Skip to main content

ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် (ဒေါက်တာဉာဏဝရ)

ကက္ကဋစည်

ပုဇွန်။ဂဏန်း လက်ရိုးစည်
A drum made of a hand of a huge crab/lobster.

ကက္ကဋတာရာ

A constenlation that looks like a crab.

ကင်္ကာ (မျက်မှောက်ကင်္ကာ)

Being face to face, at the present.

ကကုသန်

ဘုရား ငါးဆူပွင့်ရာ ဤဘဒ္ဒကမ္ဘာ၌ ပထမဆုံး ပွင့်တော်မူပြီးသော ဘုရားရှင် (ကမ္ဘာ ၅ မျိုး _ရှု)
Kakusandha: The first of five Buddhas in this world cycle called ‘Bhadda’.

ကခုန်ခြင်း

နစ္စ ဟူသည် (အရိယာပုဂ္ဂိုလ်တို့၏ ကျင့်ဝတ်၌ _ရှု)

ကင်္ခါ

ယုံမှားသံသယ
Doubt.

ကင်္ခါ ၁၆ မျိုး

(မူလပဏ္ဏာသပါဠိ။ နိဒါနဝဂ္ဂသံယုတ္တပါဠိ စသည်)
Sixteen kinds of doubt (the ‘Middle Length Discourses’ and the ‘Connected Discourses’ etc.):
၁။ ငါသည် အတိတ် မှာ ဖြစ်ခဲ့သည်လော
1: Have I been in the past?
၂။ ငါသည် အတိတ် မှာ မဖြစ်ခဲ့ဘူးလော
2: Have I not been in the past?
၃။ ငါ အတိတ် မှာ ဘာဖြစ်ခဲ့သနည်း
3: What have I been in the past?
၄။ ငါ အတိတ် မှာ ဘယ်သို့ ဖြစ်ခဲ့သနည်း
4: How have I been in the past?
၅။ အဘယ်သို့သော အခြေအနေ မှ အခြားသော အခြေအနေသို့ အတိတ်မှာ ပြောင်းခဲ့သနည်း
5: From what state into what state did I change in the past?
၆။ ငါသည် အနာဂတ် မှာ ဖြစ်မည်လော
6: Shall I be in the future?
၇။ ငါသည် အနာဂတ် မှာ မဖြစ်မည်လော
7: Shall I not be in the future?
၈။ ငါ အနာဂတ် မှာ ဘာဖြစ်မည်နည်း
8: What shall I be in the future?
၉။ ငါ အနာဂတ်မှာ ဘယ်သို့ ဖြစ်မည်နည်း
9: How shall I be in the future?
၁ဝ။ ဘယ်သို့ အခြေအနေ မှ အခြားတပါးသော အခြေအနေသို့ အနာဂတ်မှာ ပြောင်းမည်နည်း
10: From what state into what state did I change in the future?
၁၁။ ငါ ရှိ၏လော
11: Am I?
၁၂။ ငါ မရှိဘူးလော
12: Am I not?
၁၃။ ငါ ဘာဖြစ်သနည်း
13: What am I?
၁၄။ ငါ ဘယ်လိုဖြစ်သနည်း
14: How am I?
၁၅။ လောက သတ္တဝါများ ဘယ်အချိန်က စတင်၍ ဖြစ်လာပါသနည်း
15: Whence has this being come?
၁၆။ လောက သတ္တဝါများ ဘယ်ကိုသွားကြမည်နည်း။
16: Whither will it go?

ကင်္ခါ ဝိတရဏ ဝိသုဒ္ဓိ

ယုံမှားသံသယမှ ကျော်လွန်ပြီး စင်ကြယ်ခြင်း (ဝိသုဒ္ဓိ _ရှု)
Purification by overcoming doubt.

ကင်းဆိတ်ခြင်း

ရောင့်ရဲခြင်း (ပဝိဝေက) ၃ မျိုး (ဘုရားရှင်လက်ထက်တော်က ပရိဗိုဇ်များ) (ပဝိဝေကသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
Three kinds of solitude prescribed by wanderers of other (not Buddhist) sects:
၁။ စီဝရ ပဝိဝေက – သင်္ကန်း အဝတ်ကိုမှီ၍ ကင်းဆိတ်ခြင်း။ ယင်း၏ သရုပ်တို့မှာ –
1: Solitude with respect to robes – They are as follows:
(က) ပိုက်ဆံလျှော်နှင့် ရောနှော ရက်သောအဝတ်ကိုသာ ဝတ်ခြင်း
(a) Wearing mixed material,
(ခ) သူသေကောင်မှ အဝတ်ကိုသာ ဝတ်ခြင်း
(b) wearing shrouds from corpses,
(ဂ) ပံသကူ အဝတ်ကိုသာ ဝတ်ခြင်း
(c) wearing rags from the dust–heap,
(ဃ) သစ်ခေါက် အဝတ်ကိုသာ ဝတ်ခြင်း
(d) wearing garments of bark–fiber,
(င) သစ်နက်ရေ ကိုသာ ဝတ်ခြင်း
(e) wearing antelope–skins,
(စ) သမန်းမြက် အဝတ်ကိုသာ ဝတ်ခြင်း
(f) wearing grass,
(ဆ) လျှော်တေ အဝတ်ကိုသာ ဝတ်ခြင်း
(g) wearing bark,
(ဇ) ပျဉ်ချပ် ကိုသာ ဝတ်ခြင်း
(h) wearing timber–planks,
(စျ) ဆံခြည် ကမ္ဗလာကိုသာ ဝတ်ခြင်း
(i) wearing blanket of human–hair,
(ည) သားမြီး ကမ္ဗလာကိုသာ ဝတ်ခြင်း
(j) wearing blanket of horse–hair,
(ဋ) ခင်ပုတ်ငှက်တောင် အဝတ်ကိုသာ ဝတ်ခြင်း။
(k) wearing the wing of owls.
၂။ ပိဏ္ဍပါတ ပဝိဝေက – ဆွမ်း စားသောက်ဖွယ်ကိုမှီ၍ ကင်းဆိတ်ခြင်း။ ယင်း၏ သရုပ်တို့မှာ –
2: solitude with respect to almsfood – They are as follows:
(က) ဟင်းရွက်စိမ်းကိုသာ စားခြင်း
(a) Eating just leaves,
(ခ) ပြောင်းဆန် ကိုသာ စားခြင်း
(b) eating millet,
(ဂ) ကျိတ်သီးဆန် ကိုသာစားခြင်း
(c) eating raw–rice,
(ဃ) သားရေဖတ် ကိုသာ စားခြင်း
(d) eating hide,
(င) မှော် ကိုသာ စားခြင်း
(e) eating water–plants,
(စ) ဖွဲနု ကိုသာ စားခြင်း
(f) eating rice–husk–powder,
(ဆ) ထမင်းရည်ကိုသာ သောက်နေခြင်း။
(g) eating rice–scum/gruel or drinking the water with which the rice to be cooked is washed,
(ဇ) နှမ်းမှုန့်ညက် ကိုသာ စားခြင်း
(h) eating the powder of oil–seeds,
(စျ) မြက် ကိုသာ စားခြင်း
(i) eating grass,
(ည) နွားချေး ကိုသာ စားခြင်း
(j) eating cow–dung,
(ဋ) တောသစ်မြစ် ကိုသာ စားခြင်း
(k) eating roots,
(ဌ) ကြွေကျသောအသီး ကိုသာ စားခြင်း။
(l) eating windfalls.
၃။ သေနာသန ပဝိဝေက – ကျောင်း နေထိုင်ရာကိုမှီ၍ ကင်းဆိတ်ခြင်း။ ယင်း၏ သရုပ်တို့မှာ –
3: solitude with respect to lodgings – They are as follows:
(က) တောကြီး
(a) A forest,
(ခ) သစ်ပင်ရင်း
(b) the foot of a tree,
(ဂ) သင်းချိုင်း
(c) a charnel ground,
(ဃ) တောအုပ်
(d) wood,
(င) လွင်ပြင်
(e) the open air,
(စ) ကောက်ရိုးပုံ
(f) a heap of straw,
(ဆ) ဖွဲပုံ။
(h) a chaff–house, heap of chaff.

ကစ္စည်း သဒ္ဒါ

(သဒ္ဒါကြီး ရှစ်စောင် ဟူ၍လည်းခေါ်သည်) – ကဏ္ဍ ရှစ်ခုပါဝင်သည့် ပါဠိ သဒ္ဒါကျမ်းဖြစ်သည်။
မြန်မာနိုင်ငံ ပါဠိစာပေ သင်ကြားရေး၌ အသုံးအများဆုံးသော ကျမ်းစာဖြစ်သည်။ ပထမငယ်တန်း (မူလတန်းအဆင့်) ပထမလတ်တန်း (အလယ်တန်း အဆင့်) နှင့် ပထမကြီးတန်း (အထက်တန်းအဆင့်) ဟူသော ဘုန်းတော်ကြီး စာမေးပွဲများ၌ ပြဌာန်းကျမ်းစာဖြစ်သည်။ ကဏ္ဍ (= ကပ္ပ) ရှစ်ခုတို့မှာ အောက်ပါ အတိုင်းဖြစ်သည်။
Kaccāyana Pakaraṇa (Kaccāyana Pāḷi Granmmar): It is a Pāḷi grammar treatise consisting of eight chapters, the most used one in Burmese religious examation. It is a text book for the First Grade: primary– (equivalent to primary school), medium– (to middle school) and upper–examination (to high school). The eight chapters are as follows:
၁။ သန္ဓိ = ပါဠိပုဒ်များ အချင်းချင်း စာလုံးဆက်စပ်မှု
1: The usages in junction,
၂။ နာမ် = နာမ်ပုဒ် အမျိုးမျိုး
2: noun,
၃။ ကာရက = ကတ္တား
3: subject,
၄။ သမာသ် = နာမ်ပုဒ်အချင်းချင်း ပေါင်းစပ်အဓိပ္ပါယ်ယူမှု
4: compound,
၅။ အာချာတ် = ပါဠိ ကြိယာများ
5: verb,
၆။ တဒ္ဓိတ် = နာမ်ပုဒ်နှင့် ပစ္စည်း ပေါင်းစပ်မှု
6: secondary noun,
၇။ ကိတ် = ဓာတ်ပစ္စည်းများ ဆက်သွယ်မှု
7: combination of root and suffix,
၈။ ဥဏှာဒ် = ဓာတ်ပစ္စည်းများဆက်သွယ်မှု အဆက်။
8: combination of root and suffix continued.

ကစ္ဆပ

လိပ်
Tortoise, turtle.

ကဆုန်လ၏ ထူးခြားချက် ၃ ပါး

Three main events of month Kasone (May):
၁။ ဘုရားအလောင်း ဖွါးမြင်တော်မူခြင်း
1: Lord Buddha’s birth,
၂။ ဘုရားဖြစ်တော်မူခြင်း
2: His enlightenment,
၃။ ပရိနိဗ္ဗာန် စံတော်မူခြင်း။
3: His passing–away.

ကညစ်

Stylus.

ကညာ

သူငယ်မ
Young lady/maiden.

ကဏ္ဌဇ

လည်ချောင်း၌ ဖြစ်သော အက္ခရာများ
Glottal letters.

ကဏ္ဌဌာန်

(ဌာန် _ရှု)
အသံဖြစ်ပေါ်ရာ လည်ချောင်းအရပ် Articulated place of glottals.

ကဏ္ဍ

အခန်း Chapter, section.

ကဏ္ဏဝိဇ္စျန

နားသခြင်း
Making hole in the ears for earring, perforating the ears.

ကဏ္ဏ သုခ

နားချမ်းသာမှု
Euphony.

ကဏ္ဍကော စ

ဆန့်ကျင်ဘက်
Contrarily, acting against somebody.

ကတညုတ

ကျေးဇူးသိခြင်း
Gratitude.

ကတ္တား

Subject.

ကတိ

Promise, agreement.

ကထာ

စကား (အရိယ ကထာ ၁ဝ မျိုး _ရှု)

ကထာ ၁ဝ မျိုး

အကျိုးရှိစွာ ပြောစရာ (စကား ၁ဝ မျိုး အကျိုးရှိစွာ ပြောစရာ _ရှု)

ကထာဝတ္ထု ပါဠိ

အဘိဓမ္မာ ၇ ကျမ်းတွင် ငါးကျမ်းမြောက်ဖြစ်သည်။ အသောက မင်းကြီးလက်ထက် တတိယ သံဂါယနာတင် ဥက္ကဋ္ဌဖြစ်သော အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် ဟောကြားသည်ဟုယုံကြည်ကြသည်။
ထေရဝါဒ အယူအဆကို မူတည်ပြီး အခြားသော အယူအဆများအား ငြင်းပယ်ထားချက်များပါဝင်သည်။
အစဉ်အလာ အားဖြင့် သကဝါဒ (ထေရဝါဒ အယူအဆ) ၅ဝဝ နှင့် ပရဝါဒ (ထေရဝါဒ မဟုတ်သော အယူ အဆ) ၅ဝဝ တို့ကို ရှင်းလင်းတင်ပြထားသောကျမ်းဟု မှတ်ယူကြသည်။
Kathāvatthu: The fifth of the 7 books of the ‘Abhidhamma Piṭaka’: It is believed that this text was delivered by Arahant Mahā Moggaliputta Tissa who presided over the Third Buddhist Council at the time of King Asoka. Based on the Theravāda point of views, it refuted others’. We are told that 500 of own (Theravāda) views and 500 of others’ are explained in this book.

ကထိက

Lecturer.

ကထိန်

ဝါကျွတ်ကာလ၌ သံဃာတော်များသည် အထူးသင်္ကန်းကို အလှူခံပြီး သိမ်အတွင်း၌ ကမ္မဝါစာဖြင့် သင့်တော်သော ရဟန်းအား ပေးခြင်း။
Robe–offering ceremony at the end of Buddhist lent–time/rainy–retreat.

ကထိန်ခင်း

Spreading or being effective the five benefits as a result of Kathina (ကထိန်).

ကထိန် သင်္ကန်း

Particular robe that is offered at the end of Buddhist lent–time.

ကနက္ကဒဏ်

ထီးဖြူ
White silken umbrella with a shaft of gold.

ကနုတံ

Toilet article (bamboo–stick) used by Buddhist monks in Myanmar.

ကန္တာရ

ခက်ခဲသောခရီး
Desert, difficult journey.

ကန္တာရ ခက်ခဲသောခရီး – ၅ မျိုး

Five kinds of dangerous journey:
၁။ စောရ ကန္တာရ – သူခိုးဒါးပြ ကြမ်းသော လမ်းခရီး
1: A journey infested with robbers,
၂။ ဝါဠ ကန္တာရ – ခြင်္သေ့ သစ် ကျား သားရဲတိရစ္ဆာန်များသော လမ်းခရီး
2: with wild animals such as lion, tiger etc.
၃။ အမနုဿ ကန္တာရ – ဘီလူး နတ်ကြမ်း သူရဲ တစ္ဆေ ပေါများသော လမ်းခရီး
3: with ogre, spirits, ghost etc.,
၄။ နိရုဒက ကန္တာရ – ရေမရှိသော လမ်းခရီး
4: a journey without water (water is not available along the journey),
၅။ အပ္ပဘက္ခ ကန္တာရ – အစာရေစာ ရှားပါသော လမ်းခရီး။
5: without food.

ကန္တာရ ခက်ခဲသောခရီး – ၈ မျိုး

Eight kinds of dangerous journey:
အထက်ပါ ကန္တာရ ၅ မျိုး အတူတူ။ အောက်ပါ ၃ မျိုး ပေါင်းထည့်ပါ
Add the following three into the above:
၆။ ဥဒက ကန္တာရ – ကျယ်ပြောသော ရေပြင်ရှိသော လမ်းခရီး
6: A journey seemingly endless tract of water,
၇။ ဝါဠု ကန္တာရ – ကျယ်ပြောသော သဲပြင် သဲကန္တာရ ရှိသော လမ်းခရီး
7: seemingly endless sand (desert),
၈။ ဝန ကန္တာရ – ကျယ်ပြောသော တောတောင်ရှိသော လမ်းခရီး။
8: seemingly endless forest.

ကန္တိဂုဏ်

Lovely characters/abilities.

ကန်တော့

Pay homage/respect, worship.

ကပ် (ဆိုက်)

Catastrophe, epidemic.

ကပ် ၃ ပါး

Three epidemics/epochs.
၁။ သတ္ထန္တရ ကပ် – လက်နက်များဖြင့် နိုင်ထက်စီးနင်းသတ်ဖြတ်နေသော စစ်ဖြစ်နေခြင်းစသည့် ကာလ
1: Epoch of killing/war,
၂။ ရောဂန္တရ ကပ် – ကပ်ရောဂါကြီးများ ဆိုက်ရောက်နေသော ကာလ
2: epoch of disease/epidemic,
၃။ ဒုဗ္ဘိက္ခန္တရ ကပ် – အစာရေစာ ရှားပါး ငတ်မွတ်ခေါင်းပါးသော ကာလ။
3: epoch of famine.

ကပ်ငြိမှု ၅ မျိုး

(သံယုတ်ပါဠိတော်)
Five ties (The Connected Discourses):
၁။ လောဘ – လိုချင်မှု
1: Greed,
၂။ ဒေါသ – အမျက်ထွက်မှု
2: anger,
၃။ မောဟ – တွေဝေ မသိမှု
3: ignorance,
၄။ မာန – ထောင်လွှားမှု
4: conceit,
၅။ ဒိဋ္ဌိ – အယူအဆ။ အယူဝါဒ။
5: view.

ကပ္ပ

ကမ္ဘာ
World, world–cycle, universe, aeon, epoch.

ကပ္ပ ကမ္ဘာ ၂ မျိုး

Two world–cycles:
၁။ သုည ကပ္ပ – ဘုရားမပွင့်သော ကမ္ဘာ
1: World–cycle no Buddha appears,
၂။ အသုည ကပ္ပ – ဘုရားပွင့်သော ကမ္ဘာ။
2: world–cycle Buddha(s) appear.

ကပ္ပ ကမ္ဘာ ၄ မျိုး

Four world–cycles:
၁။ သံဝဋ္ဋ ကပ် – ပျက်နေသော ကမ္ဘာ
1: World–dissolution,
၂။ သံဝဋ္ဋ ဌာယီ ကပ် – အပျက်အတိုင်းတည်နေသော ကမ္ဘာ
2: continuation of the chaos,
၃။ ဝိဝဋ္ဋ ကပ် – ဖြစ်နေသော ကမ္ဘာ
3: world–formation,
၄။ ဝိဝဋ္ဋ ဌာယီ ကပ် – ဖြစ်ပြီး တည်နေသော ကမ္ဘာ။
4: continuation of the formed world.

ကပ္ပ သံဝဋ္ဋ ကပ် ၃ မျိုး

(ကမ္ဘာပျက်ခြင်း ၃ မျိုး)
Three ways of world–dissolution:
၁။ ရေ ဖျက်သောကမ္ဘာ (အာဘဿရာဘုံမှ အောက်ဘုံအားလုံးပါဝင်သည်) (ဘုံ ၃၁ _ရှု)
1: The world is destroyed by water (up to Ābhassa Brahma Realm).
၂။ မီး ဖျက်သောကမ္ဘာ (သုဘကိဏှဘုံမှ အောက်ဘုံအားလုံးပါဝင်သည်) (ဘုံ ၃၁ _ရှု)
2: The world is distroyed by fire (up to Subhakiṇha Brahma Realm).
၃။ လေ ဖျက်သောကမ္ဘာ(ဝေဟပ္ဖလဘုံမှ အောက်ဘုံအားလုံးပါဝင်သည်) (ဘုံ ၃၁ _ရှု)
3: The world is distroyed by wind (up to Vehapphla Brahma Realm).
(ကမ္ဘာပျက်ပုံ အစဉ်များကို ဝိသုဒ္ဓိမဂ် အဘိညာနိဒ္ဒေသ အခန်း၌ ကြည့်ပါ။)
(See ‘The Path of purification, Chapter 12: The Supernormal Powers’ about world–dissolution–procedure in detail.)

ကပ္ပဌီ

Enduring for a world–formation–cycle.

ကပ္ပဗိန္ဒုထိုး

သင်္ကန်းအသစ်၏ ဒေါင့်တစ်နေရာရာ၌ အစက်အပျောက်ရေးထိုး မှတ်ခြင်း
Making a ritual spot at the corner of a robe.

ကပိလဝတ်မြို့။ သက္ကတိုင်း

ဘုရားရှင်၏ ခမည်းတော်သုဒ္ဓေါဒန စိုးအုပ်သောမြို့ဖြစ်သည်။ ထိုမြို့သည် ပြည့်စုံကြွယ်ဝ၏။ စည်ပင်ဝပြော၏။ လူဦးရေများ၏။ လူမျိုးစုံ၏။ လမ်းတို လမ်းကျဉ်း လမ်းပေါင်းစုံရှိ၏။ ဆင်များလည်း လှည့်ပြေး နေတတ်၏။ မြင်းများလည်း လှည့်ပြေး နေတတ်၏။ ရထားများလည်း လှည့်ပြေး နေတတ်၏။ လှည်းများလည်း လှည့်ပြေး နေတတ်၏။ လူယောက်ျားများလည်း လှည့်ပြေး နေတတ်၏။ (ပထမ မဟာနာမသုတ်။ သောတာပတ္တိသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
City of Kapilavatthu, Sakka State: This was a city ruled by Suddhodana, Buddha’s father. This city was rich and prosperous, populous, crowded, many roads, narrow, small and wide,with stray elephant, stray hourse, stray chariot, stray cart and stray man. (Sotāpatti Saṃyutta, Mahā–vagga Saṃyutta Pāḷi)
ကပိလဝတ်မြို့ (သာဝတ္ထိ၌ ဝါကပ်ဆိုပြီး ဝါကျွတ်၍) သို့ကြွရောက်လာသော ရဟန်းတော်တစ်ပါးအား ကပိလဝတ်သား သာကီဝင်တို့က ဘုရားရှင် ရှင်သာရိပုတ္တ ရှင်မောဂ္ဂလာန် နှင့် သံဃာတော်များသည် ကျန်းမာကြပါ၏လော – စသည် သတင်းမေးကြခြင်း။ (ဝဿံဝုတ္ထသုတ်။ သောတာပတ္တိသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
The sakya of Kapilavatthu asked about Lord Buddha, Sāriputta, Moggalāna and monks to a certain monk who had spent the rainy–retreat (vassa) in Sāvatthi and had arrived at Kapilavatthu. (The Connected Discourses)

ကပ္ပိ

ရဟန်းတော်များ ဝိနည်းနှင့်အညီ သုံးဆောင်နိုင်ရန် ပြုခြင်း
Buddhist monks’ ritual making some minor case proper.

ကပ္ပိနည်း

(ကပ္ပိယကရဏ) ၅ မျိုး (သစ်သီး သစ်စေ့စသည်တို့၌ ရဟန်းတော်များ အပ်စပ်အောင် ပြောဆို ပြုမူနည်း)
ရဟန်းတော်က အပ်စပ်အောင်ပြုပေးသူ (ကပ္ပိယ)အား ပြောရသည်။
Five ways to make fitted with vinaya rules regarding fruit, seed and vegetable:
(Monk tells as follows to the person who makes fitted with vinaya for the monk.)
၁။ ဣမံ ဇာန – ဒါကို သိပါလော
1: ‘Understand this.’
၂။ ဣမံ ဒေဟိ – ဒါကို ပေးပါလော
2: ‘Donate this.’
၃။ ဣမံ အာဟရ – ဒါကို ဆောင်ခဲ့ပါလော
3: ‘Bring this.’
၄။ ဣမိနာ အတ္ထော – ဒါကိုဖြင့် အလိုရှိပါ၏
4: ‘(I) want this.’
၅။ ဣမံ ကပ္ပိယံ ကရောဟိ – ဒါကို အပ်စပ်အောင် ပြုပါလော။
5: ‘Make this suitable.’

ကပ္ပိယ

Monks’ assistant/attendance.

ကပ္ပိယကရဏ ၅ မျိုး

(ကပ္ပိနည်း – ကပ္ပိယကရဏ – ၅ မျိုး _ရှု)

ကပ္ပိယကကာရက

Acting/doing/serving as an assistant/attendance for monks.

ကဗဠီကာရ အာဟာရ

အလုပ်အလွေ့ (အလုံးအခဲ အစိုင်အခဲ) ပြုအပ်သော အစားအစာ
Edible food, solid/liquid food, food formed into balls.

ကမကထ

ဦးဆောင်ခြင်း
Supervise, undertake.

ကမ္ပလွေ

Bamboo–ripped roll of cloth which wraps up palm–leaf manuscripts.

ကမ္ပည်း

စာတန်း
Inscription, writing.

ကမ္ပည်းထိုး

Record in writing, inscribe.

ကမ္ပတ်ကွင်း

The bow for a robe (monk’s robe).

ကမ္ဘာ

(ကပ္ပ – ကမ္ဘာ _ရှု) World, world–cycle, globe.

ကမ္ဘာ ၆ မျိုး

Six kinds of world–cycle:
၁။ သာရ ကမ္ဘာ – ဘုရား တစ်ဆူသာ ပွင့်ထွန်းသော ကမ္ဘာ
1: Sāra – the world–cycle in which just one Buddha appears,
၂။ မဏ္ဍ ကမ္ဘာ – ဘုရား နှစ်ဆူ ပွင့်ထွန်းသော ကမ္ဘာ
2: Maṇḍa – the world–cycle in which two Buddhas appear,
၃။ ဝရ ကမ္ဘာ – ဘုရား သုံးဆူ ပွင့်ထွန်းသော ကမ္ဘာ
3: Vara – the world–cycle in which three Buddhas appear,
၄။ သာရ မဏ္ဍ ကမ္ဘာ – ဘုရား လေးဆူ ပွင့်ထွန်းသော ကမ္ဘာ
4: Sāra–maṇḍa – the world–cycle in which four Buddhas appear,
၅။ ဘဒ္ဒ ကမ္ဘာ – ဘုရား ငါးဆူ ပွင့်ထွန်းသော ကမ္ဘာ (ယခုလက်ရှိ ကမ္ဘာ)
5: Bhadda – the world–cycle in which five Buddhas appear (This world–cyrcle),
၆။ သုည ကမ္ဘာ – ဘုရား လုံးဝ မပွင့်ထွန်းသော ကမ္ဘာ။
6: Suñña – the world–cycle in which no Buddha appears.
ကမ္ဘာ–စကြာဝဠာ– ရှည်လျား များပြားပုံ ဥပမာများ (အနမတဂ္ဂသံယုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
(သံသရာရှည်လျားပုံ ဥပမာများလည်း _ရှု)
Similes regarding the length and amount of world–cycles/universes (the Connected Discourses):
၁။ အလျှား အနံ အမြင့် တစ်ယူဇနာရှိသော မြို့တံတိုင်းအတွင်း မုံ့ညှင်းစေ့များ အပြည့်ထည့်၍ ယောက်ျား တစ်ယောက်သည် အနှစ်တစ်ရာလျှင် တစ်စေ့တစ်စေ့ ထုတ်ပြစ်ရာ မုံ့ညှင်းစေ့အားလုံး ကုန်သွားမည်။ ဤကမ္ဘာကား မကုန်ဆုံးသေး။
1: A city–wall, 1x1x1 yūjanā of length, width and depth, is filled with mustard seeds. A man would remove a seed from there once in every hundred years.
The seeds there would be gone but the aeon (a world–cycle) would not.
၂။ အသက် ၁ဝဝ သက်တမ်းရှိသည့် အဘိညာဉ်ရ သာဝကလေးပါးတို့သည် နေ့စဉ်နေ့တိုင်း ကမ္ဘာတစ်သိန်းစီ အောင့်မေ့ကြ၏။ အသက်တစ်ရာပြည့်၍ ကွယ်လွန်သွားကြသော်လည်း ကမ္ဘာ–စကြာဝဠာ– များကား မကုန်နိုင်သေး။
2: Four disciples (monks), for a hundred years, would individually recollect a hundred thousand universes each day. They would pass away at the end of a hundred years but the universes are still left to be recollected.
၃။ ဂင်္ဂါမြစ် အစမှအဆုံးရှိကြသော သဲတို့ကို မရေမတွက်နိုင်သကဲ့သို့ ကမ္ဘာ–စကြာဝဠာ–များကို မရေတွက်နိုင်
3: The grains of sand between the originating point of River Ganges and its entering the great ocean are no easy to count (impossible to count); the same as counting the universes.
ကမ္ဘာလောကကြီး ဖြစ်တည်လာပုံ (အဂ္ဂည သုတ်တော်အရ ကမ္ဘာလောကကြီး ဖြစ်တည်လာပုံ _ရှု)

ကမ္မကိလေသာ

(ညစ်ညူးသော အမှု) ၄ ပါး
Four acts of defilement:
၁။ ပါဏာတိပါတ = သူ့အသက်သတ်ခြင်း
1: Destruction of life,
၂။ အဒိန္နာဒါန = သူတပါးပစ္စည်း ခိုးယူခြင်း
2: stealing,
၃။ ကာမေသု မိစ္ဆာစာရ = သူ့သားမယား ပြစ်မှားခြင်း
3: sexual misconduct,
၄။ မုသာဝါဒ = မမှန်စကား ပြောကြားခြင်း။
4: telling lies.

ကမ္မဇကလာပ် ၉ စည်း

ကံကြောင့်ဖြစ်သော ရုပ်ကလာပ်စည်း ၉ မျိုး
Nine kinds of kamma–caused ‘decad’/‘coporial group of ten’:
၁။ စက္ခု ဒသကကလာပ်
1: Eye–decad,
၂။ သောတ ဒသကကလာပ်
2: ear–decad,
၃။ ဃာန ဒသကကလာပ်
3: nose–decad,
၄။ ဇိဝှါ ဒသကကလာပ်
4: tongue–decad,
၅။ ကာယ ဒသကကလာပ်
5: body–decad,
၆။ ဣတ္ထိဘာဝ ဒသကကလာပ်
6: female–decad,
၇။ ပုံဘာဝ ဒသကကလာပ်
7: male–decad,
၈။ဝတ္ထု ဒသကကလာပ်
8: heart–decad,
၉။ ဇီဝိတ ဒသကကလာပ်
9: life–decad.

ကမ္မဇ ရုပ်

Kamma–caused physical/matter.

ကမ္မဇ လေ

Disconfort, labor, birthing–pain, pain of pregnant women not long before their baby is born.

ကမ္မဋ္ဌာန်း

Meditation, meditation subject, working ground for meditation.

ကမ္မဋ္ဌာန်း ၂ မျိုး

Two kinds of meditation:
၁။ သဗ္ဗတ္ထက ကမ္မဋ္ဌာန်း – အားလုံးနှင့်သက်ဆိုင် အားလုံးကျင့်နိုင်သော ကမ္မဋ္ဌာန်း
ယင်းတို့မှာ – မေတ္တာ ကမ္မဋ္ဌာန်း နှင့် မရဏဿတိ ကမ္မဋ္ဌာန်း။ အသုဘသညာ ဟုလည်းဆိုကြ၏။
1: Generally useful meditation subjects, i.e, loving–kindness and contemplation on death; some say ‘perception of foulness’.
၂။ ပါဋိဟာရိယ ကမ္မဋ္ဌာန်း – ပုဂ္ဂိုလ်၏ အကျင့်စရိုက်အားလျှော်စွာ ကျင့်ရသော ကမ္မဋ္ဌာန်း
ယင်းတို့မှာ ကမ္မဋ္ဌာန်း ၄ဝ လုံးဖြစ်သည်။
2: special meditation subjects, i.e., all fourty meditation–subjects.
ကမ္မဋ္ဌာန်း ၂ မျိုး (ဘာဝနာ ၂ မျိုး _ရှု)

ကမ္မဋ္ဌာန်း ၄ဝ

Fourty meditation–subjects:
၁။ ကသိုဏ်း ၁ဝ ပါး _ရှု
1: 10 complete circles,
၂။ အသုဘ ၁ဝ ပါး _ရှု
2: 10 kinds of foulness,
၃။ အနုဿတိ ၁ဝ ပါး _ရှု
3: 10 kinds of recollection,
၄။ ဗြဟ္မ ဝိဟာရ ၄ ပါး _ရှု
4: 4 holy dwellings,
၅။ အရူပ ၄ ပါး _ရှု
5: 4 kinds of formlessness,
၆။ သညာ ၁ ပါး
6: 1 perception,
၇။ ဝဝတ္ထာန် ၁ ပါး
7: 1 analysis.

ကမ္မဋ္ဌာန်းတရား အားထုတ်ရာကျောင်းအပြစ် ၁၈ ပါး

(ကျောင်းအပြစ် ၁၈ ပါး – ကမ္မဋ္ဌာန်းတရား အားထုတ်ရာ _ရှု)

ကမ္မဋ္ဌာန်းတရား အားထုတ်ရာ သပ္ပါယ တရား ၇ ပါး

(သပ္ပါယ တရား ၇ ပါး _ရှု)

ကမ္မ နိမိတ်

ကံ၏အာရုံ (သေခါနီးသူ၏ စိတ်၌ထင်လာသော – နွားသတ်သူဖြစ်ပါက နွားစသည်တို့ စိတ်အာရုံမှာ ထင်လာခြင်း။ အလှူပေးသူဖြစ်ပါက ဆွမ်းသင်္ကန်းစသည် လှူဒါန်းပုံများ စိတ်အာရုံမှာ ထင်လာခြင်း)
Signs at the time of the death/dying (mental images, good or bad, in a person at the time of dying).

ကမ္မပထ

ကံပြုလုပ်မှု အစဉ်
Course of kamma/action.

ကမ္မပထတရား ၁ဝ ပါး (အကုသိုလ်)

Ten courses of kamma/action (unwholesome):
(ဒုစရိုက် ၁ဝ ပါးဟုလည်းခေါ်သည်)
(They are also called ‘ten wrong actions’.)
၁။ ပါဏာတိပါတ = အသက်သတ်မှု
1: Killing,
၂။ အဒိန္နာဒါန = ခိုးယူမှု
2: stealing,
၃။ ကာမေသု မိစ္ဆာစာရ = မေထုန်ကျူးလွန်မှု
3: sexual misconduct,
၄။ မုသာဝါဒ = လိမ်ညာပြောမှု
4: lying,
၅။ ပိသုဏ ဝါစာ = ကုန်းတိုက်မှု
5: slandering, back–biting, gossip,
၆။ ဖရုသ ဝါစာ = ရိုင်းပြစကား ပြောမှု
6: rude speech,
၇။ သမ္ဖပလာပ ဝါစာ= ပိန်ဖျင်းစကား ပြောမှု
7: foolish babble, vain speech/talk,
၈။ အဘိဇ္စျာ = မနာလိုမှု
8: covetousness,
၉။ ဗျာပါဒ = ပူပန်မှု
9: ill–will,
၁ဝ။ မိစ္ဆာ ဒိဋ္ဌိ = အယူမှားမှု
10: wrong/evil view.
(၁ – က၊ မိမိကိုယ်တိုင်သတ်ခြင်း ခ၊ သူတပါးတို့အားသတ်အောင်တိုက်တွန်းခြင်း ဂ၊ သတ်သည်ကို သဘောတူခြင်း – ဤနည်းဖြင့် ဒုစရိုက် ၁ဝ ပါးကို သုံးပါစီ ပွါးမြှောက်ပါက ဒုစရိုက် ၃ဝ ပါးဖြစ်သည်)
{1: (a) Killing oneself, (b) causing others to kill and (c) delighting in others’ killing: the same way in all ten wrong actions; thus, there are thirty wrong actions.}

ကမ္မပထတရား ၁ဝ ပါး

(ကုသိုလ် – ကုသလ ကမ္မပထ တရား ၁ဝ ပါး _ရှု)
Ten courses of kamma, action (wholesome):
(အထက်ပါ ၁ဝ ပါး တို့မှ ဆန့်ကျင်ဘက် – Opposite of the above 10.)

ကမ္မဘဝ

Kamma–process, becoming.

ကမ္မဝဋ်

(ဝဋ္ဋ) (ဝဋ် _ရှု)
Kamma–round.

ကမ္မဝါစာ

ရဟန်းတော်များ ကထိန်ရဟန်းခံစသည် ဆောက်ရွက်ရာ၌ တရားဝင်အသုံးပြု ရွတ်ဖတ်ရသော စာ
((ဝ))Legalized Pāḷi passages used by the monks, vocalization of an act, verbal formalization of an act such as ‘katthia’ and ‘ordination’.

ကမ္မသမုဋ္ဌာန ရူပ

ကံကြောင့်ဖြစ်သောရုပ်
Corporality produced through kamma.

ကမ္မသမုဋ္ဌာန်

ကံကြောင့်ဖြစ်ခြင်း
Something produced through kamma, kamma–originated.

ကရကဋ်

Cancer – the fourth sign of the zodiac.

ကရဝိက်

(ကရဝီက)
A mythical bird which makes beautiful sound.

ကရုဏာ

(ဗြဟ္မဝိဟာရ _ရှု)
Compassion, pity.

ကရုဏာကြေး

Compassionate grant.

ကရုဏာဒေါသော

Anger arising from sympathy/love.

ကရုဏာပို့

Compassionate mental attitude toward the poor.
‘ဒုက္ခာ မုစ္စန္တု – (သတ္တဝါများ ဒုက္ခသားတို့သည်) ဆင်းရဲဒုက္ခ အပေါင်းမှ ကင်းလွတ်ကြပါစေ’
‘May the poor be freed from suffering.’

ကရုဏာ ရသ

Quality of arousing sympathy/compassion.

ကရိုဏ်း

Means of articulation (in grammar).

ကလာပ်

Small circular tray with a sem.

ကလလ ရေကြည်

The very first combination of sperm (male’s semen) and ovary (female’s egg), conception moment.

ကလာပ်

(ကလာပ)
Group, heap, unit.

ကလိ ယုဂ်

(ယုဂ _ရှု)
လူဆိုးလူမိုက်များသော အပြစ်ကိုမကြောက်သောခေတ် ဟုဆိုလိုသည်။ အိန္ဒိယအယူအဆ၌ ဤ ကလိယုဂ်ခေတ် (ယခုအခါ) သည် နှစ်ပေါင်း ၄၃၂ဝဝဝ ကြာသည်ဟု ဆိုသည်။
Dark age, age of evil (the present age), i.e., most of people are immoral, no problem to do evil. In Indian cosmology, this age lasts 432,000 years.

ကလျာဏ ပုထုဇဉ်

Ordinary good person, magnanimous ordinary man.

ကလျာဏ မိတ်

Good/noble friend, perfect friend/companion.

ကလျာဏ မိတ္တ ၃ ပါး

Three noble friends:
၁။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်
1: Universal Buddha,
၂။ ရဟန္တာ
2: Arahant (Buddhist saint),
၃။ ကျင့်ဆဲသေက္ခ သီလရှိပုဂ္ဂိုလ်
3: virtuous person, moral person.

ကလျာဏ မိတ္တ

(မိတ်ဆွေကောင်း၏ လက္ခဏာ) ၇ ပါး
Seven characteristics of a noble friend:
၁။ ပိယ – ချစ်နှစ်သက်ဖွယ်ဖြစ်ခြင်း
1: Being lovable,
၂။ ဂရု – လေးစားဖွယ်ဖြစ်ခြင်း
2: being respectful,
၃။ ဘာဝနီယ – စိတ်နှလုံးကို ပွါးစေခြင်း
3: being good–hearted,
၄။ ဝတ္တ – ဆိုဆုံးမတတ်ခြင်း
4: being able to admonish,
၅။ ဝစနက္ခမ – စကားမှားကို သည်းခံနိုင်ခြင်း
5: bearing harsh/wrong speech,
၆။ ကမ္ဘီရကထံ ကတ္တာ – လေးနက်သောစကား ပြောကြားတတ်ခြင်း
6: speaking profoundly,
၇။ နော အဋ္ဌာနေ နိယောဇက – မသင့်ရာကို မတိုက်တွန်း မညွှန်းဆိုတတ်ခြင်း။
7: not urging without reason, not urging wrongly.

ကဝိ။ ကဝိန်

(ပညာရှိ)
Man of letters, wise person, poet.

ကဝိ ၄ မျိုး

Four kinds of wise person:
၁။ စိန္တာ ကဝိ = တွေးခေါ်မျှော်မြင်တတ်သော ပညာရှိ
1: Wise person through philosophy,
၂။ သုတ ကဝိ = အကြားအမြင် ဗဟုတုတများသော ပညာရှိ
2: through general knowledge,
၃။ အတ္ထ ကဝိ = အနက်အဓိပ္ပါယ်။ အကျိုးတရားကို သိသော ပညာရှိ
3: through meanings/results,
၄။ ပဋိဘာန ကဝိ = ဉာဏ်ဖြင့် ထိုးထွင်ဆင်ခြင်တတ်သော ပညာရှိ။
4: through wisdom.

ကဿပ ရှင် မဟာ

ဓုတင်ဆောင်ခြင်း၏ အကြောင်း ၂ ပါး
Considering the following two benefits, Kassapa pricticed ‘austerity’:
၁။ မိမိဖါသာ ချမ်းသာစွာ နေထိုင်သီတင်းသုံးရန်
1: For his pleasant dwelling,
၂။ နောက်လာနောင်သားရဟန်းများ အတုယူလိုက်နာကျင့်ကြံနိုင်ရန်။
2: for the later generation to follow his example.

ကသိုဏ်း အဝန်းအဝိုင်း

Complete circle, physical device used as meditation–object/ device, a circle used as an object of meditation.

ကသိုဏ်း ၁ဝ ပါး

Ten physical devices used as meditation–objects:
၁။ ပထဝီ – မြေကသိုဏ်း
1: Earth device,
၂ အာပေါ – ရေကသိုဏ်း
2: water device,
၃။ တေဇော – မီးကသိုဏ်း
3: fire device,
၄။ ဝါယော – လေကသိုဏ်း
4: wind device,
၅။ နီလ –အပြာရင့် (အညို) ကသိုဏ်း
5: dark blue device,
၆။ ပီတ – ဝါရွှေကသိုဏ်း
6: yellow device,
၇။ လောဟိတ – အနီကသိုဏ်း
7: red device,
၈။ သြဒါတ – အဖြူကသိုဏ်း
8: white device,
၉။ အာလောက – အလင်းရောင်ကသိုဏ်း
9: light device,
၁ဝ။ ပရိစ္ဆိန္နာကာသ – အာကာသအပိုင်းအခြားကသိုဏ်း
10: space device.

ကသိုဏ်းဝန်း

A circle of one of the above–mentioned devices used as an meditation–object.

ကသိုဏ်းရှု

Concentration on a meditational device.

ကာမ။ ကာမဂုဏ်

Sensual pleasures, sense–desire, cords of sensuality, i.e., five sense–desires and five sense–objects.

ကာမ ၂ မျိုး

Two sensualities:
၁။ဝတ္ထု ကာမ
1: The object–based sensuality,
၂။ ကိလေသာ ကာမ
2: the mental defilement–based sensuality.

ကာမဂုဏ် ၅ ပါး

Five sensual pleasures:
၁။ ရူပါရုံ
1: Form, visible object,
၂။ သဒ္ဒါရုံ
2: sound, audible object,
၃။ ဂန္ဓာရုံ
3: smell, odorous object,
၄။ ရသာရုံ
4: taste, gustative object,
၅။ ဖေါဋ္ဌဗ္ဗာရုံ
5: touch, tangible object, body–impression.

ကာမဘောဂီ

ကာမဂုဏ်ခံစား လူသား ၁ဝ မျိုး (လူသား – ကာမဘောဂီ – ၁ဝ မျိုး _ရှု)
ကာမဂုဏ်ကြော မျောနေကြသော လူသားတို့သည် နေက္ခမ (ကာမဂုဏ်မှ ထွက်မြောက်မှု) ချမ်းသာကို သိနိုင်ခဲကြောင်း ရရန်မလွယ်ကြောင်း တပုဿ ဥပါသကာ က အရှင်အာနန္ဒာနှင့် ဘုရားရှင်အား လျှောက်ထားခြင်း (တပုဿသုတ်။ နဝင်္ဂုတ္တရပါဠိ)
A lay person, Tapussa by name, spoke Ānanda and Lord Buddha that the renunciation seems like a precipice/cliff to the lay persons who enjoy sensual pleasures, who delight in sensual pleasures. ကာမဂုဏ် တရားတို့၏ အမည်များ ၈ မျိုး (ဘယသုတ်။ အဋ္ဌင်္ဂုတ္တရပါဠိ)
Eight names of designation for sensual pleasures (The Gradual Discourses):
၁။ ဘယ ဘေး
1: Peril,
၂။ ဒုက္ခ ဆင်းရဲ
2: suffering,
၃။ ရောဂ အနာ
3: disease,
၄။ ဂဏ္ဍ အိုင်းအမာ
4: a boil,
၅။ သလ္လ ဆူးငြှောင့်
5: a thorn, (a dart),
၆။ သင်္ဂ ကပ်စီး ကပ်တရာ
6: a tie,
၇။ ပင်္က ညွန်
7: a swamp,
၈။ ဂဗ္ဘ တိုက်ခန်း။
8: a womb.

ကာမဂုဏ် တရားတို့၏ ဥပမာ ၁ဝ ချက်

(လက္ခဏသံယုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ စသည့်ပါဠိတော်များ)
Ten similes regarding sensual pleasures:
၁။ အဋ္ဌိကင်္ကလူပမာ ကာမာ = ကာမဂုဏ် တရားတို့သည် အရိုးစုနှင့် ဥပမာ တူ၏။
1: The simile of the skelecton,
၂။ မံသပေသူပမာ ကာမာ = ကာမဂုဏ် တရားတို့သည် သားတစ်နှင့် ဥပမာ တူ၏။
2: the simile of the piece of meat,
၃။ တိဏုက္ကူပမာ ကာမာ = ကာမဂုဏ် တရားတို့သည် မြက်မီးတုတ်နှင့် ဥပမာ တူ၏။
3: the simile of the grass–torch,
၄။ အင်္ဂါရကာသူပမာ ကာမာ = ကာမဂုဏ် တရားတို့သည် ရှားမီးသွေးရဲရဲနှင့် ဥပမာ တူ၏။
4: the simile of the pit of coals,
၅။ သုပိနကူပမာ ကာမာ = ကာမဂုဏ် တရားတို့သည် အိပ်မက်နှင့် ဥပမာ တူ၏။
5: the simile of the dream,
၆။ ယာစိတကူပမာ ကာမာ = ကာမဂုဏ် တရားတို့သည် ငှါးထားသော ပစ္စည်းနှင့် ဥပမာ တူ၏။
6: the simile of the borrowed goods,
၇။ ရုက္ခဖလူပမာ ကာမာ = ကာမဂုဏ် တရားတို့သည် အသီးပြည့်သော သစ်ပင်နှင့် ဥပမာ တူ၏။
7: the simile of the tree laden with fruit,
၈။ အသိသူနုပမာ ကာမာ = ကာမဂုဏ် တရားတို့သည် သားသတ်ရုံနှင့် ဥပမာ တူ၏။
8: the simile of the slaughter–house,
၉။ သတ္တိသူလူပမာ ကာမာ = ကာမဂုဏ် တရားတို့သည် ဓါး သန်လျက်နှင့် ဥပမာ တူ၏။
9: the simile of the sword stake,
၁ဝ။ သပ္ပ သိရူပမာ ကာမာ = ကာမဂုဏ် တရားတို့သည် မြွေဦးခေါင်းနှင့် ဥပမာ တူ၏။
10: the simile of the snake’s head.

ကာမဂုဏ်မီး

The fire of lust.

ကာမစ္ဆန္ဒ

(နီဝရဏ _ရှု)
Sensuous/sensual desire.

ကာမ တဏှာ

(တဏှာ _ရှု)
Sensuous craving, thirst for desire, zeal for sense desires, lust.

ကာမ ဓာတု

World/element of desire.

ကာမ ဘဝ

(ဘဝ _ရှု)
Sensuous existence/abode/realm/world.

ကာမဘုံနှင့် ဆက်နွယ်နေသော သံယောဇဉ် ၅ ပါး

(သြရမ္ဘာဂိယ – ကာမဘုံနှင့် ဆက်နွယ်နေသော – သံယောဇဉ် ၅ ပါး _ရှု)

ကာမဘုံ၌ ပရိနိဗ္ဗာန်ပြုသည့် ပုဂ္ဂိုလ် ၅ ယောက်

Five persons who pass away (attain nibbāna) from sensual abodes:
၁။ သတ္တက္ခတ္တုပရမ သောတာပန် – ခုနှစ်ဘဝရောက်မှ ရဟန္တာဖြစ်မည့် သောတာပန်
1: A stream–winner who will attain arahant–ship at seventh life from the presence,
၂။ ကောလံကောလ သောတာပန် – ခုနှစ်ဘဝမရောက်မှီ သုံးခုမြောက်ဘဝမှ ခြောက်ခုမြောက်ဘဝအတွင်း တဘဝဝ၌ ရဟန္တာဖြစ်မည့် သောတာပန်
2: a stream–winner who will attain arahant–ship one of the lives between the third and sixth from the presence,
၃။ ဧကဗီဇိ သောတာပန် – နောက်တစ်ဘဝ၌ ရဟန္တာဖြစ်မည့် သောတာပန်
3: a stream–winner who will attain arahant–ship at second life from the presence,
၄။ သကဒါဂါမ်
4: once–returner,
၅။ ယခုဘဝ၌ ရဟန္တာဖြစ်သူ။
5: arahant.

ကာမဘုံ၌ ပရိနိဗ္ဗာန်မပြု

ရူပဘုံ အရူပဘုံ၌ ပရိနိဗ္ဗာန်ပြုသည့် ပုဂ္ဂိုလ် ၅ ယောက်
Five persons who pass away (attain nibbāna) from form– and formless–abodes:
၁။ အန္တရ ပရိနိဗ္ဗာယီ အနာဂါမ် – ဗြဟ္မာ့ဘုံ၌ အသက်တမ်းအတိုင်းမနေတော့ပဲ သက်တမ်းအလယ် ၌ ပရိနိဗ္ဗာန် ပြုသော အနာဂါမ်
1: A non–returner who passes away (attains nibbāna) in the middle of life–span,
၂။ ဥပဟစ္စ ပရိနိဗ္ဗာယီ အနာဂါမ် – ဗြဟ္မာ့ဘုံ၌ အသက်တမ်းအလယ်ကိုလွန်ပြီးမှ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်
2: a non–returner who passes away (attains nibbāna) after the middle of life–span,
၃။ အသင်္ခါရ ပရိနိဗ္ဗာယီ အနာဂါမ် – ဗြဟ္မာ့ဘုံ၌ ချမ်းသာစွာ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်
3: a non–returner who passes away (attains nibbāna) with ease,
၄။ သသင်္ခါရ ပရိနိဗ္ဗာယီ အနာဂါမ် – ဗြဟ္မာ့ဘုံ၌ ပင်ပမ်းစွာ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်
4: a non–returner who passes away (attains nibbāna) without ease,
၅။ ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ အနာဂါမ် – အကနိဋ္ဌဗြဟ္မဘုံ၌ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
5: a non–returner who passes away (attains nibbāna) at Akaniṭṭha brahma realm.

ကာမ လောက

(လောက _ရှု)
Sensuous existence.

ကာမ ဝိတက်

(ဝိတက် _ရှု)
Sensuous thought.

ကာမ ရာဂ

Sensuous lust, greed for sense desires, sexual lust.

ကာမ လိုက်စား

Sensual indulgence, sexual indulgence, promiscuity.

ကာမ လောက

Sensual world.

ကာမာဝစရ

Sense sphere.

ကာမ သုခလ္လိကာ နုယောဂ

ကာမဂုဏ်အာရုံ ၅ ပါးလိုက်စားသော အကျင့်။ ကျင့်စဉ်
Self–indulgence, sensual indulgence, self–mortification.

ကာမာဝစရ ကုသိုလ်စိတ် နှင့်အတူ ဖြစ်ပေါ်လာနိုင်သောတရား ၅၆ ပါး

(ကုသိုလ်စိတ် – ကာမာဝစရ – နှင့်အတူ ဖြစ်ပေါ်လာနိုင်သောတရား ၅၆ ပါး _ရှု)

ကာမာသဝ

(အာသဝ _ရှု)
Flux/canker of sense–desire.

ကာမုပါဒါန်

(ဥပါဒါန် _ရှု)
Sensuous grasping.

ကာမေသု မိစ္ဆာစာရ

Sexual misconduct, adultery.

ကာမေသု မိစ္ဆာစာရကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး

Four conditions to be guilty of ‘adulatery’:
၁။ မသွားလာထိုက်သောသူ ဖြစ်ခြင်း
1: Unlawful persons/un–wedded persons,
၂။ ထိုသူ၌ မေထုန် မှီဝဲလိုခြင်း
2: wishing to have sex with them,
၃။ မှီဝဲရန် ကျိုးစားခြင်း
3: the intention to do so,
၄။ မဂ်အချင်းချင်း ထိတွေ့ပြီး သာယာခြင်း
4: pleasure of joining sexes.

ကာယ။ ကိုယ် ကာယ

Body, group, order.

ကာယကံ

Bodily action.

ကာယကံမြောက်

Doing something in person/physically.

ကာယဂတာသတိ

ကိုယ်ခန္ဓာကို အခြေခံ၍ တရားရှုမှတ်ခြင်း
Mindfulness/awareness/heedfulness on body, meditation of body.

ကာယဂတာသတိ ၇ ပါး

(မဟာသတိပဋ္ဌာန်သုတ်)
Seven kinds of mindfulness on body (Mahā Satipaṭṭhāna Sutta):
၁။ ရှေ့တက် နောက်ဆုတ်ရာ၌ ရှုမှတ်ခြင်း
1: Mindfulnes when going forward and returning,
၂။ တည့်တည့်ကြည့် တစောင်းကြည့်ရာ၌ ရှုမှတ်ခြင်း
2: when looking ahead and looking away,
၃။ ကွေးရာဆန့်ရာ၌ ရှုမှတ်ခြင်း
3: when flexing and extending one’s limbs,
၄။ သင်္ကန်းသပိတ်ကို ဆောင်ရာ၌ ရှုမှတ်ခြင်း
4: when wearing one’s robes and carrying his outer robe and bowl.
၅။ စားသောက်ရာ၌ ရှုမှတ်ခြင်း
5: when eating, drinking, consuming food and tasting,
၆။ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ ရှုမှတ်ခြင်း
6: when defecating and urinating,
၇။ သွား ရပ် ထိုင် အိပ် နိုး ပြော ဆိတ်ဆိတ်နေရာတို့၌ ရှုမှတ်ခြင်း။
7: when walking, standing, sitting, falling asleep, walking up, talking and keeping silent.

ကာယဂတာသတိ

ကိုယ်ခန္ဓာနှင့် ဆက်စပ်သော သတိ။ ဤတရားအရေးပါပုံကို ကို အင်္ဂုတ္တိုရ် ဧကက။ ကာယဂတာသတိဝဂ် နှင့် အမတဝဂ်တို့၌ အလေးထား ဟောတော်မူသည်။
Mindfulness on body: This dhamma is greatly emphasized in the Ekaka, Kāyagatāsati Vagga and Amata Vagga, Aṅguttara Nikāya, ‘The Gradual Discourses’.

ကာယဂတာသတိကို ကောင်းစွာပွါးများအားထုတ်ခြင်း၏ အကျိုး ၇ ပါး

(အင်္ဂုတ္တရ နိကာယ်)
Seven benefits of the mindfulness of the body:
၁။ သံဝေဂ ကြီးစွာ ရနိုင်ခြင်း
1: Leading to the supreme sense of urgency,
၂။ အကျိုးတရား ကြီးစွာ ရနိုင်ခြင်း
2: to supreme benefit,
၃။ ယောဂကုန်ခမ်းမှု မြန်စွာ ဖြစ်နိုင်ခြင်း
3: to supreme cessation of bondage,
၄။ သတိသမ္ပဇဉ် ဖြစ်နိုင်ခြင်း
4: to supreme mindfulness and awareness,
၅။ ဉာဏ်အမြင် ရနိုင်ခြင်း
5: to acquisition of knowledge and vision,
၆။ လက်ငင်း ချမ်းသာစွာ နေနိုင်ခြင်း
6: to a happy life here and now,
၇။ မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်ခြင်း။
7: to realization of fruit of vision and deliverance.

ကာယဂတာသတိကို ကောင်းစွာပွါးများအားထုတ်ခြင်း၏ အကျိုး ၁ဝ ပါး

(ကာယဂတာသတိသုတ်။ ဥပရိပဏ္ဏာသ။ မဇ္စျိမနိကာယ်)
Ten benefits of the mindfulness of the body:
၁။ မမွေ့လျော်ခြင်းကို သည်းခံနိုင်၏
1: Conquering of discontent and delight,
၂။ ကြောက် ထိတ်လန့်ခြင်းကို သည်းခံနိုင်၏
2: conquering of fear and dread,
၃။ အချမ်း အပူ ဆာလောင်ခြင်း မှက်ခြင် ပျင်းထန်သော ဝေဒနာစသည်များကို သည်းခံနိုင်၏
3: bearing cold, heat, hunger, gadflies, mosquitoes, severe pain etc.,
၄။ စျာန်လေးပါးကို ရနိုင်၏
4: four jhāna,
၅။ တံခိုး ဣဒ္ဓိပါဒ်ကိုရနိုင်၏
5: super–natural power,
၆။ နတ်နား ဒိဗ္ဗသောတကိုရနိုင်၏
6: divine–eye,
၇။ သူတပါးတို့၏ စိတ်အကြံကို သိနိုင်၏
7: ability reading others’ mind,
၈။ ရှေးဘဝများကို သတိရ အောင့်မေ့နိုင်၏
8: reflection the former lives,
၉။ နတ်မျက်စိ ဒိဗ္ဗစက္ခုကိုရနိုင်၏
9: divine ear,
၁ဝ။ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်၏။
10: eradication of the taints, i.e., arahanthood.

ကာယ စိတ္တ

Body and mind.

ကာယဒုစရိုက်

Bodily wrong conduct/act.

ကာယဒွါရ

Body door.

ကာယဗေဒ

Anatomy.

ကာယဝိညတ္တိ။ ဝိညတ်

Bodily intimation.

ကာယဝိညာဉ်

Bodily consciousness.

ကာယသင်္ခါရ

Bodily formation.

ကာယသိဒ္ဓိ

Invulnerability.

ကာယသံသဂ္ဂ

Bodily contact.

ကာယာနုဂတ

ကိုယ်ခန္ဓာ နှင့် အတူတွဲပါလာသောတရား ၁ဝ ပါး (မည်သူမျှ – ဘုရှားရှင်အပါအဝင် – မရှောင်လွဲ နိုင်သည့် ကာယာနုဂတ = ကိုယ်ခန္ဓာ နှင့် အတူတွဲပါလာသော တရား ၁ဝ ပါး _ရှု)

ကာယာနုပဿနာ သတိပဋ္ဌာန် ၌ အခန်း ကဏ္ဍ (ပဗ္ဗ) ၆ မျိုး

(သတိပဋ္ဌာန် ၄ ပါး _ရှု)
Six sections in ‘Contemplation of the Body’:
(၁) အာနာပါန ပဗ္ဗ – ထွက်သက်ဝင်သက်ကို ရှုမှတ်ပွါးခြင်း အပိုင်း
(1) Mindfulness of breathing,
(၂) ဣရိယာပထ ပဗ္ဗ – ဣရိယာပုတ် လေးပါးကို ရှုမှတ်ပွါးခြင်း အပိုင်း
(2) mindfulness of the four postures,
(၃) သမ္ပဇာန ပဗ္ဗ – သမ္ပဇဉ် ဆင်ခြင်တရားကို ရှုမှတ်ပွါးခြင်း အပိုင်း
(3) full awareness,
(၄) ပဋိကူလ မနသိကာရ ပဗ္ဗ – စက်ဆုတ်ဖွယ် ခန္ဓာကိုယ်ကို ရှုမှတ်ပွါးခြင်း အပိုင်း
(4) mindfulness of foulness of bodily parts,
(၅) ဓာတု မနသိကာရ ပဗ္ဗ – ဓာတ်ကြီးလေးပါးကို ရှုမှတ်ပွါးခြင်း အပိုင်း
(5) mindfulness of four great elements,
(၆) နဝ သိဝထိက ပဗ္ဗ – သုသာန်၌ ၉ မျိုးသောအကောင်ပုပ်တို့ကို ရှုမှတ်ပွါးခြင်း အပိုင်း။
(6) mindfulness of the nine charnels ground.

ကာယိက အနာစာရ

(ကိုယ်အမူအယာ အပြုအမူနှင့် စပ်လျှင်းပြီး ရဟန်းတော်များ မပြုမကျင့်သင့်သည်များ _ရှု)

ကာယိန္ဒြေ

Dignity, modesty.

ကာရက

Case (grammer).

ကာရိုက် ကြိယာ

Causative verb.

ကာလ

Time.

ကာလ ၃ ပါး

Three divisions of time:
၁။ ပစ္စုပ္ပန် ကာလ
1: Present,
၂။ အတိတ် ကာလ
2: past,
၃။ အနာဂတ် ကာလ
3: future.

ကာလဒါန ၅ မျိုး

Five timely gifts/donations:
၁။ အာဂန္တုက ဒါန = ဧည့်သည်တို့အား အလှူ
1: Gift to visitors,
၂။ ဂမိက ဒါန = ခရီးသွားတို့အား အလှူ
2: to travelers,
၃။ ဂိလာန ဒါန = လူနာတို့အား အလှူ
3: to the sick,
၄။ ဒုဗ္ဘိက္ခ ဒါန = ငတ်မွတ်ခေါင်းပါးချိန် အလှူ
4: gifts at the time of famine,
၅။ နဝသဿ နဝဖလ ဒါန = ကောက်ဦး သစ်သီးဦး အလှူ။
5: gifts of the first hervest/fruit.

ကာလ။ ကာဠ နဂါး

A mythical dragon which awakes when a Buddha attains Buddhahood, a heavy sleeper.

ကာလဝိမုတ္တိ

Independence of time.

ကာလသုတ် (ငရဲ)

Second of the eight levels of principle hell.

ကာလာမ

(ကေသ မုတ္တိ) သုတ်လာ စီစစ် ဝေဘန်ရန် ၁ဝ ချက်
Ten points to be considered regarding a doctrine right or wrong (in accordance with the Kālāma or Kesamutti Sutta):
၁။ မာ အနုဿဝေန = တဆင့်စကား ကြားကာမျှဖြင့် မယုံကြည်နှင့်
1: Do not go by oral tradition,
၂။ မာ ပရမ္ပရာယ = အစဉ်အဆက် ပြောကာမျှဖြင့် မယုံကြည်နှင့်
2: by lineage of teaching,
၃။ မာ ဣတိ ကိရာယ = ဤ သို့ဖြစ်သည်ဟု ဆိုကာမျှဖြင့် မယုံကြည်နှင့်
3: by hearsay,
၄။ မာ ပိဋက သမ္ပဒါနေန = စာပေနှင့် ညီပေသည်ဟု ဆိုကာမျှဖြင့် မယုံကြည်နှင့်
4: by a collection of texts,
၅။ မာ တက္က ဟေတု = တက္ကဗေဒနှင့် ကိုက်ညီကာမျှဖြင့် မယုံကြည်နှင့်
5: by logic,
၆။ မာ နယ ဟေတု = နည်းကျကာမျှဖြင့် မယုံကြည်နှင့်
6: by inferential reasoning,
၇။ မာ အာကာရ ပရိဝိတက္ကေန = အခြေအနေကို ထောက်ဆကာမျှဖြင့် မယုံကြည်နှင့်
7: by reasoned cogitation,
၈။ မာ ဒိဋ္ဌိ နိဇ္စျာနက္ခန္တိယာ = စဉ်းစားပြီး မှန်နိုင်ကောင်းသည်ဟု ထင်ကာမျှဖြင့် မယုံကြည်နှင့်
8: by the acceptance of a view after pondering it,
၉။ မာ ဘဗ္ဗ ရူပါယ = ယုံကြည်လောက်သောသူ ပြောကာမျှဖြင့် မယုံကြည်နှင့်
9: by the seeming competence of a speaker,
၁ဝ။ မာ သမဏော နော ဂရု = ငါတို့ ဆရာပြောကာမျှဖြင့် မယုံကြည်နှင့်။
10: because you think, “the ascetic is our teacher”.

ကိစ္စ

Function, duty.

ကိစ္စများမြောင် လူတို့ဘောင်

(ဃရာဝါသ လူ့ကိစ္စများ _ရှု)

ကိတ္တိမ သား

Adopted son.

ကိန္နရာ။ ကိန္နရီ

Mythical bird with human head.

ကိန္နရာများ စကားမပြောခြင်း၏ အကြောင်း ၂ ချက်

Two causes why mythical birds do not speak:
၁။ မာ စ မုသာ ဘဏိမှာ – မဟုတ်မမှန်စကား မပြောကြားမိစေရန်
1: Not to tell lies,
၂။ မာ စ ပရံ အဘူတေန အဗ္ဘာစိက္ခိမှာ – သူတပါးအား မဟုတ်မမှန် မစွပ်စွဲမိစေရန်။
2: not to slander others with untruth.

ကိန်း ဂဏန်း

Numeral, number.

ကိမိလ ဗေဒ

Entomology.

ကိရိယ။ ကြိယာ

Functional, tool, instrument.

ကိလိဋ္ဌ ဒေါသ

Fault of using difficult or ambiguous terms in writing.

ကိလေသာ

Impurities (of mind), canker, evil desire, mental impurities, passion.

ကိလေသာ ၃ မျိုး

Three stages of mental defilements:
၁။ အနုသယ ကိလေသာ = မိမိသန္တာန်၌ ကိန်းတည်နေသော ကိလေသာ
1: Latent/sleeping mental defilements,
၂။ ပရိယုဋ္ဌာန ကိလေသာ = မိမိစိတ်ထဲ၌ ထကြွသောင်းကျန်းနေသော ကိလေသာ
2: waking–up but not transgressing mental defilements,
၃။ ဝီတိက္ကမ ကိလေသာ = ကိုယ်ထိလက်ရောက် ကျူးလွန်သည်အထိ ဖြစ်လာသော ကိလေသာ။
3: transgressing mental defilements.

ကိလေသာ ၁ဝ ပါး

Ten impurities of mind:
၁။ လောဘ
1: Greed,
၂။ ဒေါသ
2: anger,
၃။ မောဟ
3: ignorance,
၄။ မာန
4: conceit,
၅။ ဒိဋ္ဌိ
5: wrong view,
၆။ ဝိစိကိစ္ဆာ
6: doubt,
၇။ ထိန
7: sloth,
၈။ ဥဒ္ဓစ္စ
8: restlessness,
၉။ အဟီရိက
9: shamelessness,
၁ဝ။ အနောတ္တပ္ပ။
10: fearlessness of wrong.

ကိလေသာ ၁၅ဝဝ

The 1,500 impurities of mind:
နာမ် တေပညာသ
စိတ် ၁ ပါး + စေတသိက်_ရှု ၅၂ ပါး= ၅၃ ပါး
နိပ္ဖန္နရုပ် (ရုပ် ၂၈ ပါး _ရှု)= ၁၈ ပါး
လက္ခဏရုပ် (ရုပ် ၂၈ ပါး _ရှု)= ၄ ပါး
စုစုပေါင်း-၇၅ ပါး
မိမိ၏ သန္တာန် ၌ ၇၅ ပါး + သူတပါး၏ သန္တာန် ၌ ၇၅ ပါး= ၁၅ဝ ပါး
ယင်း ၁၅ဝ ကို ကိလေသာ ၁ဝ ပါးနှင့် မြှောက်ပွါးသော် ကိလေသာ – ၁၅ဝဝ ဖြစ်၏။
Consciousness 1 + mental properties 52: 53 +
Concretely produced matter:18 +
Characteristics of matter: 4 = 75.
Inner 75 + outer 75 = 150.
This 150 is multiplied by 10 impurities = 1,500.

ကိလေသာခေါင်းပါးကြောင်းတရား ၄၄ ပါး

(သလ္လေခ သုတ်။ မဇ္စျိမနိကာယပါဠိ)
Forty–four ways of effacement (ways to get rid off mental defilements):
၁။ မညှဉ်းဆဲခြင်း
1: No crulity,
၂။ မသတ်ဖြတ်ခြင်း
2: not killing,
၃။ မခိုးယူခြင်း
3: not stealing,
၄။ မေထုန်မကျင့်ခြင်း
4: celibacy,
၅။ မုသားမပြောခြင်း
5: no false speech,
၆။ ကုန်းမတိုက်ခြင်း
6: no malicious speech,
၇။ ကြမ်းထမ်းရိုင်းပြစကား မပြောခြင်း
7: no harsh speech,
၈။ ပြိန်ဖျင်းစကား မပြောခြင်း
8: no vain talk,
၉။ သူတပါးပစ္စည်းရရှိရန် ရှေ့ရှု မကြံစည်ခြင်း
9: uncovetousness,
၁ဝ။ ဖျက်ဆီးလိုစိတ် မရှိခြင်း
10: non–ill will,
၁၁။ အယူ မှန်ခြင်း
11: right view,
၁၂။ အကြံအစည် မှန်ခြင်း
12: right thought,
၁၃။ အပြော မှန်ခြင်း
13: right speech,
၁၄။ အပြု မှန်ခြင်း
14: right action,
၁၅။ အသက်မွေးမှု မှန်ခြင်း
15: right livelihood,
၁၆။ အားထုတ်မှု မှန်ခြင်း
16: right effort,
၁၇။ အောက်မေ့မှု သတိ မှန်ခြင်း
17: right mindfulness,
၁၈။ တည်ကြည်မှု မှန်ခြင်း
18: right concentration,
၁၉။ ဉာဏ်အမြင် မှန်ခြင်း
19: right knowledge,
၂ဝ။ လွတ်မြောက်မှု မှန်ခြင်း
20: right deliverance,
၂၁။ လေးလံထိုင်းမှိုင်းမှု ကင်ခြင်း
21: freedom from sloth and torpor,
၂၂။ စိတ်မပျံ့လွင့်ခြင်း
22: non–restlessness,
၂၃။ ယုံမှားသံသယကင်းခြင်း
23: doubtlessness,
၂၄။ အမျက်မထွက်ခြင်း
24: non–anger,
၂၅။ ရန်ငြှိုးမဖွဲ့ခြင်း
25: non–revenge,
၂၆။ ကျေးဇူးမကဏ်းခြင်း
26: non–contempt,
၂၇။ ဂုဏ်မပြိုင်ခြင်း
27: non–domineering attitude,
၂၈။ မငြူစူခြင်း
28: non–envy,
၂၉။ ဝန်မတိုခြင်း
29: non–avarice,
၃ဝ။ မစဉ်းလဲခြင်း
30: non–fraud,
၃၁။ မလှည့်ပတ်ခြင်း
31: non–deceit,
၃၂။ မခက်ထန်ခြင်း
32: non–obstinacy,
၃၃။ မမောက်မာခြင်း
33: non–arrogance,
၃၄။ ပြောဆိုဆုံးမ ခံယူလွယ်ခြင်း
34: being easy to admonish,
၃၅။ မိတ်ဆွေကောင်းရှိခြင်း
35: having good friends,
၃၆။ သတိမမေ့ခြင်း
36: diligence,
၃၇။ သဒ္ဓါတရားရှိခြင်း
37: faithfulness,
၃၈။ မကောင်းမှု ရှက်ခြင်း
38: moral shame,
၃၉။ မကောင်းမှုမှ ကြောက်ခြင်း
39: moral dread,
၄ဝ။ အကြားအမြင်များခြင်း
40: great learning,
၄၁။ မပျင်းယိခြင်း
41: arousal of energy,
၄၂။ သတိများခြင်း
42: well established mind,
၄၃။ ပညာပြည့်စုံခြင်း
43: wisdom,
၄၄။ အယူအစွဲ အလမ်းမကြီးခြင်း။
44: not holding a view stubbornly.

ကိလေသာစက်။ သုံးထောင်ဝက်

အထက်ပါ ကိလေသာ ၁၅ဝဝ ကို ဆိုလိုခြင်းဖြစ်သည်။ ၃ဝဝဝ ကို ထက်ဝက်ခြမ်းသော် ၁၅ဝဝ ဖြစ်သည်။ Mental impurities, half of 3,000.

ကိလေသာမြူ ကင်းကြောင်းတရား ၆ ပါး

(အရဏ တရား ၆ ပါး _ရှု)

ကိလေသာ အခိုက်အတန့်အားဖြင့် မဖြစ်ပေါ်ခြင်း အကြောင်း ၇ ပါး

Seven things absent of mental impurities temporarily:
၁။ သတ္တသမ္ပန္န – ဝတ်ကြီးဝတ်ငယ် ပြည့်စုံခြင်း
1: Fulfilling the responsibility,
၂။ ဂန္ထယုတ္တ – စာပေ သင်ကြားနေခြင်း
2: studying the scriptures,
၃။ ဓုတင်္ဂဓရ – ဓုတင်ဆောက်တည်ကျင့်ခြင်း
3: doing ascetic–practices,
၄။ သမာပတ္တိစိဏ္ဏဝသီ – သမာပတ်ဝင်စားနေခြင်း
4: abiding in trance,
၅။ ဝိပဿက – တရားအားထုတ်နေခြင်း
5: meditating,
၆။ နဝကမ္မိက – အမှုကိစ္စများနေခြင်း
6: full of activities,
၇။ ဗြဟ္မလောက အာဂတ – ဗြဟ္မာ့ပြည့်မှ လူ့ပြည်သို့ မွေးဖွါးသူ။
7: a person who descended from the higher celestial realm to the human realm.

ကိံသုကောပမသုတ်လာ ဥပမာများ

The similes in the Discourse of Kiṃsuka (butea) Tree:
၁။ မြို့ – မဟာဘုတ်လေးပါးအခြေခံထားသော ခန္ဓာကိုယ်
1: The city is similar to the body consisting of the four great elements;
၂။ မြို့တံခါး ခြောက်ပေါက် – အတွင်းအာယတန ခြောက်ပါး
2: the six gates of the city: the six internal sense bases;
၃။ တံခါးစောင့် – သတိတရား
3: gate–keeper: mindfulness;
၄။ လျှင်မြန်သော တမန်တော် နှစ်ယောက် – သမထ နှင့် ဝိပဿနာ
4: the swift pair of messengers: calming and insight meditation;
၅။ မြို့ဝန် မြို့ပိုင် – စက္ခုဝိညာဉ် မြင်သိစိတ် ကြားသိစိတ် စသည်များ
5: the lord of the city: eye–/ear–consciousness etc.,
၆။ မြို့်လယ်ရှိ လမ်းဆုံး ကွက်လပ် – မဟာဘုတ်လေးပါး
6: the central square/intersection: the four great elements;
၇။ လမ်းညွှန် စကားမှန် – နိဗ္ဗာန်
7: a message of reality: Nibbāna;
၈။ သွားရမည့် လမ်းမှန်ခရီး – မဂ္ဂင်ရှစ်ပါး။
8: the right route: the noble Eightfold Path.

ကုက္ကား

A bent bamboo stick tied to a flagstaff at the top.

ကုက္ကုစ္စ

Remorse, worry, scruples, wrongly–performed–ness.

ကုဋင် (အင်းပျဉ်) လှူရကျိုး ၅ ပါး

Five benefits of donating bed:
၁။ အမျိုးမြတ်ခြင်း
1: Born in high class/caste,
၂။ ပစ္စည်းဥစ္စာ ပေါများခြင်း
2: wealth,
၃။ အပူဇော် ခံရခြင်း
3: respected by many,
၄။ ကျော်ဇောခြင်း
4: fame,
၅။ ထိုင်စရာ ပလ္လင် ပေါများခြင်း။
5: a lot of good seats.

ကုဋီ

Temple, hut, chamber, toilet – in Burmese usage.

ကုဋေ

Ten million.

ကုဋေ ကုဋာ

Millions and millions, countless.

ကုန်ဆုံးသော (ခယ) တရားများ

(ဇာတိဓမ္မ – အဖြစ်တရား – များ _ရှု)

ကုန်သွယ်ရာ၌ စီးပွါးဖြစ်မှု မဖြစ်မှု အကြောင်းများ

(ရောင်းဝယ်ရာ၌ စီးပွါးဖြစ်မှု မဖြစ်မှု အကြောင်းများ _ရှု)

ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း

(ဧကဓမ္မ စတုတ္ထဝဂ်။ ဧကကနိပါတ။ အင်္ဂုတ္တရပါဠိ)
Land–born beings are far less than water–born beings (Ekadhamma, Cathuttha Vagga, Ekaka, Aṅguttara, The Gradual Discourses).
အလားတူပင် – The following points are included in this chapter as well:
၁။ လူသားတို့ထက် အပါယ်ဘုံသားတို့က များပြားကြောင်း
1: Beings in the woeful realms are far more than human.
၂။ မဇ္စျိမဒေသ၌ ဖွါးမြင်သူထက် ပစ္စန္တရာဇ်ဒေသများ၌ ဖွါးမြင်သူက များပြားကြောင်း
2: Beings born in outlying regions are far more than those of Middle–region.
၃။ ပြောဆိုဆုံးမသည်ကို နားလည်နိုင်သူထက် နားမလည်နိုင်သူက များပြားကြောင်း
3: Those who do not understand what is spoken are far more than those of the understood.
၄။ ပညာရှိထက် ပညာမဲ့က များပြားကြောင်း
4: The foolish are far more than the wise.
၅။ ဘုရားရှင်အား မျက်မြင်ဖူးတွေ့ရသူထက် မဖူးတွေ့ရသူက များပြားကြောင်း
5: Those who did not see Buddha personally are far more than those of the seen.
၆။ ဘုရားစကား နာကြားရသူထက် မနာကြားရသူက များပြားကြောင်း
6: Those who do not listen to the Buddha are far more than those of the listened.
၇။ ဘုရားစကား နာကြားရပြီး ဆောင်ထားသူထက် မဆောင်ထားသူက များပြားကြောင်း
7: Those who do not learn by heart Buddha’s teachings are far more than those of the learnt.
၈။ ဘုရားစကား ဆောင်ထားပြီးသော်လည်း စီစစ်နားလည်သူထက် နားမလည်သူက များပြားကြောင်း
8: Those who learn by heart but not understand are far more than those of the understood.
၉။ ဘုရားစကား စီစစ်နားလည်သော်လည်း လက်တွေ့ကျင့်သူထက် မကျင့်သူက များပြားကြောင်း
9: Those who understand but not practice are far more than those of the practiced.
၁ဝ။ မရဏစသည်ကို အကြောင်းပြု၍ သံဝေဂရသူထက် မရသူက များပြားကြောင်း
10: Those who do not stir/rouse by stirring objects such as death are far more than those of the stirred.
၁၁။ သံဝေဂရပြီး ကျင့်သူထက် မကျင့်သူက များပြားကြောင်း
11: Those who do not practice the dhamma by stirring are far more than those of the practiced.
၁၂။ ကျင့်သူများတွင် မဂ်ဖိုလ်ရသူထက် မရသူက များပြားကြောင်း – တို့ကို ဟောတော်မူသည်။
12: Among practioners, who do not see the path and fruit (magga and phala) are far more than those of the seen.

ကုမာရ ပဥှာ

ခုဒ္ဒကပါဌ ကျမ်း၌ သာမဏေငယ် (ကုမာရ) များ အတွက်ရည်ညွှန်းသော သုတ္တန်အတိုဖြစ်သည်။ သားတော်ရာဟုလာအား မြတ်စွာဘုရား ဟောတော်မူသော လိုရင်းတိုရှင်း သုတ္တန်ဖြစ်သည်။ ‘ကလေး သူငယ်၏ အမေးအဖြေ’ ဟု အဓိပ္ပါယ်ရှိသည်။ ယင်း အမေးနှင့်အဖြေတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။ (ပြဿနာ အထွေထွေ အဖြေအမျိုးမျိုးလည်း _ရှု)
Sāmaṇera Pañhā: This short discourse of ‘Minor Reading – Khuddaka Pāṭha’ is for young novices (Sāmaṇera). Lord Buddha gave this discourse to His son, Rāhulā. It means ‘Questions to be Answered by a Novice’. They are as follows:
၁။ တရားတစ်ပါးဟူသည် အဘယ်နည်း – သတ္တဝါမှန်သမျှ အစာအာဟာရ ကို မှီတည်နေရ၏။
1: One is what? All beings depend on food.
၂။ တရားနှစ်ပါးဟူသည် အဘယ်နည်း – နာမ် နှင့် ရုပ်တည်း။
2: Two is what? Name and form (mind and matter).
၃။ တရားသုံးပါးဟူသည် အဘယ်နည်း – ဝေဒနာ သုံးပါးတည်း။
3: Three is what? Three kinds of feeling.
၄။ တရားလေးပါးဟူသည် အဘယ်နည်း – အရိယသစ္စာ လေးပါးတည်း။
4: Four is what? Four Noble Truths.
၅။ တရားငါးပါးဟူသည် အဘယ်နည်း – စွဲလမ်းစရာ ခန္ဓာငါးပါးတည်း။
5: Five is what? Five aggregates subject to grasping.
၆။ တရားခြောက်ပါးဟူသည် အဘယ်နည်း – အတွင်း အာယာတန ခြောက်ပါးတည်း။
6: Six is what? Internal six–fold base.
၇။ တရားခုနစ်ပါးဟူသည် အဘယ်နည်း – ဗောဇ္စျင် ခုနစ်ပါးတည်း။
7: Seven is what? Seven Factors of Enlightenment.
၈။ တရားရှစ်ပါးဟူသည် အဘယ်နည်း – အရိယ မဂ္ဂင်ရှစ်ပါးတည်း။
8: Eight is what? The Noble Eightfold Path.
၉။ တရားကိုးပါးဟူသည် အဘယ်နည်း – သတ္တဝါတို့၏ တည်ရာ ကိုးဌာနတည်း။
9: Nine is what? Nine abodes of beings.
၁ဝ။ တရားဆယ်ပါးဟူသည် အဘယ်နည်း – ရဟန္တာ၏ အင်္ဂါ ဆယ်ပါးတည်း။
10: Ten is what? He that is endowed with ten attributes is called an arahant.

ကုမုဒြာ

White water–lily which booms in moonlight.

ကုလဒူသက

(ဒါယကာ။ ဒါယိကာမ တို့၏ ဖြူစင်ရိုးသားသော သဒ္ဓါတရားကို ဖျက်ဆီးခြင်း) ၈ ပါး
Eight ways (made by monks) that weaken laypersons’ naive faith:
၁။ သစ်သီး ပေးခြင်း
1: Giving fruit,
၂။ ကသယ်မှုန့် (ဆပ်ပြာမှုန့်)
2: giving ditergent powder,
၃။ ဒန်ပူ ပေးခြင်း
3: giving tooth–brush,
၄။ ဝါး ပေးခြင်း
4: giving bamboo,
၅။ ဆေးကုသ ပေးခြင်း
5: caring the sick,
၆။ ဒါယကာတို့၏ အစေအပါးပြုပေးခြင်း
6: service to the lay–persons,
၇။ သစ် ပေးခြင်း
7: giving timber,
၈။ မြေဖြူ ပေးခြင်း။
8: giving lime–powder.

ကုလ ပုတ္တ

Gentleman, good person, son of a good family.

ကုလ သမဂ္ဂ

The United Nations Organization.

ကုသလ ကမ္မပထ

Wholesome cause of action.

ကုသလ ကမ္မပထ တရား ၁ဝ ပါး

Tenfold wholesome causes of action:
(သုစရိုက် တရား ၁ဝ ပါးဟုလည်း ခေါ်သည်)
(Also called ten right actions)
၁။ ပါဏာတိပါတာ ဝေရမဏိ = သတ်ဖြတ်မှုမှ ရှောင်ကြဉ်ခြင်း
1: Avoidance of killing,
၂။ အဒိန္နာဒါနာ ဝေရမဏိ = ခိုးယူမှုမှ ရှောင်ကြဉ်ခြင်း
2: of stealing,
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိ = သူတပါးတို့၏ သားမယားကို ပြစ်မှားမှုမှ ရှောင်ကြဉ်ခြင်း
3: of sexual misconduct,
၄။ မုသာဝါဒါ ဝေရမဏိ = မမှန်စကားပြောကြားမှုမှ ရှောင်ကြဉ်ခြင်း
4: of lying,
၅။ ပိသုဏ ဝါစာ ဝေရမဏိ = အချစ်ပျက်စကား ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း
5: of slandering,
၆။ ဖရုသ ဝါစာ ဝေရမဏိ = ရိုင်းပြစကား ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း
6: of rude/harsh speech,
၇။ သမ္ဖပ္ပလာပ ဝါစာ ဝေရမဏိ = အကျိုးမဲ့စကား ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း
7: of foolish babble,
၈။ အနဘိဇ္စျာ = မနာလိုစိတ် မရှိခြင်း
8: unselfishness,
၉။ အဗျာပါဒ = ဒေါသ ရန်ငြိုးစိတ် မရှိခြင်း
9: good–will,
၁ဝ။ သမ္မာဒိဋ္ဌိ = အမြင်မှန်ရှိခြင်း။
10: right view.
(အကုသလ ကမ္မပထ တရား ၁ဝ ပါး – ဒုစရိုက် တရား ၁ဝ ပါး – တရားများမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Tenfold unwholesome causes of action, also called ten wrong actions, are opposite of the above.)

ကုသလ မူလ

(ကုသိုလ်ဟိတ်)
Root of wholesome action.

ကုသလ မူလ ၃ ပါး

Three roots of wholesome action:
၁။ အလောဘ = လောဘကင်းခြင်း
1: Generosity,
၂။ အဒေါသ = ဒေါသနည်းပါး မေတ္တာထားခြင်း
2: loving–kindness,
၃။ အမောဟ = အသိပညာရှိခြင်း
3: wisdom.

ကုသလ ဝိပါက်

Result of wholesome kamma.

ကုသိုလ်

Good deed, merit, meritorious deed, wholesome deed, virtuous action.

ကုသိုလ်စိတ် ၃ မျိုး

Three kinds of wholesome consciousness:
၁။ ကာမာဝစရ ကုသိုလ်စိတ်
1: Wholesome consciousness of sensual realm,
၂။ မဟဂ္ဂုတ် စျာန် ကုသိုလ်စိတ်
2: of jānic/brahmā realm,
(က) ရူပ ကုသိုလ်
(a) fine–material,
(ခ) အရူပ ကုသိုလ်
(b) immaterial.
၃။ လောကုတ္တရာ ကုသိုလ်စိတ်
3: of supra–mundane.

ကုသိုလ်စိတ်

(ကာမာဝစရ) နှင့်အတူ ဖြစ်ပေါ်လာနိုင်သောတရား ၅၆ ပါး (ဓမ္မသင်္ဂဏီပါဠိ)
Fifty–six dhammas that follow or accompany by sensual wholesome consciourness:
၁။ ဖဿ
1: Contact,
၂။ ဝေဒနာ
2: feeling/sensation,
၃။ သညာ
3: perception,
၄။ စေတနာ
4: intention,
၅။ စိတ်
5: consciousness,
၆။ ဝိတက်
6: initial thought,
၇။ ဝိစာရ
7: sustained thought,
၈။ ပီတိ
8: joy/rapture,
၉။ သုခ
9: satisfaction,
၁ဝ။ စိတ္တေဿကဂ္ဂတာ
10: one–pointed awareness,
၁၁။ သဒ္ဓိန္ဒြေ
11: the faculty of faith,
၁၂။ ဝီရိယိန္ဒြေ
12: the faculty of energy,
၁၃။ သတိန္ဒြေ
13: the faculty of mindfulness,
၁၄။ သမာဓိန္ဒြေ
14: the faculty of concentration,
၁၅။ ပညိန္ဒြေ
15: the faculty of wisdom,
၁၆။ မနိန္ဒြေ
16: the faculty of mind,
၁၇။ သောမနသိန္ဒြေ
17: the faculty of contentedness,
၁၈။ ဇီဝိတိန္ဒြေ
18: the faculty of life,
၁၉။ သမ္မာဒိဋ္ဌိ
19: right view,
၂ဝ။ သမ္မာသင်္ကပ္ပ
20: right thought,
၂၁။ သမ္မာဝါယာမ
21: right effort,
၂၂။ သမ္မာသတိ
22: right mindfulness,
၂၃။ သမ္မာသမာဓိ
23: right concentration,
၂၄။ သဒ္ဓါဗိုလ်
24: the power of faith,
၂၅။ ဝီရိယဗိုလ်
25: the power of energy,
၂၆။ သတိဗိုလ်
26: the power of mindfulness,
၂၇။ သမာဓိဗိုလ်
27: the power of concentration,
၂၈။ ပညာဗိုလ်
28: the power of wisdom,
၂၉။ ဟိရိဗိုလ်
29: the power of moral shame,
၃ဝ။ သြတပ္ပဗိုလ်
30: the power of moral dread,
၃၁။ အလောဘ
31: absence of greed,
၃၂။ အဒေါသ
32: absence of hatred,
၃၃။ အမောဟ
33: absence of delusion,
၃၄။ အနဘိဇ္စျာ
34: noncovetousness,
၃၅။ အဗျာပါဒ
35: absence of malice,
၃၆။ သမ္မာဒိဋ္ဌိ
36: right view,
၃၇။ ဟိရီ
37: moral shame,
၃၈။ သြတပ္ပ
38: moral dread,
၃၉။ ကာယပဿဒ္ဓိ
39: serenity of body,
၄ဝ။ စိတ္တပဿဒ္ဓိ
40: serenity of mind,
၄၁။ ကာယလဟုတာ
41: lightness of body,
၄၂။ စိတ္တလဟုတာ
42: lightness of mind,
၄၃။ ကာယမုဒုတာ
43: pliancy of body,
၄၄။ စိတ္တမုဒုတာ
44: pliancy of mind,
၄၅။ ကာယကမ္မညတာ
45: adaptability of body,
၄၆။ စိတ္တကမ္မညတာ
46: adaptability of mind,
၄၇။ ကာယပါဂုညတာ
47: proficiency of body,
၄၈။ စိတ္တပါဂုညတာ
48: proficiency of mind,
၄၉။ ကာယုဇုကတာ
49: fitness of body,
၅ဝ။ စိတ္တုဇုကတာ
50: fitness of mind,
၅၁။ သတိ
51: memory/awareness,
၅၂။ သမ္ပဇည
52: comprehension,
၅၃။ သမထ
53: calming,
၅၄။ ဝိပ္ပဿနာ
54: insight,
၅၅။ ပဂ္ဂဟ
55: determination,
၅၆။ အဝိက္ခေပ
56: undistractedness.

ကုသိုလ်စီးကြောင်း

(ပုညာဘိသန္ဒ။ ကုသလာဘိသန္ဒ) တရား ၄ ပါး
Four streams of merit:
၁။ ဘုရားရှင်အပေါ်၌ မတုံ့မလှုပ် ကြည်ညိုခြင်း
1: Firm confidence in the Buddha,
၂။ တရားတော်အပေါ်၌ မတုံ့မလှုပ် ကြည်ညိုခြင်း
2: in the Dhamma,
၃။ သံဃာတော်အပေါ်၌ မတုံ့မလှုပ် ကြည်ညိုခြင်း
3: in the Saṃgha,
၄။ ကိုယ်ကျင့်သီလရှိခြင်း (ဝါ) ဝန်တိုစေးနဲမှုကင်းခြင်း (ဝါ) ပညာဉာဏ်ရှိခြင်း
4: endowed with moral virtue or no stinginess/selfishness or wisdom.

ကုသိုလ်စီးကြောင်း

(ပုညာဘိသန္ဒ။ ကုသလာဘိသန္ဒ) တရား ၈ ပါး
Eight streams of merit:
၁။
၂။
၃။ တို့မှာ အထက်ပါနှင့် အတူတူဖြစ်၏။
Nos. 1, 2 and 3 are the same as above.
၄။ မှ
၈။ တို့မှာ ငါးပါးသီလ _ရှု နှင့် ပြည့်စုံခြင်းဖြစ်သည်။
Nos. from 4 to 8 are ‘undertaking the five precepts’.

ကုသိုလ် ဆုတ်ယုတ်ကြောင်းတရား ၁ဝ ပါး

(နဠကပါနသုတ် ပထမ နှင့် ဒုတိယ။ အင်္ဂုတ္တရပါဠိ)
Ten dhammas that make good–deeds decreased:
၁။ သဒ္ဓါ နတ္ထိ = ယုံကြည်မှု မရှိ
1: Faithlessness,
၂။ ဟိရီ နတ္ထိ = အရှက် မရှိ
2: no moral shame,
၃။ သြတပ္ပံ နတ္ထိ = အကြောက် မရှိ
3: no moral dread,
၄။ ပညာ နတ္ထိ = ပညာဉာဏ် မရှိ
4: no insight/wisdom,
၅။ ဝီရိယံ နတ္ထိ = ကျိုးစားမှု မရှိ
5: no effort (laziness),
၆။ သောတာဝဓာနံ နတ္ထိ = တရားနာမှု မရှိ (ဝါ) ကောဓ = အမျက်ကြီးခြင်း
6: no attention to what is heard or hatred,
၇။ ဓမ္မဓာရဏာ နတ္ထိ = တရားကို ဆောင်မှု မရှိ (ဝါ) ဥပနာဟီ = ရန်ငြိုးဖွဲ့ခြင်း
7: not bearing dhamma in mind or grudge,
၈။ အတ္ထူပပရိက္ခာ နတ္ထိ = အနက်အဓိပ္ပါယ်ကို စူးစမ်းမှု မရှိ (ဝါ) ပါပိစ္ဆ = အလိုဆိုးရှိခြင်း
8: no examination of the meaning of the dhamma or evil desires,
၉။ ဓမ္မာနုဓမ္မာ ပဋိပတ္တိ နတ္ထိ = တရားနှင့်လျှော်ညီစွာ ကျင့်မှု မရှိ (ဝါ) ပါပမိတ္တ = မိတ်ဆွေဆိုးရှိခြင်း
9: no practice in accordance with the dhamma or having evil friends,
၁ဝ။ အပ္ပမာဒေါ နတ္ထိ = ဆင်ခြင်သတိ မရှိ (ဝါ) မိစ္ဆာဒိဋ္ဌိ = အယူမှားခြင်း။
10: heedlessness or wrong view.
(ကုသိုလ် တိုးပွါးကြောင်းတရား ၁ဝ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Ten dhammas that make good–deeds increased are opposite of the above.)

ကုသိုလ်တရားတို့၏ စုဝေးပေါင်းဆုံရာ တစ်ခုတည်းသောတရား

The chief of all good dhammas:

အပ္ပမာဒ

မမေ့မလျော့ မပေါ့မဆသော သတိတရား။
Mindfullness/awareness/vigilance.

အပ္ပမာဒတရားနှင့် ပတ်သက်၍ ဥပမာ ၈ မျိုး

Eight similes regarding this dhamma:
၁။ ကုန်းသတ္တဝါမှန်သမျှ ခြေရာသည် ဆင်ခြေရာ၌ ပေါင်းဆုံ (အားလုံးသောခြေရာများ ဆင်ခြေရာအတွင်းသာ
ဖြစ်) သကဲ့သို့ ကုသိုလ်တရားမှန်သမျှသည် အပ္ပမာဒ မှာ ပေါင်းဆုံကြကုန်၏။
1: As all creature–footfrints join together in the elephant’s, so do all good dhammas in the mindfulness;
၂။ အိမ်အမိုး၏ ဒိုင်းမှန်သမျှသည် ခေါင်လျောက်တန်း၌ ပေါင်းဆုံသကဲ့သို့ – – –
2: as all rafters of a house go together to the roof–peak, so . . .
၃။ အနှစ်ရနံ့ မှန်သမျှတွင် စန္ဒကူးနီနံ့သည် အမွှေးဆုံး ဖြစ်သကဲ့သို့ – – –
3: as scent of black gum is superb all other heartwood scents, so . . .
၄။ ပန်းရနံ့ မှန်သမျှတွင် မြတ်လေးပန်းရနံ့သည် အသာဆုံး ဖြစ်သကဲ့သို့ – – –
4: as scent of jasmine flower, all other flower scents, so . . .
၅။ မင်းအပေါင်းတွင် စကြာဝတေးမင်းသည် ဘုန်းအကြီးဆုံးဖြစ်သကဲ့သို့ – – –
5: as the universal king is the chief of all other kings, so . . .
၆။ ကြယ်တာရာရောင်ဟူသမျှတွင် လရောင်သည် ညအခါ အလင်းဆုံးဖြစ်သကဲ့သို့ – – –
6: as moon–light is the brightest of all stars at night, so . . .
၇။ အလင်းဟူသမျှတွင် နေအလင်းရောင်သည် အသာဆုံး ဖြစ်သကဲ့သို့ – – –
7: as the sun is brightest in the sky, . . .
၈။ မြစ်ဟူသမျှသည် နောက်ဆုံး၌ သမုဒ္ဒရာအတွင်း စီးဝင်သကဲ့သို့ – – –။
8: as all rivers flow into the ocean at last, so do all good dhammas in the mindfulness.

ကုသိုလ်တရားတို့၏ အစ

Starting points of wholesome state:
၁။ စင်ကြယ်သော ကိုယ်ကျင့်သီလ
1: Purified virtue,
၂။ ဖြောင့်မတ်သော အယူ။
2: straight view.

ကုသိုလ် တိုးကြောင်း စီးဆင်းကြောင်း တရား ၄ ပါး

Four floods of merit:
၁။ ဘုရားဂုဏ်ကို အာရုံပြုနေခြင်း
1: Contemplation on the qualities of Buddha,
၂။ တရားဂုဏ်ကို အာရုံပြုနေခြင်း
2: of Dhamma,
၃။ သံဃာဂုဏ်ကို အာရုံပြုနေခြင်း
3: of Saṃgha,
၄။ ကိုယ်ကျင့်သီလရှိခြင်း။
4: possessing moral conduct.

ကုသိုလ် တိုးကြောင်း တရား ၃ ပါး

Three qualities to increase wholesome activities:
၁။ စက္ခုမာ – ပညာမျက်စိရှိခြင်း
1: Having keen eyes,
၂။ ဝိဓုရ – ရဲရင့်ခြင်း။ တာဝန်ယူခြင်း
2: being brave/responsible,
၃။ နိဿယသမ္ပန္န – အမှီကောင်းနှင့် ပြည့်စုံခြင်း။
3: having benefactors.

ကုသိုလ် တိုးကြောင်း အကြောင်း ၃ ပါး

Three causes to increase wholesome activities:
၁။ သဒ္ဓါတရားရှိခြင်း
1: Faith is present;
၂။ လှူဘွယ်ပစ္စည်းရှိခြင်း
2: objects to be given are present;
၃။ အလှူခံပုဂ္ဂိုလ်ရှိခြင်း။
3: persons worthy of offering are present.

ကုသိုလ်တိုးပွါးကြောင်း တရား ၆ ပါး

Six means to gain/increase merit:
၁။ အာယကုသလ = ကုသိုလ်ဖြစ်ကြောင်း၌ လိမ္မာခြင်း
1: Skill in entering (to do merit),
၂။ အပါယကုသလ = ကုသိုလ်ကင်းကြောင်း၌ လိမ္မာခြင်း
2: in leaving,
၃။ ဥပါယကုသလ = နည်းဥပါယ်၌ လိမ္မာခြင်း
3: in approaching,
၄။ ဆန္ဒ = ကုသိုလ် ပြုရန် ဆန္ဒရှိခြင်း
4: wish to do merit,
၅။ အာရက္ခ = စောင့်ရှောက်ခြင်း
5: in preserving,
၆။ သာတစ္စ ကိရိယ = အမြဲပြုခြင်း။
6: in stiring to preserve.
(ကုသိုလ်မတိုးပွါးကြောင်း တရား ၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Six means not to gain/increase merit are opposite of the above.)

ကုသိုလ်တိုးပွါးကြောင်း တရား ၆ ပါး

(တနည်း)
More six means to gain/increase merit:
၁။ ဉာဏ်အလင်း များခြင်း
1: Clear sight in much (to do merit),
၂။ အားထုတ်မှု များခြင်း
2: application in much,
၃။ နှစ်သက်ကျေနပ်မှု များခြင်း
3: zest in much,
၄။ ကုသိုလ်ပြုရန် မရောင့်ရဲခြင်း
4: dissatisfaction in much,
၅။ ကုသိုလ်ပြုမှုကိုတာဝန်တရပ်အနေဖြင့်ထားခြင်း
5: doing merit as a duty,
၆။ စွမ်းအားထက်ပင် ပိုမိုအားထုတ်ခြင်း။
6: doing more than enough.

ကုသိုလ်ထုပ် မြှုပ်ရမည် ရွှေအိုး ကြီး ၇ လုံး

(နိဓိကဏ္ဍ သုတ်လာ ရွှေအိုး – ရတနာဘဏ်တိုက် – ကြီး ၇ လုံး။ ကုသိုလ်ထုပ် မြှုပ်ရမည် _ရှု)

ကုသိုလ်ပြု

Merit–making, merit–accumulation.

ကုသိုလ်ပြုဖြစ်ခြင်း၏ အကြောင်းတရား ၅ ပါး

Five causes of merit–making:
၁။ အလောဘ = လိုခြင်တပ်မက်မှု မရှိခြင်း
1: No–greed,
၂။ အဒေါသ = ဒေါသမရှိ မေတ္တာပြည့်ခြင်း
2: no–anger/hatred,
၃။ အမောဟ = မောဟမရှိ အသိဉာဏ်ပြည့်ခြင်း
3: no–delusion/ignorance,
၄။ ယောနိသော မနသိကာရ = နှလုံးသွင်း မှန်ကန်ခြင်း
4: right attitude toward everything,
၅။ သမ္မာပဏိဟိတ စိတ္တ = စိတ်ကောင်းထားခြင်း။
5: rightly directed mind. (အကုသိုလ်ပြုဖြစ်ခြင်း၏ အကြောင်းတရား ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Five causes of demerit–making are opposite of the above.)

ကုသိုလ် ပြည်စုံ မြင့်မြတ်ခြင်း အကြောင်းတရား ၄ ပါး

ဥဂ္ဂါဟမာန ပရဗိုဇ်၏ အယူအဆ (ဘုရားလက်ထက်တော်)
(သမဏမုဏ္ဍိကသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
Four qualities of a perfect virtuous man in accordance with Uggahamāna, a wandering ascetic (Samaṇamuṇḍika Sutta, Majjhima–paṇṇāsa Pāḷi):
၁။ ကာယကံ မကောင်းမှု မပြုခြင်း
1: No evil bodily action,
၂။ ဝစီကံ မကောင်းမှု မပြောခြင်း
2: no evil verbal action,
၃။ ယုတ်ညံ့သောအကြံအစည် မရှိခြင်း
3: no evil intention/thought,
၄။ ယုတ်ညံ့သော အသက်မွေးဝမ်းကြောင်းမှုကို မပြုခြင်း။
4: no evil livelihood.

ကုသိုလ်ရကြောင်း။ တိုးပွါးကြောင်း တရား ၃ ပါး

Three factors to get/increase good–deeds:
၁။ ညဉ့်ဦးယံ ၌ သမာဓိရကြောင်းအလုပ် အားထုတ်ခြင်း
1: Effort to get concentrated in the first watch of the night,
၂။ သန်းခေါင်ယံ ၌ သမာဓိရကြောင်းအလုပ် အားထုတ်ခြင်း
2: effort to get concentrated in the middle watch of the night,
၃။ မိုးသောက်ယံ ၌ သမာဓိရကြောင်းအလုပ် အားထုတ်ခြင်း။
3: effort to get concentrated in the last watch of the night.

ကိုယ့်ကိုကို ကဲ့ရဲ့ရန် အကြောင်း ၂ မျိုး

(မိမိကိုယ်ကို ကဲ့ရဲ့ရန် အကြောင်း ၂ မျိုး _ရှု)

ကိုယ့်ကိုကိုဓားထိုး သတ်သေသော အရှင်ဆန္ဒထေရ်

ရောဂါဝေဒနာ ဒဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။
ရဟန္တာဖြစ်ပြီး သောကြောင့် ဘုရားရှင် ချီးမွမ်းတော်မူသည် (ဆန္ဒောဝါဒသုတ် – ဥပရိပဏ္ဏာသပါဠိ)
Chanda, an arahant, killed himself with knife because of severe sickness; this act was praised by the Lord Buddha (Chandovāda Sutta, Upari–paṇṇāsa)

ကိုယ့်အကြောင်းကြောင့် ကိုယ်သေ

Self–killed causes:
၁။ ငှက်ပျောသီးက ငှက်ပျောပင်ကို သတ်သည်။
1: Its own fruit brings destruction the banana–plant.
၂။ ဝါသီးက ဝါးပင်ကို သတ်သည်။
2: Its own fruit brings destruction the bamboo–plant.
၃။ ကျူသီးက ကျူပင်ကို သတ်သည်။
3: Its own fruit brings destruction the reed–plant.
၄။ မြင်းအာဇာနည်က မိခင်မြင်းမကို သတ်သည် (အာဇာနည်မြင်းကို မွေးပြီး မြင်မသေရသည်)။
4: Its embryo (thorough–bred–horse) destroys its mother (mule).
၅။ ကျော်ဇောမှု လာဘ်လာဘပစ္စည်းဝတ္ထုက လူယုတ်မာကို သတ်သည်။
5: His own gains and honors destroy the evil.

ကိုယ်

(ကာယ)
Body, group, heap.

ကိုယ်ကျင့် နှုတ်ကျင့် စိတ်ကျင့် အပြစ်တင်ထိုက်သော တရားများ

(ဗာဟိတိကသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ) Bodily, verbal and mental behaviours censured by the wise (Bāhitiya Sutta, Majjhima–paṇṇāsa Pāḷi):
၁။ အပြစ်တင်ထိုက်သော ကိုယ် နှုတ် စိတ် အကျင့်ဟူသည် မကောင်းသော – အကုသလ – အကျင့်တည်း
1: Behaviors censured by the wise are unwholesome.
၂။ မကောင်းသော – အကုသလ – ဟူသည် အပြစ်ရှိသော – သာဝဇ္ဇ – အကျင့်တည်း။
2: Unwholesome behaviours are blameworthy.
၃။ အပြစ်ရှိသော – သာဝဇ္ဇ – ဟူသည် ဆင်းရဲခြင်းနှင့်တကွဖြစ်သော – သဗျာဗဇ္စျ – အကျင့်တည်း။
3: Blameworthy behaviours are those that bring affliction.
၄။ ဆင်းရဲခြင်းနှင့်တကွဖြစ်သော – သဗျာဗဇ္စျ – ဟူသည် ဆင်းရဲကျိုးရှိသော – ဒုက္ခဝိပါက – အကျင့်တည်း။
4: Behaviours that bring affliction have painful results.
၅။ ဆင်းရဲကျိုးရှိသော – ဒုက္ခဝိပါက – ဟူသည် မိမိသူတပါး နှစ်ဦးသားဆင်းရဲပင်ပန်းသော – ဥဘယဗျာဗာဓ – အကျင့်တည်း။
5: Those behaviours that have painful results lead to affliction for both oneself and others.
(ကိုယ်ကျင့် နှုတ်ကျင့် စိတ်ကျင့် အပြစ်မတင်ထိုက်သော တရားများမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)

ကိုရင်

(ရှင်သာမဏေ)
Novice, novice–monk, not fully–ordained monk.

ကိုရင်ဝတ်

Noviciation ceremony, initiation ceremony.

ကိုယ်ကျင့်တရား။ သီလပြည့်စုံခြင်း၏ အကျိုးဆက် ၁ဝ ပါး

(သီလကုသိုလ်၏ အကျိုးဆက် ၁ဝ ပါး _ရှု)

ကိုယ်ခန္ဓာသည် အပေါက်ကိုးပေါက်ရှိသော အိုင်းအမာကြီးနှင့်တူ၏

ထိုအပေါက် ၉ ခုမှ အနံ့ဆိုးနှင့် စက်ဆုတ် ရွံရှာဘွယ်ရာများသာ ယိုစီး၍ ကျ၏။ (ဂဏ္ဍသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
A boil with nine holes is a designation of the body which has nine natural orifices. Flowing out from them is impure, foul–smelling and disgusting.

ကိုယ်စောင့်နတ်

Body–guard deity, guardian deity, tutelage deity.

ကိုယ်စောင့်နတ် ၁၁ ပါး

(ဘုရားဟောမဟုတ်။ မုံရွေးဆရာတော်၏ သမန္တစက္ခုဒီပနီကျမ်းမှ)
Eleven categories of body–guard deity (From Samanta–cakkhu–dīpanī by Mone–yway Sayadaw; This point is not in the Pāḷi Scripture.):
၁။ သတ္တဘာဂ = ဖူးစာရေးနတ်
1: Sattabhāga: the guardian–deity of love and marriage,
၂။ သူရဿတီ = ပညာရေး နတ်
2: Sūrassatī: of wisdom and education,
၃။ သကျ = စည်းစိမ်ဥစ္စာ နတ်
3: Sakya: of wealth,
၄။ မဟိရာဇ = အိပ်မက်ပေး နတ်
4: Mahirāja: of dream,
၅။ ဝါမသူရ = အတိတ်နိမိတ်ပြ နတ်
5: Vāmasūra: of omen,
၆။ ဇနသူရ = အလှူပေး မှတ်တမ်းတင် နတ်
6: Janasūra: of recording good deeds,
၇။ ကရဝါ = ကာမသုခပေး နတ်
7: Karavā: of sensual pleasure,
၈။ ယောတိက = သွားလေရာ လိုက်ပါစောင့်ရှောက်သော နတ်
8: Yotika: of ever–guarding,
၉။ ကလျာဏမိတ္တ = ကောင်းသောစကားကို မှတ်တမ်းတင် နတ်
9: Kalyāṇamitta: of recording pleasant words,
၁ဝ။ စန္ဒာဒေဝီ = မင်္ဂလာ ကျက်သရေဆောင် နတ်
10: Candādevī: of glory,
၁၁။ နရိန္ဒာဒေဝီ = အိပ်နေစဉ် ခေါင်းရင်းမှာ စောင့်သော နတ်။
11: Narindādevī: of guarding while sleeping.

ကိုယ်ပိုင်ဥစ္စာ ကိုယ်ပိုင်အလုပ် ပညတ်မှု

ဗြဟ္မဏတို့၏အယူ (ဧသုကာရီသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ) Four types of wealth prescribed by Brahmins (Esukārī Sutta, Majjhima–paṇṇāsa Pāḷi):
၁။ ဗြဟ္မဏ – ပုဏ္ဏားမျိုးတို့၏ ကိုယ်ပိုင်အလုပ်။ဥစ္စာသည် ဆွမ်းခံစားခြင်း
1: The wealth of Brahmin is ‘wandering for alms’;
၂။ ခတ္တိယ – မင်းမျိုးတို့၏ ကိုယ်ပိုင်အလုပ်။ဥစ္စာသည် လေးမြှား မြှားကျည်ထောက်
2: of the noble is ‘bow and quiver’;
၃။ ဝေဿ – ကုန်သည်လယ်လုပ်မျိုးရိုးတို့၏ ကိုယ်ပိုင်အလုပ်။ဥစ္စာသည် လယ်ထွန်နွားကျောင်းခြင်း
3: of the merchant is ‘farming and cattle–breeding’;
၄။ သုဒ္ဒ – အစေခံ အလုပ်သမားမျိုးတို့၏ ကိုယ်ပိုင်အလုပ်ဥစ္စာသည် မျက်ရိတ်တံစဉ် ထမ်းပိုး။
4: of the worker is ‘sickle and carrying–pole’.

ကိုယ်အမူအယာ အပြုအမူနှင့် စပ်လျှင်းပြီး ရဟန်းတော်များ မပြုမကျင့်သင့်သည့် ကာယိက အနာစာရများ

(ဝိသုဒ္ဓိမဂ်) Improper bodily conduct of a monk (The Path of Purification):
၁။ သံဃာ့အလယ်၌ ထေရ်ကြီးဝါကြီးတို့ကို မရိုမသေဖြင့် ထိပါးရပ်တည်ခြင်း
1: Acting disrespectfully before the community of monks,
၂။ ထိပါး ကပ်ထိုင်ခြင်း
2: sitting jostling them,
၃။ ရှေ့မှ ပိတ်ရပ်ခြင်း
3: standing in front of them,
၄။ ရှေ့မှ ပိတ်ထိုင်ခြင်း
4: sitting in front of them,
၅။ မြင့်မြတ်သောနေရာ၌ နေခြင်း
5: sitting on a high seat,
၆။ ဦးခေါင်းခြုံပြီး ထိုင်ခြင်း
6: sitting with his head covered,
၇။ ရပ်ပြီး စကားပြောခြင်း
7: talking standing up,
၈။ လက်ဆန့်ကားပြီး စကားပြောခြင်း
8: talking waving his arms,
၉။ မထေရ်များ ဘိနပ်ချွတ်လမ်းလျှောက်သောနေရာ၌ ဘိနပ်စီးပြီး လမ်းလျှောက်ခြင်း
9: walking with sandals while elder monks walk without sandals,
၁ဝ။ မထေရ်များ စင်္ကြံ အနိမ့်၌လမ်းလျှောက်သော် စင်္ကြံအမြင့်မှာ လမ်းလျှောက်ခြင်း
10: walking on the high walk while they walk on a low walk,
၁၁။ မထေရ်များ ရိုးရိုးမြေပြင်၌လမ်းလျှောက်သော် စင်္ကြံလမ်းပေါ်မှာ လမ်းလျှောက်ခြင်း
11: walking on a walk while they walk on the ground,
၁၂။ မထေရ်ကြီးများကို ထိပါးရပ်တည်ခြင်း
12: standing pushing the elder monks,
၁၃။ မထေရ်ကြီးများကို ထိပါးထိုင်ခြင်း
13: sitting pushing them,
၁၄။ ရဟန်းငယ်များကို နေရာထိုင်ခွင့်မပေးခြင်း
14: preventing young monks from getting a seat,
၁၅။ မီးဖို၌ (မီးလှုံ့နေစဉ်) မထေရ်ကြီးတို့ကို မပန်ကြားပဲ ထင်းများ ပြစ်ထည့်ခြင်း
15: putting woods on the strove without asking elder monks,
၁၆။ တံခါး ပိတ်ထားခြင်း
16: bolting the door,
၁၇။ ရေချိုးဆိပ်၌ မထေရ်ကြီးတို့အား ထိပါး တွန်းတိုက်ပြီး သက်ဆင်းခြင်း
17: entering the water jostling the elder monks at the bathing place,
၁၈။ ရေချိုးဆိပ်၌ မထေရ်ကြီးတို့အား ထိပါး တွန်းတိုက်ပြီး ရေချိုးခြင်း
18: entering it in front of them,
၁၉။ ရေချိုးဆိပ်၌ မထေရ်ကြီးတို့အား ရှေ့မှပိတ်ပြီး ရေချိုးခြင်း
19: bathing in front of them,
၂ဝ။ ထိပါး တွန်းတိုက်ပြီး ရေဆိပ်မှ တက်ခြင်း
20: coming out of it jostling them,
၂၁။ ရေဆိပ်မှ အလျှင်တက်ခြင်း
21: coming out of it firstly,
၂၂။ အိမ် ထဲသို့ဝင်သော် မထေရ်ကြီးတို့ကို ထိပါး တွန်းတိုက်ပြီးဝင်ခြင်း
22: entering inside a house by jostling the elder monks,
၂၃။ မထေရ်ကြီးထက်ရှေးဦးစွာဝင်ခြင်း
23: entering inside a house ahead of elder monks,
၂၄။ မထေရ်ကြီးရှေ့မှ ပိတ်ထိုင်ထားခြင်း
24: sitting in front of them,
၂၅။ အမျိုးသမီးများ၏ ကိုယ်ပိုင်အခန်းထဲသို့ ဝင်ခြင်း။ထိုင်ခြင်း
25: entering and sitting in family’s private rooms,
၂၆။ ကလေးသူငယ်များ၏ ဦးခေါင်းကို ပွတ်သပ်ခြင်း။
26: stroking a child’s head.

ကိုယ်ဝန်တည်ခြင်း အကြောင်းတရား ၈ ပါး

Eight causes of pregnancy:
၁။ မေထုန်မှီဝဲခြင်း
1: By sexual intercourse (copulating),
၂။ ကိုယ်လက်နှီးနှောခြင်း
2: by coming into physical contact,
၃။ ယောက်ျား၏ အောက်ခံအဝတ်ကို မိန်းမအင်္ဂါထဲသို့ထည့်ခြင်း
3: by inserting man’s loin cloty into the vagina,
၄။ ယောက်ျား၏ သုက်သွေးကို မြိုခြင်း
4: by swallowing the semen,
၅။ မိန်းမ၏ချက်ကို ယောက်ျားက လက်ဖြင့် သုံးသပ်ခြင်း
5: by stroking woman’s navel,
၆။ ယောက်ျား၏ အင်္ဂါကြီးငယ်ကို ကြည့်ခြင်း
6: by seeing the male’s appearance,
၇။ ယောက်ျား၏ အသံကို ကြားခြင်း
7: by hearing the male’s sound,
၈။ ယောက်ျား၏ အနံ့ကို ရှူရှိုက်ခြင်း။
8: by getting the male’s odour.

ကိုယ်ဝန်တည်ရန် အကြောင်း ၃ တန်

(ပဋိသန္ဓေ နေရန် အကြောင်း ၃ တန် _ရှု)

ကိုးကွယ်

Refuge, take refuge.
ဘုရားကိုးကွယ်
I take refuge in the Buddha or
I go to the Buddha for refuge.
တရားကိုးကွယ်
I take refuge in the Dhamma or
I go to the Dhamma for refuge.
သံဃာကိုးကွယ်
I take refuge in the Saṃgha or
I go to the Saṃgha for refuge.

ကိုးကွယ် ခံထိုက်သူ၏ အင်္ဂါ ၇ ပါး

Seven qualities of respectful persons:
၁။ သီလ = ကိုယ်ကျင့်တရားရှိခြင်း
1: Virtue, morality,
၂။ သမာဓိ = တည်ကြည်ငြိမ်သက်ခြင်း
2: concentration, gentleness,
၃။ ပညဝါ = ပညာကြီးမားခြင်း
3: wisdom,
၄။ ဒါန = ပေးကမ်းစွန့်ကြဲခြင်း
4: generosity,
၅။ ပေယျာဝစ္စ = ချစ်နှစ်သက်ဖွယ်စကား ပြောဆိုတတ်ခြင်း
5: pleasant/sweet words,
၆။ အတ္ထစရိယ = သူတပါးအကျိုးကို ပြုကျင့်ခြင်း
6: doing others’ well–being,
၇။ သမာနတ္ထ = မိမိနှင့်အတူ တန်းတူထားခြင်း။
7: state of equality.

ကိုးကွယ် အားထားရာ အစစ် တရား ၁ဝ ပါး

Ten real refuges for a person:
၁။ သီလ = ကိုယ်ကျင့်တရားရှိခြင်း
1: Virtue, morality,
၂။ ဗဟုဿုတ = အကြားအမြင်ဗဟုသုတများခြင်း
2: vast learning,
၃။ ကလျာဏမိတ္တ = မိတ်ဆွေကောင်းရှိခြင်း
3: having good friends,
၄။ သောဝစဿတာ = ဆိုဆုံးမလွယ်ခြင်း
4: docile, easy to instruct,
၅။ အနာလယ = စွဲလမ်းမှုကင်းခြင်း
5: no attachment,
၆။ ပိယ သမုဒါဟာရ = ချစ်နှစ်သက်ဖွယ်စကား ပြောဆိုတတ်ခြင်း
6: pleasant/sweet words,
၇။ အာရဒ္ဓဝီရိယ = ကျိုးစားခြင်း
7: effort,
၈။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း
8: contentment,
၉။ သတိမာ = ဆင်ခြင် သတိရှိခြင်း
9: awareness/mindfulness,
၁ဝ။ ပညဝါ = ပညာကြီးမားခြင်း။
10: wisdom.

ကိုးတိုင်း ကိုးဌာန

(အသောကမင်းကြီး သာသနာပြုစေလွှတ်သော တိုင်းများ)။ သာသနာပြုအဖွဲ့ ခေါင်းဆောင် ဆရာတော်များနှင့် သူတို့စတင်ဟောကြားသော သုတ္တန်တရားတော်များ
Nine regions to which King Asoka sent Buddhist missions, the head–monk of each mission and the first sermon each monk gave to their respective region:
၁။ ကသ္မိယ ဂန္ဓရတိုင်း
အရှင်မဇ္စျန္တိက
အာသီဝိသောသမ သုတ္တန်
1: Kasmiya
Majjhantika
Āsīvisopama Sutta,
၂။ မဟိံသကတိုင်း
အရှင်မဟာဒေဝ
ဒေဝဒူတ သုတ္တန်
2: Mahiṃsaka
Mahādeva
Devadūta Sutta,
၃။ ဝနဝါသီတိုင်း
အရှင်ရက္ခိတ
အနမတဂ္ဂ သုတ္တန်
3: Vanavāsī
Rakkhita
Anamatagga Sutta,
၄။ မဟာရဋ္ဌတိုင်း
အရှင်မဟာဓမ္မရက္ခိတ
မဟာနာရဒ ပဿပ ဇာတ်တော်
4: Mahāraṭṭha
Mahā Dhamma Rakkhita, Mahā Nārada Kassapa Jātaka,
၅။ အပရန္တတိုင်း
အရှင်ဓမ္မရက္ခိတ
အဂ္ဂိခန္ဓောပမ သုတ္တန်
5: Aparanta
Dhamma Rakkhita
Aggikhandopama Sutta,
၆။ ယောနကတိုင်း
အရှင်မဟာရက္ခိတ
ကာဠကာရာမ သုတ္တန်
6: Yonaka
Mahā Rakkhita
Kāḷakārāma Sutta,
၇။ စိနရဋ္ဌ ခေါ် စိန့်တိုင်း
အရှင်မဇ္စျိမ
ဓမ္မစက္ကပဝတ္တန သုတ္တန်
7: Cinaraṭṭha
Majjhima
Dhammacakka Pavattana Sutta,
၈။ သုဝဏ္ဏဘူမိတိုင်း
အရှင်သောဏ နှင့် အရှင်ဥတ္တရ
ဗြဟ္မဇာလ သုတ္တန်
8: Suvaṇṇabhūmi
Soṇa and Uttara
Brahmajāla Sutta,
၉။ တမ္ဗဒီပ သီဟိုဠ်ကျွန်း
အရှင်မဟာမဟိန္ဒ
စူဠဟတ္ထိပဒေါပမ သုတ္တန်။
9: Tambadīpa
Mahā Mahinda
Cūḷahatthipadopama Sutta.

ကိုးပေါက်ဒွါရ အမာဝ

(ဒွါရ ၉ ပေါက် _ရှု)

ကိုးပါးသော ဥပုသ်သီလ

(မေတ္တာအထွတ်တပ်သော ၈ ပါးသီလ) (နဝင်္ဂုပေါသထသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
Nine precepts (eight precepts loving–kindness as their peak):
၁။ ပါဏာတိပါတာ ဝေရမဏိ = အသက်သတ်မှု မှ ရှောင်ကြဉ်ခြင်း
1: Avoidance of killing,
၂။ အဒိန္နာဒါနာ ဝေရမဏိ = ခိုးယူမှု မှ ရှောင်ကြဉ်ခြင်း
2: of stealing,
၃။ အဗြဟ္မစရိယာ ဝေရမဏိ = မေထုန်မှု ပြုခြင်း မှ ရှောင်ကြဉ်ခြင်း
3: of sexual acts,
၄။ မုသာဝါဒါ ဝေရမဏိ = လိမ်ညာပြောမှု မှ ရှောင်ကြဉ်ခြင်း
4: of lying,
၅။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ = အရက်သေစာ မူယစ်ဆေးဝါး သုံးဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း
5: of using alcoholic drinks and drugs,
၆။ ဝိကာလဘောဇနာ ဝေရမဏိ = နေ့လွဲ ညစာ စားသောက်ခြင်းမှ ရှောင်ကြဉ်ခြင်း
6: of eating at wrong time (after mid–day to the next morning dawn),
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ = ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ကြည့်ရှုနားထောင်ခြင်း ပန်းပန်ခြင်း နံ့သာလိမ်းခြင်း။ဆောင်ခြင်း မိမိ ကိုယ်ကို မလှလှအောင် ပြုပြင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း
7: of dancing, singing, watching/listening the shows, beautifying with flower, perfumes, make–up etc.
၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ = မြင့်မြတ်သောနေရာတို့ကို သုံးဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း
8: of using luxurious seat and bed,
၉။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟာရာနံ သမာဓိယာမိ = မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် သတ္တဝါတို့အပေါ် ပျံ့နှံ့စေ၍ နေထိုင်ခြင်း။
9: dwelling with the meditative mind of loving–kindness towards all beings.

ကေစိ ဝါဒ

ပညာရှင်အနည်းစု၏ အယူအဆ
Alien concept, the view of minor scholars.

ကေသ မုတ္တိသုတ်

(ကာလာမ – ကေသမုတ္တိသုတ်လာ စီစစ်ဝေဘန်ရန် ၁ဝ ချက် _ရှု)

ကေသ ရာဇာ

ခြင်္သေ့မင်း
Lion–king.

ကေသာ

ဆံပင်
Hair.

ကောက်ကျစ်မှု ၃ မျိုး

(ဝင်္က ၃ မျိုး _ရှု)

ကောက်ဦး အလှူ ၉ မျိုး

(အရှင်ကောဏ္ဍညဝတ္ထု) Nine foremost donations of the grains (rice) in accordance with the ‘Story of Koṇḍañña’:
၁။ ကောက်သားဦး အလှူ
1: Tender grain donation,
၂။ မုံ့ဆန်းဦး အလှူ
2: partial ripen grain donation,
၃။ ကောက်မှဲ့ အလှူ
3: ripen grain donation,
၄။ ကောက်ရိတ် အလှူ
4: reaped grain donation,
၅။ ကောက်လှိုင်းစည်း အလှူ
5: making bundle/packing donation,
၆။ ကောက်ပုံဦး အလှူ
6: pile–up grain bundle donation,
၇။ ကောက်စပါးနယ်ဦး အလှူ
7: threshed grain donation,
၈။ ကောက်စပါးပုံဦး အလှူ
8: winnowed grain donation,
၉။ ကောက်စပါး ကျီးထဲသွင်းဦး အလှူ။
9: stored–up grain donation.

ကောင်းမှုစီးကြောင်း တရား ၄ ပါး

(ကုသိုလ်စီးကြောင်း _ရှု)

ကောဋ္ဌာသ

အစုအပုံ
Body–parts.

ကောဋ္ဌာသ ၃၂ ပါး

(သုံးဆဲ့ နှစ် ကောဋ္ဌာသ _ရှု)

ကောဋ္ဌာသ ကမ္မဋ္ဌာန်း စီးဖြန်းရာ၌ ဆင်ခြင်သိမြင်ရန် ၇ ပါး

Sevenfold skill in learning regarding meditation on body–parts:
၁။ ကောဋ္ဌာသ ၃၂ မျိုးတို့ကို နှုတ်ဖြင့် ရွတ်ဆိုခြင်း
1: Verbal recitation (of 32 body–parts),
၂။ စိတ်ဖြင့် ရွတ်ဆိုခြင်း
2: mental recitation,
၃။ အဆင်းအားဖြင့် မှတ်သားခြင်း
3: color,
၄။ သဏ္ဍာန်အားဖြင့် မှတ်သားခြင်း
4: shape,
၅။ အထက်အောက် အရပ်အားဖြင့် မှတ်သားခြင်း
5: direction,
၆။ နေရာအားဖြင့် မှတ်သားခြင်း
6: location,
၇။ အပိုင်းအခြားအားဖြင့် မှတ်သားခြင်း။
7: delimitation.

ကောဓ

(အမျက်ထွက် မကျေနပ်မှု ရန်ငြိုး) နှင့် ပတ်သက်ပြီး ပုဂ္ဂိုလ် ၃ မျိုး
Three kinds of persons regarding hatred:
၁။ ပါသာဏ လေခူပမ ပုဂ္ဂိုလ် = ကျောက်ထက်ရေးထားသော စာကဲ့သို့ အမျက်ရန်ညှိုး မဖျောက်နိုင်သူ
1: A person bears hatred as inscribed letter on a stone (not erasable);
၂။ ပထဝီ လေခူပမ ပုဂ္ဂိုလ် = မြေ၌ ရေးထားသော စာကဲ့သို့ အမျက်ရန်ညှိုး ဖျောက်နိုင်သူ
2: as written letter on the ground,
၃။ ဥဒက လေခူပမ ပုဂ္ဂိုလ် = ရေ၌ ရေးသော စာကဲ့သို့ အမျက်ရန်ညှိုး မရှိ မဖြစ်သူ။
3: as written letter on the water–surface.

ကောဓ၏ ဆိုးကျိုး ၇ မျိုး

(အမျက်ဒေါသ၏ ဆိုးကျိုး ၇ မျိုး _ရှု)

ကောမာရ ဗြဟ္မ စရိယ သီလ

အိမ်ထောင်မကျသေးသော လူငယ်များ စောင့်ထိမ်းသင့်သော သီလ။ ၅ ပါးသီလ_ရှု ၌ ကာမေသု မိစ္ဆာစာရာ ဝေရမဏိ အစား အဗြဟ္မစရိယာ ဝေရမဏိ ပြောင်းလဲ၍ သီလယူ ဆောက်တည်ခြင်း ဖြစ်သည်။
The precepts observed by unmarried youths: They should observe the precept ‘no–sex whatsoever’ instead of number 3, ‘lawful sex’, in the five precepts.

ကောလာဟလ

Rumor, verbal prediction.

ကောလာဟလ ၅ ပါး

Five verbal predictions, proclaims:
၁။ ကပ္ပ ကောလာဟလ = ကမ္ဘာမပျက်မှီ နှစ်တစ်သိန်းအလို ‘ကမ္ဘာပျက်တော့မည်’ ဟု နတ်များက သတိပေး ကြွေးကြော်ကြခြင်း။
1: One hundred thousand years before the event, deities (devas) cry loud and proclaim, “This world will dissolve.”
၂။ စက္ကဝတ္တိ ကောလာဟလ = စကြာဝတေးမင်း မပေါ်မှီ နှစ်တစ်ရာအလို ‘စကြာဝတေးမင်း လာတော့မည်’ ဟု နတ်များက ကြွေးကြော်ကြခြင်း
2: One hundred years before the event, deities (devas) cry loud and proclaim, “A universal king will emerge.”
၃။ ဗုဒ္ဓ ကောလာဟလ = နှစ်ပေါင်း တစ်ထောင်ကြိုတင်၍ ‘ဘုရားပွင့်တော့မည်’ ဟု ဗြဟ္မာများက သတိပေး ကြွေးကြော်ကြခြင်း
3: A thousand years before the event, higher deities (brahmas) cry loud and proclaim, “Buddha will come in this world.”
၄။ မင်္ဂလ ကောလာဟလ = မင်္ဂလာတရား မဟောမှီ တစ်ဆယ့်နှစ်နှစ် ကြိုတင်၍ လူနတ်များ မင်္ဂလာတရား အကြောင်း ဆွေးနွေး ငြင်းခုံ ပြောကြားကြခြင်း
4: Twelve years before Buddha taught the Blessing Discourse (Maṅgalā), human and deities argued and discussed about the blessings.
၅။ မောနေယျ ကောလာဟလ = ခုနှစ်နှစ် ကြိုတင်၍ မောနေယျအကျင့် ကျင့်သောရဟန်းတော် ပေါ်မည် ဟု ကြွေးကြော်ကြခြင်း။ (မောနေယျ – ဘုရားတစ်ဆူလက်ထက် တစ်ပါးသာကျင့်နိုင်သောအကျင့်)
5: Seven years before the event, human predicted that there is a monk who will ask Buddha for moneyya dhamma (a kind of austere practice).

ကောသ

တစ်မိုင်ခန့်ရှိ မြန်မာအတိုင်းအတာ
Measure of length (about one mile).

ကောသလ မင်းကြီး

ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည်ကို အုပ်စိုးသည့် ထင်ရှားသောမင်းကြီးဖြစ်သည်။ ရင့်မာတစ်ကျိပ်_ရှု ၌ တစ်ပါး အပါအဝင်ဖြစ်သည်။ King Kosala: A famous king who ruled the Sāvatthi City at the time of Lord Buddha. He is one of the ten matured Buddhas–to–be.

ကောသလ မင်းကြီး

ဘုရားရှင်၏ ခြေချောင်းတော်များကို ပါးစပ်ဖြင့်စုပ်၍ ရှိခိုးရခြင်း အကြောင်းတရား ၁ဝ ပါး
(ဒုတိယကောသလသုတ်။ ဒသကနိပါတ။ အင်္ဂုတ္တရပါဠိ)
Ten things/dhammas that make King Kosala profound respect to Lord Buddha, such as kissing His toes with his mouth (the Gradual Discourses):
၁။ လူအများ၏ အကျိုးစီးပွါးကို ကျင့်တော်မူခြင်း
1: Doing/Acting for the profit and happiness of many,
၂။ သီလရှိတော်မူခြင်း
2: being virtuous,
၃။ တောကျောင်း၌ နေထိုင်သီတင်းသုံးတော်မူခြင်း
3: forest–dwelling in solitude,
၄။ ရသမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲတော်မူခြင်း
4: contentment with the four requisites whatever is offered,
၅။ ရပ်ဝေးမှလာရောက်၍ ပေးလှူပူဇော်ထိုက်ခြင်းစသော သံဃာဂုဏ်တော်ကိုးပါးနှင့်ပြည့်စုံတော်မူခြင်း
5: worthy of offering, of honor etc.,
၆။ ကိလေသာကင်းကြောင်းစကားတို့ကိုသာ ပြောဆိုတော်မူခြင်း
6: talking/teaching regarding to get rid of mental defilements,
၇။ စျာန်လေးပါးနှင့် ပြည့်စုံတော်မူခြင်း
7: endowed with four trances (jhāna),
၈။ ရှေးရှေးဘဝများကို အောင့်မေ့တော်မူနိုင်ခြင်း
8: ability to recall previous lives,
၉။ နတ်မျက်စိ ဒိဗ္ဗစက္ခုနှင့် ပြည့်စုံတော်မူခြင်း
9: endowed with divine eye,
၁ဝ။ အာသဝေါတရား ကုန်ခမ်းတော်မူခြင်း။
10: having destroyed the mental fluxes.

ကောသလမင်းကြီးသည်

ဘုရားရှင်၏ ခြေတော်အစုံအား ဦးခေါင်းဖြင့်တိုက် ပါးစပ်ဖြင့်စုပ် လက်တို့ဖြင့် အဖန်ဖန် သုံးသပ်ဆုပ်နယ်ခြင်း ဟူသော လွန်ကဲသောရိုသေမှု (ပရမနိပစ္စကာရ)၏ အကြောင်းတရားများ (ဓမ္မစေတိယသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
The reasons why King Kosala prostrated himself with his head at Lord Buddha’s feet, kissed and caressed them with his hands (Dhammacetiya Sutta, Majjhima–paṇṇāsa Pāḷi – the Medium Length Discourses):
၁။ အချို့သော သမဏ ဗြဟ္မဏတို့သည် မြတ်သောအကျင့်ကို နှစ်၂ဝ နှစ်၃ဝ နှစ်၄ဝ စသည်ကျင့်ကြပြီး လူ့ဘဝပြန်လှည့်ကာ ကာမဂုဏ်ခံစားကြ၏။ ဘုရားရှင်နှင့် တပည့် သံဃာတော်တို့သည်ကား ဤသို့ မဟုတ်ကြ။ ဘုရားရှင်သည် မဖေါက်မပြန် အမှန်ကို ကိုယ်တိုင်သိ၏။ တရားတော်ကို ကောင်းစွာ ဟောကြား၏။ သံဃာတော် အရှင်တို့သည် ကောင်းမြတ်သော အကျင့်ရှိကြ၏။
1: Some recluses and Brahmins led a limited holy life for ten years ….. for forty years. They went back ordinary life and enjoyed sensual pleasure. But monks lived in their holy life till their last breath. Lord Buddha is fully Enlightened One; His Dhamma is well proclaimed and His disciples practice well.
၂။ လောကကြီးတစ်ခုလုံး ငြင်းခုံနေကြ ရန်ဖြစ်နေကြသည် များသော်လည်း ဘုရားရှင်နှင့် တပည့် သာဝကများမှာ မငြင်းခုံကြပါ
2: The world is generally quarreling with each others; but monks are not.
၃။ အချို့သော သမဏဗြဟ္မဏတို့သည် ကြုံလှီဖျော့တော့ အကြောပြိုင်းပြိုင်းထ အမြင်ဆိုးလှ၏။ မြတ်သော အကျင့်ကို မပျော်ပိုက်ပဲ ကျင့်နေသယောင် ထင်ရ၏။ ဘုရားရှင်နှင့် တပည့်သံဃာတော်တို့သည်ကား ဤသို့မဟုတ်ကြ။ သူတပါးပေးလှူသော ပစ္စည်းဖြင့် အသက်မွေးကာ ဣန္ဒြေပြည့်ဖြိုး ကြည်ညိုဖွယ်ရာ ဖြစ်ပြီး မာန်မာနကို ချိုးထားကြပါကုန်၏။
3: Some recluses and Brahmins were bony and bad–looking; they seemed to stay in holy life unhappily. But Lord Buddha’s disciples were not such; they were good–looking and contented with what they received and getting rid of their conceit.
၄။ ကောသလမင်းကြီးသည် သက်ဦးဆံပိုင်ဘုရင်ဖြစ်သော်လည်း သူတရားဆုံးဖြတ်ရာ၌ ဝင်ရောက်စွက်ဖက် ပြောကြားသူများ တားမရအောင်ပင် များပြား၏။ ဘုရားရှင်သည် ရာထောင်မကရှိသော ပရိသတ်ကို တရားဟောတော်မူသော် ချေဆတ်သံ ချောင်းဟန့်သံပင် မကြားရ။
4: King Kosala’s speech was interrupted by many, even though he was a head– anointed noble king. But when Lord Buddha gave a speech to hundred of thousand of audience, nobody made a noice even coughing or clearing the throat.
၅။ မင်းပညာရှိများသည် ဘုရားရှင်နှင့် စကားစစ်ထိုး – မေးမြန်းကြပြီး နောက်ဆုံး၌ ဘုရားရှင်၏ တပည့် သာဝကများ ဖြစ်သွားကြကုန်၏။
5: Learned kings who were able to demolish others’ view, became the disciples of Lord Buddha after listening to Him.
၆။ ပုဏ္ဏားပညာရှိများသည် ဘုရားရှင်နှင့် စကားစစ်ထိုး – မေးမြန်းကြပြီး နောက်ဆုံး၌ ဘုရားရှင်၏ တပည့် သာဝကများ ဖြစ်သွားကြကုန်၏။
6: Learned Brahmins who were able to demolish others’ view, became the disciples of Lord Buddha after listening to Him.
၇။ သူကြွယ်ပညာရှိများသည် ဘုရားရှင်နှင့် စကားစစ်ထိုး – မေးမြန်းကြပြီး နောက်ဆုံး၌ ဘုရားရှင်၏ တပည့် သာဝကများ ဖြစ်သွားကြကုန်၏။
7: Learned householders who were able to demolish others’ view, became the disciples of Lord Buddha after listening to Him.
၈။ သမဏပညာရှိများသည် ဘုရားရှင်နှင့် စကားစစ်ထိုး – မေးမြန်းကြပြီး နောက်ဆုံး၌ ဘုရားရှင်၏ တပည့် သာဝကများ ဖြစ်သွားကြကုန်၏။ ထို သမဏပညာရှိများသည် ရဟန်းပြုကာ အရိယာဖြစ်သွားကြကုန်၏။
8: Learned recluses who were able to demolish others’ view, became the disciples of Lord Buddha after listening to Him.
၉။ ကောသလမင်းကြီး ကျွေးမွေးစောင့်ရှောက် စည်းစိမ်ပေးထားသော တော်ဝင် လက်သမားဆရာကြီး ဣသိဒတ္တနှင့် ပုရာဏတို့သည် ကျဉ်းမြောင်းသောအိပ်ခန်းထဲ၌ မင်းကြီးနှင့်အတူ အိပ်စက်ကြရာဝယ် – သူတို့သည် ဘုရားရှင်ရှိရာဖက်သို့ ဦးခေါင်းထားပြီး မင်းကြီးအားခြေရင်းပြုကာ အိပ်စက်ကြကုန်၏။
9: King Kosala and Isidatta, Purāṇa, two persons appointed by him as royal carperters, once slept together in a small room. They laid down with their heads in the direction where Lord Buddha was and with their feet toward King Kosala.
၁ဝ။ ဘုရားရှင်သည်လည်း မင်းမျိုး ကောသလတိုင်းသားဖြစ်ပြီး အသက် ၈ဝ ရှိပြီဖြစ်၏။ ကောသလမင်းကြီးသည်လည်း မင်းမျိုး ကောသလတိုင်းသားဖြစ်ပြီး အသက် ၈ဝ ရှိပြီဖြစ်၏။
10: Both Lord Buddha and King Kosala were noble persons, Kosalans and eighty years old.

ကောသလ အိပ်မက် ၁၆ ချက် နှင့် ယင်းတို့၏ အဖြေ အဓိပ္ပါယ်များ

Sixteen great dreams of King Kosala and their meanings:
၁။ နွားနက်ကြီး လေးကောင်တို့သည် ဝှေ့မည်ဟန်ပြင်ပြီး မဝှေ့ကြပဲ ရှောင်လွှဲသွားကြခြင်း – မိုးတိမ်နက်ကြီးများသည် အရပ်လေးမျက်နှာမှ ခြိမ်းသံပေးပြီး မိုးဆင်လာသော်လည်း မိုးမရွာခြင်း
1: Four balck bulls come from four cardinal directions as if to intend to fight but no fight: rain clouds arise from four quarters of the heaven as if to fall rains hard but no rain in actuality.
၂။ သစ်ပင်များ ငယ်ငယ်နှင့် သီးပွင့်ကြခြင်း – အမျိုးသမီးများ ငယ်ငယ်ရွယ်ရွယ်နှင့် လင်ယူ သားမွေးကြခြင်း
2: Tiny trees and shrubs flower and bear fruits: young girls get married and have kids.
၃။ နွားသူငယ်၏ နို့ကို မိခင်နွားမကြီးက စို့ခြင်း – မိဘများက သားသမီးများကို ခယပြီး မှီခိုစား နေထိုင်ရခြင်း
3: Cows suckle the milk of their calves: parents depend on their own kids.
၄။ နွားကြီးက ဝန်မရုံးပဲ နွားငယ်က ဝန်ရုံးနေခြင်း – လူကြီးများကို ပယ်ရှားပြီး လူငယ်များက တိုင်းပြည်ဝန်ကို မနိုင်မနင်း ထမ်းဆောင်နေကြခြင်း
4: Young calves, instead of strong bulls, draw the load–wagon but it does not move: the old and wise stand aside and the young, appointed official handle the office without success.
၅။ မြင်းက ခံတွင်းပါးစပ်နှစ်ခုဖြင့် စားမြိုနေခြင်း – မင်းမှုထမ်းများ နှစ်ဖက်လုံးမှ လာဘ်စားကြခြင်း
5: A horse with two mouths eats with both: Bad judges take bribes from both sides.
၆။ တစ်သိန်းတန် ရွှေခွက်ထဲသို့ ခွေးအို ကျင်ငယ်စွန့်ခြင်း – အမျိုးမြင့်မြတ်သော သတိုးသမီးက ငွေရှိသော အမျိုးယုတ်သူကို လင်ပြုခြင်း
6: An old jackle urinates into a golden bowl, a hudred thousand worth: noble ladies get married the bad men due to their (men’s) wealth and rank.
၇။ သားရေကြိုး ရှေ့မှကျစ်နေစဉ် နောက်အစွန်းမှ ခွေးက ကိုက်ဝါးစားနေခြင်း – လင်ကြီးရှာထားသော စီးပွါးဥစ္စာကို ဇနီးသည်က လင်ငယ်အား ပေးကျွေးခြင်း
7: A man is weaving rope on a bench under which a she–jackle eats the finished– end of the rope: lustful wives waste their husbands’ money by providing their paramours.
၈။ ရေပြည့်နေသော အိုးကြီးကိုသာ ရေဆက်ဖြည့်နေပြီး အိုးငယ်မှာ ရေမရှိခြင်း – ဆင်းရဲသူများမှာ ဆင်းရဲတွင်း နက်မြဲနက်ပြီး ချမ်းသာသူများ ပိုမိုချမ်းသာခြင်း
8: A big pitcher is filled with water and overflows while small pots around it are empty: rulers’ treasuries are filled with wealth while most people are poor.
၉။ ကြာရေကန်ကြီး အလယ်ပိုင်းနောက်ပြီး ကမ်းစပ်ပိုင်းမှာ ကြည်လင်သန့်ရှင်းနေခြင်း – မြို့လယ်၌ ရှုပ်ထွေးညစ်ပတ်ပြီး မြို့စွန်၌ သာယာသန့်ရှင်းခြင်း
9: In a deep pool, the water in the middle is muddy and at its margin, it is clear: due to heavy tax in the cities, the people flee to villages.
၁ဝ။ ထမင်းတစ်အိုးတည်း ချက်သော်လည်း ပျော့တူးမနပ် အကျက်မညီခြင်း –
မင်းနှင့်ပြည်သူများ တရားမရှိကြ၍ မိုးကွက်ကြားရွာခြင်း
10: The rice in an already–cooked pot, one part is sodden, another hard and raw but the last part is cooked nicely:
rain will not fall in due season because rulers and the ruled are amoral.
၁၁။ တစ်သိန်းတန် စန္ဒကူးခွက်ကို ပုန်းရည်နှင့် လဲစားခြင်း –
တန်ဖိုးကြီးမား တရားဓမ္မများကို အသုံးပြုပြီး တရားဟောကာ စီးပွါးရှာကြခြင်း
11: Sour buttermilk barters for a sandalwood worth a hundred thousand pieces of money (kahāpaṇa): preacious dhamma is used by the dhamma–preachers for their welfare/wealth.
၁၂။ ဘူးတောင်းများ ရေနစ်မြုပ်ခြင်း –
ပညာရှိစကား အလေးမထားကြတော့ခြင်း
12: Empty pumpkins sink in the water:
wise words are neglected.
၁၃။ ကျောက်တုံးများ ရေပြင်ပေါ်လောပေါ်ခြင်း –
ရဟန်း(လူ)ဆိုးများ ဂုဏ်ရောင်တိုးကာ တန်ခိုးဖြာကြခြင်း
13: Solid rocks are floating:
bad persons/monks are more popular.
၁၄။ မြွေကို ဖါးမြိုခြင်း –
သက်ကြီးရွယ်အို လင်သားကို မယားငယ်က အော်ငေါက်ဆဲဆို အနိုင်ပြုခြင်း
14: A tiny fog swallows the big snake:
young wives dominate their old husbands.
၁၅။ ကျီးငှက်ကို ရွှေဟင်္သာများက ခြံရံနေခြင်း –
သူယုတ်မာများကို သီလပညာရှိသူများက ခယဝတ်တွား နေရခြင်း
15: A black crow has a huge retinue of golden mallards (ducks):
the evil are surrounded and respected by the wise and virtuous.
၁၆။ ဆိတ်ကို ရွံကြောက်၍ ခြင်္သေ့ သစ်ကျားများ ပုန်းအောင်း နေရခြင်း –
သူယုတ်မာများ၏ ရန်ကိုကြောက်၍ သူတော်ကောင်းများ ပုန်းအောင်း နေရခြင်း။
16: Tigers and panthers flee and hide because they are afraid of goats:
the wise go away from the sight of the evil.

ကော်ရော်

Worship, respect, venerate.

ကောင်းခြင်း ၃ ပါး

(ဒေသနာတော်)
Three qualities of Buddha’s teachings:
၁။ အာဒိ ကလျာဏ = အစ၏ ကောင်းခြင်း
1: Good at the beginning,
၂။ မဇ္စျေ ကလျာဏ = အလယ်၏ ကောင်းခြင်း
2: in the middle,
၃။ ပရိယောသာန ကလျာဏ = အဆုံး၏ ကောင်းခြင်း။
3: at the end.

ကောင်းမှု

(ကုသိုလ် _ရှု)

ကောင်းမှု ၄ ဖြာ အနုဂါမိက

ကုသိုလ်ရှင်နောက်သို့ အစဉ်အမြဲလိုက်ပါနေသော ဥစ္စာပစ္စည်း Four meritorious acts as ever–followed possessions:
၁။ ဒါန = ပေးကမ်းလှူဒါန်းခြင်း
1: Charity,
၂။ သီလ= ကိုယ့်ကျင့်တရားရှိခြင်း
2: morality,
၃။ သမာဓိ = တည်ကြည်ခြင်း
3: concentration,
၄။ ပညာ = ပညာရင့်ခြင်း။
4: wisdom.

ကောင်းမှု

(ပုည)
Merit, virtue, good deed, wholesome deed.

ကောင်းမှုပြု

Merit–making.

ကောင်းရာ သုဂတိ

Better future life/realm/existence.

ကောင်းမှုပြုရခြင်း၏ ပစ္စုပ္ပန်အကျိုး ၄ မျိုး

Four present benefits of doing good deeds:
၁။ တမလွန်လောကရှိသော် ကောင်းကံ မကောင်းကံအကျိုးရှိသော် ကောင်းမှုပြုသူသည် ငါသည် သုဂတိ ဘဝ၌ ဖြစ်ရမည်၏ဟု စိတ်ချမ်းသာခြင်း
1: If there were after–life and consequences of merit/demerit, the virtuous feel pleased to be reborn in good realm.
၂။ တမလွန်လောကမရှိသော် ကောင်းကံ မကောင်းကံအကျိုးမရှိသော် ကောင်းမှုပြုသူသည် ယခုဘဝ ၌ ဘေးရန်ကင်းကွာ ချမ်းသာစွာနေရခြင်း
2: If there were not after–life and consequences of merit/demerit, the virtuous live happily in this very life without danger.
၃။ မကောင်းမှု တစုံတရာ မပြုသောကြောင့် ဒုက္ခမရောက်နိုင်ဟု စိတ်ချမ်းသာခြင်း
3: The virtuous are happy by avoiding demerit.
၄။ မကောင်းမှု တစုံတရာ မပြုသောကြောင့် ငါစင်ကြယ်သန့်ရှင်း မပြစ်ကင်း၏ဟု စိတ်ချမ်းသာခြင်း။
4: The virtuous are faultless by avoiding demerit.

ကောင်းမှု ဖြစ်ကြောင်း တရား ၁ဝ ပါး

(ပုညကိရိယာဝတ္ထု ၁ဝ ပါး _ရှု)

ကံ ကမ္မ

အပြုအမူ အကျင့်
Intentional action, volitional action, deed, moral justice, monks’ legal acts.

ကံ ၂ မျိုး

(သဒ္ဒါ)
Two objects (grammar):
၁။ ပကတိ ကံ
1: Direct object,
၂။ ဝိကတိ ကံ
2: indirect object.

ကံ ၄ ပါး

Four kammas (in general):
၁။ မဲညစ်ပြီး မဲညစ်သော အကျိုးပေး ကံ
1: Black kamma with black result,
၂။ ဖြူစင်ပြီး ဖြူစင်သော အကျိုးပေး ကံ
2: bright kamma with bright result,
၃။ မဲညစ် + ဖြူစင်ပြီး မဲညစ် + ဖြူစင်သော အကျိုးပေး ကံ
3: black–and–bright kamma with black–and–bright result,
၄။ မဲညစ်သည်လည်း မဟုတ် + ဖြူစင်သည်လည်း မဟုတ်ဖြစ်ပြီး မဲညစ်သည်လည်း မဟုတ် + ဖြူစင်သည်လည်း မဟုတ်သော အကျိုးပေး ကံ။
4: kamma that is neither black nor bright with neither black nor bright result.

ကံ ၄ ပါး

(အကျိုးပေး အချိန် အလိုက်)
Four kammas by time of ripening:
၁။ ဒိဋ္ဌဓမ္မ ဝေဒနိယ ကံ – ယခု ဘဝမှာ အကျိုးပေးသော ကံ
1: Immadiatly effective,
၂။ ဥပပဇ္ဇ ဝေဒနိယ ကံ – ဒုတိယ ဘဝမှာ အကျိုးပေးသော ကံ
2: subsequently effective,
၃။ အပရာပရိယ ဝေဒနိယ ကံ – တတိယဘဝမှ နိဗ္ဗာန်ရသည့် ဘဝအထိ အကျိုးပေးသော ကံ
3: indefinitely effective,
၄။ အဟောသိ ကံ – ကံ မည်ကာမျှ ဖြစ်ပြီး အကျိုးမပေးသော ကံ။
4: defunct.

ကံ ၄ ပါး

(အကျိုးပေး လုပ်ဆောင်မှု အလိုက်)
Four kammas by way of function:
၁။ ဇနက ကံ – ရိုးရိုးကံ
1: Productive,
၂။ ဥပထမ္ဘက ကံ – ထောက်ပံ့ကံ
2: supportive,
၃။ ဥပပီဠက ကံ – နှိပ်စက်ကံ
3: obstructive,
၄။ ဥပ ဃာတက ကံ – ဖျက်ဆီးကံ။
4: destructive.

ကံ ၄ ပါး

(အကျိုးပေး ကြီးစဉ်ငယ် အလိုက်)
Four kammas by order of ripening:
၁။ ဂရုကံ – လေးလံကြီးမားသော ပဌာနန္တရိယကံကြီး ငါးပါး။ စျာန်ကံမဂ်ကံ
1: Weithy, heavy,
၂။ အာသန္န ကံ – သေခါနီး ပြုသော ကံ
2: death–approximate,
၃။ အာစိဏ္ဏ ကံ – နေ့စဉ်ပုံမှန် ပြုသောကံ
3: habitual, daily,
၄။ ကဋတ္တာ ကံ – ပြုကာမျှ ဖြစ်သောကံ။
4: reserve.

ကံ ၄ ပါး

(အကျိုးပေး ဘုံဘဝ အလိုက်)
Four kammas by place of ripening:
၁။ အကုသိုလ် ကံ
1: Unwholesome,
၂။ ကာမာဝစရ ကုသိုလ်ကံ
2: sense–sphere wholesome,
၃။ ရူပါဝစရ ကုသိုလ်ကံ
3: fine–material–sphere wholesome,
၄။ အရူပါဝစရ ကုသိုလ်ကံ။
4: inmaterial–sphere wholesome.

ကံကြီး

Deadly sin, serious/grave/hideous guilt/kamma.

ကံကြီး ကံငယ်

Great and small rites in Buddhist monks’ rule and regulation.

ကံကြီးထိုက်

Being punished because of one of the five deadly sins.

ကံကြီး ၅ ပါး

(အာနန္တရိယကံ။ ပဌာနန္တရိယကံ။ ဂရုကံ _ရှု) The Five Deadly sins, hideous sins (that cause to go directly to hell after death):
၁။ မာတု ဃာတက – မိခင်သတ်ကံ
1: Matricide, killing one’s own mother,
၂။ ပိတု ဃာတက – ဖခင်သတ်ကံ
2: patricide, killing one’s own father,
၃။ အရဟန္တ ဃာတက – ရဟန္တာသတ်ကံ
3: killing of an arahant, killing a saint,
၄။ လောဟိတုပ္ပါဒက – ဘုရားရှင်အား သွေးစိမ်းယိုစေသောကံ
4: causing blood on Buddha’s body,
၅။ သံဃ ဘေဒက – သံဃာသင်းခွဲကံ။
5: creating schism within the order (Saṃghā).

ကံ ကြမ္မာ

အကျိုးတရား။ (ခန္ဓာကိုယ်ကို) နှိပ်စက်နည်း အမျိုးမျိုး (အောက်မှာ ကြည့်ပါ)
Result/fruit of one’s action, various ways of torture (see below).

ကံ ကြမ္မာ ၂၆ ပါး

(၃၂ ပါးသောကံကြမ္မာဟု ဆိုသော်လည်း ပါဠိတော်၌ အောက်ပါ ၂၆ ပါးသာပါရှိသည်။)
Twenty–six forms of punishment (Even though there are traditionally counted 32 forms of punishment, just 26 forms are described in the Pāḷi Scriptures.):
၁။ ကာသာဟိပိ တာဠေန္တိ – နှင်တန်ဖြင့် ရိုက်နှက်ခြင်း
1: Flogging with whips,
၂။ ဝေတ္တေဟိပိ တာဠေန္တိ – ကြိမ်လုံးဖြင့်
ရိုက်နှက်ခြင်း
2: with canes,
၃။ အဒ္ဓဒဏ္ဍကေဟိပိ တာဠေန္တိ – တုတ်ဖြင့်ရိုက်နှက်ခြင်း
3: with cudgels,
၄။ ဟတ္ထမ္ပိ ဆိန္ဒန္တိ – လက်ဖြတ်ခြင်း
4: cutting off hand,
၅။ ပါဒမ္ပိ ဆိန္ဒန္တိ – ခြေဖြတ်ခြင်း
5: off foot,
၆။ ဟတ္ထပါဒမ္ပိ ဆိန္ဒန္တိ – လက်ခြေနှစ်ခုလုံးဖြတ်ခြင်း
6: off hand and foot,
၇။ ကဏ္ဏမ္ပိ ဆိန္ဒန္တိ – နားဖြတ်ခြင်း
7: off ear,
၈။ နာသမ္ပိ ဆိန္ဒန္တိ – နှာခေါင်းဖြတ်ခြင်း
8: off nose,
၉။ ကဏ္ဏနာသမ္ပိ ဆိန္ဒန္တိ – နား နှာခေါင်းနှစ်ခုလုံးဖြတ်ခြင်း
9: off ear and nose,
၁ဝ။ ဗိလင်္ကထာလိကမ္ပိ ကရောန္တိ – ဦးခေါင်ခွံဖေါက်ပြီး ဥဏှောက်ပူလောင်စေခြင်း
10: torturing with the gruel–pot,
၁၁။ သင်္ခမုဏ္ဍိကမ္ပိ ကရောန္တိ – ခရုသင်းပမာဖြစ်အောင် ဦးခေါင်းရေကို ခွါခြင်း
11: with the chank–shave,
၁၂။ ရာဟုမုခမ္ပိ ကရောန္တိ – နေကို ရာဟုအသူရိန်ဖမ်းပြီး ပါးစပ်ထဲသွင်းတားသကဲ့သို့ ပါးစပ်ထဲ သွေးပြည့်နေအောင် ပြုခြင်း
12: with Rāhu’s mouth,
၁၃။ ဇောတိမာလိကမ္ပိ ကရောန္တိ – ခန္ဓာကိုယ်ကို ဆီလိမ်းအဝတ်ပတ်ပြီး မီးရှို့ကာ မီးတိုင်ပမာပြုခြင်း
13: with the fire–garland,
၁၄။ ဟတ္ထပဇ္ဇောတိကမ္ပိ ကရောန္တိ – လက်နှစ်ဖက်ကို ဆီလိမ်းအဝတ်ပတ်ပြီး မီးရှို့ကာ မီးတိုင်ပမာပြုခြင်း
14: with the falming hand,
၁၅။ ဧရကဝတ္တိကမ္ပိ ကရောန္တိ – တစ်ကိုယ်လုံး အရေပြားခွါပြီး ပြေးလွှားစေခြင်း
15: taken out one’s skin and run, with the hay–twist,
၁၆။ စီရကဝါသိကမ္ပိ ကရောန္တိ – အရေပြားကို လည်ပင်းအထိ လှန်ခွါတင်ပြီး အရေခြုံ ရသေ့ပမာပြု၍ နှိပ်စက်ခြင်း
16: with the bark–dress,
၁၇။ ဧဏေယျကမ္ပိ ကရောန္တိ – သားကောင်ကို တံစို့ထိုး မီးကင်သကဲ့သို့ ခြေလက်လေးဘက်၌ တံကျင်လျှိုထားခြင်း
17: with impaling one’s body and broiling it, (the antelope),
၁၈။ ဗဠိသမံသိကမ္ပိ ကရောန္တိ – အရေးအသားတို့ကို ငါးမျှားချိပ်ဖြင့် ဆွဲထိုးဆွခြင်း
18: with flesh–hooking,
၁၉။ ကဟာပဏိကမ္ပိ ကရောန္တိ – အသားတို့ကို ကျပ်ပြားစေ့ကဲ့သို့ ဖြတ်ထုတ်ခုပ်ချခြင်း
19: with the disc–slice,
၂ဝ။ ခါရာပတစ္ဆိကမ္ပိ ကရောန္တိ – သံဆူးခက်တို့ဖြင်း တကိုယ်လုံးကို ရိုက်နှက်ပြီး ဆပ်ပြာမုှံ့ဖြူးခြင်း
20: with the pickling process,
၂၁။ ပလိဃပရိဝတ္တိကမ္ပိ ကရောန္တိ– ကိုယ်ကို တံကျင်လျှိုပြီး လှည့်ခြင်း (တံခါးရွက်ကဲ့သို့)
21: with circling the pin,
၂၂။ ပလာလပီဌကမ္ပိ ကရောန္တိ – အရိုအားလုံး အမှုံ့ပြုခြင်း
22: with the straw mattress,
၂၃။ တတ္တေနပိ တေလေန သြသိဌန္တိ – ဆီပူ သွန်းလောင်းခြင်း
23: spraying with boiling oil,
၂၄။ သုနခေဟိပိ ခါဒါပေန္တိ – ခွေးတို့ကို ခဲစားစေခြင်း
24: giving as dog’s food,
၂၅။ ဇီဝန္တမ္ပိ သူလေ ဥတ္တာသေန္တိ – အရှင်လတ်လတ် သံကျင်လျှိုခြင်း
25: spitting alive on a stake,
၂၆။ အသိနာပိ ဆိန္ဒန္တိ – သံလျှက်ဖြင့် ဦးခေါင်းကို ဖြတ်ခြင်း။
26: chopping head off.

ကံကြောင့်ဖြစ်သော ရုပ်ကလာပ်စည်း ၉ ပါး

(ကမ္မဇကလာပ် ၉ စည်း = ကံကြောင့်ဖြစ်သော ရုပ်ကလာပ်စည်း ၉ ပါး _ရှု)

ကံကောင်း ထောက်မ

Backed/supported by the good kamma.

ကံခေ

Receiving the result of bad kamma.

ကံ စီမံရာ

Determination of kamma–result.

ကံဆိုး

Receiving the result of bad kamma.

ကံဆိုး မိုးမှောင်ကျ

Extremely unlucky, in the bad kamma–process.

ကံဇာတာ

ကံ ကြမ္မာ
Result/fruit of one’s action.

ကံတူ အကျိုးပေး

Persons with the same destination, reaping the same kamma–fruit.

ကံနှင့်ပတ်သက်၍ သိစရာ

(လောဏကပလ္လသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ) Note regarding kamma (the Gradual Discourses):
၁။ ကံကိုပြုသောအချင်းအရာဖြင့် (ကိုယ်ကံပြုသည့်အတိုင်း တသဝေမတိမ်း) ထိုကံ၏ အကျိုးကိုခံစားရ၏။
သို့ဖြစ်လျှင် မြတ်သောအကျင့်ကို ကျင့်သုံးမှု မဖြစ်နိုင်တော့ချေ။ ဝဋ်မှလွတ်မြောက်ရန် အခွင့်မရှိတော့ချေ။
1: If one were to say thus: ‘A person experiences kamma in precisely the same way that he created it’, in such a case there could be no living of the spiritual life and no opportunity to make an end of suffering.
၂။ ခံစားအပ်သော (အကျိုးပေးသော) ကံကိုပြုသော အချင်းအရာဖြင့် ထိုကံ၏ အကျိုးကိုခံစားရ၏။ သို့ဖြစ်မှ မြတ်သောအကျင့်ကို ကျင့်သုံးမှု ဖြစ်နိုင်၏။ ဝဋ်မှလွတ်မြောက်ရန် အခွင့်ရှိ၏။
2: If one were to say thus: ‘When a person creates kamma that is to be experienced in a particular way, he experiences its result in that way,’ in such a case the living of the spiritual life is possible and there is opportunity to make an end of suffering.

ကံသုံးပါး

Three kammas (actions):
၁။ ကာယ ကံ
1: Bodily action,
၂။ ဝစီ ကံ
2: verbal action,
၃။ မနော ကံ။
3: mental action.

ကံ အကျိုးပေးပုံများ

ကံအကြောင်းတရားများ (စူဠကမ္မဝိဘင်္ဂသုတ်။ ဥပရိပဏ္ဏာသပါဠိ) Kamma – cause and condition respectively (Cūḷa–kamma–vibhaṅga Sutta, Upari–paṇṇāsa – the Middle Length Discourses):
၁။ အသက်တို – အသက်ရှည်ကြောင်းကံ = သတ်ဖြတ်ခြင်း နှင့် မသတ်ဖြတ်ခြင်း
1: Short and long life = killing living beings and not,
၂။ အနာများ – အနာနည်းကြောင်းကံ = နှိပ်စက်ခြင်း နှင့် မနှိပ်စက်ခြင်း
2: sickness and health = injuring living beings and not,
၃။ အဆင်းမလှ – အဆင်းလှကြောင်းကံ = ဒေါသကြီးခြင်း နှင့် ဒေါသမကြီးခြင်း
3: being ugly and beautiful = anger and loving–kindness,
၄။ ဘုဉ်းမကြီး – ဘုဉ်းကြီးကြောင်းကံ = မနာလိုခြင်း နှင့် နာလိုခြင်း
4: uninfluence and influence = envy and no envy,
၅။ ဆင်းရဲ – ချမ်းသာကြောင်းကံ = မပေးလှူခြင်း နှင့် ပေးလှူခြင်း
5: poverty and richness = stinginess and generosity,
၆။ အမျိုးညံ့ – အမျိုးမြတ်ကြောင်းကံ = ခက်ထန်ခြင်း နှင့် သိမ်မွေ့ခြင်း
6: low–born and high–born = arrogance and no arrogance,
၇။ ပညာမဲ့ – ပညာရှိကြောင်းကံ = မမေးမြန်းမစီစစ်ခြင်း နှင့် မေးမြန်းစီစစ်ခြင်း။
7: dullness and brightness = not asking the wise and asking the wise.

ကံ အကြောင်းစုံစွာ မေးစရာ

(ကောဋ္ဌိကသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ) Various questions about kamma (the Gradual Discourses):
၁။ မျက်မှောက်ဘဝ၌ အကျိုးပေးမည့်ကံသည် တမလွန်ဘဝ၌ အကျိုးပေး ပါစေ
1: Let kamma whose result is to be experienced in this life become kamma whose result is to be experienced in the future life.
၂။ တမလွန်ဘဝ၌ အကျိုးပေးမည့်ကံသည် မျက်မှောက်ဘဝ၌ အကျိုးပေး ပါစေ
2: Let kamma whose result is to be experienced in the future life become kamma whose result is to be experienced in this life.
၃။ ချမ်းသာကျိုးပေးမည့်ကံသည် ဆင်းရဲကျိုးပေး ပါစေ
3: Let kamma whose result is to be experienced as pleasant become kamma whose result is to be experienced as painful.
၄။ ဆင်းရဲကျိုးပေး မည့်ကံသည် ချမ်းသာကျိုးပေး ပါစေ
4: Let kamma whose result is to be experienced as painful become kamma whose result is to be experienced as pleasant.
၅။ ရင့်ကျက်မှ အကျိုးပေးမည့်ကံသည် မရင့်ကျက်မှီ အကျိုးပေး ပါစေ
5: Let kamma whose result is to be experienced when it has matured become kamma whose result is to be experienced while it has not matured.
၆။ မရင့်ကျက်မှီ အကျိုးပေးမည့်ကံသည် ရင့်ကျက်မှ အကျိုးပေး ပါစေ
6: Let kamma whose result is to be experienced while it has not matured become kamma whose result is to be experienced when it has matured.
၇။ များစွာ အကျိုးပေးမည့်ကံသည် အနည်းငယ်သာ အကျိုးပေး ပါစေ
7: Let kamma whose result is to be experienced copiously become kamma whose result is to be experienced just slightly.
၈။ အနည်းငယ်သာ အကျိုးပေးမည့်ကံသည် များစွာ အကျိုးပေး ပါစေ
8: Let kamma whose result is to be experienced just slightly become kamma whose result is to be experienced copiously.
၉။ အကျိုးရှိ အကျိုးပေးမည့်ကံသည် အကျိုးမရှိ အကျိုးမပေး ဖြစ်ပါစေ
9: Let kamma whose result is to be experienced become kamma whose result is not to be experienced.
၁ဝ။ အကျိုးမရှိ အကျိုးမပေးမည့်ကံသည် အကျိုးရှိ အကျိုးပေး ပါစေ။
10: Let kamma whose result is not to be experienced become kamma whose result is to be experienced.

ကျင့်စဉ် ၃ ပါး

(အစေလကဝဂ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
Three ways of practice:
၁။ အာဂါဠှာ ပဋိပဒါ – မြဲမြံစွာ ယူသောကျင့်စဉ်
1: The coarse/firm way of practice,
၂။ နိဇ္စျာမာ ပဋိပဒါ – မိမိကိုယ်ကို လောင်မြိုက်စေတတ်သောကျင့်စဉ်
2: the blistering way of practice,
၃။ မဇ္စျိမာ ပဋိပဒါ – အလယ်အလတ်ကျင့်စဉ်။
3: the middle way of practice.

ကျင့်စဉ် ၄ ပါး

(ပဋိပဒါ – ကျင့်စဉ် – ၄ ပါး _ရှု) Four ways of practice:
၁။ အက္ခမာ ပဋိပဒါ = သည်းမခံသော ကျင့်စဉ်
1: Impatience,
၂။ ခမာ ပဋိပဒါ = သည်းခံသော ကျင့်စဉ်
2: patience,
၃။ ဒမာ ပဋိပဒါ = စောင့်ထိမ်းသော ကျင့်စဉ်
3: guarding,
၄။ သမာ ပဋိပဒါ = ပယ်စွန့်ပြီး ငြိမ်းအေးသော ကျင့်စဉ်။
4: calming.

ကျင့်စဉ်များ

(သူတော်စင် သမဏဟု မြင်သိစေရန်) (စူဠအဿပူရသုတ်။ မူလပဏ္ဏာသပါဠိ) Some practices to be regarded as a holy person (recluse) (Mūla–paṇṇāsa Pāḷi):
၁။ ချုပ်စပ်ထားသော (သံဃာဋိ) အဝတ်ကို ဝတ်ခြင်း
1: The wearing of the patchwork cloth,
၂။ အဝတ်လုံးဝ မဝတ်ခြင်း
2: nakedness,
၃။ မြူအညစ်အကြေး ဆောင်ခြင်း (ရေမချိုးခြင်း)
3: dust and dirt (no bath),
၄။ ရေထဲသို့ ပုံမှန်သက်ဆင်းခြင်း
4: washing in the water,
၅။ သစ်ပင်ရင်း၌သာ နေခြင်း
5: dwelling at the root of a tree,
၆။ လွင်တီးခေါင်၌သာ နေခြင်း
6: dwelling in the open air,
၇။ မတ်တတ်ရပ်၍သာ နေခြင်း
7: continuous standing,
၈။ လရက်သတ်မှတ်ပြီး အစားအသောက်ကို အလှည့်ကျစားခြင်း
8: taking of food at stated intervals,
၉။ မန္တာန် သရဇ္စျာယ်ခြင်း။
9: recitation of incantations.

ကျင့်ဆဲ (သေက္ခ) ပုဂ္ဂိုလ် ဆုတ်ယုတ်ကြောင်းတရား ၆ ပါး

Six conditions that lead a monk (a person) to decline:
၁။ ကမ္မာရာမတာ = လောကီအလုပ်အကိုင် ၌ မွေ့လျှော်ခြင်း
1: Delight in business/activities,
၂။ ဘဿာရာမတာ = လောကီစကားပြောဆိုမှု ၌ မွေ့လျှော်ခြင်း
2: in gossip,
၃။ နိဒ္ဒါရာမတာ = အိပ်စက်မှု ၌ မွေ့လျှော်ခြင်း
3: in sleeping,
၄။ သင်္ဂဏိကာရာမတာ = အပေါင်းအဖေါ် ၌ မွေ့လျှော်ခြင်း
4: in companion,
၅။ စိတ္တံ န ပစ္စဝေက္ခတိ = စိတ်ကို မဆင်ခြင်ခြင်း (ဝါ) ဣန္ဒြေ မစောင့်စည်းခြင်း
5: not reflecting the mind (or) not garding the sense–doors,
၆။ အစားအသောက်၌ အတိုင်းအရှည်ကို မသိခြင်း။
6: not knowing the limit of eating, no moderate eating. (ကျင့်ဆဲ – သေက္ခ – ပုဂ္ဂိုလ်၏ တိုးတက်ကြောင်းတရား ၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Six conditions that lead a monk (person) to increase are opposite of the above.)

ကျင့်ဆဲ (သေက္ခ) ပုဂ္ဂိုလ် ရဲရင့်ကြောင်းတရား ၅ ပါး

Five conditions that make a monk (a person) to be brave/confident:
၁။ သဒ္ဓါ = ယုံကြည်ခြင်း
1: Faith,
၂။ သီလ= ကိုယ်ကျင့်တရားရှိခြင်း
2: morality,
၃။ ဗဟုဿုတ = အကြားအမြင်များခြင်း
3: vast learning,
၄။ ဝီရိယ = ကြိုးစားအားထုတ်ခြင်း
4: effort,
၅။ ပညာ = အသိဉာဏ် ရှိခြင်း။
5: wisdom.

ကျင့်ဘွယ်ရာတရားများ

တစ်ဆင့်ထက် တစ်ဆင့်တက်ပြီး ကျင့်ရမည် (မဟာအဿပုရသုတ်။ မူလပဏ္ဏာသပါဠိ) Successive practices to attain arahant–ship
(Mahā–assapura Sutta, Mūla–paṇṇāsa Pāḷi, Majjhima–nikāya):
၁။ မကောင်းမှုမှ ရှက်ကြောက်ခြင်း
1: Shame and fear of wrongdoing,
၂။ ကိုယ်အမူအရာ စင်ကြယ်ခြင်း
2: bodily conduct,
၃။ နှုတ်အမူအရာ စင်ကြယ်ခြင်း
3: verbal conduct,
၄။ စိတ်အမူအရာ စင်ကြယ်ခြင်း
4: mental conduct,
၅။ အသက်မွေးမှု ဖြူစင်ခြင်း
5: purified livelihood,
၆။ ဣန္ဒြေ စောင့်စည်းခြင်း
6: guarding the sense–doors,
၇။ အားထုတ်ခြင်း
7: weakfulness,
၈။ သတိသမ္ပဇဉ်နှင့် ပြည့်စုံခြင်း
8: mindfulness (moderation in eating),
၉။ နီဝရဏငါးပါးမှ ကင်းဝေးခြင်း
9: abandoning five hindrances,
၁ဝ။ ပဌမစျာန်
10: first jhāna (absorption),
၁၁။ ဒုတိယစျာန်
11: second jhāna (absorption),
၁၂။ တတိယစျာန်
12: third jhāna (absorption),
၁၃။ စတုတ္ထစျာန်
13: forth jhāna (absorption),
၁၄။ ပုဗ္ဗေနိဝါသနုဿတိဉာဏ်
14: recollection of previous births,
၁၅။ ဒိဗ္ဗစက္ခုဉာဏ်
15: divine–eye,
၁၆။ အာသဝက္ခယဉာဏ်။
16: destruction of the taints.

ကျင့်ဝတ် ၂ ပါး

(အာစာရ – ကျင့်ဝတ် ၂ ပါး _ရှု)

ကျန်းမာခြင်းသည် လာဘ်တစ်ပါး

အာရောဂျ ပရမာ လာဘာ (ဓမ္မပဒ)
Health is the greatest wealth. (Dhammapada)

ကျန်းမာခြင်းသည် အနာရောဂါရခြင်း နောက်ဆုံးရှိ၏

(ဗျာဓိဓမ္မော အာရောဂျေ။ မဟာဝဂ္ဂ သံယုတ္တပါဠိ) (နုနယ်ရုပ်ဆင်း ပျိုဖြစ်ခြင်းကား အိုခြင်း နောက်ဆုံးရှိခြေ၏ _ရှု)
In health one is subject to illness.

ကျီး ကို ဘုတ် ရိုသေ

ဘုတ် ကို ကျီး ရိုသေ – ဘုတ်ငှက်၏ အရောင်သည် ဘုရားသင်္ကန်းတော်ရောင်နှင့် တူ၍ ကျီးငှက်က ဘုတ်ကိုရိုသေသည်။ ကျီးငှက်၏ အရောင်သည် ဘုရားသပိတ်တော်ရောင်နှင့် တူ၍ ဘုတ်ငှက်က ကျီးကို ရိုသေသည်။ အဓိပ္ပါယ်မှာ အချင်းချင်း၏ ကောင်းဂုဏ်ကို ရှုမြင်ပြီး ကြည်ညိုလေးစားခြင်း ဖြစ်သည်။
A crow pays respect to a greater coucal (crow–pheasant) because of latter’s reddish color of Buddha’s robe; the latter also pays respect to the former because of black color of Buddha’s bowl. The meaning is: ‘paying respect each other by looking at good qualities’.

ကျီးမိုက်၏ အင်္ဂါ ၁ဝ ပါး

(ရဟန်းယုတ် – ပါပဘိက္ခု –၏ အင်္ဂါ ၁ဝ ပါး _ရှု နှင့်သဘောတူဖြစ်သည်။)

ကျေးဇူးဆပ်မကုန်နိုင်သော ပုဂ္ဂိုလ် ၂ ယောက်

Two persons of endless gratitude:
(မိဘနှစ်ပါးကို ပခုံးထက်တင်ပြီး တစ်သက်လုံး လုပ်ကျွေးပြုစုသော်လည် သူတို့၏ ကျေးဇူးတရားဂုဏ်များ မကျေနိုင်ဟု ဒုက အင်္ဂုတ္တရပါဠိ သမစိတ္တဝဂ်၌ ဟောတော်မူသည်။)
Even if one should serve and carry about his mother and father on his shoulders for life–long, even so he does not repay fully his parents. Sama–citta Chapter, Duka–nipāta, The Gradual Giscourses).
၁။ အမိ
1: One’s own mother,
၂။ အဖ
2: one’s own father.

ကျေးဇူးများသော (ဗဟုကာရ) တရားများ

The beneficial dhammas, things, that greatly help:
တစ်ပါးစု
Group of one item:
၁။ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း။
1: Tireless in wholesome states.

ကျေးဇူးများသော (ဗဟုကာရ) တရားများ

နှစ်ပါးစု
Group of two items:
၁။ သတိ ပြည့်စုံခြင်း
1: Mindfulness,
၂။ သမ္ပဇဉ် ရှိခြင်း။
2: clear awareness/insight.

ကျေးဇူးများသော (ဗဟုကာရ) တရားများ

သုံးပါးစု
Group of three items:
၁။ သူတော်ကောင်းကို မှီဝဲ ဆည်းကပ်ခြင်း
1: Having virtuous friends,
၂။ သူတော်ကောင်းတရား နာကြားခြင်း
2: hearing the true dhamma,
၃။ တရားနှင့်လျှော်ညီစွာ ကျင့်ကြံအားထုတ်ခြင်း။
3: practicing in accordance with the dhamma.

ကျေးဇူးများသော (ဗဟုကာရ) တရားများ

လေးပါးစု (စက် ၄ ပါး)
Group of four items (four wheels of benefit):
၁။ သင့်တင့်လျှောက်ပတ်သော ဒေသ၌ နေထိုင်ခြင်း
1: Residing at a favourable place,
၂။ သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း
2: having virtuous friends,
၃။ မိမိကိုယ်ကို ဆောက်တည်နိုင်ခြင်း
3: perfect personal developments,
၄။ ရှေးကောင်းမှုရှိခြင်း။
4: past meritorious deeds.

ကျေးဇူးများသော (ဗဟုကာရ) တရားများ

ငါးပါးစု (ပဓာနိယင်္ဂ ၅ ပါး)
Group of five items: (Five elements/factors of effort in meditation):
၁။ သဒ္ဓါတရား နှင့် ပြည့်စုံခြင်း
1: Faith,
၂။ ဝမ်းမီးကောင်းပြီး အနာရောဂါကင်းခြင်း
2: health,
၃။ မစဉ်းလဲခြင်း မလှည့်ဖျားခြင်း
3: honesty and sincerity,
၄။ ကြိုးစားခြင်း
4: energy, effort,
၅။ ဉာဏ်ပညာရှိခြင်း။
5: wisdom.

ကျေးဇူးများသော (ဗဟုကာရ) တရားများ

ခြောက်ပါးစု (သာရဏိယ တရား ၆ ပါး = အသက်ထက်ဆုံး အောင့်မေ့ ကျင့်ကြံရမည့် တရား)
Group of six items (Six things conducive to communal living):
၁။ ကာယကံ မေတ္တာ ရှိခြင်း
1: Bodily loving–kindness to the fellows,
၂။ ဝစီကံ မေတ္တာ ရှိခြင်း
2: verbal loving–kindness to the fellows,
၃။ မနောကံ မေတ္တာ ရှိခြင်း
3: mental loving–kindness to the fellows,
၄။ တရားသဖြင့်ရသော ပစ္စည်းကို ညီညွတ်စွာ မျှဝေသုံးစွဲခြင်း
4: sharing the rightful gift,
၅။ သီလ ပြည့်စုံခြင်း
5: virtue, moral conduct,
၆။ သမ္မာဒိဋ္ဌိ အမြင်မှန်ရှိခြင်း။
6: right view.

ကျေးဇူးများသော (ဗဟုကာရ) တရားများ

ခုနှစ်ပါးစု (သူတော်ကောင်း ဥစ္စာ ၇ ပါး) Group of seven items (Seven properties/qualities of a moral/virtuous person):
၁။ သဒ္ဓါ
1: Faith,
၂။ သီလ
2: virtue, moral conduct,
၃။ ဟိရီ
3: shame (to do evil), moral shame,
၄။ သြတ္တပ္ပ
4: fear (to do evil), moral dread,
၅။ သုတ
5: knowledge, learning,
၆။ စာဂ
6: generosity,
၇။ ပညာ။
7: wisdom.

ကျေးဇူးများသော (ဗဟုကာရ) တရားများ

ရှစ်ပါးစု (ပညာရကြောင်း တရား ၈ ပါး) Group of eight items (Eight conditions for wisdom):
၁။ ဆရားသမားထံ ချစ်ကြောက် ရိုသေစွာ ဆည်းကပ်ခြင်း
1: Affection and respect to the teacher,
၂။ ကာလအားလျှော်အား မေးမြန်းခြင်း
2: inquiring from time to time,
၃။ မေးမြန်းပြီး ကိုယ်ရော စိတ်ပါ သက်သာရာရခြင်း
3: withdrawel of body and of mind, i.e., total rest of body and mind,
၄။ ကို်ယ့်ကျင့် သီလ ပြည့်ဝခြင်း
4: virtue, fulfilling moral conduct,
၅။ အကြားအမြင် သုတများခြင်း
5: much knowledge, vast learning,
၆။ ကုသိုလ်တရား တိုးပွါးအောင် အားထုတ် ကြိုးစားခြင်း
6: effort to develop wholesome/good deeds,
၇။ အကျိုးမရှိသော စကားကို ပယ်၍ အကျိုးရှိသည်ကိုသာ ပြောဆိုခြင်း
7: avoiding pointless talk and speaking on the dhamma,
၈။ ဖြစ်ပျက်ဉာဏ် နှင့် ကျင့်ကြံ နေထိုင်ခြင်း။
8: dwelling on contemplation of rise and fall.

ကျေးဇူးများသော (ဗဟုကာရ) တရားများ

ကိုးပါးစု
Group of nine items:
၁။ ယောနိသော မနသိကာရ ရှိခြင်း
1: Right attitude toward everything,
၂။ ဝမ်းမြောက်ခြင်း
2: happiness,
၃။ နှစ်သက်ခြင်း
3: delightfulness,
၄။ ကိုယ် ငြိမ်းချမ်းခြင်း
4: bodily peace,
၅။ စိတ် ချမ်းသာခြင်း
5: mental peace,
၆။ စိတ် တည်ကြည်ခြင်း
6: concentration,
၇။ စိတ်တည်ငြိမ်၍ အမှန်အတိုင်း သိမြင်ခြင်း
7: ‘seeing as it is’ based on concentration,
၈။ အမှန်အတိုင်း သိမြင်ပြီး ငြီးငွေ့ခြင်း
8: aversion/wearry after seeing well,
၉။ ငြီးငွေ့၍ တပ်မက်မှု ကင်းခြင်း။
9: detachment after aversion.

ကျေးဇူးများသော (ဗဟုကာရ) တရားများ

ဆယ်ပါးစု (အကြီးအမှူး အဖြစ်ကို (ဝါ) အကာအကွယ်ကို ပြုတတ်သော တရား ၁ဝ ပါး) Group of ten items (Ten things that make a person leader, that give protection):
၁။ ကိုယ်ကျင့် သီလရှိခြင်း
1: Morality,
၂။ ဗဟုဿုတ များခြင်း
2: vast knowledge/learning,
၃။ မိတ်ဆွေကောင်း ရှိခြင်း
3: having good friends,
၄။ ဆိုးဆုံးမ လွယ်ခြင်း
4: easy to be admonished, docile,
၅။ အပေါင်းအသင်း သီတင်းသုံးဘော်တို့၏ ကိစ္စကြီးငယ်ကို ဆောင်ရွက်ပေးနိုင်ခြင်း
5: capable of helping others,
၆။ တရားနှင့် ညီညွတ်မှုကို အလိုရှိခြင်း
6: incline to the dhamma,
၇။ ရောင့်ရဲလွယ်ခြင်း
7: contentment,
၈။ ဝီရိယ ကြီးခြင်း
8: great effort,
၉။ သတိရှိခြင်း
9: mindfulness,
၁ဝ။ ပညာရှိခြင်း။
10: wisdom.

ကျောက်ထက်အက္ခရာတင်

Inscribing on a stone/marble tablet.

ကျောင်း

(ဘုန်းကြီးကျောင်း)
Monastery, temple, Buddhist Church.

ကျောင်း

(ဘုန်းကြီးကျောင်း) ၁ဝ မျိုး
Ten kinds of monasteries:
၁။ ဝိဝိတ္တသေနာသန = လေလုံမိုးလုံ မြို့ရွာကျောင်း
1: Well–built building,
၂။ အရည = တောလေး။ငယ် ကျောင်း
2: grove (as monastery),
၃။ ရုက္ခမူလ = သစ်ပင်ရင်းကျောင်း
3: tree,
၄။ ပဗ္ဗတ = တောင်ကျောင်း
4: mountain,
၅။ ကန္ဒရ = ချောက်ကမ္ဘားယံကျောင်း
5: canyon,
၆။ ဂိရိဂုဟ = တောင်လှိုဏ်ခေါင်းကျောင်း
6: grotto,
၇။ သုသာန = သုဿာန်ကျောင်း
7: grave–yard,
၈။ ဝနပတ္ထ = တောကြီး တောနက်ကျောင်း
8: forest,
၉။ အဗ္ဘောကာသ = လွင်တီးခေါင် လဟာပြင်ကျောင်း
9: open space,
၁ဝ။ ပလာပုဥ္ဇ = ကောက်ရိုးပုံ မြက်ပုံကျောင်း။
10: pile of straw/grass.

ကျောင်းကိုမှီ၍ ကင်းဆိတ်ခြင်း

သေနာသန ပဝိဝေက (ကင်းဆိတ်ခြင်း။ ရောင့်ရဲခြင်း – ပဝိဝေက – ၃ မျိုး _ရှု)

ကျောင်းကြီး ဝိဟာ

Great monastery/temple/Buddhist Church.

ကျောင်းကောင်း

(ဘုန်းကြီးကျောင်း)၏ လက္ခဏာ ၅ ပါး
Five good factors of a monastery:
၁။ နာတိဒူရံ နာစ္စာသန္နံ = မြို့ရွာနှင့် မဝေးလွန်း မနီးလွန်းခြင်း
1: Not too far nor too near (from a village/town),
၂။ ဂမနာဂမနသမ္ပိန္နံ = ဝင်ထွက် သွားလာရန် လွယ်ကူခြင်း
2: suitable for coming and going, easily accessible,
၃။ ဒိဝါ အပ္ပကိဏ္ဏံ = နေ့အခါ လူတို့နှင့် ရောရောပြွမ်းပြွမ်း မရှိခြင်း
3: by day, not frequented by people,
၄။ ရတ္တိံ အပ္ပသဒ္ဒံ = ညအခါ မဆူညံ့ခြင်း
4: by night, quiet and no disturbed noise,
၅။ အပ္ပ ဍံသ မကသ ဝါတာတပ သရီသပ သမ္ဖဿံ = မှက်ခြင် အပူလှိုင်း မြွေကင်းစသည် နည်းပါးခြင်း။
5: no or less flies, mosquitoes, heat–wave etc.

ကျောင်းတကာ။ ကျောင်းအမ

Person, male and female, who donated monastery–building(s).

ကျောင်းထိုင်ဘုန်းကြီး ငရဲကျကြောင်း အင်္ဂါ ၅ ပါး

Five things of an abbot casting into hell:
၁။ မချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း
1: Speaking praise of the unpraiseworthy,
၂။ ချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း
2: dispraise of the praiseworthy,
၃။ မကြည်ညိုသင့်သည်ကို ကြည်ညိုခြင်း (ဝါ) ကျောင်း၌ ဝန်တိုခြင်း
3: faith in things unbelievable (or) stinginess over sharing his lodging,
၄။ ကြည်ညိုသင့်သည်ကို မကြည်ညိုခြင်း (ဝါ) ဒါယကာ၌ ဝန်တိုခြင်း (ဝါ) ဂုဏ်၌ ဝန်တိုခြင်း
4: disbelieve in things believable (or) stinginess over sharing his supporters (or) jealousy on praising others,
၅။ အလှူပစ္စည်းကို ဖျက်ဆီး (အလွဲသုံးစားလုပ်) ခြင်း (ဝါ) လာဘ် ပစ္စည်း၌ ဝန်တိုခြင်း။
5: misusing the things that are offered him or saṃgha. (or) stinginess over sharing his gain. (ကျောင်းထိုင်ဘုန်းကြီး ငရဲမကျကြောင်း အင်္ဂါ ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Five things of an abbot not casting into hell are opposite of the above.):

ကျောင်းထိုင်ဘုန်းကြီး အင်္ဂါ ၅ ပါး

Five qualifications of a presiding monk (an abbot) at a temple (monastery):
၁။ ရဟန်း ၁ဝ ဝါ ပြည့်ပြီးခြင်း
1: At least ten years of age as monk–hood,
၂။ ဘိက္ခု ဘိက္ခုနီ ဝိဘင်း (ဝိနည်းကျင့်ဝတ်များ) ကို ကျွမ်းကြင်လိမ္မာခြင်း
2: well familiar with two sections – monk’s and nun’s vinaya rules,
၃။ သံဃာတော်များ ဆောင်ရွက်ရမည့် ကံကြီး ကံငယ် ကို ကျွမ်းကြင်လိမ္မာခြင်း
3: well familiar with legal actions of vinaya rules, minor and major,
၄။ ခန္ဓာငါးပါး။ အာယတန။ ဓာတ် စသည်တရားများကို ဟောပြနိုင်ခြင်း
4: possessing knowledge of five aggregates, bases, elements etc.,
၅။ နာမ်တရား ရုပ်တရားတို့ကို ပိုင်းပိုင်းခြားခြား ဟောပြနိုင်ခြင်း။
5: ability to teach about mind and matter (nāma and rūpa).

ကျောင်းထိုင်ဘုန်းကြီး၏ ကြည်ညိုဘွယ်ရာ လက္ခဏာ ၅ ပါး

Five things of a good resident monk (abbot):
၁။ ဝတ်ကြီးဝတ်ငယ် ပြည့်စုံခြင်း
1: Accomplishing manners and services,
၂။ အကြားအမြင်များခြင်း
2: vast knowledge,
၃။ တစ်ပါးတည်း နေတတ်ခြင်း
3: fond of solitude,
၄။ စကားကောင်းရှိခြင်း
4: lovely speech,
၅။ ပညာရှိခြင်း။
5: wisdom.
(ကျောင်းထိုင်ဘုန်းကြီး၏ ကြည်ညိုဘွယ် မရှိသော လက္ခဏာ ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five things of a bad resident monk (abbot) are opposite of the above.)

ကျောင်းထိုင်ဘုန်းကြီး၏ ကြည်ညိုဘွယ်ရာ လက္ခဏာ ၅ ပါး

(တနည်း)
More five things of a good resident monk (an abbot):
၁။ ဒါယကာ ဒါယိကာမတို့အား ငါးပါးသီလ၌ တည်စေခြင်း
1: Making the lay–persons virtuous/observed the five precepts,
၂။ အရိယသစ္စာလေးပါး တရားတော်ကို ဟောကြားပေးခြင်း
2: dhamma–talk regarding the four noble truths,
၃။ မကျန်းမာသော ဒါယကာ ဒါယိကာမတို့အား ရတနာသုံးပါး မမေ့ရန် သတိလက်မလွတ်ကြရန် ဟောကြား သတိပေးခြင်း
3: visiting the sick and stirring them up to be mindfull,
၄။ အာဂန္တု ဧည့်သည်များ ကြွလာသော် ဒါယကာ ဒါယိကာမတို့အား ကုသိုလ်ဒါနပြုရန် တိုက်တွန်းခြင်း
4: urging the lay–persons to do good when visitor–monks arrive,
၅။ ရသမျှ ကောင်းကောင်းဆိုးဆိုးသော ပစ္စည်းလေးပါးခြင်း ရောင့်ရဲခြင်း။
5: enjoying whatever he receives, good or bad.
(ကျောင်းထိုင်ဘုန်းကြီး၏ ကြည်ညိုဘွယ်မရှိသော လက္ခဏာ ၅ ပါးမှာ အထက်ပါ တို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five things of a bad resident monk (abbot) are opposite of the above.)

ကျောင်း နှင့်ပတ်သက်သော ဓုတင်များ

(ဓုတင် ၁၃ ပါး _ရှု)

ကျောင်းများ

(ဘုရားရှင် လက်ထက်တော် မထင်ရှားသော ကျောင်းများ _ရှု)

ကျောင်းအပြစ် ၁၈ ပါး

ကမ္မဋ္ဌာန်းတရား အားထုတ်ရာ The eighteen faults of a monastery for a meditative monk:
၁။ မဟတ္တံ – ကျောင်း ကြီးလွန်းခြင်း
1: Largeness,
၂။ နဝတ္တံ – သစ်လွန်းခြင်း
2: newness,
၃။ ဇိဏ္ဏတ္တံ – ဟောင်းလွန်ခြင်း
3: dilapilatedness (being very old),
၄။ ပန္ထ နိဿိတတ္တံ – လမ်းခရီးနှင့် နီးလွန်းခြင်း
4: a nearby road,
၅။ သောဏ္ဍီ – ရေအိုင်ရှိခြင်း
5: a nearby a pond,
၆။ ပဏ္ဏံ – စားရသော သစ်ရွက်ရှိခြင်း
6: edible leaves,
၇။ ပုပ္ဖ – စားရသော အပွင့်ရှိခြင်း
7: flowers,
၈။ ဖလံ – သစ်သီးရှိခြင်း
8: fruit,
၉။ ပတ္ထနီယတာ – ထင်ရှားကျော်ကြားခြင်း
9: famousness,
၁ဝ။ နဂရ သန္နိဿိတတာ – မြို့နှင့် နီးခြင်း
10: a nearby city,
၁၁။ ဒါရု သန္နိဿိတတာ – အိမ်ဆောက်ရနိုင်လောက်အောင် ကြီးမားသော သစ်တောနှင့် နီးခြင်း
11: a nearby timber trees,
၁၂။ ခေတ္တ သန္နိဿိတတာ – လယ်မြေယာမြေနှင့် နီးခြင်း
12: a nearby arable fields,
၁၃။ ဝိသဘာနံ ပုဂ္ဂလာနံ အတ္ထိတာ – ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များရှိနေခြင်း
13: presence of incompatible persons,
၁၄။ ပဋ္ဋန သန္နိဿိတတာ – သင်္ဘောဆိပ် လှေဆိပ်နှင့် နီးခြင်း
14: a nearby port of entry,
၁၅။ ပစ္စန္တ သန္နိဿိတတာ – ပစ္စန္တရာဇ်အရပ်နှင့် နီးခြင်း
15: nearness to the border countries,
၁၆။ ရဇ္ဇသီမ သန္နိဿိတတာ – နိုင်ငံနှစ်ခု အစပ်နှင့် နီးခြင်း
16: nearness to the frontier of a kingdom,
၁၇။ အသပ္ပါယတာ – မသင့်လျှော်ခြင်း
17: unsuitability,
၁၈။ ကလျာဏမိတ္တာနံ အလာဘော – မိတ်ဆွေကောင်း မရနိုင်ခြင်း
18: lack of good friends.

ကျောင်းအမကြီး ဝိသာခါ

(ဝိသာခါ ကျောင်းအမကြီး _ရှု)

ကျော် ၄ ကျော်

(မြန်မာသမိုင်း၌ ကျမ်းတတ်အကျော် ဆရာတော်များ)
Four great monk–scholars in Myanmar history:
၁။ ပုဂံ အရှင်အဂ္ဂဝံသ။ သဒ္ဒနီတိ ကျမ်းပြု ဆရာတော်
1: Aggavaṃsa of Bagan, compiler of Sadda–nīti, a Pāḷi grammar text,
၂။ စစ်ကိုင်း အရှင်အရိယဝံသ ဆရာတော်
2: Ariyavaṃsa of Sagaing,
၃။ အင်းဝ အရှင်ဝရာဘိသင်္ဃနာထ ဆရာတော်
3: Varābhisaṅghanātha of Inn–wa,
၄။ တောင်ဖီလာ အရှင်မုနိန္ဒဃောသ ဆရာတော်။
4: Munindaghosa of Taung–phi–lar.

ကြည်ညို

Respect, revere.

ကြည်ညိုဘွယ်ကို ပြုတတ်သော တရား ၁ဝ ပါး

ဒသပသာဒနီယ ဓမ္မ
(ဂေါပကမောဂ္ဂလာနသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Ten qualities/dhammas to be respected/honored:
၁။ သီလ
1: Virtue,
၂။ ဗဟုဿုတ
2: vast learning,
၃။ သန္တုဋ္ဌီ – ရောင့်ရဲခြင်း
3: contentment,
၄။ စျာန်လေးပါး ရခြင်း
4: endowed with four jhāna,
၅။ ဣဒ္ဓိဝိဒ အဘိညာဉ် ရခြင်း – ဖန်ဆင်းနိုင်သော တန်ခိုးရခြင်း
5: various kinds of supermormal power,
၆။ ဒိဗ္ဗသောတ အဘိညာဉ် ရခြင်း – နတ်နား တန်ခိုးရခြင်း
6: divine ear,
၇။ ပရစိတ္တဝိဇာနန အဘိညာဉ် ရခြင်း – သူတပါးတို့စိတ်ကို သိနိုင်ခြင်း
7: reading the mind of other beings,
၈။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ် ရခြင်း – ရှေးအတိတ်ဘဝများကို အောင့်မေ့နိုင်ခြင်း
8: recollection of previous lives,
၉။ ဒိဗ္ဗစက္ခု အဘိညာဉ်ရခြင်း – နတ်မျက်စိ တန်ခိုး ရခြင်း
9: divine eye,
၁ဝ။ အာသဝက္ခယ အဘိညာဉ်ရခြင်း – အာသဝေါတရား ကုန်ခမ်းခြင်း။
10: destruction of taints (āsava).

ကြည်ညိုဘွယ်ဖြစ်ကြောင်း လာဘ်လာဘရကြောင်း တရား ၁၆ ပါး

(ပသာဒကရဓမ္မ။ ဧကကနိပါတ။ အင်္ဂုတ္တိုရပါဠိ) Sixteen things that make a monk famous/gained requisites:
၁။ အာရညိက – တောရ ဆောက်တည်ခြင်း
1: Forest–dwelling,
၂။ ပိဏ္ဍပါတိက – ပိဏ္ဍပါတ် ဓုတင်ဆောင်ခြင်း
2: living on alms,
၃။ ပံသုကူလိက – ပံသုကူ ဓုတင်ဆောင်ခြင်း
3: wearing rag–robes,
၄။ တေစီဝရိက – တိစီဝရိက် ဓုတင်ဆောင်ခြင်း
4: wearing three robes only,
၅။ ဓမ္မကထိက – တရားဟောခြင်း
5: preaching the dhamma,
၆။ ဝိနယဓရ – ဝိနည်းဆောင် ကျင့်ခြင်း
6: mastering in the Vinaya,
၇။ ဗာဟုသစ္စ – အကြားအမြင်များခြင်း
7: vast learning,
၈။ ထာဝရေယျ – သိက္ခာဝါ ရင့်ရှည်ခြင်း
8: the rank of the elder,
၉။ အာကပ္ပသမ္ပဒါ – ကြည်ညိုဘွယ် အသွင်အပြင်နှင့် ပြည့်စုံခြင်း
9: admirable actions,
၁ဝ။ ပရိဝါရသမ္ပဒါ – စင်ကြယ်သော အခြံအရံနှင့် ပြည့်စုံခြင်း
10: many followers,
၁၁။ မဟာပရိဝါရတာ – များမြတ်သော အခြံအရံ ရှိခြင်း
11: great followers,
၁၂။ ကောလပုတ္တိ – အမျိုးကောင်းသားဖြစ်ခြင်း
12: a man of good family,
၁၃။ ဝဏ္ဏပေါက္ခရတာ – အဆင်းလှ ကြည်လင်ခြင်း
13: fair complexion/good looking,
၁၄။ ကလျာဏဝက္ကရဏတာ – ချိုသာသော စကား ရှိခြင်း
14: sweet tongue,
၁၅။ အပ္ပိစ္ဆတာ – အလို နည်းခြင်း
15: being contented with little,
၁၆။ အပ္ပါဗာဓတာ – အနာရောဂါ နည်းခြင်း။
16: freedom from sickness.

ကြည်ညိုဘွယ် မရှိခြင်း၏ အပြစ် ၅ ပါး

Five disadvantages of a monk of undisciplined:
၁။ မိမိကိုယ်ကိုလည်း မကြည်ညိုခြင်း
1: Blaming himself,
၂။ ပညာရှိများ ကဲ့ရဲ့ခြင်း
2: blaming by the wise,
၃။ မကောင်းသတင်း ကျော်ကြားခြင်း
3: defame,
၄။ တွေဝေပြီး သေရခြင်း
4: dying with confusion,
၅။ သေပြီး အပါယ်ငရဲရောက်ရခြင်း။
5: hell after death.
(ကြည်ညိုဘွယ်ရှိခြင်း၏ အကျိုး ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five advantages of a monk of disciplined are opposite of the above.)

ကြည်ညိုဘွယ် မရှိခြင်း၏ အပြစ် ၅ ပါး

(တနည်း)
More five disadvantages of a monk of undisciplined:
၁။ မကြည်ညိုသေးသူများ ကြည်ညိုမလာခြင်း
1: Remaining the unfaithful, unfaithful,
၂။ ကြည်ညိုပြီးသူများ အကြည်ညိုပျက်ခြင်း
2: becoming the faithful otherwise,
၃။ ဘုရားအဆုံးအမကို မလိုက်နာခြင်း
3: not following the Buddha’s teaching,
၄။ နောက်လာနောက်သားများ အတုလိုက်နိုင်ခြင်း
4: possible followers of the undisciplined,
၅။ စိတ်မကြည်လင်ခြင်း။
5: unclear mind.
(ကြည်ညိုဘွယ်ရှိခြင်း၏ အကျိုး ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five advantages of a monk of disciplined are opposite of the above.)

ကြည်ညိုမှု အာရုံ ၄ မျိုး

Four causes of getting faith:
၁။ ရူပပမာဏ ရူပပသန္န = အမြင် အာရုံကြောင့် ကြည်ညိုမှု။ ယုံကြည်မှု (လူတို့၏ သုံးပုံ နှစ်ပုံ)
1: Getting faith/confidence because of pleasant looking (two–third of mankind in this group),
၂။ သဒ္ဒပမာဏ သဒ္ဒပသန္န = အကြား အာရုံကြောင့် ကြည်ညိုမှု။ ယုံကြည်မှု (ငါးပုံ လေးပုံ)
2: because of fame/name–recognition (four–fifth),
၃။ လူခပမာဏ လူခပသန္န = ခေါင်းပါးမှု အကျင့်ကြောင့် ကြည်ညိုမှု။ ယုံကြည်မှု (ဆယ်ပုံ ကိုးပုံ)
3: because of austerity/asceticism (nine–tenth),
၄။ ဓမ္မပမာဏ ဓမ္မပသန္န = ဓမ္မအခြေခံ၍ ကြည်ညိုမှု။ ယုံကြည်မှု (တစ်သိန်းမှာ တစ်ယောက်)။
4: because of Dhamma (one in 100,000).

ကြည့်ခြင်း ၅ ပါး

(ဘုရားအလောင်း)
Five great investigations of Bodhisatta to be born at his last birth:
၁။ ကာလ = လူတို့၏ အသက်တန်းအတက်။ အကျ ကာလကို ကြည့်ခြင်း
1: Appropriate time,
၂။ ဒီပ = ကျွန်းကို ကြည့်ခြင်း
2: island–continent,
၃။ ဒေသ = နိုင်ငံ (မဇ္စျိမ) ဒေသကို ကြည့်ခြင်း
3: country,
၄။ ကုလ = အမျိုးအနွယ်ကို ကြည့်ခြင်း
4: family,
၅။ မာတု အာယုပရိစ္ဆေဒ = မိခင်၏ အသက်အပိုင်းအခြားကို ကြည့်ခြင်း။
5: his would–be–mother’s life span.

ကြမ်းထမ်းမှုကင်းခြင်း

(အပဂဗ္ဘ ) ၃ မျိုး
Three kinds of humbleness that is away from rudeness:
၁။ ကိုယ် အမူအရာ ကြမ်းထမ်းမှုကင်းခြင်း
1: Bodily humbleness,
၂။ နှုတ် အမူအရာ ကြမ်းထမ်းမှုကင်းခြင်း
2: verbal humbleness,
၃။ စိတ် အမူအရာ ကြမ်းထမ်းမှုကင်းခြင်း။
3: mental humbleness.

ကြာရှည်စွာ တစ်နေရာတည်း၌ နေခြင်း၏ အပြစ် ၅ ပါး

(ရဟန်းတော်များ) Five faults/consequences for a monk who dwells in a place for a long time:
၁။ သင်္ကန်းစသော ပစ္စည်းများလာခြင်း
1: Amass the four requisites,
၂။ ထောပတ်စသော ဆေး – စသည့်ပစ္စည်းများလာခြင်း
2: amass the other things such as butter,
၃။ ပြုဘွယ်ကိစ္စ များလာခြင်း
3: a lot of things to be done,
၄။ ရဟန်းတို့နှင့် မလျှော်သော ဆက်ဆံနည်းဖြင့် (လူတို့နှင့်) ဆက်ဆံလာရခြင်း
4: improper relationship with the devotees,
၅။ အခြားတစ်နေရာရာ သွားလျှင် ငဲ့ကွက်နေရခြင်း။
5: a lot of consideration on the dwelling place while going out.

ကြာရှည်မှ သိနိုင်သော အရာ ၄ မျိုး

It takes long time to be understood for four things/conditions.
၁။ ကြာရှည်စွာပေါင်းသင်းကြည့်မှ ကိုယ်ကျင့်သီလရှိ မရှိ သိနိုင်သည်
1: Virtue is to be understood by long association;
၂။ ကြာရှည်စွာ အလုပ်အကိုင်စီးပွါး အတူလုပ်ကြည့်မှ စိတ်ထား ကောင်းမကောင်းသိနိုင်သည်
2: one’s integrity, by long living with him;
၃။ ကြာရှည်စွာ ဘေးရန် အန္တရာယ်ရှိမှ အစွမ်းသတ္တိရှိ မရှိကို သိနိုင်သည်
3: one’s courage, by the time of danger/difficulty;
၄။ ကြာရှည်စွာ ဆွေးနွေးကြည့်မှ ပညာရှိ မရှိကို သိနိုင်သည်။
4: one’s wisdom, by long conversation/discussion.

ကြာသပတေးနံ အက္ခရာ ၅ လုံး

(အက္ခရာများ၏ နေ့နံ သင်္ကေတများ _ရှု)

ကြိယာ

Verb (grammar).

ကြိယာ ၂ မျိုး

Two verb forms:
၁။ ကာရိုက် ကြိယာ
1: Causative verb,
၂။ သုဒ္ဓ ကြိယာ
2: common/not–causative verb.

ကြိယာစိတ်

Functional consciousness.

ကြီးပွါးကြောင်း တရား ၄ ပါး

Four conditions for a person’s wealth and happiness:
၁။ ဥဋ္ဌာန သမ္ပဒါ – ထကြွ လုံ့လ ဝီရိယ ရှိခြင်း
1: The accomplishment of persistent effort,
၂။ အာရက္ခ သမ္ပဒါ – ထိမ်းသိမ်း စောင့်ရှောက်နိုင်ခြင်း
2: the accomplishment of watchfulness,
၃။ ကလျာဏ မိတ္တတာ – မိတ်ဆွေကောင်း ရှိခြင်း
3: good friendship,
၄။ သမ ဇီဝိတတာ – တရားသဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုခြင်း။
4: balanced/lawful livelihood.

ကြီးပွါးကြောင်း တရား ၅ ပါး

Five conditions for a person’s wealth and happiness:
၁။ တရားသဖြင့်ရှာဖွေရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိဘတို့အား ရိုသေစွာလုပ်ကျွေးခြင်း
1: Honoring and serving one’s parents,
၂။ ဇနီးမယား သမီးသား ကျေးကျွန်တို့အား လေးစားစွာ ပြုစုစောင့်ရှောက်ခြင်း
2: honoring and cherishing one’s wife, children and slaves,
၃။ မိမိ၏ အလုပ်သမားများကို လေးစားစွာ ပြုစုစောင့်ရှောက်ခြင်း
3: honoring and supporting one’s employees,
၄။ နတ်တို့အား ဗလိနတ်စာပေး ပူဇော်ခြင်း
4: oblation to deities,
၅။ ရဟန်းပုဏ္ဏားတို့အား လှူဒါန်းထောက်ပံ့ ရိုသေစွာလုပ်ကျွေးခြင်း။
5: honoring and supporting respectfully recluses and Brahmins.

ကြီးပွါးခြင်း ၁ဝ မျိုး

Ten growths:
၁။ လယ်ယာမြေ ကြီးပွါးခြင်း
1: Growth of land/firm,
၂။ ဥစ္စာစပါး ကြီးပွါးခြင်း
2: of wealth and granary,
၃။ သားသမီး ကြီးပွါးခြင်း
3: of children and wife,
၄။ ကျွန် အမှုလုပ်ကြီးပွါးခြင်း
4: of slaves and employees,
၅။ ခြေလေးချောင်းသတ္တဝါများ ကြီးပွါးခြင်း
5: of four–footed beasts,
၆။ သဒ္ဓါ ကြီးပွါးခြင်း
6: of faith,
၇။ သီလ ကြီးပွါးခြင်း
7: of virtue,
၈။ သုတ အကြားအမြင် ကြီးပွါးခြင်း
8: of learning/knowledge,
၉။ စာဂ စွန့်ကြဲပေးကမ်းမှု ကြီးပွါးခြင်း
9: of generosity,
၁ဝ။ ပညာ ကြီးပွါးခြင်း
10: of wisdom.

ကြီးလေးသော အာပတ် ၃၁ မျိုး

(ဂရုက – ကြီးလေးသော– အာပတ် ၃၁ မျိုး _ရှု)

ကြိုတင်၍ မသိနိုင်သော တရား ၅ ပါး

Five unknowable things:
၁။ ဇီဝိတ = အသက်မည်မျှ နေရမည်
1: One’s life–end,
၂။ ဗျာဓိ = အဘယ်ရောဂါနှင့် သေရမည်
2: the dying disease,
၃။ ကာလ = အဘယ်နှစ် အချိန်မှာ သေရမည်
3: the time of death,
၄။ ဒေဟနိက္ခေပန = အဘယ်သုဿာန်မှာ မြှုပ်နှံရမည်
4: the place of burial/cremation,
၅။ ဂတိ = အဘယ်ဘဝသို့ လားရောက်ရမည်။
5: what realm of after–life.

ကြိုးစားခြင်း ၂ မျိုး

Two kinds of striving:
၁။ လူသားများ ပစ္စည်းလေးပါးလှူဒါန်းရန် ကြိုးစားခြင်း
1: Striving of lay people for the purpose of supporting four requisites to the monks,
၂။ ရဟန်းတော်များ ကိသေသာစွန့်ရန် ကြိုးစားခြင်း။
2: striving of the monks for the relinquishment of all taints.

ကြိုးစားခြင်း ၃ မျိုး (ဓာတ်)

Three elements of effort:
၁။ အာရမ္ဘ ဓာတု – စတင် ကြိုးစားခြင်း
1: The element of initiative,
၂။ နိက္ကမ ဓာတု – အပျင်းမဖက် ဆက်လက်ကြိုးစားခြင်း
2: of launching,
၃။ ပရက္ကမ ဓာတု – ထပ်ခါ ထပ်ခါ ကြိုးစားခြင်း။
3: of persistence.

ကြိုးစားခြင်း ၄ ပါး

(ပဓာန = တရားအားထုတ် ကြိုးစားခြင်း ၄ ပါး _ရှု)

ကြိုးစားရမည့် တရား ၃ မျိုး

Three things should be exercised:
၁။ မဖြစ်သေးသော အကုသိုလ်များ မဖြစ်လာရန်
1: For the non–arising of unarisen unwholesome qualities,
၂။ မဖြစ်သေးသော ကုသိုလ်များ ဖြစ်လာစေရန်
2: for the arising of unarisen wholesome qualities,
၃။ ခန္ဓာကိုယ်၌ ဖြစ်ပေါ်လာသော ဒုက္ခဝေဒနာများကို သည်းခံနိုင်ရန်။
3: for enduring arisen bodily painful, disagreeable feelings.

