။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ကစ္စာယနဗျာကရဏံဓိ
၁. သန္ဓိ
အခြေပြုသဒ္ဒါနိဒါန်း♦ ֍ ၂, ၂. အက္ခရာပါဒယော ဧကစတ္တာလိသံ။
♦ ֍ ၃, ၃ တတ္ထောဒန္တာ သရာ အဋ္ဌ။
♦ ֍ ၇, ၉. ဝဂ္ဂါ ပဉ္စပဉ္စသော မန္တာ။
♦ ֍ ၁၀, ၁၂. ပုဗ္ဗမဓောဌိတမဿရံ သရေန ဝိယောဇယေ။
ဣတိ သန္ဓိကပ္ပေ ပဌမော ကဏ္ဍော။
တတိယကျမ်းစာ
အခြေပြုသဒ္ဒါ
၁၃၆၆-ခုနှစ် နယူးဘားမားအော့ဖ်ဆက်ပိဋကပုံနှိပ်တိုက်ဝါဆိုလ အမရပူရမြို့
ကစ္စည်းသုတ်စဉ်ကို သုတ်နက်-ဥဒါဟရုဏ်-ရုပ်တွက်ပုံ-အဓိပ္ပာယ်တို့ဖြင့် တန်ဆာဆင်၍ စီရင်အပ်သော အခြေပြုသဒ္ဒါ
အငယ်-အလတ်တန်းစာမေးပွဲများကို အောင်မြင်ရန်နှင့် အခြေခံရဖို့ရန် တာဝန်ခံသည်။
နိဒါန်းအချီ
ဥုံ နမော တေ ဝိဇေတုံ မေ,
ဇယတော ဒဒတော ဇယံ၊
နဋ္ဌထမ္ဘံ သဗ္ဗသန္တံ,
ကရ မေ ဇယမင်္ဂလံ။
သဒ္ဒါကျမ်း။ ။ ပါဠိစကားသံဖြစ်စေ, မြန်မာစကားသံဖြစ်စေ, အင်္ဂလိပ်စကားသံဖြစ်စေ ထိုထိုစကားသံဟူသမျှကို “သဒ္ဒ”ဟု ခေါ်၏၊ (ရုပ် ၂၈-ပါးတွင် ပါဝင်သော သဒ္ဒရုပ်ပင်တည်း၊) ထိုသဒ္ဒရုပ်အပေါင်း ဖြစ်သော “ဗုဒ္ဓ-ဘဂဝါ”စသော ပညတ္တိသဒ္ဒကို ယခုအခါ “သဒ္ဒါ”ဟု ခေါ်ကြသည်၊ ထိုသဒ္ဒကို အလွန်ဝေးသော ရှေးကာလကပင် လူကြီးသူမတို့ စထွင်ပြောဆိုခဲ့ကြသောကြောင့် နောင်လာနောက်သားတို့မှာ “မည်သည့် သဒ္ဒက မည်သည့်အနက်အဓိပ္ပာယ်ကို ပြသည်”ဟု ကျနစွာ မသိနိုင်ကြ ချေ၊ ထို့ကြောင့် ဆင်အစစ်ကို မမြင်ဖူးသူအား ဆင်အစစ်၏ အချိုးအစား ကို နားလည်ဖို့ရာ ဆင်အရုပ်ကို ပြရသကဲ့သို့, ထို့အတူ သဒ္ဒအရင်းအမြစ် ၏ အနက်အဓိပ္ပာယ်ကို နားလည်ဖို့ရာ သဒ္ဒကျမ်း အစောင်စောင်ဖြင့် သဒ္ဒအတု-သဒ္ဒအရုပ်ကို စီရင်ပြုလုပ်၍ ပြရပေသည်၊ ဤစကားအရ “သဒ္ဒကျမ်းများသည် သဒ္ဒအစစ်ကို နားလည်ဖို့ရာ အတု အရုပ် ပြုလုပ် အပ်သောကျမ်းများ ဖြစ်သည်”ဟု မှတ်ပါ။ [ထိုသဒ္ဒကို ရေးချထည့်၍ သဒ္ဒါဟု ခေါ်ဝေါ်ကြ၏။]
သဒ္ဒါကြီး, သဒ္ဒါငယ်။ ။ ထိုသဒ္ဒါကျမ်းများသည်“သင်သကြိုက်”ဟု ခေါ်အပ်သော သက္ကတသဒ္ဒါကျမ်း-ယခု မြန်မာနိုင်ငံ၌ အများအပြား သုံးစွဲအပ်သော ပါဠိသဒ္ဒါကျမ်း စသည်ဖြင့် အမျိုးမျိုး ရှိ၏၊ ပါဠိသဒ္ဒါ ကျမ်းများတွင်လည်း အရှင်မဟာကစ္စည်း စီရင်အပ်သော “အတ္ထော အက္ခရသညာတော” စသော ကျမ်းကို “ကစ္စည်းသဒ္ဒါကျမ်း”ဟု ခေါ်၏၊ ကစ္စည်းကျမ်း၏ နောက်၌ သဒ္ဒတ္ထဘေဒစိန္တာ - ကစ္စာယနသာရ စသော သဒ္ဒါကျမ်းများ ပေါ်ပေါက်လာသည့်အခါ ကစ္စည်းကျမ်းက စာ အနေ များ၍ ဘေဒစိန္တာ စသည်တို့က စာနေနည်းသောကြောင့် ကစ္စည်းကျမ်းကို သဒ္ဒါကြီး-ဘေဒစိန္တာ စသည်ကို သဒ္ဒါငယ်ဟု ခေါ်ဆိုကြသည်။
ကစ္စည်းကျမ်းဆရာ။ ။ ထိုကစ္စည်းကျမ်း၌ သုတ်, ဝုတ္တိ, ဥဒါဟရုဏ် ဟု ၃-မျိုး ခွဲပြီးလျှင်…
“ကစ္စာယနေန ကတော ယောဂေါ, ဝုတ္တိ စ သံဃနန္ဒိနာ၊
ပယောဂေါ ဗြဟ္မဒတ္တေန, နျာသော ဝိမလဗုဒ္ဓိနာ”
ဟူသည်နှင့်အညီ သုတ်ကိုသာ အရှင်ကစ္စည်းစီရင်၍ ဝုတ္တိကို အရှင် သံဃနန္ဒီ, ဥဒါဟရုဏ်ကို အရှင်ဗြဟ္မဒတ္တ စီရင်သည်ဟု ပြောစမှတ်ပြု ကြ၏၊ သို့သော် ဝုတ္တိဟူသော နာမည်သည် သုတ်ကို ဖွင့်ပြသော စကား အားလုံး (ပြယုဂ် စ-ပိ-ဝါသဒ္ဒါ ယောဂဝိဘာဂများ)၏ နာမည်ဖြစ်သင့်၏၊ (ရူပသိဒ္ဓိ ၁၈၈-သုတ်ကို ကြည့်ပါ၊) ထို့ကြောင့် ဝုတ္တိနှင့်ဥဒါဟရုဏ်ကို ဆရာတစ်ပါးစီ စီရင်သည်ဟူသော အယူဝါဒကို စဉ်းစားရာ၏၊ ဤကျမ်း ကား… သုတ်ကို အရှင်ကစ္စည်းစီရင်၍ “ကြွင်းသမျှအားလုံးကို အခြား ဆရာတစ်ပါးတည်းသာ စီရင်သည်”ဟု ယူလိုပေသည်၊ [ထိုဝုတ္တိဆရာ ကိုကား မည်သည့်ပုဂ္ဂိုလ်ဟု မဆုံးဖြတ်နိုင်။]
ကစ္စည်းကျမ်းပေါ်ထွက်ချိန်။ ။ သုတ်ကိုစီရင်သော အရှင်ကစ္စည်း ကိုလည်း ဘုရားလက်ထက်တော်က ဧတဒဂ်ရ မဟာသာဝကဖြစ်သော အရှင်မဟာကစ္စည်းဟု ပြောစမှတ်ပြုကြ၏၊ အပဒါန်အဋ္ဌကထာကပင် ဖွင့်ပြလေသတဲ့၊ ထိုအပဒါန်အဋ္ဌကထာ၏ အချိုးအစားကို ဤကျမ်း ကလေးက မစဉ်းစားလိုပါ၊ အကယ်၍ ဧတဒဂ်ရ အရှင်ကစ္စည်းထေရ် စီရင်ရိုးမှန်ပါလျှင် သက္ကတကျမ်းက သုတ်များနှင့် များစွာမထပ်မိလေရာ, ယခု ကစ္စည်းသုတ်တွေကား သက္ကတကျမ်းက (အထူးအားဖြင့် ကလာပ် ကျမ်းက)သုတ်တွေသာလျှင် များလေသည်၊ ထို့ကြောင့် မောဂ္ဂလ္လာန် နိဿယ သျာဒိကဏ္ဍ ၁၆၅-နံပါတ်သုတ်၌ ကစ္စည်းကျမ်းကို ခရစ်သက္ကရာဇ် ၁၀၀-ကျော် (သာသနာသက္ကရာဇ် ၆၀၀-ကျော်)မှ ပေါ်ထွန်းလာသော ကျမ်းဟု ဆုံးဖြတ်ထား၏၊ ထိုအဆုံးအဖြတ်အတိုင်း အရှင်ကစ္စည်းသည် ဘုရားလက်ထက်တော်က မဟာသာဝကနှင့် နာမည်ချင်းတူသော ဆရာတော်တစ်ပါးသာ ဖြစ်သည်ဟု မှတ်ယူသင့်ပေသည်။
ကစ္စည်းကျမ်းကို မှီရပုံ။ ။ ထိုအရှင်ကစ္စည်း၏ ကစ္စည်းကျမ်းသည် ယခုအခါ စာမေးပွဲတိုင်းမှာပင် အသုံးဝင်လျက် ရှိသောကြောင့် စာသင် သားတိုင်း လက်မလွှတ်နိုင်ကြသဖြင့် ဤမြန်မာနိုင်ငံတွင် ဂုဏ်အင်ကြီးမား သော သတို့သားကဲ့သို့ အများ၏ စက္ခုဖြင့် အကြည့်ရှု အခံရဆုံး ဖြစ်ပေ သည်၊ သို့ဖြစ်၍ ခေတ်နှင့်တန်အောင် အခြေပြုသဒ္ဒါကျမ်းကို တည်ထောင် လိုလျှင် ကစ္စည်းကျမ်းကိုပင် မူတည်ရလိမ့်မည် ဖြစ်၍ ယခုကာလ စာပြန်ပွဲ၏ အငယ်တန်း, အလတ်တန်းကို လက်မလွတ်စေရအောင် ကစ္စည်းသုတ်စဉ်ကို သုတ်နက် အဓိပ္ပာယ် ရုပ်တွက်ပုံတို့ဖြင့် တန်ဆာ ဆင်လျက် အခြေပြုသဒ္ဒါကို စီရင်ရပေသည်။
သောတူနံ ပါဒဘာဝါယ, ကစ္စာယနသုတ္တက္ကမံ၊
မဏ္ဍေဿံ သာဓိပ္ပာယေန, နိဿယေန သဒါသုဘံ။
သောတူနံ- နာယူလေ့ကျက်, ဆောင်ရွက်ကြလို, စာသင်ပျိုတို့၏၊ ပါဒဘာဝါယ- အရှေကျစ်လစ်, အခြေဖြစ်ဖို့အကျိုးငှာ၊ ကစ္စာယန သုတ္တက္ကမံ- ကစ္စည်းအရှင်, စတည်ထွင်သည့်, သုတ်စဉ်ခေါ်ဆို, လုလင်ပျို ကို၊ သာဓိပ္ပာယေန- သုတ်နှင့်တန်ရာ, မချန်ပါဘဲ, တန်ဆာဥဿုံ, ရုပ်တွက်ပုံနှင့်တကွဖြစ်သော၊ နိဿယေန- သဒ္ဒါမပျက်, မြန်မာနက်ဟု, ညက်ညက်ညောညော, ချောမောသော နိဿယဖြင့်၊ သဒါသုဘံ- သူ့အပိုင်းဖြင့်, ရှုတိုင်းတင့်အောင်၊ မဏ္ဍေဿံ- တစ်သန့်တစ်သန့်, အကန့် ကန့်လျက်, ခံ့ခံ့ယဉ်ယဉ်, ဆင်ပြင်ပေအံ့သတည်း။
အစီအစဉ်နှင့်မှတ်သားဖွယ်
ဤအခြေပြုသဒ္ဒါကျမ်း တတိယနှိပ်စာအုပ်၌ ၁-သုတ်နက်, ၂-ဥဒါဟရုဏ်, ၃-သုတ်အဓိပ္ပာယ်, ၄-ရုပ်တွက်ပုံ, ၅-လေ့ကျင့်ရန်ရုပ်များ ပါရှိ၏။ [သုတ်စဉ်ကိုကား ကလေးများအတွက် ပစ်စလက်ခ ကိုင်နိုင်ဖို့ရာ နာမ်ဂိုဏ်း အာချာတ်ဂိုဏ်းများနှင့် တွဲဖက်၍ စာအုပ်ငယ်တစ်အုပ် ပြုလုပ် ထားသည်။]
သုတ်နက်။ ။ သုတ်ကို မြန်မာလိုအနက်ပြန်ခြင်းကို “သုတ်နက်”ဟု ခေါ်ရသည်၊ ထိုသုတ်နက်ကို သဒ္ဒါနည်းမပျက် ကျက်လို့လည်းလွယ် အဓိပ္ပာယ်လည်း ထင်ရှားအောင် ရေးသားထားသဖြင့် အဖွင့်ဝုတ္တိနှင့် မညီမှုကြောင့် အပြစ်မရှုထိုက်ပါ။
ဥဒါဟရုဏ်။ ။ ဆိုင်ရာသုတ်၏အဆိုနှင့်လျော်အောင် ပါဠိတော် အဋ္ဌကထာတို့မှ ထုတ်ဆောင်အပ်သော ပါဠိအတိုစားကလေးကို ပါဠိလိုဥဒါဟရဏ, မြန်မာလို-ဥဒါဟရုဏ်ဟု ခေါ်၏။ [ဥ=ပါဠိတော်စသည်မှ ထုတ်ဖော်၍ + အာဟရဏ = ဆောင်ပြအပ်သောပါဠိ၊] ထိုဥဒါဟရုဏ် ကိုပင် ဆိုင်ရာသုတ်၌ ယှဉ်စပ်သုံးစွဲအပ်သောကြောင့် ပါဠိလို ပယောဂ, သက္ကတလို ပြယောဂ, မြန်မာလို ပြယုဂ် (ပရယုဂ်)ဟု ခေါ်ဝေါ်ကြ၏၊ ထိုပြယုဂ်ကိုပင် သုတ်အဆိုနှင့်သက်ဆိုင်သော နမူနာပုံစံဖြစ်သောကြောင့် ဆရာမြတ်တို့က “ပုံစံ”ဟု ခေါ်ဝေါ်ကြပေသည်၊ ထိုဥဒါဟရုဏ်ပြယုဂ် ပုံစံကို ထိုထို သုတ်အဆိုနှင့်လျော်ကန်ရုံသာ တစ်ရုပ်, နှစ်ရုပ်စသည်မျှ ထုတ်ပြထားသဖြင့် အကျက်ရလွယ်ကူသည်မှာ ယုံမှားဖွယ်ရာမရှိတော့ပါ။
သုတ်အဓိပ္ပာယ်။ ။ “အနက်ကို အက္ခရာတို့ဖြင့် ကောင်းစွာသိအပ်၏” စသည်ဖြင့် သုတ်နက်ကို မြန်မာလိုသက်သက်ပြောခြင်း, ခက်ဆစ်ခက်ရာ ကို နားလည်အောင် ခွဲခြား၍ ပြောပြခြင်းကို သုတ်အဓိပ္ပာယ်ဟု ယခုအခါ ခေါ်ဝေါ်ကြသည်၊ ထိုသုတ်အဓိပ္ပာယ်ကိုလည်း ဆိုင်ရာသုတ်များ၌ အခွင့် ရှိသလောက် ရေးသားထားသည်။ [ မြန်မာလိုသက်သက် ပြောပြခြင်းမှာ လွယ်ကူသောအရာဖြစ်၍ နောက်နောက် အချို့သုတ်များ၌ ရေးသား လိမ့်မည် မဟုတ်ပါ။]
ရုပ်တွက်ပုံ။ ။ သဒ္ဒါကျမ်းတွင် တွေ့မြင်ရသော ပြယုဂ်များသည် သဒ္ဒါအစစ်၏ အရုပ်အတုများဖြစ်၏၊ သင်ပုန်းပေါ်(သို့မဟုတ် စက္ကူပေါ်) ၌ တချောက်ချောက် တချက်ချက် ရေးသားခြင်းကို “ဂဏန်းတွက်သည်, စာရင်း တွက်သည်, ဗေဒင်တွက်သည်”ဟု ခေါ်ဝေါ်ရိုးပြုသကဲ့သို့, ထို့အတူ ထိုထိုအရုပ်ဖြစ်သော ပြယုဂ်များကို “မူလက ဤကဲ့သို့ တည်ရ၏၊ နောက်မှ မည်သည့်သုတ်ဖြင့် စီရင်၍ ဤသို့ဖြစ်လာသည်”ဟု တွက်ချက်ရေးသား မှုကို “ရုပ်တွက် (ရုပ်ဖြစ်အောင် တွက်ချက်)သည်”ဟု ခေါ်စမှတ်ပြုကြ၏၊ ထိုရုပ်တွက်ပုံကိုလည်း ရှေးနိဿယများကဲ့သို့ ကျယ်ဝန်းစွာ မဆိုဘဲ အခြေပြုသူတို့ ဉာဏ်ရှင်းဖို့ရာ အလွယ်ဆုံးနည်းကိုသာ ပြထားသည်။ [အခြေရပြီးသည့်အခါ နျာသ စသည်ကို ကြည့်ရုံမျှဖြင့် အလိုလို သိကြ ပါလတ္တံ့၊၊]
လေ့ကျင့်ရန်ရုပ်။ ။ “သက္ကတ-အင်္ဂလိပ် စသော သင်္ခန်းစာများ၌ လေ့ကျင့်ခန်းများကို တရိုတသေ တခမ်းတနား ပြကြလေသည်၊ ထို လေ့ကျင့်ခန်းများသည် လေးစားလောက်အောင်ပင် အကျိုးများစေနိုင်၏၊ ထို့ကြောင့် ဤကျမ်း၌ ကျက်မှတ်ဖို့နေရာဝယ် ပြယုဂ်များကို အနည်းငယ် သာ ပြထားသော်လည်း အဓိပ္ပာယ်အတွင်း၌ အလားတူရုပ်များကို ထည့်သွင်းထားသောကြောင့် သဒ္ဒါကြီးက ပြယုဂ်များအောက် ယုတ်လျော့ နည်းပါးလှမည် မဟုတ်ပါ၊ ထိုရုပ်များကို ကြည့်ရှုလေ့ကျင့်ခြင်းသည် အမှန်ပင် အသိဉာဏ်ကို ရင့်သန်စေနိုင်သည်ဖြစ်၍ ကြိုးကြိုးစားစား လေ့ကျင့်ဖို့ရာ အချို့သုတ်များ၌ ထုတ်ပြထားသည်။
ကိံရုပ်။ ။ “ကွစီတိ ကသ္မာ, ဝါတိ ကိမတ္ထံ”စသည်ဖြင့် ကိံဟူသော ပုစ္ဆာထုတ်၍ ပြအပ်သောရုပ်များကို “ကိံရုပ်”ဟု ခေါ်၏၊ ထိုသုတ်ဖြင့် စီရင်သင့်လျက် ဘာ့ကြောင့် မစီရင်သနည်းဟု မေးဖွယ်ရှိ၏၊ “ကွစိသဒ္ဒါက တားမြစ်သောကြောင့်, ဝါသဒ္ဒါက တားမြစ်သောကြောင့် မစီရင်ရ”ဟု ကွစိသဒ္ဒါ ဝါသဒ္ဒါစသည်တို့၏ အကျိုးကို ပြလိုသည့်အတွက် အပို ထည့်စွက် ရသော ရုပ်များဖြစ်သည်၊ ထိုရုပ်များတွက်ရပုံမှာ ပါဠိ အဋ္ဌကထာ ဋီကာတို့၌ အသုံးဝင်သောအရာ မဟုတ်, ကွစိသဒ္ဒါ ဝါသဒ္ဒါ ပါသည့် တစ်သုတ်အတွက်သာ အကျိုးရှိသည်၊ ထို့ကြောင့် ဤအခြေပြု၌ ကိံရုပ်များကို မပြသော်လည်း အခြရပြီးသည့်အခါ နျာသစသည်ကို ကြည့်ရှုရုံမျှဖြင့် နားလည်ကြပါလိမ့်မည်။
ဤကျမ်းအကျိုး။ ။ ဤအခြပြုသဒ္ဒါကျမ်း၌ သုတ်ကို အနက်ပေးခြင်း သည် ကစ္စည်းကျမ်းက သုတ်ကို ဖွင့်ပြသော (ဝုတ္တိခေါ်သော)စကားနှင့် တန်းတူညီမျှ၏၊ ပြယုဂ်များကိုလည်း ကစ္စည်းကျမ်းကဲ့သို့ ကျက်ဖွယ် မများဘဲ သုတ်နှင့်ဆိုင်ရုံမျှ ထုတ်ပြပြီးလျှင် အဓိပ္ပာယ်၌ အပိုပြယုဂ်များကို ထည့်သွင်းထားသဖြင့် ကစ္စည်းကျမ်းက ပြယုဂ်များ အတော်စုံလင်စွာ ပါရှိ၏၊ သုတ်အဓိပ္ပာယ်ကိုကား ရူပသိဒ္ဓိကို ဂရုစိုက်လျက် ရေးသား ထား၏၊ ထို့ကြောင့် ဤအခြေပြုသဒ္ဒါကို လေ့လာသူတို့သည် ကစ္စည်း ကျမ်းလာ များစွာသောအဆိုကို အလိုလို နားလည်ရုံသာမက ရူပသိဒ္ဓိ အခြေရနိုင်လောက်သည့်အပြင် ပါဠိတော် အဋ္ဌကထာတို့၌ သက်ဝင်နိုင် သော ဉာဏ်ကို ဧကန် ရရှိကြပါလိမ့်မည်။
၁၂၉၇ အရှင်ဇနကာဘိဝံသ ဝါဆိုလ
အမှာ။ ။ ဤစာအုပ်၌ စာစပ်အခန်းကိုလည်း ထည့်ထား၏၊ ထို စာစပ်သည် ပိဋကတ်၌ အသုံးဝင်လှသောကြောင့် မလေ့လာဘဲ ချန်လှပ်၍ မထားသင့်ပါ၊ (သုတ်စဉ်, နာမ်ဂိုဏ်း, အာချာတ်ဂိုဏ်းများကိုကား စာအုပ်ငယ် တစ်ခု သီခြားပြုထားပါသည်။)
အခြေပြုသဒ္ဒါ
သန္ဓိသုတ်နက်အချီ
သန္ဓိပိုင်း။ ။ “ဒွိန္နံ ပဒါနံ-နှစ်ပုဒ်တို့၏၊ အန္တရံ-အကြားကို၊ အဒဿေ တွာ-မပြမူ၍၊ သမ္မာဓီယတိ-ကောင်းစွာ ထားအပ်၏၊ ဝါ-စပ်အပ်၏၊ ဣတိ-ထို့ကြောင့်၊ သန္ဓိ-သန္ဓိမည်၏”ဟူသည်နှင့်အညီ, တစ်ဝိဘတ်ဆုံး လျှင် တစ်ပုဒ်ခေါ်၏၊ ဥပမာ-ယဿ+ဣန္ဒြိယာနိ၌ ယဿက တစ်ပုဒ်, ဣန္ဒြိယာနိက တစ်ပုဒ်တည်း၊ ထိုကဲ့သို့ နှစ်ပုဒ်အလယ်မှာ အကြားမရှိ အောင် “ယဿိန္ဒြိယာနိ”ဟု စပ်ထားမှုကို “သန္ဓိ”ဟု ခေါ်၏၊ နှစ်ပုဒ် မစပ်ဘဲ တစ်ပုဒ်တည်း၌ အက္ခရာပြောင်းလွဲှ၍ ချောမောအောင် ပြုမှုကို လည်း သန္ဓိဟု ခေါ်သေး၏၊ ထိုတွင် နှစ်ပုဒ်စပ်မှုကို ပဒသန္ဓိ, တစ်ပုဒ် တည်း၌ ချောမောအောင် ပြုမှုကို ဝဏ္ဏသန္ဓိဟု ခေါ်၏၊ ထိုသန္ဓိနှစ်မျိုးကို ပြရာအပိုင်းသည် သန္ဓိပိုင်းမည်၏။
သန္ဓိရုပ်၌မှတ်ဖွယ်။ ။ ဤသန္ဓိပိုင်း၌ ရုပ်တွက်သည့်အခါ စပ်ထား သော ပုဒ်များကို မူလအတိုင်း ထင်ရှားအောင် ပုဒ်ဖြတ် ပုဒ်ခွဲ၍ ရုပ်တွက်ရ လိမ့်မည်၊ ထိုသို့ ပုဒ်ဖြတ်သည့်အခါ ရှေ့ပုဒ်အဆုံးနှင့် နောက်ပုဒ်အစ ကိုသာ ဂရုစိုက်ရမည်၊ ရှေ့ပုဒ်အဆုံးကိုသာ ဆိုင်ရာသုတ်ဖြင့် စီရင်မှ ပင်ကိုစပ်ထားတိုင်း ဖြစ်မည်ဆိုလျှင် ရှေ့ပုဒ်အဆုံးကို စီရင်လိမ့်မည်၊ နောက်ပုဒ်အစကို စီရင်မှ ပင်ကိုစပ်ထားတိုင်း ဖြစ်မည်ဆိုလျှင် နောက်ပုဒ် အစကို စီရင်ရလိမ့်မည်၊ ရှေ့ပုဒ်အဆုံး နောက်ပုဒ်အစ နှစ်ဌာနလုံးကို စီရင်မှ မူလအတိုင်း ပြီးမည်ဖြစ်လျှင် နှစ်ဌာနလုံးကိုပင် စီရင်ရလိမ့်မည်၊ နှစ်ပုဒ်အလယ်၌ သန္ဓိစပ်ထားကြောင်း သိဖို့ရာ “.”အစက်ကလေးကိုပြ၍ ပုဒ်ခွဲထားကြောင်း သိဖို့ရာ “+”ကြက်ခြေကို ပြထားသည်။
သုတ် ၄-မျိုး။ ။ “အတ္ထေ သူစေတီတိ သုတ္တံ၊ အတ္ထေ-အနက် အဓိပ္ပာယ်တို့ကို သူစေတိ-ထင်ရှားပြတတ်၏၊ ဣတိ-ထို့ကြောင့်၊ သုတ္တံ-သုတ်မည်၏”နှင့်အညီဆိုလိုရာအနက်အဓိပ္ပာယ်ကို ပြသောစကားတစ်ရပ် (ဝါကျတစ်ခု)ကို “သုတ်”ဟု ခေါ်၏၊ ထိုသုတ်များကို အချုပ်အားဖြင့် ခွဲခြားလျှင် သညာသုတ် အဓိကာရသုတ် ပရိဘာသာသုတ် ဝိဓိသုတ်ဟု ၄-မျိုးရှိ၏၊ ထိုတွင် နာမည်မှည့်သောသုတ်သည် သညာသုတ်မည်၏၊ ရှေ့သုတ်သို့ဖြစ်စေ, နောက်သုတ်သို့ဖြစ်စေ လိုက်သောသုတ်သည် အဓိကာရသုတ်မည်၏၊ တစ်နေရာ၌ ဆိုထားရုံမျှဖြင့် ထက်ဝန်းကျင် ပျံ့နှံ့ အောင် ဆိုအပ်သောသုတ်သည် ပရိဘာသာသုတ်မည်၏၊ “ချေရမည်, ရဿပြုရမည်, ဒီဃပြုရမည်”စသည်ဖြင့် စီရင်သောသုတ်သည် ဝိဓိသုတ် မည်၏၊ ဤဝိဓိသုတ်ကား လောပဝိဓိစသည်ဖြင့် ၈-မျိုးပြား၏။ [ထိုသုတ် များ၏ သဘောမှာ ဆိုင်ရာသုတ်၌ ထင်ရှားလတ္တံ့၊ အတိဒေသသုတ်, နိယမသုတ်များလည်း အနည်းငယ် ရှိသေး၏။]
[ဆောင်] ၁။ သညာ အဓိကာ, ပရိဘာ, တစ်ဖြာ ဝိဓိသုတ်။၂။ နာမည်မှည့်သော်, သညာခေါ်, လိုက်သော် အဓိကာ။
၃။ တစ်နေရာ၌, ဆိုလိုက်ရုံဖြင့်, လုံးစုံနှံ့စေ, ဆိုအပ်ပေ, ခေါ်လေ ပရိဘာ။
၄။ စီရင်သည်ပင်, ဝိဓိတွင်, လေးအင် သုတ်အလာ။
၅။ လောပါ.ဒေသ, အာဂမနှင့်, ဒီဃ-ရဿေ, ပတိသေဓ, ပစ္စယထည့်, ဝိဘတ္တိ, ဝိဓိ သုတ်ရှဒ်ဖြာ။
မှာထားချက်။ ။ မျဉ်းကြောင်းအထက်က စာလုံးအကြီးဖြင့် ပြထား အပ်သော သုတ်နက်နှင့် ပြယုဂ်ပုံစံများသည် အရကျက်ဖို့ရန် ဖြစ်၏၊ စာလုံးအငယ်ဖြင့် ပြထားသော အဓိပ္ပာယ်ကား ဆောင်ပုဒ်နှင့်ရုပ်တွက်ပုံ ကိုသာ ကျက်၍ ကျန်သမျှအားလုံးမှာ ကြည့်ရှုမှတ်သားဖွယ်ချည်းသာ ဖြစ်သည်၊ ပြယုဂ်ထုတ်ရာ၌ အလားတူပြယုဂ်များ ရှိသေးလျှင် “စသည် တည်း”ဟု ဆို၍ အလားတူပြယုဂ် မရှိလျှင် “ဟူသည်တည်း”ဟု ဆိုထား သည်။
သန္ဓိသုတ်နက်
֍ ၁။ အတ္ထော အက္ခရသညာတော။ ။ အတ္ထော- အနက်ကို၊ အက္ခရသညာတော- အက္ခရာတို့ဖြင့်သာ ကောင်းစွာသိအပ်၏။
သုတ်အဓိပ္ပာယ်နှင့်ရုပ်တွက်
၁။ “အနက်”ဆိုတာ ဘာလဲ။ ။ “အတ္ထော - အနက်”ဟု ဆိုရာ၌ လက်ဆုပ်လက်ကိုင်ပြ၍ ရကောင်းသည်ဖြစ်စေ, မရကောင်းသည်ဖြစ်စေ စိတ်၌ သိအပ်သော အရာဝတ္ထုဟူသမျှကို ပါဠိလို-အတ္ထ, မြန်မာလိုအနက်ဟု ခေါ်၏၊ ပါဠိကို မြန်မာလို နိဿယအနက်ပေးခြင်းကား အနက် မဟုတ်သေး, ပါဠိဘာသာကို မြန်မာဘာသာလိုပြန်ပြောခြင်းသာ ဖြစ်သည်၊ ဥပမာ - “ပုရိသော-ယောက်ျား”ဟု ဆိုရာ၌ ပုရိသောကား ပါဠိသဒ္ဒါ, ယောက်ျားကား ထိုပါဠိကို မြန်မာလို ပြန်ပြောအပ်သော မြန်မာသဒ္ဒါ တည်း၊ ယောက်ျားအထည်ကိုယ်ဒြဗ် (လူကောင်ကြီး)သာ အနက်ဖြစ်သည်၊ “အာကာသော-ကောင်းကင်”ဟု ဆိုရာ၌ အာကာသောကား ပါဠိသဒ္ဒါ, ကောင်းကင်ဟူသည်ကား မြန်မာသဒ္ဒါ, ဟာလာဟင်းလင်းအရပ်သည်သာ အနက်တည်း။
အက္ခရာဖြင့် သိရပုံ။ ။ အက္ခရာဟူသည် ယခုပြတော့မည့် အ အာ က ခ စသည်တို့တည်း၊ စကားပြောနေသည်ကို နားထောင်ရာ၌ဖြစ်စေ, စာပေကို ကြည့်ရာ၌ဖြစ်စေ ထိုအက္ခရာတို့ဖြင့်သာ ဆိုလိုရင်း အနက် အဓိပ္ပာယ်ကိုသိကြရပေသည်၊ ပါဠိအက္ခရာဖြစ်စေ, မြန်မာအက္ခရာဖြစ်စေ (အခြားဘာသာအက္ခရာဖြစ်စေ) တစ်လုံးတလေ မှားယွင်းပြောဆိုလျှင် သို့မဟုတ် မှားယွင်းရေးသားထားလျှင် ကြားရ ကြည့်ရသူတို့မှာ အနက် အဓိပ္ပာယ် အယူအဆလွဲလေတော့၏၊ ထို့ကြောင့်“အတ္ထော အက္ခရသညာ တော- အနက်အဓိပ္ပာယ်အမှန်ကို မမှားယွင်းသော အက္ခရာတို့ဖြင့်သာ သိနိုင်တယ်”ဟု အရှင်ကစ္စည်းဆရာ မိန့်ခဲ့ပေသည်၊ ဤစကားဖြင့် ပါဠိ ဘာသာ၏ အနက်အဓိပ္ပာယ်ကို နားလည်လိုလျှင် ပါဠိအက္ခရာ မှန် မမှန်ကို သိတတ်သောဉာဏ် အရေးကြီး၏၊ ထိုဉာဏ်ကို “အက္ခရ ကောသလ္လဉာဏ်”ဟု ခေါ်၏၊ ထိုဉာဏ်ကို ရဖို့ရာ ဤသဒ္ဒါကျမ်းကို သင်ကြပါဟု အရှင်ကစ္စည်းဆရာ တိုက်တွန်းလိုရင်း ဖြစ်ပါသည်။
֍ ၂။ အက္ခရာ.ပါဒယော ဧကစတ္တာလီသံ။ ။ အက္ခရာအပိ- အက္ခရာတို့မည်သည်လည်း၊ အာဒယော- အ အစရှိကုန်သော၊ ဧကစတ္တာလီသံ- လေးဆယ့်တစ်လုံးတည်း။အ အာ ဣ ဤ ဥ ဥု ဧသြ, က ခ ဂ ဃ င, စ ဆ ဇ ဈ ဉ, ဋ ဌ ဍ ဎ ဏ, တ ထ ဒ ဓ န, ပ ဖ ဗ ဘ မ, ယ ရ လ ဝ သ ဟ ဠ အံ ဟူသည်တည်း။
၂။ အက္ခရာ.ပါဒယော ဧကစတ္တာလီသံသုတ်သည် “အ အစရှိသော ၄၁-လုံးသည် အက္ခရာမည်၏”ဟု နာမည်မှည့်သော သညာသုတ်တည်းဟု ဆိုကြ၏၊ ၄၁-လုံးကို အ-အာ စသည်ဖြင့် ရေတွက်လေ၊ ဤ ၄၁-လုံး ကို “ဝဏ္ဏ”ဟုလည်း ခေါ်နိုင်သေး၏၊ အက္ခရာ.ပါဒယောကို အက္ခရာ+ အပိ+အာဒယော”ဟု ပုဒ်ဖြတ်၊ ထိုအပိသဒ္ဒါ၏ ပြန်၍ငဲ့ခြင်း အပေက္ခာ အနက်ကိုကစ္စည်းဘာသာဋီကာမှာ ရှု၊ ဧကစတ္တာလီသံပုဒ်က “ဝီသတျာဒိ, နဝုတိ, ဣတ္ထိဧကဝုစ်”နှင့်အညီ ဧကဝုစ်ဖြစ်သောကြောင့် “၄၁-လုံးတည်း” ဟု ဧကဝုစ်နက် ပေးရသည်။
နာမည်မှည့်ရခြင်းအကျိုး။ ။ နာမည်ဟူသည် တစ်ပါးသော နေရာ၌ ခေါ်ဝေါ်ဖို့ဖြစ်၏၊ ထို့ကြောင့် အက္ခရာ.ပါဒယော ဧကစတ္တာလီသံသုတ်ဖြင့် အက္ခရာ ဟု နာမည်မှည့်ခြင်းသည် အတ္ထော အက္ခရာသညာတော, အက္ခရေဟိ ကာရ စသောသုတ်တို့၌ အ အာ စသည်တို့ကို အက္ခရာဟု ခေါ်ဝေါ်သုံးစွဲရခြင်းအကျိုးရှိ၏-ဟု ဆိုကြသည်။
֍ ၃။ တတ္ထော.ဒန္တာ သရာ အဋ္ဌ။ ။ တတ္ထ- ထို ၄၁- လုံးသော အက္ခရာတို့တွင်၊ သြဒန္တာ- သြအဆုံးရှိကုန်သော၊ အဋ္ဌ- ၈- လုံး သော အက္ခရာတို့သည်၊ သရာ- သရတို့မည်၏။ အအာ ဣ ဤ ဥ ဥု ဧသြ ဟူသည်တည်း။
၃။ တတ္ထော.ဒန္တာကို “တတ္ထ+သြဒန္တာ”ဟု ပုဒ်ဖြတ်၊ ဤသုတ်ကား အ အာ စသော ၈-လုံးကို “သရမည်၏”ဟု နာမည်မှည့်သောသုတ် တည်း၊ “သရ”ဟု နာမည်မှည့်ခြင်းသည် သရာ သရေ လောပံ စသော သုတ်၌ အ-စသည်ကို “သရ”ဟု ခေါ်ရခြင်းအကျိုးရှိ၏။
֍ ၄။ လဟုမတ္တာ တယော ရဿာ။ ။ တတ္ထ- ထို ၈- လုံးသော သရတို့တွင်၊ လဟုမတ္တာ- လျင်မြန်သော ရွတ်ရာကာလရှိကုန် သော၊ တယော- ၃- လုံးသော သရတို့သည်၊ ရဿာ- ရဿတို့ မည်၏။ အ ဣ ဥ ဟူသည်တည်း။
၄။ ဤသုတ်ကား အ ဣ ဥ ၃-လုံးကို “ရဿ”ဟု နာမည်မှည့်သော သုတ်တည်း၊ ရဿသဒ္ဒါသည် အတိုဟူသော အနက်ကို ဟော၏၊ အစသည်ကို ရွတ်ဆိုသည့်အခါ အချိန်နည်းနည်း တိုတိုဖြင့် ပြီး၏၊ မျက်စိ တစ်မှိတ်ခန့်သာ ကာလကြာ၏၊ ထိုမျက်စိတစ်မှိတ်ခန့်ကာလကို “၁ မတြာ”ဟု ကျမ်းဂန်တို့၌ သုံးစွဲ၏၊ ဤသုတ်ဖြင့် ရဿမှည့်ခြင်းသည် ရဿံ စသောသုတ်၌ အ ဣ ဥတို့ကို ရဿဟု ခေါ်ဝေါ်ရခြင်းအကျိုးရှိ၏။
သုတ်တို့၏သဘော။ ။ သုတ်တို့၏သဘောမှာ အက္ခရာနည်းပါးလျက် အနက်ကို ပေါ်လွင်ထင်ရှားစေရမည်၊ သို့အတွက် သုတ်၌ အက္ခရာ မများ စေဘဲ ရှေးရှေးသုတ်မှ လိုက်သင့်သောပုဒ်များကို နောက်နောက်သုတ် များသို့ လိုက်စေရသည်၊ ဤလဟုမတ္တာသုတ်၌ “တတ္ထ”သဒ္ဒါ မပါဘဲလျက် ရှေ့သုတ်မှ တတ္ထပုဒ်ကို လိုက်စေ၍ အနက်ပေးသည်၊ “ဟောတိ, ဟောန္တိ” စသည်တို့မှာ ဖြစ်သင့်သလို အပိုထည့်ရသောပုဒ်တည်း။
֍ ၅။ အညေ ဒီဃာ။ ။ အညေ- ရဿမှတစ်ပါး ၅- လုံးသော သရတို့သည်၊ ဒီဃာ- ဒီဃတို့မည်၏။ အာ ဤ ဥု ဧသြ ဟူသည် တည်း။
၅။ ဤသုတ်ကား အာစသော သရ ၅ လုံးကို ဒီဃဟု နာမည်မှည့်သော သုတ်တည်း၊ ဒီဃသဒ္ဒါသည် အရှည်ဟူသော အနက်ကို ဟော၏၊ အာ စသည်ကို ရွတ်ဆိုသည့်အခါ မျက်စိ နှစ်မှိတ်ခန့်ကာလ (၂ မတြာ)ကြာမှ ပြီး၏၊ ဤသုတ်ဖြင့် ဒီဃမှည့်ခြင်းသည် ဒီဃံစသောသုတ်၌ အာ-စသည်ကို ဒီဃဟု ခေါ်ဝေါ်သုံးစွဲရခြင်းအကျိုးရှိ၏။
֍ ၆။ သေသာ ဗျဉ္ဇနာ။ ။ သေသာ-သရမှ ကြွင်းကုန်သော ၃၃-လုံးသော အက္ခရာတို့သည်၊ ဗျဉ္ဇနာ- ဗျဉ်းတို့မည်၏။ က ခ ဂ ဃ င, စ ဆ ဇ ဈ ဉ, ဋ ဌ ဍ ဎ ဏ, တ ထ ဒ ဓ န, ပ ဖ ဗ ဘ မ, ယ ရ လ ဝ သ ဟ ဠ အံ ဟူသည်တည်း။
၆။ ဤသုတ်ကား က စသော ၃၃-လုံးကို ဗျဉ်းဟု နာမည်မှည့်သော သုတ်တည်း၊ ဤသုတ်ဖြင့် ဗျဉ်းဟု မှည့်ခြင်းသည် အံ ဗျဉ္ဇနေ နိဂ္ဂဟီတံ စသော သုတ်၌ က ခ စသည်ကို ဗျဉ်းဟု ခေါ်ဝေါ်ရခြင်းအကျိုးရှိ၏။
အထူးမှတ်သားဖွယ်။ ။ အ အာ စသော သရ ၈-လုံးသည် ဗျဉ်းနှင့် မတွဲဘဲ သူတို့ချည်းသက်သက် အသံပီသစွာ ရွတ်ဖြစ်၏၊ က ခ စသော ဗျဉ်းတို့ကား သူတို့ချည်းနေတဲ့အခါ အသံပီသစွာ ရွတ်မဖြစ်၊ က်-ခ်-ဂ် စသည်ဖြင့်လေသံလောက်သာ အသံထွက်သည်၊ အ-စသော သရများနှင့် တွဲမှ က ခ ဂ စသည်ဖြင့် ပီသစွာ အသံထွက်နိုင်သည်၊ အံဟု ရွတ်ဆိုရ သော နိဂ္ဂဟိတ်ဗျဉ်းကိုကား အ ဣ ဥဟူသော ရဿသရများနှင့်သာ တွဲရသည်၊ ထိုသို့ သရကို မှီ၍ ဖြစ်ကြရာ၌ က အစ ဠ အဆုံး ၃၂-လုံးသည် ဗျဉ်းက ရှေ့, သရက နောက်နေရ၏၊ နိဂ္ဂဟိတ်မှာ သရက ရှေ့, ဗျဉ်းက နောက်နေသည်၊ ဇယားပုံကို ကြည့်ပါ။
֍ ၇။ ဝဂ္ဂါ ပဉ္စပဉ္စသော မန္တာ။ ။ မန္တာ- မ အဆုံးရှိသော ၂၅ လုံးသော ဗျဉ်းတို့သည်၊ ပဉ္စပဉ္စသော- ၅ လုံးတစ်စု ၅ လုံးတစ်စု အားဖြင့်၊ ဝဂ္ဂါ- က ဝဂ်, စ ဝဂ်, ဋ ဝဂ်, တ ဝဂ် ပဝဂ်တို့မည်၏။ က ခ ဂ ဃ င, စ ဆ ဇ ဈ ဉ, ဋ ဌ ဍ ဎ ဏ, တ ထ ဒ ဓ န, ပ ဖ ဗ ဘ မ ဟူသည်တည်း။
၇။ ဤသုတ်ကား က အစ မ အဆုံး ၂၅ လုံးသောဗျဉ်းကို “ဝဂ်”ဟူ၍ နာမည်မှည့်သောသုတ်တည်း၊ ဤသုတ်ဖြင့် “ဝဂ်”ဟု နာမည်မှည့်ခြင်း သည် “ဝဂ္ဂေ ဃောသာ.ဃောသာနံ တတိယပဌမာ”သုတ်၌ “ဝဂ်”ဟု ခေါ်ဝေါ်သုံးစွဲရခြင်းအကျိုးရှိ၏။ ဝဂ္ဂသဒ္ဒါသည် “အစု”ဟူသောအနက်ကို ဟော၏၊ ထို့ကြောင့် “က ခ ဂ ဃ င” ၅ လုံးအစုကို “ဌာန်ချင်းတူသော ကြောင့်) အစဆုံး ကအက္ခရာဖြင့် နာမည်တပ်၍ “ကဝဂ်”ခေါ်သည်ဟု မှတ်၊ နောက်ဝဂ်များ၌လည်း ဤနည်းပင်၊ ယ ရ လ ဝ သ ဟ ဠ အံတို့မှာ (ဌာန်ချင်းမတူရကား) စု၍ မဖြစ်သောကြောင့် “အဝဂ်”ဟု ခေါ်ရသည်။ [အဝဂ်=အစုမဟုတ်။]
֍ ၈။ အံဣတိ နိဂ္ဂဟီတံ။ ။ အံဣတိ- အံဟူသော ဤဗိန္ဒုပြောက် သည်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်မည်၏။ အံဟု ရွတ်ဆိုရာ၌ အ သရ မဖက် ဗိန္ဒုပြောက်သက်သက်သာ နိဂ္ဂဟိတ်မည်၏။
၈။ နိဂ္ဂဟိတ်ကို ရေးသားရာ၌ နိဂ္ဂဟိတ်ချည်းသက်သက် ရေးလျှင် ရွတ်၍ မဖြစ်သောကြောင့် အသရနှင့်တွဲဖက်၍ -ံ (အံ)ဟု ရေးသားရသည်၊ ဤသုတ်ဖြင့် “နိဂ္ဂဟိတ်”ဟု နာမည်မှည့်ရခြင်းသည် အံဗျဉ္ဇနေ နိဂ္ဂဟီတံ သုတ်၌ ခေါ်ဝေါ်ရခြင်းအကျိုးရှိ၏။ [ဤပြခဲ့သော သရ ဗျဉ်းတို့ကို ရေးနည်းနှင့်တကွ သိဖို့ရာ နောက်ဘက်က ဇယားကွက်ကို ပြ၍ ဆရာက ပြောပြပါလေ။]
֍ ၉။ ပရသမညာ ပယောဂေ။ ။ ပယောဂေ- သုံးစွဲသင့်သည်၊ (သတိ- ရှိလတ်သော်၊) ပရသမညာ- တစ်ပါးသော သက္ကတကျမ်း တို့၏ အမည်တို့ကိုလည်း၊ ယုဇ္ဇန္တေ- သုံးစွဲအပ်ကုန်၏။ က ခ, စဆ, ဋ ဌ, တ ထ, ပ ဖ, သ ဤ ၂၁- လုံးတို့၏ အဃောသအမည်,… ဂ ဃ င, ဇ ဈ ဉ, ဍ ဎ ဏ, ဒ ဓ န, ဗ ဘ မ, ယ ရ လ ဝ ဟ ဠ ဤ ၂၁- လုံးတို့၏ ဃောသအမည် စသည်များတည်း။
၉။ ဤ “ပရသမညာ ပယောဂေ”သုတ်ကား နာမည်ကို တိုက်ရိုက် မမှည့်ဘဲ ဤကစ္စည်းကျမ်းမှ တစ်ပါးသော သက္ကတသဒ္ဒါကျမ်းတို့၌ အမည် များစွာ ရှိလေသေး၏၊ “ထိုအမည်များကိုလည်း သုံးစွဲသင့်က ဤကျမ်း၌ ယူ၍ သုံးစွဲပါလေ”ဟု ဆိုလိုသည်၊ သုတ် ၄-မျိုးတွင် နာမည်ကို သိစေတတ် သော ပရိဘာသာသုတ်တစ်မျိုးတည်း၊ [အိန္ဒိယတိုင်းသားတို့ အသုံးများ သော သဒ္ဒါကျမ်းကို သက္ကတသဒ္ဒါကျမ်းဟု ခေါ်သည်၊] ဤဃောသ အဃောသအမည်ကို “ဝဂ္ဂေ ဃောသာ.ဃောသာနံ တတိယပဌမာ” သုတ်၌ သုံးစွဲသင့်၏၊ ဝဏ္ဏ-သံယောဂ-လိင်္ဂစသော အမည်များလည်း ပရသမညာပင်တည်း၊ ထိုအမည်များမှာ နောက်၌ ထင်ရှားပါလိမ့်မည်။
֍ ၁၀။ ပုဗ္ဗ.မဓောဌိတ.မဿရံ သရေန ဝိယောဇယေ။ ။ ပုဗ္ဗံ- ရှေ့ဗျဉ်းကို၊ အဓောဌိတံ- ရှေ့ဟူသောအောက်၌ အစဉ်မပျက် တည်သည်ကိုလည်းကောင်း၊ အဿရံ- သရ မရှိသည်ကိုလည်း ကောင်း၊ (ကတွာ- ပြု၍၊) သရေန- သရမှ၊ ဝိယောဇယေ- ခွဲရာ၏။
၁၀။ [“ပုဗ္ဗံ+အဓောဌိတံ+အဿရံ”ဟု ပုဒ်ဖြတ်။] ပုဗ္ဗ.မဓောဌိတ. မဿရံ သရေန ဝိယောဇယေသုတ်ကား “ရှေ့ဗျဉ်းကို နောက်သရမှ ခွဲထားရမည်”ဟု ပြ၏၊ ဤသုတ်ကို နေရာတိုင်းမှာ အသုံးပြုရမည် ဖြစ်သောကြောင့် သုတ် ၄-မျိုးတွင် ပရိဘာသာသုတ်တည်း။
မေး။ ။ ဗျဉ်းကို ဘာပြုလို့ သရမှ ခွဲထားရမည်နည်း။
ဖြေ။ ။ မခွဲလို့ရှိလျှင် ဗျဉ်းက အုပ်ထားသောကြောင့် အချို့နေရာ၌ သရရှိမှန်း မသိနိုင်၊ က ခ စသည်၌ “၊”သရ မြုပ်နေသည်ကို ကြည့်ပါ၊ သရရှိမှန်းမသိရလျှင် ထိုသရကို ချေခြင်း, ဒီဃပြုခြင်း စသော အစီအရင်များပြုဖို့ရန် ခဲယဉ်းသည်၊ ထို့ကြောင့် သရ ရှိမှန်း သိစေခြင်းအကျိုးငှာ ဗျဉ်းကို သရမှ ခွဲ၍ ပြရလေသည်၊ ဤစကားအရ “သရကို တစ်စုံတစ်ခု ပြုစီရင်လိုမှ ခွင်းရမည်၊ တစ်စုံတစ်ခု မပြုလိုလျှင် ခွင်းဖွယ်မလို”ဟု မှတ်။
[ဆောင်]ဗျဉ်းက အုပ်ထား, သရများ, မှတ်သား မထင်ရှား၊ သရ-အရှိကို, သိစေလို, မိန့်ဆို ခွဲ၍ထား။
မေး။ ။ ဗျဉ်းသည် နောက်သရကို မှီသော က ခ စသော ဗျဉ်း, ရှေ့သရကို မှီသော နိဂ္ဂဟိတ်ဗျဉ်းဟု ၂-မျိုးရှိသည်တွင် အဘယ် ဗျဉ်းကို သရမှ ခွဲရမည်နည်း။ဖြေ။ ။ ပုဗ္ဗံ ဟု ဆိုသောကြောင့် သရနှင့်တွဲသည့်အခါ ရှေ့ကနေသော က ခ စသော ဗျဉ်း ၃၂-လုံးကိုသာ ခွဲရမည်၊ နိဂ္ဂဟိတ်ကား မခွဲနိုင်။
မေး။ ။ ရှေ့ဗျဉ်းကို သရမှ ခွဲသည်ရှိသော် နောက်ထပ် သရအသစ်မှီရာ ထည့်၍ခွဲရမည်လော, သရမပါဘဲ ဗျဉ်းချည်းသာ ခွဲရမည်လော။
ဖြေ။ ။ အသရံ ဟု ဆိုသောကြောင့် နောက်ထပ် သရအသစ် မပါစေရ, ဗျဉ်းချည်းသက်သက် ခွဲထားရမည်။
မေး။ ။ ခွဲပြီးလျှင် သင်ပုန်း၌ ရေး၍ ရုပ်တွက်သည့်အခါ ထိုဗျဉ်းကို ဘယ်နေရာ၌ ထားရမည်နည်း။
ဖြေ။ ။ အဓောဌိတံ ဟု ဆိုသောကြောင့် အောက်၌ ထားရမည်။
“အောက်”ဟု ဆိုသော်လည်း မြန်မာများခေါ်သလို စာကြောင်းအောက်၌ ချထားရမည်မဟုတ်၊ ရှေ့တည့်တည့်ကိုပင် ပါဠိအသုံးအားဖြင့် “အောက်” ဟု ခေါ်သည်၊ ထို့ကြောင့် “ပင်ကိုက ကပ်နေသော သရ၏ရှေ့တည့်တည့် မှာ အနည်းငယ် ရှေ့ထားရမည်”ဟု မှတ်ပါ၊ “ရှေ့ ဟု ဆိုအပ်သော အောက်တည်း, စာကြောင်းအောက် မဟုတ်”ဟူလို။
အမှာ။ ။ ဆရာများက သင်ပုန်း၌ ချ၍ သေသေချာချာ ပြောပြပါ၊ ရုပ်တွက်သည့်အခါ၌လည်း ဗျဉ်းကို သရမရှိမှန်း သိဖို့ရာ က် ခ် စသည်ဖြင့် တံခွန်ကလေးပြပါ၊ ခွဲသည်ကိုပင် ရှေးက “ခွင်း”ဟု အသုံးပြုသည်။
֍ ၁၁။ နယေ ပရံ ယုတ္တေ။ ။ ယုတ္တေ- သန္ဓိစပ်သင့်ရာဌာန၌၊ ပုဗ္ဗံ- သရမရှိသော ရှေ့ဗျဉ်းကို၊ ပရံ- နောက်အက္ခရာသို့၊ နယေ- ဆောင်ကပ်ရာ၏။
ဣတိ သန္ဓိကပ္ပေ ပဌမော ကဏ္ဍော။ ။ သန္ဓိကပ္ပေ- သန္ဓိ ကျမ်း၌၊ ပဌမော- ရှေးဦးစွာသော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
၁၁။ ဤ နယေ ပရံ ယုတ္တေသုတ်လည်း “သန္ဓိစပ်သင့်ရာဌာန၌ သရ မရှိသော ရှေ့ဗျဉ်းကို နောက်အက္ခရာသို့ ဆောင်ကပ်လေ”ဟု ပြောသော ပရိဘာသာသုတ်ပင်တည်း၊ ဤ ၁၀-၁၁ နံပါတ်သုတ်များ၌ ရုပ်တွက်ဖွယ် မလိုသေး၊ ခွင်းစရာရှိလျှင် ရှေ့ပုဗ္ဗမဓောဌိတ စသော သုတ်ဖြင့် ခွင်း၍ ကပ်စရာရှိလျှင် ဤနယေ ပရံ ယုတ္တေသုတ်ဖြင့် ကပ်ရမည်ကို အမြဲသတိပြု။
ဣတိ သန္ဓိကပ္ပေစသည်ကား ပဌမအခန်းကို အုပ်ဖုံးသော နိဂုံး စကားတည်း၊ အပိုင်းကြီးတစ်ပိုင်းဝယ် သဘောတူ အနက်အဓိပ္ပာယ် တစ်ကန့်ကို ပြရာ အခန်းငယ်တစ်ခန်းကို “ကဏ္ဍ”ဟု ခေါ်၏၊ ဤပဌမ ကဏ္ဍသည် အမည်သညာနှင့် ပရိဘာသာကို ပြရာအခန်းတည်း။
၁။ လေ့ကျင့်ခန်းမေးခွန်းများ
[ကျက်ပြီး သုတ်နက်များကို ကြေ-မကြေ အပြန်ခိုင်း၍ အောက်ပါ မေးခွန်းများကို မေးပါ။]
က။ အက္ခရာ ဘယ့်လောက်ရှိသနည်း, ရေတွက်ပြပါ။
ခ။ ထိုအက္ခရာများကို နာမည်တစ်မျိုး ဘယ်လို ခေါ်သေး သနည်း။
ဂ။ သရ-ရဿ-ဒီဃတို့ မည်မျှစီ ရှိကြသနည်း, အသီးသီး ရေတွက်ပြပါ။
ဃ။ ဗျဉ်း-ဝဂ်-အဝဂ်တို့ မည်မျှစီ ရှိကြသနည်း, ရေတွက်ပြပါ။
င။ အံ-ဣံ-ဥံဟု ရွတ်ဆိုရာဝယ် ဘယ်ဟာကို နိဂ္ဂဟိတ်ဟု ခေါ်သနည်း။
စ။ ဃောသမည်မျှ-အဃောသမည်မျှရှိသနည်း, ရေတွက်ပြပါ။
ဆ။ ပရသမညာ ပယောဂေသုတ်သည် ဘာကို ပြသောသုတ် နည်း။
ဇ။ ဗျဉ်းကို သရမှ ခွင်းစရာရှိလျှင် အဘယ်သုတ်ဖြင့် ခွင်းရ မည်နည်း။
ဈ။ ဗျဉ်းကို သရသို့ ကပ်စရာရှိလျှင် အဘယ်သုတ်ဖြင့် ကပ်ရ မည်နည်း။
ဉ။ ဤသန္ဓိပဌမခန်း၌ ဘာကို ပြသနည်း။
သန္ဓိပဌမခန်းပြီး၏။
֍ ၁၂။ သရာ သရေ လောပံ။ ။ သရေ- နောက်သရကြောင့်၊ သရာ- ရှေ့သရတို့သည်၊ လောပံ- ကျေပျောက်ခြင်းသို့၊ ပပ္ပောန္တိ- ရောက်ကုန်၏။ ယဿိ.န္ဒြိယာနိ စသည်တည်း။
၁၂။ ဤ သရာ သရေ လောပံသုတ်သည် “နောက်သရကြောင့် ရှေ့ သရတို့ကို ချေ”ဟု စီရင်သော ဝိဓိသုတ်တည်း၊ ဤအစီအရင်အရ နောက် သရနှောင်းလျှင် ရှေ့သရကို ချေသင့်က ချေရသည်။ [ယဿိ.န္ဒြိယာနိ= ယဿ+ဣန္ဒြိယာနိ။ ယဿ=အကြင်သူ၏+ဣန္ဒြိယာနိ=ဣန္ဒြေတို့။]
နှုတ်တက်ဆောင်ရန်
ရုပ်အကျဉ်းတွက်ပုံ။ ။ ယဿိန္ဒြိယာနိကို “ယဿ ဣန္ဒြိယာနိ”ဟု ပုဒ်ဖြတ်, ပုဗ္ဗမဓောဌိတမဿရံ သရေန ဝိယောဇယေသုတ်ဖြင့် အ သရမှ ဿ်ဗျဉ်းကို ခွင်း၍ ရှေ့ဟူသောအောက်၌ အစဉ်မပျက်ထား, သရာ သရေ လောပံသုတ်ဖြင့် ရှေ့ အ သရကို ချေ, နယေ ပရံ ယုတ္တေ သုတ်ဖြင့် သရကင်းသော ဿ် ဗျဉ်းကို နောက် ဣ သို့ ကပ်, ယဿိန္ဒြိယာနိ ပြီး၏။
အမှာ။ ။ ဂဏန်းမှန်အောင် တွက်ပြသကဲ့သို့ ပင်ကို အရုပ်အတိုင်း မှန်အောင်တွက်ခြင်းကိုလည်း “ရုပ်တွက်”ဟု ခေါ်၏၊ သင်ပုန်း၌ ကလေးများကိုယ်တိုင် ရေးသား၍ ရုပ်တွက်စေခြင်းသည် လက်တွေ့ သင်ပြခြင်းတစ်မျိုးဖြစ်၏၊ ထို့ကြောင့် ကလေးများကို သင်ပုန်း၌ ချ၍ရုပ်တွက်ပြသည့်အခါ အောက်ပါပုံအတိုင်း ဖြစ်နေပါလိမ့်မည်။
ယဿ -ိန္ဒြိယာနိ … (ပုဒ်ဖြတ်ထားပုံ)
ယဿ် ၊ -ိန္ဒြိယာနိ … (၊ သရမှ ဿ်ဗျဉ်းကို ခွင်းထားပုံ)
ယဿ် -ိန္ဒြိယာနိ … (၊ သရ ကျေပုံ)
ယဿိန္ဒြိယာနိ … (ပင်ကိုအတိုင်း ပြီးနေပုံ)
֍ ၁၃။ ဝါ ပရော အသရူပါ။ ။ အသရူပါ- တူသောရုပ်သွင် ရှိသည် မဟုတ်သော ရှေ့သရမှ၊ ပရော- နောက်သရသည်၊ ဝါ- ဝိကပ်အားဖြင့်၊ လောပံ- ကျေပျောက်ခြင်းသို့၊ ပပ္ပောတိ- ရောက်၏။ စတ္တာရော.မေ စသည်တည်း။
၁၃။ ဤ ဝါ ပရော အသရူပါသုတ်သည် “ရုပ်သွင်သဏ္ဌာန် မတူသော ရှေ့သရမှ နောက်ဖြစ်သော သရကို ချေ”ဟု စီရင်သော ဝိဓိသုတ်တည်း။ [ဣမေ-ဤတရားတို့သည်၊ စတ္တာရော-၄ ပါးတို့တည်း။]
သရူပ- [သ=တူသော+ရူပ=ရုပ်, အသွင် သဏ္ဌာန်။] ရုပ်တွက်ရာ၌ ရှေ့နောက်ယှဉ်နေသော သရ ၂-လုံးသည် ရုပ်သွင်တူနေလျှင် သရူပသရ ဖြစ်၍ ဤသုတ်ဖြင့် မချေနိုင်၊ အနှင့်အာသည် ရုပ်သွင်တူ၏, ရွတ်ဆိုသံ လည်း တူ၏၊ အနည်းငယ် အရှည်အတိုကွဲသည်မှာ မပြောပလောက်ချေ၊ အ-အချင်းချင်းတူနေပုံမှာ ပြောဖွယ်မရှိပြီ၊ ဣနှင့်ဤ, ဥနှင့်ဥုတို့လည်း ရုပ်သွင်တူ၏၊ ဧ-အချင်းချင်း, သြ-အချင်းချင်းလည်း သရူပသရပင်ဖြစ်၏။ [အသရူပဟု အချို့က ပြောကြ၏၊ စဉ်းစားပါ။]
အချုပ်ကား “အ အာတို့နောင် ဣ ဤ ဥ ဥု ဧ သြ ၆-လုံးသည် အသရူပတည်း၊ ဣ ဤနောင် အ အာ ဥ ဥု ဧ သြ ၆-လုံးသည် အသရူပ တည်း၊ ဥ ဥုနောင် အ အာ ဣ ဤ ဧ သြ ၆-လုံးသည် အသရူပတည်း၊ ဧ နောင် အ အာ ဣ ဤ ဥ ဥု သြ ၇-လုံးသည် အသရူပတည်း၊ သြနောင် အ အာ ဣ ဤ ဥ ဥု ဧ ၇-လုံးသည် အသရူပတည်း”ဟု သိပါလေ။
ရုပ်တွက်။ ။ စတ္တာရော.မေကို “စတ္တာရော -ိမေ”ဟု ပုဒ်ဖြတ်, ပုဗ္ဗ. မဓောဌိတ.မဿရံ သရေန ဝိယောဇယေသုတ်ဖြင့် ေ-ါသရမှ ရ်ဗျဉ်းကို ခွင်း၍ ရှေ့ဟူသောအောက်၌ အစဉ်မပျက်ထား၊ “ဝါ ပရော အသရူပါ” သုတ်ဖြင့် နောက် -ိသရကို ချေ, နယေ ပရံ ယုတ္တေသုတ်ဖြင့် သရကင်း သော ရ်ဗျဉ်းကို နောက် ေ-ါသို့ ကပ်, စတ္တာရော.မေ ပြီး၏။
ဌာန်အကြောင်း။ ။ ဌာန်ကို နားလည်ပြီးမှ ဆိုလတ္တံ့သုတ်၌ သဝဏ္ဏ, အသဝဏ္ဏကို နားလည်နိုင်မည်၊ ထို့ကြောင့် ဤနေရာ၌ တစ်ရက်တက်စာ ဟု သဘောထား၍ ဌာန်တို့ကို လေ့လာပါဦး၊ လည်ချောင်းမှ အထက်၌ အက္ခရာသံပေါ်ထွက်ရာ ဌာနရှိ၏၊ ထိုဌာနကိုပင် “ဌာန်”ဟု ခေါ်၏၊ ထိုဌာန်သည် ကဏ္ဌဌာန်, တာလုဌာန်, မုဒ္ဓဌာန်, ဒန္တဌာန်, သြဋ္ဌဌာန်, နာသိကာဌာန်ဟု ၆-ပါး ရှိ၏။
ကဏ္ဌဇ။ ။ ထိုတွင် … အဝဏ် ၂-လုံး, ကဝဂ် ၅-လုံး, ဟ အက္ခရာ ဤ ၈-လုံးသည် လည်ချောင်းအရပ်၌ ဖြစ်သောကြောင့် ကဏ္ဌဇမည်၏။
တာလုဇ။ ။ ဣဝဏ် ၂-လုံး, စဝဂ် ၅-လုံး, ယ အက္ခရာ … ဤ ၈-လုံးသည် အာစောက်အရပ်၌ ဖြစ်သောကြောင့် တာလုဇ မည်၏။
မုဒ္ဓဇ။ ။ ဋဝဂ် ၅-လုံး, ရ - ဠကြီး အက္ခရာ …ဤ ၇ - လုံးသည် အာထိပ်အရပ်၌ ဖြစ်သောကြောင့် မုဒ္ဓဇ မည်၏။
ဒန္တဇ။ ။ တဝဂ် ၅-လုံး, လ - သ အက္ခရာ …ဤ ၇ - လုံးသည် သွားအရပ်၌ ဖြစ်သောကြောင့် ဒန္တဇ မည်၏။
သြဋ္ဌဇ။ ။ ဥဝဏ် ၂-လုံး, ပဝဂ် ၅-လုံး …ဤ ၇ - လုံးသည် နှုတ်ခမ်းအရပ်၌ ဖြစ်သောကြောင့် သြဋ္ဌဇ မည်၏။
ဒွိဇအက္ခရာများ။ ။ [ဌာန် ၂-ခု၌ ဖြစ်သော အက္ခရာကို “ဒွိဇ”ဟု ခေါ်၏။] ဧ သည် လည်ချောင်း အာစောက် ၂-ဌာန်၌ ဖြစ်သောကြောင့် ကဏ္ဌတာလုဇ မည်၏၊ သြ သည် ကဏ္ဌ သြဋ္ဌ ၂-ဌာန်၌ ဖြစ်သောကြောင့် ကဏ္ဌောဋ္ဌဇ မည်၏၊ ဝ သည် ဒန္တ သြဋ္ဌ ၂-ဌာန်၌ ဖြစ်သောကြောင့် ဒန္တောဋ္ဌဇ မည်၏၊ နိဂ္ဂဟိတ်သည် နှာခေါင်းအရပ်၌ ဖြစ်သောကြောင့် နာသိကဇ မည်၏။
အမှာ။ ။ ကဏ္ဌ - လည်ချောင်း၊ တာလု - အာစောက် (အာခေါင်)၊ မုဒ္ဓ - အာထိပ်၊ ဒန္တ - သွား၊ သြဋ္ဌ - နှုတ်ခမ်း၊ နာသိကာ - နှာခေါင်း၊ ဇ-ဖြစ်သော အက္ခရာ။
[ဆောင်]၁။ ကဝဂ် ပဉ္စ, အ အာ ဟ,ကဝဂ် ပဉ္စ, အ အာ ဟ, အဋ္ဌ ကဏ္ဌဇာ။၂။ စဝဂ် ပဉ္စ, ဣ ဤ ယ,စဝဂ် ပဉ္စ, ဣ ဤ ယ, အဋ္ဌ တာလုဇာ။
၃။ ဋဝဂ် ပဉ္စ, ရဋဝဂ် ပဉ္စ, ရ နှင့်နှင့် ဠ, သတ္တ မုဒ္ဓဇာ။
၄။ တဝဂ် ပဉ္စ, လ နှင့် သ,တဝဂ် ပဉ္စ, လ နှင့် သ, သတ္တ ဒန္တဇာ။သတ္တ ဒန္တဇာ။
၅။ ပဝဂ် ပဉ္စ, ဥ ဥု မျှ, သတ္တ သြဋ္ဌဇာ။
၆။ ကဏ္ဌ တာလု, ဧ ကို ရှုလျက်, သြ အတွက်ပြ, ကဏ္ဌောဋ္ဌတည်း၊ ဝ ကား ဒန္တောဌ်, မှန်အောင် ရွတ်စိတ်, နိဂ္ဂဟိတ်, ကြိတ်လိပ် နာသိကာ။
֍ ၁၄။ ကွစာ.သဝဏ္ဏံ လုတ္တေ။ ။ လုတ္တေ- ရှေ့သရ ကျေပြီး သော်၊ ပရော- နောက် ဣဝဏ် ဥဝဏ် သရ ၄- လုံးသည်၊ ကွစိ- အချို့အရာ၌၊ အသဝဏ္ဏံ- ဧ သြဟူသော အသဝဏ်အဖြစ်သို့၊ ပပ္ပောတိ- ရောက်၏။ ဗန္ဓုဿေ.ဝ, နော.ပေတိ စသည်တည်း။
၁၄။ ဤ ကွစာ.သဝဏ္ဏံ လုတ္တေသုတ်သည် “ရှေ့သရ ကျေပြီးသော် နောက် ဣဝဏ်ကို ဧ, ဥ ဝဏ်ကို သြ အသဝဏ်ပြု”ဟု စီရင်သောသုတ် တည်း၊ ထို့ကြောင့် ဤသုတ်က မစီရင်ခင် သရာ သရေ လောပံ သုတ်ဖြင့် ရှေ့သရကို ချေရမည်။ [ဗန္ဓုဿေ.ဝ=ဗန္ဓုဿ+ဣဝ-ဆွေမျိုး၏+ကဲ့သို့၊ နော.ပေတိ = န+ဥပေတိ- မကပ်ရောက်။]
သဝဏ္ဏ - [သ = တူသော+ဝဏ္ဏ = ပုံသဏ္ဌာန် (ဝါ) ဌာန်။] ပုံသဏ္ဌာန် အားဖြင့်လည်းကောင်း, ကဏ္ဌစသော ဌာန်အားဖြင့်လည်းကောင်း အတူရှိ သော သရများသည် သဝဏ္ဏ မည်၏၊ အနှင့်အာသည် သဝဏ္ဏ, ဣနှင့်ဤ သည် သဝဏ္ဏ, ဥနှင့်ဥုသည် သဝဏ္ဏ မည်၏၊ ဤစကားအရ သဝဏ္ဏသရ ၆-လုံးဟု မှတ်၊ ဧ မှာ ပုံသဏ္ဌာန်တူသော တွဲဖက်မရှိ, သြမှာလည်း မရှိ၊ သို့အတွက် ဧ သြတို့သည် သဝဏ္ဏသရ မဟုတ်-အသဝဏ္ဏသရများတည်း၊ ထို့ကြောင့် “အသဝဏ္ဏံ-ဧ သြဟူသော အသဝဏ်အဖြစ်သို့”ဟု ဆိုသည်။
ဧ သြအသဝဏ်ပြုရာ၌ ဌာန်တစ်စိတ်တူသည်ကိုသတိပြု၍ ဣဝဏ် ကို ဧ, ဥဝဏ်ကို သြ ပြုရမည်၊ မှန်၏- ဣဝဏ် ၂-လုံးသည် တာလုဌာန်၌ ဖြစ်၍ ဧ သည် ကဏ္ဌတာလုဌာန်၌ ဖြစ်သောကြောင့် ဌာန်တစ်စိတ် တစ်ပိုင်းအားဖြင့် တူ၏၊ ဥဝဏ်သည် သြဋ္ဌဌာန်ဖြစ်၍ သြသည် ကဏ္ဌ သြဋ္ဌဌာန်၌ ဖြစ်သောကြောင့် ဌာန်တစ်စိတ် တစ်ပိုင်းအားဖြင့် တူသည်။
[ဆောင်]၁။ အဆင်းပုံဟန်, ဌာန်တူသမှု, အစွဲပြု၍, နှစ်ခုတွဲကာ, အနှင့်အာ ယူ, ဣ ဤ ဟူ, ဥ ဥု သဝဏ္ဏ။၂။ အဆင်းပုံဟန်, ဌာန်တူမနှော, ဧနှင့်သြ, မှတ်လော အသဝဏ္ဏ။
၃။ ဌာန်တစ်စိတ်ချင်း, တူသည့်ခင်းကြောင့်, မယွင်းစွဲဆို, ဣဝဏ်ကို ဧ, ဥဝဏ် ဒွေး, မှတ်ရေး သြ ပြုရ။
ရုပ်တွက်ပုံ။ ။ ဗန္ဓုဿေ.ဝကို “ဗန္ဓုဿ -ိဝ”ဟု ပုဒ်ဖြတ်, ဿ်ခွင်း (ဗန္ဓုဿ် ၊ -ိဝ) သရာ သရေ လောပံသုတ်ဖြင့် ရှေ့ ၊ ကို ချေ, ကွစာ သဝဏ္ဏံ လုတ္တေသုတ်ဖြင့် နောက် -ိ သရကို ဧ အသဝဏ် ပြု, ဿ်ကို ဧ သို့ ကပ်, ပြီး၏။ “နောပေတိကို န+ဥပေတိ ဟု ပုဒ်ဖြတ်, န် ခွင်း, ၊ သရ ချေ, ဥ သရကို ဤသုတ်ဖြင့် သြအသဝဏ်ပြု”ဟု ဆိုလေ။]
֍ ၁၅။ ဒီဃံ။ ။ လုတ္တေ- ရှေ့သရ ကျေပြီးသော်၊ ပရော- နောက် ရဿသရသည်၊ ကွစိ- အချို့အရာ၌၊ ဒီဃံ- ဒီဃအဖြစ်သို့၊ ပပ္ပောတိ- ရောက်၏။ သဒ္ဓီ.ဓ စသည်တည်း။
၁၅။ ဤဒီဃံသုတ်သည် “ရှေ့သရကျေပြီးလျှင် နောက်ရဿသရကို ဒီဃပြု”ဟု စီရင်သော ဝိဓိသုတ်တည်း၊ ဒီဃပြုတဲ့အခါလည်း ဌာန်တူကို သတိပြု၍ အ ကို အာ, ဣ ကို ဤ, ဥ ကို ဥု ဒီဃပြုရမည်။ [သဒ္ဓီဓ = သဒ္ဓါ + ဣဓ၊ ဣဓ - ဤလောက၌၊ သဒ္ဓါ - သဒ္ဓါသည်။]
ရုပ်တွက်။ ။ သဒ္ဓီ.ဓကို “သဒ္ဓါ -ိဓ”ဟု ပုဒ်ဖြတ်၊ ဒ္ဓ်ခွင်း, သရာ သရေ လောပံသုတ်ဖြင့် ရှေ့ -ါ သရကို ချေ, ဒီဃံသုတ်ဖြင့် နောက်-ိကို -ီဒီဃပြု, ဒ္ဓ် ကို -ီ သို့ ကပ်, သဒ္ဓီဓ ပြီး၏။
֍ ၁၆။ ပုဗ္ဗော စ။ ။ လုတ္တေ- နောက်သရ ကျေပြီးသော်၊ ပုဗ္ဗော စ- ရှေ့ရဿသရသည်လည်း၊ ကွစိ- အချို့အရာ၌၊ ဒီဃံ- ဒီဃ အဖြစ်သို့၊ ပပ္ပောတိ- ရောက်၏။ ကိံသူ.ဓ စသည်တည်း။
၁၆။ ဤပုဗ္ဗော စသုတ်သည် “နောက်သရကျေပြီးလျှင် ရှေ့သရကို ဒီဃပြု”ဟု စီရင်သော ဝိဓိသုတ်တည်း။ [ကိံသူ.ဓ = ကိံသု+ဣဓ - ဤ လောက၌ + အဘယ်တရားနည်း။]
ရုပ်တွက်။ ။ ကိံသူ.ဓကို “ကိံသု -ိဓ”ဟု ပုဒ်ဖြတ်၊ သ်ခွင်း (ကိံသ် -ိဓ), ဝါ ပရော အသရူပါသုတ်ဖြင့် နောက် -ိ သရကို ချေ, (ကိံသ်ဓ) ပုဗ္ဗော စသုတ်ဖြင့် ရှေ့ ု ကို ူ ဒီဃပြု, သ် ကို ူ သို့ ကပ်, ကိံသူဓ ပြီး၏။
֍ ၁၇။ ယ.မေဒ.န္တဿာ.ဒေသော။ ။ သရေ- နောက် သရ ကြောင့်၊ ဧအန္တဿ- ပုဒ်အဆုံးဖြစ်သော ဧ ၏၊ ယံ- ယဟူသော၊ အာဒေသော- အာဒေသသည်၊ ဟောတိ- ဖြစ်၏။ မျာ.ယံ စသည် တည်း။
၁၇။ [ယမေဒန္တဿာဒေသောကို “ယံ+ဧအန္တဿ+အာဒေသော”ဟု ပုဒ်ဖြတ်၊] “နောက်သရကြောင့် မေ တေ ပုဒ်တို့၏ အဆုံးဖြစ်သော ဧ ကို ယ ပြု”ဟု စီရင်သောသုတ်တည်း။ [မျာ.ယံ = မေ + အယံ = ငါသည်+ ဤတရားကို။]
ပုဒ်အဆုံးဖြစ်သော ဧ။ ။ မျာ.ယံကို “မေ+အယံ”ဟု ပုဒ်ဖြတ်သည့် အခါ မေက တစ်ပုဒ်, အယံက တစ်ပုဒ်တည်း၊ မေကို သဒ္ဒါစည်းကမ်း ကျအောင် ရေးလျှင် “မေ”ဟု မ ကို ရှေ့, ေ- သရကို နောက်ထား၍ ရေးသားရသည်။ [ရေးနည်းဇယားကို ပြန်ကြည့်၊] ထို့ကြောင့် မေ၌ ဧသရသည် ပုဒ်အဆုံးပင် ဖြစ်၏၊ “ဧဒန္တဿ - တေ မေ၏ အစိတ် ဧ ၏” ဟု အနက်ဆိုခြင်းမှာ ရူပသိဒ္ဓိက ကိံရုပ်နှင့် မညီ။
ယဟူသော အာဒေသ။ ။ ဧကို ယပြုခြင်းသည် အာဒေသဝိဓိ တစ်မျိုးတည်းဟု သိစေလို၍ “ယံ-ယဟူသော၊ အာဒေသော-အာဒေသ သည်”ဟု အာဒေသသဒ္ဒါထည့်သည်၊ ဧကို ယပြုရာ၌ ယပင့်ပြုပါ။
ရုပ်တွက်။ ။ မျာ.ယံကို “မေ ၊ ယံ”ဟု ပုဒ်ဖြတ်၊ မ်ခွင်း (မ်ေ- ၊ ယံ) ယမေဒန္တဿာဒေသောသုတ်ဖြင့် ပုဒ်အဆုံးဖြစ်သော ဧ-သရကို “ယ်”ပြု, တတိယပိုင်း ဒီဃံသုတ်ဖြင့် ၊ ကို -ါ ဒီဃပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သရကင်းသော ယ်ဗျဉ်းကို နောက် -ါ သို့ ကပ်, မ်ကိုလည်း ယာသို့ ကပ် မျာယံ ပြီး၏။
֍ ၁၈။ ဝ.မောဒုဒ.န္တာနံ။ ။ သရေ- နောက်သရကြောင့်၊ သြ ဥ အန္တာနံ- ပုဒ်အဆုံးဖြစ်သော သြ ဥ တို့၏၊ ဝံ- ဝ ဟူသော၊ အာဒေသော- အာဒေသသည်၊ ဟောတိ- ဖြစ်၏။ အထခွ.ဿ, ဝတ္ထွေတ္ထ စသည်တည်း။
၁၈။ [“ဝံ + သြ ဥ အန္တာနံ”ဟု သုတ်ကို ပုဒ်ဖြတ်၊] ဤသုတ်ကား “နောက်သရကြောင့် ပုဒ်အဆုံးဖြစ်သော ဥ သြတို့ကို ဝ ပြု”ဟု စီရင်သော ဝိဓိသုတ်တည်း။ [အထခေါ+အဿ-ထိုအခါ၌+ထိုသူအား၊ ဝတ္ထု+ဧတ္ထတည်နေရာကို + ဤအရပ်၌။]
ရုပ်တွက်။ ။ အထခွဿကို “အထခေါ ၊ ဿ”ဟု ပုဒ်ဖြတ်၊ ခ် ခွင်း (အထခ်-ေ-ါ ၊ ဿ) ဝမောဒုဒန္တာနံသုတ်ဖြင့် ပုဒ်အဆုံးဖြစ်သော ေ-ါ ကို ဝ် ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် ဝ် ကို ၊ သို့ ကပ်, ခ် ကိုလည်း ဝ သို့ ကပ်, ပြီး၏။ [ဝတ္ထွေတ္ထကို ဝတ္ထု ေ- တ္ထ”ဟု ပုဒ်ဖြတ်, တ္ထ် ခွင်း, ဤသုတ်ဖြင့် ပုဒ်အဆုံးဖြစ်သော ု ကို ဝ ပြုဟု ဆို။]
֍ ၁၉။ သဗ္ဗော စံတိ။ ။ သရေ- နောက်သရကြောင့်၊ သဗ္ဗော- အလုံးစုံသော၊ တိ- အတိ ပတိ ဣတိသဒ္ဒါတို့၏ အဆုံးတိသည်၊ စံ- စအဖြစ်သို့၊ ပပ္ပောတိ- ရောက်၏။ အစ္စ.န္တံ, ပစ္စာ.ဟရတိ, ဣစ္စေတံ စသည်တည်း။
၁၉။ ဤသုတ်ကား “နောက်သရကြောင့် အတိ ပတိ ဣတိသဒ္ဒါတို့၏ အဆုံးဖြစ်သော တိ ကို စ ပြု”ဟု စီရင်သည်၊ “အလုံးစုံသော တိ”ဟု ဆိုသဖြင့် တ နှင့် -ိ ကို ခွဲ၍မပြုရ, တိ တစ်ခုလုံးကိုသာ စပြုရမည်ဟုမှတ်။ [အစ္စန္တံ = အတိ+အန္တံ=စင်စစ်၊ ပစ္စာဟရတိ=ပတိ+အာဟရတိ-တစ်ဖန် ဆောင်၏၊ ဣစ္စေတံ=ဣတိ+ဧတံ၊ ဣတိ-ဤသို့၊ ဧတံ-ဤစကားကို။]
ရုပ်တွက်။ ။ အစ္စန္တံ ကို “အတိ ၊ န္တံ”ဟု ပုဒ်ဖြတ်, သဗ္ဗော စံတိ သုတ်ဖြင့် အတိသဒ္ဒါ၏ အဆုံးတိကို စ် ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သရကင်းသော စ်ဗျဉ်းကို နောက် ၊ သို့ကပ်, ပရဒွေဘာဝေါ ဌာနေ သုတ်ဖြင့် စ ၏ သဒိသဒွေဘော် စ် လာ, အစ္စန္တံ ပြီး၏။
[ “သဒိသဒွေးဘော်”ဟူသောစကား၏ အဓိပ္ပာယ်ကို ပရဒွေဘာဝေါ ဌာနေသုတ်၌ သိရလတ္တံ့၊ ပစ္စာဟရတိ၌ ပတိသဒ္ဒါ၏အဆုံး တိကိုဟု လည်းကောင်း, ဣစ္စေတံ၌ ဣတိသဒ္ဒါ၏အဆုံး တိကိုဟုလည်းကောင်း ဆိုရုံသာ ထူးသည်။]
֍ ၂၀။ ဒေါ ဓဿ စ။ ။ သရေ- နောက်သရကြောင့်၊ ဓဿ စ- ဓအောက်ခြိုက်၏လည်း၊ ဒေါ စ- ဒထွေးအပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ ဧက.မိဒါဟံ သည်တည်း။
၂၀။ [ဧကံ+ဣဓ+အဟံ၊ ဧကံ-တစ်ခုသောအခါ၌၊ ဣဓ-ဤအရပ်၌၊ အဟံ-ငါသည်။] ဤသုတ်ကား “သရနှောင်းရာ၌ ဓအောက်ခြိုက်ကို ဒထွေးပြု”ဟု စီရင်သော ဝိဓိသုတ်တည်း၊ ဧကနောက်၌ ရှိသော ဣဓ သဒ္ဒါ၏ ဓ ကိုသာ ဒထွေးပြုရမည်ဟု ရူပသိဒ္ဓိဆို၏။
[ဆောင်] ဧက နောက်ရှိ, ဣဓ သဒ္ဒါ, ဓ ကိုသာ, ရံခါ ဒထွေးပြု။
ရုပ်တွက်။ ။ ဧက.မိဒါ.ဟံကို “ဧကမိဓ ၊ ဟံ”ဟု ပုဒ်ဖြတ်၊ ဒေါ ဓဿ စသုတ်ဖြင့် ဓ ကို ဒ ပြု, ဒ်ဗျဉ်းကို ခွင်း (ဧကမိဒ် ၊ ဟံ) သရာ သရေ လောပံသုတ်ဖြင့် ရှေ့ ၊ သရကို ချေ, ဒီဃံသုတ်ဖြင့် နောက် ၊ သရ ကို -ါ ဒီဃပြု, ဒ်ကို နောက် -ါ သို့ကပ်, ဧကမိဒါဟံပြီး၏။ [ဧကနှင့်မိဒကို လည်း သန္ဓိစပ်ထားသည်၊ “မဒါ သရေ”သုတ်၌ တွက်တတ်လတ္တံ့။]
စသဒ္ဒါ၏အကျိုး။ ။ စ ဝါ ပိ အပိ သဒ္ဒါတို့သည် ကျမ်းဆရာတို့ အလိုအားဖြင့် အဓိပ္ပာယ်များစွာကို ပြနိုင်ကုန်၏၊ သုတ်နက်ပေးသည့်အခါ ကျမ်းဆရာ၏ အလိုကျအောင် ထို စ ပိ ဝါသဒ္ဒါစုကို သင့်ရာပုဒ်နှင့် တွဲစပ်၍ သင့်သလို အနက်ပေးကြရ၏၊ ထို့ကြောင့် ဓဿ စ၌ စသဒ္ဒါကို “ဒေါ စ”ဟု နေရာရွှေ့၍ အနက်ပေးထားသည်၊ မြန်မာစကား၌ “သူလဲ သွားသည်”ဟု ဆိုသဖြင့် “ငါလဲ သွားသည်”ဟူသောစကားသည် မပြောဘဲ ပြီးတော့သကဲ့သို့ “ဒေါ စ-ဒထွေးလည်း ပြု”ဟု ဆိုသဖြင့် အခြားပြုလို သော အချက်တစ်ခု ရှိသင့်၏၊ ထိုအချက်ကား “သာဟု ဒဿနံ”၌ ဓ ကို ဟ ပြုလိုခြင်းတည်း။ [ဒဿနံ-မြင်ရခြင်းသည်၊ သာဟု (သာဓု)ကောင်း၏။]
ကစ္စည်းဝုတ္တိ၌ ဒေါ ဓဿ စနှင့် အလားတူ “ဋော တဿ” စသော သုတ်ကလေးများကို ပြထား၏၊ ထိုသုတ်ကလေးများကို “ယောဂဝိဘာဂ” ဟု ခေါ်၏၊ [ယောဂ = သုတ်ကို+ဝိဘာဂ = ခွဲခြားဝေဖန်ခြင်း။]
အနုပဒိဋ္ဌာနံသုတ်၌ ပြလတ္တံ့သော ယောဂဝိဘာဂ ၃-မျိုးတွင် ဝိသုံ ကရဏယောဂဝိဘာဂတည်း၊ ထိုယောဂဝိဘာဂသုတ်ကလေးများကို အသုံးမပြုဘဲ ဒေါ ဓဿ စ၌ စသဒ္ဒါဖြင့်လည်း “တ ကို ဋ ပြု, က ကို ခ ပြု, ပ ကို ဖ ပြု, ၀၂-လုံး ဗ၂-လုံးပြု”စသော အစီအရင်များကို ရူပသိဒ္ဓိပြသည်။
[ဆောင်]ဒေါ ဓဿ စ, သုတ်၌ စဖြင့်, တကိုလည်း ဋ, ကကို ခနှင့်, ပစောက် ဖရေး, ဝ နှစ်ထွေး, ဗ ဒွေး စသည်ပြု။
ရုပ်တွက်။ ။ သာဟုကို “သာဓု”ဟုတည်၊ ဒေါ ဓဿ စ၌ စသဒ္ဒါဖြင့် ဓအောက်ခြိုက်ကို “ဟ” ပြု, သာဟု ပြီး၏။
֍ ၂၁။ ဣဝဏ္ဏော ယံ နဝါ။ ။ သရေ- အသရူပသရကြောင့်၊ ဣဝဏ္ဏော- ဣဝဏ်သည်၊ နဝါ- အချို့အရာ၌၊ ယံ- ယအဖြစ်သို့၊ ပပ္ပောတိ- ရောက်၏။ ပတိသန္ထာရဝုတျ.ဿ, နဒျာ.သန္နော စသည်တည်း။
၂၁။ [ပတိသန္ထာရဝုတ္တိ-ပတိသန္ထာရဖြင့် အသက်မွေးခြင်း ရှိသည်၊ အဿ- ဖြစ်ရာ၏၊ နဒီ အာသန္နော - မြစ်၏အနီး၊] ဤသုတ်ကား… “အသရူပသရနှောင်းရာ၌ ဣဝဏ်ကို ယပင့်ခေါ်သော ယပြု”ဟု စီရင် သော ဝိဓိသုတ်တည်း။ [ဣဝဏ်အရ ဣ ဤ ၂-လုံးကို ယူရမည်၊] နဝါ သဒ္ဒါနှင့် ကွစိသဒ္ဒါသည် အနက်တူ၏၊ “အချို့အရာ၌”ဟုဆိုသဖြင့် တချို့ တလေ၌သာ စီရင်နိုင်၍ မစီရင်နိုင်သောအရာက များသည်ဟု မှတ်။
ရုပ်တွက်။ ။ ပတိသန္ထာရဝုတျဿကို “ပဋိသန္ထာရဝုတ္တိ ၊ ဿ”ဟု ပုဒ်ဖြတ်၊ တ္တ်ခွင်း, ဣဝဏ္ဏော ယံ နဝါသုတ်ဖြင့် တ္တိ၏အဆုံး -ိ ကို “ယ်”ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် ယ် ကို ၊ သို့ကပ်, တ္တ်ကိုလည်း ယ်သို့ ကပ်, ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ စသဒ္ဒါဖြင့် တ္တဗျဉ်း ၂ လုံးတွင် ၁ လုံးကို ချေ, ပြီး၏။ [ဝုတ်တျ ဟု ဖတ်ရသော ရှေ့က “တ်”ကို (အထက်က “တ်”ကို) ချေရမည်၊] နဒျာသန္နောကို နဒီ + အာသန္နော ဟု ပုဒ်ဖြတ်, ဤသုတ်ဖြင့် ဒီ ၏ ဤ ကို (ယ်) ပြု, စသည် စီရင်။
֍ ၂၂။ ဧဝါ.ဒိဿ ရိ, ပုဗ္ဗော စ ရဿော။ ။ ဧဝါ.ဒိဿ- ဧဝ သဒ္ဒါ၏အစ ဧ၏၊ ရိ- ရိ အပြုသည်၊ ဟောတိ- ဖြစ်၏။ ပုဗ္ဗော စ- ရှေ့သရသည်လည်း၊ ရဿော- ရဿအပြုသည်၊ ဟောတိ- ဖြစ်၏။ ယထရိဝ, တထရိ၀ ဟူသည်တည်း။
၂၂။ [ယထာ + ဧဝ = အကြင်ကဲ့သို့၊ တထာ + ဧဝ = ထိုကဲ့သို့။] “ဧဝသဒ္ဒါ၏ ဧ ကို ရိ ပြု, ရှေ့ ဒီဃသရကိုလည်း ရဿပြု”ဟု စီရင်သော ဝိဓိသုတ်တည်း။
ရုပ်တွက်။ ။ ယထရိ၀ ကို “ယထာ ဧဝ”ဟု ပုဒ်ဖြတ်, ဧဝါဒိဿ ရိ ပုဗ္ဗော စ ရဿောသုတ်ဖြင့် ဧဝသဒ္ဒါ၏ ဧကို ရိ ပြု၍ ရှေ့ထာ၏ -ါ ကိုလည်း ရဿပြု, ယထရိ၀ ပြီး၏၊ “တထရိဝ=တထာ+ဧဝ”ကိုလည်း တွက်ပါ။
ဣတိ သန္ဓိကပ္ပေ ဒုတိယော ကဏ္ဍော။ ။ သန္ဓိကပ္ပေ- သန္ဓိ ကျမ်း၌၊ ဒုတိယော- နှစ်ခန်းမြောက်သော၊ ကဏ္ဍော- အခန်း သည်၊ ဣတိ- ပြီးပြီ။
ဤဒုတိယအခန်းသည် သရနှင့်ဆိုင်ရာကို စီရင်သောကြောင့် သဘော တူသည့်အတွက် တစ်ခန်းဖွဲ့ရသော သရသန္ဓိခန်းတည်းဟု မှတ်ပါ။
၂။ လေ့ကျင့်ခန်း
၁၈။ (က) သွ.ဿ = သော + ၊ ဿ။
(ခ) ကွ.တ္ထော = ကော + ၊ တ္ထော။( ဂ ) ပါတွာ.ကာသိ = ပါတု + ၊ ကာသိ။
[ကွတ္ထော၌ “ကွ + ၊ တ္ထော”ဟု ပုဒ်ဖြတ်၍ ၁၂ နံပါတ်သုတ်ဖြင့် ရှေ့သရချေရသော နည်းလည်း ရှိ၏။]
( ခ ) ပစ္စု.တ္တရိတွာ = ပတိ + ု တ္တရိတွာ။( ဂ ) ဣစ္စ.ဿ = ဣတိ + ၊ ဿ။
၂၀။ ဝိတျာ.နုဘူယတေ = ဝိတ္တိ + ၊ နုဘူယတေ။ [တ္တိ ၌ -ိ ကို “ယ်” ပြုပြီးနောက် တတိယခန်း ဒီဃံသုတ်ဖြင့် ၊ ကို -ါ ဒီဃပြုရသေးသည်၊ ၂၀-၂၂ သုတ်တို့၌ လေ့ကျင့်ရန်ရုပ် မလို။]
သန္ဓိဒုတိယခန်းပြီး၏။
֍ ၂၃။ သရာ ပကတိ ဗျဉ္ဇနေ။ ။ ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ သရာ- ရှေ့သရတို့သည်၊ ပကတိ- ပင်ကိုအတိုင်းသည်၊ ဟောန္တိ- ဖြစ်ကုန်၏။ မနောပုဗ္ဗင်္ဂမာ စသည်တည်း။
၂၃။ [မနောပုဗ္ဗင်္ဂမာ-စိတ်သာလျှင် ရှေ့သွားရှိကုန်၏။] ဤသုတ်ကား “နောက်ဗျဉ်းကြောင့် ရှေ့သရကို ပင်ကိုအတိုင်းနေပေစေ”ဟု စီရင်သော ဝိဓိသုတ်တစ်မျိုးတည်း၊ “ပင်ကိုအတိုင်းနေပေစေ”ဟု ဆိုသဖြင့် နောက် လာလတ္တံ့သော ဒီဃံ, ရဿံ, လောပဉ္စ တတြာကာရောသုတ်တို့ဖြင့် နေရာတိုင်းမှာ ဒီဃပြုခြင်း, ရဿပြုခြင်း, ချေခြင်းများကို မစီရင်ပါနှင့် ဟု ထိုသုတ်များကို တားမြစ်ရာ ရောက်သည်၊ ထို့ကြောင့် ဤသုတ်ကို “ပတိသေဓဝိဓိသုတ်”ဟု မှတ်။
ရုပ်တွက်။ ။ မနောပုဗ္ဗင်္ဂမာကို “မနောပုဗ္ဗင်္ဂမာ”ဟုပင် တည်၊ န် ဗျဉ်းကို ခွင်း (မ န် ေ-ါ ပုဗ္ဗင်္ဂမာ) သရာ ပကတိ ဗျဉ္ဇနေသုတ်ဖြင့် ရှေ့ ေ-ါ ကို ပင်ကိုအတိုင်းထား, န် ေ-ါ သို့ ကပ်, ပြီး၏။ [ပုဒ်ချင်း ခွဲဖြတ်ရမည့် ရုပ် မဟုတ်သောကြောင့် “ပုဒ်ဖြတ်”ဟု မဆိုရ။]
֍ ၂၄။ သရေ ကွစိ။ ။ သရေ- နောက်သရကြောင့်၊ သရာ- ရှေ့သရတို့သည်၊ ကွစိ- အချို့အရာ၌၊ ပကတိ- ပင်ကိုအတိုင်း သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကော.ဣမံ စသည်တည်း။
၂၄။ [ကော-အဘယ်သူသည်၊ ဣမံ-ဤဟာကို။] ဤသုတ်ကား “နောက်သရကြောင့် ရှေ့သရကို အချို့အရာ၌ ပင်ကိုအတိုင်းနေပါစေ”ဟု စီရင်သော ပတိသေဓဝိဓိသုတ်တစ်မျိုးပင်တည်း၊ ထို့ကြောင့် ဤ သရေ ကွစိသုတ်သည် ဒုတိယအခန်း၌ ပြခဲ့သော နောက်သရ နှောင်းရာ၌ ရှေ့သရကို စီရင်သည့် သရာ သရေ လောပံ, ပုဗ္ဗော စ, ယမေ-ဝမောဣဝဏ္ဏောသုတ်များကို တားမြစ်သည်ဟု မှတ်။
ရုပ်တွက်။ ။ ကော.ဣမံကို “ကောဣမံ”ဟုပင် တည်၊ က်ခွင်း, သရေ ကွစိသုတ်ဖြင့် ရှေ့ ေ-ါ ကို ပင်ကိုအတိုင်းထား, က် ကို ေ-ါ သို့ ကပ်, ပြီး၏။ [ဤအရာ၌ ပကတိပြုရခြင်း၏ အကြောင်းဖြစ်သော ပကတိပြုရာ ဌာနများကို ရူပသိဒ္ဓိမှာ ရှု။]
֍ ၂၅။ ဒီဃံ။ ။ ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ သရာ- ရှေ့သရ တို့သည်၊ ကွစိ- အချို့အရာ၌၊ ဒီဃံ- ဒီဃအဖြစ်သို့၊ ပပ္ပောန္တိ- ရောက်ကုန်၏။ မုနီ.စရေ စသည်တည်း။
၂၅။ [မုနိ-ရဟန်းသည် + စရေ-ကျင့်ရာ၏။] ဤသုတ်ကား “ဗျဉ်း နှောင်းရာ၌ ရဿ ဖြစ်နေသော သရကို ဒီဃ ပြု”ဟု စီရင်သော ဝိဓိ သုတ်တည်း။
ရုပ်တွက်။ ။ မုနီ.စရေကို “မုနိစရေ”ဟု တည်၊ န် ခွင်း, ဒီဃံ သုတ်ဖြင့် ရှေ့ -ိ သရကို -ီ ဒီဃပြု, န် ကို -ီ သို့ ကပ်, ပြီး၏။
֍ ၂၆။ ရဿံ။ ။ ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ သရာ- ရှေ့သရ တို့သည်၊ ကွစိ- အချို့အရာ၌၊ ရဿံ- ရဿအဖြစ်သို့၊ ပပ္ပောန္တိ- ရောက်ကုန်၏။ ဘောဝါဒိ.နာမ စသည်တည်း။
၂၆။ [ဘောဝါဒီ + နာမ - ဘော ဘောဟု ဆိုလေ့ရှိသူ မည်၏။] ဤသုတ်ကား “ဗျဉ်းနှောင်းရာ၌ ဒီဃသရတို့ကို ရဿ ပြု”ဟု စီရင်သော ဝိဓိသုတ်တည်း။
ရုပ်တွက်။ ။ ဘောဝါဒိ.နာမကို “ဘောဝါဒီနာမ”ဟု တည်၊ ဒ် ခွင်း, ရဿံသုတ်ဖြင့် ရှေ့ -ီ သရကို -ိ ရဿပြု, ဒ် -ိ သို့ ကပ်, ပြီး၏။
֍ ၂၇။ လောပဉ္စ, တတြာ.ကာရော။ ။ ဗျဉ္ဇနေ စ- နောက်ဗျဉ်း ကြောင့်လည်း၊ သရာ- ရှေ့သရတို့သည်၊ ကွစိ- အချို့အရာ၌၊ လောပံ- ကျေပျောက်ခြင်းသို့၊ ပပ္ပောန္တိ- ရောက်ကုန်၏။ တတြထို ကျေရာ၌၊ အကာရော စ- အ အက္ခရာလာသည်လည်း၊ ဟောတိ- ဖြစ်၏။ သ.သီလဝါ စသည်တည်း။
၂၇။ [သော - ထိုသူသည် + သီလဝါ - သီလရှိ၏။] ဤသုတ်ကား “ဗျဉ်းနှောင်းရာ၌ ရှေ့သရကို ချေ, ထိုကျေရာ၌ အ အက္ခရာလာ”ဟု ချေခြင်း လာခြင်း ၂-မျိုးကို စီရင်သော လောပဝိဓိ, အာဂမဝိဓိသုတ်တည်း။
ရုပ်တွက်။ ။ သ.သီလဝါကို “သော သီလဝါ”ဟု ပုဒ်ဖြတ်၊ သ် ခွင်း, လောပဉ္စ တတြာကာရောသုတ်ဖြင့် သော၏အဆုံး ေ-ါ ကို ချေ, ထို ကျေရာ၌ ၊ လာ, သ် ကို ၊ သို့ ကပ်, သသီလဝါ ပြီး၏။
֍ ၂၈။ ပရ ဒွေဘာဝေါ ဌာနေ။ ။ ဌာနေ- သင့်လျော်ရာဌာန၌၊ သရမှာ- သရမှ၊ ပရ- နောက်ဗျဉ်း၏၊ ဒွေဘာဝေါ- ဒွေးဘော်သည်၊ ဟောတိ- ဖြစ်၏။ ဣဓ.ပ္ပမာဒေါ စသည်တည်း။
၂၈။ [ဣဓ-ဤလောက၌+ပမာဒေါ-မေ့လျော့ခြင်း။] ဤသုတ်ကား “သင့်လျော်ရာဌာန၌ သရမှ နောက်ဖြစ်သော ဗျဉ်းသည် ဒွေးဘော်ဖြစ်၏” ဟု စီရင်သောသုတ်တည်း၊ ဒွေဘာဝ=ဒွေ-နှစ်လုံး + ဘာဝ-ဖြစ်ကြောင်း၊ “၂-လုံး ဖြစ်ကြောင်း” ဆိုလျှင် နောက်ထပ် ၁-လုံး လာဖို့ပင် ဖြစ်၏၊ ထို့ကြောင့် “နောက်ထပ် ၁-လုံး လာခြင်းကို “ဒွေဘာဝ”ဟု မှတ်။
ရုပ်တွက်။ ။ ဣဓပ္ပမာဒေါ ကို “ဣဓ ပမာဒေါ” ဟု တည်, ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် ပ် ဗျဉ်း၏ သဒိသဒွေးဘော် ပ် လာ, ပြီး၏။ [ပ် ကို နောက် ပ သို့ ကပ်ဟု ဆိုဖွယ်မလို, လာတုန်းကပင် ကပ်ပြီးသား အဖြစ်ဖြင့် လာသည်။]
֍ ၂၉။ ဝဂ္ဂေ ဃောသာ.ဃောသာနံ တတိယပဌမာ။ ။ ဌာနေ- သင့်လျော်ရာဌာန၌၊ ဝဂ္ဂေ- ဝဂ်၌၊ တတိယပဌမာ- တတိယက္ခရာ, ပဌမက္ခရာတို့သည်၊ ဃောသာ.ဃောသာနံ- ဃောသ အဃောသ ဖြစ်ကုန်သော စတုတ္ထ ဒုတိယ အက္ခရာတို့၏၊ ဒွေဘာဝံ- အသဒိသဒွေးဘော်အဖြစ်သို့၊ ဂစ္ဆ န္တိ- ရောက်ကုန်၏။ ဧသေဝ စဇ္ဈာနပ္ဖလော, ယတြဋ္ဌိတံ စသည်တည်း။
၂၉။ [ဧသော ဧဝ စ-ဤတရားသည်ပင်+ဈာနပ္ဖလော-ဈာန်ဟူသော အကျိုးရှိ၏၊ ယတြ+ဌိတံ - အကြင်အရပ်၌+တည်သူကို၊] ဤသုတ်ကား အသဒိသဒွေးဘော် လာဖို့ရန် စီရင်သော ဝိဓိသုတ်တည်း၊ တစ်ဝဂ် တစ်ဝဂ်၌ “ပဌမ ဒုတိယ တတိယ စတုတ္ထအက္ခရာ”ဟု စဉ်၍ ထား၊ ပဉ္စမအက္ခရာမှာ ဤသုတ်နှင့် မဆိုင်၊ ထိုတွင် တတိယနှင့် စတုတ္ထသည် ဃောသ, ပဌမနှင့် ဒုတိယသည် အဃောသတည်း၊ သို့သော် လာမည့် အက္ခရာများက တတိယ ပဌမ ဖြစ်သောကြောင့် “ဃောသာ.ဃောသာနံ” အရ စတုတ္ထနှင့် ဒုတိယအက္ခရာများကိုသာ ယူ။
“ဃောသာ.ဃောသာနံ+တတိယပဌမာ”ဟု အစဉ်ကို ရှု၍ လာမည့် အက္ခရာသည် တတိယအက္ခရာဖြစ်လျှင် လာရာဌာနက ဃောသဖြစ်သော စတုတ္ထအက္ခရာတည်း၊ လာမည့်အက္ခရာက ပဌမအက္ခရာဖြစ်လျှင် လာရာ ဌာနက အဃောသဖြစ်သော ဒုတိယအက္ခရာတည်း၊ ဤသို့ လာမည့် အက္ခရာနှင့် လာရာဌာနတို့ အက္ခရာချင်း မတူသောကြောင့် ဤဒွေဘော် ကို “အသဒိသဒွေးဘော်”ဟု ခေါ်၏၊ ရှေ့သုတ်လာ ဒွေးဘော်ကိုကား လာရာဌာနနှင့် တူသောကြောင့် “သဒိသဒွေးဘော်”ဟု ခေါ်သည်။
ရုပ်တွက်။ ။ စဇ္ဈာနကို “စ ဈာန”ဟု တည်, ဝဂ္ဂေ ဃောသာဃော သာနံ တတိယပဌမာသုတ်ဖြင့် စတုတ္ထအက္ခရာ ဈ ၏အသဒိသဒွေးဘော် ဇ် လာ, စဇ္ဈာန ပြီး၏။ [ယတြဋ္ဌိတံကို “ယတြ+ဌိတံ”ဟု တည်၊ ဝဂ္ဂေ ဃောသာဃောသာနံ စသော သုတ်ဖြင့် ဒုတိယက္ခရာ ဌ ၏ အသဒိသ ဒွေးဘော် ဋ် လာ, ပြီး၏။]
ဣတိ သန္ဓိကပ္ပေ တတိယော ကဏ္ဍော။ ။ သန္ဓိက- ပ္ပေသန္ဓိကျမ်း၌၊ တတိယော- သုံးခန်းမြောက်သော၊ ကဏ္ဍော- အခန်း သည်၊ ဣတိ- ပြီးပြီ။
ဝိသုဒ္ဓါရုံ ဒွေးဘော်လင်္ကာကြီး
သောတုနုနယ်, မှတ်သားလွယ်အောင်, ဓိပ္ပာယ်ရွှင်ပျ, ဒွေးဘာဝ၏, ဌာနသဘော, အမြွက်ဟောပိမ့်, နစ်နောကြည်စွ, ကျက်မှတ်ကြလေ၊ ရဿသရာ, အာဒီဃာ၏, နောက်မှာရောက်ရှိ, ပ-ပတိနှင့်, ပဋိကမ, ဂဟ-ဒု-ကီ, တစ်လီ ကုသ, ဉာ-ဇုတ-ဟု, ကုဓ-သိ-သု, သမ္ဘု-သရ, သသ-စဇာ, ကိလေသာ-ပီတိ, တိကာဒိ တို့, အာဒိ ဗျဉ်းမှာ, ဒွေးဘော်သာတည်း၊ ပုနာ-ဝတု, နိ-ဥ-ဒု-တ, စတု-ဆ နှင့်, သန္တကို ပြု-သဗျဉ်းစုနောက်, ဒွေးဘော်ရောက်၏၊ မဖောက် တဿ-စဝဂ္ဂနှင့်, ယဝတံ-ဧဟေ, သယေ-တစ်တန်, သဗ္ဗော စံဟု, ငါးတန်သော သုတ်, ပြီးပြယုဂ်လည်း, ဆင့်ထုတ် ဒွေးချည်း၊ စဖြင့် ဆည်းသည့်, ဖြင့်ပည်းများကို, ဝ ကို ဗ ပြု, ဆန္ဒာ.နုရက်, အချက်ချက်မှာ, ဒွေးဘော်သာတည်း၊ ဝဂ္ဂါ ဒုတိယ, စတုတ္ထလည်း, ဌာနချင့်ထောက်, ဒွေးဘော်ရောက်၏၊ ရွေးကောက်မမှား, အကျဉ်း ထားသည်,… မှတ်သားလွယ်ဖို့ ကဗျာတည်း။
[အဓိပ္ပာယ်ကို ရူပသိဒ္ဓိမှာ ရှု။]
သန္ဓိတတိယခန်းပြီး၏။
֍ ၃၀။ အံ ဗျဉ္ဇနေ နိဂ္ဂဟီတံ။ ။ ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဧဝံဝုတ္တေ စသည်တည်း။
၃၀။ [ဧဝံ-ဤသို့+ဝုတ္တေ-ဆိုအပ်သော်။] ဤသုတ်ကား “ဗျဉ်းနှောင်းရာ၌ နိဂ္ဂဟိတ်ကို အံ ပြု”ဟု စီရင်သောသုတ်တည်း၊ “အံ ပြု”ဟု ဆိုရာ၌ အ သရ မပါဘဲ ဗန္ဓုပြောက်ချည်း ပြုရမည်၊ “ -ံ”၌ အ သရကို ရွတ်၍ ဖြစ်ရုံသာ ထည့်ထားသည်၊ “နိဂ္ဂဟိတ်ကို နိဂ္ဂဟိတ်ပြု”ဟု ဆိုခြင်းနှင့် မထူးပြီ၊ ၂၃, ၂၄ သုတ်များ၌ ပကတိပြုခြင်းမျိုးပင်တည်း။
ရုပ်တွက်။ ။ ဧဝံဝုတ္တေကို “ဧဝံဝုတ္တေ”ဟု တည်၊ ဝ ခွင်း (ဧဝ် -ံ ဝုတ္တေ) အံ ဗျဉ္ဇနေ နိဂ္ဂဟီတံသုတ်ဖြင့် နိဂ္ဂဟိတ်ကို -ံ ပြု, ဝ် ကို -ံ သို့ ကပ်, ပြီး၏။ [အခြားတွက်နည်းတစ်နည်းကို ရူပသိဒ္ဓိမှာ ရှု၊ နိဂ္ဂဟိတ်ကို အံ ပြုရခြင်း၏ အကျိုးကို ကစ္စည်းဘာသာဋီကာမှာ ရှုပါ။]
֍ ၃၁။ ဝဂ္ဂန္တံ ဝါ ဝဂ္ဂေ။ ။ ဝဂ္ဂေ- ဝဂ်ဗျဉ်းကြောင့်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ဝဂ္ဂ န္တံ- နှောင်းသောဝဂ်၏ အဆုံးဖြစ်သော င ဉ ဏ န မ အဖြစ်သို့လည်း၊ ဝါ- ဝိကပ်အားဖြင့်၊ ပပ္ပောတိ- ရောက်၏။ ဧဝင်္ခေါ စသည်တည်း။ ဝါသဒ္ဒါဖြင့် နိဂ္ဂဟိတ်ကို လပြု၍ ပုလ္လိင်္ဂံ စသည် ဖြစ်သေး၏။
၃၁။ [ဧဝံ+ခေါ - ဤသို့+လျှင်၊ ပုလ္လိင်္ဂံ-ပုလ္လိန်ကို။] ဤသုတ်ကား “ဝဂ်ဗျဉ်းနှောင်းရာ၌ နိဂ္ဂဟိတ်ကို ဝဂ္ဂ.န္တ ပြု”ဟု စီရင်သည်၊ [ဝဂ္ဂ+အန္တ၊ ဝဂ္ဂ=ဝဂ်၏+အန္တ=အဆုံး။] ကဝဂ်၏ အဆုံးသည် င တည်း၊ စဝဂ်၏ အဆုံးသည် ဉတည်း၊ ဤသို့ စသည်ဖြင့် ထိုထိုဝဂ်၏ အဆုံးဖြစ်သော င ဉ ဏ န မ ကို “ဝဂ္ဂန္တ” ခေါ်သည်ဟု မှတ်၊ ကြွင်းသော မှတ်ဖွယ်ကို ကစ္စည်း-ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။
ရုပ်တွက်။ ။ ဧဝင်္ခေါကို “ဧဝံ ခေါ”ဟု ပုဒ်ဖြတ်၊ ဝဂ္ဂန္တံ ဝါ ဝဂ္ဂေ သုတ်ဖြင့် ဝနောက်၌ ရှိသော နိဂ္ဂဟိတ်ကို ကဝဂ္ဂန္တ “င်”ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သရကင်းသော “င်”ဗျဉ်းကို နောက် ခ သို့ကပ်, ဧဝင်္ခေါ ပြီး၏။ [ဝ နှင့် နိဂ္ဂဟိတ်ကို အမှန်အတိုင်းရေးလျှင် “ဝ.”ဤသို့ ဝ ကို ရှေ့, နိဂ္ဂဟိတ်ကို နောက်ထား၍ ရေးရသည်။]
ပုလ္လိင်္ဂံ ကို “ပုံလိင်္ဂံ”ဟုတည်, ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်၌ ဝါသဒ္ဒါဖြင့် ပုံ၌ နိဂ္ဂဟိတ်ကို လ ပြု, လ ကို နောက် လိသို့ ကပ်, ပြီး၏။
֍ ၃၂။ ဧ.ဟေ ဉံ။ ။ ဧဟေ- ဧ အက္ခရာ ဟ အက္ခရာကြောင့်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ဉံ- ဉအဖြစ်သို့၊ ပပ္ပောတိ- ရောက်၏။ တ.ညေဝ, ဧဝဥှိ စသည်တည်း။
၃၂။ [တံ+ဧဝ = သင့်ကို+သာ၊ ဧဝံ+ဟိ = ဤသို့+လျှင်။] “ဧ, ဟ နှောင်းရာ၌ နိဂ္ဂဟိတ်ကို ဉပြု”ဟု စီရင်သည်။
ရုပ်တွက်။ ။ တညေဝကို တံ ေ-ဝ”ဟု ပုဒ်ဖြတ်, ဧဟေ ံဉသုတ်ဖြင့် တ နောက်၌ ရှိသော နိဂ္ဂဟိတ်ကို ဉပြု, ်ဉကို ေ-သို့ကပ်, ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် ဉ၏ သဒိသဒွေးဘော် ်ဉ လာ, တညေဝ ပြီး၏။
ဧဝဥှိကို “ဧဝံ ဟိ”ဟု ပုဒ်ဖြတ်၊ ဧဟေ ံ ဉသုတ်ဖြင့် ဝနောက်၌ရှိသော နိဂ္ဂဟိတ်ကို ်ဉပြု, ်ဉကို ဟိသို့ကပ်, ပြီး၏။ [သင်ပုန်း၌ ရုပ်တွက်ပြ သည့်အခါ ဟိကို ဟထိုးဖြင့် ရေးလေ။]
֍ ၃၃။ သ ယေစ။ ။ ယေစ- ယကြောင့်လည်း၊ သ- နှောင်းသော ယနှင့်တကွ၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဉံ- ဉအဖြစ်သို့၊ ပပ္ပောတိ- ရောက်၏။ သ.ညောဂေါ စသည်တည်း။
၃၃။ [သံ+ယောဂေါ-ယှဉ်စပ်ခြင်း။] “နောက် ယ ဗျဉ်းကြောင့် ထို နှောင်းသော ယနှင့်တကွ နိဂ္ဂဟိတ်ကို “ဉပြု”ဟု စီရင်သည်။
ရုပ်တွက်။ ။ သညောဂေါကို “သံယောဂေါ”ဟု ပုဒ်ဖြတ်၊ သ ယေစ သုတ်ဖြင့် ယနှင့်တကွ သနောက်၌ရှိသော နိဂ္ဂဟိတ်ကို ်ဉပြု, ်ဉကို ေဦါ သို့ကပ်, ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် ဉ၏ သဒိသဒွေးဘော် ်ဉလာ, ပြီး၏။
၃။ လေ့ကျင့်ခန်း
၃၀။ (က) တံ.သာဓု = တံ + သာဓု။
( ခ ) ဧကံ.သမယံ = ဧကံ + သမယံ။
၃၁။ (က) တင်္ကာရုဏိကံ = တံ + ကာရုဏိကံ။
( ခ ) ဓမ္မ.ဉ္စရေ = ဓမ္မံ + စရေ။
(ဂ) တ.ဏ္ဌာနံ = တံ + ဌာနံ။
(ဃ) တ.န္နိစ္စုတံ = တံ + နိစ္စုတံ။
( င ) စိရ.ပ္ပဝါသိံ= စိရံ + ပဝါသိံ။
[နိဂ္ဂဟိတ်ကို “မ” ပြုပြီးနောက် ယဝမဒနသုတ်၌ စသဒ္ဒါဖြင့် “မ်”ကို ပ ပြုရသေးသည်။]
၃၂။ (က) ပစ္စတ္တ.ညေဝ = ပစ္စတ္တံ + ေ-ဝ။
( ခ ) တဥှိ = တံ + ဟိ။
၃၃။ (က) သညုတ္တံ= သံ + ယုတ္တံ။
( ခ ) ယညဒေဝ = ယံ + ယဒေဝ။
֍ ၃၄။ မ.ဒါ သရေ။ ။ သရေ- နောက်သရကြောင့်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ မဒါ- မ အဖြစ်, ဒ အဖြစ်တို့ သည်၊ ဟောန္တိ- ကုန်၏။ တ.မဟံ, ဧတ.ဒဝေါစ စသည်တည်း။
၃၄။ [တံ-ထိုသူ့ကို + အဟံ-ငါသည်၊ ဧတံ-ဤစကားကို၊ အဝေါစပြောဆိုပြီ။] “နောက်သရကြောင့် ရှေ့နိဂ္ဂဟိတ်ကို (မ)ပြု, (ဒ)ပြု”ဟု စီရင်သည်။
ရုပ်တွက်။ ။ တမဟံကို “တံ ၊ ဟံ”ဟု ပုဒ်ဖြတ်၊ မဒါ သရေသုတ်ဖြင့် တ နောက်၌ ရှိသော နိဂ္ဂဟိတ်ကို မ်ပြု, မ်ကို ၊ သို့ ကပ်, တမဟံပြီး၏၊ ဧတဒဝေါစကို “ဧတံ ၊ ဝေါစ”ဟု ပုဒ်ဖြတ်၊ မဒါ သရေသုတ်ဖြင့် တ နောက်၌ရှိသော နိဂ္ဂဟိတ်ကို ဒ် ပြု, ဒ် ကို ၊ သို့ ကပ်, ပြီး၏။
֍ ၃၅။ ယဝမဒနတရလာ စာ.ဂမာ။ ။ သရေ- နောက်သရ ကြောင့်၊ ယဝမဒနတရလာ စ- ယဝမဒနတရလ အက္ခရာ တို့သည်လည်း၊ အာဂမာ- လာကုန်၏။ ယထယိဒံ စသည်တည်း။
၃၅။ [ဣဒံ+ယထာ-ဤစိတ်+ကဲ့သို့။] “သရနှောင်းရာ၌ ယ စသည် လာ”ဟု စီရင်သော အာဂမဝိဓိသုတ်တည်း၊ လာ စ၌ စသဒ္ဒါပိုဖြင့် ဂ စသော အက္ခရာများ လာဖို့ရန် ဆည်းယူသည်။
ရုပ်တွက်။ ။ ယထယိဒံကို “ယထာ -ိ ဒံ”ဟု ပုဒ်ဖြတ်၊ ယ ဝ မ ဒ န တ ရ လာ စာဂမာသုတ်ဖြင့် နောက် ဣသရကြောင့် ယ် လာ, ထ် ခွင်း, ရဿံသုတ်ဖြင့် -ါ ကို ၊ ပြု, ထ် ကို ၊ သို့ ကပ်, ယထယိဒံ ပြီး၏။ [ကြွင်း ပုံစံများကို ကစ္စည်းစသည်မှာ ရှု။]
֍ ၃၆။ ကွစိ သြ ဗျဉ္ဇနေ။ ။ ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ ကွစိ- အချို့အရာ၌၊ သြ- သြသည်၊ အာဂမော- လာ၏။ အတိပ္ပဂေါခေါ စသည်တည်း။
၃၆။ [အတိပ္ပ + ခေါ - အလွန် စောသေး၏။] “ဗျဉ်းနှောင်းရာ၌ အတိပ္ပသဒ္ဒါ ပရသဒ္ဒါတို့၏ နောက်ဖြစ်သော အချို့အရာဝယ် သြလာ”ဟု စီရင်သည်။
ရုပ်တွက်။ ။ အတိပ္ပဂေါခေါကို “အတိပ္ပခေါ”ဟု ပုဒ်ဖြတ်၊ ကွစိ သြ ဗျဉ္ဇနေသုတ်ဖြင့် နောက် ခ ဗျဉ်းကြောင့် ရှေ့၌ ေ-ါ လာ, ယဝမဒနတရ လာ စာဂမာ သုတ်၌ စသဒ္ဒါဖြင့် နောက်ေ-ါ သရကြောင့် ဂ် လာ, ပြီး၏။
၄။ လေ့ကျင့်ခန်း
၃၄။ (က) ယ.မာဟု = ယံ + -ါဟု။
( ခ ) ယဒနိစ္စံ = ယံ + အနိစ္စံံ။
၃၅။ (က) န.ယိမဿ = န + -ိ မဿ။
(ခ) ဝု.ဒိက္ခတိ = ု + ဒိက္ခတိ။
( ဂ ) လဟုမေ.ဿတိ = လဟု ေ-ဿတိ။
(ဃ) သမ္မဒ.ညာ = သမ္မာ ၊ ညာ။
( င ) စိရံ.နာယတိ = စိရံ -ါ ယတိ။
( စ ) ယသ္မာတိဟ = ယသ္မာ -ိဟ။
(ဆ) သဗ္ဘိရေ.၀ = သဗ္ဘိ ေ-ဝ။
( ဇ ) ဆဠဘိညာ = ဆ ၊ ဘိညာ။
[လနှင့် ဠ မထူးသောကြောင့် ဠလာ။]
၃၆။ (က) ပရောသတံ = ပရ + သတံ။
֍ ၃၇။ နိဂ္ဂဟီတဉ္စ။ ။ သရေဝါ- သရကြောင့်လည်းကောင်း၊ ဗျဉ္ဇနေဝါ- ဗျဉ်းကြောင့်လည်းကောင်း၊ နိဂ္ဂဟီတဉ္စ- နိဂ္ဂဟိတ်သည် လည်း၊ အာဂမော- လာ၏။ စက္ခုံဥဒပါဒိ, အဝံသိရော စသည် တည်း။
၃၇။ [စက္ခု - စက္ခုသည် + ဥဒပါဒိ - ထင်ရှားဖြစ်ပြီ၊ အဝသိရောဦးစောက်ပြောင်းပြန်။] “သရနှောင်းရာ၌ဖြစ်စေ, ဗျဉ်းနှောင်းရာ၌ဖြစ်စေ နိဂ္ဂဟိတ်လာ”ဟု စီရင်သောသုတ်တည်း။
ရုပ်တွက်။ ။ စက္ခုံဥဒပါဒိကို “စက္ခု ဥဒပါဒိ”ဟု ပုဒ်ဖြတ်၊ နိဂ္ဂဟီတဉ္စ သုတ်ဖြင့် နောက်ဥသရကြောင့် က္ခု နောက်၌ နိဂ္ဂဟိတ်လာ, ပြီး၏။
အဝံသိရောကို “အဝ သိရော”ဟု ပုဒ်ဖြတ်၊ နိဂ္ဂဟီတဉ္စသုတ်ဖြင့် နောက်သဗျဉ်းကြောင့် ဝ နောက်၌ နိဂ္ဂဟိတ်လာ, အဝံသိရော ပြီး၏။
֍ ၃၈။ ကွစိ လောပံ။ ။ သရေ- နောက်သရကြောင့်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ကွစိ- အချို့အရာ၌၊ လောပံ- ကျေပျောက်ခြင်းသို့၊ ပပ္ပောတိ- ၏။ တာသာ.ဟံ စသည်တည်း။
၃၈။ [အဟံ-ငါသည် + တာသံ-ထိုသူမတို့၏။] “သရနှောင်းရာ၌ နိဂ္ဂဟိတ်ကို အချို့နေရာဝယ် ချေ”ဟု စီရင်သည်။
ရုပ်တွက်။ ။ တာသာဟံကို “တာသံ ၊ ဟံ”ဟု ပုဒ်ဖြတ်၊ ကွစိ လောပံ သုတ်ဖြင့် နောက် အသရကြောင့် သ နောက်၌ရှိသော နိဂ္ဂဟိတ်ကို ချေ, သ် ခွင်း (တာသ် ၊ ဟံ) သရာ သရေ လောပံသုတ်ဖြင့် ရှေ့ ၊ သရကို ချေ, ဒီဃံသုတ်ဖြင့် နောက် ၊ ကို -ါ ဒီဃပြု, သ် ကို -ါ သို့ ကပ်, ပြီး၏။
မှတ်ချက်။ ။ ၃၇, ၃၈, ၃၉ သုတ်တို့ဖြင့် နိဂ္ဂဟိတ်ကို လာစေခြင်း, ချေခြင်းသည် ရွတ်၍ ချောမောခြင်း, ဂါထာစီရာ၌ ဆန်းဂိုဏ်းကောင်းခြင်းအကျိုး ရှိ၏။
֍ ၃၉။ ဗျဉ္ဇနေ စ။ ။ ဗျဉ္ဇနေ စ- ဗျဉ်းကြောင့်လည်း၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ကွစိ- အချို့နေရာ၌၊ လောပံ- ကျေပျောက်ခြင်းသို့၊ ပပ္ပောတိ- ၏။ အရိယသစ္စာန.ဒဿနံ စသည်တည်း။
၃၉။ [အရိယသစ္စာနံ - အရိယသစ္စာတို့ကို + ဒဿနံ - မြင်ခြင်း။] “ဗျဉ်းနှောင်းရာ၌ နိဂ္ဂဟိတ်ကို အချို့အရာဝယ် ချေ”ဟု စီရင်သည်။
ရုပ်တွက်။ ။ အရိယသစ္စာနဒဿနံကို “အရိယသစ္စာနံဒဿနံ”ဟု တည်၊ ဗျဉ္ဇနေ စသုတ်ဖြင့် န နောက်၌ရှိသော နိဂ္ဂဟိတ်ကို ချေ, ပြီး၏။
֍ ၄၀။ ပရော ဝါ သရော။ ။ နိဂ္ဂဟီတမှာ- နိဂ္ဂဟိတ်မှ၊ ပရော- နောက်ဖြစ်သော၊ သရော- သရသည်၊ ဝါ- ဝိကပ်အားဖြင့်၊ လောပံ- သို့၊ ပပ္ပောတိ- ၏။ အဘိနန္ဒုံ.တိ စသည်တည်း။
၄၀။ [အဘိနန္ဒုံ - အလွန်နှစ်သက်ကြကုန်ပြီ + ဣတိ - ပြီး၏။] “နိဂ္ဂဟိတ်မှ နောက်ဖြစ်သော သရကို ချေ”ဟု စီရင်သည်။
ရုပ်တွက်။ ။ အဘိနန္ဒုံတိကို “အဘိနန္ဒုံ ဣတိ”ဟု ပုဒ်ဖြတ်၊ ပရော ဝါ သရောသုတ်ဖြင့် နိဂ္ဂဟိတ်မှ နောက်ဖြစ်သော ဣသရကို ချေ, ပြီး၏။
֍ ၄၁။ ဗျဉ္ဇနော စ ဝိသညောဂေါ။ ။ နိဂ္ဂဟီတမှာ- နိဂ္ဂဟိတ်မှ၊ ပရသ္မိံ- နောက်ဖြစ်သော၊ သရေ- သရသည်၊ လုတ္တေ- ကျေပြီး သော်၊ ဗျဉ္ဇနော- သံယုဂ်ဗျဉ်းသည်၊ ဝိသညောဂေါ- ကင်းသော သံယုဂ်ရှိသည်၊ ဟောတိ- ဖြစ်၏။ ဧဝံ.သ တေ စသည်တည်း။
၄၁။ [ဧဝံ-ဤသို့ + အဿ-ထိုသူ၏။] “ပရော ဝါ သရောသုတ်ဖြင့် နိဂ္ဂဟိတ်မှ နောက်ဖြစ်သော သရကို ချေပြီးလျှင် ထိုနိဂ္ဂဟိတ်နောက်၌ သံယုဂ်ဗျဉ်းရှိက သံယုဂ် မဟုတ်အောင် ပြုလေ”ဟု စီရင်သည်။
ဗျဉ္ဇနော စ၌ စသဒ္ဒါဖြင့် အဂျာဂါရံ စသော ရုပ်များ၌ ဗျဉ်း ၃ လုံး တွဲနေရာဝယ် သဘောတူ ဗျဉ်း ၂ လုံး၏ အစ ၁ လုံးကို ချေဖို့ရန် ဆည်းယူသည်။
ဣတိ သန္ဓိကပ္ပေ စတုတ္ထော ကဏ္ဍော။ ။ သန္ဓိကပ္ပေ- ၌၊ စတုတ္ထော- လေးခန်းမြောက်သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။
ဝိသံယောဂ။ ။ အဿ, အဂ္ဂ စသည်၌ ဿ ဂ္ဂတို့ကဲ့သို့ သရ တစ်လုံး တည်း၌ ဗျဉ်း ၂ လုံး ၃ လုံး ပူးတွဲနေခြင်းကို “သံယောဂ=သံယုဂ်=ယှဉ်စပ် နေခြင်း”ဟု ခေါ်၏၊ ထိုသို့ ယှဉ်စပ်ပူးတွဲနေရာတွင် ရှေ့အက္ခရာနှင့်တွဲ၍ “အသ်-အဂ်”ဟု ရွတ်ဖတ်ရသော ရှေ့က သ် ဂ် ကို ချေဖျက်ခြင်းကို ပါဠိလို ဝိသညောဂ ပြုသည်, မြန်မာလို သံယုဂ်ကင်းအောင်ပြုသည်ဟု သုံးစွဲထားသည်။ [ချေဖျက်ရမည်ကိုပင် “ချေဖျက်”ဟု မဆိုဘဲ စကားသုံး ယဉ်ကျေးအောင် “ဝိသံယောဂ ပြု”ဟု ဆိုခြင်းဖြစ်သည်။]
ရုပ်တွက်။ ။ ဧဝံသ ကို “ဧဝံ ၊ ဿ”ဟု ပုဒ်ဖြတ်၊ ပရော ဝါ သရော သုတ်ဖြင့် ၊ သရကို ချေ, ဗျဉ္ဇနော စ ဝိသညောဂေါသုတ်ဖြင့် သံယုဂ် ဖြစ်သော ဿ ကို သံယုဂ်ကင်းသော သ ပြု, ဧဝံသ ပြီး၏။
အဂျာဂါရံ ကို “အဂ္ဂိ -ါ ဂါရံ”ဟု ပုဒ်ဖြတ်၊ ဂ္ဂ် ခွင်း, ဣဝဏ္ဏော ယံ နဝါသုတ်ဖြင့် -ိ ကို “ယ်”ပြု, ယ် ကို -ါ သို့ ကပ်, ဂ္ဂ ကိုလည်း ယာ သို့ ကပ် (အဂ္ဂျာဂါရံ) ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ စသဒ္ဒါဖြင့် ဂ္ဂ ဗျဉ်း ၂ လုံးတွင် ၁ လုံးကို ချေ, အဂျာဂါရံ ပြီး၏။
ဤ စတုတ္ထအခန်းကား နိဂ္ဂဟိတ်ဆိုင်ရာကို စီရင်သော နိဂ္ဂဟီတသန္ဓိ ခန်းတည်း၊ အနည်းငယ် အာဂမ ပါသည်မှာ မပြောပလောက်ချေ။
သန္ဓိစတုတ္ထခန်းပြီး၏။
֍ ၄၂။ ဂေါ သရေ ပုထဿာ.ဂမော ကွစိ။ ။ သရေ- နောက် သရကြောင့်၊ ပုထဿ- ပုထနိပါတ်၏အဆုံး၌၊ ကွစိ- အချို့အရာ၌၊ ဂေါ- ဂ သည်၊ အာဂမော- လာ၏။ ပုထဂေဝ စသည်တည်း။
၄၂။ [ပုထ+ဧဝ=တသီတခြားသာလျှင်။] “သရနှောင်းရာ၌ ပုထ နိပါတ်၏အဆုံးဝယ် ဂ အက္ခရာ လာ”ဟု စီရင်သည်။ [နိပါတ်ခေါ်သော ပုဒ်တစ်မျိုးရှိ၏, နောင်ခါ သိရလိမ့်မည်။]
ရုပ်တွက်။ ။ ပုထဂေဝ ကို “ပုထ-ဧဝ”ဟု ပုဒ်ဖြတ်၊ ဂေါ သရေ ပုထဿာဂမော ကွစိသုတ်ဖြင့် နောက် ဧ သရကြောင့် ပုထနိပါတ်၏ အဆုံး၌ ဂ် လာ ပြီး၏။ [စည်းကမ်းကျအောင်ရေးလျှင် “ပုထဂေ-ဝ”ဟု ရေးရ၏၊ သို့အတွက် ပုထ၏အဆုံး၌ ဂ် လာလျှင် ေ-သရကို ကပ်ပြီး ဖြစ်တော့ရကား နယေ ပရံ ယုတ္တေသုတ်ဖြင့် ကပ်ဖွယ် မလိုတော့ပါ။]
֍ ၄၃။ ပါဿ စ.န္တော ရဿော။ ။ သရေ- နောက်သရကြောင့်၊ ပါဿ စ- ပါနိပါတ်၏ အဆုံး၌လည်း၊ ဂေါ- ဂ သည်၊ အာဂမော- လာ၏၊ အန္တော စ- ပါ ၏အဆုံး အာ သည်လည်း၊ ရဿော- ရဿအပြုသည်၊ ဟောတိ- ဖြစ်၏။ ပဂေဝ စသည်တည်း။
၄၃။ [ပါ ဧဝ-ရှေးဦးမစွ အစကပင်လျှင်။] “ပါနိပါတ်ပုဒ်၏ အဆုံး၌ ဂ လာပြီးလျှင် ပါ ၏ အဆုံး -ါ ကိုလည်း ၊ ရဿပြု”ဟု စီရင်သည်။ [ဤသုတ်၌ (ဂ)လာမှု, ရဿပြုမှု”ဟု အစီအရင် ၂ ခု ပါသည်။]
ရုပ်တွက်။ ။ ပဂေဝ ကို “ပါေ-ဝ”ဟု ပုဒ်ဖြတ်၊ ပါဿ စန္တော ရဿော သုတ်ဖြင့် နောက် ဧ သရကြောင့် ပါ နိပါတ်၏ အဆုံး၌ ဂ် လာ, ပါ ၏ အဆုံး -ါ ကိုလည်း ၊ ရဿ ပြု, ပဂေဝ ပြီး၏။
֍ ၄၄။ အဗ္ဘော အဘိ။ ။ သရေ- နောက်သရကြောင့်၊ အဘိ- အဘိ ဥပသာရပုဒ်သည်၊ အဗ္ဘော- အဗ္ဘ အပြုသည်၊ ဟောတိ- ဖြစ်၏။ အဗ္ဘုဒီရိတံ စသည်တည်း။
၄၄။ [အဘိ + ဥဒီရိတံ = လွှမ်းမိုး၍ + ပြောဆိုအပ်၏။]
ရုပ်တွက်။ ။ အဗ္ဘုဒီရိတံ ကို “အဘိ ု ဒီရိတံ”ဟု ပုဒ်ဖြတ်၊ အဗ္ဘော အဘိသုတ်ဖြင့် နောက်ဥသရကြောင့် အဘိဥပသာရပုဒ်ကို အဗ္ဘပြု, ဗ္ဘခွင်း, သရာ သရေ လောပံသုတ်ဖြင့် ရှေ့ ၊ သရကို ချေ, ဗ္ဘ်ကို ု သို့ကပ်, ပြီး၏။
֍ ၄၅။ အဇ္ဈော အဓိ။ ။ သရေ- နောက်သရကြောင့်၊ အဓိ- အဓိ ဥပသာရပုဒ်သည်၊ အဇ္ဈော- အဇ္ဈ အပြုသည်၊ ဟောတိ- ဖြစ်၏။ အဇ္ဈောကာသော စသည်တည်း။
၄၅။ [အဓိ+သြကာသော=လွင်တီးခေါင် (အမိုးမရှိသောအရပ်)။]
ရုပ်တွက်။ ။ အဇ္ဈောကာသောကို အဓိေ-ါ ကာသော”ဟု ပုဒ်ဖြတ်၊ အဇ္ဈော အဓိသုတ်ဖြင့် နောက်သရကြောင့် အဓိဥပသာရပုဒ်ကို အဇ္ဈပြု, ဇ္ဈ ခွင်း, ချေ, ကပ်, ပြီး၏။
֍ ၄၆။ တေ န ဝါ ဣဝဏ္ဏေ။ ။ ဣဝဏ္ဏေ- ဣဝဏ်ကြောင့်၊ တေ- ထိုအဘိ အဓိပုဒ်တို့၏ အဗ္ဘ အဇ္ဈ အပြုတို့သည်၊ ဝါ- ဝိကပ် အားဖြင့်၊ န- မဖြစ်ကုန်။ အဘိ.စ္ဆိတံ, အဓီရိတံ စသည်တည်း။
၄၆။ [အဘိ+ -ိစ္ဆိတံ=အလွန်+လိုချင်အပ်၏၊ အဓိ+ -ီရိတံ=လွှမ်းမိုး၍+ ဆိုအပ်၏။] ဤသုတ်ကား “၄၄, ၄၅ သုတ်တို့၏ အစီအရင်ကို ဣဝဏ် နှောင်းရာ၌ မပြုပါနှင့်”ဟု တားမြစ်သော ပတိသေဓဝိဓိသုတ်တည်း၊ တားမြစ်ပုံမှာ ရုပ်တွက်ရာ၌ ထင်ရှားလတ္တံ့။
ရုပ်တွက်။ ။ အဘိစ္ဆိတံကို “အဘိ -ိ စ္ဆိတံ”ဟု ပုဒ်ဖြတ်, အဗ္ဘော အဘိသုတ်ဖြင့် နောက် ဣသရကြောင့် အဘိကို အဗ္ဘပြုသင့်သော်လည်း တေ န ဝါ ဣဝဏ္ဏေသုတ်က တားမြစ်သောကြောင့် မပြုရ, ဘ် ခွင်း, ရှေ့ -ိ ကို ချေ, ဘ် နောက် -ိ သို့ ကပ်, ပြီး၏။
အဓီရိတံကို “အဓိ -ီရိတံ”ဟု ပုဒ်ဖြတ်၊ အဇ္ဈော အဓိ သုတ်ဖြင့် နောက် ဤသရကြောင့် အဓိကို အဇ္ဈ ပြုသင့်သော်လည်း တေ န ဝါ ဣဝဏ္ဏေသုတ်က တားမြစ်သောကြောင့် မပြုရဟု ဆို။
֍ ၄၇။ အတိဿ စ.န္တဿ။ ။ ဣဝဏ္ဏေ- ဣဝဏ်ကြောင့်၊ အတိဿ စ- အတိဥပသာရပုဒ်၏လည်း၊ အန္တဿ- အဆုံးတိသဒ္ဒါ ၏၊ တံ- ထို သဗ္ဗော စံ တိသုတ်၌ ဆိုအပ်ပြီးသော စ အပြုသည်၊ န ဟောတိ- မဖြစ်။ အတိ.သိဂဏော စသည်တည်း။
၄၇။ [အတိ+ဣသိဂဏော-လွန်သော(များသော) ရသေ့အပေါင်း။] ဒုတိယပိုင်း သဗ္ဗော စံ တိသုတ်က “သရနှောင်းရာဝယ် အတိ ပတိ ဣတိ သဒ္ဒါတို့၏ အဆုံး တိကို စပြုရမည်”ဟု ဆိုခဲ့၏၊ ဤသုတ်ကား ထို“စအပြု ကို ဣဝဏ်သရနှောင်းရာဝယ် မပြုရ”ဟု သဗ္ဗော စံ တိသုတ်၏ အစီအရင် ကို တားမြစ်သော ပတိသေဓဝိဓိသုတ်တည်း၊ အတိဿ စ၌ စသဒ္ဒါဖြင့် ပတိသဒ္ဒါကို ဆည်းယူသည်ဟု ရူပသိဒ္ဓိဆို၏။
ရုပ်တွက်။ ။ အတိသိဂဏောကို “အတိ -ိ သိဂဏော”ဟု ပုဒ်ဖြတ်၊ သဗ္ဗော စံ တိသုတ်ဖြင့် နောက်ဣသရကြောင့် အတိသဒ္ဒါ၏အဆုံးတိကို စပြုသင့်သော်လည်း အတိဿ စန္တဿသုတ်က တားမြစ်သောကြောင့် မပြုရ, တ်ခွင်း, ချေ, ကပ်, ပြီး၏။
֍ ၄၈။ ကွစိ ပဋိ ပတိဿ။ ။ သရေ ဝါ- သရကြောင့်လည်း ကောင်း၊ ဗျဉ္ဇနေ ဝါ- ဗျဉ်းကြောင့်လည်းကောင်း၊ ပတိဿ- ပတိ ဥပသာရပုဒ်၏၊ ကွစိ- အချို့အရာ၌၊ ပဋိ- ပဋိ အပြုသည်၊ ဟောတိ- ဖြစ်၏။ ပဋ.ဂ္ဂိ, ပဋိဟညတိ စသည်တည်း။
၄၈။ [ပဋိ+အဂ္ဂိ-မီးကြို(ကြိုတင်၍ ရှို့အပ်သောမီး)၊ ပတိဟညတိထိခိုက်အပ်၏။] ဥပသာရပုဒ်တို့တွင် “ပတိ”ဟူသော ပုဒ်သည် ရှိ၏၊ ထိုပတိကို ဋသန်လျင်းချိတ်ဖြင့် “ပဋိ”ပြုဟု စီရင်သည်၊ သို့သော် ကွစိဟု ဆိုသောကြောင့် မပြုသော အရာက များ၏၊ ပဋဂ္ဂိကား သရနှောင်းရာ၌ ပုံစံ, ပဋိဟညတိကား ဗျဉ်းနှောင်းရာ၌ ပုံစံတည်း။
ရုပ်တွက်။ ။ ပဋဂ္ဂိကို “ပတိ ၊ ဂ္ဂိ”ဟု ပုဒ်ဖြတ်၊ ကွစိ ပဋိ ပတိဿ သုတ်ဖြင့် နောက် အ သရကြောင့် ပတိကို ပဋိပြု, ဋ်ခွင်း, -ိ ချေ, နောက် အ သို့ ကပ်, ပြီး၏။ [ပတိဟညတိကိုလည်း “ပတိ+ဟညတိ”ဟု တည်, ဆို၍ နောက် ဟ ဗျဉ်းကြောင့်ဟုလည်း ဆို။]
֍ ၄၉။ ပုထဿု ဗျဉ္ဇနေ။ ။ ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ ပုထဿ- ပုထသဒ္ဒါ၏၊ အန္တော- အဆုံးအသရသည်၊ ဥ- ဥအပြု သည်၊ ဟောတိ- ဖြစ်၏။ ပုထု.ဇ္ဇနော စသည်တည်း။
၄၉။ [ပုထ+ဇနော = အရိယာတို့မှ တသီးတခြားဖြစ်သော+လူ၊ ဝါပုထုဇဉ်။] ဗျဉ်းနှောင်းရာ၌ ပုထသဒ္ဒါ၏ အဆုံးဖြစ်သော အ သရကို ဥ ပြုဟု စီရင်သည်။ [“အန္တော-အစိတ်”ဟု မဆိုဘဲ “အဆုံး”ဟု အနက်ဆိုမှ သာ၍ ရှင်းသောကြောင့် “အဆုံး”ဟုချည်း ဆိုသည်။]
ရုပ်တွက်။ ။ ပုထုဇ္ဇနောကို “ပုထ ဇနော”ဟု ပုဒ်ဖြတ်၊ ထ် ခွင်း, ပုထဿု ဗျဉ္ဇနေသုတ်ဖြင့် ပုထသဒ္ဒါ၏ အဆုံးဖြစ်သော ၊ ကို ု ပြု, ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် ဇ ၏ သဒိသဒွေးဘော် ဇ် လာ, ထ် ု သို့ကပ်, ပြီး၏။ [အန္တသဒ္ဒါပို၏အကျိုးကို ကစ္စည်းဘာသာဋီကာမှာ ရှု။]
֍ ၅၀။ သြ အဝဿ။ ။ ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ အဝဿ- အဝ ဥပသာရပုဒ်၏၊ သြ- သြအပြုသည်၊ ဟောတိ- ၏။ သြနဒ္ဓေါ စသည်တည်း။
၅၀။ [အဝ + နဒ္ဓေါ = မြှေးယှက်အပ်၏။] “အဝ”ဟု ခေါ်အပ်သော ဥပသာရပုဒ်တစ်မျိုး ရှိ၏၊ ထို အဝ ကို သြ ပြုသော သုတ်တည်း။… သြနဒ္ဓေါကို “အဝ နဒ္ဓေါ”ဟု တည်၊ သြ အဝဿသုတ်ဖြင့် အဝ ကို သြ ပြု, ပြီး၏။
֍ ၅၁။ အနုပဒိဋ္ဌာနံ ဝုတ္တယောဂတော။ ။ အနုပဒိဋ္ဌာနံ- မပြအပ်ခဲ့သော ရုပ်တို့၏၊ သိဒ္ဓိ- ပြီးခြင်းကို၊ ဝုတ္တယောဂတော- ဆိုအပ်ပြီးသောနည်းဖြင့်၊ ဝေဒိတဗ္ဗာ- သိအပ်၏။ အရိယော, တဒမိနာပိ စသည်တည်း။
၅၁။ [အရိယော = အယိရော - အရိယာပုဂ္ဂိုလ်၊ တံ+ဣမိနာပိ၊ တံထိုအကြောင်းကို၊ ဣမိနာပိ-ဤစကားဖြင့်လည်း။] ဤသုတ်ကား … အချို့သော သန္ဓိရုပ်အထူးအဆန်းများ ရှိသေး၏၊ ထိုရုပ်များကို ဆိုခဲ့ပြီး သော သုတ်များဖြင့် သင့်လျော်သလို ပြီးစေနိုင်ပါသည်၊ “ပြီးအောင် စီရင် ပါလေ”ဟု ဆိုခဲ့ပြီး သုတ်များကို ညွှန်ပြသော အတိဒေသသုတ်တစ်မျိုး တည်း၊ ဤသုတ်၏ ညွှန်ပြချက်အရ သန္ဓိဆိုင်ရာရုပ်များကို ဆိုခဲ့ပြီးသော သုတ်များဖြင့် မပြီးပြီးအောင် စီရင်ရပေလိမ့်မည်၊ ထို့ကြောင့် အချို့ရုပ် များကို သုတ်အဆိုအတိုင်းဖြင့် စီရင်၍ မဖြစ်လျှင် သုတ်၌ ပါသော စသဒ္ဒါ ဝါသဒ္ဒါ ယောဂဝိဘာဂ စသည်ဖြင့် စီရင်ရလေသည်။
ယောဂဝိဘာဂ။ ။ [ယောဂ=သုတ်ကို+ဝိဘာဂ=ခွဲစိတ်ဝေဖန်ခြင်း။] သုတ်ကို ပင်ကိုရှိရင်းအစီအရင်မှ တစ်မျိုးပြောင်းပြီး စီရင်နိုင်အောင် ခွဲစိတ် ဝေဖန်ခြင်းကို ယောဂဝိဘာဂဟုလည်းကောင်း, သုတ္တဝိဘာဂဟုလည်း ကောင်း ခေါ်ဆိုရလေသည်၊ ထိုယောဂဝိဘာဂသည်“ဝိနာ-ဝိသုံ, ဒွိဓာခြုံ, သုံးပုံ သုတ်ယောဂ” ဟူသည်နှင့် အညီ … ဝိနာဓိကာရယောဂဝိဘာဂ, ဝိသုံကရဏယောဂဝိဘာဂ, ဒွိဓာကရဏယောဂဝိဘာဂ ဟု ၃-မျိုး ရှိ၏၊ ထို ၃-မျိုးတွင် အလိုက်ကို ကြဉ်၍ သုတ်ကို ဝေဖန်ခြင်းသည် ဝိနာဓိကာရ ယောဂဝိဘာဂ မည်၏၊ မူလသုတ်နားကို မြှောင်၍ အလားတူသုတ်များကို ပြုခြင်းသည် ဝိသုံကရဏယောဂဝိဘာဂ မည်၏၊ မူလသုတ်ကို ၂-မျိုး ခွဲလိုက်ခြင်းသည် ဒွိဓာကရဏယောဂဝိဘာဂ မည်၏၊ ဤ ယောဂဝိဘာဂ များကိုလည်း ရုပ်ထူးရုပ်ဆန်းကို စီရင်ရာ၌ များစွာ အသုံးပြုရပေသည်။
ရုပ်တွက်။ ။ အရိယောကို “အယိရော”ဟု တည်, ဒေါ ဓဿ စသုတ်၌ စသဒ္ဒါဖြင့် ယ် နှင့် ရ် ကို ရှေ့နောက်ပြန်, အရိယော ပြီး၏။
တဒမိနာပိကို “တံ -ိ မိနာပိ”ဟု ပုဒ်ဖြတ်၊ ပရော ဝါ သရောသုတ်ဖြင့် နိဂ္ဂဟိတ်မှ နောက်ဖြစ်သော -ိ သရကို ချေ, လောပဉ္စ တတြာကာရော သုတ်၌ “တကြာကာရော”ဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ထို -ိ ကျေရာ၌ ၊ လာ, မ ဒါ သရေသုတ်ဖြင့် နိဂ္ဂဟိတ်ကို ဒ် ပြု, ဒ် ကို ၊ သို့ ကပ်, ပြီး၏။
ဣတိ သန္ဓိကပ္ပေ ပဉ္စမော ကဏ္ဍော။ ။ သန္ဓိကပ္ပေ- ၌၊ ပဉ္စမော- ငါးခန်းမြောက်သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။
ဤ ပဉ္စမအခန်းကား သရဆိုင်ရာ၌ ဖြစ်စေ, ဗျဉ်းဆိုင်ရာ၌ ဖြစ်စေ ဥပသာရ နိပါတ်ပုဒ်တွေကို စီရင်ရာအခန်းတည်း။
သန္ဓိပဉ္စမခန်းပြီး၏။
စသဒ္ဒါ၏ အနက်များ။ ။ “အနုကဍ္ဎန, သမ္ပိဏ္ဍနှင့်, သမုစ္စယတစ်ဖြာ, အဝဓာ, ဝါစာသိလိဋ္ဌ” ဟူသည်နှင့်အညီ ကစ္စည်းကျမ်း၌ အသုံးပြုသော စသဒ္ဒါ၏အနက်သည် ၅-မျိုး ရှိသတတ်၊ ထိုတွင် ရှေးရှေးသုတ်၌ ရှိသော ပုဒ်ကို မိမိသုတ်သို့ လိုက်ပါလာအောင် ဆွဲငင်ဆောင်ယူနိုင်သော စသဒ္ဒါ သည် အနုကဍ္ဎနအနက်ရှိသော စသဒ္ဒါ မည်၏၊ တစ်သုတ်တည်း၌ စကား ၂-ရပ် (၂-ဝါကျ) ရှိလျှင် နောက်ဝါကျ၌ စသဒ္ဒါ ပါရှိအံ့၊ ထို စသဒ္ဒါသည် ရှေ့ဝါကျ၏ အနက်အပေါ်မှာ ထပ်လောင်း၍ အနက်တစ်မျိုးကို ပေါင်းပေးသောကြောင့် သမ္ပိဏ္ဍနအနက်ရှိသော စသဒ္ဒါ မည်၏။
သုတ်၌ တိုက်ရိုက်မပါ, ရှေ့သုတ်ကလည်း ဆွဲယူစရာ မရှိ, သို့သော် ရသင့်ရာ အပိုအနက်ကို စုစည်းနိုင်သော စသဒ္ဒါသည် သမုစ္စည်းအနက် ရှိသော စသဒ္ဒါတည်း၊ ဧဝသဒ္ဒါ၏ (သာလျှင် ဟူသော) အနက်မျိုးကို ဟောလျက် မလိုရာ အနက်ကို ကန့်ကွက်သော စသဒ္ဒါသည်လည်းကောင်း, “ပင်လျှင်”ဟူသော အနက်ကို ဟောလျက် မိမိအနက်ကို ခိုင်မြဲစေသော စသဒ္ဒါသည်လည်းကောင်း အဝဓာရဏ စသဒ္ဒါတည်း၊ အနက်အထူးမရ, စကား ပြေပြစ်ရုံမျှဖြစ်သော စသဒ္ဒါသည် ဝါစာသိလိဋ္ဌ မည်၏၊ ထို အားလုံး၏ အကျယ်ကို ကစ္စည်း, ရူပသိဒ္ဓိတို့၌ တွေ့ရလတ္တံ့။
[ဆောင်] ၁။ ရှေ့နောက်ဆက်ပြ, နှစ်ဝါကျတွင်, နောက်က ဝါကျေ, စ ထိုင်လေခဲ့, ရှေ့ကို ငဲ့က, ဤသည့် စ, မှတ်ကြ သမ္ပိဏ်တည်း။၂။ အသစ် စ ကား, ဆည်းတုံငြား, မှတ်သား သမုစ္စည်း။
၃။ အနုကဍ္ဎန ဟူ, သူ့အမူ, ခေါ်ယူ ရှေ့ပါဌ်တည်း။
သန္ဓိသုတ်နက်နှင့် ရုပ်တွက်အဓိပ္ပာယ်ပြီး၏။
နာမ်ဝိဘတ်သွယ်အကျဉ်း
(ကျက်ရန်မဟုတ်, အချီစကား)
နာမ်။ ။ ပုရိသ (ယောက်ျား), ဣတ္ထီ (မိန်းမ), ရုက္ခ (သစ်ပင်), တိဿ (တိဿ), ရာဇပုတ္တ (မင်းသား), နာဝိက (လှေသမား), ဥပါသက (သီတင်းသည်) စသည်ဖြင့် နာမည်ဟော သဒ္ဒါတွေကို ပါဠိလို - နာမ, မြန်မာလို-နာမ်ဟု ခေါ်၏၊ ထိုနာမ်ပုဒ်များကို ပြရာကျမ်းကို “နာမကပ္ပ= နာမ်ကျမ်း”ဟု ခေါ်သည်၊ ယခုအခါ ထိုနာမ်ကျမ်းကို ပြတော့မည် ဖြစ်၍ နာမ်ဝိဘတ်အပြားနှင့်တကွ ဝိဘတ်သက်ပုံကို ရှေးဦးစွာ နားလည်သင့်ကြ ပေသည်။
ဝိဘတ်နှင့်ဝုစ်။ ။ ဝိဘတ်သည် ပဌမာ ဒုတိယာ တတိယာ စတုတ္ထီ ပဉ္စမီ ဆဋ္ဌီ သတ္တမီဟု ခုနစ်သွယ်ရှိ၏၊ တစ်သွယ်လျှင် ဧကဝုစ် ဗဟုဝုစ်ဟု ၂-မျိုးစီရှိသည်၊ ထိုတွင် တပေါင်း တစ်စု တစ်ခုသောအနက်ကို ဟောသော သိ အစရှိသော ဝိဘတ်သည် ပါဠိလို-ဧကဝစန, မြန်မာလို-ဧကဝုစ်မည်၏၊ နှစ်ပေါင်း နှစ်ဖွဲ့ နှစ်စု နှစ်ခုသော အနက်မှ စ၍ များစွာသော အနက်ကို ဟောနိုင်သော ယော စသောဝိဘတ်သည် ဗဟုဝစန(ဗဟုဝုစ်) မည်၏။ [ဧကဝစန၊ ဧက = တစ်ခုသောအနက်ကို + ဝစန = ဟောသောသဒ္ဒါ၊ ဗဟုဝစန၊ ဗဟု = များသောအနက်တို့ကို + ဝစန = ဟောသောသဒ္ဒါ။]
အနက်ဆိုရာ၌မှတ်ဖွယ်။ ။ ဧကဝုစ်အနက်ဆိုရာ၌ “တို့-များ-ကုန်ကြ”ဟူသောအသံ မပါစေရ၊ “ယောက်ျားသည်+သွား၏”စသည်ဖြင့် ဆိုရ မည်၊ ဗဟုဝုစ်အနက်ဆိုရာ၌ကား “တို့-များ-ကုန်-ကြ”ဟူသော အနက် များ ပါစေ၍ “ယောက်ျားတို့သည်+သွားကုန်၏ = ယောက်ျားများသည်+ သွားကြ၏” စသည်ဖြင့် ဆိုရမည်။
[ဆောင်] ၁။ တို့-များ-ကုန်-ကြ, မပါက, မှတ်ကြ ဧကဝုစ်။၂။ တို့-များ-ကုန်-ကြ, ပါသမျှ, မှတ်ကြ ဗဟုဝုစ်။
ဝိဘတ်သက်။ ။ နာမ်ရုပ်တွက်သည့်အခါ ထိုထိုရုပ်များ၌ အနက်အား လျော်စွာ ဆိုင်ရာဝိဘတ်ကို သက်ရောက်စေရသောကြောင့် အမြဲသုံးစွဲရ သော အနက်များအတွက် ဝိဘတ်သက်ပုံကို အတိုချုပ်ပြဆိုပေအံ့၊… နှုတ်တက်ရအောင် ကျက်မှတ်ကြပါလေ၊ တစ်ခါတစ်ရံတွေ့ရသော အနက် များအတွက် ဝိဘတ်သက်ပုံမှာ ကာရကပိုင်း၌ သူ့သုတ်နှင့်သူ လွယ်ကူစွာ တွေ့ရလတ္တံ့။ [ထိုထိုပုဒ်နောက်၌ ဝိဘတ်များ ကျရောက်သည်ကို “ဝိဘတ် သက်”ဟု ခေါ်၏၊ “သက်ရောက်သည်=ကျရောက်သည်”ဟူလို။]
(ကျက်မှတ်ရန်)
၁။ (သိ) အို…ဟူ၍ အနက်ပေးသောကြောင့် အာလပနေ စ သုတ်ဖြင့် အာလုပ်အနက်၌ ပဌမာ ဧကဝုစ် သိဝိဘတ် သက်။
(ယော) အိုတို့…ဟူ၍ အနက်ပေးသောကြောင့် အာလပနေ စ သုတ်ဖြင့် အာလုပ်အနက်၌ ပဌမာ ဗဟုဝုစ် ယော ဝိဘတ်သက်။
၂။ (သိ) သည် -ဟူ၍ အနက်ပေးသောကြောင့် လိင်္ဂတ္ထေ ပဌမာ သုတ်ဖြင့် လိန်အနက်၌ ပဌမာ ဧကဝုစ် သိဝိဘတ် သက်။
(ယော) တို့သည် -ဟူ၍ အနက်ပေးသောကြောင့် လိင်္ဂတ္ထေ ပဌမာသုတ်ဖြင့် လိန်အနက်၌ ပဌမာ ဗဟုဝုစ် ယော ဝိဘတ်သက်။ [လိန်အနက် အမှန်ကို လိင်္ဂတ္ထေ ပဌမာ သုတ်၌ ကြည့်။]
၃။ (အံ) ကို-ဟူ၍ အနက်ပေးသောကြောင့် ကမ္မတ္ထေ ဒုတိယာသုတ်ဖြင့် ကံအနက်၌ ဒုတိယာ ဧကဝုစ် အံဝိဘတ် သက်။
(ယော) တို့ကို-ဟူ၍ အနက်ပေးသောကြောင့် ကမ္မတ္ထေ ဒုတိယာ သုတ်ဖြင့် ကံအနက်၌ ဒုတိယာ ဗဟုဝုစ် ယောဝိဘတ် သက်။
[“သို့-ဟူ၍ အနက်ပေးသောကြောင့်, တို့သို့-ဟူ၍ အနက်ပေးသောကြောင့်”ဟု ဆို၍လည်း အံဝိဘတ်, ယောဝိဘတ်များ သက်ရသည်။]
၄။ (နာ) ဖြင့်-ဟူ၍ အနက်ပေးသောကြောင့် ကရဏေ တတိယာ သုတ်ဖြင့် ကရိုဏ်းအနက်၌ တတိယာ ဧကဝုစ် နာ ဝိဘတ်သက်။
(ဟိ) တို့ဖြင့် - ဟူ၍ အနက်ပေးသောကြောင့် ကရဏေ တတိယာသုတ်ဖြင့် ကရိုဏ်းအနက်၌ တတိယာ ဗဟုဝုစ် ဟိ ဝိဘတ်သက်။
၅။ ( သ) အား - ဟူ၍ အနက်ပေးသောကြောင့် သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန်အနက်၌ စတုတ္ထီ ဧကဝုစ် သ ဝိဘတ်သက်။
(နံ) တို့အား - ဟူ၍ အနက်ပေးသောကြောင့် သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန်အနက်၌ စတုတ္ထီ ဗဟုဝုစ် နံ ဝိဘတ်သက်။
၆။ (သ္မာ) မှ-ဟူ၍ အနက်ပေးသောကြောင့် အပါဒါနေ ပဉ္စမီသုတ်ဖြင့် အပါဒါန်အနက်၌ ပဉ္စမီ ဧကဝုစ် သ္မာဝိဘတ် သက်။
(ဟိ) တို့မှ-ဟူ၍ အနက်ပေးသောကြောင့် အပါဒါနေ ပဉ္စမီ သုတ်ဖြင့် အပါဒါန်အနက်၌ ပဉ္စမီ ဗဟုဝုစ် ဟိဝိဘတ် သက်။
၇။ ( သ) ၏ - ဟူ၍ အနက်ပေးသောကြောင့် သာမိသ္မိံ ဆဋ္ဌီ သုတ်ဖြင့် သာမီအနက်၌ ဆဋ္ဌီ ဧကဝုစ် သ ဝိဘတ် သက်။
(နံ) တို့၏- ဟူ၍ အနက်ပေးသောကြောင့် သာမိသ္မိံ ဆဋ္ဌီ သုတ်ဖြင့် သာမီအနက်၌ ဆဋ္ဌီ ဗဟုဝုစ် နံ ဝိဘတ် သက်။
၈။ (သ္မိံ) ၌-ဟူ၍ အနက်ပေးသောကြောင့် သြကာသေ သတ္တမီ သုတ်ဖြင့် သြကာသအနက်၌ သတ္တမီ ဧကဝုစ် သ္မိံ ဝိဘတ် သက်။
(သု) တို့၌ - ဟူ၍ အနက်ပေးသောကြောင့် သြကာသေ သတ္တမီ သုတ်ဖြင့် သြကာသအနက်၌ သတ္တမီ ဗဟုဝုစ် သု ဝိဘတ်သက်။
ဝိဘတ်သွယ်အကျဉ်းပြီး၏။
နာမ်သုတ်နက်
သုတ်အဓိပ္ပာယ်နှင့်ရုပ်တွက်
֍ ၁။ ဇိနဝစနယုတ္တံဟိ။ ။ ဇိနဝစနယုတ္တံဟိ- ဇိနဝစနယုတ္တံဟိ ဟူသော ဤသုတ်သည်၊ အဓိကာရော- ရှေ့နောက်သုတ်များသို့ လိုက်သောသုတ်တည်း။
၁။ ဤ ဇိနဝစနယုတ္တံဟိကို ပါဠိလို-အဓိကာရသုတ်, မြန်မာလိုလိုက်သုတ်ဟု ခေါ်သည်။ [ဇိန - ဘုရားရှင်၏ + ဝစန - စကားတော်, ပိဋကတ်တော်အား+ယုတ္တံဟိ-သင့်လျော်ညီညွတ်သည်သာ။] “သန္ဓိပိုင်း၌ ဆိုခဲ့သော ရှေ့ကသုတ်များနှင့် နောက်ဆိုအပ်လတ္တံ့သော သုတ်များသည် ဘုရားဟောဖော် ပိဋကတော်နှင့် သင့်လျော်ညီညွတ်သည်ချည်းသာ ဖြစ်စေ ရမည်”ဟူလို။ [ရှေ့သုတ် နောက်သုတ်များသို့ လိုက်ပုံကို ရူပသိဒ္ဓိဘာသာ ဋီကာမှာ ရှု။]
֍ ၂။ လိင်္ဂဉ္စ နိပစ္စတေ။ ။ လိင်္ဂဉ္စ- လိန်ကိုလည်း၊ နိပစ္စတေ- အပြီးအစီးတည်ထားအပ်၏။ ပုရိသ, ကညာ, စိတ္တ စသည်တည်း။
၂။ [ပုရိသ-ယောက်ျား+ကညာ-သတို့သမီး+စိတ္တ-စိတ်။] ဤသုတ် ကား နာမ်ရုပ်တွက်သည့်အခါ “လိန်ပုဒ်ကို အပြီးအစီး တည်ထားရမည်” ဟု ပရိဘာသာပြုသောသုတ်တည်း။… “အပြီးအစီးတည်ထား”ဟူရာ၌ ပုရိသဝယ် ပုရဓာတ် ဣသပစ္စည်း, ဤသို့ စသည်ဖြင့် အရင်းအမြစ်ကို မစိစစ်တော့ဘဲ လိန်အဖြစ်သို့ ရောက်ပြီး အနေဖြင့် “ပုရိသ”စသည် တည်ထားရမည်ဟု ဆိုလိုသည်။
လိင်္ဂ, ပဒ။ ။ ဤ“လိင်္ဂ”ဟူသော နာမည်သည် ဝိဘတ်မသက်ရသေး သော ပုရိသ-ကည-စိတ္တ စသော နာမ်ပုဒ်များ၏ နာမည်တည်း၊ ထို့ကြောင့် ပုရိသ စသည်ကို ဝိဘတ်မသက်ရသေးခင် “လိင်္ဂ”ဟု ခေါ်၍, ဝိဘတ် သက်ပြီးသည့်အခါကျမှ “ပဒ”ဟု ခေါ်သည်ဟု မှတ်။
စ၏အနက်။ ။ လိင်္ဂဉ္စ၌ စသဒ္ဒါက “လိန်ကိုလည်း တည်ထား”ဟု ဆိုသဖြင့် အာချာတ်ရုပ်, ကိတ်ရုပ် တွက်သည့်အခါ “ဓာတ်ကိုလည်း တည်ထား”ဟု ဓာတုကို ဆည်းယူသတဲ့။
֍ ၃။ တတော စ ဝိဘတ္တိယော။ ။ တတော စ- ထိုလိန်တို့မှ လည်း၊ ပရာ- နှောင်းကုန်သည်ဖြစ်၍၊ ဝိဘတ္တိယော- ဝိဘတ်တို့ သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပုရိသ, သိ စသည်တည်း။
၃။ တတော စ ဝိဘတ္တိယောသုတ်ကား… “သိ စသော ဝိဘတ်များကို ထို ပုရိသ စသော လိန်များ၏ နောက်မှာ သက်ရောက်စေရမည်”ဟု ဝိဘတ်သက်ဖို့ နေရာကို ညွှန်ပြသော သုတ်တည်း။
֍ ၄။ သိ- ယော, အံ- ယော, နာ- ဟိ, သ- နံ, သ္မာ- ဟိ, သ- နံ, သ္မိံ- သု။ ။ သိယော အံယော နာဟိ သနံ သ္မာဟိ သနံ သ္မိံသု- သိ ယော, အံ ယော, နာ ဟိ, သ နံ, သ္မာ ဟိ, သ နံ, သ္မိံ သု ဟူသော တစ်ဆယ့်လေးလုံးသည်၊ ဝိဘတ္တိယော- ဝိဘတ်တို့ မည်၏။
၄။ ဤသုတ်ကား -တတော စ ဝိဘတ္တိယောသုတ်၌ “ဝိဘတ်-ဝိဘတ်”ဟု ဆိုခဲ့ပြီ၊ ထိုဝိဘတ်များကား အဘယ်နည်းဟု မေးဖွယ်ရှိ၍“သိ အစ သု အဆုံး” ၁၄ - လုံးကို ဝိဘတ်ခေါ်သည်ဟု သိစေဖို့ရန် ဝိဘတ်နာမည်ပေးသော သညာသုတ်တည်း၊ သိ ယောတို့ကား ပဌမာဝိဘတ်မည်၏, အံ ယောတို့ ကား ဒုတိယာဝိဘတ်မည်၏ စသည်ဖြင့်လည်းကောင်း, ရှေးရှေးဝိဘတ်ကို ဧကဝုစ်, နောက်နောက်ဝိဘတ်ကို ဗဟုဝုစ်ဟုလည်းကောင်း မှတ်ပါ။
֍ ၅။ တ.ဒနုပရောဓေန။ ။ တ.ဒနုပရောဓေန- ထို ဘုရား ဟောဖော်, ပါဠိတော်နှင့် မဆန့်ကျင်သဖြင့်၊ လိင်္ဂဉ္စ- လိန်ကိုလည်း၊ နိပစ္စတေ- ပြီးစေအပ်၏။ ပုရိသော, ပုရိသာ စသည်တည်း။
၅။ ဤသုတ်ကား “ရုပ်တွက်၍ ပြီးသောအခါ ဘုရားပါဠိတော်နှင့် မဆန့်ကျင်အောင် ပြီးစေရမည်”ဟု ပရိဘာသာပြုပြန်သောသုတ်တည်း၊ ထို့ကြောင့် လိင်္ဂဉ္စ နိပစ္စတေသုတ်က ရုပ်တည်ဖို့ရန်အတွက် ပရိဘာသာ ပြု၍ ဤတ.ဒနုပရောဓေနသုတ်က ရုပ်ပြီးဖို့အတွက် ပရိဘာသာပြုသည်ဟု (ရူပသိဒ္ဓိအလို) မှတ်ထားခဲ့ပါ၊ ပုရိသောသည် ဧကဝုစ်ဝိဘတ်သက်၍ ရုပ်ပြီးသောပုံစံ, ပုရိသာကား ဗဟုဝုစ်သက်၍ ရုပ်ပြီးသောပုံစံတည်း။
֍ ၆။ အာလပနေ သိ ဂသညော။ ။ အာလပနေ- အာလုပ် အနက်၌၊ သိ- သိ ဝိဘတ်သည်၊ ဂသညော- ဂ အမည်ရှိသည်၊ ဟောတိ- ဖြစ်၏။ ဘောတိ အယျေ စသည်တည်း။
၆။ [ဘောတိ အယျေ-အို အရှင်မ၊ အာ+လပန=အာ-ရှေးရှု+လပနခေါ်ခြင်း, ထူးခြင်း။] တစ်ယောက်နှင့်တစ်ယောက်ကို ခေါ်ခြင်း, ခေါ်လိုက် သည့်အခါ ထူးခြင်းကို “အာလပန=အာလုပ်”ဟု ခေါ်၏၊ ထိုအာလုပ် အနက်၌ သက်သော သိဝိဘတ်ကို ဤသုတ်က “ဂ”ဟု နာမည်မှည့်သည်၊ ဤကဲ့သို့ သိဝိဘတ်ကို “ဂ”အမည်မှည့်ခြင်းသည် သခတော ဂဿေ ဝါ စသော သုတ်များ၌ သုံးစွဲခြင်းအကျိုးရှိ၏။
အမှာ။ ။ ဤပြခဲ့သော သုတ်များ၌ နာမ်ရုပ်တွက်ရန် မလိုသေး၊ စီရင် သော သုတ်များမစုံခင် ရုပ်တွက်စေခြင်းသည် လူငယ်များဉာဏ်၌ ရှုပ်ပွေ ဖို့ရန်သာ ဖြစ်၏၊ ထို့ကြောင့် စီရင်သောသုတ်များ ပြည့်စုံမှ ရုပ်များကို တွက်ပြပေအံ့။
֍ ၇။ ဣဝဏ္ဏု.ဝဏ္ဏာ ဈလာ။ ။ ဣဝဏ္ဏု.ဝဏ္ဏာ- ဣဝဏ် ဥဝဏ် တို့သည်၊ ဈ လာ- အစဉ်အတိုင်း ဈ လ တို့မည်သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ အဂ္ဂိနော စသည်တည်း။
၇။ [အဂ္ဂိနော-မီးအား, မီး၏။] ဤသုတ်ကား ဣဝဏ် ၂ လုံးကို ဈ, ဥဝဏ် ၂ လုံးကို လ အမည်မှည့်သောသုတ်တည်း၊ ဤသို့ ဈ လ မှည့်ခြင်း သည် “ဈလတော သဿ နော ဝါ”စသောသုတ်၌ ဣဝဏ်ကို ဈ, ဥဝဏ်ကို လ ဟု ခေါ်ဝေါ်ရ သုံးစွဲရခြင်းအကျိုးရှိ၏။
֍ ၈။ တေ ဣတ္ထိချာ ပေါ။ ။ ဣတ္ထိချာ- ဣတ္ထိလိန်ကို ဟောကုန် သော၊ တေ- ထို ဣဝဏ် ဥဝဏ်တို့သည်၊ ပေါ- ပ မည်သည်၊ ဟောတိ- ဖြစ်၏။ ဣတ္ထိယာ စသည်တည်း။
၈။ [ဣတ္ထိယာ-မိန်းမဖြင့်။] ဤသုတ်ကား ဣတ္ထိလိန်ကို ဟောသော ဣဝဏ် ဥဝဏ် ၄ လုံးကို ပ အမည်မှည့်သောသုတ်တည်း၊ ဤသို့ ပ အမည်မှည့်ခြင်းသည် “ပတော ယာ” စသောသုတ်၌ ဣဝဏ် ဥဝဏ်များ ကို ပ ဟု ခေါ်ဝေါ်ရ သုံးစွဲရခြင်းအကျိုးရှိ၏။
֍ ၉။ အာ ဃော။ ။ ဣတ္ထိချော- ဣတ္ထိလိန်ကို ဟောသော၊ အာ- အာအက္ခရာသည်၊ ဃော- ဃမည်သည်၊ ဟောတိ- ဖြစ်၏။ ကညာယ စသည်တည်း။
၉။ [ကညာယ-သတို့သမီးဖြင့်။] ဤသုတ်ကား ဣတ္ထိလိန်ဟောသော အာအက္ခရာကို ဃ အမည်မှည့်သော သုတ်တည်း၊ ဤသို့ ဃ အမည်မှည့် ခြင်းသည် “ဃတော နာဒီနံ” စသောသုတ်၌ သုံးစွဲရခြင်းအကျိုးရှိ၏။
֍ ၁၀။ သာ.ဂမော သေ။ ။ သေ- သဝိဘတ်ကြောင့်၊ သာ. ဂမော- သ၏ လာခြင်းသည်၊ ဟောတိ- ဖြစ်၏။ ပုရိသဿ စသည်တည်း။
၁၀။ [ပုရိသဿ-ယောက်ျားအား, ယောက်ျား၏။] ဤသုတ်ကား… သဝိဘတ်နှောင်းရာ၌ သ် တစ်လုံးလာသော သုတ်တည်း။
ရုပ်တွက်။ ။ ပုရိသဿကို “ပုရိသ”လိန်တည်၊ အားဟူ၍ အနက် ပေးသောကြောင့် ၊ပေ၊ ဧကဝုစ် သဝိဘတ်သက်, သာ.ဂမော သေသုတ်ဖြင့် နောက်သဝိဘတ်ကြောင့် ရှေ့၌ သ်လာ, ပုရိသဿ ပြီး၏။ [“ပေ”ဟု ပြထားရာ၌ ဝိဘတ်သွယ် မကြေသေးလျှင် ဖော်၍ ဆိုပါ။]
အမှာ။ ။ “သ် - လာ”ဟု ဆိုရာ၌ “သ်”ဗျဉ်းလာရမည်၊ လာကတည်း က သဝိဘတ်နှင့် ကပ်လျက်လာသောကြောင့် နယေ ပရံ ယုတ္တေသုတ်ဖြင့် နောက် သသို့ ကပ်ဖွယ် မလို၊ သ် လာပြီးတဲ့အခါ “သသ”ဟု သ နှစ်လုံး ဆက်နေသင့်သော်လည်း သ တစ်လုံးကို တစ်ခြမ်းသာ ယူ၍ “ဿ”ဟု ရေးရိုးပြုကြသည်။
֍ ၁၁။ သံသာသွေကဝစနေသု စ။ ။ ဧကဝစနေသု- ဧကဝုစ် ဖြစ်ကုန်သော၊ သံသာသု စ- သံအပြု, သာအပြုတို့ကြောင့်လည်း၊ သာ.ဂမော- သ၏ လာခြင်းသည်၊ ဟောတိ- ဖြစ်၏။ ဧတိဿံ, ဧတိဿာ စသည်တည်း။
၁၁။ [ဧတိဿံ-ဤသူမ၌၊ ဧတိဿာ-ဤသူမအား၊ ဤသူမ၏။] ဤသုတ်ကား ဧကဝုစ်ဖြစ်သော သံ သာ အပြု နှောင်းရာ၌ သ် လာဟု စီရင်သောသုတ်တည်း၊ “ဧတာသံ-ဤသူမတို့အား” စသည်၌ ဗဟုဝုစ် သံအပြုကို တားမြစ်လို၍ “ဧကဝစနေသု”ဟု ဆိုသည်၊ ဃပတော သ္မိံသာနံ သံသာသုတ်ကျမှ ရုပ်တွက်ရမည်။
֍ ၁၂။ ဧတိ.မာသ.မိ။ ။ ဧကဝစနေသု- ကုန်သော၊ သံသာသု- တို့ကြောင့်၊ ဧတိ.မာသံ စ- ဧတာ ဣမာတို့၏ အဆုံးအာသည် လည်း၊ ဣ- ဣအပြုသည်၊ ဟောတိ- ၏။ ဧတိဿံ, ဣမိဿံ, ဣမိဿာ စသည်တည်း။
၁၂။ [ဣမိဿံ-ဤသူမ၌၊ ဣမိဿာ-ဤသူမအား, ဤသူမ၏။] ဤသုတ်ကား ဧကဝုစ် သံအပြု, သာအပြု နှောင်းရာ၌ ဧတာ ဣမာသဒ္ဒါ တို့၏အဆုံးဖြစ်သော အာကို ဣပြုဟု စီရင်သည်၊ သံသာသွေကဝစနေသု စ သုတ်က လိုက်ပါလာသော စသဒ္ဒါဖြင့် (အညိဿံ, အညိဿာ) စသည် ၌လည်း ဣ ပြုလေဦးဟု ဆည်းယူသည်။
֍ ၁၃။ တဿာ ဝါ။ ။ ဧကဝစနေသု- ကုန်သော၊ သံသာသု- တို့ကြောင့်၊ တဿာ- တာသဒ္ဒါ၏ အဆုံးအာသည်၊ ဣ- ဣအပြု သည်၊ ဝါ- ဖြင့်၊ ဟောတိ- ၏။ တိဿံ, တိဿာ စသည်တည်း။
၁၃။ [တိဿံ-ထိုသူမ၌၊ တိဿာ-ထိုသူမအား, ထိုသူမ၏။] ဧကဝုစ် သံသာအပြုတို့ကြောင့် တာသဒ္ဒါ၏အဆုံး အာကို ဣပြုသောသုတ်တည်း၊ ဝါသဒ္ဒါကြောင့် အာကို ဣ မပြုဘဲ တဿံ, တဿာ ဟုလည်း ရှိ၏။
֍ ၁၄။ တတော သဿ ဿာယ။ ။ တတော- ထို တာ, ဧတာ, ဣမာသဒ္ဒါတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ သဿ- သဝိဘတ်၏၊ ဿာယ- ဿာယ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ တိဿာယ, ဧတိဿာယ, ဣမိဿာယ စသည်တည်း။
၁၄။ [တိဿာယ-ထိုသူမအား, ၏၊ ဧတိဿာယ, ဣမိဿာယ-ဤ သူမအား, ၏။] ဤသုတ်ကား တာ ဧတာ ဣမာသဒ္ဒါတို့မှ နောက်ဖြစ်သော သ ဝိဘတ်ကို ဿာယ ပြုသောသုတ်တည်း။
ရုပ်တွက်။ ။ တိဿာယကို “တာ”လိန်တည်၊ အားဟူ၍ အနက်ပေး သောကြောင့် ၊ပေ၊ သဝိဘတ်သက်၊ တတော သဿ ဿာယသုတ်ဖြင့် သကို ဿာယပြု, တဿာ ဝါသုတ်ဖြင့် တာ၏ အဆုံး -ါ ကို -ိ ပြု, တိဿာယ ပြီး၏။ [ဧတိဿာယ, ဣမိဿာယတို့၌ ဧတာ, ဣမာတည်၍ ဧတိမာသမိသုတ်ဖြင့် အာ ကို ဣ ပြုရုံသာ ထူး၏။]
֍ ၁၅။ ဃော ရဿံ။ ။ ဧကဝစနေသု- ဧကဝုစ်ဖြစ်ကုန်သော၊ သံသာသု- သံအပြု, သာအပြုတို့ကြောင့်၊ ဃော- ဃ အမည်ရှိ သော အာသည်၊ ရဿံ- ရဿအဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ တဿံ, တဿာ စသည်တည်း။
၁၅။ [တဿံ-ထိုသူမ၌၊ တဿာ-ထိုသူမအား, ၏။] အာ ဃော သုတ်က အာကို ဃအမည် မှည့်ခဲ့ပြီ၊ ဤသုတ်ကား… ဧကဝုစ်ဖြစ်သော သံအပြု သာအပြု နှောင်းရာ၌ ထိုဃအမည်ရှိသော အာကို အ ရဿပြု သော သုတ်တည်း၊ ဃပတော သ္မိံသာနံ သံသာသုတ်ကျမှ ရုပ်တွက်ပါ။
֍ ၁၆။ နော စ ဒွါဒိတော နံမှိ။ ။ နံမှိ- နံဝိဘတ်ကြောင့်၊ ဒွါဒိတော စ- ဒွိ စတု အစ, အဋ္ဌာရသအဆုံးရှိသော သင်္ချာသဒ္ဒါ တို့မှ နောက်၌လည်း၊ နော စ- န အက္ခရာလည်း လာသည်၊ ဟောတိ- ဖြစ်၏။ ဒွိန္နံ, စတုန္နံ စသည်တည်း။ စသဒ္ဒါဖြင့် ဿံလာခြင်းကို ဆည်း၍ တိဿန္နံ, စတဿန္နံ ဟု ဖြစ်၏။
၁၆။ [ဒွိန္နံ-နှစ်ခုတို့အား, နှစ်ခုတို့၏၊ (ဣဏ္ဏမိဏ္ဏန္နံ တီဟိ သင်္ချာဟိ သုတ်က စီရင်လတ္တံ့ဖြစ်၍ တိဏ္ဏံကို ဤသုတ်က မစီရင်၊) စတုန္နံ-လေးခု တို့အား, တို့၏။] ဒွါဒိတောနောင်ထိုင်သော စသဒ္ဒါဖြင့် ဂုအပြု စသည်မှ နောက်၌လည်း န အက္ခရာလာခြင်းကို ဆည်း၍ “ဂုန္နံ-နွားတို့ အား, တို့၏” ဟူသော ရုပ်ဖြစ်၏၊ တိဿန္နံ - ၃ ယောက်သော မိန်းမတို့အား, တို့၏၊ စတဿန္နံ-၄ ယောက်သော မိန်းမတို့အား, တို့၏။
ရုပ်တွက်။ ။ ဒွိန္နံကို “ဒွိ”လိန်တည်၊ တို့အားဟူ၍ အနက်ပေးသော ကြောင့် ၊ပေ၊ ဗဟုဝုစ် နံဝိဘတ်သက်, နော စ ဒွါဒိတော နံမှိသုတ်ဖြင့် ဒွိမှ နောက်၌ န် လာ, ဒွိန္နံ ပြီး၏။ [စတုန္နံကို စတု တည်၍ တွက်၊ ပဉ္စန္နံ စသည်ကို ပဉ္စ စသည် တည်၍ ပဉ္စာဒီနမတ္တံသုတ်ကျမှ တွက်၊ ဂုန္နံကို သုဟိနာသု စ သုတ်ကျမှ တွက်။]
တိဿန္နံကို “တိ”လိန်တည်၊ နံဝိဘတ်သက်, နော စ ဒွါဒိတော နံမှိ သုတ်၌ စသဒ္ဒါဖြင့် တိမှ နောက်၌ ဿံလာ (တိဿံနံ) ဝဂ္ဂန္တံ ဝါ ဝဂ္ဂေ သုတ်ဖြင့် ဿနောက်၌ရှိသော နိဂ္ဂဟိတ်ကို တဝဂ္ဂန္တ “န်”ပြု, န် ကို နံသို့ ကပ်, တိဿန္နံ ပြီး၏။ [စတဿန္နံ ကို စတုတည်၍ တိဿန္နံအတိုင်းတွက်, စတုဿန္နံဟု ပြီးသည့်အခါ တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် စတု၏ ု ကို (အ) ပြုရုံသာ။]
֍ ၁၇။ အ.မာ ပတော သ္မိံသ္မာနံ ဝါ။ ။ ပတော- ပအမည်ရှိသော ဣဝဏ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သ္မိံသ္မာနံ- သ္မိံဝိဘတ်, သ္မာဝိဘတ်တို့၏၊ အံအာ- အစဉ်အတိုင်း အံအပြု, အာအပြုတို့ သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ရတျံ, ရတျာ စသည်တည်း။ “အာ.ပတော” ဟူသော ဒွိဓာကရဏယောဂ ဝိဘာဂဖြင့် နာဝိဘတ် သဝိဘတ်တို့ကို အာပြု၍ ရတျာ, ပထဗျာ စသောရုပ်များ ဖြစ်သေး၏။
၁၇။ [ရတျံ-ညဉ့်၌၊ ရတျာ-ညဉ့်မှ, ညဉ့်ဖြင့်, ညဉ့်အား, ညဉ့်၏၊ ပထဗျာ-မြေဖြင့်, မြေအား, မြေ၏။] တေ ဣတ္ထိချာ ပေါသုတ်ဖြင့် ဣဝဏ် ကို ပ အမည် မှည့်၍, ဤသုတ်က သ္မိံ ကို အံ, သ္မာ ကို အာ ပြုသည်၊ ထိုနောက်မှ ပသညဿ စသုတ်က ဣ ဤ ကို ယ ပြုလတ္တံ့။
ယောဂဝိဘာဂ။ ။ သုတ်၌ပါသော အံနှင့် သ္မိံသ္မာနံ ဝါကို ချန်ထား၍ အာနှင့် ပတောကို ခွဲထုတ်လျက် “အာ ပတော”ဟု သုတ်တစ်မျိုးလုပ်ခြင်း ကို “ဒွိဓာကရဏယောဂဝိဘာဂ”ဟု ဆိုသည်၊ “ယောဂဝိဘာဂ”ဟူသမျှ၌ သုတ်အပိုတစ်မျိုး တိုးလာသည်ဟု မှတ်၊ ထို့ကြောင့် ထို “အာ ပတော” ဟူသောသုတ်ဝယ်…
“ပတော-ပအမည်ရှိသော ဣဝဏ်မှ၊ ပရေသံ-နောက်ဖြစ်ကုန်သော၊ နာသာနံ-နာဝိဘတ် သဝိဘတ်တို့၏၊ အာ-အာအပြုသည်၊ ဟောတိ-ဖြစ်၏၊ ရတျာ-ညဉ့်ဖြင့်၊ ပထဗျာ-မြေအား, မြေ၏”ဟု သုတ်နက်, ပုံစံနက် များကို ထည့်၍ ဆိုတတ်ပါစေ။
အမှာ။ ။ ရုပ်ကို သုတ်မစုံလင်မီ တွက်ပြနေပါက ငယ်ရွယ်သူများ နားရှုပ်နေမည် ဖြစ်၍ ဤ၌ တွက်မပြသင့်ပါ၊ ဆိုင်ရာ ပသညဿ စသုတ် ရောက်လျှင် အလိုအလျောက် တွက်တတ်လာပါလိမ့်မည်။
֍ ၁၈။ အာဒိတော သြ စ။ ။ အာဒိတော စ- အာဒိသဒ္ဒါမှ လည်း၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ်သည်၊ အံ စ- အံ အပြုသည်လည်းကောင်း၊ သြ စ- သြ အပြုသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ အာဒိံ, အာဒေါ ဟူသည်တည်း။
၁၈။ [အာဒိံ, အာဒေါ-အစ၌။] သုတ်၌လာသော ရုပ်တို့ကို အနက် ပေးရာ၌ သုတ်အစီအရင်ကို သတိပြုပါ၊ သုတ်က သ္မိံဝိဘတ်ကို အံ-အာ ပြုသောကြောင့် ဝိဘတ်သွယ်တုန်းက အဆိုအတိုင်း “၌”ဟု အနက်ပေး ရသည်။ [ပရံ-နောက်ဖြစ်သော၊ သ္မိံ-သ္မိံဝိဘတ်သည်”ဟု အနက်ပေးရာ၌ သ္မိံနောင် ပဌမာဝိဘတ် အကျေကြံသည်၊ သ္မိံဝစနံဟု နပုလ္လိန်ကို ငဲ့၍ “ပရံ”ဟု ထားသည်။]
ရုပ်တွက်။ ။ အာဒေါကို “အာဒိ”လိန်တည်၊ ၌ဟူ၍ အနက်ပေးသော ကြောင့် ၊ပေ၊ ဧကဝုစ် သ္မိံဝိဘတ် သက်၊ (အာဒိသ္မိံ) အာဒိတော သြ စ သုတ်ဖြင့် သ္မိံဝိဘတ်ကို ေ-ါ ပြု, ဒ် ခွင်း(အာ ဒ် -ိ ေ-ါ ) သရလောပေါ မာဒေသပစ္စယာဒိမှိ သရလောပေ တု ပကတိသုတ်ဖြင့် ရှေ့ -ိ သရကို ချေ, ေ-ါ ကိုလည်း ေ-ါ ဟု ပကတိပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် ဒ် ကို ေ-ါ သို့ ကပ်, အာဒေါ ပြီး၏။ [အာဒိံ ကို အံမော နိဂ္ဂဟီတံ ဈလပေဟိ သုတ်၌ တွက်တတ်လတ္တံ့။]
စသဒ္ဒါ။ ။ အာဒိတော စသဒ္ဒါဖြင့် ရတ္တိသဒ္ဒါနောင် သ္မိံဝိဘတ်၏ သြအပြုကို ဆည်း၍ “ရတ္တော-ညဉ့်၌”ဟု ဖြစ်၏၊ ကစ္စည်းဝုတ္တိ၌ ဒိ၀ နောင် သ္မိံ ကို အာ ပြု၍ “ဒိဝါ-နေ့၌” ဗာရာဏသီနောင် သ္မိံ ကို အံ ပြု၍ “ဗာရာဏသိံ-ဗာရာဏသီပြည်၌”ဟူသော ရုပ်တို့ကိုလည်း ပြသေး၏၊ ထိုရုပ်များနှင့်စပ်၍ မှတ်ချက်ကို ကစ္စည်းဘာသာဋီကာ၌ ပြထား၏။
֍ ၁၉။ ဈလာန.မိယုဝါ သရေ ဝါ။ ။ သရေ- နောက်သရ ကြောင့်၊ ဈလာနံ- ဈ လအမည်ရှိသော ဣဝဏ် ဥဝဏ်တို့၏၊ ဣယုဝါ- ဣယအပြု, ဥဝအပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ကုန်၏။ အဂ္ဂိယာ.ဂါရေ, ဘိက္ခုဝါ.သနေ စသည်တည်း။
၁၉။ [အဂ္ဂိ+အာဂါရေ=မီးရှိသောအိမ်, မီးတင်းကုပ် (မီးဖိုထားတဲ့ တဲကုပ်)၌၊ အဂါရ-အာဂါရ ၂ မျိုးလုံး “အိမ်”ဟူသော အနက်ကို ဟော၏၊ ဘိက္ခု+အာသနေ-ရဟန်းတို့၏ နေရာ၌။] ဤသုတ်ကား သရနှောင်းရာ၌ ဈ မည်သော ဣဝဏ်ကို ဣယ, လ မည်သော ဥ-ဏ်ကို ဥ၀ ပြုသော သုတ်တည်း။
ရုပ်တွက်။ ။ အဂ္ဂိယာဂါရေကို “အဂ္ဂိ -ါ ဂါရေ”ဟု ပုဒ်ဖြတ်၊ ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈ အမည် မှည့်, ဈလာန.မိယုဝါ သရေဝါ သုတ်ဖြင့် -ိ ကို -ိယ် ပြု (အဂ္ဂိယ် -ါ ဂါရေ), ယ် ကို -ါ သို့ ကပ်, အဂ္ဂိယာဂါရေ ပြီး၏။
ဘိက္ခုဝါသနေကို “ဘိက္ခု -ါ သနေ”ပုဒ်ဖြတ်၊ ု ကို လအမည်မှည့်, ဤသုတ်ဖြင့် ု ကို ုဝ် ပြု, ဝ်ကို ၊ သို့ကပ်, ဘိက္ခုဝါသနေ ပြီး၏။
[အောက်ပါ ရုပ်များကိုလည်း တွက်ပါ။]
တိ.ယန္တံ = တိ + ၊ န္တံ = သုံးပါးသော အပိုင်းအခြား။
ပစ္ဆိ.ယာဂါရေ = ပစ္ဆိ + -ါ ဂါရေ= ခြင်းတောင်း၌ (နှီး စသည်ဖြင့် ပြုလုပ်အပ်သော တောင်းတစ်မျိုး။)
ပုထု.ဝါသနေ = ပုထု + -ါ သနေ= အသီးအခြားနေရာ၌။
သယမ္ဘု.ဝါသနေ = သယမ္ဘူ + -ါ သနေ = ဘုရား၏နေရာတော်၌။
အမှာ။ ။ ဤသုတ်နှင့် နောက်သုတ်၏ ပုံစံများနှင့်စပ်၍ မှတ်ဖွယ်ကို ကစ္စည်းဘာသာဋီကာ၌ ပြထားပြီ။
֍ ၂၀။ ယဝကာရာ စ။ ။ သရေ- နောက်သရကြောင့်၊ ဈလာနံ- ဈ လ အမည်ရှိသော ဣဝဏ် ဥဝဏ်တို့၏၊ ယဝကာရာ စ- အစဉ်အတိုင်း ယ အပြု, ဝ အပြုတို့သည်လည်း၊ ဟောန္တိ- ကုန်၏။ အဂျာ.ဂါရံ, စက္ခာပါတံ စသည်တည်း။
၂၀။ [အဂ္ဂိ + အာဂါရံ = မီးတင်းကုပ်၊ စက္ခု + အာပါတံ = စက္ခု၌ ကျရောက်ခြင်းသို့။] ဤသုတ်ကား သရနှောင်းရာ၌ ဈ အမည်ရှိသော ဣဝဏ်ကို ယ, လ အမည်ရှိသော ဥဝဏ်ကို ဝ ပြုသော သုတ်တည်း။
ရုပ်တွက်။ ။ အဂျာ.ဂါရံကို “အဂ္ဂိ -ါ ဂါရံ”ဟု ပုဒ်ဖြတ်၊ ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈအမည်မှည့်, ယဝကာရာ စသုတ်ဖြင့် -ိ ကို “ယ်”ပြု, ဂ္ဂ်ျ ကို -ါ သို့ကပ်, ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ စသဒ္ဒါဖြင့် ဂ္ဂ ဗျဉ်း ၂ လုံးတွင် ၁ လုံးချေ, အဂျာဂါရံ ပြီး၏။ [ဤရုပ်ကို ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ ဣဝဏ္ဏော ယံ နဝါဖြင့် ယ်ပြု၍လည်း တွက်ပြခဲ့ပြီ၊၊]
စက္ခာပါတံကို “စက္ခု -ါ ပါတံ”ဟု ပုဒ်ဖြတ်၊ ု ကို လအမည်မှည့်, ဤသုတ်ဖြင့် ု ကို ဝ် ပြု, က္ခကို အာသို့ကပ်, စက္ခာပါတံပြီး၏။ [သွာ.ဂတံ= သု+ -ါဂတံ, ဗဟွာဗာဓော=ဗဟု+ -ါဗာဓော” ရုပ်များကိုလည်း တွက်။]
֍ ၂၁။ ပသညဿ စ။ ။ သရေ- ဝိဘတ်အပြုဖြစ်သော သြအာ အံ သရကြောင့်၊ ပသညဿ စ- ပ အမည်ရှိသော ဣဝဏ်၏ လည်း၊ ယကာရော- ယအပြုသည်၊ ဟောတိ- ဖြစ်၏။ ရတျော, ရတျာ, ရတျံ စသည်တည်း။
၂၁။ [ရတျော=ညဉ့်တို့သည်, တို့ကို၊ ရတျာ-ညဉ့်မှ၊ ရတျံ=ညဉ့်၌။] ဤသုတ်ကား ဝိဘတ်ကို ပြုစီရင်၍ ဖြစ်လာသော သြသရ အာသရ အံသရ နှောင်းရာ၌ ပအမည်ရှိသော ဣဝဏ်ကို “ယ်”ပြုသောသုတ်တည်း။
ရုပ်တွက်။ ။ ရတျာကို “ရတ္တိ”လိန်တည်၊ မှဟူ၍ အနက်ပေးသော ကြောင့် ၊ပေ၊ သ္မာဝိဘတ်သက်၊ တေ ဣတ္ထိချာ ပေါသုတ်ဖြင့် -ိ ကို ပအမည်မှည့်, အမာပတော သ္မိံသ္မာနံ ဝါသုတ်ဖြင့် သ္မာဝိဘတ်ကို -ါ ပြု, ပသညဿ စသုတ်ဖြင့် -ိ ကို “ယ်”ပြု, တ္တျ် ကို -ါ သို့ကပ်, ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ စသဒ္ဒါဖြင့် တ္တ ဗျဉ်း ၂ လုံးတွင် ၁ လုံးကိုချေ, ပြီး၏။
ရတျံ၌ သ္မိံဝိဘတ်ကို အမာပတော သ္မိံသ္မာနံ ဝါသုတ်ဖြင့် ပြုရုံသာ -ံ ထူးတော့သည်, ရုပ်တွက်လေ၊ ရတျောကိုကား တတော ယောနမော တု သုတ်ကျမှ တုသဒ္ဒါဖြင့် ယောဝိဘတ်ကို ေ-ါ ပြု၍ စီရင်နိုင်လတ္တံ့။
မတျော-ပညာတို့သည်၊ မတျာ-ပညာမှ၊ မတျံ-ပညာ၌၊ ဤရုပ်များ ကိုလည်း “မတိ” လိန်တည်၍ ရုပ်တွက်လေ၊ ဗျဉ္ဇနော စ ဝိသညောဂေါ သုတ်ဖြင့် တ ၁ လုံးကို မချေရခြင်းသာ ထူးတော့သည်။
֍ ၂၂။ ဂါဝ သေ။ ။ သေ- သဝိဘတ်ကြောင့်၊ ဂေါ- ဂေါသဒ္ဒါ၏ သြသည်၊ အာဝ- အာဝ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂါဝဿ ဟူသည်တည်း။
၂၂။ [ဂါဝဿ-နွားအား, နွား၏။] သဝိဘတ်နှောင်းရာ၌ ဂေါသဒ္ဒါ၏ သြကို အာဝ ပြုသောသုတ်တည်း၊ ဂါ၀ သေ၌ ဂါဝကို ဂေါ + အာဝ”ဟု ပုဒ်ဖြတ်။
ရုပ်တွက်။ ။ ဂါဝဿကို “ဂေါ”လိန်တည်၊ အားဟူ၍ ၊ပေ၊ သဝိဘတ် သက်, ဂ် ခွင်း, ဂါ၀ သေသုတ်ဖြင့် ဂေါသဒ္ဒါ၏ ေ-ါ ကို -ါဝပြု, ဂ်ကို -ါ သို့ ကပ်, သာဂမော သေသုတ်ဖြင့် ရှေ့၌ သ် လာ, ဂါဝဿ ပြီး၏။
֍ ၂၃။ ယောသု စ။ ။ ယောသု စ- ယောဝိဘတ်တို့ကြောင့် လည်း၊ ဂေါ- ဂေါသဒ္ဒါ၏သြသည်၊ အာဝ- အာဝ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂါဝေါ ဟူသည်တည်း။ ယောသု စ၌ စသဒ္ဒါဖြင့် နာ သ္မာ သ္မိံ သုဝိဘတ်တို့ကြောင့် အာဝ အပြုကို ဆည်း၍ ဂါဝေန, ဂါဝါ, ဂါဝေ, ဂါဝေသု ဟု ဖြစ်၏။
၂၃။ [ဂါဝေါ-နွားတို့သည်, နွားတို့ကို၊ ဂါဝေန-နွားဖြင့်၊ ဂါဝါ-နွားမှ၊ ဂါဝေ-နွား၌၊ ဂါဝေသု-နွားတို့၌။]
ရုပ်တွက်။ ။ ဂါဝေါကို ”ဂေါ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ ယော ဝိဘတ်သက်, ဂ် ခွင်း, ယောသု စသုတ်ဖြင့် ဂေါသဒ္ဒါ၏ ေ-ါ ကို -ါ၀ ပြု, ဂ် ကို -ါ သို့ကပ် (ဂါဝယော) တတော ယော နမော တုသုတ်၌ တုသဒ္ဒါဖြင့် ယောဝိဘတ်ကို ေ-ါ ပြု, ဝ် ခွင်း(ဂါဝ်၊ ေ-ါ ) သရလောပေါမာဒေသပစ္စယာ ဒိမှိ စသော သုတ်ဖြင့် ဝ ၏ ၊ ကို ချေ, နယေ ပရံ ယုတ္တေသုတ်ဖြင့် ဝ်ကို ေ-ါ သို့ ကပ်, ဂါဝေါပြီး၏။ [ဂါဝေန စသည်ကား အလိုလို ပြီးလိမ့်မည်။]
֍ ၂၄။ အဝံမှိ စ။ ။ အံမှိ စ- အံ ဝိဘတ်ကြောင့်လည်း၊ ဂေါ- ဂေါသဒ္ဒါ၏ သြသည်၊ အဝ စ- အဝ အပြုသည်လည်းကောင်း၊ အာဝ စ- အာဝ အပြုသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ ဂဝံ, ဂါဝံ ဟူသည်တည်း။ အံမှိ စ၌ စသဒ္ဒါဖြင့် ဂါဝသေ, ယောသုစ ဟူသော ရှေ့ ၂ သုတ်တို့၌ ဆိုအပ်ခဲ့သော “ယောနှစ်လုံးနာ, သနှစ်ဖြာ, သ္မာ သ္မိံ သု”ဟူသော ဝိဘတ်ရှစ်လုံးတို့ကြောင့် အဝ အပြုကို ဆည်း၍ ဂဝေါ, ဂဝေန, ဂဝဿ, ဂဝါ, ဂဝေ, ဂဝေသု ဟု ဖြစ်၏။
၂၄။ အဝံမှိကို “အဝ+အံမှိ”ဟု ပုဒ်ဖြတ်၊ ဂဝံ-နွားကို၊ ဂဝေါ-နွားတို့ သည်, နွားတို့ကို၊ ဂဝေန-နွားဖြင့်၊ ဂဝဿ-နွားအား, နွား၏၊ ဂဝါ-နွားမှ၊ ဂဝေ-နွား၌၊ ဂဝေသု-နွားတို့၌။
ရုပ်တွက်။ ။ ဂဝံကို “ဂေါ”လိန်တည်၊ ကိုဟူ၍ ၊ပေ-ံဝိဘတ်သက်၊ ဂ်ခွင်း(ဂ်ေ-ါ -ံ) အဝံမှိ စသုတ်ဖြင့် ဂေါသဒ္ဒါ၏ ေ-ါ ကို ၊ ဝ ပြု (ဂ် ၊ ဝ -ံ ) နယေ ပရံ ယုတ္တေသုတ်ဖြင့် ဂ်ကို ၊ သို့ကပ်(ဂဝ -ံ ) ဝ်ခွင်း, သရလောပေါ စသောသုတ်ဖြင့် ဝ ၏ ၊ ကို ချေ၍ နောက် -ံ ကိုလည်း -ံ ဟု ပကတိပြု, ဝ် -ံ သို့ကပ်, ဂဝံ ပြီး၏။
[ဂါဝံ၌ “ -ါဝ” ပြုရုံသာထူးသည်၊ ဂဝေါ, ဂဝေန, ဂဝါ, ဂဝေ, ဂဝေသု တို့၌ “ဂေါ”တည်, ဆိုင်ရာဝိဘတ်သက်, အဝံမှိ စသုတ်၌ စသဒ္ဒါဖြင့် ဂေါ၏ ေ-ါ ကို ၊ ဝ ပြု စသည်ဖြင့် တွက်လေ၊ ဂဝဿ၌ကား ဤသုတ်က စသဒ္ဒါဖြင့် အဝ ပြု၍ သာဂမော သေသုတ်ဖြင့် သ် လာရုံသာ။]
֍ ၂၅။ အာဝဿု ဝါ။ ။ အံမှိ- အံဝိဘတ်ကြောင့်၊ အာဝဿ- အာဝ အပြု၏ အသည်၊ ဥ- ဥအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဂါဝုံ ဟူသည်တည်း။
၂၅။ [အာဝဿုကို “အာဝဿ + ဥ”ဟု ပုဒ်ဖြတ်၊ ဂါဝုံ-နွားကို။] အံဝိဘတ်နှောင်းရာ၌ ဂေါသဒ္ဒါ၏ သြကို အဝံမှိ စသုတ်ဖြင့် အာဝပြုပြီး နောက် ဤသုတ်က အာဝ ၏ (ဝထဲ၌ ပါသော) အ ကို ဥ ပြုသည်။
ရုပ်တွက်။ ။ ဂါဝုံကို “ဂေါ”လိန်တည်၊ -ံ ဝိဘတ်သက်, ဂ် ခွင်း, အဝံမှိ စသုတ်ဖြင့် ဂေါသဒ္ဒါ၏ ေ-ါ ကို -ါ၀ ပြု (ဂ် -ါ ဝ -ံ ) ဂ်ကို -ါသို့ ကပ်၊ ဝ် ခွင်း, အာဝဿု ဝါသုတ်ဖြင့် -ါဝ အပြု၏ ၊ ကို ု ပြု (ဂါဝု -ံ ) ဣဝဏ္ဏု ဝဏ္ဏာ ဈလာသုတ်ဖြင့် ု ကို လ အမည်မှည့်၊ အံမောနိဂ္ဂဟီတံ ဈလပေဟိ သုတ်ဖြင့် -ံဝိဘတ်ကို နိဂ္ဂဟိတ်ပြု, ဂါဝုံ ပြီး၏။ [-ံဝိဘတ်ကို နိဂ္ဂဟိတ်ပြု သည့်အခါ ၊ သရပျောက်၍ ဗိန္ဒုအပြောက်သာ ကျန်ပုံကို အံမောနိဂ္ဂဟီတံ ဈလပေဟိသုတ် ကြည့်ပါ။]
֍ ၂၆။ တတောန.မံ ပတိမှာ.လုတ္တေ စ သမာသေ။ ။ ပတိမှိ- ပတိသဒ္ဒါကြောင့်၊ အလုတ္တေ- အလုတ္တဖြစ်သော၊ သမာသေ စ- သမာသ်၌လည်း၊ တတော- ထိုဂေါသဒ္ဒါမှ၊ ပရံ- နောက်ဖြစ်သော၊ နံ- ဝိဘတ်သည်၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂေါဂေါသဒ္ဒါ၏ သြသည်၊ အဝ စ- အဝ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ ဂဝံပတိ စသည်တည်း။ အလုတ္တေ စ၌ စသဒ္ဒါဖြင့် သမာသ်မဟုတ်ရာ၌ နံဝိဘတ်၏ အံ အပြု, ဂေါသဒ္ဒါ၏ သြ၏ အဝ အပြုကို ဆည်း၍ ဂဝံ ဟုလည်း ဖြစ်၏။
၂၆။ [ဂဝံပတိ-ဂဝံပတိမည်သော ရဟန္တာ၊ ဂဝံ-နွားတို့အား, တို့၏။] သမာသ်အရာဝယ် လုတ္တသမာသ် အလုတ္တသမာသ်ဟု၂-မျိုးရှိ၏၊ သမာသ် ဖြစ်ပြီးသောအခါ ဝိဘတ်ကျေလျှင် လုတ္တ, မကျေလျှင် အလုတ္တတည်း၊ ဤသုတ်ကား အလုတ္တသမာသ်မျိုးဝယ် ပတိသဒ္ဒါနှောင်းရာ၌ နံဝိဘတ်ကို -ံ ပြုပြီးလျှင် ဂေါသဒ္ဒါ၏ ေ-ါ ကိုလည်း ဤသုတ်ဖြင့်ပင် ၊ ဝ ပြုရမည်ဟု ဆိုကြသည်၊ ဂဝံပတိရုပ်ကို သမာသ်ကျမှ သမာသ်ရုပ်တွက်ရမည်။
ရုပ်တွက်။ ။ ဂဝံကို “ဂေါ”လိန်တည်၊ တို့အားဟူ၍ ၊ပေ၊ ဗဟုဝုစ် နံဝိဘတ်သက်, ဂ်ခွင်း, တတောန.မံ ပတိမှာ.လုတ္တေ စ သမာသေသုတ်၌ စသဒ္ဒါဖြင့် နံဝိဘတ်ကို -ံ ပြု၍, ဂေါသဒ္ဒါ၏ ေ-ါ ကိုလည်း ၊ ဝ ပြု, ဂ် ၊ သို့ ကပ်, ဝ်ခွင်း, သရလောပေါစသောသုတ်ဖြင့် ၊ ကိုချေ၍ နောက် -ံ ကိုလည်း -ံ ဟု ပကတိပြု, ဂဝံ ပြီး၏။
အမှာ။ ။ အဝံမှိ စ သုတ်၌ အံ ဝိဘတ်ဖြင့်လည်း ဂဝံ ရှိခဲ့သည်၊ ထို့ကြောင့် ဂဝံ ရုပ်ကို အံ ဝိဘတ် နံ ဝိဘတ်ဖြင့် ၂ မျိုးရှိသည်ဟု သိပါ၊ “ဂဝံ၀ သိင်္ဂိနော သိင်္ဂံ”စသော ဇာတ်ပါဠိတော်၌ကား သ ဝိဘတ်ဖြင့်လည်း ဂဝံရုပ် ရှိသေး၏။
֍ ၂၇။ သြ သရေ စ။ ။ သရေ စ- သရကြောင့်လည်း၊ သမာသေ- လုတ္တသမာသ်၌၊ သြ- ဂေါသဒ္ဒါ၏ သြသည်၊ အဝ- အဝ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂဝဿကံ စသည်တည်း။ သရေ စ၌ စသဒ္ဒါဖြင့် သ္မိံဝိဘတ် ယောဝိဘတ်နှောင်းရာ၌ ဥဝဏ်၏ ဥဝ, အဝ, ဥရ အပြုကို ဆည်း၍ ဘုဝိ, ပသဝေါ, ဂုရဝေါ, စတုရော စသည်ဖြစ်၏။
၂၇။ [ဂဝဿကံ-နွား, မြင်း၊ ဘုဝိ-မြေ၌၊ ပသဝေါ-သားကောင်တို့သည်, တို့ကို၊ ဂုရဝေါ-ဆရာတို့သည်, တို့ကို၊ စတုရော-၄ ခုတို့သည်, တို့ကို။] ဤသုတ်ကား လုတ္တသမာသ်အရာဝယ် သရနှောင်းရာ၌ ဂေါသဒ္ဒါ၏ သြကို အဝ ပြုသောသုတ်တည်း၊ ဂဝဿကံကို သမာသ်တွင်းရောက်မှ ကျနစွာ ရုပ်တွက်နိုင်မည်၊ ဤ၌ အကျဉ်းမျှ တွက်ပါ။
ရုပ်တွက်။ ။ ဂဝဿကံကို “ဂေါ ၊ ဿကံ”ဟု ပုဒ်ဖြတ်၊ ဂ်ခွင်း, သြ သရေ စသုတ်ဖြင့် ဂေါသဒ္ဒါ၏ ေ-ါ ကို အဝပြု, ဂ်ကို ၊ သို့ကပ်, ဝ်ခွင်း, သရလောပေါစသောသုတ်ဖြင့် ဝ်၏ ၊ ကိုချေ, ဝ်ကို ၊ သို့ကပ်, ဂဝဿကံ ပြီး၏။ [ဘုဝိ, ပသဝေါ, ဂုရုဝေါ, စတုရော တို့ကို တတော ယော နမော တု, တတော သ္မိမိသုတ်ကျမှ ရုပ်တွက်ရမည်။]
֍ ၂၈။ တဗ္ဗိပရီတု.ပပဒေ ဗျဉ္ဇနေ စ။ ။ ဗျဉ္ဇနေစ- ဗျဉ်းကြောင့် လည်း၊ ဥပပဒေ- နာမ်, ဓာတ်တို့၏ အနီးပုဒ်၌၊ အဝဿ- အဝ သဒ္ဒါ၏၊ တဗ္ဗိပရီတော- ထို သြ၏ ဝိပရိတ်ဟု, ဥ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဥဂ္ဂတေ, ဥဂ္ဂစ္ဆတိ စသည်တည်း။
၂၈။ [ဥဂ္ဂတေ + အဝဂတေ - သက်လျှောသည်ရှိသော်၊ ဥဂ္ဂစ္ဆတိအဝဂစ္ဆတိ-သက်လျှော၏။] နာမ်အနီး ဓာတ်အနီး (ရှေ့က)ပုဒ်ကို “ဥပပဒ”ဟု ခေါ်၏။ [ဥပ-အနီးဖြစ်သော+ပဒ=ပုဒ်။] အဝဂတေ၌ ဂတေကား နာမ်, ဥဂ္ဂစ္ဆတိ၌ ဂစ္ဆတိကား ဓာတ်တည်း, အဝကား ဥပပဒ တည်း၊ ဤသုတ်က “အဝ ကို ဥ ပြု”ဟု ဆိုလိုသော်လည်း, ဥ ကို သြ ၏ ဝိပရီတ ခေါ်သည်ဟု အခေါ်တစ်မျိုးကို နားလည်စေလိုသောကြောင့် “တဗ္ဗိပရီတ-ထိုသြ၏ ဝိပရိတ် ပြု”ဟု ဆိုထားသည်။
ရုပ်တွက်။ ။ ဥဂ္ဂတေကို “အဝဂတေ”ဟု ပုဒ်ဖြတ်၊ တဗ္ဗိပရီတုပပဒေ ဗျဉ္ဇနေ စသုတ်ဖြင့် အဝကို သြ၏ ဝိပရိတ် ဥပြု (ဥဂတေ), ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် ဂ၏ သဒိသဒွေးဘော် ဂ်လာ, ဥဂ္ဂတေ ပြီး၏။ [ဥဂ္ဂစ္ဆတိ ကိုလည်း အဝဂစ္ဆတိ တည်၍ ရုပ်တွက်။]
֍ ၂၉။ ဂေါဏ နံမှိ ဝါ။ ။ နံမှိ- နံဝိဘတ်ကြောင့်၊ ဂေါ- ဂေါ သဒ္ဒါသည်၊ ဂေါဏ- ဂေါဏ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဂေါဏာနံ ဟူသည်တည်း။
၂၉။ [ဂေါဏာနံ-နွားတို့အား, နွားတို့၏။]
ရုပ်တွက်။ ။ ဂေါဏာနံကို “ဂေါ”လိန်တည်, တို့အားဟူ၍ ၊ပေ၊ စတုတ္ထီ ဗဟုဝုစ် နံဝိဘတ်သက်၊ ဂေါဏ နံမှိ ဝါသုတ်ဖြင့် ဂေါသဒ္ဒါကို ဂေါဏပြု၊ ဏ်ခွင်း, သုနံဟိသု စသုတ်ဖြင့် ဏ၏ အစိတ် ၊ ကို -ါ ပြု, ဏ်ကို -ါ သို့ ကပ်, ဂေါဏာနံ ပြီး၏။
֍ ၃၀။ သုဟိနာသု စ။ ။ သုဟိနာသု စ- သုဝိဘတ်, ဟိဝိဘတ်, နာဝိဘတ်တို့ကြောင့်လည်း၊ ဂေါ- ဂေါ သဒ္ဒါသည်၊ ဂေါဏ- ဂေါဏ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂေါဏေသု, ဂေါဏေဟိ, ဂေါဏေန ဟူသည်တည်း။ စသဒ္ဒါဖြင့် ဂေါဏ နံမှိ ဝါ, သုဟိနာ သု စ ဤ ၂ သုတ်တို့၌ တိုက်ရိုက်ပါသော ဝိဘတ်တို့မှ ကြွင်း ကျန်သမျှ သိစသော ဝိဘတ်တို့ကြောင့် ဂေါသဒ္ဒါ၏ ဂေါဏ အပြုကိုလည်းကောင်း, နံဝိဘတ်နှောင်းရာ၌ ဂု အပြုကိုလည်း ကောင်း ဆည်းယူသည်။
၃၀။ [ဂေါဏေသု-နွားတို့၌၊ ဂေါဏေဟိ-နွားတို့ဖြင့်, တို့မှ၊ ဂေါဏေနနွားဖြင့်။] ဤရုပ်များသည် သုဟိသွကရော ဧ, အတောနေနသုတ်တို့၌ ပြီးလတ္တံ့၊ စသဒ္ဒါဖြင့် ဂေါဏော (သိ), ဂေါဏာ (ယော), ဂေါဏံ (အံ), ဂေါဏဿ (သ), ဂေါဏာနံ (နံ), ဂေါဏသ္မာ (သ္မာ), ဂေါဏသ္မိံ (သ္မိံ), ဂုန္နံ (နံဝိဘတ်, ဂေါသဒ္ဒါကို ဂု ပြု, နော စ ဒွါဒိတော နံမှိသုတ်၌ စသဒ္ဒါဖြင့် န် လာ) ရှေ့သုတ်နှင့် ဤသုတ် ပေါင်းလျှင် ဝိဘတ် ၇ သွယ်၌ ဂေါဏ အပြု ပြည့်စုံ၏။
֍ ၃၁။ အံမော နိဂ္ဂဟီတံ ဈလပေဟိ။ ။ ဈလပေဟိ- ဈ လ ပ တို့မှ၊ ပရော- နောက်ဖြစ်သော၊ အံမော- အံ ဝိဘတ် မ အက္ခရာ သည်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ဟောတိ- ဖြစ်၏။ အဂ္ဂိံ, ဘိက္ခုံ, ပုလ္လိင်္ဂံ စသည်တည်း။
၃၁။ [အဂ္ဂိံ-မီးကို၊ ဘိက္ခုံ-ရဟန်းကို၊ ပုလ္လိင်္ဂံ=ပုလ္လိန်။] ဤသုတ်ကား ဣဝဏ္ဏုဝဏ္ဏာ ဈလာ, တေ ဣတ္ထိချာ ပေါသုတ်ဖြင့် ဣဝဏ် ဥဝဏ်ကို ထိုက်သင့်သလို ဈ လ ပ အမည်မှည့်ပြီးနောက် အံဝိဘတ် မအက္ခရာကို နိဂ္ဂဟိတ်ပြုသော သုတ်တည်း၊ နိဂ္ဂဟိတ်ပြုတဲ့အခါ အ သရပျောက်၍ ဗိန္ဒုပြောက်(သေးသေးတင်)သာ ကျန်သည်၊ ထို့ကြောင့် ဤသုတ်ဖြင့် အံကို နိဂ္ဂဟိတ်ပြုခြင်းသည် အ သရကျေပျောက်ခြင်းအကျိုးရှိ၏ဟု မှတ်။
အ သရပျောက်၍ ကျန်ရစ်သော ထိုဗိန္ဒုပြောက်လည်း မိမိမှီရာသရ မရှိ၍ ရှေ့သရကို အလိုလို ကပ်ရောက်သည်၊ ဥပမာ…သစ်ပင် ၂ ပင် ရှိရာတွင် အနောက်သစ်ပင်၌ ငှက်တစ်ကောင် နားနေစဉ် ထိုသစ်ပင်ကို ခုတ်လိုက်သည့်အခါ ငှက်သည် အရှေ့သစ်ပင်သို့ အလိုလို ကူးပြောင်း သွားသကဲ့သို့တည်း၊ သစ်ပင် ၂ ပင်နှင့် ရှေ့နောက် သရ ၂ လုံး, ငှက်နှင့် နိဂ္ဂဟိတ်, ငှက်နားနေရာသစ်ပင်ကို ခုတ်ခြင်းနှင့် နိဂ္ဂဟိတ်၏မှီရာသရ ပျောက်ခြင်းတို့ တူကြသည်။ [ဤနည်းကို “ရုက္ခသကုဏ (သစ်ပင်နှင့် ငှက်)နည်း”ဟု ခေါ်သည်။]
ရုပ်တွက်။ ။ အဂ္ဂိံကို “အဂ္ဂိ”လိန်တည်, ကိုဟူ၍ ၊ပေ၊ -ံဝိဘတ်သက်၊ ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈအမည်မှည့်, အံမော နိဂ္ဂဟီတံ ဈလပေဟိသုတ်ဖြင့် -ံ ဝိဘတ်ကို နိဂ္ဂဟိတ်ပြု, အဂ္ဂိံ ပြီး၏။
အာဒိတော သြ စသုတ်က အာဒိံကို “အာဒိ”လိန်တည်၊ ၌ဟူ၍ ၊ပေ၊ သ္မိံဝိဘတ်သက်, အာဒိတော သြ စသုတ်ဖြင့် သ္မိံကို -ံ ပြု, -ိ ကို ဈမှည့်, ဤသုတ်ဖြင့် -ံ ကို နိဂ္ဂဟိတ် ပြုလေ။
ဘိက္ခုံကို “ဘိက္ခု”လိန်တည်၊ -ံ ဝိဘတ်သက်, ု ကို လ အမည်မှည့်ရုံ သာ၊ ပုလ္လိင်္ဂံ ကို ပုမဿ လိင်္ဂါဒီသု သမာသေသုသုတ်ကျမှ တွက်၊ ဒဏ္ဍိံ (တုတ်ရှိသူကို), သယမ္ဘုံ (ဘုရားကို)စသော ရုပ်များလည်း ဤသုတ်နှင့် ဆိုင်၏၊ အဃော ရဿမေကဝစနယောသွပိ စသုတ်ကျမှ ရုပ်တွက်။
֍ ၃၂။ သရလောပေါ.မာဒေသပစ္စယာဒိမှိ, သရလောပေ တု ပကတိ။ ။ အမာဒေသပစ္စယာဒိမှိ- အံဝိဘတ်, အာဒေသ, ပစ္စည်း, အာဂုံသရကြောင့်၊ သရလောပေါ- ရှေ့သရ၏ ကျေခြင်းသည်၊ ဟောတိ- ဖြစ်၏၊ သရလောပေ- ရှေ့သရကျေပြီးသည်ရှိသော်၊ ပကတိ- နောက်သရ၏ ပကတိအဖြစ်သည်၊ ဟောတိ- ဖြစ်၏၊ တု- ရှေ့သရ မကျေသော အရာလည်း ရှိသေး၏။ပုရိသံ, ပုရိသေ, ပါပိယော စသည်တည်း။
၃၂။ အံဝိဘတ်နှောင်းရာ၌ဖြစ်စေ, တစ်စုံတစ်ခုကို ပြုစီရင်ထားသော အာဒေသသရ နှောင်းရာ၌ဖြစ်စေ, အာ ဤ ဣနီ စသော ပစ္စည်းသရ နှောင်းရာ၌ဖြစ်စေ (ပစ္စယာဒိမှိ၌ အာဒိဖြင့် အာချာတ် ကိတ်အရာဝယ် ဣကာရာဂမော အသဗ္ဗဓာတုကမှိ, ဣဝဏ္ဏာဂမော ဝါ, ယထာ.ဂမမိ ကာရောသုတ်တို့ဖြင့် လာသော အာဂုံသရကို ယူ၍ ထိုအာဂမခေါ်) အာဂုံသရနှောင်းရာ၌ဖြစ်စေ ဤသုတ်ဖြင့် ရှေ့သရကို ချေရမည်၊ ထိုသို့ ရှေ့သရချေပြီးမှ နောက်သရကို ပကတိအတိုင်း နေပေစေ, (တစ်စုံတစ်ခု မပြုစီရင်ရ ဟု) ပြဆိုသော သုတ်တည်း၊ ဝိဓိ ရှစ်မျိုးတွင် လောပဝိဓိ, ပတိသေဓဝိဓိ ၂ မျိုးပါသောသုတ်ဟု မှတ်။
တုသဒ္ဒါက ဘိက္ခုနီ (ဘိက္ခု+ဣနီ) စသည်၌ ရှေ့သရကို မချေဖို့ရန် တားမြစ်၏၊ ရှေ့သရ မချေလျှင်ကား ဤသုတ်ဖြင့် နောက်သရကို ပကတိ ပြုခွင့်လည်း မရှိပြီ၊ ပုရိသံ-ယောက်ျားကို (အံဝိဘတ်ပုံစံ), ပုရိသေ-တို့ကို (အာဒေသပုံစံ), ပါပိယော-အထူးယုတ်မာသူ (ပစ္စည်းပုံစံ)။
ရုပ်တွက်။ ။ ပုရိသံကို “ပုရိသ”လိန်တည်၊ ကိုဟူ၍ ၊ပေ၊ -ံ ဝိဘတ် သက်, သ်ခွင်း (ပုရိသ် -ံ ), သရလောပေါမာဒေသပစ္စယာဒိမှိ သရ လောပေ တု ပကတိသုတ်ဖြင့် ရှေ့ ၊ သရကို ချေ၍ -ံ ကိုလည်း -ံ ဟု ပကတိပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သ်ကို -ံ သို့ကပ်, ပုရိသံ ပြီး၏။ [ပုရိသေ ပါပိယော တို့ကို နောက်မှ တွက်။]
သရာ သရေနှင့်ဤသုတ် ခွဲခြားပုံ။ ။ သန္ဓိကိစ္စ၌ တစ်ဝိဘတ်ဆုံးသော ရှေ့တစ်ပုဒ်နှင့်နောက်တစ်ပုဒ်ကို စပ်ဟပ်ပေးဖို့ အရေးကြီး၏၊ သို့ဖြစ်၍ ၂ ပုဒ်ရှိရာ၌ နောက်ပုဒ်က အစသရကြောင့် ရှေ့ပုဒ်က အဆုံးသရကို ချေလိုလျှင် သရာ သရေ လောပံသုတ်ဖြင့် ချေရမည်၊ (ယဿိန္ဒြိယာနိ= ယဿ+ -ိ န္ဒြိယာနိကို ကြည့်)၊ တစ်ပုဒ်တည်း၌ နောက်သရကြောင့် ရှေ့ သရကို ချေလိုလျှင် ဤ သရလောပေါသုတ်ဖြင့် ချေရမည်၊ (ပုရိသံ ကြည့်), ဤသို့ (ခွဲခြား)သင့်သည်။
[ဆောင်] ၁။ နှစ်ပုဒ်စပ်ရာ, ချေသောခါ, သရာ သရေသုတ်။၂။ တစ်ပုဒ်တည်းမျှ, ချေလိုက, သရလောပေါသုတ်။
֍ ၃၃။ အဃော ရဿ.မေကဝစနယောသွပိ စ။ ။ ဧက ဝစနယောသု- ဧကဝုစ်ဝိဘတ်, ယောဝိဘတ်တို့ကြောင့်၊ အဃော- ဃ မမည်သော ဒီဃသရသည်၊ ရဿံ- ရဿအဖြစ်သို့၊ အာပဇ္ဇတေ စ- ရောက်သည်သာလျှင်တည်း။ အပိ- သိဝိဘတ် ကြောင့် မရောက်သည်လည်း ရှိသေး၏။သာ, ဣတ္ထိံ, သယမ္ဘုံ စသည်တည်း။
၃၃။ [သာ-ခွေးတို့သည်၊ ဣတ္ထိံ-မိန်းမကို၊ သယမ္ဘုံ-ဘုရားကို။] ဤသုတ် ကား ဧကဝုစ်ဝိဘတ်စုနှင့် ယောဝိဘတ်နှောင်းရာ၌ ဃ အမည် မရှိသော အာ ဤ ဥု ဒီဃသရများကို ရဿပြုသောသုတ်တည်း၊ အပိသဒ္ဒါက သိဝိဘတ်နှောင်းရာ၌ အချို့ ရဿ မပြုရဟု တားမြစ်၏၊ စသဒ္ဒါက သိဝိဘတ်မှ တစ်ပါးသော ဧကဝုစ်ဝိဘတ်စုနှင့် ယောဝိဘတ်ကြောင့် အမြဲ ပြုလေဟု ခိုင်မြဲစေသည်။ [“ဧဝလည်း ထိုင်, စလည်း ထိုင်, လှံကိုင် ခွေးခေါ်နည်း”ဟူသော နိယာမ်မှာ ဆည်းဖွယ် ခေါ်ဖွယ် အနက်မရှိသဖြင့် ဤသုတ်နှင့် မဆိုင်။]
“ဃ အမည် မရှိသော ဒီဃသရကို ရဿပြု”ဟု ဆိုသောကြောင့် “အာ ဃော” သုတ်ဖြင့် ဃ အမည်မှည့်ထားသော ဣတ္ထိလိန်အရာ၌ အာဒီဃကို ရဿ မပြုရ၊ ဣတ္ထိလိန် မဟုတ်၍ ဃ မမှည့်ရသော “သာ” ကဲ့သို့သော အာဒီဃနှင့် ဤ ဥု ဒီဃတို့ကိုကား ရဿပြုရသည်။
ရုပ်တွက်။ ။ သာကို “သာ”လိန်တည်၊ တို့သည်ဟူ၍၊ပေ၊ ယောဝိဘတ် သက်, သ်ခွင်း, အဃော ရဿမေကဝစနယောသွပိ စသုတ်ဖြင့် -ါ ကို ၊ ရဿပြု, သဗ္ဗယောနီနမာဧသုတ်ဖြင့် ပဌမာယောဝိဘတ်ကို အာ ပြု, သရလောပေါမာဒေသ ပစ္စယာဒိမှိ သရလောပေ တု ပကတိသုတ်ဖြင့် ရှေ့သရကို ချေ၍ နောက် -ါ ကိုလည်း -ါ ဟု ပကတိပြု, သ်ကို -ါ သို့ ကပ်, သာ ပြီး၏။
ဣတ္ထိံကို “ဣတ္ထီ”လိန်တည်, ကိုဟူ၍၊ပေ၊ -ံ ဝိဘတ် သက်, တ္ထ်ခွင်း, တေ ဣတ္ထိချာ ပေါသုတ်ဖြင့် -ိ ကို ပအမည်မှည့်, အဃော ရဿ၊ပေ၊ပိစ သုတ်ဖြင့် -ီ ကို -ိ ရဿပြု (ဣတ္ထ် -ိ -ံ ) အံမောနိဂ္ဂဟီတံ ဈလပေဟိ သုတ်ဖြင့် -ံ ဝိဘတ်ကို နိဂ္ဂဟိတ်ပြု (ဣတ္ထ် -ိ -ံ) တ္ထ်ကို -ိ -ံ သို့ကပ်, ဣတ္ထိံ ပြီး၏။ [သယမ္ဘုံ ကိုလည်း “သယမ္ဘူ” လိန်တည်၊ ဣဝဏ္ဏုဝဏ္ဏာ ဈလာ သုတ်ဖြင့် ူ ကို လ အမည်မှည့်, ူ ကို ု ရဿ ပြုရုံသာ ထူးသည်၊ ဒဏ္ဍိံကို ဒဏ္ဍီတည်၊ -ီ ကို ဈမှည့်၍ -ိ ရဿပြုရုံသာ ထူးသည်။]
֍ ၃၄။ န သိသ္မိ.မနပုံသကာနိ။ ။ သိသ္မိံ- သိဝိဘတ်ကြောင့်၊ အနပုံသကာနိ- နပုံလိန်မဟုတ်သော ဣတ္ထိလိန် ပုလ္လိန်တို့သည်၊ န- အဃော ရဿသုတ်ဖြင့် ရဿမဖြစ်ကုန်။ ဣတ္ထီ, သယမ္ဘူ စသည်တည်း။ နပုလ္လိန်၌ကား ဤသုတ်က မတားမြစ်သော ကြောင့် အဃော ရဿသုတ်ဖြင့် ရဿ ပြု၍ သုခကာရိ, ဂေါတြဘု စသည်ဖြစ်၏။
၃၄။ [ဣတ္ထီ-မိန်းမသည်၊ သယမ္ဘူ-ဘုရားသည်၊ သုခကာရိ-ချမ်းသာကို ပြုလေ့ရှိသော ဒါနသည်၊ ဂေါတြဘု-ဂေါတြဘုစိတ်သည်။] ဤသုတ်ကား အဃော ရဿသုတ်က “ဧကဝုစ်ဝိဘတ်နှောင်းရာ၌ ရဿပြု”ဟု ဧကဝုစ် အားလုံးကို သိမ်းကြုံးပြောထားသောကြောင့် စကားလွန်နေသည့်အတွက် “ဣတ္ထိလိန် ပုလ္လိန်၌ သိဝိဘတ် နှောင်းလျှင် ရဿ မပြုပါနှင့်” ဟု စကားလွန်ကို ပြန်နုတ်သည်။
အဃော ရဿသုတ်တုန်းက အပိသဒ္ဒါလည်း ထိုစကားလွန်ကို ပြန်၍ နုတ်ရှာပေ၏၊ သို့သော် “မည်သည့် လိန်အရာဝယ် မည်သည့် ဝိဘတ် နှောင်းရာ၌” ဟု တပ်အပ်တိတိ မပြနိုင်သည့်အတွက် ဤ န သိသ္မိမ နပုံသကာနိသုတ်က ကျကျနန သတ်မှတ်ပြရလေသည်၊ အချုပ်မှာ… အဃော ရဿသုတ်က အပိသဒ္ဒါနှင့် ဤ န သိသ္မိမနပုံသကာနိသုတ် သည် “ဣတ္ထိလိန် ပုလ္လိန်အရာဝယ် သိဝိဘတ်နှောင်းလျှင် ရဿ မပြုရ” ဟု တားမြစ်လိုခြင်းအားဖြင့် သဘောတူမျှသည် ဟူလို။
ရုပ်တွက်။ ။ ဣတ္ထီကို “ဣတ္ထီ”လိန်တည်၊ သည်ဟူ၍၊ပေ၊ သိဝိဘတ် သက်၊ အဃော ရဿမေကဝစနယောသွပိ စသုတ်ဖြင့် -ိ ကို -ိ ရဿပြုသင့်သော်လည်း န သိသ္မိမနပုံသကာနိသုတ်က တားမြစ်သောကြောင့် မပြုရ, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိဝိဘတ်ကို ချေ၊ ဣတ္ထီ ပြီး၏၊၊ ဟသယမ္ဘူကို “သယမ္ဘူ”လိန်တည်၊ ဝဓူကိုလည်း “ဝဓူ”လိန်တည်၊ တုတ်ရှိသူကို ဟောသော ဒဏ္ဍီကိုလည်း “ဒဏ္ဍီ”လိန်တည်၍ တွက်။]
သုခကာရိကို “သုခကာရီ”လိန်တည်၊ သည်ဟူ၍၊ပေ၊သိဝိဘတ်သက်၊ ရ် ခွင်း, (အပိသဒ္ဒါ, န သိသ္မိမနပုံကာနိသုတ်တို့က နပုံလိန်အရာ၌ မတားမြစ်သောကြောင့်) အဃော ရဿ စသောသုတ်ဖြင့် -ီ ကို -ိရဿပြု, ရ် - သို့ ကပ်, ပြီး၏။ [ဂေါတြဘုကို “ဂေါတြဘူ”တည်၊ ဥုကို ရဿပြုရုံသာ ထူးသည်၊ လျင်မြန်စွာ သွားလေ့ရှိသော စိတ်ကို ဟောသော “သီဃယာယိ”သဒ္ဒါကို “သီဃယာယီ”တည်၍ တွက်။]
֍ ၃၅။ ဥဘာဒိတော န.မိန္နံ။ ။ ဥဘာဒိတော- ဥဘအတူရှိသော သင်္ချာသဒ္ဒါမှ၊ ပရံ- နောက်ဖြစ်သော၊ နံ- နံဝိဘတ်သည်၊ ဣန္နံ- ဣန္နံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဥဘိန္နံ စသည်တည်း။
၃၅။ [ဥဘိန္နံ-ဒုဝိန္နံ-နှစ်ခုတို့အား, နှစ်ခုတို့၏။] ဥဘာဒိ၌ အာဒိသဒ္ဒါ သည် “အတူ”ဟူသော အနက်ဟောတည်း၊ ထို့ကြောင့် ၂-ခုသင်္ချာ ဟောချင်းလည်း တူ, အက္ခရာ ၂-လုံးချင်းလည်း တူသော “ဒုဝိ”ကို အာဒိဖြင့် ယူ။
ရုပ်တွက်။ ။ ဥဘိန္နံကို “ဥဘ”လိန်တည်၊ တို့အားဟူ၍၊ပေ၊ နံဝိဘတ် သက်၊ ဥဘာဒိတော န.မိန္နံသုတ်ဖြင့် နံဝိဘတ်ကို -ိန္နံ ပြု, ဘ်ခွင်း, ချေ, ဘ် ကို -ိ သို့ ကပ်, ဥဘိန္နံ ပြီး၏။ [အာဒိသဒ္ဒါဖြင့် ဒုဝိကို ယူ၍ ဒုဝိန္နံ ဟု ကစ္စည်းကျမ်း ဆို၏၊ ယောသု ဒွိန္နံ ဒွေ စသုတ်ကျမှ ရုပ်တွက်ရလတ္တံ၊၊]
֍ ၃၆။ ဣဏ္ဏ.မိဏ္ဏန္နံ တိဟိ သင်္ချာဟိ။ ။ တိဟိ- တိဟူကုန်သော၊ သင်္ချာဟိ- သင်္ချာသဒ္ဒါတို့မှ၊ ပရံ- နောက်ဖြစ်သော၊ နံ- နံဝိဘတ် သည်၊ ဣဏ္ဏ.မိဏ္ဏန္နံ- ဣဏ္ဏံအပြု, ဣဏ္ဏန္နံအပြုသည်၊ ဟောတိ- ဖြစ်၏။ တိဏ္ဏံ, တိဏ္ဏန္နံ ဟူသည်တည်း။
၃၆။ [တိဏ္ဏံ, တိဏ္ဏန္နံ - ၃ ခုတို့အား, တို့၏။] ၁-၂-၃ စသော အရေအတွက် သင်္ချာကို ဟောသည့် သဒ္ဒါများကို သင်္ချာသဒ္ဒါဟု ခေါ်၏၊ ထို့ကြောင့် “တိဟိ သင်္ချာဟိ”ဟု ဆိုပေသည်။
ရုပ်တွက်။ ။ တိဏ္ဏံကို “တိ”လိန်တည်၊ တို့အားဟူ၍၊ပေ၊ နံဝိဘတ် သက်, ဣဏ္ဏမိဏ္ဏန္နံ တိဟိ သင်္ချာဟိသုတ်ဖြင့် နံဝိဘတ်ကို -ိဏ္ဏံ ပြု, တ်ခွင်း, သရလောပေါ စသောသုတ်ဖြင့် နောက် - သရကြောင့် ရှေ့ -ိ ချေ, တ်ကို -ိ သို့ကပ်, တိဏ္ဏံ ပြီး၏။ [တိဏ္ဏန္နံကိုလည်း -ိဏ္ဏန္နံ ပြု၍ ရုပ်တွက်လေ။]
֍ ၃၇။ ယောသု ကတနိကာရလောပေသု ဒီဃံ။ ။ ကတ နိကာရလောပေသု- ပြုအပ်ပြီးသော နိအက္ခရာ, ပြုအပ်ပြီးသော ကျေခြင်းရှိကုန်သော၊ ယောသု- ယောဝိဘတ်တို့ကြောင့်၊ သရာ- သရတို့သည်၊ ဒီဃံ- ဒီဃအဖြစ်သို့၊ အာပဇ္ဇန္တေ- ရောက်ကုန်၏။ အဋ္ဌီနိ, အဋ္ဌီ စသည်တည်း။
၃၇။ [အဋ္ဌီနိ, အဋ္ဌီ-အရိုးတို့သည်, တို့ကို။] ဤသုတ်ကား ယောဝိဘတ် ကို “အတော နိစ္စံ, ယောနံ နိ နပုံသကေဟိ”သုတ်တို့ဖြင့် နိ ပြုပြီးသော် လည်းကောင်း, သို့မဟုတ် “ဃပတော စ ယောနံ လောပေါ”သုတ်ဖြင့် ချေပြီးသော်လည်းကောင်း ရှေ့ ရဿသရကို ဒီဃပြုသော သုတ်တည်း။
ရုပ်တွက်။ ။ အဋ္ဌီနိကို “အဋ္ဌိ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ ယော ဝိဘတ်သက်, ယောနံ နိ နပုံသကေဟိသုတ်ဖြင့် ယောဝိဘတ်ကို နိ ပြု (အဋ္ဌီနိ), ဌ် ခွင်း, ယောသု ကတနိကာရလောပေသု ဒီဃံသုတ်ဖြင့် ရှေ့ -ိ သရကို -ီ ဒီဃပြု, ဌ် ကို -ီ သို့ ကပ်, ပြီး၏။
အဋ္ဌီကို “အဋ္ဌိ” လိန်တည်၊ ယောဝိဘတ် သက်, -ိ ကို ဈ မှည့်, ဃပတော စ ယောနံ လောပေါသုတ်ဖြင့် ယောဝိဘတ်ကို ချေ, ဤ သုတ်ဖြင့် -ိ ကို -ီ ဒီဃပြု၊ ရတ္တီ (ညဉ့်တို့သည်), ယာဂူ (ယာဂုတို့သည်) ဟူသော ရုပ်များလည်း အဋ္ဌီအတိုင်းပင်၊ ဣတ္ထိလိန်ဖြစ်၍ တေ ဣတ္ထိချာ ပေါသုတ်ဖြင့် ပ အမည်မှည့်ရုံသာထူးသည်။
֍ ၃၈။ သုနံဟိသု စ။ ။ သုနံဟိသု- သုဝိဘတ်, နံဝိဘတ်, ဟိဝိဘတ် တို့ကြောင့်၊ သရာ- သရတို့သည်၊ ဒီဃံ- ဒီဃအဖြစ်သို့၊ အာပဇ္ဇန္တေ- ရောက်ကုန်၏၊ စ- မရောက်သည်လည်း ရှိသေး၏။ အဂ္ဂီသု, ဘိက္ခူနံ, အာယူဟိ စသည်တည်း။
၃၈။ [အဂ္ဂီသု-မီးတို့၌၊ ဘိက္ခူနံ-တို့အား, တို့၏၊ အာယူဟိ-အသက် တို့ဖြင့်, တို့မှ။] စသဒ္ဒါက “ဒီဃ မဖြစ်သည်လည်း ရှိ၏”ဟု တားမြစ် သောကြောင့် အဂ္ဂိသု, ဘိက္ခုနံ, အာယုဟိ စသော ရဿရုပ်များလည်း ရှိကောင်း၏။
ရုပ်တွက်။ ။ အဂ္ဂီသုကို “အဂ္ဂိ”လိန်တည်၊ တို့၌ဟူ၍ ၊ပေ၊ သုဝိဘတ် သက်, ဂ္ဂ် ခွင်း (အဂ္ဂ် -ိ သု), သုနံဟိသု စသုတ်ဖြင့် -ိ ကို -ီ ဒီဃပြု, ဂ္ဂ်ကို -ီ သို့ ကပ်, အဂ္ဂီသု ပြီး၏။ [ဘိက္ခူနံကို “ဘိက္ခု”တည်၊ အာယူဟိကို “အာယု”တည်၊ ဆိုင်ရာ ဝိဘတ်သက်၍ ဒီဃပြုလေ၊ အဂ္ဂိသု စသည်ကား ဆိုင်ရာ ဝိဘတ်သက်ရုံမျှဖြင့် ပြီး၏။]
֍ ၃၉။ ပဉ္စာဒီန.မတ္တံ။ ။ သုနံဟိသု- သုဝိဘတ်, နံဝိဘတ်, ဟိဝိဘတ်တို့ကြောင့်၊ ပဉ္စာဒီနံ- ပဉ္စ အစ, အဋ္ဌာရသ အဆုံးရှိသော သင်္ချာသဒ္ဒါတို့၏ အဆုံး အ သည်၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ပဉ္စသု, ပဉ္စန္နံ, ပဉ္စဟိ စသည်တည်း။
၃၉။ [ပဉ္စသု-ငါးခုတို့၌၊ ပဉ္စန္နံ-ငါးခုတို့အား, တို့၏၊ ပဉ္စဟိ-ငါးခုတို့ဖြင့်, တို့မှ။] ကစ္စည်းကျမ်း၌ “အတ္တံ”ဟူသော ဘာဝနိဒ္ဒေသဖြင့် စီရင်သော ရုပ်များကို ရူပသိဒ္ဓိက “နော စ ဒွါဒိတော နံမှိ”သုတ်ဖြင့် စီရင်ထားပြီ။ [ပဉ္စာဒိ၌ အာဒိသဒ္ဒါဖြင့် ယူရသောပုဒ်များကို ပဉ္စာဒီနမကာရောသုတ်၌ ကြည့်၊ အ ကို (အ)ထပ်ပြုခြင်းသည် သုနံဟိသု စ, သုဟိသွကာရော ဧ သုတ်တို့၏ ဧ အပြု, ဒီဃအပြုကို တားမြစ်ရခြင်းအကျိုးရှိ၏။]
ရုပ်တွက်။ ။ ပဉ္စသုကို “ပဉ္စ”လိန်တည်၊ တို့၌ဟူ၍၊ပေ၊ သုဝိဘတ် သက်, ဉ္စ်ခွင်း, ပဉ္စာဒီန.မတ္တံသုတ်ဖြင့် ၊ ကို ၊ ထပ်ပြု, ဉ္စ်ကို ၊ သို့ကပ်, ပဉ္စသု ပြီး၏။ [ပဉ္စန္နံ၌ ပဉ္စ တည်, နံဝိဘတ်သက်၊ ဤသုတ်ဖြင့် ၊ ကို ၊ ထပ်ပြု, နော စ ဒွါဒိတော နံမှိသုတ်ဖြင့် န် အက္ခရာလာ, ပဉ္စဟိ၌ ဟိဝိဘတ်သက်၍ ၊ ကို ၊ ထပ်ပြုရုံသာ။]
֍ ၄၀။ ပတိဿိ.နီမှိ။ ။ ဣနီမှိ- ဣနီပစ္စည်းကြောင့်၊ ပတိဿ- ပတိသဒ္ဒါ၏အဆုံး ဣသည်၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဂဟပတာနီ ဟူသည်တည်း။
၄၀။ [ဂဟပတာနီ-အိမ့်ရှင်မ။] ဣနီပစ္စည်းနှောင်းရာ၌ ပတိသဒ္ဒါ၏ အဆုံး -ိ ကို ၊ ပြုသောသုတ်တည်း၊ ရုပ်ကို ပတိဘိက္ခုရာဇီကာရန္တေဟိ ဣနီသုတ်ကျမှ တွက်ရလတ္တံ့။
֍ ၄၁။ န္တုဿ.န္တော ယောသု စ။ ။ ယောသု စ- ယောဝိဘတ်တို့ ကြောင့်လည်းကောင်း၊ သုဟိနံသု စ- သုဝိဘတ်, နံဝိဘတ်, ဟိ ဝိဘတ်တို့ကြောင့်လည်းကောင်း၊ န္တုဿ- န္တုပစ္စည်း၏၊ အန္တော- အဆုံး ဥ သည်၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဂုဏဝန္တာ, ဂုဏဝန္တေ, ဂုဏဝန္တေသု, ဂုဏဝန္တာနံ, ဂုဏဝန္တေဟိ စသည်တည်း။ ယောသု စ၌ စသဒ္ဒါဖြင့် အံ နာ သ္မာ သ္မိံ ဝိဘတ် ၄ လုံးနှောင်းရာ၌ န္တု၏အဆုံး ဥကို အ ပြု၍ ဂုဏဝန္တံ, ဂုဏဝန္တေန, ဂုဏဝန္တသ္မာ, ဂုဏဝန္တသ္မိံ ဟု ဖြစ်၏။ အန္တသဒ္ဒါပိုဖြင့် ယော ဝိဘတ်ကို ဣ ပြု၍ ဂုဏဝန္တိ ဟုလည်း ရှိသေး၏။
၄၁။ [ဂုဏဝန္တာ-ဂုဏ်ရှိသူတို့သည်၊ ဂုဏဝန္တံ-ကို၊ ဂုဏဝန္တေ-တို့ကို၊ ဂုဏဝန္တေန-ဖြင့်၊ ဂုဏဝန္တေဟိ-တို့ဖြင့်(တို့မှ)၊ ဂုဏဝန္တာနံ-တို့အား(တို့၏)၊ ဂုဏဝန္တသ္မာ-မှ၊ ဂုဏဝန္တသ္မိံ-၌၊ ဂုဏဝန္တေသု-ဂုဏ်ရှိသူတို့၌၊ ဂုဏဝန္တိဂုဏ်ရှိသောအမျိုးတို့သည်။] သုတ်ရင်းဖြင့် ယော ၂ လုံး, သု, နံ ၂ လုံး, ဟိ ၂ လုံး, စသဒ္ဒါဖြင့် အံ, နာ, သ္မာ, သ္မိံ ၄ လုံး နှောင်းရာ၌ န္တု၏အဆုံး ဥကို အ ပြုသဖြင့် သိနှင့် သဝိဘတ်များသာ အခြားသုတ်များက စီရင်ဖို့ရာ ကျန်တော့သည်။
[ဆောင်] သုတ်ရင်းနှင့်စ, နှစ်ဌာနဖြင့်, သိ သချန်လှပ်, ကြွင်းဝိဘတ် ကြောင့်, မှတ်လေ အန္တု, အဆုံး ဥ, ပြုလေ အ ကိုသာ။
ရုပ်တွက်။ ။ ဂုဏဝန္တံကို “ဂုဏဝန္တု”လိန်တည်၊ ကိုဟူ၍၊ပေ၊ -ံ ဝိဘတ် သက်, န္တ် ခွင်း, န္တု.ဿန္တော ယောသု စသုတ်၌ စသဒ္ဒါဖြင့် န္တု၏အဆုံး ု ကို ၊ ပြု, သရလောပေါမာဒေသပစ္စယာဒိမှိ သရလောပေ တု ပကတိ သုတ်ဖြင့် ရှေ့ ၊ သရကို ချေ၍, နောက် -ံ ကိုလည်း -ံ ဟု ပကတိပြု, န္တ် ကို -ံ သို့ ကပ်, ပြီး၏။ [အ မပြုဘဲ န္တု ၏ ဥ ကို ချေ၍ ကပ်လျှင်လည်း ဖြစ်ဖွယ်ရှိ၏။] ဂုဏဝန္တာနံ၌ ု ကို ၊ ပြု၍ သုနံဟိသု စသုတ်ဖြင့် ၊ ကို -ါ ဒီဃ ပြု၊ ဂုဏဝန္တသ္မာ, ဂုဏဝန္တသ္မိံတို့ကား ဝိဘတ်သက်ပြီးနောက် ု ကို ၊ ပြုရုံသာ၊ အခြားရုပ်များ၌ ဤသုတ်ဖြင့် ဥကို အ ပြုပြီးနောက် သဗ္ဗ ယောနိနမာဧ, အတောနေန, သုဟိသွကာရောဧသုတ်တို့ဖြင့် စီရင်လတ္တံ့။ [အန္တသဒ္ဒါပို၏ အဓိပ္ပာယ်ကို ကစ္စည်းဘာသာဋီကာမှာ ရှု။]
֍ ၄၂။ သဗ္ဗဿ ဝါ အံသေသု။ ။ အံသေသု- အံဝိဘတ်, သ ဝိဘတ်တို့ကြောင့်၊ သဗ္ဗဿ- အလုံးစုံသော န္တုပစ္စည်း၏၊ အတ္တံ- အ အဖြစ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ သတိမံ, သတိမဿ စသည်တည်း။
၄၂။ [သတိမံ-သတိရှိသူကို၊ သတိမဿ-အား, ၏။] အံဝိဘတ် သ ဝိဘတ် နှောင်းရာ၌ အဆုံး ဥ သာမက, န္တု တစ်ခုလုံးကို အ ပြုသော သုတ်တည်း။
ရုပ်တွက်။ ။ သတိမံကို “သတိမန္တု”လိန်တည်၊ ကိုဟူ၍၊ပေ၊ -ံ ဝိဘတ် သက်, သဗ္ဗဿ ဝါ အံသေသုသုတ်ဖြင့် အလုံးစုံသော န္တုကို ၊ ပြု, မ် ခွင်း (သတိမ် -ံ ) သရလောပေါစသောသုတ်ဖြင့် ရှေ့ (၊ ) ၂ လုံးကို ချေ၍, နောက် -ံ ကိုလည်း -ံ ဟု ပကတိပြု, မ် ကို -ံ သို့ ကပ်, သတိမံ ပြီး၏။
သတိမဿကို “သတိမန္တု”လိန်တည်၊ သ ဝိဘတ်သက်, သဗ္ဗဿ ဝါ အံသေသုသုတ်ဖြင့် အလုံးစုံသော န္တုကို ၊ ပြု, မ် ခွင်း, ချေ, ကပ်, သာဂမော သေသုတ်ဖြင့် သ်လာ, ပြီး၏။
[ဗန္ဓုမံ (ဆွေမျိုးရှိသူကို)၊ ဗန္ဓုမဿ (ဆွေမျိုးရှိသူအား, ၏)၊ ဂုဏဝံ (ဂုဏ်ရှိသူကို)၊ ဂုဏဝဿ (အား, ၏) စသည်လည်း ရှိ၏။]
֍ ၄၃။ သိမှိ ဝါ။ ။ သိမှိ- သိဝိဘတ်ကြောင့်၊ န္တုဿ- န္တုပစ္စည်း၏၊ အန္တော- အဆုံး ဥသည်၊ အတ္တံ- အ အဖြစ်သည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဟိမဝန္တော စသည်တည်း။
၄၃။ [ဟိမဝန္တော-ဆီးနှင်းရှိသော(ဟိမဝန္တာ)တောင်။]
ရုပ်တွက်။ ။ ဟိမဝန္တောကို “ဟိမဝန္တု”လိန်တည်၊ သိသက်၊ သိမှိ ဝါ သုတ်ဖြင့် န္တု၏ အဆုံး ု ကို ၊ ပြု, သောဟူသော သုတ်ဖြင့် သိဝိဘတ်ကို ေ-ါ ပြု, န္တ် ခွင်း, ချေ, ကပ်, ဟိမဝန္တော ပြီး၏။ [ဂုဏဝန္တော ဟုလည်း ဤသုတ်အရ ရှိသင့်၏။]
֍ ၄၄။ အဂ္ဂိဿိ.နိ။ ။ သိမှိ- သိဝိဘတ်ကြောင့်၊ အဂ္ဂိဿ- အဂ္ဂိ သဒ္ဒါ၏ အဆုံး ဣ သည်၊ ဣနိ- ဣနိ အပြုသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ အဂ္ဂိနိ ဟူသည်တည်း။
၄၄။ [အဂ္ဂိနိ-မီးသည်။]
ရုပ်တွက်။ ။ အဂ္ဂိနိကို “အဂ္ဂိ”လိန်တည်၊ သည်ဟူ၍၊ပေ၊ သိဝိဘတ် သက်, ဂ္ဂ်ခွင်း အဂ္ဂိဿိ.နိသုတ်ဖြင့် အဂ္ဂိသဒ္ဒါ၏ အဆုံး -ိ ကို -ိနိ ပြု, ဂ္ဂ် -ိ သို့ ကပ်, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိကို ချေ, ပြီး၏။
֍ ၄၅။ ယောသွ.ကတရဿော ဈော။ ။ ယောသု- ယော ဝိဘတ်တို့ကြောင့်၊ အကတရဿော- မပြုပြင်အပ်, ပင်ကိုရဿ ဖြစ်သော၊ ဈော- ဈ အမည်ရှိသော ဣ သရသည်၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ အဂ္ဂယော စသည်တည်း။
၄၅။ [အဂ္ဂယော-မီးတို့သည်, တို့ကို။] ရဿသည် အဂ္ဂိကဲ့သို့ ပင်ကိုက ရဿဖြစ်နေသော အကတရဿ, ပင်ကိုက ဒီဃပင်ဖြစ်သော်လည်း တစ်စုံတစ်ခုသောသုတ်ဖြင့် စီရင်ထားသည့်အတွက် ရဿ ဖြစ်ရသော ဒဏ္ဍိ, သယမ္ဘု စသော ကတရဿဟု ၂ မျိုးရှိ၏၊ ထိုရဿ ၂ မျိုးတွင် ဤသုတ်က အကတရဿ -ိ သရကို ယောဝိဘတ်နှောင်းရာ၌ (အ) ပြုသည်။
ရုပ်တွက်။ ။ အဂ္ဂယောကို “အဂ္ဂိ”လိန်တည်၊ ယောဝိဘတ်သက်, ဂ္ဂ် ခွင်း, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈအမည်မှည့်, ယောသွကတ ရဿော ဈောသုတ်ဖြင့် -ိ ကို ၊ ပြု, ဂ္ဂ် ကို ၊ သို့ ကပ်, အဂ္ဂယော ပြီး၏။ [“မုနယော-ရဟန်းတို့သည်၊ အာဒယော-အစတို့သည်”ရုပ်များ၌ မုနိ, အာဒိတည်။]
֍ ၄၆။ ဝေဝေါသု လော စ။ ။ ဝေဝေါသု- ေဝ အပြု, ဝေါ အပြုတို့ကြောင့်၊ အကတရဿော- မပြုပြင်အပ်, ပင်ကိုရဿ ဖြစ်သော၊ လော စ- လ အမည်ရှိသော ဥ သရသည်လည်း၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဘိက္ခဝေ, ဘိက္ခဝေါ စသည်တည်း။
၄၆။ [ဘိက္ခဝေ-ရဟန်းတို့၊ ဘိက္ခဝေါ-ရဟန်းတို့, ရဟန်းတို့သည်, ရဟန်းတို့ကို (၃ နက်)။] ဤသုတ်ကား ပဌမပိုင်းအဆုံးနားမှာ လာမည့် ဝေ ဝေါ အပြုတို့ကြောင့် အကတရဿဖြစ်သော လ မည်သော ဥ သရကို (အ)ပြုသော သုတ်တည်း၊ ရုပ်ကို ထိုသုတ်များကျမှ တွက်ရလတ္တံ့။
֍ ၄၇။ မာတုလာဒီန.မာနတ္တ.မီကာရေ။ ။ ဤကာရေ- ဤ ပစ္စည်းကြောင့်၊ မာတုလာဒီနံ- မာတုလ အတူရှိသော အကာရ န္တ သဒ္ဒါတို့၏ အဆုံး (အ) သည်၊ အာနတ္တံ- အာန အဖြစ်သို့၊ အာပဇ္ဇတေ- ၏။ မာတုလာနီ, အယျကာနီ, ဝရုဏာနီ စသည် တည်း။
၄၇။ [မာတုလာနီ-အဒေါ် (ဦးကြီး ဦးလေး၏ ဇနီး)သည်၊ အယျကာနီအဖွားသည်၊ ဝရုဏာနီ-ဝရုဏနတ်၏ကတော် (မယား)သည်။]
ဤသုတ်ကား “နဒါဒိတော ဝါ ဤ”သုတ်ဖြင့် ဤပစ္စည်းသက်ပြီးနောက် မာတုလနှင့် အာနပြု၍ ပြီးကောင်းချင်းတူသော အယျက, ဝရုဏ သဒ္ဒါ တို့၏ အဆုံး အ ကို အာနပြုသော သုတ်တည်း။ [ဤသုတ်၌ ကစ္စည်း ကျမ်းဝယ် “အာနတ္တံ”ဟူသော ဘာဝနိဒ္ဒေသဖြင့် ရုပ်တစ်မျိုးပြသေး၏၊၊]
ရုပ်တွက်။ ။ မာတုလာနီကို “မာတုလ”လိန်တည်၊ နဒါဒိတော ဝါ ဤ သုတ်ဖြင့် -ီပစ္စည်းသက်, မာတုလာဒီနမာနတ္တမီကာရေသုတ်ဖြင့် မာတုလ သဒ္ဒါ၏အဆုံး ၊ ကို -ါန ပြု, န်ခွင်း, ၊ ချေ, န်ကို -ီသို့ ကပ်(မာတုလာနီ), နာမ်ငဲ့, သိသက်, သိချေ, ပြီး၏။ [အကျယ်ကို နောင်ခါသိလတ္တံ့၊ အယျက ဝရုဏ တည်၍ အယျကာနီ, ဝရုဏာနီရုပ်များကိုလည်း တွက်ပါ။]
