ့ဟု ရှေးရှုရာအရပ်ဖြင့်သာလျှင် တစ်ဆယ့်ရှစ်တောင် အစောက်မြင့်သော ဥယျာဉ်တံတိုင်းကို ခုန်လွှား၍ ရှေ့မှ အမုန်ယစ်သော ဆင်ဦးကင်းတို့ကို နင်း၍ တောင်ထွတ်တို့ကိုဖြတ်၍ ချဘိသကဲ့သို့ လျင်မြန်ခြင်းအဟုန်ဖြင့် မြင်းတို့၏ကျောက်ကုန်း၌ နင်းလျက် လဲစေ၏။ ရထားဦး ရထားနားပန်းတို့၌နင်း၍ ပတ်ပတ်လည်ခြင်းကို လှည့်လည်ဘိသကဲ့သို့ လည်စေလျက် ပညောင်ပင် ရွက်တို့ကို နင်းနယ်ဘိသကဲ့သို့ များစွာသော လက်နက်ကိုင်တို့ကို နှိပ်နင်းလျက် တစ်ဟုန်တည်းခြင်းဖြင့် သုံးယူဇနာရှိသော ခရီးကိုသွား၍ သုတသောမမင်း အကျိုးငှာ နောက်မှလိုက်လာသော တစ်စုံ တစ်ယောက်သော သူသည် ရှိသလောဟု နှလုံးသွင်း၍ ကြည့်သဖြင့် တစ်စုံတစ်ယောက်သော သူကို မမြင်၍ ဖြည်းဖြည်းသာသာ သွားသည်ရှိသော် သုတသောမ မင်းကြီး ဆံတော်တို့မှ ရေပေါက်တို့သည် မိမိရင်ပေါ်၌ ကျသည်တို့ကိုမြင်၍ သေဘေးမှ မကြောက်သော သူမည်သည်မရှိ၊ သုတသောမမင်း စင်လျက်လည်း သေရအံ့သော သေဘေးမှ ကြောက်သောကြောင့် ငိုယောင်တကားဟု ကြံစည်၍ ထိုအကြောင်းကို မေးလိုရကား-

၃၉၈။ န ဝေ ရုဒန္တိ မတိမန္တော သပညာ၊
ဗဟုဿုတာ ယေ ဗဟုဋ္ဌာနစိန္တိနော။
ဒီပံဟိ ဧတံ ပရမံ နရာနံ၊
ယံ ပဏ္ဍိတာ သောကနုဒါ ဘဝန္တိ။
၃၉၉။ အတ္တာနံ ဉာတီ ဥဒါဟု ပုတ္တဒါရံ၊
ဓညံ ဓနံ ရဇတံ ဇာတရူပံ။
ကိမေဝ တွံ သုတသောမာနုတပ္ပေ၊
ကောရဗျသေဋ္ဌ ဝစနံ သုဏောမ တေတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၃၉၈။ သုတသောမ၊ မင်းမြတ်သုတသောမ။ ယေ ပဏ္ဍိတာ၊ အကြင်ပညာရှိတို့သည်။ မတိမန္တော၊ အကျိုးရှိသည် မရှိသည် အကြောင်းဟုတ်သည် မဟုတ်သည်ကို သိနိုင်သော ပညာနှင့် ပြည့်စုံကုန်၏။ သပညာ၊ ဆင်ခြင်တိုင်းထွာတတ်သော ဉာဏ်ပညာ ရှိကုန်၏။ ဗဟုဿုတာ၊ များသော အကြားအမြင်ကို ဆောင်ကုန်၏။ ဗဟုဌာနစိန္တိနော၊ များစွာသော အရာအထူးကို ကြံစည်နိုင်ကုန်၏။ တေ ပဏ္ဍိတာ၊ ထိုပညာရှိတို့သည်။ ဝေ၊ စင်စစ်။ န ရုဒန္တိ၊ မငိုကုန်။ သုတသောမ၊ မင်းမြတ်သုတသောမ။ ယေသံပဏ္ဍိတာနံ၊ အကြင်ပညာရှိတို့၏။ ယံ အသောစနံ၊ အကြင် မစိုးရိမ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဧတံ အသောစနံ၊ ထိုမစိုးရိမ်ခြင်းသည်။ နရာနံ၊ လူတို့၏။ ပရမံ၊ မြတ်သော။ ဒီပံဟိ၊ မှီခိုရာသည်ပင်လျှင်။ ဟောတိ၊ ဖြစ်၏။ တေ ပဏ္ဍိတာ၊ ထိုပညာရှိတို့သည်။ သောကနုဒါ၊ စိုးရိမ်ခြင်း ကင်းကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၃၉၉။ ကောရဗျ၊ ကောရဗျအနွယ်ဖြစ်သော။ သေဋ္ဌ၊ အထူးသဖြင့် မြတ်သော။ သုတသောမ၊ မင်းမြတ်သုတသောမ။ တွံ၊ သင်သည်။ အတ္တာနံ၊ မိမိကိုယ်ကိုတည်း။ အနုတပ္ပေ၊ စိုးရိမ်သလော။ ဥဒါဟု၊ ထိုသို့မဟုတ်မူ။ ဉာတီ၊ အဆွေအမျိုးတို့ကိုတည်း။ အနုတပ္ပေ၊ စိုးရိမ်သလော။ ပုတ္တဒါရံ၊ သားမယားကိုတည်း။ အနုတပ္ပေ၊ စိုးရိမ်သလော။ ဓညံ၊ စပါးကိုတည်း။ အနုတပ္ပေ၊ စိုးရိမ်သလော။ ဓနံ၊ ဥစ္စာကိုတည်း။ အနုတပ္ပေ၊ စိုးရိမ်သလော။ ရဇတံ၊ ငွေကိုတည်း။ အနုတပ္ပေ၊ စိုးရိမ်သလော။ ဇာတရူပံ၊ ရွှေကိုတည်း။ အနုတပ္ပေ၊ စိုးရိမ်သလော။ သုတသောမ၊ မင်းမြတ်သုတသောမ။ ကိမေဝ၊ အဘယ်ကိုလျှင်။ အနုတပ္ပေ၊ စိုးရိမ်သနည်း။ တေ၊ သင်၏။ တံ ဝစနံ၊ ထိုစကားကို။ သုဏောမ၊ နာလိုပါကုန်၏။

ခု လွှတ်ပါ ပြန်လာအံ့

သုတသောမမင်းသည် ပေါရိသာဒအား ထိုအကြောင်းကို ကြားလိုရကား-

၄၀၀။ နေဝါဟ မတ္တာန မနုတ္ထုနာမိ၊
န ပုတ္တဒါရံ န ဓနံ န ရဋ္ဌံ။
သတဉ္စ ဓမ္မော စရိတော ပုရာဏော၊
တံ သင်္ဂရံ ဗြာဟ္မဏသာနုတပ္ပေ။
၄၀၁။ ကတော မယာ သင်္ဂရော ဗြာဟ္မဏေန၊
ရဋ္ဌေ သကေ ဣဿရိယေ ဌိတေန။
တံ သင်္ဂရံ ဗြာဟ္မဏသပ္ပဒါယ၊
သစ္စာနုရက္ခီ ပုနရာဝဇိဿံ

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၀၀။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာဒ။ အဟံ၊ ငါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ နေဝ အနုတ္ထုနာမိ၊ မစိုးရိမ်။ ပုတ္တဒါရံ၊ သားမယားကိုလည်း။ နေဝ အနုတ္ထုနာမိ၊ မစိုးရိမ်။ ဓနံ၊ ဥစ္စာကိုလည်း။ န အနုတ္ထုနာမိ၊ မစိုးရိမ်။ ရဋ္ဌံ၊ တိုင်းပြည်ကိုလည်း။ န အတ္ထုနာမိ၊ မစိုးရိမ်။ သတဉ္စ သပ္ပုရိသာနံ၊ သူတော်ကောင်း၏။ စရိတော၊ လေ့ကျက်အပ်သော။ ပုရာဏော၊ ရှေး၌ဖြစ်သော။ ယော ဓမ္မော၊ အကြင် တရားသည်။ အတ္ထိ၊ ရှိ၏။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားနှင့်။ ယံ သင်္ဂရံ၊ အကြင် အချိန်းအချက်ကို။ ကတွာ၊ ပြုမိသောကြောင့်။ တံ သင်္ဂရံ၊ ထိုအချိန်းအချက်ကိုလျှင်။ အနုတပ္ပေ၊ စိုးရိမ်၏။

֍ ဋ္ဌ ၄၀၁။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာဒ။ သကေရဋ္ဌေ၊ မိမိတိုင်းနိုင်ငံ ဖြစ်သော။ ဣဿရိယေ၊ မင်းစည်းစိမ်၌။ ဌိတေန၊ တည်သော။ မယာ၊ ငါသည်။ ဗြာဟ္မဏေန၊ နန္ဒပုဏ္ဏားနှင့်။ ယော သင်္ဂရော၊ အကြင် အချိန်းအချက်ကို။ ကတော၊ ပြုအပ်၏။ တံ သင်္ဂရံ၊ ထိုအချိန်းချက်ကို။ ဗြာဟ္မဏံ၊ နန္ဒပုဏ္ဏားကို။ သပ္ပဒါယ၊ ပြည့်စုံစေဦး၍။ သစ္စာနုရက္ခီ၊ စောင့်သော သစ္စာရှိသော ငါသည်။ ပုနရာဇိဿံ၊ တစ်ဖန် ပြန်လာပါအံ့။

တကယ် ပြန်လာမလား

ထိုအခါ ပေါရိသာဒသည် ထိုသုတသောမမင်း၏ စကားကို မယုံကြည်သဖြင့် စကားတုံ့ ပြန်လိုရကား-

၄၀၂။ နေဝါဟမေတံ အဘိသဒ္ဒဟာမိ၊
သုခီ နရော မစ္စုမုခါ ပမုတ္တော။
အမိတ္တဟတ္ထေ ပုနရာဝဇေယျ၊
ကောရဗျ သေဋ္ဌ န ဟိ မံ ဥပေသိ။
၄၀၃။ မုတ္တော တုဝံ ပေါရိသာဒဿ ဟတ္ထာ၊
ဂန္တွာ သကံ မန္ဒိရံ ကာမကာမီ။
မဓုရံ ပိယံ ဇီဝိတံ လဒ္ဓ ရာဇ၊
ကုတော တုဝံ ဧဟိသိ မေ သကာသံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၀၂။ ကောရဗျ၊ ကောရဗျ အနွယ်ဖြစ်သော။ သေဋ္ဌ၊ အထူးသဖြင့် မြတ်သော။ ရာဇ၊ မင်းမြတ်။ မစ္စုမုခါ၊ သေမင်းခံတွင်းမှ။ ပမုတ္တော၊ လွတ်ပြီးသော။ နရော၊ လူသည်။ သုခီ၊ ချမ်းသာခြင်း ရှိပြီးလျက်။ အမိတ္တဟတ္ထံ၊ ရန်သူ့ လက်သို့။ ပုနရာဝဇေယျ၊ တစ်ဖန် လာပြန်ရာ၏။ ဧတံ၊ ဤသို့ တစ်ဖန်ပြန်လာခြင်းကို။ အဟံ၊ ငါသည်။ နေဝ အဘိသဒ္ဒဟာမိ၊ အလွန် မယုံသည်သာလျှင်တည်း။ တုဝံ၊ သင်သည်။ မံ၊ ငါသို့။ န ဟိ ဥပေသိ၊ မကပ်ပေရာ။

֍ ဋ္ဌ ၄၀၃။ ရာဇ၊ မင်းမြတ်။ ပေါရိသာဒဿ၊ လူသားစား၏။ ဟတ္ထာ၊ လက်မှ။ မုတ္တော၊ လွတ်ပြီးသော။ ကာမကာမီ၊ လိုချင်တောင့်တအပ်သော ကာမဂုဏ်ရှိသော။ တုဝံ၊ သင်သည်။ သကံ မန္ဒိရ၊ မိမိနန်းတော်သို့။ ဂန္တွာ၊ သွားဦး၍။ မဓုရံ၊ ကောင်းမြတ်သော။ ပိယံ၊ ချစ်အပ်သော။ ဇီဝိတံ၊ အသက်ကို။ လဒ္ဓ၊ ရပြီးသော။ တုဝံ၊ သင်သည်။ မေ၊ ငါ၏။ သကာသံ၊ အထံသို့။ ကုတော ဧဟိသိ၊ အဘယ်မှာလျှင် လာပေအံ့နည်း။

တကယ် ပြန်လာမယ်

ထိုစကားကိုကြား၍ ဘုရားလောင်း သုတသောမမင်းသည် ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့သည်ဖြစ်၍ ထိုပေါရိသာဒအား အကြောင်းကို ဆိုပြန်လိုရကား-

၄၀၄။ မတံ ဝရေယျ ပရိသုဒ္ဓသီလော၊
န ဇီဝိတံ ဂရဟိတော ပါပဓမ္မော။
န ဟိ တံ နရံ တာယတိ ဒုဂ္ဂတီဟိ၊
ယဿာပိ ဟေတု အလိကံ ဘဏေယျ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၀၄။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာဒ။ ပရိသုဒ္ဓိသီလော၊ သန့်ရှင်းစင်ကြယ်သော သီလရှိသော။ ယော နရော၊ အကြင်သူသည်။ ဇီဝိတဟေတုပိ၊ အသက်ဟူသော အကြောင်းကြောင့်လည်း။ အလိကံ၊ မဟုတ်မမှန်သော စကားကို။ ဝဒေယျ၊ ဆိုအံ့။ သော နရော၊ ထိုသူသည်။ မတံ၊ သေခြင်းသည်။ ဝရေယျ၊ မြတ်ရာ၏။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ န ဝရေယျ၊ မမြတ်ရာ။ ဂရဟိတော၊ ကဲ့ရဲ့အပ်သော။ ပါပဓမ္မော၊ ယုတ်မာသော သဘောရှိသော။ ယော နရော၊ အကြင်သူသည်။ ယဿာပိ၊ အကြင်ပုဂ္ဂိုလ်၏လည်း။ ဟေတု၊ အကြောင်းကြောင့်။ အလိကံ၊ မဟုတ်မမှန်သော စကားကို။ ဘဏေယျ၊ ပြောဆိုရာ၏။ တံ နရံ၊ ထိုသူကို။ သော နရော၊ ထိုသူတစ်ပါးသည်။ ဒုဂ္ဂတီဟိ၊ ဒုဂ္ဂတိတို့မှ။ န ဟိ တာယတိ၊ မကယ်ပေရာ။

ဤသို့ ပြောဆိုပြီးမှ မုသာဝါဒမှ မိမိကြဉ်ရှောင်ခြင်းကို ထိုပေါရိသာဒအား ပြန်ကြားလိုရကား-

၄၀၅။ သစေပိ ဝါတော ဂိရိမာဝဟေယျ၊
စန္ဒော စ သူရိယော စ ဆမာ ပတေယျုံ။
သဗ္ဗာ စ နဇ္ဇော ပတိသောတံ ဝဇယျုံ၊
နတွေဝဟံ ရာဇ မုသာ ဘဏေယျံ။
၄၀၆။ နဘံ ဖလေယျ ဥဒဓီပိ သုဿေ၊
သံဝတ္တေယျ ဘူတဓရာ ဝသုန္ဓရာ။
သိလုစ္စယော မေရု သမူလမုပ္ပတေ၊
နတွေဝဟံ ရာဇ မုသာ ဘဏေယျံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၀၅။ သမ္မ ပေါရိသာဒ၊ အဆွေပေါရိသာဒ။ ဝါတော၊ အရပ်ရှစ်မျက်နှာမှလာသောလေသည်။ ဂိရိံ၊ ကြီးစွာသောတောင်ကို။ သစေပိ၊ အကယ်၍လည်း။ အာဝဟေယျ၊ လွင့်စေနိုင်ရာ၏။ စန္ဒော စ၊ လသည်လည်းကောင်း။ သူရိယော စ၊ နေသည်လည်းကောင်း ဆမာ၊ မြေ၌။ သစေပိ၊ အကယ်၍လည်း။ ပတေယျုံ၊ ကျကုန်ရာ၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ နဇ္ဇော စ၊ မြစ်တို့သည်လည်း။ ပတိသောတံ၊ အညာသို့။ သစေပိ၊ အကယ်၍လည်း။ ဝဇေယျုံ၊ စီးကုန်ရာ၏။ ရာဇ၊ မင်းမြတ်။ အဟံ၊ ငါသည်။ မုသာ၊ မဟုတ်မမှန်သော စကားကို။ နတွေဝ ဘဏေယျံ၊ မပြောမဆိုရာ။

֍ ဋ္ဌ ၄၀၆။ သမ္မ ပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ နဘံ၊ ကောင်းကင်သည်။ ဖလေယျ၊ ကွဲရာ၏။ ဥဒဓိ၊ မဟာသမုဒ္ဒရာသည်။ သုဿေ၊ ခြောက်တတ်ရာ၏။ ဘူတဓရာ၊ သတ္တဝါတို့၏ တည်ရာဖြစ်သော။ ဝသုန္ဓရာ၊ မြေမျက်နှာသည်။ သံဝတ္တေယျ၊ အောက်အထက် ပြန်ရာ၏။ သိလုစ္စယော မေရု၊ မြင်းမိုရ်တောင်မင်းသည်။ သမူလံ၊ အမြစ်နှင့်တကွ။ ဥပ္ပတေ၊ ရွှေ့ရာ၏။ ရာဇ၊ မင်းမြတ်။ အဟံ၊ ငါသည်။ မုသာ၊ မဟုတ်မမှန်သော စကားကို။ န တွေဝ ဘဏေယျံ၊ မပြောမဆိုရာ။

ကျိန်စာ ဆိုရမယ်

ဤသို့ မဟာသုတသောမမင်းမြတ် ပြောဆိုငြားသော်လည်း ထိုပေါရိသာဒသည် မယုံကြည်သည်သာလျှင်တည်း။ ထိုအခါ ဘုရားလောင်း မဟာသုတသောမ မင်းသည် ဤပေါရိသာဒသည် ငါ့ကိုမယုံ၊ ကျိန်စာဆိုသဖြင့်လည်း ထိုပေါရိသာဒကို ယုံကြည်စေအံ့ဟု ကြံ၍ အဆွေပေါရိသာဒ... ငါ့ကို ပခုံးမှချဦးလော့၊ ကျိန်ဆိုခြင်းကိုပြု၍ သင့်ကို ယုံစေအံ့ဟု ဆိုသဖြင့် ထိုပေါရိသာဒသည် သုတသောမမင်းကို မြေ၌ချသည်ရှိသော် ဘုရားလောင်းသည် ကျိန်ဆိုခြင်းကို ပြုလိုရကား-

၄၀၇။ အသိဉ္စ သတ္တိဉ္စ ပရာမသာမိ၊
သပထမ္ပိ တေ သမ္မ အဟံ ကရောမိ။
တယာ ပမုတ္တော အနဏော ဘဝိတွာ၊
သစ္စာနုရက္ခီ ပုန ရာဝဇိဿံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၀၇။ သမ္မ၊ အဆွေပေါရိသာဒ။ ယော အဟံ၊ အကြင်ငါသည်။ အသိဉ္စ၊ သန်လျက်ကိုလည်းကောင်း။ သတ္တိဉ္စ၊ လှံကိုလည်းကောင်း။ ပရာမသာမိ၊ သုံးသပ်အံ့။ သပထမ္ပိ၊ ကျိန်ဆိုခြင်းကိုလည်း။ တေ၊ သင့်အား။ ကရောမိ၊ ပြုအံ့။ တယာ၊ သင်သည်။ ပမုတ္တော၊ လွှတ်အပ်သော။ သော အဟံ၊ ထိုငါသည်။ အနဏော၊ မြီမရှိသည်။ ဘဝိတွာ၊ ဖြစ်ဦး၍။ သစ္စာနုရက္ခီ၊ သစ္စာစောင့်သည်ဖြစ်၍။ ပုနရာဝဇိဿံ၊ တစ်ဖန်ပြန်လာအံ့။

တကယ် ပြန်လာပါ

ထို့နောင်မှ ပေါရိသာဒသည် ဤသုတသောမမင်းသည် မင်းမျိုးတကာတို့သည် မပြုအပ်သော ကျိန်ဆိုခြင်းကို ပြု၏။ ဤသုတသောမမင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤသုတသောမမင်းသည် လာသည်မူလည်းဖြစ်စေ, မလာသည်မူလည်းဖြစ်စေ ငါသည်လည်း ရေမြေကို အစိုးရသော မင်းတည်း၊ ငါ၏ လက်ရုံးသွေးကိုလျင်ယူ၍ နတ်အား ပူဇော်သောအမှုကို ပြုအံ့၊ ဤသုတသောမမင်းသည် အလွန်လျှင် ပင်ပန်း၏ ဟုကြံ၍ သုတသောမမင်းကို လွှတ်လိုရကား -

၄၀၈။ ယော တေ ကတော သင်္ဂရော ဗြာဟ္မဏေန၊
ရဋ္ဌေ သကေ ဣဿရိယေ ဌိတေန။
တံ သင်္ဂရံ ဗြာဟ္မဏံ သပ္ပဒါယ၊
သစ္စာနုရက္ခီ ပုနရာဝဇဿု။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၀၈။ သမ္မ သုတသောမ၊ အဆွေသုတသောမ။ တေ၊ သင်သည်။ သကေ ရဋ္ဌေ၊ မိမိတိုင်းနိုင်ငံ၌။ ဣဿရိယေ၊ မင်းအဖြစ်၌။ ဌိတေန၊ တည်သဖြင့်။ ဗြာဟ္မဏေန၊ ပုဏ္ဏားနှင့်။ ယော သင်္ဂရော၊ အကြင်အချိန်းအချက်ကို။ ကတော၊ ပြုအပ်၏။ တံ သင်္ဂရံ၊ ထိုအချိန်းအချက်ကို။ ဗြာဟ္မဏံ၊ ပုဏ္ဏားကို။ သပ္ပဒါယ၊ ပြည့်စုံစေဦး၍။ သစ္စာနုရက္ခီ၊ သစ္စာစောင့်သည်ဖြစ်၍။ ပုနရာဝဇဿု၊ တစ်ဖန်ပြန်ခဲ့လော့။

တရားနာပြီး ပြန်လာမည်

ထိုအခါ ပေါရိသာဒကို ဘုရားလောင်း သုတသောမ မင်းသည် အဆွေ ပေါရိသာဒ... သင်မစိုးရိမ်လင့်၊ သတာရဟ လေးဂါထာတို့ကိုနာ၍ တရားဟောပေသော ပုဂ္ဂိုလ်အား ပူဇော်ခြင်းကို ပြုပြီးလျှင် နံနက်စောစောကလျှင် လာအံ့ ဟု ဆို၍ ထိုအကြောင်းကို ကြားလိုရကား-

၄၀၉။ ယော မေ ကတော သင်္ဂရော ဗြာဟ္မဏေန၊
ရဋ္ဌေ သကေ ဣဿရိယေ ဌိတေန။
တံ သင်္ဂရံ ဗြာဟ္မဏံ သပ္ပဒါယ၊
သစ္စာနုရက္ခီ ပုနရာဝဇိဿံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၀၉။ သမ္မ၊ အဆွေ ပေါရိသာဒ။ သကေ၊ မိမိ၏ဥစ္စာဖြစ်သော။ ရဋ္ဌေ၊ တိုင်းနိုင်ငံ၌။ ဣဿရိယေ၊ မင်းအဖြစ်၌။ ဌိတေန၊ တည်သော။ မေ၊ ငါသည်။ ဗြာဟ္မဏေန၊ နန္ဒပုဏ္ဏားနှင့်။ ယော သင်္ဂရော၊ အကြင်အချိန်းအချက်ကို။ ကတော၊ ပြုအပ်၏။ တံ သင်္ဂရံ၊ ထိုအချိန်းအချက်ကို။ ဗြာဟ္မဏံ၊ နန္ဒပုဏ္ဏားကို။ သပ္ပဒါယ၊ ပြည့်စုံစေ၍။ သစ္စာနုရက္ခီ၊ သစ္စာကိုစောင့်သော ငါသည်။ ပုနရာဝဇိဿံ၊ တစ်ဖန်ပြန်လာအံ့။

ကောင်းပြီ၊ သွားပေတော့

ထိုအခါ သုတသောမမင်းကို ပေါရိသာဒသည် မြတ်သောမင်းကြီး... သင်မင်းကြီးတို့သည် မင်းမျိုးတကာတို့သည် မပြုအပ်သော ကျိန်ဆိုခြင်းကို ပြုအပ်၏။ ထိုကျိန်ဆိုခြင်းကို အောက်မေ့တော်မူလော့ ဟုဆို၍ အဆွေ ပေါရိသာဒ... သင်သည် ငါ့ကို ငယ်သောအခါကစ၍ သိ၏။ ရယ်မြူးလိုသဖြင့်လည်း မုသာဝါဒကို ငါမဆိုစဘူး၊ ငါသည် ယခုအခါ မင်းအဖြစ်၌တည်လျက် အကြောင်းဟုတ်သည် မဟုတ်သည်ကိုသိလျက် အဘယ့်ကြောင့် မဟုတ်မမှန်သော စကားကို ဆိုအံ့နည်း။ ငါ့ကို ယုံကြည်လော့၊ ငါသည် နက်ဖြန် သင်၏ နတ်ပူဇော်ခြင်းကိစ္စကို မှီအောင် ရောက်ပါစေအံ့ ဟု ယုံကြည်စေအပ်ကုန်သည်ဖြစ်၍ မြတ်သော မင်းကြီး ထိုသို့ဖြစ်သော်ကား သွားလေလော့၊ သင်မင်းကြီးတို့သည် မရောက်ကုန်သည်ရှိသော် နတ်အား ပူဇော်သောအမှုသည် ပျက်လတ္တံ့၊ နတ်သည်လည်း ရှင်မင်းကြီးတို့နှင့်ကင်း၍ ပူဇော်မခံ၊ နတ်ပူဇော်သောအမှု၏ အန္တရာယ်ကို မပြုပါလင့် ဟု ဆို၍ ဘုရားလောင်း သုတသောမမင်းကို လွှတ်လိုက်၏။

နန်းတော်သို့ ပြန်ရောက်သော်

ထိုသုတသောမမင်းသည် ရာဟုခံတွင်းမှ လွတ်သော လကဲ့သို့ ဆင်ပြောင်နှင့်တူသော အားအစွမ်းနှင့် ပြည့်စုံသည်ဖြစ်၍ လျင်မြန်စွာလျှင် မြို့သို့ရောက်၏။ ထိုသုတသောမမင်း၏ စစ်သည်တို့သည်လည်း ငါတို့အရှင်သုတသောမမင်းမြတ်သည် ပညာရှိတော်မူ၏။ သာယာသော တရားစကားကို ဟောတော်မူတတ်၏။ တစ်ဂါထာ နှစ်ဂါထာကို ဟောခြင်းငှာ အခွင့်ရသည်ရှိသော် ပေါရိသာဒကိုဆုံးမ၍ ခြင်္သေ့ခံတွင်းမှလွတ်သော အမုန်ယစ်သော ဆင်ပြောင်ကြီးကဲ့သို့ လာတော်မူလတ္တံ့၊ ဤစစ်သည်တို့သည် အရှင်မင်းမြတ်ကို ပေါရိသာဒအားပေး၍ လာကုန်၏ဟု လူအပေါင်းတို့သည် ကဲ့ရဲကုန်လတ္တံ့ ဟု ကြံ၍ မြို့ပ၌သာလျှင် သစ်တပ်ကိုတည်၍ နေလင့်၏။

ထိုဘုရားလောင်း သုတသောမမင်းကို အဝေးမှလျှင် လာလတ်သည်ကို မြင်လျှင် ခရီးဦး ကြိုဆို၍ ရှိခိုးလျက် အရှင်မင်းမြတ် အသို့နည်း၊ ပေါရိသာဒသည် အရှင်မင်းမြတ်တို့ကို ပင်ပန်းစေအပ်သလော ဟု မေးမြန်း တင်လျှောက်ခြင်းကို ပြုသည်ရှိသော် ပေါရိသာဒသည် ငါ့အား အမိအဖတို့သည်လည်း ပြုနိုင်ခဲသောအမှုကို ပြုပေ၏။ တို့သို့သဘောရှိသော ကြမ်းကြုတ်ရက်စက်စွာ နိုင်ထက်ကလူ မူတတ်သော ပေါရိသာဒစင်လျက်လည်း ငါ၏တရားစကားကို ကြားရသဖြင့် ငါ့ကိုလွှတ်ပေ၏ ဟု မိန့်ဆိုတော်မူလတ်သော် သုတသောမမင်းကို တန်ဆာ ဆင်ယင်ပြီးလျှင် ဆင်ကျောက်ကုန်းထက်သို့ တင်၍ ခြံရံကုန်လျက်မြို့တွင်းသို့ဝင်လေ၏။ ထိုသုတသောမ မင်းကို မြင်ရကုန်၍ အလုံးစုံသော ပြည်သူအပေါင်းတို့သည် အလွန် နှစ်သက်ကြကုန်၏။

