Skip to main content

ဘယဝိနာသကဒီပနီကျမ်း

ကျေးဇူးရှင်
လယ်တီဆရာတော်ဘုရားကြီး

ရေးသားပြုစုတော်မူသော

ဘယဝိနာသကဒီပနီကျမ်း

နိဒါန်း

လယ်တီဆရာတော်ဘုရားကြီး၏ ဒီပနီကျမ်းစာအမျိုးမျိုးတွင် ဘယဝိနာသကဒီပနီကျမ်းစာကို ကျမ်းစာစရင်းတွင်သာ တွေ့ရသည်။ ဖတ်ဖူးသူ, လေ့လာဖူးသူ နည်းပါးပေလိမ့်မည်။ ယင်းသို့ဖြစ်ရသည်မှာ စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခြင်း မရှိခဲ့၍ ဖြစ်ဟန်တူပေသည်။ သို့သော် လယ်တီကျောက်စာတိုက်တွင် ဘယဝိနာသကဒီပနီအမည်ဖြင့် ကျောက် စာတော် အခိုင်အမာ ရေးထိုးစိုက်ထူထားသည်ကို တွေ့ရှိရပေသည်။ ယင်းကျောက်စာကို ကျောက်စာမှ မိတ္တူကူးယူလေ့လာ ကြည့်ရှုသောအခါ အခြားအခြားသော ဒီပနီကျမ်းစာများကဲ့သို့ အဘိယာစကပုဂ္ဂိုလ် ကျမ်းပြုရာဌာန ကျမ်းပြုသက္ကရာဇ် ကျမ်းစာ၏ နိဒါန်းပိုင်းတွင်လည်း ကောင်း နိဂုံးပိုင်းတွင်လည်းကောင်း မတွေ့ရှိရပေ။ သို့ဖြစ်လျှင် ဤကျမ်း စာသည် လယ်တီဆရာတော်ရေးသော ကျမ်းစာမဟုတ်ဟု ဆိုတန်ရာ သလော၊ ယင်းသို့လည်း မဆိုနိုင်ပေ။ ဘယဝိနာသကဒီပနီကျမ်းစာပါ အကြောင်းအရာတို့သည် ရောဂန္တရဒီပနီ၊ ဓားဝယ်ပုစ္ဆာအဖြေ၊ ဒါနာဒိဒီပနီ စသည်တို့တွင်ပါဝင်သော ရိုးရာနတ်ကိုးကွယ်မှုနှင့် စပ်လျဉ်း၍ မိန့်ဆိုချက် များနှင့်အရေးအသား အဆိုအမိန့်အာဘော် တူညီနေသည်ကို တွေ့ရ ပေသည်။

သို့ဖြစ်၍ ဘယဝိနာသကဒီပနီကို ဘယ်အချိန် ဘယ်ခုနှစ်လောက် ကရေးခဲ့သနည်း၊ သယဝိနာသကဒီပနီသည် မော်လမြိုင်တွင် ပလိပ် ကပ်ရောဂါချမ်းသာလွှတ်ငြိမ်းကြရန် နတ်ပွဲပြုလုပ်မှုနှင့်စပ်၍ မိစ္ဆာဒိဋ္ဌိဖြစ်မဖြစ် ပြဿနာနှင့်စပ်လျင်း၍ဖြစ်ပေါ်လာသောကျမ်းစာဖြစ်သည်။ သို့ဖြစ်၍ မော်လမြိုင်မြို့မှာ ရေးသည်ဟု ယူဆနိုင်သည်။ လယ်တီဆရာ တော်ကြီး၏ ဝါဆိုစဉ်အရဆိုလျှင် ၁၂၇၀-ပြည့်နှစ်ဖြစ်သည့် ၎င်းနှစ်တွင် မော်လမြိုင်မြို့ တောင်ထိပ် အောင်လံတိုင်ဘုရားအနီး အောင်လံတိုင် ဝါဆိုကျောင်းတွင် ဝါကပ်တော်မှုသည်။

၎င်းနှစ် တော်သလင်း လဆုတ်(၁)ရက်နေ့တွင် ရောဂန္တရဒီပနီ ကျမ်းစာကို အပြီးရေးသားတော်မှု သည်။ ရောဂန္တရဒီပနီသည် ကပ်ရောဂါ အမျိုးမျိုးတို့၏ အကြောင်း အရာများကို ကာကွယ်ရန်နည်းလမ်းများနှင့် တကွ ပြဆိုသောကျမ်း စာဖြစ်သည်။ ဘယဝိနာသကဒီပနီမှာလည်း အန္တရာယ်ကင်း အလင်းပြ အန္တရာယ်ကင်း လမ်းညွှန်ဖြစ်၍ ကျမ်းစာနှစ် ခုမှာ သဘောထား အတူ တူပင်ဖြစ်သည်။ အကျယ်အကျဉ်းမျှသာ ကွာခြားသည်။ အဘဝိနာသက ဒီပနီ၌ မဟာဝင်အဋ္ဌကထာလာ သီဟိုဠ် ကျွန်း သင်္ဃဗောဓိမင်း အကြောင်းအရာနှင့် ကလိင်္ကဇာတ်အကြောင်း အရာတို့သာ ကွာခြားမှု ရှိသည်။ ကျန်အကြောင်းအရာတို့မှာ လယ်တီ ဆရာတော်ကြီးမိန့်ဆိုနေကျ အကြောင်းအရာများသာ ဖြစ်သည်။ သင်္ဃ ဗောဓိမင်းအကြောင်းအရာကို ရောဂန္တရဒီပနီစာမျက်နှာ(၄၉၇-၆)တို့တွင် တွေ့ရှိနိုင်ပေသည်။

သို့ဖြစ်၍ ဘယဝိနာသကဒီပနီသည် ရောဂန္တရဒီပနီ၏ရှေ့ပြေး ကျမ်းစာဟုယူက ရနိုင်ပေသည်။ မော်လမြိုင်မြို့တွင် ပလိပ်ရောဂါ ချမ်းသာလွှတ်ငြိမ်းကြရန် နတ်ပွဲကြီးပြုလုပ်မှုနှင့်စပ်၍ မိစ္ဆာဒိဋ္ဌိဖြစ်-မဖြစ် ပြဿနာ ဖြေရှင်းရုံမျှ ရေးသားသော ကျမ်းစာဖြစ်သည်ဟု ယူဆရန်ရှိ သည်။

အန္တရာယ်ကင်း အလင်းပြ၊ အန္တရာယ်ကင်း လမ်းညွှန်သဖွယ် ဖြစ်သော ဤဘယဝိနာသကဒီပနီ ကျမ်းစာ ကို ရှေးက ရိုက်နှိပ်ထုတ် ဝေဖူးခြင်းရှိသော် ရှိနိုင်ရာပါသည်။ သို့သော် ယနေ့မျက်မှောက်ခေတ်မှာ စာအုပ်စာတမ်း မရှိ၍ကျောက်စာတော်မူမှ မိတ္တူကူးယူကာ စာအုပ် စာတမ်းအဖြစ် စာဖတ်ပရိသတ်သို့ တင်ပြအပ်ပါသည်။

လယ်တီစာပေ...တို့စာပေ။

လယ်တီသမိုင်း...တို့သမိုင်း။

လယ်တီတာဝန်...တို့တာဝန်။

အရှင်သုမနာဘိဝံသ

(မဟာဂန္တဝါစကပဏ္ဍိတ)

နယားပျံကျောင်း

လယ်တီတိုက်၊

မုံ့ရွာမြို့။

--------- * --------

ဘယဝိနာသကဒီပနီကျမ်း

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

မာဂဒူးမင်း တည်ရင်းမဆွ မုတ္တမခရိုင် မော်လမြိုင်မြို့နှင့်တကွ ဂါမနိဂမဒေသအစို့စို့ မြို့ရွာအရပ်ရပ်တို့၌ ပလိပ်ကပ်ရောဂါ ချမ်းသာ လွတ်ငြိမ်းကြရန်အတွက်နှင့် နတ်ပွဲကြီးပြုလုပ်ကြသည်ကို ကျမ်းဂန်မသိ ဉာဏ်မရှိ သောသူတို့က မိစ္ဆာဒိဋ္ဌိဖြစ်သည်ဟု ပြောဆိုကြရာ၌ ကုသိုလ်ကံ၊ အကုသိုလ်ကံကိုလည်းကောင်း၊ ရတနာသုံးပါး လည်းကောင်း ပယ်ပြစ်၍ ထိုနတ်တို့သည် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်နှင့် ပြည့်စုံကုန်၏၊ ၎င်းနတ်တို့ကို ပသပူဇော်ကုန်သည်ရှိသော် အပါယ်လေးပါးမှလွတ်၏၊ သုဂတိမဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်နိုင်၏ဟု မှတ်ယူ၍ ပြုလုပ်ကြကုန်သည် မဟုတ်။ ပယောဂနာ ပူးဝင်စွဲကပ်သောသူတို့သည် ပယောဂကိုနိုင် နင်းသော ရှမ်းဆရာ၊ ယောဆရာများကို ပူဇော်သက္ကာရပြု၍ ကိုးကွယ် ကြသကဲ့သို့ ကပ်ဥပဒ်ပျောက်ငြိမ်းရန် ပူဇော်ကြသောအရာ ဖြစ်ပေ၍ နတ်ပွဲကြီးပြုလုပ်မှုသည် မိစ္ဆာဒိဋ္ဌိမဖြစ်၊ လောကဓမ္မကြေလည်ကြသော ပညာရှိတို့ အမှုသာဖြစ်သတည်း။ ထိုသို့ပြု၍ ကပ်ဥပဒ်ငြိမ်းဖူးသော အရာကို ပြဆိုပေအံ့။

မဟာဝင်အဋ္ဌကထာ မိန့်ဆိုချက်

ရှေးအခါက သီဟိုဠ်ကျွန်း၌ သင်္ဃဗောဓိမင်း လက်ထက်ပေါ် ထွက်ဖြစ်ပွားရှိသော ရောဂန္တရကပ်ကြီး ပျောက်ငြိမ်းဖူးသော နည်း လမ်းကား
၁။ ဧကောယက္ခော ဣဓဂန္တွာ၊
ရတ္တက္ခိ ဣတိ ဝိဿူတော။
ကရောတိ ရတ္တာနိက္ခိနိ၊
မနုဿာနံ တဟိံ တဟိံ။

၂။ အညမညှံ အပေက္ခိတွာ၊
ဘာယိတွာ ရတ္တနေတ္တတံ။
နရာ မရန္တိတေ ယက္ခော၊
သော ဘက္ခေတိ အသင်္ကီ ယော။

၃။ ရာဇာ ဥပဒ္ဒဝံ တေသံ၊
သုတွာ သန္တတ္တ မာနသော။
ဧကောဟံ ဝါသဂဗ္ဘမှိ၊
ကတွာ အဋ္ဌင်္ဂုပေါသထံ။

၄။ အပဿိတွာ န တံယုက္ခံ၊
န ဥဌာမီတိ သော သယိ။
တဿစေယ ဓမ္မ တေဇေန၊
အဂါ ယက္ခော တဒန္တိကံ။

၅။ တေန ကောသီတိ ပုဋ္ဌောစ၊
သောအဟန္ထ ပဝေဒသိ။
ကသ္မာ ပဇာမေ ဘက္ခေယိ၊
မာ ခါဒ ထုတိသောဗြဝိ။

၆။ ဧကသ္မံ မေ ဇနပဒေ၊
နရေဒေဟီတိ သောဗြဝိ။
န သက္ကာတိ စ ဠတ္တေသော၊
ကမေန ကန္တိအဗြဝိ။

၇။ အညံ နသက္ကာ ဒါတုံတေ၊
မမံ ခါဒါတိသောဗြတိ။
နသက္ကာ ဣတိ တွံ ယာစိ၊
ဂါမေ ဗလိ ဒဒါဟိ မေ။

၈။ သာဓူတိဝတာ ဘူမိန္ဒော၊
ဒီပမှီသက လေပိစ။
ဂါမဒ္ဓါရေ နိဝေသေတွာ၊
ဗလိ တဿ အဒါပယိ။

၉။ မဟာသတ္တေန တေနေဝံ၊
သဗ္ဗဘူတာ နုကမ္ပိနာ။
မဟာရောဂ ဘယံ ဇာတံ၊
ဒီပဒီပေန, နာသိတံ။

(မဟာဝင် အဋ္ဌကထာ သတ္တတိ သတိမပိုင်း သင်္ဃဗောဓိမင်းအဖွင့်)

အနက်ကား
(၁) ရတ္တတ္ခိဣတိ၊ ရတ္တက္ခိဟူ၍။ ဝိဿူတော၊ ထင်ရှားကျော် စောသော။ ဧကောယက္ခော၊ ဘီလူးတစ်ယောက်သည်၊ ဣဓ၊ ဤအနုရာဓ မြို့တော်တို့။ အာဂန္တွာ၊ လာလတ်၍။ တဟိံ တဟိံ၊ ထိုထိုအရပ်စု အကွက်စု၌။ မနုဿာနံ၊ လူတို့၏၊ အက္ခိနိ၊ မျက်စိတို့ကို။ ရတ္တာနိ၊ သွေးခဲကဲ့သို့ နီသည်တို့ကို။ ကရောတိ၊ ပြု၏၊

(နောက်၌ မဟာရောဂဘယံ ဇာတံဟုလာသောကြောင့် ကပ်ရောဂါကြီး တစ်မျိုးကိုဖြစ်စေသည်ဟုသိ အပ်၏၊ အဘယ်ရောဂါ မျိုးဖြစ်လေသနည်းဆိုသော် မျက်စိနီသည်ဟုဆိုသောကြောင့် အပြင်း အထန်ပူလောင် သောပလိပ်ရောဂါကြီးဖြစ်သည်ဟု သိအပ်၏၊ ထိုရောဂါကြီးဖြစ်သောသူတို့မှာ သွေးလျှံလျက် မျက်စိချင်းချင်း နီ၏၊ ထို့ကြောင့် ထိုကပ်ရောဂါကြီးကို ရတ္တက္ခိရောဂါဟူ၍ လူတို့ခေါ်ကြ၏၊ ထိုရောကြီးကို ဖြစ်ပွားစေသော ဘီလူးကိုလည်း ရတ္တက္ခိဘီလူးဟူ၍ လူတို့ခေါ်ကြ၏၊)

(၂) အညံမညံ၊ အချင်းချင်း။ ဝါ-တစ်ယောက်ကို တစ်ယောက်။ ရတ္တတေတ္တတံ၊ ရတ္တက္ခိရာဂါကပ်ရောက်သည်၏အဖြစ်ကို။ အပေက္ခိတွာ၊ ရှူမြင်ကြကုန်သည်ရှိသော်၊ ဘာယိတွာ၊ ကြောက်လန့်၍နရာ၊ လင်္ကာ ကျွန်းသား လူအများတို့သည်။ မရန္တိ၊ သေကြကုန်၏၊

(ထိုရောဂါကပ်ရောက်သောသူကို ကြည့်ရှုစောင့်ရှောက်ကြ ကုန်သော သူတို့သည်လည်း ကြောက်ခြင်း ထိတ်လန့်ခြင်း ရှိကြလျက် ထိုရောဂါကူးစက်၍ ထိုရောဂါဖြင့် သေပျောက်ကြကုန်၏ဟူလိုသည်။)

သောယက္ခော၊ ထိုဘီလူးသည်။ အသင်္ကိယော၊ ယုံမှားသင်္ကာ ကင်းရှင်းလျက်။ တေ=ထိုရောဂါဖိစီး သေလေပြီးသော သူတို့၏ အကောင်တို့ကို။ ဘက္ခေတိ၊ စားလေ၏၊

(ငါ့ကိုနိုင်သူ ရှိခြိမ့်မည်လား ဟု ယုံမှား မရှိဟူလို။)

(၃/၄) ရာဇာ=သင်္ဃဗောဓိမင်းကြီးသည်။ တေသံ=ထိုဦးနက် ဦးဖြူ ပြည်သူပြည်သားအပေါင်းတို့အား။ ဥပဒ္ဒေဝံ=ကပ်ဥပဒ် ဖြစ်ပွား သည်ကို။ သုတွာ=ကြားတော်မူလတ်သော်။ သန္တတ္တနတသော=ပြည်သူ ပြည်သားတို့အတွက် စိတ်လက်ပူပန်ခြင်းရှိသည်ဖြစ်၍။ အဋ္ဌဂုံပေါသထံ= အဋ္ဌင်္ဂုဥပုသ်ကို။ ကတွာ=ဆောက်တည်၍၊ ဆိတ်ငြိမ်သင့်တင့် လူနှင့်ကင်း ကွာသော အိပ်ရာတိုက်ခန်း၌။ ဧကော၊ တစ်ယောက်ထည်းတည်း။ (ဤပုဒ်များကို သယိဟူသောပုဒ်မှာစပ်) အဟံ=ငါသည်။ တံယက္ခံ=ထိုဘီ လူးကို။ အပဿိတွာန=ဒိဋ္ဌကိုယ်ထင် မတွေ့မမြင်ရသည်ရှိသော်။ နဥဌာမိ=လျောင်းစက်ရာမှ ငါမထပြီ။ ဣတိ=ဤသို့အဓိဋ္ဌာန်ပြု၍။ သော=ထိုမင်းကြီးသည်။ သယိ=လျောင်းစက်ကာနေလေ၏၊ (လျောင်းစက် လျက် ရတနာသုံးပါးဂုဏ်ကိုအာရုံဝင်စား၍ နေလေ၏ ဟူလိုသည်)။ တဿ=ထိုမင်းကြီး၏၊ ဓမ္မတေဇေန=မဟာဂန္ဓသီလ၏တန်ခိုးကြောင့်။ သောယက္ခော=ထိုဘီလူးသည်။ တဒန္တိကံ=ထိုသင်္ဃဗောဓိမင်းကြီး အထံသို့။ အဂါ=လာရောက်လေ၏၊ (မင်းကြီးရှေ့တော်မှာ ကိုယ်(ထင်) ပြ၍ ရပ်နေ သည် ဟူလို)။

(၅) တေန=ထိုသင်္ဃဗောဓိမင်းကြီးသည်။ တွံ=သင်သည်။ ကောအသိ=ရပ်လာတူရှု အဘယ်သူဖြစ်လေသနည်း။ ဣတိ=ဤသို့။ ပုဋ္ဌော=မေးတော်မူလတ်သော်၊ သော=ထိုဘီလူးသည်၊ အဟန္တိ=အကျွန်ုပ် ရတ္တက္ခိဘီလူး ဖြစ်သည်ဟူ၍။ ပဝေဒယိ=အမည်ထင်ရှား လျှောက်ကြား လေ၏၊ သော=ထိုမင်းကြီးသည်၊ ကသ္မာ=အဘယ့်ကြောင့်။ တွံ=သင်ဘီလူး သည်။ မေ=ငါ၏၊ ပဇာ=ကြီးငယ်မဟူ တိုင်းသူပြည် သား(လူအများ)တို့ကို။ ဘက္ခေသိ=ကြောက်ဖွယ်လန့်ကြားစားဘိသနည်း။ မာခါဒ=မစားမသောက် လင့်။ ဣတိ=ဤသို့။ အဗြဝိ=ဆိုလေ၏၊

(၆) သော=ထိုဘီလူးသည်။ ဧကသ္မိံဇနပဒေ=တစ်ခုသော ဇန ပုဒ်၌။ နရေ=လူတို့ကို။ မေ=အကျွန်ုပ်အား။ ဒေတိ=စားဖို့အရေး အခွင့် ပေးပါလော့။ ဣတိ=ဤသို့။ အဗြဝိ=ဆိုလေ၏၊

(ရုံးတစ်ခုစိုက်၍ တစ်ခုသောမြို့ဝန် စီရင်စုမြို့နယ်တစ်ခုသည် ဇနပုဒ်တစ်ခုမည်၏၊ ထိုသီဟိုဠ် တစ်ကျွန်းလုံးကို မစားရလျှင် တစ်ခုသော မြို့နယ်ကို သန့်ခြား၍ စားသောက်ဖို့ပေးပါ ဟူလိုသည်)။

နသက္ကာ=သင်စားဖို့ရာ ငါမပေးနိုင်။ ဣတိ=ဤသို့။ ဝုတ္တေ=မင်း ကြီးကဆိုသည်ရှိသော်။ သော=ထို ဘီလူးသည်။ ကမေန=အစဉ်အားဖြင့်။ ဧကံ=မည်ဝါမဟူ တစ်ယောက်သောလူကို။ ဒေဟိ=ပေးပါလော့။ ဣတိ= ဤသို့။ အဗြဝိ=ဆိုလေ၏၊