֍ ၄၈။ သ္မာဟိသ္မိံနံ မှာဘိမှိ ဝါ။ ။ သဗ္ဗတော- အလုံးစုံသော လိန်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သ္မာဟိသ္မိံနံ- သ္မာဝိဘတ်, ဟိဝိဘတ်, သ္မိံဝိဘတ်တို့၏၊ မှာဘိမှိ- မှာ အပြု, ဘိ အပြု, မှိ အပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပုရိသမှာ, ပုရိသေဘိ, ပုရိသမှိ စသည်တည်း။
၄၈။ [ပုရိသမှာ-ယောက်ျားမှ၊ ပုရိသေဘိ-ယောက်ျားတို့ဖြင့်, တို့မှ၊ ပုရိသမှိ-ယောက်ျား၌။] ဤသုတ်အစီအရင်သည် ပုဒ်တိုင်းမှာ ပါဝင်၏။
ရုပ်တွက်။ ။ ပုရိသမှာကို “ပုရိသ”လိန်တည်၊ မှဟူ၍၊ပေ၊သ္မာဝိဘတ် သက်, သ္မာဟိသ္မိံနံ မှာဘိမှိ ဝါသုတ်ဖြင့် သ္မာဝိဘတ်ကို မှာပြု, ပုရိသမှာ ပြီး၏။ [ပုရိသေဘိကို သုဟိသွကာရော ဧသုတ်ကြည့်၊ ပုရိသမှိ၌ သ္မိံကို မှိပြု။]
֍ ၄၉။ န တိမေဟိ ကတာကာရေဟိ။ ။ ကတာကာရေဟိ- ပြုအပ်ပြီးသော အ အဖြစ်ရှိကုန်သော၊ တိမေဟိ- တသဒ္ဒါ ဣမ သဒ္ဒါတို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သ္မာသ္မိံနံ- သ္မာဝိဘတ် သ္မိံဝိဘတ်တို့၏၊ မှာမှိ- မှာ အပြု မှိ အပြုတို့သည်၊ န- မဖြစ်ကုန်။ အသ္မာ, အသ္မိံ ဟုသာ ရုပ်ရှိခြင်းတည်း။
၄၉။ [အသ္မာ-ထိုသူ(ဤသူ)မှ၊ အသ္မိံ-ထိုသူ(ဤသူ)၌။] နောက်၌ တွေ့ရ လတ္တံ့သော သသ္မာသ္မိံ သံသာသွတ္တံသုတ်, ဣမသဒ္ဒဿ စသုတ်တို့ဖြင့် တသဒ္ဒါ ဣမသဒ္ဒါကို အ ပြုပြီးလျှင် ထိုအသဒ္ဒါနောက်၌ သ္မာဟိသ္မိံနံ မှာဘိမှိ ဝါသုတ်ဖြင့် သ္မာကို မှာ, သ္မိံကို မှိ မပြုပါနှင့်ဟု တားမြစ်သော သုတ်တည်း၊ ထိုသို့ တားမြစ်သောကြောင့် “အမှာ (ထိုသူမှ), အမှိ (ထိုသူ၌)”ဟု ရုပ်မရှိပြီ။
֍ ၅၀။ သုဟိသွ.ကာရော ဧ။ ။ သုဟိသု- သုဝိဘတ် ဟိဝိဘတ် တို့ကြောင့်၊ အကာရော- အ အက္ခရာသည်၊ ဧ- ဧ အဖြစ်သည်၊ ဟောတိ- ဖြစ်၏။ ပုရိသေသု, ပုရိသေဟိ စသည်တည်း။
၅၀။ [ပုရိသေသု-ယောက်ျားတို့၌၊ ပုရိသေဟိ-တို့ဖြင့်, တို့မှ။]
ရုပ်တွက်။ ။ ပုရိသေသုကို “ပုရိသ” လိန်တည်၊ တို့၌ ဟူ၍ ၊ပေ၊ သုဝိဘတ် သက်၊ သ် ခွင်း (ပုရိသ် ၊ သု), သုဟိသွကာရော ဧ သုတ်ဖြင့် သ၏ အဆုံး ၊ ကို ေ- ပြု, သ် ကို ေ- သို့ ကပ်, ပုရိသေသု ပြီး၏။
[ပုရိသေဟိကိုလည်း ဟိဝိဘတ်သက်၍ ရုပ်တွက်၊ ပုရိသေဟိဖြစ်တဲ့ အခါ သ္မာဟိသ္မိံနံ မှာဘိမှိ ဝါသုတ်ဖြင့် ဟိကို ဘိပြုလျှင် ပုရိသေဘိဟု ဖြစ်၏။]
֍ ၅၁။ သဗ္ဗနာမာနံ နံမှိ စ။ ။ နံမှိ စ- နံဝိဘတ်ကြောင့်လည်း၊ သဗ္ဗနာမာနံ- သဗ္ဗနာမ်ပုဒ်တို့၏၊ အကာရော- အ အက္ခရာသည်၊ ဧ- ဧ အဖြစ်သည်၊ ဟောတိ- ဖြစ်၏။ သဗ္ဗေသံ, သဗ္ဗေသာနံ စသည်တည်း။
၅၁။ [သဗ္ဗေသံ, သဗ္ဗေသာနံ-အလုံးစုံတို့အား, တို့၏။] သဗ္ဗနာမ်ဟု ခေါ်ရသော နာမ်ပုဒ်တစ်မျိုးရှိ၏၊ ဤသုတ်ကား နံဝိဘတ်ကြောင့် ထို သဗ္ဗနာမ်တို့၏ အဆုံး အ ကို ဧပြုသောသုတ်တည်း၊ ရုပ်ကို သဗ္ဗတော နံ သံသာနံသုတ်၌ တွက်တတ်လတ္တံ့။
[သဗ္ဗနာမ်ပုဒ်များကို သဗ္ဗနာမ်ဂိုဏ်း၌ ပြထားသည်။]
֍ ၅၂။ အတော.နေန။ ။ အတော- အကာရ န္တမှ၊ ပရံ- နောက် ဖြစ်သော၊ နာ- နာဝိဘတ်သည်၊ ဧန- ဧနအပြုသည်၊ ဟောတိ- ဖြစ်၏။ ဗုဒ္ဓေန စသည်တည်း။
၅၂။ [ဗုဒ္ဓေန-ဘုရားဖြင့်။] နေနကို “နာ + ဧန”ဟု ပုဒ်ဖြတ်။
ရုပ်တွက်။ ။ ဗုဒ္ဓေနကို “ဗုဒ္ဓ”လိန်တည်၊ ဖြင့်ဟူ၍ ၊ပေ၊ နာဝိဘတ် သက်, အတောနေနသုတ်ဖြင့် နာဝိဘတ်ကို ေ-န ပြု, ဒ္ဓ် ခွင်း, သရ လောပေါ စသောသုတ်ဖြင့် ရှေ့ ၊ သရကို ချေ၍, နောက် ေ- နကိုလည်း ေ- နဟု ပကတိပြု, ဒ္ဓ် ကို ေ- သို့ ကပ်, ပြီး၏။
[ ဓမ္မေန, သံဃေန, ပုရိသေန, စိတ္တေန တို့ကိုလည်း တွက်။]
֍ ၅၃။ သော။ ။ အတော- အကာရ န္တမှ၊ ပရံ- နောက်ဖြစ်သော၊ သိ- သိ ဝိဘတ်သည်၊ သြ- သြ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဗုဒ္ဓေါ စသည်တည်း။
၅၃။ [ဗုဒ္ဓေါ-ဘုရားသည်။] သော ကို “သိ + သြ”ဟု ပုဒ်ဖြတ်။
အကာရ န္တ။ ။ အကာရ=အ အက္ခရာ + အန္တ=အဆုံးရှိသည်၊ ဗုဒ္ဓ၌ ဒ္ဓ ကို သေသေချာချာ ရေးလျှင် “ဒ္ဓ၊ ” ဟု ဒ္ဓ ဗျဉ်းကို ရှေ့, ၊ သရကို နောက်ထား၍ ရေးရသည်၊ ထိုသို့ အ သရဆုံးသောပုဒ်ကို အကာရန္တ ဟု ခေါ်သည်။
ရုပ်တွက်။ ။ ဗုဒ္ဓေါကို “ဗုဒ္ဓ”လိန်တည်၊ သည်ဟူ၍ ၊ပေ၊ သိဝိဘတ် သက်, သောဟူသောသုတ်ဖြင့် သိဝိဘတ်ကို ေ-ါ ပြု, ဒ္ဓ် ခွင်း, ချေ, ကပ်, ဗုဒ္ဓေါ ပြီး၏။ [ဓမ္မော, သံဃော, ပုရိသော ကိုလည်း ရုပ်တွက်။]
֍ ၅၄။ သော ဝါ။ ။ အတော- အကာရ န္တမှ၊ ပရံ- သော၊ နာ- နာဝိဘတ်သည်၊ သော- သော အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ အတ္ထသော, ဗျဉ္ဇနသော စသည်တည်း။
၅၄။ [အတ္ထသော-အနက်အားဖြင့်၊ ဗျဉ္ဇနသော-သဒ္ဒါအားဖြင့်။]
ရုပ်တွက်။ ။ အတ္ထသောကို “အတ္ထ”လိန်တည်၊ ဖြင့်ဟူ၍ ၊ပေ၊ နာ ဝိဘတ်သက်, သော ဝါသုတ်ဖြင့် နာဝိဘတ်ကို သော ပြု, အတ္ထသော ပြီး၏။ [ဗျဉ္ဇနသော, ပဒသော (အစုအားဖြင့်), ထာမသော (အစွမ်းအား ဖြင့်)ကိုလည်း ရုပ်တွက်လေ။]
֍ ၅၅။ ဒီဃော.ရေဟိ။ ။ ဒီဃော.ရေဟိ- ဒီဃ, သြရသဒ္ဒါတို့မှ၊ ပရံ- နောက်ဖြစ်သော၊ သ္မာ- သ္မာဝိဘတ်သည်၊ သော- သော အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဒီဃသော, သြရသော ဟူသည်တည်း။
၅၅။ [ဒီဃသော-အလျား (အရှည်)မှ၊ သြရသော-အတွင်းမှ။]
ရုပ်တွက်။ ။ ဒီဃသောကို “ဒီဃ”လိန်တည်၊ မှဟူ၍ ၊ပေ၊ သ္မာဝိဘတ် သက်, ဒီဃောရေဟိသုတ်ဖြင့် သ္မာဝိဘတ်ကို သောပြု, ဒီဃသော ပြီး၏။
[သြရသောကိုလည်း “သြရ” တည်၍ ရုပ်တွက်လေ။]
֍ ၅၆။ သဗ္ဗယောနိန.မာဧ။ ။ အတော- အကာရ န္တမှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သဗ္ဗယောနိနံ- အလုံးစုံသော ပဌမာ ယော နိ, ဒုတိယာ ယော နိတို့၏၊ အာဧ- အစဉ်အတိုင်း အာ အပြု, ဧ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပုရိသာ, ပုရိသေ, စိတ္တာ, စိတ္တေ စသည်တည်း။
၅၆။ ပုရိသာ-ယောက်ျားတို့သည်၊ ဤကား ပဌမာ ယောကို အာပြုရာ ပုံစံ၊ ပုရိသေ-ယောက်ျားတို့ကို၊ ဤကား ဒုတိယာ ယောကို ဧ ပြုရာပုံစံ၊ ဤသို့လျှင် ပုလ္လိန်၌ ယောကို တစ်ခါတည်း အာ ဧ ပြု၊ စိတ္တာ-စိတ်တို့ သည်၊ စိတ္တေ-စိတ်တို့ကို၊ ဤကား ယောဝိဘတ်ကို အတော နိစ္စံသုတ်ဖြင့် နိ ပြုပြီးနောက် ထိုနိကိုမှ အာ ဧပြုရာ ပုံစံများတည်း၊ ဤသို့လျှင် နပုလ္လိန် အရာ၌ အတော နိစ္စံသုတ်က ယောကို အမြဲ နိ ပြုသောကြောင့် ထိုနိကိုမှ အာ ဧ ပြုရသည်။
ရုပ်တွက်။ ။ ပုရိသာကို “ပုရိသ” လိန်တည်၊ တို့သည် ဟူ၍ ၊ပေ၊ ဗဟုဝုစ် ယောဝိဘတ်သက်၊ သဗ္ဗယောနိနမာဧသုတ်ဖြင့် ယောဝိဘတ်ကို -ါ ပြု, သ်ခွင်း (ပုရိသ် ၊ -ါ) သရလောပေါသုတ်ဖြင့် ရှေ့ ၊ ကို ချေ၍, နောက် -ါ ကိုလည်း -ါ ဟု ပကတိပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သ် ကို -ါ သို့ ကပ်, ပုရိသာ ပြီး၏။
ပုရိသေ၌ ဤသုတ်ဖြင့် ဒုတိယာ ယောဝိဘတ်ကို ေ- ပြု, န္တုဿ.န္တော ယောသု စ သုတ်၌ ပဌမာ ယောဖြင့် ဂုဏဝန္တာ, ဒုတိယာ ယောဖြင့် ဂုဏဝန္တေကိုလည်း ရုပ်တွက်လေ၊ စိတ္တာ, စိတ္တေ တို့ကား အတော နိစ္စံ သုတ်ကျမှ တွက်ရမည်။
֍ ၅၇။ သ္မာသ္မိံနံ ဝါ။ ။ အတော- အကာရန္တမှ၊ ပရေသံ- နောက် ဖြစ်ကုန်သော၊ သ္မာသ္မိံနံ- သ္မာဝိဘတ်, သ္မိံဝိဘတ်တို့၏၊ အာ ဧ- အစဉ်အတိုင်း အာ အပြု, ဧ အပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- န်၏။ ပုရိသာ, ပုရိသေ စသည်တည်း။
၅၇။ [ပုရိသာ-ယောက်ျားမှ၊ ပုရိသေ-ယောက်ျား၌။]
ရုပ်တွက်။ ။ ပုရိသာကို “ပုရိသ”လိန်တည်၊ မှဟူ၍ ၊ပေ၊ သ္မာဝိဘတ် သက်, သ္မာသ္မိံနံ ဝါသုတ်ဖြင့် သ္မာဝိဘတ်ကို -ါ ပြု, သ် ခွင်း (ပုရိသ် ၊ -ါ), သရလောပေါသုတ်ဖြင့် ရှေ့ ၊ သရကိုချေ၍ နောက် -ါ ကိုလည်း -ါ ဟု ပကတိပြု, သ် ကို -ါ သို့ ကပ်, ပြီး၏။
ပုရိသေကို “ပုရိသ”လိန်တည်၊ ၌ဟူ၍ ၊ပေ၊ သ္မိံဝိဘတ်သက်၊ သ္မာသ္မိံနံ ဝါသုတ်ဖြင့် သ္မိံဝိဘတ်ကို ေ- ပြု, သ် ခွင်း, ၊ ချေ, သ် ကို ေ- သို့ ကပ်, ပြီး၏။
֍ ၅၈။ အာယ စတုတ္ထေ.ကဝစနဿ တု။ ။ အတော- အကာရန္တမှ၊ ပရဿ- နောက်ဖြစ်သော၊ စတုတ္ထေ.ကဝစနဿ- စတုတ္ထီဧကဝုစ် သဝိဘတ်၏၊ အာယတု- အာယ အပြုသည် လည်း၊ ဟောတိ- ဖြစ်၏။ အတ္ထာယ, ဟိတာယ, သုခါယ စသည်တည်း။
၅၈။ ဤသုတ်ကား…အကာရန္တပုဒ်နောင် ငှာဟူ၍ အနက်ပေးရသော စတုတ္ထီဧကဝုစ် သဝိဘတ်ကို အာယပြုသောသုတ်တည်း။ [အတ္ထာယအကျိုးငှာ၊ ဟိတာယ-စီးပွားအလို့ငှာ၊ သုခါယ-ချမ်းသာခြင်းငှာ။] သက္ကတ သဒ္ဒါတို့၌ကား ငှာဟု အနက်ပေးရသည်ဖြစ်စေ, မပေးရသည်ဖြစ်စေ အကာရန္တနောင် စတုတ္ထီဧကဝုစ် သဝိဘတ်မှန်လျှင် အမြဲ အာယ ပြု၏၊ ထို့ကြောင့် သက္ကတလေသံကို လိုက်၍ “နမော ဗုဒ္ဓါယ, သိဒ္ဓံ” ဟု သင်ပုန်းကြီးအစ၌ ဘုရားရှိခိုး ဆိုရိုးပြုခဲ့ကြပေသည်။ [ဗုဒ္ဓါယ-ဘုရားရှင် အား၊ နမော-ရှိခိုးပါ၏၊ သိဒ္ဓံ-လိုရာ ပြီးမြောက်ပါစေသတည်း။]
ရုပ်တွက်။ ။ အတ္ထာယကို “အတ္ထ”လိန်တည်၊ ငှာဟူ၍ အနက်ပေး သောကြောင့် ၊ပေ၊ သဝိဘတ်သက်, အာယ စတုတ္ထေကဝစနဿ တု သုတ်ဖြင့် သဝိဘတ်ကို -ါယ ပြု, တ္ထ် ခွင်း, ၊ ချေ, တ္ထ် ကို -ါ သို့ကပ်, အတ္ထာယ ပြီး၏။ [ဟိတာယကို ဟိတ, သုခါယကို သုခ တည်၍တွက်။]
တုသဒ္ဒါ။ ။ အာယ တု၌ တု သဒ္ဒါသည် သမုစ္စည်းအနက် ရှိ၏၊ ထို့ကြောင့် စတုတ္ထီသဝိဘတ်ကို -ံ ပြု၍“ဒဿနံ-ဖူးမြင်ခြင်းငှာ၊ ဓမ္မဿဝနံတရားနာခြင်းငှာ” စသော ရုပ်များ ဖြစ်၏၊ ဒဿန, ဓမ္မဿဝန တည်၊ သသက်, ဤသုတ်၌ တုသဒ္ဒါဖြင့် သ ကို -ံ ပြုလေ။
֍ ၅၉။ တယော နေဝ စ သဗ္ဗနာမေဟိ။ ။ သဗ္ဗနာမေဟိ- သဗ္ဗနာမ်အကာရန္တတို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သ္မာသ္မိံ သာနံ- သ္မာဝိဘတ်, သ္မိံဝိဘတ်, သဝိဘတ်တို့၏၊ တယော- အာ, ဧ, အာယ အပြု ၃ ပါးတို့သည်၊ နေဝ ဟောန္တိ- မဖြစ်ကုန်သည် သာတည်း။ စ- အနည်းငယ်လည်း ဖြစ်သေး၏။
၅၉။ ဤသုတ်ကား…သ္မာသ္မိံနံ ဝါနှင့်အာယ စတုတ္ထေ.ကဝစနဿ တု ၂ သုတ်၏ အစီအရင်ကို သဗ္ဗနာမ် အကာရန္တဖြစ်သော ပုဒ်များနောင် မပြုရဟု တားမြစ်သည်၊ ထို့ကြောင့် သဗ္ဗနာမ်ပုဒ်များ၌ သ္မာဝိဘတ်ဖြင့် သဗ္ဗာ, သ္မိံဝိဘတ်ဖြင့် သဗ္ဗေ, သဝိဘတ်ဖြင့် သဗ္ဗာယ ဟု မရှိနိုင်၊ သို့သော် နေဝ စ၌ စသဒ္ဒါက တချို့အရာ၌ အနည်းငယ်ရှိနိုင်ဖို့ရာ ဆည်းယူသော ကြောင့် ပုဗ္ဗ စသော သဗ္ဗနာမ်ပုဒ်များဝယ် သ္မာဖြင့် “ပုဗ္ဗာ” သ္မိံဖြင့် “ပုဗ္ဗေ” စသောရုပ်များ ရှိသတဲ့၊ ဤအရာမျိုးကို “ဧဝလည်းထိုင်, စလည်းထိုင်, လှံကိုင်ခွေးခေါ်နည်း”ဟု ပြောကြ၏၊ ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။
֍ ၆၀။ ဃတော နာဒီနံ။ ။ ဃတော- ဃအမည်ရှိသော အာ အက္ခရာမှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ နာဒီနံ- နာ အစရှိ သော ဧကဝုစ်ဝိဘတ် ၅ လုံးတို့၏၊ အာယ- အာယ အပြုသည်၊ ဟောတိ- ဖြစ်၏။ ကညာယ စသည်တည်း။
၆၀။ အာ ဃောသုတ်ဖြင့် -ါ ကို ဃ အမည်မှည့်ပြီးနောက် နာ သ သ္မာ သ သ္မိံ ဝိဘတ် ၅ လုံးကို အာယ ပြုသော သုတ်တည်း၊ ကညာယသတို့သမီးဖြင့်, သတို့သမီးအား, သတို့သမီးမှ, သတို့သမီး၏, သတို့သမီး၌။
ရုပ်တွက်။ ။ ကညာယကို “ကညာ”လိန်တည်၊ ဖြင့်ဟူ၍၊ပေ၊နာဝိဘတ် သက်, ည် ခွင်း, အာ ဃောသုတ်ဖြင့် -ါ ကို ဃအမည်မှည့်, ဃတော နာဒီနံသုတ်ဖြင့် နာဝိဘတ်ကို -ါယ ပြု (ကည် -ါယ), သရလောပေါ စသောသုတ်ဖြင့် ရှေ့ -ါ ကို ချေ၍ နောက် -ါ ကိုလည်း -ါ ဟု ပကတိပြု, ည် ကို -ါ သို့ ကပ်, ပြီး၏။
အမှာ။ ။ သဝိဘတ်စသော ဝိဘတ် ၄ လုံးသက်၍လည်း ဤနည်း အတိုင်း တွက်၊ “ကညာ” ဟု ဣတ္ထိယမတော အာပစ္စယော သုတ်ဖြင့် အာပစ္စည်းသက်ပြီး, နာမ်ငဲ့ပြီးဟု သဘောထားပါ၊ ပစ္စည်း သက်ပုံ, နာမ် ငဲ့ပုံကို နောက်မှ သိလတ္တံ့။
֍ ၆၁။ ပတော ယာ။ ။ ပတော- ပ အမည်ရှိသော ဣဝဏ် ဥဝဏ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ နာဒီနံ- နာ အစရှိသော ဧကဝုစ်ဝိဘတ် ၅ လုံးတို့၏၊ ယာ- ယာ အပြုသည်၊ ဟောတိ- ၏။ ရတ္တိယာ, ဣတ္ထိယာ, ဝဓုယာ စသည်တည်း။
၆၁။ ဤသုတ်ကား…တေ ဣတ္ထိချာ ပေါသုတ်ဖြင့် ဣဝဏ် ဥဝဏ်ကို ပ အမည် မှည့်ပြီးနောက် နာ အစရှိသော ဧကဝုစ်ဝိဘတ် ၅ လုံးကို ယာ ပြုသောသုတ်တည်း၊ ရတ္တိယာ-ညဉ့်ဖြင့်, ညဉ့်အား, ညဉ့်မှ, ညဉ့်၏, ညဉ့်၌၊ ဣတ္ထိယာ-မိန်းမဖြင့်၊ ယာဂုယာ-ယာဂုဖြင့်၊ ဝဓုယာ-ချွေးမ (မိန်းမ)ဖြင့် စသည်။
ရုပ်တွက်။ ။ ရတ္တိယာကို “ရတ္တိ”လိန်တည်၊ ဖြင့်ဟူ၍၊ပေ၊ နာဝိဘတ် သက်, တ္တ် ခွင်း, တေ ဣတ္ထိချာ ပေါသုတ်ဖြင့် -ိ ကို ပ အမည် မှည့်, ပတော ယာသုတ်ဖြင့် နာဝိဘတ်ကို ယာ ပြု, တ္တ် ကို -ိ သို့ ကပ်, ရတ္တိယာ ပြီး၏။ [ဣတ္ထိယာ ကို ဣတ္ထီ တည်၊ ယာဂုယာကို ယာဂု တည်၊ ဝဓုယာကို ဝဓူ တည်၍ ရုပ်တွက်လေ၊ ဣတ္ထီ ဝဓူတို့၌ -ီ ူ တို့ကို (အဃော ရဿ စသောသုတ်ဖြင့်) ရဿပြုရမည်ကိုလည်း သတိပြု။]
֍ ၆၂။ သခတော ဂဿေ ဝါ။ ။ သခတော- သခ သဒ္ဒါမှ၊ ပရဿ- နောက်ဖြစ်သော၊ ဂဿ- ဂ အမည်ရှိသော သိဝိဘတ်၏၊ ဧ- ဧ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဟေ သခေ ဟူသည်တည်း။
၆၂။ [ဟေ သခေ - အို မိတ်ဆွေ။] ဟေကား အာလုပ်အနက် ထင်ရှား အောင် အပိုထည့်ရသော နိပါတ်ပုဒတည်း, သခေ သာ လိုရင်းဖြစ်သည်။
ရုပ်တွက်။ ။ သခေကို “သခ”လိန်တည်၊ အိုဟူ၍ ၊ပေ၊ သိဝိဘတ် သက်, အာလပနေ သိ ဂသညောသုတ်ဖြင့် အာလုပ် သိကို ဂအမည်မှည့်, သခတော ဂဿေ ဝါသုတ်ဖြင့် ဂသိကို ေ- ပြု, ခ် ခွင်း(သခ် ၊ ေ-) ရှေ့ ၊ သရကို ချေ, ခ် ကို ေ- သို့ ကပ်, ပြီး၏။ [ကစ္စည်းဝုတ္တိအဆိုကို ကစ္စည်း ဘာသာဋီကာမှာ ရှု။]
֍ ၆၃။ ဃတေ စ။ ။ ဃတော- ဃ အမည်ရှိသော အာ အက္ခရာမှ၊ ပရဿ- နောက်ဖြစ်သော၊ ဂဿ- ဂ အမည်ရှိသော သိ ဝိဘတ်၏၊ ဧ စ- ဧ အပြုသည်သာလျှင်၊ ဟောတိ- ဖြစ်၏။ ဘောတိ အယျေ စသည်တည်း။
၆၃။ [ဘောတိ အယျေ - အို အရှင်မ။] အယျေ သာ လိုရင်းတည်း, ဘောတိကား အာလုပ်အနက် ထင်ရှားအောင် အပိုထည့်ပါဌ်ဖြစ်သည်၊ ဃတေ ကို “ဃတော + ဧ” ဟု ပုဒ်ဖြတ်။
ရုပ်တွက်။ ။ အယျေကို “အယျာ”လိန်တည်၊ အိုဟူ၍ ၊ပေ၊ သိဝိဘတ် သက်, အာလပနေ သိ ဂသညောသုတ်ဖြင့် အာလုပ်သိကို ဂအမည်မှည့်, ယျ် ခွင်း, အာ ဃောသုတ်ဖြင့် -ါ ကို ဃအမည်မှည့်, ဃတေ စသုတ်ဖြင့် ဂသိကို ေ- ပြု, သရလောပေါသုတ်ဖြင့် ရှေ့ -ါ ကို ချေ၍ နောက် ေ-ကိုလည်း ေ- ဟု ပကတိပြု, ယျ်ကို ေ- သို့ ကပ်, အယျေ ပြီး၏။
ဘောတိ ကညေ-အို သတို့သမီး (ကညာတည်)၊ ဘောတိ ခရာဒိယေအို ခရာဒိယာမည်သော နှမ (ခရာဒိယာ တည်၍ နည်းတူတွက်)၊ ဧ စ၌ စသဒ္ဒါသည် အဝဓာရဏ (ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်း)အနက်ရှိ၏၊ သခတော ဂဿေ ဝါသုတ်က ဝါသဒ္ဒါကဲ့သို့ အခြားသုတ်ဖြင့် စီရင်ခွင့် မပြု, ဧ သာ ပြုရမည် ဟူလို၊ ဤကား ကစ္စည်းဝုတ္တိ အလိုတည်း။
֍ ၆၄။ န အမ္မာဒိတော။ ။ အမ္မာဒိတော- အမ္မာ အတူရှိသော မိခင်ဟောသဒ္ဒါတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ ဂဿ- ဂ အမည် ရှိသော သိ ဝိဘတ်၏၊ ဧ- ဧ အပြုသည်၊ န- မဖြစ်။ ဘောတိ အမ္မ, ဘောတိ အမ္မာ စသည်တည်း။
၆၄။ [ဘောတိ အမ္မ, အမ္မာ-အို မိခင်။] အမ္မာဒိ၌ အာဒိဖြင့် အမ္မာနှင့် အာကာရ န္တချင်း အက္ခရာ ၂ လုံးချင်းတူ, မိခင်ဟူသော အနက်ဟောချင်း တူသော သဒ္ဒါတို့ကို ယူ၊ ထိုသဒ္ဒါစုနောင် ဂသိကို ဧ မပြုနှင့်ဟု ဃတေ စ သုတ်ကို တားမြစ်သောသုတ်တည်း၊ ထို့ကြောင့် “အမ္မ-အမ္မာ, အန္န-အန္နာ, အမ္ဗ-အမ္ဗာ, တာတ-တာတာ” ဟုသာ ရှိ၏၊ “အမ္မေ, အန္နေ, အမ္ဗေ, တာတေ”ဟု မရှိနိုင်။
ရုပ်တွက်။ ။ အမ္မာကို “အမ္မာ”တည်၊ အာလုပ် သိသက်, ဂ မှည့်, အာ ဃောသုတ်ဖြင့် အာ ကို ဃ မှည့်, ဃတေ စသုတ်ဖြင့် ဂသိကို ဧပြုသင့်သော်လည်း န အမ္မာဒိတောသုတ်ဖြင့် တားမြစ်သောကြောင့် မပြုရ၊ သေသတော လောပံ ဂသိပိသုတ်ဖြင့် ဂသိ ချေ, ပြီး၏။ [အန္နာ စသည်၌လည်း နည်းတူ၊ အမ္မ စသည်၌ အာကာရော ဝါသုတ်ဖြင့် -ါ ကို ရဿ ပြု, ဂ သိ ချေ။]
֍ ၆၅။ အကတရဿာ လတော ယွာလပနဿ ဝေဝေါ။ ။ အကတရဿာ- မပြုပြင်အပ်, ပင်ကိုရဿဖြစ်သော၊ လတော- လ အမည်ရှိသော ဥ အက္ခရာမှ၊ ပရဿ- နောက်ဖြစ်သော၊ ယွာလပနဿ- အာလုပ် ယောဝိဘတ်၏၊ ဝေဝေါ- ဝေ အပြု, ဝေါ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဘိက္ခဝေ, ဘိက္ခဝေါ စသည်တည်း။
၆၅။ [ဘိက္ခဝေ, ဘိက္ခဝေါ-အို ရဟန်းတို့။] ဤသုတ်ကား မပြုမပြင် အပ်ဘဲ ပင်ကိုက ရဿဖြစ်နေသော လ အမည်ရှိသော ဥအက္ခရာနောင် အာလုပ် ယောဝိဘတ်ကို ဝေ, ဝေါ ပြုသော သုတ်တည်း။
ရုပ်တွက်။ ။ ဘိက္ခဝေကို “ဘိက္ခု”လိန်တည်၊ အိုတို့ဟူ၍၊ပေ၊ ယော ဝိဘတ်သက်, က္ခ် ခွင်း, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် ု ကို လ အမည် မှည့်, အကတရဿာ လတော ယွာလပနဿ ဝေဝေါ သုတ်ဖြင့် အာလုပ်ယောဝိဘတ်ကို ဝေ ပြု, ဝေဝေါသု လော စသုတ်ဖြင့် ု ကို ၊ ပြု, က္ခ် ကို ၊ သို့ ကပ်, ဘိက္ခဝေ ပြီး၏။ [ဘိက္ခဝေါ၌ ဝေါ ပြုရုံသာ ထူးသည်၊ ဟေ တဝေ, ဟေ တဝေါ (အို အကြောင်းတို့)၊ ဟေတု တည်၍ ရုပ်တွက်။]
֍ ၆၆။ ဈလတော သဿ နော ဝါ။ ။ ဈလတော- ဈလတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ သဿ- သ ဝိဘတ်၏၊ နော- နော အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ အဂ္ဂိနော, ဒဏ္ဍိနော, ဘိက္ခုနော, သယမ္ဘုနော စသည်တည်း။
၆၆။ [အဂ္ဂိနော-မီးအား, ၏၊ ဒဏ္ဍိနော-တုတ်ရှိသူအား, ၏၊ ဘိက္ခုနောရဟန်းအား, ၏၊ သယမ္ဘုနော-ဘုရားအား, ၏။] ဤသုတ်ကား ဈ အမည်ရှိ သော ဣဝဏ် ၂ လုံး, လ အမည်ရှိသော ဥဝဏ် ၂ လုံးနောင် သဝိဘတ်ကို နော ပြုသောသုတ်တည်း၊ သို့အတွက် ဣဝဏ် ဥဝဏ်စုံအောင် ပုံစံ ၄ မျိုး ထုတ်လိုက်သည်။
ရုပ်တွက်။ ။ အဂ္ဂိနောကို “အဂ္ဂိ”လိန်တည်၊ အားဟူ၍၊ပေ၊သဝိဘတ် သက်, ဂ္ဂ် ခွင်း, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈ အမည်မှည့်, ဈလတော သဿ နော ဝါသုတ်ဖြင့် သဝိဘတ်ကို နော ပြု, ဂ္ဂ် ကို -ိ သ့ို ကပ်, အဂ္ဂိနော ပြီး၏။ [ဘိက္ခုနော၌ ဥ ကို လ မှည့်ရုံသာ။]
သယမ္ဘုနောကို “သယမ္ဘူ” လိန်တည်၊ သ ဝိဘတ်သက်, မ္ဘ် ခွင်း, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် ူ ကို လ အမည်မှည့်, အဃော ရဿ မေကဝစနယောသွပိ စသုတ်ဖြင့် ူ ကို ု ရဿပြု, ဈလတော သဿ နော ဝါသုတ်ဖြင့် သဝိဘတ်ကို နော ပြု, မ္ဘ် ကို ု သို့ ကပ်, သယမ္ဘုနော ပြီး၏။ [ဒဏ္ဍိနောကိုလည်း “ဒဏ္ဍီ”တည်၊ -ီ ကို ဈ မှည့်, ရဿပြု၍ ရုပ်တွက်လေ။]
֍ ၆၇။ ဃပတော စ ယောနံ လောပေါ။ ။ ဃပတော စ- ဃပ တို့မှလည်းကောင်း၊ ဈလတော စ- ဈလ တို့မှလည်းကောင်း၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယောဝိဘတ်တို့၏၊ လောပေါ- ကျေခြင်းသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ ကညာ, ရတ္တီ, ဣတ္ထီ, ယာဂူ, ဝဓူ, အဂ္ဂီ, ဒဏ္ဍီ, ဘိက္ခူ, သယမ္ဘူ စသည်တည်း။
၆၇။ ဃ ပ ဈ လ စုံအောင် ပုံစံများစွာ ထုတ်လိုက်သည်၊ ကညာသတို့သမီးတို့သည်, တို့ကို၊ ရတ္တီ-ညည့်တို့သည်, တို့ကို၊ ဣတ္ထီ-မိန်းမ တို့သည်, တို့ကို၊ ယာဂူ-ယာဂုတို့သည်, တို့ကို၊ ဝဓူ-ချွေးမတို့သည်, တို့ကို၊ အဂ္ဂီ-မီးတို့သည်, တို့ကို၊ ဒဏ္ဍီ-တုတ်ရှိသူတို့သည်, တို့ကို၊ ဘိက္ခူ-ရဟန်း တို့သည်, တို့ကို၊ သယမ္ဘူ-ဘုရားတို့သည်, တို့ကို။
ရုပ်တွက်။ ။ ကညာကို “ကညာ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ ယောဝိဘတ် သက်၊ ည် ခွင်း, အာ ဃောသုတ်ဖြင့် -ါ ကို ဃ အမည် မှည့်, ဃပတော စ ယောနံ လောပေါသုတ်ဖြင့် ယော ဝိဘတ်ကို ချေ, ည် ကို -ါ သို့ ကပ်, ကညာ ပြီး၏။ [ဒုတိယာ ယောဝိဘတ်ဖြင့်လည်း ဤနည်းအတိုင်း တွက်လေ။]
ရတ္တီကို “ရတ္တိ”လိန်တည်၊ ယောဝိဘတ်သက်, တ္တ် ခွင်း, တေ ဣတ္တိချာ ပေါ သုတ်ဖြင့် -ိ ကို ပ အမည်မှည့်, ဃပတော စ ယောနံ လောပေါ သုတ်ဖြင့် ယောဝိဘတ်ကို ချေ, ယောသု ကတနိကာရလောပေသု ဒီဃံ သုတ်ဖြင့် ရှေ့ -ိ ကို -ီ ဒီဃ ပြု, တ္တ် ကို -ီ သို့ ကပ်, ရတ္တီ ပြီး၏။
ဣတ္ထီ ဝဓူ ဒဏ္ဍီ သယမ္ဘူ တို့ကို “ဣတ္ထီ ဝဓူ ဒဏ္ဍီ သယမ္ဘူ”ဟု ဒီဃ ဖြင့် တည်ရသောကြောင့် ယောဝိဘတ်ကို ချေရုံသာ၊ ဣတ္ထီနှင့် ဝဓူကား ဣတ္ထိလိန်ဖြစ်သောကြောင့် တေ ဣတ္ထိချာ ပေါသုတ်ဖြင့် ပအမည်မှည့်, ဒဏ္ဍီ, သယမ္ဘူ တို့ကား ပုလ္လိန်ဖြစ်သောကြောင့် ဣဝဏ္ဏုဝဏ္ဏာ ဈလာ သုတ်ဖြင့် -ီ ကို ဈ, ူ ကို လ မှည့်။
ယာဂူ အဂ္ဂီ ဘိက္ခူတို့ကို “ယာဂု အဂ္ဂိ ဘိက္ခု”ဟု ရဿဖြင့် တည်ရ သောကြောင့် ဤသုတ်ဖြင့် ယောဝိဘတ် ချေပြီးနောက် ယောသု ကတ နိကာရ လောပေသု ဒီဃံသုတ်ဖြင့် ဒီဃပြုရသေးသည်၊ ဣတ္ထိလိန် ယာဂု ကို ပ အမည်မှည့်, ပုလ္လိန် အဂ္ဂိကို ဈ, ဘိက္ခုကို လ အမည်မှည့်လေ၊ အဋ္ဌီ, အာယူ စသော နပုံလိန်ရုပ်များလည်း ရှိသေး၏၊ ဤရုပ်များ၏ လိန်ချင်း မတူပုံကို နာမ်ဂိုဏ်းကျလျှင် သိရလတ္တံ့။
֍ ၆၈။ လတော ဝေါကာရော စ။ ။ လတော- လအမည်ရှိသော ဥဝဏ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယောဝိဘတ် တို့၏၊ ဝေါကာရော စ- ဝေါအပြုသည်လည်း၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဘိက္ခဝေါ, သယမ္ဘုဝေါ စသည်တည်း။ ကာရသဒ္ဒါပိုဖြင့် ယောဝိဘတ်ကို နောပြု၍လည်း ဟေတုနော, ဇန္တုနော စသည် ဖြစ်သေး၏။
၆၈။ [ဘိက္ခဝေါ-ရဟန်းတို့သည်, တို့ကို၊ သယမ္ဘုဝေါ-ဘုရားတို့သည်, တို့ကို၊ ဟေတုနော-အကြောင်းတို့သည်, တို့ကို၊ ဇန္တုနော-သတ္တဝါတို့သည်, တို့ကို။] အကတရဿာ လတောသုတ်သည် အကတရဿဖြစ်သော လနောက်က အာလုပ်ယောကိုသာ ဝေ ဝေါပြုသည်၊ ထိုသုတ်အစီအရင်မှ ကြွင်းသမျှ အာလုပ် ပဌမာ ဒုတိယာ ယောတို့ကို ဤသုတ်က ဝေါသာ ပြုသည်, ဝေ မပြု။
သို့အတွက် အာလုပ်ဖြင့် “သယမ္ဘဝေ” ဟု လည်းကောင်း, ပဌမာ ဒုတိယာ ယောတို့ဖြင့် “ဘိက္ခဝေ” စသည်ဖြင့်လည်းကောင်း, ရှိသင့်, မရှိသင့်ကို စဉ်းစားလျှင် …သယမ္ဘူပုဒ်ရင်းဖြစ်၍ အကတရဿ မဟုတ် သောကြောင့် “သယမ္ဘဝေ”ဟု မရှိနိုင်ကြောင်း, ယွာလပန မဟုတ်သော ကြောင့် ဒုတိယာ ယောဖြင့် “ဘိက္ခဝေ” စသည် မရှိနိုင်ကြောင်း ထင်ရှား သည်။
ရုပ်တွက်။ ။ သယမ္ဘုဝေါကို “သယမ္ဘူ” လိန်တည်၊ တို့သည်ဟူ၍၊ပေ၊ ယောဝိဘတ်သက်, မ္ဘ် ခွင်း, ူ ကို လ မှည့်, အဃော ရဿမေကဝစန ယောသွပိ စသုတ်ဖြင့် ူ ကို ု ရဿပြု, လတော ဝေါကာရော စသုတ်ဖြင့် ယော ဝိဘတ်ကို ဝေါ ပြု, သယမ္ဘုဝေါ ပြီး၏။
အမှာ။ ။ ဘိက္ခဝေါကို “ဘိက္ခု” တည်၍ တွက်လေ၊ ရဿပြုဖွယ် မလို၊ ဟေတုနော, ဇန္တုနောတို့ကို “ဟေတု, ဇန္တု” တည်၍ လမှည့်ပြီးလျှင် လတော ဝေါကာရော စ သုတ်၌ ကာရသဒ္ဒါဖြင့် ယောဝိဘတ်ကို နောပြု ဟု ဆို၍ ရုပ်တွက်လေ။
ဣတိ နာမကပ္ပေ ပဌမော ကဏ္ဍော။ ။ နာမကပ္ပေ- နာမ် ကျမ်း၌၊ ပဌမော- ရှေးဦးစွာသော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
နာမကပ္ပေ။ ။ နျာသ၌ သန္ဓိ နာမ် အာချာတ် ကိတ်တို့ကို “စတ္တာရိ ပကရဏာနိ-၄ ကျမ်းတို့ဟူ၍၊ ဝုစ္စန္တိ-ဆိုအပ်ကုန်၏”ဟု ဖွင့်ထားသော ကြောင့် ထိုအဖွင့်တိုင်းပင် ကစ္စည်းဘာသာဋီကာ၌လည်း ပြထား၏၊ ဤစာအုပ် ယခုအကြိမ်ရိုက်၌လည်း “နာမကပ္ပေ-နာမ်ကျမ်း”ဟု အနက် ပေးသည်၊ “သန္ဓိကပ္ပေ, အာချာတကပ္ပေ, ကိတကပ္ပေ”တို့၌လည်း နည်းတူ၊ ကာရက, သမာသနှင့် တဒ္ဓိတ်တို့ကား နာမ်ကျမ်း၌ ပါဝင်ကြသည်။
နာမ်ပဌမခန်းပြီး၏။
֍ ၆၉။ အမှဿ မမံ သဝိဘတ္တိဿ သေ။ ။ သေ- သဝိဘတ် ကြောင့်၊သဝိဘတ္တိဿ- ဝိဘတ်နှင့်တကွဖြစ်သော၊ အမှဿ- အမှ သဒ္ဒါ၏၊ မမံ- မမံအပြုသည်၊ ဟောတိ- ဖြစ်၏။ မမံ ဟူသည်တည်း။
၆၉။ အမှသဒ္ဒါသည် “ငါ, ကျွန်ုပ်, တပည့်တော်” စသည်ဖြင့် ကိုယ့်ကိုယ်ကို ခေါ်ဆို ညွှန်ပြသော အရာ၌ သုံးစွဲအပ်သောသဒ္ဒါတည်း၊ ဤသုတ်မှ “သဝိဘတ္တိ”သဒ္ဒါသည် “အာနေ သ္မိံ မှိ ဝါ”သုတ်တိုင်အောင် လိုက်သွားလိမ့်မည်။ [မမံ-ငါအား, ငါ၏။]
ရုပ်တွက်။ ။ မမံကို “အမှ”လိန်တည်၊ သဝိဘတ်သက်, အမှဿ မမံ သဝိဘတ္တိဿ သေသုတ်ဖြင့် ဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မမံ ပြု, မမံ ပြီး၏။
֍ ၇၀။ မယံ ယောမှိ ပဌမေ။ ။ ပဌမေ- ပဌမာဖြစ်သော၊ ယောမှိ- ယောဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- ဝိဘတ်နှင့်တကွ ဖြစ်သော၊ အမှဿ- အမှ သဒ္ဒါ၏၊ မယံ- မယံ အပြုသည်၊ ဟောတိ- ဖြစ်၏။ မယံ ဟူသည်တည်း။
၇၀။ [မယံ-ငါ, ကျွန်ုပ်, တပည့်တော်တို့သည်။] မယံကို “အမှ” လိန်တည်၊ ယောဝိဘတ်သက်, မယံ ယောမှိ ပဌမေသုတ်ဖြင့် ပဌမာ ယောဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မယံပြု, မယံ ပြီး၏။
֍ ၇၁။ န္တုဿ န္တော။ ။ ပဌမေ- ပဌမာဖြစ်သော၊ ယောမှိ- ယောဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ န္တော- န္တောအပြုသည်၊ ဟောတိ- ၏။ ဂုဏဝန္တော စသည်တည်း။
၇၁။ စာနေကျဉ်းသွားအောင် “သဝိဘတ္တိဿ-သော”ဟု ဆိုထားသော် လည်း “သဝိဘတ္တိဿ-ဝိဘတ်နှင့်တကွ ဖြစ်သော”ဟု အနက်ဆိုလေ။ [ ဂုဏဝန္တော-ဂုဏ်ရှိသူတို့သည်။] ဂုဏဝန္တောကို “ဂုဏဝန္တု” လိန်တည်၊ တို့သည်ဟူ၍၊ပေ၊ ယောဝိဘတ်သက်, န္တုဿ န္တောသုတ်ဖြင့် ပဌမာ ယောဝိဘတ်နှင့်တကွ န္တုပစ္စည်းကို န္တော ပြု, ဂုဏဝန္တော ပြီး၏။
֍ ၇၂။ န္တဿ သေ ဝါ။ ။ သေ- သဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ န္တဿ- န္တဿ အပြုသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ၏။ ဂုဏဝန္တဿ စသည်တည်း။
၇၂။ [ဂုဏဝန္တဿ-ဂုဏ်ရှိသူအား, ၏။] ဂုဏဝန္တဿကို “ဂုဏဝန္တု” လိန်တည်၊ သဝိဘတ်သက်, န္တဿ သေ ဝါသုတ်ဖြင့် သဝိဘတ်နှင့်တကွ န္တုပစ္စည်းကို န္တဿ ပြု, ဂုဏဝန္တဿ ပြီး၏။
֍ ၇၃။ အာ သိမှိ။ ။ သိမှိ- သိဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ အာ- အာအပြုသည်၊ ဟောတိ- ဖြစ်၏။ ဂုဏဝါ စသည်တည်း။
၇၃။ [ဂုဏဝါ-ဂုဏ်ရှိသူသည်။] ဂုဏဝါကို “ဂုဏဝန္တု” လိန်တည်၊ သိသက်, အာ သိမှိသုတ်ဖြင့် ဝိဘတ်နှင့်တကွ န္တုကို -ါ ပြု,ဝ် ခွင်း, ၊ ချေ, ကပ်, ပြီး၏။
֍ ၇၄။ အံ နပုံသကေ။ ။ သိမှိ- သိဝိဘတ်ကြောင့်၊ နပုံသကေ- နပုံလိန်၌၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ အံ- အံ အပြုသည်၊ ဟောတိ- ၏။ ဂုဏဝံ စသည်တည်း။
၇၄။ [ဂုဏဝံ-ဂုဏ်ရှိသောအမျိုးသည်။] ဂုဏဝံကို “ဂုဏဝန္တု” လိန်တည်၊ သိသက်, အံ နပုံသကေသုတ်ဖြင့် ဝိဘတ်နှင့်တကွ န္တုကို -ံ ပြု, ဝ် ခွင်း, ၊ ချေ, ကပ်, ပြီး၏။
֍ ၇၅။ အဝဏ္ဏာ စ ဂေ။ ။ ဂေ- ဂသိကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ အဝဏ္ဏာ စ- အ ဝဏ်အပြုတို့သည် လည်းကောင်း၊ အံ စ- အံအပြုသည်လည်းကောင်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ဘော ဂုဏဝ, ဘော ဂုဏဝါ, ဘော ဂုဏဝံ စသည် တည်း။
၇၅။ အဝဏ္ဏာ စ၌ စသဒ္ဒါက အံ နပုံသကေသုတ်မှ အံကို ဆွဲငင်သော ကြောင့် “အံ စ-အံအပြုသည်လည်းကောင်း”ဟု ထည့်ရသည်၊ အနှင့် အာကို အ ဝဏ်ဟု ခေါ်သည်။ [ဘော ဂုဏဝ, ဘော ဂုဏဝါ, ဘော ဂုဏဝံ-အို ဂုဏ်ရှိသူ။]
ရုပ်တွက်။ ။ ဂုဏဝကို “ဂုဏဝန္တု”လိန်တည်၊ အာလုပ် သိသက်, ဂအမည်မှည့်, အဝဏ္ဏာ စ ဂေသုတ်ဖြင့် ဂသိနှင့်တကွ န္တုပစ္စည်းကို ၊ ပြု, ဝ် ခွင်း, ချေ, ကပ်, ဂုဏ၀ ပြီး၏။ [ဂုဏဝါ၌ -ါ ပြု, ဂုဏဝံ၌ -ံ ပြု။]
֍ ၇၆။ တောတိတာ သသ္မိံနာသု။ ။ သသ္မိံနာသု- သဝိဘတ်, သ္မိံဝိဘတ်, နာဝိဘတ်တို့ကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- ၏၊ တောတိတာ- တော အပြု, တိ အပြု, တာ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဂုဏဝတော, ဂုဏဝတိ, ဂုဏဝတာ စသည်တည်း။
၇၆။ [ဂုဏဝတော - ဂုဏ်ရှိသူအား, ၏၊ ဂုဏဝတိ - ဂုဏ်ရှိသူ၌၊ ဂုဏဝတာ-ဂုဏ်ရှိသူဖြင့်။] ဂုဏဝတောကို “ဂုဏဝန္တု” လိန်တည်၊ သဝိဘတ် သက်, တောတိတာ သသ္မိံနာသုသုတ်ဖြင့် သဝိဘတ်နှင့်တကွ န္တုကို တော ပြု, ဂုဏဝတော ပြီး၏။ [ဂုဏဝတိ၌ သ္မိံဝိဘတ်နှင့်တကွ န္တုကို တိ ပြု၊ ဂုဏဝတာ၌ နာဝိဘတ်နှင့်တကွ န္တုကို တာ ပြု။]
֍ ၇၇။ နံမှိ တံ ဝါ။ ။ နံမှိ- နံဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ န္တုဿ- န္တုပစ္စည်း၏၊ တံ- တံအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ ဂုဏဝတံ စသည်တည်း။
၇၇။ [ဂုဏဝတံ-တို့အား, တို့၏။] ဂုဏဝတံကို “ဂုဏဝန္တု”တည်၊ နံ သက်, နံမှိ တံ ဝါသုတ်ဖြင့် ဝိဘတ်နှင့်တကွ န္တု ကို တံပြု, ပြီး၏။
֍ ၇၈။ ဣမဿိဒ.မံသိသု နပုံသကေ။ ။ အံသိသု- အံဝိဘတ်, သိဝိဘတ်တို့ကြောင့်၊ နပုံသကေ- နပုံလိန်၌၊ သဝိဘတ္တိဿ- သော၊ ဣမဿ- ဣမသဒ္ဒါ၏၊ ဣဒံ- ဣဒံအပြုသည်၊ ဟောတိ- ဖြစ်၏။ ဣဒံ ဟူသည်တည်း။
၇၈။ [ဣဒံ-ဤစိတ်ကို, ဤစိတ်သည်။] ဣဒံကို “ဣမ” လိန်တည်-ံဝိဘတ်သက်, ဣမဿိဒ.မံသိသု နပုံသကေသုတ်ဖြင့် ဝိဘတ်နှင့်တကွ ဣမကို ဣဒံပြု, ဣဒံ ပြီး၏။ [သိဝိဘတ်ဖြင့်လည်း ရုပ်တွက်လေ။]
֍ ၇၉။ အမုဿာ.ဒုံ။ ။ အံသိသု- အံဝိဘတ်, သိဝိဘတ်တို့ ကြောင့်၊ နပုံသကေ- ၌၊ သဝိဘတ္တိဿ- သော၊ အမုဿ- အမုသဒ္ဒါ ၏၊ အဒုံ- အဒုံအပြုသည်၊ ဟောတိ- ၏။ အဒုံ ဟူသည်တည်း။
၇၉။ [အဒုံ- ထိုစိတ်ကို, ထိုစိတ်သည်။] အဒုံကို “အမု” လိန်တည်-ံ ဝိဘတ်သက်, အမုဿာ.ဒုံသုတ်ဖြင့် -ံ ဝိဘတ်နှင့်တကွ အမုသဒ္ဒါကို အဒုံပြု, အဒုံ ပြီး၏။ [သိဝိဘတ်ဖြင့်လည်း ရုပ်တွက်လေ၊ ဣဒံနှင့်အဒုံ ရုပ်တို့၏ နပုံလိန်ဖြစ်ကြောင်း နာမ်ဂိုဏ်း၌ ထင်ရှားပါလိမ့်မည်။]
֍ ၈၀။ ဣတ္ထိပုမနပုံသကသင်္ချံ။ ။ ဣတ္ထိပုမနပုံသကသင်္ချံ- ဣတ္ထိပုမနပုံသကသင်္ချံ ဟူသော ဤသုတ်သည်၊ အဓိကာရော- လိုက်သုတ်တည်း။
၈၀။ ဤသုတ်ကား နောက် ၃ သုတ်သို့ လိုက်သော အဓိကာရသုတ် တည်း၊ လိုက်ပုံမှာ ထိုသုတ်များ၌ ထင်ရှားလတ္တံ့။
֍ ၈၁။ ယောသု ဒွိန္နံ ဒွေ စ။ ။ ယောသု- ယောဝိဘတ်တို့ ကြောင့်၊ သဝိတ္တီနံ- ဝိဘတ်နှင့် တကွဖြစ်ကုန်သော၊ ဣတ္ထိပုမ နပုံသကသင်္ချာနံ- ဣတ္ထိလိန်, ပုံလိန်, နပုံလိန်ကိုဟောသည့် သင်္ချာသဒ္ဒါဖြစ်ကုန်သော၊ ဒွိန္နံ- ဒွိသဒ္ဒါတို့၏၊ ဒွေ စ- ဒွေ အပြု သည်လည်း၊ ဟောတိ- ၏။ ဒွေ စ၌ စသဒ္ဒါဖြင့် ယောဝိဘတ် ကြောင့် ဝိဘတ်နှင့်တကွ ဒုဝေ အပြု, နံ ဝိဘတ်ကြောင့် ဒုဝိ အပြုကို ဆည်း၍ ဒုဝေ, ဒုဝိန္နံ ဟုလည်း ဖြစ်သေး၏။
၈၁။ [ဒွေ-၂ ယောက်ကုန်သော ယောက်ျားတို့သည်, တို့ကို (ပုံလိန်)၊ ၂ ယောက်ကုန်သော မိန်းမတို့သည်, တို့ကို (ဣတ္ထိလိန်)၊ ၂ ပါးကုန်သော စိတ်တို့သည်, တို့ကို (နပုံလိန်)၊ ဒုဝေ-၂ ယောက်တို့သည်, တို့ကို၊ ဒုဝိန္နံ၂ ယောက်တို့အား, တို့၏။]
ရုပ်တွက်။ ။ ဒွေကို “ဒွိ”လိန်တည်၊ ယောဝိဘတ်သက်, ယောသု ဒွိန္နံ ဒွေ စသုတ်ဖြင့် ယောဝိဘတ်နှင့်တကွ ဒွိသဒ္ဒါကို ဒွေပြု, ဒွေ ပြီး၏။ [ဒုဝေကို “ဒွိ”လိန်တည်၊ ယောဝိဘတ်သက်, ယောသု ဒွိန္နံ ဒွေ စသုတ်၌ စသဒ္ဒါဖြင့် ယောဝိဘတ်နှင့်တကွ ဒွိသဒ္ဒါကို ဒုဝေ ပြု။]
ဒုဝိန္နံကို “ဒွိ”လိန်တည်၊ နံဝိဘတ်သက်, ယောသု ဒွိန္နံ ဒွေ စသုတ်၌ စသဒ္ဒါဖြင့် နံဝိဘတ်ကြောင့် ဒွိသဒ္ဒါကို ဒုဝိပြု, ဥဘာဒိတော နမိန္နံသုတ်ဖြင့် ဒုဝိနောင် နံဝိဘတ်ကို -ိ န္နံ ပြု (ဒုဝိ -ိ န္နံ), ဝ် ခွင်း, -ိ ကို ချေ, ဝ် ကို -ိ သို့ ကပ်, ဒုဝိန္နံ ပြီး၏။ [ဥဘ, ဥဘယတို့ကား ဒွိ သဒ္ဒါမှ ပြောင်းလာ သော ပုဒ်များ မဟုတ်, ပင်ကို ပုဒ်ရင်းဖြစ်ကြောင်း နာမ်ဂိုဏ်း၌ သိရ လတ္တံ့။]
֍ ၈၂။ တိစတုန္နံ တိဿော စတဿော တယော စတ္တာရော တီဏိ စတ္တာရိ။ ။ ယောသု- ယောဝိဘတ်တို့ကြောင့်၊ သဝိဘတ္တီနံ- ဝိဘတ်နှင့်တကွဖြစ်ကုန်သော၊ ဣတ္ထိပုမနပုံသကသင်္ချာနံ- ဣတ္ထိ လိန်, ပုံလိန်, နပုံလိန်ကိုဟောသည့် သင်္ချာသဒ္ဒါဖြစ်ကုန်သော၊ တိစတုန္နံ- တိ စတုသဒ္ဒါတို့၏၊ တိဿော စတဿော တယော စတ္တာရော တီဏိ စတ္တာရိ- တိဿော စတဿော, တယော စတ္တာရော, တီဏိ စတ္တာရိ အပြုတို့သည်၊ ဟောန္တိ- ကုန်၏။ တိဿော စတဿော, တယော စတ္တာရော, တီဏိ စတ္တာရိ ဟူသည်တည်း။
၈၂။ “ဣတ္ထိပုမနပုံသကသင်္ချာနံ”ဟူသော အစဉ်အတိုင်း “တိဿော စတဿောတို့ကား ဣတ္ထိလိန်တည်း၊ တိဿော-၃ ယောက်သောမိန်းမတို့ သည်, တို့ကို၊ စတဿော-၄ ယောက်သောမိန်းမတို့သည်, တို့ကို၊ တယော စတ္တာရော တို့ကား ပုံလိန်တည်း၊ ၃ ယောက်သောယောက်ျားတို့သည်, တို့ကို၊ ၄ ယောက်သောယောက်ျားတို့သည်, တို့ကို၊ တီဏိ စတ္တာရိ တို့ကား နပုံလိန်တည်း၊ ၃ ပါးသောစိတ်တို့သည်, တို့ကို၊ ၄ ပါးသောစိတ်တို့သည်, တို့ကို”ဟု အနက်ပေး၊ စိတ္တသဒ္ဒါက နပုံလိန်ဖြစ်၍ နပုံလိန်ကို ပြရာ၌ စိတ်ကိုချည်း အနက်ပေးကြသည်။
ရုပ်တွက်။ ။ တိဿောကို “တိ”လိန်တည်၊ ယောဝိဘတ်သက်၊ တိ စတုန္နံ တိဿော စတဿော တယော စတ္တာရော တီဏိ စတ္တာရိသုတ်ဖြင့် ယောဝိဘတ်နှင့်တကွ တိသင်္ချာသဒ္ဒါကို တိဿောပြု, တိဿော ပြီး၏။ [တယော, တီဏိတို့ကိုလည်း “တယောပြု, တီဏိပြု”ဟု ဆို၍ တွက်လေ၊၊]
စတဿောကို “စတု”လိန်တည်၊ ယောဝိဘတ်သက်, ဤသုတ်ဖြင့် ဝိဘတ်နှင့်တကွ စတုသင်္ချာသဒ္ဒါကို စတဿောပြု, စတဿော ပြီး၏။ [စတ္တာရော, စတ္တာရိ တို့ကိုလည်း “စတ္တာရော ပြု, စတ္တာရိ ပြု”ဟု ဆို။]
֍ ၈၃။ ပဉ္စာဒီန.မကာရော။ ။ ယောသု- ယောဝိဘတ်တို့ ကြောင့်၊ သဝိဘတ္တီနံ- ဝိဘတ်နှင့်တကွဖြစ်ကုန်သော၊ ဣတ္ထိပုမ နပုံသကသင်္ချာနံ- ဣတ္ထိလိန်, ပုံလိန်, နပုံလိန်ကိုဟောသည့် သင်္ချာ သဒ္ဒါဖြစ်ကုန်သော၊ ပဉ္စာဒီနံ- ပဉ္စ အစ, အဋ္ဌရသအဆုံးရှိသော သဒ္ဒါတို့၏ အဆုံး အ သည်၊ အကာရော- အ အပြုသည်၊ ဟောတိ- ဖြစ်၏။ ပဉ္စ, ဆ စသည်တည်း။
၈၃။ [ပဉ္စ-၅ ခုတို့သည်, တို့ကို၊ ဆ-၆ ခုတို့သည်, တို့ကို။] ပဉ္စ အစ, အဋ္ဌာရသ အဆုံးရှိသော သင်္ချာသဒ္ဒါတို့၏ အဆုံး အ သရကို ဝိဘတ်နှင့် တကွ (အ)ထပ်ပြုသော သုတ်တည်း၊ ထိုသို့ (အ)ထပ်ပြုသဖြင့် သဗ္ဗာ ယောနိနမာဧသုတ်၏ အာ ဧ အပြုကို တားမြစ်ရခြင်းအကျိုးရှိသည်။
ရုပ်တွက်။ ။ ပဉ္စကို “ပဉ္စ”လိန်တည်၊ ယောဝိဘတ်သက်, ဉ္စ် ခွင်း, ပဉ္စာဒီနမကာရောသုတ်ဖြင့် ယောဝိဘတ်နှင့်တကွ ပဉ္စသဒ္ဒါ၏ အဆုံး ၊ ကို ၊ ထပ်ပြု, ဉ္စ် ကို ၊ သို့ ကပ်, ပဉ္စ ပြီး၏။
ဆ=၆ ခုတို့၊ သတ္တ=၇ ခုတို့၊ အဋ္ဌ=၈ ခုတို့၊ နဝ=၉ ခုတို့၊ ဒသ=၁၀ တို့၊ ဧကာဒသ=၁၁ တို့၊ ဒွါဒသ=၁၂ တို့၊ တေရသ=၁၃ တို့၊ စုဒ္ဒသ=၁၄ တို့၊ ပန္နရသ=၁၅ တို့၊ သောဠသ=၁၆ တို့၊ သတ္တရသ=၁၇ တို့၊ အဋ္ဌာရသ=၁၈ တို့သည်, တို့ကို၊ ဤရုပ်များလည်း ပဉ္စ အတိုင်း တွက်လေ။
֍ ၈၄။ ရာဇဿ ရညောရာဇိနော သေ။ ။ သေ- သဝိဘတ် ကြောင့်၊ သဝိဘတ္တိဿ- သော၊ ရာဇဿ- ရာဇသဒ္ဒါ၏၊ ရညော ရာဇိနော- ရညော အပြု, ရာဇိနော အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ရညော, ရာဇိနော ဟူသည်တည်း။
၈၄။ [ရညော, ရာဇိနော - မင်း(ရှင်ဘုရင်)အား, ၏။]
ရုပ်တွက်။ ။ ရညောကို “ရာဇ”လိန်တည်၊ သဝိဘတ်သက်, ရာဇဿ ရညောရာဇိနော သေသုတ်ဖြင့် သဝိဘတ်နှင့်တကွ ရာဇသဒ္ဒါကို ရညော ပြု, ရညော ပြီး၏။ [ရာဇိနော၌ “ရာဇ”လိန်တည်၍ သဝိဘတ်နှင့်တကွ ရာဇိနောပြုဟု ဆိုလေ။]
֍ ၈၅။ ရညံ နံမှိ ဝါ။ ။ နံမှိ- နံဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ရာဇဿ- ရာဇသဒ္ဒါ၏၊ ရညံ- ရညံ အပြုသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ ရညံ ဟူသည်တည်း။
၈၅။ [ရညံ-မင်းတို့အား, တို့၏။] ရညံကို “ရာဇ”လိန်တည်၊ နံဝိဘတ် သက်, ရညံ နံမှိ ဝါသုတ်ဖြင့် နံဝိဘတ်နှင့်တကွ ရာဇသဒ္ဒါကို ရညံ ပြု, ရညံ ပြီး၏။
֍ ၈၆။ နာမှိ ရညာ ဝါ။ ။ နာမှိ- နာ ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ရာဇဿ- ရာဇသဒ္ဒါ၏၊ ရညာ- ရညာ အပြု သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ရညာ ဟူသည်တည်း။
၈၆။ [ရညာ-မင်းဖြင့်။] ရညာကို “ရာဇ”လိန်တည်၊ နာဝိဘတ်သက်, နာမှိ ရညာ ဝါသုတ်ဖြင့် နာဝိဘတ်နှင့်တကွ ရာဇသဒ္ဒါကို ရညာ ပြု, ရညာ ပြီး၏။
֍ ၈၇။ သ္မိံမှိ ရညေရာဇိနိ။ ။ သ္မိံမှိ- သ္မိံ ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ရာဇဿ- ရာဇသဒ္ဒါ၏၊ ရညေရာဇိနိ- ရညေ အပြု, ရာဇိနိ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ရညေ, ရာဇိနိ ဟူသည်တည်း။
၈၇။ [ရညေ, ရာဇိနိ - မင်း၌။] ရညေကို “ရာဇ”လိန်တည်၊ သ္မိံဝိဘတ် သက်, သ္မိံမှိ ရညေရာဇိနိသုတ်ဖြင့် သ္မိံဝိဘတ်နှင့်တကွ ရာဇသဒ္ဒါကို ရညေ ပြု, ရညေ ပြီး၏။ [ရာဇိနိ ပြုလျှင် ရာဇိနိ ပြီး၏။]
֍ ၈၈။ တုမှာ.မှာကံ တယိ မယိ။ ။ သ္မိံမှိ- သ္မိံဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ဝိဘတ်နှင့်တကွဖြစ်ကုန်သော၊ တုမှာ.မှာကံ- တုမှ, အမှသဒ္ဒါတို့၏၊ တယိ မယိ- တယိ အပြု, မယိ အပြုတို့သည်၊ ဟောန္တိ- ကုန်၏။ တယိ, မယိ ဟူသည်တည်း။
၈၈။ [တယိ-သင်၌၊ မယိ-ငါ၌။] တုမှာ.မှာကံဟု သီဟိုဠ်စာ ရှိသည်၊ တုမှ+အမှာကံ ဟု ပုဒ်ဖြတ်၊ တုမှသဒ္ဒါသည် မိမိနှင့်အတူနေခိုက်ဖြစ်သော သူတစ်ပါးကို ဟော၏၊ “သင်, နင်, မင်း, အရှင်”စသည်ဖြင့် အနက်ဆို။
ရုပ်တွက်။ ။ တယိကို “တုမှ”လိန်တည်၊ သ္မိံဝိဘတ်သက်, တုမှာ.မှာကံ တယိမယိသုတ်ဖြင့် သ္မိံဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တယိပြု, တယိ ပြီး၏။ [မယိကို “အမှ” တည်၊ သ္မိံ သက်, သ္မိံဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မယိ ပြုလေ။]
֍ ၈၉။ တွ.မဟံ သိမှိ စ။ ။ သိမှိ- သိဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ တွံအဟံ စ- တွံအပြု, အဟံအပြု တို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ တွံ, အဟံ စသည်တည်း။ တွံ အဟံ စ၌ စသဒ္ဒါဖြင့် တုမှသဒ္ဒါ၏ တုဝံ အပြုကို ဆည်း၍ တုဝံ ဟုလည်း ဖြစ်သေး၏။
၈၉။ [တွံ, တုဝံ-သင်သည်၊ အဟံ-ငါသည်။] တွံကို “တုမှ”လိန်တည်၊ သိဝိဘတ်သက်, တွ.မဟံ သိမှိ စသုတ်ဖြင့် သိဝိဘတ်နှင့်တကွ တုမှ သဒ္ဒါကို တွံ ပြု, တွံ ပြီး၏။
အဟံကို “အမှ”လိန်တည်၍ သိဝိဘတ်နှင့်တကွ အမှ သဒ္ဒါကို အဟံ ပြု၊ တုဝံကို “တုမှ”လိန်တည်၊ သိသက်, တွ.မဟံ သိမှိ စသုတ်၌ စသဒ္ဒါ ဖြင့် သိဝိဘတ်နှင့်တကွ တုမှ သဒ္ဒါကို တုဝံ ပြု။
֍ ၉၀။ တဝ မမ သေ။ ။ သေ- သဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တုမှ, အမှသဒ္ဒါတို့၏၊ တဝ မမ- တဝ အပြု, မမ အပြုတို့သည်၊ ဟောန္တိ- ကုန်၏။ တဝ, မမ ဟူသည် တည်း။
၉၀။ [တဝ-သင်အား, ၏၊ မမ-ငါအား, ၏။] တဝကို “တုမှ”တည်၊ သဝိဘတ်သက်၊ တဝမမ သေသုတ်ဖြင့် သဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တဝပြု, ပြီး၏။ [မမကို “အမှ”တည်, ဝိဘတ်နှင့်တကွ မမ ပြု။]
֍ ၉၁။ တုယှံ မယှဉ္စ။ ။ သေ- သဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တုမှ, အမှသဒ္ဒါတို့၏၊ တုယှံ မယှဉ္စ- တုယှံ အပြု, မယှံ အပြုတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ တုယှံ, မယှံ ဟူသည်တည်း။
၉၁။ [တုယှံ-သင်အား, ၏၊ မယှံ-ငါအား, ၏။] တုယှံကို “တုမှ”တည်၊ သဝိဘတ် သက်, တုယှံမယှဉ္စသုတ်ဖြင့် ဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တုယှံ ပြု, ပြီး၏။ [မယှံကို “အမှ”တည်၍ ဝိဘတ်နှင့်တကွ အမှ ကို မယှံ ပြု။]
֍ ၉၂။ တံမ.မံမှိ။ ။ အံမှိ- အံဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တုမှ အမှသဒ္ဒါတို့၏၊ တံ မံ- တံ အပြု, မံ အပြုတို့သည်၊ ဟောန္တိ- န်၏။ တံ, မံ ဟူသည်တည်း။
၉၂။ [တံ-သင့်ကို၊ မံ-ငါ့ကို။] တံကို “တုမှ”လိန်တည်၊ အံဝိဘတ် သက်, တံမမံမှိသုတ်ဖြင့် အံဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တံ ပြု, တံ ပြီး၏။ [မံ ကို “အမှ”တည်၍ အံဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မံ ပြု။]
֍ ၉၃။ တဝံ မမဉ္စ နဝါ။ ။ အံမှိ- အံ ဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ တဝံ မမဉ္စ- တဝံ အပြု, မမံ အပြုတို့သည်လည်း၊ နဝါ- အချို့အရာ၌၊ ဟောန္တိ- ဖြစ်ကုန်၏။ တဝံ, မမံ ဟူသည်တည်း။
၉၃။ [တဝံ-သင့်ကို၊ မမံ-ငါ့ကို။] တဝံကို “တုမှ”လိန်တည်၊ အံဝိဘတ် သက်, တဝံ မမဉ္စ နဝါသုတ်ဖြင့် အံဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တဝံ ပြု, တဝံ ပြီး၏။ [မမံကို “အမှ”တည်၍ အံဝိဘတ်နှင့်တကွ မမံ ပြု။]
֍ ၉၄။ နာမှိ တယာမယာ။ ။ နာမှိ- နာ ဝိဘတ်ကြောင့်၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ တယာ မယာ- တယာ အပြု, မယာ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ တယာ, မယာ ဟူသည်တည်း။
၉၄။ [တယာ-သင်ဖြင့်၊ မယာ-ငါဖြင့်။]
တယာကို “တုမှ” လိန်တည်၊ နာဝိဘတ်သက်, နာမှိ တယာ မယာ သုတ်ဖြင့် နာဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တယာ ပြု, တယာ ပြီး၏။ [မယာကို “အမှ”တည်၍ နာဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မယာ ပြု။]
֍ ၉၅။ တုမှဿ တုဝံ တွ.မံမှိ။ ။ အံမှိ- အံ ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- ဝိဘတ်နှင့်တကွဖြစ်သော၊ တုမှဿ- တုမှသဒ္ဒါ၏၊ တုဝံ တွံ- တုဝံ အပြု, တွံ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ တုဝံ, တွံ ဟူသည်တည်း။
၉၅။ [တုဝံ, တွံ-သင့်ကို။] တုဝံကို “တုမှ”လိန်တည်၊ အံဝိဘတ် သက်, တုမှဿ တုဝံတွမမှိသုတ်ဖြင့် အံ ဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တုဝံ ပြု, တုဝံ ပြီး၏။ [တွံကို “တုမှ”တည်၍ အံဝိဘတ်နှင့်တကွ တွံ ပြု။]
֍ ၉၆။ ပဒတော ဒုတိယာစတုတ္ထီဆဋ္ဌီသု ဝေါနော။ ။ ဒုတိယာ စတုတ္ထီဆဋ္ဌီသု- ဒုတိယာ စတုတ္ထီ ဆဋ္ဌီ ဗဟုဝုစ်ဝိဘတ်ကြောင့်၊ ပဒတော- ပုဒ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တုမှ အမှသဒ္ဒါတို့၏၊ ဝေါနော- အစဉ် အတိုင်း ဝေါ အပြု, နော အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပဟာယ ဝေါ ဂမိဿာမိ, မာ နော အဇ္ဇ ဝိကန္တိသုံ စသည်တည်း။
၉၆။ ဤသုတ်ကား-ဒုတိယာ ယောဝိဘတ်, စတုတ္ထီ ဆဋ္ဌီ နံဝိဘတ်တို့ နှောင်းရာ၌ ဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို ဝေါ, အမှသဒ္ဒါကို နော ပြုသော သုတ်တည်း။
ပဒတောပရအဓိပ္ပာယ်။ ။ “ပဒတော, ပရေသံ”ဟု ဆိုသောကြောင့် ဂါထာစီရာ၌ “နော ဘဝံ ဌာတု သီသကေ”ကဲ့သို့ နော ကို ထိုထိုပါဒ၏ အစမှာ မထားရ၊ “ဘဝံ နော ဌာတု သီသကေ”စသည်ဖြင့် ၁ ပုဒ် ၂ ပုဒ် စသည်တို့၏ နောက်၌သာ ထားရသည်၊ စုဏ္ဏိယ စီရာ၌ “ဝေါ ဂါမံ ဂစ္ဆေယျာထ”စသည်ဖြင့် ဝါကျ၏အစမှာ ဝေါ နောကို မထားရ၊ “ဂါမံ ဝေါ ဂစ္ဆေယျာထ”စသည်ဖြင့် ၁ ပုဒ် ၂ ပုဒ် စသည်တို့၏ နောက်၌သာ ထားရ သည်၊ ဤပဒတောပရနှင့်စပ်၍ မှတ်ဖွယ်ရှိသေးသည်ကို ရူပသိဒ္ဓိမှာ ရှု။
ဒု ယော။ ။ ဝေါ-သင်တို့ကို၊ ပဟာယ-ပယ်စွန့်၍၊ ဂမိဿာမိသွားတော့အံ့၊ အဇ္ဇ-ယနေ့၊ နော-ငါတို့ကို၊ မာ ဝိကန္တိသုံ-မခုတ် မဖြတ် မသတ်ပါစေကုန်လင့်၊ ဤကား ဒုတိယာယော၏ နောပြုရာပုံစံများတည်း။
စတုတ္ထီ နံ။ ။ ဓမ္မံ ဝေါ ဒေသေဿာမိ (သင်တို့အား တရားဟောတော် မူမည်၊) သံဝိဘဇေထ နော ရဇ္ဇေန (ကျွန်ုပ်တို့အား တိုင်းပြည်ကို ဝေဖန် ပေးပါ၊) ဤကား စတုတ္ထီ နံဝိဘတ်၏ ပုံစံ။
ဆဋ္ဌီ နံ။ ။ တုဋ္ဌော.သ္မိ ဝေါ ပကတိယာ (သင်တို့၏ ပင်ကိုအတိုင်းဖြင့် အားရတော်မူ၏၊) သတ္ထာ နော အနုပ္ပတ္တော(ကျွန်ုပ်တို့၏ဆရာ ကြွရောက် တော်မူလာပြီ၊) ဤကား ဆဋ္ဌီ နံဝိဘတ်၏ ပုံစံတည်း။
ရုပ်တွက်။ ။ ဝေါကို “တုမှ”လိန်တည်၊ တို့သည်ဟူ၍၊ပေ၊ ယောဝိဘတ် သက်, ပဒတော ဒုတိယာစတုတ္ထီဆဋ္ဌီသု ဝေါနောသုတ်ဖြင့် ယောဝိဘတ် နှင့်တကွ တုမှသဒ္ဒါကို ဝေါပြု, ဝေါပြီး၏။ [နောကို “အမှ”တည်၊ ယော ဝိဘတ်နှင့်တကွ အမှသဒ္ဒါကို နောပြု, စတုတ္ထီ ဆဋ္ဌီ နံဝိဘတ်သက်၍ လည်း ဤနည်းအတိုင်း တွက်။]
֍ ၉၇။ တေမေ.ကဝစနေသု စ။ ။ ဧကဝစနေသု စ- စတုတ္ထီ ဆဋ္ဌီ ဧကဝုစ်ဝိဘတ်တို့ကြောင့်လည်း၊ ပဒတော- ပုဒ်မှ၊ ပရေသံ- ကုန်သော၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ တေမေ- အစဉ်အတိုင်း တေ အပြု, မေ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဒဒါမိ တေ, ဒဒါဟိ မေ စသည်တည်း။
၉၇။ ဤသုတ်၌ ဧကဝစနေသုဟု ဆိုသောကြောင့် ရှေ့ ပဒတော ဒုတိယာ စသောသုတ်က ဗဟုဝုစ်နှောင်းရာ စီရင်ကြောင်း သိနိုင်သည်၊ ရှေ့သုတ်မှ ဒုတိယာ စတုတ္ထီ ဆဋ္ဌီ ၃ မျိုးလုံး လိုက်လာသင့်သော်လည်း
နောက်လာမည့် “န အံမှိ”သုတ်က ဒုတိယာ အံဝိဘတ်၏ တေ မေအပြုကို တားမြစ်လတ္တံ့ဖြစ်၍ ဒုတိယာ မလိုက်ဘဲ စတုတ္ထီ ဆဋ္ဌီသာ လိုက်သည်။
တေ-သင့်အား၊ ဒဒါမိ-ပေး၏၊ မေ-ကျွန်ုပ်အား၊ ဒဒါဟိ-ပေးတော်မူပါ၊ ဤကား စတုတ္ထီ သ၏ ပုံစံ၊ ဣဒံ တေ ရဋ္ဌံ (ဤနိုင်ငံကား အရှင်၏ တိုင်း နိုင်ငံပါ၊) အယံ မေ ပုတ္တော (ဤသူကား ငါ၏ သား၊) ဤကား ဆဋ္ဌီ သ၏ ပုံစံ။
ရုပ်တွက်။ ။ တေကို “တုမှ”လိန်တည်၊ အားဟူ၍ ၊ပေ၊ သဝိဘတ် သက်, တေမေကဝစနေသု စသုတ်ဖြင့် သဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တေ ပြု, ပြီး၏။ [မေကို “အမှ”တည်၊ မေ ပြု၊ ဆဋ္ဌီ သ ဖြင့်လည်းနည်းတူ၊၊]
֍ ၉၈။ န အံမှိ။ ။ အံမှိ- အံဝိဘတ်ကြောင့်၊ ပဒတော- ပုဒ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ. မှာကံ- တို့၏၊ တေမေ- တေ အပြု, မေ အပြုတို့သည်၊ န- မဖြစ်ကုန်။ ပဿေယျ တံ, သော မံ အဗြဝိ စသည်တည်း။
၉၈။ [တံ-သင့်ကို၊ ပဿေယျ-မြင်ပါစေလော၊ သော-ထိုသူသည်၊ မံငါ့ကို၊ အဗြဝိ-ပြောဆိုပြီ။] တေမေကဝစနေသု စသုတ်၌ ဧကဝစနေသုဟု သာမည ဆိုထားသဖြင့် “ပဒတော ဒုတိယာစတုတ္ထီဆဋ္ဌီသု ဝေါနော” သုတ်၌ ပါသမျှဝိဘတ် ၃ မျိုးလုံး လိုက်လာမည် စိုး၍ ဤသုတ်က ဒုတိယာ ဧကဝုစ် အံ ဝိဘတ်ကို ချန်လှပ်ဖို့ရန် တားမြစ်ရပြန်သည်၊ ထို့ကြောင့် “ပဿေယျ တေ, သော မေ”ဟု ဒုတိယာ ဧကဝုစ်ဖြင့် တေ မေ အပြု မရှိနိုင်၊ “ပဿေယျ တံ, သော မံ”၌ တံ မံ တို့ကို “တံမ.မံမှိ”သုတ်ဖြင့် ရုပ်တွက်လေ။
֍ ၉၉။ ဝါ တတိယေ စ။ ။ တတိယေ စ- တတိယာ ဧကဝုစ် ဝိဘတ်ကြောင့်လည်း၊ ပဒတော- ပုဒ်မှ၊ ပရေသံ- နောက်ဖြစ်ကုန် သော၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ တေမေ- တေ အပြု, မေ အပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကတံ တေ, ကတံ မေ စသည်တည်း။
၉၉။ တေ-သင်သည်၊ ကတံ-ပြုအပ်ပြီ၊ မေ-ငါသည်၊ ကတံ-ပြုအပ်ပြီ၊ ဤပုံစံ၌ “တေ-သင်သည်”ဟု အနက်ဆိုသော်လည်း ပဌမာ မဟုတ်, အဝုတ္တကတ္တားအနက်၌ သက်ရသော တတိယာဝိဘတ်တည်း။
ရုပ်တွက်။ ။ တေကို “တုမှ”လိန်တည်၊ သည်ဟူ၍အနက်ပေးသော ကြောင့် ကတ္တရိ စသုတ်ဖြင့် အဝုတ္တကတ္တားအနက်၌ တတိယာဧကဝုစ် နာဝိဘတ်သက်, ဝါ တတိယေ စသုတ်ဖြင့် နာဝိဘတ်နှင့်တကွ တုမှ သဒ္ဒါကို တေ ပြု, တေ ပြီး၏။ [မေကို “အမှ”တည်၍ ရုပ်တွက်လေ။]
֍ ၁၀၀။ ဗဟုဝစနေသု ဝေါနော။ ။ ဗဟုဝစနေသု- တတိယာ ဗဟုဝုစ်ဝိဘတ်တို့ကြောင့်၊ ပဒတော- ပုဒ်မှ၊ ပရေသံ- နောက်ဖြစ် ကုန်သော၊ သဝိဘတ္တီနံ- ကုန်သော၊ တုမှာ.မှာကံ- တို့၏၊ ဝေါနော- ဝေါ အပြု, နော အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကတံ ဝေါ, ကတံ နော စသည်တည်း။ ဗဟုဝစနေသုဟု ဗဟုဝုစ် သုဝိဘတ် ဖြင့် ဆိုခြင်းကြောင့် ပဌမာဗဟုဝုစ် ယောနှောင်းရာ၌ ဝေါ နော ပြု၍ ဂါမံ ဝေါ ဂစ္ဆေယျာထ, ဂါမံ နော ဂစ္ဆေယျာမ ဟုလည်း ဖြစ်သေး၏။
၁၀၀။ ဤသုတ်က ဗဟုဝစနေသုဟု ဆိုသောကြောင့် “ဝါ တတိယေ စ”သုတ်၌ တတိယာ ဧကဝုစ်ဟု ဆိုခဲ့ရပေသည်။ [ဝေါ-သင်တို့သည်၊ ကတံ-ပြုအပ်ပြီ၊ နော-ငါတို့သည်၊ ကတံ-ပြုအပ်ပြီ၊ ဝေါ-သင်တို့သည်၊ ဂါမံ-ရွာသို့၊ ဂစ္ဆေယျာထ-သွားကြကုန်လော၊ နော-ငါတို့သည်၊ ဂါမံ-ရွာသို့၊ ဂစ္ဆေယျာမ-သွားကုန်အံ့။]
ရုပ်တွက်။ ။ ဝေါကို “တုမှ”လိန်တည်၊ တို့သည်ဟူ၍ အနက်ပေးသော ကြောင့် ကတ္တရိ စသုတ်ဖြင့် အဝုတ္တကတ္တားအနက်၌ တတိယာဗဟုဝုစ် ဟိဝိဘတ်သက်, ဗဟုဝစနေသု ဝေါနောသုတ်ဖြင့် ဟိဝိဘတ်နှင့်တကွ တုမှ သဒ္ဒါကို ဝေါ ပြု, ဝေါ ပြီး၏။ [နောကို “အမှ”တည်၍ တွက်။]
ဗဟုဝစနေသု၏အဓိပ္ပာယ်။ ။ ထုံးစံအတိုင်းဆိုလျှင် အနက်တစ်ခုကို ဧကဝုစ်ဖြင့် ဆို၍ အနက်များကိုမှ ဗဟုဝုစ်ဖြင့် ဆိုရသည်၊ ဝါ တတိယေ စသုတ်၌ တတိယာဧကဝုစ်ဝိဘတ်က “နာ”တစ်လုံးတည်း ရှိသည့်အတွက် “တတိယေ”ဟု ဧကဝုစ် သ္မိံဝိဘတ်ဖြင့် ဆိုထားခြင်းသည် ထုံးစံကျပေ၏၊ ဤသုတ်၌ တတိယာဗဟုဝုစ်ဝိဘတ်သည် “ဟိ”တစ်လုံးတည်း ဖြစ်ပါလျက် “ဗဟုဝစနေသု”ဟု ဗဟုဝုစ်သုဝိဘတ်ဖြင့် ဆိုထားခြင်းသည် ထုံးစံမကျချေ၊ ထို့ကြောင့် ဟိဝိဘတ်အပြင် ကျမ်းဆရာ၏ ရည်ရွယ်ချက် အနက်တစ်ခု ရှိသေး၏၊ ထိုအနက်ကား ပဌမာဗဟုဝုစ် ယောဝိဘတ်ပင်တည်း။
ရုပ်တွက်။ ။ ဝေါကို “တုမှ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ ဗဟုဝုစ် ယောဝိဘတ်သက်, ဗဟုဝစနေသု ဝေါနောသုတ်၌ ဗဟုဝုစ် သုဝိဘတ်ကို ဆိုခြင်းကြောင့် ယောဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို ဝေါပြု, ဝေါပြီး၏။ [နောကို “အမှ” တည်၍ ရုပ်တွက်လေ။]
֍ ၁၀၁။ ပုမန္တဿာ.သိမှိ။ ။ သိမှိ- သိ ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ပုမန္တဿ- ပုမ၏အဆုံး အ၏၊ အာ- အာ အပြုသည်၊ ဟောတိ- ဖြစ်၏။ ပုမာ ဟူသည်တည်း။ အန္တသဒ္ဒါပို ဖြင့် မဃဝါ, ယုဝါ, အဒ္ဓါ ဟုလည်း ဖြစ်၏။
၁၀၁။ [ပုမာ-ယောက်ျား=အထီး=အဖိုသည်၊ မဃဝါ-သိကြားသည်၊ ယုဝါ - လူပျိုသည်၊ အဒ္ဓါ - ကာလသည်။] ပုမာ ကို “ပုမ” လိန်တည်၊
သိဝိဘတ်သက်, မ် ခွင်း, ပုမန္တဿာ.သိမှိသုတ်ဖြင့် သိဝိဘတ်နှင့်တကွ ပုမ ၏အဆုံး ၊ ကို -ါ ပြု, ပုမာ ပြီး၏။
အန္တသဒ္ဒါပို။ ။ “ပုမဿ-ပုမ၏အဆုံး အ သည်”ဟု အန္တ မပါဘဲ “အဆုံး”ဟူသော အနက်ကို ဆိုနိုင်၏၊ ထို့ကြောင့် ထို အန္တသဒ္ဒါပိုဖြင့် မဃဝ, ယုဝ, အဒ္ဓ တို့၏ အဆုံး အ ကို အာ ပြုလေ။
မဃဝါ ကို “မဃဝ”လိန်တည်၊ သိဝိဘတ်သက်, ပုမန္တဿာ.သိမှိ သုတ်၌ အန္တသဒ္ဒါပိုဖြင့် သိဝိဘတ်နှင့်တကွ မဃဝသဒ္ဒါ၏အဆုံး ၊ ကို -ါ ပြု, မဃဝါ ပြီး၏။ [ယုဝါကိုလည်း “ယုဝ”တည်၊ အဒ္ဓါကိုလည်း “အဒ္ဓ” တည်၍ တွက်လေ။]
֍ ၁၀၂။ အ.မာလပနေက.ဝစနေ။ ။ အာလပနေကဝစနေ- အာလုပ်ဧကဝုစ်ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ပုမန္တဿ- ပုမ၏ အဆုံး အ ၏၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဟေ ပုမံ ဟူသည်တည်း။
၁၀၂။ [ဟေ ပုမံ-အို ယောက်ျား။] ပုမံကို “ပုမ”လိန်တည်၊ အိုဟူ၍ ၊ပေ၊ ဧကဝုစ် သိဝိဘတ်သက်, မ်ခွင်း, အမာလပနေကဝစနေသုတ်ဖြင့် အာလုပ်သိနှင့်တကွ ပုမ၏အဆုံး ၊ ကို -ံပြု, မ်ကို -ံ သို့ကပ်, ပုမံ ပြီး၏။
֍ ၁၀၃။ သမာသေ စ ဝိဘာသာ။ ။ အာလပနေကဝစနေ- အာလုပ်ဧကဝုစ်ဝိဘတ်ကြောင့်၊ သမာသေ စ- သမာသ်အရာ၌ လည်း၊ သဝိဘတ္တိဿ- သော၊ ပုမန္တဿ- ပုမ၏ အဆုံး အ ၏၊ ဝိဘာသာ- ဝိကပ်အားဖြင့်၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဟေ ဣတ္ထိပုမံ, ဟေ ဣတ္ထိပုမ, ဟေ ဣတ္ထိပုမာ စသည်တည်း။
၁၀၃။ [ဟေ ဣတ္ထိပုမံ, ဟေ ဣတ္ထိပုမ, ဟေ ဣတ္ထိပုမာ - အို မိန်းမယောက်ျား။] ဤသုတ်ကား သမာသ်အရာဝယ် အာလုပ် ဧကဝုစ် သိဝိဘတ်နှင့်တကွ ပုမ၏အဆုံး ၊ ကို -ံပြုသောသုတ်တည်း၊ ထို့ကြောင့် “ဣတ္ထိပုမံ”ဟု -ံပြုရာရုပ်ကို ပြထားသည်၊ သို့သော် ဝါသဒ္ဒါနှင့် အနက်တူ ဝိဘာသာ သဒ္ဒါကို ဆိုထားသဖြင့် အံ အပြု မမြဲကြောင်း သိရ၏၊ ထို့ကြောင့် “ဘော ပုရိသ, ဘော ပုရိသာ” ကဲ့သို့ ဟေ ဣတ္ထိပုမ, ဟေ ဣတ္ထိပုမာ”လည်း ရှိနိုင်ပြန်သည်။
ရုပ်တွက်။ ။ ဣတ္ထိပုမံကို “ဣတ္ထိပုမ”လိန်တည်၊ အိုဟူ၍၊ပေ၊ သိ ဝိဘတ်သက်, သမာသေ စ ဝိဘာသာသုတ်ဖြင့် အာလုပ် သိနှင့်တကွ ပုမ၏အဆုံး ၊ ကို -ံ ပြု, ဣတ္ထိပုမံ ပြီး၏။
֍ ၁၀၄။ ယောသွာ.နော။ ။ ယောသု- တို့ကြောင့်၊ သဝိဘတ္တိ ဿ- သော၊ ပုမန္တဿ- ပုမ၏ အဆုံး အ ၏၊ အာနော- အာနော အပြုသည်၊ ဟောတိ- ၏။ ပုမာနော ဟူသည်တည်း။
၁၀၄။ [ပုမာနော-ယောက်ျားတို့သည်, တို့ကို။] ပုမာနောကို “ပုမ”လိန် တည်၊ ယောဝိဘတ်သက်, မ်ခွင်း, ယောသွာ.နောသုတ်ဖြင့် ယောဝိဘတ် နှင့်တကွ ပုမ၏အဆုံး ၊ ကို -ါနော ပြု, မ်ကို -ါ သို့ကပ်, ပုမာနော ပြီး၏။
֍ ၁၀၅။ အာနေ သ္မိံမှိ ဝါ။ ။ သ္မိံမှိ- သ္မိံ ဝိဘတ်ကြောင့်၊ သဝိဘတ္တိဿ- သော၊ ပုမန္တဿ- ၏။ အာနေ- အာနေ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ပုမာနေ ဟူသည်တည်း။
၁၀၅။ [ပုမာနေ-ယောက်ျား၌။] ပုမာနေကို “ပုမ”လိန်တည်၊ သ္မိံဝိဘတ် သက်, မ်ခွင်း, အာနေ သ္မိံမှိ ဝါသုတ်ဖြင့် သ္မိံဝိဘတ်နှင့်တကွ ပုမ၏အဆုံး ၊ ကို -ါနေ ပြု, မ်ကို -ါ သို့ကပ်, ပုမာနေ ပြီး၏။
֍ ၁၀၆။ ဟိဝိဘတ္တိမှိ စ။ ။ ဟိဝိဘတ္တိမှိ စ- ဟိဝိဘတ်ကြောင့် လည်း၊ ပုမန္တဿ- ပုမ၏အဆုံးအ ၏၊ အာနေ- အာနေ အပြုသည်၊ ဟောတိ- ၏။ ပုမာနေဟိ စသည်တည်း။ စသဒ္ဒါဖြင့် ဝိဘတ် အားလုံးကြောင့် မဃဝ, ယုဝ စသည်တို့၏ အဆုံး အ ကို ဝိကပ် အာနပြု၍ မဃဝါနော, ယုဝါနော စသည် ဖြစ်၏။
၁၀၆။ [“ပုမာနေဟိ-ယောက်ျားတို့ဖြင့်, တို့မှ၊ မဃဝါနော-သိကြား သည်၊ ယုဝါနော-လူပျိုသည်။] “ဟိမှိ စ”ဟုသာ မဆိုဘဲ, ဟိဝိဘတ္တိမှိ စ ဟု ဆိုခြင်း၏အကျိုးကို ကစ္စည်းဘာသာဋီကာမှာ ရှု။
ရုပ်တွက်။ ။ ပုမာနေဟိကို “ပုမ”လိန်တည်၊ ဟိဝိဘတ်သက်, မ်ခွင်း, ဟိဝိဘတ္တိမှိ စသုတ်ဖြင့် ဟိဝိဘတ်ကြောင့် ပုမ၏အဆုံး ၊ ကို -ါနေ ပြု, မ် ကို -ါ သို့ကပ်, ပုမာနေဟိ ပြီး၏။
မဃဝါနောကို“မဃဝ”လိန်တည်၊ သိဝိဘတ်သက်, ဝ်ခွင်း, ဟိဝိဘတ္တိမှိ စ၌ စသဒ္ဒါဖြင့် သိဝိဘတ်ကြောင့် မဃဝ၏အဆုံး ၊ ကို -ါန ပြု, ဝ်ကို -ါ သို့ ကပ် (မဃဝါနသိ), သော ဟူသောသုတ်ဖြင့် သိဝိဘတ်ကို ေ-ါ ပြု, န်ခွင်း, သရလောပေါသုတ်ဖြင့် ၊ ကို ချေ, န်ကို ေ-ါ သို့ ကပ်, မဃဝါနော ပြီး၏။ [ယုဝါနောကိုလည်း “ယုဝ”တည်၍ ရုပ်တွက်၊ ကစ္စည်းဝုတ္တိ၌ကား စသဒ္ဒါအတွက် အခြားအစီအရင်များလည်း ရှိသေး၏၊ ဤ၌ ရူပသိဒ္ဓိ အတိုင်း ဆိုထားသည်။]
֍ ၁၀၇။ သုသ္မိ.မာ ဝါ။ ။ သုသ္မိံ- သုဝိဘတ်ကြောင့်၊ ပုမန္တဿ- ပုမ၏အဆုံး အ ၏၊ အာ- အာ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ ပုမာသု ဟူသည်တည်း။
၁၀၇။ [ပုမာသု-တို့၌။] ပုမာသုကို “ပုမ” တည်၊ သု သက်, မ်ခွင်း, သုသ္မိ.မာ ဝါသုတ်ဖြင့် သုဝိဘတ်ကြောင့် ပုမ၏အဆုံး ၊ ကို -ါ ပြု, မ် ကို -ါ သို့ကပ်, ပြီး၏။
֍ ၁၀၈။ ဥ နာမှိ စ။ ။ နာမှိ စ- နာ ဝိဘတ်ကြောင့်လည်း၊ ပုမန္တဿ- ပုမ၏အဆုံး အ ၏၊ ဥ စ- ဥ အပြုသည်လည်းကောင်း၊ အာ စ- အာ အပြုသည်လည်းကောင်း၊ ဟောတိ- ၏။ ပုမုနာ, ပုမာနာ ဟူသည်တည်း။
၁၀၈။ [ပုမုနာ, ပုမာနာ-ယောက်ျားဖြင့်။] ဤသုတ်၌ စ သဒ္ဒါသည် သုသ္မိ.မာ ဝါသုတ်မှ အာ ကို ဆွဲငင်၏ဟု ကစ္စည်းဝုတ္တိဆို၏၊ “ပုမ, ကမ္မ ထာမ, အဒ္ဓတို့၏ အဆုံး အ ကို သ သ္မာနှောင်းရာ၌ ဥ ပြုဖို့ရန် ဆည်းယူ သည်ဟု ရူပသိဒ္ဓိ စာကိုယ်ဋီကာ ဆို၏။
[ဆောင်] ဥ နာမှိလာ, စသဒ္ဒါကား, အာကိုငင်မှု, ကစ္စည်းပြုလည်း, ပုမ ကမ္မ, ကာမ.ဒ္ဓတို့, သနှင့် သ္မာ, နှောင်းလေရာဝယ်, လျော်စွာ နှိုင်းဆ, ဥ ပြုရ, ရူပသိဒ္ဓိဆို။
ရုပ်တွက်။ ။ ပုမုနာကို “ပုမ” လိန်တည်၊ နာဝိဘတ် သက်, မ် ခွင်း, ဥ နာမှိ စသုတ်ဖြင့် ပုမ၏ အဆုံး ၊ ကို ု ပြု, မ် ကို ု သို့ကပ်, ပုမုနာ ပြီး၏။ (ပုမာနာ၌ -ါ ပြုရုံသာ ထူးသည်။)
ပုမုနောကို “ပုမ”လိန်တည်၊ သဝိဘတ်သက်, မ်ခွင်း, ဥ နာမှိ စ ၌ စသဒ္ဒါဖြင့် သဝိဘတ်ကြောင့် ပုမ၏အဆုံး ၊ ကို ု ပြု, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ် ဖြင့် ု ကို လအမည်မှည့်, ဈလတော သဿနော ဝါသုတ်ဖြင့် သဝိဘတ်ကို နော ပြု, မ် ကို ု သို့ ကပ်, ပုမုနော ပြီး၏။
ကမ္မုနော (အမှုအား, ၏), ထာမုနော (အစွမ်းအား, ၏), အဒ္ဓုနော (ကာလအား, ၏) တို့ကို ကမ္မ, ထာမ, အဒ္ဓ တည်၍ ဤနည်းအတိုင်း ရုပ်တွက်၊ ပုမုနာ, ကမ္မုနာ, ထာမုနာ, အဒ္ဓုနာ တို့ကား သ္မာဝိဘတ် သက်၍ စတုတ္ထပိုင်း ဈလတော စ သုတ်ကျလျှင် အလိုလို ပြီးလတ္တံ့။
֍ ၁၀၉။ အကမ္မန္တဿ စ။ ။ နာမှိ- နာဝိဘတ်ကြောင့်၊ ကမ္မန္တဿ စ- ကမ္မသဒ္ဒါ အဆုံး အ ၏လည်း၊ အ စ- အ အပြုသည်လည်း ကောင်း၊ ဥ စ- ဥ အပြုသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ ကမ္မနာ, ကမ္မုနာ ဟူသည်တည်း။
၁၀၉။ [ကမ္မနာ, ကမ္မုနာ - အမှုဖြင့်။] ကမ္မန္တဿ စ၌ အန္တသဒ္ဒါပိုဖြင့် နာဝိဘတ်ကြောင့် ထာမ, အဒ္ဓသဒ္ဒါတို့၏ အဆုံး ၊ ကို ု ပြုဟု ရူပသိဒ္ဓိ ဆို၏၊ စသဒ္ဒါဖြင့် နာဝိဘတ်, သုဝိဘတ်ကြောင့် မဃဝ, ယုဝသဒ္ဒါတို့၏ အဆုံး ၊ ကိုလည်း အာပြုဖို့ရန် ဆည်းယူပြန်သည်ဟု ကစ္စည်းဝုတ္တိနှင့် ရူပသိဒ္ဓိတို့မှာ ဆို၏၊ ထို့ကြောင့် ထာမုနာ (အစွမ်းဖြင့်), အဒ္ဓုနာ(ကာလ ဖြင့်)ဟူသော ရုပ်, မဃဝါနာ (သိကြားဖြင့်), မဃဝါသု (တို့၌), ယုဝါနာ (လူပျိုဖြင့်), ယုဝါသု (တို့၌)ဟူသော ရုပ်များရှိနိုင်သည်။
[ဆောင်] ၁။ အကမ္မန္တ, သုတ်အန္တဖြင့်, ထာမ အဒ္ဓ, အဆုံး(အ)ကို, ဥပြု ဆို, ရူအလို နာကြောင့်သာ။
၂။ စအတွက်မှာ, သုနှင့်နာကြောင့်, မဃဝါ ယုဝ, အဆုံး အ လည်း, အာ ပြုဆည်း, ကစ္စည်း ရူတို့လာ။
ရုပ်တွက်။ ။ ကမ္မုနာကို “ကမ္မ”လိန်တည်၊ နာဝိဘတ်သက်, မ် ခွင်း, အကမ္မန္တဿ စသုတ်ဖြင့် နာဝိဘတ်ကြောင့် ကမ္မ၏ အဆုံး ၊ ကို ု ပြု, မ္မကို ု သို့ ကပ်, ကမ္မုနာ ပြီး၏။
ကမ္မနာကို “ကမ္မ”လိန်တည်၊ နာဝိဘတ်သက်, မ် ခွင်း, ဤသုတ်ဖြင့် ကမ္မ၏အဆုံး ၊ ကို ၊ ပြု, မ္မကို ၊ သို့ကပ်, ကမ္မနာ ပြီး၏။ [အ ကို (အ)ထပ် မပြုလျှင် ု ပြု၍ ကမ္မုနာ, နာကို နေပြု၍ ကမ္မေန ဟုချည်း ဖြစ်သွားရာ၏၊ အ ကို (အ) ထပ်ပြုလိုက်သည့်အခါ ထိုအစီအရင်များ မလာတော့ဘဲ “ကမ္မနာ”ဟုလည်း နေနိုင်ခွင့် ရလေသည်၊ ထို့ကြောင့် အ ကို (အ) ထပ်ပြုရသည်။]
ထာမုနာကို “ထာမ”လိန်တည်၊ နာဝိဘတ်သက်, မ်ခွင်း, အကမ္မန္တဿ စသုတ်၌ အန္တသဒ္ဒါဖြင့် နာဝိဘတ်ကြောင့် ထာမ၏အဆုံး ၊ ကို ု ပြု, မ်ကို ု သို့ ကပ်, ထာမုနာ ပြီး၏။ [အဒ္ဓုနာကို “အဒ္ဓ”တည်၍ ရုပ်တွက်၊ မဃဝါနာ, မဃဝါသု, ယုဝါနာ, ယုဝါသု တို့၌ စသဒ္ဒါဖြင့် ၊ ကို -ါ ပြု။]
ဣတိ နာမကပ္ပေ ဒုတိယော ကဏ္ဍော။ ။ နာမကပ္ပေ- ၌၊ ဒုတိယော- သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီ။
လေ့ကျင့်ခန်းမေးခွန်း
(က) အမှဿ မမံ သဝိဘတ္တိဿ သေသုတ်မှ သဝိဘတ္တိသဒ္ဒါ သည် ဘယ်သုတ်တိုင်အောင် လိုက်သနည်း။
( ခ ) ပဉ္စာဒီနမကာရောသုတ်ဖြင့် အ ကို အ ထပ်ပြုခြင်းသည် ဘာအကျိုးရှိသနည်း။
( ဂ ) ပဒတော ဒုတိယာစတုတ္ထီဆဋ္ဌီသု ဝေါနော စသော သုတ်များ အရ ဝေါ နော တေ မေ တို့၏ ပဒတောပရ ဖြစ်ဟန်ကို ပုံစံနှင့်တကွ ပြပါ။
(ဃ) ဗဟုဝစနေသု ဝေါနောသုတ်၌ တတိယာဗဟုဝုစ်သည် “ဟိ” တစ်လုံးတည်းဖြစ်လျက် ဘယ်ဝိဘတ်ကို ယူလိုသေး၍ ဗဟု ဝစနေသု ဟု ဗဟုဝုစ် “သု”သဒ္ဒါကို ဆိုပါသနည်း။
( င ) ဥ နာမှိ စသုတ်၌ စသဒ္ဒါ၏ အကျိုးကို ပြယုဂ်နှင့်တကွ ပြပါ။ ( စ ) အကမ္မန္တဿ စသုတ်၌ န္တသဒ္ဒါ စသဒ္ဒါတို့၏ အကျိုးကို ပြပါ။
နာမ်ဒုတိယခန်းပြီး၏။
֍ ၁၁၀။ တုမှာ.မှေဟိ န.မာကံ။ ။ တုမှာ.မှေဟိ- တုမှ အမှသဒ္ဒါ တို့မှ၊ ပရံ- နောက်ဖြစ်သော၊ နံ- နံဝိဘတ်သည်၊ အာကံ- အာကံ အပြုသည်၊ ဟောတိ- ဖြစ်၏။ တုမှာကံ, အမှာကံ ဟူသည်တည်း။
၁၁၀။ [တုမှာကံ-သင်တို့အား, တို့၏၊ အမှာကံ-ငါတို့အား, တို့၏။]
ရုပ်တွက်။ ။ တုမှာကံကို “တုမှ”လိန်တည်၊ နံသက်၊ တုမှာ.မှေဟိ န.မာကံသုတ်ဖြင့် နံဝိဘတ်ကို -ါကံပြု, မှ ခွင်း, ချေ, ကပ်, ပြီး၏။ [အမှာကံကို အမှ တည်။] ရူပသိဒ္ဓိ၌ သဿံသုတ်မှ အံ ကို နောက်ပြန် လိုက်စေ၍ “တုမှာ.မှေဟိ န.မာကံ”သုတ်ဖြင့် နံဝိဘတ်ကို -ံပြုပြီးလျှင် “တုမှံ=သင်တို့ အား, တို့၏၊ အမှံ=ငါတို့အား, တို့၏”ဟုလည်း ရုပ်စီရင်၏။
֍ ၁၁၁။ ဝါယော.ပ္ပဌမော။ ။ တုမှာ.မှေဟိ- တို့မှ၊ ပရော- နောက်ဖြစ်သော၊ အပ္ပဌမော- ပဌမာ မဟုတ်သော၊ ယော- ယော ဝိဘတ်သည်၊ အာကံ- အာကံ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ တုမှာကံ, အမှာကံ ဟူသည်တည်း။
၁၁၁။ ယော.ပ္ပဌမောကို “ယော+အပ္ပဌမော”ဟု ပုဒ်ဖြတ်၊ ပဌမာ မဟုတ်သော ယောဝိဘတ်ဟူသည် ဒုတိယာ ယောပင်တည်း၊ ထို့ကြောင့် “တုမှာကံ-သင်တို့ကို၊ အမှာကံ-ငါတို့ကို”ဟု အနက်ဆို၊ ဤသုတ်၌ ဝါ သဒ္ဒါက ဝိကပ်ဟု ဆိုသောကြောင့် အာကံ မပြုတဲ့အခါ သဗ္ဗယောနိန မာဧသုတ်ဖြင့် ဧ ပြု၍ တုမှေ အမှေဟုလည်း ရုပ်ရှိ၏။
ရုပ်တွက်။ ။ တုမှာကံကို “တုမှ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ယော ဝိဘတ်သက်, ဝါ ယော.ပ္ပဌမောသုတ်ဖြင့် ယော ဝိဘတ်ကို -ါကံ ပြု, မ်ှ ခွင်း, ချေ, ကပ်, တုမှာကံ ပြီး၏။ [အမှာကံကိုလည်း ရုပ်တွက်။]
֍ ၁၁၂။ သဿံ။ ။ တုမှာ.မှေဟိ- တုမှ အမှသဒ္ဒါတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ သဿ- သဝိဘတ်၏၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ တုမှံ, အမှံ ဟူသည်တည်း။
၁၁၂။ [တုမှံ-သင်အား, ၏၊ အမှံ-ငါအား, ၏။]
တုမှံကို “တုမှ” လိန်တည်၊ သဝိဘတ်သက်, သဿံသုတ်ဖြင့် တုမှ သဒ္ဒါမှ နောက်ဖြစ်သော သဝိဘတ်ကို ၊ ပြု, မှ ခွင်း, ချေ, ကပ်, တုမှံ ပြီး၏။ [အမှံကိုလည်း “အမှ” တည်၍ ရုပ်တွက်။]
֍ ၁၁၃။ သဗ္ဗနာမ.ကာရတေ ပဌမော။ ။ သဗ္ဗနာမကာရတော- သဗ္ဗနာမ် အကာရ န္တမှ၊ ပရော- နောက်ဖြစ်သော၊ ပဌမော- ပဌမာ ယောဝိဘတ်သည်၊ ဧ- ဧ အပြု သည်၊ ဟောတိ- ဖြစ်၏။ သဗ္ဗေ စသည်တည်း။
၁၁၃။ [ကာရတေကို “ကာရတော + ဧ”ဟု ပုဒ်ဖြတ်၊ သဗ္ဗေ-အလုံးစုံ တို့သည်။] သဗ္ဗေကို “သဗ္ဗ”လိန်တည်၊ ယောဝိဘတ်သက်, သဗ္ဗနာမ ကာရတေ ပဌမောသုတ်ဖြင့် ပဌမာယောဝိဘတ်ကို ေ- ပြု,ဗ္ဗ ခွင်း, ချေ, ဗ္ဗ ကို ေ- သို့ကပ်, ပြီး၏။ [ယေ စသော သဗ္ဗနာမ်များကိုလည်းတွက်။]
֍ ၁၁၄။ ဒွန္ဒဋ္ဌာ ဝါ။ ။ ဒွန္ဒဋ္ဌာ- ဒွန်သမာသ်၌ တည်သော၊ သဗ္ဗနာမကာရတော- သဗ္ဗနာမ် အကာရ န္တမှ၊ ပရော- သော၊ ပဌမော- သည်၊ ဧ- ဧ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ကတရကတမေ, ကတရကတမာဝါ စသည်တည်း။
၁၁၄။ [ကတရကတမေ-ဘယ်ဟာ ဘယ်ဟာတို့နည်း။] ပုဒ် ၂ ခု ဖြစ်စေ ၃ ခု ဖြစ်စေ တွဲနေသည်ကို သမာသ်အရာ၌ ဒွန်သမာသ်ဟု ခေါ်၏၊ ကတရနှင့် ကတမတို့ကဲ့သို့ သဗ္ဗနာမ်ပုဒ်များကို ဒွန်တွဲရာ၌ ပဌမာယောဝိဘတ်ကို ရံခါ ဧ ပြု၍ “ကတရကတမေ”ဟုလည်းကောင်း, ရံခါ ဧ မပြုဘဲ သဗ္ဗယောနိနမာဧသုတ်ဖြင့် -ါ ပြု၍ “ကတရကတမာ”ဟု လည်းကောင်း ရှိရသည်။
ကတရကတမေကို “ကတရကတမ”လိန်တည်၊ တို့သည်ဟူ၍ ၊ပေ၊ ပဌမာဗဟုဝုစ် ယောဝိဘတ်သက်, ဒွန္ဒဋ္ဌာ ဝါသုတ်ဖြင့် ပဌမာယောဝိဘတ် ကို ေ- ပြု, မ် ခွင်း, ချေ, ကပ်, ကတရကတမေ ပြီး၏။
֍ ၁၁၅။ နာညံ သဗ္ဗနာမိကံ။ ။ ဒွန္ဒဋ္ဌေ- ဒွန်၌ တည်သော၊ သဗ္ဗနာမေ- သဗ္ဗနာမ်၌၊ အညံ- ပဌမာယောဝိဘတ်ကို ဧ ပြုခြင်းမှ တစ်ပါးသော၊ သဗ္ဗနာမိကံ- သဗ္ဗနာမ်၌ဖြစ်သော သံသာ နံစသော အစီအရင်သည်၊ န ဟောတိ- မဖြစ်။ ပုဗ္ဗာ.ပရာနံ စသည်တည်း။
၁၁၅။ [ပုဗ္ဗာ.ပရာနံ - အရှေ့ အနောက်အရပ်တို့အား, တို့၏။] သဗ္ဗ နာမာနံ နံမှိ စသုတ်က နံဝိဘတ်နှောင်းရာ၌ သဗ္ဗနာမ်တို့၏အဆုံး(အ)သရ ကို ဧ ပြု၏၊ သဗ္ဗတော နံ သံသာနံသုတ်က နံဝိဘတ်ကို သံ ပြု, သာနံ ပြု၏၊ ထိုသုတ်များ အဆိုအတိုင်း ရုပ်နေလျှင် “ပုဗ္ဗာ.ပရေသံ, ပုဗ္ဗာ.ပရေ သာနံ”ဟု နေရလိမ့်မည်၊ သို့သော် ဤ နာညံ သဗ္ဗနာမိကံသုတ်က ဒွန် သမာသ်၌တည်သော သဗ္ဗနာမ်ဝယ် ထို ၂ သုတ်ဖြင့် စီရင်ဖွယ် မလိုဟု တားမြစ်ထားသောကြောင့် ထိုရုပ်များမရှိဘဲ “ပုဗ္ဗာ.ပရာနံ”ဟုသာ ရှိရလေ သည်၊ ပုဗ္ဗာ.ပရာနံကို ပုဗ္ဗာပရ တည်၍ ပုရိသာနံ ကဲ့သို့ ရုပ်တွက်။
֍ ၁၁၆။ ဗဟုဗ္ဗီဟိမှိ စ။ ။ ဗဟုဗ္ဗီဟိမှိစ- ဗဟုဗ္ဗီဟိသမာသ်၌ လည်း၊ သဗ္ဗနာမိကံ- သဗ္ဗနာမ်၌ဖြစ်သော အစီအရင်ဟူသမျှ သည်၊ န ဟောတိ- မဖြစ်။ ပိယပုဗ္ဗာ, ပိယပုဗ္ဗာယ, ပိယပုဗ္ဗာယံ စသည်တည်း။
၁၁၆။ သမာသ်ပိုင်း၌ ဗဟုဗ္ဗီဟိခေါ်သော သမာသ်တစ်မျိုးကို တွေ့ လတ္တံ့၊ ထိုသမာသ်၌ သဗ္ဗနာမ်နှင့်ဆိုင်သော အစီအရင်များ မရှိသင့်ဟု တားမြစ်သည်၊ ထို့ကြောင့် ပဌမာယောကို “သဗ္ဗနာမကာရတေ ပဌမော” သုတ်ဖြင့် ဧ ပြု၍“ပိယပုဗ္ဗေ”ဟု မရှိသင့်၊ ပုရိသာကဲ့သို့ “ပိယပုဗ္ဗာ”ဟုသာ ရှိရမည်၊ ပိယပုဗ္ဗာ-ရှေးက ဇနီးချစ်ရှိသော ယောက်ျားတို့သည်။
ပိယပုဗ္ဗာယ ပိယပုဗ္ဗာယံတို့၌လည်း “ဃပတော သ္မိံ သာနံ သံသာ”သုတ်ဖြင့် သ္မိံ ဝိဘတ်ကို သံ, သ ဝိဘတ်ကို သာ ပြု၍ ပိယပုဗ္ဗဿံ, ပိယပုဗ္ဗဿာဟု မရှိရ၊ ကညာယ ကညာယံကဲ့သို့ ပိယပုဗ္ဗာယ ပိယပုဗ္ဗာယံ ဟုသာ ရှိရမည်၊ ပိယပုဗ္ဗာယ-ရှေးက ခင်ပွန်းချစ်ရှိသော မိန်းမအား, ၏, ၌၊ ပိယပုဗ္ဗာယံ-ရှေးက ခင်ပွန်းချစ်ရှိသော မိန်းမ၌။
ပိယပုဗ္ဗာနံ၌လည်း သဗ္ဗတော နံ သံသာနံဖြင့် နံဝိဘတ်ကို သံ သာနံ ပြု၍ ပိယပုဗ္ဗေသံ ပိယပုဗ္ဗေသာနံ ပိယပုဗ္ဗာသံ ပိယပုဗ္ဗာသာနံဟု မရှိရ၊ ပုရိသာနံ ကညာနံတို့ကဲ့သို့ ပိယပုဗ္ဗာနံဟုသာ ရှိရမည်၊ ပိယပုဗ္ဗာနံ-ရှေးက ဇနီးချစ်ရှိသော ယောက်ျား, ခင်ပွန်းချစ်ရှိသော မိန်းမတို့အား, တို့၏။
ဗဟုဗ္ဗီဟိသမာသ်နှင့်နာမ်ဂိုဏ်းကို နားလည်ပြီးမှ ဤရုပ်နှင့် အနက် အသွားကို နားလည်ပေလိမ့်မည်၊ ထို့ကြောင့် ဆရာများသည် ဤသုတ်က ရုပ်များကို သူငယ်များအား မပြောပြသေးဘဲ သုတ်နက်နှင့် ရုပ်ပါဠိ ရရုံမျှလောက်သာ ဂရုစိုက်ကြပါလေ၊ ဤသုတ်နက်ပေးပုံမှာ ကစ္စည်း, ရူပသိဒ္ဓိတို့ ဖွင့်ပုံနှင့် မတူ, ဤကျမ်း၏အယူကို ကစ္စည်းဘာသာဋီကာမှာရှု။
֍ ၁၁၇။ သဗ္ဗတော နံ သံသာနံ။ ။ သဗ္ဗတော- အလုံးစုံသော၊ သဗ္ဗနာမတော- သဗ္ဗနာမ်ပုဒ်မှ၊ ပရံ- နောက်ဖြစ်သော၊ နံ- နံ ဝိဘတ်သည်၊ သံသာနံ- သံ အပြု, သာနံ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ သဗ္ဗေသံ, သဗ္ဗေသာနံ စသည်တည်း။
၁၁၇။ [သဗ္ဗေသံ သဗ္ဗေသာနံ-အလုံးစုံတို့အား, တို့၏။] သဗ္ဗေသံကို “သဗ္ဗ”လိန်တည်၊ နံဝိဘတ်သက်, ဗ္ဗခွင်း (သဗ္ဗ် ၊ နံ), သဗ္ဗနာမာနံ နံမှိ စ သုတ်ဖြင့် သဗ္ဗ၏အဆုံး ၊ ကို ေေ- ပြု, ဗ္ဗကို ေ- သို့ကပ်, သဗ္ဗတော နံ သံသာနံသုတ်ဖြင့် နံကို သံပြု, ပြီး၏။ [သဗ္ဗေသာနံ၌ နံကို သာနံ ပြု။]
֍ ၁၁၈။ ရာဇဿ ရာဇု သုနံဟိသု စ။ ။ သုနံဟိသု- သုဝိဘတ်, နံဝိဘတ်, ဟိဝိဘတ်တို့ကြောင့်၊ ရာဇဿ- ရာဇသဒ္ဒါ၏၊ ရာဇုရာဇုအပြုသည်၊ ဟောတိ- ဖြစ်၏။ စ- မဖြစ်သည်လည်း ရှိသေး၏။ရာဇူသု, ရာဇူနံ, ရာဇူဟိ ဟူသည်တည်း။
၁၁၈။ [ရာဇူသု-မင်းတို့၌၊ ရာဇူနံ-မင်းတို့အား, တို့၏၊ ရာဇူဟိ-မင်း တို့ဖြင့်, တို့မှ၊ စသဒ္ဒါက တားမြစ်သောကြောင့် (ပုရိသေသု စသည်ကဲ့သို့) ရာဇေသု ရာဇာနံ ရာဇေဟိ ဟုလည်း ရုပ်ရှိသေးသည်။]
ရာဇူသုကို “ရာဇ” လိန်တည်၊ သု ဝိဘတ် သက်, ရာဇဿ ရာဇု သုနံဟိသု စသုတ်ဖြင့် ရာဇသဒ္ဒါကို ရာဇု ပြု, ဇ် ခွင်း, သုနံဟိသု စသုတ်ဖြင့် ဇု ၏ အဆုံး ု ကို ူ ဒီဃပြု, ဇ်ကို ူ သို့ကပ်, ရာဇူသု ပြီး၏။ [ရာဇူနံ ရာဇူဟိတို့ကိုလည်း နံဝိဘတ် ဟိဝိဘတ်သက်၍ ဤနည်းအတိုင်းတွက်၊၊]
֍ ၁၁၉။ သဗ္ဗဿိ.မဿေ ဝါ။ ။ သုနံဟိသု- သုဝိဘတ်, နံ ဝိဘတ်, ဟိဝိဘတ်တို့ကြောင့်၊ သဗ္ဗဿ- အလုံးစုံသော၊ ဣမဿ- ဣမသဒ္ဒါ၏၊ ဧ- ဧအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဧသု, ဧသံ, ဧသာနံ, ဧဟိ ဟူသည်တည်း။
၁၁၉။ [ဧသု-ဤသူတို့၌၊ ဧသံ, ဧသာနံ-တို့အား, တို့၏၊ ဧဟိ-တို့ဖြင့်၊၊]
ဧသုကို “ဣမ”လိန်တည်၊ သုဝိဘတ်သက်, သဗ္ဗဿိ.မဿေ ဝါသုတ် ဖြင့် ဣမသဒ္ဒါကို ဧ ပြု, ဧသု ပြီး၏။ [ဧဟိ၌ ဟိဝိဘတ်သက်ရုံသာ၊ ဧသံ၌ နံသက် ဧပြု, သဗ္ဗတော နံ သံသာနံသုတ်ဖြင့် နံကို သံပြု, ပြီး၏၊ ဧသာနံ၌ သာနံပြုရုံသာ ထူးသည်။]
֍ ၁၂၀။ အနိ.မိ နာမှိ စ။ ။ နာမှိ- နာဝိဘတ်ကြောင့်၊ သဗ္ဗဿ- သော၊ ဣမဿ- ၏။ အနိ.မိ- အန အပြု, ဣမိ အပြုတို့သည်၊ စ- အမြဲ၊ ဟောန္တိ- ဖြစ်ကုန်၏။ အနေန, ဣမိနာ ဟူသည်တည်း။
၁၂၀။ [အနေန, ဣမိနာ - ဤသူဖြင့်။]
ရုပ်တွက်။ ။ အနေနကို “ဣမ”လိန်တည်၊ နာဝိဘတ်သက်, အနိမိ နာမှိ စသုတ်ဖြင့် ဣမသဒ္ဒါကို အနပြု (အနနာ), အတော နေနသုတ်ဖြင့် နာဝိဘတ်ကို ေ- နပြု, န်ခွင်း, ချေ, ကပ်, အနေန ပြီး၏။ [ဣမိနာ၌ ဣမိ ပြုလေ။]
֍ ၁၂၁။ အနပုံသကဿာ.ယံ သိမှိ။ ။ သိမှိ- ကြောင့်၊ အနပုံသကဿ- နပုံလိန်မဟုတ်သော၊သဗ္ဗဿ- သော၊ ဣမဿ- ၏၊ အယံ- အယံ အပြုသည်၊ ဟောတိ- ဖြစ်၏။ အယံ ဟူသည် တည်း။
၁၂၁။ [အယံ-ဤသူသည်(ပုလ္လိန်), ဤသူမသည်(ဣတ္ထိလိန်)။]
ရုပ်တွက်။ ။ အယံကို “ဣမ”လိန်တည်၊ သိသက်, အနပုံသကဿာယံ သိမှိသုတ်ဖြင့် ဣမသဒ္ဒါကို အယံပြု, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိကို ချေ, ပြီး၏။
֍ ၁၂၂။ အမုဿ မော သံ။ ။ သိမှိ- ကြောင့်၊ အနပုံသကဿ- နပုံလိန်မဟုတ်သော၊ အမုဿ- အမုသဒ္ဒါ၏၊ မော- မ အက္ခရာ သည်၊ သံ- သ အဖြစ်သို့၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ အသု ဟူသည်တည်း။
၁၂၂။ [အသု-ဤသူသည်, ဤသူမသည်။]
ရုပ်တွက်။ ။ အသုကို “အမု”လိန်တည်၊ သိ သက်, အမုဿ မောသံ သုတ်ဖြင့် အမုသဒ္ဒါ၏ မ ကို သ ပြု, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိ ကို ချေ, ပြီး၏။
֍ ၁၂၃။ ဧတတေသံ တော။ ။ သိမှိ- ကြောင့်၊ အနပုံသကာနံ- နပုံလိန်မဟုတ်ကုန်သော၊ ဧတတေသံ- ဧတသဒ္ဒါ, တသဒ္ဒါတို့၏၊ တော- တ အက္ခရာသည်၊ သံ- သ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဧသော, သော စသည်တည်း။
၁၂၃။ [ဧသော-ဤယောက်ျားသည်၊ သော-ထိုယောက်ျားသည်၊ “ဧသာ-ဤမိန်းမသည်၊ သာ-ထိုမိန်းမသည်”ဟူသော ရုပ်များလည်း ရှိ၏၊၊]
ရုပ်တွက်။ ။ ဧသောကို “ဧတ”လိန်တည်၊ သိသက်, ဧတတေသံ တောသုတ်ဖြင့် ဧတ၏ တကို သပြု, သောဟူသော သုတ်ဖြင့် သိဝိဘတ်ကို ေ-ါ ပြု, သ်ခွင်း, ချေ, ကပ်, ဧသော ပြီး၏။
ဧသာကို “ဧတာ”လိန်တည်၊ သိသက်, ဧတတေသံ တောသုတ်ဖြင့် ဧတ၏ တကို သပြု, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိကို ချေ, ဧသာ ပြီး၏။ [သော ကို “တ”လိန်တည်၊ သာကို “တာ”လိန်တည်၍ ရုပ်တွက်၊ ဤသုတ်ဖြင့် တ ကို သ ပြုဟု ဆိုရုံသာ ထူးသည်။]
֍ ၁၂၄။ တဿ ဝါ နတ္တံ သဗ္ဗတ္ထ။ ။ သဗ္ဗတ္ထ- အလုံးစုံသော လိန်တို့၌၊ တဿ- တသဒ္ဒါ၏၊ နတ္တံ- န အဖြစ်သည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ နံ စသည်တည်း။
၁၂၄။ သဗ္ဗတ္ထဟု ဆိုသောကြောင့် လိန် ၃ ပါးလုံး၌ တသဒ္ဒါကို န ပြုနိုင်၏။ [နံ-ထိုမိန်းမ, ယောက်ျား, နပုံးကို၊ ကြွင်းသောဝိဘတ်များ၌ နပြုပုံကို နာမ်ဂိုဏ်းကျမှ သိရလတ္တံ့။]
ရုပ်တွက်။ ။ နံ ကို “တ”လိန်တည်-ံ ဝိဘတ်သက်, တဿ ဝါ နတ္တံ သဗ္ဗတ္ထသုတ်ဖြင့် တ ကို န ပြု, န်ခွင်း, ချေ, န် ကို -ံ သို့ ကပ်, နံ ပြီး၏။
֍ ၁၂၅။ သသ္မာသ္မိံသံသာသွ.တ္တံ။ ။ သသ္မာသ္မိံသံသာသု- သ ဝိဘတ်, သ္မာဝိဘတ်, သ္မိံဝိဘတ်, သံအပြု, သာအပြုတို့ကြောင့်၊ သဗ္ဗတ္ထ- အလုံးစုံသောလိန်တို့၌၊ တဿ- တသဒ္ဒါ၏၊ အတ္တံ- အ အဖြစ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ အဿ, အသ္မာ, အသ္မိံ, အဿံ, အဿာ ဟူသည်တည်း။
၁၂၅။ အဿ-ထိုယောက်ျား, ထိုနပုံးအား, ၏၊ အသ္မာ-ထိုယောက်ျား, ထိုနပုံးမှ၊ အသ္မိံ-ထိုယောက်ျား, ထိုနပုံး၌၊ (ဤ ၃ ရုပ်ကား ပုံလိန်, နပုံလိန် တည်း၊) အဿံ-ထိုမိန်းမ၌၊ အဿာ-ထိုမိန်းမအား, ၏၊ [ဤ ၂ ရုပ်ကား ဣတ္ထိလိန်တည်း။]
ရုပ်တွက်။ ။ အဿကို “တ”လိန်တည်၊ သသက်, သသ္မာသ္မိံသံသာ သွတ္တံ သုတ်ဖြင့် သဝိဘတ်ကြောင့် တ ကို အ ပြု, သာဂမော သေသုတ် ဖြင့် သ် လာ, အဿ ပြီး၏။ [အသ္မာ, အသ္မိံ တို့၌ “တ”လိန်တည်၊ သ္မာ, သ္မိံ သက်ရုံသာ၊ အဿံ, အဿာ တို့ကို ဃပတော သ္မိံသာနံ သံသာသုတ် ကျမှ ရုပ်တွက်။]
֍ ၁၂၆။ ဣမသဒ္ဒဿ စ။ ။ သသ္မာသ္မိံသံသာသု- သ ဝိဘတ်, သ္မာဝိဘတ်, သ္မိံဝိဘတ်, သံအပြု, သာအပြုတို့ကြောင့်၊ သဗ္ဗတ္ထ- အလုံးစုံသောလိန်တို့၌၊ ဣမသဒ္ဒဿ စ- ဣမသဒ္ဒါ၏လည်း၊ အတ္တံ- အ အဖြစ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ အဿ, အသ္မာ, အသ္မိံ, အဿံ, အဿာ ဟူသည်တည်း။
၁၂၆။ ရှေ့သုတ်၌ တ ကို အ ပြုသောကြောင့် “အဿ-ထိုယောက်ျား ထိုနပုံးအား”စသည်ဖြင့် “ထို” ဟု အနက်သုံးရသလို ဤသုတ်၌ ဣမ ကို (အ) ပြုသောကြောင့် “ဤ” ဟု အနက်သုံးရခြင်းသာ ထူးသည်၊ ထို့ကြောင့် “အဿ-ဤယောက်ျား,ဤနပုံးအား”စသည်ဖြင့် အနက်ဆိုလေ၊ ရုပ်တွက်ရာ၌လည်း “ဣမ”လိန်တည်၍ ဆိုင်ရာဝိဘတ် သက်ပြီးလျှင် ဣမသဒ္ဒဿ စသုတ်ဖြင့် ဣမကို “အ”ပြုဟု ဆိုရုံသာ ထူးသည်။
֍ ၁၂၇။ သဗ္ဗတော ကော။ ။ သဗ္ဗတော- အလုံးစုံသော ပုဒ်မှ၊ ပရေ- နောက်၌၊ ကော- က အက္ခရာ လာသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ သဗ္ဗကော စသည်တည်း။
၁၂၇။ [သဗ္ဗကော-အလုံးစုံသော ယောက်ျားသည်။] သဗ္ဗကောကို “သဗ္ဗ”လိန်တည်၊သဗ္ဗတော ကောသုတ်ဖြင့် သဗ္ဗနောင် က လာ, သိဝိဘတ် သက်, သော ဟူသောသုတ်ဖြင့် သိဝိဘတ်ကို ေ-ါ ပြု, က် ခွင်း, ချေ, ကပ်, သဗ္ဗကော ပြီး၏။ [ရူပသိဒ္ဓိနည်းအတိုင်း တွက်သည်။]
“အသုကော, အမုကော-ထိုယောက်ျားသည်”စသည်ဖြင့် များစွာသော သဗ္ဗနာမ်ပုဒ်နောင် က အက္ခရာ လာ၏၊ သဗ္ဗနာမ်ပုဒ် နောင်သာမက “သဗ္ဗတော-အလုံးစုံသောပုဒ်မှ”ဟု ဆိုသောကြောင့် သဗ္ဗနာမ်မဟုတ်သော “ဟီန, ပေါတ”စသော သဒ္ဒါတို့နောင် က အက္ခရာ လာ၍ “ဟီနကောယုတ်ညံ့သူ, ပေါတကော-သူငယ်”စသည် ဖြစ်သေး၏။
֍ ၁၂၈။ ဃပတော သ္မိံသာနံ သံသာ။ ။ ဃပတော- ဃအမည်, ပ အမည်ရှိသော သဗ္ဗနာမ်တို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ သ္မိံသာနံ- သ္မိံဝိဘတ်, သဝိဘတ်တို့၏၊ သံသာ- အစဉ်အတိုင်း သံ အပြု, သာ အပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဧတိဿံ ဧတိဿာ, ဣမိဿံ ဣမိဿာ, တိဿံ တိဿာ, တဿံ တဿာ, အဿံ အဿာ, အမုဿံ အမုဿာ စသည်တည်း။
၁၂၈။ ဧတိမာသမိ, တဿာဝါ, ဃော ရဿံသုတ်တို့၌ ရုပ်မတွက်ခဲ့ရ သေးသောကြောင့်ဤသုတ်ကျမှ ပုံစံကို စုံစုံလင်လင် ထုတ်ပြလိုက်ရသည်။
[ ဧတိဿံ တိဿံ အဿံ အမုဿံ-ထိုမိန်းမ၌၊ အဿံ ဣမိဿံ-ဤ မိန်းမ၌၊ ဧတိဿာ တိဿာ အဿာ အမုဿာ-ထိုမိန်းမအား, ၏၊ အဿာ ဣမိဿာ-ဤမိန်းမအား,၏။] အမုဿံ အမုဿာတို့သည် ပအမည်ရှိသော ဥဝဏ်နောင် သ္မိံကို သံ, သကို သာပြုသောပုံစံများတည်း၊ ကြွင်းပုံစံတို့ကား ဃအမည်ရှိသော အာနောင်သ္မိံ, သတို့ကို သံ သာပြုသောပုံစံများတည်း။
ရုပ်တွက်။ ။ ဧတိဿံကို “ဧတာ”လိန်တည်၊ သ္မိံသက်, တ်ခွင်း, အာ ဃောသုတ်ဖြင့် -ါ ကို ဃအမည်မှည့်, ဃပတော သ္မိံသာနံ သံသာသုတ်ဖြင့် သ္မိံဝိဘတ်ကို သံပြု, ဧတိမာသမိသုတ်ဖြင့် ဧတာ၏အဆုံး -ါ ကို -ိ ပြု, တ်ကို -ိ သို့ကပ် (ဧတိသံ), သံသာသွေကဝစနေသု စသုတ်ဖြင့် သ် လာ, ပြီး၏။
ဣမိဿံ၌ “ဣမာ”တည်၍ ဧတိမာသမိသုတ်ဖြင့် ဣမာ၏အဆုံး -ါ ကို -ိ ပြု၊ တိဿံ၌ “တာ”တည်၍ တဿာ ဝါသုတ်ဖြင့် တာ၏အဆုံး -ါ ကို -ိ ပြု၊ တဿံ၌ကား ဃော ရဿံသုတ်ဖြင့် -ါ ကို ရဿပြု။
အဿံကို “တာ”လိန်တည်၊ သ္မိံသက်, တ်ခွင်း, အာ ဃောသုတ်ဖြင့် -ါ ကို ဃအမည်မှည့်, ဃပတော သ္မိံသာနံ သံသာသုတ်ဖြင့် သ္မိံဝိဘတ်ကို သံပြု, တ်ကို -ါ သို့ကပ် (တာသံ), ဃော ရဿံသုတ်ဖြင့် -ါ ကို ၊ ရဿပြု (တသံ), သသ္မာသ္မိံ သံသာသွတ္တံသုတ်ဖြင့် တ ကို အ ပြု (အသံ), သံသာ သွေကဝစနေသု စသုတ်ဖြင့် သ် လာ, အဿံ ပြီး၏။ [အဿံ-ဤမိန်းမ၌ ဟု အနက်ဆိုရာ၌ “ဣမာ”တည်, ဣမသဒ္ဒဿ စသုတ်ဖြင့် “ဣမ”ကို (အ) ပြု။
အမုဿံကို “အမု”တည်၊ သ္မိံသက်၊ ု ကို ပမှည့်, ဃပတော သ္မိံသာနံ သံသာသုတ်ဖြင့် သ္မိံဝိဘတ်ကို သံပြု (အမုသံ), သ် လာ။ [ဧတိဿာ, ဣမိဿာ, တိဿာ, တဿာ, အဿာ, အမုဿာတို့၌ သဝိဘတ်သက်၍ ဃပတော သ္မိံသာနံ သံသာသုတ်ဖြင့် သဝိဘတ်ကို သာပြုရုံသာ ထူးသည်။]
֍ ၁၂၉။ နေတာဟိ သ္မိ.မာယယာ။ ။ ဧတာဟိ- ဤဃ ပအမည် ရှိသော သဗ္ဗနာမ်တို့မှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ် သည်၊ အာယယာ- အာယအပြု, ယာအပြုတို့သည်၊ န ဟောန္တိ- မဖြစ်ကုန်။
၁၂၉။ ဃတော နာဒီနံသုတ်သည် နာ အစ, သ္မိံ အဆုံး ဧကဝုစ် ဝိဘတ် ၅ လုံးကို အာယ ပြု၏၊ ပတော ယာသုတ်သည် ထိုဝိဘတ် ၅ လုံးကို ယာ ပြု၏၊ ဤသုတ်ကား သ္မိံဝိဘတ်နှောင်းရာ၌ ဃ ပ အမည်ရှိ သော သဗ္ဗနာမ်ပုဒ်တို့နောင် ထိုသုတ်တို့က အာယ, ယာ မပြုရဟု တားမြစ်သည်၊ ဤသုတ်အမိန့်အတိုင်းဆိုလျှင် သ္မိံ ဝိဘတ်ဖြင့် “တာယ, ဒက္ခိဏာယ”စသည်ဖြင့် မရှိသင့်ချေ၊ သို့သော် ပါဠိ အဋ္ဌကထာများ၌ကား ရှိသေး၏၊ အကျယ်ကို ကစ္စည်းဘာသာဋီကာမှာ ရှု။
֍ ၁၃၀။ မနောဂဏာဒိတော သ္မိံနာန.မိအာ။ ။ မနောဂဏာဒိ တော- မနောဂဏာဒိဂိုဏ်းသဒ္ဒါတို့မှ၊ ပရေသံ- နောက်ဖြစ်ကုန် သော၊သ္မိံနာနံ- သ္မိံဝိဘတ်, နာဝိဘတ်တို့၏၊ ဣအာ- အစဉ်အတိုင်း ဣ အပြု, အာ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ မနသိ, မနသာ စသည်တည်း။
၁၃၀။ [မနသိ-စိတ်၌၊ မနသာ-စိတ်ဖြင့်။] နာမ်ဂိုဏ်း၌ “မနောဂိုဏ်း, မနောဂဏာဒိဂိုဏ်း”ဟု တွေ့လတ္တံ့၊ ထိုမနောဂိုဏ်းနှင့်မနောဂဏာဒိဂိုဏ်းစု သဒ္ဒါနောင် သ္မိံဝိဘတ်ကို ဣ, နာဝိဘတ်ကို အာ ပြုသောသုတ်တည်း၊ ရုပ်ကို သ သရေ ဝါဂမောသုတ်ကျမှ တွက်။
֍ ၁၃၁။ သဿ.စော။ ။ မနောဂဏာဒိတော- မနောဂဏာဒိ ဂိုဏ်းသဒ္ဒါတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ သဿ စ- သဝိဘတ် ၏လည်း၊ သြ- သြ အပြုသည်၊ ဟောတိ- ဖြစ်၏။ မနသော စသည်တည်း။ သဿ စ၌ စသဒ္ဒါဖြင့် အံဝိဘတ်၏ သြအပြုကို ဆည်း၍ “မနော (ဉတွာ)” စသည် ဖြစ်၏။
၁၃၁။ [မနသော - စိတ်အား, ၏၊ မနော - စိတ်ကို၊ ဉတွာ - သိ၍၊ မနသောကို သ သရေ ဝါဂမောသုတ်ကျမှ တွက်။] မနောကို “မန”လိန် တည်-ံ ဝိဘတ် သက်, သဿ စောသုတ်၌ စသဒ္ဒါဖြင့် -ံ ဝိဘတ်ကို ေ-ါ ပြု, န် ခွင်း, ချေ, ကပ်, မနော ပြီး၏။
֍ ၁၃၂။ ဧတေသ.မော လောပေ။ ။ လောပေ- ဝိဘတ်ကျေပြီး သည်ရှိသော်၊ ဧတေသံ- ဤ မနောဂိုဏ်းသဒ္ဒါတို့၏၊ အန္တော- အဆုံး သရသည်၊ သြ- သြ အပြုသည်၊ ဟောတိ- ဖြစ်၏။ မနောမယံ, မနောဂဏော စသည်တည်း။
၁၃၂။ [မနောမယံ-စိတ်ကြောင့် ဖြစ်သည် (စိတ်တိုင်းကျ ပြီးသည်)၊ မနောဂဏော-မနောဂိုဏ်း, မနနှင့်တူသော သဒ္ဒါအပေါင်း။] ဤသုတ်ကား နာမ်ရုပ် ရိုးရိုး၌ စီရင်သောသုတ် မဟုတ်, သမာသ် တဒ္ဓိတ်အရာမှာ စီရင်သောသုတ်တည်း၊ မနောမယံသည် တဒ္ဓိတ်ပုဒ်, မနောဂဏောကား သမာသ်ပုဒ်တည်း၊ ဆိုင်ရာဝိဘတ်များ ကျေပြီးမှ “မနမယ, မနဂဏ”ဟု ဖြစ်နေတဲ့အခါ ဤသုတ်က န ၏ အဆုံး ၊ ကို ေ-ါ ပြု၍ “မနောမယ, မနောဂဏ”ဟု ဖြစ်သည်၊ ရုပ်တွက်ပုံကို သမာသ် တဒ္ဓိတ်ကျမှ သိရလတ္တံ့။
֍ ၁၃၃။ သ သရေ ဝါ.ဂမော။ ။ သရေ- နောက်သရကြောင့်၊ မနောဂဏာဒိတော- မနောဂဏာဒိဂိုဏ်းသဒ္ဒါတို့မှ၊ ပရေ- နောက်၌၊ သ- သအက္ခရာသည်၊ ဝါ- ပြယုဂ်အားလျော်စွာ၊ အဂမော- လာ၏။ မာနသိကံ, ဝါစသိကံ စသည်၌ အမြဲ သ လာ၍ မနသာ မနေန စသည်၌ ဝိကပ် သ လာ၏။ မနော, မနာ စသည်၌ လုံးဝ (သ) မလာ။
၁၃၃။ [မာနသိကံ-စိတ်၌ ဖြစ်သည်၊ ဝါစသိကံ-နှုတ်၌ ဖြစ်သည်။] မနသာ, မနေန-စိတ်ဖြင့်၊ မနော-စိတ်သည်၊ မနာ-စိတ်တို့သည်၊ ဤ သုတ်၌ ကစ္စည်းဝုတ္တိဖွင့်ပုံကို မလိုက်ဘဲ ရူပသိဒ္ဓိအတိုင်း ရေးသည်၊ မာနသိကံ, ဝါစသိကံတို့ကား တဒ္ဓိတ်ရုပ်များတည်း, တဒ္ဓိတ်ကျမှ ရုပ်တွက်။
မနသာကို “မန”လိန်တည်၊ နာဝိဘတ်သက်, မနောဂဏာဒိတော သ္မိံနာနမိအာသုတ်ဖြင့် နာဝိဘတ်ကို -ါ ပြု, သ သရေ ဝါဂမောသုတ်ဖြင့် သ် လာ, မနသာ ပြီး၏။ [မနေနကို “အတော နေန”သုတ်ဖြင့် မနောကို “သော”သုတ်ဖြင့် မနာကို သဗ္ဗယောနိနမာဧသုတ်ဖြင့် စီရင်၊ မနော ဂဏာဒိတော သ္မိံနာနမိအာ, သဿ စောသုတ်၌ ပြခဲ့သော မနသိ မနသောတို့ကား ထိုသုတ်တို့ဖြင့် သ္မိံကို -ိ , သ ကို ေ-ါ ပြုပြီးနောက် ဤသုတ်ဖြင့် သ် လာလျှင် ပြီး၏။]
֍ ၁၃၄။ သန္တသဒ္ဒဿ သော ဘေ, ဗော စန္တေ။ ။ ဘေ စ- ဘကုန်းကြောင့်လည်း၊ သန္တသဒ္ဒဿ- သန္တသဒ္ဒါ၏၊ သော- သ အပြုသည်၊ ဟောတိ- ဖြစ်၏၊ အန္တေ- သ အပြု၏အဆုံး၌၊ ဗော စ- ဗထက်ခြိုက်လာသည်လည်း၊ ဟောတိ- ၏။ သဗ္ဘိ ဟူသည် တည်း။ ဘေ စ၌ စသဒ္ဒါဖြင့် ဘကုန်းမနှောင်းရာ၌လည်း သန္တ သဒ္ဒါ၏ သ အပြုကို ဆည်း၍ သက္ကာရော စသည် ဖြစ်၏။
၁၃၄။ [သဗ္ဘိ-သူတော်ကောင်းတို့ဖြင့်, တို့မှ၊ သက္ကာရော-သူတော်တို့ ပြုအပ်သော ပူဇော်မှု။] သုတ်ရင်းဖြင့် ဘကုန်းနှောင်းရာ၌ သန္တသဒ္ဒါကို “သ”ပြု၍ သ၏ အဆုံး၌ ဗထက်ခြိုက် လာသည်၊ စသဒ္ဒါဖြင့် ဘကုန်း မနှောင်း, အခြားအက္ခရာ နှောင်းရာ၌ သန္တကို “သ” ပြုသည်။
ရုပ်တွက်။ ။ သဗ္ဘိကို “သန္တ”လိန်တည်၊ ဟိဝိဘတ်သက်, သ္မာဟိသ္မိံနံ မှာဘိမှိ ဝါသုတ်ဖြင့် ဟိကို ဘိပြု, သန္တသဒ္ဒဿ သော ဘေ ဗော စန္တေ သုတ်ဖြင့် သန္တကို “သ”ပြု, သအဆုံး၌ ဗထက်ခြိုက်လာ, သဗ္ဘိ ပြီး၏။
သဗ္ဘူတော-ထင်ရှားရှိသည်ဖြစ်၍ ဖြစ်သည်၊ သဗ္ဘာဝေါ-ထင်ရှား ဖြစ်ခြင်း၊ ဤရုပ်များ၌ “သန္တဘူတော သန္တဘာဝေါ”တည်၍ သန္တသဒ္ဒါကို “သ” ပြု, အဆုံး၌ “ဗ” လာ၍ ပြီးစေ။
သက္ကာရောကို “သန္တကာရော”တည်၊ သန္တသဒ္ဒဿ သော ဘေ ဗော စန္တေ သုတ်၌ စသဒ္ဒါဖြင့် သန္တကို သ ပြု (သကာရော), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် က၏ သဒိသဒွေးဘော် က် လာ, သက္ကာရော ပြီး၏။
အမှာ။ ။ ဤရုပ်များကို ရည်ရွယ်၍ “သန္တကို ပြု, သဗျဉ်းစုနောက်, ဒွေးဘော်ရောက်၏”ဟု သန္ဓိ တတိယပိုင်း အဆုံး၌ ဆိုခဲ့သည်။
֍ ၁၃၅။ သိမှိ ဂစ္ဆ န္တာဒီနံ.န္တသဒ္ဒေါ အံ။ ။ သိမှိ- သိဝိဘတ် ကြောင့်၊ ဂစ္ဆ န္တာဒီနံ- ဂစ္ဆ န္တာဒိဂိုဏ်းသဒ္ဒါတို့၏၊ န္တသဒ္ဒေါ- န္တသဒ္ဒါ သည်၊ အံ- အံ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဂစ္ဆံ စသည် တည်း။
၁၃၅။ [ဂစ္ဆံ-သွားသောသူသည်၊ နာမ်ဂိုဏ်း၌ “ဂစ္ဆ န္တာဒိဂိုဏ်း”ဟူသော ဂိုဏ်းတစ်မျိုး တွေ့ရလတ္တံ့။] ဂစ္ဆံကို “ဂစ္ဆ န္တ”လိန်တည်၊ သိသက်, သိမှိ ဂစ္ဆ န္တာဒီနံ န္တသဒ္ဒေါ အံ သုတ်ဖြင့် န္တ ကို -ံ ပြု, စ္ဆ် ခွင်း, ချေ, ကပ်, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိ ကို ချေ, ဂစ္ဆံ ပြီး၏။
֍ ၁၃၆။ သေသေသု န္တုဝ။ ။ သေသေသု- သိမှ ကြွင်းသော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ဂစ္ဆ န္တာဒီနံ- ဂစ္ဆ န္တာဒိဂိုဏ်းသဒ္ဒါတို့၏၊ န္တသဒ္ဒေါ- န္တသဒ္ဒါကို၊ န္တုဝ- န္တုကိုကဲ့သို့၊ ဒဋ္ဌဗ္ဗော- မှတ်အပ်၏။ ဂစ္ဆတော စသည်တည်း။
၁၃၆။ [ဂစ္ဆတော-သွားသောသူအား, ၏။] သိနှောင်းရာ၌ ရှေ့သုတ်က စီရင်ပြီးဖြစ်သောကြောင့် သိကို ချန်ထားသည်၊ ဤသုတ်ကို သဒ္ဒါကျမ်း တို့က “ကာရိယာတိဒေသ”သုတ်ဟု နာမည်ပေး၏၊ ကာရိယ=အစီအရင် ကို+အတိဒေသ=ညွှန်ပြသောသုတ်၊ “ကိုယ်တိုင်မစီရင်ဘဲ အခြားသုတ်များ စီရင်ကြဖို့ရန် ညွှန်ပြသည်”ဟူလို၊ ဤသုတ်အစီအရင်ကြောင့် န္တ သည် န္တု ဖြစ်သွားသည်ဟု မမှတ်ရ၊ “န္တတော့ န္တပါပဲ, သို့သော် ရုပ်စီရင်တဲ့အခါ န္တု ကို စီရင်သလို န္တ ကိုလဲ စီရင်ကြပါ”ဟု ဆိုလိုသည်။
ဂစ္ဆတောကို “ဂစ္ဆ န္တ”လိန်တည်၊ သဝိဘတ်သက်, သေသေသု န္တု၀ သုတ်က န္တ ကို န္တု ကဲ့သို့ စီရင်လေဟု ညွှန်ပြသောကြောင့် တောတိတာ သသ္မိံနာသုသုတ်ဖြင့် သဝိဘတ်နှင့်တကွ န္တ ကို တော ပြု, ဂစ္ဆတော ပြီး၏။
֍ ၁၃၇။ ဗြဟ္မ.တ္တသခရာဇာဒိတော အ.မာနံ။ ။ ဗြဟ္မတ္တသခ ရာဇာဒိတော- ဗြဟ္မ အတ္တ သခ ရာဇ အစရှိသော သဒ္ဒါတို့မှ၊ ပရံ- နောက်ဖြစ်သော၊ အံ- အံဝိဘတ်သည်၊ အာနံ- အာနံ အပြု သည်၊ ဟောတိ- ဖြစ်၏။ ဗြဟ္မာနံ, အတ္တာနံ, သခါနံ, ရာဇာနံ စသည်တည်း။
၁၃၇။ ဗြဟ္မာနံ-ဗြဟ္မာကို၊ အတ္တာနံ-အတ္တကို၊ သခါနံ-မိတ်ဆွေကို၊ ရာဇာနံ-မင်းကို၊ အံဝိဘတ်ဖြစ်၍ “ကို”ဟု အနက်ဆိုရသည်၊ ရာဇာဒိတော ၌ အာဒိဖြင့် အာတုမ သဒ္ဒါကို ယူကြ၏၊ အာတုမာနံ - ကိုယ်ကို။
ဗြဟ္မာနံကို “ဗြဟ္မ”လိန်တည်၊ အံဝိဘတ်သက်, ဗြဟ္မတ္တသခရာဇာဒိ တော အမာနံ သုတ်ဖြင့် အံဝိဘတ်ကို -ါနံ ပြု, ဟ္မ ခွင်း, ချေ, ကပ်, ဗြဟ္မာနံ ပြီး၏။ [အတ္တာနံ= အတ္တ, သခါနံ= သခ, ရာဇာနံ= ရာဇ, အာတုမာနံ= အာတုမ တည်၍ တွက်လေ။]
֍ ၁၃၈။ သျာ စ။ ။ ဗြဟ္မတ္တသခရာဇာဒိတော- တို့မှ၊ ပရံ- သော၊ သိ- သိဝိဘတ်သည်၊ အာ- အာ အပြုသည်၊ ဟောတိ စ- ဖြစ်သည်သာတည်း။ ဗြဟ္မာ, အတ္တာ, သခါ, ရာဇာ စသည်တည်း။
၁၃၈။ [ဗြဟ္မာ-ဗြဟ္မာသည် စသည်ဖြင့် အနက်ဆိုပါ၊ သျာကို “သိ+ အာ”ဟု ဖြတ်။] အတ္တာကို “အတ္တ”လိန်တည်၊ သိသက်, သျာစ သုတ်ဖြင့် သိကို -ါ ပြု, တ္တ်ခွင်း, ချေ, ကပ်, ပြီး၏။ [ဗြဟ္မာ စသည်ကိုလည်း တွက်၊၊]
֍ ၁၃၉။ ယောန.မာနော။ ။ ဗြဟ္မတ္တသခရာဇာဒိတော- တို့မှ၊ ပရေသံ- ကုန်သော၊ ယောနံ- ယောဝိဘတ်တို့၏၊ အာနော- အာနော အပြုသည်၊ ဟောတိ- ဖြစ်၏။ ဗြဟ္မာနော, အတ္တာနော, သခါနော, ရာဇာနော, အာတုမာနော ဟူသည်တည်း။
၁၃၉။ [ဗြဟ္မာနော-ဗြဟ္မာတို့သည်, တို့ကို စသည်ဖြင့် အနက်ဆို။] ရာဇာနောကို “ရာဇ” လိန်တည်၊ ယော ဝိဘတ်သက်, ယောန.မာနော သုတ်ဖြင့် ယောဝိဘတ်ကို -ါနော ပြု, ဇ် ခွင်း, ချေ, ပြီး၏။ [ဗြဟ္မာနော စသည်ကိုလည်း တွက်၊၊]
֍ ၁၄၀။ သခတော စာ.ယောနော။ ။ သခတော စ- သခသဒ္ဒါ မှကား၊ ပရေသံ- ကုန်သော၊ ယောနံ- တို့၏၊ အာယောနော- အာယောအပြု, နောအပြုတို့သည်၊ ဟောန္တိ- ကုန်၏။ သခါယော, သခိနော ဟူသည်တည်း။
၁၄၀။ [သခါယော, သခိနော - မိတ်ဆွေတို့သည်, တို့ကို။]
သခါယောကို “သခ”လိန်တည်၊ ယောသက်, သခတော စာ.ယောနော သုတ်ဖြင့် ယောဝိဘတ်ကို -ါယော ပြု, ခ် ခွင်း, ချေ, ကပ်, သခါယော ပြီး၏။ [သခိနောကို သခန္တဿိ နောနာနံသေသု သုတ်ကျမှ တွက်။]
֍ ၁၄၁။ သ္မိ.မေ။ ။ သခတော- သခသဒ္ဒါမှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ်သည်၊ ဧ- ဧအပြုသည်၊ ဟောတိ- ဖြစ်၏။ သခေ ဟူသည်တည်း။
၁၄၁။ [သခေ-မိတ်ဆွေ၌။] သခေကို “သခ”လိန်တည်၊ သ္မိံသက်, သ္မိမေသုတ်ဖြင့် သ္မိံကို ေ- ပြု, ခ် ခွင်း, ချေ, ကပ်, သခေ ပြီး၏။
֍ ၁၄၂။ ဗြဟ္မတော ဂဿ စ။ ။ ဗြဟ္မတော- ဗြဟ္မသဒ္ဒါမှ၊ ပရဿ- နောက်ဖြစ်သော၊ ဂဿ စ- ဂသိ၏လည်း၊ ဧ- ဧ အပြု သည်၊ ဟောတိ- ဖြစ်၏။ ဟေ ဗြဟ္မေ ဟူသည်တည်း။
၁၄၂။ [ဟေ ဗြဟ္မေ-အိုဗြဟ္မာ။] ဗြဟ္မေကို “ဗြဟ္မ”လိန်တည်၊ အိုဟူ၍ ၊ပေ၊ သိဝိဘတ်သက်, အာလုပ် သိကို ဂအမည်မှည့်, ဗြဟ္မတော ဂဿစ သုတ်ဖြင့် ဂ သိကို ေ- ပြု, ဟ္မ ခွင်း, ချေ, ကပ်, ဗြဟ္မေ ပြီး၏။
֍ ၁၄၃။ သခန္တဿိ နောနာနံသေသု။ ။ နောနာနံသေသု- နော အပြု, နာ ဝိဘတ်, နံ ဝိဘတ်, သ ဝိဘတ်တို့ကြောင့်၊ သခန္တဿ- သခသဒ္ဒါ၏အဆုံး အ၏၊ ဣ- ဣအပြုသည်၊ ဟောတိ- ဖြစ်၏။ သခိနော, သခိနာ, သခီနံ, သခိဿ ဟူသည်တည်း။
၁၄၃။ [သခိနော-တို့သည်, တို့ကို သခိနာ-ဖြင့်၊ သခီနံ-တို့အား, တို့၏၊ သခိဿ-အား, ၏။] သခိနောကို “သခ”လိန်တည်၊ ယောဝိဘတ်သက်, သခတော စာယောနောသုတ်ဖြင့် ယောဝိဘတ်ကို နောပြု, သခန္တဿိ နောနာနံသေသုသုတ်ဖြင့် သခ၏အဆုံး ၊ ကို -ိ ပြု, ပြီး၏။
သခိနာ၌ နာဝိဘတ်သက်၍ ဤသုတ်ဖြင့် သခ၏ အဆုံး ၊ ကို -ိ ပြု၊ သခီနံ၌ သခ၏ အဆုံး ၊ ကို -ိပြုပြီးနောက် -ိ ကို -ီ ဒီဃပြု၊ သခိဿ၌ သ သက်, ၊ ကို -ိ ပြု, သ် လာ။
֍ ၁၄၄။ အာရော ဟိမှိ ဝါ။ ။ ဟိမှိ- ဟိ ဝိဘတ်ကြောင့်၊ သခန္တဿ- သခ၏ အဆုံး အ ၏၊ အာရော- အာရ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ သခါရေဟိ စသည်တည်း။
၁၄၄။ [သခါရေဟိ-မိတ်ဆွေတို့ဖြင့်, တို့မှ။] သခါရေဟိကို “သခ” လိန်တည်၊ ဟိဝိဘတ် သက်, အာရော ဟိမှိ ဝါသုတ်ဖြင့် ဟိဝိဘတ်ကြောင့် သခ၏ အဆုံး ၊ ကို -ါရ ပြု (သခါရဟိ), ရ် ခွင်း, သုဟိသွကာရော ဧ သုတ်ဖြင့် ၊ ကို ေ- ပြု, ရ် ကို ေ- သို့ ကပ်, သခါရေဟိ ပြီး၏။
֍ ၁၄၅။ သုန.မံသု ဝါ။ ။ သုန.မံသု- သုဝိဘတ်, နံဝိဘတ်, အံဝိဘတ်တို့ကြောင့်၊ သခန္တဿ- သခ၏ အဆုံးအ၏၊ အာရော- အာရ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ သခါရေသု, သခါရာနံ, သခါရံ ဟူသည်တည်း။
၁၄၅။ [သခါရေသု-မိတ်ဆွေတို့၌၊ သခါရာနံ-မိတ်ဆွေတို့အား, တို့၏၊ သခါရံ-မိတ်ဆွေကို။]
သခါရေသုကို “သခ”လိန်တည်၊ သု သက်, သုန.မံသု ဝါသုတ်ဖြင့် သခ၏ အဆုံး ၊ ကို -ါရ ပြု (သခါရသု), ရ် ခွင်း, သုဟိသွကာရော ဧ သုတ်ဖြင့် ၊ ကို ေ- ပြု, ရ် ကို ေ- သို့ ကပ်, ပြီး၏။ [သခါရာနံ၌ ၊ ကို -ါရ ပြု၍ သုနံဟိ သု စသုတ်ဖြင့် ရ ၏ အဆုံး ၊ ကို -ါ ပြု၊ သခါရံကား -ံ ဝိဘတ်ကြောင့် ၊ ကို -ါရ ပြု၍ ရ် ခွင်း, ချေ, ကပ်။]
֍ ၁၄၆။ ဗြဟ္မတောတု သ္မိံ နိ။ ။ ဗြဟ္မတောတု- ဗြဟ္မသဒ္ဒါမှ လည်း၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ်သည်၊ နိ- နိအပြု သည်၊ ဟောတိ- ဖြစ်၏။ ဗြဟ္မနိ ဟူသည်တည်း။ တုသဒ္ဒါဖြင့်… ကမ္မ, စမ္မ, မုဒ္ဓ, အဒ္ဓ စသော သဒ္ဒါတို့နောင် သ္မိံဝိဘတ်၏ နိ အပြုကို ဆည်း၍ ကမ္မနိ, စမ္မနိ, မုဒ္ဓနိ, အဒ္ဓနိ ဟု ဖြစ်၏။
၁၄၆။ [ဗြဟ္မနိ-ဗြဟ္မာ၌၊ ကမ္မနိ-အမှု၌၊ စမ္မနိ-အရေ၌၊ မုဒ္ဓနိ-ဦးထိပ်၌၊ အဒ္ဓနိ-အဓွန့်၌။] ဗြဟ္မနိကို “ဗြဟ္မ”လိန်တည်၊ သ္မိံသက်, ဗြဟ္မတောတု သ္မိံနိ သုတ်ဖြင့် သ္မိံဝိဘတ်ကို နိ ပြု, ဗြဟ္မနိ ပြီး၏။
ကမ္မနိကို “ကမ္မ”လိန်တည်၊ သ္မိံသက်, ဗြဟ္မတောတု သ္မိံနိသုတ်၌ တုသဒ္ဒါဖြင့် သ္မိံဝိဘတ်ကို နိ ပြု, ကမ္မနိ ပြီး၏။ [စမ္မနိကို “စမ္မ”တည်၊ မုဒ္ဓနိကို “မုဒ္ဓ”တည်၊ အဒ္ဓနိကို အဒ္ဓ တည်။]
֍ ၁၄၇။ ဥတ္တံ သနာသု။ ။ သနာသု- သဝိဘတ်, နာဝိဘတ်တို့ ကြောင့်၊ ဗြဟ္မဿ- ဗြဟ္မသဒ္ဒါ၏၊ အန္တော- အဆုံး အ သည်၊ ဥတ္တံ- ဥ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဗြဟ္မုနော, ဗြဟ္မုနာ ဟူသည်တည်း။ သနာသုကို ဖြုတ်၍ “ဥတ္တံ”ဟူသော ဒွိဓာကရဏ ယောဂဝိဘာဂဖြင့် နံ ဝိဘတ်ကြောင့် ဗြဟ္မ၏ အဆုံး အ ကို ဥ ပြု၍ ဗြဟ္မုနံ ဟု ဖြစ်သေး၏။
၁၄၇။ [ဗြဟ္မုနော-ဗြဟ္မာအား, ၏၊ ဗြဟ္မုနာ-ဗြဟ္မာဖြင့်, မှ၊ ဗြဟ္မုနံဗြဟ္မာတို့အား, တို့၏။] ဗြဟ္မုနောကို “ဗြဟ္မ”လိန်တည်၊ သသက်, ဥတ္တံ သနာသုသုတ်ဖြင့် ဗြဟ္မ၏ အဆုံး ၊ ကို ု ပြု (ဗြဟ္မုသ), ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် ု ကို လအမည်မှည့်, ဈလတော သဿ နော ဝါသုတ်ဖြင့် သဝိဘတ်ကို နော ပြု, ဗြဟ္မုနော ပြီး၏။
ဗြဟ္မုနာ၌ နာဝိဘတ်သက်, ဤသုတ်ဖြင့် ဗြဟ္မ၏ အဆုံး ၊ ကို ု ပြု၊ သ္မာဝိဘတ်ဖြင့် ဗြဟ္မုနာကို ဈလတော စသုတ်ဖြင့် ပြီးလတ္တံ့၊ ဗြဟ္မုနံကို “ဗြဟ္မ”တည်၊ နံသက်, ဥတ္တံ သနာသုသုတ်ဖြင့် ဥတ္တံဟူသော ဒွိဓာကရဏ ယောဂဝိဘာဂဖြင့် ၊ ကို ု ပြု, ဗြဟ္မုနံ ပြီး၏။
֍ ၁၄၈။ သတ္ထုပိတာဒီန.မာ သိသ္မိံ, သိလောပေါ စ။ ။ သိသ္မိံ- သိဝိဘတ်ကြောင့်၊ သတ္ထုပိတာ.ဒီနံ- သတ္ထု, ပိတု အစရှိသောသဒ္ဒါ တို့၏၊ အန္တော- အဆုံး ဥ သည်၊ အာ- အာ အပြုသည်၊ ဟောတိ- ဖြစ်၏။ သိလောပေါ စ- သိဝိဘတ်၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ သတ္ထာ, ပိတာ စသည်တည်း။
၁၄၈။ [သတ္ထာ-ဆရာ(ဘုရား)သည်၊ ပိတာ-အဘသည်။] သတ္ထု ပိတု စသော သတ္ထာဒိဂိုဏ်းလာ သဒ္ဒါတို့၏ အဆုံး ၊ ကို -ါ ပြုပြီးလျှင် သိဝိဘတ် ကိုလည်း ချေသောသုတ်တည်း။ [ဤသုတ်က စသဒ္ဒါ၏ သမ္ပိဏ္ဍနသဘော ကို သန္ဓိနောက်ဆက်တွဲ ပြန်ကြည့်။]
သတ္ထာကို “သတ္ထု”လိန်တည်၊ သိသက်, သတ္ထုပိတာဒီနမာ သိသ္မိံ သိလောပေါ စသုတ်ဖြင့် သတ္ထု၏ အဆုံး ု ကို -ါ ပြု, သိကိုလည်း ချေ, သတ္ထာ ပြီး၏။ [ပိတာကို “ပိတု”လိန်တည်၍ တွက်။]
֍ ၁၄၉။ အညေသွာ.ရတ္တံ။ ။ အညေသု- သိမှ တစ်ပါးသော ဝိဘတ်တို့ကြောင့်၊ သတ္ထုပိတာဒီနံ- သတ္ထု, ပိတု အစရှိသောသဒ္ဒါ တို့၏၊ အန္တော- အဆုံး ဥ သည်၊ အာရတ္တံ- အာရ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ သတ္ထာရံ, ပိတရံ စသည်တည်း။
၁၄၉။ [သတ္ထာရံ-ဆရာကို၊ ပိတရံ-အဘကို။] သိဝိဘတ်မှတစ်ပါးသော ဝိဘတ်များကြောင့် သတ္ထု ပိတု စသော သဒ္ဒါတို့၏ အဆုံး ၊ ကို -ါရ ပြု သော သုတ်တည်း၊ သို့သော် အချို့ဝိဘတ်များ၌ သီးခြားစီရင်မည့်သုတ် ရှိသောကြောင့် ဝိဘတ်တိုင်းမှာ အမြဲစီရင်မည် မဟုတ်။
သတ္ထာရံကို “သတ္ထု”လိန်တည်၊ -ံ ဝိဘတ်သက်, အညေသွာ.ရတ္တံသုတ် ဖြင့် သတ္ထု၏ အဆုံး ု ကို -ါရ ပြု (သတ္ထာရ -ံ ), ရ် ခွင်း, ချေ, ကပ်, သတ္ထာရံ ပြီး၏။ [ပိတရံကို ပိတာဒီနမသိမှိသုတ်ကျမှ တွက်။]
֍ ၁၅၀။ ဝါ နံမှိ။ ။ နံမှိ- နံဝိဘတ်ကြောင့်၊ သတ္ထုပိတာဒီနံ- သတ္ထု, ပိတု အစရှိသောသဒ္ဒါတို့၏၊ အန္တော- အဆုံး ဥ သည်၊ အာရတ္တံ- အာရ အဖြစ်သို့၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ သတ္ထာရာနံ, သတ္ထာနံ စသည်တည်း။
၁၅၀။ [သတ္ထာရာနံ, သတ္ထာနံ-ဆရာတို့အား, တို့၏။] ဤသုတ်ကား နံ ဝိဘတ်နှောင်းရာ၌ အာရ အပြု မမြဲကြောင်းကို ပြသောသုတ်တည်း၊ ထို့ကြောင့် ဝါ နံမှိသုတ်က အာရပြု၍ “သတ္ထာရာနံ”ဟုလည်းကောင်း, အာရ မပြုဘဲ နောက်သုတ်ဖြင့် ဥ ကို (အ)ပြု၍ သတ္ထာနံ ဟုလည်းကောင်း ရှိနိုင်သည်။
သတ္ထာရာနံကို “သတ္ထု”လိန်တည်၊ နံ ဝိဘတ်သက်, ဝါ နံမှိသုတ်ဖြင့် သတ္ထု၏ အဆုံး ု ကို -ါရ ပြု (သတ္ထာရ နံ), ရ် ခွင်း, သုနံဟိသု စသုတ်ဖြင့် ရ ၏ အဆုံး ၊ ကို -ါ ဒီဃပြု, ရ် ကို -ါ သို့ ကပ်, ပြီး၏။
֍ ၁၅၁။ သတ္ထုန.တ္တဉ္စ။ ။ နံမှိ- နံဝိဘတ်ကြောင့်၊ သတ္ထုနံ စ- သတ္ထုသဒ္ဒါတို့၏လည်းကောင်း၊ ပိတာဒီနံ စ- ပိတုသဒ္ဒါတို့၏ လည်းကောင်း၊ အန္တော- အဆုံး ဥ သည်၊ အတ္တံ- အ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ သတ္ထာနံ, ပိတာနံ စသည်တည်း။
၁၅၁။ [သတ္ထာနံ-ဆရာတို့အား, တို့၏၊ သတ္ထုနတ္တဉ္စကို “သတ္ထုနံ+ အတ္တဉ္စ”ဟု ပုဒ်ဖြတ်။] သတ္ထာနံကို “သတ္ထု”လိန်တည်၊ နံ ဝိဘတ်သက်, သတ္ထုနတ္တဉ္စသုတ်ဖြင့် သတ္ထု၏ အဆုံး ု ကို ၊ ပြု (သတ္ထ နံ), တ္ထ် ခွင်း, သုနံဟိသု စသုတ်ဖြင့် တ္ထ ၏ အဆုံး ၊ ကို -ါ ဒီဃပြု, တ္ထ် ကို -ါ သို့ ကပ်, သတ္ထာနံ ပြီး၏။ [ပိတာနံ ကိုလည်း “ပိတု”တည်၍ ရုပ်တွက်လေ။]
֍ ၁၅၂။ ဥ သသ္မိံ, သလောပေါ စ။ ။ သသ္မိံ- သဝိဘတ်ကြောင့်၊ သတ္ထုပိတာဒီနံ- သတ္ထု ပိတု အစရှိသောသဒ္ဒါတို့၏၊ အန္တော- အဆုံး ဥ သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဥ- ဥ အပြုသည်၊ ဟောတိ- ၏။ သလောပေါ စ- သဝိဘတ်၏ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ သတ္ထု, ပိတု, သတ္ထုဿ, ပိတုဿ, သတ္ထုနော, ပိတုနော စသည်တည်း။
၁၅၂။ [သတ္ထု, သတ္ထုနော, သတ္ထုဿ-ဆရာအား, ၏၊ ပိတု, ပိတုနော, ပိတုဿ-အဘအား, ၏။] ဤသုတ်က စသဒ္ဒါလည်း သမ္ပိဏ္ဍနအနက် ရှိ၏။
ဥ ကို ဥ ထပ်ပြုရကျိုး။ ။ ဥ ကို ဥ ထပ်ပြုရခြင်းသည် အညေသွာ ရတ္တံသုတ်ဖြင့် အာရ အပြုကို တားမြစ်ခြင်းအကျိုးရှိ၏၊ ဝါ နံမှိသုတ်မှ လိုက်လာသော ဝါသဒ္ဒါကြောင့် ဥ ကို အမြဲ ဥ ထပ်မပြုဘဲ “သတ္ထုဿ သတ္ထုနော”စသော ရုပ်များလည်း ရှိသေးသည်။
[ဆောင်] သ ဝိဘတ်တွေ, နှောင်းပချေသော်, အညေသွာရ, သုတ်အရ၏,အာရပြုကို, တားမြစ်လို, ဥကို ဥထပ်ပြု။
ရုပ်တွက်။ ။ သတ္ထုကို “သတ္ထု”လိန်တည်၊ သဝိဘတ်သက်, ဥသသ္မိံ သလောပေါ စသုတ်ဖြင့် သတ္ထု၏ အဆုံး ု ကို ု ပြု, သဝိဘတ်ကိုလည်း ချေ, သတ္ထု ပြီး၏။
သတ္ထုဿ၌ သဝိဘတ်သက်, သ လာရုံသာ၊ သတ္ထုနော၌ သ သက်, ု ကို လမှည့်, ဈလတော သဿ နော ဝါသုတ်ဖြင့် သ ဝိဘတ်ကို နောပြု, ပြီး၏။ [ပိတု ပိတုဿ ပိတုနောကိုလည်း ရုပ်တွက်။]
֍ ၁၅၃။ သကမန္ဓာတာ.ဒီနဉ္စ။ ။ သကမန္ဓာတာ.ဒီနဉ္စ- သက မန္ဓာတု အစရှိသော သဒ္ဒါတို့၏လည်း၊ အန္တော- အဆုံး ဥ သည်၊ ဥ- ဥ အပြုသည်၊ ဟောတိ- ဖြစ်၏။ သလောပေါစ- သည်လည်း၊ ဟောတိ- ဖြစ်၏။ သကမန္ဓာတု, မန္ဓာတု စသည်တည်း။
၁၅၃။ [သကမန္ဓာတု-မန္ဓာတ်မင်းအလား ကြီးမားသော စည်းစိမ်ရှိ သော သကမင်းအား, ၏၊ မန္ဓာတု-မန္ဓာတ်စကြာမင်းအား, ၏။]
သကမန္ဓာတု စသော ပုံစံများ၌ အမြဲ ဥ ပြုခြင်းငှာ ဤသုတ်ကို ဆိုရသတဲ့၊ ထို့ကြောင့် သကမန္ဓာတုဿ, သကမန္ဓာတုနော ဟု မရှိရ။
ရုပ်တွက်။ ။ သကမန္ဓာတုကို “သကမန္ဓာတု”လိန်တည်၊ သသက်, သကမန္ဓာတာဒီနဉ္စသုတ်ဖြင့် သကမန္ဓာတုသဒ္ဒါ၏ အဆုံး ု ကို ု ပြု, သဝိဘတ်ကိုလည်း ချေ, သကမန္ဓာတု ပြီး၏။ [မန္ဓာတုကိုလည်း တွက်၊၊]
֍ ၁၅၄။ တတော ယောန.မောတု။ ။ တတောတု- ထို အာရ အပြုမှလည်း၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယော ဝိဘတ်တို့၏၊ သြ- သြအပြုသည်၊ ဟောတိ- ဖြစ်၏။ သတ္ထာရော, ပိတရော စသည်တည်း။ တုသဒ္ဒါဖြင့် တစ်ပါးသော သဒ္ဒါနောင် ယောဝိဘတ်၏ သြ အပြုကို ဆည်း၍ ဂါဝေါ, ဥဘော, စတုရော ရုပ်များလည်း ရှိသေး၏။
၁၅၄။ [သတ္ထာရော-ဆရာတို့သည်, တို့ကို၊ ပိတရော-အဘတို့သည်, တို့ကို၊ ဂါဝေါ-နွားတို့သည်, တို့ကို၊ ဥဘော-၂ ယောက်တို့သည်, တို့ကို၊ စတုရော-၄ ယောက်တို့သည်, တို့ကို။]
ရုပ်တွက်။ ။ သတ္ထာရောကို “သတ္ထု” လိန်တည်၊ ယော သက်, အညေ သွာရတ္တံသုတ်ဖြင့် သတ္ထု၏အဆုံး ု ကို -ါရ ပြု (သတ္ထာရယော), တတော ယောနမော တု သုတ်ဖြင့် ယောဝိဘတ်ကို ေ -ါ ပြု, ရ် ခွင်း, ချေ, ကပ်, သတ္ထာရော ပြီး၏။ [ပိတရောကို ပိတာဒီနမသိမှိ သုတ်ကျမှ ရုပ်တွက်၊ ဂါဝေါ ကို ယောသု စ သုတ်၌ တွက်ခဲ့ပြီ။]
ဥဘောကို “ဥဘ”လိန်တည်၊ ယောသက်, တတော ယောနမော တု သုတ်၌ တုသဒ္ဒါဖြင့် ယောကို ေ-ါ ပြု, ဘ် ခွင်း, ချေ, ကပ်, ဥဘော ပြီး၏။
စတုရောကို “စတု”လိန်တည်၊ ယောသက်, သြ သရေ စသုတ်၌ စသဒ္ဒါဖြင့် စတုသဒ္ဒါ၏ အဆုံး ု ကို ုရ ပြု, တတော ယောနမော တု သုတ်၌ တုသဒ္ဒါဖြင့် ယောဝိဘတ်ကို ေ-ါ ပြု, ရ် ခွင်း, ချေ, ကပ်, စတုရော ပြီး၏။
֍ ၁၅၅။ တတော သ္မိမိ။ ။ တတော- ထိုအာရ အပြုမှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံ ဝိဘတ်သည်၊ ဣ- ဣ အပြုသည်၊ ဟောတိ- ဖြစ်၏။ သတ္ထရိ စသည်တည်း။ တတောသဒ္ဒါပိုဖြင့် အာရ အပြုမှတစ်ပါး အခြားသဒ္ဒါနောင် သ္မိံဝိဘတ်ကို ဣ ပြု၍ ဘုဝိ, ဒိဝိ စသည် ဖြစ်သေး၏။
၁၅၅။ [သတ္ထရိ-ဆရာ၌၊ ဘုဝိ-မြေ၌၊ ဒိဝိ-နတ်ပြည်၌။] ရှေ့သုတ်မှ တတောသဒ္ဒါ အလိုက်ခံ၍ “သ္မိမိ”ဟု ဆိုလျှင် ပြီးလောက်လျက် “တတော သ္မိမိ”ဟု ဆိုသောကြောင့် “တတော”သဒ္ဒါ ပိုသည် ဟူလို၊ သတ္ထရိကို နောက်မှ ရုပ်တွက်။
ဘုဝိကို “ဘူ”လိန်တည်၊ သ္မိံသက်, သြ သရေ စသုတ်၌ စသဒ္ဒါဖြင့် ဘူသဒ္ဒါ၏ ူ ကို ု ဝ ပြု (ဘုဝသ္မိံ), တတော သ္မိမိသုတ်၌ တတော သဒ္ဒါပိုဖြင့် သ္မိံဝိဘတ်ကို -ိ ပြု, ဝ် ခွင်း, ချေ, ကပ်, ဘုဝိ ပြီး၏။ [ဒိဝိ ကို “ဒိဝ” တည်။]
֍ ၁၅၆။ နာ အာ။ ။ တတော- ထို အာရ အပြုမှ၊ ပရံ- နောက် ဖြစ်သော၊ နာ- နာဝိဘတ်သည်၊ အာ- အာ အပြုသည်၊ ဟောတိ- ဖြစ်၏။ သတ္ထာရာ စသည်တည်း။
၁၅၆။ [သတ္ထာရာ-ဆရာဖြင့်။] သတ္ထာရာကို “သတ္ထု”လိန်တည်၊ နာ ဝိဘတ်သက်, အညေသွာရတ္တံသုတ်ဖြင့် သတ္ထု၏ အဆုံး ု ကို -ါရ ပြု (သတ္ထာရနာ), နာ အာသုတ်ဖြင့် နာဝိဘတ်ကို -ါ ပြု, ရ် ခွင်း, ချေ, ကပ်, ပြီး၏။
ယောဂဝိဘာဂ။ ။ [တတော ယောနမော တုသုတ်မှ လိုက်လာ သော တတောသဒ္ဒါကို ကြဉ်၍ “နာ အာ”ဟူသော ဝိနာဓိကာရယောဂ ဝိဘာဂဖြင့် အခြားသဒ္ဒါနောင် နာဝိဘတ်ကို အာပြု၍ “အတ္ထဝသာအနက်၏အစွမ်းဖြင့်”စသော ရုပ်များ ဖြစ်နိုင်သေး၏။]
֍ ၁၅၇။ အာရော ရဿ.မိကာရေ။ ။ ဣကာရေ- ဣအက္ခရာ ကြောင့်၊ အာရော- အာရ အပြု၏ အာ သည်၊ ရဿံ- ရဿ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ သတ္ထရိ စသည်တည်း။
၁၅၇။ ဤသုတ်ကား “အညေသွာရတ္တံ”သုတ်ဖြင့် အာရပြု၍ တတော သ္မိမိသုတ်က သ္မိံကို -ိ ပြုပြီးနောက် ထိုဣအက္ခရာကြောင့် -ါရ၏ -ါ ကို ရဿပြုသော သုတ်တည်း။
သတ္ထရိကို “သတ္ထု”လိန်တည်၊ သ္မိံဝိဘတ်သက်, အညေသွာရတ္တံ သုတ်ဖြင့် သ္မိံဝိဘတ်ကြောင့် သတ္ထု၏အဆုံး ု ကို -ါရ ပြု, တတော သ္မိမိ သုတ်ဖြင့် -ါရ အပြုမှ နောက်ဖြစ်သော သ္မိံကို -ိ ပြု (သတ္ထာရ -ိ), အာရော ရဿမိကာရေသုတ်ဖြင့် -ါရ၏ -ါ ကို ၊ ရဿပြု (သတ္ထရ -ိ), ရ် ခွင်း, ချေ, ကပ်, သတ္ထရိ ပြီး၏။
֍ ၁၅၈။ ပိတာဒီန.မသိမှိ။ ။ အသိမှိ- သိမှ တစ်ပါးသော ဝိဘတ်ကြောင့်၊ ပိတာဒီနံ- ပိတု အစရှိသောသဒ္ဒါတို့၏၊ အာရော- အာရ အပြု၏ အာသည်၊ ရဿံ- ရဿ အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ပိတရံ, ပိတရော စသည်တည်း။
၁၅၈။ [ပိတရံ-ကို၊ ပိတရော-တို့သည်, တို့ကို။] ပိတရံကို “ပိတု” လိန်တည်၊ -ံ ဝိဘတ်သက်, အညေသွာရတ္တံသုတ်ဖြင့် ပိတုသဒ္ဒါ၏ အဆုံး ု ကို -ါရ ပြု, ပိတာဒီနမသိမှိသုတ်ဖြင့် -ါရ အပြု၏ -ါ ကို ၊ ရဿပြု, ရ် ခွင်း, ချေ, ကပ်, ပိတရံ ပြီး၏။
ပိတရောကို “ပိတု” လိန်တည်၊ ယော သက်, အာရ ပြု, ဤသုတ်ဖြင့် ၊ ရဿပြု, တတော ယောနမော တုသုတ်ဖြင့် ယောဝိဘတ်ကို ေ-ါ ပြု, ရ် ခွင်း, ချေ, ကပ်, ပိတရော ပြီး၏။ [ပိတရိ (အဘ၌) စသည်ကိုလည်း ါရ ပြု, (အ)ရဿ ပြုပြီးနောက် တတော သ္မိမိသုတ်ဖြင့် စီရင်လေ။]
အသိမှိ ပို။ ။ အသိမှိ သဒ္ဒါပိုဖြင့် တောပစ္စည်း နှောင်းရာ၌ ပိတု စသည်၏ အဆုံး ု ကို -ိ ပြု၍ ပိတိတော စသည်ဖြစ်၏။ ပိတိတော အဘမှ၊ [ကွစိတော ပဉ္စမျတ္ထေသုတ်ဖြင့် တောပစ္စည်း သက်ပြီးသည့်အခါ ဤရုပ်ကို အလိုလို နားလည်လတ္တံ့၊ အသိမှိသဒ္ဒါပိုပုံကား ကစ္စည်းဘာသာ ဋီကာမှာ ရှု။]
֍ ၁၅၉။ တယာတယိနံ တကာရော တွတ္တံ ဝါ။ ။ တယာ တယိနံ- တယာ အပြု, တယိ အပြုတို့၏၊ တကာရော- တအက္ခရာ သည်၊ တွတ္တံ- တွ အဖြစ်သို့ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ တွယာ, တွယိ ဟူသည်တည်း။
၁၅၉။ [တွယာ-သင်ဖြင့်၊ တွယိ-သင်၌။]
တွယာကို “တုမှ”လိန်တည်၊ နာသက်, နာမှိ တယာ မယာသုတ်ဖြင့် တုမှ သဒ္ဒါကို ဝိဘတ်နှင့်တကွ တယာ ပြု, တယာတယိနံ တကာရော တွတ္တံ ဝါသုတ်ဖြင့် တယာ အပြု၏ တကို တွ ပြု, တွယာ ပြီး၏။ [တွယိ၌ တုမှာ.မှာကံ တယိမယိသုတ်ဖြင့် သ္မိံဝိဘတ်နှင့်တကွ တုမှသဒ္ဒါကို တယိ ပြုပြီးနောက် ဤသုတ်ဖြင့် တယိ အပြု၏ တ ကို တွ ပြုလေ။]
ဣတိ နာမကပ္ပေ တတိယော ကဏ္ဍော။ ။ နာမကပ္ပေ- ၌၊ တတိယော- သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။
လေ့ကျင့်ခန်းမေးခွန်း
(က) နေတာဟိ သ္မိမာယယာသုတ်သည် ဘယ်သုတ်ကို တားမြစ် သနည်း။
( ခ ) ဗြဟ္မတောတု သ္မိံနိသုတ်၌ တုသဒ္ဒါ၏ အကျိုးကို ပြပါ။
( ဂ ) ဗြဟ္မုနံကို နံဝိဘတ်ဖြင့် အဘယ်သို့ ရုပ်စီရင်ရမည်နည်း။ (ဃ) ဥ သသ္မိံ သ လောပေါ စသုတ်ဖြင့် ဥကို ဥထပ်ပြုရခြင်းသည်၊ ဘာအကျိုးရှိသနည်း။
( င ) သကမန္ဓာတာဒီနဉ္စသုတ်ကို ဆိုခြင်းသည် အဘယ် အကျိုး ရှိသနည်း။
( စ ) တတော ယောနမော တု၌ တုသဒ္ဒါဖြင့် အဘယ်ကို စီရင် သနည်း။
(ဆ) တတောသ္မိမိ၌ တတောသဒ္ဒါပိုဖြင့် အဘယ်ကို စီရင်သနည်း။
( ဇ ) နာ အာ ယောဂဝိဘာဂဖြင့် ရသင့်သော အကျိုးကို ပြပါ။
နာမ်တတိယခန်းပြီး၏။
֍ ၁၆၀။ အတ္တ.န္တော ဟိသ္မိ.မနတ္တံ။ ။ ဟိသ္မိံ- ဟိဝိဘတ်ကြောင့်၊ အတ္တန္တော- အတ္တသဒ္ဒါ၏အဆုံး အသည်၊ အနတ္တံ- အနအဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ အတ္တနေဟိ ဟူသည်တည်း။ အနတ္တံ ဟူသော ဘာဝနိဒ္ဒေသဖြင့် သုဝိဘတ်ကြောင့် အတ္တ၏ အဆုံး အ ကို အန ပြု၍ “အတ္တနေသု”ဟု ဖြစ်သေး၏။
၁၆၀။ [အတ္တနေဟိ-မိမိတို့ဖြင့်, တို့မှ၊ အတ္တနေသု-မိမိတို့၌။]
အတ္တနေဟိကို “အတ္တ”လိန်တည်၊ ဟိသက်, အတ္တ.န္တော ဟိသ္မိ.မနတ္တံ သုတ်ဖြင့် အတ္တ၏အဆုံး ၊ ကို ၊ န ပြု (အတ္တနဟိ), န် ခွင်း, သုဟိသွ. ကာရော ဧသုတ်ဖြင့် န၏ အစိတ် ၊ ကို ေ- ပြု, န် ကို ေ- သို့ ကပ်, အတ္တနေဟိ ပြီး၏။ [အတ္တနေသု၌ အတ္တ.န္တော ဟိသ္မိ.မနတ္တံသုတ်၌ အနတ္တံ ဟူသော ဘာဝနိဒ္ဒေသဖြင့် အတ္တ၏ အဆုံး ၊ ကို ၊ န ပြုဟု ဆိုလေ။]
֍ ၁၆၁။ တတော သ္မိံ နိ။ ။ တတော- ထိုအတ္တသဒ္ဒါမှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံ ဝိဘတ်သည်၊ နိ- နိ အပြုသည်၊ ဟောတိ- ဖြစ်၏။ အတ္တနိ ဟူသည်တည်း။
၁၆၁။ [အတ္တနိ-မိမိ၌။] အတ္တနိကို “အတ္တ” လိန်တည်၊ သ္မိံ သက်, တတော သ္မိံနိသုတ်ဖြင့် သ္မိံဝိဘတ်ကို နိ ပြု, အတ္တနိ ပြီး၏။
֍ ၁၆၂။ သဿ နော။ ။ တတော- ထိုအတ္တသဒ္ဒါမှ၊ ပရဿ- နောက်ဖြစ်သော၊ သဿ- သဝိဘတ်၏၊ နော- နော အပြုသည်၊ ဟောတိ- ဖြစ်၏။ အတ္တနော ဟူသည်တည်း။
၁၆၂။ [အတ္တနော-မိမိအား, ၏။] အတ္တနောကို “အတ္တ” လိန်တည်၊ သသက်, သဿ နောသုတ်ဖြင့် သဝိဘတ်ကို နော ပြု, အတ္တနော ပြီး၏။
֍ ၁၆၃။ သ္မာနာ။ ။ တတော- ထိုအတ္တသဒ္ဒါမှ၊ ပရံ- နောက်ဖြစ်သော၊ သ္မာ- သ္မာ ဝိဘတ်သည်၊ နာ- နာ အပြုသည်၊ ဟောတိ- ဖြစ်၏။ အတ္တနာ ဟူသည်တည်း။
၁၆၃။ [အတ္တနာ-မိမိမှ။] အတ္တနာကို “အတ္တ”လိန်တည်၊ သ္မာသက်, သ္မာ နာသုတ်ဖြင့် သ္မာဝိဘတ်ကို နာပြု, အတ္တနာ ပြီး၏။ [သ္မာကို နာကဲ့သို့ ငဲ့လျှင် ပြီးနိုင်လျက် ဤသုတ်ပိုကို ဆိုရခြင်း အကျိုးကို ကစ္စည်းဘာသာ ဋီကာမှာ ရှု။]
֍ ၁၆၄။ ဈလတော စ။ ။ ဈလတော စ- ဈ လတို့မှလည်း၊ ပရံ- နောက်ဖြစ်သော၊ သ္မာ- သ္မာ ဝိဘတ်သည်၊ နာ- နာ အပြု သည်၊ ဟောတိ- ဖြစ်၏။ အဂ္ဂိနာ, ဒဏ္ဍိနာ, ဘိက္ခုနာ, သယမ္ဘုနာ စသည်တည်း။
၁၆၄။ [အဂ္ဂိနာ-မီးမှ၊ ဒဏ္ဍိနာ-တုတ်ရှိသူမှ၊ ဘိက္ခုနာ-ရဟန်းမှ၊ သယမ္ဘုနာ-ဘုရားမှ။] ရှေ့နှစ်ရုပ်သည် ဈ အမည်ရှိသော ဣ ဤနောင် အစဉ်အတိုင်း ပုံစံတည်း၊ နောက်နှစ်ရုပ်ကား လ အမည်ရှိသော ဥ ဥုနောင် ပုံစံတည်း၊ ရုပ်တွက်ရာ၌ ဤသုတ်ကို မမြင်နိုင်ဘဲ ရှိတတ်၏၊ သတိပြုပါ။
ရုပ်တွက်။ ။ အဂ္ဂိနာကို “အဂ္ဂိ”လိန်တည်၊ သ္မာသက်, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ိ ကို ဈ အမည်မှည့်, ဈလတော စသုတ်ဖြင့် သ္မာဝိဘတ် ကို နာ ပြု, အဂ္ဂိနာ ပြီး၏။
ဒဏ္ဍိနာကို “ဒဏ္ဍီ”လိန်တည်၊ သ္မာသက်, ဈမှည့်, အဃော ရဿမေက ဝစနယောသွပိ စသုတ်ဖြင့် -ီ ကို -ိ ရဿပြု, ဈလတော စသုတ်ဖြင့် သ္မာဝိဘတ်ကို နာ ပြု, ဒဏ္ဍိနာ ပြီး၏။ [ဘိက္ခုနာ၌ ု ကို လ မှည့်ရုံသာ၊ သယမ္ဘုနာ၌ “သယမ္ဘူ”တည်၊ ူ ကို လမှည့်, ရဿပြု၍ ရုပ်တွက်လေ။]
֍ ၁၆၅။ ဃပတော သ္မိံ ယံ ဝါ။ ။ ဃပတော- ဃပတို့မှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ်သည်၊ ယံ- ယံ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ကညာယံ, ရတ္တိယံ, ဣတ္ထိယံ, ယာဂုယံ, ဝဓုယံ စသည်တည်း။
၁၆၅။ ဃ အမည်ရှိသော အာ, ပ အမည်ရှိသော ဣဝဏ် ဥဝဏ်နောင် သ္မိံကို ယံပြုသောသုတ်တည်း။ [ကညာယံ-သတို့သမီး၌၊ ရတ္တိယံ-ညဉ့်၌၊ ဣတ္ထိယံ-မိန်းမ၌၊ ယာဂုယံ-ယာဂု၌၊ ဝဓုယံ-ချွေးမ (မိန်းမ) ၌။]
ရုပ်တွက်။ ။ ကညာယံကို “ကညာ”လိန်တည်၊ သ္မိံသက်, အာ ဃော သုတ်ဖြင့် -ါ ကို ဃအမည်မှည့်, ဃပတော သ္မိံ ယံ ဝါသုတ်ဖြင့် သ္မိံဝိဘတ် ကို ယံ ပြု, ကညာယံ ပြီး၏။
ရတ္တိယံကို “ရတ္တိ”တည်၊ ယာဂုယံကို “ယာဂု”တည်, ဣ ဥကို ပမှည့်၍ သ္မိံ ကို ယံ ပြုရုံသာ၊ ဣတ္ထိယံကို “ဣတ္ထီ”တည်၊ ဝဓုယံကို “ဝဓူ”တည်, ပ မှည့်, အဃော ရဿ စသောသုတ်ဖြင့် ဤ ဥု ကို ရဿပြု၍ သ္မိံ ကို ယံ ပြုလေ။
֍ ၁၆၆။ ယောနံ နိ နပုံသကေဟိ။ ။ နပုံသကေဟိ- နပုံလိန် တို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယောဝိဘတ်တို့၏၊ နိ- နိ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ အဋ္ဌီနိ, သုခကာရီနိ စသည်တည်း။
၁၆၆။ [အဋ္ဌီနိ-အရိုးတို့သည်, တို့ကို၊ သုခကာရီနိ-ချမ်းသာကို ပြုလေ့ ရှိသော ဒါနတို့သည်, တို့ကို။] အဋ္ဌီနိကို “အဋ္ဌိ”လိန်တည်၊ ယောသက်, ယောနံ နိ နပုံသကေဟိသုတ်ဖြင့် ယောဝိဘတ်ကို နိ ပြု, ယောသု ကတ နိကာရလောပေသု ဒီဃံ သုတ်ဖြင့် -ိ ကို -ီ ဒီဃ ပြု, အဋ္ဌီနိ ပြီး၏။ [သုခကာရီနိကို “သုခကာရီ”တည်, ယောဝိဘတ်ကို နိ ပြုရုံသာ။]
֍ ၁၆၇။ အတော နိစ္စံ။ ။ အတော- နပုံလိန် အကာရ န္တမှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယောဝိဘတ်တို့၏၊ နိ- နိ အပြုသည်၊ နိစ္စံ- အမြဲ၊ ဟောတိ- ဖြစ်၏။ ယာနိ, စိတ္တာနိ စသည်တည်း။
၁၆၇။ ရှေ့သုတ်က ယော ကို နိ ပြုသော်လည်း ဝိကပ်အားဖြင့်သာ (ရံခါ) ပြုသည်၊ သို့အတွက် နပုံလိန် အကာရ န္တနောင် ယော ကို အမြဲ နိ ပြုဖို့ရန် ဤသုတ်ကို အားထုတ်ရပြန်သည်၊ အတော နိစ္စံသုတ်က အကာရ န္တ နောင် အမြဲ နိ ပြု၍ ယောနံ နိ နပုံသကေဟိသုတ်က ဣ ဤ, ဥ ဥု, သြ ကာရန် ၅ မျိုးနောင် ရံခါ နိပြုသည်ဟု ခွဲခြားပါ။ [ယာနိ စိတ္တာနိ-အကြင် စိတ်တို့သည်။]
ရုပ်တွက်။ ။ ယာနိကို “ယ”တည်၊ ယောသက်, အတော နိစ္စံသုတ်ဖြင့် ယောကို နိပြု, ယ် ခွင်း (ယ် ၊ နိ), ယောသု ကတနိကာရလောပေသု ဒီဃံ သုတ်ဖြင့် ရှေ့ ၊ သရကို -ါ ဒီဃပြု, ယ်ကို -ါ သို့ ကပ်, ယာနိ ပြီး၏။ [စိတ္တာနိကို “စိတ္တ” တည်။]
֍ ၁၆၈။ သိံ။ ။ အတော- နပုံလိန် အကာရ န္တမှ၊ ပရံ- နောက် ဖြစ်ကုန်သော၊ သိ- သိဝိဘတ်သည်၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ သဗ္ဗံ, စိတ္တံ စသည်တည်း။
၁၆၈။ နပုံလိန်အရာဝယ် အကာရန္တနောင် သိဝိဘတ်ကို အံပြုသော သုတ်တည်း၊ သိံ ကို သိ -ံ ဟု ပုဒ်ဖြတ်။ [သဗ္ဗံ-အလုံးစုံသော၊ စိတ္တံစိတ်သည်။] သဗ္ဗံကို “သဗ္ဗ”လိန်တည်၊ သိသက်, ဗ္ဗ် ခွင်း, သိံဟူသော သုတ်ဖြင့် သိ ကို -ံ ပြု, သရလောပေါ စသောသုတ်ဖြင့် ဗ္ဗ ၏ အဆုံး ၊ ကို ချေ, ဗ္ဗ် ကို -ံ သို့ ကပ်, သဗ္ဗံ ပြီး၏။ [စိတ္တံကို “စိတ္တ” တည်၍ တွက်။]
֍ ၁၆၉။ သေသတော လောပံ ဂ သိပိ။ ။ သေသတော- သိံ သော သျာ စ,စသည်ကလျှင်, စီရင်မပြု, ကြွင်းကျန်သောလိန်စုမှ၊ ပရံ- နောက်ဖြစ်သော၊ ဂ- အာလုပ် သိ သည်လည်းကောင်း၊ သိပိလိင်္ဂတ္ထ- သိသည်လည်းကောင်း၊ လောပံ- ကျေပျောက်ခြင်းသို့၊ အာပဇ္ဇတေ- ရောက်၏။ ဘောတိ ဣတ္ထိ, သာ ဣတ္ထီ စသည်တည်း။
၁၆၉။ သိံ ဟူသောသုတ်က သိဝိဘတ်ကို အံ ပြု၏၊ သော ဟူသော သုတ်က သိဝိဘတ်ကို သြ ပြု၏၊ သျာ စသုတ်က သိဝိဘတ်ကို အာပြု၏၊ ဤသို့လျှင် သိဝိဘတ်ကို အမျိုးမျိုးစီရင်သော သုတ်တွေ (ပုမန္တဿာ သိမှိ, ဗြဟ္မတော ဂဿ စ, ဃ တေ စ စသည်ဖြင့်) များစွာရှိသည်အားလျော်စွာ ထိုသုတ်တို့က စီရင်၍ ပြီးနိုင်သော လိန်(ရုပ်)များလည်း အများအပြားပင် ရှိပေသည်။
ဤ သေသတော လောပံ ဂ သိပိသုတ်ကား ထိုသုတ်တို့က မစီရင်ဘဲ ကြွင်းသော လိန်(ရုပ်)များနောင် ဂ အမည်ရသော အာလုပ်သိကိုလည်း ကောင်း,လိင်္ဂတ္ထေ ပဌမာသုတ်ဖြင့်သက်သော လိင်္ဂတ္ထ သိကိုလည်းကောင်း ချေသောသုတ်တည်း၊ “အခြားသုတ်တို့က မစီရင်၍ ကျန်နေသမျှ သိ ဝိဘတ်ကို ဤသုတ်က အမြဲ ချေသည်” ဟူလို။
[ ဘောတိ ဣတ္ထိ - အို မိန်းမ၊ သာ ဣတ္ထီ - ထိုမိန်းမသည်၊ ဘောတိ ဣတ္ထိကို “ဈလပါ ရဿံ” သုတ်ကျမှ ရုပ်တွက်၊ သာ ရုပ်တွက်ပုံကို ဧတတေသံ တောသုတ် ကြည့်။]
ဣတ္ထီကို “ဣတ္ထီ”လိန်တည်၊ သိသက်, သေသတော လောပံ ဂ သိပိ သုတ်ဖြင့် သိဝိဘတ်ကို ချေ, ဣတ္ထီ ပြီး၏။ [ကညာ, ရတ္တိ စသည်၌ ကညာ, ရတ္တိ စသည် တည်၊ သိသက်, ချေ။]
မှတ်ချက်။ ။ ဤသုတ်၌ အာလုပ် သိကို “ဂ”ဟု သီးခြားဆိုသဖြင့် အခြားသုတ်များ၌ “သိ”ဟု သာမညဆိုလျှင် အာလုပ်မပါ, လိင်္ဂတ္ထ သိ ကိုသာ ဆိုသည်ဟု မှတ်။
֍ ၁၇၀။ သဗ္ဗာသ.မာဝုသော.ပသဂ္ဂနိပါတာ.ဒီဟိ စ။ ။ အာဝုသော.ပသဂ္ဂနိပါတာ.ဒီဟိ စ- အာဝုသောဟူသော အာလုပ်, ဥပသာရ, နိပါတ်အစရှိသည်တို့မှလည်း၊ ပရာသံ- နောက်ဖြစ်ကုန် သော၊ သဗ္ဗာသံ- အလုံးစုံသောဝိဘတ်တို့၏၊ လောပေါ- ကျေခြင်း သည်၊ ဟောတိ- ဖြစ်၏။ တွံ ပနာ.ဝုသော, တုမှေ ပနာ.ဝုသော, ပဟာရော, ပရာဘဝေါ, ပဒသော, သွေ, စ, ဝါ စသည်တည်း။
၁၇၀။ ဤသုတ်ကား အာဝုသောဟူသော အာလုပ် ဥပသာရ နိပါတ် နောင် သက်လေသမျှ ဝိဘတ်တွေကို ချေသောသုတ်တည်း၊ နိပါတာဒီဟိ၌ အာဒိသဒ္ဒါဖြင့် ဥပသာရ နိပါတ်တို့မှတစ်ပါးသော ရိုးရိုးနာမ်များနောင် ဝိဘတ်တို့ကို ချေသင့်က ချေနိုင်သည်။
နာမ်, အာချာတ်။ ။ ပုဒ်သည် နာမ်ပုဒ်, အာချာတ်ပုဒ်, ဥပသာရပုဒ်, နိပါတ်ပုဒ်အားဖြင့် ၄ မျိုးရှိ၏၊ ထို ၄ မျိုးတွင် ဝိဘတ် ၇ သွယ်လုံးဖြင့် ဧကဝုစ် ဗဟုဝုစ်ရုပ် အမျိုးမျိုးရှိကောင်းသော ပုရိသော ကညာစသော ပုဒ်မျိုးသည် နာမ်ပုဒ်မည်၏၊ တိ အန္တိစသော အာချာတ်ဝိဘတ်သက်ရာ “ဂစ္ဆတိ ပစတိ”စသောပုဒ်များသည် အာချာတ်ပုဒ်မည်၏။
ဥပသာရပုဒ်။ ။ အာချာတ်ပုဒ်နှင့် တွဲဖက်၍ဖြစ်စေ, နာမ်ပုဒ်များနှင့် တွဲဖက်၍ဖြစ်စေ သုံးစွဲရသော ပ ပရာစသော ပုဒ် ၂၀ သည် ဥပသာရပုဒ် မည်၏၊ ဥပသာရပုဒ် ၂၀ ကား-ပ, ပရာ, နိ, နီ, ဥ, ဒု, သံ, ဝိ, အဝ, အနု,
ပရိ, အဓိ, အဘိ, ပတိ, သု, အာ, အတိ, အပိ, အပ, ဥပ ဟူသည် တည်း၊ ဤ ၂၀ ကို နှုတ်တက်အရကျက်ပါ။
နိပါတ်ပုဒ်။ ။ ဝိဘတ် ၇ သွယ်ဖြင့် ရုပ်အမျိုးမျိုး လဲလှယ်၍ မရှိနိုင် သော ပုဒ်ဟူသမျှ နိပါတ်ချည်းတည်း၊ စ, ဝါ, ဟေ, အဟေ, ရေ, အရေ, သွေ, ပဒသော, အတ္ထိ, သက္ကာ, လဗ္ဘာ စသည်ဖြင့် အလွန်များ၏။
အာဝုသောကို သီးခြားဆိုရကျိုး။ ။ အာဝုသော အာလုပ်ပုဒ်လည်း နိပါတ်ပင် ဖြစ်၏၊ သို့သော် “အာဝုသော-ငါ့ရှင်၊ တွံ ပန-သင်သည်ကား” ဟု ဧကဝုစ်ဖြင့်လည်းကောင်း, “အာဝုသော-ငါ့တို့ရှင်၊ တုမှေ ပန-သင်တို့ သည်ကား”ဟု ဗဟုဝုစ်ဖြင့်လည်းကောင်း ရှိနိုင်ကြောင်းကို သိစေလို၍ အာဝုသောပုဒ်ကို သုတ်ထဲ၌ သီးခြားထည့်ဆိုသည်၊ အခြားနိပါတ်များကား ဧကဝုစ်သာရှိ၏ဟု ကစ္စည်းဆရာ ဆိုလိုသည်၊ သို့သော် အခြားနိပါတ်များ ၌လည်း ဗဟုဝုစ်ရှိနိုင်သေးကြောင်းကို ကစ္စည်းဘာသာဋီကာ၌ ပြထားပြီ။
အနက်။ ။ ပဟာရော - ပုတ်ခတ်ခြင်း၊ ပရာဘဝေါ - ပျက်စီးခြင်း၊ ပဒသော-ပုဒ်အားဖြင့်၊ သွေ-နက်ဖြန်၌၊ စ, ဝါတို့ကား တခြားပုဒ်နှင့်တွဲမှ အနက်ထင်ရှားသည်။
ရုပ်တွက်။ ။ အာဝုသောကို “အာဝုသော”တည်၊ အိုဟူ၍၊ပေ၊ပဌမာ ဧကဝုစ် သိသက်, သဗ္ဗာသမာဝုသောပသဂ္ဂနိပါတာဒီဟိ စသုတ်ဖြင့် သိကို ချေ, အာဝုသော ပြီး၏။ [ယောသက်၍လည်း ဤနည်းအတိုင်း ချေ။]
ပဟာရောကို “ပ+ဟာရ”တည်၊ ပ ဥပသာရနောင် သိဝိဘတ်သက်, သဗ္ဗာသမာဝုသော၊ပေ၊ဒီဟိ စသုတ်ဖြင့် သိကို ချေ, ဟာရနောင် သိသက်, သောဟူသောသုတ်ဖြင့် သိကို ေ-ါ ပြု, ရ် ခွင်း, ချေ, ကပ်, ပဟာရော ပြီး၏။ [ပရာဘဝေါ၌ ပရာနောင် သိသက်, ဤသုတ်ဖြင့် ချေ, ဘဝနောင် သိသက်, ေ-ါ ပြု, ပြီး၏။]
ပဒသောကို “ပဒသော”တည်၊ အားဖြင့်ဟူ၍ အနက်ပေးသောကြောင့် ဝိသေသနေ စသုတ်ဖြင့် ဝိသေသနအနက်၌ ဧကဝုစ် နာဝိဘတ်သက်, သဗ္ဗာသမာဝုသော၊ပေ၊ဒီဟိ စသုတ်ဖြင့် နာဝိဘတ်ကို ချေ, ပြီး၏။
သွေကို “သွေ”တည်၊ ၌ဟူ၍၊ပေ၊ သ္မိံဝိဘတ်သက်, ဤသုတ်ဖြင့် သ္မိံ ဝိဘတ်ကို ချေ, သွေ ပြီး၏။ [စ, ဝါတို့နောင်လည်း သိသက်, ချေ၊ ဤ ပြခဲ့သည့်အတိုင်း ဥပသာရပုဒ်, နိပါတ်ပုဒ်တို့နောင် (အနက်ပေးပုံကြည့်၍) ဆိုင်ရာ ဝိဘတ်များ သက်ရပုံကို သတိပြုပါ။]
֍ ၁၇၁။ ပုမဿ လိင်္ဂါဒီသု သမာသေသု။ ။ သမာသေသု- သမာသ်တို့၌၊ လိင်္ဂါဒီသု- လိင်္ဂ အစရှိသော သဒ္ဒါတို့ကြောင့်၊ ပုမဿ- ပုမ၏ အဆုံး အ သည်၊ လောပံ- သို့၊ အာပဇ္ဇတေ- ရောက်၏။ ပုလ္လိင်္ဂံ, ပုမ္ဘာဝေါ, ပုင်္ကောကိလော စသည်တည်း။
၁၇၁။ ဤသုတ်ကား သမာသ်ပိုင်း၌ အသုံးပြုရမည့် သုတ်တည်း၊ သို့သော် အ သရကို ချေသောသုတ် ဖြစ်၍ ချေမှုကို စီရင်သော သုတ် တို့နှင့် ရောနှောထားသည်။ [ပုလ္လိင်္ဂံ-ပုံလိန်၊ ပုမ္ဘာဝေါ-အထီး၏အဖြစ်၊ ပုင်္ကောကိလော-အထီးဖြစ်သော ဥသြငှက်။]
ရုပ်တွက်။ ။ ပုလ္လိင်္ဂံကို “ပုမလိင်္ဂံ”တည်၊ မ် ခွင်း, ပုမဿ လိင်္ဂါဒီသု သမာသေသုသုတ်ဖြင့် ပုမ၏အဆုံး ၊ ကို ချေ (ပုမ်လိင်္ဂံ), ပု၏အဆုံး ု ကို လ အမည်မှည့်, အံမော နိဂ္ဂဟီတံ ဈလပေဟိသုတ်ဖြင့် မ်ကို နိဂ္ဂဟိတ်ပြု (ပုံလိင်္ဂံ), ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်၌ ဝါသဒ္ဒါဖြင့် နိဂ္ဂဟိတ်ကို လ် ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် လ် ကို နောက် လိ သို့ ကပ်, ပုလ္လိင်္ဂံ ပြီး၏။ [ပုမ္ဘာဝေါကို “ပုမဘာဝေါ”တည်၊ ပုင်္ကောကိလောကို “ပုမကောကိလ” တည်၊ နိဂ္ဂဟိတ်ကို ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် မ် ပြု, င် ပြုလေ။]
֍ ၁၇၂။ အံ ယ.မီတော ပသညတော။ ။ ပသညတော- ပ အမည်ရှိသော၊ ဤတော- ဤအက္ခရာမှ၊ ပရံ- သော၊ အံ- အံ ဝိဘတ်သည်၊ ယံ- ယံ အပြုသည်၊ ဟောတိ- ၏။ ဣတ္ထိယံ စသည် တည်း။
၁၇၂။ [ဣတ္ထိယံ-မိန်းမကို၊] ဣတ္ထိယံကို “ဣတ္ထီ”တည်၊ -ံ ဝိဘတ်သက်, -ိ ကို ပ အမည်မှည့်, အံ ယ.မီတော ပသညတောသုတ်ဖြင့် -ံ ဝိဘတ်ကို ယံ ပြု, အဃော ရဿစသောသုတ်ဖြင့် -ီ ကို -ိ ရဿပြု, ဣတ္ထိယံ ပြီး၏။ [အဃော ရဿသုတ်ဖြင့် စီရင်တဲ့အခါ ဧကဝုစ်ဝိဘတ် မရှိတော့ဘဲ ယံ ပြုပြီး ဖြစ်နေ၏၊ သို့သော် ပင်ကိုက ၊ ဝိဘတ်အမည်ကို တင်စား၍ (ဌာနူပစာရနည်းအားဖြင့်) ယံ ကို ဧကဝုစ်ဝိဘတ်ဟု ဆိုသည်။]
֍ ၁၇၃။ နံ ဈတော ကတရဿာ။ ။ ကတရဿာ- ပြုအပ်ပြီး သော ရဿအဖြစ်ရှိသော၊ ဈတော- ဈအမည်ရှိသော ဣသရမှ၊ ပရံ- နောက်ဖြစ်သော၊ အံ- အံဝိဘတ်သည်၊ နံ- နံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒဏ္ဍိနံ စသည်တည်း။
၁၇၃။ [ဒဏ္ဍိနံ-တုတ်ရှိသူကို၊ ကတရဿ, အကတရဿ သဘောကို ယောသွကတရဿော ဈောသုတ် ပြန်ကြည့်။] ဒဏ္ဍိနံကို “ဒဏ္ဍီ”တည်-ံ ဝိဘတ်သက်, ဣဝဏ္ဏုဝဏ္ဏာ ဈလာသုတ်ဖြင့် -ီ ကို ဈအမည်မှည့်, အဃော ရဿ စသောသုတ်ဖြင့် -ီ ကို -ိ ရဿပြု, နံ ဈတော ကတ ရဿောသုတ်ဖြင့် -ံ ဝိဘတ်ကို နံ ပြု, ဒဏ္ဍိနံ ပြီး၏။ [ဘောဂိနံ (စည်းစိမ် ရှိသူကို)၊ “ဘောဂီ”တည်၍ ရုပ်တွက်လေ။]
֍ ၁၇၄။ ယောနံ နော။ ။ ကတရဿာ- ပြုအပ်ပြီးသော ရဿ အဖြစ်ရှိသော၊ ဈတော- ဈအမည်ရှိသော ဣသရမှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယောနံ- ယောဝိဘတ်တို့၏၊ နော- နော အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒဏ္ဍိနော စသည်တည်း။
၁၇၄။ သဒ္ဒါနည်းကျနအောင် “ပြုအပ်ပြီးသော ရဿအဖြစ်ရှိသော” ဟု အနက်ဆိုလိုက်ရသည်၊ ဆိုလိုရင်းမှာ “ရဿပြုပြီးသော”ဟု ဆိုလို သည်၊ ဟဒဏ္ဍိနော-တုတ်ရှိသူတို့သည်, တို့ကို။] ဒဏ္ဍိနောကို “ဒဏ္ဍီ”တည်, ယော သက်, -ီ ကို ဈအမည်မှည့်, -ိ ရဿပြု, ယောနံ နောသုတ်ဖြင့် ယော ကို နော ပြု, ဒဏ္ဍိနော ပြီး၏။
֍ ၁၇၅။ သ္မိံ နိ။ ။ ကတရဿာ- ပြုအပ်ပြီးသော ရဿအဖြစ် ရှိသော၊ ဈတော- ဈအမည်ရှိသော ဣသရမှ၊ ပရံ- နောက်ဖြစ်သော၊ သ္မိံ- သ္မိံဝိဘတ်သည်၊ နိ- နိ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒဏ္ဍိနိ စသည်တည်း။
၁၇၅။ [ဒဏ္ဍိနိ-တုတ်ရှိသူ၌။] ဒဏ္ဍိနိကို “ဒဏ္ဍီ”လိန်တည်၊ သ္မိံသက်, ဈမှည့်, -ီ ကို -ိ ရဿပြု, သ္မိံ နိသုတ်ဖြင့် သ္မိံဝိဘတ်ကို နိ ပြု, ဒဏ္ဍိနိ ပြီး၏။
֍ ၁၇၆။ ကိဿ က ဝေ စ။ ။ ဝေ စ- ဝ ပစ္စည်းကြောင့် လည်း၊ ကိဿ- ကိံသဒ္ဒါ၏၊ က- က အပြုသည်၊ ဟောတိ- ၏။ ကွ (ဂတော.သိ) စသည်တည်း။
၁၇၆။ [ကွ-အဘယ်အရပ်သို့၊ ဂတော-သွားသည်၊ အသိ-ဖြစ်သနည်း၊၊] “ကွ” တစ်ခုသာ ပုံစံတည်း၊ “ဂတောသိ”ကား တွဲဖက်ဖြစ်၍ ထည့်သည်၊ ရုပ်ကို ကိံ သ္မာ ဝေါသုတ်ကျမှ တွက်၊ ဝေ စ၌ စသဒ္ဒါဖြင့် ဝပစ္စည်းမှတစ်ပါး သော ထ, ဟံ, ဒါ စသော ပစ္စည်းနှင့် ဝိဘတ်များကြောင့် ကိံသဒ္ဒါကို “က” ပြုဟု ကစ္စည်းဝုတ္တိ ဆို၏။
֍ ၁၇၇။ ကု ဟိံဟံသု စ။ ။ ဟိံဟံသု စ- ဟိံပစ္စည်း, ဟံပစ္စည်း တို့ကြောင့်လည်း၊ ကိဿ- ကိံသဒ္ဒါ၏၊ ကု- ကု အပြုသည်၊ ဟောတိ- ဖြစ်၏။ ကုဟိံ, ကုဟံ ဟူသည်တည်း။
၁၇၇။ [ကုဟိံ, ကုဟံ - အဘယ်အရပ်၌။] စသဒ္ဒါဖြင့် ဟိဉ္စနံ, ဒါစနံ ပစ္စည်းကြောင့် ကိံသဒ္ဒါ၏ ကု အပြုကို ဆည်း၍ “ကုဟိဉ္စနံ, ကုဒါစနံ” ဟုလည်း ဖြစ်၏၊ ရုပ်ကို ဟိံ ဟံ ဟိဉ္စနံသုတ်ကျမှ တွက်။
֍ ၁၇၈။ သေသေသု စ။ ။ သေသေသု စ- ဝ ပစ္စည်းမှ ကြွင်းသော ပစ္စည်း ဝိဘတ်တို့ကြောင့်လည်း၊ ကိဿ- ကိံသဒ္ဒါ၏၊ က- က အပြုသည်၊ ဟောတိ- ၏။ ကော ပကာရော ကထံ, ကံ ပကာရံ ကထံ စသည်တည်း။
၁၇၈။ ကိဿ က ဝေ စသုတ်က ဝ ပစ္စည်းနှောင်းရာ၌ ကိံသဒ္ဒါကို ကပြုသောကြောင့် ဤသေသေသု စသုတ်က ဝပစ္စည်းမှ ကြွင်းသမျှ ပစ္စည်း ဝိဘတ်နှောင်းရာ၌ ကိံသဒ္ဒါကို ကပြုသည်ဟု မှတ်သင့်၏၊ အဖွင့်ဋီကာနှင့် ဆရာတို့အယူမှာ အမျိုးမျိုး ရှိလေသည်။ [ကော ပကာရော-အဘယ် အပြားနည်း၊ ကထံ-အဘယ်အပြားနည်း၊ ကံ ပကာရံ-အဘယ်အပြားကို နည်း၊ ကထံ-အဘယ်အပြားကိုနည်း။]
ရုပ်တွက်။ ။ ကောကို “ကိံ” လိန်တည်၊ သိသက်, သေသေသု စ သုတ်ဖြင့် ကိံကို က ပြု, သောဟူသောသုတ်ဖြင့် သိကို ေ-ါ ပြု, က် ခွင်း, ချေ, ကပ်, ကော ပြီး၏။ [ကံ ပကာရံ၌ -ံ ဝိဘတ်သက်, ဝိဘတ် ၇ သွယ်လုံး, လိန် ၃ ပါးလုံးမှာပင် ဤအစီအရင်ကို “ကေန, ကဿ, ကာ, ကာယော” စသည်ဖြင့် နာမ်ဂိုဏ်း၌ တွေ့ရလတ္တံ့။]
֍ ၁၇၉။ တြတောထေသု စ။ ။ တြတောထေသု စ- တြပစ္စည်း, တောပစ္စည်း, ထပစ္စည်းတို့ကြောင့်လည်း၊ ကိဿ- ကိံသဒ္ဒါ၏၊ ကု- ကု အပြုသည်၊ ဟောတိ- ၏။ ကုတြ, ကုတော, ကုတ္ထ ဟူသည်တည်း။
၁၇၉။ [ကုတြ, ကုတ္ထ-အဘယ်အရပ်၌၊ ကုတော-အဘယ်အရပ်မှ၊ ကွစိ တော ပဉ္စမျတ္ထေ, တြထ သတ္တမိယာသုတ်တို့ကျမှ ရုပ်တွက်၊ သုတ်စဉ် ကို ယခုရှိတိုင်းမဟုတ်ဘဲ “ကိဿ က ဝေ စ, သေသေသု စ, ကု ဟိံဟံသု စ, တြတော ထေသု စ”ဟု စဉ်ရလျှင် ကိဿ, က, ကု ပုဒ်တို့ နောက်နောက်သုတ်သို့ လိုက်ဖို့ရာ သာ၍ အဆင်ပြေ၏။]
֍ ၁၈၀။ သဗ္ဗဿေ.တဿာ.ကာရော ဝါ။ ။ တောထေသု- တောပစ္စည်း, ထပစ္စည်းတို့ကြောင့်၊ သဗ္ဗဿ- အလုံးစုံသော၊ ဧတ ဿ- ဧတသဒ္ဒါ၏၊ အကာရော- အအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ အတော, ဧတ္တော, အတ္ထ, ဧတ္ထ ဟူသည်တည်း။
၁၈၀။ တောပစ္စည်း, ထပစ္စည်းနှောင်းရာဝယ် ဧတသဒ္ဒါတစ်ခုလုံးကို အပြုသောသုတ်တည်။ [အတော, ဧတ္ထော-ဤအရပ်မှ၊ အတ္ထ, ဧတ္ထ-၌၊၊]
သဗ္ဗဿ။ ။ အ အပြုက အက္ခရာတစ်လုံးတည်း ဖြစ်သောကြောင့် ဧတသဒ္ဒါ၌လည်း ဧကိုဖြစ်စေ, တကိုဖြစ်စေ တစ်လုံးကိုသာ ပြုရမည်လော ဟု တွေးတောဖွယ်ရှိ၍ “သဗ္ဗဿ”ဟု ဆိုသည်၊ ဧတသဒ္ဒါတစ်ခုလုံးကို (အ)ပြုပါ ဟူလို၊ သဗ္ဗဿ ပါလေသမျှ ဤအဓိပ္ပာယ်ကို သတိပြု၊ ရုပ်ကို ပဉ္စမပိုင်း ပစ္စည်းသက်သော သုတ်များကျမှ တွက်။
֍ ၁၈၁။ တြေ နိစ္စံ။ ။ တြေ- တြပစ္စည်းကြောင့်၊ သဗ္ဗဿ- အလုံးစုံသော၊ ဧတဿ- ဧတ သဒ္ဒါ၏၊ အကာရော- အ အပြု သည်၊ နိစ္စံ- အမြဲ၊ ဟောတိ- ဖြစ်၏။ အတြ ဟူသည်တည်း။
֍ * ဧ တောထေသု စ။ ။ တောထေသု စ- တောပစ္စည်း, ထ ပစ္စည်းတို့ကြောင့်လည်း၊ သဗ္ဗဿ- အလုံးစုံသော၊ ဧတဿ- ဧတ သဒ္ဒါ၏၊ ဧ- ဧ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဧတ္တော, ဧတ္ထ ဟူသည်တည်း။
၁၈၁။ သဗ္ဗဿေတဿာကာရော ဝါသုတ်၌ ဝါသဒ္ဒါ ပါသည့်အတွက် အ အပြု မမြဲသောကြောင့် အတော အတ္ထ အပြင် ဧတ္တော ဧတ္ထ ဟုလည်း ရှိနိုင်၏၊ ဤသုတ်ကား အမြဲစီရင်သောကြောင့် အတြ ဟုသာရှိ၍ ဧတြ ဟု မရှိနိုင်။ [အတြ-ဤအရပ်၌, ဤအရာ၌။]
*သဗ္ဗဿေတဿာကာရော ဝါသုတ်က အ အပြု မမြဲသောကြောင့် ဤသုတ် အစီအရင်အရ “ဧတ္တော, ဧတ္ထ”ဟု ဖြစ်သည်။
နျာသအလို ဤသုတ် အပို။ ။ နျာသအလိုအားဖြင့် သရလောပေါ မာဒေသပစ္စယာဒိမှိ၌ ပစ္စယအရ သရပစ္စည်း, ဗျဉ်းပစ္စည်း အားလုံးယူ သောကြောင့် “ဧတ္တော၌ ဧတ တည်၊ တောပစ္စည်းသက်, သရလောပေါ စသောသုတ်ဖြင့် တ၏အဆုံး ၊ ကို ချေ၍ တ် ကို တောသို့ ကပ်လျှင်” ဧတ္တော ပြီးနိုင်၏၊ ဧတ္ထ၌လည်း ထပစ္စည်း သက်၍ ဤနည်းအတိုင်း ပြီးနိုင်၏၊ သို့အတွက် နျာသအလို ဤသုတ်ကို သုတ်ပိုဟု ဆိုကြသည်။
ရူပသိဒ္ဓိအလို ဤသုတ် မပို။ ။ ရူပသိဒ္ဓိအလိုမှာ ပစ္စယာဒိမှိ၌ ပစ္စယ အရ ဗျဉ်းပစ္စည်းကို မယူနိုင်၊ အစ၌ သရပါသော -ိ ယ, -ိ ဋ္ဌ, -ိ က စသောပစ္စည်းနှင့် သရသက်သက် ၊ , -ိ စသော ပစ္စည်းများကိုသာ ယူသောကြောင့် တောပစ္စည်း, ထပစ္စည်း နှောင်းရာဝယ် သရလောပေါ သုတ်ဖြင့် ရှေ့သရကို မချေနိုင်၊ သို့အတွက် “ဧတ္တောကို ဧတ တည်၊ တောပစ္စည်းသက်, ဧ တောထေသု စသုတ်ဖြင့် ဧတကို ဧပြု (ဧတော), ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် သဒိသဒွေးဘော် တ် လာလျှင်” ဧတ္တော ပြီးနိုင်၏၊ ဧတ္ထ၌လည်း နည်းတူ၊ ထို့ကြောင့် ရူပသိဒ္ဓိအလို ဤသုတ် မပို။
֍ ၁၈၂။ ဣမဿိ ထံဒါနိဟတောဓေသု စ။ ။ ထံဒါနိဟတော ဓေသု စ- ထံ, ဒါနိ, ဟ, တော, ဓ ၅ ပစ္စည်းတို့ကြောင့်လည်း၊ သဗ္ဗဿ- အလုံးစုံသော၊ ဣမဿ- ဣမသဒ္ဒါ၏၊ ဣ- ဣအပြု သည်၊ ဟောတိ- ဖြစ်၏။ ဣတ္ထံ, ဣဒါနိ, ဣဟ, ဣတော, ဣဓ ဟူသည်တည်း။
၁၈၂။ [ဣတ္ထံ-ဤအပြားသည်၊ ဣဒါနိ-ဤအခါ(ယခုအခါ)၌၊ ဣဟ, ဣဓ-ဤအရပ်၌၊ ဣတော-ဤအရပ်မှ။] ရုပ်ကို ပဉ္စမပိုင်းကျမှ တွက်၊ ဣမဿိ ကို “ဣမဿ + ဣ”ဟု ပုဒ်ဖြတ်။
֍ ၁၈၃။ အ ဓုနာမှိ စ။ ။ ဓုနာမှိ စ- ဓုနာပစ္စည်းကြောင့်လည်း၊ သဗ္ဗဿ- အလုံးစုံသော၊ ဣမဿ- ဣမသဒ္ဒါ၏၊ အ- အ အပြု သည်၊ ဟောတိ- ဖြစ်၏။ အဓုနာ ဟူသည်တည်း။
၁၈၃။ [အဓုနာ-ယခုအခါ၌။] ရုပ်ကို ပဉ္စမပိုင်းကျမှ တွက်။
֍ ၁၈၄။ ဧတ ရဟိမှိ စ။ ။ ရဟိမှိ စ- ရဟိပစ္စည်းကြောင့်လည်း၊ သဗ္ဗဿ- အလုံးစုံသော၊ ဣမဿ- ဣမသဒ္ဒါ၏၊ ဧတ- ဧတအပြု သည်၊ ဟောတိ- ဖြစ်၏။ ဧတရဟိ ဟူသည်တည်း။
၁၈၄။ [ဧတရဟိ-ဤအခါ၌, ယခုအခါ၌။]
֍ ၁၈၅။ ဣတ္ထိယ.မတော အာပစ္စယော။ ။ ဣတ္ထိယံ- ဣတ္ထိ လိန်၌၊ အတော- အကာရ န္တမှ နောက်၌၊ အာပစ္စယော- အာ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သဗ္ဗာ, ကညာ စသည်တည်း။
၁၈၅။ [သဗ္ဗာ-အလုံးစုံသော၊ ကညာ-သတို့သမီးသည်။] ဤသုတ်ကား ဣတ္ထိလိန်အရာဝယ် အကာရန္တနောင် အာပစ္စည်းသက် သော သုတ်တည်း၊ ဤသုတ်က အာပစ္စည်းနှင့် နောက်သုတ်များ၌လာမည့် “ဤ, ဣနီ”ပစ္စည်းများကို ဣတ္ထိလိန်ဖြစ်ကြောင်းကို ထွန်းပြသောကြောင့် ဣတ္ထိဇောတက”ပစ္စည်းဟု ခေါ်၏၊ အာ ဤ ဣနီ ဣတ္ထိဇောတကပစ္စည်း ဆုံးသောသဒ္ဒါများကို “တဒ္ဓိတသမာသကိတကာနာမံ ဝါ တဝေတုနာဒီသု စ”သုတ်၌ စသဒ္ဒါဖြင့် “နာမ်”ဟု ငဲ့ရသည်၊ ထိုသို့ နာမ်ငဲ့ရာ၌ အကြောင်း ယုတ္တိကို ရူပသိဒ္ဓိ ဤသုတ်မှာ ရှု။
ရုပ်တွက်ပုံ။ ။ သဗ္ဗာကို“သဗ္ဗ”လိန်တည်၊ ဣတ္ထိယမတော အာပစ္စယော သုတ်ဖြင့် -ါ ပစ္စည်းသက်, ဗ္ဗ် ခွင်း, ချေ, ကပ် (သဗ္ဗာ), တဒ္ဓိတသမာသ ကိတကာနာမံ ဝါ တဝေတုနာဒီသု စသုတ်၌ စသဒ္ဒါဖြင့် သဗ္ဗာ ဟူသော ဣတ္ထိပစ္စယန္တသဒ္ဒါကို နာမ်ဟု ငဲ့, သည်ဟူ၍ အနက်ပေးသောကြောင့် ၊ပေ၊ ဧကဝုစ် သိဝိဘတ်သက်, သေသတော လောပံ ဂ သိပိသုတ်ဖြင့် သိဝိဘတ်ကို ချေ, သဗ္ဗာ ပြီး၏။ [ကညာကိုလည်း “ကည”လိန်တည်၍ ဤအဆိုအတိုင်း တွက်လေ၊ ဃတေ စသုတ်၌ကား လွယ်ကူအောင် အာ ပစ္စည်းသက်ပြီးအနေအားဖြင့် “အယျာ, ကညာ”တည်၍ တွက်ပြခဲ့သည်၊၊]
֍ ၁၈၆။ နဒါဒိတော ဝါ ဤ။ ။ ဣတ္ထိယံ- ဣတ္ထိလိန်၌၊ နဒါဒိ တော ဝါ- နဒသဒ္ဒါ အတူရှိသော အကာရ န္တသဒ္ဒါမှ နောက်၌ လည်းကောင်း၊ အနဒါဒိတော ဝါ- နဒါဒိ မဟုတ်သော ဥ, သြ ကာရ န္တသဒ္ဒါမှ နောက်၌လည်းကောင်း၊ ဤ- ဤပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ နဒီ, ပုထဝီ, ဂါဝီ စသည်တည်း။
၁၈၆။ နဒ၌ ဒအက္ခရာဝယ် အသရဆုံးလျက်ရှိ၏၊ ထို့ကြောင့် “နဒ”ကို အကာရ န္တသဒ္ဒါဟု ခေါ်သည်၊ နဒါဒိ၌ အာဒိသဒ္ဒါသည် ပကာရ(အတူ ဟူသော)အနက်ရှိ၏၊ သို့အတွက် နဒသဒ္ဒါနှင့် အကာရ န္တချင်းတူသော မဟ, ကုမာရ, တရုဏ စသည်ကို အာဒိသဒ္ဒါဖြင့် ယူရာ၏။
ဝါသဒ္ဒါ။ ။ နဒါဒိတော ဝါ၌ ဝါသဒ္ဒါကား ပေါင်းဆည်းခြင်း(သမ္ပိဏ္ဍန) အနက်ရှိ၏၊ [သမုစ္စည်းအနက်ကိုပင် သမ္ပိဏ္ဍနဟု ဤနေရာ၌ ရူပသိဒ္ဓိ သုံးစွဲသည်၊] ထိုဝါသဒ္ဒါဖြင့် (နဒါဒိတွင် မပါဝင်သော) သဒ္ဒါစုကို ပေါင်း ဆည်းသည်၊ ထို့ကြောင့် အနဒါဒိတော ဝါဖြင့် ပုထဝီ၌ ပုထုကဲ့သို့သော ဥကာရ န္တသဒ္ဒါ, ဂါဝီ၌ ဂေါကဲ့သို့သော သြကာရ န္တသဒ္ဒါစုကို ယူ။ [နဒီမြစ်သည်၊ ပုထဝီ-မြေကြီးသည်၊ ဂါဝီ-နွားမသည်။]
ရုပ်တွက်။ ။ နဒီကို “နဒ” လိန်တည်၊ နဒါဒိတော ဝါ ဤသုတ်ဖြင့် -ီ ပစ္စည်းသက်, ဒ် ခွင်း, ချေ, ကပ်(နဒီ), တဒ္ဓိတသမာသကိတကာနာမံ ဝါတဝေတုနာဒီသု စသုတ်၌ စသဒ္ဒါဖြင့် နဒီဟူသော ဣတ္ထိပစ္စယန္တသဒ္ဒါကို နာမ်ဟု ငဲ့, သည်ဟူ၍၊ပေ၊သိသက်, သေသတော လောပံ ဂ သိပိသုတ်ဖြင့် သိကို ချေ, နဒီ ပြီး၏။ [ဣတ္ထီကိုလည်း “ဣတ္ထ”တည်၍ ရုပ်တွက်လေ။]
ပုထဝီကို “ပုထ”တည်၊ ပုထဿ ပုထုပဌာမော ဝါသုတ်ဖြင့် ပုထကို ပုထုပြု, နဒါဒိတော ဝါ ဤသုတ်၌ ဝါသဒ္ဒါဖြင့် -ိပစ္စည်းသက်, ထ် ခွင်း, သြ သရေ စသုတ်၌ စသဒ္ဒါဖြင့် ထု၏အဆုံး ု ကို ၊ ဝပြု, ထ်ကို ၊ သို့ ကပ်, ဝ်ခွင်း, ချေ, ကပ်(ပုထဝီ), နာမ်ဟုငဲ့, သိသက်, ချေ, ပုထဝီ ပြီး၏။
ဂါဝီကို “ဂေါ”တည်၊ နဒါဒိတော ဝါ ဤသုတ်၌ ဝါသဒ္ဒါဖြင့် -ီ ပစ္စည်း သက်, ဂါ၀ သေသုတ်၌ “ဂါဝ”ဟူသော ယောဂဝိဘာဂသုတ်ဖြင့် ဂေါ သဒ္ဒါ၏ အဆုံး ေ-ါ ကို -ါ၀ ပြု, ဝ် ခွင်း, ချေ, ကပ်, နာမ်ဟု ငဲ့, သိ သက်, ချေ, ဂါဝီ ပြီး၏။
֍ ၁၈၇။ ဏဝ ဏိက ဏေယျ ဏ န္တုဟိ။ ။ ဣတ္ထိယံ- ဣတ္ထိလိန်၌၊ ဏဝဏိက ဏေယျ ဏ န္တုဟိ- ဏဝပစ္စည်း, ဏိကပစ္စည်း, ဏေယျ ပစ္စည်း, ဏပစ္စည်း, န္တုပစ္စည်းတို့မှနောက်၌၊ ဤ- ဤပစ္စည်းသည်၊ ဟောတိ- ၏။ မာနဝီ, နာဝိကီ, ဝေနတေယျီ, ဂေါတမီ, သာမာဝတီ စသည်တည်း။
၁၈၇။ ဏဝ ဏိက ဏေယျ ဏ န္တု ပစ္စည်းတို့ကား တဒ္ဓိတ်ပိုင်းမှာ လာမည့် “ဏဝေါပကွာဒီဟိ, ယေန ဝါ သံသဋ္ဌံ တရတိ စရတိ ဝဟတိ ဏိကော, ဏေယျော ကတ္တိကာဒီဟိ, ဝါဏပစ္စေ, ဂုဏာဒိတော ဝန္တု” စသော သုတ်တို့ဖြင့် သက်သောပစ္စည်းများတည်း၊ ထိုပစ္စည်းများသက်ပြီး သော ပုဒ်တို့နောင် ဣတ္ထိလိန်အရာဝယ် ဤသုတ်က -ီ ပစ္စည်း ထပ်သက် ရသည်၊ ရုပ်တွက်ရာ၌ကား ထိုတဒ္ဓိတ်ပစ္စည်းများ သက်ပြီးသားအနေ မှန်း၍ ရုပ်တွက်ရမည်။ [မာနဝီ-မနု၏ သမီး (ဏဝပစ္စည်းပုံစံ)၊ နာဝိကီလှေသူကြီးကတော် (ဏိက)၊ ဝေနတေယျီ-ဂဠုန်မ၏ သမီး (ဏေယျ)၊ ဂေါတမီ-ဂေါတမ၏ အနွယ်ဖြစ်သော အမျိုးသမီး (ဏ)၊ သာမာဝတီရွှေအဆင်းရှိသော မိန်းမ (န္တု)။]
ရုပ်တွက်။ ။ မာနဝီကို “မာနဝ”တည်၊ ဏဝဏိကဏေယျဏန္တုဟိ သုတ်ဖြင့် -ီပစ္စည်းသက်, ဝ်ခွင်း, ချေ, ကပ်(မာနဝီ), နာမ်ဟုငဲ့, သိသက်, သေသတော လောပံ ဂ သိပိသုတ်ဖြင့် သိဝိဘတ်ကို ချေ, မာနဝီ ပြီး၏။ [ကျန်ရုပ်များကိုလည်း “နာဝိက, ဝေနတေယျ, ဂေါတမ”တည်၍ တွက်၊ သာမာဝတီကို န္တုဿ တမီကာရေသုတ်ကျမှ တွက်ရမည်။]
֍ ၁၈၈။ ပတိဘိက္ခုရာဇီ.ကာရန္တေဟိ ဣနီ။ ။ ဣတ္ထိယံ- ဣတ္ထိ လိန်၌၊ ပတိဘိက္ခုရာဇီ.ကာရန္တေဟိ ဝါ- ပတိ, ဘိက္ခု, ရာဇ, ဤ ကာရ န္တသဒ္ဒါတို့မှ နောက်၌လည်းကောင်း၊ အညေဟိ ဝါ- တစ်ပါး သော ဝိဒူ ယက္ခစသော သဒ္ဒါတို့မှ နောက်၌လည်းကောင်း၊ ဣနီ- ဣနီပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဂဟပတာနီ, ဘိက္ခုနီ, ရာဇိနီ, ဒဏ္ဍိနီ, ပရစိတ္တဝိဒူနီ, ယက္ခိနီ စသည်တည်း။
၁၈၈။ ဤသုတ်ကား ဣတ္ထိလိန်အရာဝယ် ဣနီပစ္စည်းသက်သောသုတ် တည်း၊ ဂဟပတာနီ-အိမ်ရှင်မသည် (ပတိသဒ္ဒါနောင် -ိ နီပစ္စည်းသက် သော ပုံစံ)၊ ဘိက္ခုနီ-ရဟန်းမသည်၊ ရာဇိနီ-မင်းကတော် (မိဖုရား)သည်၊ ဒဏ္ဍိနီ-တုတ်ရှိသောမိန်းမသည်၊ ဒဏ္ဍီဟု ရုပ်တည်ရ၍ -ီ အဆုံးရှိသော ပုဒ်နောင် ဣနီသက်သောပုံစံတည်း၊) နဒါဒိတော ဝါ ဤသုတ်မှ ဝါသဒ္ဒါ လိုက်သောကြောင့် ထိုဝါသဒ္ဒါဖြင့် ဤသုတ်၌ တိုက်ရိုက်မဆိုအပ်သော ဝိဒူစသော ဥုကာရ န္တသဒ္ဒါ, ယက္ခစသော အကာရ န္တသဒ္ဒါစုကို ဆည်းယူ၍ “ပရစိတ္တဝိဒူနီ-သူတစ်ပါးစိတ်ကို သိနိုင်သောမိန်းမသည်၊ ယက္ခိနီ-ဘီလူးမ သည်”ဟူသော ပုံစံများ ဖြစ်၏။
ရုပ်တွက်။ ။ ဂဟပတာနီကို “ဂဟပတိ”လိန်တည်၊ ပတိဘိက္ခုရာဇီ ကာရန္တေဟိ ဣနီသုတ်ဖြင့် -ိ နီပစ္စည်း သက်, ပတိဿိနိမှိသုတ်ဖြင့် ပတိသဒ္ဒါ၏ အဆုံး -ိ ကို ၊ ပြု (ဂဟပတ -ိ နီ), တ် ခွင်း (ဂဟပတ် ၊ -ိ နီ), ဝါ ပရော အသရူပါသုတ်ဖြင့် -ိ သရကိုချေ (ဂဟပတ် ၊ နီ), ပုဗ္ဗော စ သုတ်ဖြင့် ရှေ့ ၊ ကို -ါ ဒီဃပြု, တ် ကို -ါ သို့ကပ် (ဂဟပတာနီ), နာမ်ငဲ့, သိသက်, ချေ, ပြီး၏။
ဘိက္ခုနီကို “ဘိက္ခု”တည်၊ -ိ နီပစ္စည်းသက်, ဝါ ပရော အသရူပါ သုတ်ဖြင့် -ိ သရကိုချေ, နာမ်ငဲ့, သိသက်, ချေ, ပြီး၏။ [ရာဇိနီ=ရာဇ+ -ိ နီ, ဇ် ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ချေ၊ ဒဏ္ဍိနီ=ဒဏ္ဍီ+ -ိ နီ, ဏ္ဍ်ခွင်း, ချေ, ဏ္ဍ် -ိ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ၊ ပရစိတ္တဝိဒူနီ=ပရစိတ္တ ဝိဒူ+ -ိ နီ, ူ မှ နောက်ဖြစ်သော -ိ ကို ချေ၊ ယက္ခိနီ=ယက္ခ+ -ိ နီ, က္ခ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ချေ။]
֍ ၁၈၉။ န္တုဿ တ.မီကာရေ။ ။ ဤကာရေ- ဤပစ္စည်းကြောင့်၊ န္တုဿ- န္တုပစ္စည်း၏၊ တံ- တ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဂုဏဝတီ, ဂုဏဝန္တီ စသည်တည်း။
၁၈၉။ -ီ ပစ္စည်းနှောင်းရာ၌ န္တုကို တပြုသော သုတ်တည်း၊ ဂုဏဝတီ သည် တ ပြုသောပုံစံ၊ ဂုဏဝန္တီကား ဝါသဒ္ဒါက တားမြစ်၍ တ မပြုသော ပုံစံတည်း။ [ဂုဏဝတီ, ဂုဏဝန္တီ-ဂုဏ်ရှိသောမိန်းမ။]
ရုပ်တွက်။ ။ ဂုဏဝတီကို “ဂုဏဝန္တု”လိန်တည်၊ ဏဝဏိကဏေယျ ဏန္တုဟိသုတ်ဖြင့် -ီ ပစ္စည်းသက်, န္တုဿ တ.မီကာရေသုတ်ဖြင့် န္တုကို တ ပြု, တ် ခွင်း, ချေ, ကပ်(ဂုဏဝတီ), နာမ်ငဲ့, သိသက်, ချေ, ပြီး၏။ [ဂုဏဝန္တီ ကား -ီ ပစ္စည်းသက်, န္တု အဆုံး ု ကို ချေ, န္တ -ီ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ။]
֍ ၁၉၀။ ဘဝတော ဘောတော။ ။ ဤကာရေ- ဤပစ္စည်း ကြောင့်၊ ဘဝတော- ဘဝန္တသဒ္ဒါ၏၊ ဘောတော- ဘောတ အပြု သည်၊ ဟောတိ- ဖြစ်၏။ ဘောတီ, ဘောတိ စသည်တည်း။
၁၉၀။ နဒါဒိတော ဝါ ဤသုတ်ဖြင့် -ီ ပစ္စည်းသက်ပြီးနောက် ဘဝန္တ သဒ္ဒါကို ဘောတ ပြုသည်။ [ဘောတီ-ရှင်မသည်၊ ဘောတိ-အို ရှင်မ။]
ရုပ်တွက်။ ။ ဘောတီကို “ဘဝန္တ”လိန်တည်၊ နဒါဒိတော ဝါ ဤ သုတ်ဖြင့် -ီ ပစ္စည်းသက်, ဘဝတော ဘောတောသုတ်ဖြင့် ဘဝန္တ သဒ္ဒါကို ဘောတ ပြု, တ် ခွင်း, ချေ, ကပ် (ဘောတီ), နာမ်ငဲ့, သိသက်, ချေ, ဘောတီ ပြီး၏။
ဘောတိကား အာလုပ်ဧကဝုစ်တည်း၊ ဘောတီဟု ဖြစ်သောအခါ အာလုပ် သိသက်, ဂ မှည့်, -ီ ကိုလည်း ပ မှည့်, ဈလပါ ရဿံသုတ်ဖြင့် -ီ ကို -ိ ရဿပြု, ဂသိချေ။ [ဘောတိ ကညေ စသည်၌ ဘောတိသဒ္ဒါ ကိုလည်း ဤသုတ်လာ “ဘောတိ”ဟု မှတ်။]
֍ ၁၉၁။ ဘော ဂေ တု။ ။ ဂေ တု- ဂသိကြောင့်ကား၊ ဘဝတော- ဘဝန္တသဒ္ဒါ၏၊ ဘော- ဘော အပြုသည်၊ ဟောတိ- ဖြစ်၏။ ဘော ဟူသည်တည်း။