တရား တောင်းပြီ

ထိုသုတမ မင်းသည်လည်း တရားကို အလေးအမြတ် ပြုတော်မူသောကြောင့် တရားနာ ကြူးတော်မူသောကြောင့် မယ်တော်ခမည်းတော်တို့ကို မဖူးမြင်ဘဲလျှင် နောက်မှသာ ထိုမယ်တေယ် ခမည်းတော်တို့ကို ဖူးမြင်အံ့ဟု နန်းတော်သို့ဝင်ပြီးလျှင် မင်း၏နေရာ၌ နေလျက် နန္ဒပုဏ္ဏားကို ခေါ်စေ၍ ထိုပုဏ္ဏားအား ဆံမုတ်ဆိတ်ပြုပြင်ခြင်း စသည်တို့ကိုပြုပြင်စေ၍ ဆံမုတ်ဆိတ် ပြုပြင်ခြင်း၏ ကိစ္စသည် ပြီးလတ်သော် ရေချိုး၍ နံ့သာလိမ်းသဖြင့် အဝတ်တန်ဆာ ဆင်ပြီးလျှင် ဆောင်ယူခဲ့၍ ပြသောအခါ၌ မိမိသည် နောက်မှရေချိုး၍ နံ့သာလိမ်းပြီးသော် ထိုနန္ဒပုဏ္ဏားအား မိမိစားသော ထမင်းကိုပေးစေ၍ ထိုနန္ဒပုဏ္ဏား စားပြီးသော် မိမိစား၍ ထိုနန္ဒပုဏ္ဏားကို မြတ်သော သူတို့အားသာလျှင် ထိုက်သော ပလ္လင်၌နေစေ၍ တရားကို အလေးအမြတ် ပြုတော်မူသောကြောင့် ပန်းနံ့သာ အစရှိသည်ဖြင့် ပူဇော်ခြင်းကိုပြု၍ မိမိသည် နိမ့်သောနေရာ၌ နေလျက် ဆရာ... ဆရာတို့သည် အကျွန်ုပ်အား ဆောင်အပ်ကုန်သော သတာရဟဂါထာတို့ကို နာပါအံ့ဟု တောင်းပန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၄၁၀။ မုတ္တော စ သောပေါရိသာဒဿ ဟတ္ထာ၊
ဂန္တွာန တံ ဗြာဟ္မဏံ ဧတဒဝေါစ။
သုဏောမိ ဂါထာယော သတာရဟာယော၊
ယာ မေ သုတာ အဿ ဟိတာယ ဗြဟ္မေ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၄၁၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ယော သုတသောမော၊ အကြင် သုတသောမမင်းမြတ်သည်။ ပေါရိသာဒဿ၊ လူသားစား၏။ ဟတ္ထာ၊ လက်မှ။ မုတ္တော စ၊ လွတ်သည်ဖြစ်၍လျှင်။ ဂန္တွာန၊ မိမိနန်းတော်သို့ သွားဦး၍။ ဗြဟ္မေ၊ ဆရာ နန္ဒပုဏ္ဏား။ မေ၊ ငါသည်။ သုတာ၊ ကြားအပ်ကုန်သော။ ယာ ဂါထာ၊ အကြင် ဂါထာတို့သည်။ ဟိတာယ၊ စီးပွားခြင်းငှာ။ အဿု၊ ဖြစ်ကုန်၏။ သတာရဟာယော၊ သာရဟ ဖြစ်ကုန်သော။ တာ ဂါထာယော၊ ထိုဂါထာတို့ကို။ သုဏောမိ၊ နာပါအံ့။ ဣတိ၊ ဤသို့။ တံ ဗြဟ္မဏံ၊ ထိုနန္ဒပုဏ္ဏားကို။ ဧတံဝစနံ၊ ဤစကားကို။ အဝေါစ၊ ဆို၏။

နန္ဒပုဏ္ဏား၏ တရား ၄-၈ါထာ

ထိုအခါ နန္ဒပုဏ္ဏားသည် ဘုရားလောင်း သုတသောမမင်းသည် တောင်းပန်သောအခါ၌ နံ့သာတို့ဖြင့် လက်ကို ပွတ်သပ်ပြီးလျှင် လွယ်အိတ်မှ နှလုံးမွေ့လျော်ဖွယ်ရှိသော ရွှေပေကိုထုတ်၍ လက်နှစ်ဘက်တို့ဖြင့် ကိုင်လျက် မြတ်သောမင်းကြီး... အကျွန်ုပ်သည် တိုက်တွန်းပါ၏။ ကဿပ မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်သော ရာဂဖြင့်ယစ်ခြင်း အစရှိသည်တို့ကို နှိပ်စက်တတ်ကုန်သော သေခြင်းကင်းရာဖြစ်သော အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်ကုန်သော လေးပါးကုန်သော သတာရဟဂါထာတို့ကို နာတော်မူလော့ဟု ဆို၍ ရွှေပေကို ကြည့်လျက် ဟောလိုရကား-

၄၁၁။ သကိဒေဝ သုတသောမ၊
သဗ္ဘိ ဟောတိ သမာဂမော။
သာ နံ သင်္ဂတိ ပါလေတိ၊ နာသဗ္ဘိ ဗဟုသင်္ဂမော။
၄၁၂။ သဗ္ဘိရေဝ သမာသေထ၊ သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ။
သတံ သဒ္ဓမ္မမညာယ၊
သေယျာ ဟောတိ န ပါပိယော။
၄၁၃။ ဇိရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊
အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ။
သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။
၄၁၄။ နဘဉ္စ ဒူရေ ပထဝီ စ ဒူရေ။
ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ဝဒန္တိ၊
သတဉ္စ ဓမ္မော အသတဉ္စ ရာဇ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၁၁။ သုတသောမ၊ သုတသောမ အမည်ရှိတော်မူသော။ မဟာရာဇ၊ မင်းမြတ်။ သဗ္ဘိ၊ သူတော်ကောင်းတို့နှင့်။ သကိဒေဝ၊ တစ်ကြိမ်သာလျှင်။ ယော သမာဂမော၊ အကြင် ပေါင်းဖက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ သာ သင်္ဂတိ၊ ထို ပေါင်းဖက်ခြင်းသည်။ နံ၊ ထိုသူကို။ ပါလေတိ၊ စောင့်ရှောက်ပေတတ်၏။ အသဗ္ဘိ၊ သူတော်မဟုတ် သူယုတ်တို့နှင့်။ ဗဟု၊ အကြိမ်များစွာ။ ယော သင်္ဂမော၊ အကြင် ပေါင်းဖက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ သာ သင်္ဂတိ၊ ထိုပေါင်းဖက်ခြင်းသည်။ နံ၊ ထိုသူကို။ န ပါလေတိ၊ မစောင့်ရှောက်တတ်။

֍ ဋ္ဌ ၄၁၂။ သဗ္ဘိရေဝ၊ သူတော်ကောင်းတို့နှင့်သာလျှင်။ သမာသေထ၊ ပေါင်းဖက်ကုန်ရာ၏။ သဗ္ဘိ၊ သူတော်ကောင်းတို့နှင့်။ သန္ထဝံ၊ ပေါင်းဖက်ခြင်းကို။ ကုဗ္ဗေထ၊ ပြုကုန်ရာ၏။ သတံ၊ ဘုရား အစရှိသော ပညာရှိတို့၏။ သဒ္ဓမ္မံ၊ သူတော်ကောင်းတို့ တရားကို။ အညာယ၊ သိ၍။ သေယျော၊ အထူးသဖြင့် မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ပါပိယော၊ ယုတ်မာသည်။ န ဟောတိ၊ မဖြစ်။

֍ ဋ္ဌ ၄၁၃။ မဟာရာဇ၊ မြတ်သော မင်းကြီး။ သုစိတ္တာ၊ ဆန်းကြယ်ကုန်သော။ ရာဇရထာ၊ မင်းစီး ရထားတို့သည်။ ဝေ၊ စင်စစ်။ ဇီရန္တိ၊ ဆွေးမြည့် ပျက်စီးတတ်ကုန်၏။ အထော၊ ထိုမှတပါး။ သရီရမ္ပိ၊ ခန္ဓာကိုယ်သည်လည်း။ ဇရံ၊ အိုခြင်းသို့။ ဥပေတိ၊ ရောက်တတ်၏။ သန္တော၊ ဘုရား အစရှိသော သူတော်ကောင်းတို့သည်။ သဗ္ဘိ၊ နိဗ္ဗာန်တရားကို။ ဟဝေ၊ စင်စစ်။ ပဝေဒယန္တိ၊ ချီးမွမ်းကုန်၏။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော စ၊ နိဗ္ဗာန်တရားသည်ကား။ ဇရံ၊ အိုခြင်းသို့။ န ဥပေတိ၊ မရောက်။

֍ ဋ္ဌ ၄၁၄။ ရာဇ၊ မင်းမြတ်။ နဘဉ္စ၊ ကောင်းကင်သည်လည်း။ ဒူရေ၊ မြေနှင့် ဝေး၏။ ပထဝီ စ၊ မြေသည်လည်း။ ဒူရေ၊ ကောင်းကင်နှင့် ဝေး၏။ သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။ ယံ ပါရံ၊ အကြင် ဟိုမှာဘက်ကမ်းသည်။ အတ္ထိ၊ ရှိ၏။ တံ ပါရံ၊ ထိုဟိုမှာဘက်ကမ်းကို။ ဒူရေ၊ ဤမှာဘက်ကမ်းနှင့် ဝေး၏ဟူ၍။ အာဟု၊ ဆိုကုန်၏။ တတော၊ ထိုကောင်းကင်နှင့်မြေ သမုဒ္ဒရာတစ်ဖက်ကမ်း ဝေးသောထက်။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော စ၊ တရားသည်လည်းကောင်း။ အသတံ၊ သူတော်မဟုတ် သူယုတ်မာတို့၏။ ဓမ္မော စ၊ တရားသည်လည်းကောင်း။ ဟဝ၊ စင်စစ်။ ဒူရတရံ၊ အလွန်ဝေး၏။ ဣတိ၊ ဤသို့။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ ဝဒန္တိ၊ ဆိုကုန်၏။

အသပြာ ၄၀၀၀ိဖြင့် ပူဇော်ပြီ

နန္ဒပုဏ္ဏားသည် ဤသတာရဟ လေးဂါထာတို့ကို ကဿပမြတ်စွာဘုရား ဟောတော်မူသော နည်းဖြင့်လျှင် ဟော၍ ဆိတ်ဆိတ်နေ၏။ ထိုသတာရဟ လေးဂါထာတို့ကိုနာပြီး၍ ဘုရားလောင်း သုတသောမမင်းသည် ငါ၏လာခြင်းသည် အကျိုးရှိ၏ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ ဤဂါထာတို့ကို သာဝကတို့သည် မဟောအပ်ကုန်၊ ရသေ့တို့သည်လည်း မဟောအပ်ကုန်၊ တစ်စုံတစ်ယောက်သော သူသည် မဟောအပ်ကုန်၊ သဗ္ဗညူ မြတ်စွာဘုရားသည်သာလျှင် ဟောတော်မူအပ်၏။ အဘယ်မျှ အဖိုးထိုက်တန်သနည်းဟု ကြံသည်ရှိသော် ဤဂါထာတို့အား အလုံးစုံသော စကြဝဠာတိုက်ကို ဗြဟ္မာပြည်တိုင်အောင် ရတနာခုနစ်ပါးဖြင့် ပြည့်သည်သာဖြစ်၍ ပေးငြားသော်လည်း လျောက်ပတ်သည်ကို ပြုခြင်းငှာ မတတ်ကောင်း။ စင်စစ်သော်ကား ထိုနန္ဒပုဏ္ဏားအား ငါသည် ယူဇနာသုံးရာရှိသော ကုရုတိုင်း ခုနစ်ယူဇနာရှိသော ဣန္ဒပတ္ထနဂိုရ်မြို့၌ မင်းအဖြစ်ကိုပေးခြင်းငှာ စွမ်းနိုင်၏။

ထိုနန္ဒပုဏ္ဏားအား မင်းပြုထိုက်သောဘုန်းကံသည် ရှိပါ၏လော ဟု အင်္ဂဝိဇ္ဇာ အာနုဘော်အစွမ်းဖြင့် ကြည့်လတ်သော် မင်း ဖြစ်ထိုက်သော ဘုန်းကံကိုမမြင်။ ထို့နောင်မှ စစ်သူကြီးအရာ အစရှိသည်တို့ကိုကြည့်၍ တစ်ရွာစားထိုက်သော ဘုန်းကိုလည်း မမြင်၍ အသပြာလေးထောင်ဖြင့် ထိုပုဏ္ဏားကို ပူဇော်အံ့ဟု အသပြာလေးထောင်ထုပ်ကို ပေးစေ၍ ဆရာ... ဆရာတို့သည် တစ်ပါးကုန်သောမင်းတို့အား ဤဂါထာကို ဟောကုန်သည်ရှိသော် အဘယ်မျှသော ဥစ္စာကို ရပါကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး တစ်ဂါထာ တစ်ဂါထာသည် ဥစ္စာတစ်ရာ တစ်ရာစီ ရပါ၏။ ထို့ကြောင့်လျှင် သတာရဟ ဂါထာမည်ပါ၏ဟု တင်လျှောက်၏။

ထိုအခါ ထိုနန္ဒပုဏ္ဏားကို သုတသောမမင်းသည် ဆရာ... ဆရာသည် မိမိဥစ္စာကို ယူ၍ ရောင်းအပ်သော ဘဏ္ဍာ၏ အဖိုးကိုလည်းမသိ၊ ဤနေ့မှစ၍ တစ်ဂါထာ တစ်ဂါထာသည် တစ်ထောင်စီ ထိုက်စေသတည်းဟု ဆို၍ ထိုအကြောင်းကို နန္ဒပုဏ္ဏားအား ကြားလိုရကား-

၄၁၅။ သဟဿိယော ဣမာ ဂါထာ၊
နဟိမာ ဂါထာ သတာရဟာ။
စတ္တာရိ တွံ သဟဿာနိ၊
ခိပ္ပံ ဂဏှာဟိ ဗြာဟ္မဏ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၁၅။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ဣမာ ဂါထာ၊ ဤဂါထာတို့သည်။ သဟဿိယော၊ အသပြာ တစ်ထောင်စီထိုက်ကုန်၏။ ဣမာ ဂါထာ၊ ဤဂါထာတို့သည်။ န ဟိ သတာရဟာ၊ အသပြာ တစ်ရာစီမထိုက်ကုန်။ တွံ၊ သင်သည်။ စတ္တာရိ သဟဿာနိ၊ အသပြာလေးထောင်တို့ကို။ ခိပ္ပံ၊ လျင်စွာ။ ဂဏှာဟိ၊ ယူလေလော့။

ခမည်းတော် ကဲ့ရဲ့ခြင်း

ထိုအခါ နန္ဒပုဏ္ဏားအား တစ်ခုသော ညင်သာသောယာဉ်ကိုပေး၍ ဆရာနန္ဒပုဏ္ဏားကို ချမ်းသာစွာ အိမ်သို့ပိုကြလေကုန်လော့ ဟု မင်းချင်းတို့ကိုစေ၍ ထိုပုဏ္ဏားကို လွှတ်လိုက်၏။ ထိုခဏ၌ သုတသောမမင်းသည် သတရဟဂါထာကို သဟဿာရဟ ဂါထာပြု၍ ပူဇော်ပေ၏။ ကောင်းစွာ့ ကောင်းစွာ့ဟု များသော ကောင်းချီးပေးသော အသံသည် ဖြစ်၏။ ထိုသုတသောမမင်း၏ မယ်တော် ခမည်းတော်တို့သည် ထိုကောင်းချီးပေးသံကိုကြားလျှင် ဤအသံသည် အဘယ်အသံနည်းဟု မေး၍ ဟုတ်မှန်သောအတိုင်းကြားရလျှင် မိမိတို့၏ ဥစ္စာ၌ တပ်မက်မောသောကြောင့် သားတော် မဟာသုတသောမ မင်းသားအား အမျက်ထွက်ကုန်၏။ သားတော် မဟာသုတသောမမင်းလည်း နန္ဒပုဏ္ဏားကို လွှတ်လိုက်ပြီးလျှင် ထိုမယ်တော် ခမည်းတော်ကို အထံသို့သွား၍ ရှိခိုးလျက် တည်၏။ ထိုသို့ တည်သောအခါ ထိုမင်း၏ ခမည်းတော်သည် ချစ်သား... အသို့မူ၍ ဤသို့သဘောရှိသော နိုင်ထက်ကလူမူတတ်သော ခိုးသူလက်မှ လွတ်ရသနည်းဟု မေးမြန်းပြောဆိုခြင်း ပဋိသန္ထာရမျှကိုလည်း မပြုမူ၍ မိမိဥစ္စာ၌ တပ်မက်မောသည်၏ အဖြစ်ကြောင့် ချစ်သား... သင်သည် လေးဂါထာတို့ကို ကြားနာရ၍ အသပြာလေးထောင်ကို ပေးသတတ်ဟု ငါကြားရသည် မှန်သလောဟု မေး၍ မှန်၏ဟု ပြောဆိုလတ်သော် သားတော် မဟာသုတသောမမင်းကို ကဲ့ရဲလိုရကား-

၄၁၆။ အာသီတိယာ နာဝုတိယာ စ ဂါထာ၊
သတာရာစာပိ ဘဝေယျ ဂါထာ။
ပစ္စတ္တမေဝ သုတသောမ ဇာနာဟိ၊
သဟဿိယာ နာမ ကာ အတ္ထိ ဂါထာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၁၆။ သုတသောမ၊ ချစ်သားသုတသောမ။ အာသီတိယာ၊ ရှစ်ဆယ်ထိုက်သော။ ဂါထာ၊ ဂါထာသည်။ ဘဝေယျ၊ ရှိသည်ဖြစ်ရာ၏။ နာဝုတိယာ၊ ကိုးဆယ်ထိုက်သော။ ဂါထာ စ၊ ဂါထာသည်လည်း။ သိယာ၊ ရှိသည်ဖြစ်ရာ၏။ သတာရဟာ စာပိ၊ တစ်ရာထိုက်သော ဂါထာသည်လည်း။ ဘဝေယျ၊ ရှိသည်ဖြစ်ရာ၏။ တာတ သုတသောမ၊ ချစ်သား သုတသောမ။ ပစ္စတ္တမေဝ၊ မိမိသည်သာလျှင်။ ဇာနာဟိ၊ သိလော့။ သဟဿိယာ နာမ၊ တစ်ထောင်ထိုက်သည် မည်သော။ ဂါထာ၊ ဂါထာသည်။ ကာ အတ္ထိ၊ အတီမှာ ရှိဖူးသနည်း။

ဗဟုသုတ လိုလားအပ်

ထိုအခါ ခမည်းတော်ကို ဘုရားလောင်း မဟာသုတသောမမင်းသည် ဖခင်... အကျွန်ုပ်သည် ဥစ္စာဖြင့် စီးပွားခြင်းကို အလိုမရှိ၊ အကြားအမြင်ဖြင့် စီးပွားခြင်းကိုသာလျှင် အလိုရှိ၏ဟု ဆို၍ ထိုခမည်းတော်ကို သိစေလိုရကား-

၄၁၇

ဣစ္ဆာမိ ဝေါဟံ သုတဝုဍ္ဎိ မတ္တနော အစရှိသော သုံးဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၁၇။ ရာဇသေဋ္ဌ၊ မင်းတကာတို့ထက် မြတ်တော်မူသော။ တာတ၊ ခမည်းတော်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ အတ္တနော၊ မိမိ၏။ သုတဝုဍ္ဎိံ၊ အကြားအမြင်ဖြင့် ကြီးပွားခြင်းကို။ ဣစ္ဆာမိ၊ အလိုရှိ၏။ သန္တော၊ ငြိမ်သက်တည်ကြည်ကုန်သော။ သပ္ပုရိသာ စ၊ သူတော်ကောင်းတို့သည်လည်း။ ယံ မံ၊ အကြင် အကျွန်ုပ်သို့။ ဘဇေယျုံ၊ ဆည်းကပ်ကုန်ရာ၏။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ မဟာဒဓိ၊ မဟာသမုဒ္ဒရာသည်။ သဝန္တီဟိ၊ စီးဝင်လာကုန်သော မြစ်ငယ်တို့ဖြင့်။ န တပ္ပတိ ဣဝ၊ မရောင့်ရဲသကဲ့သို့။ သုဘာသိတေန၊ ကောင်းစွာဆိုအပ်သော စကားဖြင့်။ န တပ္ပာမိ၊ မရောင့်ရဲပါ။

֍ ဋ္ဌ ၄၁၈။ ရာဇသေဋ္ဌ၊ မင်းတကာတို့ထက် မြတ်မူသော။ တာတ၊ ခမည်းတော်မင်းမြတ်။ အဂ္ဂိ၊ မီးသည်။ တိဏကဋ္ဌံ၊ မြက်ထင်းကို။ ဒဟန္တော၊ လောင်သည်ရှိသော်။ န တပ္ပတိ ယထာ၊ မရောင့်ရဲသကဲ့သို့လည်းကောင်း။ သာဂရော၊ မဟာသမုဒ္ဒရာသည်။ နဒီဟိ၊ မြစ်ငယ်တို့ဖြင့်။ န တပ္ပတိ ဣဝ၊ မရောင့်ရဲသကဲ့သို့ လည်းကောင်း။ ဧဝမ္ပိ၊ ဤအတူလျှင်။ ဝေ၊ စင်စစ်။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ သုတွာ၊ ကြားနာရ၍။ သုဘာသိတေန၊ ကောင်းစွာ ဆိုအပ်သော စကားဖြင့်။ န တပ္ပန္တိ၊ မရောင့်ရဲကုန်။

֍ ဋ္ဌ ၄၁၉။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော။ တာတ၊ ခမည်းတော် မင်းမြတ်။ သကဿ၊ မိမိ၏။ ဒါသဿ၊ ကျွန်၏။ အတ္ထဝတိံ၊ အစီးအပွားရှိသော။ ယံ ဂါထံ၊ အကြင်ဂါထာကို။ ယဒါ၊ အကြင်အခါ၌။ အဟံ၊ အကျွန်ုပ်သည်။ သုဏောမိ၊ ကြားနာရအံ့။ တမေဝ၊ ထိုဂါထာကိုသာလျှင်။ သက္ကစ္စံ၊ ရိုသေစွာ။ နိသာမယာမိ၊ နာလျက်နေပါအံ့။ ဓမ္မေသု၊ ကုသိုလ်တရားတို့၌။ မမ၊ အကျွန်ုပ်၏။ တိတ္တိ၊ ရောင့်ရဲခြင်းသည်။ န ဟိ အတ္ထိ၊ မရှိသလျှင်ကတည်း။

ပေါရိသာဒထံ သွားရမည်

ဤသို့သောစကားကို ဆိုပြီး၍ ဖခင်. အကျွန်ုပ်ကို ဥစ္စာဟူသောအကြောင်းကြောင့် မရေရွတ်ပါလင့်၊ အကျွန်ုပ်သည် တရားနာပြီးလျှင် လာပါအံ့ဟု ပေါရိသာဒအထံ၌ ကျိန်စာရွတ်၍ လာခဲ့ရ၏။ ယခုအခါ အကျွန်ုပ်သည် ပေါရိသာဒအထံသို့ သွားရပါအံ့၊ သင် ဖခင်မင်းမြတ်၏ ဤတိုင်းပြည်ကို ယူတော်မူရစ်ကုန်လော့ဟု ဆို၍ တိုင်းပြည်ကို ခမည်းတော်အား အပ်နှင်းလိုရကား-

၄၂၀။ ဣဒံ တေ ရဋ္ဌံ သဓနံ သယောဂ္ဂံ၊
သကာယုရံ သဗ္ဗကာမူပပန္နံ။
ကိံ ကာမဟေတု ပရိဘာသသိ မံ၊
ဂစ္ဆာမဟံ ပေါရိသာဒဿ ဉတ္တေ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂၀။ တာတ၊ ခမည်းတော်မင်းမြတ်။ သဓနံ၊ ရတနာဥစ္စာနှင့် တကွသော။ သယောဂ္ဂံ၊ ဆင်ယာဉ် မြင်းယာဉ်နှင့် တကွသော။ သကာယုရံ၊ မင်းမြှောက်တန်ဆာနှင့် တကွသော။ သဗ္ဗကာမူပပန္နံ၊ အလုံးစုံသော ကာမဂုဏ်နှင့် ပြည့်စုံသော။ တေ၊ သင်ခမည်းတော်မင်းမြတ်၏။ ဣဒံ ရဋ္ဌံ၊ ဤတိုင်းပြည်ကို။ အနုသာသ၊ ဆုံးမတော်မူရစ်လော့။ တာတ၊ ခမည်းတော်မင်းမြတ်။ ကာမဟေတု၊ ဝတ္ထုကာမဟူသော အကြောင်းကြောင့်။ မံ၊ အကျွန်ုပ်ကို။ ကိံ၊ အဘယ့်ကြောင့်။ ပရိဘာသသိ၊ ရေရွတ်တော်မူဘိသနည်း။ အဟံ၊ အကျွန်ုပ်သည်။ ပေါရိသာဒဿ၊ လူသားစား၏။ ဉတ္တေ၊ အထံသို့။ ဂစ္ဆာမိ၊ သွားရပါအံ့။

ခမည်းတော် နှိမ်နင်းမည်

ထိုသို့ သားတော် သုတသောမမင်း အပ်နှင်းသောအခါ၌ ခမည်းတော်မင်း၏ နှလုံးသည် အလွန်ပူပြင်း၏။ ထိုခမည်းတော် မင်းကြီးသည် ချစ်သား သုတသောမ... အဘယ့်ကြောင့် ဤစကားကို ပြောဆိုဘိသနည်း၊ ငါတို့သည် အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် လူသားစားခိုးသူကို ဖမ်းယူကုန်အံ့ဟု ဆို၍ ထိုအကြောင်းကို သားတော်အား ကြားလိုရကား -

၄၂၁။ အတ္တာနုရက္ခာယ ဘဝန္တိ ဟေကေ၊
ဟတ္ထာရောဟာ ရထိကာ ပတ္တိကာ စ။
အဿာရောဟာ ယေစ ဓနုဂ္ဂဟာ၊
သေနံ ပယုဉ္ဇာမ ဟနာမ သတ္တုံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂၁။ တာတ သုတသောမ၊ ချစ်သား သုတသောမ။ ဧကေ၊ အချို့ကုန်သော ပညာရှိတို့သည်။ အတ္တာနုရက္ခာယ၊ မိမိကိုယ်ကို စောင့်ရှောက်ခြင်းငှာ။ ဘဝန္တိဟိ၊ ဖြစ်ကုန်သလျှင်ကတည်း။ ယေ ဟတ္တာရောဟာ စ၊ အကြင်ဆင်စီး သူရဲတို့သည်လည်းကောင်း။ ယေ ရထိကာ စ၊ အကြင် ရထားစီး သူရဲတို့သည်လည်းကောင်း။ ယေပတ္တိကာ စ၊ အကြင်ခြေသည် သူရဲတို့သည်လည်းကောင်း။ ယေ အဿာရောဟာ စ၊ အကြင်မြင်းစီးသူရဲတို့သည်လည်းကောင်း။ ယေ ဓနုဂ္ဂဟာ စ၊ အကြင်လေးစွဲ သူရဲတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ ဧတံ သေနံ၊ ဤစစ်သည်အပေါင်းကို။ ပယုဉ္ဇာမ၊ တိုက်စေကုန်အံ့။ သတ္တုံ၊ ရန်သူကို။ ဟနာမ၊ သတ်ကုန်အံ့။

တစ်နန်းတော်လုံး ငိုကြွေးကြပြီ

ထိုအခါ သားတော် မဟာသုတသောမမင်းကို မယ်တော်ခမည်းတော်တို့သည် မျက်ရည်ဖြင့်ပြည့်သော မျက်နှာရှိကုန်သည် ဖြစ်၍ ငိုမြည်တမ်းကုန်လျက် ချစ်သား သုတသောမ... မသွားပါလင့်၊ သွားခြင်းငှာ မရလတ္တံ့ ဟု တောင်းပန်ကုန်၏။ တစ်သောင်း ခြောက်ထောင်ကုန်သော မောင်းမတို့သည်လည်းကောင်း ကြွင်းကုန်သော အလုပ်အကျွေးတို့သည်လည်းကောင်း အရှင်မင်းကြီး... အကျွန်ုပ်တို့ကို ကိုးကွယ်ရာမရှိသည်တို့ကိုပြု၍ အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု ငိုကြွေးကုန်၏။ အလုံးစုံသောမြို့၌ တစ်စုံတစ်ယောက်သောသူသည် မိမိကိုယ်အဖြစ်ဖြင့် တည်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အချင်းတို့... သုတသောမမင်းသည် ပေါရိသာဒအား ဝန်ခံခြင်းကို ပေး၍ လာရသတတ်၊ ယခုအခါ လေးပါးကုန်သော သတာရဟ ဂါထာတို့ကို နာပြီး၍ တရားဟောပုဂ္ဂိုလ်အား ပူဇော်သက္ကာရကိုပြု၍ မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ တစ်ဖန်လည်း လူသားစားခိုးသူ၏ အထံသို့ သွားလိမ့်သတတ်ဟု မြို့အလုံးသည် တစ်ပြိုင်နက် အုတ်အုတ် ကျက်ကျက်ဖြစ်၏။