(ကမေန=အစဉ်အားဖြင့်ဆိုသည်ကား ဇနပုဒ်တစ်နယ်လုံးကို မပေးနိုင်သော် ထက်ဝက်ကိုပေးပါလော့၊ ထက်ဝက်ကို မပေးနိုင်သော် သုံးပုံတစ်ပုံတစ်စိတ် စသည်ဖြင့် တောင်း၍မရ၊ ပယ်ရှားသောကာလမှ အန္တိမ အဆုံးစကားတွင် တစ်ယောက်သောသူကိုပင် ပေးတော်မူပါ လော့ဟု တောင်းသည်ကို ဆိုလိုသည်)။

(၇) အညံ=ငါ၏ကိုယ်မှ တစ်ပါးသောသူကို။ တေ=ရသတဏှာ လွန်စွာယစ်မူး သင်ဘီလူးအား။ ဒါတုံ=အပိုင်းအနင်း ပေးအပ်ခြင်းငှာ။ နသက္ကာ=မတတ်နိုင်။ မမံ၊ ငါ့အား။ ခါဒ=သနားမညှာစားသောက်ပါလော့။ ဣတိ= ဤသို့။ သော=ထိုမင်းကြီးသည်(ဝါ)ထိုမင်းက။ အဗြဝိ၊ ဆိုလေ၏၊ တွံ=ပြည်မဦးစီး သင်မင်းကြီးကို။ သာဒိတုံ= သွေးသံခြင်းခြင်း စားသောက် ခြင်းငှာ။ နသက္ကာ=မတတ်နိုင်ပါ။ ဂါမေ၊ ဤကျွန်းမျက်နှာ ရွာတိုင်း ရွာတိုင်း၌။ မေ=အကျွန်ုပ်အား။ ဗလိံ=ဗလိနတ်စာ ပွဲတကာကို။ ဒဒါဟိ= ပေးပါလော့။ ဣတိ=ဤသို့။ ယာစိ=တောင်းလေ၏၊ (ဘီလူးမိစ္ဆာ မေတ္တာလောင်းထပ် စိတ်ကျေနပ်စေခြင်းငှာ ထမင်း မုန့် ပဲအရသာ ဗလိနတ်စာကိုမူကား ပေးမည်ဟု ဝန်ခံလေ၏)။ (၈) ဘူမိန္ဒော=ကျွန်းလုံးသေဌ်နင်း သင်္ဃဗောဓိမင်းကြီး သည်။ သာဓူတိ=ကောင်းပြီပေးမည်ဟူ၍။ ဝတွာ၊ ဆိုပြီး၍။ သကလေပိစ=အလုံးစုံ လည်းဖြစ်ကုန်သော။ ဒီပမှီ=သီဟိုဠ်တစ်ကျွန်းလုံး၌။ ဂါမဒွါရေ=မြို့ရွာနိဂမ တံခါးဝတိုင်း၌။ နိဝေသေတွာ=နတ်စာကျွေးရန် မဏ္ဍပ်ကန္နား ဆောက် လုပ်စေ၍။ တဿ=တိုဘီလူးအား။ ဗလိံ=ဗလိနတ်စာကို။ အဒါပယိ= ပေးစေတော်မူ၏၊

(အကြီးအကဲကိုဆိုသောပဓာနနည်းမျိုးဖြစ်၍ ရတ္တက္ခိဘီလူးကို ဆိုသဖြင့် ထိုဘီလူး၏ အသင်းအပင်းများကိုလည်း သိကြလေ)။

(၉) မဟာသတ္တေန၊ ဘုရားလောင်းဟု ဆိုကောင်းထိုက်စွာ သတ္တဝါမြတ်ကြီးတစ်ဦးဖြစ်ပေသော။ သဗ္ဗဘူတာနုကမ္ပိနာ=သီဟိုဠ် တစ်ကျွန်းလုံး၏ မှီခိုရာကျွန်းလှိုင်ကြီးတစ်ဆူဖြစ်တော်မူပေသော။ တေန=ထိုသင်္ဃဗောဓိ မင်းကြီးသည်။ ဧဝံ=ဤမျှလောက်။ ဇာတုံ=ကျွန်းလုံး နှံ့ပြားဖြစ်ပွားလာသော။ မဟာရောဂဘယံ၊ ကြောက်မက်ဖွယ်ရာ ရာဂါဥပဒ်ဘေးကြီးကို။ နာသိတံ၊ ပြေပြောက်လွတ်ငြိမ်းစေတော်မူပေ၏၊

(မဟာဝင် အဋ္ဌကထာအနက်) (ဤမျှတစ်ပါး တစ်ကျွန်းလုံး မိုးခေါင်၍ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်လေရာ သီလကိုအားကိုးလျက် မိမိအ သက်ကိုစွန့်သောအမှုကိုပြု၍ ခဏမကြာ မိုးကြီးရွာစေ၍ထိုကပ်ဥပဒ် ငြိမ်းစေမှု၊ တစ်ကျွန်းလုံးခိုးသူ ဓားပြ ထကြွတောင်းကျန်း၍ သတ္တန္တရကပ်ဆိုက်ရာ ထို့အတူပြု၍ ထိုကပ်ဥပဒ်ကိုငြိမ်းစေမှု၊ ရန်သူမင်းပေါ်ပေါက်၍ မတရားအဓမ္မ ခုခံလိုသော ကြောင့် နန်းတော်ထက်က တစ်ကိုယ်တည်းဆင်းသွားလေရာ တစ်နပ်စာ သော ထမင်းကို ကျွေးမွေးသူအား ထိုနေရာ၌ပင်လျှင် မိမိကိုယ်ကို သေအောင်ပြု၍ မိမိဦးခေါင်းကို ရန်သူမင်းအား ပေးစေလျက် ထမင်း ကျွေးသောသူ၏ ကြေးငွေ ဆုလာဘ်များစွာရစေမှု၊ ထိုသို့ သူတစ်ပါး အတွက်နှင့် အသက်ကိုစွန့်ပေသော ထိုသင်္ဃဗောဓိမင်းကြီး အမှုတို့ကို မှုကား မဟာဝင်အဋ္ဌကထာ၊ ၎င်းအဖွင့် ဝံသတ္တပကာသနီအမည်ရှိသော မဟာဝင်ဋီကာတို့၌ အကျယ်ဆိုပေ၏၊ ဆိုခဲ့ပြီးသောပါဠိအနက် အဓိပ္ပါယ် စကားစုကား မဟာဝင်အဋ္ဌကထာ သက္ကတိ သမပိုင်း သင်္ဃဗောဓိမင်း အခန်းမှာလာ၏)။

ရတနသုတ် မိန့်ဆိုချက်

ဝေသာလီပြည်၌ ကပ်သုံးပါးသင့်ရာ မြတ်စွာဘုရားကြွသွား တော်မှု၍ အန္တရာယ်ကင်းရွတ်ဖတ်ရန်ဟော တော်မှုသော ရတနသုတ် ပရိတ်တော်၌ ယာနီဓဘူတာနိဟူသော အစဂါထာကြီးသည် မြို့စောင့် နတ်၊ ရွာစောင့် နတ်၊ အစရှိသော နတ်တို့ကို တိုင်တည်သော ဂါထာ ဒေသနာတော်ဖြစ်သည်။ ထိုဒေသနာ၌
ဒိဝါစ ရတ္တောစ ဟရန္တိ ယေဗလိံ တသ္မာဟိနေ ရက္ခထ အပ္ပမတ္တာဟူသောပါဠိတော် အနက်ကား
ယေ=အကြင်ဝေသာလီပြည်သူ လူအပေါင်းတို့သည်။ ဒိဝါစ=နေ့ အခါ၌လည်းကောင်း။ ရတ္တောစ=ညဉ့်အခါ၌လည်းကောင်း။ ဗလိံ=ဗလိ နတ်စာပူဇော်သက္ကာကို။ ဟရန္တိ=အိမ်မှဆောင်ယူ ပူဇော်ကြကုန်၏၊ တသ္မာဟိ=ထို့ကြောင့်သာလျှင်။ နေ=ထိုပူဇော်ကြသူ ပြည်သူပြည်သား အပေါင်းတို့ကို။ အပ္ပအတ္တာ=မမေ့မလျှော့ကြကုန်မူ၍။ ရက္ခထ=ကြည့်ရှု စောင်မ ကူညီကြကုန်လော့။ (ဒေသနာတော်အနက်)။

(ဤဒေသနာတော်ဖြင့်ပင်လျှင် ဗုဒ္ဓဘာသာဖြစ်ကုန်သော ဝေသာလီပြည်သူပြည်သားတို့အား မြို့စောင့်နတ် ရွာစောင့်နတ် မိရိုး ဖလာနတ်တို့ကို နေ့ညဉ့်မပြတ်ပူဇော်ပသရိုး ထုံးစုံရှိသည်ကို သိအပ်ပေ သတည်း။ ထိုသုတ်အဆုံး ယာနိဓသုံးဂါထာတို့သည် အန္တရာယ် ပျောက် ငြိမ်းရန် အမှု၌နတ်တို့က ကူညီကြသော ဂါထာအစုပေတည်း။)

ဥပ္ပါတသန္တိ ပါဠိတော်လာ မိန့်ဆိုချက်

တစ်ရံရောအခါ ဇင်းမယ်ပြည်၌ ကပ်ဥပဒ်ကြီးဖြစ်ပွားသည်ကို ပျောက်ငြိမ်းစေရန် ဥပ္ပါတသန္တိကျမ်းကို တစ်မြို့လုံးရွတ်ဖတ်ကြသည်ရှိရာ ရှေးဦးစွာ မြို့စောင့်နတ် ရွာစောင့်နတ် မိရိုးဖလာနတ်တို့ကို ပင့်ဖိတ်ပူဇော် ပ,သ,ရကြောင်း ဥပ္ပါတသန္တိ နိဒါန်း၌လာသည်။ ထုတ်ပြခဲ့သော မဟာဝင် အဋ္ဌကထာ၌ နတ်ဘီလူးအပေါင်းတို့အား ဗလိနတ်စာကျွေးမွေး၍ ကပ်ဥပဒ်ပျောက်ငြိမ်းကြောင်း လာသည်။

ကလိင်္ကဇာတ် မိန့်ဆိုချက်

ကလိင်္ကဇာတ်၌ ကလိင်္ကမင်းနှင့် အသကမင်းစစ်ပြိုင်ကြမည်ရှိရာ ကလိင်္ကမင်း ရှုံးလိမ့်မည်ဟု သိကြားနတ်မင်း ထွက်ဆိုချက်ရှိလျက် ကလိင်္ကမင်း နိုင်လေ၏၊ သိကြားမင်းထွက်ဆိုချက် ပျက်၏၊ အကြောင်း မူကား ကလိင်္ကမင်းနှင့် ကလိင်္ကနတ် ညီညွတ်ကြပေသောကြောင့်တည်း။ ညီညွတ်ကြပုံကား-ကလိင်္ကနတ် မကူညီလျှင် ကလိင်္ကမင်းအမှန်ရှုံးမည်၊ ကလိင်္ကနတ်နှင့် အသကနတ် နွားယောင်ဆောင်ပြု၍တိုက်ကြရာ၌လည်း ကလိင်္ကမင်း သူရဲစုများ မကူညီလျှင် ကလိင်္ကနတ် အမှန်ရှုံးမည်၊ ကလိင်္ကမင်း ရှုံးမည်ရှိပြန်ရာ ကလိင်္ကနတ်က ကူပေသည်။ ကလိင်္ကနတ်က ရှုံးမည်ရှိပြန်ရာ ကလိင်္ကမင်းက ကူပေသည်။ ဤသို့ ကလိင်္ကနတ်နှင့် ကလိင်္ကမင်းတို့ ညီညွတ်ကြသောကြောင့် ကလိင်္ကမင်း နိုင်လေသည်။ အသကမင်းဘက်၌လည်း ကသကမင်းကို အသကနတ်က ကူပေ၏၊ နတ်ချင်းတိုက်ကြရာ၌ အသကနတ်တို့အား အသကမင်းက မကူညီသည့် အတွက် အသကနတ်ရှုံး၍ အသကတပ်အားလုံး ပျက်လေ၏၊

ဤဥဒါဟရုဏ်ကိုထောက်၍ မြို့ရွာတို့၌ ကျရောက်သော ကပ်ဥပဒ် များကို ပျောက်ငြိမ်းစေခြင်းငှာ ရဟန်း ရှင်လူတို့ အားထုတ်ကြရာ၌လည်း မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ မိရိုးဖလာနတ်တို့နှင့် မြို့ရွာရှိ ရဟန်းရှင်လူတို့ ညီညွတ်မှုလိုလှသည်ကို သတိရှိကြကုန်။ ထိုနတ်တို့ကို ပူဇော်ပသမှုသည် ကူညီဖော်ရအောင်ပြုမှုပေတည်း။ မေတ္တာရှိမှ ကူညီကြမည်။ ရဟန်းရှင် လူတို့က အားထုတ်၍ဖတ်မှုရွတ်မှုသည် နတ်တို့ကို ကူညီမှုပေတည်း။ အန္တရာယ်တည်းဟူသော တဖက်ရန်သူတို့ကို နတ်တို့ချည်း မနိုင်မနင်းရှိခဲ့ လျှင် လူတို့ကကူညီကြမှနိုင်မည်။ ထို့ကြောင့် ပလိပ်ကပ်ဥပဒ်အတွက်နှင့် နတ်ပွဲကြီးပြုလုပ်ကြသော မော်လမြိုင်မြို့သားတို့၏ အမှုသည် တရား ကျမ်းဂန်တို့နှင့် ညီညွတ်သည်ပင်ဖြစ်၍ ပညာရှိတို့ ချီးမွမ်းထိုက်သော အမှုသာဖြစ်ပေ၏၊ ကဲ့ရဲ့ထိုက်သောအမှု မဟုတ်ပေ။ တရားကျမ်းဂန်ကို မသိ၊ ဉာဏ်မရှိသောသူတို့သာ ကဲ့ရဲ့ကြကုန်ရာသတည်း။ ထိုကြောင့် ယခုအခါ၌ မော်လမြိုင်ကဲ့သို့ အမြို့မြို့အရွာရွာလိမ္မာကြရန် အချက်စုကို ထောက်ပြလိုက်ပေအံ့။

အန္တရာယ်ကို ကြိုတင် ကာကွယ်ရမည်

ယခုအခါ ဝိပတ္တိကာလ ဖြစ်ချေသည်။ သာသနာတော်လည်း အားနည်းလျက်ရှိချေသည်။ ဆုတ်ကပ်အခါဖြစ်ချေ၍ ရှေ့သို့သည့် ထက်ဆိုးမည်လားမသိ၊ ယခုအခါ ကပ်ဥပဒ်ကင်းလွတ်ကြသော ထိုထို မြို့ရွာသို့ကလည်း မိမိတို့မြို့ရွာသို့ ကပ်ဥပဒ်မလာနိုင်အောင် စောစောက တင်ကူး၍အထူးကြောင့်ကြစိုက်ရမည့် အရေးကြီးဖြစ်သည်။ ကပ်ဥပဒ် ရောက်မှ ကြောင့်ကြစိုက်ခဲ့သော် ဓားပြရောက်မှ ဓားကိုရှာသကဲ့သို့ ကိုးကွယ်ရာ မရနိုင်ရှိတတ်သည်။

ကြောင့်ကြစိုက်နည်းကား
(က) မိမိကိုယ်အတွက်နှင့် ကြောင့်ကြစိုက်ကြရန်
(ခ) မြို့ရွာအတွက်နှင့် ကြောင့်ကြစိုက်ကြရန် နှစ်လမ်းရှိသည်။

(က) မိမိကိုယ်အတွက်နှင့် ကြောင့်ကြစိုက်နည်းကား...

(၁) ငါးပါးသီလကို အမြဲနိစ္စ လုံခြုံစွာ စောင့်ထိန်းရမည်။

(၂) အဘိဝါဒနသီလိဿ နိစ္စံ ဝုဍ္ဎာပစာယိနော၊ စတ္တာရော ဓမ္မာ ဝဍ္ဎေန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ ဟူသော ပါဠိအရ အာယုဝဍ္ဎန ဆေးကြီးကို အမြဲမှီဝဲရမည်။

အနက်ကား။ အဘိဝါဒနသီလိဿ၊ ရတနာသုံးပါးအား နေ့စဉ် မပျက် ဝတ်တက်ပတ်ကပ် နိဗဒ်ပြည့်စုံ၍ ယုံကြည်စွာ ရှိခိုးလေ့ရှိထသော။ နိစ္စံ=မမြဲ။ ဝုဍ္ဎာပစာယိနော=ဂုဏဝုဍ္ဎိ ဝယဝုဍ္ဎိ ဖြစ်သူတို့အားကိုယ်ဖြင့် အရိုအသေပြုခြင်း၊ နှုတ်ဖြင့် အရိုအသေပြုခြင်း၊ စိတ်ဖြင့် အရိုအသေ ပြုခြင်း အလေ့ရှိထသော။ သတ္တဿ=သတ္တဝါ အဆင်း မဆုတ်မယုတ် တဲ့ခြင်းလည်းကောင်း။ သုခံ=ချမ်းသာမဆုတ် မယုတ်တဲ့ခြင်းလည်း ကောင်း။ ဗလံ၊ ကိုယ်အားဉာဏ်အား မဆုတ်မယုတ်တဲ့ခြင်းလည်း ကောင်း။ စတ္တာရောဓမ္မာ=လေးပါးသော ကောင်းကျိုး တရားတို့သည်။ ဝဍ္ဎန္တိ၊ ပွားများတက်ကုန်၏၊ မြတ်စွာဘုရား၏ အာယုဝဍ္ဎန ဆေးတော် ကြီးပေတည်း။

(၃) အန္တရာယ်ကင်းစေတတ်သည် ဟူ၍ လောက၌ထင်ရှား သော ပရိတ်တော် ဂုဏ်တော်ပါဠိတော် ဂါထာများကို နေ့စဉ်စွဲမြဲ၍ ပုတီးစိပ်မှု၊ အခေါက်များစွာရွတ်မှုရှိစေရမည်။

(၄) လောကီအရာ၌ အန္တရာယ်ကင်း စေတတ်သည်ဟူ၍ ဒိဋ္ဌ သုတရှိနေကြသော ဂါထာ၊ မန္တရား ဆေးဝါး၊ အင်းအိုင် များကိုလည်း ကိုယ်စောင့်လက်စောင့် ထားရှိစေရမည်။

(ခ) မြို့ရွာရှိ ရဟန်းတော် သံဃာတော် မြို့ရွာလူကြီး အပေါင်း တို့သည် အညီအညွတ် ချိန်းချက်စည်းဝေး၍ မြို့ရွာတို့၌ ကပ် ဥပဒ် အန္တရာယ် ကင်းရှင်းစေတတ်သော အကြောင်းအရာ နည်းလမ်း ထုံးတမ်း များကို တစ်ညီတစ်ညွတ် ပြုလုပ်ကြရန် တိုင်ပင်ဖွဲ့စည်းကြရမည်။ တစ်ညီ တစ်ညာ အားထုတ်ပါလျှင် တတ်နိုင်လောက်သောအမှု ဖြစ်ခဲ့မှု ခိုးမှု၊ ကပ်သူ မရှိ၊ တစ်ညီတစ်ညာ ပြုလုပ်အားထုတ်ကြရမည်။ နည်းလမ်း ထုံးတမ်းကို အမြွတ်မျှပြဆိုအံ့

(၁) မြို့ရွာရှိ ဘုရားဟောင်း၊ ကျောင်းဟောင်း၊ ကုသိုလ်ဟောင်း များကို တတ်အားသမျှ ပြုပြင်ကြရမည်။ (၂) မြို့ရွာရှိ နတ်ကွန်း နတ်နန်းများကို ကောင်းမွန်စွာ ပြုပြင် ကြရမည်။

(၃) ရပ်စု ကွက်စု ဝတ်ဝက်အသင်းများကို မြို့တွင်းရွာတွင်း အနှံ့အပြားရှိအောင် တည်ထောင်ဖွဲ့စည်း၍ ပရိတ်ကြီး ပါဠိတော်ကြီး၊ ပဋ္ဌာန်းပါဠိတော်ကြီး၊ သတိပဋ္ဌာန် ပါဠိတော် ကြီး အမျိုးမျိုး အန္တရာယ်ကင်း ဂါထာ မေတ္တာပို့ ကြီးများ ရသူက တိုင်၍ မရသူတို့က တစ်ညီတစ်ညာ လိုက်၍ ရွတ်ဆိုကြရမည်။ ရသူမရှိလျှင် စာအုပ်ကိုင်၍ ရွတ်ရမည်။