ကြေးစည်

Triangular brass gong.

ကြေးစည်တီး အမျှဝေ

Sharing merit by hitting a flat triangular brass gong.

ကြောက်ရွံ့ကြောင်း တရား ၅ ပါး

(ရဲရင့်ကြောင်း – ဝိသာရဒ – တရား ၅ ပါး _ရှု)

ကြံစည်စိတ်ကူးမှုကို အခြေခံ၍

(သမိဒ္ဓိသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
Based on intention and thought (the Gradual Discourses):
၁။ ကြံစည်စိတ်ကူးမှုများသည် – နာမ်ရုပ်လျှင် အကြောင်းရှိ၏။
1: The basis of intention and thought is name–and–form.
၂။ – ဓာတ်သဘော၌ ထူးခြားခြင်းသို့ရောက်၏။
2: They become diversified in relation to the elements.
၃။ – ဖဿလျှင် ဖြစ်ကြောင်းရှိ၏။
3: They originate from contact.
၄။ – ဝေဒနာလျှင် ပေါင်းဆုံးရာရှိ၏။
4: They converge upon feeling.
၅။ – သမာဓိလျှင် အဦးရှိ၏။
5: They are headed by concentration.
၆။ – သတိလျှင် အကြီးအကဲရှိ၏။
6: Mindfulness exercises authority over them.
၇။ – ပညာလျှင် လွန်ကဲမှုရှိ၏။
7: Wisdom is their supervisor.
၈။ – ဝိမုတ္တိ ဖိုလ်လျှင် အနှစ်သာရရှိ၏။
8: Liberation is their core.
၉။ – အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏။
9: They ultimate in the deathless (nibbāna).

ကြံစည်၍ မရနိုင်သောအရာ ၄ ပါး

(အစိန္တေယျ – ကြံစည်၍ မရနိုင်သောအရာ – ၄ ပါး _ရှု)

ကြံစည်သုံးသပ်ခြင်း ၁၈ မျိုး

Eighteen kinds of mental exploration:
မျက်စိဖြင့် မြင်စရာအာရုံကို မြင်ပြီး
၁။ သောမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏ On seeing a form with the eye,
1: one explores a form productive of joy;
၂။ ဒေါမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
2: one explores a form productive of grief;
၃။ ဥပေက္ခာ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
3: one explores a form productive of equanimity.
နားဖြင့် ကြားစရာအာရုံကို ကြားပြီး
၄။ သောမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
On hearing a sound with the ear,
4: one explores a sound productive of joy;
၅။ ဒေါမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
5: one explores a sound productive of grief;
၆။ ဥပေက္ခာ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
6: one explores a sound productive of equanimity.
နှာခေါင်းဖြင့် နံစရာအာရုံကို နံပြီး
၇။ သောမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
On smelling an odour with the nose,
7: one explores an odour productive of joy;
၈။ ဒေါမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
8: one explores an odour productive of grief;
၉။ ဥပေက္ခာ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
9: one explores an odour productive of equanimity.
လျှာဖြင့် လျှက်စရာအာရုံကို လျှက်ပြီး
၁ဝ။ သောမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
On tasting a flavor with the tongue,
10: one explores a flavor productive of joy;
၁၁။ ဒေါမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
11: one explores a flavor productive of grief;
၁၂။ ဥပေက္ခာ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
12: one explores a flavor productive of equanimity.
ကိုယ်ဖြင့် တွေ့ထိစရာအာရုံကို တွေ့ထိပြီး
၁၃။ သောမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
On touching a tangible with the body,
13: one explores a tangible productive of joy;
၁၄။ ဒေါမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
14: one explores a tangible productive of grief;
၁၅။ ဥပေက္ခာ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
15: one explores a tangible productive of equanimity.
စိတ်ဖြင့် ကြံစရာအာရုံကို ကြံပြီး
၁၆။ သောမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
On cognizing a mind–object with the mind,
16: one explores a mind–object productive of joy;
၁၇။ ဒေါမနဿ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏
17: one explores a mind–object productive of grief;
၁၈။ ဥပေက္ခာ ဖြစ်ကြောင်းကို ကြံစည်သုံးသပ်၏။
18: one explores a mind–object productive of equanimity.
ကြံစည်သုံးသပ်ခြင်း ၁၈ မျိုးတို့တွင် တစ်မျိုးစီ တစ်မျိုးစီ၌
၁။ ဂေဟသိတ – ကာမဂုဏ်ကို မှီ၍ကြံစည်သုံးသပ်ခြင်း
၂။ နေက္ခမ္မသိတ – ကာမမှထွက်မြောက်မှုကို မှီ၍ကြံစည်သုံးသပ်ခြင်းဟု နှစ်မျိုးစီ ပွါးပြန်သောကြောင့် သတ္တဝါတို့အတွက် – သံသရာဝဋ်အတွင်းမှာ လည်ပတ်ကြောင်း ၁၈ ပါး + သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ၁၈ ပါး '= ပေါင်း ၃၆ ပါးသော ဝတ္တပဒ တို့ဖြစ်ကြသည်။
Among the eighteen kinds of mental exploration, each is of two kinds –
1: based on house–whole life, altogether 18 and
2: based on renunciation, altogether 18 = net total 36.
They are called 36 positions of being.

ကွမ်းတောင်ကိုင်

Girl(s) carrying betal offertory in a noviciation procession, village velle.

ကွယ်လွန်ခြင်း၏ အကြောင်းတရား ၄ ပါး

(သေခြင်း၏ အကြောင်းတရား ၄ ပါး _ရှု)

ကျွန် ၄ မျိုး

Four kinds of slave:
၁။ ဓနက္ကီတ = ငွေဖြင့် ဝယ်ယူသော ကျွန်
1: Bought slave,
၂။ ကရမရာနီတ = သုံ့ပန်း ကျွန်
2: captive–at–war slave,
၃။ သာမံ ဒါသဗျ = မိမိသဘောအတိုင်း ကျွန်ခံလာသော ကျွန်
3: volunteer slave,
၄။ အန္တောဇာတ = အိမ်ပေါက် ကျွန်။
4: slave born by a slave.

ကျွန်

အလုပ်သမား ကျင့်ဝတ် ၅ ပါး Five duties/responsiblities/obligations of slaves/employees to their master:
၁။ အရှင်သခင်ထက် စောပြီးအိပ်ရာမှ ထခြင်း
1: Getting up before their master,
၂။ အရှင်သခင်နောက်မှ အိပ်ရာဝင်ခြင်း
2: going to bed after their master,
၃။ ပေးမှသာ ယူခြင်း
3: taking what is given,
၄။ သင့်တော်စွာ လုပ်ကိုင်ကြိုးစားခြင်း
4: working properly,
၅။ အရှင်သခင်၏ ဂုဏ်ကျေးဇူး ကိုသာ ပြောဆိုခြင်း။
5: praising and keeping the good reputation of their master.

ကျွန်းကြီး ၄ ကျွန်း

Four Great Islands (in Buddhist cosmology):
၁။ အရှေ့ ကျွန်း (ပုဗ္ဗဝိဒေဟ) – ယူဇနာ ရဝဝဝ ကျယ်ဝန်းပြီး လထက်ဝက်ခြမ်း ပုံသဏ္ဍာန်ရှိသည်။
1: The Great Island to the east of Mt. Meru, called Pubba–videha, square 7,000 Yūjanā with half–moon shape, (A yūjanā is about 7 miles.)
၂။ အနောက် ကျွန်း (အပရဂေါယာန) – ယူဇနာ ရဝဝဝ ကျယ်ဝန်းပြီး လပြည့်ဝန်း ပုံသဏ္ဍာန်ရှိသည်။
2: The Great Island to the west of Mt. Meru, called Apara–goyāna, square 7,000 yūjanā with full–moon shape,
၃။ တောင် ကျွန်း (ဇမ္ဗုဒီပ) – ယူဇနာ ၁ဝဝဝဝ ကျယ်ဝန်းပြီး သုံးထောင့်ပုံသဏ္ဍာန်ရှိသည်။
3: The Great Island to the south of Mt. Meru, called Jambudīpa, square 10,000 yūjanā with triangle shape,
၄။ မြောက် ကျွန်း (ဥတ္တရကုရု) – ယူဇနာ ၈ဝဝဝ ကျယ်ဝန်းပြီး လေးဒေါင့် ပုံသဏ္ဍာန်ရှိသည်။
4: The Great Island to the north of Mt. Meru, called Uttarakuru, square 8,000 yūjanā with square shape.
(မှတ်ချက် – တောင်ကျွန်းကဲ့သို့ပင် တာဝတိံသာဘုံ။ အသုရာဘုံ။ အဝီစိငရဲတို့သည် ယူဇနာ ၁ဝဝဝဝ စီ ကျယ်ဝန်းကြကုန်၏။ လ၏ အဝန်းသည် ၄၉ ယူဇနာ နေ၏အဝန်းသည် ၅ဝ ယူဇနာရှိ၏)
(Note: As the Great Island to the south of Mt. Meru, called Jambudīpa, is square 10,000 yūjanā wide, so the Realm of Thirty–three Gods, of Asūrā and of Avīci Hell are. The moon is 49 yūjanā wide and the sun, yūjanā 50 wide.)

ကြွက် ၄ မျိုး

Four kinds of mouse:
၁။ တွင်းတူးပြီး တွင်းမအောင်းသောကြွက်
1: A mouse digs a hole but does not live in it.
၂။ တွင်းအောင်းပြီး တွင်းမတူးသောကြွက်
2: A mouse lives in a hole but does not dig it,
၃။ တွင်းကို မတူးလည်းမတူး မအောင်းလည်းမအောင်းသောကြွက်
3: A mouse neither digs a hole nor lives in it.
၄။ တွင်းကို တူးလည်းတူး အောင်းလည်းအောင်းသောကြွက်။
4: A mouse digs a hole and then lives in it.
(ဤ ဥပမာများအတူ လူပေါင်းများစွာ ရှိကြကုန်၏)
(These similes apply to a lot of persons.)

ခက်ခဲနက်နဲသော (ဟောပြ ရှင်းပြရန်အတွက်) တရား ၄ မျိုး

Four dhammas that are difficult/impossible to explain:
၁။ သစ္စာတရား
1: The truth,
၂။ သတ္တဝါများ (ဖြစ်တည်နေပုံ)
2: a being,
၃။ ပဋိသန္ဓေနေခြင်း
3: rebirth–linking,
၄။ ပဋိစ္စသမုပ္ပါဒ်။
4: dependent origination.

ခင်ပွန်း ကျင့်ဝတ် ၅ ပါး

(လင် – ခင်ပွန်း – ကျင့်ဝတ် ၅ ပါး _ရှု)

ခင်ပွန်းကြီး ၁ဝ ပါး

Ten great friends:
၁။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်
1: Universal Buddha,
၂။ ပစ္စေက ဗုဒ္ဓ
2: individual Buddha,
၃။ အဂ္ဂသာဝက
3: the chief disciples of Buddha.
၄။ ရဟန္တာ
4: arahants, Buddhist saint,
၅။ မိခင်
5: one’s own mother,
၆။ ဖခင်
6: one’s own father,
၇။ အသက်ဂုဏ်သီလကြီးမားသော သူတော်ကောင်းများ
7: elderly moral persons,
၈။ ဆရာ
8: one’s own teacher,
၉။ စေတနာထားပြီး ပေးဘူးကျွေးဘူးသူ
9: persons who have helped whole–heartedly,
၁ဝ။ တရားဟောပြ ဓမ္မကထိက။
10: Dhamma–preacher.

ခဏ

A moment, a second.

ခဏငယ် ၃ ချက်

(နာမ် ရုပ်တို့၏) Three moments (of mind and matter):
၁။ ဥပါဒ် = ဖြစ်
1: Arising, beginning,
၂။ ဌီ = တည်
2: existing,
၃။ ဘင် = ပျက်
3: falling, ending.

ခတ္တိယ

Royalty, nobility, a caste in Hindu class–system.

ခန္တက

Prince Siddattha’s favourate horse; he rode it at the time of his ‘great renunciation’.

ခန္တီ

သည်းခံခြင်း
Patience, forbearance, serenity.

ခန္ဓကဝတ် ၁၄ ပါး

(ရဟန်းသာမဏေကျင့်ဝတ်များ) Fourteen kinds of duty for monk and novice:
၁။ အာဂန္တုကဝတ် – ဧည့်သည် အာဂန္တုရဟန်းများ၏ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
1: Duties regarding visiter–monks,
၂။ အာဝါသိကဝတ် – ကျောင်းနေ ရဟန်းများ၏ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
2: duties regarding residence–monks,
၃။ ဂမိကဝတ် – ခရီးသွား ရဟန်းများ၏ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
3: duties regarding traveler–monks,
၄။ အနုမောဒနာဝတ် – ဆွမ်းတရားဟောသောရဟန်းများ၏ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
4: duties regarding the monks who give dhamma–talk,
၅။ ဘတ္တဂ္ဂဝတ် – ဆွမ်းစားကျောင်း၌ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
5: duties regarding the eating–hall,
၆။ ပိဏ္ဍစာရိကဝတ် – ဆွမ်းခံရာ၌ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
6: duties regarding going alms–round,
၇။ အာရညကဝတ် – တောနေရဟန်း လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
7: duties regarding forest–dweller–monks,
၈။ သေနာသနဝတ် – ကျောင်းအိပ်ယာနေရာနှင့်ပတ်သက်၍ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
8: duties regarding lodgings,
၉။ ဇန္တာဃရဝတ် – မီးဖို၌ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
9: duties regarding kitchen,
၁ဝ။ ဝစ္စကုဋီဝတ် – ကျင်ကြီးကျင်ငယ်သွားရာ ကုဋီအိပ်သာ၌ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
10: duties regarding restroom/toilet,
၁၁။ ဥပဇ္စျာယဝတ် – ရှင်ရဟန်းပြုပေးသော ဆရာ၏ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
11: duties regarding ordination–master,
၁၂။ သဒ္ဓိဝိဟာရိကဝတ် – အတူနေတပည့်၏ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
12: duties regarding residence student–monks,
၁၃။ အာစရိယဝတ် – မှီခိုအားထားရာ ဆရာ၏ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား
13: duties regarding teacher–monks,
၁၄။ အန္တေဝါသိကဝတ် – အနီးကပ်နေထိုင်သောတပည့်၏ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရား။
14: duties regarding personal attendance–monks.

ခန္ဓဝဂ္ဂ သံယုတ်

(သံယုတ္တ) ပါဠိ – သံယုတ္တနိကာယ် ငါးကျမ်းတွင် တတိယကျမ်းဖြစ်သည်။ အဓိကအားဖြင့် ခန္ဓာငါးပါး တရားတို့နှင့် ပတ်သက်သော သုတ္တန်များ ပါဝင်သည်။
Khandha–vagga Saṃyutta: The third book of the ‘Connected Discourses’. The discourses regarding with the five aggregates are mainly in this text.

ခန္ဓာ

အပေါင်းအစုအဖွဲ့အစည်း
Aggregate, group, collection, heap.

ခန္ဓာ ၃ ပါး

(အရိယာ)
Three divisions of Ariya (Holy–ones):
၁။ သီလက္ခန္ဓာ = သီလအစု
1: Division of Ariyan morality,
၂။ သမာဓိက္ခန္ဓာ = သမာဓိအစု
2: of Ariyan concentration.
၃။ ပညာက္ခန္ဓာ = ပညာအစု။
3: of Ariyan wisdom.

ခန္ဓာ ၅ ပါး

Five aggregates/groups:
၁။ ရူပက္ခန္ဓာ – ရုပ်အစု
1: Form, physical, material, matter, corporeality,
၂။ ဝေဒနက္ခန္ဓာ – ဝေဒနာ အစု
2: feeling, sensation,
၃။ သညာက္ခန္ဓာ – သညာ အစု
3: perception, discrimination, notion,
၄။ သင်္ခါရက္ခန္ဓာ – သင်္ခါရ အစု
4: mental formations, mental dispositions, impulses, forces, compositional factors, activities, predispositions,
၅။ ဝိညာဏက္ခန္ဓာ – စိတ်ဝိဉာဉ် အစု။
5: consciousness.

ခန္ဓာ ၅ ပါး ခုနှစ်ဌာနတို့၌ သိကျွမ်းလိမ်မာခြင်း

(သတ္တဌာန ကုသလ)
Skill in seven cases of the five aggregates:
၁။ ရုပ်–။ ဝေဒနာ–။ သညာ–။ သင်္ခါရ–။ ဝိညာဉ်– ကို သိကျွမ်းလိမ်မာခြင်း
1: Understanding the form – perception – mental formations – consciousness,
၂။ ရုပ်–။ ဝေဒနာ–။ သညာ–။ သင်္ခါရ–။ ဝိညာဉ်– ဖြစ်ကြောင်းကို သိကျွမ်းလိမ်မာခြင်း
2: understanding its (their) origin,
၃။ ရုပ်–။ ဝေဒနာ–။ သညာ–။ သင်္ခါရ–။ ဝိညာဉ်– ချုပ်ငြိမ်းရာကို သိကျွမ်းလိမ်မာခြင်း
3: understanding its (their) cessation,
၄။ ရုပ်–။ ဝေဒနာ–။ သညာ–။ သင်္ခါရ–။ ဝိညာဉ်– ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို သိကျွမ်းလိမ်မာခြင်း
4: understanding the way leading to its (their) cessation,
၅။ ရုပ်–။ ဝေဒနာ–။ သညာ–။ သင်္ခါရ–။ ဝိညာဉ်–၏ သာယာဘွယ်ကို သိကျွမ်းလိမ်မာခြင်း။
5: understanding its (their) gratification,
၆။ ရုပ်–။ ဝေဒနာ–။ သညာ–။ သင်္ခါရ–။ ဝိညာဉ်–၏ အပြစ်ကို သိကျွမ်းလိမ်မာခြင်း။
6: understanding its (their) danger,
၇။ ရုပ်–။ ဝေဒနာ–။ သညာ–။ သင်္ခါရ–။ ဝိညာဉ်– မှ လွတ်မြောက်မှုကို သိကျွမ်းလိမ်မာခြင်း။
7: understanding its (their) escape.

ခန္ဓာ ၅ ပါးကို လေးပြန်

(စတုပရိဝဋ္ဋ) အားဖြင့် သိခြင်း
Knowing directly the four phases of the five aggregates:
၁။ ရုပ်–။ ဝေဒနာ–။ သညာ–။ သင်္ခါရ–။ ဝိညာဉ်– ကို ထိုးထွင်းသိခြင်း
1: Directly knowing the form – perception – mental formations – consciousness,
၂။ ရုပ်–။ ဝေဒနာ–။ သညာ–။ သင်္ခါရ–။ ဝိညာဉ်– ဖြစ်ကြောင်းကို ထိုးထွင်းသိခြင်း
2: directly knowing its (their) origin,
၃။ ရုပ်–။ ဝေဒနာ–။ သညာ–။ သင်္ခါရ–။ ဝိညာဉ်– ချုပ်ငြိမ်းရာကို ထိုးထွင်းသိခြင်း
3: directly knowing its (their) cessation,
၄။ ရုပ်–။ ဝေဒနာ–။ သညာ–။ သင်္ခါရ–။ ဝိညာဉ်– ချုပ်ငြိမ်းရာသို့ရောက်ကြောင်းအကျင့်ကို ထိုးထွင်းသိခြင်း။
4: directly knowing the way leading to its (their) cessation.

ခန္ဓာ ၅ ပါး အကြောင်းတရားများ

Cause and condition of the five aggregates/groups:
၁။ မဟာဘုတ်လေးပါးသည် ရူပက္ခန္ဓာ – ရုပ်အစု၏ အကြောင်း
1: Four great elements are the cause and condition of form/physical/material/ Matter/corporeality.
၂။ ဖဿသည် ဝေဒနက္ခန္ဓာ – ဝေဒနာအစု၏ အကြောင်း
2: Contact is the cause and condition of feeling/sensation,
၃။ ဖဿသည် သညာက္ခန္ဓာ – သညာအစု၏ အကြောင်း
3: Contact is the cause and condition of perception/discrimination/notion,
၄။ ဖဿသည် သင်္ခါရက္ခန္ဓာ – သင်္ခါရအစု၏ အကြောင်း
4: Contact is the cause and condition of mental formations/mental dispositions/
Impulses/forces/compositional factors/activities/predispositions,
၅။ နာမ်ရုပ်သည် ဝိညာဏက္ခန္ဓာ – စိတ်ဝိညာဉ်အစု၏ အကြောင်း။
5: Mind and matter are the cause and condition of consciousness.

ခန္ဓာ ၅ ပါး အသီးသီးတို့၏ အင်္ဂါ ၁၁ ပါး

Eleven segments of the five aggregates:
၁။ အတိတ် ခန္ဓာ
1: Past aggregate,
၂။ အနာဂတ် ခန္ဓာ
2: future aggregate,
၃။ ပစ္စုပ္ပန် ခန္ဓာ
3: present aggregate,
၄။ အတွင်း ခန္ဓာ
4: internal aggregate,
၅။ အပြင် ခန္ဓာ
5: external aggregate,
၆။ အကြမ်းစား ခန္ဓာ
6: gross aggregate,
၇။ အနုစား ခန္ဓာ
7: subtle aggregate,
၈။ အယုတ် ခန္ဓာ
8: inferior aggregate,
၉။ အမြတ် ခန္ဓာ
9: superior aggregate,
၁ဝ။ အဝေး ခန္ဓာ
10: far aggregate,
၁၁။ အနီး ခန္ဓာ။
11: near aggregate.

ခန္ဓာ ၅ ပါး ဥပမာ ၅ ချက်

(အစဉ်အတိုင်း) Five similes regarding the five aggregates (respectively):
၁။ ရေမြှုပ် ပမာ ရူပက္ခန္ဓာ
1: A lump of foam,
၂။ ရေပွက် ပမာ ဝေဒနက္ခန္ဓာ
2: a water bubble,
၃။ တံလျှပ် ပမာ သညာက္ခန္ဓာ
3: a mirage,
၄။ ငှက်ပျောတုံး ပမာ သင်္ခါရက္ခန္ဓာ
4: a banana–tree trunk,
၅။ မျက်လှည့် ပမာ ဝိညာဏက္ခန္ဓာ။
5: a magical illusion.

ခန္ဓာဗေဒ

Anatomy.

ခန္ဓာဝန်

Burden of the body’s being.

ခန္ဓာဝန်ချ

Passing into nibbāna, final dissolution of aggregates.

ခယ

Destruction, exhaustion.

ခရီး ကြာရှည်စွာသွားသော ရဟန်း၏ အပြစ် ၅ ပါး

Five disadventages of a monk who frequents long trips:
၁။ မကြားဘူးသေးသည်ကို မကြားနာရ
1: Not hearing (dhamma) the unheard,
၂။ ကြားဘူးပြီးကို မဖြူစင်စေ
2: not clearing the heard,
၃။ တရား၌ မရဲရင့်
3: no confidence in dhamma,
၄။ ရောဂါစွဲကပ်တတ်၏
4: possible desease/illness,
၅။ မိတ်ဆွေကောင်း မရှိဖြစ်တတ်၏။
5: not to get good friend.
(ခရီး ကြာရှည်စွာ မသွားသော ရဟန်း၏ အကျိုး ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five adventages of a monk who does not frequent long trips are opposite of the above.)

ခလုပစ္ဆာဘတ္တိက ဓုတင်

နောက်မှ ရောက်လာသောဆွမ်းကို လက်မခံခြင်း (ဓုတင် ၁၃ ပါး _ရှု)

ခလုပစ္ဆာဘတ္တိက ဓုတင်၏ အကျိုး ၅ ပါး

Five benefits of later–food–refuser’s practice:
၁။ အစာပိုနှင့် ပတ်သက်ပြီး အပြစ်မရှိခြင်း
1: No fault regarding extra food,
၂။ ဝမ်းပြည့် (ဗိုက်ကား) အောင်မစားခြင်း
2: no overloading of the stormach,
၃။ ပစ္စည်းအာမိသကို မသိုမှီးခြင်း
3: no keeping food,
၄။ စားသောက်ဘွယ် ထပ်မံရှာရန် မလိုတော့ခြင်း
4: no need to search for food again,
၅။ အလိုနည်းခြင်း စသည်တို့နှင့် လျှော်ညီခြင်း။
5: conformity with the fewness of wishes.

ခုဒ္ဒက နိကာယ်

(နိကာယ်ငါးရပ် _ရှု)
‘The Collection of Minor Discourses’.

ခိဋ္ဋာဒသက

ပျော်ပျော်ပါးပါး အရွယ် ဆယ်စုနှစ်
Decade of carefree (from 11 to 20 years of age).

ခိလ

ငြောင့်ဆူး ၃ မျိုး
Three thorns:
၁။ ရာဂ – တပ်မက်ခြင်း
1: Lust,
၂။ ဒေါသ – အမျက်ထွက်ခြင်း
2: anger,
၃။ မောဟ – တွေဝေခြင်း။
3: delusion.

ခုဒ္ဒက နိကာယ်

ကျမ်းငယ်များ ၂ဝ
The twenty books of the Minor Discourses:
၁။ ခုဒ္ဒက ပါဌ
1: The Minor Readings,
၂။ ဓမ္မ ပဒ
2: Word of the Doctrine,
၃။ ဥဒါန
3: Verses of Uplift,
၄။ ဣတိ ဝုတ္တက
4: As It Was Said,
၅။ သုတ္တ နိပါတ
5: Group of Discourses,
၆။ ဝိမာနဝတ္ထု
6: Stories of the Mansions,
၇။ ပေတဝတ္ထု
7: Stories of the Departed,
၈။ ထေရ ဂါထာ
8: Elders' Verses, Psalms of the Brethren,
၉။ ထေရီ ဂါထာ
9: Elders' Verses, Psalms of the Nuns,
၁ဝ။ ထေရာပါဒါန
10: The Biographies of the Elders,
၁၁။ ထေရီပါဒါန
11: The Biographies of the Nuns,
၁၂။ ဗုဒ္ဓ ဝံသ
12: The Chronicle of the Buddhas,
၁၃။ စရိယာ ပိဋက
13: The Basket of Conduct,
၁၄။ဇာတက
14: Birth–stories,
၁၅။ မဟာ နိဒ္ဒေသ
15: The Major Exposition,
၁၆။ စူဠ နိဒ္ဒေသ
16: The Minor Exposition,
၁၇။ ပဋိသမ္ဘိဒါ မဂ္ဂ
17: The Path of Discrimination,
၁၈။ နေတ္တိ
18: The Guide,
၁၉။ ပေဋကော ပဒေသ
19: The Instruction on the Piṭaka,
၂ဝ။ မိလိန္ဒ ပဥှ။
20: The Question of King Milinda.

ခုဒ္ဒက ပါဌ ပါဠိ

ခုဒ္ဒကနိကာယ်၏ ပထမဆုံးကျမ်းစာဖြစ်သည်။ ‘ဖတ်စာငယ်’ ဟု အဓိပ္ပါယ်ရှိပါသည်။ သရဏဂုံ ၃ ပါး။ ၁ဝ ပါး သီလ။ မင်္ဂလသုတ်။ ရတနသုတ်။ မေတ္တသုတ် စသော သုတ္တန် ၉ ခုပါရှိသည်။ ‘Khuddaka–pāṭha’: The Minor Reading’, This is the first book of ‘the Collection of Minor Discourses’. It includes 9 suttas such as ‘the Three refuges’, ‘the Ten Precepts’, ‘the Blessing Discourse’, ‘the Jewel Discourse’ and ‘the Loving–kindness Discourse’.

ခုနှစ်တောင်ရှိ ဆင်ပြောင်ကို ထန်းလက်ဖြင့် ဖုံးကွယ်သကဲ့သို့

(ဥပဿယသုတ်။ ကဿပသံယုတ်။ နိဒါနဝဂ္ဂ သံယုတ္တပါဠိ)
Simile: As concealing a seven tubit–high elephant by a palm leaf.
(Kassapa Saṃyutta, Nidāna–vagga Saṃyutta Pāḷi)

ခုနှစ်နှစ်အရွယ် ရဟန္တာဖြစ်သော သာမဏေ ၂ ပါး

Two novices who attained arahant–hood at the age of seven:
၁။ သုမန သာမဏေ
1: Sumana,
၂။ သောပါက သာမဏေ။
2: Sopāka.

ခုနှစ်ပြည်ထောင်မင်းများ

(ဘုရားရှင်ဓာတ်တော် ခံယူကြသည့်)
Seven regional kings who were shared the Buddha’s relics:
၁။ အဇာတသတ် မင်း
1: King Ajātasattu,
၂။ လိစ္ဆဝီ မင်းများ
2: Kings of Licchavī,
၃။ မလ္လ မင်း
3: King of Malla,
၄။ ကပ္ပိလ မင်း
4: King of Kappilavatthu,
၅။ အလ္လကပ္ပ မင်း
5: King of Allakappa,
၆။ ကောလိယ မင်း
6: King of Koliya,
၇။ ပါဝါ မင်း။
7: King of Pāvā.

ခိုက်ရန်ဖြစ်ကြောင်း တရား ၆ ပါး

(ဝိဝါဒ မူလ – ရန်ဖြစ်ကြောင်း – တရား ၆ ပါး _ရှု)

ခိုးသူကြီး ၅ မျိုး

(သူခိုးကြီး ၅ ယောက် _ရှု)

ခိုးသူကြီး ဓါးပြကြီး၏ ပျက်စီးကြောင်းအင်္ဂါ ၈ ပါး

(စောရသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Eight factors of a thief/robber who gets into trouble and does not last long:
၁။ မိမိ (သူခိုး ဓားပြ) အား မရိုက်နှက်သူကို မိမိက ရိုက်နှက်ပုတ်ခတ်ခြင်း
1: Attaking a person who does not attach him,
၂။ ပစ္စည်းကို အကြွင်းမဲ့ (အကုန်) ယူခြင်း
2: stealing without leaving anything behind,
၃။ မိန်းမကို သတ်ခြင်း
3: killing a woman,
၄။ သတို့သမီးကို ဖျက်ဆီးခြင်း
4: raping a young girl,
၅။ ရှင်ရဟန်းကို လုယက်ခြင်း
5: robbing a monk,
၆။ မင်းဘဏ္ဍာတိုက်ကို လုယက်ခြင်း
6: robbing the royal treasury,
၇။ အလွန်နီးရာ၌ ခိုး တိုက်ခြင်း
7: doing his work in his neighborhood,
၈။ သိမ်းဆည်းမှု၌ မလိမ်မာခြင်း။
8: no skill in hiding his plunder.
(ခိုးသူကြီး ဓါးပြကြီး၏ မပျက်စီးကြောင်းအင်္ဂါ ၈ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Eight factors of a thief/robber who does not get into trouble and lasts long are opposite of the above.)

ခိုးကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး

(အဒိန္န ခိုးကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး _ရှု)

ခေတ်

An age, time, field.

ခေတ် ၃ ပါး

Three kinds of age:
၁။ ဇာတိ ခေတ် – ဘုရားအလောင်း ပဋိသန္ဓေနေစဉ် တုံလှုပ်သော စကြာဝဠာ တစ်သောင်း
1: Ten thousand trembling universes while Buddha–to–be was conceived,
၂။ အာဏာ ခေတ် – ဘုရားရှင်၏ ဓမ္မစက်အာဏာ ရောက်ရှိရာ စကြာဝဠာ ကုဋေတစ်သိန်း
2: a thousand billion universes upon which the power of Buddha’s teaching
(dhamma) spreads,
၃။ ဝိသယ ခေတ် – သဗ္ဗညုတဉာဏ်တော် ကျက်စားရာ မရေမတွက်နိုင်အောင်များသော စကြာဝဠာ။
3: uncountable universes upon which Buddha’s wisdom spreads.

ခေတ် ၄ ပါး

(ယုဂ် ၄ ပါး – ခေတ် – _ရှု)

ခေတ် ၅ ပါး

(ယုဂ် ၅ ပါး – ခေတ် ကာလ – _ရှု)

ခေတ် – ယုဂ – ၅ မျိုး

Five kinds of age:
၁။ ဝိမုတ္တိ ယုဂ – မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်သောခေတ်
1: The age of Path, Frution and Nibbāna,
၂။ သမာဓိ ယုဂ – စျာန်သမာပတ် ရနိုင်သောခေတ်
2: of Trance and Supernatural–powers,
၃။ သီလ ယုဂ – သီလဆောက်တည် နိုင်သောခေတ်
3: of Moral Virtue,
၄။ သုတ ယုဂ – ပိဋကတ် အကြားအမြင် ရနိုင်သောခေတ်
4: of Book–knowledge,
၅။ ဒါန ယုဂ – အလှူပြုနိုင်သောခေတ်။
5: of Donation.

ခေတ္တခဏ

A moment.

ခဲဖွယ်ဘောဇဉ်

Edable/eatable things, food.

ခေါင်က မိုးမလုံ အိမ်အကုန်ပျက်စီးခြင်း

(အရက္ခိတသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
If a house’s peaked roof is leaking the rain, the whole house will fail.

ခေါင်းဆောင်ပုဂ္ဂိုလ် နှင့် အုပ်စု ၄ မျိုး

Four groups of leader and followers:
၁။ ခေါင်းဆောင် ကိုယ်ကျင့်တရားမရှိ နောက်လိုက်လည်းကိုယ်ကျင့်တရားမရှိ
1: Both a leader and his followers are wicked.
၂။ ခေါင်းဆောင် ကိုယ်ကျင့်တရားမရှိ နောက်လိုက်သာကိုယ်ကျင့်တရားရှိ
2: wicked leader and virtuous followers,
၃။ ခေါင်းဆောင် သာကိုယ်ကျင့်တရားရှိ နောက်လိုက်ကိုယ်ကျင့်တရားမရှိ
3: virtuous leader and wicked followers,
၄။ ခေါင်းဆောင်ရော နောက်လိုက်ပါကိုယ်ကျင့်တရားရှိ။
4: Both a leader and his followers are virtuous.

ခေါင်းရိပ်ဓါး လှူရကျိုး ၁ ပါး

One benefit of donating razor:
၁။ ကိလေသာကို ဖြတ်တောက်နိုင်သော ဉာဏ်ဓါးကို ရရှိခြင်း။
1: Wisdom–knife to cut mental impurities off.

ခေါင်းလောင်း

Bell.

ခေါင်းလောင်းတီး။ –ထိုး

Strike/ring a bell.

ခေါင်းအုံး လှူရကျိုး ၆ ပါး

Six benefits of donating pillow:
၁။ ခေါင်းအုံး အကောင်းစားများကို သုံးဆောင်ရခြင်း
1: Having best pillows,
၂။ မဂ်ဖိုလ် ရရန် အသိဉာဏ်ရှိခြင်း
2: wisdom leading to path and fruition (magga and phala),
၃။ ဣန္ဒြေ တို့ကို ဆုံးမနိုင်ပြီး စျာန်ရရန် အသိဉာဏ်ရှိခြင်း
3: wisdom to trance (jhāna) with tamed falcuities (indriya),
၄။ ကျင့်ဝတ်သီလ ပြည့်စုံခြင်း
4: moral virtue,
၅။ တရားအားထုတ်ရန် ဝီရိယ ရှေ့သွား အသိဉာဏ်ကြီးမားခြင်း
5: wisdom to meditation with great effort,
၆။ သီလ သမာဓိ ပညာ ဝိမုတ္တိ တို့နှင့် ပြည့်စုံခြင်း။
6: endowed with virtue, concentration, wisdom and liberation.

ခါးပန်းကြိုး

Buddhist monks’ belt/girdle.

ခါးပန်းကြိုး လှူရခြင်း အကျိုး ၆ ပါး

Six benefits of donating monk’s belt:
၁။ သမာဓိ ကြီးခြင်း
1: Deep concentration,
၂။ သမာဓိ၌ အလေ့အကျင့်ရှိခြင်း
2: habitual to get concentrated,
၃။ မပြိုကွဲသော ပရိသတ်ရှိခြင်း
3: solid/united audience,
၄။ သတိရှိခြင်း
4: mindfulness,
၅။ ထိတ်လန့်မှု မရှိခြင်း
5: no fear,
၆။ အထက်ပါ အကျိုးများ ဘဝစဉ်ဆက် လိုက်ပါခြင်း။
6: yielding the above benefits life after life.

ခါးပန်းကွင်း

Fastening ring at one end of Buddhist monks’ belt/girdle.

ခါးပန်းသီး

Button at one end of Buddhist monks’ belt/girdle.

ချစ်ကျွမ်းဝင်ခြင်းသည် အမြင့်မြတ်ဆုံး ဆွေမျိုးတည်း

(အမြင့်မြတ်ဆုံးတရား ၄ ပါးလည်း _ရှု)
Friendliness is the best/nobelest kids and kins.

ချစ်ခြင်းမေတ္တာ ၃ ပါး

(မေတ္တာ = ပေမ ၃ ပါး _ရှု)

ချမ်းသာခြင်း၏ အကျိုး ၅ ပါး

(ပစ္စည်းဥစ္စာ ချမ်းသာခြင်း၏ အကျိုး ၅ ပါး _ရှု)

ချမ်းသာခွင့်ရခြင်း (သြကာသာဓိဂမ) ၃ မျိုး

Three gateways to the happiness/bliss:
၁။ လူတို့ဘဝ ကာမဂုဏ်နယ်မှာနေသော်လည်း လောကုတ္တရာတရားနှင့် လျှော်ညီစွာကျင့်ခြင်း
1: Doing merits in the house–holder life,
၂။ ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရတို့ မငြိမ်းသေးရာမှ ငြိမ်းအေးအောင်ကျင့်ခြင်း။
2: practicing from gross tendencies of body, speech and thought to subtleness of them,
၃။ ကုသိုလ် အကုသိုလ်မှန်းမသိရာမှ ယင်းတို့ကို သိရှိနားလည်ပြီး ကျင့်ကြံခြင်း။
3: from not knowing what is wrong and what is right to knowing of them.

ချမ်းသာအောင်ဟု မှတ်ယူပြီး ကျင့်သော မှန်ကန်သည့်အကျင့် ၄ မျိုး

Four kinds of life devoted to pleasure which are right:
၁။ ပဌမ စျာန်ရအောင် ကျင့်ခြင်း
1: Practice to attain the first trance (jhāna),
၂။ ဒုတိယ စျာန်ရအောင် ကျင့်ခြင်း
2: practice to attain the second trance (jhāna),
၃။ တတိယ စျာန်ရအောင် ကျင့်ခြင်း
3: practice to attain the third trance (jhāna),
၄။ စတုတ္ထ စျာန်ရအောင် ကျင့်ခြင်း။
4: practice to attain the forth trance (jhāna).

ချမ်းသာအောင်ဟု မှတ်ယူပြီးကျင့်သော မှားယွင်းသည့်အကျင့် ၄ မျိုး

Four kinds of life devoted to pleasure, which are wrong:
၁။ သူတပါးအသက်ကို သတ်ဖြတ်ပြီး မိမိကိုယ်ကို ချမ်းသာအောင် ကျင့်ခြင်း
1: Taking pleasure and delight by killing living beings,
၂။ သူတပါးဥစ္စာကို ခိုးယူပြီး မိမိကိုယ်ကို ချမ်းသာအောင် ကျင့်ခြင်း
2: taking pleasure and delight by stealing,
၃။ လိမ်ညာလှည့်ဖျားပြီး မိမိကိုယ်ကို ချမ်းသာအောင် ကျင့်ခြင်း
3: taking pleasure and delight by telling lies,
၄။ ငါးပါးအာရုံ ကာမဂုဏ်ခံစားပြီး မိမိကိုယ်ကို ချမ်းသာအောင် ကျင့်ခြင်း။
4: taking pleasure and delight by indulgence in the five sensual pleasures.

ချီးမွမ်းခြင်းငှါ မထိုက်သော သိက္ခာသုံးပါးကို မကျင့်သောရဟန်းအား ဘုရားရှင် မချီးမွမ်းခြင်း၏ အကြောင်း

(သင်္ကဝါသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
Causes why Lord Buddha did not praise a monk who had no desire to train himself:
၁။ သိက္ခာသုံးပါးကို မကျင့်သောရဟန်းအား ဘုရားရှင်ချီးမွမ်းမှုကြောင့် ထိုရဟန်းကို အခြားရဟန်းတို့ ဆည်းကပ်မည်
1: Because of Buddha’s praising, other monks might associate with him.
၂။ ဆည်းကပ်ပြီး အမှားများကို အတုလိုက်ခါ ကျင့်ကြံမည်
2: Those who associated with him might follow his example.
၃။ အတုလိုက်ခါ ကျင့်ကြံကြ၍ ရှည်လျှားစွာ အကျိုးမဲ့ဖြစ်မည်။
3: Those who follow his example would lead to their harm and suffering for a long time.

ချီးမွမ်းဖွယ်ရာ အကြောင်းတရား ၁ဝ ပါး

Ten dhammas/things to be praise–worthy:
၁။ မိမိကိုယ်တိုင် အလိုနည်းပြီး သူတပါးတို့အား အလိုနည်းမှုနှင့် စပ်သောစကားကို ပြောဆိုခြင်း
1: A monk who wants little and he also makes wanting little a topic of talk among the monks;
၂။ မိမိကိုယ်တိုင် ရောင့်ရဲလွယ်ပြီး သူတပါးတို့အား ရောင့်ရဲမှုနှင့် စပ်သောစကားကို ပြောဆိုခြင်း
2: A monk who is contented and he also makes contenement a topic of talk among the monks;
၃။ မိမိကိုယ်တိုင် ကင်းဆိတ်ငြိမ်းအေးပြီး သူတပါးတို့အား ကင်းဆိတ်ငြိမ်းအေးမှုနှင့် စပ်သောစကားကို ပြောဆိုခြင်း
3: A monk who is fond of seclusion and he also makes seclusion a topic of talk among the monks;
၄။ မိမိကိုယ်တိုင် မရောနှောပြီး သူတပါးတို့အား မရောနှောမှုနှင့် စပ်သောစကားကို ပြောဆိုခြင်း
4: A monk who loves solitude and he also makes solitude a topic of talk among the monks;
၅။ မိမိကိုယ်တိုင် ကြိုးစားပြီး သူတပါးတို့အား ကြိုးစားမှုနှင့် စပ်သောစကားကို ပြောဆိုခြင်း
5: A monk who has great effort and he also makes effort a topic of talk among the monks;
၆။ မိမိကိုယ်တိုင် သီလရှိပြီး သူတပါးတို့အား သီလနှင့် စပ်သောစကားကို ပြောဆိုခြင်း
6: A monk who is virtuous and he also makes virtue a topic of talk among the monks;
၇။ မိမိကိုယ်တိုင် သမာဓိရှိပြီး သူတပါးတို့အား သမာဓိနှင့် စပ်သောစကားကို ပြောဆိုခြင်း
7: A monk who is concentrated and he also makes concentration a topic of talk among the monks;
၈။ မိမိကိုယ်တိုင် ပညာရှိပြီး သူတပါးတို့အား ပညာနှင့် စပ်သောစကားကို ပြောဆိုခြင်း
8: A monk who has wisdom and he also makes wisdom a topic of talk among the monks;
၉။ မိမိကိုယ်တိုင် လွတ်မြောက်ပြီး သူတပါးတို့အား လွတ်မြောက်မှုနှင့် စပ်သောစကားကို ပြောဆိုခြင်း
9: A monk who has liberated and he also makes liberation a topic of talk among the monks;
၁ဝ။ မိမိကိုယ်တိုင် လွတ်မြောက်မှု ဆင်ခြင်ဉာဏ်နှင့်ပြည့်စုံပြီး သူတပါးတို့အား လွတ်မြောက်မှုဆင်ခြင်ဉာဏ်နှင့် စပ်သောစကားကို ပြောဆိုခြင်း
10: A monk who has insight of liberation and he also makes the insight of liberation a topic of talk among the monks.

ချုပ်ပျက်သောတရားများ

(ဇာတိဓမ္မ – အဖြစ်တရား – များ _ရှု)

ခြင်္သေ့မင်း၏ သားကောင်ဖမ်းရာ၌ အားထုတ်မှု အလားတူထားခြင်း ၅ မျိုး

On its five preys, a lion king hunts with an equal effort:
၁။ ဆင်
1: An elephant,
၂။ ကျွဲ
2: a buffalow,
၃။ နွား
3: an ox,
၄။ သစ်
4: a leopard,
၅။ ယုန်သူငယ်။
5: a rabbit.

ခြေရာ ၃ မျိုး (မာဂဏ္ဍီဝတ္ထု)

Three kinds of footprint (The Story of Māgaṇḍī):
၁။ ရာဂများသူ၏ ခြေရာသည် အလယ်မှ မထိပဲ ရှိတတ်၏။
1: Footprint of the lustful does not touch the ground in the middle.
၂။ ဒေါသများသူ၏ ခြေရာသည် နောက်သို့ ငင်သကဲ့သို့ ရှိတတ်၏။
2: Footprint of habitually angry person is more marked at the heels.
၃။ မောဟများသူ၏ ခြေရာသည် ခြေဖျား ဖနောင့်တို့ဖြင့် ဖိနင်းထားသကဲ့သို့ ရှိတတ်၏။
3: Footprint of the ignorant is marked by impression of its toes and heels.

ခြေတော်ရာ = ပါဒစေတီ

The foot–print of Lord Buddha.

ခြိုးခြံသော ကျင့်စဉ်များ

တပေါပက္ကမ – (ဥဒုမ္ဗရိကသုတ်။ မဟာသီဟနာဒသုတ်။ အတ္တန္တပ သုတ်။ ပဝိဝေက သုတ် စသည်)
The practices of self–mortification, of higher austerity (in accordance with Udumbarika Sutta etc.):
၁။ အဝတ်မဝတ်ခြင်း
1: Nakedness,
၂။ ရပ်လျှက် ကျင်ကြီးကျင်ငယ်စွန့်ခြင်း
2: answering the call of nature by standing,
၃။ လက်ဖြင့် မစင်ကို သုတ်သင်ခြင်း
3: cleaning one’s own excrement by hand,
၄။ အရှင် လာပါ ဟုဆိုသူ၏ ဆွမ်းကို မခံခြင်း
4: not accepting alms–food if the giver says, “Please, come”,
၅။ အရှင် ရပ်ပါဦး ဟုဆိုသူ၏ ဆွမ်းကို မခံခြင်း
5: not accepting alms–food if the giver says, “Please, stand and wait”,
၆။ မိမိ မရောက်သေးမှီ ယူဆောင် လာသော ဆွမ်းကို မခံခြင်း
6: not accepting alms–food bringing before one arrives,
၇။ ရည်စူးပြီး ပြုသော ဆွမ်းကို မခံခြင်း
7: not accepting alms–food dedicated to him,
၈။ ပင့်ဖိတ်သော ဆွမ်းကို မခံခြင်း
8: not accepting alms–food if invited,
၉။ အိုးဝမှ ကော်၍လောင်းသော ဆွမ်းကို မခံခြင်း
9: not accepting alms–food out of pot,
၁ဝ။ တောင်းဝမှ ကော်၍ လောင်းသော ဆွမ်းကို မခံခြင်း
10: not accepting alms–food out of pan/basket,
၁၁။ တံခါးခုံခြား၍ လောင်းသော ဆွမ်းကို မခံခြင်း
11: not accepting alms–food on the threshold,
၁၂။ တုတ်ခြား၍ လောင်းသော ဆွမ်းကို မခံခြင်း
12: not accepting alms–food among the fire–wood,
၁၃။ ကျည်ပွေ့ခြား၍ လောင်းသော ဆွမ်းကို မခံခြင်း
13: not accepting alms–food offering from the other side of the rice–pounder,
၁၄။ နှစ်ယောက်စားနေစဉ်မှ လောင်းသော ဆွမ်းကို မခံခြင်း
14: not accepting alms–food where two persons are eating,
၁၅။ ကိုယ်ဝန်ဆောင်မိန်းမ၏ ဆွမ်းကို မခံခြင်း
15: not accepting alms–food from a pregnant woman,
၁၆။ နို့တိုက်ဆဲ မိန်းမ၏ ဆွမ်းကို မခံခြင်း
16: not accepting alms–food from a nursing woman,
၁၇။ ယောက်ျားနှင့် နှီးနှောသော မိန်းမ၏ ဆွမ်းကို မခံခြင်း
17: not accepting alms–food from a woman with a man,
၁၈။ ဆော်သြ စုပေါင်း၍ လောင်းသောဆွမ်းကို မခံခြင်း
18: not accepting alms–food from gleanings,
၁၉။ ခွေးမျှော်နေရာမှ ဆွမ်းကို မခံခြင်း
19: not accepting alms–food where a dog is standing and expecting the food,
၂ဝ။ ယင်အုံရာမှ ဆွမ်းကို မခံခြင်း
20: not accepting alms–food where flies are swarming,
၂၁။ ငါး မစားခြင်း
21: eating no fish,
၂၂။ အမဲ မစားခြင်း
22: eating no meat,
၂၃။ သေအရက် မသောက်ခြင်း
23: no alcoholic drinks,
၂၄။ ဖွဲ၌ မြှုပ်သော ဆေးရည်ကို မသောက်ခြင်း
24: no fermented rice–gruel,
၂၅။ တစ်အိမ်သာ ဆွမ်းခံခြင်း
25: going alms–round just one house,
၂၆။ တစ်လုပ်သာ စားခြင်း
26: eating just a ball of meal,
၂၇။ နှစ်အိမ်သာ ဆွမ်းခံခြင်း
27: going alms–round just two houses,
၂၈။ နှစ်လုပ်သာ စားခြင်း
28: eating just two balls of meal,
၂၉။ ခုနှစ်အိမ်သာ ဆွမ်းခံခြင်း
29: going alms–round just seven houses,
၃ဝ။ ခုနှစ်လုပ်သာ စားခြင်း
30: eating just seven balls of meal,
၃၁။ ဆွမ်းလောင်းခွက်ငယ် တစ်ခွက်စာ သာစားခြင်း
31: eating just a small cup of meal,
၃၂။ ဆွမ်းလောင်းခွက်ငယ် နှစ်ခွက်စာ သာစားခြင်း
32: eating just two small cups of meal,
၃၃။ ဆွမ်းလောင်းခွက်ငယ် ခုနှစ်ခွက်စာ သာစားခြင်း
33: eating just seven small cups of meal,
၃၄။ တစ်ရက် တစ်ကြိမ်သာ စားခြင်း
34: eating once in a day,
၃၅။ တစ်ရက်ခြား စားခြင်း
35: eating once in two days,
၃၆။ နှစ်ရက်ခြား စားခြင်း
36: eating once in three days,
၃၇။ ခုနှစ်ရက်ခြား စားခြင်း
37: eating once in seven days,
၃၈။ လခွဲ တကြိမ် စားခြင်း
38: eating once in a half–month,
၃၉။ ဟင်းရွက်စိမ်းကိုသာ စားခြင်း
39: eating just leaves,
၄ဝ။ ပြောင်းဆန် ကိုသာ စားခြင်း
40: eating millet,
၄၁။ ကျိတ်သီးဆန် ကိုသာစားခြင်း
41: eating raw–rice,
၄၂။ သားရေဖတ် ကိုသာ စားခြင်း
42: eating the raw animal–skin,
၄၃။ မှော် ကိုသာ စားခြင်း
43: eating water–plants,
၄၄။ ဖွဲနု ကိုသာ စားခြင်း
44: eating rice–husk–powder,
၄၅။ ထမင်းရည်ကိုသာ သောက်နေခြင်း
45: eating rice–scum/gruel or drinking the water with which the rice to be cooked is washed,
၄၆။ နှမ်းမှုန့်ညက် ကိုသာ စားခြင်း
46: eating the powder of oil–seeds,
၄၇။ မြက် ကိုသာ စားခြင်း
47: eating grass,
၄၈။ နွားချေး ကိုသာ စားခြင်း
48: eating cow–dung,
၄၉။ တောသစ်မြစ် ကိုသာ စားခြင်း
49: eating roots,
၅ဝ။ ကြွေကျသော အသီး ကိုသာ စားခြင်း
50: eating windfalls,
၅၁။ ပိုက်ဆံလျှော် အဝတ် ကိုသာ ဝတ်ခြင်း
51: wearing coarse hemp,
၅၂။ ပိုက်ဆံလျှော်နှင့် ရောနှော ရက်သောအဝတ်ကိုသာ ဝတ်ခြင်း
52: wearing mixed material,
၅၃။ သူသေကောင်မှ အဝတ် ကိုသာဝတ်ခြင်း
53: wearing shrouds from corpses,
၅၄။ ပံသကူ အဝတ်ကိုသာ ဝတ်ခြင်း
54: wearing rags from the dust–heap,
၅၅။ သစ်ခေါက် အဝတ်ကိုသာ ဝတ်ခြင်း
55: wearing garments of bark–fibre,
၅၆။ သစ်နက်ရေ ကိုသာ ဝတ်ခြင်း
56: wearing antelope–skins,
၅၇။ သမန်းမြက် အဝတ်ကိုသာ ဝတ်ခြင်း
57: wearing grass,
၅၈။ လျှော်တေ အဝတ်ကိုသာ ဝတ်ခြင်း
58: wearing bark,
၅၉။ ပျဉ်ချပ် ကိုသာ ဝတ်ခြင်း
59: wearing timber–planks,
၆ဝ။ ဆံခြည် ကမ္ဗလာကိုသာ ဝတ်ခြင်း
60: wearing blanket of human–hair,
၆၁။ သားမြီး ကမ္ဗလာကိုသာ ဝတ်ခြင်း
61: wearing blanket of horse–hair,
၆၂။ ခင်ပုတ်ငှက်တောင် အဝတ်ကိုသာ ဝတ်ခြင်း
62: wearing the wing of owls,
၆၃။ ဆံမုတ်ဆိတ်ကို နှုတ်ပယ်ခြင်း
63: plucking out hair and beard,
၆၄။ ဆံမုတ်ဆိတ်ကို နှုတ်ပယ်ရန် အားထုတ်ခြင်း
64: devoting in plucking out hair and beard,
၆၅။ ရပ်လျှက်သာ နေခြင်း
65: just standing,
၆၆။ ဆောင့်ကြောင့်သာနေခြင်း
66: just squarting,
၆၇။ ဆောင့်ကြောင့်နေရန် အားထုတ်ခြင်း
67: devoting to squarting,
၆၈။ ဆူးအခင်း ပေါ် ၌ နေခြင်း
68: staying on a covered–thorn,
၆၉။ ဆူးအခင်း ပေါ်၌ အိပ်ခြင်း
69: sleeping on a covered–thorn,
ရဝ။ ပျဉ်ပြား ပေါ်၌ အိပ်ခြင်း
70: sleeping on a timber–plank,
၇၁။ ကြမ်းထမ်းသောမြေပြင်ပေါ်၌အိပ်ခြင်း
71: sleeping on the rough ground,
၇၂။ နံပါး တဘက်တည်းဖြင့် အိပ်ခြင်း
72: sleeping with just one side,
၇၃။ မြူ အညစ်အကြေးကို ဆောင်ခြင်း
73: dirty body,
၇၄။ လွင်ပြင်၌ နေခြင်း
74: living in the open air,
၇၅။ ရတိုင်းသော နေရာ၌ နေထိုင်ခြင်း
75: accepting whatever the seat is,
၇၆။ မစင်ကို စားခြင်း
76: living on filth,
၇၇။ မစင်စားခြင်းအမှုကိုအားထုတ်ခြင်း
77: addicting to the practice, living on filth,
၇၈။ ရေမသောက်ပဲ နေခြင်း
78: drinking no water,
၇၉။ ရေမသောက်ပဲ နေရန် အားထုတ်ခြင်း
79: addicting to the practice, drinking no water,
၈ဝ။ ညနေချမ်း ၌ သုံးကြိမ် ရေသို့ ဆင်းသက်ခြင်း
80: going to bathe three times before evening,
၈၁။ ရေသို့ ဆင်းသက်ရန် အမှုကို အားထုတ်ခြင်း။
81: addicting to the practice, going to bathe.

ခြိုးခြံသော ကျင့်စဉ်၏ ညစ်ညူးကြောင်းများ

(စင်ကြယ်ကြောင်းများ) The faults of the austeries:
၁။ မိမိကျင့်နေသော အကျင့်ကို ကျေနပ်ပြီး ပြည့်စုံနေပြီးဟု မှတ်ယူနေခြင်း
1: (A self–mortifier) being pleased and satisfied at having attained his end,
၂။ မိမိကျင့်နေသော အကျင့်ဖြင့် မိမိကိုယ့်ကိုကို ချီးမြှောက်ပြီး သူတပါးတို့အား နှိမ့်ချ ရှုံ့ချခြင်း
2: elevating himself and disparaging others by his austerity,
၃။ မိမိကျင့်နေသော အကျင့်ထဲ၌ မူယစ်တွေဝေနေခြင်း
3: becoming carelessly intoxicated with it,
၄။ မိမိကျင့်နေသော အကျင့်ဖြင့် ပစ္စည်းလာဘ်လာဘရအောင် ထင်ရှားကျော်ကြားအောင် ဆောင်ရွက်ခြင်း
4: bringing himself gains, honors and fame by it,
၅။ ထိုရလာသော လာဘ် အကျော်အစောဖြင့် ကျေနပ်ပြီး ပြည့်စုံနေပြီဟု မှတ်ယူနေခြင်း
5: being pleased and satisfied with his gains, honors and fame,
၆။ ထိုရလာသော လာဘ် အကျော်အစောဖြင့် မိမိကိုယ့်ကိုကို ချီးမြှောက်ပြီး သူတပါးတို့အား နှိမ့်ချ ရှုတ်ချခြင်း
6: elevating himself and disparaging others through his gains, honors and fame,
၇။ ထိုရလာသော လာဘ် အကျော်အစောထဲ၌ မူယစ်တွေဝေနေခြင်း
7: becoming carelessly intoxicated with his gains, honors and fame.
(ခြိုးခြံသော ကျင့်စဉ်၏ စင်ကြယ်ကြောင်းများမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(The purifications of the austeries are opposite of the above.)

ခြေကြွလှမ်းရာ၌ မှတ်ရမည့် ကမ္မဋ္ဌာန်း ၆ ဆင့်

Single footstep into six parts in meditation:
၁။ ဥဒ္ဓရဏ – ခြေကို ကြွခြင်း
1: Lifting up,
၂။ အတိဟရဏ – ခြေကို ရှေ့သို့ဆောင်ခြင်း
2: shifting forward,
၃။ ဝီတိဟရဏ – ခြေကို ထိုမှ ဤမှ ဆောင်ခြင်း
3: shifting sideways,
၄။ ဝေါဿဇ္ဇန – ခြေကို အောင်သို့လွှတ်ချခြင်း
4: lowering down,
၅။ သန္နိက္ခေပန – ခြေကို မြေ၌ချခြင်း
5: placing down,
၆။ သန္နိရုမ္ဘန – ခြေကို မြေ၌ ကြပ်ကြပ်နှိပ်ရပ်ခြင်း။
6: fixing down.

ခြေနယ်ဆီ လှူရကျိုး ၅ ပါး

Five benefits of donating medical oil for foot:
၁။ ရောဂါကင်းခြင်း
1: No disease, health,
၂။ အဆင်းလှခြင်း
2: beauty,
၃။ စူးစမ်းနိုင်ခြင်း
3: penetrated mind,
၄။ စားသောက်ဖွယ် ရလွယ်ခြင်း
4: a lot of food and drinks,
၅။ အသက်ရှည်ခြင်း။
5: longevity.

ခြောက်ပါးစုတရား ခြောက်ပါး

(ဆဆက္က – ခြောက်ပါးစုတရား ခြောက်ပါး _ရှု)

ခြောက်ပါး သီလ

ငါးပါးသီလ_ရှု ထဲ၌ တစ်ပါးတိုးပြီး စောင့်ထိမ်ခြင်းဖြစ်သည်။
Six precepts, six principle rules of conduct (adding one more precept into the five precepts):
၁။ ပါဏာတိပါတာ ဝေရမဏိ
1: Not killing,
၂။ အဒိန္နာ ဒါနာ ဝေရမဏိ
2: not stealing,
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိ
3: not sexual misconduct,
၄။ မုသာဝါဒါ ဝေရမဏိ
4: not telling lies,
၅။ သုရာ မေရယ မဇ္ဇ ပ္ပမာဒဋ္ဌာနာ ဝေရမဏိ
5: not using alcoholic drinks and drugs,
၅။ ဝိကာလ ဘောဇနာ ဝေရမဏိ။
6: not eating after mid–day.

ခြောက်ပြစ်

(မိန်းမလှများ မရှိရမည့် အပြစ် ၆ ပါး = ခြောက်ပြစ်ကင်း သဲလဲစင် ဆိုရိုးစကား) Six defects that a pretty lady should not have:
၁။ အတိ ထူလာ = ဝလွန်းခြင်း
1: Too fat,
၂။ အတိ ကိသာ = ပိန်လွန်းခြင်း
2: too thin,
၃။ အတိ သုက္ကာ = ဖြူလွန်းခြင်း
3: too white,
၄။ အတိ ကဏှာ = မဲလွန်းခြင်း
4: too black,
၅။ အတိ ဒီဃာ = ရှည်လွန်းခြင်း
5: too tall,
၆။ အတိ ရဿာ = ပုလွန်းခြင်း။
6: too short.

ခွက်လှူရကျိုး ၃ ပါး

Three benefits of donating cup:
၁။ ရွှေခွက် ရရှိပိုင်ဆိုင်ခြင်း
1: Belonging to gold–cup,
၂။ ပတ္တမြားခွက် ရရှိပိုင်ဆိုင်ခြင်း
2: to ruby–cup,
၃။ ဖလ်ခွက် ရရှိပိုင်ဆိုင်ခြင်း။
3: to glass–cup.

ခွေးကဲ့သို့ ကျင့်

(ခွေးကဲ့သို့ အိပ် စား နေထိုင်) သော ‘သေနိယ’ နှင့် နွားကဲ့သို့ကျင့်သော ‘ပုဏ္ဏ’ တို့အား ဘုရားရှင် တရားဟောတော်မူပြီး ခွေးကဲ့သို့ ကျင့်သော သေနိယ သာသနာတွင်းဝင်ပြီး ရဟန္တာဖြစ်ခြင်း (ကက္ကုရဝတိကသုတ်။ မဇ္စျိမပဏ္ဏာသ ပါဠိ)
Lord Buddha taught Seniya, a dog–duty ascetic, and Puṇṇa, an ox–duty ascetic, later, Seniya intered into the Saṃgha, became an arahant.
(Kukkuravatika Sutta, Majjhima–nikāya)

ဂင်္ဂါ

ဟိန္ဒူဘာသာဝင်တို့၏ အမြင့်မြတ်ဆုံးမြစ်။ ပါဠိ ပိဋကတ်စာပေမှာလည်း အလွန်ထင်ရှားသည်။ The Ganges River (Gaṅgā in Pāḷi), the holy river of Hinduism, common in Buddhist Scriptures as well.

ဂင်္ဂါ ဝါဠု သဲစုမက

The amount is more than that of sand–grains on the bank of the Ganges River (Gaṅgā River).

ဂဃဏန

Clearly, unmistakably, obviously.

ဂဏ ဝါစက

Member/teacher (mainly monk) of a Buddhist monastery whose primary job is ‘teaching and studying Buddhist Scriptures’.

ဂဏာ

ဂဏာနို့ဆွမ်း (စာလုံးပေါင်း အမှန် = ဃနာ နို့ဆွမ်း _ရှု) Rice boiled in milk.

ဂဏ္ဌိ

အဖု အထုံး။ ခက်ရာခက်ဆစ်။ ကျမ်းဂန် တစ်ခုခု၏ ခက်ခဲသော ပုဒ် – တရားအချက်လက်များကိုသာ အဓိပ္ပါယ် ဖွင့်ဆိုသောကျမ်းစာ။
Difficult/knotty point, a book which comments/explains on the knotty words/dhammas.

ဂတိ

လားရောက်ရာ Destiny, destination, course of existence, modes of life.

ဂတိ ၅ ပါး

(လားရာ)
Five destinies:
၁။ နတ် ဗြဟ္မာ
1: Heavenly world,
၂။ လူ
2: human world,
၃။ ငရဲ
3: hell,
၄။ ပြိတ္တာ
4: ghost–realm, the world of the shades,
၅။ တိရစ္ဆာန်။
5: animal kingdom, realm of animals.

ဂတိ

(လားရောက်ရာ) မြဲကြောင်းတရား ၆ ပါး
Six things needed for a destiny desired by a person:
၁။ သဒ္ဓါ
1: Faith,
၂။ သီလ
2: morality,
၃။ သုတ
3: knowledge,
၄။ စာဂ
4: generosity,
၅။ ပညာ
5: wisdom,
၆။ ပတ္ထနာ ဆုတောင်း။
6: praying, asking for what one wants.

ဂတိနိမိတ်

Destiny sign.

ဂန္ထ

ကျမ်းဂန်။ အနှောင်ဖွဲ့ Book, scripture, tie.

ဂန္ထ ၄ ပါး

(နှောင်ဖွဲ့ထားသော တရား = ဂန္ထ ၄ ပါး _ရှု)

ဂန္ထန္တရ

Miscellaneous religious literature.

ဂန္ထ ဓုရ

The duty to study scriptures.

ဂန္ထ ဝင်

Classic, classical literature.

ဂန္ထာရမ္ဘ

ကျမ်းဦးစကား Preface, introduction of a book.

ဂန္ဓ

Odour, smell.

ဂန္ဓ ကုဋိ

Specific chamber/room for the use of the Buddha/Buddha–statue.

ဂန္ဓဗ္ဗ

A class of deity (spirit) inhabiting at Mt. Meru, celestial musician, deity of fragrant.

ဂန္ဓဗ္ဗနတ်

Devas (deities) of the fragrant (gandhabba):
၁။ မူလ ဂန္ဓနတ် – အမြစ်နံ့သာကို အစိုးရသောနတ်
1: Gandhabba = deities dwelling in fragrant roots,
၂။ သာရ ဂန္ဓနတ် – အနှစ်နံ့သာကို အစိုးရသောနတ်
2: in fragrant heartwood,
၃။ ဖေဂ္ဂု ဂန္ဓနတ် – အကာနံ့သာကို အစိုးရသောနတ်
3: in fragrant softwood,
၄။ တစ ဂန္ဓနတ် – အခေါက်နံ့သာကို အစိုးရသောနတ်
4: in fragrant bark,
၅။ ပပဋိက ဂန္ဓနတ် – အပွေးနံ့သာကို အစိုးရသောနတ်
5: in fragrant shoots,
၆။ ပတ္တ ဂန္ဓနတ် – အရွက်နံ့သာကို အစိုးရသောနတ်
6: in fragrant leaves,
၇။ ပုပ္ဖ ဂန္ဓနတ် – အပွင့်နံ့သာကို အစိုးရသောနတ်
7: in fragrant flowers,
၈။ ဖလ ဂန္ဓနတ် – အသီးနံ့သာကို အစိုးရသောနတ်
8: in fragrant fruits,
၉။ ရသ ဂန္ဓနတ် – အရည်နံ့သာကို အစိုးရသောနတ်
9: in fragrant sap,
၁ဝ။ ဂန္ဓ ဂန္ဓနတ် – အနံ့နံ့သာကို အစိုးရသောနတ်။
10: in fragrant scents.

ဂန္ဓမာတောင်

A mountain in Himalaya, which spreads pleasant smells.

ဂန္ဓာရတိုင်း

စိန့်တိုင်း = တရုပ်ပြည် China (country).

ဂန္ဓာရီ ဝိဇ္ဇာ

Occult science concerned with worldly super–power.

ဂန္ဓာရုံ

Sense of smell.

ဂမိကဝတ်

ခရီးသွားသူ၏တာဝန်
Traveling–monk’s duties.

ဂရု

Heavy, long vowels, stressed sound, respect.

ဂရုက

(ကြီးလေးသော) အာပတ် ၃၁ မျိုး Thirty–one kinds of heavy transgression:
၁။ ဘိက္ခု + ဘိက္ခုနီ ပါရာဇိက၈ မျိုး
1: ‘Defeat’ of monk and nun –8
၂။ ဘိက္ခု သံဃာဒိသိသ်-၁၃ မျိုး
2: ‘community of monks are needed for confession’ –13
၃။ ဘိက္ခုနီ သံဃာဒိသိသ် ၁ဝ မျိုး
3: ‘community of nuns are needed for confession’ –10 စုစုပေါင်း-၃၁ မျိုး
all together:-31

ဂရုကံ

(ကံကြီး ၅ ပါး _ရှု)
Heavy/weighty kammas, deadly/heinous sins.

ဂရုကံကြီး ၂ ပါး

Two kinds of weighty kamma:
၁။ မဟဂ္ဂုတ် ကုသိုလ်ကံ
1: Jānic wholesome kamma,
၂။ ပဌာနန္တရိယ အကုသို်လ်ကံ။
2: five deadly unwholesome kamma.

ဂရုဓမ္မ ၅ ပါး

ငါးပါးသီလ _ရှု

ဂရုဓံ

(ဂရုဓမ္မ) = လေးနက်စွာ ကျင့်ကြံလိုက်နာရမည်ဖြစ်သော တရား ၈ ပါး
Eight special rules for the female–monks (bhikkhunī)/
Eight must–followed rules for the female–monks (bhikkhunī):
၁။ ဘိက္ခုနီ ရဟန်းမသည် ဝါ ၁ဝဝ ပင်ရသော်လည်း ဖြစ်သစ်စ ရဟန်းငယ်ကို ရိုသေစွာ ရှိခိုးရမည်။
1: Even a hundred years of bhikkhunī should respect a monk just ordained.
၂။ ဘိက္ခုနီ ရဟန်းမသည် ရဟန်းတော်များကျောင်းနှင့် မနီး မဝေးသော ကျောင်းမှာ ဝါကပ်ဆိုရမည်။
2: Bhikkhunī should stay rainy–retreat at a nunary, not–far–nor–near from monks’ residence.
၃။ ဘိက္ခုနီ ရဟန်းမသည် ရဟန်းတော်များထံ လခွဲတကြိမ် ဥပုသ်မေးခြင်း အဆုံးအမပေးရန် လျှောက်ထားခြင်း တို့ကို ပြုရမည်။
3: Every fortnight, bhikkhunī ask the day of uposatha and request for instruction from the monks.
၄။ ဘိက္ခုနီ ရဟန်းမသည် ဝါကျွတ်ပြီးသော် ရဟန်းတော်များ + ရဟန်းမိန်းမများထံ ပဝါရဏာပြုရမည်။
4: Bhikkhunī should do pavāraṇā (invitation for criticism) at both monks’ and nuns’ assembilies.
၅။ သံဃာဒိသေသ်အာပတ်သင့်သော ရဟန်းမသည် ရဟန်းတော်များ + ရဟန်းမိန်းမများထံ မာနတ်ကျင့်ရမည်။
5: Bhikkhunī should observe mānatta (undergoing penance for a half month) at both monks’ and nuns’ assembilies.
၆။ ဘိက္ခုနီ ရဟန်းမပြုမည့်သူသည် ၂ နှစ်ကြာ သိက္ခမာန်အဖြစ် ကျင့်ကြံနေထိုင်ရမည်။
6: Bhikkhunī–novice training years should be two.
၇။ ဘိက္ခုနီ ရဟန်းမသည် ရဟန်းယောက်ျားများကို မဆဲရေး မရေရွတ်ရ။
7: Bhikkhunī should never revile/abuse the monks for whatsoever reason.
၈။ ဘိက္ခုနီ ရဟန်းမသည် ရဟန်းယောက်ျားများကို သြဝါဒ မပေးရ။
8: Bhikkhunī should never admonish the monks.

ဂရုပြု ဂရုစိုက်။ထား

Attentively, carefully, keeping in mind.

ဂရုဘဏ်။ လဟုဘဏ်

Important/heavy possession, not important/light possession.

ဂရုသံ

Accent, voiced sound.

ဂဠုန်

(ဂရုဠ)
Mythical king of birds, garuḷa.

ဂဠုန် ၄ မျိုး

Four kinds of garuḷa:
၁။ အဏ္ဍဇ = ဥခွံအတွင်းမှာ ဖြစ်သောဂဠုန်
1: Garuḷas born from the egg,
၂။ ဇလာဗုဇ = မိခင်ဝမ်းအတွင်းမှာ ဖြစ်သောဂဠုန်
2: from the mother’s womb,
၃။ သံသေဒဇ = အညှိကိုစွဲပြီး ဖြစ်သောဂဠုန်
3: from moisture,
၄။ သြပပါတိက = ကိုယ်ထင်ရှား ဘွားကနဲပေါ်လာသော ဖြစ်သောဂဠုန်။
4: of spontaneous rebirth. (ဂဠုန် ၄ မျိုးတို့သည် နံပါတ်စဉ်အတိုင်း အဆင့်မြင့်ကြသည်)
(The garuḷas are gradually superior to from number 1 to 4.)

ဂဠုန်ပြည်၏ အမှတ်အသား အထွတ်အထိပ်သစ်ပင်

ကူဋသိမ္ဗလီ – လက်ပံပင်
(စတုတ္ထရုက္ခသုတ်။ ဣန္ဒြိယသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
The chief tree of Supaṇṇa, the Realm of King of Birds = the silk–cotton tree.

ဂါထာ

ကဗျာ
Verse, stanza.

ဂါမဝါသီ

ရွာနေ Resident monks at a village, city or town.

ဂါမ္မ

(ဂမ္မ) ဒေါသ Fault of using vulgar/obscene language.

ဂါရဝ

ရိုသေခြင်း Respect, humbleness.

ဂါရဝ

(အလေးအမြတ်ထားစရာ) တရား ၆ ပါး Six kinds of respect:
၁။ ဘုရားရှင်အား လေးစားရိုသေခြင်း
1: Respect toward Buddha,
၂။ တရားတော်အား လေးစားရိုသေခြင်း
2: toward dhamma,
၃။ သံဃာတော်အား လေးစားရိုသေခြင်း
3: toward Saṃgha,
၄။ ကျင့်ဝတ်သိက္ခာကို လေးစားရိုသေခြင်း
4: toward training,
၅။ မမေ့မလျှော့ အပ္ပမာဒတရားကို လေးစားရိုသေခြင်း
5: toward awareness,
၆။ ချစ်ခင် ဖေါ်ရွေမှုကို လေးစားရိုသေခြင်း။
6: toward hospitality. (အဂါရဝ တရား ၆ ပါးသည် အထက်ပါတို့မှ ဆန့်ကျင်ဘက်များဖြစ်ကြသည်)
(Six dis–respects are the opposite of the above.)

ဂါရဝ (အလေးအမြတ်ထားစရာ) တရား ၁ဝ ပါး

Ten kinds of respect:
အထက်ပါ ၆ ပါးထဲသို့ အောက်ပါ ၄ ပါးကို ထည့်ပေါင်းပါ –
Add the followings four into the above six respects:
၇။ သမာဓိတရားကို လေးစားရိုသေခြင်း
7: toward concentration,
၈။ မကောင်းမှုမှ ရှက်ခြင်းကို လေးစားရိုသေခြင်း
8: toward moral shame,
၉။ မကောင်းမှုမှ ကြောက်ခြင်းကို လေးစားရိုသေခြင်း
9: toward moral dread,
၁ဝ။ အတူနေသူ အချင်းချင်းကို လေးစားရိုသေခြင်း။
10: toward fellow men.

ဂါရဝပြု

Pay respect, homage, salute.

ဂိဇ္စျကုဋ် တောင်

ရာဇဂြို်ဟ်မြို့ကို ပတ်ရံနေသော တောင် ၅ လုံးမှ တောင်တစ်လုံးဖြစ်သည်။ ဗုဒ္ဓစာပေ ၌ ထင်ရှားသည်။ လင်းတ ပုံသဏ္ဍာန်နှင့်တူ၍ ဂိဇ္စျကုဋ် တောင်ဟုခေါ် သည်။ (ဂိဇ္စျ = လင်းတ)Gijjha–kūṭa – One of the five mountains around Rajagriha City in India, a famous mountain in Buddhist scriptures. Its shape is like a vulture, thus, Mt. Vulture.

ဂိမှန်။ ဂိမန္တ

Summer.

ဂိရိ

Mountain.

ဂိလာန

Sick/ill person.

ဂိလာနဘတ်

Diet/food for the sick, food donated for the sick.

ဂီတ

Music.

ဂီတ သီဆိုခြင်းဟူသည်

(အရိယာပုဂ္ဂိုလ်တို့၏ ကျင့်ဝတ်၌ _ရှု)

ဂီတသံဖြင့် တရားဟောခြင်း၏ အပြစ် ၅ ပါး

Five disadvantages of preaching dhamma with musical voice:
၁။ ဟောသူကိုယ်တိုင် အသံကို စွဲမက်ခြင်း
1: Attachment to his (preacher’s) own voice,
၂။ နာကြားသူများလည်း စွဲမက်ခြင်း
2: attachment by the listeners,
၃။ လူသားများ သီချင်းဆိုသကဲ့သို့ ဘုရားသားတော်(ရဟန်း) များလည်း သီချင်းဆိုကြ၏ဟု ကဲ့ရဲ့ခံရခြင်း
3: criticizing by the lay–persons saying, “Just as we sing, so do monks”,
၄။ ဂီတသံကို အားထုတ်နေရမှုကြောင့် တရားသမာဓိ ပျက်ခြင်း
4: weak concentration due to striving after purity of voice,
၅။ နောင်လာနောက်သားများ အတုလိုက်မှားနိုင်ခြင်း။
5: it is possible to follow after this wrong way of preaching in the future.

ဂုဏ်ကျက်သရေ ဖြစ်သော အရာ ၇ မျိုး

(အစအဦး – ဂုဏ်ကျက်သရေ ဖြစ်သော အရာ ၇ မျိုး _ရှု)

ဂုဏ်တော်

Attribute, ability, quality, characteristic of the Triple Gems, i.e., Buddha, Dhamma, and Saṃgha.

ဂုဏ်တော် (၆) ပါး (တရား)

(တရားဂုဏ်တော် – ၆ – ပါး _ရှု)

ဂုဏ်တော် (၉) ပါး (ဘုရား)

(ဘုရားဂုဏ်တော် – ၉ – ပါး _ရှု)

ဂုဏ်တော် (၉ ) ပါး (သံဃာ)

(သံဃာဂုဏ်တော် – ၉ – ပါး _ရှု)

ဂုဏ်တော်ပွါး

Concentrating/meditating on the attributes of Lord Buddha.

ဂုဏဝန်

August personage, a person who has dignity.

ဂုဏဝုဒ္ဓိ

Respect due to qualification and position.

ဂိုဏ်း။ ဂိုဏ်း ဂဏ

Group, sect, gang, republic, branch, school.

ဂိုဏ်းကြီး ၁၈ ဂိုဏ်း

သာသနာတော် ၁ဝဝ ခု၌ ဒုတိယသံဂါယနာတင်ပြီး မူရင်းဂိုဏ်းကြီး ၂ ခုတို့မှာ –
ထေရဝါဒနှင့် ယင်း၏ ဒုတိယသံဂါယနာကို မကျေနပ်၍ ခွဲထွက်သွားကြသောမဟာသံဃိကတို့ ဖြစ်ပါသည်။ ထေရဝါဒမှ မိမိအပါအဝင် ဂိုဏ်း ၁၂ ဂိုဏ်းကွဲထွက်ပြီး မဟာသံဃိကမှ ဂိုဏ်း ၆ ဂိုဏ်းကွဲလာသောကြောင့် ၁၈ ဂိုဏ်းဖြစ်လာပါသည်။ ယင်းတို့ကို စူဠဝံသကျမ်းနှင့် ကထာဝတ္ထုအဋ္ဌကထာ များ၌ မှတ်တမ်းတင်ထားပါသည်။
၁၈ ဂိုဏ်းတို့မှာ –
Eighteen Schools of Buddhism: At 100 Buddha–Era, after the Second Buddhist Council, there were two main schools of Buddhism: Theravāda and Mahāsaṃghika; the latter disagreed and protested the Council. Theravāda gradually was split into 12 branches including it and Mahāsaṃghika into 6, thus 18. They are recorded in Cūḷavaṃsa and Kathāvatthu (Points of Controversy) Commentary. These 18 are:
၁။ ထေရဝါဒ ခေါ် ဝိဘဇ္ဇဝါဒ ခေါ် ဋ္ဌဝီရဝါဒ
1: Theravāda/Vibhajjavāsa/Sthaviravāda,
၂။ မဟိသာသက
2: Mahisāsaka,
၃။ ဝဇ္ဇီပုတ္တက
3: Vajjīputtaka,
၄။ ဓမ္မုတ္တရိယ
4: Dhammuttariya,
၅။ ဘဒြယာနိက
5: Badrayānika,
၆။ သန္ဒာဂါရိက
6: Sandāgārika,
၇။ သမိတိယ
7: Samitiya,
၈။ သဗ္ဗတ္ထိဝါဒ
8: Sabbatthivāda,
၉။ ဓမ္မဂုတ္တိက
9: Dhammaguttika,
၁ဝ။ ကဿပိယ
10: Kassapiya,
၁၁။ သင်္ကန္တိက
11: Saṅkantika,
၁၂။ သုတ္တဝါဒ
12: Suttavāda,
၁၃။ မဟာသံဃိက
13: Mahāsaṃghika,
၁၄။ ဂေါကုလိက
14: Gokulika,
၁၅။ ဧကဗျောဟာရိက
15: Ekabyohārika,
၁၆။ ပဏ္ဏတ္တိ
16: Paṇṇatti,
၁၇။ ဗဟုသုတ္တိယ
17: Bahusuttiya,
၁၈။ စေတိယ။
18: Cetiya.

ဂေယျ

Discourse that contains verse as well as prose.

ဂေဟာ

Home, house, place of refuge.

ဂေါစရ

ကျက်စားသင့်သော – အရာ ၃ မျိုး
Three proper resorts/fields:
၁။ ဥပနိဿယ ဂေါစရ – မှီဝဲ ကျက်စားရာ
1: Proper support,
၂။ အာရက္ခ ဂေါစရ – စောင့်ရှောက် ကျက်စားရာ
2: guarding,
၃။ ဥပနိဗန္ဓ ဂေါစရ – ကပ်ငြိ ကျက်စားရာ။
3: anchoring/fasterning.

ဂေါစရ ဂါမ်

Town, village etc., which provide the four requisites for the monks/novices/nuns.

ဂေါတမ

Gotama: family name of Lord Buddha, Sakyamuni.

ဂေါပက

Trustee of pagoda or of a religious organization.

ဂေါယာ။ ဂေါယာန

Great Island to the west of Mount Meru
(in Buddhist cosmology).

ဂေါရသ

(နွားမှဖြစ်သောအရသာ အစားအစာ) ၅ မျိုး Five tastes/food–staffs from cow:
၁။ ခီရ – နို့
1: Milk,
၂။ ဒဓိ – နို့ဓမ်း
2: curds,
၃။ နဝနီတ – ဆီဥ
3: ghee,
၄။ သပ္ပိ – ထောပတ်
4: butter,
၅။ သပ္ပိမဏ္ဍ – ထောပတ်ကြည်။
5: butter–cream.

ဂျိန်းတို့၏ အယူဝါဒ

(နိဂဏ္ဌနာဋပုတ္တ – ဇိန – ဂျိန်း၏ အယူဝါဒ _ရှု)

ဃန

(အစိုင်အခဲ တစ်ခုတည်းကဲ့သို့ ထင်ရသော) တရား ၄ ပါး Four masses:
၁။ သန္တတိ ဃန – နာမ်ရုပ်တရားများ၏ ရှေ့နောက်ဖြစ်စဉ် တစ်ခုတည်းတစ်စပ်တည်းကဲ့သို့ထင်ရခြင်း
1: Mass of continuity – the process of mind and matter,
၂။ သမူဟ ဃန – ဖဿ ပထဝီစသောတရားများ တစ်စုတည်းတစ်ပေါင်းတည်းဖြစ်နေသည်ဟု ထင်ရခြင်း
2: of coherence – contact, earth etc.
၃။ ကိစ္စ ဃန – ရုပ်ကလာပ် နာမ်ကလာပ် အသီးသီးတို့ မိမိကိစ္စ မိမိ အသီးသီးဆောင်ရွက်နေသည်ကို တစ်ခုတည်းတစ်ခါတည်း ဖြစ်နေသည်ဟု ထင်ရခြင်း
3: of function – physical cell, mental group etc.,
၄။ အာရမ္မဏ ဃန – အာရုံတရားတို့ သီးခြားယူသော်လည်း တစ်ခါတည်း ယူသည်ဟု ထင်ရခြင်း။
4: of sense–objects – sense objects combining each other as a mass.

ဃနာ နို့ဆွမ်း

Gruel made of milk and rice for monks/Buddha.

ဃရာဝါသ

Matrimony, family–life.

ဃရာဝါသ ကိစ္စများမြောင် လူတို့ဘောင်

Family’s life has a lot to be done.

ဃရာဝါသ လူ့ကိစ္စများ

ကိစ္စများမြောင် လူတို့ဘောင် (ဓနဥ္ဇာနိသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
Duties in a family’s life (Dhanaṅjāni Sutta, Majjhima–paṇṇāsa Pāḷi):
၁။ မိဘ ကိစ္စ
1: To support one’s parents,
၂။ သားမယား ကိစ္စ
2: to support one’s wife and children,
၃။ ကျွန် အလုပ်သမား ကိစ္စ
3: to support one’s slaves and workers,
၄။ မိတ်သင်္ဂဟ ကိစ္စ
4: duty towards one’s friends and companions,
၅။ ဆွေမျိုး ကိစ္စ
5: duty towards one’s kinsmen and relatives,
၆။ ဧည့်သည် ကိစ္စ
6: duty towards one’s guests,
၇။ ကွယ်လွန်သွားသူများ ကိစ္စ
7: duty towards one’s departed ancestors,
၈။ နတ် ကိစ္စ
8: duty towards one’s deities,
၉။ မင်း (ဘုရင်) ကိစ္စ
9: duty towards one’s king,
၁ဝ။ မိမိခန္ဓာကိုယ်၏ ကိစ္စ။
10: duty towards one’s body.

ဃာန

Nose.

ဃာနဒွါရ

Nose–door.

ဃာနဝိညာဉ် နံသိစိတ်

Nose–consciousness.

ဃာနာယတန

Nose–base.

ဃာနိန္ဒြေ

Nose–faculty.

ဃောရ ဝိသ

ကြမ်းထမ်းသောအဆိပ် Deadly poison.

ဃောသ

ပျင်းထန်သံ Voiced (of speech sound).

ဃောသ

ဟိန်းဟိန်း ပျင်းပျင်း ရွတ်ရသော အက္ခရာ ၂၁ လုံး
Twenty–one voiced letters:
ဂ ဃ င။ ဇ စျ ည ။ ဍ ဎ ဏ။ ဒ ဓ န။ ဗ ဘ မ။ ယ ရ လ ဝ ဟ ဠ
Ga gha ṅa, ja jha ña, ḍa ḍha ṇa, da dha na, ba bha ma, ya ra la va ha ḷa.

ဃောသိတာရုံကျောင်း

Monastery founded/donated/built by Ghosita, a rich man.

ငယ်ရွယ်သော်လည်းမထေမဲ့မြင် မပြုထိုက်သော အရာ ၄ မျိုး

(မထေမဲ့မြင် မပြုထိုက်သော အရာ ၄ မျိုး _ရှု)

ငရဲ (နိရယ) = ချမ်းသာမှု ကင်းသောနေရာ

Hell, devoid of happiness.

ငရဲကျကြောင်း တရား ၃ ပါး

Three courses that lead/cast into hell:
၁။ သီလမရှိခြင်း
1: No moral conduct,
၂။ ငြူစူခြင်း
2: envy,
၃။ နှမျောဝန်တိုခြင်း။
3: stinginess/meanness.

ငရဲကျကြောင်း တရား ၅ ပါး

Five courses that lead/cast into hell:
၁။ မဆင်ခြင် မစဉ်းစားပဲ ကဲ့ရဲ့ထိုက်သူကို ချီးမွမ်းခြင်း
1: Prasing the unpraiseworthy without consideration,
၂။ မဆင်ခြင် မစဉ်းစားပဲ ချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း
2: dispraising the praiseworthy,
၃။ မဆင်ခြင် မစဉ်းစားပဲ မကြည်ညိုထိုက်သူ။ အရာကို ကြည်ညိုခြင်း (တနည်း)
ဣဿာများခြင်း
3: having/showing faith in things unbelievable (or) jealousy,
၄။ မဆင်ခြင် မစဉ်းစားပဲ ကြည်ညိုထိုက်သူ။ အရာကို မကြည်ညိုခြင်း (တနည်း)
မစ္ဆရိယများခြင်း
4: disbelieving in things believable (or) avarice,
၅။ တရားသဖြင့်ရသောပစ္စည်းကို လှူသူ သဒ္ဓါတရားပျက်အောင် ပြုဆောင်ခြင်း (ရဟန်းတော်များ)။
5: misusing the things/gift donated by the lay–persons (for monks).
(ငရဲ မကျကြောင်း တရား ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်များဖြစ်သည်။)
(Five courses that do not lead/cast into hell are opposite of the above.)

ငရဲကျကြောင်း တရား ၃ဝ ပါး

(ကမ္မပထ တရား ၁ဝ ပါး – အကုသိုလ် _ရှု)

ငရဲကျကြောင်း တရား ၄ဝ ပါး

Fourty courses that lead/cast into hell:
၁။ ကိုယ်တိုင်သတ်ခြင်း
1: Killing oneself,
၂။ သူတပါးတို့အား သတ်စေခြင်း
2: cause to kill others,
၃။ သတ်မှုကို သဘောတူခြင်း
3: agree with killing,
၄။ သတ်မှုကို ချီးမွမ်းခြင်း
4: praise the killing,
၅ –၈။ ကိုယ်တိုင်ခိုးယူခြင်း။ သူတပါးတို့အား ခိုးယူခိုင်းခြင်း . . . . .
5 –8: stealing, cause to steal others . . . . .
၉–၁၂။ ကာမဂုဏ်၌ မှားယွင်းစွာကျင့်ခြင်း . . . . .
9 –12: sexual misconduct . . . . .
၁၃ –၁၆။ မုသားစကား ပြောကြားခြင်း . . . . .
13 –16: telling lies . . . . .
၁၇–၂ဝ။ ကုန်းတိုက်စကား ပြောကြားခြင်း . . . . .
17 –20: back–biting . . . . .
၂၁–၂၄။ ကြမ်းထမ်းရိုင်းပြစကားပြောကြားခြင်း့21 –24: rude speech . . . . .
၂၅–၂၈။ ပိန်ဖျင်းစကား ပြောကြားခြင်း . . . . .
25 –28: gossip . . . . .
၂၉–၃၂။ မနာလိုခြင်း . . . . .
29 –32: jealousy . . . . .
၃၃–၃၆။ ပြစ်မှားခြင်း . . . . .
33 –36: ill will . . . . .
၃၇။ အယူမှားခြင်း
37: wrong view,
၃၈။ သူတပါးတို့အား အယူမှားယူစေခြင်း
38: cause to grasp wrong view others,
၃၉။ အယူမှားကို သဘောတူခြင်း
39: agree with wrong view,
၄ဝ။ အယူမှားကို ချီးမွမ်းခြင်း။
40: praise the wrong view.

ငရဲကျမည့်သူ ၃ ယောက်

Three persons who will go to hell:
၁။ မမြတ်သောအကျင့်ကို ကျင့်နေပါလျှက် မြတ်သောအကျင့်ကို ကျင့်နေသည်ဟု ဝန်ခံခြင်း
1: An evil person who claims to live the holy life,
၂။ မြတ်သောအကျင့်ရှိသူများကို စွတ်စွဲဖျက်ဆီးခြင်း
2: a person who falsely charges and destroys holy persons as amoral ones,
၃။ ကာမဂုဏ်တို့၌ အပြစ်အရှိဟု အယူရှိခြင်း။
3: a person who holds the view that there is no fault in sensuality.

ငရဲ ကျသူ ငရဲမှာ ခံစားရပုံ

(ဗာလပဏ္ဍိတသုတ်။ ဒေဝဒူတသုတ် – ဥပရိပဏ္ဏာသပါဠိ။ သုတ္တနိပါတပါဠိ)
The ways of torture in hell (Bāḷa–paṇḍita Sutta, Upari–paṇṇāsa):
၁။ ငရဲကျသူကို လောလောပူသောသံငုတ်ဖြင့် ငါးနေရာမှာ ရိုက်ခြင်း (လက် ၂ + ခြေ ၂ + ရင်ဘတ် ၁)
1: The wardens of the hell torture evil–doer (one who suffers in hell) with the fivefold transfixing – driving a red–hot iron stake through his two hands, two feet and belly.
၂။ ငရဲကျသူကို အိပ်စေပြီး ဓားမကြီးတို့ဖြင့် ရွေခြင်း
2: The wardens of the hell throw him down and pare him with swords/axes.
၃။ ငရဲကျသူကို ဇောက်ထိုးမိုးမျှော်ကိုင်ပြီး ပဲခွပ်တို့ဖြင့် ရွေခြင်း
3: They set him upside down and pare him with adzes.
၄။ ငရဲကျသူကို ရထား၌ က၍ ရဲရဲပြောင်ပြောင်တောက်လောင်နေသော မီးလျှံမီးခိုးထဲသို့ ခေါက်တုံ့ ခေါက်ပြန် ပြေးဝင်စေခြင်း
4: They harness him to a chariot and drive him back and forth across burning, blazing and glowing ground.
၅။ ငရဲကျသူကို အလျှံ ပြောင်ပြောင်တောက်လောင်နေသော မီးကျီးတောင်ကို အဖန်ဖန် တက်ဆင်းစေခြင်း
5: They make him climb up and down a great mountain of burning coals.
၆။ ငရဲကျသူကို ရဲရဲပြောင်ပြောင်တောက်လောင်နေသော သံအိုးထဲသို့ ပြစ်ချခြင်း
6: They take him feet up and head down and plunge him into a red–hot metal cauldron, burning.
၇။ ငရဲကျသူသည် ထိုအိုးကြီးထဲ၌ တက် ဆင်း အဖန်ဖန်ဖြစ်ပြီး ခံစားနေရ၏။
7: He is being cooked there in a swirl of froth, up and down.
၈။ ငရဲကျသူသည် သူ၏ မကောင်းမှုကံ မကုန်သေးသမျှ ပြင်းထန် ကြမ်းထမ်း နာကျင်သော ဝေဒနာကို ထပ်ကြီးလဲလဲ ခံစားနေရသည်။
8: He does not die so long as that evil action has not exhausted its result. ၉။ အဝီစိ ငရဲနှင့်ကပ်လျှက် ဘင်ပုတ်ငရဲရှိ၏။ ယင်းငရဲထဲ၌ အပ်နှင့်တူသော နှုတ်သီးရှိသော ပိုးတို့က အဝီစိမှ ထွက်လာသော ငရဲသား၏ အရေ အသား အကြောတို့ကို ထိုးဖြတ်ကုန်၏။
9: Immediately next to the Great Hell is the vast hell of excrement. Neddle– mouthed creatures bore through his skin, flesh etc.
၁ဝ။ ဘင်ပုတ်ငရဲနှင့်ကပ်လျှက် ပြာပူငရဲရှိ၏။ ငရဲသားသည် ဘင်ပုတ်ငရဲမှာခံစားပြီး ယင်းပြာပူ၌ ကျက်ရ၏။
10: Immediately next to the hell of excrement is the vast hell of hot embers.
၁၁။ ထိုနောက် လက်ပံတော ငရဲ ၌ အလျှံပြောင်ပြောင်တောက်လောင်နေသော ဆူးများဖြင့် ထိုးဆွခြင်း
11: Immediately next to the hell of hot embers is the vast hell of Simbali tree with long thorns of blazing.
၁၂။ ထိုနောက် သန်လျှက်သွားကဲ့သောသို့ အရွက်များပြည့်နေသည် ငရဲ (သန်လျှက်တော ငရဲ)
12: Immediately next to the hell of Simbali tree is vast wood of sword–leaf tree.
၁၃။ ထိုနောက် ကြေးနီမြစ်ငရဲ (ကြိမ်ပိုက်ချောင်းငရဲ) တို့၌ ငရဲသားသည် အဆင့်ဆင့် ဒုက္ခကြီးစွာ ခံစားရ၏။
13: Immediately next to the hell of the wood of sword–leaf tree is a great river of caustic water.
၁၄။ ငရဲထိမ်းတို့က ငရဲသားကို ကြေးနီမြစ်ငရဲမှ သံချိပ်ကြီးများဖြင့် ဆွဲထုတ်ဆယ်ယူပြီး – ပါးစပ်ထဲသို့ သံထွေရည် ထည့်ခြင်း စသော နှိပ်စက်မှုမျိုးစုံဖြင့် နှိပ်စက်ကြကုန်၏။
14: Next the wardens of hell pull him out from the river with a hook; then, they pour red–hot liquid–iron into his mouth and such torture.

ငရဲ ကြီး ၈ ထပ်

Eight kinds/levels of hell:
၁။ သိဥ္စိုး ငရဲ
1: Sañjīva,
၂။ ကာဠသုတ် ငရဲ
2: Kāḷasutta,
၃။ သံဃာတ ငရဲ
3: Saṃghāta,
၄။ ရောရုဝ ငရဲ
4: Roruva,
၅။ မဟာ ရောရုဝ ငရဲ
5: Mahāroruva,
၆။ တာပါန ငရဲ
6: Tāpāna,
၇။ မဟာ တာပါန ငရဲ
7: Mahātāpāna,
၈။ အဝီစိ ငရဲ။
8: Avīci.

ငရဲ ခွေးကြီး ၂ ကောင်

Two giant hell–dogs:
၁။ သဗလ – ပြောက်ကျားသော အဆင်းရှိသောခွေးကြီး
1: Spotted dog,
၂။ သာမ – ဝါရွှေသော အဆင်းရှိသောခွေးကြီး။
2: yellowish dog.

ငရဲ ငယ် ၁ဝ မျိုး

(ကောကာလိကသုတ်။ သဂါထာဝဂ္ဂ သံယုတ္တ နှင့် ဒသကနိပါတ။ အင်္ဂုတ္တရ)
ငရဲသက်တမ်းများသည် နံပါတ် ၁။ အဗ္ဗုဒ ငရဲ မှစပြီး အစဉ်အတိုင်း အဆ ၂ဝ စီ တိုးတိုးသွားသည်။
Ten kinds of minor hell (in accordance with Kokālika Sutta, Sagāthā–vagga Saṃyutta and Aṅguttara Nikāya):
The life–span of each hell: number two, Nirabbuda, is twenty times longer than number one, Abbuda; number three, Ababa, is twenty times longer than number two, Nirabbuda, and so on.
၁။ အဗ္ဗုဒ ငရဲ
1: Abbuda,
၂။ နိရဗ္ဗုဒ ငရဲ
2: Nirabbuda,
၃။ အဗဗ ငရဲ
3: Ababa,
၄။ အဋဋ ငရဲ
4: Aṭaṭa,
၅။ အဟဟ ငရဲ
5: Ahaha,
၆။ ကုမုဒ ငရဲ
6: Kumuda,
၇။ သောဂန္ဓိက ငရဲ
7: Sogandhika,
၈။ ဥပ္ပလက ငရဲ
8: Uppalaka,
၉။။ ပုဏ္ဍရီက ငရဲ
9: Puṇḍarīka,
၁ဝ။ ပဒုမ ငရဲ။
10: Paduma.

ငရဲ ဒုက္ခ

(ငရဲ ကျသူ ငရဲမှာ ခံစားရပုံ _ရှု)

ငရဲဟူသည်

(ဗာလပဏ္ဍိတသုတ်။ ဒေဝဒူတသုတ် စသည်)
What the great hell is:
၁။ လေးထောင့်ကျ၏
1: It has four corners.
၂။ တံခါးလေးခုရှိ၏
2: It is built with four doors,
၃။ အကွက်ကျကျ တိုင်းတာဝေဘန်ထား၏
3: one set in each side.
၄။ သံတံတိုင်းဖြင့် ကာရံထား၏
4: It has iron–wall all around.
၅။ သံပြားဖြင့် မိုးအုပ်ထား၏
5: It also has iron–roof
၆။ သံဖြင့်ပြီးသော ကြမ်းပြင်ရှိ၏
6: and iron–floor.
၇။ ရဲရဲပြောင်ပြောင် တောက်လောင်နေ၏
7: It is heated with blazing fire.
၈။ ယူဇနာ ၁ဝဝ ကျယ်ပြန့်၏။
8: The range is a full hundred yūjanās.

ငါးကြီး ၄ ကောင်

(ယူဇနာ ၁ဝဝဝ စီရှိသည်) Four giant fishes: (size of 1,000 yujanā each):
၁။ အာနန္ဒ မည်သောငါး
1: Ānanda,
၂။ တိမိနန္ဒ မည်သောငါး
2: Timinanda,
၃။ အဇ္စျာရောဟမည်သောငါး
3: Ajjhāroha,
၄။ မဟာတိမိ မည်သောငါး
4: Mahātimi.

ငါးပါး သီလ

Five precepts, five principle rules of conduct:
၁။ ပါဏာတိပါတာ ဝေရမဏိ – အသက်သတ်မှု မှ ရှောင်ကြဉ်ခြင်း
1: Avoidance of killing,
၂။ အဒိန္နာဒါနာ ဝေရမဏိ – ခိုးယူမှု မှ ရှောင်ကြဉ်ခြင်း
2: of stealing,
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိ – ကာမတို့၌ မှောက်မှားစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း
3: of sexual misconduct,
၄။ မုသာဝါဒါ ဝေရမဏိ – လိမ်ညာပြောမှု မှ ရှောင်ကြဉ်ခြင်း
4: of lying,
၅။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ – အရက်သေစာမူယစ်ဆေးဝါး သုံးဆောင်မှုမှ ရှောင်ကြည်ခြင်း။
5: of using alcoholic drinks and drugs.

ငါးပါး သီလ ကိုယ်ချင်းစာတရား + နတ်ပြည်ရောက်ကြောင်းတရား

(ဝေဠုဒွါရေယျသုတ်။ သောတာပတ္တိသံယုတ်။
မဟာဝဂ္ဂသံယုတ္တပါဠိ)
Five precepts as analogy to oneself, as dhammas led to heaven.
(Mahā–vagga Saṃyutta Pāḷi, The Connected Discourses)

ငါးပါး သီလ၏ အကျိုး ၃ ပါး

Three benefits of keeping five precepts:
၁။ အသက်ရှည်ခြင်း
1: Longevity,
၂။ ပစ္စည်းချမ်းသာခြင်း
2: wealth,
၃။ ဉာဏ်ပညာရှိခြင်း။
3: wisdom.

ငါးပါးသော ရန်

(ရန်သူမျိုး ၅ ပါး _ရှု)

ငါးပါး အဥ္ဇလီ

Five signs of respect:
၁။ ဖျင် ပုဆိုး တဘက် ပုဝါ ကို လက်ကန်တော့ တင်ခြင်း
1: Piece of cloth, such as towel, on the shoulder,
၂။ လက်အုပ် ချီမိုး ရှိခိုးခြင်း
2: folded hands/palms,
၃။ လက်ဖဝါး နှစ်ဘက်ဖြင့် ကြီးမြတ်သူ၏ ခြေကိုကိုင်တွယ်ခြင်း
3: touching the respect–receiver’s feet.
၄။ မေတ္တာ ရှေ့သွား ရှိခြင်း
4: loving–kindness toward him/her,
၅။ ရိုသေစိတ် ရှိခြင်း။
5: having reverent mind.

ငါးပါး အာရုံ ကာမဂုဏ် ဥပမာ ၁ဝ ချက်

(ကာမဂုဏ် ဥပမာ ၁ဝ ချက် _ရှု)

ငါးမျှားချိတ်နှင့်တူသောတရား ၆ ပါး

Six things similar to fish–hood:
(နှစ်သက်စွဲလမ်းဘွယ် အာရုံ ၆ ပါး _ရှု။ Pleasurable and attachable six senses.)

ငါးရာငါးဆယ် ဇာတ်တော်

(ဇာတ်တော် ၅၅ဝ _ရှု)

ငါးရာနှစ်ဆယ်။ ရှစ်သွယ်မေတ္တာ

Five hundred twenty–eight ways of sending loving–kindness (mettā):
အခြေခံ မေတ္တာပို့နည်း ၄ မျိုး
Four basic ways:
မေတ္တာပို့
Sending/transmitting/radiating loving–kindness.
မေတ္တာပို့ ပါဠိတော်လာ ‘တု’ လေးချက်
မြန်မာလို ‘စေ’ ၄ ချက်
Four ways of sending loving–kindness (in the Pāḷi Scriptures):
၁။ အဝေရာ ဟောန္တု = ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ
1: May all beings be free from dangers;
၂။ အဗျာပဇ္ဇာ ဟောန္တု = ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ
2: from hatred;
၃။ အနီဃာ ဟောန္တု = ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ
3: from difficulties/misery;
၄။ သုခီ အတ္တာနံ ပရိဟရန္တု = နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
4: may they support themselves well.
ယင်း ၄ ချက်ကို မူတည်ပြီး Based upon the above 4 ways, you should send loving–kindness to the following 12 groups:
၁။ သဗ္ဗေ သတ္တာ = စွဲလမ်းမှု ရှိကြသော သတ္တဝါ အားလုံး
1: All beings that have attachment,
၂။ သဗ္ဗေ ပါဏာ = အသက်ရှူကြသော သတ္တဝါ အားလုံး
2: all breathed beings,
၃။ သဗ္ဗေ ဘူတာ = ကိုယ်ထင်ရှားရှိသော သတ္တဝါ အားလုံး
3: all beings with visible body,
၄။ သဗ္ဗေ ပုဂ္ဂလာ = အသီးသီးသော ပုဂ္ဂိုလ် သတ္တဝါ အားလုံး
4: all beings in individual,
၅။ သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ = ခန္ဓာကိုယ် အတ္တဘောရှိကြသော သတ္တဝါ အားလုံး
5: all beings with aggregates,
(အနောဓိသ = အားလုံးခြုံ၍ ပို့သအပ်သော မေတ္တာအာရုံ ၁ မှ ၅ = ၅ စု)
(Numbers 1 to 5 = 5 are the objects of loving–kindness in general/unspecified.)
၆။ သဗ္ဗာ ဣတ္ထိယော = မိန်းမ အားလုံး
6: all females,
၇။ သဗ္ဗေ ပုရိသာ = ယောက်ျား အားလုံး
7: all males,
၈။ သဗ္ဗေ အရိယာ = အရိယာ သူတော်စင် အားလုံး
8: all noble beings,
၉။ သဗ္ဗေ အနရိယာ = ပုထုဇဉ် အားလုံး
9: all worldly/common beings,
၁ဝ။ သဗ္ဗေ ဒေဝါ = နတ် အားလုံး
10: all devas (deities),
၁၁။ သဗ္ဗေ မနုဿာ = လူ အားလုံး
11: all human–beings,
၁၂။ သဗ္ဗေ ဝိနိပါတိကာ = အပါယ်ဘုံသား အားလုံး။
12: all beings in the woeful–states.
(သြဓိသ = သီးခြားစီ ပုဂ္ဂိုလ်ချင်းအလိုက် ရည်မှန်း၍ ပို့သအပ်သော မေတ္တာအာရုံ ၆ မှ ၁၂ = ၇ စု)
(Numbers 6 to 12 = 7 are the objects of loving–kindness in particular/specified.)
သတ္တဝါ အစု ၁၂ ခု။ တစ်ခုစီ ကို အထက်ပါ (တု – စေ) လေးချက်စီဖြင့် မေတ္တာ ပို့သောကြောင့် –
၄ » ၁၂ = ၄၈ ပါးသော မေတ္တာ ရပါသည်။
The 12 groups of beings multiplied by 4 ways = 48 kinds of mettā.
အရပ် ၁ မျက်နှာလျှင် မေတ္တာ ၄၈ ပါး ပွါးနိုင်သောကြောင့် အရပ် ၁ဝ မျက်နှာရှိ၍ –
၄၈ » ၁ဝ = ၄၈ဝ ပါးသော မေတ္တာ ရပြန်ပါသည်။
You can send 48 kinds of mettā to each direction and multiplied by
10 directions = 480 ways of mettā.
အရပ် ၁ဝ မျက်နှာကို မသုံးသပ် – မပါဝင်သော မူရင်း မေတ္တာပို့ = ၄၈ ပါး +
အရပ် ၁ဝ မျက်နှာကို သုံးသပ် – ပါဝင်ပြီး မေတ္တာပို့ = ၄၈ဝ ပါး = ၅၂၈ ပါး
ဤသို့သော နည်းဖြင့် – ၅၂၈ မေတ္တာ ဖြစ်ပါသည်၊
Thus, sending mettā regardless of direction, 48 + and regarding to the ten directions, 480 = 528 ways of sending loving–kindness (mettā).

ငိုက်မျဉ်းမှု (မိဒ္ဓ) ကင်းကြောင်းတရား ၇ ပါး

(ပစလာယမာနသုတ်။ သတ္တကနိပါတ။ အင်္ဂုတ္တရပါဠိ)
၁။ ငိုက်မျဉ်းကြောင်း သညာကို နှလုံးမသွင်းခြင်း
1: Getting rid of perception that leads to drowsiness,
၂။ သင်ယူကြားနာခဲ့သောတရားကို အဖန်ဖန် နှလုံးသွင်းခြင်း
2: thinking/pondering what has heard and memorized,
၃။ သင်ယူကြားနာခဲ့သောတရားကို ရွတ်ဖတ် သရဇ္စျာယ်ခြင်း
3: chanting what has heard and memorized,
၄။ နားရွက် နှစ်ဘက်ကို လက်ဖြင့် ဆွဲခြင်း
4: pulling both one’s earlobes and rub the limbs with hands,
၅။ နေရာမှထပြီး ရေဖြင့် မျက်စိကို ပွတ်သပ် တာရာနက္ခတ်တို့ကို ကြည့်ခြင်း
5: getting up from one’s seat, washing the eyes out with water, looking around in all directions and upward to the stars and constellations,
၆။ အလင်းရောင်ကို နှလုံးသွင်းခြင်း
6: developing a brightened mind,
၇။ စကြံလျှောက်ခြင်း။
7: meditative walking back and forth.

ငြင်းခုံခြင်း၏ အပြစ် ၅ ပါး

Five bad results of arguing/quarreling:
၁။ တရားထူး မရနိုင်ခြင်း
1: Not to attain higher level of dhamma,
၂။ ရပြီးတရားမှ ယုတ်လျော့ခြင်း
2: descending from attained dhamma,
၃။ မကောင်းသတင်း ကျော်စောခြင်း
3: spreding defame,
၄။ တွေတွေဝေဝေ သေရခြင်း
4: dying horribly,
၅။ သေပြီးနောက် ငရဲရောက်ခြင်း။
5: being reborn in hell.

ငြိမ်းအေးခြင်း (သန္တိ) ၃ မျိုး

Three kinds of peace:
၁။ အစ္စန္တ သန္တိ – တကယ်စင်စစ် ငြိမ်းအေးခြင်း – မဂ် ဖိုလ် နိဗ္ဗာန် ချမ်းသာ
1: Real, permanent peace: path (magga), fruition (phala) and Nibbāna;
၂။ တဒင်္ဂ သန္တိ – ခဏတာ ငြိမ်းအေးခြင်း – သမာဓိ စျာန် ချမ်းသာ
2: momentary peace: concentration and trance;
၃။ သမ္မုတိ သန္တိ – ပညတ်အားဖြင့် ငြိမ်းအေးခြင်း – လောကီအာရုံများ၌ ချမ်းသာသည်ဟု ထင်မှတ်ခြင်း။
3: conventional peace: worldly sensual pleasures.

စက်လက္ခဏာတော် ၁ဝ၈ ပါး

(တရာ့ရှစ်ကွက် စက်လက္ခဏာ _ရှု)

စက်တော်ရာ

ပါဒစေတီ
The foot–print of Lord Buddha.

စကား ၆ ခွန်း

Six categories of words:
၁။ မှန်ကန် နာကြားလို အကျိုးရှိသော စကား
1: True, agreeable, beneficial,
၂။ မှန်ကန် မနာကြားလို အကျိုးရှိသော စကား
2: true, not agreeable, beneficial,
၃။ မှန်ကန် မနာကြားလို အကျိုးမရှိသော စကား
3: true, not agreeable, not beneficial,
၄။ မမှန်ကန် နာကြားလို အကျိုးရှိသော စကား
4: false, agreeable, beneficial,
၅။ မမှန်ကန် မနာကြားလို အကျိုးရှိသော စကား
5: false, not agreeable, beneficial,
၆။ မမှန်ကန် မနာကြားလို အကျိုးမရှိသော စကား။
6: false, not agreeable, not beneficial.
(မှတ်ချက်။။ သူတော်ကောင်းကြီးများသည် အမှတ် ၁ နှင့် ၂ တို့ကိုသာ ပြောဆိုကြပါသည်။) (Note: The wise/virtuous use numbers 1 and 2.)

စကား ၇ မျိုး

Seven categories of talk:
၁။ တိရစ္ဆာန ကထာ = မဂ်ဖိုလ်မှ ဆန့်ကျင်ဘက်ဖြစ်သောစကား
1: Talk against the attainment of path (magga) and fruition (phala),
၂။ ဒါန ကထာ = လှူဒါန်းမှုနှင့် စပ်သောစကား
2: Talk regarding almsgiving, generosity,
၃။ သီလ ကထာ = ကိုယ်ကျင့်သီလနှင့် စပ်သောစကား
3: regarding virtue, morality,
၄။ သဂ္ဂ ကထာ = နတ်ပြည်ရောက်ကြောင်းနှင့် စပ်သောစကား
4: regarding heaven,
၅။ မဂ္ဂ ကထာ = မဂ်ကျင့်စဉ် လမ်းစဉ်နှင့် စပ်သောစကား
5: regarding meditative fruition (i.e., The Four Noble truths),
၆။ ကာမာနံ အာဒီနဝ ကထာ = ကာမဂုဏ်တို့၏ အပြစ်နှင့် စပ်သောစကား
6: regarding defects of sensual pleasure,
၇။ နေက္ခမာနိသံသ ကထာ = တောထွက်မှု အကျိုးအာနိသင်နှင့် စပ်သောစကား။
7: regarding advantages of renunciation.

စကား ၁ဝ မျိုး အကျိုးရှိစွာ ပြောစရာ

Ten beneficial speeches:
၁။ ကာလဝါဒီ =အချိန်သင့်မှ ပြောဆိုခြင်း
1: Speaking timely,
၂။ ဘူတဝါဒီ = အဖြစ်မှန်ကို ပြောဆိုခြင်း
2: factually,
၃။ ဓမ္မဝါဒီ = တရားမျှတစွာ ပြောဆိုခြင်း
3: with dhamma,
၄။ သစ္စဝါဒီ = တိကျမှန်ကန်စွာ ပြောဆိုခြင်း
4: truthfully,
၅။ အတ္ထဝါဒီ = အကျိုးရှိရာကို ပြောဆိုခြင်း
5: beneficially,
၆။ မိဟိတ ပုဗ္ဗဘာဏီ = ပြုံးရွှင်စွာ ပြောဆိုခြင်း
6: with smile,
၇။ မိတ ဘာဏီ = သင့်မသင့် ထောက်ချင့်ချိန်ဆပြီး ပြောဆိုခြင်း
7: steadily,
၈။ အတုရိတဝါဒီ = အဆောတလျင် မြန်မြန်ဆန်ဆန် မပြောခြင်း
8: not in rush,
၉။ ပေါရီ = ယဉ်ကျေးသော စကားကို သုံးနှုံး ပြောဆိုခြင်း
9: sweetly and politely,
၁ဝ။ ဝိသဒဝါဒီ = သန့်ရှင်း ပီသစွာ ပြောဆိုခြင်း။
10: clearly.

စကားကောင်း လက္ခဏာ ၄ မျိုး

Four characters of well–spoken words:
၁။ သုဘာသိတ – ကောင်းမွန်သောစကား
1: Well–spoken words,
၂။ ဓမ္မ – တရားနှင့်ညီသောစကား
2: words regarding dhamma,
၃။ ပိယ – ချစ်ဘွယ်သောစကား
3: pleasant words,
၄။ သစ္စ – မှန်ကန်သောစကား။
4: truthful words.

စကားနှီးနှော ပြောဆိုကြရာ၌ ဆွေးနွေးသင့် မသင့် ပုဂ္ဂိုလ်များ

(ကထာဝတ္ထုသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
Persons whether fit to talk or unfit to talk:
၁။ ဆွေးနွေးရန် မသင့်သော ပုဂ္ဂိုလ်၏ လက္ခဏာများ
1: Persons unfit to talk:
(က) တိုက်ရိုက်ဖြေဆိုရမည်ကို တိုက်ရိုက် မဖြေဆိုသောပုဂ္ဂိုလ်
(a) Not answering a categorical question categorically,
(ခ) ဝေဖန်၍ဖြေဆိုရမည်ကို ဝေဖန်၍ မဖြေဆိုသောပုဂ္ဂိုလ်
(b) answering distinct question without distinction,
(ဂ) ပြန်လည်မေးမြန်းပြီး ဖြေဆိုရမည်ကို ပြန်လည်မမေးမမြန်းပဲ ဖြေဆိုသောပုဂ္ဂိုလ်
(c) answering without counter–question that should be answered with counter–question,
(ဃ) မဖြေပဲထားရမည်ကို ဖြေကြားသောပုဂ္ဂိုလ်။
(d) answering a question that should be set aside.
၂။ (က) အကြောင်းဟုတ်သည် မဟုတ်သည်ကို မတည်သော။ မသိသောပုဂ္ဂိုလ်
2: (a) Not standing firm in regard to one’s position and the opposing position,
(ခ) ကြံဆအပ်သောအရာ၌ မတည်သော။ မသိသောပုဂ္ဂိုလ်
(b) not standing firm in one’s stratagem,
(ဂ) သိရမည့်ဝါဒ၌ မတည်သော။ မသိသောပုဂ္ဂိုလ်
(c) not standing firm in an assertion about what is known,
(ဃ) ဖြေကြားရမည့်ကျင့်ဝတ်၌ မတည်သော။ မသိသောပုဂ္ဂိုလ်။
(d) not standing firm in the procedure.
၃။ (က) မေးမြန်းသောအခါ စကားတစ်ခုကို အခြားစကားတစ်ခုဖြင့် ဖုံးကွယ်သောပုဂ္ဂိုလ်
3: (a) Answering evasively (covering the main topic with another),
(ခ) အပြင်စကား မဆိုင်သည်များကို ပြောကြားသောပုဂ္ဂိုလ်
(b) diverting the discussion to an irrelevant subject,
(ဂ) စိတ်ဆိုး အမျက်ထွက်သောပုဂ္ဂိုလ်
(c) displaying anger and hatred,
(ဃ) မနှစ်သက်မှုကို ထင်စွာပြသောပုဂ္ဂိုလ်။
(d) showing the bitterness.
၄။ (က) မေးမြန်းသောအခါ ပါဠိပါဌ်သား ရွတ်ဖတ်ပြီး လွှမ်းမိုးသောပုဂ္ဂိုလ်
4: (a) Overwhelming the questioner by reciting/quoting the texts,
(ခ) အကြောင်းအမျိုးမျိုးပြပြီး နှိမ်သောပုဂ္ဂိုလ်
(b) crushing the questioner,
(ဂ) သံသယဖြစ်လောက်အောင် ရယ်သွမ်းသွေးသောပုဂ္ဂိုလ်
(c) ridiculing the questioner,
(ဃ) ချွတ်ယွင်းချက် အနည်းငယ်ကို မူတည်ပြီး အမှားဖမ်းသောပုဂ္ဂိုလ်။
(d) seizing upon a slight error.

စကား ပြောရာ အင်္ဂါ ၅ ပါး အခြေခံများ

Five courses of speech:
၁။ ပြောသင့်သောအခါ (သို့မဟုတ်) မပြောသင့်သောအခါ၌ ပြောဆိုခြင်း
1: Timely or untimely,
၂။ ဟုတ်မှန်သည် (သို့မဟုတ်) မဟုတ်မှန်သည်ကို ပြောဆိုခြင်း
2: true or untrue,
၃။ သိမ်မွေ့စွာ (သို့မဟုတ်) ကြမ်းထမ်းစွာ ပြောဆိုခြင်း
3: gentle or harsh,
၄။ အကျိုးရှိစွာ (သို့မဟုတ်) အကျိုးမရှိသည်ကို ပြောဆိုခြင်း
4: connected with good or with harm,
၅။ မေတ္တာ ရှေ့ထား (သို့မဟုတ်) ဒေါသ ရှေ့ထား ပြောဆိုခြင်း။
5: spoken with a mind of loving–kindness or with inner hate.

စကားဖြစ်ကြောင်း ၃ မျိုး

Three bases of talk:
၁။ အတိတ်
1: Referring to the past,
၂။ အနာဂတ်
2: referring to the future,
၃။ ပစ္စုပ္ပန်။
3: referring to the present.

စကားများခြင်း၏ အပြစ် ၅ ပါး

Five disadvantages of a person full of talk:
၁။ မမှန်စကား ပြောမိတတ်ခြင်း
1: Liable to false talk,
၂။ ကုန်းတိုက်စကား ပြောမိတတ်ခြင်း
2: to gossip/back–biting,
၃။ ကြမ်းထမ်းစကား ပြောမိတတ်ခြင်း
3: to rude talk,
၄။ ပြိန်ဖျင်းစကား ပြောမိတတ်ခြင်း
4: to vain talk,
၅။ သေပြီး ငရဲရောက်ရခြင်း။
5: hell after death.
(စကားနည်းခြင်း၏ အကျိုး ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Five advantages of a person of little talk are opposite of the above.)

စက္ကဝါက်

Ruddy shelduck.

စကြာ

(စက္က)
Wheel, disk.

စကြာဝတေးမင်း

Universal/Wheel–turning monarch/king.

စကြာဝဠာ

Universe, world system.

စင်္ကြံ

Walk, path, corridor, pavement, platform.

စင်္ကြလျှောက်ခြင်း အကျိုး ၅ ပါး

Five benefits of walking exercise:
၁။ လမ်းကြာရှည်စွာ လျှောက်နိုင်ခြင်း
1: Being capable of long walking,
၂။ တရားကောင်းစွာ ရှုမှတ်။ထိုင်နိုင်ခြင်း
2: easiness to practice meditation,
၃။ ကျန်းမာခြင်း
3: healthy,
၄။ အစာကျေညက်လွယ်ခြင်း
4: good digestion,
၅။ သမာဓိ ရလွယ်ခြင်း။
5: easy to get concentration.

စက်တော်ရာ

ပါဒစေတီ
Buddha’s foot–print.

စက္ခု

Eye.

စက္ခု ၄ မျိုး

(မျက်စိ ၄ မျိုး _ရှု)
Four kinds of eyes.

စက္ခု ၅ ပါး

Five kinds of eye:
၁။ ဗုဒ္ဓ စက္ခု
1: Buddha cakkhu – Buddha–eye,
၂။ ဓမ္မ စက္ခု
2: Dhamma cakkhu – dhamma–eye,
၃။ သမန္တ စက္ခု
3: Samanta cakkhu – omniscience–eye,
၄။ ပညာ စက္ခု
4: Paññā cakkhu – wisdom–eye,
၅။ ဒိဗ္ဗ စက္ခု။
5: Dibba cakkhu – divine–eye.

စက္ခုန္ဒြေ

Casting down of one’s eyes, eye–faculty/base.

စက္ခုပသာဒ

The faculty of the eye, state of being pleasant to the eyes.

စကြဝတေးမင်း

Universal monarch, world–conqueror.

စကြာ

Circle, chariot of the universal monarch.

စကြာမင်း၏ တန်ခိုး ၄ မျိုး

Four properties of a universal king:
၁။ သူတပါးတို့ထက် အဆင်းလှခြင်း
1: He is handsome surpassing other men.
၂။ သူတပါးတို့ထက် အသက်ရှည်ခြင်း
2: He is long–lifed, outliving other men.
၃။ သူတပါးတို့ထက် အနာရောဂါကင်းခြင်း
3: He is free from illness.
၄။ ပုဏ္ဏားနှင့် သူကြွယ်တို့က အလွန်ချစ်မြတ်နိုးခြင်း။
4: He is beloved with Brahmins and householders.

စကြာမင်း၏ ရတနာ ၇ ပါး

Seven treasures of universal monarch:
၁။ စကြာ ရတနာ
1: Wheel–treasure,
၂။ ဆင် ရတနာ
2: elephant–treasure,
၃။ မြင်း ရတနာ
3: horse–treasure,
၄။ ပတ္တမြား ရတနာ
4: jewel–treasure,
၅။ မိဖုရား ရတနာ
5: woman–/queen–treasure,
၆။ သူဌေး ရတနာ
6: householder–treasure,
၇။ သားကြီး ရတနာ။
7: counselor–/son– treasure.

စကြာဝဠာ

Universe, cosmological system.

စကြာဝဠာ သက်တမ်းရှည်လျားများပြားပုံ ဥပမာများ

(ကမ္ဘာ–စကြာဝဠာ– ရှည်လျား များပြားပုံ ဥပမာများ _ရှု)

စင်ကြယ်ကြောင်းတရား ၄ ပါး

(ကုသိုလ်စီးကြောင်း _ရှု)

စင်္ကြံ

Walking–path, corridor, platform, pavement.

စင်္ကြံ ကမ္မဋ္ဌာန်း ၆ ဆင့်

(ခြေကြွလှမ်းရာ၌ မှတ်ရမည့် ကမ္မဋ္ဌာန်း ၆ ဆင့် _ရှု)

စင်္ကြံ လမ်း၏ အပြစ် ၅ ပါး

Five defects of walking–way/path:
၁။ မြေကြမ်းထမ်းပြီး မညီညွတ်ခြင်း
1: Having uneven and rugged ground,
၂။ စင်္ကြံလမ်းအတွင်း သစ်ပင်ရှိခြင်း
2: tree(s) on the walk–way,
၃။ မြက်နွယ်ချုံပုတ် လွှမ်းအုပ်နေခြင်း
3: covering with shrubs and bushes,
၄။ အလွန်ကျဉ်းမြောင်းခြင်း
4: too narrow,
၅။ အလွန်ကျယ်လွန်းခြင်း။
5: too wide.

စင်ကြယ်ခြင်း – ၄ ပါး

(သုဒ္ဓိ – စင်ကြယ်ခြင်း – ၄ ပါး _ရှု)

စင်ကြယ်ကြောင်း ကျင့်စဉ် အယူအဆများ

ဘုရားလက်ထက်တော် (မဟာသီဟနာဒသုတ်။ မူလပဏ္ဏာသပါဠိ)
Doctrines regarding purification at the time of Lord Buddha (Mūlapaṇṇāsa Pāḷi):
၁။ အာဟာရေန သုဒ္ဓိ – အစာအာဟာရဖြင့် စင်ကြယ်နိုင်သည်
1: Purification comes about through food.
၂။ သံသာရေန သုဒ္ဓိ – သံသရာ၌ ကြာရှည်စွာလည်ပတ်ပြီး စင်ကြယ်နိုင်သည်
2: Purification comes about through the round of rebirths.
၃။ ဥပပတ္တိယာ သုဒ္ဓိ – အချို့သော ဇာတိဖြင့် စင်ကြယ်နိုင်သည်
3: Purification comes about through some particular kind of rebirth.
၄။ အာဝါသေန သုဒ္ဓိ – အချို့သော ဘုံဘဝဖြင့် စင်ကြယ်နိုင်သည်
4: Purification comes about through some particular abode.
၅။ ယညေန သုဒ္ဓိ – ယာဇ်ပူဇော်ပြီး စင်ကြယ်နိုင်သည်
5: Purification comes about through sacrifice.
၆။ အဂ္ဂိပရိစရိယာယ သုဒ္ဓိ – မီးကို လုပ်ကျွေးပြီး စင်ကြယ်နိုင်သည်။
6: Purification comes about through fire–worship.

စင်္ကြံလျှောက်

Walk to and fro, walk repeatedly.

စစ်ဆေး မေးမြန်းရာ၌ စကားအရာ အင်္ဂါ ၅ တန်

Five points to be borne in mind to rebuke/tell another:
၁။ သင့်တော်သော အချိန် ၌ ပြောဆိုခြင်း
1: Speaking at the proper time, not at wrong time,
၂။ အမှန်ကို သာ ပြောဆိုခြင်း
2: speaking truth, not false,
၃။ သိမ့်မွေ့စွာ ပြောဆိုခြင်း
3: speaking gentally, not roughly,
၄။ ကောင်းကျိုးလိုလား၍ ပြောဆိုခြင်း
4: speaking for the good of others,
၅။ မေတ္တာရှေ့ထား၍သာ ပြောဆိုခြင်း။
5: speaking with love, not with enmity.

စစ်သူရဲကောင်း၏ အင်္ဂါ ၄ ပါး

Four qualities of a great fighting–man:
၁။ စစ်ရေး ကျွမ်းကျင်ခြင်း
1: Skill in points of vantage,
၂။ မျှား လှန်စသည်ကို ဝေးစွာပြစ်နိုင်ခြင်း
2: a far–shooter,
၃။ လျှပ်စီးလက်သကဲ့သို့ ပြစ်နိုင်ခြင်း
3: a shooter like lightening,
၄။ ထူထဲသော ဒုကိုပင် ဖေါက်ထွင်းအောင် ပြစ်နိုင်ခြင်း။
4: a piercer of huge object.

စစ်သား စစ်သည်များ လားရောက်ရာ ပရာဇိတ မည်သောငရဲ

(ယောဓာဇီဝသုတ် + ဟတ္ထာရောဟသုတ် + အဿာရောဟသုတ်။ ဂါမဏိသံယုတ်။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ)
A hell, Parājita by name, to which the soldiers may go after death.

စဏ္ဍာလ

သုဿာန်လုပ်သား။ အောက်တန်းစား Caste of cemetery worker.

စတ္တာလီသ နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ၁၇ ခုမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၄ဝ (စတ္တာလီသ) ပုဒ်ခန့် ပါရှိသော ဇာတ်တော်များ ဖြစ်၍ စတ္တာလီသ နိပါတ်ဟုခေါ်သည်။ ဇာတ်တော်ပေါင်း ၅ ခု ပါဝင်သည်။
Cattālīsa–nipāta (Jātaka): This is the seventeenth chapter of the 550 Birth–stories; each of them consists of about fourty verses, thus, fourty–verse–stories. There are 5 stories in this chapter.

စတ္တာလီသ နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မဟာကဿပ ရဟန္တာ မထေရ်မြတ် သည် ဂါထာလေးဆယ် ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်း ဖြစ်သည်။
Cattālīsa–nipāta (Theragāthā): This is a collection of joyous verses uttered by a male–monk (arahanta), Mahā Kassapa by mane, at the time of Lord Buddha. He uttered fourty verses (cattālīsa).

စတ္တာလီသ နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ ဣသိဒါသီ ရဟန္တာ ထေရီမသည် ဂါထာ လေးဆယ် ဥဒါန်းကျူးရင့် တော်မူသည်ကို စုစည်းထားခြင်းဖြစ်သည်။ Cattālīsa–nipāta (Therīgāthā): This is a collection of joyous verses uttered by a female–monk (arahanta), Isidāsī by name, at the time of Lord Buddha. She uttered fourty verses (cattālīsa).

စတု

Four.

စတုက္က နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ စတုတ္ထ ကဏ္ဍဖြစ်သည်။ ဂါထာ ၄ ပုဒ် စီပါရှိသော ဇာတ်တော်များ ဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၅ဝ ပါဝင်သည်။
Catukka–nipāta (Jātaka): This is the fourth chapter of the 550 Birth–stories; each of them consists of four verses; thus, Catukka–nipāta, four–verse–story; there are 50 stories in this chapter.

စတုက္က နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်ရာဟုလာ အရှင်ဘဂု စသော ရဟန္တာမထေရ် ၈ ပါးတို့လေးဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်းဖြစ်သည်။
Catukka–nipāta (Theragāthā): This is a collection of joyous verses uttered by 8 male–monks (arahanta) such as Rāhulā and Bhagu at the time of Lord Buddha. Each uttered four verses (catukka).

စတုက္က နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ ဘဒ္ဒကာပိလာနီ ရဟန္တာ ထေရီသည် လေးဂါထာ ဥဒါန်းကျူးရင့် တော်မူသည်ကို စုစည်းထားခြင်းဖြစ်သည်။
Catukka–nipāta (Therīgāthā): This is a collection of joyous verses uttered by a female–monk (arahanta), Bhaddāpilānī by name, at the time of Lord Buddha. She uttered four verses (catukka).

စတုက္က နိပါတ (အင်္ဂုတ္တရ) ပါဠိ

အင်္ဂုတ္တရနိကာယ်၌ တရားအစု ၄ ပါးစီကို အဓိကထား ဟောကြားသောသုတ္တန်တို များပါဝင်သည့် စတုတ္ထမြောက် ကျမ်းဖြစ်သည်။
Catukka–nipāta (Aṅguttara): The fourth book of the ‘Gradual Discourses’; in this book, each discourse emphasizs four items of the dhamma.

စတုက္က နိပါတ (ဣတိဝုတ္တတ) ပါဠိ

အခြေခံအားဖြင့် သစ္စာ ၄ ပါး။ တဏှာဖြစ်ကြောင်း ၄ ပါး ပစ္စည်း ၄ ပါး စသောတရား လေးပါးစီကို ဦးတည်ဟောကြားသော သုတ္တန်အတို ၁၃ သုတ် ပါဝင်သည့် အုပ်စုဖြစ်သည်။
Catukka–nipāta (Itivuttaka): Thirteen short discourses in this chapter generally aim at four certain dhammas, such as ‘the the four noble truths’and ‘the four causes of clinging’.

စတုဂံ

Four–angle, square.

စတုတ္ထ

Fourth.

စတုပါရိသုဒ္ဓိ သီလ

စင်ကြယ်ရမည့် ကျင့်ဝတ်သီလ ၄ ပါး
Four kinds of morality consisting of purification:
၁။ ပါတိမောက္ခ သံဝရ သီလ – ဝိနည်း သိက္ခာပုဒ်များကို စောင့်စည်းခြင်း
1: Restraint with regard to the monks’ disciplinary code,
၂။ ဣန္ဒြိယ သံဝရ သီလ – ဣန္ဒြေ ငါးပါးကို စောင့်စည်းခြင်း
2: restraint of senses,
၃။ အာဇီဝ ပါရိသုဒ္ဓိ သီလ – အသက်မွေးဝမ်းကျောင်းမှု ဖြူစင်ခြင်း
3: purification of livelihood,
၄။ ပစ္စယ သန္နိဿိတ သီလ – ပစ္စည်းလေးပါး မှီဝဲ သုံးစွဲမှု ဖြူစင်ခြင်း။
4: morality with regard to the four requisits of the monks.

စတုမဓူ

Electuary made of four ingredients (honey, butter, molasses, and sesame oil).

စတု မဟာရာဇ်

The first heavenly abode of sensual realms,
(literally, the realm of ‘Four Great Kings’).

စတု မဟာရာဇ် နတ်မင်းကြီး ၄ ပါး

(လောကပါလ နတ်မင်းကြီး _ရှု နတ်မင်းကြီး ၄ ပါး _ရှု)

စတု မဟာရာဇ် နတ်မင်းကြီးများ

(စတုမဟာရာဇသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ) –
သူတို့၏ လူလောကထောက်လှမ်းရေး
The deities of the ‘Realm of Four Great Kings’ (Their inquiry into human world):
၁။ စတု မဟာရာဇ် နတ်မင်းကြီးတို့၏ အမတ်ကြီးများ အလုပ်အကျွေးနတ်များသည် လဆန်း ၈ ရက် လဆုတ် ၈ ရက်နေ့များ၌ လူ့ပြည်လောကသို့ လှည့်လယ်၍ ‘လူသားများသည် မိခင် ဖခင် ရဟန်း ပုဏ္ဏား သက်ကြီးရွယ်အိုများကို ရိုသေစွာ ပြုစုစောင့်ရှောက်ကြပါကုန်၏လော။ ဥပုသ်သီလ စောင့်သုံး ကြပါ၏လော။ နိုးကြားထက်သန်ကြ ပါ၏လော။ ကောင်းမှုပြုကြပါ၏လော’ ဟူ၍ စုံစမ်းကြကုန်၏။
1: On the eighth of the fortnight, the minister and assembly members of the four great kings wander over this world hoping, ‘There are many people who behave properly toward their mother and father, toward astetics and brahmins, honor the elders of the family, observe the sabbath and do meritorious deeds.’
၂။ စတု မဟာရာဇ် နတ်မင်းကြီးတို့၏ သားများသည် လဆန်း ၁၄ ရက် လဆုတ် ၁၄ ရက်နေ့များ၌ . . . . .
2: On the fourteenth of the fortnight, sons of the four great kings wander over this world hoping, ‘There …..
၃။ စတု မဟာရာဇ် နတ်မင်းကြီးများ ကိုယ်တိုင်သည် ဥပုသ်နေ့ (လပြည့်လကွယ်) များ၌ . . . . . ။
3: On the fifteenth of the fortnight, the four great kings themselves wander over this world hoping, ‘There …..

စတုရာရက္ခ

အစောင့်အရှောက် တရား ၄ ပါး
Four guardian–dhammas:
၁။ အသုဘ ကမ္မဋ္ဌာန်း
1: Meditation of foulness,
၂။ မရဏာနုဿတိ
2: contemplation of death,
၃။ မေတ္တာဘာဝနာ
3: developing loving–kindness,
၄။ ဗုဒ္ဓါနုဿတိ။
4: contemplation of the qualities of the Buddha.

စတု ဝေါကာရ ဘဝ

နာမ်ခန္ဓာ ၄ ပါးသာရှိသော ဘုံဘဝ
Four–group existence.

စန္ဒ ကုမာရ ဇာတ်

ဇာတ်တော်ကြီး ၁ဝ ဖွဲ့၌ သတ္တမမြောက်ဇာတ် ဖြစ်သည်။ လူသားကို သတ်ပြီး ယာဇ်ပူဇော်မှုကို အဘယ်ကြောင့် ထိုသို့ပူဇော်သည် ကို အလေးထား ဖေါ်ပြသည်။
Canda Kumāra Jātaka – The seventh birth–story of the ten great jātakas. It is mainly about the human–sacrifice and why that is done. စနေနံ အက္ခရာ ၅ လုံး (အက္ခရာများ၏ နေ့နံ သင်္ကေတများ _ရှု)

စရဏ

(ကျင့်စဉ်)
Conduct, practice.

စရဏ ၁၅ ပါး

Fifteen kinds of conduct/moral character:
၁။ သီလ သံဝရ = သီလ စောင့်စည်းခြင်း
1: Pure virtue, morality,
၂။ ဣန္ဒြိယေသု ဂုတ္တ ဒွါရတာ =
2: guarding the sense–doors,
ဣန္ဒြေ စောင့်စည်းခြင်း
၃။ ဘောဇနေ မတ္တညုတာ = စားသောက်ရာ
3: knowing the amount of eating,
အတိုင်းအတာကို သိခြင်း
၄။ ဇာဂရိယာနုယောဂ = ထကြွ လုံ့လ
4: vigilance,
ဝိရီယ ရှိခြင်း
၅။ သဒ္ဓါ = သဒ္ဓါ တရားရှိခြင်း
5: faith, confidence,
၆။ သတိ = ဆင်ခြင် သတိ ရှိခြင်း
6: mindfulness,
၇။ ဟိရီ = မကောင်းမှုမှ ရှက်ခြင်း
7: shame to do evil, moral shame,
၈။ သြတပ္ပ = မကောင်းမှုမှကြောက်လန့်ခြင်း
8: fear to do evil, moral dread,
၉။ ဗာဟုသစ္စ = အကြားအမြင်များခြင်း
9: knowledge, vast learning,
၁ဝ။ ဝီရိယ = ကြိုးစားခြင်း
10: effort,
၁၁။ ပညာ = ပညာ ကြီးမားခြင်း
11: wisdom,
၁၂။ ပဌမ စျာနလာဘီ = ပဌမစျာန်ကိုရခြင်း
12: the attainment of first Jhāna,
၁၃။ ဒုတိယ စျာနလာဘီ = ဒုတိယစျာန်ကိုရခြင်း
13: the attainment of second Jhāna,
၁၄။ တတိယစျာနလာဘီ် = တတိယစျာန်ကိုရခြင်း
14: the attainment of third Jhāna,
၁၅။ စတုတ္ထ စျာနလာဘီ = စတုတ္ထစျာန်ကိုရခြင်း။
15: the attainment of fourth Jhāna.

စရိယ ကျင့်စဉ် ၃ ပါး

(ဘုရားအလောင်း)
Three aims of practice of the Buddha–to–be:
၁။ လောကတ္ထ စရိယ = လောကသားအများကောင်းကျိုးအတွက် ကျင့်တော်မူခြင်း
1: Fulfilling the perfections (pāramī) for the good of all beings,
၂။ ဉာတတ္ထ စရိယ = ဆွေတော်မျိုးတော်များကောင်းကျိုးအတွက် ကျင့်တော်မူခြင်း
2: for the benefit of his relatives,
၃။ ဗုဒ္ဓတ္ထ စရိယ = ဘုရားဖြစ်ရန် ကျင့်တော်မူခြင်း။
3: for attaining the Buddhahood.

စရိယာပိဋက ပါဠိ

ဤကျမ်း၌ ဘုရားရှင်ရှေးဘဝ ၃၅ ခုတို့၏ အကြောင်းများပါဝင်သည်။ ဘုရားဖြစ်ရန် ပါရမီကျင့်စဉ် (စရိယ) များ ကို သရုပ်ဖေါ်သော ကျမ်းစာဖြစ်သည်။ ခုဒ္ဒကနိကာယ်၏ ၁၃ ခုမြောက် (တေရသမ) ကျမ်းဖြစ်သည်။
Cariyā–piṭaka Pāḷi: This book is about 35 past stories of Lord Buddha. It emphasizes how to fulfill the ten perfection (dasa pāramī) to attain Buddhahood.

စရိုက်

(စရိတ)
Temperament, personality, character, nature.

စရိုက် ၆ ပါး

Six temperaments:
၁။ ရာဂ စရိုက် = လိုချင်တပ်မက်မှု အားကြီးခြင်း
1: Greedy/lustful temperament,
၂။ ဒေါသ စရိုက် = ဒေါသ မကျေနပ် အလိုမကျမှု အားကြီးခြင်း
2: hateful temperament,
၃။ မောဟ စရိုက် = မိုက်မဲ မသိမှု အားကြီးခြင်း
3: dull/deluded temperament,
၄။ သဒ္ဓါ စရိုက် = ကြည်ညို စေတနာတရား အားကြီးခြင်း
4: faithful temperament,
၅။ ဗုဒ္ဓိ စရိုက် = အသိဉာဏ် ပညာ အားကြီးခြင်း
5: intellctual temperament,
၆။ ဝိတက် စရိုက် = ကြံစည် ဝေဘန်မှု အားကြီးခြင်း။
6: discursive/ruminating temperament.

စရိုက်သဘောတူရာများ

Parallel temperaments:
၁။ ရာဂ စရိုက် =
၃။ သဒ္ဓါ စရိုက်
1: Greedy/lustful temperament =
4: faithful temperament,
၂။ ဒေါသ စရိုက် =
၅။ ဗုဒ္ဓိ စရိုက်
2: hateful temperament =
5: intellctual temperament,
၃။ မောဟ စရိုက် =
၆။ ဝိတက် စရိုက်
3: dull/deluded temperament =
6: discursive/ruminating temperament.

စာကျက်

Memorize certain passages (of the scripture).

စာကြီး ပေကြီး

Sacried texts, reliable/scholarly books.

စာကြပ်စာမ

A term used in old days for the moderator in ceremonial recitation of Buddhist scriptures.

စာဂ

စွန့်ကြဲပေးကမ်းခြင်း
Liberality, generosity, charity, altruism.

စာစပ်

Compose.

စာဆိုတော်

Composer, writer, author.

စာတက်

Learning Buddhist scriptures under a well–versed person.

စာတတ်ကြောင်း တရား ၅ ပါး

(သဒ္ဓမ္မ သမ္မောသ သုတ်။ ပဥ္စက နိပါတ။ အင်္ဂုတ္တိုရပါဠိ)
Five qualities that lead to the non–decline and non–disappearance of the good Dhamma (Saddhamma sammosā Sutta, the Gradual Discourses):
၁။ သက္ကစ္စံ ဓမ္မံ သုဏန္တိ – ရိုသေစွာ တရား။စာပေကို နာ၏
1: Respectfully listening to the Dhamma,
၂။ သက္ကစ္စံ ဓမ္မံ ပရိယာပုဏန္တိ – ရိုသေစွာ တရား။စာပေကို သင်ယူ၏
2: respectfully learning the Dhamma,
၃။ သက္ကစ္စံ ဓမ္မံ ဓာရေန္တိ – ရိုသေစွာ တရား။စာပေကို ဆောင်ယူ၏ (ကျက်မှတ်၏)
3: respectfully retaining the Dhamma in the mind,
၄။ အတ္ထံ ဥပပရိက္ခန္တိ – တရား။စာပေ၏ အနက်အဓိပ္ပါယ်ကို ဆင်ခြင်သုံးသပ်၏
4: respectfully examining the meaning of the Dhamma,
၅။ ဓမ္မာနုဓမ္မံ ပဋိပဇ္ဇန္တိ – တရားတော်။စာပေလာအတိုင်း လိုက်နာကျင့်ကြံ၏။
5: understanding the Dhamma and practicing in accordance with it.

စာထောက်စာမ

Persons who check monks reciting certain text in the Tipiṭaka–dhara recitation exam, follow along with that scripture.

စာတို ပေစ

Miscellanious writings.

စာတိုက်

(ဘီရို)
Box or cardboard for storing palm–leaf manustripts.

စာပလွေ

(ကမ္ပလွေ _ရှု)

စာပေ

Scriptures, classical writings.

စာပေ ပရိယတ္တိသည် သာသနာတော်၏ မူလအရင်းခံ

(သာသနာတော်၏ မူလအရင်းခံသည် ပရိယတ္တိ စာပေကျမ်းဂန် _ရှု)

စာပေ ပရိယတ္တိ သာသနာ ကွယ်ပျောက်ပုံ

(သာသနာကွယ် အစဉ် – စာပေပရိယတ္တိ – ပိဋကသုံးပုံ – ကွယ်ပျောက်ပုံ အစဉ် _ရှု)

စာပေ (ပရိယတ္တိ) သင်ယူနည်း ၃ မျိုး

Three ways of studying Buddhist Scriptures:
၁။ အလဂဒ္ဒူပမ = မြွေဖမ်းသကဲ့သို့ သင်ယူခြင်း
1: Studying the scriptures as wrongly/rightly grasping a snake,
၂။ နိဿရဏတ္ထ = သံသရာမှ ထွက်မြောက်ရန် သင်ယူခြင်း
2: studying them for liberation from saṃsāra, round of rebirth,
၃။ ဘဏ္ဍာဂါရိက = ဘဏ္ဍာထိမ်းကဲ့သို့ ထိမ်းသိမ်းစောင့်ရှောက်ရန်အတွက် သင်ယူခြင်း။
3: studying to keep them alive.

စာမရီ

ခန္ဓာကိုယ်၏ အမွှေးများ ရှည်လျားသော တိဘက်နွားတစ်မျိုး
Yak (Tibetan bull).

စာရိတ္တ

Morality to be performed, character.

စာဝါ

Buddhist manastic course of learning, religious lesson(s) given to monks.

စာဝါချ

Teaching/guiding Buddhist scriptures to student–monks.

စာဝါလိုက်

Attending at the Buddhist monastic course.

စာသင်

Teach or learn lessons.

စာသင်တိုက်

Monasteries where monks study the Buddhist Scripures.

စာသင်သား

Student–monks who study at the Buddhist monasteries.

စာဟော

Narrate epics or stories.

စာဟောဆရာ

Narrator of epics or stories, story–teller.

စာအံ

Recite, read, repeat again and again for memorization.

စိတ်။ မနော။ ဝိဉာဏ် (ဉ် )

Consciousness, mind, psyche.

စိတ်ကိုစောင့်ရှောက်ပါက

(စိတ်မပျက်စီးပါက) ကာယကံကိုယ်မှု ဝစီကံနှုတ်မှုတို့ကိုလည်း စောင့်ရှောက်ရာရောက်၏ (အနုရက္ခိတသုတ်။ ဗျာပန္နသုတ်။ တိကနိပါတ။ အ၈ုင်္တ္တရပါဠိ)
When mind is guarded/under control, bodily and verbal actions are also garded.

စိတ်ကို ဆင်ခြင်ခြင်း

(စိတ္တာနုပဿနာ) ၁၆ ပါး Sixteen ways of meditation on consciousness:
၁။ ရာဂ စိတ်ကို ရာဂစိတ် ဟုသိခြင်း
1: Knowing a lustful mind as lustful,
၂။ ရာဂ ကင်းသောစိတ်ကို ရာဂကင်းစိတ် ဟုသိခြင်း
2: a mind free from lust as free from lust,
၃။ ဒေါသစိတ်ကို ဒေါသစိတ် ဟုသိခြင်း
3: hatred as hatred,
၄။ ဒေါသကင်းသောစိတ်ကို ဒေါသကင်းစိတ် ဟုသိခြင်း
4: without hatred as without hatred,
၅။ မောဟစိတ်ကို မောဟစိတ် ဟုသိခြင်း
5: deluded mind as deluded,
၆။ မောဟကင်းသောစိတ်ကို မောဟကင်းစိတ် ဟုသိခြင်း
6: without deluded mind as without deluded,
၇။ သံခိတ္တ အကျဉ်းစိတ်ကို သံခိတ္တ အကျဉ်းစိတ် ဟုသိခြင်း
7: contracted mind as contracted
၈။ ဝိခိတ္တ ပျံ့လွင့်စိတ်ကို ဝိခိတ္တ ပျံ့လွင့်စိတ် ဟုသိခြင်း
8: distracted mind as distracted,
၉။ မဟဂ္ဂုတ်စိတ်ကို မဟဂ္ဂုတစိတ် ဟုသိခြင်း
9: developed mind as developed,
၁ဝ။ မဟဂ္ဂုတ်မဟုတ်သောစိတ်ကို မဟဂ္ဂုတ်မဟုတ်သောစိတ် ဟုသိခြင်း
10: undeveloped mind as undeveloped,
၁၁။ သဥတ္တရ အောက်တန်းစိတ်ကို သဥတ္တရ အောက်တန်းစိတ် ဟုသိခြင်း
11: surpassed mind as surpassed,
၁၂။ အနုတ္တရ အထက်တန်းစိတ်ကို အနုတ္တရ အထက်တန်းစိတ် ဟုသိခြင်း
12: unsurpassed mind as unsurpassed,
၁၃။ သမာဟိတ မျှတသောစိတ်ကို သမာဟိတ မျှတသောစိတ် ဟုသိခြင်း
13: concentrated mind as concentrated,
၁၄။ အသမာဟိတ မမျှတသောစိတ်ကို အသမာဟိတ မမျှတသောစိတ် ဟုသိခြင်း
14: unconcentrated mind as unconcentrated,
၁၅။ ဝိမုတ္တ လွတ်မြောက်သောစိတ်ကို ဝိမုတ္တ လွတ်မြောက်သောစိတ် ဟုသိခြင်း
15: unliberated mind as unliberated,
၁၆။ အဝိမုတ္တ မလွတ်မြောက်သောစိတ်ကို အဝိမုတ္တ မလွတ်မြောက်သောစိတ် ဟုသိခြင်း။
16: liberated mind as liberated.

စိတ်ကို မိမိအလိုသို့ လိုက်စေနိုင်သောတရား ၇ ပါး

Seven qualities to exercise mastery over one’s mind:
၁။ သမာဓိ ၌ လိမ္မာခြင်း
1: skill in concentration,
၂။ သမာဓိဝင်စားမှု ၌ လိမ္မာခြင်း
2: in the attainment of concentration,
၃။ သမာဓိတည်မှု ၌ လိမ္မာခြင်း
3: in the duration of concentration,
၄။ သမာဓိမှထမှု ၌ လိမ္မာခြင်း
4: in emergence from concentration,
၅။ သမာဓိခိုင်ခန့်ကောင်းမွန်မှု ၌ လိမ္မာခြင်း
5: in fitness for concentration,
၆။ သမာဓိကျက်စားရာအာရုံ ၌ လိမ္မာခြင်း
6: in the area of concentration,
၇။ သမာဓိအာရုံကို ရှေ့ရှုဆောင်မှု ၌ လိမ္မာခြင်း။
7: in resolution regarding concentration.

စိတ်ငြိမ်းချမ်းရေး တရား ၆ ပါး

Six dhammas that make the mind peaceful:
၁။ နှိမ်ချသင့်သော စိတ်ကို နှိမ်ချခြင်း
1: Checking the mind when it ought to be checked,
၂။ ချီးမြှောက်သင့်သောစိတ်ကို ချီးမြှောက်ခြင်း
2: exerting the mind when it ought to beexerted,
၃။ ရွှင်ကြည်သင့်သော စိတ်ကို ရွှင်ကြည်စေခြင်း
3: Gladdening the mind when it ought to be gladdened,
၄။ လျစ်လျူရှုသင့်သော စိတ်ကို လျစ်လျူရှုခြင်း
4: neglecting (giving no heed to) the mind when it ought to be neglected,
၅။ နှလုံးသွင်း ကောင်းခြင်း
5: right attitude,
၆။ သက္ကာယ (စွဲလမ်းမှု) ၌ မမွေ့လျှော်ခြင်း။
6: not delight in life (attachment).
(စိတ်မငြိမ်းချမ်းကြောင်း တရား ၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Six dhammas that do not make the mind peaceful are apposite of the above.)

စိတ် ငြောင့်တံသင်း ၅ ပါး

(စေတော ခိလ)
Five mental blockages/shackles:
၁။ ဘုရားရှင် အပေါ် ၌ သံသယရှိခြင်း
1: Doubt and hesitation about the Buddha,
၂။ တရားတော် အပေါ် ၌ သံသယရှိခြင်း
2: doubt and hesitation about the dhamma,
၃။ သံဃာတော် အပေါ် ၌ သံသယရှိခြင်း
3: doubt and hesitation about the saṃgha,
၄။ ကျင့်စဉ် သိက္ခာ အပေါ် ၌ သံသယရှိခြင်း
4: doubt and hesitation about the training,
၅။ သီတင်းသုံးဘော် သူတော်ကောင်းများ (ယောဂီ) အပေါ်၌ မကျေနပ် သံသယပွါးခြင်း။
5: anger and doubt with one’s fellows in holy life.

စိတ် ငြောင့်တံသင်းဖြစ်ကြောင်းတရား ၅ ပါး

(စေတော ခိလ)
Five causes of mental blockages/shackles:
၁။ ကာမဂုဏ်ကို စွဲလမ်းခြင်း
1: Craving for sensual pleasure,
၂။ ခန္ဓာကိုယ်ကိုစွဲလမ်းခြင်း
2: for body,
၃။ ရုပ် ပုံသန္တာန်ကို စွဲလမ်းခြင်း
3: for form,
၄။ စားချင်တိုင်းစားပြီးအိပ်ချင်တိုင်းအိပ်ခြင်း
4: endulging in eating and sleeping,
၅။ နတ်ပြည်ကို မျှော်ကိုးပြီး ကျင့်ကြံခြင်း။
5: living the holy life aspiring to realm of god.

စိတ် ညစ်ညူးကြောင်း

(စိတ္တ ဥပက္ကိလေသ) တရား ၁၆ ပါး
(ဝတ္ထ သုတ်လာ)
Sixteen inperfections that defile the mind:
၁။ အဘိဇ္စျာ ဝိသမလောဘ = အလိုကြီးခြင်း
1: Covetousness and unrighteous greed,
၂။ ဗျာပါဒ = စိတ်ပူပန်ခြင်း
2: ill–will,
၃။ ကောဓ = အမျက်ကြီးခြင်း
3: anger,
၄။ ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း
4: revenge,
၅။ မက္ခ= သူ့ကျေးဇူးကို ချေဖျက်ခြင်း
5: contempt,
၆။ ပဠာသ = အင်တူပြိုင်ဘက်ပြုခြင်း
6: a domineering attitude,
၇။ ဣဿာ = ငြူစူခြင်း
7: envy,
၈။ မစ္ဆရိယ = ဝန်တိုခြင်း
8: avrice,
၉။ မာယာ = လှည့်ဖျားခြင်း
9: deceit,
၁ဝ။ သာဌေယျ= စဉ်းလဲခြင်း
10: fraud,
၁၁။ ထမ္ဘ = ခက်ထန်ခြင်း
11: obstinacy,
၁၂။ သာရမ္ဘ = ချုပ်ချယ်ခြင်း
12: presumption,
၁၃။ မာန = မာန်ကြီးခြင်း
13: conceit,
၁၄။ အတိမာန = ခေါင်းမာခြင်း
14: arrogance,
၁၅။ မဒ= ယစ်မူးခြင်း
15: vanity,
၁၆။ ပမာဒ = မေ့လျော့ခြင်း
16: negligence.

စိတ် တစ်ခုယုတ် ကိုးဆယ်

Ninety kinds of consciousness but one is lacking,
i.e., eighty–nine kinds of consciousness:
(ကိုးဆယ်မှာ တစ်ခုယုတ်လျော့နေ သောစိတ် = ၈၉ စိတ်)
၁။ ကာမာဝစရ စိတ် ၅၄ ပါး
1: Sensuous realm-54,
၂။ ရူပါဝစရ စိတ်-၁၅ ပါး
2: Form realm-15,
၃။ အရူပါဝစရ စိတ်-၁၂ ပါး
3: Formless realm-12,
၄။ လောကုတ္တရာ စိတ် ၈ ပါး
4: Supra–mundane-8 = 89.
စုစုပေါင်း စိတ်အကျဉ်း ၈၉ ပါး
In sum = 89 kinds of consciousness.
လောကုတ္တရာစိတ် ၈ ပါးကို စျာန် ၅ ပါးနှင့် မြှောက်ပွါးလျှင် လောကုတ္တရာ စိတ်အကျယ် ၄ဝ ဖြစ်၏။ သို့ဖြင့် စိတ်အကျယ်စုစုပေါင်း ၁၂၁ ပါးဖြစ်သည်၊
The 8 Supra–mundane consciousness is multiplied by the 5 jhāna = 40.
Supra–mundane consciousness, thus, in total there are 121 kinds of consciounness.
၁။ ကာမာဝစရစိတ် ၅၄ ပါး
1: Sensuous realm/sphere 54:
(က) အကုသိုလ်စိတ် ၁၂ ပါး
(a) Unwholesome consciousness 12:
(၁) လောဘမူ စိတ် ၈ ပါး။
(i) Greed–rooted 8,
(၂) ဒေါသမူ စိတ် ၂ ပါး (ii) hatred–rooted 2,
(၃) မောဟမူ စိတ် ၂ ပါး (iii) delusion–rooted 2 = 12.
(ခ) အဟိတ်စိတ် ၁၈ ပါး
(b) Rootless consciousness
18:
(၁) ကုသိုလ် ဝိပါက် ၈ ပါး
(i) Unwholesome resultant 8,
(၂) အကုသိုလ် ဝိပါက် ၇ ပါး (ii) wholesome resultant 7,
(၃) ကြိယာ ၃ ပါး (iii) rootless functional 3 = 18.
(ဂ) သောဘဏသာဓာရဏစိတ် ၂၄ ပါး (c) Sensuous realm beautiful consciousness 24:
(၁) မဟာကုသိုလ် စိတ် ၈ ပါး
(i) Sensuous realm wholesome 8,
(၂) မဟာဝိပါက် စိတ် ၈ ပါး (ii) sensuous realm resultant 8,
(၃) မဟာကြိယာ စိတ် ၈ ပါး (iii) sensuous realm functional 8 = 24.
၂။ ရူပါဝစရ စိတ် ၁၅ ပါး
2: Form realm
15:
(1)ရူပါဝစရ ကုသိုလ် စိတ် ၅ ပါး
(i) Fine–material–sphere wholesome 5,
(၂) ရူပါဝစရ ဝိပါက် စိတ် ၅ ပါး (ii) Fine–material–sphere resultant 5,
(၃) ရူပါဝစရ ကြိယာ စိတ် ၅ ပါး (iii) Fine–material–sphere fuctional 5 = 15.
၃။ အရူပါဝစရ စိတ် ၁၂ ပါး
3: Formless realm
12:
(1)အရူပါဝစရ ကုသိုလ် စိတ် ၄ ပါး
(i) Inmaterial–sphere wholesome 4,
(၂) အရူပါဝစရ ဝိပါက် စိတ် ၄ ပါး (ii) inmaterial–sphere resultant 4,
(၃) အရူပါဝစရ ကြိယာ စိတ် ၄ ပါး (iii) inmaterial–sphere fuctional 4 = 12.
၄။ လောကုတ္တရာ စိတ် ၈ ပါး
4: Supra–mundane 8 or
40:
မဂ် စိတ် ၄ ပါး သို့မဟုတ် ၂ဝ ပါး Supra–mundane wholesome 4 or
20:
(၁) သောတာပတ္တိ မဂ် စိတ် ၁ ပါး သို့မဟုတ် ၅ ပါး (i) Path of stream–entry 1 or 5,
(၂) သကဒါဂါမိ မဂ် စိတ် ၁ ပါး သို့မဟုတ် ၅ ပါး (ii) path of once–returning 1 or 5,
(၃) အနာဂါမိ မဂ် စိတ် ၁ ပါး သို့မဟုတ် ၅ ပါး (iii) path of non–returning 1 or 5,
(၄) အရဟတ္တ မဂ် စိတ် ၁ ပါး သို့မဟုတ် ၅ ပါး (iv) path of arahantship 1 or 5.
၄ ပါး သို့မဟုတ်၂ဝ ပါး 4 or 20.
ဖိုလ် စိတ် ၄ ပါး သို့မဟုတ် ၂ဝ ပါး Supra–mundane resultant 4 or
20:
(၅) သောတာပတ္တိဖိုလ်စိတ် ၁ ပါး သို့မဟုတ် ၅ ပါး (v) Fruit of stream–entry 1 or 5,
(၆) သကဒါဂါမိ ဖိုလ်စိတ် ၁ ပါး သို့မဟုတ် ၅ ပါး (vi) fruit of once–returnin 1 or 5,
(၇) အနာဂါမိ ဖိုလ်စိတ် ၁ ပါး သို့မဟုတ် ၅ ပါး (vii) fruit of non–returning 1 or 5,
(၈) အရဟတ္တ ဖိုလ်စိတ် ၁ ပါး သို့မဟုတ် ၅ ပါး (viii) fruit of arahantship 1 or 5.
၄ ပါး သို့မဟုတ်၂ဝ ပါး 4 or 20.

စိတ်ဖြစ်စဉ် ၁၇ ပါး

(စိတ္တက္ခဏ ၁၇ ချက် = စိတ်ဖြစ်စဉ် ၁၇ ပါး _ရှု)

စိတ်မြန်ဆန်ပုံ ဥပမာ

(စိတ်၏ လက္ခဏာ _ရှု)

စိတ် ရှစ်ဆယ် ကိုးပါး

(စိတ် တစ်ခုယုတ် ကိုးဆယ် _ရှု)

စိတ်သည် လောကကြီးကို ဦးဆောင်၏

(စိတ္တသုတ်။ သဂါထာဝဂ္ဂ သံယုတ္တပါဠိ)
စိတ္တေန နီယတိ လောကော။ စိတ္တေန ပရိကဿတိ
စိတ္တဿ ဧကဓမ္မဿ။ သဗ္ဗေဝ ဝသမနွဂူ၊
"စိတ်သည် လောကကြီးကို ဦးဆောင်၏။ စိတ်သည် လောကကြီးကို ထိုထိုဤဤ ဆွဲငင်သွားနေ၏။
စိတ်ဟူသော သဘောတရား တစ်ခုနောက်– စိတ်အလို– သို့ အားလုံးလိုက်ပါနေရ၏။"
Cittena nīyati loko, cittena parikassati. Cittassa ekadhammassa, sabbeva vasamanvagū.
Citta Sutta (Sagāthā–vagga Saṃyutta Pāḷi) (The Connected Discourses):
“Mind leads the world; The mind drags the world here and there.
The mind is the only thing after which all dhammas always follow.”

စိတ်အစဉ်

Steam/process of consciousness.

စိတ်၏ လက္ခဏာ

ဥပမာယပိ န သုကရာ ယာဝလဟုပရိဝတ္တံ စိတ္တံ။ ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ တဌ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ (ဝိပ္ပမုတ္တံ) = စိတ်မြန်ဆန်ပုံကို ဥပမာပေးခြင်းငှါပင် မလွယ်ကူ (ခက်ခဲ၏) ရဟန်းတို့ စိတ်သည် ပြိုးပြိုးပြက်တောက်ပ၏။ ထိုစိတ်သည်ပင် ဧည့်သည်ကိလေသာတို့ကြောင့် ညစ်ညူးရ၏။ (ဧည့်သည်ကိလေသာတို့မှ ကင်းလွတ်၏)။
(ပဏိဟိတအစ္ဆဝဂ် နှင့် အစ္ဆရာသင်္ဃာတ ဝဂ်။ ဒုကနိပါတ။ အင်္ဂုတ္တိုရပါဠိ)
The characters of mind: “There is no easy thing to illustrate how quick the mind is.
The mind, monks, is luminous but it is defiled by guest–taints. (It is cleansed away from guest–taints.)” (Paṇihitaaccha Vagga and Accharāsaṅghāta Vagga, Duka, Aṅguttara, The Gradual Discourses)

စိတ်၏ ကိစ္စ ၁၄ ချက်

Fourteen functions of the consciousness:
၁။ ပဋိသန္ဓေ ကိစ္စ= ပဋိသန္ဓေ နေမှု
1: Rebirth–linking,
၂။ ဘဝင် ကိစ္စ = ဘဝ၏ အစိတ်အပိုင်းဖြစ်မှု
2: life–continuum,
၃။ အာဝဇ္ဇန်း ကိစ္စ = ရှေ့သို့တင်ပေးမှု
3: adverting,
၄။ ဒဿန ကိစ္စ = မြင်မှု
4: seeing,
၅။ သဝန ကိစ္စ = ကြားမှု
5: hearing,
၆။ ဃာယန ကိစ္စ= ရနံ့ အမှု
6: smelling,
၇။ သာယန ကိစ္စ= အရသာသိမှု
7: tasting,
၈။ ဖုသန ကိစ္စ = တွေ့ထိမှု
8: touching,
၉။ သမ္ပဋိစ္ဆိုန်း ကိစ္စ = ခံယူမှု
9: receiving,
၁ဝ။ သန္တီရဏ ကိစ္စ = စုံစမ်းမှု
10: investigating,
၁၁။ ဝုဋ္ဌာန ကိစ္စ = ဆုံးဖြတ်မှု
11: determining,
၁၂။ ဇဝန ကိစ္စ = အရှိန်ယူမှု
12: momentum,
၁၃။ တဒါရုဏ် ကိစ္စ = မှတ်တမ်းတင်မှု
13: registration,
၁၄။ စုတိ ကိစ္စ = သေမှု။
14: death.

စိတ်၏ လွတ်မြောက်မှု ၄ ပါး

(စေတော ဝိမုတ္တိ – စိတ်၏ လွတ်မြောက်မှု – ၄ ပါး _ရှု)

စိတ်၏ အနှောင်အဖွဲ့

(စေတသော ဝိနိဗန္ဓ) ၅ ပါး
Five forms of mental bondage:
၁။ ကာမဂုဏ်၌ တပ်မက်ခြင်း
1: Passion on sensual desires,
၂။ ခန္ဓာကိုယ်၌ တပ်မက်ခြင်း
2: on body,
၃။ ရုပ်အဆင်း၌ တပ်မက်ခြင်း
3: on form,
၄။ ဝအောင်စားပြီး ဝအောင်အိပ်ခြင်း
4: over eating and over sleeping,
၅။ နတ်ပြည်ကောင်းကျိုးမျှော်ကို၍ မြတ်သောအကျင့်ကို ကျင့်ကြံခြင်း။
5: practicing holy/virtuous life in order to attain heavenly world.

စိတ္တက္ခဏ

A moment of consciousness–process.

စိတ္တက္ခဏ ၁၇ ချက်

စိတ်ဖြစ်စဉ် ၁၇ ပါး
Seventeen acts of consciousness–process:
၁။ အတီတ ဘဝင် –
1: Past bhavaṅga,
၂။ ဘဝင်္ဂ စလန
2: vibrational bhavaṅga,
၃။ ဘဝင်္ဂုပစ္ဆေဒ
3: arrest bhavaṅga,
၄။ ပဌဒွါရာဝဇ္ဇာန်း
4: five–door adverting,
၅။ စက္ခု ဝိညာဉ် စသည်
5: eye–consciousness etc.,
၆။ သမ္ပဋိစ္ဆိုန်း
6: receiving,
၇။ သန္တီရဏ
7: investigating,
၈။ ဝုဋ္ဌော
8: determining,
၉။ ဇော
9: Javana (mind–moment),
၁ဝ။ ဇော
10: Javana (mind–moment),
၁၁။ ဇော
11: Javana (mind–moment),
၁၂။ ဇော
12: Javana (mind–moment),
၁၃။ ဇော
13: Javana (mind–moment),
၁၄။ ဇော
14: Javana (mind–moment),
၁၅။ ဇော
15: Javana (mind–moment),
၁၆။ တဒါရုဏ်
16: registering,
၁၇။ တဒါရုဏ်။
17: registering.

စိတ္တဇ နာ (ရောဂါ)

Mental illness.

စိတ္တဇ နာမ်

Abstract noun.

စိတ္တဇ ပန်းချီ

Abstract painting.

စိတ္တဇ ဖြစ်

Be striken with grief.

စိတ္တဇ ရုပ်

(စိတ္တသမုဋ္ဌာန ရုပ်)
Mind–produced/based physical/corporeal.

စိတ္တဇ (စိတ်ကြောင့်ဖြစ်သော) ရုပ် ၁၅ ပါး

Fifteen mind–produced physical forms:
၁။ ကာယဝိညတ် ရုပ်
1: Bodily intimation,
၂။ ဝစီဝိညတ် ရုပ်
2: verbal intimation,
၃။ သဒ္ဒ ရုပ်
3: sound,
၄။ လဟုတာ ရုပ်
4: lightness,
၅။ မုဒုတာ ရုပ်
5: malleability,
၆။ ကမ္မညတာ ရုပ်
6: wieldiness,
၇။ ပထဝီ ရုပ်
7: earth element,
၈။ တေဇော ရုပ်
8: fire element,
၉။ အာပေါ ရုပ်
9: water element,
၁ဝ။ ဝါယော ရုပ်
10: air element,
၁၁။ ဝဏ္ဏ ရုပ်
11: visible form,
၁၂။ ဂန္ဓ ရုပ်
12: smell,
၁၃။ ရသ ရုပ်
13: taste,
၁၄။ သြဇာ ရုပ်
14: nutriment,
၁၅။ အာကာသဓာတ် ခေါ် ပရိစ္ဆေဒ ရုပ်။
15: space element.

စိတ္တဗေဒ။ စိတ်ပညာ

Psychology.

စိတ္တ ဝိပလ္လာသ

စိတ်လွဲမှားဖေါက်ပြန်ခြင်း (ဝိပလ္လာသ _ရှု)
Perversion of mind.

စိတ္တ ဝိသုဒ္ဓိ

စိတ်စင်ကြယ်ခြင်း (ဝိသုဒ္ဓိ _ရှု)
Purification of mind.

စိတ္တ ဝီထိ

စိတ်ဖြစ်စဉ် အခိုက်အတန့်
Process/serie of consciousness.

စိတ္တ သင်္ခါရ

စိတ်ပြုပြင်စီရင်မှု
Mental formation.

စိတ္တ သန္တတိ။ စိတ္တသန္တာန

စိတ်ဖြစ်အစဉ်တန်း
Consciousness continunity.

စိတ္တာနုပဿနာ

စိတ်ကို ရှုမှတ်ခြင်း (သတိပဋ္ဌာန် _ရှု)
Contemplation/meditation on/of consciousness.

စိတြ

Star that looks like a pearl.

စိန့်တိုင်း။ ဂန္ဓာရတိုင်း

တရုပ်ပြည်
China (country), China Raṭṭha in Pāḷi.

စိန္တာမယ ပညာ

Wisdom or knowledge based on thinking/pondering.

စီစစ်စောဒနာထိုက်သော ဆရာ ၃ မျိုး

Three kinds of blame–worthy teacher:
၁။ ရဟန်းပြုသော်လည်း ရဟန်းဖြစ်ကျိုးမရ။ သို့သော် နောက်လိုက်တပည့်တို့အား ဆုံးမသင်ကြား၏။
တပည်တို့က ဆုံးမသင်ကြားသည့်ကို မလိုက်နာ မကျင့်ကြံ။
1: A teacher–monk does not gain the fruit of homeless–life himself, but he teaches his disciples and they do not practice his teaching.
၂။ ရဟန်းပြုသော်လည်း ရဟန်းဖြစ်ကျိုးမရ။ သို့သော် နောက်လိုက်တပည့်တို့အား ဆုံးမသင်ကြား၏။ တပည်တို့က ဆုံးမသင်ကြားသည့်အတိုင်း လိုက်နာကျင့်ကြံကြ၏။
2: A teacher–monk does not gain the fruit of homeless–life himself, but he teaches his disciples and they practice his teaching.
၃။ ရဟန်းပြုသော်လည်း ရဟန်းဖြစ်ကျိုးမရ။ သို့သော် နောက်လိုက်တပည့်တို့အား ဆုံးမသင်ကြား၏။ တပည်တို့က ဆုံးမသင်ကြားသည့်အတိုင်း မလိုက်နာ မကျင့်ကြံကြ။ သို့သော်လည်း အခြားဆရာ၏ အဆုံးအမကိုကား လိုက်နာကျင့်ကြံကြကုန်၏။
3: A teacher–monk does not gain the fruit of homeless–life himself, but he teaches his disciples and they do not practice his teaching but they do practice other’s teaching.

စီးပွါးရေးလုပ်ရာ၌ အောင်မြင်မှု နှင့် မအောင်မြင်မှု၏ အကြောင်းများ

(ရောင်းဝယ်ရာ၌ စီးပွါးဖြစ်မှု မဖြစ်မှု အကြောင်းများ _ရှု)

စီးပွါး ဥစ္စာပျက်စီးကြောင်း တရား ၄ ပါး

Four channels/sources for dissipating wealth:
၁။ မိန်းမလိုက်စားခြင်း
1: Womanizing,
၂။ သေသောက်ကြူးခြင်း
2: drunkenness,
၃။ လောင်းကစားခြင်း
3: gambling,
၄။ ယုတ်မာသော မိတ်ဆွေရှိခြင်း။
4: bad friendship.
(စီးပွါး ဥစ္စာ မပျက်စီးကြောင်းတရား ၄ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Four channels/sources for not dissipating wealth are opposite of the above.)

စီးပွါး ဥစ္စာပျက်စီးကြောင်းတရား ၆ ပါး

Six channels for dissipating wealth/six ways of
wasting one’s substance/wealth:
၁။ မူးယစ်သေစာ သောက်စားခြင်း
1: Drinking, drug,
၂။ လောင်းကစားခြင်း
2: gambling,
၃။ အချိန်မဲ့ လမ်းသလားခြင်း
3: frequenting the streets at improper hours,
၄။ မိန်းမလိုက်စားခြင်း
4: involvement with professional women/womanizing,
၅။ မိတ်ပေါင်းမှားခြင်း
5: evil companions,
၆။ ပျင်းယိခြင်း။
6: idleness.

စုဏ္ဏိယ

စကားပြေ
Prose.

စုတိ

သေခြင်း
Death.

စုတိစိတ်

Death–consciousness, departing–consciousness.

စုတိစိတ်ကျ

At the moment of death–consciousness.

စုတူပပါတ ဉာဏ်

The knowledge of the vanishing and reappearing of beings.

စုတေ

Leave from this life, die, pass away.

စုတေခြင်း၏ အကြောင်းတရား ၄ ပါး

(သေခြင်း၏ အကြောင်းတရား ၄ ပါး _ရှု)

စုဒ္ဒသက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်ခဒိရဝနိယရေဝတ နှင့် အရှင်ဂေါဒတ္တ ရဟန္တာမထေရ် ၂ ပါးတို့တဆယ့်လေးဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်းဖြစ်သည်။
Cuddasaka–nipāta (Theragāthā): This is a collection of joyous verses uttered by two male–monks (arahanta), Khadiravaniyarevata and Godatta by name, at the time of Lord Buddha. Each uttered fourteen verses.

စုဒ္ဒသ ခန္ဓကဝတ် ၁၄ ပါး

(ခန္ဓကဝတ် ၁၄ ပါး – ရဟန်းသာမဏေကျင့်ဝတ်များ _ရှု)

စုန္ဒ၏

(ပရိနိဗ္ဗာန်စံဝင်ခါနီးကပ်သော) ဆွမ်းနှင့် သုဇာတာ (ဘုရားဖြစ်မည့်နေ့၌ ကပ်သော) ဆွမ်းတို့ အကျိုးအလွန် ကြီးပြီး တူမျှသောအကျိုးရှိကြောင်း – ဒွေ ပိဏ္ဍပါတာ သမသမဖလာ သမဝိပါကာ (မဟာပရိနိဗ္ဗာနသုတ်။
ဒီဃနိကာယပါဠိ)
Two meals of Lord Buddha, one was offered by Cunda just before His passing away and one, by Sujātā just before He attained enlightenment, are the same and yield great fruit. (Mahā–parinibbāna Sutta, Dīgha–nikāya Pāḷi)

စူဠ

အငယ် အသေး
Minor, small, young, tortoise, turtle.

စူဠလိပ်

Tortoise.

စူဠနိဒ္ဒေသ ပါဠိ

– သုတ္တနိပါတ ပါဠိ ပဌမကဏ္ဍ ဖြစ်သော ပါရာယနဝဂ်ကို ဖွင့်ဆိုထားသော ကျမ်းဖြစ်သည်။
ခုဒ္ဒကနိကာယ် တွင်ပါသည်။
Cūḷa niddesa: A commentary of the fifth chapter, Pārāyana, of Sutta Nipāta Pāḷi;
it is a text of the Minor Discourses’.

စူဠ ဝဂ္ဂ (စူဠဝါ) ပါဠိ

ဝိနည်းငါးကျမ်းတွင် စတုတ္ထမြောက်ဖြစ်သည်။ သံဃာဒိသေသ် အာပတ်သင့်သောရဟန်း ကုစားပုံ။ သံဃအဖွဲ့အစည်း အတွင်း ဒုက္ခများအောင်ပြုလုပ်သော ရဟန်းများနှင့်ပတ်သက်၍ မည်သို့ ကျင့်ကြံဆောင် ရွက်ရမည် – စသောသံဃကံများ ပါဝင်သည်။
Cuḷa–vagga: The fourth book of the five–volumed Vinaya Piṭaka (the Basket of Discipline). It detailes the institutional acts of how to cure the Saṃghādisesa _ရှု offenses, how to handle monks who make a lot of problems among saṃgha.

စူဠ သောတာပန်

အငယ်စား သောတာပန်
A lower stream–winner.

စူဠာမဏိ

A jewel worn on the head.

စူဠာမဏိစေတီ

ဘုရားအလောင်း သိဒ္ဓတ္ထ တော်ထွက်တော်မူစဉ် ဝတ်ဆင်သော မကိုဋ်နှင့် ရဟန်းပြုရန် အနောမာ မြစ်ကမ်း၌ ဖြတ်သော ဆံတော်တို့ကို သိကြားမင်းက ရတနာပန်းတောင်းဖြင့်ခံယူပြီး တာဝတိံသာနတ်ပြည် ၌ စေတီတည်သည်။ စူဠာမဏိစေတီ ဟုခေါ်တွင်သည်။ ၃ ယူဇနာအမြင့်ရှိသည်။
Cūḷāmaṇi: The king of devas (sakka) received with a jewel–casket Siddhattha’s diadem and hairs which were cut at the Anomā River bank to become a holy man.
He brought them to Tāvatiṃsā Realm and built a pagoda known as Cūḷāmaṇi.
It is three yūjanā in height.

စေတနာ

စေ့ဆော်မှု
Volition, intentionality, intentional act, willing act.

စေတနာ ၃ ပါး

(အလှူဒါန)
Three kinds of volition/good–will/generous act:
၁။ ပုဗ္ဗ စေတနာ – မလှူမှီ ကြည်နူးဝမ်းသာ စေတနာထားခြင်း
1: Volition before the giving/donation,
၂။ မုဌ စေတနာ – လှူနေဆဲ ကြည်နူးဝမ်းသာ စေတနာထားခြင်း
2: during the act of giving,
၃။ အပရ စေတနာ – လှူပြီး အမှတ်ရ ဝမ်းမြောက်ကြည်နူးနေခြင်း။
3: after having given.

စေတနာ

(သဉ္စေတနာ) ၆ ပါး
Six kinds of volition:
၁။ ရူပ သဌေတနာ = အမြင် အာရုံကြောင့် ဖြစ်ပေါ်လာသော စေတနာ
1: Volition based on sights,
၂။ သဒ္ဒ သဌေတနာ = အကြား အာရုံကြောင့် ဖြစ်ပေါ်လာသော စေတနာ
2: on sounds,
၃။ ဂန္ဓ သဌေတနာ = အနံ့ အာရုံကြောင့် ဖြစ်ပေါ်လာသော စေတနာ
3: on smells,
၄။ ရသ သဌေတနာ = အရသာ အာရုံကြောင့် ဖြစ်ပေါ်လာသော စေတနာ
4: on tastes,
၅။ ဖေါဋ္ဌဗ္ဗ သဌေတနာ = အတွေ့ အာရုံကြောင့် ဖြစ်ပေါ်လာသော စေတနာ
5: on touches,
၆။ ဓမ္မ သဌေတနာ = အခြား ဓမ္မ သဘောများကြောင့် ဖြစ်ပေါ်လာသော စေတနာ။
6: on mind–objects.

စေတနာ့ဝန်ထမ်း

Volunteer.

စေတသိက်

စိတ်၌ မှီ။ ဖြစ်။ စိတ်နှင့်ယှဉ်သော စိတ်ခံစား လှုတ်ရှားမှုဆိုင်ရာ တရားစု
Mental property/factor/formation/impulse/characteristic.

စေတသိက် ၅၂ ပါး

Fifty–two mental factors:
၁။ သဗ္ဗစိတ္တ သာဓာရဏ
(စိတ်အားလုံးနှင့်ဆက်စပ်) ၇ ပါး
1: Universals 7
၂။ ပကိဏ်း (ရောပြွမ်း) ၆
2: occasional 6
၃။ အကုသလ ၁၄
3: unwholesome 14
၄။ သောဘန (တင့်တယ်) ၁၉
4: beautiful 19
၅။ ဝိရတီ (ရှောင်ကြဉ်) ၃
5: abstinences 3
၆။ အပ္ပမညာ (အတိုင်းအတာမရှိ) ၂
6: illimitable 2
၇။ အမောဟ (မတွေဝေ) ၁ ပါး
7: non–delusion 1

စေတသိက် ၅၂ ပါးတို့၏ အမည်များ

The 52 mental factors in detail:
၁။ သဗ္ဗစိတ္တ သာဓာရဏ ၇ ပါး I: Seven Universals:
၁။ ဖဿ – တွေ့ထိ
1: Contact,
၂။ ဝေဒနာ – ခံစား
2: feeling,
၃။ သညာ – မှတ်သား
3: perception,
၄။ စေတနာ – စေ့ဆော်
4: volition,
၅။ ဧကဂ္ဂတာ – အာရုံကျ
5: one–pointedness,
၆။ ဇီဝိတိန္ဒြိယ – အသက်
6: life faculty,
၇။ မနသိကာရ – နှလုံးသွင်း
7: attention.
၂။ ပကိဏ်း စေတသိက် ၆ ပါး II: 6 occasional:
၁။ ဝိတက် – အစအကြံအစည်
1: Initial application,
၂။ ဝိစာရ – ဆင့်ပွါးအကြံအစည်
2: sustained application,
၃။ အဓိမောက္ခ – ဆုံးဖြတ်
3: decision,
၄။ ဝီရိယ – ကြိုးစား
4: energy,
၅။ ပီတိ – ရွှင်လန်းနှစ်သက်
5: zest,
၆။ ဆန္ဒ – လိုအင်
6: desire.
၃။ အကုသလ စေတသိက် ၁၄ ပါး III: 14 unwholesome:
အကုသလ သာဓာရဏ ၄ ပါး Unwholesome universals:
၁။ မောဟ – တွေဝေ
1: delusion,
၂။ အဟိရိက – မရှက်
2: shamelessness,
၃။ အနောတ္တပ္ပ – မကြောက်
3: fearlessness of wrong,
၄။ ဥဒ္ဓစ္စ – ပျံ့လွင့်
4: restlessness.
အကုသလ ပကိဏ်း ၁ဝ ပါး 10 Unwholesome occasionals:
၅။ လောဘ – လိုချင်
5: greed,
၆။ ဒိဋ္ဌိ – အယူ
6: wrong view,
၇။ မာန – ထောင်လွှား
7: conceit,
၈။ ဒေါသ – အမျက်
8: hatred,
၉။ ဣဿာ – ငြူစူ
9: envy,
၁ဝ။ မစ္ဆရိယ – ဝန်တို
10: avarice,
၁၁။ ကုက္ကုစ္စ – ပူပန်
11: worry,
၁၂။ ထိန – အိပ်ချင်
12: sloth,
၁၃။ မိဒ္ဓ – ငိုက်မျဉ်း
13: torpor,
၁၄။ ဝိစိကိစ္ဆာ – သံသယ
14: doubt.
၄။ သောဘန စေတသိက် ၁၉ ပါး IV: 19 beautiful:
၁။ သဒ္ဓါ – ကြည်ညို
1: Faith,
၂။ သတိ – မှတ်စွဲ
2: mindfulness,
၃။ ဟိရီ – ရှက်
3: shame,
၄။ သြတ္တပ္ပ – ကြောက်
4: fear of wrong,
၅။ အလောဘ – လိုအင်နည်း
5: non–greed,
၆။ အဒေါသ – အမျက်နည်း
6: non–hatred,
၇။ တတြမဇ္စျတ္တတာ – မျှတစိတ်
7: neutrality of mind,
၈။ ကာယ ပဿဒ္ဓိ – ကိုယ်ငြိမ်းချမ်း
8: tranquility of mental body,
၉။ စိတ္တ ပဿဒ္ဓိ – စိတ်ငြိမ်းချမ်း
9: tranquility of consciousness,
၁ဝ။ ကာယ လဟုတာ – ကိုယ်ပေါ့ပါး
10: lightness of mental body,
၁၁။ စိတ္တ လဟုတာ – စိတ်ပေါ့ပါး
11: lightness of consciousness,
၁၂။ ကာယ မုဒုတာ – ကိုယ်နူးညံ့
12: malleability of mental body,
၁၃။ စိတ္တ မုဒုတာ – စိတ်နူးညံ့
13: malleability of consciousness,
၁၄။ ကာယ ကမ္မညတာ – ကိုယ်ခန့်ကျန်း
14: wieldiness of mental body,
၁၅။ စိတ္တ ကမ္မညတာ – စိတ်ခန့်ကျန်း
15: wieldiness of consciousness,
၁၆။ ကာယ ပါဂုညတာ – ကိုယ်စွမ်းရည်
16: proficiency of mental body,
၁၇။ စိတ္တ ပါဂုညတာ – စိတ်စွမ်းရည်
17: proficiency of consciousness,
၁၈။ ကာယုဇ္ဇုကတာ – ကိုယ်ဖြောင့်မတ်
18: rectitude of mental body,
၁၉။ စိတ္တုဇ္ဇုကတာ – စိတ်ဖြောင့်မတ်
19: rectitude of consciousness.
၅။ ဝိရတီ စေတသိက် ၃ ပါး V: 3 abstinences:
၁။ သမ္မာ ဝါစာ – အပြောမှန်
1: Right speech,
၂။ သမ္မာ ကမ္မန္တ – အပြုမှန်
2: right action,
၃။ သမ္မာ အာဇီဝ – အသက်မွေးမှုမှန်
3: right livelihood.
၆။ အပ္ပမညာ စေတသိက် ၂ ပါး VI: 2 illimitable:
၁။ ကရုဏာ – သနားကြင်နာ
1: Compassion,
၂။ မုဒိတာ – ဝမ်းမြောက်
2: sympathetic/appreciative joy.
၇။ အမောဟ စေတသိက် ၁ ပါး VII: 1 non–delusion:
၁။ အမောဟ – မတွေဝေ ။
1: Non–delusion/wisdom.

စေတီ

Pagoda, dagoba, stupa, temple, Buddhist shrine, Buddhist memorial building.

စေတီ ၄ မျိုး

Four kinds of Cetī/mound/pagoda:
၁။ ဓာတု စေတီ (ဓာတ်တော်)
1: Relic–enshrined Cetī,
၂။ ဓမ္မ စေတီ (တရားတော်)
2: Dhamma–writing–enshrined Cetī,
၃။ ပရိဘောဂ စေတီ (ဘုရားရှင်၏အသုံးအဆောင်)
3: Buddha’s belonging–enshrined Cetī,
၄။ ဥဒ္ဒိဿ စေတီ (ရည်မှန်း)။
4: Just a Cetī as an object of worship.

စေတီ ထိုက်သောပုဂ္ဂိုလ် ၄ ပါး

Four persons who deserve to be worshiped as Cetī:
၁။ သမ္မာသမ္ဗုဒ္ဓ
1: Universal Buddha,
၂။ ပစ္စေက ဗုဒ္ဓ
2: Individual Buddha,
၃။ ရဟန္တာ
3: Arahant (Saint),
၄။ စကြာဝတေး မင်း။
4: Universal King.

စေတီယင်္ဂဏ။ စေတီယင်ပြင်

Platform or flat ground around a pagoda.

စေတီရံ

Small pagodas encircling the big pagoda.

စေတော ခိလ ၅ ပါး

(စိတ် ငြောင့်တံသင်း ၅ ပါး _ရှု)

စေတသော ဝိနိဗန္ဓ ၅ ပါး

(စိတ်၏ အနှောင်အဖွဲ့ – စေတသော ဝိနိဗန္ဓ – ၅ ပါး _ရှု)

စေတော ဝိမုတ္တိ

စိတ်၏ လွတ်မြောက်မှု
Deliverance of mind.

စေတော ဝိမုတ္တိ ၄ ပါး

Four kinds of deliverance of mind:
၁။ အပ္ပမာဏာ စေတော ဝိမုတ္တိ – ဗြဟ္မဝိဟာရလေးပါး_ရှုကြောင့် စိတ်၏ လွတ်မြောက်ခြင်း
1: Deliverance of mind due to the four sublime states,
၂။ အာကိဌညာ စေတော ဝိမုတ္တိ – စျာန်ကြောင့် စိတ်၏ လွတ်မြောက်ခြင်း
2: deliverance of mind due to nothingness,
၃။ သုညတာ စေတော ဝိမုတ္တိ – ငါ ငါဥစ္စာမရှိဟုသိမြင်ပြီး ငါဆိတ်သုဉ်းခြင်းကြောင့် စိတ်၏လွတ်မြောက်ခြင်း
3: deliverance of mind due to nothingness,
၄။ အနိမိတ္တာ စေတော ဝိမုတ္တိ – မြဲ၏ဟူသော နိစ္စနိမိတ် မရှိခြင်းကြောင့် စိတ်၏ လွတ်မြောက်ခြင်း။
4: deliverance of mind due to signlessness.

စောင်းတန်း

Covered passage or stairway at pagodas.

စောင်းတန်း ၃ သွယ်

(ဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းတော်မူစဉ်) The triple stair–ways Lord Buddha used while He descended from Tāvatiṃsā heaven to Saṅkassa nagara, a small city:
၁။ လက်ျာဘက်မှ ရွှေစောင်းတန်း
1: Gold–stair–way on the right side,
၂။ လက်ဝဲဘက်မှ ငွေစောင်းတန်း
2: silver–stair–way on the left side,
၃။ အလယ်မှ ပတ္တမြား စောင်းတန်း။
3: ruby–stair–way in the middle.

စောဒက

တရားလို
Inquisitor, charge, indictment.

စောဒကတက်

Argue, dispute, contend.

စောဒက (မေးမြန်းစီစစ်သည့်) ပုဂ္ဂိုလ် ပြည့်စုံရမည့် အင်္ဂါ ၅ ပါး

(မေးမြန်းစီစစ်ရာ အခြေခံ အင်္ဂါ ၅ ပါး _ရှု)

စောဒနာ

စီစစ်မေးမြန်းခြင်း
Interrogate, blame.

စောရ

သူခိုး ဓါးပြ
Thief, robber.

စောရဘယ

ခိုးသားဓါးပြဘေး
Danger of thief/robber.

စောင့်ရှောက်ရမည့်တရား ၄ ပါး

(အစောင့်တရား – အာရက္ခ – ၄ ပါး _ရှု)

စားပိုးနင့်

Suffer from excessive eating.

စားသောက်ရာ (သာမဏေ ဗြဟ္မဏများ) သင်္ကေတများ

Symbols and meaning of facing position while eation:
၁။ ငုံ့ စားခြင်း – အောက်လမ်းဖြင့် အသက်မွေးသော သမဏ ဗြဟ္မဏများ
1: Eating facing downwards: reculse and ascetic, their livelihood is by the debased art of geomacy;
၂။ မော့ စားခြင်း – အထက်လမ်းဖြင့် အသက်မွေးသော သမဏ ဗြဟ္မဏများ
2: eating facing upwards: by the debased art of astrology;
၃။ အရပ်လေးမျက်နှာသို့လှည့် စားခြင်း – အစေအပါးပြုပြီး အသက်မွေးသော သမဏ ဗြဟ္မဏများ
3: eating facing four quarters: by going on errand and running messages;
၄။ အတောင့်အရပ်သို့လှည့် စားခြင်း – အင်္ဂဝိဇ္ဇာ ဗေဒင်ဟောခြင်းစသည်ဖြင့် အသက်မွေးသော သမဏ ဗြဟ္မဏများ။
4: eating facing intermediate directions: by the debased art of palmisary.

စွန့်ခြင်းကြီး

ပရိစ္စာဂ – ၅ ပါး (ဘုရားအလောင်း)
Five great sacrifices (of Buddha–to–be):
၁။ ဓန ပရိစ္စာဂ = စည်းစိမ်ဥစ္စာကို စွန့်ခြင်း
1: The sacrificing of wealth,
၂။ အင်္ဂ ပရိစ္စာဂ = အင်္ဂါ ကြီးငယ်ကို စွန့်ခြင်း
2: of bodily organ,
၃။ ပုတ္တ ပရိစ္စာဂ = သားသမီးကို စွန့်ခြင်း
3: of son and daughter,
၄။ ဘရိယ ပရိစ္စာဂ = ဇနီးမယားကို စွန့်ခြင်း
4: of wife,
၅။ ဇီဝိတ ပရိစ္စာဂ = အသက်ကို စွန့်ခြင်း။
5: of life.

စွပ်စွဲပြစ်မှားသူ ရရှိသော ဆိုးကျိုး ၁ဝ ပါး

(သူတော်ကောင်းအား စွပ်စွဲပြစ်မှားသူ ရရှိသော ဆိုးကျိုး ၁ဝ ပါး _ရှု)

စွန့်နိုင်ခဲသော အာသာဆန္ဒ ၂ မျိုး

Two longings hard to abandon:
၁။ လာဘာသာ – ဥစ္စာပစ္စည်း ရယူလိုသော ဆန္ဒ
1: Longing for wealth/gain,
၂။ ဇီဝိတာသာ – အသက်ရှည်လိုသော ဆန္ဒ။
2: for life.

စွန့်ပယ်ခြင်း ၅ ပါး

(ပဟာန – ပဟာန် = စွန့်ပယ်ခြင်း ၅ ပါး _ရှု)

စွန့်ရမည့်တရား ၅ ပါး

(ဥဒ္ဓံ ဘာဂိယ သံယောဇဉ် ၅ ပါး – အထက် ဗြဟ္မာဘုံနှင့် ဆက်စပ်နေသော သံယောဇဉ် _ရှု)

စွဲလမ်းမှု ကင်းကြောင်း တရား ၅ ပါး

Five things/contemplation not to get attached:
၁။ အသုဘ သညာ = မတင့်တယ်မှု ၌ ရှုသိမှတ်ခြင်း
1: Contemplation of foulness,
၂။ မရဏ သညာ = သေခြင်းတရားကို ရှုသိမှတ်ခြင်း
2: of death,
၃။ အာဒီနဝ သညာ = အပြစ်များကို ရှုသိမှတ်ခြင်း
3: of faults,
၄။ အာဟာရေ ပဋိကူလ သညာ = အစာအာဟာရကို ရွံရှာဘွယ်ဟု ရှုသိမှတ်ခြင်း
4: of food as disgust stuff,
၅။ သဗ္ဗလောကေ အနဘိရတိ သညာ = လောကကြီးသည် ပျော်မွေ့ဘွယ်မရှိဟု ရှုသိမှတ်ခြင်း။
5: of whole world as an unpleasant place.

ဆက်စပ်၍ မရနိုင်သော အရာကြီး ၄ မျိုး

Four unconnectable things:
၁။ မိုး နှင့် မြေကြီး
1: Earth and sky/heaven,
၂။ သမုဒ္ဒရာ၏ ဟိုမှာဘက်ကမ်းနှင့် ဤမှာဘက်ကမ်း
2: opposite beaches of an ocean,
၃။ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်
3: sun’s rising up and setting down,
၄။ သူတော်ကောင်းတရားနှင့် သူယုတ်မာတရား။
4: the dhamma of the good and of the bad.

ဆက္က နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ဆဋ္ဌမမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၆ ပုဒ် စီပါရှိသော ဇာတ်တော်များ ဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၂ဝ ပါဝင်သည်။
Chakka–nipāta (Jātaka): This is the sixth chapter of the 550 Birth–stories: each of them consists of six verses, thus, Chakka–nipāta, six–verse–story; there are twenty stories in this chapter.

ဆက္က နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်ဥရုဝေဠ ပဿပ အရှင်တေကိစ္ဆကာရိ စသော ရဟန္တာ မထေရ် ၁၄ ပါးတို့ခြောက်ဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်းဖြစ်သည်။ Chakka–nipāta (Theragāthā): This is a collection of joyous verses uttered by fourteen male–monks (arahanta) such as Uruveḷa Kassapa and Tekicchakāri at the time of Lord Buddha. Each uttered six verses.

ဆက္က နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မခေမာ အရှင်မသုဇာတာစသော ရဟန္တာ ထေရီ ၈ ပါးတို့သည် ခြောက်ဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြသည်ကို စုစည်းထားခြင်းဖြစ်သည်။ Chakka–nipāta (Therīgāthā): This is a collection of joyous verses uttered by eight female–monks (arahanta) such as Khemā and Sujātā at the time of Lord Buddha. Each uttered six verses (chakka).

ဆက္က နိပါတ (အင်္ဂုတ္တရ) ပါဠိ

အင်္ဂုတ္တရနိကာယ် ၌ တရားအစု ၆ ပါးစီ ကို အဓိကထား ဟောကြားသော သုတ္တန်တိုများ ပါဝင်သည့် ဆဋ္ဌမမြောက် ကျမ်းဖြစ်သည်။
Chakka–nipāta (Aṅguttara): The fourth book of the ‘Gradual Discourses’: in this book, each discourse emphasizs six items of the dhamma.

ဆင်ကိုစမ်းကြသည့် သူကန်းများ ဥပမာ

(သူကန်းများ ဆင်စမ်းသည့် ဥပမာ _ရှု)

ဆင်ပြောင်ကို ထန်းလက်ဖြင့် ဖုံးကွယ်သကဲ့သို့

(ခုနှစ်တောင်ရှိ ဆင်ပြောင်ကို ထန်းလက်ဖြင့် ဖုံးကွယ်သကဲ့သို့ _ရှု)

ဆင်ရိုင်းကို ဖမ်းပြီး ဆင်ယဉ်ဖြစ်အောင် ကျင့်ပေးနည်း

(ဒန္တဘူမိသုတ်။ ဥပရိပဏ္ဏာသပါဠိ) How to tame a wild elephant: See Dantabhūmi Sutta, Upari–paṇṇāsa.

ဆင်အာဇာနည်၏ လက္ခဏာ ၄ ပါး

Four qualities of an elephant worthy of the king:
၁။ သောတာ = နာခံခြင်း
1: Listener,
၂။ ဟန္တာ = (စစ်ပွဲ၌) သတ်ဖြတ်နိုင်ခြင်း
2: destroyer,
၃။ ခန္တာ = (စစ်မြေပြင်၌ မြှား လှံစသည်ကို) သည်းခံနိုင်ခြင်း။ ကြန့်ကြန့်ခံနိုင်ခြင်း
3: bearer (ability to bear arrows etc.),
၄။ ဂန္တာ = သွားနိုင်ခြင်း။
4: goer (ability to go long).

ဆင်းရဲမွဲတေခြင်း၏ အကျိုးဆက်များ

(စက္ကဝတ္တိသုတ်။ သုတ်ပါထေယျပါဠိ) Consequences of the poverty in accordance with Cakka–vatti Sutta, Pāthika–vagga:
၁။ ပစ္စည်းဥစ္စာ မပြည့်စုံသောကြောင့် ဆင်းရဲတွင်းနက်၏။
1: Lack of property, poverty becomes rife.
၂။ ဆင်းရဲတွင်းနက်သောကြောင့် ခိုးယူမှုများ များပြားလာ၏။
2: From poverty, stealing becomes increased.
၃။ ခိုးယူမှုများ များပြားလာသောကြောင့် ဓါးလက်နက်များ များပြားလာ၏။
3: From the increase of theft, the use of weapon increases.
၄။ ဓါးလက်နက်များ များပြားလာသောကြောင့် သတ်ဖြတ်မှုများ များပြားလာ၏။
4: From the increased use of weapons, the taking of life increases.
၅။ သတ်ဖြတ်မှုများ များပြားလာသောကြောင့် မမှန်စကားပြောကြားခြင်း များပြားလာ၏။
5: From the increased taking of life, telling lies increases.
၆။ မမှန်စကားပြောကြားခြင်း များပြားလာသောကြောင့် ကုန်းတိုက်စကား များပြားလာ၏။
6: From the increased telling lies, back–biting increases.
၇။ ကုန်းတိုက်စကား များပြားလာသောကြောင့် ကာမဂုဏ်ဖေါက်ပြန်မှု များပြားလာ၏။
7: From the increased back–biting, sexual misconduct increases.
၈။ ကာမဂုဏ်ဖေါက်ပြန်မှု များပြားလာသောကြောင့် ကြမ်းထမ်းရိုင်းပြစကား အကျိုးမဲ့စကားများ ပြောကြားမှု များပြားလာ၏။
8: From the increased sexual misconduct, harsh words and vain talks increase.
၉။ ကြမ်းထမ်းရိုင်းပြစကား အကျိုးမဲ့စကားများ ပြောကြားမှုများပြားလာသောကြောင့် မနာလိုမှု အဘိဇ္စျာ သူတစ်ပါးတို့အား ပျက်စီးစေလိုမှု ဗျာပါဒတရား နှစ်ပါးများပြားလာ၏။
9: From the increased harsh words and vain talks, covetousness and hatred increase.
၁ဝ။ မနာလိုမှု အဘိဇ္စျာ သူတပါးတို့အား ပျက်စီးစေလိုမှု ဗျာပါဒတရား နှစ်ပါးများပြားလာသောကြောင့် အယူမှားမှု မိစ္ဆာဒိဋ္ဌိ များပြားလာ၏။
10: From the increased covetousness and hatred, false opinions increase.
၁၁။ အယူမှားမှု မိစ္ဆာဒိဋ္ဌိ များပြားလာသောကြောင့် မတရားသဖြင့် တပ်မက်ခြင်း အဓမ္မရာဂ။
လောဘကြီးခြင်း ဝိသမလောဘ။ ကျင့်ဝတ်ဖေါက်ပြန်ခြင်း မိစ္ဆာဓမ္မ ဤတရားသုံးပါး များပြားလာ၏။
11: From the increased opinions, incest, excessive greed and deviant practices increase.
၁၂။ မတရားသဖြင့် တပ်မက်ခြင်း အဓ္မရာဂ။ လောဘကြီးခြင်း ဝိသမလောဘ။ ကျင့်ဝတ်ဖေါက်ပြန်ခြင်း မိစ္ဆာဓမ္မ ဤတရားသုံးပါး များပြားလာသောကြောင့် အမိ အဘ ရဟန်း ပုဏ္ဏား ကြီးသူများအပေါ် ကျင့်ဝတ်မသိ ရိုသေမှု မရှိ ဖြစ်လာကြသည်။
12: From the incest, excessive greed and deviant practices, lack of responsibility and of respect for mother and father, monks and Brahmins and elders decreases.
၁၃။ ထိုသို့ ကျင့်ဝတ်မသိ ရိုသေမှု မရှိ ဖြစ်လာကြ၍ အသက်တမ်း တိုတိုလာ၏။ ရုပ်အဆင်းဖေါက်ပြန်လာ၏။
13: From such lacks, people’s life–span and their beauty decrease.

ဆဆက္က

(ခြောက်ပါးစုတရား ခြောက်ပါး)
The six sets of six:
၁။ အတွင်းအာယတန ခြောက်ပါး
1: The six internal bases,
(က) မျက်စိ
(a) Eye–base,
(ခ) နား
(b) ear–base,
(ဂ) နှာခေါင်း
(c) nose–base,
(ဃ) လျှာ
(d) tongue–base,
(င) ကိုယ်
(e) body–base,
(စ) စိတ်။
(f) mind–base,
၂။ အပြင်အာယတန ခြောက်ပါး
2: the six external bases,
(က) ရုပ်
(a) Form–base,
(ခ) အသံ
(b) sound–base,
(ဂ) အနံ့
(c) odour–base,
(ဃ) အရသာ
(d) flavour–base,
(င) အတွေ့အထိ
(e) tangible–base,
(စ) စိတ်အာရုံ။
(f) mind–object–base.
၃။ ဝိညာဏ်အစု ခြောက်ပါး
3: the six classes of consciousness,
(က) မြင် သိစိတ်
(a) Eye –consciousness,
(ခ) ကြား သိစိတ်
(b) ear–consciousness,
(ဂ) နံ သိစိတ်
(c) nose–consciousness,
(ဃ) အရသာ သိစိတ်
(d) tongue–consciousness,
(င) တွေ့ သိစိတ်
(e) body–consciousness,
(စ) ကြံ သိစိတ်။
(f) mind–consciousness,
၄။ ဖဿအစု ခြောက်ပါး
4: the six classes of contact,
(က) မျက်စိ အတွေ့
(a) Eye–contact,
(ခ) နား အတွေ့
(b) ear–contact,
(ဂ) နှာ အတွေ့
(c) nose–contact,
(ဃ) လျှာ အတွေ့
(d) tongue–contact,
(င) ကိုယ် အတွေ့
(e) body–contact,
(စ) စိတ် အတွေ့ ။
(f) mind–contact.
၅။ ဝေဒနာအစု ခြောက်ပါး
5: the six classes of feeling,
(က) မျက်စိမှလာ ဝေဒနာ
(a) Eye–feeling,
(ခ) နားမှလာ ဝေဒနာ
(b) ear–feeling,
(ဂ) နှာခေါင်းမှလာ ဝေဒနာ
(c) nose–feeling,
(ဃ) လျှာမှလာ ဝေဒနာ
(d) tongue–feeling,
(င) ကိုယ်မှလာ ဝေဒနာ
(e) body–feeling,
(စ) စိတ်မှလာ ဝေဒနာ။
(f) mind–feeling,
၆။ တဏှာအစု ခြောက်ပါး
6: the six classes of craving.
(က) မျက်စိမှလာ တဏှာ
(a) Eye–craving,
(ခ) နားမှလာ တဏှာ
(b) ear–craving,
(ဂ) နှာခေါင်းမှလာ တဏှာ
(c) nose–craving,
(ဃ) လျှာမှလာ တဏှာ
(d) tongue–craving,
(င) ကိုယ်မှလာ တဏှာ
(e) body–craving,
(စ) စိတ်မှလာ တဏှာ။
(f) mind–craving.

ဆဋ္ဌဂံ။ ဆက္ကဂံ

Hexagon.

ဆန့်ကျင် ငြင်းခုံ ပြဿနာရှာတတ်သော ရဟန်း၏ ဆိုးကျိုး ၅ ပါး

Five disadvantages of a problematic monk:
၁။ မရသေးသော တရားကို မရနိုင်ခြင်း
1: Not reaching the unreached dhamma,
၂။ ရပြီးသောတရားမှ ယုတ်လျှော့ခြင်း
2: falling away from the reached,
၃။ မကောင်းသတင်း ကျော်ဇောခြင်း
3: spreading evil fame,
၄။ တွေဝေလျှက် သေရခြင်း
4: dying carelessly,
၅။ သေပြီးနောက် ငရဲရောက်ရခြင်း။
5: hell after death.

ဆန်ပြုတ် သောက်ခြင်း၏ အကျိုး ၅ ပါး

(ယာဂု – ဆန်ပြုတ် – သောက်ခြင်း၏ အကျိုး ၅ ပါး _ရှု)

ဆန်း (ဝုတ္တောဒယ) ကျမ်း

ပါဠိဂါထာ ကဗျာ ဖွဲ့နည်းကျမ်း
Exposition of metre.

ဆန္ဒ

Zeal, desire, intention, will.

ဆန္ဒထေရ် မိမိကိုယ်ကို သတ်သေ

(ကိုယ့်ကိုကိုဓားထိုး သတ်သေသော အရှင်ဆန္ဒထေရ် _ရှု)

ဆန္ဒရာဂ (လိုချင်တပ်မက်ခြင်း) ဖြစ်ကြောင်း ၃ မျိုး

Three causes for the origination of desire and lust:
၁။ အတိတ်ကာလကို စွဲ၍ဖြစ်ခြင်း
1: With reference to things in the past,
၁။ အနာဂတ်ကာလကို စွဲ၍ဖြစ်ခြင်း
2: in the future,
၂။ ပစ္စုပ္ပန်ကာလကို စွဲ၍ဖြစ်ခြင်း။
3: in/at the present.

ဆန္ဒသည် ဒုက္ခ၏ အရင်းခံ

‘ယံ ကိဌိ ဒုက္ခံ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ။ သဗ္ဗံ တံ ဆန္ဒမူလကံ ဆန္ဒနိဒါနံ။ ဆန္ဒော ဟိ မူလံ ဒုက္ခဿ = ဆင်းရဲအားလုံးဖြစ်ပေါ်လာခြင်းသည် လိုချင်မှု ဆန္ဒလျှင် မူရင်းအကြောင်းခံရှိ၏။ ဆန္ဒသည် ဆင်းရဲ ဒုက္ခအားလုံး၏ အကြောင်းရင်းပေတည်း။’ (ဘဒြကသုတ်။ ဂါမဏိသံယုတ်။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ) Desire is the root of suffering: “Whatever suffering arises, all that is rooted in desire, has desire as its source; for desire is the root of suffering.” (Bhadraka Sutta, Saḷāyatana–vagga Saṃyutta Pāḷi)

ဆန္ဒာဓိက

Overwhelmed by will.

ဆဗ္ဗဂ္ဂီ (ခြောက်ပါးအုပ်စု) ရဟန်းများ

သူငယ်ချင်းအုပ်စု ဖြစ်သည်။ ဤရဟန်းတော်များကို အကြောင်းပြုပြီး ဝိနည်း သိက္ခာပုဒ်များစွာ ပညတ်တော်မူခဲ့သည်။ အောက်ဖေါ်ပြပါ တို့တွင် နံပါတ် ၁ နှင့် ၂ တို့သည် တပည့် ၅ဝဝ နှင့်အတူ သာဝတ္ထိမြို့ မှာနေ ကြသည်။ ရဟန်းကောင်းများဖြစ်ကြသည်။ နံပါတ် ၃ နှင့် ၄ မှာ တပည့် ၅ဝဝ နှင့်အတူ ရာဇဂြိုဟ်ပြည်။ နံပါတ် ၅ နှင့် ၆ မှာ တပည့် ၅ဝဝ နှင့်အတူ ကီဋာဂိရိ ဇနပုဒ်မှ အသီးအသီး နေကြသည်။ နံပါတ် ၃ မှ ၆ တို့သည် ရဟန်းဆိုးများဖြစ်ကြကုန်၏။ Chabbaggī: Group of the following six monks, closed friends each others, because of them, many monk–rules (Vinaya–sikkhāpada) came into being. Nos. 1 and 2 in the followings, with their 500 followers, lived in Sāvatthi. They were good monks. Nos. 3 and 4 lived in Rājagaha with their 500 followers and nos. 5 and 6 in Kīṭāgiri, with their 500 followers. They (nos. 3 to 6) were bad monks.
၁။ ပဏ္ဍုက
1: Paṇḍuka,
၂။ လောဟိတက
2: Lohitaka,
၃။ မေတ္တိယ
3: Mettiya,
၄။ ဘူမဇက
4: Bhūmajaka,
၅။ အဿဇိ
5: Assaji,
၆။ ပုနဗ္ဗသုက။
6: Punabbasuka.