မသွား၍ မဖြစ်ပြီ

မဟာသုတသောမ မင်းသည်လည်း မယ်တော်ခမည်းတော်တို့စကားကို ကြား၍ ထိုမယ်တော် ခမည်းတော်တို့အား အကြောင်းကို ကြားလိုရကား-

၄၂၂။ သုဒုက္ကရံ ပေါရိသာဒေါ အကာသိ၊
ဇီဝံ ဂဟေတွာန အဝဿဇိ မံ။
တံ တာဒိသံ ပုဗ္ဗကိစ္စံ သရန္တော၊
ဒုဗ္ဘေ အဟံ တဿ ကထံ ဇနိန္ဒ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂၂။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော။ တာတ၊ ခမည်းတော် မင်းမြတ်။ ပေါရိသာဒေါ၊ ပေါရိသာဒသည်။ သုဒုက္ကရံ၊ အလွန်ပြုနိုင်ခဲနာသော အမှုကို။ အကာသိ၊ ပြုပေ၏။ မံ၊ အကျွန်ုပ်ကို။ ဇီဝံ ဂဟေတွာန၊ အရှင်ဖမ်းဦး၍။ အဝဿဇိ၊ လွှတ်ပေ၏။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ တံ ပုဗ္ဗကိစ္စံ၊ ထိုရှေးကျေးဇူးကို။ သရန္တော၊ အောက်မေ့သော။ အဟံ၊ အကျွန်ုပ်သည်။ တဿ၊ ထိုပေါရိသာဒအား ကထံ ဒုဗ္ဘေ၊ အသို့ပြစ်မှားအံ့နည်း။

ပေါရိသာဒထံ သွားပြီ

ထိုသုတသောမမင်းသည် မယ်တော် ခမည်းတော်တို့ကို နှစ်သိမ့်စေ၍ အို မိခင် ဖခင်တို့... သင်မိခင် ဖခင်တို့သည် အကျွန်ုပ်ကို စိုးရိမ်တော် မမူကြပါကုန်လင့်၊ အကျွန်ုပ်သည် ပြုအပ်ပြီးသော ကောင်းမှုရှိ၏။ အကျွန်ုပ်အား ကာမာဝစရ နတ်ပြည်ခြောက်ထပ် နတ်တို့၌ဖြစ်သောစည်းစိမ်ချမ်းသာကို ရခဲသည် မဟုတ်ဟု ဆို၍ မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ ကြွင်းသော ပရိသတ်ကိုလည်း နှစ်သိမ့်စေပြီး၍ ပေါရိသာဒအထံသို့ သွားလေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၄၂၃။ ဝန္ဒိတွာ သော ပိတရံ မာတရဉ္စ၊
အနုသာသေတွာ နေဂမဉ္စ ဗလဉ္စ။
သစ္စဝါဒီ သစ္စာနုရက္ခမာနော၊
အဂမာသိ သော ယတ္ထ ပေါရိသာဒေါ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

֍ ဋ္ဌ ၄၂၃။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ သော၊ ထိုသုတသောမမင်းသည်။ မာတရဉ္စ၊ မယ်တော်ကိုလည်းကောင်း။ ပိတရဉ္စ၊ ခမည်းတော်ကိုလည်းကောင်း။ ဝန္ဒိတွာ၊ ရှိခိုး၍။ နေဂမဉ္စ၊ နိဂုံးဇနပုဒ်သူ အပေါင်းကိုလည်းကောင်း။ ဗလဉ္စ၊ စစ်သည်ဗိုလ်ပါ အပေါင်းကိုလည်းကောင်း။ အနုသာသေတွာ၊ ဆုံးမပြီး၍။ သစ္စဝါဒီ၊ မှန်သောစကားကို ဆိုလေ့ရှိသော။ သော၊ ထိုသုတသောမ မင်းမြတ်သည်။ သစ္စာနုရက္ခမာနော၊ သစ္စာကို စောင့်ရှောက်လိုသည်ဖြစ်၍။ ယတ္ထ၊ အကြင်အရပ်၌။ ပေါရိသာဒေါ၊ ပေါရိသာဒသည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုအရပ်သို့။ အဂမာသိ၊ သွားလေ၏။

မဟာသုတသောမမင်းသည် ထိုညဉ့်ပတ်လုံး နန်းတော်၌သာလျှင် နေပြီး၍ မိုးသောက်သောနေ့၌ အရုဏ်တက်သောအခါ မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ မယ်တော် ခမည်းတော်တို့မှ ကြွင်းသော လူအပေါင်းကို သက်သာရာရစေ၍ မျက်ရည်စွက်စို ငိုသောမျက်နှာရှိသော အထူးထူးအပြားပြားဖြင့် ငိုကြွေးသော မင်းမောင်းမ အစရှိသော လူများအပေါင်းသည် ပို့လိုက်အပ်သည်ဖြစ်၍ မြို့နန်းမှထွက်၏။ ထိုလူအပေါင်းကို ပြန်လည်စိမ့်သောငှာ မတတ်နိုင်သည်ဖြစ်၍ ခရီး၌ လှံတံဖြင့် ဖီလာအရေးကို ငင်၍ ငါ၌ ချစ်ခြင်းသည် အကယ်၍ ရှိငြားအံ့၊ ဤအရေးကို မလွန်စေကုန်သတည်းဟု ဆို၏။ လူအများသည် သီလရှိသော ဘုန်းတန်ခိုးနှင့် ပြည့်စုံသော မင်း၏အာဏာကို လွန်ခြင်းငှာ မဝံကုန်သည်ဖြစ်၍ သည်းစွာသောအသံဖြင့် ငိုကြွေးလျက် ခြင်္သေ့မင်းကဲ့သို့ တင့်တယ်စံပယ်လျက် ကြွသွားတော်မူသော ထိုမဟာသုတသောမ မင်းမြတ်ကိုကြည့်၍ မဟာသုတသောမမင်းသည် မြင်ကောင်းရာအရပ်ကို လွန်သည်ရှိသော် တစ်ပြိုင်နက် ငိုကြွေးခြင်းကို ငိုကြွေးလျက် မြို့တွင်းသို့ ဝင်ကြလေကုန်၏။

ငါ တရားနာပြီး ပြန်ခဲ့သည်

မဟာသုတသောမမင်းသည်သည်း လာခဲ့သော ခရီးဖြင့်လျှင် ပေါရိသာဒအထံသို့ သွားလေ၏။ ထိုအခါ၌ ပေါရိသာဒသည် ဤသို့ ကြံလင့်၏။ အကယ်၍လျှင် ငါ၏ အဆွေခင်ပွန်းဖြစ်သော မဟာသုတသောမ မင်းမြတ်သည် လာလိုသည် ဖြစ်အံ့၊ လာပစေ၊ မလာလိုသည်ဖြစ်အံ့၊ နေပစေ၊ ပညောင်ပင်စောင့်နတ်မင်းသည် ငါ့အား အကြင်အမှုကို ပြုလို၏။ ထိုအမှုကို ပြုပစေ၊ ဤမင်းတို့ကိုသတ်၍ ငါးပါးသော မွန်မြတ်သောအသားဖြင့် နတ်အား ပူဇော်သောအမှုကို ပြုအံ့ ဟု ထင်းတို့ကို စုပုံပြီးလျှင် မီးညှိ၍ မီးကျီးစုသည် ဖြစ်စေဦး ဟု ထိုပေါရိသာဒသည် တံစို့တို့ကို ချွန်၍နေသောအခါ၌ သုတသောမမင်းလည်း ရောက်လာ၏။

ထိုအခါ ပေါရိသာဒသည် သုတသောမမင်းကို မြင်၍ နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ အဆွေ သုတသောမ မြို့နန်းသို့သွား၍ သင်သည် ပြုအပ်သောကိစ္စကို ပြုခဲ့ပြီလော ဟု မေး၏။ မဟာသုတသောမမင်းသည် မင်းကြီး... ငါပြုခဲ့ပြီ၊ ငါသည် ကဿပ အမည်တော်ရှိသော သဗ္ဗညူမြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်သော ဂါထာတို့ကိုနာ၍ တရားဟော ပုဂ္ဂိုလ်အားလည်း ပူဇော်သက္ကာရကို ပြုအပ်ပြီ၊ ထို့ကြောင့် မြို့နန်းသို့သွား၍ ပြုအပ်သော ကိစ္စကို ပြုအပ်ပြီးသည် မည်၏ ဟု ပြောဆို၍ အကြောင်းကို ပေါရိသာဒအားပြလိုရကား -

၄၂၄။ ကတော မယာ သင်္ဂရော ဗြာဟ္မဏေန၊
ရဋ္ဌေ သကေ ဣဿရိယေ ဌိတေန။
တံ သင်္ဂရံ ဗြာဟ္မဏ သပ္ပဒါယ၊
သစ္စာနုရက္ခီ ပုနရာဂတောသ္မိ။
ယဇဿု ယညံ ခါဒ မံ ပေါရိသာဒ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂၄။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ သကေ၊ ငါ၏ဥစ္စာဖြစ်သော။ ရဋ္ဌေ၊ တိုင်းနိုင်ငံ၌။ ဣဿရိယေ၊ မင်းအဖြစ်၌။ ဌိတေန၊ တည်သော။ မယာ၊ ငါသည်။ ဗြာဟ္မဏေန၊ နန္ဒပုဏ္ဏားနှင့်။ သဟ၊ တကွ။ ယော သင်္ဂရော၊ အကြင် အချိန်းအချက်ကို။ ကတော၊ ပြုအပ်၏။ တံ သင်္ဂရံ၊ ထိုအချိန်းအချက်ကို။ ဗြာဟ္မဏံ၊ နန္ဒပုဏ္ဏားကို။ သပ္ပဒါယ၊ ပြည့်စုံစေဦး၍။ သစ္စာနုရက္ခီ၊ သစ္စာကို စောင့်လေရှိသော ငါသည်။ ပုနရာဂတော၊ တစ်ဖန် သင့်အထံသို့ ပြန်လာသည်။ အသ္မိ၊ ဖြစ်၏။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာဒ။ မံ၊ ငါ့ကို။ ဟန္တွာ၊ သတ်၍။ ယညံ၊ ယဇ်ကို။ ယဇဿု ဝါ၊ ပူဇော်လိုလျှင်လည်း ပူဇော်လော့။ မံ၊ ငါ့ကို။ ခါဒ ဝါ၊ စားလိုမူလည်း စားလော့။

ငါ့အား တရားဟောပါ

ထိုစကားကို ကြား၍ ပေါရိသာဒသည် ဤမင်းကား မကြောက်၊ သေဘေးမှ ကြောက်ခြင်းကင်းသည်ဖြစ်၍ ဆိုဘိ၏။ ဤသို့ မကြောက်ခြင်းသည် အဘယ်တန်ခိုး အာနုဘော်နည်းဟုကြံ၍ တစ်ပါးသော ဘုန်းတန်ခိုး အာနုဘော်သည် မရှိရာ၊ ဤသုတသောမမင်းသည် “ကဿပ မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်သော ဂါထာတို့ကို ငါသည် နာအပ်ကုန်၏”ဟု ဆို၏။ ထိုဂါထာတို့၏ အာနုဘော် ဖြစ်ရာ၏။ ငါသည်လည်း ကြောက်ခြင်း မရှိသည်ဖြစ်အံ့ဟု ဆုံးဖြတ်ခြင်းကို ပြု၍ ထိုဂါထာတို့ကို နာလိုရကား-

၄၂၅။ န ဟာယတေ ခါဒိတံ မယံ ပစ္ဆာ၊
စိတကာ အယံ တာဝ သဓူမိကာဝ။
နိဒ္ဓူမကေ မစိတံ သာဓုပက္ကံ၊
သုဏောမိ ဂါထာယော သတာရဟာယော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂၅။ သမ္မသုတသောမ၊ အဆွေ သုတသောမ။ မယှံ၊ ငါ့အား။ ပစ္ဆာ၊ နောက်၌။ ခါဒိတံ၊ စားခြင်းသည်။ န ဟာယတေ၊ မယုတ်။ တာဝ၊ ရှေးဦးစွာ။ အယံစိတကာ၊ ဤထင်းစုသည်။ သဓူမိကာဝ-သဓူမိကာ ဧဝ၊ အခိုးအလျှံမရှိသည်လျှင်။ ဘဝါဟိ၊ ဖြစ်စေဦး။ နိဒ္ဓူမကေ၊ အခိုးအလျှံ မရှိသော မီးကျီးစု၌။ ပစိတံ၊ ကင်အပ်သော အမဲသည်။ သာဓုပက္ကံ၊ ကောင်းစွာ ကျက်၏။ သမ္မ သုတသောမ၊ အဆွေ သုတသောမ။ သတာရဟာ၊ သတာရဟ ဖြစ်ကုန်သော။ ဂါထာယော၊ ဂါထာတို့ကို။ သုဏောမိ၊ နာပါအံ့။

တရားနှင့် မတရားသူ မတန်

ထိုစကားကိုကြား၍ ဘုရားလောင်း သုတသောမမင်းသည် ဤပေါရိသာဒသည် ယုတ်မာသော အကျင့်ရှိ၏။ ဤပေါရိသာဒကို အတန်ငယ် နှိပ်သဖြင့် ရှက်စေလျက် ဟောအံ့ဟု ကြံ၍ နှိပ်လိုရကား-

၄၂၆။ အဓမ္မိကော တွံ ပုရိသာဒကာသိ။
ရဋ္ဌာ စ ဘဋ္ဌော ဥဒရဿ ဟေတု။
ဓမ္မဉ္စိမာ အဘိဝဒန္တိ ဂါထာ၊
ဓမ္မော စ အဓမ္မော စ ကုဟိံ သမေတိ။
၄၂၇။ အဓမ္မိကဿ လုဒ္ဒဿ၊ နိစ္စံ လောဟိတပါဏိနော။
နတ္ထိ သစ္စံ ကုတော ဓမ္မော၊
ကိံ သုတေန ကရိဿသိ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၂၆။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ တွံ၊ သင်သည်။ အဓမ္မိကော၊ တရားမစောင့်သည်ဖြစ်၍။ ပေါရိသာဒံ၊ လူသားစားခြင်းကို။ အကာသိ၊ ပြုဘိ၏။ ဥဒရဿ၊ ဝမ်း၏။ ဟေတု၊ အကြောင်းကြောင့်။ ရဋ္ဌာ စ၊ တိုင်းနိုင်ငံမှလည်း။ ဘဋ္ဌော၊ လျှောကျဆုံးရှုံး၏။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ ဣမာ ဂါထာ၊ ဤဂါထာတို့သည်။ ဓမ္မဉ္စ၊ ကိုးပါးသော လောကုတ္တရာ တရားကိုသာလျှင်။ အဘိဝဒန္တိ၊ အလွန် ဟောကုန်၏။ ဓမ္မော စ၊ သူတော်ကောင်းတို့၏ အကျင့်သည်လည်းကောင်း။ အဓမ္မော စ၊ သူယုတ်မာတို့၏ အကျင့်သည်လည်းကောင်း။ ကုဟိံ၊ အဘယ်အရပ်၌။ သမေတိ၊ ညီကြသနည်း။

֍ ဋ္ဌ ၄၂၇။ သမ္မ ပေါရိသာဒ၊ အဆွေပေါရိသာဒ။ အဓမ္မိကဿ၊ တရားမစောင့်သော။ လုဒ္ဒဿ၊ ကြမ်းကြုတ်စွာသော။ နိစ္စံ၊ အမြဲ။ လောဟိတပါဏိနော၊ လက်၌ သွေးရှိသော။ ယဿ တေ၊ အကြင် သင့်အား။ သစ္စံ၊ ဝစီသစ္စာမျှသည်လည်း။ နတ္ထိ၊ မရှိ။ ဓမ္မော၊ တရားသည်ကား။ ကုတောအတ္ထိ၊ အဘယ်မှာရှိအံ့နည်း။ သော တွံ၊ ထိုသင်သည်။ သုတေန၊ အကြားအမြင်ဖြင့်။ ကိံ ကရိဿသိ၊ အသို့ပြုအံ့နည်း။

လူသားစားတာ လူသတ်တာ ဘာထူးသလဲ

ထိုပေါရိသာဒသည် ဤသို့ သုတသောမမင်းဆိုသော်လည်း အမျက်မထွက်။ အဘယ့်ကြောင့် အမျက်မထွက်သနည်းဟူမူကား ဘုရားလောင်း မဟာသုတသောမမင်း၏ မေတ္တာကို ပွားစေခြင်း၏ များသည်၏အဖြစ်ကြောင့် အမျက်မထွက် သလျှင်ကတည်း။ ထိုအခါ သုတသောမမင်းကို ပေါရိသာဒသည် အဆွေ သုတသောမ... အသို့နည်း၊ ငါသည်သာလျှင် တရားမစောင့်သလောဟု ဆို၍ ထိုအကြောင်းကို သုတသောမမင်းအား ကြားလိုရကား-

၄၂၈။ ယော မုသဟေတု မိဂဝံ စရေယျ၊
ယော ဝါ ဟနေ ပုရိသမတ္တဟေတု။
ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ၊
ကသ္မာ နော အဓမ္မိကံ ဗြူသိ မံ တွံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂၈။ သမ္မသုတသောမ၊ အဆွေ သုတသောမ။ ယော ရာဇာ၊ အကြင်မင်းသည်။ မံသဟေတု၊ အမဲကို အလိုရှိသောကြောင့်။ မိဂဝံ၊ သမင်သို့။ စရေယျ၊ သွားရာ၏။ ယော ရာဇာ ဝါ၊ အကြင်မင်းသည်လည်း။ အတ္တဟေတု၊ မိမိအမှုကြောင့်။ ပုရိသံ၊ လူဖြစ်သော သတ္တဝါကို။ ဟနေ၊ သတ်ရာ၏။ ဥဘောပိ၊ နှစ်ပါးကုန်သော။ ရာဇာ၊ ထိုမင်းတို့သည်။ ပေစ္စ၊ တမလွန်ဘဝ၌။ သမာ၊ တူမျှကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ မံဧဝ၊ ငါ့ကိုသာလျှင်။ အဓမ္မိကံ၊ တရားမစောင့်ဟူ၍။ တွံ၊ သင်သည်။ ဗြူသိ နု၊ ဆိုဘိသနည်း။

သင် မင်းကျင့်တရား ပျက်၏

ထိုစကားကို ကြား၍ ဘုရားလောင်း မဟာသုတသောမ မင်းသည် ထိုပေါရိသာဒအယူကို ဖျက်ဆီးလိုကား-

၄၂၉။ ပဉ္စပဉ္စ န ခါ ဘက္ခာ၊ ခတ္တိယေန ပဇာနတာ။
အဘက်ခံ ရာဇ ဘက္ခေသိ၊ တသ္မာ အဓမ္မိကော တုဝံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၂၉။ ရာဇ၊ မင်းကြီး။ ပဇာနတာ၊ မင်းကျင့်တရားကိုသိသော။ ခတ္တိယေန၊ ပြည့်ရှင်မင်းသည်။ ပဉ္စပဉ္စ၊ ငါးပါး ငါးပါးကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ခါ- ခါဒိတဗ္ဗယုတ္တကာ၊ စားအပ်သည်နှင့် ယှဉ်ကုန်သော။ ဘက္ခာ၊ အစာတို့သည်။ န ဟောန္တိ၊ မဖြစ်ကုန်။ အထ၊ ထိုသို့လျက်။ တုဝံ၊ သင်သည်။ အဘက်ခံ၊ မစားအပ်သော လူသားကို။ ဘက္ခေသိ၊ စားဘိ၏။ တသ္မာ၊ ထို့ကြောင့်။ တုဝံ၊ သင်သည်။ အဓမ္မိကော၊ တရားမစောင့်သည်။ ဇာတာ၊ ဖြစ်၏။

သင် ရာဇမာယာကို မသိ

ဤသို့ ထိုပေါရိသာဒသည် နှိပ်နင်းခြင်းသို့ ရောက်လျှင် တစ်ပါးသော ကိုးကွယ်ရာကိုမမြင်၍ မိမိမကောင်းမှုကို ဖုံးလွှမ်းလိုရကား-

၄၃၀။ မုတ္တော တုဝံ ပေါရိသာဒဿ ဟတ္ထာ၊
ဂန္တွာ သကံ မန္ဒိရံ ကာမကာမီ။
အမိတ္တဟတ္ထံ ပုနရာဂတောသိ၊
န ခတ္တဓမ္မေ ကုသလောသိ ရာဇ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၃၀။ ရာဇ၊ မင်းမြတ်။ ပေါရိသာဒဿ၊ လူသား၏။ ဟတ္ထာ၊ လက်မှ။ မုတ္တော၊ လွတ်သော။ ကာမကာမီ၊ လိုချင် တောင့်တသော ကာမရှိသော။ တုဝံ၊ သင်သည်။ သကံ မန္ဒိရံ၊ မိမိနန်းတော်သို့။ ဂန္တွာ၊ သွား၍။ အမိတ္တဟတ္ထံ၊ ရန်သူ့လက်သို့။ ပုနရာဂတော၊ တစ်ဖန် လာပြန်သည်။ အသိ၊ ဖြစ်ဘိ၏။ ရာဇ၊ မင်းမြတ်။ တုဝံ၊ သင်မင်းမြတ်သည်။ ခတ္တဓမ္မေ၊ မင်းကျင့်တရားဟု ဆိုအပ်သော ရာဇမာယာ၌။ ကုသလော၊ လိမ္မာသည်။ န အသိ၊ မဖြစ်။

ရာဇမာယာဟာ ငရဲစာ

ထိုအခါ ပေါရိသာဒကို မဟာသုတသောမ မင်းသည် အဆွေပေါရိသာဒ ရာဇမာယာ၌ လိမ္မာသောသူ မည်သည်ကား ငါနှင့်တူသည် ဖြစ်ရာ၏။ ထိုစကားသည် မှန်၏။ ငါသည် ထိုရာဇမာယာကို သိ၏။ ထိုသို့ သိသော်လည်း ထိုရာဇမာယာအလို့ငှာ မကျင့် ဟု ဆို၍ ထိုအကြောင်းကို ပေါရိသာဒအား ကြားလိုရကား-

၄၃၁။ ယေ ခတ္တဓမ္မေ ကုသလာ ဘဝန္တိ၊
ပါယေန တေ နေရယိကာ ဘဝန္တိ။
တသ္မာ အဟံ ခတ္တဓမ္မံ ပဟာယ၊
သစ္စာနုရက္ခီ ပုနရာဂတောသ္မိ။
ယဇဿု ယညံ ခါဒ မံ ပေါရိသာဒ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၃၁။ သမ္မ ပေါရိသာဒ၊ အဆွေပေါရိသာဒ။ ယေ ရာဇာနော၊ အကြင်မင်းတို့သည်။ ခတ္တဓမ္မေ၊ ရာဇမာယာ၌။ ကုသာ၊ လိမ္မာကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တေ ရာဇာနော၊ ထိုမင်းတို့သည်။ ပါယေန၊ များသောအားဖြင့်။ နေရယိကာ၊ ငရဲ၌ ဖြစ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ခတ္တဓမ္မံ၊ ရာဇမာယာကို။ ပဟာယ၊ စွန့်၍။ သစ္စာနုရက္ခီ၊ သစ္စာကို စောင့်လေ့ရှိသည်ဖြစ်၍။ ပုနရာဂတော၊ တစ်ဖန်လာပြန်သည်။ အသ္မိ၊ ဖြစ်၏။ သမ္မ ပေါရိသာဒ၊ အဆွေပေါရိသာဒ။ မံ၊ ငါ့ကို။ ဟန္တွာ၊ သတ်၍။ ယညံ၊ ယဇ်ကို။ ယဇဿု ဝါ၊ ပူဇော်လိုမူလည်း ပူဇော်လော့။ ခါဒ ဝါ၊ စားလိုမူလည်း စားလော့။

သစ္စာစောင့်သိ ဘယ်ကျိုးရှိ

ထိုစကားကိုကြား၍ ပေါရိသာဒသည် သစ္စာစောင့်ခြင်း၌ အကျိုးကို သုတသောမမင်းအား မေးမြန်းလိုရကား -

၄၃၂။ ပါသာဒဝါသာ ပထဝီဂဝါဿာ။
ကာမိတ္ထိယော ကာသိကစန္ဒနဉ္စ။
သဗ္ဗံ တဟိံ လဘသိ သာမိတာယ၊
သစ္စေန ကိံ ပဿသိ အာနိသံသံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၃၂။ သမ္မ သုတသောမ၊ အဆွေသုတသောမ။ ယေ ပါသာဒဝါသာ စ၊ အကြင်နေရာ ရွှေနန်းပြာသာဒ်တို့၌လည်းကောင်း။ ယေ ပထီဂဝါဿာ စ၊ အကြင်မြေအပြင်၌ နွား မြင်းတို့သည်လည်းကောင်း။ ယာ ကာမိတ္ထိယော စ၊ အကြင်ကာမဂုဏ်၏ အကြောင်းဖြစ်သော မိန်းမတို့သည်လည်းကောင်း။ ယံ ကာသိကစန္ဒနဉ္စ၊ အကြင် ကာသိတိုင်း၌ ဖြစ်သော ပုဆိုး စန္ဒကူးနီသည်လည်းကောင်း။ ဗဟူ၊ များစွာကုန်သော။ တံ သဗ္ဗံ၊ ထိုအလုံးစုံကို။ တဟိံ၊ ထိုဣန္ဒပတ္ထနဂိုရ်မြို့၌။ သာမိတာယ၊ အစိုးရသည်၏ အဖြစ်ကြောင့်။ ပရိဘုဉ္ဇိတုံ၊ သုံးဆောင်ခြင်းငှာ။ လဘသိ၊ ရ၏။ အထ၊ ထိုသို့လျက်။ သစ္စေန၊ သစ္စာဖြင့်။ ကိံ အာနိသံသံ၊ အဘယ်အကျိုးကို။ ပဿသိ၊ သင်မြင်သနည်း။

သစ္စာတည်က နိဗ္ဗာန်ရ

မဟာသုတသောမမင်းသည် သစ္စာအကျိုးကို ထိုပေါရိသာဒအား ဟောလိုရကား-

၄၃၃။ ယေ ကေစိမေ အတ္ထိ ရသာ ပထဗျာ၊
သစ္စံ တေသံ သာဓုတရံ ရသာနံ။
သစ္စေ ဌိတာ သမဏဗြာဟ္မဏာ စ၊
တရန္တိ ဇာတိ မရဏဿ ပါရံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၃၃။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာဒ။ ပထဗျာ၊ မြေအပြင်၌။ ယေကေစိ၊ အလုံးစုံကုန်သော။ ဣမေ၊ ဤသို့ သဘောရှိကုန်သော။ ရသာ၊ အရသာတို့သည်။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ တေသံ-ရသာနံ၊ ထိုအရသာတို့ထက်။ သစ္စံ၊ သစ္စာဟူသော အရသာသည်။ သာဓုတရံ၊ ကောင်းမြတ်သော အရသာမည်၏။ သစ္စေ၊ သစ္စာတရား၌။ ဌိတာ၊ တည်ကုန်သော။ သမဏဗြာဟ္မဏာ စ၊ ရဟန်းပုဏ္ဏားတို့သည်ကား။ ဇာတိမရဏသ၊ ပဋိသန္ဓေနေခြင်း သေခြင်း၏။ ပါရံ၊ ကမ်းတစ်ဘက်သို့။ တရန္တိ၊ ကူးမြောက်နိုင်၏။

သင် သေရမှာ မကြောက်လော

ဤသို့ ထိုပေါရိသာဒအား မဟာသုတသောမ မင်းသည် သစ္စာ အကျိုးအာနိသင်ကို ဟော၏။ ထို့နောင်မှ ပေါရိသာဒသည် ပွင့်သစ်သော ကြာပဒုမ္မာ လပြည့်ဝန်းအသရေနှင့် တူသည်သာလျှင် ဖြစ်သော မဟာသုတသောမ မင်းမြတ်၏ မျက်နှာတော်ကို ကြည့်၍ ဤသုတသောမမင်းသည် မီးကျီးပုံကိုလည်းမြင်၏။ အမဲတံစို့ ချွန်သည်ကိုလည်း မြင်၏။ ထိုသုတသောမမင်းအား စိတ်၏ ထိတ်လန့်ခြင်းလည်း မရှိ၊ အသို့နည်း၊ ဤသို့ မကြောက်မလန့်ခြင်းသည် သတာရဟဂါထာ၏ အာနုဘော်လော၊ ထိုသို့ မဟုတ်မူ သစ္စာ၏ အာနုဘော်လော၊ တစ်ပါးလည်းဖြစ်သော တစ်စုံတစ်ခု၏ အာနုဘော်လောဟု ကြံ၍ ရှေးဦးစွာ ထိုသုတသောမမင်းကို ငါမေးအံ့ဟု မေးလိုရကား-