(၄) ဝါဝင် ဝါကျွတ် သင်္ကြန်အခါကြီး သမယကြီးတို့၌ မြို့စောင့် နတ်၊ ရွာစောင့်နတ်၊ အိမ်စောင့်နတ်၊ မိရိုးဖလာနတ်တို့ကို ထမင်း ဘောဇဉ် ရေစင် ရေချမ်း ပန်း ပေါက်ပေါက် ဆီမီးတို့ဖြင့် ပူဇော်ကန်တော့ရိုး ပြုကြရမည်။

(၅) ကပ် ဥပဒ်အန္တရာယ်ရှိခံ့သော် မြို့ရွာညီညာ၍ ဖတ်ရွတ်ကြ ရမည်။(ပြဆိုခဲ့ပြီးသော ပါဠိတော်ကြီးများကို အိမ်တိုင်း၌ အသီးသီးရှိစေကြရမည်။)

(၆) အန္တရာယ်ရှိလာခဲ့သော် မြို့ရွာရှိယောကျ်ားတို့က တစ်ကျိပ် အသင်း၊ နှစ်ကျိပ်အသင်း၊ သုံးကျိပ်အသင်းဖွဲ့၍ လမ်းကြီး လမ်းသေးလျှောက်သွား၍ တစ်မြို့လုံး၊ တစ်ရွာလုံး အုန်း အုန်းဆူအောင် ဖတ်ရွတ်ကြရမည်။ နေဝင်သည်နောက်၌ မိမိတို့အိမ်မှာလည်း ထိုပါဠိတော်ကြီးများကို အသံကျယ်စွာ ထုတ်၍ ကပ် ဥပဒ် ပျောက်ငြိမ်းသည့်တိုင်အောင် နေ့စဉ် အမြဲ ရွတ်ဖတ်ကြရမည်။

ပြင်သစ်နိုင်ငံ၌ ပြင်သစ်လူမျိုးမှန်လျှင် စစ်အရေးအရာ လက်နက် ကိရိယာတို့၌ မလိမ္မာသောသူဟူ၍ မရှိ၊ စစ်အရေးကိစ္စရှိခဲ့လျှင် စစ်သား ကိစ္စ စစ်ဗိုလ်ကိစ္စနှင့် ခဏချင်းထွက်နိုင်ကြသူချည်း ဖြစ်အောင် တစ်နိုင် ငံလုံး အားထုတ်၍ ထားကြရသည်။ ယခုငါတို့နိုင်ငံမှာ ကပ် ဥပဒ် အန္တရာယ်ကင်းရှင်းမှု၌လည်း ပြင်သစ်နည်းတူပြုလုပ်၍ထားကြမှ သင့်လျော်မည်။ ဂျပန်နိုင်ငံမှာ သရော်ပျက်ချော်ပြောဆိုပြုလုပ်တတ်သော အလေ့ကို ယခုအခါ ကြပ်တည်းစွာ ဆုံးမကြသည်ဟု တိုင်းသတင်းစာ များမှာ တွေ့မြင်ရသည်။ ငါတို့နိုင်ငံမှာလည်း ထိုအမှုမျိုးကို အထူး သတိပြုကြဖို့ ကောင်းလှ၏၊ အရေးအရာကို မမြင်တတ်သော လူရွှင် လူပြက်တို့၏ အလေ့ဖြစ်သတည်း။

ဘုရား ၇-ဆူ စက်ဂါထာကြီး

(နမောတဿ ၃-ခေါက်ဆို)

ဝိပဿီ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တဉာဏော အနန္တဂုဏော အနန္တပုညော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

သိခီ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တဉာဏော အနန္တဂုဏော အနန္တပုညော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

ဝေဿဘူ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တဉာဏော အနန္တဂုဏော အနန္တပုညော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

ကောဏာဂမနော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တဉာဏော အနန္တဂုဏော အနန္တပုညော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

ကဿပေါဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တဉာဏော အနန္တဂုဏော အနန္တပုညော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

အမှာကံ ဘဂဝါအရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တဉာဏော အနန္တ ဂုဏော အနန္တပုညော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

သတ္တိမေ ဗုဒ္ဓေါ ဘဂဝန္တော အရဟန္တော သမ္မာသမ္ဗုဒ္ဓါ မယှံနာထာ မယှံဒီပါ မယှံတာဏာ မယှံလေဏာ မယှံပဋိသရဏာ မယှံပတိဋ္ဌာ။

အနန္တဉာဏာ ဗုဒ္ဓါဘဂဝန္တော အနန္တေဟိဉာဏစက္ကေဟိ မံ ရက္ခန္တု။

အနန္တဂုဏာ ဗုဒ္ဓါ ဘဂဝန္တော အနန္တေဟိ ဂုဏစက္ခေဟိမံ ရက္ခန္တု။

အနန္တတေဇာ ဗုဒ္ဓါဘဂဝန္တော အနန္တေဟိ တေဇစက္ကေဟိ မံ ရက္ခန္တု။

အနန္တဣဒ္ဓိမန္တာ ဗုဒ္ဓါဘဂဝန္တော အနန္တေဟိ ဣဒ္ဓိစက္ကေဟိ မံ ရက္ခန္တု။

အနန္တဇုတိမန္တာ ဗုဒ္ဓါဘဂဝန္တော အနန္တေဟိ ဇုတိစက္ကေဟိ မံ ရက္ခန္တု။

စက်ကြီး ၁၃-ပါးဂါထာ

သဗ္ဗေ မဟိဒ္ဓိကာ ဗုဒ္ဓါ သဗ္ဗေဟိ ဗုဒ္ဓစက္ကေဟိ မံ ရက္ခန္တု။

သဗ္ဗေ မဟိဒ္ဓိကာ ပစ္စေကဗုဒ္ဓါ သဗ္ဗေဟိ ပစ္စေကဗုဒ္ဓစက္ကေဟိ မံ ရက္ခန္တု။

သဗ္ဗေ မဟိဒ္ဓိကာ စိတ္တာသဝါ အရဟန္တော သဗ္ဗေဟိ အရဟန္တ စက္ကေဟိ မံ ရက္ခန္တု။

သဗ္ဗေ မဟိဒ္ဓိကာ အရိယာသဗ္ဗေဟိ အရိယစက္ကေဟိ မံ ရက္ခန္တု။

သဗ္ဗေ မဟိဒ္ဓိကာ ဒေဝါသဗ္ဗေဟိ ဒေဝစက္ကေဟိ မံ ရက္ခန္တု။

သဗ္ဗေမဟိဒ္ဓိကာ ဣန္နသဗ္ဗေဟိ ဣန္ဒစက္ကေဟိ မံ ရက္ခန္တု။

သဗ္ဗေမဟိဒ္ဓိကာ ဗြဟ္မာသဗ္ဗေဟိ ဗြဟ္မစက္ကေဟိ မံ ရက္ခန္တု။

သဗ္ဗေမဟိဒ္ဓိကာ နာဂါသဗ္ဗေဟိ နာဂစက္ကေဟိ မံ ရက္ခန္တု။

သဗ္ဗေမဟိဒ္ဓိကာ ဂရုဠာသဗ္ဗေဟိ ဂရုဠစက္ကေဟိ မံ ရက္ခန္တု။

သဗ္ဗေမဟိဒ္ဓိကာ ယက္ခာသဗ္ဗေဟိ ယက္ခစက္ကေဟိ မံ ရက္ခန္တု။

သဗ္ဗေမဟိဒ္ဓိကာ ရက္ခသာသဗ္ဗေဟိ ရက္ခသာစက္ကေဟိ မံ ရက္ခန္တု။ သဗ္ဗေမဟိဒ္ဓိကာ ဂန္ဓဗ္ဗာသဗ္ဗေဟိ ဂန္ဓဗ္ဗစက္ကေဟိ မံ ရက္ခန္တု။

သဗ္ဗေမဟိဒ္ဓိကာ ကုမ္ဘဏ္ဍသဗ္ဗေဟိ ကုမ္ဘဏ္ဍစက္ကေဟိ မံ ရက္ခန္တု။

ပုရတ္တိမာယ ဒိသာယ သေတေအမနုဿာ ကာဠာ ကာဠဝဏ္ဏာ ကာဠစိတ္တာ၊ တဏှာ တဏှာဝဏ္ဏာ၊ တဏှာစိတ္တာ၊ စဏ္ဍာ၊ ဝါဠာလုဒ္ဒါ၊ ဒုဋ္ဌာ။ သဗ္ဗေကေ အမနုဿ ဗုဒ္ဓစက္ကေဟိ ဟတာဟောန္တု ဝိဟတာဟောန္တု နိဟ တာဟောန္တု နဋ္ဌာဟောန္တု ဝိနဋ္ဌာဟောန္တု။

သဗ္ဗေတေ အမနုဿာ ဓမစက္ကေဟိ ဟတာဟောန္တု ဝိဟတာဟောန္တု နိဟ တာဟောန္တု နဋ္ဌာဟောန္တု ဝိနဋ္ဌာဟောန္တု။

သဗ္ဗေတေ အမနုဿာ သံဃစက္ကေဟိ ဟတာဟောန္တု ဝိဟတာဟောန္တု နိဟ တာဟောန္တု နဋ္ဌာဟောန္တု ဝိနဋ္ဌာဟောန္တု။

ပုရတ္တိမာယ အနုဒိသာယ ယေတေ...(လ) ဝိနဋ္ဌာဟောန္တု။

ဒက္ခိဏာယဒိသာယ ယေတေ...(လ) ဝိနဋ္ဌာဟောန္တု။

ဒိက္ခိဏာယအနုဒိသာယယေတေ...(လ) ဝိနဋ္ဌာ ဟောန္တု။

ပစ္ဆိမာယဒိသာယ ယေတေ...(လ) ဝိနဋ္ဌာ ဟောန္တု။

ပစ္ဆိမာယ အနုဒိသာယယေတေ...(လ) ဝိနဋ္ဌာဟောန္တု။

ဥတ္တရာယဒိသာယ ယေတေ...(လ) ဝိနဋ္ဌာဟောန္တု။

ဥတ္တရာယ အနုဒိသာယ ယေတေ...(လ)ဝိနဋ္ဌာဟောန္တု။

(မယှ နာထာ၊ မယှံဒိပါ စသည်တို့၌ အများအတွက် ရွတ်ဖတ်သော အခါ အမှာကံ နာထာ၊ အမှာကံ ဒီပါ ဟုရွတ်။)

(မံ ရက္ခန္တုပုဒ်တို့၌လည်း အများအတွက်ရွတ်ဖတ်သောအခါ အမှေ ရက္ခန္တု ရွတ်။ အိမ်၌လည်းကောင်း၊ လမ်းတို့လျှောက်၍လည်းကောင်း ရွတ်ဖတ်ရန် အန္တရာယ်ကင်းကြီး ဘုရားခုနစ်ဆူတို့၏ဂုဏ်တော်။)

သုတ်မဟာဝါ မဟာပရိနိဗ္ဗာနသုတ် မိန့်ဆိုချက်

နတ်ကွန်း နတ်နန်း နတ်စင်များကို ကောင်းမွန်စွာပြုပြင်ကြရမည်။ အခါကြီး ယမယကြီးတို့၌ ပူဇော်ပသကြရမည်ဟူ၍ ဆိုခဲ့သောစကား၌ မြတ်စွာဘုရားဟောတော်မူသော ပါဠိတော် သာဓကကို ထုတ်ပြပေအံ့။

ဒီဃနိကာယ် သုတ်မဟာဝါပါဠိတော် မဟာပရိနိဗ္ဗာနသုတ်၌ “အာနန္ဒ၊ အာနန္ဒာ။ တေ၊ သင်သည်။ ကိန္တိ၊ အဘယ်သို့လျှင်။ သုတံ၊ ကြားဖူးသနည်း။ ဝဇ္ဇီ၊ ဝေသာလီပြည် ဝဇ္ဇီလူမျိုးတို့သည်။ ဝဇ္ဇီနံ၊ ရှေးရှေးသော ဝေသာလီ ပြည်ဝဇ္ဇီလူမျိုးတို့၏၊ အဗ္ဘန္တရာနိစေဝ၊ မြို့တွင်း၌ ရှိသည်လည်းဖြစ်ကုန်သော။ ဗာဟိရာနိစ၊ မြို့ပြင်မြို့ပ၌ လည်းရှိသည် လည်းဖြစ်ကုန်သော။ ယာနိတာနိဝဇ္ဇီစေတိယာနိ၊ အကြင်ဝဇ္ဇီတိုင်း၌ တည်ကုန်သော နတ်ကွန်း နတ်နန်း နတ်စင် နတ်သစ်ပင်တို့သည်။ သန္တိ၊ ရှိကုန်၏၊

တာနိ၊ ထိုနတ်ကွန်း နတ်နန်း နတ်ငြမ်း နတ်စင် နန်သစ်ပင်တို့ကို။ သက္ကရောန္တိ၊ အရိုအသေပြုမြဲပြုကြကုန်၏၊ ဂရုံကရောန္တိ၊ အလေးအမြတ် ပြုမြဲပြုကြကုန်၏၊ မာနေန္တီ၊ အမြတ်တနိုးပြုမြဲပြုကြကုန်၏၊ ပူဇေန္တိ၊ ပူဇော်ပသမြဲ ပူဇော်ပသကြကုန်၏၊ တေသဉ္စ၊ ထိုနတ်တို့အားလည်း။ ဒိန္နပုဗ္ဗံ၊ ရှေး၌ပေးဆက်မြဲဖြစ်သော။ ကတပုဗ္ဗံ၊ ရှေး၌ ပြုလုပ်မြဲဖြစ်သော။ ဓမ္မိကံ၊ အသက်သတ်မူမရှိငြားဘဲ တရားနှင့်လျော်ကန်သော။ ဗလိံ၊ ဗလိနတ်စာ ပူဇော်သကာကို။ နော ပရိဟာပေန္တိ=ဆုတ်ယုတ် လစ်လပ်ခြင်း မရှိစေကြကုန်။ ဣတိ၊ ဤသို့။ သုတံ၊ ကြားဖူး၏လော။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ အရှင်အာနန္ဒာအား မေးတော်မူ၏၊

ဘန္တေ၊ မြတ်စွာဘုရား။ ဝဇ္ဇီ၊ ဝေသာလီပြည် ဝဇ္ဇီလူမျိုးတို့သည်။ တာနိ၊ ထိုစေသာလီပြည် ဝဇ္ဇီလူမျိုးတို့၏ ကိုးကွယ်ရာ ဖြစ်ကုန်သော မြို့တွင်းမြို့ပြင် နတ်စင် နတ်ကွန်းတို့ကို။ သက္ကရောန္တိ၊ အရိုအသေ ပြုမြဲပြုကုန်၏၊ ဂရုံကရောန္တိ၊ အလေးအမြတ်ပြုမြဲပြုကြကုန်၏၊ မာနေန္တိ၊ အမြတ်တနိုးပြုမြဲပြုကြကုန်၏၊ ပူဇေန္တိ၊ ပူဇော် ပသကြကုန်၏၊ တေသဉ္စ၊ ထိုနတ်တို့အားလည်း။ ဒိန္နပုဗ္ဗံ။ ရှေး၌ပေးဆက်မြဲဖြစ်သော။ ကတပုဗ္ဗံ၊ ရှေး၌ပြု လုပ်မြဲဖြစ်သော။ ဓမ္မိကံ၊ အသက်သတ်မူ မရှိငြားဘဲ တရားနှင့် လျော်ကန်သော။ ဗလိံ၊ ဗလိနတ်စာ ပူဇော်သကာကို။ နောပရိဟာပေန္တိ၊ ဆုတ်ယုတ်လစ်စပ်ခြင်းမရှိစေကြကုန်။ ဣတိ၊ ဤသို့။ သုတံ၊ ကြားဖူးပါ၏၊ ဣတိ၊ ဤသို့။ အဝေါစ၊ နားတော်လျှောက်ပေ၏၊

(ဤကား အမေး အဖြေခန်း။)

ယာဝကီဝဉ္စ အာနန္ဒ ဝဇ္ဇီ ယာနိတာနိ ဝဇ္ဇီနံ ဝဇ္ဇီစေတိယာနိ အဗ္ဘန္တရာနိ စေဝဗာဟိရာနိစ၊ ယာနိသက္ကရိဿ န္တိ ဂရုံတရိဿန္တိ မာနေဿန္တိ ပူဇေဿန္တိ။ တေသဉ္စ ဒိန္နပုဗ္ဗံ ဓမ္မိကံ ဗလိံ နော ပရိဟာပေဿန္တိ။ ဝုဍ္ဎိယေဝ အာနန္ဒ-ဇ္ဇီနံ ပါဋိကင်္ခါ နောပရိဟာနိ။

(မြတ်စွာဘုရား ဟောတော်မူချက်)

အာနန္ဒ၊ အာနန္ဒာ။ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလ ပတ်လုံး။ ဝဇ္ဇီ၊ ဝေသာလီပြည် ဝဇ္ဇီ လူမျိုးတို့သည်။ ဝဇ္ဇီနံ၊ ရှေးရှေးသော ဝဇ္ဇီလူမျိုးတို့၏၊

အဗ္ဘန္တရာနိစေဝ၊ မြို့တွင်း၌ ရှိသည်လည်းဖြစ်ကုန်သော။ ဗာဟိရာနိစ၊ မြို့ပြင်မြို့ပ၌ရှိသည်လည်းဖြစ်ကုန်သော၊ ယာနိတာနိဝဇ္ဇီ စေတိယာနိ၊ အကြင်ဝဇ္ဇီတိုင်း၌တည်ကုန်သော နတ်ကွန်း နတ်နန်း နတ်ငြမ်း နတ်စင် နတ် သစ်ပင်တို့သည်။ သန္တိ၊ ရှိကုန်၏၊ တာနိ၊ ထိုနတ်ကွန်း နတ်နန်း နတ်ငြမ်း နတ်သစ်ပင်တို့ကို။ သက္ကရိဿန္တီ၊ အရို အသေ ပြုမြဲပြုကြကုန်ငြားအံ့။ ဂရုံကရိဿန္တိ၊ အလေးအမြတ် ပြုမြဲပြုကြ ကုန်အံ့။ မာနေဿန္တိ၊ အမြတ်တနိုးပြုမြဲ ပြုကြကုန်အံ့။ ပူဇေဿန္တိ= ပူဇော်ပသမြဲပူဇော်ပသကုန်ငြားအံ့။ တေသဉ္စ၊ ထိုနတ်တို့အားလည်း။ ဒိန္နပုဗ္ဗံ၊ ရှေး၌ပေး ဆက်မြဲဖြစ်သော။ ကတပုဗ္ဗံ၊ ရှေး၌ပြုလုပ်မြဲဖြစ်သော။ ကတပုဗ္ဗံ၊ ရှေး၌ပြုလုပ်မြဲဖြစ်သော။ ဓမ္မိကံ၊ အသက်သတ်မှုမ ရှိငြားဘဲ တရားနှင့်လျော်ကန်သော။ ဗလိံ၊ ဗလိနတ်စာ ပူဇော်သကာကို။ နော ပရိဟာပေဿန္တိ၊ ဆုတ်ယုတ်ခြင်းမရှိကြ ကုန်ငြားအံ့။ တာဝ၊ ထိုနတ်တို့ကို အရိုအသေအလေးအမြတ်ပြု၍ ပူဇော်ပသမြဲ ပူဇော်ပသကြသမျှကာလ ပတ်လုံး။ ဝဇ္ဇီနံ=ဝဇ္ဇီလူမျိုးတို့အား။ ဝုဒ္ဓိယေဝ၊ ပစ္စုပ္ပန်သံသရာ ချမ်းသာစီးပွားတို့၏ တိုးတက် ဖြစ်ထွန်းခြင်းကိုသာလျှင်။ ပါဋိကင်္ခါ၊ မချွတ်မလွဲ အမြဲအလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ပျက်ပြားခြင်းကို။ နော ပါဋိကင်္ခါ၊ အလိုမရှိအပ်။

(မြို့တွင်း မြို့ပရှိ မြို့စောင့်နတ်တို့ကို ပူဇော်မြဲပူဇော်ပသကြ သမျှကာလပတ်လုံး ဝေသာလီပြည်သည် တစ်နေ့တစ်ခြားတိုးပွား စည်ပင် လတ္တံ့သာဖြစ်၏၊ ဆုတ်ယုတ်ပျက်ပြားခြင်းမရှိဟူလိုသည်။ ပါဠိတော် အနက်)