ဆယ်စောင်တွဲ

မြန်မာ ဘုန်းတော်ကြီးကျောင်းပညာရေး၏ မူရင်းအကျဆုံး ကျမ်းစာဖြစ်သည်။ ကဏ္ဍဆယ်ခုပါဝင် သောကြောင့် ဆယ်စောင်တွဲဟု ခေါ်ဆိုသည်။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ (နောက်ပိုင်း၌ ၁၂ စောင်တွဲ ၁၄ စောင်တွဲ ၁၅ စောင်တွဲ စသည်ဖြင့် သင့်တော်ရာရာများ ပေါင်းထည့်၍ ထုတ်ဝေလာကြသည်)
The Ten–section Text–book: Meaning – a text consisting of ten chapters; it is the primary text book of Burmese Buddhist education. The ten chapters are as follows (Some publishers added more sections on it; thus, named ‘Twelve–section, Fifteen–
section’ and so on.)
၁။ မင်္ဂလသုတ်
1: Blessing discourse,
၂။ အပြင်အောင်ခြင်း
2: External victory,
၃။ အတွင်းအောင်ခြင်း
3: Internal victory,
၄။ ရတနာရွှေချိုင့်
4: Jewel fort,
၅။ နမက္ကာရ – ဘုရားရှိခိုး
5: Prayer verses,
၆။ လောကနီတိ
6: Ethical principles of the world,
၇။ ပရိတ်ကြီး
7: Great protecting discourses,
၈။ ရှင်မဟာသီလဝံသ ဆုံးမစာ
8: Ethical guiding verses of Mahā Sīlavaṃsa,
၉။ ရှင်မဟာရဋ္ဌသာရ ဆုံးမစာ
9: Ethical guiding verses of Mahā Raṭṭhasāra,
၁ဝ။ ဘိုးသူတော်ဦးနု စကားပုံ။
10: Sayings of the U Nu, the recluse.

ဆယ်ပါးသီလ

Ten precepts:
၁။ ပါဏာတိပါတာ ဝေရမဏိ = အသက်သတ်မှု မှ ရှောင်ကြဉ်ခြင်း
1: Avoidance of killing,
၂။ အဒိန္နာဒါနာ ဝေရမဏိ = ခိုးယူမှု မှ ရှောင်ကြဉ်ခြင်း
2: of stealing,
၃။ အဗြဟ္မစရိယာ ဝေရမဏိ = မေထုန်မှု ပြုခြင်း မှ ရှောင်ကြဉ်ခြင်း
3: of sexual acts,
၄။ မုသာဝါဒါ ဝေရမဏိ = လိမ်ညာပြောမှု မှ ရှောင်ကြဉ်ခြင်း
4: of lying,
၅။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ = အရက်သေစာ မူယစ်ဆေးဝါး သုံးဆောင်ခြင်းမှ ရှောင်ကြည်ခြင်း
5: of using alcoholic drinks and drugs,
၆။ ဝိကာလဘောဇနာ ဝေရမဏိ = နေ့လွဲ ညစာ စားသောက်ခြင်းမှ ရှောင်ကြည်ခြင်း
6: of eating at wrong time (after mid–day to the next morning dawn),
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနာ ဝေရမဏိ = ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ကြည့်ရှုနားထောင်ခြင်း တို့မှ ရှောင်ကြည်ခြင်း
7: of dancing, singing, watching/listening the shows,
၈။ မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ = ပန်းပန်ခြင်း နံ့သာလိမ်းခြင်း။ဆောင်ခြင်း မိမိကိုယ်ကို မလှလှအောင် ပြုပြင်ခြင်း ရှောင်ကြည်ခြင်း
8: of beautifying oneself with flower, perfumes, make–up etc.,
၉။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ = မြင့်မြတ်သောနေရာတို့ကို သုံးဆောင်ခြင်းမှ ရှောင်ကြည်ခြင်း
9: of using luxurious seat and bed,
၁ဝ။ ဇာတရူပ ရဇတ ပဋိဂ္ဂဟနာ ဝေရမဏိ = ရွှေငွေတို့ကို ခံယူသုံးဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း။
10: of receiving and using gold and silver (money).

ဆရာ

Teacher, instructor, tutor.

ဆရာ ၄ မျိုး

Four kinds of teacher:
၁။ ကိုရင်ဝတ်ပေးသော ဆရာ
1: Teacher who leads iniciation/noviciation,
၂။ ရဟန်းခံပေးသော ဆရာ
2: who leads ordination,
၃။ စာသင်ပေးသော ဆရာ
3: who teaches,
၄။ မှီခိုအားထားနေရသော ဆရာ။
4: who supports.

ဆရာတို့၏ ကျင့်ဝတ် ၅ ပါး

The five duties/responsiblities/obligations of teachers to their pupils/students:
၁။ အတတ်လည်းသင်
1: Well instructing,
၂။ ပဲ့ပြင် ဆုံးမ
2: well teaching,
၃။ သိပ္ပ မချန်
3: training them well–balanced education,
၄။ ဘေးရန် ဆီးကာ
4: protecting them from danger,
၅။ သင့်ရာ အပ်ပို့
5: entrusting them to the higher (than him) teachers.

ဆရာရဟန်းတု ၅ မျိုး

Five kinds of bogus teacher–monk:
၁။ သီလမရှိပဲ သီလရှိသူဟု ဝန်ခံသော ဆရာရဟန်း
1: Claiming to have pure morality without it,
၂။ အသက်မွေးမှု မစင်ကြယ်ပဲ စင်ကြယ်သူဟု ဝန်ခံသော ဆရာရဟန်း
2: to have pure livelihood without it,
၃။ မစင်ကြယ်သောတရားကို စင်ကြယ်သောတရားဟု ဟောပြောသော ဆရာရဟန်း
3: to preach pure dhamma actually it is not,
၄။ မစင်ကြယ်သောပြောစကားကို စင်ကြယ်သော ပြောကြားခြင်းဟု ဆိုသော ဆရာရဟန်း
4: to speak perfectly actually it is not,
၅။ မစင်ကြယ်သော ဉာဏ်အမြင်ရှိလျှက် စင်ကြယ်သောဉာဏ်အမြင်ရှိသူဟု ဝန်ခံသော ဆရာရဟန်း။
5: to have pure vision without it.

ဆရာသမားဂုဏ် ၂၅ ပါး

Twenty–five virtues of a good teacher:
၁။ တပည့်များကို အမြဲစောင့်ရှောက်ခြင်း
1: Guarding his pupils,
၂။ မှီဝဲ အပ် မအပ်ကို သိခြင်း
2: letting his pupils know what to do and what not to do,
၃။ မေ့လျော့ မမေ့လျော့သည်ကို သိခြင်း
3: letting his pupils know what should be alert and what should not be alert,
၄။ အိပ်ရာနေရာ ကျန်းမာရေးကို သိခြင်း
4: instructing his pupils how to sleep,
၅။ ရောဂါ ရှိ မရှိကို သိခြင်း
5: instruction regarding health,
၆။ ဘောဇဉ် ရ မရကို သိခြင်း
6: regarding food,
၇။ အကြောင်းထူး မထူးကို သိခြင်း
7: regarding discrimination,
၈။ အစားအစာကို စစ်ဆေးဝေဘန်ခြင်း
8: regarding checking food,
၈။ ပညာကျိုးစားအောင် အားပေးစကား ပြောကြားတတ်ခြင်း
9: encouraging for education,
၁ဝ။ အလုပ်အကျွေးကောင်းသူကို သိခြင်း
10: ragarding good company,
၁၁။ ဆွမ်းခံရာ အလုပ်အကျွေးကို သိခြင်း
11: regarding village to frequent,
၁၂။ ကျောင်း အလုပ်အကျွေးကို သိခြင်း
12: regarding monastery to frequent,
၁၃။ တပည့်ကို ပြက်ရယ်မှု မပြုခြင်း
13: no ridicule,
၁၄။ အရောတဝင် မပြုခြင်း
14: never foolish talk with his pupils,
၁၅။ တပည့်အပြစ်ကို သည်းခံခြင်း
15: pardoning his pupils’ defect,
၁၆။ တပည့်ကို လေးစားခြင်း
16: seriousness,
၁၇။ လျှို့ဝှက်ရမည့်အရာကို လျှို့ဝှက်ခြင်း
17: secret what should be secret,
၁၈။ ပညာကုန် သင်ပေးခြင်း
18: keeping nothing secret in teaching,
၁၉။ တတ်သိစေလိုသော စိတ်ရှိခြင်း
19: intention to reach educational goal,
၂ဝ။ ပညာစွဲအောင် သင်ပေးခြင်း
20: making his pupils strong in knowledge,
၂၁။ လက်ရှိပညာထက် တိုးတက်တတ်မြောက်လိုစိတ်ရှိအောင် အားပေးခြင်း
21: bringing forward,
၂၂။ မေတ္တာစိတ်ရှိခြင်း
22: having loving–kindness,
၂၃။ ဘေးရန်ရှိက တပည့်တို့ကို မစွန့်ခြင်း
23: never desert his pupils,
၂၄။ မမေ့မလျော့ခြင်း
24: never neglect his pupils,
၂၅။ တပည့်များမေ့လျော့မှားယွင်းသော် သင့်တော်အောင် ချီးမြှောက်ခြင်း။
25: always looking after his pupils.

ဆရာတော်

Venerable –––, Reverend –––, Revered –––, abbot, presiding monk (of a monastery).

ဆာယာ

အရိပ်
Shade, shadow.

ဆာယာရူပံ

ရုပ်ပုံရိပ် ဓာတ်ပုံ
Photo, picture.

ဆီကျည် (ဆီပုလင်း) လှူရကျိုး ၅ ပါး

Five benefits of donating oil–bottle:
၁။ အဆင်းလှခြင်း
1: Beauty,
၂။ တင့်တယ်ခြင်း
2: grace,
၃။ တက်ကြွသောစိတ်ရှိခြင်း
3: active mind,
၄။ မပျံ့လွင့်ခြင်း
4: not frustrated,
၅။ စောင့်ရှောက်နိုင်ခြင်း။
5: able to guard oneself.

ဆီပြည့်နေသောခွက်ကို

မဖိတ်မစင်အောင်သတိထားကိုင်ပြီး ကချေသည်အဆိုကျော် မိန်းမလှနား ဖြတ်သွားသည့် ယောက်ျား ဥပမာ။ (ဆီဖိတ်စင်ကျပါက ချက်ချင်း လည်ပင်းဖြတ် အသတ်ခံရမည်) (ဇနပဒကလျာဏီသုတ်။ သတိပဋ္ဌာနသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
A simile of a man who carries a bowl of oil filled to the brim between the crowd and the most beautiful girl singing and dancing (if spill the oil, his head must be immediately cut). (Janapada–kalyāṇī Sutta, Satipaṭṭhāna Saṃyutta, Mahā–vagga Saṃyutta Pāḷi)

ဆီးမီးခွက် ဥပမာ အနိစ္စ

Similes of an oil–lamp regarding impermenance:
၁။ ဆီသည်လည်း အနိစ္စ
1: Its (oil–lamp’s) oil is impermenant;
၂။ မီးစာသည်လည်း အနိစ္စ
2: Its wick is impermenant;
၃။ မီးတောက်သည်လည်း အနိစ္စ
3: Its flame is impermenant;
၄။ သို့ဖြစ်လျှင် ဆီးမီးခွက်မှထွက်သော အရောင်အလင်းကို နိစ္စဟုဆိုရန် သင့်မည်လော။
4: If so, it is not reasonable to speak, “Its radiance is permanent.”

ဆီမီးတိုင် (ဖရောင်းတိုင်) လှူရကျိုး ၃ ပါး

Three benefits of donating candle:
၁။ အမျိုးမြတ်ခြင်း
1: High class/caste,
၂။ ကိုယ်အင်္ဂါ တင့်တယ် ပြေပြစ်ခြင်း
2: elegance,
၃။ ပညာဉာဏ်ရှိခြင်း။
3: wisdom.

ဆီမီး ပူဇော်

Light oil lamps as offertory.

ဆီမီး ပူဇော်ရခြင်း၏ အကျိူး ၅ ပါး

Five benefits of offering light:
၁။ တန်ခိုးအာနုဘော် ကြီးခြင်း
1: Power,
၂။ ရဲရင့် လျှင်မြန်ခြင်း
2: courage,
၃။ ရုပ်အဆင်း တောက်ပခြင်း
3: good–looking,
၄။ ပညာကြီးခြင်း
4: wisdom,
၅။ ကျော်စောခြင်း။
5: fame.

ဆီအိုးထောပတ်အိုး ရေနက်ထဲ၌ ကွဲသည့် ဥပမာ

ဆီများ ထောပတ်များ ရေပေါ်မှာပေါ်ပြီး အိုးကွဲများ ရေထဲမှာ နစ်မြုပ်သွားခြင်း (အသိဗန္ဓကပုတ္တသုတ်။ ဂါမဏိသံယုတ်။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ။
ပထမမဟာနာမသုတ်။ သောတာပတ္တိသံယုတ္တ။ မဟာဝဂ္ဂသံယုတ္တပါဠိ)
The simile of a breaking pot of oil or of butter in a deep pool of water – its shards or fragments sink downwards but oil or butter rise upwards.
(Saḷāyatana–vagga Saṃyutta Pāḷi, Mahā–vagga Saṃyutta Pāḷi)

ဆုကြီး ၅ ပါး

Five vows (leading to nibbāna):
၁။ သဗ္ဗညု ဘုရားဆု – လေးသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်
1: To be a universal Buddha, it needs to fulfill perfections(pāramī) for four aeons and 100,000 world–cycles.
၂။ ပစ္စေကဗုဒ္ဓ ဆု – နှစ်သင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်
2: To be an individual Buddha, it needs to fulfill perfections for two aeons and 100,000 world–cycles.
၃။ အဂ္ဂသာဝက ဆု – တသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်
3: To be a highest/top disciple of universal Buddha, it needs to fulfill perfections for one aeon and 100,000 world–cycles.
၄။ မဟာသာဝက ဆု – ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်
4: To be a higher/secondary disciple of universal Buddha, it needs to fulfill perfections for 100,000 world–cycles.
၅။ ပကတိသာဝက ဆု – ပါရမီဖြည့်ရန် ကာလအပိုင်းအခြား မသတ်မှတ်။
5: To be an ordinary disciple of universal Buddha, it needs to fulfill perfections for certain amount world–cycles, no fixed number.

ဆုတ်ယုတ်ကြောင်း (ပရိဟာန) တရား ၈ မျိုး

(ပရိဟာနသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Eight qualities that lead to the decline of a person:
၁။ ကမ္မာရာမတာ – အလုပ်ကိစ္စများ၌ မွေ့လျှော်ခြင်း
1: Delight in work,
၂။ ဘဿာရာမတာ – စကားပြောမှု၌ မွေ့လျှော်ခြင်း
2: in talk,
၃။ နိဒ္ဒါရာမတာ – အိပ်စက်မှု၌ မွေ့လျှော်ခြင်း
3: in sleep,
၄။ သင်္ဂဏိကာရာမတာ – အပေါင်းအဖေါ်၌ မွေ့လျှော်ခြင်း
4: in company,
၅။ ဣန္ဒြိယေသု အဂုတ္တတာ – ဣန္ဒြေ မစောင့်စည်းခြင်း
5: not guarding the sense–doors,
၆။ ဘောဇနေ အမတ္တုတာ – အစားအစာ၌ အတိုင်းအရှည်ကို မသိခြင်း
6: lack of moderation in eating,
၇။ သံသဂ္ဂါရာမတာ – ရောနှောခြင်း၌ မွေ့လျှော်ခြင်း
7: delight in bonding,
၈။ ပပဌာရာမတာ – သံသရာချဲ့တရားများ (အကျယ်ချဲ့ခြင်း) ၌ မွေ့လျှော်ခြင်း။
8: delight in proliferation.
(တိုးတက်ကြောင်း – အပရိဟာန – တရား ၈ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Eight qualities that lead to the increase of a person are opposite of the above.)

ဆုတ်ယုတ်ကြောင်း (ဟာနဘာဂိယ) တရားများ

တစ်ပါးစု မှ ဆယ်ပါးစုအထိ –
(တိုးတက်ခြင်း – ဝိသေသဘာဂိယ –၏ အကြောင်းတရားများ _ရှု)

ဆုတောင်း

Pray, ask or wish for what one wants.

ဆုတောင်းပြည့်

Having one’s prayer answered, fulfilled wishes.

ဆုတောင်း

(ဣဒံ မေ ဒါနံ –ပုညံ– ဆုတောင်း _ရှု)

ဆုပန် (ပဏိဓာန)

A vow, an earnest wish.

ဆုံးရှုံးမှု (ပါရိဇုည) ၄ ပါး

(ဘယာပဗ္ဗဇ္ဇိတ – ရှင်ရဟန်းပြုသည့် အကြောင်းတရား ၄ ပါး _ရှု)

ဆူညံပွက်လောရိုက်နေကြ၍ ဘုရားရှင် နှင်ထုတ်တော်မူခြင်း

(ရဟန်းတို့အား ဆူညံပွက်လောရိုက်နေကြ၍ ဘုရားရှင် နှင်ထုတ်တော်မူခြင်း _ရှု)

ဆူညံပွက်လောရိုက်ပြီး ဆွမ်းစုပေါင်းချက်ကြခြင်း

(ဆွမ်းစုပေါင်းချက်ကြရာ ဆူညံစွာ _ရှု)

ဆူးငြောင့် ၃ မျိုး

(ခိလ – ငြောင့်ဆူး ၃ မျိုး _ရှု)

ဆူးငြောင့် ၁ဝ မျိုး

Ten thorns:
၁။ ဆိတ်ငြိမ်ရာမွေ့လျော်သူအား အပေါင်းအဖေါ် ၌ မွေ့လျော်မှုသည် ဆူးငြောင့်တည်း။
1: Delight in society is a thorn of seclusion.
၂။ မတင့်တယ်မှု အသုဘကို ရှုသူအား တင့်တယ်မှု သုဘနိမိတ်သည် ဆူးငြောင့်တည်း။
2: Fairness is a thorn of foulness.
၃။ ဣန္ဒြေစောင့်စည်းသူအား ငါးပါးအာရုံ ကာမဂုဏ်တို့သည် ဆူးငြောင့်တည်း။
3: Five sensual pleasures are thorns for those who guard their sense–doors.
၄။ ဗြဟ္မစရိယကျင့်သူအား မာတုဂါမ (မိန်းမ) သည် ဆူးငြောင့်တည်း။
4: Woman is a thorn of holy–life (Brahma–cariya).
၅။ အသံသည် ပဌမစျာန်၏ ဆူးငြောင့်တည်း။
5: Sound is a thorn of first jhāna.
၆။ ဝိတက်ဝိစာရ အကြံအစည်များမှုတို့သည် ဒုတိယစျာန်၏ ဆူးငြောင့်တည်း။
6: Thoughts are thorns of second jhāna.
၇။ ပီတိ နှစ်သက်ခြင်းသည် တတိယစျာန်၏ ဆူးငြောင့်တည်း။
7: Joy/zest is a thorn of third jhāna.
၈။ ထွက်သက်ဝင်သက်သည် စတုတ္ထစျာန်၏ ဆူးငြောင့်တည်း။
8: In–breathing and out–breathing are thorns of fourth jhāna.
၉။ သညာ ဝေဒနာတို့သည် နိရောဓသမာပတ်၏ ဆူးငြောင့်တည်း။
9: Perception and feeling are thorns of cessation trance (nirodha samāpatti).
၁ဝ။ ရာဂ ဒေါသ မောဟတို့သည် ဆူးငြောင့်တို့တည်း။
10: Lust, ill–will and delusion are thorns.

ဆေးတန်လှူရကျိုး ၃ ပါး

Three benefits of donating medical–smoke or cigar:
၁။ သတိရှိခြင်း
1: Mindfulness,
၂။ သွေးကြောလေကြောကောင်းခြင်း
2: healthy veins,
၃။ နတ်မျက်စိ ရခြင်း။
3: divine–eyes.

ဆေးလှူရကျိုး ၁ဝ ပါး

Ten benefits of donating medicine:
၁။ အသက်ရှည်ခြင်း
1: Longevity,
၂။ ခွန်အားကြီးခြင်း
2: strength/power,
၃။ ပညာကြီးခြင်း
3: wisdom,
၄။ အဆင်းလှခြင်း
4: good–looking,
၅။ အခြံအရံများခြင်း
5: huge entourage,
၆။ ချမ်းသာခြင်း
6: happiness,
၇။ ဘေးရန်မရှိခြင်း
7: no danger,
၈။ ဆင်းရဲမရှိခြင်း
8: no difficulties/misery,
၉။ ပူဇော်ခံရခြင်း
9: receiving respect from others,
၁ဝ။ ချစ်သောသူများနှင့် မကွေကွင်းရခြင်း။
10: no speration with loved–ones.

ဆဲရေးခြင်း အကြောင်း အခြေခံ ၁ဝ မျိုး

Ten bases of abusive language:
၁။ ဇာတိ – အမျိုးဇာတ်
1: Family,
၂။ နာမ – နာမည်
2: name,
၃။ ဂေါတ္တ – အနွယ်
3: clan,
၄။ ကမ္မ – အလုပ်အကိုင်
4: action/job,
၅။ သိပ္ပ – အတတ်ပညာ
5: livelihood,
၆။ အာဗာဓ – အနာရောဂါ
6: disease,
၇။ လိင်္ဂ – ကျား မ သွင်ပြင်
7: sex/appearance,
၈။ ကိလေသ – ညစ်နွမ်းမှု
8: defect,
၉။ အာပတ္တိ – အပြစ်သင့်မှု
9: transgression,
၁ဝ။ အက္ကောသန – သက်သက်မဲ့ ဆဲရေးခြင်း။
10: just using abusive language.

ဆောက်တည်

Observe, concentrate, undertake.

ဆံချ

Shaving the head–hair (mustache and beard) of a person
who is going to be ordined soon.

ဆံတော်

Hairs of certain holy persons (esp. Buddha’s).

ဆံပင် (လူ) ကမ္ဗလာ၏ အပြစ်မျိုး

(ကေသကမ္ဗလသုတ်။ တိကနိပါတ။ အင်္ဂုတ္တိုရပါဠိ)
Five defaults of human hair–blanket:
၁။ အေးသောရာသီ၌ အေး၏
1: Being cold in cold weather,
၂။ ပူသောရာသီ၌ ပူ၏
2: being hot in hot weather,
၃။ အဆင်းမကောင်း
3: ill–color,
၄။ အနံ့မကောင်း
4: foul–smell,
၅။ အတွေ့အထိ မကောင်း။
5: unpleasant touch.

ဆားပြည့်ခွက်ကို ဂင်္ဂါမြစ်ထဲသို့ သွန်လောင်းထည့်ခြင်း ဥပမာ

(အကုသိုလ်နည်းပါး၍ အပါယ်သို့ မသွားသောသူ _ရှု)

ဆားပြည့်ခွက်ကို နည်းသောရေရှိသောခွက်ထဲသို့ ထည့်ခြင်း ဥပမာ

(အကုသိုလ် နည်းပါးသော်လည်း အပါယ်သို့သွားသောသူ _ရှု)

ဆွမ်း

Food for monks or Buddha.

ဆွမ်းကပ်။ကျွေး

Food–offering (to the monks/Buddha), food–donating.

ဆွမ်းကပ် လှူဒါန်းရာ၌ အကပ်မြောက်ရန် အင်္ဂါ ၅ ပါး

Five requirements to offer thing(s) to monk(s):
၁။ ဆက်ကပ်မည့် ပစ္စည်းကို အကပ်ခံယူမည့် ပုဂ္ဂိုလ်ထံ ရှေ့ရှုဆောင်ခြင်း
1: Forwarding thing(s) to the receiver,
၂။ ကပ်သူနှင့် အကပ်ခံသူ နှစ်တောင်ထွာအတွင်း အကွာအဝေးရှိခြင်း
2: giver and receiver within about three and half feet,
၃။ မြှောက်နိုင်မယူနိုင်သော ပစ္စည်းဖြစ်ခြင်း
3: thing(s) easy to be lifted,
၄။ ပေးခြင်း ၃ ခုတွင် တစ်ခုခုဖြင့် ပေးခြင်း
4: giving with one of the three giving–gestures,
၅။ ခံယူခြင်း ၂ ခုတွင် တစ်ခုခုဖြင့် ခံယူခြင်း။
5: receiving with one of the two receiving–gestures.

ဆွမ်းကိုမှီ၍ ကင်းဆိတ်ခြင်း

ပိဏ္ဍပါတ ပဝိဝေက (ကင်းဆိတ်ခြင်း – ရောင့်ရဲခြင်း ပဝိဝေက – ၃ မျိုး _ရှု)

ဆွမ်းခံ

Go round for alms–food.

ဆွမ်းခံပင့်

Inviting a monk(s) for receiving alms–food.

ဆွမ်းခံပြန်ချိန်

Returning time for monk(s) from alms–round,
about 9 a.m. or 10 a.m.

ဆွမ်းစုပေါင်းချက်ကြရာ ဆူညံစွာ

(ပဌက– ဆက္က– သတ္တကနိပါတ စသည်။ အင်္ဂုတ္တရပါဠိ)
Lay–persons whe were cooking alms–food very loudly and noisily at the time of Lord Buddha

ဆွမ်းစားကျောင်း

Building set aside for partaking meals for monks at a monastery, dining hall for monks.

ဆွမ်းစားပင့်

Inviting a monk(s) for breakfast or lunch at one’s home/place.

ဆွမ်းစဉ်

Offering of food to a monk(s) for one to seven day(s) from the day of a person’s death.

ဆွမ်းဆန်။ ဆွမ်းဆန်စိမ်း

Rice offered to the monk(s).

ဆွမ်းညွှန်ရဟန်း၏ အင်္ဂါ ၅ ပါး

Five things a good food–steward should have:
၁။ ဆန္ဒာဂတိ မလိုက်ခြင်း
1: Not going astray from wish,
၂။ ဒေါသာဂတိ မလိုက်ခြင်း
2: from hatred,
၃။ မောဟာဂတိ မလိုက်ခြင်း
3: from delusion,
၄။ ဘယာဂတိ မလိုက်ခြင်း
4: from fear,
၅။ ဆွမ်းညွှန်ပြီး မပြီးကို သိခြင်း။
5: knowing a ration or not ration.

ဆွမ်းတော်

Food offered to the monk(s)/Buddha.

ဆွမ်းတော်စွန့်

Removing food from the alter in front of a Buddha–image(s).

ဆွမ်းတော်တင်

Offering food to the Buddha.

ဆွမ်း ဒါန အကျိုး ၅ ပါး

Five benefits of food–offering:
၁။ အာယု = အသက်ရှည်ခြင်း
1: Longevity,
၂။ ဝဏ္ဏ = အဆင်းလှခြင်း
2: beauty,
၃။ သုခ = ချမ်းသာကြီးခြင်း
3: happiness,
၄။ ဗလ = ခွန်အားကြီးခြင်း
4: strength,
၅။ ပဋိဘာန = ပညာကြီးခြင်း။
5: wisdom.

ဆွမ်း နှင့်ပတ်သက်သော ဓုတင်များ

(ဓုတင် ၁၃ ပါး _ရှု)

ဆွမ်းနှစ်မျိုး အကျိုးကြီးမှု တူမျှပုံ

(စုန္ဒ၏ ပရိနိဗ္ဗာန်စံဝင်ခါနီးကပ်သော – ဆွမ်းနှင့် သုဇာတာ၏ _ရှု)

ဆွမ်းပင့် – ဖိတ်

Request a monk(s) to accept food–offering.

ဆွမ်းမခံအပ်သော အိမ်။နေရာ ၆ မျိုး

Six places/houses no alms–round for the monks:
၁။ သေရည် မူးယစ်ဆေးဝါးဆိုင်
1: Alcoholic/drug store,
၂။ ပဏ္ဍုက် အိမ်
2: eunuch,
၃။ ဘိက္ခုနီမကျောင်း
3: female monk,
၄။ အပျိုကြီးအိမ်
4: house of spinster,
၅။ ပြည့်တန်ဆာအိမ်
5: of prostitude,
၆။ လင်ကွာ (ဝါ) မုဆိုးမအိမ်။
6: of widow/divorced lady.

ဆွမ်းလောင်း

Putting food into a monk’s bowl.

ဆွမ်း– သင်္ကန်း– ကျောင်း–

Discourse in appreciation of food/robe/building offering.
–အနုမောဒနာ

ဆွမ်းသွတ်

(သပိတ်သွတ်) Offering a meal to monk(s) within a week of a person’s death. ဆွေးနွေးသင့် မသင့် ပုဂ္ဂိုလ်များ (စကားနှီးနှော ပြောဆိုကြရာ၌ ဆွေးနွေးသင့် မသင့် ပုဂ္ဂိုလ်များ _ရှု)

ဇင်

(စျာန) Meditation, concentration, contemplation.

ဇနက ကံ

Regenerative/productive kamma.

ဇနက ဇာတ်

ဇာတ်တော်ကြီး ၁ဝ ဖွဲ့၌ ဒုတိယမြောက်ဇာတ်။ လူသား၏ ကြိုးစား အားထုတ်မှုကို အလေးထား ဖေါ်ပြသည်။ ဝီရိယပါရမီကို သရုပ်ဖေါ်သည်။
Janaka Jātaka – The second birth–story of the ten great jātakas. Human’s great effort is emphasized in this story, i.e., how to fulfill the perfection of effort.

ဇနီး ၇ မျိုး

(မယား အပြား ၇ ပါး _ရှု)

ဇနီး ကျင့်ဝတ် ၅ ပါး

(မယား – ဇနီး – ကျင့်ဝတ် ၅ ပါး _ရှု)

ဇနီး မောင်နှံ (လင် – မယား) ၄ မျိုး

Four kinds of marrages:
၁။ လင်ရော မယားပါ သူသေနှင့် တူခြင်း
1: A wretch (husband) living together with a wretch (wife),
၂။ လင် သူသေ။ မယား နတ်သမီးနှင့် တူခြင်း
2: a wretch living together with a goddess,
၃။ လင် နတ်သား။ မယား သူသေနှင့် တူခြင်း
3: a god living together with a wretch,
၄။ လင်ရော မယားပါ နတ်သား နတ်သမီးနှင့် တူခြင်း။
4: a god living together with a goddess.

ဇမ္ဗုဒီပ (ဇမ္ဗူဒိပ်)

(ကျွန်းကြီး ၄ ကျွန်း _ရှု)
ယခုအခါ အိန္ဒိယတိုက်ငယ်ကို ဤကျွန်းအဖြစ် မှတ်ယူကြသည်။ ‘Rose–apple’ Island. It is believed to be ‘India–continent’ now–a–day.

ဇမ္ဗုဒီပ (ဇမ္ဗူဒိပ်) ကျွန်း၏ အမှတ်အသား အထွတ်အထိပ်သစ်ပင်

ဇမ္ဗူ – ဇမ္ဗုသပြေပင်
(ပဌမရုက္ခသုတ်။ ဣန္ဒြိယသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
The chief tree of Jambudīpa, Southern Island – the rose apple tree.

ဇရပ်

Wayside public resthouse, resthouse inside holy premises. ဇယတု – အောင်မြင်ပါစေ Be successful, be victorious.

ဇရာ

Old age, decay.

ဇရာ ဒုဗ္ဗလ

Weakness of the old, senility.

ဇဝန

Impulsive moment of consciousness–process, impulsion, speed.

ဇာတ်ကြီး ၁ဝ ဖွဲ့

The ten great stories of Buddha’s previous lives:
၁။ တေမိယ (မူဂပက္ခ) ဇာတ် _ရှု
1: Temiya Jātaka,
၂။ ဇနက ဇာတ် _ရှု
2: Janaka Jātaka,
၃။ သုဝဏ္ဏသာမ ဇာတ် _ရှု
3: Suvaṇṇasāma Jātaka,
၄။ နေမိ ဇာတ် _ရှု
4: Nemi Jātaka,
၅။ မဟောသဓ ဇာတ် _ရှု
5: Mahosadha Jātaka,
၆။ ဘူရိဒတ္တ ဇာတ် _ရှု
6: Bhūridatta Jātaka,
၇။ စန္ဒကုမာရ ဇာတ် _ရှု
7: Candakumāra Jātaka,
၈။ နာရဒ ဇာတ် _ရှု
8: Nārada Jātaka,
၉။ ဝိဓူရ ဇာတ် _ရှု
9: Vidhūra Jātaka,
၁ဝ။ ဝေဿန္တရ ဇာတ် _ရှု။
10: Vessantara Jātaka.

ဇာတ်တော်

(နိပါတ်တော်)
Buddha’s birth stories, collections.

ဇာတ်တော် ၅ ခု ထူးခြားမှု

ဇာတ်တော် ၅၅ဝ တို့အနက် အောက်ပါဇာတ်တော် ၅ ခုသာ လွန်လေပြီးသော ကမ္ဘာများ ၌ ဖြစ်ခဲ့သည်။ ကျန်ရှိသော ဇာတ်တော်များအားလုံးသည် ဤကမ္ဘာမှာ ဖြစ်ကြသည်။
The following five stories did not happen in this world–cycle. They happened many world–cycles ago. The rest did happen in this world–cycle.
(၁) အပဏ္ဏက ဇာတ် (ရှေး ၅ ကမ္ဘာထက်က ဖြစ်ခဲ့သော ဇာတ်တော် ဖြစ်သည်)
1: Apaṇṇaka Jātaka, (This story happened 5 world–cycles ago.)
(၉၄) လောမဟံသ ဇာတ် (ရှေး ၉၁ ကမ္ဘာထက်က ဖြစ်ခဲ့သော ဇာတ်တော် ဖြစ်သည်)
94: Lomahaṃsa Jātaka, (This story happened 91 world–cycles ago.)
(၁၆၉) အရက ဇာတ် (ရှေး ၇ ကမ္ဘာထက်က ဖြစ်ခဲ့သော ဇာတ်တော် ဖြစ်သည်)
169: Araka Jātaka, (This story happened 7 world–cycles ago.)
(၃၄၆) ကေသဝ ဇာတ် (ရှေး ၅ရဝ ကမ္ဘာထက်ခန့်က ဖြစ်ခဲ့သော ဇာတ်တော် ဖြစ်သည်)
346: Kesava Jātaka, (This story happened about 570 world–cycles ago.)
(၄ဝ၅) ဗက ဇာတ် (ရှေး ၅ရဝ ကမ္ဘာထက်ခန့်က ဖြစ်ခဲ့သော ဇာတ်တော် ဖြစ်သည်)။
405: Baka Jātaka, (This story happened about 570 world–cycles ago.)

ဇာတ်တော် ၅၅ဝ

(နိပါတ်တော် ၅၅ဝ ဟုလည်း ခေါ်၏) ဇာတ်တော် အရေအတွက် တိတိကျကျမှာ ၅၄၇ ဖြစ်သည်။
The Five–hundred–fifty Birth–stories of Lord Buddha’s past lives,
(The exact number of the stories is ‘547’.):
၁။ ဧကက နိပါတ် – တစ် ဂါထာစီပါသော အောက်ဖေါ်ပြပါ ဇာတ်တော်ပေါင်း ၁၅ဝ ပုဒ်ပါဝင်သည်။
Chapter
1: 150 stories, each consists of one verse. They are as follows:
(၁) အပဏ္ဏက ဇာတ်
1: Apaṇṇaka Jātaka,
(၂) ဝဏ္ဏုပထ ဇာတ်
2: Vaṇṇupatha Jātaka,
(၃) သေရိဝဝါဏိဇ ဇာတ်
3: Serivavāṇija Jātaka,
(၄) စူဠသေဋ္ဌိ ဇာတ်
4: Cūḷaseṭṭhi Jātaka,
(၅) တဏ္ဍုလနာဠိ ဇာတ်
5: Taṇḍulanāḷi Jātaka,
(၆) ဒေဝဓမ္မ ဇာတ်
6: Devadhamma Jātaka,
(၇) ကဋ္ဌဟာရိ ဇာတ်
7: Kaṭṭhahāri Jātaka,
(၈) ဂါမဏိ ဇာတ်
8: Gāmaṇi Jātaka,
(၉) မဃဒေဝ ဇာတ်
9: Maghadeva Jātaka,
(၁ဝ) သုခဝိဟာရိ ဇာတ်
10: Sukhavihāri Jātaka,
(၁၁) လက္ခဏမိဂ ဇာတ်
11: Lakkhaṇamiga Jātaka,
(၁၂) နိဂြောဓမိဂ ဇာတ်
12: Nigrodhamiga Jātaka,
(၁၃) ကဏ္ဍိ ဇာတ်
13: Kaṇḍi Jātaka,
(၁၄) ဝါတမိဂ ဇာတ်
14: Vātamiga Jātaka,
(၁၅) ခရာဒိယ ဇာတ်
15: Kharādiya Jātaka,
(၁၆) တိပလ္လတ္ထမိဂ ဇာတ်
16: Tipallatthamiga Jātaka,
(၁၇) မာလုတ ဇာတ်
17: Māluta Jātaka,
(၁၈) မတကဘတ္တ ဇာတ်
18: Matakabhatta Jātaka,
(၁၉) အာယာစိတဘတ္တ ဇာတ်
19: Āyācitabhatta Jātaka,
(၂ဝ) နဠပါန ဇာတ်
20: Naḷapāna Jātaka,
(၂၁) ကုရုင်္ဂမိဂ ဇာတ်
21: Kuruṅgamiga Jātaka,
(၂၂) ကုက္ကုရ ဇာတ်
22: Kukkura Jātaka,
(၂၃) ဂေါဇာနီယ ဇာတ်
23: Gojānīya Jātaka,
(၂၄) အာဇည ဇာတ်
24: Ājañña Jātaka,
(၂၅) တိတ္ထ ဇာတ်
25: Tittha Jātaka,
(၂၆) မဟိဠာမုခ ဇာတ်
26: Mahiḷāmukha Jātaka,
(၂၇) အဘိဏှ ဇာတ်
27: Abhiṇha Jātaka,
(၂၈) နန္ဒိဝိလာသ ဇာတ်
28: Nandivilāsa Jātaka,
(၂၉) ကဏှ ဇာတ်
29: Kaṇha Jātaka,
(၃ဝ) မုနိ ဇာတ်
30: Muni Jātaka,
(၃၁) ကုလာဝက ဇာတ်
31: Kulāvaka Jātaka,
(၃၂) နစ္စ ဇာတ်
32: Nacca Jātaka,
(၃၃) သမ္မောဒမာန ဇာတ်
33: Sammodamāba Jātaka,
(၃၄) မစ္ဆ ဇာတ်
34: Maccha Jātaka,
(၃၅) ဝဋ္ဋ ဇာတ်
35: Vaṭṭa Jātaka,
(၃၆) သကုဏ ဇာတ်
36: Sakuṇa Jātaka,
(၃၇) တိတ္တိရ ဇာတ်
37:Tittira Jātaka,
(၃၈) ဗက ဇာတ်
38: Baka Jātaka,
(၃၉) နန္ဒ ဇာတ်
39:Nanda Jātaka,
(၄ဝ) ခဒိရင်္ဂါရ ဇာတ်
40: Khadiraṅgāra Jātaka,
(၄၁) လောသက ဇာတ်
41: Losaka Jātaka,
(၄၂) ကပေါတ ဇာတ်
42: Kapota Jātaka,
(၄၃) ဝေဠုက ဇာတ်
43: Veḷuka Jātaka,
(၄၄) မကသ ဇာတ်
44: Makasa Jātaka,
(၄၅) ရောဟိဏိ ဇာတ်
45: Rohiṇi Jātaka,
(၄၆) အာရာမဒူသက ဇာတ်
46: Ārāmadūsaka Jātaka,
(၄၇) ဝါရုဏိဒူသက ဇာတ်
47: Vāruṇidūsaka Jātaka,
(၄၈) ဝေဒဗ္ဗ ဇာတ်
48: Vedabba Jātaka,
(၄၉) နက္ခတ္တ ဇာတ်
49: Nakkhatta Jātaka,
(၅ဝ) ဒုမ္မေဓ ဇာတ်
50: Dummeda Jātaka,
(၅၁) မဟာသီလဝ ဇာတ်
51: Mahāsīlava Jātaka,
(၅၂) စူဠဇနက ဇာတ်
52: Cūḷajanaka Jātaka,
(၅၃) ပုဏ္ဏပါတိ ဇာတ်
53: Puṇṇapāti Jātaka,
(၅၄) ကိံဖလ ဇာတ်
54: Kiṃphala Jātaka,
(၅၅) ပဌာဝုဓ ဇာတ်
55: Paṅcāvudha Jātaka,
(၅၆) ကဌနက္ခန္ဓ ဇာတ်
56: Kaṅcanakkhandha Jātaka,
(၅၇) ဝါနရိန္ဒ ဇာတ်
57: Vānarinda Jātaka,
(၅၈) တယောဓမ္မ ဇာတ်
58: Tayodhamma Jātaka,
(၅၉) ဘေရိဝါဒက ဇာတ်
59: Bherivādaka Jātaka,
(၆ဝ) သင်္ခဓမ္မ ဇာတ်
60: Saṅkhadhamma Jātaka,
(၆၁) အသာတမန္တ ဇာတ်
61: Asātamanta Jātaka,
(၆၂) အဏ္ဍဘူတ ဇာတ်
62: SAṇḍabhūta Jātaka,
(၆၃) တက္ကပဏ္ဍိတ ဇာတ်
63: Takkapaṇḍita Jātaka,
(၆၄) ဒုရာဇာန ဇာတ်
64: Durājāna Jātaka,
(၆၅) အနဘိရတိ ဇာတ်
65: Anabhirati Jātaka,
(၆၆) မုဒုလက္ခဏ ဇာတ်
66: Mudulakkhaṇa Jātaka,
(၆၇) ဥစ္ဆင်္ဂ ဇာတ်
67: Ucchaṅga Jātaka,
(၆၈) သာကေတ ဇာတ်
68: Sāketa Jātaka,
(၆၉) ဝိသဝန္တ ဇာတ်
69: Visavanta Jātaka,
(ရဝ) ကုဒ္ဒါလ ဇာတ်
70: Kuddāla Jātaka,
(၇၁) ဝရုဏ ဇာတ်
71: Varuṇa Jātaka,
(၇၂) သီလဝဟတ္ထိ ဇာတ်
72: Sīlavahatthi Jātaka,
(၇၃) သစ္စံကိရ ဇာတ်
73: Saccaṃkira Jātaka,
(၇၄) ရုက္ခဓမ္မ ဇာတ်
74: Rukkhadhamma Jātaka,
(၇၅) မစ္ဆ ဇာတ်
75: Maccha Jātaka,
(၇၆) အသင်္ကိယ ဇာတ်
76: Asaṅkiya Jātaka,
(၇၇) မဟာသုပိန ဇာတ်
77: Mahāsupina Jātaka,
(၇၈) ဣလ္လိသ ဇာတ်
78: Illisa Jātaka,
(၇၉) ခရဿရ ဇာတ်
79: Kharassara Jātaka,
(၈ဝ) ဘီမသေန ဇာတ်
80: Bhīmasena Jātaka,
(၈၁) သုရာပါန ဇာတ်
81: Surāpāna Jātaka,
(၈၂) မိတ္တဝိန္ဒက ဇာတ်
82: Mittavindaka Jātaka,
(၈၃) ကာလကဏ္ဏိ ဇာတ်
83: Kālakaṇṇi Jātaka,
(၈၄) အတ္ထဿဒွါရ ဇာတ်
84: Atthassadvāra Jātaka,
(၈၅) ကိံပက္က ဇာတ်
85: Kiṃpakka Jātaka,
(၈၆) သီလဝီမံသ ဇာတ်
86: Sīlavīmaṃsa Jātaka,
(၈၇) မင်္ဂလ ဇာတ်
87: Maṅgala Jātaka,
(၈၈) သာရမ္ဘ ဇာတ်
88: Sārambha Jātaka,
(၈၉) ကုဟက ဇာတ်
89: Kuhaka Jātaka,
(၉ဝ) အကတညု ဇာတ်
90: Akataññu Jātaka,
(၉၁) လိတ္တ ဇာတ်
91: Litta Jātaka,
(၉၂) မဟာသာရ ဇာတ်
92: Mahāsāra Jātaka,
(၉၃) ဝိသာသဘောဇန ဇာတ်
93: Visāsabhojana Jātaka,
(၉၄) လောမဟံသ ဇာတ်
94: Lomahaṃsa Jātaka,
(၉၅) မဟာသုဒဿန ဇာတ်
95: Mahāsudassana Jātaka,
(၉၆) တေလပတ္တ ဇာတ်
96: Telapatta Jātaka,
(၉၇) နာမသိဒ္ဓိ ဇာတ်
97: Nāmasiddhi Jātaka,
(၉၈) ကူဋဝါဏိဇ ဇာတ်
98: Kūṭavāṇija Jātaka,
(၉၉) ပရောသဟဿ ဇာတ်
99: Parosahassa Jātaka,
(၁ဝဝ) အသာတရူပ ဇာတ်
100: Asātarūpa Jātaka,
(၁ဝ၁) ပရောသတ ဇာတ်
101: Parosata Jātaka,
(၁ဝ၂) ပဏ္ဏိက ဇာတ်
102: Paṇṇika Jātaka,
(၁ဝ၃) ဝေရိ ဇာတ်
103: Veri Jātaka,
(၁ဝ၄) မိတ္တဝိန္ဒက ဇာတ်
104: Mittavindaka Jātaka,
(၁ဝ၅) ဒုဗ္ဗလကဋ္ဌ ဇာတ်
105: Dubbalakaṭṭha Jātaka,
(၁ဝ၆) ဥဒဌနီ ဇာတ်
106: Udaṅcanī Jātaka,
(၁ဝရ) သာလိတ္တက ဇာတ်
107: Sālittaka Jātaka,
(၁ဝ၈) ဗာဟိယ ဇာတ်
108: Bāhiya Jātaka,
(၁ဝ၉) ကုဏ္ဍပူဝ ဇာတ်
109: Kuṇḍapūva Jātaka,
(၁၁ဝ) သဗ္ဗသံဟာရကပဥှ ဇာတ်
110: Sabbasaṃhārakapañha Jātaka,
(၁၁၁) ဂဒြဘပဥှ ဇာတ်
111: Gadrabhapañha Jātaka,
(၁၁၂) အမရာဒေဝီပဥှ ဇာတ်
112: Amarādevīpañha Jātaka,
(၁၁၃) သိင်္ဂါလ ဇာတ်
113: Siṅgāla Jātaka,
(၁၁၄) မိတစိန္တိ ဇာတ်
114: Mitacinti Jātaka,
(၁၁၅) အနုသာသိက ဇာတ်
115: Anusālika Jātaka,
(၁၁၆) ဒုဗ္ဗစ ဇာတ်
116: Dubbaca Jātaka,
(၁၁၇) တိတ္တိရ ဇာတ်
117: Tittira Jātaka,
(၁၁၈) ဝဋ္ဋက ဇာတ်
118: Vaṭṭaka Jātaka,
(၁၁၉) အကာလရာဝိ ဇာတ်
119: Akālarāvi Jātaka,
(၁၂ဝ) ဗန္ဓနမောက္ခ ဇာတ်
120: Bandhanamokkha Jātaka,
(၁၂၁) ကုသနာဠိ ဇာတ်
121: Kusanāḷi Jātaka,
(၁၂၂) ဒုမ္မေဓ ဇာတ်
122: Dummedha Jātaka,
(၁၂၃) နင်္ဂလီသ ဇာတ်
123: Naṅgalīsa Jātaka,
(၁၂၄) အမ္ဗ ဇာတ်
124: Amba Jātaka,
(၁၂၅) ကဋာဟက ဇာတ်
125: Kaṭāhaka Jātaka,
(၁၂၆) အသိလက္ခဏ ဇာတ်
126: Asilakkhaṇa Jātaka,
(၁၂၇) ကလဏ္ဍုက ဇာတ်
127: Kalaṇḍuka Jātaka,
(၁၂၈) ဗိဠာရဝတ ဇာတ်
128: Biḷāravata Jātaka,
(၁၂၉) အဂ္ဂိကဘာရဒွါဇ ဇာတ်
129: Aggikabhāradvāja Jātaka,
(၁၃ဝ) ကောသိယ ဇာတ်
130: Kosiya Jātaka,
(၁၃၁) အသမ္ပဒါန ဇာတ်
131: Asampadāna Jātaka,
(၁၃၂) ဘီရုက ဇာတ်
132: Bhīrūka Jātaka,
(၁၃၃) ဃဋာသန ဇာတ်
133: Ghatāsana Jātaka,
(၁၃၄) စျာနသောဓန ဇာတ်
134: Jhānasodhana Jātaka,
(၁၃၅) စန္ဒာဘ ဇာတ်
135: Candūbha Jātaka,
(၁၃၆) သုဝဏ္ဏဟံသ ဇာတ်
136: Suvaṇṇahaṃsa Jātaka,
(၁၃၇) ဗဗ္ဗု ဇာတ်
137: Babbu Jātaka,
(၁၃၈) ဂေါဓ ဇာတ်
138: Godha Jātaka,
(၁၃၉) ဥဘတောဘဋ္ဌ ဇာတ်
139: Ubhatobhaṭṭha Jātaka,
(၁၄ဝ) ကာက ဇာတ်
140: Kāka Jātaka,
(၁၄၁) ဂေါဓ ဇာတ်
141: Godha Jātaka,
(၁၄၂) သိင်္ဂါလ ဇာတ်
142: Siṅgāla Jātaka,
(၁၄၃) ဝိရောစ ဇာတ်
143: Viroca Jātaka,
(၁၄၄) နင်္ဂုဋ္ဌ ဇာတ်
144: Naṅguṭṭha Jātaka,
(၁၄၅) ရာဓ ဇာတ်
145: Rādha Jātaka,
(၁၄၆) သမုဒ္ဒကာက ဇာတ်
146: Samuddakāka Jātaka,
(၁၄၇) ပုပ္ဖရတ္တ ဇာတ်
147: Puppharatta Jātaka,
(၁၄၈) သိင်္ဂါလ ဇာတ်
148: Siṅgāla Jātaka,
(၁၄၉) ဧကပဏ္ဏ ဇာတ်
149: Ekapaṇṇa Jātaka,
(၁၅ဝ) သဥ္ဇီဝ ဇာတ်။
150: Sañjīva Jātaka.
၂။ ဒုက နိပါတ် – နှစ် ဂါထာစီပါသော အောက်ပါ ဇာတ်တော်ပေါင်း ၁ဝဝ ပုဒ်ပါဝင်သည်။
Chapter
2: 100 stories, each consists of two verses. They are as follows:
(၁၅၁) ရာဇောဝါဒ ဇာတ်
151: Rājovāda Jātaka,
(၁၅၂) သိင်္ဂါလ ဇာတ်
152: Siṅgāla Jātaka,
(၁၅၃) သူကရ ဇာတ်
153: Sūkara Jātaka,
(၁၅၄) ဥရဂ ဇာတ်
154: Uraga Jātaka,
(၁၅၅) ဘဂ္ဂ ဇာတ်
155: Bhagga Jātaka,
(၁၅၆) အလီနစိတ္တ ဇာတ်
156: Alīnacitta Jātaka,
(၁၅၇) ဂုဏ ဇာတ်
157: Guṇa Jātaka,
(၁၅၈) သုဟနု ဇာတ်
158: Suhanu Jātaka,
(၁၅၉) မောရ ဇာတ်
159: Mora Jātaka,
(၁၆ဝ) ဝိနီလ ဇာတ်
160: Vinīla Jātaka,
(၁၆၁) ဣန္ဒသမာနဂေါတ္တ ဇာတ်
161: Indasamāagotta Jātaka,
(၁၆၂) သန္ထဝ ဇာတ်
162: Santhava Jātaka,
(၁၆၃) သုသီမ ဇာတ်
163: Susīma Jātaka,
(၁၆၄) ဂိဇ္စျ ဇာတ်
164: Gijjha Jātaka,
(၁၆၅) နကုလ ဇာတ်
165: Nakula Jātaka,
(၁၆၆) ဥပသာဠက ဇာတ်
166: Upasāḷaka Jātaka,
(၁၆၇) သမိဒ္ဓိ ဇာတ်
167: Samiddhi Jātaka,
(၁၆၈) သကုဏဂ္ဃိ ဇာတ်
168: Sakuṇagghi Jātaka,
(၁၆၉) အရက ဇာတ်
169: Araka Jātaka,
(၁ရဝ) ကကÂက ဇာတ်
170: Kakaṇṭaka Jātaka,
(၁၇၁) ကလျာဏဓမ္မ ဇာတ်
171: Kalyāṇadhamma Jātaka,
(၁၇၂) ဒဒ္ဒရ ဇာတ်
172: Daddara Jātaka,
(၁၇၃) မက္ကဋ ဇာတ်
173: Makkaṭa Jātaka,
(၁၇၄) ဒုဗ္ဘိယမက္ကဋ ဇာတ်
174: Dubbhiyamakkaṭ Jātaka,
(၁၇၅) အာဒိစ္စုပဋ္ဌာန ဇာတ်
175: Ādiccupaṭṭhāna Jātaka,
(၁၇၆) ကဠာယမုဋ္ဌိ ဇာတ်
176: Kaḷāyamuṭṭhi Jātaka,
(၁၇၇) တိန္ဒုက ဇာတ်
177: Tinduka Jātaka,
(၁၇၈) ကစ္ဆပ ဇာတ်
178: Kacchapa Jātaka,
(၁၇၉) သတဓမ္မ ဇာတ်
179: Satadhamma Jātaka,
(၁၈ဝ) ဒုဒ္ဒဒ ဇာတ်
180: Duddada Jātaka,
(၁၈၁) အသဒိသ ဇာတ်
181: Asadisa Jātaka,
(၁၈၂) သင်္ဂါမာဝစရ ဇာတ်
182: Saṅgāmāvacara Jātaka,
(၁၈၃) ဝါလောဒက ဇာတ်
183: Vālodaka Jātaka,
(၁၈၄) ဂိရိဒတ္တ ဇာတ်
184: Giridatta Jātaka,
(၁၈၅) အနဘိရတိ ဇာတ်
185: Anabhirati Jātaka,
(၁၈၆) ဒဓိဝါဟန ဇာတ်
186: Dadhivāhana Jātaka,
(၁၈၇) စတုမဋ္ဌ ဇာတ်
187: Catumaṭṭha Jātaka,
(၁၈၈) သီဟကောတ္ထု ဇာတ်
188: Sīhakotthu Jātaka,
(၁၈၉) သီဟစမ္မ ဇာတ်
189: Sīhacamma Jātaka,
(၁၉ဝ) သီလာနိသံသ ဇာတ်
190: Sīlānisaṃsa Jātaka,
(၁၉၁) ရုဟက ဇာတ်
191: Ruhaka Jātaka,
(၁၉၂) သိရိမာလကဏ္ဏိ ဇာတ်
192: Sirimālakaṇṇi Jātaka,
(၁၉၃) စူဠပဒုမ ဇာတ်
193: Cūḷapaduma Jātaka,
(၁၉၄) မဏိစောရ ဇာတ်
194: Manicora Jātaka,
(၁၉၅) ပဗ္ဗတူပတ္ထရ ဇာတ်
195: Pabbatūpatthara Jātaka,
(၁၉၆) ဝလာဟကဿ ဇာတ်
196: Valāhakassa Jātaka,
(၁၉၇) မိတ္တာမိတ္တ ဇာတ်
197: Mittāmitta Jātaka,
(၁၉၈) ရာဓ ဇာတ်
198: Rādha Jātaka,
(၁၉၉) ဂဟပတိ ဇာတ်
199: Gahapati Jātaka,
(၂ဝဝ) သာဓုသီလ ဇာတ်
200: Sādhusīla Jātaka,
(၂ဝ၁) ဗန္ဓနာဂါရ ဇာတ်
201: Bandhanāgāra Jātaka,
(၂ဝ၂) ကေဠိသီလ ဇာတ်
202: Keḷisīla Jātaka,
(၂ဝ၃) ခဏ္ဍ ဇာတ်
203: Khaṇḍa Jātaka,
(၂ဝ၄) ဝီရက ဇာတ်
204: Vīraka Jātaka,
(၂ဝ၅) ဂင်္ဂေယျ ဇာတ်
205: Gaṅgeyya Jātaka,
(၂ဝ၆) ကုရုင်္ဂမိဂ ဇာတ်
206: Kuruṅgamiga Jātaka,
(၂ဝရ) အဿက ဇာတ်
207: Aassaka Jātaka,
(၂ဝ၈) သုသုမာရ ဇာတ်
208: Susumāra Jātaka,
(၂ဝ၉) ကုက္ကုဋ ဇာတ်
209: Kukkuṭa Jātaka,
(၂၁ဝ) ကန္ဒဂလက ဇာတ်
210: Kandagalaka Jātaka,
(၂၁၁) သောမဒတ္တ ဇာတ်
211: Somadatta Jātaka,
(၂၁၂) ဥစ္ဆိဋ္ဌဘတ္တ ဇာတ်
212: Ucchiṭṭhabhatta Jātaka,
(၂၁၃) ဘရု ဇာတ်
213: Bharu Jātaka,
(၂၁၄) ပုဏ္ဏနဒီ ဇာတ်
214: Puṇṇanadī Jātaka,
(၂၁၅) ကစ္ဆပ ဇာတ်
215: Kacchapa Jātaka,
(၂၁၆) မစ္ဆ ဇာတ်
216: Maccha Jātaka,
(၂၁၇) သေဂ္ဂု ဇာတ်
217: Seggu Jātaka,
(၂၁၈) ကူဋဝါဏိဇ ဇာတ်
218: Kuṭavāṇija Jātaka,
(၂၁၉) ဂရဟိတ ဇာတ်
219: Garahita Jātaka,
(၂၂ဝ) ဓမ္မဓဇ ဇာတ်
220: Dhammadhaja Jātaka,
(၂၂၁) ကာသာဝ ဇာတ်
221: Kāsāva Jātaka,
(၂၂၂) စူဠနန္ဒိယ ဇာတ်
222: Cūḷanandiya Jātaka,
(၂၂၃) ပုဋဘတ္တ ဇာတ်
223: Puṭbhatta Jātaka,
(၂၂၄) ကုမ္ဘီလ ဇာတ်
224: Kumbhīla Jātaka,
(၂၂၅) ခန္တိဝဏ္ဏ ဇာတ်
225: Khantivaṇṇa Jātaka,
(၂၂၆) ကောသိယ ဇာတ်
226: Kosiya Jātaka,
(၂၂၇) ဂူထပါဏ ဇာတ်
227: Gūthapāṇa Jātaka,
(၂၂၈) ကာမနီတ ဇာတ်
228: Kāmanīta Jātaka,
(၂၂၉) ပလာယိတ ဇာတ်
229: Palāyita Jātaka,
(၂၃ဝ) ဒုတိယ ပလာယိတ ဇာတ်
230: Dutiya Palāyita Jātaka,
(၂၃၁) ဥပါဟန ဇာတ်
231: Upāhana Jātaka,
(၂၃၂) ဝီဏာဂုဏ ဇာတ်
232: Vīṇāguṇa Jātaka,
(၂၃၃) ဝိကဏ္ဏ ဇာတ်
233: Vikaṇṇa Jātaka,
(၂၃၄) အသိတာဘူ ဇာတ်
234: Asitābhū Jātaka,
(၂၃၅) ဝစ္ဆနခ ဇာတ်
235: Vacchanakha Jātaka,
(၂၃၆) ဗက ဇာတ်
236: Baka Jātaka,
(၂၃၇) သာကေတ ဇာတ်
237: Sāketa Jātaka,
(၂၃၈) ဧကပဒ ဇာတ်
238: Ekapada Jātaka,
(၂၃၉) ဟရိတမဏ္ဍူက ဇာတ်
239: Haritamaṇḍūka Jātaka,
(၂၄ဝ) မဟာပိင်္ဂလ ဇာတ်
240: Mahāpiṅgala Jātaka,
(၂၄၁) သဗ္ဗဒါဌိ ဇာတ်
241: Sabbadāṭhi Jātaka,
(၂၄၂) သုနခ ဇာတ်
242: Sunakha Jātaka,
(၂၄၃) ဂုတ္တိလ ဇာတ်
243: Guttila Jātaka,
(၂၄၄) ဝိဂတိစ္ဆ ဇာတ်
244: Vigaticcha Jātaka,
(၂၄၅) မူလပရိယာယ ဇာတ်
245: Mūlapariyāya Jātaka,
(၂၄၆) ဗာလောဝါဒ ဇာတ်
246: Bālovāda Jātaka,
(၂၄၇) ပါဒဥ္ဇလီ ဇာတ်
247: Pādaṅjalī Jātaka,
(၂၄၈) ကိံသုကောပမ ဇာတ်
248: Kiṃsukopama Jātaka,
(၂၄၉) သာလက ဇာတ်
249: Sālaka Jātaka,
(၂၅ဝ) ကပိ ဇာတ်။
250: Kapi Jātaka.
၃။ တိက နိပါတ် – သုံး ဂါထာစီပါသော အောက်ပါ ဇာတ်တော်ပေါင်း ၅ဝ ပုဒ်ပါဝင်သည်။
Chapter
3: 50 stories, each consists of three verses. They are as follows:
(၂၅၁) သင်္ကပ္ပရာဂ ဇာတ်
251: Saṅkapparāga Jātaka,
(၂၅၂) တိလမုဋ္ဌိ ဇာတ်
252: Tilamuṭṭhi Jātaka,
(၂၅၃) မဏိကဏ္ဌ ဇာတ်
253: Maṇikaṇṭha Jātaka,
(၂၅၄) ကုဏ္ဍကကုစ္ဆိသိန္ဓဝ ဇာတ်
254: Kuṇḍakakucchisindhave Jātaka,
(၂၅၅) သုက ဇာတ်
255: Suka Jātaka,
(၂၅၆) ဇရူဒပါန ဇာတ်
256: Jarudapāna Jātaka,
(၂၅၇) ဂါမဏိစန္ဒ ဇာတ်
257: Gāmaṇicanda Jātaka,
(၂၅၈) မန္ဓာတု ဇာတ်
258: Mandhātu Jātaka,
(၂၅၉) တိရီဋဝစ္ဆ ဇာတ်
259: Tirīṭavaccha Jātaka,
(၂၆ဝ) ဒူတ ဇာတ်
260: Dūta Jātaka,
(၂၆၁) ပဒုမ ဇာတ်
261: Paduma Jātaka,
(၂၆၂) မုဒုပါဏိ ဇာတ်
262: Mudupāṇi Jātaka,
(၂၆၃) စူဠပလောဘန ဇာတ်
263: Cūḷapalobhana Jātaka,
(၂၆၄) မဟာပနာဒ ဇာတ်
264: Mahāpanāda Jātaka,
(၂၆၅) ခုရပ္ပ ဇာတ်
265: Khurappa Jātaka,
(၂၆၆) ဝါတဂ္ဂသိန္ဓဝ ဇာတ်
266: Vātaggasindhava Jātaka,
(၂၆၇) ကက္ကဋ ဇာတ်
267: Kakkaṭa Jātaka,
(၂၆၈) အာရာမဒူသက ဇာတ်
268: Ārāmadūsaka Jātaka,
(၂၆၉) သုဇာတ ဇာတ်
269: Sujāta Jātaka,
(၂ရဝ) ဥလူက ဇာတ်
270: Ulūka Jātaka,
(၂၇၁) ဥဒပါနဒူသက ဇာတ်
271: Udapānadūsaka Jātaka,
(၂၇၂) ဗျဂ္ဃိ ဇာတ်
272: Byaggha Jātaka,
(၂၇၃) ကစ္ဆပ ဇာတ်
273: Kacchapa Jātaka,
(၂၇၄) လောလ ဇာတ်
274: Lola Jātaka,
(၂၇၅) ရုစိရ ဇာတ်
275: Rucira Jātaka,
(၂၇၆) ဂရုဓမ္မ ဇာတ်
276: Garudhamma Jātaka,
(၂၇၇) ရောမက ဇာတ်
277: Romaka Jātaka,
(၂၇၈) မဟိံသရာဇ ဇာတ်
278: Mahiṃsarāja Jātaka,
(၂၇၉) သတပတ္တ ဇာတ်
279: Satspatta Jātaka,
(၂၈ဝ) ပုဋဒူသက ဇာတ်
280: Puṭadūsaka Jātaka,
(၂၈၁) အဗ္ဘန္တရ ဇာတ်
281: Abbhantara Jātaka,
(၂၈၂) သေယျ ဇာတ်
282: Seyya Jātaka,
(၂၈၃) ဝဍ္ဎကီသူကရ ဇာတ်
283: Vaḍḍhakīsūkara Jātaka,
(၂၈၄) သိရိ ဇာတ်
284: Siri Jātaka,
(၂၈၅) မဏိသူကရ ဇာတ်
285: Maṇisūkara Jātaka,
(၂၈၆) သာလူက ဇာတ်
286: Sālūka Jātaka,
(၂၈၇) လာဘဂရဟ ဇာတ်
287: Lābhagaraha Jātaka,
(၂၈၈) မစ္ဆုဒ္ဒါန ဇာတ်
288: Macchuddāna Jātaka,
(၂၈၉) နာနာဆန္ဒ ဇာတ်
289: Nānāchanda Jātaka,
(၂၉ဝ) သီလဝီမံသက ဇာတ်
290: Sīlavīmaṃsaka Jātaka,
(၂၉၁) သုရာဃဋ ဇာတ်
291: Surāghaṭa Jātaka,
(၂၉၂) သုပတ္တ ဇာတ်
292: Supatta Jātaka,
(၂၉၃) ကာယနိဗ္ဗိန္ဒ ဇာတ်
293: Kāyanibbinda Jātaka,
(၂၉၄) ဇမ္ဗုခါဒက ဇာတ်
294: Jambukhādaka Jātaka,
(၂၉၅) အန္တ ဇာတ်
295: Anta Jātaka,
(၂၉၆) သမုဒ္ဒ ဇာတ်
296: Samudda Jātaka,
(၂၉၇) ကာမဝိလာပ ဇာတ်
297: Kāmavilāpa Jātaka,
(၂၉၈) ဥဒုမ္ဗရ ဇာတ်
298: Udumbara Jātaka,
(၂၉၉) ကောမာရပုတ္တ ဇာတ်
299: Komāraputta Jātaka,
(၃ဝဝ) ဝက ဇာတ်။
300: Vaka Jātaka.
၄။ စတုက္က နိပါတ် – လေး ဂါထာစီပါသော အောက်ပါဇာတ်တော်ပေါင်း ၅ဝ ပုဒ်ပါဝင်သည်။
Chapter
4: 50 stories, each consists of four verses. They are as follows:
(၃ဝ၁) စူဠကာလိင်္ဂ ဇာတ်
301: Cūḷakāliṅga Jātaka,
(၃ဝ၂) မဟာအဿာရောဟဇာတ်
302: Mahāassāroha Jātaka,
(၃ဝ၃) ဧကရာဇ ဇာတ်
303: Ekarāja Jātaka,
(၃ဝ၄) ဒဒ္ဒရ ဇာတ်
304: Daddara Jātaka,
(၃ဝ၅) သီလဝီမံသန ဇာတ်
305: Sīlavīmaṃsana Jātaka,
(၃ဝ၆) သုဇာတ ဇာတ်
306: Sujāta Jātaka,
(၃ဝရ) ပလာသ ဇာတ်
307: Palāsa Jātaka,
(၃ဝ၈) သကုဏ ဇာတ်
308: Sakuṇa Jātaka,
(၃ဝ၉) ဆဝက ဇာတ်
309: Chavaka Jātaka,
(၃၁ဝ) သေယျ ဇာတ်
310: Seyya Jātaka,
(၃၁၁) ပုစိမန္ဒ ဇာတ်
311: Pucimanda Jātaka,
(၃၁၂) ကဿပမန္ဒိယ ဇာတ်
312: Kassapamandiya Jātaka,
(၃၁၃) ခန္တီဝါဒီ ဇာတ်
313: Khantīvādī Jātaka,
(၃၁၄) လောဟကုမ္ဘိ ဇာတ်
314: Lohakumbhi Jātaka,
(၃၁၅) သဗ္ဗမံသလာဘ ဇာတ်
315: Sabbamaṃsalābha Jātaka,
(၃၁၆) သသပဏ္ဍိတ ဇာတ်
316: Sasapaṇḍhita Jātaka,
(၃၁၇) မတရောဒန ဇာတ်
317: Matarodana Jātaka,
(၃၁၈) ကဏဝေရ ဇာတ်
318: Kaṇavera Jātaka,
(၃၁၉) တိတ္တိရ ဇာတ်
319: Tittira Jātaka,
(၃၂ဝ) သုစ္စဇ ဇာတ်
320: Succaja Jātaka,
(၃၂၁) ကုဋိဒူသက ဇာတ်
321: Kuṭidūsana Jātaka,
(၃၂၂) ဒုဒ္ဒုဘ ဇာတ်
322: Duddabha Jātaka,
(၃၂၃) ဗြဟ္မဒတ္တ ဇာတ်
323: Brahmadatta Jātaka,
(၃၂၄) စမ္မသာဋက ဇာတ်
324: Cammasāṭaka Jātaka,
(၃၂၅) ဂေါဓရာဇ ဇာတ်
325: Godharāja Jātaka,
(၃၂၆) ကက္ကာရု ဇာတ်
326: Kakkāru Jātaka,
(၃၂၇) ကာကဝတီ ဇာတ်
327: Kākavatī Jātaka,
(၃၂၈) အနနုသောစိယ ဇာတ်
328: Ananusociya Jātaka,
(၃၂၉) ကာဠဗာဟု ဇာတ်
329: Kāḷabāhu Jātaka,
(၃၃ဝ) သီလဝီမံသ ဇာတ်
330: Sīlavīmaṃsa Jātaka,
(၃၃၁) ကောလိယ ဇာတ်
331: Koliya Jātaka,
(၃၃၂) ရထလဋ္ဌိ ဇာတ်
332: Rathalaṭṭhi Jātaka,
(၃၃၃) ပက္ကဂေါဓ ဇာတ်
333: Pakkagodha Jātaka,
(၃၃၄) ရာဇောဝါဒ ဇာတ်
334: Rājovāda Jātaka,
(၃၃၅) ဇမ္ဗုက ဇာတ်
335: Jambuka Jātaka,
(၃၃၆) ဗြဟာဆတ္တ ဇာတ်
336: Brahāchatta Jātaka,
(၃၃၇) ပီဌ ဇာတ်
337: Pīṭha Jātaka,
(၃၃၈) ထုသ ဇာတ်
338: Thusa Jātaka,
(၃၃၉) ဗာဝေရု ဇာတ်
339: Bāveru Jātaka,
(၃၄ဝ) ဝိသယှ ဇာတ်
340: Visayha Jātaka,
(၃၄၁) ကဏ္ဍရီ ဇာတ်
341: Kaṇḍarī Jātaka,
(၃၄၂) ဝါနရ ဇာတ်
342: Vānara Jātaka,
(၃၄၃) ကု န္တိနီ ဇာတ်
343: Kuntinī Jātaka,
(၃၄၄) အမ္ဗ ဇာတ်
344: Amba Jātaka,
(၃၄၅) ဂဇကုမ္ဘ ဇာတ်
345: Gajakumbha Jātaka,
(၃၄၆) ကေသဝ ဇာတ်
346: Kesava Jātaka,
(၃၄၇) အယကူဋ ဇာတ်
347: Ayakūṭa Jātaka,
(၃၄၈) အရည ဇာတ်
348: Arañña Jātaka,
(၃၄၉) သန္ဓိဘေဒ ဇာတ်
349: Sandhibheda Jātaka,
(၃၅ဝ) ဒေဝတာပဥှ
350: Devatāpañha Jātaka.
၅။ ပဌက နိပါတ် – ငါး ဂါထာစီပါသော အောက်ပါဇာတ်တော်ပေါင်း ၂၅ ပုဒ်ပါဝင်သည်။
Chapter
5: 25 stories, each consists of five verses. They are as follows:
(၃၅၁) မဏိကုဏ္ဍလ ဇာတ်
351: Maṇikuṇḍala Jātaka,
(၃၅၂) သုဇာတ ဇာတ်
352: Sujāta Jātaka,
(၃၅၃) ဝေနသာခ ဇာတ်
353: Venasākha Jātaka,
(၃၅၄) ဥရဂ ဇာတ်
354: Uraga Jātaka,
(၃၅၅) ဃဋ ဇာတ်
355: Ghaṭa Jātaka,
(၃၅၆) ကောရဏ္ဍိယ ဇာတ်
356: Koraṇḍiya Jātaka,
(၃၅၇) လဋုကိက ဇာတ်
357: Laṭukika Jātaka,
(၃၅၈) စူဠဓမ္မပါလ ဇာတ်
358: Cūḷadhammapāla Jātaka,
(၃၅၉) သုဝဏ္ဏမိဂ ဇာတ်
359: Suvaṇṇamiga Jātaka,
(၃၆ဝ) သုယောနန္ဒီ ဇာတ်
360: Suyonandī Jātaka,
(၃၆၁) ဝဏ္ဏာရောဟ ဇာတ်
361: Vaṇṇāroha Jātaka,
(၃၆၂) သီလဝီမံသ ဇာတ်
362: Sīlavīmaṃsa Jātaka,
(၃၆၃) ဟိရိ ဇာတ်
363: Hiri Jātaka,
(၃၆၄) ခဇ္ဇောပန ဇာတ်
364: Kajjopana Jātaka,
(၃၆၅) အဟိတုဏ္ဍိက ဇာတ်
365: Ahituṇḍika Jātaka,
(၃၆၆) ကုမ္ဗိယ ဇာတ်
366: Kumbiya Jātaka,
(၃၆၇) သာဠိယ ဇာတ်
367: Sāḷiya Jātaka,
(၃၆၈) တစသာရ ဇာတ်
368: Tacasāra Jātaka,
(၃၆၉) မိတ္တဝိန္ဒက ဇာတ်
369: Mittavindaka Jātaka,
(၃ရဝ) ပလာသ ဇာတ်
370: Palāsa Jātaka,
(၃၇၁) ဒီဃီတိကောသလ ဇာတ်
371: Dīghītikosala Jātaka,
(၃၇၂) မိဂပေါတက ဇာတ်
372: Migapotaka Jātaka,
(၃၇၃) မူသိက ဇာတ်
373: Mūsika Jātaka,
(၃၇၄) စူဠဓနုဂ္ဂဟ ဇာတ်
374: Cūḷadhanuggaha Jātaka,
(၃၇၅) ကပေါတ ဇာတ်။
375: Kapota Jātaka.
၆။ ဆက္က နိပါတ် – ခြောက် ဂါထာစီပါသော အောက်ပါဇာတ်တော်ပေါင်း ၂ဝ ပုဒ်ပါဝင်သည်။
Chapter
6: 20 stories, each consists of six verses. They are as follows:
(၃၇၆) အဝါရိယ ဇာတ်
376: Avāriya Jātaka,
(၃၇၇) သေတကေတု ဇာတ်
377: Setaketu Jātaka,
(၃၇၈) ဒရီမုခ ဇာတ်
378: Darīmukha Jātaka,
(၃၇၉) နေရု ဇာတ်
379: Neru Jātaka,
(၃၈ဝ) အာသင်္က ဇာတ်
380: Āsaṅka Jātaka,
(၃၈၁) မိဂါလောပ ဇာတ်
381: Migālopa Jātaka,
(၃၈၂) သိရိကာလကဏ္ဏိ ဇာတ်
382: Sirikālakaṇṇi Jātaka,
(၃၈၃) ကုက္ကုဋ ဇာတ်
383: Kukkuṭa Jātaka,
(၃၈၄) ဓမ္မဓဇ ဇာတ်
384: Dhammadhaja Jātaka,
(၃၈၅) နန္ဒိယမိဂရာဇ ဇာတ်
385: Nandiyamigarāja Jātaka,
(၃၈၆) ခရပုတ္တ ဇာတ်
386: Kharaputta Jātaka,
(၃၈၇) သူစိ ဇာတ်
387: Sūci Jātaka,
(၃၈၈) တုဏ္ဍိလ ဇာတ်
388: Tuṇḍila Jātaka,
(၃၈၉) သုဝဏ္ဏကက္ကဋ ဇာတ်
389: Suvaṇṇakakkaṭa Jātaka,
(၃၉ဝ) မယှက ဇာတ်
390: Mayhaka Jātaka,
(၃၉၁) ဝိဇ္ဇာဓရ ဇာတ်
391: Vijjādhara Jātaka,
(၃၉၂) သိင်္ဃပုပ္ဖ ဇာတ်
392: Siṅghapuppha Jātaka,
(၃၉၃) ဝိဃာသာဒ ဇာတ်
393: Vighāsāda Jātaka,
(၃၉၄) ဝဋ္ဋက ဇာတ်
394: Vaṭṭaka Jātaka,
(၃၉၅) ပါရာဝတ ဇာတ်။
395: Pārāvata Jātaka.
၇။ သတ္တက နိပါတ် – ခုနှစ် ဂါထာစီပါသော အောက်ပါဇာတ်တော်ပေါင်း ၂၁ ပုဒ်ပါဝင်သည်။
Chapter
7: 21 stories, each consists of seven verses. They are as follows:
(၃၉၆) ကုက္ကု ဇာတ်
396: Kukku Jātaka,
(၃၉၇) မနောဇ ဇာတ်
397: Manoja Jātaka,
(၃၉၈) သုတနု ဇာတ်
398: Sutanu Jātaka,
(၃၉၉) မာတုပေါသကဂိဇ္စျ ဇာတ်
399: Mātuposakagijjha Jātaka,
(၄ဝဝ) ဒဗ္ဘ ပုပ္ဖ ဇာတ်
400: Dabbha Jātaka,
(၄ဝ၁) ပဏ္ဏက ဇာတ်
401: Paṇṇaka Jātaka,
(၄ဝ၂) သတ္တုဘသ္တ ဇာတ်
402: Sattubhasta Jātaka,
(၄ဝ၃) အဋ္ဌိသေနက ဇာတ်
403: Aṭṭhisenaka Jātaka,
(၄ဝ၄) ကပိ ဇာတ်
404: Kapi Jātaka,
(၄ဝ၅) ဗက ဇာတ်
405: Baka Jātaka,
(၄ဝ၆) ဂန္ဓာရ ဇာတ်
406: Gandhāa Jātaka,
(၄ဝရ) မဟာကပိ ဇာတ်
407: Mahākapi Jātaka,
(၄ဝ၈) ကုမ္ဘကာရ ဇာတ်
408: Kumbhakāra Jātaka,
(၄ဝ၉) ဒဠှဓမ္မ ဇာတ်
409: Daḷhadhamma Jātaka,
(၄၁ဝ) သောမဒတ္တ ဇာတ်
410: Somadatta Jātaka,
(၄၁၁) သုသီမ ဇာတ်
411: Susīma Jātaka,
(၄၁၂) ကောဋသိမ္ဗလိ ဇာတ်
412: Koṭadimbali Jātaka,
(၄၁၃) ဓူမကာရိ ဇာတ်
413: Dūmakāri Jātaka,
(၄၁၄) ဇာဂရ ဇာတ်
414: Jāgara Jātaka,
(၄၁၅) ကုမ္မာသပိဏ္ဍိ ဇာတ်
415: Kummāsapiṇḍi Jātaka,
(၄၁၆) ပရန္တပ ဇာတ်။
416: Parantapa Jātaka.
၈။ အဋ္ဌက နိပါတ် – ရှစ် ဂါထာစီပါသော အောက်ပါဇာတ်တော်ပေါင်း ၁ဝ ပုဒ်ပါဝင်သည်။
Chapter
8: 9 stories, each consists of eight verses. They are as follows:
(၄၁၇) ကစ္စာနိ ဇာတ်
417: Kaccāni Jātaka,
(၄၁၈) အဋ္ဌသဒ္ဒ ဇာတ်
418: Aṭṭhasadda Jātaka,
(၄၁၉) သုလသာ ဇာတ်
419: Sulasā Jātaka,
(၄၂ဝ) သုမင်္ဂလ ဇာတ်
420: Sumaṅgala Jātaka,
(၄၂၁) ဂင်္ဂမာလ ဇာတ်
421: Gaṅgamāla Jātaka,
(၄၂၂) စေတိယ ဇာတ်
422: Cetiya Jātaka,
(၄၂၃) ဣန္ဒြိယ ဇာတ်
423: Indriya Jātaka,
(၄၂၄) အာဒိတ္တ ဇာတ်
424: Āditta Jātaka,
(၄၂၅) အဋ္ဌာန ဇာတ်
425: Aṭṭhana Jātaka,
(၄၂၆) ဒီပိ ဇာတ်။
426: Dīpi Jātaka.
၉။ နဝက နိပါတ် – ကိုး ဂါထာစီပါသော အောက်ပါဇာတ်တော်ပေါင်း ၁၂ ပုဒ်ပါဝင်သည်။
Chapter
9: 12 stories, each consists of nine verses. They are as follows:
(၄၂၇) ဂိဇ္စျ ဇာတ်
427: Gijjha Jātaka,
(၄၂၈) ကောသမ္ဗိယ ဇာတ်
428: Kosambiya Jātaka,
(၄၂၉) မဟာသုဝ ဇာတ်
429: Mahāsuva Jātaka,
(၄၃ဝ) စူဠသုဝ ဇာတ်
430: Sūḷasuva Jātaka,
(၄၃၁) ဟရိတစ ဇာတ်
431: Haritaca Jātaka,
(၄၃၂) ပဒကုသလမာဏဝ ဇာတ်
432: Padakusalamāṇava Jātaka,
(၄၃၃) လောမသကဿပ ဇာတ်
433: Lomasakassapa Jātaka,
(၄၃၄) စက္ကဝါက ဇာတ်
434: Cakkavāka Jātaka,
(၄၃၅) ဟလိဒ္ဒိရာဂ ဇာတ်
435: Haliddirāga Jātaka,
(၄၃၆) သမုဂ္ဂ ဇာတ်
436: Samugga Jātaka,
(၄၃၇) ပူတိမံသ ဇာတ်
437: Pūtimaṃsa Jātaka,
(၄၃၈) ဒဒ္ဒရ ဇာတ်။
438: Daddara Jātaka.
၁ဝ။ ဒသက နိပါတ် – တစ်ဆယ် ဂါထာစီပါသော အောက်ပါဇာတ်တော်ပေါင်း ၁၆ ပုဒ်ပါဝင်သည်။
Chapter
10: 16 stories, each consists of ten verses. They are as follows:
(၄၃၉) စတုဒွါရ ဇာတ်
439: Catudvāra Jātaka,
(၄၄ဝ) ကဏှ ဇာတ်
440: Kaṇha Jātaka,
(၄၄၁) စတုပေါသထိယ ဇာတ်
441: Catuposathiya Jātaka,
(၄၄၂) သင်္ခ ဇာတ်
442: Saṅkha Jātaka,
(၄၄၃) စူဠဗောဓိ ဇာတ်
443: Cūḷabodhi Jātaka,
(၄၄၄) ကဏှဒီပါယန ဇာတ်
444: Kaṇhadīpāyana Jātaka,
(၄၄၅) နိဂြောဓ ဇာတ်
445: Nigrodha Jātaka,
(၄၄၆) တက္ကလ ဇာတ်
446: Takkala Jātaka,
(၄၄၇) မဟာဓမ္မပါလ ဇာတ်
447: Mahādhammapāla Jātaka,
(၄၄၈) ကုက္ကုဋ ဇာတ်
448: Kukkuṭa Jātaka,
(၄၄၉) မဋ္ဌကုဏ္ဍလီ ဇာတ်
449: Maṭṭhakuṇḍalī Jātaka,
(၄၅ဝ) ဗိလာရကောသိယ ဇာတ်
450: Bilārakosiya Jātaka,
(၄၅၁) စက္ကဝါက ဇာတ်
451: Cakkavāka Jātaka,
(၄၅၂) ဘူရိပည ဇာတ်
452: Bhūripañña Jātaka,
(၄၅၃) မဟာမင်္ဂလ ဇာတ်
453: Mahāmaṅgala Jātaka,
(၄၅၄) ဃဋပဏ္ဍိတ ဇာတ်။
454: Ghaṭapaṇḍita Jātaka.
၁၁။ ဧကာဒသက နိပါတ် – ဆယ်တစ် ဂါထာစီပါသော အောက်ပါဇာတ်တော်ပေါင်း ၉ ပုဒ်ပါဝင်သည်။
Chapter
11: 9 stories, each consists of eleven verses. They are as follows:
(၄၅၅) မာတုပေါသက ဇာတ်
455: Mātuposatha Jātaka,
(၄၅၆) ဇုဏှ ဇာတ်
456: Juṇha Jātaka,
(၄၅၇) ဓမ္မဒေဝပုတ္တ ဇာတ်
457: Dhammadevaputta Jātaka,
(၄၅၈) ဥဒယ ဇာတ်
458: Udaya Jātaka,
(၄၅၉) ပါနီယ ဇာတ်
459: Pānīya Jātaka,
(၄၆ဝ) ယုဓဌယ ဇာတ်
460: Yudhaṅñaya Jātaka,
(၄၆၁) ဒသရထ ဇာတ်
461: Dasaratha Jātaka,
(၄၆၂) သံဝရ ဇာတ်
462: Saṃvara Jātaka,
(၄၆၃) သုပ္ပါရက ဇာတ်။
463: Suppāraka Jātaka.
၁၂။ ဒွါဒသက နိပါတ် – တစ်ဆယ်နှစ် ဂါထာစီပါသော အောက်ပါဇာတ်တော်ပေါင်း ၁ဝ ပုဒ်ပါဝင်သည်။
Chapter
12: 10 stories, each consists of twelve verses. They are as follows:
(၄၆၄) စူဠကုဏာလ ဇာတ်
464: Cūḷakuṇāla Jātaka,
(၄၆၅) ဘဒ္ဒသာလ ဇာတ်
465: Bhaddasāla Jātaka,
(၄၆၆) သမုဒ္ဒဝါဏိဇ ဇာတ်
466: Samuddavāṇija Jātaka,
(၄၆၇) ကာမ ဇာတ်
467: Kāma Jātaka,
(၄၆၈) ဇနသန္ဓ ဇာတ်
468: Janasandha Jātaka,
(၄၆၉) မဟာကဏှ ဇာတ်
469: Mahākaṇha Jātaka,
(၄ရဝ) ကောသိယ ဇာတ်
470: Kosiya Jātaka,
(၄၇၁) မေဏ္ဍကပဥှ ဇာတ်
471: Meṇḍakapaṅña,
(၄၇၂) မဟာပဒုမ ဇာတ်
472: Mahāpaduma Jātaka,
(၄၇၃) မိတ္တာမိတ္တ ဇာတ်။
473: Mittāmitta Jātaka.
၁၃။ တေဒသက နိပါတ် – တစ်ဆယ်သုံး ဂါထာစီပါသော အောက်ပါဇာတ်တော်ပေါင်း ၁ဝ ပုဒ်ပါဝင်သည်။
Chapter
13: 10 stories, each consists of thirteen verses. They are as follows:
(၄၇၄) အမ္ဗ ဇာတ်
474: Amba Jātaka,
(၄၇၅) ဖန္ဒန ဇာတ်
475: Phandana Jātaka,
(၄၇၆) ဇဝနဟံသ ဇာတ်
476: Javanahaṃsa Jātaka,
(၄၇၇) စူဠနာရဒ ဇာတ်
477: Cūḷanārada Jātaka,
(၄၇၈) ဒူတ ဇာတ်
478: Dūta Jātaka,
(၄၇၉) ကာလိင်္ဂဗောဓိ ဇာတ်
479: Kāliṅgabodhi Jātaka,
(၄၈ဝ) အကိတ္တိ ဇာတ်
480: Akitti Jātaka,
(၄၈၁) တက္ကာရိယ ဇာတ်
481: Takkāriya Jātaka,
(၄၈၂) ရုရုမိဂရာဇ ဇာတ်
482: Rurumigarāja Jātaka,
(၄၈၃) သရဘမိဂ ဇာတ်။
483: Sarabhamiga Jātaka.
၁၄။ ပကိဏ္ဏက နိပါတ် – တစ်ဆယ်လေး မှ ဆယ်ကိုးဂါထာစီပါသော အောက်ပါ
ဇာတ်တော်ပေါင်း ၁၃ ပုဒ်ပါဝင်သည်။
Chapter
14: 13 stories, each consists of from fourteen to nineteen verses.
They are as follows:
(၄၈၄) သာလိကေဒါရ ဇာတ်
484: Sālikedāra Jātaka,
(၄၈၅) စန္ဒကိန္နရီ ဇာတ်
485: Candakinnarī Jātaka,
(၄၈၆) မဟာဥက္ကုသ ဇာတ်
486: Mahāukkusa Jātaka,
(၄၈၇) ဥဒ္ဒါလက ဇာတ်
487: Uddālaka Jātaka,
(၄၈၈) ဘိသ ဇာတ်
488: Bhisa Jātaka,
(၄၈၉) သုရုစိ ဇာတ်
489: Suruci Jātaka,
(၄၉ဝ) ပဌုပေါသထိက ဇာတ်
490: Pañcuposathika Jātaka,
(၄၉၁) မဟာမောရ ဇာတ်
491: Mahāmora Jātaka,
(၄၉၂) တစ္ဆ သူကရ ဇာတ်
492: Tacchasūkara Jātaka,
(၄၉၃) မဟာဝါဏိဇ ဇာတ်
493: Mahāvāṇija Jātaka,
(၄၉၄) သာဓိန ဇာတ်
494: Sādhina Jātaka,
(၄၉၅) ဒသဗြဟ္မဏ ဇာတ်
495: Dasabrahmaṇa Jātaka,
(၄၉၆) သိက္ခာပရံပရ ဇာတ်။
496: Sikkhāparaṃpara Jātaka.
၁၅။ ဝီသတိ နိပါတ် – ဂါထာ နှစ်ဆယ် စီပါသော အောက်ပါဇာတ်တော်ပေါင်း ၁၄ ပုဒ်ပါဝင်သည်။
Chapter
15: 14 stories, each consists of about twenty verses. They are as follows:
(၄၉၇) မာတင်္ဂ ဇာတ်
497: Mātaṅga Jātaka,
(၄၉၈) စိတ္တသမ္ဘူတ ဇာတ်
498: Cittasambhūa Jātaka,
(၄၉၉) သိဝိ ဇာတ်
499: Sivi Jātaka,
(၅ဝဝ) သိရီမန္တ ဇာတ်
500: Sirīmanta Jātaka,
(၅ဝ၁) ရောဟဏမိဂ ဇာတ်
501: Rohaṇamiga Jātaka,
(၅ဝ၂) စူဠဟံသ ဇာတ်
502: Cūḷahaṃsa Jātaka,
(၅ဝ၃) သတ္တိဂုမ္ဘ ဇာတ်
503: Sattigumbha Jātaka,
(၅ဝ၄) ဘလ္လာတိယ ဇာတ်
504: Bhallātiya Jātaka,
(၅ဝ၅) သောမနဿ ဇာတ်
505: Somanassa Jātaka,
(၅ဝ၆) စမ္ပေယျ ဇာတ်
506: Campeyya Jātaka,
(၅ဝရ) မဟာပလောဘန ဇာတ်
507: Mahāpalobhana Jātaka,
(၅ဝ၈) ပဌပဏ္ဍိတ ဇာတ်
508: Pañcapaṇḍita Jātaka,
(၅ဝ၉) ဟတ္ထိပါလ ဇာတ်
509: Hatthipāla Jātaka,
(၅၁ဝ) အယောဃရ ဇာတ်။
510: Ayoghara Jātaka.
၁၆။ တိံသ နိပါတ် – ဂါထာ သုံးဆယ် စီပါသော အောက်ပါဇာတ်တော်ပေါင်း ၁ဝ ခုပါဝင်သည်။
Chapter
16: 10 stories, each consists of about thirty verses. They are as follows:
(၅၁၁) ကိံဆန္ဒ ဇာတ်
511: Kiṃchanda Jātaka,
(၅၁၂) ကုမ္ဘ ဇာတ်
512: Kumbha Jātaka,
(၅၁၃) ဇယဒ္ဒိသ ဇာတ်
513: Jayaddisa Jātaka,
(၅၁၄) ဆဒ္ဒန္တ ဇာတ်
514: Chaddanta Jātaka,
(၅၁၅) သမ္ဘဝ ဇာတ်
515: Sambhava Jātaka,
(၅၁၆) မဟာကပိ ဇာတ်
516: Mahākapi Jātaka,
(၅၁၇) ဒကရက္ခသ ဇာတ်
517: Dakarakkhasa Jātaka,
(၅၁၈) ပဏ္ဍရနာဂရာဇ ဇာတ်
518: Paṇḍaranāgarāja Jātaka,
(၅၁၉) သမ္ဗူလာ ဇာတ်
519: Sambūla Jātaka,
(၅၂ဝ) ဂန္ဓတိန္ဒုက ဇာတ်။
520: Gandhatinduka Jātaka.
၁၇။ စတ္တာလီသ နိပါတ် – ဂါထာ လေးဆယ် ခန့်စီပါသော အောက်ပါဇာတ်တော်ပေါင်း ၅ ပုဒ်ပါဝင်သည်။
Chapter
17: 5 stories, each consists of about fourty verses. They are as follows:
(၅၂၁) တေသကုဏ ဇာတ်
521: Tesakuṇa Jātaka,
(၅၂၂) သရဘင်္ဂ ဇာတ်
522: Sarabhaṅga Jātaka,
(၅၂၃) အလမ္ဗုသာ ဇာတ်
523: Alambusā Jātaka,
(၅၂၄) သင်္ခပါလ ဇာတ်
524: Saṅkhapāla Jātaka,
(၅၂၅) စူဠသုတသောမ ဇာတ်။
525: Sūḷasutasoma Jātaka.
၁၈။ ပဏ္ဏာသ နိပါတ် – ဂါထာ ငါးဆယ် စီပါသော အောက်ပါဇာတ်တော်ပေါင်း ၃ ပုဒ်ပါဝင်သည်။
Chapter
18: 3 stories, each consists of about fifty verses. They are as follows:
(၅၂၆) နိဠိနိကာ ဇာတ်
526: Niḷinikā Jātaka,
(၅၂၇) ဥမ္မာဒန္တီ ဇာတ်
527: Ummādantī Jātaka,
(၅၂၈) မဟာဗောဓိ ဇာတ်။
528: Mahābodhi Jātaka.
၁၉။ ဆဋ္ဌိ နိပါတ် – ဂါထာ ခြောက်ဆယ် ခန့်စီပါသော အောက်ပါဇာတ်တော်ပေါင်း ၂ ပုဒ်ပါဝင်သည်။
Chapter
19: 2 stories, each consists of about sixty verses. They are as follows:
(၅၂၉) သောဏက ဇာတ်
529: Soṇaka Jātaka,
(၅၃ဝ) သံကိစ္စ ဇာတ်။
530: Saṃkicca Jātaka.
၂ဝ။ သတ္တတိ နိပါတ် – ဂါထာ ခုနှစ်ဆယ် ခန့်စီပါသော အောက်ပါဇာတ်တော်ပေါင်း ၂ ပုဒ်ပါဝင်သည်။
Chapter
20: 2 stories, each consists of about seventy verses. They are as follows:
(၅၃၁) ကုသ ဇာတ်
531: Kusa Jātaka,
(၅၃၂) ကောသနန္ဒ ဇာတ်။
532: Kosananda Jātaka.
၂၁။ အသီတိ နိပါတ် – ဂါထာ ရှစ်ဆယ် ခန့်စီပါသော အောက်ပါဇာတ်တော်ပေါင်း ၅ ပုဒ်ပါဝင်သည်။
Chapter
21: 5 stories, each consists of about eighty verses. They are as follows:
(၅၃၃) စူဠဟံသ ဇာတ်
533: Cūḷahaṃsa Jātaka,
(၅၃၄) မဟာဟံသ ဇာတ်
534: Mahāhaṃsa Jātaka,
(၅၃၅) သုဓာဘောဇန ဇာတ်
535: Sudhābhojana Jātaka,
(၅၃၆) ကုဏာလ ဇာတ်
536: Kuṇāla Jātaka,
(၅၃၇) မဟာသုတသောမ ဇာတ်။
537: Mahāsutasoma Jātaka.
၂၂။ မဟာ နိပါတ် – ဂါထာ ရာချီ ပါရှိပြီး အောက်ပါဇာတ်တော်ကြီး ၁ဝ ဘွဲ့။ ပုဒ် ပါဝင်သည်၊
Chapter
22: 10 stories, each consists of hundred of verses. They are as follows:
(၅၃၈) မူဂပေက္ခ (တေမိယ) ဇာတ် _ရှု
538: Mūgapekkha (Temiya) Jātaka,
(၅၃၉) မဟာဇနက ဇာတ် _ရှု
539: Mahā Janaka Jātaka,
(၅၄ဝ) သုဝဏ္ဏသာမ ဇာတ် _ရှု
540: Suvaṇṇasāma Jātaka,
(၅၄၁) နေမိ (နိမိ) ဇာတ် _ရှု
541: Nemi(Nimi) Jātaka,
(၅၄၂) မဟောသဓ (ဥမင်္ဂ) ဇာတ် _ရှု
542: Mahosadha Jātaka,
(၅၄၃) ဘူရိဒတ္တ ဇာတ် _ရှု
543: Bhūridatta Jātaka,
(၅၄၄) စန္ဒကုမာရ ဇာတ် _ရှု
544: Candakumāra Jātaka,
(၅၄၅) နာရဒ (မဟာနာရဒကဿပ) ဇာတ် _ရှု
545: Nārada Jātaka,
(၅၄၆) ဝိဓုရ ဇာတ် _ရှု
546: Vidhura Jātaka,
(၅၄၇) ဝေဿန္တရ ဇာတ် _ရှု။
547: Vessantara Jātaka.

ဇာတက ပါဠိ

(ဇာတ်ကြီး ၁ဝ ဖွဲ့_ရှု ဇာတ်တော် ၅၅ဝ _ရှု) ဘုရားအလောင်း ရှေးဘဝ ၅၄၇ ခုတို့၏ အကြောင်းအရာ ဇာတ်တော်များဖြစ်သည်။ ခုဒ္ဒကနိကာယ် ၌ ပါဝင်သော ကျမ်းတစ်ဆူဖြစ်သည်။
Jātaka: It is commonly known as ‘Birth–stories’, 547 stories of Lord Buddha’s previous life; a text of ‘the Minnor Collection/Discourses = Khuddaka–nikāya’.

ဇာတိ

Conception, birth, arising, beginning, son, kind.

ဇာတိဓမ္မ

(အဖြစ်တရား) များ
Dhammas subject to birth:
၁။ စက္ခု – မျက်စိ
1: Eye,
၂။ ရူပ – ရုပ်အဆင်း
2: form,
၃။ စက္ခုဝိညာဏ – မြင်သိမှု
3: eye–consciousness,
၄။ စက္ခု သမ္ဖဿ – မြင်တွေ့မှု
4: eye–contact,
၅။ စက္ခု သမ္ဖဿဇာ ဝေဒနာ – အမြင်ခံစားမှု။
5: eye–based feelings. (အလားတူပင် သောတ။ သဒ္ဒ၊ ဃာန။ ဂန္ဓ၊ ဇိဝှါ။ ရသ၊ ကာယ။ ဖောဋ္ဌဗ္ဗ၊ မန။ ဓမ္မ တို့ ၌လည်း ငါးမျိုးစီ ဖြစ်ပါသည်။ ထိုအရာအားလုံးတို့သည် ဇာတိဓမ္မ ဖြစ်ကြသကဲ့သို့ ဇရာ–အို ဗျာဓိ–နာ မရဏ–သေ သောက–စိုးရိမ် သံကိလေသိက–ညစ်နွမ်း ခယ–ပျက်စီး ဝယ–ကုန်ဆုံး သမုဒယ– ဖြစ်ပေါ် နိရောဓဓမ္မ–ချုပ်ပြတ်သောသဘော များလည်း ရှိကုန်၏။ အလားတူပင် အနိစ္စ–မမြဲ ဒုက္ခ–ဆင်းရဲ အနတ္တ–အတ္တလိပ်ပြာမဟုတ် အဘိညေယျ–အထူးသိရမည့်တရား ပရိညေယျ–ပိုင်းခြားသိရမည့်တရား ပဟာတဗ္ဗ– ပယ်ရမည့်တရား သစ္ဆိကာတဗ္ဗ– မျက်မှောက်ပြုရမည့်တရား အဘိညာပရိညေယျ–အထူးပိုင်းခြားသိ ရမည့်တရား ဥပဒ္ဒုတ–အနှိပ်စက်ခံရသောတရား တို့ ဖြစ်ကြကုန်၏။)
(The same as in – ear, sound; nouse, odour; tongue, tastes; body, touch; mind, mind–objects. Each has five things of ‘subject to birth’. As subject to birth, they also are subject to aging, to sickness, to death, to sorrow, to defilement, to destruction, to vanishing, to origination and to cessation. So also, they – eye, form etc., – are impermanent, suffering, non–self, to be directly known, to be fully understood, to be abandoned, to be realized, to be fully understood through direct knowledge and to be oppressed.)

ဇိန

အောင်မြင်သူ Conqueror.

ဇိဝှါ

Tongue.

ဇိဝှါယတန

Tongue–base.

ဇိဝှါရုံ

Tongue–object.

ဇီဝ

Life, vital/life principle, soul.

ဇီဝိတ

Alife.

ဇီဝိတ ဒါန

Means of support for one’s life (including animals).

ဇီဝိတ ဒါနဆေးရုံ

Free of charge hospital.

ဇီဝိတဒါန သံဃဆေးရုံ

Free of charge hospital for monks.

ဇာတ်တော်

(နိပါတ်တော်ဟုလည်းခေါ်၏)
Buddha’s life–stories, birth–stories, the previous/past lives of the Buddha.

ဇေတဝန် ကျောင်း

သာဝတ္ထိမြို့ရှိ ထင်ရှားသော ကျောင်းတော်။ ဘုရားရှင်သည် ဤကျောင်းတော်၌ ဝါတော် အများဆုံး ဆိုတော်မူသည်။
Jetavana: the most famous monastery in Sāvatthi City, the capital of Magadha, where Lord Buddha spent most of His missionary years.

ဇေတဝန် ကျောင်းနေရာ

ဘုရားရှင် ၇ ဆူလက်ထက်တော် ကျောင်းဒါယကာများ နှင့် အကျယ်အဝန်း
Jetavana: the donor etc., at the time of seven successive Buddhas:
ဘုရားရှင်
ကျောင်းတကာ
ကျောင်းအကျယ်အဝန်း
ကျောင်းမြေပြင်ခင်းဝယ်ယူသည်
Buddha’s name:
donor:
area:
paid to buy the lot:
၁။ ဝိပဿီ
ပုနဗ္ဗသုမိတ္တ
၁ – ယူဇနာ
ရွှေအုတ်ချပ်
1: Vipassī
Punabbasumitta
1 yūjanā
gold brick,
၂။ သိခီ
သီရိဝဍ္ဎ
၃ – ဂါဝုတ်
ရွှေချောင်း
2: Sikhī
Sīrivaḍḍha
¾ yūjanā
gold bar,
၃။ ဝေဿဘူ
သောတ္ထိဇ
ယူဇနာ ဝက်
ရွှေတုံး (ရွှေထွန်)
3: Vessabhū
Sotthija
½ yūjanā
glod bullion,
၄။ ကကုသန်
အစ္စုတ
၁ – ဂါဝုတ်
ရွှေအုတ်ချပ် (ရွှေတုံး)
4: Kakusandha
Accuta
¼ yūjanā
gold brick,
၅။ ကောဏာဂုံ
ဥဂ္ဂ
ဂါဝုတ် ဝက်
ရွှေလိပ်ရုပ် (ရွှေအုတ်ချပ်)
5: Koṇāgamana
Ugga
⅛ yūjanā
gold tortoise–image,
၆။ ကဿပ
သုမင်္ဂလ
၂ဝ – ဥသဘ
ရွှေတုံး (ရွှေလိပ်ရုပ်)
6: Kassapa
Sumaṅgala
20 Usabha
glod bullion,
၇။ ဂေါတမ
သုဒတ္တ
(အနာထပိဏ်)
၈ဝ – ပယ်
ရွှေဒင်္ဂါး။
7: Gotama
Sudatta
80 pae
gold coin.

ဇေတဝန် ကျောင်းဝိုင်းအတွင်းရှိ ကျောင်းကြီး ၄ ဆောင်

Four buildings within the Jetavana–monastery compound:
၁။ ကရေရိ ကုဋိ – ရေခံတက်ပင်များ ဝိုင်းရံနေသော ကျောင်းတော်
1: Kareri kuṭi: surrounded by the crataeva hygrophyla,
၂။ ကောသမ္ဗ ကုဋိ – ကြို့ပင်ကြီးရှိသော ကျောင်းတော်
2: Kosamba kuṭi: closed to a big Ceylon oak,
၃။ ဂန္ဓ ကုဋိ – နံ့သာသား တို့ဖြင့် ဆောက်လုပ်သော ကျောင်းတော်
3: Gandha kuṭi: built with sandal–wood,
၄။ သလဠာ ဂါရ – နတ်ထင်းသားတို့ဖြင့် ဆောက်လုပ်သော ကျောင်းတော်။
4: Salaḷā gāra: built with the Himalayan cedar. (နံပါတ် ၄။ သလဠာ ဂါရ ကျောင်းတော်ကို ပသေနဒိ ကောသလမင်းကြီး ဆောက်လုပ်လှူဒါန်းပြီး ကျန်ရှိသော ကျောင်းသုံးဆောင် ကို အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းသည်။)
(Salaḷā gāra, number 4, was built/donated by King Kosala and the rest, by Anātha–piṇḍika the rich.)

ဇောတိက သူဌေးအိမ်၏ တံတိုင်း ၇ ထပ် အစောင့်များ

Seven entrances and in–charge yakkha (ogre) generals of each and their armies at Zotika’s the Rich mension:
၁။ ပဌမ တံခါးမုခ်ဦး – ယမကောဠီ မည်သောနတ်ဘီလူးစစ်မှူး နှင့် တပ်သား ဘီလူး ၁ဝဝဝ
1: At the first gate: a yakkha–general, Yamakoḷī by name, was in–charge and 1000 yakkhas under him,
၂။ ဒုတိယ တံခါးမုခ်ဦး – ဥပ္ပလ မည်သောနတ်ဘီလူးစစ်မှူး နှင့် တပ်သား ဘီလူး ၂ဝဝဝ
2: second gate: a yakkha–general, Uppala by name, was in–charge and 2000 yakkhas under him,
၃။ တတိယ တံခါးမုခ်ဦး – ဝဇိရ မည်သောနတ်ဘီလူးစစ်မှူး နှင့် တပ်သား ဘီလူး ၃ဝဝဝ
3: third gate: a yakkha–general, Vajira by name, was in–charge and 3000 yakkhas under him,
၄။ စတုတ္ထ တံခါးမုခ်ဦး – ဝဇိရဗာဟု မည်သောနတ်ဘီလူးစစ်မှူး နှင့် တပ်သား ဘီလူး ၄ဝဝဝ
4:fourty gate: a yakkha–general, Vajirabāhu by name, was in–charge and 4000 yakkhas under him,
၅။ ပဌမ တံခါးမုခ်ဦး – ကသကန္ဒ မည်သောနတ်ဘီလူးစစ်မှူး နှင့် တပ်သား ဘီလူး ၅ဝဝဝ
5: fifth gate: a yakkha–general, Kasakanda by name, was in–charge and 5000 yakkhas under him,
၆။ ဆဋ္ဌမ တံခါးမုခ်ဦး – ကဋတ္ထ မည်သောနတ်ဘီလူးစစ်မှူး နှင့် တပ်သား ဘီလူး ၆ဝဝဝ
6: sixth gate: a yakkha–general, Kaṭattha by name, was in–charge and 6000 yakkhas under him,
၇။ သတ္တမ တံခါးမုခ်ဦး – ဒိသာမုခ မည်သောနတ်ဘီလူးစစ်မှူး နှင့် တပ်သား ဘီလူး ရဝဝဝ။
7: seventh gate: a yakkha–general, Disāmukha by name, was in–charge and 7000 yakkhas under him.
( စျ )

စျာန်

Absorption, trance, intense concentration of mind.

စျာန် ၄ ပါး ချမ်းသာ ဥပမာများ

The similes regarding the delight of the four absorptions:
၁။ ပထမစျာန် ချမ်းသာဥပမာ – ဆပ်ပြာမှုံ့နှင့်ရေ မကွဲမပြားရောနေသကဲ့သို့ တကိုယ်လုံးပျံ့နှံ့နေသောချမ်းသာ
1: As water mixed with soap–powder so delight in mind and in body of first absorption/trance;
၂။ ဒုတိယစျာန် ချမ်းသာဥပမာ – ရေဝင်ပေါက်မရှိ ပကတိတည်ငြိမ် အေးစိမ့်သော သဘာဝရေကန်ထဲမှ ရေကဲ့သို့ အေးမြသော ချမ်းသာ
2: as the water in no–inflow lake of natural coolness, so calm, gladness of second Absorption;
၃။ တတိယစျာန် ချမ်းသာဥပမာ – ရေကန်တွင်းမှာ ကြာပင် အမြစ်မှပင်အဖျားအထိ ရေသီတာဓာတ် အားလုံးရ သကဲ့သို့သော ချမ်းသာ
3: as a lotus plant in a pond that suffuses with coldness from its root to the top, so the joy of third absorption;
၄။ စတုတ္ထစျာန် ချမ်းသာဥပမာ – အဝတ်ဖြူ ပတ်ခြုံထားသောသူအား အဖြူဓာတ်သည် တကိုယ်လုံးလွှမ်းခြုံ ထားသကဲ့သို့သော ချမ်းသာ။
4: as a man is totally wrapped with a white garment, so speading happiness of fourth absorption.

စျာန် ၈ ပါး

Eight absorptions/trances:
၁။ ပထမ စျာန်
1: First absorption/trance,
၂။ ဒုတိယ စျာန်
2: second absorption,
၃။ တတိယ စျာန်
3: third absorption,
၄။ စတုတ္ထ စျာန်
4: fourth absorption,
၅။ အာကာသာနဌာယတန စျာန်
5: the sphere of boundless space (ākāsānañcāyatana),
၆။ ဝိညာနဌာယတန စျာန်
6: the sphere of boundless consciousness (viññānañcāyatana),
၇။ အာကိဌညာယတန စျာန်
7: the sphere of nothingness (ākiñcaññāyatana),
၈။ နေဝသညာနာသညာယတန စျာန်
8: the sphere of neither perception nor non–perception (nevasaññānāsaññāyatana).

စျာန် ၁၂ ပါး

စျာန် ၈ ပါး _ရှု နှင့် ဗြဟ္မဝိဟာရတရား ၄ ပါး _ရှု = ၁၂ ပါး

စျာန် ၈ ပါးတို့၏ အဓိပ္ပါယ်များ

The meanings/characters of the eight absorptions/trances:
၁။ ပထမ စျာန်ဟူသည် ကာမဂုဏ် အကုသိုလ်တို့မှကင်းဝေး၏။ ကြံစည် သုံးသပ်မှုရှိ၏။ အတားအဆီး နီဝရဏကင်းသော နှစ်သက်မှု ပီတိ။ ချမ်းသာမှု သုခရှိ၏။
1: First absorption: Secluded from sensual pleasures and unwholesome states; accompanied by thought and examination; rapture and happiness without hindrances,
၂။ ဒုတိယ စျာန်ဟူသည် ကြံစည် သုံးသပ်မှုမရှိ။ တည်ကြည်မှု နှစ်သိမ့်မှု ချမ်းသာသုခရှိ၏။
2: second absorption: no thought and no examination; rapture and happiness born of concentration,
၃။ တတိယ စျာန်ဟူသည် နှစ်သိမ့်မှုပီတိကို မတပ်မက်။ လျစ်လျူရှုကာ သတိ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၏။
3: third absorption: fade rapture; equanimity with mindfulness and clear comprehending,
၄။ စတုတ္ထ စျာန်ဟူသည် ချမ်းသာဆင်းရဲ ဝမ်းနည်းဝမ်းသာမရှိ။ လျစ်လျူရှုကာ စင်ကြယ်သောသတိနှင့် ပြည့်စုံ၏။
4: fourth absorption: no pleasure and no pain; no sorrow and no happiness; purification of mindfulness by equanimity,
၅။ အာကာသာနဌာယတန စျာန်ဟူသည် ရုပ်သညာ ထိတွေ့မှုသညာ အထူးထူးသောသညာ အမှတ်အသား တို့မှ လွန်မြောက်ပြီး ‘ကောင်းကင်းသည် အဆုံးမရှိပါတကားဒဟု ဆင်ခြင်သုံးသပ် နှလုံးသွင်းနေနိုင်၏။
5: the sphere of boundless space (ākāsānañcāyatana): no perception of forms, of contact and of diversity; awaring ‘space is infinite’,
၆။ ဝိညာနဌာယတန စျာန်ဟူသည် အာကာသာနဌာယတန စျာန်ကိုလုံးဝလွန်မြောက်ပြီး ‘ဝိညာဏ်သည် အဆုံးမရှိပါတကားဒဟု ဆင်ခြင်သုံးသပ် နှလုံးသွင်းနေနိုင်၏။
6: the sphere of boundless consciousness (viññānañcāyatana): completely transcending the awareness, ‘space is infinite’; awareness of the ‘infinity of consciousness’,
၇။ အာကိဌညာယတန စျာန်ဟူသည် ဝိညာနဌာယတန စျာန်ကိုလုံးဝလွန်မြောက်ပြီး ‘အနည်းငယ် စိုးစဉ်မျှ မရှိပါတကား" ဟု ဆင်ခြင်သုံးသပ် နှလုံးသွင်းနေနိုင်၏။
7: the sphere of nothingness (ākiñcaññāyatana): completely transcending the awareness, ‘infinity of consciousness’; dwelling in the base of nothingness,
၈။ နေဝသညာနာသညာယတန စျာန်ဟူသည် အာကိဉ္စညာယတန စျာန်ကို လုံးဝလွန်မြောက်ပြီး သညာမရှိသည်လည်းမဟုတ် ရှိသည်လည်းမဟုတ် – ဟု ဆင်ခြင်သုံးသပ် နှလုံးသွင်းနေနိုင်၏။
8: the sphere of neither perception nor non–perception (nevasaññānāsaññāyatana): completely transcending the base of nothingness; dwelling in the base of neither–perception–nor–non–perception.

စျာန်ပျံ

Flying/walking/floating in the air.

စျာန် မဂ် ဖိုလ်မရနိုင်သော တရား ၆ ပါး

Six things that prevent to attain jhāna, magga and phala:
၁။ ပဌာနန္တရိယ_ရှုကံကြီးထိုက်ခြင်း
1: Committing one or some of the deadly sins,
၂။ နိယတ မိစ္ဆာဒိဋ္ဌိ_ရှု အယူရှိခြင်း
2: being eternalist,
၃။ ဒွိဟိတ်_ရှု အဟိတ်_ရှု ပုဂ္ဂိုလ်ဖြစ်ခြင်း
3: person born of two– or no root–condition,
၄။ သဒ္ဓါတရား မရှိခြင်း
4: no faith,
၅။ ကုသိုလ်ဆန္ဒ မရှိခြင်း
5: no wish to do merit,
၆။ ပညာကင်းမဲ့ခြင်း။
6: no wisdom/insight. (စျာန် မဂ် ဖိုလ်ရနိုင်သော တရား ၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Six things conducive to attain jhāna, magga and phala are opposite of the above.)

စျာန်မရကြောင်း တရား ၆ ပါး

Six dhammas not conducive to trance (jhāna):
၁။ ကာမစ္ဆန္ဒ (ဝါ) ကာမဝိတက်
1: Sense–desires or thought of them,
၂။ ဗျာပါဒ (ဝါ) ဗျာပါဒဝိတက်
2: ill–will or thought of it,
၃။ ထိန မိဒ္ဓ (ဝါ) ဝိဟိံသဝိတက်
3: sloth and torper and cruelity or thought of them,
၄။ ဥဒ္ဓစ္စ ကုက္ကုစ္စ (ဝါ) ကာမသညာ
4: restlessness/flurry and worry or perception of lust,
၅။ ဝိစိကိစ္ဆာ (ဝါ) ဗျာပါဒသညာ
5: doubt or perception of ill–will,
၆။ ဒုပ္ပညာ (ဝါ) ဝိဟိံသသညာ။
6: wrong insight or perception of cruelity.
(စျာန်ရကြောင်း တရား ၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Six dhammas conducive to trance (jhāna) are opposite of the above.)

စျာန်ရ

Gaining/possessing absorption/supernatural power.

စျာန်ရရန် အားကြီးသောအကြောင်း ၅ ပါး

Five great factors to attain jhānic absorption:
၁။ ကောင်းသောမိတ်ဆွေရှိခြင်း
1: Having good friend,
၂။ ထိုမိတ်ဆွေအား လေးစားအားထားခြင်း
2: depending upon that friend,
၃။ လုံခြုံသော ဣန္ဒြေရှိခြင်း
3: garding the senses,
၄။ ကုသိုလ်တရား၌ မရောင့်ရဲခြင်း
4: not satisfying to do good deeds,
၅။ သူတော်ကောင်းတရား နာကြားခြင်း။
5: listening to the good dhamma.

စျာန်လျောကျ ပျက်စီးကြောင်းတရား ၃ ပါး

Three factors for fading away of jhānic absorption:
၁။ ကိလေသသမုဒါစာရ – ကိလေသာမီး ဖြစ်ပေါ်လာခြင်း
1: Arising of mental impurities,
၂။ အသပ္ပါယကိရိယာ – မသင့်မလျှော်ပြုခြင်း
2: improper deeds,
၃။ အနနုယောဂ – စျာန်အလုပ် အားမထုတ်တော့ခြင်း။
3: no more work on jhānic absorption.

စျာန်ဝင်စားသူ ၄ မျိုး

Four kinds of meditators:
၁။ စျာန်ကိုသာလိမ်မာပြီး စျာန်ဝင်စားမှု၌–။ စျာန်တည်မှု၌–။ စျာန်မှထမှု၌–။ စျာန်ကိုခိုင်ခံ့အောင်ပြုမှု၌–။
စျာန်၏ ကသိုဏ်းအာရုံ၌–။ စျာန်ကျက်စားရာ၌–။ စျာန်ကိုရှေ့ရှုဆောင်မှု၌– မလိမ္မာသူ။
1: A meditator is skilled in concentration but not attainment/maintenance/ emergence/pliancy/the objects/ the renge/resolution in it.
၂။ စျာန်ဝင်စားမှုကိုသာလိမ်မာပြီး စျာန်၌ မလိမ္မာသူ
2: A meditator is skilled in attainment of concentration but not in concentration.
၃။ စျာန်နှင့် စျာန်ဝင်စားမှု နှစ်မျိုးလုံး၌ မလိမ္မာသူ
3: A meditator is not skilled in concentration nor attainment in it.
၄။ စျာန်နှင့် စျာန်ဝင်စားမှု နှစ်မျိုးလုံး၌ လိမ္မာသူ။
4: A meditator is skilled in both concentration and attainment in it.
(နံပါတ် ၁။ ကိုမူထားပြီး
၂။
၃။
၄။ တို့ကို ပွါးယူပါ။)
(Based upon no.1, do the same in nos. 2, 3, and 4.)

စျာန် အင်္ဂါ ၅ ပါး

Five limbs of the absorption:
၁။ ဝိတက် – ကြံစည်
1: Thought–conception,
၂။ ဝိစာရ – တွေးတော
2: discursive thinking,
၃။ ပီတိ – နှစ်သက်
3: rapture,
၄။ သုခ – ချမ်းသာ
4: joy,
၅။ ဧကဂ္ဂတာ – တည်တန့်။
5: one–pointedness, concentration.

စျာပန

မီးသင်္ဂြိုဟ်ခြင်း။ သင်္ဂြိုလ်ခြင်းCremation, burial, funeral.
( ဉ ။ ည။ ငြ)

ငြင်းခုံတတ်သောရဟန်း၏ ဆိုးကျိုး ၅ ပါး

(ဆန့်ကျင်ငြင်းခုံ ပြဿနာရှာတတ်သောရဟန်း၏ ဆိုးကျိုး ၅ ပါး _ရှု)

ညစ်ညူးကြောင်းတရား ၄ ပါး

(ရဟန်းတော်များ) (ရဟန်းတော်များ၏ ညစ်ညူးကြောင်းတရား ၄ ပါး
_ရှု)

ညစ်ညူးသော အမှု ၄ ပါး

(ကမ္မ ကိလေသာ ၄ ပါး _ရှု)

ညစ်နွမ်းသောတရားများ

(ဇာတိဓမ္မ – အဖြစ်တရား – များ _ရှု)

ညဝါ

(နေ့ဝါ _ရှု)
Lectures on Buddhist Scriptures given to monks at night time.

ဉ တ်

ကမ္မဝါစာ_ရှု၏ နိဒါန်း – ကံဆောင်ရဟန်းတော်များ အသိပေး တင်ပြကြေငြာသော စကား။
Ñatti: An introductory passage of Kammavācā (vocalization of an act of the monks), motion,

ညအခါ အအိပ်နည်းသော ပုဂ္ဂိုလ် ၅ ယောက်

Five persons who sleep little at night:
၁။ ကာမဂုဏ် ခံစားလိုသော မိန်းမ
1: A woman longing for a man,
၂။ ကာမဂုဏ် ခံစားလိုသော ယောက်ျား
2: a man longing for a woman,
၃။ တံဘိုးရှိပစ္စည်းရလိုသော ညဉ့်သူခိုး
3: a thief longing for booty,
၄။ နိုင်ငံရေးဖြင့် အလုပ်များသောဘုရင်
4: a king bent on state–busness,
၅။ တရားအားထုတ် ကျိုးစားသောရဟန်း (သူ)။
5: a serious meditator.

ဉာဏ်

Insight, wisdom, knowledge.

ဉာဏ် ၄ ပါး

(သစ္စာ ၄ ပါးကိုသိသောဉာဏ်)
Four kinds of insight:
၁။ ဒုက္ခ ဉာဏ်
1: Insight of suffering,
၂။ ဒုက္ခသမုဒယ ဉာဏ်
2: of the cause of suffering,
၃။ ဒုက္ခနိရောဓ ဉာဏ်
3: of the end of suffering,
၄။ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ ဉာဏ်။
4: of the path to the end of suffering.

ဉာဏ် ၄၄ ပါး

ဉာဏဝတ္ထု (ပဋိစ္စ သမုပ္ပါဒ် အင်္ဂါ ၁၁ ပါး ကို အခြေခံ၍ ဉာဏ် ၄၄ ပါး ပြားပုံ _ရှု)

ဉာဏ်စဉ်

The stages of insight during the meditation.

ဉာဏ်စဉ် (၁ဝ) ပါး

Ten stages of insight knowledge:
၁။ သမ္မသန = ဆင်ခြင်သုံးသပ် ဉာဏ်
1: Knowledge of compression,
၂။ ဥဒယဗ္ဗယ = ဖြစ်ပျက်သိ ဉာဏ်
2: of rise and fall,
၃။ ဘင်္ဂ = ချုပ်ပျောက်သိ ဉာဏ်
3: of dissolution,
၄။ ဘယ = ဘေးဟုမြင်သော ဉာဏ်
4: of fearfulness,
၅။ အာဒီနဝ = အပြစ်ကိုမြင်သော ဉာဏ်
5: of danger,
၆။ နိဗ္ဗိဒါ = ငြီးငွေ့သော ဉာဏ်
6: of disenchantment,
၇။ မုစ္စိတု ကမျတာ = လွတ်မြောက်လိုသော ဉာဏ်
7: of desire for deliverance,
၈။ ပဋိသင်္ခါ = ဆင်ခြင် ဉာဏ်
8: of reflection,
၉။ သင်္ခါရုပေက္ခာ = သင်္ခါရတို့၌ မျှတစွာရှုသော ဉာဏ်
9: of equanimity toward formations,
၁ဝ။ အနုလောမ = မဂ်လားလျှော်သော ဉာဏ်။
10: of conformity with magga (path) and phala (fruit).

ဉာဏ်ပညာတိုးပွါးကြောင်း တရား ၁၁ ပါး

Eleven factors that make one increased wisdom:
၁။ ကံ ကြောင့်
1: Due to kamma,
၂။ ဥပပတ္တိ လက်ရှိဘဝအခြေအနေကြောင့်
2: due to present situation,
၃။ ဣန္ဒြေရင့်ကျက်ခြင်းကြောင့်
3: matured and guarded senses,
၄။ ကိလေသာနည်းပါးခြင်းကြောင့်
4: a little mental impurities,
၅။ ခန္ဓာငါးပါးစသည်တို့နှင့် ပတ်သက်၍ မေးမြန်းမှုများခြင်းကြောင့်
5: frequent questions regarding five aggregates,
၆။ သပ်ရပ်သန့်ရှင်းခြင်းကြောင့်
6: neat and tidy,
၇။ သဒ္ဓါနှင့်ပညာ ဝီရိယနှင့်သမာဓိ မျှတခြင်းကြောင့်
7: balance of faith and wisdom, of effort and concentration,
၈။ ဉာဏ်မရှိသူကို ရှောင်ခြင်းကြောင့်
8: avoiding the dull/unwise,
၉။ ဖြစ် ပျက်ဉာဏ်နှင့် ပြည့်စုံသူကို မှီဝဲခြင်းကြောင့်
9: depending on those who have the insight of arising and falling,
၁ဝ။ နက်နဲသော သုတ္တန်ဒေသနာများကို လေ့လာဆင်ခြင်ခြင်းကြောင့်
10: pondering the deep suttas,
၁၁။ ဉာဏ်ပညာသို့ညွတ်သော စိတ်ရှိခြင်းကြောင့်။
11: reclining to wisdom.

ဉာဏ်ပညာ နည်းပါးစေသော အကြောင်းတရား ၅ ပါး

Five causes that weaken the wisdom:
၁။ ကာမစ္ဆန္ဒ – ငါးပါးအာရုံလိုက်စားလိုသော ဆန္ဒရာဂ အားကြီးခြင်း
1: Sensual desire/pleasure,
၂။ ဗျာပါဒ – မကျေနပ်မှု ဒေါသ အားကြီးခြင်း
2: anger, ill–will,
၃။ ထိန မိဒ္ဓ – အိပ်ချင် ငိုက်မျည်းခြင်း
3: sloth and torpor,
၄။ ဥဒ္ဓစ္စ ကုက္ကုစ္စ – ပျံ့လွင့် ဗျာများခြင်း
4: restlessness and scruples,
၅။ ဝိစိကိစ္ဆာ – ယုံမှား သံသယ များခြင်း။
5: skeptical doubt.

ဉာဏစရိယ

ဉာဏ်ကျင့်စဉ် ၁၆ မျိုး
Sixteen kinds of contemplation based upon insight/wisdom:
၁။ အနိစ္စာ နုပဿနာ
1: Contemplation on impermanence,
၂။ ဒုက္ခာ နုပဿနာ
2: on suffering,
၃။ အနတ္တာ နုပဿနာ
3: on no–self,
၄။ နိဗ္ဗိဒါ နုပဿနာ
4: on aversion.
၅။ ဝိရာဂါ နုပဿနာ
5: on non–attachment,
၆။ နိရောဓာ နုပဿနာ
6: on cessation,
၇။ ပဋိနိဿဂ္ဂါ နုပဿနာ
7: on relinquishing,
၈။ ဝိဝဋ္ဋာ နုပဿနာ
8: on Nibbāna, ၉ – ၁၆။ မဂ်လေးပါး – ဖိုလ်လေးပါး _ရှု။ 9 – 16: four paths and four fruitions.

ဉာဏဝါဒ

ဉာဏ်နှင့်ပြည့်စုံသည်ဟု ပြောဆိုခြင်း။
Ñāṇavāda: claming that a person is endowed with wisdom/insight.

ညီညွတ်ကြောင်းတရား ၁ဝ ပါး

(ရဟန်းတော်များ)
Ten dhammas that make monks united:
၁။ သီလရှိခြင်း
1: Virtue,
၂။ တရားသုတများခြင်း
2: vast learning in dhamma,
၃။ မိတ်ကောင်းရှိခြင်း
3: good friends,
၄။ သြဝါဒစကားကို နာယူလွယ်ခြင်း
4: easy to be admonished,
၅။ ကိစ္စကြီးငယ်တို့ ၌ ကျွမ်းကျင်ပြီး မပျင်းယိခြင်း
5: skill in chores and active,
၆။ ချစ်ဘွယ်စကား ပြောကြားတတ်ခြင်း
6: sweet words,
၇။ ဝီရိယရှိခြင်း
7: effort,
၈။ ရောင့်ရဲခြင်း
8: contentment,
၉။ သတိရှိခြင်း
9: mindfulness,
၁ဝ။ ပညာရှိခြင်း။
10: wisdom/insight.

ငြိမ်းအေးကြောင်းတရား ၄၄ ပါး

(ကိလေသာခေါင်းပါးကြောင်းတရား ၄၄ ပါး _ရှု)

ငြီးငွေ့ ငြိမ်းအေးကြောင်း။ အာသဝေါတရား ကုန်ခမ်းကြောင်းတရား ၅ ပါး

Five thoughts/contemplations that make mental fluxes gone:
၁။ ကာယေ အသုဘာနုပဿီ = ခန္ဓာကိုယ်ကို ရွံမုန်းစရာ အသုဘဟု ရှုဆင်ခြင်ခြင်း
1: contemplating on body as foulness,
၂။ အာဟာရေ ပဋိကူလသညီ = အစာအာဟာရကို စက်ဆုတ်ဘွယ်ဟု အမှတ်ထားခြင်း
2: on food as disgust,
၃။ သဗ္ဗလောကေ အနဘိရတသညီ = လောကကြီး ၌ မပျော်ပိုက် မနှစ်သက်ခြင်း
3: on the world as unpleasantness,
၄။ သဗ္ဗသင်္ခါရေသု အနိစ္စာနုပဿီ = သင်္ခါရတရားတို့ ၌ မမြဲဟုရှုဆင်ခြင်ခြင်း
4: on all the conditioned as impermanence,
၅။ မရဏညာ = သေခြင်းတရားအမှတ်ထား အောင့်မေ့ခြင်း။
5: on death.

ဉေ ယျဓာမ် တရား ၅ ပါး

Five phenomena to be known:
၁။ သင်္ခါရ = ပြုပြင်စီရင်မှုများ
1: The conditioned,
၂။ ဝိကာရ = ဖေါက်ပြန်မှုများ
2: disorder,
၃။ လက္ခဏ = အမှတ်လက္ခဏာများ
3: characteristic,
၄။ နိဗ္ဗာန် = တပ်မက်မှု ကုန်ခမ်းခြင်း
4: nibbāna,
၅။ ပညတ် = ခေါ်ဝေါ်သတ်မှတ်ချက်များ။
5: the conventional.

ညွှန်ပြခြင်း ၄ မျိုး

(အာဒေသနဝိဓိ ၄ မျိုး _ရှု)
( ဋ – ဋ )

ဋီကာ

(ပါဠိတော်။ အဋ္ဌကထာ။ ဋီကာ) Sub–commentary (Text, commentary).

ဋီကာ ကျော်

The commentary on Abhidhammattha–saṅgaha known as ‘Thinn–gyo’ in Burmese, written in Pāli by Anuruddha Thera.

ဋီကာ ချဲ့

Eliberate, explain in detail, elaboration.

ဋီကာ မော်

The commentary on Abhidhammattha–saṅgaha known as ‘Thinn–gyo’ in Burmese, by Lae–dee Sayadaw. This treaty ဋီကာ မော် highlights over 200 mistakes of ဋီကာ ကျော် also known as ‘Paramattha Vibhāvanī Tīkā’.

ဋီကာလက်သန်း

Commentary in gist, literally ‘Little–finger manual’.
( ဌ။ ဋ္ဌ )

ဌပနီယ ဗျာကရဏိယ ၁ဝ မျိုး

(မဖြေပဲ ထားရမည့် အမေး = ဌပနီယ ဗျာကရဏိယ ၁ဝ မျိုး _ရှု)
Ten questions not to be answered (no need to be answered).

ဌာန်

Place of articulation, of utterance.

ဌာန် ၅။ ၆ ပါး

အသံဖြစ်ပေါ်ရာ ဌာန
Five/six places of articulation:
၁။ ကဏ္ဌ ဌာန် = လည်ချောင်းအရပ် = က ခ ဂ ဃ င အ အာ ဟ
1: Guttural =ka kha ga gha ṅa a ā ha,
၂။ တာလု ဌာန်= အာစောက်အရပ် = စ ဆ ဇ စျ ည ဣ ဤ ယ
2: palatal =ca cha ja jha ña i ī ya,
၃။ မုဒ္ဓ ဌာန် = လျှာဖျားအရပ်= ဋ ဌ ဍ ဎ ဏ ရ ဠ
3: cerebral =ṭa ṭha ḍa ḍha ṇa ra ḷa,
၄။ ဒန္တ ဌာန် = သွားအရပ်= တ ထ ဒ ဓ န လ သ
4: dental =ta tha da dha na la sa,
၅။ သြဋ္ဌ ဌာန် = နှုတ်ခမ်းအရပ် = ပ ဖ ဗ ဘ မ ဥ ဦ ဝ
5: labial =pa pha ba bha ma u ū va,
၆။ နာသိက = နှာခေါင်းအရပ် = နိဂ္ဂဟိတ် – အံ။
6: nasal =ṃ.

ဌာန

Department, place, soprt.

ဌာနီ။ ဌာနေ

Native city/village/town.

ဌာပနာ

Relics or belongings of a Buddha/saint, enshrined inside a pagoda/statue, things such as statue, jewel inside a reliquary.

ဌာပနာတိုက်

Reliquary.

ဌီ

(ဥပါဒ်။ ဌီ။ ဘင် _ရှု)
A static phase, existing moment.

တကာ

(ဒါယကာ။ ဒကာ _ရှု)

တကာ တကာမ ကျင့်ဝတ် ၅ ပါး

(ဒါယကာ ဒါယိကာမ)
Five ways a man should minister to ascetics and Brahmins:
၁။ ကာယကံ မေတ္တာရှိခြင်း
1: Bodily loving–kindness,
၂။ ဝစီကံ မေတ္တာရှိခြင်း
2: verbal loving–kindness,
၃။ မနောကံ မေတ္တာရှိခြင်း
3: mental loving–kindness,
၄။ ရဟန်းပုဏ္ဏားများအတွက်အိမ်တံခါးဖွင့်ထားခြင်း
4: keeping open house for them,
၅။ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ခြင်း။
5: supplying their needs.

တစ်ထိုင်တစ်နေရာထဲမှာသာစားခြင်း၏ အကျိုး ၈ ပါး

(ဧကာသနိက် ဓုတင် – တစ်ထိုင်တစ်နေရာထဲမှာသာ
စားခြင်း၏ အကျိုး ၈ ပါး _ရှု)

တစ်နပ်တည်း (ဧကာသနိက်) စားခြင်း၏ အကျိုး ၅ ပါး

(ကကစူပမသုတ်။ ဘဒ္ဒါလိသုတ်။ မဇ္စျိမနိကာယ်)
Five benefits of eating once a day:
၁။ အနာကင်းခြင်း
1: Free from illness,
၂။ ကျန်းမာခြင်း
2: from affliction,
၃။ ပေါ့ပါးခြင်း
3: being active,
၄။ သန်စွမ်းခြင်း
4: strength,
၅။ ချမ်းသာစွာနေရခြင်း။
5: confortable abiding.

တစ်နေရာတည်း၌ နေခြင်း၏ အပြစ် ၅ ပါး

ရဟန်းတော်များအတွက်
(ကြာရှည်စွာ တစ်နေရာတည်း၌ နေခြင်း၏ အပြစ် ၅ ပါး – ရဟန်းတော်များ _ရှု)

တစ်ပါးတည်း နေသောရဟန်း ပြည့်စုံရမည့်တရား ၅ ပါး

Five qualities of a monk to stay alone:
၁။ ရသမျှ သင်္ကန်းဖြင့် ရောင့်ရဲနိုင်ခြင်း
1: Contentment with any robe,
၂။ ရသမျှ ဆွမ်းဖြင့် ရောင့်ရဲနိုင်ခြင်း
2: with any food,
၃။ ရသမျှ ကျောင်းအိပ်ရာနေရာဖြင့် ရောင့်ရဲနိုင်ခြင်း
3: with any lodging,
၄။ ရသမျှ ဆေးပစ္စည်းဖြင့် ရောင့်ရဲနိုင်ခြင်း
4: with any medicine,
၅။ ကာမဂုဏ်တို့၌ အကြံအစည် မများခြင်း။
5: less thought on sensual–pleasures.
(တစ်ပါးတည်း နေသောရဟန်း မပြည့်စုံရမည့်တရား ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five qualities of a monk not to stay alone are opposite of the above.)

တစ်ရက် (၂၄) နာရီ၏ အချိန်ပိုင်း ၆ မျိုး

The six divisions of a 24–hour day:
၁။ နံနက်ခင်း
1: Morning,
၂။ နေ့လည်ပိုင်း
2: midday,
၃။ ညနေပိုင်း
3: evening,
၄။ ပထမ (ညဉ့်ဦး) ယံ
4: first watch,
၅။ မဇ္စျိမ (သန်းခေါင်) ယံ
5: middle watch,
၆။ ပစ္ဆိမ (မိုးသောက်) ယံ။
6: last watch.

တစ ပဉ္စက

(တစ – အရေပြားလျှင် ၅ ခုမြောက်ဖြစ်သော) ကမ္မဋ္ဌာန်း
The group of five contemplation the skin as the fifth:
၁။ ကေသာ = ဆံပင်
1: Hair of the head,
၂။ လောမာ = အမွှေး
2: hair of the body,
၃။ နခါ = ခြေသည်းလက်သည်း
3: nails,
၄။ ဒန္တာ = သွား
4: teeth,
၅။။ တစော = အရေ။
5: skin.

တဏှာ

တပ်မက်မှု
Craving, thirst, attachment, lust.

တဏှာ ၃ ပါး

Three kinds of craving:
၁။ ကာမ တဏှာ
1: Sensuous craving,
၂။ ဘဝ တဏှာ
2: life craving,
၃။ ဝိဘဝ တဏှာ
3: nihilist craving or craving on negativity.

တဏှာ ၆ ပါး

Six kinds of craving:
၁။ ရူပ တဏှာ
1: Craving for sights,
၂။ သဒ္ဒ တဏှာ
2: for sounds,
၃။ ဂန္ဓ တဏှာ
3: for smells,
၄။ ရသ တဏှာ
4: for tastes,
၅။ ဖေါဋ္ဌဗ္ဗ တဏှာ
5: for touches,
၆။ ဓမ္မ တဏှာ
6: for mind–objects.

တဏှာ ၁ဝ၈ ပါး

(တဏှာ အစစ်။ တရာ့ရှစ်)
One hundred and eight kinds of craving:

တဏှာ ၃ ပါး

(၁) ကာမ တဏှာ (၂) ဘဝ တဏှာ (၃) ဝိဘဝ တဏှာ တို့ကို မူတည်ပြီး အာရုံ ၆ ပါး =
( ၁ ) ရူပါရုံ (၂) သဒ္ဒါရုံ (၃) ဂန္ဓာရုံ (၄) ရသာရုံ (၅) ဖေါဋ္ဌဗ္ဗာရုံ (၆) ဓမ္မာရုံ တို့နှင့် မြှောက်ပွါးလျှင် – တဏှာ ၁၈ ပါး ရပါသည်။ ယင်း ၁၈ ပါးကို ကာလ သုံးပါး = (၁) ပစ္စုပ္ပန် (၂) အတိတ် (၃) အနာဂတ် နှင့် မြှောက် ပွါး ပြီး – တဏှာ ၅၄ ပါး ဖြစ်လာပါသည်။ မိမိ၏ သန္တာန်အတွင်း ၌ ဖြစ်နိုင်သော တဏှာ ၅၄ ပါး + သူတပါး တို့၏ သန္တာန်အတွင်း ၌ ဖြစ်နိုင်သော တဏှာ ၅၄ ပါး နှစ်ရပ်ပေါင်းသော် = တဏှာ ၁ဝ၈ ပါးရှိပါသည်။
(မြန်မာ ဆောင်ပုဒ် – တဏှာ သုံးတန်။ တည်ထားပြန်။ အာ ကာ သန် နှင့်မြှောက်။
တဏှာ အစစ်။ တရာ့ရှစ်။ ဖြစ်၏ ကိုယ်မှာရောက်၊)
The 3 kinds of craving – (1) sensuous craving, (2) life craving, (3) nihilist craving – are multiplied by the 6 sensual objects – (1) form, visible object, eye–object, (2) sound, audible object, ear–object, (3) smell, odorous object, nose–object, (4) taste, gustative object, tongue–object, (5) touch, tangible object, body–impression, body–object, (6) mind objects, objects of consciousness – equal to 18. Then, these 18 cravings are multiplied by the 3 divisions of time – (1) present, (2) past, (3) future – equal to 54. There are (possible) 54 cravings in one’s own mind–current and 54 in others’ = 108 cravings.

တဏှာ ၁ဝ၈ ပါး

(တဏှာ အစစ်။ တရာ့ရှစ်) (တနည်း)
One hundred and eight kinds of craving (in another way):
အောက်၌ဖေါ်ပြမည်ဖြစ်သော – တဏှာ၏ကျက်စားရာ (တဏှာဝိစရိတ) ၁၈ ပါး သည်
Eighteen fields of thought (see below) are:
မိမိ သန္တာန်၌ ၁၈ ပါး
Internal (within oneself) – – 18
သူတပါးတို့ သန္တာန်၌ ၁၈ ပါး –
external – – – – – – – – – – – – – 18
ပေါင်း = ၃၆ ပါး။
total – – – – – – – – – – – – – 36.
ပစ္စုပ္ပန် ကာလ၌ ၃၆ ပါး
At present – – – – – – – – – – – 36
အတိတ် ကာလ၌ ၃၆ ပါး
in the past – – – – – – – – – – – 36
အနာဂတ် ကာလ၌ ၃၆ ပါး
in the future – – – – – – – – – – 36
တဏှာ စုစုပေါင်း ၁ဝ၈ ပါး ဖြစ်သည်။
net total of craving – – – – 108.

တဏှာ ဖြစ်ကြောင်း ၄ ပါး

(ရဟန်းတော်များ)
Four arousals of craving (for monks):
၁။ သင်္ကန်း
1: Craving arising from robe,
၂။ ဆွမ်း
2: craving arising from alms–food,
၃။ ကျောင်း
3: craving arising from lodging,
၄။ ဖြစ်လာပြီး။ မဖြစ်လာသေးသော အရာများ။
4: craving arising from being and non–being.

တဏှာ၏ကျက်စားရာ

(တဏှာဝိစရိတ) ၁၈ ပါး (တဏှာသုတ်။ စတုက္ကနိပါတ။ အင်္ဂုတ္တရပါဠိ)
Eighteen fields of thought (‘The Gradual discourses’, Taṇhā Sutta):
၁။ အသ္မိ = ငါဖြစ်၏။
1: The thought of ‘I am’,
၂။ ဣတ္ထသ္မိ = ဤကဲ့သို့ အချင်းအရာဖြင့် ငါဖြစ်၏။
2: of ‘I am in this world’,
၃။ ဧဝံ သ္မိ = ဤသူတို့နှင့် ငါတူ၏။
3: of ‘I am thus’,
၄။ အညထာ သ္မိ = ထိုကဲ့သို့ အချင်းအရာဖြင့် ငါဖြစ်၏။
4: of ‘I am otherwise’,
၅။ အသ သ္မိ = ငါသည် မမြဲ။
5: of ‘I am not eternal’,
၆။ သတ သ္မိ = ငါသည် မြဲ၏။
6: of ‘I am eternal’,
၇။ သံ = ငါ ဖြစ်လေသည်လော။
7: of ‘should I be’,
၈။ ဣတ္ထံ သံ = ငါ ဤအချင်းအရာဖြင့် ဖြစ်လေသည်လော။
8: of ‘should I be in this world’,
၉။ ဧဝံ သံ = ငါ ဤသူတို့နှင့် တူသည်လော။
9: of ‘should I be thus’,
၁ဝ။ အညထာ သံ = ငါ အချင်းအရာ တပါးဖြင့် ဖြစ်လေသည်လော။
10: of ‘should I be otherwise’,
၁၁။ အပိဟံ သံ = ငါဖြစ်မူကား ကောင်းလေစွ။
11: of ‘may I become’,
၁၂။ အပိဟံ ဣတ္ထံသံ = ငါ ဤအချင်းအရာဖြင့် ဖြစ်ပါမူကား ကောင်းလေစွ။
12: of ‘may I become in this world’,
၁၃။ အပိဟံ ဧဝံ သံ = ငါ ဤသူတို့နှင့် တူပါမူကား ကောင်းလေစွ။
13: of ‘may I become thus’,
၁၄။ အပိဟံ အညထာ သံ = ငါ အချင်းအရာတပါးဖြင့် ဖြစ်ပါမူကား ကောင်းလေစွ။
14: of ‘may I become otherwise’,
၁၅။ ဘဝိဿံ = ငါသည် ဖြစ်လတ္တံ့။
15: of ‘I shall become’,
၁၆။ ဣတ္ထံ ဘဝိဿံ = ငါသည် ဤအချင်းအရာဖြင့် ဖြစ်လတ္တံ့။
16: of ‘I shall become in this world’,
၁၇။ ဧဝံ ဘဝိဿံ = ငါသည် ဤသူတို့နှင့်တူသည် ဖြစ်လတ္တံ့။
17: of ‘I shall become thus’,
၁၈။ အညတာ ဘဝိဿံ = ငါသည် အချင်းအရာ အခြားတပါးဖြင့် ဖြစ်လတ္တံ့။
18: of ‘I shall become otherwise’.

တတိယ

Third.

တထောင့်ငါးရာ ကိလေသာ

(ကိလေသာ ၁၅ဝဝ _ရှု)

တဒင်္ဂ

Momentary, short–lived, ephemeral.

တဒင်္ဂ ပဟာန်

(ပဟာန် ၅ ပါး _ရှု)
Abandoning temporarily.

တန်ခိုးဖန်ဆင်းနိုင်သူသည်

သြဒါတ – အဖြူရောင်ကသိုဏ်းအထိ အားလုံးသော ကသိုဏ်း ၈ (၁ မှ ၈) ပါးလုံးကို ကျွမ်းကျင်စွာ ဝင်စားနိုင်ရမည် (ကသိုဏ်း ၁ဝ ပါး _ရှု)
A person who wants to perform supernormal–power must achieve the eight attainments in each of the eight kasinas ending with the white kasina.

တန်ခိုးဖန်ဆင်းရာအခြေခံအဖြစ် စိတ်ကို ထိမ်းချုပ်ရမည့် နည်း ၁၄ မျိုး

Fourteen ways to control one’s mind just before to perform supernormal–power:
၁။ ကသိဏာနုလောမတော – ကသိုဏ်းကို အလျှော်အားဖြင့် (ထိမ်းချုပ်ရမည်)
1: In the order of the kasinas,
၂။ ကသိဏပဋိလောမတော – ကသိုဏ်းကို အပြန်အားဖြင့်
2: in the reverse order of the kasinas,
၃။ ကသိဏာနုလောမပဋိလောမတော – ကသိုဏ်းကို အလျှော်အပြန်အားဖြင့်
3: in the order and reverse order of the kasinas,
၄။ စျာနာနုလောမတော – စျာန်ကို အလျှော်အားဖြင့်
4: in the order of the jhānas,
၅။ စျာနပဋိလောမတော – စျာန်ကို အပြန်အားဖြင့်
5: in the reverse order of the jhānas,
၆။ စျာနာနုလောမပဋိလောမတော – စျာန်ကို အလျှော်အပြန်အားဖြင့်
6: in the order and reverse order of the jhānas,
၇။ စျာနုက္ကန္တိကတော – စျန်ကို ကျော်လွန်သောအားဖြင့်
7: skipping jhānas,
၈။ ကသိဏုက္ကန္တိကတော – ကသိုဏ်းကို ကျော်လွန်သောအားဖြင့်
8: skipping kasinas,
၉။ စျာနကသိဏုက္ကန္တိ ကတော – စျာန်ကသိုဏ်းကို ကျော်လွန်သောအားဖြင့်
9: skipping jhānas and kasinas,
၁ဝ။ အင်္ဂသင်္ကန္တိတော – အကြောင်းအင်္ဂါများကို ပြောင်းလဲသောအားဖြင့်
10: transposition of factors,
၁၁။ အာရမ္မဏသင်္ကန္တိ တော – အာရုံများကို ပြောင်းလဲသောအားဖြင့်
11: transposition of objects,
၁၂။ အင်္ဂါရမ္မဏသင်္ကန္တိ တော – အကြောင်းအင်္ဂါအာရုံများကို ပြောင်းလဲသောအားဖြင့်
12: transposition of factors and objects,
၁၃။ အင်္ဂဝဝတ္ထာပနတော – အကြောင်းအင်္ဂါများကို ပိုင်းခြားမှတ်သားခြင်းဖြင့်
13: definition of factors,
၁၄။ အာရမ္မဏဝဝတ္ထာပနတော – အာရုံများကို ပိုင်းခြားမှတ်သားခြင်းဖြင့် (ထိမ်းချုပ်ရမည်)။
14: definition of objects.

တန်ခိုးမပြရ

(လူသားများကြည်ညို အံ့သြလာအောင် ရဟန်းတော်များ တန်ခိုးပြကြရန် ကေဝဋ္ဋ သူဌေးသားက ဘုရားရှင်အား လျှောက်ထားသည်ကို ဘုရားရှင်က သုံးကြိမ်တိုင် ပယ်တော်မူခြင်း _ရှု)

တန်ခိုး ဣဒ္ဓိ ၁ဝ မျိုး

Ten kinds of supernormal power:
၁။ အဓိဋ္ဌာန ဣဒ္ဓိ = မိမိကိုယ်ခန္ဓာကို ရာထောင်စသည် ဖြစ်အောင် ဖန်ဆင်းခြင်း
1: Resolution–power: making oneself hundred/thousand of own images,
၂။ ဝိကုဗ္ဗန ဣဒ္ဓိ = မိမိကိုယ်ကို နဂါး ဂဠုန်စသည် ဖြစ်အောင် ဖန်ဆင်းခြင်း
2: transformation–power: transforming oneself dragon–form, bird–form, elephant–form etc.,
၃။ မနောမယ ဣဒ္ဓိ = မိမိ၏ ကိုယ်ပွါးငယ် တခုဖြစ်အောင် ဖန်ဆင်းခြင်း
3: mind–made–power: making a small image of oneself,
၄။ ဉာဏဝိပ္ဖါရ ဣဒ္ဓိ = ဉာဏ်အာနုဘော်ကြောင့် ဖြစ်ပေါ်လာသော အံ့သြဘွယ်များ
4: wisdom–power: the power of higher wisdom,
၅။ သမာဓိဝိပ္ဖါရ ဣဒ္ဓိ = စျာန်ဝင်စားမှု သမာဓိစွမ်းအားကြောင့် ဖြစ်ပေါ်လာသော အံ့သြဘွယ်များ
5: concentration–power: the power of higher concentration,
၆။ အရိယ ဣဒ္ဓိ =အရိယာပုဂ္ဂိုလ်များ၏ အရှိအတိုင်း နှလုံးသွင်းမှု အားအစွမ်းများ
6: noble–power: the power of the nobel persons (ariyā),
၇။ ကမ္မဝိပါကဇ ဣဒ္ဓိ = ကံကြောင့်ဖြစ်ပေါ်လာသော အားအစွမ်းများ
7: kamma–power: the power based upon one’s kamma, like ‘bird flys’,
၈။ ပုညဝန္တ ဣဒ္ဓိ = ဘုန်းကံကြီးမားသူ (စကြာမင်း။ သူတော်ကောင်းများ စသည်) တို့၏ အားအစွမ်းများ
8: merit–power: the power due to one’s great merit,
၉။ ဝိဇ္ဇာမယ ဣဒ္ဓိ = ဇော်ဂျီ ဝိဇ္ဇာတို့၏ တန်ခိုးစွမ်းအားများ
9: magical–power: power gained by means of arts such as mantra,
၁ဝ။ သမ္မာပယောဂ ဣဒ္ဓိ = ကောင်းမွန်စွာအားထုတ်လုပ်ကိုင်ခြင်းကြောင့် အကျိုးကျေးဇူး အားအစွမ်းများ။
10: accomplishment–power: power gained because of various causes.

တနင်္ဂနွေနံ အက္ခရာ ၅ လုံး

(အက္ခရာများ၏ နေ့နံ သင်္ကေတများ _ရှု)

တနင်္လာနံ အက္ခရာ ၅ လုံး

(အက္ခရာ များ၏ နေ့နံ သင်္ကေတများ _ရှု)

တပည့်

Pupil, student, follower.

တပည့် ကျင့်ဝတ် ၅ ပါး

Five duties/responsiblities/obligations of pupils to their teacher:
၁။ ညီညာ ထကြွ
1: Greeting and bowing the teacher,
၂။ ဆုံးမ နာယူ
2: obeying him,
၃။ လာမူ ကြိုဆီး
3: waiting upon him,
၄။ ထံနီး လုပ်ကျွေး
4: offering personal service to him,
၅။ သင်ထွေး အံရွတ်
5: respectful learning and receiving his instructions.

တပသီ

Ascetic, hermit, rishi.

တပုဿ ဥပါသကာ

(တပုဿသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
Tapussa, a lay person at the time of Buddha (Tapussa Sutta, Aṅguttara Nikāya).

တပေါပက္ကမ

(ခြိုးခြံသော ကျင့်စဉ်များ – တပေါပက္ကမ – မဟာ သီဟနာဒသုတ် _ရှု)

တမလွန်

နောင်ဘဝ Future life/existence, after life.

တမလွန်ဘဝ ချမ်းသာကြောင်းတရား ၄ ပါး

Four things that lead to welfare and happiness in future life:
၁။ သဒ္ဓါသမ္ပဒါ
1: Accomplishment in Faith,
၂။ သီလသမ္ပဒါ
2: accomplishment in virtuous act,
၃။ စာဂ သမ္ပဒါ
3: accomplishment in generosity,
၄။ ပညာ သမ္ပဒါ။
4: accomplishment in wisdom.

တမာန်၏ အင်္ဂါ ၈ ပါး

Eight qualities of a missionary/messenger/envoy:
၁။ နားထောင်တတ်ခြင်း
1: Listening,
၂။ ပြန်ပြောတတ်ခြင်း
2: making others listened,
၃။ သင်ယူတတ်ခြင်း
3: learning,
၄။ မှတ်တတ်ခြင်း
4: making others learned,
၅။ သိတတ်ခြင်း
5: understanding,
၆။ သိစေတတ်ခြင်း
6: making others understood,
၇။ အကျိုးရှိ မရှိ ၌ လိမ်မာခြင်း
7: knowing what is relevant and what is irrelevant,
၈။ ငြင်းခုံမှု မပြုခြင်း။
8: no quarreling.

တရာ့ရှစ်ကွက် စက်လက္ခဏာ

(မြတ်စွာဘုရား၏ ခြေဖဝါး အပြင်တော်မှာ)
One hundred and eitht figures within the one hundred and eight circles of Buddha’s soles:
၁။ သတ္ထိ = လှံမ
1: A large spear,
၂။ သိရီဝစ္ဆ = အိမ်မွန်
2: a house of splensor,
၃။ နန္ဒိယာဝဋ္ဋ = ဇလပ်ပွင့်
3: a buttercup flower,
၄။ သောဝတ္တက = လည်ရေးသုံးဆင့်
4: three horizontal lines,
၅။ ဝဋံသက = ဦးဆောက်ပန်း
5: a head–ornament,
၆။ ဝဍ္ဎမာန = ထမင်းပွဲ
6: a laid out meal,
၇။ ဘဒ္ဒပီဌ = ရွှေသလွန်
7: a royal couch,
၈။ အင်္ကုသ = ရွှေချွန်းတောင်း
8: a hook,
၉။ ပါသာဒ = ပြာသာဒ်
9: a palace,
၁ဝ။ တောရဏ = တုရိုဏ်တိုင် (ဂိတ်)
10: an arched gateway,
၁၁။ သေတစ္ဆတ္တ = ထီးဖြူ
11: a white umbrella,
၁၂။ ခဂ္ဂ = သံလျက်
12: a double–edged sword,
၁၃။ တာလဒဏ္ဍ = ထန်းရွက်ယပ်ဝန်း
13: a round fan of toddy palm–leaf,
၁၄။ မယူရဟတ္ထ = ဥဒေါင်းမြီးစည်းယပ်
14: a fan of peacock’s tail,
၁၅။ စာမရီဟတ္ထ = စာမရီ သားမြီးယပ်
15: a fan of yak’s hairs,
၁၆။ ဥဏှီသ = ရွှေသင်းကျစ်
16: a head–band like forehead,
၁၇။ ပတ္တ = မြသပိတ်
17: an eating bowl,
၁၈။ မဏိ = ပတ္တမြား ရတနာ
18: a ruby stone,
၁၉။ သုမနဒါမ = မုလေးပန်းကုံး
19: a festoon of sumana flowers,
၂ဝ။ နီလုပ္ပလ = ကြာညိုပန်း
20: blue lotus,
၂၁။ သေတုပ္ပလ = ကြာဖြူပန်း
21: white lotus,
၂၂။ ရတ္တုပ္ပလ = ကြာနီပန်း
22: red lotus,
၂၃။ ပဒုမ = ပဒုမ္မကြာပန်း
23: paduma lotus,
၂၄။ ပုဏ္ဍရိက = ကြာပုဏ္ဍရိက်
24: puṇḍarika lotus,
၂၅။ ပုဏ္ဏဃဋ = ရေပြည့်အိုး
25: a jar full of mustard seeds,
၂၆။ ပုဏ္ဏပါတိ = ရေပြည့်ဖလား
26: a bowl full of mustard seeds,
၂၇။ သမုဒ္ဒ = သမုဒ္ဒရာ လေးစင်း
27: oceans,
၂၈။ စက္ကဝါဠ = စကြာဝဠာ
28: cakka–vāḷa mountain,
၂၉။ မေရု = မြင့်မိုရ်တောင်
29: Mt. Meru,
၃ဝ။ သူရိယ မဏ္ဍလ = နေစက်ဝန်း
30: a sun–disc,
၃၁။ စန္ဒ မဏ္ဍလ = လစက်ဝန်း
31: a moon–disc,
၃၂။ နက္ခတ္တ = နက္ခတ်များ
32: the planets,
၃၃။ ပုဗ္ဗဝိဒေဟ = အရှေ့ကျွန်း
33: the east island,
၃၄။ အပရဂေါယာန = အနောက်ကျွန်း
34: the west island,
၃၅။ ဇမ္ဗူဒီပ = တောင်ကျွန်း
35: the south island,
၃၆။ ဥတ္တရကုရု = မြောက်ကျွန်း
36: the north island,
၃၇။ စက္ကဝတ္တိ = စကြာဝတေးမင်းပုံ
37: a universal king,
၃၈။ ဒက္ခိဏာဝဋ္ဋသင်္ခ = လက်ျာရစ်ခရုသင်း
38: a white conch with a clockwise spiral shell,
၃၉။ သုဝဏ္ဏ မစ္ဆယုဂ = ရွှေငါးကြင်းရုံ တစ်စုံ
39: a couple of golden craps,
၄ဝ။ စက္ကာဝုဓ = စက်လက်နက်
40: a missile weapon,
၄၁။ သုပဏ္ဏရာဇာ = ဂဠုန်ငှက်မင်း
41: a garuda king,
၄၂။ သံသုမာရ = မိကျောင်းမင်း
42: a crocodile,
၄၃။ ဓဇ ပဋာက = တံခွန်ကုက္ကားမလေးပွါး
43: a banner,
၄၄။ သုဝဏ္ဏ သီဝိကာ = ရွှေသံလျင်း (ထမ်းစဉ်)
44: a golden palanquin,
၄၅။ သုဝဏ္ဏ ဝါဠ ဗီဇနီ = ရွှေ သားမြီးယပ်
45: a yak–tail fly–flap,
၄၆။ ကေလာသပဗ္ဗတ = ကေလာသတောင်
46: Mt. Kelāsa,
၄၇။ သီဟရာဇာ = ခြင်္သေ့မင်း
47: a lion king,
၄၈။ ဗျဂ္ဃ ရာဇာ = ကျားမင်း
48: a tiger king,
၄၉။ ဝဠာဟက အဿရာဇာ = ဝဠာဟက မြင်းပျံ
49: a Vaḷāhaka horse king,
၅ဝ။ ဥပေါသထ ဆဒ္ဒန္တ နာဂရာဇာ = ဥပေါသထ မည်သော ဆဒ္ဒန် ဆင်မင်း
50: an Uposatha Chandanta elephant king,
၅၁။ ဗာသုကီ နာဂရာဇာ = ဗာသုကီ နဂါးမင်း
51: a nāga king, Bāsukī,
၅၂။ ဟံသရာဇာ = ရွှေ ဟင်္သာမင်း
52: a haṃsa king,
၅၃။ ဥသဘရာဇာ = နွားလား ဥသဘ
53: a bull king,
၅၄။ ဧရာဝဏ = ဧရာဝဏ် ဆင်မင်း
54: Erāvana, the elephant king,
၅၅။ သုဝဏ္ဏ မကာရ = ရွှေ မကာရ်းရုပ်
55: a golden sea–monster,
၅၆။ စတုမုခ =
56: the 4 different face–shapes of the

လေးကျွန်းသားတို့၏ မျက်နှာလေးမျိုး

four islanders or four faces of brahmā,
(ဗြဟ္မာမင်း၏ မျက်နှာလေးမျိုး ဟုလည်းဆိုကြ၏)
၅၇။ သုဝဏ္ဏ နာဝါ = ရွှေလှေယဉ်
57: a golden boat,
၅၈။ သဝစ္ဆရ ဓေနု = သားငယ်နှင့် တကွသော နွားမ
58: a milk cow with her calf,
၅၉။ ကိံပုရိသ = ကိန္နရာဖိုရုပ်
59: Kiṃnara male (bird with human’s head),
၆ဝ။ ကိံပုရိသီ = ကိန္နရာမရုပ်
60: Kiṃnarī female,
၆၁။ ကရဝိက = ကရဝိက် ငှက်မင်း
61: a bird karavika,
၆၂။ မယူရ ရာဇာ = ရွှေဥဒေါင်းမင်း
62: a peacock king,
၆၃။ ကောဥ္ဇ ရာဇာ = ကြိုးကြာငှက်မင်း
63: a crane king,
၆၄။ စက္ကဝက္က ရာဇာ = စက္ကဝက် ငှက်မင်း
64: a ruddy–goose king,
၆၅။ ဇီဝ ဇီဝက ရာဇာ = ဇီဝဇိုး ငှက်မင်း
65: a jīvajīva bird king,
၆၆။ စာတုမဟာရာဇိက နတ်ပြည် (ဘုံ ၃၁ _ရှု နတ်ပြည် ၆ ထပ် _ရှု)
66: of the realm of the Four Great Kings,
၆၇။ တာဝတိံသ နတ်ပြည်
67: of the Thirty–three Gods,
၆၈။ ယာမာ နတ်ပြည်
68: of the Yāmā–devas (deities),
၆၉။ တုသိတာ နတ်ပြည်
69: of the Contented devas,
ရဝ။ နိမ္မာနရတိ နတ်ပြည်
70: of the Devas delighting in own creations,
၇၁။ ပရနိမ္မိတ ဝသဝတ္တီ နတ်ပြည်
71: of the devas delighting in other’s creation,
၇၂။ ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မာပြည် (ဘုံ ၃၁ _ရှု)
72: the realm of the Retinue of Brahmā,
၇၃။ ဗြဟ္မပုရောဟိတာ ဗြဟ္မာပြည်
73: of the Ministers of Brahmā,
၇၄။ မဟာဗြဟ္မာ ဗြဟ္မာပြည်
74: of the Great Brahmā,
၇၅။ ပရိတ္တာဘာ ဗြဟ္မာပြည်
75: of the Brahmā of limited radiance,
၇၆။ အပ္ပမာဏာဘာ ဗြဟ္မာပြည်
76: of the Brahmā of unbounded radiance,
၇၇။ အာဘဿရာ ဗြဟ္မာပြည်
77: of the Brahmā of streaming radiance,
၇၈။ ပရိတ္တာသုဘာ ဗြဟ္မာပြည်
78: of the Brahmā of limited glory,
၇၉။ အပ္ပမာဏာသုဘာ ဗြဟ္မာပြည်
79: of the Brahmā of unbounded glory,
၈ဝ။ သုဘကိဏှာ ဗြဟ္မာပြည်
80: of the Brahmā of refulgent glory,
၈၁။ ဝေဟပ္ဖလာ ဗြဟ္မာပြည်
81: of the Very frutful Brahmā,
၈၂။ အသညသတ္တ ဗြဟ္မာပြည်
82: of the Unconscious being,
၈၃။ အဝိဟာ ဗြဟ္မာပြည်
83: of the Brahmā not falling away,
၈၄။ အတပ္ပါ ဗြဟ္မာပြည်
84: of the Untroubled Brahmā,
၈၅။ သုဒဿာ ဗြဟ္မာပြည်
85: of the Beautiful Brahmā, Clearly visible Brahmā,
၈၆။ သုဒဿီ ဗြဟ္မာပြည်
86: of the Clear–sighted Brahmā,
၈၇။ အကနိဋ္ဌာ ဗြဟ္မာပြည်
87: of the Peerless Brahmā,
၈၈။ ယုဂန္ဓိုရ် တောင် (တောင်စဉ် ၇ ထပ် _ရှု)
88: Mt. Yugandhara,
၈၉။ ဤသန္ဓရ တောင်
89: Mt. Isandhara,
၉ဝ။ ကရဝိက တောင်
90: Mt. Karavika,
၉၁။ သုဒဿန တောင်
91: Mt. Sudassana,
၉၂။ နေမိန္ဓရ တောင်
92: Mt. Nemindhara,
၉၃။ ဝိနတ္တက တောင်
93: Mt. Vinattaka,
၉၄။ အဿကဏ္ဏ တောင်
94: Mt. Assakaṇṇa,
၉၅။ အနောတတ္ထ အိုင် (အိုင်ကြီး ၇ အိုင် _ရှု)
95: Lake Anotattha,
၉၆။ ကဏ္ဏမုဏ္ဍ အိုင်
96: Lake Kaṇṇamuṇḍa,
၉၇။ ရထကာရ အိုင်
97: Lake Rathakāra,
၉၈။ ဆဒ္ဒန္တ အိုင်
98: Lake Chaddanta,
၉၉။ ကုဏာလ အိုင်
99: Lake Kuṇāla,
၁ဝဝ။ မန္ဒာကိနီ အိုင်
100: Lake Mandakinī,
၁ဝ၁။ သီဟပ္ပတ အိုင်
101: Lake Sīhappata,
၁ဝ၂။ လဝဏ သီတာ (သီတာ ၇ တန် _ရှု)
102: cold river Lavaṇa,
၁ဝ၃။ ဥစ္ဆု သီတာ
103: cold river Ucchu,
၁ဝ၄။ သုရာ သီတာ
104: cold river Surā,
၁ဝ၅။ သာဓိ သီတာ
105: cold river Sādhi,
၁ဝ၆။ ဒဓိ သီတာ
106: cold river Dadhi,
၁ဝရ။ ဒုဒ္ဓ သီတာ
107: cold river Duddha,
၁ဝ၈။ ဇလ သီတာ။
108: cold river Jala.

တရား (ဓမ္မ)

The Teachings of the Buddha, truth, phenomena,
order of everything.

တရား (ဓမ္မ) ၂ ပါးစုများ

(သမာပတ္တိဝဂ်။ ကောဓပေယျာလ – ဒုကနိပါတ။ အင်္ဂုတ္တရပါဠိ)
Sets of two dhammas:
၁။ (က) သမာပတ္တိ ကုသလတာ – သမာပတ်ဝင်စားမှု ၌ လိမ်မာခြင်း
1: (a) Skillfulness in entering a meditative attainment,
(ခ) သမာပတ္တိဝုဋ္ဌာန ကုသလတာ – သမာပတ်ဝင်စားရာမှ ထမြောက်မှု ၌ လိမ်မာခြင်း
(b) skillfulness in emerging from a meditative attainment.
၂။ (က) အဇ္ဇဝ – ဖြောင့်မတ်ခြင်း
2: (a) Rectitude,
(ခ) မဒ္ဒဝ – နူးညံ့ခြင်း
(b) gentleness.
၃။ (က) ခန္တိ – သည်းခံခြင်း
3: (a) Patience,
(ခ) သောရစ္စ – အကျင့်ဖြင့် မွေ့လျှော်ခြင်း
(b) mildness.
၄။ (က) သာခလျ – နူးညံ့ပြေပြစ်သော စကားရှိခြင်း
4: (a) Softness of speech,
(ခ) ပဋိသန္ထာရ – အစေ့အစပ် အဆက်အသွယ်ကောင်းခြင်း (b) hospitality.
၅။ (က) အဝိဟိံသာ – မညှဉ်းဆဲခြင်း
5: (a) Harmlessness,
(ခ) သောစေယျ – စင်ကြယ်ခြင်း
(b) purity.
၆။ (က) ဣန္ဒြိယေသု အဂုတ္တဒွါရတာ – ဣန္ဒြေ မစောင့်ခြင်း
6: (a) Not garding the sense–doors,
(ခ) ဘောဇနေ အမတ္တညုတာ – အစားအစာ ၌ အတိုင်းအရှည် မသိခြင်း
(b) immoderation in eating.
၇။ (က) ဣန္ဒြိယေသု ဂုတ္တဒွါရတာ – ဣန္ဒြေ စောင့်ခြင်း
7: (a) Garding the sense–doors,
(ခ) ဘောဇနေ မတ္တညုတာ– အစားအစာ ၌ အတိုင်းအရှည်ကို သိခြင်း
(b) moderation in eating.
၈။ (က) ပဋိသင်္ခါနဗလ – ဆင်ခြင်ခြင်း အား
8: (a) The power of reflection,
(ခ) ဘာဝနာဗလ – ပွါးများခြင်း အား
(b) the power of development.
၉။ (က) သတိဗလ – အောက်မေ့ခြင်း အား
9: (a) The power of mindfulness,
(ခ) သမာဓိဗလ – တည်ကြည်ခြင်း အား
(b) the power of concentration.
၁ဝ။ (က) သမထ – ငြိမ်းအေးခြင်း
10: (a) Serenity,
(ခ) ဝိပဿနာ – ရှုမှတ်ခြင်း
(b) insight.
၁၁။ (က) သီလ ဝိပ္ပတ္တိ – ကိုယ်ကျင့်သီလ ပျက်စီးခြင်း
11: (a) Failure in virtue,
(ခ) ဒိဋ္ဌိ ဝိပ္ပတ္တိ – ဉာဏ်အမြင် ပျက်စီးခြင်း
(b) failure in view.
၁၂။ (က) သီလ သမ္ပဒါ – ကိုယ်ကျင့်သီလ ပြည့်စုံခြင်း
12: (a) Accomplishment of virtue,
(ခ) ဒိဋ္ဌိ သမ္ပဒါ – ဉာဏ်အမြင် ပြည့်စုံခြင်း
(b) accomplishment of view.
၁၃။ (က) သီလ ဝိသုဒ္ဓိ – ကိုယ်ကျင့်သီလ စင်ကြယ်ခြင်း
13: (a) Purity of virtue,
(ခ) ဒိဋ္ဌိ ဝိသုဒ္ဓိ – ဉာဏ်အမြင် စင်ကြယ်ခြင်း
(b) purity of view.
၁၄။ (က) ဒိဋ္ဌိ ဝိသုဒ္ဓိ – ဉာဏ်အမြင် စင်ကြယ်ခြင်း
14: (a) Purity of view,
(ခ) ယထာဒိဋ္ဌိဿ ပဓာနံ – ဉာဏ်အမြင်အယူအားလျှော်စွာ အားထုတ်ခြင်း
(b) striving in accordance with one’s view.
၁၅။ (က) အသန္တုဋ္ဌိတာ ကုသလေသု ဓမ္မေသု – ကုသိုလ်တရားတို့ ၌ မရောင့်ရဲခြင်း
15: (a) Non–contentment in regard to wholesome qualities,
(ခ) အပ္ပဋိဝါနိတာ ပဓာနသ္မိံ– တရားအားထုတ်ရာ ၌ မဆုတ်နစ်ခြင်း
(b) indefatigability in striving.
၁၆။ (က) မုဋ္ဌသစ္စ – သတိလွတ်ကင်းခြင်း
16: (a) Muddle–mindfulness,
(ခ) အသမ္ပဇည – ဆင်ခြင်ဉာဏ်ကင်းမဲ့ခြင်း
(b) lack of clear comprehension.
၁၇။ (က) သတိ – သတိရှိခြင်း
17: (a) Mindfulness,
(ခ) သမ္ပဇည – ဆင်ခြင်ဉာဏ်ရှိခြင်း
(b) clear comprehension.
၁၈။ (က) ကောဓ – အမျက်ထွက်ခြင်း
18: (a) Anger,
(ခ) ဥပနာဟ – ရန်ငြိုးဖွဲ့ခြင်း
(b) hostility.
၁၉။ (က) မက္ခ – သူ့ကျေးဇူးကို ချေဖျက်ခြင်း
19: (a) Denigration,
(ခ) ပဠာသ – အပြိုင်ပြုခြင်း
(b) insolence.
၂ဝ။ (က) ဣဿာ – ငြူစူခြင်း
20: (a) Envy,
(ခ) မစ္ဆရိယ – ဝန်တိုခြင်း
(b) miserliness.
၂၁။ (က) မာယာ – လှည့်ပတ်ခြင်း
21: (a) Deceitfulness,
(ခ) သာဌေယျ – စဉ်းလဲခြင်း
(b) craftiness.
၂၂။ (က) အဟိရိက – မကောင်းမှုမှ မရှက်ခြင်း
22: (a) Moral shamelessness,
(ခ) အနောတ္တပ္ပ – မကောင်းမှုမှ မကြောက်လန့်ခြင်း (b) moral recklessness.
၂၃။ (က) အက္ကောဓ – အမျက်မထွက်ခြင်း
23: (a) Non–anger,
(ခ) အနုပနာဟ – ရန်ငြိုးမဖွဲ့ခြင်း
(b) non–hostility.
၂၄။ (က) အမက္ခ – သူ့ကျေးဇူးကို မချေဖျက်ခြင်း
24: (a) Non–denigration,
(ခ) အပဠာသ – မပြိုင်ဆိုင်ခြင်း
(b) non–insolence.
၂၅။ (က) အနိဿာ – မငြူစူခြင်း
25: (a) Non–envy,
(ခ) အမစ္ဆရိယ – ဝန်မတိုခြင်း
(b) non–miserliness.
၂၆။ (က) အမာယာ – မလှည့်ပတ်ခြင်း
26: (a) Non–deceitfulness,
(ခ) အသာဌေယျ – မစဉ်းလဲခြင်း
(b) non–craftiness.
၂၇။ (က) ဟိရီ – မကောင်းမှုမှ ရှက်ခြင်း
27: (a) Moral shame,
(ခ) သြတ္တပ္ပ – မကောင်းမှုမှ ကြောက်လန့်ခြင်း။ (b) moral dread.
(မှတ်ချက် – နံပါတ် ၁၈။ မှ
၂၂။ အထိတို့သည် ဆင်းရဲစွာ နေရကြောင်း + ကျင့်ဆဲပုဂ္ဂိုလ် ဆုတ်ယုတ်ကြောင်း ငရဲရောက်ကြောင်းများဖြစ်ပြီး – နံပါတ် ၂၃။ မှ ၂၇။ အထိတို့သည် ချမ်းသာစွာနေရကြောင်း + ကျင့်ဆဲ ပုဂ္ဂိုလ် တိုးတက်ကြောင်း + နတ်ပြည်ကြောင်းများဖြစ်ကြသည်။)
(Note: A person who possesses the qualities (dhammas) of nos. from 18 to 22, dwells in suffering; is led to the decline of training and is cast in hell.
A person who possesses the qualities (dhammas) of nos. from 23 to 27, dwells happily; is led to the non–decline of training and is cast in heaven.)

တရား ၄ ပါး မှတ်သားစရာ

(သဂါထာဝဂ္ဂသံယုတ်ပါဠိ)
Four noteworthy dhammas:
၁။ အိုးမင်းရင့်ရော်သည့်တိုင် ကောင်းမွန်မြင့်မြတ်သောတရား သည် ကိုယ်ကျင့်သီလ
1: Virtue/moral conduct is good until old age.
၂။ ကောင်းစွာရပ်တည်ရမည့်တရားသည် ယုံကြည်မှု သဒ္ဓါတရား
2: Faith/confidence is good when established.
၃။ လူတို့၏ ရတနာသည် ပညာ
3: Wisdom is the precious jewel of humans.
၄။ ခိုးသူတို့ မခိုးမလုယူနိုင်သောတရားသည် ကောင်းမှု ပုည။
4: Merit/wholesome deed is hard for thieves to steal.

တရားကို ထိုထွင်းသိမြင်နိုင်သူ နည်းပါး၏

(သာရိပုတ္တသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
It is rare to understand the dhamma:
"သာရိပုတ္တ။ ငါဘုရားသည် တရားတော်ကို အကျဉ်းအားဖြင့်လည်း ဟောကြားခဲ့၏။ အကျယ် အားဖြင့်လည်း ဟောကြားခဲ့၏။ မကျဉ်းမကျယ် အားဖြင့်လည်း ဟောကြားခဲ့၏။ တရားကို ထိုးထွင်း သိနိုင်သော ပုဂ္ဂိုလ်ကို ရခဲ၏။’
“Sāriputta, I can teach the dhamma briefly; I can teach the dhamma in detail; I can teach the dhamma both briefly and in detail. It is those who can understand that are rare.”

တရားကျ။ တရားရ

Repent, realize the dhamma.

တရားကြေးမုံ (မှန်) ၄ မျိုး

Four mirrors of dhamma:
၁။ ဘုရားရှင်အပေါ် ၌ မတုံမလှုပ်ကြည်ညိုခြင်း
1: Unshakable faith in Buddha,
၂။ တရားတော်အပေါ် ၌ မတုံမလှုပ်ကြည်ညိုခြင်း
2: in Dhamma,
၃။ သံဃာတော်အပေါ် ၌ မတုံမလှုပ်ကြည်ညိုခြင်း
3: in Saṃgha,
၄။ ဖြူစင်သော သီလရှိခြင်း။
4: pure conduct/morality.

တရား ဂုဏ်တော် ၆ ပါး

The six attributes/qualities/characteristics of dhamma:
၁။ သွာက္ခာတော = ကောင်းမွန်စွာ ဟောကြားထားသော တရားတော်
1: Well–proclaimed, well–taught,
၂။ သန္ဒိဋ္ဌိကော = မျက်မြင်ကိုယ်တွေ့ အကျိုးရှိသော တရားတော်
2: personal–realization, present–relating,
၃။ အကာလိကော = အချိန်အရွယ်မရွေး အကျိုးရှိသော တရားတော်
3: immediate results, good results regardless of one’s age,
၄။ ဧဟိ ပဿိကော = လာလှည့် စစ်ဆေးကြည့်ဟု မှတ်ကျောက်အတင်ခံနိုင်သော တရားတော်
4: come–and–see, no–problem to be tested,
၅။ သြပနေယျိကော = နိဗ္ဗာန်ချမ်းသာသို့ ပို့ဆောင်နိုင်သော။ နှိုင်းယှဉ် သိရှိနိုင်သော တရားတော်
5: leading to Nibbāna,
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ = ပညာရှိသူတော်ကောင်းများ ခံစားသိမြင်နိုင်သော တရားတော်။
6: comprehended by the wise individuals.

တရားစခန်း

(၇ ရက်စသည်)
Retreat (seven–day–retreat etc.)

တရားဆောက်တည်ခြင်း

(ဓမ္မသမာဒါန) ၄ မျိုး
Four ways of undertaking dhammas/things:
၁။ ပစ္စုပ္ပန်ချမ်းသာ နောင်အခါမှာဆင်းရဲသော တရားဆောက်တည်ခြင်း
1: Being pleasant now but ripening in the future as pain,
၂။ ပစ္စုပ္ပန်ဆင်းရဲ နောင်အခါမှာလည်းဆင်းရဲသော တရားဆောက်တည်ခြင်း
2: being painful in both now and future,
၃။ ပစ္စုပ္ပန်ဆင်းရဲ နောင်အခါမှာချမ်းသာသော တရားဆောက်တည်ခြင်း
3: being painful now but ripening in the future as pleasant,
၄။ ပစ္စုပ္ပန်ချမ်းသာ နောင်မှာလည်း ချမ်းသာသော တရားဆောက်တည်ခြင်း။
4: being pleasant in both now and future.

တရားဆွေးနွေးထိုက်သော ပုဂ္ဂိုလ် ၅ ယောက်

Five persons who are able to discuss dhamma:
၁။ သီလရှိသူ
1: A person endowed with morality,
၂။ သမာဓိရှိသူ
2: with concentration,
၃။ ပညာရှိသူ
3: with wisdom,
၄။ လွတ်မြောက်မှု ဝိမုတ္တိရှိသူ
4: with deliverance,
၅။ လွတ်မြောက်ရန် ဉာဏ်အမြင်ရှိသူ။
5: with insight–knowledge of deliverance.

တရားတော် တိုးတက်ကြီးပွါးကြောင်း ၅ ပါး

(စာတတ်ကြောင်း တရား ၅ ပါး _ရှု)

တရားတော် လယ်ယာထွန်ယက်မှုနှင့် ယှဉ်စပ်သော ဥပမာများ

(လယ်ယာထွန်ယက်မှုနှင့် ယှဉ်စပ်သော ဥပမာများ _ရှု)

တရားထိုင်

Practicing meditation.

တရားထူးမရနိုင်သော ပုဂ္ဂိုလ် ၁၆ ယောက်

(မိလိန္ဒပဥှ)
Sixteen persons who cannot attain enlightenment (Milinda–pañha):
၁။ တိရစ္ဆာန်
1: Anilam,
၂။ ပြိတ္တာ
2: hungry ghost,
၃။ မိစ္ဆာဒိဋ္ဌိ
3: holder of wrong view,
၄။ ကောက်ကျစ်စဉ်းလဲသူ
4: frauds,
၅။ မိခင်ကိုသတ်သူ
5: matricide,
၆။ ဖခင်ကိုသတ်သူ
6: patricide,
၇။ ရဟန္တာကိုသတ်သူ
7: murderer of arahant,
၈။ သံဃာသင်းခွဲသူ
8: schismastic,
၉။ ဘုရားရှင်အား သွေးစိမ်းယိုစေသူ
9: one who makes Buddha blood–sheded,
၁ဝ။ ရဟန်းတု ရဟန်းယောင်
10: bogus/fake monk,
၁၁။ တိတ္ထိဘောင် ပြောင်းသွားသူ
11: one going to another sect,
၁၂။ ဘိက္ခူနီမကို ဖျက်ဆီးသူ
12: molester of nun,
၁၃။ သံဃာဒိသေသ် _ရှု အာပတ်သင့်ပြီး မကုစားသူ
13: one who does not confess after commiting saṃghādisesa,
၁၄။ ပဏ္ဍုက်
14: eunuch,
၁၅။ ဥဘတောဗျည်း
15: hermaphrodite,
၁၆။ အသက် ၇ နှစ်အောက်ငယ်သူ။
16: one under 7 years of age.

တရားနာ

Listening to a sermon/dhamma.

တရားနာယူခြင်း ဆွေးနွေးခြင်း၏ အကျိုး ၅ ပါး

Five advantages of listening to and discussing the dhamma:
၁။ ဘုရားစသောသူတော်ကောင်းများ နှစ်သက်ချီးမွမ်းခြင်း
1: Praise by the wise/virtuous,
၂။ တရား၏ အနက်အဓိပ္ပါယ်ကို သိခြင်း
2: understanding the dhamma,
၃။ တရားကို နက်နဲစွာ သိမြင်ခြင်း
3: penetrating the dhamma,
၄။ မဂ်မရသေးသူများ မဂ်ရနိုင်ခြင်း
4: attainment of path (magga),
၅။ မဂ်အသီးသီး ရပြီးသူများ အထက်မဂ် အဆင့်ဆင့် အရတ္တမဂ် ဖိုလ်အထိ မျက်မှောက်ပြုနိုင်ခြင်း။
5: attainment of higher path for those who have already attained lower path.

တရားနာယူခြင်း၏ အကျိုး ၅ ပါး

Five advantages of listening to the dhamma:
၁။ အသုတံ သုဏာတိ – မကြားဘူးသောတရားကို ကြားဘူး နာကြားရခြင်း
1: Hearing the dhamma not heard before,
၂။ သုတံ ပရိယောဒါပေတိ – ကြားနာဘူးပြီးတရား ပိုမို နားလည်ခြင်း
2: clear understanding the dhamma already heard,
၃။ ကင်္ခ ံ ဝိတရတိ – ယုံမှားသံသယ မှ လွတ်မြောက်ခြင်း
3: dispelling doubts,
၄။ ဒိဋ္ဌိံ ဥဇုံ ကရောတိ – အယူအဆ ယုံကြည်မှုကို ဖြောင့်မှန်စေခြင်း
4: making straight view,
၅။ စိတ္တံ ပသီဒတိ – စိတ်ကြည်လင်ခြင်း။
5: clear/happy mind.

တရားနာရာ၌ အကျိုးများကြောင်း အင်္ဂါ ၆ ပါး

Six conditions to listen to the dhamma beneficial:
၁။ တရားနာခြင်း
1: Listening to,
၂။ တရားကို နားစိုက်ထောင်ခြင်း
2: heedfulness,
၃။ သိလိုစိတ်ရှိခြင်း
3: wish to understand,
၄။ အကျိုးရှိသည်ကို ယူခြင်း
4: grasping what is profitable,
၅။ အကျိုးမရှိသည်ကို ပယ်ခြင်း
5: rejecting the unprofitable,
၆။ ပညာဉာဏ်နှင့် ပြည့်စုံခြင်း။
6: wisdom/insight.
(တရားနာရာ၌ အကျိုးမများကြောင်း အင်္ဂါ ၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Six conditions to listen to the dhamma unbeneficial are opposite of the above.)

တရားနာရာ ပြည့်စုံရမည့် အ၈င်္ါ ၅ ပါး

Five things needed to listen to the dhamma well:
၁။ တရားကို လေးစားခြင်း
1: Respect in dhamma,
၂။ တရားဟောသူကို လေးစားခြင်း
2: in dhamma–preacher,
၃။ မိမိကိုယ်ကို လေးစားခြင်း
3: in himself,
၄။ စိတ်မပျံ့လွင့် တည်ငြိမ်ခြင်း
4: paying attention,
၅။ နှလုံးသွင်း မှန်ခြင်း။
5: right attitude.
(တရားနာရာ မပြည့်စုံရမည့် အ၈င်္ါ ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five things not needed to listen to the dhamma well are opposite of the above.)

တရားနာသော်လည်း အကျိုးမရှိသောပုဂ္ဂိုလ်၏ အင်္ဂါ ၅ ပါး

၁။ တရားကို ချေဖျက်လိုစိတ်ဖြင့် နာယူခြင်း
1: Listening to the dhamma to refute it,
၂။ တရားဟောသူ၏ အားနည်းချက်တို့ကို အပြစ်ရှာစိတ်ဖြင့် နာယူခြင်း
2: to point out the preacher’s weakness,
၃။ တရားဟောသူကို ထိပါးပုတ်ခတ်လိုစိတ်ဖြင့် တရားနာခြင်း
3: to insult the preacher,
၄။ ပညာနည်းပါး မိုက်မဲခြင်း
4: foolishness,
၅။။ မိမိ မသိပဲလျှက် သိနားလည်သည်ဟု မှတ်ထင်ခြင်း။
5: thinking himself as a wise person but not in reality.

တရားပြ

Teaching/guiding the dhamma especially how to meditate.

တရားပွဲကြီး

(မဟာဓမ္မာဘိသမယ) ၃ ကြိမ် (ဂေါတမဘုရားရှင်)
Three great dhamma–assemblies of Gotama Buddha:
၁။ တရားဦး ဓမ္မစကြာ ဟောတော်မူစဉ် ပထမအကြိမ်
1: First time: when the ‘Turning the Whell of the Dhamma (Dhamma– cakka
Pavattana Sutta)’ was taught,
၂။ မင်္ဂလသုတ္တန်ကို ဟောတော်မူစဉ် ဒုတိယအကြိမ်
2: second time: when ‘the Blessing Discourse (Maṅgala Sutta) was taught,
၃။ စူဠရာဟုလောဝါဒသုတ္တန်ကို ဟောတော်မူစဉ် တတိယအကြိမ်။
3: third time: when ‘Lesser Discourse of Admonishing to Rāhalā (Cūḷa–
Rāhulovāda Sutta)’ was taught.

တရားမြင်မှ ဘုရားကိုမြင်သည်

(ဝက္ကလိသုတ်။ ခန္ဓဝဂ္ဂသံယုတ္တပါဠိ)
A person who sees the dhamma sees the Buddha (the Connected Discourses):
ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ။ သော မံ ပဿတိ (ဓမ္မံ ဟိ ဝက္ကလိ ပဿန္တော မံ ပဿတိ )
ဝက္ကလိ – အကြင်သူသည် တရားကိုမြင်၏။ ထိုသူသည် ငါဘုရားကို မြင်၏ (တရားမြင်လျှင် ဘုရားမြင်၏)
A person who sees the dhamma sees me.
ယော မံ ပဿတိ။ သော ဓမ္မံ ပဿတိ (မံ ပဿန္တော ဓမ္မံ ပဿတိ)
ဝက္ကလိ – အကြင်သူသည် ငါဘုရားကိုမြင်၏။ ထိုသူသည် တရားကို မြင်၏ (ဘုရားမြင်လျှင် တရားမြင်၏)
A person who sees me sees the dhamma.

တရားမှန်ကြီး (ဓမ္မာဒါသ) ၄ ချပ်

Four mirrors of dhamma:
၁။ ဘုရားရှင်၌ မတုံမလှုပ် ယုံကြည်ခြင်း
1: Unshakable faith in the Buddha,
၂။ တရားတော်၌ မတုံမလှုပ် ယုံကြည်ခြင်း
2: in the Dhamma,
၃။ သံဃာတော်၌ မတုံမလှုပ် ယုံကြည်ခြင်း
3: in the Saṃgha (Community of monks),
၄။ ငါးပါးသီလမြဲခြင်း။
4: unbroken commitment to the five precepts.

တရားရ။ တရားကျ

Repent, realize the dhamma.

တရားရကြောင်း ၄ ပါး

(ဓမ္မပဒ = တရားရကြောင်း – ၄ ပါး _ရှု)

တရားသဖြင့်

Justly, fairly, in accordance with the dhamma.

တရားဟော

Dhamma–talk, giving a sermon/speech.

တရားဟောခြင်း (သုတ္တနိက္ခေပ) ၄ မျိုး

Four modes of teaching:
၁။ အတ္တဇ္စျာသယ သုတ္တနိက္ခေပ = ဟောသူ၏ ဆန္ဒအတိုင်း တရားဟောခြင်း
1: Teaching according to preacher’s will,
၂။ ပရဇ္စျာသယ သုတ္တနိက္ခေပ = နာယူသူ၏ ဆန္ဒအတိုင်း တရားဟောခြင်း
2: to audience’s (listener’s) wish,
၃။ အဋ္ဌုပ္ပတ္တိက သုတ္တနိက္ခေပ = ဖြစ်ပေါ်လာသောအကြောင်းကိုစွဲပြီး တရားဟောခြင်း
3: to occasion/situation,
၄။ ပုစ္ဆာဝသိက သုတ္တနိက္ခေပ = အမေးပြဿနာနှင့် ပတ်သက်ပြီး တရားဟောခြင်း။
4: to a particular question(s).

တရားဟောခြင်း၏ အကျိုး ၃ ပါး

Three advantages of teaching dhamma:
၁။ တရားဟောသူ အနက်အဓိပ္ပါယ်သိပြီး အကျိုးရနိုင်ခြင်း
1: The one who teaches the dhamma experiences the meaning and the dhamma.
၂။ တရားနာသူ အနက်အဓိပ္ပါယ်သိပြီး အကျိုးရနိုင်ခြင်း
2: The one who hears to the dhamma experiences the meaning and the dhamma.
၃။ တရားဟောသူ နာသူ နှစ်ဦးလုံး အနက်အဓိပ္ပါယ်သိပြီး အကျိုးရနိုင်ခြင်း။
3: Both the teacher and the hearer experience the meaning and the dhamma.

တရားဟော ဓမ္မကထိကများ ပြည့်စုံရမည့်တရား ၅ ပါး

Five qualities that a dhamma–preacher should possess:
၁။ တရားစဉ်အတိုင်း ဟောကြားနိုင်ခြင်း
1: Ability to give a progressive talk,
၂။ ပရိယာယ်ကြွယ်စွာ ဟောကြားနိုင်ခြင်း
2: to give a reasonable/skillful talk,
၃။ ကရုဏာအခြေခံပြီး ဟောကြားနိုင်ခြင်း
3: to give a talk with compassion,
၄။ လာဘ်မမျှော်ကိုးပဲ ဟောကြားနိုင်ခြင်း
4: to give a talk without hoping any return,
၅။ မိမိ သူတပါး နှစ်ဦးသားကို မထိပါးပဲ ဟောကြားနိုင်ခြင်း။
5: to give a talk without harming himself or others.

တရားဟောရာ၌ နှလုံးသွင်းရမည့် အချက် ၅ ပါး

Five things to be considered by a dhamma–preacher:
၁။ တရားဟောစဉ်အတိုင်း ဟောကြားခြင်း (ရောက်တတ်ရာရာဟောခြင်းမျိုးမဟုတ်)
1: Talking gradually,
၂။ ကျိုးကြောင်း လျှော်ညီစွာ ဟောကြားခြင်း
2: talking reasonably,
၃။ မေတ္တာ ကရုဏာကို အရင်းခံ၍ ဟောကြားခြင်း
3: talking based upon loving–kindness and compassion,
၄။ ပစ္စည်းလာဘ်လာဘကို မမျှော်ကိုးပဲ ဟောကြားခြင်း
4: talking not a means of gain,
၅။ မိမိ သူတပါး နှစ်ဦးသားကို မထိခိုက် မပုတ်ခတ်ပဲ ဟောကြားခြင်း။
5: talking not harming himself nor to others.

တရားဟော အစဉ် (အနုပုဗ္ဗီ ကထာ) ၆ ပါး

Six gradual methods of teaching, gradual instruction by Lord Buddha:
၁။ ဒါန ကထာ = လှူဒါန်းမှုနှင့် စပ်သောစကား
1: Talk regarding almsgiving, generosity,
၂။ သီလ ကထာ = ကိုယ်ကျင့်သီလနှင့် စပ်သောစကား
2: regarding virtue, morality,
၃။ သဂ္ဂ ကထာ = နတ်ပြည်ရောက်ကြောင်းနှင့် စပ်သောစကား
3: regarding heaven,
၄။ မဂ္ဂ ကထာ = မဂ်ကျင့်စဉ်နှင့် စပ်သောစကား
4: regarding meditative fruition (i.e., The Four Noble truths),
၅။ ကာမာနံ အာဒီနဝ ကထာ = ကာမဂုဏ်တို့၏ အပြစ်နှင့် စပ်သောစကား
5: regarding defects of sensual pleasure,
၆။ နေက္ခမာနိသံသ ကထာ = တောထွက်မှု အကျိုးအာနိသင်နှင့် စပ်သောစကား။
6: regarding advantages of renunciation.

တရားအားထုတ်ခြင်း ၄ မျိုး

Four ways of meditation:
၁။ သမထပုဗ္ဗင်္ဂမ ဝိပဿနာ = သမထကို ရှေ့တန်းတင်ပြီး ဝိပဿနာအားထုတ်ခြင်း
1: Insight meditation preceded by calming meditation,
၂။ ဝိပဿနာပုဗ္ဗင်္ဂမ သမထ = ဝိပဿနာကို ရှေ့တန်းတင်ပြီး သမထ အားထုတ်ခြင်း
2: calming meditation preceded by insight meditation,
၃။ သမထ ဝိပဿနာ ယုဂနဒ္ဓ = သမထရော ဝိပဿနာပါ တပြိုင်နက်တည်းအားထုတ်ခြင်း
3: both meditation at the same time,
၄။ ဓမ္မုဒ္ဓစ္စ ဝိဂဟိတ = တရားတော်အပေါ် သံသယကင်းရှင်းပြီး အားထုတ်ခြင်း။
4: meditation with no doubt on it (Dhamma).

တရားအားထုတ်နည်း

ဝိပဿနာ – ၄ ပါး (သတိပဋ္ဌာန် ၄ ပါး _ရှု)

တရားအားထုတ်ရကျိုး ၇ ပါး

(သတိပဋ္ဌာန် အကျိူး ၇ ပါး _ရှု)

တရားအားထုတ်ရာ၌ အခါအားလျှော်စွာ နှလုံးသွင်းရမည် တရား ၃ မျိုး

Three signs that should be given attention from time to time for a meditator:
၁။ သမာဓိ နိမိတ်
1: The sign of concentration,
၂။ ပဂ္ဂဟ နိမိတ်
2: the sign of exertion,
၃။ ဥပေက္ခာ နိမိတ်။
3: the sign of equanimity.

တရားအားထုတ်ရန် ဘုရားရှင် တိုက်တွန်းတော်မူခြင်း

Lord Buddha’s advise to meditate:
(ကာယဂတာသတိသုတ် – စသည်။ အသင်္ခတသံယုတ်။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ)
ဒစျာယထ ဘိက္ခဝေ။ မာ ပမာဒတ္ထ။ မာ ပစ္ဆာ ဝိပ္ပရိသာရိနော အဟုဝတ္ထ။ အယံ ဝေါ အမှာကံ အနုသာသနီ'
'ရဟန်းတို့ ကပ်ရှုကြ (တရားအားထုတ်ကြ) ကုန်လော။ မမေ့လျော့ကြကုန်လင့်။ နောင်အခါရောက်မှ (အချိန်လွန်မှ) နောင်တရသူတို့ မဖြစ်ကြကုန်လင့်။ ဤသည်ကား သင်တို့အတွက် အဆုံးအမပေတည်း’
“Meditate, monks, do no be negligent, lest you regret it later. This is our ininstruction to you.”

တရားအားထုတ်ရန် မလွယ်တော့သော အခြေအနေ ၅ မျိုး

Five wrong times for meditation/striving:
၁။ ဇရာ = အိုမင်းခြင်း
1: Old age,
၂။ ဗျာဓိ = မကျန်းမာခြင်း
2: illness/sickness,
၃။ ဒုဗ္ဘိက္ခ = ငတ်မွတ်ခေါင်းပါးခြင်း
3: time of famine,
၄။ အဋဝိသင်္ကောပ = ပြေးလွှား ပုန်းအောင်းနေရခြင်း (ဓါးပြ ပြည်တွင်းစစ် စသည်တို့ကြောင့်)
4: on the run due to robbers etc.,
၅။ သံဃာဂိုဏ်းကွဲနေခြင်း။
5: splitting order of monks.
(တရားအားထုတ်ရန် လွယ်ကူသင့်တော်သော အခြေအနေ ၅ မျိုးတို့မှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်)
(Right times for meditation are opposite of the above.)

တရားအားထုတ်ရာ၌ ဆုတ်ယုတ်ကြောင်း ၅ ပါး

Five things not conducive/helpful to meditation:
၁။ ကမ္မာရာမတာ = အလုပ်ကိစ္စ ၌ မွေ့လျှော်ခြင်း
1: Delight in activities,
၂။ ဘဿာရာမတာ = စကားပြောမှု ၌ မွေ့လျှော်ခြင်း
2: on gossip,
၃။ နိဒ္ဒါရာမတာ = အိပ်စက်မှု ၌ မွေ့လျှော်ခြင်း
3: in sleep,
၄။ သင်္ဂဏိကာရာမတာ = အပေါင်းအဖေါ် ၌ မွေ့လျှော်ခြင်း
4: in companion,
၅။ စိတ္တံ န ပစ္စဝေက္ခတိ = မိမိစိတ်ကို မဆင်ခြင်ခြင်း။
5: not reflecting one’s mind.
(တရားအားထုတ်ရာ၌ တိုးတက်ကြောင်း ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five things conducive/helpful to meditation are opposite of the above.)

တရားအားထုတ်ရာ၌ ပြည့်စုံရမည့် အင်္ဂါ ၅ ပါး

(ပဓာနိယင်္ဂ ၅ ပါး _ရှု)

တရားအားလုံး၏ မူလ။ အနှစ်သာရ စသည်များ

The root/essence etc., of all dhammas:
၁။ သဗ္ဗေ ဓမ္မာ ဆန္ဒမူလကာ – တရားအားလုံးတို့သည် အလိုဆန္ဒ အခြေခံရှိကုန်၏။
1: All dhammas are rooted in desire;
၂။ မနသိကာရ သမ္ဘဝါ – နှလုံးသွင်းခြင်းကြောင့် ဖြစ်ပေါ်ကုန်၏။
2: compounded of thinking;
၃။ ဖဿ သမုဒယာ – ဖဿလျှင် ဖြစ်ကြောင်းရှိကုန်၏။
3: originated from contact;
၄။ ဝေဒနာ သမောသရဏာ – ဝေဒနာလျှင် ပေါင်းဆုံရာရှိကုန်၏။
4: conjoined in sensation/feeling;
၅။ သမာဓိ ပမုခါ – သမာဓိလျှင် ရှေ့သွားရှိကုန်၏။
5: headed by concentration;
၆။ သတာဓိပတေယျာ – သတိလျှင် အကြီးအကဲရှိကုန်၏။
6: ruled over by mindfulness.
၇။ ပညုဿရာ – ပညာလျှင် လွန်ကဲမှုရှိကုန်၏။
7: In all dhammas, wisdom/insight is the best/peak;
၈။ ဝိမုတ္တိ သာရာ – ဝိမုတ္တိ အရဟတ္တဖိုလ်လျှင် အနှစ်ရှိကုန်၏။
8: liberation is the essence;
၉။ အမတောဂဓာ – အမြိုက်တရား (နိဗ္ဗာန်) လျှင် သက်ဝင်ရာရှိကုန်၏။
9: deathlessness is to flow into;
၁ဝ။ နိဗ္ဗာန ပရိယောသာနာ – နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။
10: Nibbāna is the end.

တသိနာ ၃ မျိုး

(မွတ်သိပ်မှု – တသိနာ ၃ မျိုး _ရှု)

တာဒိလက္ခဏာ အခြင်းအရာ ၅ ပါး

The five tādi characteristics:
၁။ ချစ်မုန်းမရှိ ညီမျှသောစိတ် ထားနိုင်ခြင်း
1: Equanimity without any love or hate,
၂။ ကိလေသာတို့ကို ပယ်စွန့်ပြီးခြင်း
2: having got rid of defilements,
၃။ သံသရာမှ ကူးမြောက်ပြီးခြင်း
3: having crossed the saṃsāra–current,
၄။ ရာဂစသည်မှ ကင်းလွတ်ပြီးခြင်း
4: free from lust etc.,
၅။ သီလ သဒ္ဓါ စသည်ရှိသူ ပြည့်စုံသူဟု ညွှန်ပြပြောဆိုထိုက်သူဖြစ်ခြင်း။
5: being pointed out as a person of morality, faith etc.

တာပန

အပူအားကြီးသောငရဲ
The sixth hell of the eight in Buddhist Scripture.

တာရာ

ကြယ်
Constellation.

တာလုဇ

အာခေါင်နေရာ၌ဖြစ်သော အက္ခရာ
Palatal.

တာလုဌာန်

အသံဖြစ်ပေါ်ရာ အာခေါင်နေရာ
Place of articulation of palatals.

တာဝတိံသာ

Second of the six levels of celestial realms in Buddhist cosmology, the Realm of the Thirty–three Gods.

တာဝတိံသာ နတ်ပြည်သို့ လူဘဝမှာပင် ရောက်သော ပုဂ္ဂိုလ် ၄ ဦး

Four humans who visited the Realm of the Thirty–three Gods:
၁။ မန္ဓာတု စကြာမင်း
1: Mandhātu the Universal King,
၂။ နေမိမင်း
2: King Nemi,
၃။ သာဓိနမင်း
3: King Sādhina,
၄။ ဂုတ္တိလ စောင်းသမား။
4: Guttila the harpist.

တာဝတိံသာ နတ်ပြည်၏ အမှတ်အသား အထွတ်အထိပ်သစ်ပင်

ပါရိဆတ္တက – ပင်လယ်ကသစ်ပင်
(ဒုတိယရုက္ခသုတ်။ ဣန္ဒြိယသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
The chief tree of ‘the Realm of Thiety–three Gods’ – the coral tree.

တာဝန် ၂ ပါး

(ဓူရ – တာဝန် – ၂ ပါး _ရှု)

တိက နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ တတိယ ကဏ္ဍဖြစ်သည်။ ဂါထာ ၃ ပုဒ်စီပါရှိသော ဇာတ်တော်များ ဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၅ဝ ပါဝင်သည်။
Tika–nipāta (Jātaka): This is the third chapter of the 550 Birth–stories: each of them consists of three verses, thus, Tika–nipāta, three–verse–story; there are 50 stories in this chapter.

တိက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်ဗာကုလ စသော ရဟန္တာ မထေရ် ၁၆ ပါးတို့ သုံးဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်းဖြစ်သည်။
Tika–nipāta (Theragāthā): This is a collection of joyous verses uttered by 16 male–monks (arahanta) such as Bākula at the time of Lord Buddha. Each uttered three verses.

တိက နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ အပရာသာမာ စသော ရဟန္တာ ထေရီ ၈ ပါးတို့ သုံးဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြသည်ကို စုစည်းထားခြင်းဖြစ်သည်။
Tika–nipāta (Therīgāthā): This is a collection of joyous verses uttered by 8 female–monks (arahanta) such as Aparāsāmā at the time of Lord Buddha. Each nun uttered three verses (tika).

တိက နိပါတ (အင်္ဂုတ္တရ) ပါဠိ

အင်္ဂုတ္တရနိကာယ် ၌ တရားအစု ၃ ပါးစီကို အဓိကထား ဟောကြားသော သုတ္တန်တို များ ပါဝင်သည့် တတိယမြောက် ကျမ်းဖြစ်သည်။
Tika–nipāta (Aṅguttara): The third book of the ‘Gradual Discourses’,
each discourse in it emphasizs three items of the dhamma.

တိက နိပါတ (ဣတိဝုတ္တက) ပါဠိ

အကုသိုလ်မူလ ၃ ပါး။ ဝေဒနာ ၃ ပါး။ စက္ခု ၃ ပါး စသော တရားသုံးပါးစီကို ဦးတည်ဟောကြားသော သုတ္တန်အတို ၅ဝ သုတ် ပါဝင်သည့် အုပ်စုဖြစ်သည်။
Tika–nipāta (Itivuttaka): There are fifty short discourses in this chapter. It aims at three certain dhammas, such as ‘the three roots of evil acts’, ‘the three eyes’, and ‘the three kinds of feeling’.

တိကဘောဇဉ်

ရဟန်း ၃ ပါးတည်းသာ ပင့်၍ ဆက်ကပ်သောဆွမ်း
Tika–bhojana: Just three monks are invited for a meal.

တိစီဝရိက် ဓုတင်ဆောင်ခြင်း၏ အကျိုး

Eight benefits of triple–robe wearer:
၁။ သင်္ကန်း ၌ ရောင့်ရဲခြင်း
1: Contentment with the robe,
၂။ ငှက်တို့ကဲ့သို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာနိုင်ခြင်း
2: going freely as birds do,
၃။ သင်္ကန်း ၌ အားထုတ်ရမှု နည်းပါးခြင်း
3: few undertaking on robe,
၄။ သင်္ကန်းပို သိုမှီးသောအပြစ်မှ ကင်းဝေးခြင်း
4: no need for robe storage,
၅။ ပေါ့ပါးခြင်း
5: lightness,
၆။ သင်္ကန်းပိုရရန် ၌ လောဘမရှိတော့ခြင်း
6: no greed to get many robes,
၇။ ခေါင်းပါးစွာ ကျင့်ရခြင်း
7: practicing the moderation,
၈။ အလိုနည်းခြင်းစသော အကျိုးပြည့်စုံခြင်း။
8: fruit of fewness of wishes.

တိတ္ထိ ဂိုဏ်းဆရာကြီး ၆ ယောက်

Six famous religious leaders at the time of the Buddha:
၁။ ပူရဏ ကဿပ = အကိရိယ ဝါဒ
1: Puraṇa Kassapa = the view/doctrine of non–action,
၂။ မက္ခလိ ဂေါသာလ = သံသာရသုဒ္ဓိ ဝါဒ
2: Makkhali Gosāla = the view/doctrine of purification of the round of birth–and–death (saṃsāra),
၃။ အဇိတ ကေသကမ္ဗလ = ဥစ္ဆေဒ ဝါဒ
3: Ajita Kesakambala = the view/doctrine of annihilation,
၄။ ပကုဓ ကစ္စာယန = အညေန အညံ ဗျာကရဏ ဝါဒ
4: Pakudha Kassāyana = the view/doctrine of seven things not–made, uncreated, unproductive,
၅။ နိဂဏ္ဌ နာဋပုတ္တ = စတုယာမ သံဝရ ဝါဒ
5: Nigaṇṭha Nāṭhaputta = the view/doctrine of the fourfold restraints,
၆။ သဌယ ဗေလဋ္ဌပုတ္တ = ဝိက္ခေပ ဝါဒ။
6: Saṅcaya Belaṭṭhaputta = the view/doctrine of evasion.

တိရစ္ဆာန ကထာ ၃၂ မျိုး

(မဂ်ဖိုလ်တရားရရှိရန်နှင့် မပတ်သက်သော။ မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားများ)
Thirty–two pointless talks which are against the attainment of magga (path) and phala (fruition):
၁။ ရာဇ ကထံ = မင်းအစိုးရနှင့် စပ်သောစကား
1: Talk of kings/government,
၂။ စောရ ကထံ = ခိုးသူဓါးပြနှင့် စပ်သောစကား
2: of robbers/thieves,
၃။ မဟာ မတ္တ ကထံ = ဝန်ကြီး အမတ်ကြီးများနှင့် စပ်သော စကား
3: of ministers,
၄။ သေနာ ကထံ = စစ်နှင့် စပ်သောစကား
4: of armies,
၅။ ဘယ ကထံ = ဘေးနှင့် စပ်သောစကား
5: of dangers,
၆။ ယုဒ္ဓ ကထံ = စစ်တိုက်မှုနှင့် စပ်သောစကား
6: of battles,
၇။ အန္န ကထံ = စားဘွယ်နှင့် စပ်သောစကား
7: of food,
၈။ ပါန ကထံ = သောက်ဘွယ်နှင့် စပ်သောစကား
8: of drink,
၉။ ဝတ္ထ ကထံ = အဝတ်တန်ဆာနှင့် စပ်သောစကား
9: of clothing,
၁ဝ။ သယန ကထံ = အိပ်ရာနေရာနှင့် စပ်သောစကား
10: of beds,
၁၁။ မာလာ ကထံ = ပန်းနှင့် စပ်သောစကား
11: of garlands,
၁၂။ ဂန္ဓ ကထံ = ရနံ့နှင့် စပ်သောစကား
12: of perfumes,
၁၃။ ဉာတိ ကထံ = ဆွေမျိုးနှင့် စပ်သောစကား
13: of relatives,
၁၄။ ယာန ကထံ = ယဉ်နှင့် စပ်သောစကား
14: of vehicles,
၁၅။ ဂါမ ကထံ = ရွာနှင့် စပ်သောစကား
15: of villages,
၁၆။ နိဂမ ကထံ = နိဂုမ်းနှင့် စပ်သောစကား
16: of towns,
၁၇။ နဂရ ကထံ = မြို့နှင့် စပ်သောစကား
17: of cities,
၁၈။ ဇနပဒ ကထံ = ဇနပုဒ်နှင့် စပ်သောစကား
18: of countries,
၁၉။ ဣတ္ထိ ကထံ = မိန်းမနှင့် စပ်သောစကား
19: of women,
၂ဝ။ ပုရိသ ကထံ = ယောက်ျားနှင့် စပ်သောစကား
20: of men,
၂၁။ သူရ ကထံ = သူရဲကောင်းနှင့် စပ်သောစကား
21: of heroes,
၂၂။ ဝိသိခါ ကထံ = မြို့တွင်းလမ်းနှင့် စပ်သောစကား
22: of streets,
၂၃။ ကုမ္ဘဌာန ကထံ = ရေခပ်ဆိပ်နှင့် စပ်သောစကား
23: of wells/riverside bathing place,
၂၄။ ပုဗ္ဗပေတ ကထံ = ကွယ်လွန်သွား သူများနှင့် စပ်သောစကား
24: of the dead,
၂၅။ နာနတ္တ ကထံ = အထွေထွေနှင့် စပ်သောစကား
25: of trifles,
၂၆။ လောကက္ခာယိကံ = လောကအကြောင်းနှင့် စပ်သောစကား
26: of the origin of the world,
၂၇။ သမုဒ္ဒက္ခာယိကံ = ပင်လယ်သမုဒ္ဒရာနှင် စပ်သောစကား
27: of the origin of the sea,
၂၈။ ဣတိ ဘဝါဘဝ ကထံ = ကြီးပွါးဆုတ်ယုတ်ကြောင်းနှင့် စပ်သောစကား
28: of whether things are so or are not so,
၂၉။ ဂမိက ကထံ = ခရီးသည်နှင့် စပ်သောစကား
29: of travelers,
၃ဝ။ ကုမာရ ကထံ = အမျိုးသားငယ်နှင့် စပ်သောစကား
30: of boys,
၃၁။ ကုမာရီ ကထံ = အမျိုးသမီးငယ်နှင့် စပ်သောစကား
31: of girls,
၃၂။ ကုမ္ဘ ဒါသီ ကထံ = ရေရွက်ကျွန်မနှင့် စပ်သောစကား။
32: of water–fatcher slave–ladies.

တိဟိတ်

– အလောဘ အဒေါသ အမောဟ ဟူသော ကုသိုလ်အကြောင်းသုံးပါး
The three good causes/roots, i.e., absence of greed, of anger, and of ignorance.

တိဟိတ်ပုဂ္ဂိုလ်

Persons who were born with the three good causes.