၄၃၄။ မုတ္တော တုဝံ ပေါရိသာဒဿ ဟတ္ထာ၊
ဂန္တွာ သကံ မန္ဒိရံ ကာမကာမီ။
အမိတ္တဟတ္ထံ ပုနရာဂတောသိ။
န ဟိ နူန တေ မရဏဘယံ ဇနိန္ဒ၊
အလီနစိတ္တော အသိ သစ္စဝါဒီ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၃၄။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော။ မဟာရာဇ၊ မင်းမြတ်။ ပေါရိသာဒဿ၊ လူသားစား၏။ ဟတ္ထာ၊ လက်မှ။ မုတ္တော၊ လွတ်ပြီးသော။ ကာမကာမီ၊ လိုချင်တောင့်တသော ကာမဂုဏ် ရှိသော။ တုဝံ၊ အရှင်မင်းမြတ်သည်။ သကံ မန္ဒိရ၊ မိမိနန်းတော်သို့။ ဂန္တွာ၊ သွားဦး၍။ အမိတ္တဟတ္ထံ၊ ရန်သူ့ လက်သို့။ ပုနရာဂတော၊ တစ်ဖန်ပြန်လာသည်။ အသိ၊ ဖြစ်၏။ သစ္စဝါဒီ၊ မှန်သောစကားကို ဆိုလေ့ရှိသော။ မဟာရာဇ၊ မင်းမြတ်။ တေ၊ သင်မင်းမြတ်အား။ မရဏဘယံ၊ သေဘေးမှ ကြောက်ခြင်းသည်။ န ဟိ နူ န၊ မရှိလေယောင်တကား။ အလီနစိတ္တော၊ မတွန့်မဆုတ်သော စိတ်ရှိသည်။ အသိ နု၊ ဖြစ်ယောင်တကား။

ကုသိုလ်များလို့ သေဖို့အကြောက်

ထိုစကားကို ကြား၍ ဘုရားလောင်း မဟာသုတသောမမင်းသည် ထိုပေါရိသာဒအား မိမိ မကြောက်သော အကြောင်းကို ကြားလိုရကား-

၄၃၅

ကတာ မေ ကလျာဏာ အနေကရူပါ- အစရှိသော ဤရှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၃၅။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာဒ။ မေ၊ ငါသည်။ အနေကရူပါ၊ များသောအပြား ရှိကုန်သော။ ကလျာဏာ၊ ကောင်းမှုတို့ကို။ ကတာ၊ ပြုအပ်ကုန်ပြီ။ ဝိပုလာ၊ ပြန့်ပြောကုန်သော။ ပသတ္ထာ၊ ပညာရှိ သူတော်ကောင်းတို့သည် ချီးမွမ်းအပ်ကုန်သော။ ယေ ယညာ၊ အကြင် ယဇ်တို့ကို။ ယိဋ္ဌာ၊ ပူဇော်အပ်ကုန်ပြီ။ ပရလောကဿ၊ တမလွန်လောက၏။ မဂ္ဂေါ၊ ခရီးကို။ ဝိသောဓိတော၊ ငါ သုတ်သင်အပ်ပြီ။ ဓမ္မေ၊ ကုသိုလ်တရား၌။ ဌိတော၊ တည်သော။ မာဒိသော၊ ငါနှင့်တူသော။ ကော၊ အဘယ်မည်သောသူသည်။ မရဏဿ၊ သေဘေးမှ။ ဘာယေ၊ ကြောက်ရအံ့နည်း။

֍ ဋ္ဌ ၄၃၆။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ မေ၊ ငါသည်။ အနေကရူပါ၊ များသော အပြားရှိကုန်သော။ ကလျာဏာ၊ ကောင်းမှုတို့ကို။ ကတာ၊ ပြုအပ်ကုန်ပြီ။ ဝိပုလာ၊ ပြန့်ပြောကုန်သော။ ပသတ္ထာ၊ ပညာရှိ သူတော်ကောင်းတို့သည် ချီးမွမ်းအပ်ကုန်သော။ ယေ ယညာ၊ အကြင်ယဇ်တို့ကို။ ယိဋ္ဌာ၊ ပူဇော်အပ်ကုန်ပြီ။ အနာနုတပ္ပံ၊ တစ်ဖန် စိုးရိမ်ခြင်း မရှိသည်ဖြစ်၍။ ပရလောကံ၊ တမလွန်လောကသို့။ ဂမိဿံ၊ ငါသွားအံ့။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ မံ၊ ငါ့ကို။ ဟန္တွာ၊ သတ်၍။ ယညံ၊ ယဇ်ကို။ ယဇဿု ဝါ၊ ပူဇော်လိုမူလည်း ပူဇော်လော့။ အဒ ဝါ၊ စားလိုမူလည်း စားလော့။

֍ ဋ္ဌ ၄၃၇။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ မေ၊ ငါသည်။ ပိတာ စ၊ အဖကိုလည်းကောင်း။ မာတာ စ၊ အမိကို လည်းကောင်း။ ဥပဋ္ဌိတာ၊ ရိုသေစွာ လုပ်ကျွေးအပ်ကုန်ပြီ။ မေ၊ ငါသည်။ ဓမ္မေန၊ ရာဇဓံဆယ်ပါးနှင့်အညီ။ ဣဿရိယဉ္စ၊ တိုင်းပြည်ကိုလည်း။ ပသတ္ထံ၊ ဆုံးမအပ်ပြီ။ ပရလောကဿ၊ တမလွန်လောက၏။ မဂ္ဂေါ၊ ခရီးကို။ ဝိသောဓိတော၊ သုတ်သင်အပ်ပြီ။ ဓမ္မေ၊ ကုသိုလ်တရား၌။ ဌိတော၊ တည်သော။ မာဒိသော၊ ငါနှင့်တူသော။ ကော၊ အဘယ်သူသည်။ မရဏဿ၊ သေဘေးမှ။ ဘာယေ၊ ကြောက်ပေလိမ့်နည်း။

֍ ဋ္ဌ ၄၃၈။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ မေ၊ ငါသည်။ ပိတာ စ၊ အဖကို လည်းကောင်း။ မာတာ စ၊ အမိကို လည်းကောင်း။ ဥပဋ္ဌိတာ၊ ရိုသေစွာ လုပ်ကျွေးအပ်ကုန်ပြီ။ မေ၊ ငါသည်။ ဓမ္မေန၊ ရာဇဓံဆယ်ပါးနှင့်အညီ။ ဣဿရိယံ၊ တိုင်းပြည်ကို။ ပသတ္ထံ၊ ဆုံးမအပ်ပြီ။ အနာနုတပ္ပံ၊ တစ်ဖန် စိုးရိမ်ခြင်းမရှိသည်ဖြစ်၍။ ပရလောကံ၊ တမလွန် လောကသို့။ ဂမိဿံ၊ ငါသွားအံ့။ မံ၊ ငါ့ကို။ ဟန္တွာ၊ သတ်၍။ ယညံ၊ ယဇ်ကို။ ယဇဿု ဝါ၊ ပူဇော်လိုမူလည်း ပူဇော်လော့။ အဒ ဝါ၊ စားလိုမူလည်း စားလော့။

֍ ဋ္ဌ ၄၃၉။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ မေ၊ ငါသည်။ ဉာတီသု၊ အဆွေအမျိုးတို့၌လည်းကောင်း။ မိတ္တေသု၊ အဆွေခင်ပွန်းတို့၌လည်းကောင်း။ ကာတာကာရာ၊ ကျေးဇူးပြုအပ်ကုန်ပြီ။ မေ၊ ငါသည်။ ဓမ္မေန၊ ရာဇဓံ ဆယ်ပါးနှင့် အညီ။ ဣဿရိယံ၊ တိုင်းပြည်ကို။ ပသတ္ထံ၊ ဆုံးမှအပ်ပြီ။ ပရာကဿ၊ တမလွန်လောက၏။ မဂ္ဂေါ၊ ခရီးကို။ ဝိသောဓိတော၊ သုတ်သင်အပ်ပြီ။ ဓမ္မေ၊ ကုသိုလ်တရား၌။ ဌိတော၊ တည်သော။ မာဒိသော၊ ငါနှင့်တူသော။ ကော၊ အဘယ်သူသည်။ မရဏဿ၊ သေဘေးမှ။ ဘာယေ၊ ကြောက်ရအံ့နည်း။

֍ ဋ္ဌ ၄၄၀။ သမ္မ ပေါရိသာဒ၊ အဆွေပေါရိသာဒ။ မယာ၊ ငါသည်။ ဉာတီသု၊ အဆွေအမျိုးတို့၌လည်းကောင်း။ မိတ္တေသု၊ အဆွေခင်ပွန်းတို့၌လည်းကောင်း။ ကတာကာရာ၊ ကျေးဇူးပြုအပ်ကုန်ပြီ။ မေ၊ ငါသည်။ ဓမ္မေန၊ ရာဇဓံဆယ်ပါးနှင့်အညီ။ ဣဿရိယံ၊ တိုင်းပြည်ရွာကို။ ပသတ္ထံ၊ ဆုံးမအပ်ပြီ။ အနာနုတပ္ပံ၊ တစ်ဖန် စိုးရိမ်ခြင်း မရှိသည်ဖြစ်၍။ ပရလောကံ၊ တမလွန်လောကသို့။ ဂမိဿံ၊ ငါသွားအံ့။ မံ၊ ငါ့ကို။ ဟန္တွာ၊ သတ်၍။ ယညံ၊ ယဇ်ကို။ ယဇဿု ဝါ၊ ပူဇော်လိုမူလည်း ပူဇော်လော့။ ခါဒ ဝါ၊ စားလိုမူလည်း စားလော့။

֍ ဋ္ဌ ၄၄၁။ သမ္မ ပေါရိသာဒ၊ အဆွ ပေါရိသာဒ။ မေ၊ ငါသည်။ ဗဟုဓာ၊ များသောအားဖြင့်။ ဗဟူနံ၊ များစွာကုန်သော သူတို့အား။ ဒါနံ၊ အလှူကို။ ဒိန္နံ၊ ပေးလှူအပ်ပြီ။ သမဏဗြာဟ္မဏာ စ၊ ရဟန်းပုဏ္ဏားတို့ကိုလည်း။ သန္တပ္ပိတာ၊ ရောင့်ရဲစေအပ်ကုန်ပြီ။ ပရလောကဿ၊ တမလွန်လောက၏။ မဂ္ဂေါ၊ ခရီးကို။ ဝိသောဓိတော၊ ငါ သုတ်သင်အပ်ပြီ။ ဓမ္မေ၊ ကုသိုလ်တရား၌။ ဌိတော၊ တည်သော။ မာဒိသော၊ ငါနှင့်တူသော။ ကော၊ အဘယ်သူသည်။ မရဏဿ၊ သေဘေးမှ။ ဘာယေ၊ ကြောက်ရနည်း။

֍ ဋ္ဌ ၄၄၂။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာဒ။ မေ၊ ငါသည်။ ဗဟုဓာ၊ များသောအားဖြင့်။ ဗဟူနံ၊ များစွာကုန်သော သူတို့အား။ ဒါနံ၊ အလှူကို။ ဒိန္နံ၊ ပေးလှူအပ်ပြီ။ သမဏဗြာဟ္မဏာ စ၊ ရဟန်းပုဏ္ဏားတို့ကိုလည်း သန္တပ္ပိတာ

၊ ရောင့်ရဲစေအပ်ကုန်ပြီ။ အနာနုတပ္ပံ၊ တစ်ဖန် စိုးရိမ်ခြင်း မရှိသည်ဖြစ်၍။ ပရလောကံ၊ တမလွန်လောကသို့။ ဂမိဿံ၊ ငါသွားအံ့။ မံ၊ ငါ့ကို။ ဟန္တွာ၊ သတ်၍။ ယညံ၊ ယဇ်ကို။ ယဇဿု ဝါ၊ ပူဇော်လိုမူလည်း ပူဇော်လော့။ ခါဒ ဝါ၊ စားလိုမူလည်း စားလော့။

သတာရဟ ဂါထာကို ဟောပါ

ထိုစကားကိုကြား၍ ပေါရိသာဒသည် ဤသုတသောမမင်းကြီးသည် သူတော်ကောင်းပေတည်း၊ ဉာဏ်ပညာနှင့် ပြည့်စုံ၏။ သာယာသောစကားကို ပြောတတ်၏။ အကယ်၍ ငါသည် ဤသုတသောမမင်းမြတ်ကို စားအံ့၊ ငါ၏ ဦးခေါင်းသည် ခုနစ်စိတ်ကွဲရာ၏။ ဤမြေကြီးသည်မူလည်း နှစ်ဖြာကွဲ၍ ငါ့ကို မျိုချေရာ၏ဟု ကြောက်ထိတ်လန့်သည်ဖြစ်၍ အဆွေ သုတသောမ မင်းမြတ်... ငါသည် သင်မင်းမြတ်ကို စားအပ်သော သဘောရှိသည် မဖြစ်ဟု ဆို၍ ထိုအကြောင်းကို မဟာသုတသောမ မင်းကြီးအား ကြားလိုရကား-

၄၄၃။ ဝိသံ ပဇာနံ ပုရိသော အဒေယျ၊
အာသိဝိသံ ဇလိတမုဂ္ဂတေဇံ။
မုဒ္ဓါပိ တဿ ဖလေယျ သတ္တဓာ၊
ယော တာဒိသံ သစ္စဝါဒိံ အဒေယျ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၄၃။ သမ္မသုတသောမ၊ အဆွေ သုတသောမ။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ပဇာနံ-ပဇာနန္တော၊ သိလျက်။ ဝိသံ၊ လတ်တလော သေစေတတ်သော အဆိပ်ကို။ အဒေယျ၊ စားငြားအံ့။ ယော ပုရိသော၊ အကြင်ယောကျ်ားသည်။ ဇလိကံ၊ အဆိပ်တန်ခိုးဖြင့် ပြောင်ပြောင်တောက်သော။ ဥဂ္ဂတေဇံ၊ ထက်သော တန်ခိုးရှိသော။ အာသီဝိသံ၊ လျင်သော အဆိပ်ရှိသောမြွေကို။ ဂဏှေယျ၊ ကိုင်ငြားအံ့။ သောပုရိသော၊ ထိုယောက်ျားသည်။ အဝဿံ၊ မချွတ်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပါပုဏေယျ၊ ရောက်ရာ၏။ ယော၊ အကြင်သူသည်။ သစ္စဝါဒိံ၊ မှန်သောစကားကိုဆိုလေ့ ရှိသော။ တာဒိသံ၊ သင်မင်းကြီးကဲ့သို့သော သူကို။ ခါဒေယျ၊ စားငြားအံ့။ တဿ၊ ထိုသူ၏။ မုဒ္ဓါပို၊ ဦးခေါင်းသည်လည်း။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလေယျ၊ ကွဲရာ၏။

ဤသို့လျှင် ထိုပေါရိသာဒသည် ဘုရားလောင်း မဟာသုတသောမမင်းကို လတ်တလော သေစေတတ်သော အဆိပ်နှင့်တူသည်ကို ပြု၍ အဘယ်သူသည် သင့်ကို စားလတ္တံ့နည်း ဟု ဆို၍ ထိုသတာရဟ ဂါထာတို့ကို နာလိုသည်ဖြစ်၍ မဟာသုတသောမမင်းကို တောင်းပန်သဖြင့် ထိုသုတသောမမင်းသည် တရား၌ ရိုသေခြင်းကို ဖြစ်စိမ့်သောငှာ အဆွေပေါရိသာဒ... သင်သည် ဤသို့ သဘောရှိကုန်သော အပြစ်မရှိကုန်သော ဂါထာတို့၏ တည်ရာမဟုတ်ဟု ပယ်သော်လည်း ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ဤသုတသောမ မင်းနှင့်တူသော ပညာရှိမည်သည် မရှိ၊ ဤသုတသောမမင်းသည် ငါ၏လက်မှ လွတ်သဖြင့် သွားလေ၍ ထိုဂါထာတို့ကို နာပြီးလျှင် တရားဟောပုဂ္ဂိုလ်အား ပူဇော်သက္ကာရပြု၍ မိမိနဖူးပြင်ဖြင့် သေစာကိုယူ၍ တစ်ဖန် ငါ၏အထံသို့ လာပြန်၏။ ထိုဂါထာတို့သည် အလွန် ကောင်းမြတ်သော သဘောရှိသည် ဖြစ်ကုန်လတ္တံ့ ဟု လွန်စွာ တရားနာခြင်း၌ ကောင်းစွာဖြစ်သော ရိုသေခြင်းရှိသည်ဖြစ်၍ ထိုသုတသောမမင်းကို တောင်းပန်လိုရကား-

၄၄၄။ သုတွာ ဓမ္မံ ဝိဇာနန္တိ၊ နရာ ကလျာဏ ပါပကံ။
အပိ ဂါထာ သုဏိတွာန၊ ဓမ္မေ မေ ရမတေ မနော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၄၄။ သမ္မသုတသောမ၊ အဆွေ သုတသောမ။ နရာ၊ လူတို့သည်။ ဓမ္မံ၊ တရားကို။ သုတွာ၊ နာကုန်ပြီး၍။ ကလျာဏ ပါပကံ၊ ကောင်းသည် မကောင်းသည်ကို။ ဝိဇာနန္တိ၊ သိရကုန်၏။ ဂါထာ၊ ဂါထာကို။ သုဏိတွာန၊ နာရသောကြောင့်။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ ဓမ္မေ၊ တရား၌။ အပိ ရမတေ၊ မွေ့လျော်ငြားအံ့လည်း မသိ။ ဝါ၊ မွေ့လျော်စေနိုင်တန်ရာ၏။

ထိုသို့ တောင်းပန်သောအခါ မဟာသုတသောမ မင်းသည် ယခုအခါ ပေါရိသာဒသည် နာလိုပြီ၊ ဟောအံ့ ဟု ကြံ၍ အဆွေ ပေါရိသာဒ ထိုသို့ဖြစ်သော်ကား ကောင်းစွာ နာလော့ ဟု ထိုပေါရိသာဒကို နားထောင်စေ၍ နန္ဒပုဏ္ဏားသည် ဟောအပ်သောနည်းဖြင့်လျှင် ဂါထာတို့ကို ချီးမွမ်းခြင်းကိုပြုသဖြင့် ကာမာဝစရ နတ်ပြည် ခြောက်ထပ်တို့၌ တစ်ပြိုင်နက် အုတ်အုတ် ကျက်ကျက်ပြု၍ နတ်တို့သည် ကောင်းချီးပေးကုန်သည်ရှိသော် ဘုရားလောင်း မဟာသုတသောမမင်းသည် ထိုပေါရိသာဒအား ဟောလိုရကား-

၄၄၅။ သကိဒေဝ မဟာရာဇ၊ သဗ္ဘိ ဟောတိ သမာဂမော။
သာ နံ သင်္ဂတိ ပါလေတိ၊ နာသဗ္ဘိ ဗဟုသင်္ဂမော။
၄၄၆။ သဗ္ဘိရေဝ သမာသေထ၊ သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ။
သတံ သဒ္ဓမ္မမညာယ၊
သေယျော ဟောတိ န ပါပိယော။
၄၄၇။ ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊
အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊
သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။
၄၄၈။ န ဘဉ္စ ဒူရေ ပထဝီ စ ဒူရေ၊
ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ဝဒန္တိ၊
သတဉ္စ ဓမ္မော အသတဉ္စ ရာဇ။

ဟူသော ဤလေးဂါထာတို့ကို ဟော၏။

֍ ဋ္ဌ ၄၄၅။ မဟာရာဇ၊ မင်းမြတ်။ သဗ္ဘိ၊ သူတော်ကောင်းတို့နှင့်။ သကိဒေဝ၊ တစ်ကြိမ်သာလျှင်။ ယော သမာဂမော၊ အကြင်ပေါင်းဖော်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ သာ သင်္ဂတိ၊ ထိုသို့ ပေါင်းဖော်ခြင်းသည်။ နံ၊ ထိုသူကို။ ပါလေတိ၊ စောင့်ရှောက်ပေ၏။ အသဗ္ဘိ၊ သူတော်မဟုတ် သူယုတ်မာတို့နှင့်။ ဗဟု၊ အကြိမ်များစွာ။ ယော သင်္ဂမော၊ အကြင်ပေါင်းဖော်ခြင်းသည်။ နံ၊ ထိုသူကို။ န ပါလေတိ၊ မစောင့်ရှောက်။

֍ ဋ္ဌ ၄၄၆။ ရာဇ၊ မင်းမြတ်။ သဗ္ဘိရေဝ၊ သူတော်ကောင်းတို့နှင့်သာလျှင်။ သမာသေထ၊ ပေါင်းဖော်ကုန်ရာ၏။ သဗ္ဘိ၊ သူတော်ကောင်းတို့နှင့်။ သန္ထဝံ၊ ပေါင်းဖော်ခြင်းကို။ ကုဗ္ဗေထ၊ ပြုကုန်ရာ၏။ သတံ၊ ဘုရားအစရှိသော ပညာရှိတို့၏။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ အညာယ၊ သိ၍။ သေယျော၊ အထူးသဖြင့် မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ပါပိယော၊ ယုတ်မာသည်။ န ဟောတိ၊ မဖြစ်ရာ။

֍ ဋ္ဌ ၄၄၇။ ရာဇ၊ မင်းမြတ်။ သုစိတ္တာ၊ ကောင်းစွာ ဆန်းကြယ်ကုန်သော။ ရာဇရထာ၊ မင်းစီးရထားတို့သည်။ ဝေ၊ စင်စစ်။ ဇီရန္တိ၊ ဆွေးမြေ့ ပျက်စီးတတ်ကုန်၏။ အထော၊ ထိုမှတပါး။ သရီရမ္ပိ၊ ခန္ဓာကိုယ်သည်လည်း။ ဇရံ၊ အိုခြင်းသို့။ ဥပေတိ၊ ရောက်တတ်၏။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော စ၊ နိဗ္ဗာန်တရားသည်ကား။ ဇရံ၊ အိုခြင်းသို့။ န ဥပေတိ၊ မရောက်။ သန္တော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ သဗ္ဘိ၊ နိဗ္ဗာန်တရားကို။ ဟဝေ၊ စင်စစ်။ ပဝေဒယန္တိ၊ ချီးမွမ်းကုန်၏။

֍ ဋ္ဌ ၄၄၈။ ရာဇ၊ မင်းမြတ်။ နဘဉ္စ၊ ကောင်းကင်သည်လည်း။ ဒူရေ၊ မြေနှင့်ဝေး၏။ ပထဝီ စ၊ မြေသည်လည်း။ ဒူရေ၊ ကောင်းကင်နှင့် ဝေး၏။ သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။ ယံ ပရံ၊ အကြင် ကမ်းတစ်ဖက်သည်။ အတ္ထိ၊ ရှိ၏။ တံပါရံ၊ ထိုကမ်းတစ်ဖက်ကို။ ဒူရေ၊ ဝေး၏ဟူ၍။ အာဟု၊ ဆိုကုန်၏။ တတော၊ ထိုကောင်းကင်နှင့် မြေ သမုဒ္ဒရာကမ်းတစ်ဖက် ဝေးသောထက်။ ဟဝေ၊ စင်စစ်။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော စ၊ တရားသဘောသည်လည်းကောင်း။ အသတံ၊ သူဘော်မဟုတ် သူယုတ်မာတို့၏။ ဓမ္မော စ၊ တရားသဘောသည်လည်းကောင်း။ ဒူရတရံ၊ အလွန်ဝေး၏ဟူ၍။ ဝဒန္တိ၊ ဆိုကုန်၏။

လိုသောဆု ၄-ခု ပေးပြီ

ထိုပေါရိသာဒအား သုတသောမမင်းသည် ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊ မိမိပညာရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ထိုဂါထာတို့ကို သဗ္ဗညူ မြတ်စွာဘုရားသည် ဟောတော်မူသကဲ့သို့တကားဟု ကြံဆင်ခြင်သော ထိုပေါရိသာဒ၏ ကိုယ်အလုံးသည် ငါးပါးအပြားရှိသော ပီတိဖြင့်ပြည့်၏။ မဟာသုဘသောမမင်း၌ နူးညံ့သော စိတ်ရှိသည်ဖြစ်၏။ ထီးဖြူကို ပေးတတ်သော အဖကဲ့သို့ မဟာသုတသောမမင်းကို ထင်မှတ်၏။ ထိုပေါရိသာဒသည် ငါသည် မဟာသုတသောမမင်းအား ပေးအပ်သော တစ်စုံတစ်ခုသော ရွှေ ငွေကို မမြင်၊ ထိုမဟာသုတသောမမင်းအား တစ်ဂါထာ တစ်ဂါထာဖြင့် တစ်ပါး တစ်ပါးစီသော ဆုကို ပေးအံ့ဟုကြံ၍ ဆုကိုပေးလိုရကား-

၄၄၉။ ဂါထာ ဣမာ အတ္ထဝတီ သုဗျဉ္ဇနာ၊
သုဘာသိတာ တုယှ ဇနိန္ဒ သုတွာ။
အာနန္ဒိ ဝိတ္တော သုမနာ ပတီတော၊
စတ္တာရိ တေ သမ္မ ဝရေ ဒဒါမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၄၉။ ဇနိန္ဒ၊ လူတကာတို့ကို အစိုးရတော်မူသော။ သမ္မသုတသောမ၊ အဆွေသုတသောမ။ အတ္ထဝတီ၊ ကောင်းသော အနက်ရှိကုန်သော။ သုဗျဉ္ဇနာ၊ ကောင်းသော သဒ္ဒါရှိကုန်သော။ တုယှံ၊ သင်သည်။ သုဘာသိတာ၊ ကောင်းစွာဟောအပ်ကုန်သော။ ဣမာဂါထာ၊ ဤဂါထာတို့ကို။ သုတွာ၊ နာရ၍။ အာနန္ဒိ၊ ဝမ်းမြောက်ခြင်း ရှိသော။ ဝိတ္တော၊ နှစ်သက်ခြင်းရှိသော။ သုမနော၊ ရွှင်လန်းသောစိတ်ရှိသော။ ပတီတော၊ ဝမ်းမြောက်ခြင်းရှိသော။ သော အဟံ၊ ထိုငါသည်။ တေ၊ သင့်အား။ စတ္တာရိ၊ လေးပါးကုန်သော။ ဝရေ၊ ဆုတို့ကို။ ဒဒါမိ၊ ပေး၏။

နှုတ်ဆု ပေးမှာလား

ထိုအခါပေါရိသာဒကို မဟာသုတသောမ မင်းသည် အချင်းပေါရိသာဒ သင်သည် အဘယ်မည်သောဆုကို ပေးအံ့နည်းဟု ကြိမ်းမောင်းလိုရကား-

၄၅၀။ ယော နာတ္တနော မရဏံ ဗုဇ္ဈသိ တုဝံ၊
ဟိတာဟိတံ ဝိနိပါတဉ္စ သဂ္ဂံ။
ဂိဒ္ဓေါ ရသေ ဒုစ္စရိတေ နိဝိဋ္ဌော၊
ကိံ တွံ ဝရံ ဒဿသိ ပါပဓမ္မ။
၄၅၁။ အဟဉ္စ တံ ဒေဟိ ဝရန္တိ ဝဇ္ဇံ၊
တွံစာပိ ဒတွာ န အဝါကရေယျ။
သန္ဒိဋ္ဌိကံ ကလဟ မိမံ ဝိဝါဒံ၊
ကော ပဏ္ဍိတော ဇာန မုပဗ္ဗဇေယျ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၅၀။ ပါပဓမ္မ၊ ယုတ်မာသောအကျင့်ရှိသော။ သမ္မ ပေါရိသာဒ၊ အဆွေပေါရိသာဒ။ ယော တုဝံ၊ အကြင် သင်သည်။ အတ္တနော၊ မိမိ၏။ မရဏံ၊ သေခြင်းကို။ န ဗုဇ္ဈသိ၊ မသိ။ ဟိတာဟိတဉ္စ၊ အစီးအပွား ရှိသည် မရှိသည်ကို လည်းကောင်း။ ဝိနိပါတဉ္စ၊ အပါယ်ငရဲသို့ ကျဖို့ရာကို လည်းကောင်း။ သဂ္ဂဉ္စ၊ နတ်ရွာကိုလည်းကောင်း။ န ဗုဇ္ဈသိ၊ မသိ။ ရသေ၊ လူသားအရသာ၌။ ဂိဒ္ဓေါ၊ တပ်မက်သော။ ဒုစ္စရိတေ၊ မကောင်းသောအကျင့်၌။ နိဝိဋ္ဌော၊ တည်သော။ သော တွံ၊ ထိုသင်သည်။ ကိံ ဝရံ၊ အဘယ်ဆုကို။ ဒဿသိ၊ ပေးအံ့နည်း။