၁၉၁။ [ဘော-အို အရှင်။] ဘောကို “ဘဝန္တ”လိန်တည်၊ အိုဟူ၍၊ပေ၊ သိဝိဘတ်သက်၊ အာလပနေ သိ ဂ သညောသုတ်ဖြင့် အာလုပ် သိကို ဂ အမည်မှည့်, ဘောဂေ တုသုတ်ဖြင့် ဘဝန္တသဒ္ဒါကို ဘောပြု, သေသတော လောပံ ဂ သိပိသုတ်ဖြင့် ဂသိကို ချေ, ဘော ပြီး၏။ [ဘော ပုရိသစသည်၌ ဤသုတ်က ဘောသဒ္ဒါတည်း၊ နိပါတ်ပုဒ်“ဘော”လည်း ရှိသေး၏၊ ဤသုတ် နှင့်စပ်၍ မှတ်ဖွယ်ကို နာမ်ဂိုဏ်းကျမှ ပြအံ့။]
֍ ၁၉၂။ အကာရပိတာဒျန္တာန.မာ။ ။ ဂေ- ဂသိကြောင့်၊ အကာရပိတာဒျန္တာနံ- အကာရန္တသဒ္ဒါ, ပိတု အစရှိသောသဒ္ဒါ တို့၏ အဆုံးသရတို့၏၊ အာ- အာ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဘော ပုရိသာ, ဘော ပိတာ စသည်တည်း။
၁၉၂။ ဂသိနှောင်းရာ၌ ပုရိသစသော အကာရ န္တသဒ္ဒါတို့၏ အဆုံး အ အက္ခရာကိုလည်းကောင်း, ပိတု သတ္ထု စသည်တို့၏ အဆုံးဥကိုလည်း ကောင်း အာပြုသောသုတ်တည်း။ [ဘော ပုရိသာ-အို ယောက်ျား၊ ဘော ပိတာ-အို အဘ။]
ရုပ်တွက်။ ။ ပုရိသာကို “ပုရိသ”လိန်တည်၊ အိုဟူ၍၊ပေ၊သိဝိဘတ် သက်, အာလုပ်သိကို ဂ အမည်မှည့်, သ် ခွင်း(ပုရိသ် ၊ သိ), အကာရ ပိတာဒျန္တန.မာသုတ်ဖြင့် ၊ ကို -ါ ပြု, သ် ကို -ါသို့ ကပ်, သေသတော လောပံ ဂသိပိသုတ်ဖြင့် ဂသိကို ချေ, ပုရိသာ ပြီး၏။ [ပိတာကို ပိတုတည်, အာလုပ်သိသက်, ဂမှည့်, ဤသုတ်ဖြင့် ပိတု၏ အဆုံး ု ကို -ါ ပြု, သိ ချေ, ပိတာ ပြီး၏။]
֍ ၁၉၃။ ဈလပါ ရဿံ။ ။ ဂေ- ဂသိကြောင့်၊ ဈလပါ- ဈ,လ,ပ အမည်ရှိသော ဤ, ဥုသရတို့သည်၊ ရဿံ- ရဿအဖြစ်သို့၊ အာပဇ္ဇန္တေ- ရောက်ကုန်၏။ ဘော ဒဏ္ဍိ, ဘော သယမ္ဘု, ဘောတိ ဣတ္ထိ, ဘောတိ ဝဓု စသည်တည်း။
၁၉၃။ ဂသိဟူသည် ဧကဝုစ်ဝိဘတ်ပင်တည်း၊ ဤ, ဥုသရတို့လည်း အာ ဃောသုတ်ဖြင့် ဃအမည်မရကြကုန်၊ ထို့ကြောင့် ဂသိနှောင်းရာ၌ ဈလပအမည်ရှိသောဤ,ဥုသရတို့ကို အဃော ရဿမေကဝစနယောသွပိ စသုတ်ဖြင့် ရဿပြုမည်ဆိုလျှင် ပြုနိုင်၏၊ သို့သော် ဤသုတ်ကို ထပ်၍ ဆိုသည့်အတွက် “ဈ လ ပအမည်ရသော ဤ, ဥုတို့ကို ဂသိနှောင်းရာ၌ အမြဲ ရဿပြု”ဟု သတ်မှတ်ရခြင်း အကျိုးရှိသည်။ [ဘော ဒဏ္ဍိ (ပုလ္လိန် ဈမည်သောပုံစံ) အို တုတ်ရှိသူ၊ ဘော သယမ္ဘု(လမည်သောပုံစံ) အို ဘုရားရှင်၊ (ဘော သုခကာရိ, ဘော ဂေါတြဘုဟူသော နပုံလိန်ပုံစံများ ကိုလည်း သတိပြု၊) ဘောတိ ဣတ္ထိ (ဣတ္ထိလိန် ပမည်သောပုံစံ) အို မိန်းမ၊ ဘောတိ ဝဓု (ဣတ္ထိလိန် ပမည်သောပုံစံ) အို ချွေးမ။]
ရုပ်တွက်။ ။ ဒဏ္ဍိကို “ဒဏ္ဍီ”တည်၊ အိုဟူ၍၊ပေ၊အာလုပ်သိသက်၊ အာလပနေ သိ ဂသညောသုတ်ဖြင့် အာလုပ်သိကို ဂအမည်မှည့်, ဣဝဏ္ဏု ဝဏ္ဏာ ဈလာသုတ်ဖြင့် -ီ ကို ဈ အမည်မှည့်, ဈလပါ ရဿံသုတ်ဖြင့် -ီ ကို -ိ ရဿပြု, သေသတော လောပံ ဂသိပိသုတ်ဖြင့် ဂသိကို ချေ, ဒဏ္ဍိ ပြီး၏။ [သယမ္ဘုကို “သယမ္ဘူ”တည်၊ ူ ကို လအမည်မှည့်၊ ဣတ္ထိကို “ဣတ္ထီ”တည်၊ -ီ ကို ပ အမည်မှည့်၊ ဝဓုကို “ဝဓူ”တည်၊ ူ ကို ပမှည့်။]
֍ ၁၉၄။ အာကာရော ဝါ။ ။ ဂေ- ဂသိကြောင့်၊ အာကာရော- အာ အက္ခရာသည်၊ ရဿံ- ရဿအဖြစ်သို့၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ ဘော ပုရိသ, ဘော ပုရိသာ, ဟေ သ, ဟေ သာ, ဘော ပိတ, ဘော ပိတ စသည်တည်း။
၁၉၄။ ဤသုတ်နှင့်ဆိုင်သော အာအက္ခရာသည် ပုံလိန် နပုံလိန်များ သာတည်း, ဣတ္ထိလိန် အာ မဟုတ်၊ သို့အတွက် အာ ဃောသုတ်ဖြင့် ဃ အမည် မမှည့်နိုင်၊ ဃ မမည်လျှင် အဃော ရဿစသောသုတ်ဖြင့် ရဿ ပြုမည်ဆိုက ပြုနိုင်၏၊ သို့သော် ဤသုတ်ကို ဆိုသည့်အတွက် “ဃ မမည် သော အာ ကို ဂသိနှောင်းရာ၌ တစ်ရံတစ်ခါသာ ရဿပြု”ဟု သတ်မှတ် ရခြင်းအကျိုးရှိသည်။ [ဈလပါ ရဿံ, အာကာရော ဝါ သုတ်တို့နှင့် စပ်၍ မှတ်ဖွယ်ကို ရူပသိဒ္ဓိမှာ ရှု။]
ပုံစံများ။ ။ ဘော ပုရိသ, ဘော ပုရိသာ-အို ယောက်ျား၊ ဟေ သ, ဟေ သာ-ဟဲ့ ခွေး၊ ဘော ပိတ, ဘော ပိတာ-အို အဘ၊ ပုရိသာ ပိတာ တို့ကား အကာရပိတာဒျန္တာန.မာသုတ်၏ ပုံစံတည်း၊ သာ ကား ပင်ကို အာဒီဃအတိုင်း ရှိရသောပုံစံတည်း၊ ဤသုတ်၏ ရဿအပြု မမြဲကြောင်း ပြလို၍ “ပုရိသာ, ပိတာ, သာ”ဟု ဒီဃပြုထားသော, ဒီဃအတိုင်းလည်း ရှိသော ရုပ်များကို ထည့်လိုက်သည်။
ရုပ်တွက်။ ။ ပုရိသကို “ပုရိသ”လန်တည်၊ အာလုပ် သိသက်, ဂမှည့်, သ် ခွင်း, အကာရပိတာဒျန္တာန.မာသုတ်ဖြင့် သ၏ အဆုံး ၊ ကို -ါ ပြု, အာကာရော ဝါသုတ်ဖြင့် -ါ ကို ၊ ရဿပြု, သေသတော လောပံ ဂသိပိ သုတ်ဖြင့် ဂသိကို ချေ, ပုရိသ ပြီး၏။
ပိတကို “ပိတု”တည်၍ အာလုပ် သိဝိဘတ် သက်, အကာရပိတာဒျန္တာ န.မာသုတ်ဖြင့် ု ကို -ါ ပြု, -ါ ကို ဤသုတ်ဖြင့် ၊ ရဿပြု, ဂ သိကို ချေ, ပိတ ပြီး၏။
သ ကို “သာ”လိန်တည်၊ အာလုပ် သိသက်, ဂမှည့်, ဤသုတ်ဖြင့် -ါ ကို ၊ ရဿပြု, သိ ချေ, သ ပြီး၏။ [သာကို “သာ”တည်၊ အာလုပ် သိ သက်, ဂ မှည့်, ချေရုံသာ။]
ဣတိ နာမကပ္ပေ စတုတ္ထော ကဏ္ဍော။ ။ နာမကပ္ပေ- နာမ် ကျမ်း၌၊ စတုတ္ထော- လေးခန်းမြောက်ဖြစ်သော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
နာမ်စတုတ္ထခန်းပြီး၏။
֍ ၁၉၅။ တွာဒယော ဝိဘတ္တိသညာယော။ ။ တွာဒယော- တော အစရှိသော ပစ္စည်းတို့သည်၊ ဝိဘတ္တိသညာယော- ဝိဘတ် အမည်ရှိကုန်သည်၊ ဟောန္တိ- ကုန်၏။ သဗ္ဗတော စသည်တည်း။
၁၉၅။ ပြလတ္တံ့သော တော အစရှိသော ပစ္စည်းများကို “ဝိဘတ် မည်၏”ဟု ဝိဘတ်အမည်မှည့်သောသုတ်တည်း၊ ဆိုလိုရင်းကား…ဝိဘတ် မပါလျှင် ပုဒ်အရာ မဝင်ချေ၊ သို့အတွက် တောပစ္စည်း တြပစ္စည်းစသည် တို့ကို ပဉ္စမီဝိဘတ် သတ္တမီဝိဘတ်ဟု နာမည်မှည့်ပါ၊ ထိုသို့ ဝိဘတ်နာမည် မှည့်လိုက်လျှင် သဗ္ဗတော စသောပုဒ်များသည် ဝိဘတ်သက်ထားသော ပုဒ်, ဝိဘတ်အဆုံးရှိသော ပုဒ်များ ဖြစ်လေတော့သည် ဟူလို။
[သဗ္ဗတော-အလုံးစုံမှ။] ရုပ်ကို နောက်မှ တွက်။
֍ ၁၉၆။ ကွစိ တော ပဉ္စမျတ္ထေ။ ။ ပဉ္စမျတ္ထေ- ပဉ္စမီဝိဘတ်၏ အနက်၌၊ ကွစိ- အချို့သောအရာ၌၊ တော- တောပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကုတော စသည်တည်း။
၁၉၆။ ဤသုတ်က ပဉ္စမီဝိဘတ်၏အနက်၌ တောပစ္စည်းသက်သော ကြောင့် တွာဒယော ဝိဘတ္တိသညာယောသုတ်ဖြင့် တောပစ္စည်းကို ပဉ္စမီ ဝိဘတ် အမည်မှည့်ရသည်။ [ကုတော-အဘယ်အရပ်မှ, အဘယ်အရပ် တို့မှ၊ ဧကဝုစ် ဗဟုဝုစ် ၂ နက် သင့်၏။]
ရုပ်တွက်။ ။ ကုတောကို “ ကိံ ”လိန်တည်၊ ကွစိတော ပဉ္စမျတ္ထေ သုတ်ဖြင့် တောပစ္စည်း သက်၊ တွာဒယော ဝိဘတ္တိသညာယောသုတ်ဖြင့် တောပစ္စည်းကို ပဉ္စမီဝိဘတ် အမည်မှည့်, တြတောထေသု စသုတ်ဖြင့် ကိံသဒ္ဒါကို ကု ပြု, ကုတော ပြီး၏။
သဗ္ဗတော စသည်၌ “သဗ္ဗ” စသည်တည်, တောသက်, ပဉ္စမီဝိဘတ် မှည့်ရုံသာ၊ အတော, ဣတောတို့၌ကား ဧတ, ဣမ တည်၊ သဗ္ဗဿေ တဿာကာရော ဝါဖြင့် ဧတကို (အ)ပြု, ဣမဿိ ထံဒါနိ ဟတောဓေသု စ ဖြင့် ဣမကို ဣ ပြုရခြင်းသာ ထူး၏၊ [ဧတ္တော၌ကား ဧတောထေသု စဖြင့် ဧတကို ဧ ပြု, တ် ဒွေးဘော်လာ။]
ယောဂဝိဘာဂ။ ။ ဤ ကွစိ တော ပဉ္စမျတ္ထေသုတ်၌ “ကွစိ တော” ဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ပဌမာစသော အနက်၌လည်း တောပစ္စည်းသက်နိုင်သေး၏၊ အကျယ်ကို ကစ္စည်းဘာသာဋီကာမှာ ရှု။
֍ ၁၉၇။ တြထ သတ္တမိယာ သဗ္ဗနာမေဟိ။ ။ သတ္တမိယာ- သတ္တမီဝိဘတ်၏၊ အတ္ထေ- အနက်၌၊ သဗ္ဗနာမေဟိ- သဗ္ဗနာမ် တို့မှ နောက်၌၊ တြထ- တြပစ္စည်း, ထပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကုတြ, ကုတ္ထ စသည်တည်း။
၁၉၇။ [ကုတြ, ကုတ္ထ, ကတ္ထ-အဘယ်အရပ်၌, အဘယ်အရပ်တို့၌။] ကုတြကို “ကိံ ”လိန်တည်၊ တြထ သတ္တမိယာ သဗ္ဗနာမေဟိသုတ်ဖြင့် တြပစ္စည်း သက်, တွာဒယော ဝိဘတ္တိသညာယောသုတ်ဖြင့် တြပစ္စည်းကို သတ္တမီဝိဘတ်အမည်မှည့်, တြတောထေသု စသုတ်ဖြင့် ကိံသဒ္ဒါကို ကုပြု, ကုတြ ပြီး၏။ [ကုတ္ထ၌ ထပစ္စည်းသက်, ကိံကို ကုပြု, တ တစ်လုံး ဒွေးဘော် လာ။]
ကတ္ထကို “ ကိံ ”တည်၊ ထပစ္စည်းသက်, ဝိဘတ်မှည့်, သေသေသု စ သုတ်ဖြင့် ကိံသဒ္ဒါကို က ပြု, ထ၏ အသဒိသဒွေးဘော် တ် လာ, ပြီး၏။ [ဧတ္ထကို “ဧတ”တည်၊ ထသက်, ဝိဘတ်မှည့်, ဧ တောထေသု စသုတ်ဖြင့် ဧတကို ဧ ပြု, တ် ဒွေးဘော်လာ။]
֍ ၁၉၈။ သဗ္ဗတော ဓိ။ ။ သတ္တမျတ္ထေ- သတ္တမီဝိဘတ်၏ အနက်၌၊ သဗ္ဗတော- သဗ္ဗသဒ္ဒါမှနောက်၌၊ ဓိ- ဓိပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သဗ္ဗဓိ ဟူသည်တည်း။
၁၉၈။ [သဗ္ဗဓိ - အလုံးစုံ၌, တို့၌။] သဗ္ဗဓိကို “သဗ္ဗ” လိန်တည်၊ သဗ္ဗတော ဓိသုတ်ဖြင့် ဓိပစ္စည်း သက်၊ တွာဒယော စသောသုတ်ဖြင့် ဓိပစ္စည်းကို သတ္တမီဝိဘတ် အမည်မှည့်, သဗ္ဗဓိ ပြီး၏။
֍ ၁၉၉။ ကိံသ္မာ ဝေါ။ ။ သတ္တမျတ္ထေ- သတ္တမီဝိဘတ်၏အနက် ၌၊ ကိံသ္မာ- ကိံသဒ္ဒါမှနောက်၌၊ ဝေါ- ဝ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကွ(ဂတော.သိ) ဟူသည်တည်း။
၁၉၉။ [ကွ-အဘယ်အရပ်၌၊ ဝါ-အဘယ်အရပ်သို့၊ ဂတော-သွားသည်၊ အသိ-ဖြစ်သနည်း။]
ရုပ်တွက်။ ။ ကွကို “ကိံ ”လိန်တည်၊ ကိံသ္မာ ဝေါသုတ်ဖြင့် ဝပစ္စည်း သက်၊ သတ္တမီဝိဘတ်အမည်မှည့် (ကိံဝ), ကိဿ က ဝေ စသုတ်ဖြင့် ကိံ သဒ္ဒါကို က ပြု (ကဝ), က် ခွင်း (က် ၊ ဝ) တေသု ဝုဒ္ဓိလောပေါ.ဂမဝိကာရ ဝိပရီတာ.ဒေသာ စဟူသောသုတ်ကြီးဖြင့် က ၏ ၊ ကို ချေ, က် ကို ဝသို့ ကပ်, ကွ ပြီး၏။ [က၏ ၊ ကို နျာသ၌ သရလောပေါ စသောသုတ်ဖြင့် ချေ၏။]
֍ ၂၀၀။ ဟိံဟံဟိဉ္စနံ။ ။ သတ္တမျတ္ထေ- ၌၊ ဟိံဟံဟိဉ္စနံ- ဟိံ ပစ္စည်း, ဟံပစ္စည်း, ဟိဉ္စနံပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ကုဟိံ, ကုဟံ, ကုဟိဉ္စနံ ဟူသည်တည်း။
၂၀၀။ [ကုဟိံ, ကုဟံ-အဘယ်အရပ်၌, တို့၌၊ ကုဟိဉ္စနံ-တစ်ရံတစ်ခါ ၌။] ကုဟိံကို “ကိံ ” တည်၊ ဟိံဟံဟိဉ္စနံ သုတ်ဖြင့် ဟိံ ပစ္စည်း သက်, သတ္တမီဝိဘတ်အမည်မှည့်, ကု ဟိံဟံသု စသုတ်ဖြင့် ကိံသဒ္ဒါကို ကုပြု, ကုဟိံ ပြီး၏။ [ကုဟံ၌ ဟပစ္စည်းသက်၊ ကုဟိဉ္စနံ၌ ဟိဉ္စနံပစ္စည်းသက်, ဝိဘတ်မှည့်, ကု ဟိံဟံသု စ၌ စသဒ္ဒါဖြင့် ကိံသဒ္ဒါကို ကုပြု။]
֍ ၂၀၁။ တမှာ စ။ ။ သတ္တမျတ္ထေ- ၌၊ တမှာ- တသဒ္ဒါမှနောက်၌၊ ဟိံဟံ စ- ဟိံပစ္စည်း, ဟံပစ္စည်းတို့သည်သာလျှင်၊ ဟောန္တိ- ဖြစ်ကုန်၏။ တဟိံ, တဟံ ဟူသည်တည်း။
၂၀၁။ [တဟိံ, တဟံ-ထိုအရပ်၌, တို့၌။] စသဒ္ဒါက ဟိဉ္စနံပစ္စည်းကို တားမြစ်၏၊ သို့အတွက် ရှေ့သုတ်က ဟိဉ္စနံသဒ္ဒါကို ဤသုတ်သို့ မလိုက် စေရ။
တဟိံကို “တ”လိန်တည်၊ တမှာ စသုတ်ဖြင့် ဟိံပစ္စည်းသက်, သတ္တမီ ဝိဘတ်မှည့်, တဟိံ ပြီး၏။ [တဟံ၌ ဟံပစ္စည်းသက်ရုံသာ။]
֍ ၂၀၂။ ဣမသ္မာ ဟဓာ စ။ ။ သတ္တမျတ္ထေ- ၌၊ ဣမသ္မာ စ- ဣမသဒ္ဒါမှနောက်၌သာလျှင်၊ ဟဓာ- ဟပစ္စည်း, ဓပစ္စည်းတို့ သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဣဟ, ဣဓ စသည်တည်း။
၂၀၂။ ဟဓာ စ၌ စသဒ္ဒါသည် ဧဝအနက်ရှိ၍ “သာလျှင်”ဟု ထွက်၏၊ ထိုသဒ္ဒါကို “ဣမသ္မာ”နောင် ရွှေ့၍ ဣမသဒ္ဒါနောင်သာ ဟ ဓ ပစ္စည်း သက်သည်, အခြားသဒ္ဒါနောင် မသက်ဟု ကန့်လေ။ [ဣဟ, ဣဓ-ဤ အရပ်၌, တို့၌။]
ဣဟကို “ဣမ”လိန်တည်၊ ဣမသ္မာ ဟဓာ စသုတ်ဖြင့် ဟပစ္စည်း သက်, တွာဒယော စသော သုတ်ဖြင့် ဟပစ္စည်းကို သတ္တမီဝိဘတ်အမည် မှည့်, ဣမဿိ ထံဒါနိဟတောဓေသု စသုတ်ဖြင့် ဣမသဒ္ဒါကို ဣပြု, ဣဟ ပြီး၏။ [ဣဓ၌ ဓပစ္စည်းသက်ရုံသာ။]
֍ ၂၀၃။ ယတော ဟိံ။ ။ သတ္တမျတ္ထေ- ၌၊ ယတော- ယသဒ္ဒါမှ နောက်၌၊ ဟိံ- ဟိံပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ယဟိံ ဟူသည် တည်း။
၂၀၃။ [ယဟိံ-အကြင်အရပ်၌, တို့၌။] ယဟိံ ကို “ယ” လိန်တည်၊ ယတော ဟိံသုတ်ဖြင့် ဟိံပစ္စည်းသက်, သတ္တမီဝိဘတ်အမည်မှည့်, ယဟိံ ပြီး၏။
֍ ၂၀၄။ ကာလေ။ ။ အယံ- ဤ ကာလေသုတ်သည်၊ အဓိကာရော- နောက်သုံးသုတ်သို့ လိုက်သောသုတ်တည်း။
၂၀၄။ ဤ ကာလေသုတ်၏ လိုက်ပုံမှာ နောက်သုတ်များ၌ ထင်ရှား လတ္တံ့။
֍ ၂၀၅။ ကိံသဗ္ဗ.ညေ.ကယကုဟိ ဒါဒါစနံ။ ။ သတ္တမျတ္ထေ- သတ္တမီဝိဘတ်၏အနက်၌၊ ကာလေ- အခါဟူသောအနက်၌၊ ကိံသဗ္ဗ.ညေ.ကယကုဟိ- ကိံ, သဗ္ဗ, အည, ဧက, ယ, ကုသဒ္ဒါ တို့မှနောက်၌၊ ဒါဒါစနံ- ဒါပစ္စည်း, ဒါစနံပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကဒါ, သဗ္ဗဒါ, အညဒါ, ဧကဒါ, ယဒါ, ကုဒါစနံ ဟူသည်တည်း။
၂၀၅။ ကဒါ-ဘယ်အခါ၌၊ သဗ္ဗဒါ-အလုံးစုံသော အခါ၌၊ အညဒါအခြားသောအခါ၌၊ ဧကဒါ-တစ်ပါးသောအခါ၌၊ ယဒါ-အကြင်အခါ၌၊ ကုဒါစနံ-တစ်ခါတစ်ရံ၌။ ကဒါကို “ကိံ”လိန်တည်၊ ကိံသဗ္ဗ.ညေ.ကယ ကုဟိ ဒါဒါစနံသုတ်ဖြင့် ဒါပစ္စည်းသက်, ဝိဘတ်အမည်မှည့်, သေသေသု စသုတ်ဖြင့် ကိံသဒ္ဒါကို ကပြု, ကဒါ ပြီး၏။
သဗ္ဗဒါ=သဗ္ဗတည်၊ အညဒါ=အညတည်၊ ဧကဒါ=ဧကတည်၊ ယဒါ= ယတည်၊ ဤသုတ်ဖြင့် ဒါပစ္စည်းသက်၊ ကုဒါစနံကို ကိံတည်၊ ဤသုတ်ဖြင့် ဒါစနံပစ္စည်းသက်, သတ္တမီဝိဘတ်အမည်မှည့်, ကု ဟိံဟံသု စသုတ်၌ စသဒ္ဒါဖြင့် ကိံ ကို ကု ပြု, ကုဒါစနံ ပြီး၏။
အမှာ။ ။ သုတ်၌ “ကုဟိ”ဝယ် ကိံသဒ္ဒါမှဖြစ်လာသော ကုတည်း၊
ထို့ကြောင့် ကိံသဒ္ဒါကိုပင် “ကု”ဟုဆိုထားသည်၊ ထမင်းဖြစ်အောင် ဆန်ကို ချက်ရာ၌ “ဆန်ချက်သည်”ဟု မဆို, “ထမင်းချက်သည်”ဟုဆိုသော ဖလူပစာနည်းမျိုးဟု ဆိုကြ၏၊ သို့သော် ဒါစနံနှောင်းရာ၌ ကိံကို ကုပြုဖို့ အစီအရင်မပြသော အရှင်ကစ္စည်းအလိုမှာ “ကု”နိပါတ်ဟုပင် ဆိုလိုဟန် တူသည်။
֍ ၂၀၆။ တမှာ ဒါနိ စ။ ။ သတ္တမျတ္ထေ- သတ္တမီဝိဘတ်၏ အနက်၌၊ ကာလေ- အခါဟူသောအနက်၌၊ တမှာ- တသဒ္ဒါမှ နောက်၌၊ ဒါနိ စ- ဒါနိပစ္စည်းသည်လည်းကောင်း၊ ဒါ စ- ဒါပစ္စည်း သည်လည်းကောင်း၊ ဟောန္တိ- ဖြစ်ကုန်၏။ တဒါနိ, တဒါ ဟူသည် တည်း။
၂၀၆။ ဒါနိ စ၌ စသဒ္ဒါသည် ရှေ့သုတ်က ဒါပစ္စည်းကို ဆွဲငင်၏၊ ထို့ကြောင့် ဒါ စဟု အနက်မှာ ထည့်ရသည်။ [တဒါနိ, တဒါ-ထိုအခါ၌၊ တဒါနိကို “တ”လိန်တည်၊ တမှာ ဒါနိ စသုတ်ဖြင့် ဒါနိပစ္စည်းသက်, သတ္တမီဝိဘတ်မှည့်, တဒါနိ ပြီး၏၊ တဒါ၌ ဒါပစ္စည်း သက်။]
֍ ၂၀၇။ ဣမသ္မာ ရဟိဓုနာ စ။ ။ သတ္တမျတ္ထေ- ၌၊ ကာလေ- ၌၊ ဣမသ္မာ- ဣမသဒ္ဒါမှ နောက်၌၊ ရဟိဓုနာ- ရဟိပစ္စည်း, ဓုနာ ပစ္စည်းတို့သည်လည်းကောင်း၊ ဒါနိ စ- ဒါနိပစ္စည်းသည်လည်း ကောင်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ဧတရဟိ, အဓုနာ, ဣဒါနိ ဟူသည် တည်း။
၂၀၇။ “ဣမသ္မာ ရဟိ ဓုနာ ဒါနိ စ”ဟု ယခုစာအုပ်များ၌ ရှိကြ၏၊ ထိုပါဌ်အတိုင်းဆိုလျှင် ဒါနိ စ၌ စသဒ္ဒါအကျိုးမရှိ၊ စသဒ္ဒါဖြင့် “ရှေ့သုတ်က ဒါနိပစ္စည်းကို ပေါင်းသည်”ဟု ရူပသိဒ္ဓိဋီကာဖွင့်၏၊ သို့အတွက် “ဣမသ္မာ ရဟိဓုနာ စ”သာ ရှေးပါဌ်ဟောင်းတည်း။ [ဧတရဟိ, အဓုနာ, ဣဒါနိ ဤအခါ၌, ယခုအခါ၌။]
ဧတရဟိကို “ဣမ”လိန်တည်၊ ဣမသ္မာ ရဟိဓုနာ စသုတ်ဖြင့် ရဟိ ပစ္စည်းသက်, သတ္တမီဝိဘတ်မှည့်, ဧတ ရဟိမှိသုတ်ဖြင့် ဣမကို ဧတပြု, ဧတရဟိ ပြီး၏။ [အဓုနာကို “ဣမ”တည်၊ ဓုနာပစ္စည်းသက်, သတ္တမီ ဝိဘတ်မှည့်, အဓုနာမှိ စသုတ်ဖြင့် ဣဓကို အ ပြု။ ဣဒါနိကို “ဣမ” တည်၊ ဒါနိပစ္စည်းသက်, သတ္တမီဝိဘတ်မှည့်, ဣမဿိ ထံဒါနိဟတော ဓေသု စသုတ်ဖြင့် ဣမကို ဣပြု။]
֍ ၂၀၈။ သဗ္ဗဿ သော ဒါမှိ ဝါ။ ။ ဒါမှိ- ဒါပစ္စည်းကြောင့်၊ သဗ္ဗဿ- သဗ္ဗသဒ္ဒါ၏၊ သော- သအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ သဒါ ဟူသည်တည်း။
၂၀၈။ [သဒါ-အလုံးစုံသောအခါ၌ (အခါခပ်သိမ်း)။] သဒါကို “သဗ္ဗ” လိန်တည်၊ ကိံ သဗ္ဗညေကယကုဟိ ဒါဒါစနံသုတ်ဖြင့် ဒါပစ္စည်းသက်, သတ္တမီဝိဘတ်မှည့်, သဗ္ဗဿ သော ဒါမှိ ဝါသုတ်ဖြင့် သဗ္ဗကို သပြု, သဒါ ပြီး၏။
֍ ၂၀၉။ အဝဏ္ဏော ယေ လောပဉ္စ။ ။ ယေ- တဒ္ဓိတ်ယပစ္စည်း ကြောင့်၊ အဝဏ္ဏော စ- အဝဏ်သည်လည်း၊ လောပံ- သို့၊ အာပဇ္ဇတေ- ၏။ ဗာဟုဿစ္စံ စသည်တည်း။
၂၀၉။ တဒ္ဓိတ်ပိုင်း၌ ဏျပစ္စည်းမှ ဏ် ကို ချေ၍ ယ (ယပင့်)ကို တွေ့လတ္တံ့၊ ထို ယပစ္စည်းနှောင်းရာ၌ အ အာကို ချေသောသုတ်တည်း၊ အဝဏ္ဏော စ၌ စသဒ္ဒါဖြင့် ဣဝဏ်ကျေခြင်းကို ဆည်းသည်၊ ရုပ်များမှာ ယဝတံ တလဏစသောသုတ်၌လည်းကောင်း, တဒ္ဓိတ်ခန်း၌လည်းကောင်း လာလိမ့်မည်။ [ဗာဟုဿစ္စံ-ဗဟုဿုတရှိသူ၏ဖြစ်ကြောင်း။]
֍ ၂၁၀။ ဝုဍ္ဎဿ ဇော ဣယိဋ္ဌေသု။ ။ ဣယိဋ္ဌေသု- ဣယ ဣဋ္ဌ ပစ္စည်းတို့ကြောင့်၊ ဝုဍ္ဎဿ- ဝုဍ္ဎသဒ္ဒါ၏၊ ဇော- ဇ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဇေယျော, ဇေဋ္ဌော ဟူသည်တည်း။
၂၁၀။ ဣယ ဣဋ္ဌပစ္စည်းများသည် ဝိသေသ (အထူးဟူသော)အနက်၌ သက်ကြ၏၊ တဒ္ဓိတ်ပိုင်းမှာ တွေ့ရလတ္တံ့၊ ဤသုတ်က ထို ဣယ ဣဋ္ဌ ပစ္စည်းနှောင်းရာ၌ ဝုဍ္ဎသဒ္ဒါကို ဇပြုသည်၊ ရုပ်ကို ဤသုတ်နှင့် ဆိုင်ရုံသာ တွက်နှင့်ပါ။ [ဇေယျော, ဇေဋ္ဌော - အလွန်ကြီးသူ။]
ဇေယျောကို “ဝုဍ္ဎ -ိယ”တည်၊ ဝုဍ္ဎဿ ဇော ဣယိဋ္ဌေသုသုတ်ဖြင့် ဝုဍ္ဎသဒ္ဒါကို ဇပြု, ဇ်ခွင်း, သရလောပေါစသော သုတ်ဖြင့် ရှေ့ ၊ သရကို ချေ၍ နောက် -ိ သရကို ပကတိမပြုရ, ကွစာသဝဏ္ဏံ လုတ္တေသုတ်ဖြင့် နောက် -ိ ကို ေ- အသဝဏ်ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သရကင်း သော ဇ်ဗျဉ်းကို နောက် ေ- သို့ကပ်, ယ် ဒွေးဘော်လာ, နာမ်ငဲ့, သိသက်, သြပြု, ဇေယျော ပြီး၏။ [ဇေဋ္ဌော၌ “ဝုဍ္ဎ -ိ ဋ္ဌ”တည်။]
အမှာ။ ။ ရှေ့သရကို ချေရာ၌ ရူပသိဒ္ဓိက သရာ သရေ လောပံသုတ် ဖြင့် ချေ၏၊ နျာသ၌ သရလောပေါသုတ်ဖြင့် ချေ၍ ပကတိသဒ္ဒါ၏ အစွမ်း ကြောင့် နောက်သရကို ပကတိ မပြုရဟု တားမြစ်သည်၊ သန္ဓိစပ်သော အရာမဟုတ်၍ နျာသချေပုံက နှစ်သက်ဖွယ်ကောင်း၏။
֍ ၂၁၁။ ပသတ္ထဿ သော စ။ ။ ဣယိဋ္ဌေသု- ဣယ,ဣဋ္ဌပစ္စည်း တို့ကြောင့်၊ ပသတ္ထဿ- ပသတ္ထသဒ္ဒါ၏၊ သော စ- သအပြုသည် လည်းကောင်း၊ ဇော စ- ဇအပြုသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ သေယျော, သေဋ္ဌော, ဇေယျော, ဇေဋ္ဌော ဟူသည်တည်း။
၂၁၁။ သော စ၌ စသဒ္ဒါဖြင့် ရှေ့သုတ်က ဇ အပြုကို ပေါင်း၏၊ [သေယျော, သေဋ္ဌော, ဇေယျော, ဇေဋ္ဌော-ချီးမွမ်းထိုက်သူတို့ထက်ထူးကဲသူ (အလွန်ချီးမွမ်းထိုက်သူ)။] သေယျောကို “ပသတ္ထ -ိယ”တည်၊ ပသတ္ထဿ သော စသုတ်ဖြင့် နောက် -ိယပစ္စည်းကြောင့် ပသတ္ထသဒ္ဒါကို သပြု, သ်ခွင်း, သရလောပေါစသောသုတ်ဖြင့် ရှေ့ ၊ သရကိုချေ၍ နောက် -ိသရကို ပကတိမပြုရ, ကွစာသဝဏ္ဏံ လုတ္တေသုတ်ဖြင့် -ိ ကို ေ-အသဝဏ် ပြု, သ်ကို ေ-သို့ ကပ်, ယ်ဒွေးဘော်လာ, နာမ်ငဲ့, သိသက်, သြပြု, ပြီး၏။ [သေဋ္ဌောကို “ပသိတ္ထ -ိ ဋ္ဌ”တည်၊ ဇေယျောကို “ပသိတ္ထ -ိ ယ”တည်၊ ဇေဋ္ဌောကို “ပသိတ္ထ -ိ ဋ္ဌ”တည်။]
֍ ၂၁၂။ အန္တိကဿ နေဒေါ။ ။ ဣယိဋ္ဌေသု- တို့ကြောင့်၊ အန္တိကဿ- အန္တိကသဒ္ဒါ၏၊ နေဒေါ- နေဒ အပြုသည်၊ ဟောတိ- ဖြစ်၏။ နေဒိယော, နေဒိဋ္ဌော ဟူသည်တည်း။
၂၁၂။ [နေဒိယော နေဒိဋ္ဌော-နီးနားသည်ထက် ထူးကဲသောအရပ် (အလွန်နီးကပ်နေသောအရပ်)။] နေဒိယောကို “အန္တိက -ိ ယ”တည်၊ အန္တိကဿ နေဒေါသုတ်ဖြင့် အန္တိကသဒ္ဒါကို နေဒ ပြု, ဒ် ခွင်း, ချေ, ဒ် -ိ သို့ကပ်, နာမ်ငဲ့စသည်စီရင်, ပြီး၏။ [နေဒိဋ္ဌောကို “အန္တိက -ိ ဋ္ဌ” တည်၍ တွက်။]
֍ ၂၁၃။ ဗာဠှဿ သာဓော။ ။ ဣယိဋ္ဌေသု- တို့ကြောင့်၊ ဗာဠှဿ- ဗာဠှသဒ္ဒါ၏၊ သာဓော- သာဓ အပြုသည်၊ ဟောတိ- ဖြစ်၏။ သာဓိယော, သာဓိဋ္ဌော ဟူသည်တည်း။
၂၁၃။ [သာဓိယော, သာဓိဋ္ဌော-ပြင်းထန်သည်ထက် ထူးကဲသည် (သာလွန်ပြင်းထန်သည်)။] သာဓိယောကို “ဗာဠှ -ိ ယ”တည်၊ ဗာဠဿ သာဓောသုတ်ဖြင့် ဗာဠကို သာဓပြု, ဓ်ခွင်း, ချေ, ဓ်ကို -ိ သို့ကပ်, နာမ်ငဲ့, စသည်စီရင်, ပြီး၏။ [သာဓိဋ္ဌောကို “ဗာဠ -ိ ဋ္ဌ”တည်။]
֍ ၂၁၄။ အပ္ပဿ ကဏ်။ ။ ဣယိဋ္ဌေသု- ဣယ ဣဋ္ဌပစ္စည်း တို့ကြောင့်၊ အပ္ပဿ- အပ္ပသဒ္ဒါ၏၊ ကဏ်- ကဏ်အပြုသည်၊ ဟောတိ- ဖြစ်၏။ ကဏိယော, ကဏိဋ္ဌော ဟူသည်တည်း။
၂၁၄။ [ကဏိယော, ကဏိဋ္ဌော-အလွန်နည်းပါးသောအရာ။] ကဏိယောကို “အပ္ပ -ိ ယ”တည်၊ အပ္ပဿ ကဏ်သုတ်ဖြင့် အပ္ပ သဒ္ဒါကို ကဏ်ပြု, ဏ်ကို -ိ သို့ကပ်, နာမ်ငဲ့, စသည်စီရင်, ပြီး၏။ [ကဏိဋ္ဌောကို “အပ္ပ -ိ ဋ္ဌ” တည်၍ တွက်။]
֍ ၂၁၅။ ယုဝါနဉ္စ။ ။ ဣယိဋ္ဌေသု- ဣယ ဣဋ္ဌပစ္စည်းတို့ကြောင့်၊ ယုဝါနဉ္စ- ယုဝသဒ္ဒါတို့၏လည်း၊ ကဏ်- ကဏ် အပြုသည်၊ ဟောတိ- ၏။ ကဏိယော, ကဏိဋ္ဌော ဟူသည်တည်း။
၂၁၅။ [ကနိယော, ကနိဋ္ဌော-ငယ်ရွယ်သူတို့ထက်ထူးကဲသူ (အလွန် ငယ်သူ)၊ ကနိဋ္ဌော - ညီငယ်၊ ကနိဋ္ဌာ - နှမငယ်။]
ကနိယောကို “ယုဝ -ိ ယ”ဟု တည်၊ ယုဝါနဉ္စသုတ်ဖြင့် ယုဝကို ကဏ်ပြု, ဏ် -ိ သို့ကပ်, တေသု ဝုဒ္ဓိဖြင့ ဏ်ကို န်ပြု, နာမ်ငဲ့, စသည် စီရင်, ပြီး၏။ [ကနိဋ္ဌောကို “ယုဝ -ိ ဋ္ဌ” တည်၍ တွက်လေ။]
֍ ၂၁၆။ ဝန္တုမန္တုဝီနဉ လောပေါ။ ။ ဣယိဋ္ဌေသု- တို့ကြောင့်၊ ဝန္တုမန္တုဝီနဉ္စ- ဝန္တု, မန္တု, ဝီပစ္စည်းတို့၏လည်း၊ လောပေါ- ကျေ ခြင်းသည်၊ ဟောတိ- ၏။ ဂုဏိယော, ဂုဏိဋ္ဌော, သတိယော, သတိဋ္ဌော, မေဓိယော, မေဓိဋ္ဌော စသည်တည်း။
၂၁၆။ [ဂုဏိယော, ဂုဏိဋ္ဌော - အလွန်ဂုဏ်ရှိသူ၊ သတိယော, သတိဋ္ဌော-အလွန်သတိရှိသူ၊ မေဓိယော, မေဓိဋ္ဌော-အလွန်ပညာရှိသူ။] ဂုဏိယောကို “ဂုဏဝန္တု -ိ ယ”တည်၊ ဝန္တုမန္တုဝီနဉ္စ လောပေါသုတ်ဖြင့် ဝန္တုပစ္စည်းကို ချေ (ဂုဏ -ိ ယ), ဏ်ခွင်း, ချေ, ဏ်ကို -ိ သို့ ကပ်, နာမ်ငဲ့ စသည်စီရင်, ပြီး၏။ [သတိယောကို “သတိမန္တု -ိ ယ”တည်၊ မန္တုပစ္စည်းကို ချေ, တ်ခွင်း, ချေ, ကပ်၊ မေဓိယောကို “မေဓာဝီ -ိ ယ”တည်၊ ဝီပစ္စည်းကို ချေ, ဓ်ခွင်း, ချေ, ကပ်၊ ဂုဏိဋ္ဌော, သတိဋ္ဌော, မေဓိဋ္ဌောတို့ကို လည်း “ဂုဏ -ိ ဋ္ဌ”စသည် တည်။]
֍ ၂၁၇။ ယဝတံ တလဏဒကာရာနံ ဗျဉ္ဇနာနိ စလဉဇ ကာရတ္တံ။ ။ ယဝတံ- ယအက္ခရာရှိကုန်သော၊ တလဏဒကာရာနံ- တ လ ဏ ဒအက္ခရာတို့၏၊ ဗျဉ္ဇနာနိ- ဗျဉ်းတို့သည်၊ စလဉဇ ကာရတ္တံ- အစဉ်အတိုင်း စ လ ဉဇအက္ခရာအဖြစ်သို့၊ အာပဇ္ဇန္တေ- ရောက်ကုန်၏။ ဗာဟုဿစ္စံ, ဝေပုလ္လံ, နေပုညံ, သောဟဇ္ဇံ စသည်တည်း။
၂၁၇။ ယအက္ခရာရှိသော တလဏဒ ဟူသည် များသောအားဖြင့် ယပင့်နှင့်တွဲနေသော တျ လျ ဏျ ဒျတို့တည်း၊ ထို“တျ”စသည်ကို စ စသည်ပြုသောအခါ မှီရာသရမပါဘဲ ဗျဥ်း ၂ လုံးကို ပြု၏၊ ထို့ကြောင့် “ဗျဉ္ဇနာနိ”ဟု ဆိုသည်။ [ရှေးရိုက်စာအုပ်များ၌ “ဗျဉ္ဇနာနိ-သဒ္ဒါတို့သည်” ဟု အနက်ပေးခဲ့သည်မှာ မကောင်း။]
အစဉ်အတိုင်း တျဗျဉ်းကို စ, လျဗျဉ်းကို လ, ဏျဗျဉ်းကို ဉ, ဒျဗျဉ်းကို ဇ ပြု၊ ဤယဝတံသုတ်ဖြင့်ပြီးသမျှ ရုပ်များ၌ ဒွေးဘော်လာရသည်သာ များ၏၊ “မဖောက် တဿ, စဝဂ္ဂနှင့်, ယဝတံ-ဧဟေ, သယေ တစ်တန်, သဗ္ဗော စံဟု, ငါးတန်သောသုတ်, ပြီးပြယုဂ်လည်း, ဆင့်ထုတ်ဒွေးချည်း”ဟု ဆိုခဲ့သည်ကို သတိပြုပါ။
ရုပ်တွက်။ ။ ဗာဟုဿစ္စံကို “ဗာဟုဿုတ + ယ” တည်၊ တ် ခွင်း (ဗာဟုဿုတ် ၊ ယ), အဝဏ္ဏော ယေ လောပဉ္စသုတ်ဖြင့် ရှေ့ ၊ ကို ချေ, တ်ဗျဉ်းကို နောက် ယသို့ ကပ် (ဗာဟုဿုတျ), ယဝတံ တလဏဒကာရာနံ ဗျဉ္ဇနာနိ စလဉဇကာရတ္တံသုတ်ဖြင့် တျဗျဉ်းကို စပြု, သဒိသဒွေးဘော် စ်လာ (ဗာဟုဿစ္စ), နာမ်ငဲ့, သိသက်, သိံဟူသောသုတ်ဖြင့် သိဝိဘတ် ကို -ံ ပြု, စ္စ ခွင်း, ရှေ့ ၊ ကို ချေ, စ္စကို -ံ သို့ကပ်, ဗာဟုဿစ္စံ ပြီး၏။
ဤ ဗာဟုဿစ္စံစသော ရုပ်များသည် တဒ္ဓိတ်ရုပ်များချည်းတည်း၊ ထို့ကြောင့် နာမ်ဟု ငဲ့ရသည်၊ ဝေပုလ္လံ စသောရုပ်များကို တဒ္ဓိတ်ကျမှ တွက်သင့်သည်။ [ဝေပုလ္လံ-ပြန့်ပြော(များပြား)သည်၏ဖြစ်ကြောင်း၊ လျ= လ ပြု၊ နေပုညံ - သိမ်မွေ့သူ၏ဖြစ်ကြောင်း၊ ဏျ = ဉ ပြု၊ သောဟဇ္ဇံကောင်းသောစိတ်ရှိသူ၏ဖြစ်ကြောင်း၊ ဒျ = ဇပြု။] ဤသုတ်၌ ကာရသဒ္ဒါ၏ အကျိုးကို ရူပသိဒ္ဓိမှာ ရှု၊ မှတ်နှင့်ရန် ဆောင်ပုဒ်ကား…
[ဆောင်] ၁။ ယဝတံဆို, အပို ကာရ, ဆရာပြသဖြင့်, ယနှင့်ယှဉ်ကြ, သ ထ ဓ ဏာ, စဉ်တိုင်းသာ, သ ဆာ ဈ ဉပြု။၂။ က စ ဋ ဝဂ်, ပ ဝဂ်လည်းကောင်း, ထပ်၍ လောင်း, ထုံးဟောင်းပုံစံ ရှု။
֍ ၂၁၈။ အမှတုမှ ၊ပေ၊ သ္မာ နာဝ။ ။ အမှတုမှန္တုရာဇဗြဟ္မ.တ္တ သခသတ္တုပိတာဒီဟိ- အမှ, တုမှ, န္တု, ရာဇ, ဗြဟ္မ, အတ္တ, သခ, သတ္တု, ပိတုအစရှိသော သဒ္ဒါတို့မှ၊ ပရံ- နောက်ဖြစ်သော၊ သ္မာ- သ္မာ ဝိဘတ်ကို၊ နာဝ- နာ ဝိဘတ်ကိုကဲ့သို့၊ ဒဋ္ဌဗ္ဗံ- မှတ်အပ်၏။ မယာ, တယာ, ဂုဏဝတာ, ရညာ, ဗြဟ္မုနာ, အတ္တနာ, သခိနာ, သတ္ထာရာ, ပိတရာ စသည်တည်း။
၂၁၈။ ဤသုတ်ကား သ္မာဝိဘတ်ကို နာဝိဘတ်ကဲ့သို့ မှတ်ထားရုံသာ မက, နာဝိဘတ်ကိုဖြစ်သွားအောင် ငဲ့ညွှန်းသောသုတ်တည်း။ [မယာငါမှ၊ တယာ-သင်မှ စသည်ဖြင့် အနက်ဆို။]
ရုပ်တွက်။ ။ မယာကို “အမှ”လိန်တည်၊ မှဟူ၍၊ပေ၊သ္မာဝိဘတ်သက်, အမှတုမှန္တုရာဇဗြဟ္မတ္တသခသတ္ထုပိတာဒီဟိ သ္မာ နာဝသုတ်ဖြင့် သ္မာ ဝိဘတ်ကို နာဝိဘတ်ကဲ့သို့ ငဲ့ (အမှနာ), နာမှိ တယာမယာသုတ်ဖြင့် နာဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မယာပြု, ပြီး၏။ [ကြွင်းရုပ်များကိုလည်း သ္မာကို နာကဲ့သို့ ငဲ့ပြီးနောက် နာဝိဘတ်ဖြင့် တွက်ရသလို တွက်လေ။]
တယာ - နာမှိ တယာမယာသုတ်ကို ကြည့်၊ ဂုဏဝတာ -တောတိတာ သသ္မိံနာသုကို ကြည့်၊ ရညာ-နာမှိ ရညာ ဝါကို ကြည့်၊ ဗြဟ္မုနာ-ဥတ္တံ သနာသုကို ကြည့်၊ အတ္တနာ- ဤသုတ်ဖြင့် သ္မာကို နာဝိဘတ်ငဲ့ရုံမျှဖြင့် ပြီးနိုင်၏၊ [သ္မာ နာသုတ်မှာလည်း ဤရုပ် ပါခဲ့ပြီ၊ သို့အတွက် သ္မာ နာ သုတ်ကို သုတ်ပိုဟု ဆိုခဲ့သည်။] သခိနာ-သခန္တဿိ နောနာနံသေသုကို ကြည့်၊ သတ္ထာရာ-နာ အာသုတ်ကို ကြည့်၊ ပိတရာ-အညေသွာရတ္တံ, နာ အာ, ပိတာဒီနမသိမှိသုတ်တို့ဖြင့် စီရင်လေ။]
ဣတိ နာမကပ္ပေ ပဉ မော ကဏ္ဍော။ ။ နာမကပ္ပေ- နာမ် ကျမ်း၌၊ ပဉ္စမော- ၅ ခန်းမြောက်ဖြစ်သော၊ ကဏ္ဍော- အခန်း သည်၊ ဣတိ- ပြီးပြီ။
[နာမ်သုတ်နက် ပြီးဆုံးသည့်အခါ နာမ်ဂိုဏ်းကို ဆက်၍ဟလေ့လာမှ သာ၍ ကျေးဇူးများမည်၊ နာမ်ဂိုဏ်းကို လေ့လာကြပါကုန်။]
နာမ်သုတ်နက်နှင့်ရုပ်တွက်အဓိပ္ပာယ် ပြီးပြီ။
အာချာတ်သုတ်နက်
သုတ်အဓိပ္ပာယ်နှင့်ရုပ်တွက်
֍ ၁။ အထ ပုဗ္ဗာနိ ဝိဘတ္တီနံ ဆ ပရဿပဒါနိ။ ။ အထ- တဒ္ဓိတ်ပိုင်း၏အခြားမဲ့၌၊ ဝုစ္စမာနာနံ- ဆိုအပ်လတ္တံ့ကုန်သော၊ ဝိဘတ္တီနံ- ဝိဘတ်ရှစ်သွယ်တို့၏၊ ပုဗ္ဗာနိ- ရှေ့ဖြစ်ကုန်သော၊ ဆ- ခြောက်ပုဒ် ခြောက်ပုဒ်တို့သည်၊ ပရဿ ပဒါနိ- ပရဿပုဒ်တို့ မည်၏။ တိ အန္တိ, သိ ထ, မိ မ စသည်တည်း။
မှာထားချက်။ ။ အရှင်မဟာကစ္စည်းသည် နာမ်ဂိုဏ်းအပြီးတွင် ကာရကစသည်ကို စီရင်၍ တဒ္ဓိတ်ပိုင်းအပြီးမှ အာချာတ်ပိုင်းကို စီရင် တော်မူခဲ့၏၊ ကာရကပိုင်းသည် နာမ်ဝိဘတ်များ၏ အနက်အမျိုးမျိုးကို ပြခြင်း, သမာသ် တဒ္ဓိတ်ပိုင်းတို့လည်း သမာသ်နာမ် တဒ္ဓိတ်နာမ်ဖြစ်ခြင်း ကြောင့် နာမ်နှင့်ဆိုင်ရာ အပိုင်းများကို တပေါင်းတည်း ရှေ့ကထား၍ ဓာတ်နှင့်ဆိုင်ရာ အာချာတ်ပိုင်း, ကိတ်ပိုင်းများကို တပေါင်းတည်း နောက်၌ ထားလျက် စီစဉ်တော်မူပုံသည် ရှေးခေတ်အားလျော်စွာ ကံ ကတ္တား ကြိယာကို အိမ်သုံးစကားကဲ့သို့ အတော်အတန် နားလည်ပြီးဖြစ်သော လူမျိုးများအတွက် အထူးသင့်လျော်ပါပေသည်။
မြန်မာပြည်ဖွား တိုင်းရင်းသားတို့ကား ကံ ကတ္တား ကြိယာကို သဒ္ဒါ သင်မှ ကြားဖူးကြရ၏၊ ကံ ကတ္တားဟူသည်မှာ နာမ်၏ ဆိုင်ရာဖြစ်၏၊ ကြိယာကား အာချာတ်၏ ဆိုင်ရာဖြစ်သည်၊ ပါဠိကို စီကုံး နှုန်းဖွဲ့ရာ၌ ကံ ကတ္တား ကြိယာတို့သာ အချုပ်အခြာ ပဓာနပေတည်း၊ သို့အတွက် ကံ ကတ္တား ကြိယာကို နားလည်ဖို့ရာ နာမ်ပိုင်း၏ အခြားမဲ့၌ အာချာတ် ပိုင်းကို ခုန်ကျော် ပို့ချမှသာ မြန်မာတိုင်းဖွား သမီး သားတို့ အစီးအပွား ဖြစ်လွယ်သောကြောင့် နာမ်ပိုင်း၏ အခြားမဲ့၌ အာချာတ်ပိုင်းကို စီရင်ရ ပေသည်။
֍ ၂။ ပရာနျ.တ္တနောပဒါနိ။ ။ ပရာနိ- နောက်ဖြစ်ကုန်သော၊ ဆ- ခြောက်ပုဒ် ခြောက်ပုဒ်တို့သည်၊ အတ္တနောပဒါနိ- အတ္တနော ပုဒ်တို့ မည်၏။ တေ အန္တေ, သေ ဝှေ, ဧ မှေ စသည်တည်း။
၁-၂။ အာချာတ်ဝိဘတ်ရှစ်သွယ်တွင် တစ်သွယ် တစ်သွယ်၌ ဝိဘတ် ၁၂ လုံးစီရှိရာ ရှေ့ ၆ လုံး (ရှေ့ ၆ ပုဒ်)ကို အထ ပုဗ္ဗာနိ ဝိဘတ္တီနံ ဆ ပရဿပဒါနိသုတ်က “ပရဿပုဒ်”ဟု နာမည်မှည့်၍ နောက် ၆ လုံးကို ပရာနျ.တ္တနောပဒါနိသုတ်က “အတ္တနောပုဒ်” ဟု နာမည်မှည့်သည်၊ ထို့ကြောင့် ဝိဘတ်တိုင်း၌ ရှေ့ ၆ လုံးကို ပရဿပုဒ်, နောက် ၆ လုံးကို အတ္တနောပုဒ်ဟုချည်း မှတ်။ [ပရဿပုဒ်, အတ္တနောပုဒ် ခေါ်ရခြင်း၏ အကြောင်းကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
֍ ၃။ ဒွေဒွေ ပဌမမဇ္ဈိမု.တ္တမပုရိသာ။ ။ ဒွေဒွေ- ဧကဝုစ် ဗဟုဝုစ် နှစ်ပုဒ်နှစ်ပုဒ်တို့သည်၊ ပဌမမဇ္ဈိမုတ္တမပုရိသာ- ပဌမ ပုရိသ်, မဇ္ဈိမပုရိသ်, ဥတ္တမပုရိသ်တို့ မည်၏။
၃။ ဤသုတ်၌ ပဌမပုရိသ စသော နာမည်သည် သက္ကတကျမ်းတို့၌ လာသော နာမည်တည်း၊ ပရဿပုဒ် ၆ လုံးတွင် တိ အန္တိဟူသော ဧကဝုစ် ဗဟုဝုစ် ၂ လုံးကို ရှေ့ဆုံးက ထားသောကြောင့် ဆိုစဉ်အားဖြင့် ရှေ့ကျ သည့်အတွက် “ပဌမပုရိသ”ဟု ခေါ်၏၊ သိ ထဟူသော ဧကဝုစ် ဗဟုဝုစ် ၂ လုံးကို ဆိုစဉ်အားဖြင့် အလယ်ကျသောကြောင့် “မဇ္ဈိမပုရိသ”ဟု ခေါ်၏၊ မိ မဟူသော ဧကဝုစ် ဗဟုဝုစ် ၂ လုံးကို ဆိုစဉ်အားဖြင့် နောက်ဆုံး ကျသောကြောင့် “ဥတ္တမပုရိသ”ဟု ခေါ်၏၊ အတ္တနောပုဒ် ၆ လုံးတွင်လည်း ဤနည်းအတိုင်း ပဌမ, မဇ္ဈိမ, ဥတ္တမ ပုရိသ်များကို ခွဲခြားပါ။
ပုရိသခေါ်ပုံ။ ။ ပုရိသသဒ္ဒါသည် “ပြည့်စေခြင်း”အနက်ကို ဟော၏၊ ပုဒ် တစ်ခု တစ်ခုသည် ဝိဘတ်မပါလျှင် မပြည့်စုံသေး, ဝိဘတ်ပါမှ ပြည့်စုံ ၏၊ ဂစ္ဆတိ၌ “ဂစ္ဆ”ချည်းသက်သက်ဆိုလျှင် မပြည့်စုံသေး, တိဝိဘတ် သက်မှ ပြည့်စုံသည်၊ ထို့ကြောင့် “ပဒံ ပုရေတီတိ”ဟူသော ဝစနတ်အရ အာချာတ်ဝိဘတ်များကို “ပုရိသ်”ဟု ခေါ်ထားသည်။ [ပဒံ-ပုဒ်ကို၊ ပုရေတိ-ပြည့်စေတတ်၏ ဣတိ-ထို့ကြောင့်၊ ပုရိသော-ပုရိသ် မည်၏၊ ဤကား မှတ်နှင့်ရုံ အဓိပ္ပာယ်သာတည်း။]
ပုဒ်ပေါင်း ပုရိသ်ပေါင်း။ ။ အာချာတ်ဝိဘတ် ရှစ်သွယ်တွင် တစ်သွယ် တစ်သွယ်၌ ဝိဘတ် ၁၂ လုံးရှိသောကြောင့် အာချာတ်ဝိဘတ်ပေါင်း ၉၆ လုံး ရှိ၏၊ ထိုတွင် ပရဿပုဒ် ၄၈, အတ္တနောပုဒ် ၄၈ ရှိ၏၊ ထို ၉၆ ကို ပဌမ, မဇ္ဈိမ, ဥတ္တမ ပုရိသ် ၃ မျိုးဖြင့် ခွဲခြားလျှင် ပဌမပုရိသ် ၃၂, မဇ္ဈိမပုရိသ် ၃၂, ဥတ္တမပုရိသ် ၃၂ ပါး ဖြစ်၏။
֍ ၄။ သဗ္ဗေသ.မေကာဘိဓာနေ ပရော ပုရိသော။ ။ သဗ္ဗေသံ- အလုံးစုံသော ပုရိသ်တို့၏၊ ဧကာဘိဓာနေ- တပေါင်းတည်း ဟောရာ၌၊ ပရော- နောက်ဖြစ်သော၊ ပုရိသော- ပုရိသ်ကို၊ ယောဇေတဗ္ဗော- ယှဉ်စေအပ်၏။ သော စ တွဉ္စ ဂစ္ဆသိ, သော စ တွဉ္စ ဂစ္ဆထ စသည်တည်း။
၄။ ဤသုတ်ကား “ပါဠိစီရာ၌ ပုရိသ် ၂ ပါး ၃ ပါး ပေါင်း၍ထားခွင့် ကြုံနေလျှင် ၂ ပါး ၃ ပါး မထားနှင့်, နောက်ပုရိသ်တစ်ခုကိုသာ အသုံးပြု လေ”ဟု ပရိဘာသာပြုသောသုတ်တည်း၊ ဤသုတ်၏အဆိုမှာ သင်ခါစ လူမမယ်တို့ နားလည်ဖွယ်မရှိသော်လည်း နောင်ခါနားလည်ဖို့ရာ ချဲ့ဦးအံ့ရိုးရိုးသားသားစကားပြောရာ, ပါဠိစီရာ၌ ကတ္တားတစ်ခု, ကြိယာတစ်ခုသာ ရှိ၏၊ မြန်မာလို “သူသည် သွား၏၊” ပါဠိလို “သော ဂစ္ဆတိ” ဟု စီရ၏၊ ဤပုံစံ၌ “သော”သည် ကတ္တား, ဂစ္ဆတိကား ကြိယာတည်း၊ သင်သည် သွား၏=တွံ ဂစ္ဆသိ၊ ငါသည် သွား၏=အဟံ ဂစ္ဆာမိ၊ ဤသို့ ကတ္တားတစ်ခု ကြိယာတစ်ခု - ကံတစ်ခု ကြိယာတစ်ခုရှိရာ၌ ဤသုတ်က မညွှန်ပြပါ။
မြန်မာလို “သူသည်လည်းကောင်း, သင်သည်လည်းကောင်း သွား၏” ဟု ဆိုရာ၌ ကတ္တား ၂ ခုဖြစ်နေ၏၊ ပါဠစီရာ၌ “သော စ တွဉ္စ”ဟု စီရ လိမ့်မည်၊ သော စကို ငဲ့လျှင် ဂစ္ဆတိဟု ကြိယာထား၍ တွဉ္စကို ငဲ့လျှင် ဂစ္ဆသိဟု ကြိယာထားရလိမ့်မည်၊ သော စ တွဉ္စဟူသော ကတ္တား၂ ခုလုံးကို ငဲ့ပြန်လျှင် ဂစ္ဆတိ ဂစ္ဆသိဟု ကြိယာ၂ ခုသော်လည်းကောင်း, သို့မဟုတ် “ဂစ္ဆတိသိ”ဟု ဝိဘတ်၂ ခုတွဲ၍သော်လည်းကောင်း ထားရလိမ့်မည်၊ စကားတစ်ရပ် (ဝါကျတစ်ခု)တည်း၌ ဤကဲ့သို့ ကြိယာ၂ မျိုး, ဝိဘတ်၂ မျိုး လည်း ရှိရိုးမဟုတ်၊ ထိုကဲ့သို့ အခက်အခဲ ကြုံတွေ့ရသည့်အခါဝယ် နောက်ပုရိသ် (နောက်ဝိဘတ်)တစ်ခုကိုသာ သုံးစွဲ၍ “သော စ တွဉ္စ ဂစ္ဆသိ”ဟု ကြိယာတစ်ခုတည်း ထားဖို့ရန် ဤသုတ်က ညွှန်ပြသည်။
နောက်ပုရိသ်။ ။ “နောက်ပုရိသ်”ဟူရာ၌ ကတ္တားပုဒ်၏ ရှေ့နောက် အနေအထားကို မကြည့်နှင့်, ကံ ကတ္တားတို့သည် ပုရိသ်မဟုတ်, ပုရိသ် ကား အာချာတ်ဝိဘတ်များသာ ဖြစ်၏၊ သို့အတွက် ကတ္တားပုဒ်တွေက “သော စ တွဉ္စ”ဟု နေနေ, “တွဉ္စ သော စ”ဟု နေနေ လိုရင်းမဟုတ်၊ ကြိယာပုဒ်သာ လိုရင်းတည်း၊ ကြိယာပုဒ်၌ ပုရိသ်ဟုခေါ်သော အာချာတ် ဝိဘတ် ၂ မျိုး ၃ မျိုး သက်ခွင့်ကြုံနေလျှင် နောက်ပုရိသ်(နောက်ဝိဘတ်) သာ သက်ရမည်ဟု ဆိုလိုသည်၊ ဥပမာ“တိ, သိ”ဟု ပုရိသ်၂ ခု သက်ခွင့် ကြုံနေလျှင် ပရောပုရိသ်ဖြစ်တဲ့ သိဝိဘတ်သာ သက်ပါ၊ တိ မိတို့ သက်ခွင့် ကြုံနေလျှင် မိဝိဘတ်သာ သက်ပါ၊ တိ သိ မိ ၃ ခု သက်ခွင့်ကြုံနေလျှင် မိ ဝိဘတ်သာ သက်ပါ”ဟု ဆိုလိုသည်။
ပုရိသ်ရှင်း။ ။ ပဌမနှင့်မဇ္ဈိမပုရိသ်တွဲလျှင် မဇ္ဈိမသည် ပရောပုရိသ် မည်၏၊ ပဌမနှင့်ဥတ္တမ, မဇ္ဈိမနှင့်ဥတ္တမတွဲရာ၌ ဥတ္တမသည် ပရောပုရိသ် မည်၏၊ ဤကဲ့သို့ ပုရိသ်၂ ပါး ၃ ပါးတွဲဖက်၍ ရောယှက်မည့် အရာဝယ် ၂ ပါး ၃ ပါး မသက်ရတော့ဘဲ ပရောပုရိသ်တစ်ခုသာ ဧကဝုစ်ဖြစ်စေ, ဗဟုဝုစ်ဖြစ်စေ လျော်အောင် သက်ရသည်ကို ယခုအခါ “ပုရိသ်ယှက်”ဟု ပြောစမှတ်ပြုကြ၏၊ ဤသုတ်၏ အဆိုမှာ ပုရိသ်ချင်း မရောယှက်ရအောင် ရှင်းပြသောကြောင့် “ပုရိသ်ရှင်း”ဟုသာ ခေါ်ဆိုစရာကောင်းတော့သည်။ [ပရောပုရိသ်ချရပုံအကျယ်ကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
֍ ၅။ နာမမှိ ပယုဇ္ဇမာနေပိ တုလျာဓိကရဏေ ပဌမော။ ။ တုလျာဓိကရဏေ- တူသောတည်ရာအနက်ရှိသော၊ နာမမှိ- နာမ သဒ္ဒါကို၊ ပယုဇ္ဇမာနေပိ- တိုက်ရိုက်ယှဉ်အပ်သော်လည်းကောင်း၊ အပ္ပယုဇ္ဇမာနေပိ- တိုက်ရိုက် မယှဉ်အပ်သော်လည်းကောင်း၊ ပဌမော- ပဌမပုရိသ်သည်၊ ဟောတိ- ဖြစ်၏။ သော ဂစ္ဆတိ, တေ ဂစ္ဆ န္တိ, ဂစ္ဆတိ, ဂစ္ဆ န္တိ စသည်တည်း။
֍ ၆။ တုမှေ မဇ္ဈိမော။ ။ တုလျာဓိကရဏေ- တူသောတည်ရာ အနက်ရှိသော၊ တုမှေ- တုမှသဒ္ဒါကို၊ ပယုဇ္ဇမာနေပိ- တိုက်ရိုက် ယှဉ်အပ်သော်လည်းကောင်း၊ အပ္ပယုဇ္ဇမာနေပိ- တိုက်ရိုက်မယှဉ် အပ်သော်လည်းကောင်း၊ မဇ္ဈိမော- မဇ္ဈိမပုရိသ်သည်၊ ဟောတိ- ဖြစ်၏။ တွံ ဂစ္ဆသိ, တုမှေ ဂစ္ဆထ, ဂစ္ဆသိ, ဂစ္ဆထ စသည်တည်း။
֍ ၇။ အမှေ ဥတ္တမော။ ။ တုလျာဓိကရဏေ- သော၊ အမှေ- အမှ သဒ္ဒါကို၊ ပယုဇ္ဇမာနေပိ- သော်လည်းကောင်း၊ အပ္ပယုဇ္ဇမာနေပိ- သော်လည်းကောင်း၊ ဥတ္တမော- ဥတ္တမပုရိသ်သည်၊ ဟောတိ- ၏။ အဟံ ဂစ္ဆာမိ, မယံ ဂစ္ဆာမ, ဂစ္ဆာမိ, ဂစ္ဆာမ စသည်တည်း။
၅-၆-၇။ [ဆိုင်ရာသုတ်များစုံမှ ရုပ်တွက်ရမည်။] ပယုဇ္ဇမာနေပိ၌ အပိသဒ္ဒါဖြင့် အပ္ပယုဇ္ဇမာနကို ဆည်း၏၊ ထို့ကြောင့် “အပ္ပယုဇ္ဇမာနေပိ” ဟု ထည့်ခဲ့ရသည်၊ “သော ဂစ္ဆတိ”၌ “သော”ပုဒ်ကဲ့သို့ နာမသဒ္ဒါတိုက်ရိုက် ပါနေသည်ကို ပယုဇ္ဇမာနဟု ဆိုထားသည်၊ သော ဂစ္ဆတိကား ဧကဝုစ်ပုံစံ, တေ ဂစ္ဆ န္တိကား ဗဟုဝုစ်ပုံစံတည်း၊ “သော-တေ”ဟု တိုက်ရိုက်မပါဘဲ “ဂစ္ဆတိ, ဂစ္ဆ န္တိ”ဟု ကြိယာသာ ပါနေသောအရာကို အပ္ပယုဇ္ဇမာနဟု ဆိုသည်၊ ဤကဲ့သို့ တိုက်ရိုက်မပါသော်လည်း နာမသဒ္ဒါ ဖြစ်သင့်၏ဟု သိနိုင်လောက်သောအရာကို “ဂမျမာန=ဂမျမာန်”ဟု ခေါ်သည်။
နာမ တုမှ အမှ။ ။ နာမ်ဂိုဏ်းတုန်းက သဗ္ဗနာမ်ဂိုဏ်းအဆုံးတွင် တုမှ အမှသဒ္ဒါကို ပြခဲ့ပြီ၊ ထို တုမှ အမှသဒ္ဒါမှ တစ်ပါးသော နာမ်ပုဒ်ဟူသမျှကို နာမသဒ္ဒါဟုချည်း ခေါ်ဝေါ်ရသည်။
တုလျာဓိကရဏ = ဟတုလျ + အဓိကရဏ၊ တုလျ = တူသော+ အဓိကရဏ = တည်ရာအနက်။] သဒ္ဒါသည် အနက်ကို စွဲ၍ ဖြစ်ရ၏၊ ထို့ကြောင့် အနက်ကို “သဒ္ဒါ၏ တည်ရာ” ဟု ဆိုသည်၊ ကြိယာနှင့် အနက်ချင်းတည်ရာတူသောသဒ္ဒါကို “တုလျာဓိကရဏ”ဟု ခေါ်၏။
ချဲ့ဦးအံ့-“သော ဂစ္ဆတိ”ဟူသောပုံစံအစား “ပုရိသော ဂစ္ဆတိ”ဟူသော ပုံစံကို ထုတ်ကြစို့၊ ဤပုံစံ၌ ပုရိသောသဒ္ဒါသည် ယောက်ျားဟူသော အနက်၌ တည်၏၊ “ဂစ္ဆတိ-သွား၏”ဟူရာ၌လည်း သွားတတ်သူကား ယောက်ျားတည်း၊ ဤသို့ နေရာတစ်ခု၌ လူ၂ ယောက်ထိုင်နေသကဲ့သို့ ယောက်ျားဒြဗ်တည်းဟူသော အနက်တစ်ခု၌ “ပုရိသော-ဂစ္ဆတိ”ဟူသော သဒ္ဒါ၂ ခုတို့ တည်နေကြသည်ကို “တုလျာဓိကရဏ-တူသော တည်ရာ အနက်ရှိသည်”ဟု ဆိုသည်။
နာမယောဂစသည်။ ။ နာမသဒ္ဒါနှင့်ယှဉ်တွဲရသော အာချာတ်ကြိယာ ပုဒ်ကို “နာမယောဂ”ဟု ခေါ်၏၊ တုမှသဒ္ဒါနှင့် ယှဉ်တွဲရသော အာချာတ် ကြိယာကို “တုမှယောဂ”ဟုလည်းကောင်း, အမှသဒ္ဒါနှင့် ယှဉ်တွဲရသော အာချာတ်ကြိယာကို “အမှယောဂ”ဟုလည်းကောင်း ခေါ်သည်။ [နာမ= နာမသဒ္ဒါနှင့်+ယောဂ=ယှဉ်သောကြိယာ၊ တုမှ=တုမှသဒ္ဒါနှင့်+ယောဂ= ယှဉ်သောကြိယာ၊ အမှ = အမှသဒ္ဒါနှင့် + ယောဂ = ယှဉ်သောကြိယာ၊] ဤစကားစဉ်အရ ပုရိသ်ဟူသော နာမည်သည် အာချာတ်ဝိဘတ်များ၏ နာမည်တည်း၊ နာမယောဂစသော (ခေတ်သုံး)နာမည်သည် အာချာတ် ကြိယာတစ်ပုဒ်လုံး၏ နာမည်တည်းဟု မှတ်သားခဲ့ပါ။
ကတ္တား, ကံ, ကြိယာ။ ။ ကတ္တား ကံ ကြိယာတို့၏ အသွားအလာကို နားလည်သောဉာဏ်သည် ပိဋကတော်၏ အခြေခံမျိုးစေ့ပေတည်း၊ ထို မျိုးစေ့ အောင်မြင်ကြီးပွားဖို့ရန် အသင်တို့၏ သမ္မာဆန္ဒဖြင့် ဉာဏ်တည်း ဟူသော မျိုးစေ့ကလေးများကို မပုတ် မသိုး ပိုးမထိုးအောင် ကြိုးစား၍ စောင့်ရှောက်ကြလော၊ ဤအခြေပြုကျမ်းတည်းဟူသော မြေကောင်းဝယ် သင်တို့၏ ဝီရိယတည်းဟူသော ရေစင်ကို လောင်းပြီးလျှင် အကောင်းဆုံး စည်ပင်အောင် တည်ထွင်ကြလော၊ ယခု ထိုကံ ကတ္တား ကြိယာထားနည်း ကို ပြတော့မည်။
[ဆောင်] ၁။ ထိုထိုဝါကျ, တွေ့သမျှ၌, အရတူစွာ, တစ်ခုသာ, ဟောရာ မှတ်လေမင့်။၂။ ဟောရာ ဟောရာ, ပဌမာ, မှန်စွာ အမြဲချင့်။
၃။ မဟော ကတ္တာ, တတိယာ, ကံမှာ ဒုတိနှင့်။
၄။ မဟောသမျှ, အဝုတ္တ၌, သဒ္ဒသုံးသွယ်, ဝုစ်နှစ်သွယ်, လဲလှယ် သွင်း၍ဆင့်။
၅။ ဟောသမျှ ရှိ, ယောဂ ညှိဖို့, နာမမှိ စ, သုံးသုတ်မျှ, နှုတ်ရ တက်စေသင့်။
ဝါကျ။ ။ ကတ္တား ကံ ကြိယာကို ခွဲခြားရာ၌ “သည်-တို့သည်”ဟု အနက်ဆိုရသော နာမ်ပုဒ်ကို ကတ္တား, “ကို-တို့ကို”ဟု အနက်ဆိုရသော နာမ်ပုဒ်ကို ကံ, အာချာတ်ပုဒ်များနှင့် ကိတ်ပုဒ်အချို့ကို ကြိယာဟု မှတ်၊ ထိုကဲ့သို့ ကတ္တား ကံ ကြိယာ သုံးမျိုးလုံးဖြစ်စေ, ကတ္တားနှင့်ကြိယာဖြစ်စေ, ထိုက်သလို ပါဝင်သော “ယောက်ျားသည် လမ်းကို သွား၏”စသော မြန်မာ စကားတစ်ရပ်, “ပုရိသော မဂ္ဂံ ဂစ္ဆတိ”စသော ပါဠိစကားတစ်ရပ်ကို တစ်ဝါကျဟု ခေါ်၏၊ စကားအခွန်း အနည်း အများလိုက်၍ ဝါကျ အတို အရှည် ကွဲပြား၏။
ဝုတ္တ အဝုတ္တ။ ။ ဝါကျ တစ်ခု တစ်ခု၌ ကြိယာသည် အချုပ်အခြာ တည်း၊ သို့အတွက် ထိုထိုဝါကျ တွေ့သမျှ၌ ကြိယာနှင့် အနက်အားဖြင့် အရတူသော (တုလျာဓိကရဏဖြစ်သော) ကတ္တားဖြစ်စေ, ကံဖြစ်စေ တစ်ခုခုသာဟောရာ ဝုတ္တဖြစ်၏၊ “တုလျာဓိကရဏ, ဖြစ်သမျှ, ဝုတ္တဟူ၍ မှတ်”၊…ကြိယာနှင့်အနက်အားဖြင့် မတူကြလျှင် ကြိယာ၏ဟောရာ မဟုတ်သော အဝုတ္တဟူ၍ မှတ်။
ဟော-မဟော။ ။ ပါဠိလို ဝုတ္တ အဝုတ္တ-မြန်မာလို ကြိယာက ဟောအပ် မဟောအပ်ဟူရာ၌ လူတစ်ဖက်သား နားလည်အောင် ပြောပြမှု ကို “ဟော=ပြော=ပြသည်”ဟု ဆိုရသကဲ့သို့ ထို့အတူ ထိုထိုကြိယာကို မြင်ရ ကြားရသဖြင့် သိရ နားလည်ရသောအနက်ဟူသမျှကို ထိုကြိယာက ဟောသည်=ပြောသည်=ပြသည်ဟု မှတ်၊ ကြိယာက ဟောတတ် သိစေ တတ်သည်၊ အနက်က ဟောအပ် သိစေအပ်သည်၊ ဝါ-“ဝုတ္တဖြစ်သည်” ဟူလို၊ ထိုကဲ့သို့ ကြိယာက မသိစေအပ် (မဟောအပ်)သော အနက်သည် အဝုတ္တ ဖြစ်၏။
ပုရိသောနှင့်ဂစ္ဆတိအနက်တူပုံ။ ။ ပုရိသော မဂ္ဂံ ဂစ္ဆတိ၌ “ဂစ္ဆတိသွား၏”ဟု အနက်ဆိုပြီးလျှင် ဂစ္ဆတိဟူသော ကြိယာဖြင့် အဘယ်အနက် ကို သိရသေးသလဲဟု စဉ်းစားကြည့်ပါ၊ ပါဠိလို “ဂစ္ဆတိ” မြန်မာလို “သွား၏=သွားတတ်၏”ဟူသော အသံကို ကြားရလျှင် “ဒူလာပါဒရက်စွဲ၍ ပုံလဲနေသူ မဟုတ်, သွားနိုင် လာနိုင် သွားစွမ်းနိုင်သောသတ္တိရှိသူ”ဟု သတ္တိကို ရှေးဦးစွာ သိရသည် မဟုတ်လော၊ ထိုသွားစွမ်းနိုင်သောသတ္တိ သည် လမ်းပေါ်မှာ တည်သည်မဟုတ်, ယောက်ျားပေါ်မှာ တည်သည်၊ ထို့ကြောင့် ဂစ္ဆတိဟူသော ကြိယာဖြင့် သွားနိုင်သော (ကတ္တုသတ္တိခေါ်) သတ္တိနက်နှင့် သွားတတ်သောဒြဗ်နက် ဤ၂ နက်ကို သိရ၏၊ ထိုအနက် များကို ဂစ္ဆတိကြိယာက ဟောသည်ဟု မှတ်၊ ဂစ္ဆတိအရ သွားတတ်သူမှာ “မည်သူမည်ဝါ”ဟု မထင်ရှားသေး၊ ထို့ကြောင့် ပုရိသောဟု ထည့်စွက်ရ သည်၊ ထို့ကြောင့် ဂစ္ဆတိနှင့်ပုရိသောသဒ္ဒါတို့သည် သွားတတ်သူယောကျ်ား ဒြဗ်ကို ဟောရာ၌ အနက်ချင်း တူမျှသဖြင့် တုလျာဓိကရဏဖြစ်ကြသည်။
ဤစကားစဉ်အရ ဂစ္ဆတိကြိယာသည် သွားစွမ်းနိုင်သောကတ္တုသတ္တိနှင့် ထိုသတ္တိ၏တည်ရာ ယောက်ျားဒြဗ်ကို မုချအားဖြင့် ဟော၏၊ ပုရိသော သဒ္ဒါကိုကား ဂစ္ဆတိက မုချအားဖြင့် မဟောနိုင်-မသိစေနိုင်၊ သို့သော် ယောက်ျားဒြဗ်နက်ကို အကြောင်းပြု၍ ပုရိသောသဒ္ဒါကိုလည်း ကာရဏူ ပစာရအားဖြင့် ဟောရာရောက်သည်၊ ဤနည်းအရ ပုရိသောသဒ္ဒါလည်း ဂစ္ဆတိကြိယာက ဟောအပ်သော ဝုတ္တ ဖြစ်ရလေသည်၊ လမ်းဒြဗ်နှင့် မဂ္ဂ သဒ္ဒါကိုကား ဂစ္ဆတိကြိယာက မဟောပြနိုင်-မသိစေနိုင်သောကြောင့် လမ်းဒြဗ်နှင့် မဂ္ဂသဒ္ဒါကို အဝုတ္တဟု ဆိုရလေသည်။
မှတ်ချက်။ ။ အနက်နှင့်သဒ္ဒါတွင် အနက်က အကြောင်းရင်းဖြစ်၍ ကာရဏတည်း၊ ထိုအနက်ကြောင့် သဒ္ဒါအမျိုးမျိုးပေါ်ပေါက်ရသဖြင့် သဒ္ဒါက အကျိုးဖလတည်း၊ အကြောင်းအနက်၏ ဝုတ္တဟူသော နာမည်ကို အကျိုးသဒ္ဒါပေါ်တင်စား၍ ပုရိသောသဒ္ဒါကိုလည်း ဝုတ္တဟု ခေါ်ဝေါ်ရ ခြင်းသည် ကာရဏူပစာရမည်၏၊ ယခုကာလ၌ကားပုရိသောသဒ္ဒါကို ဂစ္ဆတိကြိယာက မုချအားဖြင့် ဟောသည်ဟု ထင်မှားကြလေသည်။
ဟောရာ ဟောရာ ပဌမာ။ ။ ကြိယာသည် ကတ္တားကို ဟောသော ကြိယာ, ကံကို ဟောသောကြိယာဟု ၂ မျိုးရှိ၏၊ ကတ္တားကို ဟောရာ၌ ကတ္တားကို ပဌမာဝိဘတ်ဖြင့် ပါဠိစီရသည်၊ ပုံစံကား…“ပုရိသော ဂစ္ဆတိ” တည်း၊ ကံကို ဟောရာ၌လည်း ကံကို ပဌမာဝိဘတ်ဖြင့်ပင် ပါဠိစီရသည်၊ ပုံစံကား-“မဂ္ဂေါ ဂစ္ဆီယတေ=လမ်းကို သွားအပ်၏”တည်း၊ ထိုသို့ ဟောရာ၌ ကြိယာနှင့်ကတ္တား, ကြိယာနှင့်ကံတို့သည် ဧကဝုစ် ဗဟုဝုစ်ချင်း (များသော အားဖြင့်) တူကြရသည်။
မဟောကတ္တာ-တတိယာ, ကံမှာ ဒုတိနှင့်။ ။ ကြိယာက မဟောအပ် သော အဝုတ္တကတ္တားကို တတိယာဝိဘတ်ဖြင့် ပါဠိစီရမည်၊ ပုံစံကား… “ပုရိသေန ဂစ္ဆီယတေ”တည်း၊ ကြိယာသည် မဟောအပ်သော အဝုတ္တကံ ကို ဒုတိယာဝိဘတ်ဖြင့် ပါဠိစီရမည်၊ ပုံစံကား…“မဂ္ဂံ ဂစ္ဆတိ”တည်း၊ ဤကဲ့သို့ မဟောအပ်သော ကံ ကတ္တားတို့မှာ ကြိယာနှင့် ဧကဝုစ်ချင်း ဗဟုဝုစ်ချင်း တူကြသည်ဖြစ်စေ မတူကြသည်ဖြစ်စေ နေနိုင်လေတော့ သည်။
ဆက်ဦးအံ့-“မဂ္ဂေါ ဂစ္ဆီယတေ”ဟူသော ကံဟောဝါကျ၌ “ဂစ္ဆီယတေသွားအပ်၏”ဟူသော စကားကို စဉ်းစားပါ၊ သွားအပ်သည်ဟူရာ၌ “သွားထိုက်သည်, သွားကောင်းသည်, သွားလို့ဖြစ်သည်”ဟု အဓိပ္ပာယ် ရသောကြောင့် လမ်းဒြဗ်ကို ပြောကြောင်းသိသာသည် မဟုတ်လော၊ ထို့ကြောင့် ဂစ္ဆီယတေကြိယာသည် သွားအပ် သွားထိုက်သည်ဟူသော ကမ္မသတ္တိနှင့် သွားအပ်သော လမ်းဒြဗ်, ဤ၂ နက်ကို မုချအားဖြင့် ဟော၏၊ မဂ္ဂေါဟူသော သဒ္ဒါကိုကား လမ်းဒြဗ်ကို အကြောင်းပြု၍ ကာရဏူပစာရအားဖြင့် ဟောသည်၊ “မဂ္ဂေါသဒ္ဒါလည်း ကာရဏူပစာရ အားဖြင့် ဝုတ္တဖြစ်သည်” ဟူလို။
မဟောသမျှ, အဝုတ္တ၌, သဒ္ဒသုံးသွယ်, ဝုစ်နှစ်သွယ်။ ။ မဟောအပ် သော အဝုတ္တ ကံ ကတ္တားတို့၌ နာမ တုမှ အမှဟူသော သဒ္ဒ ၃ မျိုးကို လည်းကောင်း, ဧကဝုစ် ဗဟုဝုစ် ၂ မျိုးကိုလည်းကောင်း လဲလှယ်၍ အဆင့်ဆင့် သွင်းနိုင်သည်။
ဟောသမျှရှိ, ယောဂညှိဖို့, နာမမှိ စ, သုံးသုတ်မျှ။ ။ ဟောအပ်သမျှ ဝုတ္တ ကံ ကတ္တားတို့နှင့် ယောဂဖြစ်သော (ယှဉ်ဖက်ဖြစ်သော)ကြိယာကို (တည့်, မတည့်) နှိုင်းညှိဖို့ရာ နာမမှိ ပယုဇ္ဇမာနေပိ တုလျာဓိကရဏေ ပဌမော, တုမှေ မဇ္ဈိမော, အမှေ ဥတ္တမော ဆိုတဲ့ ၃ သုတ်ကို နှုတ်တက် ပါစေ၊ ထို ၃ သုတ်ကို သတိပြုပါ ဟူလို။
ဆိုလိုရင်းကား …“ဝုတ္တ ကံ ကတ္တားတို့၌ ပုရိသော ပုရိသော မဂ္ဂေါ မဂ္ဂါဟု နာမသဒ္ဒါကို ယှဉ်စပ်ထားလျှင် နာမမှိ ပယုဇ္ဇမာနေပိ တုလျာဓိ ကရဏေ ပဌမောသုတ်အရ ကြိယာ၌ ပဌမပုရိသ်ဖြစ်တဲ့ တိ အန္တိ, တေ အန္တေ ဝိဘတ်များ သက်ရမည်”ဟု ဆိုလိုသည်။
ဝုတ္တ ကံ ကတ္တား၌ တွံ တုမှေဟု တုမှသဒ္ဒါကို ယှဉ်စပ်ထားလျှင် တုမှေ မဇ္ဈိမောသုတ်အရ မဇ္ဈိမပုရိသ်ဖြစ်တဲ့ သိ ထ, သေ ဝှေ ဝိဘတ်များ သက်ရမည်၊ ဝုတ္တ ကံ ကတ္တားတို့၌ အဟံ မယံဟု အမှသဒ္ဒါကို ယှဉ်စပ် (သုံးစွဲ)ထားလျှင် အမှေ ဥတ္တမောသုတ်အရ ဥတ္တမပုရိသ်ဖြစ်တဲ့ မိ မ, ဧ မှေ ဝိဘတ်များ သက်ရမည် ဟူလို။ [ဧကဝုစ်ချင်း ဗဟုဝုစ်ချင်းလည်း တူရမည်။]
ပရဿပုဒ် အတ္တနောပုဒ် ထားနည်း။ ။ ကတ္တားကို ဟောရာ၌ “ကတ္တရိ ပရဿ ပဒံ”သုတ်အရ “တိ အန္တိ, သိ ထ, မိ မ”ဟူသော ပရဿပုဒ်ဝိဘတ်များ သက်၍ ဘောကိုဖြစ်စေ, ကံကိုဖြစ်စေ ဟောရာ၌ “အတ္တနောပဒါနိ ဘာဝေ စ ကမ္မနိ”သုတ်အရ အတ္တနောပုဒ်ဖြစ်တဲ့ “တေ အန္တေ, သေ ဝှေ, ဧ မှေ”ဝိဘတ်များသက်ရမည်ဟု မှတ်နှင့်ပါ၊ နောင်ခါ အတ္တနောပုဒ်မှ ပရဿပုဒ်ပြောင်းပုံကို သိရပေလိမ့်မည်၊ ဘောဟော၏ သဘောကိုလည်း နောက်မှ ပြပေအံ့။
ဤဆိုအပ်ပြီးသော အဓိပ္ပာယ်အားလုံးကို နားလည်ဖို့ရာ လာလတ္တံ့ ဇယားကွက်ပုံစံများကို ညွှန်ပြ၍ ဆရာတို့က အဓိပ္ပာယ် ပြောပြကြပါ။
နာမယောဂဧကဝုစ်
ကတ္တားဟော ၆ ဝါကျ
ပုရိသော မဂ္ဂံ ဂစ္ဆတိ။
ပုရိသော မဂ္ဂေ ဂစ္ဆတိ။
ပုရိသော တံ ဂစ္ဆတိ။
ပုရိသော တုမှေ ဂစ္ဆတိ။
ပုရိသော မံ ဂစ္ဆတိ။
ပုရိသော အမှေ ဂစ္ဆတိ။
ကံဟော ၆ ဝါကျ
ပုရိသေန မဂ္ဂေါ ဂစ္ဆီယတေ။
ပုရိသေဟိ မဂ္ဂေါ ဂစ္ဆီယတေ။
တယာ မဂ္ဂေါ ဂစ္ဆီယတေ။
တုမှေဟိ မဂ္ဂေါ ဂစ္ဆီယတေ။
မယာ မဂ္ဂေါ ဂစ္ဆီယတေ။
အမှေဟိ မဂ္ဂေါ ဂစ္ဆီယတေ။
ပုရိသောဟူသော ဝုတ္တကတ္တား, မဂ္ဂေါဟူသော ဝုတ္တကံတို့က ဧကဝုစ် နာမသဒ္ဒါများဖြစ်သောကြောင့် နာမမှိ ပယုဇ္ဇမာနေပိ တုလျာဓိကရဏေ ပဌမောသုတ်အရ ဂစ္ဆတိ ဂစ္ဆီယတေဟူသော ကြိယာများ၌ ပဌမပုရိသ် ဧကဝုစ်ဝိဘတ်များ သက်ရပုံ, “ဟောရာ ဟောရာ ပဌမာ”အရ ထိုဝုတ္တ ကတ္တား ဝုတ္တကံတို့၌ ပုရိသော-မဂ္ဂေါဟု ပဌမာဝိဘတ်သက်ရပုံ “မဟော ကတ္တာ, တတိယာ, ကံမှာ ဒုတိနှင့်”အရ အဝုတ္တကတ္တား၌ ပုရိသေနစသည် ဖြင့် တတိယာဝိဘတ်သက်၍ အဝုတ္တကံ၌ မဂ္ဂံစသည်ဖြင့် ဒုတိယာဝိဘတ် သက်ပြီးလျှင် “မဟောသမျှ, အဝုတ္တ၌, သဒ္ဒသုံးသွယ်, ဝုစ်နှစ်သွယ်, လဲလှယ် သွင်း၍ ဆင့်”အရ နာမ တုမှ အမှသဒ္ဒါ ၃ မျိုး, ဧကဝုစ် ဗဟုဝုစ် ၂ မျိုး လဲလှယ်ထားပုံကို ကြည့်ပါ။
ပုရိသော-ယောက်ျားသည်၊ မဂ္ဂံ-လမ်းကို၊ မဂ္ဂေ-လမ်းတို့ကို၊ တံ-သင် လမ်းကို၊ တုမှေ-သင်လမ်းတို့ကို၊ မံ-ငါလမ်းကို၊ အမှေ-ငါလမ်းတို့ကို၊ ဂစ္ဆတိသွား၏၊ (ကတ္တားဟော ၆ ဝါကျ အနက်ပေးပုံ) ပုရိသေန-ယောက်ျားသည်၊ ပုရိသေဟိ-ယောက်ျားတို့သည်၊ တယာ-သင်သည်၊ တုမှေဟိ-သင်တို့သည်၊ မယာ-ငါသည်၊ အမှေဟိ-ငါတို့သည်၊ မဂ္ဂေါ-လမ်းကို၊ ဂစ္ဆီယတေ-သွားအပ် ၏၊ (ကံဟော ၆ ဝါကျ အနက်ပေးပုံ) နောက်နောက်ဝါကျများ၌လည်း ဤနည်းအတိုင်း အနက်ပေးရမည်၊ ဤ ကံ ကတ္တားခွဲခန်း၌ အနက်နေ သင့် မသင့်ကို နှိုင်းချင့်ဖွယ် မလို၊ သဒ္ဒါနေ သင့် မသင့်ကိုသာ နှိုင်းချင့် ပါလေ၊ ထိုသဒ္ဒါအနေနှင့်တန်သောပါဠိများကို ပိဋကတော်၌ အလိုက်သင့် တွေ့ရလတ္တံ့။
နာမယောဂဗဟုဝုစ်
ကတ္တားဟော ၆ ဝါကျ
ပုရိသာ မဂ္ဂံ ဂစ္ဆန္တိ။
ပုရိသာ မဂ္ဂေ ဂစ္ဆန္တိ။
ပုရိသာ တံ ဂစ္ဆန္တိ။
ပုရိသာ တုမှေ ဂစ္ဆန္တိ။
ပုရိသာ မံ ဂစ္ဆန္တိ။
ပုရိသာ အမှေ ဂစ္ဆန္တိ။
ကံဟော ၆ ဝါကျ
ပုရိသေန မဂ္ဂေါ ဂစ္ဆီယန္တေ။
ပုရိသေဟိ မဂ္ဂေါ ဂစ္ဆီယန္တေ။
တယာ မဂ္ဂေါ ဂစ္ဆီယန္တေ။
တုမှေဟိ မဂ္ဂေါ ဂစ္ဆီယန္တေ။
မယာ မဂ္ဂေါ ဂစ္ဆီယန္တေ။
အမှေဟိ မဂ္ဂေါ ဂစ္ဆီယန္တေ။
ပုရိသာဟူသော ဝုတ္တကတ္တား, မဂ္ဂါဟူသော ဝုတ္တကံတို့က ဗဟုဝုစ် နာမသဒ္ဒါများဖြစ်သောကြောင့် ဂစ္ဆ န္တိ ဂစ္ဆီယန္တေဟူသော ကြိယာများ၌ ပဌမပုရိသ် ဗဟုဝုစ်ဝိဘတ်များ သက်ရပုံ, ဝုတ္တ ကတ္တား ဝုတ္တကံတို့၌ ပဌမာဝိဘတ်သက်၍ အဝုတ္တကတ္တား ကံတို့၌ တတိယာ ဒုတိယာဝိဘတ် သက်ပြီးလျှင် သဒ္ဒသုံးသွယ်, ဝုစ်နှစ်သွယ်, လဲလှယ် သွင်းထားပုံကို ကြည့်ပါ။ [ပုရိသေန-သည်၊ မဂ္ဂါ-လမ်းတို့ကို၊ ဂစ္ဆီယန္တေ-သွားအပ်ကုန်၏၊ ဤသို့ စသည်ဖြင့် အနက်ဆို။]
တုမှယောဂဧကဝုစ်
ကတ္တားဟော ၆ ဝါကျ
တွံ မဂ္ဂံ ဂစ္ဆသိ။
တွံ မဂ္ဂေ ဂစ္ဆသိ။
တွံ တံ ဂစ္ဆသိ။
တွံ တုမှေ ဂစ္ဆသိ။
တွံ မံ ဂစ္ဆသိ။
တွံ အမှေ ဂစ္ဆသိ။
ကံဟော ၆ ဝါကျ
ပုရိသေန တွံ ဂစ္ဆီယသေ။
ပုရိသေဟိ တွံ ဂစ္ဆီယသေ။
တယာ တွံ ဂစ္ဆီယသေ။
တုမှေဟိ တွံ ဂစ္ဆီယသေ။
မယာ တွံ ဂစ္ဆီယသေ။
အမှေဟိ တွံ ဂစ္ဆီယသေ။
တွံဟူသော ဝုတ္တကတ္တား, ဝုတ္တကံတို့က ဧကဝုစ် တုမှသဒ္ဒါများဖြစ်သောကြောင့် ဂစ္ဆသိ ဂစ္ဆီယသေဟူသော ကြိယာများ၌ “တုမှေ မဇ္ဈိမော” သုတ်အရ မဇ္ဈိမပုရိသ် ဧကဝုစ်ဝိဘတ်များ သက်ရပုံ, ဝုတ္တကတ္တား ဝုတ္တကံ ဖြစ်သော တွံ၌ ပဌမာဝိဘတ်သက်၍ မဂ္ဂံစသော အဝုတ္တကံ၌ ဒုတိယာပုရိသေနစသော အဝုတ္တကတ္တား၌ တတိယာဝိဘတ်သက်ပြီးလျှင် သဒ္ဒ သုံးသွယ်, ဝုစ်နှစ်သွယ်, လဲလှယ်ပုံကို ကြည့်ပါ။ [ပုရိသေန-သည်၊ တွံသင်လမ်းကို၊ ဂစ္ဆီယသေ-သွားအပ်၏၊ ဤသို့ စသည်ဖြင့် အနက်ဆို။]
တုမှယောဂဗဟုဝုစ်
ကတ္တားဟော ၆ ဝါကျ
တုမှေ မဂ္ဂံ ဂစ္ဆထ။
တုမှေ မဂ္ဂေ ဂစ္ဆထ။
တုမှေ တံ ဂစ္ဆထ။
တုမှေ တုမှေ ဂစ္ဆထ။
တုမှေ မံ ဂစ္ဆထ။
ကံဟော ၆ ဝါကျ
ပုရိသေန တုမှေ ဂစ္ဆီယဝှေ။
ပုရိသေဟိ တုမှေ ဂစ္ဆီယဝှေ။
တယာ တုမှေ ဂစ္ဆီယဝှေ။
တုမှေဟိ တုမှေ ဂစ္ဆီယဝှေ။
မယာ တုမှေ ဂစ္ဆီယဝှေ။
အမှေဟိ တုမှေ ဂစ္ဆီယဝှေ။
တုမှေဟူသော ဝုတ္တကတ္တား ဝုတ္တကံတို့က ဗဟုဝုစ် တုမှသဒ္ဒါများ ဖြစ်သောကြောင့် မဇ္ဈိမပုရိသ် ဗဟုဝုစ်ဝိဘတ်များသက်ရပုံ-ဝုတ္တကတ္တား ကံတို့၌ ပဌမာဝိဘတ်သက်၍ မဂ္ဂံစသော အဝုတ္တကံတို့၌ ဒုတိယာဝိဘတ်ပုရိသေနစသော အဝုတ္တကတ္တားတို့၌ တတိယာဝိဘတ်သက်ပြီးလျှင် သဒ္ဒ ၃ သွယ် ဝုစ် ၂ သွယ် လဲလှယ်ပုံကို ကြည့်ပါ။ [ပုရိသေန-သည်၊ တုမှေသင်လမ်းတို့ကို၊ ဂစ္ဆီယဝှေ-သွားအပ်ကုန်၏၊ ဤသို့ စသည်ဖြင့် အနက်ဆို၊၊]
အမှယောဂဧကဝုစ်
ကတ္တားဟော ၆ ဝါကျ
အဟံ မဂ္ဂံ ဂစ္ဆာမိ။
အဟံ မဂ္ဂေ ဂစ္ဆာမိ။
အဟံ တံ ဂစ္ဆာမိ။
အဟံ တုမှေ ဂစ္ဆာမိ။
အဟံ မံ ဂစ္ဆာမိ။
အဟံ အမှေ ဂစ္ဆာမိ။
ကံဟော ၆ ဝါကျ
ပုရိသေန အဟံ ဂစ္ဆီယေ။
ပုရိသေဟိ အဟံ ဂစ္ဆီယေ။
တယာ အဟံ ဂစ္ဆီယေ။
တုမှေဟိ အဟံ ဂစ္ဆီယေ။
မယာ အဟံ ဂစ္ဆီယေ။
အမှေဟိ အဟံ ဂစ္ဆီယေ။
အဟံဟူသော ဝုတ္တကတ္တား, ဝုတ္တကံတို့က ဧကဝုစ် အမှသဒ္ဒါများဖြစ်သောကြောင့် “အမှေ ဥတ္တမော”သုတ်အရ ဥတ္တမပုရိသ် ဧကဝုစ်ဝိဘတ် များ သက်ရပုံစသည် ကြည့်ပါ။ [အဟံ-ငါလမ်းကို၊ ဂစ္ဆီယေ-သွားအပ်၏၊ နောက်၌ “မယံ-တို့ကို၊ ဂစ္ဆီယာမှေ-ကုန်၏” စသည်ဖြင့် အနက်ဆို။]
အမှယောဂဗဟုဝုစ်
ကတ္တားဟော ၆ ဝါကျ
မယံ မဂ္ဂံ ဂစ္ဆာမ။
မယံ မဂ္ဂေ ဂစ္ဆာမ။
မယံတံ ဂစ္ဆာမ။
မယံ တုမှေ ဂစ္ဆာမ။
မယံ မံ ဂစ္ဆာမ။
မယံ အမှေ ဂစ္ဆာမ။
ကံဟော ၆ ဝါကျ
ပုရိသေန မယံ ဂစ္ဆီယာမှေ။
ပုရိသေဟိ မယံ ဂစ္ဆီယာမှေ။
တယာ မယံ ဂစ္ဆီယာမှေ။
တုမှေဟိ မယံ ဂစ္ဆီယာမှေ။
မယာ မယံ ဂစ္ဆီယာမှေ။
အမှေဟိ မယံ ဂစ္ဆီယာမှေ။
မယံဟူသော ဝုတ္တကတ္တား ဝုတ္တကံတို့က ဗဟုဝုစ် အမှသဒ္ဒါများ ဖြစ်သောကြောင့် ဥတ္တမပုရိသ် ဗဟုဝုစ်ဝိဘတ်များသက်ရပုံစသည် ကြည့်ပါ။
နားလည်-မလည်ကို နှိုင်းချိန်ဖို့ရာ ညွှန်ပြမည့်ပုစ္ဆာတို့ကို ဖြေဆိုစေပါလော။
၁။ ဝုတ္တ-အဝုတ္တ၂ မျိုးတွင် ဝုတ္တကံ ကတ္တား၌ ဘယ်ဝိဘတ်ဖြင့် ပါဠိစီ၍ အဝုတ္တကံ ကတ္တား၌ ဘယ်ဝိဘတ်များဖြင့် ပါဠိစီရမည်နည်း။ ၂။ ဝုတ္တကံ ကတ္တားသည် နာမသဒ္ဒါဖြစ်ခဲ့လျှင် နာမယောဂကြိယာ၌ ဘယ်ပုရိသ် (ဘယ်ဝိဘတ်)ဖြင့် ပါဠိစီရမည်နည်း။
၃။ ဝုတ္တကံ ကတ္တားသည် အမှသဒ္ဒါ ဖြစ်ခဲ့လျှင် အမှယောဂကြိယာ၌ ဘယ်ပုရိသ်ဖြင့် ပါဠိစီရမည်နည်း။
၄။ “ပုရိသော မဂ္ဂံ ဂစ္ဆတိ”ဝါကျ၌ အဘယ်ပုဒ်သည် ဝုတ္တ ဖြစ်သနည်း။ ၅။ ထိုနံပါတ် ၄ ဝါကျ၏ အဝုတ္တ၌ သဒ္ဒါ ဘယ်နှစ်မျိုး ထားနိုင်သနည်း, ၆ ဝါကျရအောင် ထားပြစမ်းပါ။
၆။ “ပုရိသေန မဂ္ဂေါ ဂစ္ဆီယတေ”ဝါကျ၌ အဘယ်ပုဒ်သည် အဝုတ္တ ဖြစ် သနည်း, အဝုတ္တ၌ ရသင့်သမျှ ပြောင်းလွှဲ၍ ၆ ဝါကျ ခွဲပြစမ်းပါ။
၇။ “တွံ မဂ္ဂံ”ဟု ကတ္တားနှင့်ကံ ရှိနေလျှင် “ဂစ္ဆတိ ဂစ္ဆသိ ဂစ္ဆာမိ” ကြိယာ ၃ မျိုးတွင် ဘယ်ကြိယာဖြင့် ပါဠိစီရမည်နည်း၊ ထိုကဲ့သို့ စီရခြင်း၌ နာမမှိ ပယုဇ္ဇမာနေပိ စသော သုတ်တို့တွင် ဘယ်သုတ်ကို ထောက် မည်နည်း။
၈။ “ပုရိသေန တွံ”ဟု ကတ္တား ကံတို့ ရှိနေလျှင် “ဂစ္ဆီယတေ ဂစ္ဆီယသေ ဂစ္ဆီယေ” ကြိယာ ၃ မျိုးတွင် ဘယ်ကြိယာဖြင့် ပါဠိစီမည်နည်း။
֍ ၈။ ကာလေ။ ။ အယံ- ဤကာလေဟူသော သုတ်သည်၊ အဓိကာရော- နောက်သုတ်များသို့ လိုက်သောသုတ်တည်း။
၈။ ဤကာလေသုတ်၏ လိုက်ပုံသည် နောက်သုတ်များ၌ ထင်ရှား လတ္တံ့။ [နာမ်ပိုင်း၌လည်း ကာလေသုတ် ပါခဲ့ပြီ၊ ဤ ကာလေ၂ သုတ်တို့ ထူးခြားပုံကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
֍ ၉။ ဝတ္တမာနာ ပစ္စုပ္ပန္နေ။ ။ ပစ္စုပ္ပန္နေ- ပစ္စုပ္ပန်ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ ဝတ္တမာနာ- ဝတ္တမာန်ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဂစ္ဆတိ, ဂစ္ဆ န္တိ စသည်တည်း။
၉။ အချို့ကျမ်း၌ အချိန်အခါကို ကာလဟု ဆို၏၊ ရူပသိဒ္ဓိစသည်တို့ ၌ကား “ဓာတ်၏အနက်ဟူသည် ကြိယာတည်း၊ ဓာတ်နောက်သက်သော တိ အန္တိ စသော ဝိဘတ်များလည်း ထိုအနက်၌သာ ဖြစ်ထိုက်၏”ဟု သဘောပိုက်၍ ကာလအရ ကြိယာကို ဖွင့်ဆိုကြသည်။
ပစ္စုပ္ပန္န။ ။ ပတိ+ဥပ္ပန္န၊ ပတိ=တစ်စုံတစ်ခုကို စွဲ၍+ဥပ္ပန္န=ဖြစ်ဆဲ (ဖြစ်တုန်း, ဖြစ်၍ မပြီးဆုံးသေးသော)ကြိယာတည်း၊ ဥပမာ-မန္တလေးမှ ရန်ကုန်သို့ ထွက်သောရထားသည် မန္တလေးဘူတာဝယ် ရထားဘီးလည် သည်မှစ၍ ရန်ကုန်ဘူတာကြီး၌ ရပ်သည့်တိုင်အောင် အတွင်းကို သွားဆဲ ဟု ဆိုရ၏၊ ထိုသွားခြင်းကြိယာသည် ပစ္စုပ္ပန်ကြိယာတည်း။
ဝတ္တမာန်။ ။ “ဝတ္တတီတိ ဝတ္တမာနော, ဝတ္တမာနေ ဘဝါ ဝတ္တမာနာ” ဝတ္တတိ-ဖြစ်ဆဲ၊ ဣတိ-ထို့ကြောင့်၊ ဝတ္တမာနော-ဝတ္တမာန မည်၏၊ ဝတ္တ မာနေ-ဖြစ်ဆဲ-ဖြစ်တုန်းကြိယာ၌၊ ဘဝါ-ဖြစ်သောဝိဘတ်သည်၊ဝတ္တမာနာဝတ္တမာန်ဝိဘတ် မည်၏၊ ဤနေရာ၌ “နိစ္စပ္ပဝတ္တိ”စသော ဝတ္တမာန် ၄ မျိုး ကို ကစ္စည်းဘာသာဋီကာမှာ ရှု။
֍ ၁၀။ အာဏတျာ.သိဋ္ဌေ.နုတ္တကာလေ ပဉမီ။ ။ အနုတ္တ ကာလေ- အတိတ် အနာဂတ် ပစ္စုပ္ပန်ဟု မဆိုအပ်သော ကာလ သာမန်၌၊ အာဏတျာ.သိဋ္ဌေ- စေခိုင်းခြင်း, တောင့်တခြင်း အနက်၌၊ ပဉ္စမီ- ပဉ္စမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ကရောတု ကုသလံ, သုခံ တေ ဟောတု စသည်တည်း။
၁၀။ ကုသလံ-ကုသိုလ်ကို၊ ကရောတု-ပြုပါလော၊ ဤကား အာဏတ္တိ အနက်၌ ပဉ္စမီ တုဝိဘတ် သက်ပုံတည်း၊ တေ-သင့်အား၊ သုခံ-ချမ်းသာ သည်၊ ဟောတု-ဖြစ်ပါစေသတည်း၊ ဤကား အာသိဋ္ဌ (အာသိသ)အနက်၌ ပဉ္စမီ တုဝိဘတ် သက်ပုံတည်း။
အနုတ္တကာလေန+ဥတ္တကာလော အနုတ္တကာလော၊ ဥတ္တကာလောပြောဆိုအပ်သော ကာလသည်+န-မဟုတ်၊ အနုတ္တကာလော-ပြောဆိုအပ် သော ကာလမဟုတ်၊ ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ကဲ့သို့ ပစ္စုပ္ပန်ဟုလည်း ကောင်း, အပ္ပစ္စက္ခေ ပရောက္ခာတီတေသုတ်ကဲ့သို့ အတိတ်ဟုလည်း ကောင်း, အနာဂတေ ဘဝိဿန္တီသုတ်ကဲ့သို့ အနာဂတ်ဟုလည်းကောင်း တိုက်ရိုက် နာမည်တပ်၍ ပြောဆိုအပ်သော ကာလမဟုတ်၊ “ကာလ အားလုံးနှင့် ဆက်ဆံသော သာမန်ကာလ၌ ဤပဉ္စမီဝိဘတ်များ သက်ရ သည်” ဟူလို။
“ကာလသာမန်၌ သက်သည်”ဟု ဆိုသော်လည်း လွန်ခဲ့ပြီးသော အတိတ်ကာလနှင့်မဆိုင်, ဖြစ်ဆဲပစ္စုပ္ပန်-ဖြစ်လတ္တံ့အနာဂတ်တို့နှင့်သာ ဆိုင်သည်ဟု ဖွင့်ဆိုကြ၏၊ “ကရောတု-ပြုလော”ဟု စေခိုင်းမှုသည် လွန်ပြီး အတွက် စေခိုင်းဖွယ်မလို၊ “ယခု ပြုလော”ဟု ပစ္စုပ္ပန်အတွက် စေခိုင်း နိုင်၏, နောက်ခါပြုဖို့ရန် အနာဂတ်အတွက်လည်း စေခိုင်းနိုင်၏ဟု ဆိုလို သည်။ [အနုတ္တကာလကို ပစ္စုပ္ပန်ကာလဟု ဖွင့်ကြသေး၏၊ ကျမ်းရင်း အာဘော်ကျမည် မထင်။] ဤနေရာဝယ် ကာလသဒ္ဒါပိုကြောင့် ရသင့် သော အနက်များ ရှိသေး၏၊ ရူပသိဒ္ဓိမှာ ရှု။
֍ ၁၁။ အနုမတိပရိကပ္ပတ္ထေသု သတ္တမီ။ ။ အနုတ္တကာလေ- အတိတ် အနာဂတ် ပစ္စုပ္ပန်ဟု မဆိုအပ်သော ကာလသာမန်၌၊ အနုမတိပရိကပ္ပတ္ထေသု- ခွင့်ပြုခြင်းအနက်, ကြံစည်ခြင်းအနက် တို့၌၊ သတ္တမီ- သတ္တမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ တွံ ဂါမံ ဂစ္ဆေယျာသိ, ကိ.မဟံ ကရေယျာမိ စသည်တည်း။
၁၁။ တွံ ဂါမံ ဂစ္ဆေယျာသိကား အနုမတိ၏ ပုံစံတည်း၊ အနုမတိနှင့် အနုညာသည် သဘောတူပင်ဖြစ်၏၊ တွံ-သင်သည်၊ ဂါမံ-ရွာသို့၊ ဂစ္ဆေ ယျာသိ-သွားလို သွားတော့(သွားချင် သွားတော့)၊ ကိ.မဟံ ကရေယျာမိ ကား ပရိကပ္ပ၏ပုံစံတည်း၊ အဟံ-ငါသည်၊ ကိံ-ဘယ်အမှုကို၊ ကရေယျာမိပြုရပါအံ့နည်း။…ဘာများ လုပ်ရပါ့မတုန်း”ဟု မိမိအတွက် ကြံစည်မှုကို ပရိကပ္ပ, ပြုချင်ပြုတော့ စသည်ဖြင့် သူတစ်ပါးအား ခွင့်ပြုမှုကို အနုမတိ ဟု မှတ်။
အနုတ္တကာလေ။ ။ အနုတ္တကာလေပုဒ် လိုက်လာသောကြောင့် ဤ သတ္တမီဝိဘတ်လည်း ကာလသာမန်၌ပင် သက်၏။
အတ္ထသဒ္ဒါပို။ ။ “အနုမတိ ပရိကပ္ပေသု သတ္တမီ”ဟု ဆိုလျှင် ပြီးသင့် လျက် “ပရိကပ္ပတ္ထေသု”ဟု အတ္ထသဒ္ဒါကို ဆိုထား၏၊ ထိုအတ္ထသဒ္ဒါပိုဖြင့် ရသင့်သော အနက်များကို ရူပသိဒ္ဓိမှာ ရှု။
ရုဠှီ အမည်။ ။ ပဉ္စမီ သတ္တမီဟု နာမည်မှည့်ရခြင်း အကြောင်းကို အမျိုးမျိုးကြံစည်ကြ၏၊ အခြေပြုသူတို့နှင့် အရေးတကြီး မသက်ဆိုင်သဖြင့် မပြတော့ပြီ၊ ဤ ပဉ္စမီ သတ္တမီဟူသော အမည်သည် တု အန္တု စသော ဝိဘတ်, ဧယျ ဧယျုံ စသော ဝိဘတ်များအပေါ်၌ တက်ရောက်နေသော (ကျမ်းဆရာတင်ထားအပ်သော) ရုဠှီအမည်တည်းဟုသာ မှတ်သားနှင့်ကြ ပါလေ။
֍ ၁၂။ အပ္ပစ္စက္ခေပရောက္ခာ.တီတေ။ ။ အပ္ပစ္စက္ခေ- ဣန္ဒြေ၏ ရှေးရှုမဟုတ်သော၊ ဝါ- မျက်ကွယ်ဖြစ်သော၊ အတီတေ- အတိတ် ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ ပရောက္ခာ- ပရောက္ခာ ဝိဘတ်သည်၊ ဟောတိ- ၏။ သုပိနေ အာဟ ကိလ, ဧဝံ ကိရ ပေါရာဏာ.ဟု စသည်တည်း။
၁၂။ သုပိနေ-အိပ်မက်၌၊ အာဟ ကိလ-ပြောဆိုမိသတဲ့၊ ဧဝံ-ဤသို့၊ ပေါရာဏာ-ရှေးဆရာတို့သည်၊ အာဟု ကိရ-ဆိုကြကုန်သတဲ့၊ မိမိ မနှစ်သက်သော အရာနှင့် တစ်ဆင့်ကြားအပ်သော အရာမျိုး၌ ကိရသဒ္ဒါ, ကိလသဒ္ဒါ ထည့်၍ ပါဠိစီရသည်။
[ဆောင်] နှစ် မသက်ကား, တစ်ဆင့်ကြား, ထားလေ ကိရသာ။
အပ္ပစ္စက္ခ-အ+ပတိ+အက္ခ။ အက္ခ=ဣန္ဒြေ (မျက်စိ နား နှာ စသော ဣန္ဒြေများ)+ပတိ=ရှေးရှု+အ=မဟုတ်။ မျက်စိ နား နှာစသော ဣန္ဒြေတို့၏ ရှေးရှု မဟုတ်သော, မြန်မာလို “မျက်ကွယ်”ဟု ခေါ်ရသော ကြိယာ တည်း။
ပရောက္ခာ-ပရ+အက္ခ။ အက္ခ=ဣန္ဒြေတို့၏+ပရ-ကွယ်ရာဖြစ်သော ကြိယာ၊ ပရောက္ခေ+ဘဝါ, ပရောက္ခာ၊ ပရောက္ခေ-ဣန္ဒြေတို့၏ကွယ်ရာ ဖြစ်သော ကြိယာ၌၊ ဘဝါ-ဖြစ်သောဝိဘတ်တည်း။
အတီတေ-အတိ+ဣတ။ အတိ-လွန်၍+ဣတ-ဖြစ်သော ကြိယာ။ ပစ္စုပ္ပန်အခိုက်အခါကို လွန်၍ဖြစ်သော ကာလကြိယာကို “အတီတ”ဟု ခေါ်၏၊ အတိတ်လည်း ဖြစ်, မျက်ကွယ်လည်း ဖြစ်သော ကြိယာကို ဤ ပရောက္ခာဝိဘတ်များက ဟောသည်။
֍ ၁၃။ ဟိယျောပဘုတိ ပစ္စက္ခေ ဟိယျတ္တနီ။ ။ ဟိယျောပဘုတိ- ယမန်နေ့မှစ၍၊ ပစ္စက္ခေ စ- ဣန္ဒြေ၏ရှေးရှုလည်းဖြစ်သော၊ အပ္ပစ္စက္ခေ စ- ဣန္ဒြေ၏ ကွယ်ရာလည်းဖြစ်သော၊ အတီတေ- အတိတ်ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ ဟိယျတ္တနီ- ဟိယျတ္တနီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သော အဂမာ မဂ္ဂံ, တေ အဂမူ မဂ္ဂံ စသည်တည်း။
၁၃။ သော-ထိုသူသည်၊ မဂ္ဂံ-လမ်းကို၊ အဂမာ-သွားပြီ၊ တေ-ထိုသူတို့ သည်၊ မဂ္ဂံ-ကို၊ အဂမူ-သွားကုန်ပြီ၊ “အပ္ပစ္စက္ခေ အတီတေ ကာလေ”တို့ကို ရှေ့သုတ်များမှ လိုက်စေ၍ အနက်ဆိုထားသည်၊ အတိတ်ကြိယာကို ဟော သောကြောင့် အတိတ်သံပါအောင် “ပြီ”ဟု အနက်သုံးပါ။
ဟိယျတ္တနီ-ဟိယျောပဘုတိ+ဘဝါ, ဟိယျတ္တနီ၊ ဟိယျောပဘုတိယမန်နေ့မှစ၍ လွန်ခဲ့သမျှ အတိတ်ကြိယာ၌+ဘဝါ-ဖြစ်သောဝိဘတ် သည်၊ ဟိယျတ္တနီ-ဟိယျတ္တနီဝိဘတ် မည်၏။ [ပဘုတိသဒ္ဒါကို ကွစိဓာတု သုတ်ကြီးဖြင့်ချေ၊ ဟိယျသဒ္ဒါနောင် ဘဝအနက်၌ ပစ္စယာဒနိဋ္ဌာနိပါတနာ သိဇ္ဈန္တိသုတ်ကြီးဖြင့် တ္တနပစ္စည်းသက်, ဣတ္ထိလိန်အဖြစ်ကို ထွန်းပြသော ဤပစ္စည်းလည်း သက်၍ ဟိယျတ္တနီဟု ပြီးသည်။]
֍ ၁၄။ သမီပေ.ဇ္ဇတနီ။ ။ သမီပေ- အနီးဖြစ်သော၊ ဝါ- အနီးမှ စ၍၊ ပစ္စက္ခေ စ- ဣန္ဒြေ၏ရှေးရှုလည်းဖြစ်သော၊ အပ္ပစ္စက္ခေ စ- ဣန္ဒြေ၏ ကွယ်ရာလည်းဖြစ်သော၊ အတီတေ- အတိတ်ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ အဇ္ဇတနီ- အဇ္ဇတနီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သော အဂမီ မဂ္ဂံ စသည်တည်း။
၁၄။ သော-ထိုသူသည်၊ မဂ္ဂံ-လမ်းကို၊ အဂမီ-သွားပြီ။
အဇ္ဇတနီ-အဇ္ဇပဘုတိ+ဘဝါ, အဇ္ဇတနီ၊ အဇ္ဇပဘုတိ-ယနေ့မှစ၍ လွန်ခဲ့သမျှ အတိတ်ကြိယာ၌+ဘဝါ-ဖြစ်သောဝိဘတ်သည်၊ အဇ္ဇတနီအဇ္ဇတနီဝိဘတ် မည်၏၊ အဇ္ဇတနီဝိဘတ်သည် ယနေ့ (ယခု ဖြစ်ပြီးစ အချိန်မှ)စ၍ (လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာစေကာမူ) လွန်လေသမျှ အတိတ်ကြိယာကို ဟော၏၊ ဟိယျတ္တနီဝိဘတ်လည်း မနေ့ကစ၍ လွန်သမျှ အတိတ်ကြိယာကို ဟော၏၊ ပရောက္ခာဝိဘတ်ကား အတိတ်ပင်ဖြစ်သော် လည်း သတ်မှတ်ထားသော ၃ ဌာနကိုသာ ဟောသည်၊ သို့အတွက် ပရောက္ခာမှာ အတိတ်ဖြစ်သော်လည်း သူ့ဌာနနှင့်သူ ဖြစ်၍ ကွဲပြားပြီး ဖြစ်၏၊ အဇ္ဇတနီနှင့် ဟိယျတ္တနီတို့ ထူးခြားချက်ကိုကား ကြံသင့်သည်။
֍ ၁၅။ မာယောဂေ သဗ္ဗကာလေ စ။ ။ မာယောဂေ- မာ ဟူသော နိပါတ်ပုဒ်နှင့်ယှဉ်သည်ရှိသော်၊ သဗ္ဗကာလေ- အလုံးစုံ သော ကာလ၌၊ ဟိယျတ္တန.ဇ္ဇတနိယော စ- ဟိယျတ္တနီ အဇ္ဇတနီ ဝိဘတ်တို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ မာဂမာ, မာဂမီ စသည်တည်း။ စသဒ္ဒါဖြင့် ပဉ္စမီဝိဘတ်သက်၍ မာဂစ္ဆာဟိဟု လည်း ဖြစ်သေး၏။
၁၅။ မာဟူသော နိပါတ်ပုဒ်သည် ပဋိသေဓ (တားမြစ်ခြင်း)အနက်ကို ဟော၏၊ ထို့ကြောင့် “မာဂမာ-မသွားနှင့်”ဟု သွားခြင်းကြိယာကို တားမြစ် သည်၊ (ဟိယျတ္တနီပုံစံ)၊ မာဂမီ-မသွားနှင့်၊ ( အဇ္ဇတနီပုံစံ)၊ မာဂစ္ဆာဟိမသွားနှင့်၊ (ပဉ္စမီပုံစံ)၊ သဗ္ဗကာလေဟု ဆိုသောကြောင့် “အတိတ်မှာလည်း မသွားပြီ, ပစ္စုပ္ပန်မှာလည်း မသွားဆဲ, အနာဂတ်မှာလည်း မသွားလတ္တံ့, ဘယ်ကာလမှ မသွား”ဟု အဓိပ္ပာယ်ကို ပြဆိုကြ၏၊ သဒ္ဒနီတိဆရာကား ဤ သဗ္ဗကာလေဟူသော အဆိုကို မနှစ်သက်၊ အကျယ်ကို ကစ္စည်း ဘာသာဋီကာမှာ ရှု။
֍ ၁၆။ အနာဂတေ ဘဝိဿန္တီ။ ။ အနာဂတေ- အနာဂတ်ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ ဘဝိဿန္တီ- ဘဝိဿန္တီ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သော မဂ္ဂံ ဂမိဿတိ, တေ မဂ္ဂံ ဂမိဿန္တိ စသည်တည်း။
၁၆။ သော-ထိုသူသည်၊ မဂ္ဂံ-လမ်းကို၊ ဂမိဿတိ-သွားလတ္တံ့=သွားလိမ့် မည်၊ တေ-ထိုသူတို့သည်၊ မဂ္ဂံ-လမ်းကို၊ ဂမိဿန္တိ-သွားကုန်လတ္တံ့=သွားကြ လိမ့်မည်။
အနာဂတန+အာဂတ၊ အာဂတ-လာပြီး လာဆဲသည်၊ န-မဟုတ်၊ လာပြီး လာဆဲ ဖြစ်ပြီး ဖြစ်ဆဲ မဟုတ်, ဖြစ်ဖို့ရန်ရှေ့ရှုနေသော, အကြောင်း ညီညွတ်လျှင် ဧကန်ဖြစ်မည့် ကြိယာကို အနာဂတ်ဟု ခေါ်၏၊ ဤ အနာဂတ်ကာလ၌ ဘဝိဿန္တီဝိဘတ်များ သက်သည်။
֍ ၁၇။ ကြိယာတိပန္နေတီတေ ကာလာတိပတ္တိ။ ။ ကြိယာ တိပန္နေ- ကြိယာ၏လွန်သွားခြင်းဟုဆိုအပ်သော၊ အတီတေ- အတိတ်ဖြစ်သော၊ ကာလေ- အခါ၌၊ ဝါ- ကြိယာ၌၊ ကာလာတိ ပတ္တိ- ကာလာတိပတ္တိဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သော စေ ပဌမဝယေ ပဗ္ဗဇိဿ, အရဟာ အဘဝိဿာ စသည်တည်း။
၁၇။ သော-ထိုသူဌေးသားသည်၊ ပဌမဝယေ-ပဌမအရွယ်တုန်းက၊ စေ ပဗ္ဗဇိဿ-အကယ်၍ ရဟန်းပြုခဲ့အံ့၊ အရဟာ-ရဟန္တာသည်၊ အဘဝိဿာဖြစ်လောက်ရာပြီ။ [တချို့အရာ၌ “ဖြစ်လေရာ၏, ဖြစ်တော့လတ္တံ့”ဟု အနက်ဆို။]
ကြိယာတိပန္န-[ကြိယာ+အတိပန္န၊ ကြိယာ-ကြိယာ၏၊ အတိပန္နလွန်သွားခြင်း။] အကြောင်းချို့တဲ့၍သော်လည်းကောင်း, ဆန့်ကျင်ဘက် အနှောင့်အယှက် တွေ့၍သော်လည်းကောင်း, ဖြစ်သင့်သော ကြိယာ၏ မဖြစ်ခြင်းကို ကြိယာတိပန္နဟု ခေါ်၏၊ ယခုကာလ၌လည်း “ခုမှဖြင့် မဖြစ် တော့ဘူး, လွန်ပါပြီ”စသည်ဖြင့် မဖြစ်ခြင်းကိုပင် “လွန်ပါပြီ”ဟု သုံးနှုန်း ကြ၏။ [အတိတ်သာမက အနာဂတ်ပါ ရသင့်ကြောင်းကို ရူပသိဒ္ဓိဘာသာ ဋီကာမှာ ရှု။]
ကာလာ.တိပတ္တိကာလ+အတိပတ္တိ။ ကာလ-ကြိယာ၏+အတိပတ္တိလွန်၍ဖြစ်ခြင်း, လွန်သွားခြင်း။ [ကြိယာတိပန္နနှင့် ကာလာတိပတ္တိဟူသည် အနက်တူပင်၊ ကြိယာကို ကာလ, အတိပန္နကို အတိပတ္တိဟုဆိုထားသည်၊၊]
အမှာ။ ။ ဝတ္တမာနာ ပစ္စုပ္ပန္နေ သုတ်မှ စ၍ ဝိဘတ်တို့၏ သက်ရာ အနက်များကို ပြခဲ့ပြီ၊ ယခုအခါ ထိုဝိဘတ်များ၏ သရုပ်သကောင်ကို ပြတော့လတ္တံ့။
֍ ၁၈။ ဝတ္တမာနာ- တိအန္တိ သိထ မိမ, တေအန္တေ သေဝှေ ဧမှေ။ ။ တိအန္တိ သိထ မိမ, တေအန္တေ သေဝှေ ဧမှေ- တိ အန္တိ စသော ဤ ၁၂ လုံးသည်၊ ဝတ္တမာနာ- ဝတ္တမာန်ဝိဘတ် မည်၏။
၁၈။ ပစဓာတ်သည် “ချက်ခြင်း”အနက်ကို ဟော၏၊ အာချာတ်ဂိုဏ်း၌ ပြခဲ့သော ဘူဓာတ်ကို နည်းမှီ၍ “ပစတိ ပစေ, ပစန္တိ၊ ပစသိ ပစထ၊ ပစာမိ ပစေ, ပစာမ၊ ပစတေ, ပစန္တေ၊ ပစသေ, ပစဝှေ၊ ပစေ, ပစာမှေ”ဟု ကတ္တုရုပ်ဂိုဏ်းစဉ်ပါ။ [“ပစတိ-ချက်၏”စသည်ဖြင့် အနက်ဆို။]
֍ ၁၉။ ပဉ္စမီ- တုအန္တု ဟိထ မိမ, တံအန္တံ ဿုဝှော ဧ အာမသေ။ ။ တုအန္တု ဟိထ မိမ, တံအန္တံ ဿုဝှော ဧ အာမသေတု- အန္တုစသော ဤ ၁၂ လုံးသည်၊ ပဉ္စမီ- ပဉ္စမီဝိဘတ်မည်၏။
၁၉။ လဘဓာတ်သည် “ရခြင်း”အနက်ကို ဟော၏၊ “လဘတု လဘေ, လဘန္တု” စသည်ဖြင့် ကတ္တုရုပ်ဂိုဏ်းစဉ်ပါ။
֍ ၂၀။ သတ္တမီ- ဧယျ ဧယျုံ ဧယျာသိ ဧယျာထ ဧယျာမိ ဧယျာမ, ဧထ ဧရံ ဧထော ဧယျာဝှော ဧယျံ ဧယျာမှေ။ ။ ဧယျ ဧယျုံ ဧယျာသိ ဧယျာထ ဧယျာမိ ဧယျာမ, ဧထ ဧရံ ဧထော ဧယျာဝှော ဧယျံ ဧယျာမှေ- ဧယျ ဧယျုံစသော ဤ ၁၂ လုံးသည်၊ သတ္တမီ- သတ္တမီဝိဘတ် မည်၏။
၂၀။ “ဂစ္ဆေယျ, ဂစ္ဆေ၊ ဂစ္ဆေယျုံ”စသည်ဖြင့် ကတ္တုရုပ်ဂိုဏ်းစဉ်ပါ။
֍ ၂၁။ ပရောက္ခာ- အ ဥ ဧ တ္ထ အမှ, တ္ထ ရေ တ္ထော ဝှော ဣ မှေ။ ။ အ ဥ ဧ တ္ထ အမှ, တ္ထ ရေ တ္ထော ဝှော ဣ မှေ- အ ဥ စသော ဤ ၁၂ လုံးသည်၊ ပရောက္ခာ- ပရောက္ခာဝိဘတ်မည်၏။
၂၁။ အ-မှ၌ အဝိဘတ်ကို အံ, ဣ-မှေ၌ ဣဝိဘတ်ကို ဣံဟု စာပျက် လျက် ရှိတတ်၏၊ ပြင်ဆင်ထားသော စာအုပ်တို့၌ “အ မှ-ဣ မှေ”ဟု ရှိသည်၊ ဂမုဓာတ်ဖြင့် “ဇဂါမ ဇဂမု၊ ဇဂမေ ဇဂမိတ္ထ၊ ဇဂမ ဇဂမိမှ၊ ဇဂမိတ္ထ ဇဂမိရေ၊ ဇဂမိတ္ထော ဇဂမိဝှော၊ ဇဂမိ ဇဂမိမှေ”ဟု ကတ္တုရုပ် ဂိုဏ်းစဉ်ကို နှုတ်တက်ပါစေ။ ရုပ်ကို နောက်မှ တွက်တတ်လတ္တံ့။
֍ ၂၂။ ဟိယျတ္တနီ- အာ ဥု သြ တ္ထ အ မှာ, တ္ထ တ္ထုံ သေ ဝှံ ဣံ မှသေ။ ။ အာ ဥု သြ တ္ထ အ မှာ, တ္ထ တ္ထုံ သေ ဝှံ ဣံ မှသေ- အာ ဥုစသော ဤ ၁၂ လုံးသည်၊ ဟိယျတ္တနီ- ဟိယျတ္တနီဝိဘတ် မည်၏။
၂၂။ အ-မှာဝိဘတ်၌ အ ကို အံဟု ပျက်တတ်၏၊ “အဂမာ ဂမာ အဂမ ဂမ၊ အဂမူ ဂမူ, အဂမု ဂမု”စသည်ဖြင့် ကတ္တုရုပ်စဉ်လေ။
֍ ၂၃။ အဇ္ဇတနီ- ဤ ဥုံ သြ တ္ထ ဣံ မှာ, အာ ဥု သေ ဝှံ အ မှေ။ ။ ဤ ဥုံ သြ တ္ထ ဣံ မှာ, အာ ဥု သေ ဝှံ အ မှေ- ဤ ဥုံ စသော ဤ ၁၂ လုံးသည်၊ အဇ္ဇတနီ- အဇ္ဇတနီဝိဘတ် မည်၏။
၂၃။ “အဂမီ ဂမီ, အဂမိ ဂမိ”စသည်ဖြင့် ကတ္တုရုပ် စဉ်လေ။
֍ ၂၄။ ဘဝိဿန္တီ- ဿတိ ဿန္တိ ဿသိ ဿထ ဿာမိ ဿာမ, ဿတေ ဿန္တေ ဿသေ ဿဝှေ ဿံ ဿာမှေ။ ။ ဿတိ ဿန္တိ ဿသိ ဿထ ဿာမိ ဿာမ, ဿတေ ဿန္တေ ဿသေ ဿဝှေ ဿံ ဿာမှေ- ဿတိ ဿန္တိ စသော ဤ ၁၂ လုံးသည်၊ ဘဝဿန္တီ- ဘဝဿန္တီဝိဘတ်မည်၏။
၂၄။ “ဂစ္ဆိဿတိ ဂစ္ဆိဿန္တိ ဂစ္ဆိဿရေ” စသည်ဖြင့် ကတ္တုရုပ်စဉ်။
֍ ၂၅။ ကာလာတိပတ္တိ- ဿာ ဿံသု ဿေ ဿထ ဿံ ဿာမှာ, ဿထ ဿိံသု ဿသေ ဿဝှေ ဿိံ ဿာမှသေ။ ။ ဿာ ဿံသု ဿေ ဿထ ဿံ ဿာမှာ, ဿထ ဿိံသု ဿသေ ဿဝှေ ဿိံ ဿာမှသေ- ဿာ ဿံသု စသော ဤ ၁၂ လုံးသည်၊ ကာလာတိပတ္တိ- ကာလာတိပတ္တိဝိဘတ်မည်၏။
၂၅။ “အဂမိဿာ ဂမိဿာ, အဂမိဿ ဂမိဿ”စသည်ဖြင့်လည်း ကောင်း, “အာဂစ္ဆိဿာ ဂစ္ဆိဿာ, အာဂစ္ဆိဿ ဂစ္ဆိဿ”စသည်ဖြင့်လည်း ကောင်း ကတ္တုရုပ်များကို ဂိုဏ်းစဉ်လေ။
֍ ၂၆။ ဟိယျတ္တနီ သတ္တမီ ပဉမီ ဝတ္တမာနာ သဗ္ဗဓာတုကံ။ ။ ဟိယျတ္တနီ သတ္တမီ ပဉ္စမီ ဝတ္တမာနာ- ဟိယျတ္တနီ, သတ္တမီ, ပဉ္စမီ, ဝတ္တမာန် ဝိဘတ်လေးသွယ်တို့သည်၊ သဗ္ဗဓာတုကံ- သဗ္ဗဓာတ် ဝိဘတ် မည်၏။
၂၆။ ဤသုတ်ဖြင့် ဟိယျတ္တနီစသော ဝိဘတ်လေးသွယ်ကို သဗ္ဗဓာတ် ဝိဘတ်များဟု နာမည်မှည့်သည်၊ ဤဝိဘတ်လေးသွယ်ကို သဗ္ဗဓာတ်ဟု မှည့်သဖြင့် ကြွင်းသော ပရောက္ခာ အဇ္ဇတနီ ဘဝိဿန္တီ ကာလာတိပတ္တိ လေးသွယ်ကို ဗျတိရေကနည်း (ပြောင်းပြန်ယူသောနည်း)အရ “အသဗ္ဗ ဓာတ်”ဟု မှည့်ပြီးဖြစ်တော့၏၊ ဤသို့ မှည့်သဖြင့် “ဣကာရာဂမော အသဗ္ဗဓာတုကမှိ”သုတ်၌ ကျန်ဝိဘတ်လေးသွယ်ကို အသဗ္ဗဓာတ်ဟု ခေါ်ဝေါ်သုံးစွဲခြင်းအကျိုးရှိသည်။
သဗ္ဗဓာတုက=အလုံးစုံသောဓာတ်နောင် သက်နိုင်သောဝိဘတ်။ အသဗ္ဗဓာတုက=အလုံးစုံသောဓာတ်နောင် မသက်, အချို့ဓာတ် နောင်သာ သက်နိုင်သောဝိဘတ်။
အမှာ။ ။ ဤ သဗ္ဗဓာတ် အသဗ္ဗဓာတ်ဟူသော နာမည်သည် သက္ကတ ကျမ်းတို့၌ လာသော နာမည်ပင်တည်း၊ ပိဋကတ်တော်၌ကား ဤကဲ့သို့ ခွဲခြားချက် မရှိ၊ မည်သည့်ဓာတ်နောင်မဆို ဝိဘတ်အားလုံး ထိုက်သလို သက်နိုင်သည်။
ဣတိ အာချာတကပ္ပေ ပဌမော ကဏ္ဍော။ ။ အာချာတ ကပ္ပေ- အာချာတ်ကျမ်း၌၊ ပဌမော- ရှေးဦးစွာသော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
အာချာတ်ပဌမခန်းပြီး၏။
֍ ၂၇။ ဓာတုလိင်္ဂေဟိ ပရာ ပစ္စယာ။ ။ ဓာတုလိင်္ဂေဟိ- ဓာတ် လိန်တို့မှ၊ ပရာ- နောက်ဖြစ်သောသဒ္ဒါတို့ကို၊ ပစ္စယာ- ပစ္စည်းတို့ ဟူ၍၊ ဝေဒိတဗ္ဗာ- သိထိုက်ကုန်၏။
၂၇။ ဤသုတ်ကား ဓာတ် လိန်တို့နောင်ရှိသော ပစ္စည်း ဝိဘတ်တို့ကို ပစ္စယခေါ်သည်ဟု ပစ္စယ၏ သရုပ်ကိုလည်းကောင်း, ထိုပစ္စယတို့၏ သက်ရာဌာနကိုလည်းကောင်း သတ်မှတ်ပြသော ပရိဘာသာသုတ်တည်း၊ ပစ္စယသဒ္ဒါသည် တချို့နေရာ၌ ပစ္စည်းကိုသာဟောသော်လည်း ဤသုတ်၌ ပစ္စည်း ဝိဘတ်၂ မျိုးလုံးကိုပင် ဟော၏၊ သုတ်နက်ကို ရှေးနည်းမဟုတ်ဘဲ တစ်မျိုးပေးထား၏၊ ထိုသို့ပေးရခြင်း၏ အဓိပ္ပာယ်ကို ကစ္စည်းဘာသာဋီကာ မှာ ရှု။
֍ ၂၈။ တိဇဂုပကိတမာနေဟိ ခဆသာ ဝါ။ ။ တိဇဂုပကိတ မာနေဟိ- တိဇဓာတ် ဂုပဓာတ် ကိတဓာတ် မာနဓာတ်တို့မှ နောက်၌၊ ခဆသာ- ခ ဆ သပစ္စည်းတို့သည်၊ ဝါ- ပိုင်းခြားသော အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ တိတိက္ခတိ, ဇိဂုစ္ဆတိ, ဝိစိကိစ္ဆတိ, တိကိစ္ဆတိ, ဝီမံသတိ စသည်တည်း။
၂၈။ တိတိက္ခတိ-သည်းညည်းခံ၏၊ (တိဇဓာတ်နောင် ခပစ္စည်းပုံစံ)၊ ဇိဂုစ္ဆတိ-ကဲ့ရဲ့၏, စက်ဆုပ်၏, ရွံမုန်း၏၊ (ဂုပဓာတ်နောင် ဆပစ္စည်းပုံစံ)၊ ဝိစိကိစ္ဆတိ-ယုံမှား၏၊ တိကိစ္ဆတိ-ဆေးကု၏, အနာကို ပယ်၏၊ (ဤ၂ ပုံစံ ကား ကိတဓာတ်နောင် ဆပစ္စည်းပုံစံများတည်း၊) ဝီမံသတိ-စူးစမ်း၏, ဆင်ခြင်၏၊ (မာနဓာတ်နောင် သပစ္စည်းပုံစံ)၊ ရုပ်ကို တတိယခန်းကျမှ တွက်၊ ဝါသဒ္ဒါ၏ သတ်မှတ်ပုံကို ရူပသိဒ္ဓိမှာ ရှု။
֍ ၂၉။ ဘုဇဃသဟရသုပါဒီဟိ တု.မိစ္ဆတ္ထေသု စ။ ။ ဘုဇဃသ ဟရသုပါဒီဟိ စ- ဘုဇဓာတ် ဃသဓာတ် ဟရဓာတ် သုဓာတ် ပါအစရှိသောဓာတ်တို့မှနောက်၌လည်း၊ တုမိစ္ဆတ္ထေသု- တုံပစ္စည်း ဣစ္ဆာသဒ္ဒါတို့၏အနက်တို့၌၊ ခဆသာ- ခ, ဆ, သပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ဗုဘုက္ခတိ, ဇိဃစ္ဆတိ, ဇိဂီသတိ, သုဿူသတိ, ပိဝါသတိ စသည်တည်း။
၂၉။ တုမိစ္ဆတ္ထေသု၌ တုံပစ္စည်း၏အနက်ဟူသည် “ဘောတ္တုံ-စားခြင်း ငှာ”စသည်ဖြင့် “ငှာ”ဟုဆိုရသော တုမတ္ထသမ္ပဒါန်အနက်တည်း၊ ဣစ္ဆာ သဒ္ဒါ၏အနက်ဟူသည် “လိုလား၏, လိုချင်၏, အလိုရှိ၏”ဟု ဆိုရသော အနက်တည်း၊ ထိုတုံပစ္စည်း၏အနက်, ဣစ္ဆာသဒ္ဒါ၏အနက် ဤ၂ နက်ကို ခ ဆ သပစ္စည်းတို့က ဟောနိုင်သည်၊ ထို့ကြောင့် “ဗုဘုက္ခတိ-စားခြင်းငှာ အလိုရှိ၏”ဟု “ငှာ”ဟူသောအနက်, “လို”ဟူသောအနက်ပါအောင် ဆိုကြ သည်၊ “စားလို၏, စားချင်၏”ဟု ဆိုလိုသည်၊ (ဘုဇဓာတ်ပုံစံ)။
ဇိဃစ္ဆတိ-စားခြင်းငှာ အလိုရှိ၏, စားလို၏, စားချင်၏, ဆာ၏၊ (ဃသ ဓာတ်၏ပုံစံ)၊ ဇိဂီသတိ-ဆောင်ခြင်းငှာ အလိုရှိ၏, ဆောင်ယူချင်၏၊(ဟရ ဓာတ်၏ပုံစံ)၊ သုဿူသတိ-နားထောင်ခြင်းငှာ အလိုရှိ၏, နားထောင်လို၏, နာယူချင်၏၊ (သုဓာတ်၏ပုံစံ)၊ သုပါဒီဟိ၌ အာဒိဖြင့် ဇိဓာတ်ကို ယူ၍ “ဝိဇိဂီသတိ-အောင်နိုင်ချင်၏”ဟု ပုံစံထုတ်ပါ။
֍ ၃၀။ အာယ နာမတော ကတ္တူပမာနာ ဒါစာရေ။ ။ ကတ္တူ ပမာနာ- ကတ္တား၏ဥပမာနဖြစ်သော၊ နာမတော- နာမ်မှနောက်၌၊ အာစာရေ- ပြုကျင့်ခြင်းအနက်၌၊ အာယ- အာယပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပဗ္ဗတာယတိ စသည်တည်း။
၃၀။ ပဗ္ဗတာယတိ-တောင်ကဲ့သို့ ပြုကျင့်၏၊ [ဒါစာရေ၌ ဒ-ကား လာသော အပိုအက္ခရာတည်း၊ အာစာရေသာ လိုရင်းဖြစ်၏။] “သံဃော ပဗ္ဗတော ဣ၀ အတ္တာနံ အာစရတိ”ဟု ဝါကျတစ်ခု ခင်းပြ၍ ဤသုတ် ပဗ္ဗတော ဣ၀ အတ္တာနံ အာစရတိ”ဟု ဝါကျတစ်ခု ခင်းပြ၍ ဤသုတ် တောင်ကဲ့သို့၊ (သီလ သမာဓိ ပညာတို့ဖြင့် တောင်ကြီးလို ခိုင်မြဲအောင်) အတ္တာနံ-မိမိကို၊ အာစရတိ-ပြုကျင့်၏၊ ဤဝါကျ၌ ကတ္တားပုဒ်ကား သံဃောတည်း၊ ထိုကတ္တားပုဒ်၏ဥပမာန (နှိုင်းယှဉ်ကြောင်း) သဒ္ဒါကား ပဗ္ဗတောတည်း၊ ထိုပဗ္ဗတသဒ္ဒါသည် ဓာတ်မဟုတ်, ပဗ္ဗတော ပဗ္ဗတာ စသည်ဖြင့် နာမ်ဂိုဏ်းစဉ်၍ ရကောင်းသော ရိုးရိုးနာမ်ပင်တည်း၊ ဤကဲ့သို့ ကတ္တားပုဒ်၏ ဥပမာနဖြစ်သော နာမ်နောင် အာစရတိကြိယာ၏ (ပြုကျင့် ခြင်း) အနက်၌ အာယပစ္စည်း သက်။
ရုပ်တွက်။ ။ ပဗ္ဗတာယတိကို ပဗ္ဗတတည်, အာယ နာမတော ကတ္တူ ပမာနာ ဒါစာရေသုတ်ဖြင့် ပဗ္ဗတနာမ်နောင် -ါယပစ္စည်း သက်, တ်ခွင်း, ချေ, ကပ် (ပဗ္ဗတာယ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် ပစ္စုပ္ပန်အနက်၌ ဝတ္တမာန် တိဝိဘတ် သက်, ပဗ္ဗတာယတိ ပြီး၏။
သမုဒ္ဒါယတိ။ ။ “သံဃော သမုဒ္ဒေါ ဣ၀ အတ္တာနံ အာစရတိ” ဟူသော အနက်၌ သမုဒ္ဒဟူသော နာမ်လိန်နောင် အာယပစ္စည်းသက်၍ သမုဒ္ဒါယတိဟု ရှိ၏၊ သံဃော-သံဃာသည်၊ သမုဒ္ဒေါ ဣဝ-သမုဒ္ဒရာ ကဲ့သို့၊ (သမုဒ္ဒရာသည် ကမ်းကို မလွန်သကဲ့သို့ သီလတည်းဟူသော ကမ်းကို မလွန်အောင်) အာစရတိ-ပြုကျင့်၏၊ သမုဒ္ဒါယတိ-သမုဒ္ဒရာကဲ့သို့ ပြုကျင့်၏။
֍ ၃၁။ ဤယူ.ပမာနာ စ။ ။ ဥပမာနာ- ကံ၏ဥပမာနဖြစ်သော၊ နာမတော- နာမ်မှနောက်၌၊ အာစာရေ- ပြုကျင့်ခြင်းအနက်၌၊ ဤယ- ဤယပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဆတ္တီယတိ စသည် တည်း။
၃၁။ ဆတ္တီယတိ-ထီးကဲ့သို့ ပြုကျင့်၏။ [ရှေ့သုတ်က ကတ္တူပမာန, ဤသုတ်က ကမ္မူပမာနဟု ခွဲ။] ဤသုတ် အဓိပ္ပာယ်ကိုလည်း “အဆတ္တံ ဆတ္တမိ၀ အာစရတိ”ဟု ဝါကျခင်း၍ ရှင်းလင်းရာ၏၊ ဝနကမ္မိကော တောအမှုကို ပြုတတ်သော တောင်သူသည်၊ အဆတ္တံ-ထီးမဟုတ်သော သစ်ခက်ကို၊ ဆတ္တမိဝ-ထီးကိုကဲ့သို့၊ အာစရတိ-ပြုကျင့်၏၊ (ထီးလုပ် ဆောင်း၏။)
ဤဝါကျ၌ “အဆတ္တံ”ကား ကံပုဒ်တည်း၊ ဆတ္တမိဝ၌ “ဆတ္တံ”ကား ထိုကံပုဒ်၏ ဥပမာနတည်း၊ ထိုဥပမာနဖြစ်သော ဆတ္တသဒ္ဒါသည် “ဆတ္တံ ဆတ္တာနိ”စသည်ဖြင့် ဂိုဏ်းစဉ်နိုင်သော နာမ်ပုဒ်တည်း၊ ကံပုဒ်၏ ဥပမာန လည်းဖြစ်, နာမ်လည်းဖြစ်သော ဆတ္တသဒ္ဒါနောင် ဤသုတ်က ဤယ ပစ္စည်း သက်၏၊ ထို ဤယပစ္စည်းသည် အာ ရှေးရှိသော စရဓာတ်၏ အနက်ကို ဟောသောကြောင့် ဤယပစ္စည်းနှင့်တွဲရသော ဆတ္တသဒ္ဒါလည်း နာမ်သဘောကို စွန့်၍ ဓာတ်သဘော၌ တည်သည်။
ရုပ်တွက်။ ။ ဆတ္တီယတိကို ဆတ္တတည်၊ ဤယူပမာနာ စသုတ်ဖြင့် ဆတ္တနာမ်ပုဒ်နောင် အာစာရအနက်၌ -ိယပစ္စည်းသက်, တ္တ်ခွင်း, ချေ, ကပ် (ဆတ္တီယ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် ဝတ္တမာန် တိဝိဘတ် သက်, ဆတ္တီယတိ ပြီး၏။ [ပုတ္တီယတိ (သားကဲ့သို့ ပြုကျင့်၏)ကိုလည်း ပုတ္တ တည်၍ တွက်လေ။]
֍ ၃၂။ နာမမှာ.တ္တိစ္ဆတ္ထေ။ ။ နာမမှာ- ဥပမာနမဟုတ်သော နာမ်ပုဒ်မှ နောက်၌၊ အတ္တိစ္ဆတ္ထေ- မိမိဖို့ အလိုရှိခြင်းအနက်၌၊ ဤယ- ဤယ ပစ္စည်းသည်၊ ဟောတိ- ၏။ ပတ္တီယတိ စသည် တည်း။
၃၂။ အတ္တိ.စ္ဆ.တ္ထ- အတ္တ+ဣစ္ဆာ+အတ္ထ=မိမိအကျိုးငှာ၊ ဝါ-မိမိဖို့+ ဣစ္ဆာ=လိုချင်ခြင်းဟူသော+အတ္ထ=အနက်၊ မိမိဖို့ လိုချင်ခြင်းအနက်ကို “အတ္တိစ္ဆတ္ထ” ဟု ခေါ်၍ ထိုအနက်၌ “ဤယ” ပစ္စည်း သက်သည်။ [ပတ္တီယတိ-သပိတ်ကို လိုချင်၏။]
“အတ္တနော ပတ္တံ ဣစ္ဆတိ”ဟု ဝါကျခင်း၍ ရှင်းလင်းရာ၏၊ ဘိက္ခုရဟန်းသည်၊ အတ္တနော-မိမိဖို့၊ ပတ္တံ-သပိတ်ကို၊ ဣစ္ဆတိ-လိုချင်၏၊ မိမိ၏ ပင်ကိုရှိပြီးသပိတ် မဟုတ်, မိမိဖို့ သပိတ်အသစ် လိုချင်မှုကို အတ္တိစ္ဆတ္ထ ဟု ခေါ်၏၊ ပတ္တဟူသော နာမ်နောင် ဣသုဓာတ်၏ အနက်၌ -ိယပစ္စည်း သက်သောကြောင့် ပတ္တီယကို နာမဓာတ်ဟု ခေါ်သည်။
ရုပ်တွက်။ ။ ပတ္တီယတိကို ပတ္တတည်၊ နာမမှာတ္တိစ္ဆတ္ထေသုတ်ဖြင့် ပတ္တ ဟူသော နာမ်နောင် -ီယပစ္စည်းသက်, တ္တ်ခွင်း, ချေ, ကပ် (ပတ္တီယ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် ဝတ္တမာန် တိဝိဘတ် သက်, ပတ္တီယတိ ပြီး၏။
֍ ၃၃။ ဓာတူဟိ ဏေဏယဏာပေဏာပယ ကာရိတာနိ ဟေတွတ္ထေ။ ။ ဓာတူဟိ- ဓာတ်တို့မှ နောက်၌၊ ဟေတွတ္ထေ- အကြောင်းကြိယာဟူသော အနက်၌၊ ဏေ ဏယ ဏာပေ ဏာပယ- ဏေပစ္စည်း, ဏယပစ္စည်း, ဏာပေပစ္စည်း, ဏာပယပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ကာရိတာနိ- ကာရိတ်လည်း မည်ကုန်၏။ ပါစေတိ, ပါစယတိ, ပါစာပေတိ, ပါစာပယတိ စသည်တည်း။
၃၃။ [ဏာပယာဟု ဆိုသင့်လျက် ယောဝိဘတ်ကို ချေထားသော ကြောင့် “ဏာပယ”ဟု ဖြစ်နေသည်။] ဤသုတ်သည် ကာရိတ်ပစ္စည်း သက်သောသုတ်တည်း၊ ပိဋကတ်တော်၌ ကာရိတ်ပစ္စည်းများ အတော် အရေးကြီး၏၊ ပါစေတိ ပါစယတိ ပါစာပေတိ ပါစာပယတိ-ချက်စေ၏၊ (အချက်ခိုင်း၏၊) ပါစေတိ၌ ပစဓာတ် ဏေပစ္စည်း တိဝိဘတ်တည်း၊ ထိုတွင် ပစဓာတ်သည် “ချက်”ဟူသော အနက်ကို ဟော၏၊ ဏေပစ္စည်း သည် “စေ”ဟူသော အနက်ကို ဟော၏၊ တိဝိဘတ်ကား “တတ်၏” ဟူသော ကတ္တားအနက်ကို ဟောသည်။
ဤပုံစံ၌ “စေ”ဟူသောအနက်ကို စဉ်းစားရာ၏၊ “သခင်သည် အစေခံ ကို ထမင်းချက်ဖို့ရန် စေ၏-ခိုင်း၏၊ သခင်က စေခိုင်းခြင်းကြောင့် အစေခံ သည် ထမင်းချက်၏” ဤစကားရပ်၌ စေခိုင်းခြင်းကား အကြောင်း, ချက်ခြင်းကားအကျိုးတည်း၊ “စေခိုင်းခြင်း”ဟူသည်ကို လက်ဆုပ်လက်ကိုင် ရှာလျှင် အစေခံကို ထမင်းချက်စေလိုသည့်အတွက် လက်ပြ ခြေပြပြုခြင်း ဟူသော ကိုယ်အမူအရာနှင့် “ထမင်းချက်လိုက်”ဟု ပြောဆိုခြင်းဟူသော နှုတ်အမူအရာကြိယာကို ရ၏၊ ထိုစေခိုင်းခြင်းအမူအရာသည် ချက်ခြင်း၏ အကြောင်းလည်း ဟုတ်၏, ကြိယာတစ်မျိုးလည်း ဟုတ်၏၊ ထို့ကြောင့် “ဟေတွတ္ထေ-အကြောင်းကြိယာဟူသော အနက်၌”ဟု ဆိုရသည်။ [ထို စေခိုင်းခြင်း အမူအရာကြိယာကို “ပယောဇကဗျာပါရ”ဟု ကျမ်းဂန်၌ သုံးစွဲ၏၊ ပယောဇက-စေခိုင်းသူ၏+ဗျာပါရ=လုံ့လပယောဂ၊ လက်ပြခြေပြ ခြင်း စသော ကာယပယောဂ, နှုတ်ဖြင့် စေခိုင်းခြင်းစသော ဝစီပယောဂ, အချို့အရာ၌ မနောပယောဂများတည်း။]
ကာရိတာနိ- ဤ၌ ကာရိတသဒ္ဒါသည် “ပြုစေခြင်း” အနက်ကို ဟော၏၊ “ပြု”ဟူသော စကားလည်း ကြိယာအများနှင့် ဆက်ဆံ၏၊ ချက်မှုကို ပြု၏, စားမှု, သွားမှု, အိပ်မှု, ဘာဝနာပွားမှုကို ပြု၏ စသည်ဖြင့် အားလုံးသော ကြိယာ၌ “ပြု”ဟူသော ကြိယာပါဝင်နိုင်၏၊ ထို့ကြောင့် စေခိုင်းမှု အနက်အားလုံး၌ ပြုစေခြင်းကြိယာ ပါဝင်နိုင်သောကြောင့် ထို ဏေပစ္စည်း စသည်ကို ကရဓာတ်ဖြင့် “ကာရိတ, ဝါ-ကာရိတ်”ဟု နာမည် မှည့်ရသည်။
ဤကာရိတ်ပစ္စည်းတို့၂ ပစ္စည်းသက်ရာဓာတ်, ၄ ပစ္စည်းလုံးသက်နိုင်ရာ ဓာတ်များကို ရူပသိဒ္ဓိ၌ အထိုက်အလျောက် ခွဲပြထားသည်၊ အကျဉ်းချုပ် မှတ်နှင့်ရန် ဝိသုဒ္ဓါရုံသုတ်နက်လာ လင်္ကာဆောင်ပုဒ်ကား…
[ဆောင်] ဥဝဏ်နောင်ကျ, ဏေ ဏယသာ၊ စုရာ ဣဝဏ္ဏေ, အာသြ ဧမှာ, ဏာပေ ဏာပယ-နောက်နှစ်ဝမှတ်၊ နေကဿရာဓာတ်နောက်မှာ လေး, ချို့မှာ ဒွေး, လိုက်ရေး မဏ္ဍူ ဝါ ကြောင့်တည်း။
ဤ ကာရိတ်ပစ္စည်းနှင့်တွဲဖက်၍ ကံ ကတ္တား အသွားအလာသည် လွန်စွာကျယ်ဝန်း၏၊ ကလေးများဉာဏ်နှင့် မလျော်ကံသေး၍ ကာရကပိုင်း ကျမှ ကျယ်ဝန်းစွာ ခွဲပြပေအံ့၊ ရုပ်ကိုလည်း နောက်မှ တွက်ပါ။
֍ ၃၄။ ဓာတုရူပေ နာမသ္မာ ဏယော စ။ ။ ဓာတုရူပေ- ဓာတ်၏သဘောသည်၊ သတိ- ရှိလတ်သော်၊ နာမသ္မာ- နာမ်မှ နောက်၌၊ ဏယော စ- ဏယပစ္စည်းသည်လည်း၊ ဟောတိ- ၏။ ကာရိတော စ- ကာရိတ်လည်း မည်၏။ ဒဠယတိ စသည်တည်း။
၃၄။ ဒဠှယတိ-မြဲမြံအောင်ပြု၏၊ [ဓာတု=ဓာတ်+ရူပ=သဘော။] “ဓာတုရူပ”ဟူသည် အာယ နာမတော ကတ္တူပမာနာ ဒါစာရေသုတ် တုန်းက နာမဓာတ်မျိုးပင်တည်း၊ ဒဠယတိ၌ ဒဠကားနာမ်တည်း၊ ထို နာမ်နောင် ကရဓာတ်၏ (ပြုဟူသော) အနက်၌ ဏယပစ္စည်းသက်သည့် အခါ ဒဠဟူသော နာမ်သည်ပင် ဓာတ်သဘော သက်ရောက်၏။
“ဓာတ်သဘောသက်ရောက်”ဆိုသည်ကား ဘူ-ကရစသော ဓာတ်များ နောင် အာချာတ်ဝိဘတ် ကိတ်ပစ္စည်းများသက်၍ ဆိုင်ရာကံ ကတ္တားများ ရှိကြသလို ဤ ဒဠယနောင်လည်း “ဒဠယတိ, ဒဠယန္တော”စသည်ဖြင့် ဝိဘတ်ပစ္စည်းသက်၍ ဆိုင်ရာ ကံ ကတ္တားများ ရှိနိုင်သည်ကို ဆိုသည်။
ကံ ကတ္တားရှိကြောင်း ထင်ရှားအောင် ပါဠိဝါကျ ခင်းပြဦးအံ့ … “ပုရိသော ဝီရိယံ ဒဠယတိ” ပုရိသော-ယောက်ျားသည်၊ ဝီရိယံ-ဝီရိယကို၊ ဒဠယတိ-ခိုင်မြဲအောင် ပြု၏၊ ဤပုံစံ၌ ပုရိသော ဝီရိယံတို့သည် ဒဠှယတိ ကြိယာ၏ ကံ ကတ္တားတို့တည်း။
ကစ္စည်းဝုတ္တိ၌ “ဏယော စ”ဝယ် စသဒ္ဒါဖြင့် အာရ အာလပစ္စည်း သက်၍ “သန္တရာရတိ, ဥပက္ကမာလတိ”ဟူသော ပုံစံများ ထုတ်သေး၏၊ [သန္တရာရတိ (သ + အန္တရံ - ကရောတိ) - အကြားရှိသည်ကို ပြု၏၊ (ငြိမ်သက်သည်ကို ပြု၏ဟု ရှေးနက်ရှိ၏၊) ဥပက္ကမာလတိ (ဥပက္ကမံ ကရောတိ)-လုံ့လကို ပြု၏။] တိဇ ဂုပ ကိတ မာနေဟိ ခ ဆ သာ ဝါ သုတ်မှ ဤသုတ်တိုင်အောင် ပစ္စည်းများကို ဓာတုပစ္စယ=(ဓာတ်၏ အနက်ကို ဟောသော ပစ္စည်းများ)ဟု ခေါ်၏၊ ထိုဓာတုပစ္စယများသည် ခ ဆ သ အာယ ဤယ ဏေ ဏယ ဏာပေ ဏာပယ (အာရ အာလနှင့် တကွ) ကစ္စည်းကျမ်းအလို ၁၁ ပစ္စည်းရှိသည်။
ရုပ်တွက်။ ။ ဒဠယတိကို ဒဠတည်၊ ဓာတုရူပေ နာမသ္မာ ဏယော စ သုတ်ဖြင့် ဏပစ္စည်း သက်, ကာရိတ်လည်းမှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, (၊ ယ ကြွင်း၏), ဠ ခွင်း, ၊ ချေ, နောက် ၊ သို့ ကပ် (ဒဠယ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တိ ဝိဘတ် သက်, ဒဠယတိ ပြီး၏။
֍ ၃၅။ ဘာဝကမ္မေသု ယော။ ။ ဘာဝကမ္မေသု- ဘောအနက် ကံအနက်တို့၌၊ ယော- ယပစ္စည်းသည်၊ ဟောတိ- ၏။ ဘူယတေ, ပစ္စတေ စသည်တည်း။
၃၅။ ဘောအနက်ဟူသည် တစ်စုံတစ်ခုထူးခြားသော အနက်ပိုမဟုတ်, ဓာတ်၏ပင်ကိုအနက်တည်း၊ ထို့ကြောင့် ဘူဓာတ်သည် ဖြစ်ခြင်းအနက်ကို ဟောသောကြောင့် ဘောအနက်ပေးသည့်အခါ “ဘူယတေ=ဖြစ်ခြင်း”ဟု အနက်ပေးရသည်၊ တစ်ရံတစ်ခါ၌ “ဘူယတေ=ဖြစ်ရာ၏”ဟု “ရာ၏”သံ ထည့်၍ အနက်ဆိုကြသည်မှာ အဆုံးသတ်ကြိယာနက် ထင်ရှားအောင် ဆိုခြင်းမျှသာ ဖြစ်သည်၊ ပစ္စတေ-ချက်ခြင်း, ချက်ရာ၏။
ကံအနက်ဟူသည်လည်း နဂိုဓာတ်နက်တွင် အပိုဝင်လာသောအနက် တည်း၊ ထို့ကြောင့် “ပစ္စတေ-ချက်အပ်၏”ဟု “အပ်”သံပါအောင် အနက် ဆိုကြ၏၊ “ချက်အပ်၏”ဟူရာ၌ “ချက်ခြင်းကြိယာသည် ထမင်းဒြဗ်၌ အပ်နေ - ကပ်နေသည်, ထမင်းဒြဗ်နှင့် စပ်နေသည်”ဟု ဆိုလိုသည်၊ “လမ်းကို သွားအပ်၏”ဟူရာ၌လည်း “သွားခြင်းကြိယာသည် လမ်းပေါ်၌ အပ်=ကပ်=ထပ်နေသည်”ဟု ဆိုလိုသည်။
ဓာတ်ရုပ်တွက်ရာ၌ မှာထားချက်။ ။ အာချာတ်ဓာတ်ရုပ်တွက်ရာ၌ ထိုထိုဓာတ်တို့၏ ဟောနက်ကား ကြိယာတစ်မျိုးမျိုးတည်း၊ ထိုဟောနက် ကြိယာ ထင်ရှားအောင် “ဓာတ်ကြား” ဟူသော ရှေးသုံးစကား ရှိ၏၊ “ဓာတ်နက်ကို ပြောကြား (ပြောပြ)ခြင်း”ဟု ဆိုလိုသည်၊ ထို့ကြောင့် ဆိုင်ရာ ဓာတ်များ တည်ထားပြီးနောက် ဓာတ်အနက်ကို ညွှန်ရလိမ့်မည်၊ ထိုသို့ ညွှန်ပြရာ၌ ဤကျမ်းက ပါဠိသက်သက်သာ ညွှန်ပြမည်၊ အနက်ကိုပါ ညွှန်ပြလျှင် အလွန်ရှည်လျားဖွယ်ရှိရုံသာမက, ထပ်တလဲလဲ တွေ့ရသော ဓာတ်နက်တွေကို အနက်ပေးရသဖြင့် စာနေ အလွန်များပေလိမ့်မည်၊ သို့ဖြစ်၍ ဓာတ်နက်များကို အက္ခရာစဉ်အတိုင်း (တတိယအကြိမ်ရိုက်၌) ဥဏာဒ်အဆုံးမှာ ပြထားသည်။
ရုပ်တွက်။ ။ ဘူယတေကို “ဘူ”တည်၊ “ဘူ=သတ္တာယံ” ဟူသော အနက်၌ ဘူဝါဒယော ဓာတဝေါသုတ်ဖြင့် ဘူကို ဓာတ်အမည် မှည့်, ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တေဝိဘတ်သက်, ဘာဝကမ္မေသု ယော သုတ်ဖြင့် ယပစ္စည်းသက်, ဘူယတေ ပြီး၏။
အမှာ။ ။ “ဘူ=သတ္တာယံဟူသော အနက်၌”ဟူရာဝယ် စာချသည့် အခါ၌ကား “ဘူ-ဘူဓာတ်သည်၊ သတ္တာယံ-ထင်ရှားရှိခြင်းအနက်၌၊ ဝတ္တတိ-ဖြစ်၏၊ ဣတိ အတ္ထေ-ဤအနက်၌”ဟု အကျယ်ဆိုပါစေ။
֍ ၃၆။ တဿ စဝဂ္ဂယကာရဝကာရတ္တံ သဓာတွန္တဿ။ ။ သဓာတွန္တဿ- ဓာတွန်နှင့်တကွဖြစ်သော၊ တဿ- ထိုဘော ကံ ဟော ယပစ္စည်း၏၊ စဝဂ္ဂယကာရဝကာရတ္တံ- စဝဂ်အဖြစ်, ယ အဖြစ်, ဝ အဖြစ်သို့၊ ဝါ- ပိုင်းခြားသောအားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ ပစ္စတေ, ယုဇ္ဇတေ, ဗုဇ္ဈတေ, ဟညတေ, ကယျတေ, သိဗ္ဗတေ စသည်တည်း။
၃၆။ ပစ္စတေ-ချက်ခြင်း (ဘောအနက်), ချက်အပ်၏ (ကံအနက်)၊ ယုဇ္ဇတေ-ယှဉ်ခြင်း, ယှဉ်အပ်၏၊ ဗုဇ္ဈတေ-သိခြင်း, သိအပ်၏၊ ဟညတေသတ်ခြင်း, သတ်အပ်၏၊ သုတ်အဆိုစုံအောင် ပုံစံများများ ထုတ်ရသည်။
ဣဝဏ္ဏာဂမော ဝါဟူသော နောက်သုတ်မှ ခြင်္သေ့များ ပြန်လှည့်သလို ပြန်၍ လိုက်သော သီဟဂတိက အဓိကာရ ဝါသဒ္ဒါက ပိုင်းခြားပေးသော ကြောင့် ဓာတွန် စဝဂ် တဝဂ်နှင့်တကွ ယပစ္စည်းကို အစဉ်အတိုင်း စဝဂ် ပြု၏၊ (စ တ တို့ကို စ, ဆ ဌ တို့ကို ဆ, ဇ ဒ တို့ကို ဇ, ဈ ဓ တို့ကို ဈ, ဉန တို့ကို ဉ ပြုသည်-ဟူလို၊) ရကို ယ, ဝကို ဝ ထပ်ပြုသည်။ [ဓာတွန္တဓာတု+အန္တ၊ ဓာတု-ဓာတ်၏၊ အန္တ-အဆုံးဗျဉ်း။]
[ဆောင်] သီဟဂတိ, ၀၀တ္ထိဟု, နောက်ရှိ ဝါတွက်, စ-တ ဝဂ်ကို, စဝဂ်ဆို၏၊ ရ ကိုကား ယ, ဝ ကို ဝ, ပြုရ စဉ်တိုင်းမှတ်။
အမှာ။ ။ ရုပ်တွက်ရာ၌ ခ ဆ သ အစရှိသော ဓာတုပစ္စယတို့ကို ဝိဘတ်မသက်ခင် သက်၍ ရုပ်တွက်ပြခဲ့ပြီ၊ အ အစရှိသော ဝိကရဏ ပစ္စည်းနှင့် ယ စသော ပစ္စည်းများကိုကား ဝိဘတ်သက်ပြီးမှ သက်ရသည်၊ ဓာတုပစ္စယေဟိ ဝိဘတ္တိယောသုတ်ကြည့်။
ရုပ်တွက်။ ။ ပစ္စတေကို “ပစ”တည်၊ “ပစ-ပါကေ”ဟူသော အနက်၌ ဘူဝါဒယော ဓာတဝေါသုတ်ဖြင့် ပစကို ဓာတ်အမည်မှည့်, ဓာတုဿန္တော လောပေါနေကဿရဿသုတ်ဖြင့် ပစဓာတ်၏ အဆုံးသရကို ချေ (ပ စ်), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တေဝိဘတ်သက် (ပစ်တေ), ဘာဝကမ္မေသု ယော သုတ်ဖြင့် ယပစ္စည်းသက် (ပစ်ယတေ), တဿ စဝဂ္ဂယကာရဝကာ ရတ္တံ သဓာတွန္တဿသုတ်ဖြင့် ဓာတွန် စ်နှင့်တကွ ယပစ္စည်းကို စပြု (ပစတေ), ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် စ၏သဒိသဒွေးဘော် စ်လာ, ပစ္စတေ ပြီး၏။
အမှာ။ ။ ဓာတုဿန္တော လောပေါ.နေကသရဿသုတ်က သရ တစ်လုံးသာရှိသော ဘူ-ဟူ-သိ-နီ စသော ဓာတ်တို့၏သရကို မချေ, ပစဂမု စသော သရအများပါသော ဓာတ်၏အဆုံးသရကိုသာ ချေ၏၊ ထို သုတ်ကို လှမ်းကြည့်၊ ပစဓာတ်၏ အဆုံးသရကို ချေလိုက်သည့်အခါ စ၌ အ သရပျောက်၏၊ တဿ စဝဂ္ဂစသောသုတ်က ဓာတွန် စ်နှင့်တကွ ယကို စ ပြုသည့်အခါ စ၌ အ သရ ပါလာသည်။
ယုဇ္ဇတေကို “ယုဇ”တည်၊ “ယုဇ=ယောဂေ”ဟူသော အနက်၌ ဘူဝါ ဒယော ဓာတဝေါသုတ်ဖြင့် ယုဇကို ဓာတ်အမည်မှည့်, ဓာတုဿန္တော လောပေါနေကသရဿသုတ်ဖြင့် ဓာတ်၏အဆုံးသရကို ချေ (ယုဇ်), တေ ဝိဘတ်, ယပစ္စည်း သက် (ယုဇ် ယ တေ), တဿ စဝဂ္ဂယကာရဝကာရတ္တံ သုတ်ဖြင့် ဓာတွန် ဇ်နှင့်တကွ ယပစ္စည်းကို ဇ ပြု, သိသဒွေးဘော် ဇ်လာ, ယုဇ္ဇတေ ပြီး၏။
ဗုဇ္ဈတေကို “ဗုဓ”တည်၊ “ဗုဓ=အဝဂမနေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရ ချေ, တေဝိဘတ်, ယပစ္စည်း သက်, တဿ စဝဂ္ဂစသော သုတ်ဖြင့် ဓာတွန် ဓ်နှင့်တကွ ယကို ဈ ပြု, ဝဂ္ဂေ ဃောသာဃောသာနံ တတိယပဌမာသုတ်ဖြင့် ဈ၏ အသဒိသဒွေးဘော် ဇ်လာ, ဗုဇ္ဈတေ ပြီး၏။
ဟညတေကို “ဟန”တည်၊ ဟန=ဟိံသာဂတီသု”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, တေဝိဘတ်, ယပစ္စည်း သက်, တဿ စဝဂ္ဂစသော သုတ်ဖြင့် ဓာတွန် န်နှင့်တကွ ယကို ဉ ပြု, သဒိသဒွေးဘော် ဉလာ, ဟညတေ ပြီး၏။
ကယျတေကို “ကရ”တည်၊ “ကရ=ကရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တေဝိဘတ် ယပစ္စည်းသက်, တဿ စဝဂ္ဂစသော သုတ်ဖြင့် ဓာတွန် ရ်နှင့်တကွ ယ ကို ယ ပြု, သဒိသဒွေးဘော် ယ လာ, ကယျတေ ပြီး၏။
သိဗ္ဗတေကို “သိဝု”တည်၊ “သိဝု=တန္တသန္တာနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးဥသရချေ, တေဝိဘတ် ယပစ္စည်းသက်, တဿ စဝဂ္ဂ စသောသုတ်ဖြင့် ဓာတွန် ဝ်နှင့်တကွ ယပစ္စည်းကို ဝ ပြု, သဒိသဒွေးဘော် ဝ် လာ, ဒေါ ဓဿ စသုတ်၌ စသဒ္ဒါဖြင့် ၀၂ လုံးကို ဗ၂ လုံးပြု, ပြီး၏။
အမှာ။ ။ ”ဓာတ်မှည့်”ဟု ဆိုသမျှ၌ ဘူဝါဒယော ဓာတဝေါဖြင့်ချည်း မှည့်၊ “အဆုံးသရချေ”ဟုဆိုသမျှ၌ ဓာတုဿန္တော လောပေါနေကသရဿ သုတ်ဖြင့်ချည်း ချေ၊ “ဝိဘတ်သက်”ဟူရာ၌ ဝတ္တမာနာ ပစ္စုပ္ပန္နေ စသော ဆိုင်ရာသုတ်ဖြင့် သက်၊ နောက်နောက် ရုပ်များ၌လည်း သုတ်ကို မဖော်လျှင် ထိုသုတ်များကို ဖော်ဆိုပါလေ။
֍ ၃၇။ ဣဝဏ္ဏာဂမော ဝါ။ ။ ယမှိ- ဘော ကံဟော ယပစ္စည်း ကြောင့်၊ ဣဝဏ္ဏာဂမော- ဣဝဏ်၏လာခြင်းသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ ပစီယတေ, ပစိယျတေ, ဂမီယတေ, ဂမိယျတေ စသည်တည်း။
၃၇။ [ပစီယတေ, ပစိယျတေ-ချက်ခြင်း, ချက်အပ်၏၊ ဂမီယတေ, ဂမိယျတေ-သွားခြင်း, သွားအပ်၏။] ဤသုတ်ကား ဘော ကံဟော ယ ပစ္စည်းနှောင်းရာ၌ ဣဝဏ်လာသော သုတ်တည်း၊ ဝါသဒ္ဒါက ဝိကပ် ပြု သောကြောင့် ဣ ဤ မလာဘဲ ရှေ့သုတ်က စီရင်၍ ပစ္စတေ စသည်လည်း ဖြစ်၏။
ယပစ္စည်း၂ မျိုး။ ။ ယပစ္စည်းသည် “ဒိဝါဒိတော ယော”သုတ်ဖြင့် သက်သော ယပစ္စည်း, “ဘာဝကမ္မေသု ယော”ဖြင့်သက်သော ယပစ္စည်းဟု ၂ မျိုးရှိ၏၊ ထိုတွင် နောက် ယပစ္စည်းကို ယူစေလို၍ “ယမှိ-ဘော ကံ ဟော ယပစ္စည်းကြောင့်”ဟု အနက်ဆိုသည်။
မှတ်ချက်။ ။ “ဣဝဏ်၂ လုံးတွင် ဤ လာလျှင် ယပစ္စည်းကို ဒွေးဘော် မပြုရ, ပစီယတေဟု ဖြစ်၏၊ ဣလာလျှင် ယပစ္စည်းကို ဒွေးဘော်ပြု၍ ပစိယျတေ စသည် ဖြစ်၏”ဟု စည်းကမ်း သတ်မှတ်ကြ၏၊ သို့သော် ကျမ်းဂန်များ၌ -ီ လာလျက်ပင် ယပစ္စည်း ဒွေးဘော်ပြုသော ပစီယျတေ ရုပ်မျိုးကိုလည်း တွေ့ရသည်။
ရုပ်တွက်။ ။ ပစီယတေကို “ပစ”တည်၊ “ပစ=ပါကေ”ဟူသော အနက်၌ ဘူဝါဒယော ဓာတဝေါသုတ်ဖြင့် ပစကို ဓာတ်မှည့်, အဆုံးသရ ချေ, တေဝိဘတ်, ယပစ္စည်းသက် (ပစ်ယတေ), ဣဝဏ္ဏာဂမော ဝါ သုတ်ဖြင့် ယပစ္စည်းကြောင့် -ီ လာ, ပစီယတေ ပြီး၏။ [ပစီယျတေ၌ -ိလာ၍, ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် ယပစ္စည်းကို ဒွေးဘော်ပြုရုံသာ၊၊]
ဂမိယျတေကို “ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ် ယပစ္စည်းသက် (ဂမ် ယ တေ), ဣဝဏ္ဏာ ဂမော ဝါသုတ်ဖြင့် ယပစ္စည်းကြောင့် -ိလာ (ဂမိယတေ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် ယ၏သဒိသဒွေးဘော် ယ်လာ, ဂမိယျတေ ပြီး၏။ [ဂမီ ယတေကိုလည်း တွက်လေ၊ ဤသုတ်၏ အရာသည် လွန်စွာကျယ်ဝန်း၏၊၊]
֍ ၃၈။ ပုဗ္ဗရူပဉ္စ။ ။ သော- ထို ယပစ္စည်းသည်၊ ပုဗ္ဗရူပဉ္စ- ရှေ့ဓာတွန်အက္ခရာ၏ ရုပ်သွင်သို့လည်း၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ၏။ သက္ကတေ, ဂမ္မတေ, ဒမ္မတေ စသည်တည်း။
၃၈။ သက္ကတေ-စွမ်းနိုင်ခြင်း, စွမ်းနိုင်ရာ၏၊ (သူ့ချည်းသက်သက် ကံကို မဟောနိုင်သောဓာတ်များ၌ “အပ်”ဟု ကံအနက် မဆို၊) ဂမ္မတေသွားခြင်း, သွားအပ်၏၊ ဒမ္မတေ-ဆုံမခြင်း, ဆုံးမအပ်၏။
ပုဗ္ဗရူပဉ္စ-ပုဗ္ဗ-ရှေးအက္ခရာ၏+ရူပ-ရုပ်=အသွင်=ပုံဟန်၊ “ယပစ္စည်းကို ရှေ့ဓာတွန် (ဓာတ်၏အဆုံး) အက္ခရာနှင့် ရုပ်သွင်တူအောင် ပြုရမည်” ဟူလို၊ ဥပမာ-သကဓာတ်နောင် ယပစ္စည်းသက်လျှင် “သ က် ယ”ဟု ဖြစ်၏၊ ယကို ရှေ့ဓာတွန်ကနှင့်ရုပ်သွင်တူအောင် “သ က် က”ဟုဖြစ်၏၊ [ယပစ္စည်းကို ရှေ့ဓာတွန်နှင့် ရုပ်သွင်တူအောင် ပြုသည့်အခါ ယ၌ ပင်ကို ကပင် အ သရပါသောကြောင့် နောက်မှ ပြုအပ်သော (က်) ဗျဉ်းလည်း ထိုသရ၌ ကပ်မြဲ ကပ်နေ၏၊ ဤရှေ့ဓာတွန်အက္ခရာနှင့်တူအောင် ပြုမှုကို ရုပ်တွက်ရာ၌ ပုဗ္ဗ+ရူပပုဒ်ကို ရှု၍ “ပုဗ္ဗ+ရုပ်ပြု”ဟု ဆိုရသည်။]
မှတ်ချက်။ ။ ဤ ပုဗ္ဗရူပဉ္စသုတ်ကား ရှေ့ တဿ စဝဂ္ဂသုတ်က မစီရင်နိုင်သော ယပစ္စည်း အားလုံးကို သိမ်းကြုံး၍ ပုဗ္ဗရုပ် ပြုနိုင်၏၊ ရှေ့သုတ်က မစီရင်သော အက္ခရာတို့ကား က ဋ ပ က ဋ ပ ဝဂ် ၃ ခုနှင့် ယ လ သ အက္ခရာစုတည်း။ [ဟနှင့် ဠ အံ တို့မှာ ဤ ၂ သုတ်နှင့် ဆိုင်သော ပါဠိပုံစံ မရှိ။]
[ဆောင်] တဿ စဝဂ်, မဆိုမြွက်သည့်, ကဝဂ် ဋ ပ, ဝဂ်သုံးဝနှင့်, ယ လ သပါ, အကရာစု, ဓာတွန်ရှု, ပြုလေ ပုဗ္ဗရုပ်။
ရုပ်တွက်။ ။ သက္ကတေကို “သက”တည်၊ “သက=သာမတ္ထေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ် ယပစ္စည်းသက် (သ က် ယ တေ), ပုဗ္ဗရူပဉ္စသုတ်ဖြင့် ယပစ္စည်းကို ပုဗ္ဗရုပ်ပြု, က်ကို ကသို့ ကပ်, သက္ကတေ ပြီး၏။
ဂမ္မတေကို “ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့် စသည်ဆို၍ ပုဗ္ဗရုပ် (မ)ပြုလျှင် ပြီး၏။ [ဂမီယတေ ဂမ္မတေ အပြင် ဂမု နောင် တေဝိဘတ် ယပစ္စည်းသက်၍ မည်သည့်သုတ်နှင့်မျှ မစီရင်ရဘဲ မ်ကို ယသို့ ကပ်လျှင် “ဂမျတေ”ဟုလည်း ဖြစ်သေး၏။] ဒမ္မတေကို “ဒမု” တည်၊ “ဒမု=ဒမနေ”စသည် ဆို၍ တွက်လေ။
֍ ၃၉။ တထာ ကတ္တရိ စ။ ။ တထာ- ထိုတဿ စဝဂ္ဂသုတ်, ပုဗ္ဗရူပဉ္စသုတ်တို့၌ စီရင်သည့်အတိုင်း၊ ကတ္တရိ စ- ကတ္တားအနက် ၌လည်း၊ ယဿ- ဒိဝါဒိ ယပစ္စည်း၏၊ အာဒေသော- စဝဂ်အပြု, ယအပြု, ဝအပြု, ပုဗ္ဗရုပ်အပြုသည်၊ ဟောတိ- ဖြစ်၏။ ဗုဇ္ဈတိ, တုဿတိ စသည်တည်း။
၃၉။ [ဗုဇ္ဈတိ-သိ၏၊ တုဿတိ-နှစ်သက် (အားရ=တင်းတိမ်=ရောင့်ရဲ) ၏။] ဘော ကံဟော ယပစ္စည်းကို တဿ စဝဂ္ဂ ယကာရ ဝကာရတ္တံ သုတ်က ဓာတွန်နှင့်တကွ စဝဂ်ပြု, ယပြု, ဝပြု၍ ပုဗ္ဗရူပဉ္စသုတ်က ပုဗ္ဗရုပ် ပြုသကဲ့သို့ ထို့အတူ ဤ တထာ ကတ္တရိ စသုတ်က ဒိဝါဒိတော ယော သုတ်ဖြင့် သက်သော ကတ္တားဟော ယပစ္စည်းကို စဝဂ်ပြု, ယပြု, ဝပြု, ပုဗ္ဗရုပ် ပြုပါလေဟု ညွှန်ပြသည်။
မှတ်ချက်။ ။ “ယထာ ကတ္တရိ စ”ဟု အချို့စာ၌ ရှိသော်လည်း ရှေ့က စကားကို ညွှန်ပြရာ၌ တထာသဒ္ဒါဖြင့်ချည်း ညွှန်ပြရိုးရှိ၏၊ ထို့ကြောင့် ဆရာတို့နှင့် သီဟိုဠ်မူအလို “တထာ ကတ္တရိ စ”ဟုသာ ရှိစေ။
ရုပ်တွက်။ ။ ဗုဇ္ဈတိကို “ဗုဓ” တည်၊ “ဗုဓ=အဝဂမနေ” ဟူသော အနက်၌ ဘူဝါဒယော ဓာတဝေါသုတ်ဖြင့် ဗုဓကို ဓာတ်အမည် မှည့်, အဆုံးသရချေ, တိဝိဘတ်သက် (ဗုဓ်တိ), ဒိဝါဒိတော ယောသုတ်ဖြင့် ယပစ္စည်းသက် (ဗုဓ် ယ တိ), တထာ ကတ္တရိ စသုတ်ဖြင့် ဓာတွန် ဓ်နှင့်တကွ ယပစ္စည်းကို ဈ ပြု (ဗု ဈ တိ), ဈ၏ အသဒိသဒွေးဘော် ဇ် လာ, ဗုဇ္ဈတိ ပြီး၏၊ [ကံဟော ယပစ္စည်းဖြင့် ဗုဇ္ဈတေ (သိအပ်၏), ကတ္တားဟော ယပစ္စည်းဖြင့် ဗုဇ္ဈတိ (သိတတ်၏)ဟု ရုပ်ဖြစ်၏။]
တုဿတိကို “တုသ”တည်၊ “တုသ=ပီတိမှိ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဝိဘတ် ဒိဝါဒိ ယပစ္စည်းသက် (တု သ် ယ တိ), တထာ ကတ္တရိ စသုတ်ဖြင့် ယပစ္စည်းကို ပုဗ္ဗရုပ်(သ)ပြု, (တု သ် သ တိ) သ် ကို သ သို့ ကပ်, တုဿတိ ပြီး၏။
֍ ၄၀။ ဘူဝါဒိတော အ။ ။ ကတ္တရိ- ကတ္တားအနက်၌၊ ဝဟိ တေသု- စီရင်အပ်သော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ဘူဝါဒိတော- ဘူဝါဒိဂဏိကဓာတ်မှ နောက်၌၊ အ- အပစ္စည်းသည်၊ ဟောတိ- ၏။ ဘဝတိ, ပစတိ, လဘတိ, ဂစ္ဆတိ စသည်တည်း။
၄၀။ [ဘဝတိ-ဖြစ်၏၊ ပစတိ-ချက်၏၊ လဘတိ-ရ၏၊ ဂစ္ဆတိ-သွား၏၊၊] ဤ ဘူဝါဒိတော အသုတ်မှစ၍ စုရာဒိတော ဏေ ဏယာတိုင်အောင် သုတ်များသည် ဝိကရဏပစ္စည်းသက်သော သုတ်များတည်း၊ ဘူဝါဒိတော အ သုတ်ဖြင့် အပစ္စည်းသက်၍ ပြီးကောင်းသော ဓာတ်အပေါင်းကို ဘူဝါဒိ ဂဏိကဓာတ်ဟုလည်းကောင်း, ရုဓာဒိတော နိဂ္ဂဟီတ ပုဗ္ဗဉ္စသုတ်ဖြင့် နိဂ္ဂဟိတ်လာပြီးလျှင် အပစ္စည်းသက်၍ ပြီးကောင်းသော ဓာတ်အပေါင်းကို ရုဓာဒိဂဏိကဓာတ်ဟုလည်းကောင်း ဤသို့ စသည်ဖြင့် ပိုင်းခြားသတ်မှတ် တတ်သော ပစ္စည်းများကို ဝိကရဏပစ္စည်းဟု ခေါ်သည်။
ဝိကရဏအမည်ရပုံ။ ။ [ဝိ+ကရဏ၊ ဝိ=အသီးအသီး(ကွဲပြားအောင်)+ ကရဏ=ပြုတတ်သောပစ္စည်းများ၊] “ဓာတ်တို့ကို ဂိုဏ်းအားဖြင့် အသီးသီး (တစ်မျိုးစီ တစ်မျိုးစီ) ကွဲပြားအောင် ပြုတတ်သောပစ္စည်းများ”ဟူလို၊ ဤ ဝိကရဏပစ္စည်းများကို ကြည့်၍ “မည်သည့် ဂိုဏ်းဝင်ဓာတ်”ဟု မှတ်သား ရသောကြောင့် ဤ ဝိကရဏပစ္စည်းများကို “ဂိုဏ်းမှတ်ပစ္စည်း”ဟုလည်း ခေါ်ဝေါ်သုံးစွဲကြသည်။
ဝိကရဏပစ္စည်းတို့ ဝိဘတ်သက်ပြီးမှ သက်ရပုံ။ ။ ဤ အ အစရှိသော ဝိကရဏပစ္စည်းများသည် တစ်စုံတစ်ခုသော အနက်ကိုမျှ မဟောတတ် သောကြောင့် အရေးကြီးသော ပဓာနပစ္စည်းများ မဟုတ်၊ တိ စသော ဝိဘတ်များသာ ကတ္တားစသော အနက်တို့ကို ဟောကြသဖြင့် ပဓာန ဖြစ်သည်၊ သို့အတွက် ပဓာနဖြစ်သော ဝိဘတ်များကို ရှေးဦးစွာ သက်၍ အပဓာနဖြစ်သော ပစ္စည်းများကို ဝိဘတ်သက်ပြီးမှ သက်ကြရလေသည်။
ထို့ပြင် ဤအပစ္စည်းသည် သဗ္ဗဓာတ်နှောင်းရာ၌သာသက်၍ အသဗ္ဗဓာတ် ဝိဘတ်နှောင်းရာ၌ ရူပသိဒ္ဓိက မသက်လို။
ရုပ်တွက်။ ။ ပစတိကို “ပစ”တည်၊ “ပစ=ပါကေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက် (ပ စ် တိ), ဘူဝါဒိတော အ သုတ်ဖြင့် ၊ ပစ္စည်းသက်, စ်ကို ၊ သို့ကပ်, ပစတိ ပြီး၏။ [လဘတိကို “လဘ=လာဘေ”ဟု ဓာတ်နက်ဆို၍ တွက်၊ ဘဝတိ ဂစ္ဆတိ ရုပ်များ လာဦး လတ္တံ့။]
֍ ၄၁။ ရုဓာဒိတော နိဂ္ဂဟီတပုဗ္ဗဉ္စ။ ။ ကတ္တရိ- ကတ္တားအနက်၌၊ ဝိဟိတေသု- စီရင်အပ်သော ဝိဘတ်ပစ္စည်းတို့ကြောင့်၊ ရုဓာဒိ တော- ရုဓာဒိဂဏိကဓာတ်မှ နောက်၌၊ အ- အပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ နိဂ္ဂဟီတဉ္စ- နိဂ္ဂဟိတ်သည်လည်း၊ ပုဗ္ဗံ- ရှေ့ဖြစ်၍၊ အာဂမော- လာသည်၊ ဟောတိ- ဖြစ်၏။ ရုန္ဓတိ စသည်တည်း။
၄၁။ ရုန္ဓတိ-ပိတ်ဆို့၏, တားမြစ်၏၊ နိဂ္ဂဟီတံ ပုဗ္ဗဉ္စဟု ဆိုလိုလျက် တံ၌ နိဂ္ဂဟိတ်ကို ချေထားသည်ဟု ဖွင့်ကြသည်၊ နိဂ္ဂဟီတပုဗ္ဗဉ္စ၌ စသဒ္ဒါ ဖြင့် ဣ ဤ ဧ သြပစ္စည်းများလည်းသက်၍ ရုန္ဓတိ ရုန္ဓီတိ ရုန္ဓေတိ ရုန္ဓောတိ ဟူသော ပုံစံများကိုလည်း ကစ္စည်းဝုတ္တိ ရူပသိဒ္ဓိတို့၌ ထုတ်ပြသေး၏။
ရုပ်တွက်။ ။ ရုန္ဓတိကို ရုဓတည်၊ “ရုဓ=အာဝရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက် (ရုဓ်တိ), ရုဓာဒိတော နိဂ္ဂဟီတပုဗ္ဗဉ္စသုတ်ဖြင့် ၊ ပစ္စည်း သက်၍ ရှေ့၌ နိဂ္ဂဟိတ်လည်း လာ (ရု -ံ ဓ် ၊ တိ), ဓ်ကို ၊ သို့ ကပ်, ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် ရုနောက်၌ ရှိသော နိဂ္ဂဟိတ်ကို တဝဂ္ဂန္တ-န် ပြု, န် ကို ဓ သို့ကပ်, ရုန္ဓတိ ပြီး၏။ [ရုန္ဓိတိ စသည်၌ စသဒ္ဒါဖြင့် ဣပစ္စည်း စသည် သက်၍ သုတ်ရင်းဖြင့် နိဂ္ဂဟိတ်လာ။]
[ဆောင်] သုမ္ဘတိ ဆိန္ဒတိ စေဝ, ဘိန္ဒတိ ယုဉတိ တထာ၊ ဘုဉတိ မုဉတိ စာပိ, ရုဓာဒိ ကတ္တုဝါစိနော။ နိရုဇ္ဈတေ သုဗ္ဘတေ စ, ဆိဇ္ဇတေ ဘိဇ္ဇတေ တထာ၊ ယုဇ္ဇတေ ဘုဇ္ဇတေ စာပိ, မုစ္စတေ ကမ္မဝါစိနော။
သုမ္ဘတိ-ပုတ်ခတ်၏၊ ဆိန္ဒတိ-ဖြတ်၏၊ ဘိန္ဒတိ-ခွဲ၏၊ ယုဉ္ဇတိ-အားထုတ် ၏၊ ဘုဉ္ဇတိ-စား၏၊ မုဉ္ဇတိ-လွှတ်၏၊ ရုဓာဒိကတ္တုဝါစိနော-ကတ္တားဟော ရုဓာဒိရုပ်တို့၊ နိရုဇ္ဈတေ-ပိတ်ဆို့အပ်၏၊ သုဗ္ဘတေ-ပုတ်ခတ်အပ်၏ စသည် ဖြင့် ကံအနက်ဆိုလေ၊ ကမ္မဝါစိနော-ကံဟောရုပ်တို့။ [ဤရုပ်တို့ကို သင့်ရာ ဝိဘတ်ဖြင့် အာချာတ်ပဒမာလာ အစဉ်ခိုင်းပါ။]
֍ ၄၂။ ဒိဝါဒိတော ယော။ ။ ကတ္တရိ- ကတ္တားအနက်၌၊ ဝိဟိတေသု- စီရင်အပ်သော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ဒိဝါဒိ တော- ဒိဝါဒိဂဏိကဓာတ်မှ နောက်၌၊ ယော- ယပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဒိဗ္ဗတိ, ယုဇ္ဈတိ စသည်တည်း။
၄၂။ ဒိဗ္ဗတိ-မြူးတူးပျော်ပါး၏၊ ယုဇ္ဈတိ-ပုတ်ခတ်၏။ [နွားတို့၏ ဝှေ့ခြင်း, ကျွဲတို့၏ ခတ်ခြင်း, ကြက်တို့၏ ခွပ်ခြင်း, စစ်ထိုးခြင်း, လက်သီး ထိုးခြင်း, တုတ်ရိုက်ခြင်း စသည်လည်း ဤ ယုဓဓာတ်နက်ပင်တည်း။]
ရုပ်တွက်။ ။ ဒိဗ္ဗတိကို ဒိဝုတည်၊ “ဒိဝု=ကီဠာဝိဇိဂိသာဗျဝဟာရဇုတိ ထုတိဂတီသု”ဟူသောအနက်၌ ဓာတ်အမည်မှည့်, အဆုံး ု သရကို ချေ, တိဝိဘတ်သက်၊ ဒိဝါဒိတော ယောသုတ်ဖြင့် ယပစ္စည်းသက်၊ တထာ ကတ္တရိ စသုတ်ဖြင့် ဓာတွန် ဝ် နှင့်တကွ ယပစ္စည်းကို ဝ ပြု, ဒွေးဘော် ဝ် လာ, ဒေါ ဓဿ စ သုတ်၌ စသဒ္ဒါဖြင့် ဝ ၂ လုံးကို ဗ ၂ လုံး ပြု, ဒိဗ္ဗတိ ပြီး၏။
ယုဇ္ဈတိကို ယုဓတည်၊ “ယုဓ=သမ္ပဟာရေ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံးသရကို ချေ, တိဝိဘတ် ယပစ္စည်းသက်, ဓာတွန်နှင့်တကွ ယ ကို ဈ ပြု, အသဒိသဒွေးဘော် ဇ် လာ, ယုဇ္ဈတိ ပြီး၏။
[ဆောင်] ဥပ္ပဇ္ဇတိ အာပဇ္ဇတိ, ကုဇ္ဈတိ တုဿတိ တထာ၊ ဝိဇ္ဈတိ မညတိ စေဝ, သမာဒိယတိ ပစ္စတိ၊ မုစ္စတိ ဆိဇ္ဇတိ စေဝ, ဘိဇ္ဇတိ စ ဒိဝါဒိတော။
ဥပ္ပဇ္ဇတိ-ဖြစ်၏၊ အာပဇ္ဇတိ-ရောက်၏၊ ကုဇ္ဈတိ-အမျက်ထွက်၏= စိတ်ဆိုး၏၊ တုဿတိ-နှစ်သက်၏၊ ဝိဇ္ဈတိ-ထိုးဆွ၏=ဖောက်ခွဲ၏= ပစ်ခတ်၏၊ မညတိ-သိ၏၊ သမာဒိယတိ-ကောင်းစွာ ယူ၏=ဆောက်တည် ၏၊ (သံရှေ့ အာရှေ့ရှိသော ဒါဓာတ် တိဝိဘတ်, ယပစ္စည်း၊ ကွစိဓာတု သုတ်ကြီးဖြင့် ဒါ၏ -ါ ကို -ိ ပြု, သံနောက်၌ရှိသော နိဂ္ဂဟိတ်ကို မ် ပြုလေ၊) ပစ္စတိ-ကျက်၏၊ (ချက်ဆိုလျှင် ဘူဝါဒိ)၊ မုစ္စတိ-လွတ်၏၊ (လွှတ်၏ ဆိုလျှင် ရုဓာဒိ)၊ ဆိဇ္ဇတိ-ပြတ်၏၊ ဘိဇ္ဇတိ-ကွဲ၏၊ (ဖြတ်၏, ခွဲ၏ဆိုလျှင် ရုဓာဒိ)၊ ဒိဝါဒယော-ဒိဝါဒိဓာတ်တို့တည်း။ [ဤဒိဝါဒိဂိုဏ်း၌ ကမ္မရုပ်အနေ များလည်း မထူးပြီ၊ ဘာဝကမ္မေသု ယောသုတ်ဖြင့် ယပစ္စည်းသက်လျှင် ကမ္မရုပ်ဖြစ်၏၊ ကတ္တုရုပ်များကို သင့်ရာဝိဘတ်ဖြင့် ဂိုဏ်းစဉ်ပါစေ။]
֍ ၄၃။ သွာဒိတော ဏုဏာ, ဥဏာ စ။ ။ ကတ္တရိ- ကတ္တား အနက်၌၊ ဝိဟိတေသု- စီရင်အပ်သော ဝိဘတ်ပစ္စည်းတို့ကြောင့်၊ သွာဒိတော- သွာဒိဂဏိကဓာတ်မှနောက်၌၊ ဏုဏာ- ဏုပစ္စည်း ဏာပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဥဏာ စ- ဥဏာပစ္စည်း သည်လည်း၊ ဟောတိ- ၏။ အဘိသုဏောတိ, အဘိသုဏာတိ, ပါပုဏာတိ စသည်တည်း။
၄၃။ ဥဏာ စ၌ စသဒ္ဒါက ရှေ့ ၂ ပစ္စည်းကို ပေါင်းသောကြောင့် ဏုဏာ ကို ခွဲ၍ အနက် ဆိုသည်၊ သု ဓာတ်နောင် … ဥဏာပစ္စည်း မသက်နိုင်သောကြောင့် “ပါပုဏာတိ”ဟု ပုံစံတစ်မျိုး လွှဲထုတ်ရသည်။ [အဘိသုဏောတိ, အဘိသုဏာတိ-ရှေးရှု နားထောင်၏၊ ပါပုဏာတိရောက်၏၊ သု အစရှိသော ဓာတ်နောင် ဏု ဏာ ဥဏာ ၃ ပစ္စည်းသက် သော သုတ်တည်း။]
ရုပ်တွက်။ ။ အဘိသုဏောတိကို အဘိရှေ့ရှိသော “သု”တည်၊ “သု=သဝနေ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်သက်, သွာဒိတော ဏုဏာဥဏာ စသုတ်ဖြင့် ဏုပစ္စည်းသက် (အဘိ သု ဏု တိ)၊ အညေသု စ သုတ်၌ စသဒ္ဒါဖြင့် ဏု၏အစိတ် ု ကို ေ-ါပြု, အဘိသုဏောတိ ပြီး၏။ [အဘိသုဏာတိ၌ ဏာပစ္စည်း သက်ရုံသာ။]
ပါပုဏာတိကို ပရှေးရှိသော “အပ”တည်၊ အပ=ပါပုဏနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, တိသက် (ပ အ ပ် တိ), ဒိဝါဒိတော ဏုဏာဥဏာ စသုတ်ဖြင့် ု ဏာပစ္စည်းသက်, ပ် ကို ု သို့ ကပ် (ပအပုဏာတိ), ပ်ခွင်း, သရာ သရေ လောပံသုတ်ဖြင့် ရှေ့ ၊ ကို ချေ, ဒီဃံသုတ်ဖြင့် နောက် ၊ ကို -ါ ဒီဃပြု, ပ် ကို -ါ သို့ ကပ်, ပါပုဏာတိ ပြီး၏။ [ပနှင့် အပကို သန္ဓိစပ်သောအရာဖြစ်သောကြောင့် သန္ဓိသုတ် များဖြင့် စီရင်ရသည်။]
[ဆောင်] ပဟိဏာတိ မိနောတိ စ, သက္ကုဏာတိ စ သွာဒယော၊ သူယတေ ပါပီယတေ စ, ပဟီယတေ စ သက္ကတေ။
ပဟိဏာတိ-စေလွှတ်၏, ပို့၏၊ မိနောတိ-ထည့်သွင်း၏၊ သက္ကုဏာတိစွမ်းနိုင်၏၊ သွာဒယော-ကတ္တားဟော သွာဒိဓာတ်တို့၊ သူယတေ-ကြားနာ အပ်၏၊ (သု၌ ု ကို ကွစိ ဓာတုဖြင့် ူ ဒီဃပြု), ပါပီယတေ-ရောက်အပ်၏၊ ပဟီယတေ-စေလွှတ်အပ်၏၊ သက္ကတေ-စွမ်းနိုင်ခြင်း၊ ဤကား ကံဟော ဘောဟောရုပ်များတည်း။ [၎င်းရုပ်တို့ကို သင့်ရာဝိဘတ်ဖြင့် ပဒမာလာ စဉ်ပါစေ။]
֍ ၄၄။ ကိယာဒိတော နာ။ ။ ကတ္တရိ- ကတ္တားအနက်၌၊ ဝိဟိတေသု- စီရင်အပ်သော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ကိယာဒိ တော- ကိယာဒိဂဏိကဓာတ်မှနောက်၌၊ နာ- နာပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကိဏာတိ, ဝိက္ကိဏာတိ စသည်တည်း။
၄၄။ [ကိဏာတိ-ဝယ်၏၊ ဝိက္ကိဏာတိ-ရောင်း၏။] ကိယာဒိဂဏိက ဓာတ်နောင် နာပစ္စည်းသက်သော သုတ်တည်း၊ သက္ကတကျမ်းတို့၌ ကီ ဓာတ်ကို ကြီဓာတ်ဟု ဆို၏၊ ကြီ (ကရီ)၌ ရအက္ခရာပါသောကြောင့် “ရဟာဒိတော ဏ”ဟူသော ဥပဒေအရ နကို ဏပြန်စေရသည်၊ ထို သက္ကတသို့ လိုက်၍ ပါဠိ၌လည်း “ကိဏာတိ”ဟု ဏကြီးဖြင့် ရှိသည်။
ရုပ်တွက်။ ။ ကိဏာတိကို “ကီ”တည်၊ “ကီ=ဒဗ္ဗဝိနိမယေ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်သက်, ကိယာဒိတော နာသုတ်ဖြင့် နာ ပစ္စည်းသက် (ကီ နာ တိ), ကွစိ ဓာတုသုတ်ကြီးဖြင့် ကီ၏ အဆုံး -ီ ကို -ိ ရဿပြု, နကိုလည်း ဏပြု, ကိဏာတိ ပြီး၏။ [ဝိက္ကိဏာတိ၌ ဝိရှေးရှိ သော ကီဓာတ်တည်, ဝိကိဏာတိ အပြီးမှာ ဒွေးဘော်လာရုံသာ ထူးသည်၊၊]
[ဆောင်] ဇိနာတိ စ စိနာတိ စ, ဇာနာတိ စ ပညာယတိ၊ မိနာတိ လုနာတိ စေဝ, ဓုနာတိ စ ကိယာဒယော။ ဝိက္ကီယတေ ကီယတေ စ, ဇီယတေ စီယတေပိ စ၊ ဉာယတေ မီယတေ စေဝ, လူယတေ ဓူယတေ တထာ။
ဇိနာတိ-အောင်၏=နိုင်၏၊ စိနာတိ-စီ၏=ဆည်းပူး၏၊ ဇာနာတိ-သိ၏၊ ပညာယတိ-ထင်ရှား၏၊ မိနာတိ-နှိုင်းယှဉ်၏=ချင့်၏၊ လုနာတိ-ရိတ်ဖြတ်၏၊ ဓုနာတိ-တုန်လှုပ်၏၊ ကိယာဒယော-ကတ္တားဟော ကိယာဒိဓာတ်တို့တည်း၊ ဝိက္ကီယတေ-ရောင်းအပ်၏၊ ကီယတေ-ဝယ်အပ်၏၊ ဇီယတေ-အောင်အပ် ၏၊ စီယတေ-စီအပ်၏၊ ဉာယတေ-သိအပ်၏၊ မီယတေ-နှိုင်းချင့်အပ်၏၊ လူယတေ-ရိတ်အပ်၏၊ ဓူယတေ-တုန်လှုပ်ခြင်း၊ တထာ-ထိုကိယာဒိ ကမ္မရုပ် ဘာဝရုပ်များတည်း။ [၎င်းရုပ်တို့ကို သင့်ရာဝိဘတ်ဖြင့် ပဒမာလာ အစဉ်ခိုင်းပါ။]
֍ ၄၅။ ဂဟာဒိတော ပ္ပဏှာ။ ။ ကတ္တရိ- ၌၊ ဝိဟိတေသု- စီရင် အပ်သော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ဂဟာဒိတော- ဂဟာဒိ ဂဏိကဓာတ်မှ နောက်၌၊ ပ္ပဏှာ- ပ္ပပစ္စည်း, ဏှာပစ္စည်းတို့သည်။ ဟောန္တိ- ဖြစ်ကုန်၏။ ဃေပ္ပတိ, ဂဏှာတိ စသည်တည်း။
၄၅။ [ဃေပ္ပတိ, ဂဏှာတိ-ယူ၏။] ဤသုတ်ကား ဂဟာဒိဂိုဏ်းဝင် ဓာတ်များနောင် ပ္ပ, ဏှာ၂ ပစ္စည်းသက်သော သုတ်တည်း၊ ရုပ်ကို “ဂဟဿ ဃေ ပ္ပေ, ဟလောပေါ ဏှာမှိ”သုတ်များကျမှ တွက်။
֍ ၄၆။ တနာဒိတော သြယိရာ။ ။ ကတ္တရိ- ၌၊ ဝိဟိတေသု- တို့ကြောင့်၊ တနာဒိတော- တနာဒိဂဏိကဓာတ်မှနောက်၌၊ သြ ယိရာ- သြပစ္စည်း, ယိရပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ တနောတိ, ကရောတိ, ကယိရတိ စသည်တည်း။
၄၆။ [တနောတိ-ချဲ့ထွင်၏၊ ကရောတိ, ကယိရတိ-ပြုလုပ်၏။] တနာဒိဂဏိကဓာတ်နောင် သြပစ္စည်း, ယိရပစ္စည်းသက်သောသုတ်တည်း။
ရုပ်တွက်။ ။ တနောတိကို “တနု”တည်၊ “တနု=ဝိတ္ထာရေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, တိဝိဘတ်သက်, တနာဒိတော သြယိရာသုတ်ဖြင့် ေ-ါ ပစ္စည်း သက်, န်ကို ေ-ါ သို့ ကပ်, တနောတိ ပြီး၏။
ကယိရတိကို “ကရ”တည်၊ “ကရ=ကရဏေ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, တနာဒိတော သြယိရာသုတ်ဖြင့် ယိရပစ္စည်းသက် (က ရ် ယိရ တိ), ကွစိ ဓာတုသုတ်ကြီးဖြင့် ရ် ကို ချေ, ကယိရတိ ပြီး၏။ [ကရောတိကိုကား ကရဓာတ်တည်၍ တနောတိအတိုင်း တွက်လေ။]
[ဆောင်] သက္ကောတိ ပပ္ပောတိ စေဝ, ဇာဂရောတိ တနာဒယော၊ ပတာယတေ ပတညတေ, ကရီယတေ စ ကယျတေ၊ သက္ကတေ ပါပီယတေ စ, ဇာဂရီယတေ စ ကမ္မကာ။
သက္ကောတိ-စွမ်းနိုင်၏၊ ပပ္ပောတိ-ရောက်၏၊ ဇာဂရောတိ-နိုး၏၊ တနာဒယော-တနာဒိဂဏိကဓာတ်တို့၊ ပတာယတေ, ပတညတေ-ချဲ့ထွင် အပ်၏, စသည်ဖြင့် ကမ္မရုပ်များ အနက်ဆို။ [ပဒမာလာစဉ်ပါစေ။]
֍ ၄၇။ စုရာဒိတော ဏေဏယာ။ ။ ကတ္တရိ စ- ကတ္တားအနက် ၌လည်းကောင်း၊ ဘာဝေ စ- ဘောအနက်၌လည်းကောင်း၊ ကမ္မနိ စ- ကံအနက်၌လည်းကောင်း၊ ဝိဟိတေသု- တို့ကြောင့်၊ စုရာဒိ တော- စုရာဒိဂဏိကဓာတ်မှနောက်၌၊ ဏေဏယာ- ဏေပစ္စည်း, ဏယပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကာရိတာနိစ- ကာရိတ် လည်း မည်ကုန်၏။ စောရေတိ, စောရယတိ စသည်တည်း။
၄၇။ [စောရေတိ, စောရယတိ=ခိုးယူ၏။] စုရာဒိဂဏိကဓာတ်နောင် ဏေ ဏယ ပစ္စည်းသက်သောသုတ်တည်း၊ ဘူဝါဒိတော အ စသော သုတ်ဖြင့် သက်သောပစ္စည်းတို့ကို ကတ္တားဟော ဝိဘတ် ပစ္စည်းနှောင်းရာ ၌သာ သက်၏၊ ဤဏေ ဏယပစ္စည်းတို့ကား ဘော ကံ ကတ္တား ၃ ပါးတွင် တစ်ပါးပါးကိုဟောသော ဝိဘတ် ပစ္စည်းနှောင်းရာ၌ သက်နိုင်သည်ဟု ရူပသိဒ္ဓိဖွင့်၏။ [ဏအက္ခရာပါ၍ ထိုဏကို ကာရိတာနံ ဏော လောပံ သုတ်ဖြင့် ချေဖို့ရာ ကာရိတ်မှည့်ရခြင်းဖြစ်သည်၊ ကာရိတ်အစစ် မဟုတ် သောကြောင့် အနက်ပေးရာ၌ “စေ”ဟု မထည့်ရ။]
ရုပ်တွက်။ ။ စောရေတိကို “စုရ”တည်၊ “စုရ=ထေယျေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, စုရာဒိတော ဏေ ဏယာသုတ်ဖြင့် ဏေပစ္စည်းသက်, ဏေပစ္စည်းကို ကာရိတ်အမည်မှည့် (စု ရ် ဏေ တိ), အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် စု၏အစိတ် ု ကို ေ-ါ ဝုဒ္ဓိပြု (စော ရ် ဏေ တိ), ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, ရ် ေ- သို့ကပ်, စောရေတိ ပြီး၏။ [စောရယတိ၌ ဏယပစ္စည်းသက်၍ တွက်လေ။]
[ဆောင်] စိန္တေတိ မန္တေတိ စေဝ, ပါလေတိ ဃာဋေတိ တထာ၊ ဝေဒေတိ ဂဏေတိ စာပိ, ဣမေ စုရာဒိဓာတဝေါ။
စိန္တေတိ, စိန္တယတိ-ကြံစည်၏၊ မန္တေတိ, မန္တယတိ-တိုင်ပင်၏၊ ပါလေတိ, ပါလယတိ-စောင့်ရှောက်၏၊ ဃာဋေတိ, ဃာဋယတိ-စေ့ဆော် ၏=အားထုတ်၏၊ ဝေဒေတိ, ဝေဒယတိ-ခံစား၏၊ ဂဏေတိ, ဂဏယတိရေတွက်၏၊ ဣမေ-ဤဓာတ်တို့သည်၊ စုရာဒိဓာတဝေါ-စုရာဒိဂဏိကဓာတ် တို့တည်း။ [ကံဟော၌ စောရီယတေ စိန္တီယတေ စသော ရုပ်များကို သိလေ၊ သင့်ရာဝိဘတ်ဖြင့် ပဒမာလာစဉ်ပါစေ။]
֍ ၄၈။ အတ္တနောပဒါနိ ဘာဝေ စ ကမ္မနိ။ ။ အတ္တနောပဒါနိ- အတ္တနောပုဒ်ဝိဘတ်တို့သည်၊ ဘာဝေစ- ဘောအနက်၌လည်း ကောင်း၊ ကမ္မနိ စ- ကံအနက်၌လည်းကောင်း၊ ဟောန္တိ- ကုန်၏။ ဥစ္စတေ စသည်တည်း။
၄၈။ [ဥစ္စတေ-ဆိုခြင်း, ဆိုအပ်၏။] ဤသုတ်ကား “ဘောအနက်, ကံအနက်၌ အတ္တနောပုဒ်ဝိဘတ်များသက်၏”ဟု သိစေသော ပရိဘာသာ သုတ်တည်း၊ ဤသုတ်အဆိုနှင့်ညီအောင် ကမ္မရုပ်များ၌ “အဘိဘူယတေ” စသည်ဖြင့် အာချာတ်ဂိုဏ်းတုန်းက အတ္တနောပုဒ်ဝိဘတ်ဖြင့် ပဒမာလာ စဉ်ခဲ့ရသည်။
ရုပ်တွက်။ ။ ဥစ္စတေကို “ဥစ” တည်၊ “ဥစ=ဝိယတ္တိယံ ဝါစာယံ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရကို ချေ, တေဝိဘတ်, ယပစ္စည်း သက် (ဥစ်ယတေ), တဿ စဝဂ္ဂ ယကာရဝကာရတ္တံသုတ်ဖြင့် ဓာတွန် စ်နှင့်တကွ ယပစ္စည်းကို စပြု, ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် သဒိသ ဒွေးဘော် စ်လာ, ဥစ္စတေ ပြီး၏။
ဘောဟောကြိယာ၏ ကံ ကတ္တားနေပုံ။ ။ ဓာတ်အနက်ဖြစ်သော ကြိယာကို “ဘော”ဟု ခေါ်၏၊ ပစ္စတေဆိုလျှင် ပစဓာတ်၏ အနက်သည် “ချက်ခြင်း”ဆိုတဲ့ ကြိယာတည်း၊ ထိုချက်ခြင်းကြိယာကိုပင် ပစ္စတေ၌ တေဝိဘတ်က ဟောသည်၊ ကတ္တားကို မဟော, ကံကိုလည်း မဟော၊ ကတ္တား ကံတို့ကို မဟောသောကြောင့် “မဟောကတ္တာ, တတိယာ, ကံမှာ ဒုတိနှင့်”ဟူသော ဥပဒေအရ ကတ္တား၌ တတိယာ, ကံ၌ ဒုတိယာ ဝိဘတ်ဖြင့် ပါဠိစီရမည်။
“မဟောသမျှ, အဝုတ္တ၌, သဒ္ဒသုံးသွယ်, ဝုစ်နှစ်သွယ်, လဲလှယ် သွင်း၍ဆင့်” ဟူသော ဥပဒေအရ နာမစသောသဒ္ဒါ ၃ မျိုးနှင့် ဝုစ်၂ မျိုးကို လည်း လဲလှယ်နိုင်၏၊ နာမ တုမှ အမှ သဒ္ဒါ ၃ မျိုးလုံးကိုပင် မဟောသော ကြောင့် နာမယောဂ, တုမှယောဂ, အမှယောဂဟု ပုရိသ်အမျိုးမျိုး သက်ဖွယ်မလို၊ လုံးလုံးဝိဘတ်မသက်လျှင် ပုဒ်ရာမဝင်သောကြောင့် “ပဌမ ပုရိသ် ဧကဝုစ်ဝိဘတ်သာ သက်ထိုက်၏”ဟု ရူပသိဒ္ဓိအယူရှိ၏။
ဤစကားအရ …“ပစ္စတေ(ချက်ရာ၏)”ဟူသော ကြိယာတစ်ခု၌ “သူဒေန သူဒေဟိ, တယာ တုမှေဟိ, မယာ အမှေဟိ”ဟု အဝုတ္တကတ္တား ၆ မျိုးလဲလှယ်၍လည်းကောင်း, “သြဒနံ သြဒနေ, တံ တုမှေ, မံ အမှေ”ဟု အဝုတ္တကံ ၆ မျိုးလဲလှယ်၍လည်းကောင်း သွင်းနိုင်၏ဟု မှတ်ပါ၊ ဤကား မှတ်နှင့်ရုံသာတည်း၊ သဒ္ဒနီတိအလိုကို အထက်သဒ္ဒါကျမ်းကြီးများ၌ တွေ့ရပါလိမ့်မည်။
[ဆောင်]၁။ ကတ္တား ကံရော, အဝုတ္တော, ဘောဟော ဝါကျပုဒ်။၂။ ပုရိသ် ပဌမ, ဧကဝုစ်မျှ, ရူပ-သိဒ္ဓိထုတ်။
֍ ၄၉။ ကတ္တရိ စ။ ။ အတ္တနောပဒါနိ- အတ္တနောပုဒ်ဝိဘတ်တို့ သည်၊ ကတ္တရိ စ- ကတ္တားအနက်၌လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ မညတေ စသည်တည်း။
၄၉။ [မညတေ-သိ၏။] ကတ္တရိ စ၌ စသဒ္ဒါဖြင့် ရှေ့သုတ်၌ပြခဲ့သော ဘော ကံအနက်ကိုပေါင်းသည်၊ ဤသုတ်အဆိုအရ ကတ္တုရုပ်ဂိုဏ်းစဉ်ရာ၌ အတ္တနောပုဒ်ဝိဘတ်များပါ ထည့်သွင်း၍ စဉ်ခဲ့ရသည်။
ရုပ်တွက်။ ။ မညတေကို “မန”တည်၊ “မန=ဉာဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ်သက်, ဒိဝါဒိတော ယောသုတ်ဖြင့် ယပစ္စည်းသက် (မ န် ယ တေ), တထာ ကတ္တရိ စသုတ်ဖြင့် ဓာတွန် န်နှင့် တကွ ယပစ္စည်းကို ဉပြု, သဒိသဒွေးဘော် ဉလာ, မညတေ ပြီး၏။ [“မညတေ-သိအပ်၏”ဟု ဆိုလျှင် ကံဟော ယပစ္စည်း။]
֍ ၅၀။ ဓာတုပစ္စယေဟိ ဝိဘတ္တိယော။ ။ ဓာတုပစ္စယေဟိ- ခ အစရှိသော ဓာတုပစ္စယတို့မှနောက်၌၊ ဝိဘတ္တိယော- ဝိဘတ်တို့ သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ တိတိက္ခတိ စသည်တည်း။
၅၀။ [ဓာတုပစ္စယများကို “တိဇဂုပကိတမာနေဟိ ခဆသာ ဝါ” စသောသုတ်၌ ပြခဲ့ပြီ။] ဤသုတ်ကား “ထိုဓာတုပစ္စယများနှင့် တွဲသည့် အခါ ဝိဘတ်တို့သည် ဓာတုပစ္စယ၏ နောက်မှ သက်ကြသည်” ဟု ပရိဘာသာပြုသောသုတ်တည်း။
ဆက်ဦးအံ့ဆက်ဦးအံ့-အာချာတ်ပုဒ် ကိတ်ပုဒ်မှန်လျှင် ဓာတ်သာ အရင်းခံ အထည်ကိုယ်ဖြစ်၏၊ ဤဓာတုပစ္စယတို့သည် ဓာတ်နှင့်သဘောတူကုန်၏၊ ဓာတ်ကဲ့သို့ ကြိယာကို ဟောစွမ်းနိုင်ကုန်၏၊ ထို့ကြောင့် ဤဓာတုပစ္စယ တို့လည်း အရင်းခံအထည်ကိုယ်တွင် ပါဝင်ရကား ဝိဘတ်၏ ရှေးဦးစွာ သက်ကြရသည်၊ အ အစရှိသော ဝိကရဏပစ္စည်းနှင့် ယပစ္စည်းတို့ကား ပုဒ်၏အထည်ကိုယ်များ မဟုတ်ကြ, ရုပ်ပြီးရုံ သက်ကြရသော အဆင် တန်ဆာမျှသာ ဖြစ်၍ ဝိဘတ်သက်ပြီးမှ သက်ကြရသည်။
[ဆောင်]၁။ ခါဒိပစ္စယ, ဓာတ်နက်ပြသဖြင့်, ပဓာနဆို, အထည်ကိုယ်မို့, ထိုထိုဝိဘတ်, ဦးစွာမှတ်, သက်အပ်ကြလေတုံ။၂။ ဝိကရဏသီးသီး, ယပစ္စည်းကား, ရုပ်ပြီးစေမှု, အနေရှုလျက်, စုစုဝိဘတ်, သက်ပြီးလတ်မှ, သက်လေရ, မှတ်ကြ စွဲမြဲကုန်။
֍ ၅၁။ ကတ္တရိ ပရဿပဒံ။ ။ ပရဿပဒံ- ပရဿပုဒ်ဝိဘတ် သည်၊ ကတ္တရိ- ကတ္တားအနက်၌၊ ဟောတိ- ၏။ ဘဝတိ စသည် တည်း။
၅၁။ “ပရဿပုဒ်ဝိဘတ်သည် ကတ္တားအနက်၌ သက်၏” ဟု ပရိဘာသာပြုသောသုတ်တည်း၊ ၄၈-၄၉ ၄၈-၄၉ နံပါတ်သုတ်များနှင့် ဤသုတ် အဆိုအတိုင်း “ပရဿပုဒ်ဝိဘတ်သည် ကတ္တားအနက်၌သာ သက်၏၊ အတ္တနောပုဒ်ဝိဘတ်ကား ဘော ကံ ကတ္တား ၃ ပါးလုံး၌ သက်သည်”ဟု မှတ်သားပါ၊ ဤသုတ်များ၏ အမိန့်အရ ကတ္တုရုပ်ဂိုဏ်းစဉ်သည့်အခါ ပရဿပုဒ် အတ္တနောပုဒ်ဝိဘတ်များ စုံအောင်စဉ်၍ ကမ္မရုပ်စဉ်သည့်အခါ အတ္တနောပုဒ်များဖြင့်သာ စဉ်ရသည်၊ ဘောဟောကား ပဌမပုရိသ်ဧကဝုစ် တစ်ရုပ်သာ ဖြစ်၍ ဂိုဏ်းစဉ်ဖွယ် မလို။
֍ ၅၂။ ဘူဝါဒယော ဓာတဝေါ။ ။ ဘူဝါဒယော- ဘူ အစရှိသော သဒ္ဒါတို့သည်၊ ဓာတဝေါ- ဓာတ်တို့ မည်၏။
၅၂။ ဤသုတ်ကား ဘူ အစရှိသော သဒ္ဒါတို့ကို “ဓာတ်”ဟု နာမည် မှည့်သော သညာသုတ်တည်း။ [ဘူဝါဒယောကို ဘူ+အာဒယောဟု ပုဒ်ဖြတ်၊ ဝအက္ခရာကား အာဂမ (လာသော) အက္ခရာတည်း။]
ဓာတ်ခေါ်ပုံ။ ။ ဒဓာတီတိ ဓာတု၊ ဒဓာတိ-မိမိ၏အနက်ကို ဆောင် တတ်၏၊ ဣတိ-ထို့ကြောင့်၊ ဓာတု-ဓာတ်မည်၏၊ ဓာတု၌ ဓာဓာတ်, တု ပစ္စည်း၊ “ဓာရေတီတိ ဓာတု”ဟု ဝိဂြိုဟ်ပြုကြသည်ကား ဓာဓာတ်၏အနက် ပေါ်လွင်အောင် “ဓရ”ဓာတ်ဖြင့်ပြုသော ဓာတွတ္ထဝိဂ္ဂဟတည်း၊ “မိမိ၏ အနက်ကို ဆောင်တတ်”ဟူရာ၌ “မိမိဆိုင်ရာ ကြိယာအနက်ကို ဟောနိုင် သည်”ဟု ဆိုလိုသည်၊ ဤဓာတုသဒ္ဒါ၏လိန်မှာ ကျမ်းဂန်တို့၌ အမျိုးမျိုး ရှိ၏။
ဓာတုသဒ္ဒေါ ဇိနမတေ, ဣတ္ထိလိင်္ဂတ္တနေ မတော၊ သတ္ထေ ပုံလိင်္ဂဘာဝသ္မိံ, ကစ္စာယနမတေ ဒွီသု။
ဓာတုသဒ္ဒေါ-ဓာတုသဒ္ဒါကို၊ ဇိနမတေ-ဘုရားအလိုတော်၌ (ပိဋက ပါဠိတော်၌)၊ ဣတ္ထိလိင်္ဂတ္တနေ-ဣတ္ထိလိန်၏အဖြစ်၌၊ မတော-သိအပ်၏၊ [“အဋ္ဌာရသ ဓာတုယော” စသည်ဖြင့် ပါဠိတော်၌ ဣတ္ထိလိန်ရှိသည် ဟူလို၊၊] သတ္ထေ-သက္ကတအဘိဓာန်ကျမ်း၌၊ ပုံလိင်္ဂဘာဝသ္မိံ-ပုံလိန်၏ အဖြစ်၌၊ မတော-၏၊ ကစ္စာယနမတေ-ကစ္စည်းဆရာ၏အလို၌ (သဒ္ဒါကြီး အလို၌)၊ ဒွီသု - ဣတ္ထိလိန် ပုံလိန် ၂ မျိုးတို့၌၊ မတော - သိအပ်၏။ [“ဘူဝါဒယော ဓာတဝေါ”ဟူရာ၌ ပုံလိန်ရှိ၍ “ဓာတုယာ ကမ္မာဒိမှိဏော” ဟူရာ၌ ဣတ္ထိလိန်ရှိသည် ဟူလို၊၊]
ဣတိ အာချာတကပ္ပေ ဒုတိယော ကဏ္ဍော။ ။ အာချာတ ကပ္ပေ- အာချာတ်ကျမ်း၌၊ ဒုတိယော- နှစ်ခန်းမြောက်ဖြစ်သော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
အာချာတ်ဒုတိယခန်းပြီး၏။
֍ ၅၃။ ကွစာဒိဝဏ္ဏာန.မေကဿရာနံ ဒွေဘာဝေါ။ ။ အာဒိ ဝဏ္ဏာနံ- ဓာတ်၏အစဖြစ်သော ဝဏ္ဏတို့၏၊ ဧကဿရာနံ- တူသောသရရှိကုန်သည်ဖြစ်၍၊ ကွစိ- အချို့အရာ၌၊ ဒွေဘာဝေါ- ဒွေးဘော်သည်၊ ဟောတိ- ဖြစ်၏။ သုဿူသတိ, ဗဟူဝ, ဒဒါတိ စသည်တည်း။
၅၃။ သုဿူသတိ-နားထောင်ချင်၏၊ ဗဘူဝ-ဖြစ်ပြီတဲ့၊ ဒဒါတိ-ပေး၏။ [ရူပသိဒ္ဓိ၌ “ကွစိသဒ္ဒါ ၀၀တ္ထိတဝိဘာသာအနက်ရှိသည်”ဟု ဆိုသည်။]
ဧကဿရာနံ-ဒွေးဘော်လာသည့်အခါ ထိုဓာတ်၏ အစ ဝဏ္ဏနှင့် တူသောသရရှိအောင် လာရမည်၊ ဥပမာ-သုဓာတ်၌ အစ ဝဏ္ဏသည် သ် ဗျဉ်းတည်း၊ ထို သ် ဗျဉ်း၏ဒွေးဘော် လာသည့်အခါ “တူသောသရရှိအောင် လာ” ဟု ဆိုသဖြင့် “သု”ဟု ဥသရနှင့်တကွ လာရသည် ဟူလို။
မေး။ ။ သန္ဓိပိုင်းက ပရ ဒွေဘာဝေါသုတ် ရှိလျက် ဤသုတ်ကို ဘယ်အကျိုးငှာ ဆိုသနည်း။
ဖြေ။ ။ သန္ဓိပိုင်းက ဒွေးဘော်သည် သရမပါသော ဒွေးဘော် တည်း၊ ထို့ကြောင့် ဤအာချာတ်၌ သရနှင့်တကွ ဒွေးဘော်လာခြင်းအကျိုးငှာ ဤသုတ်ကို ဆိုရပြန်သည်။
ချဲ့ဦးအံ့= သန္ဓိပိုင်း၌ “အပ္ပမာဒေါ”ကို “အ+ပမာဒေါ”ဟု ပုဒ်ဖြတ်၍ သဒိသဒွေးဘော်လာသည့်အခါ သရမပါဘဲ (ပ်)ဗျဉ်းချည်းသက်သက် လာရသည်၊ ဤနေရာ၌ကား သု ၏ဒွေးဘော်လာသည့်အခါ “သု”ဟု ဥသရနှင့်တကွ လာရသည် ဟူလို။
[ဆောင်] သန္ဓိပိုင်းက , ဒွေဘာဝ , သရ မပါချေ။ အာချာတ်ပိုင်းလာ , သရ ပါ , မှတ်ရာ အထူးပေ။
ရုပ်တွက်။ ။ သုဿူသတိကို “သု”တည်၊ “သု=သဝနေ”ဟူသော အနက်၌ ဓာတ်မှည့်, ဘုဇဃသဟရသုပါဒီဟိ တုမိစ္ဆတ္ထေသုသုတ်ဖြင့် သပစ္စည်းသက်, ကွစာဒိဝဏ္ဏာနမေကဿရာနံ ဒွေဘာဝေါသုတ်ဖြင့် သု၏ ဒွေးဘော် သုလာ (သု သု သ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် သ၏ သဒိသဒွေးဘော် သ်လာ, ကွစိ ဓာတုသုတ်ကြီးဖြင့် သု၏ အဆုံး ု ကို ူ ဒီဃပြု (သု ဿူ သ), တိဝိဘတ်သက်, သုဿူသတိ ပြီး၏။
֍ ၅၄။ ပုဗ္ဗော.ဗ္ဘာသော။ ။ ပုဗ္ဗော- ရှေ့တစ်လုံးသည်၊ အဗ္ဘာသော- အဗ္ဘာသ မည်၏။ ဗဘူဝ, ဒဒါတိ စသည်တည်း။
၅၄။ အဗ္ဘာသဟူသော နာမည်သည် သက္ကတကျမ်း၌လာသော နာမည်တည်း၊ အာရှေးရှိသော ဘာသဓာတ်, ဗ်ဒွေးဘော်လာ, အာ ကို ရဿပြု၍ ပြီးသောကြောင့် “အာ=အပိုအလွန်+ဘာသ=ရွတ်ဆိုအပ်သော အက္ခရာ”ဟု ကြံကြ၏၊ ဒါ ဒါဟုဖြစ်နေရာဝယ် ရှေ့ ဒါ သည် အပိုထည့်၍ ရွတ်ဆိုအပ်သောကြောင့် “အဗ္ဘာသ”မည်ရသည် ဟူလို။
֍ ၅၅။ ရဿော။ ။ အဗ္ဘာသေ- အဗ္ဘာသ၌၊ ဝတ္တမာနဿ- ဖြစ်သော ဒီဃသရ၏၊ ရဿော- ရဿ အပြုသည်၊ ဟောတိ- ၏။ ဒဒါတိ စသည်တည်း။
၅၅။ အဗ္ဘာသမည်သော ရှေ့အက္ခရာဝယ် သရရှိ၏၊ ထို သရသည် ဒီဃဖြစ်အံ့၊ ထို ဒီဃကို ရဿပြုသောသုတ်တည်း။
ရုပ်တွက်။ ။ ဒဒါတိကို “ဒါ”တည်၊ “ဒါ=ဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်သက်, ဘူဝါဒိတော အ သုတ်ဖြင့် အ ပစ္စည်းသက် (ဒါ ၊ တိ), ကွစာဒိဝဏ္ဏာန.မေကဿရာနံ ဒွေဘာဝေါ သုတ်ဖြင့် ဒါ ၏ ဒွေးဘော် ဒါ လာ (ဒါ ဒါ ၊ တိ), ပုဗ္ဗော.ဗ္ဘာသောသုတ်ဖြင့် ရှေ့ ဒါ ကို အဗ္ဘာသမှည့်, ရဿောသုတ်ဖြင့် အဗ္ဘာသ၌ဖြစ်သော -ါ ကို ၊ ရဿပြု, လောပေဉ္စတ္တမကာရောသုတ်ဖြင့် ၊ ပစ္စည်းကို ချေ, ဒဒါတိ ပြီး၏။
֍ ၅၆။ ဒုတိယစတုတ္ထာနံ ပဌမတတိယာ။ ။ အဗ္ဘာသဂတာနံ- အဗ္ဘာသ၌ ဖြစ်ကုန်သော၊ ဒုတိယစတုတ္ထာနံ- ဒုတိယက္ခရာ စတုတ္ထက္ခရာတို့၏၊ ပဌမတတိယာ- အစဉ်အတိုင်း ပဌမက္ခရာ အပြု, တတိယက္ခရာအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ စိစ္ဆေဒ, ဒဓာတိ စသည်တည်း။
၅၆။ [စိစ္ဆေဒ=ဖြတ်ပြီတဲ့၊ ဒဓာတိ-ဆောင်၏။] ဤသုတ်ကား အဗ္ဘာသ အရာ၌ ဒုတိယက္ခရာကို ပဌမက္ခရာ, စတုတ္ထက္ခရာကို တတိယက္ခရာပြု သော သုတ်တည်း။
ရုပ်တွက်။ ။ စိစ္ဆေဒကို “ဆိဒိ”တည်၊ “ဆိဒိ=ဒွိဓာကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး -ိ သရချေ, အပစ္စက္ခေ ပရောက္ခာတီတေ သုတ်ဖြင့် ပရောက္ခာ ၊ ဝိဘတ်သက် (ဆိ ဒ် ၊ ), ကွစာဒိဝဏ္ဏာန.မေက ဿရာနံ ဒွေဘာဝေါ သုတ်ဖြင့် ဆိ၏ဒွေးဘော် ဆိလာ (ဆိ ဆိ ဒ် ၊ ), ပုဗ္ဗော.ဗ္ဘာသောသုတ်ဖြင့် ရှေ့ ဆိကို အဗ္ဘာသမှည့်, ဒုတိယစတုတ္ထာနံ ပဌမတတိယာသုတ်ဖြင့် ဒုတိယက္ခရာ ဆ် ကို ပဌမက္ခရာ စ် ပြု (စိ ဆိ ဒ် ၊ ), ဝဂ္ဂေ ဃောသာဃောသာနံ စသောသုတ်ဖြင့် ဆ၏ အသဒိသဒွေးဘော် စလာ (စိ စ္ဆိ ဒ် ၊ ), အညေသု စသုတ်ဖြင့် စ္ဆိ၏ အစိတ် -ိ ကို ေ- ဝုဒ္ဓိပြု, ဒ် ကို ၊ သို့ ကပ်, စိစ္ဆေဒ ပြီး၏။
ဒဓာတိကို “ဓာ”တည်၊ “ဓာ=ဓာရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, တိ ဝိဘတ်သက်, အ ပစ္စည်းသက်, ကွစာဒိဝဏ္ဏာန.မေကဿရာနံ ဒွေ ဘာဝေါ သုတ်ဖြင့် ဓာ ၏ ဒွေးဘော် ဓာ လာ၊ ပုဗ္ဗော.ဗ္ဘာသောသုတ်ဖြင့် ရှေ့ ဓာကို အဗ္ဘာသမှည့်, ဒုတိယစတုတ္ထာနံ ပဌမတတိယာသုတ်ဖြင့် စတုတ္ထက္ခရာ ဓ် ကို တတိယက္ခရာ ဒ် ပြု (ဒါ ဓာ ၊ တိ), ရဿောသုတ်ဖြင့် အဗ္ဘာသ၌ဖြစ်သော -ါ ကို ၊ ရဿပြု, လောပေဉ္စတ္တမကာရောသုတ်ဖြင့် ၊ ပစ္စည်းကို ချေ, ဒဓာတိ ပြီး၏။
֍ ၅၇။ ကဝဂ္ဂဿ စဝဂ္ဂေါ။ ။ အဗ္ဘာသဂတဿ- အဗ္ဘာသ၌ ဖြစ်သော၊ ကဝဂ္ဂဿ- ကဝဂ်၏၊ စဝဂ္ဂေါ- စဝဂ် အပြုသည်၊ ဟောတိ- ဖြစ်၏။ စိကိစ္ဆတိ, ဇိဂုစ္ဆတိ, ဇိဃစ္ဆတိ, ဇိဂီသတိ စသည်တည်း။
၅၇။ စိကိစ္ဆတိ - ဆေးကု၏၊ ဇိဂုစ္ဆတိ စသည်တို့၏ အနက်ကို ဒုတိယခန်း၌ ဆိုခဲ့ပြီ။
ရုပ်တွက်။ ။ စိကိစ္ဆတိကို “ကိတ”တည်၊ “ကိတ=ရောဂါပနယနေ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဇဂုပကိတမာနေဟိ ခဆသာ ဝါသုတ်ဖြင့် ကိတဓာတ်နောင် ဆပစ္စည်းသက်, ကွစာဒိဝဏ္ဏာန. မေကဿရာနံ ဒွေဘာဝေါသုတ်ဖြင့် ကိ၏ဒွေးဘော် ကိလာ (ကိကိတ်ဆ), ပုဗ္ဗော.ဗ္ဘာသောသုတ်ဖြင့် ရှေ့ ကိကို အဗ္ဘာသမှည့်, ကဝဂ္ဂဿ စဝဂ္ဂေါ သုတ်ဖြင့် က် ကို စ် ပြု (စိ ကိ တ် ဆ), ဗျဉ္ဇနန္တဿ စော ဆပ္ပစ္စယေသု စ သုတ်ဖြင့် ဓာတွန် တ် ကို စ် ပြု, စ် ကို ဆ သို့ကပ် (စိကိစ္ဆ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တိဝိဘတ်သက်, စိကိစ္ဆတိ ပြီး၏။
အမှာ။ ။ ဝိစိကိစ္ဆတိလည်း ဝိ ရှေ့ရှိသော ကိတဓာတ် ဖြစ်၍ ဤ နည်းအတိုင်း ရုပ်တွက်၊ “ကိတ=သံသယေ”ဟု ဓာတ်နက်ဆို၊ ဇိဂုစ္ဆတိ စသည်ကို နောက်မှ တွက်။
֍ ၅၈။ မာနကိတာနံ ဝတတ္တံ ဝါ။ ။ အဗ္ဘာသဂတာနံ- အဗ္ဘာသ၌ ဖြစ်ကုန်သော၊ မာနကိတာနံ- မာနဓာတ်, ကိတဓာတ်တို့၏၊ ဝတတ္တံ- အစဉ်အတိုင်း ဝအဖြစ်, တအဖြစ်သည်၊ ဝါ- ဝိကပ်အား ဖြင့်၊ ဟောတိ- ဖြစ်၏။ ဝီမံသတိ, တိကိစ္ဆတိ ဟူသည်တည်း။
၅၈။ အနက်ကို ဒုတိယခန်း၌ ဆိုခဲ့ပြီ၊ မာနဓာတ်၏ အဗ္ဘာသဖြစ်သော “မ်”ကို “ဝ်”, ကိတဓာတ်၏ အဗ္ဘာသဖြစ်သော “က်”ကို “တ်”ပြုသော သုတ်တည်း။
ရုပ်တွက်။ ။ တိကိစ္ဆတိကို “ကိတ”တည်၊ “ကိတ=ရောဂါပနယနေ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဆပစ္စည်းသက်, ကိ၏ ဒွေးဘော် ကိလာ, အဗ္ဘာသမှည့်, မာနကိတာနံ ဝတတ္တံ ဝါသုတ်ဖြင့် အဗ္ဘာသ၌ဖြစ်သော က်ကို တ်ပြု, ဗျဉ္ဇနန္တဿ စော ဆပ္ပစ္စယေသု စ သုတ်ဖြင့် ဓာတွန် တ် ကို စ် ပြု, တိဝိဘတ်သက်, တိကိစ္ဆတိ ပြီး၏။
֍ ၅၉။ ဟဿ ဇော။ ။ အဗ္ဘာသဂတဿ- အဗ္ဘာသ၌ ဖြစ်သော၊ ဟဿ- ဟ ၏၊ ဇော- ဇ အပြုသည်၊ ဟောတိ- ၏။ ဇဟာတိ စသည်တည်း။
၅၉။ [ဇဟာတိ-စွန့်ကြဲ၏, စွန့်လွှတ်၏။]
ရုပ်တွက်။ ။ ဇဟာတိကို “ဟာ”တည်၊ “ဟာ=စာဂေ”ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်, ၊ ပစ္စည်းသက်, ဟာ၏ဒွေးဘော် ဟာလာ (ဟာဟာ ၊ တိ), အဗ္ဘာသမှည့်, ဟဿ ဇောသုတ်ဖြင့် အဗ္ဘာသ၌ဖြစ်သော ဟ်ကို ဇ်ပြု, ရဿောသုတ်ဖြင့် အဗ္ဘာသဖြစ်သော -ါ ကို ၊ ရဿပြု, လောပေဉ္စတ္တ မကာရောသုတ်ဖြင့် ၊ ပစ္စည်းကို ချေ, ဇဟာတိ ပြီး၏။ [ဇုဟွတိ, ဇုဟောတိပူဇော်၏၊ ဇဟာရ-ဆောင်ယူပြီတဲ့ ဟူသော ပုံစံများလည်း ဤသုတ်၏ အရာပင်တည်း၊ ရုပ်ကို နောင်ခါ တွက်တတ်လတ္တံ့။]
֍ ၆၀။ အန္တဿိဝဏ္ဏာ.ကာရော ဝါ။ ။ အဗ္ဘာသဂတဿ- အဗ္ဘာသ၌ဖြစ်သော၊ အန္တဿ- အဆုံးသရ၏၊ ဣဝဏ္ဏော- ဣဝဏ် အပြုသည်လည်းကောင်း၊ အကာရော- အ အပြုသည်လည်း ကောင်း၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဇိဂုစ္ဆတိ, ဇိဃစ္ဆတိ, ဇိဂီသတိ, ဝီမံသတိ, ဗဘူ၀ စသည်တည်း။
၆၀။ ပုံစံနက်ကို ရှေ့သုတ်များ၌ ဆိုခဲ့ပြီ၊ ဤသုတ်ကား အဗ္ဘာသ၌ တည်သော အဆုံးသရကို ဣဝဏ် (ဣ ဤ)နှင့် (အ)ပြုသောသုတ်တည်း။
ရုပ်တွက်။ ။ ဇိဂုစ္ဆတိကို “ဂုပ”တည်၊ “ဂုပ=နိန္ဒာယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဇဂုပကိတမာနေဟိ ခဆသာ ဝါသုတ်ဖြင့် ဆပစ္စည်းသက် (ဂု ပ် ဆ), ကွစာဒိဝဏ္ဏာနစသောသုတ်ဖြင့် ဂု၏ဒွေးဘော် ဂုလာ, အဗ္ဘာသမှည့်, ကဝဂ္ဂဿ စဝဂ္ဂေါ သုတ်ဖြင့် ဂ် ကို ဇ် ပြု (ဇု ဂု+ ပ် ဆ), အန္တဿိဝဏ္ဏာကာရော ဝါသုတ်ဖြင့် အဗ္ဘာသ၏အဆုံး ု ကို -ိပြု (ဇိ ဂု+ပ် ဆ), ဗျဉ္ဇနန္တဿ စော ဆပ္ပစ္စယေသု စ သုတ်ဖြင့် ဓာတွန် ပ် ကို စ် ပြု, စ် ကို ဆ သို့ကပ် (ဇိဂုစ္ဆ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တိဝိဘတ်သက်, ဇိဂုစ္ဆတိ ပြီး၏။
ဇိဃစ္ဆတိကို “ဃသ”တည်၊ “ဃသ=အဒနေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, ဆပစ္စည်းသက်, ဃ၏ဒွေးဘော် ဃလာ, အဗ္ဘာသ မှည့်, ဒုတိယစတုတ္ထာနံ ပဌမတတိယာသုတ်ဖြင့် စတုတ္ထက္ခရာ ဃ ကို တတိယက္ခရာ ဂ ပြု, ကဝဂ္ဂဿ စဝဂ္ဂေါ သုတ်ဖြင့် ဂ ကို ဇ ပြု, အန္တဿိ ဝဏ္ဏာကာရော ဝါသုတ်ဖြင့် အဗ္ဘာသ၏အဆုံး ၊ ကို -ိ ပြု (ဇိ ဃ သ် ဆ), ဗျဉ္ဇနန္တဿ စော ဆပ္ပစ္စယေသု စ သုတ်ဖြင့် ဓာတွန် သ် ကို စ် ပြု, စ် ကို ဆ သို့ကပ် (ဇိဃစ္ဆ), တိဝိဘတ်သက်, ဇိဃစ္ဆတိ ပြီး၏။ [ဇိဂီသတိ စသည်ကို နောက်မှ ရုပ်တွက်။]
֍ ၆၁။ နိဂ္ဂဟီတဉ္စ။ ။ အဗ္ဘာသန္တေ- အဗ္ဘာသ၏ အဆုံး၌၊ နိဂ္ဂဟီတဉ္စ- နိဂ္ဂဟိတ်လာသည်လည်း၊ ဟောတိ- ဖြစ်၏။ စင်္ကမတိ စသည်တည်း။
၆၁။ [စင်္ကမတိ-စင်္ကြံသွား၏, လမ်းလျှောက်၏။]
ရုပ်တွက်။ ။ စင်္ကမတိကို “ကမု”တည်၊ “ကမု=ပဒဝိက္ခေပေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, တိဝိဘတ်သက်, အပစ္စည်းသက်, က၏ဒွေးဘော် က လာ, အဗ္ဘာသမှည့်, ကဝဂ္ဂဿ စဝဂ္ဂေါသုတ်ဖြင့် က်ကို စ်ပြု, မ် ၊ သို့ကပ် (စကမတိ), နိဂ္ဂဟီတဉ္စသုတ်ဖြင့် အဗ္ဘာသ၏အဆုံး၌ နိဂ္ဂဟိတ်လာ (စံကမတိ), ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို ကဝဂ္ဂန္တ “င်” ပြု, င် ကို က သို့ ကပ်, စင်္ကမတိ ပြီး၏။ [စဉ္စလတိ-တုန်လှုပ်၏၊ ဇင်္ဂမတိ-သွား၏၊ ဤပုံစံများလည်း ဤသုတ်၏အရာပင်တည်း၊ စလဓာတ်, ဂမုဓာတ်ဖြင့် နောင်ခါ ရုပ်ပြီးလတ္တံ့။]
֍ ၆၂။ တတော ပါမာနာနံ ဝါမံ သေသု။ ။ သေသု- သပစ္စည်း ၂ လုံးတို့ကြောင့်၊ တတော- အဗ္ဘာသမှ၊ ပရေသံ- နောက်ဖြစ်ကုန် သော၊ ပါမာနာနံ- ပါဓာတ် မာနဓာတ်တို့၏၊ ဝါမံ- အစဉ်အတိုင်း ဝါအပြု, မံအပြုသည်၊ ဟောတိ- ဖြစ်၏။ ပိဝါသတိ, ဝီမံသတိ စသည်တည်း။
၆၂။ တိဇဂုပကိတမာနေဟိ ခဆသာ ဝါ, ဘုဇဃသဟရသုပါဒီဟိ တုမိစ္ဆတ္ထေသု, ဤ၂ သုတ်ဖြင့် သက်သော သပစ္စည်း၂ လုံးနှောင်းရာ၌ အဗ္ဘာသနောင် ပါဓာတ်ကို ဝါ, မာနဓာတ်ကို မံပြုသော သုတ်တည်း။
ရုပ်တွက်။ ။ ပိဝါသတိကို “ပါ”တည်၊ “ပါ=ပါနေ”ဟူသောအနက်၌ ဓာတ်မှည့်, ဘုဇဃသဟရသုပါဒီဟိ တုမိစ္ဆတ္ထေသုသုတ်ဖြင့် သပစ္စည်းသက်, ကွစာဒိဝဏ္ဏာန စသော သုတ်ဖြင့် ပါ ၏ ဒွေးဘော် ပါ လာ (ပါ ပါ သ), အဗ္ဘာသ မှည့်, တတော ပါမာနာနံ ဝါမံ သေသု သုတ်ဖြင့် အဗ္ဘာသမှ နောက်ဖြစ်သော ပါကို ဝါပြု, အန္တဿိဝဏ္ဏာကာရော ဝါသုတ်ဖြင့် အဗ္ဘာသ ၏ အဆုံး -ါ ကို -ိ ပြု (ပိ ဝါ သ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တိဝိဘတ် သက်, ပိဝါသတိ ပြီး၏။
ဝီမံသတိကို “မာန”တည်၊ “မာန=ဝီမံသာယံ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဇဂုပကိတမာနေဟိ ခဆသာ ဝါသုတ်ဖြင့် သ ပစ္စည်းသက်, မာ၏ဒွေးဘော် မာလာ, အဗ္ဘာသမှည့်, တတော ပါမာနာနံ ဝါမံ သေသုသုတ်ဖြင့် မာနဓာတ်ကို မံပြု (မာ မံ သ), မာနကိတာနံ ဝတတ္တံ ဝါသုတ်ဖြင့် အဗ္ဘာသဖြစ်သော မ်ကို ဝ်ပြု, အန္တဿိဝဏ္ဏာကာရော ဝါသုတ်ဖြင့် အဗ္ဘာသ ၏ အဆုံး -ါ ကို -ိ ပြု (ဝီမံသ), တိဝိဘတ် သက်, ဝီမံသတိ ပြီး၏။
ကျေပွန်အောင် အောက်ပါရုပ်များကို တွက်ပါ။
(က) ဇိဂုစ္ဆတိ (ခ) တိကိစ္ဆတိ (ဂ) ဝီမံသတိ (ဃ) ဇိဃစ္ဆတိ (င) သုဿူသတိ (စ) ပိဝါသတိ (ဆ) စိစ္ဆေဒ (ဇ) ဒဒါတိ (ဈ) ဒဓာတိ (ဉ) ဇဟာတိ (ဋ) စင်္ကမတိ
֍ ၆၃။ ဌာ တိဋ္ဌော။ ။ ဌာ- ဌာဓာတ်သည်၊ တိဋ္ဌော- တိဋ္ဌအပြု သည်၊ ဟောတိ- ဖြစ်၏။ တိဋ္ဌတိ စသည်တည်း။
၆၃။ [တိဋ္ဌတိ-ရပ်၏, တည်နေ၏။] “တိဋ္ဌတိ, တိဋ္ဌန္တိ, တိဋ္ဌတု”စသည် ဖြင့် ကတ္တုရုပ်စဉ်လေ။
ရုပ်တွက်။ ။ တိဋ္ဌတိကို “ဌာ”တည်၊ “ဌာ=ဂတိနိဝတ္တိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်, ၊ ပစ္စည်းသက်, ဌာ တိဋ္ဌောသုတ်ဖြင့် ဌာဓာတ်ကို တိဋ္ဌပြု, လောပေဉ္စတ္တ.မကာရောသုတ်ဖြင့် ၊ ပစ္စည်းကို ချေ, တိဋ္ဌတိ ပြီး၏။
֍ ၆၄။ ပါ ပိဝေါ။ ။ ပါ- ပါဓာတ်သည်၊ ပိဝေါ- ပိဝအပြုသည်၊ ဟောတိ- ဖြစ်၏။ ပိဝတိ စသည်တည်း။
၆၄။ ပိဝတိ-သောက်၏၊ “ပိဝတိ ပိဝန္တိ” စသည်ဖြင့် ကတ္တုရုပ်စဉ်လေ။ [“ပါ ပိဗော”ဟု သုတ်တည်၍ “ပိဗတိ”ဟုလည်း မူကွဲရှိ၏။]
ရုပ်တွက်။ ။ ပိဝတိကို “ပါ”တည်၊ “ပါ=ပါနေ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်, အပစ္စည်း သက်, ပါ ပိဝေါသုတ်ဖြင့် ပါဓာတ်ကို ပိဝပြု, လောပေဉ္စတ္တ.မကာရောသုတ်ဖြင့် ၊ ပစ္စည်းကို ချေ, ပိဝတိ ပြီး၏။
֍ ၆၅။ ဉာဿ ဇာဇံနာ။ ။ ဉာဿ- ဉာဓာတ်၏၊ ဇာဇံနာ- ဇာ အပြု, ဇံအပြု, နာအပြုတို့သည်၊ ဝါ- ပိုင်းခြားသောအားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဇာနာတိ, ဇညာ, နာယတိ စသည်တည်း။
၆၅။ [ဇာနာတိ, နာယတိ-သိ၏, နားလည်၏၊ ဇညာ-သိရာ၏။] အန္တဿိဝဏ္ဏာကာရော ဝါသုတ်မှ ဝါသဒ္ဒါလိုက်လာ၏၊ ထိုဝါသဒ္ဒါ၏ သတ်မှတ်ချက်ကို ရူပသိဒ္ဓိမှာ ရှု၊ မှတ်နှင့်ရန်ဆောင်ပုဒ်ကား…
[ဆောင်]ဉာဿ ဇံနာ, လိုက်သည့် ဝါဖြင့်, နာကြောင့် ဇာပြု, ဉာပြု ကြောင့်ဇံ, ယနှောင်းပြန်မူ, နာပြုဟူ, မှတ်ယူ ၀၀တ္ထိ။
ရုပ်တွက်။ ။ ဇာနာတိကို “ဉာ”တည်၊ “ဉာ=အဝဗောဓနေ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်သက်, ကိယာဒိတော နာသုတ်ဖြင့် နာ ပစ္စည်းသက်, ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာဓာတ်ကို ဇာပြု, ဇာနာတိ ပြီး၏။
အမှာ။ ။ နာပစ္စည်းသက်ရသည်ကို ထောက်၍ ဤ ဉာဓာတ်ကို ကိယာဒိဂဏိကဓာတ်ဟု မှတ်၊ “ဇာနာတိ, ဇာနန္တိ, ဇာနာသိ, ဇာနာထ” စသည် စဉ်လေ၊ နောက်၌ ဇညာ, နာာယတိရုပ်များ လာဦးလတ္တံ့။
֍ ၆၆။ ဒိသဿ ပဿဒိဿဒက္ခာ ဝါ။ ။ ဒိသဿ- ဒိသဓာတ်၏၊ ပဿဒိဿဒက္ခာ- ပဿအပြု, ဒိဿအပြု, ဒက္ခအပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပဿတိ, ဒိဿတိ, ဒက္ခတိ စသည်တည်း။
၆၆။ ပဿတိ ဒက္ခတိ-မြင်၏=ကြည့်၏၊ ဒိဿတိ-ထင်၏၊ တစ်နည်း မြင်အပ်၏။ [ရူပသိဒ္ဓိက “ဒိဿတိ”ကို အမြဲ ကံဟောဟု ဆို၏။]
ရုပ်တွက်။ ။ ပဿတိကို “ဒိသ”တည်၊ “ဒိသ=ပေက္ခဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ် ၊ ပစ္စည်းသက်, ဒိသဿ ပဿဒိဿဒက္ခာ ဝါသုတ်ဖြင့် ဒိသဓာတ်ကို ပဿပြု, ဿ်ခွင်း, ချေ, ကပ်, ပြီး၏။ [ဒိဿတိ ဒက္ခတိတို့၌ ဒိဿ ဒက္ခပြုရုံသာ၊ ပဿတိ ပဿန္တိ ပဿရေ၊ ဒိဿတိ ဒိဿန္တိ ဒိဿရေ၊ ဒက္ခတိ ဒက္ခန္တိ ဒက္ခရေ”စသည်ဖြင့် ကတ္တုရုပ်ကိုလည်းကောင်း, ပဿီယတေ စသော ကမ္မရုပ်ကိုလည်းကောင်း စဉ်လေ။]
֍ ၆၇။ ဗျဉ နန္တဿ စော ဆပစ္စယေသု စ။ ။ ဆပစ္စယေသု စ- ဆပစ္စည်းတို့ကြောင့်လည်း၊ ဗျဉ္ဇနန္တဿ- ဓာတွန်ဗျဉ်း၏၊ စော- စ အပြုသည်၊ ဟောတိ- ၏။ ဇိဂုစ္ဆတိ, တိကိစ္ဆတိ, စိကိစ္ဆတိ, ဇိဂစ္ဆတိ စသည်တည်း။
၆၇။ ဤသုတ်ကား ဆပစ္စည်းကြောင့် ဓာတ်၏အဆုံးဗျဉ်းကို စ်ပြုသော သုတ်တည်း၊ ရုပ်များကို တွက်ခဲ့ပြီ။
֍ ၆၈။ ကော ခေ စ။ ။ ခေ စ- ခ ပစ္စည်းကြောင့်လည်း၊ ဗျဉ္ဇနန္တဿ- ဓာတွန်ဗျဉ်း၏၊ ကော- ကအပြုသည်၊ ဟောတိ- ၏။ တိတိက္ခတိ, ဗုဘုက္ခတိ စသည်တည်း။
၆၈။ တိတိက္ခတိကို “တိဇ”တည်၊ “တိဇ=ခန္တိယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဇဂုပကိတမာနေဟိ ခဆသာ ဝါသုတ်ဖြင့် ခပစ္စည်းသက်, ကွစာဒိဝဏ္ဏာနစသော သုတ်ဖြင့် တိ၏ ဒွေးဘော် တိလာ, ကော ခေ စသုတ်ဖြင့် ဓာတွန် ဇ်ကို က်ပြု, က်ကို ခသို့ ကပ် (တိတိက္ခ), တိဝိဘတ်သက်, တိတိက္ခတိ ပြီး၏။
ဗုဘုက္ခတိကို “ဘုဇ”တည်၊ “ဘုဇ=ပါလနဗျဝဟရဏေသု”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘုဇဃသဟရသုပါဒီဟိ တုမိစ္ဆတ္ထေသု သုတ်ဖြင့် ခပစ္စည်းသက်, ဘု၏ဒွေးဘော် ဘုလာ (ဘု ဘု ဇ် ခ), အဗ္ဘာသ မှည့်, ဒုတိယစတုတ္ထာနံ ပဌမတတိယာသုတ်ဖြင့် စတုတ္ထက္ခရာ ဘ်ကို တတိယက္ခရာ ဗ်ပြု, ကော ခေ စသုတ်ဖြင့် ဓာတွန် ဇ်ကို က်ပြု, က်ကို ခသို့ ကပ်, တိဝိဘတ်သက်, ဗုဘုက္ခတိ ပြီး၏။