တိုးတက်ကြောင်း

(မဆုတ်ယုတ်ကြောင်း) တရား ၄ ပါး (ရဟန်းတော်များ)
Four dhammas incapable of falling away:
၁။ ကိုယ်ကျင့်သီလရှိခြင်း
1: Virtue, morality,
၂။ ဣန္ဒြေ စောင့်စည်းခြင်း
2: garding the sense–doors,
၃။ အစားအသောက် ၌ အတိုင်းအတာကိုသိခြင်း
3: moderation in eating,
၄။ သတိရှိခြင်း။
4: mindfulness.wkd;

တိုးတက်ကြောင်း တရား ၈ မျိုး

(ကဿပသံယုတ္တပါဠိ) (ဆုတ်ယုတ်ကြောင်း – ပရိဟာန – တရား ၈ မျိုးလည်း _ရှု)
၁။ သဒ္ဓါ = ကြည်ညိုယုံကြည်ခြင်း
1: Faith,
၂။ ဟိရီ = မကောင်းမှုမှ ရှက်ခြင်း
2: shame (to do evil), moral shame,
၃။ သြတ္တပ္ပ = မကောင်းမှုမှ ကြောက်ခြင်း
3: fear (to do evil), moral dread,
၄။ ဝီရိယ = ကြိုးစားခြင်း
4: effort,
၅။ ပညာ = ပညာရှိခြင်း
5: wisdom,
၆။ အက္ကောဓန = အမျက်မထွက်ခြင်း
6: without anger,
၇။ အနုပနာဟီ = ရန်ငြိုးမဖွဲ့ခြင်း
7: without malice,
၈။ သြဝါဒကာ = အချင်းချင်းဆိုဆုံးမခြင်း
8: exhorter–monks.

တိုးတက်ခြင်း

(ဝိသေသဘာဂိယ)၏ အကြောင်းတရားများ
Dhammas/things conducive to distinction:
(ဆုတ်ယုတ်ကြောင်း။ ယုတ်လျှော့ကြောင်း (ဟာနဘာဂိယ) တရားများ – တစ်ပါးစု မှ ဆယ်ပါးစုအထိ – တို့သည် ဤ တိုးတက်ခြင်း – ဝိသေသဘာဂိယ –၏ အကြောင်းတရားများ တစ်ပါးစု မှ ဆယ်ပါးစု တို့နှင့် အသီအသီး ဆန့်ကျင်ဘက်များ ဖြစ်ကြသည်)
(Dhammas/things conducive to decrease, group of one item….. of ten items, are respectively the oppositive of dhammas/things conducive to distinction.
တစ် ပါးစုGroup of one item:
၁။ ယောနိသော မနသိကာရ = နှလုံးသွင်း စိတ်ထား မှန်ခြင်း။
1: Wise attention, right/possitive attitude.
နှစ် ပါးစု Group of two items:
၁။ သောဝစဿတာ = ဆိုဆုံးမလွယ်ခြင်း
1: Gentleness, docile, easy to guide,
၂။ ကလျာဏမိတ္တတာ = မိတ်ကောင်းရှိခြင်း။
2: having good friends.
သုံး ပါးစု – (ကုသလ မူလ ၃ ပါး)
Group of three items (three roots of wholesome action):
၁။ အလောဘ
1: Generosity,
၂။ အဒေါသ
2: loving–kindness,
၃။ အမောဟ။
3: wisdom.
လေး ပါးစု (ဝိသံယောဂ = ရှောင်ကြဉ်ခြင်း ၄ ပါး)
Group of four items (Four unyokings):
၁။ ကာမယောဂ ဝိသံယောဂ = ကာမဂုဏ် တရားတို့နှင့် ယှဉ်စပ်မှုမှ ရှောင်ကြဉ်ခြင်း
1: Unyoking from sense–desire,
၂။ ဘဝယောဂ
ဝိသံယောဂ = ဘဝအစွဲ တရားတို့နှင့် ယှဉ်စပ်မှုမှ ရှောင်ကြဉ်ခြင်း
2: from desiring eternal existence,
၃။ ဒိဋ္ဌိယောဂ ဝိသံယောဂ = အယူမှား တရားတို့နှင့် ယှဉ်စပ်မှုမှ ရှောင်ကြဉ်ခြင်း
3: from wrong view,
၄။ အဝိဇ္ဇာယောဂ ဝိသံယောဂ = အဝိဇ္ဇာ အမှောင်တရားတို့နှင့် ယှဉ်စပ်မှုမှ ရှောင်ကြဉ်ခြင်း။
4: from ignorance.
ငါး ပါးစု (ဣန္ဒြေ ၅ ပါး)
Group of five items (Five faculties):
၁။ သဒ္ဓိန္ဒြေ – သဒ္ဓါအားကြီးခြင်း
1: Faith–faculty,
၂။ ဝီရိယိန္ဒြေ
2: energy–faculty,
၃။ သတိန္ဒြေ
3: mindfulness–faculty,
၄။ သမာဓိန္ဒြေ
4: concentration–faculty,
၅။ ပညိန္ဒြေ။
5: wisdom–faculty.
ခြောက် ပါးစု (ဂါရဝ – အလေးအမြတ်ထားစရာ –
တရား ၆ ပါး)
Group of six items (Six kinds of respect):
၁။ ဘုရားရှင်အား လေးစားရိုသေခြင်း
1: Respect toward Buddha,
၂။ တရားတော်အား လေးစားရိုသေခြင်း
2: toward dhamma,
၃။ သံဃာတော်အား လေးစားရိုသေခြင်း
3: toward Saṃgha,
၄။ ကျင့်ဝတ်သိက္ခာကို လေးစားရိုသေခြင်း
4: toward training,
၅။ မမေ့မလျှော့ အပ္ပမာဒတရားကို လေးစားရိုသေခြင်း
5: toward awareness,
၆။ ချစ်ခင် ဖေါ်ရွေမှုကို လေးစားရိုသေခြင်း။
6: toward hospitality.
(အဂါရဝ တရား ၆ ပါးသည် အထက်ပါတို့မှ ဆန့်ကျင်ဘက်)
(Six dis–respects are opposite of the above.)
ခုနှစ် ပါးစု (သူတော်ကောင်း ဥစ္စာ ၇ ပါး)
Group of seven items (Seven properties/qualities of a moral/virtuous person):
၁။ သဒ္ဓါ = ကြည်ညိုယုံကြည်ခြင်း
1: Faith,
၂။ ဟိရီ = မကောင်းမှုမှ ရှက်ခြင်း
2: shame (to do evil), moral shame,
၃။ သြတ္တပ္ပ = မကောင်းမှုမှ ကြောက်ခြင်း
3: fear (to do evil), moral dread,
၄။ သုတ = အကြားအမြင်များခြင်း
4: knowledge, learning,
၅။ ဝီရိယ = ကြိုးစားခြင်း
5: effort,
၆။ သတိ = ဆင်ခြင်သတိရှိခြင်း
6: mindfulness,
၇။ ပညာ = ပညာရှိခြင်း။
7: wisdom.
ရှစ် ပါးစု
(အာရမ္ဘဝတ္ထု = ကြိုးစားအားထုတ်ရန် အကြောင်းတရား ၈ ပါး) Group of eight items (Eight occations for making an effort):
၁။ ‘ငါ့မှာ လုပ်စရာများ ရှိနေသည်။ ထိုကိစ္စများကို လုပ်နေလျှင် ငါသည် ဘုရားသာသနာ အလုပ် အားထုတ်နိုင်မည်မဟုတ်။ သို့ကြောင့် အလုပ် မစမှီ သာသနာအလုပ်ကို ယခု ကြိုးစား အားထုတ်မှ သင့်မည်ဒဟု နှလုံးသွင်းပြီး ကြိုးစားခြင်း
1: A certain monk thinks, “I have got this job to do, but in doing it, I would not find the chance to practice Buddha–sāsanā. So, I should stir up sufficient energy now.
၂။ ‘ငါသည် လုပ်စရာများ လုပ်ကိုင်ပြီးပြီ။ ထိုကိစ္စများကို လုပ်နေစဉ်က ငါသည် ဘုရားသာသနာ အလုပ် အားမထုတ်နိုင်ခဲ့။ သို့ကြောင့် အလုပ်ကိစ္စပြီးပြီဖြစ်၍ သာသနာအလုပ်ကို ယခု ကြိုးစား အားထုတ်မှ သင့်မည်ဒဟု နှလုံးသွင်းပြီး ကြိုးစားခြင်း
2: A certain monk thinks, “I have done this job, but while doing it, I did not find the chance to practice Buddha–sāsanā. So, I should stir up sufficient energy now.
၃။ ‘ငါ့မှာ ခရီးသွားစရာ ရှိနေသည်။ ခရီးသွားနေစဉ် ငါသည် ဘုရားသာသနာအလုပ်
3: A certain monk thinks, “I have to go on a journey, during the journey …..
၄။ ‘ငါသည် ခရီးသွားပြီးပြီ။ ခရီးသွားနေစဉ်က ငါသည် ဘုရားသာသနာအလုပ်
4: A certain monk thinks, “I have been on a journey, during it …..
၅။ ‘ငါသည် ရွာနိဂုံးများမှာ ဆွမ်းခံစားရာ ဆွမ်းပြည့်စုံအောင် မရ။ အစာအာဟာရအား နည်းလှ၏။ သို့သော်လည်း ငါသည် ဘုရားသာသနာအလုပ်ကို ယခု ကြိုးစား အားထုတ်မှ သင့်မည်ဒဟု နှလုံးသွင်းပြီး ကြိုးစားခြင်း
5: A certain monk thinks, “I go for alms–food without getting my fill/ needs …..
၆။ ‘ငါသည် ရွာနိဂုံးများမှာ ဆွမ်းခံစားရာ ဆွမ်းပြည့်စုံအောင် ရ၏။ အစာအာဟာရအား ပြည့်ဝ၏။ သို့ကြောင့်ငါသည် ဘုရားသာသနာအလုပ်ကို ယခု ကြိုးစား အားထုတ်မှ သင့်မည်ဒဟု နှလုံးသွင်းပြီး ကြိုးစားခြင်း
6: A certain monk thinks, “I go for alms–food that fulfills my energy/ needs…..
၇။ ‘ငါ့မှာ အနာရောဂါ ရနေ၏။ ရောဂါပျင်းထန်လာသော် ငါသည် ဘုရားသာသနာအလုပ် ကို အားထုတ်နိုင်လိမ့်မည်မဟုတ်။ သို့ကြောင့်ငါသည် ဘုရားသာသနာအလုပ်ကို ယခု ကြိုးစား အားထုတ်မှ သင့်မည်"ဟု နှလုံးသွင်းပြီး ကြိုးစားခြင်း
7: A certain monk thinks, “I have some kind of slight diseases; it may get worse… .. So, I should stir up sufficient energy now.
၈။ ‘ငါ့မှာ အနာရောဂါ သက်သာပျောက်ကင်းပြီ။ ရောဂါရှိနေစဉ် ငါသည် ဘုရားသာသနာအလုပ် ကို အားမထုတ်နိုင်ခဲ့။ ငါသည် ဘုရားသာသနာအလုပ်ကို ယခု ကြိုးစားအားထုတ်မှ သင့်မည်"ဟု နှလုံးသွင်းပြီး ကြိုးစားခြင်း။
8: My sickness/disease is over. It may come back. …… I should stir up sufficient energy now.
ကိုး ပါးစု
အာဃာတ ဝိနယ-ရန်ငြိုး ငြိမ်းကြောင်း တရား ၉ ပါး)
Group of nine items (Nine ways of overcoming grudge/malice):
၁။ မိမိ၏ အကျိုးမဲ့ ကို ပြုခဲ့ပြီ – ဟု ရန်ငြိုးဖွဲ့ခြင်း ဖြင့် အဘယ်ကောင်းကျိုးရမည်နည်း သိမြင်ပြီး – ရန်ငြိုးဖွဲ့ခြင်း ငြိမ်း၏
1: Grudge based on the idea that ‘he had done badly upon me, what good will it do to harbour grudge; thus, it is overcome.
၂။ မိမိ၏ အကျိုးမဲ့ ကို ပြုနေသည် – ဟု ရန်ငြိုးဖွဲ့ခြင်းဖြင့် အဘယ်ကောင်းကျိုးရမည်နည်းဟု သိမြင်ပြီး – ရန်ငြိုးဖွဲ့ခြင်း ငြိမ်း၏
2: grudge based on the idea that ‘he is doing badly upon me, what good will it do to harbour grudge; thus, it is overcome.
၃။ မိမိ၏ အကျိုးမဲ့ ကို ပြုလိမ့်မည် – ဟု ရန်ငြိုးဖွဲ့ခြင်းဖြင့် အဘယ်ကောင်းကျိုးရမည်နည်းဟု သိမြင်ပြီး – ရန်ငြိုးဖွဲ့ခြင်း ငြိမ်း၏
3: grudge based on the idea that ‘he will do badly upon me, what good will it do to harbour grudge; thus, it is overcome.
၄။ မိမိ ချစ်နှစ်သက်သူ၏ အကျိုးမဲ့ ကို ပြုခဲ့ပြီ – ဟု ရန်ငြိုးဖွဲ့ခြင်းဖြင့် အဘယ်ကောင်းကျိုးရ မည်နည်းဟု သိမြင်ပြီး – ရန်ငြိုးဖွဲ့ခြင်း ငြိမ်း၏
4: grudge based on the idea that ‘he had done badly upon my loved ones, what good will it do to harbour grudge; thus, it is overcome.
၅။ မိမိ ချစ်နှစ်သက်သူ၏ အကျိုးမဲ့ ကို ပြုနေသည် – ဟု ရန်ငြိုးဖွဲ့ခြင်းဖြင့် အဘယ်ကောင်းကျိုးရ မည်နည်းဟု သိမြင်ပြီး – ရန်ငြိုးဖွဲ့ခြင်း ငြိမ်း၏
5: grudge based on the idea that ‘he is doing badly upon my loved ones, what good will it do to harbour grudge; thus, it is overcome.
၆။ မိမိ ချစ်နှစ်သက်သူ၏ အကျိုးမဲ့ ကို ပြုလိမ့်မည် – ဟု ရန်ငြိုးဖွဲ့ခြင်းဖြင့် အဘယ်ကောင်းကျိုးရ မည်နည်းဟု သိမြင်ပြီး – ရန်ငြိုးဖွဲ့ခြင်း ငြိမ်း၏
6: grudge based on the idea that ‘he will do badly upon my loved ones, what good will it do to harbour grudge; thus, it is overcome.
၇။ မိမိ မချစ် မနှစ်သက်သူ၏ အကျိုးရှိ ကို ပြုခဲ့ပြီ – ဟု ရန်ငြိုးဖွဲ့ခြင်းဖြင့် အဘယ်ကောင်းကျိုးရ မည်နည်းဟု သိမြင်ပြီး – ရန်ငြိုးဖွဲ့ခြင်း ငြိမ်း၏
7: grudge based on the idea that ‘he had done well upon my hated ones, what good will it do to harbor grudge; thus, it is overcome.
၈။ မိမိ မချစ် မနှစ်သက်သူ၏ အကျိုးရှိ ကို ပြုနေသည် – ဟု ရန်ငြိုးဖွဲ့ခြင်းဖြင့် ဘယ်ကောင်းကျိုး ရမည်နည်း ဟု သိမြင်ပြီး – ရန်ငြိုးဖွဲ့ခြင်း ငြိမ်း၏
8: grudge based on the idea that ‘he is doing well upon my hated ones, what good will it do to harbour grudge; thus, it is overcome.
၉။ မိမိ မချစ် မနှစ်သက်သူ၏ အကျိုးရှိ ကို ပြုလိမ့်မည် – ဟု ရန်ငြိုးဖွဲ့ခြင်းဖြင့် အဘယ်ကောင်းကျိုး ရမည်နည်း ဟု သိမြင်ပြီး – ရန်ငြိုးဖွဲ့ခြင်း ငြိမ်း၏။
9: grudge based on the idea that ‘he will do well upon my hated ones, what good will it do to harbour grudge; thus, it is overcome. တိုးတက်ခြင်း (ဝိသေသဘာဂိယ)၏ အကြောင်းတရားများ – ဆယ် ပါးစု (ကုသလ ကမ္မပထ တရား ၁ဝ ပါး)Group of ten items (Tenfold wholesome causes of action):
၁။ ပါဏာတိပါတာ ဝေရမဏိ = သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း
1: Avoidance of killing,
၂။ အဒိန္နာဒါနာ ဝေရမဏိ = သူ့ဥစ္စာခိုးမှုမှ ရှောင်ကြဉ်ခြင်း
2: of stealing,
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိ = သူ့သားမယားပြစ်မှားမှုမှ ရှောင်ကြဉ်ခြင်း
3: of sexual misconduct,
၄။ မုသာဝါဒါ ဝေရမဏိ = မုသားစကားပြောကြားမှုမှ ရှောင်ကြဉ်ခြင်း
4: of lying,
၅။ ပိသုဏဝါစာ ဝေရမဏိ = ကုန်းတိုက် ချစ်ခင်မှုပျက်စေသောစကား ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း
5: of slandering,
၆။ ဖရုသဝါစာ ဝေရမဏိ = ကြမ်းထမ်းရိုင်းပြသောစကား ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း
6: of rude/hash speech,
၇။ သမ္ဖပ္ပလာပဝါစာ ဝေရမဏိ = အကျိုးမဲ့ ပိန်ဖျင်းသောစကား ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း
7: of foolish babble,
၈။ အနဘိဇ္စျာ = မနာလိုမှု မရှိခြင်း
8: unselfishness,
၉။ အဗျာပါဒ = သောကဗျာပါဒများ စိတ်ယုတ်မာများ စိတ်အပူအပင်များ ကင်း။ မရှိခြင်း
9: good–will,
၁ဝ။ သမ္မာဒိဋ္ဌိ = အမြင်မှန် ရှိခြင်း။
10: right view. တိုင်ပင်လျှင် (လျှို့ဝှက်) ပေါက်ကြားတတ်သော ပုဂ္ဂိုလ် ၉ ယောက် Nine persons who let out a secret:
၁။ ရာဂ ထူပြောသူ
1: The lustful,
၂။ ဒေါသ ထူပြောသူ
2: angry man, person of anger–natured,
၃။ မောဟ ထူပြောသူ
3: deluded man,
၄။ အကြောက်လွန်သူ
4: the timid,
၅။ ငွေကြေး အဓိကထားသူ
5: money–man, greedy person,
၆။ မိန်းမ
6: woman,
၇။ မူးယစ်ဆေးဝါးသေအရက်စွဲသူ
7: drunkard and drug–addict,
၈။ ပဏ္ဍုက်
8: eunuch,
၉။ ကလေးသူငယ်။
9: child.

တိုင်းကြီး ၁၆ တိုင်း

(ဘုရားလက်ထက်တော်) The sixteen states/countries in India at/around the time of Lord Buddha:
၁။ ကာသိ တိုင်း
1: Kāsi,
၂။ ကောသလ တိုင်း
2: Kosala,
၃။ အင်္ဂ တိုင်း
3: Aṅga,
၄။ မဂဓ တိုင်း
4: Magadha,
၅။ ဝဇ္ဇီ တိုင်း
5: Vajjī,
၆။ မလ္လ တိုင်း
6: Malla,
၇။ စေတိယ တိုင်း
7: Cetiya,
၈။ ဝံသ တိုင်း
8: Vaṃsa,
၉။ ကုရု တိုင်း
9: Kuru,
၁ဝ။ ပဌာလ တိုင်း
10: Pañcāla,
၁၁။ မစ္ဆ တိုင်း
11: Maccha,
၁၂။ သူရသေန တိုင်း
12: Sūrasena,
၁၃။ အသက တိုင်း
13: Asaka,
၁၄။ အဝန္တိ တိုင်း
14: Avanti,
၁၅။ ဂန္ဓာရ တိုင်း
15: Gandhāra,
၁၆။ ကောသမ္ဘီ (ဝါ) ကမ္ဘောဇတိုင်း။
16: Kosambhī or Kambhoja.

တိံသ နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ၁၆ ခုမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၃ဝ (တိံသ) ပုဒ်ခန့် ပါရှိသော ဇာတ်တော်များ ဖြစ်၍ တိံသ နိပါတ်ဟုခေါ်သည်။ ဇာတ်တော်ပေါင်း ၁ဝ ပါဝင်သည်။
Tiṃsa–nipāta (Jātaka): This is the sixteenth chapter of the 550 Birth–stories:
each of them consists of about thirty verses, thus, thirty–verse–stories.
There are 10 stories in this chapter.

တိံသ နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်ဖုဿ အရှင်သာရိပုတ္တ အရှင်အာနန္ဒ ရဟန္တာမထေရ် ၃ ပါးတို့သည် ဂါထာသုံးဆယ်စီ ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်း ဖြစ်သည်။
Tiṃsa–nipāta (Theragāthā): This is a collection of joyous verses uttered by 3 male–monks (arahanta), Phussa, Sāriputta, and Ānanda, at the time of Lord Buddha. Each uttered thirty verses (tiṃsa).

တိံသ နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ သုဘာဇီဝကမ္ဗဝနိကာ ရဟန္တာ ထေရီမ သည် ဂါထာ သုံးဆယ် ဥဒါန်းကျူးရင့် တော်မူသည်ကို စုစည်းထားခြင်းဖြစ်သည်။
Tiṃsa–nipāta (Therīgāthā): This is a collection of joyous verses uttered by a female–monk (arahanta), Subhājīvakambavanikā by name, at the time of Lord Buddha. She uttered thirty verses (tiṃsa).

တေမိယ ဇာတ်

ဇာတ်တော်ကြီး ၁ဝ ဖွဲ့ ၌ ပထမ ဇာတ်။ အာဏာပိုင် မင်းလုပ်ရခြင်း၏ အပြစ်အား မြင်သိပြီး တောထွက်ခါ ရသေ့ပြုခြင်း အကြောင်းကို အလေးထား ဖေါ်ပြသည်။
Temiya Jātaka – The first birth–story of the ten great jātakas; It describes the vice of kingship (politic) and the virtue of renunciation.

တေရသက နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ၁၃ ခုမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၁၃ (တေရသ)
ပုဒ်ခန့် ပါရှိသော ဇာတ်တော်များဖြစ်၍ တေရသက နိပါတ်ဟုခေါ်သည်။ ဇာတ်တော်ပေါင်း ၁ဝ ပုဒ်ပါဝင်သည်။
Terasaka–nipāta (Jātaka): This is the thirteenth chapter of the 550 Birth–stories:
each of them consists of about thirteen verses; thus, thirteen–verse–stories.
There are 10 stories in this chapter.

တေရသက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်သောဏကောဠိဝိသ ရဟန္တာ မထေရ် ဆယ့်သုံး ဂါထာ ဥဒါန်းကျူးရင့် တော်မူခြင်းကို စုစည်းထားခြင်းဖြစ်သည်။
Terasaka–nipāta (Theragāthā): This is a collection of 13 joyous verses uttered by a monk, Soṇakoḷivisa by name, at the time of Lord Buddha.

တော (ဘာဝနာ) ၄ဝ

Fourty kinds of contemplation:
၁။ အနိစ္စတော = မမြဲ ဟုရှုမှတ်ခြင်း
1: Contemplation one’s life as impermenance,
၂။ ဒုက္ခတော = ဆင်းရဲ ဟုရှုမှတ်ခြင်း
2: as suffering,
၃။ ရောဂတော = အနာရောဂါ ဟုရှုမှတ်ခြင်း
3: as disease,
၄။ ဂန္ဓတော = နံစော်သည် ဟုရှုမှတ်ခြင်း
4: as foulness,
၅။ သလ္လတော = ငြောင့်တံသင်း ဟုရှုမှတ်ခြင်း
5: as thorn,
၆။ အာဗာဓတော = အနာရောဂါ နှိပ်စက်မှု ဟုရှုမှတ်ခြင်း
6: as torturing by deseases,
၇။ ဝယတော = အပျက် ဟုရှုမှတ်ခြင်း
7: as dissolving,
၈။ ဝယလောကတော = အပျက်လောကပါတကား ဟုရှုမှတ်ခြင်း
8: as a world of dissolving,
၉။ စုတိတော = စုတေမနေသေရမည် ဟုရှုမှတ်ခြင်း
9: as a dying–thing,
၁ဝ။ ဥပ္ပဒ္ဒဝတော = နှိပ်စက်မှု ဟုရှုမှတ်ခြင်း
10: as torturing,
၁၁။ ဘယတော = ဘေး ဟုရှုမှတ်ခြင်း
11: as danger,
၁၂။ အဘိရူပိတော = အလွန်ကြောက်မက်ဘွယ် ဟုရှုမှတ်ခြင်း
12: as a great frightening,
၁၃။ ဥပသဂ္ဂတော = အနီးကပ်စီရင်တတ်၏ ဟုရှုမှတ်ခြင်း
13: as closed–conditioning,
၁၄။ စလတော = တုံလှုပ်တတ်၏ ဟုရှုမှတ်ခြင်း
14: as trembling,
၁၅။ ပဘဂုင်္တော = ပျောက်ပျက်တတ်၏ ဟုရှုမှတ်ခြင်း
15: as disappearing,
၁၆။ အဓုဝတော = အမြဲတည်မနေ ဟုရှုမှတ်ခြင်း
16: as no permanence,
၁၇။ အတာဏတော = ကိုးကွယ်ရာမရှိ ဟုရှုမှတ်ခြင်း
17: as no depending on,
၁၈။ အလေဏတော = ပုန်းအောင်းရာမရှိ ဟုရှုမှတ်ခြင်း
18: as no hiding place,
၁၉။ အသရဏတော = ဆည်းကပ်မှီခိုရာမရှိ ဟုရှုမှတ်ခြင်း
19: as no refuge,
၂ဝ။ အာသဝတော = အာဝေါတရားတို့၏အာရုံ ဟုရှုမှတ်ခြင်း
20: as the object of mental fluxes,
၂၁။ တုစ္ဆတော = အချည်းနှီး ဟုရှုမှတ်ခြင်း
21: as uselessness,
၂၂။ သုညတော = ဆိတ်သုဉ်းတတ်၏ ဟုရှုမှတ်ခြင်း
22: as voidness,
၂၃။ အနတ္တတော = ကိုယ်ပိုင် အတ္တမဟုတ် ဟုရှုမှတ်ခြင်း
23: as selflessness,
၂၄။ အာဒီနဝတော = အပြစ် ဟုရှုမှတ်ခြင်း
24: as fault,
၂၅။ ဝိပရိဏာမဓမ္မတော = ဖေါက်ပြန်တတ်သောသဘော ဟုရှုမှတ်ခြင်း
25: as deterioration,
၂၆။ အသာရတော = အနှစ်သာရ မရှိ ဟုရှုမှတ်ခြင်း
26: as no–essence,
၂၇။ အလ္လမူလကတော = ပျက်စီးခြင်းလျှင် မူရင်းရှိ၏ ဟုရှုမှတ်ခြင်း
27: as a root of decay,
၂၈။ ဝဋ္ဌနတော = သတ်၍ ပြတ်တတ်၏ ဟုရှုမှတ်ခြင်း
28: as a killer,
၂၉။ ဝိဘဝတော = ဘဝအဖြစ်အထူးသို့ ပြောင်းတတ်၏ ဟုရှုမှတ်ခြင်း
29: as changing to the new,
၃ဝ။ သံဝဋ္ဋဏတော = သင်းချိုင်းစာဖြစ်၏ ဟုရှုမှတ်ခြင်း
30: as a thing of cemetery,
၃၁။ သံခေတ္တတော = အခိုက်အတန့်မျှသာဖြစ်၏ ဟုရှုမှတ်ခြင်း
31: as momentary,
၃၂။ အာမိသတော = အစားအသောက်ကို မှီနေရ၏ ဟုရှုမှတ်ခြင်း
32: as depending on food,
၃၃။ ဇာတိဓမ္မတော = ပဋိသန္ဓေ တည်နေရ၏ ဟုရှုမှတ်ခြင်း
33: as a nature of being born,
၃၄။ ဇရာဓမ္မတော = အိုရ၏ ဟုရှုမှတ်ခြင်း
34: as a nature of old age,
၃၅။ မရဏဓမ္မတော = သေရ၏ ဟုရှုမှတ်ခြင်း
35: as a nature of death,
၃၆။ သောကဓမ္မတော = စိုးရိမ်ရ၏ ဟုရှုမှတ်ခြင်း
36: as a nature of sorrow,
၃၇။ ပရိဒေဝဓမ္မတော = ငိုကြွေးရ၏ ဟုရှုမှတ်ခြင်း
37: as a nature of lermantation,
၃၈။ ဥပါယာသဓမ္မတော = ပြင်းစွာပင်ပန်းရ၏ ဟုရှုမှတ်ခြင်း
38: as a nature of despair,
၃၉။ သံကိလေသဓမ္မတော = ညစ်ညူးတတ်၏ ဟုရှုမှတ်ခြင်း
39: as a nature of dirtiness,
၄ဝ။ နိဿရဏဓမ္မတော = လဲလျောင်းမှီခိုရာမရှိဟုရှုမှတ်ခြင်း။
40: as a nature of no–depencence.

တောင်ကျွန်းသားတို့ တာဝတိံသာနတ်နှင့် မြောက်ကျွန်း (ဥတ္တရကုရု) သားတို့ထက် သာလွန်မှု ၃ မျိုး

(တိဌာနသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
The people of Jambudīpa (South Island) surpass the Tāvatiṃsā devas and
the people of Uttarakuru (North Island) in three respects:
၁။ ရဲရင့်ခြင်း
1: Brevary,
၂။ ခိုင်မြဲသောသတိရှိခြင်း
2: mindfulness,
၃။ မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးနိုင်ခြင်း။
3: chance to practice the noble eightfold path.

တောထွက်ရဟန်းများ ဖြစ်နိုင်ခဲသော အရာ ၅ မျိုး

Five things hard to find in a monk who was ordained when he was old:
၁။ နိပုဏော = သိမ်မွေ့နုညံ့ခြင်း
1: Being subtle–minded,
၂။ အာကပ္ပသမ္ပန္နော = ကြည်ညိုဘွယ်ဆောင်ခြင်း
2: proper in deportment/behavior,
၃။ ဗဟုဿုတော = အကြားအမြင်သုတများခြင်း
3: being well–learned,
၄။ ဓမ္မကထိကော = တရားဟောပြောနိုင်ခြင်း
4: a preacher of dhamma,
၅။ ဝိနယဓရော = ဝိနည်းဆောင်ပြီး တတ်သိနားလည်ခြင်း။
5: well–versed in vinaya.

တောထွက်ရဟန်းများ ဖြစ်နိုင်ခဲသော အရာ ၅ မျိုး

(တနည်း)
More five things hard to find in a monk who was ordained when he was old:
၁။ သုဝစော = ဆိုဆုံးမလွယ်ခြင်း
1: Speaking well or obedience,
၂။ သုဂ္ဂဟိတဂ္ဂါဟီ = ကောင်းစွာ ဆောင်ထားနိုင်ခြင်း (တရားတော်များ ဝိနည်းများကို)
2: well grasping (to grasp dhamma and vinaya),
၃။ ပဒက္ခိဏဂ္ဂါဟီ = ရိုသေလေးစားစွာ ဆောင်ထားနိုင်ခြင်း
3: respectful grasping,
၄။ ဓမ္မကထိကော = တရားဟောပြောနိုင်ခြင်း
4: a preacher of dhamma,
၅။ ဝိနယဓရော = ဝိနည်းဆောင်ပြီး တတ်သိနားလည်ခြင်း။
5: well–versed in vinaya.

တောနေရဟန်း၏ အနာဂတ်အရေး တွေးမျှော် ကြံစီခြင်း ၅ မျိုး

Five thoughts a forest–monk should consider:
၁။ ငါတစ်ယောက်တည်း တောထဲမှာ မြွေကင်းကိုက်၍ အချိန်မရွေး သေနိုင်သည်။ သို့ကြောင့် မရသေးသော တရားကိုရအောင်အားထုတ်မည်။
1: I, alone in the forest, may be killed by snake–bite at any time; so I should srike hard to gain the dhamma what is not gained yet.
၂။ ငါတစ်ယောက်တည်း တောထဲမှာ အစားမှား သည်းခြေလေထ၍ အချိန်မရွေး သေနိုင်သည်။ သို့ကြောင့် မရသေးသော တရားကို ရအောင်အားထုတ်မည်။
2: I, alone in the forest, may be killed by food–poison etc., at any time; so I should srike hard to gain the dhamma what is not gained yet.
၃။ ငါတစ်ယောက်တည်း တောထဲမှာ မြွေ ခြင်္သေ့ ကျား သစ်ကိုက်၍ အချိန်မရွေး သေနိုင်သည်။ သို့ကြောင့် မရသေးသော တရားကို ရအောင်အားထုတ်မည်။
3: I, alone in the forest, may be killed by lion, tiger etc., at any time; so I should srike hard to gain the dhamma what is not gained yet.
၄။ ငါတစ်ယောက်တည်း တောထဲမှာ သူခိုး ဓါးပြ လူမိုက်သတ်၍ အချိန်မရွေး သေနိုင်သည်။ သို့ကြောင့် မရသေးသော တရားကို ရအောင်အားထုတ်မည်။
4: I, alone in the forest, may be killed by thief, robber etc., at any time; so I should srike hard to gain the dhamma what is not gained yet.
၅။ ငါတစ်ယောက်တည်း တောထဲမှာ ဘီလူး သဘက် နှောက်ယှက်ဖမ်းစား၍ အချိန်မရွေး သေနိုင်သည်။ သို့ကြောင့် မရသေးသော တရားကို ရအောင်အားထုတ်မည်။
5: I, alone in the forest, may be killed by ogre, ghost etc., at any time; so I should srike hard to gain the dhamma what is not gained yet.

တောင့်တ၍ မရကောင်းသော အရာ ၅ မျိုး

Five states not to be gotten:
၁။ မအိုပါစေနှင့်
1: Not to be old,
၂။ မနာပါစေနှင့်
2: not to be sick,
၃။ မသေပါစေနှင့်
3: not to be dead,
၄။ မကုန်ပါစေနှင့်
4: not using up,
၅။ မပျက်စီးပါစေနှင့်။
5: not to perish.

တောင် ငါးလုံးကာခို။ ရာဇဂြိုဟ်

(ရာဇဂြိုဟ်မြို့ရှိ တောင် ၅ လုံး _ရှု)

တောင်စဉ် ၇ ထပ်

မြင့်မိုရ် တောင်ခြေကို ပတ်ဝိုင်းနေသော တောင်စဉ် ၇ ထပ်ရှိ၏ (သီတာ ၇ တန် _ရှု)။
ယင်းတောင်စဉ် ၇ ထပ် တို့မှာ –
There are seven mountain–ranges which successively, near to far,
encircle the Mt. Meru. They are as follows:
၁။ ယုဂန္ဓရ တောင် ယူဇနာ ၄၂ဝဝဝ မြင့်၏
1: Yugandhara, 42,000 yūjanā in hight
၂။ ဤသန္ဓရ တောင်၊ ၂၁ဝဝဝ
2: Isandhara, 21,000 ,, ,,
၃။ ကရဝိက တောင် ၊ ၁ဝ၅ဝဝ
3: Karavika, 10,000 ,, ,,
၄။ သုဒဿန တောင် ၊ ၅၂၅ဝ
4: Sudassana, 5,250 ,, ,,
၅။ နေမိန္ဓရ တောင် ၊ ၂၆၂၅
5: Nemindhara, 2,625 ,, ,,
၆။ ဝိနတ္တက တောင် ၊ ၁၃၁၂½
6: Vinattaka, 1,312½ ,, ,,
၇။ အဿကဏ္ဏ တောင် ၊ ၆၅၆¼ မြင့်၏။
7: Assakaṇṇa. 656¼ ,, ,, .

တောင်ပို့ပမာ။ ဤခန္ဓာ

(ဝမ္မိကသုတ်လာ ပြဿနာ – စကားထာ – ၁၅ ချက် _ရှု)

တောင်းဆု ၅ မျိုး

ဒေဝဒတ် ဘုရားရှင်ထံ (ဒေဝဒတ် ဘုရားရှင်ထံ တောင်းဆိုသောဆု ၅ မျိုး _ရှု)
တောထွက် ကျင့်ရာ၌ ထိပ်လန့်ကြောက်ရွံ့မှု ကင်းဝေးရန် ပြည့်စုံရမည့်တရား ၁၆ ပါး (ဘယ ဘေရဝ သုတ်)
Sixteen dhammas needed to stay and to meditate fearlessly in the remote junkle–thicket:
၁။ ကာယကံ စင်ကြယ်ခြင်း
1: Purity in bodily conduct,
၂။ ဝစီကံ စင်ကြယ်ခြင်း
2: in verbal conduct,
၃။ မနောကံ စင်ကြယ်ခြင်း
3: in mental conduct,
၄။ အသက်မွေးမှု စင်ကြယ်ခြင်း
4: in livelihood,
၅။ အဘိဇ္စျာ မထားခြင်း
5: uncovetousness,
၆။ မေတ္တာစိတ် ထားခြင်း
6: loving–kindness,
၇။ ထိန မိဒ္ဓ ကင်းခြင်း
7: without sloth and torpor,
၈။ ငြိမ်းအေးသော စိတ်ရှိခြင်း
8: peaceful mind,
၉။ ဝိစိကိစ္ဆာကို ကျော်လွန်ခြင်း
9: beyond doubt,
၁ဝ။ မိမိကိုယ်ကို မမြှောက်ပင့်
10: not self–praise and no disparagement of others,
သူတပါးတို့အား မကဲ့ရဲ့ခြင်း
၁၁။ ကြောက်ရွံ့မှု ကင်းခြင်း
11: free from trepidation/fear,
၁၂။ အလိုနည်းခြင်း
12: few wishes,
၁၃။ ကြိုးစားအားထုတ်ခြင်း
13: energy,
၁၄။ သတိ မြဲ ထင်ရှားခြင်း
14: mindfulness,
၁၅။ သမာဓိ ရှိခြင်း
15: concentration,
၁၆။ ပညာ နှင့် ပြည့်စုံခြင်း။
16: wisdom.

တောနေရဟန်း၏ ကျင့်ဝတ်များ

(ဂေါလိယာနိသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
၁။ သီတင်းသုံးဖေါ်တို့အား ရိုသေလေစားခြင်း
1: Respect toward fellow–monks,
၂။ သံဃာ့အလယ်နေထိုင်ရာ၌ သင့်တော်လိမ်မာခြင်း
2: skill in seating among saṁgha,
၃။ ဝတ်ကြီးဝတ်ငယ်ပြည့်စုံခြင်း
3: good behavior,
၄။ ရွာတွင်းသို့ စောစောမဝင်ရောက် နောက်မကျစေပဲ ပြန်ခြင်း
4: entering village not too early and returning not too late,
၅။ ဆွမ်းစားပြီးနောက် အိမ်မလည်ခြင်း
5: not visiting families (after lunch),
၆။ စိတ် မလေမလွင့်ခြင်း
6: not wandering/frustrated mind,
၇။ နှုတ်မကြမ်းခြင်း
7: no rough–tongue,
၈။ ဆုံးမလွယ်ပြီး မိတ်ဆွေကောင်းရှိခြင်း
8: easy to correct (docile) and having good friend,
၉။ ဣန္ဒြေ စောင့်စည်းခြင်း
9: guarding the sense–doors,
၁ဝ။ အစားအသောက်၌ အတိုင်းအတာကို သိခြင်း
10: moderation in eating,
၁၁။ နိုးကြားအားထုတ်ခြင်း
11: vigilance,
၁၂။ ဝီရိယရှိခြင်း
12: effort,
၁၃။ ထင်သောသတိရှိခြင်း
13: mindfulness,
၁၄။ တည်ကြည်ခြင်း
14: concentration,
၁၅။ ပညာဉာဏ်ရှိခြင်း
15: wisdom,
၁၆။ ပိဋကတ်၌ လိမ္မာခြင်း
16: skill in the Scriptures,
၁၇။ ငြိမ်သက်သော ဝိမောက္ခရှိခြင်း
17: applying himself to liberation,
၁၈။ စျာန်မဂ်ဖိုလ်ရအောင် အားထုတ်ခြင်း။
18: applying himself to super–human states (to attain jhāna, magga and phala).

တောင်ဝှေးလှူရကျိုး ၆ ပါး

Six benefits of donating cane:
၁။ သားသမီး များစွာရခြင်း
1: A lot of kids,
၂။ ထိတ်လန့်မှု မရှိခြင်း
2: no fear,
၃။ စောင့်ရှောက်သူများခြင်း
3: guarded by many,
၄။ အနှိပ်စက် မခံရခြင်း
4: no torture,
၅။ ချွတ်ယွင်းမှု မရှိခြင်း
5: faultlessness,
၆။ စိတ် မတုန်လှုပ်ခြင်း။
6: firm mind, unwaver mind.

တော်ဝင်သူ ၄ ယောက်

The four wives/ladies of role model: (in the Buddhist Scriptures):
၁။ အမရာ ဒေဝီ – မဟောသဓ၏ မိဖုရား
1: Amarā, Queen of Mahosadha,
၂။ စန္ဒကိန္ဒရီ – စန္ဒကိန္နရာ၏ ဇနီးကြင်ဖေါ်
2: Canda Kinnarī, Canda Kinnarā’s wife,
၃။ မဒ္ဒီ ဒေဝီ – သေဿ န္တရာမင်း၏ မိဖုရား
3: Maddī, Queen of Vessantara,
၄။ သမ္ဗူလ ဒေဝီ – သောတ္ထိသေနမင်း၏ မိဖုရား။
4: Sambūla, Queen of Sotthisena.

တံပူစား (သွားတိုက်) ခြင်း၏ အကျိုး ၅ ပါး

Five advantages from chewing tooth–stick:
၁။ မျက်စိ ကြည်လင်ခြင်း
1: Clear eyes,
၂။ ခံတွင်းနံ့ ကောင်းခြင်း
2: good–smelling mouth,
၃။ အရသာကြောများ စင်ကြယ်ခြင်း
3: purifying the channels of taste,
၄။ သည်းခြေ သလိပ်များ အစာကို အားပေးခြင်း
4: phlegm and mucus make food digested,
၅။ ထမင်း မြိန်ခြင်း။
5: enjoying food.
(တံပူမစား – သွားမတိုက် – ခြင်း၏ အပြစ်များမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five disadvantages from not chewing tooth–stick are opposite of the above.)

တံမြက်လှည်းခြင်း အကျိုး ၅ ပါး

Five benefits of sweeping/cleaning:
၁။ မိမိစိတ် ကြည်လင်ခြင်း
1: Being pleased himself,
၂။ သူတပါးတို့၏စိတ် ကြည်လင်ခြင်း
2: being pleased others,
၃။ နတ်များ နှစ်သက်ဝမ်းမြောက်ခြင်း
3: loving–kindness by deities,
၄။ ကောင်းမှု ဆည်းပူးပြီးဖြစ်ခြင်း
4: having done good deeds,
၅။ နတ်ရွာ သုဂတိ လားရခြင်း။
5: good state after death.

တုံ ၃ တုံ

ဝါတွင်းကာလ ၌ ရဟန်းတော်များ ၇ ရက်ကြာ ဝါပန်သွားနိုင်သော အကြောင်း ၃ ပါး
The three reasons a monk can leave from his temple during the rainy retreat
for 7 days at most:
၁။ ဒါနဌ ဒါတုံ = အလှူပေး အလှူခံရန်
1: For a donation–ceremony,
၂။ ဓမ္မဌ သောတုံ = တရားနာ (ဟော) ရန်
2: for a dhamma–talk,
၃။ ဘိက္ခုံ စ ပဿိတုံ = ရဟန်းတော်များကို ဖူးမြင်ရန်။
3: for seeing monk(s).

ထမ်းပိုး (တစ်ပေါက်တည်းရှိ) ပင်လယ်ကြောမြောသည့် ဥပမာ

(လူဘဝ ရခဲသည့် ဥပမာများ _ရှု)

ထမင်းချက် နောက်ကျ (ထမင်းချက် နေမြင့်) ခြင်း၏ အပြစ် ၅ ပါး

Five disadventages of a family who cooks late:
၁။ ဧည့်သည် ခရီးသွားတို့အား အချိန်မှီ မကျွေးမွေးနိုင်ခြင်း
1: Not serving the visitors on time,
၂။ ဗလိနတ်စာ မပူဇော်နိုင်ခြင်း
2: no timely oblation to deities,
၃။ ညစာမစားကြသော ရဟန်းပုဏ္ဏားတို့အား မလှူဒါန်းနိုင်ခြင်း
3: not offering the recluses who do not eat after midday,
၄။ အလုပ်သမားများ ဆာဆာလောင်လောင်ဖြင့် မျက်နှာမသာပဲ အလုပ်လုပ်ရခြင်း
4: slaves and employees working under hunger,
၅။ အခါလွန်မှ စားရ၍ သြဇာအာဟာရ မရှိခြင်း။
5: less nutrition of untimely food.
(ထမင်းချက်စော အချိန်မှီ (နေမမြင့်) ခြင်း၏ အကျိုး ၅ ပါး မှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five adventages of a family who cooks early/timely are opposite of the above.)

ထမင်းအဖျော် လှူရကျိုး ၁ဝ ပါး

Ten benefits of donating rice and soup (annapāna):
၁။ အသက်ရှည်ခြင်း
1: Longevity,
၂။ ခွန်အားကြီးခြင်း
2: strength,
၃။ တည်ကြည်ခြင်း
3: gentlemanhood, concentration,
၄။ အဆင်းလှခြင်း
4: beauty,
၅။ အခြံအရံများခြင်း
5: entourage,
၆။ ချမ်းသာခြင်း
6: happiness, wealth,
၇။ စားဖွယ် ရလွယ်ခြင်း
7: easily getting solid food,
၈။ သောက်ဖွယ် ရလွယ်ခြင်း
8: easily getting liquid food,
၉။ ရဲရင့်ခြင်း
9: courage,
၁ဝ။ ပညာရှိခြင်း။
10: wisdom.

ထိခြင်း ၅ ပါး

(ရှိခိုးရာကြမ်းပျဉ်မှာထိ)The five touches onto the floor in obeisance:
၁။ တံတောင်
1: two elbows,
၂။ နဖူး
2: forehead,
၃။ လက်
3: both hands (palms),
၄။ ခြေ
4: two feet,
၅။ ဒူး
5: knees.

ထိပ်လန့်ကြောက်ရွံ့မှု ကင်းဝေးရန် တရား ၁၆ ပါး

(တောထွက် ကျင့်ရာ ၌ ထိပ်လန့်ကြောက်ရွံ့မှု ကင်းဝေးရန် ပြည့်စုံရမည့် တရား ၁၆ ပါး _ရှု)

ထုတ်ဖေါ်ပြမှ ပေါ်လွင်နေမှ တင့်တယ် အရာ ၃ မျိုး

Three things not to be covered for good:
၁။ လဝန်း
1: Moon,
၂။ နေဝန်း
2: Sun,
၃။ ဘုရားရှင်၏ တရားတော်။
3: Buddha’s teachings.

ထုပိကာ

Pinnacle.

ထုလ္လဇဉ်း

(အာပတ်)
Thick sin/offense/transgression.

ထိုးထွင်း သိမြင်နိုင်ခဲသော (ဒုပ္ပဋိဝိဇ္စျ) တရားများ

Dhammas hard to penetrate:
တစ်ပါးစု Group of one item:
၁။ အာနန္တရိက စေတော သမာဓိ =
1: Uninterrupted mental concentration.
အကြားအလတ် မရှိသော သမာဓိစိတ်။

ထိုထွင်း သိမြင်နိုင်ခဲသော (ဒုပ္ပဋိဝိဇ္စျ) တရားများ

နှစ်ပါးစု
Group of two items:
၁။ သတ္တဝါတို့၏ ညစ်ညူးမှု အကြောင်းတရားများ
1: The root–condition of the difilements of beings,
၂။ သတ္တဝါတို့၏ စင်ကြယ်မှု အကြောင်းတရားများ။
2: The root–condition of the purifications of beings.

ထိုးထွင်း သိမြင်နိုင်ခဲသော (ဒုပ္ပဋိဝိဇ္စျ) တရားများ

သုံးပါးစု (ထွက်မြောက်ရာ ဓာတ် ၃ ပါး)
Group of three items (three elements that make for deliverance):
၁။ ကာမဂုဏ်တရားတို့မှ ထွက်မြောက်ရာ နေက္ခမ
1: Deliverance from sensuality, that is, renunciation,
၂။ ရုပ်တရားတို့မှ ထွက်မြောက်ရာ နာမ်
2: deliverance from material forms, that is, immaterial,
၃။ ကြောင်းကျိုးဖြစ်စဉ် သင်္ခတ တရားတို့မှ ထွက်မြောက်ရာ နိရောဓ (နိဗ္ဗာန်)။
3: deliverance from compounded and conditionally arisen things,
that is, cessation (Nibbāna).

ထိုးထွင်း သိမြင်နိုင်ခဲသော (ဒုပ္ပဋိဝိဇ္စျ) တရားများ

လေးပါးစု (သမာဓိ ၄ ပါး)
Group of four items (Four concentrations):
၁။ ဟာန ဘာဂိယ သမာဓိ = ယုတ်လျှော့ရန် သမာဓိ
1: Concentration conductive to decline,
၂။ ဌိတိ ဘာဂိယ သမာဓိ = တည်တန့်ရန် သမာဓိ
2: conductive to exist,
၃။ ဝိသေသ ဘာဂိယ သမာဓိ = ထူးခြားရန် သမာဓိ
3: conductive to distinction,
၄။ နိဗ္ဗေဓ ဘာဂိယ သမာဓိ = ထိုထွင်းသိမြင်ရန် သမာဓိ။
4: conductive to penetration.

ထိုးထွင်း သိမြင်နိုင်ခဲသော (ဒုပ္ပဋိဝိဇ္စျ) တရားများ

ငါးပါးစု
Group of five items:
၁။ ကာမ – ကာမဂုဏ်မှ ထွက်မြောက်ပြီး အာသဝကင်းသော နေက္ခမ စိတ်
1: Deliverance from sense–desires without corruptions,
၂။ ဗျာပါဒ – ပြစ်မှာခြင်းမှ ထွက်မြောက်ပြီး အာသဝကင်းသော အဗျာပါဒ စိတ်
2: from ill–will without corruptions,
၃။ ဝိဟေသ – ပင်ပန်းခြင်းမှ ထွက်မြောက်ပြီး အာသဝကင်းသော အဝိဟေသ စိတ်
3: from cruelity without corruptions,
၄။ ရုပ်မှ ထွက်မြောက်ပြီး အာသဝကင်းသော နာမ်
4: from forms without corruptions,
၅။ သက္ကာယ – ငါစွဲမှ ထွက်မြောက်ပြီး အာသဝကင်းသော သက္ကာယနိဿရဏ စိတ်။
5: from personality without corruptions.

ထိုးထွင်း သိမြင်နိုင်ခဲသော (ဒုပ္ပဋိဝိဇ္စျ) တရားများ

ခြောက်ပါးစု (စိတ်လွတ်မြောက် ချမ်းသာကြောင်းတရား ၆ ပါး)
Group of six items (Six elements making for deliverance):
၁။ မေတ္တာ စေတောဝိမုတ္တိ – ချစ်ခြင်းမေတ္တာဖြင့် စိတ်၏ လွတ်မြောက် ချမ်းသာမှု
1: The emancipation of the heart through loving–kindness,
၂။ ကရုဏာ စေတောဝိမုတ္တိ – သနားခြင်း ကရုဏာဖြင့် စိတ်၏ လွတ်မြောက် ချမ်းသာမှု
2: through compassion,
၃။ မုဒိတာ စေတောဝိမုတ္တိ – ဝမ်းမြောက်ခြင်း မုဒိတာဖြင့် စိတ်၏ လွတ်မြောက် ချမ်းသာမှု
3: through sympathetic joy,
၄။ ဥပေက္ခာ စေတောဝိမုတ္တိ – လျှစ်လျူရှုခြင်း ဥပေက္ခာဖြင့် စိတ်၏ လွတ်မြောက် ချမ်းသာမှု
4: through equanimity,
၅။ အနိမိတ္တာ စေတောဝိမုတ္တိ – စိတ်အာရုံ နိမိတ်ကို မယူခြင်းဖြင့် စိတ်၏ လွတ်မြောက် ချမ်းသာမှု
5: through the signless emancipation of the heart,
၆။ အသ္မိမာန သမုဂ္ဃါတ – ငါဟူသော မာန်ကို ပယ်သတ်ပြီး စိတ်၏ လွတ်မြောက် ချမ်းသာမှု။
6: through eradicating the idea/conceit of ‘I am’.

ထိုးထွင်း သိမြင်နိုင်ခဲသော (ဒုပ္ပဋိဝိဇ္စျ) တရားများ

ခုနှစ်ပါးစု (သူတော်ကောင်း တရား ၇ ပါး)
Group of seven items (Seven properties/qualities/characters of a good person):
၁။ ဓမ္မညူ – ပါဠိကို သိခြင်း
1: Knowing the Paḷi,
၂။ အတ္ထညူ – အနက် အဓိပ္ပါယ်ကို သိခြင်း
2: knowing the meaning,
၃။ အတ္တညူ – မိမိ၏ သီလ သမာဓိ ပညာ
3: knowing the level of one’s own morality,

အတိုင်းအရှည်ကို သိခြင်း

concentration and wisdom,
၄။ မတ္တညူ – အလှူခံရာ စားသောက်ရာ ၌
4: knowing the measure of one’s eating

အတိုင်းအရှည်ကို သိခြင်း

and receiving,
၅။ ကာလညူ – လုပ်ဆောင်ရာရာ တို့၌
5: knowing the right time (to do something), သင့်တော်သော အချိန်ကာလကို သိခြင်း
၆။ ပရိသညူ – ပရိသတ် အလိုကို သိခြင်း
6: knowing one’s own audience,
၇။ ပုဂ္ဂလညူ – ပေါင်း သင့်။မသင့် ပုဂ္ဂိုလ် ကို သိခြင်း။
7: knowing the persons whether to be associated with or not.

ထိုးထွင်း သိမြင်နိုင်ခဲသော (ဒုပ္ပဋိဝိဇ္စျ) တရားများ

ရှစ်ပါးစု
(ရပ်ပြစ် ၈ ပါး) ရပ်ပြစ် ၈ ပါး၌ ဖြစ်ရှိနေသော သူများသည် သစ္စာတရားကို ထိုးထွင်း သိမြင်ရန် မဖြစ်နိုင်ကြပါ။
Group of eight items (eight uncongenial locations: Those who are under the
following situations/locations, cannot penetrate into the Truth.)
၁။ ငရဲ
1: Hell,
၂။ တိရစ္ဆာန်
2: animal,
၃။ ပြိတ္တာ (အသုရကာယ်)
3: hungry ghost,
၄။ အရူပနှင့် အသညသတ်ဗြဟ္မာ
4: formless and mindless brahmas,
၅။ ပစ္စန္တရစ် အရပ်
5: remote location, i.e., where Buddha’s teachings cannot reach,
၆။ အယူမှားသူ
6: wrong viewer,
၇။ လူစဉ် မမှီသူ
7: dull/deformed person,
၈။ သာသနာပ အခါ။
8: outside the appearance of Buddha.

ထိုးထွင်း သိမြင်နိုင်ခဲသော (ဒုပ္ပဋိဝိဇ္စျ) တရားများ

ကိုးပါးစု Group of nine items:
၁။ ဓာတ် အထွေထွေ အပြားပြားရှိ၏
1: There are different elements.
၂။ ဓာတ် ထွေပြားသောကြောင့် ဖဿ – အတွေ့ ထွေပြား၏
2: Owing to difference of element, there is difference of contact.
၃။ ဖဿ ထွေပြားသောကြောင့် ဝေဒနာ – ခံစားမှု ထွေပြား၏
3: Owing to difference of contact, there is difference of feeling.
၄။ ဝေဒနာ ထွေပြားသောကြောင့် သညာ – မှတ်သားမှု ထွေပြား၏
4: Owing to difference of feeling, there is difference of perception.
၅။ သညာ ထွေပြားသောကြောင့် သင်္ကပ္ပ – အကြံအစည် ထွေပြား၏
5: Owing to difference of perception, there is difference of thought.
၆။ သင်္ကပ္ပ – အကြံအစည် ထွေပြားသောကြောင့် ဆန္ဒ – လိုအင် ထွေပြား၏
6: Owing to difference of thought, there is difference of intention.
၇။ ဆန္ဒ ထွေပြားသောကြောင့် ပရိဠာဟ – ပူပန်မှု ထွေပြား၏
7: Owing to difference of intention, there is difference of obsession.
၈။ ပရိဠာဟ – ပူပန်မှု ထွေပြားသောကြောင့် ပရိယေသနာ – ရှာမှီးမှု ထွေပြား၏
8: Owing to difference of obsession, there is difference of quest.
၉။ ပရိယေသနာ – ရှာမှီးမှု ထွေပြားသောကြောင့် လာဘ – ရရှိလာမှု ထွေပြား၏။
9: Owing to difference of quest, there is difference of what is gained.

ထိုးထွင်း သိမြင်နိုင်ခဲသော (ဒုပ္ပဋိဝိဇ္စျ) တရားများ

ဆယ်ပါးစု (အရိယာဝါသ = အရိယာပုဂ္ဂိုလ်များ နေထိုင်ခြင်း ၁ဝ ပါး) အဓိပ္ပါယ် အသေးစိတ် များကို သုတ်ပါထိက ပါဠိတော်နှင့် ဒသကနိပါတ် အင်္ဂုတ္တရပါဠိတော် တို့မှာ ကြည့်ပါ၊
Group of ten items (the ten Ariya’s dispositions – See detail in the Long Discourses (Pāthika Vagga) and the Gradual Discourses (Dassaka Nipāta):
၁။ ငါးပါးသော တရားကို ပယ်ခြင်း
1: Having got rid of five factors,
၂။ ခြောက်ပါးသော တရားနှင့် ပြည့်စုံခြင်း
2: possessing six factors,
၃။ အစောင့်အရှောက် တရားတစ်ပါးနှင့်နေခြင်း
3: having established one guard,
၄။ အမှီလေးပါး ရှိခြင်း
4: observing the four supports,
၅။ မိမိအမြင်သာ မှန်သည် ဟူသောအယူမရှိခြင်း
5: having got rid of the idea that ‘one’s belief alone is the Truth’,
၆။ အကျင့်မှန်ကို ရှာရန်မလိုတော့၍ ငြိမ်းအေးခြင်း
6: having quite abandoned quest, thus,
living in peace,
၇။ အကြံအစည်တို့၏နှောက်ရှက်မှုမှ ကင်းဝေးခြင်း
7: purity of motive,
၈။ ငြိမ်းချမ်းသော ကိုယ်အမူအရာရှိခြင်း
8: having tranquilized the emotions,
၉။ လွတ်မြောက်ပြီးသော စိတ်ရှိခြင်း
9: well–liberated heart,
၁ဝ။ လွတ်မြောက်ပြီးသော ပညာရှိခြင်း။
10: well–liberated wisdom.

ထိုးထွင်းသိရမည့် (အဘိညေယျ) တရားများ

Things/dhammas to be thoroughly learnt:
တစ်ပါးစု Group of one item:
၁။ သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ = သတ္တဝါအားလုံးတို့သည် အစာအာဟာရကို မှီနေရကုန်၏။
1: All beings are maintained by nutriment.

ထိုးထွင်းသိရမည့် (အဘိညေယျ) တရားများ

နှစ်ပါးစု (ဓာတ် ၂ ပါး)
Group of two items (Two elements):
၁။ သင်္ခတ ဓာတ် = ရုပ်နာမ် ဖြစ်ပျက်တရားများ
1: The conditioned,
၂။ အသင်္ခတ ဓာတ် = ဖြစ်ပျက်မရှိသော နိဗ္ဗာန်တရား။
2: the unconditioned.

ထိုးထွင်းသိရမည့် (အဘိညေယျ) တရားများ

သုံးပါးစု (ဓာတ် ၃ ပါး)
Group of three items (Three elements):
၁။ ကာမ ဓာတ် = ကာမ ၁၁ ဘုံ
1: The element of sense–desire,
၂။ ရူပ ဓာတ် = ရူပ ၁၆ ဘုံ
2: the element of form,
၃။ အရူပ ဓာတ် = အရူပ ၄ ဘုံ။
3: the formless element.

ထိုးထွင်းသိရမည့် (အဘိညေယျ) တရားများ

လေးပါးစု – အရိယသစ္စာ ၄ ပါး။ (သစ္စာ ၄ ပါး _ရှု)

ထိုးထွင်းသိရမည့် (အဘိညေယျ) တရားများ

ငါးပါးစု (ဝိမုတ္တာယတန = လွတ်မြောက်ခြင်း၏ အကြောင်း ၅ ပါး)
Group of five items (Five bases of deliverance):
၁။ ဆရာကောင်းထံမှ ဓမ္မကို ကိုယ်တိုင်သင်ယူပြီး ကျင့်ကြံအားထုတ်လျှက် လွတ်မြောက်ခြင်း
1: After personally studying the dhamma under a good teacher, a person practices in accordance with it and is livberated.
၂။ သူတပါးတို့ သင်ယူနေစဉ် ကြားသိနားလည်ပြီး ကျင့်ကြံအားထုတ်လျှက် လွတ်မြောက်ခြင်း
2: After hearing the dhamma from others, a person practices in accordance with it and is liberated.
၃။ ဓမ္မကို ရွတ်ပွါးနေစဉ် သဘောပေါက်လျှက် လွတ်မြောက်ခြင်း
3: While reciting the dhamma, a person practices in accordance with it and is liberated.
၄။ ဓမ္မကို ကြံစည်သက်ဝင်ပြီး ကျင့်ကြံအားထုတ်လျှက် လွတ်မြောက်ခြင်း
4: After pondering the dhamma, a person practices in accordance with it and is liberated.
၅။ သမာဓိ နိမိတ်ကို အခြေခံ၍ ပညာတိုးပွါးလာလျှက် လွတ်မြောက်ခြင်း။
5: Based upon some concentration–signs, a person practices in accordance with it and is liberated.

ထိုးထွင်းသိရမည့် (အဘိညေယျ) တရားများ

ခြောက်ပါးစု (အနုတ္တရိယ = အမြတ်ဆုံးတရား ၆ ပါး)
Group of six items (Six unsurpassed things/dhammas):
၁။ ဒဿနာ နုတ္တရိယ = အရိယာ ပုဂ္ဂိုလ်တို့အား ဖူးမြင်ရခြင်း
1: Seeing the holy persons,
၂။ သဝနာ နုတ္တရိယ = သူတော်ကောင်းတရား နာကြားရခြင်း
2: listening to the true dhamma,
၃။ လာဘာ နုတ္တရိယ = သဒ္ဓါတရားတည်းဟူသော လာဘ်ပြည့်စုံခြင်း
3: gaining of faith,
၄။ သိက္ခာ နုတ္တရိယ = သီလ သမာဓိ ပညာ သိက္ခာ သုံးပါးကို သင်ကြား။ကျင့်ပွါးရခြင်း
4: learning and practicing the three trainings {sīla (virtue), Samādhi (concentration), paññā, (wisdom)},
၅။ ပါရိစရိယာ နုတ္တရိယ = ရတနာသုံးပါးအား လုပ်ကျွေးရခြင်း
5: serving the Triple Gem (Buddha, Dhamma, Saṃgha),
၆။ အနုဿတာ နုတ္တရိယ = ရတနာသုံးပါးကို အောင့်မေ့သတိရခြင်း။
6: recollecting the virtues of the Triple Gem.

ထိုးထွင်းသိရမည့် (အဘိညေယျ) တရားများ

ခုနှစ်ပါးစု (နိဒ္ဒသဝတ္ထု = ရဟန္တာ ဖြစ်ကြောင်းတရား ၇ ပါး)
Group of seven items (Seven grounds to be an arahant):
၁။ သိက္ခာသမာဒါန = သိက္ခာသုံးပါးကျင့်ပွါးရန် ထက်မြက်သော ဆန္ဒ နှင့် မြတ်နိုးမှုရှိခြင်း
1: Persistently and earnestly undertaking the trainings,
၂။ ဓမ္မနိသန္တိ = တရားကို သိုမှီး ဆင်ခြင်ရန် ထက်မြက်သော ဆန္ဒ နှင့် မြတ်နိုးမှုရှိခြင်း
2: persistently, earnestly and closely studying the dhamma,
၃။ ဣစ္ဆာဝိနယ = အလိုရမက်ကို ပယ်ဖျောက်ရန် ထက်မြက်သော ဆန္ဒ နှင့် မြတ်နိုးမှုရှိခြင်း
3: persistently and earnestly getting rid of desires,
၄။ ပဋိသလ္လာန = တယောက်တည်း ကျင့်ကြံနေထိုင်ရန် ထက်မြက်သော ဆန္ဒ နှင့် မြတ်နိုးမှုရှိခြင်း
4: persistently and earnestly finding solitude,
၅။ ဝီရိယာရမ္ဘ = အားထုတ်ကြိုးစားရန် ထက်မြက်သော ဆန္ဒ နှင့် မြတ်နိုးမှုရှိခြင်း
5: persistently and earnestly arosing energy,
၆။ သတိနေပက္က = သတိရင့်ကျက်ရန် ထက်မြက်သော ဆန္ဒ နှင့် မြတ်နိုးမှုရှိခြင်း
6: persistently and earnestly developing mindfulness,
၇။ ဒိဋ္ဌိပဋိဝေဓ = အမြင်မှန်ကို ထိုးထွင်းသိရန် ထက်မြက်သော ဆန္ဒ နှင့် မြတ်နိုးမှုရှိခြင်း။
7: persistently and earnestly developing penetrative insight.

ထိုးထွင်းသိရမည့် (အဘိညေယျ) တရားများ

ရှစ်ပါးစု (ဝိမောက္ခ ၈ ပါး)
Group of eight items (Eight kinds of liberation):
၁။ ရူပီ ရူပါနိ ပဿတိ = ရုပ်ရှိပြီး ရုပ်များကို မြင်၏
1: Possessing form, one sees forms;
၂။ အဇ္စျတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ = မိမိသဏ္ဌန်မှာ ရုပ်မရှိဟု မှတ်ယူပြီး ပြင်ပရုပ်များကို မြင်၏
2: not perceiving material forms in oneself, one sees them outside;
၃။ သုဘန္တေဝ အဓိမုတ္တော ဟောတိ = တင့်တယ်ကောင်းမွန်ပေသည် ဟု မှတ်ယူပြီး လွတ်မြောက်မှု ဖြစ်၏
3: thinking: “it is beautiful” one becomes intent on it; one enters;
၄။ အနန္တော အာကာသောတိ အာကာသာနဌာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ = အာကာသာနဌာယတန စျာန်ကို ဆိုက်ရောက်ပြီး နေ၏
4: the sphere of infinite space;
၅။ အနန္တံ ဝိညာဏန္တိ ဝိညာဏဌာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ = ဝိညာဏဌာယတန စျာန်ကို ဆိုက်ရောက်ပြီး နေ၏
5: the sphere of infinite consciousness,
၆။ နတ္ထိ ကိဌီတိ အာကိဌညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ = အာကိဌညာယတန စျာန်ကို ဆိုက်ရောက်ပြီး နေ၏
6: the sphere of non–thingness,
၇။ နေဝသညာနာသညာယတန စျာန်ကို ဆိုက်ရောက်ပြီး နေ၏
7: the sphere of neither–perception–nor–non–perception,
၈။ သညာဝေဒယိတ နိရောဓ ကို ဆိုက်ရောက်ပြီး နေ၏။
8: the cessation of perception and feeling. ထိုးထွင်းသိရမည့် (အဘိညေယျ) တရားများ – ကိုးပါးစု (အနုပုဗ္ဗဝိဟာရ = အစဉ်အတိုင်းဝင်စားရမည့် တရား ၉ ပါး)
Group of nine items (Nine successive abidings):
၁။ ပထမ စျာန်
1: First absorption,
၂။ ဒုတိယ စျာန်
2: second absorption,
၃။ တတိယ စျာန်
3: third absorption,
၄။ စတုတ္ထ စျာန်
4: fourth absorption,
၅။ အာကာသာနဌာယတန စျာန်
5: the sphere of boundless space (ākāsānañcāyatana),
၆။ ဝိညာနဌာယတန စျာန်
6: the sphere of boundless consciousness (viññānañcāyatana),
၇။ အာကိဌညာယတန စျာန်
7: the sphere of nothingness (ākiñcaññāyatana),
၈။ နေဝသညာနာသညာယတန စျာန်
8: the sphere of neither perception nor non–perception (nevasaññānāsaññāyatana).
၉။ သညာဝေဒယိတ နိရောဓ = သညာ နှင့် ဝေဒနာ ချုပ်ငြိမ်းအောင် ဝင်စားခြင်း။
9: cessation of perception and feeling. ထိုးထွင်းသိရမည့် (အဘိညေယျ) တရားများ – ဆယ်ပါးစု (နိဇ္ဇရဝတ္ထု = ပျက်စီးစေသော အကြောင်း ၁ဝ ပါး)
Group of ten items (Ten causes of wearing–away):
၁။ သမ္မာ ဒိဋ္ဌိ – အမြင်မှန်ရှိသော သူအား မိစ္ဆာ ဒိဋ္ဌိ – အမြင်မှားသည် ပျက်စီးကွယ်ပျောက်သွား၏
1: By right view, wrong view is worn away.
၂။ သမ္မာ သင်္ကပ္ပ – အကြံအစည်မှန်သောသူအား မိစ္ဆာသင်္ကပ္ပ – အကြံမှားသည်ပျက်စီးကွယ်ပျောက်သွား၏
2: By right thought, wrong thought is worn away.
၃။ သမ္မာ ဝါစာ – အပြောမှန်သူအား မိစ္ဆာ ဝါစာ – အပြောမှားသည် ပျက်စီးကွယ်ပျောက်သွား၏
3: By right speech, wrong speech is worn away.
၄။ သမ္မာ ကမ္မန္တ – အပြုမှန်သူအား မိစ္ဆာ ကမ္မန္တ – အပြုမှားသည် ပျက်စီးကွယ်ပျောက်သွား၏
4: By right action, wrong action is worn away.
၅။ သမ္မာ အာဇီဝ – အသက်မွေးမှု မှန်သူအား မိစ္ဆာ အာဇီဝ – အသက်မွေးမှားမှုသည် ပျက်စီး ကွယ်ပျောက်သွား၏
5: By right livelihood, wrong livelihood is worn away.
၆။ သမ္မာ ဝါယာမ – အားထုတ်မှု မှန်သူအား မိစ္ဆာ ဝါယာမ – မှားယွင်းစွာ အားထုတ်မှုသည် ပျက်စီး ကွယ်ပျောက်သွား၏
6: By right effort, wrong effort is worn away.
၇။ သမ္မာ သတိ – သတိမှန် ရှိသူအား မိစ္ဆာ သတိ – သတိမှားသည် ပျက်စီးကွယ်ပျောက်သွား၏
7: By right mindfulness, wrong mindfulness is worn away.
၈။ သမ္မာ သမာဓိ – အမှန်တည်ကြည်မှုရှိသူအား မိစ္ဆာ သမာဓိ – မှားယွင်းသော တည်ကြည်မှုသည် ပျက်စီး ကွယ်ပျောက်သွား၏
8: By right concentration, wrong concentration is worn away.
၉။ သမ္မာ ဉာဏ – မှန်ကန်သော ဉာဏ်အမြင်ရှိသူအား မိစ္ဆာ ဉာဏ – မှားယွင်းသော ဉာဏ်အမြင်သည် ပျက်စီးကွယ်ပျောက်သွား၏
9: By right knowledge, wrong knowledge is worn away.
၁ဝ။ သမ္မာ ဝိမုတ္တိ – အမှန်လွတ်မြောက်ပြီးသူအား မိစ္ဆ ဝိမုတ္တိ – မှားယွင်းသော လွတ်မြောက်မှုသည် ပျက်စီး ကွယ်ပျောက်သွား၏။
10: By right deliverance, wrong deliverance is worn away.

ထိုင်၍သာကျင့်ဓုတင်

(နေသဇ္ဇိက – ထိုင်၍သာကျင့်ဓုတင် _ရှု)

ထီး လှူရကျိုး ၈ ပါး

Eight results of donating umbrella(s):
၁။ အအေးဒဏ်ကို ခံနှိုင်ခြင်း
1: Endurance of coldness,
၂။ အပူဒဏ်ကိုခံနှိုင်ခြင်း
2: endurance of heat,
၃။ မြူအညစ်အကြေး မလိမ်းကြံခြင်း
3: unsmearing the dust,
၄။ ဘေးရန်မရှိခြင်း
4: no danger,
၅။ အပူဇော် ခံရခြင်း
5: respect by others,
၆။ သိမ်မွေ့နုညံ့သော အသားအရေရှိခြင်း
6: subtle skin,
၇။ စိတ်သန့်ရှင်းခြင်း
7: clear mind,
၈။ အရဟတ္တဖိုလ်ထီး ဆောင်းရခြင်း။
8: attainment of arahant–hood.

ထူပ

Burial mound that contains the ashes, belongings and/or relics of an important person.

ထူပထိုက်သော ပုဂ္ဂိုလ် ၄ ပါး

(စေတီ ထိုက်သော ပုဂ္ဂိုလ် ၄ ပါး _ရှု)

ထူပါရုံ

Mound, pagoda.

ထူးခြားသော ဇာတ်တော် ၅ ခု

(ဇာတ်တော် ၅ ခု ထူးခြားမှု _ရှု)

ထေရ်ကြီး ဝါကြီးတို့ ကြည်ညိုခံ လေးစားထိုက်ကြောင်း တရား ၅ ပါး

Five factors of elder monks of which they are worthy of respect:
၁။ န ကုဟက = လှည့်ဖျားမှု မရှိခြင်း
1: Not trickstering/cheating,
၂။ န လပက = မြှောက်ပင့် ပြောဆိုမှု မရှိခြင်း
2: not flattering,
၃။ န နေမိတ္တိက = အရိပ်နိမိတ် ညွှန်းဆိုစကား မပြောကြားခြင်း
3: not making signs,
၄။ န နိပ္ပေသိက = ချောင်ပိတ်မိအောင် ပြောဆိုတတ်သောစကား မရှိခြင်း
4: not insinuating/hinting,
၅။ န လာဘေန လာဘံ နိဇိဂီသိတ = ပစ္စည်းပေးပြီး ပစ္စည်းများများရအောင် မကြံဆောင်ခြင်း။
5: not giving something for gaining back.
(ထေရ်ကြီး ဝါကြီးတို့ ကြည်ညိုမခံရ မလေးစားထိုက်ကြောင်း တရား ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်)
(Five factors of elder monks of which they are not worthy of respect are opposite of the above.)

ထေရ်ကြီး ဝါကြီးတို့ ကြည်ညိုခံ လေးစားထိုက်ကြောင်း တရား ၅ ပါး

(တနည်း)
More five factors of elder monks of which they are worthy of respect:
၁။ ရဇနိယေ န ရဇ္ဇတိ = တပ်မက်စရာ အာရုံကို မတပ်မက်ခြင်း
1: No attachment on attrative things,
၂။ ဒုဿနီယေ န ဒုဿတိ = ပြစ်မှားစရာ အာရုံကို မပြစ်မှားခြင်း
2: no transgressing on the transgressed,
၃။ မောဟနီယေ န မုယှတိ = တွေဝေစရာ အာရုံကို မတွေဝေခြင်း
3: no delusion on the deluding,
၄။ ကုပ္ပနီယေ န ကုပ္ပတိ = အမျက်ထွက်စရာ အာရုံကို အမျက်မထွက်ခြင်း
4: no anger on the angering,
၅။ မဒနိယေ န မဒတိ = မာန်ယစ်စရာ အာရုံကို မာန်မယစ်ခြင်း။
5: no conceit on the objects of conceit.
(ထေရ်ကြီး ဝါကြီးတို့ ကြည်ညိုမခံရမလေးစားထိုက်ကြောင်းတရား ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်)
(Five factors of elder monks of which they are not worthy of respect are opposite of the above.)

ထေရ်ကြီး ဝါကြီးတို့ ကြည်ညိုခံ လေးစားထိုက်ကြောင်း တရား ၅ ပါး

(တနည်း)
More five factors of elder monks of which they are worthy of respect:
၁။ သဒ္ဓါ = ကြည်ညိုလေးစားမှုရှိခြင်း
1: Faith,
၂။ ဟိရီ = မကောင်းမှုမှ ရှက်ခြင်း
2: moral shame,
၃။ သြတပ္ပ = မကောင်းမှုမှ ကြောက်ခြင်း
3: moral dread,
၄။ အာရဒ္ဓဝီရိယ = ကြိုးစားခြင်း
4: effort,
၅။ ပညာ = ပညာရှိခြင်း။
5: wisdom.
(ထေရ်ကြီး ဝါကြီးတို့ ကြည်ညိုမခံရ မလေးစားထိုက်ကြောင်း တရား ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်)
(Five factors of elder monks of which they are not worthy of respect are opposite of the above.)

ထေရ်ကြီး ဝါကြီးတို့ ကြည်ညိုခံ လေးစားထိုက်ကြောင်း တရား ၅ ပါး

(တနည်း)
More five factors of elder monks of which they are worthy of respect:
၁။ သီလရှိခြင်း
1: Moral conduct,
၂။ ဗဟုသုတများခြင်း
2: vast learning,
၃။ ကောင်းသောစကား ရှိခြင်း
3: pleasant words,
၄။ စျာန်လေးပါး ရခြင်း
4: four trances (jhānas),
၅။ အာသဝေါတရား ကုန်ခမ်းခြင်း။
5: extinction of mental fluxes.
(ထေရ်ကြီး ဝါကြီးတို့ ကြည်ညိုမခံရမလေးစားထိုက်ကြောင်းတရား ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်)
(Five factors of elder monks of which they are not worthy of respect are opposite of the above.)

ထေရ ဂါထာ ပါဠိ

ဘုရားရှင်လက်ထက်တော် က ၂၆၄ ပါးသော မထေရ်မြတ်များ ကျူးရင့်သော ဂါထာများ ဖြစ်သည်။ ဤကျမ်းသည် ခုဒ္ဒကနိကာယ်၏ အဋ္ဌမမြောက်ဖြစ်သည်။
Thera–gāthā: the utterance/verse, especially joyous, of the elders (bhikkhu),
numbering 264; it is the eighth book of ‘the Collection of Minor Discourses’.

ထေရ ဝါဒ

Doctrines/words of the Elders.

ထေရာပါဒါန် ပါဠိ

– ‘အတ္ထုပ္ပတ္တိကျမ်းဒဖြစ်သည်။ ဗုဒ္ဓဝင် + ၄၁ ပါးသော ပစ္စေက ဗုဒ္ဓါ အကြောင်းများ + ၅၅၉ ပါး သော ရဟန္တာမြတ်များ၏ အကြောင်းများ ပါဝင်သည်။ ဤကျမ်းသည် ခုဒ္ဒကနိကာယ်၏ ဒသမမြောက် ဖြစ်သည်။
Therāpādāna: the biographies of the Buddha, of 41 Individual Buddhas
(pacceka–buddhas) and of 559 elders (monks, bhikkhus): it is the tenth book of ‘the Collection of Minor Discourses’.

ထေရီဂါထာ ပါဠိ

ဘုရားလက်တော်က ဘိက္ခုနီ ၇၃ ပါးတို့ ကျူးရင့်သော ဂါထာများဖြစ်သည်။ ဤကျမ်းသည် ခုဒ္ဒကနိကာယ်၏ နဝမမြောက်ဖြစ်သည်။
Therī–gāthā: utterances, especially joyous, of the 73 sisters (bhikkhunī): it is the nineth book of ‘the Collection of Minor Discourses’.

ထေရီပါဒါန် ပါဠိ

ဘိက္ခုနီ ၄ဝ တို့၏ အတ္ထုပ္ပတ္တိကို ဖေါ်ပြသောကျမ်းဖြစ်သည်။ ဤကျမ်းသည် ခုဒ္ဒကနိကာယ်၏ ဧကာဒသမ (၁၁ ခု) မြောက် ဖြစ်သည်။
Therīpādāna: the biographies of the 40 sisters (nuns, bhikkhīs), the eleventh book of ‘the Collection of Minor Discourses’.

ထောပတ် လှူရကျိုး ၅ ပါး

Five benefits of donating butter:
၁။ အားကောင်းခြင်း
1: Strength, power,
၂။ အဆင်းလှခြင်း
2: beauty,
၃။ ရွှင်လန်းခြင်း
3: joyfulness,
၄။ ရောဂါကင်းခြင်း
4: health,
၅။ သန့်ရှင်းခြင်း။
5: cleanliness.

ထောပတ်အိုး ဆီအိုး ရေနက်ထဲ၌ ကွဲသည့် ဥပမာ

ထောပတ်များ ဆီများ ရေပေါ်မှာပေါ်ပြီး အိုးကွဲများ ရေထဲမှာ နစ်မြုပ်သွားခြင်း (အသိဗန္ဓကပုတ္တသုတ်။ ဂါမဏိသံယုတ်။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ)
The simile of a breaking pot of butter or of oil in a deep pool of water – its shards or fragments sink downwards but butter or oil rises upwards.

ထောင်လွှားမှုမာန ၃ မျိုး

(ဝိဓာ – ထောင်လွှားမှုမာန ၃ ပါး _ရှု)

ထွက်မြောက်ခြင်း လွတ်မြောက်ခြင်း (နိဿရဏ) တရား ၅ ပါး

Five elements of escape:
၁။ ငါးပါးအာရုံ ကာမ၈ုဏ်မှ ထွက်မြောက်ခြင်း
1: Escape fron sensual pleasures,
၂။ ပျက်စီးစေလိုမှု ဗျာပါဒမှ ထွက်မြောက်ခြင်း
2: from ill–will,
၃။ ညှင်းဆဲမှု ဝိဟိံသာမှ ထွက်မြောက်ခြင်း
3: from torment/hurt,
၄။ ကသိုဏ်းရုပ်မှ ထွက်မြောက်ခြင်း
4: from form,
၅။ သက္ကာယ ငါ အစွဲမှ ထွက်မြောက်ခြင်း
5: from the thought of ‘I am’.

ထွက်မြောက်ရန် လမ်းစဉ်

(နိဿရဏိယ ဓာတု) ၆ ပါး
Six elements making for deliverance:
၁။ မေတ္တာ = ချစ်ခြင်း
1: Loving–kindness,
၂။ ကရုဏာ = သနားခြင်း
2: compassion,
၃။ မုဒိတာ = ဝမ်မြောက်ခြင်း
3: sympathetic joy,
၄။ ဥပေက္ခာ = လျစ်လျူရှုခြင်း
4: composure, equanimity,
၅။ အနိမိတ္တ = အာရုံနိမိတ်ကို စွဲလမ်းမှု မှ လွတ်မြောက်ခြင်း
5: signless emancipation,
၆။ အသ္မိ မာန သမု ဂ္ဃါတ = ငါ ဟူသော မာန်အစွဲကို ပယ်သတ်ခြင်း။
6: getting rid of the idea, ‘I am’.

ထွက်လေဝင်လေတို့ကို ရှုမှတ်ခြင်း ၄ ပါး

(အာနာပါန စတုက္က – မဟာသတိပဋ္ဌာနသုတ် _ရှု)

ဒကာ။ ဒကာမများ မလေးစားနိုင်သော ရဟန်းတော်၏ အင်္ဂါ ၅ ချက်

(ဒါယကာ။ ဒါယိကာမများ မလေးစား နိုင်သော ရဟန်းတော်၏ အင်္ဂါ ၅ ချက် _ရှု)

ဒသ

Ten.

ဒသက

Decad, group of ten.

ဒသက ကလပ်

၁ဝ ပါးစု ကလာပ်စည်း
Coporial/material group of ten:
၁။ ပထဝီ
1: Solid,
၂။ တေဇော
2: heat,
၃။ အာပေါ
3: fluid,
၄။ ဝါယော
4: motion,
၅။ ရူပ
5: color,
၆။ ဂန္ဓ
6: smell,
၇။ ရသ
7: taste,
၈။ သြဇာ
8: nutriment,
၉။ ဇီဝိတ
9: vital unit,
၁ဝ။ ဘာဝ သို့မဟုတ် စက္ခု – သောတ – ဃာန – ဇိဝှါ – ကာယ။
10: sex or eye or ear or nose or tongue or body.

ဒသက

ဆယ်နှစ်စု(အရွယ် အသက်ကို ၁ဝ နှစ်စီ ပိုင်းခြားခြင်း _ရှု)

ဒသက နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ဒသမမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၁ဝ ပုဒ်စီ ပါရှိသော ဇာတ်တော်များ ဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၉ ခုပါဝင်သည်။
Dasaka–nipāta (Jātaka): This is the tenth chapter of the 550 Birth–stories:
each of them consists of ten verses, thus, Dasaka–nipāta, ten–verse–story; there are 9 stories in this chapter.

ဒသက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်ကာဠုဒါယီ အရှင်မဟာကပ္ပိန စသော ရဟန္တာမထေရ် ၇ ပါးတို့သည် တစ်ဆယ်ဂါထာစီ ဥဒါန်းကျူးရင့်တော်မူကြခြင်းကို စုစည်းထားသည်။
Dasaka–nipāta (Theragāthā): This is a collection of joyous verses uttered by 7 male–monks (arahanta) such as Kāḷudāyī and Mahā Kappina at the time of Lord Buddha. Each uttered ten verses.

ဒသက နိပါတ (အင်္ဂုတ္တရ) ပါဠိ

အင်္ဂုတ္တရနိကာယ် ၌ တရားအစု ၁ဝ ပါးစီ ကို အဓိကထား ဟောကြားသော သုတ္တန်တိုများ ပါဝင်သည့် ဒသမမြောက် ကျမ်းဖြစ်သည်။
Dasaka–nipāta (Aṅguttara): The tenth book of the ‘Gradual Discourses’:
in this book, each discourse emphasizs ten items of the dhamma.

ဒသ

Ten.

ဒသမ

Tenth.

ဒဿန

Seeing, vision, philosophy.

ဒါန

အလှူ
Generosity, Charity, Alms giving, donation.

ဒါန ၂ မျိုး

Two kinds of giving/offering:
၁။ ဝဋ္ဋ နိဿိတ ဒါန = သံသရာဝဋ်အတွင်း ကောင်းစားမှုကို တောင့်တ၍ ပြုသော ဒါန
1: Giving intending to the worldly benefits,
၂။ ဝိဝဋ္ဋ နိဿိတ ဒါန = သံသရာဝဋ်မှ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရည်မှန်း၍ ပြုသော ဒါန။
2: giving intending to the unworldly benefits.

ဒါန ၂ မျိုး

(တနည်း)
More two kinds of giving:
၁။ သက္ကစ္စ ဒါန = ရိုရိုသေသေလှူ
1: Respectful donation,
၂။ အသက္ကစ္စ ဒါန = မရိုမသေလှူ။
2: disrespectful donation.

ဒါန ၂ မျိုး

(တနည်း)
More two kinds of giving:
၁။ သံဃိက ဒါန = သံဃာအများအားလှူ
1: Giving to the whole monk–community,
၂။ ပုဂ္ဂလိက ဒါန = ပုဂ္ဂိုလ်အားလှူ။
2: giving to the individuals.

ဒါန ၂ မျိုး

(တနည်း)
More two kinds of giving:
၁။ အဂ္ဂ ဒါန = လေးလေးစားစားနှင့် မွန်မြတ်သော ပစ္စည်း အလှူ
1: Giving the best, first–giver of any kind,
၂။ ဥစ္ဆိဋ္ဌ ဒါန = ဖြစ်သလို လှူ ။
2: giving so and so, giving lately.

ဒါန ၂ မျိုး

(တနည်း)
More two kinds of giving:
၁။ အဇ္စျတ္တ ဒါန = အတွင်းပစ္စည်းအလှူ
1: Internal objects such as heart (organs),
၂။ ဗဟိဒ္ဓ ဒါန = ပြင်ပပစ္စည်းအလှူ။
2: external objects.

ဒါန ၂ မျိုး

(တနည်း)
(ဒါနဝဂ်။ ဒုကနိပါတ။ အင်္ဂုတ္တိုရ် ပါဠိတော်) More two kinds of giving (Gradual Discourses):
၁။ အာမိသ ဒါန – ပစ္စည်းအလှူ
1: Āmisa = material giving/gift,
၂။ ဓမ္မ ဒါန – တရားအလှူ။
2: dhamma giving/gift.
(မှတ်ချက် – ဒါန၏ ပရိယာယ်ပုဒ်များ = ယာဂ။ စာဂ။ ပရိစ္စာဂ။ ဘောဂ။ သမ္ဘောဂ။ သံဝိဘာဂ။ သင်္ဂဟ။ အနုဂ္ဂဟ။ အနုကမ္ပ – သို့ဖြင့် ‘ဒါန’ နေရာမှာ အာမိသ ‘ယာဂ’ – ‘စာဂ’ ။ ဓမ္မ ‘ယာဂ’ – ‘စာဂ’ စသည် အစားထိုးပြီး ယာဂ ၂ မျိုး။ စာဂ ၂ မျိုး။ သင်္ဂဟ ၂ မျိုး အလားတူ ခွဲခြားနိုင်ပါသည်။ ထို အာမိသ နှင့် ဓမ္မ တို့ကိုပင် အာမိသသန္ထာရ ‘ပစ္စည်းဖြင့် ဆက်စပ်ခြင်းဒ။ ဓမ္မ သန္ထာရ ‘တရားဖြင့် ဆက်စပ်ခြင်း’ ဟူသော အမည် စသည် စသည်များဖြင့်လည်း လာရှိပါသေးသည် (သန္ထာရဝဂ်။ ဒုကနိပါတ။ အင်္ဂုတ္တိုရပါဠိ) ယင်းတို့မှာ = ပဋိသန္ထာရ။ ဧသနာ။ ပရိယေသနာ။ ပရိယေဋ္ဌိ။ ပူဇာ။ အတိထေယျ။ ဣဒ္ဓိ။ ဝုဒ္ဓိ။ ရတန။ သန္နိစယ။ ဝေပုလ္လ – တို့ဖြစ်ကြပါသည်။ ယင်းအားလုံးတို့သည် အနက်သဘောအားဖြင့် တူညီကြပါသည်။ ဒေသနာ ပရိယာယ် အားဖြင့် ဟောကြားခြင်းဖြစ်ပါသည်။)
(Note: The synonyms of dāna (giving) are: yāga (offering), cāga (generosity), pariccāga (relinquishment), bhoga (wealth), sambhoga (enjoyment), saṃvibhāga (sharing), saṅgaha (sustaining), anuggaha (assistance), anukampa (compassion). Furthermore, (1) āmisa = material and (2) dhamma are categorized in the following ways: āmisa santhāra (munificence with material goods) and dhamma santhāra (munificence with the dhamma); āmisa paṭisanthāra (hospitality with material goods) and dhamma paṭisanthāra (hospitality with the dhamma); āmisesanā (the search for material goods) and dhammesanā (the search for the dhamma); āmisa pariyesanā (the quest for material goods) and dhamma pariyesanā (the quest for the dhamma); āmisa pariyeṭṭhi (seeking for material goods) and dhamma pariyeṭṭhi (seeking for the dhamma); āmisa pūjā (veneration with material goods) and dhamma pūjā (veneration with the dhamma); āmisa atitheyya (the gift of material goods) and dhamma atitheyya (the gift of the dhamma); āmisiddhi (success relating to material goods) and dhammiddhi (success relating to the dhamma); āmisa vuddhi (growth in material goods) and dhamma vuddhi (growth in the dhamma); āmisa ratana (a material gem) and dhamma ratana (the gem of the dhamma); āmisa sannicaya (the accumulation of material goods) and dhamma sannicaya (the accumulation of the dhamma); āmisa vepulla (expansion in material goods) and dhamma vepulla (expansion in the dhamma). They all are in essence the same meaning and different ways of the same teaching.

ဒါန ၃ မျိုး

Three kinds of giving:
၁။ အာမိသ ဒါန = ပစ္စည်းအလှူ
1: material giving/gift,
၂။ အဟိံသ ဒါန= မညှဉ်းဆဲမှုဟူသော အလှူ
2: gift of harmlessness,
၃။ ဓမ္မ ဒါန = တရားအလှူ။
3: dhamma–gift.

ဒါန ၃ မျိုး

More three kinds of giving:
၁။ ဒါန ဒါသ = ကျေးကျွန်ကဲ့သို့ အလှူ
1: Slave–like donation,
၂။ ဒါန သဟာယ = မိတ်ဆွေကဲ့သို့ အလှူ
2: friend–like donation,
၃။ ဒါန သာမိ = အရှင်သခင်ကဲ့သို့ အလှူ။
3: master–like donation.

ဒါန ၃ မျိုး

တနည်း
More three kinds of giving:
၁။ ဟီန ဒါန = အယုတ်အလှူ
1: Inferior donation,
၂။ မဇ္စျိမ ဒါန = အလတ်အလှူ
2: medium donation,
၃။ ပဏီတ ဒါန = အမြတ်အလှူ။
3: superior donation.

ဒါန ၆ မျိုး

Six kinds of giving:
၁။ ရူပ ဒါန = အဆင်း အလှူ
1: Vision donation,
၂။ သဒ္ဒ ဒါန = အသံ အလှူ
2: sound donation,
၃။ ဂန္ဓ ဒါန = ရနံ့ အလှူ
3: smell donation,
၄။ ရသ ဒါန = အရသာ အလှူ
4: taste donation,
၅။ ဖေါဋ္ဌဗ္ဗ ဒါန = အတွေ့အထိ အလှူ
5: tangible object donation,
၆။ ဓမ္မ ဒါန = တရား အလှူ။
6: dhamma donation.

ဒါနနှင့်ပတ်သက်၍ ရဟန်းတော်များ ထားရမည့်စိတ်ဓာတ်

(ရဟန်းတော်များ ကျင့်ပွါးစရာ – ဒါယကာ ဒါယိကာမ များ၏ လှူဒါန်းမှုနှင့်ပတ်သက်၍ ရဟန်းတော်များ ထားရမည့်စိတ်ဓာတ် _ရှု)

ဒါန နှင့် သီလများပြီး ဘာဝနာ နည်းလျှင်

(ဒါနများပြီး သီလ ဘာဝနာ နည်းလျှင် _ရှု)

ဒါန ပြုကြောင်း အကြောင်းတရား

(ဒါနဝတ္ထု) ၈ ပါး
Eight causes of gift/offering:
၁။ ဆန္ဒကြောင့် ဒါနပြုခြင်း
1: Offering from desires,
၂။ ဒေါသကြောင့် ဒါနပြုခြင်း
2: offering from hatred,
၃။ မောဟကြောင့် ဒါနပြုခြင်း
3: offering from delusion,
၄။ ဘယ ကြောက်သောကြောင့် ဒါနပြုခြင်း
4: offering from fear,
၅။ မိရိုးဖလာ အစဉ်အလာကြောင့် ဒါနပြုခြင်း
5: offering as fimily’s tradition,
၆။ သေပြီး နတ်ပြည်ရောက်လိုသောကြောင့် ဒါနပြုခြင်း
6: offering to be reborn in a good state after death,
၇။ စိတ်ကြည်လင် ရွှင်ပြလိုသောကြောင့် ဒါနပြုခြင်း
7: offering to make one’s mind pleased,
၈။ စိတ်၏ အခြံအရံအလိုငှါ ဒါနပြုခြင်း။
8: offering to provide/equip one’s mind.

ဒါန ပြုခြင်းအကြောင်း ၈ မျိုး

(ဘဝကို မျှော်ကိုးပြီးပြုခြင်း)
၁။ နောက်ဘဝ၌ လူချမ်းသာကို မျှော်ကိုးပြီး ဒါန ပြုခြင်း
1: Giving gift to be reborn in human world as a rich person,
၂။ နောက်ဘဝ၌ စတု မဟာရာဇ် နတ်ပြည်ရောက်လို၍ ဒါန ပြုခြင်း
2: giving gift to be reborn in the Realm of the Four Great Kings,
၃။ နောက်ဘဝ၌ တာဝတိံသာ နတ်ပြည်ရောက်လို၍ ဒါန ပြုခြင်း
3: giving gift to be reborn in the Realm of the Realm of the Thirty–three Gods,
၄။ နောက်ဘဝ၌ယာမာ နတ်ပြည်ရောက်လို၍ ဒါန ပြုခြင်း
4: giving gift to be reborn in the Realm of the Realm of the Yāma Gods,
၅။ နောက်ဘဝ၌ တုသိတာ နတ်ပြည်ရောက်လို၍ ဒါန ပြုခြင်း
5: giving gift to be reborn in the Realm of the Delightful realm,
၆။ နောက်ဘဝ၌ နိမ္မာန ရတီ နတ်ပြည်ရောက်လို၍ ဒါန ပြုခြင်း
6: giving gift to be reborn in the Realm of the Delightful Gods by
Own Creating in accordance with their desires,
၇။ နောက်ဘဝ၌ ပရနိမ္မိတ ဝသဝတီ နတ်ပြည်ရောက်လို၍ ဒါန ပြုခြင်း
7: giving gift to be reborn in the Realm of the Delightful Gods by
Their Attendances’ Creation,
၈။ နောက်ဘဝ၌ ဗြဟ္မာ့ပြည်ရောက်လို၍ ဒါန ပြုခြင်း။
8: giving gift to be reborn in the Realm of brahmā.

ဒါန ပြုရာ သူတော်ကောင်းများ၏ အလှူ မူ ၅ ပါး

Five giving–principles of the worthy persons:
၁။ သဒ္ဓါယ ဒါနံ ဒေတိ – ကြည်ညိုပြီး လှူခြင်း
1: Giving in generous faith,
၂။ သက္ကစ္စံ ဒါနံ ဒေတိ – ရိုသေပြီး လှူခြင်း
2: giving respectfully,
၃။ ကာလေန ဒါနံ ဒေတိ – အချိန်အခါသိပြီး လှူခြင်း
3: giving in awareness of time,
၄။ အနဂ္ဂဟိတစိတ္တော ဒါနံ ဒေတိ – မစွန်းမညိ လှူခြင်း
(ဝါ) အနုဂ္ဂဟိတစိတ္တော ဒါနံ ဒေတိ – ချီးမြှောက်လိုသော စိတ်ဖြင့် လှူခြင်း
4: giving with no–attachment or giving with supported mind,
၅။ အနုပဟစ္စ ဒါနံ ဒေတိ – မထိမပါး လှူခြင်း။
5: giving without comparing with others.

ဒါနပြုရာ သူတော်ကောင်းများ၏ အလှူ မူ ၈ ပါး

Eight giving–principles of the worthy persons:
၁။ သုစိံ ဒေတိ – သန့်ရှင်းစင်ကြယ်သည်ကို ပေးလှူ၏
1: giving what is pure,
၂။ ပဏီတံ ဒေတိ – မွန်မြတ်သောအရာကို ပေးလှူ၏
2: giving what is excellent,
၃။ ကာလေန ဒေတိ – လျှောက်ပတ်သောအခါ၌ ပေးလှူ၏
3: giving a timely gift,
၄။ ကပ္ပိယံ ဒေတိ – အပ်စပ်သည်ကို ပေးလှူ၏
4: giving what is allowable,
၅။ ဝိစေယျ ဒေတိ – စီစစ်ပြီး ပေးလှူ၏
5: giving after investigation,
၆။ အဘိဏှံ ဒေတိ – အမြဲမပြတ် ပေးလှူ၏
6: giving often,
၇။ ဒဒံ စိတ္တံ ပသာဒေတိ – ပေးလှူစဉ် စိတ်ကြည်လင်၏
7: while giving, one’s mind is pleased and in confidence,
၈။ ဒတွာ အတ္တမနော ဟောတိ – ပေးလှူပြီးနောင် ဝမ်းမြောက်၏။
8: after giving, one’s mind is elated.

ဒါန (ပေးကမ်းခြင်း) ပြုသည့် အကြောင်း ၈ ပါး

Eight bases for giving:
၁။ ရောက်လာ၍။ ကပ်ငြိ၍ ပေးခြင်း
1: Giving as occation offers, giving with attachment,
၂။ ကြောက်၍ ပေးခြင်း
2: due to fear,
၃။ မိမိကို ပေးခဲ့၍ ပြန်ပေးခြင်း
3: thinking: “He gave me something”,
၄။ မိမိကို ပေးလိမ့်မည်ဟု
မှတ်ယူပြီး ပေးခြင်း
4: thinking: “He will give me back something”,
၅။ ပေးကမ်းခြင်းသည် ကောင်း၏ ဟု မှတ်ယူပြီး ပေးခြင်း
5: thinking: “It is good to give”,
၆။ မိမိက ချက်ပြုတ် လုပ်ကိုင်၏ – သူတို့ကမချက်ပြုတ် မလုပ်ကိုင်ဟုပေးခြင်း
6: thinking: “I cook, they (recluses, monks) do not cook”,
၇။ နာမည်ကြီးရန် ပေးခြင်း
7: for a good reputation,
၈။ မိမိ စိတ်ချမ်းသာမှု ကြေနပ်မှု ရအောင် ပေးခြင်း။
8: in order to adorn and appease oneself.

ဒါန ပေးကမ်းခြင်း မပြုသည့်

ဒါန၏ အနှောင်အဖွဲ့ (ဒါနဝိနိဗန္ဓ) – အကြောင်း ၄ ပါး
Four hindrances of giving things away:
၁။ ပေးကမ်းလှူဒါန်းလေ့ မရှိ၍ မပေးမလှူခြင်း
1: Not accustomed to giving,
၂။ ပစ္စည်းဥစ္စာ မပြည့်စုံ၍ မပေးမလှူခြင်း
2: no things for giving,
၃။ ပစ္စည်းကောင်းလွန်း၍ မပေးမလှူခြင်း
3: too good to give away,
၄။ ပစ္စည်းဥစ္စာ ကုန်မည်ကို နှမျော၍ မပေးမလှူခြင်း။
4: worrying over the depletion of one’s possession/wealth.

ဒါနပြုရာ တားမြစ်ပါက

(လှူဒါန်းမှုကို တားမြစ်သူ၏ အန္တရာယ် ၃ မျိုး _ရှု)

ဒါနပြုရာ အဘယ်မှာ

(ကောသလမင်းကြီး၏ အမေး)
Where should a gift be given? Where should donation be made? (King Kosala)
ယတ္ထ ခေါ မဟာရာဇ စိတ္တံ ပသီဒတိ – မိမိစိတ် ကြည်ညိုဝမ်းသာရာ၌ ဒါနပြုပါ (ဘုရားရှင်၏ အဖြေ)
(ဣဿတ္တသုတ်။ သဂါထာဝဂ္ဂသံယုတ္တပါဠိ)။
Wherever one’s mind has confidence, great king. (Lord Buddha).
ဒါနများပြီး သီလ ဘာဝနာ နည်းလျှင်
What happens to a person who has more giving but less morality and meditation:
၁။ ကွယ်လွန်သည်မှ နောက်ဘဝ၌ ဘုန်းကံနည်းပြီး ယုတ်နိမ့်သော လူဖြစ်တတ်၏
1: A person who has meritorious actions based upon giving to a limited extent but not so in morality and meditation, will be reborn among humans in a unfavorable condition.
၂။ (က) ဒါန နှင့် သီလ များပြီး ဘာဝနာ နည်းလျှင် ကွယ်လွန်သည်မှ နောက်ဘဝ၌ ဘုန်းကံကြီးပြီး မြင့်မြတ်သော လူဖြစ်တတ်၏
2: (a) A person who has meritorious actions based upon giving and upon morality to a middling extent but not so in meditation, will be reborn among humans in a favorable condition.
၂။ (ခ) ဒါန နှင့် သီလ လွန်ကဲပြီး ဘာဝနာကို မပြီးစေလျှင် ကွယ်လွန်သည်မှ နောက်ဘဝ၌ တာဝတိံသာ နတ်ပြည်၌။ ယာမာ နတ်ပြည်၌။ တုသိတာ နတ်ပြည်၌။ နိမ္မာနရတိ နတ်ပြည်၌။ ပရနိမ္မိတ ဝသဝတ္တိ နတ်ပြည်၌ ဖြစ်တတ်၏
2: (b) A person who has meritorious actions based upon giving and upon morality to a superior content but not so in meditation, will be reborn in companionship with the Realm of the Thirty–three Gods; with the Realm of the Yāma Gods; with the Delightful realm; with the Delightful Gods by own creating in accordance with their desires; with the Delightful Gods by their attendances’ creation.
၃။ ဒါန သီလ ဘာဝနာ အားလုံးများလျှင် ကွယ်လွန်သည်မှ နောက်ဘဝ၌ စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်တတ်၏။
3: A person who has meritorious actions based upon giving, upon morality and upon meditation to a superior extent, will be reborn among the Realm of Four Great Kings.

ဒါနမျိုးစေ့ချရာ မြေကောင်း ၈ ပါး

(ဒါန၏ မြေကောင်း ၈ ပါး _ရှု)

ဒါနမျိုးစေ့ချရာ မြေဆိုး ၈ ပါး

(ဒါန၏ မြေဆိုး ၈ ပါး _ရှု)

ဒါနလက္ခဏာ

(အကျိုးကြီးမားရန်) ၃ ပါး
Three requirements that make donation perfect:
၁။ အလှူပေးပုဂ္ဂိုလ် စေတနာ ထက်သန်ခြင်း
1: Donor’s good will,
၂။ အလှူခံပုဂ္ဂိုလ် သီလဖြူစင်ခြင်း
2: virtuous receiver(s),
၃။ တရားသဖြင့်ရအပ်သော လှူဘွယ်ဝတ္ထုပစ္စည်း ဖြစ်ခြင်း။
3: offertories lawfully earned.

ဒါနဝတ္ထု

လှူဘွယ် ပစ္စည်း ၁ဝ ပါး
Ten things to be offered:
၁။ အန္န ဒါန – ဆွမ်း
1: Solid food,
၂။ ပါန ဒါန – ဖျော်ရည်
2: liquid food,
၃။ ဃရ ဒါန – ကျောင်း အဆောက်အဦ
3: building,
၄။ ဝတ္ထ ဒါန – အဝတ်
4: clothing,
၅။ ယာန ဒါန – ယဉ်
5: vehicle,
၆။ မာလ ဒါန – ပန်း
6: flower,
၇။ ဝိလေပန ဒါန – နံ့သာပျောင်းရည်
7: liquid scent,
၈။ သေယျ ဒါန – အိပ်ရာနေရာ
8: bed,
၉။ ဂန္ဓ ဒါန – နံ့သာမှုန့်
9: powder–scent,
၁ဝ။ ပဒီပ ဒါန – ဆီမီး။
10: light.

ဒါနဝိနိဗန္ဓ ၄ ပါး

(ဒါန ပေးကမ်းခြင်း မပြုသည့် ဒါန၏အနှောင်အဖွဲ့ –ဒါနဝိနိဗန္ဓ– အကြောင်း ၄ ပါး _ရှု)
ဒါန သီလ နှင့် ဘာဝနာ သုံးပါးလုံးများလျှင် (ဒါနများပြီး သီလ ဘာဝနာ နည်းလျှင် _ရှု)

ဒါနဟူသည် ပြုရမည်

(သာဓုသုတ်။ သဂါထာဝဂ္ဂသံယုတ္တပါဠိ) Donation/Gift ought to be made:
၁။ ဒါနပြုခြင်းသည် ကောင်းမြတ်၏။
1: Donation is a good thing;
၂။ အနည်းငယ်ပင်ပြုသော်လည်း ကောင်းမြတ်၏။
2: even when there is little;
၃။ သဒ္ဓါတရား ကြည်လင်စွာထားပြီး ပြုရမည်။
3: doing it with faith;
၄။ တရားသဖြင့်ရသော လှူဘွယ်ပစ္စည်းဖြစ်ရမည်။
4: with lawfully earned gift;
၅။ စီစစ်ဝေဘန်ပြီး လှူရမည်။
5: doing it discriminately;
၆။ သတ္တဝါတို့အား မညှဉ်းဆဲ မသတ်ဖြတ်ခြင်းသည်လည်း ကောင်းမြတ်သော ဒါနပင်တည်း။
6: not to harm toward living–beings is good, a kind of gift.

ဒါန အကျိုး ၄ ပါး

Four blessing/benefits of generosity:
၁။ အာယု = အသက်ရှည်ခြင်း
1: Long life,
၂။ ဝဏ္ဏ = အဆင်းလှခြင်း
2: good looking,
၃။ သုခ = ချမ်းသာခြင်း
3: happiness,
၄။ ဗလ = အားပြည့်ဝခြင်း။
4: strength.

ဒါန အကျိုး ၅ ပါး

Five blessing/benebits of generosity:
၁။ အများ ချစ်ခင်ခြင်း
1: The affection of many,
၂။ သူတော်ကောင်းများ ချဉ်းကပ်ခြင်း
2: noble association,
၃။ ကောင်းသတင်း ကျော်ဇောခြင်း
3: good reputation,
၄။ မိမိကိုယ်ကို စိတ်ချခြင်း
4: self–confidence,
၅။ နတ်ရွာလားရခြင်း။
5: heavenly rebirth.

ဒါန အကျိုး မကြီးမှု အကြောင်းတရားများ

A gift not bearing great fruit and great benefit:
၁။ မိမိအကျိုး မျှော်ကိုးပြီး လှူဒါန်းပေးကမ်းခြင်း
1: Donating a gift seeking one’s own profit,
၂။ ကောင်းကျိုး၌ တွယ်တာကပ်ငြိသောစိတ်ဖြင့် လှူဒါန်းပေးကမ်းခြင်း
2: donating a gift with a mind attached to the reward,
၃။ နောင်ဘဝမှာ ဤကောင်းကျိုးများကို ငါခံစားရမည် ဟူသော မျှော်လင့်ချက်ဖြင့် လှူဒါန်းပေးကမ်းခြင်း။
3: donating a gift hoping that ‘I will enjoy this after death.’
(ဒါန အကျိုးကြီးမှု အကြောင်းတရားများသည် အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(A gift bearing great fruit/benefit is opposite of the above.)

ဒါန၏ ပစ္စုပ္ပန်လက်တွေ့အကျိုး

(သီဟသေနာပတိသုတ်။ သတ္တကနိပါတ။ အင်္ဂုတ္တရပါဠိ)
Directly visible fruit of giving (Sīha–senāpati Sutta):
သဒ္ဓါတရားမရှိ နှမျောစေးနဲသူနှင့် သဒ္ဓါတရားရှိပြီး လှူတမ်းပေးကမ်းတတ်သူ နှစ်ယောက်တို့တွင် –
There are two persons, one without faith who is miserly and one with faith who is generous.
ရဟန္တာ သူတော်ကောင်းများက Arahants and the virtuous –
၁။ သဒ္ဓါတရားရှိပြီး လှူတမ်းပေးကမ်းတတ်သူကို ရှေးဦးစွာ သနားကရုဏာထား မေတ္တာပွါး၏
1: first show compassion and love to latter (the person with faith and generosity);
၂။ သဒ္ဓါတရားရှိပြီး လှူတမ်းပေးကမ်းတတ်သူကို ရှေးဦးစွာ ချဉ်းကပ်၏
2: first approach the latter;
၃။ သဒ္ဓါတရားရှိပြီး လှူတမ်းပေးကမ်းတတ်သူကို ရှေးဦးစွာ အလှူခံ၏
3: first receive alms/offering of the latter;
၄။ သဒ္ဓါတရားရှိပြီး လှူတမ်းပေးကမ်းတတ်သူကို ရှေးဦးစွာ တရားဟော၏
4: first teach the dhamma to the latter.
၅။ သဒ္ဓါတရားရှိပြီး လှူတမ်းပေးကမ်းတတ်သူသည် ကောင်းသတင်း ပျံ့နှံ့၏
5: The person with faith and generosity acquires a good reputation.
၆။ သဒ္ဓါတရားရှိပြီး လှူတမ်းပေးကမ်းတတ်သူသည် ပရိသတ်လေးပါးကို ရဲရင့်စွာ ချဉ်းကပ်နိုင်၏
6: The person with faith and generosity approaches any assembly with confidence.
၇။ သဒ္ဓါတရားရှိပြီး လှူတမ်းပေးကမ်းတတ်သူသည် သေပြီးနောက် ကောင်းသောဘဝသို့ ရောက်၏။
7: The person with faith and generosity goes to a good destination after death.

ဒါန၏ မြေကောင်း ၈ ပါး

အရိယာမဂ္ဂင် ရှစ်ပါး_ရှု ကို ကျင့်သော သူတော်စင်များ
The eight good fields of gift: gift to those who follow the noble eightfold path.

ဒါန၏ မြေဆိုး ၈ ပါး

မိစ္ဆာမဂ္ဂင် ရှစ်ပါး_ရှု ကို ကျင့်သော သူများ
The eight bad fields of gift: gift to those who follow wrong eightfold path.

ဒါယကာ။ ဒကာ။ တကာ

Giver, devotee, lay person, common person, supporter,
parishioner.

ဒါယကာ။ ဒကာ ကျင့်ဝတ် ၅ ပါး

(တကာ တကာမ ကျင့်ဝတ် ၅ ပါး _ရှု)

ဒါယကာ ဒါယိကာမများ၏ လှူဒါန်းမှုနှင့်ပတ်သက်၍ ရဟန်းတော်များ ထားရမည့်စိတ်ဓာတ်

(ရဟန်းတော်များ ကျင့်ပွါးစရာ – ဒါယကာ ဒါယိကာမများ၏ လှူဒါန်းမှုနှင့်ပတ်သက်၍ ရဟန်းတော်များ ထားရမည့်စိတ်ဓာတ် _ရှု)

ဒါယကာ။ ဒါယိကာမများနှင့် အရောဝင်လွန်းသော ရဟန်း၏ အပြစ် ၅ ပါး

Five disadventages of a monk who is overfriendly with lay–persons:
၁။ မာတုဂါမ (မိန်းမ) များနှင့် မပြတ်တွေ့မြင်နေရခြင်း
1: Often seeing women,
၂။ တွေ့မြင်ရ၍ နှီးနှော ပြောဆိုမိခြင်း
2: from seeing, companionship,
၃။ နှီးနှော ပြောဆိုရ၍ အကျွမ်းတဝင် ဖြစ်လာခြင်း
3: from companionship, intimacy,
၄။ အကျွမ်းတဝင် ဖြစ်လာ၍ ရာဂသို့ သက်ဝင်ခြင်း
4: from intimacy, lust,
၅။ ရာဂသို့ သက်ဝင်ပြီး လူထွက်နိုင်ခြင်း။
5: from lust, disrobe.

ဒါယကာ။ ဒါယိကာမများ မလေးစားနိုင်သော ရဟန်းတော်၏ အင်္ဂါ ၅ ချက်


Five courses of a monk to whom lay–persons do not respect/like:
၁။ အကျွမ်းမဝင်ပဲလျှက် အကျွမ်းဝင်သကဲ့သို့ ပြုလုပ်တတ်၏။
1: A monk is intimate with those who are unfamiliar;
၂။ မစိုးပိုင်ပဲ စိုးပိုင်သကဲ့သို့ စီရင်တတ်၏။
2: interfering without demand;
၃။ အဆင်မပြေ မတဲ့သူ အချင်းချင်းကို တဲ့အောင်ဆိုပြီး ဆောင်ရွက်ပေးတတ်၏။
3: going between two split parties to get united,
၄။ တီးတိုး ပြောလေ့ရှိ၏။
4: whispering in the ears;
၅။ အလွန်တောင်းတတ် အလှူခံတတ်၏။
5: asking for too much.

ဒါရုက္ခန္ဓောပမသုတ်လာ

(မြစ်ကြောမြောပါလာသော သစ်တုံး) ဥပမာများ The similes in the ‘Great Log Discourses’ (i.e., a great log which was being carried along by current of the River Ganges):
၁။ မြစ်၏ ဤမှာဘက်ကမ်း ဟူသည် အတွင်းအာယတန ခြောက်ပါးတည်း။
1: The near shore is similar to the six internal sense bases;
၂။ မြစ်၏ ထိုမှာဘက်ကမ်း ဟူသည် အပြင်အာယတန ခြောက်ပါး
2: the far shore: the six external sense bases;
၃။ သစ်တုံးကြီး မြစ်လယ်၌ နစ်မြုပ်ခြင်း ဟူသည် တပ်နှစ်သက်မှု နန္ဒီရာဂ
3: sinking in mid–stream: delight and lust;
၄။ သစ်တုံးကြီး ကြည်းကုန်းကမ်းထက် တင်မှု ဟူသည် ငါဟူသော မာန်
4: getting cast up on hight ground: the conceit ‘I am’;
၅။ သစ်တုံးကို လူများဆယ်ယူခြင်း ဟူသည် ရဟန်းများ လူတို့နှင့် ကောင်းတူ ဆိုးတူ ဆက်ဆံနေထိုင်ခြင်း
5: getting caught by human beings; monks who involve social affairs of lay–persons in happy and/or sorrow cases;
၆။ နတ်များဆယ်ယူခြင်း ဟူသည် နတ်ရွာသုဂတိကို တောင့်တ၍ အကျင့်မြတ် ဗြဟ္မစရိယကို ကျင့်ခြင်း
6: getting caught by non–human beings: monks/persons who practice the holy life because of any heavenly states;
၇။ သစ်တုံးကြီး ဝဲဇလုပ်၌ မြုပ်ခြင်း ဟူသည် အာရုံငါးပါး ကာမဂုဏ်တရားထဲ၌ မြုပ်နေခြင်း
7: getting caught in a whirlpool: caught in five sensual pleasure;
၈။ သစ်တုံး၏ အတွင်း၌ ဆွေးမြေ့နေခြင်း ဟူသည် ရဟန်းတော်၏သ န္တာန်၌ ကိုယ်ကျင့်သီလ မရှိခြင်း။
8: inward rottenness of the great log: monks/persons of no–virtue, inwardly impure monks/persons.

ဒါသ = ကျွန်

Slave.

ဒိဋ္ဌ ဓမ္မ နိဗ္ဗာန်

(ယခုဘဝမှာပင် နိဗ္ဗာန် ကို သိမြင်ခံစားနေခြင်း) ၁၉ မျိုး
Nineteen states of nibbāna–attainment in this life:
၁။ ဝိနီဝရဏ နိဗ္ဗာန်
1: At the moment of without hindrances,
၂။ ပထမ စျာန် နိဗ္ဗာန်
2: first absorption (jhāna),
၃။ ဒုတိယ စျာန်
နိဗ္ဗာန်
3: second absorption,
၄။ တတိယ စျာန် နိဗ္ဗာန်
4: third absorption,
၅။ စတုတ္ထ စျာန် နိဗ္ဗာန်
5: fourth absorption,
၆။ ပဌမ စျာန် နိဗ္ဗာန်
6: fifth absorption,
၇။ အာကာသာနဌာယတန စျာန် နိဗ္ဗာန်
7: the sphere of boundless space (ākāsānañcāyatana),
၈။ ဝိညာနဌာယတန စျာန် နိဗ္ဗာန်
8: the sphere of boundless consciousness (viññānañcāyatana),
၉။ အာကိဌညာယတန စျာန် နိဗ္ဗာန်
9: the sphere of nothingness (ākiñcaññāyatana),
၁ဝ။ နေဝသညာနာသညာယတန စျာန် နိဗ္ဗာန်
10: the sphere of neither perception nor non–perception (nevasaññānāsaññāyatana).
၁၁။ သညာဝေဒယိတ နိရောဓ
11: cessation of perception and feeling,
၁၂။ သောတာပတ္တိ မဂ် စိတ်
12: path of stream–entry,
၁၃။ သကဒါဂါမိ မဂ် စိတ်
13: path of once–returning,
၁၄။ အနာဂါမိ မဂ် စိတ်
14: path of non–returning,
၁၅။ အရဟတ္တ မဂ် စိတ်
15: path of arahantship,
၁၆။ သောတာပတ္တိ ဖိုလ် စိတ်
16: fruit of stream–entry,
၁၇။ သကဒါဂါမိ ဖိုလ် စိတ်
17: fruit of once–returning,
၁၈။ အနာဂါမိ ဖိုလ် စိတ်
18: fruit of non–returning,
၁၉။ အရဟတ္တ ဖိုလ် စိတ်။
19: fruit of arahantship.

ဒိဋ္ဌ ဓမ္မ ဝေဒနိယ ကံ

(ကံ _ရှု)
Kamma bearing fruit in this present life.

ဒိဋ္ဌ ဓမ္မ အကျိုးပေးကို ခံစားရသော ပုဂ္ဂိုလ် ၇ ယောက်

(ဘုရားလက်ထက်တော်)
Seven generous pesons who got immediate fruit in the present life (at the time of Lord Buddha):
၁။ သုမန ပန်းသည်
1: Sumana the flourist,
၂။ ဧကသာဋက ပုဏ္ဏား (အဝတ်တစ်ထည်သာရှိသော ပုဏ္ဏား)
2: Ekasāṭaka brahmin,
၃။ ပုဏ္ဏကျွန်
3: Puṇṇa the male slave,
၄။ ပုဏ္ဏာကျွန်မ
4: Puṇṇā the female slave,
၅။ မလ္လိကာ မိဖုရား
5: Queen Mallikā,
၆။ ဂေါပါလမာတာ ဒေဝီ
6: Queen Gopālamātā,
၇။ သုပ္ပိယာ ဥပါသိကာ။
7: Suppiyā, a lady.

ဒိဋ္ဌ ဓမ္မ အကျိုးပေးသော အလှူ၏ လက္ခဏာ ၄ ပါး

(မျက်မှောက်ဘဝမှာပင် အကျိုးပေးသော အလှူ၏ လက္ခဏာ ၄ ပါး _ရှု)

ဒိဋ္ဌိ

View, belief, insight, speculative opinion.

ဒိဋ္ဌိ ၂ မျိုး

Two kinds of view:
၁။ သဿတ ဒိဋ္ဌိ = အမြဲတမ်းတည်ရှိ၏ ဟူသောအယူ
1: Eternalism,
၂။ ဥစ္ဆေဒ ဒိဋ္ဌိ = ဘဝပြတ် ကြောင်းကျိုးမရှိ ဟူသောအယူ။
2: nihilism.

ဒိဋ္ဌိ ၆ မျိုး

(အတ္တနှင့်ပတ်သက်၏)
Six kinds of view regarding atta:
၁။ ငါ့မှာ အတ္တရှိ၏။
1: Self exists for me.
၂။ ငါ့မှာ အတ္တမရှိ။
2: No self exists for me.
၃။ အတ္တဖြင့် အတ္တကိုသိ၏။
3: I perceive self with self.
၄။ အတ္တဖြင့် အနတ္တကိုသိ၏။
4: I perceive not–self with self.
၅။ အနတ္တဖြင့် အတ္တကိုသိ၏။
5: I perceive self with not–self.
၆။ အတ္တသည် ပြောတတ် ခံစားတတ်၏ ခိုင်မြဲ၏ အမြဲတည်၏ မဖေါက်ပြန်။
6: My self speaks, feels, experiences, is permanent, everlasting, eternal and not subject to change.

ဒိဋ္ဌိ ၆၂ ပါး

(ဗြဟ္မဇာလ သုတ်လာ)
Sixty–two kinds of wrong views (in accordance with Brahma–jāla Sutta = the Discourse of Supreme Net):
၁။ သဿတ ဝါဒ ၄ ပါး
1: Eternalism 4 views,
၂။ ဧကစ္စ သဿတ ဝါဒ ၄ ပါး
2: partly eternalism and partly non–eternalism 4,
၃။ အန္တာနန္တိက ဝါဒ ၄ ပါး
3: finitistism and infinitistism 4,
၄။ အမရ ဝိက္ခေပ ဝါဒ ၄ ပါး
4: evasivism 4,
၅။ အဓိစ္စ သမုပ္ပန္န ဝါဒ ၂ ပါး
5: change–originationism 2,
၆။ သညီ ဝါဒ ၁၆ ပါး
6: conscious post–mortem survival views 16,
၇။ အသညီ ဝါဒ ၈ ပါး
7: unconscious post–mortem survival views 8,
၈။ နေဝ သညီ နာသညီ ဝါဒ ၈ ပါး
8: neither–conscious–nor–unconscious post–mortem survival views 8,
၉။ ဥစ္ဆေဒ ဝါဒ ၇ ပါး
9: annihilationism 7,
၁ဝ။ ဒိဋ္ဌ ဓမ္မ နိဗ္ဗာန ဝါဒ ၅ ပါး။
10:Nibbāna here–and–now views. 5 (အယူဝါဒများ၏ အသေးစိတ်အဓိပ္ပါယ်များကို ဗြဟ္မဇာလသုတ် သီလက္ခန် ပါဠိတော် ၌ ကြည့်ပါ)
(See detail in Brahma–jāla Sutta, Sīlakkhanda–vagga Pāḷi.)

ဒိဋ္ဌိဆရာကြီး ၆ ယောက်

(တိတ္ထိ ဂိုဏ်းဆရာကြီး ၆ ယောက် _ရှု)

ဒိဋ္ဌိဇု ကမ္မ

Straightening one’s view.

ဒိဋ္ဌိ နိဿိတ သီလ

Morality based on wrong views.

ဒိဋ္ဌိနှင့် ပတ်သက်သော သုတ္တန်များ

(ဒိဋ္ဌိသံယုတ္တ။ ခန္ဓဝဂ္ဂသံယုတ္တပါဠိ ကို ကြည့်ပါ)
Discourses regarding views (See Diṭṭhi–saṃyutta, Khandhavagga Saṃyutta Pāḷi).

ဒိဋ္ဌိ ဝိပလ္လာသ

(ဝိပလ္လာသ _ရှု)
Perversion of views.

ဒိဋ္ဌိ ဝိသုဒ္ဓိ

(ဝိသုဒ္ဓိ _ရှု)
Purification of view.

ဒိဋ္ဌိ၏ တည်ရာ – ဖြစ်ကြောင်း (ဒိဋ္ဌိဋ္ဌာန) ၆ မျိုး

Six standpoints for views:
၁။ ရုပ်ကို ‘ငါ ငါ့ဥစ္စာ ငါ့ကိုယ်’ ဟု ရှုမြင်ခြင်း
1: Regarding material form thus, “This is mine, this I am, this is my self’;
၂။ ဝေဒနာကို ‘ငါ ငါ့ဥစ္စာ ငါ့ကိုယ်’ ဟု ရှုမြင်ခြင်း
2: regarding feeling thus, “ …..
၃။ သညာကို ‘ငါ ငါ့ဥစ္စာ ငါ့ကိုယ်’ ဟု ရှုမြင်ခြင်း
3: regarding perception thus …..
၄။ သင်္ခါရတို့ကို ‘ငါ ငါ့ဥစ္စာ ငါ့ကိုယ်’ ဟု ရှုမြင်ခြင်း
4: regarding formations thus …..
၅။ မြင်ကြားတွေ့သိ တို့ကို ‘ငါ ငါ့ဥစ္စာ ငါ့ကိုယ်’ ဟု ရှုမြင်ခြင်း
5: regarding what is seen, heard, sensed, cognized mentally pondered thus …..
၆။ လောက အတ္တတို့ကို မြဲခိုင်တည်။ မဖေါက်ပြန် ဟု ရှုမြင်ခြင်း။
6: regarding the world and the self being permanent, everlasting, eternal and
no subject to change.

ဒိဋ္ဌုပါဒါန်

(ဥပါဒါန် _ရှု)
Clinging to view.

ဒိဗ္ဗ စက္ခု

Divine eye.

ဒိဗ္ဗ စက္ခု ဓာတု

Divine eye element.

ဒိဗ္ဗ လောက

Heavenly world.

ဒိဗ္ဗ ဝိဟာရ

Diving/holy dwelling/abiding.

ဒိဗ္ဗ သောတ

Divine ear.

ဒိဗ္ဗ သောတ ဓာတု

Divine ear element.

ဒိသာဖရဏ မေတ္တာပို့

အရပ် ၁ဝ မျက်နှာကို မူတည်ထားပြီး ပို့သသော မေတ္တာ။ အရှေ့ အနောက် မြောက် တောင်။ ယင်းတို့အကြား ဒေါင့်အရပ် ၄ ခု။ အောက်အရပ် အထက်အရပ် = ၁ဝ။
Sending loving–kindness to each direction, all of ten: east, south–east, south, south–west, west, north–west, north, north–east, below and above.

ဒီဃ နိကာယ်

(နိကာယ် ငါးရပ် ပိဋကတ် _ရှု)

ဒီဃသရ ၅ လုံး

Five long vowels:
အာ ဤ ဦ ဧ သြ
Ā ī ū e o

ဒုက နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ဒုတိယ ကဏ္ဍဖြစ်သည်။ ဂါထာ ၂ ပုဒ်စီပါရှိသော ဇာတ်တော်များဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၁ဝဝ ပါဝင်သည်။
Duka–nipāta (Jātaka): This is the second chapter of the 550 Birth–stories; each of them consists of two verses, thus, Duka–nipāta, two–verse–story; there are 100 stories in this chapter.

ဒုက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်ပိဏ္ဍောလဘာရဒွါဇ စသော ရဟန္တာ မထေရ်များ နှစ်ဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြသည်ကို စုစည်းထားခြင်းဖြစ်သည်။ အုပ်စု (ဝဂ္ဂ) ၅ ခု၌ မထေရ်ပေါင်း ၄၈ ပါးတို့ ပါဝင်သည်။
Duka–nipāta (Theragāthā): This is a collection of joyous verses uttered by male–monks (arahanta) such as Piṇḍolabhāradvāja at the time of Lord Buddha. Each monk uttered two verses (duka). In five chapters, there consist of 48 monks (Thera) altogether.

ဒုက နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ အဘိရူပနန္ဒာ စသော ရဟန္တာ ထေရီများ နှစ်ဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြသည်။ ကဏ္ဍ တစ်ခုရှိပြီး ထေရီမ ၁ဝ ပါးပါဝင်သည်။
Duka–nipāta (Therīgāthā): This is a collection of joyous verses uttered by female–monks (arahanta) such as Abhirūpanandā at the time of Lord Buddha. Each nun uttered two verses (duka). In a chapter, there consist of 10 nuns (Therī).

ဒုက နိပါတ (အင်္ဂုတ္တရ) ပါဠိ

အင်္ဂုတ္တရနိကာယ် ၌ တရားအစု ၂ ပါးစီ ကို အဓိကထား ဟောကြားသော သုတ္တန်တို များ ပါဝင်သည့် ဒုတိယမြောက် ကျမ်းဖြစ်သည်။
Duka–nipāta (Aṅguttara): The second book of the ‘Gradual Discourses’: in this book, each discourse emphasizs two items of the dhamma.

ဒုက နိပါတ (ဣတိဝုတ္တက) ပါဠိ

အကျင့်မှား နှင့် အယူမှား။ မကောင်းမှု မှ ရှက်ခြင်း (ဟိရီ) နှင့် မကောင်းမှု မှ ကြောက်ခြင်း (သြတပ္ပ) စသော တရားနှစ်ပါးစီကို ဦးတည်ဟောကြားသော သုတ္တန်အတို ၂၂ သုတ် ပါဝင်သည့် အုပ်စုဖြစ်သည်။
Duka–nipāta (Itivuttka): Twenth–two short discourses in this chapter aim at two certain dhamma, such as ‘wrong practice’, ‘wrong view’ and ‘moral shame’,
‘moral dread’.

ဒုက္ကထာ (မကောင်းသောစကား) ၅ မျိုး

Five kinds of ill–talk:
၁။ အသဒ္ဓဿ သဒ္ဓါကထာ ဒုက္ကထာ = သဒ္ဓါတရားမရှိသူအား သဒ္ဓါတရားနှင့်စပ်သောစကားသည် မကောင်းသော စကား ဖြစ်၏။
1: Faith–talk is ill talk to the faithless.
၂။ ဒုဿီလဿ သီလကထာ ဒုက္ကထာ = သီလမရှိသူအား သီလနှင့်စပ်သောစကားသည် မကောင်းသော စကား ဖြစ်၏။
2: Virtue–talk is ill talk to the virtueless.
၃။ အပ္ပဿုတဿ ဗာဟုသစ္စကထာ ဒုက္ကထာ = ဗဟုသုတမရှိသူအား သုတနှင့်စပ်သောစကားသည် မကောင်းသော စကား ဖြစ်၏။
3: Learned–talk is ill talk to the little–learned.
၄။ မစ္ဆရိယဿ စာဂကထာ ဒုက္ကထာ = ဝန်တိုစေးနဲသူအား စွန့်ကြဲပေးကမ်းခြင်းနှင့်စပ်သောစကားသည် မကောင်းသော စကား ဖြစ်၏။
4: Generosity–talk is ill talk to the mean/stingy.
၅။ ဒုပ္ပညဿ ပညာကထာ ဒုက္ကထာ = ပညာမရှိသူအား ပညာနှင့်စပ်သောစကားသည် မကောင်းသော စကား ဖြစ်၏။
5: Wisdom–talk is ill talk to the foolish/dull.

ဒုက္ကရ တရား ၃ မျိုး

(ရခဲသော ပြုနိုင်ခဲသော – ဒုက္ကရ – တရား ၃ မျိုး။ ဗုဒ္ဓသာသနာတော်၌ _ရှု)

ဒုက္ကရ စရိယာ

Austere practices, self–tortured/self–mortified practices.

ဒုက္ခ

Suffering, pain, unsatisfactoriness, unhappiness.

ဒုက္ခ ၂ မျိုး

Two kinds of suffering:
၁။ နာမ် (စိတ်) ဒုက္ခ
1: Mental suffering,
၂။ ရုပ် ဒုက္ခ။
2: physical suffering.

ဒုက္ခ ၃ မျိုး

Three kinds of suffering:
၁။ ကာမဘဝ ဒုက္ခ
1: Suffering in sensual realms,
၂။ ရူပဘဝ ဒုက္ခ
2: in fine–material realms,
၃။ အရူပဘဝ ဒုက္ခ။
3: in immaterial realms.

ဒုက္ခ ၃ မျိုး

(တနည်း)
More three kinds of suffering:
၁။ ဒုက္ခ ဒုက္ခ – ဆင်းရဲခံစားနေခြင်း
1: Suffering as painful feeling,
၂။ သင်္ခါရ ဒုက္ခ – ပြောင်းလဲနေခြင်း
2: suffering inherent in the formation/conditioned,
၃။ ဝိပရိဏာမ ဒုက္ခ –ဖေါက်ပြန်နေခြင်း။
3: suffering in change.

ဒုက္ခ ၄ မျိုး

Four kinds of suffering:
၁။ ကဗဠီကာရာဟာရ ကြောင့်ဖြစ်သောဒုက္ခ
1: Suffering caused by the solid and liquid food,
၂။ ဖဿာဟာရ ကြောင့်ဖြစ်သောဒုက္ခ
2: by contact,
၃။ မနောသဌေတနာဟာရ ကြောင့်ဖြစ်သောဒုက္ခ
3: by volitional activity,
၄။ ဝိညာဏာဟာရ ကြောင့်ဖြစ်သောဒုက္ခ။
4: by birth–linking consciousness.

ဒုက္ခ ၁၄ မျိုး

(ဝိသုဒ္ဓိမဂ်)
Fourteen kinds of suffering (The Path of Purification):
၁။
၂။
၃။ အထက်ပါ ဒုက္ခ ၃ မျိုး (တနည်း)
နှင့် အတူတူ
Nos. 1, 2 and 3 are as above, more three kinds of suffering:
၄။ ပဋိစ္ဆန္န ဒုက္ခ – ဖုံးလွှမ်းနေသော ဆင်းရဲ
4: concealed/hidden suffering,
၅။ အပဋိစ္ဆန္န ဒုက္ခ – ဖုံးလွှမ်းမနေသော ဆင်းရဲ
5: exposed suffering,
၆။ ပရိယာယ ဒုက္ခ – သဘောတရား ဆင်းရဲ
6: indirect suffering,
၇။ နိပ္ပရိယာယ ဒုက္ခ – မုချဧကန် ဆင်းရဲ
7: direct suffering.
၈။ ဂဗ္ဘောက္ကန္တိ မူလက ဒုက္ခ – အမိဝမ်းတွင်းမှ သက်ဆင်းရသော ဆင်းရဲ
8: suffering rooted in the descent into the womb,
၉။ ဂဗ္ဘ ပရိဟရဏ မူလက ဒုက္ခ – အမိဝမ်းမှာ လှည့်ပတ်နေရသော ဆင်းရဲ
9: suffering rooted in gestation,
၁ဝ။ ဂဗ္ဘ ဝိပတ္တိ မူလက ဒုက္ခ – အမိဝမ်းမှ ပျက်ကျရသော ဆင်းရဲ
10: suffering rooted in abortion,
၁၁။ ဝိဇာယန မူလက ဒုက္ခ – ဖွါးမြင်ရသော ဆင်းရဲ
11: suffering rooted in parturition,
၁၂။ ဗဟိနိက္ခမန မူလက ဒုက္ခ – အမိဝမ်းမှ အပြင်သို့ထွက်ရုန်းကန်ရသော ဆင်းရဲ
12: suffering rooted in venturing outside the mother’s womb,
၁၃။ အတ္တူပက္ကမ မူလက ဒုက္ခ – မိမိကြောင့်ဖြစ်သော ဆင်းရဲ
13: suffering rooted in self–violence,
၁၄။ ပရူပက္ကမ မူလက ဒုက္ခ – သူတပါးတို့ကြောင့်ဖြစ်သော ဆင်းရဲ။
14: suffering rooted in others’ violence.

ဒုက္ခ တရားများ

(ဓမ္မစက္ကပဝတ္တနသုတ်) The categorization of dukkha (suffering) in accordance with ‘the Discourse on the Turnning the Wheel of the Dhamma’:
၁။ ဇာတိ – ပဋိသန္ဓေ နေရခြင်း
1: Birth,
၂။ ဇရာ – အိုရခြင်း
2: old age,
၃။ ဗျာဓိ – နာဖျားရခြင်း
3: sickness,
၄။ မရဏ – သေရခြင်း
4: death,
၅။ အပ္ပိယေဟိ သမ္ပယောဂ – မချစ်မနှစ်သက်သူတို့နှင့် အတူနေရခြင်း
5: association with those whom one does not like/love (does hate),
၆။ ပိယေဟိ ဝိပ္ပယောဂ – ချစ်ခင်နှစ်သက်သူတို့နှင့် ကွေကွင်းနေရခြင်း
6: disassociation/seperation with those whom one does like/love,
၇။ ယမ္ပိစ္ဆံ န လဘတိ – လိုတာကို မရခြင်း။ မဖြစ်ခြင်း
7: not getting what one wants/desires,
၈။ ပဌုပါဒါနက္ခန္ဓာ – စွဲလမ်းအပ်ရာ ခန္ဓာငါးပါး။
8: the five aggregates of clinging.
(မှတ်ချက် – အခြားသော သုတ္တန်များ၌ သောက ပရိဒေဝ စသည်တို့ကို ဒုက္ခစာရင်း၌ ထည့်သွင်းသည်)
(Note: Sorrow, lamentation etc. are included in the list of suffering in other discourses.)

ဒုက္ခ တရားများ ၁၂ ပါး

အထက်ပါနံပါတ် ၇ အထိ နှင့် နံပါတ် ၈ ကို အောက်ပါတိုင်း ၅ ပါးခွဲသည် =
Twelve kinds of suffering: the same as above from no. 1 to no. 7 and no. 8 is divided into 5 as follows:
၈။ ရူပုပါဒါနက္ခန္ဓာ ဟူသောဒုက္ခ
8: Physical–groups of clinging,
၉။ ဝေဒနုပါဒါနက္ခန္ဓာ ဟူသောဒုက္ခ
9: feeling–groups of clinging,
၁ဝ။ သညုပါဒါနက္ခန္ဓာ ဟူသောဒုက္ခ
10: perception–groups of clinging,
၁၁။ သင်္ခါရုပါဒါနက္ခန္ဓာ ဟူသောဒုက္ခ
11: mental formation–groups of clinging,
၁၂။ ဝိညာဏုပါဒါနက္ခန္ဓာ ဟူသောဒုက္ခ
12: consciousness–groups of clinging.

ဒုက္ခ ပဋိပဒါ

Painful progress.

ဒုက္ခ ဖြစ်ကြောင်းတရားများ

(ဓမ္မစက္ကပဝတ္တနသုတ်) The categorization of dukkha–samudaya (the cause of suffering) in accordance with ‘the Discourse on the Turnning the Wheel of the Dhamma’:
၁။ ကာမ တဏှာ – ငါးပါးအာရုံကာမဂုဏ်၌ စွဲလမ်းခြင်း
1: Attachment on sensual pleasures,
၂။ ဘဝ တဏှာ – ဘဝ၌ စွဲလမ်းခြင်း
2: on being/life,
၃။ ဝိဘဝ တဏှာ – ဘဝဆက်ပြတ်မှု၌ စွဲလမ်းခြင်း။
3: on non–being.

ဒုက္ခ၏ ပရိယာယ်ပုဒ်များ

(အန္တသုတ်။ ဒုက္ခသုတ်။ သက္ကာယသုတ်။ ခန္ဓဝဂ္ဂသံယုတ္တပါဠိ)
ဒုက္ခ = အန္တ = သက္ကာယ
The synonyms of ‘dukka’: anta, sakkāya.

ဒုက္ခ၏ အရင်းခံတရား

(ဆန္ဒသည် ဒုက္ခ၏ အရင်းခံ _ရှု)

ဒုက္ခာနုပဿနာ

Contemplation on suffering.

ဒုဂ္ဂတိ

Woeful cause of existence, unhappy destination.

ဒုစရိုက် (ဒုစ္စရိတ)

Evil conduct, misconduct, misbehavior.

ဒုစရိုက် ၃ ပါး

Three kinds of bad deed/misconduct:
၁။ ကာယ ဒုစရိုက်
1: Bodily bad deed,
၂။ ဝစီ ဒုစရိုက်
2: verbal bad deed,
၃။ မနော ဒုစရိုက်။
3: mental bad deed.

ဒုစရိုက် ၈ ပါး၏ ငရဲစသည့် ဆိုးကျိုးများ

(ဒုစ္စရိတဝိပါကသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Eight bad deeds that lead to hell, to the animal realm and to the sphere of afflicted spirits and more defects (below):
၁။ ပါဏာတိပါတ – သူတပါးတို့အသက်သတ်ပါက ငရဲ။ တိရစ္ဆာန်။ ပြိတ္တာ ဖြစ်တတ်သည်။ လူဖြစ်က အသက်တိုတတ်သည်။
1: The destruction of life conduces to hell …, if reborn as a human, a short life span.
၂။ အဒိန္နာဒါန – ခိုးယူမှု ပြုပါက ငရဲ။ တိရစ္ဆာန်။ ပြိတ္တာ ဖြစ်တတ်သည်။ လူဖြစ်က စည်းစိမ်ဥစ္စာ ပျက်စီးတတ်သည်
2: Stealing conduces to …, if reborn as a human, loss of wealth.
၃။ ကာမေသု မိစ္ဆာစာရ – မေထုန်ကျူးလွန်မှု ငရဲ။ တိရစ္ဆာန်။ ပြိတ္တာ ဖြစ်တတ်သည် ။ လူဖြစ်က ရန်များတတ်သည်
3: Sexual misconduct conduces to …, if reborn as a human, enmity and rivalry.
၄။ မုသာဝါဒ – လိမ်ညာပြောဆိုပါက ငရဲ။ တိရစ္ဆာန်။ ပြိတ္တာ ဖြစ်တတ်သည်။ လူဖြစ်က မဟုတ်မမှန် စွတ်စွဲခံရတတ်သည်
4: Lying conduces to …, if reborn as a human, false accusations.
၅။ ပိသုဏ ဝါစာ – ကုန်းတိုက်မှုပြုပါက ငရဲ။ တိရစ္ဆာန်။ ပြိတ္တာ ဖြစ်တတ်သည်။ လူဖြစ်က ချစ်သူများ မိတ်ဆွေ များနှင့် ကွဲတတ်သည်
5: Slandering conduces to …, if reborn as a human, being divided from one’s friends.
၆။ ဖရုသ ဝါစာ – ရိုင်းပြစကား ပြောပါက ငရဲ။ တိရစ္ဆာန်။ ပြိတ္တာ ဖြစ်တတ်သည်။ လူဖြစ်က မနှစ်သက်ဘွယ် အသံရှိတတ်သည်
6: Rude speech conduces to …, if reborn as a human, disagreeable sounds.
၇။ သမ္ဖပလာပ ဝါစာ – ပိန်ဖျင်းစကား ပြောကြားပါက ငရဲ။ တိရစ္ဆာန်။ ပြိတ္တာ ဖြစ်တတ်သည်။
လူဖြစ်က မိမိစကား သူတပါးတို့ နားမထောင် ဖြစ်တတ်သည်
7: Vain talk conduces to …, if reborn as a human, others distrusting one’s words.
၈။ သုရာမေရယပါန – သေအရက် သောက်သုံးပါက ငရဲ။ တိရစ္ဆာန်။ ပြိတ္တာ ဖြစ်တတ်သည်။ လူဖြစ်က ရူးသွပ်တတ်သည်။
8: Using alcoholic drinks and drugs conduces to …, if reborn as a human, madness.

ဒုစရိုက် ၁ဝ ပါး

(ကမ္မပထ တရား ၁ဝ ပါး – အကုသိုလ် _ရှု)

ဒုစရိုက် ၁ဝ ပါး ကျူးလွန်သူတို့က မကျူးလွန်သူတို့ထက်များပြားကြောင်း

ဥပမာ – ကမ္ဘာမြေကြီး (=ကျူးလွန်သူ) နှင့် လက်သဲပေါ်ရှိမြေမှုံ့ (=မကျူးလွန်သူ) (ပါဏာတိပါတသုတ် စသည်။ သစ္စသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
The simile of those who transgress the ten wrong actions and who do not: the great earth (transgressor) and a few dust on a fingernail (not–transgrssor) (Sacca Saṃyutta, Mahā–vagga Saṃyutta Pāḷi).

ဒုတိယ သင်္ဂါယနာ တင်ရန်ဖြစ်ပေါ်လာသော အဓမ္မဝါဒ ၁ဝ ချက်

Ten points that caused to convene the Second Buddhist Council:
၁။ သားဦးချိုဖြင့် ဆောင်ထားသောဆားသည် အပ်၏
1: Storing salt in a horn,
၂။ မွန်းတည့်ပြီး အရိပ်လက်နှစ်သစ်ရောက်သည်အထိ ဆွမ်းစားကောင်း၏
2: eating after midday,
၃။ နေ့ဆွမ်းခံစားပြီး ခရီးသွားမည့်ရဟန်း နောက်တဖန် ဆွမ်းခံစားကောင်း၏
3: eating once and then going again to a village for alms,
၄။ တစ်သိမ်တည်း၌ သံဃာ့ကံ သီးခြား အသီးသီးပြုခြင်းသည် အပ်၏
4: holding the Uposatha Ceremony with monks dwelling in the same locality,
၅။ မရောက်လာသေးသော သံဃာတော်များဆန္ဒကို ရောက်လာမှယူမည်ဟူ၍ ကံပြုနှင့်ခြင်းသည် အပ်၏
5: carrying out official acts when the assembly was incomplete,
၆။ ဆရာဥပဇ္စျာယ်တို့ အမူအကျင့်အချို့သည် ဝိနည်းနှင့်မညီသော်လည်း အပ်၏
6: following a certain practice because it was done by one's tutor or teacher,
၇။ နို့ဓမ်း (နို့ချဉ်) မဖြစ်မှီ နို့ရည်ကို သုံးဆောင်ခြင်းသည် အပ်၏
7: eating sour milk after one had his midday meal,
၈။ သေရည်အဆင့်မရောက်သေးသော သေနုအဆင့်သည် သောက်သုံးကောင်း၏
8: consuming strong drink before it had been fermented,
၉။ အမြိတ်အဆာ မပါသော နိသီဒိုင် အခင်းသည် အပ်၏
9: using a rug which was not the proper size,
၁ဝ။ ရွှေငွေသည် အပ်၏။
10: using gold and silver.

ဒုတိယသင်္ဂါယနာ တင်ရာ၌ ဂဏပါမောက္ခ ဆရာတော် ၈ ပါး

(သာရတ္ထဒီပနီ ဋီကာ)
Eight senior monks who took great part at the Second Buddhist Council:
၁။ သဗ္ဗကာမိ မထေရ်
1: Sabbakāmi,
၂။ သာဠ မထေရ်
2: Sāḷa,
၃။ ရေဝတ မထေရ်
3: Revata,
၄။ ခုဇ္ဇသောဘိတ မထေရ်
4: Khujjasobhita,
၅။ ယသ မထေရ်
5: Yasa,
၆။ သမ္ဘူတ မထေရ်
6: Sambhūta,
၇။ ဝါသဘဂါမီ မထေရ်
7: Vāsabhagāmī,
၈။ သုမန မထေရ်။
8: Sumana.

ဒုပ္ပဋိဝိဇ္စျ တရားများ

(ထိုးတွင်း သိမြင်နိုင်ခဲသော – ဒုပ္ပဋိဝိဇ္စျ – တရားများ _ရှု)

ဒုလ္လဘ

(ရခဲခြင်း) Rare, rare event, temporary monk.

ဒုလ္လဘ တရား ၅ ပါး

Five rarities:
၁။ ဘုရားသာသနာ ခေတ်ဖြစ်ခြင်း
1: The time when Buddha’s teachings exist, appearance of Buddha,
၂။ လူသား အဖြစ်ရခြင်း
2: real humanhood,
၃။ သဒ္ဓါတရားရှိခြင်း
3: deep faith,
၄။ ရဟန်း အဖြစ်ရခြင်း
4: monkhood,
၅။ သူတော်ကောင်းတရား နာကြားရခြင်း။
5: listening to the good–dhamma.

ဒု သ န သော

ကာမေသုမိစ္ဆာစာရကံ နှင့်ပတ်သက်ပြီး မြန်မာတို့ အသိများသော ကျမ်းဂန်လာဆိုရိုးစကား ဲဖစ်သည်။ သူဌေးသား ၄ ယောက်တို့သည် ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ကြပြီး ငရဲသို့ကျ – ငရဲအိုးထဲ၌ ထက်အောက်လူးလာ ငရဲဒုက္ခ ခံစားကြရင်း အနှစ် သုံးသောင်းကြာမှ ငရဲအိုး အပေါ်ဘက်သို့ ခဏတာ ပေါ်လာကြ ကုန်၏။ ထိုသို့ ပေါ်စဉ်အခိုက်အတန့်၌ သူဌေးသား ၄ ယောက် တို့သည် ဒု တစ်လုံး သ တစ်လုံး န တစ်လုံးသော တစ်လုံးစီသာ အသီးသီး ဟစ်အော်နိုင်ကြပြီး ငရဲအိုးအောက်ဘက်သို့ ပြန်မြုပ်သွားကြကုန်၏။ ယင်းလေးလုံးတို့သည် ဂါထာတစ်ပုဒ်စီ၏ အစဆုံးစာလုံးများဖြစ်ကြသည်။
Du Sa Na So: This is a famous Burmese expression in accordance with the Buddhist Scriptures regarding ‘sexual misconduct’. Once, four rich young men, having commited adultery and after their death, suffered in hell. They were boiled up and down in the hell–pot. For a moment they reached the surface of it once in thirty thousand years. They each cried out just ‘Du’, ‘Sa’, ‘Na’ and ‘So’ and sank down again in it. These four latters are the beginning of four verses.

ဒုဿစေတီ

ဘုရားအလောင်းတော် သိဒ္ဓတ္ထ တောထွက်စဉ် ဝတ်သော ဝတ်ရုံများကို ဃဋိကာရဗြဟ္မာကြီး က ဆောင်ယူပြီး အကနိဋ္ဌဘုံ၌ စေတီတည်သည်။ ဒုဿစေတီ ဟုခေါ်ပြီး ၁၂ ယူဇနာမြင့်သည်။
Dussa Cetī: Ghaṭikāra Brahma brought Siddhattha’s cloth to Akaniṭṭha Brahma–realm and built a pagoda called Dussa Cetī, 12 yūjanā in hight.

ဒုဿီလ

Immoral person, person of poor moral habits.

ဒုဿီလရဟန်းအား လှူသည်ပင်ဖြစ်သော်လည်း အလှူကို စင်ကြယ်စေနိုင်ကြောင်း ၁ဝ ပါး

Ten ways even an amoral monk purifies the gift of faith:
၁။ သင်္ကန်းကို ဝတ်ရုံထားခြင်း
1: Wearing the robes of the Buddha/monks,
၂။ သူတော်ကောင်း ရဟန်းများနှင့်တူညီစွာ ဦးပြည်းကတုံးဖြစ်ခြင်း
2: having shaven head that bears the mark of the monks,
၃။ ရဟန်းအပေါင်းနှင့် အတူနေထိုင် သက်ဝင်နိုင်ခြင်း
3: being accompany with monks,
၄။ ရတနာသုံးပါး ဆည်းကပ်သေးခြင်း
4: having taken refuge in three Gems,
၅။ သူတော်ကောင်းများနေရာ ကျောင်း၌ နေထိုင်သေးခြင်း
5: dwelling in a monastery,
၆။ သာသနာတော်တည်တန့်မှုကို လိုလားသေးခြင်း
6: willing the shinning of dhamma,
၇။ တရားဟောနိုင်သေးခြင်း
7: preaching the dhamma,
၈။ တရား၌ လဲလျောင်းသေးခြင်း
8: taking the dhamma as guiding line,
၉။ ဘုရားရှင်သာအမြတ်ဆုံးဟု ခံယူသေးခြင်း
9: regarding the Buddha as Supreme,
၁ဝ။ တစ်လနှစ်ကြိမ် ဥပုသ်ပြုသေးခြင်း။
10: observing the Uposatha (Buddhist Sabbath) twice a months.

ဒုဿီလလူထက် ဒုဿီလရဟန်း၏ သာလွန်ချက် ၁ဝ မျိုး

(သီလမရှိသောလူထက် သီလမရှိသောရဟန်း၏ သာလွန်ချက် ၁ဝ မျိုး _ရှု)

ဒေဝ။ နတ် ဒေဝါ

Deity, heavenly/celestial beings.

ဒေဝ ၃ မျိုး

Three kinds of deity:
၁။ သမ္မုတိ ဒေဝ – မင်းမျိုးနွယ် အုပ်ချုပ်သူများ
1: Ruling class,
၂။ ဥပပတ္တိ ဒေဝ – နတ် ဗြဟ္မာများ
2: heavenly/celestial beings,
၃။ ဝိသုဒ္ဓိ ဒေဝ – ဘုရား ရဟန္တာများ။
3: Buddhas and arahants.

ဒေဝစ္ဆရာ

Heavenly goddess, nymph.

ဒေဝတာနုဿတိ

(အနုဿတိ _ရှု) Recollection of the deity/heavenly being.

ဒေဝဒတ်

Devadatta, Lord Buddha’s coursin who strongly against Him.

ဒေဝဒတ်အား လွှမ်းမိုးပြီး ငရဲကျကြောင်းဖြစ်သောတရား ၈ ပါး

Eight things that made Devadatta overwhelmed and cast into hell:
၁။ လာဘ် ရခြင်း
1: Gain,
၂။ လာဘ် မရခြင်း
2: no–gain, decrease,
၃။ အခြံအရံ ရှိခြင်း
3: fame,
၄။ အခြံအရံ မရှိခြင်
4: defame,
၅။ ပူဇော်သက္ကာရ ရှိခြင်း
5: honor,
၆။ ပူဇော်သက္ကာရ မရှိခြင်း
6: dishonor,
၇။ ယုတ်မာသောအလို ရှိခြင်း
7: bad attitude,
၈။ ယုတ်မာသော မိတ်ဆွေ ရှိခြင်း။
8: bad companions.

ဒေဝဒတ် ဘုရားရှင်ထံ တောင်းဆိုသောဆု ၅ မျိုး

Five things demanded by Devadatta:
၁။ ရဟန်းတော်များ အသက်ထက်ဆုံး တောကျောင်းမှာသာ နေရန်
1: All monks, to live in forest hermitage for life,
၂။ ပိဏ္ဍပါတ်ဓုတင် ဆောင်ရန် (ဆွမ်းခံပြီးသာ စားရန်)
2: to eat alms–round–food for life,
၃။ ပံသကူဓုတင် ဆောင်ရန်
(အဝတ်စဟောင်းများ မိမိဖါသာ ရနိုင်ရာကကောက်ယူ လျှော်ဖွတ် ချုပ်စပ် ဆေးဆိုးပြီး ဝတ်ရန်)
3: to wear robes made of rags for life,
၄။ ရုက္ခမူဓုတင် ဆောင်ရန် (သစ်ပင်အောက်မှာသာ နေထိုင်ရန်)
4: to dwell at the foot of a tree for life,
၅။ သားငါး မစားရန် (သက်သတ်လွတ်သာစားရန်)။
5: not to eat meat and fish for life.

ဘုရားရှင်၏ အဖြေ

Lord Buddha’s answers of the above five questions:
၁။ ရဟန်းတော်များသည် တောကျောင်းမှာနေလိုကနေ မနေလိုက ယင်းတို့၏ဆန္ဒအတိုင်းဖြစ်သည်။
1: Living in the forest hermitage or not, it is in accordance with monks’ desire,
၂။ ပိဏ္ဍပတ်ဓုတင်မှာလည်း ဤနည်းအတူ
2: the same in alms–round–food,
၃။ ပံသုကူဓုတင်မှာလည်း ဤနည်းအတူ
3: in robes made of rags,
၄။ ရုက္ခမူဓုတင်မှာလည်း ဤနည်းအတူ
4: in dwelling at the foot of a tree,
၅။ သားငါး စားလိုကစား မစားလိုက ဆန္ဒအတိုင်း။
5: in eating or not meat and fish.

ဒေဝဓမ္မ တရား ၂ ပါး

Two dhammas of deity:
၁။ ဟိရီ – မကောင်းမှုမှ ရှက်ခြင်း
1: Moral shame,
၂။ သြတပ္ပ – မကောင်းမှုမှ ကြောက်ခြင်း။
2: moral dread.

ဒေသန္တရ

Various regions, other locations.

ဒေသန္တရ ဗဟုသုတ

Knowledge of various regions/countries.

ဒေသနာ

Dhamma–talk, exposition of the doctrine, teaching,
the facts come from the Scriptures.

ဒေသနာ ၂ မျိုး

Two kinds of Dhamma–terms/words:
၁။ ဝေါဟာရ ဒေသနာ – လူများသတ်မှတ်ထားချက် ဝေါဟာရအတိုင်း– ဟောကြားခြင်း –ဝေါဟာရ
1: Conventional/relative term,
၂။ ပရမတ္ထ ဒေသနာ – အရှိ အမှန်သဘာဝ ပရမတ္ထအတိုင်း– ဟောကြားခြင်း –ဝေါဟာရ။
2: ultimate term.

ဒေသနာ ၂ မျိုး

Two kinds of Dhamma–term/words/discourses:
၁။ သံခိတ္တ – အကျဉ်း
1: The concise,
၂။ ဝိတ္ထာရ – အကျယ်။
2: the detailed.

ဒေသနာ ၃ မျိုး

Three kinds of Buddha’s teaching/dhamma:
၁။ အာဏာ ဒေသနာ = ဝိနည်း ပိဋက
1: Authoritative teaching/discouece, i.e., the Basket of Discipline,
၁။ ဝေါဟာရ ဒေသနာ = သုတ္တန် ပိဋက
2: conventional/relative teaching/discouece, i.e., the Basket of Discoueses,
၂။ ပရမတ္ထ ဒေသနာ = အဘိဓမ္မ ပိဋက။
3: ultimate teaching/discourse, i.e., the Basket of Ultimate Teaching.

ဒေသနာ ၄ မျိုး

Four speeches/kinds of Buddha’s teaching/dhamma:
၁။ ဓမ္မာဓိဋ္ဌာန ဓမ္မ ဒေသနာ – သဘာဝကိုမှီ၍ သဘာဝအတိုင်း ဟောပြောခြင်း
1: Phenomenal speech based upon phenomena,
၂။ ဓမ္မာဓိဋ္ဌာန ပုဂ္ဂလ ဒေသနာ – သဘာဝကိုမှီ၍ ပုဂ္ဂိုလ်ရေးအလိုက် ဟောပြောခြင်း
2: individual speech based upon phenomena,
၃။ ပုဂ္ဂလာဓိဋ္ဌာန ပုဂ္ဂလ ဒေသနာ – ပုဂ္ဂိုလ်ကိုမှီ၍ ပုဂ္ဂိုလ်ရေးအလိုက် ဟောပြောခြင်း
3: individual speech based upon individuals,
၄။ ပုဂ္ဂလာဓိဋ္ဌာန ဓမ္မ ဒေသနာ – ပုဂ္ဂိုလ်ကိုမှီ၍ သဘာဝအတိုင်း ဟောပြောခြင်း။
4: phenomenal speech based upon individuals.

ဒေါမနဿ

Displeasure, grief.

ဒေါသ

Anger, hatred.

ဒေါသ ကင်းကြောင်းတရားသည် မေတ္တာ စေတောဝိမုတ္တိ (မေတ္တာဘာဝနာ)

The cause to abandon hatred is the liberation of mind by loving–kindness.

ဒေါသ စရိုက်

Anger–natured, hate–natured.

ဒေါသ စရိုက်အားကြီးသူနှင့် သင့်တော်သော ကမ္မဋ္ဌာန်း ၈ ပါး

Eight meditation–methods that fit with an anger–natured person:
၁။ မေတ္တာ
1: Loving–kindness,
၂။ ကရုဏာ
2: compassion,
၃။ မုဒိတာ
3: unselfish joy,
၄။ ဥပေက္ခာ
4: equanimity,
၅။ နီလ ကသိုဏ်း
5: contemplation of dark blue device,
၆။ ပီတ ကသိုဏ်း
6: of yellow device,
၇။ လောဟိတ ကသိုဏ်း
7: of red device,
၈။ သြဒါတ ကသိုဏ်း။
8: of white device.

ဒေါသပယ်ကြောင်း တရား ၆ ပါး

Six things to get rid of hatred:
၁။ မေတ္တာနိမိတ်ကို အာရုံယူခြင်း
1: Getting loving–kindness objects,
၂။ မေတ္တာဘာဝနာကို အဖန်ဖန်ပွါးများခြင်း
2: sending loving–kindness/practicing loving–kindness meditation,
၃။ ကံသာလျှင် မိမိဥစ္စာဖြစ်သည်ဟု ဆင်ခြင်ခြင်း
3: thinking and reflecting that everybody has his/her own kamma,
၄။ ပညာဖြင့် ဆင်ခြင်ခြင်း
4: wisdom,
၅။ စိတ်ကောင်းမွေးခြင်း
5: good–heart,
၆။ လျောက်ပတ်သောစကားကို ပြောဆိုခြင်း။
6: speaking with porper terms.

ဒွတ္တိံသာကာရ

(သုံးဆယ်နှစ် ကောဋ္ဌာသ _ရှု)
The 32 aspects of the body.

ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်း

Mditation on the 32 aspects of the body.

ဒွါဒသက နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ဆယ့်နှစ်ခုမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၁၂ ပုဒ်စီ ပါရှိသော ဇာတ်တော် များဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၁ဝ ပုဒ် ပါဝင်သည်။
Dvādasaka–nipāta (Jātaka): This is the twelveth chapter of the 550 Birth–stories:
each of them consists of twelve verses; thus, Dvādasaka–nipāta, twelve–verse–
story; there are 10 stories in this chapter.

ဒွါဒသက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်သီလဝ နှင့် အရှင်သုနီတ ရဟန္တာ မထေရ် နှစ်ပါးတို့ ဆယ့််နှစ်ဂါထာစီတို့ဖြင့် ဥဒါန်းကျူးရင့်တော်မူကြခြင်းကို စုစည်းထားခြင်းဖြစ်သည်။
Dvādasaka–nipāta (Theragāthā): This is a collection of joyous verses uttered by two monks, Sīlava and Sunīta, at the time of Lord Buddha. They uttered twelve verses each.

ဒွါဒသက နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ ဥပ္ပလဝဏ္ဏာ ရဟန္တာ ထေရီ ဆယ့်နှစ် ဂါထာတို့ဖြင့် ဥဒါန်းကျူးရင့် တော်မူသည်ကို စုစည်းထားခြင်းဖြစ်သည်။
Dvādasaka–nipāta (Therīgāthā): This is a collection of twelve joyous verses uttered by Uppalavaṇṇā, a female arahant, at the time of Lord Buddha.

ဒွါရ

Sense organ/base/element, door.

ဒွါရ – အပေါက် – ၃ ပါး

Three doors:
၁။ ကာယ ဒွါရ – ကုသိုလ် အကုသိုလ်တို့ ဝင်ထွက်ရာအပေါက် ခန္ဓာကိုယ်
1: Body–door through which good/bad deeds come in and go out,
၂။ ဝစီ ဒွါရ – ကုသိုလ် အကုသိုလ်တို့ ဝင်ထွက်ရာအပေါက် နှုတ်ဝစီ
2: mouth–door through which good/bad deeds come in and go out,
၃။ မနော ဒွါရ – ကုသိုလ် အကုသိုလ်တို့ ဝင်ထွက်ရာအပေါက် စိတ်မနော။
3: mind–door through which good/bad deeds come in and go out.

ဒွါရ ၆ ပါး (ပေါက်)

Six sense organs:
၁။ စက္ခု – မျက်စိ
1: Eye,
၂။ သောတ – နား
2: ear,
၃။ ဃာန – နှာ
3: nose,
၄။ ဇိဝှါ – လျှာ
4: tongue,
၅။ ကာယ – ကိုယ်
5: body,
၆။ စိတ္တ – စိတ်။
6: mind–object.

ဒွါရ ၉ ပေါက်

Nine holes of a human:
မျက်စိ ၂ ပေါက် Eyes 2
နား ၂ ပေါက် ears 2
နှာခေါင်း ၂ ပေါက် nose holes 2
ပါးစပ်ပေါက် ၁ mouth 1
ကျင်ငယ်ပေါက် ၁ genital organ 1
ကျင်ကြီးပေါက် ၁ anus 1
ပေါင်း ၉ total: 9

ဒွိဟိတ်

– အလောဘ အဒေါသ ဟူသောအကြောင်းအရင်းခံ အမြစ် ၂ မျိုး
The two root–conditions, the two good causes, i.e., absence of greed and of anger.

ဒွိဟိတ် ပုဂ္ဂိုလ်

– အလောဘ အဒေါသဟူသော အကြောင်း ၂ ပါးဖြင့် ပဋိသန္ဓေနေသူ
Two–rooted person: A person who has two roots (i.e., no–greed and no–hatred)
conditions at the time of the conception.

ဒွိ ဟေတုက ပဋိသန္ဓေ

(ပဋိသန္ဓေ _ရှု)
Born with two root–conditions.

ဓန ဥစ္စာ

Wealth, belonging.

ဓနိတ အက္ခရာ

အသံပြင်းပြင်းရွတ်ဖတ်ရသော အက္ခရာ (သိထိလ အက္ခရာ _ရှု)
Spirated consotants.
ဓနိတ အက္ခရာ ။ သိထိလ အက္ခရာ
Spirated consotants; unspirated consotants
ခ။ ဃ kha, gha ။ က။ ဂ ka, ga
ဆ။ စျ cha, jha ။ စ။ ဇ ca, ja
ဌ။ ဎ ṭha, ḍha ။ ဋ။ ဍ ṭa, ḍa
ထ။ ဓ tha, dha ။ တ။ ဒ ta, da
ဖ။ ဘ pha, bha ။ ပ။ ဗ pa, ba

ဓမ္မ

Teachings of Buddha, doctrine, righteousness, condition,
phenomena, duty.

ဓမ္မ ကထိက

Preacher, Dhamma–speaker, expounder of the dhamma.

ဓမ္မက္ခန္ဓာ

Dhamma–components, groups of dhamma.

ဓမ္မ္မက္ခန္ဓာ ပေါင်း ၈၄ဝဝဝ

The 84,000 Dhamma–components:
၁။ ဝိနယ ပိဋက – ဓမ္မ္မက္ခန္ဓာ ပေါင်း ၂၁ဝဝဝ ပါဝင်သည်။
1: Vinaya Piṭaka – the ‘Book of Discipline’ consists of
21,000 dhamma–components.
၂။ သုတ္တန္တ ပိဋက – ဓမ္မ္မက္ခန္ဓာ ပေါင်း ၂၁ဝဝဝ ပါဝင်သည်။
2: Suttanta Piṭaka – the ‘Book of Discourses’ consists of 21,000 dhamma–components.
၃။ အဘိဓမ္မ ပိဋက – ဓမ္မ္မက္ခန္ဓာ ပေါင်း ၄၂ဝဝဝ ပါဝင်သည်။
3: Abhidhamma Piṭaka – the ‘Book of More–dhamma/of Ultimate dhamma’ consists of 42,000 dhamma–components.

ဓမ္မ္မကထိက ၄ မျိုး

Four kinds of dhamma–preacher:
၁။ အကျိုးမပြီး အနည်းငယ်သာဟောသော ဓမ္မ္မကထိက
1: Talk little but not beneficial (not to the point),
၂။ အကျိုးပြီး။ရှိလျှက် အနည်းငယ်သာဟောသော ဓမ္မ္မကထိက
2: little but beneficial,
၃။ အကျိုးမပြီး များများကြီးဟောသော ဓမ္မ္မကထိက
3: much but not beneficial,
၄။ အကျိုးလည်းပြီး များများကြီးဟောသော ဓမ္မ္မကထိက။
4: much and beneficial.

ဓမ္မကထိကများ ပြည့်စုံရမည့်အင်္ဂါ ၅ ပါး

(တရားဟောဓမ္မကထိကများ ပြည့်စုံရမည့်တရား ၅ ပါး _ရှု)

ဓမ္မ္မစက္ခု

Vision/eye of dhamma.

ဓမ္မ စကြာ (စက္က) သုတ်

The Discourse on the Wheel of the Dhamma.

ဓမ္မ စကြာ သုတ်လာ ဒုက္ခသရုပ် ၈ ပါး

Eight categories of dukkha (suffering) in ‘the Discourse on the Wheel of the Dhamma’:
၁။ ဇာတိ ဒုက္ခ – ပဋိသန္ဓေနေ။ ဖြစ်နေခြင်း ဆင်းရဲ
1: Birth, becoming,
၂။ ဇရာ ဒုက္ခ – အိုခြင်းဆင်းရဲ
2: old age,
၃။ ဗျာဓိ ဒုက္ခ – နာခြင်းဆင်းရဲ
3: sickness,
၄။ မရဏ ဒုက္ခ – သေခြင်းဆင်းရဲ
4: death,
၅။ အပ္ပိယေဟိ သမ္ပယောဂ ဒုက္ခ – မချစ်မနှစ်သက်သည်များနှင့် အတူဖြစ်နေရခြင်း ဆင်းရဲ
5: association with those that one does not like/love,
၆။ ပိယေဟိ ဝိပ္ပယောဂ ဒုက္ခ – ချစ်နှစ်သက်သည်များနှင့် ကွေကွင်းနေရခြင်း ဆင်းရဲ
6: dis–association with those that one likes/loves,
၇။ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ – လိုတာမရခြင်း ဖြစ်ချင်ရာမဖြစ်ခြင်း ဆင်းရဲ။
7: not to get what one desires/wants,
၈။ ပဌုပါဒါနက္ခန္ဓာ – စွဲလမ်းရာ ခန္ဓာငါးပါး။
8: the clinging to the five aggregates.

ဓမ္မ စာရီ

A person who acts/behaves in accordance with the dhamma.

ဓမ္မ ဒေသက

(ဓမ္မ ကထိက _ရှု)

ဓမ္မ ဒေသနာ

Exposition of the dhamma.

ဓမ္မ ဓာတု

Mind–object element.

ဓမ္မနှင့် လယ်ယာ နှိုင်းယှဉ်ခြင်း

(တရားတော် လယ်ယာထွန်ယက်မှုနှင့် ယှဉ်စပ်သော ဥပမာများ _ရှု)

ဓမ္မ ပဒ ပါဠိ

ခုဒ္ဒက နိကာယ်၏ ဒုတိယ ကျမ်းဖြစ်သည်။ ကဏ္ဍ ၂၆ ခု ရှိပြီး ၄၃၂ ဂါထာ ပါဝင်သည်။
ဤကျမ်းလာဝတ္ထုများသည် ထင်ရှားပြီး ဗုဒ္ဓဘာသာဝင်တို့အပေါ် များစွာ သြဇာသက်ရောက်သည်။ ကဏ္ဍ ၂၆ ခုတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် (ကဏ္ဍအသီးသီးနောက်ရှိ နံပါတ်များသည် ယင်းကဏ္ဍတို့၏ ဂါထာ အရေအတွက် ဖြစ်ပါသည်) –
Dhammapada: ‘The Path of the Buddha’s Teaching’: the second book of
‘the Collection of Minor Discourses’. It consists of 423 verses in 26 chapters.
Stories in this text are very famous and influential among Buddhists. The 26
chapters are as follows (The numbers in parenthesis after each chapter are
the amount of verses in it.):
၁။ ယကမ – တစ်စုံ (၂ဝ)
1: Twin Verses (20),
၂။ အပ္ပမာဒ (၁၂)
2: Appamāda (12),
၃။ စိတ္တ (၁၁)
3: Citta, Mind (11),
၄။ ပုပ္ဖ – ပန်း (၁၆)
4: Puppha (16),
၅။ ဗာလ – လူမိုက် (၁၆)
5: Bāla (16),
၆။ ပဏ္ဍိတ –ပညာရှိ (၁၄)
6: Paṇḍita (14),
၇။ ရဟန္တာ (၁၅)
7: Arahat (15),
၈။ သဟဿ – တထောင်
8: Sahassa (16),
၉။ ပါပ – မကောင်းမှု (၁၃)
9: Pāpa (13),
၁ဝ။ ဒဏ္ဍ – တုတ်ဒါး (၁၇)
10: Danda (17),
၁၁။ ဇရာ – အိုခြင်း (၁၁)
11: Jarā (11),
၁၂။ အတ္တ – ငါစွဲ (၁ဝ)
12: Atta (10),
၁၃။ လောက – ကမ္ဘာ (၁၂)
13: Loka (12),
၁၄။ ဗုဒ္ဓ – ဘုရား (၁၈)
14: Buddha (18),
၁၅။ သုခ – ချမ်းသာ (၁၂)
15: Sukha (12),
၁၆။ ပီယ – ချစ်ခြင်း (၁၂)
16: Pīya (12),
၁၇။ ကောဓ = အမျက်ဒေါသ (၁၄)
17: Kodha (14),
၁၈။ မလ – အညစ်အကြေး (၂၁)
18: Mala (21),
၁၉။ ဓမ္မဋ္ဌ – တရား၌တည်ခြင်း (၁၇)
19: Dhammaṭṭha (17),
၂ဝ။ မဂ္ဂ – လမ်းစဉ် (၁၇)
20: Magga (17),
၂၁။ ပကိဏ္ဏက – အထွေထွေ (၁၆)
21: Pakinnaka (16),
၂၂။ နိရယ – ငရဲ (၁၄)
22: Niraya (14),
၂၃။ နာဂ – ဆင် (၁၄)
23: Nāga (14),
၂၄။ တဏှာ – စွဲလမ်း (၂၆)
24: Tanhā (26),
၂၅။ ဘိက္ခု – ရဟန်း (၂၃)
25: Bhikkhu (23),
၂၆။ ဗြဟ္မဏ – မြင့်မြတ်သူ (၄၁)။
26: Brāhmaṇa (41).

ဓမ္မ ပဒ (တရားရကြောင်း) ၄ ပါး

Four ways to gain dhamma:
၁။ အနဘိဇ္စျာ = တပ်မက်မှု မရှိခြင်း
1: Without craving,
၂။ အဗျာပါဒ = ဒေါသ ရန်ငြိုး မရှိခြင်း
2: without enmity,
၃။ သမ္မာ သတိ = သတိ ရှိခြင်း
3: with mindfulness,
၄။ သမ္မာ သမာဓိ = သမာဓိ ရှိခြင်း။
4: with concentration.

ဓမ္မ ဘဏ္ဍာဂါရိက

တရားဘဏ္ဍာတိုက်
Custodian/treasurer of the dhamma.

ဓမ္မ ဘေရီ

တရားစည်
Dhamma–drum.

ဓမ္မ ရောင်ခြည်

The light of the dhamma.

ဓမ္မဝါဒီ

(တရားတော် + ဝိနည်းနှင့်ညီသော) ရဟန်း၏ အ၈င်္ါ ၁၈ ပါး (အဓမ္မဝါဒီ – တရားတော် + ဝိနည်းနှင့် မညီသော – ရဟန်း၏ အ၈င်္ါ ၁၈ ပါး _ရှု)

ဓမ္မ ဝိနယ

Discourse and discipline, Buddha’s teaching.

ဓမ္မသင်္ဂPီ ပါဠိ

အဘိဓမ္မ ပိဋက၏ ပထမဆုံးကျမ်းဖြစ်သည်။ ဤကျမ်း၌ စိတ် စေတသိက်များကို တိက် = သုံပါးစု တရား၂၂ မျိုး နှင့် ဒုက် = နှစ်ပါးစုတရား ၁၄၂ မျိုးတို့ကို မူတည်ပြီး အသေးစိတ် တင်ပြထားသည်။
Dhamma–saṅgaṇī: The first text of the ‘Abhidhamma Piṭaka’: mind (citta) and mental factors (cetasika) are detailed in this book under the categories of 22 triad and 142 diad.

ဓမ္မာ စရိယ

Dhamma instructor, instructor/master/teacher in the doctrine, master of the dhamma, a high degree of Myanmar religious examination.

ဓမ္မာနုပဿနာ ၅ ပါး

(မဟာသတိပဋ္ဌာနသုတ်)
Five kinds of mindfulness on Dhamma (Discourse on Foundation of Mindfullness):
၁။ နီဝရဏ ငါးပါးကို ရှုမှတ်ခြင်း
1: Mindfulness on five hindrances,
၂။ ခန္ဓာ ငါးပါးကို ရှုမှတ်ခြင်း
2: on five aggregates,
၃။ အာယတန ဆယ့်နှစ်ပါးကို ရှုမှတ်ခြင်း
3: on twelve bases,
၄။ ဗောဇ္စျင် ခုနှစ်ပါးကို ရှုမှတ်ခြင်း
4: on seven factors of enlightenment,
၅။ သစ္စာ လေးပါးကို ရှုမှတ်ခြင်း။
5: on four Truths.

ဓမ္မာနုဿတိ

(အနုဿတိ _ရှု)
The recollection of the dhamma.

ဓမ္မ္မာဘိ သမယ

Breakthrough to dhamma.

ဓမ္မာရုံ

Dhamma–hall, prayer–hall, meditation–hall, religious service–hall.

ဓမ္မုဒ္ဒေသ ၄ ပါး

(ရဋ္ဌပါလသုတ်လာ ၄ ပါးသော တရားအစု = ဓမ္မုဒ္ဒေသ တရားအကျဉ်း ၄ ပါး _ရှု)

ဓာတ်

Element, base.

ဓာတ် ၂ ပါး

Two elements:
၁။ သင်္ခတ ဓာတ်
1: The conditioned element,
၂။ အသင်္ခတ ဓာတ်
2: the unconditioned element.

ဓာတ် ၃ ပါး

(ဂိဥ္ဇကာဝသထသုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
Three elements:
၁။ ဟီနဓာတ် – ယုတ်ညံ့သော ဓာတ်ကို အခြေခံပြီး ယုတ်ညံ့သော သညာ။ အယူ။ အကြံအစည်။ စေတနာ။ တောင့်တမှု။ နှလုံးသွင်းရှိသော ယုတ်ညံ့သောပုဂ္ဂိုလ်သည် ယုတ်ညံ့သောစကား။တရား ပြောကြား ဟောကြား၏။
1: Inferior element: From inferior element, there arises inferior perception, an inferior view, inferior volition, inferior longing, an inferior wish, inferior person and inferior speech.
၂။ မဇ္စျိမဓာတ်– အလယ်အလတ်ဖြစ်သော ဓာတ်ကို အခြေခံပြီး အလယ်အလတ်ဖြစ်သော သညာ။ အယူ။ အကြံအစည်။ စေတနာ။ တောင့်တမှု။ နှလုံးသွင်းရှိသော အလယ်အလတ်ဖြစ်သော ပုဂ္ဂိုလ်သည် အလယ်အလတ် ဖြစ်သော စကား။တရား ပြောကြား ဟောကြား၏။
2: middling element: From middling element, there arises middling perception, a middling view, middling volition, middling longing, a middling wish, middling person and middling speech.
၃။ ပဏီတဓာတ် – မြင့်မြတ်သော ဓာတ်ကို အခြေခံပြီး မြင့်မြတ်သော သညာ။ အယူ။ အကြံအစည်။ စေတနာ။ တောင့်တမှု။ နှလုံးသွင်းရှိသော မြင့်မြတ်သောပုဂ္ဂိုလ်သည် မြင့်မြတ်သောစကား။တရား ပြောကြား ဟောကြား၏။
3: superior element: From superior element, there arises superior perception, an superior view, superior volition, superior longing, an superior wish, superior person and superior speech.

ဓာတ် ၆ ပါး

Six great elements:
၁။ သုခ ဓာတ်
1: Pleasure element,
၂။ ဒုက္ခ ဓာတ်
2: pain element,
၃။ သောမနဿ ဓာတ်
3: pleasant element,
၄။ ဒေါမနဿ ဓာတ်
4: unpleasant element,
၅။ ဥပေက္ခာ ဓာတ်
5: neutral element,
၆။ အဝိဇ္ဇာ ဓာတ်။
6: ignorance element.

ဓာတ် ၆ ပါး

(တနည်း)
More six great elements:
၁။ ကာမ ဓာတ်
1: Sensual pleasure element,
၂။ နေက္ခမ ဓာတ်
2: renunciation element,
၃။ ဗျာပါဒ ဓာတ်
3: ill will element,
၄။ အဗျာပါဒ ဓာတ်
4: non–ill will element,
၅။ ဝိဟိံသ ဓာတ်
5: cruelty element,
၆။ အဝိဟိံသ ဓာတ်။
6: non–cruelty element.

ဓာတ် ၇ ပါး

(သတ္တဓာတုသုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
Seven elements:
၁။ အာဘာ ဓာတ်
1: The light, ၂ သုဘ ဓာတ်
2: the beauty,
၃။ အာကာသာနဌာယတန ဓာတ်
3: boundless space,
၄။ ဝိညာဏဌာယတန ဓာတ်
4: boundless consciousness,
၅။ အာကိဌညာယတန ဓာတ်
5: nothingness,
၆။ နေဝသညာနာသညာယတန ဓာတ်
6: neither perception nor yet non–perception,
၇။ သညာဝေဒယိတနိရောဓ ဓာတ်။
7: cessation of perception and feeling.

ဓာတ် ၁၈ ပါး

Eighteen elements:
၁။ မျက်စိ ဓာတ်
1: Eye,
၇။ အဆင်း ဓာတ်
7: vision,
၂။ နား
2: ear,
၈။ အသံ
8: sound,
၃။ နှာ
3: nose,
၉။ အနံ့
9: smell,
၄။ လျှာ
4: tongue,
၁ဝ။ အရသာ
10: taste,
၅။ ကိုယ်
5: body,
၁၁။ အတွေ့
11: tangibility,
၆။ စိတ်
6: mind,
၁၂။ အကြံအစည်
12: mental object,
၁၃။ မြင်သိစိတ် ဓာတ်
13: eye–consciousness,
၁၄။ ကြားသိစိတ်
14: ear–consciousness,
၁၅။ နံသိစိတ်
15: nose–consciousness,
၁၆။ ရသာသိစိတ်
16: tongue–consciousness,
၁၇။ တွေ့ သိစိတ်
17: body–consciousness,
၁၈။ ကြံသိစိတ်။
18: mind–consciousness.

ဓာတ်ကမ္မဋ္ဌာန်း

(ဓာတ်ကြီး ၄ ပါး) အားထုတ်ရာ၌ နှလုံးသွင်းရမည့် အချက်များ (အကျယ်ကို ဝိသုဒ္ဓိမဂ် – စတုဓာတု ဝဝတ္ထာန် အခန်း၌ ကြည့်ပါ) Thirteen ways of giving attention on great–element–meditation (See ‘The Path of Purification’ in detail):
၁။ ဝစနတ္ထတော – အနက်အဓိပ္ပါယ်အားဖြင့်
1: As to word meaning,
၂။ ကလာပတော – အစုအစည်း ကလာပ်အားဖြင့်
2: by groups,
၃။ စုဏ္ဏတော – အမှုံ့အားဖြင့်
3: by particles,
၄။ လက္ခဏာဒိတော – လက္ခဏာစသောအားဖြင့်
4: by characteristics etc.,
၅။ သမုဋ္ဌာနတော – ဖြစ်ကြောင်းအားဖြင့်
5: as to how originated,
၆။ နာနတ္တေကတ္တတော – ထူးခြားမှု တူညီမှု အားဖြင့်
6: as to variety and unity,
၇။ ဝိနိဗ္ဘောဂါဝိနိဗ္ဘာဂတော – စုစည်းမှု ကွဲပြားမှုအားဖြင့်
7: as to resolution and non–resolution,
၈။ သဘာဂဝိသဘာဂတော – သဘောတူမှု မတူမှုအားဖြင့်
8: as to the similar and dissimilaer,
၉။ အဇ္စျတ္တိကဗာဟာရဝိသေသတော – အတွင်း အပြင်ထူးခြားမှုအားဖြင့်
9: as to distinction between internal and external,
၁ဝ။ သင်္ဂဟတော – အကျဉ်းအားဖြင့်
10: as to summary/conclusion,
၁၁။ ပစ္စယတော – အကြောင်းပစ္စည်းအားဖြင့်
11: as to condition,
၁၂။ အသမန္နာဟာရတော – အာရုံ မယူသောအားဖြင့်
12: as to lack of conscious reaction,
၁၃။ ပစ္စယဝိဘာဂတော – ပစ္စည်းကို ဝေဘန်သောအားဖြင့်။
13: as to analysis of condition.

ဓာတ်ကြီး ၄ ပါး

Four great elements:
၁။ ပထဝီ ဓာတ် (မြေ)
1: The solid or earth–element,
၂။ အာပေါ ဓာတ် (ရေ)
2: the liquid or water–element,
၃။ တေဇော ဓာတ် (မီး)
3: heat or fire–element,
၄။ ဝါယော ဓာတ် (လေ)။
4: motion or wind–element.

ဓာတ်ကြီး ၄ ပါးတို့၏ ချုပ်ရာ

နိဗ္ဗာန်
In Nibbāna the four great elements cease without remainder

ဓာတ်ကြီး ၆ ပါး

Six great elements: အထက်ပါ ဓာတ်ကြီး ၄ ပါးထဲ ပေါင်းရန် Add the following 5 and 6 into the above:
၅။ အာကာသ ဓာတ်
5: space–element,
၆။ ဝိညာဏ ဓာတ်။
6: consciousness–element.

ဓာတ်တူချင်းမှ ပေါင်းသင်းကြ၏

Coming together in accordance with disposition:
၁။ ဟီနာဓိမုတ္တိက – ယုတ်ညံ့သော နှလုံးသွင်းရှိသူချင်း ပေါင်းသင်း၏။
1: Those of inferior disposition come together and unite with those of an inferior disposition.
၂။ ကလျာဏာဓိမုတ္တိက – မြင့်မြတ်သော နှလုံးသွင်းရှိသူချင်း ပေါင်းသင်း၏။
2: Those of good disposition come together and unite with those of an good disposition.

ဓာတ်တူချင်းမှ ပေါင်းသင်းကြ၏ (က)

Coming together in accordance with disposition (a):
ကလျာဏာဓိမုတ္တိက – မြင့်မြတ်သော နှလုံးသွင်းရှိသူချင်း ပေါင်းသင်းကြပုံ The examples of those of good disposition come together and unite with those of an good disposition:
၁။ သဒ္ဓါတရားရှိသူချင်း
1: The faithful come together and unite with the faithful;
၂။ အရှက်ရှိသူချင်း
2: the shameful, with the shameful,
၃။ အကြောက်ရှိသူချင်း
3: the fearful, with the fearful,
၄။ ဗဟုသုတ များသူချင်း
4: the vast–learned, with the vast–learned,
၅။ ကြိုးစားအားထုတ်သူချင်း
5: the energetic, with the enegetic,
၆။ မမေ့မလျော့နေသူချင်း
6: the mindful, with the mindful,
၇။ ပညာရှိသူချင်း။
7: the wise, with the wise.

ဓာတ်တူချင်းမှ ပေါင်းသင်းကြ၏ (ခ)

Coming together in accordance with disposition (b):
ဟီနာဓိမုတ္တိက – ယုတ်ညံ့သော နှလုံးသွင်းရှိသူချင်း ပေါင်းသင်းကြပုံ
အထက်ဖေါ်ပြပါ ၇ မျိုးတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။ The examples of those of inferior disposition come together and unite with those of an inferior disposition. The examples are opposite of the above.

ဓာတ်တော်

Relic, the remain(s) of Buddhas and certain saints (arahant).

ဓာတ်တော် ၂ မျိုး (ဘုရားရှင်၏)

Two kinds of Buddha’s relic:
၁။ အဝိပ္ပကိဏ္ဏ = အစိတ်စိတ် အဆူဆူ မကွဲမပြားသော ဓာတ်တော်
1: Avippkiṇṇa: not break–up relics:
(က) စွယ်တော် ၄ ဆူ
(a) The four canines,
(ခ) ညှပ်ရိုးတော် ၂ ဆူ
(b) the two collar bones,
(ဂ) နဖူးသင်းကျစ်တော် ၁ ဆူ = ပေါင်း ၇ ဆူ။
(c) the frontal bone of the head = 7.
၂။ ဝိပ္ပကိဏ္ဏ = အစိတ်စိတ် အဆူဆူကွဲပြားသော ဓာတ်တော်။ ၁၆ ပြည် = တစ်တင်းသားခန့်ရှိသည်။
2: vippkiṇṇa: break–up relics into many, about a basketfull:
(က) အငယ်ဆုံး ဓာတ်တော်များ – မုံညင်းစေခန့် မြတ်လေးပန်းငုံအဆင်း – ၆ ပြည်သားခန့်ရှိသည်။ (a) The smallest – the size of a mustard seed, with the shape of red jasmine buds, a totall collection of about 6 pyis. (Measurement of a pyi is one sixteenth of a basket.)
(ခ) အလတ်စား ဓာတ်တော်များ – ဆန်ကျိုးခန့် ပုလဲအဆင်း – ၅ ပြည်သားခန့်ရှိသည်။
(b) the medium – the size of a broken–rice, with pearl–color, a totall collection of about 5 pyis.
(ဂ) အကြီးစားဓာတ်တော်များ – ပဲနောက်စေ့ခန့် ရွှေအဆင်း – ၅ ပြည်သားခန့်ရှိသည်။
(c) the big – the size of a grain of green gram, with gold–color, a totall collection of about 5 pyis.

ဓာတ်တော်တိုက်

Reliquary.

ဓာတ်တော်မွေတော် ၈ စိတ်

(ဓာတ်တော် ၂ မျိုး _ရှု)

ဓာတ်တော်မွေတော်တို့၏ အရေအတွက် ၃ မျိုး

Three amounts of Lord Buddha’s relics:
၁။ အကြီးဆုံး ဓာတ်တော်များသည် ၅ ပြည်ရှိသည်
1: Big relics = 5 pyis,
၂။ အလတ်စား ဓာတ်တော်များသည် ၅ ပြည်ရှိသည်
2: medium relics = 5 pyis,
၃။ အငယ်သား ဓာတ်တော်များသည် ၆ ပြည်ရှိသည်။
3: small relics = 6 pyis.

ဓာတ်တော်မွေတော်တို့၏ အရောင် ၃ မျိုး

Three colors of Lord Buddha’s relics:
၁။ အကြီးဆုံး ဓာတ်တော်များသည် ရွှေအဆင်းရှိသည်
1: Big relics = color of gold,
၂။ အလတ်စား ဓာတ်တော်များသည် ပုလဲအဆင်းရှိသည်
2: medium relics = color of pearl,
၃။ အငယ်သား ဓာတ်တော်များသည် မြတ်လေးပန်ငုံအဆင်းရှိသည်။
3: small relics = color of red jasmine buds.

ဓာတ်တော်မွေတော်တို့၏ အရွယ်အစား ၃ မျိုး

Three sizes of Lord Buddha’s relics:
၁။ အကြီးဆုံး ဓာတ်တော်များသည် ပဲနောက်စေ့ အရွယ်ရှိသည်
1: Big relics = the size of a grain of green gram,
၂။ အလတ်စား ဓာတ်တော်များသည် ဆန်စေ့ထက်ဝက်ကျိုး အရွယ်ရှိသည်
2: medium relics = the size of a broken–rice,
၃။ အငယ်သား ဓာတ်တော်များသည် မုန်ညှင်းစေ့ အရွယ်ရှိသည်။
3: small relics = the size of a mustard seed.

ဓာတုကတာကျမ်း

(အဘိဓမ္မာ ၇ ကျမ်း တတိယမြောက်ကျမ်း) ကို ဝေဘန်ပုံ ၁၄ မျိုး
Fourteen analytical methods in Dhātukathā
(the third book of the seven, ‘the Basket of the Ultimate Dhamma’):
၁။ သင်္ဂဟ အသင်္ဂဟ
1: Combining and not–combining,
၂။ သင်္ဂဟိတေန အသင်္ဂဟိတ
2: not–combining with combining,
၃။ အသင်္ဂဟိတေန သင်္ဂဟိတ
3: combining with not–combining,
၄။ သင်္ဂဟိတေန သင်္ဂဟိတ
4: combining with combining,
၅။ အသင်္ဂဟိတေန အသင်္ဂဟိတ
5: not–combining with not–combining,
၆။ သမ္ပယောဂ ဝိပ္ပယောဂ
6: association and separation,
၇။ သမ္ပယုတ္တေန ဝိပ္ပယုတ္တ
7: separation with association,
၈။ ဝိပ္ပယုတ္တေန သမ္ပယုတ္တ
8: association with separation,
၉။ သမ္ပယုတ္တေန သမ္ပယုတ္တ
9: association with association,
၁ဝ။ ဝိပ္ပယုတ္တေန ဝိပ္ပယုတ္တ
10: separation with separation,
၁၁။ သင်္ဂဟိတေန သမ္ပယုတ္တ ဝိပ္ပယုတ္တ
11: association and separation with combination,
၁၂။ သမ္ပယုတ္တေန သင်္ဂဟိတ အသင်္ဂဟိတ
12: combining and not–combining with association,
၁၃။ အသင်္ဂဟိတေန သမ္ပယုတ္တ ဝိပ္ပယုတ္တ
13: association and separation with not–combination,
၁၄။ ဝိပ္ပယုတ္တေန သင်္ဂဟိတ အသင်္ဂဟိတ။
14: combining and not–combining with not–combination.

ဓာတုကတာ ပါဠိ

အဘိဓမ္မာ ၇ ကျမ်းတွင် တတိယမြောက်ကျမ်းဖြစ်သည်။ ဤကျမ်း၌ ခန္ဓာ အာယတန နှင့် ဓာတ် သဘောတရား သုံးပါးတို့ကို အမေးအဖြေ ပုံစံဖြင့် တင်ပြထားသည်။
Dhātukathā: The third book of the seven–volumed ‘Abhidhamma Piṭaka’.
The three dhammas, the 5 aggregates (khandā) , the 12 bases (āyatana) and the 18 elements (dhātu), are explained in the form of a catechism.

ဓာတုစေတီ ၁ဝ ဆူ

(ဂေါတမဘုရားရှင်၏ ဓာတ်တော်စေတီ)
Ten pagodas/stupas (Gotama Buddha’s relics inside):
၁။ ရာဇဂြိုဟ် မြို့၌ တည်ထားသော ဓာတုစေတီ
1: Relic–pagoda built at City of Rājagaha,
၂။ ဝေသာလီ မြို့၌ တည်ထားသော ဓာတုစေတီ
2: at City of Vesālī,
၃။ ကပိလဝတ် မြို့၌ တည်ထားသော ဓာတုစေတီ
3: at City of Kapilavatthu,
၄။ အလ္လကပ္ပတိုင်း၌ တည်ထားသော ဓာတုစေတီ
4: at Allakappa region,
၅။ ရာမပုဏ္ဏားရွာ၌ တည်ထားသော ဓာတုစေတီ
5: at Rāma, a Brahmin village,
၆။ ဝေဋ္ဌဒီပကတိုင်း၌ တည်ထားသော ဓာတုစေတီ
6: at Veṭṭhadīpaka region,
၇။ မလ္လတိုင်း ပါဝေယျက မြို့၌ တည်ထားသော ဓာတုစေတီ
7: at City of Pāveyaka, Malla region,
၈။ ကုသိနာရုံ မြို့၌ တည်ထားသော ဓာတုစေတီ
8: at City of Kusinanagara.
၉။ ဒေါဏပုဏ္ဏားကြီး တည်ထားသော ကုမ္ဘ (ဓာတ်တော်ခြင်းတောင်း) စေတီ
9: Kumbha (Pot/Basket) pagoda built by Doṇa, a Brahmin,
၁ဝ။ မောရိယမြို့၌ တည်ထားသော အင်္ဂါရ (မီးသွေး) စေတီ။
10: Aṅgāra (Charcoal) pagoda at City of Moriya.

ဓာတု ပရိနိဗ္ဗာန်

ဘုရားရှင်၏ သာသနာတော် သုံးရပ် ကွယ်ပျောက်ပြီးနောက် လူ့ပြည်ရှိ ဓာတ်တော်မွေတော် အားလုံးတို့သည် သီရိလင်္ကာပြည် မဟာစေတီ၌ စုဝေးကြမည်။ ထိုမှနောက် နဂါးပြည် ရာဇာယတနစေတီ ၌ စုဝေးကြမည်။ ထိုမှနောက် မဟာဗောဓိပင် ပလ္လင်တော်၌ စုဝေးကြမည်။ နဂါးပြည် နတ်ပြည် နှင့် ဗြဟ္မပြည်မှာ ရှိကြသော ဓာတ်တော်မွေတော် အားလုံးတို့သည် မဟာဗောဓိပင် ပလ္လင်တော်၌ စုဝေးကြမည်။ ဘုရား ဓာတ်တော်မွေတော် အားလုံး မဟာဗောဓိပင် ပလ္လင်တော်၌ ရွှေတုံးကြီးကဲ့သို့ တစ်စုတစ်ဝေးတည်း ဖြစ်ပြီး စကြာဝဠာ တစ်သောင်း ပျံ့နှံ့အောင် ရောင်ခြည်တော်များ ကွန့်မြူးမည်။ ထိုရွှေတုံးကြီးကဲ့သို့သော ဓာတ်တော်မွေတော် အပေါင်း တေဇောဓာတ်လောင်ကျွမ်းပြီး လုံးဝကွယ်ပျောက်သွားမည်။ သို့ဖြင့် ဘုရားရှင်၏ သာသနာတော်သည် လုံးဝ ကွယ်ပျောက်သွားပါတော့သည်၊
Cessation of Lord Buddha’s Relics: Having disappeared the three components of Buddha’s Teaching, all of Lord Buddha’s Relics in the human–realm will gather at Mahācetī Pagoda in Sri Lanka. Then, they all will move to Rājāyana Pagoda in Dragon–realm; then, to the Throne at the foot of Bo–tree. The relics all over the Dragon–realm, the Deva–realm and the Brahma–realm will come together there (Bo–tree). They will happen to one mass as a ball of gold and will transmit six rays through out 10,000 world–cycles. At last, the mass of relics will completely be burnt itself by fire. Thus, Buddha’s Teaching (Buddha–sāsanā) totally will disappear.

ဓုတင် (ဓုတင်္ဂ)

Means of shaking off (the defilements), means of purification, the ascetic practice.

ဓုတင် ၂ ပါး

(ဓုတင် ၁၃ ပါး – မှတ်ချက် _ရှု)

ဓုတင် ၈ ပါး

(ဓုတင် ၁၃ ပါး – မှတ်ချက် _ရှု)

ဓုတင် ၁၃ ပါး

Thirteen means of purification, thirteen ascetic practices:
၁။ ပံသကူ ဓုတင် – ပံသုကူသင်္ကန်းဆောင်ခြင်း
1: Refuse–rag–wearer’s practice,
၂။ တေစီဝရိက ဓုတင် – သင်္ကန်းသုံးထည်သာဆောင်ခြင်း
2: triple–robe–wearer’s practice,
၃။ ပိဏ္ဍပါတိက ဓုတင် – ဆွမ်းခံ၍သာစားခြင်း
3: alms–food–eater’s practice,
၄။ သပဒါနစာရိက ဓုတင် – အိမ်စဉ်ဆွမ်းခံခြင်း
4: house–to–house–seeker’s practice,
၅။ ဧကာသနိက ဓုတင် – တထိုင်တည်းသာစားခြင်း
5: one–sessioner’s practice,
၆။ ပတ္တပိဏ္ဍိက ဓုတင် – သပိတ်ဆွမ်းစားခြင်း
6: bowl–food–eater’s practice,
၇။ ခလုပစ္ဆာ ဘတ္တိက ဓုတင် – နောက်ဆွမ်းကို မစားခြင်း
7: later–food–refuser’s practice,
၈။ အာရညိက ဓုတင် – တောရဆောက်တည်ခြင်း
8: forest–dweller’s practice,
၉။ ရုက္ခမူလိက ဓုတင် – သစ်ပင်ရင်းမှာသာနေခြင်း
9: tree–root–eater’s practice,
၁ဝ။ အဗ္ဘောကာသိက ဓုတင် – လွင်ပြင်မှာသာနေခြင်း
10: open–air–dweller’s practice,
၁၁။ သောသာနိက ဓုတင် – သုဿာန်မှာနေခြင်း
11: charnel–ground–dweller’s practice,
၁၂။ ယထာသန္ထတိကဓုတင် – ရသမျှသောအခင်းကိုသုံးခြင်း
12: any–bed–user’s practice,
၁၃။ နေသဇ္ဇိက ဓုတင် – ထိုင်၍သာနေ။ကျင့်ခြင်း ။
13: sitter’s practice.
¡မှတ်ချက် – နံပါတ် ၄။ ၅ နှင့် ၁ဝ (= ၃မျိုး) တို့သည် ဦးဆောင် (ဦးခေါင်း) ဓုတင်တို့မည်၏၊ ၁။ ၂။ ၈။ ၁၁ နှင့် ၁၃ (= ၅မျိုး) တို့သည် တစ်ခုစီသော ဓုတင်တို့မည်ကုန်၏၊ နံပါတ် ၄ ဓုတင်ကို စောင့်က ၃ ဓုတင်သည် စောင့်ပြီးသားဖြစ်၏။ နံပါတ် ၅ ဓုတင်ကိုစောင့်က ၆ နှင့် ၇ တို့သည် စောင့်ပြီးသားဖြစ်၏။ နံပါတ် ၁ဝ ကိုစောင့်က ၉ နှင့် ၁၂ တို့သည် စောင့်ပြီးသားဖြစ်၏။ သို့ကြောင့် အကျဉ်းအားဖြင့် ဓုတင် ၈ ပါးသာရှိ၏၊ သင်္ကန်းဓုတင် ၂ မျိုး (၁ နှင့် ၂)။ ဆွမ်းဓုတင် ၅ မျိုး (၃ မှ ၇)။ ကျောင်းနေရာထိုင်ခင်းဓုတင် ၅ မျိုး (၈ မှ ၁၂)။ ဝီရိယဓုတင် ၁ မျိုး (နံပါတ် ၁၃)၊ ပစ္စည်းလေးပါးနှင့် ပတ်သက်သောဓုတင် ၁၂ မျိုး (၁ မှ ၁၂)။ ဝီရိယနှင့် ပတ်သက်သောဓုတင် ၁ မျိုး (နံပါတ် ၁၃)။ သို့ကြောင့် အခြေခံအားဖြင့် ဓုတင် ၂ မျိုးသာ ရှိသည် ¢
[Note: Nos. 4, 5 and 10 are principle practices and nos. 1, 2, 6, 11 and 13 are individual practices. The reason is: ‘if no. 4 is practiced, no. 3 is also practiced; if no. 5 is practiced, nos. 6 and 7 are also practiced; if no. 10 is practiced, nos. 9 and 12 are also practiced. Thus, there are in fact only eight practices. Moreoevr, there are two practices: (1 and 2) connected with robe; five (3 to 7), with alms– food; five (8 to 12), with the resting place and one (13), with energy. Twelve practices (1 to 12) are connected with the four requisites and the last one (13), with energy, thus basically just two kinds of practice.]

ဓုတင် ၄၂ ပါး အကျယ်ပွါး

Forty–two means of purification, of ascetic practices (singly):
၁။ ရဟန်းယောက်ျားများအတွက် ၁၃ ပါးလုံး
1: For monks (bhikkhu) 13
၂။ ရဟန်းမိန်းမများအတွက် ၈ ပါး (နံပါတ် ၇။ ၈။ ၉။ ၁ဝ နှင့် ၁၁ တို့ကို မကျင့်ရ။
ကျင့်မရနိုင်သောကြောင့်)
2: for nuns (bhikkhunī) 8 (Nos. 7, 8, 9, 10 1nd 11 are not available
For nuns.)
၃။ သာမဏေများအတွက် ၁၂ ပါး (နံပါတ် ၂ ကို မကျင့်ရသောကြောင့်)
3: for male novices 12 (no. 2. is not available for male novices.)
၄။ သိက္ခမာန် သာမဏေရီများအတွက် ၇ ပါး (နံပါတ် ၂။ ၇။ ၈။ ၉။ ၁ဝ နှင့် ၁၁ တို့ကို မကျင့်ရ။
ကျင့်မရနိုင်သောကြောင့်)
4: for trainees, female novices 7 (Nos. 2, 7, 8, 9, 10 1nd 11 are not available
for trainees, female novices.)
၅။ တကာ တကာမများအတွက် ၂ ပါး (နံပါတ် ၅ နှင့် ၆ = ၂ ပါးသာ ကျင့်ရနိုင်သည်)
5: for lay–persons 2 (
5: one–sessioner’s practice and
6: bowl–food–eater’s practice are available.)
စုစုပေါင်း ၄၂ ပါး
All together: 42 practices.

ဓုတင်ကျင့်ဆောက်တည်ထိုက်သော ပုဂ္ဂိုလ် ၁ဝ ယောက်

(မိလိန္ဒပဥှ)
Ten persons who are worthy of doing ascetic–practices (Milindapañha):
၁။ သဒ္ဓါတရားရှိသူ
1: A person full of confidence,
၂။ မကောင်းမှုမှ ရှက်တတ်သူ
2: full of shame,
၃။ တည်ကြည်မှုရှိသူ
3: full of courage,
၄။ အံ့ဘွယ်အထင်ကြီးရန်မပြုလုပ်တတ်သူ
4: void of hypocrisy,
၅။ အကျိုးစီးပွါး ထုံလေ့ရှိသူ
5: of self–relience, welfare ,
၆။ မလျှပ်ပေါ် မလော်လည်သူ
6: of steadfast,
၇။ ကျင့်ဝတ်သိက္ခာလိုလားသူ
7: of desire for training,
၈။ စွဲစွဲမြဲမြဲ ဆောက်တည်တတ်သူ
8: of determination,
၉။ မကဲ့ရဲ့တတ်သောသူ
9: of not blaming others,
၁ဝ။ မေတ္တာပွါးများလေ့ရှိသူ။
10: full of loving–kindness.

ဓုတင်ဆောက်တည်ရခြင်း၏ အကျိုးတရား ၂၈ ပါး

(မိလိန္ဒပဥှ)
Twenty–eight virtues of doing ascetic–practices (Milindapañha):
၁။ အသက်မွေးမှု စင်ကြယ်ခြင်း
1: Pure livelihood,
၂။ ချမ်းသာသောအကျိုး ရှိခြင်း
2: blissful fruit,
၃။ အပြစ်မရှိခြင်း
3: blamelessness,
၄။ သူတပါးတို့အား ဆင်းရဲဒုက္ခ မရောက်စေခြင်း
4: no suffering to others,
၅။ ဘေးရန်မရှိခြင်း
5: without danger (confidence),
၆။ မနှိပ်စက် မညှဉ်းပန်းရခြင်း
6: no oppression,
၇။ စင်စစ် ကုသိုလ်တိုးခြင်း
7: growing good qualities,
၈။ မဆုတ်ယုတ်နိုင်ခြင်း
8: no back–sliding,
၉။ မာယာ မရှိခြင်း
9: no deceiving,
၁ဝ။ ကိုယ်ကို စောင့်ရှောက်ခြင်း
10: protection,
၁၁။ တောင့်တ လိုချင်သည်ကို ပေးနိုင်ခြင်း
11: desire–fulfilling,
၁၂။ သတ္တဝါတို့အား ဆုံးမနိုင်ခြင်း
12: taming all beings,
၁၃။ စောင့်စည်းမှု ကြီးပွါးတိုးတက်ခြင်း
13: self–discipline,
၁၄။ သူတော်ကောင်းများနှင့် လျှော်ညီခြင်း
14: proper for good recluse,
၁၅။ သူတပါးတို့အား မမှီခိုရခြင်း
15: no dependence others,
၁၆။ လာဘ်မက်မောမှုကင်းခြင်း
16: free, no attachment,
၁၇။ ရာဂ ကုန်ခန်းလွယ်ခြင်း
17: destroying lust,
၁၈။ ဒေါသ ကုန်ခန်းလွယ်ခြင်း
18: destroying hatred,
၁၉။ မောဟ ကုန်ခန်းလွယ်ခြင်း
19: destroying delusion,
၂ဝ။ မာန်မာနကို ပယ်နိုင်ခြင်း
20: humbling pride,
၂၁။ အကြံအစည်ဆိုးများကို ပယ်သတ်နိုင်ခြင်း
21: cutting of bad thoughts,
၂၂။ ယုံမှားမှုကို လွန်မြောက်နိုင်ခြင်း
22: overcoming doubts,
၂၃။ ပျင်းယိမှုကို ဖျက်ဆီးနိုင်ခြင်း
23: driving away laziness,
၂၄။ မမွေ့လျော်မှုကို ပယ်နိုင်ခြင်း
24: banishing discontent,
၂၅။ အရာရာ၌ သည်းခံနိုင်ခြင်း
25: tolerance in everything,
၂၆။ အတုမရှိခြင်း
26: being incomparable,
၂၇။ ယှဉ်ပြိုင်ဘက်ကင်းခြင်း
27: beyond measure,
၂၈။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း။
28: leading to Nibbāna.

ဓုတင်ဆောင်ခြင်း၏ အကြောင်းတရား ၅ ပါး

Five causes for doing ascetic–practices:
၁။ မသိ တွေဝေလျှက် ဓုတင်ဆောင်ခြင်း
1: Because of folly and blindness,
၂။ အလိုဆိုးဖြင့် ဓုတင်ဆောင်ခြင်း
2: of bad desires and longings,
၃။ ရူးသွပ် စိတ်ပျံ့လွင့်၍ ဓုတင်ဆောင်ခြင်း
3: of mental disorder,
၄။ သူတော်ကောင်းများ ကျင့်သော ချီးမွမ်းအပ်သော အကျင့်ဟု နှလုံးသွင်း၍ ဓုတင်ဆောင်ခြင်း
4: of the ways of the virtuous,
၅။ အလိုနည်းရောင့်ရဲမှုကို မြတ်နိုး၍ ဓုတင်ဆောင်ခြင်း။
5: of little–wants and contentment.

ဓုတင်၏ အခြံအရံ ၅ ပါး

The five limbs/states of ascetic practices:
၁။ အပ္ပိစ္ဆတာ – အလိုနည်းခြင်း
1: Fewness of wishes,
၂။ သန္တုဋ္ဌိတာ – ရောင့်ရဲလွယ်ခြင်း
2: contentment,
၃။ သလ္လေခတာ – ခေါင်းပါးခြင်း
3: effacement,
၄။ ပဝိဝေကတာ – ဆိတ်ငြိမ်မှု၌ မွေ့လျှော်ခြင်း
4: seclusion,
၅။ ဣဓမတ္ထိတာ – ကုသိုလ်တရားကို အလိုရှိခြင်း။
5: wanting the wholesome.

ဓုတ္တ (လိုက်စား လွန်ကျူးခြင်း) ၃ မျိုး

Three indulgences:
၁။ သုရာ ဓုတ္တ = သေအရက် မူးယစ်ဆေးဝါး စွဲခြင်း
1: Indulgence in alcoholic drinks and drugs,
၂။ ဣတ္ထိ ဓုတ္တ = မိန်းမ လိုက်စားခြင်း
2: indulgence in women,
၃။ အက္ခ ဓုတ္တ = လောင်းကစား ကျူးခြင်း။
3: indulgence in gambling.

ဓူရ

Duty, yoke.

ဓူရ (တာဝန်) ၂ ပါး

(ရဟန်းသာမဏေများ) Two yokes/duties (for monks):
၁။ ဂန္ဓ ဓူရ
1: Yoke to books/scriptures, duty to study scriptures,
၂။ ဝိပဿနာ ဓူရ။
2: yoke to insight meditation, duty to practice meditation.

ဓါးပြကြီး၏ ပျက်စီးကြောင်းအင်္ဂါ ၈ ပါး

(ခိုးသူကြီး ဓါးပြကြီး၏ ပျက်စီးကြောင်းအင်္ဂါ ၈ ပါး _ရှု)

ဓါးလှူရကျိုး ၅ ပါး

Five benefits of donating knife:
၁။ မိတ်ဆွေကောင်း ရရှိခြင်း
1: Having good friend,
၂။ လုံ့လရှိခြင်း
2: effort,
၃။ သည်းခံနိုင်ခြင်း
3: patience,
၄။ မေတ္တာများခြင်း
4: loving–kindness,
၅။ ပညာဉာဏ်ရှိခြင်း။
5: wisdom.

နဂါး (နာဂ)

Serpant, dragon, nāga.