֍ ဋ္ဌ ၄၅၁။ ပါပဓမ္မ၊ ယုတ်မာသောအကျင့်ရှိသော။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာဒ။ အဟဉ္စ၊ ငါအားလည်း။ ဝရံ၊ ဆုကို။ ဒေဟိ၊ ပေးလော့။ ဣတိ၊ ဤသို့။ တံ၊ သင့်ကို။ ဝဇ္ဇံ၊ ဆိုချေအံ့။ တွဉ္စာပိ၊ သင်သည်လည်း။ ဒတွာ၊ နှုတ်ဖြင့်ပေးဦး၍။ န အဝါကရေယျ၊ တောင်းတိုင်းမပေးအံ့။ သန္ဒိဋ္ဌိကံ၊ မျက်မှောက်၌ဖြစ်သော။ ကလဟံ၊ တွန့်တိုခြင်း ရှိသော။ ဣမံ ဝိဝါဒံ၊ ဤငြင်းခုံရာသို့။ ကော ပဏ္ဍိတော၊ အဘယ်အမည်ရှိသော ပညာရှိသည်။ ဇာနိ၊ အကယ်မလွဲသဖြင့်။ ဥပဗ္ဗဇေယျ၊ ကပ်၍ ဖြေလာပေအံ့နည်း။

ထို့နောင်မှ ပေါရိသာဒသည် ဤသုတသောမမင်းသည် ငါ့ကို မယုံကြည်၊ ထိုသုတသောမမင်းကို ယုံကြည်စေအံ့ ဟု ဝန်ခံလိုရကား-

၄၅၂။ န တံ ဝရံ အရဟတိ ဇန္တု ဒါတုံ၊
ယံ ဝါပိ ဒတွာ န အဝါကရေယျ။
ဝရဿု သမ္မ အဝိကမ္ပမာနော၊
ပါဏံ စဇိတွာနပိ ဒဿမေဝ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅၂။ ခတ္တိယ၊ ရေမြေ့ရှင်ဖြစ်တော်မူသော။ သမ္မသုတသောမ၊ အဆွေသုတသောမ။ ယော ဇန္တု၊ အကြင်သူသည်။ ယံ ဝရံ၊ အကြင်ဆုကို။ ဒတွာပိ၊ ပေးပြီးလျက်လည်း။ န အဝါကရေယျ၊ တောင်းတိုင်းမပေးအံ့။ သော ဇန္တု၊ ထိုသူသည်။ တံ ဝရံ၊ ထိုဆုကို။ ဒါတုံ၊ ပေးခြင်းငှာ။ န အရဟတိ၊ မထိုက်။ သမ္မ၊ အဆွေသုတသောမ။ အဝိကမ္ပမာနော၊ တွန့်တိုခြင်းမရှိသည်ဖြစ်၍။ ဝရဿု၊ ယူလော့။ ပါဏံ၊ အသက်ကို။ စဇိတွာနပိ၊ စွန့်၍လည်း။ ဒဿံ ဧဝ၊ ပေးအံ့သလျှင်ကတည်း။

(၁) အနှစ်တစ်ရာ အသက်ရှည်ပါစေ

ထိုအခါ မဟာသုတသောမမင်းသည် ဤပေါရိသာဒသည် အလွန်လျှင် ရဲရင့်သည် ဖြစ်၍ဆို၏။ ငါ၏ စကားကို လိုက်နာအံ့၊ ဆုကိုယူအံ့၊ အကယ်၍ကား လူသားကို မစားအပ်ဟု ရှေးဦးစွာလျှင် မြစ်ချေအံ့၊ အလွန်လျှင် ပင်ပန်းလတ္တံ့၊ ရှေးဦးစွာ တစ်ပါးကုန်သော သုံးပါးသောဆုတို့ကို ယူဦး၍ နောက်မှ လူသားကို စားခြင်းမှ ကြဉ်ရှောင်ခြင်း ဟူသော ထိုဆုကို ယူအံ့ဟုကြံ၍ ဆုကို ယူလိုရကား-

၄၅၃။ အရိယဿ အရိယေန သမေတိ သချံ။
ပညဿ ပညာဏဝတာ သမေတိ။
ပဿေယျ တံ ဝဿသတံ အရောဂံ၊
ဧတံ ဝရာနံ ပဌမံ ဝရာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅၃။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ အရိယဿ၊ မြတ်သူ၏။ အရိယေန၊ မြတ်သောသူနှင့်။ သချံ၊ အဆွေခင်ပွန်းသဘောသည်။ သမေတိ၊ ညီကြ၏။ ပညဿ၊ ဉာဏ်ပညာနှင့် ပြည့်စုံသောသူ၏။ ပညာဏဝတာ၊ ဉာဏ်ပညာနှင့် ပြည့်စုံသောသူနှင့်။ သချံ၊ အဆွေခင်ပွန်း သဘောသည်။ သမေတိ၊ ညီကြ၏။ သမ္မ ပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ဝဿသတံ၊ အနှစ်တစ်ရာပတ်လုံး။ အရောဂံ၊ အနာမရှိသည်၏ အဖြစ်ကို။ ပဿယျံ၊ မြင်ချင်ပါ၏။ ဝရာနံ၊ သင်ပေးအပ်သော ဆုလေးပါးတို့တွင်။ ပဌမံ၊ ရှေးဦးစွာသော။ ဧတံဝရံ၊ ဤဆုကို။ ဝရာမိ၊ ယူ၏။

အသက် ၁၀၀ ရှည်စေ

ပေါရိသာဒသည်လည်း ထိုစကားကို ကြား၍လျှင် ဤ သုတသောမ မင်းသည် စည်းစိမ်ချမ်းသာကို ဖျက်ဆီး၍ ယခုအခါ လူသားကိုစားလိုသော ဤသို့များစွာသော အကျိုးစီးပွားမဲ့ကို ပြုတတ်သော ခိုးသူကြီးဖြစ်သော ငါ၏အသက်ကို အလိုရှိဘိ၏။ အံ့ဖွယ်ရှိစွ၊ ငါ၏အစီးအပွားကို အလိုရှိပေစွတကားဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ သုတသောမမင်းသည် လှည့်ပတ်၍ ဆုယူသောအဖြစ်ကို မသိသည်ဖြစ်၍ သုတသောမမင်းအား ထိုဆုကို ပေးလိုရကား-

၄၅၄။ အရိယဿ အရိယေန သမေတိ သချံ။
ပညဿ ပညာဏဝတာ သမေတိ။
ပဿာသိ မံ ဝဿသတံ အရောဂံ၊
ဧတံ ဝရာနံ ပဌမံ ဒဒါမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅၄။ သမ္မသုတသောမ၊ အဆွေ သုတသောမ။ အရိယဿ၊ မြတ်သောသူ၏။ အရိယေန၊ မြတ်သောသူနှင့် သချံ၊ အဆွေခင်ပွန်းသဘောသည်။ သမေတိ၊ ညီကြ၏။ ပညဿ၊ ဉာဏ်ပညာနှင့် ပြည့်စုံသောသူ၏။ ပညာဏဝတာ၊ ဉာဏ်ပညာနှင့် ပြည့်စုံသောသူနှင့်။ သချံ၊ အဆွေခင်ပွန်း သဘောသည်။ သမေတိ၊ ညီကြ၏။ သမ္မ၊ အဆွေသုတသောမ။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ဝဿသတံ၊ အနှစ်တစ်ရာပတ်လုံး။ အရောဂံ၊ အနာမရှိသည်၏ အဖြစ်ကို။ ပဿာသိ၊ မြင်လော့။ ဝရာနံ၊ ငါပေးအပ်သော

ဆုလေးပါးတို့တွင်။ ပဌမံ၊ ရှေးဦးသော။ ဧတံ ဝရံ၊ ဤဆုကို။ ဒဒါမိ၊ ငါပေး၏။

(၂) ဖမ်းထားသော မင်းတို့ကို လွှတ်ပါ

ထို့နောင်မှ မဟာသုတသောမမင်းသည် တစ်ပါးသော ဆုကို ယူပြန်လိုရကား-

၄၅၅။ ယေ ခတ္တိယာသေ ဣဓ ဘူမိပါလာ၊
မုဒ္ဓါဘိသိတ္တာ ကတနာမဓေယျာ။
န တာဒိသေ ဘူမိပတီ အဒေသိ၊
ဧတံ ဝရာနံ ဒုတိယံ ဝရာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅၅။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ ဣဓ၊ ဤအရပ်၌။ ဘူမိပါလာ၊ ရေမြေကို အစိုးရကုန်သော။ မုဒ္ဓါဘိသိတ္တာ၊ ထိပ်၌ အဘိသိက် သွန်းအပ်ကုန်ပြီးသော။ ကတနာမဓေယျာ၊ မှည့်အပ်သော အမည်အထူးရှိကုန်သော။ ယေ ခတ္တိယာ၊ အကြင်မင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ တာဒိသေ၊ ထိုသို့ သဘောရှိကုန်သော။ တေ ဘူမိပတီ၊ ထိုမင်းတို့ကို။ န အဒေသိ၊ မစားပါလင့်။ ဝရာနံ၊ လေးပါးသော ဆုတို့တွင်။ ဒုတိယံ၊ နှစ်ခုမြောက် ဖြစ်သော။ ဧတံ ဝရံ၊ ဤဆုကို။ ဝရာမိ၊ ယူပါ၏။

မင်း ၁၀၀တို့ကို လွှတ်မည်

ဤသို့လျှင် မဟာသုတသောမမင်းသည် နှစ်ခုမြောက်သော ဆုကို ယူသည်ရှိသော် အရာမကကုန်သော မင်းတို့၏ အသက်ရှင်ခြင်းဆုကို ယူတော်မူ၏။

ပေါရိသာဒသည်လည်း ထိုသုတသောမမင်းအား ဆုပေးလိုရကား-

၄၅၆။ ယေ ခတ္တိယာသေ ဣဓ ဘူမိပါလာ၊
မုဒ္ဓါဘိသိတ္တာ ကတနာမဓေယျာ။
န တာဒိသေ ဘူမိပတီ အဒေမိ၊
ဧတံ ဝရာနံ ဒုတိယံ ဒဒါမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅၆။ သမ္မသုတသောမ၊ အဆွေ သုတသောမ။ ဣဓ၊ ဤအရပ်၌။ ဘူမိပါလာ၊ ရေမြေကို အစိုးရကုန်သော။ မုဒ္ဓါဘိသိတ္တာ၊ ထိပ်၌ အဘိသိက် သွန်းအပ်ကုန်ပြီးသော။ ကတနာမဓေယျာ၊ မှည့်အပ်ပြီးသော အမည်ထူးရှိကုန်သော။ ယေ ခတ္တိယာ၊ အကြင်မင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ တာဒိသေ၊ ထိုသို့ သဘောရှိကုန်သော။ တေ ဘူမိပတီ၊ ထိုမင်းတို့ကို။ န အဒေမိ၊ ငါ မစားပြီ။ ဝရာနံ၊ လေးပါးသော ဆုတွင်။ ဒုတိယံ၊ နှစ်ခုမြောက်သော။ ဧတံ ငရံ၊ ဤဆုကို။ ဒဒ့မိ၊ ငါပေး၏။

(၃) မင်း ၁၀၀တို့ကို ပြန်ပို့ပါ

အသို့နည်း။ ထိုအရာမကကုန်သော မင်းတို့သည် မဟာသုတသောမမင်း ပေါရိသာဒတို့၏ စကားပြောဟာကြသော အသံကို ကြားကုန်သလော၊ မကြားကုန်သလောဟူမူ အလုံးစုံကို မကြားကုန်။ ထိုစကားသည် မှန်၏။ ပေါရိသာဒသည် ပညောင်ပင်ကို မီးခိုးလျှံဖြင့် နှိပ်စက်မည် စိုးသောကြောင့် အဝေးသို့သွား၍ မီးကိုညှိ၏။ မီးပုံကြီး၏ လည်းကောင်း။ ပညောင်ပင်၏ လည်းကောင်း အလယ်၌ နေ၍ မဟာသုတသောမ မင်းသည် ထိုပေါရိသာဒနှင့်တကွ စကားပြော၏။ ထို့ကြောင့် အလုံးစုံသောစကားကို မကြားမူ၍ ထက်ဝက် ထက်ဝက်သော စကားကိုသာလျှင် ကြားရကုန်၏။ ထိုအရာမကကုန်သော မင်းတို့သည် ယခုအခါ မဟာသုတသောမ မင်းမြတ်သည် ပေါရိသာဒကို ဆုံးမလတ္တံ့၊ မကြောက်ကြကုန်လင့်ဟု အချင်းချင်း သက်သာရာကို ရစေကုန်၏။ ထိုခဏ၌ မဟာသုတသောမမင်းသည် တစ်ပါးသော ဆုကို ယူပြန်လိုရကား -

၄၅၇။ ပရောသတံ ခတ္တိယာ တေ ဂဟိတာ၊
တလာဝုတာ အဿုမုခ ရုဒန္တာ။
သကေ တေ ရဋ္ဌေ ပဋိပါဒယာဟိ၊
ဧတံ ဝရာနံ တတိယံ ဝရာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅၇။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာ။ တေ တယာ၊ သင်သည်။ ဂဟိတာ၊ ဖမ်းယူအပ်ကုန်သော။ တလာဝုတာ၊ ကြိုးဖြင့် သီအပ်သော လက်ဝါးပြင်ရှိကုန်သော။ ဝါ၊ လက်ဝါးပြင်ကိုဖောက်၍ ကြိုးဖြင့်သီအပ်ကုန်သော။ အဿုမုခ၊ မျက်ရည်ဖြင့် ပြည့်သော မျက်နှာရှိကုန်သော။ ရုဒန္တာ၊ ငိုကုန်သော။ ပရောသတံ၊ အရာမကကုန်သော။ ယေ ခတ္တိယာ၊ အကြင်မင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ခတ္တိယေ၊ ထိုမင်းတို့ကို။ သကေ၊ မိမိဥစ္စာ ဖြစ်ကုန်သော။ ရဋ္ဌေ၊ တိုင်းပြည်တို့သို့။ ပဋိပါဒယာဟိ၊ ပို့ပါလော့။ ဝရာနံ၊ သင်ပေးအပ်သော ဆုလေးပါးတို့တွင်။ တတိယံ၊ သုံးခုမြောက်ဖြစ်သော။ ဧတံ ဝရံ၊ ဤဆုကို။ ဝရာမိ၊ ယူပါ၏။

ပြန်ပို့ပေးပါမည်

ဤသို့လျှင် မဟာသုတသောမမင်းသည် သုံးခုမြောက်ဖြစ်သောဆုကို ယူသည်ရှိသော် ထိုမင်းတို့ကို မိမိတို့ တိုင်းပြည်တို့သို့ ပိုအပ်သောဆုကို ယူတော်မူ၏။ အဘယ့်ကြောင့် ဤဆုကို ယူတော်မူသနည်း ဟူမူကား ထိုပေါရိသာဒသည် မစားသော်လည်း ဘေးရန်ကို ကြောက်သောကြောင့် ထိုအလုံးစုံသောမင်းတို့ကို ကျွန်ပြု၍ တော၌သာလျှင် နေစေရာ၏။ သတ်၍မူလည်း စွန့်ပစ်ရာ၏။ ရပ်စွန်ပြည်နားသို့ ဆောင်ယူ၍မူလည်း ရောင်းချရာ၏။ ထို့ကြောင့် ထိုမင်းတို့အား မိမိတိုင်းပြည်တို့သို့ ပို့ဆောင်စိမ့်သောဆုကို ယူ၏။ ပေါရိသာဒသည်လည်း ထိုသုတမမင်းအား ဆုကို ပေးလိုရကား-

၄၅၈။ ပရောသတံ ခတ္တိယာ မေ ဂဟိတာ၊
တလာဝုတာ အဿုမုခါ ရုဒန္တာ။
သကေ တေ ရဋ္ဌေ ပဋိပါဒယာမိ၊
ဧတံ ဝရာနံ တတိယံ ဒဒါမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅၈။ သမ္မသုတသောမ၊ အဆွေသုတသောမ။ မေ၊ ငါသည်။ ဂဟိတာ၊ ဖမ်းယူအပ်ကုန်သော။ တလာဝုတာ၊ လက်ဝါးပြင်၌ ကြိုးဖြင့် သီအပ်ကုန်သော။ အဿုမုခါ၊ မျက်ရည်ဖြင့်ပြည့်သော မျက်နှာရှိကုန်သော။ ရုဒန္တာ၊ ငိုကုန်သော။ ပရောသတံ၊ အရာမကကုန်သော။ ယေ ခတ္တိယာ၊ အကြင်မင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ခတ္တိယေ၊ ထိုမင်းတို့ကို။ သကေ၊ မိမိတို့၏ ဥစ္စာဖြစ်ကုန်သော။ ရဋ္ဌေ၊ တိုင်းပြည်တို့သို့။ ပဋိပါဒယာမိ၊ ပို့ပါအံ့။ ဝရာနံ၊ ပေးအပ်သော ဆုလေးပါးတို့တွင်။ တတိယံ၊ သုံးခုမြောက် ဖြစ်သော။ ဧတံ ဝရံ၊ ဤဆုကို။ ဒဒါမိ၊ ပေး၏။

(၄) လူသားစား ရှောင်ကြဉ်ပါ

ထို့နောင်မှ မဟာသုတသောမ မင်းသည်လည်း လေးခုမြောက်ဖြစ်သောဆုကို ယူလိုရကား-

၄၅၉။ ဆိဒ္ဒံ တေ ရဋ္ဌံ ဗျထိတာ ဘယာဟိ၊
ပုထူ နရာ လေဏမနုပ္ပဝိဋ္ဌာ။
မနုဿမံသံ ဝိရမေဟိ ရာဇ၊
တံ ဝရာနံ စတုတ္ထံ ဝရာမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၅၉။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာဒ။ ပေါရိသာဒေါ၊ လူသားစား ခိုးသူသည်။ ဣဒါနိ၊ ယခုအခါ၌။ အာဂမိဿတီတိ၊ လာလတ္တံ့ဟူ၍။ တယိ၊ သင်၌။ ဘယာဟိ၊ ကြောက်ခြင်းတို့ဖြင့်။ ဗျထိတာ၊ တုန်လှုပ်ချောက်ချားခြင်းရှိသော။ တေ၊ သင်၏။ ရဋ္ဌံ၊ တိုင်းပြည်သည်။ ဆိဒ္ဒံ၊ ဟင်းလင်းသာ ရှိရစ်သည်ဖြစ်၍။ ပုထူ၊ များစွာကုန်သော။ နရာ၊ လူတို့သည်။ လေဏံ၊ ပုန်းကွယ်ရာသို့။ အနုပ္ပဝိဋ္ဌာ၊ ဝင်ကုန်၏။ ရာဇ၊ မင်းမြတ်။ မနုဿမံသံ၊ လူသားမှ။ ဝိရမေဟိ၊ ကြည်ရှောင်ပါလော့။ ဝရာနံ၊ သင်ပေးအပ်သော ဆုလေးပါးတို့တွင်။ စတုတ္ထံ၊ လေးခုမြောက် ဖြစ်သော။ ဧတံ ဝရံ၊ ဤဆုကို။ ဝရာမိ၊ ယူပါ၏။

အခြားဆုကို တောင်းပါ

ဤသို့ သုတသောမမင်း ဆိုသည်ရှိသော် ပေါရိသာဒသည် လက်ခုပ်တီး၍ ရယ်သွမ်းသွေးလျက် အဆွေသုတသောမ... အဘယ့်ကြောင့် ဤစကားကို ဆိုဘိသနည်း၊ ငါသည် သင့်အား ဤဆုကို အသို့ပေးအံ့နည်း၊ အကယ်၍ ယူလိုသည် ဖြစ်အံ့၊ တစ်ပါးသောဆုကို ယူလော့ဟု ဆို၍ ထိုဆုကို ပယ်လိုရကား-

၄၆၀။ အဒ္ဓါ ဟိ သော ဘက္ခော မမ မနာပေါ၊
ဧတဿ ဟေတုမှိ ဝနံ ပဝိဋ္ဌော။
သော ဟံ ကထံ ဧတ္ထော ဥပရမေယျံ၊
အညံ ဝရာနံ စတုတ္ထံ ဝရဿု။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆၀။ သမ္မသုတသောမ၊ အဆွေသုတသောမ။ အဒ္ဓါဟိ၊ စင်စစ်လျှင်။ သော ဘက္ခော၊ ထိုအစာသည်။ မမ၊ ငါ၏။ မနာပေါ၊ နှလုံးကို ပွားစေတတ်သော။ ဘက္ခော၊ အစာတည်း။ ဧတဿ၊ ထိုအစာ၏။ ဟေတု၊ အကြောင်းကြောင့်။ ဝနံ၊ တောသို့။ ပဝိဋ္ဌော၊ ဝင်ရောက်လာသည်။ အမှိ၊ ဖြစ်၏။ အထ၊ ထိုသို့လျက်။ သောအဟံ၊ ထိုငါသည်။ ဧတ္တော၊ ဤအစာမှ။ ကထံ၊ အဘယ့်ကြောင့်။ ဥပရမေယျံ၊ ကြဉ်ရှောင်နိုင်ပါအံ့နည်း။ သမ္မသုတသောမ၊ အဆွေသုတမ။ ဝရာနံ၊ ငါပေးအပ်သောဆုလေးပါးတို့တွင်။ စတုတ္ထံ၊ လေးခုမြောက်ဖြစ်သော။ အညံ၊ တစ်ပါးသောဆုကို။ ဝရဿု၊ သင်ယူလော့။

မိမိကိုယ်သာ အမွန်မြတ်ဆုံး

ထိုအခါ ပေါရိသာဒကို မဟာသုတသောမ မင်းသည် အဆွေ ပေါရိသာဒ... သင်သည် လူသားကို ချစ်မြတ်နိုးသောကြောင့် ထိုလူသားမှ ကြဉ်ရှောင်ခြင်းငှာ မတတ်နိုင်ဟု ဆို၏။ ထိုစကားသည် မှန်၏။ အကြင်သူသည် ချစ်မြတ်နိုးအပ်သော ဝတ္ထုကိုမှီ၍ မကောင်းမှုကို ပြု၏။ ထိုသူသည် သူမိုက်မည်၏ဟုဆို၍ ထိုအကြောင်းကို ပေါရိသာဒအား ဟောလိုရကား-

၄၆၁။ န ဝေ ပိယံ မေတိ ဇနိန္ဒ တာဒိသော၊
အညံ နိရံကစ္စ ပိယာနိ သေဝတိ။
အတ္တာဝ သေယျော ပရမာ စ သေယျော၊
လဗ္ဘာ ပိယာ ဩစိတတ္ထေန ပစ္ဆာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆၁။ ဇနိန္ဒ၊ လူတို့ကိုအစိုးရသော။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာဒ။ တာဒိသော၊ သင်ကဲ့သို့သော သူသည်။ ဣဒံ၊ ဤဝတ္ထုကို။ မေ၊ သည်။ ပိယံ၊ ချစ်အပ်၏။ ဣတိ၊ ဤသို့။ အတ္တံ၊ မိမိကိုယ်ကို။ နိရံကစ္စ-နိရံကတွာ၊ စွန့်၍။ ပိယာနိ၊ ချစ်အပ်ကုန်သောဝတ္ထုတို့ကို။ ဝေ၊ စင်စစ်။ န သေဝတိ၊ မမှီဝဲရာ။ ကိံ ကာရဏာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ အတ္တာဝ၊ မိမိသည်သာလျှင်။ သေယျော၊ အထူးသဖြင့် မြတ်၏။ ကုတော၊ အဘယ်ထက်မြတ်သနည်းဟူမူကား။ ပရမာ၊ အလွန်မြတ်သော ဝတ္ထုထက်လျှင်။ သေယျော၊ အထူးသဖြင့် မြတ်၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။ ဩစိတတ္ထေန၊ ပွားအပ်သော ကိုယ်စိတ်ရှိသော သူသည်။ ပိယာ၊ ချစ်မြတ်နိုးအပ်ကုန်သော ဝတ္ထုတို့ကို။ ပစ္ဆာ၊ နောက်၌။ လဗ္ဘာ၊ ရအပ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အတ္တာဝ၊ မိမိကိုယ်သည်သာလျှင်။ သေယျော၊ အထူးသဖြင့် မြတ်၏။

တခြားဆုတောင်းပါ

ဤသို့ မဟာသုတသောမမင်း ဆိုလတ်သော် ပေါရိသာဒသည် ကြောက်တိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၏။ ငါသည်သာလျှင် သုတသောမမင်းမြတ်သည် ယူအပ်သောဆုကို စွန့်စေခြင်းငှာ လည်းကောင်း လူသားမှ ကြဉ်ရှောင်ခြင်းငှာ လည်းကောင်း မတတ်နိုင်၊ အသို့ ပြုရအံ့ပါနည်း ဟု မျက်ရည်တို့ဖြင့်ပြည့်ကုန်သော မျက်စိတို့ဖြင့် ငိုမြည်တမ်းလျက် တစ်ပါးသောဆုကို ယူစေလိုရကား-

၄၆၂။ ပိယံ မေ မာနုသံ မံသံ၊ သုတသောမ ဝိဇာနဟိ။
နမှိ သက္ကာ နိဝရေတုံ၊ အညံ ဝရံ သမ္မ ဝရဿု။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆၂။ သုတသောမ၊ မင်းမြတ်သုတသောမ။ ဝိဇာနာဟိ၊ သိတော်မူလော့။ မေ၊ ငါသည်။ မာနုသံ မံသံ၊ လူသားကို။ ပိယံ၊ အလွန်လျှင် ကြိုက် နှစ်သက်ပါ၏။ နိဝါရေတုံ၊ လူသားမှ ရှောင်ကြဉ် တားမြစ်ခြင်းငှာ။ သက္ကာ၊ တတ်နိုင်သည်။ န အမှိ၊ မဖြစ်။ သမ္မ၊ အဆွေသုတသောမ။ တုဝံ၊ သင်သည်။ အညံ၊ တစ်ပါးသား။ ဝရံ၊ ဆုကို။ ဝရဿု၊ ယူပါလော့။

အပြစ်နှင့် အကျိုး

ထို့နောင်မှ မဟာသုတသောမမင်းသည် ထိုပေါရိသာဒအား မကောင်းမှုကို ပြုခြင်း၌ အပြစ်ကိုပြ၍ တရားဟောလိုရကား-

၄၆၃။ ယော ဝေ ပိယံ မေတိ ပိယာနုရက္ခီ၊
အတ္တံ နိရံကစ္စ ပိယာနိ သေဝတိ။
သောဏ္ဍာဝ ပိတွာ ဝိသမိဿပါနံ၊
တေနေဝ သော ဟောတိ ဒုက္ခီ ပရတ္ထ။
၄၆၄။ ယော စီဓ သင်္ခါယ ပိယာနိ ဟိတွာ၊
ကိစ္ဆေနပိ သေဝတိ အရိယဓမ္မေ။
ဒုက္ခိတောဝ ပိတွာန ယထောသဓာနိ၊
တနေဝ သော ဟောတိ သုခီ ပရတ္ထ

ဟူသော ဤဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၆၃။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ သောဏ္ဍာ၊ သေသောက်ကြူးသည်။ ဝိသမိဿပါနံ၊ အဆိပ်နှင့် ရောနှောသော သေကို။ ပိတွာန၊ သောက်၍။ တေနေဝ၊ ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော။ ပါပကမ္မန၊ ယုတ်မာသော အမှုကြောင့်။ ပရတ္ထ၊ တမလွန်ဘဝ၌။ ဒုက္ခီ၊ ဆင်းရဲခြင်းသည်။ ဟောတိ ဣဝ၊ ဖြစ်သကဲ့သို့။ ယော၊ အကြင်သူသည်။ ဧတံ၊ ဤဝတ္ထုကို။ မေ၊ ငါသည်။ ဝေ၊ စင်စစ်။ ပိယံ၊ ချစ်အပ်၏။ ဣတိ၊ ဤသို့။ ပိယာနုရက္ခီ၊ ချစ်အပ်သော ဝတ္ထုကို စောင့်သည်ဖြစ်၍။ အတ္တာနံ၊ မိမိကိုယ်ကို။ နိရံကစ္စ-နိရံကတွာ၊ စွန့်၍။ ပိယာနိ၊ ချစ်အပ်ကုန်သောဝတ္ထုတို့ကို။ သေဝတိ၊ မှီဝဲ၏။ သော၊ ထိုသူသည်။ တေနေဝ၊ ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော။ ပါပကမ္မေန၊ ယုတ်မာသော အမှုနှင့်။ ပရတ္ထ၊ တမလွန်ဘဝ၌။ ဒုက္ခီ၊ ဆင်းရဲခြင်းသည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၄၆၄။ သမ္မပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ ဣဓ၊ ဤလောက၌။ ယောစ၊ အကြင်သူသည်ကား။ သင်္ခါယ၊ ဆင်ခြင်၍။ ပိယာနိ၊ ချစ်အပ်ကုန်သော ဝတ္ထုတို့ကို။ ဟိတွာ၊ စွန့်၍။ ဒုက္ခိတော၊ ဆင်းရဲစွာလျှင်။ ယထောသဓာနိ၊ အကြင့်ကြောင့် ရအပ်သော ဝတ္ထုတို့ကို။ ပိတွာန၊ စားသောက်၍။ ကိစ္ဆေနပိ၊ ဆင်းရဲငြိုငြင်သဖြင့်လည်း။ အရိယဓမ္မေ၊ မြတ်သော တရားတို့ကို။ သေဝတိ၊ မှီဝဲ၏။ သော၊ ထိုသူသည်။ တေနေဝ၊ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော။ ပုညကမ္မေန၊ ကောင်းသောအမှုကြောင့်။ ပရတ္ထ၊ တမလွန်ဘဝ၌။ သုခီ၊ ချမ်းသာခြင်းသည်။ ဟောတိ၊ ဖြစ်၏။