֍ ၆၉။ ဟရဿ ဂီ သေ။ ။ သေ- သပစ္စည်းကြောင့်၊ ဟရဿ- ဟရဓာတ်၏၊ ဂီ- ဂီ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဇိဂီသတိ စသည်တည်း။ “ဂီသေ”ဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ဇိဓာတ်ကို ဂီပြု၍ ဝိဇိဂီသတိ စသည်လည်း ဖြစ်သေး၏။
၆၉။ ဇိဂီသတိ-ဆောင်ယူလို၏၊ ဝိဇိဂီသတိ-အောင်နိုင်လို၏။
ရုပ်တွက်။ ။ ဇိဂီသတိကို “ဟရ”တည်၊ “ဟရ=ဟရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘုဇဃသဟရသုပါဒီဟိ တုမိစ္ဆတ္ထေသု သုတ်ဖြင့် သပစ္စည်းသက်, ဟရဿ ဂီ သေသုတ်ဖြင့် ဟရဓာတ်ကို ဂီပြု, ကွစာဒိဝဏ္ဏာနစသောသုတ်ဖြင့် ဂီ၏ ဒွေးဘော် ဂီလာ, အဗ္ဘာသ မှည့်, ကဝဂ္ဂဿ စဝဂ္ဂေါသုတ်ဖြင့် ဂ်ကို ဇ်ပြု (ဇီဂီသ), ရဿောသုတ်ဖြင့် အဗ္ဘာသ၌ဖြစ်သော -ီ ကို -ိ ပြု, တိဝိဘတ်သက်, ဇိဂီသတိ ပြီး၏။
ဝိဇိဂီသတိကို ဝိရှေးရှိသော ဇိတည်၊ “ဇိ=ဇယေ”ဟူသောအနက်၌ ဓာတ်မှည့်, ဘုဇဃသဟရသုပါဒီဟိ၌ အာဒိသဒ္ဒါဖြင့် သပစ္စည်းသက်, ဇိ၏ ဒွေးဘော် ဇိလာ, ဟရဿ ဂီ သေသုတ်၌ “ဂီသေ”ဟူသော ယောဂ ဝိဘာဂ ဖြင့် ဇိဓာတ်ကို ဂီပြု, တိဝိဘတ်သက်, ဝိဇိဂီသတိ ပြီး၏။
֍ ၇၀။ ဗြူဘူန.မာဟဘူဝါ ပရောက္ခာယံ။ ။ ပရောက္ခာယံ- ပရောက္ခာဝိဘတ်ကြောင့်၊ ဗြူဘူနံ- ဗြူဓာတ် ဘူဓာတ်တို့၏၊ အာဟဘူဝါ- အာဟအပြု, ဘူဝအပြုတို့သည်၊ ဟောန္တိ- ကုန်၏။ အာဟ, ဗဘူ၀ စသည်တည်း။
၇၀။ အာဟ-ပြောဆိုပြီ၊ ဗဘူဝ-ဖြစ်ပြီတဲ့။
ရုပ်တွက်။ ။ အာဟကို “ဗြူ”တည်၊ “ဗြူ=ဝိယတ္တိယံ ဝါစာယံ”ဟူသော အနက်၌ ဓာတ်မှည့်, အပစ္စက္ခေ ပရောက္ခာတီတေသုတ်ဖြင့် ပရောက္ခာ ၊ ဝိဘတ်သက်, ဗြူဘူနမာဟဘူဝါ ပရောက္ခာယံသုတ်ဖြင့် ဗြူဓာတ်ကို အာဟ်ပြု, ဟ်ကို ၊ သို့ ကပ်, အာဟ ပြီး၏။ [ပရောက္ခာ ု ဝိဘတ်ဖြင့် “အာဟု” ရုပ်လည်းရှိ၏၊ တိ အန္တိဝိဘတ်များဖြင့်လည်း အာဟ, အာဟု ရှိ၏။]
ဗဘူဝကို “ဘူ”တည်၊ “ဘူ=သတ္တာယံ”ဟူသောအနက်၌ ဓာတ်မှည့်, ပရောက္ခာ ၊ ဝိဘတ်သက်, ကွစာဒိဝဏ္ဏာနစသောသုတ်ဖြင့် ဘူ၏ဒွေဘော် ဘူလာ (ဘူ ဘူ ၊ ), ရှေ့ဘူကို အဗ္ဘာသမှည့်, အန္တဿိဝဏ္ဏာကာရော ဝါ သုတ်ဖြင့် အဗ္ဘာသ၏အစိတ် ူ ကို ၊ ပြု, ဒုတိယစတုတ္ထာနံ ပဌမတတိယာ သုတ်ဖြင့် စတုတ္ထက္ခရာ ဘ်ကို တတိယက္ခရာ ဗ်ပြု (ဗဘူ ၊ ), ဗြူဘူနမာဟ ဘူဝါ ပရောက္ခာယံသုတ်ဖြင့် ဘူဓာတ်ကို ဘူဝ်ပြု, ဝ်ကို ၊ သို့ကပ်, ပြီး၏။
֍ ၇၁။ ဂမိဿန္တော စ္ဆော ဝါ သဗ္ဗာသု။ ။ သဗ္ဗာသု- အလုံးစုံ သော ဝိဘတ်ပစ္စည်းတို့ကြောင့်၊ ဂမိဿ- ဂမုဓာတ်၏၊ အန္တော- အဆုံး မ သည်၊ စ္ဆော- စ္ဆ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂစ္ဆတိ, ဂစ္ဆန္တော, ဂစ္ဆမာနော စသည်တည်း။
၇၁။ [ဂစ္ဆတိ-သွား၏၊ ဂစ္ဆန္တော, ဂစ္ဆမာနော-သွားသည်ရှိသော်။] တိစသော အာချာတ်ဝိဘတ်, အန္တ, မာန, ယ စသောပစ္စည်းနှောင်းရာ၌ ဂမု ဓာတ်၏ အဆုံး မ် ကို စ္ဆ် ပြုသောသုတ်တည်း။
ရုပ်တွက်။ ။ ဂစ္ဆတိကို “ဂမု=ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, တိဝိဘတ်သက်, ဂမိဿန္တော စ္ဆော ဝါ သဗ္ဗာသုသုတ်ဖြင့် ဓာတွန် မ် ကို စ္ဆ် ပြု, ဘူဝါဒိတော အ သုတ်ဖြင့် ၊ ပစ္စည်းသက်၊ ဆ်ကို ၊ သို့ ကပ်, ဂစ္ဆတိ ပြီး၏။ [ဂစ္ဆန္တော ဂစ္ဆမာနောရုပ်များကို ဝတ္တမာနေ မာနန္တာသုတ်ကျမှ တွက်။]
֍ ၇၂။ ဝစဿ.ဇ္ဇတနီမှိ မကာရော သြ။ ။ အဇ္ဇတနီမှိ- အဇ္ဇတနီ ဝိဘတ်ကြောင့်၊ ဝစဿ- ဝစဓာတ်၏၊ အကာရော- အ အက္ခရာ သည်၊ သြ- သြအပြုသည်၊ ဟောတိ- ၏။ အဝေါစီ, အဝေါစုံ စသည်တည်း။
၇၂။ [အဝေါစီ-ပြောဆိုပြီ၊ အဝေါစုံ-ပြောဆိုကုန်ပြီ, လျှောက်ကုန်ပြီ၊၊] အဇ္ဇတနီဝိဘတ်ကြောင့် ဝစဓာတ်၏ (အ)ကို ေ-ါ ပြုသောသုတ်တည်း၊ မကာရော၌ မ် အက္ခရာကား အာဂုံအက္ခရာတည်း။
ရုပ်တွက်။ ။ အဝေါစီကို “ဝစီ” တည်၊ “ဝစ = ဝိယတ္တိယံ ဝါစာယံ” ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သမီပေဇ္ဇတနီသုတ်ဖြင့် -ီဝိဘတ်သက် (ဝစ် -ိ), အကာရာဂမော ဟိယျတ္တနီ အဇ္ဇတနီ ကာလာ တိပတ္တိသုသုတ်ဖြင့် ဓာတ်၏အစ၌ အ လာ, (အဝစ် -ီ) ဝစဿဇ္ဇတနီမှိ မကာရော သြသုတ်ဖြင့် ဝစ်ဓာတ်၏ ၊ ကို ေ-ါ ပြု, စ် -ီ သို့ ကပ်, အဝေါစီ ပြီး၏။
အမှာ။ ။ [ဝစ်ဓာတ်၏ (အ)ဟု သာမညဆိုသော်လည်း စ်၌ (အ)သရမရှိ, ဝ၌သာ ရှိသောကြောင့် ဝ၏(အ)ဟုမှတ်၊ “အဝေါစီ အဝေါစုံ၊ အဝေါစော, အဝေါစ, အဝေါစိ (သြဝိဘတ်ကို အ -ိ ပြု), အဝေါစိတ္ထ၊ အဝေါစိ, အဝေါစိမှာ, အဝေါစုမှာ, အဝေါစုမှ၊ အဝေါစာ, အဝေါစူ၊ အဝေါစိသေ, အဝေါစိဝှံ၊ အဝေါစ အဝေါစံ, အဝေါစိမှေ”ဟုလည်းကောင်း, သြမပြုဘဲ “အဝစီ ဝစီ” စသည်ဖြင့်လည်းကောင်း ရုပ်စဉ်လေ၊၊]
֍ ၇၃။ အကာရော ဒီဃံ ဟိမိမေသု။ ။ ဟိမိမေသု- ဟိဝိဘတ်, မိဝိဘတ်, မဝိဘတ်တို့ကြောင့်၊ အကာရော- အ အက္ခရာသည်၊ ဒီဃံ- ဒီဃအဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဂစ္ဆာဟိ, ဂစ္ဆာမိ, ဂစ္ဆာမ, ဂစ္ဆာမှေ စသည်တည်း။
၇၃။ ဂစ္ဆာဟိ-သွားလော၊ ဂစ္ဆာမိ-သွား၏၊ ဂစ္ဆာမ, ဂစ္ဆာမှေ-သွားကုန်၏၊၊
ရုပ်တွက်။ ။ ဂစ္ဆာဟိကို “ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အာဏတျာ.သိဋ္ဌေ နုတ္တကာလေ ပဉ္စမီသုတ်ဖြင့် ဟိဝိဘတ်သက်, ဂမိဿန္တော စ္ဆော ဝါ သဗ္ဗာသုသုတ်ဖြင့် ဓာတွန် မ် ကို စ္ဆ် ပြု, ဘူဝါဒိတော အ သုတ်ဖြင့် ၊ ပစ္စည်းသက်, အကာရော ဒီဃံ ဟိမိမေသု သုတ်ဖြင့် ၊ ကို -ါ ဒီဃပြု, ဆ် ကို -ါသို့ ကပ်, ဂစ္ဆာဟိ ပြီး၏။
အမှာ။ ။ ဂစ္ဆာမိ ဂစ္ဆာမ ဂစ္ဆာမှေတို့၌ ဝတ္တမာန် ပဉ္စမီ ၂ မျိုးလုံး ဆိုင်သော မိ မ ဝိဘတ်နှင့် ဝတ္တမာန် မှေဝိဘတ်သက်ရုံသာ ထူး၏၊ မိမေသု၌ မေဝယ် မအက္ခရာဖြင့် မှေဝိဘတ်က မ ကိုပါ ယူ။
֍ ၇၄။ ဟိ လောပံ ဝါ။ ။ ဟိ- ဝိဘတ်သည်၊ လောပံ- ကျေပျောက်ခြင်းသို့၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ ဂစ္ဆ စသည်တည်း။
၇၄။ [ဂစ္ဆ-သွားလော။] ဂစ္ဆကို “ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, ဟိဝိဘတ်သက်, ဂမိဿန္တော စ္ဆော ဝါ သဗ္ဗာသုသုတ်ဖြင့် ဓာတွန် မ် ကို ဆ် ပြု, ဘူဝါဒိတော အ သုတ်ဖြင့် ၊ ပစ္စည်းသက်, ဆ် ကို ၊ သို့ ကပ်, ဟိ လောပံ ဝါသုတ်ဖြင့် ဟိဝိဘတ်ကို ချေ, ဂစ္ဆ ပြီး၏။
֍ ၇၅။ ဟောတိဿရေ.ဟော.ဟေ ဘဝိဿန္တိမှိ, ဿဿ စ။ ။ ဘဝိဿန္တိမှိ- ဘဝိဿန္တီဝိဘတ်ကြောင့်၊ ဟောတိဿရော- ဟူ ဓာတ်၏အဆုံး ဥုသရသည်၊ ဧဟော.ဟေ- ဧဟအဖြစ်, သြဟ အဖြစ်, ဧအဖြစ်တို့သို့၊ ဝါ- ဝိကပ်အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏၊ ဿဿ စ- ဿ၏လည်း၊ လောပေါ- ကျေခြင်းသည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဟေဟိတိ, ဟောဟိတိ, ဟေတိ စသည်တည်း။
၇၅။ [ဟောတိဿရေဟောဟေကို “ဟောတိဿရော+ဧဟောဟေ” ဟု ပုဒ်ဖြတ်, ဧဟောဟေကို “ဧဟ+သြဟ+ဧ”ဟု ပုဒ်ဖြတ်။] ဘဝိဿန္တီ ဝိဘတ်နှောင်းရာ၌ ဟူဓာတ်၏ ူ ကို “ဧဟ+သြဟ+ဧ”၃ မျိုးပြု၍ ဿတိ စသည်မှ ဿ ကိုလည်း ချေသည်။ [ဟေဟိတိ, ဟောဟိတိ, ဟေတိဖြစ်လတ္တံ့။]
ရုပ်တွက်။ ။ ဟေဟိတိကို “ဟူ”တည်၊ “ဟူ=သတ္တာယံ”ဟူသော အနက်၌ ဓာတ်မှည့်, အနာဂတေ ဘဝိဿန္တီသုတ်ဖြင့် ဿတိဝိဘတ် သက်, ဟောတိဿရေဟောဟေ ဘဝိဿန္တိမှိ, ဿဿ စသုတ်ဖြင့် ဟူဓာတ်၏အဆုံး ူ ကို ဧဟ်ပြု, ဿကိုလည်းချေ, ဟ် ေ-သို့ကပ်, ဣကာရာ ဂမော အသဗ္ဗဓာတုကမှိသုတ်ဖြင့် -ိ လာ, ဟ်ကို -ိ သို့ကပ်, ဟေဟိတိ ပြီး၏။
အမှာ။ ။ အသဗ္ဗဓာတ် ဝိဘတ်များနှောင်းရာ၌ ဣကာရာဂမော အသဗ္ဗဓာတုကမှိသုတ်က -ိ လာသည်၊ -ိ လာလျှင် ကပ်ဖို့ရာ သရရှိပြီ ဖြစ်သောကြောင့် အသဗ္ဗဓာတ်ဝိဘတ်များ နှောင်းရာ၌ ဘူဝါဒိ အပစ္စည်း မသက်ဟု ရူပသိဒ္ဓိဆိုသည်။ [ဟောဟိတိ၌ ေ-ါ ဟပြု, ဟေတိ၌ ဟူ၏ ူ ကို ဧပြုရုံသာထူး၏၊ ဿကို မချေဘဲ ဧဟ-သြဟ-ဧ ပြု၍ ဟေဟိဿတိ, ဟောဟိဿတိ, ဟေဿတိ ရုပ်များလည်း ရှိသေး၏။]
֍ ၇၆။ ကရဿ သပစ္စယဿ ကာဟော။ ။ ဘဝိဿန္တိမှိ- ဘဝိဿန္တီဝိဘတ်ကြောင့်၊ သပစ္စယဿ- ပစ္စည်းနှင့်တကွဖြစ်သော၊ ကရဿ- ကရဓာတ်၏၊ ကာဟော- ကာဟ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဿဿ စ- ဿ ၏လည်း၊ လောပေါ- ကျေခြင်းသည်၊ ဟောတိ- ၏။ ကာဟတိ, ကာဟိတိ စသည်တည်း။
၇၆။ [ကာဟတိ, ကာဟိတိ-ပြုလတ္တံ။]
ကရဿ သပစ္စယဿဤနေရာ၌ ဘဝိဿန္တီဝိဘတ်၏ အဆုံးဖြစ်သော ဿကိုပင် ပစ္စည်းဟု ခေါ်သတဲ့၊ ထို ဿ ပစ္စည်းနှင့်တကွဖြစ်သော ကရဓာတ်ကို ကာဟ ပြုရမည် ဟူလို။
ဿဿ စဤ ဿဿ စပုဒ်သည် ဟောတိဿရေဟောဟေ စသော ရှေ့သုတ်မှ လိုက်လာ၏၊ “ဿတိ စသည်မှ ဿကိုလည်း ချေ”ဟု ဆိုလို သည်၊ သို့ဖြစ်လျှင် “ကရဿ သပစ္စယဿ”၌ သပစ္စယသဒ္ဒါသည် အပို ဖြစ်တော့၏ ဘာကြောင့်နည်း…ဿ ပစ္စည်းနှင့်တကွ ကရကို ကာဟ မပြုဘဲ ကရကိုချည်း ပြု၍ ဿ ကို ချေလျှင် ပြီးနိုင်သောကြောင့်တည်း၊ ထိုသပစ္စယသဒ္ဒါပိုဖြင့် ဝစ မုစ ဘုဇ ဝိသ ဓာတ်များနောင် ဿကို ခ ပြု၍ ဝသ လဘ ဆိဒ ဘိဒ ရုဒ ဓာတ်များနောင် ဿကို ဆ ပြု၏၊ ပုံစံကား… ဝက္ခတိ (ပြောလတ္တံ့), မောက္ခတိ (လွတ်လတ္တံ့), ဘောက္ခတိ (စားလတ္တံ့), ပဝေက္ခတိ (ဝင်လတ္တံ့), ဝစ္ဆတိ (နေလတ္တံ့), လစ္ဆတိ (ရလတ္တံ့), ဆေစ္ဆတိ (ဖြတ်လတ္တံ့), ဘေစ္ဆတိ (ခွဲလတ္တံ့), ရုစ္ဆတိ (ငိုလတ္တံ့) ဟူသည်တည်း။
[ဆောင်] ၁။ သပစ္စယသဒ္ဒါ, အပိုပါသဖြင့်, ဝစာ မုစ, ဘုဇ ဝိသေ, ဓာတ်နောက်နေ, ပြုလေ ဿ ကို ခ။၂။ ဝသ လဘ, ဆိ ဘိဒနှင့်, ရုဒ တစ်ထွေ, ဓာတ်နောက်နေ, ပြုလေ ဿ ကို ဆ။
ရုပ်တွက်။ ။ ကာဟတိကို “ကရ”တည်၊ “ကရ=ကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အနာဂတေ ဘဝိဿန္တီသုတ်ဖြင့် ဿတိ ဝိဘတ်သက်, ကရဿ သပစ္စယဿ ကာဟောသုတ်ဖြင့် ကရ ဓာတ်ကို ကာဟ ပြု, ဿ ကိုလည်း ချေ, ကာဟတိ ပြီး၏။ [ကာဟိတိ၌ ကာဟ ပြုပြီးနောက် ဣကာရာဂမော အသဗ္ဗဓာတုကမှိသုတ်ဖြင့် ဓာတ်၏ အဆုံး၌ -ိ လာ, ဟ် ခွင်း, ချေ, ကပ်ရုံသာ။]
သပစ္စယသဒ္ဒါလွန်ဖြင့် ရအပ်သော ရုပ်များမှာ နောင်ခါ အလိုလို ပြီးနိုင်လတ္တံ့၊ နည်းရရုံ တစ်ရုပ်မျှ တွက်ပြမည်။… ဝက္ခတိကို “ဝစ”တည်, “ဝစ=ဝိယတ္တိယံ ဝါစာယံ”ဟူသော နက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, ဿတိဝိဘတ် သက် (ဝစ်ဿတိ), ကရဿ သပစ္စယဿ ကာဟော သုတ်၌ သပစ္စယသဒ္ဒါပိုဖြင့် ဝစဓာတ်နောင် ဿကို ခ ပြု, ကော ခေ စ သုတ်ဖြင့် နောက် ခ ကြောင့် ဓာတွန် စ် ကို က် ပြု, က် ကို ခ သို့ ကပ်, ဝက္ခတိ ပြီး၏။
အမှာ။ ။ ဤပြခဲ့သောအဓိပ္ပာယ်စုမှာ ကစ္စည်းဝုတ္တိနှင့်တကွ ရူပသိဒ္ဓိ နျာသတို့ အလိုတည်း၊ ဤအခြေပြုအလိုကား… ပစ္စယအရ ကရဓာတ် နောင် သက်မြဲဖြစ်သော သြ ပစ္စည်းကို ယူ၍ လိုက်လာသော “သဿ စ” ဖြင့် ဿပစ္စည်းကို ချေစေလိုသည်၊ ထို့ကြောင့် ဤသုတ်ဖြင့် “ဘဝိဿန္တီ ဝိဘတ်ကြောင့် သြပစ္စည်းနှင့်တကွ ကရဓာတ်ကို ကာဟပြု, ဿကိုလည်း ချေ”ဟု ဆိုစေလိုသည်။
ဣတိ အာချာတကပ္ပေ ပဌမော ကဏ္ဍော။ ။ အာချာတ ကပ္ပေ- အာချာတ်ကျမ်း၌၊ တတိယော- ၃ ခန်းမြောက်ဖြစ်သော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
အာချာတ်တတိယခန်းပြီး၏။
֍ ၇၇။ ဒါဒန္တဿံ မိမေသု။ ။ မိမေသု- မိဝိဘတ်, မဝိဘတ်တို့ ကြောင့်၊ ဒါဒန္တဿ- ဒါဓာတ်၏အဆုံး အာ၏၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒမ္မိ, ဒမ္မ ဟူသည်တည်း။
၇၇။ ဒါဒန္တဿံကို “ဒါဒန္တဿ+အံ”ဟု ပုဒ်ဖြတ်၍ ဒါဒန္တဿကိုလည်း “ဒါ + အန္တဿ” ဟု ပုဒ်ဖြတ်, ဒန္တ ၌ ဒ် ကား အာဂုံတည်း၊ ဒမ္မိ-ပေး၏၊ ဒမ္မ-ပေးကုန်၏။
ဒမ္မိကို “ဒါ”တည်၊ “ဒါ=ဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် မိဝိဘတ်သက်, ဒါဒန္တဿံ မိမေသုသုတ်ဖြင့် ဒါဓာတ်၏ အဆုံး -ါ ကို -ံ ပြု (ဒံ မိ), ဘူဝါဒိတော အသုတ်ဖြင့် အပစ္စည်း သက်, လောပေဉ္စတ္တမကာရောသုတ်ဖြင့် အပစ္စည်းကို ချေ, ဝဂ္ဂန္တံ ဝါ ဝဂ္ဂေ သုတ်ဖြင့် နိဂ္ဂဟိတ်ကို ပဝဂ္ဂန္တ မ် ပြု, မ် ကို မိ သို့ ကပ်, ဒမ္မိ ပြီး၏။
[ဒမ္မ၌ ဝတ္တမာန် မ ဝိဘတ်သက်ရုံသာ၊ ဤသုတ်က မစီရင်သည့်အခါ အပစ္စည်းကို လောပေဉ္စတ္တမကာရောသုတ်ဖြင့် ေ- ပြု, ဒ်ခွင်း, ချေ, ကပ်၍ “ဒေမိ ဒေမ”ဟု ဖြစ်၏၊ ဒါ၏ ဒွေဘော်လာ၍ ရဿပြုလျှင် “ဒဒါမိ ဒဒါမ”ဟု ဖြစ်၏၊ “ဒေတိ ဒေန္တိ, ဒေသိ ဒေထ, ဒေမိ ဒမ္မိ ဒေမ ဒမ္မ”ဟု လည်းကောင်း, “ဒဒါတိ ဒဒန္တိ, ဒဒါသိ ဒဒါထ, ဒဒါမိ ဒဒါမ”ဟုလည်း ကောင်း ကတ္တုရုပ်စဉ်ပါ။]
֍ ၇၈။ အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေ။ ။ ကာရိတေ- ကာရိတ်ပစ္စည်းကြောင့်၊ အသံယောဂန္တဿ- သံယုဂ်အဆုံးမရှိ သော ဓာတ်၏၊ ဝုဒ္ဓိ- အာ ဧ သြ ဝုဒ္ဓိအပြုသည်၊ ဟောတိ- ၏။ ကာရေတိ, သယာပေတိ, ဘာဝေတိ, စောရေတိ စသည်တည်း။
၇၈။ အသံယောဂန္တ သံယောဂ+အန္တ၊ သံယောဂ=သံယုဂ်, ယှဉ်တွဲနေ သော (မြန်မာအရေးအားဖြင့် ဆင့်လျက် နေသော) အက္ခရာ ၂ လုံး+ အန္တ = အဆုံးရှိသည်၊ စိန္တဓာတ် မန္တဓာတ်ဝယ် “န္တ” ကဲ့သို့ အဆုံး၌ အက္ခရာ၂ လုံးတွဲလျက် (ဆင့်လျက်)နေသော ဓာတ်ကို သံယောဂန္တဓာတ် ဟု ခေါ်၏၊ သံယောဂန္တ = သံယုဂ်အဆုံးရှိသောဓာတ်သည်+အ = မဟုတ်၊ ထို စိန္တဓာတ် စသည်ကဲ့သို့ သံယုဂ်မဆုံးသော ကရ-သီ-သု-စုရ စသော ဓာတ်များကို “အသံယောဂန္တ”ဓာတ် ဟု ခေါ်၏။
ကာရိတ်။ ။ ဏေ ဏယ စသည်ဖြင့် ဏအက္ခရာပါသောပစ္စည်းသည် “ကာရိတ်”မည်၏၊ ထိုကာရိတ်ပစ္စည်းနှောင်းရာဝယ် အသံယောဂန္တဓာတ် များ၏ အစသရကို အာ ဧ သြ ဝုဒ္ဓိ ထိုက်သလိုပြုသော သုတ်တည်း၊ တဒ္ဓိတ်က “အယုဝဏ္ဏာနဉ္စာယော ဝုဒ္ဓိ”သုတ်အရ အ ကို အာ, ဣ ဤကို ဧ, ဥ ဥုကို သြဝုဒ္ဓိပြု။ [ကာရေတိ-ပြုစေ၏၊ သယာပေတိ-အိပ်စေ၏၊ ဘာဝေတိ-ဖြစ်စေ၏၊ စောရေတိ-ခိုး၏။]
ရုပ်တွက်။ ။ ကာရေတိကို “ကရ”တည်၊ “ကရ=ကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဓာတူဟိ ဏေဏယဏာပေဏာပယ ကာရိတာနိ ဟေတွတ္ထေသုတ်ဖြင့် ဏေပစ္စည်းသက်, ဏေပစ္စည်းကို ကာရိတ်လည်း မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, ရ် ကို ေ-သို့ ကပ်, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် က ၌ ၊ ကို -ါ ဝုဒ္ဓိပြု (ကာရေ), ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တိဝိဘတ် သက်, ကာရေတိ ပြီး၏။
အမှာ။ ။ ကာရယတိ၌ ဏယပစ္စည်း, ကာရာပေတိ၌ ဏာပေပစ္စည်း, ကာရာပယတိ၌ ဏာပယပစ္စည်း သက်၍တွက်၊ သယာပေတိ ဘာဝေတိ တို့ကို တေ အာဝါယာ ကာရိတေသုတ်ကျမှ တွက်၊ စောရေတိကို စုရာဒိတော ဏေဏယာ၌ တွက်ခဲ့ပြီ။
֍ ၇၉။ ဃဋာဒီနံ ဝါ။ ။ ကာရိတေ- ကာရိတပစ္စည်းကြောင့်၊ ဃဋာဒီနံ- ဃဋအတူရှိသောဓာတ်တို့၏၊ ဝုဒ္ဓိ- ဝုဒ္ဓိအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဃာဋေတိ, ဃာဋယတိ, ဃဋေတိ, ဃဋယတိ စသည်တည်း။
၇၉။ [ဃာဋေတိ-စေ့ဆော်၏, အားထုတ်၏။] ဤသုတ်ကား…“ဃဋ စသောဓာတ်များ၌ အသံယောဂန္တပင် ဖြစ်သော်လည်း အမြဲ ဝုဒ္ဓိ မပြုဘဲ ရံခါသာ ပြုရမည်”ဟု ဆိုခဲ့ပြီးသုတ်ကို စောင်းသောသုတ်တည်း၊ ဃဋာဒီနံ၌ အာဒိသဒ္ဒါသည် “အတူ”ဟူသော အနက်ရှိ၏၊ ဃဋဓာတ်နှင့် ရုပ်ပြီးပုံ တူသော ဂမု-ဂဏ စသော ဓာတ်များကို ယူ။
ဃာဋေတိကို “ဃဋ”တည်၊ “ဃဋ=ဤဟာယံ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, စုရာဒိတော ဏေဏယာသုတ်ဖြင့် ဏေပစ္စည်းသက်,ကာရိတ်မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ် အနုဗန်ကိုချေ, ဋ်ကို ေ-သို့ကပ်, ဃဋာဒီနံ ဝါသုတ်ဖြင့် ဃ၏ ၊ ကို -ါဝုဒ္ဓိ ပြု, ဃာဋေတိ ပြီး၏။ [ဃာဋယတိ၌ ဏယစ္စည်းသက်၊ ဃဋေတိ, ဃဋယတိ တို့ကား ဝါသဒ္ဒါက တားမြစ်၍ ဝုဒ္ဓိမပြုရဘဲ ပြီးသောပုံစံများတည်း၊၊]
֍ ၈၀။ အညေသု စ။ ။ အညေသု စ- ကာရိတ်မှတစ်ပါးသော ပစ္စည်းတို့ကြောင့်လည်း၊ အသံယောဂန္တာနံ- သံယုဂ် အဆုံးမရှိ သော ဓာတ်တို့၏၊ ဝုဒ္ဓိ- ဝုဒ္ဓိ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဇေတိ, နေတိ စသည်တည်း။ စသဒ္ဒါဖြင့် ဏုပစ္စည်း၏ ဝုဒ္ဓိအပြုကို ဆည်း၍ သုဏောတိ စသည် ဖြစ်သေး၏။
၈၀။ [ဇေတိ-အောင်၏=နိုင်၏၊ နေတိ-ဆောင်ယူ၏။] ရှေ့ ၂ သုတ်က ကာရိတ် နှောင်းရာ၌ ဝုဒ္ဓိ ပြု၍ ဤသုတ်က ကာရိတ်မှ ကြွင်းသော ပစ္စည်း နှောင်းရာ၌ သံယုဂ် အဆုံးမရှိသော ဓာတ်ဟူသမျှကို ဝုဒ္ဓိ ပြုသည်၊ အညေသု စသုတ်၌ စသဒ္ဒါဖြင့် ဓာတ်မဟုတ်သော ဏုပစ္စည်းကိုလည်း ဝုဒ္ဓိပြုသေး၏၊ ဤသုတ်အစီအရင်သည် အလွန်များ၏၊ သတိထားပါကုန်။
ဇေတိကို “ဇိ”တည်၊ “ဇိ=ဇယေ”ဟူသောအနက်၌ ဓာတ်မှည့်, တိ ဝိဘတ်, အပစ္စည်းသက်, အညေသု စသုတ်ဖြင့် ဇိ၏ -ိ ကို ေ-ဝုဒ္ဓိ ပြု, လောပေဉ္စတ္တမကာရောသုတ်ဖြင့် အပစ္စည်းကို ချေ, ဇေတိ ပြီး၏။ [ပရာ ဥပသာရပုဒ် ရှေးရှိသည့်အခါ “ပရာဇေတိ=ရှုံး၏”ဟု ဖြစ်၏၊ စစ်တိုက်ရာ, ရုံး၌ တရားတွေ့ရာ, ရန်ဖြစ်ရာ, စာမေးပွဲဖြေဆိုရာ၌ အောင်မှု ရှုံးမှုတို့ သည် ဤ ဇိဓာတ်၏ အနက်ချည်းတည်း။]
နေတိကို “နီ”တည်၊ “နီ=နယေ”ဟူသောအနက်၌ ဓာတ်မှည့် စသည် ဖြင့် ရှေးနည်းအတိုင်းတွက်၊ သုဏောတိကား သွာဒိတော ဏုဏာဥဏာ စ သုတ်က အဘိသုဏောတိနှင့် တူပြီ။
֍ ၈၁။ ဂုဟဒုသာနံ ဒီဃံ။ ။ ကာရိတေ- ကာရိတ်ပစ္စည်းကြောင့် လည်းကောင်း၊ အညေသု စ- ကာရိတ်မှတစ်ပါးသောပစ္စည်းတို့ ကြောင့်လည်းကောင်း၊ ဂုဟဒုသာနံ- ဂုဟဓာတ်, ဒုသဓာတ်တို့၏၊ သရော- အဆုံးသရသည်၊ ဒီဃံ- ဒီဃအဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ ဂူဟတိ, ဂူဟယတိ စသည်တည်း။
၈၁။ ဤသုတ်ကား အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေ, အညေသု စ သုတ်တို့၏ ဝုဒ္ဓိအပြုကို တားမြစ်သောသုတ်တည်း၊ ဤသုတ်က ဒီဃ မပြုလျှင် ထို ၂ သုတ်က ဝုဒ္ဓိပြု၍ “ဂေါဟတိ, ဂေါဟယတိ” စသည် ဖြစ်ရာ၏၊ ထိုကဲ့သို့ မဖြစ်ဖို့ရာ ကြိုတင်၍ ဒီဃပြုထားသည် ဟူလို။
နျာသနှင့်ရူပသိဒ္ဓိဝယ် ကာရိတ်နှောင်းရာ၌သာ ဒီဃပြုဖို့ ဖွင့်ဆိုကြ၏၊ သို့သော် ဂုဟဓာတ်၌ ဂူဟတိစသည်ဖြင့် ကာရိတ်မနှောင်းဘဲ ဒီဃပြုရ သော ပုံစံရှိ၏၊ ဒုသဓာတ်ကား ကာရိတ်မနှောင်းဘဲ ဒုဿတိ ဒုဿနံဟု ဖြစ်၍ ဒီဃမပြုရ။ [ဂူဟတိ-လျှို့ဝှက်၏=ဖုံးလွှမ်း၏၊ ဂူဟယတိ-လျှို့ဝှက် စေ၏၊ ဒူသယတိ-ပျက်စီးစေ၏=ဖျက်ဆီး၏။]
ဂူဟတိကို “ဂုဟ”တည်၊ “ဂုဟ=သံဝရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, ဘူဝါဒိ ၊ ပစ္စည်းသက်, ဂုဟဒုသာနံ ဒီဃံသုတ်ဖြင့် ဂုဟဓာတ်၏ ု ကို ူ ဒီဃပြု, ဟ်ကို ၊ သို့ကပ်, ဂူဟတိ ပြီး၏။ [ဂူဟယတိ၌ ကာရိတ် ဏယပစ္စည်းသက်၍ တွက်။]
ဒူသယတိကို “ဒုသ”တည်၊ “ဒုသ=အပ္ပီတိမှိ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, ဓာတူဟိ ဏေဏယ စသောသုတ်ဖြင့် ဏယပစ္စည်း သက်, ကာရိတ်မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ချေ, ဂုဟဒုသာနံ ဒီဃံသုတ်ဖြင့် ဒုသဓာတ်၏ ု ကို ူ ဒီဃပြု, သ်ကို ၊ သို့ ကပ် (ဒူသယ), တိဝိဘတ်သက်, ဒူသယတိ ပြီး၏။
֍ ၈၂။ ဝစဝသဝဟာဒီန.မုကာရော ဝဿ ယေ။ ။ ယေဘော- ကံဟော ယပစ္စည်းကြောင့်၊ ဝစဝသဝဟာဒီနံ- ဝစ ဝသ ဝဟ အစရှိသောဓာတ်တို့၏၊ ဝဿ- ဝအက္ခရာ, ဝ၏အဆုံး အ အက္ခရာ၏၊ ဥကာရော- ဥအပြုသည်၊ ဟောတိ- ဖြစ်၏။ ဥစ္စတေ, ဝုစ္စတေ, ဝုဿတေ, ဝုယှတေ စသည်တည်း။
၈၂။ ဥစ္စတေ, ဝုစ္စတေ-ပြောဆိုအပ်၏၊ ဝုဿတေ-နေခြင်း၊ တစ်နည်းကျင့်သုံးအပ်၏၊ ဝုယှတေ-ဆောင်အပ်၏=မျှောအပ်၏၊ ဝဟာဒီနံ၌ အာဒိ ဖြင့် ဝဍ္ဎဓာတ်ကို ယူ၍ ဝုဍ္ဎတေ (တိုးပွားခြင်း)ဟူသော ပုံစံလည်းရှိ၏။
ဝဿ-ဤပုဒ်၌ “ဝ”အရ (ဝ်)ဗျဉ်းကိုလည်းကောင်း, ဝ၏ အ သရကို လည်းကောင်း ယူရမည်ဟု ရူပသိဒ္ဓိ ဖွင့်၏၊ ဝ်ဗျဉ်းကို ဥပြုရာ၌ ဝ၏ အ သရ မပါသဖြင့် အ သရကို သီးခြား ချေရမည်တဲ့၊ နျာသကား ဝ ကို ဥပြုသည့်အခါ သရပါပြုသောကြောင့် သီးခြားမချေ၊ ရူပသိဒ္ဓိ အကြံလွန် သော်လည်း ခဲခက်၍ ရူပသိဒ္ဓိအလိုကျ ဥစ္စတေကို တွက်ပြအံ့။
ဥစ္စတေကို “ဝစ”တည်၊ “ဝစ=ဝိယတ္တိယံ ဝါစာယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ်သက်, ဘာဝကမ္မေသု ယောသုတ် ဖြင့် ယပစ္စည်းသက်(ဝစ်ယတေ), ဝစဝသဝဟာဒီန.မုကာရော ဝဿ ယေ သုတ်ဖြင့် ဝ်ဗျဉ်းကို ဥပြု (ဥ ၊ စ ယ တေ), ကွစိ ဓာတုသုတ်ဖြင့် ၊ သရကို ချေ (ဥ စ် ယ တေ), တဿ စဝဂ္ဂ စသောသုတ်ဖြင့် ဓာတွန်စ်နှင့်တကွ ယပစ္စည်းကို စပြု, သဒိသဒွေဘော် စ်လာ, ဥစ္စတေ ပြီး၏။ [ဘာဝကမ္မေသု ယောသုတ်၌ ဥစဓာတ်ဖြင့် တစ်နည်းတွက်ပြခဲ့ပြီ၊ ဝုစ္စတေ စသည်ကား ဝ ၏ ၊ ကို ု ပြုသော ပုံစံများတည်း။]
ဝုစ္စတေကို “ဝစ”တည်၊ “ဝစ=ဝိယတ္တိယံ ဝါစာယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ်, ယပစ္စည်းသက်, ဝစ၀သဝဟာဒီန. မုကာရော ဝဿ ယေ သုတ်ဖြင့် ဝ ၏ ၊ ကို ု ပြု (ဝု စ် ယ တေ), တဿ စဝဂ္ဂ စသောသုတ်ဖြင့် ဓာတွန်စ်နှင့်တကွ ယပစ္စည်းကို စပြု, ဒွေဘော် လာ, ဝုစ္စတေ ပြီး၏။ [နျာသကား တစ်မျိုးတွက်၏။]
ဝုဿတေကို “ဝသ”တည်၊ “ဝသ=နိဝါသေ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံးသရ ချေ, တေဝိဘတ်, ယပစ္စည်းသက်, ဝစ၀သဝဟာဒီန. မုကာရော ဝဿ ယေ သုတ်ဖြင့် ဝ ၏ ၊ ကို ု ပြု (ဝု သ် ယ တေ), ပုဗ္ဗရူပဉ္စသုတ်ဖြင့် ယ ကို ပုဗ္ဗရုပ် သ ပြု, သ် ကို သ သို့ ကပ်, ဝုဿတေ ပြီး၏။
֍ ၈၃။ [ဝိပရိယယော လော ဝါ။ ။ ယေ- ယပစ္စည်း ကြောင့်၊ ဟဝိပရိယယော- ဟ ၏ ယ နှင့် ရှေ့ နောက် ပြန် ခြင်းသည်၊ ဟောတိ- ၏။ ယဿ- ယ ပစ္စည်း၏၊ လော ဝါ- ဝိကပ် လ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ ဝုလှတေ, ဝုယှတေ စသည်တည်း။
၈၃။ [ဝုလှတေ, ဝုယှတေ=ဆောင်ယူအပ်၏=မျှောအပ်၏။] ဤသုတ် သည် ဟနှင့်ယကို ရှေ့နောက်ပြန်၍ “ဝုယှတေ”ဟုလည်းကောင်း, ရံခါ ယကို လပြု၍ “ဝုလှတေ”ဟုလည်းကောင်း စီရင်သောသုတ်တည်း။
ဝုလှတေကို “ဝဟ”တည်၊ “ဝဟ=ပါပဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တေဝိဘတ်သက်, ယပစ္စည်းသက်, ဝစ၀သဝဟာဒီန. မုကာရော ဝဿ ယေ သုတ်ဖြင့် ဝ ၏ ၊ ကို ု ပြု (ဝု ဟ် ယ တေ), ဟ ဝိပရိယယော လော ဝါသုတ်ဖြင့် ဟနှင့်ယကို ရှေ့နောက်ပြန်, ယကိုလည်း လ ပြု, ဝုလှတေ ပြီး၏။
အမှာ။ ။ ဝုယှတေ၌ ယကို လမပြုသည်သာ ထူးသည်၊ ယှ ၌ ယ က ရှေ့, ဟ က နောက်တည်း၊ ထို့ကြောင့် ဝု ဟ် ယ တေ၌ ဟ်နှင့်ယကို ရှေ့နောက် ပြောင်းလွဲှရသည်။
֍ ၈၄။ ဂဟဿ ဃေ ပ္ပေ။ ။ ပ္ပေ- ပ္ပ ပစ္စည်းကြောင့်၊ ဂဟဿ- ဂဟဓာတ်၏၊ ဃေ- ဃေအပြုသည်၊ ဟောတိ- ဖြစ်၏။ ဃေပ္ပတိ စသည်တည်း။
၈၄။ ဃေပ္ပတိ-ယူ၏။ [ဃေပ္ပတိ ဃေပ္ပန္တိ စသည် ရုပ်စဉ်လေ။]
ဃေပ္ပတိကို “ဂဟ”တည်၊ “ဂဟ = ဥပါဒါနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, ဂဟာဒိတော ပ္ပ ဏှာသုတ်ဖြင့် ပ္ပ ပစ္စည်းသက်, ဂဟဿ ဃေ ပ္ပေသုတ်ဖြင့် ဂဟဓာတ်ကို ဃေ ပြု, ဃေပ္ပတိ ပြီး၏။
֍ ၈၅။ [လောပေါ ဏှာမှိ။ ။ ဏှာမှိ- ဏှာ ပစ္စည်းကြောင့်၊ ဂဟဿ- ဂဟ ဓာတ်၏၊ ဟလောပေါ- ဟ ၏ ကျေခြင်းသည်၊ ဟောတိ- ဖြစ်၏။ ဂဏှာတိ စသည်တည်း။
၈၅။ ဂဏှာတိကို “ဂဟ”တည်၊ “ဂဟ=ဥပါဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်, ဏှာပစ္စည်းသက်, ဟလောပေါ ဏှာမှိသုတ်ဖြင့် ဟ်ကို ချေ, ဂဏှာတိ ပြီး၏။
֍ ၈၆။ ကရဿ ကာသတ္တ.မဇ္ဇတနီမှိ။ ။ အဇ္ဇတနီမှိ- အဇ္ဇတနီ ဝိဘတ်ကြောင့်၊ ကရဿ- ကရဓာတ်၏၊ ကာသတ္တံ- ကာသ အဖြစ် သည်၊ ဟောတိ- ၏။ အကာသိ, အကာသုံ စသည်တည်း။ ကာသတ္တံ ဟူသော ဘာဝနိဒ္ဒေသဖြင့် အဇ္ဇတနီဝိဘတ်ကြောင့် ကရဓာတ်မှတစ်ပါးသော ဓာတ်နောင် (သ) လာ၍ အဟောသိ, အဒါသိ စသည်ဖြစ်၏။
၈၆။ [အကာသိ-ပြုပြီ၊ အကာသုံ-ပြုကုန်ပြီ၊ အဟောသိ-ဖြစ်ပြီ၊ အဒါသိ-ပေးပြီ = လှူပြီ။]
ကာသတ္တံ- “ကရဿ ကာသ.မဇ္ဇတနီမှိ”ဆိုလျှင် ပြီးနိုင်လျက် ဘော အနက်ကို ဟောသော တ္တ ပစ္စည်းဖြင့် “ကာသတ္တံ”ဟု ဆိုသောကြောင့် တ္တ ပစ္စည်းပို၏၊ ထိုတ္တ ပစ္စည်းပိုဖြင့် အခြားဓာတ်နောင် (သ) လာသည်။
အကာသိကို “ကရ”တည်၊ “ကရ=ကရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, သမီပေဇ္ဇတနီသုတ်ဖြင့် (ဤ)ဝိဘတ်သက်, ကရဿ ကာသတ္တ.မဇ္ဇတနီမှိသုတ်ဖြင့် ကရဓာတ်ကို ကာသ်ပြု, အကာရာဂမော စသောသုတ်ဖြင့် ဓာတ်၏အစ၌ (အ)လာ, တနာဒိတော သြယိရာသုတ် ဖြင့် သြပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် သြပစ္စည်းကို ချေ, -ီ ကို လည်း -ိ ရဿပြု, သ် ကို -ိ သို့ ကပ်, အကာသိ ပြီး၏။
֍ ၈၇။ အသသ္မာ မိမာနံ မှိမှာ.န္တလောပေါ စ။ ။ အသသ္မာ- အသဓာတ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ မိမာနံ- မိဝိဘတ် မဝိဘတ်တို့၏၊ မှိမှာ- မှိအပြု, မှအပြုတို့သည်၊ ဟောန္တိ- ကုန်၏၊ အန္တလောပေါ စ- ဓာတွန်၏ကျေခြင်းသည်လည်း၊ ဟောတိ- ၏။ အမှိ, အမှ, အသ္မိ, အသ္မ ဟူသည်တည်း။
အမှာ။ ။ အများရုပ်တွက်ပုံမှာ သြပစ္စည်းသက်လေ့မရှိ၊ ရူပသိဒ္ဓိဋီကာ “အကတ္ထ”၌ သြပစ္စည်းချေလျက်ရှိ၏၊ အကာသုံ၌ -ုံ ဝိဘတ်သက်ရုံသာ ထူး၏၊ “အကာသီ, အကာသုံ, အကာသော, အကာသိ, အကာသိတ္ထ, အကာသိံ, အကာသိမှ“စသည်ဖြင့် ရုပ်စဉ်ပါ။
အဟောသိကို “ဟူ”တည်၊ “ဟူ=သတ္တာယံ”ဟူသောအနက်၌ ဓာတ် မှည့်, -ီ ဝိဘတ်သက်, ဘူဝါဒိတော အ သုတ်ဖြင့် အ ပစ္စည်းသက်, အညေသု စသုတ်ဖြင့် ဟူ၏ ူ ကို ေ-ါ ဝုဒ္ဓိပြု, လောပေဉ္စတ္တမကာရောသုတ် ဖြင့် အပစ္စည်းကို ချေ, အကာရာဂမော ဟိယျတ္တနီစသောသုတ်ဖြင့် ဓာတ်၏ အစ၌ အ လာ, ကရဿ ကာသတ္တ.မဇ္ဇတနီမှိသုတ်၌ ကာသတ္တံ ဟူသော ဘာဝနိဒ္ဒေသဖြင့် သ်လာ, ကွစိ ဓာတုသုတ်ကြီးဖြင့် -ီ ကို -ိရဿပြု, သ်ကို -ိ သို့ ကပ်, အဟောသိ ပြီး၏။ [အဒါသိ၌ ဒါဓာတ် -ိဝိဘတ်, ၊ ပစ္စည်း, အ လာ, (သ)လည်း လာ, လောပေဉ္စတ္တမကာရောဖြင့် အ ချေ။]
၈၇။ [အမှိ, အသ္မိ-ဖြစ်၏၊ အမှ, အသ္မ-ဖြစ်ကုန်၏။] အသဓာတ်နောင် တစ်ရံတစ်ခါ မိဝိဘတ်ကို မှိ, မဝိဘတ်ကို မှပြု၍ ဓာတွန် သကို ချေသော သုတ်တည်း၊ မှိ မှ မပြုတဲ့အခါ အသ္မိ, အသ္မ ဟု ဖြစ်၏။
အမှိကို “အသ”တည်၊ “အသ=ဘုဝိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, မိဝိဘတ်သက်, (အ)ပစ္စည်းသက်, (အ)ပစ္စည်းကို ချေ, အသသ္မာ မိမာနံ မှိမှာ.န္တလောပေါ စသုတ်ဖြင့် မိကို မှိပြု, ဓာတွန် သ်ကို လည်းချေ, အမှိ ပြီး၏။ [အမှ၌ မဝိဘတ်ကို မှပြုရုံသာ, အသ္မိ၌ အသဓာတ်, အဆုံးသရချေ, မိဝိဘတ်, အပစ္စည်းသက်, ချေ, သ်ကို မိသို့ ကပ်, အသ္မိ ပြီး၏၊ မဝိဘတ် သက်လျှင် အသ္မ ဖြစ်၏။]
֍ ၈၈။ ထဿ တ္ထတ္တံ။ ။ အသသ္မာ- အသဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ ထဿ- ထဝိဘတ်၏၊ တ္ထတ္တံ- တ္ထ အဖြစ်သည်၊ ဟောတိ- ၏၊ အန္တလောပေါ စ- ဓာတွန်၏ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အတ္ထ ဟူသည်တည်း။
၈၈။ အတ္ထ-ဖြစ်ကုန်၏။
အတ္ထကို “အသ”တည်၊ “အသ=ဘုဝိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ထဝိဘတ်သက်, (အ)ပစ္စည်းသက်, ချေ, ထဿ တ္ထတ္တံ သုတ်ဖြင့် ထဝိဘတ်ကို တ္ထ ပြု, ဓာတွန်သ်ကိုလည်း ချေ, အတ္ထ ပြီး၏။
֍ ၈၉။ တိဿ တ္ထိတ္တံ။ ။ အသသ္မာ- အသဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ တိဿ- တိဝိဘတ်၏၊ တ္ထိတ္တံ- တ္ထိ အဖြစ်သည်၊ ဟောတိ- ၏၊ အန္တလောပေါ စ- ဓာတွန်၏ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အတ္ထိ ဟူသည်တည်း။
၈၉။ အတ္ထိ-ဖြစ်၏=ရှိ၏။
အတ္ထိကို “အသ”တည်၊ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, (အ)ပစ္စည်းသက်, ချေ (အသ်တိ), တိဿ တ္ထိတ္တံ သုတ်ဖြင့် တိကို တ္ထိ ပြု,
ဓာတွန်သ်ကိုလည်း ချေ, အတ္ထိ ပြီး၏။
မှတ်ချက်။ ။ ဤအတ္ထိပုဒ်ကို အာချာတ်ပုဒ်, နိပါတ်ပုဒ်, နာမ်ပုဒ် အားဖြင့် ၃ မျိုးရှိ၏ဟု ခွဲခြားကြ၏၊ “အတ္ထိ-ရှိ၏”ဟူရာ၌ အာချာတ်ပုဒ်, “အတ္ထိ-ရှိကုန်၏”ဟု ဗဟုဝုစ်အနက်၌ နိပါတ်ပုဒ်, “အတ္ထိယာ-အတ္ထိ ပစ္စည်း၌”ဟူရာဝယ် သ္မိံ ကို ယာပြုသောကြောင့် နာမ်ပုဒ်ဟု ဆိုကြသည်။
֍ ၉၀။ တုဿ တ္ထုတ္တံ။ ။ အသသ္မာ- အသဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ တုဿ- တုဝိဘတ်၏၊ တ္ထုတ္တံ- တ္ထု၏ အဖြစ် သည်၊ ဟောတိ- ဖြစ်၏၊ အန္တလောပေါ စ- ဓာတွန်၏ ကျေခြင်း သည်လည်း၊ ဟောတိ- ၏။ အတ္ထု ဟူသည်တည်း။
၉၀။ [အတ္ထု - ဖြစ်စေသတည်း။]
အတ္ထုကို “အသ”တည်၊ ဓာတ်မှည့်, အဆုံးသရချေ, အာဏတျာ သိဋ္ဌေနုတ္တကာလေ ပဉ္စမီသုတ်ဖြင့် တု ဝိဘတ်သက်, အ ပစ္စည်းသက်, လောပေဉ္စတ္တမကာရောသုတ်ဖြင့် အ ပစ္စည်းကို ချေ, တုဿ တ္ထုတ္တံ သုတ်ဖြင့် တုဝိဘတ်ကို တ္ထု ပြု, ဓာတွန် သ်ကိုလည်း ချေ, အတ္ထု ပြီး၏။
֍ ၉၁။ သိမှိ စ။ ။ သိမှိ စ- သိဝိဘတ်ကြောင့်လည်း၊ အသဿ- အသ ဓာတ်၏၊ အန္တလောပေါ- ဓာတွန်၏ ကျေခြင်းသည်၊ ဟောတိ- ဖြစ်၏။ အသိ ဟူသည်တည်း။
၉၁။ [အသိ-ဖြစ်၏။]
ဤသုတ်ကား ဓာတွန် သ်ကိုသာ ချေ၏, သိဝိဘတ်ကို တစ်စုံတစ်ခုမျှ မစီရင်၊ သိမှိ စ၌ စသဒ္ဒါဖြင့် ဟိဝိဘတ်ကို ဆည်း၍ “အဟိ”ပုံစံကိုလည်း ထုတ်ကြ၏။ [အဟိ-ဖြစ်လော, ဖြစ်၏။]
အသိကို “အသ”တည်၊ ဓာတ်မှည့်, အဆုံးသရချေ, ဝတ္တမာန် သိ ဝိဘတ်သက်, အပစ္စည်းသက်, လောပေဉ္စတ္တမကာရောသုတ်ဖြင့် အ ပစ္စည်းကို ချေ, သိမှိ စသုတ်ဖြင့် ဓာတွန် သ်ကို ချေ, အသိ ပြီး၏။ [အဟိကိုလည်း အသ ဓာတ်, ပဉ္စမီ ဟိဝိဘတ်သက်၍ ရုပ်တွက်ပါ။]
֍ ၉၂။ လဘသ္မာ ဤဣံနံ တ္ထတ္ထံ။ ။ လဘသ္မာ- လဘဓာတ်မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ဤဣံနံ- ဤဝိဘတ်, ဣံဝိဘတ် တို့၏၊ တ္ထတ္ထံ- တ္ထအပြု, တ္ထံအပြုသည်၊ ဟောတိ- ဖြစ်၏၊ အန္တ လောပေါ စ- ဓာတွန်၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အလတ္ထ, အလတ္ထံ ဟူသည်တည်း။
၉၂။ အလတ္ထ-သူရပြီ၊ အလတ္ထံ-ငါရပြီ၊ [“ရအပ်ပြီ”ဟု မဆိုရ။]
အလတ္ထကို “လဘ”တည်၊ “လဘ=လာဘေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, သမီပေဇ္ဇတနီသုတ်ဖြင့် -ီ ဝိဘတ်သက်, အပစ္စည်း သက်, ချေ, အကာရာဂမော ဟိယျတ္တနီ စသောသုတ်ဖြင့် ဓာတ်၏အစ၌ အ လာ (အလ ဘ် -ီ), လဘသ္မာ ဤဣံနံ တ္ထတ္ထံသုတ်ဖြင့် -ီ ဝိဘတ်ကို တ္ထပြု, ဓာတွန် ဘ်ကိုလည်း ချေ, အလတ္ထ ပြီး၏။ [အလတ္ထံ၌ အဇ္ဇတနီ ဣံ ဝိဘတ် သက်၍ တ္ထံပြုရုံသာ ထူး၏၊ တ္ထ တ္ထံ မပြုတဲ့အခါ “အလဘီ လဘီ, အလဘိ လဘိ, အလဘိံ လဘိံ”ဖြစ်၏။]
֍ ၉၃။ ကုသသ္မာ ဒီစ္ဆိ။ ။ ကုသသ္မာ- ကုသဓာတ်မှ၊ ပရံ- နောက် ဖြစ်သော၊ ဤ- ဤ ဝိဘတ်သည်၊ စ္ဆိ- စ္ဆိ အပြုသည်၊ ဟောတိ- ဖြစ်၏၊ အန္တလောပေါ စ- ဓာတွန်၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အက္ကောစ္ဆိ ဟူသည်တည်း။
၉၃။ အက္ကောစ္ဆိ-ဆဲရေးပြီ။ [“ကုဓသ္မာ”ဟု မြန်မာမူရှိ၏၊ သီဟိုဠ်မူ၌ “ကုသသ္မာ”ဟု ရှိ၏၊ ရူပသိဒ္ဓိမှာလည်း ကုသဓာတ်အရာဝယ် ဤသုတ်ကို ပြသောကြောင့်လည်းကောင်း, “အက္ကောစ္ဆိကို အက္ကောသိ”ဟု ကုသဓာတ် ဖြင့် အဋ္ဌကထာဖွင့်သောကြောင့်လည်းကောင်း “ကုသသ္မာ”သာ သင့်၏၊၊]
အက္ကောစ္ဆိကို အာရှေးရှိသော “ကုသ”တည်၊ “ကုသ=အက္ကောသေ” ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, သမီပေဇ္ဇတနီသုတ်ဖြင့် -ီ ဝိဘတ်သက်, အပစ္စည်းသက်, အညေသု စသုတ်ဖြင့် ကု၏အဆုံး ု ကို ေ-ါ ဝုဒ္ဓိပြု, အပစ္စည်းချေ, ကုသသ္မာ ဒီစ္ဆိသုတ်ဖြင့် -ီ ဝိဘတ်ကို စ္ဆိပြု, ဓာတွန် သ်ကိုလည်းချေ (အာကောစ္ဆိ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် က၏ သဒိသဒွေဘော် က်လာ, ကွစိ ဓာတုသုတ်ကြီးဖြင့် အာကို ၊ ရဿပြု, အက္ကောစ္ဆိ ပြီး၏။
֍ ၉၄။ ဒါဓာတုဿ ဒဇ္ဇံ။ ။ ဒါဓာတုဿ- ဒါဓာတ်၏၊ ဒဇ္ဇံ- ဒဇ္ဇ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒဇ္ဇတိ, ဒဇ္ဇန္တိ စသည်တည်း။
၉၄။ ဒဇ္ဇတိ-ပေး၏၊ “ဒဇ္ဇတိ ဒဇ္ဇန္တိ, ဒဇ္ဇသိ ဒဇ္ဇထ, ဒဇ္ဇာမိ-ဒဇ္ဇေမိ ဒဇ္ဇာမ-ဒဇ္ဇေမ, ဒဇ္ဇတေ”စသည်ဖြင့် ရုပ်စဉ်၊ ဤသုတ်က ဒဇ္ဇ မပြုတဲ့အခါ “ဒဒါတိ ဒဒန္တိ, ဒေတိ ဒေန္တိ” စသည် ဖြစ်၏။
ဒဇ္ဇတိကို “ဒါ”တည်၊ “ဒါ=ဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, တိ ဝိဘတ် အပစ္စည်းသက်, အပစ္စည်းကိုချေ, ဒါဓာတုဿ ဒဇ္ဇံသုတ်ဖြင့် ဒါ ဓာတ်ကို ဒဇ္ဇ ပြု, ဒဇ္ဇတိ ပြီး၏။
֍ ၉၅။ ဝဒဿ ဝဇ္ဇံ။ ။ ဝဒဿ- ဝဒဓာတ်၏၊ ဝဇ္ဇံ- ဝဇ္ဇအပြုသည်၊ ဟောတိ- ဖြစ်၏။ ဝဇ္ဇေတိ, ဝဇ္ဇေန္တိ စသည်တည်း။
၉၅။ ဝဇ္ဇေတိ-ပြောဆို၏၊ “ဝဇ္ဇေတိ ဝဇ္ဇေန္တိ, ဝဇ္ဇေသိ ဝဇ္ဇေထ, ဝဇ္ဇေမိ ဝဇ္ဇေမ ဝဇ္ဇာမ”ဟု စဉ်၊ အတ္တနောပုဒ်ဖြင့်ကား “ဝဇ္ဇတေ ဝဇ္ဇန္တေ စသည်ဖြင့် စဉ်၊ ဤသုတ်က ဝဇ္ဇ မပြုတဲ့အခါ “ဝဒတိ, ဝဒေတိ, ဝဒန္တိ, ဝဒေန္တိ, ဝဒသိ” စသည်ဖြင့် အပစ္စည်းကို ဧ ပြုသောရုပ်များ ဖြစ်၏။
ဝဇ္ဇေတိကို “ဝဒ”တည်၊ “ဝဒ=ဝိယတ္တိယံ ဝါစာယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ် အပစ္စည်းသက်, ဝဒဿ ဝဇ္ဇံသုတ်ဖြင့် ဝဒဓာတ်ကို ဝဇ္ဇ ပြု, လောပေဉ္စတ္တမကာရောသုတ်ဖြင့် (အ)ပစ္စည်းကို ေ- ပြု, ဇ်္ဇ ခွင်း, ချေ, ကပ်, ဝဇ္ဇေတိ ပြီး၏။ [ဝဇ္ဇေန္တိ၌ အန္တိဝိဘတ်က အ ကို ကွစိ ဓာတုဖြင့် ချေ, အကြွင်းနည်းတူ။]
֍ ၉၆။ ဂမိဿ ဃမ္မံ။ ။ ဂမိဿ- ဂမုဓာတ်၏၊ ဃမ္မံ- ဃမ္မအပြု သည်၊ ဟောတိ- ဖြစ်၏။ ဃမ္မတိ, ဃမ္မန္တိ စသည်တည်း။
၉၆။ [ဃမ္မတိ-သွား၏၊ ဃမ္မတိ, ဃမ္မန္တိ ဃမ္မရေ စသည် စဉ်။]
ဃမ္မတိကို “ဂမု”တည်၊ “ဂမု-ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, တိဝိဘတ် အပစ္စည်းသက်, ဂမိဿ ဃမ္မံသုတ်ဖြင့် ဂမု ဓာတ်ကို ဃမ္မ ပြု, မ္မ ကို ၊ သို့ ကပ်, ဃမ္မတိ ပြီး၏။
֍ ၉၇။ ယမှိ ဒါဓာမာဌာဟာပါမဟမထာဒီန.မီ။ ။ ယမှိ- ဘော ကံဟော ယပစ္စည်းကြောင့်၊ ဒါဓာမာဌာဟာပါမဟမထာဒီနံ- ဒါ, ဓာ, မာ, ဌာ, ဟာ, ပါ, မဟ, မထ အစရှိသောဓာတ်တို့၏၊ အန္တော- အဆုံးသရသည်၊ ဤ- ဤအပြုသည်၊ ဟောတိ- ၏။ ဒီယတေ, ဓီယတေ, မီယတေ, ဌီယတေ, ပဟီယတေ, ပီယတေ, မဟီယတေ, မထီယတေ စသည်တည်း။
၉၇။ ဒီယတေ-ပေးခြင်း, ပေးအပ်၏၊ ဓီယတေ-ဆောင်ခြင်း, ဆောင် အပ်၏၊ မီယတေ-နှိုင်းချင်ခြင်း, နှိုင်းချင်အပ်၏၊ ဌီယတေ-တည်ခြင်း၊ (ဌာဓာတ်၌ ကံမရှိ၊) ပဟီယတေ-ပယ်စွန့်ခြင်း, ပယ်စွန့်အပ်၏၊ ပီယတေသောက်ခြင်း, သောက်အပ်၏၊ မဟီယတေ-ပူဇော်ခြင်း, ပူဇော်အပ်၏၊ မထီယတေ-လုံးထွေးခြင်း, လုံးထွေးအပ်၏။
ရုပ်တွက်။ ။ ဒီယတေကို “ဒါ”တည်၊ “ဒါ=ဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တေဝိဘတ်သက်, ယပစ္စည်း သက်, ယမှိ ဒါဓာစသောသုတ်ဖြင့် ဒါ၏အဆုံး -ါ ကို -ီ ပြု, ဒီယတေ ပြီး၏။
ဓီယတေကို “ဓာ”တည်၊ “ဓာ=ဓာရဏေ”ဟူသောအနက်၌ စသည်ဆို၊ မီယတေကို “မာ”တည်၊ “မာ=မာနေ”စသည်ဆို၊ ဌီယတေကို “ဌာ”တည်၊ “ဌာ=ဂတိနိဝတ္တိမှိ”စသည်ဆို၊ ပဟီယတေကို ပရှေးရှိသော “ဟာ”တည်၊ “ဟာ=စာဂေ”စသည်ဆို၊ ပီယတေကို “ပါ”တည်၊ “ပါ=ပါနေ”စသည်ဆို၊ မဟီယတေကို “မဟ”တည်၊ “မဟ=ပူဇာယံ”ဟူသောအနက်၌ ဓာတ်မှည့်, (အဆုံးသရကို မချေရ), တေဝိဘတ် ယပစ္စည်းသက်၊ မထီယတေကို “မထ”တည်၊ “မထ=ဝိလောလနေ” စသည် ဆိုလေ။
֍ ၉၈။ ယဇဿာ.ဒိဿိ။ ။ ယမှိ- ဘော ကံဟော ယပစ္စည်း ကြောင့်၊ ယဇဿ- ယဇဓာတ်၏၊ အာဒိဿ- အစ ယ၏၊ ဣ- ဣ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဣဇ္ဇတေ စသည်တည်း။
၉၈။ ဣဇ္ဇတေ-ပူဇော်ခြင်း, ပူဇော်အပ်၏။ [ယဇဿာ.ဒိဿိကို “ယဇဿ+အာဒိဿ+ဣ”ဟု ပုဒ်ဖြတ်။]
ဣဇ္ဇတေကို “ယဇ”တည်၊ “ယဇ=ဒေဝပူဇာသင်္ဂတိကရဏဒါနေသု” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တေဝိဘတ်သက်, ဘာ၀ ကမ္မေသု ယောသုတ်ဖြင့် ယပစ္စည်းသက်, ယဇဿာ.ဒိဿိသုတ်ဖြင့် ယဇ ဓာတ်၏ ယကို ဣပြု, တဿ စဝဂ္ဂယကာရဝကာရတ္တံသုတ်ဖြင့် ဓာတွန် ဇ် နှင့်တကွ ယ ပစ္စည်းကို ဇ ပြု, သဒိသဒွေဘော် ဇ် လာ, ဣဇ္ဇတေ ပြီး၏။
֍ ၉၉။ သဗ္ဗတော ဥံ ဣံသု။ ။ သဗ္ဗတော- အလုံးစုံသောဓာတ်မှ နောက်၌၊ ဥံ- ဥံဝိဘတ်သည်၊ ဣံသု- ဣံသု အပြုသည်၊ ဟောတိ- ဖြစ်၏။ ဥပသင်္ကမိံသု, နိသီဒိံသု စသည်တည်း။
၉၉။ [ဥပသင်္ကမိံသု-ချဉ်းကပ်ကုန်ပြီ၊ နိသီဒိံသု-ထိုင်နေကုန်ပြီ။]
ဥပသင်္ကမိံသုကို ဥပရှေ့ သံရှေ့ရှိသော “ကမု”တည်၊ “ကမု=ပဒ ဝိက္ခေပေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သမီပေဇ္ဇတနီ သုတ်ဖြင့် ဥံ ဝိဘတ်သက်, သဗ္ဗတော ဥံဣံသု သုတ်ဖြင့် ဥံ ဝိဘတ်ကို -ိံသု ပြု, မ် -ိံ သို့ကပ်, နိဂ္ဂဟိတ်ကို ကဝဂ္ဂန္တ “င်”ပြု, ဥပသင်္ကမိံသု ပြီး၏၊ [နိသီဒိံသုကို သဒဿ သီဒတ္တံသုတ်ကျမှ တွက်တတ်လတ္တံ့။]
ယောဂဝိဘာဂ။ ။ “သဗ္ဗတော ဥံ”ဟူသော ဒွိဓာကရဏ ယောဂ ဝိဘာဂဖြင့် ဥံ ကို အံသု-အာသုံ ပြု၍ “အဂမံသု အဂမာသုံ”စသည်လည်း ရှိနိုင်၏။
[ဆောင်] သဗ္ဗတော ဥံ, ယောဂ ကြုံ, ဥံကို အံသု အာသုံပြု။
֍ ၁၀၀။ ဇရမရာနံ ဇီရဇီယျမီယျာ ဝါ။ ။ ဇရမရာနံ- ဇရဓာတ် မရဓာတ်တို့၏၊ ဇီရဇီယျမီယျာ- ဇီရအပြု, ဇီယျအပြု, မီယျအပြု တို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဇီရတိ, ဇီယျတိ, မီယျတိ စသည်တည်း။
၁၀၀။ ဇီရတိ, ဇီယျတိ-ဆွေးမြေ့၏ = အိုမင်း၏၊ မီယျတိ-သေ၏။ [သီဟိုဠ်မူ၌ “ဇီယ=မီယ”ဟု ယတစ်လုံးတည်း ရှိ၏၊ ပါဠိ၌လည်း ဇီယတိ မီယတိ”ဟုပင် အရှိများသည်။]
ဇီရတိကို “ဇရ” တည်၊ “ဇရ = ဝယောဟာနိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်သက်, အပစ္စည်းသက်, ဇရမရာနံ ဇီရဇီယျမီယျာ ဝါသုတ်ဖြင့် ဇရ်ဓာတ်ကို ဇီရ်ပြု, ရ်ကို ၊ သို့ကပ်, ဇီရတိ ပြီး၏။ [ဇီယျတိကိုလည်း ဇရ်ဓာတ်ကို ဇီယျ်ပြုရုံသာ၊ ဇီယတိဟု ရှိရာ၌ ယ တစ်လုံးကို ကွစိ ဓာတုသုတ်ကြီးဖြင့် ရူပသိဒ္ဓိ ချေ၏။]
မီယျတိကို “မရ”တည်၊ “မရ=ပါဏစာဂေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တိဝိဘတ် ၊ ပစ္စည်းသက်, ဇရမရာနံ ဇီရဇီယျမီယျာ ဝါသုတ်ဖြင့် မရ်ဓာတ်ကို မီယျ်ပြု, ၊ သို့ကပ်, မီယျတိ ပြီး၏။
֍ ၁၀၁။ သဗ္ဗတ္ထာ.သဿာ.ဒိလောပေါ စ။ ။ သဗ္ဗတ္ထ- အလုံးစုံ သော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ အသဿ- အသဓာတ်၏၊ အာဒိ လောပေါ စ- အစ အ၏ ကျေခြင်းသည်သာလျှင်၊ ဟောတိ- ဖြစ်၏။ သိယာ, သန္တိ, သန္တော, သမာနော စသည်တည်း။
၁၀၁။ သိယာ-ဖြစ်ရာ, ရှိရာ၏၊ သန္တိ-ရှိကုန်, ဖြစ်ကုန်၏၊ သန္တော သမာနော-ဖြစ်လတ်သော်=ရှိလတ်သော်။ [လောပေါ စ၌ စသဒ္ဒါဖြင့် အ ချေပြီးနောက် တစ်စုံတစ်ခုကိုမျှ ဆက်၍ မစီရင်ရဟု တားမြစ်သတဲ့။]
သိယာကို “အသ”တည်၊ “အသ=ဘုဝိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဧယျဝိဘတ်သက်, ၊ ပစ္စည်းသက်, သဗ္ဗတ္ထာသဿာဒိ လောပေါ စသုတ်ဖြင့် အသ်ဓာတ်၏ အ ကို ချေ, လောပေဉ္စတ္တမကာရော သုတ်ဖြင့် အပစ္စည်းကို ချေ, ကွစိ ဓာတုသုတ်ကြီးဖြင့် ဧယျကို -ိယာပြု, သ်ကို -ိသို့ ကပ်, သိယာ ပြီး၏။
အမှာ။ ။ ဧယျုံဝိဘတ်ကို သုတ်ကြီးဖြင့် -ိယုံ ပြုလျှင် “သိယုံ-ဖြစ် ကုန်ရာ၏”ဟု ပြီး၏။ သန္တိ၌ အန္တိဝိဘတ် သက်၍ အသ်ဓာတ်၏ အ ကို ချေလျှင် ပြီး၏၊ သန္တော သမာနောတို့မှာ ဝတ္တမာနေ မာနန္တာသုတ်၌ ပြီးလတ္တံ့။
֍ ၁၀၂။ အသဗ္ဗဓာတုကေ ဘူ။ ။ အသဗ္ဗဓာတုကေ- အသဗ္ဗ ဓာတ် ဝိဘတ်ကြောင့်၊ အသဿ- အသဓာတ်၏၊ ဘူ- ဘူအပြု သည်၊ ဟောတိ- ၏။ ဘဝိဿတိ, အဘဝိဿာ စသည်တည်း။
၁၀၂။ ဘဝိဿတိ-ဖြစ်လတ္တံ့=ရှိလတ္တံ့၊ အဘဝိဿာ-ဖြစ်ရာပြီ=ရှိရာပြီ။ [အသဗ္ဗဓာတ်သည် ပရောက္ခာ, အဇ္ဇတနီ, ဘဝိဿန္တီ, ကာလာတိပတ္တိဟု ၄ သွယ်ရှိသော်လည်း ပုံစံအစုံအလင် မထုတ်ကြ၊ ဤသုတ်မရှိသော်လည်း ရိုးရိုး ဘူဓာတ်ဖြင့် ဘဝိဿတိစသော ပုံစံများပြီးနိုင်၏၊ ဤသုတ်ဆိုရ ခြင်း၏အကြောင်းကို ကစ္စည်းဘာသာဋီကာမှာ ရှု။]
ဘဝိဿတိကို “အသ”တည်၊ “အသ=ဘုဝိ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, အနာဂတေ ဘဝိဿန္တီသုတ်ဖြင့် ဿတိဝိဘတ်သက်, ဣကာရာဂမော အသဗ္ဗဓာတုကမှိသုတ်ဖြင့် ဓာတ်၏အဆုံး၌ -ိ လာ, အသဗ္ဗဓာတုကေ ဘူသုတ်ဖြင့် အသဓာတ်ကို ဘူပြု, အညေသုစသုတ်ဖြင့် ဘူ၏အဆုံး ူ ကို သြဝုဒ္ဓိပြု, သြ အဝ သရေသုတ်ဖြင့် သြကို ၊ ဝ်ပြု, ဝ်ကို -ိ သို့ ကပ်, ဘဝိဿတိ ပြီး၏။ [အဘဝိဿာ၌ ကာလာတိပတ္တိ ဿာဝိဘတ် သက်, အကာရာဂမောသုတ်ဖြင့် အ လာရုံသာထူး၏။]
֍ ၁၀၃။ ဧယျဿ ဉာတော ဣယာဉာ။ ။ ဉာတော- ဉာဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ ဧယျဿ- ဧယျဝိဘတ်၏၊ ဣယာဉာ- ဣယာ အပြု, ဉာ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဝိဇာနိယာ, ဇညာ ဟူသည်တည်း။
၁၀၃။ ဝိဇာနိယာ, ဇညာ-သိရာ၏၊ ဉာဓာတ်နောင် ဧယျဝိဘတ်ကို ဣယာပြု-ဉာပြုသောသုတ်တည်း၊ ဉာဿ ဇာဇံနာသုတ်နှင့် တွဲစပ်ကြည့်မှ ဤသုတ်အဓိပ္ပာယ်ကို သာ၍ နားလည်မည်။
ဝိဇာနိယာကို ဝိရှေးရှိသော “ဉာ”တည်၊ “ဉာ=အဝဗောဓနေ”ဟူသော အနက်၌ ဓာတ်မှည့်, အနုမတိပရိကပ္ပတ္ထေသု သတ္တမီသုတ်ဖြင့် ဧယျ ဝိဘတ်သက်, ကိယာဒိတော နာသုတ်ဖြင့် နာပစ္စည်းသက်(ဝိဉာနာဧယျ), ဧယျဿ ဉာတော ဣယျာဉာသုတ်ဖြင့် ဧယျဝိဘတ်ကို -ိယာပြု, ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာဓာတ်ကို ဇာပြု, န်ခွင်း, -ါ ချေ, န်ကို -ိ သို့ကပ်, ဝိဇာနိယာ ပြီး၏။
֍ ၁၀၄။ နာဿ လောပေါ ယကာရတ္တံ။ ။ ဉာတော- ဉာဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ နာဿ- နာပစ္စည်း၏၊ လောပေါ- ကျေခြင်းသည်သော်လည်းကောင်း၊ ယကာရတ္တံ- ယ အဖြစ်သည် သော်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ ဝိဇညာ, နာယတိ စသည်တည်း။
၁၀၄။ [ဝိဇညာ-သိရာ၏၊ နာယတိ-သိ၏။] ဉာဓာတ်နောင် နာပစ္စည်း ကို ချေတန်လျှင် ချေ၍ မချေလျှင် ယပြုသောသုတ်တည်း။
ဝိဇညာကို ဝိရှေးရှိသော “ဉာ”တည်၊ “ဉာ=အဝဗောဓနေ”ဟူသော အနက်၌ ဓာတ်မှည့်, ဧယျဝိဘတ်သက်, နာပစ္စည်းသက်, နာဿ လောပေါ ယကာရတ္တံသုတ်ဖြင့် နာပစ္စည်းကို ချေ (ဝိဉာဧယျ), ဧယျဿ ဉာတော ဣယာဉာသုတ်ဖြင့် ဧယျဝိဘတ်ကို ဉာပြု (ဝိဉာဉာ), ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာဓာတ်ကို ဇံ ပြု, ဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို စဝဂ္ဂန္တ ဉ် ပြု, ဉ် ကို ဉာသို့ကပ်, ဝိဇညာ ပြီး၏။
နာယတိကို “ဉာ”တည်၊ ဓာတ်မှည့်, တိဝိဘတ် နာပစ္စည်းသက်, နာဿ လောပေါ ယကာရတ္တံသုတ်ဖြင့် နာပစ္စည်းကို ယ ပြု, ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာဓာတ်ကို နာ ပြု, နာယတိပြီး၏။
֍ ၁၀၅။ လောပေဉ္စတ္တ.မကာရော။ ။ အကာရော- အပစ္စည်း သည်၊ လောပဉ္စ- ကျေခြင်းသို့သော်လည်းကောင်း၊ ဧတ္တံ- ဧအဖြစ် သို့သော်လည်းကောင်း၊ ဝါ- ပိုင်းခြားသောအားဖြင့်၊ အပဇ္ဇတေ- ရောက်၏။ ဇုဟောတိ, အနုဘောတိ, ဝဇ္ဇေတိ, ဝဒေတိ စသည် တည်း။
၁၀၅။ ဇုဟောတိ-ယဇ်ပူဇော်၏၊ အနုဘောတိ-ခံစား၏၊ ဝဇ္ဇေတိ, ဝဒေတိ-ပြောဆို၏။ [“လောပဉ္စ+ဧတ္တံ+အကာရော”ဟု ပုဒ်ဖြတ်။] ဇရ မရာနံ ဇီရဇီယျမီယျာ ဝါသုတ်မှ (ရူပသိဒ္ဓိအလို-ဧယျဿ ဉာတော ဣယာ ဉာ ဝါသုတ်မှ) ဝါသဒ္ဒါလိုက်လာ၏၊ ထိုဝါသဒ္ဒါ၏ သတ်မှတ်ချက်ကို
ရူပသိဒ္ဓိမှာ ရှု၊ မှတ်နှင့်ရန် ဆောင်ပုဒ်ကား…
[ဆောင်] ဇုဟောတျာဒိ, ဘူဝါဒိဟု, ဝုဒိမသွေ, နောက်နေ အ သာ, ကျေကောင်းရာ၏၊ ဧပြုမှာကား, လွန်နည်းပါးသည်,… လိုက်ငြား ၀၀တ္ထိ-ဝါကြောင့်တည်း။
ရုပ်တွက်။ ။ ဇုဟောတိကို “ဟု”တည်၊ “ဟု=ဒါနာ.ဒနဟဗျပ္ပဒါနေသု” ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်, အပစ္စည်းသက်, ကွစာ.ဒိဝဏ္ဏာန မေကဿရာနံ စသောသုတ်ဖြင့် ဟု၏ ဒွေဘော် ဟုလာ, ပုဗ္ဗောဗ္ဘာသော သုတ်ဖြင့် ရှေ့ ဟုကို အဗ္ဘာသမှည့်, ဟဿ ဇောသုတ်ဖြင့် အဗ္ဘာသ၌ ဖြစ်သော ဟ် ကို ဇ် ပြု (ဇုဟု ၊ တိ), အညေသု စသုတ်ဖြင့် ဟု ၏ ု ကို ေ-ါ ဝုဒ္ဓိပြု (ဇုဟော ၊ တိ), လောပေဉ္စတ္တမကာရောသုတ်ဖြင့် အ ပစ္စည်းကို ချေ, ဇုဟောတိ ပြီး၏။
အနုဘောတိ၌ အနုရှေးရှိသော “ဘူ”တည်၊ “ဘူ=သတ္တာယံ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်, အပစ္စည်းသက်၊ ဘူ၏ ူ ကို ေ-ါ ဝုဒ္ဓိပြု, အပစ္စည်းချေ, အနုဘောတိ ပြီး၏။ [ဝဇ္ဇေတိ ဝဒေတိတို့ကို ဝဒဿ ဝဇ္ဇံ သုတ်၌ တွက်ခဲ့ပြီ။]
֍ ၁၀၆။ ဥတ္တ.မောကာရော။ ။ သြကာရော- သြပစ္စည်းသည်၊ ဥတ္တံ- ဥအဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ တနုတေ, ကုရုတေ စသည်တည်း။
၁၀၆။ [တနုတေ-ချဲ့၏၊ ကုရုတေ-ပြု၏။] ဤသုတ်သည် သြပစ္စည်းကို ရံခါ ဥပြု၏၊ ဥ မပြုတဲ့အခါ တနောတိ, ကရောတိ စသည် ဖြစ်၏။
တနုတေကို “တနု”တည် “တနု=ဝိတ္ထာရေ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံး ု သရချေ, ဝတ္တမာနာ ပစ္စုပ္ပန္နေသုတ်ဖြင့် တေဝိဘတ်သက်, တနာဒိတော သြယိရာသုတ်ဖြင့် သြပစ္စည်းသက်, ဥတ္တမောကာရော သုတ်ဖြင့် သြပစ္စည်းကို ု ပြု, န ကို ု သို့ ကပ်, တနုတေ ပြီး၏။
֍ ၁၀၇။ ကရဿာ.ကာရော စ။ ။ ကရဿ- ကရဓာတ်၏၊ အကာရော စ- အ အက္ခရာသည်လည်း၊ ဥတ္တံ- ဥအဖြစ်သို့၊ အာပဇ္ဇတေ- ၏။ ကုဗ္ဗန္တိ, ကြုဗ္ဗန္တိ, ကုရုတေ စသည်တည်း။
၁၀၇။ [ကုဗ္ဗန္တိ, ကြုဗ္ဗန္တိ (“ကရုဗ်”ဟု ဖတ်) - ပြုကုန်၏။]
ကုဗ္ဗန္တိကို “ကရ”တည်၊ “ကရ=ကရဏေ”ဟူသော အနက်၌ဓာတ်မှည့်, အဆုံးသရချေ, အန္တိဝိဘတ်သက်, သြပစ္စည်းသက်, သြပစ္စည်းကို ု ပြု, ကရဿာ.ကာရော စသုတ်ဖြင့် က ၏ ၊ ကို ု ပြု, ု ကို လမှည့်, ယ၀ ကာရာစသုတ်ဖြင့် ု ကို ဝ် ပြု, ဝ်ကို ၊ သို့ကပ်, ကွစိ ဓာတုသုတ်ကြီးဖြင့် ရ်ကို ချေ, ဝ၏ သဒိသဒွေဘော် ဝ်လာ, ဒေါ ဓဿ စသုတ်၌ စသဒ္ဒါဖြင့် ဝ ၂ လုံးကို ဗ ၂ လုံး ပြု, ကုဗ္ဗန္တိ ပြီး၏။ [ကွစိ ဓာတုဖြင့် ကုကို ကြု ပြုလျှင် ကြုဗ္ဗန္တိ ပြီး၏။]
အမှာ။ ။ ကုရုတေ၌ တေ ဝိဘတ်, သြ ပစ္စည်း သက်, သြကို ု ပြု, ဤသုတ်ဖြင့် က၏ အဆုံး ၊ ကို ု ပြု, ရ် ကို ု သို့ ကပ်။
֍ ၁၀၈။ သြ အဝ သရေ။ ။ သရေ- သရကြောင့်၊ သြ- ဓာတွန် သြသည်၊ အဝ- အဝ အပြုသည်၊ ဟောတိ- ၏။ ဘဝတိ, စဝတိ စသည်တည်း။
၁၀၈။ [ဘဝတိ-ဖြစ်၏၊ စဝတိ-ရွေ့လျော၏။]
ဘဝတိကို “ဘူ”တည်၊ “ဘူ=သတ္တာယံ”ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်, ၊ ပစ္စည်းသက်, အညေသု စသုတ်ဖြင့် ဘူ၏ ူ ကို ေ-ါ ဝုဒ္ဓိ ပြု, သြ အဝ သရေသုတ်ဖြင့် ေ-ါ ကို ၊ ဝ် ပြု, ဘ်ကို ၊ သို့ကပ်, ဝ်ကိုလည်း ၊ သို့ကပ်, ဘဝတိ ပြီး၏။
စဝတိကို “စု”တည်၊ “စု=စဝနေ”ဟူသောအနက်၌ ဓာတ်မှည့်, တိ ဝိဘတ်, ၊ ပစ္စည်း သက်, စု၏ ု ကို ေ-ါ ဝုဒ္ဓိ ပြု, ေ-ါ ကို ၊ ဝ် ပြု, စ် ကို ၊ သို့ ကပ်, ဝ်ကိုလည်း ၊ သို့ ကပ်၍ ပြီးစေ။
[ သယတိ-အိပ်၏၊ နယတိ-ဆောင်၏၊ ဇယတိ-အောင်၏။]
֍ ၁၀၉။ ဧ အယ။ ။ သရေ- သရကြောင့်၊ ဧ- ဓာတွန် ဧ သည်၊ အယ- အယ အပြုသည်၊ ဟောတိ- ၏။ သယတိ, နယတိ, ဇယတိ စသည်တည်း။
၁၀၉။ သရနှောင်းရာ၌ ရှေ့သုတ်က ဓာတွန်သြကို အဝ် ပြု၍ ဤသုတ်က ဓာတွန် ဧ ကို အယ်ပြုသည်၊ ဤ ၂ သုတ်က အစီအရင်သည် အလွန်ကျယ်ဝန်း ၏၊ သရနှောင်းရာ၌ စီရင်သောကြောင့် အဝ်, အယ် ပြုတဲ့အခါ ဝ် ယ် တို့၌ သရမပါသင့်ဟု ထင်၏၊ ရူပသိဒ္ဓိ၌ကား ဝ ယတို့၌ သရပါ၏, ဆင်ခြင်လေ။
သယတိကို “သိ”တည်၊ “သိ=သယေ”ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်, ၊ ပစ္စည်းသက်, အညေသု စသုတ်ဖြင့် သိဓာတ်၏အဆုံး -ိကို ဧဝုဒ္ဓိပြု, ဧ အယသုတ်ဖြင့် ဧကို ၊ ယ်ပြု, သ်ကို ၊ သို့ကပ်, ယ်ကိုလည်း ၊ သို့ကပ်, သယတိ ပြီး၏။ [တစ်ဆက်တည်း၂ ခု ၃ ခု ကပ်စရာရှိလျှင် နယေ ပရံ ယုတ္တေသုတ်ကို တစ်ခါဆိုရုံဖြင့် ပြီး၏။]
နယတိကို “နီ”တည်၊ “နီ=ပါပဏေ”ဟူသော အနက်၌ ဓာတ်မှည့် စသည် တွက်လေ၊ နီဓာတ်၏အဆုံး -ီ ကို ဧဝုဒ္ဓိပြုဟု ဆိုရုံသာ၊ ဇယတိကို “ဇိ”တည်၊ “ဇိ=ဇယေ” စသည်ဆို။
֍ ၁၁၀။ တေ အာဝါ.ယာ ကာရိတေ။ ။ ကာရိတေ- ကာရိတ် ပစ္စည်းကြောင့်၊ တေ- ထိုသြ ဧတို့သည်၊ အာဝါ.ယာ- အာဝအပြု, အာယအပြုတို့သည်၊ ဟောန္တိ- ကုန်၏။ သာဝေတိ, နာယာပေတိ စသည်တည်း။ တေ အာဝါ.ယာဟူသော ဒွိဓာကရဏယောဂ ဝိဘာဂဖြင့် ကာရိတ်ပစ္စည်း မနှောင်းသော်လည်း ဓာတွန် ဧကို အာယပြု၍ ဈာယတိ စသည် ဖြစ်၏။
၁၁၀။ [သာဝေတိ-ကြားနာစေ၏၊ နာယာပေတိ-ဆောင်စေ၏၊ ဈာယတိ-လောင်၏။] သြ အဝ သရေ, ဧ အယ ၂ သုတ်က ကာရိတ် မနှောင်းရာ၌ စီရင်သလို ဤသုတ်က ကာရိတ်ပစ္စည်း နှောင်းရာ၌ သြကို အာဝ, ဧကို အာယ ပြုသည်။
သာဝေတိကို “သု”တည်၊ “သု=သယနေ”ဟူသောအနက်၌ ဓာတ်မှည့်, ဓာတူဟိ ဏေဏယဏာပေဏာပယကာရိတာနိ ဟေတွတ္ထေသုတ်ဖြင့် ဏေ ပစ္စသက်၍ ကာရိတ်လည်း မှည့်, ကာရိတာနံ ဏောလောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် သု၏ အစိတ် ု ကို သြဝုဒ္ဓိပြု, တေ အာဝါ.ယာ ကာရိတေသုတ်ဖြင့် သြကို -ါဝ ပြု, သ်ကို -ါ သို့ကပ်, ဝ်ကိုလည်း ေ-သို့ကပ်, ဝတ္တမာန် တိဝိဘတ်သက်, သာဝေတိ ပြီး၏။ [နာယာပေတိကို “နီ”တည်၊ “နီ=ပါပဏေ”စသည်ဆို၍ ဏာပေ ပစ္စည်း သက်, နီ ၏ အစိတ် -ီ ကို ဧ ဝုဒ္ဓိ ပြု စသည် ဆိုရုံ သာ။]
ဈာယတိကို “ဈေ”တည်၊ “ဈေ=ဒဟနေ”ဟူသောအနက်၌ ဓာတ်မှည့်, တိဝိဘတ်, ၊ ပစ္စည်းသက်, တေ အာဝါယာ ကာရိတေသုတ်၌ တေ အာဝါယာဟူသော ဒွိဓာကရဏ ယောဂဝိဘာဂဖြင့် ဈေ၏အဆုံး ေ-ကို ါယ် ပြု, ယ်ကို ၊ သို့ကပ်, ဈာယတိ ပြီး၏။ [“ဂါယတိ-သီဆို၏”လည်း နည်းတူ, “ဂေ”တည်၊ “ဂေ=သဒ္ဒေ”ဟု အနက်ဆို။]
֍ ၁၁၁။ ဣကာရာဂမော အသဗ္ဗဓာတုကမှိ။ ။ အသဗ္ဗ ဓာတုကမှိ- ပ, အဇ်, ဘ, ကာ ဟူသော အသဗ္ဗဓာတ် ဝိဘတ် ၄ သွယ်ကြောင့်၊ ကွစိ- အချို့အရာ၌၊ ဣကာရာဂမော- ဣအက္ခရာ လာသည်၊ ဟောတိ- ဖြစ်၏။ ဗဘူဝိတ္ထ, ဘဝိတ္ထ, ဘဝိဿတိ, အဘဝိဿာ စသည်တည်း။
၁၁၁။ ဗဘူဝိတ္ထ-ဖြစ်ပြီတဲ့ (ပရောက္ခာဝိဘတ်ပုံစံ)၊ ဘဝိတ္ထ-ဖြစ်ပြီ (အဇ္ဇတနီပုံစံ)၊ ဘဝိဿတိ (ဘဝိဿန္တီပုံစံ)၊ အဘဝိဿာ (ကာလာတိပတ္တိ ပုံစံ) ရုပ်များကို နည်းမှီး၍ တွက်နိုင်လောက်ပြီ။
အသဗ္ဗဓာတ် ဝိဘတ် ၄ သွယ်နှောင်းရာ၌ဟု သာမညဆိုသော်လည်း အစ၌ ဗျဉ်းရှိသော တ္ထ, မှာစသော ဝိဘတ်မျိုးနှောင်းရာ၌ ကပ်စရာမရှိ၍ -ိလာရသည်၊ အ ဥ စသောဝိဘတ်မျိုးနှောင်းရာ၌ကား ထို သရ ဝိဘတ်သို့ ကပ်နိုင်သောကြောင့် -ိ လာဖွယ်မလို၊ ထို့ကြောင့် ကွစိ ဓာတုသုတ်ကြီးမှ ကွစိသဒ္ဒါ ပြန်၍ လိုက်လာရလေသည်။
[ဆောင်] ကပ်ဖွယ်သရ, မရှိကြသဖြင့်, အသဗ္ဗဓာတ်, ဗျဉ်းစလတ်သည့်, ဝိဘတ်သွယ်သွယ်, နှောင်းရာဝယ်, မှတ်ဖွယ် ဣ လာကို။
֍ ၁၁၂။ ကွစိ ဓာတုဝိဘတ္တိပစ္စယာနံ ဒီဃဝိပရီတာ.ဒေသ လောပါ.ဂမာ စ။ ။ ဓာတုဝိဘတ္တိပစ္စယာနံ- ဓာတ် ဝိဘတ် ပစ္စည်း တို့၏၊ ကွစိ- အချို့အရာ၌၊ ဒီဃဝိပရီတာ.ဒေသလောပါ.ဂမာ စ- ရဿ၏ ဒီဃဖြစ်ခြင်း, ဒီဃ၏ ရဿပြန်ခြင်း, အာဒေသ ပြုခြင်း, ချေခြင်း, လာခြင်းတို့သည်လည်း၊ ဟောန္တိ- ကုန်၏။ သူယတိ စသည်တည်း။
၁၁၂။ [သူယတိ-ကြားနာအပ်၏။] အခြားသောသုတ်များဖြင့် မပြီးနိုင် သည့် ရုပ်များကို ပြီးအောင် စီစဉ်ဖို့ရာ ကစ္စည်းကျမ်း၌…
“ မဟာသုတ္တာ တေသု ဝုဒ္ဓိ, ကွစိ ဓာတု စ ပစ္စယာ၊
ဒနိဋ္ဌာ ယဒနုပါဒိ, စတ္တာရိပိ နိပါတနာ”ဟု ၄ သုတ်ရှိ၏။
[၁-တေသု ဝုဒ္ဓိလောပါဂမဝိကာရဝိပရီတာဒေသာ စ, ၂-ကွစိ ဓာတု ၊ပေ၊ ဂမာ စ, ၃- ပစ္စယာဒနိဋ္ဌာ နိပါတနာ သိဇ္ဈန္တိ, ၄- ယဒနုပပန္နာ နိပါတနာ သိဇ္ဈန္တိ။] ထိုသုတ်ကြီးများသည် မိမိဆိုင်ရာနယ်ပယ်၌ မပြီး မနေရ, ပြီးစီးအောင် စီရင်နိုင်ကြ၏၊ အာချာတ်၌လာသော ဓာတ် ဝိဘတ် ပစ္စည်းများသည် ဤ ကွစိ ဓာတုသုတ်၏ နယ်ပယ်တည်း။
ကာရီယ ၅ ပါး။ ။ တစ်စုံတစ်ခု ပြုစီရင်မှုကို “ကာရိယ”ဟု ခေါ်သည်၊ ဤသုတ်၌ ကာရိယသည် ဤသုတ်၌ ကာရိယသည် ဒီဃ, ဒီဃ, ဝိပရီတ, ဝိပရီတ, အာဒေသ, အာဒေသ, လောပ, လောပ, အာဂမဟု ၅ မျိုးရှိ၏၊ ထို ၅ မျိုးကို အစဉ်အတိုင်းပြသော ဝိသုဒ္ဓါရုံ သုတ်နက်လင်္ကာကို ဤအရာဝယ် ကျက်မှတ်နှင့်ရာ၏၊ အဓိပ္ပာယ်ကို ကစ္စည်းဘာသာဋီကာ ဤသုတ်မှာ ရှု။
[ဆောင်] ယပစ္စယ, နှောင်းက ဒီဃာ၊ ပရောက္ခာကြောင့်, အဗ္ဘာ မဟု, ဂမုဒီဃာ၁၊ နာပစ္စယ, သံယောဂကြောင့်, ရဿပြုလတ်, ဟိယျ ဇတ် အာ, ဤဥု မှာကို, ရဿာပြုရ၂၊ နှောင်းအဇကြောင့်, ဂမကို ဂါ၊ စ္ဆမှာကား ဉ္ဆ ၊ ဟိယျ တ္ထကို, ထ တစ်လုံးသာ၊ အဇ အာမှာ, ဒွေဘာ တ္တပြု၊ တိမိတုမိ, ဧယျေ ယျာသိ, ဧယျာမိ ဧယျုံ, ရှစ်တန် ဧပြု, နှစ်ခု အန္တေ, အန္တိ ရေတည်း၊ ဆုံးဿေ အန္တ, ဧကို အ.မှတ်, ဟိယျဇတ်သြ, ပြုလော အ.ဣ၊ ဗြူတိအာဟ, နောက်တိ အ.ပြု, အန္တိ ဥတည်း၃၊ နှစ်ခု ဧသြ, ပရောသရ, ကျေရမြဲမှတ်၄၊ ဟိယျဇတ်ပါ, တ္ထနှင့် မှာကြောင့်, ဥလာရ-ဘိ၅၊ အစရှိကို, ကွစိ ဓာတု, သုတ်ကြီးပြုသည် …ငါးခု ကာရိယအစဉ်တည်း။
֍ ၁၁၃။ အတ္တနောပဒါနိ ပရဿပဒတ္တံ။ ။ အတ္တနောပဒါနိ- အတ္တနောပုဒ်ဝိဘတ်တို့သည်၊ ကွစိ- အချို့အရာ၌၊ ပရဿပဒတ္တံ- ပရဿပုဒ်အဖြစ်သို့၊ အာပဇ္ဇန္တေ- ရောက်ကုန်၏။ ဝုစ္စတိ စသည် တည်း။
၁၁၃။ [ဝုစ္စတိ-ဆိုအပ်၏။] ဤသုတ်ကား အတ္တနောပုဒ်ဝိဘတ်ကို ပရဿပုဒ်ပြန်စေသောသုတ်တည်း၊ ဘော ကံကို ဟောရာ၌ “အတ္တနော ပဒါနိ ဘာဝေ စ ကမ္မနိ”သုတ်အရ ရှေးဦးစွာ အတ္တနောပုဒ်ဝိဘတ်သာ သက်ရ၏၊ ထို့နောက်မှ ပရဿပုဒ်ဝိဘတ်ဖြင့် ရုပ်ရှိလျှင် ဤသုတ်ဖြင့် အတ္တနောပုဒ်ဝိဘတ်ကို ပရဿပုဒ် ပြန်စေရသည်။
အမှာ။ ။ ဝုစ္စတိကို ဝစ၀သဝဟာဒီန.မုကာရော ဝဿ ယေသုတ်က ဝုစ္စတေအတိုင်း တွက်၍ ဝုစ္စတေ ပြီးမှ ဤသုတ်ဖြင့် တေကို တိ ပြု၍ ပြီးစေ၊ အဘိဘူယတေမှ အဘိဘူယတိ ဖြစ်နိုင်ပုံကိုလည်း သိရာ၏။
֍ ၁၁၄။ အကာရာဂမော ဟိယျတ္တနီအဇ္ဇတနီကာလာတိ ပတ္တီသု။ ။ ဟိယျတ္တနီအဇ္ဇတနီကာလာတိပတ္တီသု- ဟိယျတ္တနီ အဇ္ဇတနီ ကာလာတိပတ္တိ ဝိဘတ်တို့ကြောင့်၊ ကွစိ- အချို့အရာ၌၊ အကာရာဂမော- ဓာတ်၏အစ၌ အ အက္ခရာလာသည်၊ ဟောတိ- ဖြစ်၏။ အဘဝါ, အဘဝီ, အဘဝိဿာ စသည်တည်း။
၁၁၄။ ဤသုတ်ဖြင့် အ မလာတဲ့အခါ ဘဝါ, ဘဝီ, ဘဝိဿာ စသည် ဖြစ်၏၊ မည်သည့်ဓာတ်မဆို ဤသို့ အ လာ-မလာ ၂ မျိုး ရှိ၏။
အ-လာရာဌာန။ ။ “ဟိယျတ္တနီစသော ဝိဘတ်ကြောင့် အ-လာ”ဟု ဆိုသဖြင့် “ဝိဘတ်၏ ရှေ့နားမှာ ကပ်လျက် ဓာတ်၏အဆုံးတွင် လာရ မည်”ဟု ယူဆဖွယ်ရှိ၏၊ သို့သော် အာ ဥု စသော ဝိဘတ်များ သက်ရာ၌ ဆိုင်ရာဗျဉ်းကို ထိုဝိဘတ်သို့ ကပ်နိုင်၏၊ တ္ထ မှာ စသော ဝိဘတ်နှောင်းရာ ၌လည်း ဣကာရာဂမော အသဗ္ဗဓာတုကမှိသုတ်ဖြင့် ဣ လာထားသော ကြောင့် ဆိုင်ရာဗျဉ်းများ ကပ်စရာရှိ၏၊ သို့အတွက် ဓာတ်၏အဆုံးဖြစ်တဲ့ ဝိဘတ်ရှေ့မှာ လာ၍ အကျိုးမရှိရကား ပိဋကပါဠိတော်နှင့် သင့်လျော် အောင် ဓာတ်၏အစမှာသာ (အ) လာရသည်။
[ဆောင်] ဓာတ်အဆုံးမှာ, အ အကရာလျှင်, လာသော် နှိုင်းညှိ, ကျိုးမရှိ၍, ပါဠိတော်စု, လျော်အောင် ရှုလျက်, ဓာတု ရှေ့မှာ, လာဖို့ရာ, မှန်စွာ အမြဲသိ။
֍ ၁၁၅။ ဗြူတော ဤ တိမှိ။ ။ တိမှိ- တိဝိဘတ်ကြောင့်၊ ဗြူတော- ဗြူဓာတ်မှ နောက်၌၊ ဤ- ဤ အက္ခရာ လာသည်၊ ဟောတိ- ဖြစ်၏။ ဗြဝီတိ ဟူသည်တည်း။
၁၁၅။ [ဗြဝီတိ-ပြောဆို၏။] ဗြဝီတိကို “ဗြူ”တည်၊ “ဗြူ=ဝိယတ္တိယံ ဝါစာယံ”ဟူသော အနက်၌ ဓာတ်မှည့်, တိဝိဘတ်, အ ပစ္စည်း သက်, အ ပစ္စည်းကို ချေ, ဗြူတော ဤ တိမှိသုတ်ဖြင့် ဗြူ ဓာတ်နောင် -ီ လာ, (ဗြူ -ိတိ), အညေသု စသုတ်ဖြင့် ဗြူ၏ ူ ကို သြဝုဒ္ဓိပြု, သြ အဝ သရေ သုတ်ဖြင့် သြကို ၊ ဝ်ပြု, ဝ် ကို -ီ သို့ကပ်, ဗြဝီတိ ပြီး၏။
֍ ၁၁၆။ ဓာတုဿန္တော လောပေါ.နေကသရဿ။ ။ အနေက သရဿ- များသောသရရှိသော၊ ဓာတုဿ- ဓာတ်၏၊ အန္တော- အဆုံးသရသည်၊ ကွစိ- အချို့အရာ၌၊ လောပေါ- ကျေသည်၊ ဟောတိ- ဖြစ်၏။ ဂစ္ဆတိ စသည်တည်း။
၁၁၆။ ဓာတ်သည် ဘူ, ဟူ, သိ, နီစသော ဓာတ်များကဲ့သို့ သရ တစ်လုံးသာ ပါသော ဧကဿရဓာတ်, ဂမု, ပစ, လဘ, ကိလိသ စသည် ကဲ့သို့ သရ ၂ လုံး ၃ လုံးပါသော အနေကဿရဓာတ်ဟု ၂ မျိုးရှိ၏၊ ထို ၂ မျိုးတွင် ဤသုတ်က အနေကဿရဓာတ်၏ အဆုံးသရကို ချေသည်။
ဓာတုဿန္တော။ ။ ဤပုဒ်၌ အန္တအရ “အစိတ်”ဟုသာ ဆိုရိုးရှိ၏၊ အစိတ်ဆိုလျှင်… “ဂမု”၌ ဂ၏အစိတ် ၊ ကို ချေရမည်လား, မု၏အစိတ် ု ကို ချေရမည်လားဟု ယုံမှားဖွယ်ရှိ၏၊ သို့အတွက် “အန္တော-အဆုံးသရ သည်”ဟု တစ်နည်းကြံလိုက်သည်၊ အဆုံးဆိုလျှင် ယုံမှားဖွယ် မရှိ, မု၏ ု ကို ချေရမည်ဟု သိသာပြီ။
ကွစိသဒ္ဒါ၏အကျိုး။ ။ ကွစိ ဓာတုသုတ်မှ ကွစိသဒ္ဒါ လိုက်လာသော ကြောင့် အနေကဿရဓာတ်ပင် ဖြစ်သော်လည်း “ကေလေ”စသောဓာတ် များ၏ အဆုံး ဧသရ စသည်ကို မချေရ၊ ဆိုလိုရင်းကား-ကေလာယတိ စသည်ဖြင့် ရုပ်ရှိရမည်ဖြစ်၍ ကေလေ၌ ဧ ကို ချေက အာယပြုစရာ သရမရှိ၊ သို့အတွက် ဧကို မချေရ၊ မဟီယတိမဟီယတိဟု ရုပ်ရှိရမည်ဖြစ်၍ မဟ ဓာတ်၌ “၊ ”ကို ချေက ယမှိ ဒါဓာမာဌာ စသောသုတ်ဖြင့် “၊ ”ကို -ိမပြုရမည် စိုး၍ “၊ ”သရကို မချေရ၊ သမထော၌ မ၏အစိတ် “၊ ”ကို ချေက မ၏ မှီရာသရ မရှိမည်စိုး၍ “၊ ”သရကို မချေရ ဟူလို။
ကေလေ ဂိလေ မိလေ သြမာ, စိနေ ဟရေ စ သံကသေ၊ ကွစိပ္ဖလာ အလုတ္တ.န္တာ, ယပရာ စ မဟာဒယော။
ကေလေ-ကေလေဓာတ်သည်လည်းကောင်း၊ ဂိလေ-ဂိလေဓာတ်သည် လည်းကောင်း (စသည်ဆို)၊ ယပရာ-ယ အက္ခရာနောက်ရှိကုန်သော၊ မဟာ ဒယော စ-မဟ မထဓာတ်တို့သည်လည်းကောင်း၊ (သမဓာတ်ပါ ယူ)၊ အလုတ္တန္တာ-မချေအပ်သော အဆုံးသရ ရှိကုန်၏၊ ကွစိပ္ဖလာ-ကွစိသဒ္ဒါ၏ အကျိုးရှိကုန်၏။
֍ ၁၁၇။ ဣသုယမုန.မန္တော စ္ဆော ဝါ။ ။ ဣသုယမုနံ- ဣသု ဓာတ်, ယမုဓာတ်တို့၏၊ အန္တော- အဆုံးသည်၊ စ္ဆော- စ္ဆ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ ဣစ္ဆတိ, နိယစ္ဆတိ စသည် တည်း။ “အန္တော စ္ဆော ဝါ”ဟူသော ဒွိဓာကရဏယောဂဝိဘာဂ ဖြင့် အာသဓာတ်၏ အဆုံး သ ကိုလည်း စ္ဆ ပြု၍ အစ္ဆတိ ဟု ဖြစ်၏။
၁၁၇။ [ဣစ္ဆတိ - လိုလား၏ = လိုချင်၏ = အလိုရှိ၏၊ နိယစ္ဆတိ ရှောင်ကြဉ်၏၊ အစ္ဆတိ-နေထိုင်၏။]
ဣစ္ဆတိကို “ဣသု”တည်၊ “ဣသု=ဣစ္ဆာကန္တီသု”ဟူသောအနက်၌ ဓာတ်မှည့်, ဓာတုဿန္တော လောပေါ.နေကသရဿသုတ်ဖြင့် အဆုံးု သရ ကို ချေ, တိဝိဘတ် ၊ ပစ္စည်းသက်၊ ဣသုယမုန.မန္တော စ္ဆော ဝါသုတ်ဖြင့် ဣသုဓာတ်၏အဆုံး သ် ကို စ္ဆ် ပြု, စ္ဆ် ကို “၊ ”သို့ ကပ်, ဣစ္ဆတိ ပြီး၏။ [ဣစ္ဆီယတေ, ဧဝုဒ္ဓိပြု၍ ဧသီယတေ စသော ကမ္မရုပ်ကို သိပါ။]
အမှာ။ ။ နိယစ္ဆတိကို နိ ရှေးရှိသော “ယမု”တည်၊ “ယမု=ဥပရမေ” ဟူသော အနက်၌ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ် “၊ ”ပစ္စည်း သက်၍ ယမုဓာတ်၏ အဆုံး မ် ကို စ္ဆ် ပြုဟု ဆိုလေ။
အစ္ဆတိကို “အာသ”တည်၊ “အာသ=ဥပဝေသနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တိဝိဘတ်, အပစ္စည်းသက်, ဣသုယမုနမန္တော စ္ဆော ဝါသုတ်၌ “အန္တော စ္ဆော ဝါ”ဟူသော ယောဂဝိဘာဂဖြင့် အာသ ဓာတ်၏ အဆုံး သ် ကို စ္ဆ် ပြု, စ္ဆ် ကို “၊ ”သို့ကပ် (အာစ္ဆတိ), ကွစိ ဓာတု သုတ်ကြီးဖြင့် အာ ကို အ ရဿ ပြု, အစ္ဆတိ ပြီး၏။
֍ ၁၁၈။ ကာရိတာနံ ဏော လောပံ။ ။ ကာရိတာနံ- မုချ ကာရိတ်, ရုဠှီကာရိတ်ပစ္စည်းတို့၏၊ ဏော- ဏအနုဗန်သည်၊ လောပံ- ကျေပျောက်ခြင်းသို့၊ အာပဇ္ဇတေ- ရောက်၏။ ကာရေတိ, စောရေတိ စသည်တည်း။
၁၁၈။ မုချကာရိတ် ရုဠှီကာရိတ်။ ။ ဓာတူဟိ ဏေဏယဏာပေ ဏာပယကာရိတာနိ ဟေတွတ္ထေသုတ်ဖြင့် သက်သော ကာရိတ်ပစ္စည်း သည် စေခိုင်းခြင်းအနက်ကို ဟောသောကြောင့် မုချကာရိတ် မည်၏၊ “ကာရိတ-ပြုစေ၏”ဟူသော နာမည်နှင့် လိုက်လျောသော ပစ္စည်းများ ဖြစ်သည် ဟူလို၊ ဓာတုရူပေ နာမသ္မာ ဏယော စ, စုရာဒိတော ဏေဏယာ စသောသုတ်တို့ဖြင့် သက်သော ပစ္စည်းများသည် စေခိုင်းခြင်းအနက်ကို ဟောသောကြောင့် ရုဠှီကာရိတ်မည်၏၊ ကာရိတ်ပစ္စည်းနှင့် သက်ဆိုင် သော အစီအရင်ကို ပြုလို၍ “ကာရိတ”ဟူသော နာမည်ကို တင်စားထား သည်၊ တကယ်တော့ စေခိုင်းခြင်းအနက်ကို မဟောနိုင် ဟူလို၊ ထို့ကြောင့် “စောရေတိ-ခိုး၏”ဟု အနက်ဆို၍ “ခိုးစေ၏”ဟု အနက် မဆိုရ၊ ထို ကာရိတ်ပစ္စည်း ၂ မျိုးတွင် ပါဝင်သော ဏ် အနုဗန်ကို ဤသုတ်က ချေသည်။
အနုဗန်။ ။ အနုဗန္ဓ ဟူသော ပါဠိကို “အနုဗန်”ဟု ခေါ်သည်၊ အနု=နောက်ထပ်+ဗန္ဓ=ဖွဲ့စပ်အပ်သော အက္ခရာ၊ ဏေပစ္စည်း သက်ရာ၌ ေ-သရသာ လိုရင်းဖြစ်၏၊ ဏ် အက္ခရာကား နောက်ထပ် ဖွဲ့စပ်အပ်သော အပို အက္ခရာသာ ဖြစ်သည်၊ ထို “ဏ်”အတွက် တစ်စုံတစ်ခုမျှ အနက်မရှိ ဟူလို၊ ထိုသို့ တစ်စုံတစ်ခုမျှ အနက်မရှိသောကြောင့် ထိုအနုဗန် “ဏ်”ကို ချေပစ်ရလေသည်။
မေး။ ။ အနက်မရှိလျှင် ထို“ဏ်”အနုဗန်ကို ဘာ့ကြောင့် ထည့်သွင်း ထားရသနည်း။
ဖြေ။ ။ ဆိုင်ရာသုတ်များဝယ် တိုတိုကျဉ်းကျဉ်း လိုရင်းအားလုံးကို သိမ်းကြုံး ယူလိုသောကြောင့် အနုဗန်အက္ခရာများကို ထည့် သွင်းထားကြသည်။ [အကျယ်ကို ကစ္စည်းဘာသာဋီကာ “တေသံ ဏော လောပံ”သုတ်မှာ ရှု။]
[ဆောင်]၁။ အနက်မစပ်, နောက်ထပ်ကပ်လျက်, ပါလတ်ထိုထို,ဟအကရာပို, ခေါ်ဆို နုဗနာ။၂။ သုတ်များထိုထို, စကားဆိုကို, တိုတိုကျဉ်းကျဉ်း, သိမ်းလို ခြင်းကြောင့်, ထည့်သွင်းဟန် ပြု, ဗန်အနု, ကြံရှု တွေ့တိုင်းသာ။
ဣတိ အာချာတကပ္ပေ စတုတ္ထော ကဏ္ဍော။ ။ အာချာတ ကပ္ပေ- အာချာတ်ကျမ်း၌၊ စတုတ္ထော- လေးခုမြောက်ဖြစ်သော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
ဤတွင် အာချာတ်သုတ်နက်နှင့် ရုပ်တွက်အဓိပ္ပာယ်ပြီးပြီ။
ကိတ်ကျမ်းအချီ
ကိတ်ခေါ်ပုံ။ ။ ကိရတီတိ ကိတော၊ ယော-အကြင် ဏ အစရှိသော ပစ္စည်းသည်၊ သိဿကင်္ခံ-တပည့်အများ၏ ယုံမှားသံသယကို၊ ကိရတိပယ်ရှားတတ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုဏ အစရှိသောပစ္စည်းသည်၊ ကိတော-ကိတ မည်၏၊ ကိတ်ပစ္စည်း မသက်ဘဲ ဓာတ်ချည်း ထားလျှင် “ဤ ဓာတ်သည် ကတ္တားဟောလေလား, ကံဟောလေလား” စသည်ဖြင့် ယုံမှားဖွယ်ရှိ၏၊ ပစ္စည်းနှင့်တွဲသည့်အခါ ကတ္တားဟောမှန်း, ကံဟောမှန်း စသည်သိရသဖြင့် ဤ ဏစသောပစ္စည်းများက ထိုယုံမှားမှုကို ပယ်ဖျောက် နိုင်လေသည်၊ ထို့ကြောင့် ဏ စသောပစ္စည်းသည် တိုက်ရိုက်မုချအားဖြင့် “ကိတ” မည်၏၊ ထိုကိတပစ္စည်းနှင့် တွဲဖက်ရသော ဓာတ်များလည်း မကင်းရာ မကင်းကြောင်း(အဝိနာဘာဝနည်း)အားဖြင့် ကိတအမည် ရကြ လေသည်၊ ထို ကိတပုဒ်များကို ပြရာဖြစ်သောကျမ်းကိုကား ဌာနီပုဒ်တို့၏ ကိတဟူသော နာမည်ကို ဌာနကျမ်းပေါ် တင်စား၍ ဌာနျူပစာရအားဖြင့် ကိတကျမ်း, တကို သတ်၍ “ကိတ်ကျမ်း”ဟု ခေါ်ဝေါ်အပ်လေသည်။
သာဓန ၇ ပါး။ ။ ထိုကိတ်ပစ္စည်းများ၏ အနက်ကား ကတ္တုသာဓန, ကမ္မသာဓန, ကရဏသာဓန, သမ္ပဒါနသာဓန, အပါဒါနသာဓန, အဓိကရဏသာဓန, ဘာဝသာဓနဟု ၇ ပါး ပြား၏၊ ထိုတွင် “သာဓေတိကြိယာကို ပြီးစေတတ်၏၊ ဣတိ-ထို့ကြောင့်၊ သာဓနံ-သာဓန မည်၏”အရ ကြိယာကို ပြီးစေတတ်သော သတ္တိကို သာဓနဟု ခေါ်၏၊ (တစ်နည်း) သာဓိယတေ-ပြီးစေအပ်၏၊ ဣတိ-ထို့ကြောင့်၊ သာဓနံ-သာဓနမည်၏” အရ ကတ္တားသည် ပြီးစေအပ်သော ကြိယာသည်လည်း သာဓန မည်၏၊ ထို့ကြောင့် သာဓနသည် “သတ္တိသာဓန, ကြိယာသာဓန”ဟု ၂ မျိုးရှိ၏၊ ရှေ့ သာဓန ၆ ပါးသည် သတ္တိသာဓနတည်း၊ ဘာဝသာဓနကား ကြိယာ သာဓနတည်း၊ ဤစကားစဉ်အရ “ထိုထိုပစ္စည်းများသည် ဟောပြအပ် သော သတ္တိအနက်, ကြိယာအနက်ကိုသာ မုချ သာဓနခေါ်သည်”ဟု မှတ်၊ ထိုအနက်ကို ဟောပြသောပစ္စည်း, ထိုပစ္စည်းနှင့် တွဲဖက်ဖြစ်သော ဓာတ်များ၌ကား အနက်ကို အကြောင်းပြု၍ ကာရဏူပစာရအားဖြင့် ကတ္တုသာဓနပုဒ် စသော အခေါ်အဝေါ်များ ဖြစ်ကြလေသည်။
သာဓနအနက်သံ။ ။ ဤသို့လျှင် သတ္တိနှင့်ကြိယာကို မုချ သာဓနဟု ခေါ်ရသောကြောင့် ရှေ့ သာဓန ၆ ပါးကို အနက်ပေးသည့်အခါ သတ္တိသံ ပါအောင် အနက်ပေးရသည်။
“ပြုတတ်, ချက်တတ်”စသည်ဖြင့် အနက်ပေးရာ၌ “တတ်”ဟူသော အနက်သည် ကတ္တုသတ္တိနက်တည်း။
“ပြုအပ်, ချက်အပ်”စသည်ဖြင့် အနက်ပေးရာ၌ “အပ်”ဟူသော အနက်သည် ကမ္မသတ္တိနက်တည်း။
“ပြုကြောင်း, ချက်ကြောင်း”စသည်ဖြင့် အနက်ပေးရာ၌ “ကြောင်း” ဟူသော အနက်သည် ကရဏသတ္တိနက်တည်း။
“ပေးရာ”စသည်ဖြင့် အနက်ပေးရာ၌ ပေးကမ်းခြင်းသဘောပါလျက် “ရာ”ဟူသော အနက်သည် သမ္ပဒါနသတ္တိနက်တည်း။ “ဖဲခဲ့ရာ, ထွက်ခဲ့ရာ”စသည်ဖြင့် အနက်ပေးရာ၌ ခွဲခွာခြင်းသဘော ပါလျက် “ရာ”ဟူသော အနက်သည် အပါဒါနသတ္တိနက်တည်း။ “တည်နေရာ, အိပ်ရာ”စသည်ဖြင့် အနက်ပေးရာ၌ တည်ရာသဘော ပါလျက်“ရာ”ဟူသောအနက်သည် အဓိကရဏသတ္တိနက်တည်း။ “ပြုခြင်း, ချက်ခြင်း” စသည်ဖြင့် အနက်ပေးရာ၌ “ခြင်း” ဟူသော အနက်သည် ဘာ၀ အနက်တည်း။
[ဆောင်]၁။ ကတ္တု ကမ, ကရဏနှင့်, သမဒါနာ, အပါဒါတည့်, အဓိကရဏ ဘော, မှတ်ကြလော, ကိတ်ဟော သာဓန။၂။ ကတ္တား တတ်ဆို, ကံ အပ်ဆို၍, ကြောင်းကို ကရဏ, သမ္ပဒါနာ, အပါဒါတည့်, အဓိကရိုဏ်း, ဤသုံးဂိုဏ်းမှာ, ရာ ချည်းသာ ဟော, ခြင်းမှာ ဘော, မှတ်လော အနက်ပြ။
ဝိဂြိုဟ်အကြောင်း။ ။ ဤကိတ်ကျမ်းမှစ၍ ဝိဂြိုဟ်ပြုဖို့ရာ အချိန်ရောက်လာပြီ၊ “နိပ္ဖန္နဿ အတ္ထော ဝိသေသေန ဂယှတီတိ ဝိဂ္ဂဟော၊ နိပ္ဖန္နဿ-ဓာတ် ပစ္စည်း စသည်တို့ဖြင့် ပြီးစေအပ်စကောင်းသောပုဒ်၏၊ အတ္ထော-အနက်ကို၊ ဝိသေသေန-မလိုရာအနက်တို့နှင့် မရောယှက် ရအောင် ထူးခြားသောအားဖြင့်၊ ဂယှတိ-ယူအပ်, သိအပ်၏၊ ဣတိထို့ကြောင့်၊ ဝိဂ္ဂဟော-ဝိဂ္ဂဟမည်၏”ဟူသည်နှင့်အညီ…ထိုထိုပုဒ်နက်ကို မလိုရာအနက်များနှင့် မရောနှောစေဘဲ ကွဲကွဲပြားပြား နားလည်အောင် ပြသော ဝါကျတစ်မျိုးကို “ဝိဂြိုဟ်”ဟု ခေါ်သည်။
ဝိဂြိုဟ် မခက်။ ။ ဤ ဝိဂြိုဟ် ပြုရခြင်းသည် ငယ်ရွယ်သူများ ထင်သလောက် ခက်ခဲသည် မဟုတ်၊ အာချာတ်ရုပ် အနေအထားကို နားလည်လျှင် အလွယ်တကူဖြင့် ပြုနိုင်လိမ့်မည်၊ ဥပမာ…“ပါစကောချက်တတ်သူ”ဟူရာ၌ “ချက်တတ်”ဟူသောအနက်ကို “ပစတိ”ဟူသော အာချာတ်ကြိယာက ဟော၏၊ ထို့ကြောင့် “ပစတီတိ ပါစကော”ဟု ဝိဂြိုဟ် ပြုရမည်။ [ဤ၌ “ပစတိ”သာ ဝိဂြိုဟ်တည်း၊ “ဣတိ”ကား “ချက်တတ်” ဟူသော ကတ္တုသတ္တိနက်ကို ညွှန်ပြသောပုဒ်တည်း၊ “ပါစကော”ကား ပစတိနှင့်အနက်တူသော နိပ္ဖန္န(ဓာတ် ပစ္စည်းတို့ဖြင့် ပြီးစေအပ်သော)ပုဒ် တည်း။] အခြားဝိဂြိုဟ်လုပ်နည်းများကို မကြာခင် သိရလတ္တံ့။
ဂိုဏ်းသွင်း။ ။ ဤကိတ်ပုဒ်များသည် နာမ်ပုဒ်မျိုးပင် ဖြစ်သောကြောင့် တွေ့သမျှပုဒ်များကို ဆိုင်ရာနာမ်ဂိုဏ်းတွင်းသို့ သွင်းနိုင်မှသာ ပါဠိတော် အဋ္ဌကထာတို့၌ ပုဒ် အမှားအမှန်ကိုလည်းကောင်း, အနက် အမှားအမှန် ကိုလည်းကောင်း ပိုင်နိုင်စွာ သိနိုင်မည်၊ ထို့ကြောင့် ဤကိတ်ပုဒ်များကို ဆိုင်ရာ နာမ်ဂိုဏ်းသို့ သွင်းကာ သွင်းကာ ပဒမာလာစဉ်ကို လေ့လာ ကြပါလေ။
ကိတ်ကျမ်းအချီပြီး၏။
ကိတ်သုတ်နက်
အဓိပ္ပာယ်နှင့်ရုပ်တွက်
֍ ၁။ ဓာတုယာ ကမ္မာဒိမှိ ဏော။ ။ ကမ္မာဒိမှိ- ကံပုဒ်အစသည်၊ (သတိ- ရှိလတ်သော်၊) ဓာတုယာ- ဓာတ်မှနောက်၌၊ ဏော- ဏ ပစ္စည်းသည်၊ ဟောတိ- ၏။ ကုမ္ဘကာရော စသည်တည်း။
၁။ ကုမ္ဘကာရောဝယ် ကာရော၌ ကရဓာတ်တည်း၊ ထိုကရဓာတ်၏ အစ (ရှေ့က) ကုမ္ဘကား ဝိဂြိုဟ်ပြုတဲ့အခါ ဒုတိယာဝိဘတ်ဆုံးသော ကံပုဒ် တည်း၊ ထိုသို့ အစ၌ ကံပုဒ်ရှိသောဓာတ်နောင် ဏပစ္စည်းသက်သည်။
သက်ရာကာလ။ ။ “ဏာဒယော တေကာလိကာ”ဟု ဆိုလတ္တံ့နှင့် အညီ, ဤ ဏစသော ပစ္စည်းများသည် ပစ္စုပ္ပန်, အတိတ်, အနာဂတ် ကာလ ၃ မျိုးကို ပြနိုင်၏၊ ထို့ကြောင့် “ကုမ္ဘံ ကရောတီတိ ကုမ္ဘကာရော”ဟု ဝတ္တမာန်ဝိဘတ်ဖြင့်လည်းကောင်း,“ကုမ္ဘံ အကာသီတိ ကုမ္ဘကာရော”ဟု အဇ္ဇတနီဝိဘတ်ဖြင့်လည်းကောင်း,“ကုမ္ဘံ ကရိဿတီတိ ကုမ္ဘကာရော”ဟု ဘဝိဿန္တီဝိဘတ်ဖြင့်လည်းကောင်း ၃ ဝိဂြိုဟ်ပြုရမည်။ [ကုမ္ဘံ-အိုးကို၊ ကရောတိ-ပြုဆဲ၊ အကာသိ-ပြုပြီ၊ ကရိဿတိ-ပြုလတ္တံ့၊ ဣတိထို့ကြောင့်၊ ကုမ္ဘကာရော-ကုမ္ဘကာရမည်၏၊ ကုမ္ဘကာရော-အိုးလုပ်သမား၊ (“အိုးထိန်းသည်”ဟုလည်း ခေါ်၏။)]
ဂိုဏ်းသွင်းပုံ။ ။ ဤ ကုမ္ဘကာရပုဒ်သည် ပုရိသာဒိဂိုဏ်းဝင် ဖြစ်၍ “ကုမ္ဘကာရော, ကုမ္ဘကာရာ၊ ဘော ကုမ္ဘကာရ, ကုမ္ဘကာရာ, ဘောန္တော ကုမ္ဘကာရာ”စသည်ဖြင့် ရုပ်စဉ်ရာ၏၊ အိုးထိန်းသည်အမျိုးကို ဟောလျှင် နပုလ္လိန် စိတ္တာဒိဂိုဏ်းဝင်ဖြစ်၍ “ကုမ္ဘကာရံ၊ ကုမ္ဘကာရာ, ကုမ္ဘကာရာနိ” စသည်ဖြင့် စိတ္တာဒိဂိုဏ်း၌ သွင်း၍စဉ်ရာ၏၊ အိုးထိန်းသည်မကို ဟောရာ၌ “ဏာဒိ န္တ န္တု-ဆုံးမှု ဤသာ”ဟူသည်နှင့်အညီ, ဏဝဏိကဏေယျဏ န္တုဟိသုတ်ဖြင့် -ိပစ္စည်းသက်၊ နဒါဒိဂိုဏ်းအတွင်းသွင်း၍ “ကုမ္ဘကာရီ၊ ကုမ္ဘကာရီ, ကုမ္ဘကာရိယော”စသည်ဖြင့် ဣတ္ထီသဒ္ဒါအတိုင်း ရုပ်စဉ်ရာ၏၊ ရုပ်စဉ်ခိုင်းကြပါလေ။
အှာ။ ။ ကာရိတံ ဝိယ ဏာနုဗန္ဓောသုတ်ကား အတော်ဝေးမှ တွေ့ရ လိမ့်မည်၊ ဆိုင်ရာရုပ်တွေ အတော်များစွာ ပါနေပြီးဖြစ်၍ ယခုနှယ်က ထိုသုတ်ကို အသုံးပြုတော့လတ္တံ့၊ ထိုသုတ်ကို ၉၈ နံပါတ်မှာ လှမ်းကြည့်ပါ။
ရုပ်တွက်။ ။ ကုမ္ဘကာရောကို ကုမ္ဘသဒ္ဒူပပဒ “ကရ”တည်၊ “ကရ= ကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရကိုချေ(ကုမ္ဘကာရ်), ဓာတုယာ ကမ္မာဒိမှိ ဏောသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတံ ဝိယ ဏာနုဗန္ဓောသုတ်ဖြင့် ဏပစ္စည်းကို ကာရိတ်အမည်မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကိုချေ(ကုမ္ဘကရ်၊ ), အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် က၏ ၊ ကို -ါ ဝုဒ္ဓိပြု, ရ်ကို ၊ သို့ ကပ်(ကုမ္ဘကာရ), တဒ္ဓိတသမာသစသောသုတ်ဖြင့် ကုမ္ဘကာရဟူသော ကိတ်ပုဒ်ကို နာမ်ကို ကဲ့သို့ ငဲ့, သည်ဟူ၍ ၊ပေ၊ ပဌမာဧကဝုစ် သိဝိဘတ်သက်, သိကို ေ-ါ ပြု, ရ်ခွင်း, သရလောပေါ စသောသုတ်ဖြင့် ရ၏ ၊ ကို ချေ, ရကို ေ-ါ သို့ကပ်, ကုမ္ဘကာရော ပြီး၏။
မာလာကာရော-ပန်းကုံးကိုပြုသူ(ပန်းသည်ယောက်ျား)၊ မာလာကာရီပန်းသည်မ (မာလာသဒ္ဒူပပဒ ကရတည်)၊ ကဋ္ဌကာရော-ထင်းကိုပြုသူ (ထင်းသည်ယောက်ျား)၊ ကဋ္ဌကာရီ-ထင်းသည်မ=ထင်းခွေသူမ၊ ဟတ္ထဂ္ဂါ ဟော-လက်ကို ဆွဲကိုင်သူ (ဟတ္ထသဒ္ဒူပပဒ ဂဟ)၊ ပတ္တဂ္ဂါဟော-သပိတ်ကို ကိုင်သူ၊ ဓမ္မကာမော-တရားကို လိုလားသူ (ဓမ္မသဒ္ဒူပပဒ ကမု)၊ ဤသို့ စသော ရုပ်များကို နောင်ခါ နားလည်ပါလိမ့်မည်။ [ဓာတ်၏အနီး (ဓာတ် ရှေ့က) ပုဒ်ကို “ဥပပဒ”ဟု ခေါ်၏၊ ထို့ကြောင့် “ကုမ္ဘသဒ္ဒ+ဥပပဒ”ဟု ပုဒ်ဖြတ်၍ အနီးဖြစ်သော ကုမ္ဘသဒ္ဒါရှိသော ဓာတ်ကို “ကုမ္ဘသဒ္ဒူပပဒ” ခေါ်သည်ဟု မှတ်။]
֍ ၂။ သညာယ.မ နု။ ။ သညာယံ- နာမည်ကို ဟောရာ၌၊ ကမ္မာဒိမှိ- ကံပုဒ်အစသည်၊ သတိ- ရှိလတ်သော်၊ ဓာတုယာ- ဓာတ်မှနောက်၌၊ အ- အပစ္စည်းသည်လည်းကောင်း၊ နု- ကံပုဒ်၏ အဆုံး၌ နုအက္ခရာ လာသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ အရိန္ဒမော စသည်တည်း။
၂။ အရိံ ဒမေတီတိ အရိန္ဒမော၊ ယော-အကြင်မင်းသည်၊ အရိံရန်သူကို၊ ဒမေတိ-ဆုံးမတတ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုမင်းသည်၊ အရိန္ဒမော-အရိန္ဒမ မည်၏၊ ဤ အရိန္ဒမဟူသည် ရှင်ဘုရင်တစ်ဦး၏ နာမည်တည်း၊ အရိံကား ဒမုဓာတ်၏ အစ၌ရှိသော ကံပုဒ်တည်း၊ ဤသို့ နာမည်ကို ဟောရာဝယ် ရှေ့အစ၌ ကံပုဒ်ပါရှိသောဓာတ်နောင် အပစ္စည်း လည်းသက်, ကံပုဒ်အဆုံး၌ နုအက္ခရာလည်းလာသော သုတ်တည်း။
အရိံ အဒမီတိ အရိန္ဒမော, အရိံ ဒမဿတီတိ အရိန္ဒမော”ဟု အတိတ် ကာလ အနာဂတ်ကာလကို ပြသော ဝိဂြိုဟ်များကိုလည်း ပြုလေ၊ “အဒမီဆုံးမပြီ၊ ဒမိဿတိ-ဆုံးမလတ္တံ့”ဟု အနက်ပေး၊ ရုပ်ကို နု နိဂ္ဂဟီတံ ပဒန္တေ သုတ်ကျမှ တွက်သင့်သော်လည်း ထိုသုတ်၏ အစီအရင်မှာ မခက်ခဲလှ သဖြင့် ယခုကပင် တွက်ပြအံ့၊ ထိုသုတ်အဓိပ္ပာယ်ကို ၁၄ နံပါတ်ကြည့်။
ရုပ်တွက်။ ။ အရိန္ဒမောကို အရိသဒ္ဒူပပဒ “ဒမု”တည်၊ “ဒမု=ဒမနေ” ဟူသောအနက်၌ဓာတ်မှည့်, အဆုံး ု သရချေ(အရိဒမ်), သညာယ.မ နု သုတ်ဖြင့် ၊ ပစ္စည်းသက်၍ ကံပုဒ်၏ အဆုံး၌ နုလာ (အရိနုဒမ် ၊ ), နု နိဂ္ဂဟီတံ ပဒန္တေသုတ်ဖြင့် နုကို နိဂ္ဂဟိတ်ပြု (အရိံ ဒမ် ၊ ), ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို တဝဂ္ဂန္တ “န်”ပြု, န်ကို ဒသို့ ကပ်, မ်ကိုလည်း ၊ သို့ကပ်(အရိန္ဒမ), နာမ်ငဲ့, သိသက်, ေ-ါ ပြု, မ်ခွင်း, ချေ, ကပ်, အရိန္ဒမော ပြီး၏။ [ပုရိသာဒိဂိုဏ်းသွင်း၍ ရုပ်စဉ်လေ။]
ဒီပင်္ကရော-ဒီပင်္ကရာဘုရား၊ သရဏင်္ကရော-သရဏင်္ကရာဘုရား၊ တဏှင်္ကရော - တဏှင်္ကရာဘုရား၊ (ဤ တဏှင်္ကရပုဒ်၌ ကရဓာတ်သည် ပြုခြင်းအနက်ဟော မဟုတ်, ညှဉ်းဆဲခြင်းအနက်ဟောတည်း၊ ထို့ကြောင့် “တဏှင်္ကရော-တဏှာကို ညှဉ်းဆဲတတ်သောဘုရား”ဟု သဒ္ဒါနက် ဆိုလို သတတ်၊) မေဓင်္ကရော-မေဓင်္ကရာဘုရား၊ ဝေဿန္တရော-ဝေဿန္တရာမင်း။
ဤရုပ်တို့၌ “ဒီပင်္ကရာဘုရား”စသည်ဖြင့် နာမည်ဟောပုဒ်များဖြစ်၍ ဤသုတ်ဖြင့် (အ)ပစ္စည်းသက်, နုလာ၍ ရုပ်ပြီးသည်၊ ရူပသိဒ္ဓိ၌ လူငယ်များ နားမလည်အောင် သမာသ်ရုပ်တွက်ပြသည်ကို နောင်ခါကျမှ နားလည် လတ္တံ့။ [ဒီပင်္ကရာစသည်၌ ဒီပ, သရဏ, တဏှာ, မေဓာ သဒ္ဒူပပဒ ကရ တည်, တဏှာ မေဓာတို့ကား ဣတ္ထိလိန်ဖြစ်၍ -ါပစ္စည်းဆုံးလျက် ရုပ်တည် ရသည်၊ ထို -ါပစ္စည်းကို ကွစာဒိမဇ္ဈုတ္တရာနံ စသောသုတ်ဖြင့် (အ)ရဿ ပြုလေ၊ ဝေဿန္တရော၌ ဝေဿသဒ္ဒူပပဒ ကရတည်။]
֍ ၃။ ပုရေ ဒဒါ စ ဣံ။ ။ ပုရေ- အစ၌ ပုရသဒ္ဒါသည်၊ သတိ- ရှိလတ်သော်၊ ဒဒါ- ဒဒဓာတ်မှ နောက်၌၊ အ- အပစ္စည်းသည်၊ ဟောတိ- ဖြစ်၏၊ ဣံ စ- ပုရသဒ္ဒါ၏ အ ကိုလည်း ဣံအပြုသည်၊ ဟောတိ- ဖြစ်၏။ ပုရိန္ဒဒေါ ဟူသည်တည်း။
၃။ ပုရိန္ဒဒေါကား ပုရသဒ္ဒူပပဒ ဒဒဓာတ်တည်း၊ ဤသို့ အစ၌ ပုရ သဒ္ဒါရှိသော ဒဒဓာတ်နောင် (အ)ပစ္စည်းသက်၍ ပုရ၌ ရ၏ အကို ဣံပြု သော သုတ်တည်း၊ ပုရသဒ္ဒါသည် “ရှေး”ဟူသောအနက်ကို ဟော၏၊ ထိုအနက်ကို ထောက်၍ “ပေးဖူးပြီ”ဟူသော အတိတ်ကာလ တစ်နက်သာ ရထိုက်သည်၊ ပေးဆဲ, ပေးလတ္တံ့ဟူသော ပစ္စုပ္ပန်နက် အနာဂတ်နက်များ မရထိုက်၊ ထို့ကြောင့် “ပုရေ ဒါနံ အဒဒီတိ ပုရိန္ဒဒေါ”ဟု အတိတ်ဝိဂြိုဟ် တစ်ခုသာပြုလေ။ [ယော-အကြင်သိကြားသည်၊ ပုရေ-ရှေးအခါ၌၊ ဒါနံအလှူကို၊ အဒဒီ-ပေးလှူဖူးပြီ၊ ဣတိ-ထို့ကြောင့်၊ သော-ထိုသိကြားသည်၊ ပုရိန္ဒဒေါ - ပုရိန္ဒဒ မည်၏၊ သိကြားမဖြစ်ခင် မဃလုလင်ဘဝတုန်းက အလှူကို အကြီးအကျယ် ပေးလှူခဲ့ဖူးသောကြောင့် သိကြားဖြစ်တဲ့အခါ “ပုရိန္ဒဒ”ဟု နာမည်ရသတတ်။]
ရုပ်တွက်။ ။ ပုရိန္ဒဒေါကို ပုရသဒ္ဒူပပဒ “ဒဒ”တည်၊ “ဒဒ=ဒါနေ” ဟူသောအနက်၌ဓာတ်မှည့်, အဆုံး ၊ သရကိုချေ, ပုရေ ဒဒါ စ ဣံသုတ်ဖြင့် ၊ ပစ္စည်းသက်, ပုရ၏အဆုံး၌ ၊ အက္ခရာကိုလည်း -ိံ ပြု (ပုရိံဒဒ် ၊ ), ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို တဝဂ္ဂန္တ “န်”ပြု, န်ကို ဒသို့ ကပ်, ဒ်ကိုလည်း ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဒ်ခွင်း, ချေ, ကပ်, ပုရိန္ဒဒေါ ပြီး၏။ [ဤသုတ်၌ အလားတူရုပ် မရှိ။]
֍ ၄။ သဗ္ဗတော ဏွုတွာ.ဝီ ဝါ။ ။ သဗ္ဗတော- အလုံးစုံသော ဓာတ်မှနောက်၌၊ အ- အပစ္စည်းသည်လည်းကောင်း၊ ဏွုတွာ.ဝီ ဝါ- ဏွုပစ္စည်း, တုပစ္စည်း, အာဝီပစ္စည်းတို့သည်လည်းကောင်း၊ ဟောန္တိ- ကုန်၏။ တက္ကရော, ဝိနယော, ရထကာရကော, ကာရကော, တက္ကတ္တာ, ဘတ္တာ, ဘယဒဿာဝီ စသည်တည်း။
၄။ ဤသုတ်ကား အစ၌ ကံပုဒ်ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ အလုံးစုံသောဓာတ်နောင် အ-ဏွု-တု-အာဝီ ၄ ပစ္စည်းသက်သောသုတ် တည်း၊ ထို့ကြောင့် အစ၌ ကံပုဒ်ရှိသောပုံစံ, မရှိသောပုံစံ စုံအောင် ထုတ်ပြသည်၊ဝါသဒ္ဒါက သညာယ.မ နုသုတ်မှ အပစ္စည်းကို ဆွဲငင်သည် ဟု ကြံ၊ ရူပသိဒ္ဓိတစ်မျိုးကြံ၏။ [တံ ကရောတီတိ တက္ကရော၊ တံ-ထိုအမှုကို၊ ကရောတိ-ပြုတတ်၏၊ ဣတိ-ထို့ကြောင့်၊ တက္ကရော-တက္ကရ မည်၏။]
ရုပ်တွက်။ ။ တက္ကရောကို တသဒ္ဒူပပဒ“ကရ”တည်၊“ကရ=ကရဏေ” ဟူသောအနက်၌ ဓာတ်မှည့်,အဆုံးသရချေ, သဗ္ဗတော ဏွုတွာဝီ ဝါသုတ် ဖြင့် ၊ ပစ္စည်းသက်, ရ်ကို ၊ သို့ကပ်(တကရ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် သဒိသဒွေဘော်က်လာ, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ရ်ခွင်း, ချေ, ကပ်, ပြီး၏။
မှတ်ချက်။ ။ သမာသ်တွဲရာ၌ ရှေ့က ယပုဒ်နှင့်ဖြစ်စေ, တပုဒ်နှင့် ဖြစ်စေ တွဲလျှင် နောက်ပုဒ်မှာ ဒွေဘော်သော်လည်း လာ, ဒွေဘော်မလာ လျှင် ရှေ့က ယ,တတို့နောက်၌ နိဂ္ဂဟီတဉ္စသုတ်ဖြင့် နိဂ္ဂဟိတ်လာရိုးထုံးစံ ရှိသည်။
[ဆောင်] ယ တသဒ္ဒါ, ရှေ့ရှိရာဝယ်, နောက်မှာဒွေဘော်, လာသော်လည်းရှိ၊ မလာဘိမူ, ယ တ၏နောက်, ဗိန္ဒုရောက်သည်, မှတ်လောက် ထုံးစံအမြဲတည်း။
ဝိနယော-ရထကာရကောတို့၏ ဝိဂြိုဟ်ကို နောင်ခါပြုတတ်ပါလိမ့် မည်၊ ဝိနယောသည် အစ၌ ကံပုဒ်မရှိသော အပစ္စည်းပုံစံ, ရထကာရကော သည် အစ၌ ကံပုဒ်ရှိသော, ကာရကောကား အစ၌ ကံပုဒ်မရှိသော ဏွု ပစ္စည်း၏ ပုံစံတည်း။
ဝိနယောကို ဝိပုဗ္ဗ“နီ”တည်၊ နီ=ပါပဏေ”ဟူသောအနက်၌ဓာတ်မှည့်, (တစ်လုံးဓာတ်ဖြစ်၍ အဆုံးသရကို မချေရ), သဗ္ဗတော ဏွုတွာ.ဝီ ဝါသုတ် ဖြင့် ၊ ပစ္စည်းသက်, အညေသု စသုတ်ဖြင့် နီ၏ -ိကို ဧဝုဒ္ဓိပြု, ဧ အယ သုတ်ဖြင့် ဧ ကို ၊ ယ် ပြု, ယ် ကို ၊ သို့ ကပ် (ဝိနယ), နာမ်ငဲ့, သိသက်, ေ-ါ ပြု, ယ်ခွင်း, ချေ, ကပ်, ပြီး၏။ [အညေသု စ, ဧ အယသုတ်တို့ကို ပြန်ကြည့်ပါ။]
ကာရကောကို “ကရ”တည်၊ “ကရ=ကရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် ဏွုပစ္စည်းသက်, ကာရိတံ ဝိယ ဏာနု ဗန္ဓောသုတ်ဖြင့် ဏ အနုဗန်ရှိသော ပစ္စည်းကို ကာရိတ်ကဲ့သို့ ငဲ့, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် က၏ ၊ ကို -ါ ဝုဒ္ဓိပြု, (ကာရ် ဏွု), အနကာ ယုဏွူနံသုတ်ဖြင့် ဏွုကို ၊ က် ပြု, ရ် ကို ၊ သို့ ကပ်, နာမ်ငဲ့, သိသက်,ေ-ါ ပြု, က်ခွင်း, ချေ, ကပ်, ပြီး၏။ [ရထကာရကော၌ ရထသဒ္ဒူပပဒ “ကရ”တည်၍ တွက်။] ဤကာရကောသည် ပုရိသာဒိ ဂိုဏ်းတည်း၊ နပုလ္လိန်၌ ကာရကံဟု စိတ္တာဒိဂိုဏ်းဝင် ဖြစ်၏။
မှတ်ချက်။ ။ ဣတ္ထိလိန်၌ကား ကာရကအပြီးမှာ တေသု ဝုဒ္ဓိသုတ် ကြီးဖြင့် ရ၏ အဆုံး ၊ ကို -ိ ပြုပြီးမှ ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်း သက်၍ “ကာရိကာ”ဟု ကညာဒိဂိုဏ်းဝင်ဖြစ်၏။
က ဆုံးသော ဣတ္ထိလိန်။ ။ ဣတ္ထိလိန်အရာဝယ် ဏွုကို အကပြုသော ကအက္ခရာနှောင်းလျှင်လည်းကောင်း, ကပစ္စည်းနှောင်းလျှင်လည်းကောင်း အ ကို တေသု ဝုဒ္ဓိသုတ်ဖြင့် -ိ ပြုရ၏၊ ပုံစံကား-ဒါယိကာ, ဥပါသိကာ, သိဿိကာ (တပည့်မ), ပုတ္တိကာ (သမီး) စသည်တည်း။
[ဆောင်] ဏွု အက, ပြုသမျှနှင့်, ကပစ္စည်းစု, နှောင်းရာရှုလျက်, တေသု ဝုဒ္ဓိ, သုတ်ဖြင့် ဖိ၍, အ ဣပြုပြီး, အာ ပစ္စည်း, သက်နည်း ဣတ္ထိလိန်။
တံ ကရောတီတိ တက္ကတ္တာ=ထိုအမှုကို ပြုတတ်သူ၊ ဘရတီတိ ဘတ္တာ၊ ဘရတိ=မွေးမြူတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘတ္တာ-ဘတ္တာမည်၏၊ (လင်, အရှင်သခင်)၊ တုပစ္စည်းပုံစံများတည်း၊ ရုပ်ကို ကရဿ စ တတ္တံ တု သ္မိံ သုတ်ကျမှတွက်၊ “ဘယံ ပဿတီတိ ဘယဒဿာဝီ” (အာဝီပစ္စည်း၏ပုံစံ၊ ဘယံ-ဘေးကို၊ ပဿတိ-ရှုတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘယဒဿာဝီမည်၏၊) ဘေးကို ရှုတတ်သူ။
ဘယဒဿာဝီကို ဘယသဒ္ဒူပပဒ“ဒိသ”တည်၊ “ဒိသ=ပေက္ခဏေ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် -ါ ဝီ ပစ္စည်း သက်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဒိသ်ကို ဒဿ်ပြု, ဿ်ကို -ါ သို့ ကပ်, နာမ်ငဲ့, သိသက်, ချေ, ဘယဒဿာဝီ ပြီး၏။
အမှာ။ ။ ပုလ္လိန် ဒဏ္ဍီနှင့် အတူရုပ်စဉ်, ဣတ္ထိလိန်၌ ဒဏ္ဍိနီကဲ့သို့ ဘယဒဿာဝိနီ, နပုလ္လိန်၌ သုခကာရိကဲ့သို့ ဘယဒဿာဝိဟု ဖြစ်၏၊ ပစ္စုပ္ပန် တိဝိဘတ်ဖြင့်သာ ဝိဂြိုဟ်ပြုထား၏၊ သို့သော် အတိတ်ဝိဂြိုဟ်, အနာဂတ်ဝိဂြိုဟ်များလည်း ရနိုင်သည်ဟု မှတ်။ [ဤသုတ်လာ ပစ္စည်းတို့ သက်ရာသာဓနကို ရူပသိဒ္ဓိမှာရှု။]
֍ ၅။ ဝိသရုဇပဒါဒိတော ဏ။ ။ ဝိသရုဇပဒါဒိတော- ဝိသ ရုဇ ပဒ အစရှိသောဓာတ်တို့မှ နောက်၌၊ ဏ- ဏပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပဝေသော, ရောဂေါ, ဥပ္ပာဒေါ, ဖဿော စသည်တည်း။
၅။ ဓာတုယာ ကမ္မာဒိမှိ ဏောသုတ်ဖြင့် အစ၌ ကံပုဒ်ရှိသော ဓာတ် နောင် ဏပစ္စည်းသက်၏၊ ဤ ဝိသရုဇပဒါဒိတော ဏသုတ်ကား အစ၌ ကံပုဒ်မရှိသော ဓာတ်နောင် ဏပစ္စည်းသက်သည်၊ ဤဏပစ္စည်းတို့ သက်ရာပုဒ်၏ လိန်အဆုံးအဖြတ်ကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။
ဝိသဓာတ်။ ။ [ပဝိသတီတိ ပဝေသော၊ ပဝိသတိ-ဝင်တတ်၏၊ ဣတိထို့ကြောင့်၊ ပဝေသော-ပဝေသ မည်၏၊ (ဝင်တတ်သူ)။] ရုပ်တွက်ရာ၌ ပ ပရာ နိ နီစသော ဥပသာရပုဒ်ရှေ့ရှိသောဓာတ်ကို “ပပုဗ္ဗဝိသဓာတ်” စသည်ဖြင့် ဆိုလတ္တံ့၊ ပရှေ့ရှိသော ဝိသဓာတ်ဟု ဆိုလိုသည်။
ရုပ်တွက်။ ။ ပဝေသောကို ပပုဗ္ဗ “ဝိသ”တည်၊ “ဝိသ=ပဝေသနေ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ၊ သရချေ, ဝိသရုဇပဒါဒိတော ဏ သုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတံ ဝိယ ဏာနုဗန္ဓောသုတ်ဖြင့် ဏပစ္စည်း ကို ကာရိတ်ကဲ့သို့ ငဲ့, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, သ် ၊ သို့ကပ်(ပဝိသ), အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် ဝိ၏ -ိ ကို ေ-ဝုဒ္ဓိပြု, နာမ်ငဲ့, သိဝိဘတ်သက် စသည်ဆို။
ရုဇဓာတ်။ ။ ရုဇတီတိ ရောဂေါ၊ ရုဇတိ-နာကျင်တတ်၏၊ ဣတိထို့ကြောင့်၊ ရောဂေါ-အနာရောဂါ မည်၏၊ ကဂါ စဇာနံသုတ်၏ အဓိပ္ပာယ် ကို နံပါတ် ၁၀၀ မှာ လှမ်းကြည့်။
ရုပ်တွက်။ ။ ရောဂေါကို “ရုဇ”တည်၊ “ရုဇ=ရောဂေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ၊ သရချေ, ဤသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ (ရုဇ် ၊ ), ကဂါ စဇာနံသုတ်ဖြင့် ဇ်ကို ဂ်ပြု, ဂ်ကို ၊ သို့ကပ်, အသံယောဂန္တဿစသောသုတ်ဖြင့် ရု၏ ု ကို ေ-ါ ဝုဒ္ဓိပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဂ်ခွင်း, ချေ, ကပ်, ရောဂေါ ပြီး၏။
ပဒဓာတ်။ ။ ဥပ္ပဇ္ဇတီတိ ဥပ္ပာဒေါ=ဖြစ်တတ်သောတရား။
ဥပ္ပာဒေါကို ဥပုဗ္ဗ “ပဒ”တည်၊ “ပဒ=ဂတိမှိ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ, ဒ် ၊ သို့ကပ်, အသံယောဂန္တဿစသောသုတ်ဖြင့် ပ၏ ၊ ကို -ါ ဝုဒ္ဓိပြု, (ဥပါဒ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် သဒိသဒွေဘော် ပ်လာ, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဥပ္ပာဒေါ ပြီး၏။
အာဒိပုံစံ။ ။ ဖုသတီတိ ဖဿော-တွေ့ထိတတ်သောတရား၊ ဝိသရုဇ ပဒါဒိတော၌ အာဒိအရ ပုံစံတည်း၊ ဤ အာဒိအရ ပုံစံတွေ အလွန်များ လေသည်၊…ဖဿောကို “ဖုသ”တည်၊ “ဖုသ=ဖုသနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ၊ သရချေ, ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ, သ်ကို ၊ သို့ကပ်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဖုသကို ဖဿပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဖဿော ပြီး၏။
֍ ၆။ ဘာဝေ စ။ ။ သဗ္ဗဓာတူဟိ- အလုံးစုံသော ဓာတ်တို့မှ နောက်၌၊ ဘာဝေ စ- ဘောအနက်၌လည်း၊ ဏ- ဏပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဘာဝေါ, ပါကော စသည်တည်း။
၆။ ဤသုတ်က ဘာဝသာဓနအနက်၌ ဏပစ္စည်းသက်သောကြောင့် ရှေ့သုတ်က ကတ္တု ကမ္မစသော ကြွင်းသာဓနများ၌ သက်သည်ဟု မှတ်၊ ဏမှိ ရန္ဇဿ ဇော ဘာဝကရဏေသုသုတ်၌ ရူပသိဒ္ဓိဆိုပုံကို ထောက်ပါ။
ဏနှင့် အပစ္စည်း ရုပ်နေ ထူးခြားပုံ။ ။ ဘယ်လိုပုဒ်၌ အ ပစ္စည်း, ဘယ်လိုပုဒ်၌ ဏပစ္စည်းသက်ရမည်ဟု သူငယ်များ မခွဲနိုင်ဘဲ ရှိတတ်၏၊ ပုဒ်အနေကို ကြည့်လျှင် ဝုဒ္ဓိ ပြုထားသည်ကို အထင်အရှား မမြင်ရမူ အပစ္စည်းဟု မှတ်၊ ဟအညေသု စသုတ်ဖြင့် ဝုဒ္ဓိပြုထားသော်လည်း ထို ဝုဒ္ဓိ မထင်ရှားဘဲ တစ်မျိုးတစ်မည် ပြောင်းသွားတဲ့ ဝိနယောကဲ့သို့ပုဒ်, လုံးလုံး ဝုဒ္ဓိမပြုရတဲ့ တက္ကရောပုဒ်မျိုး၌ အပစ္စည်းဟု ဆိုလိုသည်။] နောက်က သံယုဂ်မရှိလျှင် ဝုဒ္ဓိ အထင်အရှား မြင်ရသောပုဒ်များ၌ ဏ ပစ္စည်းဟု မှတ်။ [ပဝေသော ဘာဝေါ၌ ဧဝုဒ္ဓိ အာဝုဒ္ဓိများ မပျက်ဘဲ ထင်ရှား ရှိသည်ကို “ဝုဒ္ဓိ အထင်အရှား မြင်ရသည်”ဟု ဆိုသည်၊ ဖဿော ကဲ့သို့ သံယုဂ်ရှိရာ၌ကား ဝုဒ္ဓိအပြု မထင်ရှားသော်လည်း ဏပစ္စည်းပင်၊ သဒ္ဒါဟူက ယေဘုယျမို့ တချို့အရာ၌ မမြဲဘဲလည်း ရှိပေလတ္တံ့။]
[ဆောင်] ၁။ ဝုဒ္ဓိပြုပြု, မပြုပြုဘဲ, ကြည့်ရှုလိုက်လျှင်, မမြင်ဝုဒ္ဓိ, ထိုပုဒ်ရှိ, အ ၏ သက်ရာဆို။၂။ သံယုဂ် နောက်က, မရှိကြလျှင်, ဝုဒ္ဓိ ထင်ရှား, ထိုပုဒ်များ, မှတ်သား (ဏ)သက်ကို။
ဝိဂ္ဂဟ။ ။ ဘူယတေ-ဖြစ်ခြင်း၊ ဘာဝေါ-ဖြစ်ခြင်း၊ ကိတ်ပုဒ်အချင်းချင်း လည်း ဝိဂြိုဟ်ပြုကောင်း၏၊ ထို့ကြောင့် “ဘဝနံ ဘာဝေါ”ဟုလည်း ဝိဂြိုဟ် ပြု၊ ပစ္စတေ ပစနံ ဝါ ပါကော၊ ပစ္စတေ-ကျက်ခြင်း၊ ဝါ-တစ်နည်း၊ ပစနံကျက်ခြင်း၊ ပါကော - ကျက်ခြင်း၊ ဘာဝသာဓနကို ဝိဂြိုဟ်ပြုရာ၌ ကတ္တုသတ္တိ စသည်ကို ညွှန်ပြဖွယ် မလိုသောကြောင့် ထိုသတ္တိကို ညွှန်ပြ မည့် ဣတိသဒ္ဒါ မထည့်ရတော့။
ရုပ်တွက်။ ။ ဘာဝေါကို “ဘူ”တည်၊ “ဘူ=သတ္တာယံ”ဟူသောအနက်၌ ဓာတ်မှည့်, ဘာဝေ စသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ, အသံယောဂန္တဿစသောသုတ်ဖြင့် ဘူ၏ ူ ကို ေ-ါ ဝုဒ္ဓိပြု(ဘော ၊ ), တေ အာဝါယာ ကာရိတေသုတ်ဖြင့် ေ-ါ ကို -ါ ဝ်ပြု, ဝ်ကို ၊ သို့ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဝ်ခွင်း, ချေ, ကပ်, ဘာဝေါ ပြီး၏။
ပါကောကို “ပစ”တည်၊ “ပစ=ပါကေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ၊ သရချေ, ဤသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ (ပစ်၊ ), ပ၏ ၊ ကို -ါ ဝုဒ္ဓိပြု, ကဂါ စဇာနံသုတ်ဖြင့် စ်ကို က်ပြု, က် ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ပါကော ပြီး၏။
֍ ၇။ ကွိ စ။ ။ သဗ္ဗဓာတူဟိ- အလုံးစုံသောဓာတ်တို့မှနောက်၌၊ ကွိ စ- ကွိပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ သမ္ဘူ, သယမ္ဘူ စသည်တည်း။
၇။ သမ္ဘဝတီတိ သမ္ဘူ-ကောင်းစွာဖြစ်သောသဘော၊ “သယံ ဘဝတီတိ သယမ္ဘူ” သယံ-ကိုယ်တိုင် (ကိုယ့်ဘာသာ=ဆရာမကူဘဲ)၊ ဘဝတိ=ဖြစ် တတ်၏၊ ဣတိ-ထို့ကြောင့်၊ သယမ္ဘူ-သယမ္ဘူမည်တော်မူ၏၊ ရတ္တာဒိဂိုဏ်း ပုံလိန် ဥကာရ န္တရုပ်စဉ်လေ။
သမ္ဘူကို သံပုဗ္ဗ “ဘူ”တည်၊ “ဘူ=သတ္တာယံ”ဟူသောအနက်၌ ဓာတ် မှည့်, ကွိ စသုတ်ဖြင့် ကွိပစ္စည်းသက်, ကွိ လောပေါ စသုတ်ဖြင့် ကွိပစ္စည်း ကိုချေ(သံဘူ), ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို ပဝဂ္ဂန္တ“မ်”ပြု, မ်ကို ဘူသို့ကပ်, နာမ်ငဲ့, သိသက်, သေသတော လောပံသုတ်ဖြင့် သိကို ချေ, သမ္ဘူ ပြီး၏။ [သယံ သဒ္ဒူပပဒ “ဘူ”တည်၍ သယမ္ဘူကိုလည်းတွက်။]
֍ ၈။ ဓရာဒီဟိ ရမ္မော။ ။ ဓရာဒီဟိ- ဓရ အစရှိသောဓာတ်တို့မှ နောက်၌၊ ရမ္မော- ရမ္မပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဓမ္မော, ကမ္မံ စသည်တည်း။
၈။ ဓာရေတီတိ ဓမ္မော၊ ဓာရေတိ-ကျင့်သောသတ္တဝါတို့ကို အပါယ် မကျအောင် ဆောင်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ဓမ္မော-တရားမည်၏၊ ကရီယတေ ကမ္မံ-ပြုအပ်သော ကိစ္စလုပ်ငန်းအမှု, ကံတရား၊ ရမှိ ရန္တော ရာဒိ နောသုတ် အဓိပ္ပာယ်ကို လှမ်းကြည့်။
ရုပ်တွက်။ ။ ဓမ္မောကို “ဓရ”တည်၊ “ဓရ=ဓာရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဓရာဒီဟိ ရမ္မောသုတ်ဖြင့် ရမ္မပစ္စည်းသက် (ဓရ် ရမ္မ), ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် ရ်ကို ချေ (ဓ ၊ မ္မ), ဓ်ခွင်း (ဓ် ၊ မ္မ), သရလောပေါစသောသုတ်ဖြင့် ၊ ချေ, ဓ် ၊ သို့ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, စသည်။ [ကရဓာတ် ကမ္မံ ကိုလည်း ရုပ်တွက်။]
֍ ၉။ တဿီလာဒီသု ဏီတွာ.ဝီ စ။ ။ တဿီလာဒီသု စ- တဿီလ တဒ္ဓမ္မ တဿာဓုကာရိတာ အနက် ၃ ပါးတို့၌လည်း၊ ဏီတွာဝီ စ- ဏီပစ္စည်း, တုပစ္စည်း, အာဝီပစ္စည်းတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ …ဗြဟ္မစာရီ, ပသယှပဝတ္တာ, ဘယဒဿာဝီ စသည်တည်း။
၉။ တဿီလာဒီသု၌ အာဒိဖြင့် တဒ္ဓမ္မ တဿာဓုကာရိတာတို့ကို ယူ၊ တဿီလစသည်၌ တသဒ္ဒါဖြင့် ဆိုင်ရာဓာတ်နက်ကို ညွှန်ပြ၏၊ ဥပမာဗြဟ္မစာရီ၌ စရဓာတ်၏ “ကျင့်ခြင်း”အနက်, ပါပကာရီ၌ ကရဓာတ်၏ “ပြုခြင်း”အနက်တည်း၊ ဤသို့ ဆိုင်ရာဓာတ်နက်တစ်ခုခုကို တသဒ္ဒါက “ထိုကျင့်ခြင်း, ထိုပြုခြင်း”စသည်ဖြင့် ညွှန်ပြသည်။
သီလ, ဓမ္မ, သာဓုကာရိတာ။ ။ သီလဟူသည် ပုဂ္ဂိုလ်တစ်ယောက်၏ အလေ့အလာဝါသနာတည်း၊ ဓမ္မဟူသည် တစ်ဂိုဏ်းလုံး တစ်သာသနာလုံး တစ်ဆွေမျိုးလုံး လူမျိုးတစ်မျိုးလုံး၏ အများသုံးဖြစ်တဲ့ ထုံးစံဓမ္မတာတည်း၊ သာဓုကာရိတာဟူသည်ကား မိမိ၏ ဝါသနာအလျောက် (သို့မဟုတ်) အများ၏ ထုံးစံဓမ္မတာအတိုင်း ကောင်းစွာပြုခြင်း (လေးလေးစားစားပြု ခြင်း, ဂရုတစိုက်ပြုခြင်း)တည်း။ [တဿီလ စသည်ဝယ် ဿီ ဒ္ဓ ဿာတို့၌ ၄ နံပါတ်သုတ်၏ ဆောင်ပုဒ် အဓိပ္ပာယ်အရ ဒွေဘော်နှင့် နေရကြောင်းကို သိပါ။]
[ဆောင်]၁။ ထိုထိုဓာတ်နက်, တ အတွက်, စွဲချက် မြဲမကွာ။၂။ တစ်ယောက်အလို, အလေ့ကို, ခေါ်ဆို သီလသာ။
၃။ ဓမ္မတာမှန်, များထုံးစံ, ခေါ်ရန် ဓမ္မမှာ။
၄။ ထိုထိုအမှု, ကောင်းစွာပြု, သာဓုကာရိတာ။
ဝိဂ္ဂဟ။ ။ ဗြဟ္မံ စရိတုံ သီလံ ယဿာတိ ဗြဟ္မစာရီ (တဿီလဝိဂြိုဟ်)၊ ဗြဟ္မံ စရိတုံ ဓမ္မော ယဿာတိ ဗြဟ္မစာရီ (တဒ္ဓမ္မဝိဂြိုဟ်)၊ ဗြဟ္မံ စရိတုံ သာဓုကာရိတာ ယဿာတိ ဗြဟ္မစာရီ (တဿာဓုကာရိတာဝိဂြိုဟ်)၊ ယဿ-အကြင်သူ၏၊ ဗြဟ္မံ-မြတ်သောအကျင့်ကို၊ စရိတုံ-ကျင့်ခြင်းငှာ၊ သီလံ-အလေ့အလာဝါသနာသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ သောထိုသူသည်၊ ဗြဟ္မစာရီ-ဗြဟ္မစာရီ မည်၏၊ ဤ၌ မြတ်သော အကျင့်ကို ကျင့်လေ့ ကျင့်ထ ဝါသနာသည် သီလ မည်၏။
ဒုတိယဝိဂ္ဂဟ။ ။ “ဓမ္မော-အများတံထွာ, ဓမ္မတာသည်၊ အတ္ထိ-ရှိ၏” ဟု အနက်ပေး၊ ရဟန်း သာမဏေ သူတော် သီလရှင်ဟူသမျှတို့ အဗြဟ္မ စရိယသိက္ခာပုဒ်ကို ထိန်းသိမ်း၍ မြတ်သော အကျင့်ကို ကျင့်ကြခြင်း ဟူသော ထုံးစံဓမ္မတာသည် ဓမ္မ မည်၏။
တတိယဝိဂ္ဂဟ။ ။ “သာဓုကာရိတာ-ကောင်းစွာပြုတတ်သူ၏အဖြစ် သည်၊ အတ္ထိ-ရှိ၏”ဟု အနက်ပေး၊ ထို ဗြဟ္မစရိယအကျင့်၌ ကောင်းစွာ ကျင့်ခြင်း (လေးလေးစားစား ဂရုစိုက်လျက် မပေါက် မကျားအောင် ကျင့်ခြင်း)သည် သာဓုကာရိတာ မည်၏။
မှတ်ချက်။ ။ ဤအဓိပ္ပာယ်အရ တဿီလဖြစ်တိုင်း တဒ္ဓမ္မ မဖြစ်, အများထုံးစံဟုတ်မှ တဒ္ဓမ္မ ဖြစ်သည်၊ တဒ္ဓမ္မဖြစ်တိုင်းလည်း တဿီလ မဖြစ်, မိမိ၏ အလေ့အထဟုတ်မှ တဿီလ ဖြစ်သည်၊ တဿီလ တဒ္ဓမ္မ ဖြစ်တိုင်းလည်း တဿာဓုကာရိတာ မဖြစ်, လေးလေးစားစား အားရပါးရ ပြုမှ တဿာဓုကာရိတာ ဖြစ်သည်ဟု မှတ်။
အမှာ။ ။ ပသယှပဝတ္တာစသည်တို့၏ ဝိဂြိုဟ်ကို နောင်ခါသိလတ္တံ့၊ ပသယှပဝတ္တာ-လွှမ်းမိုး၍ ဖြစ်လေ့ရှိသူ၊ ဘယဒဿာဝီ-ဘေးကို ရှုလေ့ ရှိသူ။
ရုပ်တွက်။ ။ ဗြဟ္မစာရီကို ဗြဟ္မသဒ္ဒူပပဒ “စရ”တည်၊ “စရ=စရဏေ” ဟူသောအနက်၌ ဓာတ်မှည့် အဆုံးသရချေ, တဿီလာဒီသု ဏီတွာဝီ စ သုတ်ဖြင့် ဏီပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ, စ၏ ၊ ကို -ါ ဝုဒ္ဓိပြု, ရ်ကို -ိသို့ကပ်, နာမ်ငဲ့, သိဝိဘတ်သက်, ချေ, ပြီး၏။ [ဣတ္ထိလိန်၌ ဣနီပစ္စည်းသက်၍ “ဗြဟ္မစာရိနီ”ဟု ဖြစ်၏၊ ဒဏ္ဍိနီကဲ့သို့ ရုပ်စဉ်။]
ပသယှပဝတ္တာကို ပသယှသဒ္ဒူပပဒ ပပုဗ္ဗ “ဝတု” တည်၊ “ဝတု= ဝတ္တနေ”ဟူသောအနက်၌ ဓာတ်မှည့် အဆုံး ၊ သရချေ, ဤသုတ်ဖြင့် တု ပစ္စည်းသက် (ပသယှပဝတ်တု), တ်ကို တုသို့ ကပ်, နာမ်ငဲ့, သိသက်, သတ္ထုပိတာဒီနမာ သိသ္မိံ သိလောပေါ စသုတ်ဖြင့် တု၏ ု ကို -ါ ပြု, သိကိုလည်းချေ, ပသယှပဝတ္တာ ပြီး၏။ [သတ္ထာဒိဂိုဏ်း ဝတ္တုကဲ့သို့ ရုပ်စဉ် လေ။] ဘယဒဿာဝီကို သဗ္ဗတော ဏွုတွာဝီ ဝါ၌ တွက်ခဲ့ပြီ၊ ဤသုတ်ဖြင့် အာဝီသက်ရခြင်းသာ ထူး၏။
မေးဖွယ်။ ။ ကိတ်ပစ္စည်းမှန်လျှင် သာဓနအနက် ၇ ပါးတွင် တစ်ပါးပါး ကို ဟောရရိုးတည်း၊ တဿီလစသော အနက်ကား သာဓနအနက် မဟုတ် သေး၊ ထို့ကြောင့် ဤ ဏီစသော ပစ္စည်းများသည် အဘယ်သာဓနအနက်၌ သက်ကြသနည်းဟု မေးဖွယ်ရှိ၏။
အဖြေ။ ။ “မြတ်သောအကျင့်ကို ကျင့်လေ့ရှိ”ဟုဆိုလျှင် ထိုကျင့်လေ့ ရှိသူမှာ ကျင့်တတ်သော ကတ္တုသတ္တိ ရှိ၏ဟု သိသာ၏၊ ထို့ကြောင့် “တဿီလ စသော အနက်၌ သက်သော ဏီ စသော ပစ္စည်းများသည် ကတ္တုသာဓနအနက်၌ သက်ကြ၏”ဟု ရှေးဆရာတို့ အသိအမှတ်ပြုကြ သည်၊ ထို့ကြောင့် ရူပသိဒ္ဓိ၌ “ကတ္တရိ”ဟု တိုက်ရိုက် ထည့်လေသည်။ [အကျယ်ကို ကစ္စည်းဘာသာဋီကာမှာ ရှု။]
֍ ၁၀။ သဒ္ဒကုဓစလမဏ္ဍတ္ထရုစာဒီဟိ ယု။ ။ သဒ္ဒကုဓစလ မဏ္ဍတ္ထရုစာဒီဟိ- အသံပြုခြင်းအနက်ရှိသောဓာတ်, အမျက်ထွက် ခြင်းအနက်ရှိသောဓာတ်, တုန်လှုပ်ခြင်းအနက်ရှိသောဓာတ်, တန်ဆာဆင်ခြင်းအနက်ရှိသောဓာတ်, ရုစ အစရှိသောဓာတ်တို့မှ နောက်၌၊ တဿီလာဒီသု- တဿီလ တဒ္ဓမ္မ တဿာဓုကာရိတာ အနက် ၃ ပါးတို့၌၊ ယု- ယုပစ္စည်းသည်၊ ဟောတိ- ၏။ ဃောသနော, ကောဓနော, စလနော, မဏ္ဍနော, ရောစနော စသည်တည်း။
၁၀။ မဏ္ဍတ္ထမှ အတ္ထသဒ္ဒါကို ရှေ့ပုဒ်သို့ လိုက်စေ၍ “သဒ္ဒတ္ထ, ကုဓတ္ထ, စလတ္ထ”ဟုမှတ်၊ သဒ္ဒတ္ထဖြင့် အသံပြုခြင်းအနက်ရှိသော ဃုသဓာတ် ဘာသဓာတ် စသည်ကို ယူ၊ ကုဓတ္ထဖြင့် အမျက်ထွက်ခြင်းအနက်ရှိသော ကုဓဓာတ် ရုသဓာတ် စသည်ကို ယူ၊ စလတ္ထဖြင့် တုန်လှုပ်ခြင်းအနက်ရှိ သော ကပိဓာတ် ဖဒိဓာတ် စသည်ကို ယူ၊ မဏ္ဍတ္ထဖြင့် တန်ဆာဆင်ခြင်း အနက်ရှိသော မဍိဓာတ် ဘူသဓာတ်စသည်ကိုယူ၊ ရုစတ္ထဟု မဆိုဘဲ ရုစာ ဒီဟိဟု ဆိုသောကြောင့် ရုစဓာတ်နှင့်အနက်တူသော ဓာတ်သာမက အာဒိ သဒ္ဒါဖြင့် ဇုတဓာတ် ဝဍ္ဎဓာတ် စသည်ကိုလည်း ယူနိုင်၏၊ ဃောသနောကြွေးကြော်ခြင်းအလေ့ရှိသူ၊ ဤ၌ “ကြွေးကြော်ခြင်း”ဟူသည် အသံ ထုတ်၍ ဆိုခြင်းပင်တည်း၊ ထို့ကြောင့် “သဒ္ဒတ္ထ”အရ ထုတ်ပြရသည်။
ရုပ်တွက်။ ။ ဃောသနောကို “ဃုသ”တည်၊ “ဃုသ=သဒ္ဒေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သဒ္ဒကုဓစလဏ္ဍတ္ထရုစာဒီဟိ ယု သုတ်ဖြင့် ယုပစ္စည်းသက်, အညေသု စသုတ်ဖြင့် ဃု၏အစိတ် ု ကို ေ-ါ ဝုဒ္ဓိပြု(ဃောသ်ယု), အနကာယုဏွူနံသုတ်ဖြင့် ယုပစ္စည်းကို ၊ န ပြု, သ်ကို ၊ သို့ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, န်ခွင်း, ချေ, ကပ် ပြီး၏။ [ဘာသနောပြောဆိုခြင်းအလေ့ရှိသူ၊ ဤ ဘာသာဓာတ်လည်း အသံပြုခြင်းအနက် ရှိ၏၊ “ဘာသ=ဝိယတ္တိယံ ဝါစာယံဟု ဆို၍ ရုပ်တွက်။]
ကောဓနော-အမျက်ထွက်ခြင်းအလေ့ရှိသူ၊ “ကုဓ=ကောပေ”ဟူသော အနက်၌ ဓာတ်မှည့်၍ ရုပ်တွက်၊ ရောသနော-ချုပ်ချယ်ခြင်းအလေ့ရှိသူ၊ ချုပ်ချယ်ခြင်း, နှိပ်ကွပ်ခြင်းဟူသည် အမျက်ထွက်ခြင်းပင်တည်း၊ ထို့ကြောင့် ကုဓတ္ထ၌ သွင်းရသည်၊ “ရုသ=ရောသေ”ဟု ဓာတ်နက်ဆို။
စလနော-တုန်လှုပ်ခြင်းအလေ့ရှိသူ၊ “စလ=ကမ္ပနေ”ဟု ဓာတ်နက်ဆို၊ ကမ္ပနော, ဖန္ဒနော-တုန်လှုပ်ခြင်းအလေ့ရှိသူ၊ “ကပိ=စလနေ”ဟု ဓာတ် နက်ဆို၊ အဆုံး -ိ သရချေ, ယုပစ္စည်းသက် (ကပ် ယု), နိဂ္ဂဟီတဉ္စသုတ် ဖြင့် က နောက်၌ နိဂ္ဂဟိတ်လာ၊ ယုကို ၊ န ပြု, ပ်ကို ၊ သို့ကပ်, နိဂ္ဂဟိတ် ကို ပဝဂ္ဂန္တ “မ်” ပြု, မ်ကို ပသို့ ကပ်၍ နာမ်ငဲ့ ပြီးစေ။
မှတ်ချက်။ ။ ဖန္ဒနောလည်း နည်းတူ၊ “ဖဒိ=ကိဉ္စိစလနေ”ဟု ဓာတ် နက်ဆို၊ ဤ ကပိ ဖဒိဓာတ်များသည် ရုဓာဒိဂိုဏ်းဝင်ကဲ့သို့ ထင်ရသော် လည်း စင်စစ်မှာ ဘူဝါဒိဂိုဏ်းဝင်သာတည်း၊ ဘူဝါဒိ စုရာဒိဂိုဏ်းဝင် ဓာတ် များသည် အဆုံး၌ ဣ အက္ခရာပါလျှင် နိဂ္ဂဟိတ်လာမြဲ ဖြစ်၏။
[ဆောင်] ဣအက္ခရာ, အဆုံးပါသည့်, ဘူဝါနှင့်စု, ဓာတ်နှစ်ခု, ဗိန္ဒု လာရသည်။
မဏ္ဍနော-တန်ဆာဆင်ခြင်း အလေ့ရှိသူ၊ “မဍိ = ဘူသာယံ” ဟု ဓာတ်နက်ဆို၊ နိဂ္ဂဟိတ်လာ၍ ဋဝဂ္ဂန္တ “ဏ်” ပြု၊ ဝိဘူသနော-တန်ဆာ ဆင်ခြင်း အလေ့ရှိသူ၊ “ဝိပုဗ္ဗဘူသ = အလင်္ကာရေ”ဟု ဓာတ်နက် ဆို၊ ရောစနော-တင့်တယ်တောက်ပခြင်း အလေ့ရှိသူ၊ “ရုစ = ဒိတ္တိမှိ” ဟု ဓာတ်နက် ဆို၊ ဇောတနော-တောက်ပခြင်းအလေ့ရှိသူ၊ “ဇုတ = ဒိတ္တိမှိ”ဟု ဓာတ်နက် ဆို၊ ဝဍ္ဎနော-တိုးပွားခြင်း အလေ့ရှိသူ၊ “ဝဍ္ဎ = ဝဍ္ဎနေ”ဟု ဓာတ်နက် ဆို၍ တွက်လေ။
֍ ၁၁။ ပါရာဒိဂမိမှာ ရူ။ ။ ပါရာဒိဂမိမှာ- ပါရ အစရှိသော သဒ္ဒါ ရှေ့ရှိသော ဂမုဓာတ်မှ နောက်၌၊ တဿီလာဒီသု- တို့၌၊ ရူ- ရူပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဘဝပါရဂူ, အန္တဂူ စသည် တည်း။
၁၁။ [ပါရာဒိ၌ အာဒိဖြင့် အန္တ စသည်ကို ယူ။] ပါရရှေ့ရှိသော ဂမု ဓာတ်, အန္တရှေ့ရှိသော ဂမုဓာတ်၊ ဤသို့ ပါရ အန္တ စသော သဒ္ဒါမျိုး ရှေ့ရှိသော ဂမုဓာတ်နောင် တဿီလစသောအနက်၌ ရူပစ္စည်းသက်သော သုတ်တည်း။
ဘဝပါရံ ဂန္တုံ သီလံ ယဿာတိ ဘဝပါရဂူ၊ “ယဿ-အကြင်သူ၏၊ ဘဝပါရံ-ဘဝ၏ ထိုဖက်ကမ်းသို့ (နိဗ္ဗာန်သို့ ဟူလို)၊ ဂန္တုံ-သွားခြင်းငှာ၊ သီလံ-သည်၊ အတ္ထိ-ရှိ၏”ဟု အနက်ပေး၊ ဓမ္မော သာဓုကာရိတာထည့်၍ လည်း ဝိဂြိုဟ်ပြု, ရုပ်တွက်ရာ၌ ဘဝကား လိုရင်းမဟုတ်, တွဲဖက်ဖြစ်၍ ထည့်ရသည်၊ ထို့ပြင် ရ အနုဗန်ရှိသော ပစ္စည်းဟူသမျှ၌ ရမှိ ရန္တော ရာဒိနောသုတ်ကို သတိရပါစေ။
ဘဝပါရဂူကို ဘဝပါရသဒ္ဒူပပဒ “ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, ပါရာဒိဂမိမှာ ရူသုတ်ဖြင့် ရူပစ္စည်း သက် (ဘဝပါရ ဂမ်ရူ), ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ အနုဗန်နှင့်တကွ ဓာတွန် မ်ကို ချေ (ဘဝပါ ရဂ ူ, ဂ်ခွင်း, ချေ, ဂ်ကို ူ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ, ဘဝပါရဂူ ပြီး၏။
အန္တံ ဂစ္ဆတိ သီလေနာတိ အန္တဂူ = အဆုံးသို့ သွားလေ့ (ရောက်လေ့) ရှိသူ၊ အန္တသဒ္ဒူပပဒ ဂမု တည်၍ တွက်၊ ဝေဒဂူ = မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ ရောက်လေ့ရှိသူ၊ ဝေဒသဒ္ဒူပပဒ ဂမု တည်၍ ရုပ်တွက်။
֍ ၁၂။ ဘိက္ခာဒိတော စ။ ။ ဘိက္ခာဒိတော စ- ဘိက္ခ အစရှိ သော ဓာတ်မှ နောက်၌လည်း၊ တဿီလာဒီသု- တို့၌၊ ရူ- ရူ ပစ္စည်း သည်၊ ဟောတိ- ဖြစ်၏။ ဘိက္ခု, ဝိညူ စသည်တည်း။
၁၂။ ဘိက္ခတိ သီလေနာတိ ဘိက္ခု။ ယော-အကြင် ရဟန်းသည်၊ သီလေန-အလေ့အလာအားဖြင့်၊ ဘိက္ခတိ-(ဆွမ်းစသည်ကို) တောင်းတတ် ၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုရဟန်းသည်၊ ဘိက္ခု-ဘိက္ခု မည်၏၊ ဘိက္ခာဒိတော၌ အာဒိသဒ္ဒါဖြင့် ဉာဓာတ်, ဝိဒဓာတ် စသည်ကို ယူ၊ ဝိဇာနာတိ သီလေနာတိ ဝိညူ၊ ဝိဒတိ သီလေနာတိ ဝိဒူ=သိလေ့ရှိသူ။
ဘိက္ခုကို “ဘိက္ခ”တည်၊ “ဘိက္ခ=ယာစနေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံး ၊ သရချေ, ဘိက္ခာဒိတော စသုတ်ဖြင့် ရူပစ္စည်းသက်, ရမှိ ရန္တော ရာဒိနောသုတ်ဖြင့် ရ်အနုဗန်ကိုချေ, ကွစိ ဓာတုသုတ်ကြီးဖြင့် ူ ကို ု ရဿပြု, က္ခ် ု သို့ကပ်, နာမ်ငဲ့, သိသက်, ချေ, ဘိက္ခု ပြီး၏။
ဝိညူကို ဝိပုဗ္ဗ“ဉာ”တည်၊ “ဉာ=အဝဗောဓနေ”ဟူသောအနက်၌ ဓာတ် မှည့်, ရူပစ္စည်းသက်, ရမှိ ရန္တော ရာဒိနောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် -ါ ကို ချေ, ဉ် ကို ူ သို့ကပ် (ဝိဉူ), သဒိသဒွေဘော် ဉ် လာ, နာမ်ငဲ့, သိသက်, ချေ, ဝိညူ ပြီး၏။ [သဗ္ဗညူ-အလုံးစုံကို သိတော်မူလေ့ရှိ သော ဘုရား၊ မတ္တညူ-အတိုင်းအရှည်ကို သိလေ့ရှိသူ၊ သဗ္ဗ, မတ္တ+ဉာ ဓာတ်၊ ဝိဒူ=ဝိဒဓာတ်။]
֍ ၁၃။ [နတျာဒီနံ ဏုကော။ ။ [နတျာဒီနံ- ဟန အစရှိ သော ဓာတ်တို့၏အဆုံး၌၊ တဿီလာဒီသု- တို့၌၊ ဏုကော- ဏုက ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ အာဃာတုကော, ကာရုကော စသည်တည်း။
၁၃။ အာဟနနသီလော-ညှဉ်းဆဲလေ့ရှိသူသည်၊ အာဃာတုကောအာဃာတုက မည်၏၊ ကရဏသီလော-ပြုလေ့ရှိသူသည်၊ ကာရုကောကာရုက မည်၏။ (ဟနဿ ဃာတောသုတ်ကို ကြည့်။)
အာဃာတုကောကို အာပုဗ္ဗ “ဟန”တည်၊ “ဟန=ဟိံသာဂတီသု” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဟနတျာဒီနံ ဏုကောသုတ် ဖြင့် ဏုကပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ, ဟနဿ ဃာတော သုတ်ဖြင့် ဟန်ဓာတ်ကို ဃာတ်ပြု, တ်ကို ု သို့ကပ်, သိသက်စသည် စီရင်။ [ကာရုကောကို “ကရ”တည်၊ အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေ သုတ်ဖြင့် က ၏ ၊ ကို -ါ ဝုဒ္ဓိပြု။]
֍ ၁၄။ နု နိဂ္ဂဟီတံ ပဒန္တေ။ ။ ပဒန္တေ- ရှေ့ပုဒ်၏အဆုံး၌၊ နု- နုအက္ခရာသည်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်အဖြစ်သို့၊ အာပဇ္ဇတေ- ရောက်၏။ အရိန္ဒမော စသည်တည်း။
၁၄။ အရိသဒ္ဒူပပဒ “ဒမု”တည်၊ သညာယ.မနုသုတ်ဖြင့် ၊ ပစ္စည်း သက်၍ အရိဟူသော ရှေ့ပုဒ်အဆုံး၌ လာထားသော နုအက္ခရာကို ဤ သုတ်က နိဂ္ဂဟိတ်ပြုသည်၊ ရုပ်တွက်ပုံကို သညာယ.မနုသုတ် ပြန်ကြည့်။
֍ ၁၅။ သံဟနာ.ညာယ ဝါရော, ဃော။ ။ သံဟနာ ဝါ- သံပုဗ္ဗ ဟနဓာတ်မှနောက်၌လည်းကောင်း၊ အညာယ ဝါ- တစ်ပါးသော ဓာတ်မှနောက်၌လည်းကောင်း၊ ရော- ရပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဃော- ဟနဓာတ်၏ ဃ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ သံဃော, ပတိဃော, ပရိက္ခာ စသည်တည်း။
၁၅။ သံဟန.ညာယကို “သံဟနာ+အညာယ”ဟု ပုဒ်ဖြတ်၊ “သံ+ ဟနာ”ဟု သံပုဗ္ဗဟနဓာတ်ကိုသာ ပြထားသော်လည်း သံပုဗ္ဗဟနဓာတ် သာမက (ပါဠိတော်နှင့် လျော်အောင်) သံ ရှေးမရှိသော ဟနဓာတ် နောင်လည်း ရပစ္စည်း သက်၍ ဟနကိုလည်း ဃပြုလျှင် “ပတိဃော”ဟု ဖြစ်သေး၏၊ “အညာယ”ဖြင့်ကား ဟနမှတစ်ပါးသော ခနု, ကရ စသော ဓာတ်များကို ယူ။
ဟနဓာတ်သည် ဟိံသာ (ညှဉ်းဆဲခြင်း)အနက်, ဂတိ (ရောက်ခြင်း) အနက်ဟု ၂ မျိုး ရှိ၏၊ ဤနေရာ၌ ဂတိအနက်ကို ယူ၍ “သံဟနတိ (သမုပဂစ္ဆတီ)တိ သံဃော”ဟု ဝိဂြိုဟ်ပြု၊ ယော-အကြင်ရဟန်းအပေါင်း သည်၊ သမဂ္ဂံ-ညီညီညွတ်ညွတ်၊ ကမ္မံ-သံဃကံသို့၊ သံဟနတိ (သမုပ ဂစ္ဆတိ)-ကပ်ရောက်တတ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုရဟန်းအပေါင်း သည်၊ သံဃော-သံဃ မည်၏။
ဟနဓာတ်၏ ဟိံသာအနက်ကို ယူ၍ “ပတိဟညတီတိ ပတိဃော”ဟု ပြု၊ ပတိဟညတိ-ထိပါးနှိပ်စက်တတ်၏၊ ဣတိ-ကြောင့်၊ ပတိဃော-ပတိဃ (ဒေါသ) မည်၏၊ ပရိက္ခာ၌ ပရိသဒ္ဒါသည် ထက်ဝန်းကျင်ဟူသော အနက် ကို ဟော၏၊ ထို့ကြောင့် သမန္တတော ခညတီတိ ပရိက္ခာ”ဟု ပြု၊ ဤ ပရိက္ခာကား အညာယ ဝါ အရ အခြားဓာတ်၏ ပုံစံတည်း၊ နဂရဿမြို့၏၊ ဗဟိ-အပြင်ဘက်၌၊ သမန္တတော-ပတ်ဝန်းကျင်၌၊ ခညတိ-တူးအပ် ၏၊ ဣတိ-ကြောင့်၊ ပရိက္ခာ-ပရိက္ခာ မည်၏၊ မြို့တံတိုင်း ပြင်ဘက်၌ တူးအပ်သော ကျုံးတည်း။
သံဃောကို သံပုဗ္ဗ “ဟန”တည်၊ “ဟန = ဟိံသာဂတီသု” ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သံဟနာညာယ ဝါ ရော ဃော သုတ်ဖြင့် ရ ပစ္စည်းသက်၍ ဟနဓာတ်ကိုလည်း ဃ ပြု (သံဃရ), ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ် အနုဗန်နှင့်တကွ ဃ ၏ ၊ ကို ချေ, ဃ်ကို ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, သိကို ေ-ါ ပြု, ဃ် ခွင်း, ချေ, ကပ်, သံဃော ပြီး၏။ [ပတိပုဗ္ဗ“ဟန”တည်၍ ပတိဃောလည်း ဖြစ်၏။]
ပရိက္ခာကို ပရိပုဗ္ဗ “ခနု”တည်၊ “ခနု=အဝဒါရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, ဤသုတ်ဖြင့် ရပစ္စည်းသက်, ရမှိ ရန္တော စသောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ န်ကို ချေ (ပရိခ ၊ ), ခ်ခွင်း, ချေ, ကပ် (ပရိခ), ဝဂ္ဂေ ဃောသာဃောသာနံ စသောသုတ်ဖြင့် အသဒိသ ဒွေဘော် က် လာ, ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, စသည် စီရင်။
֍ ၁၆။ ရမှိ ရန္တော ရာဒိ နော။ ။ ရမှိ- ရ အနုဗန်ရှိသော ပစ္စည်းကြောင့်၊ ရာဒိ- ရ် အနုဗန် အပိုင်းအခြား ရှိသော၊ အန္တော- ဓာတ်၏ အဆုံးသည်၊ နော- ကျေပျောက်သည်၊ ဟောတိ- ဖြစ်၏။ အန္တကော, ပါရဂူ, သတ္ထာ, ဒိဋ္ဌော စသည်တည်း။
၁၆။ ရန္တော၌ ရ်ကား အာဂုံတည်း၊ ရမှိအရ “ရ်အနုဗန်ရှိသောပစ္စည်း” များကား ရပစ္စည်း, ရူပစ္စည်း, ရတ္ထု, ရိတု, ရာတုပစ္စည်းနှင့် ရိဋ္ဌအပြု စသည်များတည်း၊ ရာဒိ၌ အာဒိသဒ္ဒါကား “အပိုင်းအခြား”ဟူသော အနက်ကို ဟော၏၊ “ဓာတ်၏အဆုံးကို ချေရာ၌ နောက်က ပိုင်းခြားလျက် ရှိသော ရ်အနုဗန်ပါ ချေရမည်”ဟု ဆိုလိုသည်၊ ရ်အနုဗန်ကို ချေလိုက်တဲ့ အခါ ၊- ု-၊ တ္ထု စသော ပစ္စည်းသာ ကျန်ရစ်၏၊ ထိုသို့ ချေရာ၌ အချို့အရာ ဝယ် ဓာတ်၏ အဆုံးဗျဉ်းကို ချေ၏၊ (ပါရဂူကို ကြည့်၊) ဗျဉ်းမရှိလျှင် အဆုံးသရကို ချေ၏၊ (ဝိညူကို ကြည့်)။
“အန္တံ ကရောတီတိ အန္တကော” ယော-အကြင်သေမင်းသည်၊ အန္တံဘဝအဆုံးကို၊ ကရောတိ-ပြုတတ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုသေမင်း သည်၊ အန္တကော-အန္တက မည်၏။
ရုပ်တွက်။ ။ အန္တကောကို အန္တသဒ္ဒူပပဒ “ကရ”တည်၊ “ကရ= ကရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး အသရချေ, သံဟနညာယ ဝါ ရော ဃောသုတ်ဖြင့် ရပစ္စည်းသက် (ကရ်ရ), ရမှိ ရန္တော ရာဒိ နော သုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် ရ်ကို ချေ (က ၊ ), က်ခွင်း, ချေ, ကပ် (အန္တက), သိသက်, ေ-ါ ပြု, အန္တကော ပြီး၏။ [ပါရဂူကို ပါရာဒိ ဂမိမှာ ရူ သုတ်ကြည့်၊ သတ္ထာ, ဒိဋ္ဌောတို့ကို သာသာဒီဟိ ရတ္ထု, သာသ ဒိသတော တဿ ရိဋ္ဌော စ သုတ်တို့၌ တွက်ရလတ္တံ့။]
֍ ၁၇။ ဘာဝကမ္မေသု တဗ္ဗာ.နီယာ။ ။ ဘာဝကမ္မေသု- ဘော အနက်, ကံအနက်တို့၌၊ တဗ္ဗာ.နီယာ- တဗ္ဗပစ္စည်း, အနီယပစ္စည်း တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကတ္တဗ္ဗံ, ကရဏီယံ စသည်တည်း။
၁၇။ ဘောအနက် ကံအနက်ဟူသည် ဘာဝသာဓန ကမ္မသာဓန အနက်များတည်း၊ ဤ တဗ္ဗ အနီယပစ္စည်းတို့သက်ရာဌာနသည် အလွန် ကျယ်ဝန်း၏၊ ဘော ကံအနက်သာမက “တဗ္ဗာနီယာ”ဟူသော ဒွိဓာ ကရဏ ယောဂဝိဘာဂဖြင့် ကတ္တား ကရိုဏ်းစသော အနက်များ၌လည်း သက်နိုင်ကြသေး၏၊ လိန်အားဖြင့်ကား ဣတ္ထိလိန် ပုံလိန် နပုံလိန်အားဖြင့် ထိုက်သလို ရနိုင်၏။ [ကိတကာ-ကိတ်ပစ္စည်းတို့သည်၊ အဘိဓေယျလိင်္ဂါဟောအပ်သော အနက်၏ လိန်ရှိကုန်၏၊ (ဟောအပ်သော ပုဒ်၏လိန်သို့ လိုက်ကုန်၏ ဟူလို)။]
မှတ်ချက်။ ။ ဤတဗ္ဗ အနီယပစ္စည်းများသည် ဘောအနက် ကံအနက် ပေါ်မှာ “ထိုက်၏, သင့်၏”ဟူသော အရဟသဒ္ဒါ၏အနက် “ပြုပိုင်, ပြုနိုင် ၏”စသော သက္ကသဒ္ဒါ၏အနက်များကိုလည်း အပိုပြနိုင်သေး၏၊ ထို အနက်များကို အရာအားလျော်စွာ သုံးစွဲရမည်၊ ဥပမာ-“ကတ္တဗ္ဗံ-ပြုအပ် ပြုသင့် ပြုထိုက်၏၊ ပြုအပ် ပြုပိုင် ပြုနိုင်၏” စသည်တည်း၊ ရုပ်ကို နောက်နောက်သုတ်များ၌ တွက်ရလတ္တံ့။
֍ ၁၈။ ဏျော စ။ ။ ဘာဝကမ္မေသု- ဘောအနက်, ကံအနက် တို့၌၊ ဏျော စ- ဏျပစ္စည်းသည်လည်း၊ ဟောတိ- ၏။ ကာရိယံ, ဘာရိယံ စသည်တည်း။ စသဒ္ဒါဖြင့် တေယျပစ္စည်းကို ဆည်း၍ ဉာတေယျံ စသည်လည်း ဖြစ်သေး၏။
၁၈။ ကရီယတေ ကတ္တဗ္ဗံ ဝါတိ ကာရိယံ၊ ကရီယတေ-ပြုအပ်၏၊ ဝါ-တစ်နည်း၊ ကတ္တဗ္ဗံ-ပြုအပ် ပြုထိုက်၏၊ ဣတိ-ထို့ကြောင့်၊ ကာရိယံကာရိယ မည်၏၊ ဘရီယတေ ဘရိတဗ္ဗံ ဝါတိ ဘာရိယံ၊ ဘရီယတေဆောင်ရွက်အပ်၏၊ ဝါ-တစ်နည်း၊ ဘရိတဗ္ဗံ-ရွက်ဆောင်အပ် ရွက်ဆောင် ထိုက်၏၊ ဣတိ-ထို့ကြောင့်၊ ဘာရိယံ-မည်၏၊ (ရွက်ဆောင်ရမည့်တာဝန်)၊ ကိတ်ပစ္စည်းနှောင်းရာ၌ ဣ လာလိုလျှင် ယထာဂမ.ဓိကာရောသုတ်ကို အမြဲ သတိပြု။
ရုပ်တွက်။ ။ ကာရိယံကို “ကရ”တည်၊ “ကရ=ကရဏေ” ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဏျော စသုတ်ဖြင့် ဏျပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ (ကရ်ယ), အသံယောဂန္တဿ စသောသုတ်ဖြင့် က၏ ၊ ကို -ါ ဝုဒ္ဓိပြု, ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ, ရ်ကို -ိ သို့ ကပ်, နာမ်ငဲ့, သိသက်, -ံ ပြု, ကာရိယံ ပြီး၏။ [“ဘရ=ဘရဏေ”ဟု ဆို၍ ဘာရိယံကို ရုပ်တွက်။]
အမှာ။ ။ “ဉာယတေ ဉာတဗ္ဗံ ဝါတိ ဉာတေယျံ-သိအပ်သိထိုက်၏”ဟု အနက်ဆို “ဉာ=အဝဗောဓနေ”ဟု ဓာတ်နက်ဆို၊ ဏျော စ၌ စသဒ္ဒါဖြင့် တေယျပစ္စည်း သက်၍ ရုပ်ပြီးစေ၊ “ဒိဋ္ဌေယျံ-မြင်အပ် မြင်ထိုက်၏၊ ပတ္တေယျံ-ရောက်အပ် ရောက်ထိုက်၏” စသည်ဖြင့် အလားတူ ရုပ်များကို တွေ့လတ္တံ့။
֍ ၁၉။ ကရမှာ ရိစ္စ။ ။ ကရမှာ- ကရဓာတ်မှနောက်၌၊ ဘာ၀ ကမ္မေသု- ဘောအနက် ကံအနက်တို့၌၊ ရိစ္စ- ရိစ္စပစ္စည်းသည်၊ ဟောတိ- ၏။ ကိစ္စံ စသည်တည်း။ ရိစ္စဟူသော ယောဂဝိဘာဂဖြင့် ဘရ စသောဓာတ်နောင် ရိစ္စပစ္စည်း သက်၍ ဘစ္စော စသည် ဖြစ်၏။
၁၉။ ကရီယတေ ကတ္တဗ္ဗံ ဝါတိ ကိစ္စံ=ပြုအပ် ပြုထိုက်သော အမှု လုပ်ငန်း၊ ဘရီယတေ-မွေးမြူအပ်၏၊ ဣတိ-ထို့ကြောင့်၊ ဘစ္စော-ဘစ္စ မည်၏၊ (မွေးစားအပ်သော သားတည်း။)
ရုပ်တွက်။ ။ ကိစ္စံကို “ကရ”တည်၊ “ကရ=ကရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကရမှာ ရိစ္စသုတ်ဖြင့် ရိစ္စပစ္စည်းသက်, ရမှိ ရန္တောရာဒိ နောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် ရ်ကိုချေ(က-ိစ္စ), က်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, -ံ ပြု, ကိစ္စံ ပြီး၏။
ဘစ္စောကို “ဘရ”တည်၊ “ဘရ=ဘရဏေ”ဓာတ်မှည့်, အဆုံးသရချေ, ကရမှာ ရိစ္စသုတ်၌ ရိစ္စဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ရိစ္စ ပစ္စည်းသက်, ရ်အနုဗန်နှင့်တကွ ဓာတွန် ရ်ကိုချေ, ကွစိ ဓာတုသုတ်ကြီး ဖြင့် -ိကိုချေ, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဘစ္စော ပြီး၏။ [သန္ဓိစပ်တဲ့အရာ မဟုတ်၍ -ိကို ကွစိ ဓာတုဖြင့် ရူပသိဒ္ဓိဋီကာ ချေသည်။]
֍ ၂၀။ ဘူတော.ဗ္ဗ။ ။ ဘူတော- ဘူဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ ဏျဿ- ဏျပစ္စည်း၏၊ အဗ္ဗ- ဓာတွန် ဥုနှင့်တကွ အဗ္ဗ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဘဗ္ဗော စသည်တည်း။
၂၀။ ဘဝိတဗ္ဗော-ဖြစ်ထိုက်၏၊ ဣတိ-ထို့ကြောင့်၊ ဘဗ္ဗော-ဘဗ္ဗ မည်၏၊ (ဤအနက်ကို ကတ္တားအနက်ဟု ဆိုကြ၏၊ ဏျပစ္စည်းလည်း ဤပုဒ်၌ ကတ္တားအနက် ဟောသတဲ့။)
ဘဗ္ဗောကို “ဘူ”တည်၊ “ဘူ=သတ္တာယံ”ဟူသော အနက်၌ ဓာတ်မှည့်, ဏျောစသုတ်ဖြင့် ဏျပစ္စည်းသက်, ဘူတောဗ္ဗသုတ်ဖြင့် ဓာတွန် ူ နှင့်တကွ ဏျကို ၊ ဗ္ဗ ပြု, ဘ် ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဘဗ္ဗော ပြီး၏။ [ဣတ္ထိလိန်၌ -ါ ပစ္စည်းသက်၍ ဘဗ္ဗာ, နပုလ္လိန်၌ ဘဗ္ဗံဟု ဖြစ်၏၊ ဤသို့ လိန်အားလျော်စွာ “ဘဗ္ဗော, ဘဗ္ဗာ, ဘဗ္ဗံ”ဟု နေရခြင်းကို အဘိဓေယျ လိန်သို့ လိုက်သည်ဟု ဆို၏။]
֍ ၂၁။ ဝဒမဒဂမုယုဇဂရဟာ.ကာရာဒီဟိ ဇ္ဇမ္မဂ္ဂယှေ.ယျာ, ဂါရော ဝါ။ ။ ဝဒမဒဂမုယုဇဂရဟာ.ကာရာဒီဟိ- ဝဒဓာတ်, မဒဓာတ်, ဂမုဓာတ်, ယုဇဓာတ်, ဂရဟဓာတ်, အာကာရ န္တဓာတ် တို့မှ၊ ပရဿ- နောက်ဖြစ်သော၊ ဏျဿ- ဏျပစ္စည်း၏၊ အန္တေန- ဓာတွန်နှင့်တကွ၊ ဇ္ဇမ္မဂ္ဂယှေ.ယျာ- ဇ္ဇအပြု, မ္မအပြု, ဂ္ဂအပြု, ယှ အပြု, ဧယျအပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဂါရော- ဂရ သဒ္ဒါ၏ ဂါရ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ ဝဇ္ဇံ, မဇ္ဇံ, ဂမ္မံ, ယောဂ္ဂံ, ဂါရယှံ, ဒေယျံ စသည်တည်း။
၂၁။ ပုံစံများကို ဓာတ်စဉ်အတိုင်း ပြထားသည်၊ ဝဒ မဒကဲ့သို့ ဒထွေး အဆုံးရှိသော ဓာတ်နောင် ဏျကို ဓာတွန်နှင့်တကွ ဇ္ဇ ပြု၊ ဂမုဓာတ်နောင် ဓာတွန် မ်နှင့်တကွ ဏျကို မ္မ ပြုဟု အစဉ်အတိုင်း သိလေ။ [ဤ၌ ဝဒ ဓာတ်ဖြင့် ဒထွေးဆုံးသော ဓာတ်ဟူသမျှကို ယူနိုင်ပါသော်လည်း ရိုးရာ အားဖြင့် ဏျပစ္စည်းသည် ဘော ကံ၌သာ သက်၏၊ သို့သော် “မဒဓာတ် နောက်၌ကား ကရဏသာဓန၌လည်း သက်နိုင်၏”ဟု သိစေလိုသော ကြောင့် သီးခြား ဆိုပြန်သည်။]
ဝဒ, မဒ။ ။ ဝဇ္ဇတေတိ ဝဇ္ဇံ၊ ဝဇ္ဇတေ-ပြောဆိုအပ်၏၊ ဣတိထို့ကြောင့်၊ ဝဇ္ဇံ-မည်၏၊ မဇ္ဇတိ ဧတေနာတိ မဇ္ဇံ၊ ဧတေန-ဤသေရည် အရက်ဖြင့်၊ မဇ္ဇတိ-ယစ်မူး ရူးသွပ်တတ်၏၊ ဣတိ-ထိုသို့ ယစ်မူးကြောင်း၏ အဖြစ်ကြောင့်၊ မဇ္ဇံ-မည်၏။
ဝဇ္ဇံကို “ဝဒ”တည်၊ “ဝဒ=ဝိယတ္တိယံ ဝါစာယံ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, ဏျော စသုတ်ဖြင့် ဏျပစ္စည်း သက်၊ ဝဒမဒဂမု ယုဇဂရဟာ.ကာရာဒီဟိ ဇ္ဇမ္မဂ္ဂယှေ.ယျာ, ဂါရော ဝါသုတ်ဖြင့် ဏျပစ္စည်း နှင့်တကွ ဓာတွန် ဒ်ကို ဇ္ဇပြု, နာမ်ငဲ့, သိသက်, -ံ ပြု, ဝဇ္ဇံ ပြီး၏။ [ရူပသိဒ္ဓိ၌ ဏ်အနုဗန်ရှိသော ပစ္စည်းနှောင်းသဖြင့် ဝ၏ ၊ ကို -ါ ဝုဒ္ဓိပြုပြီးမှ ရဿ ပြုသည်ကား အကျိုးမရှိလှ၊ မဇ္ဇံကိုလည်း “မဒ=ဥမ္မာဒေ”ဟု ဓာတ်နက် ဆို၍ ရုပ်တွက်။]
ဂမုဓာတ်။ ။ ဂစ္ဆီယတေ ဂန္တဗ္ဗံ ဝါတိ ဂမ္မံ(သွားအပ် ရောက်အပ်သော အရပ်)၊ ဥပလက္ခဏနည်းအားဖြင့် ဂမုဓာတ်ကို မှတ်၍ ဆိုသည်၊ ထို့ကြောင့် ဂမုအရ မအဆုံးရှိသော ဓာတ်ဟူသမျှကိုယူ၊ နောက်၌လည်း ဤနည်းချည်း တည်း၊ “ဂမု=ဂတိမှိ”ဟု ဓာတ်နက်ဆို၊ ဏျပစ္စည်းနှင့်တကွ ဓာတွန်မ်ကို ဤသုတ်ဖြင့် မ္မ ပြု၊ “ဒမု=ဒမနေ”ဟု ဆို၍ ဒမ္မော (ဆုံးမအပ် ဆုံးမထိုက် သောသူ)”ဟု ဖြစ်၏။
ယုဇဓာတ်။ ။ ယုဇဓာတ်ဖြင့် ဇအဆုံးရှိသော ဓာတ်ဟူသမျှကိုယူ၊ ယုဇ္ဇတေ ယုဉ္ဇိတဗ္ဗံ ဝါတိ ယောဂ္ဂံ (ကပ်ယှဉ်အပ် ကပ်ယှဉ်ထိုက်သော လှည်းစသော ယာဉ်)၊ “ယုဇ=ယောဂေ”ဟု ဓာတ်နက်ဆို၍ ဏျပစ္စည်း သက်, ကာရိတ်ငဲ့, အသံယောဂန္တဿ ဝုဒ္ဓိစသောသုတ်ဖြင့် ယု၏ ု ကို ေ-ါ ဝုဒ္ဓိ ပြု, ဤသုတ်ဖြင့် ဏျပစ္စည်းနှင့်တကွ ဓာတွန်ဇ်ကို ဂ္ဂ ပြု, “ဘုဇ=ပါလနဗျာဝဟရဏေသု”ဟု ဓာတ်နက်ဆို၍ ဘောဂ္ဂံ (သုံးဆောင် ခံစားအပ်သောစည်းစိမ်)ဟု ဖြစ်၏။
ဂရဟဓာတ်။ ။ ဂရဟဓာတ်ဖြင့် ဟအဆုံးရှိသော ဓာတ်ဟူသမျှကို ယူ၊ ဂါရော ဝါ ၌ ဂါရ အပြုကား ဂရဟဓာတ် တစ်ခုနှင့်သာ ဆိုင်၏၊
ထို့ကြောင့် ဂရဟဓာတ်မှ ဂရကို ဂါရ ပြုရမည်၊ ဂရဟီယတေ ဂရဟိတဗ္ဗံ ဝါတိ ဂါရယှံ (ကဲ့ရဲ့အပ်သောအပြစ်)၊ “ဂရဟ=နိန္ဒာယံ”ဟု ဓာတ်နက်ဆို၊ ဤသုတ်ဖြင့် ဏျပစ္စည်းနှင့်တကွ ဓာတွန် ဟ် ကို ယှပြု၏, ဂရကိုလည်း ဂါရ ပြု (ဂါရယှ), နာမ်ငဲ့, သိကို -ံ ပြု။
အာကာရ။ ။ အာကာရ န္တဓာတ်များကို ယူ၊ “ဒါ=ဒါနေ”ဟု ဆို၊ ဏျ ပစ္စည်းနှင့်တကွ ဓာတွန် -ါ ကို ဧယျပြု (ဒေယျ), နာမ်ငဲ့, သိသက် -ံ ပြု၊ ဒေယျံ=ပေးအပ် ပေးထိုက်သောဝတ္ထု၊ “ပါ=ပါနေ”ဟု ဆို၍ ပေယျံ (သောက်ထိုက်သောဖျော်ရည်) စသည် ဖြစ်၏၊ “ပပုဗ္ဗ မာ=မာနေ”ဟုဆို၍ ပမေယျံ (နှိုင်းယှဉ်အပ် နှိုင်းယှဉ်ထိုက်သောဝတ္ထု) ဖြစ်၏၊ “သံပုဗ္ဗ ချာ=ပကထနေ”ဟု ဆို၍ သင်္ချေယျံ (ရေတွက်အပ် ရေတွက်ထိုက်သော ဝတ္ထု) ဖြစ်၏၊ “ဉာ=အဝဗောဓနေ”ဟု ဆို၍ ဉေယျံ (သိအပ် သိထိုက် သော တရား) ဖြစ်၏။
֍ ၂၂။ တေ ကိစ္စာ။ ။ တေ- ထိုတဗ္ဗ, အနီယ, ဏျ, တေဏျ, ရိစ္စ ငါးပစ္စည်းတို့သည်၊ ကိစ္စာ- ကိစ္စတို့ မည်၏။
၂၂။ ဤသုတ်ကား နောက်က ပြခဲ့သော တဗ္ဗ စသော ၅ ပစ္စည်းကို “ကိစ္စ”ဟု နာမည်မှည့်သော သညာသုတ်တည်း၊ ထို့ကြောင့် ကစ္စည်းကျမ်း အလို ကိစ္စ ၅ ပစ္စည်းရှိသည်ဟု မှတ်၊ အခြားကျမ်းများအလို “ဘူတဂါမ ပါတဗျတာယ”စသည်၌ တဗျပစ္စည်းကိုလည်း ဏျော စ၌ စသဒ္ဒါဖြင့် သက်စေလိုကြသေး၏၊ ဤ ကိစ္စပစ္စည်းဆုံးသော ပုဒ်များကို နာမ်ငဲ့သည့် အခါ တဒ္ဓိတသမာသ စသောသုတ်၌ ကိစ္စပစ္စည်းအတွက် တိုက်ရိုက်မပါ သောကြောင့် စသဒ္ဒါဖြင့် ငဲ့ရမည်ဟု ရူပသိဒ္ဓိဆို၏၊ အကြံလွန်ဟန် တူသည်၊ ကိတ်ပုဒ်မှန်လျှင် “ကိတကာ”အရတွင် ပါဝင်သောကြောင့် သုတ်ရင်းဖြင့်ပင် နာမ်ငဲ့သင့်သည်ဟု ဤကျမ်းက အယူရှိသည်။
֍ ၂၃။ အညေ ကိတ်။ ။ အညေ- ကိစ္စပစ္စည်းမှတစ်ပါးသော ပစ္စည်းတို့သည်၊ ကိတ်- ကိတ် မည်၏။
၂၃။ ဤသုတ်ကား ကိစ္စ ၅ ပစ္စည်းမှတစ်ပါး ကိတ်ပိုင်းလာ ပစ္စည်း ဟူသမျှကို ကိတ် မည်၏ဟု နာမည်မှည့်သည်၊ ဤ ၂၂-၂၃ နံပါတ်သုတ် များအရ ကိစ္စပစ္စည်း, ကိတ်ပစ္စည်းဟု နာမည် ၂ မျိုး မှတ်ခဲ့ပါ၊ ထိုကဲ့သို့ နာမည်မှည့်ရခြင်းသည် ကတ္တရိ ကိတ်, ဘာဝကမ္မေသု ကိစ္စက္တခတ္ထာ သုတ်များ၌ ခေါ်ဝေါ်သုံးစွဲရခြင်းအကျိုးရှိသည်။
֍ ၂၄။ နန္ဒာဒီဟိ ယု။ ။ နန္ဒာဒီဟိ- နန္ဒအစရှိသော ဓာတ်တို့မှ နောက်၌၊ ဘာဝကမ္မေသု- ဘောအနက် ကံအနက်တို့၌၊ ယု- ယု ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ နန္ဒနံ စသည်တည်း။
၂၄။ နန္ဒာဒီဟိ၌ အာဒိသဒ္ဒါသည် ဘော ကံအနက်တို့၌ ယုပစ္စည်း သက်၍ ပြီးကောင်းသမျှဓာတ်တို့ကို ယူ၊ နန္ဒီယတေ နန္ဒနံ၊ နန္ဒီယတေနှစ်သက်ခြင်း၊ နန္ဒနံ-နှစ်သက်ခြင်း (ဘောအနက်)၊ နန္ဒီယတေ နန္ဒိတဗ္ဗံ ဝါတိ နန္ဒနံ၊ (ကံအနက်, “နှစ်သက်အပ်၏”ဟု အနက်ပေး။)
နန္ဒနံကို “နန္ဒ”တည်၊ “နန္ဒ=သမိဒ္ဓိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံး ၊ သရချေ, နန္ဒာဒီဟိ ယုသုတ်ဖြင့် ယုပစ္စည်း သက်, အနကာ ယု ဏွူနံသုတ်ဖြင့် ယုပစ္စည်းကို ၊ နပြု, န္ဒ်ကို ၊ သို့ ကပ်, နာမ်ငဲ့, သိ -ံ ပြု, နန္ဒနံ ပြီး၏။
အမှာ။ ။ ဘဝနံ-ဖြစ်ခြင်း၊ စရဏံ-ကျင့်ခြင်း, ကျင့်အပ်သောအကျင့်၊ အာလမ္ဗနံ-ဆွဲမှီအပ်သောအာရုံ၊ ဤသို့ စသည်ဖြင့် များစွာ ရှိလေ၏။ [ရုပ်စီရင်ပုံကို ရူပသိဒ္ဓိမှာ ရှု။]
֍ ၂၅။ ကတ္တုကရဏပဒေသေသု စ။ ။ ကတ္တုကရဏပဒေ သေသု စ- ကတ္တားအနက် ကရိုဏ်းအနက် အဓိကရဏအနက် တို့၌လည်း၊ ယု- ယုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ရဇောဟရဏံ, ကရဏံ, ဌာနံ စသည်တည်း။
၂၅။ ကတ္တုသာဓနစသည်ကို ကတ္တားအနက်စသည်ဖြင့် ဆိုထားသည်၊ ပဒေသသဒ္ဒါသည် တည်ရာအရပ်ကို ဟောသောကြောင့် အဓိကရဏသဒ္ဒါ နှင့် အနက်တူသည်၊ အဓိကရဏ=သြကာသ=ပဒေသ ဤ ၃ မျိုးကို သာဓန တစ်မျိုးတည်း၏ နာမည်ဟု မှတ်ပါ။
ကတ္တု။ ။ ယံ-အကြင်ရေသည်၊ ရဇံ-မြူမှုန်ကို၊ ဟရတိ-ပယ်ဆောင် တတ်၏၊ ဣတိ-ထိုသို့ ပယ်ဆောင်တတ်သည်၏အဖြစ်ကြောင့်၊ တံ-ထို ရေသည်၊ ရဇောဟရဏံ-မည်၏၊ မြူမှုန်ကို ပယ်ရှားဆောင်ယူတတ်သော ရေတည်း၊ ကတ္တုသာဓနဖြစ်၍ “ဣတိ-ထိုသို့ ပယ်ဆောင်တတ်သည်၏ အဖြစ်ကြောင့်”ဟု “တတ်”ဟူသောအနက်ကို ဆိုရသည်၊ ဟရဏပုဒ်သာ လိုရင်းတည်း၊ ရဇောကား တွဲဖက်ဖြစ်၍ ထည့်ရသည်၊ ရဇောဟု သြနှင့် ရှိခြင်းမှာ မနောဂဏာဒိဂိုဏ်းဝင်ဖြစ်သောကြောင့်တည်း။
ကရဏ။ ။ ကရောတိ ဧတေနာတိ ကရဏံ၊ ဧတေန-ဤဝတ္ထုဖြင့်၊ ကရောတိ-ပြု၏၊ ဣတိ-ထိုသို့ ပြုကြောင်း၏အဖြစ်ကြောင့်၊ တံ-ထိုဝတ္ထု သည်၊ ကရဏံ-ကရဏ မည်၏၊ ကရဏသာဓနဖြစ်၍ “ပြုကြောင်း၏ အဖြစ်ကြောင့်”ဟု “ကြောင်း”ဟူသောအနက်ကို ဆိုရသည်။
ပဒေသ။ ။ ဧတ္ထ-ဤအရပ်၌၊ တိဋ္ဌတိ-တည်နေရ၏၊ ဣတိ-ထိုသို့ တည်ရာ၏ အဖြစ်ကြောင့်၊ တံ-ထို အရပ်သည်၊ ဌာနံ-ဌာန မည်၏၊ အဓိကရဏသာဓနဖြစ်၍ “ရာ”ဟူသော အနက်ကို သုံးစွဲရသည်။
ရုပ်တွက်။ ။ [ရဏံကို “ဟရ”တည်၊ “ဟရ=ဟရဏေ”ဟူသော အနက်၌ဓာတ်မှည့်, အဆုံးသရချေ, ကတ္တုကရဏပဒေသေသု စသုတ်ဖြင့် ယုပစ္စည်းသက်, အနကာ ယု ဏွူနံသုတ်ဖြင့် ယုပစ္စည်းကို ၊ နပြု, ရ် ၊ သို့ ကပ် (ဟရဏ), ရဟာဒိတော ဏသုတ်ဖြင့် နကို ဏပြု, နာမ်ငဲ့, သိသက်, -ံ ပြု, ဟရဏံ ပြီး၏။ [ကရဏံလည်း နည်းတူ, ကရဓာတ်တည်၍ တွက်။]
ဌာနံကို “ဌာ”တည်၊ “ဌာ=ဂတိနိဝတ္တိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, ယုပစ္စည်းသက်, ၊ နပြု (ဌာ ၊ န), ကွစိ ဓာတုသုတ်ကြီးဖြင့် ၊ ကို ချေ, နာမ်ငဲ့, သိသက်, -ံ ပြု, ဌာနံ ပြီး၏။
အမှာ။ ။ ဤအရာမျိုး၌ ဝါ ပရော အသရူပါသုတ်ဝယ် “ ဝါ ပရော” ဟူသော ယောဂဝိဘာဂဖြင့် ချေသင့်သော်လည်း သန္ဓိအရာမဟုတ်၍ ကွစိ ဓာတုသုတ်ကြီးဖြင့် ၅၅၇ သုတ်၌ ရူပသိဒ္ဓိဋီကာချေပုံကို နည်းမှီးသည်၊ ဌာ၏ -ါ ကို ချေ၍ နောက် ၊ ကို -ါ ဒီဃပြုသင့်သော်လည်း မူလဓာတ်ရင်း မပျောက်စေလိုသောကြောင့်လည်းကောင်း, သန္ဓိအရာ မဟုတ်သော ကြောင့်လည်းကောင်း နောက်(အ)ကိုသာ ချေရသည်၊ ဤသုတ်၌ ရူပသိဒ္ဓိ ဈာနံ ရုပ်တွက်ပုံကိုလည်း ကြည့်ပါ။
မှတ်ချက်။ ။ နန္ဒာဒီဟိ ယုနှင့် ဤသုတ်ကို ပေါင်းလျှင် ဘာ၀ ကမ္မ ကတ္တု ကရဏ အဓိကရဏဟု သာဓန ၅ ပါး၌ ယုပစ္စည်း သက်နိုင်ပြီ၊ ကတ္တုကရဏပဒေသေသု စသုတ်၌ စသဒ္ဒါဖြင့် သမ္ပဒါန အပါဒါနသာဓန တို့၌လည်း ယုပစ္စည်းသက်နိုင်ရကား သာဓန ၇ ပါးလုံး စုံပြီ၊ ထိုတွင် ကတ္တုသာဓန၌ သက်သော ယုပစ္စည်းသည် လိန် ၃ ပါးနှင့် ဆိုင်၏၊ ဣတ္ထိလိန်ဖြစ်မူ ဣတ္ထိယမတိယ ဝေါ ဝါသုတ်ဖြင့် သက်၊ ကြွင်းသာဓန များ၌ နပုလ္လိန်သာ များသည်။
[ဆောင်] ၁။ နှစ်သုတ်ပေါင်းတုံ, သာဓနစုံ, သက်ကုန် ယုပစ္စည်း။ ၂။ ကတ္တားနက်သာ, သုံးလိန်လာ, ကြွင်းမှာ နပုံးများ သတည်း။
֍ ၂၆။ ရဟာဒိတော ဏ။ ။ ရဟာဒိတော- ရအက္ခရာ, ဟ အက္ခရာစသည် အဆုံးရှိသောဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ နဿ- နငယ်၏၊ ဏ- ဏကြီးအပြုသည်၊ ဟောတိ- ၏။ ကရဏံ, အာရမဏံ, ဂဟဏံ စသည်တည်း။
၂၆။ ဤသုတ်ကား ကရဓာတ်ကဲ့သို့ ရ အဆုံးရှိသောဓာတ်, ဟ အဆုံး ရှိသော ဂဟဓာတ် စသည်နောင် န ကို ဏ ပြုသောသုတ်တည်း၊ နငယ်ဟု သာမန်ဆိုသော်လည်း ဓာတ်၏နောက်က ယုပစ္စည်းကို ပြုသော အန၏ နငယ်, အနီယစ္စည်း၏ နငယ်, ကိဏာတိ၏ နာပစ္စည်း နငယ်တို့မှတစ်ပါး အခြား နငယ် မရှိသောကြောင့် ထို နငယ်များကိုသာ ဏကြီးပြန်ရမည်။
အာဒိ။ ။ ရဟာဒိတော၌ အာဒိဖြင့် ရမု, ဣက္ခ, ရက္ခ, လက္ခ, ပိသ, အပ, တာ, ဉာဓာတ်တို့ကို ယူ၍ “အာရမဏံ, ဣက္ခဏံ=ကြည့်ရှုခြင်း၊ ရက္ခဏံ, လက္ခဏံ, ပိသဏံ=ကြိတ်ချေခြင်း, (ပပုဗ္ဗ အပဓာတ်ဖြင့်) ပါပဏံ, တာဏံ, ဉာဏံ”ဟူသော ပုံစံများဖြစ်၏။
[ဆောင်]၁။ ရဟာဒိဟု, အာဒိရှုသော်, ရမု ဣက္ခ, ရက္ခ လက္ခာ, ပိသာ အပ, တာ ဉာမျှ, ယူကြ ခုခေတ်ဝယ်။၂။ ရကောက်ရှေ့က, ရှိတုံကြမူ, သရ ဟ ယ, ဝနှင့်ကဝဂ်, ပစောက်ဝဂ်တို့, ခြားလျက်လည်း, နငယ်မှီး, ဏကြီး ပြန်ရတယ်။
ကိတဗ္ဗိဓာန-[ကိတ=ကိတ်ပစ္စည်းတို့ကို၊ ဝိဓာန=စီရင်ရာ။] ဝ ကို ဒွေဘော်ပြု, ဝ၂ လုံးကို ဗ္ဗ၂ လုံးပြု၍ ကိတဗ္ဗိဓာနဟု ဖြစ်သည်၊ ကိတအရ၌ ကိတ်ပစ္စည်းသာမက ယေဘုယျနည်းအားဖြင့် ကိစ္စပစ္စည်းတို့ကိုပါ ယူ။
ဣတိ ကိတဗ္ဗိဓာနကပ္ပေ ပဌမော ကဏ္ဍော။ ။ ကိတဗ္ဗိဓာန ကပ္ပေ- ကိတ်ပစ္စည်းတို့ကို စီရင်ရာကျမ်း၌၊ ပဌမော- ရှေးဦးစွာ သော၊ ကဏ္ဍော- အခန်းသည်၊ ဣတိ- ပြီးပြီ။
ကိတ်ပဌမခန်းပြီး၏။
֍ ၂၇။ ဏာဒယော တေကာလိကာ။ ။ ဏာဒယော- ဏ အစ ယုအဆုံးရှိသော ပစ္စည်းတို့သည်၊ တေကာလိကာ- ကာလ ၃ ပါး၌ ယှဉ်ကုန်သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကုမ္ဘံ ကရောတိ အကာသိ ကရိဿတီတိ ကုမ္ဘကာရော စသည်တည်း။
၂၇။ “ဓာတုယာ ကမ္မာဒိမှိ ဏော”သုတ်ဖြင့် သက်သော ဏပစ္စည်းမှ စ၍ “ကတ္တုကရဏပဒေသေသု စ”သုတ်ဖြင့် သက်သော ယုပစ္စည်းတိုင် အောင် ပဌမခန်း၌ ပြခဲ့သော ပစ္စည်းများသည် ကာလ ၃ ပါး၌ ဖြစ်၏၊ (ကာလ ၃ ပါးကို ဟောနိုင်၏၊) ထို့ကြောင့် ဓာတုယာ ကမ္မာဒိမှိ ဏော သုတ်၌ ကုမ္ဘကာရောကို ၃ ဝိဂြိုဟ် ပြုလုပ်ခဲ့ရသည်၊ ပြန်ကြည့်ပါ၊ ယုပစ္စည်းဖြင့်လည်း… “ကရောတီတိ ကရဏံ, အကာသီတိ ကရဏံ, ကရိဿတီတိ ကရဏံ”ဟု ၃ ဝိဂြိုဟ်ပင် ပြုနိုင်၏၊ ကြွင်းသောပစ္စည်းများ အတွက်လည်း ဤနည်းချည်းတည်း။
ဏာဒယော။ ။ ဏ အစရှိသော ပစ္စည်းများကို သဘောတူရာ ပေါင်းရုံး၍ အကျဉ်းချုံးလိုက်လျှင် ၁၇ ပစ္စည်းသာ ရ၏၊ ဓာတုယာ ကမ္မာဒိမှိ ဏောသုတ်၌ ဏပစ္စည်း, သညာယ.မ နုသုတ်၌ အပစ္စည်း, သဗ္ဗတော ဏွုတွာဝီ ဝါသုတ်၌ (အပစ္စည်းကို ထပ်၍ မယူဘဲ) ဏွု, တု, အာဝီ ၃ ပစ္စည်း, (ဏ ပစ္စည်းကို ထပ်၍ မယူဘဲ) ကွိပစ္စည်း, ဤသို့ စသည်ဖြင့် ရေတွက်ကြည့်လေ။
ဏ အ ဏွု တု အာဝီ ကွိ, ရမ္မ ဏီ ရူ ဏုကာ ယု ရာ၊ တဗ္ဗ အနီယ ဏျ တေယျ, ရိစ္စာ တေကာလိကာ မတာ။
֍ ၂၈။ သညာယံ ဒါဓာတော ဣ။ ။ သညာယံ- နာမည်ကို ဟောရာ၌၊ ဒါဓာတော- ဒထွေးဒါဓာတ်, ဓအောက်ခြိုက်ဓာဓာတ်မှ နောက်၌၊ ဣ- ဣပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ အာဒိ, သန္ဓိ, ဥဒဓိ စသည်တည်း။
၂၈။ နာမည်ဟောရာ၌ ဒါဓာတ် ဓာဓာတ်တို့နောင် ဣပစ္စည်းသက် သည်၊ ယော-အကြင်အရာကို၊ ပဌမံ-ရှေးဦးစွာ၊ အာဒီယတိ-ယူအပ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုအရာသည်၊ အာဒိ-အာဒိ မည်၏၊ သမ္မာကောင်းစွာ၊ ဝါ-စေ့စပ်အောင်၊ ဓီယတိ-ထားအပ်၏၊ ဣတိ-ထို့ကြောင့်၊ သန္ဓိ-သန္ဓိ မည်၏၊ သန္ဓိပုဒ်များ၏ နာမည်တည်း၊ “ဥဒကံ ဒဓာတီတိ ဥဒဓိ” ဥဒကံ-ရေကို၊ ဒဓာတိ-ဆောင်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ဥဒဓိမည်၏၊ သမုဒ္ဒရာ၏ နာမည်တည်း၊ ဤရုပ်များကို ရတ္တာဒိဂိုဏ်း အဂ္ဂိ သဒ္ဒါကို နည်းမှီး၍ ရုပ်စဉ်လေ။
ရုပ်တွက်။ ။ အာဒိကို အာပုဗ္ဗ“ဒါ”တည်၊ “ဒါ=ဒါနေ”ဟူသောအနက်၌ ဓာတ်မှည့်, သညာယံ ဒါဓာတော ဣသုတ်ဖြင့် -ိ ပစ္စည်းသက်, ဒ်ခွင်း, -ါ ချေ, ဒကို -ိ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ, အာဒိ ပြီး၏။
သန္ဓိကို သံပုဗ္ဗ “ဓာ”တည်၊ “ဓာ=ဓာရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, -ိ ပစ္စည်းသက်, ဓ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ချေ, သန္ဓိ ပြီး၏။ [ဥဒဓိကို ဥဒကသဒ္ဒူပပဒ “ဓာ”တည်၊ ဥဒကဓိဟု ဖြစ်သည့် အခါ တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် ဥဒကကို ဥဒ ပြု, ပုလ္လိန် ရတ္တာဒိဂိုဏ်း ပင်တည်း။]
အမှာ။ ။ ဤသုတ်ဖြင့် သက်သော ဣပစ္စည်းကို ပုလ္လိန်ဟု သဒ္ဒါ ကျမ်းက ယူလိုသည်၊ သံ အာပုဗ္ဗ ဓာဓာတ်ဖြင့် သမာဓိဟု ဖြစ်၏၊ ဝိပုဗ္ဗ ဓာ ဓာတ်ဖြင့် ဝိဓိဟု ဖြစ်၏၊ နာမည်ဟော မဟုတ်ဘဲလျက် ဣပစ္စည်း သက်ရသောပုဒ်များ၌ သညာယံကို ဖြုတ်၍ “ဒါဓာတော ဣ”ဟူသော ယောဂဝိဘာဂဖြင့် သက်သင့်သည်။
֍ ၂၉။ တိကိစ္စာ.သိဋ္ဌေ။ ။ သညာယံ- နာမည်ကို ဟောရာ၌၊ အာသိဋ္ဌေ- တောင့်တခြင်းအနက်၌၊ တိ- တိပစ္စည်းသည်လည်း ကောင်း၊ ကိစ္စ- ကိတ်ပစ္စည်းသည်လည်းကောင်း၊ ဟောတိ- ၏။ ဇိနဗုဒ္ဓိ, ဓနဘူတိ, နန္ဒကော, ဇီဝကော စသည်တည်း။
၂၉။ ဤသုတ်၌ ပြအပ်သော ပုံစံများသည် တစ်စုံတစ်ယောက်၏ နာမည်ချည်းသာ ဖြစ်၏၊ တောင့်တခြင်းအနက်ပါ၍ နာမည်ကို ဟောရာ၌ တိပစ္စည်းနှင့်ကိတ်ပစ္စည်း သက်သောသုတ်တည်း၊ ကိစ္စဟုဆိုသောကြောင့် ကိစ္စပစ္စည်းဟု ထင်မှားတတ်သည်၊ “ကိတ်စာသိဋ္ဌေ”ဟု ဆိုသင့်လျက် တ်ကို စ်ပြု၍ “ကိစ္စာသိဋ္ဌေ”ဟု ဖြစ်ရသည်၊ ကိစ္စ ၅ ပစ္စည်းမှတစ်ပါးသော ပစ္စည်းများကို “ကိတ်”ဟု နာမည်မှည့်ခဲ့ပြီ၊ ထို့ကြောင့် ဤသုတ်ဖြင့် တ, ဏွု, တုစသော ကိတ်ပစ္စည်းများ သက်ရမည်ကို သတိပြု၊ တောင့်တသံ ပါပုံကိုကား ဝိဂြိုဟ်ကြည့်၍ သိပါ။
ဇိနဗုဒ္ဓိ။ ။ ဇိနော ဧနံ ဗုဇ္ဈတူတိ ဇိနဗုဒ္ဓိ၊ ဇိနော-ဘုရားရှင်သည်၊ ဧနံ-ဤသူ့ကို၊ ဗုဇ္ဈတု-သိတော်မူပါစေ၊ ဣတိ-ထိုသို့ဘုရားသိအပ်သည်၏ အဖြစ်ကြောင့်၊ သော-ထိုသူသည်၊ ဇိနဗုဒ္ဓိ-ဇိနဗုဒ္ဓိ မည်၏၊ [ဝါကျတုန်းက ကံကို မဟောသော်လည်း ပြီးတဲ့အခါ “ဧနံ”ဟူသော အဝုတ္တကံပုဒ်၏ အနက်ဖြစ်တဲ့ ပုဂ္ဂိုလ်ကို ရသောကြောင့် “အဝုတ္တကမ္မသာဓန”ဟု ကြံကြ ၏၊ ဤကျမ်း၏ အယူကို ကစ္စည်းဘာသာဋီကာမှာ ရှု၊ ဇိနသဒ္ဒူပပဒ “ဗုဓ”တည်၍ ဤသုတ်ဖြင့် တိပစ္စည်းသက်သည်ဟုသာ မှတ်နှင့်ဦး၊ ဗုဒ္ဓေါ ပုဒ်နှင့်အတူ ရုပ်ပြီးလိမ့်မည်။]
ဓနဘူတိ။ ။ ဓနံ အဿ ဘဝတူတိ ဓနဘူတိ၊ အဿ-ထိုသူအား၊ ဓနံ-ဥစ္စာသည်၊ ဘဝတု-ဖြစ်ထွန်းပါစေ၊ ဣတိ-ထိုသို့ ဥစ္စာ၏ ဖြစ်ထွန်းရာ အဖြစ်ကြောင့်၊ သော-ထိုသူသည်၊ ဓနဘူတိ-ဓနဘူတိ မည်၏၊ ဤပုဒ်၌ ဝါကျတုန်းက အဿဟူသော သမ္ပဒါန်ပုဒ်၏ အနက်ကိုရသောကြောင်း သမ္ပဒါနသာဓနဟု ကြံကြ၏၊ ဓနသဒ္ဒူပပဒ “ဘူ”တည်၍ ဤသုတ်ဖြင့် တိပစ္စည်း သက်။
နန္ဒက, ဇီဝက။ ။ နန္ဒတူတိ နန္ဒကော၊ ယော-အကြင်သူသည်၊ နန္ဒတုနှစ်သက်စေသတည်း၊ ဣတိ-ထို့ကြောင့်၊ သော-ထိုသူသည်၊ နန္ဒကောနန္ဒက မည်၏၊ ဇီဝတူတိ ဇီဝကော၊ ဇီဝတု-အသက်ရှည်စေသတည်း ဟု အနက်ပေး၊ ဤ၂ ပုဒ်ကား “ယော, သော”တို့အရ နှစ်သက်တတ်သူ, အသက်ရှည်တတ်သူဟူသော ကတ္တားကို ရသောကြောင့် ကတ္တုသာဓနဟု ကြံကြသည်၊ နန္ဒဓာတ် ဇီဝဓာတ် တည်, ဤသုတ်ဖြင့် ဏွုပစ္စည်းသက်, အနကာ ယုဏွူနံသုတ်ဖြင့် ဏွုကို ၊ က ပြု၍ ရုပ်တွက်၊ ဃဋာဒီနံ ဝါ သုတ်အရ ဇီကို ဝုဒ္ဓိ မပြုရ။
֍ ၃၀။ ဣတ္ထိယ.မတိယဝေါ ဝါ။ ။ ဣတ္ထိယံ- ဣတ္ထိလိန်အရာ၌၊ အတိယဝေါ- အပစ္စည်း, တိပစ္စည်း, ယုပစ္စည်းတို့သည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောန္တိ- ကုန်၏။ ဇရာ, မတိ, ဝေဒနာ စသည်တည်း။
၃၀။ နာမ်တုန်းက ကညာဒိဂိုဏ်းဝင် ကိတ်ပုဒ်များသည် ဤသုတ်ဖြင့် အ ပစ္စည်း ယု ပစ္စည်း သက်ပြီးမှ ဣတ္ထိယမတော အာ ပစ္စယောသုတ်ဖြင့် အာ ပစ္စည်း ထပ်သက်၍ ပြီးကြသည်၊ ရတ္တာဒိဂိုဏ်း ဣတ္ထိလိန် ဣကာရ န္တ ပုဒ်များ၌လည်း ဤသုတ်က တိ ပစ္စည်းသာ များ၏၊ ထို့ကြောင့် ဣတ္ထိလိန် အရာဝယ် ဤသုတ်က ပစ္စည်းသက်ပုံကို အမြဲသတိရှိပါစေ။
ဝိဂ္ဂဟ။ ။ ဇီရတိ-ဆွေးမြေ့ အိုမင်းတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဇရာဇရာ မည်၏၊ “ဇီရဏံ ဇရာ” ဟုလည်း ဘာဝသာဓန ပြု၊ မညတီတိ မတိ၊ မညတိ - သိတတ်၏, ဟု ဆို၊ (သိတတ်သော ဉာဏ်ပညာတည်း၊) “ဝေဒယတီတိ ဝေဒနာ” ဝေဒယတိ - ခံစားတတ်၏, ဟု ဆို၊ ဝေဒနာ စေတသိက်တည်း။
ရုပ်တွက်။ ။ ဇရာကို “ဇရ”တည်၊ “ဇရ=ဝယောဟာနိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, ဣတ္ထိယမတိယဝေါ ဝါ သုတ်ဖြင့် အပစ္စည်းသက်, ရ်ကို ၊ သို့ ကပ်, ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, ရ်ခွင်း, ချေ, ကပ် (ဇရာ), နာမ်ငဲ့, သိသက်, ချေ, ပြီး၏။ [ပပုဗ္ဗ ဉာဓာတ်, အပစ္စည်း, ဉ် ခွင်း, ချေ, ကပ်, ဉ် ဒွေဘော်လာ (ပည), ါ ပစ္စည်းသက်, ပညာ ဟု ဖြစ်၏။]
မတိကို “မန”တည်၊ “မန=ဉာဏေ”ဟု ဆို၊ ဤသုတ်ဖြင့် တိပစ္စည်း သက် (မန်တိ)ဟု ဖြစ်လျှင် ဂမခနဟနရမာဒီနမန္တောသုတ်ဖြင့် ဓာတွန် န်ကို ချေ၍ ပြီး၏၊ ရတ္တာဒိ ဣကာရ န္တ ဣတ္ထိလိန်တည်း။ [“ဟာ=စာဂေ” ဟု ဆို၍ တိပစ္စည်းသက်, “ဟာတိ”ဟု ဖြစ်လျှင် ကွစိ ဓာတုသုတ်ကြီးဖြင့် တိ ကို နိ ပြု၍, ဟာနိ (ဆုတ်ယုတ်ခြင်း)ဟု ဖြစ်၏။]
ဝေဒနာကို “ဝိဒ”တည်၊ “ဝိဒ=အနုဘဝနေ”ဟု ဆို၊ ဤသုတ်ဖြင့် ယု ပစ္စည်းသက်, ယု ကို အန ပြု, ဝိ၏အဆုံး -ိ ကို ေ-ဝုဒ္ဓိ ပြု, အာပစ္စည်း သက်, နာမ်ငဲ့, သိသက်, ချေ, ဝေဒနာ ပြီး၏။
֍ ၃၁။ ကရတော ရိရိယ။ ။ ကရတော- ကရဓာတ်မှနောက်၌၊ ရိရိယ- ရိရိယပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကိရိယာ, ကိရိယံ စသည်တည်း။
၃၁။ ကရီယတေ ကတ္တဗ္ဗာ ဝါတိ ကိရိယာ-(ပြုအပ် ပြုထိုက်သော အရာ)၊ ကရဏံ-ပြုခြင်း၊ ကိရိယာ-ပြုခြင်း၊ ကိရိယံလည်း နည်းတူ၊ ကိရိယောဟု ပုံလိန်ရုပ်လည်း ရှိနိုင်သည်သာ။
ရုပ်တွက်။ ။ ကိရိယာကို “ကရ”တည်၊ “ကရ=ကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကရတော ရိရိယသုတ်ဖြင့် ရိရိယ ပစ္စည်းသက် (ကရ်ရိရိယ), ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ်အနုဗန် နှင့်တကွ ဓာတွန်ရ်ကို ချေ (က -ိရိယ), က်ခွင်း, ချေ, ကပ် (ကိရိယ), ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, ယ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ချေ, ကိရိယာ ပြီး၏။…ကိရိယံ၌ကား အာပစ္စည်း မသက်ရဘဲ, နာမ်ငဲ့, သိကို -ံ ပြုရုံသာ၊ ကိရိယ၌ က၏ အဆုံး -ိ ကို သုတ်ကြီးဖြင့် ချေ၍ က်ကို ရိသို့ ကပ်လျှင် “ကြိယ”ဟု ဖြစ်သည်ကိုလည်း သတိပြု။
֍ ၃၂။ အတီတေ တတဝန္တုတာဝီ။ ။ အတီတေ- အတိတ် ကာလ၌၊ တတဝန္တုတာဝီ- တပစ္စည်း, တဝန္တုပစ္စည်း, တာဝီပစ္စည်း တို့သည်၊ ဟောန္တိ- ကုန်၏။ ဟုတော, ဟုတဝါ, ဟုတာဝီ စသည် တည်း။
၃၂။ အဟဝီတိ ဟုတော, ဟုတဝါ, ဟုတာဝီ၊ အဟဝီ-(မီးစသည်ကို) ပူဇော်ပြီ၊ ဣတိ-ထို့ကြောင့်၊ ဟုတော-ဟုတ မည်၏၊ ဟုတဝါ-မည်၏၊ ဟုတာဝိ-မည်၏၊ “အတီတေ”ဟု ဆိုသောကြောင့် အတိတ်ကာကို ပြသော အဇ္ဇတနီဝိဘတ်ဖြင့် “အဟဝီ”ဟု ဝိဂြိုဟ်ပြုရသည်၊ “ဟုတော-ပူဇော် ပြီးသူ”ဟု အနက်ဆို။
ရုပ်တွက်။ ။ ဟုတောကို “ဟု”တည်၊ “ဟု-ဒါနာဒန ဟဗျပ္ပဒါနေသု” ဟူသော အနက်၌ ဓာတ်မှည့်, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တ ပစ္စည်းသက်၊ နာမ်ငဲ့, သိ ေ-ါ ပြု, ဟုတော ပြီး၏။
ဟုတဝါ၌ “ဟု”တည်၍ တဝန္တုပစ္စည်းသက် (ဟုတဝန္တု) နာမ်ငဲ့, သိ သက်, အာ သိမှိသုတ်ဖြင့် သိဝိဘတ်နှင့်တကွ န္တုကို -ါ ပြု၍ ဂုဏဝါကဲ့သို့ ရုပ်စဉ်လေ၊ ဟုတာဝီ၌ တာဝီပစ္စည်းသက်၍ ဒဏ္ဍီကဲ့သို့ ရုပ်စဉ်ပါလေ။ [ဘူနောင် တပစ္စည်းသက်၍ ဘူတော (ဖြစ်ပြီ)ဟူသော ရုပ်လည်း အသုံး များ၏၊ ဣတ္ထိလိန်ဖြင့် ဘူတာ, နပုံလိန်ဖြင့် ဘူတံ ဟု ဖြစ်၏။]
֍ ၃၃။ ဘာဝကမ္မေသု တ။ ။ အတီတေ- အတိတ်ကာလ၌၊ ဘာဝကမ္မေသု- ဘောအနက်, ကံအနက်တို့၌၊ တ- တပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဟသိတံ, သယိတံ, အဘိဘူတံ စသည်တည်း။
၃၃။ [ဟသနံ ဟသိတံ၊ ပြုံးရယ်ခြင်း၊ ဟိသိတံ-ပြုံးရယ်ခြင်း၊ သယနံ သယိတံ-အိပ်ခြင်း၊ အဘိဘူယိတ္ထာတိ အဘိဘူတံ-လွှမ်းမိုးအပ်ပြီးသော အရာ။]
ရုပ်တွက်။ ။ [သိတံကို “ဟသ”တည်၊ “ဟသ=ဟသနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘာဝကမ္မေသု တဖြင့် တပစ္စည်း သက်, ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ, နာမ်ငဲ့, သိကို -ံ ပြု, ဟသိတံ ပြီး၏။
သယိတံကို “သီ”တည်၊ “သီ=သယေ”ဟုဓာတ်နက်ဆို၊ တပစ္စည်း သက်, သီ၏အစိတ် -ိကို ဧဝုဒ္ဓိ, ဧကို ၊ ယပြု, -ိ လာ(သယိတ), နာမ်ငဲ့, စသည်၊ အဘိဘူတံကို အဘိပုဗ္ဗ “ဘူ”တည်၊ တပစ္စည်း သက်ရုံသာ။
֍ ၃၄။ ဗုဓဂမာဒိတ္ထေ ကတ္တရိ။ ။ ဗုဓဂမာဒီဟိ- ဗုဓ ဂမု အစရှိ သော ဓာတ်တို့မှ နောက်၌၊ အတ္ထေ- ထိုဓာတ်တို့၏အနက်ကို၊ ဂမျမာနေ- သိအပ်သည်ရှိသော်၊ ကတ္တရိ- ကတ္တားအနက်၌၊ သဗ္ဗကာလေ- အလုံးစုံသော ကာလ၌၊ တ- တပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဗုဒ္ဓေါ, သုဂတော စသည်တည်း။
၃၄။ “ဗုဓဂမာဒီဟျတ္ထေ”ဟု ဆိုလိုလျက် နိရုတ္တိနည်းဖြင့် ဟိကို ချေ ထားသည်၊ ဗုဓဂမာဒီဟိ၌ အာဒိသဒ္ဒါဖြင့် ဤသုတ်က တပစ္စည်းဖြင့် ပြီးကောင်းသော ဓာတ်ဟူသမျှကို ယူ။ [အတီတေ တတဝန္တုတာဝီသုတ်က တပစ္စည်းသည် အတိတ်အနက်ကိုသာ ဟော၏၊ ဤသုတ်က တပစ္စည်း ကား ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလ ၃ ပါးလုံးကို ဟောသည်။]
ဝိဂ္ဂဟ။ ။ သဗ္ဗဓမ္မေ ဗုဇ္ဈတိ အဗုဇ္ဈိ ဗုဇ္ဈိဿတီတိ ဗုဒ္ဓေါ၊ ယော ဘဂဝါ-အကြင် ဘုရားရှင်သည်၊ သဗ္ဗဓမ္မေ-အလုံးစုံသော တရားတို့ကို၊ ဗုဇ္ဈတိ-သိတော်မူဆဲ၊ အဗုဇ္ဈိ-သိတော်မူပြီ၊ ဗုဇ္ဈိဿတိ-သိတော်မူလတ္တံ့၊ ဣတိ-ထို့ကြောင့်၊ သော ဘဂဝါ-သည်၊ ဗုဒ္ဓေါ-ဗုဒ္ဓ မည်တော်မူ၏။