နဂါး ၄ မျိုး

Four kinds of nāga:
၁။ အဏ္ဍဇ = ဥခွံအတွင်းမှာ ဖြစ်သောနဂါး
1: Nāgas born from the egg,
၂။ ဇလာဗုဇ = မိခင်ဝမ်းအတွင်းမှာ ဖြစ်သောနဂါး
2: from the mother’s womb,
၃။ သံသေဒဇ = အညှိကိုစွဲပြီး ဖြစ်သောနဂါး
3: from moisture,
၄။ သြပပါတိက = ကိုယ်ထင်ရှား ဘွားကနဲပေါ်လာလျှက် ဖြစ်သောနဂါး။
4: of spontaneous rebirth.
(နဂါး ၄ မျိုးတို့သည် နံပါတ်စဉ်အတိုင်း – ၁ ထက် ၂ – ထက် ၃ ထက် ၄ အဆင့်မြင့်ကြသည်)
(The nāgas are gradually superior from number 1 to 4.)

နဂါးမင်း ၄ ယောက်

Four kings of nāgas:
၁။ ဝိရူပက္ခ နဂါးမင်း
1: Virūpakkha,
၂။ ဧရာပထ နဂါးမင်း
2: Erāpatha,
၃။ ဆဗျာပုတ္တ နဂါးမင်း
3: Chabyāputta,
၄။ ကဏှဂေါတမက နဂါးမင်း။
4: Kaṇhagotamaka.

နတ်

Celestial being, heavenly being, spirit, deity.

နတ်တို့ စုတေခါနီး နိမိတ် ၅ ပါး

Five signs when a deity is approaching death:
၁။ နတ်ပန်းညှိုးနွမ်းခြင်း
1: Withering of celestial flowers,
၂။ နတ်ဝတ်တန်ဆာ ညှိုးနွမ်းခြင်း
2: dirtiness of celestial costumes,
၃။ လက်။ ခြေကတီးကြားတို့မှ ချွေးထွက်ခြင်း
3: sweating from armpits,
၄။ ရုပ်ရေ မကြည်လင်တော့ခြင်း
4: deterioration of physical beauty,
၅။ နေထိုင်ရာ ပျော်မွေ့မှု မရှိတော့ခြင်း။
5: unhappiness in living.

နတ်တို့၏ ခန္ဓာကိုယ် နူးညံ့ပုံ

(သဲထဲသို့ ထောပတ် ဆီတို့ကို လောင်းသော် ကျပျောက် အောက်သို့ ရောက်သွားသည့် ဥပမာ _ရှု) Extremely subtle body of the deities.

နတ်နှင့် အသုရာ စစ်ခင်းရာ

အသုရာ သုံးကြိမ်နိုင်ပြီး တဖန်နတ်တို့က သုံးကြိမ်နိုင်ခြင်း
(ဒေဝါသုရသင်္ဂါမသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
The battles between Devas (deities) and Asura (Titans): the first successive three times Devas (deities) were defeated and the next successive three times Asura (Titans) were defeated. (The Deity Discourse, the nineth book of the Gradual Discourses – Aṅguttara Nikāya).

နတ်ပြည် ၆ ထပ်

Six stages of celestial beings:
၁။ စတု မဟာရာဇ်
1: The Realm of the Four Great Kings,
၂။ တာဝတိံသာ
2: the Realm of the Thirty–three Gods,
၃။ ယာမာ
3: the Realm of the Yāma Gods,
၄။ တုသိတာ
4: the Delightful realm,
၅။ နိမ္မာန ရတီ
5: the Delightful Gods by own creating in accordance with their desires,
၆။ ပရနိမ္မိတ ဝသဝတီ။
6: the Delightful Gods by their attendances’ creation.

နတ်ဘုံ

Abode of celestial/heavenly beings.

နတ်မင်းကြီး ၄ ပါး

The four great deities:
၁။ ဓတရဋ္ဌ နတ်မင်းကြီး – မြင့်မိုရ်တောင်၏ အရှေ့မျက်နှာကို အုပ်စိုးသည်။
1: Dhataraṭṭha: He rules the eastern side of Mt. Meru.
၂။ ဝိရူဠှက နတ်မင်းကြီး – မြင့်မိုရ်တောင်၏ တောင်မျက်နှာကို အုပ်စိုးသည်။
2: Virūḷhaka: He rules the southern side of Mt. Meru.
၃။ ဝိရူပက္ခ နတ်မင်းကြီး – မြင့်မိုရ်တောင်၏ အနောက်မျက်နှာကို အုပ်စိုးသည်။
3: Virūpakkha: He rules the western side of Mt. Meru.
၄။ ဝေဿဝဏ (ကုဝေရ) နတ်မင်းကြီး – မြင့်မိုရ်တောင်၏ မြောက်မျက်နှာကို အုပ်စိုးသည်။
4: Vessavaṇṇa (Kuvera): He rules the northern side of Mt. Meru.

နတ်သက်တမ်းများ

(ဥပေါသထသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ – စသည်)
၁။ လူတို့၏ အနှစ် ၅ဝ သည် စတုမဟာရာဇ်နတ်တို့အတွက် ၁ ရက်သာရှိသည်။
သူတို့၏ နှစ်အရေအတွက် ၅ဝဝ သက်တမ်းရှိသည် = လူတို့၏ နှစ်အရေအတွက် ၂၅ဝဝဝ ရှိသည်။
1: The duration of 50 years in human world is equal to one day of the realm of the
Four Great Kings. This realm’s life–sapn is 500 years of its account, i.e., 25,000 years in human world.
၂။ လူတို့၏ အနှစ် ၁ဝဝ သည် တာဝတိံသာနတ်တို့အတွက် ၁ ရက်သာရှိသည်။
သူတို့၏ နှစ်အရေအတွက် ၁ဝဝဝ သက်တမ်းရှိသည် = လူတို့၏ နှစ်အရေအတွက် ၁ဝဝဝဝဝ ရှိသည်။
2: The duration of 100 years in human world is equal to one day of the realm of the Thirty–three Gods. This realm’s life–sapn is 1,000 years of its account, i.e., 100,000 years in human world.
၃။ လူတို့၏ အနှစ် ၂ဝဝ သည် ယာမာနတ်တို့အတွက် ၁ ရက်သာရှိသည်။
သူတို့၏ နှစ်အရေအတွက် ၂ဝဝဝ သက်တမ်းရှိသည် = လူတို့၏ နှစ်အရေအတွက် ၄ဝဝဝဝဝ ရှိသည်။။
3: The duration of 200 years in human world is equal to one day of the realm of the Yāma Gods. This realm’s life–sapn is 2,000 years of its account, i.e., 400,000 years in human world.
၄။ လူတို့၏ အနှစ် ၄ဝဝ သည် တုသိတာနတ်တို့အတွက် ၁ ရက်သာရှိသည်။
သူတို့၏ နှစ်အရေအတွက် ၄ဝဝဝ သက်တမ်းရှိသည် = လူတို့၏ နှစ်အရေအတွက် ၁၆ဝဝဝဝဝ ရှိသည်။။
4: The duration of 400 years in human world is equal to one day of the realm of the Delightful realm. This realm’s life–sapn is 4,000 years of its account, i.e., 1,600,000 years in human world.
၅။ လူတို့၏ အနှစ် ၈ဝဝ သည် နိမ္မာန ရတီနတ်တို့အတွက် ၁ ရက်သာရှိသည်။
သူတို့၏ နှစ်အရေအတွက် ၈ဝဝဝ သက်တမ်းရှိသည် = လူတို့၏ နှစ်အရေအတွက် ၆၄ဝဝဝဝဝ ရှိသည်။။
5: The duration of 800 years in human world is equal to one day of the realm of the Delightful Gods by own creating in accordance with their desires. This realm’s life–sapn is 8,000 years of its account, i.e., 6,400,000 years in human world.
၆။ လူတို့၏ အနှစ် ၁၆ဝဝ သည် ပရနိမ္မိတ ဝသဝတီနတ်တို့အတွက် ၁ ရက်သာရှိသည်။
သူတို့၏ နှစ်အရေအတွက် ၁၆ဝဝဝ သက်တမ်းရှိသည် = လူတို့၏ နှစ်အရေအတွက် ၂၅၆ဝဝဝဝဝ ရှိသည်။။
6: The duration of 1,600 years in human world is equal to one day of the realm of the Delightful Gods by their attendances’ creation. This realm’s life–sapn is 16,000 years of its account, i.e., 25,600,000 years in human world.

နန်းတော်သို့ ဝင်ရောက်လည်ပတ်သော ရဟန်းတော်၏ အပြစ် ၁ဝ မျိုး

Ten disadventages of a monk who visits/enters the royal court:
၁။ အချင်းချင်းမြင်တွေ့ကြ၍ ရဟန်းနှင့်မိဖုရား ပြုံးပြကြရာ ဘုရင်က အထင်လွဲတတ်ခြင်း
1: The monk and queen, on seeing, smile each other; the king thinks that they may have affairs.
၂။ မိဖုရားငယ်တစ်ယောက် ကိုယ်ဝန်ရပါက ဘုရင်က သူသွားလာခဲ့သည်ကို မမှတ်မိတော့ပဲ ရဟန်းကို စွပ်စွဲနိုင်ခြင်း
2: When a concubine (minor queen) becomes pregnant, the king forgets having sex with her; the king thinks that it is the work of the monk.
၃။ နန်းတွင်းရတနာ တစ်ခုခုပျောက်ပါက ရဟန်းအားစွပ်စွဲနိုင်ခြင်း
3: The monk is accused of theft when royal gem is missing.
၄။ နန်းတွင်းထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားပါက ရဟန်းကြောင့်ဟု ထင်မြင်နိုင်ခြင်း
4: The monk is suspected when the royal top secrets are spoiled.
၅။ ဘုရင်နှင့်သားများ (စသည်) လုပ်ကြံမှု ဖြစ်ပါက ရဟန်းပါဝင်သည်ဟု စွပ်စွဲခံရနိုင်ခြင်း
5: When a conspire/plot happens between the king and his sons etc., the monk is suspected as his plan.
၆။ မူးမတ်များကို ရာထူး တိုးမှုပြုပါက ရဟန်းပါဝင်သည်ဟု စွပ်စွဲခံရနိုင်ခြင်း
6: When the king promotes an official; the monk is suspected as his work.
၇။ မူးမတ်များကို ရာထူး ချမှုပြုပါက ရဟန်းပါဝင်သည်ဟု စွပ်စွဲခံရနိုင်ခြင်း
7: When the king degrades an official; the monk is suspected as his work.
၈။ ဘုရင်ဖြစ်သူ ရုတ်တရက် စစ်ဆင်မှု ပြုပါက ရဟန်းပါဝင်သည်ဟု စွပ်စွဲခံရနိုင်ခြင်း
8: When sudden attack is made by the royal forces, the monk is suspected as his work.
၉။ ဘုရင်ဖြစ်သူက စစ်တပ်ကို လွှတ်ပြီးမှ ပြန်လည်ရုပ်သိမ်းလျှင် ရဟန်းပါဝင်သည်ဟု စွပ်စွဲခံရနိုင်ခြင်း
9: When the attack is stopped, the monk is suspected as his work.
၁ဝ။ ရဟန်းတော်များနှင့် မအပ်စပ်သော အာရုံများ နန်းတွင်းမှာ အပြည့်အဝရှိနေခြင်း။
10: There are a lot of sensual objects in the royal court that are not suitable to monk.

နန်းမ ၃ ဆောင်

ဘုရားအလောင်းသိဒ္ဓတ္ထ၏ (သုခုမာလသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ စသည်)
Three palaces of Prince Siddhattha, Buddha–to–be:
၁။ ရမ္မ နန်းတော် – ဆောင်ရာသီ အတွက်
1: Ramma for winter,
၁။ သုရမ္မ နန်းတော် – နွေရာသီ အတွက်
2: Suramma for summer,
၁။ သုဘ နန်းတော် – မိုးရာသီ အတွက်။
3: Subha for rainy season.

နန္ဒမာတာ သူဌေးသမီး၏ အံ့သြဘွယ်ရာများ

(ဒက္ခိဏာဂိရိမြို့မှာနေသည်)
Seven amazing qualities of Nanda–mātā, a rich lady, who lived in City of Dakkhiṇā–giri:
၁။ သူမသည် ပါရာယနသုတ္တန်ကို ရွတ်ရာ ဝေဿဝဏ်နတ်မင်း နားကြားကြည်ညိုပြီး နတ်နှင့်စကားပြောရခြင်း
1: While she was chanting the Pārāyana Sutta, great Deity Vessavaṇṇa listened to her and spoke with her.
၂။ ဘုရင်က သူမ၏ တစ်ဦးတည်းသောသား နန္ဒကို သတ်သော်လည်း စိတ်မတုံ့လှုပ်ခြင်း
2: Even though her only beloved son, Nanda, was killed by the king, she was not sad.
၃။ ကွယ်လွန်ပြီးသော ခင်ပွန်းဖြစ်သူသည် ဘီလူးဖြစ်ပြီး လူယောင်ဖန်ဆင်းပြသော်လည်း စိတ်မဖေါက်ပြန်ခြင်း
3: While her late–husband, reborn as a yakkha (a kind of ghost), showed her as his previous bodily form, her mind was not shaken.
၄။ ခင်ပွန်းသည်ကို ငယ်ရွယ်စဉ်က လက်ထပ်ခဲ့ချိန်မှစပြီး သူ့ကို စိတ်ဖြင့်ပင် မပြစ်မှားခြင်း
4: There was no transgression against her husband even in thought since married.
၅။ သီလကို ဘယ်အခါမျှ မကျူးလွန် မဖေါက်ဖျက်ခြင်း
5: There was no transgression against any training rules.
၆။ စျာန်လေးပါး ရရှိခြင်း
6: She attained all four jhānas (absorption/trance).
၇။ အောက်သံယောဇဉ် ငါးပါးကို ပယ်ပြီးခြင်း။
7: She had abandoned the five lower fettors.

နန္ဒမူလိုဏ်

(နန္ဒမူလိုဏ်မှာ သီတင်းသုံးသည့် ပစ္စေကဗုဒ္ဓါများလည်း _ရှု)
Grotto located in Mt. Gandhamādhana where Individual Buddhas (pacceka–buddha) dwell.

နန္ဒဝန် ဥယျဉ်

နတ်ပြည်ခြောက်ထပ်လုံး၌ အသီးသီး ရှိသော ပျော်မွေ့ နှစ်သက်ဘွယ်ကောင်းသည့် ဥယျာဉ်များ။
Nandavana: Each of six heavenly realms has a garden of its own, called Nandavana, meaning ‘pleasant and enjoyable park’.

နမက္ကာရ

Homage, worship, salute.

နမော တဿ

ဖြင့် ဘုရားရှင်အား ရှိခိုးကြသော ပုဂ္ဂိုလ် ၈ ယောက် (ပါဠိတော် လာ)
The eight persons who uttered ‘namo tassa = I pay homage that Buddha’ while paying respect to the Buddha in the Pali Scriptures:
၁။ သိကြားမင်း (သုတ်မဟာဝါ)
1: Sakka, the King of gods,
၂။ ကောသလမင်း (မဇ္စျိမ ပဏ္ဏာသ)
2: King Kosala,
၃။ ဇာဏုေဿာဏီ ပုဏ္ဏား (မူလ ပဏ္ဏာသ)
3: Brahmin Jānussoni,
၄။ ဗြဟ္မာယု ပုဏ္ဏား (မဇ္စျိမ ပဏ္ဏာသ)
4: Brahmin Brahmāyu,
၅။ ဓနဥ္ဇာနီ ပုဏ္ဏေးမ (မဇ္စျိမ ပဏ္ဏာသ)
5: Female–brahmin Dhanaṅājanī,
၆။ အာရာမ ဒဏ္ဍ ပုဏ္ဏား (အင်္ဂုတ္တရ)
6: Brahmin Arāmadanda,
၇။ ကာရဏပါလီ ပုဏ္ဏား (အင်္ဂုတ္တရ)
7: Brahmin Karanapālī,
၈။ မဟိန္ဒ မင်း (ဓမ္မပဒ အဋ္ဌကထာ)။
8: King Mahinda.

နဝ

Nine, new.

နဝက

Nonad, group of nine.

နဝက နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ နဝမမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၉ ပုဒ် စီပါရှိသော ဇာတ်တော်များဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၁၂ ခု ပါဝင်သည်။
Navaka–nipāta (Jātaka): This is the nineth chapter of the 550 Birth– stories:
each of them consists of nine verses, thus, Navaka–nipāta, nine–verse–story; there are 12 stories in this chapter.

နဝက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်ဘူတ ရဟန္တာမထေရ်သည် ကိုးဂါထာ ဥဒါန်းကျူးရင့် တော်မူခြင်းကို စုစည်းထားခြင်းဖြစ်သည်။
Navaka–nipāta (Theragāthā): This is a collection of joyous verses uttered by a male–monk (arahanta), Bhūta by name, at the time of Lord Buddha. He uttered nine verses (navaka).

နဝက နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ ဝဍ္ဎမာတု ရဟန္တာ ထေရီမသည် ကိုးဂါထာ ဥဒါန်းကျူးရင့် တော်မူသည်ကို စုစည်းထားခြင်းဖြစ်သည်။
Navaka–nipāta (Therīgāthā): This is a collection of joyous verses uttered by a female–monk (arahanta), Vaḍḍhamātu by name, at the time of Lord Buddha. She uttered nine verses (navaka).

နဝက နိပါတ (အင်္ဂုတ္တရ) ပါဠိ

အင်္ဂုတ္တရနိကာယ် ၌ တရားအစု ၉ ပါးစီ ကို အဓိကထား ဟောကြားသော သုတ္တန်တိုများ ပါဝင်သည့် နဝမမြောက် ကျမ်းဖြစ်သည်။
Navaka–nipāta (Aṅguttara): The nineth book of the ‘Gradual Discourses’:
in this book, each discourse emphasizs nine items of the dhamma.

နဝင်္ဂုပေါသထ

ကိုးပါးသော ဥပုသ်သီလ (နဝင်္ဂုပေါသထသုတ်) (ကိုးပါးသော ဥပုသ်သီလ _ရှု)

နဝမ

Nineth.

နဝမီ

The nineth of waxing days of ‘Tha–din–gyut or Ta–zaung–
mone’, i.e., seven days before the end of Buddhist lent time.

နာကျင်ခြင်း (အာတုရ) ၃ မျိုး

Three kinds of dis–ease:
၁။ ဇရာတုရ – အို၍ နာကျင်ခြင်း
1: Dis–ease due to old age,
၂။ ရောဂါတုရ – အနာရောဂါရ၍ နာကျင်ခြင်း
2: due to illness/disease,
၃။ ကိလေသာတုရ – အပူကိလေသာနှိပ်စက်၍ နာကျင်ခြင်း။
3: due to mental defilements.

နာဂ (နဂါး)

Serpant, dragon.

နာဂ သေန (ရှင်နာဂသိန်)

A famous monk who answered King Milinda’s questions in Milinda Pañha Pāḷi.

နာထကရဏ တရား ၁ဝ ပါး

(အကြီးအမှူး အဖြစ်ကို – အကာအကွယ်ကို – ပြုတတ်သော တရား ၁ဝ ပါး _ရှု)

နာနာဘာဝ

မကွယ်လွန်မှီ ခွဲခွါနေရခြင်း
Separation before death.

နာမ်တရားတို့၌ ကမ္မဋ္ဌာန်း နှလုံးသွင်းခြင်း ၇ ပါး

(ဝိသုဒ္ဓိမဂ်)
Seven ways to comprehend the immaterial:
၁။ ကလာပ – အစုအစည်းအားဖြင့်
1: By groups,
၂။ ယမက – အစုံအစုံအားဖြင့်
2: by pairs,
၃။ ခဏိက – ခဏအားဖြင့်
3: by moment,
၄။ ပဋိပါဋိ – အစဉ်အားဖြင့်
4: by series,
၅။ ဒိဋ္ဌိ ဥ ဂ္ဃါဋန – မိစ္ဆာအယူကို ခွါသောအားဖြင့်
5: by removal of false view,
၆။ မာန သမု ဂ္ဃါဋန – မာနကို ပယ်သတ်သောအားဖြင့်
6: by getting rid of conceit,
၇။ နိကန္တိ ပရိယာဒန – တဏှာကို ကုန်စေသောအားဖြင့်။
7: by ending of attachment.

နာမ် ရုပ်

Name and form, mind and body, mentality and corporeality/
physicality.

နာမ် ရုပ်တို့၏ ခဏငယ် ၃ ချက်

(ခဏငယ် ၃ ချက် – နာမ် ရုပ်တို့၏ _ရှု)

နာမည် ၄ မျိုး

(အမည် ၄ မျိုး _ရှု)
နာမည်ကြီးမှ ပင့်ချင်ကြ (တတိယသြဝါဒသုတ်။ ကဿပသံယုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
Wishing to invite those monks who are famous
(Kassapa Saṃyutta, Nidāna–vagga Saṃyutta Pāḷi).

နာယကဂုဏ် ၆ ပါး

Six qualities of an elder/leader:
၁။ သည်းခံခြင်း
1: Patience,
၂။ နိုးကြားခြင်း
2: awareness,
၃။ လုံ့လ ရှိခြင်း
3: effort,
၄။ ဝေဘန်ထောက်ပံ့ခြင်း
4: support others,
၅။ သနားကြင်နာခြင်း
5: compassion,
၆။ ဆင်ခြင်ဉာဏ်ကြီးခြင်း။
6: wisdom.

နာရဒ ဇာတ်

ဇာတ်တော်ကြီး ၁ဝ ဖွဲ့၌ အဋ္ဌမမြောက်ဇာတ်။ ဗုဒ္ဓဘာသာအမြင်အရ မှားသောအယူ (မိစ္ဆာဒိဋ္ဌိ)
၏ အဓိပ္ပါယ်ကို ဖေါ်ပြသည်။
Nārada Jātaka: The eighth birth–story of the ten great jātakas. That ‘What is wrong view’ is stated in this story from the Buddhist point of view.

နိကာယ်။ နိကာယ

Grouping, collection.

နိကာယ် ငါးရပ် ကွယ်ပျောက်ပုံ အစဉ်

(သာသနာကွယ် အစဉ် = စာပေပရိယတ္တိ – ပိဋကသုံးပုံ – ကွယ်ပျောက်ပုံ အစဉ် _ရှု)

နိကာယ် ငါးရပ်

ပိဋကတ်_ရှု
The five groups of Buddhist Scripture (Piṭaka):
၁။ ဒီဃ နိကာယ် – သုတ္တန် အရှည် ၃၃ သုတ် ပါဝင်သည်။
1: The Group of Long Discourses/Sayings:
There are 33 long discourses in this group.
(က) သီလက္ခန္ဓ ဝဂ္ဂ ပါဠိ (သုတ်သီလက္ခန်) (a) The Division Concerning Morality,
(ခ) မဟာ ဝဂ္ဂ ပါဠိ (သုတ်မဟာဝါ)
(b) the Large Division,
(ဂ) ပါထိက ဝဂ္ဂ ပါဠိ (သုတ်ပါထေယျ)
(c) the Division Beginning with the Pāthika,
a naked ascetic.
၂။ မဇ္စျိမ နိကာယ် – သုတ္တန် အလတ်စား ၁၅၂ သုတ် ပါဝင်သည်။
2: The Midium Length Discourses/Sayings:
There are 152 medium–length discourses in this group.
(က) မူလ ပဏ္ဏာသ ပါဠိ _ရှု
(a) The First Fifty Discourses,
(ခ) မဇ္စျိမ ပဏ္ဏာသ ပါဠိ _ရှု
(b) the Middle Fifty Discourses,
(ဂ) ဥပရိ ပဏ္ဏာသ ပါဠိ _ရှု
(c) the Upper Fifty Discourses (actually 52).
၃။ သံယုတ္တ နိကာယ် – သုတ္တန် အတို ၇၇၆ဝ ခန့် ပါဝင်သည်။
3: The Kindred/Connected Discourses/Sayings:
There are about 7,760 short discourses in this group.
(က) သဂါထာ ဝဂ္ဂ သံယုတ္တ ပါဠိ _ရှု
(a) Connected Discourses with Verses,
(ခ) နိဒါန ဝဂ္ဂ သံယုတ္တ ပါဠိ _ရှု
(b) Connected Discourses of Conditionality,
(ဂ) ခန္ဓ ဝဂ္ဂ သံယုတ္တ ပါဠိ _ရှု
(c) Connected Discourses of Aggregates,
(ဃ) သဠာယတန ဝဂ္ဂ သံယုတ္တပါဠိ _ရှု
(d) Connected Discourses of Senses and Sense–bases,
(င) မဟာ ဝဂ္ဂ သံယုတ္တ ပါဠိ _ရှု
(e) Connected Discourses of Large Division.
၄။ အင်္ဂုတ္တရ နိကာယ် – သုတ္တန် အတို ၉၅၆ဝ သုတ်ခန့် ပါဝင်သည်။
4: The Gradual/Numeral/Item–more/Incremental Discourses/Sayings:
There are about 9,560 short discourses in this group.
(က) ဧက နိပါတ ပါဠိ
(a) Single/One Item of Dhamma,
(ခ) ဒုက နိပါတ ပါဠိ
(b) Two Items of Dhamma,
(ဂ) တိက နိပါတ ပါဠိ
(c) Three Items of Dhamma,
(ဃ) စတုက္က နိပါတ ပါဠိ
(d) Four Items of Dhamma,
(င) ပဌက နိပါတ ပါဠိ
(e) Five Items of Dhamma,
(စ) ဆက္က နိပါတ ပါဠိ
(f) Six Items of Dhamma,
(ဆ) သတ္တက နိပါတ ပါဠိ
(g) Seven Items of Dhamma,
(ဇ) အဋ္ဌက နိပါတ ပါဠိ
(h) Eight Items of Dhamma,
(စျ) နဝက နိပါတ ပါဠိ
(i) Nine Items of Dhamma,
(ည) ဒသက နိပါတ ပါဠိ
(j) Ten Items of Dhamma,
(ဋ) ဧကာဒသက နိပါတ ပါဠိ
(k) Eleven Items of Dhamma.
၅။ ခုဒ္ဒက နိကာယ် _ရှု
5: The Short/Minor Discourses/Sayings:
ခုဒ္ဒက နိကာယ် အုပ်စု – ၁ = ဝိနည်း ၅ ကျမ်း _ရှု
The Minor Discourses, Group one = Vinaya 5 volumes,
ခုဒ္ဒက နိကာယ် အုပ်စု – ၂ = အဘိဓမ္မာ ၇ ကျမ်း _ရှု
The Minor Discourses, Group two = Abhidhamma 7 volumes,
ခုဒ္ဒက နိကာယ် အုပ်စု – ၃ = အောက်ပါ ၂ဝ ကျမ်းတို့ပါဝင်သည် –
The Minor Discourses, Group three = the following 20 texts:
(က) ခုဒ္ဒက ပါဌ ပါဠိ _ရှု
(a) The Minor Readings,
(ခ) ဓမ္မပဒ ပါဠိ _ရှု
(b) Word of the Doctrine,
(ဂ) ဥဒါန ပါဠိ _ရှု
(c) Verses of Uplift,
(ဃ) ဣတိ ဝုတ္တက ပါဠိ _ရှု
(d) As It Was Said,
(င) သုတ္တနိပါတ ပါဠိ _ရှု
(e) Group of Discourses,
(စ) ဝိမာနဝတ္ထု ပါဠိ _ရှု
(f) Stories of the Mansions,
(ဆ) ပေတဝတ္ထု ပါဠိ _ရှု
(g) Stories of the Departed,
(ဇ) ထေရ ဂါထာ ပါဠိ _ရှု
(h) Elders' Verses, Psalms of the Brethren,
(စျ) ထေရီ ဂါထာ ပါဠိ _ရှု
(i) Elders' Verses, Psalms of the Nuns,
(ည) ထေရာပါဒါန ပါဠိ _ရှု
(j) The Biographies of the Elders,
(ဋ) ထေရီ အပါဒါန ပါဠိ _ရှု
(k) The Biographies of the Nuns,
(ဌ) ဗုဒ္ဓဝံသ ပါဠိ _ရှု
(l) The Chronicle of the Buddhas,
(ဍ) စရိယာပိဋက ပါဠိ _ရှု
(m) The Basket of Conduct,
(ဎ)ဇာတက ပါဠိ _ရှု
(n) Birth–stories,
(ဏ) မဟာ နိဒ္ဒေသ ပါဠိ _ရှု
(o) The Major Exposition,
(တ) စူဠ နိဒ္ဒေသ ပါဠိ _ရှု
(p) The Minor Exposition,
(ထ) ပဋိသမ္ဘိဒါ မဂ္ဂ ပါဠိ _ရှု
(q) The Path of Discrimination,
(ဒ) နေတ္တိ ပါဠိ _ရှု)
(r) The Guide,
(ဓ) ပေဋကောပဒေသ ပါဠိ _ရှု
(s) The Instruction on the Piṭaka,
(န) မိလိန္ဒပဥှ ပါဠိ _ရှု။
(t) The Question of King Milinda.

နိဂဏ္ဌတို့အား ကဲ့ရဲ့ဖွယ် အကြောင်း ၁ဝ မျိုး

(ဒေဝဒဟသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Ten legitimate grounds for blaming Nigaṇṭhas who practice self–torture:
၁။ သတ္တဝါအားလုံး ရှေးကံကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုလျှင် ယခုဘဝ၌ နိဂဏ္ဌတို့သည် ဆင်းဆင်းရဲရဲ ဖြစ်ရှိနေကြသောကြောင့် – သူတို့သည် ရှေးကဆိုးကံရှိခဲ့၏ဟု ကဲ့ရဲ့ထိုက်၏။
1: If the pleasure and pain that beings feel are caused by what was done in the past, then Nigaṇṭhas surely must have done bad deeds in the past, since they now feel such bodily pain.
၂။ သတ္တဝါအားလုံး ဖန်ဆင်းရှင်ကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုလျှင် ယခုဘဝ၌ နိဂဏ္ဌတို့သည် ဆင်းဆင်းရဲရဲ ဖြစ်ရှိနေကြသောကြောင့် – သူတို့ကို ဆိုးဝါးသော (စေတနာမရှိသော) ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့၏ ဟု ကဲ့ရဲ့ထိုက်၏။
2: If the pleasure and pain that beings feel are caused by the creative act of a Supreme God, then Nigaṇṭhas surely must have been created by a bad Supreme God, since they now feel such bodily pain.
၃။ သတ္တဝါအားလုံး အကြောင်းဆုံစည်းမှုကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုလျှင် ယခုဘဝ၌ နိဂဏ္ဌ တို့သည် ဆင်းဆင်းရဲရဲ ဖြစ်ရှိနေကြသောကြောင့် – သူတို့သည် ကောင်းသောအကြောင်း ဆုံစည်းမှု မရှိခဲ့ ဟုကဲ့ရဲ့ထိုက်၏။
3: If the pleasure and pain that beings feel are caused by circumstance and nature, then Nigaṇṭhas surely must have bad luck, since they now feel such bodily pain.
၄။ သတ္တဝါအားလုံး အမျိုးဇာတ်ကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုလျှင် ယခုဘဝ၌ နိဂဏ္ဌ တို့သည် ဆင်းဆင်းရဲရဲ ဖြစ်ရှိနေကြသောကြောင့် – သူတို့သည် မကောင်းသောအမျိုးဇာတ်ရှိ၏ ဟု ကဲ့ရဲ့ထိုက်၏။
4: If the pleasure and pain that beings feel are caused by various classes, then Nigaṇṭhas surely must belong to a bad class, since they now feel such bodily pain.
၅။ သတ္တဝါအားလုံး ယခုဘဝ ပြုမူဆောင်ရွက်မှုကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုလျှင် ယခုဘဝ၌ နိဂဏ္ဌတို့သည် ဆင်းဆင်းရဲရဲ ဖြစ်ရှိနေကြသောကြောင့် – သူတို့သည် ကောင်းစွာပြုဆောင်ကျိုးစားသူများ မဟုတ်ကြဟု ကဲ့ရဲ့ထိုက်၏။
5: If the pleasure and pain that beings feel are caused by exertion here and now, then Nigaṇṭhas surely must strive badly here and now, since they now feel such bodily pain.
၆။ သတ္တဝါအားလုံး ရှေးကံကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုသည်မှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ နိဂဏ္ဌတို့ကို ကဲ့ရဲ့ထိုက်၏။
6: If the pleasure and pain that beings feel are caused by what was done in the past or not, Nigaṇṭhas are blameworthy anyway.
၇။ သတ္တဝါအားလုံး ဖန်ဆင်းရှင်ကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုသည်မှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နိဂဏ္ဌတို့ကို ကဲ့ရဲ့ထိုက်၏။
7: If the pleasure and pain that beings feel are caused by the creative act of a Supreme God or not, Nigaṇṭhas are blameworthy anyway.
၈။ သတ္တဝါအားလုံး အကြောင်းဆုံစည်းမှုကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုသည်မှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နိဂဏ္ဌတို့ကို ကဲ့ရဲ့ထိုက်၏။
8: If the pleasure and pain that beings feel are caused by circumstance and nature or not, Nigaṇṭhas are blameworthy anyway.
၉။ သတ္တဝါအားလုံး အမျိုးဇာတ်ကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုသည်မှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နိဂဏ္ဌတို့ကို ကဲ့ရဲ့ထိုက်၏။
9: If the pleasure and pain that beings feel are caused by various classes or not, Nigaṇṭhas are blameworthy anyway.
၁ဝ။ သတ္တဝါအားလုံး ယခုဘဝ ကျိုးစားမှုကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုသည်မှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နိဂဏ္ဌတို့ကို ကဲ့ရဲ့ထိုက်၏။
10: If the pleasure and pain that beings feel are caused by exertion here and now or not, Nigaṇṭhas are blameworthy anyway.

နိဂဏ္ဌနာတပုတ္တ

(ဇိန – ဂျိန်း)၏ အယူဝါဒ – သတ္တဝါတို့၏ သုခ ဒုက္ခ ဥပေက္ခာ ဝေဒနာ ခံစားမှု ဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့်ဖြစ်၏။ ပြင်းထန်စွာကျင့်ခြင်း တပ ဖြင့် ကံဟောင်းကို ကင်းပျောက်စေပြီး ကံအသစ်ကို မလုပ်ပဲ နေရမည်။ သို့ဖြင့် ကံဟူသမျှကုန်၍ ဆင်းရဲမှန်သမျှကုန်၏။ (ဒေဝဒဟသုတ်။ ဥပရိပဏ္ဏာသပါဠိ) (
) Nigaṇṭha’s doctrine (Jainism): Whatever a person feels, whether pleasure or pain or indifference, all that is caused by what was done in the past. Asceticism annihilates the past actions and do nothing in the present. Thus, there is destruction of action and consequently, no feeling, no suffering. (Devadaha Sutta, Upari–paṇṇāsa Pāḷi).

နိဂ္ဂဟိတ်

Dot used with/above the alphabets.

နိစ္စ နိစ္စဓူဝ

Permanence, eternality, ever–lasting.

နိစ္စဘတ်ဆွမ်း

Daily food offering to monks.

နိစ္စသီလ

Precepts to be ever observed.

နိဋ္ဌိတံ

ပြီးပြီ End, conclude.

နိဒ္ဒသဝတ္ထု တရား ၇ ပါး

Seven ten–less dhammas:
၁။ သိက္ခာသုံးပါးကျင့်ရန် ထက်သန် မြတ်နိုးခြင်း
1: Strong desire and fondness for undertaking the training (sikkhā),
၂။ ဘုံသုံးပါးတရားတို့ကို စုံစမ်းရန် ထက်သန် မြတ်နိုးခြင်း
2: strong desire and fondness for inquiring the dhammas in three worlds,
၃။ တဏှာကို ဖျက်ဆီးရန် ထက်သန် မြတ်နိုးခြင်း
3: strong desire and fondness for destructing the cravings,
၄။ တစ်ယောက်တည်းကိန်းအောင်း (နေ) ရန် ထက်သန် မြတ်နိုးခြင်း
4: strong desire and fondness for seclusion,
၅။ အားထုတ်ကြိုးစားရန် ထက်သန် မြတ်နိုးခြင်း
5: strong desire and fondness for arousing energy,
၆။ သတိပညာကို ထက်သန် မြတ်နိုးခြင်း
6: strong desire and fondness for mindfulness and alertness,
၇။ အမြင်မှန်ကို ထိုးထွင်းသိရန် ထက်သန် မြတ်နိုးခြင်း။
7: strong desire and fondness for penetrating the right view.

နိဒါန်း

Introduction, foreword.

နိဒါန်း ၇ မျိုး

(ဝိနည်းသိက္ခာပုဒ်များ ပညတ်တော်မူရာ ၇ ဌာန _ရှု)

နိဒါနဝဂ္ဂ သံယုတ်

(သံယုတ္တ) ပါဠိ – ပဋိစ္စသမုပ္ပါဒ် နှင့် ပတ်သက်သော တရားသုတ္တန်များကို အများစုပါဝင်သည်။
Nidāna–vagga Saṃyutta: The second book of the ‘Connected Discourses’.
The discourses in this text are mainly about ‘Dependent–origination’.

နိဒါန

ပဋိစ္စသမုပ္ပါဒ် (ပဋိစ္စသမုပ္ပါဒ် _ရှု)

နိဒ္ဒေသ

(ဥဒ္ဒေသ _ရှု) Expression, in detail.

နိဓိကဏ္ဍ သုတ်လာ ကျင့်ဘွယ်ရာ တရား ၄ ပါး

Four dhammas to be practiced in the ‘Nidhikaṇḍa Sutta (Discourse)’:
၁။ ဒါန = လှူဒါန်းပေးကမ်းခြင်း
1: Generosity/charity,
၂။ သီလ = ကိုယ်ကျင့်သီလရှိခြင်း
2: morality,
၃။ သမာဓိ = တည်ကြည်လေးနက်ခြင်း
3: concentration,
၄။ ပညာ = အသိဉာဏ်ပညာရှိခြင်း။
4: wisdom.

နိဓိကဏ္ဍ သုတ်လာ ရွှေအိုး

(ရတနာဘဏ်တိုက်) ကြီး ၇ လုံး (ကုသိုလ်ထုပ် မြှုပ်ရန်)
Seven kinds of treasury to reserve merit–fund:
၁။ စေတီ
1: Shrine, pagoda,
၂။ သံဃာ
2: saṃgha (Order of monks),
၃။ ပုဂ္ဂိုလ်
3: fine individuals,
၄။ ဧည့်သည်
4: guests,
၅။ မိခင်
5: mother,
၆။ ဖခင်
6: father,
၇။ အကိုကြီး အမကြီး။
7: elder siblings.

နိပ္ဖန္န ရုပ် ၁၈ ပါး

(ရုပ် ၂၈ ပါး _ရှု။ အနိပ္ဖန္န ရုပ် ၁ဝ ပါးလည်း _ရှု)

နိပါတ်တော်

ဇာတ်တော်
Buddha’s birth stories, collection.

နိပါတ်တော် ၅၅ဝ

(ဇာတ်တော် ၅၅ဝ _ရှု)

နိဗ္ဗာန်

Freedom from desires, extinction.

နိဗ္ဗာန် ၂ မျိုး

Two kinds of Nibbāna:
၁။ သဥပါဒိသေသ = ခန္ဓာကိုယ် ရှိနေစဉ် ခံစားရောက်ရှိသော နိဗ္ဗာန်
1: Nibbāna element with residue,
၂။ အနုပါဒိသေသ = ခန္ဓကိုယ်ပျောက် (ကွယ်လွန်) ပြီး ခံစားရောက်ရှိသော နိဗ္ဗာန်။
2: Nibbāna element without residue.

နိဗ္ဗာန် (ပရိနိဗ္ဗာန်) ၂ မျိုး

(တနည်း)
Two more kinds of Nibbāna:
၁။ ကိလေသ ပရိနိဗ္ဗာန် = ကိလေသာအားလုံး မရှိတော့သဖြင့် ငြိမ်းအေးခြင်း
1: The quenching of defilements at the attainment of arahantship,
၂။ ခန္ဓ ပရိနိဗ္ဗာန် = ခန္ဓာငါးပါး ကွယ်လွန်ပြီးနောက် သန္တိသုခ အငြိမ်းဓာတ်ကို ရရှိခြင်း။
2: the quenching of the continuum of aggregates with the arahant’s demise.

နိဗ္ဗာန်သည် အမြင့်မြတ်ဆုံး ချမ်းသာတည်း

(အမြင့်မြတ်ဆုံးတရား ၄ ပါးလည်း _ရှု)
Nibbāna is the best/nobelest blessing/happiness.

နိဗ္ဗာန်၏ ပရိယာပုဒ်များ

(အသင်္ခတသံယုတ္တ။ သဠာယတနဝဂ္ဂ သံယုတ္တပါဠိ)
Synonyms of nibbāna in accordance with Asaṅkhata–saṃyutta,
Saḷāyatana–vagga Saṃyutta Pāḷi (the Connected Discourses):
၁။ အသင်္ခတ – မပြုပြင်အပ်သော တရား
1: Asaṅkhata – the unconditioned,
၂။ အနတ – ညွတ်တတ်သောတဏှာ မရှိသောတရား
2: anata – the uninclined,
၃။ အနာသဝ – ယိုစီးတတ်သော အာသဝေါ မရှိတရား
3: anāsava – the taintless,
၄။ သစ္စ – အမှန်သစ္စာတရား
4: sacca – the truth,
၅။ ပါရ – တစ်ဖက်ကမ်း တရား
5: pāra – the far shore,
၆။ နိပုဏ – သိမ်မွေ့သော တရား
6: nipuṇa – the subtle,
၇။ သုဒုဒ္ဒသ – အလွန်မြင်နိုင်ခဲသော တရား
7: sududdasa – the very difficult to see,
၈။ အဇဇ္ဇရ – ဆွေးမြေ့ခြင်းမရှိသော တရား
8: ajajjara – the unageing,
၉။ ဓုဝ – မြဲသော တရား
9: dhuva – the stable,
၁ဝ။ အပလောကိတ – မပျက်စီးသော တရား
10: apalokita – the undisintegrating,
၁၁။ အနိဒဿန – မမြင်အပ်သော တရား
11: anidassana – the unmanifest,
၁၂။ နိပ္ပပဌ – ချဲ့ထွင်မှု မရှိသော တရား
12: nippapaṅca – the unproliferated,
၁၃။ သန္တ – ငြိမ်းအေးသော တရား
13: santa – the peaceful,
၁၄။ အမတ – မသေရာဖြစ်သော တရား
14: amata – the deathless,
၁၅။ ပဏီတ – မြင့်မြတ်သော တရား
15: paṇīta – subline,
၁၆။ သိဝ – အေးမြသော တရား
16: siva – the auspicious,
၁၇။ ခေမ – ဘေးကင်းရာ တရား
17: khema – the secure,
၁၈။ တဏှာက္ခယ – စွဲလမ်းမှုတဏှာကုန်ရာ တရား။
18: taṇhakkhaya – the destruction of craving,
၁၉။ အစ္ဆရိယ – အံ့သြဘွယ်ဖြစ်သော တရား
19: acchariya – the wonderful,
၂ဝ။ အဗ္ဘုတ – မမြစ်ဘူးမြဲဖြစ်သော တရား
20: abbhuta – the amazing,
၂၁။ အနီတိက – ဆင်းရဲကင်းရာ တရား
21: anītika – the unailing,
၂၂။ အနီတိက ဓမ္မ – ဆင်းရဲကင်းရာ သဘောရှိသော တရား။
22: anītika–dhamma – the unailing state,
၂၃။ အဗျာဗဇ္စျ – ကြောင့်ကြမှု မရှိရာ တရား
23: abyābajjha – the unafflicted,
၂၄။ ဝိရာဂ – တပ်မက်မှု ရာဂကင်းရာ တရား
24: virāga – dispassion,
၂၅။ သုဒ္ဓိ – စင်ကြယ်ရာ တရား
25: suddhi – purity,
၂၆။ မုတ္တိ – လွတ်မြောက်ရာ တရား
26: mutti – freedom,
၂၇။ အနာလယ – ငြိတွယ်မှုမရှိရာ တရား
27: anālaya – the unadhesive,
၂၈။ ဒီပ – မှီခိုရာ တရား
28: dīpa – an island,
၂၉။ လေဏ – ပုန်းအောင်ရာ တရား
29: leṇa – shelter,
၃ဝ။ တာဏ – လဲလျောင်အားထားရာ တရား
30: tāṇa – the asylum,
၃၁။ သရဏ – ကိုးကွယ်ရာ တရား
31: saraṇa – the refuge,
၃၂။ ပရာယန – အားကိုးရာ လမ်းဆုံးတရား။
32: parāyana – the destination.

နိဗ္ဗာန်၏ အဓိပ္ပါယ်

(ကေဝဋ္ဋသုတ်။ သီလက္ခန္ဓဝဂ္ဂ။ ဒီဃနိကာယပါဠိ)
The meaning of Nibbāna in accordance with Kevaṭṭa Sutta,
Sīlakkhanda–vagga Pāḷi:
၁။ မျက်စိဖြင့် မမြင်နိုင်
1: Not seen by flesh–eye,
၂။ ဖြစ်တည်ပျက် အပိုင်းအခြားမရှိ
2: boundless,
၃။ ဉာဏ်အထူးဖြင့် သိအပ်၏
3: known through insight,
၄။ မြေ ရေ လေ မီး ဓာတ်ကြီးလေးပါးမရှိ
4: no four elements,
၅။ အရှည် အတိုမရှိ
5: no long nor short,
၆။ အငယ် အကြီးမရှိ
6: no small nor great,
၇။ အကောင်း အဆိုးမရှိ
7: no fair nor foul,
၈။ နာမ်ရုပ် ချုပ်၏။
8: wholly destruction of name and form.

နိမိတ်

Mark, sign, image, object, omen.

နိမိတ် ၃ ပါး

Three characteristics:
၁။ သမာဓိ နိမိတ်
1: Characteristic of concentration,
၂။ ပဂ္ဂဟ နိမိတ်
2: of effort,
၃။ ဥပေက္ခာ နိမိတ်။
3: of equanimity.

နိမိတ် ၃ ပါး

(သေခါနီးကာလ)
Three signs that appear in a dying person:
၁။ ကံ နိမိတ် – စိတ်မှာဖြစ်ပေါ်လာသော ကုသိုလ် အကုသိုလ်အာရုံ ကံများ
1: The sign of one’s kamma,
၂။ ကမ္မ နိမိတ်
2: the sign of kamma–result,
၃။ ဂတိ နိမိတ် – သေပြီးလားရောက်ရမည့် ဖြစ်ရမည့် ဘဝ၏ အာရုံများ။
3: the sign of the abode to be reborn.

နိမိတ်ကြီး ၄ ပါး

Four great sings/marks/omens:
၁။ သူအို
1: Old person/man,
၂။ သူနာ
2: sick person/man,
၃။ သူသေ
3: dead person/man,
၄။ သူတော်စင် (ရဟန်း)။
4: holy person/man.

နိမ္မိတရုပ်ပွါး

Image likeness of Buddha.

နိယတ ဗျာဒိတ်

Explicit prophecy of a Buddha.

နိယတ မိစ္ဆာ ဒိဋ္ဌိ

Evil views with fixed destiny.

နိယတ မိစ္ဆာ ဒိဋ္ဌိ ၃ ပါး

Three evil views with fixed destiny:
၁။ အဟေတုက ဒိဋ္ဌိ – ကြောင်းကျိုးတရား နှစ်မျိုးလုံးမရှိဟူသော အယူ 1: The view of the uncausedness of existence,
၂။ အကြိယ ဒိဋ္ဌိ – အကြောင်းမရှိ ဟူသော အယူ
2: the view of the inefficacy of action,
၃။ နတ္ထိက ဒိဋ္ဌိ – –အကျိုးတရားမရှိ ဟူသော အယူ။
3: nihilism.

နိယာမ

မြဲသော ဖြစ်ရိုးဖြစ်စဉ်သဘော Natural law, cosmic order, principle.

နိယာမ ၅ ပါး

Five natural laws:
၁။ ဥတု နိယာမ
1: Utu niyāma – the law of seasons/climate/non–living matter, physical inorganic order,
၂။ ဗီဇ နိယာမ
2: bīja niyāma – the law of seed/living matter, organic order,
၃။ စိတ္တ နိယာမ
3: citta niyāma – the law of mind,
၄။ ကမ္မ နိယာမ
4: kamma niyāma – the law of kamma,
၅။ ဓမ္မ နိယာမ။
5: dhamma niyāma – the law of norms/dhamma.

နိယံ

Mnemonic verses.

နိရောဓ သမာပတ်

Cessation of perception and feeling.

နိရုတ္တိ

(အက္ခရာ စာလုံးများ ပြောင်းလဲ ဖေါက်ပြန်ခြင်း) ၅ မျိုး Five ways of grammatical analysis:
၁။ ဝဏ္ဏာဂမ – ထင်ရှားမရှိသော အက္ခရာ ရောက်လာခြင်း
1: In a certain word, appearance of a letter,
၂။ ဝဏ္ဏဝိပရိယာယ – ထင်ရှားရှိနေသော အက္ခရာများ အထက်အောက် ရှေ့နောက် ပြန်လှန်ခြင်း
2: reversing of two letters,
၃။ ဝဏ္ဏဝိကာရ – ထင်ရှားရှိနေသော အက္ခရာတစ်ခုမှ အခြားအက္ခရာသို့ပြောင်းခြင်း
3: changing of one letter to another,
၄။ ဝဏ္ဏဝိနာသ – ထင်ရှားရှိနေသာ အက္ခရာ ကျေပျောက်သွားခြင်း
4: disappearance of a letter,
၅။ ဓာတူနံ အတ္ထာဘိသမယေန ယောဂ – ဓာတ်တို့၏ အနက်အဓိပ္ပါယ်ထူးကို ယှဉ်ပြခြင်း။
5: various meanings of certain roots (of a letter).

နိရောဓ သမာပတ်နှင့်ပတ်သက်၍ သိဘွယ်ရာများ

(အကျယ်ကို ဝိသုဒ္ဓိမဂ် ပညာဘာဝနာနိသံသ အခန်း၌ကြည့်ပါ)
About the cessation of perception and feeling (See chapter 23 – The Benefits of Understanding, ‘the Path of Purification,’ in detail):
၁။ နိရောဓ သမာပတ်ဟူသည် အဘယ်နည်း
1: What is the attainment of cessation?
၂။ ထိုနိရောဓ သမာပတ်ကို အဘယ်ပုဂ္ဂိုလ်များ ဝင်စားနိုင်သနည်း
2: Who attain it?
၃။ ထိုနိရောဓ သမာပတ်ကို အဘယ်ပုဂ္ဂိုလ်များ မဝင်စားနိုင်သနည်း
3: Who do not attain it?
၄။ ထိုနိရောဓ သမာပတ်ကို အဘယ်ဘုံ၌ ဝင်စားနိုင်သနည်း
4: Where do they attain it?
၅။ ထိုနိရောဓ သမာပတ်ကို အဘယ်ကြောင့် အဘယ်အကျိုးငှါ ဝင်စားသနည်း
5: Why do they attain it?
၆။ ထိုနိရောဓ သမာပတ်ကို အဘယ်သို့ ဝင်စားသနည်း
6: How does its attainment come about?
၇။ အဘယ်အကြောင်းများဖြင့် နိရောဓ သမာပတ်ဝင်းစားမှု ၌ တည်နေသနည်း
7: How is it made to last?
၈။ အဘယ်အကြောင်းများဖြင့် နိရောဓ သမာပတ်မှ ထမြောက်သနည်း
8: How does the emergence from it come about?
၉။ နိရောဓ သမာပတ်မှ ထမြောက်ပြီးသူသည် အဘယ်သို့ စိတ်ညွတ်နေသနည်း
9: Towards what does the mind of one who has emerged tend?
၁ဝ။ နိရောဓ သမာပတ်ဝင်စားသူနှင့် သေသူတို့ မည်သို့ ခြားနားသနည်း
10: What is the difference between one who has attained it and one who is dead?
၁၁။ နိရောဓ သမာပတ်သည် သင်္ခတလော အသင်္ခတလော။ လောကီလော လောကုတ္တရာလော။ နိပ္ဖန္နလော အနိပ္ဖန္နလော။
11: Is the attainment of cessation formed or unformed, mundane or supra–mundane, produced or unproduced?

နိရောဓ သမာပတ်ဝင်စားနိုင်သော ပုဂ္ဂိုလ် ၂ မျိုး

Two persons who can enjoy the cessation of perception and feeling:
သမာပတ် ၈ ပါးရသော အနာဂါမ် ပုဂ္ဂိုလ်
1: Never–returner who obtains the eight attainments (aṭṭha–samāpatti),
၂။ သမာပတ် ၈ ပါးရသော ရဟန္တာ ပုဂ္ဂိုလ်
2: arahant who obtains the eight attainments (aṭṭha–samāpatti).
(သမာပတ် ၈ ပါးမရသော အနာဂါမ် ပုဂ္ဂိုလ်။ ရဟန္တာ ပုဂ္ဂိုလ်။ ကျန်အရိယာ ပုဂ္ဂိုလ်များ။ ပုထုဇဉ် ပုဂ္ဂိုလ်များ အားလုံးတို့သည် နိရောဓ သမာပတ် မဝင်စားနိုင်ကြပါ။)
(Those who do not obtain the eight attainments (aṭṭha–samāpatti) cannot enjoy the cessation of perception and feeling.)

နိရောဓ သမာပတ်ဝင်စားရာ၌ ပုဗ္ဗကိစ္စ ၄ ပါး

(နိရောဓ သမာပတ်ဝင်စားသူသည် နိရောဓ သမာပတ် ဝင်စားခါနီး၌ အဓိဋ္ဌာန်ပြုရသည့် ပုဗ္ဗကိစ္စ ၄ ပါး _ရှု)

နိရောဓ သမာပတ်ဝင်စားသူနှင့် သေသူတို့၏ ခြားနားချက်

The differences between one who is dead and one who has attained the cessation of perception and feeling (the cessation–trance):
၁။ နှစ်ဦးလုံးတို့သည် ကာယသင်္ခါရ ဝစီသင်္ခါရ မနောသင်္ခါရတို့ ချုပ်ငြိမ်းမှုခြင်း တူကြ၏။
1:The bodily, verbal and mental formations have ceased in both persons;
၂။ သေသောသူသည် အသက်ကုန်၏။ နိရောဓ သမာပတ်ဝင်စားသူအသက်မကုန်။
2: the vitality is extinguished in the dead one but it is not in the cessation–trance;
၃။ သေသောသူသည် အငွေ့တေဇောဓာတ်ငြိမ်း၏။
နိရောဓ သမာပတ်ဝင်စားသူသည် အငွေ့တေဇောဓာတ်မငြိမ်း။
3: there is no physical heat in the former but it is in the latter;
၄။ သေသောသူ၏ ဣန္ဒြေတို့မကြည်လင်။ နိရောဓသမာပတ်ဝင်စားသူ၏ ဣန္ဒြေတို့အလွန်ကြည်လင်ကုန်၏။
4: the faculties of the former are not serene but they are serene in the latter.

နိရောဓ သမာပတ်ဝင်စားသူသည် နိရောဓ သမာပတ်ဝင်စားခါနီး၌ အဓိဋ္ဌာန်ပြုရသည့် (ပုဗ္ဗကိစ္စ) ၄ ပါး

The fourfold preparatory task of a person who enjoys the cessation of perception and feeling (the cessation–trance):
၁။ မိမိခန္ဓာကိုယ်နှင့် ကပ် မနေသော မိမိပိုင်ပစ္စည်းများကို မပျက်စီးရန်
1: Resolving not to damage his belongings,
၂။ သံဃာတော်သည် မိမိအား မျှော်လင့်က ချက်ချင်းသိရန်
2: resolving to immediately know when community of monks wants him,
၃။ ဘုရားရှင် အလိုရှိတော်မူက သိရန်
3: resolving to immediately know when Lord Buddha wants him,
၄။ မိမိအသက်တမ်း မကုန်သေးသည်ကို စီစစ်ရန်။
4: considering limit of his life’s duration.

နိဝါတ

ရိုကျိုး နှိမ်ချမှု Humility, humbleness.

နိဿယည်း (ရဟန်းငယ်တို့၏အမှီခို) ခံထိုက်သော ရဟန်းတော်၏ အင်္ဂါ ၁ဝ ပါး

(ရဟန်းပြု–ခံ–ပေးထိုက် + _ရှု)

နိဿရဏ တရား ၅ ပါး

(ထွက်မြောက်ခြင်း လွတ်မြောက်ခြင်း (နိဿရဏ) တရား ၅ ပါး

နိဿရဏိယ ဓာတု ၆ ပါး

(ထွက်မြောက်ရန် လမ်းစဉ် – နိဿရဏိယ ဓာတု – ၆ ပါး _ရှု)

နိသီဒိုင် (နေရာထိုင်)

Small cloth–sheet for sitting.

နို့ထိမ်း ကလေးထိမ်းကောင်း မိန်းမ၏ လက္ခဏာ ၉ မျိုး

(တေမိဇာတ်တော်)
Nine qualities of a perfect lady–attendent (nurse) of a baby (Temiya Jātaka):
၁။ အရပ် မရှည် လွန်းခြင်း
1: Not too tall,
၂။ မပု လွန်းခြင်း
2: not too short,
၃။ မပိန် လွန်းခြင်း
3: not too thin,
၄။ မဝ လွန်းခြင်း
4: not too fat,
၅။ သားမြတ် မရှည်ခြင်း
5: not long breasted,
၆။ အသားမမဲ လွန်းခြင်း
6: not too dark,
၇။ မဖြူ လွန်းခြင်း
7: not too white,
၈။ ချောင်းဆိုးနာ မရှိခြင်း
8: no caugh,
၉။ ချောင်းဆိုးသွေးပါ ကုတ်ဟီးနာမရှိခြင်း။
9: no phthisis.

နို့ဓမ်း လှူရကျိုး ၂ ပါး

Two benefits of donating curd:
၁။ ကာယာဂတာသတိ ထင်ခြင်း
1: Mindfulness on body,
၂။ မြတ်သော အာဟာရကို သုံးဆောင်ရခြင်း။
2: good food.

နီဃ – ဆင်းရဲစေတတ်သောတရား ၃ မျိုး

(ခိလ – ငြောင့်ဆူး ၃ မျိုး _ရှု အတူတူ)

နီတိ

လမ်းညွန်
Directive, maxim, advice, ethical guideline.

နီဝရဏ

အပိတ်အပင် အတားအဆီ တရား
Hindrance.

နီဝရဏ ၅ ပါး

Five Hindrances:
၁။ ကာမစ္ဆ န္ဒ နီဝရဏ
1: Sensual desires,
၂။ ဗျာပါဒ နီဝရဏ
2: ill–will,
၃။ ထိန မိဒ္ဓ နီဝရဏ
3: sloth and torpor,
၄။ ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ
4: restlessness and scruples,
၅။ ဝိစိကိစ္ဆာ နီဝရဏ။
5: skeptical doubt.

နီဝရဏ ၁ဝ ပါး

အထက်ပါ ငါးပါးသည်ပင် အတွင်းသန္တာန် ၅ ပါး + အပြင်သန္တာန် ၅ ပါး = ၁ဝ ပါးဖြစ်သည်။
(ပရိယာယသုတ်။ ဗောဇ္စျင်္ဂသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
Ten hindrances: As above the internal hindrances 5 + external hindrances 5 = 10.

နီဝရဏ ၅ ပါး ဥပမာများ

Five hindrances with the similes:
၁။ ကာမစ္ဆန္ဒ နီဝရဏသည် ကျွေးယူထားသူနှင့်တူ၏။
1: Sensual desires are similar to a man with a great debt/loan;
၂။ ဗျာပါဒ နီဝရဏသည် အနာရောဂါ ဖိစီးနေသူနှင့်တူ၏။
2: ill–will, to a man who is terribly sick;
၃။ ထိန မိဒ္ဓ နီဝရဏသည် အကျဉ်းကျ အနှောင်ဖွဲ့ခံနေရ သူနှင့်တူ၏။
3: sloth and torpor, to a man who is in prison;
၄။ ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏသည် ကျွန်ဖြစ်နေခြင်းနှင့်တူ၏။
4: restlessness and scruples, to a slave.
၅။ ဝိစိကိစ္ဆာ နီဝရဏသည် ခက်ခဲသောခရီးကြမ်းကို သွားနေရသည်နှင့်တူ၏။
5: skeptical doubt, to a man who takes a difficult journey.

နုနယ်ရုပ်ဆင်း ပျိုဖြစ်ခြင်းကား အိုခြင်း နောက်ဆုံးရှိခြေ၏

(ဇရာဓမ္မော ယောဗ္ဗညေ)
In youth, one is subject to aging.
ကျန်းမာခြင်းသည် အနာရောဂါရခြင်း နောက်ဆုံးရှိ၏ (ဗျာဓိဓမ္မော အာရောဂျေ)
In health, one is subject to illness.
အသက်ရှင်နေခြင်းသည် သေလွန်ခြင်း နောက်ဆုံးရှိ၏ (မရဏဓမ္မော ဇီဝိတေ)
While alive, one is subject to death.
(ဇရာဝဂ်။ ဣန္ဒြိယသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
(Jarā–vagga, Indriya Saṃyutta, Mahā–vagga Saṃyutta Pāḷi)

နေ့ဆွမ်း

Luch for monks (before noon).

နေ့နံ သင်္ကေတများ အက္ခရာများ

(အက္ခရာ များ၏ နေ့နံ သင်္ကေတများ _ရှု)

နေ့ဝါ

(ညဝါ _ရှု)
Lectures on Buddhist Scriptures given to monks in day time.

နေခုနှစ်စင်း ထွက်လာခြင်း

(သတ္တသူရိယသုတ်။ သတ္တကနိပါတ။ အင်္ဂုတ္တရပါဠိ)
Seven suns appear one after another (The Numerical Discourses):
၁။ ပကတိနေတစ်စင်း
1: There exists the one sun in the world.
၂။ နေနှစ်စင်းမြောက်ထွက်လာသော် မြစ်ငယ် အိုင်ငယ် အားလုံးခမ်းခြောက်၏
2: When the second sun appears, the small rivers and lakes dry up totally.
၃။ နေသုံးစင်းမြောက်ထွက်လာသော် ဂင်္ဂါစသောမြစ်ကြီးငါးသွယ် အားလုံးခမ်းခြောက်၏
3: When the third sun appears, the five great rivers such as the Ganges dry up totally.
၄။ နေလေးစင်းမြောက်ထွက်လာသော် အနောတတ္တစသော အိုင်ကြီးခုနှစ်အိုင် အားလုံးခမ်းခြောက်၏
4: When the fourth sun appears, the seven great lakes such as Anotatta dry up totally.
၅။ နေငါးစင်းမြောက်ထွက်လာသော် မဟာသမုဒ္ဒရာရေခမ်းခြောက် နည်းပါးသွားပြီး ရေသည် ထန်း ခုနှစ်ပင်အမြင့်မှ ခြေကျင်းဝတ်လောက်သာ ကျန်ရှိ၏
5: When the fifth sun appears, the great ocean dry up and the water left at the height of seven palm trees to the ankles of a person.
၆။ နေခြောက်စင်းမြောက်ထွက်လာသော် မဟာပထဝီမြေကြီး နှင့် မြင့်မိုရ်တောင်တို့ အခိုးထွက်၏
6: When the sixth sun appears, the great earth and Mt. Meru smoke and smolder.
၇။ နေခုနှစ်စင်းမြောက်ထွက်လာသော် မဟာပထဝီမြေကြီး နှင့် မြင့်မိုရ်တောင်တို့ အလျှံညီးညီး မီးကြီး လောင်ကာ မီးလျှံသည် ဗြဟ္မာ့ပြည်တိုင် ရောက်၏။
7: When the seven sun appears, the great earth and Mt. Meru burst into flame and it reaches to the brahma–world.

နေတ္တိ ပါဠိ

ကဏ္ဍ ခုနှစ်ခုပါသော အဓိပ္ပါယ်အဖွင့်ကျမ်းဖြစ်သည်။ ခုဒ္ဒကနိကာယ် အုပ်စုတွင်ပါဝင်သည်။
Netti: ‘The Guide’: It is one of the texts of the ‘Minor Discourses’, which consistists of seven chapter, exegetical in nature.

နေထိုင်ခြင်း ၃ သို့မဟုတ် ၄ ပါး

(ဝိဟာရ ၃။ ၄ ပါး _ရှု)

နေမိ ဇာတ်

ဇာတ်တော်ကြီး ၁ဝ ဖွဲ့၌ စတုတ္ထမြောက်ဇာတ်။ သီလရှိသော လူသားမင်း (ဘုရင်) ကို
နတ်များကပင် သူတို့၏ ဘုံသို့ ပင့်ဆောင် ပူဇော်ကြကြောင်းကို သင်ခန်းစာပေးသည်။
Nemi Jātaka – The fourth birth–story of the ten great jātakas. The lesson of this story is that ‘virtuous king is invited and honored even by the celestial beings at their abodes.

နေရာထိုင် (နိသီဒိုင်)

Small cloth–sheet for sitting.

နေသဇ္ဇိက

ထိုင်၍သာနေသော အကျင့် ဓုတင် (ဓုတင် ၁၃ ပါး _ရှု)

နေသဇ္ဇိက

ထိုင်၍သာနေသောအကျင့် ဓုတင်၏ အကျိုး ၅ ပါး Five benefits of the sitter’s practice:
၁။ စိတ်အနှောင်အဖွဲ့ကို ဖြတ်နိုင်ခြင်း
1: Cutting off the mental blockages,
၂။ ကမ္မဋ္ဌာန်းအားလုံးနှင့် သင့်လျှော်ခြင်း
2: suitable for every meditation–subject,
၃။ ကြည်ညိုဘွယ်ရာ ဣရိယာပုတ်ရှိခြင်း
3: pleasant bodily positions,
၄။ ကြိုးစားမှုရရန် အထောက်အပံ့ဖြစ်ခြင်း
4: confidence to effort,
၅။ ကောင်းသောအကျင့်မြတ်ကို တိုးပွါးစေနိုင်ခြင်း။
5: developing the right practice.

နော

နဝ = ကိုး ၉ Nine.

နော ဧက နော

ကိုး တစ်လီ ကိုး Nine by one = nine.

နောက်ပါရဟန်း၏ အင်္ဂါကောင်း ၅ ပါး

(ပစ္ဆာသမဏ၏ အင်္ဂါကောင်း ၅ ပါး _ရှု)

နောင် တမလွန်ဘဝ ချမ်းသာကြောင်းတရား ၄ ပါး

(တမလွန်ဘဝ ချမ်းသာကြောင်းတရား ၄ ပါး _ရှု)

နွားကဲ့သို့ကျင့်သော ‘ပုဏ္ဏ’

(ခွေးကဲ့သို့ ကျင့် –ခွေးကဲ့သို့အိပ် စား နေထိုင်– သော ‘သေနိယ’ နှင့် နွားကဲ့သို့ ကျင့်သော ‘ပုဏ္ဏ’ _ရှု)

နွားကျောင်းသား။ နွားထိမ်းကောင်း၏ အင်္ဂါ ၁၁ ပါး

Eleven qualities of a good cowherd:
(ရဟန်းကောင်း၏ ကြီးပွါးစည်ပင်ကြောင်း တရား ၁၁ ပါး နှင့် နှိုင်းယှဉ်ကြည့်ရန်)
(Compare with eleven qualities of a good monk)
၁။ နွားတို့၏ ရုပ်ပုံသဏ္ဍာန်ကို သိခြင်း
1: Knowing bodily forms of the herd,
၂။ လက္ခဏာ၌ လိမ်မာခြင်း
2: knowing their characteristics,
၃။ ယင်ချေးဥကို ပယ်ခွါတတ်ခြင်း
3: removing the flies’ eggs,
၄။ အနာကို ဖုံးလွှမ်းတတ်ခြင်း
4: dressing the wound,
၅။ မီးခိုး တိုက်တတ်ခြင်း
5: making fumigation,
၆။ ရေသောက်ဆိပ်ကိုသိခြင်း
6: knowing the watering–place,
၇။ ရေသောက် မသောက်ကိုသိခြင်း
7: knowing the herd already drunk or not,
၈။ လမ်းခရီးကို သိခြင်း
8: knowing the roads,
၉။ စားကျက်၌ လိမ်မာခြင်း
9: knowing the pastures,
၁ဝ။ နို့ချန်ပြီး ညှစ်တတ်ခြင်း
10: milking moderately,
၁၁။ ခေါင်းဆောင်နွားကို ပူဇော်တတ်ခြင်း။
11: honoring the head of the herd.
(နွားကျောင်းသားဆိုး။ နွားထိမ်းဆိုး၏ အင်္ဂါ ၁၁ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Eleven qualities of a bad cowherd are opposite of the above.)

နွားမှဖြစ်သောအရသာ အစားအစာ ၅ မျိုး

(ဂေါရသ – နွားမှဖြစ်သောအရသာ အစားအစာ – ၅ မျိုး _ရှု)

နွားသိုး နွားလား (နွားခေါင်းဆောင်) ၄ မျိုး

Four kinds of ox:
၁။ မိမိနွားအုပ်မှာသာ ကြမ်းထမ်းပြီး အခြားသောနွားအုပ်၌ မကြမ်းထမ်းသော နွားသိုး
1: An ox is fierce to the cows of its own herd, but not to the cows of another herd.
၂။ အခြားသောနွားအုပ်မှာသာ ကြမ်းထမ်းပြီး မိမိနွားအုပ်၌ မကြမ်းထမ်းသော နွားသိုး
2: An ox is fierce to the cows of another herd, but not to those of its own herd.
၃။ မိမိနွားအုပ်မှာရော အခြားသောနွားအုပ်မှာပါ ကြမ်းထမ်းသော နွားသိုး
3: An ox is fierce to both parties alike.
၄။ မိမိနွားအုပ်မှာရော အခြားသောနွားအုပ်မှာပါ မကြမ်းထမ်းသော နွားသိုး။
4: An ox is fierce to neither party/sort.
(ဤ ဥပမာများအတူ လူပေါင်းများစွာ ရှိကြကုန်၏)
(These similes apply to a lot of persons.)

နွားအုပ်နောက် လိုက်ပါနေသော မြည်းကဲ့သို့ကျင့်သောရဟန်း

(ဂဒြဘသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
နွားအဆင်း နွားအသံ နွားခွါကဲ့သို့မရှိပဲ မိမိကိုယ်ကို နွားပဲဟု မှတ်ယူလျှက် နွားအုပ်နောက်မှ လိုက်ပါနေသော မြည်းကဲ့သို့ ရဟန်း
A monk like a donkey that follows right behind a herd of cattle, that is not cow’s appearance, not cow’s braying and not cow’s footprint. The meaning is that a monk follows right behind the order of monks:
၁။ ရဟန်းကောင်းများကဲ့သို့ အဓိသီလသိက္ခာကို မကျင့်
1: without undertaking the higher training,
၂။ ရဟန်းကောင်းများကဲ့သို့ အဓိစိတ္တသိက္ခာကို မကျင့်
2: without undertaking the higher concentration,
၃။ ရဟန်းကောင်းများကဲ့သို့ အဓိပညာသိက္ခာကို မကျင့် သောရဟန်းကို ဆိုလိုသည်။
3: without undertaking the higher wisdom.

နှစ်ကျိပ် ရှစ်ဆူ ဘုရားများ

(ဘုရား နှစ်ကျိပ်ရှစ်ဆူ – ၄ သင်္ချေ ကမ္ဘာတစ်သိန်းအတွင်း ပွင့်တော် မူခဲ့သော ဘုရားရှင်များ _ရှု)

နှစ်လည်ဆွမ်း

Offering food especially lunch to the monk(s) as a token of a person’s demise after one year.

နှစ်သက်ခြင်း မနှစ်သက်ခြင်း ၄ မျိုး

Four ways of like and dislike:
၁။ မိမိချစ်နှစ်သက်သော ပုဂ္ဂိုလ်အကြောင်း အကောင်းပြော၍ နှစ်သက်ခြင်း
1: A person is pleased because another person speaks positively about those to whom the former loves/likes.
၂။ မိမိချစ်နှစ်သက်သော ပုဂ္ဂိုလ်အကြောင်း မကောင်းပြော၍ ဒေါသဖြစ်ခြင်း
2: A person gets angry because another person speaks negatively about those to whom the former loves/likes.
၃။ မိမိမချစ်နှစ်သက်သော ပုဂ္ဂိုလ်အကြောင်း အကောင်းပြော၍ ဒေါသဖြစ်ခြင်း
3: A person gets angry because another person speaks positively about those to whom the former hates/dislikes.
၄။ မိမိမချစ်နှစ်သက်သော ပုဂ္ဂိုလ်အကြောင်း မကောင်းပြော၍ နှစ်သက်ခြင်း။
4: A person is pleased because another person speaks negatively about those to whom the former hates/dislikes.

နှမျော တွန့်တိုခြင်း၏ အကြောင်း ၄ ပါး

(ဒါနပေးကမ်းခြင်း မပြုသည့် ဒါန၏အနှောင်အဖွဲ့ – ဒါနဝိနိဗန္ဓ – အကြောင်း ၄ ပါး _ရှု)

နှာတက (ဆေးကြောသုတ်သင်ပြီးသူ) မည်ခြင်း၏ အကြောင်းတရား ၇ ပါး

A person is called ‘nhātaka (Mr. Cleanliness)’ who washes away of seven things:
၁။ သက္ကာယဒိဋ္ဌိကို ဆေးကြောသုတ်သင်ခြင်း
1: Personal–existence view is washed away;
၂။ ဝိစိကိစ္ဆာကို ဆေးကြောသုတ်သင်ခြင်း
2: doubt is washed away;
၃။ သီလဗ္ဗတပရာမာသကို ဆေးကြောသုတ်သင်ခြင်း
3: wrong grasp of observances is washed away;
၄။ ရာဂကို ဆေးကြောသုတ်သင်ခြင်း
4: lust is washed away;
၅။ ဒေါသကို ဆေးကြောသုတ်သင်ခြင်း
5: hatred is washed away;
၆။ မောဟကို ဆေးကြောသုတ်သင်ခြင်း
6: delusion is washed away;
၇။ မာနကို ဆေးကြောသုတ်သင်ခြင်း။
7: conceit is washed away.

နှုတ်စကားနှင့် စပ်လျှင်းပြီး ရဟန်းတော်များ မပြောမကျင့်သင့်သည်များ –

ဝါစသိက အနာစာရ – (ဝိသုဒ္ဓိမဂ်)
Improper verbal conduct of a monk (The Path of Purification):
၁။ သံဃာ့အလယ်၌ မရိုမသေ ပြောခြင်း
1: Speaking disrespectfully before the saṃgha, community of monks,
၂။ မတောင်းပန် မလျှောက်ထားပဲ တရားဟောခြင်း
2: preaching dhamma without asking elder monk,
၃။ မတောင်းပန် မလျှောက်ထားပဲ အမေးကို ဖြေကြားခြင်း
3: answering questions without …..,
၄။ မတောင်းပန် မလျှောက်ထားပဲ ပါတိမောက်ပြခြင်း
4: reciting pātimokkha …..,
၅။ ရပ်လျှက် ပြောဆိုခြင်း
5: talking standing up,
၆။ လက်ဖြန့် လက်တန်း၍ ပြောဆိုခြင်း
6: talking with waving the hands,
၇။ တကာ တကာမများ၏ အိမ်သို့ လည်ပတ်သော် ဝင်သော် – ‘နာမည်ဘာလဲ’ မေးမြန်းခြင်း
7: having entered inside a house, speaking the lay–persons thus,
“What is your name?”
၈။ – ‘ဘယ်အမျိုးထဲကလဲ'
8: “What is your family?”
၉။ – ‘ဘာတွေရှိလဲ'
9: “What is there?”
၁ဝ။ – ‘ယာဂု ရှိသလား'
10: “Is there rece gruel?”
၁၁။ – ‘ဆွမ်းရှိသလား'
11: “Is there cooked rice?”
၁၂။ – ‘ဟင်းရှိသလား'
12: “Is there any dish?”
၁၃။ – ‘ဘာသောက်ရမှာလဲ'
13: “What shall I drink?”
၁၄။ – ‘ဘာ မြည်းရမလဲ'
14: “What shall I taste?”
၁၅။ – ‘ဘာစားရမလဲ'
15: “What shall I eat?”
၁၆။ – ‘ငါ့ကို ဘာတွေ လှူကြမှာလဲ’ ဟူ၍ ဟူ၍ မေးမြန်း ပြောဆိုခြင်း။
16: “What will you give/donate me?”

နှောင်ဖွဲ့ထားသော တရား

ဂန္ထ ၄ ပါး
Four strong ties:
၁။ အဘိဇ္စျာ ကာယ ဂန္ထ – မနာလိုမှု အနှောင်အဖွဲ့
1: The strong ties of hankering,
၂။ ဗျာပါဒ ကာယ ဂန္ထ – မကျေနပ်အလိုမကျမှု အနှောင်အဖွဲ့
2: of ill–will,
၃။ သီလဗ္ဗတ ပရာမာသ ကာယ ဂန္ထ – ရိုးရာ မိရိုးဖလာထုံးတမ်း ကျင့်စဉ် အနှောင်အဖွဲ့
3: of attachment to rite, rituals and traditional customs,
၄။ ဣဒံ သစ္စာဘိနိဝေသ ကာယ ဂန္ထ – မိမိ ယုံကြည်ရာ နှစ်သက်ရာသည်သာလျှင် အမှန်သစ္စာတရားဟု ထင်မြင် စွဲယူသော အနှောင်အဖွဲ့။
4: of dogmatic fanaticism.

ပကတိ ကံ

Direct object (grammer.)

ပကတိ သီလ

Natural/genuine morality.

ပကာသနိယ ကံ

– သာသနာတော်နှင့် ဆန့်ကျင်သော ရဟန်း (များ) အား – အခြားသံဃာတော်များက ‘ထို ရဟန်း (များ) သည် သာသနာတော်ကြီး နှင့် မသက်ဆိုင်တော့ကြောင်း’ အများသိအောင် စုပေါင်း ပြုသောကံ။
ဘုရားရှင် လက်ထက်တော်က ဒေဝဒတ်နှင့် အပေါင်းအပါ ရဟန်းတော်များအား အခြားသံဃာတော်များက ပြုသော ကံမျိုး ဖြစ်သည်။
Pakāsaniya kamma: Excommunication, monastic dispelling legal action against monks who are against the Buddha’s teaching (Buddha–sāsanā). This act was used to dispel Devadatta and his followers from the Buddha–sāsanā at the time of Lord Buddha, as an example.

ပကိဏ္ဏက နိပါတ (ဇာတ်တော်) ပါဠိ –

ဇာတ်တော် ၅၅ဝ၏ ၁၄ ခုမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၁၄ ပုဒ် မှ ၁၉ ပုဒ်အထိ ပါရှိသော ဇာတ်တော်များ ဖြစ်သည်။ ဇာတ်တော်ပေါင်း ၁၃ ခုပါဝင်သည်။
Pakiṇṇaka–nipāta (Jātaka): This is the fourteenth chapter of the 550 Birth–stories:
each of them consists of fourteen to nineteen verses. There are 13 stories in this chapter.

ပင်လယ်ကသစ်ပင် ဥပမာ ရဟန်းပြုရာ

(ပါရိဆတ္တကသုတ် – သတ္တကနိပါတ။ အင်္ဂုတ္တရပါဠိ)
The similes of Pārichattaka coral tree regarding a person who intends to be a monk (to go forth into homeless life):
၁။ ပင်လယ်ကသစ်ပင်၏ အရွက်များ ဖြော့တော့ခြင်း = ရဟန်းပြုရန် ကြံစည်ခြင်း
1: The foliage of the Pārichattaka coral tree has turned yellow: a person intends to be a monk;
၂။ အရွက်များ ကြွေကျခြင် = ဆံမုတ်ဆိတ်ပယ်ပြီး ရဟန်းပြုခြင်း
2: its foliage has fallen: he becomes a monk having shaved off his hair and beard;
၃။ ရွက်ကင်း ပွင့်ကင်းပေါ်ခြင်း = ပထမ စျာန်ရခြင်း
3: it has had its floral initiation: he enters and dwells in the first jhāna (trance);
၄။ ရွက်ဖူး ပွင့်ဖူးပေါ်ခြင်း = ဒုတိယ စျာန်ရခြင်း
4: it has had its floral differentiation: he enters and dwells in the second jhāna;
၅။ ရွက်ညွန့် ပွင့်ငုံပေါ်ခြင်း = တတိယ စျာန်ရခြင်း
5: it has had its bud formation: he enters and dwells in the third jhāna;
၆။ ဖေါင်းကြွ ပွင့်ငုံပေါ်ခြင်း = စတုတ္ထ စျာန်ရခြင်း
6: it has had its bud bust: he enters and dwells in the forth jhāna;
၇။ ပင်လုံးကျွတ် ပွင့်ခြင်း = အာသဝေါကုန်ခမ်း အဘိညာဉ်ရသော ရဟန္တာဖြစ်ခြင်း။
7: it has fully blossomed: having destroyed the taints, he becomes arahant with direct knowledge.

ပစ္စည်း – ပစ္စယ – ကျိုးကြောင်းတရား

Condition, modes of conditionality, requisit.

ပစ္စည်း ၄ ပါး

(ရဟန်းတော်များ)
Four requisits (of monks):
၁။ သင်္ကန်း
1: Robes,
၂။ ဆွမ်း
2: food, alms food,
၃။ ကျောင်း
3: dwelling place, monastic dwelling,
၄။ ဆေး။
4: medicine.

ပစ္စည်း ၄ ပါး စွမ်းအားများ –

ရဟန်းတော်များ (လာဘသက္ကာရ သိလောကသံယုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
The power of gain, honor and praise (for monks):
၁။ (ရဟန်းတော်အား) ရွှေခွက်ပေး၍ ဖျက်မရသော်လည်း ပစ္စည်းလေးပါးဖြင့် ဖျက်ဆီးနိုင်သည်။
1: By giving a golden bowl fulled of gold, a certain monk cannot be overcome but gain, honor and praise can.
၂။ ငွေခွက်ပေး၍ ဖျက်မရသော်လည်း ပစ္စည်းလေးပါးဖြင့် ဖျက်ဆီးနိုင်သည်။
2: By giving a silver bowl fulled of silver, a certain monk cannot be overcome but gain, honor and praise can.
၃။ ငွေကြေးမျိုးစုံပေး၍ ဖျက်မရသော်လည်း ပစ္စည်းလေးပါးဖြင့် ဖျက်ဆီးနိုင်သည်။
3: By giving various money, a certain monk cannot be overcome but gain, honor and praise can.
၄။ မိန်းမနှင့်မျှား၍ ဖျက်မရသော်လည်း ပစ္စည်းလေးပါးဖြင့် ဖျက်ဆီးနိုင်သည်။
4: By giving/engaging/enticing by a beautiful lady, a certain monk cannot be overcome but gain, honor and praise can.

ပစ္စည်းဥစ္စာ ချမ်းသာခြင်း၏ အကျိုး ၅ ပါး

Five benefits of a wealthy person:
၁။ ပစ္စည်းဥစ္စာပြည့်ဝသူသည် သူ၏ မိသားစုအားလုံးကို ချမ်းသာစေသည်
1: A wealthy person makes himself, his family and relatives happy;
၂။ မိတ်ဆွေများကို ချမ်းသာစေသည်
2: makes his friends happy;
၃။ မီးဘေး ရေဘေး မင်းဘေး စသည်တွေ့သောအခါ မိမိကိုယ်ကို ချမ်းသာအောင် ဆောင်နိုင်သည်။
3: can keep his well–being alive under ill–luck from fire, water, king etc.;
၄။ ဗလိ ၅ ပါး _ရှု ကောင်းစွာ ပူဇော်နိုင်သည်
4: makes five oblations easily;
၅။ သူတော်ကောင်းများအား လှူဒါန်းထောက်ပံ့နိုင်သည်။
5: makes donation to the wise/good/virtuous as he wishes.

ပစ္စည်းဥစ္စာ ဆုတ်ယုတ်ပျက်စီးကြောင်း ၄ ပါး

Four causes of declining one’s wealth:
၁။ ပျောက်သည်ကို မရှာဖွေခြင်း
1: Not searching for what is lost,
၂။ ပြုပြင်သင့်သည်ကို မပြုပြင်ခြင်း
2: not fixing what is needed to be fixed,
၃။ အစားသောက်၌ စည်းကမ်းမရှိခြင်း
3: without discipline in eating etc.,
၄။ အကျင့်သိက္ခာ မရှိသူကို ဘဏ္ဍာစိုး ခန့်ထားခြင်း။
4: taking care of wealth by an immoral person.

ပစ္စန္တရာဇ် အရပ်များ၌ မသင့်သော အာပတ် ၄ မျိုး

(မဇ္စျိမဒေသ၌သာ အာပတ်သင့်၍ ပစ္စန္တရာဇ် အရပ်များ၌ မသင့်သော အာပတ် ၄ မျိုး _ရှု)

ပစ္စယ သန္နိဿိတ သီလ

ပစ္စည်းလေးပါးကို မှီ၍ ကျင့်ကြံလိုက်နာရသော ကျင့်ဝတ်သီလ
Morality/virtue consisting in the wise use of the monk’s requisits.

ပစ္စဝေက္ခဏ သုဒ္ဓိ

ဆင်ခြင်၍ စင်ကြယ်ခြင်း
Purity of reflection.

ပစ္စဝေက္ခဏာ

Retrospective knowledge, recollection.

ပစ္စဝေက္ခဏာ ဆင်ခြင်

Bear in mind, contemplation, reflection.

ပစ္စဝေက္ခဏာ ဉာဏ်

Retrospective knowledge, reviewing knolwdge.

ပစ္စဝေက္ခဏာ ဉာဏ် ၅ ပါး

Five kinds of reviewing knolwdge:
၁။ သောတာပတ္တိမဂ်ကို ဆင်ခြင်ခြင်း
1: Reviewing the path of stream–winning,
၂။ သောတာပတ္တိမဂ်၏ အကျိုးဖြစ်သော သောတာပတ္တိဖိုလ်ကို ဆင်ခြင်ခြင်း
2: reviewing the fruition of stream–winning,
၃။ ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို ဆင်ခြင်ခြင်း
3: reviewing Nibbāna, the object of these path and fruition,
၄။ သောတာပတ္တိမဂ် ပယ်သတ်သော ကိလေသာတို့ကို ဆင်ခြင်းခြင်း
4: reviewing the defilements destroyed by the path of stream–winning,
၅။ သောတာပတ္တိမဂ် မပယ်သတ်ရသေးသော ကိလေသာတို့ကို ဆင်ခြင်းခြင်း။
5: reviewing the defilements not destroyed yet by the path of stream–winning.
( ကျန်ရှိသော မဂ် ၃ ပါး ဖိုလ် ၃ ပါးတို့မှာလည်း ဤနည်းအတူ ဆင်ခြင်သည် )
(The same as above on the rest of 3 paths and 3 fruitions.)

ပစ္စုပ္ပန်

ယခု မျက်မှောက်
Present.

ပစ္စုပ္ပန် ချမ်းသာကြောင်းတရား ၆ ပါး

(ပစ္စုပ္ပန် ယခုဘဝ ဆင်းဆင်းရဲရဲနေရခြင်း၏ အကြောင်း ၆ ပါး _ရှု)

ပစ္စုပ္ပန် ယခုဘဝ ချမ်းသာကြောင်းတရား ၃ ပါး

Three factors for living happily in this life:
၁။ ဣန္ဒြိယေသု ဂုတ္တဒွါရတာ = ဣန္ဒြေစောင့်စည်းခြင်း
1: Guarding the sense–doors,
၂။ ဘောဇနေ မတ္တညူတာ = စားသောက်မှု၌ အတိုင်းအတာကို သိခြင်း
2: moderation in eating,
၃။ ဇာဂရိယံ အနုယုတ္တော = နိုးကြားထကြွခြင်း
3: devoting to watchfulness.

ပစ္စုပ္ပန် ယခုဘဝ ချမ်းသာကြောင်းတရား ၄ ပါး

(ဒီဃဇာဏုသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Four factors for living happily in this life:
၁။ ဥဋ္ဌာနသမ္ပဒါ – ထကြွလုံ့လရှိခြင်း
1: Accomplishment in initiative,
၂။ အာရက္ခသမ္ပဒါ – စောင့်ရှောက်နိုင်ခြင်း
2: accomplishment in protection,
၃။ ကလျာဏမိတ္တတာ – မိတ်ကောင်းရှိခြင်း
3: good friendship,
၄။ သမဇီဝိတတာ – မျှတစွာ အသက်မွေးခြင်း။
4: balanced living/right livelihood.

ပစ္စုပ္ပန် ယခုဘဝ ဆင်းဆင်းရဲရဲနေရခြင်း၏ အကြောင်း ၆ ပါး

Six things/dhammas of unhappy living:
၁။ ကာမဝိတက်= ကာမဂုဏ်ကို အခြေခံကြံစည်ခြင်း
1: Sense–desires,
၂။ ဗျာပါဒဝိတက်= ဒေါသကို အခြေခံကြံစည်ခြင်း
2: ill–will,
၃။ ဝိဟိံသဝိတက် = ညှဉ်းဆဲခြင်းကို အခြေခံကြံစည်ခြင်း
3: cruelity,
၄။ ကာမသညာ = ကာမဂုဏ်ကို အမှတ်ထားခြင်း
4: thought of lust,
၅။ ဗျာပါဒသညာ= ဒေါသကို အမှတ်ထားခြင်း
5: thought of ill–will,
၆။ ဝိဟိံသသညာ = ညှဉ်းဆဲခြင်းကို အမှတ်ထားခြင်း။
6: thought of cruelity.
(ပစ္စုပ္ပန်ယခုဘဝ ချမ်းချမ်သာသာနေရခြင်း၏ အကြောင်း ၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Six things/dhammas of happy living are opposite of the above.)

ပစ္စေက ဗုဒ္ဓ

ကိုယ်တိုင်သာသစ္စာလေးပါးသိပြီး သူတပါးတို့သိအောင် ဟောမပြနိုင်သောဘုရား။
ဘုရားသာသနာပ ၌ တသီးတခြားပွင့်သော ဘုရား။ ဘုရားငယ်။
Individual Buddha, Isolated Buddha, Independently Enlightened One.

ပစ္စေကဗုဒ္ဓါတို့၏ အမည်နာမ များ

(ဣသိဂိလိတောင်၌ သီတင်းသုံးတော်မူကြသော ပစ္စေကဗုဒ္ဓါတို့၏
အမည်နာမများ _ရှု)

ပစ္စေက ဗောဓိ

Independent enlightenment.

ပစ္ဆာသမဏ (နောက်ပါရဟန်း)၏ အင်္ဂါကောင်း ၅ ပါး

Five qualities of a good personal attendant–monk:
၁။ ဆရာနောက် မနီးမဝေးလိုက်ပါခြင်း
1: Following his teacher–monk not too far nor too near,
၂။ ဆရာသပိတ်ကိုယူတတ်ခြင်း။ သပိတ်ပြည့်သော် လဲလှယ်တတ်ခြင်း
2: taking teacher–monk’s alms (alms–laden) bowl,
၃။ ဆရာလုပ်သူ အာပတ်သင့်လောက်သော စကားကို ပြောသော် တားမြစ်တတ်ခြင်း
3: restraining his teacher–monk’s speech from being mistaken,
၄။ ဆရာစကားပြောသော် ကြားဝင် မစွက်ခြင်း
4: not interrupting his teacher–monk,
၅။ ပညာရှိခြင်း။
5: wisdom.
(ပစ္ဆာသမဏ၏ မသင့်မကောင်းသော အင်္ဂါ ၅ ပါး တို့မှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five qualities of a bad personal attendant–monk are opposite of the above.)

ပစ္ဆိမ ဝါ

(ပုရိမဝါ _ရှု) – ဝါဆို (ဝါထပ်သော် ဒုတိယ ဝါဆို) လပြည့်ကျော် ၁ ရက်နေ့၌ ဝါစတင်ကပ်ဆိုပြီး သီတင်းကျွတ် လပြည့်နေ့ ဝါကျွတ်သည် အထိ ၃ လတိုင် အချိန်ကာလ ကို ခေါ်သည်။
Buddhist lent beginning from the first wanning day of Vaagaung–month to the full–moon day of Dazaungmone–month (for three months).

ပဉ္စက နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ပဉ္စမမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၅ ပုဒ် စီပါရှိသော ဇာတ်တော်များ ဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၂၅ ပါဝင်သည်။
Paṅcaka–nipāta (Jātaka): This is the fifth chapter of the 550 Birth–stories:
each of them consists of five verses, thus, Paṅcaka–nipata, five–verse–story; there are 25 stories in this chapter.

ပဉ္စက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်ရာဇဒတ္တ အရှင်သုဘူတ စသော ရဟန္တာ မထေရ် ၁၂ ပါးတို့ ငါးဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်းဖြစ်သည်။
Paṅcaka–nipāta (Theragāthā): This is a collection of joyous verses uttered by 12 male–monks (arahanta) such as Rājadatta and Subhūta at the time of Lord Buddha. Each uttered five verses.

ပဉ္စက နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ ဝိမလာ အရှင်မ သီဟာ စသော ရဟန္တာ ထေရီ ၁၂ ပါးတို့သည် ငါးဂါထာစီ ဥဒါန်းကျူးရင့်တော်မူကြသည်ကို စုစည်းထားခြင်းဖြစ်သည်။
Paṅcaka–nipāta (Therīgāthā): This is a collection of joyous verses uttered by female–monk (arahanta) such as Vimalā and Sīhā at the time of Lord Buddha.
Each uttered five verses (paṅcaka).

ပဉ္စက နိပါတ (အင်္ဂုတ္တရ) ပါဠိ

အင်္ဂုတ္တရနိကာယ် ၌ တရားအစု ၅ ပါးစီ ကို အဓိကထား ဟောကြားသော သုတ္တန်တိုများ ပါဝင်သည့် ပဌမမြောက် ကျမ်းဖြစ်သည်။
Paṅcaka–nipāta (Aṅguttara): The fifth book of the ‘Gradual Discourses’: in this book, each discourse emphasizs five items of the dhamma.

ပဉ္စဝဂ္ဂီ ၅ ဦး

ဘုရားရှင်သည် တရားဦး ဓမ္မစကြာဟောတော်မူသောအခါ တရားနာယူကြသူ လူသား သူတော်စင် (ရဟန်း) ငါးဦး
Paṅca–vaggī: Group of five ascetics who listened to the ‘Dhamma–cakka’,
the very first sermon of Lord Buddha:
၁။ ရှင် ကောဏ္ဍည – ဝါဆိုလပြည့်နေ့၌ သောတာပန်ဖြစ်သည်
1: Koṇḍñña, attained sotāpanna–hood (stream–winner) on the full–moon day of Waazo (July);
၂။ ရှင် ဝပ္ပ – ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ သောတာပန်ဖြစ်သည်
2: Vappa, attained sotāpanna–hood on the first waning day of Waazo;
၃။ ရှင် ဘဒ္ဒိယ – ဝါဆိုလပြည့်ကျော် ၂ ရက်နေ့၌ သောတာပန်ဖြစ်သည်
3: Bhaddiya, attained sotāpanna–hood on the second waning day of Waazo;
၄။ ရှင် မဟာနာမ – ဝါဆိုလပြည့်ကျော် ၃ ရက်နေ့၌ သောတာပန်ဖြစ်သည်
4: Mahānāma, attained sotāpanna–hood on the third waning day of Waazo;
၅။ ရှင် အဿဇိ – ဝါဆိုလပြည့်ကျော် ၄ ရက်နေ့၌ သောတာပန်ဖြစ်သည်
5: Asajji, attained sotāpanna–hood on the fourth waning day of Waazo.
(မှတ်ချက်။။ ဝါဆိုလပြည့်ကျော် ၅ ရက်နေ့၌ ဘုရားရှင်သည် အနတ္တလက္ခဏသုတ်ကို ဟောတော်မူ ပြီးနောက် ပဌဝဂ္ဂီ ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြသည်)
(Note: Lord Buddha propounded ‘the Discourse of the Characteristic of No–soul’ to the ‘Group of five’ on the fifth waning day of Waazo. Then, they all attained the arahant–ship.)

ပဉ္စ ဝေါကာရ ဘဝ

ခန္ဓာငါးပါး_ရှု အစုံရှိသော ဘုံဘဝ
Five–group existence.

ပဉ္စသီခ

ဂီတနတ်သား စောင်းသမား
Five–crest, a musican deity, a harpist–deity.

ပဉ္စသီခ

နတ်သား A deity who has five crests.

ပဉ္စာနန္တရိယ ကံ

သေသည်၏ အခြားမဲ့၌ ဧကန် ငရဲကျသောကံ (ကံကြီး ၅ ပါး _ရှု)
There are 5 bad kammas; they are so serious that after death, a person who has commited one or some of them, directly goes to hell.

ပညတ်

သတ်မှတ်ချက်
Recognition, designation, naming, discrimination.

ပညတ် ၆ မျိုး

Six designations:
၁။ ခန္ဓ ပညတ္တိ – ခန္ဓာ ၅ ပါး _ရှု
1: Notion of aggregates: 5 aggregates,
၂။ အာယတန ပညတ္တိ – အာယတန ၁၂ ပါး _ရှု
2: of base: 12 bases,
၃။ ဓာတု ပညတ္တိ – ဓာတ် ၁၈ ပါး _ရှု
3: of elements: 18 elements,
၄။ သစ္စ ပညတ္တိ – သစ္စာ ၄ ပါး _ရှု
4: of truth: 4 noble truths,
၅။ ဣန္ဒြိယ ပညတ္တိ – ဣန္ဒြေ ၂၂ ပါး _ရှု
5: of faculty: 22 faculties,
၆။ ပုဂ္ဂလ ပညတ္တိ – _ရှု
6: of human types.

ပညတ္တိ သီလ

Prescribed morality.

ပညာ

အသိဉာဏ်
Discernment, wisdom, insight, understanding.

ပညာ ၂ မျိုး

Two kinds of understanding (knowledge):
၁။ လောကီ ပညာ – လောကတွင်း အသိဉာဏ်
1: Mundane knowledge,
၂။ လောကုတ္တရာ ပညာ – လောကထက်လွန်သော အသိဉာဏ်။
2: supramundane knowledge.

ပညာ ၂ မျိုး

(တနည်း)
More two kinds of understanding (knowledge):
၁။ သာသဝ ပညာ – အာသဝေါတရားရှိနေသေးသော ပညာ
1: Subject to cankers,
၂။ အနာသဝ ပညာ – အာသဝေါတရားမရှိတော့သော ပညာ။
2: free from cankers.

ပညာ ၂ မျိုး

(တနည်း)
More two kinds of understanding (knowledge):
၁။ နာမ ဝဝတ္ထာန ပညာ – နာမ်ကို ပိုင်းခြားသိသော ပညာ
1: The defining of mentality,
၂။ ရူပ ဝဝတ္ထာန ပညာ – ရုပ်ကို ပိုင်းခြားသိသော ပညာ။
2: of materiality.

ပညာ ၂ မျိုး

(တနည်း)
More two kinds of understanding (knowledge):
၁။ သောမနဿ သဟဂတပညာ – သောမနဿနှင့်တကွဖြစ်သော ပညာ
1: Accompanied by joy/happiness,
၂။ ဥပေက္ခာ သဟဂတပညာ – ဥပေက္ခာနှင့်တကွဖြစ်သော ပညာ။
2: by equanimity/serenity.

ပညာ ၂ မျိုး

(တနည်း)
More two kinds of understanding (knowledge):
၁။ ဒဿနဘူမိ ပညာ – သိမြင်အပ်သော ပညာ
1: The planes of seeing,
၂။ ဘာဝနာဘူမိ ပညာ – ပွါးများအပ်သော ပညာ။
2: of development.

ပညာ ၃ မျိုး

Three kinds of understanding:
၁။ သုတ မယ ပညာ
1: Knowledge based on learning,
၂။ စိန္တာ မယ ပညာ
2: on thinking,
၃။ ဘာဝနာ မယ ပညာ။
3: on mental development.

ပညာ ၃ မျိုး

(တနည်း)
More three kinds of understanding:
၁။ ဒါန မယ ပညာ
1: Knowledge based on generosity,
၂။ သီလ မယ ပညာ
2: on morality,
၃။ ဘာဝနာ မယ ပညာ။
3: on mental development.

ပညာ ၃ မျိုး

(တနည်း)
More three kinds of understanding:
၁။ ပရိတ္တာရမ္မဏ ပညာ – ကာမအာရုံ ပညာ
1: Knowledge with a limited object,
၂။ မဟဂ္ဂတာရမ္မဏ ပညာ – မဟဂ္ဂုတ်စျာန်အာရုံ ပညာ
2: with a great object,
၃။ အပ္ပမာဏာရမ္မဏ ပညာ – မဂ်ပညာ
3: with a measureless object.

ပညာ ၃ မျိုး

(တနည်း)
More three kinds of knowledge/understanding:
၁။ အဇ္စျတ္တာ ဘိနိဝေသ ပညာ – မိမိ၏ ခန္ဓာကိုယ်ကို သက်ဝင်သော ဝိပဿနာ ပညာ
1: Knowledge (insight) with one’s internal aggregates,
၂။ ဗဟိဒ္ဓါ ဘိနိဝေသ ပညာ – သူတပါး ခန္ဓာကိုယ်ကို သက်ဝင်သော ဝိပဿနာ ပညာ
2: with others’ external aggregates,
၃။ အဇ္စျတ္တဗဟိဒ္ဓါ ဘိနိဝေသ ပညာ – မိမိ သူတပါးတို့ ခန္ဓာကိုယ်ကို သက်ဝင်သော ဝိပဿနာ ပညာ။
3: with one’s internal and others’ external aggregates.

ပညာ ၃ မျိုး

(တနည်း)
More three kinds of knowledge/understanding:
၁။ အာယ ကောသလ္လ ပညာ – ကြီးပွါးတိုးတက်မှုကို သိသောပညာ
1: The knowledge of benefits,
၂။ အပါယ ကောသလ္လ ပညာ – ဆုတ်ယုတ်ကြောင်းသဘောများကို သိသောပညာ
2: the knowledge how to avoid losing wealth etc.,
၃။ ဥပါယ ကောသလ္လ ပညာ – နည်းလမ်း ပရိယာယ်ကို သိသောပညာ။
3: the knowledge of means of success/progress.

ပညာ ၄ မျိုး

Four kinds of knowledge/understanding:
၁။ ဒုက္ခ သစ္စာကို သိသောပညာ
1: The knowledge regarding noble truth of suffering/pain,
၂။ အမုဒယ သစ္စာကို သိသောပညာ
2: regarding the noble truth of cause of suffering,
၃။ နိရောဓ သစ္စာကို သိသောပညာ
3: regarding the noble truth of end/cessation of suffering (Nibban),
၄။ မဂ္ဂ သစ္စာကို သိသောပညာ။
4: regarding the noble truth of the way to the end of suffering.

ပညာ ၆ မျိုး

Six kinds of wisdom:
၁။ မဟာ ပညာ = ကြီးမြတ်သောပညာ
1: Great wisdom,
၂။ ပုထု ပညာ = ကျယ်ပျံ့သော ပညာ
2: solid wisdom,
၃။ ဟာသ ပညာ= ရွှင်သော ပညာ
3: witted wisdom,
၄။ ဇဝန ပညာ = လျှင်မြန်သော ပညာ
4: quick wisdom,
၅။ တိက္ခ ပညာ = ထက်မြက်သော ပညာ
5: sharp wisdom,
၆။ နိဗ္ဗေဓိက ပညာ = ထိုးထွင်းသိသော ပညာ။
6: penetrative wisdom.

ပညာ နရာနံ ရတနံ

ပညာသည် လူတို့၏ ရတနာဖြစ်သည်။ (ဇရာသုတ်။ သဂါထာဝဂ္ဂသံယုတ်)
Wisdom is the jewel of mankind.

ပညာဘာဝနာ၏ အကျိုး အနည်းငယ်

(ဝိသုဒ္ဓိမဂ်)
Few benefits of the development of understanding (The Path of Purification):
၁။ ကိလေသာတို့ကို ဖျက်ဆီးခြင်း
1: Removal of the various defilements,
၂။ မဂ်ဖိုလ်ချမ်းသာ ကို ခံစားခြင်း
2: experience the taste of the noble fruit,
၃။ သမာပတ် ဝင်စားနိုင်ခြင်း
3: ability to the attainment of cessation,
၄။ အလှူကို ခံယူထိုက်ခြင်း။
4: worthy of receiving gift etc.

ပညာမျက်စိ ၃ မျိုး

Three eyes of wisdom:
၁။ အန္ဓ = စုံလုံးကန်းသူ – ပစ္စုပ္ပန်အကျိုး သံသရာအကျိုး နှစ်မျိုးလုံးကို မမြင်သူ
1: Wisdom of born–blind person: who does not see the well–being of both present and furure,
၂။ ဧကစက္ခုက = တစ်ဘက်ကန်းသူ – ပစ္စုပ္ပန်အကျိုးသာမြင်ပြီး သံသရာအကျိုးကို မမြင်သူ
2: of one–eye person: who sees the well–being of present but not furure,
၃။ ဒွိ စက္ခုက = ပစ္စုပ္ပန်အကျိုး သံသရာအကျိုး နှစ်မျိုးလုံးကို မြင်သူ။
3: of two–eye person: who sees the well–being of both present and future.

ပညာရကြောင်း တရား ၈ ပါး

Eight conditions for wisdom:
၁။ ဆရားသမားထံ ချစ်ကြောက် ရိုသေစွာ ဆည်းကပ်ခြင်း
1: Affection and respect to the teacher,
၂။ ကာလအားလျှော်အား မေးမြန်းခြင်း
2: inquiring from time to time,
၃။ မေးမြန်းပြီး ကိုယ်ရော စိတ်ပါ သက်သာရာရခြင်း
3: withdrawel of body and of mind, i.e., total rest of body and mind,
၄။ ကို်ယ့်ကျင့် သီလ ပြည့်ဝခြင်း
4: virtue, fulfilling moral conduct,
၅။ အကြားအမြင် သုတများခြင်း
5: much knowledge, vast learning,
၆။ ကုသိုလ်ပွါးအောင် အားထုတ် ကျိုးစားခြင်း
6: effort to develop wholesome deeds,
၇။ အကျိုးမရှိသော စကားကို ပယ်၍ အကျိုးရှိသည်ကိုသာ ပြောဆိုခြင်း
7: avoiding pointless talk and speaking on the dhamma (beneficial),
၈။ ဖြစ်ပျက်ဉာဏ်ဖြင့် ကျင့်ကြံနေထိုင်ခြင်း။
8: dwelling on contemplation of rise and fall.

ပညာရှိ ၂ ယောက် စုံတွဲများ

(လူမိုက် ၂ ယောက် စုံတွဲများ _ရှု)

ပညာရှိတို့၏ ပညတ်ချက် ၃ မျိုး

Three things prescribed by the wise:
၁။ ဒါန – လှူဒါန်း ပေးကမ်းခြင်း
1: Giving,
၂။ ပဗ္ဗဇ္ဇ – ရှင်ရဟန်းပြုခြင်း
2: the going forth (to be a monk),
၃။ မာတာပိတု ဥပဋ္ဌာန – မိဘတို့အား လုပ်ကျွေးပြုစုခြင်း။
3: attending upon one’s own parents.

ပညာရှိထက် ပညာမဲ့က များပြား

(ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

ပညာရှိဟူသည်

(ဗဟုဓာတုကသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Who are the wise?
၁။ ဓာတ်၌ လိမ်မာ၏
1: Skill in elements,
၂။ အယယတန၌ လိမ်မာ၏
2: in bases,
၃။ ပဋိစ္စသမုပ္ပါဒ်၌ လိမ်မာ၏
3: in dependent origination,
၄။ အကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ်မာ၏
4: in what is possible and what is impossible.

ပညာရှိ၏ လက္ခဏာ ၃ ပါး

Three characteristics of the wise:
၁။ သုစိန္တိတ စိန္တီ = ကောင်းသောအကြံကိုသာ ကြံလေ့ရှိခြင်း
1: Having habitual wholesome thought,
၂။ သုဘာသိတ ဘာသီ = ကောင်းသောစကားကိုသာ ပြောလေ့ရှိခြင်း
2: having habitual right speech,
၃။ သုကတ ကမ္မကာရီ = ကောင်းမှုကိုသာ ပြုလေ့ရှိခြင်း။
3: doing good deeds.

ပညာရှိ၏ လက္ခဏာ ၃ ပါး

(တနည်း)
More three characteristics of the wise:
၁။ အပြစ်ကို အပြစ်ဟု ရှုမြင်ခြင်း
1: Seeing his misdeed as such,
၂။ ရှုမြင်ပြီး ကုစား ရှောင်ကြဉ်ခြင်း
2: making it amended,
၃။ သူတပါးတို့ အပြစ်ရှိပါသည်ဟု ပြောဆိုဝန်ခံလာသော် လက်ခံခြင်း။
3: when someone acknoeledges his misdeed, pardoning it.
(လူမိုက်၏ လက္ခဏာ ၃ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Three characteristics of the evil are opposite of the above.)

ပညာရှိသူတော်ကောင်းများ၏ ပညတ်ချက် ၃ မျိုး

(ပညာရှိတို့၏ ပညတ်ချက် ၃ မျိုး _ရှု)

ပညာ လောကသ္မိံ ပဇ္ဇောတော

ပညာသည် လောက၏ အလင်းရောင် ဖြစ်သည်။
(ပဇ္ဇောတသုတ်။ သဂါထာဝဂ္ဂသံယုတ်)
Wisdom is the light of the world. (The Connected Discourses)

ပညာသ နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်တာလပုဋ အမည်ရှိ ရဟန္တာ မထေရ် မြတ်သည် ဂါထာငါးဆယ် ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်း ဖြစ်သည်။
Paññāsa–nipāta (Theragāthā): This is a collection of joyous verses uttered by a male–monk (arahanta), Tālapuṭa by mane, at the time of Lord Buddha. He uttered fifty verses (paññāsa).

ပညာသင်ပေးထိုက်သူ၏ (ပညာရနိုင်သူ) အင်္ဂါ ၅ ပါး

Five qualifications of a person who can learn:
၁။ ယုံကြည်မှု ရှိခြင်း
1: Confidence/faith,
၂။ အနာရောဂါ ကင်းခြင်း
2: no disease,
၃။ ဟန်မဆောင်တတ် (မာယာမများ) ခြင်း
3: no pretension,
၄။ ကြိုးစားခြင်း
4: effort,
၅။ ပညာရှိခြင်း (ခံယူနိုင်သော)။
5: wisdom (to be educated).

ပညာသင်မပေးထိုက်သူ (ပညာမရနိုင်သူ)၏ အင်္ဂါ ၅ ပါး

Five factors of a person who cannot learn:
၁။ ယုံကြည်မှု မရှိခြင်း
1: No confidence,
၂။ အနာရောဂါ ရှိခြင်း
2: disease,
၃။ ဟန်ဆောင် (မာယာ) များခြင်း
3: pretension,
၄။ ကြိုးစားမှု မရှိခြင်း
4: no effort,
၅။ ပညာမရှိခြင်း (ခံယူနိုင်သော)။
5: no wisdom.

ပညာသိ ဝိညာဏ်သိ သညာသိ တို့၏ ထူးခြားပုံ ဥပမာ

The differences along with similes among perception, consciousness and wisdom:
၁။ သညာသိ – ကလေးသူငယ် လူမမယ်သည် ရွှေကို သိပုံမျိုးဖြစ်၏ (ဝါဝါလှလှသာ သိ၏)
1: Perception is like a child’s seeing of gold as yellow pretty thing.
၂။ ဝိညာဏ်သိ – ရိုးရိုး လူကြီးသည် ရွှေကို သိပုံမျိုးဖြစ်၏ (တန်ဘိုးကို မှန်းဆသိ၏)
2: Consciousness is like an ordinary man’s knowledge of gold as valuable.
၃။ ပညာသိ – ပန်းထိမ်သည်သည် ရွှေကို သိပုံမျိုးဖြစ်၏ (တန်ဘိုးကို တိတိကျကျ သိရုံမက ရွှေ၏ အရည်သွေးကိုပါ သိ၏)။
3: Wisdom is like a gold–smith’s judgement of gold with its quality.

ပညာ၏ လက္ခဏာ အကြောင်းတရား ၇ ပါး

Seven components of wisdom:
၁။ ခန္ဓာ အာယတန ဓာတ် စသည်ကို စီစစ်မေးမြန်းခြင်း
1: Enquiring frequently about the aggregates, the bases and so on,
၂။ ကိုယ်တွင်း ကိုယ်ပ သန့်ရှင်းစင်ကြယ်ခြင်း
2: purity of one’s body inside and outside,
၃။ သဒ္ဓါနှင့်ပညာ ဝီရိယနှင့်သမာဓိ တို့ကို မျှစေခြင်း
3: keeping in balance of two pairs: faith and wisdom as well as energy and concentration,
၄။ ပညာမဲ့သူကို ရှောင်ကြဉ်ခြင်း
4: not association with the foolish,
၅။ ပညာရှိသူကို ချဉ်းကပ်ခြင်း
5: association with the wise,
၆။ နက်နဲသော ပညာရပ်များကို ဆင်ခြင်စဉ်းစားခြင်း
6: reflection on the profound knowledge,
၇။ ဣရိယာပုထ်တိုင်း၌ ပညာဖြစ်စေရန် စိတ်အားသန်နေခြင်း။
7: inclination to develop knowledge in all postures.

ပညိန္ဒြေသည် အထွတ်အထိပ်

(ဗောဓိပက္ခိယတရားတို့တွင် ပညိန္ဒြေသည် အထွတ်အထိပ် _ရှု)

ပဋိဂ္ဂဟဏ မတ္တညုတာ ၃ ပါး

(အလှူခံယူခြင်း၏ အတိုင်းအတာကိုသိခြင်း – ပဋိဂ္ဂဟဏ မတ္တညုတာ – ၃ ပါး _ရှု)

ပဋိစ္စသမုပ္ပါဒ်

(နိဒါန ဟုလည်းခေါ်၏) Dependent origination (Wheel of life), also called nidāna.
ပဋိစ္စသမုပ္ပါဒ်ကို မြင်လျှင် တရားကိုမြင်၏။ တရားကိုမြင်လျှင် ပဋိစ္စသမုပ္ပါဒ်ကို မြင်၏။
ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ။ သော ဓမ္မံ ပဿတိ။ ယော ဓမ္မံ ပဿတိ။ သော ပဋိစ္စသမုပ္ပါဒံ ပဿတိ။
(မဟာ ဟတ္လ္ထိပဒေါပမသုတ်။ မူလပဏ္ဏာသပါဠိ။ မဇ္စျိမနိကာယ် )။
One who sees dependent origination, sees the Dhamma; one who sees the Dhamma sees dependent origination. (Mahā–hatthipadopama Sutta, Majjhima–nikāya):

ပဋိစ္စသမုပ္ပါဒ် သံသရာစက်၏ ဥပမာ

Similes regarding the round/wheel of rebirths (saṁsāra):
၁။ အဝိဇ္ဇာသည် သံသရာစက်၏ မူလအစဖြစ်သောကြောင့် ပုံတောင်းမည်၏
1: Ignorance is its (wheel of rebirths) hub because it is its root.
၂။ ဇရာ မရဏတို့သည် တစ်ဘဝ၏ အဆုံးဖြစ်သောကြောင့် အကွပ်မည်၏
2: Ageing–and–death is its its rim because it terminates it.
၃။ ကျန်သော အင်္ဂါ ၁ဝ ပါးတို့သည် သံသရာစက်ဝန်း၏ အကန့်အထောက်တို့မည်ကုန်၏။
3: The remaining ten states are its spokes.

ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၁ ပါး ကို အခြေခံ၍ ဉာဏ် ၄၄ ပါး ပြားပုံ

(အဝိဇ္ဇာ မပါဝင်၍ ၁၁ ပါးဖြစ်သည်။
အောက်မှာ အင်္ဂါ ၁၂ ပါးကြည့်ပါ) (ဉာဏဝတ္ထုသုတ်။ နိဒါနဝဂ္ဂ သံယုတ္တပါဠိ)
There are 44 cases of knowledge, based upon 11 links of dependent origination (Among 12 links (see below), the ignorance is not included in this case.)
၁။ သင်္ခါရ ကို သိသောဉာဏ်
1: Knowledge of kamma/volitional formations,
၂။ သင်္ခါရ ဖြစ်ကြောင်းကို သိသောဉာဏ်
2: of their origin,
၃။ သင်္ခါရ ချုပ်ပျောက်ရာကို သိသောဉာဏ်
3: of their cessation,
၄။ သင်္ခါရ ချုပ်ပျောက်ရာ အကြောင်းကို
4: of the way leading to their cessation,
သိသောဉာဏ်
၅။ ဝိညာဏ် ကို သိသောဉာဏ်
5: knowledge of consciousness,
၆။ ဝိညာဏ် ဖြစ်ကြောင်းကို သိသောဉာဏ်
6: of its origin,
၇။ ဝိညာဏ် ချုပ်ပျောက်ရာကိုသိသောဉာဏ်
7: of its cessation,
၈။ ဝိညာဏ် ချုပ်ပျောက်ရာ အကြောင်းကို
8: of the way leading to its cessation;
သိသောဉာဏ်
ဤနည်းအတူ In this way:
၉ – ၁၂။ နာမ် ရုပ် ၌ ၄ ပါး
9 – 12: in corporeality and mentality (name and form),
၁၃ – ၁၆။ သဠာယတန ၌ ၄ ပါး
13 – 16: in bases,
၁၇ – ၂ဝ။ ဖဿ ၌ ၄ ပါး
17 – 20: in impression, touch,
၂၁ – ၂၄။ ဝေဒနာ ၌ ၄ ပါး
21 – 24: in feeling, sensation,
၂၅ – ၂၈။ တဏှာ ၌ ၄ ပါး
25 – 28: in craving,
၂၉ – ၃၂။ ဥပါဒါန် ၌ ၄ ပါး
29 – 32: in clinging,
၃၃ – ၃၆။ ဘဝ ၌ ၄ ပါး
33 – 36: in process of becoming,
၃၇ –၄ဝ။ ဇာတိ ၌ ၄ ပါး
37 – 40: in rebirth,
၄၁။ ဇရာ။ မရဏ ကို သိသောဉာဏ်
41: knowledge of old age and death,
၄၂။ ဇရာ။ မရဏ ဖြစ်ကြောင်း ကို သိသောဉာဏ်
42: of their origin,
၄၃။ ဇရာ။ မရဏ ချုပ်ပျောက်ရာကို သိသောဉာဏ်
43: of their cessation,
၄၄။ ဇရာ။ မရဏ ချုပ်ပျောက်ရာ အကြောင်းကို
44: of the way leading to their cessation.
သိသောဉာဏ်။

ပဋိစ္စ သမုပ္ပါဒ် အင်္ဂါ ၁၁ ပါး ကို အခြေခံ၍ ဉာဏ် ၇၇ ပါး ပြားပုံ

(အဝိဇ္ဇာ၏ အကြောင်းတရား မပါဝင်၍ ၁၁ ပါးဖြစ်သည်) (ဉာဏဝတ္ထုသုတ်။ နိဒါနဝဂ္ဂ သံယုတ္တပါဠိ)
There are 77 cases of knowledge, based upon 11 links of dependent origination (Among 12 links, the cause of ignorance is not included in this case.)
၁။ ဇာတိကြောင့် ဇရာ မရဏ (အိုသေ) ဖြစ်၏ဟု သိသောဉာဏ်
1: The knowledge: ‘Aging–and–death has birth as its condition’,
၂။ ဇာတိမရှိသောကြောင့် ဇရာ မရဏ (အိုသေ) မဖြစ်ဟု သိသောဉာဏ်
2: the knowledge: Where there is no birth, there is no aging–and–death’,
၃။ အတိတ်ကာလ၌ ဇာတိကြောင့် ဇရာ မရဏ (အိုသေ) ဖြစ်၏ဟု သိသောဉာဏ်
3: the knowledge: ‘In the past, aging–and–death had birth as its condition’,
၄။ အတိတ်ကာလ၌ ဇာတိမရှိသောကြောင့် ဇရာ မရဏ (အိုသေ) မဖြစ်ဟု သိသောဉာဏ်
4: the knowledge: ‘In the past too had there been no birth, there would have been no aging–and–death’,
၅။ အနာဂတ်ကာလ၌ ဇာတိကြောင့် ဇရာ မရဏ (အိုသေ) ဖြစ်၏ဟု သိသောဉာဏ်
5: the knowledge: ‘In the future too, aging–and–death will have birth as its condition’,
၆။ အနာဂတ်ကာလ၌ ဇာတိမရှိသောကြောင့် ဇရာ မရဏ (အိုသေ) မဖြစ်ဟု သိသောဉာဏ်
6: the knowledge: ‘In the future too, should there be no birth, there will be no aging–and–death’,
၇။ အထက်ပါအတိုင်းသိမြင်သောသူအား – ဤဉာဏ်တို့သည်လည်း ကုန်ခြင်း ပျက်ခြင်း ကင်းပြတ်ခြင်း ချုပ်ခြင်း သဘောရှိကြကုန်၏ ဟုသိသောဉာဏ်။
7: the knowledge that the above–mentioned knowledges are also subjects to destruction, vanishing, fading away and cessation.’
အလားတူပင် – The same as in the followings:
ဘဝကြောင့် ဇာတိဖြစ်၏ စသည်၌ ဉာဏ် ၇ ပါး Seven cases in ‘birth has existence its condition’,
ဥပါဒါန်ကြောင့် ဘဝဖြစ်၏ စသည်၌ ဉာဏ် ၇ ပါး
seven cases in ‘existence has grasping its condition’,
တဏှာကြောင့် ဥပါဒါန်ဖြစ်၏ စသည်၌ ဉာဏ် ၇ ပါး
seven cases in ‘grasping has clinging its condition’,
ဝေဒနာကြောင့် တဏှာဖြစ်၏ စသည်၌ ဉာဏ် ၇ ပါး
seven cases in ‘clinging has feeling its condition’,
ဖဿကြောင့် ဝေဒနာဖြစ်၏ စသည်၌ ဉာဏ် ၇ ပါး
seven cases in ‘feeling has contact its condition’,
သဠာယတနကြောင့် ဖဿဖြစ်၏ စသည်၌ ဉာဏ် ၇ ပါး
seven cases in ‘contact has bases its condition’,
နာမ်ရုပ်ကြောင့် သဠာယတနဖြစ်၏ စသည်၌ ဉာဏ် ၇ ပါး
seven cases in ‘bases has mentality and corporeality its condition’,
ဝိဉာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏ စသည်၌ ဉာဏ် ၇ ပါး
seven cases in ‘corporeality and materiality have consciousness their condition’,
သင်္ခါရကြောင့် ဝိဉာဏ်ဖြစ်၏ စသည်၌ ဉာဏ် ၇ ပါး
seven cases in ‘consciousness has volitional formation its condition’,
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ စသည်၌ ဉာဏ် ၇ ပါး = စုစုပေါင်း ၇၇ ပါးဖြစ်သည်။
seven cases in ‘volitional formation has ignorance its condition’.
all together: 77 cases of knowledge.

ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ ပါး

Twelve links of dependent origination, dependent co–arising/–origination:
၁။ အဝိဇ္ဇာ = အမှန်တရားကိုမသိခြင်း
1: Ignorance,
၂။ သင်္ခါရ = ပြုပြင်စီရင်လုပ်ကိုင်ခြင်း
2: kamma–formation,
၃။ ဝိညာဏ် = သိမြင်ခြင်း
3: consciousness,
၄။ နာမ် ရုပ် = စိတ် ရုပ်
4: mentality and corporeality (name and form),
၅။ သဠာယတန = တည်ရာဌာန
5: bases,
၆။ ဖဿ = အတွေ့အထိ
6: impression, touch,
၇။ ဝေဒနာ = ခံစားမှု
7: feeling, sensation,
၈။ တဏှာ = ကပ်ငြိခြင်း
8: craving,
၉။ ဥပါဒါန် = စွဲလမ်းခြင်း
9: clinging,
၁ဝ။ ဘဝ = ဖြစ်လာခြင်း
10: process of becoming,
၁၁။ ဇာတိ = အစပြုခြင်း
11: rebirth,
၁၂။ ဇရာ။ မရဏ
12: old age, death,
သောက။ ပရိဒေဝ sorrow, lamentation,
ဒုက္ခ။ ဒေါမနဿ pain, grief and
ဥပါယာသ။ despair.
ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ ပါး ကို အတိတ်။ ပစ္စုပ္ပန်။ အနာဂတ် ခွဲခြားခြင်း
Twelve links of Dependent Origination divided into three frames of time, i.e.,
past, present, and future:
အတိတ် =
၁။ အဝိဇ္ဇာ past =
1: Ignorance,
အတိတ် =
၂။ သင်္ခါရ past =
2: kamma–formation,
ပစ္စုပ္ပန် =
၃။ ဝိညာဏ် present =
3: consciousness,
ပစ္စုပ္ပန် =
၄။ နာမ် ရူပ် present =
4: corporeality & mentality,
ပစ္စုပ္ပန် =
၅။ သဠာယတန present =
5: bases,
ပစ္စုပ္ပန် =
၆။ ဖဿ present =
6: impression, touch,
ပစ္စုပ္ပန် =
၇။ ဝေဒနာ present =
7: feeling, sensation,
ပစ္စုပ္ပန် =
၈။ တဏှာ present =
8: craving,
ပစ္စုပ္ပန် =
၉။ ဥပါဒါန် present =
9: clinging,
ပစ္စုပ္ပန် =
၁ဝ။ ဘဝ present =
10: process of becoming,
အနာဂတ် =
၁၁။ ဇာတိ future =
11: rebirth,
အနာဂတ် =
၁၂။ ဇရာ။ မရဏ။ future =
12: old age, death.

ပဋိစ္စသမုပ္ပါဒ် အလွှာ (သင်္ခေပ) ၄ မျိုး

The four summarizations of Dependent Origination:
၁။ အဝိဇ္ဇာ
1: Ignorance,
၂။ သင်္ခါရ
2: kamma–formation, တို့သည် ပထမအလွှာ are the first summarization.
၃။ ဝိညာဏ်
3: consciousness,
၄။ နာမ် ရုပ်
4: mentality and corporeality (name and form),
၅။ သဠာယတန
5: bases,
၆။ ဖဿ
6: impression, touch,
၇။ ဝေဒနာ
7: feeling, sensation, တို့သည် ဒုတိယအလွှာ are the second summarization.
၈။ တဏှာ
8: craving,
၉။ ဥပါဒါန်
9: clinging,
၁ဝ။ ဘဝ
10: process of becoming, တို့သည် တတိယအလွှာ are the third summarization.
၁၁။ ဇာတိ
11: rebirth,
၁၂။ ဇရာ။ မရဏ
12: old age, death,
သောက။ ပရိဒေဝ sorrow, lamentation, ဒုက္ခ။ ဒေါမနဿ pain, grief and ဥပါယာသ။ despair. တို့သည် စတုတ္ထအလွှာ are the fourth summarization.

ပဋိပတ္တိ = ကျင့်ခြင်း ကျင့်စဉ်

Practice, pursuance.

ပဋိပတ္တိ

သာသနာ (သာသနာ _ရှု) Buddha’s teaching regarding practice.

ပဋိပဒါ

ကျင့်စဉ်
Path, way, road, practicing process.

ပဋိပဒါ (ကျင့်စဉ်) ၄ ပါး

Four paths that lead to enlightenment:
၁။ ဆင်းရဲ သိနိုင်ခဲ ကျင့်စဉ်
1: Painful/unpleasant progress with slow comprehension,
၂။ ဆင်းရဲ သိလွယ် ကျင့်စဉ်
2: painful/unpleasant progress with quick comprehension,
၃။ ချမ်းသာ သိနိုင်ခဲ ကျင့်စဉ်
3: pleasant progress with slow comprehension,
၄။ ချမ်းသာ သိလွယ် ကျင့်စဉ်။
4: pleasant progress with quick comprehension.

ပဋိပဒါ (ကျင့်စဉ်) ၄ ပါး

(တနည်း)
More four paths/progresses that lead to enlightenment:
၁။ အက္ခမာ – သည်းခံမှုမပြုပဲ တိုးတက်အောင် ကျင့်ခြင်း
1: Impatient progress,
၂။ ခမာ – သည်းခံပြီး တိုးတက်အောင် ကျင့်ခြင်း
2: patient progress,
၃။ ဒမာ – စောင့်စည်းပြီး တိုးတက်အောင် ကျင့်ခြင်း
3: controlled progress,
၄။ သမာ – ညိမ်သက် တည်ကြည်ပြီး တိုးတက်အောင် ကျင့်ခြင်း။
4: calm progress.

ပဋိရူပ ဒေသ

သင့်တော်သောနေရာဌာန
Suitable place/location.

ပဋိဝေဓ

ထိုးထွင်းသိခြင်း
Realization.

ပဋိဝေဓ သာသနာ

Buddha’s teaching regarding realization.

ပဋိသန္ဓာရ

ကြိုဆိုခြင်း
Greeting word, welcoming.

ပဋိသန္ဓိ

ဆက်စပ်ခြင်း
Relinking, reunion.

ပဋိသန္ဓေ

Conception, starting moment of a life.

ပဋိသန္ဓေ ၃ မျိုး

Three kinds of rebirth–linking:
၁။ အဟေတုက ပဋိသန္ဓေ – အလောဘ အဒေါသ အမောဟ ဟူသော အရင်းခံအကြောင်း သုံးပါးလုံး
မပါပဲ ပဋိသန္ဓေ နေခြင်း
1: Born without three root–conditions (i.e., no–greed, no–hatred and no–delusion).
(က) ဒုဂ္ဂတိ အဟေတုက = အပါယ်ဘုံသားများ (a) woeful plane,
(ခ) သုဂတိ အဟေတုက = မွေးကတည်းက နားပင်းလာသော မျက်စိကန်းလာသော လူများ
(b) human being born deft and blind etc.,
၂။ ဒွိ ဟေတုက ပဋိသန္ဓေ – အလောဘ အဒေါသ ဟူသော အရင်းခံအကြောင်း နှစ်ပါးဖြင့် ပဋိသန္ဓေ နေခြင်း
2: born with two root–conditions (i.e., no–greed, no–hatred),
၃။ တိ ဟေတုက ပဋိသန္ဓေ – အလောဘ အဒေါသ အမောဟ ဟူသော အရင်းခံအကြောင်း သုံးပါးလုံးဖြင့် ပဋိသန္ဓေ နေခြင်း
3: born with three root–conditions (i.e., no–greed, no–hatred and no–delusion).

ပဋိသန္ဓေ ၄ မျိုး

Four kinds of rebirth–linking:
၁။ အပါယ် ပဋိသန္ဓေ
1: Rebirth–linking in the woeful planes,
၂။ ကာမ သုဂတိ ပဋိသန္ဓေ
2: rebirth–linking in the sensuous blissful planes,
၃။ ရူပါဝစရ ပဋိသန္ဓေ
3: rebirth–linking in the fine–material spheres,
၄။ အရူပါဝစရ ပဋိသန္ဓေ။
4: rebirth–linking in the inmaterial spheres.

ပဋိသန္ဓေ ၄ မျိုး

(ယောနိ ၄ မျိုး _ရှု)

ပဋိသန္ဓေ နေခြင်း ၄ မျိုး

(ဖွါးမြင်ခြင်း – ဂ ဗ္ဘာ ဝက္က န္တိ – ၄ မျိုး _ရှု)

ပဋိသန္ဓေ နေစ၌ ဖြစ်လာသော ရုပ်ကလာပ် ၃ စည်း

(လူသားများ)
Three corporial units (decads) at the moment of human–conception:
၁။ ကာယ ဒသက = ကိုယ်ကာယ ဖြစ်မည့် ရုပ် ၁ဝ မျိုးစု
1: The body–decad,
၂။ ဘာဝ ဒသက = မိန်းမ (ဝါ) ယောက်ျား ဖြစ်မည့် ရုပ် ၁ဝ မျိုးစု
2: the sex–decad,
၃။ဝတ္ထု ဒသက = နှလုံး ဖြစ်မည့် ရုပ် ၁ဝ မျိုးစု။
3: the base–decad (heart).

ပဋိသန္ဓေ နေရန် အကြောင်း ၃ တန်

Three things for the conception of an embryo:
၁။ မာတာ ပိတရော စ သန္နိပတိတာ = မိဘ တို့၏ စုဝေးခိုက်ဖြစ်ခြင်း
1: The union of the mother and father, of female and male.
၂။ မာတာ စ ဥတုနီ = မိခင်မှာ ရာသီ ရှိခြင်း
2: the mother’s season,
၃။ ဂန္ဓဗ္ဗော စ မစ္စုပဋ္ဌိတော = ဖြစ်လာမည့် သတ္တဝါ ရှေ့ရှုတည်ရှိနေခြင်း။
3: the being to be reborn is present.

ပဋိသမ္ဘိဒါ

Analytical knowledge, Discrimination.

ပဋိသမ္ဘိဒါ ၄ ပါး

Four kinds of analytical knowledge:
၁။ အတ္ထ ပဋိသမ္ဘိဒါ = အနက်အဓိပ္ပါယ်ကို ထိုးထွင်းဆန်းစစ် သိသောဉာဏ်
1: Analytical knowledge of meaning,
၂။ ဓမ္မ ပဋိသမ္ဘိဒါ = ပါဠိတော်ကို ထိုးထွင်းဆန်းစစ် သိသောဉာဏ်
2: analytical knowledge of dhamma,
၃။ နိရုတ္တိ ပဋိသမ္ဘိဒါ = သဒ္ဒါ ဗျုပ္ပတ်ကို ထိုးထွင်းဆန်းစစ် သိသောဉာဏ်
3: analytical knowledge of language,
၄။ ပဋိဘာန ပဋိသမ္ဘိဒါ = သစ္စာတရားကို ထိုးထွင်းဆန်းစစ် သိသောဉာဏ်။
4: analytical knowledge of ready wit.

ပဋိသမ္ဘိဒါ ၄ ပါးရရန် တရား ၇ ပါး

Seven dhammas to gain the four kinds of analytical knowledge:
၁။ စိတ်၏ တွန့်တိုမှုကို သိခြင်း
1: understanding one’s sluggish mind as it is,
၂။ စိတ်၏ ကြုံ့မှုကို သိခြင်း
2: understanding one’s constricted mind as it is,
၃။ စိတ်၏ ပျံ့လွင့်မှုကို သိခြင်း
3: understanding one’s districted mind as it is,
၄။ ဝေဒနာ ဖြစ်တည်ပျက်ကို သိခြင်း
4: knowing one’s feeling as arising, remaining and disappearing,
၅။ သညာ ဖြစ်တည်ပျက်ကို သိခြင်း
5: knowing one’s perception as arising, remaining and disappearing,
၆။ ဝိတက် ဖြစ်တည်ပျက်ကို သိခြင်း
6: knowing one’s thoughts as arising, remaining and disappearing,
၇။ လျှောက်ပတ်မလျှောက်ပတ် အယုတ်အမြတ် ကုသိုလ်အကုသိုလ်တရားတို့ကို ကောင်းစွာ နှလုံးသွင်းပြီး ပညာဖြင့် ထိုးထွင်း သိခြင်း။
7: reflecting well with wisdom upon suitable and unsuitable, inferior and superior, wholesome and unwholesome things along with their counterparts.

ပဋိသမ္ဘိဒါ မဂ္ဂ ပါဠိ

အရှင်သာရိပုတ္တ ဟောကြားသည်ဟု ယူဆကြသည်။ ခွဲခြမ်းစိတ်ဖြာနည်းလမ်းစဉ်ကျမ်း ဟု အဓိပ္ပါယ်ရသည်။ ခုဒ္ဒက နိကာယ် အဝင်အပါ ကျမ်းတစ်ဆူဖြစ်သည်။
Paṭisambhidā Magga Pāḷi: It is distributed to Sāriputta. It means
‘the Path of Analysis’ and one of the texts in the ‘Minor Discourses’.

ပဋိသမ္ဘိဒါ မဂ္ဂ ပါဠိတော်၌ ရှင်းလင်းပြသော တရားတော် ၃ဝ ပါး

Thirty dhammas that are explained in the Paṭisambhidā Magga Pāḷi:
၁။ ဉာဏ – ဉာဏ်
1: Knowledge, wisdom,
၂။ ဒိဋ္ဌိ – အယူဝါဒ
2: views,
၃။ အာနာပါန – ဝင်သက်ထွက်သက်
3: breath–in and –out meditation,
၄။ ဣန္ဒြိယ – ဣန္ဒြေ အစိုးရခြင်း
4: controlling principles,
၅။ ဝိမောက္ခ – လွတ်မြောက်ခြင်း
5: emancipation,
၆။ ဂတိ – လားရာ
6: sphere of existence,
၇။ ကမ္မ – ကံ
7: kamma,
၈။ ဝိပလ္လာသ – ဖေါက်ပြန်ခြင်း
8: perversion,
၉။ မဂ္ဂ – လမ်းစဉ်
9: path,
၁ဝ။ မဏ္ဍပေယျ – သောက်သုံးချင်သဖွယ် ကြည်လင်သောတရား
10: excellent drink,
၁၁။ ယုဂနဒ္ဓ – သမထနှင့် ဝိပဿနာအစုံ
11: calm and insight meditation,
၁၂။ သစ္စ – သစ္စာတရား
12: truth,
၁၃။ ဗောဇ္စျင်္ဂ – ဗောဇ္စျင်တရား
13: factors of enlightenment,
၁၄။ မေတ္တာ – မေတ္တာတရား
14: love,
၁၅။ ဝိရာဂ – တပ်မက်မှု ကင်းခြင်း
15: desirelessness,
၁၆။ ပဋိသမ္ဘိဒါ – ထိုးထွင်းသိခြင်း
16: analytical insight,
၁၇။ ဓမ္မစက္က – ဓမ္မစကြာ
17: wheel of law,
၁၈။ လောကုတ္တရ – လောကုတ္တရာတရား
18: super–mundane dhamma,
၁၉။ ဗလ – ဗိုလ်တရား
19: power,
၂ဝ။ သုည – အနှစ်မပါ သုညတတရား
20: void, emptiness,
၂၁။ မဟာဉာဏ – ကြီးမားဉာဏ်တော်
21: great wisdom,
၂၂။ ဣဒ္ဓိ – တန်ခိုး
22: psychic power,
၂၃။ အဘိသမယ – ထိုးထွင်းသိခြင်း
23: clear understanding of the truth,
၂၄။ ဝိဝေက – ငြိမ်းချမ်း ဆိပ်ငြိမ်ခြင်း
24: peace and quiet,
၂၅။ စရိယာ – ကျင့်စဉ်တရား
25: behavior,
၂၆။ ပါဋိဟာရိယ – အံ့ဘွယ်တရား
26: marvels,
၂၇။ သမသီသ – အာသဝေါကုန်ချိန် အသက်ကုန်
27: simultaneous end of craving and of life,
၂၈။ သတိပဋ္ဌာန – သတိပဋ္ဌာန်တရား
28: mindfulness,
၂၉။ ဝိပဿနာ – တရားရှုမှတ်ခြင်း
29: insight meditation,
၃ဝ။ မာတိကာ – တရားခေါင်းစဉ်များ။
30: tabulated summary.

ပဋ္ဌာန်း

Casual/Conditional relations, conditionality.

ပဋ္ဌာန်း ၂၄ ပစ္စည်း

The twenty–four casual relations:
၁။ ဟေတု ပစ္စယော = အကြောင်းတရားဖြစ်၍ ကျေးဇူးပြုခြင်း
1: Root condition,
၂။ အာရမ္မဏ ပစ္စယော = အာရုံဖြစ်၍ ကျေးဇူးပြုခြင်း
2: object condition,
၃။ အဓိပတိ ပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုခြင်း
3: predominance condition,
၄။ အနန္တရ ပစ္စယော = မခြားပဲ ကျေးဇူးပြုခြင်း
4: priority condition,
၅။ သမနန္တရ ပစ္စယော = ချက်ချင်း ကျေးဇူးပြုခြင်း
5: contiguity condition,
၆။ သဟဇာတ ပစ္စယော = အတူဖြစ်၍ ကျေးဇူးပြုခြင်း
6: co–nascence condition,
၇။ အညမည ပစ္စယော = အချင်းချင်းဖြစ်၍ ကျေးဇူးပြုခြင်း
7: mutuality condition,
၈။ နိဿယ ပစ္စယော = မှီ၍ ကျေးဇူးပြုခြင်း
8: support condition,
၉။ ဥပနိဿယ ပစ္စယော = ကပ်မှီ၍ ကျေးဇူးပြုခြင်း
9: decisive support condition,
၁ဝ။ ပုရေဇာတ ပစ္စယော = ရှေ့၌ဖြစ်၍ ကျေးဇူးပြုခြင်း
10: pre–nascence condition,
၁၁။ ပစ္ဆာဇာတ ပစ္စယော = နောက်မှာဖြစ်၍ ကျေးဇူးပြုခြင်း
11: post–nascence condition,
၁၂။ အာသေဝန ပစ္စယော = မှီဝဲ စွဲမြဲ၍ ကျေးဇူးပြုခြင်း
12: repetition condition,
၁၃။ ကမ္မ ပစ္စယော = ကံဖြစ်၍ ကျေးဇူးပြုခြင်း
13: kamma condition,
၁၄။ ဝိပါက ပစ္စယော = အကျိုးဆက်ဖြစ်၍ ကျေးဇူးပြုခြင်း
14: kamma–result condition,
၁၅။ အာဟာရ ပစ္စယော = ထောက်ပန့်၍ ကျေးဇူးပြုခြင်း
15: nutrient condition,
၁၆။ ဣန္ဒြိယ ပစ္စယော = အစိုးရ၍ ကျေးဇူးပြုခြင်း
16: faculty condition,
၁၇။ စျာန ပစ္စယော = စျာန်တရားဖြင့် ကျေးဇူးပြုခြင်း
17: jhāna condition,
၁၈။ မဂ္ဂ ပစ္စယော = မဂ်တရားဖြင့် ကျေးဇူးပြုခြင်း
18: path condition,
၁၉။ သမ္ပယုတ္တ ပစ္စယော = ယှဉ်တွဲ၍ ကျေးဇူးပြုခြင်း
19: association condition,
၂ဝ။ ဝိပ္ပယုတ္တ ပစ္စယော = မယှဉ်တွဲပဲ ကျေးဇူးပြုခြင်း
20: dissociation condition,
၂၁။ အတ္ထိ ပစ္စယော = ရှိမှုဖြင့် ကျေးဇူးပြုခြင်း
21: presence condition,
၂၂။ နတ္ထိ ပစ္စယော = မရှိမှုဖြင့် ကျေးဇူးပြုခြင်း
22: absence condition,
၂၃။ ဝိဂတ ပစ္စယော = ကင်း၍ ကျေးဇူးပြုခြင်း
23: disappearance condition,
၂၄။ အဝိဂတ ပစ္စယော = မကင်းပဲ ကျေးဇူးပြုခြင်း
24: non–disappearance condition.

ပဋ္ဌာန ပါဠိ

အနန္တနယ သမန္တပဋ္ဌာန်း (မရေတွက်နိုင်သော နည်းပေါင်းမျိုးစုံတို့ဖြင့် ဟောကြားထားသော) ကျမ်းဟု တင်စားခေါ်ဝေါ်ကြသည်။ အဘိဓမ္မာ ၇ ကျမ်း၏ နောက်ဆုံးကျမ်းစာဖြစ်သည်။ စုစုပေါင်း ငါးအုပ်ရှိပြီး ဆဋ္ဌသံဂါယနာမူ စာမျက်နှာ ၃ဝဝဝ ကျော်သည်။ မြတ်ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး စတုတ္ထ သတ္တာဟ ၌ ပဋ္ဌာန်းကျမ်းကို သုံးသပ်ဆင်ခြင်တော်မူမှ ရောင်ခြည်တော် ၆ ပါးကွန့်မြူးသည်ဟု ကျမ်းဂန်များ၌လာရှိသည်။
Paṭṭhāna: This text is dignified as ‘the Scripture that analyses the phenomena with countless methods’. It is the last book of the “Abhidhamma Piṭaka’; consists of five volumes over 3,000 pages in the Sixth Buddhist Council’s version. Lord Buddha pondered this text after fourth week of His enlightenment; then, the six glorious rays were emitted from His body as a result of the pondering.

ပဏ္ဏာသ နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ၁၈ ခုမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၅ဝ (ပဏ္ဏာသ)
ပုဒ်ခန့် ပါရှိသော ဇာတ်တော်များ ဖြစ်၍ ပဏ္ဏာသ နိပါတ်ဟုခေါ်သည်။ ဇာတ်တော်ပေါင်း ၃ ပုဒ် ပါဝင်သည်။
Paṇṇāsa–nipāta (Jātaka): This is the eighteenth chapter of the 550 Birth–stories:
each of them consists of about fifty verses, thus, fifty–verse–stories. There are 3 stories in this chapter.

ပဏ္ဍုက် (လိင်အင်္ဂါ ချွတ်ယွင်း ချို့တဲ့နေသူ) ၅ မျိုး

Five kinds of eunuch:
၁။ သူတပါး၏ လိင်အင်္ဂါ သုက်ကို စုတ်ရမှ ကျေနပ်သူ (ပန်းစုတ်ဟုခေါ်သည်)
1: An eunuch whose sexual urge is satisfied by sucking another man’s penis and taking his semen with the mouth (called penis–sucker),
၂။ သူတပါးကျူးလွန် မှီဝဲနေသည်ကို ကြည့်ရမှ ကျေနပ်သူ
2: by watching the acts of others’ love–making,
၃။ လိင်ဥကို ထုတ်ပစ်ထား၍ လိင်စိတ် မရှိတော့သူ
3: a person whose testicles are taken out (thus, no sexual drive),
၄။ လဆုတ်ပက္ခမှာ ကိလေသာရာဂ ပြင်းထန်ပြီး လဆန်းပက္ခမှာ ကိလေသာရာဂ ငြိမ်းသူ
4: a person whose sexual urge is strong during the dark fortnight of the lunar month and it is calm during the bright fortnight,
၅။ မွေးကတည်းက ကျား မ အင်္ဂါ နှစ်မျိုးလုံး မထင်ရှား မပါသူ။
5: a person who was born without sexual organ.

ပဏ္ဍုကမ္ဗလာ

ဖျော့တော့သော အဆင်းရှိသည့် သိကြားမင်း၏ နေရာအခင်း။ လူ့ပြည်၌ သူတော်ကောင်းများ အကြောင်း တစ်စုံတစ်ရာ အဖြစ်ထူးပါက – ယင်းအခင်းသည် သိကြားမင်းထိုင်စဉ် တင်းမာလာသည် ဟု ကျမ်းဂန်များ၌ ပါရှိသည်။ ပဏ္ဍုကမ္ဗလာ – မြကျောက်ဖြာ ဟု အသိများသည်။
Paṇḍu–kambala: The pale–colored seat of Sakka, the King of the devas: if some great things happen to the virtuous in the human world, the seat seems to be tough to the Sakka.

ပတ္တပိုဏ်ဓုတင်

သပိတ်ဖြင့်သာ ဆွမ်းစားခြင်း (ဓုတင် ၁၃ ပါး _ရှု)

ပတ္တပိုဏ်ဓုတင်၏ အကျိုး ၆ ပါး

Six benefits of bowl–food–eater’s practice:
၁။ အရသာမျိုးစုံ စွဲလမ်းမှုကို ပယ်ဖျောက်ခြင်း
1: No craving for various tastes,
၂။ အလိုကြီးမှုကို ပယ်ခြင်း
2: no excessive greed,
၃။ လိုအပ်၍သာ အာဟာရကို သုံးဆောင်ခြင်း
3: eating as necessary,
၄။ ဆီဆားစသည် အပိုရှာနေရန်မလိုခြင်း
4: no bothering for sault, oil ect.,
၅။ မပျံ့ကြဲသော ဘောဇဉ်ရှိခြင်း
5: no scatter food,
၆။ အလိုနည်းခြင်း စသည်တို့နှင့် လျှော်ညီခြင်း။
6: conformity with the fewness of wishes.

ပတ္တာနုမောဒန

သာဓုခေါ် (ပုညကိရိယာ _ရှု)
Rejoicing of the others’ transfereance/sharing of merit.

ပတ္တိဒါန

အမျှဝေ (ပုညကိရိယာ _ရှု)
Giving of the acquired merit.

ပဒစေတီ

ခြေတော်ရာ
The foot–print of Lord Buddha.

ပဒုမငရဲ

(ငရဲ ၁ဝ မျိုး _ရှု)

ပဓာန (တရားအားထုတ် ကြိုးစားခြင်း)

Element of effort.

ပဓာန (တရားအားထုတ် ကြိုးစားခြင်း) ၄ ပါး

Four efforts:
၁။ သံဝရ ပဓာန = စောင့်စည်း ကြိုးစားခြင်း
1: Restraint,
၂။ ပဟာန ပဓာန = ပယ်စွန့် ကြိုးစားခြင်း
2: abandoning,
၃။ ဘာဝနာ ပဓာန = ပွါးများ ကြိုးစားခြင်း
3: development,
၄။ အနုရက္ခဏ ပဓာန = ထိမ်းသိမ်း ကြိုးစားခြင်း။
4: preservation.

ပဓာနိယင်္ဂ ၅ ပါး

(တရားအားထုတ်ရာ၌ ပြည့်စုံရမည့် အင်္ဂါ ၅ ပါး)
Five elements/factors of effort in meditation:
၁။ သဒ္ဓါ = ယုံကြည်မှုရှိခြင်း
1: Faith,
၂။ အပ္ပါဗာဓ = ကျန်းမာခြင်း
2: health,
၃။ အသဌ အမာယာဝီ = ရိုးသား ဖြောင့်မတ်ခြင်း
3: honesty and sincerity,
၄။ အာရဒ္ဓဝီရိယ = ကြိုးစားခြင်း
4: energy,
၅။ ပညဝါ = ပညာဉာဏ် ရှိခြင်း။
5: wisdom.

ပန်းလှူရကျိုး ၅ ပါး

Five benefits of offering flowers:
၁။ ရုပ်ရည်လှပသန့်ရှင်းခြင်း
1: Good looking,
၂။ ကိုယ်ရနံ့မွှေးခြင်း
2: pleasant bodily smell,
၃။ နတ်လူတို့ ချစ်ခင်မြတ်နိုးခြင်း
3: loved by human–beings and deities,
၄။ ကျော်စောခြင်း
4: fame, good reputation,
၅။ ကိုယ်စိတ် ချမ်းသာခြင်း။
5: happiness.

ပပဉ္စ

သံသရာနယ်ချဲ့တရား
Expansion, diffuseness/manifoldness of the world/life,
prolongation.

ပပဉ္စ တရား ၃ ပါး

Three expansion–dhammas:
၁။ တဏှာ = ကပ်ငြိစွဲလမ်းခြင်း
1: craving,
၂။ မာန = ထောင်လွှားခြင်း
2: conceive,
၃။ ဒိဋ္ဌိ = အယူမှားခြင်း။
3: wrong/false view.

ပဗ္ဗဇ္ဇာ

ကိုရင်
The going forth (from home to the homeless life), novice,
monk and nun.

ပယ်ပုံ ဖြတ်ပုံ ၈ မျိုး

(လူ့အသုံးအနှုံး ဖြတ်ပုံ ပယ်ပုံ ၈ မျိုး _ရှု)

ပယ်ရမည့် တရား ၃ ပါးနှင့် ပွါးရမည့် တရား ၃ ပါး

Three things/dhammas to get rid of and three things to be developed:
၁။ မရောင့်ရဲ မတင်းတိမ်မှုကို ရောင့်ရဲမှုဖြင့်
1: Being dissatisfied by contentment,
၂။ မိုက်မဲမှုကို ဆင်ခြင်ဉာဏ်ဖြင့်
2: foolishness by wisdom,
၃။ အလိုကြီးမှုကို အလိုနည်းမှုဖြင့် ပယ်ရမည်။
3: greediness by less–want.

ပယ်ရမည့် ဒိဋ္ဌိ ၃ ပါးနှင့် ပွါးရမည့် တရား ၃ ပါး

Three views to get rid of and three things to be developed:
၁။ အဿာဒ ဒိဋ္ဌိ = နှစ်သက်သာယာဘွယ်တည်းဟု မှတ်ယူခြင်း – ကို ပယ်ရန် အနိစ္စသညာကို ပွါးရမည်
1: To get rid of complacent view, develop the contemplation of impermanence.
၂။ သက္ကာယ ဒိဋ္ဌိ = ငါ ငါ့ဥစ္စာတည်းဟု ခန္ဓာကိုယ်ကို မှတ်ယူခြင်း – ကို ပယ်ရန် အနတ္တသညာကို ပွါးရမည်
2: To get rid of self–view, develop the contemplation of selflessness.
၃။ မိစ္ဆာဒိဋ္ဌိ = အယူမှားခြင်း – ကို ပယ်ရန် သမ္မာဒိဋ္ဌိ ကို ပွါးရမည်။
3: To get rid of wrong–view, develop the right–view.

ပယ်ရမည့် (ပဟာတဗ္ဗ) တရားများ

The dhammas to be abandoned:

တစ် ပါးစု

Group of one item:
၁။ အသ္မိ မာန = ငါ ဟူသောမာန်
1: Conceit of “I AM”.

ပယ်ရမည့် (ပဟာတဗ္ဗ) တရားများ

နှစ် ပါးစု
Group of two items:
၁။ အဝိဇ္ဇာ
1: Ignorance,
၂။ ဘဝတဏှာ။
2: life–craving.

ပယ်ရမည့် (ပဟာတဗ္ဗ) တရားများ

သုံး ပါးစု (တဏှာ ၃ ပါး)
Group of three items (Three kinds of craving):
၁။ ကာမ တဏှာ = ကာမဂုဏ်အာရုံများကို စွဲလမ်းခြင်း
1: Sensuous craving,
၂။ ဘဝ တဏှာ = ဘဝကို စွဲလမ်းခြင်း
2: life craving,
၃။ ဝိဘဝ တဏှာ = ဘဝဆက် ကင်းပြတ်မှုကို စွဲလမ်းခြင်း။
3: nihilist craving.

ပယ်ရမည့် (ပဟာတဗ္ဗ) တရားများ

လေး ပါးစု (သြဃ ၄ ပါး)
Group of four items (Four floods):
၁။ ကာမောဃ = ငါးပါးအာရုံ ကာမဂုဏ်ကြော မျောမှု
1: The flood of sense–desire,
၂။ ဘဝေါဃ = ဖြစ်တည် ရှည်ကြာ ဘဝကြော မျောမှု
2: of desiring eternal existence,
၃။ ဒိဋ္ဌောဃ = အယူအဆ ယုံကြည် ခံယူချက်ကြော မျောမှု
3: of wrong view,
၄။ အဝိဇ္ဇောဃ = မသိ အဝိဇ္ဇာ အမှောင်ကြော မျောမှု။
4: of ignorance.

ပယ်ရမည့် (ပဟာတဗ္ဗ) တရားများ

ငါး ပါးစု (နီဝရဏ ၅ ပါး)
Group of five items (Five hindrances):
၁။ ကာမစ္ဆန္ဒ နီဝရဏ
1: sensual desires,
၂။ ဗျာပါဒ နီဝရဏ
2: ill–will,
၃။ ထိန မိဒ္ဓ နီဝရဏ
3: sloth and torpor,
၄။ ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ
4: restlessness and scruples,
၅။ ဝိစိကိစ္ဆာ နီဝရဏ။
5: skeptical doubt.

ပယ်ရမည့် (ပဟာတဗ္ဗ) တရားများ

ခြောက် ပါးစု (တဏှာ ၆ ပါး)
Group of six items (Six kinds of craving):
၁။ ရူပ တဏှာ
1: Craving for sights,
၂။ သဒ္ဒ တဏှာ
2: for sounds,
၃။ ဂန္ဓ တဏှာ
3: for smells,
၄။ ရသ တဏှာ
4: for tastes,
၅။ ဖေါဋ္ဌဗ္ဗ တဏှာ
5: for touches,
၆။ ဓမ္မ တဏှာ။
6: for mind–objects.

ပယ်ရမည့် (ပဟာတဗ္ဗ) တရားများ

ခုနှစ် ပါးစု (အနုသယ ၇ ပါး)
Group of seven items (Seven inclinations/latent proclivities):
၁။ ကာမရာဂါ နုသယ
1: sensuous greed,
၂။ ဘဝရာဂါ နုသယ
2: craving for continued existence,
၃။ ပဋိဃာ နုသယ
3: grudge,
၄။ မာနာ နုသယ
4: conceit, pride,
၅။ ဒိဋ္ဌာ နုသယ
5: speculative opinion,
၆။ ဝိစိကိစ္ဆာ နုသယ
6: skeptical doubt,
၇။ အဝိဇ္ဇာ နုသယ။
7: ignorance.

ပယ်ရမည့် (ပဟာတဗ္ဗ) တရားများ

ရှစ် ပါးစု (မိစ္ဆာ မဂ္ဂင် ၈ ပါး)
Group of eight items (Wrong eightfold path):
၁။ မိစ္ဆာ ဒိဋ္ဌိ
1: Wrong view/understanding,
၂။ မိစ္ဆာ သင်္ကပ္ပ
2: wrong thought/intention,
၃။ မိစ္ဆာ ဝါစာ
3: wrong speech,
၄။ မိစ္ဆာ ကမ္မန္တ
4: wrong action/conduct,
၅။ မိစ္ဆာ အာဇီဝ
5: wrong livelihood/occupation,
၆။ မိစ္ဆာ ဝါယာမ
6: wrong effort/endeavor,
၇။ မိစ္ဆာ သတိ
7: wrong mindfulness/awareness,
၈။ မိစ္ဆာ သမာဓိ။
8: wrong concentration.

ပယ်ရမည့် (ပဟာတဗ္ဗ) တရားများ

ကိုး ပါးစု (တဏှာမူလက တရား ၉ ပါး)
Group of nine items (Nine things rooted in craving):
၁။ လိုခြင်မှု တဏှာကြောင့် ရှာမှီး၏
1: Craving conditions searching,
၂။ ရှာမှီး၍ ရရှိ၏
2: acquiring,
၃။ ရရှိပြီး ငါပိုင်ဟု ဆုံးဖြတ်၏
3: decision–making,
၄။ ဆုံးဖြတ်ပြီး ဆန္ဒရာဂ ဖြစ်၏
4: lustful desire,
၅။ ဆန္ဒရာဂကြောင့် ကပ်ငြိနှစ်ခြိုက်(သက်ဝင်)၏
5: attachment,
၆။ သက်ဝင်ပြီး သိမ်းဆည်း၏
6: appropriation,
၇။ သိမ်းဆည်းကာ တွန့်တို၏
7: avarise,
၈။ တွန့်တို၍ လုံခြုံအောင် စောင့်ရှောက်၏
8: guarding of possessions,
၉။ စောင့်ရှောက်မှုကို အခြေပြုပြီး ခိုက်ရန်ဖြစ်ခြင်း ငြင်းခုံခြင်း စွပ်စွဲခြင်း ဓါးလက်နက်စွဲ တိုက်ခိုက် သတ်ဖြတ်ခြင်းစသော အကုသိုလ်များ တိုးပွါးကုန်၏။
9: because of the guarding of possessions, there arise quarrel, killing and much more other unwholesome deeds.

ပယ်ရမည့် (ပဟာတဗ္ဗ) တရားများ

ဆယ် ပါးစု (မိစ္ဆာ မဂ္ဂင် ၁ဝ ပါး)
Group of ten items (Wrong tenfold path):
၁။ မှ
၈။ အထက်ပါ မိစ္ဆာ Add the following two into the above, i.e.,

မဂ္ဂင် ၈ ပါး နည်းတူ

“Wrong eightfold path”:
၉။ မိစ္ဆာ ဉာဏ
9: wrong wisdom,
၁ဝ။ မိစ္ဆာ ဝိမုတ္တိ။
10: wrong deliverance.

ပယ်သတ်နည်း (အာသဝေါများကို) ၇ မျိုး

Seven methods to abandon taints (āsava):
၁။ သိမြင်ပြီး ပယ်သတ်ခြင်း
1: Taint that should be abandoned by seeing,
၂။ ပိတ်ဆို့ပြီး ပယ်သတ်ခြင်း
2: by restraining,
၃။ မှီဝဲပြီး ပယ်သတ်ခြင်း
3: by using,
၄။ သည်းခံပြီး ပယ်သတ်ခြင်း
4: by enduring,
၅။ ရှောင်ကြဉ်ပြီး ပယ်သတ်ခြင်း
5: by avoiding,
၆။ ဖျောက်ဖျက်ပြီး ပယ်သတ်ခြင်း
6: by removing,
၇။ ပွါးများအားထုတ်ပြီး ပယ်သတ်ခြင်း။
7: by developing.

ပယ်သတ်နိုင်သော တရား ၃ မျိုး

အကြောင်းအကျိုးများ
(မပယ်သတ်နိုင်သော တရား ၃ မျိုး အကြောင်းအကျိုးများ _ရှု)

ပရတော ဃောသ

သူတပါးတို့ထံမှ ဟောပြောသံ
The voice/talk from others.

ပရမတ္ထ တရား

Ultimate reality/truth.

ပရမတ္ထ တရား ၄ ပါး

Four kinds of ultimate reality/truth:
၁။ စိတ် _ရှု – ၁
1: Consciousness, ( 1)
၂။ စေတသိက် _ရှု – ၅၂
2: Mental factors, (52)
၃။ ရုပ် _ရှု – ၂ ၈
3: Matter, (28)
၄။ နိဗ္ဗာန် _ရှု – ၁= ၈၂
4: Nibbāna. ( 1) = 82.

ပရလောက ရှိကြောင်း သက်သေပြသည့် ဥပမာ ၁၄ မျိုး

(ဤဥပမာများကို နားလည်သဘောပေါက်ရန်အတွက် သုတ်မဟာဝါ နံပါတ် ၁ဝ။ ပါယာသိ သုတ်ကို ကြည့်ပါ)
Fourteen parables that may support the point that ‘other world exists’:
(See in detail number
10: Pāyāsi Sutta of Mahā–vagga, ‘The Collection of Long Discourses’.)
၁။ လနေ ဥပမာ
1: Parable of the moon and the sun,
၂။ ခိုးသူ ဥပမာ
2: parable of a thief,
၃။ မစင်တွင်း နစ်နေသော
3: parable of a man fallen into a cesspit/drain, ယောက်ျား ဥပမာ
၄။ တာဝတိံသာ နတ် ဥပမာ
4: parable of the deities in the Tāvatiṃsā–heaven,
၅။ မွေးရာပါ သူကန်း ဥပမာ
5: parable of a person who was born blind,
၆။ ကိုယ်ဝန်ဆောင် ဥပမာ
6: parable of a pregnant woman,
၇။ အိပ်မက် ဥပမာ
7: parable of a dream,
၈။ သံထွေခဲ ရဲရဲ ဥပမာ
8: parable of burning iron ball,
၉။ ခရုသင်း မှုတ်သူ ဥပမာ
9: parable of a trumpeter,
၁ဝ။ မီးပူဇော်သောရသေ့ ဥပမာ
10: parable of a matted–haired fire–worshipper,
၁၁။ လှည်းကုန်သည် နှစ်ယောက် ဥပမာ
11: parable of two leaders of caravan,
၁၂။ မစင်အိုး ဆောင်သူ ဥပမာ
12: parable of a carrier of dry–dung–pot,
၁၃။ ကျွေအန်ကြူးသူ ဥပမာ
13: parable of a gambler,
၁၄။ ပိုက်ဆံလျှော်ထမ်းသူ ဥပမာ။
14: parable of hemp–pile–carrier.

ပရဇိတ မည်သောငရဲ

(စစ်သား စစ်သည်များ လားရောက်ရာ ပရဇိတ မည်သောငရဲ _ရှု)

ပရာဘဝ

ပျက်စီးကြောင်းတရား
Factor/cause leading to ruin.

ပရာဘဝ တရား ၁၂ ပါး

Twelve factors/causes leading to ruin:
၁။ တရားဓမ္မ ကို အလိုမရှိခြင်း
1: Not in dhamma,
၂။ တရား မဟုတ်သည်ကို မြတ်နိုးစွာ ပြောကြားခြင်း
2: but in adhamma,
၃။ အအိပ်ကြူး ပျော်ပွဲသဘင် ကြူးခြင်း
3: indulgence in sleeping and entertainment/show,
၄။ မိဘ နှင့် သက်ကြီးရွယ်အိုများကို မပြုစု မလုပ်ကျွေးခြင်း
4: not serving one’s own parents and elders,
၅။ သမဏ ဗြဟ္မဏ သူတော်စင်များအား မုသာဝါဒဖြင့် ညှင်းဆဲခြင်း
5: accusing the holy persons,
၆။ ပစ္စည်း ဥစ္စာပြည့်စုံသော်လည်း မိမိတစ်ဦးတည်း သုံးဆောင်ခြင်း
6: consuming alone even one is plentiful,
၇။ ဇာတိမာန် ဓနမာန် အမျိုးမာန် ကြီးမားခြင်း
7: conceit beased upon family, wealth and clan,
၈။ မိန်းမ သေရည် သေရက် လောင်းကစား လိုက်စားခြင်း
8: womanizing, drinking alcoholic and gambling,
၉။ မိမိ ဇနီးမယားဖြင့် မတင်းတိမ်ခြင်း
9: not contentment with one’s own wife,
၁ဝ။ မိမိက အသက်ကြီးသော်လည်း ဇနီးငယ်ငယ်ကို အိမ်ထောင်ပြုခြင်း
10: getting marriaged a much younger person,
၁၁။ မိန်းမ သေသောက်ကြူး ဟောရမ်းသူကို ရှေ့တန်းတင်ခြင်း
11: favoring woman, drunkard, and the undisciplined,
၁၂။ နည်းနည်းရှိလျှက် များများသုံးဆောင်လိုသော အလိုကြီးခြင်း၊
12: consuming a lot although having a little.

ပရိက္ခရာ

အသုံးအဆောင်ပစ္စည်း
Requisites (monk’s requisites).

ပရိက္ခရာ ၈ ပါး

Eight requisites of monk:
၁ –
၃။ သင်္ကန်း သုံးထည် 1–
3: Three robes,
(၁ – ဧကစီ
1: Upper robe)
(၂ – သင်းပိုင်
2: Lower robe)
(၃ – နှစ်ထပ် သင်္ကန်း
3: Double layer robe),
၄။ သပိတ်
4: bowl,
၅။ ခေါင်းရိပ်ဓါး
5: razor,
၆။ အပ်
6: needle,
၇။ ခါးပန်းကြိုး
7: belt,
၈။ ရေစစ်။
8: water filter/strainer.

ပရိက္ခရာ ၁၂ ပါး

အထက်ပါ ၈ ပါးထဲသို့ အောက်ပါတို့ကို ပေါင်းတည့်ပါ –
Twelve requisites of monk, add the followings into the above
8:
၉။ အိပ်ရာခင်း
9: Bed,
၁ဝ။ နိသီဒိုင် (ဝါ) သားရေနွယ်အခင်း (နေကထိုင်)
10: small peace of cloth for sitting,
၁၁။ တောင်ဝှေး
11: walking stick, cane,
၁၂။ ထီး
12: umbrella.

ပရိစ္စာဂ ၅ ပါး

(စွန့်ခြင်းကြီး – ပရိစ္စာဂ – ၅ ပါး _ရှု)

ပရိညာ

Full–understanding.

ပရိညာ ၃ ပါး (လောကီ)

Three kinds of full–understanding (mundane):
၁။ ဉာတ ပရိညာ
1: Full–understanding as the known,
၂။ တီရဏ ပရိညာ
2: full–understanding as investigation,
၃။ ပဟာန ပရိညာ။
3: full–understanding as abandoning.

ပရိတ်

Protecting discourse, protective chants/verses, safeguard.

ပရိတ်ကြီး ၁၁ သုတ်

The eleven great protecting discourses:
၁။ မင်္ဂလ သုတ်
1: The Blessing discourse,
၂။ ရတန သုတ်
2: the Jewel discourse,
၃။ မေတ္တ သုတ်
3: the Loving–kindness discourse,
၄။ ခန္ဓ သုတ်
4: the Poison–protection discourse,
၅။ မောရ သုတ်
5: the Peacock discourse,
၆။ ဝဋ္ဋ သုတ်
6: the Quail discourse,
၇။ ဓဇဂ္ဂ သုတ်
7: the Flag discourse,
၈။ အာဋာနာဋိယ သုတ်
8: the Beloved–by–deities discourse,
၉။ အဂုင်္လိမာလ သုတ်
9: the Easy–to–give–birth discourse,
၁ဝ။ ဗောဇ္စျင်္ဂ သုတ်
10: the Discourse of Medicine,
၁၁။ ပုဗ္ဗဏှ သုတ်။
11: the Dawn discourse.

ပရိတ်နာ

Listening to the protecting discourses (paritta).

ပရိတ်နာသူ ပြည့်စုံရမည့် အင်္ဂါ ၃ ပါး

Three factors for paritta–listeners:
၁။ ပဌာနန္တရိယ ကံကြီး မထိုက်ခြင်း
1: No deadly kamma,
၂။ မိစ္ဆာဒိဋ္ဌိ – အယူမမှားခြင်း
2: no wrong view,
၃။ ပရိတ်တရားတော်၌ ယုံကြည်မှုကြီးခြင်း။
3: strong faith in the paritta.

ပရိတ်နာရာ၌ ပျက်စီးခြင်း ၂ ပါး

Two factors for failure of listening to paritta:
၁။ ပယောဂ ဝိပ္ပတ္တိ = ရိုသေစွာ မနာယူခြင်း
1: Not listening to Paritta respectfully,
၂။ အဇ္စျာသယ ဝိပ္ပတ္တိ = ပရိတ်တော်ကို မယုံကြည်ခြင်း။
2: no faith on Paritta.

ပရိတ်ရွတ်ကြွရန် အိမ်သို့ပင့်သော ထုံတမ်းစဉ်လာ

(မကျန်းမာ၍ ဘုရားရှင်။ သံဃာတော်များအား ပရိတ်ရွတ် ကြွရန် အိမ်သို့ပင့်သော ထုံတမ်းစဉ်လာ _ရှု)

ပရိတ်ရွတ်ရာ၌ ပျက်စီးခြင်း ၂ ပါး

Two factors for falure of chanting paritta:
၁။ ပယောဂ ဝိပ္ပတ္တိ = လုံ့လအားထုတ်မှု ပျက်စီးခြင်း (မှန်ကန်စွာမရွတ်ဆိုမှု အနက်အဓိပ္ပါယ်မသိမှု)
1: No ability to chant Paritta correctly and to understand its meaning,
၂။ အဇ္စျာသယ ဝိပ္ပတ္တိ = အလိုဆန္ဒ ပျက်စီးဖေါက်ပြန်ခြင်း (မေတ္တာမဖက် လာဘ်ပစ္စည်းသာမျှော်ကိုးရွတ်ခြင်း)။
2: chanting with a desire of gain and fame.

ပရိတ်ရွတ်ရာ၌ ပြည့်စုံခြင်း ၂ ပါး

Two factors for successful chanting of paritta:
၁။ ပယောဂ သမ္ပတ္တိ = လုံ့လအားထုတ်မှု ပြည့်စုံခြင်း (မှန်ကန်စွာရွတ်ဆိုမှု အနက်အဓိပ္ပါယ်သိမှု)
1: Ability to chant paritta correctly and to understand its meaning,
၂။ အဇ္စျာသယ သမ္ပတ္တိ = အလိုဆန္ဒ ပြည့်စုံခြင်း (မေတ္တာရှေ့ထား လာဘ်ပစ္စည်းကို မမျှော်ကိုးပဲရွတ်ခြင်း)။
2: chanting without a desire of gain and fame.

ပရိတ်ရွတ်သူ ပြည့်စုံရမည့် အင်္ဂါ ၄ ပါး

Four factors for paritta–preacher/reciter:
၁။ ပရိတ်တော်၏ အနက်အဓိပ္ပါယ်ကို သိခြင်း
1: Understanding the meaning of the paritta,
၂။ မှန်ကန်တိကျစွာ ရွတ်ဖတ်ခြင်း
2: chanting the paritta correctly,
၃။ ပရိတ်နာသူများအပေါ် မေတ္တာသက်ဝင်ရှိခြင်း
3: pure loving–kindness onto the listeners.
၄။ လာဘ် ပူဇော်သက္ကာ ကို မငဲ့ကွက်ခြင်း။
4: withour expection of gifts.

ပရိတ်ရေ။ ပန်း။ ခြည်

Water, flower, threat sanctified by chanting the protecting discourses (paritta).

ပရိနိဗ္ဗာန်

Freedom from desires, extinction. (This term is usually used
for the passing away of Buddhas and arahants).

ပရိနိဗ္ဗာန် ၃ ပါး

(ဘုရားရှင်)
Three kinds of Lord Buddha’s cessation:
၁။ ကိလေသ ပရိနိဗ္ဗာန် – ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူသောအခါ ကိလေသာအားလုံး ချုပ်ငြိမ်းခြင်း
1: Cessation of mental defilement at the root of Bo–tree when He attained
enlightenment (became Buddha),
၂။ ခန္ဓ ပရိနိဗ္ဗာန် – သက်တော် ၈ဝ။ ဝါတော် ၄၅ ၌ ကုသိနာရုံ၌ ခန္ဓာကိုယ် ချုပ်ငြိမ်းခြင်း
2: cessation of His physical body when He was 80 years of age, 45 years of Buddha–good at Kusināgara,
၃။ ဓာတု ပရိနိဗ္ဗာန်_ရှု – ဘုရားသာသနာတော် နောက်ဆုံးကွယ်ပျောက်သော အားဖြင့် ဓာတ်တော် မွေတော်အားလုံး ချုပ်ငြိမ်းခြင်း။
3: Cessation of His all relics in the future when His teaching totally disappears.

ပရိဘောဂ

သုံးဆောင်ခြင်း
Consuming, (In common Burmese, it is furniture.)

ပရိဘောဂ ၄ မျိုး

(ရဟန်းသာမဏေများ ပစ္စည်းလေးပါး သုံးဆောင်နည်း ၄ မျိုး)
Four ways of consummation of four requisites (for monks):
၁။ ထေယျ ပရိဘောဂ – သီလမရှိပဲ ပစ္စည်းလေးပါးကို ခံယူသုံးဆောင်ခြင်း (ခိုးယူ သုံးဆောင်ခြင်း)
1: Consuming the four requisites without moral virtue (like a thief),
၂။ ဣဏ ပရိဘောဂ – ပစ္စည်းလေးပါးကို မဆင်ခြင်ပဲ ခံယူသုံးဆောင်ခြင်း (ကျွေးယူ သုံးဆောင်ခြင်း)
2: without contemplation (like a debtor),
၃။ ဒါယဇ္ဇ ပရိဘောဂ – သီလရှိ ဆင်ခြင်ပြီး ပစ္စည်းလေးပါးကို ခံယူသုံးဆောင်ခြင်း (အမွေခံယူသုံးဆောင်ခြင်း)
3: consuming as inheritance,
၄။ သာမိ ပရိဘောဂ – ရဟန္တာများ ပစ္စည်းလေးပါးကို ခံယူသုံးဆောင်ခြင်း။ (ပိုင်ရှင်အဖြစ်သုံးဆောင်ခြင်း)။
4: consuming as owners.

ပရိယတ္တိ စာပေ သင်ယူနည်း ၃ မျိုး

(စာပေ ပရိယတ္တိ သင်ယူနည်း ၃ မျိုး _ရှု)

ပရိယတ္တိ စာပေ သာသနာတော်၏ မူလအရင်းခံသည် ပရိယတ္တိ စာပေကျမ်းဂန်

(သာသနာတော်၏ မူလအရင်းခံသည် ပရိယတ္တိ စာပေကျမ်းဂန် _ရှု)

ပရိယတ္တိသာသနာ ကွယ်ပျောက်ပုံ

(သာသနာကွယ် အစဉ် – စာပေပရိယတ္တိ – ပိဋကသုံးပုံ – ကွယ်ပျောက်ပုံ အစဉ် _ရှု)

ပရိယတ္တိ သာသနာ၏ အင်္ဂါ ၉ ပါး

(သာသနာ – ပရိယတ္တိ၏ အင်္ဂါ ၉ ပါး _ရှု)

ပရိယေသနာ ၂ ပါး (ရှာမှီးခြင်း)

Two kinds of search:
၁။ အနရိယ ပရိယေသနာ – ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ မမြင့်မြတ်သော ရှာမှီးခြင်း။
မိမိကိုယ်တိုင်က ဇာတိသဘော။ ဇရာ။ ဗျာဓိ။ မရဏ။ သောက။ သံကိလေသ (မဲညစ်) သော သဘော ရှိပါလျှက် – ထို ဇာတိစသည်ကိုသာ ရှာမှီးနေခြင်း။
1: The ignoble search – a person being himself subject to birth, seeks what is also subject to birth; ….. subject to aging ….. sickness ….. death ….. sorrow ….. defilement …..
၂။ အရိယ ပရိယေသနာ – အရိယာ ပုဂ္ဂိုလ်တို့၏ မြင့်မြတ်ဖြူစင်သော ရှာမှီးခြင်း မိမိကိုယ်တိုင်က ဇာတိသဘော။ ဇရာ။ ဗျာဓိ။ မရဏ။ သောက။ သံကိလေသ (မဲညစ်) သော သဘောရှိ၍ – ထို ဇာတိစသည်တို့မှ လွတ်မြောက်ရာကို ရှာမှီးခြင်း။
2: the noble search – a person being himself subject to birth, seeks the unborn, Nibbāna ….. and so on.

ပရိဝါရ (ပရိဝါ) ပါဠိ

ဝိနည်းငါးကျမ်း၏ နောက်ဆုံးကျမ်းဖြစ်သည်။ ရှေးလေးကျမ်းတို့၏ အခြံအရံ (ပရိဝါရ) ကျမ်း ဟူ၍ အဓိပ္ပါယ်ရှိပါသည်။
Parivāra (Supplementary text): The last book of the five–volumed Vinaya Piṭaka.
It explains and classifies the points of the previous four texts.

ပရိဝါသ်။ ပရိဝါသ် ဆောက်တည်

သံဃာဒိသေသ် အာပတ်သင့်သောရဟန်း အာပတ်ကုစားရာ၌ ကျင့်ကြံရမည့် ကျင့်ဝတ် (ဝါ) ဗုဒ္ဓဘာသာဝင်မဟုတ်သူ ရဟန်းပြုလိုသော် ရဟန်းမခံမှီ လေးလကြာ ဗုဒ္ဓဘာသာဝင် အဖြစ်နှင့် ကျင့်ကြံနေထိုင်ဆောက်တည်ခြင်း။
Parivāsa: A period of probation a transgressor–monk of Saṃghādisesa should stay with/practice; four months probation of staying Buddhist way of life for non– Buddhists who want to be ordained.

ပရိသတ် ၂ မျိုး

More two companies/audiences:
၁။ ကျင့်ဝတ် မပြည့်စုံသော ပရိသတ်
1: The undisciplined,
၂။ ကျင့်ဝတ် ပြည့်စုံသော ပရိသတ်။
2: the disciplined.

ပရိသတ် ၂ မျိုး

(တနည်း)
More two companies/audiences:
၁။ ပစ္စည်းလာဘ်လာဘကို အလေးထားသော ပရိသတ်
1: Money–first,
၂။ သူတော်ကောင်းတရားကို အလေးမထားသော ပရိသတ်။
2: dhamma–first.

ပရိသတ် ၂ မျိုး

(တနည်း)
More two companies/audiences:
၁။ ပရိသာကသဋ – ရှုပ်ထွေးပွေလိမ် ဖျင်းသိမ်သော ပရိသတ်
1: The dregs of an assembly,
၂။ ပရိသာမဏ္ဍ – သန့်ရှင်းကြည်လင် အနှစ်ထင်သော ပရိသတ်။
2: the cream of an assembly.

ပရိသတ် ၂ မျိုး

(တနည်း)
More two companies/audiences:
၁။ ဝိသမ = အဓမ္မိက – တရားနှင့်မညီ မမျှတသော ပရိသတ်
1: The unlawful,
၂။ သမ = ဓမ္မိက – တရားနှင့်ညီ မျှတသော ပရိသတ်။
2: the lawful.

ပရိသတ် ၂ မျိုး

(တနည်း)
More two companies/audiences:
၁။ အရိယာ
1: Holy ones,
၂။ ပုထုဇဉ်။
2: worldly ones.

ပရိသတ် ၂ မျိုး

(တနည်း)
More two companies/audiences:
၁။ အာမိသဂရု နော သဒ္ဓမ္မဂရု – ပစ္စည်းဥစ္စာ အာမိသကို အဓိကထားပြီး သူတော်ကောင်းတရား အလေးမထားသော ပရိသတ်
1: The assembly that values wordly things, not the good dhamma,
၂။ သဒ္ဓမ္မဂရု နော အာမိသဂရု – သူတော်ကောင်းတရား အလေးထား ပြီး ပစ္စည်းဥစ္စာ အာမိသကို အဓိကမထားသော ပရိသတ်။
2: the assembly that values the good dhamma, not wordly things.

ပရိသတ် ၂ မျိုး

(တနည်း)
Two companies/audiences:
၁။ ဥတ္တာန – ပေါ့ဆသော ပရိသတ်
1: The shallow,
၂။ ဂမ္ဘီရ – လေးနက်သော ပရိသတ်။
2: the deep.

ပရိသတ် ၂ မျိုး

(တနည်း)
More two companies/audiences:
၁။ သြက္ကာစိတဝိနီတာ နော ပဋိပုစ္ဆာဝိနီတ – အဆုံးအမခက်ပြီး မေးမြန်း၍ မဆုံးမအပ်သော ပရိသတ်
1: The assembly trained in vain talk, not in interrogation,
၂။ နော သြက္ကာစိတဝိနီတာ ပဋိပုစ္ဆာဝိနီတ – အဆုံးအမလွယ်ပြီး မေးမြန်း၍ ဆုံးမအပ်သော ပရိသတ်
2: the assembly trained in interrogation, not in vain talk.

ပရိသတ် ၃ မျိုး

Three companies:
၁။ အဂ္ဂဝတီ ပရိသတ် – အကြီးအမှူးဖြစ်သော သူတော်ကောင်းပုဂ္ဂိုလ်ကို အတုလိုက်ကျင့်သော ပရိသတ်
1: A group of persons who follow after the virtuous leader,
၂။ ဝဂ္ဂ ပရိသတ် – မညီညွတ်သော ပရိသတ်
2: divided group,
၃။ သမဂ္ဂ ပရိသတ် – ညီညွတ်သော ပရိသတ်။
3: united group.

ပရိသတ် ၃ မျိုး

(တနည်း)
More three companies:
၁။ ပြောရဆိုရခက်သဖြင့် မေးမြန်း မနေတော့ပဲ ဆုံးမအပ်သော ပရိသတ်
1: Companies directly be trained without question,
၂။ ပြောဆိုရလွယ်သဖြင့် မေးမြန်းပြီး ဆုံးမအပ်သော ပရိသတ်
2: companies be trained with question,
၃။ ပမာဏကို သိပြီး ဆုံးမအပ်သော ပရိသတ်။
3: companies be trained according to its limits.

ပရိသတ် ၄ မျိုး

Four assembles:
၁။ ရဟန်း ယောက်ျား
1: Monks, male–monks,
၂။ ရဟန်း မိန်းမ
2: nuns, female–monks,
၃။ လူယောက်ျား
3: men,
၄။ လူမိန်းမ။
4: women.

ပရိသတ် ၈ မျိုး

Eight assembles:
၁။ မင်း (ခတ္တိယ) ပရိသတ်
1: Kings,
၂။ ပုဏ္ဏား (ဗြဟ္မဏ) ပရိသတ်
2: Brahmins,
၃။ လူ (ဂဟပတိ) ပရိသတ်
3: house–holders,
၄။ ရဟန်း (သမဏ) ပရိသတ်
4: ascetics,
၅။ စတုမဟာရာဇ်နတ် ပရိသတ်
5: devas, deities, of the realm of Four Great Kings,
၆။ တာဝတိံသာနတ် ပရိသတ်
6: of the Thirty–three Gods,
၇။ မာရ်နတ် ပရိသတ်
7: of Māra,
၈။ ဗြဟ္မာ ပရိသတ်။
8: of Brahmas.

ပရိသတ် ၈ မျိုးတို့အား ဘုရားရှင်တရားဟောတော်မူသည့်အခါ

(ပရိသာသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
ထိုပရိသတ် အသီးသီး၏ ရုပ်အဆင်းကဲ့သို့ ဘုရားရှင်၏ ရုပ်အဆင်းဖြစ်တော်မူ၏။
ထိုပရိသတ် အသီးသီး၏ အသံကဲ့သို့ ဘုရားရှင်၏ အသံဖြစ်တော်မူ၏။
While Lord Buddha approached and held discussion with the eight assembles,
He appeared just like them. His voice became like their voice.

ပရိသတ်ကြောက်သော ပုဂ္ဂိုလ် ၅ ယောက်

Five persons who are afraid of audience/gathering:
၁။ အသဒ္ဓ – ယုံကြည်မှု သဒ္ဓါတရားမရှိသူ
1: The faithless,
၂။ ဒုဿီလ – ကိုယ်ကျင့်တရားမရှိသူ
2: the evil,
၃။ အပ္ပသုတ – အကြားအမြင်နည်းသူ
3: the uneducated,
၄။ ကုသီတ – ပျင်းယိသူ
4: the lazy,
၅။ န ပညာ – ပညာမရှိသူ။
5: the dull.

ပလ္လင်။ ဓမ္မာသန

The seat of Buddha’s statue, podium on which a dhamma–preacher sits.

ပလ္လင် ၈ ခန်း

(မြန်မာရိုးရာ)
Eight kinds of throne/seat (Myanmar tradition):
၁။ သီဟာသန = ခြင်္သေ့ရုပ်ခံ ပလ္လင်
1: Lion–figure based throne,
၂။ ဟံသာသန = ဟင်္သာခံ ပလ္လင်
2: haṃsa–figure based throne,
၃။ သင်္ခါသန = ခရုသင်းခံ ပလ္လင်
3: conchshell–figure based throne,
၄။ ဘမရာသန = ပိတုံးခံ ပလ္လင်
4: bee–figure based throne,
၅။ ဂဇာသန = ဆင်ခံ ပလ္လင်
5: elephant–figure based throne,
၆။ မယုရာသန = ဥဒေါင်းခံ ပလ္လင်
6: peacock–figure based throne,
၇။ မိဂါသန = သမင်ခံ ပလ္လင်
7: wild beast– or deer–figure based throne,
၈။ ပဒုမာသန = ပဒုမ္မာကြာခံ ပလ္လင်။
8: lotus–figure based throne.

ပလိဗောဓ

(တရားအားထုတ်ရာ ၌ အနှောက်အယှက် အတားအဆီး) Obstacle of one’s meditation.

ပလိဗောဓ ၁ဝ ပါး

Ten obstacles (while seriously practicing meditation):
၁။ အာဝါသ = ကျောင်း အိပ်ရာနေရာ
1: Dwelling,
၂။ ကုလ = အမျိုးအနွယ်
2: family,
၃။ လာဘ = ပစ္စည်း လာဘ်လာဘ
3: gain,
၄။ ဂဏ = အဖွဲ့ အစည်း
4: association, class,
၅။ ကမ္မ = လုပ်ငန်းဆောင်တာ
5: activities to be done,
၆။ အဒ္ဓါန = ခရီးသွားများခြင်း
6: travel,
၇။ ဉာတိ = ဆွေမျိုး သားချင်း
7: relatives, kins,
၈။ အာဗာဓ = အနာရောဂါ
8: disease, illness, affliction,
၉။ ဂန္ထ = ကျမ်းဂန် လေ့လာမှု
9: studying scriptures/books,
၁ဝ။ ဣဒ္ဓိ = တံခိုး ဣဒ္ဓိပါဒ် အသုံးများမှု။
10: supernormal power.

ပဝါရဏာ

ဖိတ်ကြားခြင်းဟု အဓိပ္ပါယ်ရှိသည်။ ရဟန်းတော်များ ဝါလကျွတ်သောအခါ သိမ်အတွင်း၌ စည်းဝေးကြပြီး တစ်ပါးပါး၌ အမြင်။ အကြား။ သံသယအားဖြင့် အပြစ်များတွေ့ခဲ့သော် ပြောဆိုဆုံးမ သတိပေးရန် အချင်းချင်း တရားဝင် ဖိတ်ကြားခြင်းဖြစ်သည်။
Pavāraṇā: ‘Asking for admonishimg’, ‘Atonement for offence’; ‘Inviting others to advise one’. It means ‘invitation’ in short. Monks gather in an ordination–hall harmoniously at the end of the Buddhist lent. They invite each other to point out one’s fault through seeing, hearing and suspicion.

ပဝါရဏာနေ့၌ ရဟန်းတို့အား ဖိတ်ကြားတော်မူပုံ

(ဘုရားရှင်သည် ပဝါရဏာနေ့၌ ရဟန်းတို့အား ဖိတ်ကြားတော်မူပုံ _ရှု)

ပဝိဝေက ၃ မျိုး

(ကင်းဆိတ်ခြင်း – ပဝိဝေက – ၃ မျိုး _ရှု)

ပသာဒ

အကြည်ဓာတ်
Sensitivity (of matter), things to be admired.

ပသာဒ

အကြည်ဓာတ် ရုပ် ၅ မျိုး
Five sensitive materials/matters:
၁။ စက္ခု ပသာဒရုပ် = မျက်စိအကြည်ဓာတ်
1: Eye–sensitivity,
၂။ သောတ ပသာဒရုပ် = နားအကြည်ဓာတ်
2: ear–sensitivity,
၃။ ဃာန ပသာဒရုပ် = နှာခေါင်းအကြည်ဓာတ်
3: nose–sensitivity,
၄။ ဇိဝှါ ပသာဒရုပ် = လျှာအကြည်ဓာတ်
4: tongue–sensitivity,
၅။ ကာယ ပသာဒရုပ် = ကိုယ်အကြည်ဓာတ်။
5: body–sensitivity.

ပဿဒ္ဓိ

ကြည်လင်ငြိမ်းချမ်းခြင်း
Tranquility, calmness.

ပဟာတဗ္ဗ ၇ မျိုး

(ပယ်သတ်နည်း – အာသဝေါများကို – ၇ မျိုး _ရှု)

ပဟာန – ပဟာန်

စွန့်ပယ်ခြင်း
Abandoning, overcoming.

ပဟာန (ပဟာန် = စွန့်ပယ်ခြင်း) ၅ ပါး

Five kinds of abandoning:
၁။ တဒင်္ဂ ပဟာန် = ခဏတာ စွန့်ပယ်ခြင်း
1: Abandoning by the opposite,
၂။ ဝိက္ခမ္ဘန ပဟာန် = ခါထုတ် စွန့်ပယ်ခြင်း
2: by repression,
၃။ သမုစ္ဆေဒ ပဟာန် = အကြွင်းမဲ့ စွန့်ပယ်ခြင်း
3: by destruction,
၄။ ပဋိပဿဒ္ဓိ ပဟာန် = ငြိမ်းအေး စွန့်ပယ်ခြင်း
4: by tranquillization,
၅။ နိဿရဏ ပဟာန် = ထွက်မြောက် စွန့်ပယ်ခြင်း။
5: by escape.

ပဟာသ ငရဲ

(သဘင်သည်များ လားရောက်ရာ ပဟာသ မည်သောငရဲ _ရှု)

ပါစိတ္တိယ (ပါစိတ်)

ကုစား၍ရသောအပြစ်
Trangression that can be confessed.

ပါစိတ္တိယ (ပါစိတ်) ပါဠိ

ဝိနည်းငါးကျမ်းတွင် ဒုတိယကျမ်းစာဖြစ်သည်။ ပါစိတ်အာပတ်များ ဖြစ်ပေါ် ပညတ်တော်မူပုံ များကို အရင်းထားသော ကျမ်းဖြစ်၍ ပါစိတ္တိယ ဟုခေါ်ဆိုခြင်းဖြစ်သည်။
‘Pācittita – the misdeed that can be confessed’: This is the second book of ‘The Basket of Discipline (Vinaya Piṭaka)’ which consists of five volumes. It is called ‘Pācittiya’, because in the beginning of it, the stories of how, why and where Pācittiya came into being are detailed.

ပါဏာတိပါတ ကံမြောက်ခြင်း၏ အင်္ဂါ ၅ ပါး

Five conditions to be guilty of ‘killing’:
၁။ သက်ရှိသတ္တဝါ ဖြစ်ခြင်း
1: A living being,
၂။ သက်ရှိသတ္တဝါ ဟုသိခြင်း
2: being conscious as a living being,
၃။ သေစေလိုသောစိတ် ရှိခြင်း
3: the intention to kill,
၄။ သတ်ရန်အားထုတ်ခြင်း
4: the effort to kill,
၅။ သတ္တဝါ သေခြင်း။
5: the death of the living being.

ပါတိမောက် (ပါတိမောက္ခ)

စောင့်ရှောက် စောင့်စည်းခြင်း (ရဟန်း ရဟန်းမများ စောင့်စည်းရန်ကျင့်ဝတ်) သိက္ခာပုဒ်ပေါင်း =၂၂၇ သွယ် (ရဟန်းယောကျ်ားများအတွက်) နှင့် သိက္ခာပုဒ်ပေါင်း = ၃၁၁ သွယ် (ရဟန်းမိန်းမများအတွက်) Pātimokkha: Moral codes of Buddhist monks and nuns = 227 rules of conduct for monks and 311, for nuns.

ပါတိမောက် (ဘိက္ခု) ၈ ကဏ္ဍ

Eight sections of the moral codes of Buddhist monks:
၁။ ပါရာဇိက ကဏ္ဍ
1: Pārājika – Rules entailing expulsion from the Saṃgha (Defeat),
၂။ သံဃာဒိသေသ ကဏ္ဍ
2: Saṅghādisesa – Rules entailing an initial and subsequent meeting of the Saṃgha,
၃။ အနိယတ ကဏ္ဍ
3: Aniyata – Indefinite rules,
၄။ နိဿဂ္ဂိယ ပါစိတ္တိယ ကဏ္ဍ
4: Nissaggiya Pācittiya – Rules entailing penalty and confession,
၅။ သုဒ္ဓ ပါစိတ္တိယ ကဏ္ဍ
5: Suddha Pācittiya – Rules entailing confession,
၆။ ပါဋိဒေသနီယ ကဏ္ဍ
6: Pāṭidesaniya – Rules entailing acknowledgement,
၇။ သေခိယ ကဏ္ဍ
7: Sekhiya – Rules of training,
၈။ အဓိကရဏ သမထ ကဏ္ဍ။
8: Adhikaraṇa–Samatha – Rules for settling disputes.

ပါတိမောက် ၂ မျိုး

Two kinds of moral codes for monks and nuns:
၁။ သြဝါဒ ပါတိမောက် = ‘သဗ္ဗပါပဿ အကရဏံ = မကောင်းမှု မှန်သမျှ မပြုမကျင့်ရာ’ အစရှိသော အဆုံးအမ သြဝါဒ ပါတိမောက်
1: Lord Buddha’s admonishing starting ‘not to do any evil’,
၂။ အာဏာ ပါတိမောက် = အာဏာထား ပညတ်တော်မူသော မေထုန်မှု မပြုရ။ နေ့လွဲညစာ မစားရ စသည်ဖြင့် – ၂၂၇ သွယ် (ရဟန်းယောကျ်ားများအတွက်) ၃၁၁ သွယ် (ရဟန်းမိန်းမများအတွက်) အသီးသီးသော ဝိနည်းသိက္ခာပုဒ်များ။
2: Rules and regulations for monks (and nuns) such as ‘no sex by any means, not eating after mid–day’, altogerher 227 rules of conduct for monks, 311, for nuns.

ပါထိက ဝဂ် (ဝဂ္ဂ) ပါဠိ

The third book of the Long Discourse (Dīgha–nikāya),
consisting of 11 Discourses (suttas).

ပါဒက စျာန်

အခြေခံစျာန်
Foundation–forming absorption.

ပါပကတရား စုံတွဲများ

(အယုတ် – ပါပက – တရား စုံတွဲများ _ရှု)

ပါရမီ

မြင့်မြတ်သူတို့၏ ကျင့်စဉ်
Perfection, supremacy, deeds of the moral heroes.

ပါရမီ ၁ဝ ပါး

Ten perfections/virtues/qualities:
၁။ ဒါန ပါရမီ
1: Giving (perfection in),
၂။ သီလ ပါရမီ
2: morality,
၃။ နေက္ခမ ပါရမီ
3: renunciation,
၄။ ပညာ ပါရမီ
4: wisdom,
၅။ ဝီရိယ ပါရမီ
5: effort,
၆။ ခန္တီ ပါရမီ
6: patience,
၇။ သစ္စ ပါရမီ
7: truthfulness,
၈။ အဓိဋ္ဌာန ပါရမီ
8: resolution,
၉။ မေတ္တာ ပါရမီ
9: loving–kindness,
၁ဝ။ ဥပေက္ခာ ပါရမီ။
10: equanimity.

ပါရမီ ၁ဝ ပါးကို အထက်ပါအတိုင်း စီစဉ်ထားရကြောင်း အချက်အလက် ၅ ပါး

Five sequences of which the 10 perfections are arranged:
၁။ ပဝတ္တိက္ကမ = လက်တွေ့ ဖြစ်လာသည့်အလိုက် စီစဉ်ထားခြင်း
1: Order of actual happening,
၂။ ပဟာနက္ကမ = ပယ်စွန့်ရမည့် အစဉ်ဖြင့် စီစဉ်ထားခြင်း
2: of abandonment,
၃။ ပဋိပတ္တိက္ကမ = အမှန်စင်စစ် ကျင့်ရမည့်အစဉ်အတိုင်း စီစဉ်ထားခြင်း
3: of practicing,
၄။ ဘူမိက္ကမ = ဖြစ်နိုင်ရာ ဘုံစဉ်အလိုက် စီစဉ်ထားခြင်း
4: of realms of existences,
၅။ ဒေသနာက္ကမ = ဘုရားဟောစဉ်အလိုက် စီစဉ်ထားခြင်း။
5: of teaching by the Buddha.

ပါရမီ ၁ဝ ပါး အပြား ၃ဝ

အထက်ပါ ပါရမီ ၁ ပါးလျှင် ‘အယုတ် အလတ် အမြတ်’ အားဖြင့် ၃ မျိုးပွါးသောကြောင့် ပါရမီ ၃ဝ အပြားရှိသွားသည်။
Each perfection of the above has of three levels – inferior, medium and superior; thus, 10 x 3 = 30 perfections.

ပါရမီ ၁ဝ ပါး၏ လက္ခဏာ

အမှတ်အသား။ ရသ – ဆောင်ရွွက်ချက် စသည်များ
The characteristic, function etc. of the 10 perfections:
(က) လက္ခဏ – အမှတ်အသား
(a) Characteristic,
(ခ) ရသ – ဆောင်ရွွက်ချက်
(b) function,
(ဂ) ပစ္စုပဋ္ဌာန် – ထင်ရှားခြင်းသဘာဝ
(c) manifestation,
(ဃ) ပဒဋ္ဌာန် – နီးသောအကြောင်း။
(d) proximate cause.
၁။ ဒါန ပါရမီ၏
1: Of giving (perfection in),
(က) လက္ခဏ – အမှတ်အသား = စွန့်လှူခြင်း လက္ခဏာရှိ၏
(a) Characteristic: relinquishing,
(ခ) ရသ – ဆောင်ရွွက်ချက် = လောဘကို ဖျက်ဆီးခြင်း လုပ်ဆောင်ချက် (ကိစ္စရသ) ရှိ၏
(b) function: destroying greed,
(ဂ) ပစ္စုပဋ္ဌာန် – ထင်ရှားခြင်း =မတွယ်တာ မတပ်မက်ခြင်း သဘာဝ (ပစ္စုပဋ္ဌာန်) ရှိ၏
(c) menifestation: non–attachment,
(ဃ) ပဒဋ္ဌာန် – နီးသောအကြောင်း = လှူဘွယ်ဝတ္ထုသည် နီးကပ်သောအကြောင်း (ပဒဋ္ဌာန်) ဖြစ်၏။
(d) proximate cause: things to be offered.
၂။ သီလ ပါရမီ၏
2: of morality,
(က) လက္ခဏ = ကိုယ်နှုတ်တို့ကို ဒုစရိုက် ဖြစ်ခွင့်မပေးခြင်း လက္ခဏာရှိ၏
(a) Characteristic: not allowing one’s actions wrong,
(ခ) ရသ = ဒုစရိုက်တို့မှ ကင်းဝေးပြီး အပြစ်ကင်းသော လုပ်ဆောင်ချက် ကိစ္စရသရှိ၏
(b) function: spotless and blameless conduct,
(ဂ) ပစ္စုပဋ္ဌာန် =စိတ်စင်ကြယ်သော သဘော ပစ္စုပဋ္ဌာန်ရှိ၏ (c) menifestation: purity in words and deeds,
(ဃ) ပဒဋ္ဌာန် =ဟိရီ သြတပ္ပ တရားလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ရှိ၏။
(d) proximate cause: moral shame and moral dread.
၃။ နေက္ခမ ပါရမီ၏
3: of renunciation,
(က) လက္ခဏ = ငါးပါးအာရုံ ကာမဂုဏ်မှ ထွက်မြောက်ခြင်း လက္ခဏာရှိ၏
(a) Characteristic: emancipation from sense–desires,
(ခ) ရသ = ကာမဂုဏ်၏ အပြစ်ကို ထင်စွာပြုသော လုပ်ဆောင်ချက် ကိစ္စရသရှိ၏
(b) function: briging out their faults,
(ဂ) ပစ္စုပဋ္ဌာန် =ကာမဂုဏ်တို့ကို ကျောခိုင်းသော သဘော ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: realizing that turning away from them,
(ဃ) ပဒဋ္ဌာန် =သံဝေဂဉာဏ်လျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ရှိ၏။
(d) proximate cause: sense of urgency.
၄။ ပညာ ပါရမီ၏
4: of wisdom,
(က) လက္ခဏ = အမှန်အတိုင်း ထိုးထွင်းသိမြင်ခြင်း လက္ခဏာရှိ၏
(a) Characteristic: penetrating the true nature of dhamma,
(ခ) ရသ = အာရုံကို ရှင်းရှင်းလင်းလင်းဖေါ်ပြခြင်း ကိစ္စရသရှိ၏
(b) function: illuminating the objects,
(ဂ) ပစ္စုပဋ္ဌာန် =အာရုံ၌ မတွေဝေသော သဘော ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: non–confusion,
(ဃ) ပဒဋ္ဌာန် =သမာဓိလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ရှိ၏။
(d) proximate cause: concentration.
၅။ ဝီရိယ ပါရမီ၏
5: of effort,
(က) လက္ခဏ = အားထုတ်ခြင်း အဆင်းရဲခံခြင်း လက္ခဏာရှိ၏
(a) Characteristic: striving,
(ခ) ရသ = ကုသိုလ်မှု၌ ရော့ရဲမှု မရှိအောင် ထောက်ပံ့အားပေးခြင်း ကိစ္စရသရှိ၏
(b) function: supporting and strengthing the factors,
(ဂ) ပစ္စုပဋ္ဌာန် =မဆုတ်နစ်သော သဘော ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: steadfastness,
(ဃ) ပဒဋ္ဌာန် =သံဝေဂဉာဏ်လျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ရှိ၏။
(d) proximate cause: sense of urgency.
၆။ ခန္တီ ပါရမီ၏
6: of patience,
(က) လက္ခဏ = သည်းခံခြင်း လက္ခဏာရှိ၏
(a) Characteristic: patience,
(ခ) ရသ = အလိုရှိအပ် မရှိအပ်သည် နှစ်မျိုးလုံးကို လွှမ်းမိုးနိုင်ခြင်း ကိစ္စရသရှိ၏
(b) function: overcoming the desirable and undesirable objects,
(ဂ) ပစ္စုပဋ္ဌာန် = အလိုရှိအပ် မရှိအပ်သည် နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိသော သဘော ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: non–opposition to them,
(ဃ) ပဒဋ္ဌာန် =အမှန်အတိုင်းသိမြင်ခြင်းလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ရှိ၏။
(d) proximate cause: seeing them as they are.
၇။ သစ္စ ပါရမီ၏
7: of truthfulness,
(က) လက္ခဏ = မချွတ်ယွင်းခြင်း လက္ခဏာရှိ၏
(a) Characteristic: reality,
(ခ) ရသ = ဟုတ်မှန်သည့်သဘောကို ထင်စွာပြခြင်း ကိစ္စရသရှိ၏
(b) function: making clear the truth as it is,
(ဂ) ပစ္စုပဋ္ဌာန် =မြင့်မြတ် ချိုမြိန်သော သဘော ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: nobility and pleasantness,
(ဃ) ပဒဋ္ဌာန် =ကိုယ်နှုတ်နှလုံး သုံးပါးလုံး စင်ကြယ်ခြင်းလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ရှိ၏။
(d) proximate cause: purity word, deed and thought.
၈။ အဓိဋ္ဌာန ပါရမီ၏
8: of resolution,
(က) လက္ခဏ = ကျန့်ခိုင်တည်ကြည်ခြင်း လက္ခဏာရှိ၏
(a) Characteristic: unshaken determination,
(ခ) ရသ = အကုသိုလ်တရားတို့ကို လွှမ်းမိုးနှိပ်စက်ခြင်း ကိစ္စရသရှိ၏
(b) function: overcoming all bad deeds,
(ဂ) ပစ္စုပဋ္ဌာန် =မတုံမလှုပ်သော သဘော ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: steadfastness,
(ဃ) ပဒဋ္ဌာန် =ဗောဓိဉာဏ်ရကြောင်း တရားများလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ရှိ၏။
(d) proximate cause: requisites of enlightenment.
၉။ မေတ္တာ ပါရမီ၏
9: of loving–kindness,
(က) လက္ခဏ = သတ္တဝါတို့၏ အကျိုးစီးပွါး လိုလားခြင်း လက္ခဏာရှိ၏
(a) Characteristic: wishing the good of all beings,
(ခ) ရသ = ထိုအကျိုးစီးပွါးကို ဆောင်ရွက်ခြင်း ကိစ္စရသရှိ၏
(b) function: fulfilling that wish,
(ဂ) ပစ္စုပဋ္ဌာန် =အေးမြသော သဘော ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: serenity,
(ဃ) ပဒဋ္ဌာန် =သတ္တဝါတို့ကို အကောင်းမြင်ခြင်းလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ရှိ၏။
(d) proximate cause: seeing beings positively/as agreeable.
၁ဝ။ ဥပေက္ခာ ပါရမီ၏
10: of equanimity.
(က) လက္ခဏ = မချစ် မမုန်း အလယ်အလတ်ထားခြင်း လက္ခဏာရှိ၏
(a) Characteristic: mental position between love and hate,
(ခ) ရသ = ညီညီမျှမျှ ကြည့်မြင်ခြင်း ကိစ္စရသရှိ၏
(b) function: impartial view,
(ဂ) ပစ္စုပဋ္ဌာန် =မုန်း ချစ် ကို ငြိမ်းစေတတ်သော သဘော ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: dispeling both love and hate.
(ဃ) ပဒဋ္ဌာန် = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဟု ဆင်ခြင်ခြင်းလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ရှိ၏။
(d) proximate cause: reflection on kamma.

ပါရာဇိက (ပါရာဇိကဏ်) ပါဠိ

ဝိနည်းငါးကျမ်းတွင် ပထမကျမ်းစာဖြစ်သည်။ ပါရာဇိက၏ အဓိပ္ပါယ်မှာ ဒရဟန်းအဖြစ်မှ လျှောကျ ဆုံးရှုံးခြင်း’ ဖြစ်ပါသည်။ ဤအာပတ်များ ဖြစ်ပေါ်ပညတ်တော်မူပုံများကို အရင်းထားသော ကျမ်းဖြစ်၍ ပါရာဇိက ဟုခေါ်ဆိုခြင်းဖြစ်သည်။
Pārājika: This is the first book of ‘The Basket of Discipline (Vinaya Piṭaka)’ which consists of five volumes. Pārājika means ‘Rules of defeat’ or ‘deadly/ heinous sins’. This volume mainly details these rules; when, how and where they came into being.

ပါရာဇိက ၄ ပါး

ရဟန်းအဖြစ်မှ ဆုံးရှုံး လျောကျစေသော အာပတ် ၄ ပါး
Four defeats:
၁။ မေထုန် မှီဝဲခြင်း
1: Sexual intercourse,
၂။ ခိုးခြင်း
2: stealing,
၃။ လူသတ်ခြင်း
3: homocide,
၄။ စျာန် မဂ် ဖိုလ်တရား မရပဲ ရသည်ဟု ကြွားဝါ ပြောဆိုခြင်း။
4: telling that possessing super–normal spirituality actually without it.

ပါရာဇိက ကျ

ရဟန်းပဌင်းအဖြစ်မှ လျှောကျခြင်း
Falling from monkhood, expulsion from the order of monks, defeat.

ပါရိဇုည – ၄ ပါး

(ဘယာ ပဗ္ဗဇ္ဇိတ – ရှင် ရဟန်းပြုသည့် အကြောင်းတရား – ပါရိဇုည – ၄ ပါး _ရှု)

ပါရိသုဒ္ဓိသီလ ၅ မျိုး

Five kinds of purified virtue:
၁။ ပရိယန္တ ပါရိသုဒ္ဓိသီလ – ကိုရင် သာမဏေတို့၏ သီလ
1: Virtue consisting in limited purification, i.e, the training precepts for novices,
၂။ အပရိယန္တ ပါရိသုဒ္ဓိသီလ – ရဟန်းတော်တို့၏ သီလ
2: virtue consisting in unlimited purification, i.e, the training precepts for monks,
၃။ ပရိပုဏ္ဏ ပါရိသုဒ္ဓိသီလ – သူတော်ကောင်း ကလျာဏပုထုဇဉ်တို့၏ သီလ
3: virtue consisting in fulfilled purification, i.e, the training precepts for the ordinary virtuous persons,
၄။ အပရာမဋ္ဌ ပါရိသုဒ္ဓိသီလ – ကျင့်ဆဲ သေက္ခပုဂ္ဂိုလ် ၇ ယောက်တို့၏ သီလ
4: virtue consisting in purification not adhered to, i.e, the training precepts for the seven kinds of trainers (sekkha),
၅။ ပဋိပ္ပဿဒ္ဓိ ပါရိသုဒ္ဓိသီလ – ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏ သီလ။
5: virtue consisting in tranquillizeded purification, i.e, the training precepts for universal Buddhas, individual Buddha and arahants.

ပါဠိတော်

Pāḷi, Text, primary text, scripture, canon.

ပါဠိ ဝါစင်္ဂ ၈ မျိုး

Eight parts of speech in Pāḷi language:
၁။ အာလုပ်
1: Vocative,
၂။ ကတ္တား
2: nominative
၃။ ကံ
3: accusative,
၄။ ကရိုဏ်း
4: instrumental,
၅။ သမ္ပဒါန်
5: dative,
၆။ အပဒါန်
6: ablative,
၇။ သာမိ
7: genitive,
၈။ သြကာသ
8: locative.

ပိဋကတ် သုံးပုံ

The Three Baskets, The Three Divisions of Buddhist Canon/ Scripture, Buddhist scriptures, Buddhist Holy Books:
(၁) ဝိနယ ပိဋက
1: The Basket of Disciplines (Precepts),
(၁) သုတ္တန္တ ပိဋက
2: The Basket of Discourses (Sermons),
(၃) အဘိဓမ္မ ပိဋက။
3: The Basket of Ultimate Things/Reality/Philosophy,
of Scholasticism, of Higher/Further Teachings/ Dhamma, of Systematic Doctrinal Concepts,
of Special/Extra Doctrine (Philosophy).

ပိဋကတ် သုံးပုံ ကွယ်ပျောက်ပုံ

(သာသနာကွယ် အစဉ်။ စာပေပရိယတ္တိ –ပိဋကသုံးပုံ– ကွယ်ပျောက်ပုံ အစဉ် _ရှု)

ပိဋကသင်္ချာ ယူနည်း

Symbolic numerical alphabets of ‘Tipiṭaka’:
၁ 1 ၂ 2 ၃ 3 ၄ 4 ၅ 5 ၆ 6 ၇ 7 ၈ 8 ၉ 9 ၁ဝ 10
က ka ခ kha ဂ ga ဃ gha ၍ ṅa စ ca ဆ cha ဇ ja စျ jha ည ña
ဋ ṭa ဌ ṭha ဍ ḍa ဎ ḍha ဏ ṇa တ ta ထ tha ဒ da ဓ dha န na
၌ pa ဖ pha ဗ ba ဘ bha မ ma
ယ ya ရ ra လ la ဝ va သ sa ဟ ha ဠ ḷa သရများ vowels
က – ဋ – ပ – ယ တို့သည် နံပါတ် ၁၊ ခ – ဌ – ဖ – ရ တို့သည် နံပါတ် ၂ စသည်ဖြင့်
အထက်ပါဇယား စဉ်ပြသည့်အတိုင်း ယူရပါမည်၊
Ka, ṭa, pa, and ya are represented as number 1;
Kha, ṭha, pha and ra are represented as number 2 etc. as shown above.

ပိဏ္ဍပါတ်

သပိတ်ဖြင့် ဆွမ်းခံစားခြင်း
Alms, eating alms–food inside a bowl.

ပိဏ္ဍပါတ် ဓုတင်

(ဓုတင် ၁၃ ပါး _ရှု) ဆွမ်းခံစားခြင်းကျင့်ဝတ်
Alms–food–eater practice.