ပေါရိသာဒ ငိုကြွေးရပြီ

ဤသို့ဆိုသည်ရှိသော် ပေါရိသာဒသည် သနားဖွယ်သော ငိုကြွေးခြင်းကို ငိုကြွေးလိုရကား-

၄၆၅။ ဩဟာယဟံ ပိတရံ မာတရဉ္စ၊
မနာပိယေ ကာမဂုဏေစ ပဉ္စ။
ဧတေဿ ဟေတုမှိ ဝနံ ပဝိဋ္ဌော၊
တံ တေ ဝရံ ကိန္တေ မဟံ ဝဒါမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆၅။ သမ္မသုတသောမ၊ အဆွေ သုတသောမ။ ယော အဟံ၊ အကြင်ငါသည်။ ပိတရဉ္စ၊ ခမည်းတော်ကိုလည်းကောင်း။ မာတရဉ္စ၊ မယ်တော်ကို လည်းကောင်း။ မနာပိယေ၊ ချစ်နှစ်သက်ဖွယ် ရှိကုန်သော။ ပဉ္စ၊ ငါးပါးကုန်သော။ ကာမဂုဏေ စ၊ ကာမဂုဏ်တို့ကိုလည်းကောင်း။ ဩဟာယ၊ စွန့်၍။ ဧတဿ၊ ဤလူသား၏။ ဟေတု၊ အကြောင်းကြောင့်။ ဝနံ၊ တောသို့။ ပဝိဋ္ဌော၊ ဝင်ရောက်လာသည်။ အမှိ၊ ဖြစ်၏။ အထ၊ ထိုသို့လျက်။ တေ၊ သင့်အား။ တံ ဝရံ၊ ထိုဆုကို။ ကိန္တိ၊ အသို့မူ၍။ သော အဟံ၊ ထိုငါသည်။ ဒဒ့မိ၊ ပေးပါရအံ့နည်း။

ပေါရိသာဒ စကားနှစ်ခွ

ထို့နောင်မှ မဟာသုတသောမ မင်းသည် ထိုပေါရိသာဒ စကားကို ကဲ့ရဲ့လိုရကား-

၄၆၆။ န ပဏ္ဍိတာ ဒိဂုဏမာဟု ဝါကျံ၊
သစ္စပ္ပဋိညာဝ ဘဝန္တိ သန္တော။
ဝရဿု သမ္မ ဣတိ မံ အဝေါစ၊
ဣစ္စဗြဝိ တွံ န ဟိ တေ သမေတိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆၆။ သမ္မပေါရိသာဒ၊ အဆွေပေါရိသာဒ။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဒိဂုဏံ၊ နှစ်ထပ်သော။ ဝါကျံ၊ စကားကို။ န အာဟု၊ မဆိုကုန်။ သန္တော၊ သိမ်မွေ့ကုန်သော။ တေ၊ ထိုပညာရှိတို့သည်။ သစ္စပ္ပဋိညာဝ၊ မှန်သောဝန်ခံခြင်း ရှိကုန်သည်သာလျှင်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သမ္မ၊ အဆွေပေါရိသာဒ။ တုဝံ၊ သင်သည်။ မံ၊ ငါ့ကို။ သမ္မသုတသောမ၊ အဆွေသုတသောမ။ ဝရံ၊ ဆုကို။ ဝရဿု၊ ယူလော့။ ဣတိ၊ ဤသို့။ အဝေါစ၊ သင်ဆို၏။ ဝတွာ စ၊ ဆိုပြီးလျက်လည်း။ ဣတိ၊ ဤသို့။ အဗြဝီ၊ ဆိုပြန်၏။ တေ၊ သင်၏။ တံဝစနံ၊ ထိုစားသည်။ န ဟိ သမေတိ၊ ရှေ့နောက် မညီ။

ဘယ်လိုလုပ် ပေးရပါ့မလဲ

ထိုအခါ ပေါရိသာဒသည် တစ်ဖန်လည်း ငိုကြွေးလျက် ထိုဆုကို ပေးလိုရကား-

၄၆၇။ အပုညလာဘံ အယသံ အကိတ္တိံ၊
ပါပံ ဗဟုံ ဒုစ္စရိတံ ကိလေသံ။
မနုဿ မံသဿ ကတေ ဥပဂါ၊
တံ တေ ဝရံ ကိန္တိ မဟံ ဒဒေယျံ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆၇။ သမ္မသုတသောမ၊ အဆွေသုတသောမ။ ယဿ မနုဿ မံသဿ၊ အကြင်လူသား၏။ ကတေ-ဟေတု၊ အကြောင်းကြောင့်။ အပုညလာဘံ၊ မကောင်းမှုကို ရရှိခြင်းသို့ လည်းကောင်း။ အယသံ၊ စည်းစိမ်အခြံအရံမှ ကင်းခြင်းသို့ လည်းကောင်း။ အကိတ္တိံ၊ အကျော်အစောမဲ့သို့လည်းကောင်း။ ဗဟုံ၊ များစွာသော။ ပါပံ၊ ယုတ်မာသော အကျင့်သို့လည်းကောင်း။ ဒုစ္စရိတံ၊ မကောင်းသော အကျင့်သို့ လည်းကောင်း။ ကိလေသံ၊ ညစ်ညူးခြင်းသို့လည်းကောင်း။ ဥပဂါ၊ ရောက်ချေပြီ။ အထ၊ ထိုသို့လျက်။ တေ၊ သင့်အား။ တံ ဝရံ၊ ထိုဆုကို။ ကိန္တိ၊ အသို့မူ၍။ အဟံ၊ ငါသည်။ ဒဒေယျံ၊ ပေးပါရအံ့နည်း။

ပေါရိသာဒ စကားမတည်

ထိုအခါ မဟာသုတသောမမင်းသည် ထိုပေါရိသာဒသည် ရှေးဦးစွာပေးအပ်သော ထိုဆုကို ထုတ်ဆောင်ဖော်ပြလိုကား -

၄၆၈။ န တံ ဝရံ အရဟတိ ဇန္တု ဒါတုံ၊
ယံ ဝါပိ ဒတွာ န အဝါကရေယျ။
ဝရဿု သမ္မ အဝိကမ္ပမာနော၊
ပါဏံ စဇိတွာနပိ ဒဿမေဝ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၆၈။ သမ္မ သုတသောမ၊ အဆွေ သုတသောမ။ ယော ဇန္တု၊ အကြင်သူသည်။ ယံ ဝရံ၊ အကြင်ဆုကို။ ဒတွာပိ၊ ပေးပြီး၍လည်း။ န အဝါကရေယျ၊ တောင်းတိုင်း မပေးအံ့။ သော ဇန္တု၊ ထိုသူသည်။ တံ ဝရံ၊ ထိုဆုကို။ ဒါတုံ၊ ပေးခြင်း။ န အရဟတိ၊ မထိုက်။ သမ္မသုတသောမ၊ အဆွေ သုဘသောမ။ အဝိကမ္ပမာနော၊ တွန့်တိုခြင်း မရှိသည်ဖြစ်၍။ ဝရဿု၊ ယူလော့။ ပါဏံ၊ အသက်ကို။ စဇိတွာနပိ၊ စွန့်၍လည်း။ ဒဿမေဝ၊ ပေးအံ့သည်သာလျှင်တည်း။ ဣတိ၊ ဤသို့။ မံ၊ ငါ့ကို။ အဝေါစ၊ သင်ဆို၏။ ဝတွာ စ၊ ဆိုပြီး၍ကား။ ဣတိ၊ ဤသို့ မပေးနိုင်ဟူ၍။ အဗြဝိ၊ ဆိုပြန်၏။ တေ၊ သင်၏။ တံ ဝစနံ၊ ထိုစကားသည်။ န ဟိ သမေတိ၊ ရှေ့နောက်မညီသည်သာတည်း။

တရားအတွက် အားလုံးကိုစွန့်သင့်

ဤသို့ ထိုပေါရိသာဒသည် ရှေးဦးစွာ ဆိုအပ်ပြီးသော ဂါထာကို ထုတ်ဖော်ပြီး၍ ဆုပေးခြင်း၌ အားထုတ်စေလိုရကား-

၄၆၉။ ပါဏ စဇန္တိ သန္တော နာပိ ဓမ္မံ၊
သစ္စပ္ပဋိညာဝ ဘဝန္တိ သန္တော။
ဒတွာ ဝရံ ခိပ္ပမဝါကရောဟိ၊
ဧတေန သမ္ပဇ္ဇ သုရာဇသေဋ္ဌ။
၄၇၀။ စဇေ ဓနံ အင်္ဂဝရဿ ဟေတု၊
အင်္ဂံ စဇေ ဇီဝိတံ ရက္ခမာနော။
အင်္ဂံ ဓနံ ဇီဝိတဉ္စာပိ သဗ္ဗံ၊
စဇေ နရော ဓမ္မမနုဿရန္တော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

֍ ဋ္ဌ ၄၆၉။ သုရာဇသေဋ္ဌ၊ မင်းမြတ် ဖြစ်သော။ သမ္မ ပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ သန္တော၊ သူတော်ကောင်းတို့သည်။ ပါဏံ၊ ကိုယ့်အသက်ကို။ စဇန္တိ၊ စွန့်ကုန်၏။ ဓမ္မံ၊ သဘောတရားကို။ အပိ၊ စင်စစ်။ န စဇန္တိ၊ မစွန့်ကုန်။ သန္တော၊ သူတော်ကောင်းတို့သည်။ သစ္စပ္ပဋိညာဝ၊ မှန်သော ဝန်ခံခြင်းရှိကုန်သည်သာလျှင်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သုရာဇသေဋ္ဌ၊ မင်းမြတ်ဖြစ်သော။ သမ္မ၊ အဆွေ ပေါရိသာဒ။ ဝရံ၊ ဆုကို။ ဒတွာ၊ ငါ့အားပေးသောကြောင့်။ ခိပ္ပံ၊ လျင်စွာ။ အဝါကရောဟိ၊ တောင်းတိုင်းသာဆုကို ပေးလော့။ ဧတေန၊ ထိုသစ္စဓမ္မနှင့်။ သမ္ပဇ္ဇ၊ ပြည့်စုံတော်မူလော့။

֍ ဋ္ဌ ၄၇၀။ သုရာဇသေဋ္ဌ၊ မြင်သောမင်းမြတ်ဖြစ်သော။ သမ္မ ပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ ပဏ္ဍိတော၊ ပညာရှိသော။ ယော နရော၊ အကြင်သူသည်။ အင်္ဂဝရဿ၊ မြတ်သောကိုယ်အင်္ဂါ၏။ ဟေတု၊ အကြောင်းကြောင့်။ ဓနံ၊ ဥစ္စာကို။ စဇေ၊ စွန့်ရာ၏။ ဇီဝိတံ၊ အသက်ကို။ ရက္ခမာနော၊ စောင့်ရှောက်လိုသည်ဖြစ်၍။ အင်္ဂံ၊ မြတ်သော ကိုယ်အင်္ဂါကို။ စဇေ၊ စွန့်ရာ၏။ ဓမ္မံ၊ မြတ်သော သဘောတရားကို။ အနုဿရန္တော၊ အောက်မေ့သောသူသည်။ အင်္ဂဉ္စ၊ မြတ်သော ကိုယ်အင်္ဂါကိုလည်းကောင်း။ ဓနဉ္စ၊ ဥစ္စာကိုလည်းကောင်း။

ဇီဝိတဉ္စာပိ၊ အသက်ကိုပင်သော်လည်းကောင်း။ သဗ္ဗံ၊ အလုံးစုံကို။ စဇေ၊ စွန့်ရာ၏။

ဆရာနှင့် မိတ်မပျက်စေသင့်

ဤသို့လျှင် ဘုရားလောင်း မဟာသုတသောမ မင်းသည် အကြောင်းတို့ဖြင့် ထိုပေါရိသာဒကို သစ္စာတရား၌ တည်စေပြီး၍ ယခုအခါ၌ မိမိ၏ ဆရာ၏အဖြစ်ကို ပေါရိသာဒအား ပြလိုရကား-

၄၇၁။ ယသ္မာ ဟိ ဓမ္မံ ပုရိသော ဝိဇညာ၊
ယေစဿ ကင်္ခံ ဝိနယန္တိ သန္တော။
တံဟိဿ ဒီပဉ္စ ပရာယနဉ္စ၊
န တေန မိတ္တိံ ဇိရယေထ ပညော။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇၁။ သမ္မ ပေါရိသာဒ၊ အဆွေပေါရိသာဒ။ ပညော၊ ပညာရှိသော။ ယောပုရိသော၊ အကြင် ယောက်ျားသည်။ ယသ္မာဟိ၊ အကြင်ပုဂ္ဂိုလ်မှလျှင်။ ဓမ္မံ၊ အကျိုးအပြစ်ကို ပြတတ်သော အကြောင်းကို။ ဝိဇညာ၊ သိရာ၏။ ယေစ သန္တော၊ အကြင်သူတော်ကောင်းတို့သည်မူလည်း။ အဿ၊ ထိုတစ်ယောက်သော ပုဂ္ဂိုလ်၏။ ကင်္ခံ၊ ယုံမှားခြင်းကို။ ဝိနယန္တိ၊ ပယ်ဖျောက်ကုန်၏။ တဟိ၊ ထိုသူသည်လျှင်။ အဿ၊ ထိုသူ၏။ ဒီပဉ္စ၊ မှီခိုရာလည်း ဖြစ်၏။ ပရာယနဉ္စ၊ လဲလျောင်းရာလည်း ဖြစ်၏။ တေန၊ ထိုဆရာဖြစ်သောသူနှင့်။ မိတ္တိံ၊ အဆွေခင်ပွန်းသဘောကို။ န ဇိရယေထ၊ မဖျက်ဆီးရာ။

လူသားမစားတော့ပြီ

မဟာသုတသောမမင်းသည် ဤသို့သောစကားကို ပြောဆိုပြီး၍ အဆွေ ပေါရိသာဒ... ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော ဆရာ၏ စကားမည်သည်ကို ဖျက်ဆီးခြင်းငှာ မသင့်၊ ငါသည်လျှင် ငယ်စဉ်ကာလ၌လည်း သင်၏ ဆရာစောင်ဖြစ်၍ များစွာသော အတတ်ပညာကို သင်ပေးဖူး၏။ ယခုအခါ၌လည်း ဘုရား၏ တင့်တယ်စံပယ်ခြင်းဖြင့် သတာရဟ ဂါထာတို့ကို ဟော၏။ ထို့ကြောင့် ငါ၏စကားကို လိုက်နာခြင်းငှာ ထိုက်၏ဟုဆို၏။ ထိုစကားကို ကြား၍ ပေါရိသာဒသည် ဤသုတသောမမင်းကား ငါ၏ဆရာလည်း မှန်ပေ၏။ ထိုသုတသောမမင်းအား ဆုကိုလည်း ငါ ပေးအပ်၏။ အသို့ပြုခြင်းငှာ တတ်နိုင်ပါအံ့နည်း၊ တစ်ခုသော ကိုယ်အဖြစ်၌ သေခြင်းမည်သည်ကား မြဲ၏။ ငါသည် သေသော်လည်း လူသားကိုမစားပြီ၊ ထိုသုတသောမမင်းအား ဆုကို ပေးအံ့ဟု ယိုစီးသော မျက်ရည်အယဉ်ဖြင့် ထ၍ မဟာသုတသောမမင်းမြတ်၏ ခြေရင်းတို့၌ဝပ်၍ ဆုပေးလိုရကား-

၄၇၂။ အဒ္ဓါ ဟိ သော ဘက္ခော မမ မနာပေါ၊
ဧတဿ ဟေတုမှိ ဝနံ ပဝိဋ္ဌော။
သစေ စ မံ ယာစသိ ဧတမတ္ထံ၊
ဧတမ္ပိ တေ သမ္မ ဝရံ ဒဒါမိ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇၂။ အနန္တကိတ္တိမ၊ အတိုင်းမသိသော ကျော်စောခြင်း ရှိတော်မူသော။ သမ္မသုတသောမ၊ မင်းမြတ် သုတသောမ။ အဒ္ဓ့ဟိ၊ စင်စစ်လျှင်။ သော ဘက္ခော၊ ထိုလူသားဟူသော အစာသည်။ မမ၊ ငါ၏။ မနာပေါ၊ နှစ်သက်အပ်သော အစာတည်း။ ဧတဿ၊ ဤအစာ၏။ ဟေတု၊ အကြောင်းကြောင့်။ ဝနံ၊ တောသို့။ ပဝိဋ္ဌော၊ ဝင်ရသည်။ အမှိ၊ ဖြစ်၏။ ဧတမတ္ထံ၊ ဤအစာတည်းဟူသော ဆုအလို့ငှာ။ မံ၊ ကို။ သစေ စ၊ အကယ်၍လည်း။ ယာစသိ၊ ကောင်း၏။ ဧတမ္ပိ၊ ထိုဆုကိုလည်း။ တေ၊ သင့်အား။ ဒဒါမိ၊ ငါပေး၏။

ပေါရိသာဒ သီလဆောက်တည်

ထိုအခါ ပေါရိသာဒကို မဟာသုတသောမမင်းသည် ဤသို့ဆို၏။ အဆွေ ပေါရိသာဒ သီလ၌တည်သာ သူအား သေရခြင်းသည်လည်း မြတ်၏။ အဆွေ ပေါရိသာဒ... သင်သည် ပေးအပ်သောဆုကို ယူ၏။ ဤနေ့မှစ၍ မြတ်သောအကျင့်၌ တည်သည် ဖြစ်ပေပြီ၊ ဤသို့ ဖြစ်သော်လည်း သင့်ကို ငါတောင်းပန်ပါဦးအံ့၊ အကယ်၍ သင့်အား ငါ၌ ချစ်ခြင်းရှိသည် ဖြစ်အံ့၊ ငါးပါးသာ သီလတို့ကို ယူလော့ဟု ဆို၏။ အဆွေသုတသောမ. ကောင်းပြီ၊ ငါ့အား ငါးပါးသော သီလတို့ကို ပေးလော့၊ ယူအံ့ဟုဆို၍ ထိုပေါရိသာဒသည် ဘုရားလောင်း မဟာသုတသောမမင်းကို ငါးပါးသော ထိခြင်းဖြင့် ရှိခိုးလျက် တင့်အပ်သောအရပ်၌ နေ၏။ မဟာသုတသောမ မင်းသည်လည်း ထိုပေါရိသာဒကို ငါးပါးသော

သီလတို့၌ တည်စေတော်မူ၏။ ထိုခဏ၌ ထိုအရပ်တွင် စည်းဝေးလာကုန်သော ဘုမ္မစိုးနတ်တို့သည် မဟာသုတသောမမင်း၌ နှစ်သက်ခြင်းကို ဖြစ်စေ၍ အောက်အစီစိမှအထက်ဘဝဂ်တိုင်အောင် မဟာသုတသောမမင်းမှ တစ်ပါးသော ဤပေါရိသာဒကို လူသားစားခြင်းမှ မြစ်အံ့သောငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ အံ့ဖွယ်ရှိစွ၊ မဟာသုတသောမ မင်းမြတ်သည် ပြုနိုင်ခဲသောအမှုကို ပြုပေစွတကားဟု သည်းစွာသောအသံဖြင့် အလုံးစုံသော တောကို ပဲ့တင်ထပ်စေလျက် ကောင်းချီးပေးကြကုန်၏။ ထိုဘုမ္မစိုးနတ်တို့၏ အသံကို ကြားကုန်၍ စာတုမဟာရာဇ်နတ်တို့သည်လည်းကောင်းချီးပေးကြကုန်၏။

မင်းတရားတို့ကို လွှတ်ကြမည်

ဤသို့သောနည်းဖြင့် အထက်ဗြဟ္မာပြည်တိုင်အောင် တစ်ပြိုင်နက် အုတ်အုတ် ကျက်ကျက်သော အသံသည် ဖြစ်၏။ ပညောင်ပင်၌ ဆွဲ၍ ထားအပ်ကုန်သော မင်းတို့သည်လည်း ထိုနတ်သားတို့ ကောင်းချီးပေးသော အသံကို ကြားကြကုန်၏။ ပညောင်ပင်စောင့် နတ်သည်လည်း မိမိဗိမာန်၌ တည်လျက်လျှင် ကောင်းချီးပေး၏။ ဤသို့လျှင် နတ်တို့၏ အသံကိုသာလျှင် ကြားရ၏။ အရုပ်အဆင်းကို မမြင်ရ။ ထိုနတ်တို့ ကောင်းချီးပေးသော အသံကို ကြားရကုန်၍ အရာမကသော မင်းတို့သည် ကြံကြကုန်၏။ မဟာသုတသောမ မင်းမြတ်ကိုမှီ၍ ငါတို့သည် အသက်ကို ရပေကုန်ပြီ၊ သုတသောမမင်းမြတ်သည် ပေါရိသာဒကို ဆုံးမတော်မူသဖြင့် ဖြစ်ခဲသောအမှုကို ပြုတော်မူပေ၏ဟု မဟာသုတသောမမင်းအား ချီးမွမ်းခြင်းကို ပြုကုန်၏။ ပေါရိသာဒသည် မဟာသုတသောမမင်း ခြေတော်တို့ကို ရှိခိုး၍ တင့်အပ်သော အရပ်၌ နေ၏။ ထိုအခါ ပေါရိသာဒကို မဟာသုတသောမမင်းသည် အဆွေ ပေါရိသာဒ... အရာမကသော မင်းတို့ကို လွှတ်ပါလော့ ဟု ဆို၏။ ထိုပေါရိသာဒသည် ငါသည် ထိုမင်းတို့၏ ရန်သူတည်း၊ ငါသည် လွှတ်အပ်ကုန်သည်ရှိသော် ထိုမင်းတို့သည် ငါ၏ရန်သူကို ဖမ်းကြကုန်လော့ဟု ငါ့ကို ဖမ်းယူ၍ ညှဉ်းဆဲကုန်ရာ၏။ ငါသည်လည်း အသက်ကို စွန့်ရသော်လည်း သုဘာမမင်းထံမှ ယူအပ်သော သီလကို ဖျက်ဆီးခြင်းငှာ မတတ်ကောင်း၊ ဤသုဘသောမမင်းနှင့်တကွလျှင် သွား၍လွှတ်အံ့၊ ဤသို့ လွတ်သည်ရှိသော် ဘေးမရှိသည် ဖြစ်လတ္တံ့ဟု ကြံ၏။ ထိုသို့ ကြံပြီးမှ မဟာသုတသောမမင်းကို ရှိခိုး၍ အဆွေ သုတသောမ... ငါတို့နှစ်ယောက်တို့သည်လျှင် သွားကုန်၍ ထိုမင်းဟိုကို လွှတ်ကုန်အံ့ဟု ဆို၍ လွှတ်လိုရကား-

၄၇၃။ သတ္ထာ စ မေ ဟောသိ သခါစ မေသိ၊
ဝစနမ္ပိ တေ သမ္မ အဟံ အကာသိံ။
တုဝမ္ပိ မေ သမ္မ ကရောဟိ ဝါကျံ၊
ဥဘောပိ ဂန္တွာန ပမောစယာမ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇၃။ သမ္မ သုတသောမ၊ အဆွေ သုတသောမ။ တွံ၊ သင်သည်။ မေ၊ ငါ၏။ သတ္ထာ စ၊ ဆရာသည်လည်း။ အဟောသိ၊ ဖြစ်ပါ၏။ မေ၊ ငါ၏။ သခါစ၊ အဆွေ ခင်ပွန်းသည်လည်း အသိ၊ ဖြစ်ပါ၏။ သမ္မ၊ အဆွေသုတသောမ။ အဟံ၊ ငါသည်။ တေ၊ သင်၏။ ဝစနမ္ပိ၊ စကားကိုလည်း။ အကာသိံ၊ လိုက်နာပြီ။ သမ္မ၊ အဆွေ သုတသောမ။ တုဝမ္ပိ၊ သင်သည်လည်း။ မေ၊ ငါ၏။ ဝါကျံ၊ စကားကို။ ကရောဟိ၊ လိုက်နာပါလော့။ သမ္မသုတသောမ၊ အဆွေ သုတသေယမ။ ဥဘောပိ၊ နှစ်ယောက်ကုန်သော ငါတို့သည်လျှင်။ ဂန္တွာန၊ သွားကုန်၍။ ပမောစယာမ၊ လွှတ်ကြပါကုန်အံ့။

ထိုသို့ ပြောဆိုသောအခါ ပေါရိသာဒကို မဟာသုတသောမမင်းသည် နှစ်ယောက်အတူ လွှတ်လိုရကား-

၄၇၄။ သတ္ထာ စ တေ ဟောမိ သခါစ တျမှိ၊
ဝစနမ်ပိ မေ သမ္မ တုဝံ အကာသိ။
အဟမ္ပိ တေ သမ္မ ကရောမိ ဝါကျံ၊
ဥဘောပိ ဂန္တွာန ပမောစယာမ။

ဟူသော ဤထာကို ဆို၏။

֍ ဋ္ဌ ၄၇၄။ သမ္မ ပေါရိသာဒ၊ အဆွေ ပေါရိသာဒ။ အဟံ၊ ငါသည်။ တေ၊ သင်၏။ သတ္ထာ စ၊ ဆရာသည်လည်း။ ဟောမိ၊ ဖြစ်၏။ တေ၊ သင်၏။ သခါ စ၊ အဆွေခင်ပွန်းသည်လည်း။ အမှိ၊ ဖြစ်၏။ သမ္မ၊ အဆွေ ပေါရိသာဒ။ တုဝံ၊ သင်သည်။ မေ၊ ငါ၏။ ဝစနမ္ပိ၊ စကားကိုလည်း။ အကာသိ၊ လိုက်နာပေ၏။ သမ္မ၊ အဆွေ ပေါရိသာဒ။ အဟမ္ပိ၊ ငါသည်လည်း။ တေ၊ သင်၏။ ဝါကျံ၊ စကားကို။ ကရောမိ၊ လိုက်နာအံ့။ ဥဘောပိ၊ ငါတို့နှစ်ယောက်တို့သည်လျှင်။ ဂန္တွာန၊ သွားကုန်၍။ ပမောစယာမ၊ လွှတ်ကြကုန်အံ့။

သုတသောမမင်း ခံဝန်ချက်ယူ

ဤစကားကို ဘုရားလောင်း မဟာသုတသောမမင်းသည် နှစ်ယောက်ကုန်သော ငါတို့သည်လျှင် သွား၍ လွှတ်ကြကုန်အံ့ဟု ပေါရိသာဒအား ဝန်ခံပြီး၍ မင်းတို့ မည်သည်ကား မာန်ခက်ထန်ကုန်၏။ လွတ်ကာမျှ၌လျှင် ဤပေါရိသာဒသည် ငါတို့ကို နှိပ်စက်ညှဉ်းဆဲအပ်ကုန်၏ ဟု ပေါရိသာဒကို ပုတ်ခတ်မူလည်း ပုတ်ခတ်ကုန်ရာ၏။ သတ်မူလည်း သတ်ကုန်ရာ၏။ ဤ ပေါရိသာဒသည့်ကား ထိုမင်းတို့၌ မပြစ်မှားလတ္တံ့၊ တစ်ယောက်တည်းသာလျှင် သွား၍ ရှေးဦးစွာ ထိုမင်းတို့၏ ဝန်ခံခြင်းကို ယူချေကုန်အံ့ဟုကြံ၍ ထိုအရပ်သို့သွားသဖြင့် လက်ဝါးပြင်၌ ကြိုးဖြင့်သီ၍ ခြေဖျားတို့ဖြင့် မြေကို ထိစေကုန်လျက် ပညောင်ခက်တို့၌ ဆွဲအပ်ကုန်သော လေခတ်သောကာလ၌ ဆင်စွယ်ကောက်၌ ဆွဲအပ်ကုန်သော လိပ်ဆူးရွှေ ပန်းကုံးခြောက်တို့သည် လည်ကုန်သကဲ့သို့ လည်ကုန်သော ထိုမင်းတို့ကို မြင်လေ၏။ ထိုမင်းတို့သည်လည်း မဟာသုတသောမမင်းကို မြင်ကုန်လျှင် ယခုအခါ ငါတို့သည်ကား ဘေးမရှိသည် ဖြစ်ကုန်ပြီဟု တစ်ပြိုင်နက်လျှင် သည်းစွာသော ဟစ်ကြွေးခြင်းကို ဟစ်ကြွေးကြကုန်၏။ ထိုအခါ

မင်းတို့ကို ဘုရားလောင်း မဟာသုဘသောမမင်းသည်လည်း မင်းမြတ်တို့... မကြောက်ကြကုန်လင့်ဟု နှစ်သိမ့်စေ၍ ငါတို့သည် ပေါရိသာဒကိုဆုံးမ၍ သင်မင်းမြတ်တို့အား ဘေးမရှိခြင်းကို ယူအပ်ပြီ၊ ထို့ကြောင့် သင် မင်းမြတ်တို့သည်ကား ငါ၏ စကားကို လိုက်နာကြကုန်လော့ဟု ဤသို့ ပြောဆိုပြီးလျှင် ထို မင်းများတို့သို့ ကပ်၍ ဝန်ခံစေလိုရကား-