“သုန္ဒရံ ဂစ္ဆတီတိ သုဂတော”(ဤ၌လည်း ၃ ဝိဂြိုဟ်ပြု၊) သုန္ဒရံကောင်းသောနိဗ္ဗာန်သို့၊ ဂစ္ဆတိ-ကြွတော်မူတတ်၏၊ ဣတိ-ထို့ကြောင့်၊ သုဂတော-သုဂတ မည်တော်မူ၏၊ ဗုဒ္ဓေါကို ဓဎဘဟေဟိ ဓဎာ စသုတ်၌, သုဂတောကို ဂမခနဟနရမာဒီနမန္တောသုတ်၌ တွက်တတ်လတ္တံ့။
֍ ၃၅။ ဇိတော ဣန သဗ္ဗတ္ထ။ ။ သဗ္ဗတ္ထ- အလုံးစုံသောကာလ တို့၌၊ ဇိတော- ဇိဓာတ်မှ နောက်၌၊ ကတ္တရိ- ကတ္တားအနက်၌၊ ဣန- ဣနပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဇိနော ဟူသည်တည်း။
၃၅။ “ပါပကေ ဇိနာတိ အဇိနိ ဇိနိဿတီတိ ဇိနော” ယော ဘဂဝါအကြင် ဘုရားရှင်သည်၊ ပါပကေ-ယုတ်မာသော အကုသိုလ်တရားတို့ကို၊ ဇိနာတိ-အောင်တော်မူဆဲ၊ အဇိနိ-အောင်တော်မူပြီ၊ ဇိနိဿတိအောင်တော်မူလတ္တံ့၊ ဣတိ-ထို့ကြောင့်၊ သော ဘဂဝါ-သည်၊ ဇိနောဇိန မည်တော်မူ၏။ [သဗ္ဗတ္ထဟု သုတ်၌ဆိုသောကြောင့် ကာလ ၃ ပါးလုံး ရအောင် ဝိဂြိုဟ်ပြုရသည်။]
ရုပ်တွက်။ ။ ဇိနောကို “ဇိ”တည်၊ “ဇိ=ဇယေ”ဟူသော အနက်၌ ဓာတ်မှည့်, ဇိတော ဣန သဗ္ဗတ္ထသုတ်ဖြင့် -ိနပစ္စည်း သက်, ဇ် ခွင်း, -ိ ချေ, ဇ် ကို -ိသို့ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဇိနော ပြီး၏။
֍ ၃၆။ သုပတော စ။ ။ သုပတော စ- သုပဓာတ်မှ နောက်၌ လည်း၊ ဣန- ဣနပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သုပိနံ ဟူသည် တည်း။
၃၆။ “သုပီယတေ သုပနံ ဝါ သုပိနံ” သုပီယတေ-အိပ်ခြင်း၊ ဝါတစ်နည်း၊ သုပနံ-အိပ်ခြင်း၊ သုပိနံ-အိပ်ခြင်း(အိပ်ပျော်ခြင်းကြိယာကို ရသည်၊) သုပတီတိ သုပိနော-အိပ်တတ်သူကို ရသည်၊ အိပ်အပ်သော အရာကို သုပိနသဒ္ဒါက မဟောနိုင်၍ ကမ္မသာဓနဝိဂြိုဟ် မပြုရ။
ရုပ်တွက်။ ။ သုပိနံကို “သုပ”တည်၊ “သုပ=သယေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သုပတော စသုတ်ဖြင့် -ိနပစ္စည်းသက်, ပ်ကို -ိ သို့ကပ်, နာမ်ငဲ့, သိကို -ံ ပြု, သုပိနံ ပြီး၏။ [သုပိနော၌ သိေ-ါ ပြုရုံသာ။]
֍ ၃၇။ ဤသံဒုသုဟိ ခ။ ။ ဤသံဒုသုဟိ- ဤသံနိပါတ်, ဒု သု ဥပသာရရှေ့ရှိသော ဓာတ်တို့မှနောက်၌၊ ခ- ခပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဤသက္ကရံ, ဒုက္ကရံ, သုကရံ စသည်တည်း။
၃၇။ ဤသံနိပါတ်ရှေ့ရှိသောဓာတ်, ဒုရှေ့ရှိသောဓာတ်, သုရှေ့ရှိသော ဓာတ်များနောင် ခပစ္စည်းသက်သည်၊ ဤသံဟူရာ၌ သီဟိုဠ်မူဝယ် ဤသ ဟု ရှိ၏၊ ခပစ္စည်းဟူရာ၌ ခ်သည် အနုဗန်တည်း၊ သို့အတွက် ကွစိ ဓာတု သုတ်ကြီးဖြင့် ချေ၍ (အ)ပစ္စည်းသာ ကျန်ရစ်စေရမည်၊ “ဘာဝကမ္မေသု ကိစ္စ က္တ ခတ္ထာ”ဟု ဆိုလတ္တံ့ဖြစ်သောကြောင့် ဤ(ခ)ပစ္စည်းကို ဘော ကံအနက်၌ သက်၏ဟု မှတ်။
ဝိဂ္ဂဟ။ ။ “ဤသံ ကရီယတေတိ ဤသက္ကရံ” ဤသံ - မငြိုမငြင်၊ ဝါ- မပင်မပန်း၊ ကရီယတေ - ပြုအပ်၏၊ ဣတိ - ထို့ကြောင့်၊ ဤသက္ကရံ ဤသက္ကရ မည်၏၊ ဒုက္ခေန ကရီယတေတိ ဒုက္ကရံ၊ “ဒုက္ခေန-ခဲယဉ်း သဖြင့်”ဟု ဆို (ခဲယဉ်းစွာ ပြုအပ်သော ကိစ္စ)၊ သုခေန ကရီယတေတိ သုကရံ၊ “သုခေန-လွယ်ကူသဖြင့်”ဟု ဆို (လွယ်ကူစွာပြုအပ်သောကိစ္စ= ပြုလွယ်သော ကိစ္စ)။
ရုပ်တွက်။ ။ ဤသက္ကရံကို ဤသံသဒ္ဒူပပဒ “ကရ”တည်၊ “ကရ= ကရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဤသံဒုသုဟိ ခ သုတ်ဖြင့် ခပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် ခ်အနုဗန်ကိုချေ (ဤသံ ကရ် ၊ ), ရ်ကို ၊ သို့ကပ်, က်ဒွေဘော်လာ, ဗျဉ္ဇနေ စသုတ်ဖြင့် သံ၌ နိဂ္ဂဟိတ် ကိုချေ(ဤသက္ကရ), နာမ်ငဲ့, သိကို -ံ ပြု, ဤသက္ကရံ ပြီး၏။ [ဒုက္ကရံ, သုကရံ လည်း လွယ်ပြီ၊ ဒုနောက် ဒွေဘော်ရောက်ပုံကို သန္ဓိဒွေဘော်ကြည့်။]
֍ ၃၈။ ဣစ္ဆတ္ထေသု သမာနကတ္တုကေသု တဝေတုံ ဝါ။ ။ သမာနကတ္တုကေသု- တူသောကတ္တားရှိကုန်သော၊ ဣစ္ဆတ္ထေသု- ဣစ္ဆာအနက်ရှိသော ဓာတ်တို့သည်၊ သန္တေသု- ရှိကုန်လတ်သော်၊ တဝေတုံ- တဝေပစ္စည်း, တုံပစ္စည်းတိုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- န်၏။ သော ပုညာနိ ကာတေဝ ဣစ္ဆတိ, သော ပုညာနိ ကာတုံ ဣစ္ဆတိ စသည်တည်း။
၃၈။ သော-ထိုသူသည်၊ ပုညာနိ-ကောင်းမှုတို့ကို၊ ကာတဝေ, ကာတုံပြုခြင်းငှာ၊ ဣစ္ဆတိ-အလိုရှိ၏။
ဣစ္ဆတ္ထဟဣစ္ဆာ+အတ္ထ] ဣစ္ဆာ=အလိုရှိခြင်း (လိုချင်ခြင်း, လိုလား တောင့်တခြင်း)+အတ္ထ=အနက်၊ လိုချင်ခြင်းအနက်ရှိသော ဓာတ်ဟူသမျှ တို့ကို ဣစ္ဆတ္ထဟု ခေါ်သည်၊ ဣစ္ဆတိ၌ ဣသုဓာတ်, ကာမေတိ (လိုချင်၏)၌ ကမုဓာတ်, အာကင်္ခါမိ (အလိုရှိ၏)၌ အာပုဗ္ဗ ကင်္ခဓာတ် စသည်တည်း။
သမာနကတ္တုက ကာတုံနှင့် ဣစ္ဆတိသဒ္ဒါတို့သည် ကြိယာပုဒ်ချည်း ဖြစ်ကြ၏၊ ထိုကြိယာ ၂ ခုလုံး၏ကတ္တားကား “သော”တည်း၊ “ကာတုံ”အရ ပြုတတ်သူလည်း ထိုသူတည်း၊ “ဣစ္ဆတိ”အရ အလိုရှိသူလည်း ထိုသူပင် တည်း”၊ ဤသို့ ကြိယာ၂ ခုလုံးမှ ကတ္တားတစ်ခုတည်း ရှိသောကြောင့် “တူသောကတ္တားရှိသည်”ဟု ဆိုသည်၊ ထိုသို့ ကတ္တားတူရာ၌ ဣစ္ဆတ္ထဓာတ် နှင့် တွဲဖက်ဖြစ်သော ကြိယာပုဒ်ဝယ် တဝေပစ္စည်း တုံပစ္စည်း သက်ရ၏။ [အခြားကျမ်းတို့၌ တုယေ တာယေပစ္စည်းများလည်း သက်သေး၏။]
အမှာ။ ။ ကာတဝေ, ကာတုံတို့ကို တဝေတုနာဒီသုကာသုတ်၌ ရုပ်တွက်၊ ဤ တဝေ, တုံပစ္စည်းများနောင် နာမ်ငဲ့သောဝါဒ, မငဲ့သောဝါဒ ဟု၂ မျိုး ရှိ၏၊ ဤကျမ်း၌ နာမ်မငဲ့ဘဲ (နိပါတ်ပုဒ်တွင် ပါဝင်သည်ဟု သဘောပိုက်လျက်) ငှာဟူသော အနက်အားလျော်စွာ စတုတ္ထီသက်၍ ရုပ်တွက်ပြမည်။
ရုပ်တွက်။ ။ ပစိတုံကို “ပစ”တည်၊ “ပစ=ပါကေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဣစ္ဆတ္ထေသု သမာနကတ္တုကေသု တဝေတုံ ဝါ သုတ်ဖြင့် တုံပစ္စည်းသက်, ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ, ငှာဟူ၍ အနက်ပေးသောကြောင့် စတုတ္ထီဧကဝုစ် သ သက်, သဗ္ဗာသမာဝုသော ပသဂ္ဂနိပါတာဒီဟိ စသုတ်ဖြင့် သချေ, ပစိတုံ ပြီး၏။
֍ ၃၉။ အရဟသက္ကာဒီသု စ။ ။ အရဟသက္ကာဒီသု စ- အရဟ သက္က အစရှိသော သဒ္ဒါတို့သည်လည်း၊ သန္တေသု- ရှိကုန်လတ် သော်၊ တုံ- တုံပစ္စည်းသည်၊ ဟောတိ- ၏။ ကော တံ နိန္ဒိတုံ အရဟတိ, သက္ကာ ဇေတုံ ဓနေန စသည်တည်း။
၃၉။ ကော-အဘယ်သူသည်၊ တံ-ထိုသူ့ကို၊ နိန္ဒိတုံ-ကဲ့ရဲ့ခြင်းငှာ၊ အရဟတိ-ထိုက်အံ့နည်း (ထိုသူ့ကို ဘယ်သူကဲ့ရဲ့ထိုက်ပါအံ့နည်း ဟူလို)၊ ဓနေန- ဥစ္စာဖြင့်၊ ဇေတုံ- အောင်နိုင်ခြင်းငှာ၊ သက္ကာ- တတ်ကောင်း၏၊ (ဥစ္စာပေးသဖြင့် နိုင်ကောင်းသည် ဟူလို၊) အရဟသက္ကာဒိ၌ အာဒိသဒ္ဒါ ဖြင့် (ရှေ့သုတ်ဆိုင်ရာ “ဣစ္ဆာ”အနက်ကို ချန်၍) ဘဗ္ဗ (ထိုက်၏), အနုစ္ဆဝိက (လျောက်ပတ်၏), အနုရူပ (လျော်၏), ဝဋ္ဋတိ (သင့်၏), ကပ္ပတိ (အပ်၏), ပဟောတိ (စွမ်းနိုင်၏)ဟူသော ပုဒ်များနှင့် အချိန်အခါ အနက်ဟော ကာလ, သမယ, ဝေလာသဒ္ဒါတို့ကို ယူ။
[ဆောင်] အရဟသက္က, အာဒိအရဖြင့်, ဣစ္ဆတ္ထချန်, ဘဗ္ဗံ-နုစ္ဆဝိ, ဝဋ္ဋတိနှင့်, ကပ္ပတိနှော, ပဟောတိဟူ, အနုရူပ, ကာလ သမယာ, များစွာဓာတ်ဟု, နာမ်ပုဒ်စု, ရှု၍ သင့်အောင်ယူ။
ရုပ်တွက်။ ။ နိန္ဒိတုံကို “နိန္ဒ”တည်၊ “နိန္ဒ=ဂရဟာယံ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အရဟသက္ကာဒီသု စသုတ်ဖြင့် နိန္ဒဓာတ်နောင် တုံပစ္စည်းသက်, ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ, သသက်, ချေ, နိန္ဒိတုံ ပြီး၏။ [ဇေတုံကို “ဇိ”တည်၊ အညေသု စဖြင့် ဇိ၏အစိတ် -ိ ကို ေ-ဝုဒ္ဓိ ပြုရုံသာ။]
֍ ၄၀။ ပတ္တဝစနေ အလမတ္ထေသု စ။ ။ အလမတ္ထေသု စ- အလံသဒ္ဒါ၏ အနက်တို့တွင်လည်း၊ ပတ္တဝစနေ- သင့်လျော် လျောက်ပတ်၏ဟူသော အနက်ကို ဟောသည်ရှိသော်၊ တုံ- တုံ ပစ္စည်းသည်၊ ဟောတိ- ၏။ အလ.မေဝ ဒါနာနိ ဒါတုံ စသည်တည်း။
၄၀။ သင့်လျော်သည်သာတည်း၊ အလံသဒ္ဒါ၏ အနက်တို့တွင် သင့်လျော် လျောက်ပတ်ဟူသောအနက်ကို ဟောသော အလံသဒ္ဒါရှိရာ၌ တုံပစ္စည်း သက်သည်။
ရုပ်တွက်။ ။ ဒါတုံကို “ဒါ”တည်၊ “ဒါ=ဒါနေ”ဟူသောအနက်၌ဓာတ် မှည့်, ပတ္တဝစနေ အလမတ္ထေသု စသုတ်ဖြင့် တုံပစ္စည်းသက်, သသက်, ချေ, ဒါတုံ ပြီး၏။
֍ ၄၁။ ပုဗ္ဗကာလေ.ကကတ္တုကာနံ တုနတွာနတွာ ဝါ။ ။ ဧက ကတ္တုကာနံ- တူသောကတ္တားရှိသော ရှေ့နောက်ကြိယာတို့တွင်၊ ပုဗ္ဗကာလေ- ရှေ့ကြိယာ၌၊ တုနတွာနတွာ- တုနပစ္စည်း, တွာန ပစ္စည်း, တွာပစ္စည်းတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ကုန်၏။ သော ကမ္မံ ကာတုန, ကတွာန ဝါ, ကတွာ ဝါ, ဂစ္ဆတိ စသည် တည်း။
၄၁။ သော-ထိုသူသည်၊ ကမ္မံ-အမှုကို၊ ကတုန-ပြုပြီး၍၊ (ဝါ-တစ်နည်း၊ ကတွာန-ပြုပြီး၍၊ ဝါ-တစ်နည်း၊ ကတွာ-ပြုပြီး၍၊) ဂစ္ဆတိ-သွား၏၊ ကာတုနနှင့် ဂစ္ဆတိ ကြိယာ ၂ ခုတို့၏ ကတ္တားသည် “သော”ချည်း ဖြစ်သောကြောင့် “ဧကကတ္တုက”ဟု ဆိုသည်၊ ရုပ်ကို နောက်သုတ်များ၌ တွက်တတ်လတ္တံ့။
အမှာ။ ။ ဤ တွာပစ္စယန္တပုဒ်များကို ရူပသိဒ္ဓိက နိပါတ်မျိုးတွင် သွင်းထား၏၊ ထို့ကြောင့် နာမ်မငဲ့ဘဲ နိပါတ်နာမ်ပုဒ် ထုံးစံအတိုင်း သိ ဝိဘတ်သာ သက်၍ သဗ္ဗာသမာဝုသော စသောသုတ်ဖြင့် ချေ။ [ရှေးရိုက် စာအုပ်များ၌ ဧကဝုစ် သိ, ဗဟုဝုစ် ယော ၂ မျိုး သက်ထားသည်ကို ပြင်ပါ။]
ပုဗ္ဗကာလေ ဤ၌ ကာလသဒ္ဒါကား ကြိယာဟူသော အနက်ကို ဟော၏၊ “သော ကမ္မံ ကာတုန ဂစ္ဆတိ”ပုံစံ၌ “ကာတုနနှင့် ဂစ္ဆတိကဲ့သို့ ရှေ့နောက်ကြိယာ ၂ မျိုးရှိလျှင် ကာတုနကဲ့သို့ ရှေ့ကြိယာ၌ တုနစသော ပစ္စည်းများ သက်သည်”ဟူလို။
အနက်ပေးရာ၌ကား တကယ့်ကို ရှေ့ကျလျှင် “ပြီး၍”ဟု ပေးရမည်၊ ဥပမာ-ပစိတွာ ဘုဉ္ဇတိ (ချက်ပြီး၍+စား၏)ဟူရာ၌ ချက်ခြင်းကြိယာက ရှေးဦးစွာ ဖြစ်ပြီးမှ စားခြင်းကြိယာက နောက်မှဖြစ်သော အရာမျိုးတည်း၊ ထို့ပြင် ပစိတွာနှင့်ဘုဉ္ဇတိတွင် ဘုဉ္ဇတိက အချုပ်တည်း၊ ပစိတွာကား “ချက်ပြီးမှ စားသည်”ဟု စားခြင်းကြိယာကို အထူးပြုရသော ဝိသေသန ကြိယာမျှသာ ဖြစ်သည်၊ ထို့ကြောင့် ဤ ပစိတွာဟူသော ကြိယာမျိုးကို “ပုဗ္ဗကာလကြိယာဝိသေသန”ဟု ခေါ်သည်။ [ပုဗ္ဗကာလ-ရှေ့ကာလ၌ ဖြစ်၍+ကြိယာဝိသေသန-ပဓာနကြိယာကို အထူးပြုသောပုဒ်။]
အပရကာလ။ ။ တွာပစ္စည်းပါသော ကြိယာ၏ အနက်က နောက်မှ ဖြစ်လျှင် “အပရကာလကြိယာဝိသေသန” ဟု ခေါ်၏၊ ဥပမာ…ဒွါရံ ပိဒဟိတွာ နိက္ခမိ (တံခါးကို ပိတ်လတ္တံ့၍ ထွက်၏)ဟူရာ၌ကဲ့သို့တည်း။
သမာနကာလ။ ။ ကြိယာ ၂ ခုလုံး ပြိုင်တူဖြစ်သောအရာ၌ တွာ ပစ္စယန္တပုဒ်ကို “သမာနကာလကြိယာဝိသေသန”ဟု ခေါ်၏၊ ဥပမာ… ဒဏ္ဍော ဓက္ကစ္စ ပတတိ (တုတ်သည် ဓက်ဓက်မြည်လျက် ကျ၏)တည်း။
လက္ခဏ။ ။ ဤ တွာပစ္စယန္တများကို လက္ခဏအနက်လည်း ပေးရ သေး၏၊ ဥပမာ… သုတွာ ဇာနိဿာမ (ကြားရကုန်သော် သိကုန်အံ့) စသည်တည်း။
ဟိတ်အနက်။ ။ ဟိတ်အနက်ပေးရသော အရာလည်း ရှိသေး၏၊ ဥပမာ… “ဃတံ ပိတွာ ဗလံ ဟောတိ” ဃတံ-ထောပတ်ကို၊ ပိတွာသောက်ရခြင်းကြောင့် (ဟိတ်)၊ ဗလံ-အားသည်၊ ဟောတိ-၏တည်း။
ကတ္တားကွဲပုံ။ ။ ဤ၌ ပိတွာ၏ ကတ္တားမှာ ထောပတ်သောက်သူတည်း၊ ဟောတိ၏ကတ္တားကား ဗလံတည်း၊ ဤသို့ကတ္တားချင်းမတူ၍ ဧကကတ္တုက မဖြစ်သောကြောင့် “တုနတွာနတွာ ဝါ”ဟူသော ဒွိဓာကရဏယောဂ ဝိဘာဂလုပ်၍ တွာပစ္စည်းသက်ရမည်၊ (ရှေ့ ၄ နက်၌ကား ဧကကတ္တုက ဖြစ်သောကြောင့် သုတ်ရင်းဖြင့်ပင် သက်နိုင်သည်၊) ဤသို့ ဟိတ်အနက် ပေးရသော အရာဝယ် တွာပစ္စယန္တပုဒ်၏ ကတ္တားပုဒ်၌ သိဝိဘတ်ကိုလည်း သမ္ဗန်အနက်၌ သက်ရမည်၊ “သော-ထိုသူ၏”ဟု ပေး။
[ဆောင်]၁။ ပုဗ္ဗာ.ပရ, သမာနနှင့်, လက္ခဏ ဟေတု, ငါးခုအတ္ထ, သက်အပ်စွာ့, တုန တွာန တွာ။၂။ ကတ္တားကွဲဘိ, မတူရှိသော်, မိမိကတ္တား, သမ္ဗန်ထား၍, ဖြစ်ငြားဟိတ်မှာ. သက်တို့ရာသည်,… တွာဒိပစ္စည်း သဘောတည်း။
֍ ၄၂။ ဝတ္တမာနေ မာန.န္တာ။ ။ ဝတ္တမာနေ- ပစ္စုပ္ပန်ကာလ၌၊ မာန.န္တာ- မာနပစ္စည်း, အန္တပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဂစ္ဆမာနော, ဂစ္ဆန္တော ဂဏှာတိ စသည်တည်း။
၄၂။ ဂစ္ဆမာနော, ဂစ္ဆန္တော-သွားစဉ်၊ ဂဏှာတိ-ယူ၏၊ သွားစဉ်ဟု ဆိုသော်လည်း ကာရက၌လာသော အနာဒရအနက်မျိုးမဟုတ်၊ “သွားစဉ်= သွားခိုက်=သွားတုန်း”ဟု ပစ္စုပ္ပန်ကြိယာထင်ရှားအောင် ပေးရသောအနက် တည်း၊ ဤသုတ်က “ပစ္စုပ္ပန်အနက်၌ သက်သည်”ဟုဆိုသော်လည်း အခြားကျမ်း၌မူ အနာဂတ်အနက်၌လည်း သက်၏၊ “ဂစ္ဆတိ ဂစ္ဆိဿတီတိ ဂစ္ဆမာနော, ဂစ္ဆန္တော”ဟု ဝိဂြိုဟ်ပြု။
ရုပ်တွက်။ ။ ဂစ္ဆမာနောကို “ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, ဝတ္တမာနေ မာနန္တာသုတ်ဖြင့် မာနပစ္စည်းသက်, ဘူဝါဒိတော အသုတ်ဖြင့် ၊ ပစ္စည်းသက်(ဂမ် ၊ မာန), ဂမိဿန္တော စ္ဆော ဝါ သဗ္ဗာသုသုတ်ဖြင့် ဓာတွန် မ်ကို စ္ဆ်ပြု, စ္ဆ်ကို ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ခွင်း, ချေ, ကပ်, ဂစ္ဆမာနော ပြီး၏။
ဂစ္ဆန္တောကို “ဂမု”တည်၊ ဓာတ်မှည့်, အဆုံးသရချေ, အန္တပစ္စည်းသက်, ၊ ပစ္စည်းသက်, မ်ကို စ္ဆ်ပြု, သရလောပေါသုတ်ဖြင့် ရှေ့ ၊ သရကို ချေ, စ္ဆ်ကို ၊ သို့ ကပ်, နာမ်ငဲ့, စသည် စီရင်သည်။
֍ ၄၃။ သာသာဒီဟိ ရတ္ထု။ ။ သာသာဒီဟိ- သာသ အစရှိသော ဓာတ်တို့မှ နောက်၌၊ ရတ္ထု- ရတ္ထုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သတ္ထာ စသည်တည်း။
၄၃။ သာသတီတိ သတ္ထာ၊ သာသတိ-ဆုံးမတတ်၏၊ ဣတိ-ကြောင့်၊ သတ္ထာ-မည်၏၊ (ဘုရား, ဆရာသမားတည်း၊) သာသာဒီဟိ၌ အာဒိဖြင့် သသုဓာတ် ဝသဓာတ်တို့ကို ယူကြ၏၊ သတ္ထံ-လက်နက်၊ ဝတ္ထံ-အဝတ်။
ရုပ်တွက်။ ။ သတ္ထာကို “သာသ”တည်၊ “သာသ=အနုသိဋ္ဌိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သာသာဒီဟိ ရတ္ထုသုတ်ဖြင့် ရတ္ထု ပစ္စည်းသက်, ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် သ်ကို ချေ (သာ ၊ တ္ထု), သ်ခွင်း, -ါ ချေ, သ်ကို ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, သတ္ထုပိတာဒီနမာ သိသ္မိံ သိလောပေါ စသုတ်ဖြင့် သတ္ထုသဒ္ဒါ၏ အဆုံး ု ကို -ါ ပြု, သိကိုလည်း ချေ, သတ္ထာ ပြီး၏။
֍ ၄၄။ ပါဒိတော ရိတု။ ။ ပါဒိတော- ပါအစရှိသော ဓာတ်တို့မှ နောက်၌၊ ရိတု- ရိတုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပိတာ စသည်တည်း။
၄၄။ ပါတီတိ ပိတာ၊ ပါတိ-သား သမီးကို စောင့်ရှောက်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ပိတာ-ပိတာ မည်၏၊ (အဘတည်း)၊ ပါဒိတော၌ အာဒိ သဒ္ဒါဖြင့် ဓာဓာတ် ဒုဟဓာတ်ကို ယူ၊…ပိတာကို “ပါ”တည်၊ “ပါ= ရက္ခဏေ”ဟူသော အနက်၌ ဓာတ်မှည့်, ပါဒိတော ရိတုသုတ်ဖြင့် ရိတု ပစ္စည်းသက်, ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် ါ ကို ချေ, ပ်ကို -ိ သို့ကပ်, နာမ်ငဲ့စသည်ပြု၍ သတ္ထုကဲ့သို့ စီရင်။
֍ ၄၅။ မာနာဒီဟိ ရာတု။ ။ မာနာဒီဟိ- မာနအစရှိသော ဓာတ်တို့မှ နောက်၌၊ ရာတု- ရာတုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ မာတာ စသည်တည်း။
၄၅။ မာနေတီတိ မာတာ၊ မာနေတိ-သား သမီးတို့ကို မြတ်နိုး(ချစ်ခင်) တတ်၏၊ ဣတိ-ထို့ကြောင့်၊ မာတာ-(အမိ)မည်၏၊ မာနာဒီဟိ၌ အာဒိ သဒ္ဒါဖြင့် ဘာသဓာတ်ကို ယူ၍ “ဘာသတီတိ ဘာတာ”ဟု ဖြစ်၏၊ ဘာသတိ-ပြောဆိုတတ်၏၊ ဣတိ-ကြောင့်၊ ဘာတာ (အစ်ကို)။
မာတာကို “မာန”တည်၊ “မာန=မာနနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, မာနာဒီဟိ ရာတုသုတ်ဖြင့် ရာတုပစ္စည်းသက်, ရ်အနုဗန် နှင့်တကွ ဓာတွန် န် ကို ချေ, မ်ခွင်း, ချေ, ကပ်, နာမ်ငဲ့စသည်။ [ဘာတာကို “ဘာသ”တည်၊ “ဘာသ=ဝိယတ္တိယံ ဝါစာယံ”ဟု ဆို။]
֍ ၄၆။ အာဂမာ တုကော။ ။ အာဂမာ- အာပုဗ္ဗ ဂမုဓာတ်မှ နောက်၌၊ တုကော- တုက ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ အာဂန္တုကော ဟူသည်တည်း။
၄၆။ အာဂစ္ဆတိ-လာရောက်တတ်၏၊ ဣတိ-ကြောင့်၊ အာဂန္တုကောမည်၏၊ (ဧည့်သည်)၊ ဂမခနဟနာဒီနံ တုံတဗ္ဗာဒီသု န” သုတ်၌ ရုပ်ပြီးလတ္တံ့။
֍ ၄၇။ ဘဗ္ဗေ ဣက။ ။ ဘဗ္ဗေ- ဖြစ်ထိုက်၏ဟူသောအနက်၌၊ ဣက- ဣကပစ္စည်းသည်၊ ဟောတိ- ၏။ ဂမိကော ဟူသည်တည်း။ ဣတိ ကိတဗ္ဗိဓာနကပ္ပေ ဒုတိယော ကဏ္ဍော
။ ။ ကိတဗ္ဗိဓာန ကပ္ပေ- ၌၊ ဒုတိယော- သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။၄၇။ ဂန္တုံ ဘဗ္ဗောတိ ဂမိကော၊ ဂန္တုံ-သွားခြင်းငှာ၊ ဘဗ္ဗော-ဖြစ်ထိုက် သူတည်း၊ ဣတိ-ကြောင့်၊ ဂမိကော-ဂမိက မည်၏၊ (ခရီးသွားမည့်ပုဂ္ဂိုလ် တည်း၊) ဂမိကောကို “ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟူသော အနက်၌ ဓာတ် မှည့်, အဆုံး ု သရချေ, ဘဗ္ဗေ ဣကသုတ်ဖြင့် -ိ ကပစ္စည်းသက်, မ်ကို -ိ သို့ကပ် (ဂမိက), နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဂမိကော ပြီး၏။
ကိတ်ဒုတိယအခန်းပြီး၏။
֍ ၄၈။ ပစ္စယာဒနိဋ္ဌာ နိပါတနာ သိဇ္ဈန္တိ။ ။ ပစ္စယာ- ပစ္စည်း ကြောင့်၊ အနိဋ္ဌာ- မပြီးကုန်သေးသော သဒ္ဒါတို့သည်၊ နိပါတနာ- ပြီးစေနိုင်သော ဤသုတ်ကြီးဖြင့်၊ သိဇ္ဈန္တိ- ပြီးစီးကုန်၏။ နစ္စံ, နဋ္ဋံ စသည်တည်း။
၄၈။ နစ္စနံ နစ္စံ နဋ္ဋံ၊ (ဘာဝသာဓန)၊ နစ္စနံ-ကခြင်း၊ နစ္စံ နဋ္ဋံ-ကခြင်း၊ ဤသုတ်ကား ပစ္စည်းနှင့်စပ်၍ ရုပ်မပြီးသေးလျှင် ပြီးအောင်စီရင်သော သုတ်ကြီးတည်း။
ရုပ်တွက်။ ။ နစ္စံကို “နတ”တည်၊ “နတ=ဂတ္တဝိနာမေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တ ပစ္စည်းသက်, ပစ္စယာဒနိဋ္ဌာ နိပါတနာ သိဇ္ဈန္တိသုတ်ဖြင့် ဓာတွန် တ်နှင့် တကွ တပစ္စည်းကို စ္စပြု, နာမ်ငဲ့, သိကို -ံ ပြု, နစ္စံ ပြီး၏၊ [နဋ္ဋံ၌လည်း “နတ”တည်၊ တပစ္စည်းသက်၍ ဋ္ဋ ပြုရုံသာ။]
သုတ်ကြီး ၄ သုတ်ရှိကြောင်းကို အာချာတ် ကွစိ ဓာတုသုတ်၌ ပြခဲ့ပြီ၊ ဝန်ကြီး ၄ ဦးသည် မိမိတို့ ဆိုင်ရာကိစ္စကို ပြီးအောင် စီရင်ခွင့်ရှိသကဲ့သို့ ဤသုတ်ကြီးတို့သည် မိမိတို့ ဆိုင်ရာတွင် ပြီးစီးအောင် စီရင်နိုင်သည်။
֍ ၄၉။ သာသဒိသတော တဿ ရိဋ္ဌော စ။ ။ သာသဒိသတော- သာသဓာတ်, ဒိသဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ ရိဋ္ဌော စ- ရိဋ္ဌအပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ အနုသိဋ္ဌော, ဒိဋ္ဌံ စသည်တည်း။
၄၉။ အနုသာသီယိတ္ထ-သွန်သင်အပ်ပြီ၊ ဣတိ-ကြောင့်၊ အနုသိဋ္ဌောမည်၏၊ အနုသိဋ္ဌော-သွန်သင်အပ်ပြီးသူ၊ ပဿီယတိ-မြင်အပ်၏၊ ဣတိကြောင့်၊ ဒိဋ္ဌံ-မည်၏၊ ဒိဋ္ဌံ-မြင်အပ်သော အာရုံ။ [ရူ၌ “အဒဿီယိတ္ထ= မြင်အပ်ပြီ”ဟု အတိတ်ဝိဂြိုဟ်ပြု၏။] ရိဋ္ဌော စ၌ စသဒ္ဒါဖြင့် ယူအပ်သော ပစ္စည်းများကို ရူပသိဒ္ဓိမှာ ရှု။
ရုပ်တွက်။ ။ အနုသိဋ္ဌောကို အနုပုဗ္ဗ “သာသ”တည်၊ “သာသ= အနုသိဋ္ဌိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, သာသဒိသတော တဿ ရိဋ္ဌော စသုတ်ဖြင့် တပစ္စည်းကို ရိဋ္ဌပြု, ရမှိ ရန္တော ရာဒိ နောသုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန် သ်ကို ချေ (အနုသာ -ိ ဋ္ဌ), သ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, အနုသိဋ္ဌော ပြီး၏။ [ဒိဋ္ဌံကို “ဒိသ”တည်၊ “ဒိသ=ပေက္ခဏေ”ဟု ဆို၍ တွက်လေ။]
֍ ၅၀။ သာဒိသန္တပုစ္ဆဘန္ဇဟံသာဒီဟိ ဋ္ဌော။ ။ သန္တပုစ္ဆဘန္ဇ ဟံသာဒီဟိ- သ အဆုံးရှိသောဓာတ်, ပုစ္ဆဓာတ်, ဘန္ဇဓာတ်, ဟံသအစရှိသောဓာတ်တို့မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ သာဒိ- ရှေ့အနီးအစ ဓာတွန်နှင့်တကွ၊ ဋ္ဌော- ဋ္ဌ အပြုသည်၊ ဟောတိ- ၏။ တုဋ္ဌော, ပုဋ္ဌော, ဘဋ္ဌံ, ဟဋ္ဌော စသည်တည်း။
၅၀။ [ဓာတ်အစဉ်အတိုင်း ပုံစံထုတ်ထားသည်။] တုသီယတေနှစ်သက်အပ်၏၊ ဣတိ-ထို့ကြောင့်၊ တုဋ္ဌော-မည်၏၊ (နှစ်သက်အပ်သူ)၊ ပုဋ္ဌော-မေးအပ်သူ၊ ဘဋ္ဌံ-ကြိတ်ချေအပ်သောဝတ္ထု၊ ဟဋ္ဌော-ရွှင်လန်းသူ၊ ကံအနက်၌ ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်၊ ဟဋ္ဌောဟူသော ကတ္တားဟောပုဒ်၌ အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်။
တုဋ္ဌောကို “တုသ”တည်၊ “တုသ=ပီတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တပစ္စည်းသက်, သာဒိသန္တပုစ္ဆဘန္ဇဟံသာဒီဟိ ဋ္ဌောသုတ် ဖြင့် ဓာတွန်သ်နှင့်တကွ တပစ္စည်းကို ဋ္ဌပြု, နာမ်ငဲ့, သိကို ေ-ါ ပြု, တုဋ္ဌော ပြီး၏။ [ဤ “တုဋ္ဌော”ကား သန္တအရ သအဆုံးရှိသော ဓာတ်တည်း၊ “တုသ်တ”ဟု ဖြစ်တဲ့အခါ တပစ္စည်း၏ ရှေ့အနီးအစဖြစ်သော အက္ခရာ ကား သ်တည်း၊ ထိုအနီးအစဖြစ်သော ဓာတွန်အက္ခရာနှင့်တကွ တပစ္စည်း ကို ဋ္ဌ ပြုသည်။]
ရုပ်တွက်။ ။ ပုဋ္ဌောကို “ပုစ္ဆ”တည်၊ “ပုစ္ဆ=ပုစ္ဆနေ”ဟု ဆို၊ ဓာတွန် စ္ဆ် နှင့်တကွ တပစ္စည်းကို ဋ္ဌပြု၊… ဘဋ္ဌံကို “ဘန္ဇ”တည်၊ “ဘန္ဇ=အဝမဒ္ဒနေ” ဟု ဆို, ဓာတွန် န္ဇ် နှင့်တကွ တပစ္စည်းကို ဋ္ဌပြု
ဟဋ္ဌောကို “ဟံသ”တည်၊ “ဟံသ=ပီတိမှိ”ဟု ဆို၊ ဓာတွန်သ်နှင့်တကွ တပစ္စည်းကို ဋ္ဌ ပြု, ဗျဉ္ဇနေ စသုတ်ဖြင့် နိဂ္ဂဟိတ်ကို ချေ, ဤ ဟံသဓာတ် သည် သအဆုံးရှိသော ဓာတ်တည်း၊ ထို့ကြောင့် သန္တအရ၌ ပါဝင်သင့် လျက် သီးခြားဆိုခြင်းသည် ဟဋ္ဌော၌ ဋ္ဌအပြုမြဲ၏၊ အခြားသော သန္တဓာတ် တို့၌ မမြဲဟု သိရစေခြင်းအကျိုးရှိ၏၊ အလားတူရုပ်တွေ များသည်။
֍ ၅၁။ ဝသတော ဥဋ္ဌ။ ။ ဝသတော- ဝသဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ သာဒိ- ရှေ့အနီးအစ ဓာတွန်နှင့်တကွ၊ ဥဋ္ဌ- ဥဋ္ဌအပြုသည်၊ ဟောတိ- ဖြစ်၏။ … ဝုဋ္ဌော ဟူသည်တည်း။
၅၁။ အဝသီ-နေပြီ၊ ဣတိ-ထို့ကြောင့်၊ ဝုဋ္ဌော-မည်၏၊ (ဝုဋ္ဌောနေပြီးသူ၊) ဝဿံ ဝုဋ္ဌော, ပရိဝုဋ္ဌ ပရိဝါသော စသည်၌ ဤ ဝုဋ္ဌပင်တည်း၊ ရူပသိဒ္ဓိ၌ “ဝသတော ဥတ္ထ”ဟု ပါဌ်ရှိ၏၊ သို့သော် ကစ္စည်းသုတ်စဉ် စာသွားနှင့် ဝသ ဝါ ဝုသုတ်၌ နျာသ၏ ဥဋ္ဌောရုပ်တွက်ပုံကို ထောက်လျှင် “ဝသတော ဥဋ္ဌ”ဟုသာ ရှိသင့်၏။
ဝုဋ္ဌောကို “ဝသ”တည်၊ “ဝသ=နိဝါသေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, တပစ္စည်းသက်, ဝသတော ဥဋ္ဌသုတ်ဖြင့် ဓာတွန်သ်နှင့် တကွ တပစ္စည်းကို ု ဋ္ဌ ပြု (၀ ု ဋ္ဌ), ဝ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, ဝုဋ္ဌော ပြီး၏။
အမှာ။ ။ အဓိဝတ္ထာ၌ အဓိပုဗ္ဗ “ဝသ”တည်, တပစ္စည်း၊ ဝတ္ထဗ္ဗံ၌ “ဝသ”တည်, တဗ္ဗပစ္စည်း၊ နိဝတ္ထံ၌ နိပုဗ္ဗ “ဝသ” တည်, တပစ္စည်း၊ ကွစိ ဓာတုသုတ်ကြီးဖြင့် ဓာတွန်သ်နှင့်တကွ တပစ္စည်းကို တ္ထ ပြုလေ၊ အဓိဝတ္ထာ-စိုးအုပ်သောနတ် (ကညာဒိဂိုဏ်း)၊ ဝတ္ထဗ္ဗံ-နေရာ၏၊ နိဝတ္ထံဝတ်အပ်သော အဝတ်။
֍ ၅၂။ ဝဿ ဝါ ဝု။ ။ ဝသဿ- ဝသဓာတ်၏၊ ဝဿ- ဝ အက္ခရာ၏၊ ဥ- ဥအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဥသိတော, ဝုသိတော ဟူသည်တည်း။
၅၂။ ဥသိတော, ဝုသိတော-ကျင့်သုံးပြီ၊ ဟဗြဟ္မစရိယကို ကျင့်နေခြင်း ကိုပင် ကျင့်သုံးသည်, သီတင်းသုံးသည်ဟု ခေါ်၏။] “ဝုသိတံကျင့်သုံးအပ်ပြီ”စသည်ဖြင့် ကံဟောလည်း ရှိ၏၊ ဤသုတ်၌ ဋီကာတို့ အထွေထွေဖွင့်သော်လည်း အလွယ်ဆုံးကို ရေးသည်။ [ဝုကိုလည်း “ဝ+ဥ” ဟု ပုဒ်ဖြတ်။]
ဥသိတောကို “ဝသ”တည်၊ “ဝသ=နိဝါသေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, ဝဿ ဝါ ဝုသုတ်ဖြင့် ဝသဓာတ်၏ ဝကို ဥပြု (ဥသ်တ), ယထာဂမ မိကာရောသုတ်ဖြင့် -ိလာ, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဥသိတော ပြီး၏။
[ဝုသိတော ၌ သန္ဓိစပ်သောအရာ မဟုတ်သောကြောင့် ဋီကာတို့၌ တေသု ဝုဒ္ဓိ သုတ်ကြီးဖြင့် ဝ်လာကြသည်။]
֍ ၅၃။ ဓဎဘဟေဟိ ဓဎာ စ။ ။ ဓဎဘဟေဟိ- ဓအောက်ခြိုက် ဎရေမှုတ် ဘကုန်း ဟ အဆုံးရှိသော ဓာတ်တို့မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ ဓဎာ စ- ဓအောက်ခြိုက် အပြု, ဎရေမှုတ် အပြုတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ … ဗုဒ္ဓေါ, ဝုဍ္ဎော, လဒ္ဓံ, ဒဍ္ဎံ စသည်တည်း။
၅၃။ ဤသုတ်က ရုပ်များ၌ အနက်အားလျော်စွာ အတိတ်ဝိဂြိုဟ်, ကာလ ၃ ပါးနှင့်ဆိုင်သောဝိဂြိုဟ်, ကတ္တားဟောဝိဂြိုဟ်, ကံဟောဝိဂြိုဟ် ပြု၍ တပစ္စည်းကို ဗုဓဂမာဒိတ္ထေ ကတ္တရိ, အတီတေ တတဝန္တုတာဝီ, ဘာဝကမ္မေသု တသုတ်တို့ဖြင့် သင့်သလို သက်ရလိမ့်မည်။ [မည်သည့် အက္ခရာဆုံးသော ဓာတ်နောင် ဓ+ဎ ပြုရကြောင်းကို ဘာသာဋီကာမှာ ရှု။]မှတ်နှင့်ရန်…
[ဆောင်] ၁။ ဓအောက်ခြိုက် ဘ, ထို့နောက် တ, ဓအောက်ခြိုက်သာပြု။၂။ ဎရေမှုတ် ဟ, ထို့နောက် တ, ဎရေမှုတ်ကို ပြု။
၃။ ရံခါ ဟနောက်, တ ပင်ရောက်, ဓအောက်ခြိုက်လည်းပြု။
ဗုဒ္ဓေါ-ဘုရား၊ (ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်ဖြင့် တပစ္စည်းသက်ပါ၊) ဝုဍ္ဎော-ကြီးရင့်သူ၊ (အတီတေ တတဝန္တုတာဝီသုတ်ဖြင့်သက်၊) လဒ္ဓံရအပ်ပြီ၊ ဒဍ္ဎံ-မီးလောင်အပ်ပြီ၊ (ဘာဝကမ္မေသု တသုတ်ဖြင့် သက်၊) ဟစတုတ္ထာနမန္တာနံ ဒေါ ဓေ, ဍော ဎကာရေသုတ်တို့ကျမှ ရုပ်တွက်။
֍ ၅၄။ ဘန္ဇတော ဂ္ဂေါ စ။ ။ ဘန္ဇတော- ဘန္ဇဓာတ်မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ သာဒိ- ရှေ့အနီးအစ ဓာတွန်နှင့်တကွ၊ ဂ္ဂေါ စ- ဂ္ဂ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ ဘဂ္ဂေါ ဟူသည်တည်း။
၅၄။ အဘဉ္ဇီယိတ္ထ-ချိုးဖျက်အပ်ပြီ၊ ဣတိ-ကြောင့်၊ ဘဂ္ဂေါ-မည်၏၊ (အနက်သံကို ကြည့်၍ တပစ္စည်းသက်ရမည့် သုတ်ကို သတိထားပါ။) ဘဂ္ဂေါကို “ဘန္ဇ”တည်၊ “ဘန္ဇ=အဝမဒ္ဒနေ”ဟူသောအနက်၌ ဓာတ်မှည့်,
֍ ၅၅။ ဘုဇာဒီန.မန္တော နော, ဒွိ စ။ ။ ဘုဇာဒီနံ- ဘုဇ အစ ရှိသောဓာတ်တို့၏၊ အန္တော- အဆုံးဗျဉ်းသည်၊ နော- ကျေပျောက် ၏၊ တဿ- တပစ္စည်း၏၊ ဒွိစ- ဒွေဘော်သည်လည်း၊ ဟောတိ- ဖြစ်၏။ ဘုတ္တော, ဘုတ္တဝါ, ဘုတ္တာဝီ စသည်တည်း။
အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ဘန္ဇတော ဂ္ဂေါ စသုတ်ဖြင့် ဓာတွန်န္ဇ်နှင့်တကွ တပစ္စည်းကို ဂ္ဂ ပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဘဂ္ဂေါ ပြီး၏။
၅၅။ ဘုဇ အစရှိသော ဓာတ်တို့၏ အဆုံးဖြစ်သော “ဇ်” စသည်ကို ချေ၍ တပစ္စည်းကို ဒွေဘော်ပြုသောသုတ်တည်း၊ တပစ္စည်းဟူရာဝယ် တအက္ခရာအစ၌ပါသော တ, တဝန္တု, တာဝီ, တဗ္ဗ, တုံပစ္စည်းအားလုံးကို ယူ၊ အဘုဉ္ဇီ-စားပြီးပြီ၊ ဣတိ-ထို့ကြောင့်၊ ဘုတ္တော-မည်၏၊ ဘုတ္တဝါ (ဂုဏဝါဒိ), ဘုတ္တာဝီ (ဒဏ္ဍာဒိ) ရုပ်များလည်း နည်းတူ။
ဘုတ္တောကို “ဘုဇ”တည်၊ “ဘုဇ=ပါလနဗျဝဟရဏေသု”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, ဘုဇာဒီနမန္တော နော ဒွိ စသုတ်ဖြင့် ဓာတွန်ဇ်ကို ချေ, တ၏ ဒွေဘော်လည်း လာ, နာမ်ငဲ့, သိကို ေ-ါ ပြု, ဘုတ္တော ပြီး၏။ [ဘုတ္တဝါ၌ တဝန္တု, ဘုတ္တာဝီ၌ တာဝီသက်၍ ရုပ်တွက်။
֍ ၅၆။ ဝစ ဝါ ဝု။ ။ ဝစ- ဝစဓာတ်၏၊ ဝ- ဝအက္ခရာ၏၊ ဥ- ဥ အပြုသည်၊ ဝါ ဟောတိ- ဝိကပ်ဖြစ်၏၊ အန္တော- သည်၊ နော- ကျေပျောက်၏၊ တဿ- တပစ္စည်း၏၊ ဒွိ စ- ဒွေဘော်သည် လည်း၊ ဟောတိ- ဖြစ်၏။ … ဥတ္တံ, ဝုတ္တံ ဟူသည်တည်း။
၅၆။ [ဥတ္တံ, ဝုတ္တံ-ဆိုအပ်ပြီ။] “ဝတ္တဗ္ဗံ-ပြောဆိုထိုက်၏” စသည်၌ ဝစ ဓာတ်ပင် ဖြစ်သော်လည်း ဤသုတ်က မစီရင်ရသောကြောင့် “ဝါ ဝိကပ်အားဖြင့်”ဟု ဆိုသည်၊ ဘုဇာဒီနမန္တော နော ဒွိ စသုတ်ဖြင့် ဓာတွန် စ်ကို ချေ၍ တဒွေဘော်လာလျှင် ဝတ္တဗ္ဗံ ဖြစ်၏။
အမှာ။ ။ ဤသုတ်နှင့်ဝဿ ဝါ ဝုသုတ်သည် စာသွားတူ၏၊ ထို သုတ်က ဝသဓာတ်၏ ဝကို ဥပြုသလို, ဤသုတ်က ဝစဓာတ်၏ ဝကို ဥ ပြု၏၊ ထို့ကြောင့် ဓာတွန်ချေမှု, ဒွေဘော်လာမှုကို ဘုဇာဒီနမန္တော နော ဒွိ စ သုတ်ဖြင့်သာ စီရင်သင့်သည်ဟု ဆရာတို့ ယူကြသည်၊ သို့သော် ရှေးစဉ်လာအတိုင်း ဤသုတ်ဖြင့်ပင် တွက်ပြရတော့မည်။
ဥတ္တံကို “ဝစ”တည်၊ “ဝစ=ဝိယတ္တိယံ ဝါစာယံ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ဝစ ဝါ ဝုသုတ်ဖြင့် ဝကို ဥပြု, ဓာတွန်စ်ကိုလည်း ချေ, တ၏ဒွေဘော်လည်း လာ (ဥတ္တ), နာမ်ငဲ့, သိကို -ံ ပြု, ဥတ္တံ ပြီး၏။ [ဝုတ္တံ၌ ဝုသိတံကဲ့သို့ ကွစိ ဓာတုသုတ်ကြီးဖြင့် ဝ် လာ။]
֍ ၅၇။ ဂုပါဒီနဉ္စ။ ။ ဂုပါဒီနဉ္စ- ဂုပအစရှိသောဓာတ်တို့၏လည်း၊ အန္တော- သည်၊ နော- ကျေပျောက်၏၊ တဿ- တပစ္စည်း၏၊ ဒွိစ- လည်း၊ ဟောတိ- ၏။ သုဂုတ္တော စသည်တည်း။
၅၇။ [ဤသုတ်နှင့် ဘုဇာဒီနမန္တော နော ဒွိ စသုတ်တို့၏ စီရင်ရာရုပ်မှာ ရှုပ်ထွေးလျက် ရှိ၏၊ ထို့ကြောင့် ဤသုတ်ကို သုတ်ပိုဟု ဆိုကြသည်။] သုဂေါပီယိတ္ထ-ကောင်းစွာ စောင့်ရှောက်အပ်ပြီ၊ ဣတိ-ကြောင့်၊ သုဂုတ္တောမည်၏၊ ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်၊ သုဂေါပီ-ကောင်းစွာ လုံခြုံပြီ၊ ဣတိ-ထို့ကြောင့်၊ သုဂုတ္တော-မည်၏၊ ဤသို့ အတိတ် ကတ္တား အနက်ပေးရာ၌ အတီတေ တတဝန္တုတာဝီသုတ်ဖြင့် သက်။
သုဂုတ္တောကို သုပုဗ္ဗ “ဂုပ”တည်၊ “ဂုပ-ဂေါပနေ”ဟူသောအနက်- ဓာတ်မှည့်, အဆုံးသရချေ, တပစ္စည်းသက်, ဂုပါဒီနဉ္စသုတ်ဖြင့် ဓာတွန်ပကို ချေ, တ၏ ဒွေဘော်လည်းလာ, နာမ်ငဲ့ စသည်။
֍ ၅၈။ တရာဒီဟိ ဣဏ္ဏော။ ။ တရာဒီဟိ- တရ အစရှိသော ဓာတ်တို့မှ၊ ပရဿ- သော၊ တဿ- တပစ္စည်း၏၊ ဣဏ္ဏော- ဣဏ္ဏ အပြုသည်၊ ဟောတိ- ၏၊ အန္တော စ- ဓာတွန်ဗျဉ်းသည်လည်း၊ နော- ကျေပျောက်၏။ တိဏ္ဏော, တုဏ္ဏော စသည်တည်း။
၅၈။ ဤသုတ်ကား တရဓာတ်ကဲ့သို့ ရကာရ န္တဓာတ်ချင်းတူသော ဓာတ်များနောင် တပစ္စည်းကို ဣဏ္ဏပြု, ဓာတွန်ကိုလည်း ချေသောသုတ် တည်း၊ တိဏ္ဏော-လွန်မြောက်ပြီ, ကူးမြောက်ပြီ၊ တုဏ္ဏော-လျင်မြန်သူ။
တိဏ္ဏောကို “တရ”တည်၊ “တရ=တရဏေ”ဟု ဆို၊ အဆုံးသရချေ, တပစ္စည်းသက်, တရာဒီဟိ ဣဏ္ဏောသုတ်ဖြင့် တပစ္စည်းကို -ိ ဏ္ဏပြု, ဓာတွန်ရ်ကိုလည်း ချေ (တ -ိ ဏ္ဏ), တ်ခွင်း, ချေ, ကပ်, နာမ်ငဲ့ စသည်။ [တုဏ္ဏောကို “တုရ”တည်၊ “တုရ=ဝေဂေ”ဟု ဆို၍ ရှေ့အတိုင်းတွက်၊ ဝါ ပရော အသရူပါသုတ်ဖြင့် -ိ သရကို ချေ, နာမ်ငဲ့ စသည်။]
֍ ၅၉။ ဘိဒါဒိတော ဣန္နအန္နဤဏာ ဝါ။ ။ ဘိဒါဒိတော- ဘိဒအစရှိသောဓာတ်တို့မှ၊ ပရဿ- သော၊ တဿ- ၏။ ဣန္နအန္န ဤဏာ- ဣန္နအပြု, အန္နအပြု, ဤဏအပြုတို့သည်၊ ဝါ- ဝိကပ် အားဖြင့်၊ ဟောန္တိ- ကုန်၏၊ အန္တော စ- သည်လည်း၊ နော- ကျေ ပျောက်၏။ ဘိန္နော, ဆန္နော, ခီဏော စသည်တည်း။
၅၉။ ဘိန္နော-ကွဲပြီ, ခွဲအပ်ပြီ၊ ဆန္နော-ဖုံးအုပ်အပ်ပြီ၊ ခီဏော-ကုန် ခန်းပြီ၊ ဤသုတ်ကား ဘိဒကဲ့သို့ ဒကာရ န္တဓာတ်နောင် တပစ္စည်းကို ဣန္န အန္နပြုသည်၊ ဤဏအပြုကား ခီဓာတ်ကဲ့သို့ အက္ခရာတစ်လုံးရှိသော ဓာတ်နောင်သာ များ၏။
ဘိန္နောကို “ဘိဒ”တည်၊ “ဘိဒ=ဝိဒါရဏေ”ဟု ဆို၊ သရချေ, တပစ္စည်း သက်, ဘိဒါဒိတော ဣန္နအန္နဤဏာ ဝါသုတ်ဖြင့် တပစ္စည်းကို -ိန္န ပြု, ဓာတွန်ကိုလည်းချေ, ဘ်ခွင်း, ချေ, ကပ် (ဘိန္န), နာမ်ငဲ့ စသည်။
ဆန္နောကို “ဆဒ”တည်၊ “ဆဒ=အပဝါရဏေ”ဟု ဆို, သရချေ, တ ပစ္စည်းကို ၊ န္နပြု, ဓာတွန်ဒ်ကိုလည်း ချေ၊ ခီဏောကို “ခီ”တည်၊ “ခီ=ခယေ” ဟုဆို, တပစ္စည်းကို -ိဏပြု, ဓာတွန် -ိကို ချေ, ခ်ကို -ိသို့ ကပ် (ခီဏ), နာမ်ငဲ့ စသည်၊ ခီဏာ ဇာတိဟု ရှိရာ၌ ဣတ္ထိဇောတက အာပစ္စည်းသက်။
֍ ၆၀။ သုသပစသကတော က္ခက္ကာ စ။ ။ သုသပစသကတော စ- သုသဓာတ်, ပစဓာတ်, သကဓာတ်တို့မှလည်း၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ က္ခက္ကာ- က္ခအပြု, က္ကအပြု တို့သည်၊ ဟောန္တိ- ကုန်၏၊ အန္တော စ- ဓာတွန်ဗျဉ်းသည်လည်း၊ နော- ကျေပျောက်၏။ သုက္ခော, ပက္ကံ, သက္ကော ဟူသည်တည်း။
၆၀။ သုက္ခော-ခြောက်သွေ့သောသစ်ပင်၊ ပက္ကံ-မှည့်ရင့်သောသစ်သီး၊ သက္ကော-သိကြားမင်း။
သုက္ခောကို “သု”တည်၊ “သု=သောသနေ”ဟု ဆို၊ သရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, သုသပစသကတော က္ခက္ကာ စ သုတ်ဖြင့် တပစ္စည်းကို က္ခ ပြု, ဓာတွန်သ်ကိုလည်း ချေ, နာမ်ငဲ့ စသည်။ [ပက္ကံကို “ပစ”တည်၊ “ပစ=ပါကေ”စသည်၊ တပစ္စည်းကို က္က ပြု, ဓာတွန် စ်ကိုလည်းချေ၊ သက္ကောကို “သက”တည်၊ “သက=သာမတ္ထေ”ဟု ဆို။]
֍ ၆၁။ ပက္ကမာဒီဟိ န္တော စ။ ။ ပက္ကမာဒီဟိ- ပပုဗ္ဗ ကမု အစရှိ သော ဓာတ်တို့မှ၊ ပရဿ- သော၊ တဿ- ၏။ န္တော စ- န္တအပြု သည်လည်း၊ ဟောတိ- ဖြစ်၏၊ အန္တော စ- အဆုံးဗျဉ်းသည်လည်း၊ နော- ကျေပျောက်၏။ ပက္ကန္တော စသည်တည်း။ စသဒ္ဒါဖြင့် တိပစ္စည်း၏ န္တိအပြုကို ဆည်း၍ သင်္ကန္တိ စသည် ဖြစ်၏။
၆၁။ ပက္ကမီ-ဖဲသွားပြီ၊ ဣတိ-ထို့ကြောင့်၊ ပက္ကန္တော-မည်၏၊ အာဒိသဒ္ဒါ ဖြင့် ကမုဓာတ်ကဲ့သို့ မ အဆုံးရှိသော ဘမု ခမု သမု စသော ဓာတ်များကို ယူ။ [ကနုဓာတ်ကိုလည်း ယူလေ။] သင်္ကန္တိ-ပြောင်းရွှေ့ခြင်း။
ပက္ကန္တောကို ပပုဗ္ဗ “ကမု”တည်၊ “ကမု=ပဒဝိက္ခေပေ”ဟူသောအနက်၌ ဓာတ်မှည့်, သရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, ပက္ကမာဒီဟိ န္တော စသုတ်ဖြင့် တပစ္စည်းကို န္တပြု, ဓာတွန် မ်ကို ချေ (ပကန္တ), သဒိသဒွေဘော် က်လာ, နာမ်ငဲ့ စသည်။
သင်္ကန္တိ၌ သံပုဗ္ဗ “ကမ”တည် စသည်ဆို၊ ဣတ္ထိယမတိယဝေါ ဝါသုတ် ဖြင့် တိပစ္စည်းသက်, ပက္ကမာဒီဟိ န္တော စသုတ်၌ စသဒ္ဒါဖြင့် တိကို န္တိပြု, ဓာတွန် မ်ကိုလည်း ချေ, နာမ်ငဲ့ စသည်ဆို။ [ရတ္တာဒိ-ပတ္တိနှင့်တူ၏။]
֍ ၆၂။ ဇနာဒီန.မာ တိမှိ စ။ ။ တမှိစ- တပစ္စည်းကြောင့်လည်း ကောင်း၊ တိမှိစ- တိပစ္စည်းကြောင့်လည်းကောင်း၊ ဇနာဒီနံ- ဇန အစရှိသောဓာတ်တို့၏၊ အန္တော- အဆုံးဗျဉ်းသည်၊ အာ- အာ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဇာတော, ဇာတိ စသည်တည်း။ ဇနာဒီနမာဟူသော ယောဂဝိဘာဂဖြင့် တပစ္စည်း တိပစ္စည်းမှ တစ်ပါးသော ပစ္စည်းကြောင့် အာ ပြု၍ ဇာယတိ စသည် ဖြစ်သေး၏။
၆၂။ အဇနီ-ဖြစ်ပြီ၊ ဣတိ-ကြောင့်၊ ဇာတော-မည်၏၊ ဇာတိ-ဖြစ်ခြင်း၊ ဇာယတိ-ဖြစ်၏။ [ဇနဓာတ်, တိဝိဘတ်, ဒိဝါဒိ ယပစ္စည်းတည်း။]
ဇာတောကို “ဇန”တည်၊ “ဇန=ဇနနေ”ဟူသောအနက်၌ ဓာတ်မှည့်, သရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, ဇနာဒီနမာ တိမှိ စသုတ်ဖြင့် ဓာတွန် န်ကို -ါပြု, ဇ်ခွင်း, ချေ, ကပ်, နာမ်ငဲ့ စသည်။ [ဣတ္ထိယမတိယဝေါ ဝါသုတ်ဖြင့် တိပစ္စည်းသက်လျှင် ဇာတိဟု ပြီး၏၊ (ရတ္တာဒိဂိုဏ်းဝင် ဣတ္ထိလိန်တည်း။)]
֍ ၆၃။ ဂမခနဟနရမာဒီနမန္တော။ ။ တမှိ စ- တပစ္စည်းကြောင့် လည်းကောင်း၊ တိမှိ စ- တိပစ္စည်းကြောင့်လည်းကောင်း၊ ဂမခန ဟနရမာဒီနံ- ဂမ ခန ဟန ရမု အစရှိသောဓာတ်တို့၏၊ အန္တော- အဆုံးဗျဉ်းသည်၊ နော- ကျေပျောက်၏။ သုဂတော, သုဂတိ, ခတော, ခတိ, ဟတော, ဟတိ, ရတော, ရတိ ဟူသည်တည်း။
၆၃။ သုဂတော-ကောင်းသောနိဗ္ဗာန်သို့ ကြွသွားတော်မူသောဘုရား၊ သုဂတိ-ကောင်းသောဂတိ (လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်)၊ ခတောတူးဖြိုအပ်၏၊ ခတိ - တူးဖြိုခြင်း၊ ဟတော - သတ်ဖြတ်အပ်၏၊ ဟတိသတ်ဖြတ်ခြင်း၊ ရတော-မွေ့လျော်၏၊ ရတိ-မွေ့လျော်ခြင်း။
သုဂတောကို သုပုဗ္ဗ“ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်ဖြင့် တပစ္စည်း သက်, ဂမခနဟနရမာဒီနမန္တောသုတ်ဖြင့် ဓာတွန်မ်ကိုချေ, နာမ်ငဲ့စသည်။
ခတောကို “ခနု”တည်၊ “ခနု=အဝဒါရဏေ”ဟုဆို၊ ကံအနက်ဖြစ်၍ ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်၊ ဟတောကို “ဟန”တည်၊ “ဟန=ဟိံသာဂတီသု”ဟုဆို၊ ကံအနက် တပစ္စည်း၊ ရတောကို “ရမု”တည်၊ “ရမု=ကီဠာယံ”ဟုဆို၊ ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်ဖြင့် တပစ္စည်း သက်, အာဒိသဒ္ဒါဖြင့် “နိယတော-မြဲ၏၊” နိပုဗ္ဗ ယမု=ဥပရမေ”ဟု ဓာတ်နက်ဆို၊ သုဂတိ စသည်၌ ဣတ္ထိယမတိယဝေါ ဝါသုတ်ဖြင့် တိပစ္စည်းသက်ရုံသာ။ [“ဘုတွာ-စား၍”စသည်၌ တအက္ခရာပါသော တွာပစ္စည်းနှောင်းရာဝယ် ဓာတွန်ချေရသေး၏။]
֍ ၆၄။ ရကာရော စ။ ။ တမှိ စ- တပစ္စည်းကြောင့်လည်း ကောင်း၊ တိမှိ စ- တိပစ္စည်းကြောင့်လည်းကောင်း၊ ရကာရောစ- ဓာတွန်ရအက္ခရာသည်လည်း၊ နော- ကျေပျောက်၏။ ပကတော, ပကတိ စသည်တည်း။
၆၄။ ပကရီယိတ္ထ - အပြားအားဖြင့် ပြုအပ်ပြီ၊ ဣတိ - ထို့ကြောင့်၊ ပကတော-မည်၏၊ ပဌမံ-ရှေးဦးစွာ၊ ကရီယတိ-ပြုအပ်၏၊ ဣတိ, ပကတိ။
ပကတောကို ပပုဗ္ဗ “ကရ”တည်၊ “ကရ=ကရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ရကာရော စသုတ်ဖြင့် ဓာတွန်ရ်ကို ချေ, နာမ်ငဲ့စသည်။ [ပကတိ၌ တိပစ္စည်းသက်ရုံသာ။]
֍ ၆၅။ ဌာပါနမိဤ စ။ ။ တမှိ စ- တပစ္စည်းကြောင့်လည်း ကောင်း၊ တိမှိ စ- တိပစ္စည်းကြောင့်လည်းကောင်း၊ ဌာပါနံ- ဌာ ဓာတ်, ပါဓာတ်တို့၏၊ အန္တော- အဆုံးအာသရသည်၊ ဣဤ- အစဉ်အတိုင်း ဣအပြု ဤအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဌိတော, ဌိတိ, ပီတော, ပီတိ စသည်တည်း။
၆၅။ ဌာဓာတ်၏ အာကို ဣ, ပါဓာတ်၏ အာကို ဤဟု အစဉ်အတိုင်း ပြု၊ အဋ္ဌာသီတိ ဌိတော-ရပ်တည်ပြီးသူ၊ ဌိတိ-တည်နေခြင်း၊ ပီတောသောက်အပ်သောအရည်၊ ပီတိ-သောက်ခြင်း။
ဌိတောကို “ဌာ”တည်၊ “ဌာ=ဂတိနိဝတ္တိမှိ”ဟူသောအနက်၌ဓာတ်မှည့်, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, ဌာပါနမိဤ စ သုတ်ဖြင့် ဌာ၏အဆုံး -ါ ကို -ိ ပြု, နာမ်ငဲ့ စသည်၊ ပီတောကို “ပါ”တည်၊ “ပါ=ပါနေ”ဟု ဆို၊ ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ဤ သုတ်ဖြင့် ပါ၏အဆုံး -ါ ကို -ီ ပြု။ [ဌိတိ, ပီတိတို့၌ တိပစ္စည်းသက်ရုံသာ၊၊]
အမှာ။ ။ ဤသုတ်၌ စသဒ္ဒါဖြင့် တွာ တာဝီစသော ပစ္စည်းများကြောင့် ဣ ဤအပြုကို ဆည်း၍ အဓိဋ္ဌိတွာ, ပီတွာ-သောက်၍, စသော ရုပ်များ လည်း ဖြစ်သေး၏။ [ယခုစာအုပ်များ၌ “ပိတွာ”ဟု ရှိ၏။]
֍ ၆၆။ [န္တေဟိ ဟော, ဟဿ ဠော ဝါ အဒဟနဟာနံ။ ။ အဒဟနဟာနံ- ဒဟဓာတ်, နဟဓာတ်မှ တစ်ပါးကုန်သော၊ ဟန္တေဟိ- ဟအဆုံးရှိသောဓာတ်တို့မှ၊ ပရဿ- နောက်ဖြစ်သော၊ တဿ- တပစ္စည်း၏၊ ဟော- ဟအပြုသည်၊ ဟောတိ- ဖြစ်၏။ ဟဿ- ဓာတွန်ဟ၏၊ ဠော- ဠအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ၏။ အာရုဠော, ဂါဠော, ဗာဠော, ဂူဠော, မူဠော, ဝူဠော စသည်တည်း။… [လွယ်ကူအောင် “အဒဟနဟာနံ- ကုန်သော” ဟု ဝိသေသနအနက်ပေးလိုက်သည်။]
၆၆။ [ကာရ န္တဓာတ်နောင် တပစ္စည်းကို ဟပြု၍ ဓာတွန် ဟ်ကို ဠပြုသောသုတ်တည်း၊ သို့သော် အဒဟနဟာနံဟု ဆိုသောကြောင့် ဟကာရ န္တဓာတ်တို့တွင် ဒဟဓာတ် နဟဓာတ်တို့ကို ကြဉ်ရမည်။ [ဓဎဘ ဟေဟိ ဓဎာ စသုတ်က ဟ အဆုံးရှိသော ဓာတ်နောင် တပစ္စည်းကို ဎပြုရမည်ဟု ဆိုထားသဖြင့် ထိုသုတ်၏ ဎ အပြုတို့ကို ဤသုတ်က တားမြစ်၍ တစ်မျိုး စီရင်သည်။]
အမှာ။ ။ အာရုဠှော စသည်၌ သက္ကတဝယ် “အာရူဠှော”ဟု ဒီဃဖြင့် ရှိ၏၊ ယခုပါဠိများ၌ကား “ရုဠှီ, ရူဠီ” ဟု ၂ မျိုး တွေ့ရ၏၊ မူဠှော စသည်၌ မောဂ္ဂလ္လာန်ဝယ် ဒီဃသာ ရှိ၏၊ အာရုဠှော-တက်ရောက်ပြီ၊
ဂါဠှော-သက်ဝင်ပြီ၊ ဗာဠှော-ကြီးမားသည် (ပြင်းထန်သည်)၊ မူဠှော-တွေဝေသည်၊ ဂူဠှော-လျှို့ဝှက်အပ်သည်၊ ဝူဠှော-မျောသည်, မျှောအပ်သည်။
အာရုဠှောကို အာပုဗ္ဗ “ရုဟ”တည်၊ “ရုဟ=ဇနနေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်း သက်, ဟန္တေဟိ ဟော ဟဿ ဠော ဝါ အဒဟနဟာနံသုတ်ဖြင့် တပစ္စည်း ကို ဟ ပြု၍ ဓာတွန်ဟ်ကို ဠ်ပြု, ဠ်ကို ဟသို့ကပ် (အာရုဠှ), နာမ်ငဲ့စသည်။ [ရုဠှီ-တက်ရောက်ခြင်း, တင်စားခြင်း၊ ရုဟဓာတ်, တပစ္စည်း, ရုဠ ဟု ဖြစ်တဲ့အခါ နဒါဒိတော ဝါ ဤသုတဖြင့် -ိပစ္စည်းသက်လျှင် ပြီး၏။ ရူပသိဒ္ဓိ၌ တိပစ္စည်းသက်လိုဟန် တူ၏။]
ဂါဠှောကို “ဂါဟူ”တည်၊ “ဂါဟူ=ဝိလောဠနေ”ဟု ဆို, ူ သရချေ, တပစ္စည်းသက်, (ဂဟတည်၍ တစ်နည်း ရုပ်တွက်သေး၏၊ ကွစိ ဓာတု သုတ်ကြီးဖြင့် ဂ၏အစိတ် ၊ ကို -ါ ဒီဃပြုရုံသာ၊) [“အဇ္ဈောဂါဠှော-သက်ဝင် ၏, နစ်မြုပ်၏”၌လည်း အဓိ အဝပုဗ္ဗ ဂါဟူဓာတ်ပင်တည်း၊ သြ အဝဿ ဖြင့် အဝ ကို သြ, အဇ္ဈော အဓိသုတ်ဖြင့် အဓိကို အဇ္ဈ ပြု။]
ဗာဠှောကို “ဗဟ”တည်၊ “ဗဟ=ဝုဒ္ဓိမှိ”ဟု ဆို၊ မူဠှောကို “မုဟ”တည်၊ “မုဟ=ဝေစိတ္တေ”ဟု ဆို၊ ဂူဠှောကို “ဂုဟ”တည်၊ “ဂုဟ=သံဝရဏေ”ဟု ဆို၊ ဝူဠှောကို “ဝဟ”တည်၊ “ဝဟ=ပါပဏေ”ဟု ဆို၊ တပစ္စည်း, ဝစ၀သ ဝဟာဒီနမုကာရော ဝဿဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ဝ ၏ အ ကို ု ပြု, ဗာ မူ ဂူ ဝူ၌ ကွစိ ဓာတုသုတ်ကြီးဖြင့် ဒီဃပြု။
ဣတိ ကိတဗ္ဗိဓာနကပ္ပေ တတိယော ကဏ္ဍော။ ။ ကိတဗ္ဗိ ဓာနကပ္ပေ- ၌၊ တတိယော- သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။
ကိတ်တတိယခန်းပြီးပြီ။
֍ ၆၇။ ဏမှိ ရန္ဇဿ ဇော ဘာဝကရဏေသု။ ။ ဘာ၀ ကရဏေသု- ဘောအနက်, ကရိုဏ်းအနက်တို့၌၊ ဏမှိ- ဏ အနုဗန်ရှိသော ပစ္စည်းကြောင့်၊ ရန္ဇဿ- ရန္ဇဓာတ်၏ အဆုံးန္ဇ၏၊ ဇော- ဇ အပြုသည်၊ ဟောတိ- ၏။ ရာဂေါ စသည်တည်း။
၆၇။ ရန္ဇန္တိ အနေနာတိ ရာဂေါ (ကရဏသာဓန)၊ အနေန-ဤတရား ဖြင့်၊ ရန္ဇန္တိ-တပ်မက်ကြကုန်၏၊ ဣတိ-ထိုသို့ တပ်မက်ကြောင်း၏အဖြစ် ကြောင့်၊ သော-ထိုတရားသည်၊ ရာဂေါ-ရာဂ မည်၏၊ “ရဇနံ-တပ်မက်ခြင်း၊ ရာဂေါ-တပ်မက်ခြင်း”ဟု ဘာဝသာဓနလည်း ပြု။
ရုပ်တွက်။ ။ ရာဂေါကို “ရန္ဇ”တည်၊ “ရန္ဇ=ရာဂေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဏပစ္စည်းသက်, ကာရိတံ ဝိယ ဏာနုဗန္ဓော သုတ်ဖြင့် ကာရိတ်မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, ဏမှိ ရန္ဇဿ ဇော ဘာဝကရဏေသုသုတ်ဖြင့် ရန္ဇဓာတ်၏ န္ဇ ကို ဇ်ပြု, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် ရ ၏ အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, ကဂါ စဇာနံသုတ်ဖြင့် ဓာတွန် ဇ်ကို ဂ် ပြု, ဇ်ကို ၊ သို့ ကပ်, သိ သက်, ေ-ါ ပြု ရာဂေါ ပြီး၏။
“ရဉ္ဇတီတိ ရာဂေါ”ဟု ကတ္တုသာဓနဝိဂြိုဟ်ပြုရာ၌ကား ကတ္တား အနက်၌ ဏပစ္စည်းသက်, ဤသုတ်၌ ဘာဝကရဏေသုကို ဖြုတ်၍ “ဏမှိ ရန္ဇဿ ဇော”ဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ရန္ဇ၏ န္ဇကို ဇ ပြုလေ။ [ဘောအနက်, ကရိုဏ်းအနက်၌သက်သော ဏပစ္စည်းမဟုတ်၍ သုတ်ရင်းဖြင့် မစီရင်နိုင်၊ ရဉ္ဇတိ၌ ရန္ဇဓာတ်၏ “ရဉ္ဇ” ဖြစ်ပုံကို နိဂ္ဂဟီတံ သံယောဂါဒိနောသုတ် ကြည့်။]
֍ ၆၈။ [နဿ ဃာတော။ ။ ဏမှိ- ဏ အနုဗန်ရှိသော ပစ္စည်း ကြောင့်၊ ဟနဿ- ဟနဓာတ်၏၊ ဃာတော- ဃာတ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဃာတော, ပါဏဃာတီ, ဂေါဃာတကော စသည်တည်း။
၆၈။ [နနံ-သတ်ဖြတ်ခြင်း၊ ဃာတော-သတ်ဖြတ်ခြင်း (ဘာဝေ စ ဖြင့် ဏပစ္စည်းသက်)၊ “ပဏံ ဟနတိ သီလေနာတိ ပါဏဃာတီ” ပါဏံသူ့အသက်ကို၊ သီလေန-အလေ့အားဖြင့်၊ ဟနတိ-သတ်တတ်၏၊ ဣတိထို့ကြောင့်၊ ပါဏဃာတီ-မည်၏၊ (ဏီပစ္စည်း)၊ ဂါဝေါ ဟနတီတိ ဂေါဃာတကော=နွားတို့ကို သတ်သူ=နွားသတ်သမား (ဏွုပစ္စည်း)။
ရုပ်တွက်။ ။ ဃာတောကို “ဟန”တည်၊ “ဟန=ဟိံသာဂတီသု”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဏပစ္စည်းသက်, ကာရိတ်မှည့်, ဏ် အနုဗန်ချေ, ဟနဿ ဃာတောသုတ်ဖြင့် ဟန်ဓာတ်ကို ဃာတ်ပြု, တ်ကို ၊ သို့ကပ်, နာမ်ငဲ့စသည်။ [ပါဏဃာတော၌ ပါဏသဒ္ဒူပပဒ ဟနတည်၊၊]
ဂေါဃာတကော၌ ဂေါသဒ္ဒူပပဒ“ဟန”တည်၊ ဏွုကို ၊ က ပြုရုံသာ ထူး၏၊ အာချာတ်ဝိဘတ်ဖြင့် ဃာတေတိ ဃာတယတိရုပ်များလည်းရှိ၏၊ “ဟန”တည်၊ တိဝိဘတ်သက်, ဏေ-ဏယသက်, ကာရိတ်မှည့်, ဏ် အနုဗန်ချေ, ဤသုတ်ဖြင့် ဃာတ် ပြုလေ။]
֍ ၆၉။ ဝဓော ဝါ သဗ္ဗတ္ထ။ ။ သဗ္ဗတ္ထ- အလုံးစုံသော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ ဟနဿ- ဟနဓာတ်၏၊ ဝဓော- ဝဓအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဝဓော, ဝဓကော စသည် တည်း။
၆၉။ သဗ္ဗတ္ထဟု ဆိုသောကြောင့် ဏ်အနုဗန်ရှိသောပစ္စည်းနှောင်းရာ၌ သာမက အာချာတ်ဝိဘတ်ဖြင့် အခြားပစ္စည်းများ နှောင်းရာ၌လည်း ဟန ဓာတ်ကို ဝဓပြုသေး၏၊ ထို့ကြောင့် “ဝဓေတိ-သတ်၏၊ ဝဓိတွာ-သတ်၍” စသော ရုပ်များလည်း ရှိနိုင်သည်၊ ဝဓော, ဝဓကော-သတ်တတ်သူ။ ရုပ်တွက်။ ။ ဝဓောကို “ဟန”တည်၊ ဓာတ်မှည့်, အဆုံးသရချေ,
ဝိသရုဇပဒါဒိတော ဏသုတ်ဖြင့် ဏပစ္စည်းသက် (ဘောဟောဖြစ်လျှင် ဘာဝေ စဖြင့် သက်), ကာရိတ်မှည့်, ဏ်အနုဗန်ချေ, ဝဓော ဝါ သဗ္ဗတ္ထ သုတ်ဖြင့် ဟန်ကို ဝဓ်ပြု, ဓ်၊ သို့ကပ်, နာမ်ငဲ့စသည်။ [ဝဓကော၌ ဏွု ပစ္စည်းသက်ရုံသာ၊ ဟနဓာတ်၌ ဓာတွန်ချေလျှင် ဟန်ဟု ဖြစ်၏၊ ဝဓ်ပြုတဲ့ အခါလည်း သရမပါဘဲပြု, ဝဓော၌ ဝုဒ္ဓိမပြုရသဖြင့် အပစ္စည်းသက်လျှင် သာ၍ သင့်မည်။]
֍ ၇၀။ အာကာရ န္တာနမာယော။ ။ ဏမှိ- ဏအနုဗန်ရှိသော ပစ္စည်းကြောင့်၊ အာကာရ န္တာနံ- အာအက္ခရာအဆုံးရှိသော ဓာတ် တို့၏ အစိတ်အာ၏၊ အာယော- အာယအပြုသည်၊ ဟောတိ- ဖြစ်၏။ ဒါနဒါယော, ဓညမာယော, ဒါယကော, ဒါယိကာ စသည် တည်း။
၇၀။ ဏအနုဗန်ရှိသောပစ္စည်းဟု ဆိုသဖြင့် ဏပစ္စည်းသာမက ဏွု စသော ဏအက္ခရာ အနုဗန်ပါသည့် ပစ္စည်းများကိုပါ ယူ၊ နေရာတိုင်းမှာ ဤနည်းချည်းတည်း၊ ဒါနံ ဒဒါတီတိ ဒါနဒါယော=အလှူကို ပေးတတ်သူ၊ ဓညံ မိနာတီတိ ဓညမာယော=စပါးကို ချင့်တတ်သူ (တင်းချင့်သမား)၊ ဒဒါတီတိ ဒါယကော=ပေးလှူတတ်သူ (အလှူ့ဒါယကာ)၊ ဒါယိကာ= ပေးလှူသူ မိန်းမ (အလှူ့အမ)။
ဒါနဒါယောကို ဒါနသဒ္ဒူပပဒ “ဒါ”တည်၊ “ဒါ=ဒါနေ”ဟူသော အနက်၌ ဓာတ်မှည့်, ဝိသရုဇပဒါဒိတော ဏသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်မှည့်, ဏ်အနုဗန်ချေ, အာကာရ န္တာနမာယောသုတ်ဖြင့် ဒါ၏ အဆုံး -ါ ကို -ါ ယ်ပြု, ယ် ၊ သို့ကပ် (ဒါနဒါယ), နာမ်ငဲ့စသည်။ [အာယ ပြုရာ၌ ယအက္ခရာဝယ် သရပါဖွယ် မလို။]
ဓညမာယောကို ဓညသဒ္ဒူပပဒ “မာ”တည်၊ “မာ=ပရိမာဏေ”ဟုဆို၊ ဏပစ္စည်းသက်, မာ၏အဆုံး -ါ ကို -ါယပြု၊ ဒါယကောကို “ဒါ”တည်, ဏွုပစ္စည်းသက်, အကပြုရုံသာ၊ ဒါယိကာ၌ကား ဒါယကာ အပြီးတွင် တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် ယ၏ ၊ ကို -ိ ပြု, ဣတ္ထိယမတော အာပစ္စယော သုတ်ဖြင့် -ါပစ္စည်းသက်၍ ပြီးစေ။ [ဤကဲ့သို့ ဏွုကို ၊ ကပြု၍ ပြီးသမျှ၌ ၄ နံပါတ်သုတ် အဓိပ္ပာယ်ကို ပြန်ကြည့်။]
֍ ၇၁။ ပုရသ.မုပပရိဟိ ကရောတိဿ ခခရာ ဝါ တပစ္စယေသု စ။ ။ တပစ္စယေသု စ- တပစ္စည်းတို့ကြောင့်လည်းကောင်း၊ ဏမှိ စ- ဏပစ္စည်းကြောင့်လည်းကောင်း၊ ပုရသ.မုပပရိဟိ- ပုရ, သံ, ဥပ, ပရိသဒ္ဒါတို့မှ၊ ပရဿ- နောက်ဖြစ်သော၊ ကရောတိဿ- ကရဓာတ်၏၊ ခခရာ- ခအပြု, ခရအပြုတို့သည်၊ ဝါ- ဝိကပ်အား ဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပုရက္ခတော, ပုရက္ခတွာ စသည်တည်း။
၇၁။ တပစ္စယေသုဟု ဗဟုဝုစ်သုသဒ္ဒါဖြင့်ဆိုသောကြောင့် တအက္ခရာ ပါသော တုံ တွာ စသောပစ္စည်းများကို ယူ၊ ထိုကဲ့သို့ တအက္ခရာရှိသော ပစ္စည်းနှင့် ဏပစ္စည်းကြော်င့ ပုရစသည် ရှေ့ရှိသော ကရဓာတ်ကို ခ, ခရ ပြုသည်၊ ပုရေ-ရှေ့၌(ရှေ့က)+ကရီယိတ္ထ-ပြုအပ်ပြီ၊ ဣတိ-ထို့ကြောင့်၊ ပုရက္ခတော, ပုရက္ခာရော-မည်၏၊ “ရှေ့၌ ပြုအပ်”ဟု ဆိုလျှင် “ရှေ့၌ ထားအပ် (ရှေ့က ထားအပ်=ရှေ့သွားပြုအပ်)”ဟု ဆိုသည်နှင့် အတူတူပင် တည်း၊ ပုရက္ခတွာ-ရှေ့သွားပြု၍။ [ဤ ပုရက္ခတွာ၌ ပရက္ခိတွာဟု စာ အများ ရှိ၏၊ အဆုံးအဖြတ်ကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
ပုရက္ခတောကို ပုရသဒ္ဒူပပဒ “ကရ”တည်၊ “ကရ=ကရဏေ”ဟူသော အနက်၌ဓာတ်မှည့်, သရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ပုရသ.မုပပရိဟိ ကရောတိဿ ခခရာ ဝါ တပစ္စယေသု စသုတ်ဖြင့် ကရ်ကို ခပြု (ပုရခတ), ခ၏ အသဒိသဒွေဘော် က်လာ, နာမ်ငဲ့ စသည်။
ပုရက္ခာရော၌ ဝိသရုဇပဒါဒိတော ဏသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ, ဤသုတ်ဖြင့် ခရ်ပြု၍ အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် -ါ ဝုဒ္ဓိပြု, ခ်ကို ၊ သို့ကပ်လေ၊ ပုရက္ခတွာ၌ တွာ ပစ္စသက်, ခပြုရုံသာ၊ သံရှေ့ရှိရာ၌ “သင်္ခတော, သင်္ခါရော-ပြုပြင်အပ် သောတရား”ဟု ဖြစ်၏၊ ဥပ ရှေးရှိရာ၌ ဥပက္ခတော (ကပ်၍ ပြုအပ်ပြီ)၊ ပရိရှေးရှိရာ၌ ပရိက္ခာရော (ထက်ဝန်းကျင် ပြုအပ်သော အဆောက်အဦး, ပရိက္ခာ အသုံးအဆောင်) စသည် ဖြစ်၏။]
֍ ၇၂။ တဝေတုနာဒီသု ကာ။ ။ တဝေတုနာဒီသု- တေဝ တုန အစရှိသော ပစ္စည်းတို့ကြောင့်၊ ကရောတိဿ- ကရဓာတ်၏၊ ကာ- ကာအပြုသည်၊ ဟောတိ- ဖြစ်၏။ ကာတဝေ, ကာတုန စသည်တည်း။
၇၂။ [ကာတဝေ-ပြုခြင်းငှာ၊ ကာတုန-ပြုပြီး၍။] တဝေတုနာဒီသု၌ အာဒိသဒ္ဒါဖြင့် တုံ တဗ္ဗပစ္စည်းတို့ကြောင့် ကာပြု၍ “ကာတုံ-ပြုခြင်းငှာ၊ ကာတဗ္ဗံ-ပြုထိုက်၏”ဟု ရုပ်ဖြစ်၏။
ရုပ်တွက်။ ။ ကာတဝေကို “ကရ”တည်၊ “ကရ=ကရဏေ”ဟု ဆို၊ ဓာတ်မှည့်, အဆုံးသရချေ, ဣစ္ဆတ္ထေသု သမာနကတ္တုကေသု တဝေတုံ ဝါ သုတ်ဖြင့် တေဝ ပစ္စည်းသက်, တဝေတုနာဒီသု ကာသုတ်ဖြင့် ကရ ဓာတ်ကို ကာပြု, ငှာဟူ၍ အနက်ပေးသောကြောင့် သမ္ပဒါနေ စတုတ္ထီ သုတ်ဖြင့် စတုတ္ထီ ဧကဝုစ် သဝိဘတ်သက်, သဗ္ဗာသမာဝုသော စသော သုတ်ဖြင့် သဝိဘတ်ကို ချေ, ကာတေဝ ပြီး၏။
ကာတုန၌ ပုဗ္ဗကာလေကကတ္တုကာနံ တုနတွာနတွာ ဝါသုတ်ဖြင့် တုန ပစ္စည်းသက်၍ ကာတုန ပြီးသည့်အခါ သိသက်, ချေ၊ ကာတုံ၌ တုံ ပစ္စည်း, သသက်, ချေ၊ ကာတဗ္ဗံ၌ တဗ္ဗပစ္စည်းသက်, နာမ်ငဲ့, သိကို -ံ ပြု။ [တေဝ စသော ပစ္စည်းတို့၌ နာမ်မငဲ့ရကြောင်းကို ပြခဲ့ပြီ။]
֍ ၇၃။ ဂမခနဟနာဒီနံ တုံတဗ္ဗာဒီသု န။ ။ တုံတဗ္ဗာဒီသု- တုံ တဗ္ဗ အစရှိသော ပစ္စည်းတို့ကြောင့်၊ ဂမခနဟနာဒီနံ- ဂမ ခန ဟန အစရှိသော ဓာတ်တို့၏ အဆုံးမအက္ခရာ, နအက္ခရာတို့၏၊ န- နအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဂန္တုံ, ဂန္တဗ္ဗံ, ခန္တုံ, ခန္တဗ္ဗံ, ဟန္တုံ, ဟန္တဗ္ဗံ စသည်တည်း။
၇၃။ ဂန္တုံ-သွားခြင်းငှာ၊ ဂန္တဗ္ဗံ-သွားထိုက်၏၊ ခန္တုံ-တူးဖြိုခြင်းငှာ၊ ခန္တဗ္ဗံတူးဖြိုထိုက်၏၊ ဟန္တုံ-သတ်ခြင်းငှာ၊ ဟန္တဗ္ဗံ-သတ်ထိုက်၏။] တဗ္ဗာဒီသု၌ အာဒိသဒ္ဒါဖြင့် တအက္ခရာအစ၌ ပါသော တေဝ တုန တွာန တွာပစ္စည်း များကို ယူ၍ ဂန္တဝေ, ဂန္တုန, ဂန္တွာန, ဂန္တွာ စသည်ဖြစ်၏၊ ဂမခနဟနာ ဒီနံ၌ အာဒိသဒ္ဒါဖြင့် အဆုံး၌ နအက္ခရာပါသော မနဓာတ်ယူ၍ မန္တုံ, မန္တဗ္ဗံ, မန္တွာ စသည်ဖြစ်၏။ [“မန္တုံ-သိခြင်းငှာ” စသည် ဆို။]
ရုပ်တွက်။ ။ ဂန္တုံ၌ “ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟူသောအနက်၌ ဓာတ် မှည့်,အဆုံးသရချေ, ဣစ္ဆတ္ထေသု သမာနကတ္တုကေသု တဝေတုံ ဝါသုတ် ဖြင့် တုံပစ္စည်းသက်, ဂမခမဟနာဒီနံ တုံတဗ္ဗာဒီသု နသုတ်ဖြင့် ဓာတွန်မ် ကို န်ပြု, န်ကို တုံသို့ကပ်, သသက်, ချေ, ဂန္တုံ ပြီး၏။ [ဤသုတ်ကမစီရင်တဲ့ အခါ ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ၍ “ဂမိတုံ”ဟု ဖြစ်၏။]
ခန္တုံ၌ “ခနု=အဝဒါရဏေ”ဟု ဆို၊ ဓာတွန် န်ကို န်ပြု၊ ဟန္တုံ၌ “ဟန= ဟိံသာဂတီသု”ဟုဆို၊ မန္တုံ၌ “မန=ဉာဏေ”ဟုဆို၊ ဂန္တဗ္ဗံစသည်၌ကား တဗ္ဗ ပစ္စည်း သက်ရုံသာ၊ ဂန္တဝေ၌ ဣစ္ဆတ္ထေသု သမာနကတ္တုစသော သုတ်ဖြင့် တဝေပစ္စည်းသက်၊ ဂန္တုန စသည်၌ ပုဗ္ဗကာလေကကတ္တုကာနံ တုနတွာန တွာ ဝါသုတ်ဖြင့် တုန တွာနပစ္စည်းသက်ရုံသာ၊ မန္တွာ၌လည်း တွာပစ္စည်း ပင်တည်း။
֍ ၇၄။ သဗ္ဗေဟိ တုနာဒီနံ ယော။ ။ သဗ္ဗေဟိ- အလုံးစုံသောဓာတ် တို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ တုနာဒီနံ- တုန အစရှိသောပစ္စည်း တို့၏၊ ယော- ယ အပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ အဘိဝန္ဒိယ, အဘိဝါဒိယ, ဝိဘဇ္ဇ, ပဝိဿ စသည်တည်း။
၇၄။ တုနာဒီနံ၌ အာဒိဖြင့် တွာန တွာပစ္စည်းများကို ယူ၊ အဘိဝန္ဒိယအထူးအားဖြင့် ရှိခိုးပြီး၍၊ အဘိဝါဒိယ-အထူးအားဖြင့် ရှိခိုးပြီး၍ (မင်္ဂလာ စကားကို မိန့်ဆိုစေ၍)၊ ဝိဘဇ္ဇ-ဝေဖန်၍၊ ပဝိဿ-ဝင်၍။
အဘိဝန္ဒိယကို အဘိပုဗ္ဗ “ဝန္ဒ”တည်၊ “ဝန္ဒ=အဘိဝန္ဒနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ပုဗ္ဗကာလေကကတ္တုကာနံ တုနတွာန တွာ ဝါသုတ်ဖြင့် တုနပစ္စည်းသက် (တွာန တွာ အလိုရှိရာသက်), သဗ္ဗေဟိ တုနာဒီနံ ယောသုတ်ဖြင့် တုနပစ္စည်းကို ယပြု, ယထာဂမမိကာရော သုတ်ဖြင့် -ိ လာ, သိသက်, ချေ, အဘိဝန္ဒိယ ပြီး၏။ [ဓာတ်ကျမ်းတို့၌ ဝဒိဓာတ်ကြံ၏, ဝဒိဓာတ်ဖြစ်လျှင် ဣကာရ န္တဓာတ်ဖြစ်၍ နိဂ္ဂဟိတ် လာပြီးမှ “ န် ” ပြုရသည်။]
အဘိဝါဒိယ၌ “အဘိပုဗ္ဗ ဝဒိ=ဝန္ဒနေ”ဟု ဆို၊ အဆုံး -ိ သရချေ, တုနပစ္စည်းကို ယပြု, အညေသု စသုတ်ဖြင့် ဝ၏ အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, -ိ လာ။ [မင်္ဂလာစကားကို မိန့်ဆိုစေ၍”ဟု အနက်ပေးရာ၌ကား အဘိ ပုဗ္ဗ ဝဒဓာတ်, ဏေပစ္စည်း, ကာရိတ်မှည့်, ဏ်အနုဗန်ချေ, ဝ၏အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, ဒ်ကို ေ-သို့ကပ် (အဘိဝါဒေ), တုနပစ္စည်းသက်, ယပြု (အဘိဝါဒေယ), ကွစိ ဓာတုသုတ်ကြီးဖြင့် ေ-ကို -ိ ပြု, ပြီး၏။]
ဝိဘဇ္ဇကို ဝိပုဗ္ဗ“ဘဇ”တည်၊ “ဘဇ=ဝိဘာဂေ”ဟုဆို၊ တုနပစ္စည်းကို ယပြု (ဝိဘဇ်ယ), ယဝတံ တလန ဒကာရာနံ ဗျဉ္ဇနာနိ စလဉဇကာရတ္တံ၌ ကာရသဒ္ဒါဖြင့် “ဇ်ယ”ကို ဇ်ပြု, သိသဒွေဘော် ဇ်လာ, ဝိဘဇ္ဇ ပြီး၏။
ပဝိဿကို ပပုဗ္ဗ“ဝိသ”တည်၊ “ဝိသ=ပဝေသန”ဟုဆို၊ တုနကို ယပြု (ပဝိသ်ယ), ယဝတံသုတ်၌ ကာရသဒ္ဒါဖြင့် “သ်ယ”ကို သပြု, သဒိသ ဒွေဘော် သ်လာ, ပဝိဿ ပြီး၏။ [“ဥဒ္ဒိဿ-ရည်ရွယ်၍, ဥပုဗ္ဗ ဒိသ= ပေက္ခဏေ” ဟု ဆို၊ ဤသုတ်ဖြင့် ယ မပြုတဲ့အခါ အဘိဝန္ဒိတွာ အဘိဝါဒေတွာ စသည် ဖြစ်၏။]
֍ ၇၅။ စနန္တေဟိ ရစ္စံ။ ။ စနန္တေဟိ- စအက္ခရာ, နအက္ခရာ အဆုံးရှိသော ဓာတ်တို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ တုနာ ဒီနံ- တုန အစရှိသော ပစ္စည်းတို့၏၊ ရစ္စံ- ရစ္စအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဝိဝိစ္စ, အာဟစ္စ စသည်တည်း။ ရစ္စံဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် အခြားဓာတ်နောင် ရစ္စ ပြု၍ ပတိစ္စ, သက္ကစ္စ စသည် ဖြစ်၏။
၇၅။ ဝိဝိစ္စ-ကင်းဆိတ်၍၊ အာဟစ္စ-ထိခိုက်၍၊ ပတိစ္စ-ရှေးရှုရောက်၍ (စွဲ၍)၊ သက္ကစ္စ-ကောင်းစွာပြု၍ (အရိုအသေပြု၍)။
ဝိဝိစ္စကို ဝိပုဗ္ဗ “ဝိစ”တည်၊ “ဝိစ=ဝိဝေစနေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တုနပစ္စည်း (တွာန တွာလည်း သက်), စနန္တေဟိ ရစ္စံသုတ်ဖြင့် တုနပစ္စည်းကို ရစ္စပြု (ဝိဝိစ်ရစ္စ), ရမှိ ရန္တော ရာဒိနော သုတ်ဖြင့် ရ်အနုဗန်နှင့်တကွ ဓာတွန်စ်ကို ချေ (ဝိဝိ ၊ စ္စ), ဝါ ပရော အသရူပါသုတ်ဖြင့် နောက် ၊ ကို ချေ, သိသက်, ချေ, ဝိဝိစ္စ ပြီး၏။ [နောက် ၊ ကို ချေရာ၌ ရူပသိဒ္ဓိက သုတ်ကြီးဖြင့် ချေစေလို၏။]
အာဟစ္စကို အာပုဗ္ဗ “ဟန”တည်၊ “ဟန=ဟိံသာဂတီသု”ဟုဆို၊ တုန ပစ္စည်းကို ရစ္စပြု, ရ်အနုဗန်နှင့်တကွ ဓာတွန် “န်”ကို ချေ (အာဟ ၊ စ္စ), ဟခွင်း, ချေ, ကပ်, သိသက်, ချေ။ [ပတိစ္စ (ပဋိစ္စ) စသည် ရုပ်ပြီးပုံကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
֍ ၇၆။ ဒိသာ သွာနသွာ.န္တ လောပေါ စ။ ။ ဒိသာ- ဒိသဓာတ်မှ၊ ပရေသံ- န်သော၊ တုနာဒီနံ- တို့၏၊ သွာနသွာ- သွာနအပြု, သွာ အပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ကုန်၏၊ အန္တလောပေါ စ- ဓာတွန်၏ ကျေခြင်းသည်လည်း၊ ဟောတိ- ၏။ ဒိသွာန, ဒိသွာ စသည်တည်း။
၇၆။ [ဒိသွာန, ဒိသွာ-မြင်၍။] ဒိသွာနကို “ဒိသ”တည်၊ “ဒိသ= ပေက္ခဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ပုဗ္ဗကာလေက စသောသုတ်ဖြင့် တုနပစ္စည်းသက်, (တွာန တွာလည်းသက်), ဒိသာ သွာန သွာန္တလောပေါ စသုတ်ဖြင့် တုနပစ္စည်းကို သွာနပြု, ဓာတွန်သ်ကိုလည်း ချေ, သိသက်, ချေ, ဒိသွာန ပြီး၏။ [ဒိသွာ၌ တုနကို သွာပြုရုံသာ။]
֍ ၇၇။ မဟဒဘေဟိ မ္မယှဇ္ဇ ဗ္ဘဒ္ဓါ စ။ ။ မဟဒဘေဟိ- မ, ဟ, ဒ, ဘ အဆုံးရှိသော ဓာတ်တို့မှ၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ တုနာဒီနံ- တုန အစရှိသော ပစ္စည်းတို့၏၊ မ္မယှဇ္ဇ ဗ္ဘဒ္ဓါ- မ္မအပြု, ယှအပြု, ဇ္ဇ အပြု, ဗ္ဘအပြု, ဒ္ဓါအပြုတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- န်၏၊ အန္တလောပေါ စ- ဓာတွန်၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အာဂမ္မ, ပဂ္ဂယှ, ဥပ္ပဇ္ဇ, အာရ ဗ္ဘ, လဒ္ဓါ စသည် တည်း။
၇၇။ မအဆုံးရှိသောဓာတ်နောင် တုနစသည်ကို မ္မပြု, ဟအဆုံးဓာတ် နောင် ယှ, ဒအဆုံးဓာတ်နောင် ဇ္ဇ, ဘအဆုံးဓာတ်နောင် ဗ္ဘ ဒ္ဓ ၂ မျိုးလုံး ပြု။ [သီဟိုဠ်မူအတိုင်း ဒ္ဓါအပြုဟု ဆိုလိုက်သည်။] အာဂမ္မ-လာ၍၊ ပဂ္ဂယှချီးမြှောက်၍၊ ဥပ္ပဇ္ဇ-ဖြစ်၍၊ အာရ ဗ္ဘ-အားထုတ်၍၊ လဒ္ဓါ-ရ၍။
အာဂမ္မကို အာပုဗ္ဗ“ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟုဆို၊ အဆုံးသရချေ, တုနပစ္စည်းသက်, မဟဒဘေဟိ မ္မယှဇ္ဇဗ္ဘဒ္ဓါ စသုတ်ဖြင့် တုနပစ္စည်းကို မ္မပြု, ဓာတွန် မ်ကိုလည်း ချေ, သိသက်, ချေ, အာဂမ္မ ပြီး၏။
ပဂ္ဂယှကို ပပုဗ္ဗ “ဂဟ”တည်၊ “ဂဟ=ဥပါဒါနေ”ဟုဆို၊ တုနပစ္စည်းကို ယှပြု၍ ဓာတွန်ဟ်ကိုလည်းချေ, ဂ်ဒွေဘော်လာ၊ ဥပ္ပဇ္ဇ “ဥပုဗ္ဗ ပဒ=ဂတိမှိ” ဟုဆို၊ တုနပစ္စည်းကို ဇ္ဇပြု၍ ဓာတွန်ဒ်ကိုလည်း ချေ, ပ်ဒွေဘော်လာ။ [ဥပ သံရှေ့ရှိရာ၌ “ဥပသမ္ပဇ္ဇ-ပြီးစေ၍ (ရ၍)”ဟု ဖြစ်၏။] အာရ ဗ္ဘ၌ “အာပုဗ္ဗ ရဘ=အာရမ္ဘေ”ဟု ဆို၊ တုနပစ္စည်းကို ဗ္ဘပြု၍ ဓာတွန်ဘ်ကို လည်း ချေ၊ လဒ္ဓါ “လဘ=လာဘေ”ဟုဆို၊ တုနပစ္စည်းကို ဒ္ဓါပြု၍ ဓာတွန် ဘ်ကိုလည်း ချေ, အားလုံးရုပ်တို့၌ သိသက်, ချေ။
֍ ၇၈။ တဒ္ဓိတသမာသကိတကာ နာမံဝါ.တဝေတုနာဒီသု စ။ ။ တဒ္ဓိတသမာသကိတကာ စ- တဒ္ဓိတ်ပစ္စည်းအဆုံးရှိသော ပုဒ်, သမာသ်ပုဒ်, ကိတ်ပစ္စည်းအဆုံးရှိသော ပုဒ်တို့ကိုလည်း၊ နာမံဝ- နာမ်ကိုကဲ့သို့၊ ဒဋ္ဌဗ္ဗာ- မှတ်ထိုက်ကုန်၏။ အတဝေတုနာ ဒီသု- တေဝ တုနစသောပစ္စည်းတို့ကြောင့် နာမ်မငဲ့ရ၊ ဝါသိဋ္ဌော, ရာဇပုတ္တော, ကုမ္ဘကာရော စသည်တည်း။
၇၈။ ဤသုတ်ကား နာမ်ငဲ့သော သုတ်တည်း၊ “နာမ်ငဲ့” ဟူသည် “နာမ်မည်၏”ဟု နာမည်ကို ညွှန်ပြခြင်း=နာမည်မှည့်ပေးခြင်းတည်း၊ တဒ္ဓိတ်, သမာသ်, ကိတ်တွေကို “နာမ်”ဟု နာမည်မှည့်ပေးသည်-ဟူလို။
ဝါသိဋ္ဌော-ဝသိဋ္ဌ၏သား(တဒ္ဓိတ်ပုဒ်)၊ ရာဇပုတ္တော-မင်းသား(သမာသ်ပုဒ်)၊ ရုပ်ကို ထိုအပိုင်းကျမှ တွက်၊ ကုမ္ဘကာရောကို ရုပ်တွက်ခဲ့ပြီ။
အတဝေတုနာဒီသု။ ။ အာဒိဖြင့် တွာန တွာ တုံပစ္စည်းများကို ယူ၊ ထိုပစ္စည်းဆုံးသောပုဒ်တို့၌ နာမ်ငဲ့ဖို့ မလို၊ နိပါတ်ပုဒ်များဖြစ်သောကြောင့် နာမ်မငဲ့ဘဲ တတော စ ဝိဘတ္တိယောသုတ်၌ စသဒ္ဒါဖြင့် ဝိဘတ်သက်နိုင် သည်၊ နာမ်ငဲ့ရကျိုးကို ရူပသိဒ္ဓိ၌ ပြထားပြီ၊ မှတ်နှင့်ရန်…
[ဆောင်] တဒ္ဓိတ် သမာသ်, ကိတ်သတ်သတ်တို့, ဒြဗ်မဟော, နာမ် သဘောနှင့်, မရောမဆီ, လိန် မမည်၍, ထိုဤဝိဘတ်, မသက်လတ်ဘူး၊ ဝိဘတ် မပါ, ဖြစ်ပြန်ပါလည်း, ပုဒ်ရာ မဝင်, သို့ဖြစ်အင်ကြောင့်, အစဉ် ဝိဘတ်, ပိဋကတ်၌, ရှိအပ်ရန်ကွဲ့, မချန်နဲ့, နာမ်ငဲ့ ရလိမ့်မည်။
֍ ၇၉။ ဒုမှိ ဂရု။ ။ ဒုမှိ- နှစ်လုံးသောအက္ခရာအပေါင်းကြောင့်၊ ပုဗ္ဗော- ရှေ့ရဿအက္ခရာသည်၊ ဂရု- ဂရု မည်၏။ ဒတွာ, ဆိတွာ, သုတွာ စသည်တည်း။
၇၉။ [ဒတွာ-ပေး၍၊ ဆိတွာ-ဖြတ်၍၊ သုတွာ-ကြား၍။] တွာ၌ တနှင့် ဝအက္ခရာ နှစ်လုံးတွဲလျက် ရှိ၏၊ ထိုကဲ့သို့ အက္ခရာနှစ်လုံးတွဲလျက် နောက်က ရှိလျှင် ရှေ့က “ဒ, ဆိ, သု”ကဲ့သို့ အက္ခရာများကို ဂရုမှတ်ပါ၊ ရွတ်ဆိုတဲ့အခါ “ဒတ်, ဆိတ်, သုတ်”ဟု ဖိနှိပ်သလိုရွတ်ပါဟု ဆိုလိုသည်။
ဒတွာကို “ဒါ”တည်၊ “ဒါ-ဒါနေ”ဟုဆို၊ တွာပစ္စည်းသက်, ကွစာဒိ မဇ္ဈုတ္တရာနံသုတ်ဖြင့် ဒါ၏ -ါ ကို ရဿပြု, သိသက်, ချေ၊ … ဆိတွာကို “ဆိဒိ”တည်၊ “ဆိဒိ-ဒွိဓာကရဏေ”ဟုဆို၊ အဆုံးသရချေ, တွာသက်, ဂမ ဓနဟနရမာဒီနမန္တောသုတ်၌ အာဒိသဒ္ဒါဖြင့် ဓာတွန်ဒ်ကို ချေ၊… သုတွာ၌ သုဓာတ်, တွာပစ္စည်း။ [ရူ၌“ဘုဇ,တွာပစ္စည်းဖြင့် ဘုတွာ”ဟု ရှိ၏၊ ဇ်ချေ၊၊]
֍ ၈၀။ ဒီဃော စ။ ။ ဒီဃော စ- ဒီဃအက္ခရာသည်လည်း၊ ဂရု- ဂရုမည်၏။ နာဝါ, နဒီ, ဝဓူ, ဒွေ, တယော စသည်တည်း။
၈၀။ နာဝါ-လှေ၊ နဒီ-မြစ်၊ ဝဓူ-ချွေးမ (မိန်းမ)၊ ဒွေ-၂ ခုတို့၊ ယော၃ ခုတို့၊ “ဝါ-ဒီ-ဓူ-ဒွေ-ယော”ဟု ဒီဃသရ ၅ လုံး အစဉ်အတိုင်း ပုံစံ တည်း၊ ရုပ်မှာ နာမ်ရုပ်များသာတည်း။ [ဆန်းကျမ်း၌ ဂရု လဟု ရွေးချယ် ရာဝယ် ဤ ၂ သုတ်အဆိုကို သတိပြုပါ။]
֍ ၈၁။ အက္ခရေဟိ ကာရ။ ။ အက္ခရေဟိ- အက္ခရာဟောသဒ္ဒါ တို့မှ နောက်၌၊ ကာရ- ကာရပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကကာရော, အကာရော စသည်တည်း။
၈၁။ “ကကာရော-ကအက္ခရာ၊ အကာရော-အ အက္ခရာ”ဤသို့ အက္ခရာ ၄၁ လုံးကို ဟောသောသဒ္ဒါနောင် ကာရပစ္စည်း သက်။
ကကာရောကို “က” တည်၊ (ဓာတ်မဟုတ်၍ ဓာတ်မမှည့်ရ)၊ အက္ခရေဟိ ကာရသုတ်ဖြင့် ကအက္ခရာနောင် ကာရပစ္စည်းသက်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ပြီး၏။ [အကာရော စသည်၌လည်း နည်းတူ၊ ဧဝကာရော၌ကား “ဧဝ+ဣတိ+ကာရော ဧဝကာရော”ဟု ကမ္မဓာရည်း ဝိဂြိုဟ်ပြု။]
֍ ၈၂။ ယထာဂမ.မိကာရော။ ။ ယထာဂမံ- ဘုရားပါဠိတော် အားလျော်စွာ၊ ဣကာရော- ဓာတ်နောင် ဣအက္ခရာလာသည်၊ ဟောတိ- ဖြစ်၏။ ဘဝိတဗ္ဗံ, ဂမိတော, လဘိတွာ စသည်တည်း။
၈၂။ ယထာဂမံ၌ အာဂမသဒ္ဒါသည် ဘုရားပါဠိကို ဟော၏၊ ဘုရားဟော ပါဠိတော်နှင့်အညီ (ဣကာရာဂမော အသဗ္ဗဓာတုကမှိသုတ် ကဲ့သို့) အစ၌ ဗျဉ်းရှိသော ကိတ် ဥဏာဒ်ပစ္စည်း နှောင်းရာ၌ ဣအက္ခရာ လာသည်၊ ရုပ်ကိုကား ထိုထိုသုတ်၌ တွက်ခဲ့ပြီ။
֍ ၈၃။ ဒဓန္တတော ယော ကွစိ။ ။ ဒဓန္တတော- ဒထွေး, ဓအောက်ခြိုက်အဆုံးရှိသော ဓာတ်မှနောက်၌၊ ယထာဂမံ- ဘုရားပါဠိတော်အားလျော်စွာ၊ ကွစိ- ၌၊ ယော- ယအက္ခရာ လာသည်၊ ဟောတိ- ၏။ ဥပ္ပဇ္ဇိတွာ, ဗုဇ္ဈိတွာ စသည်တည်း။
၈၃။ [ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊ ဗုဇ္ဈိတွာ-သိပြီး၍။] ဥပ္ပဇ္ဇိတွာကို ဥပုဗ္ဗ “ပဒ” တည်၊ “ပဒ=ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ပုဗ္ဗ ကာလေက ကတ္တုကာနံ တုနတွာနတွာ ဝါသုတ်ဖြင့် တွာပစ္စည်းသက်, ဒဓန္တတော ယော ကွစိသုတ်ဖြင့် ပဒဓာတ်နောင် ယ်လာ (ဥပဒ်ယ်တွာ), တထာ ကတ္တရိ စသုတ်ဖြင့် ဓာတွန်နှင့်တကွ ယ်ကို ဇ်ပြု, ယထာဂမ မိကာရောသုတ်ဖြင့် -ိ လာ, ဇ်ကို -ိ သို့ကပ်, ပရ ဒွေဘာဝေါ ဌာနေ သုတ်ဖြင့် သဒိသဒွေးဘော် ပ်လာ, ဇ်လည်း လာ, သိသက်, ချေ။
ဗုဇ္ဈိတွာ၌ “ဗုဓ=အဝဂမနေ”ဟုဆို၊ တွာပစ္စည်းသက်, ယ်လာ (ဗုဓ် ယ်တွာ), တထာ ကတ္တရိ စသုတ်ဖြင့် ဓာတွန် ဓနှင့်တကွ ယ် ကို ဈ် ပြု, -ိ လာ, ဈ် -ိ သို့ကပ်, အသဒိသဒွေဘော် ဇ်လာ။ [ဤရုပ်များ၌ ကတ္တား ဟော ဖြစ်၍ တဿ စဝဂ္ဂသုတ်ဖြင့် မစီရင်ဘဲ တထာ ကတ္တရိ စသုတ်ဖြင့် စီရင်သည်၊ နျာသ, ရူတို့၌ကား ဥပ္ပဇ္ဇိတွာဝယ် ယဝတံဖြင့် ဒျကို ဇ ပြုလေ သည်၊ ဤ၌ ၂ ရုပ်လုံး သဘောတူဖြစ်သောကြောင့် တထာ ကတ္တရိ စ ဖြင့်ချည်း စီရင်သည်၊ နျာသ, ရူတို့ အတိုင်းလည်း ပြီးနိုင်သည်။]
ဣတိ ကိတဗ္ဗိဓာနကပ္ပေ စတုတ္ထော, ကဏ္ဍော။ ။ ကိတဗ္ဗိဓာန ကပ္ပေ- ၌၊ စတုတ္ထော, ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။
ကိတ်စတုတ္ထခန်းပြီး၏။
֍ ၈၄။ နိဂ္ဂဟီတံ သံယောဂါဒိ နော။ ။ သံယောဂါဒိ- သံယုဂ်၌ အစဖြစ်သော၊ နော- နအက္ခရာသည်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်အဖြစ် သို့၊ အာပဇ္ဇတေ- ရောက်၏။ ရင်္ဂေါ, ဘင်္ဂေါ စသည်တည်း။
၈၄။ [ရန္ဇ၌ န္ဇသည် သံယုဂ်တည်း၊ ထို န္ဇကို သေချာစွာရေးလျှင် “န်ဇ”ဟု ရေးရမည်၊ ထို့ကြောင့် သံယောဂါဒိ (သံယုဂ်၌ အစဖြစ်သော)ဟု ဆိုသည်။] ရင်္ဂေါ-ပွဲသဘင်၊ ဘင်္ဂေါ-ပျက်စီးခြင်း (ဘင်ခဏ)။
ရုပ်တွက်။ ။ ရင်္ဂေါကို “ရန္ဇ”တည်၊ “ရန္ဇ=ရာဂေ”ဟုဆို၊ ဓာတ်မှည့်, အဆုံးသရချ, ဝိသရုဇပဒါဒိတော ဏသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ် ငဲ့, ဏ်အနုဗန်ချေ, နိဂ္ဂဟီတံ သံယောဂါဒိ နောသုတ်ဖြင့် န်ကို နိဂ္ဂဟိတ် ပြု (ရံ ဇ် ၊ ), ကဂါ စဇာနံသုတ်ဖြင့် ဇ်ကို ဂ်ပြု, ဂ်ကို ၊ သို့ ကပ်, နိဂ္ဂဟိတ်ကို ကဝဂ္ဂန္တ “င်”ပြု, င် ကို ဂသို့ ကပ်, နာမ်ငဲ့ စသည်။ [ဘင်္ဂေါကို “ဘန္ဇ”တည်၊ “သန္ဇ-အဝမဒ္ဒနေ”ဟုဆို၊ “သန္ဇ=သင်္ဂေ (ငြိကပ်ခြင်း၌)”ဟု ဆို၍ သင်္ဂေါ ကိုလည်း တွက်။]
֍ ၈၅။ သဗ္ဗတ္ထ ဂေ ဂီ။ ။ သဗ္ဗတ္ထ- အလုံးစုံသော တပစ္စည်း တိပစ္စည်းတို့ကြောင့်၊ ဂေ- ဂေ ဓာတ်သည်၊ ဂီ- ဂီ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဂီတံ, ဂီတိ စသည်တည်း။
၈၅။ “ဂါယနံ ဂီတံ” ဂါယနံ-သီဆိုခြင်း၊ ဂီတံ-သီဆိုခြင်း၊ “ဂါယိတဗ္ဗံတိ ဂီတံ - သီဆိုအပ်သော သီချင်း၊ ဂီတိ-သီဆိုခြင်း။
ရုပ်တွက်။ ။ ဂီတံကို “ဂေ”တည်၊ “ဂေ=သဒ္ဒေ”ဟု ဆို၊ ဘာကမ္မေသု တ သုတ်ဖြင့် တပစ္စည်းသက်, သဗ္ဗတ္ထ ဂေ ဂီသုတ်ဖြင့် ဂေဓာတ်ကို ဂီပြု, နာမ်ငဲ့, သိကို -ံ ပြု, ဂီတံ ပြီး၏။ [ဂီတိ၌လည်း တိပစ္စည်း သက်ရုံသာ။]
֍ ၈၆။ သဒဿ သီဒတ္တံ။ ။ သဗ္ဗတ္ထ- အလုံးစုံသော ဝိဘတ် ပစ္စည်းတို့ကြောင့်၊ သဒဿ- သဒဓာတ်၏၊ သီဒတ္တံ- သီဒ အဖြစ် သည်၊ ဟောတိ- ဖြစ်၏။ နိသိန္နော, နိသီဒတိ စသည်တည်း။
၈၆။ [နိသိန္နော-ထိုင်နေသူ၊ နိသီဒတိ-ထိုင်နေ၏။]
ရုပ်တွက်။ ။ နိသိန္နောကို နိပုဗ္ဗ “သဒ”တည်၊ “သဒ=ဝိသရဏဂတျာ ဝသာနေသု”ဟု ဆို၊ အဆုံးသရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်း သက်, သဒဿ သီဒတ္တံသုတ်ဖြင့် သဒ် ဓာတ်ကို သီဒ် ပြု, ဘိဒါဒိတော ဣန္နအန္နဤဏာ ဝါသုတ်ဖြင့် တပစ္စည်းကို -ိန္န ပြု, ဓာတွန် ဒ်ကိုလည်း ချေ, သ်ခွင်း, ချေ, ကပ် (နိသိန္န), နာမ်ငဲ့ စသည်။
֍ ၈၇။ ယဇဿ သရဿိ ဋ္ဌေ။ ။ ဋ္ဌေ- ဋ္ဌအပြုကြောင့်၊ ယဇဿ- ယဇဓာတ်၏၊ သရဿ- အစိတ်သရ၏၊ ဣ- ဣ အပြုသည်၊ ဟောတိ- ဖြစ်၏။ ယိဋ္ဌော, ယိဋ္ဌာ စသည်တည်း။
၈၇။ [ယိဋ္ဌော-ပူဇော်အပ်ပြီ၊ ယိဋ္ဌာ-ပူဇော်အပ်ကုန်ပြီ။]
ရုပ်တွက်။ ။ ယိဋ္ဌောကို “ယဇ”တည်၊ “ယဇ=ဒေဝပူဇာ သင်္ဂတိကရဏ ဒါနေသု”ဟုဆို၊ အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်း သက်, သာဒိသန္တပုစ္ဆဘန္ဇ ဟံသာဒီဟိ ဋ္ဌောသုတ်ဖြင့် ဓာတွန် ဇ်နှင့်တကွ တပစ္စည်းကို ဋ္ဌပြု (ယဋ္ဌ), ယဇဿ သရဿိဋ္ဌေသုတ်ဖြင့် ယ၏အဆုံး ၊ ကို -ိ ပြု (ယိဋ္ဌ), နာမ်ငဲ့, သိသက်, ေ-ါ ပြု, ယိဋ္ဌော ပြီး၏။ [ယိဋ္ဌာ၌ ယောသက်၍ -ါ ပြုရုံသာ။]
֍ ၈၈။ [စတုတ္ထာနမန္တာနံ ဒေါ ဓေ။ ။ ဓေ- ဓအောက်ခြိုက် အပြုကြောင့်၊ အန္တာနံ- ဓာတ်၏ အဆုံးဖြစ်ကုန်သော၊ ဟ စတုတ္ထာနံ- ဟအက္ခရာ စတုတ္ထက္ခရာတို့၏၊ ဒေါ- ဒထွေး အပြု သည်၊ ဟောတိ- ဖြစ်၏။ သန္နဒ္ဓေါ, ဝုဒ္ဓေါ, ဗုဒ္ဓေါ, လဒ္ဓေါ စသည်တည်း။
၈၈။ သန္နယှိတ္ထ-ကောင်းစွာဖွဲ့အပ်ပြီ၊ ဝါ-မြဲမြံတင်းကြပ်စွာ ဖွဲ့အပ်ပြီ၊ ဣတိ-ကြောင့်၊ သန္နဒ္ဓေါ-မည်၏၊ အဝဒ္ဓီ-ကြီးပွားပြီ၊ ဣတိ-ကြောင့်၊ ဝုဒ္ဓေါမည်၏၊ ဗုဒ္ဓေါ-သိတော်မူသောဘုရား၊ လဒ္ဓေါ-ရအပ်ပြီ။
သန္နဒ္ဓေါကို သံပုဗ္ဗ“နဟ”တည်၊ “နဟ=ဗန္ဓနေ”ဟုဆို၊ အဆုံးသရချေ, ဘာဝကမ္မေသု တသုတ်ဖြင့် တပစ္စည်းသက်, ဓဎဘဟေဟိ ဓဎာ စ သုတ်ဖြင့် တပစ္စည်းကို ဓ ပြု, ဟစတုတ္ထာနမန္တာနံ ဒေါ ဓေသုတ်ဖြင့် ဓာတွန် ဟ်ကို ဒ်ပြု, ဒ်ကို ဓသို့ ကပ်, နာမ်ငဲ့ စသည်။
ဝုဒ္ဓေါကို “ဝဒ္ဓ”တည်၊ “ဝဒ္ဓ-ဝဒ္ဓနေ”ဟု ဆို၊ အဆုံးသရချေ, တပစ္စည်း ကို ဓ ပြု, ဓာတွန်ဒ္ဓ်ကို ဒ်ပြု, ကွစိ ဓာတုသုတ်ကြီးဖြင့် ဝ၏အဆုံး ၊ ကို ု ပြု။ [ဝုဒ္ဓိ- တိုးပွားခြင်း (ဝုဒ္ဓိပြုခြင်း)၊ တိပစ္စည်း သက်၍ တိမှ တ ကို ဓ ပြု၊၊]
ဗုဒ္ဓေါကို “ဗုဓ=အဝဂမနေ”ဟု ဆို၊ ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်ဖြင့် တပစ္စည်းသက်, ဓ ပြု စသည်၊ ကုဒ္ဓေါ “ကုဓ=ကောပေ”၊ ယုဒ္ဓေါ “ယုဓ= သမ္ပဟာရေ”၊ သိဒ္ဓေါ “သိဓ=သံသိဒ္ဓိမှိ”၊ လဒ္ဓေါ “လဘ=လာဘေ” ကံဟော တပစ္စည်းသက်၊ အာရဒ္ဓေါ-အားထုတ်အပ်ပြီ၊ အာပုဗ္ဗ “ရဘ=အာရမ္ဘေ။
֍ ၈၉။ ဍော ဎကာရေ။ ။ ဎကာရေ- ဎရေမှုတ်အက္ခရာကြောင့်၊ အန္တာနံ- ဓာတ်၏ အဆုံးဖြစ်ကုန်သော၊ ဟစတုတ္ထာနံ- ဟအက္ခရာ စတုတ္ထက္ခရာတို့၏၊ ဍော- ဍရင်ကောက်အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒဍ္ဎော, ဝုဍ္ဎော စသည်တည်း။
၈၉။ ဒယှိတ္ထ-မီးလောင်အပ်ပြီ၊ ဣတိ-ထို့ကြောင့်၊ ဒဍ္ဎော-မည်၏၊ အဝုဍ္ဎိ-ကြီးရင့်ပြီ၊ ဣတိ-ထို့ကြောင့်၊ ဝုဍ္ဎော-ဝုဍ္ဎမည်၏၊ အသက်သိက္ခာ ကြီးရင့်သူ၊ (ဝုဍ္ဎိ-ကြီးရင့်ခြင်း။)
ဒဍ္ဎောကို “ဒဟ”တည်၊ “ဒဟ=ဘသ္မီကရဏေ”ဟုဆို၊ အဆုံးသရချေ, ကံဟော တပစ္စည်းသက်, ဓဎဘဟေဟိ ဓဎာ စသုတ်ဖြင့် တပစ္စည်းကို ဎ ပြု, ဍော ဎကာရေသုတ်ဖြင့် ဓာတွန် ဟ်ကို ဍ်ပြု, ဍ် ကို ဎသို့ကပ်, (ဒဍ္ဎ), နာမ်ငဲ့ စသည်။ [ဍဍ္ဎောရှိလျှင် “ဍဟ=ဒါဟေ”ဟု ဆို။]
ဝုဍ္ဎောကို “ဝဍ္ဎ”တည်၊ “ဝဍ္ဎ=ဝဍ္ဎနေ”ဟု ဆို၊ အဆုံးသရချေ, အတီတေ တတဝန္တုတာဝီသုတ်ဖြင့် တပစ္စည်းသက်, တကို ဎပြု, ဤသုတ်ဖြင့် ဓာတွန် ဎ် ကို ဍ်ပြု, ဍ်ကို ဎသို့ကပ်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဝ၏ ၊ ကို ု ပြု, နာမ်ငဲ့ စသည်။ [ဝုဍ္ဎိ၌ တိပစ္စည်း သက်ရုံသာ။]
֍ ၉၀။ ဂဟဿ ဃရ ဏေ ဝါ။ ။ ဏေ- ဏပစ္စည်းကြောင့်၊ ဂဟဿ- ဂဟဓာတ်၏၊ ဃရ- ဃရအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဃရံ, ဃရာနိ စသည်တည်း။
၉၀။ ဂဟဿ ဃရံ ဏေ ဝါဟု အချို့ ပါဌ်ရှိ၏၊ “ဃရံ-ဃရံအပြုသည်” ဟု ယုံမှားဖွယ်ရှိ၍ “ဃရ”ဟု နိဂ္ဂဟိတ်မဲ့ပါဌ်သာ ကောင်း၏၊ ဤကဲ့သို့ ဝိဘတ်မပါဘဲ ညွှန်ပြသော နေရာတွေ ဤကစ္စည်းသုတ်၌ များလှ၏၊ ဤအရာမျိုးကို “အဝိဘတ္တိကနိဒ္ဒေသ=ဝိဘတ်မပါဘဲ ညွှန်ပြအပ်သော သဒ္ဒါ”ဟု ခေါ်၏။ [ဃရံ-အိမ်(ဧကဝုစ်)၊ ဃရာနိ-အိမ်တို့ (ဗဟုဝုစ်)။] ဒဗ္ဗသမ္ဘာရံ-သစ်ဝါး အဆောက်အဦတွေကို၊ ဂဏှာတိ-ယူတတ်၏၊ ဣတိထို့ကြောင့်၊ ဃရံ-ဃရ မည်၏။
ဃရံကို “ဂဟ”တည်၊ “ဂဟ=ဥပါဒါနေ”ဟု ဆို၊ အဆုံးသရချေ, ဝိသ ရုဇပဒါဒိတော ဏသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏအနုဗန်ချေ, ဂဟဿ ဃရ ဏေ ဝါသုတ်ဖြင့် ဂဟ်ကို ဃရ်ပြု, ရ်ကို ၊ သို့ကပ်, နာမ်ငဲ့, သိကို -ံ ပြု, ဃရံ ပြီး၏။ [ဃရာနိကား စိတ္တာနိအတိုင်းတည်း။]
֍ ၉၁။ ဒဟဿ ဒေါဠံ။ ။ ဏေ- ဏပစ္စည်းကြောင့်၊ ဒဟဿ- ဒဟဓာတ်၏၊ ဒေါ- ဒထွေးသည်၊ ဠံ- ဠကြီးအဖြစ်သို့၊ ဝါ- ဝိကပ် အားဖြင့်၊ အာပဇ္ဇတေ- ရောက်၏။ ပရိဠာဟော စသည်တည်း။
၉၁။ ပရိဠာဟော - ပူလောင်ခြင်း။
ပရိဠာဟောကို ပရိပုဗ္ဗ “ဒဟ”တည်၊ “ဒဟ=ဘသ္မီကရဏေ”ဟု ဆို၊ အဆုံးသရချေ,ဘာဝေ စသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ (ပရိဒဟ် ၊ ), ဒဟဿ ဒေါ ဠံသုတ်ဖြင့် ဒကို ဠပြု, အသံယောဂန္တဿ စသောသုတ်ဖြင့်ဠ၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, ဟ်ကို ၊ သို့ကပ်, နာမ်ငဲ့ စသည်။ [ဤသုတ်က မစီရင်တဲ့အခါ “ပရိဒါဟော, ဒါဟော”ဟု ဖြစ်၏။]
֍ ၉၂။ ဓာတွန္တဿ လောပေါ ကွိမှိ။ ။ ကွိမှိ- ကွိပစ္စည်းကြောင့်၊ ဓာတွန္တဿ- ဓာတွန်ဗျဉ်း၏၊ လောပေါ- ကျေခြင်းသည်၊ ဟောတိ- ဖြစ်၏။ ဘုဇဂေါ, သင်္ခေါ စသည်တည်း။
၉၂။ ဓာတ်၏အဆုံးဗျဉ်းကို (ကွိပစ္စည်းနှောင်းရာ၌) ချေသောသုတ် တည်း၊ ဟဘုဇေန-ကိုယ်ဖြင့်၊ ဂစ္ဆတိ-သွားတတ်၏၊ ဣတိ-ကြောင့်၊ ဘုဇဂေါမည်၏၊ (မြွေ, နဂါး)၊ သုဋ္ဌု-ကောင်းစွာ၊ ခနတိ-တူးတတ်၏၊ ဣတိ-ကြောင့်၊ သင်္ခေါ-မည်၏၊ (ခရုသင်းခေါ်သော သတ္တဝါ)။]
ဘုဇဂေါကို ဘုဇသဒ္ဒူပပဒ “ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟု ဆို၊ အဆုံး သရချေ, ကွိ စသုတ်ဖြင့် ကွိပစ္စည်းသက်, ဓာတွန္တဿ လောပေါ ကွိမှိ သုတ်ဖြင့် ဓာတွန် မ်ကို ချေ, ကွိ လောပေါ စသုတ်ဖြင့် ကွိပစ္စည်းကို ချေ, နာမ်ငဲ့ စသည်။
ဥရေန ဂစ္ဆတီတိ ဥရဂေါ (ရင်ဘတ်ဖြင့် သွားတတ်သော မြွေ, နဂါး) ဥရ သဒ္ဒူပပဒ “ဂမု”တည်၊ တုရံ ဂစ္ဆတီတိ တုရဂေါ=လျင်မြန်စွာ သွားတတ် သော မြင်းသတ္တဝါ၊ တုရ သဒ္ဒူပပဒ “ဂမု”တည်၊ ဟတုရိတ တုရိတော (အလွန်လျင်မြန်စွာ)ဟု ကစ္စည်း၌ ရှိသည်ကား တုရပုဒ်၏ အနက်ကို ဖွင့်ခြင်းသာ။]
သင်္ခေါကို “သံပုဗ္ဗ ခနု=အဝဒါရဏေ”ဟု ဆို၊ ကွိပစ္စည်းသက်, ဓာတွန် န် ချေ။ [သံဟနညာယ ဝါရော ဃောသုတ်၌ ပါသော “ပရိက္ခာ”ပုဒ်လည်း ပရိသဒ္ဒူပပဒ ခနုတည်၍ ကွိပစ္စည်းဖြင့် ဤအတိုင်း တစ်နည်းပြီးနိုင်၏၊၊]
֍ ၉၃။ ဝိဒန္တေ ဥု။ ။ ကွိမှိ- ကွိပစ္စည်းကြောင့်၊ ဝိဒန္တေ- ဝိဒ ဓာတ်၏ အဆုံး၌၊ ဥု- ဥုအက္ခရာလာသည်၊ ဟောတိ- ဖြစ်၏။ လောကဝိဒူ စသည်တည်း။
၉၃။ လောကံ အဝေဒီတိ လောကဝိဒူ၊ လောကံ-ကမ္ဘာလောကကို၊ အဝေဒီ-သိတော်မူပြီ၊ ဣတိ-ထို့ကြောင့်၊ လောကဝိဒူ-မည်တော်မူ၏၊ လောကသဒ္ဒါကား တွဲဖက်ဖြစ်၍ ပါသည်, ဝိဒူသာ လိုရင်းတည်း။
ဝိဒူကို “ဝိဒ”တည်၊ ဝိဒ=ဉာဏေ”ဟုဆို၊ အဆုံးသရချေ, ကွိပစ္စည်း သက်, ဝိဒန္တေ ဥုသုတ်ဖြင့် ဝိဒဓာတ်၏ အဆုံး၌ ူ အက္ခရာလာ (ဝဒ် ူ ကွိ) ပစ္စည်းချေ, ဒ် ူ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ, ဝိဒူ ပြီး၏။ [ပုလ္လိန် ရတ္တာဒိဂိုဏ်း ဥုကာရ န္တအတိုင်း ရုပ်စဉ်။]
֍ ၉၄။ နမကရာန.မန္တာနံ နိယုတ္တတမှိ။ ။ ဣယုတ္တတမှိ- ဣ အာဂုံနှင့်ယှဉ်သောတပစ္စည်းကြောင့်၊ အန္တာနံ- ဓာတွန်ဖြစ်ကုန် သော၊ နမကရာနံ- နအက္ခရာ, မအက္ခရာ, ကအက္ခရာ, ရအက္ခရာ တို့၏၊ လောပေါ- ကျေခြင်းသည်၊ န- မဖြစ်။ ဟနိတုံ, ဂမိတော, သကိတော, သရိတွာ စသည်တည်း။
၉၄။ ဣယုတ္တတမှိ၌ “ဣ”ဟူသည် ယထာဂမမိကာရောသုတ်ဖြင့် လာသော ဣတည်း၊ တမှိ အရ တပစ္စည်းသာမက, တအက္ခရာပါသော တုံ တွာ ပစ္စည်းများကိုလည်း ယူရမည်။ [ဟနိတုံ-သတ်ခြင်းငှာ၊ ဂမိတောသွား၏၊ သကိတော-ပူဇော်အပ်၏၊ သရိတွာ-အောက်မေ့၍။]
တားမြစ်ပုံ။ ။ ဂမခနဟနရမာဒီနမန္တော-ရကာရော စသုတ်တို့၏ အစီရင်ကို တားမြစ်သောသုတ်တည်း၊ ထိုသုတ်တို့က “တပစ္စည်းနှောင်းရာ ၌ ဓာတွန် န် မ် ရ်တို့ကို ချေမည်”ဟု ဆိုသော်လည်း ဣအာဂုံမပါဘဲ တ ပစ္စည်းသက်သက် နှောင်းသော “ဂတော, ခတိ, ရတော, ကတော” တို့၌ သာ ချေပါ, ဣအာဂုံပါသော တပစ္စည်း နှောင်းရာ၌ မချေပါနှင့် ဟူလို။
ရုပ်တွက်။ ။ [နိတုံကို “ဟန”တည်၊ “ဟန=ဟိံသာဂတီသု”ဟု ဆို၊ အဆုံးသရချေ, ဣစ္ဆတ္ထေသုစသောသုတ်ဖြင့် တုံပစ္စည်းသက်, ယထာဂမ မိကာရောသုတ်ဖြင့် -ိ လာ, ဂမခနဟနရမာဒီနမန္တောသုတ်ဖြင့် ဓာတွန် န်ကို ချေသင့်သော်လည်း နမကရာနမန္တာနံ နိယုတ္တတမှိသုတ်က တားမြစ် သောကြောင့် မချေရ, န်ကို -ိသို့ကပ်, သိသက်, သဗ္ဗာသမာဝုသော သုတ်ဖြင့် သ ချေ, ဟနိတုံ ပြီး၏။
ဂမိတော၌ ဂမုဓာတ်, ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်ဖြင့် တပစ္စည်း သက်၍ ဟနိတုံ အတိုင်း ဆို၊ သရိတွာ၌ သရဓာတ်, တွာပစ္စည်း သက်, -ိ လာ၍ ရကာရော စသုတ်ဖြင့် ဓာတွန် ရ် ကို ချေသင့်သော်လည်းဟု ဆိုရုံသာ။
သကိတောကို “သက”တည်၊ “သက=ပူဇာယံ”ဟုဆို၊ အဆုံးသရချေ, ကံဟော တပစ္စည်းသက်, -ိ အာဂုံလာ (သက်-ိ တ), သုသပစသကတော က္ခက္ကာ စသုတ်ဖြင့် တပစ္စည်းကို က္က ပြု၍ ဓာတွန် က်ကို ချေသင့်သော် လည်း နမကရာနမန္တာနံ နိယုတ္တတမှိသုတ်က တားမြစ်သောကြောင့် မချေရ, က်ကို -ိသို့ ကပ်, နာမ်ငဲ့ စသည်။
֍ ၉၅။ န ကဂတ္တံ စဇာ ဏွုမှိ။ ။ ဏွုမှိ- ဏွုပစ္စည်းကြောင့်၊ စဇာ- ဓာတွန်စအက္ခရာ, ဇအက္ခရာတို့သည်၊ ကဂတ္တံ- ကအဖြစ်, ဂအဖြစ် သို့၊ န- မရောက်ကုန်။ ပါစကော, ယာဇကော စသည်တည်း။
၉၅။ ဤသုတ်ကား ကဂါ စဇာနံနှင့် (ဥဏာဒ်၌လာသော သစဇာနံ ကဂါ ဏာနုဗန္ဓေ)သုတ်၏ အစီအရင်ကို တားမြစ်သော သုတ်တည်း၊ ထို သုတ်တို့က “ဏအနုဗန်ရှိသော ပစ္စည်းနှောင်းရာ၌ ဓာတွန် စ ဇတို့ကို က ဂ ပြုမည်”ဆိုသော်လည်း ဏွုပစ္စည်းနှောင်းရာ၌ (ဏွု၌ ဏ်အနုဗန် ပါစေကာမူ) ဓာတန် စ ဇ တို့ကို က ဂ မပြုပါနှင့် ဟူလို။ [ပါစကောချက်တတ်သူ၊ ယာဇကော-ပူဇော်တတ်သူ။]
ရုပ်တွက်။ ။ ပါစကောကို “ပစ”တည်၊ “ပစ=ပါကေ”ဟုဆို၊ အဆုံးသရ ချေ, သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် ဏွုပစ္စည်းသက်, ကာရိတ်မှည့်, ဏ်အနုဗန်ချေ, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် ဓာတွန် စကို က်ပြုသင့်သော်လည်း န ကဂတ္တံ စဇာ ဏွုမှိသုတ်က တားမြစ်သော ကြောင့် မပြုရ, အနကာ ယုဏွုနံသုတ်ဖြင့် ဏွုကို ၊ ကပြု, စ်ကို ၊ သို့ ကပ်, နာမ်ငဲ့ စသည်။
ယာဇကောကို “ယဇ”တည်း၊ “ယဇ=ဒေဝပူဇာ သင်္ဂတိ ကရဏဒါနေသု” ဟုဆို၊ ကဂါစဇာနံသုတ်ဖြင့် ဓာတွန် ဇ်ကို ဂ်ပြုသင့် သော်လည်းဟု ဆိုရုံသာ။
֍ ၉၆။ ကရဿ စ တတ္တံ တုသ္မိံ။ ။ တုသ္မိံ- တု ပစ္စည်းကြောင့်၊ ကရဿ စ- ကရဓာတ်၏အဆုံး ရအက္ခရာ၏လည်း၊ တတ္တံ- တ အဖြစ်သည်၊ ဟောတိ- ဖြစ်၏။ ကတ္တာ, ဘတ္တာ စသည်တည်း။
၉၆။ ကရဿ စ၌ စသဒ္ဒါဖြင့် ဘရ စသောဓာတ်ကို ဆည်းယူသည်။ ကတ္တာ-ပြုတတ်သူ၊ ဘတ္တာ-ဆောင်ရွက်တတ်သူ=အရှင်သခင် လင်။
ကတ္တာကို “ကရ”တည်၊ “ကရ=ကရဏေ”ဟု ဆို၊ အဆုံးသရချေ, သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် တုပစ္စည်းသက်, ကရဿ စ တတ္တံ တုသ္မိံသုတ်ဖြင့် ဓာတွန် ရ်ကို တ်ပြု, တ်ကို တုသို့ကပ်, နာမ်ငဲ့, သိသက်, သတ္ထုပိတာဒီနမာ သိသ္မိံ သိလောပေါ စသုတ်ဖြင့် တ္ထု ၏ အဆုံး ု ကို -ါ ပြု, သိကိုလည်းချေ, ကတ္တာ ပြီး၏။ [“ဘရ=ဘရဏေ”ဟု ဆို၍ ဘတ္တာကို ရုပ်တွက်။]
֍ ၉၇။ တုံတုနတဗ္ဗေသု ဝါ။ ။ တုံတုနတဗ္ဗေသု- တုံပစ္စည်း, တုနပစ္စည်း, တဗ္ဗပစ္စည်းတို့ကြောင့်၊ ကရဿ- ကရဓာတ်၏အဆုံး ရအက္ခရာ၏၊ တတ္တံ- တအဖြစ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ။ ကတ္တုံ, ကတ္တုန, ကတ္တဗ္ဗံ စသည်တည်း။
၉၇။ ဓာတွန် ရ်ကို ဝိကပ် တ ပြုရမည်”ဟု ဤသုတ်က ဆိုသော ကြောင့် ရှေ့သုတ်က ကရဓာတ်၏ ဓာတွန် ရ်ကို အမြဲ တပြုရာ ရောက် သည်၊ ဟကတ္တုံ-ပြုခြင်းငှာ၊ ကတ္တုန-ပြုပြီး၍၊ ကတ္တဗ္ဗံ-ပြုရာ၏၊] ဤသုတ်က မစီရင်သည့်အခါ တဝေတုနာဒီသု ကာသုတ်က စီရင်၍ ကာတုံ, ကာတုန, ကာတဗ္ဗံ”ဟု ဖြစ်၏။
ကတ္တုံကို“ကရ”တည်၊ ဓာတ်မှည့်, အဆုံးသရချေ, ဣစ္ဆတ္ထေသု သမာန ကတ္တုကေသု တဝေတုံ ဝါသုတ်ဖြင့် တုံပစ္စည်းသက်, တုံတုနတဗ္ဗေသု ဝါ သုတ်ဖြင့် ဓာတွန် ရ်ကို တ်ပြု, တ်ကို တုံသို့ကပ်, သဝိဘတ်သက်, သဗ္ဗာသ မာဝုသောသုတ်ဖြင့် ချေ။ [ကတ္တုန၌ တုနပစ္စည်းသက်၊ ကတ္တဗ္ဗံ၌ တဗ္ဗ ပစ္စည်း သက်ရုံသာ။]
֍ ၉၈။ ကာရိတံ ဝိယ ဏာ.နုဗန္ဓော။ ။ ဏာ.နုဗန္ဓော- ဏ အနုဗန်ရှိသော ပစ္စည်းကို၊ ကာရိတံ ဝိယ- ကာရိတ်ပစ္စည်းကို ကဲ့သို့၊ ဒဋ္ဌဗ္ဗော- မှတ်အပ်၏။ ဒါဟော စသည်တည်း။
၉၈။ ဤသုတ်ကား ဏ်အနုဗန်ပါသော ဏ ဏွု ဏီ ပစ္စည်းများကို ဓာတူဟိ ဏေဏယဏာပေဏာပယသုတ်က ပစ္စည်းများကဲ့သို့ ကာရိတ် အမည် မှည့်သော သုတ်တည်း၊ ကာရိတ်အမည်မှည့်သော်လည်း မုချကာရိတ်များကဲ့သို့ “ပြုစေ၏, ပေးစေ၏” စသည်ဖြင့် “စေ”ဟူသော အနက်ကို မဟောနိုင်၊ အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေ စသောသုတ်များ ဖြင့် စီရင်နိုင်ခြင်း အကျိုးငှာသာ “ကာရိတ်”ဟု နာမည် မှည့်ရသည်၊ ကာရိတာနံ ဏော လောပံသုတ်ကို ပြန်ကြည့်၊ ဒါဟော=ပူလောင်ခြင်း၊ ရုပ်တွက်ပုံကို ဆိုင်ရာသုတ်များ၌ ပြခဲ့ပြီ။
֍ ၉၉။ အန.ကာ ယုဏွုနံ။ ။ ယုဏွုနံ- ယုပစ္စည်း, ဏွုပစ္စည်း တို့၏၊ အန.ကာ- အစဉ်အတိုင်း အန အပြု, အက အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ နန္ဒနံ, ကာရကော စသည်တည်း။
၉၉။ ယုပစ္စည်းကို အန, ဏွုပစ္စည်းကို အက ပြုသောသုတ်တည်၊ ရုပ်များကို တွေ့ခဲ့လှပြီ၊ နန္ဒနံ-နှစ်သက်ခြင်း၊ ကာရကော-ပြုတတ်သူ။
֍ ၁၀၀။ ကဂါ စဇာနံ။ ။ ဏာနုဗန္ဓေ- ဏအနုဗန်ရှိသော ပစ္စည်း ကြောင့်၊ စဇာနံ- ဓာတွန်စအက္ခရာ, ဇအက္ခရာတို့၏၊ ကဂါ- အစဉ်အတိုင်း က အပြု, ဂ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပါကော, ယောဂေါ စသည်တည်း။
၁၀၀။ ပါကော=ကျက်ခြင်း (ပစဓာတ်, ဏပစ္စည်း)၊ ယောဂေါ-ယှဉ်ခြင်း, အားထုတ်ခြင်း (ယုဇဓာတ်, ဏပစ္စည်း)၊ ဆိုင်ရာရုပ်တွေ တွေ့ခဲ့လှပြီ။
ဣတိ ကိတဗ္ဗိဓာနကပ္ပေ ပဉ္စမော ကဏ္ဍော။ ။ ကိတဗ္ဗိဓာန ကပ္ပေ- ၌၊ ပဉ္စမော- ငါးခန်းမြောက်ဖြစ်သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။
ကိတ်သုတ်နက်နှင့် ရုပ်တွက်အဓိပ္ပာယ်ပြီးပြီ။
အမှာ။ ။ ဥဏာဒ်ပိုင်းလာပုဒ်များသည် ဓာတ်နောက် ပစ္စည်းသက်၍ ပြီးရသောကြောင့် ကိတ်ပုဒ်များနှင့် အသွားတူလျက်ရှိ၏၊ ထို့ကြောင့် ကိတ်ပိုင်းအပြီးတွင် ဥဏာဒ်ပိုင်းကို လေ့လာမှ သာ၍ လွယ်ကူဖွယ်ရှိ၏၊ သို့ဖြစ်၍ ကိတ်ပိုင်းအခြားမဲ့၌ ဥဏာဒ်ပိုင်းကို ဆက်၍ လေ့လာကြပါလေ။
ဥဏာဒ်အချီ
ဥဏာဒ်ခေါ်ပုံ။ ။ သက္ကတကျမ်းအချို့၌ ဥဏာဒ်ပိုင်း သီးခြားပါရှိ၏၊ ထိုဥဏာဒ်ပိုင်း၌ ဥဏ်ပစ္စည်းကို အစဆုံး ပြလျက်ရှိသည်၊ ဥဏ်အာဒိ ယေသံတိ ဥဏာဒယော၊ ယေသံ-အကြင်ပစ္စည်းတို့၏၊ ဥဏ်-ဥဏ်ပစ္စည်း ဟူသော၊ အာဒိ-အစသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တေ-ထိုပစ္စည်း တို့သည်၊ ဥဏာဒယော-ဥဏာဒိတို့ မည်၏။ [ဥဏ် + အာဒိ မှ ဏ် ကို အာသို့ ကပ်၍ ဥဏာဒိ ပြီး၏၊ ထိုဥဏာဒိပစ္စည်းများကို ပြရာအပိုင်းသည် “ဥဏာဒ်ပိုင်း” မည်၏။]
ဤမာဂဓသဒ္ဒါကျမ်း၌ကား ဝုတ္တိတွင် ဏုပစ္စည်းအတွက် ကာရုကို ဦးစွာ ပြလျက် ရှိ၏၊ သို့သော် ဥဏာဒ် ဟူသော နာမည်မှာ ဝုတ္တိဆရာ၏ လက်ထက်မှ ရသော နာမည် မဟုတ်, သုတ်တည်သော ဆရာ၏ လက်ထက်ကပင် ရခဲ့သော နာမည်တည်း၊ သုတ်စဉ်၌ ဥဏ်ပစ္စည်းကို လည်းကောင်း, ဏုပစ္စည်းကိုလည်းကောင်း အစဆုံး ပြလျက် မရှိချေ၊ ထိုသို့ ဥဏ်ပစ္စည်း ဏုပစ္စည်းကို အစဆုံး မပြသော်လည်း သက္ကတ ဥဏာဒိ ကဏ္ဍလာ ပစ္စည်းများကို သင့်သလို ပြသော အပိုင်းဖြစ်၍ သက္ကတ နာမည်ကို ယူလျက် သဒိသူပစာရအားဖြင့် ဥဏာဒိကဏ္ဍဟု ခေါ်ရသည်။
[ဆောင်] သက္ကတအလို, ဥဏာဒ်ဆိုလျက်, ဥဏ်ကိုအစ, ဧကန်ပြ၏၊ မာဂဓမှု, ဤကျမ်းရှုသော်, ဥဏ် ဏုပစ္စဲ, မစဘဲနှင့်, နဲသက္ကတတ်, နာမည်ကပ်၍, ဥဏာဒ်ဟုပင်, အခေါ်တွင် သည်, မြော်မြင်သူတို့ မှတ်ဖွယ်ကို့။
မှတ်ချက်။ ။ ဤဥဏာဒ်ပိုင်းကို အရှင်မဟာကစ္စည်းထေရ်ပင် စီရင်သည်ဟု ကစ္စည်းဋီကာများနှင့် ဆရာ အဆက်ဆက်တို့ မှတ်ယူကြ ကုန်၏၊ “သို့သော် ဥဏာဒ်ပိုင်းတွင် ကိတ်နှင့်ထပ်တူပစ္စည်းတွေ များစွာ ပါနေသောကြောင့်လည်းကောင်း, သုတ်အနေအထားလည်း ရှေ့အပိုင်း များလောက် မသန့်ရှင်းသောကြောင့်လည်းကောင်း အခြားဆရာတစ်ပါး စီရင်အပ်သော အပိုင်းသာ ဖြစ်ထိုက်သည်”ဟု ဆရာမြတ်တို့ ဆုံးဖြတ် တော်မူကြသည်။
ဥဏာဒ်သုတ်နက်
သုတ်အဓိပ္ပာယ်နှင့်ရုပ်တွက်ပုံ
֍ ၁။ ကတ္တရိ ကိတ်။ ။ ကတ္တရိ- ကတ္တားအနက်၌၊ ကိတ်- ကိတ် ပစ္စည်းသည်၊ ဟောတိ- ၏။ ကာရု, ကာရုကော စသည်တည်း။
၁။ “ကိစ္စပစ္စည်းမှတစ်ပါး ဏ တ အစရှိသော ကိတ်ပစ္စည်းများသည် ကတ္တားအနက်၌ သက်၏”ဟု သတ်မှတ်ပေးသော နိယမသုတ်တစ်မျိုး တည်း၊ ဤသို့ သတ်မှတ်ရာ၌ ကိတ်ပစ္စည်းအားလုံးကို မယူနိုင်၊ ဘာ၀ ကမ္မေသု တ, ကတ္တုကရဏပဒေသေသု စ စသည်ဖြင့် သူ့သာဓနနှင့်သူ သတ်မှတ်ပြီးသား ပစ္စည်းများကိုကား ချွင်းချန်ထားရသည်။ [ကရောတီတိ ကာရု၊ ကရောတိ-ပြုတတ်၏၊ ဣတိ-ထို့ကြောင့်၊ ကာရု-ကာရု မည်၏၊ (အလုပ်သမား, လယ်သမား စသည်ကို ရ၏။)]
ကာရုကို “ကရ”တည်၊ “ကရ=ကရဏေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ၊ ကာလေ ဝတ္တမာနာ.တီတေ ဏွာဒယောသုတ်ဖြင့် ဏု ပစ္စည်းသက်, ကာရိတံ ဝိယ ဏာနုဗန္ဓောသုတ်ဖြင့် ဏုပစ္စည်းကို ကာရိတ် မှည့်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် က၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, ရ်ကို ု သို့ ကပ် (ကာရု), နာမ်ငဲ့, သိချေ, ကာရု ပြီး၏၊ (ဘိက္ခုကဲ့သို့ ရုပ်စဉ်)။ [ကာရုကောကို ဟနတျာဒီနံ ဏုကောသုတ်၌ ပြခဲ့ပြီ။]
֍ ၂။ ဘာဝကမ္မေသု ကိစ္စက္တခတ္ထာ။ ။ ဘာဝကမ္မေသု- ဘော အနက်, ကံအနက်တို့၌၊ ကိစ္စက္တခတ္ထာ- ကိစ္စပစ္စည်း, က္တပစ္စည်း, ခပစ္စည်းတို့၏အနက်သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပေသာတိသဂ္ဂ ပတ္တကာလေသု ကိစ္စာသုတ်, ဘျာဒီဟိ မတိဗုဓိပူဇာဒီဟိ စ က္တော သုတ်, ဤသံဒုသုဟိ ခသုတ်တို့၌ ပါသော ပြယုဂ်များပင်တည်း။
၂။ ဤသုတ်လည်း ပစ္စည်းသက်သောသုတ်မဟုတ်၊ “ကိစ္စပစ္စည်းများ၏ အနက်, က္တပစ္စည်းများ၏ အနက်, ခပစ္စည်း၏ အနက်သည် ဘော ကံအနက်၌ ဖြစ်၏ဟု သတ်မှတ်ပြသော နိယမသုတ်ပင်တည်း၊ သုတ် ၄ မျိုး တွင်းသွင်းလျှင် ပရိဘာသာသုတ်ပင် ဖြစ်သည်။
ကိစ္စတ္ထ။ ။ ခတ္ထာမှ အတ္ထသဒ္ဒါကို ရှေ့ပုဒ်များသို့ လိုက်စေ၍ ကိစ္စတ္ထ, က္တတ္ထ, ခတ္ထဟု ခွဲထားပါ၊ ထိုတွင် ကိစ္စပစ္စည်းဟူသည် “တဗ္ဗ, အနီယ, ဏျ, တေယျ, ရိစ္စ”တို့တည်း၊ ကိစ္စတ္ထ (ကိစ္စပစ္စည်း၏အနက်)ဟူသည် “ပေသာတိသဂ္ဂပတ္တကာလေသု ကိစ္စာအရ ပေသအနက်, အတိသဂ္ဂ အနက်, ပတ္တကာလအနက်များတည်း။
က္တတ္ထ။ ။ က္တပစ္စည်းဟူသည် တျာဒီဟိ မတိဗုဓိပူဇာဒီဟိ စ က္တော သုတ်ဖြင့် သက်သောပစ္စည်းတည်း၊ က္တတ္ထ (က္တ၏အနက်)ဟူသည် ထိုသုတ်၌ ပြအပ်သော ဘီအစရှိသော ဓာတ်, မနဓာတ်, ဗုဓဓာတ်, ပူဇ ဓာတ် စသည်တို့၏ အနက်ပင်တည်း။ [က္တပစ္စည်းသည် ဘော ကံအနက်၌ သက်သော်လည်း ထိုဓာတ်များနောင် သက်ရသဖြင့် ထိုဓာတ်၏ အနက် များကိုလည်း ဟောရာရောက်သည်။]
ခတ္ထ။ ။ ခပစ္စည်းဟူသည် ဤသံဒုသုဟိ ခသုတ်ဖြင့် သက်သောပစ္စည်း တည်း၊ ခတ္ထဟူသည် ဤသံနိပါတ်, ဒု သု ဥပသာရပုဒ်တို့၏ အနက်တည်း။ [ထိုပုဒ်တို့နှင့် တွဲဖက်ဓာတ်နောက် သက်ရသဖြင့် ထိုဤသံ ဒု သုပုဒ်တို့၏ အနက်ကိုလည်း ခ ပစ္စည်းက ဟောရာရောက်သည် ဟူလို၊ က္ခတ္ထာဟု ပါဌ်ရှိသည်မှာ မကောင်း၊ သက္ကတ၌ ခလတ္ထာဟု ရှိသည်။]
֍ ၃။ ကမ္မနိ ဒုတိယာယံ က္တော။ ။ ကမ္မနိ- အဝုတ္တကံအနက်၌၊ ဒုတိယာယံ- ဒုတိယာဝိဘတ် ရှိလတ်သော်၊ ကတ္တရိ- ကတ္တား အနက်၌၊ က္တော- က္တပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဒါနံ ဒိန္နော, သီလံ ရက္ခိတော စသည်တည်း။
၃။ ဤသုတ်ကား “ဒါနံ ဒိန္နော ဒေဝဒတ္တော”ကဲ့သို့ ပါဠိစီသည့်အခါ ဒါနံဟူသော ကံ၌ ဒုတိယာဝိဘတ် ရှိနေလျှင် ဒိန္နောကဲ့သို့သော ကြိယာ၌ က္တပစ္စည်းသက်သောသုတ်တည်း၊ ထို က္တပစ္စည်းသည် ကံကို မဟောရ, ကတ္တားဟောသာ ဖြစ်သင့်သောကြောင့် ကတ္တရိ ကိတ်သုတ်မှ ကတ္တရိသဒ္ဒါ လိုက်လာစေရသည်။
ဒိန္နောကို “ဒါ”တည်၊ “ဒါ=ဒါနေ”ဟူသော အနက်၌ ဓာတ်မှည့်, ကမ္မနိ ဒုတိယာယံ က္တောသုတ်ဖြင့် က္တပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် က် အနုဗန်ကို ချေ, ဘိဒါဒိတော ဣန္နအန္န ဤဏာ ဝါသုတ်ဖြင့် တပစ္စည်း ကို -ိ န္နပြု, ဒ်ခွင်း, -ါ ချေ, ဒ်ကို -ိ သို့ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, န္နခွင်း, ချေ, ကပ်, ဒိန္နော ပြီး၏။ [ရက္ခိတော၌ ရက္ခဓာတ် “ရက္ခ=ပါလနေ စသည်ဆိုလေ၊ ဤသုတ်မရှိသော်လည်း အတီတေ တတဝန္တုတာဝီသုတ်, ဗုဓဂမာဒိတ္ထေ ကတ္တရိသုတ်များဖြင့် တပစ္စည်းသက်၍ ရုပ်ပြီးနိုင်၏။]
֍ ၄။ ချာဒီဟိ မန်, မ စ တော ဝါ။ ။ ချာဒီဟိ- ခီအစရှိသော ဓာတ်တို့မှ နောက်၌၊ မန်- မန်ပစ္စည်းသည်၊ ဟောတိ- ၏၊ မ စ- မ၏လည်း၊ တော- တအပြုသည်၊ ဝါ- ပိုင်းခြားသောအားဖြင့်၊ ဟောတိ- ၏။ ခေမော, ဘီမော, အတ္တာ စသည်တည်း။
၄။ ချာဒိကို “ခီ+အာဒိ”ဟု ပုဒ်ဖြတ်၍ အာဒိဖြင့် ဘီ, သု, ရု, ဟု, ဝါ, ဓူ, ဟိ, လူ, ပီ, အဒ ဓာတ်များကို ယူ၊ ထိုဓာတ်များနောင် မန်ပစ္စည်းသက်၏၊ မ၏ တအပြုကိုကား ဝါသဒ္ဒါက ပိုင်းခြားသောကြောင့် အဒဓာတ် နောက် ၌သာ ပြုရသည်။
[ဆောင်]၁။ ဘီနှင့် သု ရု, ဟု ဝါ ဓူ, ဟိ လူ ပီ အဒ။၂။ ချာဒီဟိ, သုတ်အာဒိ, ရုပ်ရှိ စုံအောင်ပြ။
၃။ အဒနောက်ရှု, မ တ ပြု, ဝါမှု မှတ်ချက်ချ။
(ခီ ) ခေမော - ဘေးရန်ခပ်သိမ်း ကုန်ငြိမ်းရာနိဗ္ဗာန်။
(ဘီ) ဘီမော (ဘေမော)-ကြောက်ဖွယ်။
(သု) သောမော - လ။
(ရု ) ရောမော - အမွေး။
(ဟု) ဟောမော - ပူဇော်အပ်သောယဇ်။
(ဝါ) ဝါမော - လက်ဝဲဘက်။
(အဒ)အတ္တာ - ကိုယ်။ ဝါ-တိတ္ထိတို့ ကြံဆအပ်သော အတ္တ။
(ဓူ ) ဓူမော - မီးခိုး။
(ဟိ) ဟေမော - အရွှေ။
(လူ) လောမော (လောမံ) - အမွေး။
(ပီ ) ပေမော - ချစ်ခြင်း။
ရုပ်တွက်။ ။ ခေမောကို “ခီ”တည်၊ “ခီ=ခယေ”ဟူသောအနက်၌ ဓာတ်မှည့်, ချာဒီဟိ မန် မ စ တော ဝါသုတ်ဖြင့် မန်ပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် န်အနုဗန်ကို ချေ, အညေသု စသုတ်ဖြင့် ခီ၏ အစိတ် -ီကို ေ-ဝုဒ္ဓိပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ခေမော ပြီး၏။
အတ္တာကို “အဒ”တည်၊ “အဒ=ဘက္ခနေ”ဟု ဓာတ်နက်ဆို၊ ချာဒီဟိ မန် မ စ တော ဝါသုတ်ဖြင့် မန်ပစ္စည်းသက်၍ မကို တပြု, ဒေါ ဓဿ စ သုတ်၌ စသဒ္ဒါဖြင့် ဒ်ကို တ်ပြု, တသို့ကပ်, ကွစိ ဓာတုသုတ်ကြီးဖြင့် န် အနုဗန်ကို ချေ, နာမ်ငဲ့, သိသက်, သျာ စသုတ်ဖြင့် သိကို -ါ ပြု, တ္တ်ခွင်း, ချေ, ကပ်, အတ္တာ ပြီး၏။
အာတုမာ၌ကား အဒဓာတ်, မန်ပစ္စည်း ဟမကို တမပြုရ, ဝါမြစ်သည်၊၊] (အတ်မ), ကွစိ ဓာတုသုတ်ကြီးဖြင့် အ ကို အာပြု၍ တနောင် ု လည်း လာပြီးလျှင် အနုဗန်ကိုလည်း ချေ, နာမ်ငဲ့, သိသက်, -ါ ပြုလေ။
֍ ၅။ သမာဒီဟိ ထ,မာ။ ။ သမာဒီဟိ- သမ အစရှိသော ဓာတ်တို့မှ နောက်၌၊ ထ,မာ- ထပစ္စည်း, မပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ သမထော, ဒုမော စသည်တည်း။
၁၃။ သမာဒီဟိ၌ အာဒိဖြင့် ဒမ စသော ဓာတ်များကို ယူ။ [ဆောင်] ဒမ ဒရ, ရဟ-သပါ, ဝသာနှင့် ယု, ဒု ဟိ သိ ဒါ, သာ ထာ တစ်ဝ, ဘသ ဗဟာ, ဥသုမာ, သမာဒီဟိသုတ်။
(သမ)သမထော-ငြိမ်းစေတတ်သောသမာဓိ၊ (ဒမ)ဒမထော-ဆုံးမခြင်း၊ (ဒရ) ဒရထော-ပူလောင်ခြင်း၊ ဂ၇၏ရဟ) ရထော-ရထား၊ (သပ) သပထော-ကျိန်စာဆိုခြင်း၊ (အာပုဗ္ဗ ဝသ) အာဝသထော-နေရာအိမ်၊ (ယု) ယူထော-အပေါင်း၊ ဟယု၏အဆုံး ု ကို သုတ်ကြီးဖြင့် ူ ပြု၊] (ဒု) ဒုမောသစ်ပင်၊ (ဟိ) ဟိမော-ဆီးနှင်း၊ (သိ) သီမာ-သိမ်၊ ဟသုတ်ကြီးဖြင့် သိ၌ -ိ ကို -ီ ဒီဃပြု၊] (ဒါ) ဒါမော-ပန်းဆိုင်း၊ (သာ) သာမော-ရွှေအဆင်း၊ (ထာ) ထာမော-အားအစွမ်း၊ ဟရူပသိဒ္ဓိ၌ တကို ဓပြု၍ ဓာမော ဟု ရှိ၏၊] (ဘသ) ဘသ္မာ-ပြာ၊ (ဗဟ) ဗြဟ္မာ-ဗြဟ္မာ၊ ဟဗကို သုတ်ကြီးဖြင့် ဗြပြု၊] (ဥသ) ဥသ္မာ-အငွေ့။ [ဘသ္မာစသော ၃ ပုဒ်သည် ရာဇာဒိဂိုဏ်းတည်း။]
သမထောကို “သမ”တည်၊ “သမ=ဥပသမေ”ဟူသော အနက်၌ ဓာတ် မှည့်, ဓာတုဿန္တော လောပေါနေကဿရဿသုတ်၌ လိုက်လာသော ကွစိသဒ္ဒါကြောင့် အဆုံးသရကို မချေရ, သမာဒီဟိ ထ,မာသုတ်ဖြင့် ထ ပစ္စည်း သက်, နာမ်ငဲ့, သိကို ေ-ါ ပြု, သမထော ပြီး၏။
အမှာ။ ။ အဆုံးသရကို ချေလျှင် “မ်”ကပ်ဖို့ရာသရ မရှိသော ကြောင့် ဓာတ်အဆုံးသရကို မချေရ၊ ဒမထော စသည်၌လည်း နည်းတူ၊ ရထောစသည်၌ကား ဟ၏အဆုံး အကို ချေသော်လည်း အပြစ်မရှိ၍ချေ။
ဒုမောကို “ဒု”တည်၊ “ဒု=ဂတိမှိ” ဟူသောအနက်၌ ဓာတ်မှည့်, သမာ ဒီဟိ ထ,မာသုတ်ဖြင့် မပစ္စည်းသက်, နာမ်ငဲ့, သိကို ေ-ါ ပြု, ဒုမော ပြီး၏။
֍ ၆။ ဂဟဿု.ပဓဿေ ဝါ။ ။ ဂဟဿ- ဂဟဓာတ်၏၊ ဥပဓဿ- ဥပဓာမည်သော အက္ခရာ၏ အဆုံးအ၏၊ ဧ- ဧ အပြု သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဂေဟံ စသည်တည်း။
၆။ [ဂေဟံ-အိမ်။] ဥပဓာဟူသည် သက္ကတကျမ်း၌ သုံးစွဲအပ်သော နာမည် တစ်မျိုးတည်း၊ အက္ခရာ ၂ လုံးရှိရာ၌ အဆုံးအက္ခရာ၏ ရှေ့ အက္ခရာဖြစ်သော သရကို “ဥပဓာ”ဟု ခေါ်သည်။
[ဆောင်] အဆုံးဝဏ္ဏ, ရှေ့အစက, ပြသည့်ထိုထို, အက္ခရာကို, ခေါ်ဆို ဥပဓာ။
ဂေဟံကို “ဂဟ”တည်၊ “ဂဟ=ဥပါဒါနေ”ဟူသော အနက်၌ဓာတ်မှည့်, အဆုံးသရချေ, သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် ၊ ပစ္စည်းသက်, ပရ သမညာ ပယောဂေသုတ်ဖြင့် ဂ ၏ အ သရကို ဥပဓာ အမည်မှည့်, ဂဟဿုပဓဿေ ဝါသုတ်ဖြင့် ဥပဓာမည်သော သရကို ေ- ပြု, ဟ်ကို ၊ သို့ ကပ်, နာမ်ငဲ့, သိသက်, -ံ ပြု, ဂေဟံ ပြီး၏။
֍ ၇။ မသုဿ သုဿ စ္ဆရစ္ဆေရာ။ ။ မသုဿ- မသုဓာတ်၏၊ သုဿ- သုအက္ခရာ၏၊ စ္ဆရစ္ဆေရာ- စ္ဆရအပြု, စ္ဆေရအပြုတို့သည်၊ ဟောန္တိ- ကုန်၏။ မစ္ဆရော, မစ္ဆေရော ဟူသည်တည်း။
၇။ မစ္ဆရော, မစ္ဆေရော-ဝန်တိုခြင်း, ဝန်တိုသူ။
မစ္ဆရောကို “မသု”တည်၊ “မသု=မစ္ဆရေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကွိပစ္စည်းသက်, မသုဿ သုဿ စ္ဆရစ္ဆေရာသုတ်ဖြင့် မသု ဓာတ်၏ သုကို စ္ဆရပြု, ကွိ လောပေါ စသုတ်ဖြင့် ကွိပစ္စည်းကို ချေ, နာမ်ငဲ့, သိသက်, ေ-ါ ပြု, မစ္ဆရော ပြီး၏။ [မစ္ဆေရော၌ စ္ဆေရ ပြုရုံသာ၊ နျာသ၌ မသုဓာတ် မကြံဘဲ အနိပ္ဖန္နပါဋိပဒိကဟု တစ်နည်း ကြံလေ သေး၏၊ အနိပ္ဖန္န=ဓာတ် ပစ္စည်းတို့ဖြင့် ပြီးစေအပ်သည် မဟုတ်သော+ ပါဋိပဒိက=နာမ်ပုဒ် (ရုဠှီပုဒ်ဟု ခေါ်သည်)။]
֍ ၈။ အာပုဗ္ဗစရဿ စ။ ။ အာပုဗ္ဗစရဿ- အာရှေးရှိသော စရဓာတ်၏၊ စ္ဆရစ္ဆေရာ စ- စ္ဆရအပြု, စ္ဆေရအပြုတို့သည်လည်း၊ ဟောန္တိ- ကုန်၏။ အစ္ဆရံ အစ္ဆေရံ ဟူသည်တည်း။ စသဒ္ဒါဖြင့် စ္ဆရိယ အပြုကို ဆည်း၍ အစ္ဆရိယံ ဟုလည်း ဖြစ်၏။
၈။ အစ္ဆရံ, အစ္ဆေရံ, အစ္ဆရိယံ-လွန်စွာဖြစ်ခြင်း၊ ဝါ-အံ့သြဖွယ်၊ အာ သဒ္ဒါသည် “အလွန်”ဟူသောအနက်ကို ဟော၏၊ စရဓာတ်သည် ဖြစ်ခြင်း အနက်ကို ဟော၏၊ လွန်စွာဖြစ်ခြင်းဟူသည် ဖြစ်ရိုးဖြစ်စဉ်ထက် ထူးကဲ သော အံ့သြဖွယ်တည်း။
ရုပ်တွက်။ ။ အစ္ဆရံကို အာပုဗ္ဗ “စရ”တည်၊ “စရ=ဂတိဘက္ခနေသု” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကွိ စသုတ်ဖြင့် ကွိပစ္စည်း သက်, အာပုဗ္ဗစရဿ စသုတ်ဖြင့် စရဓာတ်ကို စ္ဆရ ပြု, ကွစာဒိမဇ္ဈုတ္တရာနံ ဒီဃရဿာ ပစ္စယေသု စသုတ်ဖြင့် အာကို ရဿပြု, ကွိ လောပေါ စသုတ် ဖြင့် ကွိပစ္စည်းကိုချေ, နာမ်ငဲ့, သိသက်, သိကို -ံ ပြု, အစ္ဆရံ ပြီး၏။
အမှာ။ ။ အစ္ဆေရံ အစ္ဆရိယံတို့၌ စ္ဆေရ စ္ဆရိယ ပြုရုံသာ၊ နျာသ၌ကား အာကို ဤသုတ်၌ စသဒ္ဒါဖြင့်ပင် အ ရဿပြု၏၊ “မသု”တည်၍ ဤ သုတ်က စသဒ္ဒါဖြင့် သုကို စ္ဆရိယပြုလျှင် မစ္ဆရိယံဟု ဖြစ်၏၊ “မာ+ အစ္ဆရိယံ”ဟု ၂ ပုဒ်ခွဲ၍ “အစ္ဆရိယံ-အံ့သြဖွယ်သည်+မာ-သူ့မှာ မဖြစ်စေ သတည်း”ဟု တစ်နည်းရှိသေး၏။
֍ ၉။ အလကလသလေဟိ လယာ။ ။ အလကလသလေဟိ- အလဓာတ်, ကလဓာတ်, သလဓာတ်တို့မှ နောက်၌၊ လယာ- လပစ္စည်း, ယပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ အလ္လံ အလျံ, ကလ္လံ ကလျံ, သလ္လံ သလျံ ဟူသည်တည်း။
၉။ အလ္လံ, အလျံ-စိုစွတ်သည်၊ ကလ္လံ, ကလျံ-ခံ့ကျန်းသည်၊ သလ္လံ, သလျံ-မြား ငြောင့်။ [ဝိဂြိုဟ်မပြုရဘဲ အများသုံးအနက်ကို “ပညတ်နက်” ဟု ခေါ်၏။]
ရုပ်တွက်။ ။ အလ္လံကို “အလ”တည်၊ “အလ=ပရိသမတ္ထမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အလကလသလေဟိ လယာ သုတ်ဖြင့် လ ပစ္စည်းသက်, လ်ကို လသို့ကပ်, နာမ်ငဲ့, သိသက်, -ံ ပြု, အလ္လံ ပြီး၏။ [အလျံ၌ ယပစ္စည်းသက်, လ်ကို ယသို့ ကပ်လျှင် လျဖြစ်၏၊ ကလျံ သလျံတို့၌လည်း နည်းတူ။] ကလ္လံကို “ကလ”တည်၊ “ကလ= သင်္ချာနေ” စသည်ဆို၊ သလ္လံကို “သလ”တည်၊ “သလ=ဂတိမှိ” စသည်ဆို။
֍ ၁၀။ ယာဏလာနာ။ ။ ကလသလေဟိ- ကလဓာတ်, သလ ဓာတ်တို့မှ နောက်၌၊ ယာဏလာနာ- ယာဏပစ္စည်း, လာနပစ္စည်း တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကလျာဏံ, ပဋိသလ္လာနံ စသည် တည်း။
၁၀။ ကလျာဏံ-ကောင်းသည်၊ ပဋိသလ္လာနံ-ကိန်းအောင်းခြင်း။
ကလျာဏံကို “ကလ”တည်၊ “ကလ=သင်္ချာနေ”ဆို၍ ဤသုတ်ဖြင့် ယာဏပစ္စည်းသက်, လ်ကို ယာသို့ကပ်လျှင် ကလျာဏ, နာမ်ငဲ့စသည်ဆို၊ ပဋိသလ္လာနံကို ပဋိပုဗ္ဗ“သလ”တည်၊ “သလ=ဂတိမှိ”စသည်ဆို၍ ဤသုတ် ဖြင့် လာနပစ္စည်းသက်, လ်ကို လသို့ ကပ်လျှင် ပဋိသလ္လာနံဟု ဖြစ်၏။
֍ ၁၁။ မထိဿ ထဿ လော စ။ ။ မထိဿ- မထဓာတ်၏၊ ထဿ- ထအက္ခရာ၏၊ လော စ- လအပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ မလ္လော ဟူသည်တည်း။ စသဒ္ဒါဖြင့် “လက” အပြုကို ဆည်း၍ မလ္လကော ဟုလည်း ဖြစ်၏။
၁၁။ မလ္လော, မလ္လကော-လက်ပန်းသည် (လက်ဝှေ့သတ်သူ)။
ရုပ်တွက်။ ။ မလ္လောကို “မထ”တည်၊ “မထ=ဝိလောဠနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် ၊ ပစ္စည်းသက်, မထိဿ ထဿ လော စသုတ်ဖြင့် ထ်ကို လ်ပြု, လ်ကို ၊ သို့ ကပ်, သဒိသဒွေးဘော် လ်လာ, နာမ်ငဲ့, သိ ကို ေ-ါ ပြု, မလ္လော ပြီး၏။ [မလ္လကော၌ လက ပြုရုံသာ။]
֍ ၁၂။ ပေသာ.တိသဂ္ဂပတ္တကာလေသု ကိစ္စာ။ ။ ပေသာ. တိသဂ္ဂပတ္တကာလေသု- စေခိုင်းတိုက်တွန်းခြင်း, ခွင့်ပြုခြင်း, ရောက်လာသော အချိန်အခါကို ပြောပြခြင်းအနက်တို့၌၊ ကိစ္စာ- ကိစ္စပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကတ္တဗ္ဗံ ကမ္မံ, ဘောတဗ္ဗံ ဘောဇနံ, အဇ္ဈယိတဗ္ဗံ ဘဝတာ စသည်တည်း။
၁၂။ ပေသ။ ။ ကိုယ့်အောက်လူကို စေခိုင်းခြင်း, ကိုယ့်အထက်လူကို တိုက်တွန်းခြင်းတည်း၊ ဘဝတာ-အရှင်သည်၊ ကမ္မံ-အမှုကို၊ ကတ္တဗ္ဗံပြုအပ်၏၊ ဝါ-ပြုပါလော။ [ဘာဝကမ္မေသု ကိစ္စက္တခတ္ထာဟု ဆိုသော ကြောင့် အရင်းခံဖြစ်တဲ့ ကံအနက်ကိုလည်း လက်မလွှတ်ရ။]
အတိသဂ္ဂ။ ။ တစ်စုံတစ်ယောက်က ခွင့်တောင်းလာခြင်းကြောင့် လည်းကောင်း, ခွင့်မတောင်းဘဲ ကျင့်စေလိုသောကြောင့်လည်းကောင်း ခွင့်ပြုခြင်းမျိုးတည်း၊ ဘဝတာ - အရှင်သည်၊ ဘောဇနံ - ဘောဇဉ်ကို၊ ဘောတ္တဗ္ဗံ-စားထိုက်၏၊ ဝါ-စားလိုစားတော့။ [ပါဏော-သတ္တဝါကို၊ န ဟန္တဗ္ဗော-မသတ်ထိုက်, မသတ်ကောင်း။]
ပတ္တကာလ။ ။ တစ်စုံတစ်ခု ပြုလုပ်ချိန် ရောက်လာပါလျက် မပြုဘဲ နေသူအား အချိန်ကို ပြောခြင်းတည်း၊ ဟပတ္တ=ရောက်လာသော+ကာလ= အချိန်အခါ။] ဤ “ပတ္တကာလ”အရ ရောက်လာသောအချိန်သာ ရသော် လည်း ထိုအချိန်အခါကို ပြောပြခြင်းတိုင်အောင် ယူ၊ ဘဝတာ-အရှင်သည်၊ အဇ္ဈယိတဗ္ဗံ-သရဇ္ဈာယ်ထိုက်၏၊ ဝါ-သရဇ္ဈာယ်ချိန်တန်ပြီ။
ကတ္တဗ္ဗံကို “ကရ”တည်၊ “ကရ=ကရဏေ”စသည်, ပေသာတိသဂ္ဂပတ္တ ကာလေသု ကိစ္စာသုတ်ဖြင့် တဗ္ဗပစ္စည်းသက်, တုံတုနတဗ္ဗေသု ဝါသုတ်ဖြင့် ဓာတွန်ရ်ကို တ်ပြု, တ်ကို တသို့ကပ် (ကတ္တဗ္ဗ), နာမ်ငဲ့, သိကို -ံ ပြု ပြီး၏။
ဘောတ္တဗ္ဗံကို “ဘုဇ”တည်၊ “ဘုဇ=ပါလနဗျဝဟရဏေသု”စသည်ဆို၊ ဤသုတ်ဖြင့် တဗ္ဗပစ္စည်းသက်, အညေသု စသုတ်ဖြင့် ဘု၏အစိတ် ု ကို ေ-ါ ဝုဒ္ဓိပြု, ဘုဇာဒီနမန္တော နော ဒွိ စသုတ်ဖြင့် ဓာတွန် ဇ် ကို ချေ, တ၏ ဒွေဘော်လည်း လာ, နာမ်ငဲ့ စသည်ဆို။
အဇ္ဈယိတဗ္ဗံကို အဓိပုဗ္ဗ “ဣ”တည်၊ “ဣ=ဂတိမှိ”စသည်ဆို၊ တဗ္ဗ သက်, အညေသု စသုတ်ဖြင့် ဣကို ဧဝုဒ္ဓိပြု, ဧ အယသုတ်ဖြင့် ဧကို ၊ ယ်ပြု, ယထာဂမမိကာရောသုတ်ဖြင့် -ိ လာ (အဓိ ၊ ယိတဗ္ဗ), အဇ္ဈော အဓိသုတ်ဖြင့် အဓိကို အဇ္ဈပြု, ချေ, ကပ်, နာမ်ငဲ့, သိကို -ံ ပြု, ပြီး၏။
֍ ၁၃။ အဝဿကာ.ဓမိဏေသု ဏီ စ။ ။ အဝဿကာ.ဓမိ ဏေသု- မချွတ်ဧကန်ဟူသောအနက်, ကြွေးယူသူ မြီစားဟူသော အနက်တို့၌၊ ဏီ- ဏီပစ္စည်းသည်လည်းကောင်း၊ ကိစ္စာ စ- ကိစ္စ ပစ္စည်းတို့သည်လည်းကောင်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ကာရီသိ မေ ကမ္မံ အဝဿံ, ဒါယီ.သိ မေ သတံ ဣဏံ, ကတ္တဗ္ဗံ မေ ကမ္မံ, ဓာရေတဗ္ဗံ မေ သဟဿံ ဣဏံ စသည်တည်း။
၁၃။ အဝဿက၌ က အက္ခရာအတွက် အနက်သီးခြားမရှိ, အဝဿ သဒ္ဒါသည် မချွတ်ဧကန်ဟူသော အနက်ကို ဟော၏၊ အဝဿကအနက်၌ ဏီပစ္စည်း တဗ္ဗ အနီယစသော ကိစ္စပစ္စည်းများ သက်၏၊ တွံ-သင်သည်၊ မေ-ငါ၏၊ ကမ္မံ-အလုပ်ကို၊ အဝဿံ-မချွတ်ဧကန်၊ ကာရီ-ပြုထိုက်သည်၊ အသိ-ဖြစ်၏၊ တယာ-သင်သည်၊ မေ-ငါ၏၊ ကမ္မံ-ကို၊ အဝဿံမချွတ်ဧကန်၊ ကတ္တဗ္ဗံ-ပြုအပ်, ပြုထိုက်၏။ [ကာရီ.သိ = ကာရီ+အသိ။]
အဓမိဏ။ ။ သက္ကတအဘိဓာန်၌ ဥတ္တမိဏ-မြီရှင် (ကြွေးပေးသူ)၊ အဓမိဏ-မြီစား (ကြွေးယူသူ)ဟု ၂ မျိုးပြ၏၊ ထို့ကြောင့် “ကြွေးယူသူ” ဟူသောအနက်ကို “အဓမိဏ”အနက်ဟု မှတ်၊ ယဿ-အကြင်သူ၏၊ အဓမံ-ဧကန်ပေးရမည်ဖြစ်၍ ယုတ်ညံ့သော+ဣဏံ-ကြွေးမြီသည်၊ အတ္ထိရှိ၏ ဣတိ-ကြောင့်၊ အဓမိဏော-အဓမိဏ မည်၏။
တွံ-သင်သည်၊ မေ-ငါ၏၊ သတံ-တစ်ရာသောကြွေးမြီကို၊ ဒါယီပေးဆပ်သင့်သည်၊ အသိ-ဖြစ်၏၊ တယာ-သင်သည်၊ မေ-ငါ၏၊ သဟဿံတစ်ထောင်သောကြွေးမြီကို၊ ဓာရေတဗ္ဗံ-ဆောင်ထိုက် ဆပ်ထိုက်၏။
ဒါယီကို “ဒါ”တည်၊ ဓာတ်မှည့်, ဤသုတ်ဖြင့် ဏီပစ္စည်းသက်, အကြွင်းကို အာကာရ န္တာနမာယောသုတ်ကြည့်၊ ကာရီကိုလည်း “ကရ” တည်၊ ကအစိတ် ၊ ကို -ါ ဝုဒ္ဓိပြုရုံသာ၊ ကတ္တဗ္ဗံ၌ ဤသုတ်ဖြင့် တဗ္ဗပစ္စည်း သက်၍ တုံတုနတဗ္ဗေသု ဝါသုတ်ဖြင့် ဓာတွန် ရ် ကို တ် ပြုလေ။
ဓာရေတဗ္ဗံကို “ဓရ”တည်၊ “ဓရ=ဓာရဏေ”ဟူသောအနက်၌ ဓာတ် မှည့်, အဆုံးသရချေ, တဗ္ဗပစ္စည်းသက်, စုရာဒိတော ဏေဏယာသုတ်ဖြင့် ဏေပစ္စည်းသက်, ကာရိတ်လည်းမှည့်, ဏ်အနုဗန်ချေ, အသံယောဂန္တဿ စသောသုတ်ဖြင့် ဓ၏ ၊ ကို -ါ ဝုဒ္ဓိပြု, ေ-သို့ ကပ်, နာမ်ငဲ့, သိကို -ံ ပြု။
֍ ၁၄။ အရဟသက္ကာဒီဟိ တုံ။ ။ အရဟသက္ကဒီဟိ- အရဟ, သက္က အစရှိသည်တို့နှင့်၊ ယောဂေ- ယှဉ်ရာ၌၊ တုံ- တုံပစ္စည်းသည်၊ ဟောတိ- ၏။ ဝတ္တုံ အရဟတိ စသည်တည်း။
၁၄။ ဤသုတ် အစီအရင်သည် ကိတ်ပိုင်း အရဟသက္ကာဒီသု စ သုတ်နှင့် တူ၏၊ ရူပသိဒ္ဓိ၌ ဤသုတ်မပါ။ [ဝတ္တုံ-ဆိုခြင်းငှာ၊ အရဟတိထိုက်၏။]
ရုပ်တွက်။ ။ ဝတ္တုံကို “ဝဒ”တည်၊ “ဝဒ=ဝိယတ္တိယံ ဝါစာယံ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အရဟသက္ကာဒီဟိ တုံသုတ်ဖြင့် တုံပစ္စည်းသက်, ဒေါ ဓဿ စ၌ စသဒ္ဒါဖြင့် ဒ်ကို တ်ပြ, တ်ကို တုံသို့ကပ်, ငှာဟူ၍ အနက်ပေးသောကြောင့် သိလာဃ စသောသုတ်ဖြင့် တုမတ္ထ သမ္ပဒါန်မှည့်, သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သသက်, သဗ္ဗာသမာဝုသော ဖြင့် ချေ, ဝတ္တုံ ပြီး၏။ [ဘုဇာဒီနမန္တော နော ဒွိ စသုတ်ဖြင့် ဓာတွန် ဒ်ကို ချေ၍ ဒွေဘော်လာလျှင်လည်း ပြီးနိုင်၏။]
֍ ၁၅။ ဝဇာဒီဟိ ပဗ္ဗဇ္ဇာဒယော နိပစ္စန္တေ။ ။ ဝဇာဒီဟိ- ဝဇ အစရှိသော ဓာတ်တို့ဖြင့်၊ ပဗ္ဗဇ္ဇာဒယော- ပဗ္ဗဇ္ဇအစရှိသောသဒ္ဒါ တို့ကို၊ နိပစ္စန္တေ- ဝန်ကျစေအပ်ကုန်၏။ ပဗ္ဗဇ္ဇာ စသည်တည်း။
၁၅။ ဤသုတ်ကား ဥဏာဒ်ပိုင်းအတွက် သုတ်ကြီးပင်တည်း၊ အခြား သုတ်ဖြင့် မပြီးစီး၍ တာဝန်တင်နေသမျှကို ဤသုတ်က တာဝန်ကျစေ သည်၊ ဝါ-ပြီးစီးအောင်စီရင်သည် ဟူလို။ [နိပ္ပဇ္ဇန္တေဟု နိပုဗ္ဗ ပဒဓာတ်ဖြင့် ရှိတတ်၏၊ သက္ကတကျမ်းတို့၌ နိပါတနသုတ်ကြီးမှန်လျှင် နိပုဗ္ဗ ပတ ဓာတ်ဖြင့် “နိပါတျန္တေ”ဟုချည်း ရှိ၏၊ သို့အတွက် “နိပစ္စန္တေ”သာ သင့်သည်၊ ကာရိတ် ဏေပစ္စည်း အကျေ ကြံပါ။]
အမှာ။ ။ ဤသုတ်မရှိသော်လည်း ဆိုင်ရာသုတ်ငယ်များဖြင့် ပြီးစီး နိုင်၏၊ ထိုသို့ပြီးစီးနိုင်လျက် ဤသုတ်ကြီးကို ဆိုပြန်ခြင်းသည် ပဇ္ဇုန္နဂတိက နည်း ဟူ၏။ [ပဇ္ဇုန္နဂတိက-မိုးရွာပုံနည်း၊ “မိုးသည် ရေမရှိသော ကုန်း အရပ်မှာ ရွာသည့်ပြင် ရေရှိသော သမုဒ္ဒရာတို့၌လည်း ထပ်၍ ရွာသကဲ့သို့ ထို့အတူ အခြားသုတ်ငယ်များ မစီရင်နိုင်ရာကို စီရင်နိုင်သည့်ပြင် အခြား သုတ်တို့ စီရင်နိုင်သောအရာကိုလည်း ဝင်ရောက်စီရင်ပြန်သည်”ဟူလို၊၊]
ဝိဂ္ဂဟ။ ။ ပဗ္ဗဇ္ဇာ၌ ပသဒ္ဒါသည် “အစ ပဌမ”ဟူသောအနက်, ဝဇ ဓာတ်သည် ရောက်ခြင်းအနက်ကို ဟော၏၊ ပဌမမေဝ ဝဇိတဗ္ဗာတိ ပဗ္ဗဇ္ဇာ၊ ပဌမမေဝ-အစကပင်လျှင်၊ ဝဇိတဗ္ဗာ-ရောက်အပ် ရောက်ထိုက်၏၊ ဣတိ-ကြောင့်၊ ပဗ္ဗဇ္ဇာ-ပဗ္ဗဇ္ဇာ မည်၏၊ (ရှင် ရဟန်းပြုခြင်း။)
ရုပ်တွက်။ ။ ပဗ္ဗဇ္ဇာကို ပပုဗ္ဗ “ဝဇ”တည်၊ “ဝဇ=ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဏျော စသုတ်ဖြင့် ဏျပစ္စည်းသက်, ကာရိတ်ကဲ့သို့ငဲ့, ဏ်အနုဗန်ချေ, ဇ်ကို ယသို့ ကပ် (ပဝဇျ), ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် ဝ်ဒွေဘော်လာ, ဒေါ ဓဿ စသုတ်၌ စသဒ္ဒါဖြင့် ၀၂ လုံး ကို ဗ ၂ လုံးပြု (ပဗ္ဗဇျ), ဝဇာဒီဟိ ပဗ္ဗဇ္ဇာဒယော နိပစ္စန္တေသုတ်ဖြင့် ဇျ ကို ဇ္ဇပြု, ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, ဇ်္ဇခွင်း, ချေ, ကပ်, နာမ်ငဲ့, သိချေ, ပဗ္ဗဇ္ဇာ ပြီး၏။
အမှာ။ ။ ဤရုပ်၌ ပဗ္ဗဇျ အပြီးတွင် ယဝတံ တလနသုတ်၌ ကာရ သဒ္ဒါဖြင့် ဇျကို ဇပြု, ဒွေဘော်လာ၍ ပြီးနိုင်သည်၊ ဤသို့လျှင် အခြား သုတ်များဖြင့်ပြီးနိုင်လျက် ဤသုတ်ကြီးဝင်နေသောကြောင့် အခြေပြုသူတို့ ဉာဏ်ရှုပ်ဖွယ်ရာဖြစ်၍ နောက်ပုံစံများကို ချန်ထားတော့မည်။
֍ ၁၆။ ကွိလောပေါ စ။ ။ ကွိလောပေါ စ- ကွိ ပစ္စည်း၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ နိပစ္စန္တေ စ- သင့်ရာ အစီအရင်ဖြင့်လည်း ဝန်ကျစေအပ်ကုန်၏။ ဝိဘူ, သဘာ စသည်တည်း။
၁၆။ ကွိလောပေါ စ၌ စသဒ္ဒါဖြင့် ရှေ့သုတ်က နိပစ္စန္တေကို ဆွဲငင် သည်၊ နိပစ္စန္တေဆိုသော်လည်း “ဤသုတ်ဖြင့် ပြီးစေရမည်ဟု ဆိုလိုသည် မဟုတ်, အခြား သင့်ရာသုတ်ဖြင့် ပြီးစေရမည်”ဟု ဆိုလိုသည်။
ဝိဘူ-အထူးသဖြင့် ဖြစ်သည်။ … ဝိဘူကို ဝိပုဗ္ဗ “ဘူ”တည်၊ ဘူ= သတ္တာယံ” ဟု ဆို၊ ကွိ စသုတ်ဖြင့် ကွိပစ္စည်းသက်, ကွိလောပေါ စ သုတ်ဖြင့် ကွိ ပစ္စည်းကို ချေ, သိသက်, ချေ, ဝိဘူ ပြီး၏။
သင်္ဂမ္မ ဘန္တိ ဧတ္ထာတိ သဘာ၊ ဧတ္ထ-ဤသဘင်စသည်၌ သင်္ဂမ္မပေါင်းစု၍၊ ဘန္တိ-တောက်ပကုန်၏၊ ဣတိ-ထို့ကြောင့်၊ သဘာ-သဘင် မည်၏၊ [ပွဲ သဘင်, ရုံး, ဈေး။]… သဘာကို သံပုဗ္ဗ “ဘာ”တည်၊ “ဘာ= ဒိတ္တိမှိ”ဟု ဓာတ်နက်ဆို၊ ကွိပစ္စည်းသက်, ချေ (သံဘာ), ဗျဉ္ဇနေ စ သုတ်ဖြင့် နိဂ္ဂဟိတ်ကို ချေ, နာမ်ငဲ့, သိသက်, ချေ။
֍ ၁၇။ သစဇာနံ ကဂါ ဏာနုဗန္ဓေ။ ။ ဏာနုဗန္ဓေ- ဏအနုဗန် ရှိသော ပစ္စည်းကြောင့်၊ သစဇာနံ- စအက္ခရာ ဇအက္ခရာနှင့်တကွ ဖြစ်ကုန်သော ဓာတ်တို့၏ အဆုံးဖြစ်သော စအက္ခရာ ဇအက္ခရာ တို့၏၊ ကဂါ- အစဉ်အတိုင်း ကအပြု, ဂအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ သြကော, ဘောဂေါ စသည်တည်း။
၁၇။ [သြကော-အိမ်၊ ဘောဂေါ-စည်းစိမ်။] ဤသုတ် မရှိသော်လည်း ကဂါ စဇာနံသုတ်ဖြင့် ပြီးနိုင်၏၊…သြကောကို“ဥစ”တည်၊ “ဥစ=သမ ဝါယေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, ဘာဝေ စသုတ်ဖြင့် ဏပစ္စည်း သက်, ကာရိတ်ကဲ့သို့ ငဲ့, ဏ်အနုဗန် ချေ, အသံယောဂန္တဿ စသောသုတ်ဖြင့် ဝုဒ္ဓိပြု, သစဇာနံ ကဂါ ဏာနုဗန္ဓေ သုတ်ဖြင့် စကို က်ပြု, က်ကို ၊ သို့ ကပ်, နာမ်ငဲ့ စသည်။
“ဘုဇ္ဇတေတိ ဘောဂေါ” ဘုဇ္ဇတေ-ခံစားအပ်၏၊ ဣတိ-ထို့ကြောင့်၊ ဘောဂေါ-ဘောဂ မည်၏။ [“ဘုဇ” တည်၊ ဝိသရုဇပဒါဒိတော ဏဖြင့် ဏပစ္စည်း သက်, ဤသုတ်ဖြင့် ဇ် ကို ဂ် ပြု။]
֍ ၁၈။ နုဒါဒီဟိ ယုဏွုန.မနာ.နနာ.ကာ သကာရိတေဟိ စ။ ။ နုဒါဒီဟိ- နုဒ အစရှိသော ဓာတ်တို့မှလည်းကောင်း၊ သကာရိတေဟိ စ- ကာရိတ်ပစ္စည်းနှင့်တကွဖြစ်သောဓာတ်တို့မှ လည်းကောင်း၊ ပရေသံ- နောက်ဖြစ်ကုန်သော၊ ယုဏွုနံ- ယု ပစ္စည်း, ဏွုပစ္စည်းတို့၏၊ အနာ.နနာ.ကာ.နနကာ- အန အပြု, အာနန အပြု, အက အပြု, အာနနကာ အပြုတို့သည်၊ ဟောန္တိ- ကုန်၏။ ပနူဒနော, ကာနနံ, ပနူဒကော, ဇာနနကော, အာဏာပကော, သဉ္ဇာနနကော စသည်တည်း။
၁၈။ နုဒါဒီဟိ၌ အာဒိဖြင့် သူဒ ဉာ စသော ဓာတ်ကို ယူ၊ သကာရိတေ ဟိ စဖြင့် ကာရိတ်ပစ္စည်းသက်ရသည့် ဓာတ်အားလုံးကို ယူ၊ ထိုဓာတ်များ နောင် ယုကို အန, အာနန ပြု၍ ဏွုကို အက, အာနနက ပြုသည်။
ပနူဒနော အစ ဇာနနကော တိုင်အောင် ကာရိတ်မယှဉ်သောပုံစံများ၊ အာဏာပကော သဉ္ဇာနနကောတို့ကား ကာရိတ်ယှဉ်သောပုံစံများတည်း။ [ပနူဒနော, ပနူဒကော-ပယ်နုတ်သူ၊ ကာနနံ-တော၊ ဇာနနကော-သိသူ၊ အာဏာပကော-စေခိုင်းတတ်သူ၊ သဉ္ဇာနနကော-သိစေတတ်သူ။]
ပနူဒနောကို ပပုဗ္ဗ “နုဒ”တည်၊ “နုဒ=ခေပေ”ဓာတ်မှည့်, အဆုံးသရ ချေ, ကတ္တုကရဏပဒေသေသု စ သုတ်ဖြင့် ယုပစ္စည်း သက်, နုဒါဒီဟိ ယုဏွုန စသော ဤသုတ်ဖြင့် ယုကို ၊ န် ပြု, ဒ်ကို ၊ သို့ ကပ်, ကွစိ ဓာတု သုတ်ကြီးဖြင့် နု၏အဆုံး ု ကို ူ ဒီဃပြု, နာမ်ငဲ့, သိကို ေ-ါ ပြု, ပြီး၏၊ ပနူဒကော၌ သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် ဏွုသက်, ဤသုတ်ဖြင့် ဏွုကို ၊ က ပြု။
ကာနနံကို “ကု”တည်၊ “ကု=သဒ္ဒေ”ဟူသောအနက်၌ ဓာတ်မှည့်, ယု ပစ္စည်းသက်, ဤသုတ်ဖြင့် ယုကို -ါနန ပြု, က်ခွင်း, ု ချေ, က်ကို -ါ သို့ ကပ်, နာမ်ငဲ့, သိကို -ံ ပြု, ကာနနံ ပြီး၏။
ဇာနနကောကို “ဉာ”တည်၊ “ဉာ=အဝဗောဓနေ”ဓာတ်မှည့်, ဏွုပစ္စည်း သက်, ဤသုတ်ဖြင့် ဏွုကို -ါနနက ပြု, ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာကို ဇာပြု, ဇ်ခွင်း, -ါ ချေ, ဇ်ကို -ါ သို့ ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, ပြီး၏။
အာဏာပကောကို “အာဏ”တည်၊ “အာဏ=ပေသနေ”ဓာတ်မှည့်, အဆုံးသရချေ, ဓာတူဟိ ဏေဏယဏာပေဏာပယ စသောသုတ်ဖြင့် ဏာပေပစ္စည်းသက်, ကာရိတ်လည်း မှည့်, သဗ္ဗတော ဏွုတွာဝီ ဝါသုတ် ဖြင့် ဏွုသက်, ကာရိတာနံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, ဏ်ခွင်း, ချေ, ကပ်, နုဒါဒီဟိစသောသုတ်ဖြင့် ဏွုကို ၊ က ပြု, ပ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, အာဏာပကော ပြီး၏။
သဉ္ဇာနနကော၌ သံပုဗ္ဗ ဉာဓာတ်, ဏာပေပစ္စည်းသက်, ကာရိတ်မှည့်, ဏ်အနုဗန်ချေ, ဉာဿ ဇာဇံနာသုတ်ဖြင့် ဉာကို ဇာပြု, သံ၌ နိဂ္ဂဟိတ်ကို စဝဂ္ဂန္တ ဉ် ပြု (သဉ္ဇာ -ါ ပေ), သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့် ဏွုပစ္စည်း သက်, ဤသုတ်ဖြင့် ဏွုကို -ါနနက ပြု (သဉ္ဇာ+ -ါပေ+ -ါနနက), ကွစိ ဓာတုသုတ်ကြီးဖြင့် ကာရိတ်ပစ္စည်းကို ချေ (သဉ္ဇာ -ါနနက), ဉ္ဇ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, သဉ္ဇာနနကော ပြီး၏။
အမှာ။ ။ အန, အက အပြုကို အနကာ ယုဏွုနံသုတ်ဖြင့် ပြုနိုင် သော်လည်း နဒ စသော ဓာတ်များနောင် အာနန, အာနနက အပြုကို မြင်ရသဖြင့် “အန, အက မပြုရတော့ပြီ”ဟု မှတ်ထင်မည် စိုး၍ အန, အက အပြုကိုပါ ရောနှော ထည့်စွက်ထားသတဲ့။
֍ ၁၉။ ဣယတမကိဧသာန.မန္တဿရော ဒီဃံ, ကွစိ ဒိသဿ ဂုဏံ, ဒေါ ရံ, သက္ခီ စ။ ။ ကွိမှိ- ကွိပစ္စည်းကြောင့်၊ ဒိသဿ- ဒိသဓာတ်၏၊ ဂုဏံ- ဂုဏ်ဖြစ်ကုန်သော၊ ဣယတမကိဧသာနံ- ဣသဒ္ဒါ, ယသဒ္ဒါ, တသဒ္ဒါ, မသဒ္ဒါ, ကိသဒ္ဒါ, ဧ သဒ္ဒါ, သ သဒ္ဒါ တို့၏၊ အန္တဿရော- အဆုံးသရသည်၊ ဒီဃံ- ဒီဃအဖြစ်သို့လည်း ကောင်း၊ ကွစိ- အချို့အရာ၌၊ ဒေါ- ဒသည်၊ ရံ- ရအဖြစ်သို့လည်း ကောင်း၊ အာပဇ္ဇတေ- ရောက်၏၊ အန္တဿ- ဓာတွန်သ၏၊ သက္ခီ စ- သအပြု, က္ခအပြု, ဤအပြုတို့သည်လည်း၊ ဟောန္တိ- ကုန်၏။ ဤဒိသော, ဤဒိက္ခော, ဤဒီ စသည်တည်း။
၁၉။ ဤဒိသော-ဤသူကဲ့သို့ ရှုအပ်သူ (ဤသူနှင့်တူသူ)၊ ဤရိသော စသည်၌လည်း အနက်တူတည်း၊ “ဣယတမကိဧသာန.မန္တဿရော ဒီဃံ” ဟူသော စကားအရ “ဤ ယာ တာ မာ ကီ (ဧ) သာ”ဟု ဒီဃ ပြုလိမ့်မည်။
ဒိသဿ ဂုဏံ။ ။ ဝိသေသနကို “ဂုဏ=ဂုဏ်”ဟု ခေါ်သည်၊ ဝိသေသန ဆိုသော်လည်း (အခြားနေရာ၌ တုလျာဓိကရဏ ဝိသေသနမျိုး မဟုတ်) အယ.မိဝစသည်ဖြင့် ဥပမာပုဒ်ကိုပင် ဝိသေသနဟု ခေါ်သည်၊ ထို့ကြောင့် ဒိသဓာတ်၏ ဥပမာနဖြစ်သော ဣ, ယ စသည်ကိုသာ ဒီဃပြုရမည်, ဒိသဓာတ်နှင့် မစပ်သော ဣ, ယ စသည်ကို ဒီဃပြုရမည် မဟုတ်၊ ဂုဏံလည်း “ဣယတမကိဧသာနံ”နှင့် ဝိဘတ်ချင်းတူအောင် “ဂုဏာနံ”ဟု ဆိုသင့်လျက် ဝိဘတ္တိဝစနဝိပလ္လာသနည်းအားဖြင့် “ဂုဏံ”ဟု ဆိုသည်။
ဒေါ ရံ, သက္ခီ။ ။ “ဒေါ ရံ”ဟု ဆိုသောကြောင့် အချို့အရာ၌ ဒိသ ဓာတ်မှ ဒ ကို ရ ပြု၍ “ဤရိသော”စသည် ဖြစ်လတ္တံ့၊ ရ မပြုတဲ့အခါ “ဤဒိသော” စသည် ဖြစ်မည်၊ သက္ခီ ၌ “သ + က္ခ +-ိ”ဟု ပုဒ်ဖြတ်၊ ဓာတွန်သ်ကို သ ထပ်ပြုတဲ့အခါ ဤဒိသော, က္ခ ပြုတဲ့အခါ ဤဒိက္ခော, -ီ ပြုတဲ့အခါ “ဤဒီ”စသည် ဖြစ်၏။ [ကွိပစ္စည်းနှောင်းသည့်အတွက် ဓာတွန္တဿ လောပေါ ကွိမှိသုတ်ဖြင့် ဓာတွန်သ်ကို ချေမည်စိုး၍ (တစ်နည်းသ၌ အ သရပါစေလို၍) သ်ကို သ ထပ်ပြုရသည်။]
အမှာ။ ။ ဤသုတ်ဝယ် နျာသ ရူပသိဒ္ဓိ၌ တစ်မျိုးစီဖွင့်ကြရုံမက ဆရာမြတ်တို့ကလည်း သန့်ရှင်းအောင် ပါဌ်ကို ပြင်တော်မူကြ၏၊ ဤ၌ ရူပသိဒ္ဓိအတိုင်း ရေးသားရတော့သည်၊ ရုပ်တွက်ရာ၌ နျာသအလို နိပစ္စန္တေ သဒ္ဒါလိုက်လာသောကြောင့် ဣမကို ဤသုတ်ဖြင့်ပင် ဣ ပြု၏၊ ရူပသိဒ္ဓိ၌ အလိုက်မပါ “ဣ”ဆိုတဲ့ စကားကိုပင် နိပါတန (ရုပ်ပြီးစေခြင်းလက္ခဏာ) သဘောထား၍ “ဣ”ဟူသော နိပါတနဖြင့် ဣမကို ဣပြုဟု စီရင်၏၊ ရုပ်ပြီးသည်သာ ပဓာနတည်း။
ဝိဂြိုဟ်ပြုပုံ။ ။ ဝိဂြိုဟ်ပြုရာ၌ “ဣမမိ၀ နံ ပဿတီတိ ဤဒိသော”ဟု ဝိဂြိုဟ်ပြု၏၊ ပဿတိ ဟူသော ကတ္တားဟောကြိယာကို ကြည့်လျှင် ကတ္တု သာဓနဟု ထင်ဖွယ်ရှိ၏၊ သို့သော် “ဤဒိသော”အရမှာ ရှုတတ် မြင် တတ်သူကို မရ, ရှုအပ် မြင်အပ်သူကို ရသောကြောင့် ဝိဂြိုဟ်တုန်းက အဝုတ္တကံကို ကွိပစ္စည်းကဟောရကား “အဝုတ္တကမ္မသာဓန”ဟု ဆုံးဖြတ် ကြ၏၊ သို့သော် ဝိဂြိုဟ်ပြုခဲ့သော ရှေးဆရာတို့ကမူ ကွိပစ္စည်းက ကတ္တား ဟော ဖြစ်၍ ကတ္တုသာဓနပင် ပြုလိုဟန်ထင်၏၊ “ဣမမိဝ-ဤသူကိုကဲ့သို့၊ နံထိုသူ့ကို၊ ပဿတိ-ရှုတတ်၏၊ ဣတိ-ကြောင့်၊ ဤဒိသော-ဤဒိသ မည်၏။
တစ်နည်း- “အယမိ၀ ဒိဿတီတိ ဤဒိသော”ဟု ကမ္မသာဓနစစ်စစ် ဝိဂြိုဟ် ရူပသိဒ္ဓိဆိုသေး၏၊ ဤဝိဂြိုဟ်သာ အဓိပ္ပာယ်သန့်ရှင်းသောကြောင့် နောက်၌ ကမ္မသာဓနချည်း ပြုအံ့၊ အယမိဝ-ဤသူကဲ့သို့၊ ဒိဿတိ-ရှုမြင် အပ်၏၊ ဣတိ-ထို့ကြောင့်၊ ဤဒိသော-ဤဒိသ မည်၏၊ ဤဒိသော-ဤသူ ကဲ့သို့ ရှုအပ်သူ၊ ဤဒိသာ (ဤဒိသီ)-ဤမိန်းမကဲ့သို့ရှုအပ်သော မိန်းမ၊ ဤဒိသံ-ဤစိတ်ကဲ့သို့ရှုအပ်သောစိတ်၊ [“ဤဒိသော-ဤသို့သဘောရှိသူ” ဟု ဆိုကြသော အနက်ကား သဒ္ဒါနက်မဟုတ်, အဓိပ္ပာယ်နက်သာ။]
ရုပ်တွက်။ ။ ဤဒိသောကို ဣမသဒ္ဒူပပဒ “ဒိသ”တည်၊ “ဒိသ= ပေက္ခဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကွိ စသုတ်ဖြင့် ကွိပစ္စည်းသက်, ဣ ယ တ မ ကိ စသည်၌ “ဣ”ဟူသော ဤနိပါတနဖြင့် ဣမကို ဣပြု, ဣယတမကိဧသာန.မန္တဿရော ဒီဃံ, ကွစိ ဒိသဿ ဂုဏံ, ဒေါ ရံ, သက္ခီ စသုတ်ဖြင့် ဣကို ဤဒီဃပြု, သ်ကိုလည်း သထပ်ပြု, ကွိလောပေါ စသုတ်ဖြင့် ကွိပစ္စည်းကို ချေ(ဤဒိသ), နာမ်ငဲ့, သိကို ေ-ါ ပြု, ဤဒိသော ပြီး၏။ [ကြွင်းရုပ်များပြီးပုံကို ရူပသိဒ္ခိ ကြည့်။]
ယာဒိသော။ ။ ယော ဝိယ-အကြင်သူကိုကဲ့သို့၊ အယံ-ဤသူ့ကို၊ ဒိဿတိ-ရှုအပ်၏၊ ဣတိ-ထို့ကြောင့်၊ ယာဒိသော-မည်၏၊ (အကြင်သူ ကဲ့သို့ ရှုအပ်သူ=အကြင်သို့ သဘောရှိသူ။)
တာဒိသော။ ။ “သော ဝိယ ဒိဿတီတိ တာဒိသော” ထိုသူကဲ့သို့ ရှုအပ်သူ=ထိုသို့သဘောရှိသူ။ [ရဟန္တာတို့၏ တာဒိဂုဏ်ကို ပြရာ၌ “တာဒိ” ပုဒ်ကား ကတ္တုသာဓနပင် သင့်၏၊ “တမိ၀ ပဿတီတိ တာဒီ” ထိုဣဋ္ဌာရုံ ကို အနိဋ္ဌာရုံကဲ့သို့ ရှုတတ်သူ။]
မာဒိသော။ ။ “အဟံ ဝိယ ဒိဿတီတိ မာဒိသော” ငါကဲ့သို့ရှုအပ်သူ= ငါနှင့်တူသူ=ငါ့လိုလူ။
ကီဒိသော။ ။ “ကော ဝိယ ဒိဿတီတိ ကီဒိသော” ကော ဝိယအဘယ်သူကိုကဲ့သို့၊ အယံ-ဤသူကို၊ ဒိဿတိ-ရှုအပ်သနည်း၊ ဣတိ-ဤသို့ မေးအပ်သည်၏ အဖြစ်ကြောင့်၊ ကီဒိသော-မည်၏၊ ကီဒိသော-ဘယ်ကဲ့သို့ ရှုအပ်သူနည်း။
ဧဒိသော။ ။ ဧသော ဝိယ ဒိဿတီတိ ဧဒိသော-ဤသူကဲ့သို့ရှုအပ်သူ၊ ဧတာဒိသော ဟုလည်း ရှိ၏။
သာဒိသော။ ။ “သမာနော ဝိယ ဒိဿတီတိ သာဒိသော” သမာနော ဝိယ-တူသူကိုကဲ့သို့၊ အယံ-ဤသူ့ကို၊ ဒိဿတိ-၏၊ ဣတိ-ကြောင့်၊ သာဒိသော-မည်၏။ [သ၏ ၊ ကို -ါ မပြုဘဲ “သဒိသော”လည်း ရှိ၏။]
ဤရိသော။ ။ ဤသုတ်ဖြင့် ဒ ကို ရ ပြုတဲ့အခါ ဤရိသော ယာရိသော စသည် ဖြစ်၏၊ ဓာတွန် သ် ကို က္ခ ပြုတဲ့အခါ ဤဒိက္ခော ယာဒိက္ခော စသည် ဖြစ်၏၊ ဓာတွန် သ် ကို -ိ ပြုတဲ့အခါ ဤဒီ ယာဒီ စသည်ဖြစ်၏၊ အနက်နှင့် ဝိဂြိုဟ်မှာ မထူးပြီ။
စသဒ္ဒါ။ ။ သက္ခီ စ၌ စသဒ္ဒါဖြင့် တုမှ စသည် ရှေးရှိရာ၌လည်း စီရင်၍ တုမှာဒိသော-(သင်တို့ကဲ့သို့ ရှုအပ်သူ=သင်တို့လိုလူစား)၊ ခန္ဓာ ဒိသော-(ခန္ဓာတို့ကဲ့သို့ ရှုအပ်သောတရား) စသည် ဖြစ်၏။
֍ ၂၀။ ဘျာဒီဟိ မတိဗုဓိပူဇာဒီဟိ စ က္တော။ ။ ဘျာဒီဟိ- ဘီ အစရှိသောဓာတ်တို့မှ နောက်၌လည်းကောင်း၊ မတိဗုဓိပူဇာဒီဟိ စ- မနဓာတ် ဗုဓဓာတ် ပူဇဓာတ် အစရှိသည်တို့မှ နောက်၌လည်း ကောင်း၊ က္တော- က္တ ပစ္စည်းသည်၊ ဟောတိ- ၏။ ဘီတော, သမ္မတော, ဗုဒ္ဓေါ ပူဇိတော စသည်တည်း။
၂၀။ [မဒိ ဗုဓိ ဟု အချို့စာ ရှိ၏၊ ရူပသိဒ္ဓိနှင့် မညီ။] ဘာဝကမ္မေသု ကိစ္စက္တခတ္ထာ ဟု ဆိုသောကြောင့် ဤ က္တပစ္စည်းသည် ဘောကံအနက်၌ သက်၏၊ ဘီတော=ကြောက်အပ်၏၊ သမ္မတော-သဘောတူ သိအပ်၏၊ ဝါ-သမုတ်အပ်၏၊ ဗုဒ္ဓေါ-(တန်ခိုးကြီးသူတို့)သိအပ်သောဘုရား၊ ပူဇိတောပူဇော်အပ်၏။
ရုပ်တွက်။ ။ ဘီတောကို “ဘီ”တည်၊ “ဘီ=ဘယေ”ဟူသောအနက်၌ ဓာတ်မှည့်, ဘျာဒီဟိ မတိဗုဓိပူဇာဒီဟိ စ က္တောသုတ်ဖြင့် က္တပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် က် အနုဗန်ချေ, နာမ်ငဲ့, သိကို ေ-ါ ပြု, ဘီတော ပြီး၏။
သမ္မတောကို သံပုဗ္ဗ “မန”တည်၊ “မန=ဉာဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရ ချေ, ဤသုတ်ဖြင့် က္တ ပစ္စည်း သက်, ကွစိ ဓာတုသုတ်ကြီးဖြင့် က်အနုဗန်ကို ချေ, ဂမခနဟနရမာဒီန.မန္တောသုတ်ဖြင့် ဓာတွန် န် ကို ချေ, ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို ပဝဂ္ဂန္တ မ် ပြု, မ် ကို မ သို့ ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, သမ္မတော ပြီး၏။
ဗုဒ္ဓေါ၌ “ဗုဓ=အဝဂမနေ”ဟု ဆို၍ က္တပစ္စည်းသက်, က်အနုဗန် ချေ, ဓဎဘဟေဟိ ဓဎာ စ, ဟစတုတ္ထာနမန္တာနံ ဒေါ ဓေသုတ်တို့ဖြင့် စီရင်၊ ပူဇိတော၌ “ပူဇ=ပူဇာယ”ဆို၍ က္တ သက်, က်အနုဗန် ချေ, -ိ အာဂုံ, ဘျာဒီဟိ၌ အာဒိသဒ္ဒါ, ပူဇာဒီဟိ၌ အာဒိသဒ္ဒါတို့ဖြင့် ယူရသောရုပ်များ လည်း ရှိ၏၊ ကိတ်က ဘာဝကမ္မေသု တသုတ်ဖြင့် ဤရုပ်အားလုံး ပြီးနိုင် သည်။
֍ ၂၁။ ဝေပုသိဒ၀၀မုကုဒါဘူဟွာဒီဟိ.ထုတ္တိမဏိမာ နိဗ္ဗတ္ထေ။ ။ ဝေပုသိဒ၀၀မုကုဒါဘူဟွာဒီဟိ- ဝေပုဓာတ်, သိဓာတ်, ဒဝဓာတ်, ဝမုဓာတ်, ကုဓာတ်, ဒါဓာတ်, ဘူဓာတ်, ဟုဓာတ် အစရှိသည် တို့မှ နောက်၌၊ နိဗ္ဗတ္တေ- နိဗ္ဗတ္တအနက်၌၊ အထုတ္တိမဏိမာ- အထု ပစ္စည်း, တ္တိမပစ္စည်း, ဏိမပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ဝေပထု စသည်တည်း။
၂၁။ ဝေပု၌ အဆုံးသရ ချေသည့်အခါ “ဝေပ်”ဟု ဖြစ်၏ ပ ကပ်ဖို့ အ သရ လိုသည်၊ ထို့ကြောင့် အထုပစ္စည်းဟု ဆိုရသည်၊ “အထု တ္တိမ ဏိမာ”ဟု ဆိုလိုလျက် ဝါ ပရောသုတ်ဖြင့် ၊ သရကို ချေထားသတဲ့။
အမှာ။ ။ ဤပစ္စည်းများသည် “နိဗ္ဗတ္တ (ဖြစ်၏ဟူသော)အနက်၌ သက်၏”ဟု ဆိုသောကြောင့် “ဝေပနံ ဝေပေါ, ဝေပေန နိဗ္ဗတ္တံ ဝေပထု” ဟု ကစ္စည်းဝုတ္တိပြုအပ်သော ဝိဂြိုဟ်သည် ဝိဂြိုဟ်စစ် မဟုတ်၊ ထိုဝိဂြိုဟ် ပြုဖို့ရန် ပြခြင်းသာ ဖြစ်၏၊ “တုန်လှုပ်ခြင်းဖြင့် ဖြစ်သည်”ဟူသောစကားကို ကောက်ချက်ချလျှင် “တုန်လှုပ်ခြင်းကြိယာ”ပင်တည်း၊ ထို့ကြောင့် “ဝေပနံ= တုန်လှုပ်ခြင်း၊ ဝေပထု-တုန်လှုပ်ခြင်း”ဟု ဘာဝသာဓန ပြုပါ။
ရုပ်တွက်။ ။ ဝေပထုကို “ဝေပု”တည်၊ “ဝေပု=ကမ္ပနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, ဝေပု သိ ဒ၀ စသောသုတ်ဖြင့် ၊ ထုပစ္စည်းသက်, ပ်ကို ၊ သို့ကပ်, နာမ်ငဲ့, သိသက်, ချေ, ဝေပထု ပြီး၏။
သယထု။ ။ သယနံ-အိပ်ခြင်း၊ သယထု-အိပ်ခြင်း၊ (အအိပ်များသော ဖောရောင်နာ၊) သိဓာတ်, ၊ ထုပစ္စည်း, အညေသု စသုတ်ဖြင့် -ိ ကို ဧဝုဒ္ဓိပြု, ဧ အယသုတ်ဖြင့် ဧ ကို ၊ ယ် ပြုလေ။
ဒဝထု။ ။ [သုတ်က ဓာတ်စဉ်အတိုင်း ပြအံ့၊] ဒဝနံ-ပူလောင်ခြင်း၊ ဒဝထု-ပူလောင်ခြင်း၊ (ကိုယ်ပူနာ)၊ “ဒဝ=ဒဝနေ”ဟု ဆို၊ ဒုဓာတ်လည်း ကြံ၏၊ အညေသု စသုတ်ဖြင့် ဒု ၏ ု ကို သြ, သြကို ၊ ဝ် ပြု။
ဝမထု။ ။ ဝမနံ-ပျို့အန်ခြင်း၊ ဝမထု-ပျို့အန်ခြင်း၊ (ဤပုဒ်၌ကား “ဝမီယတေတိ ဝမထု”ဟု ကမ္မသာဓနကိုလည်း မောဂ္ဂလ္လာန် ခါဒိကဏ္ဍ ၅၆ သုတ်၌ သာဓကနှင့်တကွ ပြထား၏၊) ဝမထု-ပျို့အန်ခြင်း၊ တစ်နည်းပျို့အန်အပ်သော အန်ဖတ်၊ “ဝမု=ဥဂ္ဂိရဏေ”ဟု ဆို။
ကုတ္တိမ။ ။ ကရဏံ-ပြုခြင်း၊ ကုတ္တိမံ-ပြုခြင်း၊ “ကရီယိတ္ထာတိ ကုတ္တိမံ” ဟု ကမ္မသာဓနလည်း သင့်၏၊ အစစ်ကို “ဇာတိမဏိ=မြစစ်”၊ အတုကို “မဏိကုတ္တိမ=ပြုလုပ်အပ်သော မြ၊ ဝါ-မြအတု”ဟု ကျမ်းဂန်၌ ဆိုသည်။
ရုပ်တွက်။ ။ ကုတ္တိမံကို “ကရ”တည်၊ “ကရ=ကရဏေ” စသည်ဆို၊ ဤသုတ်ဖြင့် တ္တိမပစ္စည်း သက်, ကု ဟူသော ဤသုတ်လာ နိပါတနဖြင့် ကရ် ကို ကု ပြု, နာမ်ငဲ့, သိကို -ံ ၊ ပြု, ကုတ္တိမံ ပြီး၏။
ဒတ္တိမံ။ ။ ဒါနံ-ပေးခြင်း၊ ဒတ္တိမံ-ပေးခြင်း၊ (ဒီယတီတိ ဒတ္တိမံ ဟု ကမ္မသာဓ်လည်း ပြု, ပေးအပ်သောပစ္စည်း၊) ဒါဓာတ်, တ္တိမပစ္စည်း, ကွစာဒိ မဇ္ဈုတ္တရာနံ စသောသုတ်ဖြင့် ဒါ ၏ -ါ ကို ရဿ ပြု။
ဘောတ္တိမံ။ ။ ဘဝနံ-ဖြစ်ခြင်း၊ ဘောတ္တိမံ-ဖြစ်ခြင်း၊ ဘူဓာတ်, တ္တိမ စ္စည်း၊ အညေသု စသုတ်ဖြင့် ဘူ၏ ူ ကို ေ-ါ ဝုဒ္ဓိပြု။
သြဟာဝိမံ။ ။ အဝဟုတိ-ပူဇော်ခြင်း၊ သြဟာဝိမံ-ပူဇော်ခြင်း၊ (တစ်နည်း-ပူဇော်အပ်သော ဝတ္ထု၊) အဝပုဗ္ဗ ဟုဓာတ်၊ “ဟု=ဒါနာဒနဟဗျ ပ္ပဒါနေသု”ဟူသော အနက်၌ ဓာတ်မှည့်, ဤသုတ်ဖြင့် ဏိမပစ္စည်းသက်, ကာရိတ်ကဲ့သို့ ငဲ့, ဏ်အနုဗန်ကို ချေ, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေ သုတ်ဖြင့် ဟု၏ အဆုံး ု ကို ေ-ါ ဝုဒ္ဓိပြု, တေ အာဝါယာ ကာရိတေ သုတ်ဖြင့် ေ-ါ ကို -ါ ဝ ပြု, ဝ်ကို -ိ သို့ ကပ်, သြ အဝဿသုတ်ဖြင့် အဝကို သြပြု, နာမ်ငဲ့, သိကို -ံ ပြု, သြဟာဝိမံ ပြီး၏။
֍ ၂၂။ အက္ကောသေ နမှာ.နိ။ ။ နမှိ- န ဟူသော ပဋိသေဓ နိပါတ် ရှေ့ရှိလတ်သော်၊ အက္ကောသေ- ဆဲရေးခြင်းအနက်ကို၊ ဂမျမာနေ- သိအပ်သည်ရှိသော်၊ အာနိ- အာနိ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ အဂမာနိ တေ ဇမ္မ ဒေသော, အကရာဏိ တေ ဇမ္မ ကမ္မံ စသည်တည်း။
၂၂။ နမှာနိကို “နမှိ+အာနိ”ဟု ပုဒ်ဖြတ်၊ နသဒ္ဒါသည် ပဋိသေဓ၊ မြန်မာလို “မ”ဟု တားမြစ်ခြင်းအနက်ကို ဟောသော နိပါတ်ပုဒ်တည်း၊ ထို နနိပါတ် ရှေးရှိရာဝယ် ဆဲရေးခြင်းအနက်ကို ဆိုလိုလျှင် ဤသုတ်ဖြင့် “အာနိ”ပစ္စည်းသက်။
အနက်ပေးပုံ။ ။ ဇမ္မ-ဟဲ့အယုတ်ကောင်၊ တေ-နင်သည်၊ ဒေသောအရပ်တစ်ပါးသို့ (သူများအရပ်သို့)၊ အဂမာနိ-မသွားအပ်, မသွားထိုက်၊ “နင်လိုလူစား အရပ်တစ်ပါးသို့ သွားလို့ မဖြစ်ဘူး”ဟူလို၊ ဆရာတို့ကား “မသွားဘဲနေခြင်း ဖျင်းလှ၏တကား”ဟု အနက်ဆိုကြ၏၊ ဇမ္မ-ဟဲ့အယုတ် ကောင်၊ တေ-နင်သည်၊ ကမ္မံ-အမှုကို၊ အကရာဏိ-မပြုအပ်, မပြုထိုက်
(“နင်လိုလူစား အမှုကို ပြုလို့မဖြစ်ဘူး”ဟူလို၊) ဆရာတို့ကား “အကရာဏိမပြုဘဲနေခြင်း ဖျင်းလှ၏တကား”ဟု ဆိုကြ၏။
အမှာ။ ။ ရုပ်တွက်ရာ၌ နပုဗ္ဗ “ဂမု”တည်မှ ကျနမည်၊ သို့သော် နကို အ ပြုဖို့အရေးမှာ (သမာသ်နယ်ကူးသွားသဖြင့်) ဝန်လေးမည်စိုး၍ အပုဗ္ဗ “ဂမု”တည်မည်၊ ဤ နဂမာနိစသောပုဒ်သည် ကိတ်ပစ္စည်းဆုံးသော သမာသ်ပုဒ်တည်း၊ ဤ အဂမာနိပုဒ်၏ လိန် ဝုစ် သာဓနစစ်တမ်းကို ကစ္စည်းဘာသာဋီကာမှာ ရှု။
ရုပ်တွက်။ ။ အဂမာနိကို အပုဗ္ဗ “ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, အက္ကောသေ နမှာနိသုတ်ဖြင့် -ါနိ ပစ္စည်းသက်, မ်ကို -ါ သို့ ကပ်, နာမ်ငဲ့, သိသက်, ချေ, အဂမာနိ ပြီး၏။ [အကရာဏိ၌လည်း အပုဗ္ဗ “ကရ”တည်၍ တွက်။]
֍ ၂၃။ ဧကာဒိတော သကိဿ က္ခတ္တုံ။ ။ ဧကာဒိတော- ဧက အစရှိသော သဒ္ဒါမှနောက်၌၊ သကိဿ- သကိံသဒ္ဒါ၏၊ က္ခတ္တုံ- က္ခတ္တုံအပြုသည်၊ ဟောတိ- ဖြစ်၏။ ဧကက္ခတ္တုံ စသည်တည်း။
၂၃။ “ဧကက္ခတ္တုံ-တစ်ကြိမ်၊ (ဘုဉ္ဇတိ-စား၏” စသည်ဖြင့် တွဲလေ။) ဤသုတ် အဓိပ္ပာယ်ကို နျာသအဆိုက ကစ္စည်းကျမ်း၏ အာဘော်ကျပုံ ရသဖြင့် နျာသအတိုင်း ပြမည်၊ ဧကက္ခတ္တုံသည် တပ္ပုရိသ်သမာသ်ပုဒ် ဖြစ်သတဲ့၊ ထို့ကြောင့် “ဧက+သကိံ”ဟု တည်၍ တပ္ပုရိသ် တွက်သလို တွက်ရမည်၊ သို့သော် ဉာဏ်ရှုပ်မည်စိုး၍ ရိုးရိုးကျဉ်းကျဉ်း တွက်ပြအံ့။
သကိံသဒ္ဒါသည် သူ့ချည်းသက်သက် “တစ်ကြိမ်”ဟူသောအနက်ကို ဟောသော်လည်း ဧက ဒွိ စသည်နှင့် တွဲဖက်သည့်အခါ “အကြိမ်”သာမန် ကို ဟော၏၊ ထို့ကြောင့် “ဧကဿ-တစ်ခု၏၊ သကိံ-အကြိမ်တည်း၊ ဧကက္ခတ္တုံ-တစ်ကြိမ်” စသည်ဖြင့် ဆိုလေ။
ရုပ်တွက်။ ။ ဧကက္ခတ္တုံကို “ဧကသကိံ ”တည်၊ ဧကာဒိတော သကိဿ က္ခတ္တုံသုတ်ဖြင့် သကိံကို က္ခတ္တုံ ပြု (ဧကက္ခတ္တုံ), နာမ်ငဲ့, သိသက်, ချေ, ဧကက္ခတ္တုံ ပြီး၏။… ဒွိသကိံ တည်၊ သကိံကို က္ခတ္တုံ ပြု, နာမ်ငဲ့, သိသက်, ချေ, “ဒွိက္ခတ္တုံ-နှစ်ကြိမ်”ဟု ဆိုသော်လည်း ယောဝိဘတ် သက်ဖွယ်မလို၊ နိပါတ်ပုဒ်နှင့် အလားတူသောကြောင့် လိန်အနက်ထွန်းပြဖို့ရာ သိဝိဘတ် သာ သက်။ [တိက္ခတ္တုံ- ၃ ကြိမ်၊ စတုက္ခတ္တုံ- ၄ ကြိမ်၊ ဗဟုက္ခတ္တုံအကြိမ်ပေါင်းများစွာ” ဤသို့ စသည်ဖြင့် များစွာ ရှိလေ၏။]
֍ ၂၄။ သုနဿုနဿောဏဝါနုဝါနူနုနခုဏာနာ။ ။ သုနဿ- သုနဟူသော ပါဋိပဒိကပုဒ်၏၊ ဥနဿ- အစိတ် ဥနသဒ္ဒါ၏၊ သြဏဝါနုဝါနူနုနခုဏာနာ- သြဏအပြု, ဝါနအပြု, ဥဝါနအပြု, ဥုနအပြု, ဥနခအပြု, ဥဏအပြု, အာအပြု, အာနအပြုတို့သည်၊ ဟောန္တိ- ကုန်၏။ သောဏော, သွာနော, သုဝါနော, သူနော, သုနခေါ, သုဏော, သာ, သာနော ဟူသည်တည်း။
၂၄။ “သုနဿ + ဥနဿ + သြဏ + ဝါန + ဥဝါန + ဥုန + ဥနခ + ဥဏ + -ါ + -ါနာ”ဟု ပုဒ်ဖြတ်၊ သောဏော-ခွေး၊ သွာနော-ခွေး”စသည်ဖြင့် အနက်တူ၏၊ ပါဋိပဒိက အကြောင်းကို ဘာသာဋီကာမှာ ရှု။
သောဏောကို “သုန”တည်, သိသက်, သုနဿုနဿောဏ စသော သုတ်ဖြင့် သုနပုဒ်၏အစိတ် ု န ကို ေ-ါ ဏ ပြု, သိကို သြပြု, သောဏော ပြီး၏။ [သုန၏အစိတ် ု န ကို ဝါနပြုလျှင် “သွာန”ဟု ဖြစ်၏၊ ု ဝါနပြုလျှင် သုဝါန, ူ နပြုလျှင် သူန, ု နခပြုလျှင် သုနခ (သုနက္ခ မဟုတ်)၊ ုဏ ပြုလျှင် သုဏ, -ါ ပြုလျှင် “သာ”ဟု ဖြစ်၏, သိချေ၊ -ါ န ပြုလျှင် “သာန” ဟု ဖြစ်သည်၊ သာမှ ကြွင်းသော ရုပ်များ၌ သိကို ေ-ါ ပြုလေ။]
֍ ၂၅။ တရုဏဿ သုသု စ။ ။ တရုဏဿ- တရုဏ ဟူသော ပါဋိပဒိကပုဒ်၏၊ သုသု- သုသု အပြုသည်၊ ဟောတိ စ- ဖြစ်သည် လည်း ရှိ၏။ သုသု ဟူသည်တည်း။
၂၅။ “ဟောတိ စ-ဖြစ်သည်လည်း ရှိ၏”ဟု ဆိုသဖြင့် “သုသုအပြု မဖြစ်သည်လည်း ရှိ၏”ဟု သုသုအပြု မမြဲကြောင်းကို စသဒ္ဒါက ပြသည်၊ သုသု-ငယ်ရွယ်သူ။
အမှာ။ ။ ဤသုတ်ဖြင့် တရုဏပုဒ်ကို သုသုပြုခြင်းငှာ တရုဏပုဒ်နှင့် သုသုပုဒ်သည် နုပျိုငယ်ရွယ်သူကို ဟောရာဝယ် အလဲအလှယ် ပရိယာယ် ဖြစ်ကြောင်းကို ပြလိုရင်းဖြစ်၏၊ စင်စစ်မှာ တရုဏပုဒ်မှ သုသုဖြစ်လာ သည် မဟုတ်, သုသုပုဒ်ရင်းသာတည်း၊ ၂၄-၂၆ နံပါတ်သုတ်များလည်း ဤသဘောပင် ဖြစ်သည်။
သုသုကို တရုဏတည်, သိသက်, တရုဏဿ သုသု စသုတ်ဖြင့် တရုဏကို သုသုပြု, သေသတော လောပံ ဂသိပိသုတ်ဖြင့် သိချေ, သုသု ပြီး၏။
֍ ၂၆။ ယုဝဿုဝဿုဝါနုနူနာ။ ။ ယုဝဿ- ယုဝ ဟူသော ပါဋိပဒိကပုဒ်၏၊ ဥဝဿ- အစိတ် ဥဝသဒ္ဒါ၏၊ ဥဝုဝါနုနူနာ- ဥ၀ အပြု, ဥဝါနအပြု, ဥနအပြု, ဥုနအပြုတို့သည်၊ ဟောန္တိ- ဖြစ် ကုန်၏။ ယုဝါ, ယုဝါနော, ယုနော, ယူနော ဟူသည်တည်း။
၂၆။ ယုဝါ-လုလင်ပျို၊ ယုဝါနော စသည် အနက်တူ။ [နာမ်ဂိုဏ်း တုန်းက ယုဝ၏အစိတ် ၊ ကို -ါ နပြု၍ ယုဝါနော စသော ရုပ်များ ဖြစ်ကြောင်းကိုလည်း ပြခဲ့ပြီ၊ ထိုအဆိုနှင့် ဤသုတ်စီရင်ပုံကို တစ်နည်းစီဟု မှတ်ပါ၊ ု ဝ ကို ု ဝ ထပ်ပြုခြင်းကား ယုဝါပုဒ်လည်း ရှိနိုင်ကြောင်းကို ပြလို၍ ဖြစ်သည်၊ ဤသို့ ထပ်မပြုလျှင် ု ဝါန, ု န, ူ န တစ်ခုခုကို အမြဲပြု၍ “ယုဝါန” စသည်သာ ရှိနိုင်၏ဟု ထင်မှားလိမ့်မည်။]
֍ ၂၇။ ကာလေ ဝတ္တမာနာ.တီတေ ဏွာဒယော။ ။ ဝတ္တမာနေ- ပစ္စုပ္ပန်လည်းဖြစ်သော၊ အတီတေ- အတိတ်လည်းဖြစ်သော၊ ကာလေ- အခါကို၊ ဂမျမာနေ- သိအပ်သည်ရှိသော်၊ ဏွာဒယော- ဏု အစရှိသောပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ကာရု, ဘုဝနံ, ဘူတံ, ဘူမိ စသည်တည်း။
ရုပ်တွက်။ ။ ယုဝါကို “ယုဝ”တည်, သိသက်, ယုဝဿုဝဿုဝုဝါနုနူနာ သုတ်ဖြင့် ယုဝ၏အစိတ် ု ဝ ကို ု ဝ ပြု, သိသက်, ပုမန္တဿာ သိမှိသုတ်၌ အန္တသဒ္ဒါပိုဖြင့် ဝ၏အဆုံး ၊ ကို သိဝိဘတ်နှင့်တကွ -ါ ပြု, ယုဝါ ပြီး၏။ [ယုဝ၏အစိတ် ု ဝ ကို ု ဝါန ပြုလျှင် ယုဝါနော, ု ဝ ကို ု န ပြုလျှင် ယုနော, ု ဝ ကို ူ န ပြုလျှင် ယူနော ဟု ရုပ်ဖြစ်၏။]
၂၇။ ဏွာဒယောကို “ဏု+အာဒယော”ဟု ပုဒ်ဖြတ်၊ အာဒိဖြင့် ယု, မိ, က္တ ပစ္စည်းများကို ရူပသိဒ္ဓိယူ၏၊ ပစ္စုပ္ပန် အတိတ်ကာလ ၂ ခုကို ပြသောကြောင့် “ကရောတီတိ ကာရု, အကာသီတိ ကာရု”ဟု ဝိဂြိုဟ်ပြု၊ “အကာသိ-ပြုပြီ”ဟု ဆို၊ ရုပ်ကို ကတ္တရိ ကိတ်သုတ်၌ တွက်ခဲ့ပြီ။
ဘုဝနံ။ ။ ဘဝန္တိ ဧတ္ထာတိ ဘုဝနံ၊ ဧတ္ထ-ဤလောက၌၊ ဘဝန္တိ-ဖြစ် တတ်ကုန်၏၊ ဣတိ-ထိုသို့ ဖြစ်ရာ၏အဖြစ်ကြောင့်၊ ဘုဝနံ-ဘုဝနမည်၏၊ ဘုဝနံကို “ဘူ=သတ္တာယံ”ဟူသော အနက်၌ ဓာတ်မှည့်, ကာလေ ဝတ္တ မာနာတီတေ ဏွာဒယောသုတ်ဖြင့် ယုပစ္စည်းသက်, နုဒါဒီဟိ ယုဏွုန စသောသုတ်ဖြင့် ယုကို ၊ န ပြု, ဘူ၏ အဆုံး ူ ကို လအမည်မှည့်, ဈလာန မိယုဝါ သရေ ဝါသုတ်ဖြင့် ူ ကို ု ဝ် ပြု, ဝ်ကို ၊ သို့ ကပ် (ဘုဝန), နာမ်ငဲ့, သိကို -ံ ပြု, ဘုဝနံ ပြီး၏။
ဘူတံ။ ။ ဘဝတိ-ဖြစ်ဆဲ၊ အဘဝီ-ဖြစ်ပြီ၊ ဣတိ-ကြောင့်၊ ဘူတံဘူတ မည်၏၊ (မဟာဘုတ်ရုပ်, ဘီလူး စသော ဘုတ်ကောင်)၊ ဘူတံကို “ဘူ”တည်၊ “ဘူ=သတ္တာယံ”စသည်ဆို၊ ဤသုတ်ဖြင့် က္တပစ္စည်းသက်, ကွစိ ဓာတုသုတ်ဖြင့် က်အနုဗန်ကို ချေ, နာမ်ငဲ့, သိကို -ံ ပြု, ဘူတံ ပြီး၏။
ဘူမိ။ ။ ဘဝန္တိ ဧတ္ထာတိ ဘူမိ၊ ဧတ္ထ-ဤအရပ်၌၊ ဘဝန္တိ-ဖြစ်ကုန်၏၊ ဣတိ-ထိုသို့ ဖြစ်ရာ၏အဖြစ်ကြောင့်၊ ဘူမိ-ဘူမိ(ဘုံ)မည်၏၊ ဘူ တည်၊ ဤသုတ်ဖြင့် မိပစ္စည်းသက်, ဣတ္ထိလိန် ရတ္တာဒိဂိုဏ်းတည်း။
֍ ၂၈။ ဘဝိဿတိ ဂမာဒီဟိ ဏီဃိဏ်။ ။ ဘဝိဿတိ- အနာဂတ်ကာလ၌၊ ဂမာဒီဟိ- ဂမု အစရှိသော ဓာတ်တို့မှ နောက်၌၊ ဏီဃိဏ်- ဏီပစ္စည်း ဃိဏ်ပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဂါမီ, ဂါမိ စသည်တည်း။
၂၈။ [ဂါမီ, ဂါမိ-သွားလတ္တံ့လေ့ရှိသူ။] ဏီ ဃိဏ်တို့က တဿီလ အနက်ရှိသောကြောင့်“သွားလတ္တံ့လေ့ရှိသူ”ဟု ဆိုသည်၊ ဂါမီ၌ ဏီပစ္စည်း တည်း၊ “ဂါမီ-ဂါမီ, ဂါမိနော”စသည်ဖြင့် ဒဏ္ဍီသဒ္ဒါကဲ့သို့ ရုပ်စဉ်၊ ဂါမိ၌ ဃိဏ်ပစ္စည်းတည်း၊ “ဂါမိ-ဂါမီ, ဂါမယော”စသည်ဖြင့် အဂ္ဂိသဒ္ဒါကဲ့သို့ ရုပ်စဉ်။ [ဘဝိဿတိကား ဘူဓာတ်, ဿန္တုပစ္စည်း, ဂစ္ဆတိ ဂစ္ဆန္တသ္မိံကဲ့သို့ သ္မိံဝိဘတ်တည်း။]
ရုပ်တွက်။ ။ ဂါမီကို “ဂမု”တည်၊ “ဂမု=ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဘဝိဿတိ ဂမာဒီဟိ ဏီဃိဏ်သုတ်ဖြင့် ဏီ ပစ္စည်းသက်, ကာရိတံ ဝိယ ဏာနုဗန္ဓောသုတ်ဖြင့် ဏီကို ကာရိတ်ကဲ့သို့ငဲ့, ကာရိတာနံ ဏောလောပံ”သုတ်ဖြင့် ဏ်အနုဗန်ချေ, အသံယောဂန္တဿ ဝုဒ္ဓိကာရိတေသုတ်ဖြင့် ဂ၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, မ်ကို -ိ သို့ကပ်, နာမ်ငဲ့, စသည်။
ဂါမိကို “ဂမု”တည်, ဓာတ်မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် ဃိဏ် ပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန်ချေ, ကွစိ ဓာတုသုတ်ကြီးဖြင့် ဃကိုချေ, ဂ၏အဆုံးဂ၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, မ်ကို -ိသို့ကပ် (ဂါမိ), နာမ်ငဲ့, သိသက်, ချေ, ဂါမိ ပြီး၏။
အာဒိ။ ။ ဂမာဒီဟိ၌ အာဒိဖြင့် ဘာဇီ, ဘာဇိ (ဝေဖန်လတ္တံ့လေ့ရှိသူ, ဘဇဓာတ်)၊ ပဿာဝီ, ပဿာဝိ-ယိုစီးလတ္တံ့လေ့ရှိသော အရာဝတ္ထု (ပပုဗ္ဗ သု=အဘိဿဝေ, ဥ-သြဝုဒ္ဓိ, သြ-အဝ, သ် ဒွေဘော်)၊ ပဋ္ဌာယီ, ပဋ္ဌာယိတည်တံ့လတ္တံ့လေ့ရှိသောအရာ (ပပုဗ္ဗ+ဌာ) စသည်ကို ယူ။
֍ ၂၉။ ကြိယာယံ ဏွုတဝေါ။ ။ ဘဝိဿတိ- အနာဂတ် ကာလ၌၊ ကြိယာယံ- ကြိယာအနက်ကို၊ ဂမျမာနာယံ- သိအပ် သည်ရှိသော်၊ ဏွုတဝေါ- ဏွုပစ္စည်း, တုပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကာရကော ဝဇတိ, ဘောတ္တာ ဝဇတိ စသည်တည်း။
၂၉။ “ကာရကော-ပြုလုပ်တတ်သူ”ဟု ပုဂ္ဂိုလ်ဒြဗ်သံပေါ်အောင် အနက်မဆိုဘဲ ကြိယာသံပေါ်အောင် အနက်ဆိုရသည်ကိုပင် “ကြိယာယံ” ဟု သုတ်၌ ဆိုသည်၊ ကာရကော၏အနက်ကို ကရိဿံ ကြိယာ၏ အနက် နှင့် တန်းတူ ထွက်စေရမည် ဟူလို၊ ကာရကော-ပြုအံ့ဟု ကြံ၍၊ ဝဇတိသွား၏၊ ဘောတ္တာ-စားအံ့ဟု ကြံ၍၊ ဝဇတိ-သွား၏။ [“ကြံ၍”ဟူသော အနက်ကား အပိုထည့်အပ်သော အနက်တည်း။]
ရုပ်တွက်။ ။ ကာရကောကို “ကရ”တည်၊ “ကရ=ကရဏေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကြိယာယံ ဏွုတဝေါသုတ်ဖြင့် ဏွုပစ္စည်းသက်, ကာရိတ်ကဲ့သို့ငဲ့, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေ သုတ်ဖြင့် က၏ အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, အနကာ ယုဏွုနံသုတ်ဖြင့် ဏွုကို ၊ က ပြု, ရ် ၊ သို့ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, ကာရကော ပြီး၏။ [နုဒါဒီဟိသုတ်ဖြင့်လည်း ၊ က ပြုနိုင်၏။]
ဘောတ္တာကို “ဘုဇ”တည်၊ ဤသုတ်ဖြင့် တုပစ္စည်းသက်, အညေသု စ သုတ်ဖြင့် ဘု၏ ု ကို ေ-ါ ဝုဒ္ဓိပြု, ဘုဇာဒီနမန္တော နော ဒွိ စသုတ်ဖြင့် ဓာတွန် ဇ်ကို ချေ, တ၏ဒွေဘော်လည်း လာ (ဘောတ္တု), နာမ်ငဲ့, သိသက်, သတ္ထုပိတာဒီနမာ သိသ္မိံ သိလောပေါ စသုတ်ဖြင့် ု ကို -ါ ပြု, သိကိုလည်း ချေ, ဘောတ္တာ ပြီး၏။ [သဗ္ဗတော ဏွုတွာဝီ ဝါသုတ်ဖြင့်လည်း ဤ ပစ္စည်းများ သက်နိုင်၏။]
֍ ၃၀။ ဘာဝဝါစိမှိ စတုတ္ထီ။ ။ ဘဝိဿတိ- အနာဂတ်ကာလ၌၊ ဘာဝဝါစိမှိ- ဘောကို ဟောသည်ရှိသော်၊ စတုတ္ထီ- စတုတ္ထီဝိဘတ် သည်၊ ဟောတိ- ဖြစ်၏။ ပါကာယ ဝဇတိ စသည်တည်း။
၃၀။ ပစိဿတေ-ချက်လတ္တံ့ခြင်း၊ ပါကော-ချက်လတ္တံခြင်း၊ ဤသို့ ဘာဝသာဓနပြုရသော ပုဒ်ကိုပင် “ဘာဝဝါစီ”ဟု ဆိုသည်၊ ထိုကဲ့သို့ ဘောကို ဟောရာ၌ “လတ္တံ့”ဟု အနာဂတ်ကာလကိုလည်း ဟောလျှင် ဤသုတ်ဖြင့် စတုတ္ထီ သ ဝိဘတ်သက်ရမည် ဟူလို၊ ပါကာယ-ချက်လတ္တံ့ ခြင်းငှာ၊ (ဝါ-ချက်ဖို့ရာ၊) ဝဇတိ-သွား၏။ [ဤသုတ်ကို ဤနေရာ၌ ဆိုရ ခြင်း၏ အကြောင်းကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
ရုပ်တွက်။ ။ ပါကာယကို “ပါက”တည်, ဘာဝဝါစိမှိ စတုတ္ထီသုတ်ဖြင့် စတုတ္ထီ သဝိဘတ်သက်, အာယ စတုတ္ထေကဝစနဿ တုသုတ်ဖြင့် သဝိဘတ်ကို -ါ ယ ပြု, က် ခွင်း, ချေ, ကပ်, ပါကာယ ပြီး၏။
အမှာ။ ။ ဤသုတ် မရှိသော်လည်း သိလာဃ သုတ်ဖြင့် တုမတ္ထ သမ္ပဒါန်မှည့်၍ သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သဝိဘတ် သက်နိုင်သည်။