ပိဏ္ဍပါတ် ဓုတင်ဆောင်ခြင်း၏ အကျိုး ၁၅ ပါး

Fifteen benefits of Alms–food–eater practice:
၁။ ဆွမ်းကို မှီခိုရသော အကျင့် ပြည့်စုံခြင်း
1: Conformity with the alms–food practice,
၂။ ဒုတိယ အရိယနွယ်ဝင် ဖြစ်ခြင်း
2: being in the second stage of noble ones,
၃။ သူတော်ကောင်းများ ချီးမွမ်းခြင်း
3: praised by the virtuous,
၄။ ပျင်းယိမှု ကင်းခြင်း
4: no idleness,
၅။ အသက်မွေးဝမ်းကျောင်းမှု စင်ကြယ်ခြင်း
5: pure livelihood,
၆။ သေခိယ_ရှုကျင့်ဝတ်ကို ဖြည့်ကျင့်ပြီး ဖြစ်ခြင်း
6: in accordance with the Sekhiya,
၇။ သူတပါးအား မှီခိုရန် မလိုခြင်း
7: no need to depend on others,
၈။ မိမိကိုယ်ကို ချီးမြှောက်ပြီး ဖြစ်ခြင်း
8: pleased oneself,
၉။ ဆွမ်းနှင့်ပတ်သက်ပြီး မာန်မာန မရှိတော့ခြင်း
9: no pride regarding food,
၁ဝ။ ရသတဏှာ ကင်းခြင်း
10: no craving for taste,
၁၁။ ဂဏဘောဇနသိက္ခာပုဒ်အရအာပတ်မသင့်ခြင်း
11: no transgressing of ‘Gaṇabhojana’ rule,
၁၂။ စာရိတ္တ သိက္ခာပုဒ်အရ အာပတ်မသင့်ခြင်း
12: no transgressing of ‘Cāritta’ rule,
၁၃။ အလိုနည်းမှုနှင့် လျှော်ညီခြင်း
13: less need,
၁၄။ ကောင်းသောကျင့်ဝတ် တိုးပွါးခြင်း
14: good behavior,
၁၅။ အတုလိုက်ကျင့်သူများ ရှိလာနိုင်ခြင်း။
15: good example for later generation.

ပိသုဏဝါစာ

ကုန်းတိုက်စကား
Back–biting, malicious speech.

ပီတိ

နှစ်သက်ခြင်း
Zest, rapture, delight, pleasure, joyfulness, happiness.

ပီတိ ၃ မျိုး

Three kinds of rapture:
၁။ သာမိသာ ပီတိ – ငါးပါးအာရုံ ကာမဂုဏ်ပီတိ
1: Sensual rapture,
၂။ နိရာမိသာ ပီတိ – စိတ်သမာဓိအာရုံ စျာန်ပီတိ
2: trance (jhāna) rapture,
၃။ နိရာမိသာ နိရာမိသတရာ ပီတိ – လွန်မြတ်ကဲပိုသော ရာဂစသည်ကင်းသောပီတိ။
3: rapture due to destruction of lust, anger etc.

ပီတိ ၅ မျိုး။ ၅ ဆင့်

Five kinds/stages of rapture:
၁။ ခုဒ္ဒကာပီတိ – ကြက်သီးမွေးညှင်း ထရုံမျှဖြစ်သော ပီတိ
1: Khuddakā pīti – Minor rapture/happiness/joy,
၂။ ခဏိကာပီတိ – လျှပ်စစ်လက်သကဲ့သို့ ခဏတာဖြစ်ပြီး ပျက်သွားသော ပီတိ
2: khaṇikā pīti – momentary rapture/happiness/joy,
၃။ သြက္ကန္တိကာပီတိ – ဒီရေလှိုင်းကြီးများ လွှမ်းဖုံးထားသကဲ့သို့ တစ်ကိုယ်လုံး လွှမ်းဖုံးသွားသော ပီတိ
3: okkantikā pīti – showering rapture/happiness/joy,
၄။ ဥဗ္ဗေဂါပီတိ – ကိုယ်ခန္ဓာတက်မြောက်သွားစေနိုင်လောက်သော ရွှင်လန်းသော ပီတိ
4: ubbegā pīti – uplifting rapture/happiness/joy,
၅။ ဖရဏာပီတိ – တစ်ကိုယ်လုံး ဖိမ့်ဖိမ့် တစိမ့်စိမ့်အိသွားအောင် ကြာမြင့်စွာ ပျံ့နှံ့၍တည်နေသော ပီတိ။
5: pharaṇā pīti – pervading rapture/happiness/joy.

ပီယ ဝါစာ

ချစ်ဖွယ်သောစကား
Lovable/pleasant speech.

ပုဂ္ဂလဇ္စျာသယ

ပုဂ္ဂိုလ်အသီးသီး၏ အခြေအနေ အတွင်းဓာတ်ခံ
Inner quality/level of each person, personal inclination.

ပုဂ္ဂလ ပညတ္တိ

ပုဂ္ဂိုလ် အမျိုးမျိုး သတ်မှတ်ခြင်း – တစ်ပါးစု ၅၄ မျိုး (ပုဂ္ဂလ ပညတ္တိ ပါဠိ)
The designations, grouping of human type by one, 54 altogether:
၁။ သမယဝိမုတ္တ – ဝိမောက္ခ ၈ ပါး အခါအားလျှော်စွာဝင်းစားပြီး အာသဝေါကင်းသော ပုဂ္ဂိုလ်
1: Person who is emancipated in season,
၂။ အသမယဝိမုတ္တ – ဝိမောက္ခ ၈ ပါး အခါအားလျှော်စွာ မဝင်းစားပဲ အာသဝေါကင်းသော ပုဂ္ဂိုလ်
2: person who is not emancipated in season,
၃။ ကုပ္ပဓမ္မ – စျာန်သမာပတ်များရရှိပြီး မေ့မေ့လျော့လျော့နေသဖြင့် ထိုစျာန်သမာပတ်များ ပျက်စီးသွားသော ပုဂ္ဂိုလ်
3: person of perturbable nature,
၄။ အကုပ္ပဓမ္မ – စျာန်သမာပတ်များရရှိပြီး မေ့မေ့လျော့လျော့မနေသဖြင့် ထိုစျာန်သမာပတ်များ မပျက်စီးတော့သော ပုဂ္ဂိုလ် (အရိယာများ)
4: person of imperturbable nature,
၅။ ပရိဟာန – စျာန်သမာပတ်များရရှိပြီး မေ့မေ့လျော့လျော့နေသဖြင့် ထိုစျာန်သမာပတ်များမှ ယုတ်လျှော့သွားသော ပုဂ္ဂိုလ်
5: person liable to fall away,
၆။ အပရိဟာန – စျာန်သမာပတ်များရရှိပြီး မေ့မေ့လျော့လျော့မနေသဖြင့် ထိုစျာန်သမာပတ်များ မယုတ်လျှော့တော့သော ပုဂ္ဂိုလ် (အရိယာများ)
6: person not liable to fall away,
၇။ စေတနာဘဗ္ဗ – စျာန်သမာပတ်များရရှိပြီး ထိုစျာန်သမာပတ်များ စေ့ဆော်ကြိုးစားက မပျက်စီး။ မကြိုးစားတော့လျှင် ပျက်စီးသွားသော ပုဂ္ဂိုလ်
7: person competent in will,
၈။ အနုရက္ခဏာဘဗ္ဗ – စျာန်သမာပတ်များရရှိပြီး ထိုစျာန်သမာပတ်များ စောင့်ရှောက်က မပျက်စီး။ မစောင့်ရှောက်တော့လျှင် ပျက်စီးသွားသော ပုဂ္ဂိုလ်
8: person competent in watchfulness,
၉။ ပုထုဇ္ဇန – ပုထုဇဉ် – ကိလေသာထူပြောသော သံယောဇဉ်များ မပယ်ရသေးသော ပုဂ္ဂိုလ်
9: average person, person with impurities of mind,
၁ဝ။ ဂေါတြဘူ – အရိယာမဂ်သို့ ဆိုက်ရောက်လုဆဲဆဲ ပုဂ္ဂိုလ်
10: person about to attain fath (magga),
၁၁။ ဘယူပရတ – ပုထုဇဉ် နှင့် အောက်အရိယာ ၇ ယောက် ပုဂ္ဂိုလ်
11: fear–restrained person,
၁၂။ အဘယူပရတ – ရဟန္တာ ပုဂ္ဂိုလ်
12: not fear–restrained person,
၁၃။ ဘဗ္ဗာဂမန – အကုသိုလ်တရား အမြဲများနေသော ပုဂ္ဂိုလ်
13: person with mostly doing demerits,
၁၄။ အဘဗ္ဗာဂမန – ကုသိုလ်တရား အမြဲပွါးနေသော ပုဂ္ဂိုလ်
14: person with mostly doing merits,
၁၅။ နိယတ – လားရာဂတိမြဲသော ပုဂ္ဂိုလ် (ပဌာနန္တရိယကံကျူးလွန်သူ + အယူမှားသူ + အရိယာပုဂ္ဂိုလ် ၈ ယောက်)
15: person with fixed destiny (person with one/some of the five deadly sins + wrong–viewer + noble ones),
၁၆။ အနိယတ – အထက်ပါ ၁၅ မှ တပါးသောပုဂ္ဂိုလ်များ
16: person with not fixed destiny,
၁၇။ ပဋိပန္နက – မဂ် ပုဂ္ဂိုလ် ၄ ယောက်
17: four path–persons (maggaṭṭha),
၁၈။ ဖလေဌိတ – ဖိုလ် ပုဂ္ဂိုလ် ၄ ယောက်
18: four fruit–persons (phalaṭṭha),
၁၉။ သမသီသီ – အသက်ထွက်ချိန်နှင့် အာသဝေါတရားကုန်ခမ်း ရဟန္တာဖြစ်ချိန် တပြိုင်တည်းကျသော ပုဂ္ဂိုလ်
19: equal–headed person,
၂ဝ။ ဌိတကပ္ပီ – မဂ်ခဏ၌ တည်နေသော မဂ္ဂဌာန် ပုဂ္ဂိုလ် ၄ ယောက်
20: person at the path–moment,
၂၁။ အရိယ – အရိယာ ပုဂ္ဂိုလ် ၈ ယောက်
21: noble ones,
၂၂။ အနရိယ – အရိယာ မဖြစ်သေးသော ပုဂ္ဂိုလ်များ
22: blemished ones,
၂၃။ သေက္ခ – ရဟန္တာဖြစ်ရန် ကျင့်နေဆဲ ပုဂ္ဂိုလ်များ (မဂ် ၄ ယောက် + အောက်ဖိုလ် ၃ ယောက်)
23: trainee to attain arahantship,
၂၄။ အသေက္ခ – ရဟန္တာ ပုဂ္ဂိုလ်
24: person having trained (arahant),
၂၅။ နေဝသေက္ခနယသေက္ခ – ပုထုဇဉ် ပုဂ္ဂိုလ်များ
25: person neither trainee nor non–trainee,
၂၆။ တေဝိဇ္ဇ – ဝိဇ္ဇာ ၃ ပါး ရရှိသော ပုဂ္ဂိုလ်များ
26: person with three kinds of knowledge,
၂၇။ ဆဠဘိည – အဘိညာဉ် ၆ ပါး ရရှိသော ပုဂ္ဂိုလ်များ
27: person with six supernormal powers,
၂၈။ သမ္မာသမ္ဗုဒ္ဓ – သဗ္ဗညု မြတ်စွာဘုရား
28: Universal Buddha,
၂၉။ ပစ္စေကသမ္ဗုဒ္ဓ – ဘုရားငယ်
29: Individual Buddha,
၃ဝ။ ဥဘတောဘာဂဝိမုတ္တ = ရုပ်နာမ် နှစ်ဖို့မှ လွတ်သော ပုဂ္ဂိုလ်
30: One liberated–in–both ways,
၃၁။ ပညာဝိမုတ္တ = ပညာဖြင့် ကိလေသာမှ လွတ်သော ပုဂ္ဂိုလ်
31: one liberated by wisdom,
၃၂။ ကာယသက္ခီ = သမာပတ် ရှစ်ပါး သုခကို ခံစားပြီး ကိလေသာမှ လွတ်သော ပုဂ္ဂိုလ်
32: a body–witness,
၃၃။ ဒိဋ္ဌိပ္ပတ္တ = သင်္ခါရတရားတို့၏ ဆင်းရဲခြင်း နိဗ္ဗာန်၏ချမ်းသာခြင်းတို့ကို သိမြင်မျက်မှောက်ပြုပြီး သစ္စာလေးပါး သိမြင်သော ပုဂ္ဂိုလ်
33: one attained–to–views,
၃၄။ သဒ္ဓါဝိမုတ္တ = အထက်မဂ် သုံးပါးရအောင် ခက်ခဲစွာ ကြိုးစားရသော ပုဂ္ဂိုလ်
34: one liberated–by–faith,
၃၅။ ဓမ္မာနုသာရီ = အနတ္တ နှလုံးသွင်းပြီး ပညာအားသန်ကာ သောတာပန်ဖြစ်သော ပုဂ္ဂိုလ်
35: a dhamma–follower,
၃၆။ သဒ္ဓါနုသာရီ = အနိစ္စ နှလုံးသွင်းပြီး သဒ္ဓါအားသန်ကာ သောတာပန်ဖြစ်သော ပုဂ္ဂိုလ်။
36: a faith–follower.
၃၇။ သတ္တက္ခတ္တုပရမ = ဘဝမျိုးစေ့ ခုနှစ်ခုသာရှိတော့သော သောတာပန် ပုဂ္ဂိုလ်။
37: a stream–winner seven lives to be reborn
၃၈။ ကောလင်္ကောလ = ဘဝမျိုးစေ့ နှစ်ခုမှ ခြောက်ခုသာရှိသော သောတာပန် ပုဂ္ဂိုလ်
38: a stream–winner just two to six lives to be reborn,
၃၉။ ဧကဗီဇီဧကဗီဇီ = ဘဝမျိုးစေ့တစ်ခု (တစ်ဘဝ) သာရှိသော သောတာပန် ပုဂ္ဂိုလ်
39: A stream–winner just one life to be reborn,
၄ဝ။ သကဒါဂါမီ – သကဒါဂါမ် ပုဂ္ဂိုလ်
40: once–returner,
၄၁။ အနာဂါမီ – အနာဂါမ် ပုဂ္ဂိုလ်
41: never–returner,
၄၂။ အန္တရာ ပရိနိဗ္ဗာယီ – သက်တမ်းမပြည့်မှီ ကြားကာလ၌ ပရိနိဗ္ဗာန် စံဝင်သော ပုဂ္ဂိုလ်
42: passing–away arahant before the end of life–span,
၄၃။ ဥပဟစ္စ ပရိနိဗ္ဗာယီ – သက်တမ်းပြည့်သောအခါမှာ ပရိနိဗ္ဗာန် စံဝင်သော ပုဂ္ဂိုလ်
43: passing–away arahant at the end of life–span,
၄၄။ အသင်္ခါရ ပရိနိဗ္ဗာယီ – အသင်္ခါရစိတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်သော ပုဂ္ဂိုလ်
44: unintentionally passing–away arahant,
၄၅။ သသင်္ခါရ ပရိနိဗ္ဗာယီ – သသင်္ခါရစိတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်သော ပုဂ္ဂိုလ်
45: intentionally passing–away arahant,
၄၆။ ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ – အကနိဋ္ဌဘုံရောက်အောင် အထက်သို့ဆန်တက်သော ပုဂ္ဂိုလ်
46: person upward to Akaniṭṭha realm,
၄၇။ သောတာပန္န – သောတာပန် ပုဂ္ဂိုလ်
47: stream–winner,
၄၈။ သောတာပတ္တိ ဖလ သစ္ဆိကိရိယာယ ပဋိပန္န – သောတာပန် ဖြစ်ရန်ကျင့်ကြံနေသော ပုဂ္ဂိုလ်
48: person practicing to be a stream–winner,
၄၉။ သကဒါဂါမီ – သကဒါဂါမ် ပုဂ္ဂိုလ်
49: once–returner,
၅ဝ။ သကဒါဂါမီ ဖလ သစ္ဆိကိရိယာယ ပဋိပန္န – သကဒါဂါမ် ဖြစ်ရန်ကျင့်ကြံနေသော ပုဂ္ဂိုလ်
50: person practicing to be a once–returner,
၅၁။ အနာဂါမီ – အနာဂါမ် ပုဂ္ဂိုလ်
51: never–returner,
၅၂။ အနာဂါမိ ဖလ သစ္ဆိကိရိယာယ ပဋိပန္န – အနာဂါမ်ဖြစ်ရန် ကျင့်ကြံနေသော ပုဂ္ဂိုလ်
52: person practicing to be a never–returner,
၅၃။ အရဟာ – ရဟန္တာ ပုဂ္ဂိုလ်
53: arahant, saint,
၅၄။ အရဟတ္တ ဖလ သစ္ဆိကိရိယာယ ပဋိပန္န – ရဟန္တာဖြစ်ရန် ကျင့်ကြံနေသော ပုဂ္ဂိုလ်။
54: person practicing to be an arahant.

ပုဂ္ဂလ ပညတ္တိ

ပုဂ္ဂိုလ် အမျိုးမျိုး သတ်မှတ်ခြင်း – နှစ်ပါးစု ၂၆ မျိုး (ပုဂ္ဂလ ပညတ္တိ ပါဠိ)
The designations, grouping of human type by two, sets of 26 altogether:
၁။ ကောဓန – အမျက်ကြီးသူ ဥပနာဟီ – ရန်ငြိုးဖွဲ့တတ်သူ
1: The wrathful and the vengeful,
၂။ မက္ခီ – ကျေးဇူးကဏ်းတတ်သူ ပဠာသီ – ဘက်ပြိုင်တတ်သူ
2: the ungrateful and the competed,
၃။ ဣဿုကီ – မနာလိုတတ်သူ မစ္ဆရီ – ဝန်တိုစေးနဲသူ
3: the jealous and the stingy,
၄။ သဌ – ကောက်ကျစ်သူ မာယာဝီ – လှည့်စားတတ်သူ
4: the crafty and the deceitful,
၅။ အဟိရိက – အရှက်မရှိသူ အနောတ္တပ္ပ – အကြောက်မရှိသူ
5: the shameless and the impudent,
၆။ ဒုဗ္ဗစ – ပြောဆိုဆုံးမရခက်သူ ပါပမိတ္တ – မိတ်ဆွေဆိုးရှိသူ
6: the disobedient and the associate of the wicked,
၇။ ဣန္ဒြိယေသု အဂုတ္တဒွါရ – ဣန္ဒြေငါးပါး မစောင့်စည်းသူ ဘောဇနေ အမတ္တညူ – စားသောက်ဘွယ်ရာတို့၌ အတိုင်းအတာကို မသိသူ
7: the unguarded on sense–doors and the immoderate in food,
၈။ မုဋ္ဌဿတိ – မေ့မေ့လျှော့လျှော့နေသူ အသမ္ပဇာန – ဆင်ခြင်ဉာဏ်မရှိသူ
8: the heedless and the careless,
၉။ သီလဝိပ္ပန္န – သီလပျက်စီးသူ ဒိဋ္ဌိဝိပ္ပန္န – အယူပျက်စီးသူ
9: the lack in morality and the lack in wrong views,
၁ဝ။ အဇ္စျတ္တ သံယောဇန – အတွင်းသံယောဇဉ်ရှိသူ
10: person with internal fetters, ဗဟိဒ္ဓါ သံယောဇန – အပြင်သံယောဇဉ်ရှိသူ person with external fetters,
၁၁။ အက္ကောဓန – အမျက်မကြီးသူ အနုပနာဟီ – ရန်ငြိုးမဖွဲ့တတ်သူ
11: the wrathless and the unvengeful,
၁၂။ အမက္ခီ – ကျေးဇူးသိတတ်သူ အပဠာသီ – ဘက်မပြိုင်တတ်သူ
12: the grateful and the incompeted,
၁၃။ အနိဿုကီ – မနာလိုခြင်းကင်းသူ အမစ္ဆရီ – ရက်ရောသူ
13: the unenvious and the generous,
၁၄။ အသဌ – မကောက်ကျစ်သူ အမာယာဝီ – မလှည့်စားတတ် ဖြောင့်မတ်သူ
14: the honest and the straight,
၁၅။ ဟိရိမာ – အရှက်ရှိသူ သြတ္တပ္ပီ – အကြောက်ရှိသူ
15: the shameful and the fearful,
၁၆။ သုဝစ – ပြောဆိုဆုံးမရလွယ်သူ ကလျာဏမိတ္တ – မိတ်ဆွေကောင်းရှိသူ
16: the obedient and the associate of the wise,
၁၇။ ဣန္ဒြိယေသု ဂုတ္တဒွါရ – ဣန္ဒြေငါးပါး စောင့်စည်းသူ ဘောဇနေ မတ္တညူ – စားသောက်ဘွယ်ရာတို့၌ အတိုင်းအတာကို သိသူ
17: the guarded on sense–doors and the moderate in food,
၁၈။ ဥပဋ္ဌိတဿတိ – သတိခိုက်မြဲသူ သမ္ပဇာန – ဆင်ခြင်ဉာဏ်ရှိသူ
18: the heedful and the careful,
၁၉။ သီလသမ္ပန္န – သီလပြည့်စုံသူ ဒိဋ္ဌိသမ္ပန္န – အယူပြည်စုံသူ
19: the moral and the right–viewed,
၂ဝ။ ဒုလ္လဘ – ရနိုင်ခဲသော ပုဂ္ဂိုလ် ၂ ယောက်
20: two rare persons in the world: ယော စ ပုဗ္ဗကာရီ – ကျေးဇူးကို ရှေးဦးစွာပြုပေးသူ ယော စ ကတညူ ကတဝေဒီ – ကျေးဇူးရှိသူကို ကျေးဇူးသိတတ် ကျေးဇူးပြန်လည်ပေးဆပ်တတ်သူ he who does good first and he who recognizes it,
၂၁။ ဒုတ္တပ္ပယ – ရောင့်ရဲနိုင်ခဲသော ပုဂ္ဂိုလ် ၂ ယောက်
21: two persons hard to satisfy: ရသမျှ သိမ်းဆည်းထားသူ နှင့် ရသမျှပေးပစ်တတ်သူ storing up whatever he gets and giving away whatever he gets,
၂၂။ သုတပ္ပယ – ရောင့်ရဲလွယ်သောပုဂ္ဂိုလ် ၂ ယောက်
22: two persons easy to satisfy: ရသမျှ သိမ်းဆည်းမထားသူ နှင့် ရသမျှပေးမပစ်တတ်သူ not storing up whatever he gets and not giving away whatever he gets,
၂၃။ အာသဝေါတရား တိုးပွါးသော ပုဂ္ဂိုလ် ၂ ယောက်
23: two persons increasing mental fluxes: သံသယမရှိသင့်သည်ကို သံသယရှိသူ person with doubt on the doubtless and သံသယရှိသင့်သည်ကို သံသယမရှိသူ person without doubt on the doubtful,
၂၄။ အာသဝေါတရား မတိုးပွါးသောပုဂ္ဂိုလ် ၂ ယောက်
24: two persons decreasing mental fluxes: သံသယမရှိသင့်သည်ကို သံသယမရှိသူ person with doubt on the doubtful and သံသယရှိသင့်သည်ကို သံသယရှိသူ person without doubt on the doubtless,
၂၅။ ဟီနာဓိမုတ္တ – ယုတ်မာသော အလိုဆိုးရှိသူ
25: persons with low inclination and

ပဏီတာဓိမုတ္တ

မြင့်မြတ်သော အလိုဆန္ဒရှိသူ
persons with high inclination,
၂၆။ တိတ္တ –သံသရာကမ်းတဘက်ကို ရောက်ပြီးသောပုဂ္ဂိုလ်
26: persons who has gone beyond:

ဘုရားရှင် နှင့် ရဟန္တာများ

Buddha and arahant.

ပုဂ္ဂလ ပညတ္တိ

ပုဂ္ဂိုလ် အမျိုးမျိုး သတ်မှတ်ခြင်း – သုံးပါးစု ၁၇ မျိုး (ပုဂ္ဂလ ပညတ္တိ ပါဠိ)
The designations, grouping of human type by three, sets of 17 altogether:
၁။ (က) နိရာသ – သီလမရှိ။ အခြားပုဂ္ဂိုလ်များ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်သည်ကို ကြား သိသော်လည်း အားမကျ အာသီသမရှိသော ပုဂ္ဂိုလ်
(a) The hopeless,
(ခ) အာသံသ – သီလနှင့်ပြည့်စုံ။ အခြားပုဂ္ဂိုလ်များ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်သည်ကို ကြားသိပြီး အားကျကာ ကျင့်ကြံပြီး ရဟန္တာဖြစ်သွားသော ပုဂ္ဂိုလ်
(b) the hopeful,
(ဂ) ဝိဂတာသ – အခြားသူများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်သည်ကို ကြားသိ သော်လည်း ဂရုပြုစရာ မလိုတော့သော ရဟန္တာ ပုဂ္ဂိုလ်များ။
(c) one above aspiration.
၂။ လူမမာ ဂိလာနနှင့် အလားတူသော ပုဂ္ဂိုလ် ၃ ယောက်
(က) သင့်တော်သော အစားအစာ သင့်တော်သော ဆေးဝါး သင့်တော်သော အပြုအစုရသော်လည်း အသက်မရှင်နိုင်သော လူနာ
(a) A sick person will not get recovered though receiving proper care and drugs (medication).
(ခ) သင့်တော်သော အစားအစာ သင့်တော်သော ဆေးဝါး သင့်တော်သော အပြုအစု ရသည်ဖြစ်စေ မရသည်ဖြစ်စေ အသက်ရှင်နိုင်သော လူနာ
(b) A sick person will get recovered, no matter receiving or not proper care and drugs (medication).
(ဂ) သင့်တော်သော အစားအစာ သင့်တော်သော ဆေးဝါး သင့်တော်သော အပြုအစု အားလုံးရမှ အသက်ရှင်နိုင်သော လူနာ။
(c) A sick person will get recovered only if receiving proper care and drugs.
၃။ (က) ကာယသက္ခီ = သမာပတ် ရှစ်ပါး သုခကို ခံစားပြီး ကိလေသာမှ လွတ်သော ပုဂ္ဂိုလ်
3: (a) a body–witness,
(ခ) ဒိဋ္ဌိပ္ပတ္တ = သင်္ခါရတရားတို့၏ ဆင်းရဲခြင်း နိဗ္ဗာန်၏ချမ်းသာခြင်းတို့ကို သိမြင်မျက်မှောက်ပြုပြီး သစ္စာလေးပါး သိမြင်သော ပုဂ္ဂိုလ်
(b) one attained–to–views,
(ဂ) သဒ္ဓါဝိမုတ္တ = အထက်မဂ် သုံးပါးရအောင် ခက်ခဲစွာ ကျိုးစားရသော ပုဂ္ဂိုလ်
(c) one liberated–by–faith.
၄။ (က) ဂူထဘာဏီ (မစင်ကဲ့သို့ နံသောစကား ပြောကြားသူ) မုသားစကား အပြောများသော ပုဂ္ဂိုလ်
4: (a) A person who always tells lies (the foul–mouthed),
(ခ) ပုပ္ဖဘာဏီ (ပန်းကဲ့သို့မွှေးသောစကား ပြောကြားသူ) – မုသားစကား ရှောင်ရှားသော ပုဂ္ဂိုလ်
(b) a person who does not tell lies (the folwer–speaker),
(ဂ) မဓုဘာဏီ (ပျားကဲ့သို့ ချိုသာသောစကား ပြောကြားသူ) – မုသားစကားမှ ရှောင်ရှားသည့်အပြင်
အကျိုးရှိစကားကိုသာ ပြောကြားသော ပုဂ္ဂိုလ်။
(c) a person not only who does not tell lies but also who speaks what is beneficial (the honey–tongued).
၅။ (က) အရုကူပမစိတ္တ – မစင်ဘင်ပုတ် အနံ့ထုတ်သကဲ့သို့ ဒေါသရန်ငြိုးကြီးသော ပုဂ္ဂိုလ်
(a) an excrement–minded man,
(ခ) ဝိဇ္ဇူပမစိတ္တ – လျှပ်စီးလက်သကဲ့သို့ သစ္စာဉာဏ်အလင်းကို ရရှိသော ပုဂ္ဂိုလ်
(b) a lightening–minded man,
(ဂ) ဝဇီရူပမစိတ္တ – အရဟတ္တမဂ် ဉာဏ်စိန်သွားဖြင့် အာသဝေါကင်းပြီးသော ရဟန္တာ ပုဂ္ဂိုလ်။
(c) a thunder–minded man.
၆။ (က) အန္ဓ – မွေးရာပါ ကန်းသော ပုဂ္ဂိုလ်
(a) A blind person,
(ခ) ဧကစက္ခု – မျက်စိတစ်ဘက်အမြင်သာရှိသော ပုဂ္ဂိုလ်
(b) person with one eye, (၈) ဒွိစက္ခု – နှစ်ဘက်မြင် ပုဂ္ဂိုလ်
(c) person with two eyes.
၇။ (က) အဝကုဇ္ဇပည – တရားစကား သင် နာကြားသော်လည်း မှောက်ထားသောအိုးကဲ့သို့ တရားမကျန် မကျင့်သော ပုဂ္ဂိုလ်
(a) A person who cannot accept/remember the dhamma what he is taught/heard, like upside–down pot.
(ခ) ဥစ္ဆင်္ဂပည – တရားစကား သင် နာကြား၍ ထိုအခိုက်၌သာ နားလည်သဘောပေါက်ပြီး ခါးပိုက်၌ ထည့်ထားသောပစ္စည်းများ ထသွားသောအခါ ကျကျန်ကုန်သကဲ့သို့ တရားအသိ မကျန်ရှိပဲ မကျင့်တော့သော ပုဂ္ဂိုလ်
(b) a person who can accept/remember the dhamma temporarily what he is taught/heard but cannot keep it long.
(ဂ) ပုထုပည – တရားစကား သင် နာကြားပြီး နားလည်သဘောပေါက်ကာ လိုက်နာ ကျင့်ကြံသော ပုဂ္ဂိုလ်။
(b) a person who can accept/remember the dhamma well what he is taught/ heard and practice it.
၈။ (က) ကာမ + ဘဝ အဝီတရာဂ – ကာမတဏှာရော ဘဝတဏှာပါ မကုန်သေးသူများ (သောတာပန် နှင့် သကဒါဂါမ် ပုဂ္ဂိုလ်)
(a) A person with the passion of sensual pleasure and state of rebirth,
(ခ) ကာမ ဝီတရာဂ ဘဝ အဝီတရာဂ – ကာမတဏှာကုန်ပြီး ဘဝတဏှာမကုန်သေးသူများ (အနာဂါမ်)
(b) a person without the passion of sensual pleasure but with state of rebirth,
(ဂ) ကာမ + ဘဝ ဝီတရာဂ – ကာမတဏှာရော ဘဝတဏှာပါ ကုန်ပြီးသူများ (ရဟန္တာ ပုဂ္ဂိုလ်)။
(c) a person without the passion of sensual pleasure and state of rebirth,
၉။ (က) ပါသာဏ လေခူမပ ပုဂ္ဂိုလ်
(ခ) ပထဝီ လေခူမပ ပုဂ္ဂိုလ် (ဂ) ဥဒက လေခူမပ ပုဂ္ဂိုလ် (ကောဓ – အမျက်ထွက် မကျေနပ်မှု ရန်ညှိုး နှင့် ပတ်သက်ပြီး ပုဂ္ဂိုလ် ၃ မျိုး _ရှု)
၁ဝ။ ရွံ့ရုပ် (ဝါ) ပိုက်ဆံချည်အဝတ် (ပေါတ္ထက) နှင့် အလားတူသော ပုဂ္ဂိုလ် ၃ ယောက်
Three persons like hempem cloth:
(က) သီလမရှိသော ရဟန်းသည် ပိုက်ဆံချည်အဝတ် နှင့်အလားတူစွာ အမြင်မလှ
(a) an amoral monk, just as a hempem cloth of bad color, of not good–looking.
(ခ) သီလမရှိသော ရဟန်းကို အတုလိုက်သူများ အကျိုးမရှိသောကြောင့် ပိုက်ဆံချည်အဝတ် နှင့်အလား တူစွာ အတွေ့အထိ မကောင်း
(b) an amoral monk, just as a hempem cloth of rough touch, of not smooth to getting along with.
(ဂ) သီလမရှိသော ရဟန်းအား လှူတမ်းသော ဒါယကာ ဒါယိကာမများ အကျိုးမများသောကြောင့် ပိုက်ဆံချည်အဝတ် နှင့် အလားတူစွာ တန်ဘိုးမရှိ။
(c) An amoral monk, just as a hempem cloth at cheap price, of no value.
၁၁။ ကာသိတိုင်းဖြစ် အဝတ်နှင့် အလားတူသော ပုဂ္ဂိုလ် ၃ ယောက်
Three persons like Beneras cloth:
(က) သီလရှိသော ရဟန်းသည် ကာသိတိုင်းဖြစ် အဝတ်နှင့်အလားတူစွာ အမြင်လှ၏
(a) A moral monk, just as a Banares cloth of good color, of good–looking.
(ခ) သီလရှိသော ရဟန်းကို အတုလိုက်သူများ အကျိုးရှိသောကြောင့် ကာသိတိုင်းဖြစ် နှင့်အလားတူစွာ အတွေ့အထိ ကောင်း၏
(b) a moral monk, just as a Banares cloth of smooth touch, of smooth to get along with.
(ဂ) သီလရှိသော ရဟန်းအား လှူတမ်းသော ဒါယကာ ဒါယိကာမများ အကျိုးများသောကြောင့် ကာသိတိုင်းဖြစ် အဝတ်နှင့် အလားတူစွာ တန်ဘိုးကြီး၏။
(c) a moral monk, just as a Banares cloth at high price, of high value.
၁၂။ (က) သုပ္ပမေယျ – နှုတ်ကြမ်းထမ်း မတည်ငြိမ် စိတ်ပျံ့နှံ့သော ပုဂ္ဂိုလ်
12: (a) A frustrated person with harsh tongue,
(ခ) ဒုပ္ပမေယျ – စကားနုညံ့ တည်ငြိမ် ခိုင်မြဲသော ပုဂ္ဂိုလ်
(b) calm person with sweet tongue,
(ဂ) အပ္ပမေယျ – အာသဝေါကုန်ခမ်း ရဟန္တာ ပုဂ္ဂိုလ်။
(c) arahant with no mental fluxes/cankers.
၁၃။ (က) မမှီဝဲ မဆည်းကပ်ထိုက်သူ
(a) A person not to be associated,
(ခ) မှီဝဲ ဆည်းကပ်ထိုက်သူ
(b) a person to be associated,
(ဂ) မှီဝဲဆည်းကပ်ပြီး ရိုသေပူဇော်ထိုက်သူ (c) a person to be associated and paid respect.
၁၄။ (က) ရှောင်ကြဉ်ထိုက်သူ
(a) A person to be avoided,
(ခ) လျှစ်လျှူရှုထိုက်သူ
(b) a person to be ignored, (၈) ပေါင်းသင်းထိုက်သူ
(c) a person to be associated.
၁၅။ (က) သီလ ဖြည့်ကျင့်ပြီး သမာဓိ ပညာ အသင့်အတင့်သာရှိသူ
(a) A person with strong morality but weak concentration and wisdom,
(ခ) သီလ သမာဓိ ဖြည့်ကျင့်ပြီး ပညာ အသင့်အတင့်သာရှိသူ
(b) a person with strong morality and concentration but weak wisdom,
(ဂ) သီလ သမာဓိ ပညာ သုံးပါးလုံးဖြည့်ကျင့်သူ။
(c) a person strong in morality, concentration and wisdom.
၁၆။ ဆရာ သုံးယောက် Three kinds of teacher:
(က) ကာမကိုပိုင်းခြားသိရန်ပညတ်ဟောကြားပြီး ရုပ်နှင့်ဝေဒနာကို ပိုင်းခြားသိရန် မပညတ် မဟောကြားသောဆရာ (ရူပသမာပတ် ရသူများ)
(a) A teacher who sets out to understand sensual–pleasure but not form nor feeling,
(ခ) ကာမနှင့်ရုပ်ကို ပိုင်းခြားသိရန်ပညတ်ဟောကြားပြီး ဝေဒနာကို ပိုင်းခြားသိရန် မပညတ် မဟောကြားသောဆရာ (အရူပသမာပတ် ရသူများ)
(b) a teacher who sets out to understand sensual–pleasure and form but not feeling,
(၈) ကာမ ရုပ် ဝေဒနာ သုံးပါးလုံးကို ပိုင်းခြားသိရန် ပညတ်ဟောကြားသော ဆရာ (ဗုဒ္ဓဘုရားရှင်)။
(c) a teacher who sets out to understand sensual–pleasure, form and feeling.
၁၇။ ဆရာ သုံးယောက် (တနည်း)
More three kinds of teacher:
(က) ပစ္စုပ္ပန်အကျိုး တမလွန်အကျိုးနှစ်မျိုးလုံး ပညတ်ဟောပြသော ဆရာ
(a) A teacher who sets out for the benefit of the present as well as of the future,
(ခ) ပစ္စုပ္ပန်အကျိုးသာ ပညတ်ဟောပြပြီး တမလွန်အကျိုး မပညတ် မဟောပြသော ဆရာ
(b) a teacher who sets out for the benefit of the present but not of the future,
(ဂ) ပစ္စုပ္ပန်အကျိုး တမလွန်အကျိုးနှစ်မျိုးလုံး မပညတ် မဟောပြသော ဆရာ။
(c) a teacher who sets out neither for the benefit of the present nor of the future.

ပုဂ္ဂလ ပညတ္တိ

ပုဂ္ဂိုလ် အမျိုးမျိုး သတ်မှတ်ခြင်း – လေးပါးစု ၃ဝ မျိုး (ပုဂ္ဂလ ပညတ္တိ ပါဠိ)
The designations, grouping of human type by four, sets of 30 altogether:
၁။ (က) အသပ္ပုရိသော – မိမိကိုယ်တိုင် ကံငါးပါး (ငါးပါးသီလ) မလုံသူ
(a) A wicked man,
(ခ) အသပ္ပုရိသေန အသပ္ပုရိသတရော – မိမိကိုယ်တိုင် ကံငါးပါး (ငါးပါးသီလ) မလုံသည့်အပြင် သူတပါး တို့အားလည်း မလုံအောင် ပြုဆောင်သူ
(b) a wicked man of worse type,
(ဂ) သပ္ပုရိသော – မိမိကိုယ်တိုင် ကံငါးပါး (ငါးပါးသီလ) လုံသူ
(c) a good man,
(ဃ) သပ္ပုရိသေန သပ္ပုရိသတရော – မိမိကိုယ်တိုင် ကံငါးပါး (ငါးပါးသီလ) လုံသည့်အပြင် သူတပါး တို့အားလည်း လုံအောင် ပြုဆောင်သူ။
(d) a good man of better type.
၂။ (က) ပါပေါ။ ပါပဓမ္မော – မိမိကိုယ်တိုင် ဒုစရိုက် ၁ဝ ပါး ကျူးလွန်သူ
(a) A sinful man,
၃။ (ခ) ပါပေန ပါပတရော။ ပါပဓမ္မေန ပါပဓမ္မတရော – မိမိကိုယ်တိုင် ဒုစရိုက် ၁ဝ ပါး ကျူးလွန်သည့် အပြင် သူတပါး တို့အားလည်း ကျူးလွန်အောင် ပြုဆောင်သူ
(b) a sinful man of worse type,
(ဂ) ကလျာဏော။ ကလျာဏဓမ္မော – မိမိကိုယ်တိုင် သုစရိုက် ၁ဝ ပါး ကျင့်သူ (c) a sinless man,
(ဃ) ကလျာဏေန ကလျာဏတရော။ ကလျာဏဓမ္မေန ကလျာဏဓမ္မတရော – မိမိကိုယ်တိုင် သုစရိုက် ၁ဝ ပါး ကျင့်သည့်အပြင် သူတပါး တို့အားလည်း ကျင့်ဖြစ်အောင် ပြုဆောင်သူ။
(d) a sinless man of better type.
၄။ (က) သာဝဇ္ဇော – ကာယကံ ဝစီကံ မနောကံ အပြစ်ကိုချည်း ပြုနေသူ (a) A person of ever impurity,
(ခ) ဝဇ္ဇဗဟုလော – ကာယကံ ဝစီကံ မနောကံ အပြစ်များသူ
(b) a person of much impurity (၈) အပ္ပဝဇ္ဇော – ကာယကံ ဝစီကံ မနောကံ အပြစ်နည်းသူ
(c) a person of little impurity,
(ဃ) အနဝဇ္ဇော – ကာယကံ ဝစီကံ မနောကံ အပြစ် မရှိသူ။
(d) a person of no impurity.
၅။ (က) ဥဂ္ဂတိ တညူ = တရားစကား အကျဉ်း ကြားနာကာမျှဖြင့် သစ္စာသိသူ
(a) Uggatitaññū: persons who have ability to realize truths immediately when they listen to a short exposition by a Buddha or an arahant,
(ခ) ဝိပဥ္စိ တညူ = တရားစကား ကြားနာပြီး သင့်တော်အောင် ရှင်းပြမှ သစ္စာသိသူ
(b) Vipaṅcitaññū: persons who have ability to realize truths when they listen to a detail exposition and some explination of it to some extent by a Buddha or an arahant,
(ဂ) နေယျ = ကြာမြင့်စွာ နာကြား ကျင့်ကြံပွါးများမှ သစ္စာသိသူ
(c) Neyya: persons who are to be guided or trained for some time to realize truths,
(ဃ) ပဒ ပရမ = တရားစကားသံကိုသာ သိပြီး သစ္စာ မသိနိုင်သူ။
(d) Padaparama: persons who are not matured enough to realize truths.
၆။ (က) ယုတ္တပဋိဘာန နော မုတ္တပဋိဘာနော – မေးခွန်းမေးသော် သင့်တော်မှန်ကန်စွာ မမြန်မလော ဖြေကြားသောပုဂ္ဂိုလ်
(a) Answering correctly but slowely,
(ခ) မုတ္တပဋိဘာနော နော ယုတ္တပဋိဘာနော – မေးခွန်းမေးသော် မြန်မြန်လောလောနှင့် မသင့်တော် မမှန်ကန်စွာ ဖြေကြားသော ပုဂ္ဂိုလ်
(b) answering quickly but incorrectly,
(ဂ) ယုတ္တပဋိဘာနော စ မုတ္တပဋိဘာနော စ – မေးခွန်းမေးသော် သင့်တော်မှန်ကန်စွာ မြန်မြန်လောလော ဖြေကြားသော ပုဂ္ဂိုလ်
(c) answering correctly and quickly,
(ဃ) နေဝ ယုတ္တပဋိဘာနော နော မုတ္တပဋိဘာနော – မေးခွန်းမေးသော် မမြန်မလောနှင့် မသင့်တော် မမှန်ကန်စွာ ဖြေကြားသော ပုဂ္ဂိုလ်။
(d) answering slowly but incorrectly.
၇။ ဓမ္မကထိက ၄ ယောက် (ဓမ္မကထိက ၄ မျိုး _ရှု)
(က) နည်းနည်းနှင့် အကျိုးနှင့် မစပ် ဟောသော ဓမ္မကထိက
1: A dhamma–preacher who talks less, not beneficial;
(ခ) နည်းနည်းနှင့် အကျိုးနှင့် စပ် ဟောသော ဓမ္မကထိက
2: who talks less, beneficial;
(ဂ) များများနှင့် အကျိုးနှင့် မစပ် ဟောသော ဓမ္မကထိက
3: who talks much, not beneficial;
(ဃ) များများနှင့် အကျိုးနှင့် စပ် ဟောသော ဓမ္မကထိက။
4: who talks much, beneficial.
၈။ မိုးတိမ်နှင့်တူသောသူ ၄ ယောက် (မိုး ၄ မျိုး _ရှု)
(က) ချုန်းပြီး မရွာ – ပြောပြီး မလုပ်သော ပုဂ္ဂိုလ်
1: Thunder but no rain: a talker but not a doer;
(ခ) ရွာပြီး မချုန်း – လုပ်ပြီး ပြောသော ပုဂ္ဂိုလ်
2: rain but no thunder: a doer but not a talker; (၈) ရွာချုန်း – ပြောလည်းပြော လုပ်လည်းလုပ်သော ပုဂ္ဂိုလ်
3: thunder and rain: a talker as well as a doer;
(ဃ) မရွာ မချုန်း – မပြော မလုပ်သော ပုဂ္ဂိုလ်။
4: no thunder no rain: not a talker nor a doer.
၉။ ကြွက်နှင့်တူသောသူ ၄ ယောက် (ကြွက် ၄ မျိုး _ရှု)
၁ဝ။ သရက်သီးနှင့်တူသောသူ ၄ ယောက် (သရက်သီး ၄ မျိုး _ရှု)
၁၁။ အိုးနှင့်တူသောသူ ၄ ယောက် (အိုး ၄ မျိုး = ပုဂ္ဂိုလ် ၄ မျိုး _ရှု)
၁၂။ ရေကန်နှင့်တူသောသူ ၄ ယောက် (ရေကန် ၄ မျိုး _ရှု)
(က) တိမ်ပြီး နက်ယောင်ရှိသောရေကန်
1: A pool which is shallow but appears to be deep;
(ခ) နက်ပြီး တိမ်ယောင်ရှိသောရေကန်
2: which is deep but appears to be shallow;
(ဂ) တိမ်လည်းတိမ် တိမ်ယောင်လည်းရှိသောရေကန်
3: which is shallow and appears to be shallow;
(ဃ) နက်လည်းနက် နက်ယောင်လည်းရှိသောရေကန်။
4: which is deep and appears to be deep.
၁၃။ နွားလား (နွားခေါင်းဆောင်) နှင့်တူသောသူ ၄ ယောက် (နွားသိုး နွားလား နွားခေါင်းဆောင် ၄ မျိုး _ရှု)
၁၄။ မြွေအဆိပ်နှင့်တူသောသူ ၄ ယောက် (မြွေ အဆိပ် ၄ မျိုး _ရှု)
၁၅။ မဆင်ခြင် မသက်ဝင်ပဲ ကဲ့ရဲ့ထိုက်သူအား ချီးမွမ်းသောပုဂ္ဂိုလ် (ပုဂ္ဂိုလ် ၄ မျိုး _ရှု)
၁၆။ ဆင်ခြင် သက်ဝင်ပြီး ကဲ့ရဲ့ထိုက်သူအား ကဲ့ရဲ့သောပုဂ္ဂိုလ် (ပုဂ္ဂိုလ် ၄ မျိုး _ရှု)
၁၇။ ကဲ့ရဲ့သင့်သူကို အမှန်အတိုင်း ကဲ့ရဲ့ပြီး ချီးမွမ်းသင့်သူကို မချီးမွမ်းသော ပုဂ္ဂိုလ် (ပုဂ္ဂိုလ် ၄ မျိုး _ရှု)
၁၈။ (က) ကြိုးစားအားထုတ်မှုဖြင့် အသက်မွေးရပြီး ရှေးကုသိုလ်ကံဖြင့် အသက်မမွေးသူ
(a) A person living on his own exertions but not on fruit of previous merits,
(ခ) ရှေးကုသိုလ်ကံဖြင့် အသက်မွေးရပြီး ကြိုးစားအားထုတ်မှုဖြင့် အသက်မမွေးသူ
(b) a person living on fruit of previous merits but not on his own exertions,
(ဂ) ကြိုးစားအားထုတ်မှုဖြင့်ရော ရှေးကုသိုလ်ကံဖြင့်ပါ အသက်မွေးသူ
(c) a person living on both,
(ဃ) ကြိုးစားအားထုတ်မှုဖြင့်ရော ရှေးကုသိုလ်ကံဖြင့်ပါ အသက်မမွေးသူ။
(d) a person living on neither.
၁၉။ တမော တမပရာယနော – အမိုက်မှောင်မှ လာပြီး အမိုက်မှောင်သွားမည့်သူ (ပုဂ္ဂိုလ် ၄ မျိုး _ရှု)
၂ဝ။ သြဏတောဏတော – အနိမ့်မှ လာပြီး အနိမ့်သွားမည့်သူ (ပုဂ္ဂိုလ် ၄ မျိုး _ရှု)
၂၁။ သစ်ပင်နှင့်တူသော ပုဂ္ဂိုလ် ၄ ယောက် (ခေါင်းဆောင်ပုဂ္ဂိုလ် နှင့် အုပ်စု ၄ မျိုး _ရှု)
၂၂။ ရူပပ္ပမာဏော ရူပပ္ပသန္နော ဃောသပ္ပမာဏော ဃောသပ္ပသန္နော (ပုဂ္ဂိုလ် ၄ မျိုး _ရှု)
၂၃။ လူခပ္ပမာဏော လူခပပ္ပသန္နော ဓမ္မပ္ပမာဏော ဓမ္မပ္ပသန္နော (ပုဂ္ဂိုလ် ၄ မျိုး _ရှု)
၂၄။ ကိုယ်အကျိုးကျင့်ပြီး သူ့အကျိုးမကျင့်သူ သူ့အကျိုးကျင့်ပြီး ကိုယ်အကျိုးမကျင့်သူ ကိုယ်အကျိုး သူ့အကျိုး နှစ်မျိုးလုံးကျင့်သူ ကိုယ်အကျိုး သူ့အကျိုး နှစ်မျိုးလုံးမကျင့်သူ။ (ပုဂ္ဂိုလ် ၄ မျိုး _ရှု)
၂၅။ (က) မိမိကိုယ်တိုင် ပူပန်နေရပြီး မိမိကိုယ်ကို ပူပန်အောင် ကျင့်နေသူ
(a) A person of self–mortifying and remaining addicted to it,
(ခ) သူတပါးကို ပူပန်နေစေပြီး သူတပါးတို့အား ပူပန်အောင် ကျင့်နေသူ
(b) a person of tormenting others and remaining addicted to it,
(ဂ) မိမိရော သူတပါးပါ ပူပန်နေရပြီး မိမိရောသူတပါးပါ ပူပန်အောင် ကျင့်နေသူ
(c) a person of both,
(ဃ) မိမိရော သူတပါးပါ မပူပန်နေရ မိမိရောသူတပါးပါ မပူပန်အောင် ကျင့်နေသူ။
(d) a person of neither.
၂၆။ (က) သရာဂ – ရာဂများသော ပုဂ္ဂိုလ်
(a) A passion–laden person,
(ခ) သဒေါသ – ဒေါသ များသော ပုဂ္ဂိုလ်
(b) a anger–laden person,
(ဂ) သမောဟ – မောဟ များသော ပုဂ္ဂိုလ်
(c) a delusion–laden person,
(ဃ) သမာန – မာန များသော ပုဂ္ဂိုလ်။
(d) a pride–laden person.
၂၇။ (က) စိတ်တည်ကြည်မှု ရရှိပြီး ဝိပဿနာ အဓိပညာ မရသူ
(a) A person of inner calm but not higher wisdom,
(ဃ) ဝိပဿနာ အဓိပညာရရှိပြီး စိတ်တည်ကြည်မှု မရသူ
(b) a person of higher wisdom but not inner calm,
(ဂ) စိတ်တည်ကြည်မှုရော ဝိပဿနာ အဓိပညာပါ ရသူ
(c) a person of both,
(ဃ) စိတ်တည်ကြည်မှုရော ဝိပဿနာ အဓိပညာပါ မရသူ။
(d) a person of neither.
၂၈။ (က) အနုသောတဂါမီ (ခ) ပဋိသောတဂါမီ (ဂ) ဌိတတ္ထ
(ဃ) တိဏ္ဏ ပါရင်္ဂတ။ (ပုဂ္ဂိုလ် ၄ မျိုး _ရှု)
၂၉။ (က) အသိအမြင်နည်းပြီး အသိအမြင်အတိုင်း မကျင့်သူ
(a) A person who knows little but does not act in accordance with it,
(ခ) အသိအမြင်နည်းသော်လည်း အသိအမြင်အတိုင်း ကျင့်သူ
(b) a person who knows little and does act in accordance with it,
(ဂ) အသိအမြင်များပြီး အသိအမြင်အတိုင်း မကျင့်သူ
(c) a person who knows much but does not act in accordance with it,
(ဃ) အသိအမြင်များသည်နှင့်အညီ အသိအမြင်အတိုင်း ကျင့်သူ။
(d) a person who knows much and does act in accordance with it.
၃ဝ။ (က) သမဏမစလော (ခ) သမဏပဒုမော (ဂ) သမဏပုဏ္ဍရိကော (ဃ) သမဏသုခုမာလော။ (သမဏ ၄ မျိုး _ရှု)

ပုဂ္ဂလ ပညတ္တိ

ပုဂ္ဂိုလ် အမျိုးမျိုး သတ်မှတ်ခြင်း – ငါးပါးစု ၁၄ မျိုး (ပုဂ္ဂလ ပညတ္တိ ပါဠိ)
The designations, grouping of human type by five, sets of 14 altogether:
၁။ (က) အားထုတ်ပြီး နှလုံးမသာယာသော ပုဂ္ဂိုလ်
(a) A peson who acts and becomes remorseful,
(ခ) အားထုတ်ပြီး နှလုံးမသာမယာမဖြစ်သော ပုဂ္ဂိုလ်
(b) a peson who acts and does not become remorseful,
(ဂ) အားမထုတ် နှလုံးမသာယာသော ပုဂ္ဂိုလ်
(c) a peson who does not act and becomes remorseful,
(ဃ) အားမထုတ် နှလုံးမသာယာမဖြစ် စိတ် အသိ မလွတ်မြောက်သောပုဂ္ဂိုလ်
(d) a peson who does not act and does not become remorseful but no liberation,
(င) အားမထုတ် နှလုံးမသာယာမဖြစ် စိတ် အသိ လွတ်မြောက်သောပုဂ္ဂိုလ်။
(e) a peson who does not act and does not become remorseful but liberation.
၂။ ပေးကမ်းပြီး မထီမဲ့မြင်မလေးမစား ပြုတတ်သောပုဂ္ဂိုလ်စသည် (ပုဂ္ဂိုလ် ၅ မျိုး – တနည်း _ရှု)
၃။ စစ်သားနှင့် တူသော ရဟန်း ၅ ပါး Five kinds of monk comparable to warriors:
(က) စစ်တပ်ချီတက်ရာ တက်လာသော ဖုံလုံးများကို မြင်ပြီး ကြောက်ရွံ့ တွန့်ဆုတ်သော စစ်သား =
မိန်းမလှသတင်း ကြားကာမျှဖြင့် လူထွက်သော ရဟန်း
(a) A warrior seeing the could of dust (raise by the march of the enemy), is unable to go forward to fight. A monk is unable to develop the holy life due to hearing about beautiful women.
(က) ဖုံလုံးများကို မြင်ပြီး မကြောက်ရွံ စစ်အလံများကို မြင်ပြီးမှ ကြောက်ရွံ့ တွန့်ဆုတ်သော စစ်သား = မိန်းမတို့အသံကို ကြားကာမျှဖြင့် လူထွက်သော ရဟန်း
(b) A warrior seeing the tops of the enemy’s flags, is unable to go forward to fight. A monk is unable to develop the holy life due to just seeing beautiful women.
(ဂ) ဖုံလုံးများကို မြင် စစ်အလံများကို မြင်ပြီး မကြောက်ရွံ စစ်ကျွေးကြော်သံများကြားပြီးမှ ကြောက်ရွံ့ တွန့်ဆုတ်သော စစ်သား = မိန်းမတို့ကို မြင်ကာမျှဖြင့် လူထွက်သော ရဟန်း
(c) A warrior hering the war–cries, is unable to go forward to fight. A monk ….. due to seeing beautiful women.
(ဃ) ဖုံလုံးများကို မြင် စစ်အလံများကို မြင် စစ်ကျွေးကြော်သံများကြားပြီး မကြောက်ရွံ့ ရင်ဆိုင်စစ်ပွဲ၌ သတ်ဖြတ်နေသည်ကို မြင်မှ ကြောက်ရွံ တွန့်ဆုတ်သော စစ်သား = မိန်းမတို့နှင့် နီးနီးကပ်ကပ် နေရသောကြောင့် လူထွက်သော ရဟန်း
(d) A warrior seeing the killing in the battle, is unable to go forward to fight. A monk ….. due to closed–relationship with women.
(င) အားလုံးကို မကြောက်ရွံ့ အောင်ပွဲခံသော စစ်သား = လူမထွက် ရဟန်းဘဝမြဲသော ရဟန်း။။
(e) A warrior of no fear, wins the battle. A monk, no caring the women, is able to practice holy life.
၄။** ဓုတင်ဆောင်ခြင်း၏ အကြောင်းတရား ၅ ပါး နှင့် ဓုတင်ကျင့်ဆောင်သော ပုဂ္ဂိုလ် ၅ မျိုး (၁၁ ပါး)
(ဓုတင် ၁၃ ပါးတွင် သပဒါနစာရိက ဓုတင် ပတ္တပိဏ္ဍနကဓုတင် ၂ ပါး မပါ၍ ၁၁ ပါး)
4:** Five causes for doing ascetic–practices and five persons who do the practices (11 ascetic–practices): (Among 13 ascetic–practices, house–to–house–seeker’s practice and bowl–food–eater’s practice are not included here; thus 11.)
ဓုတင်ဆောင်ခြင်း၏ အကြောင်းတရား ၅ ပါးအခြေခံတို့သည် အောက်ပါနံပါတ် ၄ မှ ၁၄ အထိပါရှိသော ဓုတင်တိုင်းနှင့် သက်ဝင်သည်။
ပုံစံအားဖြင့် (က) မသိ တွေဝေလျှက် ဓုတင်ဆောင်ခြင်း ကို »
(က) မသိ တွေဝေလျှက် ပိဏ္ဍပါတ်ဓုတင်ဆောင်ခြင်း – သို့ပြောင်းရမည်။
(ခ) အလိုဆိုးဖြင့် ဓုတင်ဆောင်ခြင်း ကို »
(ခ) အလိုဆိုးဖြင့် ပိဏ္ဍပါတ်ဓုတင်ဆောင်ခြင်းကို ပိဏ္ဍပါတ်ဓုတင်ဆောင်ခြင်း – သို့ ပြောင်းရမည် ––– စသည်တည်း။
(ဓုတင် ၁၃ ပါး _ရှု အဓိပ္ပါယ် နှင့် အင်္ဂလိပ်ဘာသာပြန်များ)
Five causes for doing ascetic–practices are applied to the following numbers, from 4 to
14: (See 13 ascetic–practices)
(က) မသိ တွေဝေလျှက် ဓုတင်ဆောင်ခြင်း
(a) Because of folly and blindness,
(ခ) အလိုဆိုးဖြင့် ဓုတင်ဆောင်ခြင်း
(b) of bad desires and longings,
(ဂ) ရူးသွပ် စိတ်ပျံ့လွင့်၍ ဓုတင်ဆောင်ခြင်း
(c) of mental disorder,
(ဃ) သူတော်ကောင်းများကျင့်သော ချီးမွမ်းအပ်သော အကျင့်ဟု နှလုံးသွင်း၍ ဓုတင်ဆောင်ခြင်း
(d) of the ways of the virtuous,
(င) အလိုနည်းရောင့်ရဲမှုကို မြတ်နိုး၍ ဓုတင်ဆောင်ခြင်း။
(e) of little–wants and contentment.
၄။** ပိဏ္ဍပါတ်ဓုတင် ဆောက်တည်ခြင်း၏အကြောင်းတရား ၅ ပါး (ဝါ) ဆောက်တည်သောပုဂ္ဂိုလ် ၅ မျိုး
၅။ ခလုပစ္ဆာဘတ္တိကဓုတင်ဆောက်တည်ခြင်း၏အကြောင်းတရား ၅ ပါး (ဝါ) ဆောက်တည်သောပုဂ္ဂိုလ် ၅ မျိုး
၆။ ဧကာသနိကဓုတင် ဆောက်တည်ခြင်း၏အကြောင်းတရား ၅ ပါး (ဝါ) ဆောက်တည်သောပုဂ္ဂိုလ် ၅ မျိုး
၇။ ပံသုကူလိကဓုတင် ဆောက်တည်ခြင်း၏အကြောင်းတရား ၅ ပါး (ဝါ) ဆောက်တည်သောပုဂ္ဂိုလ် ၅ မျိုး
၈။ တေစီဝရိကဓုတင် ဆောက်တည်ခြင်း၏အကြောင်းတရား ၅ ပါး (ဝါ) ဆောက်တည်သောပုဂ္ဂိုလ် ၅ မျိုး
၉။ အာရညိကဓုတင် ဆောက်တည်ခြင်း၏အကြောင်းတရား ၅ ပါး (ဝါ) ဆောက်တည်သောပုဂ္ဂိုလ် ၅ မျိုး
၁ဝ။ ရုက္ခမူလိကဓုတင် ဆောက်တည်ခြင်း၏အကြောင်းတရား ၅ ပါး (ဝါ) ဆောက်တည်သောပုဂ္ဂိုလ် ၅ မျိုး
၁၁။ အဗ္ဘောကာသိကဓုတင် ဆောက်တည်ခြင်း၏အကြောင်းတရား ၅ ပါး (ဝါ) ဆောက်တည်သောပုဂ္ဂိုလ် ၅ မျိုး
၁၂။ နေသဇ္ဇိကဓုတင် ဆောက်တည်ခြင်း၏အကြောင်းတရား ၅ ပါး (ဝါ) ဆောက်တည်သောပုဂ္ဂိုလ် ၅ မျိုး
၁၃။ ယတာသန္ထတိကဓုတင် ဆောက်တည်ခြင်း၏အကြောင်းတရား ၅ ပါး (ဝါ) ဆောက်တည်သောပုဂ္ဂိုလ် ၅ မျိုး
၁၄။ သောသာနိကဓုတင် ဆောက်တည်ခြင်း၏အကြောင်းတရား ၅ ပါး (ဝါ) ဆောက်တည်သောပုဂ္ဂိုလ် ၅ မျိုး။

ပုဂ္ဂလ ပညတ္တိ

ပုဂ္ဂိုလ် အမျိုးမျိုး သတ်မှတ်ခြင်း – ခြောက်ပါးစု ၁ မျိုး (ပုဂ္ဂလ ပညတ္တိ ပါဠိ)
The designations, grouping of human type by six, 1 set:
၁။ သဗ္ဗညု ဘုရား
1: Universal Buddha,
၂။ ပစ္စေက ဗုဒ္ဓါ
2: Individual Buddha,
၃။ အဂ္ဂသာဝက မဟာသာဝက
3: Buddha’s immediate disciples,
၄။ ရိုးရိုး ရဟန္တာ
4: Arahant,
၅။ အနာဂါမ်
5: Non–returner,
၆။ သကဒါဂါမ်။
6: Once–returner.

ပုဂ္ဂလ ပညတ္တိ

ပုဂ္ဂိုလ် အမျိုးမျိုး သတ်မှတ်ခြင်း – ခုနှစ်ပါးစု ၂ မျိုး (ပုဂ္ဂလ ပညတ္တိ ပါဠိ)
The designations, grouping of human type by seven, 2 sets:
၁။ ရေနစ်။ ကူးသူနှင့် ဥပမာတူသော ပုဂ္ဂိုလ် ၇ ယောက်
1: Seven persons to be compared with those immersed in water:
(က) ရေမြုပ်ပြီး မြုပ်နေသော ပုဂ္ဂိုလ် – အကုသိုလ်ထု ကြီးသူ လူမိုက်
(a) One who once drawned is drawned (the wicked),
(ခ) ရေပေါ်ပြီး ပြန်မြုပ်သော ပုဂ္ဂိုလ် – ကုသိုလ်ကို အမှတ်ရသော်လည်း ကုသိုလ်မပြုသူ
(b) one who is drawned after emergence,
(ဂ) ရေပေါ်ပြီး တည်နေသော ပုဂ္ဂိုလ် – ကုသိုလ်ကို အမှတ်ရပြီး ကုသိုလ်ပြုသူ
(c) one who remains stationary after emergence (the ordinary virtuous),
(ဃ) ရေပေါ်ပြီး ရှုကြည့်သော ပုဂ္ဂိုလ် – သောတာပန်ဖြစ်သူ
(d) one who looks around after emergence (stream–winner),
(င) ပေါ်ပြီး ကူးခပ်သော ပုဂ္ဂိုလ် – သကဒါဂါမ်ဖြစ်သူ
(e) one who swims up after emergence (once–returner),
(စ) ရေပေါ်ပြီး ကမ်းသို့ရောက်သော ပုဂ္ဂိုလ် – အနာဂါမ်ဖြစ်သူ
(f) one who abtains a firm footing after emergence (never–returner),
(ဆ) ကမ်း ကြည်းကုန်းထက်သို့ရောက်သွားသော ပုဂ္ဂိုလ် – ရဟန္တာဖြစ်သူ။
(g) one who goes to the other shore after emergence (aranant).
၂။ အရိယာပုဂ္ဂိုလ် ၇ ယောက် (အဓိပ္ပါယ်နှင့် အင်္ဂလိပ်ဘာသာပြန်များ – ပုဂ္ဂိုလ် ၇ မျိုး _ရှု)
(က) ဥဘတောဘာဂ ဝိမုတ္တ ပုဂ္ဂိုလ်
(ခ) ပညာ ဝိမုတ္တ ပုဂ္ဂိုလ်
(ဂ) ကာယ သက္ခိ ပုဂ္ဂိုလ်
(ဃ) ဒိဋ္ဌိပ္ပတ္တ ပုဂ္ဂိုလ်
(င) သဒ္ဓါ ဝိမုတ္တ ပုဂ္ဂိုလ်
(စ) ဓမ္မာနုသာရီ ပုဂ္ဂိုလ်
(ဆ) သဒ္ဓါနုသာရီ ပုဂ္ဂိုလ်

ပုဂ္ဂလ ပညတ္တိ

ပုဂ္ဂိုလ် အမျိုးမျိုး သတ်မှတ်ခြင်း –ရှစ်ပါးစု ၁ မျိုး (ပုဂ္ဂလ ပညတ္တိ ပါဠိ)
The designations, grouping of human type by eight, 1 set:
မဂ္ဂဌာန် ၄ ယောက် + ဖလဌာန် ၄ ယောက် (အရိယာပုဂ္ဂိုလ် ၈ ယောက် _ရှု)

ပုဂ္ဂလ ပညတ္တိ

ပုဂ္ဂိုလ် အမျိုးမျိုး သတ်မှတ်ခြင်း – ကိုးပါးစု ၁ မျိုး (ပုဂ္ဂလ ပညတ္တိ ပါဠိ)
The designations, grouping of human type by nine, 1 set:
အထက်ပါ အရိယာပုဂ္ဂိုလ် ၇ ယောက် ထဲသို့ ဘုရားရှင် နှင့် ပစ္စေကဗုဒ္ဓါ ပေါင်းထည့်ပါ (ပုဂ္ဂိုလ် ၇ မျိုး _ရှု)

ပုဂ္ဂလ ပညတ္တိ

ပုဂ္ဂိုလ် အမျိုးမျိုး သတ်မှတ်ခြင်း – ကိုးပါးစု ၁ မျိုး (ပုဂ္ဂလ ပညတ္တိ ပါဠိ)
The designations, grouping of human type by ten, 1 set:
ပဌန္နံ ဣဓ နိဋ္ဌာ = ဤလူ့ဘဝမှာပင် ဘဝသံသရာ ပြီးဆုံးသော ပုဂ္ဂိုလ် ၅ ယောက်
Five persons who will end up the round of lives (saṃsāra) in the human world:
၁။ သတ္တက္ခတ္တုပရမ သောတာပန် = ဘဝမျိုးစေ့ ခုနှစ်ခုသာ ရှိသည်။
1: a stream–winner seven lives to be reborn.
၂။ ကောလံကောလ သောတာပန် = ဘဝမျိုးစေ့ နှစ်ခုမှ ခြောက်ခုသာ ရှိသည်။
2: a stream–winner just two to six lives to be reborn,
၃။ ဧကဗီဇီ သောတာပန် = ဘဝမျိုးစေ့ တစ်ခု (တစ်ဘဝ) သာ ရှိသည်
3: a stream–winner just one life to be reborn,
၄။ သကဒါဂါမ်
4: once–returner,
၅။ ယခုလူ့ဘဝမှာပင် ရဟန္တာဖြစ်မည့်သူ
5: a person who will attain arahant–ship in this human life,
ပဌန္နံ ဣဓ ဝိဟာယ နိဋ္ဌာ = ဤလူ့ဘဝပြီး နောင်ဘဝမှာ ဘဝသံသရာ ပြီးဆုံးမည့်ပုဂ္ဂိုလ် ၅ ယောက်
Five persons who will end up the round of lives (saṃsāra) at celestial realm:
၆။ အန္တရာ ပရိနိဗ္ဗာယီ – ဗြဟ္မာသက်တမ်းမပြည့်မှီ ကြားကာလ၌ ပရိနိဗ္ဗာန် စံဝင်သော ပုဂ္ဂိုလ်
6: passing–away arahant before the end of life–span in celestial realm,
၇။ ဥပဟစ္စ ပရိနိဗ္ဗာယီ – ဗြဟ္မာသက်တမ်းပြည့်သောအခါမှာ ပရိနိဗ္ဗာန် စံဝင်သော ပုဂ္ဂိုလ်
7: passing–away arahant at the end of life–span,
၈။ အသင်္ခါရ ပရိနိဗ္ဗာယီ – ဗြဟ္မပြည်၌ အသင်္ခါရစိတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်သော ပုဂ္ဂိုလ်
8: unintentionally passing–away arahant in celestial realm,
၉။ သသင်္ခါရ ပရိနိဗ္ဗာယီ – ဗြဟ္မပြည်၌ သသင်္ခါရစိတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်သော ပုဂ္ဂိုလ်
9: intentionally passing–away arahant in celestial realm,
၁ဝ။ ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ – အကနိဋ္ဌဘုံရောက်အောင် အထက်သို့ဆန်တက်သော ပုဂ္ဂိုလ်
10: person upward to Akaniṭṭha realm.

ပုဂ္ဂလပညတ္တိ ပါဠိ

အဘိဓမ္မ ပိဋက၏ စတုတ္ထကျမ်းဖြစ်သည်။ ဤကျမ်း၌ ပုဂ္ဂိုလ်အသီးသီးတို့၏ လက္ခဏာ သရုပ်များကို အထက်ဖေါ်ပြပါများအတိုင်း ကျယ်ပြန့်စွာ ခွဲခြားပြဆိုထားသည်။
Puggala–paññatti: This is the fourth book of the ‘Abhidhamma Piṭaka’.
Individual characteristics are broadly analyzed in it as stated above.

ပုဂ္ဂိုလ် (ပုဂ္ဂလ)

Person, individual.

ပုဂ္ဂိုလ် ၂ မျိုး စုံတွဲများ

(ပုဂ္ဂလပရောပရညူ)
Two kinds of person in pairs:
၁။ (က) အရိယာသူတော်စင်တို့အား ဖူးမြင်လိုသော ပုဂ္ဂိုလ်
1: (a) A person who wants to see the noble ones,
(ခ) အရိယာသူတော်စင်တို့အား မဖူးမြင်လိုသော ပုဂ္ဂိုလ်
(b) a person who does not want to see the noble ones.
၂။ (က) သူတော်ကောင်းတရား နာကြားလိုသောပုဂ္ဂိုလ်
2: (a) A person who want to hear the good dhamma,
(ခ) သူတော်ကောင်းတရား မနာကြားလိုသောပုဂ္ဂိုလ်
(b) a person who does not want to hear the good dhamma.
၃။ (က) သူတော်ကောင်းတရား နာကြားရာ၌ နားစိုက်ထောင်သောပုဂ္ဂိုလ်
3: (a) A person who wants to hear the good dhamma with eager ears,
(ခ) သူတော်ကောင်းတရား နာကြားရာ၌ နားစိုက်မထောင်သောပုဂ္ဂိုလ်
(b) a person who does not want to hear the good dhamma with eager ears.
၄။ (က) နာကြားပြီးတရားကို ဆောင်ထားသော ပုဂ္ဂိုလ်
4: (a) A person hears the good dhamma and retains it in mind,
(ခ) နာကြားပြီးတရားကို ဆောင်မထားသော ပုဂ္ဂိုလ်
(b) a person hears the good dhamma but does not retain it in mind
၅။ (က) နာကြားပြီးတရားကို ဆောင်ထားပြီး အနက်အဓိပ္ပါယ်ကို ဆင်ခြင်သော ပုဂ္ဂိုလ်
5: (a) A person retains the good dhamma in mind and examines the meaning of it,
(ခ) နာကြားပြီးတရားကို ဆောင်ထားသော်လည်း အနက်အဓိပ္ပါယ်ကို မဆင်ခြင်သော ပုဂ္ဂိုလ်
(b) A person retains the good dhamma in mind but does not examine the meaning of it.
၆။ (က) နာကြားတရားကို ဆောင်ထားပြီး အနက်အဓိပ္ပါယ်ကို ဆင်ခြင်ကာ လိုက်နာကျင့်ကြံသော ပုဂ္ဂိုလ်
6: (a) A person retains the good dhamma in mind, examines the meaning of it and practices in accordance with it,
(ခ) နာကြားတရားကို ဆောင်ထားပြီး အနက်အဓိပ္ပါယ်ကို ဆင်ခြင်သော်လည်း တရားတော်နှင့်အညီ လိုက်မကျင့်ကြံသော ပုဂ္ဂိုလ်
(b) A person retains the good dhamma in mind, examines the meaning of it but does not practice in accordance with it.
၇။ (က) နာကြားတရားကို ဆောင်ထားပြီး အနက်အဓိပ္ပါယ်ကို ဆင်ခြင်ကာ လိုက်နာကျင့်ကြံလျှက် အများအကျိုး ကိုယ့်အကျိုး နှစ်မျိုးလုံးကို ကျင့်သော ပုဂ္ဂိုလ်
7: (a) A person retains the good dhamma in mind, examines the meaning of it, practices in accordance with it for both the welfare of himself and for the welfare of others,
(ခ) နာကြားတရားကို ဆောင်ထားပြီး အနက်အဓိပ္ပါယ်ကို ဆင်ခြင်ကာ လိုက်နာကျင့်ကြံသော်လည်း ကိုယ့်အကျိုးကိုသာ ကျင့်၍ အများအကျိုး မကျင့်သောပုဂ္ဂိုလ်။
(b) a person retains the good dhamma in mind, examines the meaning of it, practices in accordance with it just for the welfare of himself but not for the welfare of others.

ပုဂ္ဂိုလ် ၃ မျိုး

Three kinds of person:
၁။ ဂူထဘာဏီ – မစင်ကဲ့သို့ မကောင်းသောအနံ့ရှိသော စကားကို ပြောတတ်သော ပုဂ္ဂိုလ်
1: A person whose speech is like dung,
၂။ ပုပ္ဖဘာဏီ – ပန်းကဲ့သို့ ကောင်းသောရနံ့ရှိသော စကားကို ပြောတတ်သော ပုဂ္ဂိုလ်
2: a person whose speech is like flowers,
၃။ မဓုဘာဏီ – ပျားကဲ့သို့ ချိုသာသော စကားကို ပြောတတ်သော ပုဂ္ဂိုလ်။
3: a person whose speech is like honey.

ပုဂ္ဂိုလ် ၃ မျိုး

(တနည်း)
More three kinds of person:
၁။ အတ္တာဓိပတေယျ – မိမိကိုယ်ကို အကြီးအမှူးထားသော ပုဂ္ဂိုလ်
1: A person dominated by himself,
၂။ လောကာဓိပတေယျ – လောကကို အကြီးအမှူးထားသော ပုဂ္ဂိုလ်
2: by the world,
၃။ ဓမ္မာဓိပတေယျ – ဓမ္မကို အကြီးအမှူးထားသော ပုဂ္ဂိုလ်။
3: by the dhamma.

ပုဂ္ဂိုလ် ၃ မျိုး

(တနည်း)
More three kinds of person:
၁။ အရုကူပမစိတ္တ – အမာရွတ်ဟောင်း နှင့်တူသောစိတ်ရှိသော ပုဂ္ဂိုလ်
1: A person whose mind is like an open sore,
၂။ ဝိဇ္ဇူပမစိတ္တ – လျှပ်စစ် နှင့်တူသောစိတ်ရှိသော ပုဂ္ဂိုလ်
2: a person whose mind is like lightning,
၃။ ဝဇိရူပမစိတ္တ – ဝရဇိန် နှင့်တူသောစိတ်ရှိသော ပုဂ္ဂိုလ်။
3: a person whose mind is like a diamond.

ပုဂ္ဂိုလ် ၃ မျိုး

(ပြင်းထန်ခေါင်းပါးသောအကျင့် ကျင့်သူ)
Three kinds of person regarding the ascetics of rough life:
၁။ မိမိကိုယ်ကို ပူပန်စေ၏။ ကုသိုလ်လည်းမရ။ တရားထူးလည်းမရ။
1: An ascetic afflicts and torment himself, but no wholesome states and no super– natural power.
၂။ မိမိကိုယ်ကို ပူပန်စေ၏။ ကုသိုလ်ကားရ၏။ တရားထူးကားမရ။
2: An ascetic afflicts and torment himself, with wholesome states but no super– natural power.
၃။ မိမိကိုယ်ကို ပူပန်စေ၏။ ကုသိုလ်လည်းရ၏။ တရားထူးလည်းရ၏။
3: An ascetic afflicts and torment himself, gaining wholesome states and super– natural power.

ပုဂ္ဂိုလ် ၄ မျိုး

Four kinds of person:
၁။ ကဲ့ရဲ့သင့်သူကို ကဲ့ရဲ့၍ ချီးမွမ်းသင့်သူကို မချီးမွမ်းသူ
1: Dispraising a person who deserves to dispraise but not praising a person who deserves to praise,
၂။ ကဲ့ရဲ့သင့်သူကို မကဲ့ရဲ့ပဲ ချီးမွမ်းသင့်သူကို ချီးမွမ်းသူ
2: praising a person who deserves to praise but not dispraising a person who deserves to dispraise,
၃။ နှစ်မျိုးလုံး ပြောဆိုတတ်သူ
3: both,
၄။ နှစ်မျိုးလုံး မပြောဆိုတတ်သူ။
4: neither.

ပုဂ္ဂိုလ် ၄ မျိုး

(တနည်း)
More four kinds of person:
၁။ ကိုယ့်အကျိုးသာ ကျင့်၍ သူ့အကျိူး မကျင့်သော ပုဂ္ဂိုလ်
1: Doing good for oneself but not for others,
၂။ သူ့အကျိုးသာ ကျင့်၍ ကိုယ့်အကျိူး မကျင့်သော ပုဂ္ဂိုလ်
2: for others but not for oneself,
၃။ သူ့အကျိုး ကိုယ့်အကျိူး နှစ်မျိုးလုံး မကျင့်သော ပုဂ္ဂိုလ်
3: for neither,
၄။ သူ့အကျိုး ကိုယ့်အကျိူး နှစ်မျိုးလုံး ကျင့်သော ပုဂ္ဂိုလ်။
4: for both.

ပုဂ္ဂိုလ် ၄ မျိုး

(တနည်း)
More four kinds of person:
၁။ ကိုယ်ငြိမ်းချမ်းပြီး စိတ်မငြိမ်းချမ်းသော ပုဂ္ဂိုလ်
1: A person with bodily peace but not mental,
၂။ စိတ်ငြိမ်းချမ်းပြီး ကိုယ်မငြိမ်းချမ်းသော ပုဂ္ဂိုလ်
2: with mental peace not bodily,
၃။ ကိုယ်ရောစိတ်ပါ မငြိမ်းချမ်းသော ပုဂ္ဂိုလ်
3: without both,
၄။ ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းသော ပုဂ္ဂိုလ်။
4: with both.

ပုဂ္ဂိုလ် ၄ မျိုး

(တနည်း)
More four kinds of person:
၁။ ကောဓဂရု ပုဂ္ဂိုလ် = အမျက်ဒေါသ မကြေနပ်မှုများကို ရှေ့တန်းတင်သော ပုဂ္ဂိုလ်
1: Person of anger/complaint,
၂။ မက္ခဂရု ပုဂ္ဂိုလ် = သူ့ကျေးဇူးတရားကို ခြေဖျက်သော ပုဂ္ဂိုလ်
2: of hypocrisy, of ungratitude,
၃။ လာဘဂရု ပုဂ္ဂိုလ် = လာဘ်လာဘ ပစ္စည်းဥစ္စာကို အဓိကထားသော ပုဂ္ဂိုလ်
3: of gain/benefits,
၄။ သက္ကာရဂရု ပုဂ္ဂိုလ် = အခြံအရံ အကျော်အစောကို အဓိကထားသော ပုဂ္ဂိုလ်။
4: of fame/honor.

ပုဂ္ဂိုလ် ၄ မျိုး

(တနည်း)
More four kinds of person:
၁။ တမော တမပရာယန = အမှောင် (ဒုဂ္ဂတိ) မှ လာပြီး အမှောင်သွားမည့် ပုဂ္ဂိုလ်
1: persons came from woeful state (duggati) and will go to woeful states (duggati),
၂။ တမော ဇောတိပရာယန = အမှောင် (ဒုဂ္ဂတိ) မှ လာပြီး အလင်း (သုဂတိ) သွားမည့် ပုဂ္ဂိုလ်
2: persons came from woeful state (duggati) and will to go happy states (Sugati),
၃။ ဇောတိ တမပရာယန = အလင်း မှ လာပြီး အမှောင်သွားမည့် ပုဂ္ဂိုလ်
3: persons came from happy state and will to go woeful states,
၄။ ဇောတိ ဇောတိပရာယန = အလင်း မှ လာပြီး အလင်းသွားမည့် ပုဂ္ဂိုလ်။
4: persons came from happy state and will to go happy states.

ပုဂ္ဂိုလ် ၄ မျိုး

(တနည်း)
More four kinds of person:
၁။ သီလ သမာဓိ ပညာသုံးပါးလုံးကို အလေးမထား မဖြည့်ကျင့်သော ပုဂ္ဂိုလ်
1: A person who does not fulfil/respect virtue nor concentration nor wisdom,
၂။ သီလ ကိုသာအလေးထားပြီး သမာဓိ ပညာကို အလေးမထား မဖြည့်ကျင့်သော ပုဂ္ဂိုလ်
2: a person who does fulfil/respect virtue but not concentration nor wisdom,
၃။ သီလ သမာဓိ ကိုသာအလေးထားပြီး ပညာတို့ကို အလေးမထား မဖြည့်ကျင့်သော ပုဂ္ဂိုလ်
3: a person who does not fulfil/respect virtue and concentration but not wisdom,
၄။ သီလ သမာဓိ ပညာသုံးပါးလုံးကို အလေးထား ဖြည့်ကျင့်သော ပုဂ္ဂိုလ်။
4: a person who does fulfil/respect virtue, concentration and wisdom.

ပုဂ္ဂိုလ် ၄ မျိုး

(တနည်း)
More four kinds of person:
၁။ အနုသောတဂါမီ = အစုံ ပုဂ္ဂိုလ်။ လူမိုက်များ
1: Person going with the stream (the foolish),
၂။ ပဋိသောတဂါမီ = အဆန် ပုဂ္ဂိုလ်။ ပညာရှိများ
2: against the stream (the wise),
၃။ ဌိတတ္တ = ရပ်တည်နေသော ပုဂ္ဂိုလ်။ အနာဂါမ်
3: standing firmly (anāgāmi),
၄။ တိဏ္ဏ = တဘက်ကမ်းရောက် ကူးမြောက်ပြီးသော ပုဂ္ဂိုလ်။ ရဟန္တာ။
4: having gone beyond (arahant).

ပုဂ္ဂိုလ် ၄ မျိုး

(တနည်း)
More four kinds of person:
၁။ အသပ္ပုရိသ = ယုတ်မာသူ – ငါးပါးသီလ မလုံခြင်း + သဒ္ဓါစသော သူတော်ကောင်းဥစ္စာ ၇ ပါး မရှိခြင်း + ဒုစရိုက် ၁ဝ ပါး ပြုရှိခြင်း + မိစ္ဆာဒိဋ္ဌိ စသော မိစ္ဆာမဂ္ဂင် ၁ဝ ပါးရှိ ပြည့်စုံခြင်း
1: Unworthy persons: persons who break the five precepts + who have no seven jewels of the worthy, such as faith + who do ten bad deeds + who follow ten wrong paths such as wrong view,
၂။ အသပ္ပုရိသတရ = ပိုပြီး ယုတ်မာသူ – သူတပါးတို့ကို မိမိကဲ့သို့ ငါးပါးသီလ မလုံအောင် ပြုဆောင်ခြင်း + သူတပါးတို့ကို မိမိကဲ့သို့ သဒ္ဓါစသော သူတော်ကောင်းဥစ္စာ ၇ ပါး မရှိအောင် တိုက်တွန်းပြုဆောင်ခြင်း + သူတပါးတို့ကို မိမိကဲ့သို့ ဒုစရိုက် ၁ဝ ပါး ပြုရှိအောင် တိုက်တွန်းပြုဆောင်ခြင်း + သူတပါးတို့ကို မိမိကဲ့သို့ မိစ္ဆာဒိဋ္ဌိ စသော မိစ္ဆာမဂ္ဂင် ၁ဝ ပါးရှိပြည့်စုံအောင် တိုက်တွန်းပြုဆောင်ခြင်း
2: more unworthy persons: persons who break the five precepts and make others to do the same + who have no seven jewels of the worthy, such as faith and make others to do the same + who do ten bad deeds and make others to do the same + who follow ten wrong paths such as wrong view and make others to do the same,
၃။ သပ္ပုရိသ = သူတော်ကောင်းသူ – ငါးပါးသီလ လုံခြင်း + သဒ္ဓါစသော သူတော်ကောင်းဥစ္စာ ၇ ပါးနှင့် ပြည့်စုံခြင်း + ဒုစရိုက် ၁ဝ ပါး မပြုမရှိ ခြင်း + သမ္မာဒိဋ္ဌိ စသော သမ္မာမဂ္ဂင် ၁ဝ ပါးရှိခြင်း
3: worthy persons: persons who do not break the five precepts + who have seven jewels of the worthy, such as faith + who do ten good deeds + who follow ten right paths such as right view,
၄။ သပ္ပုရိသတရ = ပိုပြီး သူတော်ကောင်းသူ – သူတပါးတို့ကို မိမိကဲ့သို့ငါးပါးသီလ လုံအောင် ပြုဆောင်ခြင်း + သူတပါးတို့ကို မိမိကဲ့သို့ သဒ္ဓါစသော သူတော်ကောင်းဥစ္စာ ၇ ပါး ပြည့်စုံအောင် တိုက်တွန်းပြုဆောင်ခြင်း + သူတပါးတို့ကို မိမိကဲ့သို့ဒုစရိုက် ၁ဝ ပါး မပြုမရှိအောင် တိုက်တွန်းပြုဆောင်ခြင်း + သူတပါးတို့ကို မိမိကဲ့သို့ သမ္မာဒိဋ္ဌိ စသော သမ္မာမဂ္ဂင် ၁ဝ ပါးရှိပြည့်စုံအောင် တိုက်တွန်းပြုဆောင်ခြင်း။
4: more worthy persons: persons who do not break the five precepts + who have seven jewels of the worthy, such as faith, make others to do the same; who do ten good deeds and make others to do the same + who follow ten right paths such as right view and make others to do the same.

ပုဂ္ဂိုလ် ၄ မျိုး

(တနည်း)
More four kinds/levels of person:
၁။ ဥဂ္ဂတိ တညူ = တရားစကား အကျဉ်း ကြားနာကာမျှဖြင့် သစ္စာသိသူ
1: Uggatitaññū: persons who have ability to realize truths immediately when they listen to a short exposition by a Buddha or an arahant,
၂။ ဝိပဥ္စိ တညူ = တရားစကား ကြားနာပြီး သင့်တော်အောင် ရှင်းပြမှ သစ္စာသိသူ
2: Vipaṅcitaññū: persons who have ability to realize truths when they listen to a detail exposition and some explination of it to some extent by a Buddha or an arahant,
၃။ နေယျ = ကြာမြင့်စွာ နာကြား ကျင့်ကြံပွါးများမှ သစ္စာသိသူ
3: Neyya: persons who are to be guided or trained for some time to realize truths,
၄။ ပဒ ပရမ = တရားစကားသံကိုသာ သိပြီး သစ္စာ မသိနိုင်သူ။
4: Padaparama: persons who are not matured enough to realize truths.

ပုဂ္ဂိုလ် ၄ မျိုး

(မဟာကမ္မဝိဘင်္ဂသုတ် – ဥပရိပဏ္ဏာသ)
Four kinds of person in accordance with Mahā–kamma–vibhaṅga Sutta:
၁။ ဒုစရိုက် ၁ဝ ပါးကျူးလွန်ပြီး အပါယ်ကျသူ
1: A person having done wrong actions (ten bed deeds) goes to hell.
၂။ ဒုစရိုက် ၁ဝ ပါးကျူးလွန်ပြီး နတ်ပြည်ရောက်သူ
2: A person having done wrong actions goes to heaven.
၃။ ဒုစရိုက် ၁ဝ ပါးရှောင်ရှားပြီး နတ်ပြည်ရောက်သူ
3: A person having done right actions (ten good deeds) goes to heaven.
၄။ ဒုစရိုက် ၁ဝ ပါးရှောင်ရှားပြီး အပါယ်ကျသူ။
4: A person having done right actions goes to hell.

ပုဂ္ဂိုလ် ၄ မျိုး = အိုး ၄ မျိုး

(အိုး ၄ မျိုး = ပုဂ္ဂိုလ် ၄ မျိုး _ရှု)

ပုဂ္ဂိုလ် ၅ မျိုး

Five kinds of person:
၁။ ပိဋကစာပေကိုသာ သင်ကြားပြီး တရားမကျင့်သော ပုဂ္ဂိုလ်
1: A person who studies the Scriptures but does not live by dhamma,
၂။ ပိဋကစာပေကိုသာ ဟောကြားပြီး တရားမကျင့်သော ပုဂ္ဂိုလ်
2: a person who preaches the Scriptures but does not live by dhamma,
၃။ ပိဋကစာပေကိုသာ ရွတ်ဖတ်သရဇ္စျာယ်ပြီး တရားမကျင့်သော ပုဂ္ဂိုလ်
3: a person who recites the Scriptures but does not live by dhamma,
၄။ ပိဋကစာပေကိုသာ တွေးတောကြံဆပြီး တရားမကျင့်သော ပုဂ္ဂိုလ်
4: a person who ponders the Scriptures but does not live by dhamma,
၅။ ပိဋကစာပေသက်သက်နှင့်သာ အချိန်မကုန်လွန်စေပဲ တရားကျင့်သော ပုဂ္ဂိုလ်။
5: a person who studies etc., the Scriptures as well as lives by dhamma.

ပုဂ္ဂိုလ် ၅ မျိုး

(တနည်း)
More five kinds of person:
၁။ ပေးကမ်းပြီး မထီမဲ့မြင် မလေးမစား ပြုတတ်သော ပုဂ္ဂိုလ်
1: A person who despises another after given,
၂။ ကြာရှည်ပေါင်းသင်းပြီး မထီမဲ့မြင် မလေးမစား ပြုတတ်သော ပုဂ္ဂိုလ်
2: who despises another after living together long,
၃။ ပြောသမျှ ယုံတတ်သော ပုဂ္ဂိုလ်
3: who is easy to get believed,
၄။ လျှပ်ပေါ်လော်လည်သော ပုဂ္ဂိုလ်
4: who is a falter,
၅။ တွေဝေ လေးကန်သော ပုဂ္ဂိုလ်။
5: who is foolish.

ပုဂ္ဂိုလ် ၇ မျိုး – အရိယာ ပုဂ္ဂိုလ်

(ကီဋာဂီရိ သုတ်စသည်)
Seven noble persons (Kīṭāgīri Sutta):
၁။ ဥဘတောဘာဂ ဝိမုတ္တ ပုဂ္ဂိုလ် = ရုပ်နာမ် နှစ်ဖို့မှ လွတ်သော ပုဂ္ဂိုလ်
1: One liberated–in–both ways,
၂။ ပညာ ဝိမုတ္တ ပုဂ္ဂိုလ် = ပညာဖြင့် ကိလေသာမှ လွတ်သော ပုဂ္ဂိုလ်
2: one liberated by wisdom,
၃။ ကာယ သက္ခိ ပုဂ္ဂိုလ် = သမာပတ် ရှစ်ပါး သုခကို ခံစားပြီး ကိလေသာမှ လွတ်သော ပုဂ္ဂိုလ်
3: a body–witness,
၄။ ဒိဋ္ဌိပ္ပတ္တ ပုဂ္ဂိုလ် = သင်္ခါရတရားတို့၏ ဆင်းရဲခြင်း နိဗ္ဗာန်၏ချမ်းသာခြင်း တို့ကို သိမြင် မျက်မှောက်ပြုပြီး သစ္စာလေးပါး သိမြင်သော ပုဂ္ဂိုလ်
4: one attained–to–views,
၅။ သဒ္ဓါ ဝိမုတ္တ ပုဂ္ဂိုလ် = အထက်မဂ် သုံးပါးရအောင် ခက်ခဲစွာ ကျိုးစားရသော ပုဂ္ဂိုလ်
5: one liberated–by–faith,
၆။ ဓမ္မာနုသာရီ ပုဂ္ဂိုလ် = အနတ္တ နှလုံးသွင်းပြီး ပညာအားသန်ကာ သောတာပန်ဖြစ်သော ပုဂ္ဂိုလ်
6: a dhamma–follower,
၇။ သဒ္ဓါနုသာရီ ပုဂ္ဂိုလ် = အနိစ္စ နှလုံးသွင်းပြီး သဒ္ဓါအားသန်ကာ သောတာပန်ဖြစ်သော ပုဂ္ဂိုလ်။
7: a faith–follower.

ပုဂ္ဂိုလ် ၇ မျိုး

ရေနစ်သူဥပမာ
(အဓိပ္ပါယ်အကျယ်ကို ဥဒကူပမာသုတ်။ သတ္တနိပါတ။ အင်္ဂုတ္တရပါဠိ ကြည့်ပါ)
Seven kinds of person (regarding sinking into the water down):
See Udakūpama Sutta – Water Simile Discourse, Sattaṅguttara Pāḷi in detail.)
၁။ ရေနစ်ပြီး ပြန်ပေါ်မလာသူ
1: A person sinking down once and staying sunk,
၂။ ရေနစ် တစ်ကြိမ်ပေါ်လာပြီး ပြန်နစ်သွားသူ
2: coming to the surface, sinking down again,
၃။ ရေနစ်ပြီး ပြန်ပေါလောပေါ်နေသူ
3: coming to the surface, staying there,
၄။ ရေနစ်ပြီး ပေါ်လာကာ ဟိုဟိုဒီဒီ ကြည့်သူ
4: coming to the surface, opening his eyes and looking around,
၅။ ရေနစ် ပေါ်လာပြီး ကမ်းဘက်သို့ ဖြတ်ကူးနေသူ
5: coming to the surface, heading across,
၆။ ရေနစ် ပေါ်လာပြီး ခြေထောက် အောက်မြေသို့ ထောက်မိသူ
6: coming to the surface, gaining a foothold,
၇။ ရေနစ် ပေါ်လာပြီး ကမ်းဆီသို့ဖြတ်ကူး ကမ်းသို့ရောက်ပြီး ကုန်းထက်၌ ရပ်တည်သူ။
7: coming to the surface, crossing over, reaching the far shore, standing on high ground.

ပုဂ္ဂိုလ် ၁ဝ မျိုး

Ten kinds of person:
၁။ မတရား နိုင်လိုမင်းထက် စီးပွါးရှိပြီး မိမိကိုယ်တိုင်လည်း ချမ်းသာစွာမသုံးဆောင်။ သူတပါးတို့ကိုလည်း
မကူညီ ကုသိုလ်မှုမပြုသော ပုဂ္ဂိုလ်
1: A person who seeks wealth unlawfully by violence but he does not make himself happy with it nor does he share it and do meritorious deeds.
၂။ မတရား နိုင်လိုမင်းထက် စီးပွါးရှာ။ရှိပြီး မိမိကိုယ်တိုင်ကား ချမ်းသာစွာသုံးဆောင်၏။ သူတပါးတို့ကိုကား မကူညီ ကုသိုလ်မှုမပြုသော ပုဂ္ဂိုလ်
2: A person who seeks wealth unlawfully by violence; he does make himself happy with it but he does not share it and do meritorious deeds.
၃။ မတရား နိုင်လိုမင်းထက် စီးပွါးရှာ။ရှိပြီး မိမိကိုယ်တိုင်လည်း ချမ်းသာစွာသုံးဆောင်၏။ သူတပါးတို့ကိုလည်း ကူညီ ကုသိုလ်မှုပြုသော ပုဂ္ဂိုလ်။
3: A person who seeks wealth unlawfully by violence; he does make himself happy with it and he shares it and does meritorious deeds.
၄။ မတရားရော မတရားသဖြင့်ပါ စီးပွါးရှာ။ရှိပြီး မိမိကိုယ်တိုင်လည်း ချမ်းသာစွာမသုံးဆောင်။ သူတပါးတို့ကိုလည်း မကူညီ ကုသိုလ်မှုမပြုသော ပုဂ္ဂိုလ်
4: A person who seeks wealth both lawfully and unlawfully but he does not make himself happy with it nor does he share it and do meritorious deeds.
၅။ တရားသဖြင့်ရော မတရားသဖြင့်ပါ စီးပွါးရှာ။ရှိပြီး မိမိကိုယ်တိုင်ကား ချမ်းသာစွာသုံးဆောင်၏။ သူတပါး တို့ကိုကား မကူညီ ကုသိုလ်မှုမပြုသော ပုဂ္ဂိုလ်
5: A person who seeks wealth both lawfully and unlawfully; he does make himself happy with it but he does not share it and do meritorious deeds.
၆။ တရားသဖြင့်ရော မတရားသဖြင့်ပါ စီးပွါးရှာ။ရှိပြီး မိမိကိုယ်တိုင်လည်း ချမ်းသာစွာသုံးဆောင်၏။ သူတပါး တို့ကိုလည်း ကူညီ ကုသိုလ်မှုပြုသော ပုဂ္ဂိုလ်။
6: A person who seeks wealth both lawfully and unlawfully; he does make himself happy with it and he shares it and does meritorious deeds.
၇။ တရားသဖြင့် စီးပွါးရှာ။ရှိပြီး မိမိကိုယ်တိုင်လည်း ချမ်းသာစွာမသုံးဆောင်။ သူတပါးတို့ကိုလည်း မကူညီ ကုသိုလ်မှုမပြုသော ပုဂ္ဂိုလ်
7: A person who seeks wealth lawfully without violence but he does not make himself happy with it nor does he share it and do meritorious deeds.
၈။ တရားသဖြင့် စီးပွါးရှာ။ရှိပြီး မိမိကိုယ်တိုင်ကား ချမ်းသာစွာသုံးဆောင်၏။ သူတပါးတို့ကိုကား မကူညီ ကုသိုလ်မှုမပြုသော ပုဂ္ဂိုလ်
8: A person who seeks wealth lawfully without violence; he does make himself happy with it but he does not share it and do meritorious deeds.
၉။ တရားသဖြင့် စီးပွါးရှာ။ရှိပြီး မိမိကိုယ်တိုင်လည်း ချမ်းသာစွာသုံးဆောင်၏။ သူတပါးတို့ကိုလည်း ကူညီ ကုသိုလ်မှုပြုသော ပုဂ္ဂိုလ်။
9: A person who seeks wealth lawfully without violence; he does make himself happy with it and he shares it and does meritorious deeds.
၁ဝ။ တရားသဖြင့် စီးပွါးရှာ။ရှိပြီး မိမိကိုယ်တိုင်လည်း ချမ်းသာစွာသုံးဆောင်၏။ သူတပါးတို့ကိုလည်း ကူညီ ကုသိုလ်မှုပြုသည့်အပြင် ထိုဥစ္စာတို့ကို မတပ်မက် မစွဲလမ်း အပြစ်မြင်ကာ လွတ်မြောက်လိုသောဉာဏ်ဖြင့် သုံးဆောင်သော ပုဂ္ဂိုလ်။
10: A person who seeks wealth lawfully without violence; he does make himself happy with it and he shares it and does meritorious deeds. He uses his wealth without being tied to it; sees the danger in it; understands the means of escape from it.
ထို အမျိုးအစားများတွင် Among the above mentiones things:
၁။ မတရား နိုင်လိုမင်းထက် စီးပွါးရှာ၏
1: ‘Seeking wealth unlawfully by violence’,
၂။ မိမိကိုယ်တိုင်လည်း ချမ်းသာစွာမသုံးဆောင်။
2: ‘he does not make himself happy with it’, and
၃။ သူတပါးတို့ကိုလည်း မကူညီ ကုသိုလ် မပြုခြင်းများသည် ကဲ့ရဲ့ထိုက်၏။
3: ‘nor does he share it and do meritorious deeds’ – are blameworthy.
၄။ တရားသဖြင့် စီးပွါးရှာ၏
4: ‘Seeking wealth lawfully’,
၅။ မိမိကိုယ်တိုင်လည်း ချမ်းသာစွာသုံးဆောင်၏။
5: ‘he does make himself happy with it’, and
၆။ သူတပါးတို့ကိုလည်း ကူညီ ကုသိုလ် ပြုခြင်းများသည် ချီးမွမ်းထိုက်၏။
6: ‘he shares it and does meritorious deeds’ – are praiseworthy.

ပုဂ္ဂိုလ် (ရဟန်း) ကို ကြည်ညိုခြင်း၌ အပြစ် ၅ ပါး

Five disadventages of devotion to one person:
၁။ ကြည်ညိုခံရဟန်း သံဃာက နှင်ထုတ်သော် ကြည်ညိုသည့်ဒါယကာ စိတ်ဆင်းရဲရခြင်း
1: When the monk devoted by a lay–person, is suspended by the saṃgha, he feels sad.
၂။ ကြည်ညိုခံရဟန်း သံဃာက ချောင်ထိုးသော် ကြည်ညိုသည့်ဒါယကာ စိတ်ဆင်းရဲရခြင်း
2: When the monk devoted by a lay–person, is neglected by the saṃgha, he feels sad.
၃။ ကြည်ညိုခံရဟန်း အရပ်တပါးဖဲသွားသော် ကြည်ညိုသည့်ဒါယကာ စိတ်ဆင်းရဲရခြင်း
3: When the monk devoted by a lay–person, is gone to a distant place, he feels sad.
၄။ ကြည်ညိုခံရဟန်း လူထွက်သော် ကြည်ညိုသည့်ဒါယကာ စိတ်ဆင်းရဲရခြင်း
4: When the monk devoted by a lay–person, disrobes, he feels sad.
၅။ ကြည်ညိုခံရဟန်း ကွယ်လွန်သော် ကြည်ညိုသည့်ဒါယကာ စိတ်ဆင်းရဲရခြင်း။
5: When the monk devoted by a lay–person, dies, he feels sad.

ပုဂ္ဂိုလ် (ခေါင်းဆောင်သူ) နှင့် အုပ်စု ၄ မျိုး

(ခေါင်းဆောင်ပုဂ္ဂိုလ် နှင့် အုပ်စု ၄ မျိုး )
ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါးမရှိ။ ရုပ်နှင့်နာမ်သာရှိကြောင်းနှင့်ပတ်သက်ပြီး ပေးထားသော ဥပမာများ (ဝိသုဒ္ဓိမဂ်)
The similes regarding ‘mere mentality–materiality is, there is no being, no person’:
၁။ မြင်းရထား – ဘီး ရထားသန် ရထားအိမ် စသည်တို့ပေါင်းစည်းထားခြင်းကို ရထားဟုခေါ်သည်။ ရထားဟူ၍ သီးခြားအရာမရှိ။
1: As axles, wheel, frame poles etc. are arranged in a certain way, then there comes to be the mere term of common usage ‘chariot’; there is no chariot in the ultimate sense.
၂။ အိမ် – တိုင် အမိုး အခြင်ရနယ် စသည်တို့ပေါင်းစည်းထားခြင်းကို အိမ်ဟုခေါ်သည်။ အိမ်ဟူ၍ သီးခြားအရာမရှိ။
2: As posts, roof, wattles etc. are arranged in a certain way, then there comes to be the mere term of common usage ‘house’; there is no house in the ultimate sense.
၃။ လက်သီးဆုပ် – လက်ဝါး လက်ချောင်း စသည်တို့ပေါင်းစည်းထားခြင်းကို လက်သီးဆုပ် ဟုခေါ်သည်။ လက်သီးဆုပ် ဟူ၍ သီးခြားအရာမရှိ။
3: As palm, fingers, thumb etc. are arranged in a certain way, then there comes to be the mere term of common usage ‘fist’; there is no fist in the ultimate sense.
၄။ စောင်း – စောင်းအိမ် စောင်းကြိုး စသည်တို့ပေါင်းစည်းထားခြင်းကို စောင်း ဟုခေါ်သည်။ စောင်း ဟူ၍ သီးခြားအရာမရှိ။
4: As body, strings etc. are arranged in a certain way, then there comes to be the mere term of common usage ‘harp’; there is no harp in the ultimate sense.
၅။ စစ်တပ် – စစ်သား မြင်း ဆင် စသည်တို့ပေါင်းစည်းထားခြင်းကို စစ်တပ် ဟုခေါ်သည်။ စစ်တပ် ဟူ၍ သီးခြားအရာမရှိ။
5: As soldiers, horses, elephants etc. are arranged in a certain way, then there comes to be the mere term of common usage ‘army’; there is no army in the ultimate sense.
၆။ မြို့ – တံတိုင်း အိမ် စျေး စသည်တို့ပေါင်းစည်းထားခြင်းကို မြို့ ဟုခေါ်သည်။ မြို့ ဟူ၍ သီးခြားအရာမရှိ။
6: As surrounding waal, house, market etc. are arranged in a certain way, then there comes to be the mere term of common usage ‘city’; there is no city in the ultimate sense.
၇။ သစ်ပင် – အမြစ် ပင်စည် အခက်အရွက် စသည်တို့ပေါင်းစည်းထားခြင်းကို သစ်ပင် ဟုခေါ်သည်။ သစ်ပင် ဟူ၍ သီးခြားအရာမရှိ။
7: As roots, trunk, branches etc. are arranged in a certain way, then there comes to be the mere term of common usage ‘tree’; there is no tree in the ultimate sense.

ပုည

ကောင်းမှု။ ဘဝ အဆင့်အတန်းမြင့်တက်စေတတ်သောအလုပ်။ စိတ်အစဉ်ကို ဖြူစင်စေတတ်သောအလုပ်
Merit, virtue, good deed, wholesome deed, meritorious deed/act.

ပုည ကိရိယာ

ကောင်းမှု ပြုဖြစ်ကြောင်း တရား ၅ ပါး – ဗြဟ္မဏ ပုဏ္ဏားတို့၏ အယူ
(သုဘသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ။ မဇ္စျိမနိကာယ)
Five things for the performance of merit, prescribed by the Brahmins
(Subha Sutta, Majjhima–paṇṇāsa Pāḷi):
၁။ သစ္စ – အမှန်စကားပြောခြင်း
1: Truth,
၂။ တပ – ခြိုးခြံသော အကျင့် ကျင့်ခြင်း
2: asceticism,
၃။ ဗြဟ္မစရိယ – မေထုန်မှ ရှောင်ခြင်း
3: celibacy,
၄။ အဇ္စျေန – ဗေဒင် (ဝေဒ) သင်ယူခြင်း
4: studying the Vedas,
၅။ စာဂ – စွန့်ကြဲပေးကမ်းခြင်း
5: generosity.

ပုည ကိရိယာဝတ္ထု ၃ ပါး

ကောင်းမှု ဖြစ်ကြောင်း တရား ၃ ပါး (ပုညကိရိယာဝတ္ထုသုတ် – အဋ္ဌင်္ဂုတ္တရပါဠိ)
Three merit–makings, three bases of meritorious action:
၁။ ဒါနမယ ပုည ကိရိယာဝတ္ထု – လှူဒါန်းမှုကို အခြေခံပြီးကောင်းမှုပြုြ့ခင်း
1: Meritorious actions based upon giving/generosity,
၂။ သီလမယ ပုည ကိရိယာဝတ္ထု – ကိုယ်ကျင့်သီလကို အခြေခံပြီးကောင်းမှုပြုြ့ခင်း
2: meritorious actions based upon morality,
၃။ ဘာဝနာမယ ပုည ကိရိယာဝတ္ထု – တရားအားထုတ်မှုကို အခြေခံပြီးကောင်းမှုပြုြ့ခင်း
3: meritorious actions based upon meditation/mental development.
(မှတ်ချက် – နံပါတ် ၁။ များပြီး နံပါတ် ၂။ နှင့် ၃။ နည်းပါးပါက ဘုဉ်းကံနည်းပြီး ယုတ်နိမ့်သော လူဖြစ်တတ်၏ (Note: A person who has meritorious actions based upon giving a lot but not so in morality and meditation, will be reborn among humans in a unfavorable condition.
နံပါတ် ၁။ နှင့် ၂။ များပြီး နံပါတ် ၃။ နည်းပါးပါက ဘုန်းကံကြီးပြီး မြင့်မြတ်သော လူဖြစ်တတ်၏
A person who has meritorious actions based upon giving and upon morality a lot but not so in meditation, will be reborn among humans in a favorable condition.
နံပါတ် ၁။ ၂။ နှင့် ၃။ အားလုံးများပါက စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်တတ်၏)
A person who has meritorious actions based upon giving, upon morality and upon meditation a lot, will be reborn among the Realm of Four Great Kings.)

ပုည ကိရိယာဝတ္ထု ၁ဝ ပါး

(ကောင်းမှု ဖြစ်ကြောင်း တရား ၁ဝ ပါး)
Ten merit–makings, ten bases of meritorious action:
၁။ ဒါန = လှူဒါန်းခြင်း
1: Giving, generosity,
၂။ သီလ = ကိုယ်ကျင့်သီလရှိခြင်း
2: morality,
၃။ ဘာဝနာ = တရားအားထုတ်ခြင်း
3: meditation, mental development,
၄။ အပစာယန = ရိုသေခြင်း
4: reverence,
၅။ ဝေယျာဝစ္စ = ဆောင်ရွက်ပေးခြင်း
5: service,
၆။ ပတ္တိ ဒါန = အမျှဝေခြင်း
6: transferring/sharing merits,
၇။ ပတ္တာ နုမောဒန = သာဓုခေါ်ခြင်း
7: rejoicing in others’ merits,
၈။ ဓမ္မ သဝန = တရားနာခြင်း
8: listening to the dhamma/doctrine,
၉။ ဓမ္မ ဒေသနာ = တရားဟောခြင်း
9: expounding the dhamma/doctrine,
၁ဝ။ ဒိဋ္ဌိဇုကမ္မ = အယူမှန်ခြင်း။
10: straightening one’s right views.

ပုညခေတ္တ = ကောင်းမှုစိုက်ပျိုးရာ လယ်ယာမြေ

The field of merit.

ပုဏ္ဏ – ရှင် (သုနာပရန္တ)၏ နှလုံးသွင်း

Puṇṇa’s, an arahant (Saint), attitude toward the residences of Sunāparanta:
၁။ သုနာပရန္တ အရပ်သားများ ဆဲရေးသော် ‘သုနာပရန္တသားများ တော်ကြပေ၏။ ငါ့ကို မထိုးမကြိတ်ကြပေ' ဟု နှလုံးသွင်းမည်။
1: If they, the residences of Sunāparanta, abuse him, Puṇṇa thinks thus,
“They are truly good. They do not give me a blow with a fist.”
၂။ ထိုးကြိတ်ကြသော် ‘ငါ့ကို ခဲနှင့် မပေါက်ကြပေဒဟု နှလုံးသွင်းမည်။
2: If they blow him with a fist, “They are truly good.
They do not throw me with stones.”
၃။ ခဲနှင့်ပေါက်ကြသော် ‘ငါ့ကို တုတ်နှင့် မရိုက်ကြပေဒဟု နှလုံးသွင်းမည်။
3: If they throw him with stones, “They are truly good.
They do not give me a blow with a rod.”
၄။ တုတ်နှင့်ရိုက်ကြသော် ‘ငါ့ကို ဓါးလက်နက်ဖြင့် မထိုးမခုတ်ကြပေဒဟု နှလုံးသွင်းမည်။
4: If they give him a blow with a rod, “They are truly good.
They do not stab me with a knife.”
၅။ ဓါးလက်နက်ဖြင့် ထိုးခုတ်ကြသော် ‘ငါ့ကို မသတ်ဖြတ်ကြပေဒ ဟု နှလုံးသွင်းမည်။
5: If they stab him with a knife, “They are truly good. They do not take my life.”
၆။ သတ်ဖြတ်ကြသော် ‘ငါ့ကိုယ်ငါ သတ်ရန်မလို သူတို့သည် ငါ့ကို ခန္ဓာကိုယ် ဝဋ်မှ ကျွတ်လွတ်အောင် သတ်ပေးကြပေ၏" ဟု နှလုံးသွင်းမည်။
6: If they take his life, “They are truly good. I need not to kill by myself to abandon this body/aggregates.”

ပုဏ္ဏား (ဗြဟ္မဏ) ၅ မျိုး

(ပဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Five kinds of Brahmin:
၁။ ဗြဟ္မာ နှင့်တူသော ပုဏ္ဏား – မိဘမျိုးရိုး ၇ ဆက်တိုင်သန့်ရှင်းလျှက် ၄၈ နှစ်တိုင် ဝေဒကျမ်းများကို သင်ယူ မြတ်သောအကျင့်ကို ကျင့်၍ တရားသဖြင့် စီးပွါးရှာကာ ဆရာကို ပူဇော်ပြီး အိမ်ထောင်မပြု တောထွက် ဗြဟ္မဝိဟာရ တရားကျင့် – ကွယ်လွန်ပြီးနောက် ဗြဟ္မပြည်ရောက်သော ပုဏ္ဏား
1: A Brahmin who was well born both sides, pure throughout seven generations, studied Vedas for 48 years along with holy–life, then, he renounced the world and practiced the four sublime–states in the forest, after death, attained Brahmā heaven.
၂။ နတ် နှင့်တူသော ပုဏ္ဏား – မိဘမျိုးရိုး ၇ ဆက်တိုင်သန့်ရှင်းလျှက် ၄၈ နှစ်တိုင် ဝေဒကျမ်းများကို သင်ယူ မြတ်သောအကျင့်ကို ကျင့်၍ တရားသဖြင့် စီးပွါးရှာကာ အိမ်ထောင်ပြု သားသမီးရပြီးမှ တောထွက် ဗြဟ္မဝိဟာရ တရားကျင့် – ကွယ်လွန်ပြီးနောက် ဗြဟ္မပြည်ရောက်သော ပုဏ္ဏား
2: A Brahmin ….. then, he got kids after marriage, renounced the world and …..
၃။ စည်းကမ်းရှိသော ပုဏ္ဏား – မိဘမျိုးရိုး ၇ ဆက်တိုင်သန့်ရှင်းလျှက် ၄၈ နှစ်တိုင် ဝေဒကျမ်းများကို သင်ယူ မြတ်သောအကျင့်ကို ကျင့်၍ တရားသဖြင့် စီးပွါးရှာကာ အိမ်ထောင်ပြု သားသမီးမိသားစုများနှင့် တော မထွက်ပဲ ရှေးရှေး ပုဏ္ဏားတို့၏ စည်းကမ်းအတိုင်း လူမှုဘောင်၌ နေထိုင်ကျင့်ကြံသော ပုဏ္ဏား
3: A Brahmin ….. then, he lived with his family throughout his life in accordance with customs of the good brahmins.
၄။ စည်းကမ်းပျက်သော ပုဏ္ဏား – မိဘမျိုးရိုး ၇ ဆက်တိုင်သန့်ရှင်းလျှက် ၄၈ နှစ်တိုင် ဝေဒကျမ်းများကို သင်ယူ မြတ်သောအကျင့်ကို ကျင့်၍ တရားသဖြင့် စီးပွါးရှာကာ အိမ်ထောင်ပြု သားသမီး မိသားစုများနှင့် တော မထွက်ပဲ ရှေးရှေး ပုဏ္ဏားတို့၏ စည်းကမ်းဖေါက်ဖျက်ကာ လူမှုဘောင်၌ နေထိုင်ကျင့်ကြံသော ပုဏ္ဏား
4: A Brahmin ….. then, he lived with his family throughout his life, not following the customs of the good brahmins.
၅။ ဒွန်းစဏ္ဍားနှင့်တူသော ပုဏ္ဏား – မိဘမျိုးရိုး ၇ ဆက်တိုင်သန့်ရှင်းလျှက် ၄၈ နှစ်တိုင် ဝေဒကျမ်းများ ကို သင်ယူ မြတ်သောအကျင့်ကိုကျင့်၍ တရားသဖြင့်ရော မတရားသဖြင့်ပါ စီးပွါးရှာ + အိမ်ထောင်ပြု ကာ သားသမီး မိသားစု များနှင့် တောမထွက်ပဲ လူမှုဘောင်၌ ကိုယ်ကျင့်တရား လွန်စွာပျက်သောပုဏ္ဏား။
5: A Brahmin ….. then, he lived with his family throughout his life by any means of living, good and/or bad; his morality was corrupted.

ပုဏ္ဏားတို့၏ ဝိဇ္ဇာ ၃ ပါး

Threefold knowledge of the Brahmins:
၁။ ဆွေခုနစ်ဆက် ပုဏ္ဏား (ဗြဟ္မဏဇာတ်) စစ်စစ် ဖြစ်ခြင်း
1: Unquestionably pure Brahmin decent back to seven generation,
၂။ အဘိဓာန်ကျမ်း အလင်္ကာကျမ်း သဒ္ဒါကျမ်း ဣတိဟာသ = သမိုင်းကျမ်း ဗေဒင်သုံးပုံတို့၌ တစ်ဘက်ကမ်းခပ် တတ်မြောက်ခြင်း
2: mastering in the Vedas with their vocabularies, ritual, phonology, etymology and history,
၃။ ဗျာကရုဏ်း လောကီရုပ်ဝါဒကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ တဘက်ကမ်းခပ် တတ်မြောက်ခြင်း
3: mastering in philology, grammar, natural philosophy and in the marks of great man.

ပုဏ္ဏားတို့၏ အခြေခံသဘော ၅ ပါး

Five general characters of Brahmins:
၁။ စည်းစိမ်ကို အလိုရှိခြင်း
1: Brahmin’s aim: wealth,
၂။ ပညာကို လေ့လာခြင်း
2: quest: wisdom,
၃။ မန္တာန်လျှင် တည်ရာရှိခြင်း
3: resolve: mantra,
၄။ ယာဇ်ပူဇော်မှုကို နှလုံးသွင်းခြင်း
4: want: sacrifices,
၅။ ပန်းတိုင် – ဗြဟ္မဘုံရောက်လိုခြင်း။
5: ideal: brahma–world.

ပုတီး

Rosary beads.

ပုတီး စိတ်

Telling/counting rosary beads.

ပုထုဇဉ် = ကိလေသာထူပြောသူ

Worldling, common one.

ပု ဒိ အာ

ပုဗ္ဗေနိဝါသာနုဿတိ။ ဒိဗ္ဗစက္ခု။ အာသဝက္ခယ ဉာဏ်သုံးပါးတို့၏ အစဦးဆုံးဖြစ်သော စာလုံး သုံးလုံးကို ယူထားခြင်း ဖြစ်သည်။
The abbreviation of ‘pu = pubbe–nivāsānussati + di = dibba–cakkhu + ā = āsavakkhaya = pu di ā; meaning: recollection of previous lives + divine eyes + extinguishing of all mental intoxicants, respectively.

ပုဗ္ဗကရဏ ၄ ပါး

(ရဟန်းတော်များ ဥပုသ် ပဝါရဏာ မပြုမှီ ဆောင်ရွက်ထားနှင့်ရမည့် အလုပ်ကိစ္စ ၄ မျိုး) Four things to be prepared before the Uposatha or Pavāranā, monks’ legal cases, in the service–hall (Sīma):
၁။ တံမြက်လှည်းခြင်း
1: Cleaning the hall (Sīma),
၂။ ဆီမီး ထွန်းခြင်း
2: light,
၃။ သောက် သုံးရေ တည်ထားခြင်း
3: water,
၄။ နေရာခင်းခြင်း။
4: seat.

ပုဗ္ဗကိစ္စ ၅ ပါး

(ရဟန်းတော်များ ဥပုသ် ပဝါရဏာ ပြုစ၌ ဆောင်ရွက်ရမည့် အလုပ်ကိစ္စ ၄ မျိုး)
Five things should be done at the beginning of Uposatha or Pavāranā, monks’ legal cases/ceremony, in the service–hall (Sīma):
၁။ ဥပုသ် ပဝါရဏာပြုရန် မလာရောက်နိုင်ကြသော သံဃာတော်တို့၏ သဘောတူမှုဆန္ဒကို ဆောင်ခြင်း (သံဃာတော်များအား ပြောကြားလျှောက်ထားခြင်း)
1: Report of the consent of the monks who cannot attend the ceremony,
၂။ ဥပုသ် ပဝါရဏာပြုရန် မလာရောက်နိုင်ကြသော သံဃာတော်တို့၏ စင်ကြယ်မှုကို ဆောင်ခြင်း
2: report of the purity of the monks who cannot attend the ceremony,
၃။ ဥတု ရာသီ နေ့ရက်တို့ကို ပြောကြား လျှောက်ထားခြင်း
3: report of the date on which the service is undertaken,
၄။ ဥပုသ် ပဝါရဏာပြုကြမည့် သံဃာတော်များ၏ အရေအတွက်ကို လျှောက်ထားခြင်း
4: report of the number of monks who take part,
၅။ ရဟန်းမိန်းမများ (ဘိက္ခုနီ) များက သြဝါဒပေးရန် တောင်းပန်မှု ရှိမရှိ လျှောက်ထားခြင်း။
5: report of the whether female–monks request or not to the monks for instruction.

ပုဗ္ဗာ စရိယ

(လက်ဦးဆရာ)
The first and foremost teacher, i.e., one’s parents.

ပုဗ္ဗေ နိဝါသာနုဿတိ

(ရှေးဘဝများကို သတိရခြင်း)
Remembrance of former births.

ပုဗ္ဗေ နိဝါသာနုဿတိ

(ဘဝဟောင်းကို အောင့်မေ့သိမြင်နိုင်ခြင်း ကမ္ဘာအတိုင်းအတာများ)
The amount of world–cycles regarding remembrance of former births:
၁။ သာသနာအပြင်အပမှ တန်ခိုးဣဒ္ဓိပါဒ်ရသူများသည် ကမ္ဘာ ၄ဝ အထိသာ ရှေးဘဝများကို သိမြင်နိုင်၏
1: Those who have supernatural power who also are outside the Buddha–sāsanā, can recollect their former lives within 40 world–cydles.
၂။ ပကတိသာဝကများသည် ကမ္ဘာ ၁ဝဝဝ အထိ ရှေးဘဝများကို သိမြင်နိုင်၏
2: Ordinary disciples of Lord Buddha can recollect their former lives within 1,000 world–cycles.
၃။ မဟာသာဝက ရှစ်ဆယ်တို့သည် ကမ္ဘာ ၁ဝဝဝဝဝ အထိ ရှေးဘဝများကို သိမြင်နိုင်၏
3: Eighty great disciples of Lord Buddha can recollect their former lives within 100,000 world–cycles.
၄။ အဂ္ဂသာဝက နှစ်ပါးတို့သည် တစ်သင်္ချေ နှင့် ကမ္ဘာ ၁ဝဝဝဝဝ အထိ ရှေးဘဝများကို သိမြင်နိုင်၏
4: Two chief disciples of Lord Buddha can recollect their former lives within 1 aeon and 100,000 world–cycles.
၅။ ပစ္စေကဗုဒ္ဓါတို့သည် နှစ်သင်္ချေ နှင့် ကမ္ဘာ ၁ဝဝဝဝဝ အထိ ရှေးဘဝများကို သိမြင်နိုင်၏
5: Individual Buddhas can recollect of their former lives 2 aeons and 100,000 world–cycles.
၆။ ဘုရားရှင်သည် ကမ္ဘာအပိုင်းအခြားမရှိ ရှေးဘဝများကို သိမြင်နိုင်၏။
6: Lord Buddha can recollect without limitation.

ပုရိမ ဝါ

(ပစ္ဆိမ ဝါ _ရှု) – ဝါဆို လပြည့်ကျော် ၁ ရက်နေ့၌ ဝါ စတင်ကပ်ဆိုပြီး သီတင်းကျွတ် လပြည့်နေ့ အထိ ၃ လတိုင် အချိန်ကာလ ကို ခေါ်သည်။
Buddhist lent beginning from the first waning day of Vaazo–month to the full–moon day of Thadingyut–month (for three months).

ပုရိသ

Man, male.

ပုရိသ ဇာတ်

Real manhood.

ပုရိသ မေဓ

Tax.

ပုရိသ ယုဂ

ပုဂ္ဂိုလ်အစုံ အတွဲ
Pair of persons.

ပိုင်းခြားသိရမည့် (ပရိညေယျ) တရားများ

Things/dhammas to be thoroughly known:
တစ် ပါးစု Group of one item:
၁။ ဥပါဒါန်၏ အာရုံဖြစ်သည့် အာသဝတရားနှင့် တကွဖြစ်သော ဖဿ။ Contact as a condition of corruptions and of grasping.

ပိုင်းခြားသိရမည့် (ပရိညေယျ) တရားများ

နှစ် ပါးစု Group of two items:
၁။ နာမ်
1: Name, mentality,
၂။ ရုပ်
2: form, materiality.

ပိုင်းခြားသိရမည့် (ပရိညေယျ) တရားများ

သုံး ပါးစု (ဝေဒနာ ၃ ပါး) Group of three items (Three kinds of feeling):
၁။ သုခ ဝေဒနာ
1: Pleasant feeling,
၂။ ဒုက္ခ ဝေဒနာ
2: painful feeling,
၃။ အဒုက္ခ မသုခ ဝေဒနာ။
3: neutral feeling.

ပိုင်းခြားသိရမည့် (ပရိညေယျ) တရားများ

လေး ပါးစု (အာဟာရ ၄ ပါး) Group of four items (Four kinds of food):
၁။ ကဗဠီကာရာဟာရ
1: Solid and liquid food,
၂။ ဖဿာဟာရ
2: contact,
၃။ မနောသဌေတနာဟာရ
3: volitional activity,
၄။ ဝိညာဏာဟာရ။
4: birth–linking consciousness.

ပိုင်းခြားသိရမည့် (ပရိညေယျ) တရားများ

ငါး ပါးစု (ဥပါဒါနက္ခန္ဓာ ၅ ပါး) Group of five items (Five groups of clinging):
၁။ ရူပုပါဒါနက္ခန္ဓာ
1: Physical–groups of clinging,
၂။ ဝေဒနုပါဒါနက္ခန္ဓာ
2: feeling–groups of clinging,
၃။ သညုပါဒါနက္ခန္ဓာ
3: perception–groups of clinging,
၄။ သင်္ခါရုပါဒါနက္ခန္ဓာ
4: mental formation–groups of clinging,
၅။ ဝိညာဏုပါဒါနက္ခန္ဓာ။
5: consciousness–groups of clinging.

ပိုင်းခြားသိရမည့် (ပရိညေယျ) တရားများ

ခြောက် ပါးစု (အတွင်း အာယတန ၆ ပါး)
Group of six items (Six internal bases):
၁။ စက္ခု – မျက်စိ
1: Eye,
၂။ သောတ – နား
2: ear,
၃။ ဃာန – နှာ
3: nose,
၄။ ဇိဝှါ – လျှာ
4: tongue,
၅။ ကာယ – ကိုယ်
5: body,
၆။ မန – စိတ် ။
6: mind.

ပိုင်းခြားသိရမည့် (ပရိညေယျ) တရားများ

ခုနှစ် ပါးစု (သတ္တာဝါသ ၇ မျိုး)
Group of seven items (Seven abodes of beings):
၁။ နာနတ္တကာယ နာနတ္တ သညီ – ခန္ဓာကိုယ်ကွဲပြား သညာကွဲပြားသော လူ့ဘုံ နတ်ဘုံ
1: Beings different in body and in perception such as the human, sensual heavenly beings,
၂။ နာနတ္တကာယ ဧကတ္တ သညီ – ခန္ဓာကိုယ်ကွဲပြား သညာတူညီသော အပါယ်လေးဘုံ ပထမစျာန် သုံးဘုံ
2: different in body but equal in perception such as first Jāna realms and woeful realms,
၃။ ဧကတ္တကာယ နာနတ္တ သညီ – ခန္ဓာကိုယ်တူညီ သညာကွဲပြားသော ဒုတိယစျာန် တတိယစျာန် ဘုံများ
3: equal in body but different in perception such as second and third jāna realms,
၄။ ဧကတ္တကာယ ဧကတ္တ သညီ – ခန္ဓာကိုယ်တူညီ သညာတူညီသော – စတုတ္ထစျာန် ဝေဟပ္ဖိုလ် သုဒ္ဓါဝါသ ငါးဘုံ
4: equal in body as well as in perception such as fourth Jāna, Vehapphala and Suddhāvāsa,
၅။ အာကာသာနဌာယတန ဘုံ
5: Abode of infinity of space,
၆။ ဝိညာနဌာယတန ဘုံ
6: Abode of infinity of consciousness,
၇။ အာကိဌညာယတန ဘုံ။
7: Abode of nothingness.

ပိုင်းခြားသိရမည့် (ပရိညေယျ) တရားများ

ရှစ် ပါးစု (လောကဓံ တရား ၈ ပါး) Group of eight items (Eight worldly conditions/vicissitudes):
၁။ လာဘော
1: Gain,
၂။ အလာဘော
2: loss,
၃။ ယသော
3: fame,
၄။ အယသော
4: disrepute,
၅။ နိန္ဒံ
5: blame,
၆။ ပသံသံ
6: praise,
၇။ သုခံ
7: pleasure,
၈။ ဒုက္ခံ။
8: pain.

ပိုင်းခြားသိရမည့် (ပရိညေယျ) တရားများ

ကိုး ပါးစု (သတ္တာဝါသ ဘုံကိုးဝ) Group of nine items (Nine abodes of beings):
၁။ နာနတ္တကာယ နာနတ္တ သညီ – ခန္ဓာကိုယ်ကွဲပြား သညာကွဲပြားသော လူ့ဘုံ နတ်ဘုံ
1: Beings different in body and in perception such as the human, sensual heavenly beings,
၂။ နာနတ္တကာယ ဧကတ္တ သညီ – ခန္ဓာကိုယ်ကွဲပြား သညာတူညီသော အပါယ်လေးဘုံ ပထမစျာန် သုံးဘုံ
2: different in body but equal in perception such as first jhāna realms and woeful realms,
၃။ ဧကတ္တကာယ နာနတ္တ သညီ – ခန္ဓာကိုယ်တူညီ သညာကွဲပြားသော ဒုတိယစျာန် တတိယစျာန် ဘုံများ
3: equal in body but different in perception such as second and third jhāna realms,
၄။ ဧကတ္တကာယ ဧကတ္တ သညီ – ခန္ဓာကိုယ်တူညီ သညာတူညီသော – စတုတ္ထစျာန် ဝေဟပ္ဖိုလ် သုဒ္ဓါဝါသ ငါးဘုံ
4: equal in body as well as in perception such as fourth jhāna, Vehapphala and Suddhāvāsa,
၅။ အာကာသာနဌာယတန ဘုံ
5: Abode of infinity of space,
၆။ ဝိညာဏဌာယတန ဘုံ
6: Abode of infinity of consciousness,
၇။ အာကိဌညာယတန ဘုံ။
7: Abode of nothingness.
၈။ နေဝသညာနာသညာယတနဘုံ
8: Abode of neither–perception–nor–non– perception,
၉။ အသညသတ် ဘုံ။
9: Unconscious beings.

ပိုင်းခြားသိရမည့် (ပရိညေယျ) တရားများ

ဆယ် ပါးစု (အာယတန ၁ဝ ပါး)
Group of ten items (Ten bases/sources/sense–spheres):
၁။ စက္ခု – မျက်စိ
1: Eye,
၆။ ရူပါရုံ – အဆင်း
6: vision,
၂။ သောတ – နား
2: ear,
၇။ သဒ္ဒါရုံ – အသံ
7: sound,
၃။ ဃာန – နှာ
3: nose,
၈။ ဂန္ဓာရုံ – အနံ့
8: smell,
၄။ ဇိဝှါ – လျှာ
4: tongue,
၉။ ရသာရုံ – အရသာ
9: taste,
၅။ ကာယ – ကိုယ်
5: body,
၁ဝ။ ဖေါဋ္ဌဗ္ဗာရုံ – အတွေ့အထိ။
10: tangibility.

ပူဇာ။ ပူဇော်

Offering, honoring, pay homage, respect, offer.

ပူဇော်ခံထိုက်သော ပုဂ္ဂိုလ် ၈ ယောက်

(အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ) Eight persons who are worthy of respect/gift etc,:
၁။ မဂ် လေးပါးကို ရနေသောသူ ၄ ယောက်
1: Four persons who attain the four paths (magga),
၂။ ဖိုလ် လေးပါးကို ရနေသူ ၄ ယောက် ပေါင်း ၈ ယောက်။
2: four persons who attain the four fruit (phala) = 8.

ပူဇော်ခံထိုက်သော ပုဂ္ဂိုလ်၏ တရား ၇ ပါး

(သတ္တကနိပါတ။ အင်္ဂုတ္တရပါဠိ) Seven qualities of persons who are worthy of respect/gift etc.:
၁။ မျက်စိကို ဒုက္ခဟု ရှုမြင်နေထိုင်သူ
1: A person dwells contemplating suffering in the eye.
၂။ မျက်စိကို အနတ္တဟု ရှုမြင်နေထိုင်သူ
2: A person dwells contemplating non–self in the eye.
၃။ မျက်စိကို ခယ ကုန်ခမ်းခြင်းဟု ရှုမြင်နေထိုင်သူ
3: A person dwells contemplating destruction in the eye.
၄။ မျက်စိကို ဝယ ပျက်စီးခြင်းဟု ရှုမြင်နေထိုင်သူ
4: A person dwells contemplating vanishing in the eye.
၅။ မျက်စိကို ဝိရာဂ တပ်မက်မှုကင်းလျှက် ရှုမြင်နေထိုင်သူ
5: A person dwells contemplating fading away (no attachment) in the eye.
၆။ မျက်စိကို နိရောဓ ချုပ်ငြိမ်းမှုဟု ရှုမြင်နေထိုင်သူ
6: A person dwells contemplating cessation in the eye.
၇။ မျက်စိကို လွတ်လွတ်စွန့်ရမည်ဟု ရှုမြင်နေထိုင်သူ။
7: A person dwells contemplating relinquishment in the eye. (အလားတူပင် အောက်ပါတစ်ခုတစ်ခု အသီးသီးတို့မှာလည်း ပုဂ္ဂိုလ် ၇ ယောက်စီ ရရှိပါသည် –
In the same way, there are seven persons in each of the following:
(က) နားကို။ နှာ။ လျှာ။ ကိုယ်။ စိတ်ကို (a) in the ear, the nose, the tongue, the body, the mind,
(ခ) ရုပ်။ အသံ။ အနံ့။ အရသာ။ အတွေ့။ ဓမ္မကို
(b) in forms, wounds, odors, tastes, tactile objects, mental phenomena,
(ဂ) စက္ခုဝိညာဏ်။ သောတ။ ဃာန။ ဇိဝှါ။ ကာယ။ မနောဝိညာဏ်ကို
(c) in eye–consciousness, ear–consciousness, nose–consciousness, tongue–consciousness, body–consciousness, mind–consciousness,
(ဃ) စက္ခုသမ္ဖဿ။ သောတ။ ဃာန။ ဇိဝှါ။ ကာယ။ မနောသမ္ဖဿကို
(d) in eye–contact, ear–contact, nose–contact, tongue–contact, body–contact, mind–contact,
(င) စက္ခုသမ္ဖဿဇာ ဝေဒနာ ။ သောတ။ ဃာန။ ဇိဝှါ။ ကာယ။ မနောသမ္ဖဿဇာ ဝေဒနာကို
(e) in eye–feeling, ear–feeling, nose–feeling, tongue–feeling, body–feeling, mind–feeling,
(စ) ရူပသညာ။ သဒ္ဒ။ ဂန္ဓ။ ရသ။ ဖေါဋ္ဌဗ္ဗ။ ဓမ္မသညာကို
(f) in perception of forms, of sounds, of odors, of tastes, of tactile objects, of mental phenomena,
(ဆ) ရူပသဌေတနာ။ သဒ္ဒ။ ဂန္ဓ။ ရသ။ ဖေါဋ္ဌဗ္ဗ။ ဓမ္မသဌေတနာကို
(g) in volition regarding forms, regarding sounds, regarding odors, regarding tastes, regarding tactile objects, regarding mental phenomena,
(ဇ) ရူပတဏှာ။ သဒ္ဒ။ ဂန္ဓ။ ရသ။ ဖေါဋ္ဌဗ္ဗ။ ဓမ္မတဏှာကို
(h) in craving for forms, for sounds, for odors, for tastes, for tactile objects, for mental phenomena,
(စျ) ရူပဝိတက်။ သဒ္ဒ။ ဂန္ဓ။ ရသ။ ဖေါဋ္ဌဗ္ဗ။ ဓမ္မဝိတက်ကို
(i) in thought about forms, about sounds, about odors, about tastes, about tactile objects, about mental phenomena,
(ည) ရူပဝိစာရ။ သဒ္ဒ။ ဂန္ဓ။ ရသ။ ဖေါဋ္ဌဗ္ဗ။ ဓမ္မဝိစာရကို
(j) in examination of forms, of sounds, of odors, of tastes, of tactile objects, of mental phenomena,
(ဋ) ရူပက္ခန္ဓာ။ ဝေဒနာက္ခန္ဓာ။ သညာက္ခန္ဓာ။ သင်္ခါရက္ခန္ဓာ။ ဝိညာဏက္ခန္ဓာကို
(k) in the form aggregate, the feeling aggregate, the perception aggregate, the volitional activities aggregate, the consciousness aggregate.

ပူဇော်ခံထိုက်သော ပုဂ္ဂိုလ်၏ တရား ၈ ပါး

(အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ) Eight qualities of persons who are worthy of respect/gift etc.:
၁။ သီလရှိခြင်း
1: Possessing good conduct,
၂။ ရသမျှသော ဆွမ်းဘောဇဉ်ကို ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မညည်းမညူ သုံးဆောင်ခြင်း
2: respectfully eating whatever he receives, good or bad,
၃။ ကိုယ်နှုတ်စိတ် မကောင်းမှုများကို စက်ဆုပ်ခြင်း
3: repelling the bodily, verbal and mental misconduct.
၄။ သီတင်းသုံးဘော်တို့အား မထိတ်လန့်စေခြင်း
4: not agigating other monks,
၅။ ထင်စွာပြုတတ်ခြင်း စဉ်းလဲမှု မရှိခြင်း
5: no trick, no ploy, no gambit,
၆။ သူတပါးတို့ကျင့်သည်ဖြစ်စေ မကျင့်သည်ဖြစ်စေ မိမိမှာမူ ကျင့်ကြံအားထုတ် ထက်သန်သောလုံ့လရှိခြင်း
6: taking up training firmly, whether or not other monks train,
၇။ အကျင့်မှန် မဂ္ဂင်ရှစ်ပါး အတိုင်းသာ ကျင့်ခြင်း
7: moving along only a straight path, i.e., eightfold path,
၈။ အရိုးကြေကြေ အရေခမ်းခမ်း ဇွဲဖြင့် အားထုတ်ခြင်း
8: arousing energy thus ‘let only my skin, sinews and bones remain; let the flesh blood dry up in my body; but I will not relax my energy.’

ပူဇော်ခံထိုက်သော ပုဂ္ဂိုလ်၏ တရား ၈ ပါး

(တနည်း)
(အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ) More eight qualities of persons who are worthy of respect/gift etc.:
၁။ သီလရှိခြင်း
1: Possessing good conduct,
၂။ ဗဟုဟုတများခြင်း
2: vast learnibg,
၃။ အယူအဆများကို ထိုးထွင်းသိခြင်း
3: possessing of right perspective,
၄။ မိတ်ကောင်းရှိခြင်း
4: good friends,
၅။ အမြင်မှန်ရှိခြင်း
5: right view,
၆။ စျာန်လေးပါးရခြင်း
6: gaining the four jhānas,
၇။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ရခြင်း
7: knowledge of recollecting former lives,
၈။ ဒိဗ္ဗစက္ခု ဉာဏ်ရခြင်း။
8: possessing divine eye.

ပူဇော်ခံထိုက်သော ပုဂ္ဂိုလ်၏ တရား ၈ ပါး

(တနည်း)
(အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ) More eight qualities of persons who are worthy of respect/gift etc.:
၁။
၂။
၃။ အထက်ပါနှင့် အတူတူဖြစ်သည်။ 1, 2 and 3 are the same as above.
၄။ ကြိုးစားအားထုတ်ခြင်း
4: great effort,
၅။ တောရဆောက်တည်ခြင်း
5: forest–dwelling,
၆။ မမွေ့လျှော်မှုကို သည်းခံနိုင်ခြင်း
6: vanishing discontent and delight,
၇။ ကြောက် ထိပ်လန့်မှုကို နှိပ်နင်း၍ နေခြင်း
7: vanishing fear and terror,
၈။ အာသဝေါကုန်ခမ်းပြီး ရဟန္တာဖြစ်ခြင်း။
8: having destructed taints, being an arahant.

ပူဇော်ခံထိုက်သော ပုဂ္ဂိုလ် ၉ ယောက်

Nine persons to be respected:
အရိယာပုဂ္ဂိုလ် ၈ ယောက် _ရှု နှင့် ဂေါတြဘူ ပုဂ္ဂိုလ် (ပုထုဇဉ်အနွယ်ကို ဖြတ်သူ) = ၉ Eight noble persons and the clan member = 9.

ပူဇော်ခံထိုက်သော ရဟန်းတော်၏ အင်္ဂါ ၇ ပါး

Seven qualities of a monk to be respected:
၁။ ဓမ္မညူ – ပါဠိကို သိခြင်း
1: Knowing the dhamma,
၂။ အတ္ထညူ – အနက်အဓိပ္ပါယ်ကို သိခြင်း
2: knowing the meaning,
၃။ အတ္တညူ – မိမိကိုယ်ကို သိခြင်း
3: knowing himself,
၄။ မတ္တညူ – အတိုင်းအရှည်ကို သိခြင်း
4: knowing moderation,
၅။ ကာလညူ – အချိန်ကို သိခြင်း
5: knowing the proper time,
၆။ ပရိသညူ – ပရိသတ်ကို သိခြင်း
6: knowing the assembly,
၇။ ပုဂ္ဂလ ပရောပရညူ – ပုဂ္ဂိုလ် အနိမ့်အမြင့်ကို သိခြင်း။
7: knowing the superior and inferior kinds of persons.

ပူဇော်ခြင်း ၂ မျိုး

Two kinds of offering:
၁။ အာမိသ ပူဇာ = ပစ္စည်းလေးပါးဖြင့် လှူဒါန်းပူဇော်ခြင်း
1: Offering of things (four requisits),
၂။ ဓမ္မ ပူဇာ = တရားဓမ္မဖြင့် ပူဇော်ခြင်း။
2: of dhamma.

ပူပန်မှု ၂ မျိုး

Two kinds of causing torment:
၁။ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် သုံးပါးကို ပြုပြီး၍ ပူပန်ခြင်း
1: Tormented by having engaged in bodily, verbal and mental misconduct,
၂။ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက် သုံးပါးကို မပြုရသေး၍ ပူပန်ခြင်း။
2: by having failed to engage in bodily, verbal and mental good conduct.
(ပူပန်မှု မရှိခြင်း ၂ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင့်ဘက်ဖြစ်သည်။)
(Two kinds of not causing torment are opposite of the above.)

ပေထက်အက္ခရာတင်

Inscribing onto the palm–leaf.

ပေဋကောပဒေသ ပါဠိ

ကဏ္ဍ ရှစ်ခုပါသော အဓိပ္ပါယ်ဖွင့်ကျမ်းဖြစ်သည်။ ခုဒ္ဒကနိကာယ် အုပ်စုတွင်ပါဝင်သည်။
Petako–padesa: ‘Guide to Piṭaka’: It is one of the texts of the ‘Minor
Discourses’, which consistists of eight chapter, exegetical in nature.

ပေတဝတ္ထု ပါဠိ

– ခုဒ္ဒကနိကာယ်၏ ၇ ကျမ်းမြောက်ဖြစ်သည်။ ပိတ္တာများနှင့် ပတ်သက်သော ပုံဝတ္ထုများ ဖြစ်သည်။ ကဏ္ဍ ၄ ခုတို့၌ဝတ္ထုပေါင်း ၅၁ ပုဒ်ရှိပြီး အကုသိုလ်၏ ဆိုးကျိုးများကို သရုပ်ဖေါ်ထားသည်။
Peta–vatthu: The seventh book of ‘the Minor Discourses’; The stories in it are about hungry ghosts. It consists of 51 stories in 4 chapters, regarding with the evil consequences of the unwholesome deeds.

ပေမ-ချစ်ခင်နှစ်သက် ၃ ပါး

(မေတ္တာ = ပေမ ၃ ပါး _ရှု)

ပေးကမ်းခြင်း ပြုသည့် အကြောင်း ၈ ပါး

(ဒါန – ပေးကမ်းခြင်း ပြုသည့် အကြောင်း ၈ ပါး _ရှု)

ပေးကမ်းခြင်း မပြုသည့် အကြောင်း ၄ ပါး

(ဒါန၏ အနှောင်အဖွဲ့ – ဒါနဝိနိဗန္ဓ – အကြောင်း ၄ ပါး )

ပဲကွပ်လှူရကျိုး ၈ ပါး

Eight benefits of donating adze:
၁။ ရဲရင့်ခြင်း
1: Courage,
၂။ မိမိကိုယ်ကို ယုံကြည်စိတ်ချခြင်း
2: confidence,
၃။ ပါရမီဖြည့်ရန် စိတ်သန်ခြင်း
3: keen to fulfilling perfections,
၄။ တည်ကြည်လေးနက်ခြင်း
4: steadiness/calmness,
၅။ ဝီရိယရှိခြင်း
5: effort,
၆။ တက်ကြွသော စိတ်ရှိခြင်း
6: active mind,
၇။ အသိဉာဏ်ရှိခြင်း
7: wisdom,
၈။ စင်ကြယ်ခြင်း။
8: cleanliness.

ပေါင်းဖေါ်ရောယှက် စုံမက် မြတ်နိုးနေခြင်း ၅ ပါး

(သံသဂ္ဂ – ပေါင်းဖေါ်ရောယှက် စုံမက် မြတ်နိုးနေခြင်း ၅ ပါး _ရှု)

ပံသုကူ သင်္ကန်းဆောင်ခြင်း၏ အကျိုး ၁ဝ ပါး

Ten benefits of wearing the refuse–rag robes:
၁။ သင်္ကန်းကို မှီပြီး သင့်လျှော်စွာကျင့်ရခြင်း
1: Pracicing properly regarding robe,
၂။ အရိယာနွယ်ဝင်အဖြစ် ဝတ်ဆင်ရခြင်း
2: establishing in the first step of noble ones,
၃။ စောင့်ရှောက်ရမှု ဒုက္ခမရှိခြင်း
3: less protecting,
၄။ သူတပါးတို့အား မမှီခိုရခြင်း
4: no depending others,
၅။ ခိုးသူဘေး မစိုးရိမ်ရခြင်း
5: no fear of robbers,
၆။ အရလွယ်ပြီး အပြစ်ကင်းခြင်း
6: easy to get without sense of guilt,
၇။ သူတော်ကောင်းများ ချီးမွမ်းခြင်း
7: praising by the virtuous,
၈။ အလိုနဲမှု အကျိုးရခြင်း
8: producing fruit of fewness of wishes,
၉။ ကောင်းသောအကျင့်ကို ပွင့်လင်းစေခြင်း
9: conducive to holy life,
၁ဝ။ အတုလိုက်ကျင့်သူများ ရှိလာနိုင်ခြင်း။
10: good example for later generation.

ပျက်စီးကြောင်းတရား ၄ မျိုး

Four things that lead to ruin:
၁။ သင်ယူပြီး ပြန်လည်လေ့ကျင့်မှုမရှိသော ပညာ
1: No practice after learning something,
၂။ ပြုပြင်မှု မရှိသော အိမ်ဟောင်း
2: never fixed old house,
၃။ သန့်သန့်ရှင်းရှင်း မနေတတ်သူ
3: unclean/filthy living,
၄။ မေ့မေ့လျော့လျော့နေသော ရဟန်း။
4: heedless monk.

ပျက်စီးသောတရားများ

(ဇာတိဓမ္မ – အဖြစ်တရား – များ _ရှု)

ပျင်းရိခြင်း၏ အကြောင်း ၈ မျိုး

(ရဟန်း) (ကုသိတာရမ္ဘဝတ္ထုသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Eight grounds for laziness for a monk:
၁။ အမှုကိစ္စပြုလုပ်ရန် ရှိသည်ကို လုပ်ဆောင်လျှင် ပင်ပမ်းလိမ့်မည်ဟု မလုပ်ဆောင်ပဲနေခြင်း
1: A monk has to do some work. He thinks, “If I work, my body will become tired”. Thus, he does not arouse energy.
၂။ အမှုကိစ္စပြုလုပ်ပြီးသော် ပြုလုပ်ရသည်မှာ ပင်ပမ်းပြီဟု ဆက်လက် မလုပ်ဆောင်ပဲနေခြင်း
2: A monk has done some work. He thinks, “I have done some work, my body has become tired”. Thus, he does not arouse energy.
၃။ ခရီးသွားရန်ရှိသည်ကို သွားလျှင် ပင်ပမ်းလိမ့်မည်ဟု မသွားပဲနေခြင်း
3: A monk has to make a trip. He thinks, “If I make a trip, my body will become tired”. Thus, he does not arouse energy.
၄။ ခရီးသွားပြီးနောက် သွားရသည်မှာ ပင်ပမ်းပြီဟု လုပ်စရာများကို မလုပ်ဆောင်ပဲနေခြင်း
4: A monk has made a trip. He thinks, “I have made a trip, my body has become tired”. Thus, he does not arouse energy.
၅။ ဆွမ်းခံစားပြီး ဆွမ်းပြည့်စုံအောင်မရ ဆွမ်းမဝ၍ အားမရှိဟု လုပ်စရာများကို မလုပ်ဆောင်ပဲနေခြင်း
5: A monk has walked for alms–food but not got and eaten enough food. He thinks, “I have walked for alms–food but not got and eaten enough food.
My body has become tired”. Thus, he does not arouse energy.
၆။ ဆွမ်းရ ဆွမ်းဝသော် ငါ့ကိုယ်သည် လေးလံ၏ဟု လုပ်ဆောင်စရာများကို မလုပ်ဆောင်ပဲနေခြင်း
6: A monk has walked for alms–food and got and eaten enough food. He thinks,
“I have walked for alms–food, got and eaten enough food. my body becomes heavy and has become tired”. Thus, he does not arouse energy.
၇။ အနည်းငယ်သော ရောဂါရှိ၍ အားမရှိဟု လုပ်ဆောင်စရာများကို မလုပ်ဆောင်ပဲနေခြင်း
7: A monk has a little ill. He thinks, “I am a little ill. I need to lie down”.
Thus, he does not arouse energy.
၈။ ရောဂါမှ ထမြောက်ပြီး အားမရှိဟု လုပ်ဆောင်စရာများကို မလုပ်ဆောင်ပဲနေခြင်း။
8: A monk has recovered from illness. He thinks, “I have just recovered from illness. My body is still weak and unwieldy”. Thus, he does not arouse energy.
(မပျင်းရိခြင်း၏ အကြောင်း ၈ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Eight grounds for arousing energy for a monk are opposite of the above.)

ပျင်းရိသူ၏ ဆင်ခြေ ၆ မျိုး

Six excuses/dangers for an idle and lazy person:
၁။ အေးလွန်းခြင်း
1: It is too cool,
၂။ ပူလွန်းခြင်း
2: too hot,
၃။ နောက်ကျလွန်းခြင်း
3: too late,
၄။ စောလွန်းခြင်း
4: too early,
၅။ ဆာလွန်းခြင်း
5: too hungry,
၆။ အစာဝလွန်းခြင်း။
6: too full.

ပျဉ်ချပ် (ပျဉ်ပြား) လှူရကျိုး ၃ ပါး

Three benefits of donating timber/lumber:
၁။ ရွှေ ပလ္လင်ကို ပိုင်ဆိုင်ခြင်း
1: Belonging to gold–couch/throne,
၂။ ပတ္တမြား ပလ္လင်ကို ပိုင်ဆိုင်ခြင်း
2: to ruby–couch,
၃။ စန္ဒကူး ပလ္လင်ကို ပိုင်ဆိုင်ခြင်း။
3: to sandle–wood–couch.

ပျားရေ လှူရကျိုး ၁ ပါး

One benefit of donating honey:
၁။ ဝိမုတ္တိရသ ကို သောက်သုံးနိုင်ခြင်း
1: Enjoying the taste of deliverance.

ပျော်မွေ့ခြင်း (အကျိုးမရှိသော) ၄ မျိုး

Four kinds of unprofitable delights:
၁။ ကမ္မာရာမတာ – အလုပ်ကိစ္စများခြင်း၌ ပျော်မွေ့ခြင်း
1: Delight in working,
၂။ ဘဿာရာမတာ – စကားပြောမှု၌ ပျော်မွေ့ခြင်း
2: in gossiping,
၃။ နိဒ္ဒါရာမတာ – အိပ်စက်ခြင်း၌ ပျော်မွေ့ခြင်း
3: in sleeping,
၄။ သင်္ဂဏိကာရာမတာ – အပေါင်းအဖေါ်၌ ပျော်မွေ့ခြင်း။
4: in companion.

ပြင်းစွာရယ်မောခြင်းဟူသည်

(အရိယာပုဂ္ဂိုလ်တို့၏ ကျင့်ဝတ်၌ _ရှု)

ပြင်းထန်ခေါင်းပါးသောအကျင့်ကျင့်သူ ၃ မျိုး

(ပုဂ္ဂိုလ် ၃ မျိုး – ပြင်းထန်ခေါင်းပါးသောအကျင့်ကျင့်သူ – _ရှု)

ပြဿနာမေးသူ၏ အခြေအနေ စိတ်ထား ၅ မျိုး

(မေးမြန်းသူ၏ အခြေအနေ စိတ်ထား ၅ မျိုး _ရှု)

ပြဿနာရှာတတ်သောရဟန်း၏ ဆိုးကျိုး ၅ ပါး

(ဆန့်ကျင်ငြင်းခုံ ပြဿနာရှာတတ်သောရဟန်း၏ ဆိုးကျိုး ၅ ပါး _ရှု)

ပြဿနာ အထွေထွေ အဖြေအမျိုးမျိုး

(ကုမာရ ပဥှာလည်း _ရှု)
Ten great questions and their explanations:
၁။ ပြဿနာ ရည်ညွှန်းချက် တစ်ခု – သတ္တဝါမှန်သမျှ အစာအာဟာရလျှင် တည်ရာမှီရာရှိ၏။
1: One question and explanation: All beings are supported/sustained by food.
၂။ ပြဿနာ ရည်ညွှန်းချက် နှစ်ခု – နာမ် နှင့် ရုပ်
2: two questions and explanation: mind and matter,
၃။ ပြဿနာ ရည်ညွှန်းချက် သုံးခု – ဝေဒနာ သုံးပါး _ရှု
3: three questions and explanation: three kinds of feeling,
၄။ ပြဿနာ ရည်ညွှန်းချက် လေးခု – သတိပဋ္ဌာန် လေးပါး _ရှု (ဝါ) အာဟာရ လေးပါး _ရှု
4: four questions and explanation: four foundations of mindfulness or four kinds of nutriment,
၅။ ပြဿနာ ရည်ညွှန်းချက် ငါးခု – ဣန္ဒြေ ငါးပါး _ရှု
5: five questions and explanation: five faculties,
၆။ ပြဿနာ ရည်ညွှန်းချက် ခြောက်ခု – နိဿရဏီယဓာတ် ခြောက်ပါး _ရှု
6: six questions and explanation: six elements of deliverance,
၇။ ပြဿနာ ရည်ညွှန်းချက် ခုနှစ်ခု – ဗောဇ္စျင် ခုနှစ်ပါး _ရှု (ဝါ) ဝိဉာဉ်တည်ရားခုနှစ်ပါး _ရှု
7: seven questions and explanation: seven factors of enlightenment or seven stations of consciousness,
၈။ ပြဿနာ ရည်ညွှန်းချက် ရှစ်ခု – မဂ္ဂင် ရှစ်ပါး _ရှု (ဝါ) လောကဓံတရား ရှစ်ပါး _ရှု
8: eight questions and explanation: eightfold path or eight worldly conditions,
၉။ ပြဿနာ ရည်ညွှန်းချက် ကိုးခု – သတ္တာဝါသ ဘုံကိုးဝ _ရှု
9: nine questions and explanations: nine abodes of beings,
၁ဝ။ ပြဿနာ ရည်ညွှန်းချက် ဆယ်ခု – ကုသလကမ္မပထတရား ဆယ်ပါး _ရှု (ဝါ) ရဟန္တာ၏ဂုဏ် ဆယ်ပါး _ရှု။
10: ten questions and explanation: ten merit–makings or arahant’s ten qualities.

ပြာဋိဟာ

တန်ခိုး ၃ ပါး
Three ways of removal:
၁။ အာဒေသနာပြာဋိဟာ – နာကြားသူ၏ စိတ်အကြံကို သိပြီး သံသယကို ပယ်ဖျောက်ခြင်း
1: Removal of doubt by knowing the listeners’ mind,
၂။ ဣဒ္ဓိပြာဋိဟာ – တန်ခိုးအမျိုးမျိုး ဖန်ဆင်းပြပြီး သံသယကို ပယ်ဖျောက်ခြင်း
2: by performance of miracle,
၃။ အနုသာသနီပြာဋိဟာ – ကောင်းကောင်းအဆုံးအမပေးပြီး သံသယကို ပယ်ဖျောက်ခြင်း။
3: by preaching.

ပြိတ္တာ။ ပိတ္တာ။ ပေတ

Hungry ghost.

ပြုစုရ လွယ်သော လူနာရဟန်း၏ လက္ခဏာ ၅ မျိုး

Five good qualities of a sick man/monk:
၁။ မိမိရောဂါနှင့် မသင့်သည်ကို မပြုခြင်း
1: not doing what is not proper for him,
၂။ သင့်သည်ကိုသာ ပြုလုပ်ခြင်း
2: treating himself properly,
၃။ ဆေးဝါးကို မှီဝဲခြင်း
3: taking the medicine timely,
၄။ သူနာပြုကောင်းအား မိမိရောဂါအခြေအနေကို အမှန်အတိုင်း ပြောကြားခြင်း
4: telling the extent of his illness/sickness rightly,
၅။ ရောဂါဒဏ်ကို သည်းခံနိုင်ခြင်း။
5: enduring the pain of sickness.
(ပြုစုရ မလွယ်သော လူနာရဟန်း၏ လက္ခဏာ ၅ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five bad qualities of a sick man/monk are opposite of the above.)

ပြုလုပ်အားထုတ်သူ၏ အစဉ် ၆ ပါး

Six processes to do/work something:
၁။ အာရ ဗ္ဘဓာတ် = အားထုတ်မှု
1: Initiation,
၂။ နိက္ခမဓာတ် = ပျင်းရိခြင်းမှ လွတ်မြောက်မှု
2: stepping away from laziness,
၃။ ပရက္ကမဓာတ် = အဆင့်ဆင့် အားထုတ်မှု
3: stepping forth,
၄။ ထာမဓာတ် = အား အစွမ်း
4: halting to get energy,
၅။ ဌိတိဓာတ် = တည်ကြည်ခြင်းသဘော
5: standing firmly,
၆။ ဥပက္ကမဓာတ် = လွန်စွာ အားထုတ်မှုသဘော။
6: great effort.

ပြောဆိုဆုံးမသည်ကို နားလည်နိုင်သူထက် နားမလည်နိုင်သူက များပြား

(ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

ပြောရ ဆိုရခက် (ပြောစကား နားမထောင် – ဒေါဝစဿကရဏ) အကြောင်းတရား ၁၆ ပါး

(အနုမာနသုတ်။ မူလပဏ္ဏာသ။ မဇ္စျိမနိကာယ်)
Sixteen qualities that make a person (a monk) difficult to admonish:
၁။ ပါ ပိစ္ဆ – အလိုဆိုးရှိခြင်း
1: Evil wishes,
၂။ မိမိကိုယ်ကို ချီးမွှမ်းပြီး သူတပါးတို့အား ကဲ့ရဲ့ ရှုတ်ချခြင်း
2: louding himself and disparaging others,
၃။ အမျက်ကြီးခြင်း
3: overcome by anger,
၄။ ရန်ငြိုးဖွဲ့ခြင်း
4: revenge,
၅။ ဒေါသ ရန်ငြိုးစွဲ ကြီးခြင်း
5: stubborn,
၆။ ဒေါသဖြစ်စရာစကား ပြောဆိုတတ်ခြင်း
6: uttering words bording on anger,
၇။ မေးမြန်းစီစစ် (စောဒနာ) သော် စီစစ်သူကို ဆန့်ကျင်ဘက်ပြုခြင်း
7: resisting the reprover,
၈။ စီစစ်သူကို ကြိမ်းမောင်းခြင်း
8: denigrating the reprover,
၉။ စီစစ်သူကို အပြစ် ပြန်တင်ခြင်း
9: counter–reproving the reprove,
၁ဝ။ စီစစ်သူ စကားမှတပါး အခြားစကားပြောင်းပြစ်ခြင်း
10: leading the talk aside,
၁၁။ စီစစ်သူ၏ စကားကို ပြေလည်အောင် ယုတ္တိရှိအောင် မပြန်ကြားနိုင်ခြင်း
11: failing to explain,
၁၂။ ကျေးဇူးကန်းတတ်ခြင်း
12: contempt,
၁၃။ မနာလို ဝန်တိုတတ်ခြင်း
13: envy and avarice,
၁၄။ စဉ်းလဲ လှည့်ပတ်တတ်ခြင်း
14: fraud and deceit,
၁၅။ ခက်ထန် မောက်မာခြင်း
15: abstinate and arrogance,
၁၆။ အယူအစွဲကြီးခြင်း။
16: firmly holding his own view.
(ပြောရ ဆိုရလွယ် – ပြောစကား နားထောင်သော သောဝစဿကရဏ၏ ကြောင်းတရား ၁၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)

ပွင့်သီး ဖွါးမြင်ပြီး ပျက်စီး(သေ)သောအရာ ၄ မျိုး

Four things that die after fruit/birth:
၁။ ကဒလီ = ငှက်ပျောပင်
1: Banana plant,
၂။ ဝေဠု = ဝါးပင်
2: bamboo plant,
၃။ နဠ = ကျူပင်
3: reed plant,
၄။ အဿတရီ = မြင်းအာဇာနည်မွေးသော မြင်းမ။
4: mule after birth.

ပွဲလမ်းသဘင် အပျော်ကြူးခြင်း၏ အပြစ် ၆ ပါး

Six dangers of frequenting fairs:
၁။ ကခုန်ပွဲ မည်သည့်နေရာ မည်သည့်အချိန်မှာ ရှိမည်နည်းဟု မျှော်လင့်ရှာဖွေ နေရခြင်း
1: Longing for ‘when and where is there dancing?’
၂။ သီဆိုပွဲ မည်သည့်နေရာ မည်သည့်အချိန်မှာ ရှိမည်နည်းဟု မျှော်လင့်ရှာဖွေ နေရခြင်း
2: for ‘when and where is there singing?’
၃။ ဖျော်ဖြေပွဲ မည်သည့်နေရာ မည်သည့်အချိန်မှာ ရှိမည်နည်းဟု မျှော်လင့်ရှာဖွေ နေရခြင်း
3: for ‘when and where is there playing music?’
၄။ မည်သည့်အရာများကို ဆိုကြ ရွတ်ကြမည်နည်းဟု မျှော်လင့်ရှာဖွေ နေရခြင်း
4: for ‘when and where is there reciting?’
၅။ မည်သည့်အရာများအတွက် ကောင်းကြီးသြဘာ ပေးရပါလိမ့်ဟု မျှော်လင့်ရှာဖွေ နေရခြင်း
5: for ‘when and where is there hand–clapping?’
၆။ ဗုံတို ဗုံရှည်များကို မည်သည့်နေရာ မည်သည့်အချိန်မှာ တီးကြမှာပါလိမ့်ဟု မျှော်လင့်ရှာဖွေ နေရခြင်း။
6: for ‘when and where is there drum–playing?’

ပွါးများအပ်သော (ဘာဝေတဗ္ဗ) တရားများ

Things/dhammas to be developed:
တပါးစု
Group of one item:
၁။ ကာယဂတာသတိ။
1: Mindfullness to the body.

ပွါးများအပ်သော (ဘာဝေတဗ္ဗ) တရားများ

နှစ်ပါးစု
Group of two items:
၁။ သမထ
1: Tranquility/calmimg meditation,
၂။ ဝိပဿနာ။
2: insight/discerning meditation.

ပွါးများအပ်သော (ဘာဝေတဗ္ဗ) တရားများ

သုံးပါးစု
Group of three items:
၁။ ဝိတက် ဝိစာရ နှင့် သမာဓိ
1: Concentration with thinking and pondering,
၂။ ဝိတက်မပါ ဝိစာရသာ
2: Concentration without thinking but with pondering,
ပါသော သမာဓိ
၃။ ဝိတက် ဝိစာရ နှစ်မျိုးလုံး
3: Concentration without both thinking and pondering မပါသော သမာဓိ။ (with neither).

ပွါးများအပ်သော (ဘာဝေတဗ္ဗ) တရားများ

လေးပါးစု (သတိပဋ္ဌာန် ၄ ပါး)
Group of four items (Four foundations of mindfulness):
၁။ ကာယာနုပဿနာ သတိပဋ္ဌာန် = ခန္ဓာကိုယ်ကို သတိတရားဖြင့် အဖန်ဖန် ရှုမှတ်ခြင်း
1: Contemplation of/on body,
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်= ခံစားရမှု ဝေဒနာကို သတိတရားဖြင့် အဖန်ဖန် ရှုမှတ်ခြင်း
2: of feeling/sensation,
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန် = မိမိစိတ်ကို သတိတရားဖြင့် အဖန်ဖန် ရှုမှတ်ခြင်း
3: of mind,
၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် = အထက်ပါတို့မှ ကျန်ရှိသော ဓမ္မသဘောများကို သတိတရားဖြင့် အဖန်ဖန် ရှုမှတ်ခြင်း။
4: of mind–objects/phenomena.

ပွါးများအပ်သော (ဘာဝေတဗ္ဗ) တရားများ

ငါးပါးစု (အင်္ဂါ ၅ ပါးရှိသော သမ္မာ သမာဓိ) Group of five items: (Fivefold ‘right/perfect concentration’):
၁။ ပီတိ ဖရဏတာ = နှစ်သက်ခြင်းပီတိဖြင့် တကိုယ်လုံး ပျံ့နှံ့ငြိမ်သက်ခြင်း
1: Suffusion with delight,
၂။ သုခ ဖရဏတာ = ချမ်းသာမှုဖြင့် တကိုယ်လုံး ပျံ့နှံ့ငြိမ်သက်ခြင်း
2: suffusion with happiness,
၃။ စေတော ဖရဏတာ = ဆန္ဒဖြင့် တကိုယ်လုံး ပျံ့နှံ့ငြိမ်သက်ခြင်း
3: suffusion with will,
၄။ အာလောက ဖရဏတာ = အလင်းရောင်ဖြင့် တကိုယ်လုံး ပျံ့နှံ့ငြိမ်သက်ခြင်း။
4: suffusion with light,
၅။ ပစ္စဝေက္ခဏ နိမိတ္တ = ဆင်ခြင်ဉာဏ်အာရုံ နိမိတ်ဖြင့် တကိုယ်လုံး ပျံ့နှံ့ငြိမ်သက်ခြင်း။
5: reviewing signs.

ပွါးများအပ်သော (ဘာဝေတဗ္ဗ) တရားများ

ခြောက်ပါးစု (သာရဏိယ တရား ၆ ပါး – အသက်ထက်ဆုံး အောင့်မေ့ ကျင့်ကြံရမည့် တရား)
Group of six items (Six things conducive to communal living):
၁။ ကာယကံ မေတ္တာ ရှိခြင်း
1: Bodily loving–kindness to the fellows,
၂။ ဝစီကံ မေတ္တာ ရှိခြင်း
2: verbal loving–kindness to the fellows,
၃။ မနောကံ မေတ္တာ ရှိခြင်း
3: mental loving–kindness to the fellows,
၄။ တရားသဖြင့် ရသော ပစ္စည်းကို
4: sharing the rightful gift, ညီညွတ်ဝမ်းမြောက်စွာ မျှဝေ သုံးစွဲခြင်း
၅။ သီလနှင့် ပြည့်စုံခြင်း
5: virtue, moral conduct,
၆။ သမ္မာ ဒိဋ္ဌိ အမြင်မှန်ရှိခြင်း။
6: right view.

ပွါးများအပ်သော (ဘာဝေတဗ္ဗ) တရားများ

ခုနှစ်ပါးစု (ဗောဇ္စျင် ၇ ပါး )
Group of seven items (Seven factors of enlightenment):
၁။ သတိ သမ္ဗောဇ္စျင်
1: Mindfulness,
၂။ ဓမ္မ ဝိစယ သမ္ဗောဇ္စျင်
2: investigation of the dhamma,
၃။ ဝီရိယ သမ္ဗောဇ္စျင်
3: zeal,
၄။ ပီတိ သမ္ဗောဇ္စျင်
4: joy,
၅။ ပဿဒ္ဓိ သမ္ဗောဇ္စျင်
5: tranquility of mind,
၆။ သမာဓိ သမ္ဗောဇ္စျင်
6: concentration,
၇။ ဥပေက္ခာ သမ္ဗောဇ္စျင်။
7: equanimity.

ပွါးများအပ်သော (ဘာဝေတဗ္ဗ) တရားများ

ရှစ်ပါးစု (အရိယာ မဂ္ဂင် ၈ ပါး _ရှု) Group of eight items (Noble eightfold path):
၁။ သမ္မာ ဒိဋ္ဌိ
1: Right view/understanding,
၂။ သမ္မာ သင်္ကပ္ပ
2: right thought/intention,
၃။ သမ္မာ ဝါစာ
3: right speech,
၄။ သမ္မာ ကမ္မန္တ
4: right action/conduct,
၅။ သမ္မာ အာဇီဝ
5: right livelihood/occupation,
၆။ သမ္မာ ဝါယာမ
6: right effort/endeavor,
၇။ သမ္မာ သတိ
7: right mindfulness/awareness,
၈။ သမ္မာ သမာဓိ။
8: right concentration.

ပွါးများအပ်သော (ဘာဝေတဗ္ဗ) တရားများ

ကိုးပါးစု (ဝိသုဒ္ဓိ ၉ ပါး)
Group of nine items (Nine stages of purification):
၁။ သီလ ဝိသုဒ္ဓိ
1: Purification of morality,
၂။ စိတ္တ ဝိသုဒ္ဓိ
2: purification of mind,
၃။ ဒိဋ္ဌိ ဝိသုဒ္ဓိ
3: purification of view,
၄။ ကင်္ခါ ဝိတရဏ ဝိသုဒ္ဓိ
4: purification by overcoming doubt,
၅။ မဂ္ဂါမဂ္ဂ ဉာဏ ဒဿန ဝိသုဒ္ဓိ
5: purification by knowledge and vision of what is path and what is not–path,
၆။ ပဋိပဒါ ဉာဏ ဒဿန ဝိသုဒ္ဓိ
6: purification by knowledge and vision of the path–progress,
၇။ ဉာဏ ဒဿန ဝိသုဒ္ဓိ
7: purification of knowledge and vision,
၈။ ပညာ ဝိသုဒ္ဓိ
8: purification of wisdom,
၉။ ဝိမုတ္တိ ဝိသုဒ္ဓိ။
9: purification of deliverance.

ပွါးများအပ်သော (ဘာဝေတဗ္ဗ) တရားများ

ဆယ်ပါးစု (ကသိုဏ်း ၁ဝ ပါး )
Group of ten items (Ten physical devices used as meditation–objects):
၁။ ပထဝီ ကသိုဏ်း
1: Earth device,
၂။ အာပေါ ကသိုဏ်း
2: water device,
၃။ တေဇော ကသိုဏ်း
3: fire device,
၄။ ဝါယော ကသိုဏ်း
4: wind device,
၅။ နီလ ကသိုဏ်း
5: dark blue device,
၆။ ပီတ ကသိုဏ်း
6: yellow device,
၇။ လောဟိတ ကသိုဏ်း
7: dark red device,
၈။ သြဒါတ ကသိုဏ်း
8: white device,
၉။ အာလောက ကသိုဏ်း
9: light device,
၁ဝ။ ပရိစ္ဆိန္နာကာသ ကသိုဏ်း။
10: space device.

ဖန်ဆင်းရှင်

Creator, First cause.

ဖန်ဆင်းရှင် ဝါဒ

Creationism.

ဖယောင်းတိုင် လှူရကျိုး ၃ ပါး

(ဆီမီးတိုင် – ဖယောင်းတိုင် – လှူရကျိုး ၃ ပါး _ရှု)

ဖလ။ ဖိုလ်

အကျိုးဆက်
Fruition, fruit, result, effect.

ဖလသမာပတ်

Deep absorption into the fruition (phala).

ဖလသမာပတ် ၃ မျိုး

Three kinds of fruition–absorption:
၁။ မဂ္ဂါနန္တရ ဖလသမာပတ် = အရဟတ္တမဂ် ရပြီးပြီးချင်း အရဟတ္တဖိုလ် ဝင်စားခြင်း
1: Fruition–absorption soon after attainment of path (magga),
၂။ ဝဠဥ္ဇန ဖလသမာပတ် = ရဟန္တာဖြစ်ပြီးနောက် အရဟတ္တဖိုလ်ကို အလိုရှိတိုင်း ဝင်စားခြင်း
2: fruition–absorption as an arahant does whenever he wishes,
၃။ အာယုသင်္ခါရ– (အာယုပါလက–။ ဇီဝိတသင်္ခါရ–) ဖလသမာပတ် = အသက်ချုပ်ငြိမ်းမည်ကို ယာယီတားထားနိုင်အောင် (မသေသေးအောင်) အရဟတ္တဖိုလ်ကို ဝင်စားခြင်း။
3: fruition–absorption for life maintaining.

ဖဿ

အတွေ့အထိ Contact, sense–impression.

ဖဿ (သမ္ဖဿ) ၆ ပါး

Six kinds of contact:
၁။ စက္ခု သမ္ဖဿ
1: Eye–contact,
၂။ သောတ သမ္ဖဿ
2: ear–contact,
၃။ ဃာန သမ္ဖဿ
3: nose–contact,
၄။ ဇိဝှါ သမ္ဖဿ
4: tongue–contact,
၅။ ကာယ သမ္ဖဿ
5: body–contact,
၆။ မနော သမ္ဖဿ။
6: mind–contact.

ဖုံးကွယ်ခြင်း ၃ မျိုး

Three covers not to be seen:
၁။ တံတိုင်း အကာအရံဖြင့် ဖုံးကွယ်ခြင်း
1: covering with wall, fence etc.,
၂။ ရေဖြင့် ဖုံးကွယ်ခြင်း
2: with water,
၃။ အဝတ် ဖုံးကွယ်ခြင်း။
3: with cloth.

ဖုံးကွယ်ထားသော (ထားမှ သင့်တော်သော) အရာ ၃ မျိုး

Three things practiced in secret:
၁။ မိန်းမ
1: Women,
၂။ ပုဏ္ဏားတို့၏ မန္တန်
2: mantra of Brahmins,
၃။ အယူမှား မိစ္ဆာဒိဋ္ဌိ။
3: wrong views.

ဖေါဋ္ဌဗ္ဗ

ဖေါဋ္ဌဗ္ဗာရုံ Tangible, touch.

ဖျောက်နိုင်ခဲသော တရား ၅ ပါး

Five things hard to make a push against:
၁။ စွဲလမ်းမှု ရာဂ
1: Passion–surge/flow,
၂။ မကျေနပ်မှု ဒေါသ
2: ill–will–surge,
၃။ တွေဝေမှု မောဟ
3: delusion–surge,
၄။ ဉာဏ်အမြင် ရှင်းလင်းထင်ရှားနေခြင်း
4: clear understanding,
၅။ ခရီးသွားလိုသော စိတ်။
5: urge for taking a trip.

ဖျော်ရည် ၈ မျိုး

(ရဟန်းတော်များနှင့် အပ်စပ်သည်။ မွန်းလွဲပြီးသော်လည်း သောက်သုံးကောင်းသည်)
Eight kinds of juice that are suitable for monks (even after mid–day):
၁။ သရက်သီး ဖျော်ရည်
1: Mango juice,
၂။ သပြေသီး ဖျော်ရည်
2: rose–apple juice,
၃။ တောငှက်ပျောသီး ဖျော်ရည်
3: wild banana juice,
၄။ အိမ်ငှက်ပျောသီး ဖျော်ရည်
4: tamed banana juice,
၅။ သစ်မည်စည် (မယ်ဇယ်)သီး ဖျော်ရည်
5: the fruit juice of bassia latifolia,
၆။ သပျစ်သီး ဖျော်ရည်
6: grape juice,
၇။ ကြာစွယ် ဖျော်ရည်
7: lotus sprout juice,
၈။ ဖက်သက် (တရော်)သီး ဖျော်ရည်။
8: red creeper juice.

ဖြစ်စေအပ်သော (ဥပ္ပါဒေတဗ္ဗ) တရားများ

Dhammas/things to be made to arise:
တစ်ပါးစု (ဉာဏ် ၁ ပါး) Group of one item (a kind of knowledge):
၁။ အကုပ္ပ ဉာဏ် = မပျက်စီးနိုင်သော ဉာဏ်။
1: Unshakable knowledge.

ဖြစ်စေအပ်သော (ဥပ္ပါဒေတဗ္ဗ) တရားများ

နှစ်ပါးစု (ဉာဏ် ၂ ပါး)
Group of two items (Two kinds of knowledge):
၁။ ခယ ဉာဏ် = ကုန်ခမ်းပျက်စီးသည်ကို မြင်သော ဉာဏ်
1: Knowledge of destruction of the defilements,
၂။ အနုပ္ပါဒ ဉာဏ် = မဖြစ်လာသည်ကို မြင်သော ဉာဏ်။
2: of their non–recurrance.

ဖြစ်စေအပ်သော (ဥပ္ပါဒေတဗ္ဗ) တရားများ

သုံးပါးစု (ဉာဏ် ၃ ပါး)
Group of three items (Three kinds of knowledge):
၁။ အတိတ် ဉာဏ်
1: Knowledge of the past,
၂။ အနာဂတ် ဉာဏ်
2: of the future,
၃။ ပစ္စုပ္ပန် ဉာဏ်။
3: of the present.

ဖြစ်စေအပ်သော (ဥပ္ပါဒေတဗ္ဗ) တရားများ

လေးပါးစု (ဉာဏ် ၄ ပါး)
Group of four items (Four kinds of knowledge):
၁။ ဓမ္မ ဉာဏ် = တရားတော်ကို သိခြင်း
1: Knowledge of dhamma,
၂။ အနွယ ဉာဏ် = အစဉ်တစိုက်သိခြင်း
2: of what is consonant with it,
၃။ အရိယ ဉာဏ် = ဖြူစင်သန့်ရှင်းသောအသိ
3: of noble mind,
၄။ သမ္မုတိ ဉာဏ် = လောက၌သတ်မှတ်ထားသောအသိ။
4: conventional knowledge.

ဖြစ်စေအပ်သော (ဥပ္ပါဒေတဗ္ဗ) တရားများ

ငါးပါးစု (ဉာဏ် ၅ ပါးနှင့်ယှဉ်သော သမာဓိ)
Group of five items (Fivefold knowledge of right concentration):
၁။ ပစ္စုပ္ပန္န သုခ အာယတိံ သုခဝိပါက သမာဓိ = ယခုမျက်မှောက်မှာလည်းချမ်းသာ နောင်အနာဂတ် မှာလည်း ချမ်းသာကျိုးရှိသော သမာဓိ
1: The concentrated knowledge for both present and future happiness,
၂။ အရိယ နိရာမိသ သမာဓိ = ဖြူစင်ပြီး တပ်မက်ခြင်းကင်းသော သမာဓိ
2: the concentrated knowledge faultless and free from worldliness,
၃။ အကာပုရိသသေဝိတ သမာဓိ = ပကတိလူသားတို့ မရနိုင် မပွါးနိုင်သော သမာဓိ
3: the concentrated knowledge not practiced by the unworthy,
၄။ သန္တ ပဏီတ သမာဓိ = ငြိမ်းအေးမြင့်မြတ်သော သမာဓိ
4: the concentrated knowledge calm and perfect,
၅။ သတောဝ သမာပဇ္ဇန သတောဝ ဝုဋ္ဌာန သမာဓိ = သတိဖြင့် ဝင်စား သတိဖြင့် ထမြောက်သော သမာဓိ။
5: the concentrated knowledge attained and arisen with mindfulness. ဖြစ်စေအပ်သော (ဥပ္ပါဒေတဗ္ဗ) တရားများ – ခြောက်ပါးစု (သတတဝိဟာရ = အမြဲ နှလုံးသွင်းနေရမည့်တရား ၆ ပါး )
Group of six items (Six stable states):
၁။ အဆင်း ရူပါရုံကို မြင်ပြီး နှစ်သက်မှု မနှစ်သက်မှု မဖြစ်ပဲ သတိ ဆင်ခြင်ဉာဏ်ဖြင့် နေထိုင်ခြင်း
1: Being neither pleased nor displeased but mindful through seeing,
၂။ အသံ သဒ္ဒါရုံကို ကြားပြီး နှစ်သက်မှု မနှစ်သက်မှု မဖြစ်ပဲ သတိ ဆင်ခြင်ဉာဏ်ဖြင့် နေထိုင်ခြင်း
2: being neither pleased nor displeased but mindful through hearing,
၃။ အနံ့ ဂန္ဓာရုံကို နမ်းရှူပြီး နှစ်သက်မှု မနှစ်သက်မှု မဖြစ်ပဲ သတိ ဆင်ခြင်ဉာဏ်ဖြင့် နေထိုင်ခြင်း
3: being neither pleased nor displeased but mindful through smelling,
၄။ အရသာ ရသာရုံကို စားပြီး နှစ်သက်မှု မနှစ်သက်မှု မဖြစ်ပဲ သတိ ဆင်ခြင်ဉာဏ်ဖြင့် နေထိုင်ခြင်း
4: being neither pleased nor displeased but mindful through tasting,
၅။ အတွေ့ ဖေါဋ္ဌဗ္ဗာရုံကို တွေ့ထိပြီး နှစ်သက်မှု မနှစ်သက်မှု မဖြစ်ပဲ သတိ ဆင်ခြင်ဉာဏ်ဖြင့် နေထိုင်ခြင်း
5: being neither pleased nor displeased but mindful through touching,
၆။ အကြံအစည် ဓမ္မာရုံကို ကြံတွေးပြီး နှစ်သက်မှု မနှစ်သက်မှု မဖြစ်ပဲ သတိ ဆင်ခြင်ဉာဏ်ဖြင့် နေထိုင်ခြင်း။
6: being neither pleased nor displeased but mindful through cognizing/thinking mental objects.

ဖြစ်စေအပ်သော (ဥပ္ပါဒေတဗ္ဗ) တရားများ

ခုနှစ်ပါးစု (သညာ ၇ ပါး)
Group of seven items (Seven perceptions):
၁။ အနိစ္စ သညာ = မမြဲပါတကား ဟူသော အသိသညာ
1: Perception of impermanence,
၂။ အနတ္တ သညာ = အတ္တ ငါ မဟုတ်ပါတကား ဟူသော အသိသညာ
2: of not–self,
၃။ အသုဘ သညာ = မတင့်တယ်ပါတကား ဟူသော အသိသညာ
3: of foulness,
၄။ အာဒီနဝ သညာ = အပြစ်များလှ၏ တကား ဟူသော အသိသညာ
4: of danger,
၅။ ပဟာန သညာ = ပယ်စွန့်လိုခြင်းဟူသော အသိသညာ
5: of abandonment,
၆။ ဝိရာဂ သညာ = တပ်မက်မှုကင်းလိုခြင်းဟူသော အသိသညာ
6: of dispassion,
၇။ နိရောဓ သညာ = ချုပ်ငြိမ်းလိုခြင်း ဟူသော အသိသညာ။
7: of cessation.

ဖြစ်စေအပ်သော (ဥပ္ပါဒေတဗ္ဗ) တရားများ

ရှစ်ပါးစု (မဟာပုရိသဝိတက် ယောက်ျားမြတ်တို့၏ အကြံအစည် ၈ ပါး )
Group of eight items (Eight thoughts of a great man):
၁။ အပိစ္ဆ = အလိုနည်းမှု
1: The thought of few–wants,
၂။ သန္တုဋ္ဌ = ရောင့်ရဲလွယ်မှု
2: of contentment,
၃။ ပဝိဝိတ္တ = တကိုယ်တည်း ငြိမ်းချမ်းစွာနေထိုင်မှု
3: of solitude,
၄။ အာရဒ္ဓဝီရိယ = ကျိုးစားအားထုတ်မှု
4: of effort,
၅။ ဥပဋ္ဌိတ သတိ = သတိအမြဲဝင် ဆင်ခြင်နေမှု
5: of mindfulness,
၆။ သမာဟိတ = တည်ကြည်မှု
6: of concentration,
၇။ ပညဝါ = ပညာရှိမှု
7: of wisdom,
၈။ နိပ္ပပဌ = နယ်ချဲ့တရား နည်းပါးမှု။
8: of not increasing/proliferation on worldly affairs.

ဖြစ်စေအပ်သော (ဥပ္ပါဒေတဗ္ဗ) တရားများ

ကိုးပါးစု (သညာ ၉ ပါး)
Group of nine items (Nine perceptions):
၁။ အသုဘ သညာ = မတင့်တယ်ပါတကား ဟူသော အသိသညာ
1: Perception of foulness,
၂။ မရဏ သညာ = သေမျိုးချည်းပါတကား ဟူသော အသိသညာ
2: of death,
၃။ အာဟာရေ ပဋိကူလ သညာ = အစာအာဟာရ၌ စက်ဆုပ်မှု မတွယ်တာမှု ဟူသော အသိသညာ
3: of the loathsomeness of food,
၄။ သဗ္ဗလောကေ အနဘိရတိ သညာ = လောက သုံးပါးကို မတပ်မက်ခြင်း ဟူသော အသိသညာ
4: of distaste for the whole world,
၅။ အနိစ္စ သညာ = မမြဲပါတကား ဟူသော အသိသညာ
5: of impermanence,
၆။ အနိစ္စေ ဒုက္ခ သညာ = မမြဲသောကြောင့် ဆင်းရဲခြင်းဖြစ်ရ၏ ဟူသော အသိသညာ
6: of the suffering in impermanence,
၇။ ဒုက္ခေ အနတ္တ သညာ = ဆင်းရဲသောကြောင့် အတ္တ ငါမဟုတ်ပါတကား ဟူသော အသိသညာ
7: of impersonality in suffering,
၈။ ပဟာန သညာ = ပယ်စွန့်လိုခြင်းဟူသော အသိသညာ
8: of relinquishment,
၉။ ဝိရာဂ သညာ = တပ်မက်မှုကင်းလိုခြင်းဟူသော အသိသညာ။
9: of dispassion.

ဖြစ်စေအပ်သော (ဥပ္ပါဒေတဗ္ဗ) တရားများ

ဆယ်ပါးစု (သညာ ၁ဝ ပါး) အထက်ပါ သညာ ၉ ပါးထဲ၌ Group of ten items (Ten perceptions):
Add the following one (no. 10) into the above.
၁ဝ။ နိရောဓ သညာ = ချုပ်ငြိမ်းလိုခြင်း ဟူသော အသိသညာ – ထည့်ပေါင်းပါ။
10: Perception of cessation.

ဖြစ်ပေါ်သောတရားများ

(ဇာတိဓမ္မ – အဖြစ်တရား – များ _ရှု)

ဖြတ်ပုံ ပယ်ပုံ ၈ မျိုး

(လူ့အသုံးအနှုံး ဖြတ်ပုံ ပယ်ပုံ ၈ မျိုး _ရှု)

ဖြတ်ရမည့်တရား ၅ ပါး

(သြရမ္ဘာဂိယ – ကာမဘုံနှင့် ဆက်နွယ်နေသော – သံယောဇဉ် ၅ ပါး _ရှု)

ဖြူစင်ခြင်း (ဝေါဒါန) ၃ ပါး

Three kinds of cleansing/purification:
၁။ ကိုယ်ကျင့်သီလ ဖြူစင်ခြင်း
1: Purification of morality,
၂။ တည်ကြည်မှု သမာဓိ ဖြူစင်ခြင်း
2: of concentration.
၃။ ပညာ ဖြူစင်ခြင်း။
3: of wisdom.

ဖြူစင်သောတရား

ကဏှ ၂ ပါး
Two bright–dhammas:
၁။ ဟိရီ – မကောင်းမှုမှရှက်ခြင်း
1: Moral shame/sense of shame,
၂။ သြတ္တပ္ပ – မကောင်းမှုမှကြောက်ခြင်း။
2: moral dread/fear of bad deed.

ဖွါးဘက်

Two or more persons born at the same time.

ဖွါးဘက်တော် ၇ ပါး

The seven persons who were born simultaneously along with Siddhattha (Buddha–to–be), the seven connatals of Siddhattha:
၁။ ကာဠုဒါယီ
1: Minister Kāludāyī,
၂။ ယသောဓရာ
2: Princess Yasodharā,
၃။ အာနန္ဒ ညီတော်
3: Prince Ānanda (Buddha’s coursion),
၄။ ဆန္ဒ အမတ်
4: Minister Chanda,
၅။ ကန္တက မြင်း
5: Kantaka, a Royal stallion,
၆။ ရွှေအိုးကြီးလေးလုံး _ရှု
6: Four treasure–pots, four jars of gold,
၇။ ဗောဓိပင်။
7: Bodhi Tree (Bo–tree).

ဖွါးမြင်ခြင်း (ဂဗ္ဘာ ဝက္ကန္တိ) ၄ မျိုး

Four modes of rebirth:
၁။ သတိ မပါပဲ အမိဝမ်း– သို့ သက်ဆင်း။ –မှာနေ။ –မှ ထွက်ခြင်း
1: Descending, staying and leaving all unknowingly into the mother’s womb,
၂။ သတိ ဖြင့် အမိဝမ်းသို့ သက်ဆင်းပြီး သတိ မပါပဲ အမိဝမ်း–မှာနေ။ –မှ ထွက်ခြင်း
2: descending knowingly but staying and leaving unknowingly into the mother’s womb,
၃။ သတိ ဖြင့်အမိဝမ်း–သို့ သက်ဆင်း။ –မှာနေပြီး သတိ မပါပဲ အမိဝမ်း–မှ ထွက်ခြင်း
3: descending and staying knowingly but leaving unknowingly into the mother’s womb,
၄။ သတိ ဖြင့်အမိဝမ်း–သို့ သက်ဆင်း။ –မှာနေ။ –မှ ထွက်ခြင်း။
4: descending, staying and leaving all knowingly into the mother’s womb.

ဗလ (ဗိုလ်)

အားကောင်း အားရှိခြင်း
Power, strength.

ဗလ (ဗိုလ်) ၅ ပါး

(ဗောဓိ ပက္ခိယ _ရှု)

ဗလ ၅ တန်

(အား ၅ မျိုး နှင့်တူ၏)
Five powers:
၁။ ကာယ ဗလ = ကိုယ်အားကောင်းခြင်း
1: Power of physical body,
၂။ ဉာဏ ဗလ = အသိဉာဏ် အားကောင်းခြင်း
2: of wisdom,
၃။ စာရိတ္တ ဗလ = ကိုယ့်ကျင့်သီလ အားကောင်းခြင်း
3: of morality,
၄။ မိတ္တ ဗလ = မိတ်ဆွေ အားကောင်းခြင်း
4: of friends,
၅။ ဘောဂ ဗလ = စည်းစိမ်ပစ္စည်းဥစ္စာ အားကောင်းခြင်း။
5: of wealth.

ဗလိ

ပူဇော်ခြင်း၅ မျိုး
Five oblations:
၁။ ဉာတိ ဗလိ = ဆွေမျိုးတို့အား ပေးကမ်း ပူဇော်ခြင်း
1: Oblation to kids and kins,
၂။ အတိထိ ဗလိ = ဧည့်သည်တို့အား ပေးကမ်း ပူဇော်ခြင်း
2: to guests,
၃။ ပုဗ္ဗပေတ ဗလိ = ကွယ်လွန်သွားကြသူတို့အား ကုသိုလ်ပြုအမျှဝေပူဇော်ခြင်း
3: to the departed,
၄။ ရာဇ ဗလိ = မင်းတို့အား ပူဇော်ခြင်း
4: to the king,
၅။ ဒေဝတာ ဗလိ = နတ်တို့အား ပူဇော်ခြင်း။
5: to deities.

ဗဟုဿုတ

Vast knowledge.

ဗာကုလ မထေရ်

ဘုရားရှင်၏ သာဝကများတွင် သက်တော်အရှည်ဆုံးဖြစ်သည်။ လူ ဒါယကာ အဖြစ်ဖြင့် နှစ် ၈ဝ နေခဲ့လျှက် ရဟန်းပြု ၈ဝ ဝါရရှိပြီး သက်တော် ၁၆ဝ မှာ နိဗ္ဗာန်ဝင်စံတော်မူသည်။
Bākula: His life was the longest among the Buddha’s immediate disciples. He spent 80 years of lay–manhood and then became a monk lasting 80 years as well. At age 160, he passed away (entered into the state of nibbāna).

ဗာကုလ မထေရ်၏ အံ့သြဘွယ်ရာ ၃၇ ပါး

(ဗာကုလသုတ်။ ဥပရိပဏ္ဏာသ။ မဇ္စျိမနိကာယပါဠိ)
Thirty–seven wonders of Arahant Bākula:
၁။ (ဝါတော် ၈ဝ အတွင်း) ကာမဝိတက် – ကာမဂုဏ်စပ်သော အကြံအစည် မရှိခြင်း
1: (Throughout his 80 years of monkhood) he has no thought of sensual pleasure,
၂။ ဗျာပါဒဝိတက် – မကျေနပ် ဒေါသနှင့်စပ်သော အကြံအစည် မရှိခြင်း
2: of ill–will,
၃။ ဝိဟိံသဝိတက် – ညှင်းဆဲလိုသော အကြံအစည် မရှိခြင်း
3: of harm,
၄။ ကာမသညာ မရှိခြင်း
4: no sensual perception,
၅။ ဗျာပါဒ သညာ မရှိခြင်း
5: no hateful perception.
၆။ ဝိဟိံသ သညာ မရှိခြင်း
6: no harmful perception,
၇။ ဆွေမျိုးမတော်သူ လှူသော သင်္ကန်းကို မခံယူဘူးခြင်း
7: no accepting the robe offered by lay persons who are not his relatives,
၈။ သင်္ကန်းချုပ်ရန် အဝတ်စကို ဓါးဖြင့် မဖြတ်ဘူးခြင်း
8: never cutting robe–material with a knife,
၉။ သင်္ကန်း မချုပ်ဘူးခြင်း
9: never sewing the robe,
၁ဝ။ သင်္ကန်း ဆေးမဆိုးဘူးခြင်း
10: never dying the robe,
၁၁။ ကထိန်သင်္ကန်း တစ်ကြိမ်မျှ မချုပ်ဘူးခြင်း
11: never sewing the Kathina–robe,
၁၂။ ရဟန်းတော်များ သင်္ကန်းချုပ်ရာ မပါဝင်ဘူးခြင်း
12: never taking part in group–sewing the robe,
၁၃။ ပင့်ဖိတ်သောဆွမ်းကို မသာယာဘူးခြင်း
13: never accepting offering alms–food,
၁၄။ တစ်ဦးဦးက ပင့်ဖိတ်မူ ကောင်းလေစွဟူသော စိတ်အကြံ မဖြစ်ဘူးခြင်း
14: never having such thought as “It will be good if someone invites me for food’,
၁၅။ မြို့ရွာ အိမ်တံစက်မြိတ်အတွင်း တစ်ကြိမ်မျှ မထိုင်ဘူးခြင်း
15: never sitting in a house,
၁၆။ မြို့ရွာအတွင်း တစ်ကြိမ်မျှ ဆွမ်းမစားဘူးခြင်း
16: never eatting in a village or in a town,
၁၇။ မာတုဂါမကို မိန်းမဟူသောအမှတ်သညာဖြင့် မကြည့်ဘူးခြင်း
17: never looking at a woman with a thought of woman,
၁၈။ မာတုဂါမ (မိန်းမသား) အား လေးပုဒ်ပါ ဂါထာမျှဖြင့်ပင် တရားမဟောဘူးခြင်း
18: never giving a discourse to a woman, even four–lined verse,
၁၉။ ဘိက္ခူနီမတို့ကျောင်းသို့ မရောက်ဘူးခြင်း
19: never going to a nunnary,
၂ဝ။ ဘိက္ခူနီမအား တရားမဟောဘူးခြင်း
20: never giving a discourse to a nun,
၂၁။ သိက္ခမာန်အား တရားမဟောဘူးခြင်း
21: never giving a discourse to a trainee,
၂၂။ သာမဏေအား တရားမဟောဘူးခြင်း
22: never giving a discourse to a novice,
၂၃။ ဥပဇ္စျာယ်ဆရာပြု၌ ရှင်ပြု မပေးဘူးခြင်း
23: never been a preceptor of a novice,
၂၄။ ဥပဇ္စျာယ်ဆရာပြု၌ ရဟန်းခံ မပေးဘူးခြင်း
24: never been a preceptor of a monk,
၂၅။ ရဟန်းတစ်ပါးအားမျှ နိဿယည်း မပေးဘူးခြင်း
25: never giving instruction to a monk,
၂၆။ သာမဏေတို့၏ အလုပ်အကျွေးအပြုအစုကို မခံဘူးခြင်း
26: never being served by novices,
၂၇။ ရေချိုးအိမ်၌ ရေမချိုးဘူးခြင်း
27: never taking bath at a bath–house,
၂၈။ ဆပ်ပျာမှုန့်သုံးပြီး ရေမချိုးဘူးခြင်း
28: never using bath–powder,
၂၉။ ငါ့ကို ဆုပ်နယ် (နှိပ်) ပေးပါဟု မပြောဘူးခြင်း
29: never being massaged,
၃ဝ။ ခန္ဓာကိုယ်၌ နွားနို့တစ်ညှစ်ခန့်ကြာလောက်အောင်ပင် အနာရောဂါ မဖြစ်ဘူးခြင်း
30: never being ill even for a duration of drawing a drop of milk from a cow,
၃၁။ သျှိသျှားသီးပိုင်းမျှသော ဆေးကိုပင် မသုံးဆောင် မစားသောက်ဘူးခြင်း
31: never taking a bit of herbal medicine,
၃၂။ တံကဲပျဉ်ကို မှီ၍ မအိပ်ဘူးခြင်း
32: never leaning against a support,
၃၃။ အိပ်ရာ၌ လျောင်း၍ မအိပ်ဘူးခြင်း
33: never lying down on a bed,
၃၄။ ရွာအနီးကျောင်း၌ ဝါမကပ်ဆိုဘူးခြင်း
34: never residing during rainy–retreat near a village,
၃၅။ ရဟန်းပြုပြီး ၇ ရက်သာလျှင် ကိလေသာရှိသူဖြစ်ခြင်း
35: having mental defilements just for seven days after monkhood,
၃၆။ သက်တော် ၁၆ဝ။ ဝါတော် ၈ဝ တစ်ကျောင်းဝင် တစ်ကျောင်းထွက် သွားရောက်ပြီး ပရိနိဗ္ဗာန်စံတော် မူမည့် အကြောင်း ပြောကြားသတင်းပေးခြင်း
36: imforming the fellow–monks from door to door by saying, “Today, I will realize the Nibbāna”;
၃၇။ တေဇောကသိုဏ်းဖြင့် ပရိနိဗ္ဗာန်စံဝင်၍ မုလေးပန်းငုံအဆင်းရှိသော ဓာတ်တော်များသာ ကြွင်းကျန်ခြင်း။
37: His body is consumed by fire by itself (tejokasiṇa) and leaving a collection of small relics resembling jasmine buds.

ဗာရာဏသီမြို့

ဂင်္ဂါမြစ်ကမ်း၌ ရှိသောမြို့။ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူကျမ်းများ၌ အလွန်ထင်ရှားသည်။ ဘုရားရှင်သည် တရားဦး ဓမ္မစကြာကို ဤမြို့၌ ဟောတော်မူသည်။ ဟိန္ဒူဘာသာဝင်တို့၏ အမြင့်မြတ်ဆုံးသောမြို့ ဖြစ်သည်။
Bārāṇasī: a city on bank of the River Ganges (Gangā River) which is very famous in both Buddhist and Hindu scriptures. Lord Buddha gave His very first speech, Dhamma–cakka, near this city. Hindus regard it as the holiest city.

ဗာရာဏသီ ချဲ့

Exaggerate, elaborate.

ဗာဟုသစ္စ (အကြားအမြင် အလေ့အလာများခြင်း)၏ လက္ခဏာ အကြောင်းတရား ၉ ပါး


Nine components of learning/general knowledge:
၁။ ရှေးကဆည်းပူး လေ့လာမှုများရှိခြင်း
1: Previous effort made for learning,
၂။ အကြိမ်ကြိမ် အဖန်ဖန် မေးမြန်းစုံစမ်းခြင်း
2: being a constant enquirer,
၃။ သူတော်ကောင်းတရား အားထုတ်ခြင်း
3: practice of good dhamma,
၄။ အပြစ်ကင်းသောအတတ်ပညာကိုလေ့လာခြင်း
4: pursuit of blameless knowledge,
၅။ သဒ္ဓါစသော ဣန္ဒြေများ ရင့်ကျက်ခြင်း
5: maturity of faculties such as faith,
၆။ ကိလေသာမှ ဝေးအောင်ရှောင်ခြင်း
6: keeping away from mental defilements,
၇။ အကြားအမြင် နည်းပါးသူကို ရှောင်ခြင်း
7: not association with the ignorant,
၈။ အကြားအမြင် များသူကို ဆည်းကပ်ခြင်း
8: association with the learned,
၉။ ဣရိယာပုထ်တိုင်း၌ ဗဟုသုတများရန် စိတ်ညွတ် စိတ်ရှေ့သွားရှိခြင်း။
9: inclination for expending knowledge in all postures.

ဗိန္ဒု

အစက်အပျောက်
Dot, speck.

ဗိမ္ဗိသာရမင်းကြီး၏ သူဌေးကြီး ၅ ယောက်

(သူဌေးကြီး ၅ ယောက် – ဗိမ္ဗိသာရမင်းကြီး၏ – _ရှု)

ဗိမာန်

Edifice, big building, mansion.

ဗိဿနိုး

(ဟိန္ဒူဘုရား) – လောကကြီးကို တည်တန့်အောင် စောင့်ရှောက်သော ဟိန္ဒူဘုရား
A Hindu God who is responsible for ‘maintenance’ of the world.

ဗီဇ

Gene, seed, inherent character, trait.

ဗီဇ ဂါမ် ၅ မျိုး

Five kinds of seed–growth:
၁။ ပင်စည်
1: Truck–growth,
၂။ အမြစ်
2: root–growth,
၃။ အဆစ်
3: joint–growth,
၄။ အညွန့်
4: sprout–growth,
၅။ အစေ့။
5: seed–growth.

ဗီလုံးငှက်ငယ်နှင့် သိန်းငှက်ကြီး ပြိုင်ဆိုင်ခန်း

(မိမိကျက်စားရာ–စားကျက်– မဟုတ်သောနေရာ–ဗီလုံးငှက်ငယ်၏ နေရာ၌ ကျက်စားသောကြောင့် ပျက်စီးရသောသိန်းငှက် _ရှု)

ဗုဒ္ဓ

သစ္စာသိမြင်သူ
The Enlightened/Awakened One.

ဗုဒ္ဓ ၄ မျိုး

Four kinds/levels of Buddha:
၁။ သမ္မာသမ္ဗုဒ္ဓ = သစ္စာသိပြီး သိမြင်အောင်ဟောပြနိုင်သော ဘုရား
1: Universal Buddha,
၂။ ပစ္စေက ဗုဒ္ဓ = သစ္စာသိပြီး သိမြင်အောင်မဟောပြနိုင်သော ဘုရား
2: Individual/Isolated Buddha,
၃။ သာဝက ဗုဒ္ဓ = သစ္စာတရား နာကြားပြီး သိမြင်သူ (ရဟန္တာ)
3: Disciple Buddha,
၄။ သုတ ဗုဒ္ဓ = အကြားအမြင်အသိအမြင်များသူ။
4: Vast knowledge Buddha.

ဗုဒ္ဓ ဂါယာ

(ဂယာ)
The place where Buddha attained enlightenment.

ဗုဒ္ဓကိစ္စ ၅ ပါး

The Five series of the Buddha’s doings within a twenty–four–hour day:
၁။ ပုရေဘတ္တ ဗုဒ္ဓကိစ္စ = နံနက်ခင်းပိုင်း ဆွမ်းမစားမှီ ဘုရားရှင်၏ လုပ်ငန်းစဉ် – ဆွမ်းခံခြင်း နိရောဓသမာပတ် ဝင်စားတော်မူခြင်း
1: The Buddha’s morning doings: receiving food, cessation–trance etc.,
၂။ ပစ္ဆာဘတ္တ ဗုဒ္ဓကိစ္စ = နေ့ခင်းပိုင်း ဆွမ်းစားပြီး ဘုရားရှင်၏ လုပ်ငန်းစဉ် – အဓိကအားဖြင့် ဒါယကာ ဒါယိကာမ တို့အား တရားဟောခြင်း
2: after meal (lunch) doings: mainly giving sermons to lay–persons,
၃။ ပုရိမယာမ ဗုဒ္ဓကိစ္စ = ညဉ့်ဦးယံပိုင်း ဘုရားရှင်၏ လုပ်ငန်းစဉ် – အဓိကအားဖြင့် ရဟန်းတို့အား တရား ဟောခြင်း
3: doings in the first watch of the night: mainly giving sermons to monks and nuns,
၄။ မဇ္စျိမယာမ ဗုဒ္ဓကိစ္စ = သန်းခေါင်ယံပိုင်း ဘုရားရှင်၏ လုပ်ငန်းစဉ် – အဓိကအားဖြင့် နတ်ဗြဟ္မာ တို့အား တရားဟောခြင်း
4: doings in the first watch of the night: mainly giving sermons to heavenly beings,
၅။ ပစ္ဆိမယာမ ဗုဒ္ဓကိစ္စ = မိုးသောက်ယံပိုင်း ဘုရားရှင်၏ လုပ်ငန်းစဉ် – အနားယူတော်မူခြင်း။
5: doings in the last watch of the night: taking rest.

ဗုဒ္ဓ ဃောသ။ အရှင် မဟာ

နာမည်အထင်ရှားဆုံးသော ထေရဝါဒ အဋ္ဌကထာ ကျမ်းပြု ဆရာတော် ဖြစ်သည်။
ပိဋကတ်ပါဠိကျမ်းအများစုကို အဖွင့် အဋ္ဌကထာများ ရေးသားခဲ့သည်၊ သူ၏ အထင်ရှားဆုံး ကျမ်းမှာ ဝိသုဒ္ဓိမဂ် _ရှု ဖြစ်ဖွယ်ရှိပါသည်။ အိန္ဒိယ မြောက်ပိုင်းတွင် ခရစ် ၅ ရာစု အဦးပိုင်း၌ ဖွါးမြင်သူ ဟု ယုံကြည်ကြပါသည်။
Mahā Buddhaghosa: The most famous commentator in Theravāda Buddhism; he compiled the commentaries on most of the Pāli Texts. Probably the most famous book is ‘Visuddhi–magga – The Path of Purification’. He was believed to be born in northern Indian in early fifth century CE.

ဗုဒ္ဓ ဃောသ။ အရှင် မဟာ။ ပြုစုသော အဋ္ဌကထာပါဠိများ

The commentaries compiled by Mahā Buddhaghosa:
ဝိသုဒ္ဓိ မဂ္ဂ အဋ္ဌကထာ ပိဋက သုံးပုံ အဋ္ဌကထာ အကျဉ်း
Visuddhimagga Aṭṭhakathā Concise commentary to Tipitaka,
သမန္တပါသာဒိကာ အဋ္ဌကထာ =ဝိနည်းငါးကျမ်း အဋ္ဌကထာ
Samantapāsādikā Commentary to Vinaya,
ကင်္ခါဝိတရဏီ အဋ္ဌကထာ =ပါတိမောက် အဋ္ဌကထာ
Kaṅkhāvitaraṇī Commentary to Pātimokkha,
သုမင်္ဂလဝိလာသိနီ အဋ္ဌကထာ =ဒီဃနိကာယ် အဋ္ဌကထာ
Sumaṅgalavilāsinī Commentary to Dīgha Nikāya,
သာရတ္ထပကာသိနီ အဋ္ဌကထာ =မဇ္စျိမနိကာယ် အဋ္ဌကထာ
Sāratthapakāsinī Commentary to Majjhima Nikāya,
မနောရထပူရဏီ အဋ္ဌကထာ =အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ
Manorathapūraṇī Commentary to Aṅguttara Nikāya,
ပရမတ္ထဇောတိကာ အဋ္ဌကထာ =ခုဒ္ဒကပါဌ အဋ္ဌကထာ နှင့် သုတ္တနိပါတ် အဋ္ဌကထာ
Paramatthajotikā Commentary to Khuddakapāṭha and Suttanipāta,
ဓမ္မပဒ အဋ္ဌကထာ =ဓမ္မပဒ အဋ္ဌကထာ
Dhammapada Aṭṭhakathā Commentary to Dhammapada,
ဇာတက အဋ္ဌကထာ =ဇာတက အဋ္ဌကထာ
Jātaka Aṭṭhakathā Commentary to Jātaka,
အဋ္ဌသာလိနီ အဋ္ဌကထာ =ဓမ္မသင်္ဂဏီ အဋ္ဌကထာ
Aṭṭhasālinī Aṭṭhakathā Commentary to Dhammasaṅgaṇī,
သမ္မောဟဝိနောဒနီ အဋ္ဌကထာ =ဝိဘင်း အဋ္ဌကထာ
Sammohavinodanī Aṭṭhakathā Commentary to Vibhaṅga,
ပဉ္စပကရဏ အဋ္ဌကထာ ကျန်ရှိသော အဘိဓမ္မာ ငါးကျမ်းတို့၏ အဋ္ဌကထာ။
Paṅcapakaraṇa Aṭṭhakathā Commentary to remaining five books of Abhidhamma.

ဗုဒ္ဓ ဇယန္တီ

The 2500th. Celebration of Buddha–sāsanā, which fell the year 1956–1957.

ဗုဒ္ဓ ဓမ္မ

(ဗုဒ္ဓသာသနာ) The Teaching of the Buddha, Buddha’s Dispensation.

ဗုဒ္ဓ နေ့

(ကဆုန်လပြည့်) The birth/death/enlightenment–day of Buddha, Vesak day (Visākhā in Pāli). (Usually falls on the full–moon day of May.)

ဗုဒ္ဓဘူမိ ၄ ပါး

(ဘုရားရှင်၏ ရပ်တည်ရာ)
Four grounds for Buddha–hood:
၁။ ဥဿာဟ =ကြိုးစားအားထုတ်မှု
1: Edneavour,
၂။ ဥမ္မင်္ဂ = ပညာကြီးမားမှု
2: higher intelligence,
၃။ အဝတ္ထာန = ကြံ့ခိုင်မှု
3: firm standing,
၄။ ဟိတစရိယ = အကျိုးရှိသည်ကို ကျင့်မှု။
4: beneficial practice.

ဗုဒ္ဓ ရုပ်ပွါးတော်

Buddha–statue, Buddha–image.