ဝဇ္ဇီနံ ဝဇ္ဇီစေတိယာနီတိ ဝဇ္ဇီယာဇူနံ ဝဇ္ဇီရဋ္ဌေ စိတ္တိကတဋ္ဌေန စေတိယာနီတိ လဒ္ဓနာမာနိ ယက္ခဌာနာနိ။ အဗ္ဘန္တရာနီတိ အန္တောနဂရေဌိတာနိ။ ဗာဟိရာနီတိ ဗာဟိရ နဂေရေ ဌိတာနိ။ ဒိန္နပုဗ္ဗန္တိ ပုဗ္ဗေဒိန္နံ။ ကတပုဗ္ဗေန္တိ ပုဗ္ဗေကတံ။ နောပရိယာပေ ဿန္တီတိ အပရိဟာပေတွာ၊ ယထာပဝတ္တမေဝ ကရိဿန္တီ။ ဓမ္မိကံ ဗလိံ ပရိဟာပေန္တာ နဥှိ ဒေဝတာ အာရက္ခံ သုသံဝိဟိတံ နကရောန္တိ၊ အနုပ္ပန္န ဒုက္ခံဇနေတုံ အသက္ကောန္တာပိ ဥပ္ပန္နကာသ သီသရာဂါဒိံ ဝဍ္ဎေန္တိ၊ သင်္ဂါမေပနသတိသဟာယာ နဟောန္တိ။ အပရိယာပေန္တာနံ ပန အာရက္ခံ သုသံဝိဟိတံ ကရောန္တိ၊ အနုပ္ပန္နံ သုခံ ဥပ္ပါဒေတုံ အသက္ကေန္တာပိ ဥပ္ပန္နံကာသ သီသရောဂါဒိံ ဟနန္တိ၊ သင်္ဂါပသိသေသဟာယာဟောန္တိ။

(သုတ်မဟာဝါ အဋ္ဌကထာ) ဝဇ္ဇီနံ ဝဇ္ဇီစေတိယာနီတိ ဟူသည်ကား-ဝဇ္ဇီရာဇူနံ၊ ဝေသာလီပြည် ဝဇ္ဇီမင်းမျိုးတို့၏၊ ဝဇ္ဇီရဋ္ဌေ၊ ဝဇ္ဇီတိုင်းအတွင်း၌။ စိတ္တိကတဋ္ဌေန၊ အရို အသေပြုအပ်သော အနက်ကြောင့်။ စေတိယာနီတိ၊ စေတိတို့ဟူ၍။ လဒ္ဓနာမာနိ၊ ရအပ်သော အမည်ရှိကုန်သော။ ယက္ခဌာနာနီ၊ နတ်ဘီလူး တို့၏တည်နေရာ နတ်ကွန်း နတ်နန်း နတ်ငြမ်း နတ်သစ်ပင်တို့သည်။ (ငါတို့နိုင်ငံ၌ အရှင်ကြီးဟူ၍ ခေါ်ဝေါ်ကြသော သုံးဆယ့်ခုနစ်မင်း အစ ရှိသော ဘုမ္မစိုးနတ်တို့ကိုလည်း ယက္ခဟူ၍ခေါ်ဝေါ်သည်။ ယက္ခသဒ္ဒါ သည် ပူဇော်အပ်သော အနက်ကို ဟောရင်းဖြစ်၏၊ မြန်မာပြန်ရာ၌ကား ဘီလူးဟူ၍ ပြန်ရိုးရှိ၏၊ ကြောက်မက်ဖွယ်ကောင်းသောသူ ဆိုလို၏၊) (အဆင်းသဏ္ဌာန်ကောင်း ဖြစ်စေလိုသည်ဖြစ်စေ နတ်မျိုးမှန်လျှင် ပကတိလူတို့က အဦးအစ တွေ့မြင်ရသောအခါ ကြက်သီးမွေးညှင်း ထအောင် ကြောက်လန့်မှု ဖြစ်တတ်၏၊ အလောင်းတော်နေမိမင်းကြီး သိကြားမင်းကို မြင်ရာ၌ ကြက်သီး မွေးညှင်းထအောင် ကြောက်လန့် ခြင်းဖြစ်၏၊)

အဗ္ဘန္တရာနီတိ ဟူသည်ကား-အန္တောနဂရေ၊ မြို့တွင်း၌။ ဌိတာနိ၊ တည်ရှိကုန်သော။ ဗာနိရာနီတိဟူသည်ကား- ဗာဟိရနဂရေ၊ မြို့တွင်း မြို့ပ၌။ ဌိတာနိ၊ တည်ရှိကုန်သော။ ဒိန္နပုဗ္ဗန္တိ ဟူသည်ကား-ပုဗ္ဗေ၊ ရှေး၌။ ကတံ၊ ပြုလုပ်မြဲဖြစ်သော။ (နစ်ကွန်းဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း စသည်ကို ကတပုဗ္ဗံဆိုသည်။)

နောပရိယာပေဿန္တိတိ ဟူသည်ကား-အပရိဟာပေတွာ၊ မယုတ်မလျှာ့စေမူ၍။ ယထာပဝတ္တမေဝ၊ ဖြစ်မြဲတိုင်းကိုသာလျှင်။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့။ ဟိသစ္စံ၊ မှန်၏၊ ဓမ္မိကံ၊ တရားနှင့်လျှော်သော။ ဗလိံ၊ နတ်စာ ပူဇော်သကာကို။ ပရိဟာပေန္တာနံ၊ ယုတ်လျော့လစ်လပ်စေ ကုန်သော မင်းမျိုးတို့အား။ ဒေဝတာ၊ တိုင်းစောင့်၊ ပြည်စောင့်၊ မြို့စောင့်၊ ရွာစောင့် နတ်တို့သည်။ အာရက္ခံ၊ မြို့ရွာတို့၌ ဘေးရန်မရောက်အောင် စောင့်ရှောက်ခြင်းကို။ သုတံဝိဟိတံ၊ ကောင်းစွာစီရင်မှုကို။ နကရောန္တိ၊ မပြုကြကုန်။ အနုပ္ပန္နံ၊ မဖြစ်သေးသော။ ဒုက္ခံ၊ ဒုက္ခကို။ ဇနေတုံ၊ ဖြစ်စေခြင်းငှာ။ အသက္ကောန္တာပိ၊ မတတ်နိုင်ကုန်သော်လည်း။ ဥပ္ပန္နံ၊ အကြောင်းတစ်ပါးကြောင့် ဖြစ်ပေါ်လာသော။ ကာသ သီသရောဂါဒိံ၊ ချောင်းဆိုးသောရေားဂါ၊ ဦးခေါင်းရေားဂါအစရှိသော အနာမျိုးတို့ကို။ ဝဍ္ဎေန္တိ၊ တိုးပွားစေကုန်၏၊ သင်္ဂါမေ၊ စစ်ရေးမက်ရေးသည်။ သတိ၊ နိုင်ရှိခဲ့သော်။ သဟာယာ၊ ကူဘော်ညီဘက်တို့သည်။ နဟောန္တိ၊ မဖြစ်ကုန်။

အပရိဟာပေန္တာနံ၊ ပြုမြဲတိုင်းကို မယုတ်မလျှော့စေမူ၍ ပူဇော်ပ သကုန်သော မင်းမျိုးတို့အား။ အာရက္ခံ၊ မြို့ရွာတို့၌ ဘေးရန် မရောက် အောင် စောင့်ရှောက်ခြင်းကို။ သုသံဝိဟိကံ၊ ကောင်းစွာ စီရင်မူကို။ ကရောန္တိ၊ ပြုကြကုန်၏၊ အနုပ္ပန္တံ၊ မဖြစ်သေးသော။ သုခံ၊ ချမ်းသာကို။ ဇနေတုံ၊ ဖြစ်စေခြင်းငှာ။ အသက္ကောန္တပိ၊ မတတ်နိုင်ငြားသော်လည်း။ ဥပ္ပန္နံ၊ ဖြစ်၍နေသော။ ကာသသီသရောဂါဒိံ၊ ချောင်းဆိုးနာ ဦးခေါင်းနာ အစရှိသော ရောဂါမျိုးကို။ ဟနန္တိ၊ ပယ်ဖျောက်နိုင်ကြကုန်၏၊ သင်္ဂါမ သီသေ၊ စစ်မြေဦး၌၊ သဟာယာ၊ ကူဘော်ညီဘော်ရကြကုန်သည်။ ဟောတိ၊ ဖြစ်ကုန်၏၊ (အဋ္ဌကထာ အနက်)

အဓိပ္ပါယ်ကား
(ဝေသာလီမင်းတို့ကို အကြောင်းပြု၍ ဟောတော်မူသော ကြောင့် မင်းမျိုးကိုသာထုတ်ဖော်၍ ဖွင့်ပြပေသည်။ မပူဇော်သောသူတို့ကိုမူကား အစောင့်အရှောက်ကို မစီရင်ကြကုန်။ တစ်ပါးသော အန္တရာယ်တို့သည် ထိုရွာသို့ဝင်ရောက်မည်ကို သိမြင်ကြကုန်သော်လည်း လစ်လျူရှု၍သာ နေကြကုန်၏၊ မြို့ရွာသို့ မဝင်ရအောင်ဟန့် တားခြင်းကို မပြုကြကုန်။ မြို့ရွာတွင်းတို့ဝင်ရောက်သော်လည်း မြို့ရွာတွင်းရှိနတ်တို့က ထိုအန္တရာယ် တို့ကို မနှင်ထုတ်ကုန်။ ဝင်းခြံအတွင်း၊ အိမ်ဝင်းအတွင်းတို့ ရောက် သော်လည်း ဝင်းခြံတွင်းရှိ၊ အိမ်တွင်းရှိ နတ်တို့က ထိုအန္တရာယ်တို့ကို မနှင်ထုတ်ကုန်။ အဘယ်ကြောင့်နည်းဆိုသော် ရှေးရှေးသောသူတို့ကဲ့တို့ မပူဇော်ကြသည့်အတွက် မြို့သား ရွာသား အိမ်သားတို့အပေါ်၌ အမျက် စွန်းငြိခြင်းရှိနေကြသောကြောင့်တည်း။ လူမင်းများဖြစ်ခဲ့လျှင် ပေးနေကြ အခွန်အတုတ် မပေးပဲနေခဲ့လျှင် ထိုသူကို မင်းပြစ်မင်းဒဏ်နှင့် နှိပ်စက်၏၊ ထို့အတူ နှိပ်စက်လိုသော စိတ်ရှိ၍ နေကြကုန်၏၊ ထို့ကြောင့် အဋ္ဌကထာ ၌ ရောဂါဥပဒ်ရှိသောအခါ ထိုရောဂါဥပဒ်တို့ တိုးပွားစေကြကုန်၍ တိုးပွားအောင် ပြု၍အသေသတ်တတ်ကြကုန်၏ ဟူလိုသည်။

အညီအညာ ပူဇော်ပသကြကုန်သော သူတို့၏မြို့ရွာ၌မူကား အစောင့်အရှောက်ကို ကောင်းစွာ စီရင်ကြကုန်၏၊ မြို့ရွာမှာ ဓားပြ အန္တရာယ်မဝင်ရအောင် ပယ်ရှားကြကုန်၏၊ ဘီလူးသဘက်အနထ္တရာယ်၊ ခြင်္သေ့၊ သစ် ကျားအန္တရာယ် မဝင်ရအောင်ပယ်ရှားကြကုန်၏၊ ပြင်ပ နတ်တို့ မသိ၍ဝင်ရောက်ခဲ့လျှင် အတွင်းနတ်တို့က ပယ်ရှားကြကုန်၏၊ မိမိတို့ပယ်ရှား ခြင်းငှာမတတ်နိုင်ခဲ့လျှင် မြို့တွင်း ရွာတွင်း ရပ်တွင်း အိမ်းတွင်းသို့ အန္တရာယ်ဝင်ရောက်သည်ကို လူတို့သိဖို့ အိမ်မက်ပြုခြင်း စသည်ဖြင့် ကြောင့်ကြစိုက်ကြကုန်၏၊ နတ်တို့ပြုသောအမူဟူသည် လူလူအချင်း ချင်းပြုသောအမှုကဲ့သို့ လူတိုင်းကသိကြရသည်မဟုတ်။ သည်အိမ်သားတို့ကို မုန်း၍ အခွင့်သာသောအခါ ရောဂါတိုးပွားစေခြင်း စသည်ကိုပြု၍သတ်သဖြင့် သည်အိမ်မှာဆယ်ယောက်ပင် သေသော် လည်း ငါသတ်သည်ဟု ပြောတော့သည်မဟုတ်။ သည်အိမ်သားတို့ကို မေတ္တာရှိ၍ သည်အိမ်သို့ဝင်လာမည့်အန္တရာယ်ကို ပယ်ရှား၍ ထိုအိမ်သူ အိမ်သားတို့မှာ ဆယ်ခါတိုင်အောင် အန္တရာယ်လွတ်ကင်း၍ သွားသော် လည်း အန္တရာယ် ငါပယ်ရှားလိုက်သည်ဟု ပြောတော့သည် မဟုတ်။ ထိုအိမ်သူတို့သည်လည်း သိကြကုန်တော့သည် မဟုတ်ကြကုန်။ ထို့ ကြောင့်နတ်နှင့်စပ်သောအရာတို့၌ ကျမ်းဂန်ဗဟုသုတ၊ လောကီ ဗဟုသုတတို့နှင့် ပြည့်စုံကြသော သူတို့မှသာ လိမ္မာနိုင်ကြကုန်၏၊ နတ်နှင့် စပ်သောအရာ၌ ကျမ်းဂန်ဗဟုသုတ လောကီဗဟုသုတ နည်းပါးကြသော သူတို့မူကား လိမ္မာနိုင်ဖို့ဝေးစွ၊ မျက်မြင်ဒိဋ္ဌမဟုတ်သည့်အတွက်ကြောင့် လိမ္မာနိုင်သူ ပြောသည်ကို နာယူဖို့သညာမျှ မရှိကြလေကုန်။

လိမ္မာနိုင်ကြကုန်၏ဆိုရာမှာလည်း နတ်များနှင့်စပ်လျဉ်း၍ သည်လိုဖြစ်လမ်းရှိသည် ဟိုလိုဖြစ်လမ်းရှိသည် သည်လိုလုပ်နည်းရှိသည်၊ ဟိုလိုလုပ်နည်းရှိသည်ဟု နည်းလမ်းမျှ၌သာ လိမ္မာနိုင်ကြကုန်သည်။ အတတ်သိမြင်နိုင် ကြကုန်သည်မဟုတ်။ ဤသို့အတတ်မသိမမြင် နိုင်သောအရာတို့၌ ကျမ်းဂန်ဗဟုသုတ လောကီဗဟုသုတတို့နှင့် ပြည့်စုံ သောသူသာ ပမာဏမြောက်၏၊ မပြည့်စုံသောသူသည် ပမာဏ မမြောက်။ ယခုကဲ့သို့သော ကြီးမားစွာ ကပ် ဥပဒ်အန္တရာယ်မျိုးများ၌မူကား ပိဋကတ်ကျမ်းဂန်တို့မှလာသော နည်းလမ်းတို့တွင် ဒုစရိုက်မှုကို ချန်လှပ်၍ ဖြစ်နိုင်လောက်သော နည်းလမ်းဟူသမျှတို့ကို နေရာမကျဟူ၍ ဆုတ် နှစ်ခြင်းမရှိကြဘဲ စုံလင်အောင် ပြုလုပ်ကြကုန်ရာ၏၊ မဆုတ်မနစ် အားထုတ်မှုသည် ဝီရိယပါရမီကြီးပေတည်း။

ကြံရွယ်တိုင်း အကျိုးပြီးစီးသည်ဖြစ်စေ၊ မပြီးစီးသည်ဖြစ်စေ၊ ဝီရိယ ပါရမီကိုမူကား ဧကန်ရတော့သည်။ထိုမှတစ်ပါး နတ်တို့နှင့်စပ်လျဉ်းသော ဒေသနာတော်အလွန်များသေး၏၊

ဤတွင်ရွေ့ကား မော်လမြိုင်မြို့သားတို့နတ်ပွဲင်္ကြီးပြုလုပ်မှုကို အကြောင်းပြု၍ အလွန်ကြီးသော ကပ်ဥပဒ်ကြီးအရာ၌ ပညာမဲ့စကား ပိုတို့ကြောင့် အကျိုးမဲ့ဖြစ်၍ မနေကြရအောင် ထိုထိုမြို့ရွာနေ လူကောင်း ရှင်ကောင်း ပညာရှိအပေါင်းတို့အား ပညာသတိအထူးရှိကြရန် ကျမ်းဂန် ထွက်စကားတို့ကို ထင်ရှားရုံဖော်ပြလိုက်သည်။

ဘယဝိနာသကဒီပနီကျမ်း ပြီး၏၊

-----------

နိဒါန်း

လယ်တီဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့သော စာပေ အားလုံးသည် လယ်တီဆရားတော်ကြီး၏ အဆိုဆမိန့်များ၊ လယ်တီ ဆရာတော်ကြီး၏အာဘော်၊ လယ်တီဆရာတော်ကြီး၏ သဘောထား၊ လယ်တီဆရာတော်ကြီး၏ အလိုဆန္ဒတော်များဖြစ်ပေသည်။ ဤစာအုပ် ငယ်ပါ အကြောင်းအရာတို့သည်ကား စာပေအရေးအသား အနေဖြင့် (စာရေးဟန်ဖြင့်) ရေးသားထားသော အကြောင်းအရာများ မဟုတ်၊ ထိုင်ပြောအနေ ပြောဟန်ဆိုဟန် အနေဖြင့် ရေးသားမှတ်တမ်းတင် ထားသော အကြောင်းအရားများဖြစ်ပေသည်။
လယ်တီ ဆရာတော်ကြီး၏ ဘဝတလျှောက် တွေ့ကြုံဆိုက်ရောက်လာသော အကြောင်းအရား အားလျော်စွာ ရဟန်းရှင် လူပုဂ္ဂိုလ်အသီးသီးတို့အား မိန့်ဆိုသော မိန့်ဆို ချက်များဖြစ်ပေသည်။ ၎င်းမိန့်ဆိုချက်များကို လယ်တီ ဦးလှတင်၊ လယ်တီ ဦးလှပိုင်တို့က သူတို့၏ လယ်တီမဟာထေရုပ္ပတ္တိကထာ၊ လယ်တီဂန္တဝင် ကျော်များသမိုင်း စာအုပ်များ၌ အကြောင်းအားလျော်စွာ အသီးသီး မှတ်တမ်းတင်ထားခဲ့ကြပေသည်။

လယ်တီဆရာတော်ကြီး၏ ဘဝတလျှောက်မိန့်ကြားခဲ့သော မိန့်ခွန်းတော်များသည် ဤရွေ့ဤမျှမက ရှိပေမည်။ မိန့်ခွန်းတော်အရပ်ရပ် မိန့်တော်မူချက်များစွာမှ ဖြစ်ရပ်ထူးခြားသော မိန့်ခွန်း၊ အဆိုအမိန့် ထူးခြားသောမိန့်ခွန်း တော်များကိုသာ မှတ်တမ်းတင်ထားခဲ့ကြဟန် တူပေသည်။ လယ်တီ ဦးလှတင်၊ လယ်တီ ဦးလှပိုင်တို့ မှတ်တမ်းတင်ထားခဲ့သော အဆိုအမိန့်အမျိုးမျိုး၊ ဩဝါဒထူးအမျိုးမျိုးကို စုစည်း၍ လယ်တီဆရာတော်ဘုရားကြီး၏ “မိန့်ခွန်းတော် များအဖြစ်” တင်ပြလိုက် ပေသည်။