֍ ၃၁။ ကမ္မနိ ဏော။ ။ ကမ္မနိ- အနီးကံပုဒ်သည်၊ သတိ- ရှိလတ်သော်၊ ဘဝိဿတိ- အနာဂတ်ကာလ၌၊ ဏော- ဏပစ္စည်း သည်၊ ဟောတိ- ဖြစ်၏။ နဂရကာရော ဝဇတိ စသည်တည်း။
၃၁။ နဂရကာရော-မြို့ကို ပြုအံ့ဟုကြံ၍၊ ဝဇတိ-သွား၏၊ ဤပုံစံ၌ နဂရကား အနီးကံပုဒ်တည်း၊ ကာရောကိုလည်း အနာဂတ်ကြိယာသံ ပါအောင် “ပြုအံ့”ဟု ဆို၊ “ဟုကြံ၍”ကား အပိုထည့်အပ်သော အနက် တည်း။ [ကြိယာယံပုဒ်ကို နျာသက မလိုက်စေလို, ရူပသိဒ္ဓိက လိုက်စေ လိုပုံရသည်။]
ရုပ်တွက်။ ။ နဂရကာရောကို နဂရသဒ္ဒူပပဒ “ကရ”တည်၊ “ကရ=ကရဏေ”စသည် ဆို၊ ကမ္မနိ ဏောသုတ်ဖြင့် ဏပစ္စည်းသက်, ကာရိတ်ငဲ့, ဏ်အနုဗန် ချေ, အသံယောဂန္တဿ စသောသုတ်ဖြင့် က၏ အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, ရ် -ါ သို့ကပ်, နာမ်ငဲ့, သိကို ေ-ါ ပြု, နဂရကာရော ပြီး၏။ [ဓာတုယာ ကမ္မာဒိမှိ ဏောသုတ်ဖြင့်လည်း ဤရုပ် ပြီးနိုင်၏။]
֍ ၃၂။ သေသေ ဿန္တုမာနာ.နာ။ ။ သေသေ- တစ်ပိုင်းတစ်စ ပြုပြီးမှဆက်, ကြွင်းသေးသောအနက်၌၊ ဘဝိဿတိ- အနာဂတ် ကာလ၌၊ ဿန္တုမာနာနာ- ဿန္တုပစ္စည်း, မာနပစ္စည်း, အာနပစ္စည်း တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကမ္မံ ကရိဿံ, ကရိဿန္တော, ကုရုမာနော, ကရာနော ဝဇတိ စသည်တည်း။
၃၂။ သေသေ၌ သေသ၏အဓိပ္ပာယ်ကား - အနာဂတ်အနက်သည် လုံးလုံးမပြုရသေးသောအနက်, တစ်ပိုင်းတစ်စပြုပြီး၍ ပြုဖို့ရန် ကျန်သေး သော အနက်ဟု ၂ မျိုး ရှိ၏၊ ဥပမာ-တစ်နာရီခန့် ပြုမည့်ကိစ္စတစ်ခုရှိရာ ထိုကိစ္စကို လုံးလုံး မပြုရသေးလျှင် “သေသ”ဟု မဆိုနိုင်၊ နာရီဝက်ခန့် ပြုပြီး၍ (တစ်စုံတစ်ခုသော အကြောင်းကြောင့်) နားနေပြီးမှ ကျန် နာရီဝက်ခန့်အတွက် ဆက်ပြုရမည့်ကိစ္စကိုသာ “သေသ”ဟု ခေါ်သတတ်၊ ကစ္စည်းဘာသာဋီကာ၌ အဓိပ္ပာယ်တစ်မျိုး ပြထားသည်။
အမှာ။ ။ ဿန္တုမာနာနာ၌ “ဿံ န္တု မာနာနာ”ဟု ပါဌ်တစ်မျိုးရှိ၏၊ “ဿံပစ္စည်း, န္တုပစ္စည်း, မာနပစ္စည်း, အာနပစ္စည်းတို့သည်”ဟု အနက်ဆို၊ ဤ၌ကား ဿန္တုပစ္စည်းဟု ဆိုလိုက်သည်၊ ရူပသိဒ္ဓိ၌ ၂ ပါးလုံး ပြု၏၊ ကမ္မံ-အမှုကို၊ ကရိဿံ, ကရိဿန္တော-ပြုလတ္တံ့ဖြစ်၍၊ ဝဇတိ-သွား၏။
ရုပ်တွက်။ ။ ကရိဿံကို “ကရ”တည်၊ “ကရ=ကရဏေ”စသည်ဆို၊ သေသေ ဿန္တု မာနာနာသုတ်ဖြင့် ဿန္တုပစ္စည်းသက်, ယထာဂမ မိကာရောသုတ်ဖြင့် -ိလာ (ကရိဿန္တု), နာမ်ငဲ့, သိသက်, သိမှိ ဝါ သုတ်ဖြင့် န္တုအဆုံး ု ကို ၊ ပြု, သိမှိ ဂစ္ဆ န္တာဒီနံ န္တသဒ္ဒေါ အံသုတ်၌ “န္တသဒ္ဒေါ အံ”ဟူသော ယောဂဝိဘာဂဖြင့် န္တကို -ံ ပြု, သေသတော သုတ်ဖြင့် သိကို ချေ, ဿ်ခွင်း, ချေ, ကပ်, ကရိဿံ ပြီး၏။ [ဿံပစ္စည်း ဆိုလျှင် သိချေရုံသာ။]
ကရိဿန္တော၌ ဿန္တုပစ္စည်း, နာမ်ငဲ့, သိသက်, သိမှိ ဝါသုတ်ဖြင့် န္တုအဆုံး ု ကို ၊ ပြု, သိကို ေ-ါ ပြု, ပြီး၏၊ “ကရိဿံ, ကရိဿန္တော, ကရိဿန္တာ, ကရိဿန္တော, ကရိဿန္တံ, ကရိဿန္တေ” စသည်ဖြင့် ဂစ္ဆ န္တာဒိ ဂိုဏ်းအတိုင်း ရုပ်စဉ်လေ။
ကုရုမာနော၌ ကရဓာတ်, မာနပစ္စည်း, တနာဒိတော သြယိရာသုတ် ဖြင့် သြပစ္စည်း, ကရဿာကာရော စသုတ်ဖြင့် က၏အစိတ် ၊ ကို ု ပြု, ဥတ္တမောကာရောသုတ်ဖြင့် သြပစ္စည်းကို ု ပြု, ရ်ကို ု သို့ကပ်, နာမ်ငဲ့, စသည်။… ကရာနော၌ -ါ နပစ္စည်းသက်။ [တတော စေ ဥတ္တရိ “ဝါယ မာနော”၌ ဝိ အာ ပုဗ္ဗ “ယမု”ဓာတ် -ါ နပစ္စည်းဖြင့် ပြီး၏။]
֍ ၃၃။ ဆဒါဒီဟိ တတြဏ်။ ။ ဆဒါဒီဟိ- ဆဒ အစရှိသော ဓာတ်တို့မှ နောက်၌၊ တတြဏ်- တပစ္စည်း, တြဏ်ပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဆတ္တံ, ဆတြံ စသည်တည်း။
၃၃။ အာတပံ-နေပူကို၊ ဆာဒေတိ-မိုးကာတတ်၏၊ ဣတိ-ကြောင့်၊ ဆတ္တံ, ဆတြံ-ဆတ္တ, ဆတြ (ထီး) မည်၏။
ရုပ်တွက်။ ။ ဆတ္တံကို “ဆဒ”တည်၊ “ဆဒ=အပဝါရဏေ”စသည်၊ ဆဒါဒီဟိ တတြဏ်သုတ်ဖြင့် တပစ္စည်းသက်, ဒေါ ဓဿ စသုတ်၌ စသဒ္ဒါ ဖြင့် ဒ်ကို တပြု, တကို တသို့ ကပ် (ဆတ္တ), နာမ်ငဲ့, သိကို -ံ ပြု, ဆတ္တံ ပြီး၏။ [ရူပသိဒ္ဓိ၌ ကွစိ ဓာတုသုတ်ကြီးဖြင့် ဒ်ကို တ်ပြု၏၊ ဤ၌ကား နျာသအလိုတည်း။]
ဆတြံကို “ဆဒ”တည် စသည်, တြဏ်ပစ္စည်းသက်, ကာရိတံ ဝိယ စသည်ဖြင့် ကာရိတ်ငဲ့, ဏ်အနုဗန်ချေ, ဓာတွန် ဒ်ကို တ်ပြု, တ်ကို သြသို့ ကပ်, ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ စသဒ္ဒါဖြင့် တ္တဗျဉ်း ၂ လုံးတွင် တ တစ်လုံးကို ချေ, နာမ်ငဲ့, သိကို -ံ ပြု, ဆတြံ ပြီး၏။
အာဒိ။ ။ ဆဒါဒီဟိ၌ အာဒိဖြင့် စိန္တဓာတ် စသည်ကို ယူ၍ စိတ္တံ, စိတြံ စသော ရုပ်များ ဖြစ်၏၊ အာရမဏံ-အာရုံကို၊ စိန္တေတိ-သိတတ်၏၊ ဣတိ-ထို့ကြောင့်၊ စိတ္တံ, စိတြံ-စိတ် မည်၏။
စိတ္တံကို “စိန္တ”တည်၊ “စိန္တ=စိန္တာယံ”ဟု ဆို၊ တပစ္စည်း သက်, နိဂ္ဂဟီတံ သံယောဂါဒိနောသုတ်ဖြင့် န်ကို နိဂ္ဂဟိတ်ပြု, ဗျဉ္ဇနေ စသုတ်ဖြင့် နိဂ္ဂဟိတ် ချေ, တ်ကို တသို့ ကပ်, စသည်။
֍ ၃၄။ ဝဒါဒီဟိ ဏိတ္တော ဂဏေ။ ။ ဝဒါဒီဟိ- ဝဒ အစရှိသော ဓာတ်တို့မှ နောက်၌၊ ဂဏေ- အပေါင်းဟူသော အနက်၌၊ ဏိတ္တော- ဏိတ္တပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဝါဒိတ္တံ, စာရိတ္တံ, ဝါရိတ္တံ ဟူသည်တည်း။
၃၄။ ဝါဒိတာနံ ဂဏော ဝါဒိတ္တံ၊ ဝါဒိတာနံ-တီးမှုတ်အပ်သော တူရိယာတို့၏၊ ဂဏော-အပေါင်းသည်၊ ဝါဒိတ္တံ-ဝါဒိတ္တမည်၏၊ ဝဒါဒီဟိ၌ အာဒိဖြင့် စရဓာတ် ဝရဓာတ်တို့ကို ယူ, စရိတာနံ ဂဏော စာရိတ္တံကျင့်အပ်သော အကျင့်တို့၏အပေါင်း၊ ဝရိတာနံ ဂဏော ဝါရိတ္တံ-တားမြစ် အပ်သော သီလတို့၏အပေါင်း။
ရုပ်တွက်။ ။ ဝါဒိတ္တံကို “ဝဒ”တည်၊ “ဝဒ=ဝိယတ္တိယံ ဝါစာယံ” ဓာတ်မှည့်, အဆုံးသရချေ, ဝဒါဒီဟိ ဏိတ္တော ဂဏေသုတ်ဖြင့် ဏိတ္တ ပစ္စည်းသက်, ကာရိတ်ကဲ့သို့ငဲ့, ဏ်အနုဗန်ချေ, အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ဖြင့် ဝ၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု (ဝါဒိတ္တ),နာမ်ငဲ့, သိကို -ံ ပြု, ဝါဒိတ္တံ ပြီး၏။
စာရိတ္တံ၌ “စရ”တည်၊ “စရ=စရဏေ”စသည်၊ ဝါရိတ္တံ၌ “ဝရ”တည်၊ “ဝရ=ဝရဏေ”စသည် ဆို။ [စာရိတ္တသီလ-မျိုးရိုးအတိုင်း ကျင့်ရသော အကျင့်၊ ဝါရိတ္တသီလ-တမင်တကာ စောင့်ရသော ငါးပါးသီလစသည်။]
֍ ၃၅။ မိဒါဒီဟိ တ္တိတိယော။ ။ မိဒါဒီဟိ- မိဒ အစရှိသော ဓာတ်တို့မှ နောက်၌၊ တ္တိတိယော- တ္တိပစ္စည်း, တိပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ မေတ္တိ, တန္တိ စသည်တည်း။
၃၅။ မိဇ္ဇတိ သိနိယှတိ-ချစ်တတ်၏၊ ဣတိ-ထို့ကြောင့်၊ မေတ္တိ-မေတ္တိ မည်၏၊ ချစ်တတ်သူ (တစ်နည်း-ချစ်ခြင်း)၊ တနီယတေ ဝိတ္ထာရီယတေချဲ့ဖွင့်အပ်၏၊ ဣတိ-ကြောင့်၊ တန္တိ-တန္တိ (ပါဠိ) မည်၏။
ရုပ်တွက်။ ။ မေတ္တိကို “မိဒ”တည်၊ “မိဒ=သိနေဟေ”ဓာတ်မှည့်, အဆုံးသရချေ, မိဒါဒီဟိ တ္တိတိယောသုတ်ဖြင့် တ္တိပစ္စည်းသက်, အညေသု စသုတ်ဖြင့် မိ၏အစိတ် -ိ ကို ေ-ဝုဒ္ဓိပြု, ကွစိ ဓာတုဖြင့် ဓာတွန်ဒ်ကို ချေ, နာမ်ငဲ့, သိချေ။…တန္တိကို “တနု”တည်၊ “တနု=ဝိတ္ထာရေ”ဓာတ်မှည့်, အဆုံး ု ကို ချေ, ဤသုတ်ဖြင့် တိပစ္စည်းသက်, န်ကို တိသို့ကပ်, နာမ်ငဲ့ စသည်။
အာဒိ။ ။ မိဒါဒီဟိ၌ အာဒိသဒ္ဒါဖြင့် ပတ္တိ-ခြေလျင်စစ်တပ် (ပဒ ဓာတ်)၊ ရတ္တိ-ညဉ့် (ရန္ဇ)၊ ဓာတိ-အထိန်းတော် (ဓာ)၊ ပါတိ-ခွက် (ပါဓာတ်)၊ ဝသတိ-နေရာအိမ် (ဝသ)ကို ယူ။ [ဣတ္ထိယမတိယ ဝေါ ဝါဖြင့် ဤ ရုပ်များ ပြီးနိုင်၏။]
֍ ၃၆။ ဥသုရန္ဇဍံသာနံ ဍံသဿ ဒဍ္ဎော ဎဌာ စ။ ။ ဥသုရန္ဇ ဍံသာနံ- ဥသုဓာတ်, ရန္ဇဓာတ်, ဍံသဓာတ်တို့တွင်၊ ဍံသဿ- ဍံသ ဓာတ်၏၊ ဒဍ္ဎော- ဒဍ္ဎအပြုသည်၊ ဟောတိ- ဖြစ်၏။ သေသေဟိကြွင်းသော ဥသု ရန္ဇဓာတ်တို့မှ နောက်၌၊ ဎဌာ- အစဉ်အတိုင်း ဎပစ္စည်း, ဌပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဥဍ္ဎော, ရဋ္ဌံ, ဒဍ္ဎံ ဟူသည်တည်း။
၃၆။ ဤသုတ်၌ ရူပသိဒ္ဓိဝယ် မြန်မာမူ သီဟိုဠ်မူ ကွဲ၏၊ သီဟိုဠ်မူကို မှီး၍ သုတ်နက်ဆိုသည်၊ ဥဍ္ဎော-ကုလားအုတ်သတ္တဝါ၊ ရဋ္ဌံ-တိုင်းနိုင်ငံ၊ ဒဍ္ဎံ-ကိုက်အပ်၏။
ဥဍ္ဎောကို “ဥသု”တည်၊ “ဥသု=ဒါဟေ”ဓာတ်မှည့်, အဆုံးသရချေ, ဥသု ရန္ဇဍံသာနံ ဍံသဿ ဒဍ္ဎော ဎဌာ စသုတ်ဖြင့် ဎပစ္စည်း သက်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဓာတွန် သ် ချေ, ဝဂ္ဂေ ဃောသာဃောသာနံ စသော သုတ်ဖြင့် အသဒိသဒွေဘော် ဍ်လာ, နာမ်ငဲ့, သိကို ေ-ါ ပြု, ဥဍ္ဎော ပြီး၏။
ရဋ္ဌံကို “ရန္ဇ”တည်၊ “ရန္ဇ=ရာဂေ” ဓာတ်မှည့်, အဆုံးသရချေ, ဤ သုတ်ဖြင့် ဌပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဓာတွန် န္ဇ်ကို ချေ, အသဒိသဒွေဘော် ဋ်လာ, နာမ်ငဲ့, သိကို -ံ ပြု, ရဋ္ဌံ ပြီး၏။
ဒဍ္ဎံကို “ဍံသ”တည်၊ “ဍံသ=ဍံသနေ”ဓာတ်မှည့်, အဆုံးသရချေ, ကွိ စ သုတ်ဖြင့် ကွိပစ္စည်းသက်, ဥသုရန္ဇဍံသာနံ ဍံသဿ ဒဍ္ဎော ဎဌာစသုတ်ဖြင့် ဍံသဓာတ်ကို ဒဍ္ဎ ပြု, ကွိပစ္စည်းကို ချေ, နာမ်ငဲ့, သိကို -ံ ပြု, ဒဍ္ဎံ ပြီး၏။
֍ ၃၇။ သူဝု.သာန.မူဝုသာနမ.တော ထော စ။ ။ သူဝု.သာနံ- သူဓာတ်, ဝုဓာတ်, အသဓာတ်တို့၏၊ ဥုဝုသာနံ- အစိတ် ဥု ဥ အသသဒ္ဒါတို့၏၊ အတော- အတအပြုသည်လည်းကောင်း၊ ထော စ- ထပစ္စည်းသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ သတ္ထံ, ဝတ္ထံ, အတ္ထော စသည်တည်း။
၃၇။ [သတ္ထံ-လက်နက်၊ ဝတ္ထံ-အဝတ်၊ အတ္ထော-အနက်။]
သတ္ထံကို “သူ”တည်၊ “သူ=ဟိံသာယံ” ဓာတ်မှည့်, သူဝုသာနမူဝုသာန မတော ထော စသုတ်ဖြင့် သူ၏အစိတ် ူ ကို ၊ တ်ပြု, ထပစ္စည်းသက်, သ်ကို ၊ သို့ကပ်, တ်ကို ထသို့ကပ်, နာမ်ငဲ့, သိကို -ံ ပြု, ပြီး၏။ [အတပြုတဲ့ အခါ တ၌ သရမပါဘဲပြုမှ နောက်ထသို့ အလွယ်တကူ ကပ်နိုင်မည်။]
ဝတ္ထံကို “ဝု”တည်၊ “ဝု=သံဝရဏေ” ဝု၏အစိတ် ု ကို ၊ တ်ပြု, ထပစ္စည်း သက်၊ အတ္ထောကို“အသ”တည်၊ “အသ=ဘုဝိ” အသ်ဓာတ်ကိုပင် အတ် ပြု၍ ထပစ္စည်းသက်။ [အခြားနည်းဖြင့်လည်း ဤရုပ်များ ပြီးစီး၏။]
֍ ၃၈။ ရန္ဇု.ဒါဒီဟိ ဓဒိ.ဒ္ဒကိရာ, ကွစိ ဇဒလောပေါ စ။ ။ ရန္ဇု.ဒါဒီဟိ- ရ န္ဇ, ဥဓိအစရှိသောဓာတ်တို့မှနောက်၌၊ ဓဒိ.ဒ္ဒကိရာ- ဓပစ္စည်း, ဒပစ္စည်း, ဣဒ္ဒပစ္စည်း, ကပစ္စည်း, ဣရပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကွစိ- အချို့အရာ၌၊ ဇဒလောပေါ စ- ဓာတွန် ဇဒတို့၏ ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ ရန္ဓံ, သမုဒ္ဒေါ, ဒလိဒ္ဒေါ, သုက္ကံ, ဝဇိရံ စသည်တည်း။
၃၈။ ရန္ဓံ-အပေါက်အကြား၊ သမုဒ္ဒေါ-သမုဒ္ဒရာ။ [သက္ကတ၌ “သမုဒြ” ဟု ရှိသည်၊ မြန်မာက “သမုဒ္ဒရာ”ဟု ခေါ်၏။] ဒလိဒ္ဒေါ-သူဆင်းရဲ၊ သုက္ကံသုက်(ဖြူသောအဆင်း)၊ ဝဇိရံ-ဝဇိရစိန်လက်နက်။
ရုပ်တွက်။ ။ ရန္ဓံကို “ရန္ဇ”တည်၊ “ရန္ဇ=ရာဂေ” ဓာတ်မှည့်, အဆုံးသရ ချေ, ရန္ဇုဒါဒီဟိစသောသုတ်ဖြင့် ဓပစ္စည်းသက်, ဓာတွန်ဇ်ကိုလည်းချေ (ရန်ဓ), န်ကို ဓသို့ ကပ်, နာမ်ငဲ့, သိကို -ံ ပြု, ရန္ဓံ ပြီး၏။
သမုဒ္ဒေါကို သံပုဗ္ဗ “ဥဒိ”တည်၊ “ဥဒိ=ပသဝန က္လေဒနေသု”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ရန္ဇုဒါဒီဟိစသောသုတ်ဖြင့် ဒပစ္စည်း သက်, မဒါ သရေသုတ်ဖြင့် သံ၌ နိဂ္ဂဟိတ်ကို မ်ပြု, မ် ု သို့ ကပ်, ဒ် ဒသို့ကပ် (သမုဒ္ဒ), နာမ်ငဲ့, သိ ေ-ါ ပြု, သမုဒ္ဒေါ ပြီး၏။ [ဤရုပ်၌ ဓာတွန် ဒ်ကို ချေဖို့ရန် မပြကြ၊ သုတ်၌ “ဇဒလောပေါ စ”ဟု ဆိုသော ကြောင့် ဓာတွန် ဒ်ကို ချေ၍ ဒွေဘော်ပြုရမည်ကဲ့သို့ ထင်သည်။]… ဒလိဒ္ဒေါကို “ဒလ”တည်၊ “ဒလ=ဒုဂ္ဂတိမှိ” ဓာတ်မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် -ိဒ္ဒပစ္စည်းသက်, လ် -ိ သို့ကပ်, နာမ်ငဲ့ စသည်။
သုက္ကံကို “သုသ”တည်၊ “သုသ=သောသနေ”စသည်၊ ဤသုတ်ဖြင့် ကပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် ဓာတွန် သ်ကို က်ပြု, က် ကသို့ ကပ်, စသည်။ [နျာသ၌ ဤသုတ်ကို နိပါတန (မပြီးမချင်း စီရင်နိုင်၏)ဟု သဘောထား၍ ဓာတွန် သ်ကို ဤသုတ်ဖြင့်ပင် က်ပြု၏။]… ဝဇိရံကို “ဝဇ”တည်၊ “ဝဇ=ဂတိမှိ” ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် -ိရပစ္စည်းသက်, ဇ် -ိ သို့ကပ်, နာမ်ငဲ့ စသည်ဆို။ အာဒိဖြင့် ယူရသော ရုပ်များစွာကို နောင်ခါ တွက်တတ်လိမ့်မည်။
֍ ၃၉။ ပတိတော ဟိဿ ဟေရဏ်ဟီရဏ်။ ။ ပတိတော- ပတိဥပသာရပုဒ်မှ၊ ပရဿ- နောက်ဖြစ်သော၊ ဟိဿ- ဟိဓာတ်၏၊ ဟေရဏ်ဟီရဏ်- ဟေရဏ်အပြု, ဟီရဏ်အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပါဋိဟေရံ, ပါဋိဟီရံ ဟူသည်တည်း။
၃၉။ [ပတိ ဥပသာရပုဒ်ရင်းဖြစ်၍ “ပတိတော”ဟု ဆရာတို့ ပြင်၏၊၊] ပတိပက္ခေ-ဆန့်ကျင်ဘက်တို့ကို၊ မဒ္ဒိတွာ-နှိပ်နင်း၍၊ ဟိနောတိ-ဖြစ်တတ် ၏၊ ဣတိ-ထို့ကြောင့်၊ ပါဋိဟေရံ, ပါဋိဟီရံ-မည်၏။ [တန်ခိုးပြာဋိဟာ တည်း၊ သက္ကတ၌ ပြတိ ဥပသာရဖြစ်၍ “ပြာ”ဟု မြန်မာပြန်သည်။]
ရုပ်တွက်။ ။ ပါဋိဟေရံကို ပတိသဒ္ဒူပပဒ “ဟိ”တည်၊ “ဟိ=ဂတိမှိ” ဓာတ်မှည့်, ကွိပစ္စည်းသက်, ပတိတော ဟိဿ ဟေရဏ်ဟီရဏ်သုတ်ဖြင့် ဟိဓာတ်ကို ဟေရဏ်ပြု, ကာရိတ်ကဲ့သို့ငဲ့, ဏ်အနုဗန်ချေ, ကွိလောပေါ စသုတ်ဖြင့် ကွိချေ, နာမ်ငဲ့, သိသက်, -ံ ပြု (ပဋိဟေရံ), ကွစိ ပဋိ ပတိဿ သုတ်ဖြင့် ပတိကို ပဋိပြု, တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် ပ၏ ၊ ကို -ါ ဝုဒ္ဓိပြု, ပါဋိဟေရံ ပြီး၏။
အမှာ။ ။ ဓာတ်နှင့်ဆိုင်ရာ မဟုတ်၍ အသံယောဂန္တဿ စသော သုတ်ဖြင့် ဝုဒ္ဓိမပြုရ၊ ပါဋိဟီရံ၌ ဟီရဏ် ပြုရုံသာ၊ ဂါထာအရာမဟုတ်လျှင် “ပါဋိဟာရိယံ”ပုဒ်သာ ပိဋက၌ အသုံးများ၏၊ ပတိပုဗ္ဗ “ဟရ”ဓာတ်, ဏျပစ္စည်းသက်၍ ရူပသိဒ္ဓိ ရုပ်တွက်၏။
֍ ၄၀။ ကဍျာဒီဟိ ကော။ ။ ကဍျာဒီဟိ- ကဍိ အစရှိသော ဓာတ်တို့မှနောက်၌၊ ကော- ကပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကဏ္ဍော စသည်တည်း။
၄၀။ ကဏ္ဍယတီတိ ကဏ္ဍော၊ ကဏ္ဍယတိ-ဖောက်ဖြတ်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ကဏ္ဍော-ကဏ္ဍ(မြား)မည်၏၊ တစ်နည်း-ကဏ္ဍိတဗ္ဗော, ဆိန္ဒိတဗ္ဗော-ပိုင်းဖြတ်အပ်၏၊ ဣတိ-ထို့ကြောင့်၊ ကဏ္ဍော-ကဏ္ဍ(အခန်း) မည်၏။
ရုပ်တွက်။ ။ ကဏ္ဍောကို “ကဍိ”တည်၊ “ကဍိ=ဆေဒနေ” အဆုံးသရ ချေ, ကဍျာဒီဟိ ကောသုတ်ဖြင့် ကပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီးဖြင့် က်အနုဗန်ကို ချေ, ဍ်ကို ၊ သို့ကပ်, နိဂ္ဂဟီတဉ္စသုတ်ဖြင့် ကနောက်၌ နိဂ္ဂဟိတ်လာ (ကံဍ), နိဂ္ဂဟိတ်ကို ဋဝဂ္ဂန္တ ဏ်ပြု, နာမ်ငဲ့, သိ ေ-ါ ပြု, ကဏ္ဍော ပြီး၏။
ဃဏ္ဋာ-ခေါင်းလောင်း, ဆည်းလည်း၊ ဟဃဋိ=ဃဋ္ဋနေ] ခဏ္ဍော-အပိုင်း အဖြတ်၊ ဟခဍိ=ဆေဒနေ] ဤသို့ စသည်ဖြင့် ဤသုတ်ဆိုင်ရာ ရုပ်များစွာ ရှိသည်။
֍ ၄၁။ ခါဒါ.မဂမာနံ ခန္ဓ.န္ဓဂန္ဓာ။ ။ ခါဒါမဂမာနံ- ခါဒဓာတ်, အမဓာတ်, ဂမုဓာတ်တို့၏၊ ခန္ဓ.န္ဓဂန္ဓာ- ခန္ဓအပြု, အန္ဓအပြု, ဂန္ဓ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကော- ကပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ ခန္ဓော, အန္ဓော, ဂန္ဓော စသည်တည်း။
၄၁။ ခန္ဓော-ခန္ဓာ၊ အန္ဓော-သူကန်း၊ ဂန္ဓော-အနံ့။
ရုပ်တွက်။ ။ ခန္ဓောကို “ခါဒ”တည်၊ “ခါဒ=ဘက္ခဏေ” ဓာတ်မှည့်, အဆုံးသရချေ, ခါဒါ.မဂမာနံ ခန္ဓ.န္ဓဂန္ဓာသုတ်ဖြင့် ခါဒဓာတ်ကို ခန္ဓပြု၍ ကပစ္စည်းလည်း သက်, ကွစိ ဓာတုသုတ်ကြီးဖြင့် က်အနုဗန်ကို ချေ, န္ဓ ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, ခန္ဓော ပြီး၏။
အန္ဓောကို “အမ”တည်၊ “အမ=ရောဂေ” ဓာတ်မှည့်, အဆုံးသရချေ, ခါဒါ.မဂမာနံ ခန္ဓ.န္ဓဂန္ဓာသုတ်ဖြင့် အမဓာတ်ကို အန္ဓပြု, ကပစ္စည်းလည်း သက်, က်အနုဗန်ကို ချေ, စသည်ဆို။
ဂန္ဓောကို “ဂမု”တည်၊ “ဂမု=ဂတိမှိ”စသည်, ခါဒါ.မဂမာနံ ခန္ဓ.န္ဓဂန္ဓာ သုတ်ဖြင့် ဂမ ကို ဂန္ဓပြု, ကပစ္စည်းလည်းသက်, က်အနုဗန်ချေ, စသည်၊ ကပစ္စည်းကို မချေလျှင် ခန္ဓကော, အန္ဓကော, ဂန္ဓကော ဟု ဖြစ်၏။
֍ ၄၂။ ပဋာဒီဟျ.လံ။ ။ ပဋာဒီဟိ- ပဋ အစရှိသောဓာတ်, ပါဋိပဒိကပုဒ်တို့မှ နောက်၌၊ အလံ- အလပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပဋလံ စသည်တည်း။
၄၂။ ဤသုတ်၌ ပဋပုဒ်ကို ပဋဓာတ်, တစ်နည်း-ပဋ ပါဋိပဒိကဟု ၂ မျိုးကြံ၏၊ ဓာတ်ကြံလျှင် အလပစ္စည်းသက်၍ ပြီးသောကိတ်ပုဒ်၊ ပါဋိပဒိကကြံလျှင် နာမ်ပုဒ်နောင် ပစ္စည်းသက်သဖြင့် တဒ္ဓိပုဒ်တည်း။
ပဋတိ နိရတ္ထကဘာဝံ ဂစ္ဆတီတိ ပဋလံ (ဓာတ်ကြံသောနည်း)၊ ပဋတိ နိရတ္ထကဘာဝံ ဂစ္ဆတိ-အကျိုး မရှိသည်၏ အဖြစ်သို့ ရောက်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ပဋလံ-ပဋလ မည်၏၊ ပဋလံ-အထပ်အလွှာ။
ရုပ်တွက်။ ။ ပဋလံကို “ပဋ”တည်၊ “ပဋ=ဂတိမှိ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ပဋာဒီဟျလံသုတ်ဖြင့် ၊ လပစ္စည်းသက်, ဋ် ၊ သို့ ကပ်, နာမ်ငဲ့, သိ -ံ ပြု, ပဋလံ ပြီး၏။
တစ်နည်း-ပဋသဒ္ဒါသည် “ပုဆိုး”ဟူသော အနက်ဟော ပါဋိပဒိက နာမ်ပုဒ်တည်း၊ ပဋေ အလံတိ ပဋလံ၊ ပဋေ-ပုဆိုးကိစ္စ၌၊ အလံ-စွမ်းနိုင်၏၊ ဣတိ-ထို့ကြောင့်၊ ပဋလံ-မည်၏။…ပဋလံကို “ပဋ”တည်၊ “ပဋာဒီဟျလံ သုတ်ဖြင့် ၊ လပစ္စည်းသက်, ဋ်ခွင်း, ချေ, ကပ် (ပဋလ), နာမ်ငဲ့, သိ -ံ ပြု, ပဋလံ ပြီး၏။
အမှာ။ ။ “ကလလံ-ညွှန်”စသည်ဖြင့် များစွာ ရှိလေသေး၏၊ ဤ သုတ်က အလပစ္စည်းသည် “စွမ်းနိုင်၏”အနက်ကို ဟောသော “အလံ” သဒ္ဒါ မဟုတ်၊ ထိုအလံသဒ္ဒါနှင့် အနက်တူပစ္စည်းသာတည်း။
֍ ၄၃။ ပုထဿ ပုထုပထာ.မော ဝါ။ ။ ပုထဿ- ပုထဓာတ်၏၊ ပုထုပထာ- ပုထုအပြု, ပထအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဝါ- အချို့သောအရာ၌၊ အမော- အမပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပုထဝီ, ပဌဝီ, ပထမော, ပဌမော ဟူသည်တည်း။
၄၃။ ပုထကို ပါဋိပဒိကပုဒ်ဟု နျာသဆို၏၊ ရူပသိဒ္ဓိ၌ ဓာတ်ဟု ဆိုသည်၊ ပုထဝီ, ပဌဝီ-မြေ၊ ပထမော, ပဌမော-ရှေးဦးအစ။
ပုထဝီကို “ပုထ”တည်၊ “ပုထ=ဝိတ္ထာရေ”ဟူသောအနက်၌ ဓာတ်မှည့်, အဆုံးသရချေ, ကွိ စသုတ်ဖြင့် ကွိပစ္စည်းသက်, ပုထဿ ပုထုပထာမော ဝါသုတ်ဖြင့် ပုထ်ကို ပုထုပြု, ကွိပစ္စည်းကို ချေ, နဒါဒိတော ဝါ ဤသုတ်ဖြင့် -ီ ပစ္စည်းသက်, သြ သရေ စသုတ်၌ စသဒ္ဒါဖြင့် ထု၏အဆုံး ု ကို ၊ ဝ် ပြု (ပုထဝ် -ီ ), ဝ် -ီ သို့ ကပ်, နာမ်ငဲ့, သိချေ, ပုထဝီ ပြီး၏။ [ကွစိ ဓာတု သုတ်ကြီးဖြင့် ပု၏ ု ကို (အ)ပြုလျှင် “ပထဝီ”ဟု ဖြစ်၏။]
ပထမောကို “ပုထ”တည်၊ “ပုထ=ဝိတ္ထာရေ”စသည်ဆို၊ ဤသုတ်ဖြင့် ပုထ်ဓာတ်ကို ပထ် ပြု, ၊ ပစ္စည်း သက်, ထ ၊ သို့ ကပ်, နာမ်ငဲ့ စသည်။ [ပဌမောကား (နျာသအလို) ထ ကို ဌ ပြုသော ရုပ်တည်း၊ ယခုအခါ ၂ မျိုးလုံးပင် အရေးအသား ပြုကြ၏။]
֍ ၄၄။ သသွာ.ဒီဟိ တုဒဝေါ။ ။ သသွာ.ဒီဟိ- သသု အစရှိ သော ဓာတ်တို့မှနောက်၌၊ တုဒဝေါ- တုပစ္စည်း, ဒုပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ သတ္တု, ဒဒ္ဒု စသည်တည်း။
၄၄။ သသတိ ဟိံသတိ-ညှဉ်းဆဲတတ်၏၊ ဣတိ-ကြောင့်၊ သတ္တု-သတ္တု မည်၏၊ (ရန်သူ)။…သတ္တုကို “သသု”တည်၊ “သသု=ဟိံသာယံ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရချေ, သသွာ.ဒီဟိတုဒဝေါသုတ်ဖြင့် တုပစ္စည်းသက်, ကွစိ ဓာတုဖြင့် ဓာတွန်သ်ကို တ်ပြု, တ် တုသို့ကပ်, နာမ်ငဲ့, သိချေ, သတ္တု ပြီး၏။
ဒုက္ခံ-ဆင်းရဲကို၊ ဒဒါတိ-ပေးတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဒဒ္ဒု-ဒဒ္ဒု မည်၏၊ ဒဒ္ဒု-ပွေး ညှင်း၊…ဒဒ္ဒုကို “ဒဒ”တည်၊ “ဒဒ=ဒါနေ” စသည်, ဤသုတ်ဖြင့် ဒုပစ္စည်းသက်, ဒ် ဒသို့ကပ်, နာမ်ငဲ့, သိချေ, ဒဒ္ဒု ပြီး၏။
֍ ၄၅။ ဈာ.ဒီဟိ ဤဝရော။ ။ ဈာ.ဒီဟိ- စိအစရှိသော ဓာတ် တို့မှ နောက်၌၊ ဤဝရော- ဤဝရပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ စီဝရံ စသည်တည်း။
၄၅။ စီယတိ-စီအပ် ရက်အပ်၏၊ ဣတိ-ထို့ကြောင့်၊ စီဝရံ-စီဝရ မည်၏၊ (သင်္ကန်း)၊…စီဝရံကို “စိ”တည်၊ “စိ=စယေ”ဟူသောအနက်၌ ဓာတ်မှည့်, ဈာဒီဟိ ဤဝရောသုတ်ဖြင့် -ီ ဝရပစ္စည်းသက်, စခွင်း -ိချေ, စ် -ီ သို့ ကပ်, နာမ်ငဲ့, သိ -ံ ပြု, စီဝရံ ပြီး၏။ [အာဒိဖြင့် ပါ, ဓာ ဓာတ်တို့ကို ယူ၍ “ပီဝရော (ပြည့်ဖြိုးသူ)၊ ဓီဝရော (တံငါသည်)”ဟု ရုပ်ဖြစ်၏။]
֍ ၄၆။ မုနာဒီဟိ စိ။ ။ မုနာဒီဟိ စ- မုန အစရှိသော ဓာတ် တို့မှ နောက်၌လည်း၊ ဣ- ဣပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ မုနိ စသည်တည်း။
၄၆။ မုနာဒီဟိ စိ၌ အာဒိဖြင့် ယတ (ယတီ) အဂ္ဂစသော ဓာတ်များကို ယူ၍, စသဒ္ဒါဖြင့် မဟာလ, ဘဒ္ဒါလစသော ပါဋိပဒိကပုဒ်များကို ယူသည်၊ မုနာတိ-သိတတ်၏၊ ဣတိ-ကြောင့်၊ မုနိ-မုနိမည်၏၊… မုနိကို “မုန”တည်၊ “မုန=ဉာဏေ”စသည်, မုနာဒီဟိ စိသုတ်ဖြင့် -ိ ပစ္စည်းသက်, န် -ိ သို့ ကပ်, နာမ်ငဲ့, သိချေ, မုနိ ပြီး၏။ [အဂ္ဂိ ကဲ့သို့ ရုပ်စဉ်လေ။]
ယတိ၌ ယတဓာတ်ဟု ရူပသိဒ္ဓိဆို၏၊ ဓာတွတ္ထသင်္ဂဟ၌ “ယတီ” ဓာတ်သာ အားထုတ်ခြင်းအနက်ဟု ဆိုသည်၊ ယတတိ-အားထုတ်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ယတိ-မည်၏၊ (ရဟန်း)၊… ယတိကို “ယတီ”တည်၊ “ယတီ=ယတနေ” ဓာတ်မှည့်, အဆုံးသရချေ, ဤသုတ်ဖြင့် -ိ ပစ္စည်းသက်, တ် -ိ သို့ ကပ်, စသည်။
ကုဋိလဘာဝေန-ကောက်ကွေးသည်၏အဖြစ်ဖြင့်၊ အဂ္ဂတိ, ဂစ္ဆတိသွားတတ်၏၊ ဣတိ-ကြောင့်၊ အဂ္ဂိ-အဂ္ဂိ မည်၏၊ “အဂ္ဂ=ဂတိကောဋိလ္လေ” ဟု ဓာတ်နက်ဆို။ [မဟာလိ, ဘဒ္ဒါလိရုပ်များ နောင်ခါ ပြီးလတ္တံ့။]
֍ ၄၇။ ဝိဒါဒီ.ဟျူရော။ ။ ဝိဒါဒီဟိ- ဝိဒ အစရှိသောဓာတ်တို့မှ နောက်၌၊ ဥုရော- ဥုရပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဝိဒူရော စသည်တည်း။
၄၇။ “ဝိန္ဒိတုံ အလံတိ ဝိဒူရော” ဝိန္ဒိတုံ-ရခြင်းငှာ၊ အလံ-မထိုက်၊ ဣတိ-ကြောင့်၊ ဝိဒူရော-ဝိဒူရ မည်၏၊ (ဝေးသောအရပ်တည်း၊) “ဝေးသည့် အတွက် အလွယ်တကူ ရခြင်းငှာ မထိုက်” ဟူလို၊ “အလံ-ထိုက်၏”ဟု လည်း အနက်ဆိုကြ၏၊…ဝိဒူရောကို “ဝိဒ”တည်၊ “ဝိဒ=လာဘေ”စသည်၊ ဝိဒါဒီ.ဟျူရောသုတ်ဖြင့် ူ ရ ပစ္စည်းသက်, ဒ် ူ သို့ ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, ဝိဒူရော ပြီး၏။
အာဒိ။ ။ အာဒိဖြင့် ဝလ္လဓာတ် ဥန္ဒဓာတ် မသဓာတ် စသည်ကို ယူ၍ ဝလ္လူရော (အမဲခြောက်) ဥန္ဒူရော (ကြွက်) မသူရော (သားရေ) ကပ္ပူရော (ပရုပ်) စသည် ဖြစ်၏၊…“ဝလ္လူရော, ဝလ္လ=သံဝရဏေ၊ မသူရော, မသ=အာမသနေ၊ ကပ္ပူရော, ကပိ=ဟိံသာတက္ကလဂန္ဓေသု”ဟု ဓာတ်နက်ဆို၍ ရုပ်တွက်။ [ကပ္ပူရော၌ ပဒွေဘော်လာရံသာ ထူးသည်၊ ရူပသိဒ္ဓိ၌ ကပုဓာတ် ဆို၏, ဓာတွတ္ထသင်္ဂဟ၌ “ကပိ”ဓာတ်ဟု ဆိုသည်၊၊]
֍ ၄၈။ [နာဒီဟိ ဏုနုတဝေါ။ ။ [နာဒီဟိ- ဟနအစရှိသော ဓာတ်တို့မှနောက်၌၊ ဏုနုတဝေါ- ဏုပစ္စည်း, နုပစ္စည်း, တုပစ္စည်း တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဟဏု, ဓေနု, ဓာတု စသည်တည်း။
၄၈။ [နတီတိ-ညှဉ်းဆဲတတ်သည်၏အဖြစ်ကြောင့်၊ (အလွယ်ဆိုသည်, ဣတိကို ခွဲ၍ အနက်ဆို)၊ ဟဏု-ဟဏု မည်၏၊ ဟဏုမေး။ [ဟနု ဟုလည်း ပါဌ်ရှိ၏။]… ဟဏုကို “ဟန”တည်၊ “ဟန= ဟိံသာဂတီသု” ဓာတ်မှည့်, အဆုံးသရချေ, ဟနာဒီဟိ ဏုနုတဝေါသုတ်ဖြင့် ဏုပစ္စည်းသက်, ကွစိ ဓာတုဖြင့် ဓာတွန်ချေ, နာမ်ငဲ့, သိချေ, ပြီး၏။
ဝစ္ဆံ-နွားငယ်ကို၊ ဓာယတီတိ-နို့ကို သောက်စေတတ်သည်၏အဖြစ် ကြောင့်၊ ဓေနု-ဓေနု မည်၏၊ (အမိနွားမ)။ …ဓေနုကို “ဓေ”တည်၊ “ဓေ= ပါနေ” ဓာတ်မှည့်, ဤသုတ်ဖြင့် နုပစ္စည်းသက်, နာမ်ငဲ့, သိချေ။
သလက္ခဏံ-မိမိလက္ခဏာကို၊ (ပထဝီ စသောဓာတ်များအတွက်၊) ကြိယံ-ကြိယာကို၊ (သဒ္ဒါဓာတ်များအတွက်၊) ဒဓာတိ-ဆောင်တတ်၏၊ ဣတိ, ဓာတု-ဓာတ်မည်၏။ [ဓာဓာတ်, ဓာ=ဓာရဏေ, ဤသုတ်ဖြင့် တု ပစ္စည်းသက်။]
֍ ၄၉။ ကုဋာဒီဟိ ဌော။ ။ ကုဋာဒီဟိ- ကုဋ အစရှိသောဓာတ် တို့မှ နောက်၌၊ ဌော- ဌပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကုဋ္ဌံ စသည်တည်း။
၄၉။ ကုဋတိ ဆိန္ဒတိ-အရေအသားကို ဖြတ်ဖောက်တတ်၏၊ ဣတိထို့ကြောင့်၊ ကုဋ္ဌံ-ကုဋ္ဌ မည်၏၊ (နူနာရောဂါ)၊… ကုဋ္ဌံကို “ကုဋ”တည်၊ “ကုဋ=ဆေဒနေ” ဓာတ်မှည့်, အဆုံးသရချေ, ကုဋာဒီဟိ ဌောသုတ်ဖြင့် ဌပစ္စည်းသက်, ဋ် ဌ သို့ ကပ်, သိ -ံ ပြု, ကုဋ္ဌံ ပြီး၏။
֍ ၅၀။ မနုပူရသုဏာဒီဟိ ဥဿနုသိသာ။ ။ မနုပူရသုဏာဒီဟိ- မနုဓာတ်, ပူရဓာတ်, သုဏ အစရှိသော ဓာတ်တို့မှ နောက်၌၊ ဥဿနုသိသာ- ဥဿပစ္စည်း, နုသပစ္စည်း, ဣသပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ မနုဿော, မာနုသော, ပုရိသော, သုဏိသာ စသည်တည်း။
၅၀။ ကာရဏာကာရဏံ-မှန်ကန်သောအကြောင်း, မှားယွင်းသော အကြောင်းကို၊ မနတိ-သိတတ်၏၊ ဣတိ-ကြောင့်၊ မနုဿော, မာနုသောမနုဿ, မာနုသ မည်၏။
ရုပ်တွက်။ ။ မနုဿောကို “မန”တည်၊ “မန=ဗောဓနေ”ဟူသော အနက်၌ ဓာတ်မှည့်, အဆုံး ု သရကို ချေ, မနုပူရသုဏာဒီဟိ ဥဿနု သိသာသုတ်ဖြင့် ုဿ ပစ္စည်းသက်, န်ကို ု သို့ ကပ် (မနုဿ), တဒ္ဓိတ သမာသကိတကာ နာမံ ဝါ တဝေတုနာဒီသု စသုတ်ဖြင့် မနုဿဟူသော ကိတ် ပစ္စယန္တပုဒ်ကို နာမ်ကိုကဲ့သို့ငဲ့ (ဥဏာဒ် ကိတ်ပင် ဖြစ်သည်), သိ သက်, ေ-ါ ပြု, ဿ် ခွင်း, ချေ, ကပ်, မာနုဿော ပြီး၏။
မာနုသော၌ မန ဓာတ်နောင် နုသ ပစ္စည်းသက်, ကွစိ ဓာတုသုတ်ကြီး ဖြင့် ဓာတွန် န်ကို -ါ ပြု, မ် ခွင်း, ချေ, ကပ် (မာနုသ), နာမ်ငဲ့, သိ ေ-ါ ပြု, မာနုသော ပြီး၏။… [“မနော ဥဿန္နံ ယေသံတိ မနုဿာ”ဟု သမာသ်ဝိဂြိုဟ် တစ်နည်းပြု၏၊ ယေသံ-အကြင် လူတို့၏၊ ဥဿန္နံထက်မြက်သော၊ မနော-စိတ်သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ မနုဿာ-မနုဿာတို့ မည်၏။]
မာတာပိတူနံ-မိဘတို့၏၊ ဟဒယံ-စိတ်နှလုံးကို၊ ပူရေတိ-ပြည့်စေတတ် ၏၊ ဣတိ-ထို့ကြောင့်၊ ပုရိသော-ပုရိသ မည်၏၊… ပုရိသောကို “ပူရ” တည်၊ “ပူရ=ပူရဏေ”စသည်၊ ဤသုတ်ဖြင့် -ိသပစ္စည်းသက်, ရ် -ိ သို့ ကပ် (ပူရိသ), ကွစိ ဓာတုသုတ်ကြီးဖြင့် ပူ၏ အဆုံး ူ ကို ရဿပြု (ပုရိသ), နာမ်ငဲ့, သိ ေ-ါ ပြု, ပုရိသော ပြီး၏။
ကုလံ-အမျိုးကို၊ သုဏတိ (သန္ဒဟတိ)-ဆက်စပ်တတ်၏၊ ဣတိထို့ကြောင့်၊ သုဏိသာ-သုဏိသာ မည်၏၊ (ချွေးမ)။…သုဏိသာကို “သုဏ”တည်၊ “သုဏ=ဟိံသာကုလသန္တာနေသု”ဟူသော အနက်၌ ဓာတ် မှည့်, ဤသုတ်ဖြင့် -ိသပစ္စည်းသက်, ဏ် -ိ သို့ ကပ်, ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, သ် ခွင်း, ချေ, နာမ်ငဲ့, သိချေ, သုဏိသာ ပြီး၏။ (ကညာဒိဂိုဏ်း)။
ကရီသံ-ကျင်ကြီး။ [ကုဓာတ်, “ကု=ကုစ္ဆိတေ၊ -ိသပစ္စည်း, ကွစိ ဓာတု သုတ်ကြီးဖြင့် ကု ကို ကရ်, -ိကိုလည်း -ီ ဒီဃပြုလေ။] သီသံ-ဦးခေါင်း။ [သိ=ဗန္ဓနေ, -ိသ, သ်ခွင်း, -ိချေ, နာမ်ငဲ့, သိချေ, နောက် -ိကို -ီ ဒီဃ ပြု။]
အမှာ။ ။ “ဣတိ ကိတဗ္ဗိဓာနကပ္ပေ, ဥဏာဒိကပ္ပေါ ဆဋ္ဌော”ဟု တချို့စာ ရှိ၏၊ ကိတဗ္ဗိဓာနကပ္ပေဟု “ကျမ်း”အနက်ဟော ကပ္ပသဒ္ဒါဖြင့် ဆိုပြီးနောက် ဥဏာဒိကပ္ပောဟု ကပ္ပသဒ္ဒါ ထပ်လာပြန်သဖြင့် ရှေ့နောက် မသင့်ချေ၊ “ကိတဗ္ဗိဓာနကပ္ပေ ဥဏာဒိကဏ္ဍော”ဟု ဆိုလျှင် ဥဏာဒ် ပစ္စည်းများလည်း ကိတ်သဘောရှိ၍ “ကိတ်ပိုင်းတွင် ဥဏာဒိကဏ္ဍ”ဟု အဓိပ္ပာယ်ရသောကြောင့ သင့်မြတ်ဖွယ် ရှိသေး၏၊ ဤ၌ကား သာ၍ ရှင်းလင်းအောင် “ဣတိ ဥဏာဒိကပ္ပော”ဟု ဆိုလိုက်ပေသည်။
ဣတိ ဥဏာဒိကပ္ပော။ ။ ဥဏာဒိကပ္ပော- ဥဏာဒ်ပိုင်းသည်၊ ဣတိ- ပြီးပြီ။
ဥဏာဒ်သုတ်နက်နှင့် ရုပ်တွက်အဓိပ္ပာယ်ပြီးပြီ။
အခြေပြုဓာတ်စဉ်
နိဒါန်းအချီ
သကတ္ထဉ္စ ပရတ္ထဉ္စ, ဓာတု ဓာရေတိ စူဘယံ၊
ဇေတိ စေဝ ပရာဇေတိ, ပရိယေသေတျုဒါဟဋံ။
ဓာတု- ဓာတ်သည်၊ သကတ္ထဉ္စ- မိမိအနက်ကိုလည်းကောင်း၊ ပရတ္ထဉ္စ- တစ်ပါးသောဓာတ်၏အနက်ကိုလည်းကောင်း၊ ဥဘယံ စ- မိမိ သူတစ်ပါး ၂ ပါးစုံသောဓာတ်၏အနက်ကိုလည်းကောင်း၊ ဓာရေတိ- ဆောင်တတ်၏၊ ဇေတိ ပရာဇေတိ ပရိယေသေတိ- ဇေတိ, ပရာဇေတိ, ပရိယေသေတိတို့ ကား၊ ဥဒါဟဋံ- ထုတ်ဆောင်အပ်သော ဥဒါဟရုဏ်တည်း။
“ဇေတိ-အောင်၏” ဤ၌ ဇိဓာတ်သည် “အောင်ခြင်း”ဟူသော မိမိ အနက်ကို ဆောင်တတ်၏၊ “ပရာဇေတိ-ရှုံး၏” ဤ၌ ဇိဓာတ်သည် “အောင်ခြင်း” အနက်ကို မဆောင်ဘဲ အခြားဓာတ်၏ “ရှုံးခြင်း”ဟူသော အနက်ကို ဆောင်သည်၊ “ရှုံး”ဟူသော အနက်ကို ဇိဓာတ်ကသာ ဟော၏၊ ပရာဥပသာရကား ထွန်းပြရုံသာ၊ “ပရိ + ဧသဓာတ်သည် ရှာမှီးခြင်း” ဟူသော အနက်ကိုသာ ဟောရိုးတည်း၊ သို့သော် တစ်ရံတစ်ခါ အတ္ထာ တိသယနည်းအားဖြင့် “ရှာမှီးခြင်း”ဟူသော မိမိအနက်ပြင် “ချထားခြင်း” ဟူသော သူတစ်ပါးအနက်ကိုပါ ဟောပြနိုင်သည်ဟု ဆိုကြ၏၊ ကစ္စည်း ဘာသာဋီကာ တေသု ဝုဒ္ဓိသုတ် အဖွင့်မှာ ရှုပါ။
ဥပသဂ္ဂနိပါတာ စ, ပစ္စယာ ဓာတဝေါ စိမေ၊ နေကေနေကတ္ထဝိသယာ, ဣတိ နေရုတ္တိကာဗြဝုံ။
ဥပသဂ္ဂနိပါတာ စ-ဥပသာရပုဒ်, နိပါတ်ပုဒ်တို့လည်းကောင်း၊ ပစ္စယာပစ္စည်းတို့လည်းကောင်း၊ ဓာတဝေါ စ-ဓာတ်တို့လည်းကောင်း၊ ဣမေဤ ၄ မျိုးတို့သည်၊ အနေကေ-များလည်း များကုန်၏၊ အနေကတ္ထဝိသယာ များသော ဟောရာအနက်လည်း ရှိကုန်၏၊ ဣတိ-ဤသို့၊ နေရုတ္တိကာသဒ္ဒါကျမ်းတတ် ဆရာမြတ်တို့သည်၊ အဗြဝုံ-မိန့်တော်မူကြကုန်ပြီ။… ဟူသည်နှင့်အညီ ဥပသာရ နိပါတ် ပစ္စည်းနှင့် ဓာတ်တို့သည် ပင်ကိုကပင် များလှကုန်၏၊ ဥပသာရပုဒ်သည် ၂၀ ရှိ၏၊ နိပါတ်စသည်တို့ကား မရေ တွက်နိုင်အောင် ရှိကြသည်၊ ဥပသာရ နိပါတ် တစ်ပုဒ် တစ်ပုဒ်, ပစ္စည်း တစ်ရပ် တစ်ရပ်, ဓာတ် တစ်ခု တစ်ခုမှာလည်း ဟောနက်တွေ များစွား ရှိလေသည်၊ ထို့ကြောင့် “ဤကျမ်းကလေး၌ ဓာတ်နှင့် ဓာတ်နက်တွေကို စုံလင်စွာပါစေမည်”ဟု ဝန်မခံပါ၊ ရူပသိဒ္ဓိကို လေ့လာသူတို့ အလွယ်တကူ ကြည့်ရှုဖို့ရာ ရူပသိဒ္ဓိ၌ လာသော ဓာတ်များနှင့် အသုံးများသော အခြား ကျမ်းလာ အချို့သောဓာတ်များကိုသာ အက္ခရာစဉ်အတိုင်း ပြဆိုပါအံ့။
ဓာတ်နက်ဉာဏ်။ ။ ဓာတ်နက်ကို နားလည်သော ဉာဏ်သည် အဋ္ဌကထာ ဋီကာတို့၌ အလွန်ကျေးဇူးများ၏၊ ပါဠိတော်ကို ဖွင့်ပြသည့် အခါ ဓာတ်နက်ဖြင့် ဖွင့်ပြရသည်က များ၏၊ ဓာတ်နက်ကို လွှတ်၍ အဓိပ္ပာယ်သက်သက်ဖွင့်ပြသောအရာကား နည်းပါးလှ၏၊ ဗုဓဓာတ်သည် သိခြင်းဟူသော ဉာဏအနက်, နိုးခြင်းဟူသော ဇာဂရဏအနက်, ပွင့်ခြင်း ဟူသော ဝိကသနအနက်နှင့် ဂတိအနက်များ ရှိ၏။
ထို့ကြောင့် သမ္မာသမ္ဗုဒ္ဓေါကို ဖွင့်သည့်အခါ ဗုဓဓာတ်၏ ဉာဏအနက် ကို ယူ၍“ဗုဇ္ဈိ, အညာသိ-သိတော်မူပြီ”ဟုလည်းကောင်း, ဇာဂရဏအနက် ကို ယူ၍ “ကိလေသနိဒ္ဒါယ-ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ၊ ပတိဗုဒ္ဓေါ-နိုးတော်မူပြီ”ဟုလည်းကောင်း, ဝိကသနအနက်ကို ယူ၍ (နေရောင်နှင့် ပေါင်းမိ၍ ပွင့်သော ပဒုမာကြာပန်းကဲ့သို့)၊ “အဂ္ဂမဂ္ဂသမာ ဂမေန-အရဟတ္တမဂ်ဉာဏ်နှင့်ပေါင်းမိခြင်းကြောင့်၊ ဝိကသိတော-ပွင့်တော် မူပြီ”ဟုလည်းကောင်း ဖွင့်ပြလေ့ရှိကြပေသည်၊ ထို့ကြောင့် ယခုညွှန်ပြမည့် အနည်းငယ်သော ဓာတ်နက်များကို အရကျက်ကြပါကုန်။
နိဒါန်းအချီပြီးပြီ။
သရာဒိဓာတ်စဉ်
အဂ္ဂ = ဂတိကောဋိလ္လေ - အသွားကောက်ခြင်း၌။ [သဒ္ဒါနက်ကျကျ ဆိုလျှင် “အသွား၏ ကောက်သည်၏အဖြစ်၌”ဟု ပေးရမည်၊ ဤ၌ ကြိယာထင်ရှားအောင် “ကောက်ခြင်း”ဟု ပေးသည်၊ ဘာ၀ ပစ္စည်းဖြင့် ပြသမျှ ဤနည်းချည်း မှတ်။]
အစ္စ = ပူဇာယံ - ပူဇော်ခြင်း၌။
အဉ္ဇ = ဂတိဗျတ္တီသု - ဂတိအနက်, ထင်ရှားပြခြင်းအနက်တို့၌။
အဍိ = အဏ္ဍတ္ထေ - အဥကို ဥခြင်းအနက်၌။ [“အဏ္ဍတ္ထေ-အဥဟူသော အနက်၌”ဟု ဤမျှသာ အနက်ထွက်၏၊ သို့သော် ဓာတ်ဟူသည် ဒြဗ်ကို မဟော, ကြိယာကိုသာ ဟော၏၊ “အဥဟူသောအနက်၌” ဟု ဆိုလျှင် အဍိဓာတ်က “အဥ”ဒြဗ်ကို ဟောရာ ရောက်မည်၊ ထို့ကြောင့် “အဏ္ဍ” အရ ဌာနူပစာရအားဖြင့် ဥခြင်းကြိယာ တိုင်အောင် ယူ၍ “အဥကို ဥခြင်းအနက်၌”ဟု ဆိုလိုက်သည်၊ ဒြဗ်ဟောပုဒ်ဖြင့် ဓာတ်နက်ပြသမျှ၌ ဤနည်းချည်းတည်း။]
အဒ = ဘက္ခဏေ - စားခြင်း၌။
အဓ = ဂတိမှိ - ဂတိအနက်၌။ [“ဂတိမှိ-လာခြင်းအနက်၌”ဟု မြန်မာ ပြန်လေ့ရှိ၏၊ ဂတိအနက်ဟူသည် “သွားမှု-လာမှု”တစ်ခုနှင့်သာ ဆိုင်သည်မဟုတ်၊ သိခြင်း, ဖြစ်ခြင်း, ရောက်ခြင်းဟူသော အနက် များနှင့်လည်း သက်ဆိုင်သည်၊ “ယေ ဂတျတ္ထာ, တေ ဗုဓျတ္ထာ, ပဝတ္တိ ပါပုဏတ္ထကာ”တဲ့၊ ယေ-အကြင်ဓာတ်တို့သည်၊ ဂတျတ္ထာဂတိအနက်ရှိကုန်၏၊ (ဓာတ်နက်၌ ဂတိဟု ပါ၏၊) တေ-ထိုဓာတ် တို့သည်၊ ဗုဓျတ္ထာ-သိခြင်းအနက်လည်း ရှိကုန်၏၊ ပဝတ္တိပါပု ဏတ္ထကာ - ဖြစ်ခြင်း, ရောက်ခြင်း အနက်လည်း ရှိကုန်၏၊ ထို့ကြောင့် “ဂတိမှိ-ဂတိအနက်၌”ဟု ဆိုရသည်။]
အပ = ပါပုဏေ (ပါပုဏနေ) - ရောက်ခြင်း၌။
အမ = ရောဂေ - ကျင်နာခြင်း၌။ [“အမ
=ဂတျာဒီသု”ဟုလည်း ရှိ၏၊ အာဒိဖြင့် ပီဠာ-နှိပ်စက်ခြင်း, ရောဂ-ကျင်နာခြင်း, ဘတ္တိဆည်းကပ်ခြင်း, သဒ္ဒ-အသံပြုခြင်း, ဘောဇန-စားခြင်းတို့ကိုယူ၊၊]အယ, အရ = ဂတိမှိ - ဂတိအနက်၌။
အလ = ပရိသမတ္ထမှိ - စွမ်းနိုင်ခြင်း၌။
အသ = ဘုဝိ - ထင်ရှားရှိခြင်း၌။ [“အသ
= သဗ္ဘာဝေ”လည်း ရှိ၏၊ “သဗ္ဘာဝေ (သန္တဘာဝေ) - ထင်ရှားဖြစ်ခြင်း၌”ဟု ဆို။]အသ = ဘောဇနေ - စားခြင်း၌။
အသု = ခေပေ ပစ်လွှတ်ခြင်း၌။ [“အာရ မ္ဘ
= အာရမ္ဘေ - အားထုတ်ခြင်း၌”ဟု ရှိ၏၊ ဓာတွတ္ထ သင်္ဂဟ၌ အာရှေ့ရှိသော ရဘဓာတ်ဟု ဆိုသည်။]အာသ= ဥပဝေသနေ - ကပ်ဝင်နေထိုင်ခြင်း၌။
ဣ = ဂတျဇ္ဈယနေသု - ဂတိအနက်, သရဇ္ဈာယ်ခြင်း အနက်တို့၌။ [သရ+အဇ္ဈာယကို သန္ဓိစပ်၍ “သရဇ္ဈာယ်”ဟု မြန်မာပြန်သည်၊ သရ-အသံဖြင့်+အဇ္ဈာယ-ရွတ်ဆိုခြင်း၊ “အသံထုတ်၍ ရွတ်ဆို ခြင်း, စာအံခြင်း, စာပြန်ခြင်း”ကို ဆိုလိုသည်၊…ဣကို ဧဝုဒ္ဓိပြု လျှင် “ဧတိ”ဟုလည်းကောင်း, ဧကို တစ်ဖန် အယပြုလျှင် “အယတိ”ဟုလည်းကောင်း ဖြစ်နိုင်သောကြောင့် ဣဓာတ်ဟု ဆို ထားသည်၊ ဧဓာတ်, အယဓာတ်များလည်း ရှိကောင်းသည်သာ၊၊]
ဣက္ခ = ဒဿန.င်္ကေသု - ကြည့်ရှုခြင်း, အမှတ်အသားပြုခြင်းတို့၌။
ဣဉ္ဇ = ကမ္ပနေ - တုန်လှုပ်ခြင်း၌။
ဣဒိ = ပရမိဿရိယေ - လွန်စာအစိုးရခြင်း၌။ [“ပရမ+ဣဿရိယ” ပရမ-အလွန်+ဣဿရိယ-အစိုးရသူ၏အဖြစ်၊ ဝါ-အစိုးရခြင်း၊၊]
ဣသု = ဣစ္ဆာကန္တီသု - လိုချင်ခြင်း, နှစ်သက်ခြင်းတို့၌။
ဣဿ = ဣသာယံ - ငြူစူစောင်းမြောင်းခြင်း၌။
ဥစ = ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ စကား ပြောဆိုခြင်း၌။ [သမဝါယ-ပေါင်းစုခြင်းအနက်လည်း ရှိ၏။]
ဥဒ = မောဒကီဠနေသု - ဝမ်းမြောက်ခြင်း, ကစားခြင်းတို့၌။
ဥဒိ = ပသဝန က္လေဒနေသု - ယိုစီးခြင်း, စိုစွတ်ခြင်းတို့၌။
ဥသ = ဒါဟေ - ပူလောင်ခြင်း၌။ [ရူပသိဒ္ဓိ၌“ဥသု
=ဒါဟေ”ဟု ရှိ၏၊၊]ဥဿူယ= ဒေါသာဝီကရဏေ - အပြစ်ကို ထင်စွာ ပြခြင်း၌။
ဧဇ = ကမ္ပနေ - တုန်လှုပ်ခြင်း၌။
ဧရဍိ = ဟိံသာယံ - ညှဉ်းဆဲခြင်း၌။
ဧသ = ဂဝေသနေ (ပရိယေသနေ) ရှာမှီးခြင်း၌။
ကဝဂ္ဂါဒိဓာတ်စဉ်
ကခိ = ဣစ္ဆာ သံသယေသု - လိုချင်ခြင်း, ယုံမှားခြင်းတို့၌။ [ကင်္ခဓာတ်လည်း ရှိ၏။]
ကစ = ဒိတ္တိမှိ - ထွန်းပခြင်း၌။ [ဒိတ္တိမှိ ဂတိမှိ စသည်၌ တိပစ္စည်း များသည် ဣတ္ထိလိန်ဖြစ်သောကြောင့် “ဒိတ္တိယံ, ဂတိယံ”ဟုသာ ဆိုသင့်သော်လည်း လိင်္ဂဝိပလ္လာသနည်းဖြင့် ဣတ္ထိလိန်ကို ပုံလိန်ပြန်၍ “ဒိတ္တိမှိ, ဂတိမှိ”စသည်ဖြင့် ဆိုထားသည်။]
ကဍ = မဒနေ - မာန်ယဇ်ခြင်း၌။
ကဍိ = ဆေဒနေ - ပိုင်းဖြတ်ခြင်း၌။
ကဍ္ဎ = အာကဍ္ဎနေ - ဆွဲခြင်း၌။
ကဏ = နိမီလနေ - မျက်စိမှိတ်ခြင်း၌။
ကတိ = သုတ္တဇနန ဆေဒနေသု - ချည်ကို ဖြစ်စေခြင်း (ဗိုင်းငင်ခြင်း) ဖြတ်တောက် ခုတ်စင်းခြင်းတို့၌။
ကထ = ကထနေ - ပြောဆိုခြင်း၌။
ကဒ = မဒေ - ယဇ်မူးခြင်း၌။
ကန = ဒိတ္တိ ကန္တီသု - တောက်ပခြင်း, နှစ်သက်ခြင်းတို့၌။
ကပိ = စလနေ (သဉ္စလနေ) - တုန်လှုပ်ခြင်း၌။
ကပု = တိံသာ+တက္ကလဂန္ဓေသု - ညှဉ်းဆဲခြင်း, သစ်စေး၏အနံ့ ပြုခြင်းတို့၌။
ကပ္ပ = တက္က ဆေဒနေသု - ကြံစည်ခြင်း, ဖြတ်တောက်ခြင်းတို့၌။ [“ဝိဓိ-ပြုစီရင်ခြင်း” အနက်လည်း ရှိ၏။]
ကမု = ပဒဝိက္ခေပေ - ခြေကို ပစ်ခြင်း(သွား)ခြင်း၌။
ကမု = ကန္တိမှိ - လိုချင်နှစ်သက်ခြင်း၌။
ကရ = ကရဏေ - ပြုခြင်း၌။။
ကရဍိ = ဘာဇနတ္ထေ - တည်ရာဖြစ်ခြင်းအနက်၌။ [ဓာတွတ္ထသင်္ဂဟ၌ “ဝေဖန်ခြင်းအနက်”ဟု ဆိုထား၏။]
ကလ = သင်္ချာနေ - ရေတွက်ခြင်း၌။
ကသ = ဝိလေခနေ - ရေးခြစ်ခြင်း၌။ [ဝိ ရှေ့ျရှိလျှင် “ဝိကသတိပွင့်၏”ဟု ဖုလ္လအနက်လည်း ရှိ၏။]
ကိ (ကီ)= ဓနဝိယောဂေ - “ဥစ္စာရောင်းဝယ်ခြင်း၌”ဟု ရူပသိဒ္ဓိ ရှိ၏, ပါဌ်ပျက်ဟန်တူသည်၊ နျာသ၌ “ဥန္နတိမှိ-မြင့်မောက်ခြင်း၌” ဟု ရှိ၏။
ကိတ = ရောဂါပနယနေ(ရောဂ+အပနယနေ) - ရောဂါကို ပယ်ခြင်း၌။
ကိရ = ဝိက္ခေပ ဝိကိရဏေသု - ပစ်ပယ်ခြင်း, ကြဲဖြန့်ခြင်းတို့၌။
ကိလမု = ခေဒေ - ပင်ပန်းခြင်း၌။
ကိလိသ= ဝိဗာဓာယံ - နှိပ်စက်ခြင်း၌။
ကီ = ဒဗ္ဗဝိနိမယေ - ဥစ္စာကို လဲလှယ်ခြင်း(ရောင်းဝယ်ခြင်း)၌။
ကု = သဒ္ဒ ကုစ္ဆာသု - အသံပြုခြင်း, စက်ဆုပ်ခြင်းတို့၌။
ကုစ = သင်္ကောစေ - တွန့်ဆုပ်ခြင်း၌။
ကုဋ = ဆေဒနေ - ဖြတ်ခြင်း၌။
ကုဍိ = ဒါဟေ - ပူလောင်ခြင်း၌။
ကုဓ = ကောပေ - စိတ်ဆိုးခြင်း၌။
ကုပ = ကောပေ - စိတ်ဆိုးခြင်း၌။
ကုရ = အက္ကောသေ - ဆဲရေးခြင်း၌။
ကုသ = အက္ကောသေ - ဆဲရေးခြင်း၌။
ကုသ = ဆေဒန+ဘူ+ဒါန+ပူရဏ+သဉ္စယေသု - ဖြတ်ခြင်း, ထင်ရှားရှိခြင်း, ပေးခြင်း, ပြည့်ခြင်း, ပေါင်းစုခြင်းတို့၌။ [ရူပသိဒ္ဓိ၌ “ဂန္ဓန”အနက်လည်း ရှိ၏, ဓာတွတ္ထသင်္ဂဟ၌ မလာ။]
ခဇ္ဇ = ဘက္ခနေ - ခဲစားခြင်း၌။
ခဍိ = ဆေဒနေ - ဖြတ်ခြင်း၌။
ခနု = အဝဒါရဏေ - တူးဖောက်ခြင်း၌။ [ခဏုဓာတ်လည်း ရှိ၏။]
ခမု = သဟနေ - သည်းခံခြင်း၌။
ခရ = သေက+နာသ+ဖာရုဿ+ကမ္ပနေသု - သွန်းလောင်းခြင်း, ပျက်စီးခြင်း, ကြမ်းတန်းခြင်း, တုန်လှုပ်ခြင်းတို့၌။
ခါ (ချာ)= ပကထနေ - အပြားအားဖြင့် ပြောဆိုခြင်း၌။
ခါဒ = ဘက္ခနေ - ခဲစားခြင်း၌။
ခိ = ကောဓ ခယေသု - စိတ်ဆိုးခြင်း, ကုန်ခန်းခြင်းတို့၌။ [ခယ အနက်၌ ခီ ဓာတ်လည်း ရှိ၏။]
ခိဒ = ဥတ္တာသ+ဒီနဘာဝေသု - ထိတ်လန့်ခြင်း, ပင်ပန်းခြင်းတို့၌။
ခိပ = အဗျတ္တသဒ္ဒ + နောဒနေသု - အက္ခရာ မထင်ရှားသော ခြေဆတ်သံကို ပြုခြင်း, ပစ်လွှတ်ခြင်းတို့၌။
ခုဒ = ပိပါသာယံ - မွတ်သိပ်ခြင်း၌။
ခုရ = ဆေဒနေ - ဖြတ်ခြင်း၌။
ဂဇ္ဇ = ဂဇ္ဇေ - ကြုံးဝါးခြင်း၌။
ဂဍိ = သန္နိစယေ - ပေါင်းစုခြင်း၌။
ဂဏ = သင်္ချာနေ - ရေတွက်ခြင်း၌။
ဂန္ထ = ဒဗ္ဘနေ - ဖွဲ့ကုံးစီရင်ခြင်း၌။
ဂဒ = ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောခြင်း၌။ [အသံသည် အက္ခရာစကားလုံး မကွဲသော အဗျတ္တသဒ္ဒ, အက္ခရာစကားလုံး ကွဲသော ဗျတ္တသဒ္ဒဟု၂ မျိုးရှိ၏၊ ချောင်းဆိုး သံ, ခြေဆတ်သံတို့မှာ အဗျတ္တသဒ္ဒတည်း၊ စကားပြောသံကား ဗျတ္တသဒ္ဒတည်း၊ ထို၂ မျိုးတွင် ဗျတ္တသဒ္ဒဟု သိစေလို၍ “ဝိယတ္တိ”ဟု ဆိုသည်၊ ဝိယတ္တိ ဗျတ္တိ ဗျတ္တပုဒ်တို့သည် ဝိရှေ့ရှိ သော အဉ္ဇ, တစ်နည်းတစ်နည်းတစ်နည်း-အဉ္ဇုဓာတ် တိပစ္စည်း တပစ္စည်းဖြင့် ရုပ်ပြီးသော ပုဒ်များတည်း၊ ဗျဉ္ဇယတီတိ ဝိယတ္တိ၊ ဗျဉ္ဇယတိထင်ရှားပြတတ်၏၊ ဣတိ-ထို့ကြောင့်၊ (ယ မလာဘဲ ဣကို ယပြု, ဝကို ဗပြုလျှင် ဗျတ္တိဟု ဖြစ်၏၊) ဝိယတ္တိယံကား ဣတ္ထိယံ ကဲ့သို့တည်း၊ ထို့ကြောင့် “ဝိယတ္တိယံ-လိမ္မာသောသူ၏ ဥစ္စာ ဖြစ်သော”ဟု အနက်ပေးကြသည်မှာ မသင့်၊ “နင့်အမေ ငါ” စသည် ကလော်ရာ၌လည်း ဝိယတ္တိယံ ဝါစာယံပင်တည်း။]
ဂန္ဓ = သူစနေ - ထင်ရှားပြခြင်း၌။
ဂမု = ဂတိမှိ - ဂတိအနက်၌။
ဂရဟ = နိန္ဒာယံ - ကဲ့ရဲ့ခြင်း၌။
ဂဝေသ = မဂ္ဂနေ - ရှာမှီးခြင်း၌။
ဂဟ = ဥပါဒါနေ - ယူခြင်း၌။
ဂဠ = ပဂ္ဃရဏေ - ယိုစီးလျှောကျခြင်း၌။
ဂါ = သဒ္ဒ+ဂတိ+ထုတိ+ဇာတီသု - အသံပြုခြင်း, ဂတိအနက်, ချီးမွမ်းခြင်း, ဖြစ်ခြင်းတို့၌။
ဂါဓ = ပတိဋ္ဌိစ္ဆာဂန္ထေသု - တည်ရာဖြစ်ခြင်း, လိုချင်ခြင်း, ဖွဲ့ကုံး စီရင်ခြင်းတို့၌။
ဂါဟူ = ဝိလောလနေ - မွှေနှောက်သက်ဝင်ခြင်း၌။
ဂိရ = နိဂိရေ - မျိုခြင်း၌။
ဂိလ = နိဂိလေ - မျိုခြင်း၌။
ဂုပ = နိန္ဒာယံ - ကဲ့ရဲ့ခြင်း၌။ [ဂေါပန-စောင့်ရှောက်ခြင်းလည်း ရှိ၏၊၊]
ဂုဟ = သံဝရဏေ - စောင့်စည်းဖုံးအုပ်ခြင်း၌။ [ဂုဟူဓာတ်လည်း ကြံ၏၊၊]
ဂေ = သဒ္ဒေ - အသံပြုခြင်း၌။
ဂေါတ္ထ = ဝံသေ - အနွယ်စပ်ခြင်း၌။ [ရူပသိဒ္ဓိ၌ “ဂေါတ္တု=ဝံသေ”ဟု ရှိ၏။]
ဃဋ = ဤဟာယံ - အားထုတ်ခြင်း၌။ [ဓာတွတ္ထသင်္ဂဟ၌ “ဃဋ+ တာဠနီဟာသု (တာဠန+ဤဟာသု) ပုတ်ခတ်ခြင်း, အားထုတ် ခြင်းတို့၌”ဟု လာ၏။]
ဃဋ = ဃဋ္ဋနေ - ပုတ်ခတ်ခြင်း၌။
ဃရ = သေစနေ - သွန်းလောင်းခြင်း၌။
ဃသ = အဒနေ - စားခြင်း၌။
ဃာ = ဂန္ဓောပါဒါနေ(ဂန္ဓ+ဥပါဒါနေ)- အနံ့ကို ယူခြင်း(နမ်းရှူခြင်း)၌။
ဃုသ = သဒ္ဒေ - အသံပြုခြင်း၌။
ဃံသ = ဃံသနေ - ပွတ်တိုက်ခြင်း၌။
စဝဂ္ဂါဒိဓာတ်စဉ်
စက္ခ = ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောခြင်း၌။ [“အဿာဒ-သာယာခြင်း၊ ဝိဘာဝန-ထင်စွာပြုခြင်း”ဟုလည်း ရှိ၏။]
စဇ = ဟာနိမှိ - ဆုတ်ယုတ်ခြင်း၌။ [“စာဂ-စွန့်လွှတ်ခြင်း”လည်းရှိ၏၊၊]
စဍိ = စဏ္ဍတ္ထေ - ကြမ်းကြုတ်ခြင်းအနက်၌။ [စဏ္ဍိက္ကေ-ကြမ်းကြုတ် သူ၏ အဖြစ်၌”ဟုလည်း ရှိ၏။]
စဒိ = ဟိလာဒနေ - ဝမ်းမြောက်ခြင်း၌။ [“ဣစ္ဆာကန္တီသု-လိုချင်ခြင်း, နှစ်သက်ခြင်း၌”ဟုလည်း ရှိ၏။]
စရ = စရဏေ - ကျင့်ခြင်း၌။ [ဂတိအနက်, ဘက္ခ-စားခြင်းအနက် လည်း ရှိ၏။]
စလ = ကမ္ပနေ - တုန်လှုပ်ခြင်း၌။
စာယ= သန္တာနပူဇနေသု - အစဉ်ပြုခြင်း, ပူဇော်ခြင်းတို့၌။ [ဓာတွတ္ထ သင်္ဂဟ၌ “ပူဇာနိသာမနေ-ပူဇော်ခြင်း, ကြည့်ရှုနားထောင်ခြင်း” ဟု ရှိ၏။]
စိ = စယေ - ဆည်းပူးခြင်း၌။ [ဝိနိ ရှေ့ရှိလျှင် “ဝိနိစ္ဆယ-ဆုံးဖြတ်ခြင်း” အနက်နှင့်တကွ အခြားအနက်များလည်း ရှိသေး၏။]
စိတ = သေဉ္စတနေ - စေ့ဆော်အားထုတ်ခြင်း၌။
စိန္တ = စိန္တာယံ - ကြံစည်ခြင်း၌။ [“ဇာနနေ-သိခြင်း”လည်း ရှိ၏။]
စု = စဝနေ - ရွေ့လျောခြင်း၌။
စုဒ = အာဏတ္တိစောဒနေသု - စေလွှတ်ခြင်း, အပြစ်တင်ခြင်းတို့၌။
စုရ = ထေယျေ - ခိုးခြင်း၌။
ဆဋ္ဋ = ဆဋ္ဋနေ - စွန့်ပစ်ခြင်း၌။
ဆဒ = အပဝါရဏေ - ပယ်ရှားတားမြစ်ခြင်း၌။
ဆိဒိ = ဒွိဓာကရဏေ - နှစ်ပိုင်းပြုခြင်း၌ (ဖြတ်ခြင်း၌)။
ဇဂ္ဂ = သောဓနပေါသနရက္ခဏေသု - သုတ်သင်ခြင်း, မွေးမြူခြင်း, စောင့်ရှောက်ခြင်းတို့၌။
ဇဂ္ဃ = ဟာသေ - ရယ်ရွှင်ခြင်း၌။
ဇန = ဇနနေ - ဖြစ်ခြင်း၌။ [အသံပြုခြင်းအနက်လည်း ရှိ၏။]
ဇနီ = ပါတုဘာဝေ - ထင်ရှားဖြစ်ခြင်း၌။
ဇရ = ဝါယောဟာနိမှိ - အရွယ်၏ဆုတ်ယုတ်ခြင်း၌။ [“ရောဂ-ကျင်နာခြင်း”လည်း ရှိ၏။]
ဇလ = ဒိတ္တိမှိ - တောက်ပခြင်း၌။
ဇာဂရ = ဝိဗုဓေ - နိုးကြားခြင်း၌။
ဇိ = ဇယေ - အောင်နိုင်ခြင်း၌။ [ရှုံးခြင်းအနက်ကိုလည်း ဟော၏။]
ဇီ၀ = ပါဏဓာရဏေ - အသက်ကို ဆောင်ခြင်း၌။
ဇု = ဇေဝ - လျင်မြန်စွာ ဖြစ်ခြင်း၌။
ဇုတ = ဒိတ္တိမှိ - တောက်ပခြင်း၌။
ဈေ = စိန္တာယံ - ကြံစည်ခြင်း၌။ [“သြလောကန-ကြည့်ရှုခြင်း, ဒဟနလောင်ကျွမ်းခြင်း, ဉာဏ-သိခြင်း, ဒိတ္တိ-တောက်ပခြင်း” အနက် များလည်း ရှိ၏။]
ဉာ = အဝဗောဓနေ - သိခြင်း၌။ [ပညတ္တိ “ပပုဗ္ဗ ဉာဓာတ်ဖြင့် နိက္ခိပန-ချထားပညတ်ခြင်း”အနက်လည်း ကြံကြ၏။]
ဌာ = ဂတိနိဝတ္တိမှိ - သွာခြင်း၏ ဆုတ်နစ်ခြင်း၌ (ရပ်ခြင်း၌)။
တဝဂ္ဂါဒိဓာတ်စဉ်
တက္က = ဝိတက္ကေ - ကြံစည်ခြင်း၌။ [“ရုက္ခသိလေသေ-သစ်စေးတို့ကို ပြုခြင်း၌”ဟုလည်း ရှိ၏။]
တစ္ဆ = တနုကရဏေ - ပါးအောင်ပြုခြင်း (ရွေခြင်း)၌။
တဇ္ဇ = ဘဿနေ - ရေရွတ်ခြိမ်းခြောက်ခြင်း၌။
တဍိ = စလနတ္ထေ - တုန်လှုပ်ခြင်းအနက်၌။
တပ = သန္တာပေ - ပူလောင်ခြင်း၌။ [“ဒိတ္တိ-တောက်ပခြင်း”လည်းရှိ၏၊၊]
တမု = ကင်္ခါယံ - လိုချင်ခြင်း၌။ [တမဓာတ်လည်း ရှိ၏။]
တရ = တရဏေ - ကူးခြင်း၌။
တသ = ဘယေ - ကြောက်ရွံ့ထိတ်လန့်ခြင်း၌။
တာ = ပါလနေ - စောင့်ရှောက်ခြင်း၌။
တိဇ = နိသာန+ဗန္ဓန+ခမာသု - သွေးခြင်း, ဖွဲ့ချည်ခြင်း, သည်းခံခြင်းတို့၌။
တီရ = ကမ္မနိဋ္ဌာပနေ - အမှုကို ပြီးစီးစေခြင်း(ဆုံးဖြတ်ခြင်း)၌။
တုဒ= ဗျထနေ ထိုးဆွခြင်း၌။
တုဝဋ္ဋ = နိပဇ္ဇနေ - အိပ်ခြင်း၌။
တုသ = ပီတိမှိ - နှစ်သက်ခြင်း၌။
တြသ = ဘယေ - ကြောက်ခြင်း၌။
ထန = ဂဇ္ဇနေ - ထစ်ချုန်းခြင်း၌။
ထာ = ဂတိနိဝတ္တိမှိ - သွားခြင်း၏ ဆုတ်နစ်ခြင်း၌။
ဒက္ခ = ဝဍ္ဎနေ - ကြီးပွားခြင်း၌။
ဒဍိ = အာဏာယံ - ကြိမ်းမောင်း နှိပ်ကွပ် ဒဏ်တပ်ခြင်း၌။
ဒဒ = ဒါနေ - ပေးခြင်း၌။
ဒိဝု = ကီဠာ+ဝိဇိဂီသာ+ဗျဝဟာရ+ဇုတိ+ထုတိ+ဂတီသု - ကစားမြူးတူးခြင်း, အောင်နိုင်လိုခြင်း, ပြောဆိုခြင်း, ထွန်းပခြင်း, ချီးမွမ်း ခြင်း, ဂတိအနက်တို့၌။ [“သတ္တိ-စွမ်းနိုင်ခြင်း”အနက်လည်းရှိ၏၊၊]
ဒိသ = ပေက္ခဏေ - ကြည့်ရှုခြင်း၌။ [ပေက္ခဏေကား ပပုဗ္ဗ ဣက္ခဓာတ်, ယုပစ္စည်း, အနပြု၍ န ကို ဏ ပြန်ထားသည်။]
ဒိသ = ဥစ္စာရဏေ - ရွတ်ဆိုခြင်း၌။ [ဒိသီဓာတ်ဟု ရူပသိဒ္ဓိဆိုသည်ကား ဓာတွတ္ထသင်္ဂဟ, သက္ကတတို့၌ မတွေ့။]
ဒိသ = အတိသဇ္ဇနေ - သိစေခြင်း (ဟောပြောခြင်း)၌။
ဒိဟ = သန္ဒေဟေ - ယုံမှားခြင်း၌။ [“ဝုဒ္ဓိမှိ-ကြီးပွားခြင်း, ဥပစယေပွားစည်းခြင်း၌”လည်း ရှိ၏။]
ဒီပ = ဒိတ္တိမှိ - ထွန်းပခြင်း၌။
ဒု = ဂတိမှိ - ဂတိအနက်၌။
ဒြု = ပဂ္ဃရဏေ - ယိုစီးခြင်း၌။
ဒမု = ဒမနေ - ဆုံးမခြင်း၌။
ဒယ = ရက္ခဏေ - စောင့်ရှောက်ခြင်း၌။
ဒရ = ဒါဟေ - ပူလောင်ခြင်း၌။ [“အာဒရ-ရိုသေခြင်း”လည်း ရှိ၏။]
ဒလ = ဒလနေ - တောက်ပခြင်း၌။ [“ဝိဒါရဏ-ဖောက်ခွဲခြင်း, ဒုဂ္ဂတိဆင်းရဲခြင်း” အနက်များလည်း ရှိ၏။]
ဒဝ = ဒဝနေ - ကစားခြင်း၌။ [ပူလောင်ခြင်းအနက်လည်း ရှိ၏။]
ဒဟ = ဘသ္မီကရဏေ - ပြာဖြစ်အောင်ပြုခြင်း (လောင်ကျွမ်းခြင်း)၌။ [ “ဒါဟ-မီးလောင်ခြင်း, ဓာရဏ-ဆောင်ထားခြင်း”လည်း ရှိ၏။]
ဒါ = ဒါနေ - ပေးခြင်း၌။ [သုတ်သင်ခြင်း, ဖြူစင်ခြင်း, အဝခဏ္ဍန ဖြတ်တောက်ခြင်း စသော အနက်များလည်း ရှိ၏၊ အာရှေ့ရှိလျှင် “အာဒါန-ယူခြင်း”အနက်ကို ဟော၏။]
ဒုက္ခ = ဒုက္ခနေ - ဆင်းရဲခြင်း၌။
ဒုသ = အပ္ပီတိမှိ - မနှစ်သက်ခြင်း၌။
ဒုဟ = ဇိဃံသာယံ - ဖျက်ဆီးခြင်း၌။ [“ဒေါဟန-နို့ညှစ်ခြင်း”လည်း ရှိ၏၊၊]
ဒူဟ = နာသနေ - ဖျက်ဆီးခြင်း၌။
ဒေဝ = ဒေဝနေ - ကစားမြူးတူးခြင်း၌။ [ငိုကြွေးခြင်းဟုလည်း ပေး၏။]
ဒံသ = ဒံသနေ - ကိုက်ခဲခြင်း၌။ [ဍံသဓာတ်လည်း ရှိ၏။]
ဓန = ဓညေ - ဘုန်းသမ္ဘာနှင့်ပြည့်စုံခြင်း၌။
ဓမ = ဓမနေ - မှုတ်ခြင်း၌။
ဓရ = ဓာရဏေ - ဆောင်ခြင်း၌။
ဓာ = ဓာရဏေ - ဆောင်ခြင်း၌။ [ဥပသာရရှေ့ရှိလျှင် အနက်များစွာကို ဟောနိုင်၏။]
ဓာဝု = ဇေဝ - လျင်စွာ သွားခြင်း (ပြေးခြင်း)၌။
ဓု = ကမ္ပနေ - တုန်လှုပ်ခြင်း၌။ [ဓုဏောတိ, သွာဒိဂိုဏ်း။]
ဓူ = ကမ္ပနေ - တုန်လှုပ်ခြင်း၌။ [ဓုနာတိ, ကိယာဒိဂိုဏ်း။]
ဓေ = ပါနေ - သောက်ခြင်း၌။
ဓံသ = ဝိဒ္ဓံသနေ - ဖျက်ဆီးခြင်း၌။
ဓံသု = ယာယန အဓောပတနေသု - သွားခြင်း, အောက်သို့ လျှောကျခြင်းတို့၌။
နစ္စ = နစ္စနေ - ကခြင်း၌။
နဋ = နစ္စနေ - ကခြင်း၌။
နတ = ဂတ္တဝိနာမေ - ကိုယ်ကို ညွတ်စေခြင်း၌။
နဒ = အဗျတ္တသဒ္ဒေ - အက္ခရာမပီသော အသံကို ပြုခြင်း၌။
နန္ဒ = နန္ဒနေ - နှစ်သက်ခြင်း၌။ [“သမိဒ္ဓိ-ပြည့်စုံခြင်း”လည်း ရှိ၏။]
နန္ဓ = ဗန္ဓနေ - ဖွဲ့နှောင်ခြင်း၌။
နမ = နမနေ - ညွတ်ကိုင်းခြင်း၌။
နမဿ = ဝန္ဒနေ - ရှိခိုးခြင်း၌။
နဿ = အဒဿနေ - မမြင်ရခြင်း (ပျက်စီးခြင်း)၌။
နဟ = ဗန္ဓနေ - ဖွဲ့ခြင်း၌။ [“သောစ-စင်ကြယ်ခြင်း”လည်း ရှိ၏။]
နာထ = ယာစနော.ပတာပိ.ဿရိယာ.သီသာသု - တောင်းရမ်းခြင်း, ပူလောင်ခြင်း, အစိုးရခြင်း, တောင့်တခြင်းတို့၌။ [ယာစန+ ဥပတာပ+ဣဿရိယ+အာသီသာသု။]
နှာ = သောဓနေ - သုတ်သင်ခြင်း (ရေချိုးခြင်း)၌။
နိဒိ = ကုစ္ဆာယံ - ကဲ့ရဲ့ခြင်း၌။ [“နိန္ဒ=ဂရဟာယံ-ကဲ့ရဲ့ခြင်း”လည်းရှိ၏၊၊]
နိ = ပါပဏေ - ရောက်စေခြင်း၌။ [“နယ-ဆောင်ခြင်း”လည်းရှိ၏၊၊]
နုဒ = ခေပေ - ပစ်ပယ်ခြင်း၌။
ပဝဂ္ဂါဒိဓာတ်စဉ်
ပက္ခန္ဒ = ဝေဂဂတိမှိ - အဟုန်ဖြင့် သွားခြင်း (ပျံခြင်း)၌။
ပစ = ပါကေ - ကျက်ခြင်း, ချက်ခြင်း၌။
ပစိ = ဝိတ္ထာရေ - ချဲ့ထွင်ခြင်း၌။
ပဋ = ဂတိမှိ - ဂတိအနက်၌။
ပဍိ = လိင်္ဂဝေကလ္လေ - လိန်၏ချို့တဲ့ခြင်း၌။ [ဂတိအနက်၌လည်း ရှိ၏။]
ပတ = ဂတိမှိ - ဂတိအနက်၌။
ပတ္ထ = ယာစနေ - တောင့်တခြင်း၌။
ပဒ = ဂတိမှိ - ဂတိအနက်၌။
ပလ္လ = နိန္နဋ္ဌာနေ - ချိုင့်ဝှမ်းရာအရပ်၏ အဖြစ်၌။
ပ္လု = သပ္ပနေ - သွားခြင်း (ပေါလောပေါ်ခြင်း)၌။
ပဟ = ပေသနေ - စေခိုင်းခြင်း၌။
ပါ = ပါနေ - သောက်ခြင်း၌။ [“ရက္ခဏေ-စောင့်ရှောက်ခြင်း”လည်း ရှိ၏။]
ပိသ = စုဏ္ဏေ - အမှုန့်ပြုခြင်း (ကြိတ်ချေခြင်း)၌။
ပိဟ = ဣစ္ဆာယံ လိုလားခြင်း၌။
ပီ = တပ္ပနေ - နှစ်သက်ခြင်း၌။ [ပြီဓာတ်ဟု သက္ကတရှိ၍ ပီဏော စသည်ဖြင့် န ကို ဏ ပြန်ရသည်, “ပိဏ”ဓာတ်လည်း ရှိ၏။]
ပု = သောဓေ - သုတ်သင်ခြင်း၌။
ပုစ္ဆ = ပုစ္ဆနေ - မေးမြန်းခြင်း၌။
ပုထ = ဝိတ္ထာရေ - ချဲ့ဖြန့်ခြင်း၌။
ပုပ္ဖ = ဝိကာသေ - ပွင့်ခြင်း၌။
ပုရ = ပုရတောဂမနေ - ရှေ့သွားခြင်း၌။
ပုသ = ပေါသေ - မွေးမြူခြင်း၌။
ပုံသ = အဘိမဒ္ဒနေ - နှိပ်နင်းခြင်း၌။
ပူ = ပဝနေ - ဖြူစင်ခြင်း၌။
ပူဇ = ပူဇာယံ - ပူဇော်ခြင်း၌။ [ဒါနအနက်ရှိသည်မှာ မကောင်း။]
ဖဒိ = ကိဉ္စိစလနေ - စဉ်းငယ် တုန်လှုပ်ခြင်း၌။
ဖုသ = သမ္ဖဿေ - တွေ့ထိခြင်း၌။ [“ဖုသ
=ဖဿနေ”လည်း ရှိ၏။]ဗန္ဓ = ဗန္ဓနေ - ဖွဲ့ချည်ခြင်း၌။
ဗဟ = ဝုဒ္ဓိမှိ - ကြီးပွားခြင်း၌။
ဗဟု = သင်္ချာနဝုဒ္ဓီသု - ရေတွက်ခြင်း, ကြီးပွား များပြားခြင်းတို့၌။
ဗာဟ = ယတနေ - အားထုတ်ခြင်း၌။
ဗိလ = နိဿယေ - မှီခြင်း၌။
ဗုဓ = အဝဂမနေ - ထိုးထွင်း၍ သိခြင်း၌။ [အခြားအနက်များလည်း ရှိ၏။]
ဗြူ = ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ-စကားပြောဆိုခြင်း၌။
ဗြူဟ = ဝုဒ္ဓိမှိ - ကြီးပွားခြင်း၌။
ဘက္ခ = အဒနေ - စားခြင်း၌။
ဘဂဏ္ဍ= သေစနေ - သွန်းလောင်းခြင်း၌။
ဘဇ္ဇ = ဘဇ္ဇနေ - လှော်ချက်ခြင်း၌။
ဘန္ဇ = အဝမဒ္ဒနေ - ချိုးဖဲ့ ဖျက်ဆီးခြင်း၌။
ဘဍိ = ဘဏ္ဍတ္ထေ - ဘဏ္ဍာ၏အမှုကိစ္စ၌။
ဘဏ = ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောဆိုခြင်း၌။
ဘဒိ = ကလျာဏေ - ကောင်းသည်၏ အဖြစ်၌။
ဘမု = အနဝဋ္ဌာနေ - မရပ်မတည် လည်ခြင်း၌။
ဘရ = ဘရဏေ - ဆောင်ခြင်း, မွေးမြူခြင်း၌။
ဘဿ = ဘဿနေ - များစွာပြောဆိုခြင်း၌။
ဘာ = ဒိတ္တိမှိ - တောက်ပခြင်း၌။
ဘာသ = ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောဆို ခြင်း၌။ [ဒိတ္တိ-ထွန်းပခြင်းအနက်လည်း ရှိ၏။]
ဘိက္ခ = ယာစနေ - တောင်းရမ်းခြင်း၌။ [အာယာစနေဟု အာ ပိုလျက် ရှိတတ်သည်။]
ဘိဒ = ဝိဒါရဏေ - ဖောက်ခွဲခြင်း (ပေါက်ကွဲခြင်း) ၌။
ဘီ = ဘယေ - ကြောက်ခြင်း၌။
ဘုဇ = ပါလနဗျဝဟရဏေသု - စောင့်ရှောက်ခြင်း, စားခြင်းတို့၌။
ဘူ = သတ္တာယံ - ထင်ရှားရှိခြင်း၌။ [သန္တဿ-ထင်ရှားရှိသောဝတ္ထု၏၊ ဘာဝေါ-ဖြစ်ကြောင်းတည်း၊ သတ္တာ-ထင်ရှားရှိသောဝတ္ထု၏ ဖြစ်ကြောင်း၊ “ထင်ရှားရှိသော ဝတ္ထု၏ ဖြစ်ကြောင်း”ဟူသည် အထင်အရှားဖြစ်ပေါ်ခြင်း ကြိယာပင်တည်း၊ ထို့ကြောင့် လိုရင်း ကြိယာပေါ်လွင်အောင် “သတ္တာယံ-ထင်ရှားရှိခြင်း၌”ဟုဆိုသည်၊ ဤကဲ့သို့ ဘာဝပုဒ်တို့ဖြင့် ဓာတ်နက်ဆိုရာ၌ လိုရင်းကြိယာ ရအောင် “ခြင်း”ဟု အချို့အရာ၌ ဆိုခဲ့သည်၊ သတ္တာကား သန္တ နောင် ဘာဝအနက်၌ တာပစ္စည်း, သန္တကို သပြု, တဒွေးဘော် လာ၍ ပြီးသည်၊ ခပ်သိမ်းသော ဓာတ်နက်ကြိယာသည် ပရမတ် သဘောအားဖြင့်ဖြစ်စေ, လောကအခေါ်ဝေါ်ရိုးအားဖြင့်ဖြစ်စေ ထင်ရှားရှိသည်ချည်းသာ ဖြစ်သောကြောင့် ဤ ဘူဓာတ်အနက် သည် ခပ်သိမ်းသော ဓာတ်နက်တွင် ပါဝင်နိုင်၏၊ အနု အဘိ စသည် ရှေ့ရှိလျှင် အနက်များစွာကိုလည်း ဟောနိုင်၏။]
ဘူသ = အလင်္ကာရေ - တန်ဆာဆင်ခြင်း၌။
မင်္ဂ = မင်္ဂလ္လေ - မကောင်းသည်ကို ပယ်ခြင်း၌။ [မဂိဓာတ်လည်းရှိ၏၊၊]
မစ = စောရေ - ခိုးခြင်း၌။
မဇ္ဇ = သုဒ္ဓိမှိ - စင်ကြယ်ခြင်း၌။ [“သောဓနေ-သုတ်သင်ခြင်း”လည်း ရှိ၏။]
မဍိ = ဘူသာယံ - တန်ဆာဆင်ခြင်း၌။ [“မဏ္ဍနေ”ဟုလည်း ရှိ၏။]
မန္တ = ဂုတ္တဘာသနေ - လုံခြုံစွာပြောဆိုခြင်း (တိုင်ပင်ခြင်း)၌။
မထ = ဝိလောဠနေ - မွှေနှောက်ခြင်း၌။
မဒ = ဥမ္မာဒေ - ယစ်မူး ရူးသွတ်ခြင်း၌။
မဒိ = ဟာသေ - ပြုံးရယ်ခြင်း၌။
မဒ္ဒ = စုဏ္ဏေ - မှုန့်မှုန့်ညက်ညက် နင်းချေခြင်း၌။
မန = ဉာဏေ - သိခြင်း၌။ [“မန=ဗောဓနေ”ဟုလည်း ရှိ၏။]
မယ = ဂတိမှိ - ဂတိအနက်၌။
မရ = ပါဏစာဂေ - အသက်ကို စွန့်ခြင်း၌။
မသ = အာမသနေ - သုံးသပ်ခြင်း၌။
မသု = မစ္ဆေရေ - ဝန်တိုခြင်း၌။
မဟ = ပူဇာယံ - ပူဇော်ခြင်း၌။ [ဝုဒ္ဓိ-ကြီးမြင့်ခြင်းအနက်လည်းရှိ၏၊၊]
မာ = မာနေ(ပရိမာနေ) - နှိုင်းယှဉ်ခြင်း၌။ [မြတ်နိုးခြင်းလည်း ရှိ၏၊၊]
မာန = ပူဇာယံ - ပူဇော်ခြင်း၌။ [ဝီမံသာ-စုံစမ်းခြင်း, မာနန (ပေမန)မြတ်နိုးခြင်းလည်း ရှိ၏။]
မိ = ပက္ခေပေ - ထည့်သွင်းခြင်း၌။
မိဒ = သိနေဟေ - စေးကပ်ခြင်း (ချစ်ခြင်း)၌။
မှိ = ဤသံဟသနေ - စဉ်းငယ်ပြုံးခြင်း၌။
မု = ဗန္ဓနေ - နှောင်ဖွဲ့ခြင်း၌။
မုစ = မောစနေ - လွတ်ခြင်း၌။
မုဇ္ဇ = သြသီဒနေ - နစ်မြုပ်ခြင်း၌။
မုဒ = ဟာသေ - ရွှင်လန်းခြင်း၌။ [မုဒု ဟု ပါဌ်ပျက် ရှိ၏။]
မုန = ဉာဏေ - သိခြင်း၌။ [ဆိတ်ဆိတ်နေခြင်းအနက်လည်း ရှိ၏၊၊]
မုသ = ထေယျေ - ခိုးခြင်း၌။ [မေ့လျော့ပျောက်ပျက်ခြင်းလည်း ရှိ၏၊၊]
မုဟ = ဝေစိတ္တေ - တွေဝေခြင်း၌။
မူလ = ပတိဋ္ဌာယံ - တည်ရာဖြစ်ခြင်း၌။
မေခ = ကဋိဝိစိတ္တေ - ခါး၏ ဆန်းကြယ်ခြင်း၌။
မေဍိ = ကုဍိလတ္ထေ - ကောက်ကျစ်ခြင်း အနက်၌။
မောက္ခ= မုစ္စနေ - လွတ်မြောက်ခြင်း၌။
အဝဂ္ဂါဒိဓာတ်စဉ်
ယဇ = ဒေဝပူဇာ+သင်္ဂတိကရဏ+ဒါနေသု - နတ်ကို ပူဇော်ခြင်း, အပေါင်းအစုပြုခြင်း, ပေးလှူခြင်းတို့၌။
ယတ = ယတနေ - အားထုတ်ခြင်း၌။ [ယတီဓာတ်လည်း ရှိ၏။]
ယမု = ဥပရမေ - ရှောင်ကြဉ်ခြင်း၌။
ယာ = ဂတိပါပုဏနေသု - ဂတိအနက်, ရောက်ခြင်းတို့၌။
ယာစ = ယာစနေ - တောင်းရမ်းခြင်း၌။
ယု = မိဿနေ - ရောနှောခြင်း၌။
ယုဇ = ယောဂေ - ယှဉ်ခြင်း၌။ [အားထုတ်ခြင်းအနက်လည်း ရှိ၏။]
ယုဓ = သမ္ပဟာရေ - ပြင်းစွာ ပုတ်ခတ်ခြင်း၌။
ရက္ခ = ပါလနေ - စောင့်ရှောက်ခြင်း၌။
ရဍိ = ဟိံသာယံ - ညှဉ်းဆဲခြင်း၌။
ရဒ = ဝိလေခနေ (ဥက္ခနေ) - တူးဆွခြင်း၌။
ရန္ဇ = ရာဂေ - တပ်မက်ခြင်း၌။
ရန္ဓ = ပါကေ - ချက်ခြင်း၌။
ရဘ = ရာဘဿေ - အားထုတ်ခြင်း၌။
ရမု = ကီဠာယံ - ကစားခြင်း၌။
ရဟ = စာဂေ - စွန့်ခြင်း၌။ [ဥပါဒါန-ယူခြင်းအနက်လည်း ရှိ၏။]
ရာဇ = ဒိတ္တိမှိ - ထွန်းပခြင်း၌။
ရာဓ = သံသိဒ္ဓိမှိ - ပြီးစီးခြင်း၌။ [ဟိံသာ-ညှဉ်းဆဲခြင်းလည်း ရှိ၏။]
ရိ = သန္တာနေ - အစဉ်ဖြစ်ခြင်း၌။ [ဓာတွတ္ထသင်္ဂဟ၌“ဂတျံ”ဟု ရှိ၏၊၊]
ရု = သဒ္ဒေ - အသံပြုခြင်း၌။ [ဂတိအနက်လည်း ရှိ၏။]
ရုစ = ဒိတ္တိမှိ - ထွန်းပခြင်း၌။
ရုဇ = ရောဂေ - ကြင်နာခြင်း၌။
ရုဒ = အဿုဝိမောစနေ - မျက်ရည်ကို ယိုထွက်စေခြင်း (ငိုခြင်း)၌။
ရုဒိ = ဟိံသာယံ - ညှဉ်းဆဲခြင်း၌။ [ဓာတွတ္ထသင်္ဂဟ၌ မရှိ။]
ရုဓ = အာဝရဏေ - ပိတ်ပင်ခြင်း၌။
ရုသ = ရောသေ - ချုပ်ချယ်ခြင်း၌။
ရုဟ = ဇနနေ - ဖြစ်ခြင်း၌။
လက္ခ= ဒဿန.ကေသု - ကြည့်ရှုခြင်း, အမှတ်တံဆိပ် ခတ်နှိပ်ခြင်းတို့၌။
လဆိ= လဉနေ - တံဆိပ်ခတ်ခြင်း၌။
လဇ္ဇီ = လဇ္ဇာယံ - ရှက်ခြင်း၌။
လဍိ = ဇိဂုစ္ဆာယံ - စက်ဆုပ်ခြင်း၌။
လပ = ဝါကျေ - စကားပြောဆိုခြင်း၌။
လဘ= လာဘေ - ရခြင်း၌။
လဗိ = အာလမ္ဗနေ - ဆွဲမှီခြင်း၌။
လဘိ= ဝဉ္စနေ - လှည့်ပတ်ဖြားယောင်းခြင်း၌။
လာ = ဂဟဏေ - ယူခြင်း၌။
လိခ = လေခနေ - ရေးခြစ်ခြင်း၌။
လိပ = လိမ္ပနေ - လိမ်းကျံခြင်း၌။
လိဟ= လေဟနေ - သာယာခြင်း (လျက်ခြင်း)၌။
လီ = သိလေသနေ - ကပ်ငြိခြင်း၌။
လုဉ္စ= အပနယနေ - ပယ်နုတ်ခြင်း၌။
လုဇ = နဿနေ - ပျက်စီးခြင်း၌။
လုပ = ဝိလုမ္ပနေ - လုယက်ခြင်း၌။
လုဘ= ဂိဒ္ဓိမှိ - လိုချင်ခြင်း၌။
လုလ = မန္ထနေ - မွှေနှောက်ခြင်း၌။
လူ = ဆေဒနေ - ဖြတ်ခြင်း၌။
လောက= ဒီပနဒဿနေသု - ပြခြင်း, ကြည့်ရှုခြင်းတို့၌။
လောစ = ဒီပနဒဿနေသု - ပြခြင်း, ကြည့်ရှုခြင်းတို့၌။
ဝက = အာဒါနေ - ယူခြင်း၌။
ဝက္က = ရုက္ခတစေ - သစ်ခွံ၏အမှု၌။
ဝစ = ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောဆို ခြင်း၌။
ဝဋ္ဋ = အာဝတ္တနေ - ချာချာလည်ခြင်း၌။
ဝဇ = ဂတိမှိ - ဂတိအနက်၌။
ဝဍိ = ဓာရဏ+ဗန္ဓ+သံဃာတေသု - ဆောင်ခြင်း, ဖွဲ့ခြင်း, ပေါင်းစု ခြင်းတို့၌။ [အာဝတ္တန-ချာချာလည်ခြင်းအနက်လည်း ရှိ၏။]
ဝဍ္ဎ = ဝဍ္ဎနေ - ကြီးပွားခြင်း၌။
ဝတ္တု = ဝတ္တန အာဝတ္တနေသု - ဖြစ်ခြင်း, ချာချာလည်ခြင်းတို့၌။ [ဝတုဓာတ်ဟုလည်း ဆိုကြ၏။]
ဝဒ = ဝိယတ္တိယံ - အက္ခရာထင်ရှားသော၊ ဝါစာယံ - စကားပြောဆို ခြင်း၌။
ဝဒိ = ဝန္ဒန+ထဝေသု - ရှိခိုးခြင်း, ချီးမွမ်းခြင်းတို့၌။ [စုရာဒိဂိုဏ်း ဝဒီဓာတ်လည်း ရှိ၏။]
ဝဒ္ဓ = ဝဒ္ဓနေ - တိုးပွားခြင်း၌။
ဝပ = ဗီဇသန္တာနေ - မျိုးစေ့အစဉ်ပြုခြင်း (စိုက်ပျိုးခြင်း)၌။
ဝမု = ဥဂ္ဂိရဏေ - ထွေးအန်ခြင်း၌။
ဝရ = ဝရဏေ - စောင့်ရှောက်ခြင်း၌။
ဝလ = သာဓာရဏ+ဗန္ဓနေသု - ဆက်ဆံခြင်း, ဖွဲ့ခြင်းတို့၌။
ဝလ္လ = သာဓာရဏ+ဗန္ဓနေသု - ဆက်ဆံခြင်း, ဖွဲ့ခြင်းတို့၌။
ဝသ = နိဝါသေ - နေခြင်း၌။ [အစ္ဆာဒန-ဖုံးလွှမ်းခြင်း, ဝတ်ခြင်း၊ သေစနသွန်းလောင်းခြင်း (မိုးရွာခြင်း)အနက်များလည်း ရှိ၏။]
ဝဟ = ပါပဏေ - ရောက်စေခြင်း (ရောက်အောင်ဆောင်ခြင်း)၌။
ဝါ = ဂတိဗန္ဓနဂန္ဓေသု - ဂတိအနက်, ဖွဲ့ခြင်း, ပြခြင်းတို့၌။ [“ဂတိ ဂန္ထေသု ဂတိဗန္ဓနေသု”ဟု ရူပသိဒ္ဓိ၌ ၂ ဌာန ရှိ၏။]
ဝါသ = သုရဘိကရဏေ - အနံ့ကောင်းအောင်ပြုခြင်း (ထုံခြင်း)၌။
ဝိစ = ဝိဝေစနေ - ကင်းဆိတ်ခြင်း၌။
ဝိဇိ = ဘယကမ္ပနေသု - ကြောက်ရွံ့ခြင်း, တုန်လှုပ်ခြင်းတို့၌။
ဝိဒ = ဉာဏေ - သိခြင်း၌။ [မင်္ဂလ္လ-မကောင်းသည်ကို ပယ်ခြင်း၊ သတ္တာထင်ရှားရှိခြင်း၊ လာဘ-ရခြင်း အနက်များလည်း ရှိ၏။]
ဝိဓ = ဝေဓနေ - ဖောက်ခွဲခြင်း၌။ [ဘာဂ-ဝေဖန်ခြင်း၊ ကမ္ပန-တုန်လှုပ် ခြင်း၊ တာဠန-ပုတ်ခတ်ခြင်း အနက်များလည်း ရှိ၏။]
ဝိသ = ပဝေသနေ - ဝင်ခြင်း၌။
ဝီ = တန္တသန္တာနေ - ချည်ချောင်းအစဉ်ကိုပြုခြင်း(ရက်ကန်းရက်ခြင်း)၌။
ဗီဇ = ဗီဇနေ - ယပ်လေခတ်ခြင်း၌။
ဝု = သံဝရဏေ - စောင့်ရှောက်ခြင်း၌။
ဝေ = တန္တသန္တာနေ - ချည်ချောင်းအစဉ်ကို ပြုခြင်း၌။ [“ရှည်သော အစဉ်ကို ပြုခြင်း”ဟု ရူပသိဒ္ဓိနိဿယ အနက်ပေးသည်ကား အကြံလွန်သည်။]
ဝေပု = ကမ္ပနေ - တုန်လှုပ်ခြင်း၌။
ဝှေ = အဝှာယ+သဒ္ဒါဟံကာရေသု - ခေါ်ခြင်း, အသံပြုခြင်း, ငါတကား ဟု ထောင်လွှားခြင်းတို့၌။
သက = သတ္တိမှိ (သာမတ္ထေ) - စွမ်းနိုင်ခြင်း၌။ [ပူဇာ-ပူဇော်ခြင်းအနက် လည်း ရှိ၏။]
သကိ = သင်္ကာယံ - ယုံမှားခြင်း၌။
သက္က = ဂတိမှိ - ဂတိအနက်၌။
သင်္ဂါမ = ယုဒ္ဓေ - စစ်ထိုးခြင်း၌။
သဇ္ဇ = ဝိသဂ္ဂေ - စွန့်လွှတ်ခြင်း၌။ [ဝိရှေ့ရှိလျှင် “ဝိသဂ္ဂ-စွန့်လွှတ်ခြင်း” သံရှေ့ရှိလျှင် “သံသဂ္ဂ-ရောနှောခြင်း”စသည်ဖြင့် ဓာတွတ္ထ သင်္ဂဟ၌ အနက်များစွာ ဆို၏၊ ရူပသိဒ္ဓိ၌ သံပုဗ္ဗ သဇဓာတ်ကို “ဝိသဂ္ဂ” ဟု ဆို၏၊ သဇ္ဇဓာတ်မှာ “အာလိင်္ဂ - လည်ဖက်ခြင်း အနက်၌”ဟု ဆိုသည်။]
သဉ္စ = (သန္ဇ) = သင်္ဂေ - ကပ်ငြိခြင်း၌။
သဍိ = ဂုမ္ဗတ္ထေ - ပေါင်းစုခြင်းအနက်၌။
သဏ = အဗျတ္တဒ္ဒေ - အက္ခရာမထင်ရှားသော အသံကို ပြုခြင်း၌။
သတ = သာတစ္စေ - မပြတ်မစဲ မြဲခြင်း၌။
သဒ = ဝိသရဏဂတျာ.ဝသာနေသု - ညှဉ်းဆဲခြင်း, ဂတိအနက်, နစ်မြုပ် ချောက်ချား ရွေ့ရှား ပင်ပန်းခြင်းတို့၌။ [ဝိသရဏကို မရွေ့မရှားခြင်းဟု ဆိုကြ၏၊ “မရွေ့မရှား”ခြင်းဟူသည် ထိုင်နေ ခြင်းတည်း၊ ထိုထိုင်နေခြင်းကို နိရှေ့ရှိသော သဒဓာတ်က ဟော၏၊ (“ဝိသရဏ-ဖြစ်စေခြင်း”ဟု မုဂ္ဓဗောဓနိဿယ ၁၃၁ ၌ အနက်ဆို၏၊) ဂတျာဝသာန (ဂတိ+အဝသာန)ကို သွားခြင်း ၏အဆုံးဟု ကြံကြ၏၊ “သွားခြင်း၏အဆုံး”ဟူရာ၌ ထိုင်ခြင်းကို ဆိုလိုဟန်တူသည်၊ ထိုအကြံအားလုံး မသင့်ပုံကို ဓာတွတ္ထသင်္ဂဟ ဝယ် အသီးသီးပြသော ဓာတ်နက်နှင့် ပုံစံများကို ရှုပါ။]
သဒ္ဒ = ဟရိတေ - စိမ်းစိုခြင်း၌။
သနု = ဒါနေ - ပေးခြင်း၌။
သပ = အက္ကောသေ - ဆဲရေးခြင်း၌။
သပ္ပ = ဂတိမှိ - ဂတိအနက်၌။
သဗိ = မဏ္ဍလေ - ဝန်းဝိုင်းခြင်း၌။ [မဏ္ဍန-တန်ဆာဆင်ခြင်းလည်း ရှိ၏၊၊]
သမု = (သမ) = ဥပသမေ - ငြိမ်းအေးခြင်း၌။
သမ္ဘု = ဝိဿမ္ဘေ - အကျွမ်းဝင်ခြင်း၌။
သရ = ဂတိစိန္တာယံ - ဂတိအနက်, အောက်မေ့ခြင်း၌။ [ဟိံသာညှဉ်းဆဲခြင်းလည်း ရှိ၏။]
သလ = (သလ္လ) = ဂတိမှိ - ဂတိအနက်၌။
သသ = ပါဏနေ - ရှူရှိုက်ခြင်း၌။
သသု = ဟိံသာဂတီသု - ညှဉ်းဆဲခြင်း, ဂတိအနက်တို့၌။
သဟ = ခန္တိအဘိဘဝေသု - သည်းခံခြင်း, လွှမ်းမိုးခြင်းတို့၌။
သာ = သာမတ္ထေ - စွမ်းနိုင်ခြင်း၌။
သာဒ = သာဒနေ - သာယာနှစ်သက်ခြင်း၌။
သာဓ = သိဒ္ဓိမှိ - ပြီးစီးခြင်း၌။
သာသ = အနုသိဋ္ဌိမှိ - သွန်သင်ခြင်း၌။ [သာသုဓာတ်လည်း ရှိ၏။]
သိ = သေဝါယံ - မှီဝဲခြင်း၌။ [ဗန္ဓန-ဖွဲ့ခြင်းလည်း ရှိ၏။]
သိက္ခ = ဝိဇ္ဇောပါဒါနေ (ဝိဇ္ဇာ+ဥပါဒါနေ) - အတတ်ကို သင်ယူခြင်း၌။
သိစ = ပဂ္ဃရဏေ - သွန်းလောင်းခြင်း၌။
သိဒ = သိင်္ဂါရေ - တင့်တယ်စံပယ်ခြင်း၌။
သိဓ = သံသိဒ္ဓိမှိ - ပြီးစီးခြင်း၌။
သိနာ = သောဓေ - သုတ်သင်ခြင်း (ရေချိုးခြင်း)၌။
သိနိဟ = သေနေဟေ - စေးကပ် စိုစွပ်ခြင်း၌။
သိလာဃ= ကတ္ထနေ - ချီးမွမ်းခြင်း၌။
သိလိသ = သိလေသနေ - ငြိကပ်ခြင်း၌။
သိဝု = တန္တသန္တာနေ - ချည်ချောင်းအစဉ်ကို ပြုခြင်း (ချုပ်ခြင်း)၌။
သီ = သယေ - အိပ်ခြင်း၌။ [“သိ= သယေ” လည်း ရှိ၏။]
သု = သဝနေ - ကြားနာခြင်း၌။ [ဂတိအနက်, ဟိံသာ-ညှဉ်းဆဲခြင်း, အဘိဿဝ-ယိုစီးခြင်းအနက်များလည်း ရှိ၏။]
သုစ = သောကေ - စိုးရိမ်ခြင်း၌။ [“သုဒ္ဓိ-စင်ကြယ်ခြင်း”လည်း ရှိ၏၊၊]
သုဏ = ဟိံသာကုလသန္တာနေသု - ညှဉ်းဆဲခြင်း, အမျိုးအစဉ်ပြုခြင်း တို့၌။
သုပ = သယေ - အိပ်ခြင်း၌။
သုဘ = ဒိတ္တိဟိံသာသု - ထွန်းပတင့်တယ်ခြင်း, ညှဉ်းဆဲခြင်းတို့၌။
သုသ = သောသနေ - ခြောက်သွေ့ခြင်း၌။
သူ = ပသူတိယံ - သားဖွားခြင်း၌။ [ခေပ-ပစ်ပယ်ခြင်းလည်း ရှိ၏၊ “သူ = ဟိံသာယံ”မှာ ဓာတွတ္ထသင်္ဂဟ၌ မရှိ။]
သူစ = ဂန္ဓ+ပေသုညေ - ပြခြင်း, ကုန်းတိုက်စကားပြောဆိုခြင်း၌။
သူဒ = ပဂ္ဃရဏေ - သွန်ချခြင်း၌။
သော = နိသာနနာသနေ - ထက်အောက်သွေးခြင်း, ဖျက်ဆီးခြင်း၌။ [အဝရှေ့ရှိလျှင် သြသာန-ပြီးဆုံးခြင်းအနက်လည်း ရှိ၏။]
သံသ = ပသံသနေ - ချီးမွမ်းခြင်း၌။ [ပြောဆိုခြင်း, ညှဉ်းဆဲခြင်းအနက် များလည်း ရှိ၏။]
ဟန = ဟိံသာဂတီသု - ညှဉ်းဆဲခြင်း, ဂတိအနက်တို့၌။
ဟနု = စောရေ - ခိုးဝှက် လိမ်လည်ခြင်း၌။
ဟရ = ဟရဏေ - ဆောင်ခြင်း၌။
ဟရေ = လဇ္ဇာယံ - ရှက်ခြင်း၌။
ဟသ = ဟသနေ - ရယ်ရွှင်ခြင်း၌။
ဟာ = စာဂေ - စွန့်ခြင်း၌။ [ဟာနိ-ဆုတ်ယုတ်ခြင်းလည်း ရှိ၏။]
ဟိ = ဂတိမှိ - ဂတိအနက်၌။
ဟိရီ = လဇ္ဇနေ - ရှက်ခြင်း၌။
ဟု = ဒါနာဒန+ဟဗျပ္ပဒါနေသု - ပေးလှူခြင်း, စားခြင်း ယဇ်စာ ပေးခြင်းတို့၌။ [ဟဝန-ပူဇော်ခြင်းလည်း ရှိ၏။]
ဟုလ = ဂတိမှိ - ဂတိအနက်၌။
ဟုဿ = ဟဿနေ - ဟု ၆၂၅ ရူပသိဒ္ဓိ၌ ပါဌ်ပျက်လျက် ရှိ၏၊ “ဖုသ= ဖဿနေတွေ့ထိခြင်း၌”ဟု သီဟိုဠ်မူမှာ ရှိသည်။
ဟု = သတ္တာယံ - ထင်ရှားရှိခြင်း၌။
ဟံသ = ပီတိမှိ - နှစ်သက်ခြင်း၌။
အခြေပြုဓာတ်စဉ်ပြီး၏။
သမာသ်အချီ
“သမသနံ သမာသော” သမသနံ-အကျဉ်းချုံးခြင်းသည်၊ သမာသောသမာသ် မည်၏။ [သံပုဗ္ဗ အသဓာတ်, ဏပစ္စည်း, အ ကို -ါ ဝုဒ္ဓိပြု, နိဂ္ဂဟိတ်ကို မ် ပြု၍ “သမာသ”ဟု ဖြစ်၏။] ပုဒ် ၂ ပုဒ်ကိုဖြစ်စေ, ၃ ပုဒ် ၄ ပုဒ်စသည် အများကိုဖြစ်စေ စကားတိုအောင် ချုံးမှု, စကားကျဉ်းအောင် ချဉ်းစပ်မှုကို သမာသ်ဟု ခေါ်၏၊ မြန်မာစကားသုံး၌လည်း ထိုကဲ့သို့ သမာသ်စကားလုံးတွေ များစွာ ပါရှိ၏၊ မချုံး မချဉ်းအပ်သော စကားကို ပါဠိလို “ဝါကျ”ဟု ခေါ်သည်။
ပါဠိဝါကျ“ရညော+ပုတ္တော”…မြန်မာဝါကျ- “မင်း၏+သား”
ပါဠိသမာသ်“ရာဇပုတ္တော” …မြန်မာသမာသ်“မင်းသား”
ဤပုံစံ၌ ဝါကျတုန်းက စကားကျယ်၍ သမာသ်မှာ စကားကျဉ်းပုံကို ကြည့်၊ ဝါကျတုန်းက ရညော၌ သဝိဘတ်, မင်း၏၌ “၏”ဟူသော မြန်မာ ဝိဘတ်တို့သည် သမာသ်သို့ရောက်က ကျေပျောက်ရကုန်၏၊ ဝါကျအခိုက် ၌ ကိုယ့်ဝိဘတ်နှင့် ကိုယ် ရညော တစ်ပုဒ်, ပုတ္တော တစ်ပုဒ်ဟု ၂ ပုဒ် ကွဲသော်လည်း သမာသ်ဖြစ်သည့်အခါ သ ဝိဘတ် ကျေပျောက်၍ “ရာဇပုတ္တော”ဟု တစ်ပုဒ်တည်း ဖြစ်ရတော့သည် ဟူလို၊ အနက်အားဖြင့် လည်း ဝါကျတုန်းက ရညော အတွက် မင်းဒြဗ်, ပုတ္တော အတွက် သားဒြဗ် ဟု အနက်ဒြဗ် ၂ မျိုးရသော်လည်း သမာသ်ဖြစ်သည့်အခါ မင်းသား တစ်ယောက်တည်းကို ရခြင်းသည် အနက်ကို ချုံးချဉ်း စပ်ထားခြင်းပင် ဖြစ်၏၊ ဤသို့ ဝိဘတ်ကျေပျက်သဖြင့် ပုဒ်အနက် ၂ ပါးကို ချုံးချဉ်း စပ်ထားခြင်းသည်ပင် သမာသ်၏ သဘောတည်း။
သန္ဓိစပ်နှင့်သမာသ်စပ်အထူး။ ။ ပုဒ် ၂ ပါးကို စပ်ထားခြင်း၌ သန္ဓိ စပ်လည်း ရှိ၏၊ သို့သော် ထိုသန္ဓိစပ်၌ ရှေ့ပုဒ်နှင့် နောက်ပုဒ် အနက်ချင်း လည်း တစ်သားတည်းဖြစ်အောင် မစပ်သည့်ပြင် ဝိဘတ်ကျေပျောက်၍ တစ်ပုဒ်တည်း ဖြစ်အောင်လည်း မစပ်နိုင်၊ သန္ဓိ စပ်လိုက်သည့်အခါ ရွတ်ဖတ်လို့ ပြေပြစ်ညက်ညောရုံသာရှိသည်၊ ဥပမာ-“ယဿ+ဣန္ဒြိယာနိ” ဟူသော ၂ ပုဒ်ကို “ယဿိန္ဒြိယာနိ”ဟု သန္ဓိစပ်သည့်အခါ ယဿ၌ သ ဝိဘတ် မကျေသည့်အတွက် “ယဿိန္ဒြိယာနိ”ဟူသော သန္ဓိသည် တစ်ပုဒ် တည်း မဟုတ်၊ မူလအတိုင်း ၂ ပုဒ်- ၂ ပုဒ်ပင် ဖြစ်၏၊ သန္ဓိစပ်ထားသော် လည်း အနက်ဆိုသည့်အခါ “ယဿ-အကြင်သူ၏ + ဣန္ဒြိယာနိ-ဣန္ဒြေ တို့”ဟု ၂ နက်ပင် ခွဲရသောကြောင့် အနက်ဒြဗ်လည်း မဆက်စပ်ချေ၊ ထို့ကြောင့် “ဝိဘတ်ကျေပျက်၍ ပုဒ်ရော အနက်ပါ စပ်ခြင်းသည် သမာသ် စပ်တည်း၊ အနက်လည်း မစပ်, ဝိဘတ်လည်း မကျေ, ရွတ်ရာ၌ ပြေပြစ် ညက်ညော ချောမောရုံသာ စပ်ခြင်းသည် သန္ဓိစပ်တည်း”ဟု မှတ်။
[ဆောင်] ဝိဘတ်ကျေပျက်, ပုဒ်အနက်, စပ်ချက် သမာသ်ထုံး။ အနက်မစပ်, ဝိဘတ်မကျေ, ပုဒ်သာပြေ, မှတ်လေ သန္ဓိသုံး။
သမာသ် ၆ ပါးနှင့် လိန်အခွဲ။ ။ “ဗျ ကမ် ဒိ တပ်, ဗ ဒွန် ထပ်, ခြောက်ရပ် သမာသာ”အရ အဗျယီဘောသမာသ်, ကမ္မဓာရည်းသမာသ်, ဒိဂုသမာသ်, တပ္ပုရိသ်သမာသ်, ဗဟုဗ္ဗီဟိသမာသ်, ဒွန်သမာသ်ဟု ၆ မျိုး ရှိ၏၊ ထို ၆ မျိုး၏ လက္ခဏာနှင့် လိန်အထူးကို ဆိုင်ရာသုတ်များ၌ ထင်ရှား ပြအံ့၊ လိန်အတွက် မှတ်နှင့်ရန် ဆောင်ပုဒ်ကား…
[ဆောင်]၁။ ဗျယိ နပုံး, ကမ်တပ်ထုံး, အဆုံး လိန်နှင့်တိုက်။၂။ ဒိဂု ဒန္ဒာ, အသမာ, ဆုံးရာ လိန်သို့လိုက်။
၃။ သမာဟာရ, ဒိ ဒွန္ဒ, ဧက နပုံးဆိုက်။
၄။ ဗဟုဗ္ဗီထုတ်, အညပုဒ်, လိန်ဝုစ် ကြည့်၍ကိုက်။
သမာသ်အချီပြီး၏။
သမာသ်သုတ်နက်
သုတ်အဓိပ္ပာယ်နှင့်ရုပ်တွက်
֍ ၁။ နာမာနံ သမာသော ယုတ္တတ္ထော။ ။ နာမာနံ- နာမ်ပုဒ် တို့၏၊ ယုတ္တတ္ထော- ပေါင်းအပ် စပ်အပ်သော အနက်သည်၊ သမာသော- သမာသ်မည်၏။ ကထိနဒုဿံ စသည်တည်း။
၁။ ဤ နာမာနံ သမာသော ယုတ္တတ္ထောသုတ်သည် အဗျယီဘော စသော ၆ ပါးလုံးကို သမာသ်အမည်မှည့်သော သုတ်တည်း၊ ထို့ကြောင့် ဤသုတ်ဖြင့် သမာသ်ဟူသမျှကို သမာသ်နာမည် မှည့်ရလိမ့်မည်၊ ကထိန ဒုဿံ-ကထိန်လျာအဝတ်။ [မင်းဖြစ်မည့်သူကို “အလောင်းအလျာ”ဟု ခေါ်ရသလို ကထိန်ခင်းရမည့် အဝတ်ကို “ကထိန်လျာ”ဟု ခေါ်သည်။]
နာမာနံဤပုဒ်၌ နာမအရ နာမနာမ်-သဗ္ဗနာမ်-သမာသ်နာမ်-တဒ္ဓိတ် နာမ်-ကိတ်နာမ်နှင့်တကွ ဥပသာရ နိပါတ်ပုဒ်များကိုပါ ယူ၊ နာမနာမ် ဟူသည် သမာသ် တဒ္ဓိတ် ကိတ်သဘော မပါသော တိဿ ဒတ္တ စသော ဝိဂြိုဟ်မပြုရသော ရိုးရိုးနာမ်ပုဒ်တည်း၊ သဗ္ဗ ကတရ ကတမ စသည်ကား သဗ္ဗနာမ်ပုဒ်တည်း၊ ဥပသာရ နိပါတ်များလည်း နာမ်ဝိဘတ်သက်ရသော ပုဒ်များဖြစ်၍ နာမအရတွင် ပါဝင်သည်၊ အချုပ်မှာ-အာချာတ်ပုဒ်မှ တစ်ပါးသော ပုဒ်အားလုံးကို နာမာနံ အရ “နာမ”ဟု ခေါ်ဆိုနိုင်သည်၊ ဤ“နာမာနံ”ဟူသော ပုဒ်ကို ထောက်၍ ပြခဲ့သော နာမ်ပုဒ်အချင်းချင်း သာ သမာသ်တွဲစပ်နိုင်သည်၊ အာချာတ်ပုဒ်နှင့် သမာသ်မစပ်နိုင်ဟု မှတ်။
ယုတ္တတ္ထောဟယုတ္တ=ပေါင်းအပ်သော, တစ်နည်း-စပ်အပ်သော+ အတ္ထ=အနက်။] ဤအရာ၌ “ပေါင်းအပ် စပ်အပ်သောအနက်”ဟု ဆိုသော် လည်း ထိုအနက်ကို “သမာသ်”ဟု မှည့်မည် မဟုတ်၊ ပေါင်းအပ်စပ်အပ် သော အနက်ကို ဟောသော သဒ္ဒါကိုသာ “သမာသ်”ဟု မှည့်လိမ့်မည်။
ထင်ရှားစေအံ့“နာမာနံ ယုတ္တတ္ထော”အရ “နာမ်တို့၏ ပေါင်းစပ်အပ် သော အနက်”ဟု ဆိုမှသာ စကားသွားဖြောင့်၏၊ “နာမ်တို့၏ ပေါင်းစပ် အပ်သောသဒ္ဒါ”ဟု ဆိုလျှင်“နာမာနံ”အရလည်း သဒ္ဒါ, “ယုတ္တတ္ထ”အရ လည်း သဒ္ဒါကိုပင် ရနေသောကြောင့် ရှေ့နောက် အဆင်မပြေဘဲ ရှိသည်၊ သို့အတွက် “နာမ်တို့၏ ပေါင်းစပ်အပ်သောအနက်”ဟု အဆက်တဲ့အောင် ဆိုထားသော်လည်း အနက်ကို အကြောင်းပြု၍ သဒ္ဒါကိုသာ သမာသ်ဟု မှည့်ရမည်။
တစ်နည်း။ ။ ယုတ္တအရ သဒ္ဒါကို တိုက်ရိုက်ရအောင် “နာမာနံနာမ်တို့တွင်၊ ယုတ္တတ္ထော-ပေါင်းအပ် စပ်အပ်သောအနက်ရှိသော သဒ္ဒါ အပေါင်းသည်၊ သမာသော-သမာသ်မည်၏”ဟု သုတ်နက်ကို တစ်မျိုး ပြင်လျှင် “နာမ်ပုဒ်တို့တွင် ပေါင်းအပ်စပ်အပ်သောအနက်ရှိသော နာမ်ပုဒ် အပေါင်းသည် သမာသ်မည်၏”ဟု အဓိပ္ပာယ်ရသဖြင့် ရှေ့နောက် အဆင် သင့်၏။ [ပေါင်းအပ်-စပ်အပ်” အဓိပ္ပာယ်ကို ရူပသိဒ္ဓိမှာ ရှု။]
֍ ၂။ တေသံ ဝိဘတ္တိယော လောပါ စ။ ။ တေသံ- ထိုယုတ္တတ္ထ ဖြစ်သော သမာသ်တို့၏၊ ဝိဘတ္တိယော- ဝိဘတ်တို့သည်၊ လောပါ စ- ချေအပ်ကုန်သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ကထိနဒုဿံ စသည်တည်း။
၂။ ဤသုတ်ကား သူ့ပုဒ်နှင့်သူ သမာသ်မစပ်ခင်တုန်းက သက်ထား သော ဝိဘတ်တွေကို သမာသ်စပ်ပြီးတဲ့အခါ ချေတဲ့သုတ်တည်း၊ ချေပုံကို ရုပ်တွက်သည့်အခါ ထင်ရှားလတ္တံ့။
တေသံ ဝိဘတ္တိယော။ ။ တေသံ၌ တသဒ္ဒါဖြင့် ရှေ့သုတ်က “သမာသော ယုတ္တတ္ထော” ကို ညွှန်ပြသည်၊ ထိုသို့ ညွှန်ပြရာဝယ် “သမာသော” က ဧကဝုစ် ဖြစ်၍ “တဿ-ထို ယုတ္တတ္ထသမာသ်၏” ဟု ဧကဝုစ်ညွှန်သင့်လျက် “တေသံ”ဟု ဗဟုဝုစ်ဖြင့် ညွှန်ပြခြင်းသည် ပိုလွန် ၏၊ ရူပသိဒ္ဓိ, နျာသတို့၌ ထို“တေသံ”သဒ္ဒါပိုဖြင့် တဒ္ဓိတ် အာချာတ် ကိတ် ဆိုင်ရာနာမ်ဝိဘတ်များကိုသာ ချေ၏၊ စနိပါတ်ပုဒ်, သအာဂုံစသည်ကို ကား “ဝုတ္တတ္ထာနမပ္ပယောဂေါ” ပရိဘာသာဖြင့် ချေကြသည်။
ဝုတ္တတ္ထာန။ ။ ဝုတ္တတ္ထာနံ-ဟောအပ်ပြီးသော အနက်ရှိသော သဒ္ဒါ တို့၏ (ဆိုင်ရာအနက်ကို ဟောပြီးဖြစ်သောသဒ္ဒါတို့၏)၊ အပ္ပယောဂေါမသုံးစွဲရခြင်းသည်၊ ဟောတိ-ဖြစ်၏၊ “ဆိုင်ရာအနက်ကို ဟောပြီးလျှင် ထိုပုဒ်များကို သုံးစွဲဖွယ် မလို, ချေပစ်လိုက်တော့” ဟူလို။
လောပါ စ။ ။ ဤ၌ စသဒ္ဒါကား “ပဘင်္ကရော”စသော အချို့ရုပ်များဝယ် ပဘံ၌ -ံ ဝိဘတ်၏ ကျေခြင်းကို တားမြစ်သည်၊ ထိုသမာသ်မျိုးကား ဝိဘတ်မကျေသော အလုတ္တသမာသ်တည်း၊ ရုပ်ကို နောက်မှ တွက်။
֍ ၃။ ပကတိ စ.ဿ သရ န္တဿ။ ။ ဝိဘတ္တီသု- ဝိဘတ်တို့သည်၊ လုတ္တာသု- ကျေကုန်ပြီးသည်ရှိသော်၊ သရ န္တဿ စ- သရအဆုံး ရှိသည်လည်း ဖြစ်သော၊ အဿ- ထို ယုတ္တတ္ထသမာသ်ပုဒ်၏၊ ပကတိ- ပင်ကိုအတိုင်းသည်၊ ဟောတိ- ဖြစ်၏။ စက္ခုသောတံ, ရာဇပုတ္တော စသည်တည်း။
၃။ ဤသုတ်ကား တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် ဝိဘတ် များကို ချေပြီးနောက် သမာသ်ပုဒ်များကို ပကတိအတိုင်းပြုသော သုတ် တည်း၊ “သရ န္တဿ စ”ဟု သရ န္တဿနောင် ရွှေ့ထိုင်သော စသဒ္ဒါဖြင့် “ကိံဣဒံ”ကဲ့သို့ ဗျဉ္ဇန္တ (နိဂ္ဂဟိတ်တည်းဟူသော ဗျဉ်းအဆုံးရှိသော)ပုဒ်များ ကိုလည်း ပကတိပြုဖို့ရန် ဆည်းယူသည်။
မေး။ ။ ပကတိပြုရခြင်းသည် ဘာအကျိုးရှိသနည်း။
ဖြေ။ ။ နောက်က ဝိဘတ်အတွက် ပျောက်ကွယ်နေသော သရ, သို့မဟုတ် ဗျဉ်းများကို ပင်ကိုအတိုင်း ပြန်၍ ပေါ်လာ စေခြင်းအကျိုး ရှိ၏။
ချဲ့ဦးအံ့။ ။ စန္ဒြကာန္တအမည်ရှိသော ကျောက်သည် လရောင်နှင့် တွေ့သည့်အခါ ရေကို ထွက်စေ၏၊ ထို စန္ဒြကာန္တကျောက်ကြောင့်ဖြစ်သော ရေသည် ကျောက်ကို ဖယ်လိုက်သော်လည်း ရေမပျောက်ဘဲ ရှိမြဲရှိသကဲ့သို့ ထို့အတူ ကိံ စသည်၌ သိဝိဘတ်သက်၍ သိကြောင့် ကိံကို ကပြုသည့် အခါ - သရနှင့် နိဂ္ဂဟိတ်ပါ ပျောက်၏၊ တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် သိဝိဘတ်ကို ချေလိုက်သော်လည်း သိဝိဘတ်ကြောင့် ကျေနေ သော - သရနှင့် နိဂ္ဂဟိတ်တို့သည် ကျေမြဲကျေနေသည်။ [ကျောက်နှင့် ဝိဘတ်, ကျောက်ကြောင့် ရေထွက်ခြင်းနှင့် ဝိဘတ်ကြောင့် သရ ဗျဉ်းတို့ ကျေပျက်ခြင်း, ကျောက်ကို ဖယ်လိုက်သော်လည်း ထွက်ပြီးရေ မပျောက် ခြင်းနှင့် ဝိဘတ်ကို ဖယ်လိုက်သော်လည်း ကျေပြီးအက္ခရာများ ကျေမြဲ ကျေခြင်းသည် တူ၏။]
ထိုကဲ့သို့ ကျေမြဲကျေနေသော သရ ဗျဉ်းတို့ ပြန်၍ ပေါ်ပြီးလျှင် ပင်ကို ပကတိပုဒ်အတိုင်း တည်ရှိဖို့ရာ ဤ ပကတိ စဿ သရ န္တဿသုတ်ကို အားထုတ်ရလေသည်၊ စက္ခုပုဒ်ကဲ့သို့ ဝိဘတ်သက်သော်လည်း ပင်ကို အနေ မပျက်သောပုဒ်များကား “မြဲရာ သံပတ်”ဆိုသလို ရှိနေပြီးသော အနေကိုပင် ခိုင်မြဲအောင် ပကတိပြုရသည်။ [စန္ဒြ = လကို + ကာန္တ= နှစ်သက်သောကျောက်၊ လရောင်နှင့်တွေ့က ရေထွက်သဖြင့် လရောင် ကြိုက်သော ကျောက်တည်း၊ နေရောင်နှင့် တွေ့က မီးထွက်ရသဖြင့် နေရောင်ကြိုက်သော “သူရိယကာန္တ”ကျောက်တစ်မျိုးလည်း ရှိသေး၏၊၊]
[ဆောင်] ၁။ ပျောက်သည့်သရ, ဗျဉ်းဟူက, မူလ ပြန်စေလို။၂။ မပျောက်ခဲ့ပြန်, ခိုင်မြဲရန်, ပြုဟန် ပကတိဆို။
֍ ၄။ ဥပသဂ္ဂနိပါတပုဗ္ဗကော အဗျယီဘာဝေါ။ ။ ဥပသဂ္ဂ နိပါတပုဗ္ဗကော- ဥပသာရ နိပါတ် ပြဓာန်းရှေ့ရှိသောသဒ္ဒါသည်၊ သမာသော- သမာသ်ဖြစ်၏။ အဗျယီဘာဝေါ- အဗျယီဘော လည်း မည်၏။ ဥပနဂရံ စသည်တည်း။
၄။ ဤသုတ်ကား ဥပသာရပုဒ် နိပါတ်ပုဒ် ပြဓာန်းရှေ့ရှိသော သဒ္ဒါကို သမာသ်ဖြစ်အောင် စီရင်၍ အဗျယီဘောဟုလည်း နာမည်မှည့်သော သုတ်တည်း၊ ဆိုလိုရင်းကား-“ဤသုတ်သည် ဥပသာရပုဒ် နိပါတ်ပုဒ်တို့နှင့် နောက်ပုဒ်ကို သမာသ်ဖြစ်အောင်လည်း စပ်ပေး၏၊ စပ်ပေးပြီးနောက် အဗျယီဘောဟုလည်း နာမည်မှည့်သည်”ဟု ဆိုလိုသည်၊ နျာသ ရူပသိဒ္ဓိ အဆိုကို သေသေချာချာ ကြည့်ပါ။
ရှေးက ပြောရိုး။ ။ နာမာနံ သမာသော ယုတ္တတ္ထောသုတ်သည် သမာသ် ၆ ပါးလုံးကို “သမာသ်”ဟု နာမည်မှည့်သော သာမညသညာ သုတ်တည်း၊ ဤ ဥပသဂ္ဂနိပါတပုဗ္ဗကောကား “အဗျယီဘောသမာသ်”ဟု နာမည်မှည့်သော ဝိသေသသညာသုတ်တည်းဟု ပြောဆိုရိုး ရှိသည်၊ ထို အဓိပ္ပာယ်သည် နျာသ ရူပသိဒ္ဓိတို့ အဖွင့်နှင့် လုံးဝ မသင့်။
ဥပသဂ္ဂနိပါတပုဗ္ဗကော။ ။ ဥပသဂ္ဂအရ ပ ပရာ နိ နီစသော ဥပသာရပုဒ် ၂၀ တည်း၊ နိပါတအရ “အန္တော-တိရော-အဓော-ဟေဋ္ဌာဥပရိ-သြရ-သဟ(သ)-ယထာ-ယာဝ-ယာဝတာ”စသော နာမ်ရုပ်စဉ်၍ မရကောင်းသော ပုဒ်များတည်း၊ ပုဗ္ဗကသဒ္ဒါသည် “ရှေ့”ဟူသောအနက် ကို ဟော၏၊ ပုဗ္ဗဂသဒ္ဒါသည် “ပြဓာန်း”ဟူသော အနက်ကို ဟော၏၊ ဥပသဂ္ဂနိပါတပုဗ္ဗကနှင့် ဥပသဂ္ဂနိပါတပုဗ္ဗဂ ၂-ပုဒ်ကို ဧကသေသ် (တစ်ပုဒ်ချေ, တစ်ပုဒ်ချန်) လုပ်၍ “ဥပသာရနိပါတပုဗ္ဗကော-ဥပသာရ နိပါတ် ပြဓာန်းရှေ့ရှိသောသဒ္ဒါ”ဟု အနက်ထွက်အောင် ဆိုရသည်၊ ဤ အနက်အရ ဥပသာရ နိပါတ်ပုဒ်တို့ ရှေ့ရှိရုံမျှဖြင့် အဗျယီဘော မဖြစ်နိုင်၊ ဥပသာရ နိပါတ်ပုဒ်တို့ ရှေ့လည်း ရှိ, ပြဓာန်းလည်း ပြဓာန်းမှသာ အဗျယီဘော အမည်ရနိုင်သည်ဟု မှတ်။ [အဗျယီဘာ၀ အမည်ရပုံကို ရူပသိဒ္ဓိမှာ ရှု။]
အဗျယီဘောသမာသ်လက္ခဏာ။ ။ ရှေ့ပုဒ်၌ ပဌမာဝိဘတ်ကျေ၍ နောက်ပုဒ်၌ ဝိဘတ် ၇ သွယ်တို့တွင် တစ်ခုခုကျေခြင်း, အဗျယမည်သော ဥပသာရ နိပါတ်တို့ ရှေ့ရှိပြဓာန်းခြင်း ဤလက္ခဏာ ၂ ပါးနှင့်ပြည့်စုံသော သမာသ်သည် အဗျယီဘော မည်၏၊ ထို့ကြောင့် သမာသ်ပုံစံတွေ့လျှင် ဤလက္ခဏာ ၂ ပါးကို ဆင်ခြင်၍ အဗျယီဘောသမာသ် ဟုတ်-မဟုတ် စစ်တမ်းထုတ်ကြပါ။
[ဆောင်] ၁။ ရှေ့ပဌမာ, နောက်ပုဒ်မှာ, သတ္တာ ဝိလောပေါ။၂။ ပြဓာန်း ရှေ့နေ, အဗျယေ, ခေါ်လေ ဗျယီဘော။
သမာသ်နှစ်မျိုးနှင့် ဝိဂြိုဟ်။ ။ သမာသ်သည် နိစ္စသမာသ်, အနိစ္စ သမာသ်ဟု ၂ မျိုးရှိ၏၊ ခွဲ၍ မရ-အမြဲစပ်နေသော ပုဒ် ၂ ရပ်ကို “နိစ္စ သမာသ်”ဟု ခေါ်၏၊ “ရညော+ပုတ္တော, ရာဇပုတ္တော”ကဲ့သို့ သမာသ် လည်း ရ-ဝါကျလည်း ရ၍ သမာသ်အဖြစ် မမြဲသောသမာသ်ကို “အနိစ္စ သမာသ်”ဟု ခေါ်၏၊ “ဥပနဂရံ”စသော အဗျယီဘောသမာသ်များသည် နိစ္စသမာသ်တည်း၊ ဥပနှင့်နဂရကို ဝိဂြိုဟ်လုပ်ဖို့ရာ ခွဲ၍မရ၊ ခွဲ၍မရခြင်း မှာလည်း ဥပဟူသော ဥပသာရပုဒ်က သူ့ချည်းသက်သက် “ဥပေါ, ဥပါ, ဥပံ”စသည်ဖြင့် မနေနိုင်၍ နဂရကို အတင်းကပ်နေသောကြောင့် ဖြစ်သည်၊ နဂရသဒ္ဒါကား သူ့ချည်း နေနိုင်ပါ၏၊ ဤသို့ ဥပနှင့်နဂရတို့ ခွဲ၍ မရသဖြင့် ဝိဂြိုဟ်ဝါကျ မလုပ်ကောင်း။
တစ်ပါးပုဒ်ဖြင့် ဝိဂြိုဟ်ပြု။ ။ ဝိဂြိုဟ်လုပ်ချင်လျှင် သူတို့၏ အနက်ကို ဟောပြနိုင်သော ပရိယာယ်ပုဒ်ဖြင့် ဝိဂြိုဟ်ပြုရမည်၊ ဥပမာ-ဥပ သည် “အနီး”ဟူသော အနက်ကို ဟောရကား ဥပနှင့်အနက်တူသော သမီပ ပုဒ်ဖြင့် ဝိဂြိုဟ်လုပ်ရသကဲ့သို့တည်း၊ နဂရကား ပင်ကိုကပင် သူ့ချည်း နေနိုင်သောကြောင့် ပရိယာယ်ပုဒ်တစ်ပါး ရှာဖွယ် မလို။ နဂရဿ-မြို့၏၊ သမီပံ-အနီးတည်း၊ ဥပနဂရံ - မြို့၏အနီး။
[ဆောင်] အဗျယီဘာဝ, သမာသမှာ, နိစ္စဧကန်, စင်စစ်မှန်၍, ပြုရန် ဝိဂြိုဟ်, မရှိဆို၏၊ ဝိဂြိုဟ်ဝါကျ, ပြုလိုကမူ, တစ်ပါးကပုဒ်, ဆောင်ကာထုတ်၍, လုပ်လေ ဝိဂြိုဟ်ဝါကျတည်း။
အမှာ။ ။ ရုပ်တွက်သည့်အခါ၌ကား မည်သည့်ပုဒ်နောင် မည်သည့် ဝိဘတ်ရှိ၏ဟု သူငယ်များ နားလည်ဖို့ရာ ”ဥပ+နဂရ”ဟု ၂ ပုဒ် ခွဲပြရ လိမ့်မည်၊ ရုပ်တွက်ဆိုသည်မှာ အရုပ်ရေးပြခြင်းမျိုးသာ ဖြစ်၍ အစစ် “ဥပနဂရ”ကို ခွဲသည်ဟု မမှတ်ရ၊ အတု ဥပနဂရကို ခွဲပြခြင်းတည်း၊ “တစ်ပါးပုဒ်ဖြင့် ဝိဂြိုဟ်ပြုရမည်”ဟူသော စကားကိုလည်း ယေဘုယျအား ဖြင့် ပြောသည်၊ “နဂရဿ+အန္တော, အန္တောနဂရံ”စသော အဗျယီဘော မျိုးမှာ သူ့ပုဒ်ဖြင့်ပင် ဝိဂြိုဟ်ပြုလိမ့်မည်၊ ရုပ်ကို နောက်မှ တွက်။
֍ ၅။ သော နပုံသကလိင်္ဂေါ။ ။ သော- ထိုအဗျယီဘောသမာသ် ကို၊ နပုံသကလိင်္ဂေါ- နပုံလိန်ရှိ၏ ဟူ၍သာလျှင်၊ ဒဋ္ဌဗ္ဗော- မှတ်ထိုက်၏။ အဓိကုမာရိ စသည်တည်း။
၅။ ဤသုတ်ကား အဗျယီဘောသမာသ်ကို နပုံလိန်ဟု မှတ်ဖို့ရာ ပရိဘာသာပြုသော သုတ်တည်း၊ ဥပသာရ နိပါတ်ပုဒ်တို့က ပြဓာန်းနေ သည့်အတွက် ဥပသာရ နိပါတ်တို့ကဲ့သို့ လိန်အထူးမရှိ, “အလိန်”ဟု ထင်မှားမည်စိုးသောကြောင့်လည်းကောင်း, ကမ္မဓာရည်းစသည်ကဲ့သို့ သုံးလိန်ရကောင်းသည်ဟု ထင်မည်စိုးသောကြောင့်လည်းကောင်း ဤသုတ် ကို ဆိုရသည်၊ ဤသုတ်အရ “ဗျယီ နပုံး”ဟု အချီစကား၌ ပြခဲ့ရသည်။
အဓိကုမာရိ။ ။ [အဓိ+ကုမာရီ] အဓိသဒ္ဒါသည် “စွဲ၍ ဖြစ်သော” ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် အဓိ၏ ပရိယာယ်ဖြစ်သော အာဓိကိစ္စိကာပုဒ်ဖြင့် ဝိဂြိုဟ်လုပ်ရမည်ဟု ဆရာတို့ မိန့်ကြ၏၊ကစ္စည်းဝုတ္တိ အတိုင်း “အဓိကိစ္စ ပဝတ္တတိ”ပုဒ်တို့ဖြင့်လည်း ဝိဂြိုဟ်လုပ်နိုင်သည်၊ ဟအဓိ ကိစ္စ ပဝတ္တာအာဓိကိစ္စိကာ၊ အဓိကိစ္စ-စွဲ၍၊ ပဝတ္တာ-ဖြစ်သောစကားတည်း၊ အာဓိကိစ္စိကာ-စွဲ၍ဖြစ်သောစကား၊ ဤပုဒ်ကား သမာသ်မဟုတ်, အဓိ၏ ကိုယ်စားလှယ်ဖြစ်သော တဒ္ဓိတ်ပုဒ်တည်း။] ကုမာရီသု အာဓိကိစ္စိကာ အဓိကုမာရိ၊ ကုမာရီသု-မိန်းမပျိုတို့၌၊ အာဓိကိစ္စိကာ-စွဲ၍ဖြစ်သောစကား တည်း၊ အဓိကုမာရိ-မိန်းမပျိုတို့၌ စွဲ၍ဖြစ်သောစကား။
֍ ၆။ ဒိဂုဿေ.ကတ္တံ။ ။ ဒိဂုဿ- သမာဟာရဒိဂုသမာသ်၏၊ ဧကတ္တံ- ဧကဝုစ်အဖြစ်သည်လည်းကောင်း၊ နပုံသကလိင်္ဂတ္တဉ္စ- နပုံလိန်ရှိသည်၏ အဖြစ်သည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ တိလောကံ စသည်တည်း။
၆။ ဒိဂုသမာသ်သည် သမာဟာရဒိဂု, အသမာဟာရဒိဂုဟု ၂ မျိုးရှိ၏၊ ထိုတွင် ဤသုတ်သည် သမာဟာရဒိဂုကို စီရင်သောသုတ်တည်း၊ ဤသုတ် ကို နိပုံးဧကတ်အဖြစ် ငဲ့ညွှန်းသော အတိဒေသသုတ်ဟုလည်း ဆိုကြသေး ၏၊ ကစ္စည်းဘာသာဋီကာ၌ စိစစ်ထားသည်။
သမာဟာရ။ ။ အနက်များကို တပေါင်းတည်း ပေါင်းယူရာဖြစ်သော သမာသ်ကို သမာဟာရဒိဂုဟု ခေါ်၏၊ တယော လောကာ တိလောကံ၊ တယော-၃ မျိုးကုန်သော၊ လောကာ-သတ္တလောကတို့တည်း၊ တိလောကံ၃ မျိုးသောလောက၊ ဤသမာသ်၌ လောကအရ လူ နတ် ဗြဟ္မာဟု သတ္တလောက ၃ မျိုးဖြစ်၍ များ၏၊ သို့အတွက် ဝါကျတုန်းက ဗဟုဝုစ်ဖြင့် “တယော လောကာ”ဟု ဆိုရ၏၊ သမာသ်ရုပ်ပြီးသည့်အခါ၌ကား ထို လောက ၃ မျိုးကို တပေါင်းတည်း ပေါင်းလိုက်သဖြင့် “တိလောကံ”ဟု ဧကဝုစ် ဖြစ်ရလေသည်။
ဆက်ဦးအံ့- ဘယ်အရာမဆို တစ်ခုစီခွဲထားလျှင် များ၏၊ ဗဟုဝုစ်ဖြင့် စကားသုံးရ၏၊ ထိုအများကို ပေါင်းထားလိုက်လျှင် သိန်း သန်း ကုဋေပင် ဖြစ်သော်လည်း တစ်ခုတည်း ဖြစ်ရရိုးတည်း၊ ဥပမာ-ငွေတစ်ထောင်ကို ခွဲ၍ထုပ်လျှင် အထုပ်များစွာဖြစ်၏၊ ပေါင်းလိုက်လျှင်ကား တစ်ထုပ်တည်း ဖြစ်ရသကဲ့သို့တည်း၊ သို့အတွက် သမာဟာရဒိဂုသမာသ်၌ ဧကဝုစ်ကိန်း ကိုသာ အသုံးပြုရ၏၊ အများနှင့်ဆက်ဆံ၍ သာမန်ဖြစ်ရကား နပုံလိန်ဖြင့် သာ အသုံးအစွဲ များလေသည်၊ ဤသမာဟာရဒိဂု၌ ဝိဂြိုဟ်ပြုတဲ့အခါ သမာဟာရဖြစ်ကြောင်း ထင်ရှားဖို့ရာ သမာဟဋပုဒ်ကို ထည့်၍ ဝိဂြိုဟ် ပြုတတ်ကြ၏၊ တယော လောကာ သမာဟဋာ တိလောကံ စသည်တည်း၊ သို့သော် သမာဟဋသဒ္ဒါ မပါဘဲ “တယော လောကာ တိလောကံ”ဟု ပြုလျှင်လည်း အပြစ်မရှိချေ၊ ရုပ်တွက်ပုံနှင့် ဒိဂုလက္ခဏာကို သင်္ချာပုဗ္ဗော ဒိဂုသုတ်ကျမှ ပြမည်။
֍ ၇။ တထာ ဒွန္ဒေ ပါဏိတူရိယယောဂ္ဂသေနင်္ဂခုဒ္ဒဇန္တုကဝိဝိဓ ဝိရုဒ္ဓဝိသဘာဂ.တ္ထာဒီနဉ္စ။ ။ တထာ- ထိုသမာဟာရဒိဂုသမာသ် အတူ၊ ဒွန္ဒေ- ဒွန်သမာသ်၌လည်း၊ ပါဏိတူရိယယောဂ္ဂသေနင်္ဂ ခုဒ္ဒဇန္တုကဝိဝိဓဝိရုဒ္ဓဝိသဘာဂ.တ္ထာဒီနဉ္စ- သတ္တဝါ၏အင်္ဂါ, တူရိယာ၏အင်္ဂါ, ယာဉ်၏အင်္ဂါ, စစ်၏အင်္ဂါ, ငယ်သောသတ္တဝါ, အထူးထူးအပြားပြား ဆန့်ကျင်ဘက်, လက္ခဏာကွဲလျက် ကစ္စတူ အနက်ရှိသော သဒ္ဒါအစရှိသည်တို့၏လည်း၊ ဧကတ္တံ- ဧကဝုစ် အဖြစ်သည်လည်းကောင်း၊ နပုံသကလိင်္ဂတ္တဉ္စ- နပုံလိန်ရှိသည်၏ အဖြစ်သည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ စက္ခုသောတံ စသည်တည်း။
၇။ ဒိဂုသမာသ်ကဲ့သို့ ဒွန်သမာသ်လည်း သမာဟာရဒွန်, အသမာဟာရ ဒွန်ဟု ၂ မျိုးရှိ၏၊ ထို ၂ မျိုးတွင် ဤသုတ်က သမာဟာရဒွန်အရာ၌ နပုံလိန်ဧကဝုစ်အဖြစ်ကို ငဲ့ညွှန်းသောသုတ်တည်း၊ စက္ခုသောတံ၌ “စက္ခု= မျက်စိ+သောတ=နား” ဤသို့ “မျက်စိနား” အနက်၂ ခု ဖြစ်၍ ဗဟုဝုစ် ဆိုသင့်သော်လည်း မျက်စိနှင့်နားကို တပေါင်းတည်း သမာဟာရပြု၍ ဧကဝုစ်ဝိဘတ်ဖြင့် “စက္ခုသောတံ”ဟု ဆိုသည်၊ အပေါင်းသာမညဖြစ်၍ ပုံလိန် ဣတ္ထိလိန် မထင်ရှားရကား နပုံလိန်သာ ဖြစ်ရလေသည်။
အမှာ။ ။ သုတ်၌ သေနင်္ဂမှ အင်္ဂသဒ္ဒါကို ပါဏိ တူရိယ ယောဂ္ဂပုဒ်တို့ ၌လည်း လိုက်စေ၍ “ပါဏျင်္ဂ, တူရိယင်္ဂ, ယောဂ္ဂင်္ဂ, သေနင်္ဂဟု မှတ်၊ ဝိသဘာဂတ္ထမှ အတ္ထသဒ္ဒါကိုလည်း ရှေ့ပုဒ်အားလုံးသို့ လိုက်စေ၍ ပါဏျင်္ဂတ္ထ, တူရိယင်္ဂတ္ထ, ယောဂ္ဂင်္ဂတ္ထ, သေနင်္ဂတ္ထ, ခုဒ္ဒဇန္တုကတ္ထ, ဝိဝိဓ ဝိရုဒ္ဓတ္ထ, ဝိသဘာဂတ္ထ ဟု မှတ်။
ပါဏျင်္ဂ.တ္ထ။ ။ [ပါဏိ+အင်္ဂ+အတ္ထ၊ ပါဏ=သတ္တဝါ၏+အင်္ဂ=အင်္ဂါ ကြီးငယ်ဖြစ်သော+အတ္ထ=အနက်ရှိသောသဒ္ဒါ။] သတ္တဝါ၏ မျက်စိ နား နှာ လက်စသော အင်္ဂါကြီးငယ်အနက်ကို ဟောသောသဒ္ဒါသည် ပါဏျင်္ဂတ္ထ မည်၏၊ ထိုသဒ္ဒါမျိုးကို ဤသုတ်က နပုံဧကတ် ငဲ့သည်၊ စက္ခု စ သောတဉ္စ စက္ခုသောတံ၊ ဟစက္ခု စ သောတဉ္စကား ဒွန်သမာသ်ဝိဂြိုဟ်, စက္ခုသောတံ ကား ဒွန်သမာသ်ပုဒ်တည်း။] စက္ခု စ-မျက်စိလည်း၊ သောတဉ္စ-နားလည်း၊ စက္ခုသောတံ-မျက်စိနား။
တူရိယင်္ဂတ္ထ။ ။ [တူရိယ=တူရိယာမျိုး၏+အင်္ဂတ္ထ=အစိတ်အင်္ဂါအနက် ကို ဟောသောသဒ္ဒါ။] တီးမှုတ်သီဆိုဖွယ်ဟူသမျှကို တူရိယာဟု ခေါ်၏၊ ထိုတူရိယာ၏ အစိတ်အင်္ဂါအနက်ကို ဟောသောသဒ္ဒါကို တူရိယင်္ဂတ္ထဟု ခေါ်၏၊ ထိုတူရိယာ၏ အစိတ်အင်္ဂါအနက်ကို ဟောသော သဒ္ဒါကို တူရိယင်္ဂတ္ထဟု ခေါ်သည်၊ ဂီတဉ္စ-သီဆိုခြင်းလည်း၊ ဝါဒိတ္တဉ္စ-တီးမှုတ်ခြင်း လည်း၊ ဂီတဝါဒိတ္တံ-သီဆိုတီးမှုခြင်း။
ယောဂ္ဂင်္ဂတ္ထ။ ။ ယောဂ္ဂ=ယာဉ်၊ အင်္ဂတ္ထ=အစိတ်အင်္ဂါအနက်ဟောသဒ္ဒါ၊ လှည်း, ထွန်, ထယ် ဆိုင်ရာအားလုံးကိုပင် ယောဂ္ဂဟု မှတ်၊ ဖာလဉ္စ= ထယ်သွားလည်း၊ ပါဇနဉ္စ-နှင်တံလည်း၊ ဖာလပါဇနံ=ထယ်သွားနှင်တံ။ [“ဖာလ-ထွန်သွား”ဟုလည်း ဆို၊ နွားမောင်း တုတ်တံကို “နှင်တံ”ဟု ခေါ်၏။]
သေနင်္ဂတ္ထ။ ။ သေနာ=စစ်တပ်+အင်္ဂ=အစိတ်အင်္ဂါ၊ စစ်သည်ကို လည်းကောင်း, စစ်အသုံးအဆောင်ကိုလည်းကောင်း “သေနင်္ဂ”ဟု ခေါ်၏၊ ထိုသေနင်္ဂကို ဟောသောသဒ္ဒါသည် “သေနင်္ဂတ္ထ”မည်၏၊ ဟတ္ထိ စ-ဆင်တို့ လည်း၊ အဿာ စ-မြင်းတို့လည်း၊ ဟတ္ထိအဿံ-ဆင်မြင်း။
ခုဒ္ဒဇန္တုကတ္ထ။ ။ [ခုဒ္ဒ=သေးငယ်သော+ဇန္တုက=သတ္တဝါ+အတ္ထ= အနက်ဟောသဒ္ဒါ။] လက်ခုပ်တစ်ခုတည်းမှာပင် အကောင်များစွာ တည်နေနိုင်သော, အရိုးလည်း သိသိသာသာ မပါသော ပိုးငယ်များကို “ခုဒ္ဒဇန္တုက”ဟု ခေါ်၏၊ ဍံသာ စ-မှက်တို့လည်း၊ မကသာ စ-ခြင်တို့လည်း၊ ဍံသမကသံ-မှက်ခြင်။ [“မသက”ဟုလည်း ရှိ၏။]
ဝိဝိဓဝိရုဒ္ဓတ္ထ။ ။ [ဝိဝိဓ=အထူးထူး အဖုံဖုံ+ဝိရုဒ္ဓ=ဆန့်ကျင်ဘက်ဖြစ်သော သတ္တဝါ။] ကမ္ဘာရန်သဘောအားဖြင့် အချင်းချင်း ရန်ဘက်ဖြစ်နေ သောသတ္တဝါသည် “ဝိဝိဓဝိရုဒ္ဓ”မည်၏၊ အဟိ စ-မြွေလည်း၊ နကုလော စ-မြွေပါလည်း၊ အဟိနကုလံ-မြွေမြွေပါ။
ဝိသဘာဂတ္ထ။ ။ [ဝိ=မတူထူးခြား ကွဲပြားသော+သဘာဂ=သဘော တူသော+အတ္ထ=အနက်ရှိသော သဒ္ဒါ။] သဘောလက္ခဏာချင်း မတူ ကွဲပြား၍, ဝိ အရ “ကွဲပြား”ဟု ဆိုသည်၊ လိုရင်းကိစ္စမှာ သဘောတူနေကြ သဖြင့် သဘာဂ အရ “သဘောတူ”ဟု ဆိုသည်၊ သီလဉ္စ-သီလလည်း၊ ပညာဏဉ္စ-ပညာလည်း၊ သီလပညာဏံ-သီလပညာ၊ ဤပုံစံ၌ သီလသည် အေးမြခြင်းလက္ခဏာ ရှိ၍ ပညာက သိခြင်းလက္ခဏာ ရှိသောကြောင့် လက္ခဏာချင်း ကွဲပြား၏၊ သို့သော် ကိလေသာကို ပယ်ခြင်းကိစ္စ၌ သဘောချင်း တူကြသဖြင့် သဘာဂဖြစ်သည်၊ အာဒိဖြင့် ယူရသော ပုဒ် များကို ကစ္စည်းဘာသာဋီကာနှင့် ရူပသိဒ္ဓိမှာ ရှု။
အမှာ။ ။ ဤ သမာဟာရဒွန်နှင့် ဒိဂုသမာသ်တို့ နပုံလိန် ဧကဝုစ် ဖြစ်သောကြောင့် “သမာဟာရ, ဒိဒွန္ဒ, ဧကနပုံးဆိုက်”ဟု အချီစကား၌ ဆိုခဲ့ပြီ၊ နပုံလိန် ဧကဝုစ်ချည်း ရုပ်စဉ်ပါ၊ ရုပ်တွက်ပုံနှင့် လက္ခဏာကို နာမာနံ သမုစ္စယော ဒွန္ဒောသုတ်ကျမှ ပြအံ့။
သမာဟာရဒိဂုသမာသ်ပုဒ်ရုပ်စဉ်ဟန်ကား(ပဌမာ) တိလောကံ၊ (အာလုပ်) ဘော တိလောက, တိလောကာ၊ (ဒုတိယာ) တိလောကံ၊ (တတိယာ) တိလောကေန၊ (စတုတ္ထီ) တိလောကဿ၊ (ပဉ္စမီ) တိလောကသ္မာ, တိလောကမှာ, တိလောကာ၊ (ဆဋ္ဌီ) တိလောကဿ၊ (သတ္တမီ) တိလောကသ္မိံ, တိလောကမှိ, တိလောကေ။
သမာဟာရဒွန်သမာသ်ပုဒ်ရုပ်စဉ်ဟန်ကား(ပဌမာ) စက္ခုသောတံံ၊ (အာလုပ်) ဘော စက္ခုသောတ, စက္ခုသောတာ၊ (ဒုတိယာ) စက္ခုသောတံ၊ (တတိယာ) စက္ခုသောတေန၊ (စတုတ္ထီ) စက္ခုသောတဿ၊ (ပဉ္စမီ) စက္ခုသောတသ္မာ, စက္ခုသောတမှာ, စက္ခုသောတာ၊ (ဆဋ္ဌီ) စက္ခု သောတဿ၊ (သတ္တမီ) စက္ခုသောတသ္မိံ, စက္ခုသောတမှိ, စက္ခုသောတေ၊ ကြွင်းပုံစံများကိုလည်း ဤနည်းအတိုင်း စဉ်ပါ။
֍ ၈။ ဝိဘာသာ ရုက္ခတိဏပသုဓနဓညဇနပဒါဒီနဉ္စ။ ။ ဒွန္ဒေ- ဒွန်သမာသ်၌၊ ရုက္ခတိဏပသုဓနဓညဇနပဒါဒီနဉ္စ- သစ်ပင်, မြက်, သားကောင်, ဥစ္စာ, စပါး, ဇနပုဒ်အနက်ဟောသဒ္ဒါအစရှိ သည်တို့၏လည်း၊ ဝိဘာသာ- ဝိကပ်အားဖြင့်၊ ဧကတ္တံ- ဧကဝုစ် အဖြစ်သည်လည်းကောင်း၊ နပုံသကလိင်္ဂတ္တဉ္စ- နပုံလိန်အဖြစ် သည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ အဿတ္ထကပီတနံ, အဿတ္ထကပီတနာ စသည်တည်း။
၈။ ဤသုတ်ကား သစ်ပင်စသည်ကို ဟောသောသဒ္ဒါတို့ကို ဒွန်တွဲရာ၌ ရံခါ နပုံဧကတ် ငဲ့၍ ရံခါ နပုံဧကတ် မငဲ့ရဟု ပြသော သုတ်တည်း၊ အဿတ္ထကပီတနံသည် နပုံဧကတ်ငဲ့သော ပုံစံ၊ အဿတ္ထကပီတနာကား နပုံဧကတ် မငဲ့သော ပုံစံတည်း။ [အဿတ္ထော စ-ညောင်ဗုဒ္ဓဟေပင်လည်း၊ ကတပီနော စ-ညောင်ချဉ်ပင်လည်း၊ အဿတ္ထကပီတနံ-ညောင်ဗုဒ္ဓဟေ ညောင်ချဉ်၊ အဿတ္ထကပီတနာ-ညောင်ဗုဒ္ဓဟေညောင်ချဉ်တို့၊ နပုံ ဧကတ် မမြဲသောကြောင့် ဗဟုဝုစ်ပုံစံလည်း ရှိရသည်။] ဤကား ရုက္ခအရ ပုံစံ တည်း၊ တိဏစသော နောက်ပုံစံများကို တစ်ခုစီသာ ပြမည်။
တိဏ။ ။ ဥသိရဉ္စ-ပန်းရင်းလည်း၊ ဗီရဏဉ္စ-မြက်မွှေးလည်း၊ ဥသိရ ဗီရဏံ-ပန်းရင်းမြက်မွှေး၊ ဥသိရဗီရဏာ-ပန်းရင်းမြက်မွှေးတို့။ [“ဗီရဏပြိတ်မြက်”ဟုလည်း ဆိုကြ၏။]
ပသု။ ။ အဇော စ-ဆိတ်လည်း၊ ဧဠကော စ-သိုးလည်း၊ အဇေဠကံဆိတ်သိုး၊ အဇေဋ္ဌကာ-ဆိတ်သိုးတို့။ [“အမွေးနည်း၍ မြန်မာနှင့်တူသော ဆိတ်ကို ဆိတ်မြန်မာ, အမွေးရှည်၍ ကုလားနှင့် တူသော ဆိတ်ကို “ဆိတ်ကုလား”ဟု ရှေးက သုံး၏။]
ဓန။ ။ ဟိရညဉ္စ-ငွေလည်း၊ သုဝဏ္ဏဉ္စ-ရွှေလည်း၊ ဟိရညသုဝဏ္ဏံငွေရွှေ၊ ဟိရညသုဝဏ္ဏာ-တို့။
ဓည။ ။ သာလိ စ-သလေးစပါးလည်း၊ ယဝေါ စ-မုယောစပါးလည်း၊ သာလိယဝံ-သလေးမုယော၊ သာလိယဝါ-သလေးမုယောတို့။
ဇနပဒ။ ။ ကာသီ စ-ကာသိတိုင်းတို့လည်း၊ ကောသလာ စ-ကောသလ တိုင်းတို့လည်း၊ ကသိကောသလံ-ကာသိတိုင်းကောသလတိုင်း၊ “ကာသိ ကောသလာ”ဟုလည်း ရှိ၏။ [တစ်တိုင်း တစ်နယ်ကို ဇနပုဒ်ဟု ခေါ်၏၊ ဇနပုဒ်ဟောသဒ္ဒါတို့သည် ပုံလိန်ဗဟုဝုစ်ချည်းသာ ဖြစ်၍ “ကာသီ”ဟု ဗဟုဝုစ်ဖြင့် ထားသည်။]
အမှာ။ ။ ဇနပဒါဒီနံ၌ အာဒိဖြင့် ယူရသော ပုံစံများကို ကစ္စည်း ဘာသာဋီကာနှင့် ရူပသိဒ္ဓိမှာ ရှု၊ ဤသုတ်က ပုံစံများကို နပုံဧကတ်ငဲ့ရာ၌ နပုံလိန် ဧကဝုစ်ချည်း ရုပ်စဉ်၊ နပုံဧကတ် မငဲ့ရာ၌ နောက်ပုဒ်၏ လိန်ကို ကြည့်၍ ဗဟုဝုစ်ချည်း ရုပ်စဉ်ပါ။
֍ ၉။ ဒွိပဒေ တုလျာဓိကရဏေ ကမ္မဓာရယော။ ။ ဒွိပဒေ- နှစ်ပုဒ်သည်၊ တုလျာဓိကရဏေ- တူသောတည်ရာအနက်ရှိလတ် သော်၊ သမာသော- သမာသ်ဖြစ်၏။ ကမ္မဓာရယော- ကမ္မဓာရည်း လည်း မည်၏။ မဟာပုရိသော, နီလုပ္ပလံ, ဗြာဟ္မဏဒါရိကာ စသည်တည်း။
၉။ ဤသုတ်ကား တုလျာဓိကရဏဖြစ်သော ၂ ပုဒ်ကို သမာသ်စပ်၍ ကမ္မဓာရည်းမှည့်သောသုတ်တည်း၊ “သမာသ်စပ်ပေးသည့်အတွက် ဝိဓိ, ကမ္မဓာရည်းအမည်မှည့်သည့်အတွက် သညာသုတ်”ဟု ၂ ချက်ရသည်။
ဒွိပဒေ တုလျာဓိကရဏေ။ ။ “မဟန္တော စ သော ပုရိသော စာတိ မဟာပုရိသော” မဟန္တော စ-မြတ်သူလည်း ဟုတ်၏၊ သော-ထိုမြတ်သူ ဟူသည်၊ ပုရိသော စ-ယောက်ျားလည်း ဟုတ်၏၊ ဣတိ-ထို၂ ပါးသော သတ္တိကြောင့်၊ မဟာပုရိသော-မဟာပုရိသ မည်၏၊ ဤပုံစံ၌ မဟန္တအရ မြတ်သူသည် ယောက်ျားတည်း၊ ပုရိသအရ ယောက်ျားဟူသည်လည်း မြတ်သူတည်း။
ဤသို့ ၂ ယောက်ပိုင်အိမ်တစ်လုံးပေါ်မှာ ထိုအိမ့်ရှင် ၂ ယောက် တည်နေသလို, ယောက်ျားဒြဗ်တည်းဟူသော အနက်တစ်ခုပေါ်မှာ မဟန္တ သဒ္ဒါ, ပုရိသသဒ္ဒါ ၂ ခုတို့ တည်နေကြသည်၊ ဤသို့ တည်ရာအနက်အား ဖြင့် တူကြသည်ကို “တုလျာဓိကရဏ=တူသော တည်ရာအနက် ရှိကြ သည်”ဟု ဆိုသည်။ [တုလျ=တူသော+အဓိကရဏ=တည်ရာအနက် ရှိသည်၊ “ဒွိပဒေ”ဟု များရာအနက်လိုက်၍ ဆိုထားသည်၊ တိပဒလည်း အချို့ ရှိ၏။] ကမ္မဓာရယမည်ပုံကို ရူပသိဒ္ဓိမှာ ရှု။
လက္ခဏာ စသည်။ ။ “သမာသ်ပုဒ်ချင်း အနက်တူလျှင် ကမ္မဓာရည်း သမာသ်”ဟု လက္ခဏာကို မှတ်ရာ၏၊ ဝိဂြိုဟ်ပြုသည့်အခါ၌ကား ရှေ့ပုဒ် နောက်ပုဒ်၌ပဌမာဝိဘတ်ရှိရ၏၊ ဧကဝုစ် ဗဟုဝုစ်မှာ သင့်သလိုသာတည်း၊ စသဒ္ဒါ တသဒ္ဒါများလည်း ပါရှိသည်သာ များ၏၊ သို့သော် မပါခြင်းကြောင့် လည်း အပြစ်မရှိပေ၊ စသဒ္ဒါဖြင့် “မြတ်သူလည်း ယောက်ျားပင်တည်း၊ ယောက်ျား ဟူသည်လည်း မြတ်သူပင်တည်း” ဟု အပြန်အလှန် ပေါင်းဆည်းသော အညမညသမုစ္စည်းကို ထင်ရှားစေလိုသည်၊ တသဒ္ဒါ ကား မဟန္တဟူသည်လည်း ထိုသူပင်တည်း၊ ပုရိသဟူသည်လည်း ထိုသူပင် တည်းဟု တစ်ယောက်တည်း ဖြစ်ကြောင်း, အနက် အရတူကြောင်းကို ပြသည်၊ ဝိဂြိုဟ်ပြုသည့်အခါ ရှေ့ပုဒ် နောက်ပုဒ် လိန်မတူလျှင် တသဒ္ဒါ ကို ရှေ့ပုဒ်နှင့် လိန်တူအောင် ထားရမည်။
[ဆောင်]၁။ ပဒနှစ်ဆူ, အရတူ, မတ်ယူ ကမ္မဓာရဲ။၂။ နှစ်ပုဒ်လုံးမှာ, ပဌမာ, သက်ပါ ဝိဂြိုဟ်ထဲ။
၃။ စ တသဒ္ဒါ, ပါ-မပါ, နှစ်ဖြာ သင့်ချည်းပဲ။
၄။ မတူလိန်ဝုစ်, ရှေ့နောက်ပုဒ်တွင်, ရှေ့ပုဒ်တူစွာ, တသဒ္ဒါ, ထားပါ ဝိဂြိုဟ်ထဲ။
လိန်မှတ်ဖွယ်။ ။ ဤကမ္မဓာရည်းသမာသ်ပုဒ်၏ လိန်ကား “ဗျယီ နပုံး, ကမ် တပ်ထုံး, အဆုံး လိန်နှင့်တိုက်”ဟူသည်နှင့်အညီ အဆုံးပုဒ်၏ လိန်သာ လိုရင်းတည်း၊ ထို့ကြောင့် “မဟန္တော စ သော ပုရိသော စာတိ မဟာပုရိသော”ဟု ဝိဂြိုဟ်ပြု၍ ပုရိသဟူသော နောက်ပုဒ်ကို ကြည့်လျက် ပုံလိန်ဟု မှတ်၊ “နီလဉ္စ တံ ဥပ္ပလဉ္စာတိ နီလုပ္ပလံ” ဥပ္ပလဟူသော နောက်ပုဒ်အရ နပုံလိန်တည်း။ [နီလဉ္စ-အညိုလည်း ဟုတ်၏၊ တံ-ထို အညိုဟူသည်၊ ဥပ္ပလဉ္စ-ကြာလည်း ဟုတ်၏၊ ဣတိ-ထို့ကြောင့်၊ နီလုပ္ပလံကြာညို မည်၏။]
“ဗြာဟ္မဏီ စ+သာ+ဒါရိကာ စာတိ ဗြာဟ္မဏဒါရိကာ” ဤ၌ကား ဒါရိကာဟူသော နောက်ပုဒ်အရ ဣတ္ထိလိန်တည်း၊ ဗြာဟ္မဏီ စ-ပုဏ္ဏေးမ လည်း ဟုတ်၏၊ သာ-ထိုပုဏ္ဏေးမဟူသည်၊ ဒါရိကာ စ-သူငယ်မလည်း ဟုတ်၏၊ ဣတိ-ထို့ကြောင့်၊ ဗြာဟ္မဏဒါရိကာ-မည်၏၊ ဗြာဟ္မဏဒါရိကာပုဏ္ဏေည်းမငယ်၊ ဤသို့ ကမ္မဓာရည်းသမာသ်၌ လိန် ၃ မျိုး ရသည်။ သော-ထိုသူသည်၊ မဟန္တော စ-မြတ်သူလည်း ဟုတ်၏၊ ပုရိသော စယောက်ျားလည်း ဟုတ်၏၊ ဤသို့ ဝိဂြိုဟ်တွင်းက “သော, တံ, သာ” ပုဒ်များကို ရှေးဦးစွာ အနက်ပေးကြသေး၏။]
ဝိသေသန ဝိသေသျ။ ။ “အထူးပြုတတ်သောပုဒ်ကို ဝိသေသန, အထူးပြုအပ်သော ပုဒ်ကို ဝိသေသျ”ဟု ခေါ်၏၊ “ဝိသေသေတီတိ ဝိသေသနံ” ယံ-အကြင်ပုဒ်သည်၊ ဝိသေသေတိ-အထူးပြုတတ်၏၊ ဣတိကြောင့်၊ တံ-ထိုပုဒ်သည်၊ ဝိသေသနံ-ဝိသေသနမည်၏၊ “ဝိသေသီယတီတိ ဝိသေသျ” ယံ-အကြင်ပုဒ်ကို၊ ဝိသေသီယတိ-အထူးပြုအပ်၏၊ ဣတိထို့ကြောင်၊ တံ-ထိုပုဒ်သည်၊ ဝိသေသျံ-ဝိသေသျမည်၏၊ မဟာပုရိသော၌ ပုရိသအရာဝယ် ယုတ်သောယောက်ျား, မြတ်သောယောက်ျား ၂ မျိုးလုံးနှင့် သက်ဆိုင်နေသဖြင့် ပုရိသဟူသောပုဒ်သည် အထူးပြုထိုက်သော ဝိသေသျ ပုဒ်တည်း၊ မဟာ(မဟန္တ)ပုဒ်သည် ထိုပုရိသအရ ယုတ်သောယောက်ျားကို တားမြစ်၍ မြတ်သောယောက်ျားဟု ယောက်ျား ၂ မျိုး ကွဲပြားအောင် အထူးပြုပေးသောကြောင့် ဝိသေသနပုဒ်တည်း၊ ထိုကဲ့သို့ ဝိသေသန, ဝိသေသျ ၂ မျိုးတွင် ဝိသေသနပုဒ်ကို ရှေ့က ထားရသည်။
ရုပ်တွက်ဆိုင်ရာ မှာထားချက်
၁။ သမာသ်ပုဒ်၌ နာမ်ပုဒ် ၂ ပုဒ် ၃ ပုဒ်စသည် ပေါင်းထားသော ကြောင့် ရုပ်တွက်သည့်အခါ မူလနာမ်ပုဒ်အတိုင်း တည်၍ ဆိုင်ရာ ဝိဘတ်များသက်လျက် ဝိဂြိုဟ်ဝါကျဖြစ်အောင် ရုပ်တွက်ရမည်၊။ [ဤကိစ္စမှာ နာမ်ရုပ်တွက်ရန်ကိစ္စသာတည်း၊ ထို့ကြောင့် အတော် နည်းရသည့်အခါ နာမ်ရုပ် တွက်မပြတော့ဘဲ ဝိဂြိုဟ်ဝါကျကို တစ်ခါတည်း တည်ပြခြင်းက သာ၍ ရှင်းသည်။]
၂။ ဆိုင်ရာဝိဂြိုဟ်နက်ကို ဖော်ပြ၍ “ဣတိ အတ္ထေ-ဤအနက်၌”ဟုဆို။ ၃။ ထိုသို့ ဝိဂြိုဟ်အနက်ဆို၍ ဆိုင်ရာသုတ်ဖြင့် သမာသ်စပ်လျက် ကမ္မဓာရည်းစသော အမည်တစ်ခုခုကို မှည့်ရမည်။
၄။ နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်အမည်လည်း မှည့်ရမည်။
၅။ တေသံ ဝိဘတ္တိယော လောပါ စသုြတ်ဖင့် ဝိဂြိုဟ်တုန်းက ဝိဘတ် များ သမာသ်တွင်း၌ မလိုတော့သဖြင့် ချေပစ်ရမည်။
၆။ ဝိဘတ်မှတစ်ပါး ချေဖွယ်ရာ စ တ ယစသောသဒ္ဒါစုကို“ဝုတ္တတ္ထာန မပ္ပယောဂေါ”ဟူသော ပရိဘာသာဖြင့် ချေပစ်ရမည်။
၇။ ပကတိ စဿ သရ န္တဿ သုတ်ဖြင့် မူလတုန်းကအတိုင်း ပကတိပြု ရမည်၊ ဟပကတိပြုရာ၌ “မဟန္တပုရိသကို မဟန္တပုရိသဟု ပကတိပြု” ဟု ပေါင်း၍ ပကတိပြုရိုးရှိသော်လည်း မဟန္တကို မဟန္တဟု ပကတိ ပြု, ပုရိသကို ပုရိသဟု ပကတိပြုဟု ဆိုလိုရင်းတည်း၊ ဂဝံပတိ စသော အလုတ္တသမာသ်များ၌ “ဂဝံပတိကို ဂဝံပတိဟု ပကတိပြု” လို့ ဆို၍ မဖြစ်၊ ပတိ တစ်ခုတည်းကိုသာ ပကတိပြု၍ ဖြစ်သည်၊၊]
၈။ တဒ္ဓိတသမာသကိတကာနာမံ ဝါ တဝေတုနာဒီသု စသုတ်ဖြင့် နာမ်ကဲ့သို့ ငဲ့, သိ ယော တစ်ခုခု သက်၍ ဆိုင်ရာရုပ်ဖြစ်အောင် စီရင်ရမည်။
[ဆောင်] ၁။ ဝိဂြိုဟ်ဝါကျ, ဖြစ်အောင်ပြ, မူလ နာမ်ရုပ်တွက်။၂။ ဣတိအတ္ထေ, ဆိုရိုးပေ, ဖော်လေ ဝိဂြိုဟ်နက်။
၃။ သမာသ်စပ်ကာ, ဆိုင်သင့်ရာ, သညာ အထူးဆက်။
၄။ သမာသ်နာမံ, သာမညံ, တစ်ဖန် ထပ်၍စွက်။
၅။ ဝါကျတွင်းဆို, ဝိဘတ်ကို, မလို ရှင်းအောင်ဖျက်။
၆။ ပရိဘာသာ, သူ့တွက်တာ, ကြွင်းရာ အားလုံးပျက်။
၇။ ပကတိခတ်, နာမ်ငဲ့လတ်, ဝိဘတ် သင့်ရာသက်။
၈။ သမာသ်တွက်နည်း, အစဉ်မှီး, ကစ္စည်း ဋီကာမြွက်။
ရုပ်တွက်။ ။ နီလုပ္ပလံကို “နီလ+စ+တ+ဥပ္ပလ+စ”တည်, လိင်္ဂတ္ထေ ပဌမာသုတ်ဖြင့် ပဌမာဧကဝုစ် သိဝိဘတ် ၅ လုံးသက် (နီလသိ+စသိ+တသိ+ဥပ္ပလသိ+စသိ) သိံဟူသောသုတ်ဖြင့် နီလ-တ-ဥပ္ပလတို့နောင် သိကို -ံ ပြု, ခွင်း, ချေ, ကပ်, သဗ္ဗာသမာဝုသော ပသဂ္ဂနိပါတာဒီဟိ စ သုတ်ဖြင့် စ ၂ လုံးနောင် သိ ၂ လုံးကို ချေ၊ ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိလ-ဥပ္ပလတို့နောင် နိဂ္ဂဟိတ်ကို စဝဂ္ဂန္တ ဉပြု, ဉ် ကို စသို့ ကပ်, နီလဉ္စ တံ ဥပ္ပလဉ္စဟု သမာသ်ဝါကျ ပြီး၏၊ နီလဉ္စ-အညိုလည်း ဟုတ်၏၊ တံထိုအညိုဟူသည်၊ ဥပ္ပလဉ္စ-ကြာလည်းဟုတ်၏၊ ဣတိအတ္ထေ-ဤအနက်၌၊ ဒွိပဒေ တုလျာဓိကရဏေ ကမ္မဓာရယောသုတ်ဖြင့် နီလံနှင့် ဥပ္ပလံကို သမာသ်စပ်၍ ကမ္မဓာရည်း အမည်မှည့်, နာမာနံ သမာသော ယုတ္တတ္ထော သုတ်ဖြင့် သမာသ်အမည် မှည့်, တေသံ ဝိဘတ္တိယော လောပါ စသုတ် ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါဟူသော ပရိဘာသာအရ စ တသဒ္ဒါတို့ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရအဆုံးရှိသော နီလ ဥပ္ပလတို့ကို နီလဥပ္ပလဟု ပကတိပြု, လခွင်း, ရှေ့ ၊ ကို ချေ, လကို နောက်ဥသို့ ကပ် (နိလုပ္ပလ), နာမ်ကဲ့သို့ငဲ့, သိသက်, -ံ ပြု, လ်ခွင်း, ချေ, ကပ်, နီလုပ္ပလံ ပြီး၏။ [မဟာပုရိသော, ဗြာဟ္မဏ ဒါရိကာ တို့ကို နောက်နောက်သုတ်ကျမှ ရုပ်တွက်။]
֍ ၁၀။ သင်္ချာပုဗ္ဗော ဒိဂု။ ။ သင်္ချာပုဗ္ဗော- သင်္ချာရှေ့ရှိသော ကမ္မဓာရည်းသမာသ်သည်၊ ဒိဂု- ဒိဂုလည်း မည်၏။ တိလောကံ စသည်တည်း။
၁၀။ ဤသုတ်ကား ထိုကမ္မဓာရည်းသမာသ်သည်ပင် သင်္ချာပုဒ် ရှေ့ရှိ သည့်အခါ “ဒိဂု”ဟု နာမည်တစ်မျိုးတိုး၍ မှည့်သောသုတ်တည်း၊ ဆိုလို ရင်းကား-ရှေ့ပုဒ် နောက်ပုဒ် အရတူသောကြောင့် ကမ္မဓာရည်းအမည်ရပြီး သောသမာသ်သည်ပင် ဧက ဒွိ တိ စတု စသော သင်္ချာတို့ ဝိသေသနအဖြစ်ဖြင့် ရှေ့ကရှိသည့်အခါ ဒိဂုဟု အမည်ရပြန်သည်၊ “ကမ္မဓာရည်းနာမည်, ဒိဂုနာမည် ၂-မျိုး ရသည်”ဟူလို။ [ရုပ်တွက်သည့်အခါ နာမည် ၂ မျိုး မှည့်ရလိမ့်မည်၊ ဒိဂုအမည်ရပုံကို ရူပသိဒ္ဓိမှာ ရှု။]
[ဆောင်] ကမ္မဓာရယ, သမာသပင်, ရှေ့ကသင်္ချာ, ရှိလေရာ, ဆင့်ကာ ဒိဂုခေါ်။
သမာဟာရဒိဂု။ ။ ဤဒိဂု၌ သမာဟာရဒိဂု, အသမာဟာရဒိဂုဟု ၂ မျိုးရှိ၏၊ ထိုတွင် သမာဟာရဒိဂုသည် ဒိဂုဿေ.ကတ္တံသုတ်အရ နပုံလိန် ဧကဝုစ်ချည်းသာတည်း၊ ဝိဂြိုဟ်အခိုက်၌ကား လိန်ကို သင့်သလို ထားရ မည်၊ ပုံစံကား- တယော လောကာ တိလောကံ၊ သတ္တ အဟာနိ သတ္တာဟံ၊ သတ္တ-ခုနစ်ခုကုန်သော၊ အဟာနိ-ရက်တို့သည်၊ သတ္တာဟံ-ခုနစ်ရက်၊ (ဝိဂြိုဟ်တွင်း၌ နပုံလိန် ဇဟုဝုစ်)၊ စတဿော ဒိသာ စတုဒ္ဒိသံ-၄ ပါးသော အရပ်မျက်နှာ၊ (ဝိဂြိုဟ်တွင်း၌ ဣတ္ထိလိင် ဗဟုဝုစ်တည်း)၊ ဤကား… သမာဟာရဒိဂုတည်း။
အသမာဟာရဒိဂု။ ။ အသမာဟာရဒိဂု၌ကား နပုံဧကတ် မငဲ့ရ, ကမ္မဓာရည်းသမာသ်ကဲ့သို့ လိန် ၃ ပါး ဝုစ် ၂ ပါး ရကောင်း၏၊ နောက်ပုဒ် အတိုင်း တားရမည်၊ ပုံစံကား - “ဧကော ပုဂ္ဂလော ဧကပုဂ္ဂလော - တစ်ယောက်သောပုဂ္ဂိုလ်” (ပုံလိန်ဧကဝုစ်တည်း)၊ ဧကာ ဣတ္ထီ ဧကိတ္ထီ (ဣတ္ထိလိန် ဧကဝုစ်)၊ တယော ဘဝါ တိဘဝါ=သုံးပါးကုန်သော ဘဝတို့၊ (ပုံလိန်ဗဟုဝုစ်)၊ စတဿော ဒိသာ စတုဒ္ဒိသာ=၄ ပါးကုန်သော အရပ် မျက်နှာတို့၊ (ဣတ္ထိလိန် ဗဟုဝုစ်တည်း)၊ စတုဒ္ဒိသကို ကစ္စည်းဝုတ္တိ၌ သမာဟာရ, ရူပသိဒ္ဓိ၌ အသမာဟာရဟု ရှိ၏၊ သို့အတွက် နှစ်ဖက်လုံး ထုတ်ပြလိုက်သည်။
ဒသသဟဿံ စက္ကဝါဠာနိ ဒသသဟဿစက္ကဝါဠာနိ၊ ဒသသဟဿံတစ်သောင်းသော၊ စက္ကဝါဠာနိ-စကြဝဠာတို့တည်း၊ ဒသသဟဿစက္က ဝါဠာနိ-တစ်သောင်းသောစကြဝဠာတို့၊ (နပုံလိန် ဗဟုဝုစ်တည်း)၊ ဒသ သဟဿံပုဒ်က ဧကဝုစ်မြဲသောကြောင့် ဧကဝုစ်ဖြင့် ထားသည်၊ (ဤကဲ့သို့ ဝုစ်အမြဲမရှိလျှင် နောက်ပုဒ်နှင့် လိန် ဝုစ်တူအောင် ထားရသည်၊) ပိဋက တော်၌ အသမာဟာရဒိဂု နည်းပါး၍ သမာဟာရဒိဂုသာ များ၏။
ရုပ်တွက်။ ။ တိလောကံကို “တ+လောက”တည်၊ လိင်္ဂတ္ထေ ပဌမာ သုတ်ဖြင့် ပဌမာဗဟုဝုစ် ယော ၂ လုံးသက်, (တိယော+လောကယော), တိစတုန္နံတိဿောစတဿော တယောစတ္တာရောတီဏိစတ္တာရိသုတ်ဖြင့် ဝိဘတ်နှင့်တကွ တိကို တယောပြု, သဗ္ဗယောနိနမာဧသုတ်ဖြင့် ယောကို -ါ ပြု, က်ခွင်း, ချေ, ကပ်, တယော လောကာဟု သမာသ်ဝါကျပြီး၏၊ ဒွိပဒေ တုလျာဓိကရဏေ ကမ္မဓာရယောသုတ်ဖြင့် တိနှင့်လောကကို သမာသ်စပ်၍ ကမ္မဓာရည်းအမည်မှည့်, သင်္ချာပုဗ္ဗော ဒိဂုသုတ်ဖြင့် ဒိဂု လည်း အမည်မှည့်, နာမာနံ သမာသော ယုတ္တတ္တောသုတ်ဖြင့် သမာသ် အမည်မှည့်, တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရအဆုံးရှိသော တိ+လောကတို့ကို တိ+လောကဟု ပကတိပြု, ဒိဂုဿေကတ္တံသုတ်ဖြင့် တိလောကကို နပုံဧကတ်ငဲ့, နာမ်ငဲ့, သိသက်, -ံ ပြု, ခွင်း, ချေ, ကပ်, တိလောလံ ပြီး၏။ [ဒိဂုဿေကတ္တံသုတ်ကို အတိဒေသသုတ်ဟု ဆိုရိုးရှိ သောကြောင့် “နပုံဧကတ်ငဲ့”ဟု ဆိုလိုက်သည်။]
သတ္တာဟံကို “သတ္တ+အဟ”တည်၊ ယော၂ လုံးသက်, ပဉ္စာဒီန မကာရောသုတ်ဖြင့် တ္တ၏အဆုံး ၊ ကို ဝိဘတ်နှင့်တကွ ၊ ပြု, အတော နိစ္စံ သုတ်ဖြင့် အဟနောင် ယောကို နိပြု, ယောသု ကတနိကာရလောပေသု ဒီဃံသုတ်ဖြင့် ဟ၏ အဆုံး ၊ ကို -ါ ဒီဃပြု, သတ္တ+အဟာနိဟု သမာသ် ဝါကျ ပြီး၏၊ “သတ္တ-ခုနစ်ခုကုန်သော+အဟာနိ-ရက်တို့” ဣတိအတ္ထေ၌,ဟု ဆို၍ ဆိုခဲ့သည့်သုတ်များဖြင့် သမာသ်စပ်၍ ကမ္မဓာရည်း, ဒိဂု သမာသ်အမည်မှည့်, ဝိဘတ်ချေ, ပကတိပြု, နပုံဧကတ်ငဲ့, နာမ်ငဲ့, သိ သက်, -ံ ပြု, သတ္တာဟံ ပြီး၏။ [စတုဒ္ဒိသံကို သရော ရဿော နပုံသကေ သုတ်ကျမှ တွက်တတ်လတ္တံ့။]
ဧကပုဂ္ဂလောကို “ဧက+ပုဂ္ဂလ”တည်၊ သိ ၂ လုံးသက်, သောသုတ် ဖြင့် သိကို ေ-ါ ပြု, ဧကော ပုဂ္ဂလောဟု သမာသ်ဝါကျ ပြီး၏၊ သမာသ် စပ်၍ ကမ္မဓာရည်း, ဒိဂုသမာသ်အမည်မှည့်, ဝိဘတ်ချေ, ပကတိပြု စသည်။ [ကြွင်းရုပ်များကို နောင်ခါ တွက်ရလတ္တံ့။]
֍ ၁၁။ ဥဘေ တပ္ပုရိသာ။ ။ ဥဘေ- ကမ္မဓာရည်း, ဒိဂုသမာသ် နှစ်ခုတို့သည်၊ တပ္ပုရိသာ- တပ္ပုရိသ်လည်း မည်ကုန်၏။ မဟာပုရိသော, တိလောကံ စသည်တည်း။
၁၁။ ဤသုတ်ကား ကမ္မဓာရည်းသမာသ် ဒိဂုသမာသ်တို့ကို တပ္ပုရိသ် ဟု အမည်ထပ်၍မှည့်သော သုတ်တည်း၊ ရှေ့၂ သုတ်၌ တွက်ပြခဲ့သော ရုပ်များကို ဤသုတ်ဖြင့် တပ္ပုရိသ်ထပ်၍ မှည့်ရမည်၊ သို့သော် ဉာဏ်ရှုပ် နေမည်စိုး၍ ရှေ့သုတ်များ၌ မမှည့်ဘဲ ရုပ်တွက်ခဲ့သည်။ [တပ္ပုရိသအမည် ရပုံကို ရူပသိဒ္ဓိမှာ ရှု။]
နောက်ပုဒ်အရ ပြဓာန်းပုံ။ ။ မဟာပုရိသဟူသော ကမ္မဓာရည်း သမာသ်၌ မဟန္တပုဒ်၏အနက်ဖြစ်တဲ့ “မြတ်”ဟူသော ဂုဏ်ကို မရ, ပုရိသ ၏ အနက်ဖြစ်တဲ့ ယောက်ျားဒြဗ်သာ ရ၏၊ “မြတ်သောယောက်ျားကို ခေါ်ခဲ့စမ်း”ဟု ဆိုလျှင် အမြတ်ဂုဏ်ကို မခေါ်ရ, ယောက်ျားဒြဗ်ကိုသာ ခေါ်ခဲ့ရလိမ့်မည်၊ ဤသို့ နောက်ပုဒ်အနက် ပြဓာန်းရကား မဟာပုရိသ ဟူသော ကမ္မဓာရည်းသမာသ်သည်ပင် တပ္ပုရိသ်လည်း မည်၏။
တိလောကံဟူသော ဒိဂုသမာသ်၌ တိသဒ္ဒါ၏အနက်ဖြစ်တဲ့ “၃ ခု” အရေအတွက်သင်္ချာသည် ပဓာနမဟုတ်, လောက၏အနက်ဖြစ်တဲ့ လူ နတ် ဗြဟ္မာတို့သာ လိုရင်းပဓာနတည်း၊ ဤသို့ နောက်ပုဒ်အနက် ပြဓာန်း ရကား တိလောကဟူသော ဒိဂုသမာသ်လည်း တပ္ပုရိသ် မည်ရပြန်သည်။
တပ္ပုရိသ် ၂ မျိုး။ ။ ထို့ကြောင့် မဟာပုရိသကဲ့သို့ ကမ္မဓာရည်း တပ္ပုရိသ်ရောသော ကမ္မဓာရယမိဿကတပ္ပုရိသ်တစ်မျိုး, တိလောကံ ကဲ့သို့ ကမ္မဓာ့ည်း ဒိဂုလက္ခဏာ ၂ ခုရောသော ကမ္မဓာရယဒိဂုမိဿက တပ္ပုရိသ်တစ်မျိုးဟု တပ္ပုရိသ် ၂ မျိုးကို မှတ်ပါ။ [ကမ္မဓာရည်းလက္ခဏာ မပါသော ဒိဂုမိဿကတပ္ပုရိသ်ကား မရရှိနိုင်။] တိလောကံကို ထပ်၍ ရုပ်တွက်ပြအံ့။
တိလောကံကို တိ+လောကတည်, ယောသက်, တယော လောကာဟု သမာသ်ဝါကျပြီးစေ, (ဝိဂြိုဟ်နက်ပေး)၊ ဣတိအတ္ထေ-၌၊ ဒွိပဒေ တုလျာဓိ ကရဏေ ကမ္မဓာရယောသုတ်ဖြင့် တိနှင့်လောကကို သမာသ်စပ်၍ ကမ္မ ဓာရည်းအမည်မှည့်, သင်္ချာပုဗ္ဗော ဒိဂုသုတ်ဖြင့် ဒိဂုအမည်မှည့်, ဥဘေ တပ္ပုရိသာသုတ်ဖြင့် တပ္ပုရိသ်အမည်မှည့်, နာမာနံ သမာသော ယုတ္တ တ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိယောစသည်ဖြင့် ဝိဘတ်ချေ, ပကတိပြု, နပုံဧကတ်ငဲ့, နာမ်ငဲ့, သိသက်, -ံ ပြု, ပြီး၏။ [ကမ္မဓာရယမိဿကများကား နောက်၌ များစွာ လာလတ္တံ့။]
֍ ၁၂။ အ.မာဒယော ပရပဒေဘိ။ ။ အ.မာဒယော- အံအစရှိ သော ဝိဘတ်အဆုံးရှိသောသဒ္ဒါတို့ကို၊ ပရပဒေဘိ- နောက်ပုဒ် တို့နှင့်တကွ၊ သမဿန္တေ- ချဉ်းစပ်အပ်ကုန်အံ့၊ သော- ထိုသမာသ် သည်၊ တပ္ပုရိသော- တပ္ပုရိသ်မည်၏။ ဘူမိဂတော စသည်တည်း။
၁၂။ ဤသုတ်ကား ကမ္မဓာရဲ ဒိဂုတို့နှင့် မရောဘဲ သီးခြား တပ္ပုရိသ် အမည်မှည့်သောသုတ်တည်း၊ ထို့ကြောင့် ဤတပ္ပုရိသ်ကို သုဒ္ဓတပ္ပုရိသ်ဟု ခေါ်စမှတ်ပြု၏။ [သုဒ္ဓ=ကမ္မဓာရဲ ဒိဂုတို့၏ လက္ခဏာနှင့် မရောမယှက် သက်သက် သန့်သန့်ဖြစ်သော+တပ္ပုရိသ=တပ္ပုရိသ်။]
ဤသုဒ္ဓတပ္ပုရိသ်၌ “အမာဒယော”ဟူသော စကားအရ ရှေ့ပုဒ်က အံ အစရှိသော ဝိဘတ် ၆ လုံး(ဧကဝုစ် ဗဟုဝုစ် ၁၂ လုံး)တွင် တစ်လုံးလုံး ကျေစေရမည်၊ နောက်ပုဒ်၌ ပဌမာဝိဘတ် အမြဲကျေသည်၊ ထို့ကြောင့် ရှေ့ပုဒ်၌ ကျေသောဝိဘတ်ကို မှတ်၍ ဒုတိယာတပ္ပုရိသ်, တတိယာ, စတုတ္ထီ, ပဉ္စမီ, ဆဋ္ဌီ, သတ္တမီတပ္ပုရိသ်ဟု သုဒ္ဓတပ္ပုရိသ် ၆ မျိုးရှိ၏၊ ဤ သုဒ္ဓတပ္ပုရိသ်ကို “အမာဒိတပ္ပုရိသ်”ဟုလည်း ခေါ်၏၊ လိန်မှာ နောက်ပုဒ် အနက်ကို လိုက်၍ ၃ လိန်ပင်၊ ဝုစ်၂ ပါး ရကောင်း၏။ [ရှေ့ပုဒ်၌ ပဌမာ ဝိဘတ်ကျေသော တပ္ပုရိသ်မှာ (ကမ္မဓာရည်း, ဒိဂုတို့နှင့် ရောသော) မိဿကတပ္ပုရိသ်သာတည်း။]
[ဆောင်] အမာဒိကျေ, ရှေ့ပုဒ်နေ, နောက်ကျေ ပဌမာ၊ တပ္ပုရိသ, နောက်ပုဒ်ရ, သုဒ္ဓ- လက္ခဏာ။
ဒုတိယာတပ္ပုရိသ်။ ။ ဘူမိံ ဂတော ဘူမိဂတော၊ ဘူမိံ - မြေသို့၊ ဂတော-သွားသူတည်း၊ ဘူမိဂတော-မြေသို့ သွားသူ။ [ဂတောကို ကြည့်၍ ပုလ္လိန်ဧကဝုစ်ဟု သိလေ၊ ဘူမိဂတာ-မြေသို့ သွားသူတို့ (ပုလ္လိန်ဗဟုဝုစ်)၊ ဘူမိဂတာ-မြေသို့ သွားသောမိန်းမ (ဣတ္ထိလိန်)၊ ဘူမိဂတံ-မြေသို့သွားသော အမျိုး (နပုလ္လိန်) ဤသို့ နောက်ပုဒ်အနေအထားကို ကြည့်၍ လိန်အမျိုးမျိုး ဝုစ်အမျိုးမျိုး ရှိနိုင်၏၊ ပုရိသာဒိ, ကညာဒိ, စိတ္တာဒိဂိုဏ်းသွင်း၍ ရုပ်စဉ် ရမည်။] သဗ္ဗရတ္တိံ သောဘနော သဗ္ဗရတ္တိသောဘနော-အလုံးစုံသော ညဉ့်ပတ်လုံး တင့်တယ်သူ၊ ပဘင်္ကရော-အရောင်ကို ပြုတော်မူတတ်သော ဘုရား။ [ဤ ပဘင်္ကရော၌ ပဘံဝယ် အံဝိဘတ် မကျေသောကြောင့် အလုတ္တသမာသ်ဟု ခေါ်သည်။]
တတိယာတပ္ပုရိသ်။ ။ သလ္လေန ဝိဒ္ဓေါ သလ္လဝိဒ္ဓေါ၊ သလ္လေန-မြားဖြင့်၊ ဝိဒ္ဓေါ-ပစ်ခွင်းအပ်သော သားကောင်သည်၊ သလ္လဝိဒ္ဓေါ-မြားဖြင့် ပစ်ခွင်း အပ်သော သားကောင်။
စတုတ္ထီတပ္ပုရိသ်။ ။ ကထိနဿ ဒုဿံ ကထိနဒုဿံ၊(အနက်ပေးခဲ့ပြီ)၊ အာဂန္တုကဿ ဘတ္တံ အာဂန္တုဘတ္တံ = ဧည့်သည်အကျိုးငှာထမင်း၊ “ဧည့်သည်ကျွေးဖို့ထမင်း” ဟူလို။
ပဉ္စမီတပ္ပုရိသ်။ ။ မေထုနာ အပေတော မေထုနာပေတော၊ မေထုနာမေထုန်မှ၊ အပေတော-ကင်းသူတည်း။
ဆဋ္ဌီတပ္ပုရိသ်။ ။ ရညော ပုတ္တော ရာဇပုတ္တော = မင်းသား၊ ရာဇပုရိသော=မင်းချင်းယောက်ျား၊ ဗုဒ္ဓသာဝကော=ဘုရားတပည့်။ သတ္တမီတပ္ပုရိသ်။ ။ သံသာရေ ဒုက္ခံ သံသာရဒုက္ခံ = သံသရာ၌ ဆင်းရဲ၊ စက္ခုသ္မိံ-စက္ခု၌၊ နိဿိတံ-မှီသော၊ ဝိညာဏံ-ဝိညာဏ်တည်း၊ စက္ခုဝိညာဏံ-စက္ခု၌မှီသောဝိညာဏ်။
ရုပ်တွက်။ ။ ဘူမိဂတောကို “ဘူမိ+ဂတ”တည်၊ ဘူမိနောင် အံဝိဘတ် သက်, တေ ဣတ္ထိချာပေါသုတ်ဖြင့် - ကို ပအမည်မှည့်, အံမောနိဂ္ဂဟီတံ ဈလပေဟိသုတ်ဖြင့် -ံ ဝိဘတ်ကို နိဂ္ဂဟိတ်ပြု, ဂတနောင် သိသက်, ေ-ါ ပြု, ဘူမိံဂတောဟု သမာသ်ဝါကျပြီး၏၊ ဘူမိံ-သို့၊ ဂတော-တည်း၊ ဣတ္ထိ အတ္ထေ-၌၊ အမာဒယော ပရပဒေဟိသုတ်ဖြင့် ဘူမိံနှင့် ဂတောကို သမာသ် စပ်၍ တပ္ပုရိသ်အမည်မှည့်, နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် သမာသ် ၏ ဝိဘတ်တို့ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရအဆုံးရှိ သော ဘူမိ ဂတပုဒ်တို့ကို ဘူမိဂတဟု ပကတိပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဘူမိဂတော ပြီး၏။
ပဘင်္ကရောကို “ပဘာ+ကရ”တည်၊ ပဘာနောင် အံဝိဘတ်သက်, ဘ်ခွင်း, ချေ, ကပ်, ကရနောင် သိသက်, ေ-ါ ပြု, ပဘံ ကရောဟု သမာသ်ဝါကျ ပြီး၏၊ ပဘံ-အရောင်ကို၊ ကရောတိ-ပြုတတ်၏၊ ဣတိ အတ္ထေ-၌၊ သမာသ်စပ်၍ တပ္ပုရိသ်မှည့်, သမာသ်မှည့်, တေသံ ဝိဘတ္တိ ယော လောပါ စသုတ်ဖြင့် ကရ၌ သိဝိဘတ်၏ အပြုဖြစ်သော ေ-ါ ကို ချေ, (အလုတ္တသမာသ်ဖြစ်၍ ပဘံ၌ အံဝိဘတ်ကို မချေရ)၊ ပကတိ စဿ သရ န္တဿသုတ်ဖြင့် ကရကို ကရဟု ပကတိပြု, (ပဘံကို ပကတိပြုဖွယ် မလို)၊ ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို “ င် ”ပြု, ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ပဘင်္ကရော ပြီး၏။ [ကြွင်းသော ရုပ်များကိုလည်း ဤ နည်းမှီ၍ တွက်နိုင်လောက်ပြီ၊ ဆိုင်ရာ သမာသ်ဝါကျ ပြီးအောင်ကား နာမ်တုန်းကအတိုင်း တွက်ရုံသာ။]
֍ ၁၃။ အညပဒတ္ထေသု ဗဟုဗ္ဗီဟိ။ ။ အညပဒတ္ထေသု- အည ပုဒ်၏အနက်တို့၌၊ နာမာနိ- နာမ်ပုဒ်တို့ကို၊ သမဿန္တေ- ချဉ်းစပ် အပ်ကုန်အံ့၊ သော- ထိုသမာသ်သည်၊ ဗဟုဗ္ဗီဟိ- ဗဟုဗ္ဗီဟိမည်၏။ ဇိတမာရော စသည်တည်း။
၁၃။ ဤသုတ်ကား ဗဟုဗ္ဗီဟိအမည်မှည့်သော သုတ်တည်း၊ သမာသ် အခန်းဖြစ်၍ သမာသ်ပုဒ်ကို “သကပဒ=မိမိပုဒ်”ဟု ခေါ်၏၊ သမာသ်စပ် ရာတွင် မပါဝင်သော ပုဒ်ကို “အညပဒ = တစ်ပါးသောပုဒ်”ဟု ခေါ်၏၊ “သမာသ်ပုဒ်မှတစ်ပါး အခြားသောပုဒ်”ဟူလို၊ ထိုအညပုဒ်၏ အနက်၌ စပ်ရသောသမာသ်ကို “ဗဟုဗ္ဗီဟိသမာသ်”ဟု ခေါ်၏၊ ပုံစံကား… “ဇိတော+မာရော ယေနာတိ ဇိတမာရော (ဇိနော)”တည်း၊ ယေနအကြင်ပုဂ္ဂိုလ်သည်၊ မာရော-မာရ်ကို၊ ဇိတော-အောင်တော်မူအပ်ပြီ၊ ဣတိ-ထို့ကြောင့်၊ သော-ထိုပုဂ္ဂိုလ်သည်၊ ဇိတမာရော-ဇိတမာရ မည်၏၊ ဇိနော-ဘုရားတည်း။
ဤ“ဇိတမာရော”၌ “ဇိတောနှင့်မာရော”သည် စပ်အပ်သော သမာသ် ပုဒ်တည်း၊ ဇိနောပုဒ်နှင့် ယေနပုဒ်တို့ကား သမာသ်ပုဒ်တွင် မပါဝင်သော “အညပုဒ်”တည်း၊ ဇိတောနှင့် မာရောကို သမာသ်စပ်သည့်အခါ “အောင် အပ်သော+မာရ်”ဟူသော မိမိအနက်၌ မစပ်ဘဲ ယေန , ဇိနော တို့၏ အရဖြစ်သော “ဘုရား”ဟူသော အနက်၌ စပ်ရသည်၊ ထို့ကြောင့် “အည ပဒတ္ထေသု နာမာနိ သမသျန္တေ-သမာသ်ပုဒ်မှ တစ်ပါးသောပုဒ်တို့၏ အနက်တို့၌ ဇိတော မာရော ကဲ့သို့သော နာမ်တို့ကို သမာသ်စပ်ထား အပ်ကုန်၏”ဟု ဆိုသည်။
အညပုဒ်။ ။ ဤပြခဲ့သော စကားစဉ်အရ “ဇိတမာရ ဇိနော”ဟု သမာသ်စပ်ရာတွင် “ပါဝင်သင့်လျက် မပါဝင်သော ဇိနော”ပုဒ်ကိုလည်း ကောင်း, ထို ဇိနောနှင့် အရတူသော “ယေန”ပုဒ်ကိုလည်းကောင်း “အည ပုဒ်” ခေါ်သည်ဟု မှတ်၊ “တေန အနေန ဧတေန” ဟု ဝိဂြိုဟ်ပြုလျှင် ထိုပုဒ်များလည်း အညပုဒ်ပင်တည်း၊ ယခုကား-“ယ, တ, ဧတ, ဣမ” ၄ ပုဒ်ကိုသာ “အညပုဒ်” ဟု ခေါ်ကြ၏၊ ဇိနောကဲ့သို့သော အဘိဓေယျ (အနက်ပြ)ပုဒ်ကို အညပုဒ်ဟု မခေါ်ကြ၊ သေချာစွာ စဉ်းစားလျှင် ဇိနော ကဲ့သို့သော ပုဒ်သာ အညပုဒ် အစစ်ဖြစ်ထိုက်၏၊ ယေန စသည်တို့၌ ပါသော “ယ, တ, ဧတ, ဣမ” သဗ္ဗနာမ်တို့ကား ဇိနော စသည်တို့၏ ကိုယ်စား ထည့်ရသော သာမညပုဒ်များ ဖြစ်၍ အပဓာနအားဖြင့်သာ အညပုဒ်ဟု ခေါ်နိုင်သည်၊ အကျယ်ကို ကစ္စည်းဘာသာဋီကာမှာ ရှု။
အညပုဒ် ပဓာနဖြစ်ပုံ။ ။ ဤဗဟုဗ္ဗီဟိသမာသ်၌ ဝိဂြိုဟ်ပြုတဲ့အခါ အညပုဒ်သည် လွန်စွာအရေးကြီး၏၊ ပုံလိန် ဧကဝုစ်အနက်ကို ရစေလို လျှင် ယ စသော အညပုဒ်ကို ပုံလိန်ဧကဝုစ်ဖြင့် ထားရမည်၊ ဗဟုဝုစ် အနက်ကို ရစေလိုလျှင် အညပုဒ်ကို ပုံလိန်ဗဟုဝုစ်ဖြင့် ထားရမည်၊ ဣတ္ထိလိန် နပုံလိန်ကို ရစေလိုရာ၌ အညပုဒ်ကို ဣတ္ထိလိန် နပုံလိန် ထားရ မည်၊ သမာသ်ပုဒ်၌ကား လိန် ဝုစ်အထူးမပြောင်းတော့ပြီ၊ ပင်ကို လိန် ဝုစ် အတိုင်းသာတည်း။
ပုံစံများ။ ။ “ဇိတော မာရော ယေနာတိ ဇိတမာရော=မာရ်အောင် တော်မူပြီးသောဘုရား” (ပုံလိန် ဧကဝုစ်ဖြစ်၍ “ယေန”ဟု ထားသည်၊) “ဇိတော မာရော ယေဟီတိ ဇိတမာရာ=မာရ်အောင်တော်မူပြီးသော ဘုရားရှင်တို့” (ဘုရားအများကို ရစေလိုသဖြင့် “ယေဟိ”ဟု ဗဟုဝုစ် ထား၍ “ဇိတမာရာ”ဟု ဗဟုဝုစ် ချသည်၊ ဇိတော မာရောကား ပင်ကို အတိုင်းသာတည်း။)
ဇိတာနိ ဣန္ဒြိယာနိ ယေနာတိ ဇိတိန္ဒြိယော၊ ယေန-အကြင်ပုဂ္ဂိုလ် သည်၊ ဣန္ဒြိယာနိ- ဣန္ဒြေတို့ကို၊ ဇိတာနိ- အောင်အပ်ကုန်ပြီ၊ ဣတိထို့ကြောင့်၊ သော-ထိုပုဂ္ဂိုလ်သည်၊ ဇိတိန္ဒြိယော-ဇိတိန္ဒြိယ မည်၏၊ (ပုံလိန် ဧကဝုစ်ဖြစ်၍ “ယေန-ဇိတိန္ဒြိယော”ဟု ထားသည်၊) ဇိတာနိ ဣန္ဒြိယာနိ ကား လိုရင်းမဟုတ်၊ ဣန္ဒြိယပုဒ်က နပုံလိန်ဖြစ်၍ နပုံလိန်, ဣန္ဒြေတွေက များသောကြောင့် ဗဟုဝုစ်ဖြင့် ပြထားသည်။
“ဇိတာနိ ဣန္ဒြိယာနိ ယေဟီတိ ဇိတိန္ဒြိယာ=ဣန္ဒြေတို့ကို အောင်ပြီး သော ပုဂ္ဂိုလ်တို့၊” (ပုံလိန် ဗဟုဝုစ်ဖြစ်၍ “ယေဟိ-ဇိတိန္ဒြိယာ”ဟု ထားသည်၊) ဇိတာနိ ဣန္ဒြိယာနိ ယာယာတိ ဇိတိန္ဒြိယာ၊ ယာယ-အကြင် မိန်းမသည်၊ ဣန္ဒြိယာနိ-တို့ကို၊ ဇိတာနိ-ကုန်ပြီ၊ ဣတိ-ထို့ကြောင့်၊ သာထိုမိန်းမသည်၊ ဇိတိန္ဒြိယာ-ဇိတိန္ဒြိယာ မည်၏၊ (ဣတ္ထိလိန် ဧကဝုစ်မို့ “ယာယ=ဇိတိန္ဒြိယာ”ဟု ထားသည်၊) ဇိတာနိ ဣန္ဒြိယာနိ ယာဟီတိ ဇိတိန္ဒြိယာယော-ဣန္ဒြေတို့ကို အောင်ပြီးသောမိန်းမတို့၊ ဣတ္ထိလိန် ဗဟုဝုစ်မို့ “ယာဟိ=ဇိတိန္ဒြိယာယော”ဟု ထားသည်။
ဇိတာနိ ဣန္ဒြိယာနိ ယေနာတိ ဇိတိန္ဒြိယံ=ဣန္ဒြေတို့ကို အောင်ပြီးသော စိတ်၊ (နပုံလိန် ဧကဝုစ်မို့ “ယေန=ဇိတိန္ဒြိယံ”ဟု ထားသည်၊ ယေန-အကြင် စိတ်သည် ဟု အနက်ဆို၊) ဇိတာနိ ဣန္ဒြိယာနိ ယေဟီတိ ဇိတိန္ဒြိယာနိ= ဣန္ဒြေတို့ကို အောင်ပြီးသော စိတ်တို့၊ (နပုံလိန် ဗဟုဝုစ်မို့ “ယေဟိ = ဇိတိန္ဒြိယာနိ”ဟု ထားသည်။)
ဤသို့လျှင် လိုရာအနက်ရအောင် အညပုဒ်၏ လိန်ဝုစ်ကို အထူး သတိပြုရမည်၊ ဤသို့ အညပုဒ်၏ လိန်ဝုစ်နှင့်အနက် အရတူလေသောကြောင့် “ဗဟုဗ္ဗီထုတ်, အညပုဒ်, လိန်ဝုစ် ကြည့်၍ကိုက်”ဟု အချီစကား၌ ဆိုခဲ့ပြီ၊ ဤဗဟုဗ္ဗီဟိသမာသ်၌ အညပုဒ်ဝယ်သက်သော ဝိဘတ်ကို စွဲ၍ ပဌမာဗဟုဗ္ဗီဟိ, ဒုတိယာဗဟုဗ္ဗီဟိ စသောအားဖြင့် ၇ ပါး ပြား၏။
ပဌမာဗဟုဗ္ဗီဟိ။ ။ သဟ ဝိတက္ကေန ယေ ဝတ္တန္တီတိ သဝိတက္ကာ၊ ယေ-အကြင်တရားတို့သည်၊ ဝိတက္ကေန-ဝိတက်နှင့်၊ သဟ-တကွ၊ ဝတ္တန္တိဖြစ်ကုန်၏၊ ဣတိ-ကြောင့်၊ တေ-တရားတို့သည်၊ သဝိတက္ကာ-သဝိတက္ကတို့ မည်၏၊ (ယ ဟူသော အညပုဒ်၌ ပဌမာယောဝိဘတ် သက်၏၊) အညပုဒ် နှင့် တွဲဖက်ကြိယာကို ကတ္တား ကြိယာ စပ်ရလျှင် ပဌမာဗဟုဗ္ဗီဟိဟု မှတ်၊ ယေ ဝတ္တန္တိ၌ ယေ က ကတ္တား, ဝတ္တန္တိက ကြိယာတည်း၊ ကြိယာကို “ကတ္တီ”ဟုလည်း ခေါ်ကြ၏။
ဒုတိယာ။ ။ အညပုဒ်နှင့် သမာသ်ပုဒ်တစ်စိတ်တို့ ကံ+ကြိယာ စပ်၍ ရလျှင် ဒုတိယာဗဟုဗ္ဗီဟိ မှတ်၊ အာဂတာ သမဏာ ဣမံတိ အာဂတ သမဏော၊ ဣမံ- ဤကျောင်းတိုက်သို့၊ သမဏာ- ရဟန်းတို့သည်၊ အာဂတာ-လာကုန်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုကျောင်းတိုက်သည်၊ အာဂတသမဏော-အာဂတသမဏ မည်၏၊ ရဟန်းတို့ လာရောက်အပ် သော ကျောင်းတိုက်၊ ဤ၌ “ဣမံ”ဟူသော အညပုဒ်နှင့် အာဂတဟူသော သမာသ်ပုဒ်တစ်စိတ်သည် ကံ+ကြိယာ အဖြစ်ဖြင့် စပ်ထိုက်၏၊ ထို့ကြောင့် “ဣမံ”ဟူသော ကံပုဒ်အရ “လာရောက်အပ်”ဟု ကံအနက်ပေါ်အောင် ဆို။ [ကြိယာကို “ကမ္မီ”ဟုလည်း ခေါ်ကြ၏။]
တတိယာ။ ။ အညပုဒ်နှင့် သမာသ်ပုဒ်တစ်စိတ်တို့ ကတ္တား+ကြိယာ, ကရိုဏ်း + ကရိုဏ်း၏ ကြိယာအဖြစ်ဖြင့် စပ်ရလျှင်လည်းကောင်း, သဟာဒိယောဂ စပ်ရလျှင်လည်းကောင်း တတိယာဗဟုဗ္ဗီဟိမှတ်၊ “ဇိတော မာရော ယေနာတိ ဇိတမာရော၊” ဤ၌ ယေနနှင့် ဇိတသည် ကတ္တား+ ကြိယာ အဖြစ်ဖြင့် စပ်ရသည်၊ ကရိုဏ်း, သဟာဒိယောဂပုံစံကို ကစ္စည်း ဘာသာဋီကာမှာ ရှု။
စတုတ္ထီ။ ။ အညပုဒ်နှင့် သမာသ်ပုဒ်တစ်စိတ်တို့ သမ္ပဒါန+သမ္ပဒါနီ (သမ္ပဒါန်+သမ္ပဒါန်ရှိသောပုဒ်)အဖြစ်ဖြင့် စပ်ရလျှင် စတုတ္ထီဗဟုဗ္ဗီဟိဟု မှတ်၊ “ဒိန္နော သုင်္ကော ယဿာတိ ဒိန္နသုင်္ကော” ယဿ-အကြင်မင်းအား၊ သုင်္ကော-အခွန်ကို၊ ဒိန္နော-ပေးအပ်၏၊ ဣတိ-ထိုသို့ အခွန်ကို ပေးအပ် ရာ၏ အဖြစ်ကြောင့်၊ သော-ထိုမင်းသည်၊ ဒိန္နသုင်္ကော-ဒိန္နသုင်္က မည်၏၊ အခွန်ပေးရာဖြစ်သောမင်း, ဤ၌ ယဿဟူသော အညပုဒ်နှင့် ဒိန္နဟူသော သမာသ်ပုဒ်တစ်စိတ်တို့ သမ္ပဒါန+သမ္ပဒါနီ အဖြစ်ဖြင့် စပ်၍ ရကောင်း၏၊ သမ္ပဒါန်အနက် ထင်ရှားဖို့ရန် “ပေးရာ”ဟု အနက်ဆို။
ပဉ္စမီ။ ။ အညပုဒ်နှင့် သမာသ်ပုဒ်တစ်စိတ်တို့ အပါဒါန+အပါဒါနီ (အပါဒါန်+အပါဒါန်ရှိသောပုဒ်)အဖြစ်ဖြင့် စပ်၍ရကောင်းလျှင် ပဉ္စမီ ဗဟုဗ္ဗီဟိ ဟု မှတ်၊ “နိဂ္ဂတာ ဇနာ အသ္မာတိ နိဂ္ဂတဇနော” အသ္မာ-ဤ ရွာမှ၊ ဇနာ- လူတို့သည်၊ နိဂ္ဂတာ- ထွက်သွားကုန်ပြီ၊ ဣတိ- ထိုသို့ လူတို့ ထွက်သွားရာ၏အဖြစ်ကြောင့်၊ သော-ထိုရွာသည်၊ နိဂ္ဂတဇနော-နိဂ္ဂတဇန မည်၏၊ လူတို့ ထွက်သွားရာ ဖြစ်သောရွာ၊ ဤ၌ “အသ္မာ”ဟူသော အည ပုဒ်နှင့်“နိဂ္ဂတ”ဟူသော သမာသ်ပုဒ်တစ်စိတ်တို့ အပါဒါန+အပါဒါနီ အဖြစ်ဖြင့် စပ်၍ ရကောင်း၏၊ အပါဒါန်အနက် ထင်ရှားစေရန် “ထွက်သွားရာ”ဟု “ရာ”သံ ပါအောင် အနက်ဆို။
ဆဋ္ဌီ။ ။ အညပုဒ်နှင့်သမာသ်ပုဒ်တစ်စိတ်တို့ သမ္ဗန္ဓ+သမ္ဗန္ဓီ(သမ္ဗန်+ သမ္ဗန်ရှိသောပုဒ်)အဖြစ်ဖြင့် စပ်၍ ရကောင်းလျှင် ဆဋ္ဌီဗဟုဗ္ဗီဟိဟု မှတ်၊ ဆိန္နော ဟတ္ထော ယဿာတိ ဆိန္နဟတ္ထော၊ ယဿ-အကြင်ယောက်ျား၏၊ ဟတ္ထော-လက်သည်၊ ဆိန္နော-ပြတ်ပြီ၊ (တစ်နည်း) ဆိန္နော-သော၊ ဟတ္ထော-သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထိုသို့ ပြတ်ပြီးသော လက်ရှိသည်၏ အဖြစ်ကြောင့်၊ သော-ထိုယောက်ျားသည်၊ ဆိန္နဟတ္ထော-ဆိန္နဟတ္ထ မည်၏၊ ပြတ်သောလက်ရှိသူ၊ ဤ၌“ယဿ”ဟူသော အညပုဒ်နှင့် ဟတ္ထ ဟူသော သမာသ်ပုဒ်တစ်စိတ်တို့ သမ္ဗန်+သမ္ဗန္ဓီအဖြစ်ဖြင့် စပ်၍ရကောင်း ၏၊ ဥစ္စာရှင်ဖြစ်ကြောင်း ထင်ရှားဖို့ရာ “လက်ရှိ”ဟု “ရှိ”သံပါအောင်ဆို။ [စတုတ္ထီနှင့်ဆဋ္ဌီအထူးကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
သတ္တမီ။ ။ အညပုဒ်နှင့် သမာသ်ပုဒ်တစ်စိတ်တို့ အာဓာရ+အာဓေယ် (တည်ရာ+တည်တတ်သောပုဒ်)အဖြစ်ဖြင့် စပ်၍ရကောင်းလျှင် သတ္တမီ ဗဟုဗ္ဗီဟိဟု မှတ်၊ ဗဟဝေါ ဝီဟယော ယသ္မိံတိ ဗဟုဗ္ဗီဟိ၊ ဤ၌ ယသ္မိံ ဟူသော အညပုဒ်နှင့်ဗဟဝေါဟူသော သမာသ်ပုဒ်တစ်စိတ်တို့ အဓာရ အာဓေယ်အဖြစ်ဖြင့် စပ်၍ရကောင်း၏၊ ယသ္မိံ-အကြင်ဇနပုဒ်၌၊ ဗဟဝေါများကုန်သော၊ ဝီဟယော - ကောက်စပါးတို့သည်၊ သန္တိ - ရှိကုန်၏၊ (တစ်နည်း) ဝီဟယော-တို့သည်၊ ဗဟဝေါ-များကုန်၏၊ ဣတိ-ထိုသို့ ကောက်စပါးတို့ ပေါများရာ၏ အဖြစ်ကြောင့်၊ ဗဟုဗ္ဗီဟိ-မည်၏။
ရုပ်တွက်။ ။ သဝိတက္ကာကို “သဟ+ဝိတက္က+ယ”တည်၊ သဟနောင် သိသက်, ချေ, ဝိတက္ကနောင် နာသက်, နာကို ေ-နပြု, ယနောင်ယောသက်, သဗ္ဗနာမကာရတေ ပဌမောသုတ်ဖြင့် ယောကို ေ-ပြု, ယ်ခွင်း, ချေ, ကပ်, “သဟ ဝိတက္ကေန ယေ”ဟု သမာသ်ဝါကျပြီး၏၊ (ဝိဂြိုဟ်နက်ပေး၊) ဣတိ အတ္ထေ-၌၊ အညပဒတ္ထေသု ဗဟုဗ္ဗီဟိသုတ်ဖြင့် သဟနှင့် ဝိတက္ကေနကို သမာသ်စပ်၍ ဗဟုဗ္ဗီဟိအမည်မှည့်, နာမာနံ သမာသော ယုတ္တတ္ထော သုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါဟူသော ပရိဘာသာအရ ယပုဒ်ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရ အဆုံးရှိသော သဟ ဝိတက္ကပုဒ်တို့ကို သဟ ဝိတက္ကဟု ပကတိပြု, တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် သဟကို သပြု, နာမ်ငဲ့, ယောသက်, သဗ္ဗယောနိနမာဧ သုတ်ဖြင့် ယောကို -ါ ပြု, က်္ကခွင်း ချေ, ကပ်, ပြီး၏။ [ကြွင်းရုပ်များကို နောက်အခါ အလိုလို တွက်တတ်လတ္တံ့။]
֍ ၁၄။ နာမာနံ သမုစ္စယော ဒွန္ဒော။ ။ နာမာနံ- ဝိဘတ်တူသော နာမ်ပုဒ်တို့၏၊ သမုစ္စယော- ပေါင်းစည်းခြင်းသည်၊ သမာသောသမာသ်ဖြစ်၏။ ဒွန္ဒော- ဒွန်လည်း မည်၏။ သမဏဗြာဟ္မဏာ, စက္ခုသောတံ စသည်တည်း။
၁၄။ ဤသုတ်ကား ဒွန်အမည် မှည့်သောသုတ်တည်း။
နာမာနံ သမုစ္စယော။ ။ သမဏော စ ဗြာဟ္မဏောစ သမဏဗြာဟ္မဏာ၊ ဤ၌ သမဏနှင့် ဗြာဟ္မဏ ဟူသော နာမ်ပုဒ် ၂ ခုသည် ပဌမာ သိ ဝိဘတ်ချင်း တူကြ၏၊ “သမဏဗြာဟ္မဏာ - ရဟန်းပုဏ္ဏားတို့သည်၊ အာဂစ္ဆ န္တိ-လာကုန်၏”ဟု ပြောဆိုရာ၌ သမဏချည်း လာသည်မဟုတ်, ဗြာဟ္မဏလည်း လာ၏၊ ထို့ကြောင့် သမဏသည် ဗြာဟ္မဏကို ပေါင်းဆည်း ဆွဲယူလျက် ရှိ၏၊ ဗြာဟ္မဏကလည်း သမဏကို ပေါင်းဆည်းဆွဲယူလျက် ရှိ၏၊ ဤသို့ ဆိုင်ရာကိစ္စ၌ နာမ်တို့၏ ပေါင်းစပ် စည်းလုံးမှုကို “သမုစ္စယ” ဟု ခေါ်၏၊ ထို သမုစ္စယအနက် ထင်ရှားအောင် စသဒ္ဒါသွင်း၍ ဝိဂြိုဟ် ဝါကျ ခင်းကျင်းရသည်။
ဒွန္ဒ။ ။ ဒွန္ဒသဒ္ဒါသည် အစုံ အစုံဟူသောအနက်ကို ဟောသကဲ့သို့, ထို့အတူ အစုံအစုံဟူသော အနက်ကိုရသော သမာသ်သည် ဒွန်သမာသ် မည်၏၊ သမဏ ဗြာဟ္မဏ၌ ရဟန်းတစ်မျိုး ပုဏ္ဏားတစ်မျိုးတည်းသာ မရဘဲ, ရဟန်း ပုဏ္ဏား၂ မျိုးစုံကို ရသည်ဟူလို၊ ဒွန္ဒော ဝိယာတိ ဒွန္ဒော၊ ယော-အကြင် သမာသ်သည်၊ ဒွန္ဒော ဝိယ-ဒွန္ဒသဒ္ဒါနှင့် တူ၏၊ ဣတိထို့ကြောင့်၊ သော-ထိုသမာသ်သည်၊ ဒွန္ဒော-ဒွန် မည်၏၊ ၂ ပုဒ်တွဲက များသောကြောင့် ယေဘုယျနည်းအားဖြင့် “ဒွန္ဒ”ဟု ဆိုသည်၊ ၃ ပုဒ်, ၄ ပုဒ် စသည် တွဲကောင်းပါ၏။
[ဆောင်] ၁။ အနက်စုံတွဲ, ရစမြဲ, မှတ်စွဲ ဒွန်သမာသ်။၂။ ပဌမာ ကျေ, စ ပါစေ, မသွေ ဝိဂြိုဟ်မှတ်။
ဤ ဒွန်သမာသ်၌ သမာဟာရဒွန်, အသမာဟာရဒွန်ဟု ၂ မျိုး ရှိကြောင်းကို တထာ ဒွန္ဒေသုတ်တုန်းက ပြခဲ့ပြီ၊ သမာဟာရဒွန်၏ပုံစံများ ကိုလည်း ထိုသုတ်၌ ပြခဲ့ပြီ၊ အသမာဟာရဒွန်၌ နပုံဧကတ် မငဲ့ရ, ဒွန် တွဲဖက်ပုဒ်များသလောက် အနက်လည်း များသောကြောင့် ဗဟုဝုစ်ချည်း သာတည်း၊ လိန်မှာ နောက်ဆုံးပုဒ်၏ လိန်သာ ပဓာနဖြစ်၍ ၃ လိန် ရကောင်း၏၊ ထို့ကြောင့် “ဒိဂု-ဒွန္ဒာ, အသမာ, ဆုံးရာ လိန်သို့လိုက်”ဟု ဆိုခဲ့သည်။
သမဏော စ-ရဟန်းသည်လည်း၊ ဗြာဟ္မဏော စ-ပုဏ္ဏာလည်း၊ သမဏဗြာဟ္မဏာ-ရဟန်းပုဏ္ဏားတို့၊ (ပုံလိန်ဖြစ်၍ ပုရိသာဒိဂိုဏ်း ဗဟုဝုစ် သက်သက်)…“(ပဌမာ)သမဏဗြာဟ္မဏာ, (အာလုပ်) ဘောန္တော သမဏ ဗြာဟ္မဏာ, (ဒုတိယာ) သမဏဗြာဟ္မဏေ, (တတိယာ) သမဏဗြာဟ္မဏေဟိ, ဘိ, (စတုတ္ထီ) သမဏဗြာဟ္မဏာနံ, (ပဉ္စမီ) သမဏဗြာဟ္မဏေဟိ, ဘိ,(ဆဋ္ဌီ) သမဏဗြာဟ္မဏာနံ, (သတ္တမီ) သမဏဗြာဟ္မဏေသု”ဟု ရုပ်စဉ်လေ။
ရုပ်တွက်။ ။ သမဏဗြာဟ္မဏာကို “သမဏ+စ+ဗြာဟ္မဏ+စ”တည်၊ သိဝိဘတ် ၄ လုံးသက်, သမဏ ဗြာဟ္မဏတို့နောင် သိဝိဘတ်ကို ေ-ါ ပြု, ခွင်း, ချေ, ကပ်၊ သဗ္ဗာသမာဝုသောစသောသုတ်ဖြင့် စနောင် သိတို့ကို ချေ, သမဏော စ ဗြာဟ္မဏော စဟု သမာသ်ဝါကျပြီး၏၊ သမဏော စလည်း၊ ဗြာဟ္မဏော စ-လည်း၊ ဣတိ အတ္ထေ-၌၊ နာမာနံ သမုစ္စယော ဒွန္ဒောသုတ်ဖြင့် သမဏောနှင့်ဗြာဟ္မဏောကို သမာသ်စပ်၍ ဒွန်အမည် မှည့်, နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိယော လောပါ စသုတ်ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါဟူသော ပရိဘာသာအရ စ ပုဒ်တို့ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရ အဆုံးရှိသော သမဏ ဗြာဟ္မဏ တို့ကို သမဏ ဗြာဟ္မဏဟု ပကတိပြု, နာမ်ငဲ့, ယောသက်, -ါ ပြု, သမဏ ဗြာဟ္မဏာ ပြီး၏။
စက္ခုသောတံကို “စက္ခု+စ+သောတ+စ”တည်, သိဝိဘတ် ၄ လုံး သက်, စက္ခုနောင် သိကို သေသတော လောပံ ဂသိပိဖြင့်ချေ, စနောင် သိတို့ကို သဗ္ဗာသမာဝုသော စသောသုတ်ဖြင့် ချေ, သောတနောင် သိကို သိံ ဟူသောသုတ်ဖြင့် -ံ ပြု, ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်ဖြင့် နိဂ္ဂဟိတ်ကို စဝဂ္ဂန္တ ဉ် ပြု, ဉ် ကို စသို့ ကပ်, စက္ခု စ သောတဉ္စဟု သမာသ်ဝါကျ ပြီး၏၊ စက္ခု စ-လည်း၊ သောတဉ္စ-လည်း၊ ဣတိ အတ္ထေ-၌၊ နာမာနံ သမုစ္စယော ဒွန္ဒောသုတ်ဖြင့် စက္ခုနှင့် သောတံကို သမာသ်စပ်၍ ဒွန်အမည် မှည့်, နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, ဝိဘတ် ချေ, စပုဒ်တို့ကို ချေ, ပကတိပြု, တထာ ဒွန္ဒေ ပါဏိတူရိယယောဂ္ဂသေနင်္ဂ ခုဒ္ဒဇန္တုကဝိဝိဓဝိရုဒ္ဓဝိသဘာဂတ္ထာဒီနဉ္စ သုတ်ဖြင့် စက္ခုသောတကို နပုံ ဧကတ်ငဲ့, နာမ်ငဲ့, သိသက်, -ံ ပြု, စက္ခုသောတံ ပြီး၏။
အမှာ။ ။ ကြွင်းသော သမာဟာရဒွန်တို့ကို နောင်ခါ တွက်တတ် လိမ့်မည်၊ ဝါကျတုန်းက ဝိဘတ်ကို ချေရာ၌ စပုဒ်တို့က နိပါတ်ဖြစ်၍ သေသတော လောပံ ဂသိပိသုတ်ဖြင့် မချေဘဲ သဗ္ဗာသမာဝုသောပသဂ္ဂ နိပါတာဒီဟိ စသုတ်ဖြင့် ချေရသည်ကို သတိပြုပါ။
֍ ၁၅။ မဟတံ မဟာ တုလျာဓိကရဏေ ပဒေ။ ။ တုလျာဓိ ကရဏေ- တူသောတည်ရာအနက်ရှိသော၊ ပဒေ- ပုဒ်ကြောင့်၊ မဟတံ- မဟန္တသဒ္ဒါတို့၏၊ မဟာ- မဟာအပြုသည်၊ ဟောတိ- ဖြစ်၏။ မဟာပုရိသော, မဟာဒေဝီ, မဟာဓနံ စသည်တည်း။
၁၅။ “တုလျာဓိကရဏဖြစ်သော နောက်ပုဒ်နှောင်းရာဝယ် ရှေ့က မဟန္တသဒ္ဒါကို မဟာပြု”ဟု စီရင်သောသုတ်တည်း၊ မဟန္တသဒ္ဒါ တစ်ခု တည်း ဖြစ်လျက် မဟတံဟု ဗဟုဝုစ် နံဝိဘတ်ဖြင့် ဆိုခြင်းကြောင့် အချို့ အရာ၌ မဟလည်း ပြုနိုင်၏၊ ပုံစံကားမဟပ္ဖလံ, မဟဗ္ဘယံ, မဟဒ္ဓနံ စသည်တည်း၊ ဤမဟာ မဟ အပြုကို ကမ္မဓာရည်းသမာသ်၌သာမက ဗဟုဗ္ဗီဟိသမာသ်၌လည်း ပြုနိုင်၏၊ “မဟာပညော-ကြီးသောပညာရှိသူ, မဟဒ္ဓနော-များစွာသောဥစ္စာရှိသူ” စသည်တည်း။
ရုပ်တွက်။ ။ မဟာပုရိသောကို “မဟန္တ+စ+တ+ပုရိသ+စ” တည်၊ သိဝိဘတ် ၅ လုံးသက်, ဧတတေ သန္တောသုတ်ဖြင့် တကို သပြု, သော ဟူသောသုတ်ဖြင့် မဟန္တ-သ-ပုရိသ တို့နောင် သိကို ေ-ါ ပြု, ခွင်း, ချေ, ကပ်, သဗ္ဗာသမာဝုသော စသော သုတ်ဖြင့် စပုဒ်တို့ နောင် သိချေ, မဟန္တော စ သော ပုရိသော စဟု သမာသ်ဝါကျ ပြီး၏၊ မဟန္တော စလည်းဟုတ်၏၊ သော-သည်၊ ပုရိသော စ-ဟုတ်၏၊ ဣတိ အတ္ထေ-၌၊ ဒွိပဒေ တုလျာဓိကရဏေ ကမ္မဓာရယောသုတ်ဖြင့် မဟန္တောနှင့် ပုရိသော ကို သမာသ်စပ်၍ ကမ္မဓာရည်းအမည်မှည့်, နာမာနံ သမာသော ယုတ္တ တ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိယော လောပါစသုတ် ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါဟူသော ပရိဘာသာအရ စ-တ ပုဒ်တို့ကို ချေ, ပကတိ စဿ သရ န္တဿသုတ်ဖြင့် သရ အဆုံးရှိသော မဟန္တ ပုရိသ ပုဒ်တို့ကို မဟန္တ ပုရိသဟု ပကတိပြု, မဟတံ မဟာ တုလျာဓိကရဏေ ပဒေသုတ်ဖြင့် မဟန္တသဒ္ဒါကို မဟာ ပြု, (မဟာပုရိသ) နာမ်ငဲ့, သိသက်, ေ-ါ ပြု, မဟာပုရိသော ပြီး၏။
မဟန္တဉ္စ တံ ဓနဉ္စာတိ မဟာဓနံ၊ မဟန္တဉ္စ-များသည်လည်း ဟုတ်၏၊ တံ-ထိုအများဟူသည်၊ ဓနဉ္စ-ဥစ္စာလည်း ဟုတ်၏၊ ဣတိ-ထို့ကြောင့်၊ မဟာဓနံ-မဟာဓန မည်၏၊ မဟာဓနံ-များသောဥစ္စာ၊ “မဟန္တဉ္စ+ တံ+ ဓနဉ္စ”ဟု သမာသ်ဝါကျပြု၍ သမာသ်စပ်မှုစသည် ပြုပြီးလျှင် မဟန္တဓန ဟု ပကတိပြုပြီးသည့်အခါ ဤသုတ်ဖြင့် မဟန္တကို မဟာပြုလျှင် ပြီး၏၊ ကြွင်းရုပ်များကို နောင်ခါတွက်တတ်လတ္တံ့။
֍ ၁၆။ ဣတ္ထိယံ ဘာသိတပုမိတ္ထီပုမာ၀ စေ။ ။ ဣတ္ထိယံ- ဣတ္ထိလိန်၌၊ ဝတ္တမာနေ- ဖြစ်သော၊ တုလျာဓိကရဏေ- တူသော တည်ရာအနက်ရှိသော၊ ပဒေ- နောက်ပုဒ်ကြောင့်၊ ဘာသိတပုမာ- ဟောအပ်ဖူးသော ပုံလိန်ရှိသော၊ ဣတ္ထီ- ဣတ္ထိလိန်သဒ္ဒါသည်၊ ဟောအပ်ဖူးသော ပုံလိန်ရှိသော၊ ဣတ္ထီ- ဣတ္ထိလိန်သဒ္ဒါသည်၊ ပုံလိန်ကဲ့သို့၊ ဒဋ္ဌဗ္ဗော- မှတ်ထိုက်၏။ ဒီဃဇင်္ဃော စသည်တည်း။
၁၆။ ဤသုတ်ကား ဣတ္ထိလိန်ဖြစ်သော ရှေ့ပုဒ်ကို ပုံလိန်ဖြစ်အောင် ငဲ့ညွှန်းသော အတိဒေသသုတ်တည်း၊ “ဒီဃာ ဇင်္ဃာ ယဿာတိ ဒီဃ ဇင်္ဃော” ယဿ-အကြင်သူ၏၊ ဇင်္ဃာ-ခြေသလုံးမြင်းခေါင်းတို့သည်၊ ဒီဃာ-ရှည်ကုန်၏၊ ဣတိ-ထို့ကြောင့်၊ ဒီဃဇင်္ဃော-ဒီဃဇင်္ဃ မည်၏။
ဣတ္ထိယံ ဝတ္တမာနေ တုလျာဓိကရဏေ ပဒေ။ ။ ဒီဃာနှင့်ဇင်္ဃာ သည် တုလျာဓိကရဏဖြစ်၏၊ (“အရှည်”ဟူသည် မြင်းခေါင်းတည်း, မြင်းခေါင်းဟူသည် ရှည်သောအရာဝတ္ထုတည်း၊) ထိုသို့ တုလျာဓိကရဏ ဖြစ်သည့်ပြင် ဇင်္ဃာဟူသော နောက်ပုဒ်သည် ဣတ္ထိလိန် ဖြစ်သည်။
ဘာသိတပုမာ ဣတ္ထီ။ ။ ဒီဃာဟူသော ရှေ့ပုဒ်သည် “ဒီဃော သံသာရော”ဟူသော ပါဠိ၌ ပုလိန်ကို ဟောဖူး၏၊ ယခု ဒီဃာ ဇင်္ဃာ ၌ကား ဣတ္ထိလိန်ကိုပင် ဟောသည်၊ ဤသို့လျှင် “ဒီဃဇင်္ဃော” ပုံစံ၌ တုလျာဓိကရဏဖြစ်သော ဣတ္ထိလိန် ဇင်္ဃာဟူသော နောက်ပုဒ်ကြောင့် အခြားပါဠိ၌ ပုံလိန်ကို ဟောဖူး၍ ယခု ဣတ္ထိလိန်ဟောခိုက် ဒီဃာ ကို ပုံလိန်ကဲ့သို့ ငဲ့ရမည်၊ ဤသို့ ငဲ့သည့်အခါ ဒီဃာ၌ အာပစ္စည်းပျောက်၍ “ဒီဃ”ဟု ပုံလိန်ရုပ် ဖြစ်ရလေသည်။
ရုပ်တွက်။ ။ ဒီဃဇင်္ဃောကို “ဒီဃာ+ဇင်္ဃာ+ယ”တည်၊ ဒီဃာ ဇင်္ဃာ တို့နောင် သိ ၂ လုံးသက်, ချေ, ယနောင် သသက်, သ်လာ, ဒီဃာ ဇင်္ဃာ ယဿဟု သမာသ်ဝါကျပြီး၏၊ ယဿ-၏၊ ဒီဃာ-ရှည်သော၊ ဇင်္ဃာ-မြင်းခေါင်းသည်၊ အတ္ထိ, ဣတိ အတ္ထေ-၌၊ အညပဒတ္ထေသု ဗဟုဗ္ဗီဟိ သုတ်ဖြင့် ဒီဃာနှင့်ဇင်္ဃာကို သမာသ်စပ်၍ ဗဟုဗ္ဗီဟိအမည်မှည့်, သမာသ် မှည့်, ဝိဘတ်ချေ, သ်အာဂုံချေ, ဒီဃာ ဇင်္ဃာဟု ပကတိပြု, ဣတ္ထိယံ ဘာသိတပုမိတ္ထီ ပုမာ၀ စေသုတ်ဖြင့် ဘာသိတပုမဖြစ်သော ဒီဃာဟူသော ရှေ့ ဣတ္ထိလိန်သဒ္ဒါကို ပုံလိန်ကဲ့သို့ ငဲ့, (ဒီဃဇင်္ဃာ), ကွစာဒိမဇ္ဈုတ္တရာနံ စသောသုတ်ဖြင့် ဇင်္ဃာ၏အဆုံး -ါ ကို ရဿပြု, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဒီဃဇင်္ဃော ပြီး၏။
֍ ၁၇။ ကမ္မဓာရယသညေ စ။ ။ ကမ္မဓာရယသညေ စ- ကမ္မ ဓာရည်းအမည်ရှိသော သမာသ်၌လည်း၊ ဣတ္ထိယံ- ဣတ္ထိလိန်၌၊ ဝတ္တမာနေ- ဖြစ်သော၊ တုလျာဓိကရဏေ- တူသော တည်ရာ အနက်ရှိသော၊ ပဒေ- နောက်ပုဒ်ကြောင့်၊ ဘာသိတပုမာ- ဟောအပ်ဖူးသော ပုံလိန်ရှိသော၊ ဣတ္ထီ- ဣတ္ထိလိန်သဒ္ဒါသည်၊ ဟောအပ်ဖူးသော ပုံလိန်ရှိသော၊ ဣတ္ထီ- ဣတ္ထိလိန်သဒ္ဒါသည်၊ ပုံလိန်ကဲ့သို့၊ ဒဋ္ဌဗ္ဗော- မှတ်ထိုက်၏။ ဗြာဟ္မဏဒါရိကာ စသည် တည်း။
၁၇။ ဤသုတ်လည်း တုလျာဓိကရဏဖြစ်သော ဣတ္ထိလိန်နောက်ပုဒ် နှောင်းရာ၌ ဘာသိတပုမဖြစ်၍ ယခု ဣတ္ထိလိန်ဟောခိုက် သဒ္ဒါကို ပုံလိန် ကဲ့သို့ ငဲ့ညွှန်းသောသုတ်တည်း၊ ကမ္မဓာရယသညေ စဟု ဆိုသောကြောင့် ဤသုတ်က ကမ္မဓာရည်းသမာသ်အရာ၌ပုံလိန်ငဲ့၍ ရှေ့သုတ်က ဗဟုဗ္ဗီဟိ သမာသ်အရာ၌ ငဲ့သည်ဟု ခွဲခြားပါ။
ဗြာဟ္မဏီ စ သာ ဒါရိကာ စာတိ ဗြာဟ္မဏဒါရိကာ=ပုဏ္ဏေးမသတို့သမီး၊ ဤပုံစံ၌ ဒါရိကာဟူသော နောက်ပုဒ်သည် ဗြာဟ္မဏီဟူသော ရှေ့ပုဒ်နှင့် တုလျာဓိကရဏဖြစ်သော ဣတ္ထိလိန်ပင်တည်း၊ ဗြာဟ္မဏီဟူသော ရှေ့ပုဒ် လည်း “ဗြာဟ္မဏော”ဟု ပုံလိန်ကို ဟောဖူး၍ ယခုအခါမှာကား ဣတ္ထိလိန် ကို ဟောဆဲဖြစ်၏၊ ဤသို့ တုလျာဓိကရဏ ဣတ္ထိလိန် ဒါရိကာဟူသော နောက်ပုဒ်ကြောင့် ဘာသိတပုမဖြစ်သော ဗြာဟ္မဏီဟူသော ရှေ့ပုဒ်ကို ပုံလိန်ကဲ့သို့ ငဲ့သည့်အခါ -ီ ပစ္စည်းကျေပျောက်၍ “ဗြာဟ္မဏဒါရိကာ”ဟု ဖြစ်၏၊ ရှေ့ပုဒ်၌ အာပစ္စည်း ရှိလျှင်လည်း အာပစ္စည်း ပျောက်သည်၊ ခတ္တိယကညာကို ရုပ်တွက်အံ့။…
ခတ္တိယကညာ ကို “ခတ္တိယာ+စ+သာ+ကညာ+စ”တည်, သိ ၅ လုံး သက်, ဧတတေသန္တောသုတ်ဖြင့် တကို သပြု, သေသတော လောပံ ဂသိပိ သုတ်ဖြင့် ခတ္တိယာ+သာ+ကညာတို့နောင် သိ ၃ လုံးကို ချေ, သဗ္ဗာသ မာဝုသော စသောသုတ်ဖြင့် စ ၂ လုံးနောင် သိ ၂ လုံးကို ချေ, ခတ္တိယာ စ သာ ကညာ စဟု သမာသ်ဝါကျ ပြီး၏၊ ခတ္တိယာ စ-မင်းမျိုးလည်း ဟုတ်၏၊ သာ-သည်၊ ကညာ စ-သတို့သမီးလည်း ဟုတ်၏၊ ဣတိ အတ္ထေ၌၊ ဒွိပဒေ တုလျာဓိကရဏေ ကမ္မဓာရယောသုတ်ဖြင့် ခတ္တိယာနှင့်ကညာ ကို သမာသ် စပ်၍ ကမ္မဓာရည်းအမည်မှည့်, ဥဘေ တပ္ပုရိသာသုတ်ဖြင့် တပ္ပုရိသ် အမည်လည်းမှည့်, သမာသ်မှည့်, ဝိဘတ်ချေ, စပုဒ်တို့ကို ချေ, ခတ္တိယ ကညာဟု ပကတိပြု, ကမ္မဓာရယသညေ စသုတ်ဖြင့် ဘာသိတ ပုမဖြစ်သော ရှေ့ ခတ္တိယာဟူသော ဣတ္ထိလိန်သဒ္ဒါကို ပုံလိန်ကဲ့သို့ ငဲ့, (ခတ္တိယ ကညာ), နာမ်ငဲ့, သိသက်, ချေ, ခတ္တိယကညာ ပြီး၏။ [ခတ္တိယကညာ-မင်းမျိုးဖြစ်သော သတို့သမီး။]
֍ ၁၈။ အတ္တံ နဿ တပ္ပုရိသေ။ ။ တပ္ပုရိသေ- တပ္ပုရိသ် သမာသ်၌၊ နဿ- န နိပါတ်ပုဒ်၏၊ အတ္တံ- အ အဖြစ်သည်၊ ဟောတိ- ဖြစ်၏။ အဗြာဟ္မဏော စသည်တည်း။
၁၈။ တပ္ပုရိသ်သမာသ်အရာဝယ် န ဟူသော နိပါတ်ပုဒ်ကို (အ) ပြုသော သုတ်တည်း၊ “အတ္တံ နဿ” ဟူသော ယောဂဝိဘာဂဖြင့် “အတုလော” စသော ဗဟုဗ္ဗီဟိသမာသ်၌လည်း “န”ကို “အ”ပြုသေး၏။
န ဗြာဟ္မဏော အဗြာဟ္မဏော၊ ဗြာဟ္မဏော-ပုဏ္ဏားအစစ်သည်၊ နမဟုတ်၊ အဗြာဟ္မဏော-ပုဏ္ဏားစစ်မဟုတ်၊ (ပုဏ္ဏားတု ဟူလို၊ ဤပုဒ်သည် သုဒ္ဓတပ္ပုရိသ် မဟုတ်, ကမ္မဓာရယမိဿကတပ္ပုရိသ်တည်း။
အဗြာဟ္မဏောကို “န+ဗြာဟ္မဏ”တည်, သိ ၂ လုံးသက်, သဗ္ဗာသ မာဝုသော စသောသုတ်ဖြင့် နနောင် သိကိုချေ, ဗြာဟ္မဏနောင် သိကို ေ-ါ ပြု, န+ဗြာဟ္မဏောဟု သမာသ်ဝါကျပြီး၏၊ ဗြာဟ္မဏော-ပုဏ္ဏားစစ် သည်၊ န-မဟုတ်၊ ဣတိ အတ္ထေ-၌၊ ဒွိပဒေ တုလျာဓိကရဏေ ကမ္မဓာရ ယောသုတ်ဖြင့် န နှင့် ဗြာဟ္မဏောကို သမာသ်စပ်၍ ကမ္မဓာရည်းအမည် မှည့်, ဥဘေ တပ္ပုရိသာသုတ်ဖြင့် တပ္ပုရိသ်အမည် မှည့်, ဝိဘတ်ချေ, ပကတိပြု, အတ္တံ နဿ တပ္ပုရိသေသုတ်ဖြင့် နကို (အ)ပြု, နာမ်ငဲ့, သိ သက်, ေ-ါ ပြု, အဗြာဟ္မဏော ပြီး၏။