ဗုဒ္ဓဝင် အချုပ်ဇယား

(ရှေးရှေးသော ဘုရားရှင်၂၄ ဆူနှင့် ဂေါတမဘုရားရှင် ပေါင်း = ၂၅ ဆူ)
Lists of the 25 Buddhas and each one’s name, father, son, life–span etc.:
၁၊ ဘုရားဘွဲ့တော် ၁– ဒီပင်္ကရာ ၂– ကောဏ္ဍည ၃– မင်္ဂလ
1: Name:
1: Dīpaṅkarā
2: Koṇḍañña
3: Maṅgala
၂၊ ကမ္ဘာ_ရှုအမည် သာရမဏ္ဍ သာရ သာရမဏ္ဍ
2: world’s name: Sāramaṇḍa Sāra Sāramaṇḍa
၃၊ နေပြည်တော် ရမ္မာဝတီ ရမ္မာဝတီ ဥတ္တရ
3: capital city: Rammāvatī Rammāvatī Uttara
၄၊ ခမည်းတော် သုဒေဝ သုနန္ဒ ဥတ္တရ
4: father: Sudeva Sunanda Uttara
၅၊ မယ်တော် သုမေဓာ သုဇာတာ ဥတ္တရာ
5: mother: Sumedhā Sujātā Uttarā
၆၊ ပြာသာဒ် ၃ ဆောင် ဟံသ။ကောဌ။မယူရ သုစိ။သုရုစိ။သုဘ ယသဝါ။ရုစိမာ။သိရိမာ
6: 3 mansions: Haṃsa, Koṅca, Suci, Suruci, Yasavā, Rucimā,
Mayūra Subha Sirimā
၇၊ မိဖုရား ပဒုမာ ရုစိဒေဝီ ယသဝတီ
7: wife: Padumā Rucidevī Yasavatī
၈၊ သားတော် ဥသဘက္ခန္ဓ ဝိဇိတသေန သီလဝ
8: son: Usabhakkhandha Vijitasena Sīlava
၉၊ စည်းစိမ်စံနှစ် နှစ် ၁–သောင်း နှစ် ၁–သောင်း နှစ် ၉–ထောင်
9: years of kingship: 10,000 years 10,000 years 9,000 years
၁ဝ၊ တောထွက်ယဉ် ဆင်ယဉ် ရထားယဉ် မြင်းယဉ်
10: vehicle for
renunciation: elephant coach horse
၁၁၊ ဒုက္ကရစရိယာကျင့်ချိန် ၁ဝ–လ ၁ဝ–လ ၈–လ
11: length of austerity: 10 months 10 months 8 months
၁၂၊ ဗောဓိပင် ညောင်ကြတ်ပင် နပဲပင် ကန့်ကော်ပင်
12: enlightenment–tree: ficus obtusifoltia lannea grandis Ceylon ironwood
၁၃၊ လက်ျာရံထေရ် သုမင်္ဂလ ဘဒ္ဒ သုဒေဝ
13: chief monk of right side: Sumaṅgala Bhadda Sudeva
၁၄၊ လက်ဝဲရံထေရ် တိဿ သုဘဒ္ဒ ဓမ္မဒေဝ
14: chief monk of left side: Tissa Subhadda Dhammadeva
၁၅၊ အလုပ်အကျွေး သာဂတ အနုရုဒ္ဓ ပါလိတ
15: personal attendant: Sāgata Anuruddha Pālita
၁၆၊ လက်ျာရံထေရီမ နန္ဒာ တိဿာ သီဝလာ
16: chief nun of right side: Nandā Tissā Sīvalā
၁၇၊ လက်ဝဲရံထေရီမ သုနန္ဒာ ဥပတိဿာ အသောကာ
17: chief nun of left side: Sunandā Upatissā Asokā
၁၈၊ ဉာဏ်တော်အမြင့် ၈ဝ–တောင် ၈၈–တောင် ၈၈–တောင်
18: hight: 80 cubits 88 cubits 88 cubits
၁၉၊ အသက်တမ်း နှစ် ၁ သိန်း နှစ် ၁ သိန်း နှစ် ၉ သောင်း
19: life span: 100,000 years 100,000 years 90,000 years
၂ဝ၊ စေတီအမြင့် ၃၆–ယူဇနာ_ရှု ၇–ယူဇနာ ၃ဝ–ယူဇနာ
20: pagoda’s height: 36 yūjanā 7 yūjanā 30 yūjanā
၂၁၊ ပါရမီ ဖြည့်ချိန် – – – – – ၁၆–သင်္ချေ ကမ္ဘာ၁သိန်း ၁၆–သင်္ချေ ကမ္ဘာ၁သိန်း
21: the length of 16 aeons and 16 aeons and fulfilling pāramī: – – – – – 100,000 world– 100,000 world–cycles
၂၂၊ ဂေါတမဘုရားလောင်း သုမေဓာရသေ့ ဝိဇိတာဝီစကြာမင်း သုရုစိ ပုဏ္ဏား
22: the name of “Gotama” then: Sumadhā Vijitāvī Suruci
၂၃၊ ကမ္ဘာအရေအတွက် ၄–သင်္ချေကမ္ဘာ ၁–သိန်း ၃–သင်္ချေကမ္ဘာ ၁–သိန်း ၂–သင်္ချေကမ္ဘာ ၁–သိန်း
23: how many world– 4 aeons and 3 aeons and 2 aeons and cycles ago: 100,000 world– 100,000 world– 100,000 world–cycles.
(– – – – – ဤသင်္ကေတ က ‘ကျမ်းဂန်များ၌ မညွှန်းဆို မပါရှိ’ ဟုဆိုလိုပါသည်)
(– – – – – This sign means ‘not mention in the Scriptures.)

ဗုဒ္ဓဝံသ (ဗုဒ္ဓဝင်) ပါဠိ –

ရှေးရှေးသော ဘုရားရှင်၂၄ ဆူနှင့် ဂေါတမ ဘုရားရှင်တို့၏ အကြောင်းများဖြစ်သည်။
ခုဒ္ဒက နိကာယ်၏ ၁၂ ခုမြောက် (ဒွါဒသမ) ကျမ်းဖြစ်သည်။
Buddha–vaṃsa: Chronology of Buddha(s), Buddhology, Biography of Buddha(s):
This treatise contains the biographies of Gotama Buddha and of 24 previous Buddhas; the twelveth book of ‘the Collection of Minor Discourses’.

ဗုဒ္ဓဟူးနံ အက္ခရာ ၅ လုံး

(အက္ခရာ များ၏ နေ့နံ သင်္ကေတများ _ရှု)

ဗုဒ္ဓသာသနာ

ဘုရားရှင်၏ အဆုံးအမ တရား The teaching/dispensation of the Buddha.

ဗုဒ္ဓါနုဿတိ

ဘုရားဂုဏ်တော်ကိုအောင့်မေ့ခြင်း
Recollection of the Buddha.

ဗုဒ္ဓိ

အသိဉာဏ်
Enlightenment, intellect.

ဗုဒ္ဓိစရိုက်

အသိဉာဏ် အားကြီးသူ
Intellectuals.

ဗုဒ္ဓိစရိုက်ရှိသူအား လျောက်ပတ်သော ကမ္မဋ္ဌာန်း ၄ မျိုး

Four kinds of contemplation that fit for intellectuals:
၁။ မရဏဿတိ – သေခြင်းကို အောင့်မေ့သတိရခြင်း
1: Contemplation on death.
၂။ ဥပသမာနုဿတိ – ငြိမ်းချမ်းမှုကို ဆင်ခြင်ခြင်း
2: contemplation on peace,
၃။ စတုဓာတုဝဝတ္ထာန် – ဓာတ်ကြီးလေးပါးကို ပိုင်နိုင်ခြင်း ဆင်ခြင်ခြင်း
3: analytical contemplation on the four great elements,
၄ အာဟာရေ ပဋိကူလသညာ – အစာအာဟာရ၌ စက်ဆုတ်ဖွယ်အဖြစ် အမှတ်ထားခြင်း။
4: contemplation on the loathsomeness of food.

ဗူး (အိုး) နှင့် ကြုတ် လှူရကျိုး ၁ဝ ပါး

Ten benefits of donating container:
၁။ လုံခြုံစွာ နေရခြင်း
1: Safeguard,
၂။ ချမ်းသာခြင်း
2: happiness,
၃။ အခြံအရံများခြင်း
3: many entourage,
၄။ ဂတိ ဝိပတ္တိမှ ကင်းခြင်း
4: no bad destination,
၅။ သိမ်မွေ့ခြင်း
5: subtle manner,
၆။ ဂုဏ်ကြီးခြင်း
6: dignity,
၇။ အင်္ဂါကြီးငယ် ညီညွတ်ခြင်း
7: eligance,
၈။ ထိပ်လန့်မှုကင်းခြင်း
8: no fear,
၉။ ဆင်မြင်း ရတနာ ပေါများခြင်း
9: many jewelaries,
၁ဝ။ ပစ္စည်းဥစ္စာမပျောက်ပျက်ခြင်း။
10: no loss of wealth.

ဗေဒ

အသိဉာဏ်။ အတတ်ပညာ
Knowledge, science.

ဗေဒင်

ဝေဒင်္ဂ = ဝေဒကျမ်းများ၏ အစိတ်အပိုင်း တစ်ခု –မွေးရက် မွေးနေ့ မွေးချိန်တို့ကို အခြေခံ
တွက်ချက်လျက် အတိတ် အနာဂတ်ဖြစ်ရပ်တို့ကို ဟောပြောနိုင်သော အတတ်ပညာ
Fortune telling, astrology.

ဗောဇ္စျင်တရား

သစ္စာတရား သိမြင်ရန်အထောက်အပံ့ ပြုသောတရား
Factors of enlightenment.

ဗောဇ္စျင် ၇ ပါး

Seven factors/wings of enlightenment:
၁။ သတိ သမ္ဗောဇ္စျင်
1: Mindfulness,
၂။ ဓမ္မ ဝိစယ သမ္ဗောဇ္စျင်
2: investigation of the dhamma,
၃။ ဝီရိယ သမ္ဗောဇ္စျင်
3: zeal,
၄။ ပီတိ သမ္ဗောဇ္စျင်
4: joy,
၅။ ပဿဒ္ဓိ သမ္ဗောဇ္စျင်
5: tranquility of mind,
၆။ သမာဓိ သမ္ဗောဇ္စျင်
6: concentration,
၇။ ဥပေက္ခာ သမ္ဗောဇ္စျင်။
7: equanimity.

ဗောဇ္စျင် ၁၄ ပါး

အထက်ပါ ၇ ပါးသည်ပင် အတွင်းသန္တာန်၌ ၇ ပါး + အပြင်သန္တာန်၌ ၇ ပါး = ၁၄ ပါးဖြစ်သည်။
(ပရိယာယသုတ်။ ဗောဇ္စျင်္ဂသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
Fourteen factors of enlightenment: As above, internal factors 7 + external factors 7 = 14.

ဗောဓိ

ထိုးထွင်းသိခြင်း
Enlightenment, awaking.

ဗောဓိ ဉာဏ်

ထိုးထွင်းသိသောဉာဏ်
Enlightenment of Buddha, enlightened wisdom.

ဗောဓိ ညောင်

(ဗောဓိပင်)
Bo or pipal tree, bodhi tree under which Buddha attained enlightenment, the sacred/holy tree of Buddhism.

ဗောဓိ ပက္ခိယ

သစ္စဉာဏ်၏ အသင်းအပင်းဖြစ်သောတရား
Factors/requisites of Enlightenment, Wings to Enlightenment.

ဗောဓိ ပက္ခိယ တရား ၃၇ ပါး

Thirty–seven wings/components to/of enlightenment:
၁။ သတိပဋ္ဌာန် ၄ ပါး _ရှု
1: Four foundations of mindfulness,
၂။ သမ္မပ္ပဓာန် ၄ ပါး _ရှု
2: four right efforts,
၃။ ဣဒ္ဓိပါဒ် ၄ ပါး _ရှု
3: four roads to power,
၄။ ဣန္ဒြေ ၅ ပါး _ရှု
4: five spiritual faculties,
၅။ ဗိုလ် ၅ ပါး _ရှု
5: five mental powers,
၆။ ဗောဇ္စျင် ၇ ပါး _ရှု
6: seven factors of enlightenment,
၇။ မဂ္ဂင် ၈ ပါး _ရှု။
7: eight noble paths.

ဗောဓိ ပက္ခိယ တရား ၃၇ ပါးကို ဝေဘန်ခြင်း

Analysis of the thirty–seven components of enlightenment:
၁။ ဆန္ဒ။ စိတ္တ။ ပီတိ။ ပဿဒ္ဓိ။ ဥပေက္ခာ။ သမ္မာသင်္ကပ္ပ။ သမ္မာဝါစာ။ သမ္မာကမ္မန္တ။ သမ္မာအာဇီဝ –
ဤတရား ၉ ပါးတို့သည် ဗောဓိ ပက္ခိယ ၇ မျိုးစု၌ တစ်မျိုးစီသာ အမည်ရကုန်၏။
1: Zeal, consciousness, happiness, tranquility, equanimity, right thought, right speech, right action and right livelihood are found ‘in one way’ in seven group.
၂။ သဒ္ဓါသည် ဣန္ဒြေ နှင့် ဗလ ဟူ၍ အမည် နှစ်မျိုးရ၏။
2: Faith is found in two ways: as a faculty and as a power.
၃။ သမာဓိသည် ဣန္ဒြေ။ ဗလ။ ဗောဇ္စျင်။ မဂ္ဂင် ဟူ၍ အမည် လေးမျိုးရ၏။
3: Concentration is found the one in four ways: as a faculty, as a power, as an enlightenment factor and as a path.
၄။ ပညာသည် ဣန္ဒြေ။ ဗလ။ ဗောဇ္စျင်။ မဂ္ဂင်။ ဣဒ္ဓိပါဒ် ဟူ၍ အမည် ငါးမျိုးရ၏။
4: Wisdom is found in five ways: as road to power, as a faculty, as a power, as an enlightenment factor and as a path.
၅။ သတိသည် သတိပဋ္ဌာန် လေးမျိုး။ ဣန္ဒြေ။ ဗလ။ ဗောဇ္စျင်။ မဂ္ဂင် ဟူ၍ အမည် ရှစ်မျိုးရ၏။
5: Mindfulness is found in eight ways: as four foundation of mindfulness, as a faculty, as a power, as an enlightenment factor and as a path.
၆။ ဝီရိယသည် သမ္မပ္ပဓာန် လေးမျိုး။ ဣဒ္ဓိပါဒ်။ ဣန္ဒြေ။ ဗလ။ ဗောဇ္စျင်။ မဂ္ဂင် ဟူ၍ အမည် ကိုးမျိုးရ၏။
6: Energy is found in nine ways: as four right efforts, as road to power, as a faculty, as a power, as an enlightenment factor and as a path.

ဗောဓိ ပက္ခိယတရားတို့တွင် ပညိန္ဒြေ သည် အထွတ်အထိပ်

(သာလသုတ်။ ဣန္ဒြိယသုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
The faculty of wisdom is the chief among the components to enlightenment.

ဗောဓိ မဏ္ဍိုင်

The environs of the Bo–tree.

ဗောဓိသတ်

(ဗောဓိသတ္တ)
Buddha–to–be, future–buddha, would–be–buddha, beings destined to enlightenment, Buddha–in–training.

ဗိုလ် ၂ ပါး

Two powers:
၁။ ဆင်ခြင်မှုအား
1: Power of reflection,
၂။ ပွါးများမှုအား။
2: of cultivation.

ဗိုလ် ၅ ပါး

Five spiritual powers:
၁။ သဒ္ဓါ ဗိုလ်
1: Faith–power,
၂။ ဝီရိယ ဗိုလ်
2: effort–power,
၃။ သတိ ဗိုလ်
3: mindfulness–power,
၄။ သမာဓိ ဗိုလ်
4: concentration–power,
၅။ ပညာ ဗိုလ်။
5: wisdom–power.

ဗိုလ် ၇ ပါး

Seven spiritual powers:
(အထက်ပါ ၅ ပါးထဲသို့ အောက်ဖေါ်ပြပါ ၂ ပါး ထည့်ပေါင်းပါ)
(Add the following 2 into the above):
၆။ ဟိရီ ဗိုလ်
6: shame (to do evil), moral shame,
၇။ သြတ္တပ္ပ ဗိုလ်။
7: fear (to do evil), moral dread.

ဗျဂ္ဃဇာ

Retrograte movement (of a planet).

ဗျဥ္ဇနဗုဒ္ဓိ ၁ဝ ပါး

Ten important rules of enunciation of the words:
၁။ သိထိလ – အသံလျော့ ရွတ်ဆိုရသော အက္ခရာ = က စ တ မ စသည်
1: Sithila: unstressed letters, ka ca ta ma etc.,
၂။ ဓနိတ – အသံပြင်းပြင်း ရွတ်ဆိုရသော အက္ခရာ = ခ ဆ ထ ဘ စသည်
2: dhanita: stressed letters, kha cha tha bha etc.,
၃။ ဒီဃ – အသံရှည်ရှည် ရွတ်ဆိုရသော အက္ခရာ = အာ အီ ဦ ကာ ကီ စသည်
3: dīgha: long letters, ā ī ū kā kī etc.,
၄။ ရဿ – အသံတိုတို ရွတ်ဆိုရသော အက္ခရာ = အ က ကု စသည်
4: rassa: short letters, a i u ka ku etc.,
၅။ ဂရု – အသံလေးလေး ရွတ်ဆိုရသော အက္ခရာ = အာ သြ။ သန္တ ၌ သန် စသည်
5: garu: weathy letters, ā o san at santa etc.,
၆။ လဟု – အသံပေါ့ပေါ့ ရွတ်ဆိုရသော အက္ခရာ = အ က ကု စသည် (ရဿနှင့်တူ၏)
6: lahu: short–sounding letters, a ka ku etc. (the same as rassa),
၇။ နိဂ္ဂဟိတ – ခံတွင်းပိတ်ပြီး ရွတ်ဆိုရသော အက္ခရာ = ကံ အံ မံ စသည်၌ နိဂ္ဂဟိတ် သေးသေးတင်သံ
7: niggahita: letters uttered with a closed mouth, kaṃ aṃ maṃ etc.,
၈။ ဝိမုတ္တ – အသံဖြစ်ရာဌာန် အသီးသီးကို ဖွင့်၍ ရွတ်ဆိုရသော အက္ခရာ = အာ ကာ ပါ စသည်
8: vimutta: letters uttered with a mouth opend, ā kā pā etc.,
၉။ သမ္ဗန္ဓ – စပ်၍ ရွတ်ဆိုရသော အက္ခရာ = ဗုဒ္ဓါနုဿတိ စသည်၌ ဒ္ဓါ နှင့် နု ကိုမဖြတ် မရပ်ရ ဆက်စပ်ရွတ်
9: sambandha: two words with a connected sound, no pause between ddhā and nu at Buddhānussati,
၁ဝ။ ဝဝတ္ထိတ – ဖြတ်၌ ရပ်နား၌ရွတ်ဆိုရသော အက္ခရာ = နမော တဿ စသည်၌ နမော နှင့် တဿ အကြား ရပ်နား ဖြတ်၍ ရွတ်ဆိုရသည်။
10: vavatthita: separetedly sounded words, namo pause then tassa at namo tassa.

ဗျည်း

Consonant.

ဗျည်း ၃၃ လုံး

(ပါဠိ)။ သရ _ရှု
The 33 consonants in Pāḷi:
က ခ ဂ ဃ င ka kha ga gha ṅa စ ဆ ဇ စျ ည ca cha ja jha ña
ဋ ဌ ဍ ဎ ဏ ṭa ṭha ḍa ḍha ṇa
တ ထ ဒ ဓ န ta tha da dha na
ပ ဖ ဗ ဘ မ pa pha ba bha ma
ယ ရ လ ဝ သ ya ra la va sa
ဟ ဠ အံ။ ha ḷa ṃ

ဗျတ္တိ

Courage in action, visible qualities.

ဗျသနတရား ၅ ပါး

(သမ္ပဒါ တရား ၅ ပါး _ရှု)
Five losses:
၁။ ဉာတိ ဗျသန
1: Loss of relatives,
၂။ ဘောဂ ဗျသန
2: of wealth,
၃။ ရောဂ ဗျသန
3: of health,
၄။ သီလ ဗျသန
4: of moral–conduct,
၅။ ဒိဋ္ဌိ ဗျသန။
5: of right view.

ဗျာကရုဏ်း ကျမ်း

(ဗျာကရိုဏ်း) Treatise on grammar.

ဗျာဒိတ်

Preordainment of events by Buddha.

ဗျာဒိတ် ရရန် အကြောင်း ၈ ပါး

(ဘုရားအလောင်း ဘုရားဖြစ်မည်ဟု)
Eight qualifications of a person to receive prediction to be a Buddha in the future:
၁။ မနုဿတ္ထ – လူသားဖြစ်ခြင်း
1: Human,
၂။ လိင်္ဂ သမ္ပတ္တိ – ယောက်ျား ဖြစ်ခြင်း
2: male,
၃။ ဟေတု – ဘုရားဆုပန်သော ဘဝမှာပင်
3: having fulfilled perfections ready to
နိဗ္ဗာန်ရ လောက်အောင် ပါရမီ ရှိခြင်း attain/realize nibbana,
၄။ သတ္ထာရ ဒဿန – သက်တော်ထင်ရှား
4: meeting a Buddha in person,
ဘုရားကို ဖူးတွေ့ရခြင်း
၅။ ပဗ္ဗဇ္ဇ – ရသေ့ ရဟန်းဖြစ်ခြင်း
5: sage–hood,
၆။ ဂုဏ သမ္ပတ္တိ – စျာန် အဘိညာဉ် တံခိုးရခြင်း
6: possessing supernormal powers,
၇။ အဓိကာရ – လုလ္လ ကြီးမားခြင်း
7: great/enormous effort,
၈။ ဆန္ဒတာ – ဆန္ဒ ကြီးမားခြင်း။
8: great will (to be a Buddha).

ဗျာဓိ

Sickness, disease.

ဗျာပါဒ

Ill will toward others.

ဗျာပါရ

Anxiety.

ဗျာများ

Be full of anxiety.

ဗျုပ္ပတ်

Origin/derivation of words, etymology.

ဗျူဟာ

Deployment, display.

ဗြဟ္မစရိယ

(ဗြဟ္မစိုရ်)
Life of purity, sexual abstinence, holy life.

ဗြဟ္မဏ ၅ မျိုး

(ပုဏ္ဏား – ဗြဟ္မဏ – ၅ မျိုး _ရှု)

ဗြဟ္မဏ

ပုဏ္ဏားများက ဘုရားရှင်အား ချီးမွမ်းခြင်းများ
(သောဏဒန္တ သုတ် + ကူဋဒန္တ သုတ်။ သီလက္ခန္တ ဝဂ္ဂ။ ဒီဃနိကာယပါဠိ)
Praises to the Buddha made by Brahmins, Soṇadanta and Kūṭadanta etc.:
၁။ အထက်ဘိုးဘေး ခုနှစ်ဆက်တိုင် စင်ကြယ်ခြင်း
1: Purity upward to seven ancestors,
၂။ ဆွေတော်မျိုးတော်များစွာကို စွန့်ပြီး ရဟန်းပြုခြင်း
2: leaving a great body of relatives,
၃။ ရွှေငွေစည်းစိမ်များစွာကို စွန့်ပြီး ရဟန်းပြုခြင်း
3: leaving a great body of wealth,
၄။ ငယ်ငယ်ရွယ်ရွယ်နှင့် ရဟန်းပြုခြင်း
4: at youth, into ascetic life,
၅။ မိဘဆွေမျိုးတို့၏ ဆန္ဒကို ဆန့်ကျင်ပြီး ရဟန်းပြုခြင်း
5: into ascetic life against his kinsmen’s will,
၆။ ရုပ်ရေအဆင်း လှပတင့်တယ်ခြင်း
6: handsome,
၇။ ကိုယ်ကျင့်သီလရှိခြင်း
7: virtue,
၈။ ကောင်းသောစကားရှိခြင်း
8: well–spoken, sweet–words,
၉။ အများစုတို့၏ ဆရာဖြစ်ခြင်း
9: teacher of many,
၁ဝ။ ကာမဂုဏ်ကို စွန့်ပြီးခြင်း
10: abandoning sensual pleasure,
၁၁။ ကမ္မဝါဒ (ကံယုံကြည်မှု) ကိရိယဝါဒ (ပြုလုပ်မှုအလေးထား) ရှိခြင်း
11: belief in actions,
၁၂။ မြင့်မြတ်သောမင်းမျိုးမှ ရဟန်းပြုခြင်း
12: high birth of warrior–class,
၁၃။ ကြွယ်ဝချမ်းသာသော အမျိုးမှ ရဟန်းပြုခြင်း
13: wealthy family,
၁၄။ တိုင်းခြား ဒေသခြားမှ လာရောက်ပြီး မေးမြန်းကြခြင်း
14: asking questions Him from foreign kingdoms and lands,
၁၅။ နတ်ထောင်ပေါင်းများစွာ ကိုးကွယ်ဆည်းကပ်ကြခြင်း
15: thousand and thousand of deities taken refuge in Him,
၁၆။ အရဟံ စသောဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံခြင်း
16: endowed with nine attributes such as ‘worthy of honor’,
၁၇။ သုံဆယ်နှစ်ပါးသောယောက်ျားမြတ်လက္ခဏာတို့နှင့် ပြည့်စုံခြင်း
17: bearing thirty–two marks of a great man,
၁၈။ ဖေါ်ရွေစွာ နှုတ်ဆက်တတ်ခြင်း
18: welcoming with kind speech,
၁၉။ ပရိသတ်လေးပါးက ပူဇော်ခြင်း
19: attended by the four audiences,
၂ဝ။ နတ်လူတို့ ကြည်ညိုကြခြင်း
20: worshipped by men and deities,
၂၁။ ဘုရားရှင် ရောက်ရာအရပ်၌ အရပ်သူအရပ်သားတို့ ဒုက္ခမရောက်ခြင်း (မညှင်းဆဲခြင်း)
21: not making trouble wherever he stayed,
၂၂။ နောက်လိုက်နောက်ပါ များစွာရှိခြင်း
22: large followers,
၂၃။ မာဂဓပြည်ရှင် ဗိမ္ဗိသာရမင်းကြီး သားမယားတို့နှင့်တကွ ကိုးကွယ်ဆည်းကပ်ကြခြင်း
23: taken refuge by King Bimbisāra together with his family,
၂၄။ ကောသလမင်းကြီး သားမယားတို့နှင့်တကွ ကိုးကွယ်ဆည်းကပ်ကြခြင်း
24: taken refuge by King Kosala together with his family,
၂၅။ ပေါက္ခရသာတိ ပုဏ္ဏားကြီး သားမယားတို့နှင့်တကွ ကိုးကွယ်ဆည်းကပ်ကြခြင်း
25: taken refuge by Brahmin Pokkharasāti together with his family,
၂၆။ မာဂဓပြည်ရှင် ဗိမ္ဗိသာရမင်းကြီး ရှိခိုး မြတ်နိုး အလေးထား ကြည်ညို ပူဇော်ခြင်း
26: King Bimbisāra greatly revered Him.
၂၇။ ကောသလမင်းကြီး ရှိခိုး မြတ်နိုး အလေးထား ကြည်ညို ပူဇော်ခြင်း
27: King Kosala greatly revered Him.
၂၈။ ပေါက္ခရသာတိ ပုဏ္ဏားကြီး ရှိခိုး မြတ်နိုး အလေးထား ကြည်ညို ပူဇော်ခြင်း။
28: Brahmin Pokkharasāti greatly revered Him.

ဗြဟ္မဏစစ်စစ်တို့ ပြည့်စုံရမည့် အချက် ၅ ချက်

Five qualities of a true Brahmin:
၁။ မျိုးရိုး ၇ ဆက်တိုင် ဗြဟ္မဏစစ်စစ်ဖြစ်ခြင်း
1: Pure–born up to seven Brahmin–generations ,
၂။ ဝေဒ (ဗေဒင်) လေးပုံကို ကျွမ်းကျင်ခြင်း
2: versed in Vedas,
၃။ ရုပ်ရည် လှပတင့်တယ်ခြင်း
3: handsome, good–looking,
၄။ ကိုယ်ကျင့်တရားရှိခြင်း
4: virtue,
၅။ ပညာရှိခြင်း။
5: wisdom.

ဗြဟ္မဏ (ပုဏ္ဏား) တို့၏ အယူအဆ

(မဓုရသုတ်။ အဿလာယနသုတ်။ မဇ္စျိမပဏ္ဏာသ စသည်)
The view/belief of Brahmin–class (Madhura Sutta, Majjhima–paṇṇāsa Pāḷi):
၁။ ဗြဟ္မဏမျိုးသည်သာ မြင့်မြတ်၏။ အခြားအမျိုးဇာတ်တို့သည် ယုတ်နိမ့်၏။
1: Brahmins are the highest caste/class, those of any other caste are inferior.
၂။ ဗြဟ္မဏမျိုးသည်သာ ဖြူစင်၏။ အခြားအမျိုးဇာတ်တို့သည် မဲညစ်၏။
2: Brahmins are the fairest caste/class, those of any other caste are dark.
၃။ ဗြဟ္မဏမျိုးသည်သာ စင်ကြယ်၏။ အခြားအမျိုးဇာတ်တို့သည် မစင်ကြယ်ကုန်။
3: Only Brahmins are purified, not non–brahmins.
၄။ ဗြဟ္မဏမျိုးသည်သာ ဗြဟ္မာကြီး၏ သားရင်း။ ဗြဟ္မာ့ခံတွင်းမှ ပေါက်ဖွါးသူ။ ဗြဟ္မာဖန်ဆင်းထားသူ။ ဗြဟ္မ၏ အမွေခံတို့ ဖြစ်ကုန်၏။
4: Brahmins alone are the sons of Brahmā, the offspring of Brahmā, born of Brahmā, born of his mouth, created by Brahmā, heirs of Brahmā.
ဗြဟ္မဏ (ပုဏ္ဏား) တို့၏ ယင်းအထက်ပါ အယူအဆကို ဗုဒ္ဓရှင်ပင်၏ ဝေဘန်ချက် (မဓုရသုတ်။ မဇ္စျိမပဏ္ဏာသ)
Buddhists’ criticism on the above Brahmin’s view:
ယင်းအထက်ပါ အယူအဆတို့သည် စကားသက်သက်သာ ဖြစ်ကုန်၏။
It (above mentioned view) is just a saying/word.

ဗြဟ္မဏမည်ခြင်း၏ အကြောင်းတရား ၇ ပါး

A person is called ‘brahma’ who is away from seven things:
၁။ သက္ကာယဒိဋ္ဌိ ကိုပထုတ်ပြီးခြင်း
1: Personal–existence view is away from him;
၂။ ဝိစိကိစ္ဆာ ကိုပထုတ်ပြီးခြင်း
2: doubt is away from him;
၃။ သီလဗ္ဗတမရာမာသ ကိုပထုတ်ပြီးခြင်း
3: wrong grasp of observances is away from him;
၄။ ရာဂ ကိုပထုတ်ပြီးခြင်း
4: lust is away from him;
၅။ ဒေါသ ကိုပထုတ်ပြီးခြင်း
5: hatred is away from him;
၆။ မောဟကိုပထုတ်ပြီးခြင်း
6: delusion is away from him;
၇။ မာန ကိုပထုတ်ပြီးခြင်း။
7: conceit is away from him.

ဗြဟ္မဒဏ်

မြတ်စွာဘုရား၏ ဖွါးဘက်တော် ဆန္ဒရဟန်းတော်အား ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးစ သံဃာတော်များ က ပေးသောဒဏ် ဖြစ်သည်။
‘Holy–punishment’: this way of punishment was done by the saṃgha to a monk,
Chanda by name, soon after Lord Buddha’s passing away (parinibbāna).

ဗြဟ္မဒတ်မင်း

ဇာတ်တော်များ၌ အထင်ရှားဆုံးသော မင်းဖြစ်သည်။ ဗာရာဏသီပြည်ကို အုပ်စိုးသည်။
သို့ကြောင့် ‘တိုင်းမသိ ဗာရာဏသီ။ မင်းမသိ ဗြဟ္မဒတ်’ ဟုဆိုရိုး ပြုကြသည်။
King Brahmadatta: He is the most famous king in the Buddha’s birth stories (Jātaka). He governed the City Bārāṇasī (Banares). Thus, a Burmese saying reads, “In a birth–story, if the name of the city is not mentioned, it should be Bārāṇasī; if the name of the king is not mentioned, it should be Brahmadatta.

ဗြဟ္မပြည်၌ ဖြစ်ခြင်း

ဘဝူပပတ္တိ – ၄ မျိုး (အနုရုဒ္ဓသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Four kinds of reappearance in the Brahma realm:
၁။ ကိုယ်ရောင်ကိုယ်ဝါ နည်းပါးပြီး ဗြဟ္မပြည်၌ ဖြစ်ခြင်း
1: Reappearance with limited radiance in the Brahma realm,
၂။ ကိုယ်ရောင်ကိုယ်ဝါ များပြားပြီး ဗြဟ္မပြည်၌ ဖြစ်ခြင်း
2: reappearance with unlimited radiance in the Brahma realm,
၃။ ကိုယ်ရောင်ကိုယ်ဝါ ညစ်နွမ်းပြီး ဗြဟ္မပြည်၌ ဖြစ်ခြင်း
3: reappearance with defiled radiance in the Brahma realm,
၄။ ကိုယ်ရောင်ကိုယ်ဝါ သန့်ရှင်းဖြူစင်ပြီး ဗြဟ္မပြည်၌ ဖြစ်ခြင်း
4: reappearance with pure radiance in the Brahma realm.

ဗြဟ္မဝိဟာရ

Sublime abode/state, holy living/dwelling, divine abiding.

ဗြဟ္မဝိဟာရ (ဗြဟ္မစိုရ် တရား) ၄ ပါး

Four sublime states, holy abidings:
၁။ မေတ္တာ = ချစ်ခြင်း
1: Loving–kindness,
၂။ ကရုဏာ = သနားခြင်း
2: compassion, pity,
၃။ မုဒိတာ = ဝမ်းမြောက်ခြင်း
3: sympathetic/unselfish/appreciative joy,
၄။ ဥပေက္ခာ = လျှစ်လျူရှုခြင်း။
4: equanimity, indifference, serenity.

ဗြဟ္မဝိဟာရ (ဗြဟ္မစိုရ် တရား) ၄ ပါးတို့နှင့် သင့်တော်လျှောက်ပတ်သော ပုဂ္ဂိုလ်များ

၁။ မေတ္တာ = ချစ်ခြင်း ဒေါသ အားကြီးသူများ ပွါးရမည်
1: Loving–kindness: suitable for those who have much ill will,
၂။ ကရုဏာ = သနားခြင်း နှိပ်စက်လိုမှု အားကြီးသူများ ပွါးရမည်
2: compassion, pity: who have much cruelity,
၃။ မုဒိတာ = ဝမ်းမြောက်ခြင်း မမွေ့လျှော်မှု အားကြီးသူများ ပွါးရမည်
3: sympathetic joy: who have much boredom,
၄။ ဥပေက္ခာ = လျှစ်လျူရှုခြင်း ရာဂ အားကြီးသူများ ပွါးရမည်။
4: equanimity: who have much lust.

ဗြဟ္မဝိဟာရ (ဗြဟ္မစိုရ် တရား) ၄ ပါးတို့၏ လက္ခဏာစသည်များ

The characteristic etc. of the four sublime states:
၁။ မေတ္တာ = ချစ်ခြင်း၏
1: Of loving–kindness:
(က) လက္ခဏ = အကျိုးစီးပွါးကို ဖြစ်စေလိုခြင်း လက္ခဏာရှိ၏ (a) Characteristic: Welfare–promoting,
(ခ) ရသ = အကျိုးစီးပွါးကို ဆောင်ရွက်ပြုကိုင်ပေးခြင်း လုပ်ဆောင်ချက် ကိစ္စရသရှိ၏
(b) function: welfare–prefering,
(ဂ) ပစ္စုပဋ္ဌာန် =ရန်ငြိုး ဒေါသကို ပယ်ဖျောက်ခြင်း သဘာဝ ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: removal of annoyance/hatred,
(ဃ) ပဒဋ္ဌာန် = အကောင်းဘက်မှ မှုမြင်းခြင်းလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ဖြစ်၏။
(d) proximate cause: seeing the beings positively.
၂။ ကရုဏာ = သနားခြင်း၏
2: of compassion, of pity:
(က) လက္ခဏ = ဆင်းရဲကို ပယ်ဖျောက်လိုခြင်း လက္ခဏာရှိ၏
(a) Characteristic: getting rid of suffering,
(ခ) ရသ = သူတပါးတို့ ဒုက္ခရောက်သည်ကို မကြည့်ရက်ခြင်း လုပ်ဆောင်ချက် ကိစ္စရသရှိ၏
(b) function: not bearing others’ suffering,
(ဂ) ပစ္စုပဋ္ဌာန် =မနှိပ်စက် မလွှမ်းမိုခြင်း သဘာဝ ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: non–cruelty,
(ဃ) ပဒဋ္ဌာန် = ဒုက္ခရောက်သူများ၏ အားကိုးရာဖြစ်ခြင်းဟူသော နီးကပ်သောအကြောင်း ပဒဋ္ဌာန် ဖြစ်၏။
(d) proximate cause: seeing helpless persons.
၃။ မုဒိတာ = ဝမ်းမြောက်ခြင်း၏
3: of sympathetic/unselfish/appreciative joy:
(က) လက္ခဏ = ဝမ်းမြောက်ခြင်း လက္ခဏာရှိ၏
(a) Characteristic: gladness,
(ခ) ရသ = မငြူစူခြင်းဟာသော လုပ်ဆောင်ချက် ကိစ္စရသရှိ၏
(b) function: no–jealousness,
(ဂ) ပစ္စုပဋ္ဌာန် =မကျေနပ်မှုကို ပယ်ဖျောက်တတ်သော သဘာဝ ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: elimination of aversion,
(ဃ) ပဒဋ္ဌာန် = သတ္တဝါတို့၏ ပြည့်စုံမှုကို ရှုကြည်တတ်ခြင်းလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ဖြစ်၏။
(d) proximate cause: seeing beings’ success.
၄။ ဥပေက္ခာ = လျှစ်လျူရှုခြင်း၏။
4: of equanimity/indifference/serenity:
(က) လက္ခဏ = သတ္တဝါများအပေါ်၌ အလယ်အလတ်ထားခြင်း လက္ခဏာရှိ၏
(a) Characteristic: neutrality,
(ခ) ရသ = ညီမျှစွာ ရှုခြင်ခြင်း လုပ်ဆောင်ချက် ကိစ္စရသရှိ၏
(b) function: equality in beings,
(ဂ) ပစ္စုပဋ္ဌာန် =ရန်လိုမှုကို ငြိမ်းစေလိုသော သဘာဝ ပစ္စုပဋ္ဌာန်ရှိ၏
(c) menifestation: quieting of hatred/resentment,
(ဃ) ပဒဋ္ဌာန် = ကံအတိုင်း ဖြစ်ကြ၏ ဟု ရှုမြင်ခြင်းလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ဖြစ်၏။
(d) proximate cause: seeing beings as kammic (kamma–caused).

ဗြဟ္မ ဝိဟာရ (ဗြဟ္မစိုရ် တရား) ၄ ပါးတို့၏ အနီးရန်သူ အဝေးရန်သူများ

Near and far enemies of the four sublime states:
အနီးရန်သူ Near enemy အဝေးရန်သူ far enemy
၁။ မေတ္တာ = ချစ်ခြင်း ရာဂ ဗျာပါဒ – ပြစ်မှားခြင်း
1: Loving–kindness: Lust ill will,
၂။ ကရုဏာ = သနားခြင်း ဂေဟသိတ ဒေါမနဿ ဝိဟိံသာ – ညှဉ်းဆဲလိုခြင်း လူမှုဘဝကို မကျေနပ်ခြင်း
2: compassion, pity: home–life grief crulity,
၃။ မုဒိတာ = ဝမ်းမြောက်ခြင်း ဂေဟသိတ သောမနဿ အရတိ – မမွှေ့လျှော်ခြင်း လူမှုဘဝကို ကျေနပ်ခြင်း
3: sympathetic joy: home–life joy boredom,
၄။ ဥပေက္ခာ = လျှစ်လျူရှုခြင်း ဂေဟသိတ အညာဏုပေက္ခာ ရာဂ ပဋိဃ – တပ်မက် အမျက်ထွက် လူမှုဘဝကို အလေးမထားခြင်း
4: equanimity: home–life bogus wit lust and resentment.

ဗြဟ္မာ

Higher celestial being, heavenly being.

ဗြဟ္မာ ဘုံ (လောက)

Abode of higher celestial/heavenly being.

ဗြဟ္မာ ဘုံ ၂ဝ

(ရူပ ၁၆ + အရူပ ၄ = ၂ဝ ဘုံ) (ဘုံ ၃၁ _ရှု)

ဗြို့ဟတ်

Title of a treatise on astrology.

ဘက်စုံ ကြည်ညိုဘွယ်ဖြစ်သော ရဟန်း၏ အင်္ဂါ ၈ ပါး

(သဒ္ဓါသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Eight qualities of a monk who is fully respected by others and who is complete in all aspects:
၁။ သဒ္ဓါရှိခြင်း
1: Faith,
၂။ သီလရှိခြင်း
2: virtue,
၃။ အကြားအမြင်များခြင်း
3: vast learning,
၄။ တရားဟော ဓမ္မကထိကဖြစ်ခြင်း
4: a speaker on the dhamma,
၅။ ပရိသတ်၌ ကျက်စားခြင်း
5: frequenting the assembly,
၆။ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောနိုင်ခြင်း
6: confidently teaching the dhamma to the assembly,
၇။ စျာန်လေးပါး ရခြင်း
7: gaining four jhānas,
၈။ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ခြင်း။
8: an arahant after having destroyed the taints.

ဘဂဝါ

ဘုဉ်းတော်ကြီးမား မြတ်ဘုရား
Blessed One, Exaulted One.

ဘင်္ဂ

(ဥပါဒ်။ ဋ္ဌီ။ ဘင် _ရှု) = ပျက်ဆုံးခြင်း
Dissolution.

ဘင်္ဂါနုပဿနာ

Contemplation on dissolution.

ဘင်္ဂါနုပဿနာဉာဏ်၏ အာနိသင် ၈ ပါး

Eight benefits of contemplation on dissolution:
၁။ ဘဝ (သဿတ) ဒိဋ္ဌိကို ပယ်နိုင်ခြင်း
1: Abandoning of view of becoming,
၂။ မိမိအသက်၌ တပ်မက်မှုကို စွန့်ပယ်နိုင်ခြင်း
2: giving up attachment to life,
၃။ ဘာဝနာကို လွန်စွာ အားထုတ်နိုင်ခြင်း
3: constant application,
၄။ အသက်မွေးဝမ်းကြောင်းမှု ဖြူစင်ခြင်း
4: a purified livelihood,
၅။ ကြောင့်ကြ ဗျာပါရကို ပယ်နိုင်ခြင်း
5: no more anxiety,
၆။ ဘေးကင်းခြင်း
6: absence of fear,
၇။ သည်းခံနိုင်ပြီး သိမ့်မွေ့ခြင်း
7: patience and gentleness,
၈။ ကာမဂုဏ်၌ မွေ့လျှော်မှုကို ကျော်လွန် အောင်နိုင်ခြင်း။
8: conquest of sensual delight.

ဘယာ ပဗ္ဗဇ္ဇိတ

(ဘေးတွေ့၍ ရဟန်းပြုခြင်း) – ရှင်ရဟန်းပြုသည့် အကြောင်းတရား – ပါရိဇုည – ၄ ပါး
Four kinds of loss that lead a person to be a monk:
၁။ အိုးမင်းမစွမ်း၍ ရဟန်းပြုခြင်း
1: Loss through aging,
၂။ အနာရောဂါ ရ၍ ရဟန်းပြုခြင်း
2: through sickness,
၃။ စည်းပွါးဥစ္စာ ပျက်စီး၍ ရဟန်းပြုခြင်း
3: through wealth,
၄။ ဆွေမျိုးတို့ ပျက်စီး၍ ရဟန်းပြုခြင်း။
4: through relatives.

ဘဝ

Life, realm, existence, abode.

ဘဝ ၂ မျိုး

Two kinds of existence:
၁။ ယခု ဘဝ
1: This (present) life,
၂။ နောင်ဘဝ။
2: life after death.

ဘဝ ၃ မျိုး

Three kinds of realms:
၁။ ဧကဝေါကာရ ဘဝ – ရူပက္ခန္ဓာ တစ်ပါးတည်းသာ ရှိသော အသညသတ် ဗြဟ္မာ
1: One–group existence, i.e., Asaññasatta brahmā: they possess only one corporiality–group, rūpakkhandhā.
၂။ စတုဝေါကာရ ဘဝ – နာမ် ခန္ဓာ လေးပါးရှိသော အရူပ ဗြဟ္မာ
2: four–group existence, i.e., Arūpa brahmā: they possess four mental–groups, vedanakkhandhā, saññakkhandhā, saṅkārakkhandhā, and viññāṇakkhandhā,
၃။ ပဌဝေါကာရ ဘဝ – ခန္ဓာ ငါးပါးလုံး ပြည့်သော ကျန်ဘုံများရှိ သတ္တဝါများ အားလုံး။
3: five–group existence, i.e., the rest of the thirty–one realms: they possess all five groups, khandhā.

ဘဝဂ်

The top of existence/realm.

ဘဝဂ် ၃ မျိုး

Three tops of existence/realm:
၁။ ဝေဟပ္ဖိုလ်ဘုံသည် ပုထုဇဉ်တို့၏ အမြင့်ဆုံးရောက်နိုင်ရာဖြစ်သောကြောင့် ပုထုဇ္ဇန ဘဝဂ်
1: Worldling–persons can be reborn at Vehapphala brahmā realm; thus it is called ‘worldling–top’.
၂။ အကနိဋ္ဌာဘုံသည် အရိယာပုဂ္ဂိုလ်တို့၏ ရောက်နိုင်ရာဖြစ်သောကြောင့် အရိယာ ဘဝဂ်
2: Noble–persons can be reborn at Akaniṭṭha brahmā realm; thus it is called ‘noble–top’.
၃။ နေဝသညာနာသညာယတနဘုံသည် ပုထုဇဉ် အရိယာ နှစ်မျိုးလုံးတို့၏ ရောက်နိုင်ရာဖြစ်သောကြောင့် သဗ္ဗဘဝဂ် သို့မဟုတ် ဘူမိဘဝဂ်။
3: Both worldling– and noble–persons can be reborn at Nevasaññānāsaññāyatana brahmā realm; thus it is called ‘all–top’.

ဘဝင်ကျ

Be pleased, sleep.

ဘဝင်္ဂ

Mind moment.

ဘဝင်မြင့်

Be conceited.

ဘဝင်မြင့်ကြောင်းတရား ၉ ပါး

Nine causes of being conceited:
၁။ ဇာတိ မဒ = ဇာတိကို အမှီပြုပြီး ဘဝင်မြင့်ခြင်း
1: Being conceited due to high birth,
၂။ ဂေါတ္တ မဒ = မျိုးနွယ်ကို အမှီပြုပြီး ဘဝင်မြင့်ခြင်း
2: due to family/race/clan,
၃။ သိပ္ပ မဒ = ပညာကို အမှီပြုပြီး ဘဝင်မြင့်ခြင်း
3: due to education,
၄။ အာရောဂျ မဒ = ကျန်းမာရေးကောင်းသည်ကို အမှီပြုပြီး ဘဝင်မြင့်ခြင်း
4: due to good health,
၅။ ယောဗ္ဗန မဒ = အရွယ်နုပျိုသည်ကို အမှီပြုပြီး ဘဝင်မြင့်ခြင်း
5: due to youthfulness,
၆။ ဇီဝိတ မဒ = အသက်ရှည်သည်ကို အမှီပြုပြီး ဘဝင်မြင့်ခြင်း
6: due to longevity,
၇။ ရူပ (ဝဏ္ဏ) မဒ = အဆင်းလှသည်ကို အမှီပြုပြီး ဘဝင်မြင့်ခြင်း
7: due to good looking,
၈။ သောဘဂ္ဂ မဒ = ပစ္စည်းဥစ္စာချမ်းသာမှုကို အမှီပြုပြီး ဘဝင်မြင့်ခြင်း
8: due to wealth,
၉။ ပရိဝါရ မဒ = ကျော်ဇောသတင်း အခြံအရံများခြင်းကို အမှီပြုပြီး ဘဝင်မြင့်ခြင်း။
9: due to fame/celebrity.

ဘဝတဏှာ

Craving for (eternal) existence.

ဘဝဖြစ်လာ ဥပမာ

(သတ္တဝါ တစ်ဦး၏ ခန္ဓာ အတွက်)
Similes regarding a being:
၁။ အဝိဇ္ဇာနှင့် တဏှာတို့သည် မိခင်နှင့် တူ၏
1: For a being, ignorance and craving are like a mother;
၂။ ကံသည် ဖခင်နှင့် တူ၏
2: kamma, like a father,
၃။ အစာအာဟာရသည် အထိမ်းနှင့် တူ၏။
3: nutriment, like a dry nurse.

ဘဝမျှော်ကိုး ဒါနမျိုး

(ဒါန ပြုခြင်းအကြောင်း ၈ မျိုး _ရှု)

ဘဝသစ်ပင်၏ အခြံအရံ အကြောင်းတရားများ

Similes of the life–tree:
၁။ ကမ္မံ ခေတ္တံ – ကံသည် မြေကြီးနှင့်တူ၏
1: Kamma is similar to field;
၂။ ဝိညာဏံ ဗီဇံ – ဝိညာဉ်သည် မျိုးစေ့နှင့်တူ၏
2: Consciousness, to seed;
၃။ တဏှာ သ္နေဟော – တဏှာသည် အစေးဓာတ် ရေနှင့်တူ၏။
3: Craving, to moisture.

ဘဝဟောင်းကို အောင့်မေ့သိမြင်နိုင်ခြင်း ကမ္ဘာအတိုင်းအတာများ

(ပုဗ္ဗေ နိဝါသာနုဿတိ – ဘဝဟောင်းကို အောင့်မေ့သိမြင်နိုင်ခြင်း ကမ္ဘာအတိုင်းအတာများ _ရှု)

ဘဝါသဝ

Flux/canker of existence.

ဘဝူပပတ္တိ – ၄ မျိုး

(ဗြဟ္မပြည်၌ ဖြစ်ခြင်း – ဘဝူပပတ္တိ – ၄ မျိုး _ရှု)

ဘာဝ

Nature, gender.

ဘာဝနာ

Meditation, contemplation, concentration, cultivation of the mind, development, training in concentration.

ဘာဝနာ ၂ ပါး

Two kinds/categories of meditation:
၁။ သမထ ဘာဝနာ = စိတ်ငြိမ်းချမ်းအောင် ပွါးများအားထုတ်ခြင်း
1: Calming meditation, tranquility meditation,
၂။ ဝိပဿနာ ဘာဝနာ = အမှန်တရားသိမြင်အောင် ပွါးများအားထုတ်ခြင်း။
2: discerning meditation, Vipassanā insight meditation.

ဘာဝနာ ၄ ပါး

(ဘုရားအလောင်းတော်ကြီးများ၏)
Four means of development of Buddha–to–be (Bodhisatta):
၁။ သဗ္ဗသမ္ဘာရ ဘာဝနာ = ပါရမီ ၁ဝ ပါးလုံးကို တစ်ခုမကျန် ဖြည့်ကျင့်ရခြင်း
1: Complete development of all ten perfections,
၂။ နိရန္တရ ဘာဝနာ = အနည်းဆုံး လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အကြားအလပ်မရှိစေပဲ ဖြည့်ကျင့်ရခြင်း
2: of throughout the four aeons and 100,000 world–cycles without interruption,
၃။ စိရကာလ ဘာဝနာ =လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအောက် တစ်ကမ္ဘာပင် လျှော့၍မရ ကာလကြာမြင့်စွာ ဖြည့်ကျင့်ရခြင်း
3: of at least the four aeons and 100,000 world–cycles, not less,
၄။ သက္ကစ္စ ဘာဝနာ = ပါရမီတော်များကို ရိုသေလေးစားစွာ ဖြည့်ကျင့်ရခြင်း။
4: of serious and through practices.

ဘာဝနာ ၄ဝ

(တော – ဘာဝနာ – ၄ဝ _ရှု)

ဘာဝနာ ပွါးရခြင်း၏ အကျိုး ၄ ပါး

(သမာဓိ ဘာဝနာ ၄ မျိုး )
ဘာဝနာဝါဒ = တရားဘာဝနာနှင့် ပြည့်စုံသည်ဟု ပြောဆိုခြင်း Bhāvanāvāda: claming that a person is endowed with meditation.

ဘာဝရုပ်

Physical features of male or female.

ဘာသန္တရ

Foreign language.

ဘာသာ

Religion, faith, language, subject.

ဘာသာခြားများ ရဟန်း ပြုလိုသော်

(အခြား – ဗုဒ္ဓဘာသာဝင် မဟုတ်သူများ – ရဟန်း ပြုလိုသော် _ရှု)

ဘာသာဗေဒ

Languistics.

ဘိက္ခုနီမတို့အား ဆုံးမနိုင်သော ရဟန်း၏ အရည်အချင်း ၈ ပါး

Eight qualities to be agreed upon as an exhorter of the nuns:
၁။ သီလရှိခြင်း
1: Virtue,
၂။ ဗဟုဿုတများခြင်း
2: vast learning with right view,
၃။ ပါတိမောက် နှစ်မျိုးလုံးကို အကျယ်တဝင့် ကျွမ်းကျင်လိမ်မာခြင်း
3: well–versed in both rules of conduct for monks and for nuns,
၄။ စကားကောင်းကို ချိုသာစွာပြောတတ်ခြင်း
4: good speaker, gifted with speech,
၅။ ဘိက္ခုနီမတို့အား တရားစကားဖြင့် နှစ်သိမ့်ကျေနပ်စေနိုင်ခြင်း
5: encouraging and gladdening the nuns with a dhamma talk,
၆။ ဘိက္ခုနီမ အများစုတို့ ကြည်ညိုလေးစားခြင်း
6: pleasing and agreeable to most of the nuns,
၇။ ဘိက္ခုနီမ (မိန်းမ) တို့နှင့် ပတ်သက်သော အာပတ်ကြီးများ မရှိခြင်း
7: never before committing a grave offence against a nun (woman),
၈။ အနည်းဆုံး ရဟန်းဝါ ၂ဝ ရှိခြင်း။
8: twenty years or more as monkhood.

ဘိက္ခုနောဝါဒက ရဟန်း၏ အရည်အချင်း

(ဘိက္ခုနီမတို့အား ဆုံးမနိုင်သောရဟန်း၏ အရည်အချင်း ၈ ပါး _ရှု)

ဘိက္ခုမည်ခြင်း၏ အကြောင်းတရား ၇ ပါး

A person is called ‘Bhikkhu’ who breaks seven things:
၁။ သက္ကာယဒိဋ္ဌိ ကိုဖျက်ဆီးခြင်း
1: Personal–existence view is broken;
၂။ ဝိစိကိစ္ဆာ ကိုဖျက်ဆီးခြင်း
2: doubt is broken;
၃။ သီလဗ္ဗတမရာမာသ ကိုဖျက်ဆီးခြင်း
3: wrong grasp of observances is broken;
၄။ ရာဂ ကိုဖျက်ဆီးခြင်း
4: lust is broken;
၅။ ဒေါသ ကိုဖျက်ဆီးခြင်း
5: hatred is broken;
၆။ မောဟ ကိုဖျက်ဆီးခြင်း
6: delusion is broken;
၇။ မာန ကိုဖျက်ဆီးခြင်း။
7: conceit is broken.

ဘိနပ် လှူရကျိုး ၃ ပါး

Three benefits of donating slippers:
၁။ ယဉ်အမျိုးမျိုးကို ပိုင်ဆိုင်ခြင်း
1: Belonging to various vehicles,
၂။ ရတနာဖြင့်ပြီးသော ဘိနပ် အမျိုးမျိုးကို ပိုင်ဆိုင်ခြင်း
2: to many gem–slippers,
၃။ သတိရှိခြင်း။
3: mindfulness.

ဘိသိက်

Consecration.

ဘိသိက်မြှောက်

Consecrate.

ဘီလူး

(ယက္ခ)
Ogre, a kind of powerful ghost.

ဘုန်းကြီးကျောင်း ၁ဝ မျိုး

(ကျောင်း – ဘုန်းကြီးကျောင်း – ၁ဝ မျိုး _ရှု)

ဘုန်းကြီးကျောင်း ကောင်း၏ အင်္ဂါ ၅ ပါး

Five qualities of a good monastery:
၁။ မြို့ရွာ နှင့် မဝေးလွန်းခြင်း
1: Not too far from a city/village,
၂။ မြို့ရွာ နှင့် မနီးလွန်ခြင်း
2: not too near from a city/village,
၃။ သွားလာလမ်း ပြည့်စုံခြင်း
3: good road/access to there,
၄။ သွားလာရန် လွယ်ကူခြင်း
4: easy to visit there,
၅။ မြို့ရွာသံမှ ဝေးခြင်း။
5: away from the city–/village–noises.
(ကျောင်းကောင်း – ဘုန်းကြီးကျောင်း –၏ လက္ခဏာ ၅ ပါးလည်းကြည့် _ရှု)

ဘုန်းကြီး။ ရဟန်း

Monk, clergy, priest, brethren, fully–ordained monk.

ဘုန်းကြီးကျောင်းသား

Pupil/student studying at Buddhist monastery.

ဘုန်းကြီးဝတ်

Ordination ceremony, ordained monk.

ဘုန်းတော် ၆ ပါး

(ဘုရားရှင်၏ ဘုန်းတော် ၆ ပါး _ရှု)

ဘုန်းတော် ၈ ပါး

(ဘုရားရှင်၏ ဣဿရိယ ဘုန်းတော် ၈ ပါး _ရှု)

ဘုမ္မစိုး နတ်

House–deity, mension–deity.

ဘုရင်တို့၏ အခြေခံသဘော ၅ ပါး

Five general characteristics of kings:
၁။ စည်းစိမ်ကို အလိုရှိခြင်း
1: King’s aim: wealth,
၂။ ပညာကို လေ့လာခြင်း
2: quest: wisdom,
၃။ စစ်တပ် တည်ရာရှိခြင်း
3: resolve: power/forces,
၄။ ရေမြေကို အစိုးရရန် နှလုံးသွင်းခြင်း
4: want: the earth (all nations),
၅။ ပန်းတိုင် – အာဏာပိုင်လိုခြင်း။
5: ideal: dominion.

ဘုရား (ဗုဒ္ဓ)

The Enlightened One, the Awakened One.

ဘုရားကိုမြင်မှ တရားမြင်သည်

(တရားမြင်မှ ဘုရားကိုမြင်သည် _ရှု)

ဘုရားဂုဏ်တော် ၉ ပါး

The 9 attributes of Lord Buddha:
၁။ အရဟံ = ပူဇော်မှု အထူးထူးကို ခံယူတော်မူထိုက်ခြင်း
1: Worthy of honor,
၂။ သမ္မာ သမ္ဗုဒ္ဓေါ = ဉေယျဓမ် ၅ ပါး သိရန်တရား အားလုံးကို သိမြင်တော်မူခြင်း
2: the omniscience,
၃။ ဝိဇ္ဇာ စရဏ သမ္ပန္နော = အသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏနှင့် ပြည့်စုံတော်မူခြင်း
3: perfect in knowledge and conduct,
၄။ သုဂတော = ကောင်းမြတ် မပြစ်ကင်းသော စကားကို ဆိုပြောတော်မူခြင်း
4: perfect speaker,
၅။ လောက ဝိဒူ = လောကသုံးပါးကို သိတော်မူခြင်း
5: knower of the world,
၆။ အနုတ္တရော ပုရိသ ဒမသာရထိ = ဆိုဆုံးမသင့်သူကို ဆုံးမတော်မူရာ၌ အတူမရှိခြင်း
6: the tamer of unruly men,
၇။ သတ္ထာ ဒေဝ မနုဿာနံ = နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူခြင်း
7: the teacher of gods and men,
၈။ ဗုဒ္ဓေါ= သစ္စလေးပါး ကို ကိုယ်တော်တိုင်လည်း သိမြင်တော်မူ သူတပါးတို့အားလည်း သိမြင် လာအောင်ဟောကြားပြသ ဆိုဆုံးမနိုင်ခြင်း
8: the enlightened one (who can teach others to attain enlightenment),
၉။ ဘဂဝါ = ဘုန်းတံခိုး အာနုဘော် ကြီးမားတော်မူခြင်း။
9: the exalted one, the blessed one.

ဘုရားစကား စီစစ်နားလည်သော်လည်း လက်တွေ့ကျင့်သူထက် မကျင့်သူက များပြား

(ကုန်းနေသတ္တဝါ ထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

ဘုရားစကား ဆောင်ထားပြီးသော်လည်း စီစစ်နားလည်သူထက် နားမလည်သူက များပြား

(ကုန်းနေသတ္တဝါ ထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

ဘုရားစကား နာကြားရပြီး ဆောင်ထားသူထက် မဆောင်ထားသူက များပြား

(ကုန်းနေသတ္တဝါထက် ရေနေ သတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

ဘုရားစကား နာကြားရသူထက် မနာကြားရသူက များပြား

(ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

ဘုရားတကာ။ ဘုရားအမ

Person, male or female, who donated pagoda(s)
and/or Buddha–statue(s).

ဘုရား နှစ်ကျိပ် ရှစ်ဆူ

၄ သင်္ချေ ကမ္ဘာတစ်သိန်း အတွင်း ပွင့်တော်မူခဲ့သော ဘုရားရှင်များ – Twenty–four Buddhas that had appeared within the time–frame of four aeons and one hundred thousand world cycles:
၁။ တဏှင်္ကရ
1: Taṇhaṅkarā,
၂။ မေဓင်္ကရ
2: Medhaṅkarā,
၃။ သရဏင်္ကရ
3: Saraṇaṅkarā,
၄။ ဒီပင်္ကရ
4: Dīpaṅkarā,
၅။ ကောဏ္ဍည
5: Koṇḍañña,
၆။ ဒွိပဒုတ္တမ
6: Dvipaduttama,
၇။ မင်္ဂလ
7: Maṅgala,
၈။ သုမန
8: Sumana,
၉။ ရေဝတ
9: Revata,
၁ဝ။ သောဘိတ
10: Sobhita,
၁၁။ အနောမဒဿီ
11: Anomadassī,
၁၂။ ပဒုမ
12: Paduma,
၁၃။ နာရဒ
13: Nārada,
၁၄။ ပဒုမုတ္တရ
14: Padumuttara,
၁၅။ သုမေဓ
15: Sumedha,
၁၆။ သုဇာတ
16: Sujāta,
၁၇။ ပိယဒဿီ
17: Piyadassī,
၁၈။ အတ္ထဒဿီ
18: Atthadassī,
၁၉။ ဓမ္မဒဿီ
19: Dhammadassī,
၂ဝ။ သိဒ္ဓတ္ထ
20: Siddhattha,
၂၁။ တိဿ
21: Tissa,
၂၂။ ဖုဿ
22: Phussa,
၂၃။ ဝိပဿီ
23: Vipassī,
၂၄။ သိခီ
24: Sikhī,
၂၅။ ဝေဿဘူ
25: Vessabhū,
၂၆။ ကကုသန္ဓ
26: Kakusandha,
၂၇။ ကောဏာဂမန
27: Koṇāgamana,
၂၈။ ကဿပ
28: Kassapa.

ဘုရားမဖြစ်မှီ ဘုရားဖြစ်အံ့ဆဲဆဲ အချိန်၌ အလောင်းတော်၏ စိတ်အစဉ်မှာ ဖြစ်ရှိနေသော အင်္ဂါ ၈ ပါး

Eight qualities of the Bodhisatta’s (Buddha–to–be) mind continuum just before the attainment of Buddhahood:
၁။ အလောင်းတော်၏ စိတ်အစဉ်သည် စတုတ္ထစျာန်သမာဓိဖြင့် ကောင်းစွာ တည်ကြည်လျှက်ရှိ၏။
1: The mind continuum of Bodhisatta was endowed with the fourth jhāna–concentration.
၂။ နီဝရဏကင်းပြီး စင်ကြယ်နေ၏။
2: It was away from hindrances.
၃။ ဝိတက်စသော စိတ်ချောက်ချားဘွယ်ရာများမှ လွတ်မြောက်နေပြီး စိတ်သည် ပြိုးပြိုးပြက်ပြက် အရောင် ထွက်လုမတတ် ဖြစ်နေ၏။
3: It was shinning pure as if about to glitter.
၄။ ဘဝင်မြင့်မှု လှည့်ဖျားမှု စဉ်းလဲမှု စသည် လုံးဝ မရှိသောကြောင့် အညစ်အကြေးအားလုံး ကင်းနေ၏။
4: It was nothing to do with mental defilements such as pride, deception and treachery.
၅။ အဘိဇ္စျာစသော စိတ်အညစ်အကြေး ဥပက္ကိလေသာများမှလည်း ကင်းဝေးနေ၏။
5: It was also freed from covetousness etc.
၆။ ဝသီဘော် ငါးပါးကို လေ့လာနိုင်နင်းပြီး ဖြစ်နေ၏။
6: It was malleable, having gained the fivefold mastery.
၇။ တံခိုး ဣဒ္ဓိ အမျိုးမျိုးရရန် အခြေခံလည်း ခိုင်လုံနေပြီ ဖြစ်၏။
7: The foundation of supernatural powers was well–established.
၈။ ပြည့်စုံလုံလောက်သော ဘာဝနာမှုဖြင့် မတုန်မလှုပ် တည်ကြည်လျက်ရှိ၏။
8: It was remained unshaken and firmly established.

ဘုရား ဖြစ်ကြောင်းတရား ၄ ပါး

၁။ မဆုတ်မနစ် ပါရမီတော်များကို ကျင့်ကြံအားထုတ်ခြင်း
1: Great effort,
၂။ ကြောင်းကျိုးမြင်မှန် ဥပါယကောသလ္လဉာဏ် ရှိခြင်း
2: endowed with skillful means,
၃။ အဓိဋ္ဌာန် ခိုင်မာခြင်း
3: firm determination,
၄။ မေတ္တာ ကရုဏာဟူသော ဟိတစရိယ အားကြီးခြင်း။
4: great loving–kindness and compassion.

ဘုရားမရှိသော် တရားသည် ဆရာ

(ဘုရားရှင်ကိုယ်စား မြတ်တရား _ရှု)

ဘုရား ရဟန္တာတို့၏ အာသဝေါကင်းကွာသော အငြိမ်းဓာတ်ချမ်းသာ ချီးမွမ်းစရာ

The ultimate bliss, taintless pleasant feeling, of Lord Buddha and arahants:
၁။ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲခံစားရ၏ – ဟုဆိုပါလျှင် ဘုရား ရဟန္တာတို့သည် ကံကောင်းများ ပြုခဲ့ကြမည် သေချာ၏။ သို့ကြောင့် ချီးမွမ်းထိုက်၏။
1: If the pleasure and pain that beings feel are caused by what was done in the past, then Lord Buddha and arahants surely must have done good deeds in the past; thus, praise–worthy.
၂။ သတ္တဝါတို့သည် ဖန်ဆင်းရှင်ကြောင့် ချမ်းသာဆင်းရဲခံစားရ၏ – ဟုဆိုပါလျှင် ဘုရား ရဟန္တာတို့သည် ဖန်ဆင်းရှင်က ကောင်းကောင်းဖန်ဆင်းထားသူများ ဖြစ်ကြမည် သေချာ၏။ သို့ကြောင့် ချီးမွမ်းထိုက်၏။
2: If the pleasure and pain that beings feel are caused by a Creator, then Lord Buddha and arahants surely must have been created by a good Creator; thus, praise–worthy.
၃။ သတ္တဝါတို့သည် အမြဲတည်ခြင်းကြောင့် ချမ်းသာဆင်းရဲခံစားရ၏ – ဟုဆိုပါလျှင် ဘုရား ရဟန္တာတို့သည် ကောင်းကောင်းမြဲမြဲတည်နေသူများ ဖြစ်ကြမည် သေချာ၏။ သို့ကြောင့် ချီးမွမ်းထိုက်၏။
3: If the pleasure and pain that beings feel are caused by circumstance and nature, then Lord Buddha and arahants surely must have good luck; thus, praise– worthy.
၄။ သတ္တဝါတို့သည် အမျိုးဇာတ်ထူးခြားခြင်းကြောင့် ချမ်းသာဆင်းရဲခံစားရ၏ – ဟုဆိုပါလျှင် ဘုရားရဟန္တာ တို့သည် ကောင်းသောအမျိုးဇာတ်ထူးသူများ ဖြစ်ကြမည် သေချာ၏။ သို့ကြောင့် ချီးမွမ်းထိုက်၏။
4: If the pleasure and pain that beings feel are caused by class among the six classes of birth, then Lord Buddha and arahants surely must belong to a good class; thus, praise–worthy.
၅။ သတ္တဝါတို့သည် မျက်မှောက်လုံ့လကြောင့် ချမ်းသာဆင်းရဲခံစားရ၏ – ဟုဆိုပါလျှင် ဘုရားရဟန္တာ တို့သည် လုံ့လစိုက်ထုတ်မှုကောင်းများ ရှိကြမည် သေချာ၏။ သို့ကြောင့် ချီးမွမ်းထိုက်၏။
5: If the pleasure and pain that beings feel are caused by exertion here and now, then Lord Buddha and arahants surely must strive well; thus, praise–worthy.

ဘုရားရှင်ကိုယ်စား မြတ်တရား

(မဟာပရိနိဗ္ဗာနသုတ်) The principle of Dhamma and Vinaya is the Teacher after Lord Buddha had passed away:
အထခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ။ “သိယာ ခေါ ပနာနန္ဒ တုမှာကံ ဧဝမဿ ဒအတီတသတ္ထုကံ ပါဝစနံ။ နတ္ထိ နော သတ္ထာဒတိ။ န ခေါ ပနေတံ အာနန္ဒ ဧဝံ ဒဋ္ဌဗ္ဗံ။
ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော။ သော ဝေါ မမစ္စယေန သတ္ထာ”၊
ထိုအခါ ဘုရားရှင်သည် အရှင်အာနန္ဒာအား မိန့်တော်မူ၏။ “အာနန္ဒာ – တရားစကားတော်သည် ဟောကြားသော ဆရာဘုရားမှ ကင်းကွာခဲ့ပြီ။ ငါတို့၏ ဆရာဘုရားသည် မရှိတော့ပြီ” ဟု သင်တို့အား ဤသို့သော ထင်မှတ်ခြင်း ဖြစ်တန်ရာ၏။ အာနန္ဒာ ဤအရာ၌ ဤသို့သောထင်မှတ်ခြင်း မဖြစ်စေအပ်။ အာနန္ဒာ – ငါဘုရား ဟောကြားပညတ်ထားသော သုတ် အဘိဓမ္မာတရားတော် ဝိနည်းတော်သည် ငါဘုရား ကွယ်လွန်သောအခါ၌ သင်တို့၏ ဆရာပင် ဖြစ်ပေ၏၊
And the Lord Buddha said to Ānanda: ‘Ānanda it may be that you will think:
“The Teacher’s instruction has ceased, now we have no teacher.” It should not be seen like this. Ānanda, for what I have taught and explained to you as Dhamma and discipline will, at my passing, be your teacher.’

ဘုရားရှင်တစ်ပါးတည်း သီတင်းသုံးတော်မူခြင်း၏ အကျိုးတရား ၂၈ ပါး

(မိလိန္ဒပဥှ) Twenty–eight benefits of Lord Buddha’s solitude (Milindapañha Pāḷi):
၁။ မိမိကိုယ်ကို စောင့်ရှောက်ခြင်း
1: Guarding Himself,
၂။ အသက်ကို တိုးပွါးစေခြင်း
2: increasing His life expectancy,
၃။ ကိုယ်အား ဉာဏ်အား ပွါးတိုးခြင်း
3: giving Him vigor,
၄။ အပြစ်ဒေါသကို တားမြစ်ပိတ်ပင်ခြင်း
4: concealing His failing,
၅။ ကျော်စောမဲ့ကို ပယ်နိုင်ခြင်း
5: removing any bad reputation,
၆။ ကျော်စောမှုကို ဖြစ်စေနိုင်ခြင်း
6: bringing fame,
၇။ မမွေ့လျော်မှုကို ပယ်နိုင်ခြင်း
7: destroying discontent,
၈။ မွေ့လျော်မှုကို ဖြစ်စေနိုင်ခြင်း
8: bringing satisfaction,
၉။ ကြောက်လန့်မှု ကင်းခြင်း
9: banishing fear,
၁ဝ။ ရဲရင့်ခြင်း
10: endowing with confidence,
၁၁။ ပျင်းရိမှုကို ပယ်နိုင်ခြင်း
11: removing sloth,
၁၂။ လုံ့လကို ဖြစ်စေနိုင်ခြင်း
12: filling with energy,
၁၃။ ရာဂကို ပယ်နိုင်ခြင်း
13: taking away lust,
၁၄။ ဒေါသကို ပယ်နိုင်ခြင်း
14: taking away hatred,
၁၅။ မောဟကို ပယ်နိုင်ခြင်း
15: taking away delusion,
၁၆။ မာနကို ပယ်နိုင်ခြင်း
16: taking away pride,
၁၇။ ဝိတက်ကို ချိုးဖျက်နိုင်ခြင်း
17: braking thought,
၁၈။ စိတ်ကို တည်ကြည်အောင်ပြုနိုင်ခြင်း
18: making mind one–pointed,
၁၉။ စိတ်ကို ပျော့ပျောင်းစေနိုင်ခြင်း
19: softening the mind,
၂ဝ။ ကြည်လင်ရွှင်ပြခြင်း
20: making Him lite–hearted,
၂၁။ လေးမြတ်သည်ကို ပြုနိုင်ခြင်း
21: making Him serious,
၂၂။ လာဘ်ကို ဖြစ်စေနိုင်ခြင်း
22: making Him material gain,
၂၃။ ရှိခိုးခံထိုက်ခြင်း
23: making Him worthy of respect,
၂၄။ နှစ်သက်ခြင်းသို့ ရောက်စေနိုင်ခြင်း
24: bringing Him joy,
၂၅။ ဝမ်းမြောက်ခြင်းကို ပြုနိုင်ခြင်း
25: filling Him with delight,
၂၆။ သင်္ခါရတရား သဘောကို ပြနိုင်ခြင်း
26: showing Him the true nature of all formations,
၂၇။ ပဋိသန္ဓေနေခြင်းကို ခွါဖြတ်နိုင်ခြင်း
27: cutting the rebirth,
၂၈။ ငြိမ်းအေးမှု အားလုံးကို ပေးနိုင်ခြင်း။
28: giving Him all peace.

ဘုရားရှင် တရားမဟောလိုခြင်း၏ အကြောင်း ၃ ပါး

(ဘုရားဖြစ်တော်မူစ)
Three inclinations of Lord Buddha not to teach (in the beginning):
၁။ သတ္တဝါများ၏ သန္တာန်၌ ကိလေသာထူပြောခြင်း
1: The minds of sentient beings were full of defilements,
၂။ တရားတော်၏ အလွန်နက်နဲခြင်း
2: the dhamma was very profound,
၃။ ဘုရားရှင်၏ တရားတော်အပေါ် အလွန်ရိုသေခြင်း။
3: Lord Buddha valued the dhamma at the highest.

ဘုရားရှင် တရားဟောတော်မူရာ၌ အားထုတ်မှု တူမျှခြင်း ၅ မျိုး

Five audiences upon which Lord Buddha taught with the same effort and same care:
၁။ ရဟန်းယောက်ျား ပရိသတ်
1: Male monk,
၂။ ရဟန်းမိန်းမ ပရိသတ်
2: female monk,
၃။ လူယောက်ျား တကာ ပရိသတ်
3: man,
၄။ လူမိန်းမ တကာမ ပရိသတ်
4: woman,
၅။ ပုထုဇဉ် အောက်တန်းစား ပရိသတ်။
5: worlding, low caste.

ဘုရားရှင်တို့၏ ခြားနားချက် ကွဲပြားချက်

ဝေမတ္တ – ၈ မျိုး Eight differences of various Buddhas:
၁။ အာယု ဝေမတ္တ = အသက်တမ်း မတူခြင်း
1: Difference in age,
၂။ ပမာန ဝေမတ္တ = အရပ်တော်အမြင့် မတူခြင်း
2: in height,
၃။ ကုလ ဝေမတ္တ = မျိုးနွယ် မတူခြင်း
3: in clan,
၄။ ပဓာန ဝေမတ္တ = ဒုက္ကရစရိယာ ကျင့်ချိန် မတူခြင်း
4: in time–length of austerity,
၅။ ရသ္မိ ဝေမတ္တ = ရောင်ခြည်တော် မတူခြင်း
5: in bodily rays,
၆။ ယာန ဝေမတ္တ = တောထွက်ယဉ် မတူခြင်း
6: in vehicles used in renunciation,
၇။ ဗောဓိ ဝေမတ္တ= မှီပွင့်ရာ ဗောဓိပင် မတူခြင်း
7: in Bo–tree
၈။ ပလ္လင်္က ဝေမတ္တ = ရွှေ ပလ္လင် မတူခြင်း။
8: in throne.

ဘုရားရှင်တိုင်း၏ အဆုံးအမတော် ၃ ပါး

(သြဝါဒ ပါတိမောက် – ဟုလည်းခေါ်၏) Three common teachings of all Buddhas:
၁။ သဗ္ဗပါပဿ အကရဏံ = မကောင်းမှု ဟူသမျှ မပြုခြင်း
1: Not to do any evil;
၂။ ကုသလဿုပသမ္ပဒါ = ကောင်းမှု များကို ပြည့်စုံစေခြင်း
2: to do what is good;
၃။ သစိတ္တ ပရိယောဒါပနံ = မိမိစိတ်ကို ဖြူစင်စေခြင်း။
3: to purify one’s own mind.

ဘုရားရှင်ထိုးထွင်းသိမြင်သောတရား နှင့် ဟောပြသောတရား နှိုင်းယှဉ်ခြင်း

ဘုရားရှင်သည် ကောသမ္ဗီပြည် ယင်းတိုက်တောကြီး၌ သီတင်သုံးတော်မူစဉ် လက်တော်ထဲ၌ ယင်းတိုက်ရွက်များကို ဆုပ်ကိုင်တော်မူ၏။ ထို လက်ထဲရှိ အရွက်များနှင့် ကျန်တစ်တောလုံးရှိ အရွက်များ အဘယ်ကများသနည်းဟု မေးတော်မူကာ – ဘုရားရှင်ထိုးထွင်းသိသော တရားများသည် ယင်းထိုက်တစ်တောလုံးရှိ အရွက်များလောက် များပြားကြောင်း။ ထုတ်ဖေါ်ဟောကြားသော တရားကား လက်တော်ထဲရှိ အရွက်လောက်မျှသာ ဖြစ်ကြောင်း မိန့်တော်မူသည်။
(သီသပါဝနသုတ်။ သစ္စသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
Comparison between the things (dhamma) Lord Buddha had directly known and the things He had taught: Once Buddha was dwelling at Kosambī in a forest of the South Indian Redwood. He took up a few leaves in His hand and asked monks there which was more numerous, the leaves in His hand or the leaves in the forest. He said that the things (dhamma) He had directly known are like leaves of the forest and the things He had taught, leaves in His hand.
(Sīsapāvana Sutta, Mahā–vagga Saṃyutta Pāḷi)

ဘုရားရှင်ထံ ဒေဝဒတ်၏ တောင်းဆု ၅ မျိုး

(ဒေဝဒတ် ဘုရားရှင်ထံ တောင်းဆိုသောဆု ၅ မျိုး _ရှု)

ဘုရားရှင်ဓာတ်တော် ခံယူကြသည့် ခုနှစ်ပြည်ထောင်မင်းများ

(ခုနှစ်ပြည်ထောင်မင်းများ – ဘုရားရှင် ဓာတ်တော် ခံယူကြသည့် _ရှု)

ဘုရားရှင်နှင့် တပည့်သာဝကများကိုသာ လှူရမည် သို့မှ အကျိုးကြီးမားသည် – ဟု ဟောတော် မမူကြောင်း

(ဝစ္ဆဂေါတ္တသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
Lord Buddha did not teach that alms should be given only to Him and His
disciples, not others; doing so is very fruitful.

ဘုရားရှင် ပရိသတ် ၈ မျိုးတို့အား တရားဟောတော်မူသည့်အခါ

(ပရိသတ် ၈ မျိုးတို့အား ဘုရားရှင် တရား ဟောတော်မူသည့်အခါ _ရှု)

ဘုရားရှင်ဖိတ်ကြားတော်မူခြင်း

(သံသယရှိက မေးကြရန် ဘုရားရှင်ဖိတ်ကြားတော်မူခြင်း _ရှု)

ဘုရားရှင်မဖြေပဲ ထားသော အမေး ၁ဝ မျိုး

(မဖြေပဲ ထားရမည့် အမေး = ဌပနီယ ဗျာကရဏိယ ၁ဝ မျိုး _ရှု)

ဘုရားရှင်များ မစွန့်ပယ် မြဲသောအရပ်ဌာန ၄ မျိုး

(အဝိဇဟိတ – ဘုရားရှင်များ မစွန့်ပယ် မြဲသော – အရပ်ဌာန ၄ မျိုး _ရှု)

ဘုရားရှင် မြင်တွေ့နေရသော ရဟန်းတော် အချို့

(ယသသုတ်။ အဋ္ဌနိပါတ။ အင်္ဂုတ္တရပါဠိ) Eight kinds of monk Lord Buddha encountered:
၁။ ကာမဂုဏ်မှ လွတ်မြောက်မှုချမ်းသာ – နေက္ခမသုခ။ ကင်းဆိတ်ငြိမ်မှုချမ်းသာ – ပဝိဝေကသုခ။ ငြိမ်းအေးမှုချမ်းသာ – ဥပသမသုခ။ ထိုးထွင်းသိမြင်မှုချမ်းသာ သမ္ဗောဓသုခ တို့ကို အလေးမထားပဲ ကစား ရယ်မော မြူးတူးနေကြသော ရဟန်းများ
1: Some monks, without bliss of renunciation, without bliss of solitude, without bliss of peace, without bliss of enlightenment, come together and meet cheerfully being intent upon companionship.
၂။ ဝမ်းပြည့်အောင်စားပြီး အိပ်မှုချမ်းသာ – သေယျသုခ။ ဝဲယာနံတောင်း ပြောင်းလှဲ့အိပ်မှုချမ်းသာ ပဿသုခ။ ငိုက်မျဉ်းမှုချမ်းသာ မိဒ္ဓသုခ တို့ကို အားထုတ်လျှက်နေကြသော ရဟန်းများ
2: Some monks having eaten as much as they want, yield to the pleasure of rest, the pleasure of sloth, the pleasure of sleep.
၃။ အရံစောင့် ကိုရင်သာမဏေတို့ လုပ်ကျွေးပြုစုနေသည်ကိုသာယာနေသော ရွာနီးကျောင်းနေ ရဟန်းများ
3: Some monks who dwell on the outskirts of a village receive pleasant services from a monastery attendant or a novice.
၄။ ငိုက်မျဉ်း ပျင်းရိနေကြသော တောကျောင်းနေ ရဟန်းများ
4: Some monks who dwell in a forest sit dozing/sleepy.
၅။ မတည်ကြည်သောစိတ်ရှိသည့် တောကျောင်းနေ ရဟန်းများ
5: Some monks who dwell in a forest are in an unconcentrated state.
၆။ တည်ကြည်သောစိတ်ရှိသည့် တောကျောင်းနေ ရဟန်းများ
6: Some monks who dwell who dwell in a forest are in a state of concentration.
၇။ ပစ္စည်းလေးပါး ပြည့်စုံသော ရွာနီးကျောင်းနေ ရဟန်းများ
7: Some monks who dwell on the outskirts of a village receive well enough the four requisites.
၈။ ပစ္စည်းလေးပါးပြည့်စုံသော တောကျောင်းနေ ရဟန်းများ။
8: Some monks who dwell in a forest receive well enough the four requisites.

ဘုရားရှင် ရဲရင့်စွာ မိန့်ကြားမြွက်ဆိုတော်မူခြင်း

(မဟာသီဟနာဒသုတ်။ ဒီဃနိကာယပါဠိ)
The great lion’s raor of Lord Buddha:
၁။ လွန်မြတ်သော သီလ အရာ – အဓိသီလ – ၌ ငါဘုရားသည် အသာလွန်ဆုံးဖြစ်၏။
1: Nobody has surpassed Lord Buddha’s highest morality.
၂။ လွန်မြတ်သော အားထုတ်မှုဖြင့် မကောင်းမှုကို ပယ်ခြင်း (အဓိဇေဂုစ္ဆ) ၌ ငါဘုရားသည်
အသာလွန်ဆုံးဖြစ်၏။
2: Nobody has surpassed Lord Buddha’s highest self–mortification.
၃။ လွန်မြတ်သော ပညာအရာ – အဓိပညာ – ၌ ငါဘုရားသည် အသာလွန်ဆုံးဖြစ်၏။
3: Nobody has surpassed Lord Buddha’s highest wisdom.
၄။ လွန်မြတ်သော လွတ်မြောက်ခြင်း – အဓိဝိမုတ္တိ – ၌ ငါဘုရားသည် အသာလွန်ဆုံးဖြစ်၏။
4: Nobody has surpassed Lord Buddha’s highest liberation.
၅။ ဘုရားရှင်သည် ရဲရင့်သောစကားကို မြွက်ဆိုတော်မူ၏။
5: Lord Buddha roared His lion’s roar;
၆။ ပရိသတ်အလယ်၌ မြွက်ဆိုတော်မူ၏။
6: It was done in the audience/company.
၇။ မကြောက်မရွံ့ မြွက်ဆိုတော်မူ၏။
7: It was done confidently/courageously.
၈။ ပြဿနာလည်း ဘုရားရှင်ကို မေးကြကုန်၏။
8: The audience questioned Him.
၉။ မေးလျှင် ဖြေတော်မူ၏။
9: He answered.
၁ဝ။ အဖြေကို နှစ်သက်ကြကုန်၏။
10: The answer was plausible and pleased by the audience.
၁၁။ နာကြားထိုက်သည်ဟုလည်း ထင်မြင်ယူဆကြ၏။
11: The audience believed that it was worth to listen.
၁၂။ နာကြားပြီး ကြည်ညိုကြကုန်၏။
12: Having heard, they took refuge in Him.
၁၃။ ကြည်ညိုပြီး ပူဇော်ကြကုန်၏။
13: Aftre that, they honor/respect Him.
၁၄။ နာကြားပြီး တရားအဆုံးအမ အတိုင်း လိုက်နာကျင့်ကြံကြကုန်၏။
14: Having heard His teaching, they put it into practice.
၁၅။ ကျင့်ကြံသူတို့က ဘုရားရှင်အား နှစ်သက်ဝမ်းမြောက်စေကြကုန်၏။
15: By practicing, they made Lord Buddha pleased.

ဘုရားရှင် ရဲရင့်စွာ မိန့်တော်မူသော စကား ၄ ခွန်း

The four confidential lion’s roars of Lord Buddha:
၁။ ဤမည်ဤမည်သော တရားများကို ဘုရားရှင် ထိုးထွင်းမသိသေးဟု ပြောရဲသူမရှိ
1: Nobody dares to say that in such and such things, Buddha does not perfectly
enlighten.
၂။ ဤမည်ဤမည်သော အာသဝေါတရားများကို ဘုရားရှင် မပယ်ရသေးဟု ပြောရဲသူမရှိ
2: That Buddha did not destroy such and such mental flux/intoxicant.
၃။ ဘုရားရှင် ညွှန်ပြတော်မူသော မဂ်ဖိုလ်၏ အန္တရာယ်တရားတို့သည် စင်စစ် အန္တရာယ်မဟုတ် ဟု
ပြောရဲသူမရှိ
3: That the dhammas which hinder to attain ‘path and frution’ are actually no
handrances.
၄။ ဘုရားရှင် ညွှန်ပြတော်မူသော ဒုက္ခငြိမ်းကြောင်းတရားများသည် ဒုက္ခမငြိမ်းနိုင်ဟု ပြောရဲသူမရှိ။
4: That the dhammas which lead to the end of suffering are actually not.

ဘုရားရှင် လက်ထက်တော် ခေါင်းပါးသော ကျင့်စဉ်များ

(ခြိုးခြံသော ကျင့်စဉ်များ – တပေါပက္ကမ – မဟာ သီဟနာဒသုတ် _ရှု)

ဘုရားရှင် လက်ထက်တော် မထင်ရှားသော ကျောင်းများ

Not well–known monasteries at the time of Lord Buddha:
၁။ ကာဠခေမက သာကီဝင် ဆောက်သောကျောင်း။ ကပိလဝတ် (မဟာသုညတသုတ်။ ဥပရိပဏ္ဏာသ)
1: A monastery built by Kāḷakhemaka, a Sakya prince, in Sāvatthi City,
၂။ ဃဋ သာကီဝင် ဆောက်သောကျောင်း။ ကပိလဝတ် (မဟာသုညတသုတ်။ ဥပရိပဏ္ဏာသ)
2: a monastery built by Ghaṭa, a Sakya prince, in Sāvatthi City.

ဘုရားရှင် လက်မခံသော ဝါဒ ၃ မျိုး

(ဝါဒ ၃ မျိုး _ရှု)

ဘုရားရှင်သည် ပဝါရဏာနေ့၌ ရဟန်းတို့အား ဖိတ်ကြားတော်မူပုံ

(ပဝါရဏာသုတ်။ ဝင်္ဂ ီသဝဂ်။ သဂါထာဝဂ္ဂသံယုတ်)
Lord Buddha’s invitation to the monks (The Connected Discourses):
ဒဟန္ဒ ဒါနိ ဘိက္ခဝေ ပဝါရေမိ ဝေါ။ န စ မေ ကိဌိ ဂရဟထ ကာယိကံ ဝါ ဝါစသိကံ ဝါ။'
'ရဟန်းတို့ ယခုအခါ ငါဘုရားသည် သင်တို့အား ဖိတ်ကြား၏။ ငါ၏ကိုယ်နှုတ်အမူအရာ တစ်ခုခုကို
သင်တို့ ကဲ့ရဲ့ရန် ရှိကုန်သလော မရှိကုန်သလော။’
“Come now, monks, let me invite you: Is there any deed of mine, either bodily or verbal, which you would censure?”

ဘုရားရှင်သည် ‘သက်တမ်းပြည့် နေတော်မူပါဘုရားဟု

လျှောက်ထားရန်အတွက်' ရှင်အာနန္ဒာ အား အရိပ်အမြွက်စကား မိန့်ကြားတော်မူသော အခါ ၁၆ ခါ
Sixteen times Lord Buddha made a hint to Shin Ānanda for requesting Him to live untill the end of life–span (i.e., a hundred years of age):
၁။ ရာဇဂြိုဟ်ပြည် ဂိဇ္စျကုဋ်တောင် ၌
1: At Mt. Gijjhakūṭa, Rājagaha,
၂။ ရာဇဂြိုဟ်ပြည် ဂေါတမ ပညောင်ပင်
2: at Gotama Banyan tree, Rājagaha,
၃။ ရာဇဂြိုဟ်ပြည် စောရ ပပါတ ချောက်ကမ်းပါး
3: at Cora–papāta cliff, Rājagaha,
၄။ ရာဇဂြိုဟ်ပြည် ဝေဘာရတောင်
4: at Mt. Vebhāra, Rājagaha,
၅။ ရာဇဂြိုဟ်ပြည် ဣသိဂိလိတောင်
5: at Mt. Isigili, Rājagaha,
၆။ ရာဇဂြိုဟ်ပြည် ယင်းတိုက်တော
6: at the Ceylon ebony grobe, Rājagaha,
၇။ ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း
7: at Tapodārāma Monastery, Rājagaha,
၈။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း
8: at Veḷuvana Monastery, Rājagaha,
၉။ ရာဇဂြိုဟ်ပြည် ဇီဝက သရက်ဥယျာဉ်
9: Jīvaka Mango–grove, Rājagaha,
၁ဝ။ ရာဇဂြိုဟ်ပြည် မဒ္ဒကုစ္ဆိအရပ် မိဂဒါဝုန်တော
10: at Maddakucchi, Migadāvana, Rājagaha,
၁၁။ ဝေသာလီပြည် ဥဒေန စေတီ
11: at Udena Shrine, Vesālī,
၁၂။ ဝေသာလီပြည် ဂေါတမ စေတီ
12: at Gotama Shrine, Vesālī,
၁၃။ ဝေသာလီပြည် သတ္တမ္ဗ စေတီ
13: at Sattamba Shrine, Vesālī,
၁၄။ ဝေသာလီပြည် ဗဟုပုတ္တ စေတီ
14: at Bahuputta Shrine, Vesālī,
၁၅။ ဝေသာလီပြည် သာရ န္ဒ စေတီ
15: at Sāranda Shrine, Vesālī,
၁၆။ ဝေသာလီပြည် သာပါလ စေတီ။
16: at Sāpāla Shrine, Vesālī.

ဘုရားရှင်အား ချီးမွမ်းဖွယ်အကြောင်း ၁ဝ မျိုး

(ဒေဝဒဟသုတ်။ ဥပရိပဏ္ဏာသပါဠိ) Ten legitimate grounds for praising Lord Buddha:
၁။ သတ္တဝါအားလုံး ရှေးကံကြောင့် ချမ်းသာ။ ဆင်းရဲကြသည် ဆိုလျှင် ယခုဘဝ၌ ဘုရားရှင်သည် အာသဝေါတရား ကင်းကွာ ချမ်းသာသောကြောင့် – ရှေးကကောင်းကံရှိခဲ့၏ ဟု ချီးမွမ်းထိုက်၏။
1: If the pleasure and pain that beings feel are caused by what was done in the past, then the Buddha surely must have done good deeds in the past, since He now feels such taintless feelings.
၂။ သတ္တဝါအားလုံး ဖန်ဆင်းရှင်ကြောင့် ချမ်းသာ။ ဆင်းရဲကြသည် ဆိုလျှင် ယခုဘဝ၌ ဘုရားရှင်သည် အာသဝေါတရား ကင်းကွာ ချမ်းသာသောကြောင့် – ဘုရားရှင်ကို ကောင်းမြတ်သော ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့၏ ဟု ချီးမွမ်းထိုက်၏။
2: If the pleasure and pain that beings feel are caused by the creative act of a Supreme God, then the Buddha surely must have been created by a good Supreme God, since He now feels such taintless feelings.
၃။ သတ္တဝါအားလုံး အကြောင်းဆုံစည်းမှုကြောင့် ချမ်းသာ။ ဆင်းရဲကြသည် ဆိုလျှင် ယခုဘဝ၌ ဘုရားရှင်သည် အာသဝေါတရား ကင်းကွာ ချမ်းသာသောကြောင့် – ကောင်းသောအကြောင်း ဆုံစည်းမှု ရှိခဲ့၏ ဟု ချီးမွမ်းထိုက်၏။
3: If the pleasure and pain that beings feel are caused by circumstance and nature, then the Buddha surely must have good luck, since He now feels such taintless feelings.
၄။ သတ္တဝါအားလုံး အမျိုးဇာတ်ကြောင့် ချမ်းသာ။ ဆင်းရဲကြသည် ဆိုလျှင် ယခုဘဝ၌ ဘုရားရှင်သည် အာသဝေါတရား ကင်းကွာ ချမ်းသာသောကြောင့် – ကောင်းသောအမျိုးဇာတ်ရှိ၏ ဟု ချီးမွမ်းထိုက်၏။
4: If the pleasure and pain that beings feel are caused by various classes, then the Buddha surely must belong to a good class, since He now feels such taintless feelings.
၅။ သတ္တဝါအားလုံး ယခုဘဝ ပြုမူဆောင်ရွက်မှုကြောင့် ချမ်းသာ။ ဆင်းရဲကြသည် ဆိုလျှင် ယခုဘဝ၌ ဘုရားရှင်သည် အာသဝေါတရား ကင်းကွာ ချမ်းသာသောကြောင့် – ကောင်းစွာပြုဆောင်ကျိုးစားသူ ဖြစ်၏ဟု ချီးမွမ်းထိုက်၏။
5: If the pleasure and pain that beings feel are caused by exertion here and now, then the Buddha surely must strive well here and now, since He now feels such taintless feelings.
၆။ သတ္တဝါအားလုံး ရှေးကံကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုသည်မှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ဘုရားရှင်အား ချီးမွမ်းထိုက်၏။
6: If the pleasure and pain that beings feel are caused by what was done in the past or not, He is to be praised anyway.
၇။ သတ္တဝါအားလုံး ဖန်ဆင်းရှင်ကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုသည်မှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ဘုရားရှင်အား ချီးမွမ်းထိုက်၏။
7: If the pleasure and pain that beings feel are caused by the creative act of a Supreme God or not, He is to be praised anyway.
၈။ သတ္တဝါအားလုံး အကြောင်းဆုံစည်းမှုကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုသည်မှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ဘုရားရှင်အား ချီးမွမ်းထိုက်၏။
8: If the pleasure and pain that beings feel are caused by circumstance and nature or not, He is to be praised anyway.
၉။ သတ္တဝါအားလုံး အမျိုးဇာတ်ကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုသည်မှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ဘုရားရှင်အား ချီးမွမ်းထိုက်၏။
9: If the pleasure and pain that beings feel are caused by various classes or not, He is to be praised anyway.
၁ဝ။ သတ္တဝါအားလုံး ယခုဘဝ ကျိုးစားမှုကြောင့် ချမ်းသာ။ ဆင်းရဲကြသည်ဆိုသည်မှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ဘုရားရှင်အား ချီးမွမ်းထိုက်၏။
10: If the pleasure and pain that beings feel are caused by exertion here and now or not, He is to be praised anyway.

ဘုရားရှင်အား စွပ်စွဲခြင်း၏ အကြောင်းတရားများ – ၂ ပါးစု

Two ways of misrepresentation of Lord Buddha:
၁။ (က) ဒုဋ္ဌော ဝါ ဒေါသန္တရော – ဒေါသ အခြေခံပြီး ပြစ်မှား စွပ်စွဲခြင်း
(a) By wickedness based upon ill–will,
(ခ) သဒ္ဓေါ ဝါ ဒုဂ္ဂဟိတေန – အယူမှားမှု၌ (ဘာသာခြား၌) သဒ္ဓါလွန်ကဲပြီး စွပ်စွဲခြင်း
(b) by faith in other religions.
၂။ (က) အဘာသိတံ ဘာသိတန္တိ ဒီပေတိ – ဘုရားရှင်မဟောသည်ကို ဟော၏ဆိုပြီး စွပ်စွဲခြင်း
(a) By what Buddha never said as said,
(ခ) ဘာသိတံ အဘာသိတန္တိ ဒီပေတိ – ဘုရားရှင်ဟောသည်ကို မဟောဟုဆိုပြီး စွပ်စွဲခြင်း
(b) by what Buddha said as not said.
၃။ (က) နေယျတ္ထံ နီတတ္ထောတိ ဒီပေတိ – ဆောင်သိရမည်ကို တိုက်ရိုက်သိရမည်ဆိုပြီး စွပ်စွဲခြင်း
(a) By what Buddha symbolically said as directly said,
(ခ) နီတတ္ထံ နေယျတ္ထောတိ ဒီပေတိ – တိုက်ရိုက်သိရမည်ကို ဆောင်သိရမည်ဟုဆိုပြီး စွပ်စွဲခြင်း။
(b) by what Buddha directly said as symbolically said.

ဘုရားရှင်အား တပည့်သာဝကတို့ ရိုသေမြတ်နိုးခြင်း၏ အကြောင်းတရား ၅ ပါး

Five qualities of Lord Buddha for which His disciples greatly honor, respect and revere Him:
၁။ မြင့်မြတ်သော ကိုယ်ကျင့်သီလ ရှိတော်မူခြင်း
1: Higher virtue,
၂။ သဗ္ဗညုတဉာဏ် ရှိတော်မူခြင်း
2: higher knowledge and vision,
၃။ မြတ်သော ဌာနုပ္ပတ္တိပညာ ရှိတော်မူခြင်း
3: higher wisdom,
၄။ အရိယသစ္စာတရားကိုမေးတိုင်းဖြေကြားနိုင်ခြင်း
4: discovering the four noble truths,
၅။ ဗောဓိပက္ခိယတရား ၃၇ ပါးကို ဟောကြားတော်မူခြင်း။
5: proclaiming the thirty–seven factors of enlightenment.

ဘုရားရှင်အား မစွပ်စွဲနိုင်သော တရား ၃ ပါး

Three things Lord Buddha is never accused of:
၁။ ဤတရားများကို မသိမြင်သေးဟု မစွပ်စွဲနိုင်
1: Nobody can accuse of Lord Buddha that He has no perfect knowledge of such and such things.
၂။ ဤအာသဝေါတရားများ မကုန်ခမ်းသေးဟု မစွပ်စွဲနိုင်
2: that He has such and such mental cankers,
၃။ ဒုက္ခငြိမ်းကြောင်း တရားကောင်းများဟု ပြောသော်လည်း ဒုက္ခမငြိမ်းဟု မစွပ်စွဲနိုင်။
3: that His dhamma cannot get rid of suffering.

ဘုရားရှင်၏ ခရီစဉ် ၂ မျိုး

Buddha’s two kinds of journey:
၁။ တုရိတ စာရိက = အဆောတလျင် ကြွတော်မူခြင်း
1: Journey made suddently,
၂။ အတုရိတ စာရိက = အချိန်ယူပြီး ကြွတော်မူခြင်း
2: regular journey.

ဘုရားရှင်၏ ခရီဝန်း ၃ မျိုး

Three kinds of circumferential dimensions of Buddha’s journey:
၁။ မဟာ မဏ္ဍလ = ယူဇနာ_ရှု ၉ဝဝ ရှိ ခရီဝန်း
1: A great journey within a territory of 900 yujanā,
၂။ မဇ္စျိမ မဏ္ဍလ = ယူဇနာ ၆ဝဝ ရှိ ခရီဝန်း
2: a medium journey within a territory of 600 yujanā,
၃။ အန္တော မဏ္ဍလ = ယူဇနာ ၃ဝဝ ရှိ ခရီဝန်း
3: a samll journey within a territory of 300 yujanā.

ဘုရားရှင်၏ စောင့်ရှောက်ရန်မလို ပင်ကိုယ်စင်ကြယ်နေသော တရား ၄ ပါး

၁။ ပရိသုဒ္ဓ ကာယသမာစာရ – ပင်ကိုယ်စင်ကြယ်နေသော ကိုယ်အမူအရာ
1: Purified bodily behavior, nothing to hide bodily misconduct,
၂။ ပရိသုဒ္ဓ ဝစီသမာစာရ – ပင်ကိုယ်စင်ကြယ်နေသော နှုတ်အမူအရာ
2: purified verbal behavior, nothing to hide verbal misconduct,
၃။ ပရိသုဒ္ဓ မနောသမာစာရ – ပင်ကိုယ်စင်ကြယ်နေသော စိတ်အမူအရာ
3: purified mental behavior, nothing to hide mental misconduct,
၄။ ပရိသုဒ္ဓါဇီဝ – ပင်ကိုယ်စင်ကြယ်နေသော အသက်မွေးဝမ်းကျောင်းမှု။
4: purified livelihood, nothing to hide wrong livelihood.

ဘုရားရှင်၏ ဆွမ်း နှစ်မျိုး

(စုန္ဒ၏ ပရိနိဗ္ဗာန်စံဝင်ခါနီးကပ်သော – ဆွမ်းနှင့် သုဇာတာ၏ ဆွမ်း _ရှု)

ဘုရားရှင်၏ ဉာဏ်ခြေရာ ၄ မျိုး

Four wisdom–footprints of Lord Buddha:
၁။ မင်း ပညာရှိတို့အပေါ် လွှမ်းမိုးနိုင်ခြင်း
1: Overcoming/conquering the learned kings by His wisdom,
၂။ သူကြွယ် ပညာရှိတို့အပေါ် လွှမ်းမိုးနိုင်ခြင်း
2: overcoming/conquering the learned wealthy persons by His wisdom,
၃။ ပုဏ္ဏား ပညာရှိတို့အပေါ် လွှမ်းမိုးနိုင်ခြင်း
3: overcoming/conquering the learned Brahmins by His wisdom,
၄။ သူတော်စင် (သမဏ) ပညာရှိတို့အပေါ် လွှမ်းမိုးနိုင်ခြင်း။
4: overcoming/conquering the learned recluses by His wisdom.

ဘုရားရှင်၏ ဉာဏ်တော်။ အားတော် ၁ဝ ပါး

(ဒသ တထာဂတ ဗလ)
The ten powers of Lord Buddha:
၁။ ဌာနာဌာန ကောသလ္လ ဉာဏ်တော် – အကြောင်း ဟုတ်သည် မဟုတ်သည် ကို သိတော်မူသောဉာဏ်
1: Wisdom of the possible as possible and the impossible as impossible,
၂။ အတီတာ နာဂတ ပစ္စုပ္ပန္န ကမ္မ သမာဒါန ဉာဏ်တော် – အတိတ် အနာဂတ် ပစ္စုပ္ပန် ကံ အကျိုးပေးကို သိတော်မူသောဉာဏ် (ဝိပါကဉာဏ် ဟုလည်းခေါ်သည်)
2: of the results of past, present and future actions (It is also called wisdom of the results),
၃။ သဗ္ဗတ္ထ ဂါမိနီ ပဋိပဒါ ဉာဏ်တော် – သတ္တဝါများ လားရောက်ရာ လမ်းစဉ်ကို သိတော်မူသောဉာဏ်
3: of path leading to the welfare of all,
၄။ အနေကဓာတု နာနာဓာတု လောက ဉာဏ်တော် – ဓာတ်အားလုံး၏ သဘောကို သိတော်မူသောဉာဏ်
4: of the world with its many different elements,
၅။ နာနာဓိမုတ္တိကတ ဉာဏ်တော် – သတ္တဝါတို့၏ လိုအင် အစုံကို သိတော်မူသောဉာဏ်
5: of the different inclinations in beings,
၆။ ဣန္ဒြိယ ပရောပရိယတ္တိ ဉာဏ်တော် – အနိမ့် အမြင့်ကို သိတော်မူသောဉာဏ်
6: of clearly understanding of lower and higher falculties in beings,
၇။ စျာန ဝိမောက္ခ သမာဓိ သမာပတ္တိ ဝိဇာနန ဉာဏ်တော် – စျာန်စသည်တို့၏ အညစ်အကြေး စင်ကြယ်မှု တိုးတက်မှုတို့ကို သိတော်မူသောဉာဏ်
7: of the defilement, purity and rising with regard to the absorption, deliberance, concentration and attainment,
၈။ ပုဗ္ဗေ နိဝါသ ဉာဏ်တော် – ရှေး အတိတ်ဘဝများကို သိတော်မူသောဉာဏ်
8: of remembering former births,
၉။ ဒိဗ္ဗ စက္ခု ဉာဏ်တော် – နတ် မျက်စိဉာဏ်
9: of divine eyes,
၁ဝ။ အာသဝက္ခယ ဉာဏ်တော် – အာဝဝေါတရား စိတ်အညစ်အကြေးများ ကုန်ခန်းခြင်း ဉာဏ်။
10: of extinction of all taints.

ဘုရားရှင်၏ ထွက်မြောက်လွတ်ကင်းလျှက် နေတော်မူခြင်း ၁ဝ မျိုး

Ten states from which Lord Buddha detached and released:
၁။ ဘုရားရှင်သည် ရုပ်မှ– ထွက်မြောက်လွတ်ကင်းပြီး ကိလေသာမရှိသောစိတ်ဖြင့် နေတော်မူ၏။
1: Lord Buddha dwelled free, detached and released from physical body;
၂။ ဝေဒနာမှ–
2: from feeling,
၃။ သညာမှ–
3: from perception,
၄။ သင်္ခါရမှ–
4: from mental formations,
၅။ ဝိညာဏ်မှ–
5: from consciousness,
၆။ ဇာတိမှ–
6: from rebirth,
၇။ ဇရာမှ–
7: from decay/old–age,
၈။ မရဏမှ–
8: from death,
၉။ ဒုက္ခမှ–
9: from suffering,
၁ဝ။ ကိလေသာတို့မှ– ထွက်မြောက်လွတ်ကင်းပြီး ကိလေသာမရှိသောစိတ်ဖြင့် နေတော်မူ၏။
10: from mental defilements.

ဘုရားရှင်၏ ဓာတ်တော် ၂ မျိုး

(ဓာတ်တော် ၂ မျိုး – ဘုရားရှင်၏ _ရှု)

ဘုရားရှင်၏ နောက်ဆုံး သြဝါဒ စကားတော်

Lord Buddha’s last words/admonishing:
၁။ ငါ (ဘုရားရှင်) ဟောကြား တရားတော်များသည် သင်တို့၏ ဆရာဖြစ်လိမ့်မည်။
1: His teachings become the teacher of the believers (Buddhists) after He is gone.
၂။ ရဟန်းတော်အချင်ချင်း ငါဘုရားသက်တော်ထင်ရှားရှိတော်မူစဉ် အာဝုသော – ဟုခေါ်နေကြရာမှ ဝါငယ်သူကို အာဝုသော ဝါကြီးသူကို ဘန္တေ ဟူ၍၄င်း အာယသ္မာ ဟူ၍၄င်း ပြောဆိုကြရမည်။
2: Monks should address each other, ‘āvuso’ – senior to junior and ‘bhante or āyasmā’ – junior to senior.
၃။ ငါဘုရားရှင် ပရိနိဗ္ဗာန်စံပြီး သေးငယ်သော ဝိနည်းသိက္ခာပုဒ်များကို ပယ်နှုတ်လိုသော ပယ်နှုတ်နိုင်သည်။
3: Monks may abolish minor rules of vinaya if saṃgha (order of monks) wishes.
၄။ ငါဘုရားရှင် ပရိနိဗ္ဗာန်စံပြီး ဆန္ဒရဟန်းအား ဗြဟ္မဒဏ် ထားရမည်။
4: Monk Canda, a very closed attendant of Lord Buddha, should be punished by the saṃgha with ‘holy–punishment (brahmadaṇḍa)’.

ဘုရားရှင်၏ ပရိနိဗ္ဗာန် မစံဝင်မှီ နောက်ဆုံးမိန့်မှာချက်

Last words of Lord Buddha just before parinibbāna:
၁။ ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ = ရဟန်းတို့ သင်တို့အား ယခု ငါဘုရား နောက်ဆုံးစကား မိန့်ကြားမည်။
1: Monks, I say you as my last admonition.
၂။ ဝယဓမ္မာ သင်္ခါရာ = ပြုပြင်စီရင် သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏။
2: Decay is inherent in all compounded things.
၃။ အပ္ပမာဒေန သမ္ပာဒေထ = မမေ့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော။
3: Strive with mindfulness and diligence to complete the task.

ဘုရားရှင်၏ ဘုန်းတော် ၆ ပါး

The six Glories of Lord Buddha:
၁။ ဣဿရိယ – အလိုရှိသလို ဖန်ဆင်းနိုင်ခြင်း
1: Glory of lordliness/mastery,
၂။ ဓမ္မ – ပညာ ဉာဏ် ကြီးမားခြင်း
2: of dhamma/excellent wisdom,
၃။ ယသ – အခြံအရံ အကျော်အစောကြီးမားခြင်း
3: of excellent fame,
၄။ သိရီ – ကျက်သရေ မင်္ဂလာ ပြည့်စုံခြင်း
4: of splendor,
၅။ ကာမ – အလိုခပ်သိမ်း ပြီးငြိမ်းနိုင်ခြင်း
5: of achievement,
၆။ ပယတ္တ – အား လုလ္လ နှင့် ပြည့်စုံခြင်း။
6: of endeavour.

ဘုရားရှင်၏ ရပ်တည်ရာ ၄ ပါး

(ဗုဒ္ဓဘူမိ ၄ ပါး – ဘုရားရှင်၏ ရပ်တည်ရာ _ရှု)

ဘုရားရှင်၏ ရုပ်ကလာပ်တော်ကို

မလ္လမင်းတို့ ၇ ရက်တိုင်တိုင် ကခြင်း သီဆိုခြင်း တီမှုတ်ခြင်း ပန်းနံ့သာတို့ဖြင့် ပူဇော်ကြခြင်း (မဟာပရိနိဗ္ဗာနသုတ်) Mallas of Kusināra honored and worshipped Buddha’s body with dance, song, music, flowers and scents for seven days.

ဘုရားရှင်၏ ရဲရင့်စွာ ဝန်ခံတော်မူခြင်းများ ၈ ပါး

(အဓိမုတ္တိပဒသုတ်။ ဒသကနိပါတ။ အင်္ဂုတ္တရပါဠိ) Eight confident statements of Lord Buddha (Adhimuttipada Sutta):
၁။ ထင်ရှားရှိသောတရားကို ရှိ၏ဟု သိတော်မူခြင်း
1: Knowing dhamma confidently real as real,
၂။ ထင်ရှားမရှိသောတရားကို မရှိ၏ဟု သိတော်မူခြင်း
2: unreal as unreal,
၃။ ယုတ်ညံ့သောတရားကို ယုတ်ညံ့၏ဟု သိတော်မူခြင်း
3: mean as mean,
၄။ မွန်မြတ်သောတရားကို မွန်မြတ်၏ဟု သိတော်မူခြင်း
4: exalted as exalted,
၅။ အတု ရှိသောတရားကို အတုရှိ၏ဟု သိတော်မူခြင်း
5: surpassed as surpassed,
၆။ အတုမရှိသောတရားကို အတုမရှိဟု သိတော်မူခြင်း
6: unsurpassed as unsurpassed,
၇။ သိမြင်မျက်မှောက်ပြုထိုက်သောတရားကို သိမြင်မျက်မှောက်ပြုထိုက်၏ဟု သိတော်မူခြင်း
7: known, seen and realized as known, seen and realized,
၈။။ သဗ္ဗညုတဉာဏ်တော်သည် အမြတ်ဆုံးဖြစ်သည်ဟု မိန့်တော်မူခြင်း။
8: knowledge of omniscience is the highest.

ဘုရားရှင်၏ ဝဋ်တော်။ ဝိပါက်တော် ၁၂ ပါး

(ဝဋ်တော် ၁၂ ပါး – ဘုရားရှင်၏ _ရှု)

ဘုရားရှင်၏ ဝိသုဒ္ဓိ ၇ ပါး

The seven purifications of a Buddha:
၁။ သီလ ဝိသုဒ္ဓိ
1: Purity of morality,
၂။ စိတ္တ ဝိသုဒ္ဓိ
2: of concentration,
၃။ ဒိဋ္ဌိ ဝိသုဒ္ဓိ
3: of views,
၄။ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ
4: of overcoming doubts,
၅။ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ
5: of knowledge and insight into the right and wrong paths,
၆။ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ
6: of knowledge and insight of the path,
၇။ ဉာဏဒဿန ဝိသုဒ္ဓိ
7: of knowledge and insight.

ဘုရားရှင်၏ သရီရဓာတ်တော် တည်ရှိရာ ၅ ဌာန

Five places of Lord Buddha’s relics:
၁။ မဇ္စျိမဒေသ
1: Middle region (i.e., Nothern India),
၂။ သီရိလင်္ကာ မြန်မာ ယိုးဒယားစသော အခြားဒေသများ
2: other regions such as Sri Lanka, Myanmar, Thailand etc.,
၃။ တာဝတိံသာနတ်ပြည်
3: The Realm of the Thirty–three Gods,
၄။ နဂါးပြည်
4: The Realm of the Dragon,
၅။ ဗြဟ္မာပြည်။
5: The Realm of Brahmā.

ဘုရားရှင်၏ သာဝက ၈ဝ

(အသီတိ သာဝက – ဘုရားရှင်၏ သာဝက ၈ဝ _ရှု)

ဘုရားရှင်၏ အမည်တော်များ

(သမဏသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Eight names of designation for Lord Buddha (Tathāgata):
၁။ သမဏ – ငြိမ်းအေးသူ
1: Ascetic (One in Peace),
၂။ ဗြာဟ္မဏ – မကောင်းမှု မျှောပြီးသူ
2: Brahmin,
၃။ ဝေဒဂူ – အသိဉာဏ်သို့ရောက်သူ
3: Master of Knowledge,
၄။ ဘိသက္က – သမားတော်
4: Healer,
၅။ နိမ္မလ – အညစ်အကြေးမရှိသူ
5: One Unstained,
၆။ ဝိမလ – အညစ်အကြေးကင်းသူ
6: Stainless,
၇။ ဉာဏီ – ဉာဏ်ရှိသူ
7: Knower,
၈။ ဝိမုတ္တ – လွတ်မြောက်သူ။
8: Liberated One.

ဘုရားရှင်၏ အမူအရာတော်များ

(ဗြဟ္မာယုသုတ်။ မဇ္စျိမပဏ္ဏာသ။ မဇ္စျိမနိကာယ)
The behaviors of Lord Buddha (Brahmāyu Sutta, Majjhima–nikāya):
၁။ ကြွလှမ်းသော် လက်ျာခြေတော်ကို ရှေးဦးစွာ ကြွလှမ်း၏
1: When He walks, He steps out with the right foot first.
၂။ မဝေးလွန်းစွာ ခြေတော်ကို နှုတ်ကြွ၏
2: He does not extend His foot too far
၃။ မနီးလွန်းစွာ ခြေတော်ကို ချ၏
3: or put it down too near.
၄။ မမြန်လွန်းပဲ ကြွ၏
4: He wolks neither too quickly
၅။ မနှေးလွန်းပဲ ကြွ၏
5: nor too slowly.
၆။ ပုဆစ်ဒူး အချင်းချင်း မထိခိုက်စေပဲ ကြွ၏
6: He walks without His knees knocking together.
၇။ ဖမျက်အချင်းချင်း မထိခိုက်စေပဲ ကြွ၏
7: He walks without His ancles knocking together.
၈။ ကြွသွားသော် ပေါင်ကို မမြှောက်
8: He walks without raising
၉။ ပေါင်ကို မညွတ်
9: or lowering His thights,
၁ဝ။ ပေါင်ကို မတောင့်
10: or bringing them together
၁၁။ ပေါင်ကို မခါ
11: or keeping them apart.
၁၂။ ကြွသွားသော် အောက်ပိုင်းကိုယ်သာလှုပ်၏
12: When He walks, only the lower part of His body oscillates and
၁၃။ ကိုယ်အားကိုယူ၍ ကြွတော်မမူ
13: He does not walk with bodily effort.
၁၄။ ပြန်လှည့်ကြည့်သော် တစ်ကိုယ်လုံးဖြင့် ပြန်လှည့်ကြည့်၏
14: When He turns to look, He does so with His whole body.
၁၅။ အထက်သို့ မော့မကြည့်
15: He does not look straight up.
၁၆။ အောက်သို့ ငုံ့မကြည့်
16: He does not look straight down.
၁၇။ ထိုထိုဤဤ ကြည့်လျှက် မသွား
17: He does not walk looking about.
၁၈။ ထမ်းပိုးတစ်ပြန်မျှသာ ကြည့်လျှက်သွား၏
18: He looks a plough–yoke’s length before Him.
၁၉။ မြို့ရွာတွင်းသို့ ဝင်သော် ကိုယ်ကို မမြှောက်
19: When He goes indoors, He does not raise
၂ဝ။ ကိုယ်ကို မညွတ်
20: nor lower His body,
၂၁။ ကိုယ်ကို မတောင့်
21: or bend it forward
၂၂။ ကိုယ်ကို မခါ
22: or back.
၂၃။ နေရာ၏ မဝေးလွန်းမနီးလွန်း ကိုယ်ကိုလှည့်၏
23: He turns round neither too far from the seat nor too near it.
၂၄။ လက်ထောက်ပြီး မထိုင်
24: He does not lean on the seat with His hand.
၂၅။ ကိုယ်ကို ပြစ်ချမထိုင်
25: He does not throw His body onto the seat.
၂၆။ လက်မဆော့
26: When seated, He does not fidget with His hands.
၂၇။ ခြေမဆော့
27: He does not fidget with His feet.
၂၈။ ဒူးဆစ်အချင်းချင်း တင်၍မထိုင်
28: He does not sit with His knees crossed.
၂၉။ ဖမျက်အချင်းချင်း တင်၍မထိုင်
29: He does not sit with His ankles crossed.
၃ဝ။ မေးလက်ထောက်ပြီး မထိုင်
30: He does not sit with His hand holding His chin.
၃၁။ မြို့ရွာအတွင်းနေတော်မူသော် မကြောက်မရွံ့ မတွန့်မဆုတ် မတုန်လှုပ် မချောက်ချား
31: While sitting, He is not afraid; does not shiever and tramble; is not nervous.
၃၂။ ကြက်သီးမွှေးညှင်း ထခြင်းမရှိ
32: His hairs do not stand up.
၃၃။ ကင်းဆိတ်ရာ နိဗ္ဗာန်ကို အာရုံပြုနေ၏
33: He is intent on seclusion.
၃၄။ သပိတ်ဆေးရေကို ယူတော်မူသော် သပိတ်ကို မမြှောက်
34: When He receives the water for the bowl, He does not raise
၃၅။ သပိတ်ကို မညွတ်
35: or lower the bowl
၃၆။ သပိတ်ကို မတောင့်
36: or tip it forwards
၃၇။ သပိတ်ကို မခါ
37: of backwards.
၃၈။ သပိတ်ဆေးရေကို မနည်းလွန်းမများလွန်း ခံယူ၏
38: He receives neither too little nor too much water for the bowl.
၃၉။ ခလောက် ခလောက်အသံပြု၍ သပိတ်ကို မဆေး
39: He washes the bowl without making a splashing noice.
၄ဝ။ သပိတ်ကို မှောက်လှန်၍ မဆေး
40: He washes the bowl without turning it round.
၄၁။ သပိတ်ကို မြေ၌ချ၍ လက်မဆေး
41: He does not put the bowl on the floor to wash His hands.
၄၂။ လက်ဆေးလျှင် သပိတ်ဆေးပြီးဖြစ်၏
42: When His hands are washed, the bowl is washed.
၄၃။ သပိတ်ဆေးလျှင် လက်ဆေးပြီးဖြစ်၏
43: When the bowl is washed, His hands are washed.
၄၄။ သပိတ်ဆေးရေကို မနီးမဝေး စွန့်၏
44: He pours the water from the bowl neither too far nor too near.
၄၅။ သပိတ်ဆေးရေကို ဖရိုဖရဲ ပြန့်ကျဲ၍ မစွန့်
45: He does not pour it about.
၄၆။ ဆွမ်းခံယူသော် သပိတ်ကို မမြှောက်
46: When He receives rice, He does not raise
၄၇။ သပိတ်ကို မညွတ်
47: or lower the bowl
၄၈။ သပိတ်ကို မတောင့်
48: or tip it forwards
၄၉။ သပိတ်ကို မခါ
49: or backwards.
၅ဝ။ မနည်းလွန်း မများလွန်း ဆွမ်းကို ခံယူ၏
50: He receives neither too little rice nor too much rice.
၅၁။ ဟင်းကို ဟင်းပမာဏအတိုင်းသာ ဘုဉ်းပေး၏
51: He adds sauces in the right proportion.
၅၂။ ဟင်းဖြင့် ဆွမ်းလုပ်ကို မလွန်
52: He does not exceed the right amount of sauce in the mouthful.
၅၃။ ခံတွင်း၌ ဆွမ်းလုပ်ကို နှစ်ကြိမ်သုံးကြိမ်လွေး၍ မျိုချ၏
53: He turns the mouthful over two or three times in His mouth
၅၄။ ထမင်းဝါးဖတ် ကြေညက်ပြီးမှ ကိုယ်ထဲသို့ဝင်၏
54: and chewing well then swallows it.
၅၅။ ထမင်းဝါးဖတ် ခံတွင်း၌ မကြွင်းကျန်
55: No rice kernel remains in His mouth.
၅၆။ အရသာကို သိလျှက် ဆွမ်းကို ဘုဉ်းပေး၏
56: He takes His food experiencing the taste
၅၇။ အရသာ၌ မတပ်မက်
57: though not experiencing greed for the taste.
၅၈။ ဆွမ်းကို မြူးတူးရန် သုံးဆောင်သည်မဟုတ်
58: Taking His food is neither for amusement,
၅၉။ ဆွမ်းကို မာန်ယစ်ရန် သုံးဆောင်သည်မဟုတ်
59: nor for intoxication,
၆ဝ။ ဆွမ်းကို တန်ဆာဆင်ရန် သုံးဆောင်သည်မဟုတ်
60: nor for the sake of physical beauty,
၆၁။ ဆွမ်းကို အသားအရေ ဖွံ့ဖြိုးတိုးပွါးရန် သုံးဆောင်သည်မဟုတ်
61: nor for the sake of physical attractiveness.
၆၂။ ဆွမ်းကို ခန္ဓာကိုယ်တည်တန့်ရန်သာ သုံးဆောင်၏
62: He takes food only for the endurance
၆၃။ မျှတရန်သာ သုံးဆောင်၏
63: and continuance of His body,
၆၄။ ပင်ပန်းခြင်းငြိမ်းရုံသာ သုံးဆောင်၏
64: for the ending of discomfort,
၆၅။ မြတ်သောအကျင့်ကို ချီးမြှောက်ရန်သာ သုံးဆောင်၏
65: for assisting the holy life.
၆၆။ ဆွမ်းစားပြီး သပိတ်ကို မြေ၌မချ
66: When He has eaten, He does not put the bowl onto the ground.
၆၇။ သပိတ်ကို မနီးမဝေး၌ ထား၏
67: He puts the bowl on the floor neither too near nor too far.
၆၈။ သပိတ်ကို မလိုသည်လည်း မဟုတ်
68: He is neither careless of the bowl.
၆၉။ သပိတ်ကို အခါလေးမြင့် စောင့်ရှောက်နေသည်လည်း မဟုတ်
69: nor over–solicitous about it.
ရဝ။ ဆွမ်းဘုဉ်းပေးပြီး တခဏမျှ ဆိတ်ဆိတ်နေ၏
70: When He has eaten, He sits in silence for a while,
၇၁။ ဆွမ်းအနုမောဒနာပြုချိန်ကို မလွန်စေ
71: but He does not let the time for the blessing go by.
၇၂။ အနုမောဒနာတရား ဟောကြား၏
72: When He has eaten, He gives the blessing.
၇၃။ ဆွမ်းကို မကဲ့ရဲ့
73: He does not criticize the meal.
၇၄။ ဆွမ်းကို မတောင့်တ
74: He does not expect another meal.
၇၅။ တရားဖြင့် အကျိုးစီးပွါးကို သိမြင် ဆောက်တည် ရွှင်လန်းစေ၏
75: He instructs, urges, rouses, and encourages the audience with talk purely on the Dhamma.
၇၆။ အနုမောဒနာတရားဟောကြားတော်မူပြီး နေရာမှ ထကြွရာ၌ အလွန်မြန်စွာ မကြွ
76: After it, He rises from the seat and walks neither too fast
၇၇။ နှေးကွေးစွာ မကြွ
77: nor too slow.
၇၈။ လွတ်မြောက်လိုသကဲ့သို့ မကြွ
78: He does not go as one who wants to get away.
၇၉။ သင်္ကန်းတော်သည်အလွန်လည်းမမြင့်
79: His robe is worn neither too hight
၈ဝ။ အလွန်းလည်း မလျောကျ
80: nor too low on His body,
၈၁။ ကိုယ်တော်နှင့် ကပ်ငြိသည်လည်း မဟုတ်
81: nor too tight against His body,
၈၂။ ကွာနေသည်လည်း မဟုတ်
82: nor too loose on His body,
၈၃။ သင်္ကန်းတော်သည် လေမှာ မလွင့်
83: nor does the wind blow His robe away from His body.
၈၄။ ခန္ဓာကိုယ်တော်၌ မြူအညစ်အကြေး မကပ်ငြိ
84: Dust and dirt do not soil His body.
၈၅။ ကျောင်းသို့ဝင်သော် နေရာ၌ထိုင်တော်မူပြီး ခြေဆေး၏
85: When He enters into the monastery, He sits down on a seat made ready.
၈၆။ ခြေကို လှအောင် ကြည့်ကောင်းအောင်ဟူ၍ အဖန်ဖန် အားမထုတ်
86: Having sat down, He washes His feet, though He does not concern Himself with grooming His feet.
၈၇။ ခြေဆေးပြီး ထက်ဝယ်ဖွဲ့ခွေ ကမ္မဋ္ဌာန်းသတိဖြင့် ထိုင်နေ၏
87: Having washed His feet, He seats Himself cross–legged with mindfulness.
၈၈။ တရားဟောတော်မူသော် ပရိတ်သတ်ကို မမြှောက်ပင့်
88: When He teaches, He neither flatters/praises
၈၉။ ပရိတ်သတ်ကို မနှိမ်ချ
89: nor berates the audience.
၉ဝ။ အင်္ဂါ ၈ ပါးရှိသော အသံတော်ဖြင့် တရားဟော၏။
90: The speech that issues from His mouth has eight qualities.

ဘုရားရှင်၏ အများနှင့်မဆက်ဆံသော ဉာဏ်တော် ၆ ပါး

(အသာဓာရဏ ဉာဏ်တော် ၆ ပါး – ဘုရားရှင်၏ အများနှင့်မဆက်ဆံသော ဉာဏ်တော် _ရှု)

ဘုရားရှင်၏ အများနှင့် မဆက်ဆံသော တရား

(အာဝေဏိက ဓမ္မ) ၁၈ ပါး
The eighteen unique qualities of Lord Buddha:
၁။ အတိတ်အဖို့ (ကာလအပိုင်းအခြား) ၌ ဉာဏ်တော်၏ အပိတ်အပင် အတားအဆီး မရှိခြင်း
1: Having no hindrance with regard to knowledge of the past,
၂။ အနာဂတ်အဖို့ (ကာလအပိုင်းအခြား) ၌ ဉာဏ်တော်၏ အပိတ်အပင် အတားအဆီး မရှိခြင်း
2: with regard to knowledge of the future,
၃။ ပစ္စုပ္ပန်အဖို့ (ကာလအပိုင်းအခြား) ၌ ဉာဏ်တော်၏ အပိတ်အပင် အတားအဆီး မရှိခြင်း
3: with regard to knowledge of the present,
၄။ ကိုယ်ပြုမူရာ ကာယကံမှု အားလုံးတို့၌ ဉာဏ်တော်သာလျှင် ရှေ့သွားရှိခြင်း (ရှေ့ကပြေးခြင်း)
4: being preceded by wisdom in all physical actions,
၅။ နှုတ်အမူရာ ဝစီကံမှု အားလုံးတို့၌ ဉာဏ်တော်သာလျှင် ရှေ့သွားရှိခြင်း
5: in all verbal actions,
၆။ စိတ်အမူရာ မနောကံမှု အားလုံးတို့၌ ဉာဏ်တော်သာလျှင် ရှေ့သွားရှိခြင်း
6: in all mental actions,
၇။ အလိုဆန္ဒတော် ယုတ်လျှော့ အားနည်းမှု မရှိခြင်း
7: having not falling off in intention,
၈။ ဝီရိယတော် ယုတ်လျှော့ အားနည်းမှု မရှိခြင်း
8: in energy,
၉။ သမာဓိ ယုတ်လျှော့ အားနည်းမှု မရှိခြင်း
9: in concentration,
၁ဝ။ ပညာ ယုတ်လျှော့ အားနည်းမှု မရှိခြင်း
10: in wisdom,
၁၁။ တရားဟောတော်မူရာ၌ ယုတ်လျှော့ အားနည်းမှု မရှိခြင်း
11: in teaching the dhamma,
၁၂။ လွတ်မြောက်မှု ဝိမုတ္တိတရား၌ ယုတ်လျှော့ အားနည်းမှု မရှိခြင်း
12: in emancipation,
၁၃။ ပျက်ရယ်မြူးတူးမှု မရှိခြင်း
13: not indulging in joking and laughter,
၁၄။ ချွတ်ချော် တိမ်းပါးမှု မရှိခြင်း
14: not making blunders,
၁၅။ ဉာဏ်တော်နှင့် မတွေ့မထိသောအရာဟူ၍ မရှိခြင်း
15: having nothing which cannot be gauged by wisdom,
၁၆။ အဆောတလျင် ပြုရသည့် အဖြစ်မျိုး မရှိခြင်း
16: nothing to do in a hurry,
၁၇။ ကြောင့်ကြမဲ့ စိတ်မျိုး မရှိခြင်း
17: being never negligent,
၁၈။ မဆင်မခြင်ပြုလေ့ မရှိခြင်း။
18: not undertaking anything without due reflection.

ဘုရားရှင်၏ အသံတော် အင်္ဂါ ၈ ပါး

The 8 qualities of the voice of Lord Buddha:
၁။ ဝိသဋ္ဌ = သန့်ရှင်းစင်ကြယ်ခြင်း
1: Distinctness,
၂။ မဥ္ဇူ = သာယာခြင်း
2: sweetness,
၃။ ဝိညေယျာ = သိလွယ်ခြင်း
3: intelligibility,
၄။ သဝနီယာ = နာချင်ဖွယ်ရှိခြင်း
4: pleasantness,
၅။ ဝိသာရိနော = ပျံ့နှံ့ခြင်း
5: roundedness,
၆။ ဗိန္ဓု = တစည်းတလုံးတည်းရှိခြင်း
6: compactness (not going beyond audience), (ပရိသတ်အပြင်ဘက်သို့ အသံမထွက်ခြင်း)
၇။ ဂမ္ဘီရ = နက်နဲခြင်း
7: deepness,
၈။ နိန္နဒိ = ပဲ့တင်ထပ်ခြင်း။
8: resonance.

ဘုရားရှင်၏ ဣဿရိယ ဘုန်းတော် ၈ ပါး

The eight components of Glory of Lordliness of Lord Buddha:
၁။ အဏိမာ – အနုမြူပမာ သေးငယ်အောင် ဖန်ဆင်းနိုင်ခြင်း
1: Supernatural power to create Himself as tiny as a dust,
၂။ လင်္ဃိမာ – ကောင်းကင်ပျံတက်နိုင်လောက်အောင့် ပေါ့ပါးမှုကို ဖန်ဆင်းနိုင်ခြင်း
2: supernatural power to create Himself so light that He can fly,
၃။ မဟိမာ – စကြာဝဠာမက ကြီးမားအောင် ဖန်ဆင်းနိုင်ခြင်း
3: supernatural power to create Himself as big as a universe,
၄။ ပတ္တိ – သွားလိုရာရာသို့ ခဏချင်းရောက်နိုင်ခြင်း
4: supernatural power to reach wherever He wishes within a moment,
၅။ ပါကမ္မ – လိုအပ်မှု မှန်သမျှကို ဖန်ဆင်းနိုင်ခြင်း
5: supernatural power to create whatever He wants,
၆။ ဤသိတာ – မိမိအလိုသို့လိုက်ပါလာအောင် ဖန်ဆင်းနိုင်ခြင်း
6: supernatural power to persuade others to follow His will,
၇။ ဝသိတာ – ရေအစုံ မီးအစုံစသည် ဖန်ဆင်းနိုင်ခြင်း
7: supernatural power to create fire and water at the same time,
၈။ ယထာကာမ ဝသာယိတာ – အစစ ပြီးဆုံးသည်အထိ ဖန်ဆင်းနိုင်ခြင်း။
8: supernatural power to create things completed.

ဘုရားရှင်၏ အံ့သြဘွယ် ဖြစ်ရပ် ၂ဝ မျိုး

ဘုရားအလောင်းတို့၏ ဖြစ်မြဲဓမ္မတာ ၁၆ မျိုး (အောက်၌ဖေါ်ပြ ထားသည်) ထဲသို့ အောက်ပါ ၄ မျိုးကို ထပ်တည့်ပါ (အစ္ဆရိယအဗ္ဘူတသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Twenty wonderful and marvelous qualities of Lord Buddha
(Acchariya–abbhuta Sutta, Upari–paṇṇāsa Pāḷi):
Add the following four qualities into “Sixteen rules of event for a Bodhisatta (Buddha–to–be)”, mentioned below:
၁။ ဘုရားအလောင်းသည် သတိသမ္ပဇဉ်ဖြင့် တုသိတာနတ်ပြည်မှာ ဖွါးမြင်၏
1: The Bodhisatta appeared in the Tusitā Heaven with mindfulness and awareness.
၂။ ဘုရားအလောင်းသည် သတိသမ္ပဇဉ်ဖြင့် တုသိတာနတ်ပြည်၌ နေထိုင်၏
2: He remained in the Tusitā Heaven with mindfulness and awareness.
၃။ ဘုရားအလောင်းသည် တုသိတာနတ်ပြည်၌ သက်တမ်းပြည့် နေ၏
3: He remained in the Tusitā Heaven for the whole of his life–span. ၄ (၂ဝ ခုမြောက်ဖြစ်သည်)။ ဘုရားရှင်အား ဝေဒနာ သညာ ဝိတက်တို့သည် ထင်ရှားစွာ ဖြစ်တည်ချုပ် ကုန်၏။
4 (sequentially, this is number 20): His feeling, perception and thought are known as they arise, as they are present and as they disappear by Lord Buddha Himself.

ဘုရားရှင်အား မျက်မြင်ဖူးတွေ့ရသူထက် မဖူးတွေ့ရသူက များပြား

(ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

ဘုရားရှင်အား ဝေခနသ ပရိဗိုဇ် စွပ်စွဲပုံ

(ဝေခနသသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ) Vekhanasa, a wandering ascetic, disparaged and censured Lord Budda as follow ( Vekhanasa Sutta, Majjhma–paṇṇāsa Pāḷi):
ဒအချို့သော သမဏ ဗြဟ္မဏတို့သည် ရှေ့ နောက်အစွန်းကို မသိမမြင်ပါပဲလျှက် – ပဋိသန္ဓေနေရမှု ကုန်ပြီ။
အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ။ ပြုဖွယ်ကိစ္စအားလုံး ပြုပြီးပြီ။ မဂ်ကိစ္စအတွက် ပြုဖွယ်ရာ နောက်ထပ် မရှိတော့ – ဟူ၍ ဝန်ခံကုန်၏။ ထို သမဏ ဗြဟ္မဏတို့၏ စကားသည် ရယ်ဖွယ်သာလျှင်ဖြစ်၏။ စကားမျှသာဖြစ်၏။ အမည်မျှသာ ဖြစ်၏။ အချည်းနှီးသာဖြစ်၏ဒ။
“There are some recluses and Brahmins, not knowing and seeing the past and the future, yet claim: ‘Birth is destroyed, the holy life has been lived, what had to be done has been done, there is no more coming to any state of being.’ What they say turns out ridiculous; it turns out to be mere words, empty and hollow.”

ဘုရားရှင်အား တပည့်သာဝကများ ကြည်ညိုခြင်း၏ အကြောင်း ၅ ပါး

(သကုလုဒါယိ အမည်ရှိသော ပရိဗိုဇ်၏အမြင်)
(မဟာသကုလုဒါယိသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
Five qualities by which Buddha was respected by His followers
(view of Sakuludāyi, a wandering ascetic):
၁။ အစားအသောက်နည်းပြီး အစားအသောက်နည်းခြင်းကို ချီးမွှမ်းခြင်း
1: Buddha ate little and commended/praised such eating.
၂။ ရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း
2: He was content with any kind of robe.
၃။ ရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း
3: He was content with any kind of alms–food.
၄။ ရသမျှသော ကျောင်းအိပ်ရာနေရာဖြင့် ရောင့်ရဲခြင်း
4: He was content with any kind of lodging.
၅။ ဆိပ်ငြိမ်မှုကို မွှေ့လျှော် ချီးမွမ်းခြင်း။
5: He was secluded and he commended/praised seclusion.

ဘုရားရှင်အား တပည့်သာဝကများ ကြည်ညိုခြင်း၏ အကြောင်း ၅ ပါး

(သကုလုဒါယိ အမည်ရှိသော ပရိဗိုဇ်၏အား ဘုရားရှင်မိန့်ကြားခြင်း)
Five qualities by which Buddha was respected by His followers (Buddha’s answer to Sakuludāyi, a wandering ascetic) (Mahā–sakuludāyi Sutta, Majjhima–paṇṇāsa):
၁။ အဓိသီလ ရှိတော်မူခြင်း
1: For His higher virtue,
၂။ သိမြင်တော်မူသည့်အတိုင်း အကြောင်းယုတ္တိဖြင့် ဟောကြားတော်မူခြင်း
2: for his teaching through His personal experience of truth and sound basis,
၃။ အဓိပညာ ရှိတော်မူခြင်း
3: for His higher wisdom,
၄။ သစ္စာလေးပါး တရား ဟောကြားတော်မူခြင်း
4: for teaching the four noble truth,
၅။ ဗောဓိပက္ခိယတရား ၃၇ ပါးကို ဟောတော်မူခြင်း နှင့် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်း။
5: for teaching the 37 factors of enlightenment and endowed with the knowledge of previous life and of divine–eye etc.

ဘုရားသာသနာ အစစ်မှာ

(သတ္ထုသာသနသုတ်။ သတ္တကနိပါတ။ အင်္ဂုတ္တရပါဠိ)
What is Buddha’s Teaching?
အောက်ပါ အချက်အလက်များနှင့် ပြည့်စုံမှသာ ဘုရားရှင်၏ အဆုံးအမ အစစ်အမှန်ဖြစ်သည်။
Real Buddha’s Teachings must have the following qualities:
၁။ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန်
1: Leading to utter disenchantment,
၂။ တပ်မက်မှု ကင်းရန်
2: to dispassion,
၃။ ကိလေသာ ချုပ်ငြိမ်းရန်
3: to cessation of mental defilement,
၄။ ထူးသောဉာဏ်ဖြင့် သစ္စာလေးပါးထိုးထွင်းသိရန်
4: to self–awakening,
၅။ နိဗ္ဗာန် ရောက်ရန်။
5: to Unbinding, to realize Nibbāna.

ဘုရားအဆုံးအမ သာသနာတော် စိတ်နှလုံး၌ တည်ခြင်းအကြောင်း ၈ ပါး

Eight qualities of a monk/person who holds/stores Buddha’s teaching in his mind:
၁။ သဒ္ဓါတရားရှိခြင်း
1: Possessing faith,
၂။ (ရဟန်းတော်များအား) ချဉ်းကပ်ခြင်း
2: approaching Buddha/monks,
၃။ ဆည်းကပ်ခြင်း
3: attending Buddha/monks,
၄။ မေးမြန်းခြင်း
4: asking questions,
၅။ နားစိုက်၍ တရားနာယူခြင်း
5: listening to the dhamma heedfully,
၆။ နာပြီးတရားကို ဆောင်ထားခြင်း
6: retaining it in mind,
၇။ ဆောင်ထားပြီးတရားကို အနက်အဓိပ္ပါယ် ဆင်ခြင်ခြင်း
7: examining the meaning of it (what is retained in mind),
၈။ အနက်အဓိပ္ပါယ်သိပြီး တရားနှင့်အညီ ကျင့်ကြံခြင်း။
8: understanding the meaning and practicing in accordance with it.

ဘုရားအဆုံးအမ သာသနာတော် စိတ်နှလုံး၌ တည်သောပုဂ္ဂိုလ်၏ အင်္ဂါ ၁ဝ ပါး

(သာသနာတော် စိတ်နှလုံး၌ တည်သောပုဂ္ဂိုလ်၏ အင်္ဂါ ၁ဝ ပါး _ရှု)

ဘုရားအလောင်း

Bodhisatta, Buddha–to–be, Future–Buddha,
Would–be–Buddha, Buddha–in–the–training.

ဘုရားအလောင်း ၃ မျိုး

Three categories of ‘Buddha–to–be’:
၁။ ပညာဓိက ဘုရားအလောင်း = ပညာကို အဓိကထားပြီး ဘုရားဖြစ်ရန် လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်တော်မူရသည်။
1: A ‘Buddha–to–be’ specializing in wisdom needs to fulfill perfections for four aeons and 100,000 world–cycles.
၂။ သဒ္ဓါဓိက ဘုရားအလောင်း = သဒ္ဓါတရားကို အဓိကထားပြီး ဘုရားဖြစ်ရန် ရှစ်သင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်တော်မူရသည်။
2: A ‘Buddha–to–be’ specializing in faith needs to fulfill perfections for eight aeons and 100,000 world–cycles.
၃။ ဝီရိယာဓိက ဘုရားအလောင်း = ဝီရိယကို အဓိကထားပြီး ဘုရားဖြစ်ရန် တတစ်ဆဲ့ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်တော်မူရသည်။
3: A ‘Buddha–to–be’ specializing in effort needs to fulfill perfections for sixteen aeons and 100,000 world–cycles.

ဘုရား အလောင်း ၇ ပါး

(ဝိပဿီဘုရားအလောင်းအစ ဂေါတမအဆုံး) ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်တော်မူကြခြင်း (ဝိပဿီသုတ် စသည်။ ဗုဒ္ဓဝဂ်။ နိဒါနဝဂ္ဂ သံယုတ္တပါဠိ)
Reflections of the Dependent Origination by the seven Buddhas–to–be such as Vipassī (Vipassī Sutta etc., Buddha Vagga, Nidāna–vagga Saṃyutta Pāḷi,
‘The Connected Discourses’).

ဘုရားအလောင်း – ဂေါတမ – ဖွါးမြင်စ ၌ စကားပြောသော ၃ ဘဝ

Three existences/lives in which Buddha–to–be spoke at birth:
၁။ မဟောသဓ
1: Mahosadha, (one of the 10 great jatakas),
၂။ ဝေဿန္တရ
2: Vessantara, (one of the 10 great jatakas),
၃။ သိဒ္ဓတ္ထ
3: Siddhattha. (the last existence/life of the Buddha).

ဘုရားအလောင်းတို့၏ ဖြစ်မြဲဓမ္မတာ ၁၆ မျိုး

Sixteen rules of event for a Bodhisatta (Buddha–to–be) regarding his birth:
၁။ ဘုရားအလောင်း တုသိတာနတ်ပြည်မှ စုတေပြီး အမိဝမ်းသို့ သတိသမ္ပဇဉ်ဖြင့် သက်ဆင်းခြင်း
1: A Bodhisatta (Buddha–to–be) descends from Tusitā heaven into his mother womb with mindfulness and clear awareness.
၂။ လောကဓာတ်တစ်ခုလုံး တုံလှုပ်ပြီး မြင့်မြတ်တောက်ပသော အရောင်အလင်းဖြစ်ပေါ်ခြင်း
2: When he descends, glorious light happens and the world–system trambles.
၃။ ဘုရားအလောင်း ပဋိသန္ဓေနေသည်နှင့် စတုမဟာရာဇ် နတ်မင်းကြီးလေးပါး အမြဲစောင့်ရှောက်နေခြင်း
3: As soon as he is there, the four great devas guard his mother and him.
၄။ ဘုရားအလောင်း၏မယ်တော် ကိုယ်ကျင့်သီလမြဲခြင်း
4: His mother is naturally virtuous.
၅။ ဘုရားအလောင်း၏မယ်တော်သည် ယောက်ျားတစ်ယောက်ယောက်အပေါ် ကာမဂုဏ်စိတ် မရှိခြင်း
5: His mother has no though of lust on any man.
၆။ ဘုရားအလောင်း၏မယ်တော် ငါးပါးအာရုံ ကာမဂုဏ်များ ရရှိခြင်း
6: His mother enjoys the five sensual pleasure.
၇။ ဘုရားအလောင်း၏မယ်တော် အနာရောဂါ လုံးဝမဖြစ် ဝမ်းတိုက်အတွင်းမှ ဘုရားအလောင်းကို မြင်နေရခြင်း
7: His mother has no sickness of any kind and she can see her baby inside.
၈။ ဖွါးမြင်ပြီးနောင် ၇ ရက်မြောက်၌ ဘုရားအလောင်း၏မယ်တော် ကွယ်လွန်ရခြင်း
8: His mother passes away after seven days of his birth.
၉။ ကိုယ်ဝန် ဆယ်လပြည့်မှသာ ဘုရားအလောင်းကို ဖွါးမြင်ခြင်း
9: His mother carries the child for ten months, no more no less.
၁ဝ။ ဘုရားအလောင်း၏မယ်တော် ရပ်လျှက်သာ ဖွါးမြင်ခြင်း
10: His mother gives birth standing up.
၁၁။ ဖွါးမြင်စ ဘုရားအလောင်းကို နတ်တို့ကရှေးဦးစွာ ခံယူခြင်း
11: Devas (celestial beings) welcome him first when he is born.
၁၂။ စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့က ဘုရားအလောင်းသူငယ်ကို မယ်တော်အားပြသပြီး 'သင်မယ်တော်အတွက် သားထူးသားမြတ် ဖွါးမြင်ပါပြီ'ဟု ပြောပြခြင်း
12: The four great devas show the baby to his mother and tell her, “A mighty son has been born to you.”
၁၃။ အညစ်အကြေးမကပ် သန့်ရှင်းစွာ ဖွါးမြင်ခြင်း
13: A Bodhisatta is born cleanly and purely.
၁၄။ ဖွါးမြင်စ၌ ရေပူ ရေအေးစမ်းနှစ်ခု ကောင်းကင်မှ အလိုလိုကျလာခြင်း
14: When he is born, two streams of water appear form the sky, cold and warm.
၁၅။ ဘုရားအလောင်းသည် ဖွါးဖွါးချင်း မြောက်အရပ်သို့ ခြေခုနှစ်လမ်းကြွပြီး ရဲရင့်စကား မြွက်ကြားခြင်း
15: As soon as he is born, he walks seven steps to the north and roars as he is the greatest of all beings.
၁၆။ အလင်းရောင် လုံးဝမရှိသော လောကန္တရိက်ငရဲ စသည်တို့၌ အလင်းရောင်မြင်ရ။ဖြစ်ပေါ်ခြင်း။
16: Then, the splendid radiance happens into the woefulstate (Lokantarika) where there is always no light.

ဘုရား အလောင်း ဒုက္ကရစရိယ ကျင့်စဉ် ၄ မျိုး

(မဟာသီဟနာဒသုတ်။ မူလပဏ္ဏာသ။ မဇ္စျိမနိကာယပါဠိ)
Four self–torture–practices of Buddha–to–be
(Mahā–sīhanāda Sutta, Mūla–paṇṇāsa Pāḷi, Majjhima nikāya):
၁။ လူခ – ခေါင်းခေါင်းပါးပါး ကျင့်ခြင်း (ချေးအထပ်ထပ်ရှိနေသော်လည်း ရေ မချိုးခြင်း)
1: Coarseness – not taking bath for long time even though a thick dust and dirt on his body layer–by–layer,
၂။ ဇေဂုစ္ဆ – သတ်ဖြတ်မိခြင်းစသော မကောင်းမှုမှ ရွံရှာ စက်ဆုတ်ခြင်း
2: scrupulousness – a lot of care not to kill even not to step on insects,
၃။ ပဝိဝိတ္တ – လူတွေ့မခံပဲ တစ်ယောက်တည်းနေထိုင်ကျင့်ခြင်း
3: seclusion – staying just in the forest even not in the sight of a person,
၄။ မဟာဝိကဋ ဘောဇန – မိမိ၏ကျင်ကြီးကျင်ငယ် နွားငယ်တို့၏ ကျင်ကြီးကျင်ငယ်ကို စားသောက်ခြင်း။
4: great distortion in feeding – consuming his excrement and urine and cow–dung.

ဘုရား အလောင်း ဗျာဒိတ်ရရန် အကြောင်း ၈ ပါး

(ဗျာဒိတ်ရရန် _ရှု)

ဘုရား အလောင်း ဘုရားဖြစ်မည်ဟု ဗျာဒိတ်ရပြီးနောက် မဖြစ်တော့ရာ ဌာန ၁၈ မျိုး။ဘဝ

(အဘဗ္ဗဋ္ဌာန)
Three existences Buddha–to–be never born:
၁။ မွေးဖွါးစဉ်ကတည်းက ကန်းလာသူ
1: Born–blind,
၂။ မွေးဖွါးစဉ်ကတည်းက နားမကြားသူ
2: born–deaf,
၃။ ရှူးသွပ်သူ
3: a lunatic,
၄။ ဆွံ့အသူ
4: a dumb,
၅။ မသန်မစွမ်းသူ
5: a cripple,
၆။ လူရိုင်း
6: a barbarian,
၇။ ကျွန်မ မိခင်ဝမ်းတွင်း
7: in the womb of female slave,
၈။ အယူမှားသူ
8: a wrong believer,
၉။ လိင်အင်္ဂါ ပြောင်းသူ
9: sex changes,
၁ဝ။ ကံကြီးငါးပါး ကျူးလွန်မှု
10: committing five deadly sins,
၁၁။ အနူ
11: a leper,
၁၂။ ငုံးအောက်ငယ်သော တိရစ္ဆာန်
11: an animal smaller than a quail,
၁၃။ ပြိတ္တာ
13: hungry ghost,
၁၄။ အဝီစိ နှင့် လောကန္တရ ငရဲ
14: Avīci hell and Lokantara hell,
၁၅။ မာရ်နတ်
15: a Māra, an Evil One,
၁၆။ အသညသတ် နှင့် သုဒ္ဓါဝါသဗြဟ္မာ
16: Material Brhamā (asaññasatta),
၁၇။ အရူပ ဗြဟ္မာ
17: Non–material Brhamā (arūpa),
၁၈။ ဤစကြာဝဠာမှ တပါးသော စကြာဝဠာများ။
18: in other world systems.

ဘုရားအလောင်း ဘုရားမဖြစ်မှီ ဒိဗ္ဗစက္ခုနှင့်ပတ်သက်ပြီး ကြိုးစားမှု အဆင့်ဆင့်

(ဂယာသီသသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
ဘုရားရှင်သည် ဂယာသီသ ၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့အား မိန့်တော်မူသည်။
Would–be–Buddha’s process of endeavor for divine–eye before attainging Buddhahood, Lord Buddha told the monks about this while He was residing at Gayāsīsa:
၁။ ဘုရားအလောင်းတော်သည် အလင်းရောင်ကိုသာ သိရ၏။ သို့သော် ရူပါရုံကို မမြင်ရသေး
1: He (Buddha–to–be) perceived only a light. Yet he did not see forms.
၂။ တရားကို ဆက်လက်ကြိုးစားအားထုတ်ရာ ရူပါရုံကို မြင်ရ၏။ သို့သော် နတ်တို့နှင့်ကား အတူစကားမပြောနိုင် မဆွေးနွေးနိုင်သေး
2: He dwelt heedfully and resolutely and he saw forms. Yet he did not associate and discuss with the deities.
၃။ တရားကို ဆက်လက်ကြိုးစားအားထုတ်ရာ နတ်တို့နှင့်ကား အတူစကားပြောနိုင် ဆွေးနွေးနိုင်၏။
သို့သော် ထိုနတ်တို့သည် ဤမည်ဤမည်သော နတ်ဘုံမှ ဟု မသိနိုင်သေး။
3: He dwelt heedfully and resolutely and he associated and discussed with the deities. Yet he did not know about their realm.
၄။ တရားကို ဆက်လက်ကြိုးစားအားထုတ်ရာ ဤမည်ဤမည်သော နတ်ဘုံမှ သိနိုင်၏။
သို့သော် ထိုနတ်တို့၏ နတ်ဖြစ်မှု ကံအကြောင်းတရားကို မသိနိုင်သေး။
4: He dwelt heedfully and resolutely and he knew about their realm. Yet he did not know their kammic–forces of how they were rebeorn there.
၅။ တရားကို ဆက်လက်ကြိုးစားအားထုတ်ရာ ထိုနတ်တို့၏ နတ်ဖြစ်မှု ကံအကြောင်းတရားကို သိနိုင်၏။ သို့သော် ထိုနတ်တို့သည် ဤမည်သောဘုံမှ စုတေပြီး ဤမည်သော ကံကြောင့် ဤနတ်ဘုံ၌ ဖြစ်ကြ၏ ဟုမသိနိုင်သေး။
5: He dwelt heedfully and resolutely and he knew their kammic–forces of how they were rebeorn there. Yet he did not know kammic–causes of them where they came from.
၆။ တရားကို ဆက်လက်ကြိုးစားအားထုတ်ရာ ဤမည်သော ကံကြောင့် ဤနတ်ဘုံ၌ ဖြစ်ကြ၏ ဟုသိနိုင်၏။ သို့သော် ထိုနတ်တို့သည် ဤမည်သော ကံ၏ အကျိုးကြောင့် ဤသို့ ချမ်းသာ ဆင်းရဲ ခံစားရ၏ဟု မသိနိုင်သေး။
6: He dwelt heedfully and resolutely and he knew kammic–causes of them where they came from. Yet he did not know their kammic–causes of pleasure and pain.
၇။ တရားကို ဆက်လက်ကြိုးစားအားထုတ်ရာ ဤသို့ ချမ်းသာဆင်းရဲ ခံစားရ၏ဟု သိနိုင်၏။ သို့သော် ထိုနတ်တို့၏ အသက် တိုရှည်ကြမှု အကြောင်းကို မသိနိုင်သေး။
7: He dwelt heedfully and resolutely and he knew kammic–cause of their pleasure and pain. Yet he did not know their kammic–cause of life–span.
၈။ တရားကို ဆက်လက်ကြိုးစားအားထုတ်ရာ ထိုနတ်တို့၏ အသက် တိုရှည်ကြမှု အကြောင်းကို သိနိုင်၏။ သို့သော် ငါသည် ထိုနတ်များနှင့်အတူ နေခဲ့ဘူး မနေခဲ့ဘူးသည်ကို မသိနိုင်သေး။
8: He dwelt heedfully and resolutely and he knew kammic–causes of their life–span. Yet he did not know whether or not he had previously lived together with them.
၉။ တရားကို ဆက်လက်ကြိုးစားအားထုတ်ရာ ငါသည် ထိုနတ်များနှင့်အတူ နေခဲ့ဘူး မနေခဲ့ဘူးသည် ကိုပါ ကောင်းစွာသိနိုင်တော့၏။
9: He dwelt heedfully and resolutely and he, at last, knew whether or not he had previously lived together with them.

ဘုရားအလောင်း သိဒ္ဓတ္ထ ဖွါးမြင်စ ရဲရဲတောက် ကြုံးဝါး ကျူးရင့်သော စကားတော် ၅ ခွန်း

The five fearless roars of Siddhattha, Buddha–to–be, at his birth:
၁။ အဂ္ဂေါဟမသ္မိ လောကဿ = ငါသည် လူသုံးပါးတွင် အမြတ်ဆုံးဖြစ်၏။
1: “I am the most superior in this world.”
၂။ ဇေဋ္ဌာဟမသ္မိ လောကဿ = ငါသည် လူသုံးပါးတွင် အကြီးအကဲဆုံးဖြစ်၏။
2: “I am the greatest in this world.”
၃။ သေဋ္ဌောဟမသ္မိ လောကဿ = ငါသည် လူသုံးပါးတွင် အချီးမွမ်းအပ်ဆုံးဖြစ်၏။
3: “I am the most exalted in this world.”
၄။ အယ မန္တိမာ ဇာတိ = ငါ ယခု ပဋိသန္ဓေနေရခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်၏။
4: “This is my last birth.”
၅။ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ = ယခုအခါ၌ ငါ့အဘို့ ဘဝသစ် ဖြစ်ရန်မရှိတော့ပြီ။
5: “There is no more rebirth for me.”

ဘုရားအလောင်း သိဒ္ဓတ္ထ ဖွါးမြင်စ ထူးခြားသော အဖြစ်အပျက် ၃ဝ

Thirty phenomenal events at Siddhattha’s (Buddha–to–be) birth:
၁။ စကြာဝဠာ တိုက်တစ်သောင်း တုံလှုပ်ခြင်း
1: Shaking of the 10,000 world–systems,
၂။ စကြာဝဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာများ ဤ စကြာဝဠာ၌ စုဝေးကြခြင်း
2: congregation of all celestial beings (brahmā and deva) in this universe, who lived in 10,000 world–systems,
၃။ ဖွါးမြင်းစ ဘုရားအလောင်းကို နတ်ဗြဟ္မာများက ရှေးဦးစွာ ခံယူကြခြင်း
3: receiving the baby–Buddha–to–be firstly by celestial beings (brahmā and deva)
at the time of his birth.
၄။ ထိုနောက်မှ လူတို့က ခံယူကြခြင်း
4: after that, receiving him by human beings,
၅။ စောင်းစသော ကြိုးတပ်ဂီတပစ္စည်းများ အတီးခပ်ပဲ မည်ကြခြင်း
5: the stringed instruments such as harb, making sound of music without being played,
၆။ စည်စသော သားရေ ဂီတပစ္စည်းများ အတီးခပ်ပဲ မည်ကြခြင်း
6: leather instruments such as drum, making sound of music without being played,
၇။ ထောင်အကျဉ်းများ အလိုလို ပွင့်လင်း လွတ်မြောက်သွားခြင်း
7: breaking up into pieces of prisons and fetters,
၈။ ရောဂါစွဲကပ်နေသော သူများ ယာယီ ရောဂါပျောက်ကင်းသွားခြင်း
8: momentarily disappearing of sickness for the sick,
၉။ မျက်မမြင်များ မျက်စိအလင်း ရသွားခြင်း
9: seeing of the blind,
၁ဝ။ နားမကြားသူများ နားကြားသွားခြင်း
10: hearing of the deaf,
၁၁။ မသန်စွမ်းသူများ သန်စွမ်းသွားခြင်း
11: walking of the cripple,
၁၂။ ဆွံ့အ သူများ မဆွံ့မအ တော့ခြင်း
12: speaking of the dumb,
၁၃။ သင်္ဘောကုန်သည်များ မိမိတို့ရည်မှန်းရာသို့ ကောင်းမွန်စွာ ရောက်ရှိကြခြင်း
13: reaching the destination safely of the voyagers,
၁၄။ လူ နတ်တို့၏ ရတနာများ အရောင်တောက်ပကြခြင်း
14: glittering of all jewels, both celestial and terriestrial,
၁၅။ ရန်သူများပင် အချင်းချင်း မေတ္တာထား ချစ်ခင်နှစ်သက်ကြခြင်း
15: loving–kindness of the enemies each others,
၁၆။ ငရဲမီး ယာယီ ငြိမ်းခြင်း
16: extinguishing of hell–fire,
၁၇။ လောကန္တရိက အမိုက်မှောင် ငရဲ ၌ အလင်းရောင် ပေါ်ခြင်း
17: appearing light in Lokantarika, total–darkness–hell,
၁၈။ စီးနေသော မြစ်ရေအယဉ် ရပ်သွားခြင်း
18: ceasing to flow in the rivers,
၁၉။ သမုဒ္ဒရာ ဆားငန်ရေများ ချိုမြိန်သွားခြင်း
19: turning sweet in taste of the oceans,
၂ဝ။ မုန်တိုင်းကြီးများ မရှိတော့ပဲ လေပြေညှင်းများသာ တိုက်ခပ်ခြင်း
20: blowing light winds but not stormy,
၂၁။ သစ်ပင် တောင် နှင့် အမြင့်အထက်အရပ်မှာရှိနေသော ငှက်အပေါင်း မြေသို့ ဆင်းသက်ကြခြင်း
21: alighting to the ground of all birds in the sky or on the top of trees or mountains,
၂၂။ လမင်းအရောင် ပိုမို ထိန်လင်းတောက်ပခြင်း
22: brighter than ever of the moon,
၂၃။ နေမင်းအရောင် တောက်ပပြီး ငြိမ်းအေးခြင်း
23: brighter than ever of the sun with moderate heat,
၂၄။ နတ်များ ကောင်းချီးပေး လက်မောင်းခပ်ကြခြင်း
24: praising of the devas by standing, by whistling,
၂၅။ လေးကျွန်းလုံး မိုးကြီးစွာ ရွာသွန်းခြင်း
25: torrential rain all over the four islands,
၂၆။ လူသားအားလုံး ဆာလောင်မှု မရှိကြခြင်း
26: no hunger of human beings,
၂၇။ လူသားအားလုံး မွတ်သိပ် (ရေဆာ) မှု မရှိကြခြင်း
27: no thirst of human beings,
၂၈။ ပိတ်ထားသော တံခါးများ အလိုလိုပွင့်ကြခြင်း
28: opening of closed doors by themselves,
၂၉။ ပန်းပင် သီးပင်များအားလုံး ပွင့်ကြ သီးကြခြင်း
29: boring fruit and flowers of all trees,
၃ဝ။ စကြာဝဠာတိုက်တစ်သောင်း ပန်းတခွန်ကုက္ကား တစ်ခုတည်းဖြင့် လွှမ်းမိုးသွားခြင်း။
30: covering the 10,000 world–systems with one flower–banner.

ဘုရားအလောင်း သိဒ္ဓတ္ထ၏ နန်းမ ၃ ဆောင်

(နန်းမ ၃ ဆောင် – ဘုရားအလောင်း – _ရှု)

ဘုရားအလောင်း သိဒ္ဓတ္ထ၏ ဗျာဒိတ် ခံယူမှုများ

The following classifications are: Siddhattha, Buddha–to–be, how he received ‘the prophecy (Byādate)’ from the 24 Buddhas:
ရသေ့အဖြစ် ၅ ဘဝ
Five lives as a hermit:
၁။ သုမေဓာအမည်ရှိ ရသေ့အဖြစ်ဖြင့် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားဖြစ်မည်ဟု ဗျာဒိတ်ရသည် (ပထမဆုံး)
1: As Sumedha the hermit, he received the prophecy from the Buddha Dīpaṅkarā. (The very first prophecy);
၂။ ဇဋိလ အမည်ရှိ ရသေ့အဖြစ်ဖြင့် နာရဒ ဘုရားရှင်ထံမှ ဘုရားဖြစ်မည်ဟု ဗျာဒိတ်ရသည်။
2: as Jaṭila the hermit, from the Buddha Nārada,
၃။ သုသိမ အမည်ရှိ ရသေ့အဖြစ်ဖြင့် အတ္ထဒဿီ ဘုရားရှင်ထံမှ ဘုရားဖြစ်မည်ဟု ဗျာဒိတ်ရသည်။
3: as Susima the hermit, from the Buddha Atthadassī,
၄။ မင်္ဂလ အမည်ရှိ ရသေ့အဖြစ်ဖြင့် သိဒ္ဓတ္ထ ဘုရားရှင်ထံမှ ဘုရားဖြစ်မည်ဟု ဗျာဒိတ်ရသည်။
4: as Maṅgala the hermit, from the Buddha Siddhattha,
၅။။ သုဇာတ အမည်ရှိ ရသေ့အဖြစ်ဖြင့် တိဿ ဘုရားရှင်ထံမှ ဘုရားဖြစ်မည်ဟု ဗျာဒိတ်ရသည်။
5: as Sujāta the hermit, from the Buddha Tissa.

ဘုရားအလောင်း သိဒ္ဓတ္ထ၏ ဗျာဒိတ် ခံယူမှုများ

ရဟန်းအဖြစ် ၉ ဘဝ Nine lives as a monk:
၁။ ဝိဇိတာဝီ စကြာဝတေးမင်းအဖြစ် မှ ရဟန်းပြုပြီး ကောဏ္ဍည ဘုရားရှင်ထံမှ ဘုရားဖြစ်မည်ဟု ဗျာဒိတ်ရသည်။
1: As Vijitāvī, a universal monarch, became a monk and then he received the prophecy from the Buddha Koḍḍhañña;
၂။ သုရုစိ အမည်ရှိ ပုဏ္ဏားအဖြစ်မှ ရဟန်းပြုပြီး မင်္ဂလ ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
2: as a monk named Suruci, from the Buddha Maṅgala,
၃။ ဥတ္တရ အမည်ရှိ ပုဏ္ဏားအဖြစ်မှ ရဟန်းပြုပြီး သုမေဓ ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
3: as a monk named Uttara, from the Buddha Sumedha,
၄။ စကြာဝတေးမင်းတစ်ပါးအဖြစ် မှ ရဟန်းပြုပြီး သုဇာတ ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
4: as a certain monk, from the Buddha Sujāta,
၅။ ဝိဇိတာဝီ အမည်ရှိ မင်းအဖြစ် မှ ရဟန်းပြုပြီး ဖုဿ ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
5: as a monk named Vijitāvī, from the Buddha Phussa,
၆။ သုဒဿန အမည်ရှိ မင်းအဖြစ် မှ ရဟန်းပြုပြီး ဝေဿဘူ ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
6: as a monk named Sudassana, from the Buddha Vessabhū,
၇။ ခေမာ အမည်ရှိ မင်းအဖြစ် မှ ရဟန်းပြုပြီး ကကုသန္ဓ ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
7: as a monk named Khemā, from the Buddha Kakusandha,
၈။ ပဗ္ဗတ အမည်ရှိ မင်းအဖြစ် မှ ရဟန်းပြုပြီး ကောဏာဂမန ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
8: as a monk named Pabbata, from the Buddha Koṇāgamana,
၉။ ဇောတိပါလ အမည်ရှိ ပုဏ္ဏားအဖြစ်မှ ရဟန်းပြုပြီး ကဿပ ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
9: as a monk named Jotipāla, from the Buddha Kassapa.

ဘုရားအလောင်း သိဒ္ဓတ္ထ၏ ဗျာဒိတ် ခံယူမှုများ

နဂါးအဖြစ် ၂ ဘဝ Two lives as a dragon–king:
၁။ နဂါးမင်း အတုလ အဖြစ်ဖြင့် သုမန ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
1: As a dragon–king named Atula, he received the prophecy from
the Buddha Sumana.
၂။ နဂါးမင်း အတုလ အမည်တူပင် ဝိပဿီ ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
2: As a monk dragon–king also named Atula, he received the prophecy from the
Buddha Vipassī.

ဘုရားအလောင်း သိဒ္ဓတ္ထ၏ ဗျာဒိတ် ခံယူမှုများ

ဘဝ မျိုးစုံ ၃ ဘဝ Three different lives:
၁။ သိကြားမင်း တစ်ပါးအဖြစ်ဖြင့် ဓမ္မဒဿီ ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
1: As a king of devas, he received the prophecy from the Buddha Dhammadassī.
၂။ ဘီလူးစစ်သူကြီး တစ်ဦးအဖြစ်ဖြင့် အနောမဒဿီ ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
2: As a warrior king of ogres, he received the prophecy from the Buddha Anomadassī.
၃။ ခြင်္သေမင်း တစ်ဦးအဖြစ်ဖြင့် ပဒုမ ဘုရားရှင်ထံမှ ဗျာဒိတ်ရသည်။
3: As a lion, king of the beasts, he received the prophecy from the Buddha Paduma.

ဘုရားအလောင်း၏ ဗိုလ် ၄ ပါး

Four great powers of Buddha–to–be:
၁။ အဇ္စျတ္တိက ဗလ = အတွင်းအား
1: Internal power,
၂ ဗာဟိရ ဗလ = အပြင်အား
2: external power,
၃။ ဥပနိဿယ ဗလ = အမှီအထောက်အပန့်အား
3: supporting power,
၄။ ပယောဂ ဗလ = ကျိုးစားအားထုတ်မှု အား။
4: exertion power.

ဘုရားအလောင်း၏ အဇ္စျာသယ (အလိုတော်) ၁၅ ပါး

Fifteen inclinations of Buddha–to–be:
၁။ နေက္ခမ္မဇ္စျာသယ = တောထွက်လိုခြင်း
1: Inclination to renunciation,
၂။ ပဝိဝေကဇ္စျာသယ = ဆိပ်ငြိမ်ရာ၌ နေလိုခြင်း
2: to solitude,
၃။ အလောဘဇ္စျာသယ = လောဘ ကင်းလိုခြင်း
3: to non–greed,
၄။ အဒေါသဇ္စျာသယ = ဒေါသ ကင်းလိုခြင်း
4: to non–hatred,
၅။ အမောဟဇ္စျာသယ = မောဟကင်းလိုခြင်း
5: to non–delusion,
၆။ နိဿရဏဇ္စျာသယ = သံသရာမှထွက်မြောက်လိုခြင်း
6: to liberation,
၇။ ဒါနဇ္စျာသယ = ဒါနပြုလိုခြင်း
7: to generosity,
၈။ သီလဇ္စျာသယ = ကိုယ်ကျင့် ပြည့်စုံလိုခြင်း
8: to morality,
၉။ ပညာဇ္စျာသယ = ပညာကြီးမားလိုခြင်း
9: to wisdom,
၁ဝ။ ဝီရိယဇ္စျာသယ = အားထုတ်ကျိုးစားလိုခြင်း
10: to effort,
၁၁။ ခန္တီအဇ္စျာသယ = သည်းခံလိုခြင်း
11: to patience,
၁၂။ သစ္စဇ္စျာသယ = သစ္စာရှိလိုခြင်း
12: to truthfulness,
၁၃။ အဓိဋ္ဌာနဇ္စျာသယ = အဓိဋ္ဌာန် ခိုင်မြဲလိုခြင်း
13: to determination,
၁၄။ မေတ္တာဇ္စျာသယ = မေတ္တာပွါးလိုခြင်း
14: to loving–kindness,
၁၅။။ ဥပေက္ခာဇ္စျာသယ = ဥပေက္ခာ ထားလိုခြင်း။
15: to equanimity.

ဘုန်းတော် ၆ ပါး

(ဘုရားရှင်၏ ဘုန်းတော် ၆ ပါး _ရှု)

ဘုရားရှင် လက်ထက်တော် မြေငလျင် တုန်လှုပ်ခြင်း ၆ ကြိမ်

Six great earthquakes at the time of Lord Buddha:
၁။ သန္ဓေယူတော်မူသောအခါ
1: At the time of conception,
၂။ ဖွါးမြင်တော်မူသောအခါ
2: at birth,
၃။ ဘုရားဖြစ်တော်မူသောအခါ
3: at the attainment of Buddha–hood,
၄။ ဓမ္မစကြာတရား ဟောတော်မူသောအခါ
4: at Dhamma–cakka, the first discourse of the Buddha, was delivered,
၅။ အာယုသင်္ခါရ လွှတ်တော်မူသောအခါ
5: at His life–force was released,
၆။ ပရိနိဗ္ဗာန် စံတော်မူသောအခါ။
6: at passing away (parinibbāna).

ဘုရားရှင်သည် လောကကြီးနှင့် မငြင်းခုံ။ လောကကြီးကသာ ဘုရားရှင်နှင့် ငြင်းခုံ၏

(ပုပ္ဖသုတ်။ ခန္ဓဝဂ္ဂသံယုတ္တပါဠိ)
နာဟံ ဘိက္ခဝေ လောကေန ဝိဝဒါမိ။ လောကောဝ မယာ ဝိဝဒတိ။
‘I do not dispute with the world; rather, it is the world that disputes with me.’

ဘုရားရှင်၏ နောက်ဆုံး စကားတော်

The last words of Lord Buddha:
ဒဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ။ ဝယဓမ္မာ သင်္ခါရာ။ အပ္ပမာဒေန သမ္ပာဒေထ။ဒ
ရဟန်းတို့ သင်တို့အား ယခုမိန့်မှာတော်မူခဲ့အံ့။ ပြုပြင်အပ်သော သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏။ မမေ့မလျော့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော၊
“Handa dāni bhikkhave āmantayāmi vo; vayadhammā saṅkhārā; appamādena sampādetha.”
“Now, Monks, I address you: The conditioned/formations are bond to vanish.
Strive to attain the goal by diligence.”

ဘုရားဟောကြား မြတ်တရားဟူသည်

What the teaching of Buddha is:
၁။ တပ်မက်မှု ကင်းရန် ဖြစ်၏
1: Buddha’s teaching must lead to dispassion,
၂။ ဝဋ် ကင်းရန် ဖြစ်၏
2: to detachment,
၃။ ဝဋ်ဆင်းရဲကို ဖျက်ဆီးရန် ဖြစ်၏
3: to dismantling,
၄။ အလိုနည်းရန် ဖြစ်၏
4: to fewness of desire,
၅။ ရောင့်ရဲရန် ဖြစ်၏
5: to contentment,
၆။ ဆိတ်ငြိမ်ရန် ဖြစ်၏
6: to solitude,
၇။ ကြိုးစားအားထုတ်ရန် ဖြစ်၏
7: to the arousing of energy,
၈။ မွေးမြူလွယ်ရန် ဖြစ်၏။
8: to being easy to support (not otherwise).

ဘုရားအဆုံးအမ (သာသနာ) စိတ်နှလုံး၌ မတည်သောပုဂ္ဂိုလ်၏ အင်္ဂါ ၁ဝ ပါး

Ten qualities of a person in whom Buddha’s teaching does not exist:
၁။ အဘိဇ္စျာလု – မနာလို အဘိဇ္စျာများခြင်း
1: Malice,
၂။ ဗျာပန္န – သူတစ်ပါးကို ပျက်စီးစေလိုခြင်း
2: covetousness,
၃။ ထိနမိဒ္ဓ – ထိုင်းမှိုင်းခြင်း
3: sloth and torper,
၄။ ဥဒ္ဓတ – ပျံ့လွင့်ခြင်း
4: restlessness,
၅။ ဝိစိကိစ္ဆာ – ယုံမှားသံသယများခြင်း
5: doubt,
၆။ ကမ္မာရာမ – အမှုသစ်၌ မွေ့လျှော်ခြင်း
6: delight in deed,
၇။ ဘဿာရာမ – စကားများခြင်း
7: delight in gossip,
၈။ နိဒ္ဒါရာမ – အအိပ်များခြင်း
8: delight in sleep,
၉။ သင်္ဂဏိကာရာမ – အပေါင်းအဖေါ်၌ မွှေ့လျှော်ခြင်း
9: delight in companions,
၁ဝ။ အန္တရာ ဝေါသာန – အလုပ်မပြီးပဲ ဆုတ်နစ်ခြင်း။
10: stop without finishing.
(ဘုရားအဆုံးအမ – သာသနာ – စိတ်နှလုံး၌ တည်သောပုဂ္ဂိုလ်၏ အင်္ဂါ ၁ဝ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Ten qualities of a person in whom Buddha’s teaching does exist are opposite of the above.)

ဘုံ

Existence, abode, realm, state.

ဘုံ ၃၁

ကာမ ၁၁ ဘုံ
ရူပ ၁၆ ဘုံ
အရူပ ၄ ဘုံ ပေါင်း – ၃၁ ဘုံ။
Thirty–one existences/abodes/realms/spheres/states:
Sensual–pleasure abode (11 abodes) +
Form abode (16 abodes) +
Formless abode/realm (4 abodes) = 31.

ကာမ ၁၁ ဘုံ

အပါယ် ၄ ဘုံ + လူ့ ဘုံ ၁ + နတ်ပြည် ၆ ထပ်

ကာမ ၁၁ ဘုံ

Eleven sensual abodes:
၁။ ငရဲ
1: Hell,
၂။ တိရစ္ဆာန်
2: animal kingdom,
၃။ ပြိတ္တာ
3: hungry ghost,
၄။ အသူရကာယ်
4: titan, asūra–kāya (a kind of hungry ghosts),
(အပါယ် ၄ ဘုံ) (The 4 woeful abodes)
၅။ လူ့ ဘုံ
5: the human world,
(လူ ၁ ဘုံ) (The 1 human abode)
၆။ စတု မဟာရာဇ်
6: The realm of the Four Great Kings,
၇။ တာဝတိံသာ
7: The Thirty–three Gods,
၈။ ယာမာ
8: Yāmā–devas (deities),
၉။ တုသိတာ
9: Contented devas,
၁ဝ။ နိမ္မာန ရတီ
10: Devas delighting in own creations,
၁၁။ ပရ နိမ္မိတ ဝသဝတီ
11: Devas delighting in other’s creation,
(နတ်ပြည် ၆ ထပ်) = ကာမ ၁၁ ဘုံ (The 6 cellestial abodes) =
the 11 sensual abodes.
ရူပဗြဟ္မာ ၁၆ ဘုံ Sixteen Form abodes:
၁၂။ ဗြဟ္မ ပါရိသဇ္ဇာ
12: The Retinue of Brahmā,
၁၃။ ဗြဟ္မ ပုရောဟိတာ
13: Ministers of Brahmā,
၁၄။ မဟာ ဗြဟ္မာ
14: Great Brahmā,
(ပထမ စျာန် ၃ ဘုံ) (The 3 abodes of the first jhāna);
၁၅။ ပရိတ္တာဘာ
15: Brahmā of limited radiance,
၁၆။ အပ္ပမာဏာဘာ
16: Brahmā of unbounded radiance,
၁၇။ အာဘဿရာ
17: Brahmā of streaming radiance,
(ဒုတိယ စျာန် ၃ ဘုံ) (The 3 abodes of the second jhāna);
၁၈။ ပရိတ္တာ သုဘာ
18: Brahmā of limited glory,
၁၉။ အပ္ပမာဏာ သုဘာ
19: Brahmā of unbounded glory,
၂ဝ။ သုဘကိဏှာ
20: Brahmā of refulgent glory,
(တတိယ စျာန် ၃ ဘုံ) (The 3 abodes of the third jhāna);
၂၁။ ဝေဟဖိုလ်
21: Very frutful Brahmā,
၂၂။ အသညသတ်
22: Unconscious being,
၂၃။ အဝိဟာÚ
23: Brahmā not falling away,Ú
၂၄။ အတပ္ပါÚ
24: Untroubled Brahmā,Ú
၂၅။ သုဒဿာÚ
25: Beautiful/Clearly visible Brahmā,Ú
၂၆။ သုဒဿီÚ
26: Clear–sighted Brahmā,Ú
၂၇။ အကနိဋ္ဌာÚ
27: Peerless Brahmā,Ú
(Ú သုဒ္ဓါဝါသ ၅ ဘုံ) (Ú the 5 abodes of Purity)
(စတုတ္ထ စျာန် ၇ ဘုံ) = ရူပ ၁၆ ဘုံ (The 7 abodes of the fourth jhāna);
= the 16 Form abodes,
အရူပ ဗြဟ္မာ ၄ ဘုံ Four Formless abodes:
၂၈။ အာကာသာနဌာယတန
28: Abode of infinity of space,
၂၉။ ဝိညာနဌာယတန
29: Abode of infinity of consciousness,
၃ဝ။ အာကိဌညာယတန
30: Abode of nothingness,
၃၁။ နေဝသညာနာသညာယတန = အရူပ ၄ ဘုံ။
31: Abode of neither–perception–nor–non–perception = The 4 formless abodes.

ဘုံ ၃ ပါး

(ဘုံ ၃၁ _ရှု)
Three kinds of abode/realm/sphere/existence/state:
၁။ ကာမဘုံ (၁၁ ဘုံ)
1: Sensual–pleasure abode/realm (11 abodes),
၂။ ရူပဘုံ (၁၆ ဘုံ)
2: Form abode/realm (16 abodes),
၃။ အရူပဘုံ (၄ ဘုံ)
3: Formless abode/realm (4 abodes).

ဘုံ ဘဝ၏ အခြေခံတရား ၂၄ ပါး

(မူလပရိယာယ သုတ်)
Twenty–four roots of existence (in accordance with ‘Mūla pariyāya Sutta =
The Discourse on the Root of Existence’):
၁။ ပထဝီ မြေဓာတ်
1: Earth,
၂။ အာပေါ ရေဓာတ်
2: water,
၃။ တေဇော အပူအအေး
3: fire,
၄။ ဝါယော လေ
4: air,
၅။ ဘူတ ဖြစ်ခြင်း
5: being,
၆။ ဒေဝ နတ်
6: god,
၇။ ပဇာပတိ
7: Pajāpati,
၈။ ဗြဟ္မာ
8: Brahmā,
၉။ အာဘဿရ ဗြဟ္မာ
9: the gods of Streaming Radiance,
၁ဝ။ သုဘကိဏှ ဗြဟ္မာ
10: the gods of Refulgent Glory,
၁၁။ ဝေဟပ္ဖလ ဗြဟ္မာ
11: the gods of Abundant fruit,
၁၂။ အဘိဘူ ဗြဟ္မာ
12: the Vanquishers,
၁၃။ အာကာသာနဌာယတန
13: infinity of space,
၁၄။ ဝိညာနဌာယတန
14: infinity of consciousness,
၁၅။ အာကိဌညာယတန
15: nothingness,
၁၆။ နေဝသညာနာသညာယတန
16: neither–perception–nor–non– perception,
၁၇။ ဒိဋ္ဌ အမြင်
17: the seen,
၁၈။ သုတ အကြား
18: the heard,
၁၉။ မုတ အတွေ့
19: the sensed,
၂ဝ။ ဝိညာတ အသိ
20: the cognized,
၂၁။ ဧကတ္တ တခုတည်း၏ အဖြစ်
21: unity,
၂၂။ နာနာတ္တ ကွဲပြားသည့်အဖြစ်
22: diversity,
၂၃။ သဗ္ဗ အားလုံး
23: all,
၂၄။ နိဗ္ဗာန နိဗ္ဗာန်
24: nibbāna.

ဘူမိ

မြေ။ အခြေခံ Bhūmi – earth, base.

ဘူမိဖဿ မုဒြာ

မြေကြီးကို တိုင်တည်သစ္စာပြုသော ဘုရားရုပ်ပွါးတော် ပုံစံအနေအထား။ အများဆုံး ပုံစံ
Earth–touching position: a common style of Buddha–statue (painting etc.) which symbolizes the attainment of Buddha–hood, witnessing the earth.

ဘူရိဒတ္တ ဇာတ်

ဇာတ်တော်ကြီး ၁ဝ ဖွဲ့၌ ဆဋ္ဌမမြောက်ဇာတ်။ ခန္တီနှင့် သီလပါရမီတို့ကို အဓိကထားဖေါ်ပြသည်။
Bhūridatta Jātaka – The sixth birth–story of the ten great jātakas. It highlights the ‘perfection of patience, of virtue’.

ဘေး ၃ မျိုး

Three terrors:
၁။ ဇရာ – အိုဘေး
1: Old age,
၂။ ဗျာဓိ – နာဘေး
2: sickness,
၃။ မရဏ – သေဘေး။
3: death.

ဘေး ၄ မျိုး

Four fears:
၁။ အတ္တာနုဝါဒ = မိမိကိုယ်ကို စွပ်စွဲခြင်းဘေး
1: Fear of self–reproach,
၂။ ပရာနုဝါဒ = သူတပါးတို့က စွပ်စွဲခြင်းဘေး
2: of others’ reproach,
၃။ ဒဏ္ဍ = ပြစ်ဒဏ် သင့်ခြင်းဘေး
3: of punishment,
၄။ ဒုဂ္ဂတိ = အပါယ်ဘေး။
4: of woeful states.

ဘေး ၄ မျိုး

(ရေပြင်၌)
Four perils (in the ocean):
၁။ ဦမိ ဘယ = လှိုင်းဘေး
1: Peril of waves,
၂။ ကုမ္ဘီလ ဘယ = မိကျောင်းဘေး
2: of crocodile,
၃။ အာဝဋ္ဋ ဘယ = ဝဲဘေး
3: of whirlpools,
၄။ သုသုကာ ဘယ = ငါးမန်းဘေး။
4: of sea–monasters/sharks.

ဘေး ၄ မျိုး

(သာသနာတော်၌)
Four perils (in the Buddha–sāsanā):
၁။ ဦမိ ဘယ = လှိုင်းဘေး – သွားလာ ပြုမူမှုနှင့် ပတ်သက်ပြီး အဆုံးအမကို မခံယူနိုင်ခြင်းဘေး
1: Peril of waves – A monk does not withstand the elder–monks’ guiding regarding how to act;
၂။ ကုမ္ဘီလ ဘယ = မိကျောင်းဘေး – စားသောက်မှုနှင့် ပတ်သက်ပြီး အဆုံးအမကို မခံယူနိုင်ခြင်းဘေး
2: of crocodile – A monk does not withstand the elder–monks’ guiding regarding how to eat;
၃။ အာဝဋ္ဋ ဘယ = ဝဲဘေး – ကာမဂုဏ်ခံစားကြသော လူများကို မြင် အားကျပြီး လူထွက်ခြင်းဘေး
3: of whirlpools – A monk through seeing the people enjoying sensual pleasure, goes back to ordinary life.
၄။ သုသုကာ ဘယ = ငါးမန်းဘေး – မာတုဂါမ (မိန်းမ) တို့ကို တွေ့မြင်ပြီး လူထွက်ခြင်းဘေး ။
4: of sea–monasters/sharks – A monk through seeing the beautiful ladies, goes back to ordinary life.

ဘေး ၅ မျိုး

Five kinds of fear:
၁။ အာဇီဝိက ဘယ – အသက်မွေးမှု ဘေး
1: Fear of loss of livelihood,
၂။ အသိလောက ဘယ – ကျော်စောမဲ့ (မကောင်းသတင်းကျော်စောခြင်း) ဘေး
2: of disgrace,
၃။ ပရိသ သာရဇ္ဇ ဘယ – ပရိသတ်ကြောက်ရွံ့မှု ဘေး
3: of timidity in assemblies,
၄။ မရဏ ဘယ – သေဘေး
4: of death,
၅။ ဒုဂ္ဂတိ ဘယ – အပါယ်ကျရောက်မှု ဘေး။
5: of a bad destination/woeful state.

ဘေးတွေ့၍ ရဟန်းပြုခြင်း

(ဘယာ ပဗ္ဗဇ္ဇိတ ရှင်ရဟန်းပြုသည့် အကြောင်းတရား – ပါရိဇုည – ၄ ပါး _ရှု)

ဘောဇဉ်

Eatable/edible things, food.

ဘောဇဉ် ၅ ပါး

Five kinds of food:
၁။ သြဒန = ထမင်း။ ဆန်
1: Rice,
၂။ သတ္တု = မုံ့မုန့်
2: powder for food,
၃။ ကုမ္မာသ = မုယော
3: barley,
၄။ မစ္ဆ = ငါး
4: fish,
၅။ မံသ = အမဲ။
5: meat.

မက္ခလိ ဂေါသာလ၏ အယူဝါဒ

(ကေသကမ္ဗလသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
Three views of Makkhali Gosāla (one of the six famous teachers at the time of Lord Buddha) (Kesakambala Sutta):
၁။ နတ္ထိ ကမ္မံ – ကုသိုလ်ကံ အကုသိုလ်ကံ မရှိ
1: There is neither merit not demerit.
၂။ နတ္ထိ ကိရိယံ – ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်း မရှိ
2: There is nothing doing of them.
၃။ နတ္ထိ ဝီရိယံ – ကြိုးစားမှု ဝီရိယ မရှိ။
3: There is no effoert/energy.
(မှတ်ချက် – မက္ခလိ ဂေါသာလ၏ အယူဝါဒသည် အယုတ်ညံ့ဆုံးဖြစ်၏ဟု ဤသုတ်၌ ဖေါ်ပြထားသည်။)
(Note: Makkhali Gosāla’s view is the meanest of all views, according to this discourse.)

မကောင်းမှု

(အပုည)
Demerit, vice, bad/evil deed, unwholesome deed.

မကောင်းသောစကား ၅ မျိုး

(ဒုက္ကထာ – မကောင်းသောစကား – ၅ မျိုး _ရှု)

မကျက်စားသင့် မရောနှောသင့်သော အဂေါစရ အရာများ

(ရဟန်းသာမဏေများအတွက်) (ဝိသုဒ္ဓိမဂ်)
Improper/un–associated resorts:
၁။ ပြည့်တံဆာ
1: Prostitute,
၂။ မုဆိုးမ
2: widow,
၃။ အပျိုကြီး
3: old maid,
၄။ ပဏ္ဍုက်
4: eunch,
၅။ ဘိက္ခုနီ
5: nun,
၆။ သေတင်းကုတ် (အရက်သေစာဆိုင်)
6: tavern,
၇။ မင်း
7: king,
၈။ အမတ်ကြီးများ
8: king’s minister,
၉။ တိတ္ထိ
9: sectarian,
၁ဝ။ တိတ္ထိတို့၏ တပည့်သာဝကများ
10: sectarian’s dosciple,
၁၁။ (ရဟန်း သာမဏေများနှင့် သာသနာတော်အပေါ်၌) သဒ္ဓါတရား မရှိသူများ
11: faithless persons (those who are against the monks and the Buddha’s teaching),
၁၂။ မကြည်ညိုတတ်သူများ
12: untrusting,
၁၃။ ရေတွင်းကဲ့သို့ မဟုတ်သူများ (ဘာတစ်ခုမျှ မလှူနိုင် မပေးကမ်းနိုင်သူများ)
13: person who is not like a well (never giving gift),
၁၄။ အပြစ်ပြောတတ် ဆဲရေးတတ်သူများ
14: abusive and rude,
၁၅။ အကြိုးမလိုလားသူများ
15: who wishes harm,
၁၆။ ကြီးပွါးမှုကို မလိုချင်မမြင်ချင်သူများ
16: who wishes ill (who hate the welfare of others),
၁၇။ မချမ်းသာသည်ကို မြင်ချင်သူများ
17: who wishes woe,
၁၈။ မဆက်ဆံလိုသူများ။
18: who wishes no association with the monks.
(ကျက်စားသင့် ရောနှောသင့်သော ဂေါစရ အရာများမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။) (Proper/associated resorts are opposite of the above.)

မကျန်းမာ၍ ဘုရားရှင်

သံဃာတော်များအား ပရိတ်ရွတ်ကြွရန် အိမ်သို့ပင့်သော ထုံတမ်းစဉ်လာ။
(ဒီဃာဝု ဥပါသကသုတ်။ သောတာပတ္တိသံယုတ် + သိရိဝဍ္ဎသုတ် – မာနဒိန္နသုတ် စသည်။
သတိပဋ္ဌာနသံယုတ်။ ပဌမ– ဒုတိယ– အနာထပိဏ္ဍိကသုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
The custom that ‘Monks were invited for chanting Paritta (Protecting Discourses) to the house of a sick person.’
(Satipaṭṭhāna Saṃyutta, Mahā–vagga Saṃyutta Pāḷi)

မကျိုး အပေါက် မကျား အပျောက်

(သီလကျင့်ဝတ်များနှင့် ပတ်သက်၍)
‘Untorn, unrent, unblotched and unmottled’ regarding moral precept/virtue:
၁။ သီလကျင့်ဝတ်တို့ကို အစ၌၄င်း အဆုံး၌၄င်း မပျက် မလွန်ကျူးခြင်းသည် မကျိုးသည် မည်၏
1: The precepts are not broken in the beginning or at the end, that is ‘untorn’.
၂။ သီလကျင့်ဝတ်တို့ကို အလယ်၌ မပျက် မလွန်ကျူးခြင်းသည် မပေါက်သည် မည်၏
2: The precepts are not broken in the middle, that is ‘unrent’.
၃။ သီလကျင့်ဝတ်တို့ကို အစပိုင်း နှစ်ပါးသုံးပါးစသည် မပျက် မလွန်ကျူးခြင်းသည် မကျားသည် မည်၏
3: The precepts are not broken in twice or thrice in succession, that is ‘blotched’.
၄။ သီလကျင့်ဝတ်တို့ကို ခုံကျော်ပေါက်ကျော် မပျက် မလွန်ကျူးခြင်းသည် မပျောက်သည် မည်၏။
4: The precepts are not broken all over at intervals, that is ‘unmottled’.

မကျေနပ်မှု ရန်ငြိုးနှင့် ပတ်သက်ပြီး ပုဂ္ဂိုလ် ၃ မျိုး

(ကောဓ – အမျက်ထွက် မကျေနပ်မှု ရန်ငြိုး – နှင့် ပတ်သက်ပြီး ပုဂ္ဂိုလ် ၃ မျိုး _ရှု)

မကြံစီနိုင်ရာ တရား ၄ ပါး

(အစိန္တေယျ ၄ ပါး _ရှု)

မကောင်းသော မိတ်ဆွေရှိခြင်း၏ အပြစ် ၆ ပါး

(အောက်ဖေါ်ပြပါ မိတ်များရှိလျှင် ဆိုးကျိုးသာဖြစ်ရန် များပါသည်)
Six dangers of keeping bad company (By keeping such companies, there are mostly bad consequences.)
၁။ လောင်ကစား ကြူးသူ
1: Gambler,
၂။ အစားအသောက်ကြူးသူ
2: glutton,
၃။ သေအရက် မူယစ်ဆေးဝါးစွဲသူ
3: drunkard,
၄။ သစ္စာမရှိ။ ဂတိမတည်သူ
4: cheater,
၅။ လှည့်ဖျားသူ
5: trickster,
၆။ အနိုင်ကျင့်သူ။
6: aggressor.

မကြံစီနိုင်သောအရာ ၄ ပါး

(အစိန္တေယျ – ကြံစီ၍ မရနိုင်သောအရာ – ၄ ပါး _ရှု)

မချီးမွမ်းထိုက်သူအားအား ဘုရားရှင် မချီးမွမ်းခြင်း၏ အကြောင်း

(ချီးမွမ်းခြင်းငှါ မထိုက်သော သိက္ခာသုံးပါးကို မကျင့်သောရဟန်းအား ဘုရားရှင် မချီးမွမ်းခြင်း၏ အကြောင်း _ရှု)

မဂ် ၂ မျိုး

Two kinds of path:
၁။ သမထ မဂ်
1: Path of tranquility,
၂။ ဝိပဿနာ မဂ်။
2: of insight.

မဂ် ၂ မျိုး

(တနည်း)
More two kinds of path:
၁။ ဒဿန မဂ် – သိမြင်အပ်သော မဂ်
1: Path of vision,
၂။ ဘာဝနာ မဂ် – ပွါးများအပ်သော မဂ်။
2: of development.

မဂ် ၃ မျိုး

Three kinds of path:
၁။ သီလ မဂ်
1: Path of virtue,
၂။ သမာဓိ မဂ်
2: of concentration,
၃။ ပညာ မဂ်။
3: of wisdom.

မဂ် (လမ်း အပေါက်) ၃ မျိုး

(ရဟန်းသာမဏေများ ဥပုသ်စောင့်သူများ မသွားလာသင့်သော လမ်းပေါက်များ)
Three kinds of hole (with which no sexual contact for monks and for those who observe 8 precepts etc.):
၁။ မုခ မဂ် = အစာသွားရာလမ်း။ ပါးစပ် ပေါက်
1: Mouth,
၂။ ပဿာဝ မဂ် = ကျင်ငယ်သွားရာလမ်း။ မိန်းမအင်္ဂါဇာတ်
2: female genital,
၃။ ဝစ္စ မဂ် = ကျင်ကြီး သွားရာလမ်း။
3: anus.

မဂ် (လမ်း အပေါက်) ၃ဝ မျိုး

Thirty kinds of hole:
မုခမဂ် ပဿာဝမဂ် ဝစ္စမဂ်
Mouth, female anus
genital
လူယောက်ျား ၁ + ၁= ၂
Human male: 1 + 1= 2
နတ်ယောက်ျား ၁ + ၁= ၂
deity male: 1 + 1= 2
တိရစ္ဆာန်ယောက်ျား ၁ + ၁= ၂
animal male: 1 + 1= 2
လူမိန်းမ ၁ + ၁ + ၁= ၃
human female: 1 + 1 + 1= 3
နတ်မိန်းမ ၁ + ၁ + ၁= ၃
deity female: 1 + 1 + 1= 3
တိရစ္ဆာန်မိန်းမ ၁ + ၁ + ၁= ၃
animal female: 1 + 1 + 1= 3
လူ ဥဘတောဗျည်း (အင်္ဂါဇာတ် ၂ ခုပါ) ၁ + ၁ + ၁= ၃
human hermaphrodite: 1 + 1 + 1= 3
နတ် ဥဘတောဗျည်း ၁ + ၁ + ၁= ၃
deity hermaphrodite: 1 + 1 + 1= 3
တိရစ္ဆာန် ဥဘတောဗျည်း ၁ + ၁ + ၁= ၃
animal hermaphrodite: 1 + 1 + 1= 3
လူ နပုံး ၁ + ၁= ၂
human eunuch: 1 + 1= 2
နတ် နပုံး ၁ + ၁= ၂
deity eunuch: 1 + 1= 2
တိရစ္ဆာန် နပုံး။ ၁ + ၁= ၂
animal eunuch: 1 + 1= 2
မဂ် အပေါက် စုစုပေါင်း ၃ဝ
Total holes – 30

မဂ်ဉာဏ်ရရာ ကိစ္စလေးဖြာ ဥပမာများ

(ဝိသုဒ္ဓိမဂ်)
Similes regarding to the four functions at a single moment of path–knowledge:
သောတာပတ္တိမဂ်ဉာဏ် ရသည်နှင့်တပြိုင်နက်
As soon as a person attains stream–winner–path (sotāpatti–magga–ñāṇa), four things happen to him at the same time:
၁။ ဒုက္ခသစ္စာကို ပိုင်းခြားသိ၏
1: fully understanding of suffering,
၂။ သမုဒယသစ္စာကို ပယ်၏
2: abandoning the cause of suffering,
၃။ နိရောဓသစ္စာကို မျက်မှောက်ပြု၏
3: realizing the end of suffering,
၄။ မဂ္ဂသစ္စာကို ပွါးများ၏။
4: developing the path to the end of suffering.
ဥပမာအားဖြင့် – ဆီမီးထွန်ညှိလိုက်သည်နှင့် တပြိုင်နက် –
It is similar to light a lamp which performs four functions simultaneously in a single mement:
၁။ မီးစာကို လောင်မြှိုက်၏
1: It burns the wick;
၂။ အမိုက်မှောင်ကို ဖျောက်၏
2: dispels darkness;
၃။ အလင်းရောင်ကို ဖြစ်စေ၏
3: makes light appear;
၄။ လောင်စာဆီ ကုန်ခမ်း၏။
4: uses up the oil.
ဥပမာတစ်နည်းအားဖြင့် – နေထွက်လာသည်နှင့် တပြိုင်နက် –
Another simile is the arising sun:
၁။ မြင်ဘွယ်ရာ ရူပါရုံများကို ထင်ရှားစေ၏
1: It illuminates visible objects;
၂။ အမိုက်မှောင်ကို ဖျောက်၏
2: dispels darkness;
၃။ အလင်းရောင်ကို ဖြစ်စေ၏
3: causes light to be seen;
၄။ အချမ်းကို ငြိမ်းစေ၏။
4: allays cold.
ဥပမာတစ်နည်းအားဖြင့် – လှေ သဘောင်္ာသည် One more another simile is a boat:
၁။ ဤမှာဘက်ကမ်းကို စွန့်၏
1: It leaves the hither shore;
၂။ ရေအယဉ်ကို ဖြတ်၏
2: cleaves the stream;
၃။ ဝန်ကို ဆောင်၏
3: carries the cargo;
၄။ ဟိုမှာဘက်ကမ်းသို့ ရောက်၏။
4: approaches the further shore.

မဂ်ဉာဏ် လေးပါး သင့်သလိုပယ်သော တရားများ

(ဝိသုဒ္ဓိမဂ်)
Abandoning of states aptly by the four kinds of path–knowledge (magga–ñāṇa):
၁။ သံယောဇဉ်
1: Fetters,
၂။ ကိလေသာ
2: defilements,
၃။ မိစ္ဆတ္တ – အယူမှား
3: wrongness,
၄။ လောကဓံ
4: worldly conditions,
၅။ မစ္ဆရိယ – ဝန်တိုမှု
5: avarice,
၆။ ဝိပလ္လာသ – ဖေါက်ပြန်မှု
6: perversions,
၇။ ဂန္ထ – နှောင်ဖွဲ့မှု
7: ties,
၈။ အဂတိ
8: bad ways,
၉။ အာသဝ – ယိုစီးမှု
9: cankers,
၁ဝ။ သြဃ – မျောပါမှု
10: floods,
၁၁။ ယောဂ – ယှဉ်စပ်မှု
11: bonds,
၁၂။ နီဝရဏ – ပိတ်ပင်မှု
12: hindrances,
၁၃။ ပရာမာသ – သုံးသပ်မှု
13: adherences,
၁၄။ ဥပါဒါန် – စွဲလမ်းမှု
14: clinging,
၁၅။ အနုသယ – ကိန်းတည်မှု
15: inherent tendincies,
၁၆။ မလ – အညစ်အကြေး
16: stains,
၁၇။ အကုသလကမ္မပထ – အကုသိုလ်ဖြစ်ကြောင်းများ
17: unwholesome/unprofitable courses of action,
၁၈။ စိတ္တုပ္ပါဒ – အကုသိုလ်စိတ်ဖြစ်စဉ်များ။
18: twelve kinds of unwholesome consciousness.

မဂ်ဉာဏ်၏ အသင်းအပင်းဖြစ်သော (မဂ်ရရန်ဖြစ်သော) တရား ၉ ပါး

(သမ္ဗောဓိသုတ်။ မေဃိယသုတ် – နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
Nine proximate causes for the development of the aids to enlightenment:
၁။ မိတ်ကောင်းရှိခြင်း
1: Good friends,
၂။ သီလနှင့် ပြည့်စုံခြင်း
2: virtue,
၃။ အလိုနည်းခြင်းစသည်နှင့် စပ်သောတရားစကား ရလွယ်ခြင်း
3: getting to hear talk on fewness etc. at will,
၄။ အကုသိုလ်ပယ်ရန် ကုသိုလ်ပွါးရန် အားထုတ်ခြင်း
4: energy to abandon the unwholesome and to develop the wholesome,
၅။ အဖြစ်အပျက်ကို သိသောပညာရှိခြင်း
5: wisdom of arising and passing away,
၆။ တပ်မက်မှုရာကို ပယ်ရန် အသုဘကို ပွါးများခြင်း
6: developing unattractiveness to abandon lust,
၇။ ဒေါသ ဗျာပါဒကို ပယ်ရန် မေတ္တာဘာဝနာ ပွါးများခြင်း
7: developing loving–kindness to abandon ill will,
၈။ ဝိတက်ကို ဖြတ်ရန် အာနာပါနဿတိကို ပွါးများခြင်း
8: developing mindfulness of breathing to abandon off thoughts,
၉။ ငါဟူသောမာန်ကို ပယ်ရန် အနိစ္စသညာကို ပွါးများခြင်း။
9: developing the perception of impermenance to abandon the conceit, ‘I am’.
(မှတ်ချက် – အနိစ္စသညာရှိက အနတ္တသညာ ရှိပြီး ငါဟူသောမာန ကင်းပြတ်လျှက် နိဗ္ဗာန်သို့ရောက်၏)
(If there is the perception of impermenance, there also is the perception of non–self, then, the conceit ‘I am’ is eradicated. It is Nibbāna.)

မဂ်ဖိုလ်တို့ပယ်သတ်သော တရားများ

(အရိယာ ပုဂ္ဂိုလ်များ အသီးသီး ပယ်သတ်သော ကိလေသာ များ _ရှု)

မဂ်ဖိုလ် မရနိုင်သော ပုဂ္ဂိုလ် ၁၆ မျိုး

Sixteen persons who cannot attain enlightenment:
၁။ တိရစ္ဆာန်
1: Animal,
၂။ ပြိတ္တာ
2: hungry ghost,
၃။ မိစ္ဆာဒိဋ္ဌိ အယူရှိသူ
3: a person who holds wrong view,
၄။ ကုဟကပုဂ္ဂိုလ် = လူလိမ်
4: a crook, a liar,
၅။ မာတုဃာတက = မိခင်ကိုသတ်သူ
5: killer of one’s own mother,
၆။ ပိတုဃာတက = ဖခင်ကိုသတ်သူ
6: killer of one’s own father,
၇။ အရဟန္တဃာတက = ရဟန္တာကိုသတ်သူ
7: killer of an arahant,
၈။ သံဃဘေဒက = သံဃာဂိုဏ်းခွဲသူ
8: maker of schism within the order of monks,
၉။ လောဟိတုပ္ပါဒက = ဘုရားရှင်ကို သွေးစိမ်းယိုစေသူ
9: a person who made Buddha’s body blood–dropped,
၁ဝ။ ထေယျသံဝါသက = ရဟန်းယောင်ဆောင်သူ
10: bogus monk,
၁၁။ တိတ္ထိယပက္ကန္တက = တိတ္ထိတို့ဘက်သို့ ပြောင်းသွားသူ
11: a person who moves to another religion/faith,
၁၂။ ဘိက္ခုနီဒူသက = ဘိက္ခုနီမအား ဖျက်ဆီးသူ
12: molester of nun (bhikkhunī),
၁၃။ သံဃာဒိသိသ်အာပတ်သင့်ပြီး မကုစားသူ
13: a monk who makes no confession after transgressing saṃghādisesa (Saṃghā is needed throughout the confession–process),
၁၄။ ပဏ္ဍုက်
14: eunuch,
၁၅။ ဥဘတောဗျည်း
15: hermaphrodite,
၁၆။ ၇ နှစ်အောက် အသက်ငယ်သူ။
16: a person younger than 7 years.

မဂ်ဖိုလ်ရကြောင်းတရား ၆ ပါး

Six dhammas conducive to magga and phala:
၁။ သတိ = သတိတရားရှိခြင်း
1: Mindfulness,
၂။ သမ္ပဇည = ဆင်ခြင်ပညာရှိခြင်း
2: insight/wisdom,
၃။ ဣန္ဒြိယေသု ဂုတ္တဒွါရတာ = ဣန္ဒြေစောင့်စည်းခြင်း
3: guarding the sense–doors,
၄။ ဘောဇနေ မတ္တညူ = စားသောက်မှု၌ အတိုင်းအတာကို သိခြင်း
4: moderation in eating,
၅။ န ကုဟန = မပလွှား မဝါကြွားခြင်း
5: not flattering,
၆။ န လပန = မမြှောက်ပင့် မနှိမ်ချခြင်း။
6: not criticizing, not flattering/glorifying others.

မဂ်ဖိုလ်ရ၏ ဟု ဝန်ခံခြင်းများ ၅ မျိုး

Five ways of claiming of attaining of magga and phala:
၁။ မိုက်မဲ၍ မဂ်ဖိုလ်ရ၏ ဟု ဝန်ခံခြင်း
1: Claiming because of foolishness,
၂။ ယုတ်မာသော အလိုဆန္ဒဖြင့် မဂ်ဖိုလ်ရ၏ ဟုဝန်ခံခြင်း
2: of wickedness,
၃။ စိတ်ဖေါက်ပြန် စိတ်မမှန်၍ မဂ်ဖိုလ်ရ၏ ဟုဝန်ခံခြင်း
3: of mental disorder,
၄။ ရသည်ဟု ထင်မြင်၍ မဂ်ဖိုလ်ရ၏ ဟုဝန်ခံခြင်း
4: of opinion,
၅။ အမှန်ပင်ရရောက်၍ မဂ်ဖိုလ်ရ၏ ဟုဝန်ခံခြင်း။
5: of real attainment.

မဂ်ဟူသည် – သောတာပတ္တိမဂ်

(ဝိသုဒ္ဓိမဂ်)
What the path (sotāpatti–magga) is:
၁။ လောဘအစိုင်အခဲကို ဖျက်ဆီးခြင်း
1: Piercing the mass of greed,
၂။ သံသရာရေအယဉ်ကို ချောက်ခမ်းစေခြင်း
2: drying up the ocean of suffering,
၃။ အပါယ်တံခါးပိတ်ခြင်း
3: closing all doors to the woeful states,
၄။ သူတော်ကောင်းဥစ္စာ ၇ ပါးကို မျက်မှောက်ပြုခြင်း
4: experiencing the seven noble treasures,
၅။ မိစ္ဆာမဂ်ရှစ်ပါးကို ပယ်ခြင်း
5: abandoning the eightfold wrong views,
၆။ ရန်ဘေးငြိမ်းခြင်း
6: allaying all enemity and fear,
၇။ ဘုရားသားတော်အစစ် ဖြစ်လာခြင်း
7: becoming the real son of Buddha,
၈။ ရတနာသုံးပါးဂုဏ်ကို မတုံမလှုပ် သက်ဝင်ယုံကြည်ခြင်း စသည် များစွာသော အကျိုးများရရှိသည်။
8: unshakable faith in the Triple Gem and many other blessings.

မဂ္ဂင်

Path, way.

မဂ္ဂင် ၈ ပါး

(အရိယာ။ သမ္မာ)
The (noble) eightfold path:
၁။ သမ္မာ ဒိဋ္ဌိ = အမြင်မှန်ခြင်း
1: Right view/understanding,
၂။ သမ္မာ သင်္ကပ္ပ = အကြံအစည်မှန်ခြင်း
2: right thought/intention,
၃။ သမ္မာ ဝါစာ = အပြောမှန်ခြင်း
3: right speech,
၄။ သမ္မာ ကမ္မန္တ = အပြုမှန်ခြင်း
4: right action/conduct,
၅။ သမ္မာ အာဇီဝ = အသက်မွေးမှုမှန်ခြင်း
5: right livelihood/occupation,
၆။ သမ္မာ ဝါယာမ = ကြိုးစားမှုမှန်ခြင်း
6: right effort/endeavor,
၇။ သမ္မာ သတိ = အမှတ်သတိမှန်ခြင်း
7: right mindfulness/awareness,
၈။ သမ္မာ သမာဓိ = တည်ကြည်မှုမှန်ခြင်း။
8: right concentration.

မဂ္ဂင် ၈ ပါး

ခန္ဓာ – အုပ်စု ၃ မျိုး
၁။ သမ္မာ ဝါစာ။ သမ္မာ ကမ္မန္တ။ သမ္မာ အာဇီဝ တို့သည် သီလအုပ်စု (သီလက္ခန္ဓ)
1: Aggregate of virtue = right speech, right action/conduct and right livelihood/occupation,
၂။ သမ္မာ ဝါယာမ။ သမ္မာ သတိ။ သမ္မာ သမာဓိ တို့သည် သမာဓိအုပ်စု (သမာဓိက္ခန္ဓ)
6: aggregate of concentration = right effort/endeavor, right mindfulness/ awareness and right concentration,
၃။။ သမ္မာ ဒိဋ္ဌိ။ သမ္မာ သင်္ကပ္ပ တို့သည် ပညာအုပ်စု (ပညာက္ခန္ဓ)။
3: aggregate of wisdom = right view/understanding and right thought/intention.

မဂ္ဂင် ၈ ပါးမရှိလျှင် အရိယာပုဂ္ဂိုလ်မရှိနိုင်

(မဟာပရိနိဗ္ဗာနသုတ်)
Where there is no noble eightfold path, there is no noble ones.

မဂ္ဂင် ၈ ပါး အဓိပ္ပါယ်များ

(မဟာသတိပဋ္ဌာနသုတ် စသည်)
၁။ သမ္မာ ဒိဋ္ဌိ = အမြင်မှန်ရှိခြင်း – အရိယာသစ္စာလေးပါးကို နားလည်သိမြင်ခြင်း
1: Right view/understanding: understanding the four noble truths,
၂။ သမ္မာ သင်္ကပ္ပ = အကြံအစည်မှန်ခြင်း – ကာမအာရုံ။ ဖျက်ဆီးခြင်းသတ်ဖြတ်ခြင်း။ ညှင်းဆဲခြင်းလိုခြင်း တို့မှ လွတ်မြောက်သော အကြံအစည်
2: right thought/intention – thought against destroying, killing and harming others,
၃။ သမ္မာ ဝါစာ = အပြောမှန်ခြင်း – မုသားစကား ဂုံးတိုက်စကား ရိုင်ပြစကား ပြိန်ဖျင်းစကားတို့မှ ရှောင်ကျဉ်ခြင်း
3: right speech: no lying, no back–biting/gossiping, no harsh words and no vain talk,
၄။ သမ္မာ ကမ္မန္တ = အပြုမှန်ခြင်း – သတ်ဖြတ်မှု ခိုးမှု ကာမဖေါက်ပြန်မှုတို့မှ ရှောင်ကြဉ်ခြင်း
4: right action/conduct: not killing, not stealing, not committing adultery,
၅။ သမ္မာ အာဇီဝ = အသက်မွေးမှုမှန်ခြင်း – မှားယွင်းသော တံငါ မုဆိုးစသော အသက်မွေးမှုမှ ရှောင်ကြဉ်ခြင်း
5: right livelihood/occupation: avoiding such wrong livelihood as fisherman,
၆။ သမ္မာ ဝါယာမ = ကြိုးစားမှုမှန်ခြင်း – မဖြစ်သေးသောအကုသိုလ် မဖြစ်လာရန်။ ဖြစ်ပြီးအကုသိုလ် ပယ်ပျောက်ရန်။ မဖြစ်သေးသောကုသိုလ် ဖြစ်လာရန်။ ဖြစ်ပြီးကုသိုလ် တိုးပွါးရန်
6: right effort/endeavor: to prevent the arising of unwholesome states, to overcome unwholesome states, to strive doing wholesome states and to develop wholesome states already happened,
၇။ သမ္မာ သတိ = အမှတ်သတိမှန်ခြင်း – သတိပဋ္ဌာန်တရားလေးပါး ပွါးများခြင်း
7: right mindfulness/awareness: practicing the four foundations of mindfulness,
၈။ သမ္မာ သမာဓိ = တည်ကြည်မှုမှန်ခြင်း – စျာန်လေးပါးနှင့် ပြည့်စုံခြင်း။
8: right concentration: attainment to the four trances (jhāna).