လယ်တီဆရားတော်ဘုရားကြီး၏ အရပ်ရပ်မိန့်ခွန်းတော်ကို ကြည့်ခြင်းအားဖြင့် လယ်တီဆရာတော်ကို ငယ်စဉ်ကာလ စာသင် သားဘဝတည်းက အသွားသလာ၊ အနေအထိုင်၊ အသုံးအဆောင် ခြိုးခြံချွေတာခြင်း၊ သန္တုဋ္ဌီ သလ္လေခ၊ သလ္လဟုကဝုတ္တိဂုဏ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်အဖြစ်လည်းကောင်း မေတ္တာရှင်ကြီးအဖြစ်လည်းကောင်း၊ ဂရုဏာရှင်ကြီးအဖြစ်လည်းကောင်း၊ ဂါမဝါသီပုဂ္ဂိလ်မဟုတ် အရညဝါသီ ပုဂ္ဂိုလ်အဖြစ်လည်းကောင်း အပြောအဆို အရေးအသား၊ အရွတ်အဖတ် နှင့်စပ်၍ အများနှင့်မတူအောင်ပြောလေ့ ရေးသားလေ့ ရွတ်ဖတ်လေ့ ရှိသော ပုဂ္ဂိုလ်အဖြစ်လည်းကောင်း လမ်းဟောင်းမလိုက်တတ်သူ၊ လမ်းဟောင်း၌လမ်းသစ်ထွင်တတ်သူ၊ အစဉ်အလာရေစီးကြောင်း၌ မျောပါ၍ မနေသူအဖြစ်လည်းကောင်း၊ စာပေတော်လှန်ရေးသမားကြီး အဖြစ်လည်းကောင်း၊ တော်လှန်သော တွေးခေါ်ပညာရှင်ကြီးအဖြစ် လည်းကောင်း၊ အချိန်ကိုတန်ဖိုးထားလေးစား လိုက်နာတတ်သော ပုဂ္ဂိုလ်အဖြစ်လည်းကောင်း-အလာဘာပေက္ခ ဓမ္မကထိကပုဂ္ဂိုလ်ကြီး အဖြစ်လည်းကောင်း၊ နယ်လှည့် အဂ္ဂမဟာဓမ္မကထိက ဗဟုဇနဟိတဓရ ပုဂ္ဂိုလ်ကြီးအဖြစ်လည်းကောင်း၊ သံဃာ့ကျွန်ခံရန် ဝန်မလေးသော ပုဂ္ဂိုလ်ကြီးအဖြစ်လည်းကောင်း၊ သူနာပြုဆရာဝန်ကြီးအဖြစ်လည်း ကောင်း၊ လှေခွက်ချည်းကျန် အလံမလှဲ၊ ဒူးမထောက်၊ လက်မမြှောက် သော ပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ လူကဲခတ်လိမ္မာသော ပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ သက္ကဋစသောဘာသန္တရစာပေများကို အထင်မကြီးသူ အားမကျသူ၊ စာပေနှင့်စပ်၍ မျိုးချစ်စိတ်ရှိသူ အဖြစ်လည်းကောင်း၊ ငုပ်မိသဲတိုင် တက်နိုင်ဖျား ရောက်လုပ်မိလျှင် နောက်မဆုတ်တတ်သော ပုဂ္ဂိုလ်၊ ဝံ့ဝံ့စားစား ရဲရဲရင့်ရင့် ရွတ်ရွတ်ချွန်ချွန် စွမ်းစွမ်းတမန် လုပ်တတ် သောပုဂ္ဂိုလ်အဖြစ်လည်းကောင်း တွေ့မြင်ရမည် ဖြစ်ပေသည်။

လယ်တီဆရာတော်ဘုရားကြီး၏ အရပ်ရပ်မိန့်ခွန်းတော်များသည် ဆရာတော်ကြီး၏ ဘဝအစိတ်အပိုင်း များလည်းဖြစ်ပေသည်။ အဆိုပါ ဘဝအစိတ်အပိုင်းတဖွယ်ဖြစ်သော အရပ်ရပ်မိန့်ခွန်းတော်များကိုကြည့်၍ လယ်တီဆရာတော်ကြီးကို အနီးကပ် ကြည်ညိုလေးစားနိုင်ရန် အားကျ အတုယူနိုင်စေရန် လယ်တီဆရာတော်ကြီး၏မိန့်ခွန်းတော်များကို ရဟန်း ရှင်လူအများပြည်သူတို့ တစ်ထိုင်တည်း အလွယ်တကူ လေ့လာဖတ်ရှု နိုင်ရန် ရည်သန်ချက်ဖြင့် စီစဉ်တင်ပြခြင်းဖြစ်ပါသည်။

အရှင်သုမနာဘိဝံသ နယားပျံကျောင်း၊ မုံရွာ..လယ်တီ။

---

ရှေးကစာသင်သား နှင့် ယခုစာသင်သား

အမြို့မြို့အရွာရွာ အနယ်နယ် အရပ်ရပ်ရှိ ရဟန်းရှင်လူ ပြည်သူတို့အား မိန့်ကြားတော်မူခဲ့သော လယ်တီဆရာတော်ဘုရားကြီး၏

မိန့်ခွန်းတော်များ

လယ်တီဆရာတော်ကြီးသည် ၁၂၄၈-ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၈)ရက်နေ့တွင် လယ်တီတောသို့ကြွ၍ သီတင်းသုံးတော်မူသည်။ ၎င်းနှစ် ၎င်းရက်သည်ပင် လယ်တီတိုက်ကြီးစတင်တည်ထောင်တော်မူသော နေ့ရက်ဖြစ်ပေသည်။ ထိုအချိန်မှစ၍ လှေကူးရပ် သင်္ဂြီုဟ်ဦးဝိုင်းရှိ တပည့်စာသင်သားများနှင့်အတူ အနယ်နယ်အရပ်ရပ်မှ စာသင်သားများ လယ်တီဆရာတော်ကြီး၏ ထံတော်မှောက်သို့ ရောက်ရှိလာကြသည်။ ပညာရင်နို့သောက်စို့လာကြသည်။ ထိုအထဲတွင် လယ်တီဦးလှတင် အမည်ဖြင့် ထင်ရှားလာမည့်အရှင်ဝဏ္ဏိတလည်း တစ်ပါးအပါအဝင်ဖြစ် သည်။ အရှင်ဝဏ္ဏိတသည် ၁၂၇၄-ခုနှစ် လယ်တီတိုက်သို့ စတင်ရောက် ရှိလာသည်။ အသံဝါပိုင်ရှင် အရှင်ဝဏ္ဏိတ အား ၁၂၇၄-ခုနှစ်တွင် ဓမ္မကထိကအဖြစ်ချီးမြှောက်တော်မူသည်။ တစ်နေ့တွင် ရှေးကစာသင် သားနှင့် ယခုကာလ စာသင်သားကွာခြားချက်ကို တပည့်အရှင်ဝဏ္ဏိတ အား မိန့်ကြားတော်မူသည်မှာ...

“စိုင်ပြင်ရွာမှ မန္တလေးရွှေမြို့တော်သို့ စာသင်ရန်သွားသောအခါ မင်းသို့ ယခုကာလလို မီးသင်္ဘော၊ မီးရထား မရှိသေးဘူးကွဲ့။ ငါ့မှာတော့ လှေကြုံ၊ လူကြုံများနှင့် အဆင်သင့်သလို သွားရတယ်ကွဲ့၊ ငါ့မှာတော့သင်္ကန်း ၃-ထည်ကို လက်စွပ်အိတ်တွင် ထည့်လွယ်ပြီး စာပုလွေထမ်း၍ ခရီးပြင်းတစ်လ ကိုးသီတင်း လာရသကွဲ့၊ ရွှေမြို့တော် စံကျောင်းတိုက် သို့ရောက်ပြန်တော့လဲ ဒွေမာတိကာကို ကျေပြွန်စွာရဦးမှကွဲ့၊ ဒွေမာတိကာ ရ၍နေခွင့်သာသော်လည်း နေရာထိုင်ခင်းအတွက် အခက်ကြုံရသေး တယ်ကွဲ့၊ ငါ့မှာ နေရာမရှိ၍ သံဃာတော်များ၏ခြေရင်း သောက်ရေအိုး အနီး တစ်နေရာစာ အိပ်လောက်ရုံမျှသာ ရတယ်ကွဲ့၊ အခင်းကတော့ ရွာကပါလာတဲ့ သားရေနွယ်လေး တစ်ချပ်ခင်း၍ ခေါင်းအုံးကတော့ ဝါးပိုးခြမ်းကြီးတစ်ခုကို အုံးရတယ်ကွဲ့။

သားရေနွယ်ကလေးကလဲ မလုံမလောက် တစ်ပိုင်းပြတ်ဖြစ်နေလို့ ခဝဲခင်း ဖျာကြမ်းတစ်ပိုင်းပြတ်တစ်ခုကို ရ၍ ဆက်ခင်းပြီးအိပ်ရတယ်ကွဲ့၊ အဲဒီနေရာကလဲ နေ့ကိုနေလို့မရဘူး၊ ညအိပ်ရုံသာရတယ်၊ တစ်ခါတစ်ရံ သံဃာတော်များက ရေသောက်ပြီး ရေကျန်ကို တခြားလွတ်ရာကို မသွန်ဘဲ ငါအိပ်မယ့်နေရာ သွန်ထားခဲ့လို့ တစ်ခါတစ်ရံ ရေစိုထဲမှာ အိပ်ရတယ်ကွဲ့။

ယခု မင်းတို့ကာလ စာသင်သားများမှာတော့ ရှေးဘုန်းကံကြီး ကြပါပေရဲ့၊ သင်္ဘောခရီး၊ မီးရထားခရီးတွေ ဖြစ်နေလို့ အသွားအလာ လွယ်ကူကြပါပေတယ်၊ အသုံးအဆောင်များကလဲ ခေါင်းအုံး၊ အိပ်ရာခင်း၊ ခြုံစောင်၊ သင်ဖြူး၊ ကော်ဇော၊ အိပ်ရာလိပ်၊ ရုံးသေတ္တာ၊ သံသေတ္တာ၊ ယူနီဖောင်း၊ လက်ဆွဲချိုင့်၊ ဓာတ်ရေဘူး၊ လက်နှိပ်ဓတ်မီး၊ ဆန်အိပ်၊ ငါးပိ၊ ငါးခြောက်၊ ငါးခြမ်း လိုလေသေးမရှိ ပြည့်စုံကြပါပေရဲ့၊ ကြီးကျယ်ကြပေရဲ့၊ ခမ်းနားကြပါပေရဲ့ ကွဲ့” ဟူ၍ဖြစ်သည်။

---

နွားသား မစားရန် မေတ္တာရပ်ခံ

၁၂၄၇-ခုနှစ်၊ သီပေါမင်း ပါတော်မူပြီးနောက် မြန်မာနိုင်ငံကို ကုလားလူမျိုးများ အုပ်ချုပ်လိမ့်မည်ဟုကြားသောအခါ မြန်မာနိုင်ငံကို ကုလားအုပ်ချုပ်လျှင် ကုန်းသတ္တဝါတွေများစွာ သေကြေပျက်စီးဖို့ရန် အကြောင်းရှိ၏၊ အကြောင်းကိုဆိုသော် ဤအနောက်နိုင်ငံသား ကုလားလူမျိုးတို့သည် အသားစားမှု အားကြီးသောလူမျိုးများဖြစ်သည်။ သူတို့မြန်မာနိုင်ငံရောက်လာကြလျှင် နွားသတ်ရုံ၊ ဝက်သတ်ရုံ၊ ဆိတ် သတ်ရုံတွေ အကြီးအကျယ်ဖြစ်ပြီး နွား၊ ဝက်၊ ကြက်၊ ငှက်၊ ဘဲ၊ ဆိတ် စသော ကုန်းသတ္တဝါတွေ သေကိန်းကြီးဆိုက်တော့မှာပဲဟု ကြံစည် အောက်မေ့တော်မူပြီးနောက်...

“ဦးပဉ္စင်းတို့ ယခုမြန်မာနိုင်ငံကို ကုလားများအုပ်ချုပ်တော့မည်၊ သူတို့အုပ်ချုပ်လျှင် ကုန်းသတ္တဝါတွေများစွာ သေကျေပျက်စီးကြလိမ့်မည်၊ ကုန်းသတ္တဝါတွေအနက် နွားသတ္တဝါများသည် လူတို့၏အသက်သခင် ဖြစ်၏၊ အမိသဖွယ် အဘသဖွယ်ဖြစ်၏၊ လူတို့အပေါ်မှာ အလွန်ကျေးဇူး များ၏၊ သို့အတွက်ဒီနေ့ကစပြီး နွားသားကို တပည့်တော်လည်း မစားဘူး၊ ကိုယ်တော်တို့လည်း မစားကြပါနှင့်”ဟုမိန့်တော်မူ၏၊

---

အလည်လာသည် မဟုတ်

၁၂၄၈-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၇)ရက်နေ့တွင် အခြောက် အလန့်အလွန်ထူ၊ အစိမ်းသရဲတွေအလွန် ပေါများ၊ အလွန်ကြမ်းတမ်း သော လယ်တီတောသို့ ကြွလာတော်မူသည်။

ကမ္မဋ္ဌာန်းအားထုတ်ရန်လျောက်ပတ်သော စိတ်ကြိုက်နေရာ တွေ့သောအခါ အတူပါလာသူ ဥပုသ်သည်တို့အား...

“ယခု ငါလာခြင်းကား အလည်အပတ်လာခြင်း မဟုတ်၊ တော ထွက်မည့်အကြံနှင့် လာခဲ့သည်၊ မင်းတို့ပြန်ကြပေတော့၊ ငါဒီတောမှာ နေရစ်တော့မည်။ ဦးပဉ္စင်းများ (သင်္ဂြီုဟ် ဦးဝိုင်းကျောင်းရှိ စာသင်သား သံဃာတော်များ) အား အကြောင်းကိုသာ ပြောကြားလိုက်ကြပေတော့” ဟု မိန့်တော်မူ၏၊

---

ပါဠိအရေးအသားနှင့် မြန်မာအရေးအသား

၁၂၇၀-ပြည့်နှစ်တွင် ပုသိမ်မြို့တို့ကြွတော်မူ၍ ဟိုက်စကူးကျောင်း ကြီးတွင် တရားဟောပြောလျက်ရှိရာ၊ တညဉ့်သောအခါ ဆရာတော် ဘုရားကြီးက တရားနာခံဖြစ်သူ မောင်စံကျော်အား...

“မောင်ကျော်စံရေ၊ မင်းတို့ ပုသိမ်မြို့သူ လူများအချို့က တီးတိုး ပြောဆိုကြသည့်စကားအချက်က ဒီလိုကွဲ့။ လယ်တီဆရာတော် ဟော ပြောတဲ့တရားကလဲ ပါဠိတစ်တိုတစ်စ တစ်ပုဒ်တစ်ဂါထာမှ မပါပဲ မြန်မာ စကားပြင်သက်သက်ဖြင့် ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်ရှိလှချေရဲ့ဟု ပြစ်တင်စကားကဲ့ရဲ့သံများကို ကြားရတယ်ကွဲ့၊ သို့အတွက် ဒီနေ့ညဉ့် တရားပွဲမှာ ပါဠိထည့်ပြီးဟောရလိမ့်ဦးမယ်၊ ကိုင်း...နားထောင်ကြကွဲ့။

ဟေတုပစ္စယော၊ အဲဒါ ပါဠိကွဲ့၊ နားလည်ကြရဲ့လား၊ အဲဒီပါဠိက ပဋ္ဌာန်းပါဠိတော်ကြီးတွင် အစဖြစ်တဲ့ အခြေခံ ပါဠိတော်ကွဲ့၊ တို့မြန်မာ လူမျိုးတွေခက်နေတာက ကိုယ်နားမလည်တဲ့ ကိုယ်မပိုင်တဲ့ ပါဠိကို ရွတ်ဆို၍ မြိုင်မြိုင်ဆိုင်ဆိုင်လှိုင်လှိုင်ကြီး ဟောပြောတဲ့ ပုဂ္ဂိုလ်မျိုးကိုမှလူတော်လူကောင်း လူမြတ် လူသမတ်-ဟုပင့်မြှောက် ချီးကျူးလေတယ်၊ တို့မြန်မာလူမျိုးမှာ မြန်မာလိုတိကျမှန်ကန်စွာပြန်ဆို၍ မြန်မာနားမှာ ကွက်ကွက်ကွင်းကွင်း ထင်းကနဲ လင်းကနဲ-ဝင်းကနဲ ရှင်းကနဲ မြင်လုံး ထွားအောင် မြန်မာဆန်ဆန် ဘာသာပြန်ကိန်းကြီး လိုနေတယ်ကွဲ့
ပဋ္ဌန်း ၂၄-ကျမ်း ပါဠိကို နှုတ်ငုံဆောင်ပြီး ဟောကြား၍ နာသော သူကနာသော်လဲ အနက်အဓိပ္ပါယ်ဘာသာပြန်ကိန်းကြီး ချက်မပိုင်လျှင် ဟောသူနာသူမှာ ကုသိုလ်တော့ဖြင့် ရပါရဲ့၊ ဓမ္မရသ၊ တရားအရသာ၊ ဓမ္မအရသာ၊ ဓမ္မသဘာဝ၊ တရားသဘောကို ရယူခံစားနိုင်သော အခြေ အနေမဆိုက်ဘူးကွဲ့၊ လွန်စွာရနိုင်ခဲသော ဘုရားသာသနာတော်မြတ် ကြီးနှင့် တွေ့ကြုံရသောအခါမှာ ဟောမှု, ပြောမှု, နာမှု, ကြားမှု, ဝတ်ကျေတမ်းကျေကုသိုလ်မျှနှင့် တင်းတိမ်ရောင့်ရဲ မနေကြနဲ့ကွဲ့၊ မောင်ကျော်စံရဲ့၊ ထိုကုသိုလ်မျိုးထက် အဆင့်အတန်းမြင့်တဲ့ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ၊ အတ္တာနုဒိဋ္ဌိ၊ ဘေးဆိုးကြီးကို တွန်းလှန်ဖြိုဖျက်၍ အနတ္တ သမ္မာဒိဋ္ဌိမဂ္ဂင်ဝိဇ္ဇာဉာဏ်အမြင်သန်မှသာလျှင် အပါယ်ဘေးမှ စိတ်ချရ တယ်ကွဲ့။”

---

မြန်မာပြည်ကျမ်းပြုဆရာနှင့် စာကြည့်ပရိသတ်

တို့မြန်မာလူမျိုးများ ခက်နေသာ တစ်ခုကျန်သေးတယ်၊ ကျမ်းစာ ရေးတော့မယ် ကျမ်းစာပြုစီရင်တော့မယ်ဆိုရင် ဗီရိုတွေရှိသမျှ စာတိုက် တွေရှိသမျှ ပေစာထုပ်တွေ၊ ကျမ်းစာအုပ်တွေ ထုတ်လိုက်ရတာ ပိုးဟပ် တို့အိမ်မြှောင်တို့တောင် ကောင်းကောင်းမနေရရှာဘူး၊ ပေစာဘုတ် အုပ်တွေ ထုတ်ပြီး ရှေ့ကထား-ထို့ကြောင့်ပါဠိတော်က ဒီလိုဆိုတယ်၊

အဋ္ဌကထာက၊ ဋီကာက၊ ယောဇနာက၊ နိဿယက အာစရိယဝါဒက ဒီလိုဆိုတယ်-ဟုမိမိရေးသော ကျမ်းစာအုပ်မှာ ပါဠိအဋ္ဌကထာဋီကာ ယောဇနာ၊ နိဿယ၊ အာစရိယဝါဒ ပါဠိအကိုးအကား အထောက် အထားတွေ မြိုင်မြိုင်နှင့် ကျမ်းစာအုပ်များကိုရေးသားစီရင်ကြတယ်ကွဲ့။

စာကြည့်ပရိတ်သတ်ကလည်း ပါဠိတော်တွေစုံပါပေရဲ့၊ အဋ္ဌ ကထာ၊ ဋီကာ၊ ယောဇနာ နိဿယစုံပါပေရဲ့ နှံ့စပ်ပါပေရဲ့ ဂန္ထန္တရ ဗဟုသုတတွေ များပါပေရဲ့ တော်ပါပေရဲ့ဟုချီးကျူးစကား ပြောကြပေ၏၊ ကျမ်းပြုဆရာကလည်း။ လူကြိုက်များသော ပါဠိအကိုးအကား မြိုင်ဆိုင်မှု တွေကိုသာ ဂရုစိုက် စာရေးရသောကြောင့် ပါဠိတတ်ကျွမ်းသော ရဟန်းတော်တို့၏ဘောင်မှာသာ ခေါင်းပေါင်းစထောင်နိုင်ကြပေသည်။