֍ ၁၉။ သရေ အန်။ ။ တပ္ပုရိသေ- တပ္ပုရိသ်သမာသ်၌၊ သရေ- နောက်သရကြောင့်၊ နဿ- န နိပါတ်ပုဒ်၏၊ အန်- အန်အပြုသည်၊ ဟောတိ- ဖြစ်၏။ အနဿော စသည်တည်း။
၁၉။ ဤသုတ်ကား နောက်သရကြောင့် ရှေ့က နနိပါတ်ပုဒ်ကို အန်ပြု သောသုတ်တည်း၊ အတ္တံ နဿ တပ္ပုရိသေသုတ်၌ နောက်ပုဒ်အစမှာ ကပ်ဖို့ရာ သရ မရှိသောကြောင့် အန် မပြုဘဲ, အ - သာ ပြုရသည်၊ န+အဿော အနဿော၊ အဿော-မြင်းအစစ်သည်၊ န-မဟုတ်၊ အနဿောမြင်းအစစ်မဟုတ်၊ (မြင်းနှင့်တူသော မြည်းသတ္တဝါ ဟူလို။) အနဿောကို “န+အဿ”တည်, နနောင် သိသက်, သဗ္ဗာသမာဝု
သော စသောသုတ်ဖြင့် ချေ, အဿနောင် သိသက်, ေ-ါ ပြု, န အဿော ဟု သမာသ်ဝါကျပြီး၏၊ သမာသ်စပ်၍ ကမ္မဓာရည်းမှည့်, ဝိဘတ်ချေ, ပကတိပြု, သရေ အန်သုတ်ဖြင့် နကို အန်ပြု, န် ၊ သို့ကပ်, (အနဿ), နာမ်ငဲ့, သိ ေ-ါ ပြု, အနဿော ပြီး၏။ [ကြွင်းရုပ်များကို ရူပသိဒ္ဓိမှာရှု၊၊]
֍ ၂၀။ ကဒ် ကုဿ။ ။ တပ္ပုရိသေ- တပ္ပုရိသ်သမာသ်၌၊ သရေ- နောက်သရကြောင့်၊ ကုဿ- ကုနိပါတ်၏၊ ကဒ်- ကဒ်အပြုသည်၊ ဟောတိ- ဖြစ်၏။ ကဒန္နံ စသည်တည်း။
၂၀။ ဤသမာသ်လည်း နိစ္စသမာသ်ဖြစ်၍ ကု၏ အနက်ကို ပြသော ပုဒ်တစ်ပါးဖြင့် ဝိဂြိုဟ်ပြုရသည်၊ ကုစ္ဆိတံ အန္နံ ကဒန္နံ၊ ကုစ္ဆိတံ-စက်ဆုပ် အပ်သော၊ အန္နံ-ထမင်းတည်း၊ ကဒန္နံ-စက်ဆုပ်အပ်သော ထမင်း။
ကဒန္နံကို “ကု+အန္န”တည်, ကုနောင် သိသက်, ချေ, အန္နနောင် သိ သက်, -ံ ပြု, ကု အန္နံဟု သမာသ်ဝါကျ ပြီး၏၊ ကုစ္ဆိတံ-သော၊ အန္နံတည်း၊ ဣတိ အတ္ထေ-၌၊ သမာသ်စပ်၍ကမ္မဓာရည်းမှည့်, တပ္ပုရိသ်မှည့်, သမာသ်မှည့်, ဝိဘတ်ချေ, ကု+အန္နဟု ပကတိပြု, ကဒ် ကုဿသုတ်ဖြင့် ကုကို ကဒ်ပြု, ဒ် ၊ သို့ကပ် (ကဒန္န), နာမ်ငဲ့, သိသက်, -ံ ပြု, ကဒန္နံ ပြီး၏။
֍ ၂၁။ ကာပ္ပတ္ထေသု စ။ ။ အပ္ပတ္ထေသု စ- အနည်းငယ်ဟူသော အနက်တို့၌လည်း၊ ဝတ္တမာနဿ- ဖြစ်သော၊ ကုဿ- ကုနိပါတ်၏၊ ကာ- ကာအပြုသည်၊ ဟောတိ- ဖြစ်၏။ ကာလဝဏံ စသည်တည်း။
၂၁။ ဤ ကာလဝဏံလည်း နိစ္စသမာသ်ပင်၊ အပ္ပကံ လဝဏံ ကာလ ဝဏံ၊ အပ္ပကံ-အနည်းငယ်သော၊ လဝဏံ-ဆားတည်း၊ ကာလဝဏံအနည်းငယ်သောဆား၊ ဗဟုဝုစ်သဒ္ဒါပို၏ အကျိုးကို ကစ္စည်းမှာ ရှု။
ကာလဝဏံကို “ကု+လဝဏ”တည်, ကု လဝဏံဟု သမာသ်ဝါကျ ပြီးစေ၊ ကုစ္ဆိတံ-သော၊ လဝဏံ-တည်း၊ ဣတိ အတ္ထေ-၌၊ သမာသ်စပ်၍ ကမ္မဓာရဲ, တပ္ပုရိသ်, သမာသ်မှည့်, ဝိဘတ်ချေ, ပကတိပြု, ကာပ္ပတ္ထေသု စ သုတ်ဖြင့် ကု ကို က ပြု, နာမ်ငဲ့ စသည် စီရင်။
֍ ၂၂။ ကွစိ သမာသန္တဂတာန.မကာရန္တော။ ။ သမာသန္တဂတာ နံ- သမာသ်ပုဒ်၏ အဆုံး၌ တည်ကုန်သော နာမ်တို့၏၊ အန္တော- အဆုံးသရသည်၊ ကွစိ- အချို့သောအရာ၌၊ အကာရော- အ အပြု သည်၊ ဟောတိ၊ ဒေဝရာဇော, ဒေဝရာဇာ စသည်တည်း။
၂၂။ ဒေဝ+ရာဇဟူသော သမာသ်၌ ရာဇသည် သမာသ်ပုဒ်၏ အဆုံး ၌ တည်သော နာမ်တည်း၊ ထိုရာဇဟူသော နာမ်ပုဒ်၏အဆုံးမှာ ဇ၌ အ သရရှိ၏၊ ထို အ သရကိုပင် အချို့အရာ၌ (အ)ထပ်ပြုဟု ဆိုလိုသည်။
မေး။ အသရကို (အ)ထပ်ပြုခြင်းသည် ဘာအကျိုးရှိသနည်း။
ဖြေ။ ရာဇာဒိဂိုဏ်းစသော နဂိုဂိုဏ်းကို ဖျက်ရခြင်းအကျိုးရှိ၏။
အသရကို (အ)ထပ်မပြုလျှင် ရာဇာဒိဂိုဏ်းထုံးစံအတိုင်း သျာ စ စသော သုတ်တို့က စီရင်၍ “ဒေဝရာဇာ, ဒေဝရာဇာနော, ဒေဝရာဇာနံ” စသည်ဖြင့်သာ ရုပ်စဉ်ရလိမ့်မည်၊ (အ)ကို (အ)ထပ်ပြုတဲ့ အလိုက “သင်တို့တစ်တွေ ရာဇာဒိဂိုဏ်းမဟုတ်တော့ဘူး, အကာရ န္တ ပရိသာဒိဂိုဏ်း ဖြစ်ပြီ”ဟု ဆိုလိုသည်၊ ဤသို့ ရာဇာဒိဂိုဏ်းကို ဖျက်ခြင်းအကျိုးငှာ (အ)ကို (အ) ထပ်ပြုရသည်၊ ရုပ်ကိုလည်း ပုရိသာဒိဂိုဏ်အတိုင်း စဉ်ရမည်။
ဒေဝါနံ-နတ်တို့၏၊ ရာဇာ-မင်းတည်း၊ ဒေဝရာဇော-နတ်တို့မင်း၊ (သိကြားမင်း)၊ ဒေဝါနံ သခါ ဒေဝသခေါ-နတ်တို့မိတ်ဆွေ၊ ဟဤသုတ်၌ ကွစိသဒ္ဒါအရ အချို့(အ)မပြုတဲ့ ရာဇာဒိဂိုဏ်းထုံးစံအတိုင်း ဒေဝရာဇာ, ဒေဝသခါ ဟု ဖြစ်၏။]
ဒေဝရာဇောကို “ဒေဝ+ရာဇ”တည်, ဒေဝနောင် နံသက်, -ါ ဒီဃပြု, ရာဇနောင် သသက်, သျာ စဖြင့် သိကို -ါ ပြု, ဒေဝါနံ+ရာဇာဟု သမာသ် ဝါကျ ပြီး၏၊ အမာဒယော ပရပဒေဘိသုတ်ဖြင့် ဒေဝါနံနှင့် ရာဇာကို သမာသ်စပ်၍ တပ္ပုရိသ်အမည် မှည့်, ဝိဘတ်ချေ, ဒေဝ+ရာဇဟု ပကတိ ပြု, ကွစိ သမာသန္တဂတာနမကာရန္တောသုတ်ဖြင့် ရာဇ၏ အဆုံး ၊ ကို ၊ ပြု, နာမ်ငဲ့, သိ ေ-ါ ပြု, ဒေဝရာဇောပြီး၏။ [ဒေဝသခေါ၌လည်း ဤနည်းပင်၊၊]
ဤသုတ်ဖြင့် (အ)ကိုသာ (အ)ထပ်ပြုသည်မဟုတ်, ရတ္တိ အင်္ဂုလိ ဂေါဒါဝရီပုဒ်တို့၏ အဆုံး --ီ ကိုလည်း (အ)ပြု၏၊ ဒွေ ရတ္တိယော ဒွိရတ္တံ (၂ ညဉ့်)၊ ဒွေ-၂ ခုကုန်သော၊ အင်္ဂုလိယော-လက်ချောင်းတို့တည်း၊ ဒွင်္ဂုလံလက်၂ ချောင်း၊ ဝါ-လက်၂ သစ်၊ သတ္တ-၇ စင်းကုန်သော၊ ဂေါဒါဝရိယောဂေါဒါဝရီမြစ်တို့တည်း၊ သတ္တဂေါဒါဝရံ- ၇ စင်းသော ဂေါဒါဝရီမြစ်။
ဒွိရတ္တံကို “ဒွေ+ရတ္တိယော”ဟု ဝါကျပြီးစေ၊ သမာသ်စပ်၍ကမ္မဓာရဲ မှည့်, ဒိဂုလည်း မှည့်, သမာသ်မှည့်, ဝိဘတ်ချေ, ဒွိရတ္တိဟု ပကတိပြု, ကွစိ သမာသန္တဂတာနမကာရန္တောသုတ်ဖြင့် ရတ္တိ၏ အဆုံး - ကို ၊ ပြု, ဒိဂုဿေကတ္တံသုတ်ဖြင့် နပုံဧကတ်ငဲ့, နာမ်ငဲ့, သိသက်, -ံ ပြု, ဒွိရတ္တံ ပြီး၏။ [ဒွိကို ဒိပြုလျှင် “ဒိရတ္တံ”ဟု ဖြစ်၏။]
ဒွင်္ဂုလံ၌ ဒွိအင်္ဂုလိဟု ပကတိပြုပြီးနောက် ဒွိ၌- ချေ, ၊ သို့ ကပ်ရုံသာ ထူး၏၊ သတ္တဂေါဒါဝရံ၌ သတ္တဂေါဒါဝရီဟု ပကတိပြုပြီးသည့်အခါ ဤ သုတ်ဖြင့် -ီ ကို ၊ ပြု၍ သတ္တဂေါဒါဝရ, နပုံဧကတ်ငဲ့, -ံ ပြု။
ကာရပို။ ။ “ကွစိ သမာသန္တဂတန.မန္တော” ဟုသာ မဆိုဘဲ, မကာရန္တောဟု ဆိုအပ်သော ကာရသဒ္ဒါပိုဖြင့် သမာသ်အဆုံး၌ ကပစ္စည်း သက်၍ “ဗဟုနဒိကော ဗဟုကတ္တုကော”ဟူသော ပုံစံ, အဆုံးသရကို -ိ ပြု၍ “သုရဘိဂန္ဓိ”စသော ပုံစံများလည်း ဖြစ်ရသေးသတဲ့။ [သမာသ် အဆုံး၌ ကပစ္စည်းသက်ခွင့်ကြုံလျှင် ဤသုတ်ကို အမြဲသတိပြုပါ။]
ဗဟူ နဒိယော ယသ္မိံတိ ဗဟုနဒိကော၊ ယသ္မိံ - အကြင် ဇနပုဒ်၌၊ နဒိယော-မြစ်တို့သည်၊ ဗဟူ-များကုန်၏၊ ဣတိ-ထို့ကြောင့်၊ ဗဟုနဒိကောမည်၏၊ ဗဟဝေါ ကတ္တာရော ယဿာတိ ဗဟုကတ္တုကော=များသော အလုပ်သမားရှိသူ။ [ကတ္တာ-အလုပ်သမား။]
ဗဟုနဒိကော “ဗဟု+နဒီ+ယ”တည်, “ဗဟူ+နဒိယော+ယသ္မိံ”ဟု ဝါကျ ပြီးစေ၊ သမာသ်စပ်ခြင်းစသည် ပြု၍ ဗဟု+နဒီဟု ပကတိပြု, ကွစိ သမာသန္တဂတာနမကာရန္တောသုတ်၌ ကာရသဒ္ဒါပိုဖြင့် အဆုံး၌ ကပစ္စည်းသက်, ကွစာဒိမဇ္ဈုတ္တရာနံ ဒီဃရဿာပစ္စယေသု စ သုတ်ဖြင့် နဒီ၏အဆုံး -ီ ကို - ရဿပြု, နာမ်ငဲ့, သိ ေ-ါ ပြု, ဗဟုနဒိကော ပြီး၏။
သုရဘိနော-ကောင်းသောပန်း၏၊ ဂန္ဓော-အနံ့တည်း၊ သုရဘိဂန္ဓိကောင်းသောပန်းအနံ့၊ “သုရဘိ+ဂန္ဓ”တည်၍ “သုရဘိနော+ဂန္ဓော”ဟု ဝါကျဖြစ်ပြီးနောက် သမာသ်စသည် စီရင်, ပကတိပြု, ဤသုတ်၌ ကာရ သဒ္ဒါဖြင့် ဂန္ဓ၏အဆုံး ၊ ကို - ပြု, နာမ်ငဲ့, သိသက်, ချေ။
[ဆောင်] ၁။ သုတ်ရင်း အ-ပြု, ကာရမှု, ဣပြု ကပစ္စည်း။၂။ ကွစိသမာ, သန္တလာ, ပြုရာ များသတည်း။
֍ ၂၃။ နဒိမှာ စ။ ။ သမာသန္တဂတာ- သမာသ်ပုဒ်၏ အဆုံး၌ တည်သော၊ နဒိမှာ စ- နဒီမည်သော ဤ ဥု အက္ခရာမှ နောက်၌ လည်း၊ က- ကပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဗဟုနဒိကော, ဗဟုဇမ္ဗုကော စသည်တည်း။
၂၃။ သက္ကတကျမ်းတို့၌ ဤ ဥု အက္ခရာကို “နဒီ”ဟု နာမည်မှည့်၏၊ ထို့ကြောင့် နဒီမှာအရ နဒီဇမ္ဗူစသည်၌ ဤ ဥု သရတို့ကို ယူ၊ စသဒ္ဒါ ဖြင့် ကတ္တု အဆုံးရှိသော သမာသ်နောင်လည်း ကပစ္စည်း သက်သေး၏၊ ဤသုတ်မရှိလျှင် ကွစိ သမာသန္တဂတာနမကာရန္တောသုတ်ဖြင့် ကပစ္စည်း သက်နိုင်လျက် ဤသုတ်ကို ဆိုရခြင်းသည် နဒီမည်သော ဤ ဥု နောင် ကပစ္စည်း အမြဲသက်ဟု သိစေခြင်း အကျိုးရှိ၏၊ ဗဟုနဒိကော, ဗဟု ကတ္တုကော တို့ကို ရှေ့သုတ်၌ တွက်ခဲ့ပြီ၊ ကပစ္စည်းကို ရှေ့သုတ်ဖြင့် မသက်ဘဲ ဤသုတ်ဖြင့် သက်ရုံသာတည်း။
ဗဟူ ဇမ္ဗုယော ယသ္မိံတိ ဗဟုဇမ္ဗုကော=များသော သပြေပင်ရှိသော ဇနပုဒ်၊ “ဗဟု+ဇမ္ဗူ+ယ”တည်, “ဗဟူ+ဇမ္ဗုယော+ယသ္မိံ”ဟု ဝါကျဖြစ်စေ, ဆိုင်ရာ စီရင်၍ ဗဟု ဇမ္ဗူ ဟု ပကတိပြု, နဒိမှာ စသုတ်ဖြင့် နဒီမည်သော ဥုအက္ခရာနောင် ကပစ္စည်း သက်, ကွစာဒိမဇ္ဈုတ္တရာနံစသော သုတ်ဖြင့် ူ ကို ု ရဿပြု (ဗဟုဇမ္ဗုက), နာမ်ငဲ့, သိ ေ-ါ ပြု, ဗဟုဇမ္ဗုကော ပြီး၏။
֍ ၂၄။ ဇာယာယ တု ဒံဇာနီ ပတိမှိ။ ။ ပတိမှိ- ပတိသဒ္ဒါ ကြောင့်၊ ဇာယာယ- ဇာယာသဒ္ဒါ၏၊ ဒံဇာနီ တု- ဒံအပြု, ဇာနိ အပြုတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ဒံပတီ, ဇာနိပတီ ဟူသည်တည်း။
၂၄။ နောက် ပတိသဒ္ဒါကြောင့် ဇာယာသဒ္ဒါကို ဒံ - ဇာနိ ပြုသော သုတ်တည်း၊ တုသဒ္ဒါဖြင့် ဇံအပြုကို ဆည်း၍ “ဇံပတီ”ဟုလည်း ရှိ၏၊ ဇာယာ စ-မယားလည်း၊ ပတိ စ-လင်လည်း၊ ဒံပတီ, ဇာနိပတီ, ဇံပတီလင်မယားတို့။ [အသမာဟာရဒွန်ဖြစ်၍ ဗဟုဝုစ်ဖြင့် ရှိရသည်။]
ဒံပတီကို “ဇာယာ+စ+ပတိ+စ”ဟု တည်, သိ ၄ လုံးသက်, ချေ, ဇာယာ စ ပတိ စဟု သမာသ်ဝါကျဖြစ်၏၊ နာမာနံ သမုစ္စယော ဒွန္ဒော သုတ်ဖြင့် ဇာယာနှင့် ပတိကို သမာသ်စပ်၍ ဒွန်အမည်မှည့်, သမာသ်မှည့်, (ဝိဘတ်ချေဖွယ် မလို၊) ဝုတ္တတ္ထာနမပ္ပယောဂေါ အရ စ၂ လုံးကို ချေ, ဇာယာပတိဟု ပကတိပြု, ဇာယာယ တု ဒံဇာနိ ပတိမှိသုတ်ဖြင့် ဇာယာကို ဒံပြု, နာမ်ငဲ့, ယောသက်, - ကို ဈမှည့်, ယော ချေ, - ကို -ီ ဒီဃ ပြု, ဒံပတီ (နိဂ္ဂဟိတ်ကို မ် ပြုလျှင် ဒမ္ပတီ) ပြီး၏၊ ဇာနိပတီ၌ ဇာနိ ပြုလေ၊ ဇံပတီ ဝယ် “ဤသုတ်၌ တုသဒ္ဒါဖြင့် ဇာယာ ကို ဇံ ပြု” ဟု ဆို။
֍ ၂၅။ ဓနုမှာ စ။ ။ သမာသန္တဂတာ- သမာသ်ပုဒ်၏အဆုံး၌ တည်သော၊ ဓနုမှာ စ- ဓနုသဒ္ဒါမှ နောက်၌လည်း၊ အာ- အာပစ္စည်း သည်၊ ဟောတိ- ဖြစ်၏။ ဂါဏ္ဍီဝဓနွာ, ပစ္စက္ခဓမ္မာ စသည်တည်း။
၂၅။ ဓနုမှာကို “ဓနုမှာ+အာ”ဟု ပုဒ်ဖြတ်၊ စသဒ္ဒါဖြင့် ဓမ္မသဒ္ဒါနောင် အာပစ္စည်းသက်၍ ပစ္စက္ခဓမ္မာ ဟု ရှိသေး၏။
ဂါဏ္ဍီဝေါ ဓနု ယဿာတိ ဂါဏ္ဍီဝဓနွာ၊ ယဿ-အကြင် အဇ္ဇုနမင်း၏၊ ဂါဏ္ဍီဝေါ-အဖုအဆစ်များသော၊ ဓနု-လေးသည်၊ အတ္ထိ-ရှိ၏၊ ဣတိထို့ကြောင့်၊ သော-ထိုမင်းသည်၊ ဂါဏ္ဍီဝဓနွာ-ဂါဏ္ဍီဝဓနွာ မည်၏။
ပစ္စက္ခော ဓမ္မော ယဿာတိ ပစ္စက္ခဓမ္မာ၊ ယဿ - အကြင်သူ၏၊ ပစ္စက္ခော-မျက်မှောက်ပြုအပ်သော၊ ဓမ္မော-တရားသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ ပစ္စက္ခဓမ္မာ-ပစ္စက္ခဓမ္မာ မည်၏။
“ဂါဏ္ဍီဝ+ဓနု+ယ”တည်, ဂါဏ္ဍီဝေါ+ဓနု+ယဿ ဟု ဝါကျ ပြီးစေ, သမာသ်စပ်၍ ဗဟုဗ္ဗီဟိမှည့်, စသည်စီရင်၊ ဂါဏ္ဍီဝေါ+ဓနုဟု ပကတိပြု, ဓနုမှာ စသုတ်ဖြင့် ဓနုသဒ္ဒါနောင် -ါ ပစ္စည်းသက်, နု၏ အစိတ် ဥ ကို လ အမည် မှည့်, ယဝကာရာ စသုတ်ဖြင့် ု ကို ဝ် ပြု, ဝ် -ါ သို့ ကပ် (ဂါဏ္ဍီဝဓနွာ), နာမ်ငဲ့, သိသက်, ချေ, ဂါဏ္ဍီဝဓနွာ ပြီး၏။
ပစ္စက္ခဓမ္မဟု ပကတိပြုပြီးနောက် ဤသုတ်၌ စသဒ္ဒါဖြင့် -ါ ပစ္စည်းသက် လျှင် ပစ္စက္ခဓမ္မာဟု ဖြစ်၏၊ ဤသုတ်က မစီရင်တဲ့အခါ ပစ္စက္ခဓမ္မောဟု လည်း ရှိ၏၊ ဤဂါဏ္ဍီဝဓနွာ, ပစ္စက္ခဓမ္မာပုဒ်တို့သည် ရတ္တာဒိဂိုဏ်းဝင်သော အာကာရ န္တ ပုံလိန် သဒ္ဒါများတည်း၊ သို့သော် ထိုဂိုဏ်းက ပုံလိန် “သာ” သဒ္ဒါနှင့် ရုပ်စဉ် မတူတတ်၍ ရုပ်စဉ်ပုံကို သဒ္ဒနီတိမှာ ရှုလေ။ ။
֍ ၂၆။ အံ ဝိဘတ္တီန.မကာရ န္တာ အဗျယီဘာဝါ။ ။ အကာရ န္တာ- အ အက္ခရာအဆုံးရှိသော၊ အဗျယီဘာဝါ- အဗျယီဘောသမာသ် မှ၊ ပရာသံ- ကုန်သော၊ ဝိဘတ္တီနံ- တို့၏၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဥပနဂရံ, အဓိစိတ္တံ စသည်တည်း။
၂၆။ ဥပနဂရ, အဓိစိတ္တ တို့၌ ရ နှင့် တ္တ တို့ဝယ် အ သရဆုံးလျက် ရှိ၏၊ ထိုကဲ့သို့ အ ကာရ န္တ ဖြစ်သော အဗျယီဘောသမာသ်နောင် အာလုပ် နှင့် တကွ ဧကဝုစ် ဗဟုဝုစ် ဝိဘတ် ၁၆ လုံးကို အချို့အရာ၌ အံပြုသော သုတ်တည်း။
ဥပနဂရံ (င) ဥပနဂရံ, ဥပနဂရာ, ဥပနဂရာနိ၊
ဘော ဥပနဂရံ, ဥပနဂရ, ဥပနဂရာ (င) ဘဝန္တာနိ ဥပနဂရံ, ဥပနဂရာ, ဥပနဂရာနိ၊
ဥပနဂရံ (င) ဥပနဂရံ, ဥပနဂရေ, ဥပနဂရာနိ၊
ဥပနဂရံ, ဥပနဂရေန (င) ဥပနဂရံ, ဥပနဂရေဟိ, ဘိ၊
ဥပနဂရံ, ဥပနဂရဿ (င) ဥပနဂရံ, ဥပနဂရာနံ၊
ဥပနဂရံ, ဥပနဂရသ္မာ, မှာ, ဥပနဂရာ (င) ဥပနဂရံ, ဥပနဂရေဟိ, ဘိ၊
ဥပနဂရံ, ဥပနဂရဿ (င) ဥပနဂရံ, ဥပနဂရာနံ၊
ဥပနဂရံ, ဥပနဂရသ္မိံ, မှိ, (င) ဥပနဂရေ ဥပနဂရံ, ဥပနဂရေသု။
ဥပနဂရံ ကို “ဥပ+နဂရ”တည်, ဥပနောင် သိသက်, သဗ္ဗာသမာဝု သော စသောသုတ်ဖြင့် ချေ, နဂရနောင် သသက်, သ်လာ, ဥပ+နဂရဿ ဟု သမာသ်ဝါကျဖြစ်၏၊ “နဂရဿ-မြို့၏၊ သမီပံ-အနီးတည်း” ဣတိ အတ္ထေ-၌၊ ဥပသဂ္ဂနိပါတပုဗ္ဗကော အဗျယီဘာဝေါ သုတ်ဖြင့် ဥပနှင့် နဂရဿကို သမာသ်စပ်၍ အဗျယီဘောအမည်မှည့်, နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်မှည့်, ဝိဘတ်ချေ, ပကတိ စဿ သရန္တဿ သုတ်ဖြင့် သရအဆုံးရှိသော ဥပ+နဂရ ကို ဥပ+နဂရ ဟု ပကတိပြု, သော နပုံသကလိင်္ဂေါသုတ်ဖြင့် ဥပနဂရ ကို နပုံလိန်ဟု မှတ်၊ နာမ်ငဲ့, သိသက်, အံ ဝိဘတ္တီနမကာရ န္တာ အဗျယီဘာဝါသုတ်ဖြင့် သိကို -ံ ပြု, ရ်ခွင်း, ချေ, ကပ်, ဥပနဂရံ ပြီး၏။… ဟယော-အံ-ယော-နာ-ဟိ စသော ဝိဘတ်များ သက်၍လည်း ဤသုတ်ဖြင့် အံ ပြု၍ ဘဝန္တာနိ ဥပနဂရံ စသော ရုပ်များ ပြီး၏၊ ကြွင်းရုပ်များကို ကစ္စည်း, ရူပသိဒ္ဓိမှာ ရှု။]
֍ ၂၇။ သရော ရသော နပုံသကေ။ ။ နပုံသကေ- နပုံလိန်၌၊ ဝတ္တမာနဿ- ဖြစ်သောသမာသ်၏၊ သရော- အဆုံးသရသည်၊ ရဿော- ရဿ အပြုသည်၊ ဟောတိ- ဖြစ်၏။ အဓိကုမာရိ စသည်တည်း။။
၂၇။ ဤသုတ်ကား သမာသ်၏ အဆုံးသရကို ရဿပြုသော သုတ် တည်း၊ ကစ္စည်းဝုတ္တိ၌ ရှေ့သုတ်မှ အဗျယီဘာ၀ သဒ္ဒါကို လိုက်စေ၍ အဗျယီဘောသမာသ်အရာ၌သာ ရဿအပြုကို ဆို၏၊ ရူပသိဒ္ဓိ၌ အဗျယီ ဘာဝသဒ္ဒါကို မလိုက်စေဘဲ ဒိဂု ဒွန် ဗဟုဗ္ဗီဟိတို့၌လည်း ရဿပြုသည်။
အဓိကုမာရိကို “အဓိ+ကုမာရီ”တည်, အဓိနောင် သိသက်, ချေ, ကုမာရီနောင် သုသက်, အဓိ ကုမာရီသုဟု သမာသ်ဝါကျပြီး၏၊ ကုမာရီသုမိန်းမပျိုတို့၌၊ အဓိကိစ္စ-၍၊ ကထာ-သည်၊ ပဝတ္တတိ-ဖြစ်၏၊ ဣတိ အတ္ထေ၌၊ ဥပသဂ္ဂနိပါတပုဗ္ဗကော အဗျယီဘာဝေါသုတ်ဖြင့် အဓိနှင့်ကုမာရီသုကို သမာသ်စပ်၍ အဗျယီဘောအမည်မှည့်, သမာသ်မှည့်, ဝိဘတ်ချေ, အဓိ+ ကုမာရီ ဟု ပကတိပြု, သော နပုံသကလိင်္ဂေါသုတ်ဖြင့် အဓိကုမာရီကို နပုံလိန်ဟုမှတ်, သရော ရဿော နပုံသကေသုတ်ဖြင့် ရီ၏ -ီ ကို -ရဿ ပြု, နာမ်ငဲ့, သိသက်, အညသ္မာ လောပေါ စ သုတ်ဖြင့် သိကို ချေ, အဓိကုမာရိ ပြီး၏။ ။
֍ ၂၈။ အညသ္မာ လောပေါ စ။ ။ အညသ္မာ- အကာရ န္တ အဗျယီ ဘောမှ တစ်ပါးသော အဗျယီဘောမှ၊ ပရာသံ- နောက်ဖြစ်ကုန် သော၊ ဝိဘတ္တီနံ- ဝိဘတ်တို့၏၊ လောပေါ စ- ကျေခြင်းသည်လည်း၊ ဟောတိ- ဖြစ်၏။ အဓိတ္ထိ, ဥပဝဓု စသည်တည်း။
၂၈။ အံ ဝိဘတ္တီနမကာရ န္တာ အဗျယီဘာဝါသုတ်က အကာရန္တ အဗျယီဘောနောင် ဝိဘတ်တို့ကို အံ ပြု၏၊ ဤသုတ်က အကာရန္တမှ တစ်ပါးသော ဣ, ဥ ကာရန္တ အဗျယီဘောနောင် ဝိဘတ်တို့ကို ချေသည်။
ဥပဂင်္ဂံ စသည်၌ ပင်ကိုက ဂင်္ဂါ ဟု အာကာရန္တ ဖြစ်သော်လည်း သရော ရဿော နပုံသကေသုတ်ဖြင့် ရဿပြုလိုက်သည့်အခါ အကာရန္တ ဖြစ်သွားသဖြင့် ဝိဘတ်များကို -ံ ပြုရတော့၏၊ အဓိတ္ထိ, ဥပဝဓု, ဥပဂု တို့၌ ပင်ကိုက ဤ, ဥု, သြ ကာရန္တ ဖြစ်သော်လည်း ရဿပြုလိုက်သည့် အခါ ဣ, ဥ ဖြစ်လာရသည်၊ ထို့ကြောင့် အညသ္မာ လောပေါ စသုတ်ဖြင့် ဣ, ဥ ကာရန္တနောင် ဝိဘတ်ကို ချေသည်ဟု မှတ်၊ ဝိဘတ်အားလုံးကို ချေထားသဖြင့်လည်း အဓိတ္ထိ-မိန်းမတို့၌ စွဲ၍ ဖြစ်သော စကားသည်, တို့သည်၊ ကို, တို့ကို၊ ဖြင့်, တို့ဖြင့်၊ အား, တို့အား၊ မှ, တို့မှ၊ ၏, တို့၏၊ ၌, တို့၌”ဟု ဝိဘတ် ၇ သွယ်လုံး အဓိတ္ထိ တစ်ရုပ်သာ ရှိရသည်၊ “အဓိ+ ဣတ္ထီ” တည်၍ အဓိကုမာရိ ကဲ့သို့ တွက်။
ဥပဝဓု - ချွေးမ၏ အနီးဖြစ်သော စကား၊ ဥပ+ဝဓူ တည်, ဝဓူနောင် သသက်, ူ ကို ပ မှည့်, အဃောရဿ စသောသုတ်ဖြင့် ူ ကို ု ရဿပြု, ပတော ယာသုတ်ဖြင့် သ ကို ယာ ပြု, ဥပ ဝဓုယာ ဟု သမာသ်ဝါကျ ပြီး၏၊ ဆိုင်ရာ စီရင်, ဥပဝဓူ ဟု ပကတိပြု, နပုံလိန်ဟု မှတ်, ရဿ ပြု, နာမ်ငဲ့, သိသက်, အညသ္မာ လောပေါ စသုတ်ဖြင့် ချေ, ဥပဝဓု ပြီး၏။ [ကြွင်းရုပ်များနှင့် မှတ်သားဖွယ်များကို ရူပသိဒ္ဓိမှာ ရှု။]
ဣတိ သမာသကပ္ပော။ ။ သမာသကပ္ပော- သမာသ်ပိုင်း သည်၊ ဣတိ- ပြီးပြီ။
သမာသ်ပုဒ်စစ်တမ်း။ ။ အနည်းဆုံး ၂ ပုဒ်တွဲ၍ တစ်ဝိဘတ်တည်း နေပုံကို မြင်လျှင် သမာသ်ပုဒ်ဟု မုချ ဆုံးဖြတ်ပေတော့၊ ကုမ္ဘကာရော စသော ကိတ်ပုဒ်များလည်း သမာသ်ပင် ဖြစ်၏၊ သမာသ်တွဲလျက် ကိတ် ပစ္စည်း သက်ရသောကြောင့် “ကိတန္တသမာသ်”ဟု ခေါ်သည်၊ ဘူမိဂတော စသည်၌ ဂတော သည် ကိတ်ပုဒ်ပင် ဖြစ်သော်လည်း သမာသ်တွဲ၍ တ ပစ္စည်း သက်ရသည်မဟုတ်, ဂတ တစ်ပုဒ်တည်း နေနိုင်သောကြောင့် ကိတန္တသမာသ် ဟု မခေါ်ရ၊ သမာသ်ပုဒ်ဟု ဆုံးဖြတ်ပြီးသည့်အခါ သမာသ် ၆ ပါးတွင် ဘယ်သမာသ် ဖြစ်ထိုက်သလဲဟု လက္ခဏာကို ကြည့်၊ အောက်ပါ ပါဠိ၌ မည်သည့် ပုဒ်သည် မည်သည့် သမာသ် ဖြစ်၏ဟု ဆုံးဖြတ်စမ်းပါ။
လောကနာထော မဟာတဏှေ ဒေဝမနုဿေ ပဉ္စစတ္တာလီသဝဿာနိ အနုဒိနံ ဓမ္မနာဝါယ တိဝဋ္ဋာ ဥတ္တာရေသိ။
လောကနာထော- လောက၏ ကိုးကွယ်ရာ မြတ်စွာဘုရားသည်၊ မဟာ တဏှေ- ကြီးစွာသော တဏှာရှိကုန်သော၊ ဒေဝမနုဿေ- နတ် လူတို့ကို၊ ပဉ္စစတ္တာလီသဝဿာနိ- ၄၅ နှစ်တို့ပတ်လုံး၊ အနုဒိနံ- နေ့စဉ်၊ ဓမ္မနာဝါယ- သင်္ဘောနှင့်တူသော တရားတော်ဖြင့်၊ တိဝဋ္ဋာ- ဝဋ် ၃ ပါးမှ၊ ဥတ္တာရေ- သိထုတ်ဆောင် ကယ်တင်တော်မူပြီ။
သမာသ်သုတ်နက်နှင့် ရုပ်တွက် အဓိပ္ပာယ် ပြီးပြီ။
တဒ္ဓိတ်အချီ
“တေသံ + ဟိတံ တဒိ ္ဓတံ” တေသံ-ထိုနာမ်ပုဒ်တို့၏၊ ဟိတံစီးပွားတည်း၊ တဒ္ဓိတံ-ထိုနာမ်ပုဒ်တို့၏စီးပွား၊ ဤဝိဂြိုဟ်အရ နာမ်ပုဒ်တို့၏ စီးပွားဖြစ်သော (နာမ်တို့၌ စီးပွားတက်လာသလို အနက်တိုးပွားအောင် ပြုတတ်သော) ဏ အစရှိသော ပစ္စည်းသည် တဒ္ဓိတ် မည်၏၊ ထိုပစ္စည်းနှင့် တွဲဖက်ရသော ပုဒ်များလည်း မကင်းစကောင်းသော အဝိနာဘာဝနည်း အားဖြင့် တဒ္ဓိတ်ပုဒ် မည်၏။
နာမ်ပုဒ်တို့၌ စီးပွားတက်ပုံ။ ။ ဝသိဋ္ဌ ဟူသော နာမ်ပုဒ်သည် “ဝသိဋ္ဌ” အမည်ရှိသူကို ဟော၏၊ ဝသိဋ္ဌနောင် တဒ္ဓိတ်ဏပစ္စည်းသက်၍ ဝါသိဋ္ဌော ဟု ဖြစ်လာသည့်အခါ “ဝသိဋ္ဌ၏သား”ဟူသော အနက်ကို ဟော၏၊ ဤပုဒ်၌ “၏” ဟူသော အနက်, “သား” ဟူသော အနက်များလည်း ဏပစ္စည်းအတွက် တိုးတက်လာသော စီးပွားပေတည်း၊ ဤသို့ နာမ်ပုဒ် များကို အနက်တိုးပွားလျက် စီးပွားတက်အောင် ပြုတတ်သောကြောင့် “တေသံ + ဟိတံ” အရ “တဒ္ဓိတ” ဟု ခေါ်ဝေါ်ရလေသည်။
ဝိဂ္ဂဟ။ ။ “တ+ဟိတ”တည်, တေသံ ဟိတံဟု ဝါကျပြီးစေ, သမာသ် စပ်၍ တပ္ပုရိသ်စသည် မှည့်, တ+ဟိတဟု ပကတိပြု, ဒေါ ဓဿ စ၌ စသဒ္ဒါဖြင့် ဟကို ဓပြု, (ယ တ သဒ္ဒါနှင့် သမာသ်တွဲရာ၌ နောက်ပုဒ် သော်လည်း ဒွေဘော်ဆင့်, မဆင့်လျှင် ရှေ့၌ နိဂ္ဂဟိတ်လာစမြဲ ဖြစ်၏၊) ထို့ကြောင့် နောက်၌ ဒ် ဒွေဘော် လာ၍သော်လည်းကောင်း, သို့မဟုတ် ရှေ့၌ နိဂ္ဂဟိတ် လာပြီးလျှင် နိဂ္ဂဟိတ်ကို ဒ် ပြု၍ သော်လည်းကောင်း တဒ္ဓိတဟု ပြီး၏။
တဒ္ဓိတ်ပစ္စည်း ဆိုင်းထမ်းနည်း။ ။ “ဝသိဋ္ဌဿ+အပစ္ဓံ”ဟု ဝါကျ ဖြစ်ပြီးနောက် ဏပစ္စည်း သက်သည့်အခါ ဝသိဋ္ဌဿ၌ သဝိဘတ်၏ အနက် အပစ္စပုဒ်၏ အနက် ၂ ဖက်လုံးကို ဟောနိုင်ဖို့ရာ ၂ ပုဒ်အလယ်၌ သက်၍ ဝသိဋ္ဌဿ+ဏ+အပစ္စံဟု ဖြစ်ရသည်၊ ဥပမာ-ရှေ့ နောက် ဆိုင်း ၂ ခုကို ထမ်းယူလိုလျှင် အလယ်ခေါင်ဝင်၍ ထမ်းမှ ၂ ဖက်လုံး ပါသကဲ့သို့ တည်း၊ ထို့ကြောင့် “တဒ္ဓိတ်ပစ္စည်း ဆိုင်းထမ်းနည်း”ဟု ပြောစမှတ် ပြုကြ လေသည်။ [အချို့ပစ္စည်းများ၌ ဤနည်းအတိုင်း မဟုတ်သည်ကိုလည်း တွေ့ရဦးလတ္တံ။]
ရုပ်တွက်ရာ၌ မှာထားချက်။ ။ ရှေးထုံးစံမှာ ဝါသိဋ္ဌောကို ရုပ်တွက် ရာ၌ ဝသိဋ္ဌသဒ္ဒါ အပစ္စသဒ္ဒါ တည်၍ ဆိုင်ရာဝိဘတ် သက်လျက် “ဝသိဋ္ဌဿ+အပစ္စံ”ဟု ဝါကျဖြစ်အောင် ရုပ်တွက်ကြ၏၊ ထိုရုပ်သည် တဒ္ဓိတ်ရုပ် မဟုတ်, နာမ်ပိုင်းဆိုင်ရာ နာမ်ရုပ်သာတည်း၊ ဒက္ခိဏံ အရဟတီတိ ဒက္ခိဏေယျော စသည်၌လည်း “ဒက္ခိဏ+အရဟ”တည်၍ ဒက္ခိဏံ+အရဟတိဟု ဝါကျဖြစ်အောင် ရုပ်တွက်ကြ၏၊ ထိုဝါကျရုပ်သည် နာမ် အာချာတ်ရုပ်များသာ ဖြစ်၏။
နာမ် အာချာတ် မကျေသူကို ဤနေရာကျမှ တွက်ပြနေသဖြင့် အကျိုးမရ, ပျင်းရိငြီးငွေ့ဖွယ်ရာ အပြစ်များစွာကိုသာ တွေ့ရလိမ့်မည်၊ နျာသ ရူပသိဒ္ဓိတို့၌လည်း ထိုဝိဂြိုဟ်များကို ရုပ်တွက်မပြ, ဝသိဋ္ဌဿ+ အပစ္စံ ဟု တစ်ခါတည်း ဝိဂြိုဟ်ဝါကျကိုသာ ပြသည်၊ ထို့ကြောင့် ဤကျမ်း ၌လည်း ဝိဂြိုဟ်ဝါကျ ပြီးပြီးသား အနေအားဖြင့် ရုပ်တည်၍ ပြလတ္တံ့။
ထို့ပြင်ဆိုင်ရာ ပုဒ် ဝိဘတ်များကို ချေပြီးနောက် ပကတိ စဿ သရန္တဿသုတ်ဖြင့် “ဝသိဋ္ဌ”ဟု ပကတိပြုကြသေး၏၊ နျာသ၌ ပကတိ ပြုသောနည်း မလာ, ရူပသိဒ္ဓိ၌ ပကတိ စဿ သရန္တဿ သုတ်တုန်းက တဒ္ဓိတ်ကိုလည်း ပကတိပြုဖို့ရန် ပြခဲ့သဖြင့် ပကတိပြုခြင်းကြောင့်လည်း အပြစ်မရှိ, မပြုသော်လည်း အကျိုးမယုတ်လှသဖြင့် နျာသအတိုင်း ပကတိမပြုဘဲ ရုပ်တွက်လိမ့်မည်။
တဒ္ဓိတ်အချီပြီး၏။
တဒ္ဓိတ်သုတ်နက်
သုတ်အဓိပ္ပာယ်နှင့်ရုပ်တွက်
֍ ၁။ ဝါ ဏ.ပစ္စေ။ ။ အပစ္စေ- အပစ္စအနက်၌၊ ဏ- ဏပစ္စည်း သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ ဝါသိဋ္ဌော, ဝါသိဋ္ဌီ, ဝါသိဋ္ဌံ စသည်တည်း။
၁။ ဤသုတ်ကား အပစ္စအနက်၌ ဏပစ္စည်းသက်သော သုတ်တည်း၊ “န ပတတိ ဝံသော ဧတေနာတိ အပစ္စံ” ဧတေန-ဤ သားသမီးအစဉ် အဆက်ဖြင့်၊ ဝံသော-အမျိုးအနွယ်သည်၊ န ပတတိ-မကျတတ်၊ ဝါ-မပြတ် မစဲတတ်၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုသားသမီးအစဉ်အဆက်သည်၊ အပစ္စံအပစ္စ မည်၏။
[နပုဗ္ဗ ပတဓာတ်, ဏျော စသုတ်ဖြင့် ဏျပစ္စည်း, ကာရိတ်မှည့်, ဏ် အနုဗန် ချေ, တ် ယသို့ ကပ် (နပတျ), ယဝတံ တလနစသောသုတ်ဖြင့် တျကို စပြု, သဒိသဒွေဘော် စ်လာ (နပစ္စ), အတ္တံ နဿ တပ္ပုရိသေ သုတ်ဖြင့် န ကို အ ပြု (အပစ္စ), နာမ်ငဲ့, သိ -ံ ပြု, အပစ္စံ ပြီးသည်၊ ပစ္စကား ကိတ်ပုဒ်, န နှင့်တွဲသည့်အခါ ကမ္မဓာရည်း တပ္ပုရိသ်လက္ခဏာ ရှိသော သမာသ်ပုဒ်တည်း။]
ရှေးအထက်က နာမည်ကြီးသောလူတစ်ယောက်ကို စွဲ၍ အမျိုးအနွယ် တစ်ခု ပေါ်လာခဲ့၏၊ နောက်နောက် သားသမီးအစဉ်အဆက်သည် ထို အမျိုးအနွယ်ကို မပျက်စီးအောင် ဆက်သွယ်လာသောကြောင့် အပစ္စဟု အမည်ရလေသည်၊ ထို့ကြောင့် အပစ္စသဒ္ဒါသည် သားကိုလည်းကောင်း, သမီးကိုလည်းကောင်း, အမျိုးသာမန်ကိုလည်းကောင်း ဟောပြနိုင်၏၊ တစ်မျိုးလုံး တစ်နွယ်လုံးနှင့် ဆိုင်သောကြောင့် အပစ္စံဟု နပုံလိန်ဖြင့် ဝိဂြိုဟ် ပြုလိမ့်မည်၊ အများနှင့်ဆိုင်ရာဝယ် နပုံလိန်ဖြင့် ထားခြင်းသည် သဒ္ဒထုံးစံပင်တည်း၊ အပြီးသတ်ချတဲ့အခါ ဆိုင်ရာလိန်နှင့်သင့်တင့်အောင် ဝါသိဋ္ဌော, ဝါသိဋ္ဌီ, ဝါသိဋ္ဌံဟု ချရလိမ့်မည်၊ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ “တဒ္ဓိတာဘိဓေယျလိင်္ဂါ”“တဒ္ဓိတာဘိဓေယျလိင်္ဂါ”ဟု မိန့်ကြလေသည်၊ တဒ္ဓိတာ-တဒ္ဓိတ်တို့သည်၊ အဘိဓေယျလိင်္ဂါ-ဟောအပ်သောအနက်၏ လိန်ရှိကုန်၏၊ ဝါ-ဟောအပ် သော အနက်၏ လိန်သို့ လိုက်ရကုန်၏။
ဝသိဋ္ဌဿ အပစ္စံ ဝါသိဋ္ဌော၊ ဝိသိဋ္ဌဿ-ဝိသိဋ္ဌ၏၊ အပစ္စံ-သားတည်း၊ ဝါသိဋ္ဌော-ဝသိဋ္ဌ၏သား (ပုံလိန်)၊ ဝသိဋ္ဌဿ အပစ္စံ ဝါသိဋ္ဌီ၊ အပစ္စံသမီးတည်း၊ ဝါသိဋ္ဌီ-ဝသိဋ္ဌ၏သမီး (ဣတ္ထိလိန်)၊ ဝသိဋ္ဌဿ အပစ္စံ ဝါသိဋ္ဌံ၊ အပစ္စံ-အမျိုးအနွယ်တည်း (နပုံလိန်)၊ တဒ္ဓိတ်ဟူသည် ကျေလေပြီးသော ပုဒ်ကို စွဲ၍ နာမည်တပ်ရသော ပုဒ်မျိုးတည်း၊ ဤ၌ အပစ္စပုဒ်ကျေသော ကြောင့် ဝါသိဋ္ဌောသည် အပစ္စတဒ္ဓိတ်ပုဒ်တည်း။
အမှာ။ ။ ကိတ်ပိုင်း၌ ကာရိတာနံ ဏော လောပံသုတ်ကဲ့သို့ ဤ တဒ္ဓိတ်ပိုင်း၌လည်း တေသံ ဏော လောပံသုတ်က “ဏ်”အနုဗန်ကို ချေ၏၊ အာချာတ်, ကိတ်တို့၌ အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်ကဲ့သို့ ဤ တဒ္ဓိတ်ပိုင်း၌လည်း ဝုဒ္ဓါဒိသရဿ ဝါ သံယောဂန္တဿ သဏေ စသုတ်က ဝုဒ္ဓိ ပြုသည်၊ ထိုသုတ်များသည် အဆုံးနား၌ လာမည်ဖြစ်သော်လည်း စောစောကပင် အသုံးပြုရတော့လတ္တံ့။
ရုပ်တွက်။ ။ ဝါသိဋ္ဌောကို “ဝသိဋ္ဌဿ+အပစ္စံ”ဟု တဒ္ဓိတ်ဝါကျတည်, ဝါ ဏပစ္စေသုတ်ဖြင့် ဝသိဋ္ဌဿနောင် ဏပစ္စည်းသက် (ဝသိဋ္ဌဿ+ဏ+ အပစ္စံ), တေသံ ဝိဘတ္တိယော လောပါ စသုတ်၌ တေသံသဒ္ဒါဖြင့် တဒ္ဓိတ်၏ ဝိဘတ်တို့ကို ချေ (ဝသိဋ္ဌသ်+ဏ+အပစ္စ), ဝုတ္တတ္ထာနမပ္ပယော ဂေါဟူသော ပရိဘာသာအရ အပစ္စပုဒ် (သ်)အာဂုံကို ချေ, တေသံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ (ဝသိဋ္ဌ ၊ ), ဋ္ဌခွင်း, ချေ, ကပ်(ဝသိဋ္ဌ), ဝုဒ္ဓါဒိသရဿ ဝါ သံယောဂန္တဿ သဏေ စသုတ်ဖြင့် ဝ၏အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု (ဝါသိဋ္ဌ), တဒ္ဓိတသမာသကိတကာ နာမံ ဝါ တဝေတုနာဒီသုစ သုတ်ဖြင့် ဝါသိဋ္ဌဟူသော တဒ္ဓိတ်ပုဒ်ကို နာမ်ကို ကဲ့သို့ငဲ့, သိသက်, ေ-ါ ပြု, ဋ္ဌခွင်း, ချေ, ကပ်, ဝါသိဋ္ဌော ပြီး၏။
ဝါသိဋ္ဌီ၌ ဝါသိဋ္ဌ အပြီးတွင် (ဏပစ္စည်း ဆုံးသောကြောင့်) ဏဝဏိက ဏေယျဏန္တုဟိသုတ်ဖြင့် -ီ ပစ္စည်းသက်ပြီးမှ နာမ်ငဲ့, သိသက်, ချေ၍ နဒါဒိဂိုဏ်း ရုပ်စဉ်ရမည်၊ ဝါသိဋ္ဌော, ဝါသိဋ္ဌံတို့ကား ပုရိသာဒိဂိုဏ်း, စိတ္တာဒိဂိုဏ်း ရုပ်များတည်း၊ ဝါ ဏပစ္စေ၌ ဝါသဒ္ဒါက ဝိကပ်ပြုသော ကြောင့် တဒ္ဓိတ်မဟုတ်ဘဲ “ဝသိဋ္ဌဿ အပစ္စံ”ဟု ဝါကျအတိုင်းလည်း ပါဌ်ရှိနိုင်သည်။
֍ ၂။ ဏာယနဏာန ဝစ္ဆာဒိတော။ ။ အပစ္စေ- အပစ္စအနက်၌၊ ဝစ္ဆာဒိတော- ဝစ္ဆအစရှိသော သဒ္ဒါအပေါင်းတို့မှနောက်၌၊ ဏာယနဏာန- ဏာယနပစ္စည်း, ဏာနပစ္စည်းတို့သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဝစ္ဆာယနော, ဝစ္ဆာနော စသည်တည်း။
၂။ ဝါ ဏပစ္စေသုတ်မှ ဝါသဒ္ဒါသည် နောက်နောက် တဒ္ဓိတ်ဆိုင်ရာ သုတ်တိုင်းလိုက်၏၊ သို့အတွက် မည်သည့်တဒ္ဓိတ်မဆို ဝါကျအတိုင်းလည်း ရှိကောင်းဟု မှတ်၊ အပစ္စပုဒ်ကား ဏေရ ဝိဓဝါဒိတောသုတ်တိုင်ရုံသာ လိုက်လိမ့်မည်။
ဝစ္ဆာယန။ ။ ဝစ္ဆဟူသည် ရှေးက ထင်ရှားသော လူတစ်ယောက် တည်း၊ ထိုလူ၏ သား မြေး အစဉ်အဆက်ကို “ဝစ္ဆဿ အပစ္စံ”ဟူသော ဝိဂြိုဟ်အရ ဝစ္ဆာယန ဝစ္ဆာန, ဝစ္ဆာယနီ ဝစ္ဆာနီဟု အမည်ရလေသည်၊ ပုံ, နပုံ, ဣတ္ထီ လိန် ၃ မျိုးပင် ရကောင်း၏။
ရုပ်တွက်။ ။ ဝစ္ဆာယနောကို “ဝစ္ဆဿ+အပစ္စံ”ဟု တည်, ဏာယန ဏာန ဝစ္ဆာဒိတောသုတ်ဖြင့် ဝစ္ဆဿနောင် ဏာယနပစ္စည်း သက်, တေသံ ဝိဘတ္တိယော လောပါ စသုတ်၌ တေသံသဒ္ဒါဖြင့် တဒ္ဓိတ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါဟူသော ပရိဘာသာအရ အပစ္စပုဒ်, သ်အာဂုံ ကို ချေ, တေသံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ကို ချေ, စ္ဆ်ခွင်း, ချေ, ကပ် (ဝစ္ဆာယန), နာမ်ငဲ့, သိ ေ-ါ ပြု, ဝစ္ဆာယနော ပြီး၏။ [ဝစ္ဆာနော၌ ဏာန ပစ္စည်း သက်ရုံသာ။]
֍ ၃။ ဏေယျော ကတ္တိကာဒီဟိ။ ။ အပစ္စေ- အပစ္စအနက်၌၊ ကတ္တိကာဒီဟိ- ကတ္တိကာအတူရှိသော ဣတ္ထိလိန်သဒ္ဒါတို့မှ နောက်၌၊ ဏေယျော- ဏေယျပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကတ္တိကေယျော စသည်တည်း။
၃။ ကတ္တိကာဒီဟိ၌ အာဒိသဒ္ဒါသည် “အတူ”ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် ကတ္တိကာနှင့် ဣတ္ထိလိန်ချင်းတူသော ဝိနတာ, ဂင်္ဂါ, ဘဂိနီ, ရောဟိနီ စသော သဒ္ဒါများနောင် ဏေယျပစ္စည်းသက်၏။
ကတ္တိကာယ - ကတ္တိကာမည်သော မိန်းမ၏၊ အပစ္စံ - သားတည်း၊ ကိတ္တိကေယျော-ကတ္တိကာ၏သား၊ ဝိနတာယ အပစ္စံ ဝေနတေယျောဝိနတာမည်သော မိန်းမ၏သား၊ ဂင်္ဂါယ အပစ္စံ ဂင်္ဂေယျော-ဂင်္ဂါမည်သော မိန်းမ၏ သား၊ ဘဂိနိယာ-နှမ၏၊ အပစ္စံ-တည်း၊ ဘာဂိနေယျော-နှမ၏သား (တူ)၊ ရောဟိနိယာ အပစ္စံ ရောဟိဏေယျော-ရောဟိဏီမည်သောမိန်းမ၏ သား, သမီးကို ဟောလိုရာ၌ ကတ္တိကေယျီ, ဝေနတေယျီ စသည် ဖြစ်၏၊ နပုံလိန်၌ ကတ္တိကေယျံ စသည် ဖြစ်၏။
ရုပ်တွက်။ ။ ကတ္တိကေယျောကို “ကတ္တိကာယ+အပစ္စံ” ဟု တည်, ဏေယျော ကတ္တိကာဒီဟိသုတ်ဖြင့် ကတ္တိကာယနောင် ဏေယျပစ္စည်းသက်, တဒ္ဓိတ်၏ ဝိဘတ်ကို ချေ, အပစ္စပုဒ်ကိုချေ(ကတ္တိကာ ဏေယျ), ဏ်အနုဗန် ချေ, က်ခွင်း, -ါ ချေ, က် ေ- သို့ ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, ကတ္တိ ကေယျော ပြီး၏။ [ဝေနတေယျော စသည်ကိုလည်း ဤအတိုင်းတွက်။]
ယောဂဝိဘာဂ။ ။ ဏေယျော ကတ္တိကာဒီဟိ၌ ကတ္တိကာဒီဟိကို ဖြုတ်၍လည်းကောင်း, အပစ္စေဟူသော လိုက်ပုဒ်ကို ကြဉ်၍လည်းကောင်း “ဏေယျော”ဟု ယောဂဝိဘာဂပြု၍ အဿ ဒီယတေအနက်, ဟိတ အနက်, အရဟတိအနက်, ဝသတိအနက်, ဇာတအနက် ဤ ၅ နက်၌ လည်း ဏေယျပစ္စည်းသက်သေး၏၊ ပုံစံကို ရူပသိဒ္ဓိစသည်မှာ ရှု။
[ဆောင်] ဏေယျောသုတ်က, ဝိဘာဂဖြင့်, အဿ ဒီယတေ, ဟိတေ အရဟတိ, ဝသတိ ဇာတာ, ငါးနက်မှာ, သက်ပါ ဏေယျကို။
֍ ၄။ အတော ဏိ ဝါ။ ။ အပစ္စေ- အပစ္စအနက်၌၊ အတော- အကာရ န္တမှ နောက်၌၊ ဏိဝါ- ဏိပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ သကျပုတ္တိ စသည်တည်း။
၄။ အပစ္စအနက်၌ သကျပုတ္တကဲ့သို့ အကာရ န္တနောင် ဏိပစ္စည်းသက် သော သုတ်တည်း၊ သကျပုတ္တဿ-သကျပုတ္တ၏၊ အပစ္စံ-သားတည်း၊ သကျပုတ္တိ=သကျပုတ္တ၏သား၊ ဒါသပုတ္တိ=ဒါသပုတ္တ၏သား၊ နာဋပုတ္တိ= နာဋပုတ္တ၏သား၊ ဝါရုဏိ=ဝရုဏ၏သား၊ ဇေနဒတ္တိ=ဇိနဒတ္တ၏သား၊ အာနုရုဒ္ဓိ=အနုရုဒ္ဓ၏သား၊ သုဒ္ဓေါဓနိ=သုဒ္ဓေါဓန၏သား စသည်။
ရုပ်တွက်။ ။ သကျပုတ္တိကို “သကျပုတ္တဿ+အပစ္စံ”ဟု တည်, အတော ဏိ ဝါသုတ်ဖြင့် သကျပုတ္တဿနောင် ဏိပစ္စည်းသက်, တဒ္ဓိတ်၏ ဝိဘတ်ကို ချေ, အပစ္စပုဒ် သ်အာဂုံကို ချေ, ဏ်အနုဗန်ချေ, တ္တ် -ိ သို့ ကပ်, နာမ်ငဲ့, သိသက်, ချေ, ပြီး၏။ [အဂ္ဂိသဒ္ဒါကို မှီ၍ ရုပ်စဉ်လေ။]
ဝါသဒ္ဒါ သမုစ္စည်း။ ။ ဝါ ဏပစ္စေသုတ်မှလိုက်သော ဝါသဒ္ဒါရှိလျက် အတော ဏိ ဝါဟု ထပ်၍ ဆိုပြန်၏၊ “ထို ဝါသဒ္ဒါဖြင့် ဏိက-ဏိ-ဏျဗျ-ဉ-ဥဿ-ဥသဏ်ပစ္စည်းများကို ဆည်းယူသည်”ဟု ထိုထိုကျမ်းတို့၌ ဖွင့်ပြကြ၏၊ ဝါ ဏပစ္စေသုတ်မှ လိုက်သော ဝါသဒ္ဒါသည် ဝိကပ်အနက်ရှိသောကြောင့် ဏိကစသော ပစ္စည်းများကို ဆည်းယူဖို့ရာ သမုစ္စည်း အနက်ရှိသော ဝါသဒ္ဒါကို ထပ်၍ ဆိုရပြန်သည် ဟူလို၊ ဥဿနှင့်ဥသဏ် ပစ္စည်းအတွက် ပုံစံကို ပြအံ့၊ ကြွင်းပုံစံများကို နောင်ခါသိလိမ့်မည်။
ပုံစံ။ ။ မနုနော-ကမ္ဘာဦးက မနုမည်သောမင်း၏၊ အပစ္စံ-သားစဉ် မြေးဆက်သည်၊ မနုဿော-မနုဿ မည်၏၊ အပစ္စအနက်၌ ဥဿပစ္စည်း သက်, ဥသဏ်ပစ္စည်း၌ ဏ်အနုဗန်ကို ချေ, မ၏ ၊ ကို -ါ ဝုဒ္ဓိပြု၍ မာနုသ ဟု ဖြစ်၏၊ ကမ္ဘာဦးက မင်းသည် မနု မည်၏၊ ထိုမင်း၏ အဆုံးအမအတိုင်း လိုက်နာနေထိုင်ရသဖြင့် သားသမီးအရာ၌ တည်သောကြောင့် လူဟူသမျှ ကို မနုဿ=မာနုသဟု ခေါ်ဝေါ်သတဲ့၊ မနု ပုရ သုဏာဒီဟိ ဥဿနုသိသာ သုတ်၌လည် တစ်နည်း ပြခဲ့ပြီ။
[ဆောင်] အတော ဏိ ဝါ, ဝါသဒ္ဒါကား, ဏိကာ ဏိယ, ဏျ ဗျနှင့်, ဉ ဥဿု.သဏ်, ခုနစ်တန်, ယူရန် ဆည်းသတဲ့။
֍ ၅။ ဏဝေါပကွာဒီဟိ။ ။ အပစ္စေ- အပစ္စအနက်၌၊ ဥပကွာ ဒီဟိ- ဥပကု အတူရှိသော ဥကာရ န္တသဒ္ဒါတို့မှနောက်၌၊ ဏဝေါ- ဏဝပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သြပကဝေါ, မာနဝေါ စသည်တည်း။ [“ဏဝေါပဂွာဒီဟိ”ဟု သီဟိုဠ်မူ ရှိ၏၊]
၅။ ဥပကွာဒီဟိ၌ အာဒိသဒ္ဒါဖြင့် ဥပကုနှင့်ဥကာရန္တချင်း တူသော မနု, ပဏ္ဍု, ဘဂ္ဂု စသည်ကို ယူ, ဥပကုဿ အပစ္စံ သြပကဝေါ=ဥပကု မည်သောသူ၏သား၊ မနုနော အပစ္စံ မာနဝေါ=မနုမင်း၏သား၊ ဟသက္ကတ အဘိဓာန်၌ ဏကြီးပြန်၍ မာဏဝဟု ရေးသည်။] ပဏ္ဍုနော အပစ္စံ ပဏ္ဍဝေါ=ပဏ္ဍု၏သား၊ ဘဂ္ဂုနော အပစ္စံ ဘဂ္ဂဝေါ=ဘဂ္ဂု၏သား။
ရုပ်တွက်။ ။ သြပကဝေါကို “ဥပကုဿ+အပစ္စံ”တည်, ဏဝေါ ပကွာ ဒီဟိသုတ်ဖြင့် ဥပကုဿနောင် ဏဝပစ္စည်းသက်, သဝိဘတ် ချေ, အပစ္စ ပုဒ်ကို ချေ, ဏအနုဗန်ချေ (ဥပကု ၊ ဝ), ဝုဒ္ဓါဒိသရဿ ဝါစသောသုတ် ဖြင့် ဥ ကို သြဝုဒ္ဓိပြု, က်ခွင်း, ချေ, ကပ် (သြပကဝ), နာမ်ငဲ့, သိသက်, ေ-ါ ပြု, သြပကဝေါ ပြီး၏။ [ဣတ္ထိလိန်၌ သြပကဝီ, မာနဝီ, ပဏ္ဍဝီဟု ဖြစ်၏။]
֍ ၆။ ဏေရ ဝိဓဝါဒိတော။ ။ အပစ္စေ- အပစ္စအနက်၌၊ ဝိဓ ဝါဒိတော- ဝိဓဝါ အစရှိသောသဒ္ဒါမှနောက်၌၊ ဏေရ- ဏေရ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဝေဓဝေရော, သာမဏေရော စသည်တည်း။
၆။ ဝိဓဝါယ-မုဆိုးမ၏၊ အပစ္စံ-သားတည်း၊ ဝေဓဝေရော-မုဆိုးမ၏ သား၊ သမဏဿ-ဆရာရဟန်း၏၊ အပစ္စံ-သားတည်း၊ (သားမဟုတ်သော် လည်း သားကဲ့သို့ ဥပဇ္ဈာယ်ဆရာ၏ အဆုံးအမကို နာယူသူတည်း၊) သာမဏေရော-ရဟန်း၏သား။
ရုပ်တွက်။ ။ ဝေဓဝေရောကို “ဝိဓဝါယ+အပစ္စံ”တည်, ဏေရ ဝိဓဝါ ဒိတောသုတ်ဖြင့် ဝိဓဝါယနောင် ဏေရပစ္စည်းသက်, ဝိဘတ်ချေ, အပစ္စ ပုဒ်ချေ, ဏ်အနုဗန်ချေ (ဝိဓဝါေ- ရ), ဝ် ခွင်း, -ါ ချေ, ေ- သို့ ကပ် (ဝေဓဝေရ), နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဝေဓဝေရော ပြီး၏။
[သာမဏေရောကိုလည်း တွက်တတ်လောက်ပြီ။]
အပစ္စတဒ္ဓိတ်ပြီးပြီ။
အနေကတ္ထတဒ္ဓိတ်
֍ ၇။ ယေန ဝါ သံသဋ္ဌံ တရတိ စရတိ ဝဟတိ ဏိကော။ ။ ယေန ဝါ- အကြင် ဝတ္ထုဖြင့်လည်း၊ သံသဋ္ဌံ- ရောနှောအပ်၏။ တရတိ- ကူးသွား၏၊ စရတိ- လှည့်လည်၏။ ဝဟတိ- ရွက်ဆောင် ၏၊ တတော- ထို တတိယန္တလိန်မှ နောက်၌၊ သံသဋ္ဌာဒီသု- သံသဋ္ဌ အစရှိသော အနက်တို့၌၊ ဏိကော- ဏိကပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ တေလိကံ, နာဝိကော, သာကဋိကော, သီသိကော စသည်တည်း။
၇။ ယေန ဝါဟူသောပုဒ်ကို သံသဋ္ဌတွင်မက, ယေန ဝါ တရတိ, ယေန ဝါ စရတိ, ယေန ဝါ ဝဟတိဟု လိုက်၍ စပ်ရမည်၊ မည်သည့်ဝတ္ထု ဟု လက်ဆုပ်လက်ကိုင် မပြဘဲ ယေနဟု သာမည ဆိုသောကြောင့် မည်သည့် ဝတ္ထုမဆို ရောနှောကြောင်း, ကူးသွားကြောင်း, လှည့်လည် ကြောင်း, ရွက်ဆောင်ကြောင်း ဝတ္ထုဟူသမျှကိုပင် ယူနိုင်သည်။
တိလေန+သံသဋ္ဌံ တေလိကံ၊ တိလေန-နှမ်းဖြင့်၊ သံသဋ္ဌံ-ရောနှော အပ်သော ဘောဇဉ်တည်း၊ ဤပုံစံ၌ ဏိကပစ္စည်းသည် တိလေနဟူသော တတိယန္တပုဒ်နောင် သက်၏၊ စုတေလေပြီးသော မိဘ၏ အမွေအနှစ်ကို သားသမီးတို့က ခံယူသကဲ့သို့ တဒ္ဓိတ်ပစ္စည်းများလည်း ကျေလေပြီးသော ပုဒ်၏အနက်ကို အမွေခံလျက် ဟောပြကြ၏၊ ထို့ကြောင့် “တတော-ထို တတိယန္တလိန်မှနောက်၌၊ သံသဋ္ဌာဒီသု-သံသဋ္ဌ အစရှိသော အနက်တို့၌” ဟု သုတ်နက်ဆိုရသည်၊ ကျေသောပုဒ်ကို စွဲ၍ သံသဋ္ဌတဒ္ဓိတ်, တရတိ တဒ္ဓိတ် စသည်ဖြင့် တဒ္ဓိတ်နာမည် မှည့်ရသည်၊ ဤသို့ သံသဋ္ဌအနက်, တရတိအနက် စသည်ဖြင့် များသောအနက်ရှိသောကြောင့် ယခုပြမည့် တဒ္ဓိတ်များကို “အနေကတ္ထတဒ္ဓိတ်”ဟု ခေါ်ဝေါ်ရသည်။
ရုပ်တွက်။ ။ တေလိကံကို “တိလေန+သံသဋ္ဌံ”တည်, တိလေနဖြင့်၊ သံသဋ္ဌံ-တည်း၊ ဣတိ အတ္ထေ-ဤအနက်၌၊ ယေန ဝါ သံသဋ္ဌံ တရတိ စရတိ ဝဟတိ ဏိကောသုတ်ဖြင့် တိလေနနောင် ဏိကပစ္စည်း သက်, တဒ္ဓိတ်၏ ဝိဘတ်တို့ကို ချေ, သံသဋ္ဌပုဒ်ကို ချေ, ဏ်အနုဗန် ချေ, ဝုဒ္ဓါဒိ သရဿ ဝါ စသောသုတ်ဖြင့် တိ၏ -ိ ကို ေ- ဝုဒ္ဓိပြု, လ်ခွင်း, ချေ, ကပ် (တေလိက), နာမ်ငဲ့, သိသက်, -ံ ပြု, တေလိကံ ပြီး၏။
နပုံလိန် ဘောဇနံကို ငဲ့၍ တေလိကံဟု စိတ္တာဒိဂိုဏ်းချသည်၊ သြဒနော ကို ငဲ့လျှင် “တိလေန သံသဋ္ဌော တေလိကော-နှမ်းဖြင့် ရောနှောအပ်သော ထမင်း”ဟု ဖြစ်၏၊ ယာဂုကို ငဲ့လျှင် “တိလေန သံသဋ္ဌာ တေလိကာနှမ်းဖြင့် ရောအပ်သော ယာဂု”ဟု ပုရိသာဒိ, ကညာဒိဂိုဏ်း ဖြစ်၏။
နာဝါယ တရတီတိ နာဝိကော = လှေဖြင့် ကူးသန်းသွားလာသူ, လှေသူကြီး၊ ဏဝဏိကဏေယျဏ န္တုဟိဟု ဆိုသောကြောင့် ဏိကပစ္စယန္တ နောင် -ီ ပစ္စည်းသက်၍ ဣတ္ထိလိန်၌ နာဝိကီ (လှေသူကြီးကတော်)ဟု ဖြစ်၏၊ (ဤ)ပစ္စည်း မမြဲသောကြောင့် “တေလိကာ”ဟု အာပစ္စည်းဖြင့် လည်း ရူပသိဒ္ဓိပြသည်၊ နပုံလိန်၌ နာဝိကံ-လှေဖြင့် ကူးသန်းသွားလာသော အမျိုး၊ “နာဝါယ+တရတိ”တည်၍ ဏိကပစ္စည်းသက်, ဆိုင်ရာချေလျှင် ပြီး၏။
သကဋေန စရတီတိ သာကဋိကော=လှည်းဖြင့် လှည့်လည်သူ, လှည်းသမား၊ သကဋေန+စရတိ တည်၍ ရုပ်တွက်၊ သ၏ အစိတ် ၊ ကို -ါ ဝုဒ္ဓိ ပြုရုံသာ ထူးသည်၊ သီသေန ဝဟတီတိ သီသိကော=ဦးခေါင်းဖြင့် ရွက်ဆောင်သူ, ခေါင်းရွက်ဈေးသည်၊ သီသေန+ဝဟတိ တည်၍ ရုပ်တွက်၊ ယေန ဝါ၌ ဝါသဒ္ဒါဖြင့် ယူရသော အနက်တွေ များစွာ ရှိလေသေး၏၊ ရူပသိဒ္ဓိမှာ ရှု။]
֍ ၈။ တမဓီတေ တေန ကတာဒိသန္နိဓာနနိယောဂသိပ္ပဘဏ္ဍ ဇီဝိကတ္ထေသု စ။ ။ တံ- ထိုကျမ်းဂန်ကို၊ အဓီတေ- ရွတ်အံ၏၊ ဣတိ အတ္ထေ စ- ဤအနက်၌လည်းကောင်း၊ တေန ကတာဒိ သန္နိဓာနနိယောဂသိပ္ပဘဏ္ဍဇီဝိကတ္ထေသု စ- ထိုဖြင့် ပြုအပ်၏ အစရှိသောအနက်, ထို၌ စွဲကပ်တည်နေတတ်၏ဟူသော အနက်, ထို၌ ယှဉ်၏ဟူသောအနက်, ထိုသူ၏ အတတ်ဟူသော အနက်, ထိုသူ၏ ဘဏ္ဍာဟူသောအနက်, ထိုသူ၏ အသက်မွေး ဝမ်းကျောင်းဟူသောအနက်တို့၌လည်းကောင်း၊ ဏိကော- ဏိက ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဝေနယိကော, ကာယိကော, သာရီရိကာ, ဒေါဝါရိကော, ဝေဏိကော, ဂန္ဓိကော, သြရ ဗ္ဘိကော စသည်တည်း။
၈။ ဝေနယိကောကား တမဓီတေ၏ ပုံစံတည်း၊ ဝိနယံ-ဝိနည်းပိဋကကို၊ အဓီတေ-ရွတ်အံ၏၊ ဣတိ-ထို့ကြောင့်၊ ဝေနယိကော-ဝေနယိက မည်၏၊ အဘိဓမ္မံ အဓီတေ အာဘိဓမ္မိကော=အဘိဓမ္မာကို ရွတ်အံသူ၊ သုတ္တန္တံ အဓီတေ သုတ္တန္တိကော=သုတ္တန်ကို ရွတ်အံသူ၊ (ဝိနည်းဆောင်, အဘိဓမ္မာ ဆောင်, သုတ္တန်ဆောင် ဟူလို။) ဟအဓီတေ၌ အဓိပုဗ္ဗ ဣဓာတ် တေဝိဘတ်၊ အဓိ ပုဗ္ဗ ဣဓာတ်သည် ရွတ်အံသရဇ္ဈာယ်ခြင်း အနက်ဟောတည်း၊ “အဓီတေ-သင်ယူ၏”ဟူသော အနက်ကား အဓိပ္ပာယ်နက်သာ။]
ရုပ်တွက်။ ။ ဝေနယိကောကို “ဝိနယံ+အဓီတေ”တည်, တမဓီတေ တေန ကတာဒိစသောသုတ်ဖြင့် ဝိနယနောင် ဏိကပစ္စည်းသက်, ဝိဘတ် ချေ, အဓီတေပုဒ်ကို ချေ, ဏ်အနုဗန်ချေ, ဝုဒ္ဓါဒိသရဿ ဝါ သံယောဂန္တဿ သဏေ စသုတ်ဖြင့် ဝိ၏ -ိ ကို ဧ ဝုဒ္ဓိပြု, ယ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု ဝေနယိကော ပြီး၏။
တေန ကတ။ ။ ကာယိကောကား…တေန ကတ အရ ပုံစံတည်း၊ ကာယေန ကတော ကာယိကော = ကိုယ်ဖြင့် ပြုအပ်သော ပယောဂ၊ ကာယိကံ-ကိုယ်ဖြင့် ပြုအပ်သောအမှု၊ ဝစသာ ကတံ ဝါစသိကံ=နှုတ်ဖြင့် ပြုအပ်သော အမှု၊ မာနသိကံ-စိတ်ဖြင့် ပြုအပ်သော အမှု။
အာဒိဖြင့် ယူရသောအနက်။ ။ တေန ကတာဒိ၌ အာဒိသဒ္ဒါဖြင့် ယူရသော အနက်တွေ လွန်စွာ များလေ၏၊ ပုံစံကို ရူပသိဒ္ဓိမှာ ရှု၊ ကစ္စာယနသံခိပ်လာ အကျဉ်းဆောင်ပုဒ်ကား…
[ဆောင်] ဟတ ဗန္ဓ, အာဗာဓနှင့်, အာဝုဓ ပရိမာဏံ, ကီတံ အရဟတိ, ရာသိ ပသန္နာ, သန္တကာ ဒိဗ္ဗ, အာဂတနှင့်, ဇာတ သမ္ဘူ, နည်းတူသီလ, ဝသ ဝိဒိတာ, ဘတ္တိကာ သကတ္ထ, သံဝတ္တဟု, ပယောဇနပေါင်းလစ်, နှစ်ဆယ့်တစ်မှာ, ပစ္စယာ ဏိက, ဝိသယသည်,… သက်ကြ တမဓီသုတ်ဖြင့်တည်း။
သန္နိဓာန။ ။ “သာရီရိကာ”ကား သန္နိဓာနအရ ပုံစံတည်း၊ တေန ကတာဒိမှ တသဒ္ဒါကိုလည်း သန္နိဓာနစသော နောက်နောက်ပုဒ်များသို့ လိုက်စေ၍ “ထို၌ စွဲကပ် တည်နေတတ်၏”စသည်ဖြင့် တသဒ္ဒါအတွက် “ထို၌” ဟူသော အနက်ကို ထည့်၍ ဆိုခဲ့ရသည်၊ သရီရေ - ကိုယ်၌၊ သန္နိဓာနာ-စွဲကပ်တည်နေသော ဝေဒနာတည်း၊ သာရီရိကာ-ကိုယ်၌ စွဲကပ် တည်နေသော ဝေဒနာ၊ သာရီရိကံ-ကိုယ်၌ စွဲကပ် တည်နေသော ဒုက္ခ၊ မာနသိကံ-စိတ်၌ စွဲကပ်တည်နေသော ဒုက္ခ, စသည်။
ရုပ်တွက်။ ။ သာရီရိကာကို “သရီရေ+သန္နိဓာနာ”တည်, တမဓီတေ တေန ကတာဒိ သန္နိဓာနစသောသုတ်ဖြင့် သရီရေနောင် ဏိကပစ္စည်း သက်, ဝိဘတ်ချေ, သန္နိဓာနချေ, ဏ်အနုဗန်ချေ (သရီရ -ိက), ဝုဒ္ဓါဒိ သရဿ ဝါစသောသုတ်ဖြင့် သ၏အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, ရ်ခွင်း, ချေ, ကပ်, ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, က် ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ချေ, သာရီရိကာ ပြီး၏။ [ဣတ္ထိလိန်မှန်သမျှ အာ ဤ ဣနီပစ္စည်း တစ်ခုခု သက်ပြီးမှ နာမ်ငဲ့ရမည်။]
နိယောဂ။ ။ ဒေါဝါရိကောကား နိယောဂအရ ပုံစံတည်း၊ ဒွါရေတံခါး၌၊ နိယုတ္တော-ယှဉ်သူတည်း၊ ဒေါဝါရိကော-တံခါး၌ယှဉ်သူ (တံခါး စောင့်, ဒရဝမ်)၊ မာယူနမာဂမောသုတ်ကျမှ ရုပ်တွက်။
သိပ္ပ။ ။ ဝေဏိကောကား သိပ္ပအရပုံစံတည်း၊ “ဝီဏာ အဿ သိပ္ပံတိ ဝေဏိကော” အဿ-ထိုသူ၏၊ သိပ္ပံ-အတတ်ကား၊ ဝီဏာ-စောင်းတီးခြင်း တည်း၊ ဣတိ-ကြောင့်၊ ဝေဏိကော-ဝေဏိကမည်၏၊ (စောင်းတီးတတ်သူ)။ [ဝီဏာအရ စောင်းကိုသာ ဟောရိုးရှိသော်လည်း ဌာနစောင်း၏ အမည်ကို ဌာနီ တီးမှုတ်မှု၌ တင်စား၍ ဌာနူပစာရအားဖြင့် စောင်းတီးခြင်းကို ဝီဏာ ဟု ခေါ်သည်။]
ရုပ်တွက်။ ။ “ဝီဏာ အဿ သိပ္ပံ”တည်, တမဓီတေ တေန ကတာဒိ သန္နိဓာနနိယောဂသိပ္ပ စသောသုတ်ဖြင့် ဝီဏာနောင် ဏိကပစ္စည်းသက်, ဝိဘတ်ချေ, ဝုတ္တတ္ထာနမပ္ပယောဂေါ အရ အဿ သိပ္ပပုဒ်ကို ချေ, ဏ် အနုဗန်ချေ (ဝီဏာ -ိက), ဝုဒ္ဓါဒိသရဿ ဝါ စသောသုတ်ဖြင့် ဝီ၏ အဆုံး -ီ ကို ေ- ဝုဒ္ဓိပြု, ဏ်ခွင်း, -ါ ချေ, ဏ် -ိသို့ ကပ် (ဝေဏိက), နာမ်ငဲ့, သိသက်, ေ-ါ ပြု, ဝေဏိကော ပြီး၏။
ဘဏ္ဍ။ ။ ဂန္ဓိကောကား ဘဏ္ဍအရ ပုံစံတည်း၊ “ဂန္ဓော အဿ ဘဏ္ဍံတိ ဂန္ဓိကော” အဿ-ထိုသူ၏၊ ဘဏ္ဍံ-ဥစ္စာဘဏ္ဍာကား၊ ဂန္ဓောနံ့သာတည်း၊ ဣတိ-ကြောင့်၊ သော-ထိုသူသည်၊ ဂန္ဓိကော-ဂန္ဓိက မည်၏၊ (နံ့သာဘဏ္ဍာရှိသူ)၊ “ဂန္ဓော အဿ ဘဏ္ဍံ”တည်၊ အဿ ဘဏ္ဍံ အနက်၌ ဤသုတ်ဖြင့် ဏိက ပစ္စည်းသက်၍ ရုပ်တွက်။
ဇီဝိက။ ။ သြရဗ္ဘိကောကား ဇီဝိကအရ ပုံစံတည်း၊ ဇီဝိကတ္ထမှ အတ္ထသဒ္ဒါကို ရှေ့ပုဒ်များသို့လည်း လိုက်စေရသည်၊ ဥရ ဗ္ဘံ ဟနတွာ ဇီဝတီတိ သြရ ဗ္ဘိကော၊ ယော-အကြင်သူသည်၊ ဥရ ဗ္ဘံ-ဆိတ်ကို၊ ဟနတွာ-သတ်၍၊ ဇီဝတိ- အသက်မွေးတတ်၏၊ ဣတိ- ထို့ကြောင့်၊ သော- ထိုသူသည်၊ သြရ ဗ္ဘိကော - သြရ ဗ္ဘိက မည်၏၊ ဆိတ်ကို သတ်၍ အသက်မွေးသူ, ဆိတ်သတ်၍ ရောင်းစားသူ, ဆိတ်သတ်သမား။)
ရုပ်တွက်။ ။ “ဥရ ဗ္ဘံ ဟနတွာ ဇီဝတိ”တည်, တမဓီတေ စသောသုတ်ဖြင့် ဥရ ဗ္ဘံ နောင် ဏိကပစ္စည်းသက်, တဒ္ဓိတ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာန မပ္ပယောဂေါ ပရိဘာသာအရ ဟနတွာ ဇီဝတိပုဒ်တို့ကို ချေ, ဝုဒ္ဓါဒိသရဿ ဝါ စသောသုတ်ဖြင့် ဥကို သြဝုဒ္ဓိပြု, ဗ္ဘ်ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိသက်, ေ-ါ ပြု, သြရ ဗ္ဘိကော ပြီး၏။
֍ ၉။ ဏ ရာဂါ တဿေဒ.မညတ္ထေသု စ။ ။ ရာဂါ- ဆိုးရည် အနက်ဟောသဒ္ဒါမှနောက်၌၊ တေန- ထိုဆိုးရည်ဖြင့်၊ ရတ္တံဆိုးအပ်၏။ ဣတိ အတ္ထေ စ- ဤအနက်၌လည်းကောင်း၊ တဿ- ထိုသူ၏၊ ဣဒံ- ဥစ္စာတည်း။ ဣတိ အတ္ထေ စ- ဤအနက်၌လည်း ကောင်း၊ အညတ္ထေသု စ- တစ်ပါးသောအနက်တို့၌လည်းကောင်း၊ ဏ- ဏပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကာသာဝံ, သောကရံ, မာထုရော, စိတ္တော စသည်တည်း။
၉။ ကာသာဝံကား ရာဂအရပုံစံတည်း၊ ရာဂသဒ္ဒါသည် ဤအရာ၌ သင်္ကန်းစသောအဝတ်ကို ဆိုးသော “ဆိုးရည်”ဟူသောအနက်ကို ဟော၏၊ ကသာဝေန ရတ္တံ ကာသာဝံ၊ ကသာဝေန-ဖန်ရည်ဖြင့် (ဖန်သောအရသာ ရှိသော ဆိုးရည်ဖြင့်၊) ရတ္တံ-ဆိုးအပ်သောအဝတ်တည်း၊ ကာသာဝံ-ဖန်ရည် ဖြင့် ဆိုးအပ်သောအဝတ်(သင်္ကန်း)၊ “ကသာယေန ရတ္တံ ကာသာယံ”ဟု လည်း ရှိ၏၊ နည်းတူပင်တည်း၊ ဤပုံစံ၌ ကသာဝသဒ္ဒါကား ဆိုးရည်ဟူ သော အနက်ကို ဟောသောသဒ္ဒါတည်း၊ ထိုဆိုးရည်အနက်ဟောသဒ္ဒါ နောင် ရတ္တအနက်၌ ဏပစ္စည်းသက်သည်။
ရုပ်တွက်။ ။ ကာသာဝံကို “ကသာဝေန+ရတ္တံ”တည်, ဏပစ္စည်း သက်, တဒ္ဓိတ်၏ ဝိဘတ်တို့ကို ချေ, ရတ္တံပုဒ်ကို ချေ, ဏ်အနုဗန် ချေ, (ကသာ၀ ၊ ), ဝုဒ္ဓါဒိသရဿ ဝါ စသော သုတ်ဖြင့် က၏ အဆုံး ၊ ကို -ါ ဝုဒ္ဓိပြု, ခွင်း, ချေ, ကပ် (ကာသာဝ), နာမ်ငဲ့, သိသက်, -ံ ပြု, ကာသာဝံ ပြီး၏။ [ကသာယေန ရတ္တံ တည်၍ ကာသာယံလည်း တွက်။]
ကုသုမ္ဘေန-ဝတ်ပန်းရည်ဖြင့်၊ ရတ္တံ-ဆိုးအပ်သော အဝတ်သည်၊ ကောသုမ္ဘံ-ကောသုမ္ဘ မည်၏၊ [ဆူးပန်းပွင့်ကို ဝတ်ပန်း (အဝတ်ဆိုးတဲ့ပန်း) ဟု ခေါ်သတဲ့၊ ကု၏အဆုံး ု ကို ေ-ါ ဝုဒ္ဓိပြုရုံသာ, ရုပ်တွက်လေ။]
တဿေဒံ။ ။ သောကရံကား တဿေဒံ (တဿ+ဣဒံ)အရ ပုံစံတည်း၊ သူကရဿ-ဝက်၏၊ ဣဒံ-ဥစ္စာတည်း၊ သောကရံ-ဝက်၏ဥစ္စာ (ဝက်သား, ဝက်ရေ, ဝက်ရိုး အားလုံးတည်း၊) မဟိံသဿ+ဣဒံ မာဟိံသံ-ကျွဲ၏ဥစ္စာ၊ ကစ္စာယနဿ+ဣဒံ ကစ္စာယနံ=အရှင်ကစ္စည်း၏ဥစ္စာ (အရှင်ကစ္စည်း စီရင်အပ်သော သဒ္ဒါကြီးဟု ခေါ်ဝေါ်အပ်သော ကစ္စာယနကျမ်း=ကစ္စည်း ကျမ်းတည်း၊) မောဂ္ဂလ္လာနဿ+ဣဒံ မောဂ္ဂလ္လာနံ=အရှင်မောဂ္ဂလ္လာန် စီရင် အပ်သော မောဂ္ဂလ္လာန်ကျမ်းတည်း။ [ဤပုဒ်တို့ကို ဣဒံတဒ္ဓိတ်ဟု မှတ်၊၊]
သောကရံကို “သူကရဿ+ဣဒံ”တည်, ဏ ရာဂါတဿေဒ.မည တ္ထေသု စ သုတ်ဖြင့် သူကရဿနောင် ဏပစ္စည်းသက်, ဝိဘတ်ချေ, ဣဒံ ချေ, ဏ် အနုဗန် ချေ, သူ၏ အစိတ် ူ ကို ေ-ါ ဝုဒ္ဓိပြု (သောကရ), နာမ်ငဲ့, သိသက်, -ံ ပြု, ပြီး၏။ (မာဟိံသံ၌ -ါ ဝုဒ္ဓိပြုရုံသာ, ကြွင်းရုပ်များ လွယ်ပြီ။)
အညတ္ထေသု အရ တစ်ပါးသောအနက်များ
[ဆောင်] ဇာတာ.ဂတ, နိဝါသနှင့်, ဣဿရ ယုတ္တာ, သမူဟာတည်း၊ ဝိဒူရာ ဝိသယ, ဝိကာရ ဓီတေ, ဘေဝ ရဟာ, နိဗ္ဗတ္တာ ပရိမာဏ, စသည်များပြား, အနက်များဝယ်, ဏရာဂါပြ, အညတ္ထဖြင့်, သက်ကြ ဏပစ္စည်းကိုတည်း။
အမှာ။ ။ ဇာတ အာဂတ စသည်တို့၏ ပုံစံကို ရူပသိဒ္ဓိမှာ ရှု၊ အသုံး များသော ယုတ္တပုံစံကိုသာ ပြအံ့။
စိတ္တာယ ယုတ္တော စိတ္တော၊ စိတ္တာယ-စိတ္တနက္ခတ်နှင့်၊ ယုတ္တော-ယှဉ်သောလတည်း၊ စိတ္တော-စိတ္တနက္ခတ်နှင့်ယှဉ်သောလ (တန်ခူးလကို ဆိုသည်၊) တန်ခူးလ၌ စိတ္တနက္ခတ်သည် စန်းဟု ခေါ်သော လနှင့်ယှဉ်၍ အထက်က လမင်းကိုသာ စိတ္တဟု ခေါ်ဝေါ်သင့်သော်လည်း ထိုလမင်း၏ စိတ္တအမည်ကို ယခုလူတို့ ခေါ်ဝေါ်ကြသော တန်ခူးလပေါ်၌ တင်စား၍ သဟစရဏနည်းအားဖြင့် တန်ခူးလကိုလည်း စိတ္တဟု ခေါ်ဝေါ်ရတော့ သည်၊ “ဝေသာခ=ကဆုန်လ” စသည်တို့၌လည်း ဤနည်းပင်တည်း။
၁၂ လနာမည်များ
စိတ္တော ဝေသာခေါ ဇေဋ္ဌော စ, အာသာဠှော သာဝနောပိ စ၊
ပုဗ္ဗု.တ္တရဘဒ္ဒပဒေါ, အဿယုဇ္ဇော စ ကတ္တိကော၊
မာဂသိရော ပုဿော မာဃော, ဖဂ္ဂုနောတိ ဒုဝေ ဒသ။
စိတ္တော- (စိတ္တနက္ခတ်နှင့်ယှဉ်သော) တန်ခူးလ၊
ဝေသာခေါ- (ဝိသာခါ နက္ခတ်နှင့်ယှဉ်သော) ကဆုန်လ၊
ဇေဋ္ဌော- (ဇေဋ္ဌနက္ခတ်နှင့်ယှဉ်သော) နယုန်လ၊
အာသာဠှော- (အာသဠှာနက္ခတ်နှင့်ယှဉ်သော) ဝါဆိုလ၊
သာဝနော- (သာဝနနက္ခတ်နှင့်ယှဉ်သော) ဝါခေါင်လ၊
ပုဗ္ဗု.တ္တရဘဒ္ဒပဒေါတ္တရဘဒ္ဒပဒေါ- (ပုဗ္ဗဘဒြပိုဒ်, ဥတ္တရဘဒြပိုဒ်နက္ခတ်နှင့်ယှဉ်သော) တော်သလင်းလ၊
အဿယုဇ္ဇော- (အဿယုဇ္ဇနက္ခတ်နှင့်ယှဉ်သော) သီတင်းကျွတ်လ၊
ကတ္တိကောကတ္တိကော- (ကြတ္တိကာနက္ခတ်နှင့်ယှဉ်သော) တန်ဆောင်မုန်းလ၊
မာဂသိရော- (မာဂသိရ, တစ်နည်း- မိဂသီနက္ခတ်နှင့်ယှဉ်သော) နတ်တော်လ၊
ပုဿော- (ပုဿနက္ခတ်နှင့်ယှဉ်သော) ပြာသိုလ၊
မာဃော- (မာဃ နက္ခတ်နှင့်ယှဉ်သော) တပို့တွဲလ၊
ဖဂ္ဂုနော- (ဖဂ္ဂုနီနက္ခတ်နှင့်ယှဉ်သော) တပေါင်းလ၊
ဣတိ- ဤသည်ကား၊ ဒုဝေဒသ- ၁၂ လတို့တည်း
။ ။֍ ၁၀။ ဇာတာဒီန.မိမိယာ စ။ ။ ဇာတာဒီနံ- ဇာတ အစရှိသော သဒ္ဒါတို့၏၊ အတ္ထေ- အနက်၌၊ ဣမိယာ စ- ဣမပစ္စည်း, ဣယ ပစ္စည်းတို့သည်လည်း၊ ဟောန္တိ- ကုန်၏။ ပစ္ဆိမော, မနုဿ ဇာတိယော စသည်တည်း။
၁၀။ ပစ္ဆာ ဇာတော ပစ္ဆိမော၊ ပစ္ဆာ-နောက်၌၊ ဇာတော-ဖြစ်သည် တည်း၊ ပစ္ဆိမော-နောက်၌ဖြစ်သည်၊ ဣတ္ထိလိန်၌ “ပစ္ဆိမာ-နောက်၌ ဖြစ်သော၊ ဇနတာ-သတ္တဝါအပေါင်း”၊ နပုံလိန်၌ “ပစ္ဆိမံ-နောက်၌ဖြစ်သော စိတ်”ဟု ဖြစ်၏၊ အန္တေ-အဆုံး၌၊ ဇာတော-ဖြစ်သည်တည်း၊ အန္တိမော-အဆုံး၌ ဖြစ်သည်၊ ဥပရိ ဇာတော ဥပရိမော=အထက်၌ဖြစ်သည်၊ဟေဋ္ဌာ ဇာတော ဟေဋ္ဌိမော=အောက်၌ဖြစ်သည်။ [ပစ္ဆာ, ဟေဋ္ဌာ, ဥပရိတို့ကား နိပါတ်ပုဒ် တည်း။]
ရုပ်တွက်။ ။ ပစ္ဆိမောကို “ပစ္ဆာ+ဇာတော”တည်, ဇာတာဒီန.မိမိယာ စ သုတ်ဖြင့် ပစ္ဆာနောင် -ိ မပစ္စည်းသက်, ဝိဘတ်ချေ, ဇာတပုဒ်ကို ချေ, (ပစ္ဆာ -ိ မ), စ္ဆ် ခွင်း, -ါ ချေ, စ္ဆ -ိသို့ ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, ပစ္ဆိမော ပြီး၏။ [အန္တိမောကိုလည်း “အန္တော+ဇာတော”တည်, ဆိုင်ရာချေပြီးတဲ့ အခါ အန္တိ -ိမ) ဖြစ်၏၊ (ဟေဋ္ဌာ -ိမ, ဥပရိ -ိမ) ဖြစ်ပုံကိုလည်း သိလေ။]
မနုဿဇာတိယောကား ဣယပစ္စည်၏ ပုံစံတည်း၊ မနုဿဇာတိယာလူဇာတ်ဖြင့်၊ ဇာတော-ဖြစ်သူတည်း၊ မနုဿဇာတိယော-လူဇာတ်ဖြင့် ဖြစ်သူ၊ ဗောဓိသတ္တဇာတိယာ ဇာတော ဗောဓိသတ္တဇာတိယော=ဘုရားအလောင်းဇာတ်ဖြင့် ဖြစ်သူ၊ လောကေ-လောက၌၊ ဇာတော-ဖြစ်သော တရားတည်း၊ လောကိယော-လောက၌ဖြစ်သောတရား။
ရုပ်တွက်။ ။ မနုဿဇာတိယောကို “မနုဿဇာတိယာ+ဇာတော” တည်, ဇာတာဒီနမိမိယာ စသုတ်ဖြင့် မနုဿဇာတိယာနောင် -ိယပစ္စည်း သက်, ဝိဘတ်ချေ, ဇာတပုဒ်ချေ(မနုဿဇာတိ -ိ ယ), တ် ခွင်း, -ိ ချေ, တ် -ိ သို့ ကပ်, နာမ်ငဲ့ စသည် မနုဿဇာတိယော ပြီး၏။
အာဒိဖြင့် ယူဖွယ်။ ။ ဇာတာဒိ၌ အာဒိသဒ္ဒါဖြင့် နိယုတ္တအနက်, ဘာဝအနက်တို့၌လည်း ဣမ ဣယ ပစ္စည်းသက်, ဆိုခဲ့ပြီးသော အနက် များ၌ ဣယ ပစ္စည်းလည်း သက်၏၊ ဤသို့ စသည်ဖြင့် ရူပသိဒ္ဓိ၌ များစွာ ဆိုထား၏၊ ကြည့်ရှုကြတော့။
֍ ၁၁။ သမူဟတ္ထေ ကဏ်ဏာ။ ။ သမူဟတ္ထေ- အပေါင်း ဟူသောအနက်၌၊ ကဏ်ဏာ- ကဏ်ပစ္စည်း, ဏပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ရာဇပုတ္တကော, ရာဇပုတ္တော, မာနုဿကော, မာနုဿော စသည်တည်း။
၁၁။ ရာဇပုတ္တာနံ-မင်းသားတို့၏၊ သမူဟော-အပေါင်းတည်း၊ ရာဇ ပုတ္တကော-မင်းသားတို့၏အပေါင်း၊ မနုဿာနံ သမူဟော မာနုဿကော, မာနုဿော-လူတို့၏အပေါင်း၊ဟဒွိန္နံ သမူဟော ဒွယံ=၂ ခုအပေါင်း, ၂ ခုလုံး၊ တိဏ္ဏံ သမူဟော တယံ=၃ ခုအပေါင်း, ၃ ခုလုံး၊ ရတနာနံ တယံ ရတနတ္တယံ=ရတနာသုံးပါးအပေါင်း၊ ရုပ်ကို နောင်ခါ ပြီးလတ္တံ့။]
ရာဇပုတ္တကောကို “ရာဇပုတ္တာနံ+သမူဟော”တည်, သမူဟတ္ထေ ကဏ် ဏာသုတ်ဖြင့် ရာဇပုတ္တာနံနောင် ကဏ်ပစ္စည်းသက်, ဝိဘတ်တို့ကို ချေ, သမူဟပုဒ်ကို ချေ, ဏ်အနုဗန် ချေ (ရာဇပုတ္တ), နာမ်ငဲ့, သိ ေ-ါ ပြု, ရာဇပုတ္တကော ပြီး၏၊ ရာဇပုတ္တော၌ ဏပစ္စည်းသက်, ဏ်အနုဗန်ချေ, (ရာဇပုတ္တ ၊ ), တ္တ် ခွင်း, ချေ, ကပ်, ပြီး၏၊ မာနုဿကော မာနုဿော၌ မနုဿာနံ+သမူဟော တည်၍တွက်၊ မ၏ ၊ ကို -ါ ဝုဒ္ဓိပြုရုံသာ။
֍ ၁၂။ ဂါမဇနဗန္ဓုသဟာယာဒီဟိ တာ။ ။ သမူဟတ္ထေ- အပေါင်းဟူသောအနက်၌၊ ဂါမဇနဗန္ဓုသဟာယာဒီဟိ- ဂါမ ဇန ဗန္ဓု သဟာယ အစရှိသော သဒ္ဒါတို့မှနောက်၌၊ တာ- တာပစ္စည်း သည်၊ ဟောတိ- ဖြစ်၏။ ဂါမတာ စသည်တည်း။
၁၂။ ဂါမာနံ သမူဟော ဂါမတာ=ရွာတို့၏အပေါင်း၊ ဇနာနံ သမူဟော ဇနတာ=သတ္တဝါတို့၏အပေါင်း၊ ဗန္ဓူနံ သမူဟော ဗန္ဓုတာ=ဆွေမျိုးတို့၏ အပေါင်း၊ သဟာယာနံ သမူဟော သဟာယတာ=သဟာယ်ချင်း (သူငယ်ချင်း) တို့၏အပေါင်း။ [သွတ္ထတဒ္ဓိတ်ကို ရူပသိဒ္ဓိမှာ ရှု။]
ရုပ်တွက်။ ။ ဂါမတာကို “ဂါမာနံ+သမူဟော”တည်, ဂါမဇနဗန္ဓု သဟာယာဒီဟိ တာသုတ်ဖြင့် ဂါမာနံနောင် တာပစ္စည်းသက်, ဝိဘတ် တို့ကို ချေ, သမူဟပုဒ်ကို ချေ (ဂါမတာ), နာမ်ငဲ့, သိသက်, ချေ, ဂါမတာ ပြီး၏၊ သဟာယာဒီဟိ၌ အာဒိဖြင့် “နာဂရာနံ သမူဟော နာဂရတာ”ကို ယူ၊ “နာဂရာနံ-မြို့သူမြို့သားတို့၏”ဟု ဆို။
֍ ၁၃။ တဒ.ဿ ဌာန.မိယော စ။ ။ တံ- ထိုအရာသည်၊ အဿ- ထိုသဘော၏၊ ဌာနံ- တည်ရာအကြောင်းတည်း။ ဣတိ အတ္ထေ- ဤအနက်၌၊ ဣယော စ- ဣယပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ မဒနိယံ စသည်တည်း။
၁၃။ တံ အဿတို့၏ အနက်ကို မည်သည့်ဝတ္ထုဟု သေချာစွာမဆိုရ, အားလုံးနှင့်ဆိုင်အောင် “တံ-ထိုအရာသည်၊ (ထိုဟာသည် ဟူလို၊) အဿထိုသဘော၏”ဟု သာမန်ဆိုရသည်၊ သုတ်၌ပါသော “အဿ+ဌာနံ”ကို ကြည့်၍ “မဒနဿ+ဌာနံ မဒနိယံ”ဟု ဝိဂြိုဟ်ပြု၊ မဒနဿ-ယစ်မူခြင်း၏၊ ဌာနံ-တည်ရာအကြောင်းသည်၊ မဒနိယံ-မဒနိယ မည်၏။
မဒနိယံ ကို “မဒနဿ+ဌာနံ”တည်, တဒဿ ဌာနမိယော စသုတ်ဖြင့် မဒနဿနောင် -ိ ယပစ္စည်းသက်, ဝိဘတ်ချေ, ဌာနပုဒ်ချေ (မဒန-ိယ), န် ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိ -ံ ပြု, မဒနိယံ ပြီး၏။
စသဒ္ဒါ။ ။ ဣယော စ၌ စသဒ္ဒါဖြင့် ဟိတ စသော အနက်၌လည်း ဣယပစ္စည်းသက်၍ “ဥပါဒါနံ-ဥပါဒါန်တို့၏၊ ဟိတာ-စီးပွားတို့တည်း၊ ဥပါဒါနိယာ-ဥပါဒါန်တို့၏စီးပွားတို့”ဟု ဖြစ်၏။
֍ ၁၄။ ဥပမတ္ထာ.ယိတတ္တံ။ ။ ဥပမတ္ထေ- ဥပမာအနက်၌၊ အာယိတတ္တံ- အာယိတတ္တ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဓူမာယိတတ္တံ စသည်တည်း။
၁၄။ ဓူမော ဝိယဟူသောအနက်၌ ဓူမာယိတတ္တံဟု ရုပ်ဖြစ်၏၊ အဒုံ ဝနံ-ထိုတောကို၊ ဓူမာယိတတ္တံ-မီးခိုးကဲ့သို့၊ ဒိဿတိ-ရှုမြင်အပ်၏။
ရုပ်တွက်။ ။ ဓူမာယိတတ္တံကို “ဓူမော+ဝိယ”တည်, ဥပမတ္ထာယိတတ္တံ သုတ်ဖြင့် ဓူမောနောင် အာယိတတ္တပစ္စည်းသက်, ဝိဘတ်ချေ, ဝိယပုဒ်ချေ, မ် ခွင်း, ချေ, ကပ် (ဓူမာယိတတ္တ), နာမ်ငဲ့, သိသက်, -ံ ပြု, ဓူမာယိတတ္တံ ပြီး၏။ [ရှေးက “ဓူမော+ဝိယ+ဒိဿတိ”တည်၍ ရုပ်တွက်၏။]
֍ ၁၅။ တန္နိဿိတတ္ထေ လော။ ။ တန္နိဿိတတ္ထေ- ထိုအရာကို မှီ၏ဟူသောအနက်၌လည်းကောင်း၊ တံ- ထိုအရာသည်၊ အဿ- ထိုသဘော၏၊ ဌာနံ- တည်ရာအကြောင်းတည်း။ ဣတိ အတ္ထေဤအနက်၌လည်းကောင်း၊ လော- လပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဒုဋ္ဌုလ္လံ , ဝေဒလ္လံ စသည်တည်း။
၁၅။ တဒဿ ဌာနမိယော စသုတ်မှ တဒဿ ဌာနပုဒ်တို့ကို လိုက်စေ သည်၊ ထို့ကြောင့် နိဿတအနက်, အဿဌာနအနက်တို့၌ လပစ္စည်း သက်သောသုတ်တည်းဟု မှတ်၊ ဒုဋ္ဌုကား နိပါတ်ပုဒ်ဖြစ်၍ လိုရာဝိဘတ် သက်ပြီးနောက် ချေထားသည်၊ ဒုဋ္ဌု-မကောင်းမှုကို၊ နိဿိတံ-မှီသည်တည်း၊ ဒုဋ္ဌုလ္လံ-မကောင်းမှုကို မှီသည်၊ (တစ်နည်း) ဒုဋ္ဌု- မကောင်းမှု၏၊ ဌာနံ တည်ရာအကြောင်းတည်း၊ ဒုဋ္ဌုလ္လံ-မကောင်းမှု၏ တည်ရာအကြောင်း။
ရုပ်တွက်။ ။ ဒုဋ္ဌုလ္လံကို “ဒုဋ္ဌု+နိဿိတံ”တည်, တန္နိဿိတတ္ထေ လော သုတ်ဖြင့် လပစ္စည်းသက်, ဝိဘတ်ချေ, နိဿိတပုဒ်ကို ချေ, သဒိသ ဒွေဘော် လ်လာ, နာမ်ငဲ့, သိ, -ံ ံ ပြု, ဒုဋ္ဌုလ္လံ ပြီး၏။ [ဒုဋ္ဌု+ဌာနံ တည်၍ လည်း ဌာနအနက်၌ လပစ္စည်းသက်။]
֍ ၁၆။ အာလု တဗ္ဗဟုလေ။ ။ တဗ္ဗဟုလေ- ထိုသူ၏ ထိုတရား များ၏ဟူသောအနက်၌၊ အာလု- အာလုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ အဘိဇ္ဈာလု စသည်တည်း။
၁၆။ တဒေဝ-ထိုတရားသည်ပင်၊ ဗဟုလံ-များသည်တည်း၊ တဗ္ဗဟုလံထိုတရားများသည်၊ အဿ-ထိုသူ၏၊ အဘိဇ္ဈာ-အဘိဇ္ဈာသည်၊ ဗဟုလာများ၏၊ ဣတိ-ထို့ကြောင့်၊ အဘိဇ္ဈာလု-မည်၏၊ (အဘိဇ္ဈာအားကြီးသူ)၊ သီတံ အဿ ဗဟုလံတိ သီတာလု=များသောအချမ်းရှိသော (အလွန် ချမ်းတတ်သူ)၊ ဒယာ အဿ ဗဟုလာတိ ဒယာလု=များသော သနားခြင်း ရှိသူ။
ရုပ်တွက်။ ။ အဘိဇ္ဈာလုကို “အဘိဇ္ဈာ+အဿ+ဗဟုလာ”တည်, အာလု တဗ္ဗဟုလေသုတ်ဖြင့် -ါ လုပစ္စည်း သက်, ဝိဘတ် ချေ, အဿ, ဗဟုလာ ပုဒ်တို့ကို ချေ, ဇ်္ဈ ခွင်း, ချေ, ကပ် (အဘိဇ္ဈာလု), နာမ်ငဲ့, သိ သက်, ချေ, အဘိဇ္ဈာလု ပြီး၏။ [ဘိက္ခုကဲ့သို့ နာမ်ရုပ်စဉ်လေ၊ သီတာလု စသည်တို့ကိုလည်း တွက်။]
အနေကတ္ထတဒ္ဓိတ်ပြီး၏။
ဘာဝတဒ္ဓိတ်
֍ ၁၇။ ဏျတ္တတာ ဘာဝေ တု။ ။ ဘာဝေ- ဘောအနက်၌၊ ဏျတ္တတာ တု- ဏျပစ္စည်း, တ္တပစ္စည်း, တာပစ္စည်းတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ပဏ္ဍိစ္စံ, ဒဏ္ဍိတ္တံ, ဒဏ္ဍိတာ စသည်တည်း။ တုသဒ္ဒါဖြင့် တ္တန, ဏေယျ စသောပစ္စည်း သက်၍ ပုထုဇ္ဇနတ္တနံ, သောစေယျံ စသည်လည်း ဖြစ်သေး၏။
၁၇။ ဤ၌ ဘာဝဟူသည် ကိတ်ပိုင်း၌ လာသော “ခြင်း-ရာ”ဟု အနက် ဆိုရသော ဘောမဟုတ်၊ သဒ္ဒါတစ်ခုခု ဖြစ်ပေါ်လာခြင်း၏အကြောင်းကို “သဒ္ဒပဝတ္တိနိမိတ္တ”ဟု ခေါ်၏၊ ထိုသဒ္ဒပဝတ္တိနိမိတ်အနက်ကို “ဘော”ဟု ခေါ်သည်။ [သဒ္ဒဿ+ပဝတ္တိ သဒ္ဒပဝတ္တိ=သဒ္ဒါ၏+ဖြစ်ပေါ်လာခြင်း၊ သဒ္ဒပဝတ္တိယာ+နိမိတ္တံ=သဒ္ဒါဖြစ်ပေါ်လာခြင်း၏အကြောင်း။]
ဘာဝ၏ဝိဂ္ဂဟ။ ။ ဘဝန္တိ ဗုဒ္ဓိသဒ္ဒါ ဧတေနာတိ ဘာဝေါ၊ ဧတေနဤ သဒ္ဒပဝတ္တိနိမိတ်ဖြင့်၊ ဗုဒ္ဓိသဒ္ဒါ- အသိဉာဏ်သဒ္ဒါတို့သည်၊ ဘဝန္တိဖြစ်ကုန်၏၊ ဣတိ-ထိုသို့ အသိဉာဏ်သဒ္ဒါတို့ဖြစ်ကြောင်း၏ အဖြစ်ကြောင့်၊ သော-ထို သဒ္ဒပဝတ္တိနိမိတ်သည်၊ ဘာဝေါ-ဘာ၀ မည်၏။ [ဗုဒ္ဓိ အရ အသိဉာဏ်ဆိုသော်လည်း ဉာဏ်သိ မဟုတ်, စိတ်သိတည်း၊ သဒ္ဒါကျမ်း၌ ဗုဒ္ဓိဟု လာတိုင်း ဉာဏ်ကို မယူရ, အချို့အရာ၌ စိတ်ကို ယူရသည်။]
အသိဉာဏ်နှင့်သဒ္ဒါ ဖြစ်လာပုံ။ ။ လူတစ်ယောက်သည် တုတ်ကို ကိုင်လာ၏၊ ထိုသူ့ကို မြင်လျှင် စိတ်ထဲ၌ ဘယ်လို ထင်မည်လဲ¿ သူများ ထက် ထူးခြားသော တုတ်ကို မြင်၍ ဒဏ္ဍီ(တုတ်ရှိသူ)လို့ ထင်လိမ့်မည်၊ ဝါ-သိလိမ့်မည်၊ ဤစကားအရ ဒဏ္ဍီလို့ အသိဉာဏ်ပေါ်လာခြင်း၏ အကြောင်းကား တုတ်တည်း၊ ထိုတုတ် ကိုင်လာသူကို ပါဠိစီလျှင်“ဒဏ္ဍီ”ဟု စီရလိမ့်မည်၊ ဤစကားအရ ဒဏ္ဍီသဒ္ဒါ၏ ဖြစ်ပေါ်လာကြောင်းလည်း တုတ်ပင်တည်း၊ ထို့ကြောင့် “ဒဏ္ဍိနော + ဘာဝေါ ဒဏ္ဍိတ္တံ” ဒဏ္ဍိနောဒဏ္ဍီသဒ္ဒါ၏၊ ဝါ-ဒဏ္ဍီဟု သိသောဉာဏ်၏၊ ဘာဝေါ-ဖြစ်ကြောင်းတုတ် တည်း၊ ဤဝိဂြိုဟ်အရ တုတ်ကို “ဒဏ္ဍိတ္တ”ခေါ်၏ဟု မှတ်။
ဘာဝအနက် ၅ မျိုး။ ။ ဤစကားအရ သဒ္ဒပဝတ္တိနိမိတ်ခေါ်သော တုတ်စသော အနက်သည် ဘာဝအနက် မည်၏၊ “ဏျ တ္တ တာ စသော ပစ္စည်းတို့သည် ထိုဘာဝအနက်ကို ဟောကြ၏”ဟု မှတ်၊ ထိုဘာဝအနက် များသည် ဇာတ်, ဂုဏ်, ကြိယာ, ဒြဗ်, နာမ်ဟု ရိုးရာအားဖြင့် ၅ မျိုးပြား၏၊ ထို ဘာဝအနက် ၅ မျိုးကို ရူပသိဒ္ဓိမှာ ရှု။
[ဆောင်] ၁။ သဒ္ဒါဖြစ်ရိပ်, အကြောင်းဟိတ်, နိမိတ် ဘာဝနက်။၂။ ဇာတ် ဂုဏ် ကြိယာ, ဒြဗ် နာမ်, ငါးတန် အပြားထွက်။
ပဏ္ဍိစ္စံ။ ။ ပဏ္ဍိတဿ ဘာဝေါ ပဏ္ဍိစ္စံ။ ပဏ္ဍိတဿ-ပဏ္ဍိတသဒ္ဒါ, ပဏ္ဍိတဟု သိသောဉာဏ်၏၊ ဘာဝေါ-ဖြစ်ကြောင်းသည်၊ ပဏ္ဍိစ္စံ-ပဏ္ဍိစ္စ မည်၏၊ ဉာဏ်ပညာကိုရသော ဂုဏဘာဝတည်း။
ရုပ်တွက်။ ။ ပဏ္ဍိစ္စံကို “ပဏ္ဍိတဿ+ဘာဝေါ”တည်, ဏျတ္တတာ ဘာဝေ တုသုတ်ဖြင့် ပဏ္ဍိတဿနောင် ဏျပစ္စည်းသက်, ဝိဘတ်ချေ, ဘာဝပုဒ်ချေ, ဏ်အနုဗန်ချေ (ပဏ္ဍိတယ), တ် ခွင်း, အဝဏ္ဏော ယေ လောပဉ္စသုတ်ဖြင့် ၊ ကို ချေ, တ် ယသို့ ကပ်, ယဝတံ တလနစသောသုတ် ဖြင့် တျကို စပြု, စ်ဒွေဘော်လာ, နာမ်ငဲ့, သိ -ံ ပြု, ပဏ္ဍိစ္စံ ပြီး၏။
ဒဏ္ဍိတ္တံ ကို “ဒဏ္ဍိနော+ဘာဝေါ”တည်, တ္တပစ္စည်းသက်၍ ဆိုင်ရာ ချေပြီးသည့်အခါ “ဒဏ္ဍိတ္တံ”ဟု ဖြစ်၏၊ ကွစာဒိမဇ္ဈုတ္တရာနံ ဒီဃရဿာ ပစ္စယေသု စသုတ်ဖြင့် -ီ ကို -ိရဿပြုလေ၊ ဒဏ္ဍိတာ၌ တာ ပစ္စည်း သက်ရုံသာ ထူး၏။
ပုထုဇ နတ္တနံ၌ “ပုထုဇ္ဇနဿ+ဘာဝေါ”တည်, ဏျတ္တတာ ဘာဝေ တု သုတ်၌ တုသဒ္ဒါဖြင့် တ္တနပစ္စည်းသက်ရုံသာ၊ (ပုထုဇဉ်၏အဖြစ်)ဟု ဆို၊ သောစေယံျ၌ “သုစိနော+ဘာဝေါ”တည်, တုသဒ္ဒါဖြင့် ဏေယျပစ္စည်းသက်, ဆိုင်ရာချေ (သုစိေ- ယျ), သု၏ အစိတ် ု ကို ေ-ါ ဝုဒ္ဓိပြု, စ် ခွင်း, ချေ, ေ- သို့ ကပ်, နာမ်ငဲ့ စသည်၊ သောစေယျံ-စင်ကြယ်သူ၏အဖြစ်။
လိန်ခွဲ။ ။ ဏျ, တ္တ, တ္တန ပစ္စည်းဆုံးသော ပုဒ်တို့သည် နပုံလိန်တည်း၊ တာပစ္စည်းဆုံးသောပုဒ်ကား ဣတ္ထိလိန်တည်း၊ နောက်လာမည့် ဘောဟော ပစ္စည်းဆုံးသော ပုဒ်တို့မှာ ထိုက်သည့်အားလျော်စွာ လိန် ၃ ပါး၌ ဖြစ်၏။
[ဆောင်] ၁။ ဏျ တ္တ တ္တန, ပစ္စယဆုံး, ဤသုံးလုံး, နပုံး ဧကန်မြဲ။၂။ တာ ပစ္စယန္တာ, ဣတ္ထိသာ, ကြွင်းမှာ သုံးလိန်ခွဲ။
֍ ၁၈။ ဏ ဝိသမာဒီဟိ။ ။ ဘာဝေ- ဘောအနက်၌၊ ဝိသမာ ဒီဟိ- ဝိသမ အစရှိသောသဒ္ဒါတို့မှနောက်၌၊ ဏ- ဏပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဝေသမံ, ဂါရဝံ စသည်တည်း။
၁၈။ ဝိသမဿ-မညီညွတ်သူ၏၊ ဘာဝေါ-အဖြစ်သည်၊ ဝေသမံ-မညီ ညွတ်သူ၏အဖြစ်၊ (အနက်ကို အလွယ်ဆိုသည်၊) ဂရုနော-အလေးပြုသူ၏၊ ဘာဝေါ-အဖြစ်တည်း၊ ဂါရဝံ-အလေးပြုသူ၏အဖြစ်၊ (ရိုသေလေးစားခြင်း၊၊)
ရုပ်တွက်။ ။ ဝေသမံကို “ဝိသမဿ+ဘာဝေါ”တည်, ဏ ဝိသမာဒီဟိ သုတ်ဖြင့် ဝိသမဿနောင် ဏပစ္စည်းသက်, ဝိဘတ်ချေ, ဘာဝပုဒ်ချေ, ဏ်အနုဗန် ချေ, ဝိ၏အစိတ် -ိ ကို ေ- ဝုဒ္ဓိပြု, ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိ -ံ ပြု, ဝေသမံ ပြီး၏။
ဂါရဝံ ကို “ဂရုနော+ဘာဝေါ”တည်, ဏပစ္စည်းသက်, ဝိဘတ်, ဘာ၀ ပုဒ်, ဏ်အနုဗန် ချေ (ဂရု ၊ ), ဝုဒ္ဓါဒိသရဿ ဝါ စသောသုတ်ဖြင့် ဂ ၏ အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, (ဂါရု ၊ ), သြ သရေ စသုတ်၌ စသဒ္ဒါဖြင့် ရု၏ အစိတ် ု ကို ၊ ဝ် ပြု, ဝ် ၊ သို့ ကပ် (ဂါရဝ), နာမ်ငဲ့, သိ -ံ ပြု, ဂါရဝံ ပြီး၏။
֍ ၁၉။ ရမဏီယာဒိတော ကဏ်။ ။ ဘာဝေ- ဘောအနက်၌၊ ရမဏီယာဒိတော- ရမဏီယ အစရှိသောသဒ္ဒါမှ နောက်၌၊ ကဏ်- ကဏ်ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ရာမဏီယကံ, မာနုညကံ စသည်တည်း။
၁၉။ ရမဏီယဿ-မွေ့လျော်ဖွယ်၏၊ ဘာဝေါ-အဖြစ်တည်း၊ ရာမဏီယကံ-မွေ့လျော်ဖွယ်၏အဖြစ်၊ မနုညဿ-စိတ်ကို လွန်စွာနှစ်သက် စေတတ်သောအာရုံ၏၊ ဘာဝေါ-အဖြစ်တည်း၊ မာနုညကံ-စိတ်ကို လွန်စွာ နှစ်သက်စေတတ်သော အာရုံ၏အဖြစ်။
ရုပ်တွက်။ ။ ရာမဏီယကံကို “ရမဏီယဿ+ဘာဝေါ”တည်, ရမဏီ ယာဒိတော ကဏ်သုတ်ဖြင့် ရမဏီယဿနောင် ကဏ်ပစ္စည်းသက်, ဝိဘတ်, ဘာဝပုဒ်, ဏ်အနုဗန်ချေ, ရ၏အစိတ် ၊ ကို -ါ ဝုဒ္ဓိပြု, နာမ်ငဲ့, သိ -ံ ပြု, ရာမဏီယကံ ပြီး၏၊ မာနုညကံကိုလည်း တွက်လေ။
ဝိသေသတဒ္ဓိတ်
֍ ၂၀။ ဝိသေသေ တရတမိ.သိကိ.ယိ.ဋ္ဌာ။ ။ ဝိသေသေ- ဝိသေသအနက်၌၊ တရတမိ.သိကိ.ယိ.ဋ္ဌာ- တရပစ္စည်း, တမ ပစ္စည်း, ဣသိကပစ္စည်း, ဣယပစ္စည်း, ဣဋ္ဌပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပါပတရော, ပါပတမော, ပါပိသိကော, ပါပိယော, ပါပိဋ္ဌော စသည်တည်း။
၂၀။ အကောင်းဂုဏ်အားဖြင့် သူတစ်ပါးထက် ထူးကဲခြင်း, မကောင်း ဂုဏ်အားဖြင့် သူတစ်ပါးအောက် ထူးကဲ ဆိုးဝါးခြင်းကို ဝိသေသအနက်ဟု ဆိုရသည်၊ “အောက်, ထက်” သုံးစွဲရိုး ကွဲပြားပုံကို နာမ်ပိုင်း “အပ္ပဿ ကန်”သုတ်အဖွင့်၌ ပြခဲ့ပြီ။
ပါပါနံ ဝိသေသောတိ ပါပတရော၊ ပါပါနံ-ယုတ်မာသူတို့အောက်၊
ဝိသေသော- ထူးကဲ ယုတ်မာသူတည်း၊ ပါပတရော- အထူး ယုတ်မာသူ၊ တမပစ္စည်းကား တရပစ္စည်း၏ အနက်ထက် ပိုလွန်ထူးကဲ၏၊ ထို့ကြောင့် “ပါပတမော-အလွန်အကြူးယုတ်မာသူ (အယုတ်မာဆုံး)”ဟု ဆိုရသည်၊ ဝိဂြိုဟ်ကိုကား “ပါပါနံ+ဝိသေသောတိ ပါပတမော”ဟု ရှေးအတိုင်းပင် ပြုပါ။
ဣသိက ဣယ ဣဋ္ဌပစ္စည်းတို့၏အနက်ကား တစ်ခုထက်တစ်ခု သာလွန် ထူးခြားသည်ဟုလည်းကောင်း, မထူးခြားဟုလည်းကောင်း အမျိုးမျိုး ဆိုကြ၏၊ ပါဠိပုံစံ မတွေ့သမျှ ဆုံးဖြတ်ဖို့ ခဲယဉ်း၏၊ “ပါပါနံ ဝိသေသောတိ ပါပိသိကော = ပါပိယော = ပါပိဋ္ဌော” ဟု ဝိဂြိုဟ်ပြု, ပါပိသိကော = ပါပိယော = ပါပိဋ္ဌော = အထူးယုတ်မာသူ။
ကောင်းသောအရာ၌ “ပဋူနံ ဝိသေသောတိ ပဋုတရော, ပဋုတမော, ပဋိသိကော, ပဋိယော, ပဋိဋ္ဌော”ဟု ဖြစ်၏၊ ပဋူနံ-ထက်မြက်သူတို့ထက်၊ ဝိသေသော-ထူးကဲသူတည်း၊ ပဋုတရော-အထူးထက်မြက်သူ၊ ပဋုတမောအလွန်အကြူး ထက်မြက်သူ၊ ပဋိသိကော စသည်၌ “အထူးထက်မြက်သူ” ဟု ဆို။
ရုပ်တွက်။ ။ ပါပတရောကို “ဝိသေသေန + ပါပေါ”တည်, ဝိသေသေ တရတမိ.သိကိ.ယိ.ဋ္ဌာသုတ်ဖြင့် ပါပေါ နောင် တရ ပစ္စည်းသက်, ဝိဘတ် ချေ, ဝိသေသေနပုဒ် ချေ (ပါပတရ), နာမ်ငဲ့, သိ ေ-ါ ပြု, ပါပတရော ပြီး၏။ [ပါပတမော စသည်၌ တမပစ္စည်း စသည်သက်ရုံသာ၊ ပဋုတရော စသည်လည်း မထူးပြီ။]
ဝိသေသတဒ္ဓိတ်ပြီး၏။
အဿတ္ထိတဒ္ဓိတ်
֍ ၂၁။ တဒဿ.တ္ထီတိ ဝီ စ။ ။ အဿ- ထိုသူ၏၊ တံ- ထိုအရာ သည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ ဝီ စ- ဝီပစ္စည်း သည်လည်း၊ ဟောတိ- ဖြစ်၏။ မေဓာဝီ, မာယာဝီ စသည်တည်း။
၂၁။ မေဓာ အဿ အတ္ထီတိ မေဓာဝီ၊ အဿ-ထိုသူ၏၊ မေဓာ-ပညာ သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ မေဓာဝီ-မေဓာဝီ မည်၏၊ မေဓာဝီပညာရှိသူ၊ ဣတ္ထိလိန်၌ ပတိဘိက္ခုရာဇီကာရန္တေဟိ ဣနီသုတ်အရ -ိကာရ န္တ ဖြစ်၍ ဣနီပစ္စည်းသက်လျှင် မေဓာဝိနီ (ပညာရှိသောမိန်းမ)ဟု ဖြစ်၏၊ နပုံလိန်၌ သုခကာရိကဲ့သို့ မေဓာဝိ (ပညာရှိသောအမျိုး)ဟု ဖြစ်၏။
အမှာ။ ။ အဿ အတ္ထိပုဒ် ကျေသောကြောင့် အဿ အတ္ထိတဒ္ဓိတ်ဟု ခေါ်သည်၊ သုတ်၌ အဿတ္ထိကို မှတ်၍ ဆိုထားသည်၊ “ယဿ အတ္ထိ ယသ္မိံ ဝိဇ္ဇတိ”ဟုလည်း ထိုက်သလို ဝိဂြိုဟ်ပြုနိုင်ပါ၏၊ “အဿ-ထိုသူအား” ဟု သမ္ပဒါန်သုံးရိုးရှိသည်ကား သမ္ပဒါန်ထုံးစံမကျ၊ အဿကို မေဓာတွင် စပ်၍ “ထိုသူ၏ပညာ”ဟု သမ္ဗန်အနက်သာ အဓိပ္ပာယ်ရသည်။
ရုပ်တွက်။ ။ မေဓာဝီကို “မေဓာ အဿ အတ္ထိ”တည်, တဒဿတ္ထီတိ ဝီ စသုတ်ဖြင့် မေဓာ နောင် ဝီပစ္စည်းသက်, ဝိဘတ်ချေ, တ, အတ္ထိပုဒ်ကို ချေ (မေဓာဝီ), နာမ်ငဲ့, သိချေ, ပြီး၏၊ (ဒဏ္ဍီကဲ့သို့ ရုပ်စဉ်။)
[အဿ၌ ပုဒ်ရင်းက (တ)ပုဒ်တည်း၊ သဝိဘတ်ချေလိုက်တဲ့အခါ (တ) ပြန်ဖြစ်သည်၊ ထို့ကြောင့် တ, အတ္ထိပုဒ်ကို ချေဟု ဆိုသည်။] မာယာ အဿ အတ္ထီတိ မာယာဝီ = မာယာရှိသူ (မာယာများသူ)။
စသဒ္ဒါအနက်။ ။ ရူပသိဒ္ဓိ၌ တဒဿတ္ထီတိ ဝီ စသုတ်လာ စသဒ္ဒါဖြင့် သ, ဣလ, ဝ, အာလ စသောပစ္စည်းများသက်၍ သုမေဓသော စသည်ဆိုသေး၏၊ သုမေဓသော-ကောင်းသော ပညာရှိသူ၊ ဇဋိလော-ဆံကျစ်ရှိ သော ရသေ့၊ ကေသဝေါ-ဆံပင်ရှိသူ (ဆံပင်ကောင်းသူ)၊ ဝါစာလောစကားရှိသူ (စကားများသူ)တို့ကား ပုံစံတည်း။
[ဆောင်] တဒဿတ္ထိ, စ အရှိဖြင့်, သ ဣလ ဝ, အာလ စသား, ပစ္စည်းများ, သက်ငြား ရူပသိဒ်။
֍ ၂၂။ တပါဒိတော သီ။ ။ အဿ- ထိုသူ၏၊ တံ- ထိုအရာသည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ တပါဒိတော- တပ အတူရှိသော သဒ္ဒါမှ(နောက်၌)၊ သီ- သီပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ တပဿီ, ယသဿီ စသည်တည်း။
၂၂။ တပေါ အဿ အတ္ထီတိ တပဿီ=အကျင့်ရှိသော ရသေ့၊ တပါ ဒိတော၌ အာဒိသဒ္ဒါဖြင့် တပနှင့်မနောဂိုဏ်းချင်းတူသော ယသ, တေဇ, မနစသည်ကိုယူ၊ ယသဿီ=အခြံအရံရှိသူ(အခြွေအရံများသူ)၊ တေဇဿီ= တန်ခိုးရှိသူ (အရှိန်ကြီးသူ)၊ မနဿီ=စိတ်ရှိသူ (စိတ်မြင့်မြတ်သူ)။
အမှာ။ ။ သက္ကတ၌ “တပသ်” စသည်ဖြင့် (သ်)ဆုံးလျက် ရှိသော ကြောင့် (သ်)လာ၍ တပဿီ, ယသဿီ, တေဇဿီ, မနဿီ စသည်ဖြင့် ရှိရသည်။
ရုပ်တွက်။ ။ တပဿီကို “တပေါ+အဿ+အတ္ထိ” တည်, တပါ ဒိတော သီသုတ်ဖြင့် တပေါနောင် သီပစ္စည်းသက်, ဝိဘတ်ချေ (တပသီ), သဒိသဒွေဘော် သ်လာ, နာမ်ငဲ့, သိသက်, ချေ, တပဿီ ပြီး၏၊ (ဒဏ္ဍီ ကဲ့သို့ ရုပ်စဉ်)၊ ဟယသဿီ စသည်၌လည်း “ယသော အဿ အတ္ထိ” စသည် တည်၍ ရုပ်တွက်။]
֍ ၂၃။ ဒဏ္ဍာဒိတော ဣကဤ။ ။ အဿ- ထိုသူ၏၊ တံ- ထို အရာသည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ ဒဏ္ဍာဒိ တော- ဒဏ္ဍ အတူရှိသော အဝဏ္ဏန္တမှနောက်၌၊ ဣကဤ- ဣက ပစ္စည်း, ဤပစ္စည်းတို့သည်၊ ဟောန္တိ- ကုန်၏။ ဒဏ္ဍိကော, ဒဏ္ဍီ စသည်တည်း။
၂၃။ ဒဏ္ဍော အဿ အတ္ထီတိ ဒဏ္ဍိကော, ဒဏ္ဍီ-တုတ်ရှိသူ၊ ဣတ္ထိလိန် ၌ ဒဏ္ဍိနီဟု ဖြစ်၏၊ ဒဏ္ဍာဒိတော၌ အာဒိသဒ္ဒါသည် “အတူ”ဟူသော အနက်ရှိ၏၊ ထို့ကြောင့် ဒဏ္ဍနှင့် အဝဏ္ဏန္တ (အ အာအဆုံးရှိ)ချင်းတူသော “ဟတ္ထော ယဿ အတ္ထီတိ ဟတ္ထိကော, ဟတ္ထီ=လက်ရှိသူ, နှာမောင်းတည်း ဟူသော လက်ရှိသောဆင်၊ မာလာ အဿ အတ္ထီတိ မာလိကော, မာလီ= ပန်းကုံးရှိသူ (ပန်းသည်)”စသော ပုဒ်များကို ယူ။
ရုပ်တွက်။ ။ ဒဏ္ဍိကောကို “ဒဏ္ဍော+အဿ+အတ္ထိ”တည်, ဒဏ္ဍာဒိ တော ဣကဤသုတ်ဖြင့် ဒဏ္ဍနောင် -ိ ကပစ္စည်းသက်, ဝိဘတ်ချေ, တအတ္ထိပုဒ်တို့ကို ချေ, ဏ္ဍ် ခွင်း, ချေ, ကပ် (ဒဏ္ဍိက), နာမ်ငဲ့, သိ ေ-ါ ပြု, ဒဏ္ဍိကော ပြီး၏။ [ဒဏ္ဍီ၌ -ီ ပစ္စည်းသက်, သိချေရုံသာ၊ ဟတ္ထိကော, မာလိကော စသည်၌လည်း နည်းတူ၊ ဉာဏီ-ဉာဏ်ရှိသူ၊ သံဃီ-သံဃာရှိ သော ဂိုဏ်းဆရာ, စသည်ဖြင့် ပေါများ၏။]
֍ ၂၄။ မဓွာဒိတော ရော။ ။ အဿ- ထိုသူ၏၊ တံ- ထိုအရာ သည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ မဓွာဒိတော- မဓုအတူရှိသော သဒ္ဒမှနောက်၌၊ ရော- ရပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ မဓုရော, ကုဉ္ဇရော စသည်တည်း။
၂၄။ မဓု အဿ အတ္ထီတိ မဓုရော၊ အဿ-ထိုတင်လဲ၏၊ မဓု-ချိုသော အရသာသည်၊ အတ္ထိ - ရှိ၏၊ ဣတိ - ထို့ကြောင့်၊ သော - ထို တင်လဲ (ထန်းလျက်) သည်၊ မဓုရော - မဓုရ မည်၏၊ ဣတ္ထိလိန်၌ “မဓု အဿာ အတ္ထီတိ မဓုရာ=ချိုသောအရသာရှိသော သကာ”၊ နပုံလိန်၌ “မဓုရံချိုသောအရသာရှိသော နို့ရည်”ဟု ဖြစ်၏။
ကုဉ္ဇရော။ ။ ကုဉ္ဇော အဿ အတ္ထီတိ ကုဉ္ဇရော၊ အဿ-ထိုဆင်၏၊ ကုဉ္ဇော-ရှည်သောမေးသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ ကုဉ္ဇရောမည်၏၊ အဿ-ထိုသူ၏၊ မုခံ-ကြမ်းသောနှုတ်သည်၊ အတ္ထိ-ရှိ၏၊ မုခရောကြမ်းသောနှုတ်ရှိသူ=မုန်းစရာ စကားများသူ။
ရုပ်တွက်။ ။ မဓုရောကို “မဓု+အဿ+အတ္ထိ”တည်, မဓွာဒိတော ရောသုတ်ဖြင့် မဓုနောင် ရပစ္စည်းသက်, ဝိဘတ်, တ, အတ္ထိပုဒ်တို့ကို ချေ, နာမ်ငဲ့, သိ ေ-ါ ပြု, မဓုရော ပြီး၏။ [ကြွင်းသောရုပ်များ လွယ်ပြီ။]
֍ ၂၅။ ဂုဏာဒိတော ဝန္တု။ ။ အဿ- ထိုသူ၏၊ တံ- ထိုအရာ သည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ ဂုဏာဒိတော- ဂုဏ အတူရှိသောသဒ္ဒါမှ နောက်၌၊ ဝန္တု- ဝန္တုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဂုဏဝါ, ဂဏဝါ စသည်တည်း။
၂၅။ ဂုဏော အဿ အတ္ထီတိ ဂုဏဝါ=ဂုဏ်ရှိသူ၊ ဂဏော အဿ အတ္ထီတိ ဂဏဝါ=ဂိုဏ်းရှိသောဆရာ၊ ကုလံ အဿ အတ္ထီတိ ကုလဝါ= အမျိုးကောင်းရှိသူ၊ ဣတ္ထိလိန်၌ ဂုဏဝန္တီ, ဂုဏဝတီ စသည် ဖြစ်ပုံကို နာမ်ပိုင်း နဒါဒိဂိုဏ်းကြည့်၍ သိလေ။
ရုပ်တွက်။ ။ ဂုဏဝါကို “ဂုဏော+အဿ+အတ္ထိ”တည်, ဂုဏာဒိတော ဝန္တု သုတ်ဖြင့် ဂုဏ နောင် ဝန္တု ပစ္စည်းသက်, ဝိဘတ်, တ, အတ္ထိပုဒ်တို့ကို ချေ (ဂုဏဝန္တု), နာမ်ငဲ့, သိသက်, အာ သိမှိသုတ်ဖြင့် သိဝိဘတ်နှင့်တကွ ဝန္တု ကို -ါ ပြု, ဝ် ခွင်း, ချေ, ကပ်, ဂုဏဝါ ပြီး၏။
֍ ၂၆။ သတျာဒီဟိ မန္တု။ ။ အဿ- ထိုသူ၏၊ တံ- ထိုအရာသည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ သတျာဒီဟိ- သတိအတူ ရှိသောသဒ္ဒါတို့မှနောက်၌၊ မန္တု- မန္တုပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သတိမာ, ဗန္ဓုမာ စသည်တည်း။
၂၆။ သတိ အဿ အတ္ထီတိ သတိမာ=သတိရှိသူ (သတိကောင်းသူ)၊ ဗန္ဓု အဿ အတ္ထီတိ ဗန္ဓုမာ=ဆွေမျိုးရှိသူ (ဆွေမျိုးကောင်းသူ)၊ ဂါဝေါ အဿ အတ္ထီတိ ဂေါမာ = နွားရှိသူ။
သတျာဒီဟိ ယောဂဝိဘာဂ။ ။ ရှေ့က “ဂုဏာဒိတော ဝန္တု”ဟု ဧကဝုစ် တောပစ္စည်းဖြင့် ဆို၍ နောက်၌ “သဒ္ဓါဒိတော ဏ”ဟု ဧကဝုစ် တောပစ္စည်းဖြင့် ဆိုပြန်၏၊ ဤအလယ်က “သတျာဒီဟိ မန္တု”သုတ်၌သာ ဗဟုဝုစ် ဟိဝိဘတ်ဖြင့် ဆိုပုံကို ထောက်လျှင် “သတျာဒီဟိ ဣမန္တု”ဟု ယောဂဝိဘာဂ ပြုစေလိုကြောင်း ထင်ရှားသတဲ့၊ ထို့ကြောင့် “သတျာဒီဟိ” ဟူသော ယောဂဝိဘာဂဖြင့် ဣမန္တုပစ္စည်းသက်၍ “စန္ဒိမာ-လဗိမာန်ရှိ သော နတ်သား (လနတ်သားရှိသောဗိမာန်)၊ ပါပိမာ-မကောင်းမှုရှိသူ၊ ပုတ္တိမာ-သား သမီးရှိသူ”စသော ပုံစံများ ဖြစ်၏။
ရုပ်တွက်။ ။ သတိမာကို “သတိ+အဿ+အတ္ထိ”တည်, သတျာဒီဟိ မန္တုသုတ်ဖြင့် သတိနောင် မန္တုပစ္စည်းသက်, ဝိဘတ်, တ, အတ္ထိပုဒ်တို့ကို ချေ (သတိမန္တု), နာမ်ငဲ့, သိဝိဘတ်နှင့်တကွ န္တုကို -ါ ပြု။
֍ ၂၇။ သဒ္ဓါဒိတော ဏ။ ။ အဿ- ထိုသူ၏၊ တံ- ထိုအရာ သည်၊ အတ္ထိ- ရှိ၏၊ ဣတိ အတ္ထေ- ဤအနက်၌၊ သဒ္ဓါဓိတော- သဒ္ဓါအတူရှိသော သဒ္ဒါမှ နောက်၌၊ ဏ- ဏပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သဒ္ဓေါ , ပညော စသည်တည်း။
၂၇။ သဒ္ဓါ အဿ အတ္ထီတိ သဒ္ဓေါ=သဒ္ဓါရှိသူ၊ ပညာ အဿ အတ္ထီတိ ပညော=ပညာရှိသူ။ [သတော၌ကား “သရတီတိ သတော”ဟု ကိတ်ပုဒ် ဖြစ်၏။]
သဒ္ဓေါ ကို “သဒ္ဓါ+အဿ+အတ္ထိ”တည်, သဒ္ဓါဒိတော ဏသုတ်ဖြင့် သဒ္ဓါနောင် ဏပစ္စည်းသက်, ဝိဘတ်, တ, အတ္ထိပုဒ်, ဏ်အနုဗန် ချေ, (သဒ္ဓါ ၊ ) ဒ္ဓ် ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, သဒ္ဓေါ ပြီး၏။
֍ ၂၈။ အာယုဿု.ကာရာ.သ မန္တုမှိ။ ။ မန္တုမှိ- မန္တုပစ္စည်း ကြောင့်၊ အာယုဿ- အာယုသဒ္ဒါ၏၊ ဥကာရော- ဥအက္ခရာ သည်၊ အသ- အသ် အပြုသည်၊ ဟောတိ- ဖြစ်၏။ အာယသ္မာ ဟူသည်တည်း။
၂၈။ အသ်ဟု သီဟိုဠ် ရူပသိဒ္ဓိ၌ ရှိ၏၊ ထိုအလို သ၌ (အ)သရ မပါ, အသ ပြုလျှင် သ၏အစိတ် ၊ ကို ချေရမည်၊ ထိုသို့ ချေရန်ကိုလည်း နျာသ ရူပသိဒ္ဓိတို့ မပြကြသဖြင့် “အသ်”အပြုသာ သင့်ရာ၏၊ အာယု ယဿ အတ္ထီတိ အာယသ္မာ=အသက်ရှိသူ=အသက်ရှည်သူ၊ (ပညတ်နက် ကား “အရှင်”တည်း။)
ရုပ်တွက်။ ။ အာယသ္မာကို “အာယု+ယဿ+အတ္ထိ”တည်, သတျာ ဒီဟိ မန္တုသုတ်ဖြင့် မန္တုပစ္စည်းသက်, အာယုဿု.ကာရာ.သ မန္တုမှိသုတ် ဖြင့် အာယု၏ အစိတ် ု ကို အသ် ပြု (အာယသ် မန္တု), နယေ ပရံ ယုတ္တေသုတ်ဖြင့် သ် ကို မ သို့ ကပ် (အာယသ္မန္တု), နာမ်ငဲ့, သိဝိဘတ်နှင့် တကွ န္တု ကို -ါ ပြု, သ်္မ ခွင်း, ချေ, ကပ်, အာယသ္မာ ပြီး၏။
အဿတ္ထိအနက်များ
ပဟူတေ စ ပသံသာယံ, နိန္ဒာယံ စာတိသယနေ၊
နိစ္စယောဂေ စ သံသဂ္ဂေ, ဟောန္တိ.မေ မန္တုအာဒယော။
ပဟူတေ စ -အများဟူသောအနက်၌လည်းကောင်း၊ ပသံသာယံချီးမွမ်းခြင်းအနက်၌လည်းကောင်း၊ နိန္ဒာယံ စ-ကဲ့ရဲ့ခြင်းအနက်၌လည်း ကောင်း၊ အတိသယနေ-အလွန်အကဲဟူသောအနက်၌လည်းကောင်း၊ နိစ္စ ယောဂေ စ-အမြဲယှဉ်ခြင်းအနက်၌လည်းကောင်း၊ သံသဂ္ဂေ-ရောနှောခြင်း အနက်၌လည်းကောင်း၊ ဣမေ မန္တုအာဒယော-ဤ မန္တု အစရှိသော ပစ္စည်းတို့သည်၊ ဟောန္တိ-ဖြစ်ကုန်၏။
အစဉ်အတိုင်းပုံစံကား … “ဂေါမာ- နွားအများရှိသူ၊ အာယသ္မာသက်တော်ရှည်သောအရှင်၊ ကကုဒါဝတ္တိနီ-နွားလဘို့ဗွေရှိသော အပျို (ထိုဗွေပါလျှင် အပြစ်ရှိသည်၊) ဗုဒ္ဓိမာ-ဉာဏ်ရှိသူ၊ သတိမာ-သတိရှိသူ၊ ဒဏ္ဍီ-တုတ်ရှိသူ။
ဤဂါထာကား …မောဂ္ဂလ္လာန်၌လာသော ဂါထာတည်း၊ ထိုကျမ်း၌ မန္တုပစ္စည်းကို စ၍ အဿတ္ထိအနက်၌ ပြသောကြောင့် “မန္တုအာဒယော” ဟု ဆိုသည်၊ အဿတ္ထိအနက်ရှိသော ဝီ စသောပစ္စည်းများလည်း ပဟူတ စသောအနက်တို့တွင် သင့်ရာအနက်၌ ဖြစ်ကြ၏။
ပကတိတဒ္ဓိတ်
֍ ၂၉။ တပ္ပကတိဝစနေ မယော။ ။ တပ္ပကတိဝစနေ- ထိုဖြင့် ပြုအပ်၏ဟူသောအနက်ကို ဟောသည်ရှိသော်၊ မယော- မယ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ သုဝဏ္ဏမယော စသည်တည်း။
၂၉။ ပကရီယတီတိ ပကတိ၊ ပကရီယတိ-ပြုအပ်၏၊ ဣတိ-ကြောင့်၊ ပကတိ-ပကတိ မည်၏၊ တေန ပကတိ တပ္ပကတိ၊ တေန-ထိုရွှေ စသည်ဖြင့်ဟု အနက်ဆို၊ ဤဝစနတ္ထအရ တစ်စုံတစ်ခုဖြင့် ပြုအပ်သော ဝတ္ထုကို “ပကတိ”ဟု ခေါ်၏၊ ထိုအရာဝတ္ထုကို ဟောလိုလျှင် ပကတိ အနက်၌ မယပစ္စည်းသက်ဟု ဆိုလိုသည်၊ “ထိုဖြင့် ပြုအပ်”ဟု ဆိုလျှင် တစ်စုံတစ်ခုကြောင့် ဖြစ်သော အရာဝတ္ထုလည်း ရသင့်သောကြောင့် နိဗ္ဗတ္တ အနက်, နိပ္ဖန္နအနက်များ၌လည်း မယပစ္စည်း သက်သေး၏။
သုဝဏ္ဏေန ပကတော သုဝဏ္ဏမယော၊ သုဝဏ္ဏေန-ရွှေဖြင့်၊ ပကတော-ပြုအပ်သောရထားတည်း၊ သုဝဏ္ဏမယော-ရွှေဖြင့် ပြုလုပ်အပ်သောရထား၊ ရထားငဲ့၍ ပုံလိန်ချသည်၊ သုဝဏ္ဏေန ပကတာ သုဝဏ္ဏမယာ=ရွှေဖြင့် ပြုလုပ်အပ်သော၊ ဘာဇနဝိကတိ-အိုးခွက်အထူး၊ သုဝဏ္ဏေန ပကတံ သုဝဏ္ဏမယံ=ရွှေဖြင့် ပြုလုပ်အပ်သော၊ ဘာဇနံ-အိုးခွက်၊ ဤသို့ ၃ လိန် ရနိုင်၏၊ ကတော, ကတံ ဟူသော ပရိယာယ်ပုဒ်ဖြင့်လည်း လိန်အား လျော်စွာ ဝိဂြိုဟ်ပြုကောင်းသည်၊ ဣဒ္ဓိယာ-တန်ခိုးကြောင့်၊ နိဗ္ဗတ္တံဖြစ်သည်တည်း၊ ဣဒ္ဓိမယံ-တန်ခိုးကြောင့် ဖြစ်သည်၊ မနတော နိပ္ဖန္နံ မနောမယံ = စိတ်ကြောင့် ဖြစ်သည်။
ရုပ်တွက်။ ။ သုဝဏ္ဏမယောကို “သုဝဏ္ဏေန+ပကတော”တည်, တပ္ပကတိဝစနေ မယောသုတ်ဖြင့် သုဝဏ္ဏေန နောင် မယပစ္စည်း သက်, ဝိဘတ်, ပကတပုဒ်ကို ချေ (သုဝဏ္ဏမယ), နာမ်ငဲ့, သိ ေ-ါ ပြု, ပြီး၏။ [သု၌ ဥကို သြဝုဒ္ဓိ ပြု၍ “သောဝဏ္ဏမယော”ဟုလည်း ရှိ၏၊ ဣဒ္ဓိမယံကို “ဣဒ္ဓိယာ+နိဗ္ဗတ္တံ”တည်, နိဗ္ဗတ္တအနက်၌ မယပစ္စည်းသက်ဟု ဆို၊ “ဣဒ္ဓိမယ, ပတ္တစီဝရ” ဟူရာ၌ ကမ္မဇိဒ္ဓိကြောင့် ဖြစ်သော သပိတ် သင်္ကန်းကို “ဣဒ္ဓိမယ”ဟု ခေါ်သည်။]
မနောမယံ ကို “မနတော+နိပ္ဖန္နံ”တည်, တပ္ပကတိဝစနေ မယော သုတ်ဖြင့် မနတော နောင် နိပ္ဖန္နအနက်၌ မယပစ္စည်းသက်, ဝိဘတ်, နိပ္ဖန္နပုဒ်ကို ချေ (မနမယ), ဧတေသမော လောပေသုတ်ဖြင့် မန၏ အဆုံး ၊ ကို ေ-ါ ပြု, နာမ်ငဲ့, သိ -ံ ပြု, မနောမယံ ပြီး၏။ [ယောဂဝိဘာဂဖြင့် သက်ရသော ရုပ်များကို ရူပသိဒ္ဓိမှာ ရှု။]
ပကတိတဒ္ဓိတ်ပြီးပြီ။
သင်္ချာတဒ္ဓိတ်
֍ ၃၀။ သင်္ချာပူရဏေ မော။ ။ သင်္ချာပူရဏေ- သင်္ချာ၏ ပြည့်ကြောင်းအနက်၌၊ မော- မပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ပဉ္စမော, သတ္တမော စသည်တည်း။
၃၀ ။ ပူရယတိ အနေနာတိ ပူရဏော၊ သင်္ချာယ ပူရဏော သင်္ချာ ပူရဏော၊ အနေန-ဤအနက်ဖြင့်၊ ပူရယတိ-ပြည့်၏၊ ဣတိ-ထိုသို့ ပြည့် ကြောင်း၏အဖြစ်ကြောင့်၊ သော-ထိုအနက်သည်၊ ပူရဏော-ပူရဏမည်၏၊ သင်္ချာယ-သင်္ချာ၏၊ ပူရဏော-ပြည့်ကြောင်းတည်း၊ သင်္ချာပူရဏောသင်္ချာ၏ပြည့်ကြောင်း၊ ၄ ခုပြီးတဲ့အခါ ၅ ခုပြည့်ဖို့ရန် တစ်ခုထပ်၍ ထည့်ရသည်၊ ထို နောက်ထပ် ထည့်အပ်သော တစ်ခုသည် “ပဉ္စမ-၅ ခုမြောက် တစ်ခု” မည်၏၊ ထို့အတူ ၇ ခုမြောက် တစ်ခု, ၈ ခုမြောက် တစ်ခု, စသည်ဖြင့် တစ်ခု တစ်ခုကိုသာ ပူရဏအနက်ဟု မှတ်။
ပုံစံ။ ။ ပဉ္စန္နံ-ငါးခုတို့၏၊ ပူရဏော-ပြည့်ကြောင်းတည်း၊ ပဉ္စမောငါးခုတို့၏ပြည့်ကြောင်း၊ ဝါ-ငါးခုမြောက်၊ သတ္တန္နံ ပူရဏော သတ္တမောခုနစ်ခုမြောက်၊ အဋ္ဌမော-ရှစ်ခုမြောက်၊ နဝမော-ကိုးခုမြောက်၊ ဒသမောဆယ်ခုမြောက်, စသည်ဖြင့် သိလေ။
အမှာ။ ။ ၂-၃-၄-၆ ခုမြောက်ဆိုင်ရာရုပ်များကား တစ်မျိုးလာလတ္တံ့၊ ရှေးဦးအစ “၁”ကို ပဌမဟု ခေါ်၏၊ ဥဏာဒ် ပုထဿ ပုထု ပဌမော ဝါ သုတ်၌ ပြခဲ့ပြီ၊ “ပဌမော-တစ်ခုမြောက်”ဟု မဆိုနှင့်, မြောက်ဖို့ရာ “အောက်ခံ” မရှိသေး၊ “ပဌမော-ရှေ့= အစ”ဟုသာ ဆို။
ရုပ်တွက်။ ။ ပဉ္စမောကို “ပဉ္စန္နံ+ပူရဏော”တည်, သင်္ချာပူရဏေ မောသုတ်ဖြင့် ပဉ္စန္နံနောင် မပစ္စည်းသက်, ဝိဘတ်, ပူရဏပုဒ်တို့ကို ချေ, (ပဉ္စမ), နာမ်ငဲ့, သိ ေ-ါ ပြု, ပဉ္စမော ပြီး၏။ [ပဉ္စမီ-ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော၊ ဝါ-ငါးခုမြောက်ဖြစ်သော၊ ပါရမီ-ပါရမီတရား၊ ပဉ္စမံ-ငါးခု မြောက်ဖြစ်သော၊ စိတ္တံ-စိတ်၊ ဤသို့ ၃ လိန်ရကောင်း၏၊ သတ္တမာ သတ္တမီ သတ္တမံ စသည်၌လည်း နည်းတူ။
֍ ၃၁။ သ ဆဿ ဝါ။ ။ သင်္ချာနေ- သင်္ချာအရာ၌၊ ဆဿ- ဆ၏၊ သ- သအပြုသည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ သာဟံ, ဆာဟံ, သဠာယတနံ စသည်တည်း။
၃၁။ ဆ အဟာနိ သာဟံ, ဆာဟံ၊ ဆ-ခြောက်ခုကုန်သော၊ အဟာနိရက်တို့တည်း၊ သာဟံ, ဆာဟံ=၆ ရက်၊ ဆ အာယတနာနိ သဠာယတနံ= ၆ ပါးသော အာယတန။
ရုပ်တွက်။ ။ သာဟံကို “ဆာဟံ”တည်, သ ဆဿ ဝါသုတ်ဖြင့် ဆကို သပြု, သာဟံ ပြီး၏။ [သမာသ်ရုပ်အကျယ်ကို သမာဟာရဒိဂု ထုံးစံအတိုင်း တွက်၊ ဆာဟံ၌ ဝါသဒ္ဒါကြောင့် သ မပြုရ။] သဠာယတနံကို ဆအာယတနံတည်, သ ဆဿ ဝါသုတ်ဖြင့် ဆကို သပြု, ယဝမဒနတရ လာစာဂမာသုတ်ဖြင့် ဠ်လာ, သဠာယတနံ ပြီး၏။
֍ ၃၂။ ဧကာဒိတော ဒသဿီ။ ။ သင်္ချာပူရဏေ- သင်္ချာ၏ ပြည့်ကြောင်းအနက်၌၊ ဧကာဒိတော- ဧက အစရှိသော သဒ္ဒါမှ၊ ပရဿ- သော၊ ဒသဿ- ဒသသဒ္ဒါ၏၊ အန္တေ- အဆုံး၌၊ ဤ- ဤ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဧကာဒသီ စသည်တည်း။
၃၂။ ဧကာဒသန္နံ = တစ်ဆယ့်တစ်ယောက်တို့၏၊ ပူရဏီ-ပြည့်ကြောင်း မိန်းမတည်း၊ ဧကာဒသီ-၁၁ ယောက်တို့၏ပြည့်ကြောင်းမိန်းမ၊ ဤသုတ်က -ီ ပစ္စည်းဆုံးသောပုဒ်များသည် ဣတ္ထိလိန်သာတည်း, နဒါဒိရုပ်စဉ်။
ရုပ်တွက်။ ။ ဧကာဒသီကို “ဧကာဒသန္နံ+ပူရဏီ”တည်, ဧကာဒိတော ဒသဿီသုတ်ဖြင့် ဒသသဒ္ဒါ၏အဆုံး၌ -ီ ပစ္စည်းသက်, ဝိဘတ်, ပူရဏီ ပုဒ်တို့ကို ချေ, သ် ခွင်း, ချေ, ကပ် (ဧကာဒသီ), နာမ်ငဲ့, သိသက်, ချေ, ဧကာဒသီ ပြီး၏။
ဒွါဒသန္နံ ပူရဏီ ဒွါဒသီ-၁၂ ယောက်မြောက်မိန်းမ၊ တေရသန္နံ ပူရဏီ တေရသီ-၁၃ ယောက်မြောက်မိန်းမ၊ စတုဒ္ဒသီ-၁၄ ယောက်မြောက်မိန်းမ၊ ဟဒ် ဒွေဘော်လာ, တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် စ၏အစိတ် ၊ ကို -ါ ဝုဒ္ဓိပြုလျှင် စာတုဒ္ဒသီ (၁၄ ရက်မြောက် ပဝါရဏာ စသည်) ဖြစ်၏၊ စတုဒ္ဒသနောင် ပူရဏအနက်၌ ယဒနုပပန္နာ နိပါတနာ သိဇ္ဈန္တိသုတ်ကြီးဖြင့် (အ)ပစ္စည်း သက်လျှင် “စာတုဒ္ဒသော-၁၄ ရက်မြောက် ဥပုသ်နေ့”ဟု ဖြစ်၏။]
֍ ၃၃။ ဒသေ သော နိစ္စဉ္စ။ ။ ဒသေ- ဒသ သဒ္ဒါကြောင့်၊ ဆဿ- ဆ သင်္ချာသဒ္ဒါ၏၊ နိစ္စဉ္စ- အမြဲသာလျှင်၊ သော- သော အပြုသည်၊ ဟောတိ- ဖြစ်၏။ သောဠသ ဟူသည်တည်း။
၃၃။ ဆ စ ဒသ စ သောဋ္ဌသ၊ ဆ စ-၆ ခုတို့လည်း၊ ဒသ စ-ဆယ်ခု တို့လည်း၊ သောဠသ-တစ်ဆယ့်ခြောက်ခုတို့ (ဒွန်သမာသ်)။
သောဋ္ဌသ ကို “ဆ စ ဒသ စ”ဟု သမာသ်ဝါကျတည်, နာမာနံ သမုစ္စယော ဒွန္ဒောသုတ်ဖြင့် ဆနှင့်ဒသကို သမာသ်စပ်၍ ဒွန်အမည်မှည့်, သမာသ်အမည်မှည့်, (ဝိဘတ်ချေစရာ မရှိ၊) ဝုတ္တတ္ထာနမပ္ပယောဂေါ ဟူသော ပရိဘာသာအရ စ ၂ လုံးကို ချေ, ပကတိ စဿ သရ န္တဿသုတ် ဖြင့် ဆ+ဒသဟု ပကတိပြု, ဒသေ သော နိစ္စဉ္စသုတ်ဖြင့် ဆကို သောပြု, လဒရာနံသုတ်ဖြင့် ဒကို ဠပြု (သောဠသ), နာမ်ငဲ့, ယောသက်, ပဉ္စာဒီန မကာရောသုတ်ဖြင့် ဝိဘတ်နှင့်တကွ (အ)ကို (အ)ထပ်ပြု, သောဠသ ပြီး၏။ [နောက်၌ သမာသ်ရုပ်မတွက်ဘဲ ဆိုင်ရာအစီအရင်ကိုသာပြမည်၊၊]
֍ ၃၄။ အန္တေ နိဂ္ဂဟီတဉ္စ။ ။ အန္တေ- သင်္ချာသဒ္ဒါတို့၏အဆုံး၌၊ နိဂ္ဂဟီတဉ္စ- နိဂ္ဂဟိတ်လာသည်လည်း၊ ဟောတိ- ဖြစ်၏။ စာတုဒ္ဒသိံ , ပဉ္စဒသိံ ဟူသည်တည်း။
၃၄။ သန္ဓိ, အာချာတ်တို့၌လည်း နိဂ္ဂဟီတဉ္စသုတ် ရှိခဲ့၏၊ သန္ဓိ “နိဂ္ဂဟီတဉ္စ”ကား သရဖြစ်စေ, ဗျည်းဖြစ်စေ နိမိတ်တစ်ခုခုနှောင်းရာ၌ နိဂ္ဂဟိတ်လာ၏၊ အာချာတ်“နိဂ္ဂဟီတဉ္စ”သည် အဗ္ဘာသ၏ အဆုံး၌လာ၏၊ ဤ“နိဂ္ဂဟီတဉ္စ”သုတ်ကား သင်္ချာသဒ္ဒါ၏အဆုံး၌ နိဂ္ဂဟိတ်လာသည်၊ ဤသို့ လာပုံ ကွဲပြားသဖြင့် “နိဂ္ဂဟီတဉ္စ” ၃ သုတ် ပြထားသည်၊ သို့သော် ရူပသိဒ္ဓိ၌ ဤသုတ်မရှိ၊ စာတုဒ္ဒသိံ, ပဉ္စဒသိံ၌ နိဂ္ဂဟိတ်များလည်း အစ္စန္တ သံယောဂအနက်၌ သက်သော ဒုတိယာဝိဘတ်သာတည်းဟု သဒ္ဒနီတိ မိန့်ဆိုသည်။
ရုပ်တွက်။ ။ -ိစာတုဒ္ဒသိံကို စာတုဒ္ဒသီတည်, ကွစာဒိမဇ္ဈတ္တရာနံ စသော သုတ်ဖြင့် -ီ ကို -ိ ရဿပြု, နိဂ္ဂဟီတဉ္စသုတ်ဖြင့် နိဂ္ဂဟိတ်လာ, စာတုဒ္ဒသိံ ပြီး၏။ [ပဉ္စဒသိံ၌လည်း နည်းတူ၊ နိဂ္ဂဟီတဉ္စ၌ စသဒ္ဒါက အချို့အရာ၌ မလာဖို့ရန် တားမြစ်သောကြောင့် စာတုဒ္ဒသီ, ပဉ္စဒသီဟု ဧကာဒိတော ဒသဿီသုတ်က ရုပ်အတိုင်းလည်း ရှိ၏။]
֍ ၃၅။ တိ စ။ ။ သင်္ချာနံ- သင်္ချာသဒ္ဒါတို့၏၊ အန္တေ- အဆုံး၌၊ တိ စ- တိအက္ခရာလာသည်လည်း၊ ဟောတိ- ဖြစ်၏။ ဝီသတိ, တိံသတိ ဟူသည်တည်း။
၃၅။ “တိ”လာဟု ဆိုသော်လည်း ဝီသ, တိံသ နောင်သာ လာသည်၊ ဝီသတိ-နှစ်ဆယ်၊ တိံသတိ-သုံးဆယ်။… ဝီသတိကို “ဝီသံ”တည်, တိ စ သုတ်ဖြင့် ဝီသံနောင် တိလာ, ဗျဉ္ဇနေ စသုတ်ဖြင့် နိဂ္ဂဟိတ်ကို ချေ, နာမ်ငဲ့, သိသက်, ချေ, ဝီသတိ ပြီး၏။
“ဝီသတျာဒိ, နဝုတိ, ဣတ္ထိဧကဝုစ်”ဟု ဆိုသောကြောင့် “ဝီသတိ, ဝီသတိံ, (တတိယာ စတုတ္ထီ ပဉ္စမီ ဆဋ္ဌီ၌) ဝီသတိယာ, (သတ္တမီ၌) ဝီသတိယာ, ဝီသတိယံ”ဟု ဖြစ်၏။ [ဒုတိယာ အံဝိဘတ်ဖြင့် “ဝီသတိ”ဟု လည်း အချို့စာရှိ၏၊ တိံသတိ၌လည်း “တိံသံ”တည်၍ ရုပ်တွက်လေ။]
֍ ၃၆။ လ ဒရာနံ။ ။ သင်္ချာနံ- သင်္ချာဖြစ်ကုန်သော၊ ဒရာနံ- ဒအက္ခရာ, ရအက္ခရာတို့၏၊ လ- လအပြုသည်၊ ဝါ- ပိုင်းခြား မှတ်သားသောအားဖြင့်၊ ဟောတိ- ဖြစ်၏။ သောဠသ, စတ္တာလီသံ စသည်တည်း။
၃၆။ သ ဆဿ ဝါသုတ်မှ လိုက်လာသော ဝါသဒ္ဒါသည် ၀၀တ္ထိတ ဝိဘာသာ အနက်ရှိသောကြောင့် သောဠသ၌ (နိစ္စဝိဓိ) အမြဲ လ ပြု၊ စတ္တာလီသ, တေလသ တို့၌ စတ္တာရီသ, တေရသဟုလည်း ရှိသောကြောင့် (အနိစ္စဝိဓိ) လ အပြု မမြဲ, စုဒ္ဒသ, ပန္နရသ စသည်တို့၌ (အသန္တဝိဓိ) လ အပြု မရှိဟု ပိုင်းခြားပေး၏။
[ဆောင်] လ ဒရာရှု, ဝါလိုက်မှုကြောင့်, ဠပြုနိစ္စ, သောဠသတည်း၊ အနိစ္စမှာ, စတ္တာလီသ, တေရသနှင့်၊ အသန္တမူ, မှတ်ယူ စုဒ္ဒသ်, ပန္နရသ်, ပိုင်းဖြတ် ရူပသိဒ်။
သောဠသ ကို “သောဒသ”တည်, လ ဒရာနံသုတ်ဖြင့် ဒကို ဠပြု, သောဠသ ပြီး၏၊ [ဆ စ ဒသ စ ဟု အရင်းကစ၍ တွက်လိုကလည်း တွက်လေ။] စတ္တာလီသံ=၄၀၊ စတ္တာရီသံ တည်၍ ရ ကို လ ပြု၊ တေလသ= တစ်ဆယ့်သုံးခုတို့၊ တေရသ တည်၍ ရ ကို လ ပြု၊ [“အဍ္ဎတေလသေဟိ ဘိက္ခုသတေဟိ”ဟုပါဠိ ရှိ၏၊ “လ ဠာနံ-လငယ် ဠကြီးတို့၏၊ အဝိသေ သော-အထူးမမှတ်အပ်”ဟုဆိုသောကြောင့် လ-ဠ သင့်ရာပြုနိုင်သည်။]
֍ ၃၇။ ဝီသတိဒသေသု ဗာ ဒွိဿ တု။ ။ ဝီသတိဒသေသုတု- ဝီသတိသဒ္ဒါ, ဒသသဒ္ဒါတို့ကြောင့်လည်း၊ ဒွိဿ- ဒွိသဒ္ဒါ၏၊ ဗာ- ဗာ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဗာဝီသတိ, ဗာရသ ဟူသည် တည်း။ တုသဒ္ဒါဖြင့် တိံသသဒ္ဒါကြောင့် ဗာ အပြုကို ဆည်း၍ ဗာတ္တိံသ ဟုလည်း ဖြစ်သေး၏။
၃၇။ ဗာဝီသတိ-နှစ်ဆယ့်နှစ်၊ ဗာရသ-၁၂ တို့၊ ဗာတ္တိံသ-၃၂၊ ဤ ဗာဝီသတိ စသည်တို့ကား သမာသ်ပုဒ်များတည်း၊ “ဒွေ စ ဝီသတိ စ ဗာဝီသတိ, ဒွေ စ ဒသ စ ဗာရသ, ဒွေ စ တိံသ စ ဗာတ္တိံသ”ဟု ဒွန် သမာသ်သော်လည်းကောင်း, “ဒွီဟိ အဓိကာ တိံသ ဗာတ္တိံသ”ဟု အဓိက အလယ်ပုဒ်ကျေသော မဇ္ဈေလောပီ တပ္ပုရိသ်သော်လည်းကောင်း ပြုလေ၊ ဒွေ စ-၂ ခုတို့လည်း၊ ဝီသတိ စ-၂၀ လည်း၊ ဗာဝီသတိ-၂၂၊ ဒွီဟိ-၂ ခု တို့ဖြင့်၊ အဓိကာ-လွန်သော၊ ဝီသတိ-၂၀ တည်း၊ ဗာဝီသတိ-၂၂။
ရုပ်တွက်။ ။ ဗာဝီသတိကို “ဒွိ+ဝီသတိ”တည်, ဝီသတိဒသေသု ဗာ ဒွိဿ တုသုတ်ဖြင့် ဒွိကို ဗာ ပြု, ဗာဝီသတိ ပြီး၏။ [ဗာရသကို “ဒွိ+ဒသ” တည်၊ ဗာတ္တိံသကို “ဒွိ+တိံသ”တည်၊ တ် ဒွေဘော်လာ။]
အမှာ။ ။ ကစ္စည်းဝုတ္တိ၌ တုသဒ္ဒါကို ဗာနောင် ထိုင်စေ၍ “ဗာ တုဗာ အပြုသည်လည်း”ဟု ဆို၏၊ ထို တုသဒ္ဒါဖြင့် “ဒု-ဒိ-ဒေါ” ပြု၍ ဒုရတ္တံ, ဒိရတ္တံ, ဒိဂုဏံ, ဒေါဟဠိနီ ပုံစံများ ဖြစ်သေးသတဲ့။
֍ ၃၈။ ဧကာဒိတော ဒသ ရ သင်္ချာနေ။ ။ သင်္ချာနေ- သင်္ချာ သဒ္ဒါကြောင့်၊ ဧကာဒိတော- ဟက အစရှိသောသဒ္ဒါမှ၊ ပရဿ- နောက်ဖြစ်သော၊ ဒသ- ဒသသဒ္ဒါ၏၊ ရ- ရ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဧကာရသ, ဗာရသ, တေရသ ဟူသည်တည်း။
၃၈။ ဧကာဒိတော၌ အာဒိသဒ္ဒါဖြင့် ဗာရသ, တေရသတို့၌ ဗာ, တေ သဒ္ဒါတို့ကိုသာ ယူရမည်ဟု ဆိုသည်၊ “ဒသဿ”ဟု ဆိုလိုလျက် ဆဋ္ဌီ သ ကို ချေ၍ “ဒသ”ဟု ဆိုထားသည်။
သင်္ချာနေ။ ။ အရေအတွက်သင်္ချာဟောသဒ္ဒါကို သင်္ချာနသဒ္ဒါဟု လည်းကောင်း, ရေတွက်အပ်သော အရာဝတ္ထုဟောသဒ္ဒါကို သင်္ချေယျသဒ္ဒါ ဟုလည်းကောင်း ခေါ်၏၊ “ဧကာဒသ, ဧကာရသ-တစ်ဆယ့်တစ်ခုတို့” ဟူရာ၌ ဒသသည် သင်္ချာနသဒ္ဒါတည်း၊ “ဧကာဒသ-ကာမတစ်ဆယ့်တစ် ဘုံတို့”ဟူရာ၌ “ဒသ”ကား ရေတွက်အပ်သောဘုံကို ဟောသည့် သင်္ချေယျ သဒ္ဒါတည်း၊ ထို၂ မျိုးတွင် သင်္ချာနဖြစ်သော “ဒသ”နှောင်းမှသာ ဧက စသည်နောင် ဒသ၏ ဒ ကို ရ ပြုရသည်၊ သင်္ချေယျ “ဒသ” နှောင်းလျှင် ကား မပြုရ၊ ဧကာရသ-၁၁ တို့၊ ဗာရသ-၁၂ တို့၊ တေရသ-၁၃ တို့။
ရုပ်တွက်။ ။ ဧကာရသကို “ဧကာဒသ”တည်, ဧကာဒိတော ဒသ ရ သင်္ချာနေသုတ်ဖြင့် ဧကနောင် ဒ ကို ရ ပြု, ဧကာရသ ပြီး၏၊ ဗာဒသ, တေဒသ တည်၍ ဗာရသ, တေရသတို့ကို တွက်လေ။ [အကျယ်ကို “ဧကော စ ဒသ စ”ဟု ချီ၍ တွက်လေ။]
֍ ၃၉။ အဋ္ဌာဒိတော စ။ ။ သင်္ချာနေ- သင်္ချာသဒ္ဒါကြောင့်၊ အဋ္ဌာဒိတော စ- အဋ္ဌ အစရှိသောသဒ္ဒါမှလည်း၊ ပရဿ- နောက် ဖြစ်သော၊ ဒသ- ဒသသဒ္ဒါ၏၊ ရ- ရအပြုသည်၊ ဟောတိ- ၏။ အဋ္ဌာရသ, သတ္တရသ, ပန္နရသ ဟူသည်တည်း။
၃၉။ ဤအဋ္ဌာဒိတော စသုတ်မရှိလျှင် ဧကာဒိတော၌ အာဒိသဒ္ဒါဖြင့် အဋ္ဌတိုင်အောင်ယူနိုင်စရာရှိ၏၊ သို့ပါလျက် ဘာ့ကြောင့် ဤသုတ်ကို ဆိုရ သနည်းဟု စဉ်းစားဖွယ်ရှိသည်၊ ဧကာဒိတော ဒသ ရ သင်္ချာနေသုတ်အရ “ဧကာရသ, ဗာရသ, တေရသ”ဟု ဖြစ်ပြီးနောက် စုဒ္ဒသ၌ ရ ပြုခွင့်မရှိ၊ အဋ္ဌာဒိတော စသုတ် မရှိလျှင် ဧကာဒိတော၌ အာဒိဖြင့် အဋ္ဌတိုင်အောင် ယူ၍ စုဒ္ဒသ, သောဠသတို့၌ “စုရသ, သောရသ”ဟု စီရင်သွားလိမ့်မည်၊ ထို ၁၄-၁၆ သင်္ချာတို့၌ ရ အပြု မရှိ”ဟု နောက်ပိုင်းက ထပ်၍ အုပ်ဖို့ရန် တစ်သုတ် တည်ရပြန်သတဲ့။
ထို့ပြင်- အဋ္ဌာဒိတော၌ အာဒိသဒ္ဒါဖြင့် အထက်သို့ တက်ယူဖို့ရာ ဒသနှင့်ဆိုင်သောသင်္ချာ မရှိ၊ ၁၉ ဆိုလျှင် “ဧကူနဝီသတိ”ဟု သင်္ချာ ပြောင်းသွားပြီ၊ ထို့ကြောင့် အဋ္ဌာဒိတော၌ အာဒိဖြင့် အောက်ပိုင်းက သတ္တရသ (၁၇ တို့) ပန္နရသ (၁၅ တို့)ဟူသော သင်္ချာကိုသာ ယူရမည်တဲ့၊ (အလွန်ဆန်းသောသုတ်တည်း။)
ရုပ်တွက်။ ။ အဋ္ဌာရသကို “အဋ္ဌာဒသ”တည်, အဋ္ဌာဒိတော စ သုတ်ဖြင့် အဋ္ဌနောင် ဒကို ရ ပြု, အဋ္ဌာရသ ပြီး၏။ [သတ္တဒသ, ပန္နဒသ တည်၍ သတ္တရသ, ပန္နရသ တို့ကိုလည်း ရုပ်တွက်လေ။]
֍ ၄၀။ ဒွေ.ကဋ္ဌာန.မာကာရော ဝါ။ ။ သင်္ချာနေ- သင်္ချာသဒ္ဒါ ကြောင့်၊ ဒွေ.က.ဋ္ဌာနံ- ဒွိ, ဧက, အဋ္ဌသဒ္ဒါတို့၏၊ အန္တော- အဆုံး သရသည်၊ ဝါ- ပိုင်းခြားမှတ်သားသောအားဖြင့်၊ အာကာရော- အာအပြုသည်၊ ဟောတိ- ဖြစ်၏။ ဒွါဒသ, ဧကာဒသ, အဋ္ဌာဒသ စသည်တည်း။
၄၀။ နောက်က သင်္ချာသဒ္ဒါကြောင့် ဒွိ၏အဆုံး -ိ နှင့် ဧက အဋ္ဌတို့၏ အဆုံး ၊ ကို -ါ ပြုသောသုတ်တည်း။
ဒွါဒသကို “ဒွိဒသ”တည်, ဒွေ.ကဋ္ဌာန.မာကာရော ဝါသုတ်ဖြင့် ဒွိ၏ အဆုံး -ိ ကို -ါ ပြု, ဒွါဒသ ပြီး၏။ [ဧကဒသ, အဋ္ဌဒသ တည်၍ ဧကာဒသ, အဋ္ဌာဒသတို့ကို တွက်။] ဤသုတ်လာ ဝါသဒ္ဒါ၏ သတ်မှတ်ပုံ ကို ရူပသိဒ္ဓိမှာ ရှု။ ။
֍ ၄၁။ စတုဆေဟိ ထဌာ။ ။ သင်္ချာပူရဏေ- သင်္ချာ၏ ပြည့်ကြောင်းအနက်၌၊ စတုဆေဟိ- စတုသဒ္ဒါ, ဆသဒ္ဒါတို့မှ နောက်၌၊ ထဌာ- ထ ပစ္စည်း, ဌ ပစ္စည်းတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ စတုတ္ထော , ဆဋ္ဌော ဟူသည်တည်း။
၄၁။ စတုန္နံ-လေးခုတို့၏၊ ပူရဏော-ပြည့်ကြောင်းတည်း၊ စတုတ္ထောလေးခုတို့၏ပြည့်ကြောင်း=၄ ခုမြောက်၊ ဆန္နံ ပူရဏော ဆဋ္ဌော=၆ ခုတို့၏ ပြည်ကြောင်း=၆ ခုမြောက်၊ ဣတ္ထိလိန်၌ စတုတ္ထီ ဆဋ္ဌီဟု -ီ ပစ္စည်းသက်၍ ပြီး၏၊ နပုံလိန်၌ စတုတ္ထံ, ဆဋ္ဌံ ဟု ဖြစ်၏။
ရုပ်တွက်။ ။ စတုတ္ထောကို “စတုန္နံ+ပူရဏော”တည်, စတုဆေဟိ ထဌာ သုတ်ဖြင့် စတုန္နံ နောင် ထပစ္စည်းသက်, တေသံ ဝိဘတ္တိယော လောပါ စသုတ်၌ တေသံသဒ္ဒါဖြင့် တဒ္ဓိတ်၏ဝိဘတ်တို့ကိုချေ, ဝုတ္တတ္ထာန မပ္ပယောဂေါဟူသော ပရိဘာသာအရ ပူရဏပုဒ်ကို ချေ (စတုထ), အသဒိသဒွေဘော် တ် လာ, နာမ်ငဲ့, သိ ေ-ါ ပြု, စတုတ္ထော ပြီး၏။
အမှာ။ ။ ဆဋ္ဌော၌လည်း “ဆန္နံ+ပူရဏော”တည်, (ဆဌ)ဟု ဖြစ်ပြီး နောက် အသဒိသဒွေဘော် ဋ် လာ၍ ဆဋ္ဌဟု ဖြစ်သည်၊ “စတု ဆနှင့်, သန္တကို ပြု, သဗျည်းစုနောက်, ဒွေးဘော်ရောက်၏”ဟူသည်ကို သတိပြု၊ ဆဋ္ဌပုဒ်နောင် သင်္ချာပူရဏေ မောသုတ်၌ “မော”ဟူသော ယောဂဝိဘာဂ ဖြင့် သကတ္ထ၌ မ ပစ္စည်းသက်၍ ဆဋ္ဌမော, ဆဋ္ဌမီဟု ရုပ်ဖြစ်၏။ [မောဂ္ဂလ္လာန်၌ကား ဆ နောင် ဌ ပစ္စည်း, ဌမ ပစ္စည်း သက်သည်။]
֍ ၄၂။ ဒွိတိဟိ တိယော။ ။ သင်္ချာပူရဏေ- သင်္ချာ၏ ပြည့်ကြောင်းအနက်၌၊ ဒွိတိဟိ- ဒွိသဒ္ဒါ, တိသဒ္ဒါတို့မှနောက်၌၊ တိယော- တိယ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဒုတိယော, တတိယော ဟူသည်တည်း။
၄၂။ ဒွိန္နံ ပူရဏော ဒုတိယော=၂ ခုတို့၏ပြည့်ကြောင်း=၂ ခုမြောက်၊ တိဏ္ဏံ ပူရဏော တတိယော = ၃ ခုတို့၏ ပြည့်ကြောင်း = ၃ ခုမြောက်၊ ဣတ္ထိလိန်၌ ဒုတိယာ, တတိယာ၊ နပုံလိန်၌ ဒုတိယံ, တတိယံဟု ဖြစ်၏။ [“ဒုတီယ, တတီယ” မူကွဲရှိပုံကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
֍ ၄၃။ တိယေ ဒုတာပိ စ။ ။ တိယေ- တိယ ပစ္စည်းကြောင့်၊ ဒွိတီနံ- ဒွိသဒ္ဒါ, တိသဒ္ဒါတို့၏၊ ဒုတာပိ စ- ဒုအပြု, တအပြုတို့သည် လည်း၊ ဟောန္တိ- ကုန်၏။ ဒုတိယော, တတိယော ဟူသည်တည်း။
၄၃။ ဒုတိယောကို “ဒွိန္နံ+ပူရဏော”တည်, ဒွိတိဟိ တိယောသုတ်ဖြင့် ဒွိန္နံနောင် တိယပစ္စည်းသက်, ဝိဘတ်, ပူရဏောပုဒ်တို့ကို ချေ (ဒွိတိယ), တိယေ ဒုတာပိ စသုတ်ဖြင့် ဒွိကို ဒုပြု, (ဒုတိယ) နာမ်ငဲ့, သိ ေ-ါ ပြု, ဒုတိယော ပြီး၏။ [တတိယောကို “တိဏ္ဏံ+ပူရဏော”တည်, တိယပစ္စည်း သက်, ဆိုင်ရာ ချေ, “တတိယ” အပြီးတွင် ဤသုတ်ဖြင့် တိ ကို ထ ပြု, နာမ်ငဲ့ စသည်။]
֍ ၄၄။ တေသ.မဍ္ဎပပဒေန အဍ္ဎဍ္ဎဒိဝဍ္ဎဒိယဍ္ဎ.ဍ္ဎတိယာ။ ။ တေသံ- ထိုစတုတ္ထ, ဒုတိယ, တတိယသဒ္ဒါတို့၏၊ အဍ္ဎပပဒေန- အဍ္ဎဟူသော ရှေ့အနီးပုဒ်နှင့်တကွ၊ အဍ္ဎဍ္ဎဒိဝဍ္ဎဒိယဍ္ဎ.ဍ္ဎတိယာ- အဍ္ဎဍ္ဎအပြု, ဒိဝဍ္ဎအပြု, ဒိယဍ္ဎအပြု, အဍ္ဎတိယအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ အဍ္ဎဍ္ဎော, ဒိဝဍ္ဎော, ဒိယဍ္ဎော, အဍ္ဎတိယာ ဟူသည်တည်း။
၄၄။ စတုဆေဟိ ထဌာ, ဒွိတိဟိ တိယောဟူသော သုတ်တို့ဖြင့် စတု ဒွိ တိ တို့ကို ဆိုခဲ့ခြင်းကြောင့် ထိုအစဉ်ကို ကြည့်၍ “တေသံ-ထိုစတုတ္ထ ဒုတိယ တတိယသဒ္ဒါတို့၏”ဟုအနက်ဆိုရသည်၊ အဍ္ဎံ စတုတ္ထံ ယဿာတိ အဍ္ဎဍ္ဎော၊ ယဿ-အကြင်အရာ၏၊ အဍ္ဎံ-အခွဲဟူသော၊ စတုတ္ထံ-လေးခု မြောက်သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုအရာသည်၊ အဍ္ဎဍ္ဎော-မည်၏၊ အခွဲဟူသော လေးခုမြောက်ရှိသောအရာ၊ ဝါ-သုံးခုခွဲ၊ မူလက ငွေ ၃ ကျပ်ရှိ၏၊ နောက်ထပ် ထက်ဝက် (တစ်ခွဲ)သည် ကျပ်ပြည့် မဟုတ်သော်လည်း နဂို ၃ ကျပ်ထောက်၍ ၄ ခုမြောက် ထက်ဝက်တည်း၊ ဤထက်ဝက်ဟူသော ၄ ခုမြောက်ရှိသော (၃ိ ၈ဲ)သည် အဍ္ဎစတုတ္ထ= အဍ္ဎဍ္ဎ မည်၏။ [အဍ္ဎံ ဒုတိယံ ယဿာတိ ဒိဝဍ္ဎော, ဒိယဍ္ဎော=အခွဲဟူသော ၂ ခုမြောက်ရှိသောအရာ၊ ဝါ-၁ ခုခွဲ၊ အဍ္ဎံ တတိယံ ယဿာတိ အဍ္ဎတိ ယော=အခွဲဟူသော ၃ ခုမြောက်ရှိသောအရာ၊ ဝါ-၂ ခုခွဲ၊]
ရုပ်တွက်။ ။ အဍ္ဎဍ္ဎောကို “အဍ္ဎံ စတုတ္ထံ ယဿ”ဟုတည်, သမာသ် စပ်၍ ဗဟုဗ္ဗီဟိမှည့်, သမာသ်မှည့်, ဝိဘတ်ချေ, ယပုဒ်ချေ, အဍ္ဎ စတုတ္ထ ဟု ပကတိပြု, တေသ.မဍ္ဎဍ္ဎပဒေနစသောသုတ်ဖြင့် အဍ္ဎ စတုတ္ထကို အဍ္ဎဍ္ဎ ပြု, နာမ်ငဲ့, သိ ေ-ါ ပြု, အဍ္ဎဍ္ဎော ပြီး၏။
အမှာ။ ။ “အဍ္ဎံ ဒုတိယံ ယဿ”တည်, အဍ္ဎ ဒုတိယဟု ပကတိပြုပြီး နောက် ဤသုတ်ဖြင့် ဒိဝဍ္ဎပြု, ဒိယဍ္ဎလည်းပြု၍, ဒိဝဍ္ဎော, ဒိယဍ္ဎောဟု ၂ ရုပ်ဖြစ်၏၊ “အဍ္ဎံ တတိယံ ယဿ”တည်၍ အဍ္ဎ တတိယကို အဍ္ဎတိယ ပြုလေ။ [ကစ္စည်းဝုတ္တိအဆိုကို ထို၏ ဘာသာဋီကာမှာ ရှု။]
֍ ၄၅။ သရူပါန.မေကသေသွ.သကိံ။ ။ အသကိံ- တစ်ကြိမ် မဟုတ်ရာ၌၊ သရူပါနံ- တူသောသုတိရှိသော ပုဒ်တို့၏၊ ဧကသေသော- တစ်ပုဒ်၏ ကြွင်းကျန်ခြင်းသည်၊ ဟောတိ- ဖြစ်၏။ ပုရိသော စ ပုရိသော စ ပုရိသာ စသည်တည်း။
၄၅။ ပုရိသော စ-ယောက်ျားလည်း၊ ပုရိသော စ-ယောက်ျားလည်း၊ ပုရိသာ-ယောက်ျားတို့၊ သမာနံ ရူပံ ယေသံတိ သရူပါ၊ ယေသံ-အကြင် သဒ္ဒါတို့၏၊ သမာနံ- တူသော၊ ရူပံ- ရုပ်အသွင်သည်၊ ဝါ- သုတိသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တေ-ထိုသဒ္ဒါတို့သည်၊ သရူပါ-သရူပတို့ မည်၏။ [သမာနကို တေသု ဝုဒ္ဓိသုတ်ကြီးဖြင့် သပြု၍ သရူပဟု ဖြစ်၏။]
သုတိ, သရူပ။ ။ သဒ္ဒါဟူသည် အရင်းခံအားဖြင့် သဒ္ဒရုပ်ဖြစ်သော အသံတည်း၊ ထို့ကြောင့် နား၌ ကြားအပ်သည်ကို စွဲ၍ “သူယတီတိ”အရ သုတိဟုလည်းကောင်း, ရေးထားအပ်သော ရုပ်သွင်ကို စွဲ၍ ရူပဟုလည်း ကောင်း ခေါ်သည်၊ ထို့ကြောင့် “ပုရိသ=ပုရိသ”ဟု ၂ ပုဒ်ရှိလျှင် တစ်ပုဒ်နှင့် တစ်ပုဒ်သည် အသံအားဖြင့်လည်းကောင်း, ရုပ်သွင်အားဖြင့်လည်းကောင်း တူကြသဖြင့် တူသောသုတိ ရှိကြ၏, သရူပလည်း ဖြစ်ကြလေသည်။
အသကိံ။ ။ သရူပါနံ (သုတိတူသောပုဒ်များ)ဟု ဆိုလျှင် တစ်ကြိမ် မက အနည်းဆုံး ၂ ကြိမ်ဆိုမှ သရူပဖြစ်နိုင်၏၊ သို့သော် ဝိဘတ်ချင်း မတူဘဲ “ပုရိသာ ပုရိသာ အပေန္တိ၊ ပုရိသာ-ယောက်ျားတို့သည်၊ ပုရိသာယောက်ျားမှ၊ အပေန္တိ-ဖဲကုန်၏”ဟု ဆိုရာ၌ ရှေ့ပုဒ် နောက်ပုဒ် ဝိဘတ်ချင်း မတူဘဲလျက် ပုဒ်အနေတူသောကြောင့် သရူပပင် ဖြစ်သည်၊ ထိုကဲ့သို့ ဝိဘတ်ကွဲသော သရူပကို မယူဖို့ရန် အသကိံသဒ္ဒါကို ဆိုရသည်။
ထင်ရှားစေအံ့စကားတစ်လုံးကို အထပ်ထပ် သုံးရာ၌သာ ပါဠိလို အသကိံ, မြန်မာလို “တစ်ကြိမ်မက အကြိမ်ကြိမ်”ဟု ဆိုရသည်၊ အခြား စကားလုံးကို ပြောင်းလွှဲသုံးစွဲရာ၌ကား အသကိံဟု မဆိုရ၊ ထို့ကြောင့် “ပုရိသော ပုရိသော” စသည်ဖြင့် ဝိဘတ်ချင်းတူသော စကားတစ်လုံးကို တစ်ကြိမ်မက ၂ ကြိမ်မှစ၍ အထပ်ထပ် သုံးစွဲထားသည်ကို “သရူပ”ဟု ယူကြဖို့ရန် အသကိံသဒ္ဒါကို ဆိုရသည်။
ဧကသေသော။ ။ ဧကဿေဝ + သေသော ဧကသေသော ˜ အရ ၂ ပုဒ် ၃ ပုဒ် စသည်ရှိရာ၌ တစ်ပုဒ်တည်း ကျန်နေခြင်း (အခြားပုဒ်တို့ကို ချေခြင်း)ကို ဧကသေသ်ဟု ခေါ်သည်၊ ဒွန်သမာသ်လုပ်၍ ရုပ်တွက်ကြ၏။
ရုပ်တွက်။ ။ ပုရိသာကို “ပုရိသော စ ပုရိသော စ”တည်, သမာသ် စပ်၍, ဒွန်မှည့်, သမာသ်မှည့်, ဝိဘတ်, စပုဒ်တို့ကို ချေ, ပုရိသ ပုရိသဟု ပကတိပြု, သရူပါနမေကသေသွသကိံသုတ်ဖြင့် ပုရိသ ပုရိသကို တစ်ပုဒ် ကြွင်းပြု (ပုရိသ), ပဌမာ ဗဟုဝုစ် ယောသက်, သဗ္ဗယောနိနမာဧသုတ်ဖြင့် ပဌမာ ယောကို -ါ ပြု, သ် ခွင်း, ချေ, ကပ်, ပုရိသာ ပြီး၏။
ယောက်ျား ၃ ယောက်ကို ဆိုလိုလျှင် ပုရိသ ၃ ခုတည်, တစ်ရာကို ဆိုလိုလျှင် တစ်ရာတည် စသည်ဖြင့် တစ်ပုဒ်ကြွင်းပြု, အခြားပုဒ်တွေ ချေ၊ “ပူရေ န္တီတိ ပုရိသာ”ဟု ဗဟုဝုစ်ဝိဂြိုဟ် လုပ်တဲ့အခါ ဤသုတ်နှင့် မဆိုင်တော့ပြီ၊ တစ်ခါတည်း ပုရိသတည်, ယောဝိဘတ် သက်ရုံသာ။ [ဥဏာဒ် အဆုံးသုတ် ကြည့်၊ ဝိရူပေကသေသ်လည်း ရှိသေး၏၊ ဆိုင်ရာ သဒ္ဒါကျမ်းတို့၌ ရှု။]
֍ ၄၆။ ဂဏနေ ဒသဿ ဒွိတိစတုပဉ္စဆသတ္တအဋ္ဌနဝကာနံ ဝီတိစတ္တာရပညာဆသတ္တာ.သနဝါ ယောသု, ယောနဉ္စီသ.မာသံ ဌိရိ.တီတုတိ။ ။ ဂဏနေ- ဂဏန်းသင်္ချာအရာ၌၊ ယောသု- ယောဝိဘတ်တို့ကြောင့်၊ဒသဿ- ဒသသဒ္ဒါ၏၊ ဒွိတိစတုပဉ္စဆသတ္တအဋ္ဌနဝကာနံ- ၂ ခုအပေါင်း, ၃ ခုအပေါင်း, ၄ ခုအပေါင်း, ၅ ခုအပေါင်း, ၆ ခုအပေါင်း, ၇ ခုအပေါင်း, ၈ ခုအပေါင်း, ၉ ခုအပေါင်းတို့၏၊ ဝီတိစတ္တာရပညာဆသတ္တာသနဝါ- ဝီအပြု, တိ အပြု, စတ္တာရအပြု, ပညာအပြု, ဆအပြု, သတ္တအပြု, အသအပြု, နဝအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ယောနဉ္စ- ယောဝိဘတ် တို့၏လည်း၊ ဤသ.မာသံဌိရိတီတုတိ- ဤသံအပြု, အာသံအပြု, ဌိ အပြု, ရိ အပြု, တိ အပြု, ဤတိ အပြု, ဥတိ အပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ဝီသံ, တိံသံ, စတ္တာလီသံ, ပညာသံ, သဋ္ဌိ, သတ္တရိ, သတ္တတိ, အသီတိ, နဝုတိ စသည်တည်း။
၄၆။ ဆိုခဲ့ပြီးသုတ်များဖြင့် အဋ္ဌာရသ(၁၈)တိုင်အောင် သင်္ချာများကို စီရင်ခဲ့ပြီ၊ ရုပ်စဉ်ပုံကိုလည်း နာမ်ဂိုဏ်း၌ ပြခဲ့ပြီ၊ ဤသုတ်ကား ဝီသ=၂၀ အစ နဝုတိ=၉၀ တိုင်အောင်သော သင်္ချာတို့ကို ရုပ်စီရင်ပြသော သုတ် တည်း။ [၁၉ ကို ဧကူနဝီသတိ, ၉၉ ကို နဝနဝုတိဟု ပါဠိစီရသဖြင့် ထို သင်္ချာများသည် ဝီသတိ, နဝုတိတွင် ပါဝင်လေပြီ၊ “ဂဏနေ-သင်္ချာပဓာနအရာ၌”ဟု အနက်ဆိုကြသည်ကို စဉ်းစားရာ၏၊ သင်္ချာပဓာန ဟုတ်ဟုတ် မဟုတ်ဟုတ် ဝီသံ စသည် ပြုရမည့်သုတ်တည်း။]
ဒသဿ ဒွိတိစတုပဉ္စဆသတ္တအဋ္ဌနဝကာနံ။ ။ နဝကာန၌ က အက္ခရာသည် ပရိမာဏအနက်၌ သက်သော ကပစ္စည်းတည်း၊ ထိုက၏ အနက်က ဒွိ တိ စသော ရှေ့ပုဒ်များ၌လည်း ပါဝင်စေ၍ “၂ ခုအပေါင်း, ၃ ခုအပေါင်း”စသည်ဖြင့် အနက်ဆိုရသည်၊ ရှေ့က ဒသဿပုဒ်နှင့်တွဲ၍ “ဒသဿ ဒွိက = ဒသ ၂ ခုအပေါင်း”ဟု အဓိပ္ပာယ်ရ၏၊ ဆိုလိုရင်းမှာ- “ဒသ စ ဒသ စ”ဟု တည်, ဆိုင်ရာ သမာသ်စသည် ပြု၍ “ဒသ ဒသ” ဟု ပကတိပြု, သရူပါနမေကသေသွသကိံသုတ်ဖြင့် ဒသတစ်ပုဒ်ကြွင်းပြု, “ဒသ”တစ်ပုဒ်သာ ကျန်၏၊ “ဒသဿ ဒွိက”အရ ဒသ ၂ ခုတို့၏အပေါင်း ဟူသည် ဧကသေသ်ပြုထားသော ဤ ဒသတစ်ပုဒ်ပင်တည်း၊ ဒသဿ တိက အရ ဒသ ၃ ခုတို့၏ အပေါင်းဟူသည် ဒသ ၃ ခုကို ဧကသေသ် ပြုထားသော ဒသတစ်ပုဒ်ပင်တည်း၊ ဒသဿ စတုက္က စသည်၌လည်း ဤ အဓိပ္ပာယ်အတိုင်း မှတ်၊ ဒသဿ နဝက ဟူသည် ဒသ ၉ ခုကို ဧကသေသ်ပြုထားသော ဒသတစ်ပုဒ်တည်း။
ဝီတိစတ္တာရပညာ၊ပေ၊တုတိ။ ။ ယောဝိဘတ်နှောင်းရာ၌ ဒသ ၂ ခု အပေါင်းကို ဝီ, ယောဝိဘတ်ကို -ီ သံ ပြု၍ ဝ် ခွင်း, ချေ, ကပ်လျှင် (၂၀ ဟော) ဝီသံ ဖြစ်၏၊ ဒသ ၃ ခုအပေါင်းကို တိ, ယောဝိဘတ်ကို -ီ သံ ပြု, ခွင်း, ချေ, ကပ်၍ -ီ ကို ရဿပြု, နိဂ္ဂဟိတ်လာလျှင် (၃၀ ဟော) တိံသံ ဟု ဖြစ်၏၊ ထို့အတူ ၄၀ ဟောရာ၌ ဒသ ၄ ခုပေါင်းကို စတ္တာရပြု, ယောကို -ီ သံ ပြု, စတ္တာရီသံ = စတ္တာလီသံ၊ ၅၀ ဟောရာ၌ ဒသ ၅ ခု ပေါင်းကို ပညာ ပြု, ယောကို အာသံပြု, ပညာသံ၊ ၆၀ ဟောရာ၌ ဒသ ၆ ခုပေါင်းကို ဆပြု, ယောကို ဌိပြု, ဋ်ဒွေဘော်လာ, ဆကို သပြု, သဋ္ဌိ၊ ၇၀ ဟောရာ၌ ဒသ ၇ ခုပေါင်းကို သတ္တပြု, ယောကို ရိပြု, တိပြု,
သတ္တရိ, သတ္တတိ၊ ၈၀ ဟောရာ၌ ဒသ ၈ ခုပေါင်းကို အသပြု, ယောကို -ီ တိ ပြု, အသီတိ၊ ၉၀ ဟောရာ၌ ဒသ ၉ ခုပေါင်းကို နဝပြု, ယောကို ု တိ ပြု, နဝုတိဟု ဖြစ်၏။
ရုပ်တွက်။ ။ ဝီသံကို “ဒသ စ ဒသ စ”ဟုတည်, နာမာနံ သမုစ္စယော ဒွန္ဒောသသုတ်ဖြင့် ဒသ ၂ ပုဒ်ကို သမာသ်စပ်၍ ဒွန်အမည်မှည့်, နာမာနံ သမာသော ယုတ္တတ္ထောသုတ်ဖြင့် သမာသ်အမည်မှည့်, တေသံ ဝိဘတ္တိ ယော လောပါ စသုတ်ဖြင့် သမာသ်၏ ဝိဘတ်တို့ကို ချေ, ဝုတ္တတ္ထာန မပ္ပယောဂေါ ပရိဘာသာအရ စပုဒ်တို့ကို ချေ, ပကတိ စဿ သရ န္တဿ သုတ်ဖြင့် ဒသ ဒသဟု ပကတိပြု, သရူပါနမေကသေသွသကိံသုတ်ဖြင့် ဒသ တစ်ပုဒ်ကြွင်းပြု, နာမ်ငဲ့, ယောသက်, ဂဏနေ ဒသဿ ၊ပေ၊ တုတိ သုတ်ဖြင့် ၂ ပုဒ်အပေါင်းဖြစ်သော ဒသကို ဝီပြု, ယောဝိဘတ်ကိုလည်း -ီ သံ ပြု, ဝ် ခွင်း, ချေ, ကပ်, သိသက်, ချေ, ဝီသံ ပြီး၏။
အမှာ။ ။ ဒုတိယာဝိဘတ်ဖြင့် ဝီသံ၌ ဝီသံပြီးသည့်အခါ နာမ်ငဲ့, ဝိဘတ်သက်, ကွစိ လောပံသုတ်ဖြင့် သံ၌ နိဂ္ဂဟိတ်ချေ, သ် ခွင်း, ချေ, ကပ်, ဝီသံ (၂၀ ကို)ဟု ပြီး၏၊ ဝီသာယ၌ ဝီသံ အပြီးတွင် တေသု ဝုဒ္ဓိဖြင့် နိဂ္ဂဟိတ်ချေပြီးမှ ဣတ္ထိယမတော အာပစ္စယောသုတ်ဖြင့် -ါ ပစ္စည်းသက်, နာမ်ငဲ့၍ နာ စသည်သက်လျှင် ကညာယကဲ့သို့ ရုပ်ဖြစ်၏။
֍ ၄၇။ စတူပပဒဿ လောပေါ တု.တ္တရပဒါဒိစဿ စုစောပိ နဝါ။ ။ ဂဏနေ- ဂဏန်းသင်္ချာအရာ၌၊ စတူပပဒဿ- စတု ဟူသော အနီးပုဒ်၏၊ တု- တုအက္ခရာသည်၊ လောပေါ- ကျေ ပျောက်သည်၊ ဟောတိ- ဖြစ်၏။ ဥတ္တရပဒါဒိစဿ- နောက်ပုဒ်၏ အစဖြစ်သော စအက္ခရာ၏၊ စုစောပိ- စုအပြု, စောအပြုတို့သည် လည်း၊ နဝါ- အချို့သောအရာ၌၊ ဟောန္တိ- ဖြစ်ကုန်၏။ စုဒ္ဒသ, စောဒ္ဒသ ဟူသည်တည်း။
၄၇။ [တုတ္တရပဒါဒိစဿကို “တု+ဥတ္တရပဒါဒိစဿ”ဟု ပုဒ်ဖြတ်၊ ဥတ္တရပဒ=နောက်ပုဒ်၏+အာဒိစဿ=အစဖြစ်သော အက္ခရာ၏၊] စုဒ္ဒသ, စောဒ္ဒသ, စတုဒ္ဒသ=၁၄ ခုတို့၊ “စတုဒ္ဒသ”ဟု ရုပ်ဖြစ်သည့်အခါ “စတူပ ပဒဿ လောပေါ တု”အရ ဒသ၏ ရှေ့အနီးပုဒ်ဖြစ်သော စတု မှ တုသဒ္ဒါ ကို ချေလျှင် “စဒ္ဒသ”ဟု ဖြစ်၏၊ “ဥတ္တရပဒါဒိစဿ”“ဥတ္တရပဒါဒိစဿ”အရ ဒသဟူသော နောက်ပုဒ်၏ အစဆုံးက စလုံးတည်း၊ “စုစောပိ နဝါ”“စုစောပိ နဝါ”အရ ထို စလုံးကို စု ပြု၍ “စုဒ္ဒသ”, စောပြု၍ “စောဒ္ဒသ”ဟု ဖြစ်၏၊ နဝါနဝါသဒ္ဒါက ရံခါ မပြုဟု ဆိုသောကြောင့် ဘာမှ မပြုဘဲ စတုဒ္ဒသဟုလည်း ရှိ၏၊ “စတု ဆနှင့်, သန္တကိုပြု”စသော လင်္ကာအရ ဒ် ဒွေဘော်လာရကြောင်းကိုလည်း သတိပြု။
ရုပ်တွက်။ ။ စတုဒ္ဒသကို “စတ္တာရော စ ဒသ စ”တည်, သမာသ် စပ်၍ ဒွန်မှည့်, သမာသ်မှည့်, ဝိဘတ်, စပုဒ်တို့ကို ချေ, “စတု+ဒသ”ဟု ပကတိပြု, ဒ် လာ (စတုဒ္ဒသ), နာမ်ငဲ့, ယော သက် စသည်။
စုဒ္ဒသကို “စတုဒသ”တည်, ဒ် ဒွေဘော်လာ, စတူပပဒဿ လောပေါ တုတ္တရပဒါဒိစဿ စုစောပိ နဝါသုတ်ဖြင့် စတုဟူသော ရှေ့အနီးပုဒ်၏ တုကို ချေ, စ ကိုလည်း စုပြု, နာမ်ငဲ့, ယောသက်, ပဉ္စာဒီန.မကာရော သုတ်ဖြင့် ယောဝိဘတ်နှင့်တကွ သ၏ အဆုံး ၊ ကို ၊ ပြု, စုဒ္ဒသ ပြီး၏။ [စောဒ္ဒသ၌ စောပြုရုံသာ။]
အပိသဒ္ဒါ၏အကျိုး။ ။ စုစောပိ၌ အပိသဒ္ဒါဖြင့် ရှေ့အနီးပုဒ်မရှိသော “စတ္တာလီသံ”၌ စ၏ကျေခြင်းကိုလည်းကောင်း, စုအပြု, စောအပြုကို လည်းကောင်း ဆည်း၍ “တာလီသံ, စုတ္တာလီသံ, စောတ္တာလီသံ (၄၀)”ဟု ဖြစ်၏၊ တာလီသံကို “စတ္တာလီသံ”တည်၊ စတူပပဒဿ လောပေါ တုတ္တရ ပဒါဒိစဿ စုစောပိ နဝါသုတ်၌ အပိသဒ္ဒါဖြင့် စကို ချေ, နာမ်ငဲ့ စသည်။
֍ ၄၈။ ယ.ဒနုပပန္နာ နိပါတနာ သိဇ္ဈန္တိ။ ။ ယံ- အကြင်သဒ္ဒါ တို့သည်၊ အနုပပန္နာ- ရုပ်မပြီးနိုင်ကြကုန်၊ တေ- ထိုသဒ္ဒါတို့သည်၊ နိပါတနာ- ဝန်ကျစေခြင်း လက္ခဏာရှိသော ဤသုတ်ကြီးဖြင့်၊ သိဇ္ဈန္တိ- ပြီးစီးရကုန်၏။ အဇ္ဇ , သဇ္ဇု စသည်တည်း။
၄၈။ [ယံကို နိပါတ်ပုဒ်ကြံ၍ “အကြင်သဒ္ဒါတို့သည်”ဟု ဗဟုဝုစ် အနက်ဆို။] ဤသုတ်သည် သုတ်ကြီး ၄ သုတ်တွင် ပါဝင်သော သုတ်တည်း။
[ဆောင်] ဣမနောက် ဇ္ဇ, သမာနနှင့်, အပရနောက် ဇ္ဇု, ရှေး၂ ခုကို, ပြုလေ အ-သ, ကာလတ္ထတည်း၊ အဇ္ဇ ပုရာ, သွေမှာ တနော, ဟိယျော တ္တန, ဘဝတ္ထသိ၊ ပဋိဘာဂ, ကုစ္ဆိတ သညာ, နုကမ္ပာ က, နက်ဘာတမှာ, စ္ဆ ဥလေ ယျဏ်၊ တစ်တန် မာတာ, ပိတာဒိနက်, မဟ သက်ရ၊ ကိံ ယ တနှင့်, ဧကနောက်မှာ, ပရိမာဏ, နက် တ္တကနှင့်, သက်ရ အာဝန္တု, အစပြုသည်,… ယဒနု သုတ်ကြီးအရာတည်း။
ဣမနောက် ဇ္ဇ, သမာနနှင့်, အပရနောက် ဇ္ဇု, ရှေး၂ ခုကို, ပြုလေ အ-သ, ကာလတ္ထတည်း။ ။ ကာလအနက်၌ ဣမသဒ္ဒါနောင်, ဇ္ဇပစ္စည်း သက်၍ ဣမကို အ ပြု၊ သမာနနှင့်အပရနောင် ဇ္ဇုပစ္စည်း သက်၍ သမာနကို သပြု ဟူလို၊ အဇ္ဇပုဒ်သည် ဤနေ့ဟူသောအနက်, ဤအခါ ဟူသော အနက် ဤ ၂ နက်ကို ဟော၏၊ ဤပုဒ်များသည် ဝိဂြိုဟ်လုပ်ရ သော ပုဒ်များမဟုတ်, ဂိုဏ်းစဉ်၍ မရ, နိပါတ်ပုဒ်သဘောမျိုးသာ ဖြစ်၏၊ သို့အတွက် “ဣမသ္မိံ ကာလေ အဇ္ဇ”“ဣမသ္မိံ ကာလေ အဇ္ဇ”စသည်၌ “ဣမသ္မိံ ကာလေ”သည် ဝိဂြိုဟ်မဟုတ်, အဇ္ဇကို အနက်ထင်ရှားအောင် ဖွင့်ပြသော ဝါကျတစ်မျိုး တည်း။ [ဣမသ္မိံ အဟနိ=ဤနေ့၌၊ အဇ္ဇ-ဤနေ့၌၊ ဝါ-ယခုနေ့၌။]
ရုပ်တွက်။ ။ အဇ္ဇကို “ဣမ”တည်, ယဒနုပပန္နာ နိပါတနာ သိဇ္ဈန္တိ သုတ်ဖြင့် ကာလအနက်၌ ဣမ နောင် ဇ္ဇ ပစ္စည်းသက်၍, ဣမကိုလည်း အ ပြု, အဇ္ဇ ပြီး၏။
သမာနေ-တူသော၊ ကာလေ-အခါ၌၊ သဇ္ဇု-တူသောအခါ၌၊ ဟယနေ့ အဖို့သည် ယနေ့ ကာလချင်း တူမျှ၍ သဇ္ဇု မည်၏၊] သဇ္ဇုကို သမာန တည်, ဤသုတ်ကြီးဖြင့် ကာလအနက်၌ ဇ္ဇုပစ္စည်းသက်၍ သမာနကို သပြု, သဇ္ဇု ပြီး၏။ [ကြွင်းပုံစံများကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
֍ ၄၉။ ဒွါဒိတော ကော.နေကတ္ထေ စ။ ။ အနေကတ္ထေ စ- များစွာသော အနက်၌လည်း၊ ဒွါဒိတော- ဒွိအစရှိသောသဒ္ဒါမှ နောက်၌၊ ကော- ကပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ဒွိကံ, တိကံ, စတုက္ကံ စသည်တည်း။
၄၉။ ဤသုတ်၌ အနေကတ္ထဟူသည် သကတ်အနက်, ပရိမာဏ အနက် စသည်တည်း၊ တစ်နက်မက ၂ နက်, ၃ နက် စသည်၌ သက်သော ကြောင့် “အနေကတ္ထေ”ဟု ဆိုသည်။
ဒွေ ပရိမာဏာနိ ယဿာတိ ဒွိကံ၊ ယဿ-အကြင် ဝတ္ထု၏၊ ဒွေ-၂ ခုကုန်သော၊ ပရိမာဏာနိ-အတိုင်းအရှည်တို့သည်၊ သန္တိ-ရှိကုန်၏၊ ဣတိ- ထို့ကြောင့်၊ တံ- ထိုဝတ္ထုသည်၊ ဒွိကံ- ဒွိက မည်၏၊ ဒွိကံ-၂ ခု အတိုင်းအရှည်ရှိသောဝတ္ထု။
ရုပ်တွက်။ ။ ဒွေ ပရိမာဏာနိ ယဿ တည်, ဒွါဒိတော ကော နေကတ္ထေ စသုတ်ဖြင့် ဒွိနောင် ပရိမာဏအနက်၌ကပစ္စည်းသက်, ဝိဘတ်, ပရိမာဏ, ယပုဒ်တို့ကို ချေ (ဒွိက)နာမ်ငဲ့, သိ -ံ ပြု, ဒွိကံ ပြီး၏။ [ဒွေ၌ ယောဝိဘတ် ချေလိုက်တဲ့အခါ ဒွိဟု ဖြစ်သည်ကို သတိပြုပါ။]
အမှာ။ ။ “ဒွေယေဝ ဒွိကံ”ဟု သကတ်အနက်၌လည်း ကပစ္စည်း သက်၏၊ “ဒွိကံ-၂ ခု”ဟု အနက်ဆို၊ တိကံ-၃ ခု အတိုင်းအရှည်ရှိသော ဝတ္ထု၊ တစ်နည်း-၃ ခု၊ စတုကံ-၄ ခုအတိုင်းအရှည်ရှိသောဝတ္ထု၊ ဝါ-၄ ခု၊ ပဉ္စကံ, ဆက္ကံ, သတ္တကံ, အဋ္ဌကံ စသည်ကိုလည်း သိလေ၊ ဤကား ရူပသိဒ္ဓိ အတိုင်း ထုတ်အပ်သောပုံစံများတည်း၊ ကစ္စည်းဝုတ္တိ၌ကား “သတဿ ဒွိကံ ဒွိသတံ” စသည်ကို ထုတ်၏။
֍ ၅၀။ ဒသဒသကံ သတံ, ဒသကာနံ သတံ သဟဿဉ္စ ယောမှိ။ ။ ယောမှိ- ယောဝိဘတ်ကြောင့်၊ ဒသဒသကံ- ဒသ ဆယ်ခု, ဧကသေသ်ပြုသည့်, တစ်ခုသော ဒသသဒ္ဒါသည်၊ သတံ- သတံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဒသကာနံ- ဆယ်ခု အတိုင်းအရှည်ရှိသော သတ တို့၏၊ သတံ- ဧကသေသ်ပြု, တစ်ခု သော သတသဒ္ဒါသည်၊ သဟဿဉ္စ- သဟဿံ အပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ သတံ, သဟဿံ ဟူသည်တည်း။
၅၀။ “ဒသ ဒသကံ သတံ ယောမှိ” အရ ဒသဆယ်ခု တည်၊ ဧကသေသ်ပြု၍ တစ်ခုကျန်သော ဒသကို သတံ ပြုရမည်၊ “ဒသကာနံ သတံ သဟသဉ္စ ယောမှိ”အရ သတ ဆယ်ခုတည်၊ ဧကသေသ်ပြု၍ တစ်ခုကျန်သော ဒသကို သဟဿံ ပြုရမည်။ [ရူပသိဒ္ဓိ၌ သတံ သဟဿံ ဟု နိဂ္ဂဟိတ်နှင့်တကွ ပြုသည်၊ ဝီသံ တိံသံ ပညာသံ စသည်၌လည်း နိဂ္ဂဟိတ်နှင့်တကွ ပြုခဲ့သောကြောင့် သတံ သဟဿံ ပြု၍ ရုပ်တွက် ရမည်၊ ယောကိုလည်း ဤသုတ်ဖြင့်ပင် ချေ။]
ရုပ်တွက်။ ။ သတံကို “ဒသ စ ဒသ စ”ဆယ်ခုတည်, သမာသ်စပ်၍ ဒွန်မှည့်, သမာသ်မှည့်, (ဝိဘတ်ချေဖွယ်မရှိ, ဒသတွက်တုန်းက ကျေလေ ပြီ၊) စဆယ်လုံးချေ, ဒသ ဒသ ဆယ်ခု ကတိပြု, သရူပါနမေကသေသွ သကိံသုတ်ဖြင့် ဒသတစ်ပုဒ်ကြွင်းပြု, (ဒသ ၉ ပုဒ်ချေ), နာမ်ငဲ့, ယော ဝိဘတ်သက် (ဒသယော), ဒသ ဒသကံ သတံ, ဒသကာနံ သတံ သဟဿဉ္စ ယောမှိသုတ်ဖြင့် ဧကသေသ် ဒသကို သတံပြု, သတံ ဟူသော ဤနိပါတနနှင့်ယောဝိဘတ်ကိုလည်း ချေ (သတံ), နာမ်ငဲ့, သိသက် (သတံ သိ), ဗျဉ္ဇနေ စသုတ်ဖြင့် နိဂ္ဂဟိတ်ကို ချေ, သိကို -ံ ပြု, သတံ ပြီး၏။
သဟဿံ ကို “သတံ စ သတံ စ”ဆယ်ခုတည်, သမာသ်စသည်မှည့်, “သတံ သတံ”ဟု ဆယ်ခု ပကတိပြု, သတ တစ်ပုဒ်ကြွင်းပြု, နာမ်ငဲ့, ယော ဝိဘတ်သက်, ဤသုတ်ဖြင့် ဧကသေသ် သတကို သဟဿံပြု, နာမ်ငဲ့, သိသက်, နိဂ္ဂဟိတ်ချေ, သိ -ံ ပြု, သဟဿံ ပြီး၏။ [သတံစအုံး, သင်္ချေဆုံး, နပုံးဧကဝုစ်”အရ “သတံ သတံ သတေန သတဿ သတသ္မာ သတဿ သတသ္မိံ”ဟု ရုပ်စဉ်လေ၊ သဟဿံလည်း နည်းတူ။]
ဝဂ္ဂဘေဒ။ ။ နှစ်ရာ, သုံးရာ, နှစ်ထောင်, သုံးထောင်စသည်၌ ရာပုံ နှစ်ပုံ, ထောင်ပုံ နှစ်ပုံ ကွဲပြားမှုကို “ဝဂ္ဂဘေဒ”ဟု ခေါ်၏၊ [ဝဂ္ဂ=အစုအပုံ ၏၊ ဘေဒ-ကွဲပြားခြင်း၊] ထိုသို့ ဝဂ္ဂဘေဒ ဖြစ်သည့်အခါ သတ သဟဿ သင်္ချာသာမက, ဝီသတိစသော သင်္ချာတို့လည်း ဗဟုဝုစ်ဖြစ်နိုင်ကြ၏၊ ပုံစံကားဒွေ ဝီသတိယော (ဝီသတိ ၂ ခုတို့သည်၊ ၂၀+၂ လီတို့သည်၊) ဒွီဟိ ဝီသတီဟိ, ဒွန္နံ ဝီသတီနံ, ဒွီသု ဝီသတီသု၊ နဝုတိတိုင်အောင် ဤနည်း တည်း၊ ဒွေသတာနိ (နှစ်ခုကုန်သော အရာတို့၊ နှစ်ရာတို့)၊ ဒွီဟိ သတေဟိ, ဒွိန္နံ သတာနံ, ဒွီသု သတေသု၊ သဟဿလည်း နည်းတူ၊ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ “အစုံကွဲတုံ, အလုံးစုံ, မှတ်ကုန် ဗဟုဝုစ်”ဟု နာမ်ဂိုဏ်း၌ ဆိုခဲ့သည်၊ ရူပသိဒ္ဓိ ဤသုတ်မှာလည်း ဤအဓိပ္ပာယ်များ ပါ၏။
֍ ၅၁။ ယာဝ တဒုတ္တရိ ဒသဂုဏိတဉ္စ။ ။ ယာဝ တဒုတ္တရိ- သဟဿမှဆက်၍ အထက် အသင်္ချေယျတိုင်အောင်၊ ဒသဂုဏိ တဉ္စ- ဆယ်ခုဖြင့် မြှောက်အပ်သည်ကိုလည်း၊ ကာတဗ္ဗံ- ပြုထိုက်၏။ သဟဿဿ ဒသဂုဏိတံ ဒသသဟဿံ စသည်တည်း။
၅၁။ ဤသုတ်ကား ရုပ်စီရင်သော ဝိဓိသုတ်မဟုတ်, အထက်သင်္ချာ များ၌ မြှောက်ပုံကို ပြသော ပရိဘာသာသုတ်တည်း၊ “ဒသဂုဏိတံ”အရ သဟဿဿ-တစ်ထောင်၏(အထက်၌)၊ ဒသဂုဏိတံ-ဆယ်ခုဖြင့် မြှောက် အပ်သောသင်္ချာသည်၊ ဒသသဟဿံ-တစ်သောင်းတည်း၊ မြန်မာလို ဆိုလို ရင်းမှာ “တစ်ထောင်ကို တည် ဆယ်ဖြင့် မြှောက် တစ်သောင်း ဖြစ်၏”ဟု ဆိုလိုရင်းတည်း၊ ထို့အတူ တစ်သောင်းတည် ဆယ်ဖြင့် မြှောက် (သတ သဟဿ) တစ်သိန်းဖြစ်၏၊ တစ်သိန်းတည် ဆယ်ဖြင့် မြှောက် (ဒသသတ သဟဿ) တစ်သန်း ဖြစ်၏၊ တစ်သန်းတည် ဆယ်ဖြင့် မြှောက် (ကောဋိ) တစ်ကုဋေ ဖြစ်၏။
“ဒသ + သဟဿာနိ ဒသသဟဿံ၊ ဒသ-ဆယ်ခုကုန်သော၊ သဟ ဿာနိ - တစ်ထောင်တို့တည်း၊ ဒသသဟဿံ - ဆယ်ထောင်၊ ဝါတစ်သောင်း”၊ ဤသို့ ဒိဂုသမာသ်ပြု၍ဖြစ်စေ, “ဒသဟိ ဂုဏိတံ သဟဿံ ဒသသဟဿံ”၊ ဒသဟိ- ဆယ်ခုတို့ဖြင့်၊ ဂုဏိတံ- မြှောက်အပ်သော၊ သဟဿံ-အထောင်တည်း၊ ဒသသဟဿံ-ဆယ်ခုတို့ဖြင့် မြှောက်အပ် သော အထောင်၊ ဝါ-တစ်သောင်း” ဤသို့ ဂုဏိတ အလယ်ပုဒ်ကျေသော မဇ္ဈေလောပီ တပ္ပုရိသ်ပြု၍ဖြစ်စေ သမာသ်ရုပ်ထုံးစံအတိုင်း တွက်လေ။ [သတသဟဿံ, ဒသသတသဟဿံ တို့လည်း နည်းတူ။]
ကောဋိအထက်သင်္ချာများ
ကုဋေတစ်ခု, ကုဋေဆယ်, ကုဋေရာ, ကုဋေထောင်, ကုဋေသောင်း, ကုဋေသိန်း, ကုဋေသန်း၊ ပကောဋိတစ်ခု, ပကောဋိဆယ်, ပကောဋိရာ, ပကောဋိထောင်, ပကောဋိသောင်း, ပကောဋိသိန်း, ပကောဋိသန်း စသည်ဖြင့် အသင်္ချေယျတိုင်အောင် ဌာနတစ်ခုမှ ဌာနတစ်ခုသို့ ဆယ်ဖြင့် မြှောက်၍ တိုးတက်နိုင်၏၊ ကုဋေတစ်ခုကို ဆယ်ဖြင့်မြှောက် ကုဋေဆယ် ဖြစ်၏၊ ကုဋေဆယ်ကို ဆယ်ဖြင့်မြှောက် ကုဋေရာဖြစ်၏ စသည်ဖြင့်လည်း ကောင်း, ကုဋေတစ်သန်းကို ဆယ်ဖြင့်မြှောက် ပကောဋိဖြစ်၏ စသည်ဖြင့် လည်းကောင်းသိလေ။ [သိန်းတစ်ရာဖြင့် မြှောက်နည်းကို ရူပသိဒ္ဓိမှာရှု။]
֍ ၅၂။ သကနာမေဟိ။ ။ အနိဒ္ဒိဋ္ဌနာမဓေယျာနံ- မညွှန်ပြအပ် သော နာမည်ရှိကုန်သော သင်္ချာတို့၏၊ သကနာမေဟိ- မိမိ နာမည်တို့ဖြင့်၊ သိဇ္ဈန္တိ- ပြီးကုန်၏။ ကောဋိ, ပကောဋိ, ကောဋိ ပကောဋိ စသည်တည်း။
၅၂။ ဤသုတ်သည် ရုပ်စီရင်ပုံကို ပြသော ဝိဓိသုတ် မဟုတ်၊ ကောဋိမှ စ၍ အထက်သင်္ချာများကို မညွှန်ပြခဲ့ရသေး၊ ထိုသင်္ချာများသည် သူ့နာမည် နှင့်သူ ပြီး၏၊ ကောဋိဖြစ်အောင် “ဒသသတသဟဿ ဆယ်ခုတည်, ဧကေသေသ်ပြု, ဧကေသေသ် ဒသသတသဟဿကို ကောဋိ ပြု”ဟု ရုပ်တွက်နေဖွယ် မလိုဟု ပြောသော ပရိဘာသာသုတ်တည်း။
အထက်သင်္ချာတို့၏နာမည်များ
သတံ သဟဿံ နိယုတံ, လက္ခံ ကောဋိ ပကောဋိ စ၊
ကောဋိပကောဋိ နဟုတံ, တထာ နိနဟုတံပိ စ၊
အကောဘိနီ(.တ္ထိယံ) ဗိနု, အဗုဒံ စ နိရဗုဒံ၊
အဟဟံ အဗဗံ စေဝ, အဋဋံ သောဂနိကု.ပလံ၊
ကုမုဒံ ပုဏ္ဍရိကံ စ, ပဒုမံ ကထာနံပိ စ၊
မဟာကထာနံ အသင်္ချေယျံ, ဣတိ သင်္ချာက္ကမော မတော။
အမှာ။ ။ ဤဂါထာတို့၌ “သတ, သဟဿ, နိယုတ, လက္ခတို့ကား အဘိဓာန်ဂါထာအတိုင်း ထည့်လိုက်ရသော သင်္ချာများတည်း, ဤသုတ်နှင့် မဆိုင်၊ ကောဋိစသော သင်္ချာ ၂၁ ခုသာ ဤသုတ်နှင့်ဆိုင်သည်၊ ဂါထာ အစဉ်ကို ကြည့်၍ ကောဋိ, ပကောဋိ, ကောဋိပကောဋိ, နဟုတ, နိန္နဟုတ, အက္ခောဘိနီ, ဗိန္ဒု စသည်ဖြင့် ပါဠိနာမည်အတိုင်းပင် သင်္ချာနာမည် များကို သိလေ၊ ထို သင်္ချာအားလုံးပင် ခု, ဆယ်, ရာ, ထောင်, သောင်း, သိန်းတိုင်အောင် အစဉ်ရှိ၏၊ (သန်းကား အချို့ကျမ်း၌ မရှိ၊) ကုဋေတစ်ခု, ကုဋေတစ်ဆယ် စသည်ဖြင့် အသင်္ချေခု, အသင်္ချေဆယ်, အသင်္ချေရာ စသည်တိုင်အောင် ရေတွက်လေ။
မှတ်ချက်။ ။ “ခေါင်းအုံးထိပ်ပိတ်, တဒ္ဓိတ်သင်္ချာ”ဟု ဆိုရိုးရှိသည့် အတိုင်း ရှေးက လေးထောင့်ခေါင်းအုံးများ၌ ထိပ်ပိတ် အချုပ်ခက်သလို, ဤသင်္ချာခန်းသည် အလွန်ရှုတ်လှ၏၊ ရုပ်တွက်ပုံနှင့် သုတ်အဓိပ္ပာယ် ယူဆပုံများ၌လည်း ဆရာတစ်ဦးနှင့်တစ်ဦး အယူ မတူကြ၊ အလွယ်ဆုံး နည်းကိုသာ ဤ၌ အသုံးပြုခဲ့ပါသည်။
သင်္ချာတဒ္ဓိတ်ပြီး၏။
အဗျယတဒ္ဓိတ်
֍ ၅၃။ တေသံ ဏော လောပံ။ ။ တေသံ- ထိုတဒ္ဓိတ်ပစ္စည်း တို့၏၊ ဏော- ဏအနုဗန်သည်၊ လောပံ- ကျေပျောက်ခြင်းသို့၊ ပပ္ပောတိ- ရောက်၏။ ဝါသိဋ္ဌော စသည်တည်း။
၅၃။ ဤသုတ်ကား တဒ္ဓိတ်ပစ္စည်း၌ ပါသမျှ (ဏ်)အနုဗန်ကို ချေသော သုတ်တည်း၊ ဏ် အနုဗန်မှန်သမျှ ဝုဒ္ဓိပြုဖို့အကျိုးငှာ ထည့်သည်ဟုချည်း မှတ်၊ ဝါသိဋ္ဌောကို ဝါဏပစ္စေသုတ်၌ ရုပ်တွက်ခဲ့ပြီ။
֍ ၅၄။ ဝိဘာဂေ ဓာ စ။ ။ ဝိဘာဂေ- အဖို့အစုဟူသောအနက် ၌၊ ဓာ စ- ဓာ ပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ ဧကဓာ, ဒွိဓာ စသည်တည်း။
၅၄။ လိန် ၃ ပါး ဝိဘတ် ၇ သွယ်တို့ကြောင့် ရုပ်အနေအထား မပျက် ပြားသော တဒ္ဓိတ်သည် အဗျယတဒ္ဓိတ်မည်၏၊ ဧကဓာ စသည်တို့သည် ဝိဘတ်အမျိုးမျိုး, လိန်အမျိုးမျိုးကြောင့် ရုပ်နေ မပြောင်းကုန်၊ အနက်မှာ တွဲဖက်ကြိယာကို ကြည့်၍ “ဧကဓာ-တစ်ပါးသောအဖို့ဖြင့်, တစ်ပါးသော အဖို့ကို” စသည်ဖြင့် အမျိုးမျိုး သုံးစွဲနိုင်သည်။
ဝိဘာဂ။ ။ ဝိဘဇီယတေတိ ဝိဘာဂေါ၊ ဝိဘဇီယတေ-ခွဲခြမ်းဝေဖန် အပ်၏၊ ဣတိ-ထို့ကြောင့်၊ ဝိဘာဂေါ-ဝိဘာဂ မည်၏၊ ခွဲခြမ်းဝေဖန်အပ် သော အဖို့အစုကို ဝိဘာဂ ဟု ခေါ်၏၊ ဧကဓာ-တစ်ဖို့တစ်စုဖြင့်၊ ဒွိဓာနှစ်ဖို့နှစ်စုတို့ဖြင့် စသည် အနက်ဆို။
အမှာ။ ။ ရုပ်တွက်သည့်အခါ ဧကဓာစသည်ကို “ဧကေန ဝိဘာဂေန” တည်၍ တွက်ရိုးရှိ၏၊ “တဒ္ဓိတ်ပစ္စည်း ဆိုင်းထမ်းနည်း”အရ ဧကေနနှင့် ဝိဘာဂေန ၂ ပုဒ် အလယ်၌ သက်မှ စည်းကမ်းကျသည်ဟု ထင်ဟန် တူသည်၊ “ဧကေန+ဝိဘာဂေန”ကား ဧကဓာ၏ အနက်ကို ဖွင့်ပြခြင်းသာ ဖြစ်၏၊ ထို့ကြောင့် ဤ၌ “ဧက”တည်၍သာ ရုပ်တွက်ပါ။
ရုပ်တွက်။ ။ ဧကဓာကို “ဧက”တည်, ဝိဘာဂေ ဓာ စသုတ်ဖြင့် ဝိဘာဂအနက်၌ ဓာပစ္စည်းသက်, နာမ်ငဲ့, သိသက်, ချေ, ဧကဓာ ပြီး၏။ [နိပါတ်ပုဒ်မျိုးဖြစ်သောကြောင့် သိကို သဗ္ဗာသမာဝုသောသုတ်ဖြင့် ချေ, ကို ဟု အနက်ပေးလျှင် အံသက်, ချေ၊ ဒွိဓာ တိဓာ စသည်တို့၌လည်း ဒွိ တိ စသည်တည်၍ တွက်၊ ဒွေဓာ တေဓာဟု ရှိရာ တေသု ဝုဒ္ဓိဖြင့် -ိကို ေ- ပြု။]
֍ ၅၅။ သဗ္ဗနာမေဟိ ပကာရဝစနေ တု ထာ။ ။ သဗ္ဗနာမေဟိ- သဗ္ဗနာမ်ပုဒ်တို့မှ နောက်၌၊ ပကာရဝစနေ- အပြားဟူသော အနက်ကို ဟောသည်ရှိသော်၊ ထာ တု- ထာ ပစ္စည်းသည်လည်း၊ ဟောတိ- ဖြစ်၏။ သဗ္ဗထာ, ယထာ, တထာ စသည်တည်း။
၅၅။ သဗ္ဗထာ-အလုံးစုံသောအပြားသည်, တို့သည်၊ ကို, တို့ကို, ဖြင့်, တို့ဖြင့် စသည်ဖြင့် ဝိဘတ် ၇ သွယ်လုံး ရနိုင်သည်၊ “ယထာ-အကြင် အပြားသည်၊ တထာ-ထိုအပြားသည်”စသည်ဖြင့် ဝိဘတ် ၇ သွယ်တွင် သင့်ရာ အနက်ဆို၊ အနက်နှင့် ဆိုင်သော ဝိဘတ် သက်, ချေ။
အမှာ။ ။ သဗ္ဗနာမေဟိဟု ဆိုသောကြောင့် ဣတရ-အည-ဥဘယ သဗ္ဗနာမ်များနောင်လည်း ထာပစ္စည်းသက်၍ ဣတရထာ, အညထာ (တစ်ပါးသောအပြားဖြင့်), ဥဘယထာ (နှစ်ပါးသောအပြားအားဖြင့်) စသည်လည်း ရှိ၏၊ ဤ ထာပစ္စည်းသည် အာကာရ (အခြင်းအရာဟူသော) အနက်၌ သက်သည်ကိုလည်း တွေ့ရ၏၊ “ယထာ-အကြင်အခြင်းအရာ အားဖြင့်” စသည်တည်း။
ရုပ်တွက်။ ။ သဗ္ဗထာကို သဗ္ဗတည်, သဗ္ဗနာမေဟိ ပကာရဝစနေ တု ထာသုတ်ဖြင့် ထာပစ္စည်းသက်, နာမ်ငဲ့, သိသက်, ချေ, သဗ္ဗထာပြီး၏၊ ယထာစသည်၌လည်း နည်းတူ၊ တုသဒ္ဒါဖြင့် ပကာရအနက်၌ပင် ထတ္တာ ပစ္စည်းသက်၍ “ယထတ္တာ, တထတ္တာ”စသောပုံစံများလည်း ဖြစ်သေးသတဲ့။
֍ ၅၆။ ကိ.မိမေဟိ ထံ။ ။ ကိ.မိမေဟိ- ကိံသဒ္ဒါ, ဣမသဒ္ဒါတို့မှ နောက်၌၊ ပကာရဝစနေ- အပြားဟူသောအနက်ကို ဆိုလိုသည် ရှိသော်၊ ထံ- ထံ ပစ္စည်းသည်၊ ဟောတိ- ဖြစ်၏။ ကထံ, ဣတ္ထံ ဟူသည်တည်း။
၅၆။ ကထံ-အဘယ်သို့သောအပြားသည်, အဘယ်သို့သောအပြားကို, အဘယ်သို့သောအပြားဖြင့်, အဘယ်သို့သောအပြားတို့ဖြင့် ဤသို့စသည် ဖြင့် ဝိဘတ် ၇ သွယ် ဝုစ်၂ ပါး၌ သင့်လျော်သလို အနက်ဆို, အနက်နှင့် ဆိုင်သော ဝိဘတ်သက်, ချေ၊ ဣတ္ထံ-ဤသို့သောအပြားသည်, တို့သည် စသည်လည်း နည်းတူ။
အမှာ။ ။ “အယံ ပကာရော ဣတ္ထံ, ဣမံ ပကာရံ ဣတ္ထံ”စသည်ကား ဝိဂြိုဟ်မဟုတ်, ဣတ္ထံပုဒ်၏ အနက်ကို ပြသော ဝါကျသာ ဖြစ်သည်၊ ရုပ်တွက်ရာ၌လည်း “အယံ+ပကာရော”ဟု တည်၍ တွက်ဖွယ် မလို။
ရုပ်တွက်။ ။ ကထံကို “ကိံ”တည်, ကိမိမေဟိ ထံသုတ်ဖြင့် ကိံသဒ္ဒါ နောင် ထံပစ္စည်းသက်, ကိဿ ကေဝ စသုတ်၌ စသဒ္ဒါဖြင့် ကိံကို ကပြု, နာမ်ငဲ့, သိသက်, ချေ, ကထံ ပြီး၏။ [ကိုဟု အနက်ဆိုလျှင် အံသက်, ချေ, စသည်ဖြင့် ဆိုင်ရာ ဝိဘတ်သက်၍ ချေ။]
ဣတ္ထံ ကို “ဣမ”တည်, ကိမိမေဟိ ထံသုတ်ဖြင့် ထံပစ္စည်းသက်, ဣမဿိ ထံ ဒါနိ ဟတောဓေသု စသုတ်ဖြင့် ဣမသဒ္ဒါကို ဣပြု, ဝဂ္ဂေ ဃောသာဃောသာနံ စသောသုတ်ဖြင့် တ၏ အသဒိသဒွေဘော် တ်လာ, နာမ်ငဲ့, သိသက်, ချေ, ဣတ္ထံ ပြီး၏။
ရုဠှီ.ချာတံ နိပါတဉ္စု.ပသဂ္ဂါ.လပနံ တထာ၊
သဗ္ဗနာမံ.တိ မေတေသု, န ကတော ဝိဂ္ဂဟော ဆသု။
ရုဠှီ -တိဿ, ဒတ္တကဲ့သို့ ဓာတ်ပစ္စည်းတို့ဖြင့် ရုပ်ပြီးစေရသည်မဟုတ် သော အထင်ရုဠှီပုဒ်မျိုးလည်းကောင်း၊ အာချာတံ-အာချာတ်ပုဒ်လည်း ကောင်း၊ နိပါတဉ္စ-စ ဝါ အစရှိသော နိပါတ်ပုဒ်လည်းကောင်း၊ ဥပသဂ္ဂေါ ပ-ပရာစသော ဥပသာရပုဒ်လည်းကောင်း၊ အာလပနံ-ဘော ပုရိသ စသော အာလုပ်အနက် ဟောခိုက်ပုဒ်လည်းကောင်း၊ တထာ-ထိုမှတစ်ပါး၊ သဗ္ဗနာမံ-သဗ္ဗ ကတရ စသော သဗ္ဗနာမ်ပုဒ်လည်းကောင်း၊ ဣတိ-ဤသို့၊ ဆသု-၆ မျိုးကုန်သော၊ ဧတေသု-ဤပုဒ်တို့၌၊ ဝိဂ္ဂဟော-ဝိဂြိုဟ်ကို၊ န ကတော-မပြုအပ်။ အဗျယဒ္ဓိတ်ပြီး၏။
֍ ၅၇။ ဝုဒ္ဓါ.ဒိသရဿ ဝါ.သံယောဂန္တဿ သဏေ စ။ ။ သဏေ- ဏအနုဗန်ရှိသော တဒ္ဓိတ်ပစ္စည်းကြောင့်၊ အသံယော ဂန္တဿ- သံယုဂ်အဆုံးမရှိသော၊ အာဒိသရဿ ဝါ- အစ သရ၏ လည်းကောင်း၊ အာဒိဗျဉ္ဇနဿ ဝါ- အစဗျဉ်း၏ အစိတ်သရ၏ လည်းကောင်း၊ ဝုဒ္ဓိ- ဝုဒ္ဓိအပြုသည်၊ ဟောတိ စ- ဖြစ်သည်လည်း ရှိ၏။ သြဠုမ္ပိကော, ဥဠုမ္ပိကော, ဝါသိဋ္ဌော စသည်တည်း။
၅၇။ ဏ် အနုဗန်ရှိသော တဒ္ဓိတ်ပစ္စည်းနှောင်းရာဝယ် ဝုဒ္ဓိပြုသော သုတ်တည်း၊ အာဒိသရဿ ဝါ၌ ဝါသဒ္ဒါဖြင့် အာဒိဗျဉ္ဇနဿကို ဆည်း သတဲ့၊ သြဠုမ္ပိက စသော ပုံစံကား အာဒိသရဿအရ အစဖြစ်သော ဥသရကို သြဝုဒ္ဓိပြုသောပုံစံတည်း၊ ဝါသိဋ္ဌော စသောပုံစံကား အာဒိဗျဉ္ဇ နဿအရ အစဖြစ်သော ဝဗျဉ်း၏ အစိတ်သရကို ဝုဒ္ဓိပြုသောပုံစံတည်း၊ ဟသြဠုမ္ပိကော-ဖောင်ဖြင့် ကူးသွားသူ၊ “ဥဠုမ္ပေန+တရတိ”တည်၊ ယေန ဝါ သံသဋ္ဌံ တရတိ စသောသုတ်ဖြင့် ဏိကပစ္စည်းသက်, ဤသုတ်ဖြင့် ဥ ကို သြဝုဒ္ဓိပြု, စသည်။]
အမှာ။ ။ အသံယောဂန္တဿ၌ သံယောဂန္တ (သံယုဂ်အဆုံးရှိပုံ)ကို အသံယောဂန္တဿ ဝုဒ္ဓိ ကာရိတေသုတ်၌ ပြခဲ့ပြီ၊ သဏေ စ၌ စသဒ္ဒါကား ဝုဒ္ဓိ မဖြစ်ခြင်းကို ပေါင်းခြင်းအနက် ရှိ၏၊ “တချို့ပုံစံ၌ ဝုဒ္ဓိ မပြုဖို့ရန် တားမြစ်သည်”ဟူလို၊ ထို့ကြောင့် ဥဠုမ္ပိကော ပုံစံ၌ ဝုဒ္ဓိ မပြုရ, နီလံ ပီတံ ပုံစံများ၌လည်း ဝုဒ္ဓိ မပြုရ။
֍ ၅၈။ မာ ယူန.မာဂမော ဌာနေ။ ။ ဌာနေ- သင့်လျော်ရာဌာန ၌၊ သဏေ- ဏ်အနုဗန်ရှိသောပစ္စည်းကြောင့်၊ အသံယောဂန္တာနံ- သံယုဂ်အဆုံးမရှိကုန်သော၊ ယူနံ- ဣအက္ခရာ, ဥအက္ခရာတို့၏၊ ဝုဒ္ဓိ- ဝုဒ္ဓိအပြုသည်၊ မာ ဟောတိ- မဖြစ်၊ တတြ- ထိုဝုဒ္ဓိပြုမည့် အရာ၌၊ အာဂမော- ဧဝုဒ္ဓိ သြဝုဒ္ဓိလာခြင်းသည်၊ ဟောတိ- ဖြစ်၏။ ဝေယျာကရဏိကော, ဒေါဝါရိကော စသည်တည်း။
၅၈။ ဤသုတ်၌ “မာယူနံ”ဟူသောစကား “အာဂမော”ဟူသောစကား နှစ်ရပ်ကို ကြည့်၍ ပဋိသေဓဝိဓိ, အာဂမဝိဓိ အစီအရင်နှစ်ခုရှိသောသုတ် ဟု မှတ်၊ “ပါဠိတော်နှင့်လျော်အောင် ချင့်၍ သင့်တော်ရာဌာန၌ ဣ, ဥ တို့ကို ဝုဒ္ဓိမပြုဘဲ, ထိုဝုဒ္ဓိပြုရမည့်အရာဝယ် ဧ, သြဝုဒ္ဓိ လာရမည်”ဟူလို။
ဗျာကရဏံ။ ။ ဗျာကရဏံ၌ ဝိ+အာ+ပုဗ္ဗကရဓာတ် ယုပစ္စည်းတည်း၊ “သဒ္ဒါ ဗျာကရီယန္တေ ဧတေနာတိ ဗျာကရဏံ၊ ဧတေန-ဤကျမ်းဖြင့်၊ သဒ္ဒါ-သဒ္ဒါတို့ကို၊ ဗျာကရီယန္တေ-အထူးထူး အဖုံဖုံ ပြုစီရင်အပ်ကုန်၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုသဒ္ဒါကျမ်းသည်၊ ဗျာကရဏံ-ဗျာကရိုဏ်းမည်၏၊ ဗျာကရဏံ-ဗျာကရိုဏ်းကျမ်းကို၊ အဓီတေ-၏၊ ဣတိ-ထို့ကြောင့်၊ ဝေယျာ ကရဏိကော-မည်၏၊ မြန်မာလို “ဗျာ”ဟု ဗထက်ခြိုက်ဖြင့် ရွတ်ဖတ် ရေးသားရသော်လည်း သက္ကတ၌ ဝိ၏ အစိတ် -ိကို ဣဝဏ္ဏော ယံ နဝါသုတ်ဖြင့် ယပြု၍ ဝယျပင့်ဖြင့် “ဝျာကရဏ”ဟု ရေး၏၊ ထိုရေးနည်း သာလျှင် ရုပ်ပြီးပုံနှင့် သင့်သည်၊ “ဗျာကရဏံ+အဓီတေ”ဟု ရုပ်တည် ပြီးမှ “ဝိအာကရဏ”ဟု ပကတိပြုသည်မှာ ရိုးရာ မဟုတ်ပါ။
ရုပ်တွက်။ ။ ဝေယျာကရဏိကောကို “ဝျာကရဏံ+အဓီတေ”တည်, တမဓီတေ တေန ကတာဒိသန္နိဓာန.နိယောဂသိပ္ပဘဏ္ဍဇီဝိကတ္ထေသု စ သုတ်ဖြင့် ဝျာကရဏံနောင် ဏိကပစ္စည်းသက်, တေသံ ဝိဘတ္တိယော စသောသုတ်၌ တေသံသဒ္ဒါဖြင့် တဒ္ဓိတ်၏ဝိဘတ်တို့ကို ချေ, တေသံ ဏော လောပံသုတ်ဖြင့် ဏ်အနုဗန်ချေ (ဝျာကရဏ -ိက), မာယူနမာ ဂမော ဌာနေသုတ်ဖြင့် မူလရင်းက ဝိ၏အစိတ် -ိကို ေ- ဝုဒ္ဓိ မပြုဘဲ ယ ပြုပြီးဖြစ်သောကြောင့် ထို ဝုဒ္ဓိအရာ၌ ေ- ဝုဒ္ဓိလာ, (ဝေယျာကရဏ -ိက), ဏ် ခွင်း, ချေ, ဏ် -ိသို့ ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, ဝေယျာကရဏိကော ပြီး၏။
ဒေါဝါရိကော။ ။ ဒေါဝါရိကော၌ ဒွါရပုဒ်ရင်းကား ဒွိပုဗ္ဗ အရ ဓာတ်, ဏပစ္စည်းတည်း၊ ဒွေ အရ န္တိ ဧတ္ထာတိ ဒွါရံ၊ ဧတ္ထ-ဤအရပ်၌၊ ဒွေ-ထွက်သူ ဝင်သူ နှစ်ဖက်လူတို့သည်၊ အရ န္တိ-ဖြစ်ကြကုန်၏၊ ဣတိ-ထို့ကြောင့်၊ တံထိုအရပ်သည်၊ ဒွါရံ-ဒွါရ မည်၏။ [ဒွိအာရဟု အပြီးတွင် ဒွိကို ဝီသတိ ဒသေသု ဗာ ဒွိဿ တုသုတ်၌ တုသဒ္ဒါဖြင့် ဒုပြု, ဝမောဒုဒန္တာနံသုတ်ဖြင့် ု ကို ဝ ပြု၍ “ဒွါရ”ဟု ဖြစ်သည်၊ ဒွါရကို အက္ခရာစဉ်အတိုင်းရေးလျှင် “ဒ်ဝါရ”ဟု ရေးရလိမ့်မည်၊ ထို့ကြောင့် ေ-ါ လာဟု ဆိုသည့်အခါ အဆင်သင့် “ဒေါဝါရ” ဟု ဖြစ်သည်၊ ဝေယျာကရဏ ဖြစ်ပုံကိုလည်း ဤအတိုင်း သိလေ။]
ရုပ်တွက်။ ။ ဒေါဝါရိကောကို “ဒွါရေ+နိယုတ္တော”တည်, တမဓီတေ စသော သုတ်ဖြင့် ဒွါရနောင် ဏိကပစ္စည်းသက်, ဝိဘတ်, နိယုတ္တပုဒ်, ဏ် အနုဗန်တို့ကို ချေ (ဒွါရ -ိက), မာယူနမာဂမော ဌာနေသုတ်ဖြင့် ဒု၏ အစိတ် ု ကို ေ-ါ ဝုဒ္ဓိမပြုဘဲ ဝ ပြုပြီးဖြစ်သောကြောင့် ထိုဝုဒ္ဓိအရာ၌ ေ-ါ ဝုဒ္ဓိ လာ (ဒေါဝါရ -ိက), ရ် ခွင်း, ချေ, ရ် -ိသို့ ကပ်, နာမ်ငဲ့, သိ ေ-ါ ပြု, ဒေါဝါရိကော ပြီး၏။
֍ ၅၉။ အာတ္တဉ္စ။ ။ ဌာနေ- ၌၊ သဏေ- ကြောင့်၊ ယူနံ- ဣ အက္ခရာ, ဥအက္ခရာတို့၏၊ အာတ္တံ- အာအဖြစ်သည်လည်းကောင်း၊ ရိကာရာဂမော စ- ရိအက္ခရာလာသည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ အာရိသျံ, အာဏျံ, အာသဘံ, အဇ္ဇဝံ ဟူသည်တည်း။
၅၉။ ဣသိဿ+ဘာဝေါ အာရိသျံ၊ ဣသိဿ-ရသေ့၏၊ ဘာဝေါတည်း၊ အာရိသျံ-ရသေ့၏အဖြစ်၊ ဣဏဿ+ဘာဝေါ အာဏျံ၊ ဣဏဿကြွေးမြီ၏၊ ဘာဝေါ-အဖြစ်တည်း၊ အာဏျံ-ကြွေးမြီ၏အဖြစ်၊ ဥသဘဿဥသဘ၏ (ဥသဘကဲ့သို့ ရဲရင့်သူ)၊ ဘာဝေါ-အဖြစ်တည်း၊ အာသဘံဥသဘအတူ ရဲရင့်သူ၏အဖြစ်၊ ဥဇုနော+ဘာဝေါ အဇ္ဇဝံ=ဖြောင့်မတ်သူ၏ အဖြစ်။ [လိုက်သော“ဌာနေ”သဒ္ဒါ၏ သတ်မှတ်ပုံကို ရူပသိဒ္ဓိမှာ ရှု။]
ရုပ်တွက်။ ။ အာရိသျံကို “ဣသိဿ+ဘာဝေါ”တည်, ဏျတ္တတာ ဘာဝေ တုသုတ်ဖြင့် ဣသိဿနောင် ဏျပစ္စည်းသက်, ဝိဘတ်, ဘာဝပုဒ်, ဏ်အနုဗန်တို့ကို ချေ, ဣသိဟု ပကတိပြု, အာတ္တဉ္စသုတ်ဖြင့် ဏ်အနုဗန် ရှိသော ပစ္စည်းကြောင့် ဣသိ၏ ဣကို အာပြု၍ ရိအက္ခရာလည်းလာ (အာရိသိယ), သ် ခွင်း, အဝဏ္ဏော ယေ လောပဉ္စသုတ်၌ စသဒ္ဒါဖြင့် -ိကို ချေ, သ် ယသို့ကပ်, နာမ်ငဲ့, သိ -ံ ပြု, အာရိသျံ ပြီး၏။
အာဏျံ ကို “ဣဏဿ+ဘာဝေါ”တည်, ဏျပစ္စည်းသက်, ဝိဘတ်, ဘာဝပုဒ်, ဏ်အနုဗန်ချေ, ဣဏဟု ပကတိပြု (ဣဏယ), အာတ္တဉ္စ သုတ်ဖြင့် ဣဏ၏ ဣကို အာပြု, ဏ် ခွင်း, အဝဏ္ဏော ယေ လောပဉ္စ သုတ်ဖြင့် ၊ ချေ, ဏ်ကို ယသို့ကပ်, နာမ်ငဲ့, သိ -ံ ပြု, အာဏျံ ပြီး၏။
အာသဘံ ကို “ဥသဘဿ+ဘာဝေါ”တည်, ဏ ဝိသမာဒီဟိသုတ်ဖြင့် ဥသဘနောင် ဏပစ္စည်းသက်, ဝိဘတ်စသည်ချေ, ပကတိပြု, အာတ္တဉ္စ သုတ်ဖြင့် ဥကို အာပြု, ဘ် ခွင်း, ချေ, ကပ်, နာမ်ငဲ့, သိ -ံ ပြု, အာသဘံ ပြီး၏။
အဇ္ဇဝံ ကို “ဥဇုနော+ဘာဝေါ”တည်, ဏပစ္စည်းသက်, ပကတိပြု, (ဥဇု ၊ )ဟု ဖြစ်သည့်အခါ ဥဇု၏ ဥကို အာပြု (အာဇု ၊ ), သြ သရေ စ သုတ်၌ စသဒ္ဒါဖြင့် ဇု၏အဆုံး ု ကို ု ဝ် ပြု, ဝ် ၊ သို့ ကပ် (အာဇဝ), ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် သဒိသဒွေဘော် ဇ် လာ, နာမ်ငဲ့, သိ -ံ ပြု (အာဇ္ဇဝံ), ကွ.စာဒိမဇ္ဈုတ္တရာနံ ဒီဃရဿာ ပစ္စယေသု စသုတ်ဖြင့် အာကို အ ရဿပြု, အဇ္ဇဝံ ပြီး၏။ [ရူပသိဒ္ဓိနည်းအတိုင်း တွက်သည်, နျာသနှင့် မတူတတ်။]
֍ ၆၀။ ကွ.စာဒိမဇ္ဈုတ္တရာနံ ဒီဃရဿာ ပစ္စယေသု စ။ ။ ပစ္စယောသု- ပစ္စည်းတို့သည်၊ ပရေသု စ- နှောင်းကုန်သော်လည်း ကောင်း၊ အပရဘူတေသု စ- မနှောင်းကုန်သော်လည်းကောင်း၊ ကွစိ- အချို့အရာ၌၊ အာဒိမဇ္ဈုတ္တရာနံ- ပုဒ်၏ အစ, အလယ်, အဆုံးတို့၏၊ ဒီဃရဿာ- ဒီဃအပြု, ရဿာအပြုတို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ပါကဋော, အနုပဃာတော, မဓုဝါ, အဇ္ဇဝံ, ဣတ္ထိရူပံ, ဗဟုနဒိကော စသည်တည်း။
၆၀။ နောက်၌ ပစ္စည်းနှောင်းသည်ဖြစ်စေ, မနှောင်းသည်ဖြစ်စေ ပုဒ်၏ အစ အလယ် အဆုံးတို့၌ ဒီဃ, ရဿပြုသော သုတ်တည်း။
ဒီဃတ္တံ ပါကဋာ.နူပဃာတာဒေါ မဓုဝါဒိသု၊
ရဿတ္တံ အဇ္ဇေဝ ဣတ္ထိရူပါဒေါ စ ကတာဒိသု။
ပါကဋာ.နူပဃာတာဒေါ-ပါကဋ, အနုပဃာတ အစရှိသော ပုံစံ၌ လည်းကောင်း၊ မဓုဝါဒိသု-မဓုဝါ မညတိ ဗာလော အစရှိသောပုံစံတို့၌ လည်းကောင်း၊ ဒီဃတ္တံ-အာဒိ, မဇ္ဈ, ဥတ္တရ၌ ဒီဃ၏အဖြစ်သည်၊ ဟောတိ-ဖြစ်၏၊ အဇ္ဇဝေ-အဇ္ဇ၀ ပုံစံ၌လည်းကောင်း၊ ဣတ္ထိရူပါဒေါ စ- ဣတ္ထိရူပ အစရှိသော ပုံစံ၌လည်းကောင်း၊ ကတာဒိသု - ကပစ္စည်း, တာပစ္စည်း အစရှိသည် နှောင်းရာတို့၌လည်းကောင်း၊ ရဿတ္တံ-အာဒိ, မဇ္ဈ, ဥတ္တရ၌ ရဿ၏အဖြစ်သည်၊ ဟောတိ-ဖြစ်၏။
ပါကဋော-ထင်ရှား၏၊ ပပုဗ္ဗ ကရဓာတ် တပစ္စည်း, ရကို ချေ, တကို ဒေါ ဓဿ စသုတ်၌ စသဒ္ဒါဖြင့် ဋပြု၍ ပကဋဟု အဖြစ်မှာ ဤသုတ်ဖြင့် ပ၏ အဆုံး ၊ ကို -ါ ဒီဃပြု၍ ပါကဋ ဟု ဖြစ်၏၊ အစ၌ ဒီဃပြုသော အာဒိဒီဃပုံစံတည်း။
အနုပဃာတော -မညှဉ်းဆဲအပ်၊ န+ဥပဃာတော၌ န ကို သရေ အန် သုတ်ဖြင့် အန်ပြု၍ အနုပဃာတောအဖြစ်မှာ အလယ် ု ကို ူ ဒီဃပြု သော မဇ္ဈေဒီဃတည်း၊ မဓုဝါကို မဓုဝတည်, ဤသုတ်ဖြင့် ဝ ၌ ၊ ကို -ါ ဒီဃပြု, ဥတ္တရဒီဃပုံစံတည်း။
အဇ္ဇဝံကား အာဒိရဿပုံစံတည်း, ရုပ်တွက်ခဲ့ပြီ၊ ဣတ္ထိရူပံ-မိန်းမရုပ်၊ အလယ်ရဿပုံစံတည်း၊ ဣတ္ထိရူပံ တည်၊ ဗဟုနဒိကောကား ကပစ္စည်း နှောင်းရာ၌ ရဿပြုသော ဥတ္တရရဿပုံစံတည်း၊ ရုပ်ကို သမာသ်ပိုင်း နဒိမှာ စသုတ်၌ တွက်ခဲ့ပြီ။
֍ ၆၁။ တေသု ဝုဒ္ဓိလောပါ.ဂမဝိကာရဝိပရီတာ.ဒေသာ စ။ ။ တေသု- ထိုပုဒ်တို့၏ အစ အလယ် အဆုံးတို့၌၊ ကွစိ- အချို့အရာ ၌၊ ဝုဒ္ဓိလောပါ.ဂမဝိကာရဝိပရီတာ.ဒေသာ စ- ဝုဒ္ဓိပြုခြင်း, ကျေ ခြင်း, လာခြင်း, ဖောက်ပြန်ခြင်း, ပြောင်းပြန်ဖြစ်ခြင်း, အာဒေသ ပြုခြင်းတို့သည်လည်း၊ ဟောန္တိ- ဖြစ်ကုန်၏။ ကောဏ္ဍညော စသည်တည်း။
၆၁။ ဤသုတ်လည်း သုတ်ကြီးလေးသုတ်တွင် ပါဝင်သောသုတ်တည်း၊ ဤသုတ်များ၏ “သုတ်ကြီး”ဟူသောနာမည်ကို ကစ္စည်းကျမ်းက တိုက်ရိုက် မှည့်သည် မဟုတ်၊ သို့သော် အခြားသုတ်ဖြင့် မပြီးသမျှ ဤသုတ်များက စီရင်သောကြောင့် စီရင်ရာ အရာကျယ်သည့်အတွက် သုတ်ကြီးဟု ဆရာ အဆက်ဆက်တို့ ခေါ်စမှတ် ပြုကြသည်၊ သုတ်ကြီးလေးသုတ် နာမည်ကို ကွစိ ဓာတုဝိဘတ္တိပစ္စယာနံ စသော အာချာတ်သုတ်ကြီး၌ ပြခဲ့ပြီ။ [ကောဏ္ဍညော-ကုဏ္ဍနီ၏သား။]
ဝုဒ္ဓိ။ ။ တိုးပွားကြီးကျယ်လာခြင်းကို “ဝုဒ္ဓိ”ဟု ခေါ်၏၊ ရဿဟူသမျှမှ ဒီဃဖြစ်ခြင်းသည် တိုးပွားကြီးကျယ်လာခြင်း ဖြစ်၍ ဝုဒ္ဓိဆိုသင့်သော်လည်း “အယုဝဏ္ဏာနဉ္စာယောဝုဒ္ဓိ”သုတ်အရ အကို အာ, ဣဝဏ်ကို ဧ, ဥဝဏ်ကို သြပြုခြင်းကိုသာ ဝုဒ္ဓိဟု ခေါ်သည်၊ ထို့ကြောင့် “အာ, ဧ, သြ”ဟု ဝုဒ္ဓိ သုံးမျိုးရှိသည်ဟု မှတ်။ [အ ကို အာပြုရာ၌ ဒီဃနှင့် ရောနေသော်လည်း နောက် ဏ်အနုဗန်ရှိရာ၌ အာပြုလျှင် ဝုဒ္ဓိ, ဏ်အနုဗန် မရှိရာ၌ အာပြု လျှင် ဒီဃဟု ခွဲခြားသင့်၏။] ရှိပြီးသောအရာ၏ ကျေပျောက်ခြင်းသည် လောပ မည်၏၊ မရှိသေးသော အက္ခရာ၏ ဖြစ်ပေါ်လာခြင်းသည် အာဂမ မည်၏။
ဝိကာရ။ ။ [ဝိ=တစ်မျိုး+ကာရ=ပြုခြင်း။] သရကို သရတစ်မျိုးဖြစ် အောင် (သို့မဟုတ်) ဗျည်းဖြစ်အောင်, ဗျည်းကို ဗျည်းတစ်မျိုးဖြစ်အောင်, (သို့မဟုတ်) သရဖြစ်အောင်, သရဗျည်း တွဲနေသော အက္ခရာကို တစ်မျိုး ဖြစ်အောင် ပြုခြင်းသည် ဝိကာရ မည်၏။ [ဝိပရီတအဓိပ္ပာယ်ကို တဗ္ဗိ ပရီတူပပဒေ ဗျဉ္ဇနေ စသုတ်၌ ပြခဲ့ပြီ။]
အာဒေသ။ ။ ယော-အကြင်အက္ခရာကို၊ အာဒိဿတိ-အာဒေသီ အရာ၌ ညွှန်ပြအပ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုအက္ခရာသည်၊ အာဒေသော-အာဒေသ မည်၏၊ ပင်ကိုမူလ တည်ရှိသော သရ-ဗျည်း သည် အာဒေသရှိသောကြောင့် အာဒေသီ မည်၏၊ ထိုအာဒေသီအက္ခရာ ကို တစ်မျိုးပြုလိုက်သည့်အခါ မူလအာဒေသီပျောက်၍ အက္ခရာတစ်မျိုး ရောက်လာ၏၊ ထိုအက္ခရာသည် အာဒေသီ နေရာဝယ် ညွှန်ပြအပ်သော ကြောင့် အာဒေသ မည်၏။
ရုပ်တွက်။ ။ ကောဏ္ဍညောကို “ကုဏ္ဍနိယာ+အပစ္စံ”တည်, အတော ဏိ ဝါ၌ ဝါသဒ္ဒါဖြင့် ဏျပစ္စည်းသက်, ဏအနုဗန်ချေ, ဤသုတ်ကြီးဖြင့် ကု၌ ု ကို ေ-ါ ဝုဒ္ဓိပြု, အဝဏ္ဏော ယေ လောပဉ္စ၌ စသဒ္ဒါဖြင့် နီ၌ -ီ ကို ချေ, ယဝတံ စသောသုတ်ဖြင့် နျကို ဉပြု, ဉဒွေဘော်လာ, နာမ်ငဲ့, သိ ေ-ါ ပြု, ကောဏ္ဍညော ပြီး၏။
֍ ၆၂။ အယုဝဏ္ဏာနဉ္စာ.ယော ဝုဒ္ဓိ။ ။ အယုဝဏ္ဏာနံ- အက္ခရာ ဣဝဏ် ဥဝဏ်တို့၏၊ အာယော- အာ ဧ သြတို့သည်၊ ဝုဒ္ဓိ- ဝုဒ္ဓိ သည်၊ ဟောတိ- ဖြစ်၏။ ဝါသိဋ္ဌော, ဝေနတေယျော, သြဠုမ္ပိကော စသည်တည်း။
၆၂။ ဤသုတ်ကား… ဝုဒ္ဓိပြုရာ ဌာနနှင့် ဝုဒ္ဓိဖြစ်သော သရတို့ကို သတ်မှတ်ပြသော နိယမသုတ်တည်း၊ ဝုဒ္ဓိမည်သော သရများကား အာ ဧ သြတို့တည်း၊ ဝုဒ္ဓိပြုရာ ဌာနကား အဝဏ် ဣဝဏ် ဥဝဏ်တို့တည်း၊ “အ ကို အာဝုဒ္ဓိ, ဣ ဤကို ဧဝုဒ္ဓိ, ဥ ဥုကို သြဝုဒ္ဓိ ပြုရမည်”ဟူလို၊ ဤ နိယမသုတ်ကိုပင် ပရိဘာသာသုတ်ဟုလည်း ဖွင့်ကြသည်၊ ရုပ်များကို ရှေ့သုတ်၌ တွက်ပြခဲ့ပြီ။
အမှာ။ ။ ယုဝဏ္ဏကို “ဣ+ု ဝဏ္ဏ”ဟု ပုဒ်ဖြတ်, ဣဝဏ္ဏော ယံ နဝါ သုတ်ဖြင့် ဣကို ယ်ပြု, ယ် ၊ သို့ကပ်၍ ယုဝဏ္ဏဟု ဖြစ်၏၊ အာယောကို လည်း “အာ+ဧ+ေ-ါ ”ဟု ပုဒ်ဖြတ်, ယမေဒန္တဿာဒေသောသုတ်ဖြင့် ဧကို ယ် ပြု, ယ် ေ-ါ သို့ ကပ်၍ “အာယော”ဟု ဖြစ်၏။
ဣတိ တဒ္ဓိတကပ္ပော။ ။ တဒ္ဓိတကပ္ပော- တဒ္ဓိတ်ပိုင်းသည်၊ ဣတိ- ပြီးပြီ။
တဒ္ဓိတ်သုတ်နက်နှင့် ရုပ်တွက် အဓိပ္ပာယ် ပြီးပြီ။
ကာရကအချီ
“ကြိယံ ကရောတီ (အဘိနိပ္ဖာဒေတီ)တိ ကာရကံ” ယံ-အကြင်သတ္တိသည်၊ ကြိယံ-ကြိယာကို၊ ကရောတိ-ပြုတတ်၏၊ (“အဘိနိပ္ဖာဒေတိဖြစ်စေတတ်၏”ဟု ဆိုလိုသည်၊) ဣတိ-ထို့ကြောင့်၊ တံ-ထိုသတ္တိသည်၊ ကာရကံ-ကာရက မည်၏၊ “ကြိယာကို ပြုတတ်၏”ဟူရာ၌ “ပြု”ဟူသည် ဖြစ်စေခြင်းပင်တည်း၊ လောက၌လည်း တစ်စုံတစ်ခုသော အရာဝတ္ထု ဖြစ်လာစေမှုကို “ပြုသည်=လုပ်သည်”ဟု ခေါ်ဝေါ်ကြ၏၊ ထို့ကြောင့် ကရောတိအရ “ပြု၏”ဟူသော အနက်၏အဓိပ္ပာယ်ကို “အဘိနိပ္ဖာဒေတိဖြစ်စေ၏”ဟု ဖွင့်ပြရသည်။