၄၇၅။ ကမ္မာသပါဒေန ဝိဟေဌိတတ္ထ၊
တလာဝုတာ အဿုမုခါ ရုဒန္တာ။
န ဇာတု ဒုဗ္ဘေထ ဣမဿ ရညော၊
သစ္စပ္ပဋိညံ မေ ပဋိသုဏာထ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇၅။ ဘောန္တော ရာဇာနော၊ အို မင်းများတို့။ တလာဝုတာ၊ ကြိုးဖြင့် သီအပ်သော လက်ဝါးပြင်ရှိကုန်သည်ဖြစ်၍။ အဿုမုခါ၊ မျက်ရည်ဖြင့် ပြည့်သော မျက်နှာရှိကုန်လျက်။ ရုဒန္တာ၊ ငိုကုန်သော။ တုမှေ၊ သင်မင်းမြတ်တို့ကို။ ကမ္မာသပါဒေန၊ ပြောက်ကျားသော ခြေရှိသော ပေါရိသာဒသည်။ ဝိဟေဌိတတ္ထ၊ ညှဉ်းဆဲအပ်ကုန်ပြီ။ ဧဝံသန္တေပိ၊ ဤသို့ ညှဉ်းဆဲအပ်ကုန် ငြားသော်လည်း။ ဣမဿ ရညော၊ ဤမင်းအား။ ဇာတု၊ စင်စစ်သဖြင့်။ န ဒုဗ္ဘေထ၊ မပြစ်မှားကြကုန်လင့်။ မေ၊ ငါ၏။ သစ္စပ္ပဋိညံ၊ ဟုတ်မှန်သော ဝန်ခံခြင်းကို။ ပဋိသုဏာထ၊ နာတော်မူကြကုန်။

ထိုမင်းတို့သည် ဝန်ခံလိုကုန်ရကား-

၄၇၆။ ကမ္မာသပါဒေန ဝိဟေဌိတမှာ၊
တလာဝုတာ အဿုမုခါ ရုဒန္တာ။
န ဇာတု ဒုဗ္ဘေမ ဣမဿ ရညော၊
သစ္စပ္ပဋိညံ တေ ပဋိသုဏာမ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇၆။ ဘူနာထ၊ သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ်သော။ မဟာရာဇ၊ မင်းမြတ်။ တလာဝုတာ၊ ကြိုးဖြင့်သီအပ်ကုန်သော လက်ဝါးပြင်ရှိ ကုန်သည်ဖြစ်၍။ အသုမုခါ၊ မျက်ရည်ဖြင့်ပြည့်သော မျက်နှာရှိကုန်လျက်။ ရုဒန္တာ၊ ငိုကုန်သော။ အမှေ၊ အကျွန်ုပ်တို့ကို။ ကမ္မာသပါဒေန၊ ပြောက်ကျားသော ခြေရှိသော ပေါရိသာဒသည်။ ဝိဟေဌိတာ၊ ညှဉ်းဆဲအပ်ကုန်ပြီ။ ဧဝံသန္တေပိ၊ ဤသို့ ညှဉ်းဆဲအပ်ကုန်သော်လည်း။ ဣမဿ ရညော၊ ဤမင်းအား။ ဇာတု၊ စင်စစ်သဖြင့်။ န ဒုဗ္ဘေမ၊ မပြစ်မှားပါကုန်အံ့။ တေ၊ သင်မင်းမြတ်၏။ သစ္စပ္ပဋိညံ၊ ဟုတ်မှန်သော ဝန်ခံခြင်းကို။ ပဋိသုဏာမ၊ နာပါကုန်အံ့။

ပေါရိသာဒကို အဖအရာထားကြ

ထိုအခါ ထိုမင်းတို့ကို ဘုရားလောင်း မဟာသုတသောမမင်းသည် မင်းမြတ်တို့ ... ထိုသို့တပြီးကား ဝန်ခံခြင်းကို ပေးကြကုန်လော့ ဟု ဆို၍ ဝန်ခံစေလိုရကား-

၄၇၇။ ယထာ ပိတာ ဝါ အထဝါပိ မာတာ၊
အနုကမ္ပကာ အတ္ထကာမာ ပဇာနံ။
ဧဝမေဝ ဝေါ ဟောတု အယဉ္စ ရာဇာ၊
တုမှေ စ ဝေါ ဟောထ ယထေဝ ပုတ္တာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇၇။ ရာဇာနော၊ အို မင်းများတို။ ပိတာ ဝါ၊ အဖသည်လည်းကောင်း။ အထဝါပိ၊ ထိုမှတပါးလည်း။ မာတာ ဝါ၊ အမိသည်လည်းကောင်း။ ပဇာနံ၊ သားသမီးတို့အား။ အနုကမ္ပကာ စ၊ သနားတတ်ကုန်သည်လည်းကောင်း။ အတ္ထကာမာ စ၊ အကျိုးစီးပွားကို အလိုရှိကုန်သည်လည်းကောင်း။ ဟောန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့။ ဧဝမေဝ၊ ဤအတူလျှင်။ အယဉ္စ ရာဇာ၊ ဤမင်းသည်လည်း။ တုမှာကံ၊ သင်မင်းမြတ်တို့၏။ ပိတာ ယထာ၊ အဖကဲ့သို့။ ဟောတု၊ ဖြစ်စေလော့။ တုမှေ စ၊ သင်မင်းမြတ်တို့သည်လည်း။ ဣမဿ ရညော၊ ဤမင်း၏။ ပုတ္တာ ယထေဝ၊ သားတို့ကဲ့သို့လျှင်။ ဟောထ၊ ဖြစ်ကြပါကုန်လော့။

ထိုမင်းတို့လည်း ဝန်ခံလိုရကား-

၄၇၈။ ယထာ ပိတာ ဝါ အထဝါပိ မာတာ၊
အနုကမ္ပကာ အတ္ထကမာ ပဇာနံ။
ဧဝမေဝ နော ဟောတု အယဉ္စ ရာဇာ၊
မယံပိ ဟေဿာမ ယထေဝ ပုတ္တာ။

ဟူသော ဤဂါထာကို ဆို၏။

֍ ဋ္ဌ ၄၇၈။ နရနာထ၊ လူတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော။ ရာဇ၊ မင်းမြတ်။ ပိတာ ဝါ၊ အဖသည်လည်းကောင်း။ အထဝါပိ၊ ဤမှတပါးလည်း။ မာတာ ဝါ၊ အမိသည်လည်းကောင်း။ ပဇာနံ၊ သားသမီးတို့အား။ အနုကမ္ပကာ စ၊ အစဉ် သနားတက်ကုန်သည်လည်းကောင်း။ အတ္ထကာမာစ၊ အကျိုးစီးပွားကို အလိုရှိကုန်သည်လည်းကောင်း။ ဟောန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့။ ဧဝမေဝ၊ ဤအတူလျှင်။ အယဉ္စရာဇာ၊ ဤမင်းသည်လည်း။ နော၊ အကျွန်ုပ်တို့၏။ ပိတာ ယထာ၊ အဖကဲ့သို့။ ဟောတု၊ ဖြစ်ပါစေသတည်း။ မယံပိ၊ အကျွန်ုပ်တို့သည်လည်း။ ပုတ္တာ ယထေဝ၊ သားတို့ကဲ့သို့လျှင်။ ဟေဿာမ၊ ဖြစ်ပ့ကုန်အံ့။

မင်းများကို လွှတ်ကြပုံ

ဤသို့လျှင် မဟာသုတသောမမင်းသည် ထိုမင်းတို့၏ ဝန်ခံခြင်းကိုယူပြီးလျှင် ပေါရိသာဒကိုခေါ်၍ အဆွေ ပေါရိသာဒ... လာလှည့် ထိုမင်းတို့ကို လွှတ်လော့ဟု ဆို၏။ ထိုပေါရိသာဒသည် သန်လျက်ကိုကိုင်၍ တစ်ယောက်သောမင်း၏ ဖွဲ့သောကြိုးကို ဖြတ်၏။ ထိုမင်းသည် ခုနစ်ရက်ပတ်လုံး အစာကင်းသဖြင့် ဆင်းရဲဝေဒနာသို့ ရောက်သည်ဖြစ်၍ ဖွဲ့သောကြိုးကို ဖြတ်သည်နှင့်တကွ မိန်းမောသည်ဖြစ်၍ မြေ၌လဲ၏။ ထိုသို့ လဲသည်ကိုမြင်၍ မဟာသုတသောမမင်းသည် သနားခြင်းကိုပြု၍ အဆွေပေါရိသာဒ... ဤသို့ မဖြတ်ပါလင့်ဟု ဆို၍ တစ်ယောက်သော မင်းကို လက်နှစ်ဖက်တို့ဖြင့် မြဲစွာကိုင်၍ ရင်၌ပိုက်ဖက်ပြီးလျှင် အဆွေ ပေါရိသာဒ ယခုအခါ ဖွဲ့သောကြိုးကို ဖြတ်လော့ ဟု ဆို၏။ ပေါရိသာဒသည် သန်လျက်ဖြင့် ဖြတ်၏။ မဟာသုတသောမမင်းသည် အားခွန်နှင့် ပြည့်စုံတော်မူသောကြောင့် ထိုမင်းကို ရင်ခွင်၌ အိပ်စေ၍ ရင်၌ဖြစ်သော သားကဲ့သို့ နူးညံ့သောစိတ်ဖြင့် ချ၍ မြေ၌ အိပ်စေ၏။ ဤနည်းဖြင့်လျှင် အလုံးစုံသောမင်းတို့ကို မြေ၌အိပ်စေပြီးလျှင် အနာတို့ကိုဆေး၍ သူငယ်တို့၏ ထွင်းသစ်သောနားမှ ချည်ကို အသာအသာ ငင်သကဲ့သို့ အသာအသာ သီသာကြိုးစွန်းကိုငင်၍ သွေးပြည်တို့ကို ဆေးသဖြင့် အနာ၌ သွေးပြည်အစေး မရှိသည်တို့ကို ပြု၍ အဆွေပေါရိသာဒ တစ်ခုသောသစ်ပင်မှ အခေါက်ကို ကျောက်ပြင်၌သွေး၍ ဆောင်ယူခဲ့ပါလော့ဟု ဆောင်ယူခဲ့စေပြီးလျှင် သစ္စာပြုခြင်းကို ပြုတော်မူ၍ ထိုမင်းတို့၏ လက်ဝါးပြင်ကို လိမ်းကျံ၏။ ထိုခဏ၌လျှင် အနာသည် ချမ်းသာ၏။

ပေါရိသာဒသည် ဆန်ကိုယူ၍ ထမင်းလုံးမရှိသော ယက်မန်းယာဂုကို ကျို၏။ မဟာသုတသောမမင်း ပေါရိသာဒတို့သည်လည်း အရာမကသော မင်းတို့ကို ယက်မန်းယာဂုကို တိုက်ကုန်၏။ ဤသို့လျှင် ထိုအလုံးစုံသော မင်းတို့ကို ယက်မန်းယာဂုဖြင့် ရောင့်ရဲစေကုန်စဉ် နေသည်ဝင်၏။ နက်ဖြန် မိုးသောက်သောနေ့၌ နံနက်စောစော အခါ၌လည်းကောင်း, မွန်းတည့်သောအခါ၌လည်းကောင်း, ညချမ်းအခါ၌ လည်းကောင်း ယက်မန်း ယာဂုကိုသာလျှင် တိုက်၍ သုံးရက်မြောက်သောနေ့၌ ထမင်းလုံးနှင့်တကွသော ယာဂုကို တိုက်ကုန်၏။ အကြင် သုံးရက်မျှလောက်ဖြင့် မင်းတို့သည် အနာကငါးကြကုန်၏။ ထိုအခါ ထိုမင်းတို့ကို မဟာသုတသောမ မင်းသည် သွားခြင်းငှာ တတ်နိုင်ပါကုန်လတ္တံ့လောဟု မေး၍ သွားနိုင်ပါကုန်၏ဟု ဆိုကုန်လတ်သော် အဆွေပေါရိသာဒ... လာလှည့်၊ မိမိပြည်ရွာသို့ သွားကြကုန်အံ့ဟု ဆို၏။ ထိုအခါ ပေါရိသာဒသည် ငိုကြွေးလျက် မဟာသုဘာမင်း၏ ခြေတို့၌ဝပ်၍ အဆွေသုတသောမ... သင်သည်သာလျှင် ဤမင်းတို့ကိုယူ၍ သွားလေလော့၊ ငါမူကား ဤတော၌သာလျှင် သစ်မြစ်သစ်သီးကို စားလျက် နေပါအံ့ဟု ဆို၏။

အဆွေပေါရိသာဒ ဤတောအရပ်၌ အဘယ်ပြုအံ့နည်း၊ သင်၏ တိုင်းပြည်သည် အလွန်မွေ့လျော်ဖွယ်ရှိ၏။ ဗာရာဏသီပြည်၌ မင်းပြုလော့ ဟု ဆိုလတ်သော် အဆွေသုတသောမ... အသို့ ဆိုဘိသနည်း၊ ငါသည် ထိုဗာရာဏသီပြည်သို့ သွားခြင်းငှာ မတက်ကောင်း၊ ထိုစကားသည် မှန်၏။ အလုံးစုံသောမြို့၌ နေကုန်သောသူတို့သည် ငါ၏ ရန်သူတို့တည်း၊ ထိုအလုံးစုံသော မြို့သူတို့သည် ပေါရိသာဒသည် ငါ၏အမိကို စားအပ်၏။ ငါ၏အဖကို စားအပ်၏။ ငါ၏ ညီအစ်ကို မောင်နှမကို စားအပ်၏။ ဤခိုးသူကို ဖမ်းကြကုန်လော့ဟု ဆို၍ ငါ့ကို ဆဲရေးကုန်လတ္တံ့။ တစ်ခု တစ်ခုစီသော လှံတံဖြင့်သော်လည်းကောင်း တစ်ခု တစ်ခုစီသော ခဲဖြင့်သော်လည်းကောင်း ငါ့ကို အသက်ကုန်ခြင်းသို့ ရောက်စေကုန်လတ္တံ့။ ငါသည်လည်း သင်မင်းမြတ်တို့အထံ၌ သီလကို ဆောက်တည်အပ်ပြီ။ အသက်ဟူသော အကြောင်းကြောင့်လည်း ငါသည် သူတစ်ပါးကို သတ်ခြင်းငှာ မတတ်ကောင်း၊ ထို့ကြောင့် ငါသည် မလိုက်ပြီ။ ငါသည် လူသားမှ ကြဉ်ရှောင်ရသောကြောင့် အဘယ်မျှ အသက်ရှည်အံ့နည်း၊ ယခုအခါ သင်မင်းမြတ်တို့ကို မြင်ရခြင်းသည် မရှိပြီဟု ငိုကြွေး၍ သင်မင်းမြတ်တို့သည်သာလျှင် ကြွတော်မူကုန်လော့ဟု ဆို၏။

ပေါရိသာဒ ပြည်တော်ဝင်ခန်း

ထိုအခါ မဟာသုတသောမ မင်းသည် ထိုပေါရိသာဒကိုသုံးသပ်၍ အဆွေပေါရိသာဒ... သင် မစိုးရိမ်လင့်၊ သုတသောမ အမည်ရှိသော ငါသည် သင်ကဲ့သိုသော ကြမ်းကြုတ် ရုန့်ရင်းသော သူကိုစင်လျက် ဆုံးမနိုင်သေး၏။ ဗာရာဏသီပြည်၌ နေကုန်သောသူတို့ကို ဆုံးမခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ငါသည် သင့်ကို ဗာရာဏသီမင်းအဖြစ်၌ တည်စေအံ့၊ အကယ်၍ မတတ်နိုင်သည် ရှိသော် ငါ၏ဘိုင်းပြည်ကို ထက်ဝက်ခွဲ၍ ပေးအံ့ဟု ဆိုလတ်သော် သင်မင်းမြတ်တို့၏ မြို့တော်၌လည်း ငါ၏ ရန်သူတို့သည် ရှိကုန်သည်သာလျှင်တည်းဟု ဆိုသဖြင့် ဤပေါရိသာဒသည် ငါ၏စကားကို လိုက်နာသဖြင့် ပြုနိုင်ခဲသောအမှုကို ပြုပေ၏။ အဘယ်သို့သော အကြောင်းဖြင့် ငါသည် ဤပေါရိသာဒကို တည်မြဲတိုင်းသော နေရာ၌ တည်စေရအံ့နည်းဟုကြ၍ ထိုပေါရိဒအား ဖျားယောင်းအံ့သောငှာ ဗာရာဏသီပြည်၏ ပြည့်စုံခြင်းကို ချီးမွမ်းလိုရကား-

၄၇၉။ စတုပ္ပဒံ သာကုဏဉ္စာပိ မံသံ အစရှိသော ဤဂါထာတို့ကို ဆို၏။

အစားကောင်းများ

֍ ဋ္ဌ ၄၇၉။ မဟာရာဇ၊ မင်းမြတ်။ တတ္ထ၊ ထိုဗာရာဏသီမြို့၌။ သူဒေဟိ၊ စားတော်ချက်တို့သည်။ ရန္ဓံ၊ ဖျော်အပ်သော။ သုကတံ၊ အထူးထူး အပြားပြားတို့ဖြင့် ကောင်းစွာစီရင်အပ်သော။ သုနိဌိတံ၊ အထူးထူး အပြားပြားသော အဆောက်အဦးတို့ဖြင့် ကောင်းစွာ ပြီးစေအပ်သော။ စတုပ္ပဒံ၊ အခြေလေးချောင်းရှိသော သားမှဖြစ်သော။ ယံ မံသဉ္စ၊ အကြင်အသားကိုလည်းကောင်း။ သာကုဏဉ္စာပိ၊ ငှက်မှလည်း ဖြစ်ထသော။ ယံ မံသဉ္စ၊ အကြင်အသားကိုလည်းကောင်း။ ဣန္ဒော၊ သိကြားနတ်မင်းသည်။ သုဓံ၊ နတ်သုဓာဘုတ်ကို။ ဘုဉ္ဇတိ ဣဝ၊ စားသကဲ့သို့။ ပရိဘုဉ္ဇယာန၊ သုံးဆောင် စားသောက်၍။ တံ၊ ထိုဘောဇဉ်ကို။ ဟိတွာ၊ စွန့်၍။ ဧကော၊ တစ်ယောက်အထီးတည်း။ အရညေ၊ တော၌။ ကထံ ရမသိ၊ အသို့လျှင် မွေ့လျော်လတ္တံ့နည်း။

မိန်းမလှများ

֍ ဋ္ဌ ၄၈၀။ မဟာရာဇ၊ မင်းမြတ်။ တတ္ထ၊ ထို ဗာရာဏသီမြို့၌။ အလင်္ကတာ၊ တန်ဆာဆင်အပ်ကုန်သော။ ဝေလီ၊ ဦးသစ်သော ရွှေစင်အစုကဲ့သို့ တခဲနက်သော ကိုယ်ရောင် ရှိကုန်ထသော။ ဝေလ္လိဝိလာကမဇ္ဈာ၊ စည်းကျပ်သေးသွယ် ရှုဖွယ်သောခါးလည်း ရှိကုန်ထသော။ ခတ္တိယာ၊ အကြင် မင်းသမီးတို့သည်။ ဒေဝေသု၊ နတ်ပြည်တို့၌၊ ဣန္ဒံ၊ သိကြားနတ်မင်းကို။ ဒေဝစ္ဆရာ၊ နတ်သမီးတို့သည်။ သမ္ပရိဝါရယိတွာ၊ ကောင်းစွာခြံရံ၍။ ပမောဒယန္တိ ဣဝ၊ မွေ့လျော်စေကုန်ဘိသကဲ့သို့။ တံ၊ သင့်ကို။ သမ္ပရိဝါရယိတွာ၊ ကောင်းစွာ ခြံရံကုန်၍။ ပမောဒယိံသု၊ မွေ့လျော်စေကုန်ပြီ။ တာ ခတ္တိယာ၊ ထို မင်းသမီးတို့ကို။ ဟိတွာ၊ စွန့်၍။ ဧကော၊ တစ်ယောက် အထီးတည်း။ အရညေ၊ တော၌။ ကထံ ရမသိ၊ အသို့လျှင် မွေ့လျော်လတ္တံ့နည်း။

အိပ်ရာ နေရာကောင်းများ

֍ ဋ္ဌ ၄၈၁။ မဟာရာဇ၊ မင်းမြတ်။ တတ္ထ၊ ထို ဗာရာဏသီမြို့၌။ တမ္ဗူပဓာနေ၊ နီသော အုံးဝန်းရှိထသော။ ဗဟုဂေါဏကမှိ၊ များသော ကော်ဇောဖြင့်ပြီးသော။ သုဘမှိ၊ တင့်တယ်စွာသော။ သင်္ဂေ၊ အထပ်ထပ်သော ဘုံလျှိုရှိသော။ သဗ္ဗသယနမှိ၊ အလုံးစုံသော အခင်းအလွှမ်းရှိသောအိပ်ရာ၌။ တွံ၊ သင်သည်။ ပုဗ္ဗေ၊ ရှေးကာလ၌။ သယသိ၊ အိပ်၏။ တာဒိသဿ၊ ထိုသို့ သဘောရှိသော။ သယနဿ၊ အိပ်ရာ၏။ မဇ္ဈမှီ၊ အလယ်၌၊ သုခံ၊ ချမ်းသာစွာ။ သယိတွာ၊ အိပ်ပြီး၍။ တံ၊ ထိုသို့သဘောရှိသောအိပ်ရာကို။ ဟိတွာ၊ စွန့်၍။ ဧကော၊ တစ်ယောက်အသီးတည်း။ အရညေ၊ တော၌။ ကထံ ရမသိ၊ အဘယ့်ကြောင့် မွေ့လျော်လတ္တံ့နည်း။

သီဆို တီးမှုတ်ခြင်းများ

֍ ဋ္ဌ ၄၈၂။ မဟာရာဇ၊ မင်းမြတ်။ တတ္ထ၊ ထို ဗာရာဏသီမြို့၌။ နိသီထေ၊ ညဉ့်အဖို့၌။ ယံ ပါဏိဿရဉ္စ၊ အကြင် မောင်းကြေးနင်း ခွက်ခြင်းသံကိုလည်းကောင်း။ ယံ ကုမ္ဘထုနဉ္စ၊ အကြင် အိုးစည်သံကို လည်းကောင်း။ အထောပိ၊ ထိုမှတပါးလည်း။ ဝေ၊ စင်စစ်။ နိပ္ပုရိသမှိ၊ ယောက်ျားနှင့်မစပ်သော။ တူရိယံ၊ တူရိယာမျိုးကို။ ဗဟုံ၊ များစွာ။ သုဂီတဉ္စ၊ ကောင်းစွာ သီခြင်းကိုလည်းကောင်း။ သုဝါဒိတဉ္စ၊ ကောင်းစွာ တီးမှုတ်ခြင်းကို လည်းကောင်း။ ကတွာ၊ ပြု၍။ တံ၊ သင့်ကို။ ပမောဒယိံသု၊ မွေ့လျော်စေကုန်ပြီ။ ဧဝရူပံ၊ ဤသို့ သဘောရှိသော။ သမ္ပတ္တိံ၊ စည်းစိမ်ကို။ ဟိတွာ၊ စွန့်၍။ ဧကော၊ တစ်ယောက်အထီးတည်း။ အရည၊ တော၌။ ကထံ ရမသိ၊ အသို့လျှင် မွေ့လျော်လတ္တံ့နည်း။

မွန်မြတ်သောမြို့တော်

֍ ဋ္ဌ ၄၈၃။ မဟာရာဇ၊ မင်းမြတ်။ တတ္ထ၊ ထို ဗာရာဏသီပြည်၌။ ပဟူတမာလျံ၊ ပြန့်သော ပန်းသစ်ပင်ရှိသော။ တဝ၊ သင်၏။ ဥယျာနသမ္ပန္နံ၊ ဥယျာဉ်ရေကန်နှင့် ပြည့်စုံသော။ ပုရံ၊ ပြည်သည်။ သုရမ္မံ၊ အလွန်မွေ့လျော်ဖွယ်ရှိ၏။ ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ ပဟူတမာလဝန္တံ၊ အထူးထူး အပြားပြား များသော ပန်းမျိုးရှိသော။ မိဂါဇိနုပေတံ၊ မိဂဇိန်ဥယျာဉ်နှင့် ပြည့်စုံ၏။ တသ္မာ၊ ထို့ကြောင့်။ သုရမ္မံ၊ အလွန်မွေ့လျော်ဖွယ်ရှိ၏။ မိဂါဇိနုပေတံ၊ မိဂဇိန်ဥယျာဉ်နှင့် ပြည့်စုံသော။ တဝ၊ သင်၏။ ပုရံ၊ ပြည်သည်။ သုရမ္မံ၊ အလွန် မွေ့လျော်ဖွယ်ရှိ၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။ ဟယေဟိ စ၊ မြင်းတို့နှင့်လည်းကောင်း။ နာဂေဟိ စ၊ ဆင်တို့နှင့်လည်းကောင်း။ ရထေဟိစ၊ ရထားတို့နှင့် လည်းကောင်း။ ဥပေတိ၊ ပြည့်စုံ၏။ တသ္မာ၊ ထို့ကြောင့်။ သုရမ္မံ၊ အလွန် မွေ့လျော်ဖွယ်ရှိ၏။ တံ၊ ထို ဗာရာဏသီပြည်ကို။ ဟိတွာ၊ စွန့်၍။ ဧကော၊ တစ်ယောက်အထီးတည်း။ အရညေ၊ တော၌။ ကထံ ရမသိ၊ အသို့လျှင် မွေ့လျော်လတ္တံ့နည်း။

ဤသို့လျှင် မဟာသုတသောမမင်းသည် ဤပေါရိသာဒသည် ရှေး၌ ခံစားသုံးဆောင်သော အရသာကို အောက်မေ့၍ သွားလိုသည်ဖြစ်အံ့လည်း မသိဟု ကြံ၍ ရှေးဦးစွာ အစာဖြင့် ဖျားယောင်း၏။ နှစ်ကြိမ်မြောက်၌ ကိလေသာ၏ အစွမ်းဖြင့် ဖျားယောင်း၏။ သုံးကြိမ်မြောက်၌ အိပ်ရာနေရာဖြင့် ဖျားယောင်း၏။ လေးကြိမ်မြောက်၌ ကခြင်း, သီချင်း တီးမှုတ်ခြင်းဖြင့် ဖျားယောင်း၏။ ငါးကြိမ်မြောက်၌ ဥယျာဉ် ရေကန်ဖြင့်လည်းကောင်း၊ မြို့ရွာနှင့် လည်းကောင်း ဖြားယောင်း၏။

လာ သွားကြစို့

ဤသို့လျှင် ဤငါးပါးသော အကြောင်းတို့ဖြင့် ဖျားယောင်း၍ မင်းမြတ်. လာလှည့်၊ ငါသည် သင့်ကို ယူဆောင်၍ သွားသဖြင့် ဗာရာဏသီပြည် မင်းအဖြစ်၌ တည်စေပြီး၍ နောက်မှ ငါတို့ပြည်သို့ သွားအံ့။ အကယ်၍ ဗာရာဏသီပြည်ကို မရအံ့၊ ငါ၏ ပြည်ထက်ဝက်ကို သင့်အား ပေးအံ့၊ သင့်အား တော၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ငါ့စကားကို လိုက်နာလော့ဟု ဆို၏။

ပေါရိသာဒ ပြည်တော်ဝင်

ထိုပေါရိသာဒသည် မဟာသုတသောမမင်း စကားကို ကြားရလျှင် သွားလိုသည်ဖြစ်၍ သုတသောမမင်းသည် ငါ၏ အကျိုးစီးပွားကို အလိုရှိ၏။ အစဉ် သနားတတ်၏။ ထိုစကားသည် မှန်၏။ ရှေးဦးစွာ ငါ့ကို ကောင်းမှု၌ တည်စေ၍ ယခုအခါ ရှေးစည်းစိမ်ချမ်းသာ၌လည်း တည်စေအံ့ဟု ဆို၏။ ဤ သုတသောမမင်းသည် တည်စိမ့်သောငှာ တတ်နိုင်လတ္တံ့ သည်သာလျှင်တည်း၊ ဤသုတသောမမင်းနှင့် တကွသာလျှင် သွားခြင်းငှာ သင့်၏။ ငါ့အား တော၌နေသဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟု ကြံလျက် နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ ထိုသုတသောမမင်း၏ ဂုဏ်ကျေးဇူးကို မှီ၍ ချီးမွမ်းခြင်းကို ပြောဆိုလိုသည်ဖြစ်၍ အဆွေ သုတသောမမင်း အဆွေခင်ပွန်းကောင်းနှင့် ပေါင်းဖော်ရသောထက် ကောင်းမြတ်သောမည်သည် မရှိ၊ ယုတ်မာသော အဆွေခင်ပွန်းနှင့် ပေါင်းဖော်ရသောထက် အထူးသဖြင့် ယုတ်မာသော မည်သည်လည်း မရှိ ဟု ဆို၍ ထိုအကြောင်းကို မဟာသုတသောမမင်းအား ကြားလျှောက်လိုရကား-