မြန်မာစာကို အရေးပေးပုံ

ပါဠိကို အကိုးအကားများ၍ လူသာမာန်တို့ မတတ်နိုင် ခက်ခဲ နက်နဲမှသာ ကျမ်းပြုဂုဏ်ထင်ပေါ်ကြသဖြင့် ပါဠိအကိုးအကားများစွာဖြင့် ထုတ်ဆောင်ကြရသောကြောင့် ပါဠိမကျွမ်းကျင်ကြသော မြန်မာလူမျိုးများ မှာ ဓမ္မရသ တရားအရသာများကို မခံစားကြရဘဲ ကုသိုလ်ရရုံမျှလောက် နှင့်သာ တစ်ဘဝ ပြီးဆုံးသွားကြရလေတော့သည်။ ငါတို့မန္တလေး စံကျောင်းတိုက် စာသင်နေစဉ် ဤအခက်အခဲကြီးတွေကို ကျော်လွန်နိုင်အောင် ငါစာတတ်လျှင် မြန်မာလူမျိုးများအတွက် မြန်မာ ပြန်ဆိုမှုလုပ်ငန်းစဉ်ကြီးကို တွင်ကျယ်စွာပြုလုပ်မည်ဟု မြန်မာစကား အပြောအဆို တတ်သိလိမ္မာကြကုန်သော ရွှေပြည်ဝန်ကြီးဦးဘိုးလှိုင်၊ လူပညာရှိကြီး စာတတ်ပေတတ်စကားတတ် ဦးဖားတို့ထံသို့ သီတင်းနေ့ တိုင်း ဝတ်ထား၍ မြန်မာစကားလေ့လာပြောကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်။ ငါတို့သဘောက ကျမ်းပြုဆရာ ဂုဏ်မထင် မပေါ်ချင်နေပါစေ၊ ကျမ်းစာကြည့်ရှု့ကြတဲ့၊ စာကြည့်ပရိတ်သတ်တွေ ကွက်ကွက်ကွင်းကွင်း ထင်းကနဲ လင်းကနဲ ဝင်းကနဲ အသိအလိမ္မာဉာဏ်ရှင်းမှုကိုသာ ပဓာန ထား၍ ရေးသားသော ကျမ်းစာတွေသာများသည်၊ ပါဠိအကိုးအကား များမှာ မထည့်လျှင် မဖြစ်မှသာ ထည့်သည်။ သို့သော် ပါဠိတော်စည်းမျဉ်း၊ ဓမ္မစည်းမျဉ်း အလွတ်ရေးသည် မဟုတ်၊ စည်းမျဉ်းကိုက်ညီအောင် ရေးသည်။ တချို့က တို့ကျမ်းစာအုပ်တွေ ပါဠိသားမပါဘူး ပေါ့ပျက် ရှိလှသည်ဟု ကဲ့ရဲ့ကြသည်၊ တို့မြန်မာလူမျိုးများအတွက်ရေးသည် ပါဠိ လူမျိုးများအတွက်ရေးသည်မဟုတ်ဘူးဟု ပြောလိုက်ရတယ်ကွဲ့ မောင်ကျော်စံရဲ့” ဟုမိန့်တော်မူသည်။

ငါ့စာအုပ်ဖတ်လျှင် ကမ္မဋ္ဌာန်းထိုင်နေသလိုပဲ

စာတိုက်ဗီရိုနားတွင် စာရေးလျှင် စာတိုက်ဗီရိုတွင်ရှိသော ကျမ်းစာများကိုထုတ်ပြီး ကြည့်ရှုရေးသားရသောကြောင့် ပါဠိ အကိုး အကားတွေနှင့် စာတိုက်သံ၊ ဗီရိုသံတွေများနေသဖြင့် လူပြိန်းတွေနား မလည်ကြချေ။ သို့အတွက် ငါတို့က တောထဲ, တောင်ထဲ, ချုံထဲမှာ နေပြီးရေးသည်၊ ငါတို့စာအုပ်တွေကတော့ တောသံ၊ တောင်သံ၊ ချုံသံတွေများသဖြင့် တောသူတောင်သား လူပြိန်းများ နားလည်ကြတယ်၊ ကမ္မဋ္ဌာန်းအားထုတ်ရင်း ရေးရသဖြင့် ကမ္မဋ္ဌာန်းသံတွေ များစွာပါရှိတယ်၊ ငါတို့စီရင်ရေးသားအပ်သော ကျမ်းစာအုပ်များကို ဖတ်နေလျှင် ကမ္မဋ္ဌာန်း အားထုတ်နေသလိုပဲကွဲ့။

မုဆိုးမအိမ်က မီးခွက်လို

ကျေးဇူးရှင် လယ်တီဆရာတော် မဟာထေရ်ကြီးသည် လယ်တီ တိုက်ကြီးတွင် သီးတင်းသုံးတော်မူစဉ် နေ့အခါ စာချလုပ်ငန်းဖြင့် ညဉ့်အခါ စာရေးလုပ်ငန်းဖြင့် တွင်ကျယ်စွာ ပြုလုပ်တော်မူ၏၊ စာရေး တော်မူသောအခါ မင်နှင့်ရေးတော်မူလေ့ မရှိ၊ များသောအားဖြင့် ခဲတံ ခဲလက်ရေးဖြင့်သာ ရေးတော်မူလေ့ရှိ၏၊ ခဲတံချွန်ရန် ဦးပဉ္စင်း ဦးရေဝတအား ခဲတံဝန်ခန့်ထားတော်မူ၏၊ ခဲတံဝန်ဦးရေဝတသည် နံနက်တိုင်း ခဲတံချွန်ရန် ဝတ်ဖြင့် တာဝန်ယူရ၏၊ ခဲတံချောင်းရေမှာ တစ်ရာကျော် နှစ်ရာခန့်အမြဲချွန်စေရ၏၊ ရေးရန်စက္ကူမှာလည်း များသောအားဖြင့် လျှောက်လွှာပုံစံဆိုက် ဆင်တံဆိပ်စက္ကူများဖြစ်လေသည်။ ခဲတံဝန်က နံနက်တိုင်း ခဲတံချွန်ခြင်း၊ ညဉ့်အခါက ဆရာတော်ဘုရားကြီး အကြမ်း ရေးပြီးသမျှကို အချောသန့်ခြင်း တာဝန်များကိုလည်း ယူရသည်။ တစ်နေ့သ၌ ညဉ့်အခါ စာရေးတော်မူစဉ် (၂)နာရီအချိန်ခန့်တွင် ဖယောင်းတိုင်မီး၊ ရေနံဆီမီးကုန်သွား၍ စာရေးလုပ်ငန်း ရပ်ဆိုင်း ထားရသည်ကို မကျေမနပ်ဖြစ်၍ နံနက်လင်းသောအခါ ကပ္ပိယကို ခေါ်တော်မူပြီး...

“မုဆိုးမအိမ်က ရေနံဆီမီးခွက်ကလေးလို တော်ကာရော်ကာ ကလေးကစားသကဲ့သို့ မလုပ်ကြစမ်းပါနှင့်၊ ရေနံဆီပုံးကြီးကို မီးခွက် ဖြစ်အောင် သံဖြူဆရာနှင့်တိုင်ပင်၍ ပြုလုပ်ခဲ့ရမည်။ မီးစာမှာလည်း တစ်လစာ၊ နှစ်လစာ တပ်ခဲ့ရမည်။ ရေနံဆီမှာလည်း အပြည့်ထည့်၍ ငါ့ခေါင်းရင်းမှာ အဆင်သင့် ထားရမည်၊ ရေနံဆီအတွက် အခက်အခဲ မရှိတော့ဘူးကွဲ့၊ အဲဒီအတိုင်း ချောမောအောင် ပြုလုပ်ခဲ့ရမည်” ဟု မိန့်တော်မူ၏၊

ပေါ်သည့်အကြံ အဖိုးတန်

ဆရာတော်ကြီးသည် စာရေးမှုနှင့်စပ်လျဉ်း၍ အချိန်အခါမရွေး၊ နေရာမရွေး ရေးတော်မူလေ့ရှိသည်။ တစ်ချိန်တွင် (၁၂၇၂-ခုနှစ် နောက် ပိုင်း) ရေချိုးရင်းစိတ်ကူးရသဖြင့် ရေစိုလက်စ သင်္ကန်းနှင့်ပင် စင်္ကြံ ကျောင်းပေါ်သို့ ကြွ၍ ရေးလက်စစာကို ဆက်လက်ရေးသား၍နေရာ တပည့်များ မလျှောက်ဝံ့သဖြင့် ဓာတ်ဆရာ ဆရာမြို့အား လျှောက်ထား ကြစေရာ...

“ဟေ့-ငမြို့ဒီခန္ဓာကို အလိုလိုက်နေလျှင် ကြံစည်ထားတဲ့ စာလုံး လေး ပျောက်ဆုံးသွားမှာပေါ့၊ ကြံစည်ထားတဲ့ စာလုံးတစ်လုံးလောက် ခန္ဓာကိုယ် တန်ဖိုးမရှိဘူးကွဲ့”ဟုမိန့်တော်မူ၏၊

ရေများ ရေနိုင်

လယ်တီဆရာတော်ကြီးသည် ၁၂၆၅-ခုနှစ်၊ ကဆုန်လတွင် ပရမတ္ထသံခိပ်ကျမ်းကို အပြီးရေးသားစီရင်တော်မူသည်။ ထိုအချိန်မှစ၍ ပရမတ္ထသံခိပ်အသင်းကို ရောက်လေရာအရပ်တိုင်း၌ ဖွဲ့စည်းတည် ထောင်တော်မူသည်။ နောက်ပါတပည့်များနှင့် ပရမတ္ထသံခိပ် အသင်းသူ အသင်းသား လူငယ်များကို သင်ကြားပေးစေခဲ့သည်။

ထိုအခါ အချို့က လယ်တီဆရာတော်သည် ပရမတ္ထသံခိပ်အသင်း တပည့်မတွေနှင့် ကာလသား အတီးအမှုတ်တွေကို မျက်နှာသာပေး၍ အရောဝင်လှချေရဲ့ဟုပြောဆိုကြသည်၊ ထိုအခါ လယ်တီဆရာတော် ဘုရာကြီးက...

“အဲဒီအကြောင်းကို ဖြေဆိုဖို့ကတော့ စကားတစ်လုံးပါပဲကွဲ့၊ ငါ မသာယာဘူးဆိုရင် ပြီးပါရဲ့၊ သို့သော် ဒီအဖြေကို ငါမပေးဘူး၊ ငါပေးမှာက ကုသိုလ်ဆယ်ပိဿာ လုပ်နေတဲ့အထဲမှာ အကုသိုလ်သုံးပိဿာလောက် တော့ ငါက ဂရုမစိုက်ပါဘူးလို့ အဖြေပေးမယ်ကွဲ့” ဟုမိန့်တော်မူ၏၊

အချိန်သည် တန်ဖိုးအရှိဆုံး

၁၂၆၀-ပြည့်လွန်နှစ်များတွင် လယ်တီဆရာတော်ဘုရားကြီးသည် အနယ်နယ်အရပ်ရပ်လှည့်လည်၍ တရားဟောတော်မူသည်။ တစ်ချိန် တွင် အောက်ပြည် အောက်ရွာမှ တရားဟောပြီးပြန်လာသောအခါ တိုက်တာရှိ သံဃာများကို ကုလားတက်ခေါက်၍ ခေါ်ပြီးလျှင်...

“ယနေ့အောက်ပြည်အောက်ရွာမှအပြန် သင်္ကန်း၊ သပိတ်၊ ထီး၊ ဖိနပ်၊ ကော်ဇော ပရိက္ခရာအသုံးအဆောင်များပါ၍ တိုက်တာ သံဃာ များအား ဝေငှလှူဒါန်းရန် ကုလားတက်ခေါက်၍ခေါ်သည် မဟုတ်၊ နက်ဖြန်ခါ စာချရန်အတွက်ဖြစ်သည်။ အောက်ပြည် အောက်ရွာသို့ စုန်ဆင်းသွားသောအခါ တို့လယ်တီတိုက်မှ ပါသွားသော လက်စွပ် အိပ်နှင့်သင်္ကန်း ၃-ထည်ပင်လျှင် ပြန်ပါတယ်၊ အပိုအလျှံဟူ၍ ဘာ တစ်ခုမျှ မပါဘူး။ တစ်မြို့မှရရှိသော သင်္ကန်းပရိက္ခရာ အသုံးအဆောင် ဟူသမျှတို့ကို တစ်မြို့သို့ မယူရ။ သူ့မြို့သူ့ရွာမှာရှိကြတဲ့ စာသင်တိုက် များအား ဝေငှလှူဒါန်းခဲ့တယ်။

ငါတို့ မန္တလေးစံကျောင်းတိုက်မှာ စာသင်နေစဉ် အချို့ ဆရာတော် များ အောက်ပြည် အောက်ရွာကအပြန် မိမိတို့ ကျောင်းတိုက်သို့ ပြန်ရောက်လာကြလျှင် ဆန်ကအိတ်ပေါင်းမည်မျှ၊ ဆီကပုံးပေါင်းမည်မျှ၊ ငါးပိ၊ ငါးခြောက်၊ ငါးခြမ်း၊ ငြုတ်၊ ကြက်သွန်က မည်မျှ၊ ထီး၊ ဖိနပ်၊အသုံးအဆောင်တွေက မည်မျှဟု စာရင်းအင်းနှင့်တကွ ရေတွက်ကြ ပြီး အုန်းအုန်းကျက်ကျက် ဆူညံကာ ချက်ပြုတ်ကြော်လှော်၍ ဝိုင်းကြီး ဖွဲ့ပြီး စားလားသောက်လားနှင့်တစ်လကိုးတစ်တင်း အချိန်တွေဖြုန်းလျက် နေလိုက်ကြတာ ငါမှာဘေးကနေ၍ သူတို့အစား အချိန်တွေနှမြော လိုက်တာ။ အဲသည်တုန်းက ဤလိုအချိန်ဖြုန်း ကိစ္စမျိုးတွေကို မျက်နှာ ကြော မတည့်ခဲ့ဘူး။

ယခု ကုလားတက်ခေါက် ခေါ်တာက နက်ဖြန်ကာ စာချရန်လို့ သိရအောင်ကွဲ့ဟု” မိန့်တော်မူ၏၊

မစိုးရိမ်မိန့်ခွန်း

၁၂၆၈-ခုနှစ်၊ ပြာသိုလတွင် မန္တလေးမြို့သို့ ကြွတော်မူ၍ မစိုးရိမ် ကျောင်းတိုက်၌ သီတင်းသုံးကာ လေးပြင်လေးရပ် အနှံ့အပြား တရား ရေအေး တိုက်ကျွေးတော်မူသည်။ ရပ်ကွက်အသီးသီးမှ ရသမျှပစ္စည်းများ မစိုးရိမ် အလယ်တိုက်ကြီးပေါ်၌ စုပုံ၍ထားရသည်။ သင်္ကန်းအထပ်ကြီးပင် လူတစ်ရပ်ခန့် ရှိလေသည်။ မစိုးရိမ်တိုက်မှ နာယကဆရာတော်လေး ဦးသူရိယ (အဘိဓဇ မဟာရဋ္ဌဂုရု၊ မစိုးရိမ်ဆရာတော်)က စာရင်းလုပ်၍ ထိန်းသိမ်းထားရသည်။ ဆရာတော် မုံရွာ မပြန်မီ ထိုပစ္စည်းများ မည်သို့ ဝေဖန်ရမည်ဟု မိန့်ကြားမည့်စကားကို ငံ့လင့်နေ၏၊ ပစ္စည်း အမျိုးအမည် အရေအတွက်နှင့် တန်းဖိုးလည်း အဆမတန်များလှသဖြင့် ထိန်းသိမ်း ရမည်မှာ ဝန်လေးနေသည်။ ဆရာတော်ကား ပြန်မည့်ရက်အထိ မည်သို့မျှ အမိန့်မရှိ၊ လျှောက်လည်း မလျှောက်မိ။ သို့နှင့် အမိန့်ရှိနိုး စောင့်စား ရင်းနှင့် ဆရာတော်မှာ ရထားစီးရင်း ဘူတာသို့ကြွသွားသည်။ ဦးသူရိယ လည်း မသက်သာသဖြင့် ဘူတာသို့လိုက်၍ ဖွင့်ဟလျှောက်ထားရတော့သည်။ ထိုအခါ ဆရာတော်ဘုရားကြီးက အရေးမကြီးလေ ဟန်ဖြင့်...

“ဩော်...မစိုးရိမ် ဆရာတော်ကလေးနှယ် ဖြစ်မှဖြစ်ရလေ၊ ဒါ့အတွက် တပည့်တော်ကို လျှောက်မနေပါနဲ့၊ သင့်တော်သလို စီမံပြီး ပရိယတ္တိကိုယ်တော်တွေကို ဝေဖန်လိုက်ရောပေါ့” ဟု မိန့်တော်မူလိုက်၏၊

ဘောင်းလံအောင်လောင်း

တစ်ခုသောနှစ်၏ ကဆုန်လပြည့်နေ့တွင် လယ်တီတိုက်တွင်းရှိ မဟာဗောဓိပင်၌ ညောင်ရေသွန်းပွဲ ပြုလုပ်တော်မူ၏၊ ဆရာတော် ဘုရားကြီးကိုယ်တော်တိုင် ရေတွင်းမှရေကို ကိုယ်တိုင်ဆွဲငင်၍ ကိုယ်တိုင် ထမ်းကာ အခေါက်ပေါင်းများစွာ ညောင်ရေသွန်းလောင်းတော်မူ၏၊ ဆရာတော်ဘုရားကြီး၏ တစ်ကိုယ်လုံး ရွှန်းရွှန်းစိုတော်မူ၏၊ ထိုအခါ ဆရာတော်ဘုရားကြီးက...

“ညောင်ရေလောင်းတယ်ဆိုတာ သည်လိုညောင်ပင်ကို ရေ လောင်းတဲ့လူရော ညောင်ပင်ရော ရေတွေ ဘောင်းနေအောင်လောင်းမှ ကောင်းတယ်။ ယခုကာလ ညောင်ရေသွန်းလောင်းကြတာက အဝ လောင်းတာ မဟုတ်၊ အလှလောင်းကြတာက များတယ်၊ အိမ်နားနီးချင်း ရိုသေရုံ ဝတ်တက်ဆိုသလို အလှအပ အပေါ်ယံကြောက များသကွဲ့၊ ဒို့ကတော့စိတ်ရောကိုယ်ရော ကိုယ်တိုင်ခပ်ပြီး ကိုယ်တိုင်လောင်းတယ်၊ ကိုယ်တိုင် ရှိခိုးပူဇော်တယ်၊ ယခုကာလ လုပ်ရပ်တွေနဲ့တော့ ဒို့နဲ့ မျက်နှာ ကြော မတည့်ပါဘူး၊ အချို့ဘုရားရေလှူတာတောင် သူများကို အခပ် ခိုင်းကြတယ်၊ သူများကိုဆုတောင်းခိုင်းကြတယ်၊ ကိုယ်လုပ်နိုင်ရက်သားနဲ့ အသက်သာခိုပြီး သူတစ်ပါးကို အလွန်အားကိုးကြတာကိုး ကွဲ့၊အဲဒါကြောင့် အကျိုးပေး မထက်သန်ကြတာ” ဟုမိန့်တော်မူသည်။

တောင်တွင်းကြီးမိန့်ခွန်း

၁၂၇၃-ခုနှစ်တွင် တောင်တွင်းကြီးမြို့လူကြီးလူကောင်းတို့၏ ပင့်လျှောက်ချက်အရ တောင်တွင်းကြီးသို့ကြွတော်မူသည်။ ဧရာဝတီ မြစ်ကမ်း မိကျောင်းရဲဆိပ်မှ မိုင်ပေါင်း ၃၅-မိုင်ခန့်ရှိ ခရီးပြင်းကြီးကို ထမ်းစင်ဖြင့် အလဲအလှယ် ထမ်း၍ ပင့်ဆောင်လာကြသည်၊ တောင်တွင်း ကြီးသားတို့၏ သဒ္ဓါဆန္ဒ ဝိရိယသတ္တိများသည် လွန်စွာမှချီးကျူးစရာ ပင်ဖြစ်တော့သည်။ တရားနာပရိသတ်များမှာလည်း တစ်ညတစ်ညလျှင် သောင်းချီ၍ ရှိသည်။ တရားနာပရိသတ်များသော်လည်း လှုပ်ရှားခြင်း မရှိ၊ ငြိမ်ဝပ်ပိပြားလှသည်။ မြန်မာပြည်မှာဖြင့် ပဌမတန်း အနေအားဖြင့် စာရင်းသွင်းရပေမည်။ တောင်တွင်းကြီးနှင့်စပ်လျဉ်း၍ ဆရာတော် ဘုရားကြီးက...