သတ္တိကာရက။ ။ “ပုရိသော မဂ္ဂံ ဂစ္ဆတိ=ယောက်ျားသည် လမ်းကို သွား၏”ဟူရာ၌ သွားခြင်းကြိယာဟူသည် ခြေထောက်ကို မြှောက်ကာ ချကာ ရှေ့သို့ တိုး၍ တိုး၍နေသော အမူအရာတည်း၊ ထိုသွားခြင်းကြိယာ ကို ဖြစ်စေနိုင်သူကား ယောက်ျားမဟုတ်, ယောက်ျားသန္တာန်မှာ ရှိသော သွားစွမ်းနိုင်သော သတ္တိတည်း၊ ယောက်ျားအထည်ကိုယ်ဒြဗ်က သွားခြင်း ကြိယာကို မဖြစ်စေနိုင်၊ ဒူလာပါဒရက်စွဲ၍ ပုံလဲနေသောယောက်ျားဒြဗ်၌ သွားခြင်းကြိယာကို ဖြစ်စေနိုင်သော သတ္တိမရှိချေ၊ ထို့ကြောင့် “ကြိယံ ကရောတီတိ ကာရကံ”အရ ပြုလုပ်တတ်, ပြီးစေတတ်သော ကာရက ဟူသည် မုချဧကန် အမှန်အားဖြင့် သတ္တိသာတည်းဟု မှတ်၊ ထို့ကြောင့် နောက်၌ “သတ္တိမုချ, ကာရက”ဟု ဆိုထားသည်။
ဒဗ္ဗကာရက။ ။ သို့သော် ယောက်ျားအထည်ကိုယ်ဒြဗ်ကြီးလည်း ထိုသွားစွမ်းနိုင်သောသတ္တိ၏ တည်ရာဖြစ်သောကြောင့် ဌာနီသတ္တိ၏ ကာရကဟူသော နာမည်ရင်းကို ဌာနဒြဗ်ပေါ်မှာ တင်စား၍ ဌာနျူပစာရ (ဌာနီ၏နာမည်)အားဖြင့် ကာရက ဟု အမည်ရ၏၊ ထို့ကြောင့် နောက်၌ “ဒဗ္ဗဌာနျူပစာ”ဟု ဆိုထားသည်။
သဒ ကာရက။ ။ ယခုကာလ၌ကား ပုရိသော စသော သဒ္ဒါကို ကာရကဟု ခေါ်ဆိုကြ၏၊ ထိုသို့ ခေါ်ဆိုရာ၌ အကြောင်းဖြစ်သော ဒြဗ် အနက်၏ ကာရကဟူသော နာမည်ကို အကျိုးဖြစ်သော သဒ္ဒါပေါ်တွင် တင်စား၍ ကာရဏူပစာရ (အကြောင်း၏နာမည်)အားဖြင့် ကာရက ခေါ်သည်ဟု မှတ်၊ ထို့ကြောင် “သဒ္ဒါ၌မူ, ကာရဏူ”ဟု နောက်၌ ဆိုထား သည်၊
အကြောင်းအကျိုး။ ။ အနက်ရှိမှ သဒ္ဒါဖြစ်ပေါ်နိုင်၏၊ ကမ္ဘာဦးက အနက်ဒြဗ်တွေ ဖြစ်ပြီးရှိနေသော်လည်း သဒ္ဒါနာမည်တွေ မဖြစ်ပေါ်သေး၊ နောက်မှ ကမ္ဘာဦးလူကြီးတို့က သင့်သလို သဒ္ဒါနာမည်တွေကို တီထွင် ကြလေသည်၊ ကလေးတစ်ယောက် ဖွားမြင်လာသော်လည်း သဒ္ဒါနာမည် မရှိသေး၊ နောက်မှ ကလေးနှင့်ဆိုင်ရာ သဒ္ဒါနာမည်ကို မိဘတို့က တီထွင် ကြလေသည်၊ ထို့ကြောင့် အနက်ကအကြောင်း, သဒ္ဒါက ထိုအနက်ကို အကြောင်းပြု၍ ဖြစ်ရသောအကျိုးဟု အမြဲမှတ်ပါ၊ သူတစ်ပါးပြောသည် ကို တစ်ဆင့်ကြားရာ၌ကား ကြားပြီးမှ အနက်ဒြဗ်ကို သိရသောကြောင့် သဒ္ဒါက အကြောင်း, အနက်က အကျိုးတည်း။
[ဆောင်]၁။ သတ္တိမုချ , ကာရက , ဒဗ္ဗဌာနျူပစာ။၂။ သဒ္ဒါ၌မူ , ကာရဏူ , မှတ်ယူ မြဲသေချာ။
ကာရကနှင့်သာဓနအထူး။ ။ ပြခဲ့သောသတ္တိကိုပင် ကိတ်ပိုင်းတုန်းက သာဓနဟု ခေါ်ခဲ့ပြီ၊ “ပါစကံ ပဿတိ-ချက်တတ်သူကို မြင်၏”ဟူရာ၌ “ချက်တတ်”ဟူသည် ပါစကံ၌ ပစဓာတ် ဏွုပစ္စည်း၏ အနက်တည်း၊ ထိုသို့ ဓာတ်နှင့်တွဲဖက်နေသည့် ကိတ်ပစ္စည်း၏ အနက်ဖြစ်သောသတ္တိကို သာဓနဟု ခေါ်၏၊ “ချက်တတ်သူကို”ဟူရာ၌ “ကို”ဟူသော အနက်ကား အံဝိဘတ်၏အနက်တည်း၊ ထို “ကို”ဟူသော အနက်သည် နောက်ကြိယာ တစ်ခုခုနှင့် တွဲဖက်ရမှ ပေါ်ထွက်နိုင်၏၊ ထိုသို့ ကြိယာ တစ်ပါးနှင့် တွဲဖက်ရမှ ပေါ်ထွက်လာသော နာမ်ဝိဘတ်၏ အနက်သည် ကာရက မည်၏။ [“ဂစ္ဆတိ-သွားတတ်၏”ဟူရာ၌ အာချာတ်ဝိဘတ်၏အနက် ဖြစ်သော သွားစွမ်းနိုင်သော သတ္တိသည်လည်း ကာရကပင်တည်း။]
[ဆောင်] ၁။ ဓာတ်နှင့်စပ်ဖက် , ပစ္စည်းနက် , မှတ်ချက် သာဓန။၂။ ဝိဘတ်နက်တွေ , အထွေထွေ , ခေါ်လေ ကာရက။
ကာရက ၆ မျိုး။ ။ “ကတ္တု ကမ္မ, ကရဏနှင့်, သမ္ပဒါနာ, အပါဒါ, တစ်ဖြာ သြကာသ” နှင့်အညီ, ထိုကာရကသည် ကတ္တု ကမ္မ ကရဏ သမ္ပဒါန အပါဒါန သြကာသဟု ၆ မျိုးရှိ၏၊ ထို ၆ မျိုးကို ပြရာဖြစ်သော ကြောင့် ဤအပိုင်းကိုလည်း ဌာနီသဒ္ဒါတို့၏ ကာရကအမည်ကို ဌာန အပိုင်းပေါ်တွင် တင်စား၍ ဌာနျူပစာရအားဖြင့် ကာရကပိုင်းဟု ခေါ်ဝေါ် ရလေသည်။
အမှာ။ ။ ယခုအခါ ထိုနာမ်ဝိဘတ်နက်တွေကို ပြရာဖြစ်သော ကာရကပိုင်းကို ပြဆိုရတော့မည်၊ ဤကာရကပိုင်း၌ ရုပ်တွက်ဖို့ အရေး မကြီးလှ, အားလုံး နာမ်ရုပ်တွေသာ ဖြစ်သည်၊ ဝိဘတ်သက်ပုံကိုသာ ဆိုင်ရာသုတ်၏အဆိုနှင့် ညီညွတ်အောင် သက်တတ်ဖို့ အရေးကြီးသည်၊ ကာရက ၆ မျိုးတွင် ကတ္တုကာရကသည် အစဆုံး ဖြစ်သော်လည်း အပါဒါန, သမ္ပဒါနကာရကတို့က ကျယ်ဝန်းသည့်အတွက် ထိုကာရက တို့ကို ရှေးဦးစွာ ထုတ်ပြလတ္တံ့။
ကာရကအချီပြီး၏။
ကာရကသုတ်နက်
သုတ်အဓိပ္ပာယ်နှင့်ရုပ်တွက်
֍ ၁။ ယသ္မာဒပေတိ ဘယ.မာဒတ္တေ ဝါ, တဒ.ပါဒါနံ။ ။ ယသ္မာ ဝါ- အကြင် ကာရကမှလည်း၊ အပေတိ- ဖဲသွား၏၊ ယသ္မာ ဝါ- အကြင် ကာရကမှလည်း၊ ဘယံ- ဘေးသည်၊ ဇာယတေ- ဖြစ်၏။ ယသ္မာ ဝါ- အကြင် ကာရကမှလည်း၊ အာဒတ္တေ- ယူ၏၊ တံ- ထိုကာရကမျိုးသည်၊ အပါဒါနံ- အပါဒါန်မည်သည်၊ ဟောတိ- ၏။ ဂါမာ အပေန္တိ မုနယော, စောရာ ဘယံ ဇာယတေ, အာစရိ ယုပဇ္ဈာယေဟိ သိက္ခံ ဂဏှာတိ သိဿော စသည်တည်း။
၁။ ဤသုတ်ကား အပါဒါန်အမည် မှည့်သော သညာသုတ်တည်း၊ သို့သော် နေရာတိုင်းမှာ မှည့်နိုင်သည်မဟုတ်, “ယသ္မာ အပေတိ”အရ ဖဲသွားရာ ရှောင်သွား ထွက်သွားရာ ဌာနဖြစ်သော ကာရက တစ်မျိုး, “ယသ္မာ ဘယံ ဇာယတေ”အရ ဘေးဥပဒ်အန္တရာယ်ဖြစ်ရာ ကာရက တစ်မျိုး, “ယသ္မာ အာဒတ္တေ”အရ အတတ်ပညာစသည်ကို သင်ယူရာ ကာရကတစ်မျိုး ဤ ၃ မျိုးကိုသာ အပါဒါန်အမည်မှည့်သည်၊ ဝါသဒ္ဒါဖြင့် နောက်နောက်သုတ်တို့ မမှည့်နိုင်သော အရာများကိုလည်း မှည့်နိုင်ပါ သေး၏။
အပါဒါန်ခေါ်ပုံ။ ။ ပင်ကိုက ပေါင်းစပ်နေသော အရာဝတ္ထုဖြစ်စေ, အာရုံနှင့်အာရုံဖြစ်သော စိတ်၏အဖြစ်ဖြင့် ပေါင်းမိသော သဘောတရား ဖြစ်စေ ပေါင်းစပ်ပြီးနောက် ခွဲခွာခြင်းကြိယာ ပေါ်လာသည့်အခါ အရင်းခံ တည်ရာကို အပါဒါန်ဟု ခေါ်သည်၊ “ဣတော အပနေတွာ အညံ အာဒဒါတီတိ အပါဒါနံ”၊ ဣတော-ဤအရာမှ၊ အပနေတွာ-ဖဲခွာ၍၊ အညံ-တစ်ပါးသောအရာကို၊ အာဒဒါတိ-ယူတတ်၏၊ ဣတိ-ထိုသို့ ဖဲခွာ ရာ၏အဖြစ်ကြောင့်၊ တံ-ထိုအရာသည်၊ အပါဒါနံ-အပါဒါန် မည်၏၊ ကာရကဟူသည် အချီစကား၌ ပြခဲ့သည့်အတိုင်း သတ္တိ, ဒြဗ်, သဒ္ဒါဟု ၃ မျိုးလုံးပင် ဖြစ်သောကြောင့် “ယသ္မာ ဝါ-အကြင် ကာရကမှလည်း”ဟု ဆိုရာ၌ ရွာ, ခိုးသူ, ဆရာ စသော ဒြဗ်များကို ကာရကဟု ခေါ်နိုင်သည်။
ပုံစံများ။ ။ မုနယော-ရဟန်းတို့သည်၊ ဂါမာ-ရွာမှ၊ အပေန္တိ-ဖဲသွား ကုန်၏၊ ဤကား “ယသ္မာ ဒပေတိ”အရ ပုံစံ၊ ဤပုံစံ၌ ဂါမာပုဒ်သာ လိုရင်းတည်း၊ အပေန္တိစသည်ကား တွဲဖက်ဖြစ်၍ ထည့်ရသည်၊ နောက် နောက်၌လည်း လိုရင်းပုဒ်နှင့်တွဲဖက်ဖြစ်၍ ထည့်ရသောပုဒ်များကို သတိ ပြုလေ၊ စောရာ-ခိုးသူမှ၊ ဘယံ-ဘေးသည်၊ ဇာယတေ-ဖြစ်၏၊ ဤကား “ယသ္မာ ဘယံ”အရ ပုံစံ၊ အာစရိယုပဇ္ဈာယေဟိ-ဆရာ ဥပဇ္ဈာယ်တို့မှ၊ သိက္ခံ-သိက္ခာကို၊ သိဿော-တပည့်သည်၊ ဂဏှာတိ-ယူ၏၊ “ယသ္မာ အာဒတ္တေ”အရ ပုံစံ။
ရုပ်တွက်။ ။ ဂါမာကို ဂါမတည်, ယသ္မာ ဒပေတိ ဘယမာဒတ္တေ ဝါ တဒပါဒါနံသုတ်ဖြင့် ဂါမကို အပါဒါန်အမည်မှည့်, မှဟူ၍ အနက်ပေး သောကြောင့် အပါဒါနေ ပဉ္စမီသုတ်ဖြင့် ပဉ္စမီဧကဝုစ် သ္မာဝိဘတ်သက် (ဂါမသ္မာ), မ် ခွင်း, သ္မာသ္မိံနံ ဝါသုတ်ဖြင့် သ္မာဝိဘတ်ကို -ါ ပြု, သရ လောပေါ စသောသုတ်ဖြင့် မ၏ ၊ ကို ချေ, နယေ ပရံ ယုတ္တေသုတ်ဖြင့် မ် ကို -ါ သို့ ကပ်, ဂါမာ ပြီး၏။
“စောရာကို စောရ တည်, ယသ္မာ ဒပေတိ ၊ပေ၊ ပါဒါနံသုတ်ဖြင့် စောရကို အပါဒါန်အမည် မှည့်”စသည် ဆိုလေ၊ “အာစရိယုပဇ္ဈာယေဟိ ကို အာစရိယုပဇ္ဈာယတည်, ယသ္မာ ဒပေတိ စသောသုတ်ဖြင့် အာစရိယု ပဇ္ဈာယကို အပါဒါန်အမည်မှည့်”စသည်ဖြင့် ဆို၍ ပုရိသေဟိကဲ့သို့ ရုပ်စီရင်လေ။
֍ ၂။ ဓာတုနာမာန.မုပသဂ္ဂယောဂါဒီသွ.ပိ စ။ ။ ဓာတုနာမာနံ- ဓာတ်, နာမ်တို့၏၊ ယောဂေ- ယှဉ်ရာပုဒ်၌လည်းကောင်း၊ ဥပသဂ္ဂ ယောဂါဒီသွပိ စ- ဥပသာရ၏ ယှဉ်ရာပုဒ် အစရှိသည်တို့၌လည်း ကောင်း၊ အပါဒါနံ- အပါဒါန် မည်သည်၊ ဟောတိ- ဖြစ်၏။ ဗုဒ္ဓသ္မာ ပရာဇေန္တိ အညတိတ္ထိယာ, ဥရသ္မာ ဇာတော ပုတ္တော, အပသာလာယ အာယန္တိ ဝါဏိဇာ စသည်တည်း။
၂။ ဓာတုနာမာနံ၌ ဓာတုအရ အပါဒါန်ငဲ့သော အာချာတ်ဓာတ်ကိုယူ၊ နာမအရ အပါဒါန်ကို ငဲ့သော ကိတ်နာမ်ပုဒ်တို့ကို ယူ၊ ထိုဓာတ်, နာမ် ဥပသာရစသည်တို့၏ ယှဉ်ရာပုဒ်များကို ဤသုတ်က အပါဒါန်မှည့်သည်။
ဓာတုယောဂ။ ။ အညတိတ္ထိယာ-သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သည်၊ ဗုဒ္ဓသ္မာ- ဘုရားမှ၊ ပရာဇေန္တိ- ရှုံးကုန်၏၊ ဓာတုယောဂပုံစံ၊ ပရာဇေန္တိ၌ ပရာပုဗ္ဗ ဇိဓာတ် အန္တိဝိဘတ်တည်း၊ စာစပ် သည့်အခါ ဗုဒ္ဓသ္မာကို ပရာဇေန္တိ၌ စပ်ရသောကြောင့် ဓာတုယောဂပုဒ် (ပရာပုဗ္ဗ ဇိဓာတ်၏ ယှဉ်စပ်ရာပုဒ်) ဟု ခေါ်ဆိုအပ်သည်။ [ဓာတု= ဓာတ်၏+ယောဂ=ယှဉ်ရာပုဒ်၊ “ဓာတ်၏ယှဉ်ရာပုဒ်, ဓာတ်၌ စာစပ် ရသောပုဒ်”ဟု ဆိုလိုသည်။]
ရုပ်တွက်။ ။ ဗုဒ္ဓသ္မာကို “ဗုဒ္ဓ”တည်, ဓာတုနာမာနမုပသဂ္ဂယောဂါ ဒီသွပိ စသုတ်ဖြင့် ဗုဒ္ဓကို အပါဒါန်အမည်မှည့်, မှဟူ၍ အနက်ပေးသော ကြောင့် အပါဒါနေ ပဉ္စမီသုတ်ဖြင့် ပဉ္စမီဧကဝုစ် သ္မာဝိဘတ် သက်, ဗုဒ္ဓသ္မာ ပြီး၏။
နာမယောဂ။ ။ ဥရသ္မာ-ရင်မှ၊ ဇာတော-ဖြစ်သော၊ ပုတ္တော-သား၊ ဤကား နာမယောဂပုံစံတည်း၊ ဇာတကား ဇနဓာတ် တပစ္စည်းဖြင့် ပြီးသော ကိတ်နာမ်ပုဒ်တည်း၊ စာစပ်သည့်အခါ ဥရသ္မာကို ဇာတော၌ စပ်ရသောကြောင့် ဥရသ္မာကို နာမယောဂ (နာမ်၏ ယှဉ်စပ်ရာပုဒ်) ဟု ခေါ်သည်။ [ရုပ်ကို ဗုဒ္ဓသ္မာအတိုင်းတွက်။]
ဥပသဂ္ဂယောဂ။ ။ ဝါဏိဇာ-ကုန်သည်တို့သည်၊ အပသာလာယကင်းတဲကို ရှောင်လွှဲကြကုန်၍၊ အာယန္တိ-လာခဲ့ကြကုန်၏၊ (ကင်းတဲနား ရောက်သွားလျှင် ကင်းကောက်အခွန်ပေးရမည် စိုးသောကြောင့် ကင်းတဲ ကို ရှောင်၍ လာခဲ့ကြသည် ဟူလို၊) ဤကား ဥပသဂ္ဂယောဂ (အပဟူသော ဥပသာရ၏ ယှဉ်ရာ) သာလာကို အပါဒါန်မှည့်သောပုံစံတည်း၊ (စာစပ် သည့်အခါ “သာလာယကား ကိုဟူ၍ အနက်ပေးသောကြောင့် အပ၌ကံ, အပကား ထိုကံကို ထွန်းပြသော ဥပသာရပုဒ်တည်း”ဟု စပ်ရမည်။)
ရုပ်တွက်။ ။ သာလာယကို “သာလာ”တည်, ဓာတုနာမာနမုပသဂ္ဂ ယောဂါဒီသွပိ စသုတ်ဖြင့် သာလာပုဒ်ကို အပါဒါန်အမည်မှည့်, သ္မာ ဝိဘတ်သက် (သာလာသ္မာ), -ါ ကို ဃအမည်မှည့်, ဃတော နာဒီနံသုတ် ဖြင့် သ္မာဝိဘတ်ကို -ါ ယ ပြု, လ် ခွင်း, ချေ, ကပ်, သာလာယ ပြီး၏။
အပါဒါန် ၃ မျိုး။ ။ ပဉ္စမီဝိဘတ်သာ သက်၍ အနက်ကို “မှ”ဟု အပါဒါန်အနက် မဆိုရလျှင် သဒ္ဒအပါဒါန် မည်၏၊ ပုံစံကား… “အပ သာလာယ အာယန္တိ ဝါဏိဇာ”၌ သာလာယပုဒ်တည်း၊ ဤ သာလာယ၌ သဒ္ဒါက အပါဒါနကာရကဖြစ်၍ အပါဒါနေ ပဉ္စမီသုတ်ဖြင့် ပဉ္စမီဝိဘတ် သက်နိုင်သည်၊ ပဉ္စမီဝိဘတ် မသက်မူ၍ အနက်ကို “မှ”ဟု အပါဒါန် အနက်ဆိုရလျှင် အတ္ထအပါဒါန်မည်၏၊ ပုံစံကား…“ဓမ္မိဿ ပရိဟာယန္တိ” ၌ ဓမ္မဿပုဒ်တည်း။ [ဓမ္မဿ-တရားမှ၊ ပရိဟာယန္တိ-ယုတ်လျော့ကုန်၏၊] ပဉ္စမီဝိဘတ်လည်း သက်, အနက်ကိုလည်း “မှ”ဟု ဆိုရလျှင် သဒ္ဒတ္ထ အပါဒါန် မည်၏၊ ပုံစံကား…“ဂါမာ အပေန္တိ”၌ ဂါမာ စသည်တည်း။ [အာဒိ အပိ စ တို့၏ အနက်ကို ရူပသိဒ္ဓိမှာ ရှု။]
֍ ၃။ ရက္ခဏတ္ထာန.မိစ္ဆိတံ။ ။ ရက္ခဏတ္ထာနံ- စောင့်ရှောက်ခြင်း အနက်ရှိသောဓာတ်တို့၏၊ ပယောဂေ- ယှဉ်ရာ၌၊ ဣစ္ဆိတံ စ- အလိုရှိအပ်သော ကာရကသည်လည်း၊ အပါဒါနံ- အပါဒါန် မည်သည်၊ ဟောတိ- ဖြစ်၏။ ကာကေ ရက္ခန္တိ တဏ္ဍုလာ, ယဝါ ပဋိသေဓေန္တိ ဂါဝေါ စသည်တည်း။
၃။ ဤသုတ်လည်း အပါဒါန်မှည့်သောသုတ်ပင် ဖြစ်၏၊ ဤသုတ်၌ “ရက္ခဏ”အရ စောင့်ရှောက်ခြင်းဟူသည် မဖြစ်သေးသော ဘေးအန္တရာယ် ကို ကာကွယ်ခြင်း, ဖြစ်လာသော ဘေးရန်ကို တားမြစ်ခြင်းတည်း၊ ထို အနက်မျိုးကို ဟောသည့်ဓာတ်တို့၏ ယှဉ်ရာ၌ အလိုရှိအပ်သော ဝတ္ထု သည် အပါဒါန် မည်၏။
စောင့်ရှောက်ပုံစံ။ ။ တဏ္ဍုလာ-ဆန်မှ၊ ကာကေ-ကျီးတို့ကို၊ ရက္ခန္တိစောင့်ရှောက်ကုန်၏၊ ဤ၌ ကျီးမထိုးအောင် လေး, ပိုက်စသည်တို့ဖြင့် ကာကွယ်ခြင်းကို စောင့်ရှောက်ခြင်းဟု ဆိုသည်၊ ဆန်ကား ဥစ္စာရှင်တို့ အလိုရှိအပ်သောဝတ္ထုတည်း၊…တဏ္ဍုလာကို “တဏ္ဍုလ”တည်, ရက္ခဏ တ္ထာနမိစ္ဆိတံသုတ်ဖြင့် တဏ္ဍုလကို အပါဒါန်အမည်မှည့်, အပါဒါနေ ပဉ္စမီ သုတ်ဖြင့် သ္မာဝိဘတ်သက်, -ါ ပြု, တဏ္ဍုလာ ပြီး၏။
တားမြစ်ပုံစံ။ ။ ယဝါ-မုယောစပါးမှ၊ ဂါဝေါ-နွားတို့ကို၊ ပဋိသေဓေန္တိတားမြစ်ကုန်၏၊ ဤ၌ မုယောစပါးကို နွားမစားအောင် တစ်စုံတစ်ခုဖြင့် တားဆီးထားခြင်းသည် စောင့်ရှောက်ခြင်းပင် ဖြစ်၏၊ ထိုသို့ စောင့်ရှောက် ခြင်း အနက်ရှိသော ပဋိပုဗ္ဗ သိဓဓာတ်၏ ယှဉ်ရာ ယ၀ ဟူသော ဣစ္ဆိတ ပုဒ်ကို အပါဒါန်မှည့်၍ ရုပ်တွက်လေ။
֍ ၄။ ယေနဝါ.ဒဿနံ။ ။ ယေန- အကြင် ကာရကသည်၊ အဒဿနံ- မမြင်ခြင်းကို၊ ဣစ္ဆိတံ- အလိုရှိအပ်၏။ တံ- ထိုကာရကသည်၊ ဝါ- ဝိကပ်အားဖြင့်၊ အပါဒါနံ- အပါဒါန် မည်သည်၊ ဟောတိ- ဖြစ်၏။ ဥပဇ္ဈာယာ အန္တရဓာယတိ သိဿော စသည်တည်း။
၄။ ဤသုတ်လည်း အပါဒါန်မှည့်သော သုတ်ပင်တည်း၊ သိဿောတပည့်သည်၊ ဥပဇ္ဈာယာ-ဥပဇ္ဈာယ်ဆရာမှ၊ အန္တရဓာယတိ-ပုန်းကွယ်၏၊ ဤ၌ ဥပဇ္ဈာယ်ဆရာ၏ မမြင်ခြင်းကို တပည့်သည် အလိုရှိ၏၊ ထို့ကြောင့် ဥပဇ္ဈာယ်ဆရာ မမြင်အောင် ပုန်းကွယ်နေ၏၊ ထိုပုန်းကွယ်ရာ ဥပဇ္ဈာယ် ဆရာသည် အပါဒါန်မည်၏၊…ဥပဇ္ဈာယာကို ဥပဇ္ဈာယတည်, ယေန ဝါ.ဒဿနံသုတ်ဖြင့် ဥပဇ္ဈာယကို အပါဒါန်အမည်မှည့်, အပါဒါနေ ပဉ္စမီ သုတ်ဖြင့် သ္မာ သက်, -ါ ပြု, ဥပဇ္ဈာယာ ပြီး၏။
֍ ၅။ ဒူရ.န္တိက.ဒ္ဓကာလနိမ္မာနတွာလောပဒိသာယောဂ ဝိဘတ္တာ.ရပ္ပယောဂသုဒ္ဓပမောစနဟေတုဝိဝိတ္တပမာဏပုဗ္ဗယောဂ ဗန္ဓနဂုဏဝစနပဥှကထနထောကာ.ကတ္တုသု စ။ ။ [ဒူရ.န္တိကမှ စ၍ ကတ္တုသု တိုင်အောင် တစ်ပုဒ်တည်း ဖြစ်သော်လည်း ရှင်းအောင် သင့်သလို ခွဲ၍ အနက်ဆိုမည်။]
ဒူရ.န္တိက- အဝေးဟောသဒ္ဒါ, အနီးဟောသဒ္ဒါတို့၏ ယှဉ်ရာ၊ အဒ္ဓကာလနိမ္မာန- ခရီးကို တိုင်းတာ, အခါကို ပိုင်းခြားရာ၊ တွာလောပ- တွာပစ္စယန္တပုဒ် ကျေသော ကံ အာဓာရအရာ၊ ဒိသာယောဂ- အရပ်မျက်နှာဟောသဒ္ဒါတို့၏ယှဉ်ရာ၊ ဝိဘတ္တ- ခွဲခြားဝေဖန်ရာ၊ အာရပ္ပယောဂ- ရှောင်ကြဉ်ခြင်းအနက်ရှိသော သဒ္ဒါတို့၏ယှဉ်ရာ၊ သုဒ္ဓ- စင်ကြယ်ရာ၊ ပမောစန- လွတ်မြောက် ရာ၊ ဟေတု- ဟိတ်အနက်ရှိသောသဒ္ဒါ၊ ဝိဝိတ္တ- ကင်းဆိတ်ရာ၊ ပမာဏ- တိုင်းတာရာ၊ ပုဗ္ဗယောဂ- ပုဗ္ဗသဒ္ဒါ၏ယှဉ်ရာ၊ ဗန္ဓန- နှောင်ဖွဲ့ကြောင်းအရာ၊ ဂုဏဝစန- ဂုဏ်ကို ပြောဆိုကြောင်း အရာ၊ ပဥှ- မေးမြန်းအပ်သောအရာ၊ ကထန- ဖြေဆိုအပ်သော အရာ၊ ထောက- အနည်းငယ်ဟူသောအနက်ဟောသဒ္ဒါ၊ အကတ္တုသု စ- ဟေတုကတ္တားမဟုတ်သော ဟိတ်အနက်ဟော သဒ္ဒါတို့၌လည်း၊ အပါဒါနံ- အပါဒါန်မည်သည်၊ ဟောတိ- ဖြစ်၏။ [ပုံစံကို အဓိပ္ပာယ်၌ ထုတ်ပြအံ့။]
၅။ ဒူရ.န္တိကကို ဒူရ+အန္တိကဟု ပုဒ်ဖြတ်၊ ဒူရ-အဝေးဟူသော အနက် ဟောသဒ္ဒါ+အန္တိက-အနီးဟူသော အနက်ဟောသဒ္ဒါ၊ ဒိသာယောဂမှ ယောဂသဒ္ဒါကို လိုက်စေ၍ အတ္ထသဒ္ဒါ အကျေကြံပြီးလျှင် “ဒူရန္တိကတ္ထ ယောဂ”ဟု အဓိပ္ပာယ်မှတ်၊ “အဝေးအနက်, အနီးအနက်ဟော သဒ္ဒါတု့ိ၏ ယှဉ်ရာပုဒ်၌ အပါဒါန်မှည့်သည်” ဟူလို။
ဒူရယောဂပုံစံကား။ ။ ကီ၀ ဒူရော ဣတော နဠကာရဂါမော၊ ဣတော-ဤအရပ်မှ၊ နဠကာရဂါမော-ကျူထရံသည်တို့ရွာသည်၊ ကီဝ ဒူရော-ဘယ့်လောက်ဝေးသနည်း၊ အာရကာ တေ မောဃပုရိသာ ဣမသ္မာ ဓမ္မဝိနယာ၊ တေ မောဃပုရိသာ-ထိုအချည်းနှီးသော ယောက်ျားတို့သည်၊ ဣမသ္မာ ဓမ္မဝိနယာ-ဤသာသနာတော်မှ၊ အာရကာ-ဝေးကုန်၏၊ ဤပုံစံ၌ အဝေးအနက်ဟော ဒူရ, အာရကာသဒ္ဒါတို့၏ ယှဉ်ရာဖြစ်သော ဣတော၌ ဣမပုဒ် ဓမ္မဝိနယပုဒ်တို့ကို အပါဒါန်မှည့်သည်။
ရုပ်တွက်။ ။ ဣတောကို ဣမတည်, ဒူရ န္တိကဒ္ဓကာလနိမ္မာန ၊ပေ၊ ကတ္တုသု စသုတ်ဖြင့် ဣမကို အပါဒါန်အမည်မှည့်, ကွစိတော ပဉ္စမျတ္ထေ သုတ်ဖြင့် တောပစ္စည်းသက်, တွာဒယော ဝိဘတ္တိသညာယောသုတ်ဖြင့် တောပစ္စည်းကို ပဉ္စမီဝိဘတ်အမည်မှည့်, ဣမဿိ ထံဒါနိဟတောဓေသု စ သုတ်ဖြင့် ဣမကို ဣပြု, ဣတော ပြီး၏။ [ဣမသ္မာကို ဣမတည်, ဓမ္မဝိနယာ ကို ဓမ္မဝိနယ တည်၍ တွက်။]
အန္တိကယောဂပုံစံများ။ ။ “အန္တိကံ ဂါမာ, အာသန္နံ ဂါမာ, သမီပံ ဂါမာ”စသည်တည်း၊ ဂါမှ-ရွာမှ၊ ဝါ-ရွာ၏၊ အန္တိကံ-အနီးတည်း၊ (အာသန္နံ, သမီပံ-အနီးတည်း။)
ရုပ်တွက်။ ။ ဂါမာကို ဂါမ တည်, ဒူရ န္တိက စသောသုတ်ဖြင့် ဂါမကို အပါဒါန်မှည့်, သ္မာဝိဘတ်သက်, သ္မာကို -ါ ပြု, ဂါမာ ပြီး၏။ [“ဂါမာရွာ၏”ဟု အနက်ဆိုရာ၌ကား အနက်က “မှ”ဟုမဆိုရ၍ သဒ္ဒအပါဒါန်ဟု မှတ်၊ ရုပ်ကို ပဉ္စမီဝိဘတ်သက်၍ တွက်ရမည်။]
အဒ္ဓကာလနိမ္မာန။ ။ အဒ္ဓ=ခရီး (အဓွန့်ဟုလည်း ခေါ်သည်၊) ကာလ= အချိန်အခါ+နိမ္မာန=တိုင်းတာရာ, ပိုင်းခြားသတ်မှတ်ရာ၊ ထိုခရီး ကာလ တို့ကို တိုင်းတာ သတ်မှတ်ရာဖြစ်သော ပုဒ်ကို အပါဒါန် မှည့်။
ပုံစံကား -ဣတော မထုရာယ=ဤမထုရာပြည်မှ၊ စတူသု ယောဇနေသု၄ ယူဇနာတို့၌၊ သင်္ကဿံ-သင်္ကဿမြို့ ရှိ၏၊ ဤပုံစံ၌ “မထုရာပြည်မှ သင်္ကဿမြို့သည် ၄ ယူဇနာဝေး၏”ဟု ခရီးတိုင်းတာခြင်းတည်း၊ ထိုသို့ တိုင်းတာရာ၌ မူလဌာနကား ဣတော မထုရာယတည်း၊ ထို့ကြောင့် ဣမနှင့် မထုရာပုဒ်တို့ကို အပါဒါန် မှည့်ရသည်။
ရုပ်တွက်။ ။ ဣတောကို ဣမတည်, ဒူရ န္တိကစသောသုတ်ဖြင့် ဣမကို အပါဒါန်မှည့်ဟု ဆို၍ တွက်လေ၊ မထုရာယကိုလည်း မထုရာဟု အာ ပစ္စည်းနှင့်တကွ တည်၍ တွက်, ကညာယကဲ့သို့ သ္မာကို -ါယ ပြုရုံသာ။
ကာလနိမ္မာန။ ။ ဣတော ဧကနဝုတိကပ္ပမတ္ထကေ ဝိပဿီ ဘဂဝါ လောကေ ဥဒပါဒိ၊ ဣတော-ဤကမ္ဘာမှ၊ ဧကနဝုတိကပ္ပမတ္ထကေ-၉၁ ကမ္ဘာထက်၌၊ ဝိပဿီ-ဝိပဿီမည်သော၊ ဘဂဝါ-မြတ်စွာဘုရားသည်၊ လောကေ-လောက၌၊ ဥဒပါဒိ-ပွင့်တော်မူဖူးပြီ၊…ဣတောကို ဣမတည် ဒူရ န္တိကစသောသုတ်ဖြင့် ဣမကို အပါဒါန်မှည့်ဟု ဆို၍ တွက်။
တွာလောပ။ ။ ပါဠိစီသည့်အခါ တွာပစ္စည်းဆုံးသော တွာပစ္စယန္တပုဒ် ပါခွင့်ရှိလျက် စကားကျဉ်းစေလို၍ တွာပစ္စယန္တပုဒ်ကို မထည့်ဘဲ စီကုံး ခြင်းကို “တွာလောပ”ဟု ခေါ်သည်၊ ရှိပြီးတွာပစ္စယန္တပုဒ်ကို ချေထားသည် ဟု မမှတ်လင့်။
[ဆောင်] တွာပစ္စယန္တ, ဖော်ထုတ်ပြဖို့, မုချအသင့်, ရှိပါလင့်လည်း, အခွင့်လျော်စေ, မဖော်ချေ, ခေါ်လေ တွာလောပ။
ပုံစံ။ ။ ထိုတွာလောပအရာဝယ် (တွာပစ္စယန္တနှင့်တွဲဖက်၍ ပါဠိစီလျှင် ကံပုဒ်, အာဓာရပုဒ် ဖြစ်သင့်သောအရာ၌) အပါဒါန်မှည့်သည်၊ ပုံစံကား- “ပါသာဒါ သင်္ကမေယျ, အာသနာ ဝုဋ္ဌဟေယျ”စသည်တည်း၊ ပါသာဒါပြာသာဒ်မှ၊ သင်္ကမေယျ-ပြောင်းရွှေ့ရာ၏၊ အာသနာ-နေရာမှ၊ ဝုဋ္ဌဟေယျထရာ၏။
ကံနေရာ၌ တွာလောပ။ ။ “ပါသာဒါ သင်္ကမေယျ=ပြာသာဒ်မှ ပြောင်း ရွှေ့သည်”ဟု ဆိုရာဝယ် ရှေးဦးစွာ ပြာသာဒ်ပေါ်သို့ မတက်ဘဲ ပြာသာဒ်မှ မရွှေ့နိုင်၊ ထို့ကြောင့် “ပါသာဒံ အဘိရုဟိတွာ သင်္ကမေယျ=ပြာသာဒ်သို့ တက်ပြီး၍ ပြောင်းရွှေ့ရာ၏”ဟု တွာပစ္စယန္တပုဒ်ဖြင့် ပါဠိစီခွင့် ရှိ၏၊ ပါသာဒကိုလည်း ကံပုဒ်အနေအားဖြင့် ထားခွင့်ရှိ၏၊ သို့သော် စကား ကျဉ်းအောင် အဘိရုဟိတွာဟူသော တွာပစ္စယန္တပုဒ်ကို မသုံးစွဲဘဲ တွာ လောပ ပြုလိုက်သည့်အခါ ပါသာဒံဟူသော ကံပုဒ်၏အရာဝယ် အပါဒါန် မှည့်၍ “ပါသာဒါ”ဟု ရှိရသည်။
အာဓာရနေရာ၌ တွာလောပ။ ။ “အာသနာ ဝုဋ္ဌဟေယျ=နေရာမှ ထသည်”ဟု ဆိုရာ၌လည်း ရှေးဦးစွာ မထိုင်ဘဲနှင့် ထ၍ မဖြစ်၊ ထို့ကြောင့် “အာသနေ နိသီဒိတွာ ဝုဋ္ဌဟေယျ”ဟု တွာပစ္စယန္တပုဒ်, အာသနကိုလည်း အာသနေဟု အဓိကရဏပုဒ်အဖြစ်ဖြင့် ပါဠိစီခွင့် ရှိ၏၊ သို့သော် စကား ကျဉ်းအောင် နိသီဒိတွာကို တွာလောပ ပြုလိုက်သည့်အခါ အာသနေ ဟူသော အာဓာရအရာဝယ် အပါဒါန်မှည့်၍ အာသနာဟု ရှိရသည်။
ရုပ်တွက်။ ။ ပါသာဒါကို “ပါသာဒ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ပါသာဒကို အပါဒါန်မှည့်, သ္မာသက်, အာသနာကိုလည်း အာသနတည်၍ နည်းတူ ဆိုလေ။
ဒိသာယောဂ။ ။ အရှေ့ အနောက် အထက် အောက် စသော အရပ် မျက်နှာကို ဟောသောသဒ္ဒါသည် ဒိသာမည်၏၊ ထိုဒိသာသဒ္ဒါ၏ယှဉ်ရာ ပုဒ်ကို အပါဒါန်မှည့်သည်၊ ပုံစံကား-“အဝီစိတော ယာဝ ဥပရိဘဝဂ္ဂါ, ဥဒ္ဓံ ပါဒတလာ, အဓော ကေသမတ္ထကာ”စသည်တည်း၊ အဝီစိတောအဝီစိမှ၊ ယာဝ ဥပရိဘဝဂ္ဂါ-အထက် ဘဝဂ်တိုင်အောင်၊ ပါဒတလာခြေဖဝါး အပြင်မှ၊ ဥဒ္ဓံ-အထက် ဆံဖျားတိုင်အောင်၊ ကေသမတ္ထကာအထက် ဆံဖျားမှ၊ အဓော-အောက်ခြေဖဝါးတိုင်အောင်၊… ဤပုံစံတို့၌ ဥပရိ, ဥဒ္ဓံ, အဓောဟူသော ဒိသာသဒ္ဒါတို့၏ ယှဉ်ရာဖြစ်သော အဝီစိ, ပါဒတလ, ကေသမတ္ထကပုဒ်ကို အပါဒါန် မှည့်သည်။
ရုပ်တွက်။ ။ အဝီစိတောကို “အဝီစိ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် အဝီစိကို အပါဒါန်အမည်မှည့်, တောပစ္စည်းသက်, ဝိဘတ်မှည့်၍ ပြီးစေ၊ ပါဒတလ, ကေသမတ္ထက တည်၍ နောက်ရုပ်များလည်း တွက်လေ။
ဝိဘတ္တ။ ။ တစ်မျိုးနှင့်တစ်မျိုး မရောနှောအောင် ခွဲခြားဝေဖန်မှုကို ဝိဘတ္တဟု ခေါ်၏၊ ဤနေရာ၌ ခွဲခြားဝေဖန်ရာပုဒ်ကို အပါဒါန်မှည့်သည်၊ ပုံစံကား-“ယတော ပဏီတတရော ဝါ ဝိသိဋ္ဌတရော ဝါ နတ္ထိ”တည်း၊ ယတော-အကြင် ဘုရားတရားတော်ထက်၊ ပဏီတတရော ဝါ-သာလွန် မြင့်မြတ်သောတရားသည်လည်းကောင်း၊ ဝိသိဋ္ဌတရော ဝါ-ထူးကဲသော တရားသည်လည်းကောင်း၊ နတ္ထိ-မရှိ၊ ဤပုံစံ၌ ပင်ကိုကကွဲပြားပြီးဖြစ်သော ဘုရားတရားတော်နှင့် အခြားတရားများကို ဂုဏ်အားဖြင့် ထပ်၍ ခွဲခြားမှု သည် ဝိဘတ္တမည်၏။ [ဤဝိဘတ္တကို ဝိဘတ္တဝိဘဇနဟု ခေါ်၏၊ နောက်၌ အဝိဘတ္တဝိဘဇနခေါ်သော နိဒ္ဓါရဏလည်း လာလိမ့်ဦးမည်။]
ရုပ်တွက်။ ။ ယတောကို “ယ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ယကို အပါဒါန်မှည့်, တောပစ္စည်းသက်, ဝိဘတ်မှည့်၍ ပြီးစေ။
အာရပ္ပယောဂ။ ။ အာရတိပ္ပယောဂဟု ဆိုလိုလျက် တိကို ချေထားသည်၊ ဟအာရတိ=ရှောင်ကြဉ်ခြင်းအနက်ရှိသော သဒ္ဒါတို့၏+ပယောဂ= ယှဉ်ရာပုဒ်၊] အသဒ္ဓမ္မာ-မသူတော်တို့၏တရားမှ၊ အာရတိ-ရှောင်ကြဉ်ခြင်း၊ ပါဏာတိပါတာ-ပါဏာတိပါတမှ၊ ဝေရမဏိ-ရှောင်ကြဉ်ကြောင်းသိက္ခာပုဒ်၊ ဤပုံစံတို့၌ ရှောင်ကြဉ်ခြင်းအနက်ဟော အာရတိ, ဝေရမဏိသဒ္ဒါတို့၏ ယှဉ်ရာ အသဒ္ဓမ္မ, ပါဏာတိပါတပုဒ်တို့ကို အပါဒါန်မှည့်။
ရုပ်တွက်။ ။ အသဒ္ဓမ္မာကို “အသဒ္ဓမ္မ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် အသဒ္ဓမ္မကို အပါဒါန်မှည့်, သ္မာသက်, -ါ ပြု၍ ပြီးစေ၊ ပါဏာတိပါတာ ကိုလည်း ပါဏာတိပါတ တည်၍ နည်းတူတွက်။
သုဒ္ဓ။ ။ စင်ကြယ်ရာဖြစ်သောအရာဝတ္ထုကို အပါဒါန်မှည့်၏၊ [ရူပ သိဒ္ဓိ၌ စင်ကြယ်ခြင်းအနက်ရှိသောသဒ္ဒါ၏ ယှဉ်ရာဟု ဆို၏။]ပုံစံကား- “လောဘနီယေဟိ ဓမ္မေဟိ သုဒ္ဓေါ” စသည်တည်း၊ လောဘနီယေဟိလောဘ၏အာရုံဖြစ်ကုန်သော၊ ဓမ္မေဟိ-တရားတို့မှ၊ သုဒ္ဓေါ-စင်ကြယ်၏။
ရုပ်တွက်။ ။ လောဘနီယေဟိကို “လောဘနီယ”တည်, ဒူရန္တိက စသော သုတ်ဖြင့် လောဘနီယကို အပါဒါန်မှည့်, ပဉ္စမီဗဟုဝုစ် ဟိဝိဘတ် သက်, သုဟိသွကာရော ဧသုတ်ဖြင့် ယ၏ အစိတ် ၊ ကို ေ- ပြု, လောဘနီယေဟိ ပြီး၏၊ ဓမ္မေဟိလည်း နည်းတူ။
ပမောစန။ ။ လွတ်မြောက်ရာပုဒ်ကို အပါဒါန်မှည့်သည်၊ ဟလွတ် မြောက်ခြင်းအနက်ရှိသောသဒ္ဒါ၏ယှဉ်ရာဟုလည်း အဆိုရှိ၏။] ပုံစံကား- “ပရိမုတ္တော ဒုက္ခသ္မာ, မုတ္တော.သ္မိ မာရဗန္ဓနာ”စသည်တည်း၊ ဒုက္ခသ္မာဆင်းရဲအပေါင်းမှ၊ ပရိမုတ္တော-လွတ်မြောက်ပြီ၊ မာရဗန္ဓနာ-မာရ်မင်း၏ အနှောင်အဖွဲ့မှ၊ မုတ္တော-လွတ်မြောက်သည်၊ အသ္မိ-ဖြစ်၏။
ရုပ်တွက်။ ။ ဒုက္ခသ္မာကို “ဒုက္ခ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ဒုက္ခကို အပါဒါန်မှည့်, သ္မာဝိဘတ်သက်, ဒုက္ခသ္မာ ပြီး၏၊ မာရဗန္ဓနာ ကိုလည်း မာရဗန္ဓန တည်၍ တွက်။
ဟေတု။ ။ ဟိတ်အနက်ကို မှည့်၍ မဖြစ်, ဟိတ်အနက်ဟောသော သဒ္ဒါကိုသာ အပါဒါန်မှည့်၍ဖြစ်သောကြောင့် ဟေတုအရ ဟိတ်အနက် ရှိသောသဒ္ဒါကို ယူရသည်၊ ပုံစံကား-“ကသ္မာ နု တုမံှ ကုလေ ဒဟရာ န မီယျရေ”တည်း၊ ကသ္မာ-အဘယ့်ကြောင့်၊ တုမှံ-သင်တို့၏၊ ကုလေ-အမျိုး၌၊ ဒဟရာ-ကလေးတို့သည်၊ န မီယျရေ နု-သေကြရိုး မရှိကုန်သနည်း။
ရုပ်တွက်။ ။ ကသ္မာကို “ကိံ ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ကိံ သဒ္ဒါကို အပါဒါန်အမည် မှည့်, အပါဒါနေ ပဉ္စမီသုတ်ဖြင့် အပါဒါန ကာရက၌ ပဉ္စမီဧကဝုစ်သ္မာဝိဘတ်သက်, (မှဟု အနက်မဆိုရသော်လည်း အပါဒါန်အမည်ရသဖြင့် ပဉ္စမီဝိဘတ်သက်နိုင်၏၊) ကိဿ က ဝေ စ သုတ်၌ စသဒ္ဒါဖြင့် ကိံ ကို က ပြု, ကသ္မာ ပြီး၏။
ဝိဝိတ္တ။ ။ ကင်းဆိတ်ရာဖြစ်သော သဒ္ဒါကိုလည်း အပါဒါန် မှည့်၏၊ [ကင်းဆိတ်ခြင်းအနက်ရှိသော သဒ္ဒါတို့၏ယှဉ်ရာဟုလည်း အဆိုရှိ၏၊] ပုံစံကား-“ဝိဝိတ္တော ပါပကာ ဓမ္မာ, ဝိဝိစ္စေဝ ကာမေဟိ” စသည်တည်း၊ ပါပကာ-ယုတ်မာသော၊ ဓမ္မာ-အကုသိုလ်တရားမှ၊ ဝိဝိတ္တော-ကင်းဆိတ်၏၊ ကာမေဟိ-ကာမတို့မှ၊ ဝိဝိစ္စေဝ-ကင်းဆိတ်၍သာလျှင်။
ရုပ်တွက်။ ။ ပါပကာကို “ပါပက”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ပါပကကို အပါဒါန်အမည်မှည့်, သ္မာသက်, -ါ ပြုလေ။ [ဓမ္မ, ကာမ တည်၍ ဤအတိုင်း ဆိုပါ။]
ပမာဏ။ ။ နှိုင်းယှဉ် တိုင်းတာရာဖြစ်သော သဒ္ဒါကို အပါဒါန် မှည့် သည်၊ “အာယာမတော စ ဝိတ္ထာရတော စ ယောဇနံ” စသည်တည်း၊ အာယာမတော စ-အလျားမှလည်းကောင်း၊ ဝိတ္ထာရတော စ-အနံမှ လည်းကောင်း၊ ယောဇနံ-တစ်ယူဇနာတည်း၊ “အလျားက တစ်ယူဇနာ, အနံက တစ်ယူဇနာ” ဟူလို။
ရုပ်တွက်။ ။ အာယာမတောကို “အာယာမ”တည်, ဒူရ န္တိကစသော သုတ်ဖြင့် အာယာမကို အပါဒါန်အမည်မှည့်, တောပစ္စည်းသက်, ပဉ္စမီ ဝိဘတ်မှည့်။ [ဝိတ္ထာရတောကိုလည်း ဝိတ္ထာရ တည်၍ တွက်။] ဒီဃသော နဝဝိဒတ္ထိယော။ ။ ဤပုံစံကိုလည်း ထုတ်ပါ၊ ဒီဃသောအလျားမှ၊ နဝဝိဒတ္ထိယော-၉ ထွာတို့တည်း၊ “အလျားက ၉ ထွာ”ဟူလို၊ ဒီဃသောကို “ဒီဃ” တည်, ဤသုတ်ဖြင့် အပါဒါန် မှည့်, သ္မာ သက်, ဒီဃောရေဟိသုတ်ဖြင့် သ္မာကို သော ပြု, ဒီဃသော ပြီး၏။
ပုဗ္ဗယောဂ။ ။ ဤပုဗ္ဗသဒ္ဒါကား “အရှေ့”ဟူသော ဒိသာအနက်ဟော မဟုတ်, ဒိသာ အနက်ဟောပုဒ်မှာ ဒိသာယောဂ၌ ပါဝင်လေပြီ၊ ရှေး ရှေ့ဟူသော အခါကာလနှင့် နေရပ်ဌာနကို ဟောသောသဒ္ဒါတည်း၊ ပုဗ္ဗကို ဥပလက္ခဏနည်းအားဖြင့် မှတ်၍ ဆိုသည်၊ ပရ အပရ စသည် ယှဉ်ရာ၌လည်း အပါဒါန်မှည့်၏၊ ပုံစံကား-“ပုဗ္ဗေဝ သမ္ဗောဓာ, တတော အပရေန”စသည်တည်း၊ သမ္ဗောဓာ-သစ္စာလေးပါးကို သိတော်မူရာအခါမှ၊ ပုဗ္ဗေဝ-ရှေးတုန်းကပင်လျှင်၊ တတော-ထိုမှ၊ အပရေန သမယေန-နောက် အခါ၌။
ရုပ်တွက်။ ။ သမ္ဗောဓာကို “သမ္ဗောဓ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် သမ္ဗောဓကို အပါဒါန်မှည့်, သ္မာသက်, -ါ ပြု။ [တတောကို တ တည်, တ ကို အပါဒါန်မှည့်။]
ဗန္ဓန။ ။ နှောင်ဖွဲ့ကြောင်းဖြစ်သော သဒ္ဒါကိုလည်း အပါဒါန် မှည့် သည်၊ ဟနှောင်ဖွဲ့ခြင်းအနက်ရှိသော သဒ္ဒါတို့၏ ယှဉ်ရာဟုလည်း ဆို၏၊] ပုံစံ-“သတသ္မာ ဗန္ဓော နရော”စသည်တည်း၊ သတသ္မာ-တစ်ရာသော ကြွေးမြီကြောင့်၊ နရော-လူကို၊ ဗန္ဓော-နှောင်ဖွဲ့အပ်၏၊ ဤပုံစံ၌ ကြွေးမြီ သည် နှောင်ဖွဲ့ခြင်း၏အကြောင်းတည်း။
ရုပ်တွက်။ ။ သတသ္မာကို “သတ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် သတ ကို အပါဒါန်မှည့်, သ္မာ သက်။
ဂုဏဝစန။ ။ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုကြောင်းဖြစ်သောသဒ္ဒါကို အပါဒါန် မှည့်၏၊ ဤအရာ၌ ချီးကျူးပြောဆိုကြောင်းကား ဂုဏ်တည်း၊ ထို့ကြောင့် “ဣဿရိယာ ဇနံ ရက္ခတိ ရာဇာ, သီလတော နံ ပသံသန္တိ” စသည်၌ ဣဿရိယဂုဏ် သီလဂုဏ်ကို ဟောသောသဒ္ဒါကိုပင် အပါဒါန် မှည့်ရသည်၊ ဣဿရိယာ-အစိုးရသူ၏အဖြစ်ဟူသောဂုဏ်ကြောင့်၊ ရာဇာမင်းသည်၊ ဇနံ-လူအပေါင်းကို၊ ရက္ခတိ-စောင့်ရှောက်၏၊ သီလတော-သီလ ဂုဏ်ကြောင့်၊ နံ-ထိုသူ့ကို၊ ပသံသန္တိ-ချီးမွမ်းကုန်၏။
ရုပ်တွက်။ ။ ဣဿရိယာကို “ဣဿရိယ”တည်, ဒူရ န္တိကစသော သုတ်ဖြင့် ဣဿရိယကို အပါဒါန်မှည့်, သ္မာဝိဘတ်သက်, -ါ ပြုလေ။ [သီလတောကိုလည်း “သီလ” တည်၍ တွက်။]
ကစ္စည်းပုံစံ။ ။ ကစ္စည်းဝုတ္တိ၌ “ပုညာယ သုဂတိံ ယန္တိ=ကောင်းမှု ကြောင့် သုဂတိသို့ ရောက်ကုန်၏” စသည်ကို ထုတ်၏၊ ထို၌ ပုညာယ စသည်ကို လိင်္ဂဝိပလ္လာသနည်း (လိန်ပြောင်းနည်း)ဟု မှတ်၊ ပုညကား နပုံလိန်တည်း၊ သို့သော် ဤနေရာ၌ ဣတ္ထိလိန်ပြောင်းထားသဖြင့် သ္မာကို -ါ ယ ပြုသည်၊ စာဂါယ ဝိပုလံ ဓနံ=စွန့်ကြဲမှုကြောင့် ပြန့်ပြောသော ဥစ္စာ ဖြစ်၏။ [ဤ၌လည်း စာဂ ပုံလိန်မှ ဣတ္ထိလိန် ပြန်နေ၏။]
ပဥှ, ကထန။ ။ မေးအပ်သောအနက်, ဖြေဆိုအပ်သောအနက်ဟော သဒ္ဒါကိုလည်း အပါဒါန်မှည့်၏၊ ပုံစံကား- “ကုတော ဘဝံ အာဂစ္ဆတိ၊ ပါဋလိပုတ္တတော”စသည်တည်း၊ ဘဝံ-အရှင်သည်၊ ကုတော-ဘယ်အရပ်မှ၊ အာဂစ္ဆတိ-လာခဲ့သနည်း၊ (ဤကား ပဥှတည်း၊) ပါဋလိပုတ္တတောပါဋလိပုတ်ပြည်မှ၊ အာဂစ္ဆာမိ-လာခဲ့၏။ (ဤကား ကထနတည်း။)
ရုပ်တွက်။ ။ ကုတောကို “ကိံ ”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ကိံကို အပါဒါန်မှည့်, ကွစိ တော ပဉ္စမျတ္ထေသုတ်ဖြင့် တောပစ္စည်းသက်, ဝိဘတ် မှည့်, တြတောထေသု စသုတ်ဖြင့် ကိံ ကို ကု ပြု, ကုတော ပြီး၏။
[“ပါဋလိပုတ္တ”တည်၍ ပါဋလိပုတ္တကို အပါဒါန်မှည့် ဟု ဆိုလေ၊ ကစ္စည်းဝုတ္တိလာ “အဘိဓမ္မာ ပုစ္ဆ န္တိ”စသော ပုံစံများမှာ တွာလောပတွင် ပါဝင်ပြီးဖြစ်၍ ရူပသိဒ္ဓိအတိုင်း ပုံစံထုတ်လိုက်သည်။]
ထောက။ ။ အနည်းငယ်ဟူသော အနက်ဟောသဒ္ဒါကိုလည်း အပါဒါန်မှည့်၏၊ ပုံစံကား-“ထောကာ မုစ္စတိ, အပ္ပမတ္တကာ မုစ္စတိ”စသည် တည်း၊ ထောကာ-အနည်းငယ်ဖြင့်၊ မုစ္စတိ-လွတ်မြောက်၏။ [ရူပသိဒ္ဓိက ကရိုဏ်းအနက်ဟု ဖွင့်သောကြောင့် “ဖြင့်”ဟု အနက်ဆိုသည်။]
ရုပ်တွက်။ ။ ထောကာကို “ထောက”တည်, ဒူရ န္တိကစသောသုတ်ဖြင့် ထောကကို အပါဒါန်မှည့်, သ္မာသက်, -ါ ပြုလေ။ [အပ္ပမတ္တကာလည်း ဤနည်းပင်တည်း။]
အကတ္တု။ ။ ဤအကတ္တုအရ “ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဥဿန္နတ္တာ ဝိပုလတ္တာ ဥပ္ပန္နံ ဟောတိ စက္ခုဝိညာဏံ”ဟု ပုံစံထုတ်၏၊ ကမ္မဿ-ကံ၏၊ ဝါ-ကံကို၊ ကတတ္တာ-ပြုအပ်ခဲ့သည်၏အဖြစ်ကြောင့်၊ ဥပစိတတ္တာ-ဆည်းပူးအပ်ခဲ့သည်၏အဖြစ်ကြောင့်၊ ဥဿန္နတ္တာ-ပေါများ သည်၏အဖြစ်ကြောင့်၊ ဝိပုလတ္တာ-ပြန့်ပြောသည်၏အဖြစ်ကြောင့်၊ စက္ခု ဝိညာဏံ-စက္ခုဝိညာဏ်သည်၊ ဥပ္ပန္နံ-ဖြစ်သည်၊ ဟောတိ-ဖြစ်၏၊ ဤပုံစံ၌ ကတတ္တာ စသည်ဝယ် သ္မာဝိဘတ်သည် ဟိတ်အနက်ကို ဟော၏။
မှန်၏ဟိတ်သည် “ယော ကာရေတိ သ ဟေတု”သုတ်ဖြင့် မှည့်အပ် သော ဟေတုကတ္တားခေါ်သော ဟိတ်, အကျိုးကို ပြီးစေတတ်သော အကြောင်းဟိတ်ဟု ၂ မျိုးရှိ၏၊ ထိုတွင် ဟေတုကတ္တားဖြစ်သော ဟိတ်ကို တားမြစ်လို၍ အကတ္တုဟု ဆိုသည်၊ ဟေတုကတ္တားဟိတ်မဟုတ်လျှင် အကျိုးကို ပြီးစေတတ်သော အကြောင်ဟိတ်ဟု သိသာလေပြီ၊ ထို့ကြောင့် “အကတ္တု-ဟေတုကတ္တား မဟုတ်သော ဟိတ်အနက်ဟောသဒ္ဒါ”ဟု အနက်မှန် ဆိုပါ။
ရုပ်တွက်။ ။ ကတတ္တာကို ကတတ္တတည်, ဒူရ န္တိကစသောသုတ်ဖြင့် ကတတ္တကို အပါဒါန်မှည့်, အပါဒါနေ ပဉ္စမီသုတ်ဖြင့် အပါဒါနကာရက၌ ပဉ္စမီဧကဝုစ်သ္မာဝိဘတ်သက်, သ္မာကို -ါ ပြု, တ္တခွင်း, ချေ, ကပ်, ကတတ္တာ ပြီး၏။ [ဥပစိတတ္တ, ဥဿန္နတ္တ, ဝိပုလတ္တ တည်၍ တွက်။]
֍ ၆။ ယဿ ဒါတုကာမော ရောစတေ ဓာရယတေ ဝါ တံ သမ္ပဒါနံ။ ။ ယဿ ဝါ- အကြင် ကာရကအားလည်း၊ ဒါတု ကာမော- ပေးခြင်းငှာ အလိုရှိ၏၊ ယဿ ဝါ- အကြင် ကာရက အားလည်း၊ ရောစတေ- နှစ်သက်၏၊ ယဿ ဝါ- အကြင်ကာရက အားလည်း၊ ဓာရယတေ- ဆောင်၏၊ တံ- ထိုကာရကသည်၊ သမ္ပဒါနံ- သမ္ပဒါနမည်သည်၊ ဟောတိ- ဖြစ်၏။ ဘိက္ခုဿ စီဝရံ ဒဒါတိ, သမဏဿ ရောစတေ သစ္စံ, ဒေဝဒတ္တဿ သုဝဏ္ဏဆတ္တံ ဓာရယတေ ယညဒတ္တော စသည်တည်း။
၆။ ဤသုတ်ကား သမ္ပဒါန်မှည့်သော သုတ်တည်း၊ ပေးရာ, နှစ်သက် ရာ, ဆောင်ရာ ဤ ၃ ဌာနကို သမ္ပဒါန်မှည့်သည်၊ ဝါသဒ္ဒါဖြင့် နောက် သုတ်က မမှည့်နိုင်သော ပုံစံများကိုလည်း သမ္ပဒါန်မှည့်သေး၏။
သမ္ပဒါန။ ။ သံသဒ္ဒါသည် သမ္မာအနက်ကို ဟော၏၊ ထို့ကြောင့် “သမ္မာ ပဒီယတေ ယဿာတိ သမ္ပဒါနံ”ဟု ဝိဂြိုဟ်ပြု၊ ယဿ-အကြင် ကာရကအား၊ သမ္မာ-ကောင်းစွာ၊ ပဒီယတေ-အပိုင်ပေးအပ်၏၊ ဣတိထိုသို့ အပိုင်ပေးရာ၏ အဖြစ်ကြောင့်၊ တံ-ထိုကာရကသည်၊ သမ္ပဒါနံမည်၏၊ သမ္မာအရ “ကောင်းစွာ”ဆိုသည်ကား ငယ်ရွယ်သူက ကြီးသူမြတ်သူအား ပူဇော်လိုခြင်း, ကြီးသူ-မြတ်သူက ငယ်ရွယ်သူ-အောက်ကျသူ အား ချီးမြှောက်လို၍ ပေးခြင်းမျိုးတည်း။
ပုံစံ။ ။ ဘိက္ခုဿ-ရဟန်းအား၊ စီဝရံ-သင်္ကန်းကို၊ ဒဒါတိ-ပေးလှူ၏၊ ဤကား ယဿ ဒါတုကာမောအရ ပုံစံတည်း၊ သမဏဿ-ရဟန်းအား၊ သစ္စံ-သစ္စာစကားသည်၊ ရောစတေ-နှစ်သက်၏၊ (သူများက မှန်မှန်ပြော သော စကားကို ရဟန်းက သဘောကျသည် ဟူလို၊ ရဟန်း၏သစ္စာ မဟုတ်, သူများ၏သစ္စာကို ရဟန်းက သဘောကျခြင်း ဖြစ်သည်၊) ဤကား ယဿ ရောစတေ အရ ပုံစံတည်း၊ ဒေဝဒတ္တဿ-ဒေဝဒတ်အား၊ ယည ဒတ္တော-ယညဒတ်သည်၊ သုဝဏ္ဏဆတ္တံ-ရွှေထီးကို၊ ဓာရယတေ-ဆောင်၏၊ (ဆောင်းမိုး၍ ပေးသည်ကို “ဆောင်”ဟု ဆိုသည်၊) ဤကား ယဿ ဓာရယတေ အရ ပုံစံတည်း။
ရုပ်တွက်။ ။ ဘိက္ခုဿကို “ဘိက္ခု”တည်, အားဟူ၍ အနက်ပေးသော ကြောင့် သမ္ပဒါန်အနက်ကို အလိုရှိရကား ယဿ ဓာတုကာမောရောစတေ ဓာရယတေ ဝါ တံ သမ္ပဒါနံသုတ်ဖြင့် ဘိက္ခုကို သမ္ပဒါန်အမည်မှည့်, သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန်အနက်၌ စတုတ္ထီဧကဝုစ် သဝိဘတ် သက်, သာဂမော သေသုတ်ဖြင့် သ် လာ, ဘိက္ခုဿ ပြီး၏။ [သမဏဿ, ဒေဝဒတ္တဿ တို့ကိုလည်း တွက်လေ။]
֍ ၇။ သိလာဃဟနုဌာသပဓာရပိဟကုဓဒုဟိ.ဿော.သူယ ရာဓိ.က္ခ ပစ္စာသုဏအနုပတိဂိဏပုဗ္ဗကတ္တာ.ရောစနတ္ထတဒတ္ထ တုမတ္ထာ.လမတ္ထမညာ.နာဒရ.ပ္ပာဏိနိ, ဂတျတ္ထကမ္မနိအာသီသတ္ထ သမ္မုတိဘိယျ သတ္တမျတ္ထေသု စ။ ။ သိလာဃ- သိလာဃဓာတ်၊ ဟနု- ဟနုဓာတ်၊ ဌာ- ဌာဓာတ်၊ သပ- သပဓာတ်၊ ဓာရ- ဓာရဓာတ်၊ ပိဟ- ပိဟဓာတ်၊ ကုဓ- ကုဓဓာတ်၊ ဒုဟိဿော.သူယ- ဒုဟဓာတ်, ဣဿဓာတ်, ဥသူယဓာတ်၊ ရာဓိက္ခ- ရာဓဓာတ်, ဣက္ခဓာတ်တို့၏ ယှဉ်ရာ၊ ပစ္စာသုဏအနုပတိဂိဏပုဗ္ဗကတ္တု- ပတိ+အာပုဗ္ဗ သု ဓာတ်, အနု + ပတိပုဗ္ဗ ဂိဓာတ်တို့၏ ရှေ့ဝါကျ၌ ကတ္တား၊ အာရောစနတ္ထ- ပြောဆိုခြင်းအနက်ရှိသောဓာတ်၊ တဒတ္ထ- ထို ကြိယာ၏အကျိုးဟောသဒ္ဒါ၊ တုမတ္ထ- တုံပစ္စည်း၏ အနက်ဟော သဒ္ဒါ၊ အလမတ္ထ- အလံသဒ္ဒါ၏အနက်ဟောသဒ္ဒါ၊ မညာ. နာဒရ.ပ္ပာဏိနိ- မနဓာတ်၏ ယှဉ်ရာ, မလေးစားအပ်သော သတ္တဝါအနက်ဟော မဟုတ်သောသဒ္ဒါ၌လည်းကောင်း၊ ဂတျတ္ထ ကမ္မနိ- ဂတိအနက်ရှိသော ဓာတ်တို့၏ ကံ၌လည်းကောင်း၊ အာသီသတ္ထ- တောင့်တခြင်းအနက်ရှိသော သဒ္ဒါ၏ယှဉ်ရာ၊ သမ္မုတိ- သမ္မုတိသဒ္ဒါ၏ယှဉ်ရာ၊ ဘိယျ- ဘိယျသဒ္ဒါ၏ ယှဉ်ရာ၊ သတ္တမျတ္ထေသု စ- သတ္တမီဝိဘတ်၏အနက်ဟော သဒ္ဒါတို့၌ လည်းကောင်း၊ သမ္ပဒါနံ- သမ္ပဒါန်မည်သည်၊ ဟောတိ- ဖြစ်၏။ (ပုံစံကို အဓိပ္ပာယ်၌ ပြမည်။)
၇။ သိလာဃ။ ။ သိလာဃဓာတ်သည်၊ ကတ္ထနေ-ချီးကျူးခြင်း၌ ဖြစ်၏၊ ချီးကျူးပြောဆိုခြင်းအနက်ဟော သိလာဃဓာတ်၏ ယှဉ်ရာပုဒ်ကို ဤသုတ်က သမ္ပဒါန် မှည့်၏၊ “ဗုဒ္ဓဿ သိလာဃတေ” စသည်တည်း၊ ဗုဒ္ဓဿ-ဘုရားအား၊ သိလာဃတေ-ချီးကျူးလျှောက်ထား၏၊ “ဘုရား ဂုဏ်တော်များကို ဘုရားအား ချီးကျူးလျှောက်ထားသည်”ဟူလို။
ရုပ်တွက်။ ။ ဗုဒ္ဓဿကို “ဗုဒ္ဓ”တည်, အားဟူ၍ အနက်ပေးသော ကြောင့် သမ္ပဒါန်အနက်ကို အလိုရှိရကား သိလာဃဟနုဌာ စသော သုတ် ဖြင့် ဗုဒ္ဓကို သမ္ပဒါန်အမည်မှည့်, သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန် အနက်၌ စတုတ္ထီဧကဝုစ် သဝိဘတ်သက်, သာဂမော သေသုတ်ဖြင့် သ် လာ, ဗုဒ္ဓဿ ပြီး၏။ [နောက်၌ ထူးရာရုပ်ကိုသာ တွက်ပြမည်။]
ဟနု။ ။ [နုဓာတ်သည်၊ အပနယနေ-ပယ်ရှားခြင်းအနက်၌ ဖြစ်၏၊ ရညော ဟနုတေ၊ ရညော-မင်းအား၊ ဟနုတေ-ပယ်ရှား၏၊ “မင်းနှင့် မဆက်ဆံချင်၍ မင်းကို ပယ်ရှားသည်”ဟူလို။ [ဆရာတို့ကား… “ဟနု “ဟနု သင့်အားသာလျှင်၊ ဟနုတေ-ခွန်းတုံ့မပြန်, အလိမ်ဉာဏ်ဖြင့် နေ၏”ဟု ဆိုကြသည်။]
ဌာ-ဌာဓာတ်သည်၊ ဂတိနိဝတ္တိမှိ-သွားခြင်း၏ ဆုတ်နစ်ခြင်း၌ ဖြစ်၏၊ “ဥပတိဋ္ဌေယျ သကျပုတ္တာနံ ဝဍ္ဎကီ” ဝဍ္ဎကီ-လက်သမားသည်၊ သကျပုတ္တာနံ-သာကီဝင်မင်းသား ဘုရားရှင်၏ သားတော်တို့အား၊ ဥပတိဋ္ဌေယျဆည်းကပ်လုပ်ကျွေးရာ၏။ [ဥပတိဋ္ဌေယျ၌ ဥပပုဗ္ဗ ဌာဓာတ်ကို တိဋ္ဌ ပြုထားသည်။]
သပ- သပ ဓာတ်သည်၊ သပထေ - သစ္စာဆိုခြင်းအနက်၌ ဖြစ်၏၊ တုယှံ သပတေ၊ တုယှံ-သင့်အား၊ သပတေ-ယုံကြည်စေလို သစ္စာဆို၏၊ [“တစ်ယောက်နှင့်တစ်ယောက် ယုံကြည်ကျေနပ်လောက်အောင် သစ္စာ ဆိုသည်”ဟူလို။]
ဓရ-ဓရဓာတ်သည်၊ ဓာရဏေ-ဆောင်နှင်း, ဆပ်သွင်းခြင်း၌ ဖြစ်၏၊ ထီးကို ဆောင်းရာ၌ “ဆောင်”ဟု အနက်ဆို၍ ကြွေးမြီကို ပေးဆပ်ရာ၌ “ဆပ်သွင်း”ဟု ဆိုသည်၊ “အခွန်တော် ဆောင်ရမည်”စသည်၌ ပေးခြင်း ကိုပင် “ဆောင်”ဟု ပြောဆိုရိုးရှိသည်ကို သတိပြု၊ “ယဿ ဒါတုကာမော သုတ်လာ ဓရဓာတ်နှင့် ဤက ဓရဓာတ်သည် အနက်တူ”ဟု မောဂ္ဂလ္လာန် နိသျ သျာဒိကဏ္ဍ ၂၅ သုတ်၌ ဆုံးဖြတ်လျက် ရှိ၏၊ သုဝဏ္ဏံ တေ ဓာရယတေ၊ တေ-သင့်အား၊ သုဝဏ္ဏံ-ရွှေကို၊ ဓာရယတေ-ဆောင်၏၊ ဝါဆပ်ပေး၏။
ပိဟ-ပိဟဓာတ်သည်၊ ဣစ္ဆာယံ-နှစ်သက်ခြင်း၌ ဖြစ်၏၊ ဗုဒ္ဓဿ ပိဟယန္တိ အညတိတ္ထိယာ၊ အညတိတ္ထိယာ-သာသနာပ တိတ္ထိတို့သည်၊ ဗုဒ္ဓဿ-ဘုရားရှင်အား၊ ပိဟယန္တိ-နှစ်သက်လိုလားကြကုန်၏။
ကုဓ-ကုဓဓာတ်သည်၊ ကောပေ-အမျက်ထွက်ခြင်း, စိတ်ဆိုးခြင်း၌ ဖြစ်၏၊ မဟာဝီရ-ကြီးမြတ်ရဲရင့်သော အရှင်ရသေ့၊ တဿ-ထို ကလာဗု မင်းအား၊ ကုဇ္ဈ-အမျက်ထွက်တော်မူပါ။ [ရသေ့က စိတ်ဆိုးလျှင် ကျူးလွန် သော မင်းမှာ အပြစ်သက်သာ၏၊ ထို့ကြောင့် တိုင်းပြည်ပျက်မည် စိုး၍ “မင်းကို စိတ်ဆိုးပါ”ဟု ခန္တီဝါဒီရသေ့အား လျှောက်သောစကားတည်း၊၊]
ဒုဟ-ဒုဟဓာတ်သည်၊ ဇိဃံသာယံ-ဖျက်ဆီးခြင်း၌ ဖြစ်၏၊ ဒုဟယတိ ဒိသာနံ မေဃော၊ မေဃော-မိုးသည်၊ ဒိသာနံ-အရပ်မျက်နှာတို့အား၊ ဒုဟယတိ-ဖျက်ဆီး၏။
ဣဿ-ဣဿဓာတ်သည်၊ ဣဿာယံ-ငြူစူခြင်း၌ ဖြစ်၏၊ တိတ္ထိယာ ဣဿယန္တိ သမဏာနံ၊ တိတ္ထိယာ-တိတ္ထိတို့သည်၊ သမဏာနံ-ရဟန်းတို့ အား၊ ဣဿယန္တိ-ငြူစူကြကုန်၏။
ဥဿူယ-ဥဿူယဓာတ်သည်၊ ဒေါသာ. ဝိကရဏေ-အပြစ်ကို ထင်စွာ ပြုခြင်း၌ ဖြစ်၏၊ ဒုဇ္ဇနာ ဂုဏဝန္တာနံ ဥဿူယန္တိ၊ ဒုဇ္ဇနာ-ယုတ်မာသော၊ လူတို့သည်၊ ဂုဏဝန္တာနံ-ဂုဏ်ရှိသူတို့အား၊ ဥဿူယန္တိ-အပြစ်ကိုပြ, ရှုတ်ချ ကြကုန်၏၊ ဝါ-စောင်းမြောင်းကြကုန်၏။
ရာဓ-ရာဓဓာတ်သည်၊ ဟိံသာသံရာဓေသု-ညှဉ်းဆဲခြင်း ပြီးစီးခြင်းတို့၌ ဖြစ်၏၊ (သံသိဒ္ဓိယံ-ပြီးစီးခြင်း၌ ဖြစ်၏ဟုလည်း ရှိ၏။) အာရာဓောဟံ ရညော၊ ကျာဟံ (ကိံ+အဟံ) အယျာနံ အပရဇ္ဈာမိ၊ အဟံ-ကျွန်တော်မျိုးသည်၊ ရညော-မင်းအား၊ အာရာဓော-နှစ်သက်ပါ၏၊ အဟံတပည့်တော်သည်၊ အယျာနံ-အရှင်တို့အား၊ ကိံ အပရဇ္ဈာမိ-အဘယ်သို့ ချွတ်ယွင်းမိပါသနည်း။
မှတ်ချက်။ ။ ရှင်ဘုရင်သည် ပုဏ္ဏားအား စကားမပြောဘဲနေရာ ပုဏ္ဏားက မိမိမှာ ဘာအပြစ်များ ရှိပါလိမ့်မည်နည်းဟု မိမိ မှုပြစ် ပေါ်အောင် “အာရာဓောဟံ ရညော”ဟု သံတော်ဦးတင်၏၊ မေတ္တိယာ မည်သောဘိက္ခုနီကို ဆဗ္ဗဂ္ဂီရဟန်းတို့က စကားမပြောဘဲနေရာ, ဘိက္ခုနီက မိမိမှုပြစ်ရှိလျှင် ပြောစေလို၍ “ကျာဟံ အယျာနံ အပရဇ္ဈာမိ”ဟု လျှောက် သည်၊ ဤသို့ မိမိအပြစ်ကို ထင်ရှားပြောပြစေလို၍ စကားမပြောဘဲ နေသူ အား အဖန်ဖန် မေးရာ၌ အမေးခံရသူသည် သမ္ပဒါန်ဖြစ်၏။
ဣက္ခ-ဣက္ခဓာတ်သည်၊ ဒဿနင်္ကေသု-ကြည့်ရှုခြင်း, အမှတ်အသားပြုခြင်းတို့၌ ဖြစ်၏၊ အာယသ္မတော ဥပါလိတ္ထေရဿ ဥပသမ္ပဒါ.ပေက္ခော ဥပတိဿော၊ ဥပတိဿော-ဥပတိဿသည်၊ အာယသ္မတော ဥပါလိ တ္ထေရဿ-အရှင်ဥပါလိထေရ်အား၊ ဥပသမ္ပဒါ.ပေက္ခော-ရဟန်းအဖြစ်ကို ရှုငဲ့၏၊ ဥပသမ္ပဒါ.ပေက္ခော၌ ဥပသမ္ပဒါကား တွဲဖက်ဖြစ်၍ ပါလာသော ပုဒ်တည်း၊ အပေက္ခောသာ လိုရင်းတည်း၊ အပေက္ခော၌ အပပုဗ္ဗ ဣက္ခ ဓာတ်၏ ယှဉ်ရာ ဥပါလိတ္ထေရကို သမ္ပဒါန်အမည် မှည့်သည်။
ပစ္စာသုဏအနုပတိဂိဏပုဗ္ဗကတ္တု။ ။ ပုဗ္ဗကတ္တာ.ရောစနတ္ထကို ပုဗ္ဗ ကတ္တု+အာရောစနတ္ထဟု ပုဒ်ဖြတ်၊ သုဏ ဂိဏတို့၌ ဏကား “တိ ဏ ဣ ဥ, ဤလေးခု, ဓာတုနိဒ္ဒိဋ္ဌ” ဟူသည့်အတိုင်း သုဓာတ် ဂိဓာတ်ကို ညွှန်ပြသော အက္ခရာတည်း၊ ဏ အက္ခရာဖြင့် ညွှန်ပြသည့်အတွက် သုဏာတိဟုရုပ်ဖြစ်သော သုဓာတ်, ဂိဏာတိဟုရုပ်ဖြစ်သော ဂိဓာတ်မှန်း သိရသည် ဟူလို။
အမှာ။ ။ ဝါကျ ၂ ဝါကျရှိရာဝယ် ရှေ့ဝါကျ၌ ကတ္တားသည် နောက် ဝါကျသို့ ရောက်သည့်အခါ ပတိ+အာ ပုဗ္ဗ သုဓာတ်, အနု+ပတိ ပုဗ္ဗ ဂိဓာတ်၏ သမ္ပဒါန်ဖြစ်ရမည်၊ သို့အတွက် ပုံစံကို ၂ ဝါကျစီယှဉ်လျက် ထုတ်ပြအံ့။
ပစ္စာသုဏပုံစံ။ ။ ဘဂဝါ ဘိက္ခူ ဧတဒဝေါစ, တေ ဘိက္ခူ ဘဂဝတောပစ္စဿောသုံ၊ ပတိပုဗ္ဗ သုဓာတ် -ုံ ဝိဘတ်တည်း၊ ရှေ့ဝါကျ၌ ဘဂဝါဟူသော ကတ္တားသည် နောက်ဝါကျသို့ ရောက်သည့်အခါ ပတိပုဗ္ဗ သုဓာတ်၏ ယှဉ်ရာဝယ်“ဘဂဝတော”ဟု သမ္ပဒါန်ဖြစ်လာရသည်၊ အာပုဗ္ဗ သုဓာတ်၏ ယှဉ်ရာ၌ “အာသုဏန္တိ ဗုဒ္ဓဿ ဘိက္ခူ”ဟု ပုံစံထုတ်၏။
ဘဂဝါ-မြတ်စွာဘုရားသည်၊ ဘိက္ခူ-ရဟန်းတို့ကို၊ ဧတံ-ဤစကားကို၊ အဝေါစ- မိန့်တော်မူပြီ၊ တေ ဘိက္ခူ- ထို ရဟန်းတို့သည်၊ ဘဂဝတောမြတ်စွာဘုရားအား၊ ပစ္စဿောသုံ-ရှေးရှုနားထောင်ကုန်ပြီ၊ ဘိက္ခူ-ရဟန်း တို့သည်၊ ဗုဒ္ဓဿ-ဘုရားရှင်အား၊ အာသုဏန္တိ-ရိုသေစွာ နာယူကုန်၏။
ရုပ်တွက်။ ။ ဘဂဝတော ကို ဘဂဝန္တုတည်, သိလာဃစသောသုတ် ဖြင့် ပတိပုဗ္ဗ သုဓာတ်၏ယှဉ်ရာ ရှေ့ဝါကျ၌ ကတ္တားဖြစ်သော ဘဂဝန္တုကို သမ္ပဒါန်အမည် မှည့်ဟု ဆို။ [ဗုဒ္ဓဿ၌ ဗုဒ္ဓတည်, အာပုဗ္ဗ သုဓာတ်၏ ယှဉ်ရာဟု ဆိုလေ။]
အနုပတိဂိဏပုံစံ။ ။ အနု+ပတိပုဗ္ဗ ဂိဓာတ်၏ယှဉ်ရာပုံစံကား “ ဘိက္ခု ဇနံ ဓမ္မံ သာဝေတိ, တဿ ဘိက္ခုနော ဇနော အနုဂိဏာတိ(ပတိဂိဏာတိ)”တည်း၊ ရှေ့ဝါကျ၌ ကတ္တားကား ဘိက္ခုတည်း၊ ထိုဘိက္ခုဟူသော ကတ္တား သည် နောက်ဝါကျ၌ အနု+ပတိ ပုဗ္ဗ ဂိဓာတ်၏ ယှဉ်ရာဝယ် ဘိက္ခုနော ဟု သမ္ပဒါန် ဖြစ်လာသည်၊ ဘိက္ခု-ရဟန်းသည်၊ ဇနံ-လူအပေါင်းကို၊ ဓမ္မံတရားကို၊ သာဝေတိ-နာယူစေ၏၊ ဝါ-ဟော၏၊ တဿ ဘိက္ခုနော-ထို ရဟန်းအား၊ ဇနော-တရားနာသူ လူအပေါင်းသည်၊ အနုဂိဏာတိ-သာဓု သာဓု, ကောင်းချီးပြုလျက်, အားတက်စေလို, လျော်စွာဆို၏၊ ပတိဂိဏာတိသာဓု သာဓု, ကောင်းချီးပြုလျက်, အားတက်စေလို, ခွန်းတုံ့ဆို၏။
အာရောစနတ္ထ။ ။ ပြောဆိုခြင်းအနက်ရှိသော ဓာတ်တို့၏ယှဉ်ရာပုဒ် ကို သမ္ပဒါန်မှည့်၊“အာရောစယာမိ ဝေါ ဘိက္ခဝေ, အာမန္တယာမိ ဝေါ”စသည်တည်း၊ ဘိက္ခဝေ-ရဟန်းတို့၊ ဝေါ-သင်တို့အား၊ အာရောစယာမိ-မိန့်တော် မူ၏၊ ဝေါ-သင်တို့အား၊ အာမန္တယာမိ-သိစေတော်မူ၏။ [“သိစေခြင်း” ဟူသည် သိအောင် ပြောဆိုခြင်းပင်တည်း။]
တဒတ္ထ။ ။ တဿ အတ္ထော တဒတ္ထော၊ တဿ-ထိုကြိယာ၏၊ အတ္ထောအကျိုးတည်း၊ တဒတ္ထော-ထိုကြိယာ၏အကျိုး၊ ထိုကြိယာ၏အကျိုးကို ဟောသောပုဒ်၌ သမ္ပဒါန်မှည့်ရသည်၊ ဗုဒ္ဓဿ အတ္ထာယ ဇီဝိတံ ပရိစ္စဇာမိ၊ ဗုဒ္ဓဿ-ဘုရား၏၊ အတ္ထာယ-အကျိုးငှာ၊ ဇီဝိတံ-အသက်ကို၊ ပရိစ္စဇာမိစွန့်နိုင်ပါ၏၊ “ဘုရားအတွက် အသက်ကိုပင် စွန့်ရဲပါ၏”ဟူလို၊ ဤ၌ အသက်ကို စွန့်နိုင်ခြင်းကြိယာသည်အကြောင်း, အသက်စွန့်သည့်အတွက် ဘုရားမှာ ကျေးဇူးများခြင်းသည် အကျိုးတည်း၊ ဤသို့ ထိုထိုကြိယာ အကျိုးကို တဒတ္ထ ဟု ခေါ်သည်။
ရုပ်တွက်။ ။ အတ္ထာယကို အတ္ထ တည်, သိလာဃစသောသုတ်ဖြင့် တဒတ္ထဖြစ်သော အတ္ထကို သမ္ပဒါန်အမည်မှည့်, ငှာဟူ၍ အနက်ပေးသော ကြောင့် သမ္ပဒါနေ စတုတ္ထီသုတ်ဖြင့် သမ္ပဒါန်အနက်၌ စတုတ္ထီဧကဝုစ် သဝိဘတ်သက်, အာယ စတုတ္ထေကဝစနဿ တုသုတ်ဖြင့် သကို -ါယပြု, တ္ထ် ခွင်း, ချေ, ကပ်, အတ္ထာယ ပြီး၏။
တုမတ္ထ။ ။ တုံပစ္စယဿ-တုံပစ္စည်း၏၊ အတ္ထော-အနက်တည်း၊ တုမတ္ထော-တုံပစ္စည်း၏အနက်၊ ဤ၌ တုံပစ္စည်း၏အနက်ကို ဟောသော သဒ္ဒါသည် တုမတ္ထ မည်၏၊ ထိုသဒ္ဒါကို သမ္ပဒါန် မှည့်ရသည်။
ပုံစံ။ ။ လောကာ.နုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝ မနုဿာနံ ဗုဒ္ဓေါ လောကေ ဥပ္ပဇ္ဇတိ၊ လောကာ.နုကမ္ပာယ-လောကကို သနားစောင့်ရှောက်ခြင်းငှာ၊ ဒေဝမနုဿာနံ-နတ်လူတို့၏၊ အတ္ထာယအကျိုးငှာ၊ ဟိတာယ-စီးပွားအလို့ငှာ၊ သုခါယ-ချမ်းသာခြင်းငှာ၊ ဗုဒ္ဓေါဘုရားရှင်သည်၊ လောကေ-လောက၌၊ ဥပ္ပဇ္ဇတိ-ဖြစ်တော်မူလာ၏။
တုမတ္ထခေါ်ရပုံ။ ။ ဤပုံစံ၌ အနုကမ္ပာယသည် အနုကမ္ပိတုံ၏အနက် တည်း၊ အတ္ထာယသည် အတ္ထံ ကာတုံ၏, ဟိတာယသည် ဟိတံ ကာတုံ၏, သုခါယသည် သုခံ ကာတုံ၏ အနက်တည်း၊ ဤသို့ တုံပစ္စည်း၏အနက် ဟော ပုဒ်များဖြစ်၍ တုမတ္ထသမ္ပဒါန်ဟု ခေါ်သည်။
ရုပ်တွက်။ ။ လောကာ.နုကမ္ပာယကို လောကာ.နုကမ္ပတည်, သိလာဃ စသောသုတ်ဖြင့် တုမတ္ထဖြစ်သော လောကာ.နုကမ္ပကို သမ္ပဒါန်အမည် မှည့်, သဝိဘတ်သက်၍ အတ္ထာယအတိုင်း တွက်။ [ဟိတာယ, သုခါယ တို့လည်း နည်းတူ။] တဒတ္ထ တုမတ္ထအထူးကို ရူပသိဒ္ဓိဘာသာဋီကာမှာရှု။
အလမတ္ထ။ ။ အလံသဒ္ဒါ၏အနက်ဟူသည် “ထိုက်တန်၏”ဟူသော အရဟတိအနက်,“မသင့်-အကျိုးမရှိ”ဟူသော ပဋိက္ခေပအနက်များတည်း၊ အလံ မေ ရဇ္ဇံ, အရဟတိ မလ္လော မလ္လဿ၊ ဤကား အရဟတိအနက်ဟော ပုံစံတည်း၊ အလံ တေ ဣဓ ဝါသေန, ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ဤကား ပဋိက္ခေပအနက်ဟော ပုံစံတည်း၊ ထိုအလံအနက်ဟောသဒ္ဒါ၏ ယှဉ်ရာပုဒ်ကို သမ္ပဒါန်မှည့်သည်။
မေ-ငါ့အား၊ ရဇ္ဇံ-တိုင်းပြည်သည်၊ အလံ-ထိုက်၏၊ မလ္လော-လက်ဝှေ့ သည် တစ်ယောက်သည်၊ မလ္လဿ-လက်ဝှေ့သည်တစ်ယောက်အား၊ အရဟတိ-ထိုက်တန်၏၊ တေ-သင့်အား၊ ဣဓ-ဤကျောင်း၌၊ ဝါသေနနေခြင်းဖြင့်၊ အလံ- အကျိုးမရှိ၊ ဒုမ္မေဓ- ပညာမရှိသော ရသေ့၊ တေသင့်အား၊ ဇဋာဟိ-ဆံကျစ်တို့ဖြင့်၊ ကိံ-အဘယ်အကျိုးရှိအံ့နည်း။
မညာ.နာဒရ.ပ္ပာဏိနိ။ ။ [မည=မနဓာတ်၏ ယှဉ်ရာဖြစ်သော+ အနာဒရ=မလေးစားအပ်သော+အပ္ပာဏိ=သတ္တဝါမဟုတ်သောအနက်၊ (နိကား သ္မိံကိုပြုသော နိတည်း၊)] မနဓာတ်၏ ယှဉ်ရာဝယ် မလေးစားအပ် သတ္တဝါမဟုတ်သောအနက်ဟော သဒ္ဒါကို သမ္ပဒါန် မှည့်သည်။
ပုံစံ။ ။ ကဋ္ဌဿ တုဝံ မညေ, ကလိင်္ဂရဿ တုဝံ မညေ၊ တုဝံ-သင့်ကို၊ ဝါ-နင်လိုလူစားကို၊ ကဋ္ဌဿ-ထင်းတုံးလောက်၊ မညေ-မှတ်ထင်၏၊ တုဝံသင့်ကို၊ ကလိင်္ဂရဿ-ထင်းနုပ်ထင်းဖွဲလောက်၊ မညေ-၏၊ [မီးထည့်ဖို့မျှ အသုံးမကျသော ထင်းအနုပ်အဖွဲကို ကလိင်္ဂရဟု ခေါ်၏၊ အဘိဓာန်၌ ထုသ=စပါးခွံ(ဖွဲ)ကိုလည်း ကလိင်္ဂရဟု ဆို၏။] ဤပုံစံ၌ ကဋ္ဌကလိင်္ဂရ တို့သည် မညေအရ မနဓာတ်၏ ယှဉ်ရာလည်း ဟုတ်၏, လေးလည်း မလေးစားအပ်, သတ္တဝါလည်း မဟုတ်၊ ထို့ကြောင့် သမ္ပဒါန်မှည့်သည်။
ရုပ်တွက်။ ။ ကဋ္ဌဿကို ကဋ္ဌတည်, သိလာဃ စသောသုတ်ဖြင့် မနဓာတ်၏ ယှဉ်ရာ မလေးစားအပ် သတ္တဝါအနက်ဟော မဟုတ်သော ကဋ္ဌကို သမ္ပဒါန်အမည်မှည့်, သဝိဘတ် သက်, သ် လာ, ကဋ္ဌဿ ပြီး၏။ [ကလိင်္ဂရဿ လည်း နည်းတူ။]
အမှာ။ ။ အားဟု အနက်မဆိုရသော်လည်း ဤသုတ်က သမ္ပဒါန် မှည့်လိုက်လျှင် သမ္ပဒါနေ စတုတ္ထီသုတ်က စတုတ္ထီဝိဘတ်ကို အနှောင့် အယှက်မရှိ သက်နိုင်ပြီ၊ “ကဋ္ဌဿ-ထင်းတုံးလောက်”ဟူရာ၌လည်း “ထင်းတုံးကိုကဲ့သို့”ဟု ကံအနက် ဆိုလိုသည်။
ဂတျတ္ထကမ္မနိ။ ။ ဂတိအနက်ရှိသော ဓာတ်ကား ဂမုဓာတ်သာမက ဝဇဓာတ်, ကသဓာတ် စသည်ဖြင့် များ၏၊ ထိုဓာတ်တို့၏ ကံပုဒ်ကို သမ္ပဒါန်မှည့်သည်၊ အပ္ပော သဂ္ဂါယ ဂစ္ဆတိ၊ အပ္ပော-အနည်းငယ်သော သူတော်ကောင်းသည်၊ သဂ္ဂါယ- နတ်ပြည်သို့၊ ဂစ္ဆတိ- ရောက်နိုင်၏။ [အများကား အပါယ်သို့ သွားကြသည် ဟူလို။]
အာသီသတ္ထ။ ။ တောင့်တခြင်းအနက်ဟောသဒ္ဒါ၏ ယှဉ်ရာပုဒ်ကို လည်း သမ္ပဒါန်မှည့်၏၊ “အာယသ္မတော ဒီဃာယု ဟောတု”စသည်တည်း၊ အာယသ္မတော-အရှင်အား၊ ဒီဃာယု-ရှည်သောအသက်သည်၊ ဟောတုဖြစ်ပါစေသတည်း။ [“ဒီဃာယု-ရှည်သောအသက်ရှိသည်”ဟု မပေးရ။]
သမ္မုတိ။ ။ သာဓု သမ္မုတိ မေ ဘဂဝတော ဒဿနာယ၊ ဘဂဝတောမြတ်စွာဘုရားကို၊ ဒဿနာယ-ဖူးမြင်ခြင်းငှာ၊ မေ-ငါ့အား၊ သမ္မုတိသမုတ်ခြင်းသည်၊ သာဓု-ကောင်း၏။
ဘိယျ။ ။ ဘိယျောသော မတ္တာယ၊ မတ္တာယ-အတိုင်းအရှည်ထက်၊ ဘိယျောသော-လွန်စွာ။ [ရှေးရိုက်စာအုပ်များ၌ “သော-ထိုခွေးသည်”ဟု ပေးခဲ့၏။]
ရုပ်တွက်။ ။ မတ္တာယကို မတ္တာတည်, သိလာဃစသောသုတ်ဖြင့် ဘိယျသဒ္ဒါ၏ယှဉ်ရာ မတ္တာကို သမ္ပဒါန်မှည့်, သဝိဘတ်သက်, -ါ ကို ဃမှည့်, ဃတော နာဒီနံသုတ်ဖြင့် သကို -ါယ ပြု။
သတ္တမျတ္ထ။ ။ တုယှဉ္စဿ အာဝိကရောမိ, တဿ မေ သက္ကော ပါတုရဟောသိ၊ အဿ တုယှံ-ထိုသင့်အထံ၌ (စအနက် မလို)၊ အာဝိ ကရောမိ-ထင်စွာပြု၏၊ တဿ မေ-ထိုငါ့အထံ၌၊ သက္ကော-သိကြားသည်၊ ပါတုရဟောသိ-ထင်ရှားဖြစ်ပြီ။ [ရုပ်များကို ဤသုတ်ဖြင့် သမ္ပဒါန်မှည့်၍ တွက်ပါ။]
֍ ၈။ ယော.ဓာရော, တ.မောကာသံ။ ။ ယော- အကြင်ကာရက သည်၊ အာဓာရော- ကြိယာ၏မှီရာဖြစ်သော ကတ္တား ကံတို့၏ တည်ရာသည်၊ ဟောတိ- ဖြစ်၏။ တံ- ထိုတည်ရာ ကာရကသည်၊ သြကာသံ- သြကာသမည်သည်၊ ဟောတိ- ဖြစ်၏။ ကဋေ နိသီဒတိ ဒေဝဒတ္တော, ထာလိယံ သြဒနံ ပစတိ စသည်တည်း။
၈။ ဤသုတ်ကား သြကာသအမည်မှည့်သောသုတ်တည်း၊ အဝကသန္တိ (ပတိဋ္ဌဟန္တိ) ကတ္တုကမ္မာနိ ဧတ္ထာတိ သြကာသံ၊ ဧတ္ထ-ဤကာရက၌၊ ကတ္တု ကမ္မာနိ-ကတ္တား ကံတို့သည်၊ အဝကသန္တိ(ပတိဋ္ဌဟန္တိ)-တည်တတ်ကုန်၏၊ ဣတိ-ထိုသို့ ကတ္တား ကံတို့၏ တည်ရာ၏အဖြစ်ကြောင့်၊ တံ-ထိုကာရက သည်၊ သြကာသံသြကာသမည်၏၊ ကာရကမှန်လျှင် ကြိယာကို ဖြစ်စေ တတ်သော သတ္တိရှိရမည်၊ ထို့ကြောင့် ဤကာရက၏ ကြိယာဖြစ်စေပုံကို (ကြိယာ၏ တည်ရာဖြစ်ပုံကို) ပုံစံဖြင့် ရှင်းလင်းရာ၏။
ကတ္တား၏တည်ရာ။ ။ ဒေဝဒတ္တော-ဒေဝဒတ်သည်၊ ကဋေ-ဖျာပေါ်၌၊ နိသီဒတိ-ထိုင်၏၊ ဤကား ကြိယာ၏မှီရာဖြစ်သော ကတ္တား၏တည်ရာ ပုံစံတည်း၊ ဖျာပေါ်၌ ဒေဝဒတ်သည် တည်၏၊ ထို့ကြောင့် ဖျာသည် ဒေဝဒတ္တောဟူသော ကတ္တား၏ တည်ရာဖြစ်၏၊ နိသီဒတိအရ “ထိုင်ခြင်း” ကြိယာကား ဒေဝဒတ်၌ မှီ၍ဖြစ်၏၊ ထို့ကြောင့် ကဋေဟူသော အာဓာရ သည် ထိုင်ခြင်းကြိယာ၏ မှီရာဖြစ်သော ဒေဝဒတ်ဟူသော ကတ္တား၏ တည်ရာဖြစ်၍ (တိုက်ရိုက်မဟုတ်သော်လည်း ဆက်သွယ်သောအားဖြင့်) ထိုင်ခြင်းကြိယာ၏ တည်ရာလည်း ဖြစ်သည်။
ကံ၏တည်ရာ။ ။ ထာလိယံ-ထမင်းအိုး၌၊ သြဒနံ-ထမင်းကို၊ ပစတိချက်၏၊ ဤကား-ကြိယာ၏ မှီရာဖြစ်သော ကံ၏ တည်ရာပုံစံတည်း၊ ထမင်းအိုး၌ ထမင်းသည် တည်၏၊ ထို့ကြောင့် ထမင်းအိုးသည် သြဒနံ ဟူသော ကံ၏ တည်ရာ ဖြစ်၏၊ ပစတိအရ “ကျက်ခြင်း” ကြိယာကား ထမင်း၌ မှီ၏၊ ထို့ကြောင့် ထာလိယံဟူသော အာဓာရသည် ကျက်ခြင်း ကြိယာ၏ တည်ရာလည်း ဖြစ်နိုင်သည်။ [ဤ သြကာသကာရကကို အဓိကရဏကာရကဟုလည်း သုံးစွဲကြ၏၊ အာဓာရကာရကဟုလည်း တချို့နေရာ၌ သုံးစွဲ၏၊ အာဓာရ ၄ မျိုး အကျယ်ကို နောင်ခါ သိရ လတ္တံ့၊၊]
ရုပ်တွက်။ ။ ကဋေကို ကဋတည်, ယော ဓာရော တမောကာသံသုတ် ဖြင့် ကဋကို သြကာသအမည်မှည့်, သ္မိံဝိဘတ်သက်, သ္မာသ္မိံနံ ဝါသုတ်ဖြင့် သ္မိံကို ေ- ပြု, ဋ်ခွင်း, ချေ, ကပ်, ကဋေ ပြီး၏။ [ထာလိယံ=ထာလီတည်, ဣတ္ထိယံကဲ့သို့ ရုပ်တွက်။]
֍ ၉။ ယေနဝါ ကယိရတေ, တံကရဏံ။ ။ ယေနဝါ- အကြင် ကာရကဖြင့်လည်း၊ ကယိရတေ- ပြုတတ်၏၊ တံ- ထိုပြုကြောင်း ကာရကသည်၊ ကရဏံ- ကရိုဏ်းမည်သည်၊ ဟောတိ- ဖြစ်၏။ ဒတ္တေန ဝိဟိံ လုနာတိ စသည်တည်း။
၉။ ဤသုတ်ကား ကရဏအမည်မှည့်သော သုတ်တည်း၊ ကယိရတေ ယေနာတိ ကရဏံ၊ ယေန-အကြင် ကာရကဖြင့်၊ ကယိရတေ-ပြုတတ်၏၊ ဣတိ-ထိုသို့ ပြုကြောင်း၏အဖြစ်ကြောင့်၊ တံ-ကာရကသည်၊ ကရဏံကရိုဏ်းမည်၏၊ တစ်စုံတစ်ခု ပြုလုပ်ရာဝယ် ပြုလုပ်သူ ကတ္တားအား အလွန်ကျေးဇူးများသော (သူပါမှ မြန်မြန်ပြီးနိုင်, တချို့အရာဝယ် သူမပါ လျှင် ပြီးကို မပြီးနိုင်သော) ကာရကကို ကရဏဟု ခေါ်သည်။
ပုံစံ။ ။ ဒတ္တေန-တံစဉ်ဖြင့်၊ ဝိဟိံ-ကောက်စပါးကို၊ လုနာတိ-ရိတ် ဖြတ်၏၊ ဤပုံစံ၌ ကောက်ရိတ်သူ ကတ္တား၏ ကောက်ရိတ်မှုကို ပြုရာဝယ် တစဉ်သည် အလွန် ကျေးဇူးများ၏။
ရုပ်တွက်။ ။ ဒတ္တေနကို “ဒတ္တ”တည်, ယေန ဝါ ကယိရတေ တံ ကရဏံသုတ်ဖြင့် ဒတ္တကို ကရိုဏ်းအမည် မှည့်, နာဝိဘတ်သက်, နာ ဝိဘတ်ကို ေ- နပြု, တ္တ် ခွင်း, ချေ, ကပ်, ဒတ္တေန ပြီး၏။
֍ ၁၀။ ယံ ကရောတိ, တံ ကမ္မံ။ ။ ယံ ဝါ- အကြင်ကာရကကို မူလည်း၊ ကရောတိ- ပြု၏၊ တံ- ထိုပြုအပ်သောကာရကသည်၊ ကမ္မံ- ကံမည်သည်၊ ဟောတိ- ၏။ ဆတ္တံ ကရောတိ စသည်တည်း။
၁၀။ ဤသုတ်ကား ကံအမည် မှည့်သော သုတ်တည်း၊ ယေန ဝါ ကယိရတေသုတ်မှ ဝါသဒ္ဒါလိုက်သောကြောင့် ထိုဝါဖြင့် ထူးအောင်ပြုအပ် သော ကာရက, ရောက်အပ်သော ကာရက စသည်ဖြင့် ကံမှည့်ထိုက်သမျှ ကို မှည့်ဖို့ရန် ဆည်းသည်၊ ကရီယတေတိ ကမ္မံ၊ ယံ-အကြင်ကာရကကို၊ ကရီယတေ-ပြုအပ်၏၊ ဣတိ-ထိုသို့ ပြုအပ်သည်၏အဖြစ်ကြောင့်၊ တံထိုကာရကသည်၊ ကမ္မံ-ကံ မည်၏။
ပုံစံ။ ။ ဆတ္တံ-ထီးကို၊ ကရောတိ-ပြု၏=လုပ်၏၊ ဤပုံစံ၌ ပြုလုပ်အပ် သော ထီးသည် ကမ္မကာရက မည်၏၊… ဆတ္တံကို “ဆတ္တ” တည်, ယံ ကရောတိ တံ ကမ္မံသုတ်ဖြင့် ဆတ္တကို ကံအမည်မှည့်, -ံ ဝိဘတ် သက်, တ္တ် ခွင်း, ချေ, ကပ်, ဆတ္တံ ပြီး၏။
֍ ၁၁။ ယော ကရောတိ, သ ကတ္တာ။ ။ ယော- အကြင် ကာရကသည်၊ ကရောတိ- ကိုယ်တိုင် ပြုတတ်၏၊ သ, သော- ထိုကာရကသည်၊ ကတ္တာ- သုဒ္ဓကတ္တား မည်၏။ အဟိနာ ဒဋ္ဌော နရော စသည်တည်း။
၁၁။ ကတ္တားသည် သုဒ္ဓကတ္တား, ဟေတုကတ္တားဟု ၂ မျိုးရှိ၏၊ ထို ၂ မျိုးတွင် ဤသုတ်သည် သုဒ္ဓကတ္တားအမည် မှည့်သော သုတ်တည်း၊ ကရောတီတိ ကတ္တာ၊ ယော-အကြင် ကာရကသည်၊ ကြိယံ-ကြိယာကို၊ ကရောတိ-ပြုတတ်, ဖြစ်စေတတ်၏၊ ဣတိ-ထိုသို့ ကြိယာကို ပြုတတ် ဖြစ်စေတတ်သည်၏အဖြစ်ကြောင့်၊ သော-ထိုကာရကသည်၊ ကတ္တာ-ကတ္တုကာရက မည်၏၊ သုဒ္ဓေါ ကတ္တာ သုဒ္ဓကတ္တာ၊ သုဒ္ဓေါ-ဟိတ်နှင့် မဖက် သက်သက်သော၊ ကတ္တာ-ကတ္တားတည်း၊ သုဒ္ဓကတ္တာ-ဟိတ်နှင့် မဖက် သက်သက်သော ကတ္တား၊ ဟေတုကတ္တားသည် ဟေတုသတ္တိနှင့် ရောယှက်သောကြောင့် သက်သက်မဟုတ်, ဤကတ္တားကား ဟေတုသတ္တိ နှင့် မရောယှက်သဖြင့် သက်သက်သန့်သန့် ဖြစ်သည် ဟူလို။
သုဒ္ဓကတ္တား ၂ မျိုး။ ။ ဤ သုဒ္ဓကတ္တားသည် ဝုတ္တကတ္တား, အဝုတ္တ ကတ္တားဟု ၂ မျိုးရှိ၏၊ ထို ၂ မျိုးလုံးကိုပင် ဤသုတ်က ကတ္တုကာရက အမည်မှည့်နိုင်၏၊ သို့သော် ဝုတ္တကတ္တားကို အာချာတ် ကိတ်တို့က ဟောထားသဖြင့် ဝုတ္တကတ္တားအနက်၌ ဝိဘတ်သက်ဖွယ် မလိုသော ကြောင့် အဝုတ္တကတ္တားကိုသာ ထုတ်ပြသည်။ [ယံ ကရောတိ တံ ကမ္မံ သုတ်၌လည်း ဤသဘောအတိုင်းပင်တည်း။]
ပုံစံ။ ။ အဟိနာ-မြွေသည်၊ နရော-လူကို၊ ဒဋ္ဌော-ကိုက်အပ်၏၊ ဤ ပုံစံ၌ မြွေသည် ကိုက်ခြင်းကြိယာကို ပြုတတ်, ဖြစ်စေတတ်သောကြောင့် “ကြိယံ ကရောတီတိ”အရ ကတ္တုကာရက အမည်ရသည်။
ရုပ်တွက်။ ။ အဟိနာကို “အဟိ”တည်, ယော ကရောတိ သ ကတ္တာ သုတ်ဖြင့် အဟိကို သုဒ္ဓကတ္တုကာရက အမည်မှည့်, သည်ဟူ၍ အနက် ပေးသောကြောင့် ကတ္တရိ စသုတ်ဖြင့် အဝုတ္တကတ္တားအနက်၌ တတိယာ ဧကဝုစ် နာဝိဘတ်သက်, အဟိနာ ပြီး၏။
֍ ၁၂။ ယော ကာရေတိ, သ ဟေတု။ ။ ယော- အကြင်ကာရက သည်၊ ကတ္တာရံ- ကတ္တားတစ်ပါးကို၊ ကာရေတိ- ပြုစေတတ်၏၊ သ, သော- ထိုကာရကသည်၊ ဟေတု- ဟေတုကတ္တားမည်သည်၊ ဟောတိ- ၏။ သာမိကော ဒါသံ ကမ္မံ ကရောတိ စသည်တည်း။
၁၂။ ဤသုတ်ကား “ဟေတုကတ္တား”မှည့်သောသုတ်တည်း၊ ဟေတု စ သော ကတ္တာ စာတိ ဟေတုကတ္တာ၊…ဟေတု စ-အကြောင်းလည်း ဟုတ်၏၊ သော-ထိုအကြောင်းဟူသည်၊ ကတ္တာ စ-ကတ္တားလည်း ဟုတ်၏၊ ဣတိ-ထို့ကြောင့်၊ ဟေတုကတ္တာ-ဟေတုကတ္တား မည်၏။
ပုံစံ။ ။ သာမိကော-သခင်သည်၊ ဒါသံ-ကျွန်ကို၊ ကမ္မံ-အမှုကို၊ ကာရေတိ-ပြုစေတတ်၏၊ သခင်သည် ကျွန်ကို အမှုလုပ်စေရာ၌ ကိုယ်တိုင် မလုပ်, ကျွန်ကသာ ကိုယ်တိုင်လုပ်သည်၊ သို့သော် ကျွန်လည်း သူ့ဘာသာ လုပ်သည်မဟုတ်, သခင်က စေခိုင်းသောကြောင့်သာ ပြုလုပ် ရကား သခင်သည် ပြုလုပ်ခြင်း၏ အကြောင်းဖြစ်၍ ဟေတုလည်း မည်၏၊ နှုတ်ဖြင့် ပြောဆို၍ဖြစ်စေ, လက်ဖြင့် ပြ၍ဖြစ်စေ စေခိုင်းခြင်းကြိယာကို ပြုတတ်သောကြောင့် ကတ္တားလည်း မည်၏၊ ထို့ကြောင့် သာမိကောကို ဟေတုကတ္တားဟု ခေါ်ရသည်။
ရုပ်တွက်။ ။ သာမိကောကို သာမိကတည်, ယော ကာရေတိ သ ဟေတုသုတ်ဖြင့် သာမိကကို ဟေတုကတ္တားအမည် မှည့်, လိင်္ဂတ္ထေ ပဌမာ သုတ်ဖြင့် သိဝိဘတ်သက်, သိကို ေ-ါ ပြု, က် ခွင်း, ချေ, ကပ်, ပြီး၏။
ကာရိတ် ကတ္တား ကံ ခွဲပုံ။ ။ ဤကာရိတ်ပစ္စည်းနှင့်စပ်၍ ကတ္တား ကံ ခွဲနည်းကို အာချာတ်တုန်းက မပြခဲ့ရသေး၍ ယခုမှ ပြအံ့၊ ကာရိတ် ပစ္စည်း မပါလျှင် သုဒ္ဓဝါကျဟု မှတ်၊ သုဒ္ဓဝါကျတုန်းက သုဒ္ဓကတ္တားသည် ကရိတ်ဝါကျ၌ ကံဖြစ်လာ၏၊ မြန်မာလို“ကျွန်သည် ရွာသို့ သွား၏”ဟူရာ၌ “ကျွန်သည်” ဟူသော သုဒ္ဓကတ္တားသည် ကာရိတ်ပစ္စည်း ပါသည့်အခါ “သခင်သည် ကျွန်ကို ရွာသို့ သွားစေ၏”ဟူသော ဝါကျ၌ “ကျွန်ကို”ဟု ကံဖြစ်လာသည်။
သုဒ္ဓဝါကျ - ဒါသော ဂါမံ ဂစ္ဆတိ။
ကာရိတိဝါကျ- သာမိကော ဒါသံ ဂါမံ ဂမယတိ။
ကာရိတ်ဓာတ် ကတ္တားနှင့်ကံ။ ။ ဒါသောသည် ဂစ္ဆတိ၌ ဂမုဓာတ်၏ ကတ္တားဖြစ်၍ ဓာတ်ကတ္တား မည်၏၊ သာမိကောသည် ဂမယတိ၌ ကာရိတ် ဏယပစ္စည်း၏ ကတ္တားဖြစ်၍ ကာရိတ်ကတ္တား မည်၏၊ ဒါသံသည် ထို ဏယပစ္စည်း၏ ကံဖြစ်၍ ကာရိတ်ကံ မည်၏၊ ကာရိတ်ကံနှင့်ဓာတ်ကတ္တား သည် “ဒါသ”ချည်း ဖြစ်ရကား အရမပြားတော့ပြီ၊ ဓာတ်ကတ္တားအခိုက်၌ ဝုတ္တကတ္တားဖြစ်၍ ကာရိတ်ကံ၏ အခိုက်မှာ အဝုတ္တကံ ဖြစ်ရခြင်းသာ ထူး၏၊ ထိုကာရိတ်ပစ္စည်း၏ အဝုတ္တကံနေရာ၌ ဒုတိယာဝိဘတ်သာမက, တတိယာ ဆဋ္ဌီဝိဘတ်များလည်း သက်နိုင်၏ဟု ဆို၏၊ ပါဠိ အဋ္ဌကထာ များ၌ကား တတိယာဝိဘတ်ဖြင့် အရှိများသည်။
[ဆောင်]၁။ ကာရိတ်ကံကား, ဓာတ်ကတ္တား, မပြား ဝုတ္တ, အဝုတ္တတည်း။၂။ ကာရိတ်ကံမှာ, ဒုတိယာနှင့်, တတိယာ ဆဋ္ဌီ, သုံးလီ ဝိဘတ်, သက်တုံလတ်ဟု, ကျမ်းမြတ် ဤသို့ မိန့်သတည်း။
၃။ ထိုသုံးပါးမှာ, တတိယာ, ကျမ်းလာ အရှိများသတည်း။
ပုံစံကား - သာမိကော ဒါသံ ဂါမံ ဂမယတိ (သွားစေ၏)။
- သာမိကော ဒါသေန ဂါမံ ဂမယတိ (သွားစေ၏)။
- သာမိကော ဒါသဿ ဂါမံ ဂမယတိ (သွားစေ၏)။
မှတ်ချက်။ ။ တတိယာနှင့်ဆဋ္ဌီကို ကံအနက်မဟုတ်, ကတ္တားအနက်၌ သက်ရမည်ဟုလည်း ဝါဒတစ်မျိုးရှိသေး၏၊ ထိုဝါဒအလို “ဒါသေန, ဒါသဿ-ဤကျွန်သည်”ဟု ကတ္တားအနက် ဆိုရမည်၊ ထိုသို့ ကတ္တား အနက် ဆိုရာ၌ ဂမယတိဝယ် ဂမုဓာတ်၏ ကတ္တားဟု မှတ်၊ တိဝိဘတ်က ထို ဒါသကို မဟော, သာမိကောကို ဟောသောကြောင့် “မဟောကတ္တာ, တတိယာ”ဟု ဆိုသည့်အတိုင်း တတိယာဝိဘတ်ဖြင့် ထားရသည်၊ “ဆဋ္ဌီ ကတ္တား, ရံခါငြားမူ, ကတ္တား တတိယာနှင့်တူမြဲတည်း”ဟု အဆိုရှိသောကြောင့် အဝုတ္တကတ္တားအရာဝယ် တတိယာ၏ ကိုယ်စားလှယ်အဖြစ်ဖြင့် ဆဋ္ဌီဝိဘတ်ကိုလည်း သုံးစွဲခွင့်ရှိသည်။
ကံဟော ကာရိတ်ဝါကျ။ ။ ကာရိတ်ပစ္စည်းက ကံကို ဟောရာ၌ကား “မဟောကတ္တာ, တတိယာ-ဟောရာ ဟောရာ, ပဌမာ”ဟူသည်တို့နှင့်အညီ, ကတ္တား၌ တတိယာ, ကာရိတ်ကံ၌ ပဌမာဝိဘတ်ဖြင့် ထားရာ၏၊ ဓာတ်ကံ ကို မဟောသောကြောင့် ဓာတ်ကံမှာလည်း ဒုတိယာဝိဘတ်ဖြင့် ထားရာ၏၊
ပုံစံကား-“သာမိကေန ဒါသော ဂါမံ ဂမာပီယတေ”တည်း၊ သာမိကေန-သခင်သည်၊ ဒါသော-ကျွန်ကို၊ ဂါမံ-ရွာသို့၊ ဂမာပီယတေ-သွားစေအပ်၏။ [ကြွင်းသော မှတ်ဖွယ်များကို ရူပသိဒ္ဓိ “ဓာတူဟိ ဏေဏယ” စသော သုတ်မှာ ရှု။]
֍ ၁၃။ ယဿ ဝါ ပရိဂ္ဂဟော, တံ သာမီ။ ။ ယဿ ဝါ- အကြင်ဥစ္စာရှင်၏လည်း၊ ပရိဂ္ဂဟော- သိမ်းပိုက်အပ်သောဥစ္စာ တည်း။ တံ- ထိုဥစ္စာရှင်သည်၊ သာမီ- သာမီမည်သည်၊ ဟောတိ- ဖြစ်၏။ ဘိက္ခုနော ပဋိဝီသော စသည်တည်း။
၁၃။ ယသ္မာ ဒပေတိသုတ်မှစ၍ ယော ကာရေတိ သ ဟေတု တိုင် အောင်သောသုတ်များသည် ကာရက ၆ ပါးကို အသီးအသီး နာမည်မှည့် သောသုတ်များတည်း၊ ဤသုတ်ကား အကာရကတို့တွင် သာမီမည်သော
အကာရကကို နာမည်မှည့်သော သုတ်တည်း၊ ဘိက္ခုနော-ရဟန်း၏၊ ပဋိဝိသော-အဖို့ဖြစ်သောဥစ္စာတည်း၊ “ရဟန်းဖို့ဥစ္စာ” ဟူလို။
ယဿ ဝါ ပရိဂ္ဂဟော။ ။ ဥစ္စာသည် ရဟန်းက (ငါ့ဥစ္စာ)ဟု သိမ်းပိုက် အပ်သော အရာဝတ္ထုတည်း၊ တံ သာမီ-ဉ္စာရှင်ဖြစ်သော ထိုရဟန်းကို သာမီဟု နာမည်မှည့်သည်၊ သံ ယဿ အတ္ထီတိ သာမီ၊ ယဿ-အကြင် သူ၏၊ သံ-ဥစ္စာသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုသူသည်၊ သာမီ-သာမီမည်၏။ [အဿတ္ထိအနက်၌ သုတ်ကြီးဖြင့် အာမီပစ္စည်း သက်, သံ၌ နိဂ္ဂဟိတ်ကို ချေ, သာမီ ပြီးစေ။]
ဝါအတွက်။ ။ သုတ်ရင်းအဆိုအတိုင်း မှည့်လျှင် ဥစ္စာရှင်ကိုသာ “သာမီ”ဟု မှည့်နိုင်၏၊ သို့သော် ယဿ ဝါ၌ ဝါသဒ္ဒါသည် အတ္ထန္တရ ဝိကပ္ပန (အနက်တစ်မျိုးကို စီရင်ခြင်း) အနက်ရှိသောကြောင့် ထိုဝါ သဒ္ဒါဖြင့် ဥစ္စာရှင် မဟုတ်သော အနက်များကိုလည်း သာမီမှည့်နိုင်သည်၊ ထို့ကြောင့် “ဒေဝါနံ ဣန္ဒော” စသည်၌ ဒေဝါနံသည် သိကြားမင်း၏ဥစ္စာ (သံ) ဖြစ်ပါလျက် ဤသုတ်က သာမီအမည် မှည့်သည်။ [ဒေဝါနံ-တို့၏၊ ဣန္ဒော-အရှင်သခင်ဖြစ်သော သိကြားမင်း။]
ရုပ်တွက်။ ။ ဘိက္ခုနောကို “ဘိက္ခု”တည်၊ ယဿ ဝါ ပရိဂ္ဂဟော တံ သာမီသုတ်ဖြင့် ဘိက္ခုကို သာမီအမည် မှည့်, သာမီအနက်၌ ဆဋ္ဌီ ဧကဝုစ် သဝိဘတ်သက်, ု ကို လမှည့်, ဈလတော သဿ နော ဝါသုတ် ဖြင့် သ ကို နော ပြု, ဘိက္ခုနော ပြီး၏။
֍ ၁၄။ လိင်္ဂတ္ထေ ပဌမာ။ ။ လိင်္ဂတ္ထေ- လိန်အနက်မျှ၌၊ ပဌမာ- ပဌမာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ပုရိသော, ပုရိသာ, ဧကော ဒွေ, ဒေါဏော, စ, ဝါ စသည်တည်း။
၁၄။ ဤသုတ်ကား လိန်အနက်၌ ပဌမာဝိဘတ်သက်သော သုတ် တည်း၊ “လိန်အနက်” ဆိုသော်လည်း အနက်၌ ဝိဘတ် သက်၍ မဖြစ်, လိန်အနက်ကို ဟောသော သဒ္ဒါ၌သာ သိဝိဘတ် သက်၍ ဖြစ်သည်၊ ထို့ကြောင့် “လိင်္ဂတ္ထာ.ဘိဓာနမတ္တေ” ဟု ကစ္စည်းဝုတ္တိ ဖွင့်လေသည်၊ “လိင်္ဂတ္ထာ.ဘိဓာနမတ္တေ-လိန်အနက်မျှကို ဟောသောသဒ္ဒါ၌”ဟု ဆို၊ အဘိဓာနမတ္တေ၌ မတ္တသဒ္ဒါသည် ပါဠိလို “သာမည”အနက်, မြန်မာလို “မျှ”ဟူသောအနက်ကို ဟော၏၊ ထို မတ္တသဒ္ဒါဖြင့် ကံ ကတ္တား စသော ဝိဘတ်နက်များကို ကန့်ကွက်သည်၊ “သည်မျှသာ, သည်လောက်သာ, သည့်ပြင်အထူးမရှိပါ”ဟု ဆိုသကဲ့သို့ “လိန်အနက်မျှသာ, လိန်အနက် လောက်သာ, လိန်အနက်အပြင် အပိုအမို“သည် ကို ဖြင့်”စသော ဝိဘတ် နက်တွေ မပါ”ဟု ဆိုလိုသည်။
လိန်နှင့်လိန်အနက်။ ။ ယခုပြမည့်လိန်ကား ဣတ္ထိလိန် ပုံလိန် နပုံလိန် ဟု ခေါ်ရသော အခြင်းအရာ အာကာရပညတ် မဟုတ်, လိင်္ဂဉ္စ နိပစ္စတေ သုတ်အရ အာချာတ်ပုဒ်မှ တစ်ပါးသော သဒ္ဒါဟူသမျှကို ခေါ်သော လိန်တည်း၊ ထိုလိန်နှင့် လိန်အနက်ကို ရှင်းပြပါမည်။
ရုက္ခောတိဝစနံ လိင်္ဂံ, လိင်္ဂတ္ထော တေန ဒီပိတော၊
ဧဝံ လိင်္ဂဉ္စ လိင်္ဂတ္ထံ, ဉတွာ ယောဇေယျ ပဏ္ဍိတော။
ရုက္ခောတိဝစနံ- ရုက္ခဟူသောသဒ္ဒါသည်၊ လိင်္ဂံ- လိန်မည်၏။ တေနထိုရုက္ခသဒ္ဒါသည်၊ ဒီပိတော- ပြအပ်သော သစ်ပင်ဒြဗ်သည်၊ လိင်္ဂတ္ထောလိင်္ဂတ္ထ မည်၏။ ဧဝံ- ဤသို့၊ လိင်္ဂဉ္စ- လိန်ကိုလည်းကောင်း၊ လိင်္ဂတ္ထဉ္စ- လိန်၏ အနက်ကိုလည်းကောင်း၊ ဉတွာ- သိပြီး၍၊ ပဏ္ဍိတော- ပညာရှိသည်၊ ယောဇေယျ- သုံးစွဲရာ၏။
ဤဂါထာနှင့်အညီ “ရုက္ခ”သဒ္ဒါသည် လိန်, ထိုရုက္ခသဒ္ဒါ၏ဟောနက် ဖြစ်သော သစ်ပင်အထည်ကိုယ်ဒြဗ်ကား လိန်၏အနက်တည်း၊ ထို့အတူ “ပုရိသ”သဒ္ဒါသည် လိန်, ယောက်ျားဒြဗ်ကား လိန်၏အနက်တည်း၊ အာချာတ်မှတစ်ပါး သမာသ် တဒ္ဓိတ် ကိတ်သဒ္ဒါစုနှင့် တိဿ ဒတ္တစသော ရုဠှီသဒ္ဒါ, သင်္ချာ ဥပသာရ နိပါတ်ဟူသမျှတို့ လိင်္ဂအရတွင် ပါဝင်ကြ လေသည်၊ ထို့ကြောင့် ရာဇပုတ္တသည် လိန်, မင်းသားဒြဗ်ကား လိင်္ဂတ္ထ၊ ဝါသိဋ္ဌသည် လိန်, ဝသိဋ္ဌ၏သားဒြဗ်ကား လိင်္ဂတ္ထ၊ ပါစကသည် လိန်, စားဖိုသည်ဒြဗ်ကား လိင်္ဂတ္ထ၊ သဗ္ဗသဒ္ဒါသည် လိန်, အလုံးစုံကား လိင်္ဂတ္ထ၊ တိဿသဒ္ဒါသည် လိန်, တိဿမည်သူ လူဒြဗ်ကား လိင်္ဂတ္ထ၊ ဧကသဒ္ဒါ သည် လိန်, တစ်ဟူသော သင်္ချာအနက်ကား လိင်္ဂတ္ထ၊ ဒေါဏသဒ္ဒါသည် လိန်, တစ်စိတ်ဟူသော အရေအတွက်သင်္ချာကား လိင်္ဂတ္ထ၊ ပ ပရာ စသော ဥပသာရသည် လိန်, ထိုသဒ္ဒါ၏ဆိုင်ရာအနက်ကား လိင်္ဂတ္ထ၊ စ ဝါ ဟေ အဟေ ရေ အရေ စသော နိပါတ်သည် လိန်, ထိုနိပါတ်တို့၏ သမုစ္စည်း စသော အနက်ကား လိင်္ဂတ္ထ၊ ဤသို့ လိန်နှင့်လိန်အနက်ကို နားလည်ပါစေ။
လိန်အနက်ပေးပုံ။ ။ သည် ကို ဖြင့် နှင့်စသော အနက်စုမှာ လိန် အနက်တွင် မပါ, ဝိဘတ်၏ အနက်များသာတည်း၊ ထိုကဲ့သို့ ဝိဘတ်နက် မပါ, လိင်္ဂတ္ထသက်သက်ကိုသာ ဟောသော သဒ္ဒါနောင် ဤ လိင်္ဂတ္ထေ ပဌမာသုတ်က ပဌမာဝိဘတ် သက်၏၊ ပဌမာဝိဘတ်အတွက်ကြောင့် အနက်ပို တစ်ခုမျှ မထွက်, ဝိဘတ်မပါလျှင် ပုဒ်ရာ မဝင်မည်စိုးသော ကြောင့် မူလရှိရင်း လိန်အနက်ကို ထွန်းပြခြင်းငှာ ပဌမာဝိဘတ် သက်ရ သည်၊ သို့ဖြစ်၍ “ပုရိသော=ယောက်ျား, ပုရိသာ=ယောက်ျားတို့”ဟု ဤမျှ သာ အနက်ဆိုနိုင်၏၊ နောက်ကြိယာနှင့် တွဲသည့်အခါလည်း “ပုရိသော+ ဂစ္ဆတိ=ယောက်ျား+သွား၏၊ ပုရိသာ+ဂစ္ဆ န္တိ=ယောက်ျားတို့+သွားကြ၏”ဟု ဆိုရသည်။
ကံဟော လိင်္ဂတ္ထ။ ။ ကံဟောကြိယာနှင့် တွဲဖက်ရာ၌လည်း “မဂ္ဂေါ+ ဂစ္ဆီယတေ=လမ်း+သွားအပ်၏၊ မဂ္ဂါ+ဂစ္ဆီယန္တေ=လမ်းတို့+သွားအပ်ကုန်၏” ဟုသာ အနက်ထွက်သည်၊ ကတ္တားအနက် ကံအနက်များကို တိ အန္တိ တေ အန္တေဟူသော အာချာတ်ဝိဘတ်တို့ကသာ ဟော၏၊ ပဌမာဝိဘတ်က မဟောနိုင်၊ ထို့ကြောင့် နိဿယအနက်ပေးရာ၌ “ပုရိသော-ယောက်ျား သည်၊ မဂ္ဂေါ-လမ်းကို”ဟု “သည်-ကို” ထည့်ပေးသော်လည်း အနက်ပိုဟု သာ မှတ်၊ ဝိဘတ်သွယ် ဆိုရိုးကိုလည်း “သည် ကို”မပါဘဲ တစ်မျိုးပြင်နိုင် မှသာ လိန်အနက်အစစ်ကို စနစ်ကျ နားလည်ဖွယ်ရှိသည်၊ ဤအခြေပြု ဝိဘတ်သွယ်မှာပင် အများနှင့် မဆန့်ကျင်စေလိုသည့်အတွက် “သည်ဟူ၍ အနက်ပေးသောကြောင့်”ဟု ဆိုခဲ့ရသည်၊ ဝိဘတ်သွယ်ဆိုရိုးကို တစ်မျိုး ပြင်၍ ရုပ်တွက်ပြအံ့။
ရုပ်တွက်။ ။ ပုရိသောကို ပုရိသလိန်တည်, ပရသမညာ ပယောဂေ သုတ်ဖြင့် ပုရိသကို လိန်အမည်မှည့်, ယောက်ျားဟူ၍ အနက်ပေးသော ကြောင့် လိင်္ဂတ္ထေ ပဌမာသုတ်ဖြင့် လိန်အနက်မျှကိုဟောသောသဒ္ဒါနောင် ပဌမာဧကဝုစ် သိဝိဘတ်သက် (ပုရိသသိ), သိကို ေ-ါ ပြု, သ် ခွင်း, ချေ, ကပ်, ပုရိသော ပြီး၏။ [ပုရိသာ၌ “ယောကျ်ားတို့”ဟု ဆိုရုံသာ။]
ဧကော၌ “တစ်ဟူ၍ အနက်ပေးသောကြောင့်”ဟု ဆို၊ ဒွေ၌ “နှစ်ခုတို့ ဟူ၍ အနက်ပေးသောကြောင့်”ဟု ဆို၊ ဒေါဏော၌ “တစ်စိတ်ဟူ၍ အနက် ပေးသောကြောင့်”ဟု ဆို၊ စ၌ “လည်းဟူ၍ အနက်ပေးသောကြောင့်”ဟု ဆို၊ သဗ္ဗာသမာဝုသောသုတ်ဖြင့် သိချေ၊ ဝါကိုလည်း ဝါတည်, သော်လည်း ဟူ၍ အနက်ပေးသောကြောင့်”ဟု ဆို။
֍ ၁၅။ အာလပနေ စ။ ။ အာလပနေ စ- အာလုပ်အနက်အပို ရှိသော လိန်အနက်၌လည်း၊ ပဌမာ- ပဌမာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဘော ပုရိသ, ဘောန္တော ပုရိသာ စသည်တည်း။
၁၅။ ဤသုတ်ကား လိန်အနက်၌ အာလုပ်အနက်ပိုလာသည့်အခါ ပဌမာဝိဘတ် သက်သောသုတ်တည်း၊ အာလပန၌ အာသဒ္ဒါသည် ရှေးရှု ဟူသောအနက်ကို ဟော၏၊ အဘိမုခံ-ရှေးရှု၊ လပနံ-ပြောဆိုခြင်းသည်၊ အာလပနံ-အာလုပ်မည်၏၊ ဤ၌ “ရှေးရှု”ဟူသည် “တိုက်ရိုက်”ဟူသော စကားနှင့် အဓိပ္ပာယ်ညီမျှ၏၊ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် တိုက်ရိုက်ခေါ်ခြင်း, ခေါ်လိုက်သည့်အခါ ထူးခြင်းများကို အာလုပ်ဟုမှတ်၊ “ဥုးတိဿ, အရှင်ဘုရား, ကိုရင်, ကိုကို, မောင်မောင်, မမ, မိမိ, ရှင်, တော်” စသော စကားများသည် အာလုပ်သံချည်းတည်း။
လိန်အနက်၌ အာလုပ်အနက် ပိုလာပုံ။ ။ ယောက်ျားဟူသောအနက် သည် မူလလိန်အနက်တည်း၊ “အိုယောက်ျားဟု ဆိုသည့်အခါ “အို” ဟူသော အာလုပ်အနက် ပိုလာသည်၊ ထို့ကြောင့် “ပုရိသော-ယောက်ျား၊ ဘော ပုရိသ-အိုယောက်ျား၊ ကညာ=သတို့သမီး၊ ဘောတိ ကညေ-အို သတို့သမီး၊ စိတ္တံ-စိတ်၊ ဘော စိတ္တ-အိုစိတ်” စသည်ဖြင့် မူလလိန်အနက်၌ အာလုပ်အနက် ပိုလာပုံကို သိပါ။
ရှေးနက်နှင့် အပြစ်။ ။ လိန်အနက်ပေးရာ၌ “ပုရိသော-ယောက်ျား သည်”ဟု ရှေးက ပေးကြ၏၊ ထိုအနက်ကို အမှန်ယူလျှင် အာလုပ်အနက် အပိုဝင်သည့်အခါ “ဘော ပုရိသ=အို ယောက်ျားသည်”ဟု ဆိုရလိမ့်မည်၊ ထို့အတူ “ကညာ-သတို့သမီးသည်၊ ဘောတိ ကညေ-အို သတို့သမီးသည်” စသည်ဖြင့် ဆိုဖွယ်ရှိပုံကို ချဲ့ထွင်ကြည့်ပါ၊ သို့အတွက် လိန်အနက်ဆိုရာ၌ “သည်”ဟူသော အနက်မှာ အပိုသာတည်းဟု ဆိုခဲ့ပေသည်။
ရုပ်တွက်။ ။ ပုရိသကို “ပုရိသလိန်”တည်၊ အို ယောက်ျားဟူ၍ အနက်ပေးသောကြောင့် ပရသမညာ ပယောဂေသုတ်ဖြင့် ပုရိသကို လိန် အမည်မှည့်, အာလပနေ စသုတ်ဖြင့် အာလုပ်အနက် အပိုရှိသော လိန် အနက်ကို ဟောသော သဒ္ဒါမှနောက်၌ ပဌမာဧကဝုစ် သိဝိဘတ်သက်၊ သိကို ဂအမည်မှည့်, အကာရပိတာဒျ န္တာနမာသုတ်ဖြင့် သ၏အဆုံး ၊ ကို ါ ပြု, အာကာရော ဝါသုတ်ဖြင့် -ါ ကို ၊ ရဿပြု, ဂသိကို ချေ, ပုရိသ ပြီး၏။ [ပုရိသာ၌ ယောသက်၍ တွက်လေ။]
֍ ၁၆။ ကရဏေ တတိယာ။ ။ ကရဏေ- ကရဏကာရက၌၊ တတိယာ- တတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ အဂ္ဂိနာ ကုဋိံ ဈာပေတိ စသည်တည်း။
၁၆။ “အဂ္ဂိနာ-မီးဖြင့်၊ ကုဋိံ-ကုဋိကို (တဲကုတ်ကို)၊ ဈာပေတိ-လောင် ကျွမ်းစေ၏၊ ဤ၌ လောင်ကျွမ်းခြင်းကြိယာကို အထူးသဖြင့်ပြီးစေတတ်သော ကြိယာသာဓကတမသတ္တိသည် မုချအားဖြင့် ကရဏကာရက မည်၏၊ ထိုသတ္တိနက်ဟူသော ကရဏကာရက၌ တတိယာဝိဘတ် သက်၏၊ “ထို အနက်ကို တတိယာဝိဘတ်က ဟောသည်”ဟူလို။ [ကြိယံ-ကြိယာကို+ သာဓကတမ=အထူးသဖြင့် ပြီးစေတတ်သော+သတ္တိ=အစွမ်း။]
ဒဗ္ဗ, သဒ္ဒကာရက။ ။ မီးဒြဗ်ကား သတ္တိ၏တည်ရာဖြစ်၍ ဌာနျူပစာရ အားဖြင့် ကရဏကာရက မည်၏၊ အဂ္ဂိနာသဒ္ဒါသည်လည်း ဒြဗ်အနက်ကို အကြောင်းပြု၍ ကာရဏူပစာရအားဖြင့် ကရဏကာရက မည်၏၊ ထို ဒဗ္ဗကာရက, သဒ္ဒကာရကတို့ကို တတိယာဝိဘတ်က ဟောပြနေဖွယ်မလို၊ ထို သတ္တိကာရက အနက်၌ တတိယာဝိဘတ် သက်လိုသည်ရှိသော် “တတော စ ဝိဘတ္တိယော”ဟု ပရိဘာသာရှိသောကြောင့် အဂ္ဂိဟူသော လိန်နောင် သက်ရသည်။
ရုပ်တွက်။ ။ အဂ္ဂိနာကို “အဂ္ဂိ”တည်, ဖြင့်ဟူ၍ အနက်ပေးသော ကြောင့် “ယေန ဝါ ကယိရတေ, တံ ကရဏံ”သုတ်ဖြင့် အဂ္ဂိကို ကရိုဏ်း အမည်မှည့်, ကရဏေ တတိယာသုတ်ဖြင့် တတိယာဧကဝုစ် နာဝိဘတ် သက်, အဂ္ဂိနာ ပြီး၏။
֍ ၁၇။ သဟာဒိယောဂေ စ။ ။ သဟာဒိယောဂေ စ- သဟ အစရှိသော သဒ္ဒါတို့နှင့်ယှဉ်ရာ၌လည်း၊ တတိယာ- တတိယာ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သဟာပိ ဂဂ္ဂေန သံဃော ဥပေါသထံ ကရေယျ စသည်တည်း။
၁၇။ သဟ အစရှိသော သဒ္ဒါတို့နှင့်ယှဉ်ရာပုဒ်၌ တတိယာဝိဘတ် သက်သောသုတ်တည်း၊ သဟာဒိ၌ အာဒိသဒ္ဒါဖြင့် သဒ္ဓိံ, သမံ, နာနာ, ဝိနာ, အလံ, ကိံ စသည်တို့ကို ယူ၊ ယောဂေ စ၌ စသဒ္ဒါဖြင့် သဟတ္ထယောဂ (သဟသဒ္ဒါ၏ အနက်နှင့်ယှဉ်ရာ)၌လည်း တတိယာဝိဘတ် သက်။
ပုံစံ။ ။ သံဃော-သံဃာသည်၊ ဂဂ္ဂေန-ရူးနေသော ဂဂ္ဂရဟန်းနှင့်၊ သဟာပိ-အတူတကွလည်း၊ ဥပေါသထံ-ဥပုသ်ကို၊ ကရေယျ-ပြုကောင်း၏၊ ဤကား သဟသဒ္ဒါနှင့်ယှဉ်သော သဟယောဂပုံစံတည်း၊ ဝိနာပိ ဂဂ္ဂေန= ရဟန်းရူးဂဂ္ဂနှင့် ကင်း၍လည်း (ဂဂ္ဂ မပါဘဲလည်း) ဥပုသ်ပြုကောင်း၏၊ ဤကား သဟာဒိယောဂပုံစံတည်း၊ ဒေဝဒတ္တော-ဒေဝဒတ်သည်၊ ပစ္ဆာ သမဏေန-နောက်လိုက်ရဟန်းဖြစ်သော၊ ကောကာလိကေန-ကောကာ လိကနှင့်(တကွ)၊ ရာဇဂဟံ-ရာဇဂြိုဟ်ပြည်သို့၊ ပါဝိသိ-ဝင်ပြီ၊ ဤကား သဟတ္ထယောဂပုံစံတည်း၊ ဟသဟတ္ထယောဂ၌ “သဟတ္ထ”ဟုလည်း (ယောဂ သဒ္ဒါ မပါဘဲ) ဆိုကြ၏၊ ဝိနိစ္ဆယကို ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။]
ရုပ်တွက်။ ။ ဂဂ္ဂေနကို ဂဂ္ဂတည်, နှင့်ဟူ၍ အနက်ပေးသောကြောင့် သဟာဒိယောဂေ စသုတ်ဖြင့် တတိယာဧကဝုစ် နာဝိဘတ်သက်, နာ ဝိဘတ်ကို ေ-န ပြု, ဂ္ဂ် ခွင်း, ချေ, ကပ်, ဂဂ္ဂေန ပြီး၏။ [ကောကာလိကေနကို ကောကာလိကတည်, “နှင့်တကွ”ဟူ၍ အနက်ပေးသောကြောင့် သဟာဒိ ယောဂေ စသုတ်၌ စသဒ္ဒါဖြင့် နာဝိဘတ်သက်, ေ-န ပြု။]
֍ ၁၈။ ကတ္တရိ စ။ ။ ကတ္တရိ စ- အဝုတ္တကတ္တုကာရက၌လည်း၊ တတိယာ- တတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ရညာ ဟတော ပေါသော စသည်တည်း။
၁၈။ အဝုတ္တကတ္တားအနက်၌ တတိယာဝိဘတ်သက်သောသုတ်တည်း၊ ဝုတ္တကတ္တားအနက်ကိုကား အာချာတ် ကိတ်တို့က ဟောလေပြီး ဖြစ်၍ လိန်အနက်မျှ၌ လိင်္ဂတ္ထေ ပဌမာသုတ်က ပဌမာဝိဘတ်သက်လေပြီ။ [ရညာ-မင်းသည်၊ ပေါသော-ယောက်ျားကို၊ ဟတော-သတ်အပ်ပြီ။]
ရုပ်တွက်။ ။ ရညာကို ရာဇတည်, သည်ဟူ၍အနက်ပေးသောကြောင့် ကတ္တားအနက်ကို အလိုရှိရကား ယော ကရောတိ သ ကတ္တာ သုတ်ဖြင့် ရာဇကို ကတ္တားအမည် မှည့်, ကတ္တရိ စသုတ်ဖြင့် ကတ္တားအနက်၌ တတိယာ ဧကဝုစ် နာဝိဘတ်သက်, ရညာ နာမှိ ဝါသုတ်ဖြင့ ဝိဘတ်နှင့် တကွ ရာဇကို ရညာ ပြု, ရညာ ပြီး၏။
စသဒ္ဒါအနက်။ ။ ကတ္တရိ စ၌ စသဒ္ဒါဖြင့် ကံအနက်, ပဌမာဝိဘတ်၏ လိန်အနက်, အပါဒါန်အနက်, ကြိယာပဝဂ္ဂအနက်, ဣတ္ထမ္ဘူတလက္ခဏ အနက်, ကလဟ, ပုဗ္ဗ စသည်တို့နှင့်ယှဉ်ရာ စသည်၌ တတိယာဝိဘတ် သက်သေး၏၊ ပုံစံကို ရူပသိဒ္ဓိမှာ ရှု။
[ဆောင်] ကံ ပဌမာ, အပါဒါနှင့်, ကြိယာပဝဂ္ဂံ, ဣတ္ထမ္ဘူတ-လက္ခဏ တည့်၊ ကလဟ ပုဗ္ဗာ, ယှဉ်ကုန်ရာဝယ်, စဖြင့် ဆွယ်, သက်ဖွယ် တတိယာ။
֍ ၁၉။ ဟေတွတ္ထေစ။ ။ ဟေတွတ္ထေ စ- ဟိတ်အနက်၌လည်း၊ တတိယာ- တတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ အန္နေန ဝသတိ စသည်တည်း။
၁၉။ ဟိတ်အနက်၌ တတိယာဝိဘတ်သက်သော သုတ်တည်း၊ အန္နေန-ထမင်းကြောင့်၊ ဝသတိ-နေ၏။ [လိင်္ဂတ္ထေ ပဌမာသုတ်မှ စ၍ ဝိဘတ်သက်သော သုတ်များကို (ဝိဘတ်ပေါ်လာအောင် စီရင်သော ကြောင့်) အာဂမဝိဓိသုတ်ဟု ဆိုကြ၏။]
ရုပ်တွက်။ ။ အန္နေနကို အန္နတည်, ကြောင့်ဟူ၍ အနက်ပေးသော ကြောင့် ဟိတ်အနက်ကို အလိုရှိရကား ဟေတွတ္ထေ စသုတ်ဖြင့် ဟိတ် အနက်၌ တတိယာဧကဝုစ် နာဝိဘတ်သက်, နာကို ေ-န ပြု, အန္နေန ပြီး၏။
֍ ၂၀။ သတ္တမျတ္ထေ စ။ ။ သတ္တမျတ္ထေ စ- သတ္တမီဝိဘတ်၏ အနက်၌လည်း၊ တတိယာ- တတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ တေန ကာလေန စသည်တည်း။
၂၀။ သတ္တမီဝိဘတ်၏ အနက်ဟူသည် “၌”ဟု ဆိုရသော အနက် တည်း၊ ဤသုတ်က ထိုသတ္တမီအနက်၌ တတိယာဝိဘတ် သက်သည်၊ ဟတေန ကာလေန-ထိုအခါ၌၊] ဤသတ္တမီအနက်၌ အခါကာလဟောသဒ္ဒါ, ခရီးအဓွန့်ဟောသဒ္ဒါ, အရပ်မျက်နှာ(ဒိသာ)ဟောသဒ္ဒါ, အရပ်ဌာနဒေသ ဟောသဒ္ဒါများနောင် တတိယာဝိဘတ်သက်လေ့ ရှိသည်။
[ဆောင်] ကာလ အဒ္ဓါ, ဒိသာ ဒေသ, ဟူသမျှ၌, သတ္တမျတ္ထာ, တတိယာ, သက်ပါ များလှသည်။
ရုပ်တွက်။ ။ တေနကို “တ”တည်၊ ၌ဟူ၍ အနက်ပေးသောကြောင့် သြကာသအနက်ကို အလိုရှိရကား ယော ဓာရော တ.မောကာသံသုတ်ဖြင့် တကို သြကာသအမည်မှည့်, သတ္တမျတ္ထေ စသုတ်ဖြင့် သြကာသအနက်၌ တတိယာ ဧကဝုစ် နာဝိဘတ်သက်, ေ-န ပြု။ [ကာလေနလည်း ကာလ တည်၍ နည်းတူတွက်လေ။]
֍ ၂၁။ ယေနင်္ဂဝိကာရော။ ။ ယေန- အကြင် အစိတ်ဖြင့်၊ အင်္ဂဝိကာရော- အပေါင်း၏ ဖောက်ပြန်ခြင်းကို၊ လက္ခီယတေ- မှတ်သားအပ်၏။ တတ္ထ- ထိုအစိတ်၌၊ တတိယာ- တတိယာဝိဘတ် သည်၊ ဟောတိ- ဖြစ်၏။ အက္ခိနာ ကာဏော စသည်တည်း။
၂၁။ ဤသုတ်ကား အင်္ဂဝိကာရလက္ခဏအနက်၌ တတိယာဝိဘတ် သက်သောသုတ်တည်း၊ အင်္ဂံ ယဿ အတ္ထီတိ အင်္ဂံ၊ ယဿ-အကြင် အပေါင်းဖြစ်သော ကိုယ်၏၊ (အင်္ဂါကြီးငယ်တွေ ပေါင်းနေသော ကိုယ်၏၊) အင်္ဂံ-အစိတ်အင်္ဂါသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုအပေါင်းဖြစ်သောကိုယ်သည်၊ အင်္ဂံ-အင်္ဂမည်၏၊ ဤဝိဂြိုဟ်နက်အရ တစ်ကိုယ်လုံးကို အင်္ဂဟု ခေါ်၏၊ အင်္ဂဿ+ဝိကာရော အင်္ဂဝိကာရော=အပေါင်းဖြစ်သော ကိုယ်၏ ဖောက်ပြန်ခြင်း၊ အပေါင်းတစ်ကိုယ်လုံး၏ ဖောက်ပြန်ချို့ယွင်း မှုကို အကြင် ကိုယ်အင်္ဂါ အစိတ်အပိုင်းဖြင့် မှတ်သားရ၏၊ ထိုကိုယ်အင်္ဂါ အစိတ်အပိုင်းကို “အင်္ဂဝိကာရလက္ခဏ”ဟု ခေါ်၏။ [အင်္ဂဝိကာရ=ကိုယ် အင်္ဂါတစ်ခုလုံး၏ ဖောက်ပြန်ချို့ယွင်းမှုကို+လက္ခဏ=မှတ်သားကြောင်း အနက်။]
ပုံစံ။ ။ အက္ခိနာ-မျက်စိဖြင့်၊ ကာဏော-ကန်းသူ၊ ဤပုံစံ၌ ကာဏော အရ ကန်းသူတစ်ယောက်လုံး (တစ်ကိုယ်လုံး) ရ၏၊ ဘာဖြင့် ကန်းသလဲ, ကန်းတဲ့အရာကို သေသေချာချာ မှတ်သားပြစမ်းပါဟုဆိုလျှင် အက္ခိကို ပြရလိမ့်မည်၊ ထို့ကြောင့် အက္ခိနာအရ မျက်စိသည် ထိုကန်းသူကို မှတ်သား၍ ပြောပြကြောင်း ဖြစ်သောကြောင့် လက္ခဏ မည်၏၊ ယခု ကာလ၌လည်း လူတစ်ယောက် မထင်ရှားလျှင် ထူးခြားသောအမှတ် အသားကို ပြ၍ “မျက်စိတစ်ဖက် ကန်းတဲ့သူလေ, မင်း မသိဘူးလား၊ လက်ကောက်တဲ့ လူလေ, ခြေခွင်တဲ့ လူဟာလေ” စသည်ဖြင့် ပြောလေ့ ရှိကြသည်။
ရုပ်တွက်။ ။ အက္ခိနာကို “အက္ခိ”တည်, ဖြင့်ဟူ၍ အနက်ပေးသော ကြောင့် အင်္ဂဝိကာရလက္ခဏအနက်ကို အလိုရှိရကား ယေနင်္ဂဝိကာရော သုတ်ဖြင့် အင်္ဂဝိကာရလက္ခဏအနက်၌ တတိယာဧကဝုစ် နာဝိဘတ် သက်, အက္ခိနာ ပြီး၏။ [ဣတ္ထမ္ဘူတလက္ခဏကို ရူပသိဒ္ဓိမှာ ရှု။]
֍ ၂၂။ ဝိသေသနေ စ။ ။ ဝိသေသနေ စ- ဝိသေသနအနက် ၌လည်း၊ တတိယာ- တတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဂေါတ္တေန ဂေါတမော နာထော စသည်တည်း။
၂၂။ ဝိသေသီယတိ ဝိသေသိတဗ္ဗံ အနေနာတိ ဝိသေသနံ (အဝုတ္တ ကတ္တုသာဓန)၊ အနေန-ဤအနက်ဖြင့်၊ ဝိသေသိတဗ္ဗံ-အထူးပြုထိုက်သော အနက်ကို၊ ဝိသေသီယတိ-အထူးပြုအပ်၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထို အနက်သည်၊ ဝိသေသနံဝိသေသန မည်၏၊ အထူးပြုထိုက်သော အနက် ကို ဝိသေသိတဗ္ဗ (တစ်နည်း) ဝိသေသျဟု ခေါ်သည်၊ ထိုဝိသေသျကို အထူးပြုတတ်သောအနက်ကို ဝိသေသနဟု ခေါ်သည်၊ ထိုဝိသေသနဝိသေသျကို ဟောသောသဒ္ဒါများကိုလည်း (ကာရဏူပစာရအားဖြင့်) ဝိသေသန, ဝိသေသျ ခေါ်ရသည်၊ ဤသုတ်ကား ထို ဝိသေသနအနက်၌ တတိယာဝိဘတ်သက်သော သုတ်တည်း။
ပုံစံ။ ။ နာထော-မြတ်စွာဘုရားသည်၊ ဂေါတ္တေန-အနွယ်တော် အားဖြင့်၊ ဂေါတမော-ဂေါတမ မည်တော်မူ၏၊ ဤ၌ မြတ်စွာဘုရား၏ ဂေါတမဟူသော အမည်တော်သည် အနွယ်တော်အားဖြင့် ရသော အမည် ဖြစ်သည်၊ “အရဟံ”ဟူသော အမည်ကဲ့သို့ ဂုဏ်တော်အားဖြင့်ရသော အမည်မဟုတ်၊ ဤသို့ ဂေါတ္တေနသည် ဂေါတမအမည်တော်ရမှုကို အခြား အကြောင်းတို့မှ ထူးခြားအောင် ပြုတတ်သောကြောင့် ဝိသေသန မည်၏၊ ဂေါတမသဒ္ဒါသည် အထူးပြုအပ်သောကြောင့် ဝိသေသျ မည်၏။ [ဝိသေသနအမျိုးမျိုးကို ကစ္စည်းဘာသာဋီကာမှာ ရှု။]
ရုပ်တွက်။ ။ ဂေါတ္တေနကို “ဂေါတ္တ”တည်, အားဖြင့်ဟူ၍ အနက်ပေး သောကြောင့် ဝိသေသနအနက်ကို အလိုရှိရကား ဝိသေသနေ စသုတ်ဖြင့် ဝိသေသနအနက်၌ တတိယာ ဧကဝုစ် နာဝိဘတ် သက်, နာကို ေ-န ပြု, ခွင်း, ချေ, ကပ်, ဂေါတ္တေန ပြီး၏။
֍ ၂၃။ သမ္ပဒါနေ စတုတ္ထီ။ ။ သမ္ပဒါနေ- သမ္ပဒါနကာရက၌၊ စတုတ္ထီ- စတုတ္ထီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဗုဒ္ဓဿ ဒါနံ ဒေတိ စသည်တည်း။
၂၃။ [ဗုဒ္ဓဿ-ဘုရားရှင်အား၊ ဒါနံ-အလှူကို၊ ဒေတိ-ပေးလှူ၏။] ဗုဒ္ဓဿကို ယဿ ဒါတုကာမောသုတ်၌ ဘိက္ခုဿနည်းမှီ၍ ရုပ်တွက်လေ။
֍ ၂၄။ နမောယောဂါဒီသွ.ပိစ။ ။ နမောယောဂါဒီသွပိ စ- နမောသဒ္ဒါ၏ယှဉ်ရာ အစရှိသည်တို့၌လည်း၊ စတုတ္ထီ- စတုတ္ထီ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ နမော တေ ဗုဒ္ဓ ဝီရ.တ္ထု စသည်တည်း။
၂၄။ ဝီရ-ရဲရင့်တော်မူသော၊ ဗုဒ္ဓ-ရှင်တော်ဘုရား၊ တေ-အရှင်မြတ် အား၊ နမော-တပည့်တော်၏ ရှိခိုးခြင်းသည်၊ အတ္ထု-ဖြစ်ပါစေသတည်း၊ “အရှင်ဘုရားအားသာ တပည့်တော်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ, အခြား သူအား မဖြစ်စေလိုပါ, အရှင်ဘုရားကိုသာ ရှိခိုးပါ၏” ဟူလို။
ရုပ်တွက်။ ။ တေကို “တုမှ”တည်, နမော ယောဂါဒီသွပိ စသုတ်ဖြင့် နမောသဒ္ဒါ၏ယှဉ်ရာ တုမှသဒ္ဒါနောင် စတုတ္ထီဧကဝုစ် သဝိဘတ်သက်, တေမေကဝစနေသု စသုတ်ဖြင့် ဝိဘတ်နှင့်တကွ တုမှကို တေပြု, ပြီး၏။
֍ ၂၅။ အပါဒါနေ ပဉ္စမီ။ ။ အပါဒါနေ- အပါဒါနကာရက၌၊ ပဉ္စမီ- ပဉ္စမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ အဗ္ဘာ မုတ္တော၀ စန္ဒိမာ စသည်တည်း။
၂၅။ [အဗ္ဘာ-တိမ်တိုက်မှ၊ မုတ္တော-လွတ်သော၊ စန္ဒိမာဣဝ-လကဲ့သို့၊] အဗ္ဘာကို “အဗ္ဘ”တည်, ဒူရ န္တိက စသောသုတ်ဖြင့် အပါဒါန်မှည့်, ဤ သုတ်ဖြင့် သ္မာဝိဘတ်သက်, -ါ ပြု။
֍ ၂၆။ ကာရဏတ္ထေ စ။ ။ ကာရဏတ္ထေ စ- ကာရဏအနက် ၌လည်း၊ ပဉ္စမီ- ပဉ္စမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ စတုန္နံ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ ယထာဘူတံ အဒဿနာ သန္ဓာဝိတံ စသည်တည်း။
၂၆။ စတုန္နံ-လေးပါးကုန်သော၊ အရိယသစ္စာနံ-အရိယသစ္စာတို့ကို၊ အနနုဗောဓာ-လျော်စွာမသိခြင်းကြောင့်၊ အပ္ပဋိဝေဓာ-ထိုးထိုးထွင်းထွင်း မသိခြင်းကြောင့်၊ ယထာဘူတံ-ဟုတ်တိုင်းမှန်စွာ၊ အဒဿနာ-မမြင်ခြင်း ကြောင့်၊ သန္ဓာဝိတံ-ပြေးသွားအပ်ခဲ့လှလေပြီ။
ရုပ်တွက်။ ။ အနနုဗောဓာကို “အနနုဗောဓ”တည်, ကြောင့်ဟူ၍ အနက်ပေးသောကြောင့် ကာရဏတ္ထေ စသုတ်ဖြင့် ကာရဏအနက်၌ ပဉ္စမီ ဧကဝုစ် သ္မာသက်, -ါ ပြု, မ် ခွင်း, ချေ, ကပ်, အနနုဗောဓာ ပြီး၏။ [အပ္ပဋိဝေဓာ, အဒဿနာ တို့ကိုလည်း တွက်လေ။]
֍ ၂၇။ ကမ္မတ္ထေ ဒုတိယာ။ ။ ကမ္မတ္ထေ- အဝုတ္တကံအနက်၌၊ ဒုတိယာ- ဒုတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဂါဝံ ဟနတိ စသည်တည်း။
၂၇။ ဝုတ္တကံအနက်ကို အာချာတ် ကိတ်ကြိယာတို့က ဟောအပ်သည် ဖြစ်၍ ထိုဝုတ္တကံအနက်၌ နာမ်ဝိဘတ် သက်ဖို့မလို၊ ထို့ကြောင့် ဤ သုတ်က အဝုတ္တကံအနက်၌သာ ဒုတိယာဝိဘတ် သက်ရသည်။ [ဂါဝံနွားကို၊ ဟနတိ-သတ်၏၊ ကြိယာဝိသေသနအကြောင်းကို ရူပသိဒ္ဓိမှာရှု၊၊]
ရုပ်တွက်။ ။ ဂါဝံကို “ဂေါ”တည်, ယံ ကရောတိ တံ ကမ္မံသုတ်ဖြင့် ဂေါကို ကံအမည်မှည့်, ကိုဟူ၍အနက်ပေးသောကြောင့် ကမ္မတ္ထေ ဒုတိယာ သုတ်ဖြင့် ကံအနက်၌ ဒုတိယာဧကဝုစ် -ံ ဝိဘတ်သက်, အဝံမှိ စသုတ်ဖြင့် စီရင်လေ။
֍ ၂၈။ ကာလဒ္ဓါန.မစ္ဆ န္တသံယောဂေ။ ။ ကာလဒ္ဓါနံ- ကာလ အဓွန့်တို့၏၊ အစ္စန္တသံယောဂေ- ဒြဗ် ဂုဏ် ကြိယာတို့နှင့်မပြတ် ယှဉ်ရာ၌၊ ဒုတိယာ- ဒုတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ မာသံ မံသောဒနော စသည်တည်း။
၂၈။ အစ္စန္တကို “အတိ+အန္တ”ဟု ပုဒ်ဖြတ်၊ အန္တံ အတိက္ကန္တံ အစ္စန္တံ” (အဗျယီဘောသမာသ်)၊ အန္တံ-အပိုင်းအခြားကို၊ အတိက္ကန္တံ-လွန်သည် တည်း၊ အစ္စန္တံ-အပိုင်းအခြားကို လွန်သည်၊ အကြားအကြား၌ ပိုင်းခြား ကန့်သတ် ပြတ်နေခြင်းမရှိဘဲ တစ်ဆက်တည်းနေခြင်းကို “အစ္စန္တ”ဟု ခေါ်၏၊ ထို့ကြောင့် “အစ္စန္တံ=မပြတ်”ဟု အဓိပ္ပာယ်နက်ဆိုကြသည်၊ အစ္စန္တံအပိုင်းအခြားကို လွန်၍၊ ဝါ-မပြတ်၊ သံယောဂေါ-ယှဉ်ခြင်းသည်၊ အစ္စန္တ သံယောဂေါ-အစ္စန္တသံယောဂ မည်၏။
အစ္စန္တသံယောဂအပြား။ ။ ထိုအစ္စန္တသံယောဂသည် ကာလအစ္စန္တ သံယောဂ, အဒ္ဓါအစ္စန္တသံယောဂဟု ၂ မျိုးရှိ၏၊ “ယှဉ်ခြင်း”ဟု ဆိုရာ၌ “ဘာနှင့်ယှဉ်သနည်း”ဟု မေးလျှင် “ဒြဗ် ဂုဏ် ကြိယာ ၃ မျိုးတွင် တစ်မျိုး မျိုးနှင့် ယှဉ်သည်”ဟု ဖြေ၊ ထို့ကြောင့် ဒဗ္ဗအစ္စန္တသံယောဂ, ဂုဏအစ္စန္တ သံယောဂ, ကြိယာအစ္စန္တသံယောဂဟု ၃ မျိုး ပြားပြန်၏၊ အရင်းခံ ကာလ အဒ္ဓါ ၂ မျိုးကို ဒဗ္ဗ ဂုဏ ကြိယာ ၃ မျိုးဖြင့် မြှောက်လျှင် အစ္စန္တသံယောဂ ၆ မျိုးပြား၏၊ ထိုအစ္စန္တသံယောဂဖြစ်သော ကာလ အဒ္ဓပုဒ်နောင် ဤသုတ်က ဒုတိယာဝိဘတ် သက်သည်။ [ကာလ=အခါ၊ အဒ္ဓါ=ခရီးအဓွန့်၊၊]
ကာလဒဗ္ဗအစ္စန္တသံယောဂ။ ။ “မာသံ မံသောဒနော” မာသံ-တစ်လ ပတ်လုံး၊ မံသောဒနော-အသားရောပြွမ်း, ဒံပေါက်ဆွမ်းပေါ၏၊ ဤ၌ သားပြွမ်းထမင်းဟူသည် အထည်ဒြဗ်တည်း၊ ထိုသားပြွမ်းထမင်းဒြဗ်၏ တစ်လလုံးလုံး ဆက်ကာ ဆက်ကာ ပေါများနေသောကြောင့် မာသံသည် ကာလဒဗ္ဗအစ္စန္တသံယောဂမည်၏၊ “သားပြွမ်းထမင်းဒြဗ်နှင့်မပြတ်ယှဉ်ရာ တစ်လအချိန်အခါ” ဟူလို။ [“တစ်လလုံးလုံး” စသော စကားသုံးကို ကြည့်၍ “ပတ်လုံး”ဟု အနက်သုံးကြသည်။]
အဒ္ဓါဒဗ္ဗအစ္စန္တသံယောဂ။ ။ ယောဇနံ ဝနရာဇိ၊ ယောဇနံ-တစ်ယူဇနာ တိုင်တိုင် (တစ်ယူဇနာတိုင်အောင်)၊ ဝနရာဇိ-တောတန်း တည်၏၊ တောတန်းဟူသည် တောတန်းဒြဗ်တည်း၊ ထိုတောတန်းဒြဗ်နှင့်တစ်ယူဇနာ အတွင်းမှာ အကြားမပြတ်ဘဲ ယှဉ်သောကြောင့် ယောဇနံသည် အဒ္ဓါဒဗ္ဗ အစ္စန္တသံယောဂ မည်၏။ [“တိုင်တိုင်-တိုင်အောင်”ဟု အနက်သုံးစွဲရိုး ပြုသည်၊ ဂုဏကြိယာအစ္စန္တသံယောဂပုံစံများကို ရူပသိဒ္ဓိမှာ ရှု။]
ရုပ်တွက်။ ။ မာသံကို “မာသ”တည်, ပတ်လုံးဟူ၍ အနက်ပေးသော ကြောင့် အစ္စန္တသံယောဂ အနက်ကို အလိုရှိရကား ကာလဒ္ဓါန.မစ္ဆ န္တ သံယောဂေသုတ်ဖြင့် အစ္စန္တသံယောဂအနက်၌ ဒုတိယာ ဧကဝုစ် -ံ ဝိဘတ်သက်, သ် ခွင်း, ချေ, ကပ်, မာသံ ပြီး၏။ [ယောဇနံကိုလည်း တိုင်တိုင်ဟူ၍ အနက်ပေးသောကြောင့်ဟု ဆို၍ ဤနည်းအတိုင်းတွက်၊၊]
֍ ၂၉။ ကမ္မပ္ပဝစနီယယုတ္တေ။ ။ ကမ္မပ္ပဝစနီယယုတ္တေ- ကမ္မ ပ္ပဝစနီယ အမည်ရသော ဥပသာရပုဒ် နိပါတ်ပုဒ်တို့နှင့် ယှဉ် လတ်သော်၊ ဒုတိယာ- ဒုတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ပဗ္ဗဇိတမနု ပဗ္ဗဇိံသု စသည်တည်း။
၂၉။ ကမ္မပ္ပဝစနီယဟူသောအမည်သည် သက္ကတကျမ်းတို့၌လာသော နာမည်တစ်မျိုးတည်း၊ ထို့ကြောင့် ပရိ ပတိ အနု အဘိ ဥပသာရပုဒ်, ဓီ ဟူသော နိပါတ်ပုဒ်များကို ပရသမညာ ပယောဂေသုတ်ဖြင့် ကမ္မပ္ပဝစနီယ အမည်မှည့်၍ ထိုကမ္မပ္ပဝစနီယအမည်ရသော ပုဒ်တို့နှင့် ယှဉ်ရာပုဒ်၌ ဤသုတ်က ဒုတိယာဝိဘတ်သက်သည်၊ ကမ္မပ္ပဝစနီယ အဆုံးအဖြတ်မှာ အခြေပြုဉာဏ်နှင့် မသက်ဆိုင်သေး၊ ပဗ္ဗဇိတံ အနု-ဘုရားအလောင်း ရဟန်းပြုလတ်သော်၊ ပဗ္ဗဇိံသု-ရဟန်းပြုကြကုန်ပြီ။
ရုပ်တွက်။ ။ ပဗ္ဗဇိတံကို “ပဗ္ဗဇိတ”တည်, ကမ္မပ္ပဝစနီယယုတ္တေသုတ် ဖြင့် အနုဟူသော ကမ္မပ္ပဝစနီယ၏ယှဉ်ရာ ပဗ္ဗဇိတသဒ္ဒါနောင် ဒုတိယာ ဧကဝုစ် -ံ ဝိဘတ်သက်, တ် ခွင်း, ချေ, ကပ်, ပဗ္ဗဇိတံ ပြီး၏။
အမှာ။ ။ “ကမ္မပ္ပဝစနီယနှင့်ယှဉ်သည်”ဟု ဆိုရာ၌ ပုဒ်ချင်း ယှဉ်စပ် နေမှ “အယှဉ်”ဟု မမှတ်ရ, ပုဒ်ချင်းဝေးသော်လည်း အနက်သဘော အားဖြင့် ဆက်သွယ်နေလျှင် “အယှဉ်”ဟုပင် ဆိုရသည်၊ ထို့ကြောင့် “တံ ခေါ ပန ဘဂဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော” ဝါကျ၌ အဘိနှင့် ပုဒ်ချင်း ဝေးသော်လည်း “တံ ဘဂဝန္တံ ဂေါတမံ” ကို “ကမ္မပ္ပဝစနီယနှင့်ယှဉ်သည်”ဟု ဆိုနိုင်သည်။
֍ ၃၀။ ဂတိဗုဒ္ဓိဘုဇပဌဟရကရသယာဒီနံ ကာရိတေ ဝါ။ ။ ဂတိဗုဒ္ဓိဘုဇပဌဟရကရသယာဒီနံ- သွားခြင်း, သိခြင်း, စားခြင်း, ရွတ်ဆိုခြင်းအနက်ရှိသောဓာတ်, ဟရဓာတ်, ကရဓာတ်, သီအစရှိ သော အကမ္မကဓာတ်တို့၏၊ ကာရိတေ- ကာရိတ်ပစ္စည်းနှင့်ယှဉ် လတ်သော်၊ ကမ္မနိ- ကံအနက်၌၊ ဒုတိယာ- ဒုတိယာဝိဘတ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဟောတိ- ဖြစ်၏။ သာမိကော ဒါသံ ဒါသေန ဒါသဿ ဝါ ဂါမံ ဂမယတိ စသည်တည်း။
၃၀။ ဤသုတ်ကား ဂတိအနက်ရှိသော ဓာတ်စသည်တို့ ကာရိတ် ပစ္စည်းနှင့်ယှဉ်သည့်အခါ ကာရိတ်ကံ၌ ဒုတိယာဝိဘတ်ကို ဝိကပ်အားဖြင့် သက်ရမည်ဟု ပြသောသုတ်တည်း၊ “သာမိကော ဒါသံ ဂါမံ ဂမယတိ”၌ ဒါသံကား ဒုတိယာဝိဘတ်သက်ထားသော ပုံစံတည်း၊ ဒုတိယာဝိဘတ် မသက်သောအခါ ကတ္တရိ စသုတ်၌ စသဒ္ဒါဖြင့် တတိယာဖြစ်စေ, ဒုတိယာ ပဉ္စမီနဉ္စသုတ်ဖြင့် ဆဋ္ဌီဝိဘတ်ဖြစ်စေ သက်ရမည်၊ ဒါသေန, ဒါသဿတို့ ကား တတိယာဝိဘတ်နှင့် ဆဋ္ဌီဝိဘတ်သက်ထားသော ပုံစံများတည်း၊ ဟတတိယာနှင့် ဆဋ္ဌီကို တချို့က ကံအနက်၌, တချို့က ကတ္တားအနက်၌ သက်၏ဟု ဝါဒကွဲသည်။]
မှတ်ချက်။ ။ ဤသုတ်၌ ဂတိဖြင့် ဂမုဓာတ်တစ်ခုသာမက, ဂတိ အနက်ရှိသော (ဓာတ်နက်ဆိုရာ၌ “ဂတိမှိ”ဟု ဆိုရသော) ဓာတ်များကို ယူ၊ ဗုဒ္ဓိ ဘုဇ ပဌတို့ဖြင့်လည်း သိခြင်း စားခြင်း ရွတ်ဆိုခြင်းအနက်ရှိသော ဓာတ်အားလုံးကို ယူ၊ သယဖြင့်လည်း သီအစရှိသော အကမ္မက (ကံမရှိ သော)ဓာတ်များကို ယူ၊ ဤသုတ်၌ ပြအပ်သော ဓာတ်တို့၏ ကာရိတ်ကံ၌ ဒုတိယာ အမြဲမဟုတ်သောကြောင့် တတိယာ ဆဋ္ဌီများလည်း သက်ရသည်၊ ပုံစံကို နောင်ခါ သိလတ္တံ့။
အမှာ။ ။ ဤသုတ်၌ ပြအပ်သော ဓာတ်မှတစ်ပါးသော ဓာတ်တို့ဝယ် ကာရိတ်ပစ္စည်းနှင့်ယှဉ်ရာ၌ ဒုတိယာ မသက်ရ, ဓာတ်ကတ္တားအနေအား ဖြင့် တတိယာသက်စေလို၏၊ သို့သော် ပိဋကတော်မှာ ဤသုတ်အဆိုတွင် မပါဝင်သော ဓာတ်တို့၏ ကာရိတ်ပစ္စည်းနှင့် ယှဉ်ရာ၌လည်း ဒုတိယာ ရှိသည်ဟု ဆရာတို့ မိန့်ကြသည်။
ရုပ်တွက်။ ။ ဒါသံကို “ဒါသ”တည်, ကိုဟူ၍ အနက်ပေးသောကြောင့် ယံ ကရောတိ တံ ကမ္မံသုတ်ဖြင့် ဒါသကို ကံအမည်မှည့်, ဂတိဗုဒ္ဓိဘုဇပဌ ဟရကရသယာဒီနံ ကာရိတေ ဝါသုတ်ဖြင့် ဒုတိယာ ဧကဝုစ် -ံ ဝိဘတ် သက်, သ် ခွင်း, ချေ, ကပ်, ဒါသံ ပြီး၏။ [ဒါသေန, ဒါသဿတို့ကား ဤသုတ်အရာ မဟုတ်။]
֍ ၃၁။ သာမိသ္မိံ ဆဋ္ဌီ။ ။ သာမိသ္မိံ- သာမီအနက်၌၊ ဆဋ္ဌီ- ဆဋ္ဌီ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ တဿ ဘိက္ခုနော ပတ္တော စသည်တည်း။
၃၁။ တဿ ဘိက္ခုနော-ထိုရဟန်း၏၊ ပတ္တော-သပိတ်၊ ဤ၌ တဿ ဘိက္ခုနောကား ဥစ္စာရှင်ဖြစ်သောကြောင့် “သာမီ”တည်း၊ ပတ္တောကား ဥစ္စာဖြစ်သောကြောင့် “သံ”တည်း၊ တဿ ဘိက္ခုနောနှင့် ပတ္တောတို့၏ “သာမီ-သံ”အဖြစ်ဖြင့် ဆက်စပ်ခြင်း (တော်စပ်ခြင်း)ကို သမ္ဗန်ဟု ခေါ်၏၊ ထိုသမ္ဗန်အနက်၌သာ ဆဋ္ဌီဝိဘတ် သက်ရ၏၊ သို့သော် သာမီပုဒ်နောင် သက်ရသောကြောင့် သက်ရာပုဒ်ကို စွဲ၍ “သာမိသ္မိံ-သာမီအနက်၌”ဟု ဆိုရလေသည်။ [ရုပ်တွက်ပုံကို ယဿ ဝါ ပရိဂ္ဂဟော တံ သာမီသုတ်၌ ပြခဲ့ပြီ။]
֍ ၃၂။ သြကာသေ သတ္တမီ။ ။ သြကာသေ- သြကာသကာရက ၌၊ သတ္တမီ- သတ္တမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဂမ္ဘီရေ သြဒကန္တိကေ, ပါပသ္မိံ ရမတိ မနော စသည်တည်း။
၃၂။ ဂမ္ဘီရေ-နက်သော၊ သြဒကန္တိကေ-ရေ၏အနီးဖြစ်သော တွင်း၌၊ နိဓိံ-ရွှေအိုးကို၊ နိဓေတိ-မြှုပ်၏၊ (ခုဒ္ဒကပါဌ, နိဓိကဏ္ဍပါဠိတော်၊ ရှေးက အနက်ပေး မှား၏၊) ပါပသ္မိံ-မကောင်းမှု၌၊ မနော-စိတ်သည်၊ ရမတိမွေ့လျော်၏၊ ဂမ္ဘီရ, သြဒကန္တိက, ပါပ တည်၍ ၃ ရုပ်လုံး ယော ဓာရော တမောကာသံသုတ်၌ တွက်ခဲ့သည့်အတိုင်း ရုပ်တွက်လေ။
၃၃။ ဤသုတ်ကား သာမီသဒ္ဒါစသည်တို့နှင့်ယှဉ်ရာပုဒ်၌ ဆဋ္ဌီ သတ္တမီ ဝိဘတ် ၂ မျိုးသက်သုတ်တည်း၊ ဂေါဏာနံ-နွားတို့၏၊ သာမီ-အရှင်တည်း၊ ဂေါဏေသု-နွားတို့၌၊ သာမီ-အရှင်တည်း၊ ဂေါဏာနံ ဂေါဏေသု ဣဿရော, အဓိပတိ, ဒါယာဒေါ, သက္ခိ, ပတိဘူ, ပသုတော, ကုသလော ဟူသည်တည်း၊ ဣဿရော-အစိုးရသူတည်း၊ အဓိပတိ-အရှင်တည်း၊ ဒါယာဒေါ-အမွေခံဆွေမျိုးတည်း၊ သက္ခိ-မျက်မှောက်တည်း၊ ပတိဘူ-ဝန်ခံ တည်း၊ ပသုတော-မွေးဖွားသောသားတည်း၊ ကုသလော-လိမ်မာသော ဆရာတည်း။
֍ ၃၃။ သာမိဿရာ.ဓိပတိဒါယာဒသက္ခိပတိဘူပသုတ ကုသလေဟိ စ။ ။ သာမိဿရာ.ဓိပတိဒါယာဒသက္ခိပတိဘူ ပသုတကုသလေဟိ စ- သာမီ, ဣဿရ, အဓိပတိ, ဒါယာဒ, သက္ခိ, ပတိဘူ, ပသုတ, ကုသလသဒ္ဒါတို့နှင့်လည်း၊ ယောဂေ- ယှဉ်ရာ၌၊ ဆဋ္ဌီ- ဆဋ္ဌီဝိဘတ်သည်လည်းကောင်း၊ သတ္တမီ- သတ္တမီ ဝိဘတ်သည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ ဂေါဏာနံ သာမီ, ဂေါဏေသု သာမီ စသည်တည်း။
ရုပ်တွက်။ ။ ဂေါဏာနံကို “ဂေါဏ”တည်, သာမိဿရာ.ဓိပတိဒါယာဒ သက္ခိပတိဘူပသုတကုသလေဟိ စသုတ်ဖြင့် ဆဋ္ဌီဗဟုဝုစ် နံဝိဘတ်သက်, ဏ၏အစိတ် ၊ ကို -ါ ဒီဃပြု, ဂေါဏာနံ ပြီး၏။ [ဂေါဏေသု၌ ဤသုတ်ဖြင့် သုဝိဘတ် သက်။]
၃၄။ နိဒ္ဓါရဏအနက်၌ ဆဋ္ဌီ သတ္တမီဝိဘတ်သက်သော သုတ်တည်း၊ နီဟရိတွာ ဓာရဏံ နိဒ္ဓါရဏံ၊ နီဟရိတွာ-ထုတ်၍၊ ဓာရဏံ-ဆောင်ခြင်း သည်၊ နိဒ္ဓါရဏံ-နိဒ္ဓါရဏ မည်၏၊ အများပေါင်းထားသည့်အထဲမှ ဇာတ်, ဂုဏ်, ကြိယာ (၃ မျိုးတွင်) တစ်မျိုးမျိုးကို စွဲ၍ သီးခြားထုတ်ခြင်းကို နိဒ္ဓါရဏဟု ခေါ်သည်၊ ဂါဝီနံ-နွားမတို့တွင် (ဂါဝီသု-နွားမတို့တွင်၊) ကဏှာ-နွားနက်မသည်၊ သမ္ပန္နခီရတမာ-အလွန်ချိုသော နို့ရည်ရှိ၏။
֍ ၃၄။ နိဒ္ဓါရဏေ စ။ ။ နိဒ္ဓါရဏေ စ- နိဒ္ဓါရဏအနက်၌လည်း၊ ဆဋ္ဌီသတ္တမိယော- ဆဋ္ဌီဝိဘတ်, သတ္တမီဝိဘတ်တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကဏှာ ဂါဝီနံ သမ္ပန္နခီရတမာ, ကဏှာ ဂါဝီသု သမ္ပန္နခီရတမာ စသည်တည်း။
ဤပုံစံ၌ အဖြူ အနီ အနက် စသော နွားမအမျိုးမျိုးထဲမှ နက်သော နွားမတစ်မျိုးကို ခွဲထုတ်ခြင်းသည် နိဒ္ဓါရဏမည်၏၊ ဇာတိနိဒ္ဓါရဏစသော အပြားနှင့် နိဒ္ဓါရဏသမုဒါယ စသော ခွဲခြားချက်ကို ရူပသိဒ္ဓိဘာသာဋီကာ မှာ ရှု၊ မှတ်နှင့်ရန်ကား…
[ဆောင်]၁။ ခွဲထုတ်ဖို့ရာ, အပေါင်းမှာ, မှတ်ပါ နိဒ္ဓါရဏသမုဒါယ။၂။ ခွဲထုတ်အပ်ငြား, အစိတ်များ, မှတ်သား နိဒ္ဓါရဏိယ။
၃။ ခွဲထုတ်ဖို့ရန်, အကြောင်းခံ, မှတ်ရန် နိဒ္ဓါရဏဟေတုပြ။
၄။ ခွဲ၍ထုတ်ခြင်း, သရုပ်သွင်း, မယွင်း နိဒ္ဓါရဏ။
ရုပ်တွက်။ ။ ဂါဝီနံကို “ဂါဝီ”တည်, တို့တွင်ဟူ၍ အနက်ပေးသော ကြောင့် နိဒ္ဓါရဏအနက်ကို အလိုရှိရကား နိဒ္ဓါရဏေ စသုတ်ဖြင့် နိဒ္ဓါရဏ အနက်၌ ဆဋ္ဌီဗဟုဝုစ် နံဝိဘတ်သက်, ဂါဝီနံ ပြီး၏။ [သုဝိဘတ်သက်လျှင် ဂါဝီသု ဟု ဖြစ်၏။]
֍ ၃၅။ အနာဒရေ စ။ ။ အနာဒရေ စ- အနာဒရကြိယာကို လည်း၊ ဂမျမာနေ- သိအပ်သည်ရှိသော်၊ အနာဒရိယတော- အနာဒရိယလိန်မှ နောက်၌၊ ဆဋ္ဌီသတ္တမီယော- ဆဋ္ဌီဝိဘတ်, သတ္တမီဝိဘတ်တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ရုဒတော ဒါရကဿ ပဗ္ဗဇိ ပိတာ, ရုဒတိ ဒါရကေ ပဗ္ဗဇိ ပိတာ စသည်တည်း။
၃၅။ န+အာဒရော အနာဒရော၊ အာဒရော-အလေးပြုခြင်း, ဂရုစိုက် ခြင်းသည်၊ န- မဟုတ်၊ အနာဒရော- အလေးမပြုခြင်း, ဂရုမစိုက်ခြင်း၊ တစ်ဝါကျတည်း၌ ကြိယာ၂ ခုရှိရာဝယ် ရှေ့ကြိယာသည် နောက်ကြိယာ၏ အမှတ်အသားလည်း ဖြစ်၏၊ နောက်ကြိယာ၏ဖြစ်မှုကို စဉ်းစားကြည့်လျှင် အလေးမပြု ဂရုမစိုက်သောသဘောလည်း ပါနေ၏၊ ထို နောက်ကြိယာကို အနာဒရဟု ခေါ်သည်။
ပုံစံ။ ။ ဒါရကဿ-သားကလေးသည်၊ ရုဒတော-ငိုနေစဉ်၊ (ဒါရကေသည်၊ ရုဒတိ-ငိုနေစဉ်)၊ ပိတာ-အဘသည်၊ ပဗ္ဗဇိ-ရဟန်းပြု၏၊ မြန်မာလို “သားကလေး ငိုနေတုန်း, အဖေ ရဟန်းပြုသွားသည်”ဟူလို၊ ဤပုံစံ၌ ငိုခြင်းကြိယာ, ရဟန်းပြုခြင်းကြိယာဟု ကြိယာ၂ ခု ရှိ၏၊ ငိုခြင်းကြိယာ သည် ရဟန်းပြုခြင်းကြိယာ၏ အမှတ်အသားလည်း ဟုတ်၏၊ ရဟန်း ပြုခြင်းကြိယာကို စဉ်းစားကြည့်လျှင် အဖေသည် သားကလေး ငိုနေမှုကို မငဲ့ မရှု ဂရုမစိုက်ကြောင်း ထင်ရှား၏၊ ဤကဲ့သို့ ရှေ့ကြိယာဖြင့် နောက် ကြိယာကို မှတ်သား၍ အလေးမပြု ဂရုမစိုက်ခြင်းသဘောပါသော အရာ ကိုသာ အနာဒရ ဆိုရမည်။
ထိုကဲ့သို့ အနာဒရသဘောမပါဘဲ ကြိယာ၂ ခု ပြိုင်တူဖြစ်နေသော အရာကို မြန်မာလို “စဉ်”ဟု အနက်ဆိုကြသော်လည်း အနာဒရမဟုတ်၊ ဘဂဝါ ဇေတဝနေ ဝိဟရန္တော ကထေသိ၊ ဘဂဝါ-မြတ်စွာဘုရားသည်၊ ဇေတဝနေ-ဇေတဝန်တိုက်တော်၌၊ ဝိဟရန္တော-နေတော်မူလတ်သော်၊ ဝါနေတော်မူစဉ်, နေတော်မူခိုက်, နေတော်မူတုန်း၊ ကထေသိ-ဟောတော်မူပြီ၊ ဤပုံစံ၌ နေခြင်းကြိယာ, ဟောခြင်းကြိယာ၂ မျိုး ပြိုင်၏၊ နေခြင်းကြိယာ သည် ဟောခြင်းကြိယာ၏ အမှတ်အသား ဖြစ်၏၊ မလေးစားသော အနာဒရသဘော မပါသောကြောင့် အနာဒရကား မဟုတ်၊ ယခုကာလ၌ ကြိယာ၂ ခု ပြိုင်တူဖြစ်၍ “စဉ်”ဟု အနက်ဆိုရသမျှကို အနာဒရဟု ယူကြသည်။
အနက် ၄ ပါး ခွဲခြားချက်။ ။ “အနာဒရ-အနာဒရဝန္တ-အနာဒရိယ-အနာဒရိယဝန္တ, ဤလေးဝ, တကွ ရှိစမြဲ”နှင့်အညီ အနာဒရနှင့်စပ်၍ ၄ မျိုးသော အနက်ကို မှတ်အပ်၏၊ ရုဒတော ဒါရကဿ ပဗ္ဗဇိ ပိတာ၊ ဤပုံစံ၌ ပဗ္ဗဇိသည် ဂရုမစိုက်ခြင်းသဘောပါသောကြောင့် အနာဒရတည်း၊ ပိတာကား အနာဒရကြိယာရှိသောကြောင့် အနာဒရဝန္တတည်း၊ (ဂုဏ်ရှိ သူကို ဂုဏဝန္တ ခေါ်သကဲ့သို့တည်း၊) ရုဒတောသည် ဂရုမစိုက်အပ်သော ကြိယာဖြစ်၍ အနာဒရိယတည်း၊ ဒါရကဿကား ထိုအနာဒရိယကြိယာ ရှိသောကြောင့် အနာဒရိယဝန္တတည်း၊ ဤသို့ အနာဒရဆိုင်ရာတိုင်းမှာ ၄ မျိုး ခွဲခြားထား၏။
ဆက်ဦးအံ့ … အနာဒရကြိယာ၏ ကံ ကတ္တားကို အနာဒရဝန္တ, အနာဒရိယကြိယာ၏ ကံ ကတ္တားကို အနာဒရိယဝန္တဟုမှတ်၊ ဒါရကဿ၌ ဆဋ္ဌီဝိဘတ် သက်ထားသော်လည်း “ရုဒတော”အရ ရောဒနကြိယာ၏ ကတ္တားဖြစ်သောကြောင့် “သည်”ဟု ကတ္တားအနက်ပေးရသည်၊ ဒါရကေ ၌လည်း နည်းတူ၊ ဤခွဲပြချက်ကို ကြည့်လျှင် ဆဋ္ဌီဝိဘတ်သည် အနာဒရ ကြိယာနောင် မသက်, အနာဒရိယနောင်သာ သက်သည်ကို တွေ့ရမည်၊ သို့အတွက် “အနာဒရေ-အနာဒရကြိယာကို၊ ဂမျမာနေ-သော်၊ အနာဒရိ ယတော-အနာဒရိယလိန်မှ နောက်၌”ဟု သုတ်နက်ဆိုရသည်။
ရုပ်တွက်။ ။ ရုဒတောကို “ရုဒန္တ”တည်, စဉ်ဟူ၍ အနက်ပေးရသော ကြောင့် အနာဒရေ စသုတ်ဖြင့် ရုဒန္တနောင် ဆဋ္ဌီဧကဝုစ် သဝိဘတ်သက်, သေသေသု န္တုဝသုတ်ဖြင့် န္တကို န္တုကဲ့သို့ စီရင်လေဟု ညွှန်ပြသောကြောင့် တောတိတာ သသ္မိံနာသု သုတ်ဖြင့် ဝိဘတ်နှင့်တကွ န္တကို တောပြု, ရုဒတော ပြီး၏။ [ရုဒတိ၌ ဤသုတ်ဖြင့် သ္မိံဝိဘတ်သက်၍ တောတိတာ သသ္မိံနာသုသုတ်ဖြင့် သ္မိံဝိဘတ်နှင့်တကွ န္တကို တိပြုလေ။]
အမှာ။ ။ ပဓာနပုဒ်ကို ယူလျှင် အပဓာနပုဒ်များသည်လည်း ယူပြီး ဖြစ်သောကြောင့် ရုဒတော ရုဒတိဟူသော ပဓာနပုဒ်နှင့် အတူ ဒါရကဿ ဒါရကေဟူသော အပ္ပဓာနပုဒ်၌လည်း ဤသုတ်ဖြင့်ပင် ဝိဘတ်သက်ရသည်။
֍ ၃၆။ ကွစိ ဒုတိယာ ဆဋ္ဌီန.မတ္ထေ။ ။ ဆဋ္ဌီနံ- ဆဋ္ဌီဝိဘတ်တို့၏၊ အတ္ထေ- အနက်၌၊ ကွစိ- အချို့အရာ၌၊ ဒုတိယာ- ဒုတိယာဝိဘတ် သည်၊ ဟောတိ- ဖြစ်၏။ အပိဿု မံ အဂ္ဂိဝေဿန တိဿော ဥပမာ ပဋိဘံသု စသည်တည်း။
၃၆။ ဆဋ္ဌီဝိဘတ်၏ “၏”ဟူသော အနက်၌ ဒုတိယာဝိဘတ် သက်ရ သော သုတ်တည်း၊ အဂ္ဂိဝေဿန- အဂ္ဂိဝေဿန၊ အပိဿု- စင်စစ်၊ တိဿော-၃ မျိုးကုန်သော၊ ဥပမာ-ဥပမာတို့သည်၊ မံ-ငါ၏(ဉာဏ်၌)၊ ပဋိဘံသု-ထင်လာကုန်ပြီ။
ရုပ်တွက်။ ။ မံကို “အမှ”တည်, ၏ဟူ၍ အနက်ပေးသောကြောင့် သာမီအနက်ကို အလိုရှိရကား ကွစိ ဒုတိယာဆဋ္ဌီန.မတ္ထေသုတ်ဖြင့် ဆဋ္ဌီ အနက်၌ ဒုတိယာ ဧကဝုစ် အံဝိဘတ်သက်, တံမမံမှိသုတ်ဖြင့် အံဝိဘတ် နှင့်တကွ အမှသဒ္ဒါကို မံ ပြု, ပြီး၏။
֍ ၃၇။ တတိယာသတ္တမီနဉ္စ။ ။ တတိယာသတ္တမီနံ- တတိယာ သတ္တမီဝိဘတ်တို့၏၊ အတ္ထေ စ- ၌လည်း၊ ကွစိ- ၌၊ ဒုတိယာ- ဒုတိယာဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သစေ မံ သမဏော ဂေါတမော အာလပိဿတိ, ပုဗ္ဗဏှသမယံ, ဧကံ သမယံ စသည်တည်း။
၃၇။ “နှင့်”ဟု ဆိုရသော တတိယာဝိဘတ်၏အနက်, “၌”ဟု ဆိုရ သော သတ္တမီဝိဘတ်၏အနက်များဝယ် ဒုတိယာဝိဘတ်သက်သောသုတ် တည်း၊ သမဏော ဂေါတမော-ရဟန်းဂေါတမသည်၊ မံ-ငါနှင့်၊ သစေ အာလပိဿတိ-အကယ်၍ စကားပြောအံ့၊ ပုဗ္ဗဏှသမယံ-နံနက်အခါ၌၊ ဧကံ-တစ်ပါးသော၊ သမယံ-အခါ၌။
ရုပ်တွက်။ ။ မံကို “အမှ”တည်, နှင့်ဟူ၍ အနက်ပေးသောကြောင့် တတိယာသတ္တမီနဉ္စသုတ်ဖြင့် တတိယာအနက်၌ ဒုတိယာ ဧကဝုစ် အံဝိဘတ်သက်, တံ မ.မံမှိသုတ်ဖြင့် ဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မံ ပြု, ပြီး၏။ [ပုဗ္ဗဏှသမယံကို ပုဗ္ဗဏှသမယတည်, တတိယာသတ္တမီနဉ္စ သုတ်ဖြင့် သတ္တမီဝိဘတ်၏အနက်၌ ဒုတိယာ ဧကဝုစ် -ံ ဝိဘတ်သက်၊ ဧကံ ကို ဧက တည်၊ သမယံ ကို သမယ တည်, နည်းတူ။]
֍ ၃၈။ ဆဋ္ဌီ စ။ ။ တတိယာသတ္တမီနံ- တတိယာ သတ္တမီဝိဘတ် တို့၏၊ အတ္ထေ- အနက်၌၊ ဆဋ္ဌီ စ- ဆဋ္ဌီဝိဘတ်သည်လည်း၊ ဟောတိ- ဖြစ်၏။ ကတော မေ ကလျာဏော, ကုသလာ, နစ္စ ဂီတဿ သိက္ခိတာ စာတုရိတ္ထိယော စသည်တည်း။
၃၈။ မေ-ငါသည်၊ ကလျာဏော-ကောင်းမှုကို၊ ကတော-ပြုအပ်ပြီ၊ ဤပုံစံဝယ် တတိယာဝိဘတ်၏ အဝုတ္တကတ္တား၌ ဆဋ္ဌီဝိဘတ်သက်၍ “မေ”ဟု ဖြစ်၏၊ ဤကတ္တားမျိုးကို ဆဋ္ဌီကတ္တားဟု ခေါ်သည်၊ တတိယာ ကတ္တား၏ ကိုယ်စားလှယ်ဖြစ်သော ကတ္တားတည်း။
[ဆောင်] ဆဋ္ဌီကတ္တား, ရံခါငြားမူ, ကတ္တားတတိယာနှင့် တူမြဲတည်း။
ပုံစံ။ ။ နစ္စဂီတဿ-ကခြင်း သီဆိုခြင်း၌၊ ကုသလာ-ကျွမ်းကျင်ကုန် သော၊ စာတုရိတ္ထိယော (စာတုရာ+ဣတ္ထိယော)-တင့်တယ်သောမိန်းမတို့ သည်၊ ဤကား သတ္တမီဝိဘတ်တို့၏အနက်၌ ဆဋ္ဌီသက်ပုံတည်း။
ရုပ်တွက်။ ။ မေကို “အမှ”တည်, သည်ဟူ၍အနက်ပေးသောကြောင့် ကတ္တားအနက်ကို အလိုရှိရကား ဆဋ္ဌီ စသုတ်ဖြင့် တတိယာဝိဘတ်၏ အနက်၌ ဆဋ္ဌီ ဧကဝုစ် သဝိဘတ်သက်, တေမေကဝစနေသု စ သုတ်ဖြင့် ဝိဘတ်နှင့်တကွ အမှသဒ္ဒါကို မေပြု, ပြီး၏။ [“နိစ္စဂီတ”တည်, ၌ဟူ၍ အနက်ပေးသောကြောင့် ဆဋ္ဌီ စသုတ်ဖြင့် သတ္တမီဝိဘတ်၏အနက်၌ ဆဋ္ဌီဧကဝုစ် သ ဝိဘတ်သက်, သ် လာ, နစ္စဂီတဿ ပြီး၏။]
֍ ၃၉။ ဒုတိယာပဉ္စမီနဉ္စ။ ။ ဒုတိယာပဉ္စမီနံ- ဒုတိယာ ပဉ္စမီ ဝိဘတ်တို့၏၊ အတ္ထေ စ- အနက်၌လည်း၊ ကွစိ- အချို့အရာ၌၊ ဆဋ္ဌီ- ဆဋ္ဌီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ တဿ ဘဝန္တိ ဝတ္တာရော,အဿဝနတာယ ဓမ္မဿ ပရိဟာယန္တိ စသည်တည်း။
၃၉။ တဿ-ထိုသူ့ကို၊ ဝတ္တာရော-ပြောဆိုမည့်သူတို့သည်၊ ဘဝန္တိဖြစ်ကုန်၏ (ရှိကုန်၏)၊ ဤကား ဒုတိယာဝိဘတ်၏ ကံအနက်၌ တဿဟု ဆဋ္ဌီသက်သော ပုံစံတည်း၊ ဤသို့ ဆဋ္ဌီဝိဘတ်သက်၍ “ကို”ဟု အနက် ပေးရသော ကံကို ဆဋ္ဌီကံဟု ခေါ်၏၊ ဆဋ္ဌီကတ္တားသည် အဝုတ္တကတ္တား ဖြစ်သကဲ့သို့ ဆဋ္ဌီကံလည်း အဝုတ္တကံပင်တည်း။
[ဆောင်] ဆဋ္ဌီကမ္မ, ရံခါပြမူ, ကမ္မဒုတိယာနှင့် တူမြဲတည်း။
ပဉ္စမီအနက်၌ ဆဋ္ဌီသက်ပုံ။ ။ အဿဝနတာယ-မနာရခြင်းကြောင့်၊ ဓမ္မဿ-တရားမှ၊ ပရိဟာယန္တိ-ဆုတ်ယုတ်ကြကုန်၏။
ရုပ်တွက်။ ။ တဿကို “တ”တည်, ကိုဟူ၍ အနက်ပေးသောကြောင့်၊ ဒုတိယာပဉ္စမီနဉ္စသုတ်ဖြင့် ဒုတိယာဝိဘတ်၏အနက်၌ ဆဋ္ဌီဧကဝုစ် သ ဝိဘတ် သက်, သ် လာ, တဿ ပြီး၏။ [ဓမ္မဿကိုလည်း တွက်လေ။]
֍ ၄၀။ ကမ္မကရဏနိမိတ္တတ္ထေသု သတ္တမီ။ ။ ကမ္မကရဏ နိမိတ္တတ္ထေသု- ကံ, ကရိုဏ်း, နိမိတ်အနက်တို့၌၊ သတ္တမီ- သတ္တမီ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သုန္ဒရာ.ဝုသော ဣမေ အာဇီဝကာ ဘိက္ခူသု အဘိဝါဒေန္တိ, ဟတ္ထေသု ပိဏ္ဍာယ စရ န္တိ, ဒီပိ စမ္မေသု ဟညတေ စသည်တည်း။
၄၀။ အာဝုသော-ငါ့ရှင်တို့၊ ဣမေ အာဇီဝကာ-ဤတက္ကဒွန်းတို့သည်၊ သုန္ဒရာ-တော်ပါပေကုန်၏၊ ဘိက္ခူသု-တို့ကို၊ အဘိဝါဒေန္တိ-ရှိခိုးကြကုန်၏၊
ဤ၌ ဘိက္ခူသုကား ဒုတိယာဝိဘတ်၏ ကံအနက်၌ သတ္တမီဝိဘတ်သက် သော ပုံစံတည်း၊ ဟတ္ထေသု-လက်တို့ဖြင့်၊ ပိဏ္ဍာယ-ဆွမ်းအလို့ငှာ၊ စရ န္တိလှည့်လည်ကြကုန်၏၊ ဤကား ကရိုဏ်းအနက်၌ “ဟတ္ထေသု”ဟု သတ္တမီ သက်သော ပုံစံတည်း၊ ဒီပိ-သစ်သတ္တဝါကို၊ စမ္မေသု-အရေတို့ကြောင့်၊ ဟညတေ-သတ်အပ်၏၊ ဤကား “ကြောင့်”ဟူသော နိမိတ်အနက်၌ “စမ္မေသု”ဟု သတ္တမီသက်သောပုံစံတည်း။
ရုပ်တွက်။ ။ ဘိက္ခူသုကို “ဘိက္ခု”တည်, တို့ကိုဟူ၍ အနက်ပေးသော ကြောင့် ကံအနက်ကို အလိုရှိရကား ကမ္မကရဏနိမိတ္တတ္ထေသု သတ္တမီ သုတ်ဖြင့် ကံအနက်၌ သတ္တမီဗဟုဝုစ် သုဝိဘတ်သက်, ု ကို ူ ဒီဃပြု, ဘိက္ခူသု ပြီး၏၊ [ဟတ္ထေသု၌ “ကရုဏ်းအနက်၌ သတ္တမီဝိဘတ်သက်” ဟု ဆို၊ စမ္မေသု၌ “နိမိတ်အနက်၌ သတ္တမီဝိဘတ်သက်” ဟု ဆို။]
֍ ၄၁။ သမ္ပဒါနေ စ။ ။ သမ္ပဒါနေ စ- သမ္ပဒါန်အနက်၌လည်း၊ သတ္တမီ- သတ္တမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ သံဃေ ဒိန္နံ မဟပ္ဖလံ စသည်တည်း။
၄၁။ သံဃေ-သံဃာအား၊ ဒိန္နံ-ပေးလှူကြောင်း ဒါနစေတနာသည်၊ မဟပ္ဖလံ-များသောအကျိုးရှိ၏၊ ဤသို့ သမ္ပဒါန်အနက်၌ သံဃေဟု သတ္တမီဝိဘတ်သက်ထားသည်။
ရုပ်တွက်။ ။ သံဃေကို “သံဃ”တည်, အားဟူ၍အနက်ပေးသော ကြောင့် သမ္ပဒါနေ စသုတ်ဖြင့် သမ္ပဒါနေ စသုတ်ဖြင့် သမ္ပဒါန်အနက်၌ သတ္တမီ ဧကဝုစ် သ္မိံဝိဘတ်သက်, ေ- ပြု, ဃ် ခွင်း, ချေ, ကပ်, သံဃေ ပြီး၏။
֍ ၄၂။ ပဉ္စမျတ္ထေ စ။ ။ ပဉ္စမျတ္ထေ စ- ပဉ္စမီဝိဘတ်၏ အပါဒါန် အနက်၌လည်း၊ သတ္တမီ- သတ္တမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ကဒလီသု ဂဇေ ရက္ခန္တိ စသည်တည်း။
၄၂။ ကဒလီသု - ငှက်ပျောပင်တို့မှ၊ ဂဇေ - ဆင်တို့ကို၊ ရက္ခန္တိ စောင့်ရှောက်ကြကုန်၏၊ ဤသို့ “တို့မှ”ဟူ၍ ဆိုရသော ပဉ္စမီဝိဘတ်၏ အနက်၌ “ကဒလီသု”ဟု သတ္တမီဝိဘတ် သက်ထားသည်။
ရုပ်တွက်။ ။ ကဒလီသုကို “ကဒလီ”တည်, တို့မှဟူ၍ အနက်ပေး သောကြောင့် ပဉ္စမျတ္ထေ စသုတ်ဖြင့် အပါဒါန်အနက်၌ သတ္တမီဗဟုဝုစ် သု ဝိဘတ်သက်, ကဒလီသု ပြီး၏။
֍ ၄၃။ ကာလဘာဝေသု စ။ ။ ကာလဘာဝေသု စ- ကာလ အနက်, ဘာဝလက္ခဏအနက်တို့၌လည်း၊ သတ္တမီ- သတ္တမီ ဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ပုဗ္ဗဏှသမယေ ဂတော, ဂေါသု ဒုယှမာနာသု ဂတော ပုရိသော စသည်တည်း။
၄၃။ တစ်ခဏ, တစ်လယ, တစ်မုဟုတ်, နံနက်, ညနေ စသော အခါများကို ကာလဟု ခေါ်၏၊ ထိုကာလအနက်ဟော သဒ္ဒါနောင် သတ္တမီ ဝိဘတ်သက်၍ “ပုဗ္ဗဏှသမယေ-နံနက်အခါ၌”ဟု ဖြစ်၏။
ရုပ်တွက်။ ။ ပုဗ္ဗဏှသမယေကို “ပုဗ္ဗဏှသမယ”တည်, ကာလ ဘာဝေသု စသုတ်ဖြင့် ကာလအနက်၌ သတ္တမီဧကဝုစ် သ္မိံဝိဘတ်သက်, သ္မိံကို ေ- ပြု၍ ရုပ်ပြီးစေ။ [“သာယနှသမယေ-ညနေချမ်းအခါ၌” ဤပုံစံ လည်း နည်းတူ။]
ဘာဝလက္ခဏ။ ။ ဘာဝဟူသည် ကြိယာတည်း၊ ထိုကြိယာသည် ထင်ရှားသော (အများနားလည်သော) ကြိယာ, မထင်ရှားသောကြိယာဟု ၂ မျိုး ရှိ၏၊ ထင်ရှားသော ကြိယာဖြင့် မထင်ရှားသော ကြိယာကို မှတ် သား၍ ပြောဆိုရိုး ရှိ၏၊ ဥပမာ - အိမ်တစ်အိမ်၌ နို့စားနွားမတွေ ရှိ၏၊ အချိန်မှန်မှန် နို့ညှစ်ရ၏၊ ထိုအိမ်က လူတစ်ယောက်မှာ ကိစ္စရှိသဖြင့် အပြင်သို့ ထွက်သွား၍ ပြန်လာ၏၊ ထိုသူ၏ ထွက်သွားရာအခါ ပြန်လာရာ အခါကို မသိ၍ တစ်စုံတစ်ယောက်က မေးလျှင် “နွားမတွေ နို့ညှစ်စက သွားသည်၊ နို့ညှစ်လည်း ပြီးရော, ပြန်လာသည်”ဟု ပြောလိုက်လျှင် “မည်သည့်အချိန်မှာသွား၍ မည်သည့်အချိန်မှာပြန်လာသည်”ဟု မေးသူ မှာ နားလည်လေသည်၊ ဤ၌ ထင်ရှားသော နို့ညှစ်ခြင်းကြိယာသည် မထင် ရှားသော သွားခြင်းကြိယာကို မှတ်သားကြောင်း “ဘာဝလက္ခဏ”တည်း။
ဘာဝဿ-မထင်ရှားသော ကြိယာကို၊ လက္ခဏံ-မှတ်သားကြောင်းဖြစ်သော ကြိယာတည်း၊ ဘာဝလက္ခဏံ-မထင်ရှားသော ကြိယာကို မှတ်သား ကြောင်း ကြိယာ၊ ဂေါသု-နွားမတို့ကို၊ ဒုယှမာနာသု-နို့ညှစ်အပ်ကုန်သော်၊ (ဝါ-နို့စ၍ ညှစ်တုန်းမှာ၊) ပုရိသော-ယောက်ျားသည်၊ ဂတော-သွား၏၊ ဂေါသု- တို့ကို၊ ဒုဒ္ဓါသု- နို့ညှစ်အပ်ကုန်ပြီးသော်၊ (ဝါ-နို့ညှစ်ပြီးချိန်မှာ၊) အာဂတော-ပြန်လာ၏။
အနက်လေးပါး ခွဲခြားချက်။ ။ “လက္ခဏ-လက္ခဏဝန္တ, လက္ချ-လက္ချဝန္တ , ဤလေးဝ, တကွ ရှိစမြဲ”ဟူသည့်အတိုင်း ၄ မျိုး ခွဲခြားရာ၏၊ ဒုယှမာနာသုသည် သွားခြင်းကြိယာကို မှတ်သားကြောင်းဖြစ်၍ လက္ခဏ ကြိယာ, ဂေါသုသည် ထိုလက္ခဏကြိယာရှိသောကြောင့် လက္ခဏဝန္တကံ, ဂတောသည် နို့ညှစ်ခြင်းကြိယာဖြင့် မှတ်သားအပ်သောကြောင့် လက္ချ ကြိယာ, ပုရိသောကား ထိုလက္ချကြိယာရှိသောကြောင့် လက္ချဝန္တကတ္တား တည်း။
အရတူ ဝိဘတ်တူ။ ။ လက္ခဏကြိယာ၏ ကံ ကတ္တားကို လက္ခဏဝန္တ ဟု ခေါ်၏၊ ထို့ကြောင့် လက္ခဏနှင့်လက္ခဏဝန္တသည် အနက်အရလည်း တူ, ဝိဘတ်လည်း တူမြဲတည်း၊ “လက္ခိတဗ္ဗံတိ လက္ချံ-မှတ်သားအပ်သော ကြိယာ”၊ လက္ချကြိယာ၏ ကံ ကတ္တားသည် လက္ချဝန္တ မည်၏၊ ထို့ကြောင့် လက္ချကြိယာသည် “ဂတော”ကဲ့သို့ ကိတ်ပုဒ်ဖြစ်အံ့, လက္ချနှင့်လက္ချဝန္တ တို့ အနက်ရလည်း တူ, ဝိဘတ်လည်း တူမြဲတည်း၊ လက္ချကြိယာသည် ဂစ္ဆတိကဲ့သို့ အာချာတ်ပုဒ် ဖြစ်အံ့, လက္ချဝန္တနှင့် အနက်အရသာ တူသည်, ဝိဘတ်ကား မတူနိုင်။
မှတ်ချက်။ ။ “အနက်တူ ဝိဘတ်တူ”ဆိုသောစကားကို ဝုတ္တကံ ကတ္တားကို ရည်ရွယ်၍ ဆိုသည်၊ အဝုတ္တကံ ကတ္တားမှာ ထုံးစံအတိုင်း ဒုတိယာ တတိယာသာတည်း၊ ထို့ကြောင့် “ဂေါပါလေန ဂေါသု ဒုယှ မာနာသု ပုရိသော မဂ္ဂံ ဂတော”ဟု အစုံအလင် ထည့်လျှင် အဝုတ္တကတ္တား ကံဖြစ်သော ဂေါပါလေန မဂ္ဂံတို့၌ လက္ခဏ လက္ချကြိယာတို့နှင့် ဝိဘတ် မတူဘဲ တတိယာ ဒုတိယာဝိဘတ်ဖြင့် ရုပ်နေရလေသည်။
ရုပ်တွက်။ ။ ဒုယှမာနာသုကို ဒုယှမာနာတည်း၊ (ကညာသု၌ ကညာ တည်သကဲ့သို့ မှတ်၊) ကာလဘာဝေသု စသုတ်ဖြင့် ဘာဝလက္ခဏအနက်၌ သတ္တမီဗဟုဝုစ် သုဝိဘတ်သက်, ဒုယှမာနာသု ပြီး၏။
အနက်သတိပြု။ ။ ဤသုတ်က လက္ခဏအနက်၌ သတ္တမီဝိဘတ် သက်သောကြောင့် မာန အန္တပစ္စည်း မပါ သတ္တမီဝိဘတ်လည်း မပါသော အရာဝယ် “သော်”ဟူ၍ အနက်မဆိုရ၊ “ဝုတ္တော-ပြောဆိုအပ်သည် ရှိသော်”ဟု သုံးစွဲသောအနက်မှာ သတ္တမီဝိဘတ်မပါသဖြင့် သဒ္ဒါနက် မဟုတ်၊ “ဝုတ္တေ-ပြောဆိုအပ်သော်”ဟု ဆိုကြသော အနက်ကား သတ္တမီ ဝိဘတ်က လက္ခဏအနက်ကို ဟောသောကြောင့် သင့်၏၊ မာန အန္တ ပစ္စည်း ပါရာ၌မူ ထို မာန အန္တတို့က လက္ခဏအနက်ကို ဟောနိုင်သော ကြောင့် မည်သည့်ဝိဘတ်ဖြင့် နေနေ လက္ခဏအနက်ကို သုံးစွဲနိုင်သည်၊ ထို့ကြောင့် “ဝုတ္တော-ပြောဆိုအပ်သည်၊ သမာနော-ဖြစ်လတ်သော်”ဟု မာနပစ္စည်း ဆုံးသောပုဒ်ဖြင့် ကူစွက်မှ သဒ္ဒါနည်းကျသည်။ [အနာဒရနှင့် လက္ခဏအထူးကို ဘာသာဋီကာမှာ ရှု။]
֍ ၄၄။ ဥပါ.ဓျာ.ဓိကိဿရဝစနေ။ ။ ဥပါဓိ- ဥပသဒ္ဒါ, အဓိသဒ္ဒါ တို့နှင့်၊ ယောဂေ- ယှဉ်ရာ၌၊ အဓိကိ.ဿရဝစနေ- အပိုအလွန် ဟူသောအနက်, အစိုးရသူ အစိုးရရှိသူဟူသောအနက်ကို ဟော သည်ရှိသော်၊ သတ္တမီ- သတ္တမီဝိဘတ်သည်၊ ဟောတိ- ဖြစ်၏။ ဥပ ခါရိယံ ဒေါဏော, အဓိ ဗြဟ္မဒတ္တေ ပဉ္စာလာ, အဓိ နစ္စေ ဂေါတမီ စသည်တည်း။
၄၄။ “ဥပါဓီဟိ”ဟု ဆိုလိုလျက် ဟိကျေသည်၊ အဓိကိဿရကိုလည်း အဓိက+ဣဿရဟု ပုဒ်ဖြတ်၊ ဣဿရသဒ္ဒါသည် အစိုးရသူ အရှင်သခင် ကိုလည်းကောင်း, မိမိအထက်က အစိုးရရှိသူ ကျေးကျွန်ကိုလည်းကောင်း ဤ ၂ နက်ကို တစ်ပြိုင်နက်ဟော၏၊ [နည်း ၄၀ လာ တန္တနည်းတည်း၊] အဓိကအနက်ကို ဟောသော ဥပသဒ္ဒါ၏ ယှဉ်ရာပုဒ်, ဣဿရအနက်ကို ဟောသော အဓိသဒ္ဒါ၏ ယှဉ်ရာပုဒ်၌ ဤသုတ်က သတ္တမီဝိဘတ် သက် သည်။
ပုံစံ။ ။ ခါရိယံ-တစ်တို့၏၊ ဥပ-အပိုအလွန်ဖြစ်သော၊ ဒေါဏောတစ်စိတ်၊ ၄ တင်းကို “တစ်တို့”ဟု ခေါ်၏၊ “၄ တင်းအပြင် တစ်စိတ်, ၄ တင်းနဲ့ တစ်စိတ်” ဟူလို။
ရုပ်တွက်။ ။ ခါရိယံကို “ခါရီ” တည်, ဥပါဓျာဓိကိဿရဝစနေ သုတ်ဖြင့် ဥပသဒ္ဒါ၏ယှဉ်ရာ ခါရီသဒ္ဒါနောင် သ္မိံဝိဘတ်သက်, -ီ ကို ပမှည့်, အဃော ရဿမေကဝစနယောသွပိ စသုတ်ဖြင့် -ီ ကို -ရဿ ပြု, ဃပတော သ္မိံ ယံ ဝါသုတ်ဖြင့် သ္မိံကို ယံပြု, ခါရိယံ ပြီး၏။
ပုံစံ။ ။ ပဉ္စာလာ-ပဉ္စာလတိုင်းသူ တိုင်းသားတို့သည်၊ ဗြဟ္မဒတ္တေဗြဟ္မဒတ်မင်း၏၊ အဓိ-ကျေးကျွန်တို့တည်း၊ ဂေါတမီ-ဂေါတမီသည်၊ နစ္စေကချေသည်အပေါင်း၏၊ အဓိ-အရှင်သခင်တည်း။
ရုပ်တွက်။ ။ ဗြဟ္မဒတ္တေကို “ဗြဟ္မဒတ္တ”တည်, ဥပဓျာဓိကိဿရ ဝစနေသုတ်ဖြင့် အဓိသဒ္ဒါ၏ယှဉ်ရာ ဗြဟ္မဒတ္တသဒ္ဒါနောင် သ္မိံသက်, သ္မာသ္မိံနံ ဝါ သုတ်ဖြင့် သ္မိံကို ေ- ပြု, တ္တ် ခွင်း, ချေ, ကပ်, ဗြဟ္မဒတ္တေ ပြီး၏။ [နစ္စေကို နစ္စ တည်၍ နည်းတူတွက်။]
စဉ်းစားဖွယ်။ ။ ဥပဒါရိယံ အဓိဗြဟ္မဒတ္တေ အဓိနစ္စေတို့ကို သမာသ် ပုဒ် ထင်ကြ၏၊ သို့သော် “ဥပသဒ္ဒါ အဓိသဒ္ဒါတို့၏ ယှဉ်ရာ စပ်ရာ”ဟု ဆိုသဖြင့် စာစပ်သည့်အခါ “ခါရိယံကား ၏ဟူ၍ အနက်ပေးသောကြောင့် ဥပ၌ သမ္ဗန်, ဥပကား သမ္ဗန္ဓီ”ဟု တစ်ပုဒ်စီခွဲခြား၍ စပ်ရမည်၊ ထို့ကြောင့် ဥပခါရိယံ စသည်မှာ သမာသ်မဟုတ် တစ်ပုဒ်စီသာတည်း။
֍ ၄၅။ မဏ္ဍိတု.ဿုက္ကေသု တတိယာ စ။ ။ မဏ္ဍိတု.ဿုက္ကေသု- ကြည်လင်ခြင်းအနက်,အားထုတ်ခြင်းအနက်တို့ကို၊ ဂမျမာနေသု- သိအပ်ကုန်သည်ရှိသော်၊ တတိယာ စ- တတိယာဝိဘတ်သည် လည်းကောင်း၊ သတ္တမီ စ- သတ္တမီဝိဘတ်သည်လည်းကောင်း၊ ဟောတိ- ဖြစ်၏။ ဉာဏေန ပသန္နော, ဉာဏသ္မိံ ပသန္နော, ဉာဏေန ဥဿုကော, ဉာဏသ္မိံ ဥဿုကော စသည်တည်း။
၄၅။ ကြည်လင်ခြင်းအနက်ဟော, အားထုတ်ခြင်းအနက်ဟောသဒ္ဒါ တို့၏ ယှဉ်ရာပုဒ်၌ တတိယာ, သတ္တမီဝိဘတ်သက်သော သုတ်တည်း၊ တထာဂတော-မြတ်စွာဘုရားသည်၊ ဉာဏေန-ဉာဏ်အားဖြင့်၊ ဉာဏသ္မိံဉာဏ်၌၊ ပသန္နော-ကြည်လင်၏၊ ဥဿုကော-အားထုတ်၏။
ရုပ်တွက်။ ။ ဉာဏေနကို “ဉာဏ”တည်, မဏ္ဍိတုဿုက္ကေသု တတိယာ စသုတ်ဖြင့် မဏ္ဍိတ ဥဿုက္က အနက်ရှိသောသဒ္ဒါတို့၏ ယှဉ်ရာ ဉာဏသဒ္ဒါ နောင် တတိယာဧကဝုစ် နာဝိဘတ်သက်, နာဝိဘတ်ကို ေ-ိနပြု, ချေ, ကပ်, ဉာဏေန ပြီး၏။ [ဉာဏသ္မိံ၌ ဤသုတ်ဖြင့် သ္မိံဝိဘတ်သက်။]
ကာရက ၆ ပါး--သတ္တိ ၆ မျိုး
၁။ ကြိယာဘိနိပ္ဖာဒနသတ္တိသည် ကတ္တုကာရက မည်၏၊ “ကြိယာကို ဖြစ်စေနိုင်သောအစွမ်းကို ကတ္တုကာရက ခေါ်သည်” ဟူလို။
၂။ ကြိယာပါပုဏနသတ္တိသည် ကမကာရက မည်၏၊ ကြိယာ=ကြိယာသည်+ပါပုဏန=ရောက်အပ် စပ်အပ်သော(ကြိယာ၏ ကပ်ရောက် ရာဖြစ်သော)+သတ္တိ=အစွမ်းတည်း။
၃။ ကြိယာသာဓကတမသတ္တိသည် ကရဏကာရက မည်၏၊ ကြိယာကို အထူးသဖြင့် ပြီးစေနိုင်သော အစွမ်းတည်း။
၄။ သမာပဒါနသတ္တိသည် သမ္ပဒါနကာရက မည်၏၊ ကြိယာကိုဖြစ်စေ, ဝတ္ထုကိုဖြစ်စေ ကောင်းစွာပေးရာဖြစ်သော အစွမ်းတည်း။
၅။ အပဂမနသတ္တိသည် အပါဒါနကာရက မည်၏၊ ဖဲရာ ရှောင်ရာ ဖြစ်သော အစွမ်းတည်း။
၆။ ပတိဋ္ဌာနသတ္တိသည် သြကာသကာရက မည်၏၊ ကြိယာ၏ မှီရာ ဖြစ်သော ကတ္တား ကံတို့၏ တည်ရာ အစွမ်းတည်း။
ဣတိ ကာရကကပ္ပော။ ။ ကာရကကပ္ပော- ကာရကပိုင်း သည်၊ ဣတိ- ပြီးပြီ။
ကာရကသုတ်နက်နှင့် ရုပ်တွက်အဓိပ္ပာယ်ပြီးပြီ။
အခြေပြုစာစပ်အချီ
ဆွေမျိုးစပ်ရာ၌ တော်စပ်သောနာမည်ကို ထုတ်ဖော်၍ “ဤ ကလေးသည် သား, ဤလူကြီးကား အဘ”ဟု ပြောသကဲ့သို့ ထို့အတူ အချင်းချင်း အဓိပ္ပာယ်ဆက်သွယ်နေသော ပုဒ်များ၏ နာမည်ကို ထုတ်ဖော်၍ ပုရိသော ဂစ္ဆတိ ၂ ပုဒ်တွင် “ပုရိသောက ဝုတ္တကတ္တား, ဂစ္ဆတိက ဝုတ္တကတ္တား၏ ကြိယာ”ဟု ပြောပြခြင်းသည် “စာစပ်” မည်၏၊ ထိုစာစပ်သည် အချို့သူတို့ ဂရုမစိုက်သလောက် ကျမ်းဂန် တု့ိ၌ အရေးရောက်၏၊ အဓိပ္ပာယ် အယူအဆ၌ စာစပ်သာလျှင် အရင်းခံ ဖြစ်၏၊ အနုသန္ဓေထွက်ဟု ခေါ်သော ကျမ်းထွက်စာပြော နည်း၌ လည်း ဤစာစပ်ပုဒ်ဆက်ကို ရှုလျက် ကျမ်းထွက် ရလေ သည်၊ ထို့ကြောင့် ယခုအခါ ပဌမာ ဒုတိယာ စသော ဝိဘတ်တို့၌ ရထိုက်သော အနက်အားလျော်စွာ ဆိုင်ရာပုံစံထုတ်၍ အတိုချုပ် စာစပ်ပုံကို ဆိုရိုးကျအောင် ညွှန်ပြပေအံ့။
မှတ်သားနှင့်ဖွယ်
၁။ ပဌမာဝိဘတ်သက်ရာ၌ လိင်္ဂတ္ထေ ပဌမာ အာလပနေ စ သုတ်တို့နှင့်အညီ ကြိယာမပါဘဲ လိန်အနက်သက်သက်ရှိရာဝယ် တုလျတ် လိင်္ဂတ်စပ်နည်း, ကြိယာနှင့်တွဲဖက်ရာ၌ ဝုတ္တကတ္တား ဝုတ္တကံစပ်နည်း, ပကတိကတ္တားစပ်နည်း, အာလုပ်စပ်နည်းများ ပါဝင်၏။
ထိုတွင် “ဧသော မေ သတ္ထာ=ဤသူကား ငါ၏ ဆရာတည်း” ကဲ့သို့ ကြိယာပုဒ် မပါရာ၌ ဧသောနှင့် သတ္ထာသည် အနက်အရ တူသောကြောင့် ၂ ပုဒ်လုံးပင် တုလျတ္ထအမည်ရထိုက်၏၊ ကံ ကတ္တား စသော အနက်ထူးမပါ, လိန်အနက်ချည်းသာဖြစ်သောကြောင့် ၂ ပုဒ်လုံးပင် လိင်္ဂတ္ထအမည်ရထိုက်၏၊ သို့သော် နာမည်ချင်း ကွဲပြား အောင် ရှေ့ပုဒ်ကို တုလျတ္ထ, ဝါ-တုလျတ်ဟုလည်းကောင်း, နောက် ပုဒ်ကို လိင်္ဂတ္ထ=လိင်္ဂတ်ဟုလည်းကောင်း နာမည်တပ်ကြသည်။
ယဿ-အကြင်ပုဒ်၏၊ တုလျော-တူသော၊ အတ္ထော-အနက် သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုပုဒ်သည်၊ တုလျတ္ထံတုလျတ်မည်၏၊ ယဿ-အကြင်ပုဒ်၏၊ လိင်္ဂတ္ထော-လိန်အနက် သည်သာ၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုပုဒ်သည်၊ လိင်္ဂတ္ထံလိင်္ဂတ္ထမည်၏။
ထိုတုလျတ် လိင်္ဂတ်စပ်ရာ၌ “အဋ္ဌ အက္ခရာ+သရာ နာမ=၈ လုံး သောအက္ခရာတို့+သရ မည်ကြ၏”ဟု နာမည်မှည့်ရာ၌ ရှေ့ပုဒ်ဝယ် အမည်သညာ ရှိသောကြောင့် “သညီနာမီဖြစ်သော တုလျတ်”ဟု နာမည်တပ်၍ နောက်ပုဒ်ကား အမည်သညာ ဖြစ်သောကြောင့် “သညာနာမဖြစ်သော လိင်္ဂတ်”ဟု နာမည်တပ်လျက် စာစပ်ကြ သည်။
[သညာ ယဿ အတ္ထီတိ သညီ, နာမံ ယဿ အတ္ထီတိ နာမီ။]
ကံ ကတ္တားစပ်နည်း၌ အာချာတ် ကံ ကတ္တားစွဲအတိုင်း ဝုတ္တကံ ပုဒ် ဝုတ္တကတ္တားပုဒ်ဖြစ်၍ ထိုနာမည်ကို ဖော်ထုတ်စပ်ပြခြင်း ဖြစ် သည်၊ ပင်ကိုမူလအနေမှ တစ်မျိုးတစ်ဖုံပြောင်းရာ၌ မူလကတ္တား ကို ပကတိ, ပြောင်းလွဲသောကတ္တားကို ဝိကတိဟုခေါ်သည်၊ အာလုပ် ကို အထူး စာစပ်လေ့ မရှိကြ, အသက်ရှိသူကို ခေါ်ရာ၌ သဇီ၀ အာလုပ်, အသက်မရှိသူကိုခေါ်ရာ၌ နိဇ္ဇီဝအာလုပ်ဟု နာမည်ကိုသာ ဖော်ထုတ်ပြကြ၏၊ သို့သော် ဘေဒစိန္တာ၌ ဗဟိဒကြိယာဝိသေသနဟု နာမည်တပ်သဖြင့် ဆရာတို့ စာစပ်လေ့ရှိကြသည်။
၂။ ဒုတိယာဝိဘတ်သက်ရာ၌ ကမ္မတ္ထေ ဒုတိယာ, ကာလဒ္ဓါန မစ္စန္တသံယောဂေ, ကမ္မပ္ပဝစနီယယုတ္တေ, ဂတိဗုဒ္ဓိ ၊ပေ၊ ကာရိတေ ဝါသုတ်တို့နှင့် အညီ စာစပ်လတ္တံ့၊ “ဧကမန္တံ နိသီဒိ” စသည်၌ ဧကမန္တံ ပုဒ်ကဲ့သို့ ကြိယာဝိသေသနစပ်နည်းလည်း ရှိ၏၊ ဤ ကြိယာ ဝိသေသနပုဒ်မျိုး၌ ပဌမာဝိဘတ်ဟုလည်း အချို့ဆုံးဖြတ်သည်။
၃။ တတိယာဝိဘတ်သက်ရာ၌ ကရဏေ တတိယာ, သဟာဒိ ယောဂေ စ, ကတ္တရိ စ, ဟေတွတ္ထေ စ, ယေနင်္ဂဝိကာရော, ဝိသေသနေ စသုတ်တို့နှင့်အညီ စာစပ်လတ္တံ့။
၄။ စတုတ္ထီဝိဘတ်သက်ရာ၌ သမ္ပဒါနေ စတုတ္ထီ, တဒတ္ထ, တုမတ္ထ သုတ်တို့နှင့်အညီ စာစပ်လတ္တံ့၊ သိလာဃစသောပုဒ်တို့နှင့် ယှဉ်ရာ၌ အနက်အားလျော်စွာ စာစပ်ရ၏၊ ထိုစာစပ်နည်းမှာ အထူးမဟုတ်, ကံအနက် ဖြစ်လျှင် ထုံးစံအတိုင်း အဝုတ္တကံ ဆိုရုံသာတည်း။
၅။ ပဉ္စမီဝိဘတ်သက်ရာ၌ အပါဒါနေ ပဉ္စမီသုတ်, ဒူရ န္တိက သုတ်လာ ဝိဘတ္တအပါဒါန်ပုဒ်, ကာရဏတ္ထေ စသုတ်တို့နှင့်အညီ စာစပ်လတ္တံ့။
၆။ ဆဋ္ဌီဝိဘတ်သက်ရာ၌ သာမိသ္မိံ ဆဋ္ဌီ, နိဒ္ဓါရဏေ စ, အနာဒရေ စသုတ်တို့နှင့်အညီ စာစပ်လတ္တံ့။
၇။ သတ္တမီဝိဘတ်သက်ရာ၌ သြကာသေ သတ္တမီ, ကမ္မကရဏ နိမိတ္တတ္ထေသု သတ္တမီ, ကာလဘာဝေသု စသုတ်တို့နှင့်အညီ စာစပ် လတ္တံ့။ [စာစပ် ဆိုရိုး၌ ဆိုပုံကို နားမလည်လျှင် ထိုထိုသုတ်ကို ပြန်ကြည့်ပါ။]
၈။ “ပစိတွာ ဘုဉ တိ”ကဲ့သို့ တွာပစ္စယန္တပုဒ်တို့သည် ကြိယာကို အထူးပြုသောကြောင့် ကြိယာဝိသေသနပုဒ်များတည်း၊ ထိုကြိယာ ဝိသေသန ပုဒ်များ၌ ပုဗ္ဗကာလ, အပရကာလ, သမာနကာလ ခွဲတတ်လျှင် ခွဲ၍ မခွဲတတ်သေးလျှင် ကြိယာဝိသေသနဟု သာမည သာ စပ်ရာ၏။
၉။ တုလျာဓိကရဏဝိသေသန တုလျာဓိကရဏဝိသေသျစပ်နည်း,
အာကာရ အာကာရဝန္တ, နိဒဿန နိဒဿနဝန္တ, နိဒဿေတဗ္ဗ နိဒဿန, သရူပ သရူပဝန္တ စပ်နည်းများလည်း ရှိသေး၏၊ ယခု ညွှန်ပြခဲ့သော အစဉ်အတိုင်း ဥဒါဟရုဏ်ပုံစံနှင့်တကွ စာစပ်ဆိုရိုး ကို ပြတော့မည်၊ စာမစပ်ဖူးသေးသောသူတို့ နှုတ်တက်ရအောင် ကျက်ပြီးလျှင် ပါဠိတော် အဋ္ဌကထာ (မိမိတို့ သင်ယူအပ်သော) ကျမ်းစာဝယ် စာစပ်ကို လေ့လာကြပါကုန်။
ပဌမာဝိဘတ်ဆိုင်ရာစာစပ်
တုလျတ်-လိင်္ဂတ်။ ။ [ဧသော မေ သတ္ထာ၊ ဧသော-ဤသူသည်၊ ဝါ-ဤသူကား၊ မေ-ငါ၏၊ သတ္ထာ-ဆရာတည်း။] ဧသောကား “သည်”ဟူ၍ အနက်ပေးသောကြောင့် သတ္ထာ၌ တုလျတ်, သတ္ထာ ကား လိင်္ဂတ်။ (“ကား”ဟူ၍ အနက်ပေးသောကြောင့်ဟု ဆို၍လည်း စပ်လေ။)
သညီနာမီ-သညာနာမ။ ။ [အဋ္ဌ အက္ခရာ သရာ နာမ] အက္ခရာ ကား “တို့သည်”ဟူ၍ အနက်ပေးသောကြောင့် သရာ နာမ၌ သညီ နာမီဖြစ်သော တုလျတ်, သရာ နာမကား သညာနာမဖြစ်သော လိင်္ဂတ်။
ဝုတ္တကတ္တား-ကြိယာ။ ။ [ပုရိသော ဂစ္ဆတိ။] ပုရိသောကား “သည်”ဟူ၍အနက်ပေးသောကြောင့် ဂစ္ဆတိ၌ တိဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် ဟောအပ်သော ဝုတ္တကတ္တား, ဂစ္ဆတိ ကား ထိုကတ္တားကို ဟောသော အာချာတ်ကြိယာဝါစက။
ပကတိဝိကတိကတ္တား-ကြိယာ။ ။ [သာမဏေရော ဥပသမ္ပန္နော
အဟောသိ၊ သာမဏေရော-သာမဏေသည်၊ ဥပသမ္ပန္နော-ရဟန်း သည်၊ အဟောသိ-ဖြစ်ပြီ။] သာမဏေရောကား “သည်” ဟူ၍ အနက် ပေးသောကြောင့် အဟောသိ၌ ဤ ဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် ဟောအပ်သော ပကတိဝုတ္တကတ္တား, ဥပသမ္ပန္နောကား“သည်”ဟူ၍ အနက်ပေးသောကြောင့် အဟောသိ ၌ ဝိကတိဝုတ္တကတ္တား, အဟောသိကား ထိုပကတိဝိကတိကတ္တားကို ဟောသော အာချာတ်ကြိယာဝါစက။
အမှာ။ ။ ပကတိဝိကတိသဘော မသက်သော အမည်သညာ ပေးရာ “အဋ္ဌ အက္ခရာ သရာ နာမ ဟောန္တိ” စသည်၌ အက္ခရာ ကား “တို့သည်”ဟူ၍ အနက်ပေးသောကြောင့် ဟောန္တိ၌ အန္တိ ဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် ဟောအပ်သော သညီနာမီဝုတ္တကတ္တား, သရာ နာမကား “တို့မည်သည်” ဟူ၍ အနက်ပေးသောကြောင့် ဟောန္တိ၌ သညာနာမ ဖြစ်သော ဝုတ္တ ကတ္တား, ဟောန္တိကား သညီနာမီ သညာနာမ ကတ္တား ၂ မျိုးကို ဟောသော အာချာတ်ကြိယာဝါစကဟု တစ်မျိုးပြင်၍ ဆိုလေ။
ဝုတ္တကံ-ကြိယာ။ ။ [မဂ္ဂေါ ဂစ္ဆီယတေ။] မဂ္ဂေါကား “ကို” ဟူ၍ အနက်ပေးသောကြောင့် ဂစ္ဆီယတေ၌ တေဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် ဟောအပ်သော ဝုတ္တကံ, ဂစ္ဆီယတေ ကား ထိုကံကို ဟောသော အာချာတ်ကြိယာဝါစက။ [ပကတိဝိကတိ ဝုတ္တကံ, သညီနာမီ သညာနာမ ဝုတ္တကံတွေ့လျှင် ဝုတ္တကတ္တားကို နည်းမှီ၍ စပ်တတ်လောက်ပြီ။]
အာလုပ်။ ။ [ဘော ပုရိသ=အို ယောက်ျား+ဂစ္ဆ=သွားလော။] ဘော ပုရိသကား သဇီဝအာလုပ်ပုဒ်တည်း၊ တစ်နည်း=ဘော ပုရိသ ကား “အို ယောက်ျား” ဟူ၍ အနက်ပေးသောကြောင့် ဂစ္ဆ၌ ဗဟိဒ္ဓ ကြိယာဝိသေသန, ဂစ္ဆကား ဗဟိဒ္ဓကြိယာဝိသေသျ။
ဒုတိယာဝိဘတ်ဆိုင်ရာစာစပ်
အဝုတ္တကံ-ကြိယာ။ ။ [မဂ္ဂံ ဂစ္ဆတိ။] မဂ္ဂံကား“ကို”ဟူ၍ အနက် ပေးသောကြောင့် ဂစ္ဆတိ၌ တိဝိဘတ်ဟူသော အာချာတ်ကြိယာ ဝါစကသည် မဟောအပ်သော အဝုတ္တကံ, ဂစ္ဆတိကား ထိုကံကို မဟောသော အာချာတ်ကြိယာဝါစက။ [မဂ္ဂံ ဂတော။] စသည်ဖြင့် ကိတ်ကြိယာနှင့်တွဲဖက်ရာ၌လည်း “တပစ္စည်းဟူသော ကိတ်ကြိယာ ဝါစကသည် မဟောအပ်သော”ဟု ဆိုရုံသာ၊ ကတ္တားအရာ၌လည်း ဤနည်းပင်တည်း။
ပကတိဝိကတိကံ-ကြိယာ။ ။ [သုဝဏ္ဏံ ကဋကံ ကရောတိ။]
သုဝဏ္ဏံကား “ကို”ဟူ၍ အနက်ပေးသောကြောင့် ကရောတိ၌ တိ ဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် မဟောအပ်သော ပကတိအဝုတ္တကံ, ကဋကံကား “ကို”ဟူ၍ အနက်ပေးသောကြောင့် ကရောတိ၌ ဝိကတိအဝုတ္တကံ, ကရောတိကား ထိုပကတိဝိကတိကံ ကို မဟောသော အာချာတ်ကြိယာဝါစက။ [ပကတိ ဝိကတိ သဘောကို “ယံ ကရောတိ တံ ကမ္မံ”သုတ်၌ ကြည့်။]
ကာလအစ္စန္တသံယောဂ-သံယောဂဝန္တ။ ။ [မာသံ+ဘုဉ္ဇတိ-တစ်လပတ်လုံး စား၏။] မာသံကား “ပတ်လုံး”ဟူ၍ အနက်ပေးသော ကြောင့် ဘုဉ္ဇတိ၌ ကာလအစ္စန္တသံယောဂ, ဘုဉ္ဇတိကား ကာလ အစ္စန္တသံယောဂဝန္တ။
အဒါအစ္စန္တသံယောဂ-သံယောဂဝန္တ။ ။ [ယောဇနံ+ဒီဃော တစ်ယူဇနာတိုင်တိုင် + ရှည်၏။] ယောဇနံကား “တိုင်တိုင်” ဟူ၍ အနက်ပေးသောကြောင့် ဒီဃော၌ အဒ္ဓါအစ္စန္တသံယောဂ, ဒီဃော ကား အဒ္ဓါအစ္စန္တသံယောဂဝန္တ။
ကမပ္ပဝစနီယ-ကမ္မပ္ပဝစနီယယုတ္တ။ ။ [ပဗ္ဗဇိတံ အနု ပဗ္ဗဇိံသု၊ အနက်ကို သုတ်နက်မှာကြည့်။] ပဗ္ဗဇိတံကား အနု၌ ကမ္မပ္ပဝစနီယ ယုတ္တ, အနုကား ကမ္မပ္ပဝစနီယ။ [ဆရာတို့ကား တစ်မျိုးဆို၍ စပ်ကြ သေး၏။]
ကာရိတ်ဆိုင်ရာ။ ။ သာမိကော ဒါသံ ဂါမံ ဂမယတိ-သခင်သည် ကျွန်ကို ရွာသို့ သွားစေ၏၊ ဤ၌ ဒါသံသည် ဂမယတိ၌ ကာရိတ် ဏယပစ္စည်းတွင် စပ်၏၊ “ကျွန်ကို+စေ”ဟူသော စကားကိုကြည့်၊ ဂါမံကား ဂမုဓာတ်၌ စပ်၏၊ “ရွာသို့ သွား”ဟူသော စကားကို စဉ်းစား၊ သာမိကောကား ကာရိတ် ဏယပစ္စည်း၏ ကတ္တားတည်း၊ “သခင်သည်+စေ”ဟူသော စကားကို စဉ်းစားကြည့်ပါ။
စာစပ်။ ။ သာမိကောကား “သည်”ဟူ၍ အနက်ပေးသောကြောင့် ဂမယတိ၌ ဏယပစ္စည်းသည် ဟောအပ်သော ကာရိတ်ဝုတ္တကတ္တား, ဂမယတိကား ထိုကတ္တားကို ဟောသော အာချာတ်ကြိယာဝါစက၊ ဒါသံကား “ကို”ဟူ၍ အနက်ပေးသောကြောင့် ဂမယတိ၌ ဏယ ပစ္စည်းသည် မဟောအပ်သော ကာရိတ်အဝုတ္တကံ, ဂမယတိကား ထိုကံကို မဟောသော အာချာတ်ကြိယာဝါစက၊ ဂါမံကား “သို့” ဟူ၍ အနက်ပေးသောကြောင့် ဂမယတိ၌ ဂမုဓာတ် တိဝိဘတ် ဟူသော အာချာတ်ကြိယာဝါစကသည် မဟောအပ်သော အဝုတ္တကံ, ဂမယတိကား ထိုကံကို မဟောသော အာချာတ်ကြိယာဝါစက။ [အဝုတ္တကံ အဝုတ္တကတ္တားများကိုလည်း ဤနည်းမှီး၍ စပ်တတ် လောက်ပြီ။]
ကြိယာဝိသေသန။ ။ [ဧကမန္တံ-သင့်တင့်လျောက်ပတ်စွာ (သင့်တင့်လျောက်ပတ်အောင်)၊ နိသီဒိ-ထိုင်နေပြီ။] ဧကမန္တံကား “စွာ”ဟူ၍ အနက်ပေးသောကြောင့် နိသီဒိ၌ ကြိယာဝိသေသန, နိသီဒိကား ကြိယာဝိသေသျ။
အမှာ။ ။ မုဒုံ-နူးနူးညံ့ညံ့၊ ပစတိ-ချက်၏၊ သုခံ-ချမ်းချမ်းသာသာ၊ သယတိ-အိပ်၏၊ ဤ၌ မုဒံ သုခံ တို့သည် ကြိယာဝိသေသနပင် ဖြစ်၏၊ မုဒုံကား “နူးနူးညံ့ညံ့”ဟူ၍ အနက်ပေးသောကြောင့်ဟု အနက်အတိုင်းဆို၍ စပ်၊ “ဒက္ခိဏာဝတ္တံ-လက်ယာရစ်လည်၍၊ ဇာနံ=ဇာနန္တော-သိလျက်၊ ယထာဗာလံ-မိုက်သည့်အလျောက်, မိုက်သည့်အလိုက်၊ သီဃံ-လျင်လျင်မြန်မြန်” စသည်ဖြင့် ကြိယာ ဝိသေသနတွေ များ၏, အနက်ရှိတိုင်းဆို၍ စာစပ်လေ။
တတိယာဝိဘတ်ဆိုင်ရာစာစပ်
ကရိုဏ်းကြိယာ။ ။ [ဒတ္တေန ဝိဟိံ လုနာတိ။] ဒတ္တေနကား “ဖြင့်”ဟူ၍ အနက် ပေးသောကြောင့် လုနာတိ၌ ကရိုဏ်း, လုနာတိ ကား ကရိုဏ်းကြိယာ။
သဟယောဂ-သဟယောဂဝန္တ။ ။ [သဟာပိ ဂဂ္ဂေန။] ဂဂ္ဂေနကား “နှင့်”ဟူ၍ အနက် ပေးသောကြောင့် သဟာပိ၌ သဟယောဂ, သဟာပိကား သဟယောဂဝန္တ။
သဟာဒိယောဂ-သဟာဒိယောဂဝန္တ။ ။ [ဝိနာပိ ဂဂ္ဂေန။] ဂဂ္ဂေန ကား“နှင့်”ဟူ၍ အနက်ပေးသောကြောင့် ဝိနာပိ၌ သဟာဒိယောဂ, ဝိနာပိကား သဟာဒိယောဂဝန္တ။
သဟတ္ထယောဂ-သဟတ္ထယောဂဝန္တ။ ။ [ကောကာလိကေန ကောကာလိကနှင့်(တကွ)၊ ပါဝိသိ-ဝင်ပြီ။] ကောကာလိကေနကား “တကွ”ဟူသောအနက်၌ သဟတ္ထယောဂ, “တကွ”ဟူသောအနက်ကား သဟတ္ထယောဂဝန္တ။
အဝုတ္တကတ္တား-ကြိယာ။ ။ [ပုရိသေန ဂစ္ဆီယတေ။] ပုရိသေန ကား “သည်” ဟူ၍ အနက်ပေးသောကြောင့် ဂစ္ဆီယတေ၌ တေ ဝိဘတ်ဟူသော အာချာတ်ကြိယာဝါစကသည် မဟောအပ်သော အဝုတ္တကတ္တား, ဂစ္ဆီယတေကား ထို ကတ္တားကို မဟောသော အာချာတ်ကြိယာဝါစက။
ဟိတ်-ဖိုလ်။ ။ [အန္နေန ဝသတိ။] အန္နေနကား “ကြောင့်” ဟူ၍ အနက်ပေးသောကြောင့် ဝသတိ၌ အကြောင်းဖြစ်သော ဟိတ်, ဝသတိကား အကျိုးဖြစ်သော ဖိုလ်။
အင်္ဂဝိကာရလက္ခဏ-လက္ချ။ ။ [အက္ခိနာ ကာဏော။] အက္ခိနာကား“ဖြင့်”ဟူ၍ အနက်ပေးသောကြောင့် ကာဏော၌ အင်္ဂဝိကာရလက္ခဏ, ကာဏောကား အင်္ဂဝိကာရလက္ချ။
ဣတ္ထမ္ဘူတလကဏ-လက္ချ။ ။ [တိဒဏ္ဍကေန ပရိဗ္ဗာဇကံ=တိဒဏ္ဍဖြင့် မှတ်အပ်သော ပရိဗ္ဗိုဇ်ကို။] တိဒဏ္ဍကေနကား “ဖြင့်” ဟူ၍ အနက်ပေးသောကြောင့် ပရိဗ္ဗာဇကံ၌ ဣတ္ထမ္ဘူတလက္ခဏ, ပရိဗ္ဗာဇကံကား ဣတ္ထမ္ဘူတလက္ချ။
ဘိန္နာဓိကရဏဝိသေသန-ဝိသေသျ။ ။ [ဂေါတ္တေန ဂေါတမော၊၊] ဂေါတ္တေနကား “အားဖြင့်”ဟူ၍အနက်ပေးသောကြောင့် ဂေါတမော ၌ ဘိန္နာဓိကရဏဝိသေသန, ဂေါတမောကား ဘိန္နာဓိကရဏ ဝိသေသျ။
အဘိန္နဝိသေသန-ဝိသေသျ။ ။ [ပရမတ္ထတော-ပရမတ္ထအားဖြင့်၊ စတုဓာ-လေးပါးပြားကုန်၏။] ပရမတ္ထတောကား “အားဖြင့်”ဟူ၍ အနက်ပေးသောကြောင့် စတုဓာ၌ အဘိန္နဝိသေသန, စတုဓာကား အဘိန္နဝိသေသျ။
ကြိယာဝိသေသန-ဝိသေသျ။ ။ [သမေန-ညီညွတ်သဖြင့် (ညီညီညွတ်ညွတ်)၊ ဓာဝတိ-ပြေး၏။] သမေနကား “သဖြင့်”ဟူ၍ အနက် ပေးသောကြောင့် ဓာဝတိ၌ ကြိယာဝိသေသန, ဓာဝတိကား ကြိယာ ဝိသေသျ။
နာမဝိသေသန-ဝိသေသျ။ ။ [ယေဘုယျေန-များသောအားဖြင့်၊ မတ္တိကာ-မြေညက်တည်း။] ယေဘုယျေနကား “အားဖြင့်”ဟူ၍ အနက်ပေးသောကြောင့် မတ္တိကာ၌ နာမဝိသေသန, မတ္တိကာကား နာမဝိသေသျ။
သရူပက္ချာဝိသေသန-ဝိသေသျ။ ။ [ပဋိသန္ဓိဘဝင်္ဂစုတိဝသေန ပဋိသန္ဓိ ဘဝင် စုတိတို့၏အပြားအားဖြင့်၊ တိကိစ္စာနိ-၃ ကိစ္စ ရှိကုန် ၏။] ပဋိသန္ဓိဘဝင်္ဂစုတိဝသေနကား “အားဖြင့်”ဟူ၍ အနက်ပေး သောကြောင့် တိကိစ္စာနိ၌ သရူပက္ချာဝိသေသန, တိကိစ္စာနိကား သရူပက္ချာဝိသေသျ။
စတုတ္ထီဝိဘတ်ဆိုင်ရာစာစပ်
သမ္ပဒါန်-သမ္ပဒါနီ။ ။ [ဘိက္ခုဿ ဒဒါတိ။] ဘိက္ခုဿကား “အား”ဟူ၍ အနက်ပေးသောကြောင့် ဒဒါတိ၌ သမ္ပဒါန်, ဒဒါတိ ကား သမ္ပဒါနီ။
တဒတ္ထသမ္ပဒါန်။ ။ [ဗုဒ္ဓဿ အတ္ထာယ ဇီဝိတံ ပရိစ္စဇာမိ။] အတ္ထာယကား “ငှာ”ဟူ၍ အနက်ပေးသောကြောင့် ပရိစ္စဇာမိ၌ တဒတ္ထသမ္ပဒါန်, ပရိစ္စဇာမိကား တဒတ္ထသမ္ပဒါန်၏ ကြိယာ။
တုမတ္ထသမ္ပဒါန်။ ။ [လောကာနုကမ္ပာယ ဗုဒ္ဓေါ လောကေ ဥပ္ပဇ္ဇတိ။] လောကာနုကမ္ပာယကား “ငှာ”ဟူ၍ အနက်ပေးသော ကြောင့် ဥပ္ပဇ္ဇတိ၌ တုမတ္ထသမ္ပဒါန်, ဥပ္ပဇ္ဇတိကား တုမတ္ထသမ္ပဒါန်၏ ကြိယာ။ [နိန္ဒိတုံ အရဟတိကိုလည်း ဤနည်းအတိုင်း စပ်။]
ပဉ္စမီဝိဘတ်ဆိုင်ရာစာစပ်
အပါဒါန်-အပါဒါနီ။ ။ [ဂါမာ အပေန္တိ။] ဂါမာကား “မှ”ဟူ၍ အနက်ပေးသောကြောင့် အပေန္တိ၌ အပါဒါန်, အပေန္တိကား အပါဒါနီ။
ဝိဘတ္တအပါဒါန်။ ။ [ယတော-အကြင်ဝိနည်းတရားတော်ထက်၊ ပဏီတတရော ဝါ - ထူးသော တရားသည်လည်း၊ နတ္ထိ - မရှိ။] ယတောကား “ထက်”ဟူ၍အနက်ပေးသောကြောင့် ပဏီတတရော ၌ ဝိဘတ္တအပါဒါန်, ပဏီတတရောကား ဝိဘတ္တအပါဒါနီ။
အမှာ။ ။ “အယံ-ဤသူသည်၊ ဣတော-ဤသူ့အောက်၊ ဟီန တရော-အထူးယုတ်မာ၏”ကဲ့သို့ “အောက်”ဟု အနက်ပေးရာ၌ လည်း ဤဝိဘတ္တအပါဒါန်ပင်တည်း၊ ဤဝိဘတ္တအပါဒါန်အနက်၌ ဆဋ္ဌီဝိဘတ်သက်၍ “အောက်, ထက်”ပေးရသော “ဆန္နဝုတီနံ ပါသဏ္ဍာနံ-၉၆ ပါးသော ပါသဏ္ဍအယူတို့ထက်၊ ပဝရံ-မြတ်၏” စသော ပုံစံများလည်း ရှိသေး၏၊ အပါဒါန်, အပါဒါနီဟု စာစပ်။
ပဉ္စမီဟိတ်-ဖိုလ်။ ။ [အဝိဇ္ဇာပစ္စယာ-အဝိဇ္ဇာဟူသောအကြောင်း ကြောင့်၊ သင်္ခါရာ-သင်္ခါရတို့သည်၊ သမ္ဘဝန္တိ-ဖြစ်ကုန်၏။] အဝိဇ္ဇာ ပစ္စယာကား “ကြောင့်”ဟူ၍ အနက်ပေးသောကြောင့် သမ္ဘဝန္တိ၌ အကြောင်းဖြစ်သော ဟိတ်, သမ္ဘဝန္တိကား အကျိုးဖြစ်သော ဖိုလ်။
ဆဋ္ဌီဝိဘတ်ဆိုင်ရာစာစပ်
သမ္ဗန်-သမ္ဗန္ဓီ။ ။ [ဘိက္ခုနော ပတ္တော။] ဘိက္ခုနောကား “၏”ဟူ၍ အနက်ပေးသောကြောင့် ပတ္တော၌ သမ္ဗန်, ပတ္တောကား သမ္ဗန္ဓီ။
နိဒ္ဓါရဏသမုဒါယ-နိဒ္ဓါရဏီယ။ ။ [ကဏှာ ဂါဝီနံ။] ဂါဝီနံကား “တို့တွင်” ဟူ၍ အနက်ပေးသောကြောင့် ကဏှာ၌ နိဒ္ဓါရဏ သမုဒါယ, ကဏှာကား နိဒ္ဓါရဏီယ။ [သုဝိဘတ်သက်၍ “တို့တွင်” ဟု အနက်ပေးရာ၌လည်း စာစပ်အတူပင်။]
အနာဒရစသော ၄ ချက်။ ။ [ရုဒတော ဒါရကဿ ပဗ္ဗဇိ ပိတာ= အနက်နှင့်အဓိပ္ပာယ်ကို သုတ်နက်မှာ ကြည့်။] ဒါရကဿကား “သည်”ဟူ၍ အနက်ပေးသောကြောင့် ရုဒတော၌ အနာဒရိယဝန္တ ဝုတ္တကတ္တား, ရုဒတောကား အနာဒရိယကြိယာ၊ ရုဒတောကား “စဉ်”ဟူ၍ အနက်ပေးသောကြောင့် ပဗ္ဗဇိ၌ အနာဒရိယ, ပဗ္ဗဇိ ကား အနာဒရ, ပိတာကား “သည်”ဟူ၍ အနက်ပေးသောကြောင့် ပဗ္ဗဇိ၌ အနာဒရဝန္တဝုတ္တကတ္တား, ပဗ္ဗဇိကား ထိုကတ္တားကိုဟော သော အနာဒရဖြစ်သော အာချာတ်ကြိယာဝါစက။
သတ္တမီဝိဘတ်ဆိုင်ရာစာစပ်
အာဓာရ-အာဓေယ်။ ။ [ပါပသ္မိံ ရမတိ။] ပါပသ္မိံကား “၌”ဟူ၍ အနက်ပေးသောကြောင့် ရမတိ၌ အာဓာရ, ရမတိကား အာဓေယ်။ [အာဓာရ၌ တည်သောအရာကို “အာဓေယ”ဟု ဆို၏၊ “ထေရောထေရ်”ဆိုသလို, အာဓေယကိုလည်း “အာဓေယ်”ဟု ဆိုသည်၊ အာဓာရီဟု ဆိုကြသည်မှာ ကျမ်းဂန်လာ မဟုတ်။]
နိမိတ်-နိမိတ္တဝန္တ။ ။ [ စမ္မေသု ဟညတေ။] စမ္မေသုကား “တို့ကြောင့်”ဟူ၍ အနက်ပေးသောကြောင့် ဟညတေ၌ နိမိတ်, ဟညတေကား နိမိတ္တဝန္တ။ [သရာ သရေ လောပံ၌ “သရေနှင့် လောပံကိုလည်း စပ်ပါ။]
အပေါင်း-အစိတ်။ ။ [ရုက္ခေ သာခါ=သစ်ပင်၌+သစ်ခက်။] ရုက္ခေကား “၌” ဟူ၍ အနက်ပေးသောကြောင့် သာခါ၌ အပေါင်း အာဓာရ, သာခါကား အစိတ်အာဓေယ်။
လက္ခဏစသော ၄ ချက်။ ။ [ဂေါသု ဒုယှမာနာသု ဂတော ပုရိသော။] ဂေါသုကား “တို့ကို” ဟူ၍ အနက်ပေးသောကြောင့် ဒုယှမာနာသု၌ လက္ခဏဝန္တဖြစ်သော ဝုတ္တကံ, ဒုယှမာနာသုကား ထိုကံကို ဟောသော လက္ခဏဖြစ်သော ကိတ်ကြိယာဝါစက။ ။ ဒုယှမာနာသုကား “သော်”ဟူ၍ အနက်ပေးသောကြောင့် ဂတော၌ လက္ခဏ, ဂတောကား လက္ချ။ ။ ပုရိသောကား “သည်”ဟူ၍ အနက်ပေးသောကြောင့် ဂတော၌ လက္ချဝန္တဝုတ္တကတ္တား၊ ဂတော ကား ထိုကတ္တားကိုဟောသော လက္ချဖြစ်သော ကိတ်ကြိယာဝါစက။
ကြိယာဝိသေသန-ဝိသေသျ။ ။ [ပစိတွာ ဘုဉ္ဇတိ။] ပစိတွာကား “၍”ဟု အနက်ပေးသောကြောင့် ဘုဉ္ဇတိ၌ ကြိယာဝိသေသန, ဘုဉ္ဇတိကား ကြိယာဝိသေသျ။ [ပစိတွာ ဘုတ္တောဟု ကိတ်ပုဒ်၌လည်း နည်းတူ။]
တုလျာဓိကရဏဝိသေသန-ဝိသေသျ။ ။ [မဟန္တော ပုရိသော၊၊] မဟန္တောကား “သော”ဟူ၍ အနက်ပေးသောကြောင့် ပုရိသော၌ တုလျာဓိကရဏဝိသေသန, ပုရိသောကား တုလျာဓိကရဏ ဝိသေသျ။ [“သော”ဟု အနက်ပေးရသော ဝိသေသနမှန်လျှင် ဤနည်းအတိုင်း စပ်။]
အာကာရ-အာကာရဝန္တ။ ။ [အခြင်းအရာ အမျိုးမျိုးကို အာကာရ ဟု ခေါ်၏၊ တွာပစ္စည်းမပါဘဲ “ဟူ၍”အနက်ပေးလျှင် အာကာရဟု မှတ်၊ ပုဗ္ဗကရဏန္တိ + ဝုစ္စတိ = ပုဗ္ဗကရဏဟူ၍ + ဆိုအပ်၏။] ပုဗ္ဗကရဏန္တိကား “ဟူ၍” ဟု အနက်ပေးသောကြောင့် ဝုစ္စတိ၌ အာကာရ, ဝုစ္စတိကား အာကာရဝန္တ။
နိဒဿန-နိဒဿနဝန္တ။ ။ [လက်ညှိုးညွှန်ပြသကဲ့သို့ “ဤသို့”ဟု ညွှန်ပြသောပုဒ်ကို နိဒဿနဟု ခေါ်၏၊ ဣတိ + စတုဓာ = ဤသို့+ လေးပါးပြားကုန်၏။] ဣတိကား “ဤသို့” ဟူ၍ အနက်ပေးသော ကြောင့် စတုဓာ၌ နိဒဿန, စတုဓာကား နိဒဿနဝန္တ။ [ဧဝံ ဝေဒိတဗ္ဗံ=ဤသို့+သိအပ်၏၊ ဣစ္စေဝံ-ဤသို့+ဝုတ္တနယေန-ဆိုအပ် ပြီးသော နည်းဖြင့်၊…စသော ပုဒ်များလည်း နည်းတူ။]
နိဒဿေတဗ္ဗ-နိဒဿန။ ။ [ဣတိက ညွှန်ပြအပ်သောအရာကို နိဒဿေတဗ္ဗဟု ခေါ်၏၊ စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမီတိ။] စိတ္တံ ကား “လည်းကောင်း” ဟူ၍ အနက်ပေးသောကြောင့် ဣတိ၌ နိဒဿေတဗ္ဗ, ဣတိကား နိဒဿန။
သရူပ-သရူပဝန္တ။ ။ [သရုပ်ပြပုဒ်ကို သရူပဟု ခေါ်၏၊ ဒွေ ဓမ္မာ နာမံ ရူပံ=နာမ်ရုပ်ဟူသောတရား၂ ပါးတို့။] နာမံကား “နာမ် လည်းကောင်း” ဟူ၍ အနက်ပေးသောကြောင့် ဒွေ ၌ သရူပ, ဒွေ ကား သရူပဝန္တ။ [ရူပံလည်း နည်းတူ၊ သရူပကို သင်္ချေယျ, သရူပဝန္တ ကို သင်္ချာ ဟု ဆို၍လည်း စပ်ကြ၏။]
ထို့ပြင် “ဟောတိ ယထာ-ဖြစ်သကဲ့သို့၊ တထာ-ထို့အတူ စသည် ဖြင့် လာရာ၌ ယထာသဒ္ဒါ, ဣဝသဒ္ဒါ, ဝိယသဒ္ဒါကား ဥပမာန ဇောတကနိပါတ်ပုဒ်တည်း၊ တထာသဒ္ဒါ, ဧဝံသဒ္ဒါကား ဥပမေယျ ဇောတကနိပါတ်ပုဒ်တည်း။
ဤသို့လျှင် တစ်စုံတစ်ခုသော ပုဒ်၌ မစပ်ဘဲ, နာမည်ကို ထုတ်ဖော်ပြောပြရသော အရာများလည်း ရှိ၏၊ ဝါကျအချင်းချင်း ဆက်စပ်နည်း, ဟိ စ ပန နိပါတ်ပုဒ်စပ်နည်းများလည်း ရှိသေး၏၊ ထို အားလုံးမှာ ဝါကျ၏ အရာသာ ဖြစ်၍ ဤ အခြေပြုစာစပ်၌ လျစ်လျူရှုအပ်တော့သတည်း။
အခြေပြုစာစပ်ပြီး၏။
နိဂုံးချုပ်
သောတူနံ ပါဒဘာဝါယ, ကစ္စာယနသုတ္တက္ကမော၊မဏ္ဍိတော သာဓိပ္ပာယေန, နိဿယေန မယာ သုဘော။
တောသယန္တော မနော သာဓု-သောတူနံ ဉာဏသံဟိတံ၊
မောဒယံ ဇောတတံ ကလ္လံ, ကရံ နိရုတ္တိပါဒကံ။
ယဒိ အညော ဥပ္ပဇ္ဇေထ, ဣတောပိ သာဓုသမ္မတော၊
တဿောကာသံ ပဒါနာယ, အယံ အန္တရဓာယတံ။
“စာသင်ပျိုမြစ်တို့ အခြေဖြစ်ဖို့ရာ ကစ္စည်းသုတ်စဉ်ကို နိယံ အဓိပ္ပါယ်တို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်အပ်ပြီ၊ ဤခြေပြုသဒ္ဒါသည် သူတော်စင်စာသင်သားတို့၏ ဉာဏ်နှင့် ယှဉ်သောစိတ်ကို နှစ်သက်စေလျက် သဒ္ဒါဖက် အခြေပြုကာ ယခုအခါဝယ် ခံ့ငြားစွာ ထွန်းလင်းပါစေ။
ဤအခြေပြုထက် ကောင်းသည်ဟု ပညာရှိ သူတော်အပေါင်း တို့ အသိအမှတ်ပြုလောက်သော အခြေပြုတစ်မျိုး ပေါပေါက်လာ သည့်အခါ ထိုကျမ်းစာသစ် အခွင့်သာအောင် ဤကျမ်းစာ အခြေပြုက ရှောင်တိမ်း ကွယ်ပရစ်ပါစေ”ဟူလို။
အခြေပြုသဒ္ဒါပြီးပြီ။