၄၈၄။ ကာဠပက္ခေ ယထာ စန္ဒော။ လ။ အသဗ္ဘိ အရကာ။

ဟူကုန်သော ဤခုနစ်ဂါထာတို့ကို ဆို၏။

သူတော်ကောင်းနှင့် ပေါင်းဖော်သင့်ပုံ

֍ ဋ္ဌ ၄၈၄။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော။ ရာဇ၊ မင်းမြတ်။ ကာဠပက္ခေ၊ လဆုတ်ပက္ခ၌။ စန္ဒော၊ လသည်။ သုဝေ သုဝေ၊ နေ့တိုင်း နေ့တိုင်း။ ဟာယတေဝ၊ ဆုတ်ယုတ်သည်သာလျှင်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝမေဝ၊ ဤအတူလျှင်။ အသတံ၊ သူတော်မဟုတ် သူယုတ်တို့နှင့်။ သမာဂမော၊ ပေါင်းဖော်ရခြင်းသည်။ ကာဠပက္ခူပမော၊ လဆုတ်ပက္ခနှင့် တူသည်။ ဟောဟိ၊ ဖြစ်၏။

֍ ဋ္ဌ ၄၈၅။ ဘူနာထ၊ သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော။ ရာဇိန္ဒ၊ မင်းများနတ်။ ရသကံ၊ ရသက အမည်ရှိသော။ သူဒံ၊ စဖိုသည်ဖြစ်သော။ ကာပုရိသာဓမံ၊ အလွန် ယုတ်မာသော ယောကျ်ားကို။ အာဂမ္မ၊ စွဲ၍။ အဟံ၊ အကျွန်ုပ်သည်။ ယထာ၊ အကြင်အခြင်းဖြင့်။ ယေန ကမ္မေန၊ အကြင်အမှုကြောင့်။ ဒုဂ္ဂတိံ၊ မကောင်းသော အလားသို့။ ဂစ္ဆာမိ၊ လားရလေအံ့။ တထာ၊ ထိုအခြင်းဖြင့်။ ပါပကံ၊ ယုတ်မာသော။ တံ ကမ္မံ၊ ထိုအမှုကို။ အကာသိံ၊ ပြုမိ၏။

֍ ဋ္ဌ ၄၈၆။ ရဋ္ဌာဓိပတိ၊ ပြည်ကြီးအရှင်ဖြစ်တော်မူသော။ ရာဇ၊ မင်းမြတ်။ သုက္ကပက္ခေ၊ လဆန်းပက္ခ၌။ စန္ဒော၊ လသည်။ သုဝေ သုဝေ၊ နေ့တိုင်း နေ့တိုင်း။ ဝဍ္ဎတေဝ၊ ပွားသည်သာလျှင်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝမေဝ၊ ဤအတူလျှင်။ သတံ၊ သူတော်ကောင်းတို့နှင့်။ သမာဂမော၊ ပေါင်းဖော်ရခြင်းသည်။ သုက္ကပက္ခူပမော၊ လဆန်းပက္ခနှင့်တူသည်။ ဟောဟိ၊ ဖြစ်၏။

֍ ဋ္ဌ ၄၈၇။ ဘာရဓ၊ ပြည်ကြီးဝန်ကို ရွက်ဆောင်တော်မူတတ်သော။ သုတသောမ၊ မင်းမြတ် သုတသောမ။ ပဇာနာဟိ၊ သိတော်မူလော့။ အဟံ၊ အကျွန်ုပ်သည်။ တုဝံ၊ သင်မင်းမြတ်ကို။ အာဂမ္မ၊ စွဲ၍။ ယထာ၊ အကြင်အခြင်းဖြင့် ယေနကမ္မေန၊ အကြင်အမှုကြောင့်။ သုဂတိံ၊ ကောင်းသော အလားသို့။ ဂစ္ဆာမိ၊ လားရအံ့။ တထာ၊ ထိုအခြင်းဖြင့်။ ကုသလံ၊ အပြစ်မရှိသော အကျိုးကို ပေးတတ်သော။ တံ ကမ္မံ၊ ထိုအမှုတို့ကို။ ကာဟာမိ၊ ပြုရပေပြီ။

֍ ဋ္ဌ ၄၈၈။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော။ ဘူမိပါလ၊ ရေမြေ့ရှင်။ ထလေ၊ ကြည်းကုန်း၌။ ဝုဋ္ဌံ၊ ရွာသော။ ဝါရိ၊ မိုးရေသည် အနဒ္ဓနေယျံ၊ မရှည်သော အဓွန့်ရှိသည်။ န စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ မတည်သည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံပိ၊ ဤအတူလျှင်။ အသတံ၊ သူတော်မဟုတ် သူယုတ်မာတို့နှင့်။ သမာဂမော၊ ပေါင်းဖော်ရခြင်းသည်။ ထလေ၊ ကြည်းကုန်း၌။ ဥဒကံဝ၊ မိုးရေကဲ့သို့။ အနဒ္ဓနေယျော၊ မရှည်သော အဓွန့်ရှိသည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၄၈၉။ နရဝီရသေဋ္ဌ၊ ဝီရိယဖြင့် လူအပေါင်းတို့ထက် မြတ်တော်မူသော။ ဇနိန္ဒ၊ လူများနတ်။ သရေ၊ မဟာသမုဒ္ဒရာ၌။ ဝုဋ္ဌံ၊ ရွာသော။ ဝါရိ၊ မိုးရေသည်။ စိရဋ္ဌိတိကံ၊ မြင့်စွာတည်သည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံပိ၊ ဤအတူလျှင်။ သတံ၊ သူတော်ကောင်းတို့နှင့်။ သမာဂမော၊ ပေါင်းဖော်ရခြင်းသည်။ သရေ၊ မဟာသမုဒ္ဒရာ၌။ ဥဒကံ ဣဝ၊ ရေကဲ့သို့။ စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်သည်။ ဟောတိ၊ ဖြစ်၏။

֍ ဋ္ဌ ၄၉၀။ ရာဇာဓိရာဇ၊ မင်းထက် မင်းမြတ် ဖြစ်တော်မူသော။ ရာဇသေဋ္ဌ၊ မင်းမြတ်။ သတံ၊ သူတော်ကောင်းတို့နှင့်။ သမာဂမော၊ ပေါင်းဖော်ရခြင်းသည်။ အဗျာယိကော၊ မပျက်စီးသည်။ ဟောတိ၊ ဖြစ်၏။ ယာဝမ္ပိ၊ အကြင်မျှလောက်သော ကာလပတ်လုံးလည်း။ တိဋ္ဌေယျ၊ တည်၏။ တာဝမ္ပိ၊ ထိုမျှလောက်သော ကာလပတ်လုံးလည်း။ မိတ္တဘာဝေါ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ န ဇီရတိ၊ မပျက်စီး။ အသတံ၊ သူတော်မဟုတ် သူယုတ်တို့နှင့်။ သမာဂမော၊ ပေါင်းဖော်ရခြင်းသည်။ ခိပ္ပဉှိ၊ လျင်စွာလျှင်။ ဝေတိ ဝိနဿတိ၊ ပျက်စီးတတ်၏။ တသ္မာ၊ ထို့ကြောင့်။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော၊ တရားသည်။ အသဗ္ဘိ၊ သူတော်မဟုတ်သော သူယုတ်တိုမှ။ အာရကာ၊ ဝေးစွာ၏။

ဤသို့လျှင် ပေါရိသာဒသည် ဤခုနစ်ဂါထာတို့ဖြင့် မဟာသုတသောမမင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၏။ မဟာသုတသောမ မင်းသည်လည်း ပေါရိသာဒကို လည်းကောင်း ထိုမင်းတို့ကို လည်းကောင်း ယူ၍ ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်ပြည် ပစ္စန္တရစ်သို့ ရောက်လေ၏။ ပစ္စန္တရစ်၌ နေကုန်သောသူတို့သည် မဟာသုတသောမမင်းကို မြင်ကုန်လျှင် ဣန္ဒပတ္တနဂိုရ်မြို့သို့ သွားကုန်၍ မှူးတော် မတ်တော်တို့ ကြားလျှောက်ကုန်၏။ မှူးတော် မတ်တော်တို့သည် ဗိုလ်ပါရဲမက် အပေါင်းကို ယူပြီးလျှင် သွား၍ ခြံရံကြကုန်၏။ မဟာသုတသောမမင်းသည် ထိုအခြံအရံဖြင့် ဗာရာဏသီပြည်သို့ သွားလေ၏။ ခရီးအကြား၌ ဇနပုဒ်နေသူတို့သည် မဟာသုတမမင်းအား လက်ဆောင်ပဏ္ဏာကို ဆက်၍ ပို့လိုက်ကုန်၏။ များစွာသော အခြံအရံသည် ဖြစ်၏။ ထိုများစွာသော အခြံအရံနှင့်တကွ ဗာရာဏသီပြည်သို့ ရောက်လေ၏။

မြို့တံခါးပိတ်ကြပြီ

ထိုအခါ ပေါရိသာဒ၏သားသည် မင်းပြု၏။ စစ်သူကြီးကား ကာဠဟတ်ပင်တည်း၊ ပြည်သူတို့သည် မင်းအား လျှောက်ကြကုန်၏။ အရှင်မင်းမြတ်... မဟာသုတသောမမင်းသည် ပေါရိသာဒကို ဆုံးမသဖြင့်ယူ၍ ဗာရာဏသီပြည်သို့ လာရောက်ပါသဘတ်၊ ထိုပေါရိသာဒအား မြို့သို့ ဝင်စိမ့်သောငှာ မပေးကုန်အံ့ဟု လျင်မြန်စွာ မြို့တံခါးကိုပိတ်၍ လက်နက်တို့ကို စွဲကုန်လျက် တည်ကုန်၏။

မဟာသုတသောမမင်းသည် မြို့တံခါးကိုပိတ်သော အဖြစ်ကိုသိ၍ ပေါရိသာဒကိုလည်းကောင်း တစ်ရာမကသော မင်းတို့ကို လည်းကောင်း ထားခဲ့၍ အမတ်နှစ်ယောက် သုံးယောက်တို့နှင့်တကွ လာလတ်၍ ငါကား သုတသောမ မင်းတည်း၊ မြို့တံခါးကို ဖွင့်ကုန်လော့ ဟု ဆို၏။ မင်းချင်းတို့သည် သွား၍ မင်းအား တင်လျှောက်ကြကုန်၏။ ထိုမင်းသည် လျင်မြန်စွာ တံခါးကို ဖွင့်လေကုန် ဟု မြို့တံခါးကို ဖွင့်စေ၏။ မဟာသုတသောမမင်းသည် မြို့တွင်းသို့ ဝင်တော်မူ၏။ မင်းသည်လည်းကောင်း ကာဠဟတ်စစ်သူကြီးသည်လည်းကောင်း မဟာသုတသောမ မင်းအား ခရီးဦးကြိုဆိုခြင်းကို ပြုသဖြင့် ခေါ်၍ ရွှေနန်းပြာသာဒ်ထက်သို့ တင်ကုန်၏။

သုတသောမမင်း

ထိုမဟာသုတသောမမင်းသည် မင်း၏နေရာ၌ နေတော်မူ၍ ပေါရိသာဒ၏ မိဖုရားကြီးကို လည်းကောင်း မိဖုရားကြီးမှ ကြွင်းကုန်သော အမတ်တို့ကိုလည်းကောင်း ခေါ်၍ ကာဠဟတ်ကို ဆိုတော်မူ၏။ အချင်းကာဠဟတ်... အဘယ့်ကြောင့် မင်းအား မြို့တွင်းသို့ ဝင်စိမ့်သောငှာ မပေးကြကုန်သနည်းဟု ဆိုတော်မူ၏။ အရှင်မင်းမြတ် ထိုမင်းသည် မင်းပြုသည်ရှိသော် ဤမြို့၌ များစွာသော လူတို့ကို စားဘိ၏။ မင်းတကာတို့သည် မပြုကျင့်အပ်သော အမှုကို ပြုကျင့်ဘိ၏။ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းကို မင်းပြတ်သည်ကို ပြုဘိ၏။ ထိုမင်းသည် ဤသို့ သဘောရှိသော ယုတ်မာသော အကျင့်ရှိ၏။ ထို့ကြောင့် မြို့သို့ ဝင်စိမ့်သောငှာ မပေးကုန်ဟု တင်လျှောက်၏။

ဆုံးမ၍ တရားဟောခြင်း

အချင်းကာဠဟတ်... ယခုအခါ ထိုပေါရိသာဒသည် ဤသို့သဘောရှိသော အမှုကို မပြုလတ္တံ့၊ မစိုးရိမ်ကြကုန်လင့်၊ ငါသည် ထိုပေါရိသာဒကို ဆုံးမ၍ သီလတို့၌ တည်စေပြီ၊ အသက်ဟူသော အကြောင်းကြောင့်လည်း တစ်စုံတစ်ယောက်သော သူကို မညှဉ်းဆဲလတ္တံ့၊ သင့်အား ထိုပေါရိသာဒမှ ဘေးမရှိပြီ၊ ဤသို့ မပြုကုန်လင့်၊ သားတို့ မည်သည်ကား မိဘတို့ကို ရိုသေစွာ လုပ်ကျွေးအပ်ကုန်၏။ ထိုစကားသည် မှန်၏။ မိဘတို့ကို ရိုသေစွာ လုပ်ကျွေးကုန်သော သားသမီးတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏။ မိဘတို့ကို ရိုသေစွာ မလုပ်ကျွေးကုန်သော သားသမီးတို့သည် အပယ်ငရဲသို့ သွားရကုန်၏ဟု မဟာသုတသောမမင်းသည် နိမ့်သော နေရာ၌နေသော ပေါရိသာဒ၏ သားဖြစ်သောမ င်းသားအား အဆုံးအမကို ပေးတော်မူပြီး၍ အချင်းကာဠဟတ်... သင်သည် မင်း၏ အဆွေခင်ပွန်းလည်း ဖြစ်၏။ မင်းကို ခံစားမှီဝဲသော အမတ်လည်း ဖြစ်၏။ မင်းသည်လည်း ကြီးစွာသော စည်းစိမ်ချမ်းသာ၌ တည်စေ၏။ သင်သည်လည်း မင်း၏ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်းငှာ သင့်၏ဟု စစ်သူကြီး ကာဠဟတ်ကိုလည်း ဆုံးမတော်မူပြီး၍ ရှင်မိဖုရား ရှင်မိဖုရားသည်လည်း မိဘအိမ်မှလာ၍ ထိုမင်းအထံ၌ မိဖုရားကြီးအရာသို့ ရောက်၍ သားသမီးတို့ဖြင့် ပွားခြင်းသို့ ရောက်၏။ သင်သည်လည်း ထိုမင်း၏ အကျိုးစီးပွားကို ကျင့်ဆောက်တည်ခြင်းငှာ သင့်၏ဟု မိဖုရားကြီးကိုလည်း ဆုံးမတော်မူ၍

ထိုအကြောင်းကိုလျင် အပြီးသို့ ရောက်စိမ့်သောငှာ တရားဟောလိုရကား-

၄၉၁။ န သော ရာဇာ ယော အဇေယျံ ဇိနာတိ။ လ။ ဣသီနံ ဓဇော။

ဟူကုန်သော လေးဂါထာတို့ကို ဟောတော်မူ၏။

မယားမိုက်နှင့် သားသမီးမိုက်

֍ ဋ္ဌ ၄၉၁။ ဘောန္တော ရာဇာနော၊ အို မင်းများတို့။ ယော ရာဇာ၊ အကြင်မင်းသည်။ အဇေယျံ၊ မအောင်အပ်သော မိဘကို။ ဇိနာတိ၊ အောင်၏။ သောရာဇာ၊ ထိုမင်းသည်။ န ရာဇာ၊ မင်းမမည်။ ယော သခါ၊ အကြင် အဆွေခင်ပွန်းသည်။ သခါရံ၊ အဆွေခင်ပွန်းတစ်ယောက်ကို။ ဇိနာတိ၊ အောင်၏။ သော သခါ၊ ထိုအဆွေခင်ပွန်းသည်။ န သခါ၊ အဆွေခင်ပွန်းမမည်။ ဘရိယာ၊ အကြင်မယားသည်။ ပတိနော၊ မိမိလင်အား။ န ဝိဘေတိ၊ မကြောက်။ သာ ဘရိယာ၊ ထို မယားသည်။ န ဘရိယာ၊ မယားမမည်။ ယေ ပုတ္တာ၊ အကြင် သားသမီးတို့သည်။ ဇိဏ္ဏံ၊ အိုမင်းပြီးသော မိဘကို။ န ဘရန္တိ၊ မမွေးမြူကုန်။ တေ ပုတ္တာ၊ ထို သားသမီးတို့သည်။ န ပုတ္တာ၊ သားသမီးမမည်ကုန်။

လူမိုက်နှင့် လူလိမ္မာ

֍ ဋ္ဌ ၄၉၂။ ယတ္ထ၊ အကြင်သဘင်၌။ သန္တော၊ ပညာရှိသော သူတော်ကောင်းတို့သည်။ န သန္တိ၊ မရှိကုန်။ သာ သဘာ၊ ထို သဘင်သည်။ န သဘာ၊ သဘင်မမည်။ ယေ သန္တော၊ အကြင် သူတော်ကောင်းတို့သည်။ ဓမ္မံ၊ ဟုတ်မှန်သောတရားကို။ န ဘဏန္တိ၊ မဆိုကုန်။ တေ သန္တော၊ ထိုသူတော်ကောင်းတို့သည်။ န သန္တော၊ သူတော်ကောင်း မမည်ကုန်။ ရာဂဉ္စ၊ တပ်မက်မောခြင်းကို လည်းကောင်း။ ဒေါသဉ္စ၊ အမျက် ထွက်ခြင်းကို လည်းကောင်း။ မောဟဉ္စ၊ မိုက်မဲတွေဝေခြင်းကို လည်းကောင်း။ ပဟာယ၊ စွန့်၍။ ဓမ္မံ၊ ဟုတ်မှန်သော သဘောကို။ ဘဏန္တာဝ၊ ဆိုကုန်သော ပညာရှိတို့သည်သာလျှင်။ သန္တော၊ သူတော်ကောင်း မည်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

֍ ဋ္ဌ ၄၉၃။ ဘောန္တော ရာဇာနော၊ အိုမင်းများတို့။ ဗာလေဟိ၊ သူမိုက်တို့နှင့်။ မိဿံ၊ ပေါင်းသင်းရောနှော။ ပဏ္ဍိတံ၊ ပညာရှိကို။ အဘာသမာနံ၊ မပြောဆိုသည်ရှိသော်။ ပဏ္ဍိတာတိ၊ ပညာရှိဟူ၍။ န ဇာနန္တိ၊ မသိကုန်။ အမတံ၊ သေခြင်းကင်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ ဒေသေန္တံ၊ ဟောကြားတတ်သော။ ပဏ္ဍိတံ၊ ပညာရှိကို။ ဘာသမာနဉ္စ၊ ပြောဆိုမှသာလျှင်။ ပဏ္ဍိတောတိ၊ ပညာရှိဟူ၍။ ဇာနန္တိ၊ သိကုန်၏။

֍ ဋ္ဌ ၄၉၄။ တသ္မာ၊ ထို့ကြောင့်။ ဓမ္မံ၊ သဘော တရားကို။ ဘာသယေ၊ ဆိုရာ၏။ ဇောတယေ၊ ထွန်းပစေရာ၏။ ယေ ဣသယော၊ အကြင် ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ သုဘာသိတဒ္ဓဇာ၊ ကောင်းစွာဆိုအပ်သော တရားတည်းဟူသော တံခွန်ရှိကုန်၏။ တေသံ ဣသီနံ၊ ထို ဘုရားအစရှိသော သူတော်ကောင်းတို့၏။ တံ ဓဇံ၊ ထို တရားတည်းဟူသော အလံတံခွန်ကို။ ပဂ္ဂဏှေယျ၊ ချီးမြှောက်ရာ၏။ ဟိ-သစ္စံ၊ မှန်၏။ ဓမ္မော၊ သဘောတရားသည်။ ဣသီနံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့၏။ ဓဇော၊ တံခွန်မည်၏။

ပေါရိသာဒ မင်းဖြစ်ပြီ

ထို မဟာသုတသောမမင်း၏ စကားကို ကြားနာရ၍ မင်းသည်လည်းကောင်း စစ်သူကြီးသည်လည်းကောင်း, ပေါရိသာဒ၏ မိဖုရားသည်လည်းကောင်း အလွန်နှစ်သက်ကုန်သည်ဖြစ်၍ အရှင်မင်းကြီး... သွားပါကုန်အံ့၊ ဆောင်ယူပါကုန်အံ့ဟု မဟာသုတသောမမင်းကို တင်လျှောက်ပြီးလျှင် ဗာရာဏသီမြို့အလုံး၌ စည်လည်စေ၍ မြို့သူတို့ကို စည်းဝေးစေပြီးလျှင် သင်တို့သည် မကြောက်ကြကုန်လင့်၊ ငါတို့ အရှင်မင်းကြီးသည် တရား၌တည်တော်မူပြီးသတတ်၊ လာလှည့်ကုန်၊ ငါတို့အရှင်မင်းကြီးကို ဆောင်ယူစေကုန်အံ့ဟု လူအများကိုခေါ်၍ မဟာသုတသောမမင်းကို ရှေ့ထားလျက် ပေါရိသာဒအထံသို့ သွားကြကုန်ပြီးလျှင် ရှိခိုး၍ ဆတ္တာသည်တို့ကို ဆံမုတ်ဆိတ်တို့ကို ပြုပြင်စေ၍ ပြုပြင်ပြီးသော ဆံမုတ်ဆိတ်ရှိသော် ရေချိုး၍ နံ့သာလိမ်းပြီးလျှင် တင့်တယ်စေပြီးသော မင်းကို ရတနာစု၌ထားလျက် အဘိသိက် သွန်း၍ မြို့တွင်းသို့ သွင်းကုန်၏။

ပေါရိသာဒသည် မင်းဖြစ်ပြီး၍ တစ်ရာမကကုန်သော မင်းတို့အားလည်းကောင်း, မဟာသုတသောမမင်းအားလည်းကောင်း များစွာသော ပူဇော်သက္ကာရကို ပြုစေ၏။

လူအပေါင်းတို့၏ အရှင်ဖြစ်တော်မူသော မဟာသုတသောမ မင်းမြတ်သည် ပေါရိသာဒကို ဆုံးမ၍ မင်းအဖြစ်ကို တည်စေတော်မူသတတ်ဟု ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ကြီးစွာသော အုတ်အုတ် ကျက်ကျက်သည် ထင်ရှားစွာဖြစ်၏။

ဣန္ဒပတ္ထနဂိုရ်မြို့၌ ပြည်သူတို့သည် အကျွန်ုပ်တို့အရှင်မဟာသုတသောမ မင်းမြတ်သည် ကြွလာတော်မူပါစေသတည်းဟု တမန်စေလိုက်ကုန်၏။ ထိုမဟာ သုတသောမမင်းသည် ဗာရာဏသီပြည်၌ တစ်လအတိုင်းအရှည် နေတော်မူ၍ အဆွေဗြဟ္မဒတ်... ငါတို့သည် သွားကုန်အံ့၊ သင်သည် မမေ့မလျော့ ဖြစ်ရစ်လော့၊ မြို့တံခါး လေးမျက်နှာတို့၌လည်းကောင်း, နန်းတော် တံခါး၌ လည်းကောင်း ဤသို့ ငါးဌာန့တို့၌ ငါးဆောင်သော အလှူ တင်းကုပ်တို့ကို ဆောက်စေလော့၊ မင်းကျင့်တရား ဆယ်ပါးတို့ကို မပျက်စေမူ၍ အဂတိလိုက်ခြင်းကို ပယ်လော့ဟု ပေါရိသာဒကို ဆုံးမတော်မူ၏။

သုတသောမမင်း ပြန်ကြွပြီ

တစ်ရာမကကုန်သော မင်းနေပြည်ကြီးတို့မှ များသောအားဖြင့် ဗိုလ်ပါအပေါင်းတို့သည် များသောအားဖြင့် စုဝေးလာကုန်၏။ မဟာသုတသောမမင်းသည် ထိုဗိုလ်ပါအပေါင်းဖြင့် ခြံရံလျက် ဗာရာဏသီပြည်မှ ထွက်ခဲ့တော်မူ၏။ ပေါရိသာဒသည်လည်း မြို့နန်းမှထွက်၍ ခရီးထက်ဝက်တိုင်အောင် ပို့လိုက်ပြီးမှ ပြန်ခဲ့၏။ မဟာ သုတသောမ မင်းသည် ယာဉ်မရှိကုန်သော မင်းတို့အား ဆင်ယာဉ်၊ မြင်းယာဉ်တို့ကို ပေးတော်မူ၍ လွှတ်တော်မူ၏။ ထိုမင်းတို့သည်လည်း မဟာသုတသောမ မင်းနှင့်တကွ ဝမ်းမြောက်ကုန်ပြီး၍ မဟာသုတသောမမင်းကို ရှိခိုးခြင်း စသည်တို့ကိုပြု၍ မိမိတို့၏ မြို့ရွာသို့ သွားကြကုန်၏။

ပညောင်ပင်စောင့်နတ်ကို ပူဇော်ခြင်း

မဟာသုတသောမ မင်းသည်လည်း နေပြည်တော်သို့ ရောက်တော်မူလျှင် ဣန္ဒပတ္ထနဂိုရ်မြို့သူတို့သည် နတ်မြိုကဲ့သို့ တန်ဆာဆင်အပ်သော မြို့တော်သို့ ဝင်တော်မူပြီးလျှင် မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ သာယာသော စကားပြောခြင်းကို ပြုတော်မူ၍ ရွှေနန်းပြာသာဒ်အပြင်သို့ တက်တော်မူ၏။ ထိုမဟာသုတသောမမင်းသည် တရားနှင့်အညီ မင်းပြုလျက် ပညောင်ပင်စောင့်နတ်သည် ငါ့အား များစွာသော ကျေးဇူးကို ပြုပေ၏။ ထိုပညောင်ပင်စောင့်နတ်အား ပူဇော်သက္ကာရလာဘ်ကို ပြုအံ့ဟုကြံ၍ ထိုမဟာသုတသောမမင်းသည် ပညောင်ပင်မှ မနီးမဝေးသောအရပ်၌ ကြီးစွာသော တစ်ဖက်ဆည်ကန်ကို ပြုစေပြီးလျှင် များစွာကုန်သော လူမျိုးတို့ကို စေလွှတ်၍ ရွာတည်ထောင်၏။ ထိုရွာသည် ကြီးကျယ်၏။ ရှစ်သောင်းသော အိမ်ဈေးတို့ဖြင့် တန်ဆာဆင်အပ်၏။ ထိုပညောင်ပင်ရင်းကိုလည်း အခက်စွန်းဖျားမှစ၍ ညီညွတ်သော အပြင်ရှိသည်ကို ပြုစေပြီးလျှင် ထက်ဝန်းကျင် ပွတ်တိုင်ရံခြင်း တံခါးတိုင် တံခါးရွက် တံခါးမုခ်နှင့် ယှဉ်ခြင်းကိုပြု၏။ ပညာင်ပင်စောင့်နတ်သည် အလွန်ကြည်ညို၏။ ပြောက်ကျားသော ခြေရှိသော ပေ့ရိသာဒကို ဆုံးမရာအရပ်၌ တည်သောကြောင့် ထိုရွာသည် ကမ္မာသဒမ္မ နိဂုံး မည်၏။ အလုံးစုံသော ထိုမင်းတို့သည်လည်း ဘုရားလောင်း မဟာသုတသောမမင်း အဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကို ပြုကုန်၍ နတ်ပြည်ကို ပြည့်စေကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤ မဟာသုတသောမဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် ငါဘုရားသည် အင်္ဂုလိမာလကို ဆုံးမတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ဤအင်္ဂုလိမာလကို ငါဘုရားသည် ဆုံးမတော်မူဖူးပြီဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့... ယခုအခါ အင်္ဂုလိမာလသည် ထိုအခခါ ပေါရိသာဒဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စစ်သူကြီး ကာဠဟတ် ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ နန္ဒပုဏ္ဏားဖြစ်ဖူးပြီ၊ ယခုအခါ မဟာကဿပသည် ထိုအခါ ပညောင်ပင်စောင့်နတ် ဖြစ်ဖူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ဘုရား

ပရိသတ်သည် ထိုအခါ ကြွင်းကုန်သော မင်းတို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ မြတ်သော သာကီဝင်မင်းမျိုးဖြစ်ကုန်သော မယ်တော် ခမည်းတော်တို့သည် ထိုအခါ မယ်တော်ခမည်းတော် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာသုတသောမ မင်းမြတ်ဖြစ်ဖူးပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဇာတ်တူအသား၊ စားသူအား၊ ပျက်ပြားရပေမည်

ငါးခုမြောက်သော မဟာသုတသောမဇာတ်သည် ပြီး၏။

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