“တောင်တွင်းကြီးမြို့အကြောင်းကို ရှေးကပင် သိရှိသော်လည်း စာတွေ့ဖြင့်သာ လွမ်းနေရသည်။ ယခုတော့ဖြင့် ငါတွေ့ဖြစ်နေရပြီ။ မိကျောင်းရဲဆိပ်ကမ်းကစပြီး တောင်တွင်းကြီးမြို့အထိ ပုခုံးဖြင့် ထမ်းဆောင်ပင့်ယူလာလိုက်ကြတာ မညဉ်းမညှုကြပဲ ဇွဲသတ္တိကောင်း ကြပါပေရဲ့၊ ရှေးက သာသနာဝင် ရာဇဝင်၊ ပြောင်ခဲ့ကြတဲ့ ခင်ကြီးပျော်၊ ခင်ကြီးပြောင်၊ ရှင်ဥတ္တမကျော် စသည်တို့အပြင် မြို့လုလင်စား ရွှေလရောင် မင်းကြီးတို့ဆိုတာ တောင်တွင်းသား သူကျော်လူမော် လူဇော်တွေပဲကွဲ့၊ တောင်တွင်းကြီးမြေကိုက ဘူမိနက်သန်မှန်ပါပေတယ်၊ တောင်တွင်းကြီးမြေပေါ်မှာ ပေါက်ဖွားကြတဲ့ပုဂ္ဂိုလ်တွေဟာ ပုဂ္ဂိုလ်ချွန် ပုဂ္ဂိုလ်လွန် ပုဂ္ဂိုလ်မွန်တွေသာ များကြသတဲ့။ သို့အတွက် ရှေးမဆွကနူးပြီးနပ်ပြီးဖြစ်နေကြတဲ့ ပရိသတ်တွေကို ဟောရပြောရတော့ သက် သက်သာသာ ချောင်ချောင်ချိချိနှင့် မပင်ပန်းဘူးကွဲ့”ဟုမိန့်တော်မူ၏၊

ပုသိမ်မြို့မိန့်ခွန်းတော်

၁၂၇၀-ပြည့်နှစ်ခန့်က ဖြစ်သည်။ ပုသိမ်မြို့ကျောင်းဒါယိကာကြီး ဦးတက်ဖြိုး၏ ပင့်လျှောက်ချက်အရ နိဂြောဓကုန်း မောင်းထောင် တိုက်တွင် သီတင်းသုံးနေတော်မူခိုက် ဆရာတော်ဦးပဒုမ၏ ဆွမ်း ဒါယိကာမတစ်ယောက် လယ်တီဆရာတော်ကြီး ခြေတော်ရင်းသို့ ရောက် ရှိလာပြီး အရှင်ဘုရားရေးတော်မူသော ဋီကာကြီး၌ မရှင်းမလင်းသော အချက်တစ်ခုကို လျှောက်ပါရစေဟု ခွင့်တောင်းရာ...

ဆရာတော်ဘုရားကြီးက “ဟဲ့...ဒါယိကာမ(ဒါယကာ)နင်နှင့် ငါ့ဋီကာကြီးအရာလား သွားဟဲ့..အမိုက်မ”ဟု ငေါက်ငန်း မောင်းမဲ တော်မူလေ၏၊

တဆိတ်ရှိလျှင် လယ်တီ

၎င်းနောက် ဆရာတော်ဦးပဒုမ၏ ဒကာသုံးလေးယောက် ရောက်လာပြန်ပြီး..ဆရာတော်ဘုရားသည် နွားသတ္တဝါတို့၏ အသက် ဘေးကို ကာကွယ်စောင့်ရှောက်တော်မူတယ်လို့ သိရပါတယ်၊ ဝက် သတ္တဝါ၊ ဆိတ်သတ္တဝါ၊ ကြက်သတ္တဝါ၊ ငှက်သတ္တဝါတို့၏ အသက်ဘေးကို မကာကွယ် မစောင့်ရှောက်တော့ဘူးလား၊ နွားသတ္တဝါကို ချမ်းသာစေ၊ အခြားသတ္တဝါတွေကိုတော့ လျစ်လျူရှုထားခြင်းသည် ဆရာတော် ဘုရား၏ မေတ္တာတော် မညီမျှဘဲ တစ်ဖက်သတ် ဖြစ်မနေဘူးလား ဟု လျှောက်ထားကြရာ...

ဆရာတော်ဘုရားကြီးက အကဲကြီးပြီး “အေး ဟုတ်တယ် ကွ...ငါ့မှာတော့ ဒါယိကာတို့ သိတဲ့အတိုင်းပဲ ရွာရိုး၊ မြို့ရိုးလျှောက်ပြီး တရားလဲ ဟောရသေးတယ်၊ အန္တရာယ်ကိုလဲ ငြိမ်းစဲအောင် ပြုလုပ်ရ သေးတယ်၊ အဲသည်အထဲက နွားတစ်မျိုးလောက်သာ ဆွဲသွားနိုင်တယ်၊ ကြွင်းကျန်တဲ့ ဝက်၊ ဆိတ်၊ ကြက်၊ ငှက်တို့ကိုတော့ ဒါယိကာတို့ရဲ့ ဆရာ တော်တွေရှိသားပဲ။

ဥပမာ...အရှေ့ကျောင်းဆရာတော်က ဝက်အတွက်ပြောလျှင် အနောက်ကျောင်းဆရာတော်က ဆိတ်၊ မြောက်ကျောင်းဆရာတော်က ကြက်၊ တောင်ကျောင်းဆရာတော်က ငှက်စသည်ဖြင့် ဟောပြော သွားကြလျှင် တိရစ္ဆာန် သတ္တဝါတွေ ကုန်ရောပေါ့ကွယ်၊ ယခုတော့ ဒါယိကာတို့က ဒီလိုမဟုတ်ကြဘဲ တဆိတ်ရှိ လယ်တီ၊ တရားဟော စရာရှိလျှင် လယ်တီ၊ အဲသည်လို အထဲက တတ်အားအမျှ နွားတစ်မျိုး ကိုသာ ပြေးရင်းလွှားရင်း ဆွဲသွားနိုင်တယ်၊ အဲဒါကြောင့် ဒါယိကာတို့ ကိုးကွယ်တဲ့ဆရာတော်တို့ကိုလည်း ကြွင်းကျန်နေသေးတဲ့ ဝက် ဆိတ် ကြက် ငှက်တို့အတွက် တရားဟောထွက်တော်မူကြပါဦးဟု ခပ်တင်းတင်း လျှောက်ကြရမည်ဟု” မိန့်တော်မူ၏၊

သံဃာ့ကျွန် ဖြစ်လိုသည်

လယ်တီဆရာတော်ကြီးသည် ၁၂၄၈-ခု လယ်တီတိုက် တည် ထောင်သည်မှစ၍ ၁၂၅၇-ခုနှစ်အထိ အရပ်ရပ်မှရောက်လာကြသော စာသင်သား တပည့်သံဃာလူပရိသတ်တို့၏ အစီးအပွားကို ဆောင်ရွက် တော်မူသည်။ မိမိထက် အသက်သိက္ခာ အရွယ်ကြီးမြတ်သော ပုဂ္ဂိုလ် တို့အား အမြဲဝတ်ပြုလေ့ရှိသည်။ နံနက်တိုင်း ဆွမ်းခံထွက်လေ့ရှိရာမြို့တွင်းသို့ ရောက်လျှင် ဆွမ်းမခံမီ ဘုန်းတော်ကြီးဦးသီလ၊ ဦးနန္ဒမာလာ တို့ သီတင်းသုံးရာ ကျောင်းသို့သွား၍ ခြေဆေးရေ၊ မျက်နှာသစ်ရေ စသည်နှင့်အခြား ဝတ်ကြီးဝတ်ငယ်များကိုလည်း ပြုတော်မူ၏၊ ကနုတံ ဆေးခြင်း၊ ရေအိုးတည်ခြင်းစသော ဝတ်များကို ကျောင်းအသီးသီး၌ တစ်လှည့်စီပြုလေ့ရှိ၏၊ အချို့ကျောင်းထိုင် ဆရာတော်တို့က “လယ်တီ ဘုန်းကြီး ဒီလိုမလုပ်ပါနဲ့၊ အားနာပါသည်” စသည်ပြောဆို တားမြစ် သောအခါ

“အရှင်ဘုရားတို့ ကြောင့်ကြမဲ့ သီတင်းသုံးတော်မူကြပါ၊ ဘဝ သံသရာအဆက်ဆက်က တပည့်တော်၏ လက်ခြေများမှာ သားကျွန် မယားကျွန်ဖြစ်ခဲ့ဖူးပေါင်း များလှပါပြီ၊ အမှန်သိရတဲ့ ယခုလိုဘဝမျိုးမှာ တပည့်တော်ရဲ့ ခြေလက်အစုံတို့သည် သံဃာတော်များ၏ ကျွန်ဖြစ်လို ပါသေးသည်၊ တားမြစ်တော် မမူကြပါနှင့်၊ သံဃာ့ဝတ်ကို လက်ခြေ နှစ်ဖက်ဖြင့် ဆောင်ရွက်စမ်းပါရစေ” ဟုပြန်လည် လျှောက်ထားလေ၏၊

သူနာပြုတာဝန် လွန်ကျေပွန်

တစ်ချိန်တွင် လယ်တီတိုက်ရှိ ကျောင်းတစ်ကျောင်း၌ ရဟန်း တစ်ပါး ဝမ်းရောဂါဖြစ်ပွားရာ အတူနေသီတင်းသုံးဖော်များ မကပ်ဝံ့ ရှိနေကြသည်။ ထိုစဉ် “တပည့်တို့ကြောက်ရွှံ့နေကြလျှင် အခြားကျောင်း တို့ ပြောင်းရွှေ့နေကြ၊ သူနာရဟန်းကို ငါပြုစုပေအံ့”ဟုမိန့်တော်မူ၏၊

ဝမ်းရောဂါရှင်ရဟန်း၏ မစင်အလူးလူး လိမ်းကပ်နေသော သင်္ကန်းနှင့်စောင်တို့ကို လျှော်ဖွပ်ရန် ရေတွင်းသို့ ယူဆောင်တော်မူခဲ့ရာ လျှော်ဖွပ်ရန်အတွက် တွန့်ဆုတ်နေ၏၊ ထိုအခိုက်စိတ်ကို အားတင်းတော် မူပြီး ဟယ်-စိတ်၊ ငါ့အားလှည့်စားသလောဟု ရုတ်ချည်းမစင်လူးနေသောသင်္ကန်းနှင့်စောင်တို့ဖြင့် မိမိကိုယ်ကိုပွတ်တိုက်ကာ ရေတွင်းအနီးမှာပင် လျှော်ဖွပ်လေ၏၊

ယင်းဂိလာနုပဋ္ဌာကဝတ် ပြုမူနှင့်စပ်လျဉ်း၍-“ငါ့ကွယ် စံကျောင်း တိုက်ထဲနေစဉ်တုန်းက ကနုတံဆေး၊ ကုဋီအိမ်ရေလောင်း၊ မမာမကျန်း ရဟန်းများ၏ ကျင်ကြီးပေကျံလူးနေတဲ့ သင်္ကန်းတွေဖွပ်လျှော်ပေး၊ အဲဒီလိုလုပ်လာခဲ့တာ အမြဲကိုပဲဟေ့၊ လူမမာမပြုစုရတာကြာလေတော့ ဟို-မောင်ပဉ္စင်းလေးရဲ့ သင်္ကန်းနှင့်စောင်တွေကို ငါက ရွံသလိုလို ဖြစ်မိတယ်၊ စိတ်ပေါက်ပေါက်ရှိလေတော့ ကျင်ကြီးတွေရွှဲပြီး လက်ထဲမှာ ရှိတဲ့သင်္ကန်းနဲ့ ငါ့တစ်ကိုယ်လုံး အတင်းပွတ်တိုက်ပြီး သိဒ္ဓိတင်လိုက် တော့မှ ငါ့စိတ်ထဲရွှံတဲ့ စိတ်ပျောက်သွားတော့တယ်ဟေ့” မိန့်တော်မူ၏၊

လှေခွက်ချည်းကျန် အလံမလဲ တစ်ဗိုလ်ထဲ ကျန်သော်လဲ

၁၂၆၉-ခုနှစ်၊ နောက်ပိုင်းတွင် လယ်တီပဏ္ဍိတ နှင့် တကွ ဆရာတော်ကြီး၏ တပည့်အသီးသီးတို့ မရှေးမနှောင်း ရှေ့နောက် လူထွက်ကြသောအခါ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက အောက်ပါဂါထာကို ရေးပြီး လယ်တီဆရာတော်ထံ ပေးပို့တော်မူ၏၊

ယထာပိ ဗလဝါ ခဂ္ဂေါ၊ ဥက္ခိပ ပုရတော ဌိတေ။
ပစ္ဆာဂေ ပုတ္တော မာရေတိ၊ တထာထေရော ပိထာမဝါ။

အဓိပ္ပါယ်ကား-ခွန်အားဗလကြီးမားသော ကြံသတ္တဝါသည် ရှေ့၌ တည်နေကုန်သော အရာဝတ္ထုတို့ကို ကြွချီပင့်မြှောက်၍ မိမိနောက်သို့ ပြစ်ပေါက်ကော်ချပြီးလျှင် နောက်၌မကွာလိုက်လာကြကုန်သော သားသမီးတို့ကို သေစေဘိသကဲ့သို့၊ ထို့အတူ ဗလခွန်အားကြီးမား သန်စွမ်း၍ ကမ္ဘာမဆန့်အောင် ပျံ့နှံ့ထင်ပေါ်သည့် လယ်တီမထေရ် ကျော်သည်လည်း နောက်၌မကွာ လိုက်ပါကုန်သော တပည့်သားတို့ကို သေစေလေ၏၊

ထိုဂါထာကို လယ်တီဆရာတော်ရရှိလျှင်“အိမ်း...လယ်တီမှာ တို့စာချပို့နေစဉ်က မဟာဝိသုဒ္ဓါရုံဆရာတော် အဆုံးအမကိုရခဲ့လျှင် နယ်လှည့်ပြီး တရားဟော မထွက်ပါဘူး၊ ခုတော့ နယ်လှည့်ပြီး တရားဟော နေတာနဲ့ကြုံလို့ တစ်ဗိုလ်ထဲကျန်သော်လည်း ဆက်လက်ပြီး နယ်လှည့် တရားဟောရဦးမှာပဲ၊ အေး-စစ်တိုက်ရသည်ဆိုတော့ ကိုယ့်ဖက်က စစ်ဗိုလ်တွေလဲ ကျဆုံးမြဲပေပေါ့၊ တိုက်စစ်ဆင်ချိန်ဆိုတာ ကိုယ့်ဖက် သူ့ဖက်ကျဆုံးမြဲ ဓမ္မတာပေပဲ” ဟု မိမိတပည့်တို့အား မိန့်တော်မူ၏၊

ကြံ့သွားလျှင် သားသေသည်

လယ်တီဆရာတော်ကြီးသည် တပည့်ကြီးများ လူထွက်သွား သော်လည်း သာသနာပြုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်မြဲ ဆောင်ရွက်တော်မူ၏၊ နယ်လှည့်၍ တရားဟောမြဲဟောတော်မူ၏၊ ထိုအကြောင်းကို မန်လည်ဆရာတော်ကြားတော်မူသောအခါ “အင်းကြံ့ကြီးတစ်ကောင်တော့ သွားပြန်ပြီ၊ တရားဟောမြဲ ဟောနေတယ်၊ နောက်က သားဘယ်နှစ်ကောင်များ သေလေမည်မသိ”ဟုမိန့်တော်မူ၏၊

မန်လည်ဆရာတော်က ထိုသို့အမိန့်ရှိကြောင်း လယ်တီဆရာတော် ကြားသောအခါ “သားတစ်ကောင် နှစ်ကောင်သေသော်လည်း ဂရု မစိုက်နိုင်၊ တောရှင်းမှုသာ ပဓာနဖြစ်သည်”ဟုမိန့်တော်မူ၏၊

---

ပထမကျော် ဦးကြီးဖေ အား မိန့်ကြားသော မိန့်ခွန်းတော်များ

၁၂၈၃-ခု၊ ၁၂၈၄-ခုနှစ်များတွင် လယ်တီဆရာတော်ကြီးသည် ပျဉ်းမနားမြို့ သူဌေး ဦးလန်းတိုက်၌ ခတ္တသီတင်းသုံးနေတော်မူသည်။ ထိုစဉ် ကံဦးကျောင်းတွင် စာချလျက်ရှိသော စာချဘုန်းကြီး ဦးပညာ သီလ(ပထမကျော်ဦးကြီးဖေ)သည် ဆရာတော်ထံကြီးထံ မကြာမကြာ သွားရောက်ဆည်းကပ်လေ့ရှိသည်။ ဆည်းကပ်လာတိုင်း ဆရာတော် ဘုရားကြီးက စပ်မိစပ်ရာ အဆုံးအမဩဝါဒများ ပေးတော်မူသည်။

သဒ္ဓါတတ်ချင် ရူပသိဒ္ဓိသင်

မောင်ပညာသီဟရဲ့ သဒ္ဒါကြီးသင်ပေးရတာက ရုပ်ပြီးဖို့ တယ် လည်း ခဲယဉ်းပါလားကွဲ့၊ မန္တလေးစံကျောင်းတိုက်မှာ နေတုန်း သစ်ဆိမ့် ကျောင်းတိုက် မိတ်ဆွေဘုန်းကြီးတစ်ပါးထံ သွားရောက်လည်ပတ်ရာ ရူပသိဒ္ဓိကျမ်း တစ်စောင်တွေ့လို့ ထုတ်ယူခဲ့ပြီးကြည့်ရှုတဲ့အခါ သုတ်တွေ ကို အစဉ်မထားဘဲ ရုပ်တွေ၊ ဓာတ်တွေကို အစဉ်ထားပြီး ရေးထားတော့ အလွန်ရုပ်ပြီးလွယ်၊ သဒ္ဒါတတ်လွယ်တာကို တွေ့ရတာကိုးကွဲ့၊ အဲဒါ ကြောင့် နောင်အခါ သဒ္ဒါကြီးသင် မပေးတော့ဘဲ ရူပသိဒ္ဓိကို သင်ပေး တော့ လွယ်လွယ်နဲ့ သဒ္ဒါတတ်ကုန်တာပေါ့ကွယ်။

အဘိဓာန်သည် ကျက်စာမဟုတ်

တစ်နေ့သောအခါ မန္တလေးမြို့ ပရိယတ္တိသာသနဟိတ (သကျ သီဟ)စာပြန်ပွဲ အစိုးရပထမပြန်စာမေးပွဲအကြောင်း စပ်လျဉ်း၍ အဘိဓာန်ကို နှုတ်တက်အာဂုမ်ရအောင်ကျက်ရကြောင်း ဦးပညာသီဟကလျှောက်ထားရာ ဆရာတော်က “ဟဲ့...မောင်ပညာသီဟရဲ့ အဘိဓာန်ဟာ အာဂုံကျက်ရတဲ့စာ မဟုတ်ဘူး၊ ပင်ပန်းလိုက်တာကွယ်၊ ခေါင်းရင်းမှာအသာထား၊ ပိဋကတွေ ကြည့်ရှုလို့အနက်မထင်တဲ့အခါကျမှ အသာကလေးလှန်ကြည့်ရတဲ့ စာမျိုးကွဲ့၊ တို့တော့ဟေ့ အဘိဓာန်ကို အာဂုံမကျက်နိုင်ဘူး၊ အကယ်၍ ပြည်ပိုင်အစိုးရက အဘိဓာန်ကို အာဂုံမရလျှင် သူတို့နိုင်ငံမှာ မနေရဘူး ဆိုလျှင် မကျက်တော့ဘူး၊ သီဟိုဠ်တို့ ယိုးဒယားတို့သွားနေမယ်ကွယ်၊ အေး...အဘိဓာန်ကျမ်းစာတွေ မီးလောင်ကုန်လို့ တစ်နည်းနည်းနဲ့ ပျက်စီးကုန်လို့ တစ်ကျမ်းတစ်အုပ်မှ ကြည့်စရာ မရှိတော့ဘူးဆိုပါစို့၊ အဘိဓာန်လိုချင်လျှင် တို့ဆီ စာရွက်နဲ့ခဲတံယူခဲ့၊ သည်အခါ အဘိဓာန် ထက်စုံတဲ့ ကောင်းတဲ့ အဘိဓာန်ကို ရေးပေးမယ်-”ဟု မိန့်တော်မူ၏၊

ပုဏ္ဏားတပည့် မလုပ်နိုင်

သက္ကဋ-ဟိန္ဒီ၊ အင်္ဂလိပ်စာစသည့် ဘာသန္တရစာပေ လေ့လာ လိုက် စားမှုနှင့် စပ်လျဉ်း၍ လယ်တီဆရာတော်ဘုရားကြီးက “ငါငယ်ငယ် စာချဘုန်းကြီးလုပ်စဉ်က သက္ကဋသင်ချင်လိုက် တာကွာ၊ မပြောနဲ့တော့၊ ဒါနဲ့ သက္ကဋစာအုပ်တွေ ရှာတာပေါ့၊ ရပါရော ကွာ၊ အဲဒီတော့ဟေ့၊ ငါ့စိတ်ထဲ စဉ်းစားမိသည်မှာ...အင်းသက္ကဋဆိုတာ ပုဏ္ဏားတွေ ရေးသားတဲ့ ပုဏ္ဏားစာတွေပဲ၊ ခုဘဝ သာသနာနဲ့ကြုံကြိုက်လို့ ဘုရားတပည့်ဖြစ်နေတယ်၊ ငါဟာလွန်ခဲ့တဲ့ ကမ္ဘာ့ ကမ္ဘာ ဘဝဘဝါတွေက သက္ကဋစာတွေသင်ပြီး ပုဏ္ဏားတပည့်ဖြစ်ခဲ့တာတွေ ရေတွက်နိုင်မှာ မဟုတ်ဘူး၊ ယခုဘဝ ကံကောင်းထောက်မလို့ ပိဋကတွေသင်ပြီး ဘုရား တပည့်ဖြစ်ရတယ်၊ ဘုရားသာသနာနေပြီး ဘုရားတပည့်သာလုပ်တော့မယ်၊ သက္ကဋစာသင်ပြီး ပုဏ္ဏားတပည့် မလုပ်တော့ဘူးဟု စိတ်ဆုံးဖြတ်ကာ မသင်လိုတော့ဘဲ သက္ကဋစာအုပ်တွေ အကုန်လုံး လွှင့်ပစ်လိုက်တာပဲကွဲ့”ဟုမိန့်တော်မူ၏၊

သုတ္တန်နှင့် အဘိဓမ္မာ

တစ်နေ့သောအခါ ဦးပညာသီဟသည် လယ်တီဆရာတော်ကြီးထံ ဆည်းကပ်၍ တပည့်တော် အဘိဓမ္မာကို ကြည့်ရှုလေ့လာသော်လည်း သဘောမကျသာတွေများပါသည်ဘုရား-ဟုလျှောက်ထားပြန်ရာ ဆရာတော်ဘုရားကြီးက-“အင်း...မင်း သုတ္တန်ကို မလေ့လာဘဲကိုး၊ သုတ္တန်ကို ကြည့်ရှုလေ့လာလျှင် သုတ္တန်မှာ အဘိဓမ္မာနှင့်ဆိုင်ရာတွေကို ပရိယာယ်အမျိုးမျိုး ဥပမာအမျိုးမျိုးနဲ့ ဟောထားတာတွေ့ရမယ်၊ အဲဒီတော့ သုတ္တန်ကိုကြည့်ရှုလေ့လာလျှင် အဘိဓမ္မာကို သဘောကျလာ လိမ့်မယ်”ဟု အမိန့်ရှိတော်မူလေ၏၊

ပစ္စည်းပြိုင်နှင့်စပ်၍ မိန့်တော်မူပုံ

တစ်နေ့သောအခါ ပစ္စည်းပိုင်းနှင့်စပ်၍ တပည့်တော်ပစ္စည်းပြိုင်ကို ဆရာ့ထံသင်ယူခဲ့သော်လည်း သဘောမကျနိုင်ပါ၊ အလွန်ရှုပ်ထွေး နေပါသည်ဘုရားဟု လျှောက်ထားပြန်ရာ ဆရာတော်ဘုရားကြီးက... အင်း မခက်ပါဘူးကွယ်၊ မင်းခုကျက် ခုကြေကြေညက်ညက်ရလျှင် သဘောကျလာလိမ့်မည်ဟု အမိန့်ရှိတော်မူ၏၊

သင်္ဂြီုဟ်နှင့်စပ်၍ မိန့်တော်မူပုံ

သင်္ဂြီုဟ်ကျမ်းဟာ ကျဉ်းကျဉ်းလေးနဲ့ကောင်းတဲ့ကျမ်းစာကွဲ့၊ စုံလဲစုံတယ်၊ သို့သော်လဲ သင်္ဂြီုဟ်ကျမ်းစာတွေ မီးလောင်ကုန်လို့ တစ်နည်းနည်းနဲ့ ပျက်စီးကုန်လို့ တစ်အုပ်မှမရှိဘူးဆိုပါတော့၊ သင်္ဂြီုဟ်ကျမ်းစာ လိုချင်ရင် တို့ဆီ စာရွက်နဲ့ခဲတံယူခဲ့၊ သည်သင်္ဂြီုဟ်ကျမ်းထက်ကောင်းတဲ့ စုံတဲ့သင်္ဂြီုဟ်ကျမ်းကို ရေးပေးမယ်။

ပရမတ္ထဒီပနီနှင့်စပ်၍ မိန့်တော်မူပုံ

တစ်နေ့သောအခါ ဆရာတော်ဘုရားကြီးရေးသားစီရင်အပ်သော ပရမတ္ထဒီပနီ(သင်္ဂြီုဟ်မဟာဋီကာသစ်) နှင့် စပ်လျင်း၍ ဆရာတော်ကြီး၏ ပရမတ္ထဒီပနီဋီကာကိုရှုတ်ချကာ ချောင်းဦးက ဋီကာတစ်စောင်၊ တလိုင်း ကုန်းက ဋီကာတစ်စောင်၊ ဖားကူးက ဋီကာတစ်စောင်၊ မိုးညိုဋီကာ တစ်စောင်၊ အတိသုန္ဒရကျမ်းစသည်တို့ကို ရေးသားစီရင်ကြပါသည် ဘုရား-ဟုလျှောက်ထားရာ...အေး-ငါ့ဋီကာနှင့်စပ်လျင်းပြီး ဋီကာတွေ ကျမ်းစာတွေရေးသား စီရင်ကြတဲ့အခါ ငါ့ဋီကာကိုခေါင်းရင်းမှာထားပြီး ရေးကြမှာပါကွယ်၊ နောက်ကြတော့လဲ အဲသည်ဋီကာတွေ ကျမ်းစာတွေ အကုန်ပျောက်ကွယ်သွားပြီး၊ ငါ့ဋီကာကျန်ရစ်မှာပါကွယ်-ဟုမိန့်တော်မူ၏၊

ပရိတ်ရွတ်ပုံ ရွတ်နည်း

ပရိတ်ရွတ်ပုံ ရွတ်နည်းနှစ်မျိုးရှိတယ်ကွဲ့၊ ကျက်သရေမင်္ဂလာ အလို့ငှာ သို့မဟုတ် ကုသိုလ်ကောင်းမူ့အလို့ ငှာ ရွတ်ရတဲ့အခါ သာယာ နာပျော်ဖွယ် ကြည်ညိုဖွယ်ဖြစ်အောင်ရွတ်ရတယ်၊ အေးအန္တရာယ် ကပ်ဆိုးရောဂါဆိုး ပျောက်ငြိမ်းရန် အလို့ငှာ ရွတ်ရတဲ့အခါ ပြင်းပြင်း ထန်ထန် ဌာန်ကရိုဏ်းကျကျ ကျယ်ကျယ်လောင်လောင် ငေါက်တန် ငေါက်ပြီး ရွတ်ရတယ်။ ပျော့ညံ့ညံ့ ညှောင်ညှိညှိနဲ့ရွတ်နေလျှင် ဘုတ်၊ ပြိတ္တာ၊ တစ္ဆေ၊ အစိမ်း၊ သူရဲတွေဘယ်ကြောက်မှာလဲကွဲ့။ ငါ တစ်ခါကတရားဟောရင်း ဒကာကြီးတစ်ယောက် သူရဲကြီးပူးတဲ့အတွက်၊ လာပင့်လို့ လိုက်သွားပြီး ခေါင်းရင်းက ဆောင့်ကြောင့်ထိုင်ကာ မျက်နှာကို လက်ညှိုးနဲ့ထိုးပြီးလျှင်“နာညတြ ဗောဇ္ဈာတပသာ” ဂါထာကို ပြင်းပြင်း ထန်ထန် ငေါက်ပြီး ရွတ်လိုက်တော့ သူရဲကြီးဟာ တစ်ခါတည်း ထွက်ပြေး တာပဲလို့ လူမမာကိုယ်တိုင်က ပြောလို့ သိရတယ်၊ လူမမာလဲ တစ်ခါတည်း နေကောင်းသွားတာပဲ။

အန္တရာယ်ကင်း ကမ္မဝါဖတ်နည်း

ဟေ့...ရပ်ထဲ ရွာထဲ ကပ်ဆိုးရောဂါဆိုးတွေ ကျရောက်လာ တဲ့အခါ အန္တရာယ်ကင်း ကမ္မဝါဖတ်လျှင် ရိုးရိုးစာညှင်းရေးထားတဲ့ စက္ကူကမ္မဝါ၊ ပေကမ္မဝါတွေနဲ့ မဖတ်နဲ့၊ ဘုတ်,ပြိတ္တာ,တစ္ဆေ, အစိမ်း, သူရဲမကြောက်ဘူးကွဲ့၊ ဝတ်လဲကမ္မဝါကြီးတွေဖတ်၊ ဝတ်လဲကမ္မဝါကြီးတွက ရွှေရောင်တလက်လက်နဲ့ စာလုံးနက်ကြီးတွေမြင်လျှင် မဖတ်ခင်က တန်ခိုးသေးတဲ့ ဘုတ်၊ ပြိတ္တာ၊ တစ္ဆေ၊ အစိမ်း၊ သူရဲတွေဟာကြောက်လို့ ပြေးကုန်ကြရောကွဲ့၊ ဖတ်တဲ့အခါကြတော့လဲ တန်ခိုးသေးတဲ့ ဘုတ်၊ ပြိတ္တာ၊ တစ္ဆေ၊ အစိမ်း၊ သူရဲတွေအကုန် ပြေးကုန်ပါရောကွဲ့၊ သူတို့ပြေး ကုန်တော့ ကပ်ဆိုးရောဂါဆိုးကြီးတွေ ပျောက်ကုန်တာပေါ့။

မီးခိုးကြွက်လျှောက်

၁၂၇၂-ခုနှစ်၊ တပို့တွဲ့လတွင် စစ်ကိုင်းတစ်မြို့လုံး ပလိပ်ကပ် ရောဂါ အကြီးအကျယ်ဖြစ်၍ လယ်တီဆရာတော်ကို ဒါယကာများ ပင့်လာကြသည်။ စစ်ကိုင်းမြို့သို့ ရောက်သောအခါ ဒါယကာများကို “မင်းတို့မြို့ရှိသံဃာများ ပရိတ်ရွတ်ခြင်း၊ ကမ္မဝါဖတ်ခြင်းပြုလုပ်၍ အန္တရာယ်ကို မခုခံကြဘူးလား“...ဟုမေးတော်မူ၏၊ ဒါယကာများ က ပရိတ်ကိုလည်း ရွတ်ပါ၏၊ ကမ္မဝါကိုလည်း ဖတ်ကြပါ၏၊ ဖတ်သော်လည်း အန္တရာယ်မပျောက်ငြိမ်းပါဟု လျှောက်ထားကြသည်။

ထိုအခါ ဆရာတော်ဘုရားကြီးက...မင်းတို့ ပရိတ်ရွတ်၊ ကမ္မဝါ ဖတ်ရန် သံဃာများကို ပင့်လျှင် သတိထားရမည်။ နွားသားစားသော ဘုန်းကြီး မပါစေရ၊ နွားသားစားသော ပါးစပ်ကြီးနှင့် သုဏာတု မေ ဘန္တေ သံဃော ဟုဖတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပါးစပ်က နွားသား နံ့ကြီး တခေါ်လောက်ရောက်အောင် ကင်းထောက်သွားသည်။ ထိုအခါ ဘီလူး သဘက်တွေက နွားသားအနံ့ကို မီးခိုးကြွက်လျှောက် လိုက်လာ တတ်သည်ဟု မိန့်တော်မူ၏၊

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

လုပ်ငန်းကိစ္စနှင့်စပ်၍ ဘာပဲလုပ်လုပ် အလုပ်တစ်ခုလုပ်လျှင် မှားတတ်တယ်ဟေ့ မှားတတ်တယ်ဟ၊ အဲဒါကြောင့် မမှားရအောင် မလုပ်ခင်က ဆရာသမားနှင့်လျှောက်ထားတိုင်ပင်၊ သို့မဟုတ် သီတင်းသုံး ဖော်သုံးဖက် မိတ်ဆွေသင်္ဂဟများနဲ့ဆွေးနွေးတိုင်ပင်၊ သို့မဟုတ် ပညာ အမြော်အမြင်ရှိတဲ့ တပည့်ကြီးများနှင့်ဆွေးနွေးတိုင်ပင်၊ ကိုယ်တိုင်ကလဲ ကြပ်ကြပ်စဉ်းစားမှားတတ်တယ်နော်။ အေး...အားလုံး ဆွေးနွေး တိုင်ပင်စဉ်းစားပြီးတော့ အလုပ်တော့ဖြင့်မှန်တယ် လုပ်တော့မယ် ဆုံးဖြတ်ပြီး လုပ်ပြီဟေ့၊ လုပ်တော့မှားပြီကွ၊ အဲဒီမှာ ပညာသီဟရေ နောက်မဆုတ် ပါနဲ့ဟ၊ သူတစ်ပါးတွေကဲ့ရဲ့တာ ဂရုမစိုက်နဲ့၊ မှားလေ လုပ်လေ လုပ်ဟ၊ နောက်တော့ လုပ်ရင်းမှန်လာလိမ့်မယ်ဟု မိန့်တော် မူ၏၊

အဂ္ဂမဟာပဏ္ဍိတဘွဲ့နှင့်စပ်၍ မိန့်တော်မူပုံ

၁၂၇၇-ခုနှစ် တန်ဆောင်မုန်းလဆန်း (၁)ရက် (၇-၁၁-၁၉၁၅) တနင်္ဂနွေနေ့တွင် အင်္ဂလိပ်မင်းလက်ထက် မြန်မာနိုင်ငံ၏ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော်နှင့် စပ်လျဉ်း၍ တစ်နေ့သ၌ သာသနာပိုင်ထံမှ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ကို ကိုယ်တိုင်လာရောက် ယူရမည်ဟု အမိန့်လွှာကို ရရှိသောအခါ ဆရာတော်ဘုရားကြီးက...ပြည်ပိုင် အစိုးရမင်းတို့က မည်ကဲ့သို့ ပညာအရည်အချင်းရှိသော ပုဂ္ဂိုလ်တို့အား မည်ကဲ့သို့သော ဘွဲ့တံဆိပ်ချီးမြှင့်သင့်သည်ဟု ရွေးချယ်ပေးပါရန် ငါတို့ထံသို့ လျှောက်လွှာတစ်စောင်ရောက်ရှိလာ၍ ငါတို့ရွေးချယ်ပေး လိုက်သော အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ထူးထူးဆန်းဆန်းလုပ်၍ ကိုယ်တိုင် လာရောက်ယူရမည်ဟု သာသနာပိုင်အမိန့်သံပြင်းလှ ချေရဲ့၊ ငါတို့ မယူလိုဟု မိန့်တော်မူပြီး မန္တလေးမြို့မှ အင်းဝဘက်သို့ တရားဟောကြွ သွားတော်မူ၏၊

သုညနှင့် ဝလုံး

၁၂၇၁-ခုနှစ် ဖြစ်သည်။ လယ်တီဆရာတော်သည် သာပေါင်း၌ ဝါကပ်၍ တရားဟောတော်မူသည်။ ပဲခူး၌တရားဟောစဉ် ဇာတ်ဆရာ ဦးဖိုးစိန်တို့ဇာတ်ပွဲနှင့် ကြုံကြိုက်နေရာ ဦးဖိုးစိန်သည် ဇာတ်ကခြင်းကို ရပ်နား၍ ဆရာတော်ကြီး၏တရားကို ဇာတ်သူဇာတ်သားများနှင့်အတူ နာယူလေသည်။ ဦးဖိုးစိန်ဇာတ်ထဲတွင် စာပေဗဟုသုတ ပြည့်ဝသော စာရေးဆရာကြီး ဦးဖီးဆိုသူပါလာသည်။ ဦးဖီးသည် စာတတ်ပေတတ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။ လယ်တီဆရာတော်၏တရားကို (၇)ကြားပြီး၍ ရင်းနှီးလာသောအခါ သုညနှင့်ဝလုံး မည်သို့ခြားနားမှု ရှိ မရှိ လျှောက်ထား မေးမြန်းလေသည်။

ထိုအခါ လယ်တီဆရာတော်ဘုရားကြီးက “ဟေ့ မောင်ဖီး သုညနဲ့ ဝလုံး ခြားနားမှုဟာ မင့်ခန္ဓာကို မှန်ရှေ့ မှာထားပြီး ကြည့်သလိုပဲဟေ့ဟု မိန့်တော်မူလိုက်သည်။

တေဘုမ္မာ နှင့် လယ်တီဆရာတော်

တေဘုမ္မာနှင့် ဇာတိအာဏာ ဓမ္မဂီတ ယိုးဒယားသီချင်း အပါ အဝင် သီချင်းကြီး သီချင်းခန့် များစွာရေးသားခဲ့သော မဟာဂီတ ပေါင်းချုပ် ကျမ်းပြုဆရာကြီး ဦးပြုံးချိုဆိုသည်မှာ ၁၂၄၀-ပြည့်ဖွား၊ ကျိုက်လတ်မြို့သားဖြစ်သည်။ ကျိုက်လတ်ဦးပြုံးချိုဟု ထင်ရှားသည်။ ကျိုက်လတ်မြို့တွင် မွေးဖွားသော်လည်း မိဘမျိုးရိုးမှာ အညာဇာတိ ဖြစ်သည်။ ကုန်းဘောင်ခေတ် ဘကြီးတော်လက်ထက် ဗန့်ကျီကိုးတိုက်ကို စားရသည့် ဗန့်ကျီဝန် ဦးရွှေရုပ်သည် ဦးပြုံးချို၏ ဘေးတော်စပ်သည်။

ဦးပြုံးချိုသည် အသက် ၃၁-နှစ်အရွယ် (၁၂၇၁) တွင် တေဘုမ္မာ သီချင်းကြီးကို ရေးသည်။ ဓမ္မဂီတ ဆိုသည့်အတိုင်း (ဓမ္မေန ပဋိသံယုတ္တံ ဂီတံ ဓမ္မဂီတံ) ဓမ္မကြောင်းနှင့်များစွာ ဆက်နွယ်နေသော သီချင်းကြီး ဖြစ်သည်။ နက်လဲ နက်နဲသည်၊ ခက်လဲ ခက်ခဲသည်။ တော်ရုံ တန်ရုံ ဘာသာရေး အသိရှိသူများဆိုတတ်ဖို့မပြောနှင့်၊ ဖတ်တတ်ဖို့ပင် အလွန် ခဲယဉ်းပေမည်။

ထိုစဉ်က ရန်ကုန်မြို့တွင် ပညာအလင်း သတင်းစာမှာ အလွန် လူကြိုက်များလျက် ရှိသည်။ မြန်မာအမှုအတိုင်းပင် လယ်တီပဏ္ဍိတ ဦးမောင်းကြီးက တာဝန်ယူသည်။ ခေတ်စာပေဘက်တွင် ဆရာပီမိုးနင်း၊ ဆရာရွှေ၊ ဦးပုကြီး၊ ဦးပုကလေး၊ အမ်ဘိုးချိန်တို့က တာဝန်ယူသည်။ ပညာအလင်း သတင်းစာတိုက်ပိုင်ရှင် ဦးတင်နှင့်ဒေါ်ဆင့်တို့မှာ ဘာသာရေးဘက်တွင် လွန်စွာကိုင်းရှိုင်းကြသည်။ လယ်တီဆရာတော် ဘုရားကြီး၏ ဩဝါဒခံ သံခိပ်ကုမ္မာရီအသင်းတွင် ဒေါ်ဆင့်မှာ အဖွဲ့ခေါင်း ဆောင် တာဝန်ယူထားရသည်။ ပညာအလင်းတိုက်တွင် တနင်္ဂနွေနေ့ တိုင်းလိုပင် ဆရာတော်ကြီးများကို ဆွမ်းကပ်လှူဒါန်းလေ့ရှိသည်။ တရားစကားများကိုလည်း လျှောက်ထားဆွေးနွေးလေ့ရှိသည်။ တစ်နေ့တွင် ဆရာတော်ကြီးများနှင့် အဘိဓမ္မာတရား ဆွေးနွေး ဆဲတွင် အယ်ဒီတာတစ်ဦးက တေဘုမ္မာသီချင်းကို သီဆိုပြရာ ဆရာတော်ကြီးက ဤသီချင်းမည်သူရေးသနည်းဟု မေးသည်။ ကျိုက် လတ် ဦးပြုံးချိုရေးပါသည် ဟု လျှောက်ထားသောအခါ ဆရာတော်ကြီးက ဒီလူဟာလူတော်ပဲ၊ မင်းတို့ သတင်းစာတိုက်မှာ သူ့ကိုခေါ်ပြီးခန့်ကြ၊ ဒီလိုလူမျိုးဟာ လူတစ်သောင်းမှာ တစ်ယောက်ရှိဖို့ ခဲယဉ်းတယ်ဟု မိန့်ကြားသည်။

မိုးဂျာနယ် ၁၉၉၅၊ ဒီဇင်ဘာလ

--------- * --------

Comments

Popular posts from this blog

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

သာရတ္ထဒီပနီ-ဋီကာ (တတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါစိတ္တိယ-အဋ္ဌကထာ +နိဿယ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...