မဂ္ဂင် – သမ္မာ – တရားနှင့် ပြည့်စုံခြင်း၏ အကျိုး ၄ဝ ပါး

(မဟာစတ္တာရီသကသုတ်။ ဥပရိပဏ္ဏာသပါဠိ) Forty factors as the consequence of right view etc.
၁။ သမ္မာဒိဋ္ဌိ အမြင်မှန်နှင့် ပြည့်စုံခြင်း
1: Right view,
၂။ မိစ္ဆာဒိဋ္ဌိ အမြင်မှား မရှိတော့ခြင်း
2: Because of right view, wrong view is abandoned.
၃။ မိစ္ဆာဒိဋ္ဌိ အမြင်မှားကြောင့် ဖြစ်လာနိုင်သော အကုသိုလ်များ မရှိတော့ခြင်း
3: There is no unwholesome deed due to wrong view.
၄။ သမ္မာဒိဋ္ဌိ အမြင်မှန်ကြောင့် ကုသိုလ်များ ဖြစ်လာနိုင်ခြင်း
4: There is wholesome deed due to right view.
ဤနည်းတူ – The same as in
၅ – ၈။ သမ္မာသင်္ကပ္ပ မိစ္ဆာသင်္ကပ္ပ တို့၌ ၄ ပါး 5 –
8: right and wrong thought,
၉ –
၁၂။ သမ္မာဝါစာ မိစ္ဆာဝါစာ တို့၌ ၄ ပါး 9 –
12: right and wrong speech,
၁၃ –
၁၆။ သမ္မာကမ္မန္တ မိစ္ဆာကမ္မန္တ တို့၌ ၄ ပါး 13 –
16: right and wrong action,
၁၇ –
၂ဝ။ သမ္မာအာဇီဝ မိစ္ဆာအာဇီဝ တို့၌ ၄ ပါး 17 –
20: right and wrong livelihood,
၂၁ –
၂၄။ သမ္မာဝါယာမ မိစ္ဆာဝါယာမ တို့၌ ၄ ပါး 21 –
24: right and wrong effort,
၂၅ –
၂၈။ သမ္မာသတိ မိစ္ဆာသတိ တို့၌ ၄ ပါး 25 –
28: right and wrong mindfulness,
၂၉ –
၃၂။ သမ္မာသမာဓိ မိစ္ဆာသမာဓိ တို့၌ ၄ ပါး 29 –
32: right and wrong concentration,
၃၃ –
၃၆။ သမ္မာဉာဏ မိစ္ဆာဉာဏ တို့၌ ၄ ပါး 33 –
36: right and wrong knowledge,
၃၇ –
၄ဝ။ သမ္မာဝိမုတ္တိ မိစ္ဆာဝိမုတ္တိ တို့၌ ၄ ပါး အသီးသီးရှိကြသောကြောင့် အာလုံး ၄ဝ ပါးဖြစ်သည်။
37 –
40: right and wrong deliverance.
Thus, 40 all together.

မဂ္ဂင်ရှစ်ဖြာ ဧည့်ရိပ်သာ

(ဧည့်သည်တို့ တည်းခိုစရာ ဇရပ် ဥပမာ။ မဂ္ဂင်ရှစ်ဖြာ _ရှု)

မဂ္ဂင် (အရိယာ။ သမ္မာ) ၈ ပါး၏ ရှေ့ပြေးတရားများ

(မဂ္ဂသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
The forerunner and precursor of the Noble Eightfold path:
၁။ ကလျာဏမိတ္တတာ – မိတ်ကောင်းဆွေကောင်းရှိခြင်း
1: Good friendship,
၂။ သီလ သမ္ပဒါ – ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း
2: accomplishment in virtue,
၃။ ဆန္ဒ သမ္ပဒါ – ဆန္ဒကောင်းနှင့် ပြည့်စုံခြင်း
3: in desire,
၄။ အတ္တ သမ္ပဒါ – ပြည့်စုံသော စိတ်ရှိခြင်း
4: in oneself/mind,
၅။ ဒိဋ္ဌိ သမ္ပဒါ – ပြည့်စုံသော အယူရှိခြင်း
5: in view,
၆။ အပ္ပမာဒ သမ္ပဒါ – မမေ့မလျော့မှုနှင့် ပြည့်စုံခြင်း
6: in diligence,
၇။ ယောနိသော မနသိကာရ သမ္ပဒါ – နှလုံးသွင်းမှန်ကန်မှုနှင့် ပြည့်စုံခြင်း။
7: in careful attention/ in right attitude.

မဂ္ဂါမဂ္ဂ ဉာဏ ဒဿန ဝိသုဒ္ဓိ

(ဝိသုဒ္ဓိ )
Purification by knowledge and vision of what is path and not–path.

မဂ္ဂါမဂ္ဂ ဉာဏ ဒဿန ဝိသုဒ္ဓိ ၃ ပါး

Three steps of ‘purification by knowledge and vision of what is path and not–path’:
၁။ မုစ္စိတု ကမျတာ ဉာဏ် = သံသရာ ဝဋ်မှ လွတ်မြောက်လိုသော ဉာဏ်
1: Knowledge consisting in the desire for deliverance,
၂။ ပဋိသင်္ခါ နုပဿနာ ဉာဏ် = ဖြစ်ပျက် သင်္ခါရ တရားတို့ကို ဆင်ခြင် နှလုံးသွင်းသောဉာဏ်
2: knowledge consisting in reflecting contemplation,
၃။ သင်္ခါရုပေက္ခာ ဉာဏ် = ဖြစ်ပျက် သင်္ခါရ တရားတို့ကို လျှစ်လျူရှုနိုင်သော ဉာဏ်။
3: equanimity–knowledge with regard to the formations of existence.

မဃဒေဝသရက်ဥယျာဉ်

မိထိလာပြည်၌ ရှိသော မင်းပိုင်ဥယျာဉ်ဖြစ်သည်။ ဘုရားအလောင်း မဃဒေဝမင်းကြီး ဖြစ်စဉ်က တောထွက် ဆံမုတ်ဆိတ်ရိပ် ရသေ့ရဟန်းပြု တရားကျင့်ကြံခဲသောနေရာဖြစ်သည်။
ယင်းမင်းကြီးမှစ၍ နေမိမင်းတိုင် ၈၄ဝဝဝ သော မင်းများ အစဉ်ဆက်တို့သည် ဤဥယျာဉ်၌ တောထွက်
တရားကျင့်ခဲ့ကြသည်။ ယင်းမင်း ၈၄ဝဝဝ တိုင်းတို့သည် – ကလေးဘဝနှင့် နှစ် ၈၄ဝဝဝ။ အိမ်ရှေ့မင်းသား ဘဝနှင့် နှစ် ၈၄ဝဝဝ။ မင်းအဖြစ်နှင့် နှစ် ၈၄ဝဝဝ။ ရသေ့အဖြစ်နှင့် နှစ် ၈၄ဝဝဝ ပေါင်း နှစ် ၃၃၆ဝဝဝ အသက်ရှည်ကြသည်။ ဤသို့ တောထွက်တရားကျင့်သော အစဉ်အလာကို နေမိမင်း၏ သားတော် ကဠာရဇနက က စတင်ဖေါက်ဖျက်သည်။ (မဃဒေဝသုတ်။ မဇ္စျှိမပဏ္ဏာသပါဠိ)
Maghadeva Mango Grove: A royal grove situated in Midhilā Country. King Maghadeva, one of Bodhisatta’s (Buddh–to–be) previous lives, renounced the world and practiced meditation here. Starting him, the number of 84,000 kings in succession, after shaving off their hair and beard and puttion on the yellow robe, went forth from the home life into homeless life at this grove. All of them played childish game, acted as crown–prince, governed the kingdom and led the holy life for 84,000 years in each section; thus, they all lived for 336,000 years. Kaḷārajanaka, a son of King Nemi, broke this custom by not renouncing the world. (Maghadeva Sutta, Majjhima–paṇṇāsa Pāḷi)

မင်္ဂလာ

Blessing, sanctifying, beatitude.

မင်္ဂလာ တရား ၃၈ ပါး

The thirty–eight blessings:
၁။ အသေသနာ စ ဗာလာနံ =
1: Not to associate with the foolish, လူမိုက်ကို မမှီဝဲခြင်း
၂။ ပဏ္ဍိတာနဉ္စ သေဝနာ =
2: to associate with the wise, ပညာရှိကို ဆည်းကပ်ခြင်း
၃။ ပူဇာ စ ပူဇနေယျာနံ =
3: to honor/respect those who are worthy of ပူဇော်ထိုက်သူကို ပူဇော်ခြင်း honor/respect,
၄။ ပဋိရူပ ဒေသဝါသော စ = သင့်တော်
4: to dwell in a suitable location, လျောက်ပတ်သော အရပ်၌ နေထိုင်ခြင်း
၅။ ပုဗ္ဗေ စ ကတပုညတာ =
5: to have done good deeds in the past, ရှေးကောင်းမှုရှိခြင်း
၆။ အတ္တ သမာပဏိဓိ စ =
6: to be on the right path, မိမိကိုယ်ကို ဆောက်တည်နိုင်ခြင်း
၇။ ဗာဟုဿစ္စဌ = ဗဟုသုတ များခြင်း
7: to have good education/knowledge,
၈။ သိပ္ပဌ = သိပ္ပံ ပညာ
8: to be proficient at work, တတ်သိနာလည်ခြင်း
၉။ ဝိနယော စ သုသိက္ခိတော =
9: to understand/follow a code of disciplines, ကျင့်ဝတ် ဝိနည်းများ တတ်သိ နားလည်ခြင်း
၁ဝ။ သုဘာသိတာ စ ယာ ဝါစာ =
10: to speak pleasantly, စကားကောင်း ပြောခြင်း
၁၁။ မာတာ ပိတု ဥပဋ္ဌာနံ =
11: to support/serve one’s own parents, မိဘကို ပြုစုလုပ်ကျွေးခြင်း
၁၂။ ပုတ္တဒါရဿ သင်္ဂဟော =
12: to take care of one’s spouse and children, သားသမီးများကို ထောက်ပံ့ ခြင်း
၁၃။ အနာကုလာ စ ကမ္မန္တာ =
13: to have an occupation not harmful, အပြစ်မရှိသော အလုပ်ကို လုပ်ကိုင်ခြင်း
၁၄။ ဒါနဌ = လှူဒါန်း ပေးကမ်းခြင်း
14: to be generous,
၁၅။ ဓမ္မ စရိယာ စ = တရားနှင့်
15: to practice virtuous conduct,
အညီ ကျင့်ခြင်း
၁၆။ ဉာတကာနဌ သင်္ဂဟော =
16: to support one’s relatives, ဆွေမျိုးတို့အား ထောက်ပံ့ခြင်း
၁၇။ အနဝဇ္ဇာနိ ကမ္မာနိ =
17: to do blameless deeds, အပြစ်မရှိသော အမှုကို ပြုခြင်း
၁၈။ အာရတီ ပါပါ = မကောင်းမှု
18: to abstain from evil, မှ ရှောင်ခြင်း
၁၉။ ဝိရတီ ပါပါ = မကောင်းမှု မှ
19: to abstain from evil desire, ဝေးစွာ ရှောင်ခြင်း
၂ဝ။ မဇ္ဇပါနာ စ သံယမော =
20: to abstain from intoxicants, သေရည် မူယစ်ဆေးဝါး မသုံးစွဲခြင်း
၂၁။ အပ္ပမာဒေါ စ ဓမ္မေသု =
21: to be mindful in good dhammas, တရား မမေ့ခြင်း
၂၂။ ဂါရဝေါ စ = ရိုသေခြင်း
22: to have reverence,
၂၃။ နိဝါတော စ = နှိမ့်ချခြင်း
23: to be humble,
၂၄။ သန္တု ဋ္ဌီ စ = ရောင့်ရဲခြင်း
24: to be content,
၂၅။ ကတညုတာ =
25: to be grateful, ကျေးဇူး သိတတ်ခြင်း
၂၆။ ကာလေန ဓမ္မဿဝနံ =
26: to hear the dhamma at the right time, သင့်တော်ချိန်မှာ တရားနာခြင်း
၂၇။ ခန္တီ စ = သည်းခံခြင်း
27: to have patience,
၂၈။ သောဝစဿတာ =ဆိုဆုံးမလွယ်ခြင်း
28: to be docile/obedient,
၂၉။ သမဏနာနဌ ဒဿနံ =
29: to see monks and holy–persons, ရဟန်းတို့အား ဖူးမြင်ခြင်း
၃ဝ။ ကာလေန ဓမ္မသာကစ္ဆာ =
30: to discuss the dhamma at the right time, သင့်တော်ချိန်မှာ တရား ဆွေးနွေးခြင်း
၃၁။ တပေါ စ = ခြိုးခြံခြင်း
31: to be restraint, not to waste,
၃၂။ ဗြဟ္မစရိယဌ = အကျင့်မြတ်ရှိခြင်း
32: to live with the noble practice/path,
၃၃။ အရိယသစ္စာန ဒဿနံ =
33: to understand the four noble truths, သစ္စာ သိမြင်ခြင်း
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ စ =
34: to attain/realize Nibbāna, နိဗ္ဗာန် မျက်မှောက်ပြုခြင်း
၃၅။ ဖုဋ္ဌဿ လောကဓမ္မဟိ စိတ္တံ
35: to be unaffected by worldly conditions, ယဿ န ကမ္ပတိ = လောကဓံ တရား တွေ့ကြုံသော်လည်း မတုံလှုပ်ခြင်း
၃၆။ အသောကံ = စိုးရိမ်မှု ကင်းခြင်း
36: to be free from sorrow,
၃၇။ ဝိရဇံ = ကိလေသာ မြူကင်းခြင်း
37: to be free from defilements,
၃၈။ ခေမံ = ငြိမ်းအေးခြင်း။
38: to have lasting peace and security.

မင်းကျင့်တရား ၁ဝ ပါး

Ten duties of the kings:
၁။ ဒါန – လှူဒါန်းခြင်း
1: Liberality,
၂။ သီလ – ကိုယ်ကျင့်တရားရှိခြင်း
2: morality,
၃။ ပရိစ္စာဂ – ထောက်ပံ့ခြင်း
3: supporting the people,
၄။ အဇ္ဇဝ – ဖြောင့်မတ်ခြင်း
4: honesty,
၅။ မဒ္ဒဝ – နူးညံ့ခြင်း
5: kindness and gentleness,
၆။ တပ – ခြိုးခြံခြင်း
6: austerity in habit (moderation),
၇။ အက္ကောဓ – ရန်ညှိုးမရှိခြင်း
7: freedom from hatred,
၈။ အဝိဟိံသ – အညှဉ်းဆဲခြင်း
8: non–violence,
၉။ ခန္တီ – သည်းခံခြင်း
9: patience,
၁ဝ။ အဝိရောဓန – မဆန့်ကျင်ခြင်း။
10: non–opposition (of the people’s welfare).

မစ္ဆရိယ

Stinginess, avarice.

မစ္ဆရိယ (ဝန်တိုခြင်း) ၅ ပါး

Five kinds of avarice (especially for monks):
၁။ အာဝါသ မစ္ဆရိယ = ကျောင်းကန် အိပ်ယာနေရာနှင့် ပတ်သက်ပြီး ဝန်တိုခြင်း
1: Avarice on dwelling place,
၂။ ကုလ မစ္ဆရိယ= ဒါယကာ ဒါယိကာမ အလှူရှင် အမျိုးအနွယ်နှင့် ပတ်သက်ပြီး ဝန်တိုခြင်း
2: on supporters/families,
၃။ လာဘ မစ္ဆရိယ = ပစ္စည်း လာဘ်လာဘ နှင့် ပတ်သက်ပြီး ဝန်တိုခြင်း
3: on receiving/gain,
၄။ ဝဏ္ဏ မစ္ဆရိယ = ရုပ်ရည်အဆင်း အကျော်အစော အရှိန်အဝါနှင့် ပတ်သက်ပြီး ဝန်တိုခြင်း
4: on physical appearances or on recognition,
၅။ ဓမ္မ မစ္ဆရိယ = တရားဓမ္မ နှင့် ပတ်သက်ပြီး ဝန်တိုခြင်း။
5: on dhamma/mental things.

မဆုတ်ယုတ်ကြောင်း တရား ၄ ပါး

(တိုးတက်ကြောင်း – မဆုတ်ယုတ်ကြောင်း – တရား ၄ ပါး _ရှု)

မဆုတ်ယုတ် မပျက်စီးကြောင်း

(အပရိ ဟာနိယ) တရား ၇ ပါး
Seven factors to prosper and not to decline:
၁။ ဘုရား ရိုသေခြင်း
1: Respect in Buddha,
၂။ တရား ရိုသေခြင်း
2: in Dhamma,
၃။ သံဃာရိုသေခြင်း
3: in Saṃgha,
၄။ ကိုယ်ကျင့်သိက္ခာ ရှိခြင်း
4: moral virtues,
၅။ သမာဓိ တည်ကြည်ခြင်း
5: concentration,
၆။ မိတ်ဆွေကောင်း ရှိခြင်း
6: good friends,
၇။ ပညာရှိစကား နာကြားလိုက်နာခြင်း။
7: docile to the wise words.

မဆုတ်ယုတ် မပျက်စီးကြောင်း

(အပရိ ဟာနိယ) တရား ၇ ပါး (တနည်း)
Seven more factors to prosper and not to decline,
Seven principles of social stability:
၁။ ညီညွတ်စွာ စည်းဝေးခြင်း
1: Meeting in harmony,
၂။ ညီညွတ်စွာအစည်းဝေးမှ ထပြန်ခြင်း
2: braking up the meeting in harmony,
၃။ ရှေး ပညတ်ထားချက်များကို
3: following the already authorized rules, လိုက်နာခြင်း
၄။ သက်ကြီး တို့ကို ရိုသေ ပူဇော် နာယူခြင်း
4: respect the elders,
၅။ အမျိုးသမီးများ ကို နိုင်ထက်ကလူ
5: not abducting others’ wives and daughters အိမ်ထောင်မပြုခြင်း in force,
၆။ စေတီ နတ်ကွန်းများကို ပူဇော် ဗလိနတ်စာပေးခြင်း
6: honoring shrines,
၇။ သူတော်စင်များ ကြွလာစေရန်
7: inviting and providing holy men properly. ကြွလာပါကချမ်းသာစေရန် ပြုစုစောင့်ရှောက်ခြင်း။

မဇ္စျိမ ဒေသ

Middle region/country.

မဇ္စျိမ ဒေသပိုင်းခြားခြင်း

The boundary of the Middle region/country:
အရှေ့ဘက် – ဂဇင်္ဂလမည်သော နိဂုံးရွာကြီး၏ အရှေ့ဘက် အင်ကြင်းပင်ကြီး To the east: a big Sal tree at the eastern side of a big village called Gajaṅgala,
အရှေ့တောင်ဘက် – သလ္လာဝတီမြစ်
To the south–east: River Sallāvatī,
တောင်ဘက် – သေတကဏ္ဏိကမည်သော နိဂုံးရွာကြီး
To the south: a big village named Setakaṇṇika,
အနောက်ဘက် – ထူဏမည်သော ပုဏ္ဏားရွာ
To the west: a Brahmin village called Thūṇa,
မြောက်ဘက် – ဥသိရဒ္ဓဇ တောင်။
To the north: a mountain called Usiraddhaja.
အလျှား ယူဇနာ_ရှု ၃ဝဝ။ အနံ ယူဇနာ ၂၅ဝ။ အဝန်း ယူဇနာ ၉ဝဝ ရှိသည်။
300 yūjanā in length, 250 yūjanā in width and 900 yūjanā in diameter.

မဇ္စျိမဒေသ ဖွါးမြင်သူထက် ပစ္စန္တရာဇ်ဒေသများ၌ ဖွါးမြင်သူက များပြား

(ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

မဇ္စျိမ နိကာယ်

(နိကာယ် ငါးရပ် ပိဋကတ် _ရှု)

မဇ္စျိမ ပဋိပဒါ

The middle way/path.

မဇ္စျိမ ပဏ္ဏာသ ပါဠိ

မဇ္စျိမနိကာယ်၏ ဒုတိယကျမ်းစာဖြစ်သည်။ ကဏ္ဍ ငါးခုရှိပြီး သုတ္တန်ပေါင်း ၅ဝ ပါဝင်သည်။
The second book of ‘the Medium Length Discourses’ that consists of fifty suttas within five chapters.

မဇ္စျိမ ဒေသ၌သာ အာပတ်သင့်၍ ပစ္စန္တရာဇ် အရပ်များ၌ မသင့်သော အာပတ် ၄ မျိုး

The four vinaya–rules that do not effect at far–regions (paccantima janapada) but at the middle–region, i.e., India:
၁။ ဝိနည်းဓိုရ်အပါအဝင် ၅ ပါးတည်းနှင့် ရဟန်းခံနိုင်ခြင်း (မဇ္စျိမဒေသ၌ သံဃာအပါး ၂ဝ ရှိမှ ရဟန်းခံနိုင်သည်။)
1: Just five fully ordained monks are needed at an ordination. (in the middle region, 20 monks are needed at least),
၂။ အထပ်များသောဘိနပ်ကို စီးနိုင်ခြင်း
2: utilizing many–layer slipper,
၃။ အချိန်မရွေး ရေချိုးနိုင်ခြင်း (ဘုရားလက်ထက်တော်က မဇ္စျိမဒေသ၌ ၁၅ ရက်တစ်ကြိမ်သာရေချိုးခွင့်ရှိသည်။)
3: bathing freely regardless of time (bathing was allowed once in fifteen days in the middle–region),
၄။ သားရေအခင်းကို ဆောင်နိုင်ခြင်း။
4: using animal–hide as a spread sheet for sitting.

မဥ္ဇူသက နတ်ပန်း

A divine flower which grows near a cave called Nandamū in the Himālaya region.

မည်သူမျှ (ဘုရှားရှင်အပါအဝင်) မရှောင်လွဲနိုင်သည့် (ကာယာနုဂတ = ကိုယ်ခန္ဓာ နှင့် အတူတွဲပါလာသော) တရား ၁ဝ ပါး

Ten things/dhammas/conditions nobody can avoid/escape:
၁။ သီတ = အအေး
1: Coldness,
၂။ ဥဏှ = အပူ
2: heat,
၃။ ဇိဂစ္ဆာ = ဆာလောင်မှု
3: hunger,
၄။ ပိပါသာ = မွတ်သိပ် (ရေဆာ) မှု
4: thirst,
၅။ ဥစ္စာရော = ကျင်ကြီး စွန့်ရမှု
5: defecation,
၆။ ပဿာဝ = ကျင်ငယ် စွန့်ရမှု
6: urination,
၇။ ထိန မိဒ္ဓ = အိပ်ချင် ငိုက်မျည်းမှု (ဝါ) ကိုယ်ခန္ဓာကို စောင့်စည်းရမှု
7: sloth and torpor or restraint of body,
၈။ ဇရာ = အိုမင်းရင့်ရော်ရမှု (ဝါ) နှုတ်စကားကို စောင့်စည်းရမှု
8: old age or restraint of speech,
၉။ ဗျာဓိ = နာကျင် အနာရောဂါရမှု (ဝါ) အသက်မွေးခြင်းကို စောင့်စည်းရမှု
9: illness, disease or restraint of living,
၁ဝ။ မရဏ = သေရမှု (ဝါ) ဘဝသစ်ကို ဖြစ်စေတတ်သော ကံ ။
10: death or kamma that causes new life.

မငြင်းခုံကြနှင့်

မာ ဘိက္ခဝေ ဝိဂ္ဂါဟိကကထံ ကထေယျာထ = ရဟန်းတို့ – ငြင်းခုံစကား မပြောကြားကြကုန်နှင့်။
“Monks, do not engage in disputation talk.”
(ဝိဂ္ဂါဟိကကထသုတ်။ သစ္စသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ) (The Connected Discourses)

မဏိကာ ဝိဇ္ဇာ

သူတပါးတို့၏ စိတ်အကြံအစည်ကို သိနိုင်သော အတတ်ပညာ။
The art of reading others’ mind, telepathy.

မဏိမေခလာ နတ်သမီး

Maṇimekhalā Goddess who takes care of the oceans,
assigned by the four Great Kings of devas (deities).

မတင့်တယ်သော အရာ ၃ မျိုး

Three things without grace:
၁။ ရေမရှိသော မြစ်
1: A river without water,
၂။ မင်းမရှိသော တိုင်းပြည်
2: a country without a king/government,
၃။ လင်မရှိသော အမျိုးသမီး။
3: a lady without husband.

မတ္တညုတာ ၂ မျိုး

(ရဟန်းတော်များ ပစ္စည်းလေးပါးကို အလှူခံယူ သုံးဆောင်မှု အတိုင်းအတာကို သိခြင်း)
Two things a monk should consider his limit in receiving and in consuming the four requisits:
၁။ ပဋိဂ္ဂဟဏ မတ္တုတာ = အလှူခံယူရာ၌ အတိုင်းအတာကို သိခြင်း
1: Considering in receiving wisely,
၂။ ပရိဘောဂ မတ္တုတာ = ပစ္စည်းလေးပါးကို သုံးဆောင်ရာ၌ အတိုင်းအတာကို သိခြင်း။
2: considering in consuming wisely.

မတိုင်ပင်သင့်သော နေရာဌာန ၈ မျိုး

Eight places to be avoided for deep discussion:
၁။ မညီညာသော အရပ်ဌာန
1: Uneven ground,
၂။ ဘေးအန္တရာယ်ရှိသော အရပ်ဌာန
2: unsafe place,
၃။ လေထန်သော အရပ်ဌာန
3: windy place,
၄။ အထီးကျန် အရပ်ဌာန
4: secluded/hiding place,
၅။ နတ်ကွန်း
5: sacred place,
၆။ ခရီးလမ်း
6: road,
၇။ စစ်မြေပြင်
7: battle field, bridge,
၈။ ရေဆိပ်။
8: public bathing place.

မတိုင်ပင်သင့်သော ပုဂ္ဂိုလ် ၈ ယောက်

Eight persons not to be discussed with:
၁။ ရာဂ ထူပြောသူ
1: The lustful,
၂။ ဒေါသ ထူပြောသူ
2: a man anger–character,
၃။ မောဟ ထူပြောသူ
3: deluded man,
၄။ မာန ထူပြောသူ
4: the proud,
၅။ အလိုရမက်ကြီးသူ
5: the covetous,
၆။ ပျင်းရိသူ
6: the sluggard,
၇။ တစ်ယောက်တည်း ပုံးကွယ်လုပ်တတ်သူ (ဝါ) အမြင်တစ်ခုသာရှိသူ (ဝါ) အမြင်ကျဉ်းသူ
7: man of one idea,
၈။ လူမိုက် လူရမ်း။
8: the fool.

မထေမဲ့မြင် မပြုထိုက်သောအရာ ၄ မျိုး

(ငယ်ရွယ်။ သေးငယ်သော်လည်း) Four things, even young, should not be disrespectful:
၁။ မင်းသား
1: Young prince,
၂။ မြွေ
2: snake,
၃။ မီး
3: fire,
၄။ ရဟန်း။
4: young monk.

မဒ ၆ ပါး

(မာန်ယစ်ခြင်း ၆ ပါး _ရှု)

မနသိကာရ

Will, attitude.

မနာပကာယိက နတ်သမီးများ၏ပြည့်စုံမှု ၃ မျိုး

(အနုရုဒ္ဓသုတ်။ နကုလမာတာသုတ်။ အဋ္ဌကနိပါတ။ အဂုင်္တ္တရပါဠိ)
Three things upon which the agreeable–bodied deities exert mastery:
၁။ မိမိလိုချင်သော ရုပ်အဆင်း ချက်ချင်းဖြစ်နိုင် ရနိုင်ခြင်း
1: Acquiring immediately whatever color/form they want,
၂။ မိမိလိုချင်သော အသံ ချက်ချင်းဖြစ်နိုင် ရနိုင်ခြင်း
2: acquiring immediately whatever voice they want,
၃။ မိမိလိုချင်သော ချမ်းသာ ချက်ချင်းဖြစ်နိုင် ရနိုင်ခြင်း။
3: acquiring immediately whatever pleasure they want.

မနာပကာယိက နတ်သမီးဖြစ်ကြောင်း ၈ ပါး

(အနုရုဒ္ဓသုတ်။ နကုလမာတာသုတ်။ အဋ္ဌကနိပါတ။ အဂုင်္တ္တရပါဠိ)
Eight qualities of a lady who wants to be reborn in companionship with the agreeable–bodied deities:
၁။ မိမိလင်သားကို ရိုသေစွာပြုစု နာခံ ချစ်ခင်စကား ပြောကြားလေ့ရှိခြင်း
1: Respect, obidence, sweet–words and well–serving her husband,
၂။ မိမိလင်သား မြတ်နိုးပူဇော်သော ရဟန်းပုဏ္ဏားတို့အား မြတ်နိုးပူဇော်ခြင်း
2: respect and honor those whom her husband respect and honor,
၃။ မိမိလင်သား၏ အိမ်တွင်းမှု အလုပ်တို့ကို ကျွမ်းကျင်လိမ်မာ စီမံနိုင်ခြင်း
3: skill and diligence in attending her husband’s domestic chores,
၄။ မိမိလင်သား၏ အစေခံ ကျွန် အလုပ်သမားတို့ကို ကောင်းမွန်စွာပြုစု ဆက်ဆံခြင်း
4: well–dealing with her husband’s slaves, workers etc.,
၅။ မိမိလင်သားရှာသော ဥစ္စာပစ္စည်းကို ကောင်းစွာစောင့်ရှောက်ခြင်း
5: garding and protecting whatever income her husband brings home,
၆။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်း
6: taking refuge in the Triple Gem,
၇။ ငါးပါးသီလ လုံခြုံခြင်း
7: undertaking/safe–garding the five precepts,
၈။ စွန့်ကြဲ ပေးကမ်းတတ်ခြင်း။
8: having generosity.

မနုဿ

Human.

မနုဿဗေဒ

Anthropology.

မနုဿီဟ

Mythical being combination of human’s head/hands and lion’s body of two.

မနော

Mind.

မနောကံ

Mental action.

မပယ်သတ်နိုင်သော တရား ၃ မျိုး အကြောင်းအကျိုးများ

Three successive cause–and–effect dhammas not to be got rid of each other:
၁။ ရာဂ ဒေါသ မောဟ တို့ကို မပယ်သတ်ပါက ပဋိသန္ဓေနေမှု အိုမှု သေမှုတို့ကို မပယ်နိုင်
1: Birth, decay and death cannot be abandoned without getting rid of lust, ill–will and delusion.
၂။ သက္ကာယဒိဋ္ဌိ (ငါစွဲ) ဝိစိကိစ္ဆာ (သံသယ) သီလဗ္ဗတပရာမာသ (ရိုးရာစဉ်လာအကျင့်စွဲ)တိုကို မပယ်သတ်ပါက ရာဂ ဒေါသ မောဟ တို့ကို မပယ်နိုင်
2: Lust, ill–will and delusion cannot be abandoned without getting rid of self–view, doubt and ritualism.
၃။ မသင့်မတင့်နှလုံးသွင်းမှု လမ်းမှားမှု ဆုတ်နစ်မှု တို့ကို မပယ်သတ်ပါက သက္ကာယဒိဋ္ဌိ (ငါစွဲ) ဝိစိကိစ္ဆာ (သံသယ) သီလဗ္ဗတပရာမာသ (ရိုးရာစဉ်လာအကျင့်စွဲ)တို့ကို မပယ်နိုင်
3: Self–view, doubt and ritualism cannot be abandoned without getting rid of wrong attitude, wrong way and sluggishness.
၄။ သတိမေ့လျှော့မှု ဆင်ခြင်ဉာဏ်ကင်းမှု စိတ်ပျံ့လွင့်မှုတို့ကို မပယ်သတ်ပါက မသင့်မတင့်နှလုံးသွင်းမှု လမ်းမှားမှု ဆုတ်နစ်မှုတို့ကို မပယ်နိုင်
4: Wrong attitude, wrong way and sluggishness cannot be abandoned without getting rid of heedlessness, lack–of–reason and mantal derangement.
၅။ သူတော်ကောင်းများအား မချဉ်းကပ်မှု သူတော်ကောင်းတရား မနာကြားလိုမှု ချုပ်ချယ်စိတ်ရှိမှုတို့ကို မပယ်သတ်ပါက သတိမေ့လျှော့မှု ဆင်ခြင်ဉာဏ်ကင်းမှု စိတ်ပျံ့လွင့်မှုတို့ကို မပယ်နိုင်
5: Heedlessness, lack–of–reason and mantal derangement cannot be abandoned without getting rid of ‘not association with the virtuous’, ‘not listening to the virtuous dhamma’ and distraction.
၆။ ပျံ့လွင့်မှု မစောင့်စည်းမှု သီလမရှိမှုတို့ကို မပယ်သတ်ပါက သူတော်ကောင်းများအား မချဉ်းကပ်မှု သူတော်ကောင်းတရား မနာကြားလိုမှု ချုပ်ချယ်စိတ်ရှိမှုတို့ကို မပယ်နိုင်
6: ‘Not association with the virtuous’, ‘not listening to the virtuous dhamma’ and distraction cannot be abandoned without getting rid of restlessness, no–restraint and immorality (no–virtue).
၇။ မယုံကြည်မှု ပြောဆိုသည်ကိုမသိနားမလည်မှု ပျင်းယိမှုတို့ကို မပယ်သတ်ပါက ပျံ့လွင့်မှု မစောင့်စည်းမှု သီလမရှိမှုတို့ကို မပယ်နိုင်
7: Restlessness, no–restraint and immorality cannot be abandoned without getting rid of faithlessness, not–understanding what is taught and laziness.
၈။ မရိုသေမှု ဆုံးမခက်မှု မိတ်ဆွေဆိုးရှိမှုတို့ကို မပယ်သတ်ပါက မယုံကြည်မှု ပြောဆိုသည်ကိုမသိ နားမလည်မှု ပျင်းယိမှုတို့ကို မပယ်နိုင်
8: Faithlessness, not–understanding what is taught and laziness cannot be abandoned without getting rid of disrespect, stubbornness and friendship with the wicked.
၉။ အရှက်မရှိမှု အကြောက်မရှိမှု မေ့လျော့မှုတို့ကို မပယ်သတ်ပါက မရိုသေမှု ဆုံးမခက်မှု မိတ်ဆွေဆိုးရှိမှု တို့ကို မပယ်နိုင်
9: Disrespect, stubbornness and friendship with the wicked cannot be abandoned without getting rid of moral shame, moral dread and heedlessness.
၁ဝ။ အရှက်မရှိ အကြောက်မရှိသောသူသည် မေ့လျော့သူဖြစ်၏။
10: A person who has no moral shame nor moral dread is a heedless one.
(ပယ်သတ်နိုင်သော တရား ၃ မျိုး အကြောင်းအကျိုးများမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Three successive cause–and–effect dhammas to be got rid of each other are opposite of the above.)

မပေးကမ်း မလှူဒါန်းခြင်း၏ အကြောင်း ၄ ပါး

(ဒါန ပေးကမ်းခြင်း မပြုသည့် ဒါန၏အနှောင်အဖွဲ့ –ဒါနဝိနိဗန္ဓ– အကြောင်း ၄ ပါး _ရှု)

မပေး မလှူကောင်းသော အရာ ၅ မျိုး

Five things not to be donated:
၁။ မဇ္ဇဒါန = သေရည်သေရက် မူယစ်ဆေးအလှူ
1: Alcoholic drinks and drugs,
၂။ သမဇ္ဇဒါန = ပွဲလမ်းသဘင် အလှူ
2: entertainment and show,
၃။ ဣတ္ထိဒါန = မိန်းမ (ကာမဂုဏ်အတွက်) အလှူ
3: sex,
၄။ ဥသဘ ဒါန = နွားသိုး မျိုးစပ် အလှူ
4: breeding (animals),
၅။ စိတ္တကမ္မ ဒါန = ရာဂတရား တိုးပွါးစေသော ပန်းချီ ရုပ်ပုံ ရုပ်ထု စသည် အလှူ။
5: pornographic materials.

မပျင်းရိခြင်း၏ အကြောင်း ၈ မျိုး

(ပျင်းရိခြင်း၏ အကြောင်း ၈ မျိုး _ရှု)

မပြောမကျင့်သင့်သည်များ

ရဟန်းတော်များ – ဝါစသိကအနာစာရ (နှုတ်စကားနှင့် စပ်လျှင်းပြီး ရဟန်းတော်များ မပြောမကျင့်သင့်သည်များ – ဝါစသိကအနာစာရ – _ရှု)

မဖြစ်နိုင်သောအရာ ၁ဝ မျိုး

(၄၂၅ – အဋ္ဌာနဇာတ်)
Ten impossible things:
၁။ လိပ်မွှေး အဝတ် (တဘက်)
1: A cloth made of tortoise–hairs;
၂။ ယင်ကောင်၏ ခြေထောက်တို့ဖြင့် ပြအိုး ပစ္စင် ဆောက်လုပ်ခြင်း
2: building a tower with the legs of flies;
၃။ ယုန်ချိုဖြင့် လှေကားပြုလုပ်ပြီး နတ်ပြည်သို့ တက်ရောက်ခြင်း
3: ascending to heaven with a ladder made of hair–horns;
၄။ ကြွက်သည် လှေကားထောင်တက်ပြီး လမင်းကို စားခြင်း
4: eating the moon by a mouse climbing up there with a ladder;
၅။ သေရည်အိုး၌ နား စားသောက်သော ယင်ကောင်များသည် မီးကျီးရဲရဲပေါ်၌ နားနေပြန်ကြခြင်း
5: flies sitting on the live coals;
၆။ မြည်းသည် သီချင်းဂီတ သီဆိုတီးမှုတ်ခြင်း
6: singing and playing musical instrument by a donkey;
၇။ ကျီး နှင့် ခင်ပုတ်ငှက်ကို ချစ်ခင်အကျွမ်းဝင်ရေး ဆွေးနွေးကြခြင်း
7: friendly meeting of crows and owls;
၈။ ကြာရွက်ဖြင့် ထီးချုပ်လုပ်ခြင်း
8: sowing an umbrella with lotus–leaves;
၉။ ကျီးငှက်သည် ဂန္ဓမာဒန တောင်ကို ချီမသယ်ဆောင်ခြင်း
9: holding up Mt. Gandamādana by a crow with its beak;
၁ဝ။ ပင်လယ်သမုဒ္ဒယာကူးခပ်သော လှေသင်္ဘောကို အဝတ်အိပ်ထဲ တည့်ဆောင်သွားခြင်း။
10: carrying a sea–ship with a bag.

မဖြေပဲ ထားရမည့် အမေး

ဌပနီယ ဗျာကရဏိယ ၁ဝ မျိုး
The ten questions to be set aside (unanswered questions):
၁။ သဿတော လောကော = လောကသည် မြဲ၏လော
1: Is the world eternal?
၂။ အသဿတော လောကော= လောကသည် မမြဲဘူးလော
2: Is the world not eternal?
၃။ အန္တဝါ လောကော = လောကသည် အဆုံးရှိ၏လော
3: Is the world finite?
၄။ အနန္တဝါ လောကော = လောကသည် အဆုံးမရှိဘူးလော
4: Is the world infinite?
၅။ တံ ဇီဝံ တံ သရီရံ = အသက်သည် ကိုယ် – ကိုယ်သည် အသက်လော
5: Are the soul and the body the same?
၆။ အညံ ဇီဝံ အညံ သရီရံ = အသက် တခြား ကိုယ်တခြားလော
6: Is the soul one thing and the body one thing?
၇။ ဟောတိ တထာဂတော ပရံ မရဏာ = သတ္တဝါ (ဘုရားရှင်) သည် သေပြီးနောက် ရှိသလော
7: Does the Tathāgata exist after death?
၈။ န ဟောတိ တထာဂတော ပရံ မရဏာ= သတ္တဝါ (ဘုရားရှင်) သည် သေပြီးနောက် မရှိသလော
8: Does the Tathāgata not exist after death?
၉။ ဟောတိ စ န စ ဟောတိ တထာဂတော ပရံ မရဏာ = သတ္တဝါ (ဘုရားရှင်) သည် သေပြီး နောက် ရှိလည်းရှိ မရှိလည်း မရှိသလော
9: Does the Tathāgata both exist and not exist after death?
၁ဝ။ နေဝ ဟောတိ န န ဟောတိ တထာဂတော ပရံ မရဏာ = သတ္တဝါ (ဘုရားရှင်) သည် သေပြီးနောက် ရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ် သလော။
10: Does the Tathāgata neither exist nor not exist after death? မဖြေပဲ ထားရမည့် အမေး – အဘယ်ကြောင့် ဘုရားရှင် ဖြေတော်မမူသနည်း (ပေါဋ္ဌပါဒသုတ်။ သီလက္ခန္ဓဝဂ္ဂပါဠိ)
Why are these questions not answered?
၁။ န အတ္ထသံဟိတံ – အကျိုးနှင့်မစပ်
1: Not conducive to the purpose/profit,
၂။ န ဓမ္မသံဟိတံ – တရားနှင့်မစပ်
2: not conducive to the Dhamma,
၃။ နာဒိဗြဟ္မစရိယကံ – အကျင့်မြတ်၏အစမဟုတ်
3: not the way to embark to the holy life,
၄။ န နိဗ္ဗိဒါယ – ငြီးငွေ့ရန်မဟုတ်
4: not leading to disenchantment,
၅။ န ဝိရာဂါယ – တပ်မက်မှုကင်းရန် မဟုတ်
5: not leading to dispassion,
၆။ န နိရောဓာယ – ဒုက္ခချုပ်ငြိမ်းရန် မဟုတ်
6: not leading to cessation,
၇။ န ဥပသမာယ – ငြိမ်းချမ်းရန် မဟုတ်
7: not leading to calmness,
၈။ န အဘိညာယ – ထိုးထွင်းသိရန် မဟုတ်
8: not leading to higher knowledge,
၉။ န သမ္ဗောဓာယ – သစ္စာသိမြင်ရန် မဟုတ်
9: not leading to enlightenment,
၁ဝ။ န နိဗ္ဗာနာယ – နိဗ္ဗာန်ရရန် မဟုတ်။
10: not leading to Nibbāna.

မဖေါက်မပြန် ဟုတ်မှန်သောဂုဏ်

(အဋ္ဌယထာဘုစ္စဝဏ္ဏ) ဘုရားရှင်၏ ဂုဏ်တော် ၈ ပါး
The eight truthful statements in praise of Lord Buddha:
၁။ နတ်လူတို့ ချမ်းသာအောင် ကျင့်တော်မူခြင်း
1: Striving the welfare and happiness of the many,
၂။ တရားတော်ကို ကောင်းစွာဟောတော်မူခြင်း
2: well–spoken teachings,
၃။ ကုသိုလ် အကုသိုလ် အပြစ်ရှိ မရှိ မှီဝဲအပ် မအပ် အယုတ်အမြတ် မည်းညစ်ဖြူစင်သောတရားတို့ကို ခွဲခြမ်းပြသ ဟောပြတော်မူခြင်း
3: well–explaination of what is merit or demerit, with fault or without it, to be practiced or not, base or noble, and dirty or pure,
၄။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတို့ကို ဟောပြတော်မူခြင်း
4: teaching dhamma leading to nibbāna,
၅။ မာန်ယစ်ခြင်းကင်းပြီး အပြစ်မရှိသော အာဟာရဆွမ်းကို ဘုဉ်းပေးတော်မူခြင်း
5: without conceit, eating food with pure mind,
၆။ တစ်ပါးတည်း မွေ့လျော်တော်မူတတ်ခြင်း
6: delighting in solitude,
၇။ ဟောသည့်အတိုင်း ကျင့်ပြီး ကျင့်သည့်အတိုင်းဟောပြောတော်မူခြင်း
7: acting as speaking and speaking as acting,
၈။ ယုံမှားခြင်း ဝိစိကိစ္ဆာကို လုံးဝလွန်မြောက်ပြီးဖြစ်ခြင်း။
8: transcending the doubt.

မမတ္တ၂ မျိုး

(မြတ်နိုးခြင်း – မမတ္တ – ၂ မျိုး _ရှု)

မမှန်စကားပြောမှု ကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး

(မုသာဝါဒကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး _ရှု)

မယား (ဇနီး) ကျင့်ဝတ် ၅ ပါး

Five duties/responsiblities/obligations of a wife to her husband/at home:
၁။ အိမ်တွင်း မှုလုပ်
1: Proper organization at house,
၂။ သိမ်းထုပ်သေချာ
2: protecting the belongings,
၃။ မိစ္ဆာ ကြဉ်ရှောင်
3: faithfulness,
၄။ လျှော်အောင် ဖြန့်ချိ
4: sharing equally to her and her husband’s relatives,
၅။ ပျင်းယိ မမူ။ ဝတ်ငါးဆူ။
5: skill and diligence. အိမ်သူ ကျင့်အပ်စွာ။

မယား အပြား ၇ ပါး

Seven kinds of wife:
၁။ သူသတ်သမား နှင့် တူသော မယား
1: Wife like a salyer,
၂။ သူခိုး နှင့် တူသော မယား
2: wife like a thief,
၃။ အာဏာရှင် နှင့် တူသော မယား
3: wife like a tyrant,
၄။ မိခင် နှင့် တူသော မယား
4: wife like a mother,
၅။ အမ နှင့် တူသော မယား
5: wife like a sister,
၆။ မိတ်ဆွေ နှင့် တူသော မယား
6: wife like a friend,
၇။ အခိုင်းအစေမ နှင့် တူသော မယား။
7: wife like a handmaid.

မရဏ ၃ မျိုး

Three kinds of death:
၁။ သမ္မုတိ မရဏ = လူတို့ သမုတ်ပညတ်ထားသော ဘဝတခုဆုံး ကွယ်လွန်ခြင်း
1: Life–end death, conventional death,
၂။ ခဏိက မရဏ = ရုပ်နာမ်တရားများ ဖြစ်တည်ပျက်မှု အရ ခPတိုင်း ဖြစ်တည်သေ(ပျက်) နေခြင်း
2: momentary death,
၃။ သမုစ္ဆေဒ မရဏ = ရုပ်နာမ် ခန္ဓာ လုံးဝချုပ်ငြိမ်းပြီး ဘဝပြတ်သွား (သေ) ခြင်း (ဘုရားရဟန္တာများ)။
3: ultimate death, total death, i.e., no more rebirth.

မရဏစသည်ကို အကြောင်းပြု၍ သံဝေဂ ရသူထက် မရသူက များပြား

(ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

မရဏာနုဿတိ

(အနုဿတိ ၁ဝ ပါး _ရှု) Recollection of death.

မရနိုင် မဖြစ်နိုင်သော ဥပမာများ

(ဘူမိဇသုတ်။ ဥပရိပဏ္ဏာသ)
The similes of impossible:
၁။ သဲ။ ကျောက်တို့ကို ဆီကြိတ်၍ ဆီမရ မထွက်နိုင်
1: There cannot get oil by pressing the heap of sand/gravel.
၂။ နွာမ၏ ဦးချိုကို နို့ညှစ်၍ နို့မထွက်နိုင်
2: There cannot get milk by pulling a recently–calved cow by her horn.
၃။ ထောပတ် ဆီဦးကို အလိုရှိသဖြင့် ရေကို မွှေ၍ ထောပတ်ဆီဦး မထွက်နိုင်
3: There cannot get butter by churning the water.
၄။ အစေးရှိသော ထင်းစိုကို မီးမွှေး၍ မီးမရနိုင်။
4: There cannot get fire by rubbing wet sappy pieces of wood.

မရောင့်ရဲစေနိုင်သော အရာ ၃ မျိုး

Three things never satisfied with feeding:
၁။ မီး
1: Fire (never satisfied with fire–wood),
၂။ သမုဒ္ဒရာ
2: ocean (with water),
၃။ လောဘကြီးသူ။
3: greedy person.

မရောင့်ရဲနိုင်သော အရာ ၃ မျိုး

Three things never satisfied in doing:
၁။ အိပ်ခြင်း
1: Sleeping,
၂။ သေသောက်ကျူးအတွက် သေအရက်
2: alcholic drinks for drunkard,
၃။ မေထုန်မှု
3: sex.

မလ – အညစ်အကြေး ၃ မျိုး

(ခိလ – ငြောင့်ဆူး ၃ မျိုး _ရှု အတူတူ)

မလ္လမင်းတို့ ပူဇော်ကြခြင်း

(ဘုရားရှင်၏ ရုပ်ကလာပ်တော်ကို မလ္လမင်းတို့ ၇ ရက်တိုင်တိုင် ကခြင်း သီဆိုခြင်း တီမှုတ်ခြင်း ပန်းနံ့သာတို့ဖြင့် ပူဇော်ကြခြင်း _ရှု)

မလှူဒါန်းခြင်း၏ အကြောင်း ၄ ပါး

(ဒါနပေးကမ်းခြင်း မပြုသည့် ဒါန၏အနှောင်အဖွဲ့ – ဒါနဝိနိဗန္ဓ – အကြောင်း ၄ ပါး _ရှု)

မသိနိုင်သော တရား ၅ ပါး

(ကြိုတင်၍ မသိနိုင်သော တရား ၅ ပါး _ရှု)

မသိမမြင်သည်ကို ရခြင်လိုခြင်သည့် ဥပမာများ

(လူသားများ၏ ယုံကြည်မှုစိတ်ဆန္ဒ)
The similes of seeking for what is unknown (human’s mentality):
၁။ အချောအလှဆုံး အမျိုးသမီးကို လိုချင်သူတစ်ယောက်။ သို့သော် ထိုသူသည် ထိုအမျိုးသမီး၏ မင်းမျိုး ကုန်သည်မျိုး စသော အမျိုးအနွယ်ကို မသိ။ အရပ်ရှည် ပု အလတ်စားလော။ အသား အမဲ အဖြူ အလတ်စားလော စသည်ကိုလည်း မသိ။
1: A man who wants the most beautiful girl in a country; but he does not know whether she is from ruler (khattiya) class, from merchant (vessa) class etc.; she is tall or short or medium height; she is dark or light or sallow–skinned.
၂။ ပြဿာဒ်တက်ရန် လှေကားလုပ်နေသူတစ်ယောက် ။ သို့သော် ထိုသူသည် ထိုပြဿာဒ်၏ တည်နေရာ အရှေ့ဘက်မှာလော အနောက်ဘက်မှာလော စသည်ကို မသိ။ နိမ့်သည်လော မြင့်သည်လော အလတ်စားလော ကိုလည်း မသိ။
2: A man is building a staircase for a palace but he does not know that palace will face east or west or north or south; it is high, low or medium height.

မဟာ နိဒ္ဒေသ ပါဠိ

သုတ္တနိပါတပါဠိ စတုတ္ထကဏ္ဍ ဖြစ်သော အဋ္ဌကဝဂ်ကို ဖွင့်ဆိုထားသော ကျမ်းဖြစ်သည်။
ခုဒ္ဒကနိကာယ် တွင်ပါဝင်သည်။
Mahā niddesa: A commentary of the fourth chapter, Aṭṭhaka, of Sutta Nipāta Pāḷi; it is a text of the Minor Discourses’.

မဟာ နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ၂၂ ခုမြောက် နောက်ဆုံးကဏ္ဍဖြစ်သည်။ ဂါထာ ရာပေါင်း များစွာ ပါရှိသော ဇာတ်တော်များ ဖြစ်၍ မဟာ နိပါတ်ဟုခေါ်သည်။ ဇာတ်တော်ပေါင်း ၁ဝ ခု ပါဝင်သည်။
(ဇာတ်တော်ကြီး ၁ဝ ဘွဲ့ _ရှု)
Mahā–nipāta (Jātaka): This is the twenty–second and the last chapter of the 550 Birth–stories: each of them consists of hundreds of verses; thus, vast–verse–stories.
There are 10 stories in this chapter. They are called ‘the Great Ten Birth–stories’.

မဟာနိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်ဝင်္ဂ ီသ အမည်ရှိသော ရဟန္တာ မထေရ်မြတ် သည် ခုနှစ်ဆယ့်တစ် ဂါထာ ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်း ဖြစ်သည်။
Mahā–nipāta (Theragāthā): This is a collection of joyous verses uttered by a male–monk (arahanta), Vaṅgīsa by mane, at the time of Lord Buddha. He uttered seventy–one verses.

မဟာနိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ သုမေဓာ အမည်ရှိ ရဟန္တာ ထေရီမသည် ခုနှစ်ဆယ့်ငါး ဂါထာ ဥဒါန်းကျူးရင့် တော်မူသည်ကို စုစည်းထားခြင်းဖြစ်သည်။
Mahā–nipāta (Therīgāthā): This is a collection of joyous verses uttered by a female–monk (arahanta), Sumedhā by name, at the time of Lord Buddha. She uttered seventy–five verses.

မဟာ ပဒေသ ၄ မျိုး

ကိုးကား ညွှန်းဆိုခြင်း ၄ ပါး
Four great references:
၁။ ဗုဒ္ဓေါ ပဒေသ – ဘုရားဟောတရားဟု ညွှန်းဆိုပြောကြား ကိုးကားခြင်း
1: Reference to the Buddha’s teachings,
၂။ သံဃာ ပဒေသ = သံဃာထံမှ ကြားနာရသောတရားဟု ညွှန်းဆိုပြောကြား ကိုးကားခြင်း
2: to order of monks’ teachings,
၃။ သမ္ဗဟုလာ ထေရာ ပဒေသ = ဂိုဏ်းတစ်စုထံမှကြားနာရသောတရားဟု ညွှန်းဆိုပြောကြား ကိုးကားခြင်း
3: to group of monks’ teachings,
၄။ ဧကထေရာ ပဒေသ = ယုံကြည်ထိုက်သော မထေရ်တစ်ပါးထံမှကြားနာရသောတရားဟု ညွှန်းဆို ပြောကြား ကိုးကားခြင်း။
4: to a scholar–monk’s teachings.

မဟာ ပဒေသ ၄ မျိုး

(တနည်း)
More four great references:
၁။ သုတ္တ = ဘုရားဟော ပါဠိတော်များ
1: Primary Pāḷi Texts (i.e., Tipiṭaka),
၂။ သုတ္တာနုလောမ = အဋ္ဌကထာ ဋီကာများ
2: commentaries and sub–commentaries in Pāḷi,
၃။ အာစရိယဝါဒ = ဆရာသမားတို့၏ ခိုင်လုံသော အယူအဆများ
3: views of the reliable monk–teachers,
၄။ အတ္တနောမတိ = မိမိ၏ မျှတစွာ ဝေဘန်မှု အယူအဆများ။
4: one scholar’s view.

မဟာပရိဠာဟ ငရဲ

အာရုံငါးပါးလုံး မလိုချင်စရာ မနှစ်သက်စရာ မမြတ်နိုးစရာ မြင် ကြား ရနံ့ ရသ အတွေ့ တို့ချည်း ရှိနေသော ငရဲ။ (မဟာပရိဠာဟသုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
The Great Conflagration hell (Mahā–pariḷāha): those in this hell always encounter undesirable, unlovely and disagreeable sense–objects.

မဟာ ပုရိသ

Great man.

မဟာယာန

ကြီးမားမြင့်မြတ်သော ယာဉ် လမ်းစဉ်ဟု အဓိပ္ပါယ်ရှိပါသည်။ မဟာယာန ဗုဒ္ဓဘာသာဝင်တို့က မိမိတို့၏ဂိုဏ်းကို မိမိတို့ဘာသာပေးထားသော အမည်ဖြစ်သည်။ ထေရဝါဒဂိုဏ်း သုတ္တန္တိကဂိုဏ်း စသည်
များကို ဟီနယာန = သေးငယ်နိမ့်ကျသော ယဉ်လမ်းစဉ် ဟူ၍ သူတို့ကပင် နာမည်တတ်ပေးကြပါသည်။
ဤ အခေါ်အဝေါ် ဝေါဟာရများကို အလွန်ထင်ရှားသော သဒ္ဓမ္မပုဏ္ဍရိက မည်သော မဟာယာနသုတ္တန်၌ စတင်၍ အသုံးပြုသည် ဟု ပညာရှင်အများက ယူဆကြပါသည်။
Mahāyāna: It means ‘great vehicle, big ferryboat, great/superior way’.
Mahāyānists have coined this term by themselves in order to label such groups as Theravāda and Suttantika as Hīnayāna, meaning small/low/inferior vehicle/ way. Many scholars belive that these terms – Mahāyāna and Hīnayāna – are firstly used in the well–known ‘Lotus Sutra (Saddharma–puṇḍarika Sutra)’.

မဟာဝဂ္ဂ။ မဟာဝါ

(သုတ်မဟာဝါ – ဒီဃနိကာယ်) ပါဠိ – ဒီဃနိကာယ် (သုတ္တန် အရှည်အုပ်စု)၏ ဒုတိယမြောက် ကျမ်းစာဖြစ်သည်။ သုတ်တော်ပေါင်း ၁ဝ ခုပါဝင်သည်။ ဝိနည်းမဟာဝါ သံယုတ်မဟာဝါတို့မှ ကွဲပြားစေရန် သုတ်မဟာဝါ ဟုလည်း ခေါ် ကြသည်၊
Mahā–vagga: The second book of the Long Discourse (Dīgha–nikāya), consisting of 10 Discourses (suttas). To differentiate from Mahāvā of the Basket of Displine and of the Connected Discourses, it is also known as Mahāvā of the Long Discourses.

မဟာဝဂ္ဂ။ မဟာဝါ

(ဝိနည်း မဟာဝါ – ဝိနယ ပိဋက) ပါဠိ – ဝိနည်းငါးကျမ်းတွင် တတိယမြောက်ဖြစ်သည်။
ဘုရားဖြစ်တော်မူစ အဖြစ်အပျက်များပြည့်စုံစွာပါရှိသည်။ သင်္ကန်း ဝါဆို ဆေးပစ္စည်း စသည်တို့နှင့် ပတ်သက်သော ကဏ္ဍများလည်း ပါဝင်သည်။
Mahā–vagga: The third book of five–volume vinaya; The stories at the beginning of Buddha’s missionary are included in it. The chapters regarding robes, rainy retreat, medicine etc. are in this book as well.

မဟာဝဂ္ဂ။ မဟာဝါ

(သံယုတ်မဟာဝါ – သံယုတ္တနိကာယ်) ပါဠိ – သံယုတ္တနိကာယ်၏ ပဌမမြောက် နောက်ဆုံးကျမ်း ဖြစ်သည်။ ဤ ကျမ်း၌ ဗောဓိပက္ခိယ _ရှု တရား ၃၇ ပါး နှင့် ပတ်သက်သော သုတ္တန်များ အများစု ပါဝင်သည်။
Mahā–vagga: The fifth and the last book of the ‘Connected Discourses’: the discourses regarding 37 factors of enlightenment (bodhipakkhiya dhamma) are mainly included in this text.

မဟာသာလ ၃ မျိုး

(သူဌေးကြီး – မဟာသာလ – ၃ မျိုး _ရှု)

မဟုတ်မမှန်ပဲ စွပ်စွဲပြစ်မှားသူ ရရှိသော ဆိုးကျိုး ၁ဝ ပါး

(သူတော်ကောင်းအား စွပ်စွဲပြစ်မှားသူ ရရှိသော ဆိုးကျိုး ၁ဝ ပါး _ရှု)

မဟောသဓ ဇာတ်

ဇာတ်တော်ကြီး ၁ဝ ဖွဲ့၌ ပဌမမြောက်ဇာတ်။ ပညာပါရမီ ကို ကိုယ်စားပြုသော ဇာတ်တော် ဖြစ်ပြီး အလွန်ထင်ရှားသည်၊ Mahosadha Jātaka – The fifth birth–story of the ten great jātakas. It embodies the ‘perfection of wisdom’ and very famous amoung Buddhists.

မာတလိ နတ်သား

The driver–deity of Sakka, the king of the gods.

မာန်မြင့်ကြောင်းတရား ၉ ပါး

(ဘဝင်မြင့်ကြောင်းတရား ၉ ပါး _ရှု)

မာန်ယစ်ခြင်း ၆ ပါး

Six kinds of intoxication with pride:
၁။ အာရောဂျ မဒ = ကျန်းမာ၍ မာန်ယစ်ခြင်း
1: Intoxication with pride because of one’s great health,
၂။ ယောဗ္ဗန မဒ = ငယ်ရွယ် နုပျို ရုပ်ရည်အဆင်း လှပ၍ မာန်ယစ်ခြင်း
2: intoxication with pride because of one’s beauty, of youthful age,
၃။ ဇာတိ မဒ = အမျိုးဇာတ် ဂုဏ်သိက္ခာကို မှီ၍ မာန်ယစ်ခြင်း
3: intoxication with pride because of one’s class/rank/dignity,
၄။ ဂေါတ္တ မဒ = အမျိုးအနွယ် ဆွေစဉ်မျိုးဆက် ဂုဏ်သိက္ခာကို မှီ၍ မာန်ယစ်ခြင်း
4: intoxication with pride because of one’s family–line,
၅။ သိပ္ပ မဒ = အသိဉာဏ်ပညာကို မှီ၍ မာန်ယစ်ခြင်း
5: intoxication with pride because of one’s high education,
၆။ ဇီဝိတ မဒ = အသက်ရှည်ခြင်းကို မှီ၍ မာန်ယစ်ခြင်း။
6: intoxication with pride because of one’s seniority.

မာန

Pride, conceit, discrimination.

မာန ၃ မျိုး

(ဝိဓာ ၃ မျိုးလည်း _ရှု)
Three kinds of conceit:
၁။ သေယျ မာန် = မိမိက သာလွန်မြင့်မြတ်၍ မာနကြီးခြင်း
1: Superior conceit, i.e, conceit based upon one’s superiority,
၂။ သဒိသ မာန် = မိမိ နှင့် တူမျှ၍ မာနကြီးခြင်း
2: equal conceit, i.e, conceit based upon one’s equality,
၃။ ဟီန မာန် = မိမိက နိမ့်ကျ၍ မာနကြီးခြင်း။
3: inferior conceit, i.e, conceit based upon one’s inferiority.

မာန မထားသင့်သော ပုဂ္ဂိုလ် ၄ ယောက်

(မာနတ္ထဒ္ဓသုတ်။ သဂါထာဝဂ္ဂသံယုတ်)
Four persons upon whom ‘no–conceit/no–arrogance’:
၁။ မိခင်
1: One’s own mother,
၂။ ဖခင်
2: father,
၃။ အကို။ အမ
3: elder brother/sister,
၄။ ဆရာ။
4: teacher.

မာယာ

Illusion, illusory, trick.

မာရ် ၅ ပါး

Five kinds of Māra:
၁။ ဒေဝပုတ္တ မာရ် = ပရနိမ္မိတ ဝသဝတီ နတ်ပြည်ကို စိုးအုပ်သောနတ်။ ဘုရားဖြစ်တော်မူစ ပလ္လင်လာလု တိုက်ခိုက်သော မာရ်နတ်
1: The Evil One, a deity who rules the Para–nimmita–vasavatī heaven, who attacked Lord Buddha at the foot of Bo–tree,
၂။ ကိလေသ မာရ် = တထောင့်ငါးရာ ကိလေသာ
2: the 1,500 mental impurities/defilements,
၃။ အဘိသင်္ခါရ မာရ် = ဘဝသစ်ဖြစ်ပေါ်လာအောင် ပြုပြင်စီမံသော ကံ
3: kamma that arranges one’s new life, i.e., kamma–formation,
၄။ ခန္ဓ မာရ် = ခန္ဓာ ငါးပါး
4: the five aggregates,
၅။ မစ္စု မာရ် = သေခြင်း သဘောတရား။
5: the death.

မာရ်နတ်

Satan, destroyer, tempter, the evil one, devil.

မာရ်နတ်၏ စစ်တပ်။စစ်သည် ၁ဝ ပါး

Ten armies of the Satan (Māra):
၁။ ကာမ = လိုခြင်မှု
1: Sensual pleasure,
၂။ အရတိ = မပျော်မွေ့မှု
2: discontent,
၃။ ခုပ္ပိပါသ = ဆာလောင်မွတ်သိတ်မှု
3: hunger and thirst,
၄။ တဏှာ = တပ်မက်မှု
4: craving,
၅။ ထိန မိဒ္ဓ = ငိုက်မြည်းမှု
5: sloth and torpor,
၆။ ဘီရူ = ကြောက်ရွံ့မှု
6: fear,
၇။ ဝိစိကိစ္ဆာ = သံသယများမှု
7: doubt,
၈။ မက္ခ ထမ္ဘ = ကျေးဇူးကန်းပြီး ပြိုင်ဆိုင်လိုမှု
8: conceit and ingratitude,
၉။ လာဘ သက္ကာရ သိလောက = လာဘ်လာဘ အကျော်အစောနောက် လိုက်မှု
9: gain, renown, honor, and fame,
၁ဝ။ အတ္တုက္ကံသန ပရ ဝမ္ဘန = မိမိကိုယ်ကို ချီးကြူးပြီး သူတပါးတို့အား နှိမ်ချမှု။
10: extolling oneself and disparaging others.

မာရ်နတ်၏ လက်နက် ၉ မျိုး

(ဘုရားရှင်အား တိုက်ခိုက်သည့်)
Māra’s (the evil–one) nine kinds of missle with which he attacked Lord Buddha soon after He attained enlightenment:
၁။ ဝါတ = လေပွေမုန်းတိုင်းလက်နက်
1: A violent cyclone,
၂။ ဝဿ = မိုးကြီးလက်နက်
2: torrential rain,
၃။ ပါသာဏ = ကျောက်ခဲမိုး
3: rain of stones,
၄။ အာဝုဓ = ဒါးလှံ စသောလက်နက်မိုး
4: rain of weapons such as sword, spear,
၅။ ဝါဠုက = သဲပူမိုး
5: rain of very soft sand,
၆။ ကုက္ကုဠ = ပြာပူမိုး
6: rain of hot ashes,
၇။ ကလလ = ရွှံ့ညွန်မိုး
7: rain of flamed mud,
၈။ အင်္ဂါရ = မီးကျီးစိုင်မိုး
8: rain of live coal,
၉။ အန္ဓကာရ = အမိုက်မှောင်ထုကြီး။
9: great/thick darkness.

မာရ်နတ်၏ သမီး ၃ ယောက်

Three daughters of Māra, the Evil One:
၁။ တဏှာ = တပ်မက်စွဲလမ်းခြင်း
1: Taṇhā,
၂။ အရတိ = မပျော်မွေ့ခြင်း
2: Arati,
၃။ ရဂါ = ကပ်ငြိခြင်း။
3: Ragā.

မာလာ

ပန်း။ အစဉ်အတန်း
Flower, file.

မာသ

လ။ ပဲ။
Month, bean.

မိခင် ဖခင် တို့၏ အမည် ၃ မျိုး

Three names of one’s own parents:
၁။ ဗြဟ္မာ – ဗြဟ္မာမင်းကြီးများ
1: Brahmā (higher celestial beings),
၂။ ပုဗ္ဗာစရိယ – လက်ဦး ဆရာများ
2: the foremost teachers,
၃။ အာဟုနေယျ – ရပ်ဝေးမှ ဆောင်ယူခဲ့သော ပစ္စည်းဖြင့် ပူဇော်ထိုက်သူများ။
3: Persons who deserve to receive gift beought from afar.

မိစ္ဆာ ဒိဋ္ဌိ ၆၂ ပါး

(ဒိဋ္ဌိ ၆၂ ပါး – ဗြဟ္မဇာလ သုတ်လာ – _ရှု)

မိစ္ဆာဒိဋ္ဌိကြောင့် မိစ္ဆာသင်္ကပ္ပဖြစ်သည်

မိစ္ဆာသင်္ကပ္ပကြောင့် မိစ္ဆာဝါစာဖြစ်သည် – စသည် မိစ္ဆာမဂ္ဂင် ရှစ်ပါးတို့၏ ကြောင်းကျိုးများ (အဝိဇ္ဇာကို အရင်းခံ၍ မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပစသော မိစ္ဆာမဂ္ဂင်ရှစ်ပါး ကြောင်းကျိုးဆက် ဖြစ်ကြသည် _ရှု)။

မိစ္ဆာ ဒိဋ္ဌိ၏ အင်္ဂါ ၁ဝ မျိုး

(သမ္မာဒိဋ္ဌိ၏ အင်္ဂါ ၁ဝ မျိုး _ရှု)

မိစ္ဆာ မဂ္ဂင် ၈ ပါး

Wrong eightfold path:
၁။ မိစ္ဆာ ဒိဋ္ဌိ – အမြင်အယူ မှားခြင်း
1: Wrong view/understanding,
၂။ မိစ္ဆာ သင်္ကပ္ပ – အကြံ မှားခြင်း
2: wrong thought/intention,
၃။ မိစ္ဆာ ဝါစာ – အပြော မှားခြင်း
3: wrong speech,
၄။ မိစ္ဆာ ကမ္မန္တ – အပြု မှားခြင်း
4: wrong action/conduct,
၅။ မိစ္ဆာ အာဇီဝ – အသက်မွေးမှု မှားခြင်း
5: wrong livelihood/occupation,
၆။ မိစ္ဆာ ဝါယာမ – ကျိုးစားမှု မှားခြင်း
6: wrong effort/endeavor,
၇။ မိစ္ဆာ သတိ – သတိ မှားခြင်း
7: wrong mindfulness/awareness,
၈။ မိစ္ဆာ သမာဓိ – တည်ကြည်မှု မှားခြင်း။
8: wrong concentration.

မိစ္ဆာအာဇီဝ ၅ မျိုး

(ဥပါသကာ မပြုလုပ်သော ရောင်းဝယ်မှု အသက်မွေးမှု ၅ မျိုး _ရှု)

မိတ်ကောင်းဆွေကောင်းရှိခြင်းသည် လိုအပ်သောအကျိုး တစ်ဝက်ပြီး၏

(ရှင်အာနန္ဒာ)
A half of holy life is done by a good friend. (Ānanda)

မိတ်ကောင်းဆွေကောင်းရှိခြင်းသည် လိုအပ်သောအကျိုး အားလုံးပြီး၏

(ဘုရားရှင်)
(ကလျာဏမိတ္တသုတ်။ သဂါထာဝဂ္ဂသံယုတ်ပါဠိ၊ ဥပဍ္ဎသုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ စသည်)
The whole of holy life is done by a good friend. (Lord Buddha)

မိတ်ဆွေကောင်း ၄ ယောက်

(သဂါထာဝဂ္ဂသံယုတ်ပါဠိတော်)
Four unique friends:
၁။ ခရီးသွားသူ၏ မိတ်ဆွေကောင်းသည် ကုန်သည်များ၏လှည်းတန်း
1: A caravan is the friend of one on a journey.
၂။ မိမိအိမ်၏ မိတ်ဆွေကောင်းသည် မိခင်
2: A mother is the friend in one’s own house.
၃။ မိမိ၏ အပေါင်းအသင်းကောင်းဟူသည် လိုအပ်ရာတိုင်း၌ ကူညီသောမိတ်ဆွေ
3: A comrade is who helps you again and again when needed.
၄။ အနာဂတ်ကာလအတွက် မိတ်ဆွေကောင်းသည် မိမိပြုထားသော ကုသိုလ်ကောင်းမှု။
4: The friend of your future is the merit you have done.

မိတ်ဆွေကောင်း၏ လက္ခဏာ ၇ ပါး

(ကလျာဏ မိတ္တ – မိတ်ဆွေကောင်း၏ လက္ခဏာ – ၇ ပါး _ရှု)

မိတ်ဆွေ ကျင့်ဝတ် ၅ ပါး

Five duties/responsiblities/obligations of a person to his friends:
၁။ ကူညီ ပေးကမ်းခြင်း
1: Gift, help,
၂။ စကား ချိုသာခြင်း
2: kind words,
၃။ အကျိုးဆောင်ခြင်း
3: looking after their welfare,
၄။ ကိုယ်နှင့် ထပ်တူပြုခြင်း
4: treating them as oneself,
၅။ ဂတိ တည်ခြင်း။
5: keeping one’s word.

မိတ်ဆွေ ကျင့်ဝတ် ၅ ပါး

(တနည်း)
Five more duties/responsiblities/obligations of a person to his friends:
၁။ လိုအပ်သောအခါ မိတ်ဆွေကို စောင့်ရှောက်ကြည့်ရှုခြင်း
1: Looking after him when he is inattentive,
၂။ လိုအပ်သောအခါ မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်ကြည့်ရှုခြင်း
2: looking after his property when he is inattentive,
၃။ ကြောက်ရွံ့ထိပ်လန့်နေသောအခါ မကြောက်ရွံ့မထိပ်လန့်အောင် ကာကွယ်အားပေးခြင်း
3: being a refuge when he is afraid,
၄။ ဘေးဒုက္ခတွေ့သောအခါမှာ စွန့်ခွါ မသွားခြင်း
4: not deserting him when he is in trouble,
၅။ မိတ်ဆွေသားသမီးတို့၏ အကျိုးကို လိုလားဆောင်ရွက်ပေးခြင်း။
5: showing concern for his children.

မိတ်ဆွေစစ် ၄ ယောက်

Four types of real/true friend:
၁။ အကူအညီ အမြဲပေးသူ
1: A person who is helpful,
၂။ ဆင်းရဲချမ်းသာ မဟူ စိတ်ထားဖြူသူ
2: who is the same in prosperity and adversity,
၃။ အကြံဉာဏ် လမ်းညွှန်ကောင်း ပေးသူ
3: who gives good counsel/guidance,
၄။ နားလည်မှုရှိပြီး ကြင်နာသူ။
4: who understands and is full of kindness.

မိတ်ဆွေစစ် လက္ခဏာ ၃ ပါး

Three characteristics of a true friend:
၁။ ဒုဒ္ဒဒံ ဒဒါတိ – ပေးနိုင်ခဲသည်ကို ပေးတတ်၏။
1: A friend who gives what is hard to give,
၂။ ဒုက္ကရံ ကရောတိ – ပြုနိုင်ခဲသည်ကို ပြုတတ်၏။
2: who does what is hard to do,
၃။ ဒုက္ခမံ ခမတိ – သည်းခံနိုင်ခဲသည်ကို သည်းခံတတ်၏။
3: who bears what is hard to bear.

မိတ်ဆွေစစ် လက္ခဏာ ၇ ပါး

Seven characteristics of a true friend:
၁။
၂။ ၃ – အထက်ပါနှင့် အတူဖြစ်သည်။
၄။ ဂုယှမဿ အာဝိကရောတိ – သူ၏ လျှို့ဝှက်ချက်ကို ပြောပြတတ်၏
1: reveals his secrets to you,
၅။ ဂုယှမဿ ပရိဂူဟတိ – မိမိ၏ လျှို့ဝှက်ချက်ကို လုံအောင်ထိမ်းတတ်၏
2: keeping your secrets,
၆။ အာပဒါသု န ဇဟတိ – ဘေးအန္တရာယ်ရှိက စွန့်ခွါမသွားတတ်
6: not abandoning you when striken by misfortunes,
၇။ ခီဏေန နာတိမညတိ – အဆင်မပြေနေသော်လည်း အထင်မသေးတတ်။
7: not looking down on you when you are down and out.

မိတ်ဆွေတု ၄ ယောက်

Four types of foes in friendly guise:
၁။ ယူယုံသာ ယူတတ်ပြီး ပြန်လည် မပေးကမ်းတတ်သောသူ
1: A person only taking and not giving in return,
၂။ နှုတ် ဂတိစကား လောက်သာပေးတတ်သူ
2: a person rendering just lip–service,
၃။ ဝါကြွား ပလွှား တတ်သူ
3: a person who flatters,
၄။ မကောင်းမှုများကို ပြုဖြစ်အောင် ဦးဆောင်သူ။
4: a person who leads to the evil activities.
(၁) ယူယုံသာ ယူတတ်ပြီး ပြန်လည် မပေးကမ်းတတ်သော မိတ်ဆွေတု၏ လက္ခဏာ ၄ မျိုး
(1) Four characteristics of a false friend who only takes and does not give in return:
(က) ယူရုံသာ ယူတတ်ပြီး ပြန်လည် မပေးကမ်းတတ်ခြင်း
(a) Only taking but not giving in return,
(ခ) အနည်းငယ်သာပေးပြီး များများလိုခြင်တတ်ခြင်း
(b) wanting much in return for giving only a little,
(ဂ) မိမိကိုယ်တိုင် ဒုက္ခရောက်မှသာ သူတစ်ပါးအတွက် ဆောင်ရွက်ပေးတတ်ခြင်း
(c) rendering service only when he gets into trouble,
(ဃ) မိမိကိုယ်ကျိုးကို မျှော်ကိုးပြီး ချဉ်းကပ်တတ်ခြင်း။
(d) attending on a person only for his own advantage.
(၂) နှုတ် ဂတိစကားလောက်သာပေးတတ်သော မိတ်ဆွေတု၏ လက္ခဏာ ၄ မျိုး
(2) Four characteristics of a false friend who renders just lip–service:
(က) မိမိလုပ်ကိုင်ပေးခဲ့သည်ကိုသာ ပြောကြားတတ်ခြင်း
(a) Speaking about what he could have done for one,
(ခ) အနာဂတ် နောက်ကာလ ၌ ဘာတွေလုပ်ကိုင်ပေးမည်ဟု ပြောကြားတတ်ခြင်း
(b) speaking about what he would do in the future for one,
(ဂ) လက်တွေ့မပါသော ဂတိများကို ကြေနပ်လောက်အောင် ပေးတတ်ခြင်း
(c) pleasing with empty promises,
(ဃ) သူတပါး ပြဿနာ ကြုံလာပါက မိမိက မဖြေရှင်းနိုင်ပါ ဟု ခေါင်းရှောင်တတ်ခြင်း။
(d) under one’s real problem, expressing his inability to solve it.
(၃) ဝါကြွား ပလွှား တတ်သော မိတ်ဆွေတု၏ လက္ခဏာ ၄ မျိုး
(3) Four characteristics of a false friend who flatters:
(က) မိမိသူငယ်ချင်း၏ မကောင်းကြောင်းကို ဖေါ်ပြတတ်ခြင်း
(a) Approving of evil actions of his friend,
(ခ) မိမိသူငယ်ချင်း၏ ကောင်းကြောင်းကိုလည်း ဖေါ်ပြတတ်ခြင်း
(b) approving also of good actions of his friend,
(ဂ) မိမိသူငယ်ချင်း၏ မျက်မှောက်မှာသာ ခြီးကျူးစကား ပြောတတ်ခြင်း
(c) praising in the presence of his friend,
(ဃ) မိမိသူငယ်ချင်း၏ မျက်ကွယ်၌ အပြစ်တင် ရှုံ့ချစကား ပြောတတ်ခြင်း။
(d) speaking ill of his friend in one’s absence.
(၄) မကောင်းမှုများကို ပြုဖြစ်အောင် ဦးဆောင်သော မိတ်ဆွေတု၏ လက္ခဏာ ၄ မျိုး
4: Four characteristics of a false friend who leads to the evil activities:
(က) သောက်စားမူယစ်နေစဉ်မှာ မိတ်ဆွေပြုခြင်း
(a) Being a companion when indulging in intoxicants,
(ခ) အချိန်မတော် လမ်းသလား နေစဉ်မှာ မိတ်ဆွေပြုခြင်း
(b) when sauntering in streets,
(ဂ) ပွဲလမ်းသဘင် ခံစားနေစဉ်မှာ မိတ်ဆွေပြုခြင်း
(c) when frequenting shows and entertainments,
(ဃ) လောင်းကစားနေစဉ်မှာ မိတ်ဆွေပြုခြင်း။
(d) when indulging in gambling.

မိတ်ဆွေဆိုး ရှိခြင်း၏ အပြစ် ၆ ပါး

(မကောင်းသော မိတ်ဆွေရှိခြင်း၏ အပြစ် ၆ ပါး _ရှု)

မိန်းမ ၄ မျိုး – အကျိုးအကြောင်း

Four kinds of woman (cause and effect):
၁။ ရုပ်ဆိုး ဆင်းရဲသော မိန်းမ – ဒေါသကြီး မလှူတမ်းမပေးကမ်းခဲ့ခြင်း
1: A lady, ugly and poor: being ill–tempered and not generous,
၂။ ရုပ်ဆိုး ချမ်းသာသော မိန်းမ – ဒေါသကြီး လှူတမ်းပေးကမ်းခဲ့ခြင်း
2: ugly but rich: being ill–tempered but generous,
၃။ ရုပ်လှ ဆင်းရဲသော မိန်းမ – ဒေါသနည်း မလှူတမ်းမပေးကမ်းခဲ့ခြင်း
3: beautiful but poor: being little ill–tempered but not generous,
၄။ ရုပ်လှ ချမ်းသာသော မိန်းမ – ဒေါသနည်း လှူတမ်းပေးကမ်းခဲ့ခြင်း။
4: beautiful and rich: being little ill–tempered and generous.

မိန်းမတို့ ပျက်စီးကြောင်း ၉ မျိုး

Nine ways that lead a woman to ruin:
၁။ ပန်းဥယျာဉ်သို့ အသွားများခြင်း
1: Frequent visit to flower–park,
၂။ သစ်သီးဥယျာဉ်သို့ အသွားများခြင်း
2: frequent visit to fruit–park,
၃။ ရေဆိပ်သို့ အသွားများခြင်း
3: frequent visit to bathing place,
၄။ ဆွေမျိုးများအိမ်သို့ အသွားများခြင်း
4: frequent visit to relatives’ houses,
၅။ မိတ်ဆွေဆိုးများအိမ်သို့ အသွားများခြင်း
5: frequent visit to bad friends,
၆။ အလှပြင် များခြင်း
6: beautifying herself a lot,
၇။ သေရည်သေရက် သောက်စားခြင်း
7: using alcoholic drinks,
၈။ ပြတင်းပေါက်မှအပြင်သို့ အကြည့်အရှုများခြင်း
8: frequent looking through windows,
၉။ အင်္ဂါကြီးငယ်ကို ဖေါ်ပြတတ်ခြင်း။
9: showing bodily parts.

မိန်းမတို့ မရောင့်ရဲနိုင်သောအရာ ၂ မျိုး

Two things womenfolk do not satisfy:
၁။ မေထုန်မှု
1: Sexual intercourse,
၂။ သားဖွါးမှု။
2: child–birth.

မိန်းမတို့၏ ယောက်ျားများ မနှစ်သက်သော အင်္ဂါလက္ခဏာ ၅ မျိုး

(သဠာယတနဝဂ္ဂ သံယုတ္တပါဠိ)
Five factors of a woman that man does not like:
၁။ န ရူပဝါ – ရုပ်အဆင်းမလှခြင်း
1: No beauty,
၂။ န ဘောဂဝါ – ပစ္စည်းဥစ္စာမရှိခြင်း
2: no wealth,
၃။ န သီလဝါ – ကိုယ်ကျင့်တရား မရှိခြင်း
3: no virtue,
၄။ အလသော – ပျင်းယိခြင်း
4: laziness,
၅။ ပဇဌဿ န လဘတိ – သားသမီး မရခြင်း။
5: not begetting children.
(မိန်းမတို့၏ ယောက်ျားများ နှစ်သက်သော အင်္ဂါလက္ခဏာ ၅ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Five factors of a woman that man likes are opposite of the above.)

မိန်းမတို့၏ အပြစ် ၅ မျိုး

Five disadventages/faults in a woman:
၁။ မစင်ကြယ်ခြင်း
1: Uncleanliness,
၂။ အနံ့ မကောင်းခြင်း
2: bad–smell,
၃။ အအိပ်ကြီးခြင်း
3: over–sleep,
၄။ ဘေး အကြောက်များခြင်း
4: fear,
၅။ မိတ်ဆွေကို ဖျက်ဆီးတတ်ခြင်း။
5: betraying friends.

မိန်းမတို့၏ အပြစ် ၅ မျိုး

(တနည်း)
More five disadventages/faults in a woman:
၁။ အမျက်ကြီးခြင်း
1: Full of anger,
၂။ ရန်ငြိုးဖွဲ့တတ်ခြင်း
2: grudge, ill–will,
၃။ အဆိပ်ရှိခြင်း
3: being poisonous,
၄။ လျှာ နှစ်ခွရှိခြင်း
4: forked tongue,
၅။ မိတ်ဆွေကို ဖျက်ဆီးတတ်ခြင်း။
5: betraying friends.

မိန်းမတို့၏ အခြေခံသဘော ၅ ပါး

Five general characteristics of women:
၁။ ယောက်ျားကို အလိုရှိခြင်း
1: Woman’s aim: man,
၂။ အလှပြင် ဆင်ယင်မှုကို လေ့လာခြင်း
2: quest: adornment,
၃။ သားဟူသော တည်ရာရှိခြင်း
3: resolve: a son,
၄။ လင်တူမယား မရှိမှုကို နှလုံးသွင်းခြင်း
4: want: without a rival (she is the only wife),
၅။ ပန်းတိုင် – အာဏာပိုင်လိုခြင်း။
5: ideal: dominion.

မိန်းမတို့၏ အာဝေဏိက

(မိန်းမတို့နှင့်သာ သက်ဆိုင်သော) ဒုက္ခ ၅ မျိုး
Five kinds suffering particular to women:
၁။ မိဘဆွေမျိုးတို့အား ထားခဲ့ပြီး လင်နောက်သို့ လိုက်ရခြင်း
1: Going to live with her husband and leaving her parents and loved ones;
၂။ ဥတု လာရခြင်း
2: menstruation,
၃။ ကိုယ်ဝန်ဆောင်ရခြင်း
3: pregrancy,
၄။ ကလေးမွေးရခြင်း
4: giving birth,
၅။ လင်ယောက်ျားကို ပြုစုလုပ်ကျွေးရခြင်း။
5: serving a man (husband).

မိန်းမတို့၏ အား ၅ မျိုး

Five powers of a woman:
၁။ ရူပဗလ – ရုပ်အဆင်းလှပခြင်းအား
1: The power of beauty,
၂။ ဘောဂဗလ – ပစ္စည်းဥစ္စာ ချမ်းသာခြင်းအား
2: of wealth,
၃။ ဉာတိဗလ – ဆွေမျိုးကောင်းခြင်းအား
3: of relatives,
၄။ ပုတ္တဗလ – သားကောင်းသမီးကောင်းရှိခြင်းအား
4: of sons/daughters.
၅။ သီလဗလ – ကိုယ်ကျင့်သီလရှိခြင်းအား။
5: of virtue.

မိန်းမနှင့် ယောက်ျားတို့ အချင်းချင်း နှောင်ဖွဲ့မှု ၈ မျိုး

Eight kinds bondage, a man and a woman each other:
၁။ ရုပ်ရည်အဆင်း (ဝါ) ငိုကြွေးခြင်းဖြင့် နှောင်ဖွဲ့၏
1: Binding by form or by crying,
၂။ ပြုံးရယ်ခြင်းဖြင့် နှောင်ဖွဲ့၏
2: by smile,
၃။ စကားပြောခြင်းဖြင့် နှောင်ဖွဲ့၏
3: by speech,
၄။ အသွင်အပြင် အမူအယာဖြင့် နှောင်ဖွဲ့၏
4: by appearance/action,
၅။ ပန်းသစ်သီး စသည်ပေးခြင်းဖြင့် နှောင်ဖွဲ့၏
5: by present,
၆။ အနံ့ဖြင့် နှောင်ဖွဲ့၏
6: by smell,
၇။ အရသာဖြင့် နှောင်ဖွဲ့၏
7: by taste.
၈။ အတွေ့ဖြင့် နှောင်ဖွဲ့၏။
8: by touch.

မိန်းမများ ငရဲကျကြောင်းတရား ၅ ပါးတွဲများ

Five sets of things that make a woman cast into hell:
၁။ အသဒ္ဓ – သဒ္ဓါတရားမရှိခြင်း
1: Faithlessness,
၂။ အဟိရိက – အရှက်မရှိခြင်း
2: no moral shame,
၃။ အနောတ္တပ္ပ – အကြောက်မရှိခြင်း
3: no moral dread,
၄။ ကောဓန – အမျက်ကြီးခြင်း။ ဥပနာဟီ – ရန်ငြိုးဖွဲ့ခြင်း။ ဣဿုကီ – ငြူစူစောင်းမြောင်းမှုများခြင်း။ မစ္ဆရီ – ဝန်တိုခြင်း။ အတိစာရီ – အိမ်ထောင်ရေး ဖေါက်ပြန်ခြင်း။ ဒုဿီလ – ကိုယ်ကျင့်တရား မရှိခြင်း။ အပ္ပဿုတ – အကြားအမြင်နည်းခြင်း။ ကုသီတ – ပျင်းရိခြင်း။ မုဋ္ဌဿတိ – သတိမရှိခြင်း။
4: anger/maliciousness/jealousy/stinginess/sexual mis–conduct/immorality/ no learning/laziness/muddle–mindedness,
၅။ ဒုပ္ပည – ပညာနည်းခြင်း
5: no wisdom.
(မိန်းမများ နတ်ပြည်ရောက်ကြောင်းတရား ၅ ပါးတွဲများမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်များဖြစ်သည်။)
(Five sets of things that make a woman born into heaven are opposite of the above.)

မိန်းမများ အောင်မြင်ကြောင်းတရား

(လောက ကို အောင်မြင်ကြောင်းတရား ၄ ပါး _ရှု)

မိန်းမလှများ မရှိရမည့် အပြစ် ၆ ပါး

(ခြောက်ပြစ်ကင်း – မိန်းမလှများ မရှိရမည့် အပြစ် – ၆ ပါး _ရှု)

မိန်းမသားတို့ မဖြစ်နိုင်သော အရာများ

(ယောက်ျားများသာဖြစ်နိုင်သည်)
Impossible things for womenfolk, i.e., just for menfolk:
၁။ သဗ္ဗညုဘုရားရှင်
1: Universal Buddha,
၂။ စကြာဝတေးမင်း
2: Universal king,
၃။ သိကြားမင်း
3: Sakka, King of deities,
၄။ မာရ်နတ်မင်း
4: Māra, the Evil One,
၅။ ဗြဟ္မာမင်း
5: Brahmā.

မိန်းမ၏ ငရဲကျမည့် လက္ခဏာ ၃ မျိုး

Three characters of a woman who is cast into hell:
၁။ နံနက်ခင်းပိုင်း၌ ဝန်တိုစိတ်များခြင်း
1: Full of selfishness in the morning,
၂။ နေ့ခင်းပိုင်း၌ ငြူစူစောင်းမြောင်းမှု များခြင်း
2: full of envy in the day time,
၃။ ညပိုင်း၌ ကာမရာဂများခြင်း။
3: full of sensual lust in the evening/night.

မိဘ ကျင့်ဝတ် ၅ ပါး

Five duties/responsiblities/obligations of parents to their kids:
၁။ မကောင်းမြစ်တာ
1: Restrain the kids from evil,
၂။ ကောင်းရာ ညွှန်လတ်
2: encourage them to do good,
၃။ အတတ်သင်စေ
3: give them education and professional training,
၄။ ပေးဝေနှီးရင်း
4: hand over property as inheritance to them,
၅။ ထိမ်းမြားခြင်း။
5: arrange suitable marrage for them.

မိမိကိုယ်ကို ကဲ့ရဲ့ရန် အကြောင်း ၂ မျိုး

Two causes ought to be self–blamed:
၁။ မကောင်းမှုကို ပြုမိခြင်း
1: ‘Shame on you’ for doing bad,
၂။ ကောင်းမှုကို မပြုခြင်း။
2: for not doing good.

မိမိကိုယ်ကို စောင့်ရှောက်မှ သူတပါးတို့အား စောင့်ရှောက်ရာရောက်သည်

သူတပါးတို့အား စောင့်ရှောက်မှ မိမိကိုယ်ကို စောင့်ရှောက်ရာရောက်သည် = အတ္တာနံ ဘိက္ခဝေ ရက္ခန္တော ပရံ ရက္ခတိ။ ပရံ ရက္ခန္တော အတ္တာနံ ရက္ခတိ (သေဒကသုတ်စသည်။ သတိပဋ္ဌာနသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
“Protecting oneself, monks, one protects others; protecting others, one protects oneself.” (Satipaṭṭhāna Saṃyutta, Mahā–vagga Saṃyutta Pāḷi)

မိမိကိုယ်ကို စောင့်ရှောက်မှ သူတပါးတို့အား စောင့်ရှောက်ရာရောက်သည်

သတိပဋ္ဌာန်လေးပါး ပွါးများ အားထုတ်ခြင်း၊
‘Protecting oneself, one protects others’ = ‘practicing the four foundations of mindfulness.’

သူတပါးတို့အား စောင့်ရှောက်မှ မိမိကိုယ်ကို စောင့်ရှောက်ရာရောက်သည်

သည်းခံခြင်း။ မညှဉ်းဆဲခြင်း။ မေတ္တာစိတ်ရှိခြင်း။ သနားခြင်း။
‘Protecting others, one protects oneself’ = ‘by patience, harmlessness, loving– kindness and sympathy,’

မိမိကိုယ်ကို ဓါးနှင့် ထိုးသတ်သေသော ဆန္ဒ ထေရ်

အနာရောဂါဒဏ် မခံနိုင်၍ ဖြစ်သည်။
(ဆန္ဒသုတ်။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ) (ကိုယ့်ကိုကိုဓားထိုး သတ်သေသော အရှင်ဆန္ဒထေရ်။
ဆန္ဒောဝါဒသုတ် – ဥပရိပဏ္ဏာသ _ရှု)
Canda, a monk at the of Lord Buddha, used a knife to kill himself because of severe disease.

မိမိကိုယ်ကို အားကိုးပါ

အတ္တဒီပ။ အတ္တသရဏ = သတိပဋ္ဌာန်တရား အားထုတ်ပါ
(စုန္ဒသုတ် ဥက္ကစေလသုတ်။ သတိပဋ္ဌာနသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
‘Refuge in yourself’ means ‘practice the four foundations of mindfulness. (Satipaṭṭhāna Saṃyutta, Mahā–vagga Saṃyutta Pāḷi)

မိမိကျက်စားရာ (စားကျက်) မဟုတ်သောနေရာ

(ဗီလုံးငှက်ငယ်၏နေရာ) ၌ ကျက်စားသောကြောင့် ပျက်စီးသော သိန်းငှက် (သကုဏ ဂ္ဃိသုတ်။ သတိပဋ္ဌာနသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
A hawk was parished by straying outside the domain of others’, i.e, a quail’s domain. (Sakuṇagghi Sutta, Satipaṭṭāna Saṃyutta, Mahā–vagga Saṃyutta Pāḷi)

မိမိတို့ရင်သွေးကိုသတ်ပြီး အသားကို စားသော မိဘ

အစာအာဟာရနှင့်ပတ်သက်သော ဥပမာ
(သား – မိမိတို့ရင်သွေး – ကိုသတ်ပြီး အသားကို စားသော မိဘ _ရှု)

မိလိန္ဒ ပဥှ ပါဠိ

ခုဒ္ဒကနိကာယ်၏ နောက်ဆုံး ကျမ်းဖြစ်ပြီး အလွန်ထင်ရှားသည်။ မင်းကြီး မိလိန္ဒ၏ အမေးများ ဟု အဓိပ္ပါယ်ရှိပါသည်။ ယောနကပြည်ရှင် ထိုမင်းကြီး၏ အမေးများကို ရဟန္တာ ရှင်နာဂသေန (နာဂသိန်)
က ဖြေဆိုပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး နှစ် ၅ဝဝ ခန့် အချိန်တွင်ဖြစ်သည်။
Milinda Paṅha: This is well–known and the last book of the ‘Minor Discourses’.
It means ‘Questions of King Milinda’. An arahant Nāgasena answered these questions by the king who ruled Yonaka Country. It happened about 500 years after the Buddha’s parinibbāna (passing–away).

မိသားစု၏ ဥပမာများ

Similes of a family:
၁။ မိခင်သည် နေရာအိမ်
1: A mother is similar to a house;
၂။ ဇနီးမယားသည် အသိုက်အအုံ
2: a wife, to a nest;
၃။ သားသမီးတို့သည် အမြှေးအယှက်
3: kids, to a tie;
၄။ တဏှာပေမသည် အနှောင်အဖွဲ့။
4: craving, to a bondage.

မီး ၃ ပါး

Three flames in life:
၁။ မိဘဘိုးဘွား ပြစ်မှား မီး
1: Evil–flame against one’s own parents,
၂။ လင်သား ပြစ်မှား မီး
2: against one’s own husband,
၃။ ရဟန်းသူတော်စင် ပြစ်မှား မီး။
3: against holy men.

မီး ၇ ပါး

Seven flames (mental fire) in life:
၁။ ရာဂဂ္ဂိ – ရာဂ မီး
1: Fire of lust,
၂။ ဒေါသဂ္ဂိ – ဒေါသ မီး
2: of hatred,
၃။ မောဟဂ္ဂိ – မောဟ မီး
3: of ignorance,
၄။ အာဟုနေယျဂ္ဂိ – အပူဇော်ခံ မိဘ မီး
4: of those worthy of gift (parents),
၅။ ဂဟပတဂ္ဂိ – အိမ်ရှင် မီး
5: of householder,
၆။ ဒက္ခိဏေယျဂ္ဂိ – အလှူခံရဟန်း မီး
6: of those worthy of offering (monks),
၇။ ကဋ္ဌဂ္ဂိ – ထင်းမီး။
7: the wood fire.

မီး ၁၁ ပါး

Eleven flames (mental fire) in life:
၁။ လောဘ
1: Greed,
၂။ ဒေါသ
2: anger,
၃။ မောဟ
3: ignorance,
၄။ ဇရာ
4: old age,
၅။ ဗျာဓိ
5: sickness,
၆။ မရဏ
6: death,
၇။ သောက
7: sorrow,
၈။ ပရိဒေဝ
8: lamentation,
၉။ ဒုက္ခ
9: pain,
၁ဝ။ ဒေါမနဿ
10: grief,
၁၁။ ဥပါယာသ။
11: despair, severe sorrow.

မီးလှုံခြင်း အပြစ် ၅ မျိုး

Five detriments/disadvanyages of warming oneself at a fire:
၁။ အစက္ခုဿ = မျက်စိအားနည်းတတ်ခြင်း
1: Weakening the eye–sight,
၂။ ဒုဗ္ဗဏ္ဏကရဏ = ပြာ အိုးမဲစသည် ပေကျံတတ်ခြင်း
2: dirtiness,
၃။ ဒုဗ္ဗလကရဏ = အင်အား နည်းပါးတတ်ခြင်း
3: weakness,
၄။ သင်္ဂဏိကာ ပဝဍ္ဎန = အပေါင်းအသင်း၌ မွေ့လျှော်စေတတ်ခြင်း
4: possibility of indulging in companions,
၅။ တိရစ္ဆာနကထာ ပဝတ္တန = မဂ်ဖိုလ်ရမှုနှင့်ဆန့်ကျင်ဘက် အကျိုးမဲ့စကားများကို ပြောဆိုမိတတ်ခြင်း။
5: possibility of indulging in discussing vain talks.

မုစ္စိတုကမျတာ

သံသရာဒုက္ခမှလွတ်မြောက်လိုသော – ဉာဏ်၏ ဥပမာ ၉ မျိုး (ဝိသုဒ္ဓိမဂ်)
Nine similes regarding for those who have desire of being delivered from the suffering in saṃsāra:
၁။ ကွန်ယက်အတွင်း မိနေသောငါးကဲသို့ (ထိုငါးသည် ကွန်ယက်မှ လွတ်မြောက်လိုသကဲ့သို့)
1: Just as a fish in a net,
၂။ မြွေခံတွင်းမိနေသော ဖါးကဲ့သို့
2: a frog in a snake’s jaw,
၃။ ချိုင့်လှောင်ထားသော တောကြက်ကဲ့သို့
3: a jungle fowl shut into a cage,
၄။ ကျော့ကွင်းမိနေသော သားသမင်ကဲ့သို့
4: a deer fallen into a strong snare,
၅။ အလမ္ပယ် လက်ထဲရှိ မြွေကဲ့သို့
5: a snake in the hand of snake charmer,
၆။ ညွန်တွင်းမိနေသော ဆင်ကဲ့သို့
6: an elephant stuck fast in a great bog,
၇။ ဂဠုန်ခံတွင်းရောက်နေသော နဂါးကဲ့သို့
7: a dragon in the mouth of great bird,
၈။ ရာဟုအသူရိန်ဖမ်းမိနေသော လကဲ့သို့
8: the moon inside Rahu’s mouth,
၉။ ရန်သူဝိုင်းထားသော ယောက်ျားကဲ့သို့။
9: a man circled by enemies.

မုဒ္ဓဇ

Alveolar.

မုဒ္ဓဌာန်

Place of articulation of alveolars.

မုဒိတာ

Sympathy, sympathetic joy, rejoicing at somebody’s welfare.

မုဒြာ

Hand–gesture, hand–feature, hand–position.

မုနိ

Sage, recluse.

မုနိ ၆ ပါး

Six kinds of sages:
၁။ အဂါရ မုနိ
1: Buddhist lay–people,
၂။ အနာဂါရ မုနိ
2: Buddhist monks,
၃။ သေက္ခ မုနိ
3: seven noble disciples of eight, excluding arahant,
i.e., the last noble one,
၄၊ အသေက္ခ မုနိ
4: arahant,
၅။ ပစ္စေက မုနိ
5: private Buddha,
၆၊ မုနိ မုနိ။
6: Universal Buddha.

မုသာဝါဒ

Telling lies.

မုသာဝါဒကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး

Four conditions to be guilty of ‘falsehood’:
၁။ မမှန်သောအရာဖြစ်ခြင်း
1: False objects,
၂။ ထိုမဟုတ်မှန်သည်ကို အမှန်ဖြစ်သည်ဟု လုပ်ကြံဖန်တီးခြင်း
2: make–up net of falsehood,
၃။ စိတ်ပါလက်ပါ လုပ်ဆောင်ပြောဆိုခြင်း
3: intention,
၄။ အမှားကို အမှန်ဟု သိစေခြင်း။
4: making it known to other.

မုသား

A lie.

မုသား သက်သေ

False witness.

မိုး ၄ မျိုး

Four kinds of rain:
၁။ ချိန်းသာချိန်း၍ မရွာသောမိုး
1: The thunderer not the rainer,
၂။ ရွာသာရွာ၍ မချိန်းသောမိုး
2: the rainer not the thunderer,
၃။ ချိန်းလည်းချိန်း ရွာလည်းရွာသောမိုး
3: both,
၄။ မချိန်းလည်းမချိန်း မရွာလည်းမရွာသောမိုး
4: neither.

မိုးခြုံးသံကို မကြောက်မထိပ်လန့်သော ပုဂ္ဂိုလ်များ

Persons who do not tremble at a thunder–clap:
၁။ ရဟန္တာ
1: An arahant,
၂။ ဆင်အာဇာနည်
2: an elephant of noble breed,
၃။ မြင်းအာဇာနည်
3: a horse of noble breed,
၄။ ခြင်္သေ့။
4: a lion.

မိုးတွင်း ၄ လ တစ်ဦးတည်း တရားကျင့်ခြင်း

(မဟာဂေါဝိန္ဒသုတ်။ ဒီဃနိကာယ)
Four months of rainy season in solitude.

မိုးနတ်သား (ဝလာဟက) ၅ မျိုး

Five deities (devas) of cloud–dwelling:
၁။ သီတဝလာဟက – အအေးပြုတတ်သောနတ်
1: Dwelling in cool–cloud,
၂။ ဥဏှဝလာဟက – အပူပြုတတ်သောနတ်
2: in warm–cloud,
၃။ အဗ္ဘဝလာဟက – တိမ်တိုက် ဆီးနှင်းပြုတတ်သောနတ်
3: in storm–cloud,
၄။ ဝါတဝလာဟက – လေတိုက်ခတ်စေတတ်သောနတ်
4: in wind–cloud,
၅။ ဝဿဝလာဟက – မိုးရွာစေတတ်သောနတ်။
5: in rain–cloud.

မိုးမရွာခြင်း၏ အကြောင်း ၅ ပါး

Five strays to rain, five causes not to rain:
၁။ တေဇော (အပူအအေး) ဓာတ်ဖေါက်ပြန်ခြင်း
1: Disorder of fire–element,
၂။ ဝါယော (လေ) ဓာတ်ဖေါက်ပြန်ခြင်း
2: of wind–element,
၃။ ရာဟုအသုရိန်နတ်မင်း လက်ဖြင့်မိုးရေများကို ခံယူပြီး သမုဒ္ဒရာအတွင်း သွန်ပြစ်ခြင်း
3: Rāhu, an enormous god, gathers water with his hands and spills it into the ocean,
၄။ မိုးနတ်သားတို့ မေ့လျော့နေခြင်း
4: indolence/forgetfulness of rain–cloud deities,
၅။ လူသားတို့ တရားမစောင့်ခြင်း။
5: men’s immorality.

မိုးရွာခြင်းအကြောင်း ၈ ပါး

Eight reasons/causes of rain:
၁။ နဂါးတို့၏ တန်ခိုးအာနုဘော်ကြောင့်
1: Due to the power of dragon,
၂။ ဂဠုန်တို့၏ တန်ခိုးအာနုဘော်ကြောင့်
2: of mythical bird (Garula),
၃။ နတ်တို့၏ တန်ခိုးအာနုဘော်ကြောင့်
3: of deities (devas),
၄။ သစ္စာ တန်ခိုးကြောင့်
4: of truthfulness,
၅။ ဥတုကြောင့်
5: because of weather change,
၆။ မာရ်နတ် လှည့်စားမှုကြောင့်
6: as satan’s trick,
၇။ ဘုန်းတန်ခိုးရှိသူက ရွာစေလိုမှုကြောင့်
7: intention of those who are powerful,
၈။ ပျက်စီးစေလိုသောကြောင့်။
8: as a disaster.

မူယာမာယာ

Wile, trick.

မူးယစ်ဆေး သောက်သုံး စွဲခြင်း၏ အပြစ် ၇ ပါး

(သေအရက်မူးယစ်ဆေး သောက်သုံး စွဲခြင်း၏ အပြစ် ၇ ပါး _ရှု)

မူလ

Origin, root, primary.

မူလ တရား ၃ ပါး

(ကုသိုလ်)
Three roots of wholesome acts:
၁။ အလောဘ
1: Generosity,
၂။ အဒေါသ
2: loving–kindness,
၃။ အမောဟ။
3: wisdom.

မူလ တရား ၃ ပါး

(အကုသိုလ်) Three roots of evil acts:
၁။ လောဘ
1: Greed,
၂။ ဒေါသ
2: anger, hatred, ill–will,
၃။ မောဟ။
3: ignorance, delusion, stupidity.

မူလ ပဏ္ဏာသ ပါဠိ

မဇ္စျိမနိကာယ်၏ ပထမဆုံးကျမ်းစာဖြစ်သည်။ ကဏ္ဍငါးခု – တစ်ကဏ္ဍ ၌ ၁ဝ သုတ္တန်စီရှိ၍ သုတ်တော်ပေါင်း ၅ဝ ပါဝင်သည်။
The first book of ‘the Medium Length Discourses’ that consists of fifty suttas equally divided into five chapters, ten suttas in each.

မူလ ဘူတ

Root/primary/first cause.

မူဝါဒ

Principle, policy, platform.

မေတ္တာ

Loving–kindness, active good will.

မေတ္တာ ၂ ပါး

Two kinds of loving–kindness:
၁။ သြဓိသ မေတ္တာ = သီးခြား ရည်ညွှန်းပို့သသော မေတ္တာ
1: Loving–kindness sending particularly and individually,
၁။ အနောဓိသ မေတ္တာ = သီးခြားမရည်ညွှန်းပဲ စုပေါင်းပြီးပို့သသော မေတ္တာ။
2: loving–kindness sending in general.

မေတ္တာ

၃ ပါး Three kinds of loving–kindness:
၁။ ကာယကံ မေတ္တာ
1: Bodily loving–kindness,
၂။ ဝစီကံ မေတ္တာ
2: verbal/vocal loving–kindness,
၃။ မနောကံ မေတ္တာ။
3: mental loving–kindness.

မေတ္တာ

၅၂၈ သွယ် (ငါးရာနှစ်ဆယ်။ ရှစ်သွယ်မေတ္တာ _ရှု)

မေတ္တာစာ

Poem written in a sympathetic vein, love letter.

မေတ္တာ

ပေမ ၃ ပါး
Three kinds of love:
၁။ တဏှာပေမ = ဇနီးမောင်နှံ အချစ်
1: Love between husband (man) and wife (woman),
၂။ ဂေဟသိတပေမ = မိဘ သားသမီး ညီအကို မောင်နှမ ဆွေမျိုးချစ်
2: between parents and their kids, brothet(s) and sister(s) etc.,
၃။ မေတ္တာပေမ = တပါးသူ၏ အကျိုးစီးပွါး လိုလားပြုဆောင်သော ဖြူစင် မေတ္တာစိတ်။
3: pure love for the welfare of others.

မေတ္တာပို့

Sending/transmitting/radiating loving–kindness.

မေတ္တာပို့ ပါဠိတော်လာ ‘တု’ ၄ ချက်

မြန်မာလို ‘စေ’ ၄ ချက်
Four ways of sending loving–kindness (in the Pāli Scriptures):
၁။ အဝေရာ ဟောန္တု = ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ
1: May all beings be free from dangers,
၂။ အဗျာပဇ္ဇာ ဟောန္တု = ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ
2: from hatred,
၃။ အနီဃာ ဟောန္တု = ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ
3: from difficulties;
၄။ သုခီ အတ္တာနံ ပရိဟရန္တု = နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
4: may they support themselves well.

မေတ္တာပို့ရာ၌ လိုအပ်ချက် ၁၅ ပါး

(မေတ္တသုတ်တော်လာ)
Fifteen dhammas needed while sending ‘loving–kindness’
(in accordance with the “Loving–kindness Discourse, Metta Sutta):
၁။ သက္ကော = စွမ်းနိုင်ခြင်း
1: Being able,
၂။ ဥဇူ = ဖြောင့်မတ်ခြင်း
2: upright,
၃။ သုဟုဇူ = လွန်စွာ ဖြောင့်မတ်ခြင်း
3: straightforward,
၄။ သုဝစော = ဆိုးဆုံးမ လွယ်ခြင်း
4: gentle in speech, docile,
၅။ မုဒု = နူးညံ့ခြင်း
5: humble,
၆။ အနတိမာနီ = မာန မထားခြင်း
6: not conceited,
၇။ သန္တုဿက = ရောင့်ရဲလွယ်ခြင်း
7: easily satisfied, contentment,
၈။ သုဘရော = မွေးမြူ လွယ်ခြင်း
8: easily supportable,
၉။ အပ္ပကိစ္စ = အလုပ်ကိစ္စ နည်းခြင်း
9: having few duties,
၁ဝ။ သလ္လဟုက ဝုတ္တိ = ပေါ့ပါးသော
10: simple in livelihood, အသက်မွေးမှုရှိခြင်း
၁၁။ သန္တိန္ဒြိယ = ငြိမ်းချမ်းသော ဣန္ဒြေ ရှိခြင်း
11: senses controlled, peaceful,
၁၂။ နိပကော = ရင့်ကျက်ခြင်း
12: calm, matured,
၁၃။ အပ္ပဂဗ္ဘော = ကိုယ်နှုတ်နှလုံး မခက်ထန်ခြင်း
13: not tough–minded,
၁၄။ ကုလေသု အနနုဂိဒ္ဓ = အမျိုးတို့၌
14: not greedily attached to families, မကပ်ငြိ မတွယ်တာခြင်း
၁၅။ န စ ခုဒ္ဒမာစရေ ကိဌိ ယေန ဝိညူ ပရေ ဥပဝဒေယျုံ = သူတော်ကောင်းများ ကဲ့ရဲ့မည့် အရာကို အနည်းငယ်မျှပင် မပြုလုပ်ခြင်း။
15: not committing even the slightest sin for which other wise men might censure one.

မေတ္တာပို့ရာ အစဉ်မှာ

(ဝိသုဒ္ဓိမဂ်)
The procedure of sending loving–kindness (The Path of Purity):
၁။ ရှေးဦးစွာ မိမိကိုယ်ကို မေတ္တာပို့ရမည်
1: Send loving–kindness firstly towards oneself,
၂။ ထိုနောက် ချစ်ခင်ရိုသေလေးစားထိုက်သူများ (ဆရာသမားစသည်) အား ပို့ရမည်
2: then, to those whom you love and respect,
၃။ ထိုနောက် မိမိချစ်ခင်မြတ်နိုးသူများအား ပို့ရမည်
3: then, to your loved–ones,
၄။ ထိုနောက် အလတ်စား (မချစ်မမုန်း) များအား ပို့ရမည်
4: then, to neutral person,
၅။ ထိုနောက် ရန်သူများအား ပို့ရမည်
5: then, to hostile person.
(မှတ်ချက် –
၁။ မိမိ မုန်းသောသူ
၂။ အလွန်ချစ်မြတ်နိုးသောသူ (ခင်းပွန်းနှင့်ဇနီး) ၃။ အလယ်အလတ်သူများ
၄။ ရန်သူများ ကို ရှေးဦးစွာ မေတ္တာ မပို့ရ။ လိင်တူသူများအား သီးခြားရည်ညွှန်းပြီး မပို့ရ။ သေသွားသော သူများအား မေတ္တာပို့၍ မရ မရောက်)
(Note: 1. An antipathetic person, 2. a very dearly loved friend, 3. a neutral person, 4. a hostile person: they should not be sent loving–kindness at first. It cannot be sent individually but in group towards opposite–sex. It cannot be sent towards dead person.)

မေတ္တာပွါးနည်း

(မေတ္တသုတ်လာ) Sending loving–kindness (in accordance with Metta Sutta):
၁။ အားလုံးသော သတ္တဝါများ ကိုယ်ဆင်းရဲ ကင်းကြပါစေ
1: May all beings be happy physically.
၂။ အားလုံးသော သတ္တဝါများ ဘေးရန်ကင်းကြပါစေ
2: May all beings be freed from danger.
၃။ အားလုံးသော သတ္တဝါများ စိတ်ဆင်းရဲ ကင်းကြပါစေ။
3: May all beings be happy mantally.

မေတ္တာပွါးနည်း ၁၁ နည်း

(မေတ္တသုတ်လာ)
Eleven modes of sending loving–kindness (in accordance with Metta Sutta):
အခြေခံ ၃ စု Three basic modes:
က။ သဗ္ဗသင်္ဂါဟိက မေတ္တာ = သတ္တဝါအားလုံးကို တစ်ခွန်းတည်းဖြင့် ပျံ့နှံ့အောင် မေတ္တာပို့ခြင်း (နံပါတ် ၁)
a: Sending loving–kindness to all beings as one group (No. 1),
ခ။ ဒုကဘာဝနာ မေတ္တာ = သတ္တဝါအားလုံးကို နှစ်စု နှစ်ပုံထား၍ မေတ္တာပို့ခြင်း (နံပါတ် ၂ မှ ၅)
b: to all beings by dividing two groups (No. 2 to 5),
ဂ။ တိကဘာဝနာ မေတ္တာ = သတ္တဝါအားလုံးကို သုံးစု သုံးပုံထား၍ မေတ္တာပို့ခြင်း။(နံပါတ် ၆ မှ ၈)
c: to all beings by dividing three groups (No. 6 to 8).
၁။ အားလုံးသောသတ္တဝါများ– ကိုယ်ဆင်းရဲ ကင်းကြပါစေ –စိတ်ဆင်းရဲ ကင်းကြပါစေ –ဘေးရန်ကင်းကြပါစေ
1: May all beings be happy physically, meantally and freed from danger.
၂။ ကြောက်တတ်သော။ မကြောက်တတ်သော သတ္တဝါများ– ကိုယ်ဆင်းရဲ ကင်းကြပါစေ – – – – –
2: May the pair of frightened and unfrightened beings be happy …..
၃။ မြင်အပ်သော။ မမြင်အပ်သော သတ္တဝါများ– ကိုယ်ဆင်းရဲ ကင်းကြပါစေ – – – – –
3: May the pair of seen and unseen beings be happy …..
၄။ အဝေးနေ။ အနီးနေ သတ္တဝါများ– ကိုယ်ဆင်းရဲ ကင်းကြပါစေ – – – – –
4: May the pair of far and near beings be happy …..
၅။ ဘဝကုန်ဆုံး။ ဘဝမကုန် မဆုံးသေးသော သတ္တဝါများ– ကိုယ်ဆင်းရဲ ကင်းကြပါစေ – – – – –
5: May the pair of arahants and the other beings be happy …..
၆။ ရှည်လျား။ ပုတို။ အလတ်စားဖြစ်သော သတ္တဝါများ– ကိုယ်ဆင်းရဲ ကင်းကြပါစေ – – – – –
6: May the set of three – tall, short and medium – beings be happy …..
၇။ အကြီး။ အငယ်။ အလတ်စားဖြစ်သော သတ္တဝါများ– ကိုယ်ဆင်းရဲ ကင်းကြပါစေ – – – – –
7: May the set of three – large, small and medium – beings be happy …..
၈။ ဝဝ။ ပိန်ပိန်။ အလတ်စားဖြစ်သော သတ္တဝါများ– ကိုယ်ဆင်းရဲ ကင်းကြပါစေ – – – – –
8: May the set of three – fat, thin and medium – beings be happy …..
၉။ လူအချင်းချင်း လှဲ့စား လှည့်ပတ်မှု ကင်းကြပါစေ
9: May no one deceive another.
၁ဝ။ လူအချင်းချင်း အထင်သေးခြင်း ကင်းကြပါစေ
10: May no one despise another.
၁၁။ လူအချင်းချင်း ဆင်းရဲလိုခြင်း ကင်းကြပါစေ။
11: May no one wish for suffering another.

မေတ္တာရပ်။ မေတ္တာရပ်ခံ

Request, ask earnestly.

မေတ္တာ အကျိုး ၁၁ မျိုး

Eleven benefits of sending loving–kindness:
၁။ အိပ် ချမ်းသာခြင်း
1: Pleasant sleeping,
၂။ နိုး ချမ်းသာခြင်း
2: pleasant waking up,
၃။ အိပ်မက်ဆိုးကင်းခြင်း
3: no bad dream,
၄။ လူချစ်များခြင်း
4: loved by human,
၅။ နတ်ချစ်များခြင်း
5: loved by deities,
၆။ နတ်တို့ စောင့်ရှောက်ခြင်း
6: safeguarding by deities,
၇။ အဆိပ် မသင့်ခြင်း
7: protecting from fire, poison, weapon,
၈။ သမာဓိ ရလွယ်ခြင်း
8: getting concentrated easily,
၉။ ရုပ်အဆင်း ကြည်လင်ခြင်း
9: clear complexion,
၁ဝ။ ကြည်လင်စွာ ကွယ်လွန်ရခြင်း
10: peaceful dying,
၁၁။ သေပြီး ဗြဟ္မပြည် လားရခြင်း။
11: higher celestial realm after death.

မေတ္တာ အာရုံ ၁၂ မျိုး

(ငါးရာနှစ်ဆယ်။ ရှစ်သွယ်မေတ္တာ _ရှု)

မေထုန်

Sexual relationship/intercourse, Gemini (astrology).

မေထုန်ငယ် ၇ ပါး

(မေထုနသုတ် – သတ္တကနိပါတ။ အင်္ဂုတ္တရပါဠိ)
Seven minor acts of sexuality:
၁။ မာတုဂါမ (မိန်းမ) က ကိုယ်ထိလက်ရောက် ပြုစုသည်ကို သာယာမှု
1: Taking delight in being caressed, massaged and rubbed by a woman,
၂။ မာတုဂါမ (မိန်းမ)နှင့် အတူတကွ ရယ်မောပြောဆိုနေရသည်ကို သာယာမှု
2: in jokes and laughter with a woman,
၃။ မာတုဂါမ (မိန်းမ)နှင့် မျက်လုံးချင်းဆိုင် တစိမ်းစိမ်း ကြည့်နေရသည်ကို သာယာမှု
3: in staring and gazing at a woman eye to eye,
၄။ မာတုဂါမ (မိန်းမ)ကို မမြင်သော်လည်း သူမ၏ ရယ်မော ပြောဆို ငိုယိုသံကို ကြားနေရသည် သာယာမှု
4: in hearing, singing, crying even though not in sight,
၅။ ရှေးအခါက မာတုဂါမ (မိန်းမ)နှင့် အတူအကွ ရယ်မောကစား ပြောဆိုခဲ့သည်ကို တွေးတော သာယာမှု
5: in delight recalling past events with a woman,
၆။ ချောလှ ပြည့်စုံသူကိုမြင်ပြီး ထိုသူ၏အဖြစ်မျိုးကို တောင့်တ သာယာမှု
6: in watching, admiring others’ achievements,
၇။ နတ်ဘဝကို တောင့်တသာယာ၍ မြတ်သောအကျင့်ကို ကျင့်သုံးမှု။
7: leading a holy life to be reborn in a divine abode.

မေးမြန်းစီစစ်ရာ အခြေခံ အင်္ဂါ ၅ ပါး

Five points for a monk to rebuke other:
၁။ သင့်တော်သောအချိန်မှာ မေးမြန်းစီစစ်ခြင်း
1: Speaking timely,
၂။ အမှန်ကိုသာ မေးမြန်းစီစစ်ခြင်း
2: speaking the truth,
၃။ သိမ်မွေ့နုညံ့စွာ မေးမြန်းစီစစ်ခြင်း
3: speaking gentaly,
၄။ အကျိုးလိုလားပြီး မေးမြန်းစီစစ်ခြင်း
4: speaking for good,
၅။ မေတ္တာရှေ့ထားပြီး မေးမြန်းစီစစ်ခြင်း။
5: speaking with loving–kindness.

မေးမြန်းသူ၏ အခြေအနေ စိတ်ထား ၅ မျိုး

Five causes/ways of asking question:
၁။ ပညာနည်းပါး တွေဝေ၍ မေးခြင်း
1: Asking due to foolishness,
၂။ အလိုဆိုးဖြင့် မေးခြင်း
2: to evil desires,
၃။ နှိပ်စက်လို၍ မေးခြင်း
3: to contemptuousness,
၄။ သိလို၍ မေးခြင်း
4: to seek knowledge,
၅။ ဖြေသူကောင်းကောင်းမဖြေနိုင်လျှင် မိမိဖြေပြမည်ဟု ပညာပြလို၍ မေးခြင်း။
5: to show one’s knowledge if the answer is not perfect.

မဲညစ် (ကဏှ) သောတရား ၂ ပါး

Two dark–dhammas:
၁။ အဟိရိက – အရှက်မရှိခြင်း
1: Shamelessness,
၂။ အနောတ္တပ္ပ – အကြောက်မရှိခြင်း။
2: recklessness.

မောက္ခ

(ဝိမောက္ခ) Release, liberation, deliverance.

မောနေယျ (ပညာရှိသူ၏အဖြစ်) ၃ မျိုး

Three kinds of purity:
၁။ ကာယ မောနေယျ – ကာယဒုစရိုက်မှ ရှောင်ခြင်း
1: Purity of body,
၂။ ဝစီ မောနေယျ – ဝစီဒုစရိုက်မှ ရှောင်ခြင်း
2: of speech,
၃။ မနော မောနေယျ – မနောဒုစရိုက်မှ ရှောင်ခြင်း (အာသဝေါကုန်ခမ်းခြင်း)။
3: of mind.

မောနေယျ အကျင့်

An austere practice of which only one Buddha’s immediate disciple can practice.

မောမူဟ ဒသက

Decade of torpescent years in a person’s life
(from 81 to 90 years of age).

မောသော

Bandit.

မောဟ

Ignorance, delusion, stupidity, dullness, infatuation.

မောဟ ကင်းကြောင်းတရားသည် ယောနိသော မနသိကာရ

(အညတိတ္ထယသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
The cause to abandon delusion is careful attention.

မော်ကွန်း

Record of a significant event meant to last.

မံသ

Meat.

မျက်စဉ်းလှူရကျိုး ၈ ပါး

Eight benefits of donating eye–drop:
၁။ ကျယ်ပြန့်သော မျက်စိရှိခြင်း
1: Having wide eyes,
၂။ မျက်လုံး၌ ဖြူသင့်ရာ ဖြူခြင်း
2: white where ought to be white,
၃။ မျက်လုံး၌ ဝါသင့်ရာ ဝါခြင်း
3: yellow where ought to be yellow,
၄။ မျက်လုံး၌ နီသင့်ရာ နီခြင်း
4: red where ought to be red,
၅။ ရောဂါကင်းခြင်း
5: no disease,
၆။ မျက်စိကြည်လင်ခြင်း
6: clear eyes,
၇။ နတ်မျက်စိ ရလွယ်ခြင်း
7: easily getting divine–eye,
၈။ ဉာဏ်မျက်စိ ရလွယ်ခြင်း။
8: easily getting wisdom–eye.

မျက်စိ ၄ မျိုး

The four eyes:
၁။ ဗြဟ္မစောရမျက်စိ – ကာလ ဒေသ လူမျိုး ထုံးတမ်းစဉ်လာတို့အလိုက် ကြည့်မြင်ခြင်း
1: Brahmacora eye – situational eye, seeing in accordance with time, place,
race, custom etc.
၂။ သမာဓိ ဉာဏ မျက်စိ – တည်ကြည်ခိုင်မြဲသော ဉာဏ်ဖြင့် ကြည့်မြင်ခြင်း
2: Samādhi ñāna eye – concentrational eye,
၃။ ဝိပဿနာ ဉာဏ မျက်စိ – ဝိပဿနာ ဉာဏ်ဖြင့် ကြည့်မြင်ခြင်း
3: Vipassanā ñāna eye – insight eye,
၄။ မဂ္ဂ ဉာဏ မျက်စိ – မဂ်ဉာဏ်ဖြင့် ကြည့်မြင်ခြင်း။
4: Magga ñāna eye – right–path eye.

မျက်မှောက်ပြု သိမြင်အပ်သော တရား ၄ ပါး

(သစ္ဆိ ကရဏီယ တရား ၄ ပါး)
Four things to be realized by seeing personally:
၁။ ပုဗ္ဗေ နိဝါသ – ရှေးရှေး ဘဝများကို သတိဖြင့် သိမြင်ခြင်း
1: Former lives by recollection,
၂။ သတ္တာနံ စုတူပပါတ – သတ္တဝါ တို့ မွေးသည်သေသည်ကို ဉာဏ်မျက်စိဖြင့် သိမြင်ခြင်း
2: passing away and birth of beings by divine eyes,
၃။ အဋ္ဌ ဝိမောက္ခ – ဝိမောက္ခ ရှစ်ပါးကို ကိုယ်တွေ့ သိမြင်ခြင်း
3: eight deliverances by mental body,
၄။ အာသဝက္ခယ – အာသဝေါတရား ကုန်ခမ်းမှုကို ပညာဖြင့် သိမြင်ခြင်း။
4: the destruction of corruptions/taints by wisdom.

မျက်မှောက်ပြု အပ်သော (သစ္ဆိကာတဗ္ဗ) တရားများ

Things/dhammas to be realized:
တစ်ပါးစု Group of one item:
၁။ အကုပ္ပါ စေတောဝိမုတ္တိ = မပျက်စီးနိုင်တော့သော စိတ်၏ လွတ်မြောက်မှု။
1: Unshakable deliverance of mind.

မျက်မှောက်ပြု အပ်သော (သစ္ဆိကာတဗ္ဗ) တရားများ

နှစ်ပါးစု
Group of two items:
၁။ ဝိဇ္ဇာ = အသိ ပညာ
1: Knowledge,
၃။ ဝိမုတ္တိ = လွတ်မြောက်မှု။
2: liberation.

မျက်မှောက်ပြု အပ်သော (သစ္ဆိကာတဗ္ဗ) တရားများ

သုံးပါးစု (ဝိဇ္ဇာ ၃ ပါး)
Group of three items: (Three kinds of knowledge):
၁။ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ် = ရှေးရှေးဘဝများကို ပြန်လည် အမှတ်ရ နိုင်သော ဉာဏ်
1: pubbe–nivāsa–nissati – recollection of previous lives,
၂ ဒိဗ္ဗစက္ခု ဉာဏ် = နတ်မျက်စိ (မြင်လိုရာကို မြင်နိုင်သော) ဉာဏ်
2: dibba–cakkhu – divine eye,
၃။ အာသဝက္ခယ ဉာဏ် = အာသဝေါတရား ကုန်ခမ်းခြင်း ဉာဏ်။
3: āsavakkhaya – extinguishing of all mental intoxicants.

မျက်မှောက်ပြု အပ်သော (သစ္ဆိကာတဗ္ဗ) တရားများ

လေးပါစု (ရဟန်းပြုရခြင်း အကျိုး ၄ ပါး)
Group of four items: (Four fruit of monkhood):
၁။ သောတာပတ္တိ ဖိုလ်
1: The fruition of stream–winning,
၂။ သကဒါဂါမိ ဖိုလ်
2: the fruition of once–return,
၃။ အနာဂါမိ ဖိုလ်
3: the fruition of non–return,
၄။ အရဟတ္တ ဖိုလ်။
4: the fruition of holiness/arahant.

မျက်မှောက်ပြု အပ်သော (သစ္ဆိကာတဗ္ဗ) တရားများ

ငါးပါးစု (ဓမ္မက္ခန္ဓာ တရားအစု ၅ ပါး)
Group of five items (Five branches/groups of dhamma):
၁။ သီလက္ခန္ဓ = သီလ အစု
1: The group of virtue/morality,
၂။ သမာဓိက္ခန္ဓ = သမာဓိ အစု
2: of concentration,
၃။ ပညာက္ခန္ဓ = ပညာ အစု
3: of wisdom,
၄။ ဝိမုတ္တိက္ခန္ဓ = လွတ်မြောက်မှု ဝိမုတ္တိ အစု
4: of deliverance,
၅။ ဝိမုတ္တိဉာဏ ဒဿနက္ခန္ဓ = လွတ်မြောက်ရန် ဉာဏ်အမြင် ဝိမုတ္တိဉာဏ ဒဿန အစု။
5: of knowledge and vision of liberation.

မျက်မှောက်ပြု အပ်သော (သစ္ဆိကာတဗ္ဗ) တရားများ

ခြောက်ပါးစု (အဘိညာဉ် ၆ ပါး)
Group of six items (Six super–knowledges, super–normal/super–natural powers):
၁။ ဒိဗ္ဗ စက္ခု အဘိညာဉ်
1: Super knowledge of divine eyes,
၂။ ဒိဗ္ဗ သောတ အဘိညာဉ်
2: of divine ears,
၃။ ပရစိတ္တ ဝိဇာနန အဘိညာဉ်
3: of reading others’ mind,
၄။ ဣဒ္ဓိ ဝိဒ အဘိညာဉ်
4: of magical power,
၅။ ပုဗ္ဗေ နိဝါသာနုဿတိ အဘိညာဉ်
5: of remembrance of former existences/lives.
၆။ အာသဝက္ခယ အဘိညာဉ်။
6: of extinction of all cankers/fluxes.

မျက်မှောက်ပြု အပ်သော (သစ္ဆိကာတဗ္ဗ) တရားများ

ခုနှစ်ပါးစု (ရဟန္တာ၏ အား ၇ ပါး)
Group of seven items (Seven powers/strengths of an arahant):
၁။ သင်္ခါရတရားအားလုံးကို အနိစ္စဟု သိမြင်ခြင်း
1: Seeing the impermanence of all conpounded things,
၂။ ကာမဂုဏ်တရား တို့သည် မီးကျီးခဲ ရဲရဲနှင့် တူ၏ဟု သိမြင်ခြင်း
2: seeing the sense–desires as being like a pit of glowing charcoal,
၃။ ဆိပ်ငြိမ်ရာ၌ မွေ့လျှော်စိတ် ရှိခြင်း
3: rejoicing the renunciation,
၄။ သတိပဋ္ဌာန် လေးပါး ပွါးများပြီးခြင်း
4: having well developed the four foundations of mindfulness,
၅။ ဣန္ဒြေ ငါးပါး ရင့်ကျက်ပြီးခြင်း
5: having well developed/controlled the faculties,
၆။ ဗောဇ္စျင် ခုနှစ်ပါး ပွါးများပြီးခြင်း
6: having well developed the seven factors of enlightenment,
၇။ မဂ္ဂင် ရှစ်ပါး ပွါးများပြီးခြင်း။
7: having well developed/practiced the eightfold path.

မျက်မှောက်ပြု အပ်သော (သစ္ဆိကာတဗ္ဗ) တရားများ

ရှစ်ပါးစု – ဝိမောက္ခ ၈ ပါး – (ဝိမောက္ခ ၈ ပါး _ရှု)

မျက်မှောက်ပြု အပ်သော (သစ္ဆိကာတဗ္ဗ) တရားများ

ကိုးပါးစု (အနုပုဗ္ဗ နိရောဓ – အစဉ်အတိုင်း ချုပ်ငြိမ်းသွား သော တရား ၉ ပါး)
Group of nine items (Nine successive cessations):
၁။ ပထမ စျာန် ဝင်စားသူအား ကာမသညာ ချုပ်၏
1: By the attainment of first absorption (jhāna), perceptions of sensuality cease.
၂။ ဒုတိယ စျာန် ဝင်စားသူအား ဝိတက် ဝိစာရ ချုပ်၏
2: By the attainment of second absorption (jhāna), thinking and pondering cease.
၃။ တတိယ စျာန် ဝင်စားသူအား ပီတိ ချုပ်၏
3: By the attainment of third absorption (jhana), delight ceases.
၄။ စတုတ္ထ စျာန် ဝင်စားသူအား အဿာသ ပဿာသ (ထွက်သက်ဝင်သက်) ချုပ်၏
4: By the attainment of fourth absorption (jhāna), in–and–out breathing ceases.
၅။ အာကာသာနဌာယတန စျာန် ဝင်စားသူအား ရူပသညာ ချုပ်၏
5: By the attainment of the sphere of boundless space (ākāsānañcāyatana jhāna), the perception of materiality ceases.
၆။ ဝိညာနဌာယတန စျာန် ဝင်စားသူအား အာကာသာနဌာယတနစျာန် ချုပ်၏
6: By the attainment of the sphere of boundless consciousness (viññānañcāyatana jhāna), the sphere of boundless space ceases.
၇။ အာကိဌညာယတန စျာန် ဝင်စားသူအား ဝိညာနဌာယတနစျာန် ချုပ်၏
7: By the attainment of the sphere of nothingness (ākiñcaññāyatana–jhāna), the sphere of boundless consciousness ceases.
၈။ နေဝသညာနာသညာယတန စျာန် ဝင်စားသူအား အာကိဌညာယတနစျာန် ချုပ်၏
8: By the attainment of the sphere of neither perception nor–non–perception (nevasaññānāsaññāyatana jhāna), the sphere of nothingness ceases.
၉။ သညာဝေဒယိတနိရောဓစျာန် ဝင်စားသူအား သညာ နှင့် ဝေဒနာ ချုပ်၏။
9: By the attainment of cessation–of–perception–and–feeling, perception and feeling cease.

မျက်မှောက်ပြု အပ်သော (သစ္ဆိကာတဗ္ဗ) တရားများ

ဆယ်ပါးစု ( အသေက္ခ တရား ၁ဝ ပါး)
Group of ten items (Ten qualities of the non–learner/arahant):
၁။ သမ္မာ ဒိဋ္ဌိ
1: Right view/understanding,
၂။ သမ္မာ သင်္ကပ္ပ
2: right thought/intention,
၃။ သမ္မာ ဝါစာ
3: right speech,
၄။ သမ္မာ ကမ္မန္တ
4: right action/conduct,
၅။ သမ္မာ အာဇီဝ
5: right livelihood/occupation,
၆။ သမ္မာ ဝါယာမ
6: right effort/endeavor,
၇။ သမ္မာ သတိ
7: right mindfulness/awareness,
၈။ သမ္မာ သမာဓိ
8: right concentration.
၉။ သမ္မာ ဉာဏ
9: right wisdom,
၁ဝ။ သမ္မာ ဝိမုတ္တိ။
10: right deliverance.

မျက်မှောက်ဘဝမှာပင် အကျိုးပေးသော အလှူ၏ လက္ခဏာ ၄ ပါး

Four factors of donation to get fruit in this present life:
၁။ဝတ္ထု သမ္ပဒါ = အလှူခံပုဂ္ဂိုလ် စင်ကြယ်ခြင်း
1: Perfection of receiver(s),
၂။ ပစ္စယ သမ္ပဒါ = လှူဘွယ်ဝတ္ထု စင်ကြယ်ခြင်း
2: of things donated,
၃။ စေတနာ သမ္ပဒါ = စေတနာထက်သန်ခြင်း
3: of donor’s good will,
၄။ ဂုဏတိရေက သမ္ပဒါ = အလှူခံပုဂ္ဂိုလ် နိရောဓသမာပတ်မှ ထမြောက်ပြီးခါစဖြစ်ခြင်း။
4: the receiver just finished the cessation trance (nirodha samāpatti).

မျောက်နှဲစေးကို ကိုင်စမ်းကြည့်၍ ခြေလက်လေးချောင်းလုံး ကပ်ငြိပြီး သေကျေပျက်စီးရသော မျောက်မိုက် ဥပမာ

(သကုဏဂ္ဃိသုတ်။ သတိပဋ္ဌာနသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
A simile of foolish monkey that was parished by seizing the pitch. (Makkaṭa Sutta, Satipaṭṭāna Saṃyutta, Mahā–vagga Saṃyutta Pāḷi, The Connected Discourses).

မြင့်မြတ်သော (ဥစ္စာသယန မဟာသယန) နေရာများ

(သာမညဖလသုတ် – ဒီဃနိကာယ်။ ဝေနာဂပုရသုတ် – တိက အင်္ဂုတ္တိုရပါဠိ – စသည်)
High and broad couches:
၁။ အာသန္ဒိ – မြင့်သော အခြေရှိသော ညောင်စောင်း
1: Sofa,
၂။ ပလ္လင်္က – ပလ္လင်
2: the divan,
၃။ ဂေါနက – မွှေးရှည် ကောဇောကြီး
3: together with their coverlets of goat’s hair,
၄။ စိတ္တက – ဆန်းကြယ်သော သားမွှေးအခင်း
4: of diverts colors,
၅။ ပဋိကာ – ဖြူသော သားမွှေးအခင်း
5: whiter coverlets,
၆။ ပဋလိကာ – ပန်းပြောက်ချယ် သားမွှေးအခင်း
6: coverlets of wool besprent with flowers,
၇။ တူလိကာ – လဲသွတ်အခင်း
7: quiltes of cotton–wool,
၈။ ဝိကတိကာ – ရုပ်ပုံခြယ် သားမွှေးအခင်း
8: embroidered counterpanes,
၉။ ဥဒ္ဒလောမီ – နှစ်ဘက်မွှေးရှိအခင်း
9: rugs furred on both sides,
၁ဝ။ ဧကန္တလောမီ– တစ်ဘက်မွှေးရှိအခင်း
10: rugs fruued on one side,
၁၁။ ကဋ္ဋိဿ – ရွှေချည်ထိုးအခင်း
11: coverlets gem–studded,
၁၂။ ကောသေယျ – ပိုးချည်အခင်း
12: coverlets of silk,
၁၃။ ကုတ္တက – သားမွှေးအခင်းကြီး
13: dancer’s carpets,
၁၄။ ဟတ္ထတ္ထရ – ဆင်ကုန်းနှီး
14: rugs for elephants,
၁၅။ အဿတ္ထရ – မြင်းကုန်းနှီး
15: rugs for horses,
၁၆။ ရထတ္ထရ – ရထားခင်းနှီး
16: rugs for chariot,
၁၇။ အဇိနပ္ပဝေဏီ – သစ်နက်ရေအခင်း
17: rug of antelop skins,
၁၈။ ကဒလိမိဂပဝရပစ္စတ္ထရဏ – ဝံပိုင်ရေအခင်း
18: floor–spreads of the hide of the gadali dear,
၁၉။ သဥတ္တရစ္ဆဒ – နီသော မျက်နှာကြက်
19: couches with awnings,
၂ဝ။ ဥဘတောလောဟိတကူပဓာန – အုံးနီနှစ်ဘက်ရှိနေရာ
20: a red bolster of each end.

မြင့်မိုရ်တောင်။ မေရု။ သိနေရု

ဤတောင်သည် ဗုဒ္ဓဘာသာ စကြာဝဠာအယူအဆ၌ ကျွန်းကြီးလေးကျွန်းတို့၏ အလယ်၌တည်ရှိသည်။ မဟာသမုဒ္ဒရာထဲ၌ ယူဇနာ ၈၄ဝဝဝ ရှိပြီး ရေပြင်ပေါ် ယူဇနာ ၈၄ဝဝဝ။ အလျှား ယူဇနာ ၈၄ဝဝဝ အနံ ယူဇနာ ၈၄ဝဝဝ စီရှိသည်။ (သတ္တသူရိယသုတ် – သတ္တကနိပါတ။ အင်္ဂုတ္တရပါဠိ)
Mt. Meru: This is a mythological mountain at the center of the four great islands in Buddhist cosmology. It is submerged 84,000 yūjanā in the great ocean, rises up 84,000 yūjanā above the great ocean, 84,000 yūjanā in length and 84,000 yūjanā in width.

မြင်းအာဇာနည်၏ လက္ခဏာ ၄ ပါး

Four qualities of thorough–bred steed (horse):
၁။ အဇ္ဇဝ = ဖြောင့်မတ်ခြင်း
1: Sraightness,
၂။ ဇဝန = လျှင်မြန်ခြင်း
2: speed,
၃။ ခန္တိ = သည်းခံခြင်း
3: patience,
၄။ သောရစ္စ = အမိန့်ပေးစကား နားထောင်ခြင်း။
4: docility (follow as commended).

မြစ်ကြီး ၅ သွယ်

Five great rivers (in India):
၁။ ဂင်္ဂါ မြစ်
1: Gangā (Ganges River),
၂။ ယမုနာ မြစ်
2: Yamunā,
၃။ အစီရဝတီ မြစ်
3: Aciravatī,
၄။ မဟီ မြစ်
4: Mahī,
၅။ သရဘူ မြစ်။
5: Sarabhū. မြစ်ငယ် ၅ဝဝ –အနောတတ်အိုင် (အိုင်ကြီး ၇ အိုင် _ရှု) တောင်မျက်နှာ၌ ကာဠတောင်ရှိသည်။ ထိုအိုင်မှ ရေများ သည် ယင်းတောင်ကို ဖေါက်ထွင်း၍ သုံးဂါဝုတ်ရှိ နွားခံတွင်းနှင့်တူသော ပြွန်ပေါက်မှ တောတောင်အထပ်ထပ် ကို ဖြတ်ကျော်ပြီး စီးဆင်းသည်။ နောက်ဆုံး ကျောက်ဖြာကြီးတစ်ခုသို့ ရေအယဉ်များရောက်ရှိပြီး လက်ငါးချောင်း ကဲ့သို့ ငါးသွယ်ဖြာပြီး စီးဆင်းသွားသည်။ ထို မြစ်ကြီး တစ်သွယ်စီထဲသို့ မြစ်ငယ်တစ်ရာစီ စီးဝင်ကြသည်။ ယင်းမြစ် ကြီး ငါးစင်းထဲသို့ စီးဝင်သော မြစ်ငါးရာကို မြစ်ငယ်ငါးရာ ဟုခေါ်သည်။
The Five Hundred small rivers: Mt. Kāḷa is situated at the southern side of great Lake Anotattha. The enormous current of water from the lake flows/rushes through the mountain and continues by way of mountains and forests. At last, it reaches a huge layer of rock; springs five branches. Into each branch (big 5 rivers), 100 tributaries flow in (5 x 100 = 500). They are called ‘the 500 small rivers’.

မြတ်နိုးခြင်း (မမတ္တ) ၂ မျိုး

Two kinds of endearment:
၁။ တဏှာ မမတ္တ = စွဲလမ်းမှု အကြိုက်ကို အခြေခံပြီးမြတ်နိုးခြင်း
1: Endearment based upon attachment,
၂။ ဒိဋ္ဌိ မမတ္တ = ယုံကြည်မှု အယူအဆ အယူဝါဒကို အခြေခံပြီးမြတ်နိုးခြင်း။
2: endearment based upon belief system/one’s own view.

မြတ်သောအကျင့် (ဗြဟ္မစရိယ)၏ အခြေခံ အထောက်အပံ့ ၈ မျိုး

Eight causes and conditions that lead to obtaining wisdom in holy life:
၁။ လေးစားလောက်သောဆရာ သီတင်းသုံးဖေါ် နှင့် ရှက်ကြောက်မှုရှေ့ထားလျှက် အတူနေခြင်း
1: Living in dependence on a great teacher or on a virtuous fellow monk with a keen sense of moral shame and moral dread,
၂။ အတူနေပြီး တရားဓမ္မနှင့် ပတ်သက်ရာ မေးမြန်းစုံစမ်းခြင်း
2: approaching them and inquiring about dhamma,
၃။ မေးမြန်းပြီး ကိုယ်ရောစိတ်ပါ ကင်းဆိတ်စွာနေခြင်း
3: having heard the dhamma from them, dwelling seclusion body and mind,
၄။ ကိုယ်ကျင့်သီလ ပါတိမောက္ခသံဝရ နှင့် ပြည့်စုံခြင်း
4: dwelling in accordance with the undertaken good conduct (pātimokkha),
၅။ ဓမ္မ ဗဟုသုတ ရဘွယ်တရားများကို နာကြား လေ့လာ ရွတ်ဖတ် ဆင်ခြင်ခြင်း
5: learning much and accumulating, reciting, penetrating well into them,
၆။ ကုသိုလ်ပွါး၍ အကုသိုလ်ပါးရန် ထက်သန်သော လုံ့လရှိခြင်း
6: strong and firm energy to get rid of the unwholesome and to cultivate the wholesome,
၇။ မဂ်ဖိုလ်မှ ဖီလာ ဆန့်ကျင်ဘက်ဖြစ်သော စကားကို မပြောခြင်း
7: not engaging in rambling and pointless talk, just speaking on the dhamma,
၈။ ခန္ဓာငါးပါးတို့၏ ဖြစ်ပျက်မှုကို ရှုမှတ်နေခြင်း။
8: contemplating on arising and vanishing of the five aggregates.

မြန်မြန်ပြောဟောခြင်း၏ အပြစ် ၆ မျိုး

(အရဏဝိဘင်္ဂသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Six defects of hurried speech:
၁။ ကိုယ်ပင်ပန်းခြင်း
1: One’s body grows tired.
၂။ စိတ်ပင်ပန်းခြင်း
2: One’s mind becomes excited.
၃။ အသံပျက်စီးခြင်း
3: One’s voice straines.
၄။ လည်ချောင်းနာခြင်း
4: One’s throat becomes hoarse.
၅။ မပြတ်မသား ဖြစ်တတ်ခြင်း
5: One’s speech is indistinct.
၆။ သိနားလည်ရန် မလွယ်ကူခြင်း။
6: One’s speech is hard to understand.
(မှန်မှန်ပြောဟောခြင်း၏ အကျိုး ၆ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Six benefits of unhurried speech are opposite of the above)

မြို့တော်ကြီး ၂ဝ

(ဘုရားလက်ထက်တော်) Twenty great cities at the time of Lord Buddha:
၁။ ဗာရာဏသီ
1: Bārāṇasī,
၂။ သာဝတ္ထိ
2: Sāvatthi,
၃။ ဝေသာလီ
3: Vesālī,
၄။ မိဓိလာ
4: Midhilā,
၅။ အာဠာဝီ
5: Āḷāvī,
၆။ ကောသမ္ဘီ
6: Kosambhī,
၇။ ဥဇ္ဇေနီ
7: Ujjenī,
၈။ တက္ကသိုလ်
8: Takkasīla,
၉။ စမ္ပါ
9: Campā,
၁ဝ။ သာဂလ
10: Sāgala,
၁၁။ သံသုမာဂိရိ
11: Saṃsumāgiri,
၁၂။ ရာဇဂြိုဟ်
12: Rājagaha,
၁၃။ ကပ္ပိလဝတ်
13: Kappilavatthu,
၁၄။ သာကေတ
14: Sāketa,
၁၅။ ဣန္ဓပတ္တ
15: Indhapatta,
၁၆။ ဥက္ကဋ္ဌ
16: Ukkaṭṭha,
၁၇။ ပါဋလိပုတ်
17: Pāṭaliputta,
၁၈။ စေတုတ္တရာ
18: Cetuttarā,
၁၉။ သံကပ္ပ
19: Saṃkappa,
၂ဝ။ ကုသိနာရုံ
20: Kusinārāma.

မြို လွှမ်းမိုးသွားသော သစ်ပင်ကြီးများ

(ရုက္ခသုတ်။ ဗောဇ္စျင်္ဂသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
Six kinds of tree with tiny seed, which encircle other trees becoming bent, twisted and split:
၁။ အဿတ္ထ – ညောင်ဗုဒ္ဓဟေပင်
1: The pipal tree,
၂။ နိဂြောဓ – ပညောင်ပင်
2: the banyan tree,
၃။ ပိလက္ခ – ညောင်ကြပ်ပင်
3: the ficus obtusfolia,
၄။ ဥဒုမ္ဗရ – ရေသဖန်းပင်
4: the ficus glomerata,
၅။ ကစ္ဆက – ခအောင်းပင်။သစ်ကတိုးပင်
5: cedrela toona,
၆။ ကပိတ္ထန – ညောင်ချဉ်ပင်။
6: the ficus infectoris.

မြေငလျင် တုန်လှုပ်ခြင်း၏ အကြောင်း ၈ ပါး

Eight causes of earthquake:
၁။ ဓာတ်ချောက်ချားခြင်းကြောင့် မြေငလျင် တုန်လှုပ်ခြင်း
1: Due to unstable condition of the elements,
၂။ တန်ခိုးရှင်များ၏ အဘိညာဉ်စွမ်းအားကြောင့်
2: due to powerful persons,
၃။ ဘုရားအလောင်း သန္ဓေယူသောကြောင့်
3: due to Bodhisatta’s conception,
၄။ ဘုရားအလောင်း ဖွါးတော်မူသောကြောင့်
4: due to his birth,
၅။ ဘုရားအဖြစ်သို့ ရောက်တော်မူသောကြောင့်
5: due to the attainment of Buddha–hood,
၆။ ဓမ္မစကြာတရားဦး ဟောတော်မူသောကြောင့်
6: due to the delivering of the first sermon (Dhamma–cakka Pavattana Sutta),
၇။ ဘုရားရှင် အာယုသင်္ခါရ လွှတ်တော်မူသောကြောင့်
7: due to Lord Buddha’s releasing of life–force,
၈။ ပရိနိဗ္ဗာန် စံတော်မူသောကြောင့်။
8: due to His passing away (parinibbāna).

မြေမျိုခံရသော သူ ၅ ဦး

Five persons who were swallowed by the earth (at the time of Lord Buddha):
၁။ စိဌမာန မိန်းမ
1: Ciṅcamāna, a lady who accused of the Buddha as a molester,
၂။ ဘုရားရှင်၏ ယောက္ခမ သုပ္ပဗုဒ္ဓမင်း
2: Suppabuddha, the father–in–law of Lord Buddha,
၃။ ဒေဝဒတ် ရဟန်း
3: Devadatta, a rival monk, the brother–in–law of Lord Buddha,
၄။ အရှင်သာရိပုတ္တ၏ ဦးခေါင်းကိုရိုက်နှက်သော နန္ဒက ဘီလူး
4: Nandaka, an ogre who hit Ven. Sāriputta’s head,
၅။ ဥပ္ပလဝဏ်ထေရီကို ဖျက်ဆီးသော နန္ဒလုလင်။
5: Nanda, a young man who molested Uppalavaṇṇa, a nun.

မြောက်ကျွန်း (ဥတ္တရကုရု) သားတို့ တာဝတိံသာနတ် နှင့် တောင်ကျွန်းသားတို့ထက် သာလွန်မှု ၃ မျိုး

(တိဌာနသုတ်။ နဝင်္ဂုတ္တရပါဠိ)
The people of Uttarakuru (North Island) surpass the Tāvatiṁsā devas and the people of Jambudīpa (South Island) in three respects:
၁။ တပ်မက်မှု တဏှာမရှိခြင်း
1: No lust/craving,
၂။ ငါ့ပစ္စည်းဟု သိမ်းဆည်းမှု မရှိခြင်း
2: no belonging and no storing,
၃။ အနှစ်တစ်ထောင် အသက်တမ်းမြဲခြင်း။
3: fixed life span of 1,000 years.

မြားရေးကြီး ၄ ပါး

(လေးတော်တင်ခဏ်း) Four major archery skills:
၁။ အက္ခဏဝေဓိ = လျှပ်တစ်ပြက်အတွင်း မြားပေါင်းများစွာဖြင့် ပြစ်မှတ်ကို မှန်အောင်ပြစ်ခြင်း
1: Akkhaṇavedhi: Shooting arrows continuously in a flash of lighting at a target without any miss,
၂။ ဝါလဝေဓိ = သားမြီးမွေးအလယ်ကို ဖေါက်ထွင်းအောင်ပြစ်ခြင်း
2: Vālavedhi: shooting to split a tiny hair,
၃။ သရဝေဓိ = ရှေ့ပြစ်ထားပြီး မြားများကို နောက်ပြစ်မြားအဆက်ဆက်ဖြင့် ထိအောင်ပြစ်ခြင်း
3: Saravedhi: shooting to hit every preceeding arrows by the subsequent arrows,
၄။ သဒ္ဒဝေဓိ = ပြစ်မှတ်ကို မမြင်ရသော်လည်း ယင်းအသံကိုကြားယုံဖြင့် ထိမှန်အောင်ပြစ်ခြင်း။
4:Saddavedhi: shooting to hit a target not by sight but by listening to the sound/voice.

မြားရေးငယ် ၁၂ ပါး

(လေးတော်တင်ခဏ်း)
Twelve minor archery skills:
၁။ သရပဋိဗာဟန = မိမိမြားတစ်စင်းထည်းဖြင့် ရန်သူ၏မြား များစွာကို တားဆီးပြစ်ပုတ်ချခြင်း
1: Sarapaṭibāhana: A kind of archery skill whereby all incoming arrows from the ememies are stopped and struch down by one defending arrow,
၂။ သရဝေဓိ = မြားတစ်စင်းတည်းဖြင့် ပြစ်မှတ်ကို မှန်အောင်ပြစ်ပြီး ထိုမြား ပြစ်သူထံ ပြန်ရောက် လာအောင် ပြစ်ခြင်း
2: Saravedhi: whereby a single arrow bores through all intended targets in a circular position and returns to the archer’s hand,
၃။ သရလဋ္ဌိ = နွယ်တန်းထားသကဲ့သို့ မြားတန်းဖြစ်နေအောင် ပြစ်ခြင်း
3: Saralaṭṭhi: shooting the arrows continuously to resemble a series of creeper,
၄။ သရရဇ္ဇု = ကြိုးအစဉ်ကဲ့သို့ ဖြစ်အောင်ပြစ်ခြင်း
4: Sararajju: to resemble a series of strings,
၅။ သရပါသာဒ = မြားများကို ပြာသာဒ်ပုံဖြစ်အောင် ပြစ်ခြင်း
5: Sarapāsāda: to resemble a terrace,
၆။ သရသောပါန = မြားများကို စောင်းတန်းပုံဖြစ်အောင် ပြစ်ခြင်း
6: Sarasopāṇa: to resemble a stairway,
၇။ သရမဏ္ဍပ = မြားများကို မဏ္ဍပ်အသွင်ပေါ်အောင် ပြစ်ခြင်း
7: Saramaṇḍapa: to resemble a pavilion,
၈။ သရပါကာရ = မြားများကို တံတိုင်းဝိုင်းကဲ့သို့ဖြစ်အောင် ပြစ်ခြင်း
8: Sarapākāra: to resemble a circular wall,
၉။ သရပေါက္ခရဏီ = မြားများကို ရေကန်ပုံပေါက်အောင် ပြစ်ခြင်း
9: Sarapokkharaṇī: to resemble a rectangular lake,
၁ဝ။ သရပဒုမ = မြားများကို ပဒုမာကြာပွင့်ချပ်ကဲ့သို့ဖြစ်အောင် ပြစ်ခြင်း
10: Sarapaduma: to resemble a multi–petalled lotus flower,
၁၁။ သရဝေဓိ = ရှေ့ပြစ်ပြီးသော မြားကို နောက်မြားဖြင့် မှန်အောင်ဖြစ်ခြင်း
11: Saravedhi: shooting the arrows in such a way that the preceeding arrow is hit by the succeeding one,
၁၂။ သရဝဿ = မြားမိုးရွာစေခြင်း။
12: Saravassa: shower of arrows like the falling of rain.

မွတ်သိပ်မှု – တသိနာ ၃ မျိုး

Three kinds of thirst:
၁။ ကာမ တသိနာ – ကာမဂုဏ် မွတ်သိပ်မှု
1: Thirst for sensual pleasures,
၂။ ဘဝ တသိနာ – ဘဝကြောမှာ မွတ်သိပ်မှု
2: for existence,
၃။ ဝိဘဝ တသိနာ – ဘသပြတ်ခြင်းကို မွတ်သိပ်မှု။
3: for extermination/non–existence.

မွေတော် (ဘုရားရှင်၏ ဓာတ်တော်မွေတော်) ၈ စိတ်

ခုနှစ်စိတ်ကို ဇမ္ဗူဒိပ်ကျွန်း၌ ကိုးကွယ်ကြကုန်၏။ တစ်စိတ်ကို နဂါးပြည်၌ ကိုးကွယ်ကြ၏။ စွယ်တော်လေးဆူ၌ တစ်ဆူကို တာဝတိံသာ။ တစ်ဆူကို ဂန္ဓာရတိုင်း။ တစ်ဆူကို ကလိင်္ဂပြည်။ တစ်ဆူကို နဂါးပြည်တို့၌ ကိုးကွယ်ပူဇော်ကြကုန်၏။ သွားတော်လေးဆယ် ဆံပင်ဓာတ်တော် အားလုံးတို့ကို နတ်တို့က တစ်ဆူစီ တစ်ဆူစီဆောင်ယူကြပြီး စကြာဝဠာအဆက်ဆက် ပင့်ဆောင်ကြကုန်၏။
(မဟာပရိနိဗ္ဗာနသုတ်)
Eight portions of Buddha’s relics: seven portions are honored throughout the Jambudīpa; one portion, by serpant–king; among four eye–teeth, one eye–tooth is honored by the deities of the Thirty–three God realm; one, in Gandhāra; one, in Kaliṅga, and the last one, in the land of serpants (nāga). Other 40 teeth and all hairs were taken by the deities, each separately, to all the universes.

မွေးညှပ် လှူရကျိုး ၁ ပါး

One benefit of donating tweezer:
၁။ ကိလေသာတို့ကို ချိုးဖျက်နိုင်သော ဉာဏ်ကိုရခြင်း။
1: Gaining wisdom that can break all mental impurities.

မြွေ အဆိပ် ၄ မျိုး နှင့် ပုဂ္ဂိုလ် ၄ မျိုး

Four kinds of snake (venom/poison) and persons similar to them:
၁။ အဆိပ်ပြင်းထန်ပြီး အဆိပ်မပျံ့နှံ့လွယ် = ဒေါသထွက်ခဲပြီး ဒေါသထွက်က လွယ်လွယ်နှင့်မပျောက်နှိုင်
1: Snake, poisonous but not fierce: a person, not quick anger but if he is angry, it lasts long.
၂။ အဆိပ်ပျံ့နှံ့လွယ်ပြီး အဆိပ်မပြင်းထန် = ဒေါသထွက်လွယ်ပြီး ထိုဒေါသ လွယ်လွယ်နှင့်ပျောက်၏
2: fierce but not poisonous: a person, quick anger but it does not last long;
၃။ အဆိပ်ပြင်းထန် အဆိပ်ပျံ့နှံ့လွယ် = ဒေါသထွက်လွယ် ထိုဒေါသ လွယ်လွယ်နှင့်မပျောက်နှိုင်
3: fierce as well as poisonous: both quick anger and last long;
၄။ အဆိပ်မပြင်းထန် အဆိပ်မပျံ့နှံ့လွယ် = ဒေါသထွက်ခဲ ဒေါသထွက်က လွယ်လွယ်နှင့်ပျောက်။
4: neither fierce nor poisonous: neither quick anger nor last long.
(ဤ ဥပမာများအတူ လူပေါင်းများစွာ ရှိကြကုန်၏)
(These similes apply to a lot of persons.)

မှန်ကန်သည့်အကျင့် ၄ မျိုး

(ချမ်းသာအောင်ဟု မှတ်ယူပြီး ကျင့်သော မှန်ကန်သည့်အကျင့် ၄ မျိုး _ရှု)

မှားယွင်းသည့်အကျင့် ၄ မျိုး

(ချမ်းသာအောင်ဟု မှတ်ယူပြီး ကျင့်သော မှားယွင်းသည့်အကျင့် ၄ မျိုး _ရှု)

မှီခိုအားထား နေရမည့်တရား ၉ ပါး

(နိဿယသုတ်။ နဝင်္ဂုတ္တရပါဠိ)
Nine supporting dhammas:
၁။ သဒ္ဓါ – ယုံကြည်ခြင်း
1: Faith,
၂။ ဟိရီ – မကောင်းမှုမှ ရှက်ခြင်း
2: sense of moral shame,
၃။ သြတပ္ပ – မကောင်းမှုမှ ကြောက်ခြင်း
3: sense of moral dread,
၄။ ဝီရိယ – ကြိုးစားအားထုတ်ခြင်း
4: effort,
၅။ ပညာ – အသိဉာဏ်ကြီးမားခြင်း
5: wisdom,
၆။ ဆင်ခြင် စီစစ်ပြီး မှီဝဲ ပြုလုပ်ခြင်း
6: having reflected, using some things,
၇။ ဆင်ခြင် စီစစ်ပြီး သည်းခံခြင်း
7: having reflected, enduring some things,
၈။ ဆင်ခြင် စီစစ်ပြီး ရှောင်ကြဉ်ခြင်း
8: having reflected, avoiding some things,
၉။ ဆင်ခြင် စီစစ်ပြီး ပယ်ဖျောက်ခြင်း။
9: having reflected, dispelling some things.

မှီဝဲထိုက် မမှီဝဲထိုက်သော (သေဝိတဗ္ဗာသေဝိတဗ္ဗ) တရားများ

(သေဝိတဗ္ဗာသေဝိတဗ္ဗသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Dhammas to be cultivated and not to be cultivated:
၁။ ကိုယ် အမူအရာ – ကာယ သမာစာရ
1: Bodily conduct,
၂။ နှုတ် အမူအရာ – ဝစီ သမာစာရ
2: verbal conduct,
၃။ စိတ် အမူအရာ – မနော သမာစာရ
3: mantal conduct,
၄။ စိတ်ဖြစ်ပုံ – စိတ္တုပ္ပါဒ
5: inclination of mind,
၅။ သညာရခြင်း – သညာ ပဋိလာဘ
4: the acquisition of perception,
၆။ အယူယုံကြည်မှုရရှိခြင်း – ဒိဋ္ဌိ ပဋိလာဘ
6: the acquisition of view
၇။ အတ္တဘော (ခန္ဓာ) ရခြင်း – အတ္တဘာဝ ပဋိလာဘ။
7: the acquisition of individuality.
(မှီဝဲထိုက်သော ကိုယ်အမူအရာ။ မမှီဝဲထိုက်သော ကိုယ်အမူအရာ ဟူ၍ နှစ်မျိုးရှိ၏ – စသည် နည်းတူတည်း)
(Bodily conduct is of two kinds: to be cultivated and not to be cultivated and the like/same for others.)

မှီဝဲထိုက် မမှီဝဲထိုက်သော (သေဝိတဗ္ဗာသေဝိတဗ္ဗ) အရာများ

(သေဝိတဗ္ဗာသေဝိတဗ္ဗသုတ်။ ဥပရိပဏ္ဏာသပါဠိ၊ သေဝနာသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ))
Things to be cultivated and not to be cultivated:
၁။ သင်္ကန်း
1: Robes,
၂။ ဆွမ်း
2: almsfood,
၃။ ကျောင်း
3: resting places,
၄။ ရွာ
4: villages,
၅။ နိဂုမ်း
5: towns,
၆။ မြို့
6: cities
၇။ ဇနပုဒ်
7: districts,
၈။ ပုဂ္ဂိုလ်။
8: persons.
(မှီဝဲထိုက်သော သင်္ကန်း။ မမှီဝဲထိုက်သော သင်္ကန်း ဟူ၍ နှစ်မျိုးရှိ၏ – စသည်နည်းတူတည်း)
(Robe is of two kinds: to be worn and not to be worn and the like/same for others.)

မွှေ့လျှော်ခြင်း ၄ မျိုး

(အကျိုးမရှိသော)
Four kinds of fondness:
၁။ ကမ္မာရာမတာ = အလုပ်အကုတ်ကုတ်လုပ်နေမှု၌ မွှေ့လျှော်ခြင်း
1: Fondness of activities,
၂။ ဘဿာရာမတာ = စကားပြော။များမှု၌ မွှေ့လျှော်ခြင်း
2: of speaking/talking,
၃။ နိဒ္ဒါရာမတာ = အိပ်စက်ခြင်း၌ မွှေ့လျှော်ခြင်း
3: of sleeping,
၄။ သင်္ဂဏိကာရာမတာ = အပေါင်းအသင်း၌ မွှေ့လျှော်ခြင်း။
4: of companions.
( ယ )

ယက္ခ

Ogre, a kind of ghost.

ယခုဘဝ ဆင်းဆင်းရဲရဲနေရခြင်း၏ အကြောင်း ၆ ပါး

(ပစ္စုပ္ပန်ယခုဘဝ ဆင်းဆင်းရဲရဲနေရခြင်း၏ အကြောင်း ၆ ပါး _ရှု)

ယခုဘဝမှာပင် နိဗ္ဗာန်ကို သိမြင်ခံစားနေခြင်း– ၁၉ မျိုး

(ဒိဋ္ဌဓမ္မ နိဗ္ဗာန် – ယခုဘဝမှာပင် နိဗ္ဗာန် ကို သိမြင်ခံစားနေခြင်း – ၁၉ မျိုး _ရှု)

ယာဉ် ၂ မျိုး

(တရားအားထုတ်ရာ၌)
Two vehicles in meditation:
၁။ သမထ ယာနိက
1: Taking tranquility as one’s vehicle,
၂။ ဝိပဿနာ ယာနိက။
2: taking insight as one’s vehicle.

ယထာဘူတ

Objectivity, as–it–is–ness, reality.

ယထာသန္ထတိက ဓုတင်

ရသမျှ အိပ်ရာဖြင့် ရောင့်ရဲခြင်း ဓုတင် (ဓုတင် ၁၃ ပါး _ရှု)

ယထာသန္ထတိက ဓုတင်၏ အကျိုး ၆ ပါး

Six benefits of the any–bad–user’s practice:
၁။ ရသမျှဖြင့် ရောင့်ရဲနိုင်ခြင်း
1: Contentment with what one gets,
၂။ သီတင်းသုံးဘော်တို့၏အကျိုးစီးပွါးကို ရှာမှီးခြင်း
2: wishing the welfare of fellow–men,
၃။ ကောင်း ညံ့သည်ကို ဂရုမစိုက်ခြင်း
3: no caring about good and bad,
၄။ မြတ်နိုး မမြတ်နိုးအပ်သည်ကို ဂရုမစိုက်ခြင်း
4: no caring about approval and disapproval,
၅။ အလိုကြီးမှုကို ပယ်ဖျောက်နိုင်ခြင်း
5: no excessive wishes,
၆။ အလိုနည်းခြင်း စသည်တို့နှင့် လျှော်ညီခြင်း။
6: conformity with the fewness of wishes.

ယပ်လှူရကျိုး ၈ ပါး

Eight benefits of donating fan:
၁။ အပူ အအေးဒဏ် ခံနိုင်ခြင်း
1: Endurance of coldness and heat,
၂။ မအိုက်ခြင်း
2: not being stuffy,
၃။ စိတ် အပူမရှိခြင်း
3: no worry,
၄။ ရာဂမီး ငြိမ်းခြင်း
4: no lust,
၅။ ဒေါသမီး ငြိမ်းခြင်း
5: no hatred,
၆။ မောဟမီး ငြိမ်းခြင်း
6: no delusion,
၇။ မာနမီး ငြိမ်းခြင်း
7: no conceit,
၈။ ဒိဋ္ဌိမီး ငြိမ်းခြင်း။
8: no wrong–view.

ယမက ပါဠိ

‘ယမက’၏ အဓိပ္ပါယ်မှာ ‘အစုံ။ တစ်စုံ’ ဖြစ်သည်။ ဤကျမ်း၌ တရားတော်များကို အမေးနှင့် အဖြေ စသည် တစ်စုံ (နှစ်ခု တစ်တွဲ) စီ နည်းဖြင့် ရှင်းလင်းထားသည်။ အဘိဓမ္မ ပိဋက၏ ဆဋ္ဌမမြောက်ကျမ်းဖြစ်သည်။
Yamaka: ‘Yamaka’ means ‘pairs’. The dhammas are explained in a method of pairs, like question and answer, in it; the sixth book of the ‘Abhidhamma Piṭaka’.

ယမိုက် (ယမက) ၁ဝ ကျမ်း

Ten books of ‘Yamaka’:
၁။ မူလ ယမိုက်
1: The Book of Pairs about ‘Roots’,
၂။ ခန္ဓ ယမိုက်
2: about ‘Aggregates’,
၃။ အာယတန ယမိုက်
3: about ‘Bases’,
၄။ ဓာတု ယမိုက်
4: about ‘Elements’,
၅။ သစ္စ ယမိုက်
5: about ‘Truth’,
၆။ သင်္ခါရ ယမိုက်
6: about ‘the Conditioned’,
၇။ အနုသယ ယမိုက်
7: about ‘Latent Tendency’,
၈။ စိတ္တ ယမိုက်
8: about ‘Mind’,
၉။ ဓမ္မ ယမိုက်
9: about ‘Phenomena’,
၁ဝ။ ဣန္ဒြိယ ယမိုက်။
10: about “Faculties’.

ယာဂု

Rice gruel, rice porridge.

ယာဂု (ဆန်ပြုတ်) သောက်ခြင်း၏ အကျိုး ၅ ပါး

Five advantages from gruel:
၁။ ဆာလောင်ခြင်းကို ပယ်ဖျောက်တတ်၏
1: Less hunger,
၂။ မွတ်သိပ်ခြင်းကို ပယ်ဖျောက်တတ်၏
2: keeping off thirst,
၃။ လေကို စုန်စေတတ်၏
3: regulating winds,
၄။ ဆီးအိမ်ကို သုတ်သင်တတ်၏
4: cleaning the bladder,
၅။ အစာအကြွင်းအကျန်ကို ကျေညက်စေတတ်၏။
5: digesting raw ramnant of food.

ယုဂ် ၄ ပါး (ခေတ်)

Four kinds of age in the human–world:
၁။ ကတ ယုဂ် – လူသားများ ကို လေးပုံစု။ လေးပုံလုံး တရားရှိသောခေတ် – ၁၇၂၈ဝဝဝ နှစ်ရှည်ကြာသည်။
1: Kata–yuga: The age in which all human–race is virtuous; it lasts 1,728,000 years.
၂။ တေတြာ ယုဂ် – လူသားများ ကို လေးပုံစု။ သုံးပုံသာ တရားရှိသော ခေတ် – ၁၂၉၆ဝဝဝ နှစ်ရှည်ကြာသည်။
2: tetrā–yuga: in which three–fourth of human–race is virtuous; it lasts 1,296,000 years.
၃။ ဒွါပရာ ယုဂ်= လူသားများ ကို လေးပုံစု။ နှစ်ပုံသာ တရားရှိသော ခေတ်။ ၈၆၄ဝဝဝ နှစ်ရှည်ကြာသည်။
3: dvāparā–yuga: in which a half of human–race is virtuous; it lasts 864,000 years.
၄။ ကလိ ယုဂ်= လူသားများ ကို လေးပုံစု။ တပုံသာ တရားရှိသော ခေတ်။ ၄၃၂ဝဝဝ နှစ်ရှည်ကြာသည်။
4: kali–yuga: in which one–fourth of human–race is virtuous; it lasts 432,000 years.
(ဂေါတမ ဘုရားရှင်သည် ကလိယုဂ်နှစ် ၂၅ရဝ ၌ ပွင့်တော်မူသည်)
(Gotama Buddha attained enlightenment at 2,570 years of kali–yuga.)

ယုဂ် ၅ ပါး

(ခေတ် ကာလ)
Four ages in the Buddha’s dispensation (sāsanā):
၁။ ဝိမုတ္တိ ယုဂ် = ဝိပဿနာ မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်သော – ရှိသော ကာလ
1: The age of Vipassanā insight meditation, path (magga), fruition (phala) and
Nibbāna,
၂။ သမာဓိ ယုဂ် = စျာန်သမာဓိ သမထတရားသာ ရနိုင်သော – ရှိသော ကာလ
2: of tranquility meditation,
၃။ သီလ ယုဂ် = ကိုယ်ကျင့်သီလသာ ရနိုင်သော – ရှိသော ကာလ
3: of virtue/morality,
၄။ သုတ ယုဂ် = အသိဉာဏ် ဗဟုသုတသာရနိုင်သော – ရှိသော ကာလ
4: of general knowledge,
၅။ ဒါန ယုဂ် = ပေးကမ်းစွန့်ကြဲခြင်းမျှလောက်သာရနိုင်သော – ရှိသော ကာလ။
5: of donation/charity.

ယုတ်လျှော့ကြောင်း (ဟာနဘာဂိယ) တရားများ

တစ်ပါးစု မှ ဆယ်ပါးစုအထိ –
(တိုးတက်ခြင်း – ဝိသေသဘာဂိယ –၏ အကြောင်းတရားများ _ရှု)

ယုံမှား သံသယ ၁၆ မျိုး

(ကင်္ခါ ၁၆ မျိုး _ရှု)

ယူဇနာ (အတိုင်းအတာ)

အစဉ်အလာအားဖြင့် ၁၂ မိုင်ရှိသော အကွာအဝေး။ ယခုခေတ် အယူအဆအရ ၆ မိုင် ကျော်ကျော်ခန့်ရှိသော အကွာအဝေး။
Yūjanā: Traditionally, a Yūjanā is about 12 miles; but it is calculated about 6 miles now–a–day.

ယောက်ျားတို့၏ မိန်းမများ မနှစ်သက်သော အင်္ဂါလက္ခဏာ ၅ မျိုး

Five factors of a woman that man does not like:
၁။ န ရူပဝါ – ရုပ်မလှခြင်း
1: No beauty,
၂။ န ဘောဂဝါ – ပစ္စည်းဥစ္စာမရှိခြင်း
2: no wealth,
၃။ န သီလဝါ – ကိုယ်ကျင့်တရား မရှိခြင်း
3: no virtue,
၄။ အလသော – ပျင်းယိခြင်း
4: laziness,
၅။ ပဇဌဿ န လဘတိ – သားသမီး မရခြင်း။
5: not begetting children.
(ယောက်ျားတို့၏ မိန်းမများ နှစ်သက်သော အင်္ဂါလက္ခဏာ ၅ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Five factors of a man that woman likes are opposite of the above.)

ယောက်ျား မြတ်တို့၏ အကြံအစည်ကြီး ၈ မျိုး

Eight thoughts of a great person:
၁။ လောကုတ္တရာတရား ကိုးပါးသည် အလိုနည်းသူအတွက်ဖြစ်၏။ အလိုကြီးသူအတွက် မဟုတ်
1: The dhamma is for one with few deaires, not for one with strong desires.
၂။ ရောင့်ရဲသူအတွက်ဖြစ်၏။ မရောင့်ရဲနိုင်သူအတွက် မဟုတ်
2: The dhamma is for one who is content, not for one who is discontent.
၃။ ဆိတ်ငြိမ်ရာ၌ မွေ့လျှော်သူအတွက်ဖြစ်၏။ အပေါင်းအဖေါ် မွေ့လျှော်သူအတွက် မဟုတ်
3: The dhamma is for one who resorts the solitude, not for one delights in company.
၄။ ကြိုးစားသူအတွက်ဖြစ်၏။ ပျင်းယိသူအတွက် မဟုတ်
4: The dhamma is for one who is energetic, not for one who is lazy.
၅။ သတိရှိသူအတွက်ဖြစ်၏။ သတိမရှိသူအတွက် မဟုတ်
5: The dhamma is for one with mindfulness, not for one who is muddle–minded.
၆။ တည်ကြည်သမာဓိရှိသူအတွက်ဖြစ်၏။ မတည်ကြည်သူအတွက် မဟုတ်
6: The dhamma is for one who is concentrated, not for one who is unconcentrated.
၇။ ပညာရှိသူအတွက်ဖြစ်၏။ မညာမဲ့သူအတွက် မဟုတ်
7: The dhamma is for one who is wise, not for one who is unwise.
၈။ သံသရာချဲ့ ပပဌတရား မရှိသူအတွက်ဖြစ်၏။ သံသရာချဲ့ ပပဌတရား ရှိသူအတွက် မဟုတ်။
8: The dhamma is for one who takes delights in non–proliferation, not for one who takes delight in proliferation.

ယောက်ျား မြတ်တို့၏ လက္ခဏာ ၃၂ ပါး

(လက္ခဏာ တော် ၃၂ ပါး _ရှု)

ယောဂ

Meditation, concentration, yoke, canker.

ယောဂ ၄ ပါး

(အာသဝ ၄ ပါး _ရှု တူ၏)
Four yokes:
၁။ ကာမယောဂ
1: The yoke of sense–desire,
၂။ ဘဝယောဂ
2: of desiring eternal existence,
၃။ ဒိဋ္ဌိယောဂ
3: of wrong view,
၄။ အဝိဇ္ဇာယောဂ။
4: of ignorance.

ယောဂ ၃ ပါး

(သဒ္ဒါ)
Three persons (grammar):
၁။ အမှ ယောဂ
1: First person,
၂။ တုမှ ယောဂ
2: second person,
၃။ နာမ ယောဂ။
3: third person.

ယောဂီ

Meditator, yoga–practitioner.

ယောနိ

Modes of generation, genitals.

ယောနိ ၄ ပါး

Four modes of generation:
၁။ အဏ္ဍဇ = ဥခွံအတွင်းမှာ ပဋိသန္ဓေနေခြင်း
1: Generation from the egg,
၂။ ဇလာဗုဇ = မိခင်ဝမ်းအတွင်းမှာ ပဋိသန္ဓေနေခြင်း
2: from the mother’s womb,
၃။ သံသေဒဇ = အညှိကိုစွဲပြီး ပဋိသန္ဓေနေခြင်း
3: from moisture,
၄။ သြပပါတိက = ကိုယ်ထင်ရှား ဘွားကနဲပေါ်လာသော ပဋိသန္ဓေနေခြင်း။
4: spontaneous rebirth.

ယောနိသော မနသိကာရ

နှလုံးသွင်း မှန်ခြင်း
Right perception, right/positive attitude.

ယုံကြည်မှု သဒ္ဓါတရား၏ အကျိုးအဆက်ဆက်

(စင်္က ီသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
The most helpful process of dhammas to attain the final truth
(Caṅkī Sutta, Majjhima–paṇṇāsa):
၁။ သစ္စာတရားသိမြင် ဖြစ်ပေါ်လာခြင်း – သစ္စာနုပ္ပတ္တိ
1: Final arrival of the truth,
၂။ အားထုတ်ခြင်း – ပဓာန
2: striving,
၃။ နှိုင်ချိန်ခြင်း – တုလန
3: scrutiny,
၄။ ကြိုးပမ်းခြင်း – ဥဿာဟ
4: application of will,
၅။ ဆန္ဒ
5: will, zeal,
၆။ တရားကိုစူးစိုက်ကြည့်ရှုကျေနပ်ခြင်း – ဓမ္မာနိဇ္စျာနက္ခန္တိ
6: a reflective acceptance of teachings,
၇။ အနက်အဓိပ္ပါယ်ကို စူးစမ်းခြင်း – အတ္ထူပပရိက္ခာ
7: examination of the meaning,
၈။ တရားကို ဆောင်ထားခြင်း – ဓမ္မဓာရဏာ
8: memorizing the teachings,
၉။ တရားကို နာကြားခြင်း – ဓမ္မဿဝန
9: hearing the dhamma,
၁ဝ။ နားစိုက်ထောင်ခြင်း – သောတာဝဓာန
10: givinh ear (listening carefully),
၁၁။ ဆည်းကပ်ခြင်း – ပယိရုပါသန
11: paying respect,
၁၂။ ချဉ်းကပ်ခြင်း – ဥပသင်္ကမန
12: visiting,
၁၃။ အမှန်တရားဟု ယုံကြည်လက်ခံခြင်း – သဒ္ဓါတရား။
13: faith as a truth.

ရက်လည်ဆွမ်း

Offering food especially lunch to the monk(s) as a token of a person’s demise after seven days.

ရခဲသော ပုဂ္ဂိုလ် ၂ မျိုး

Two rare persons in this world:
၁။ တိတ္တ – ရောင့်ရဲလွယ်သူ
1: A person who is content,
၂။ တပ္ပတ – ရောင့်ရဲမှုကို ပေးတတ်သူ။
2: a person who gives contentment.

ရခဲသော ပုဂ္ဂိုလ် ၅ မျိုး

Five persons rarely revealed in this world:
၁။ သဗ္ဗညု ဘုရား ရတနာ
1: Buddha, the Enlightened/Awakened One,
၂။ ဘုရားတရားတော်ကို ကောင်းစွာဟောကြားတတ်သော တရားဟောဆရာ (ဓမ္မကထိက)
2: a person who is able to teach the dhamma,
၃။ တရားနာယူပြီး သိနားလည်သောသူ
3: a person who is able to understand the dhamma,
၄။ သိနားလည်ပြီး လိုက်နာကျင့်ကြံသောသူ
4: a person who is able to practice the dhamma,
၅။ သူ့ကျေးဇူးကိုသိပြီး ပြန်လည်ကျေးဇူးဆပ်သူ။
5: a person who is greatful and thankful.

ရခဲသော ပြုနိုင်ခဲသော – ဒုက္ကရ – တရား ၃ မျိုး

(ဗုဒ္ဓသာသနာတော်၌)
Three things difficult to do in the Buddha’s dispensation:
၁။ ရဟန်းအဖြစ်ကို ရခဲခြင်း
1: To be a monk,
၂။ ရဟန်းဖြစ်ပြန်သော်လည်း ရဟန်းဘဝ၌ မွှေ့လျော်မှုကို ရခဲခြင်း
2: delight in monkhood,
၃။ မွှေ့လျော်သော်လည်း တရားနှင့်အညီ ကျင့်နိုင်ခဲခြင်း။
3: practice in accordance with the dhamma.

ရခဲသော အရာ ၆ မျိုး

Six rare things/persons in the world:
၁။ သဗ္ဗညု ဘုရားရှင်
1: Buddha, the Enlightened One,
၂။ ဘုရားရှင်၏တရားကို ကောင်းစွာ ဟောကြားတတ်သော ပုဂ္ဂိုလ်
2: a person who is able to teach the dhamma,
၃။ သူတော်ကောင်းများတည်ရာ (မဇ္စျိမဒေသ) အရပ်၌ ဖြစ်ရခြင်း
3: to be born in the Middle–region (Majjhima–desa),
၄။ မျက်စိစသော ဣန္ဒြေ မချို့တဲ့သူ၏ အဖြစ်
4: perfect sence–governance,
၅။ မမိုက်မဲ မဆွံ့အသူ အဖြစ်
5: free from stupidity,
၆။ ကောင်းမှုကုသိုလ်ပြုလိုသော ဆန္ဒ။
6: wish to do merit.

ရင့်မာ တကျိပ်

The ten Buddhas–to–be in the near future successievly:
၁။ မေတ္တေယျ
1: Metteyya,
၂။ ရာမမင်း
2: King Yāma,
၃။ ကောသလမင်း
3: King Kosala,
၄။ အဘိဘူနတ်
4: Abhibhū Deva (Deity),
၅။ အသူရိန်နတ်
5: Asurinda Deva,
၆။ ဒီဃသောဏီ ပုဏ္ဏား
6: Brahmin Dīghasoṇi ,
၇။ ဝင်္ဂ ီသ ပုဏ္ဏား
7: Brahmin Vaṅgīsa,
၈။ တောဒေယျ ပုဏ္ဏား
8: Brahmin Todeyya,
၉။ နာဠာဂီရိ ဆင်
9: Elephant Nāḷāgīri,
၁ဝ။ ပလလဲဆင်။
10: Elephant Palileyya.

ရင့်ကျက်စေကြောင်း တရား ၅ ပါး

Five factors to make a person matured:
၁။ မိတ်ဆွေကောင်း ပေါင်းသင်းခြင်း
1: Association with good friends,
၂။ ကိုယ်ကျင့်သီလရှိခြင်း
2: having moral conduct,
၃။ အလိုနည်းပါးမှုနှင့်စပ်သောစကား စသော အရိယာကတာ ၁ဝ ပါးနှင့်ပြည့်စုံခြင်း
3: speech connected with solitude, such as ‘speech of wanting little’,
၄။ လုံ့လဝီရိယရှိခြင်း
4: effort,
၅။ ပညာဉာဏ်ရှိခြင်း။
5: wisdom.

ရင့်ကျက်စေကြောင်း (အရဟတ္တဖိုလ်ရောက်ကြောင်း – ဝိမုတ္တိ ပရိပါစနီယ) တရား ၁၅ ပါး

Fifteen factors to make a person matured (to attain arahant–ship):
၁။ သဒ္ဓါတရား မရှိသူကို ရှောင်ကြဉ်ခြင်း
1: Not association with the faithless,
၂။ သဒ္ဓါတရား ရှိသူကို ပေါင်းသင်းခြင်း
2: association with the faithful,
၃။ ကြည်ညိုဘွယ်ရာ သဒ္ဓါတရားနှင့် ပတ်သက်သော သုတ္တန်များကို နာကြား ဆင်ခြင်ခြင်း
3: listening and reflecting discourses that cause faith,
၄။ ပျင်းယိသူကို ရှောင်ကြဉ်ခြင်း
4: not association with the lazy,
၅။ ကြိုးစားသူကို ဆည်းကပ်ပေါင်းသင်းခြင်း
5: association with the energetic,
၆။ ကြိုးစားမှု ဝီရိယနှင့် ပတ်သက်သော သုတ္တန်များကို နာကြားဆင်ခြင်ခြင်း
6: listening and reflecting discourses that cause effort,
၇။ မေ့လျော့ ပေါ့ပေါ့နေသူကို ရှောင်ကြဉ်ခြင်း
7: not association with the unmindful,
၈။ သတိတရား အလေးထားသူကို မှီဝဲခြင်း
8: association with the mindfull,
၉။ သတိပဋ္ဌာန်နှင့် ပတ်သက်သော သုတ္တန်များကို နာကြား ဆင်ခြင်ခြင်း
9: listening and reflecting discourses that cause mindfulness,
၁ဝ။ သမာဓိ မရှိသူကို ရှောင်ကြဉ်ခြင်း
10: not association with the unconcentrated,
၁၁။ သမာဓိ ရှိသူကို ပေါင်းသင်းခြင်း
11: association with the concentrated,
၁၂။ သမာဓိနှင့် ပတ်သက်သော သုတ္တန်များကို နာကြားဆင်ခြင်ခြင်း
12: listening and reflecting discourses that cause concentration,
၁၃။ ပညာမဲ့ကို ရှောင်ကြဉ်ခြင်း
13: not association with the foolish,
၁၄။ ပညာရှိကို ပေါင်းသင်းခြင်း
14: association with the wise,
၁၅။ နက်နဲသော ပညာနှင့် ပတ်သက်သော သုတ္တန်များကို နာကြား ဆင်ခြင်ခြင်း။
15: listening and reflecting discourses that cause wisdom.

ရည်မှန်းရာ ဘုံဘဝသို့ ရောက်စေနိုင်သော တရား ၅ ပါး

(သင်္ခါရုပပတ္တိသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Five dhammas that lead to one’s desired realm/destination:
၁။ သဒ္ဓါ
1: Faith,
၂။ သီလ
2: virtue,
၃။ သုတ
3: learning,
၄။ စာဂ
4: geberosity,
၅။ ပညာ
5: wisdom.

ရဋ္ဌပါလ သုတ်လာ ၄ ပါးသော တရားအစု

ဓမ္မုဒ္ဒေသ ၄ ပါး
Four summaries of the dhamma (Raṭṭha–pāla Sutta):
၁။ လောကသည် အမြဲမရှိ။ သေရွာ သို့ ရှေ့ရှု ဆောင်နေ၏
1: Life in the world is unstable; it is swept away (leading to death);
၂။ လောကမှာ မှီခိုရာ အစစ်မရှိ။ အစိုးမရ
2: life in the world has no shelter and no protection;
၃။ လောကမှာ ကိုယ်ပိုင် မရှိ။ အားလုံးကို စွန့်ခွါသွားရမည်
3: life in the world has nothing of its own; one has to leave all and pass on;
၄။ လောကသည် ပြည့်သည်မရှိ။ မရောင့်ရဲနိုင်ကြ။ တဏှာ၏ကျွန် ဖြစ်နေကြသည်
(အမြဲတမ်း လိုချင် ရချင် ဖြစ်ချင် နေသည်)။
4: life in the world is incomplete, insatiate, the slave of craving.

ရတနာ ၃ ပါး

The Triple Gem, the Three Jewels:
၁။ ဗုဒ္ဓ – ဘုရား
1: Buddha,
၂။ ဓမ္မ – တရား
2: Dhamma,
၃။ သံဃာ – ရဟန်းသံဃာ။
3: Saṃgha (order of monks).

ရတနာ ၃ ပါးအား လေးစားမြတ်နိုးသော နတ်တို့၏ အခြားနတ်များအပေါ် သာလွန်ချက် ၁ဝ မျိုး

Ten surpassed–respects of the deities who take refuge in Buddha, dhamma and saṃghas than the deities who do not take refuge in them:
၁။ ဒိဗ္ဗ အာယု – နတ်တို့၏ သက်တမ်း
1: In celestial life span,
၂။ ဒိဗ္ဗ ဝဏ္ဏ – နတ်တို့၏ အဆင်း
2: in celestial beauty,
၃။ ဒိဗ္ဗ သုခ – နတ်တို့၏ ချမ်းသာ
3: in celestial happiness,
၄။ ဒိဗ္ဗ ယသ – နတ်တို့၏ အခြံအရံ အကျော်အစော
4: in celestial fame,
၅။ ဒိဗ္ဗ အာဓိပတေယျ – နတ်တို့၏ အစိုးရခြင်း
5: in celestial sovereignty,
၆။ ဒိဗ္ဗ ရူပ – နတ်တို့၏ ရူပါရုံ
6: in celestial forms,
၇။ ဒိဗ္ဗ သဒ္ဒ – နတ်တို့၏ သဒ္ဒါရုံ
7: in celestial sounds,
၈။ ဒိဗ္ဗ ဂန္ဓ – နတ်တို့၏ ဂန္ဓာရုံ
8: in celestial ordours,
၉။ ဒိဗ္ဗ ရသ – နတ်တို့၏ ရသာရုံ
9: in celestial tastes,
၁ဝ။ ဒိဗ္ဗ ဖောဋ္ဌဗ္ဗ – နတ်တို့၏ ဖောဋ္ဌဗ္ဗာရုံ။
10: in celestial tangable objects.

ရတနာ ၃ ပါးလေးစား ယုံကြည် ကြည်ညိုသူများ အားရကျေနပ်စွာ ကျူးရင့်ဘွယ် သုံးပါး

(ဂေါတမကစေတိယသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
Happy utterances for those who is faithful in the Triple Gem:
၁။ သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ – သစ္စာလေးပါးကို ကိုယ်တော်တိုင် ထိုးထွင်းသိတော်မူသော ဘုရားပါတကား။
1: The Blessed One is perfectly enlightened!
၂။ သွာက္ခာတော ဓမ္မော – ကောင်းစွာဟောကြားအပ်သော တရားတော်ပါတကား။
2: The Dhamma is well expounded by the Blessed One!
၃။ သုပ္ပဋိပန္နော သံဃော – ကောင်းစွာ ကျင့်ကြံတော်မူကြသော သံဃာတော်များပါတကား။
3: The Saṃgha (community of monks) practices well the path!

ရတနာ ၇ ပါး

(ပါဠိတော်လာ)
Seven kinds of gem/jewel (in accordance with the Pāli Scriptures):
၁။ ရွှေ
1: Gold,
၂။ ငွေ
2: silver,
၃။ ပုလဲ
3: pearl,
၄။ ပတ္တမြား
4: ruby,
၅။ ကြောင်မျက်ရွဲ
5: cat’s eye,
၆။ စိန်
6: diamond,
၇။ သန္တာ။
7: coral.

ရတနာ ၇ ပါး လောကီ လောကုတ္တရာ နှိုင်းယှဉ်ခြင်း

Seven kinds of gem worldly and unworldly compared:
၁။ ဟိရီ = မကောင်းမှုမှ ရှက်ခြင်း – ငွေ
1: Moral shame – silver,
၂။ သြတပ္ပ = မကောင်းမှုမှ ကြောက်ခြင်း – ရွှေ
2: Moral dread – gold,
၃။ သုတ = အကြားအမြင်များခြင်း – သန္တာ
3: knowledge – coral,
၄။ သဒ္ဓါ = ယုံကြည်ခြင်း – မြ
4: faith – emerald,
၅။ သီလ= ကိုယ်ကျင့်တရား – ပုလဲ
5: morality – pearl,
၆။ စာဂ = စွန့်ကြဲပေးကမ်းမှု – ရတနာများ
6: generosity – jewels,
၇။ ပညာ = အသိဉာဏ် – စိန်။
7: wisdom – diamond.
ရထား ၅ဝဝ နှင့် အဆောင်အယောင်ရရှိသော အမျိုးသမီး ၃ ယောက် (ဘုရားရှင်လက်ထက်တော်)
Three ladies who received 500 chariots and royal emblems from their respective parents at the time of Lord Buddha:
၁။ စုန္ဒီမင်းသမီး ။ ဗိမ္ဗိသာရမင်းကြီး၏ သမီးတော်
1: Princess Cundī, daughter of King Bimbisāra,
၂။ ဝိသာခါ ကျောင်းအမကြီး။ ဓနဌယ သူဌေး၏သမီး
2: Visākhā the monastery donor, daughter of Dhanaṅcaya the rich,
၃။ သုမနာ။ ကောသလမင်းကြီး၏ သမီးတော်
3: Princes Sumanā, daughter of King Kosala.

ရန်ငြိမ်းကြောင်း တရား ၄ ပါး

(ဒီဃာဝုဝတ္ထု)
Four guidelines to get rid of enmity (The Story of Dīghāvu):
၁။ ရန်စကို တိုစေ
1: Not prolonging the cause of enmity,
၂။ မိတ်စကို ရှည်စေ
2: not shorting the term of friendship,
၃။ ရန်မလိုက ရန်ပြို၏
3: Friendliness eliminates enmity.
၄။ ရန်လိုက ရန်ပို၏။
4: Resentment begets revenge.

ရန်ငြိုးနှင့် ပတ်သက်ပြီး ပုဂ္ဂိုလ် ၃ မျိုး

(ကောဓ – အမျက်ထွက် မကျေနပ်မှု ရန်ငြိုး – နှင့် ပတ်သက်ပြီး ပုဂ္ဂိုလ် ၃ မျိုး _ရှု)

ရန်ငြိုးပြေကြောင်း တရား ၅ ပါး

Five things to get rid of anger/hatred/ill–will:
၁။ မေတ္တာ ဘာဝေတဗ္ဗာ = မေတ္တာတရား ပွါးများခြင်း
1: Practicing loving–kindness,
၂။ ကရုဏာ ဘာဝေတဗ္ဗာ = သနားကရုဏာ တရား ပွါးများခြင်း
2: practicing compassion,
၃။ ဥပေက္ခာ ဘာဝေတဗ္ဗာ = ဥပေက္ခာတရား ပွါးများခြင်း
3: practicing equanimity,
၄။ အသတိ မနသိကာရော = မေ့ပျောက်ပစ်လိုက်ခြင်း
4: forgetting the anger–object,
၅။ ကမ္မဿကတာ အဓိဋ္ဌာတဗ္ဗာ = သူ့ကံနှင့် သူပဲဟု နှလုံးသွင်းခြင်း။
5: contemplation/pondering on one’s own kamma.

ရန်ငြိုးဖွဲ့ခြင်း အကြောင်း ၁ဝ ပါး

(အာဃာတဝတ္ထု ၁ဝ ပါး _ရှု)

ရန်ငြိုးဖွဲ့ခြင်း၏ ဆိုးကျိုး ၇ မျိုး

(အမျက်ဒေါသ၏ ဆိုးကျိုး ၇ မျိုး _ရှု)

ရန်ဖြစ်ကြောင်း ငြင်းခုံကြောင်း တရား ၂ ပါး

Two causes of quarrel:
၁။ ကာမာရာဂါဘိနိဝေသဝိနိဗန္ဓ ပလိဂေဓ ပရိယုဋ္ဌာန အဇ္စျောသာန ဟေတု – ငါးပါးအာရုံ ကာမဂုဏ် တရားတို့ကြောင့် မင်း။ ပုဏ္ဏား။ သူဋ္ဌေး လူသားတို့သည် ငြင်းခုံ ရန်ဖြစ်ကြကုန်၏။
1: Quarrelsome due to sensual pleasure,
၂။ ဒိဋ္ဌိရာဂါဘိနိဝေသဝိနိဗန္ဓ ပလိဂေဓ ပရိယုဋ္ဌာန အဇ္စျောသာန ဟေတု – အယူဝါဒ ယုံကြည်မှု အစွဲကြီးခြင်း နှစ်သက်ကျေနပ်ခြင်း တို့ကြောင့် ရဟန်းတို့သည် ငြင်းခုံရန်ဖြစ်ကြကုန်၏။
2: quarrelsome due to views/believes/opinions/ideologies.

ရန်ဖြစ်ကြောင်း တရား ၆ ပါး

(ဝိဝါဒ မူလ – ရန်ဖြစ်ကြောင်း – တရား ၆ ပါး _ရှု)

ရန်သူမျိုး ၂ ပါး

Two enemies:
၁။ အတွင်းရန် – လောဘ ဒေါသ မာန စသည့် ကိလေသာများ
1: Inward–enemy = greed, hatred, conceit etc.
၂။ အပြင်ရန် – ဓါးပြ သူခိုး မင်းဆိုး မင်းညစ် စသည်များ။
2: outward–enemy = robber, thief, bad government etc.

ရန်သူမျိုး ၅ ပါး

Five enemies:
၁။ ရေ
1: Water – flood etc.
၂။ မီး
2: fire,
၃။ မင်းဆိုး မင်းညစ်
3: bad king/government,
၄။ ခိုးသူ
4: thief/robber,
၅။ အမွေခံဆိုး။
5: bad inheritor.

ရပ်ပြစ် ၈ ပါး

Eight uncongenial locations:
၁။ ငရဲ
1: Hell,
၂။ တိရစ္ဆာန်
2: animal,
၃။ ပြိတ္တာ (အသုရကယ်)
3: hungry ghost,
၄။ အရူပ နှင့် အသညသတ် ဗြဟ္မာ
4: formless and mindless brahma,
၅။ ပစ္စန္တရစ် အရပ်
5: remote location, i.e., where Buddha’s teachings cannot reach,
၆။ အယူမှားသူ
6: wrong viewer,
၇။ လူစဉ် မမှီသူ
7: dull/deformed person,
၈။ သာသနာပ အခါ
8: outside the appearance of Buddha.

ရပ်ပြစ် ၉ ပါး

အထက်ပါ ၈ ပါးထဲ၌
Nine uncongenial locations:
၉။ မဇ္စျိမ ဒေသ၌ ပညာရှိသူတော်ကောင်းဖြစ်သော်လည်း ဘုရားရှင် မပွင့်ထွန်းခြင်း – တစ်ပါးထပ်ထည့်ပါ။
Add one more into the above:
9: Even though a bright person was born in the Middle Region (Majjhima–desa),
Buddha does not appear there and then.

ရလွယ် ရောင့်ရဲလွယ်သော အရာ ၄ မျိုး

Four things easily available for content persons (monks):
၁။ ပံသကူ သင်္ကန်းဆောင်ခြင်း
1:Wearing rag–robes,
၂။ ဆွမ်းခံစားခြင်း
2: alms–food,
၃။ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်မှာ နေခြင်း
3: the root of a tree as lodging,
၄။ နွားကျင်ငယ်ဆေးကို သုံးခြင်း။
4: bull–urine as medicine.

ရသသရ ၃ လုံး

The three short vowels:
အ ဣ ဥ
A i u

ရသေ့ ရဟန်းတို့၏ ချမ်းသာ ၈ ပါး

(သမဏသုခ ၈ ပါး _ရှု)

ရဟန်း

Monk, priest, clergy, striver.

ရဟန်း ၃ မျိုး

Three kinds of monk:
၁။ ရဟန္တာဖြစ်လိမ့်မည်ဟု မျှော်လင့်ဘွယ်မရှိသော ဒုဿီလ ရဟန်း
1: An amoral monk no hope for arahant–ship,
၂။ ရဟန္တာဖြစ်လိမ့်မည်ဟု မျှော်လင့်ဘွယ်ရှိသော သီလဝန္တ ရဟန်း
2: a moral monk hoping for arahant–ship,
၃။ ရဟန္တာဖြစ်ပြီးသော ရဟန်း။
3: a monk already attained arahant–ship.

ရဟန်း ၃ ဆင့်။မျိုး

Three stages of monks:
၁။ အနု။ နဝ – ရဟန်းခံပြီးသည်မှ ငါးဝါရသည့် အထိ
1: Anu or Nava = one to five years (vassas) of age after ordination,
၂။ မဇ္စျိမ – ငါးဝါမှ ဆယ်ဝါ ရသည့် အထိ
2: Majjhima = five to ten years (vassas) of age after ordination,
၃။ ထေရ – ဆယ်ဝါရသည်မှ အထက် (ဝါ နှစ်ဆယ်ကျော်လျှင် မဟာထေရ် ဟုခေါ်သည်)။
3: Thera = ten and above years (vassas) of age after ordination.
(Over 20 years (vassas) of monkhood is called Mahā–thera.)

ရဟန်းကောင်းတို့၏ လက္ခဏာ ၄ ပါး

Four qualities of virtuous monks:
၁။ သောတာ = ဘုရားအဆုံးအမများကို သင်ကြားလေ့လာ နာခံမှတ်သားခြင်း
1: Listening to the Buddha’s teachings,
၂။ ဟန္တာ = ကာမဝိတက်စသော ကိလေသာများကို သတ်ဖြတ်နိုင်ခြင်း
2: working hard to destroy mental impurities,
၃။ ခန္တာ = အချမ်းအပူ ဝေဘန်မှုစသည်များကို သည်းခံနိုင်ခြင်း
3: forbearance of heat, cold, criticism etc.,
၄။ ဂန္တာ = နိဗ္ဗာန်လမ်းကြောင်းကို ကောင်းကောင်းကြီး သွားနိုင်ခြင်း။
4: capable of going to nibbāna.

ရဟန်းကောင်းတို့၏ လက္ခဏာ ၇ ပါး

Seven qualities of virtuous monks:
၁။ ဓမ္မညူ – ပါဠိတော်ကို သိခြင်း
1: Knower of the text,
၂။ အတ္ထညူ – အနက်အဓိပ္ပါယ်ကို သိခြင်း
2: of the meaning,
၃။ အတ္တညူ – မိမိကိုယ်ကို သိခြင်း
3: of oneself,
၄။ မတ္တညူ – အတိုင်းအတာကို သိခြင်း
4: of the amount,
၅။ ကာလညူ – အချိန်ကို သိခြင်း
5: of the time,
၆။ ပရိသညူ – ပရိသတ်ကို သိခြင်း
6: of the audience,
၇။ ပုဂ္ဂလပရောပရညူ – ပုဂ္ဂိုလ်ရေးအခြေအနေကို သိခြင်း။
7: of the individual’s character.

ရဟန်းကောင်း၏ ကြီးပွါးစည်ပင်ကြောင်း တရား ၁၁ ပါး

Eleven factors that make a monk increased/grown in the Buddha–sāsanā:
(နွားကျောင်းသား။ နွားထိမ်းကောင်း၏ အင်္ဂါ ၁၁ ပါးနှင့် ယှဉ်ကြည့်ရန်)
၁။ မဟာဘုတ်လေးပါး ဥပါဒါရုပ်များ (ရုပ်ပုံသဏ္ဍာန်) ကိုသိခြင်း
1: Knowing the four great elements and their derived,
၂။ သူယုတ်လက္ခဏာ သူတော်ကောင်း လက္ခဏာကို သိခြင်း
2: knowing the characteristics of the evil and of the virtuous,
၃။ မကောင်းသောအကြံအစည် (မိစ္ဆာဝိတက်) များကို ပယ်ဖျောက်ခြင်း
3: getting rid of bad thoughts,
၄။ မျက်စိ နားစသော အာရုံများကို စောင့်စည်းထိမ်းသိမ်းခြင်း
4: guarding the sense–doors,
၅။ တရားကို နားလည်အောင် ကျယ်ပြန့်စွာ ဟောကြားတတ်ခြင်း
5: ability to expound the dhamma deep and wide,
၆။ တတ်သိနားလည်သူများကို အခါအားလျှော်စွာ မေးမြန်းတတ်ခြင်း
6: association with and asking questions the wise,
၇။ တရားတော်၏ အနက်အဓိပ္ပါယ်ကို သဘောကျနှစ်ခြိုက်လောက်အောင် သိနားလည်ခြင်း
7: understanding the dhamma with delight,
၈။ မဂ္ဂင်ရှစ်ပါးကို သိနားလည်ခြင်း
8: understanding the eightfold path,
၉။ သတိပဋ္ဌာန်လေးပါးကို သိနားလည်ခြင်း
9: understanding the four foundations of mindfulness,
၁ဝ။ အလှူခံယူရာ၌ အတိုင်းအတာကို သိခြင်း
10: knowing the limit of receiving the requisites,
၁၁။ ထေရ်ကြီးဝါကြီးများကို မေတ္တာထား ပြုစုရိုသေခြင်း။
11: serving and respect the elderly monks.
(ရဟန်းဆိုး၏ ဆုတ်ယုတ်ပျက်စီးကြောင်း တရား ၁၁ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Eleven factors that make a monk decreased/fallen in the Buddha–sāsanā are opposite of the above.)

ရဟန်း ကျင့်ဝတ် ၆ ပါး

Six duties/responsiblities/obligations of a monk to his supporters:
၁။ မကောင်း မြစ်တာ
1: Restrain the devotees from evil;
၂။ ကောင်းရာ ညွှန်လစ်
2: encourage them to do good;
၃။ အသစ် ဟောကြူး
3: teaching what they do not know;
၄။ နာဘူး ထပ်မံ
4: clarifying what has been taught them;
၅။ နတ်ထံ တင်ရာ
5: showing and guiding them the way that leads to the higher standard;
၆။ မေတ္တာ လည်းပြု
6: showing them compassion/love. ရဟန်းမှု။ ခြောက်ခု လွန်သေခြာ။

ရဟန်း ကျင့်ဝတ် တရားတော်ကို ကောင်းကောင်းကျင့်ရခြင်း၏ အကျိုး ၄ ပါး

(ဘဒ္ဒါလိသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
Four benefits of monkhood being well–practiced:
၁။ ဘုရားရှင် ကဲ့ရဲ့တော်မမူခြင်း
1: No censure by the Buddha (teacher),
၂။ သီတင်းသုံးဖေါ် သူတော်ကောင်းများ မကဲ့ရဲ့ခြင်း
2: by fellow–monks,
၃။ နတ်များ မကဲ့ရဲ့ခြင်း
3: by deities,
၄။ မိမိကိုယ်ကို မကဲ့ရဲ့ခြင်း။
4: by oneself.
(ရဟန်း ကျင့်ဝတ် တရားတော်ကို ကောင်းကောင်းမကျင့်ရခြင်း၏ ဆိုးကျိုး ၄ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။) (Four faults of monkhood being ill–practiced are opposite of the above.):

ရဟန်း ခံ

Ordination, initiation into the Buddhist order.

ရဟန်း ချမ်းသာ ၈ ပါး

(သမဏသုခ ၈ ပါး _ရှု)

ရဟန်းငယ် (နဝဘိက္ခု) တို့အား သတိပဋ္ဌာန်တရားအားထုတ်ရန် ဘုရားရှင် တိုက်တွန်းတော်မူခြင်း

(သာလသုတ်။ သတိပဋ္ဌာနသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
Lord Buddha had urged young monks to practice ‘the foundation of mindfulness’. (Sāla sutta, Saṃyutta Nikāya)

ရဟန်းငယ် ရဟန်းဖြစ်သစ်စများကို ဆုံးမညွှန်ကြားရမည် တရား ၅ ပါး

Five dhammas to teach newly–ordained monks:
၁။ ပါတိမောက္ခသံဝရသီလ နှင့် ပြည့်စုံရန်
1: To follow the vinaya–rules,
၂။ ဣန္ဒြေ စောင့်စည်းရန်
2: to guard the senses,
၃။ စကားနည်းရန်
3: to talk less,
၄။ တောကျောင်း၌ နေရန်
4: to dwell at a forest,
၅။ အမြင်မှန်ရှိရန်။
5: to have right view.

ရဟန်းငယ်၏ အနာဂတ်အရေး မျှော်တွေးပြီး ကြိုးစားအားထုတ်ခြင်း ၅ မျိုး

Five thoughts of a young monk for praticing meditation:
၁။ ငါ အိုမင်းလာသော် တရားအလုပ် ကောင်းကောင်းအားထုတ်နိုင်မည်မဟုတ်။ သို့ကြောင့် ယခု မအိုမှီ မရသေးသောတရား ရအောင်ကြိုးစားအားထုတ်မည်။
1: When old age comes, I cannot practice meditation hard; so I must do it now.
၂။ ငါ အနာရောဂါ စွဲကပ်လာသော် တရားအလုပ် ကောင်းကောင်းအားထုတ်နိုင်မည်မဟုတ်။ သို့ကြောင့် ယခု အနာရောဂါ မစွဲကပ်မှီ မရသေးသောတရား ရအောင်ကြိုးစားအားထုတ်မည်။
2: When sickness comes, I cannot practice meditation hard; so I must do it now.
၃။ ငတ်မွတ်ခေါင်းပါးဘေး ဆိုက်လာသော် တရားအလုပ် ကောင်းကောင်းအားထုတ်နိုင်မည်မဟုတ်။ သို့ကြောင့် ယခု ထိုအငတ်ဘေးမဆိုက်မှီ မရသေးသောတရား ရအောင်ကြိုးစားအားထုတ်မည်။
3: If famine comes, I cannot practice meditation hard; so I must do it now.
၄။ သူပုန်ဘေး စစ်ဘေးဆိုက်လာသော် တရားအလုပ် ကောင်းကောင်းအားထုတ်နိုင်မည်မဟုတ်။ သို့ကြောင့် ယခု ထိုစစ်ဘေးမဆိုက်မှီ မရသေးသောတရား ရအောင်ကြိုးစားအားထုတ်မည်။
4: If war–time comes, I cannot practice meditation hard; so I must do it now.
၅။ သံဃာဂိုဏ်းကွဲလာသော် တရားအလုပ် ကောင်းကောင်းအားထုတ်နိုင်မည်မဟုတ်။ သို့ကြောင့် ယခု ဂိုဏ်းမကွဲမှီ မရသေးသောတရား ရအောင်ကြိုးစားအားထုတ်မည်။
5: If the order of monks splits, I cannot practice meditation hard; so I must do it now.

ရဟန်းစစ် ရဟန်းမှန် ဖြစ်ရန် တရား ၁၈ ပါး

(သမဏ ဗြဟ္မဏ အစစ်အမှန်ကို ပြုတတ်သော တရား ၁၈ ပါး –
မဟာ အဿပုရ သုတ် _ရှု)

ရဟန်းတကာခံခြင်း

(ဘုရားရှင်လက်ထက်တော် စိတ္တသူကြွယ်သည် ပစ္စည်းလေးပါးတကာပြု၍ ငယ်သူငယ်ချင်း အစေလကဿပ ကို ရဟန်းပြုပေးသည် (အစေလကဿပသုတ်။ စိတ္တဝဂ်။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ)
A rich lay–person, Citta by name, pledged to support a newly ordained monk, Acelakassapa, who was his friend from boyhood, with four requisites at the time of Lord Buddha.
(Acelakakassapa Sutta, Saḷāyatana–vagga, ‘the Connected Discourses’)

ရဟန်းတို့ ဆွမ်းအတွက် ရည်မှန်း၍သတ်ခြင်း၏ အပြစ် ၅ ပါး

(ဇီဝကသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
Five demerits/defects of killing animal for monk’s food:
၁။ တိရစ္ဆာန်ကို သတ်ရန်ဆောင်ယူခိုင်းခြင်းဖြင့် အကုသိုလ်တိုးခြင်း
1: A person lays up much demerit by saying, ‘Go and fetch that animal’;
၂။ တိရစ္ဆာန်ကို လယ်ပင်းဆွဲဆောင်ယူလာခြင်းဖြင့် အကုသိုလ်တိုးခြင်း
2: A person lays up much demerit when the animal is led along with a neck–halter;
၃။ သတ်ကြဟု ခိုင်းစေခြင်းဖြင့် အကုသိုလ်တိုးခြင်း
3: A person lays up much demerit by saying “Go and slaughter the animal”;
၄။ အသတ်ခံရသောတိရစ္ဆာန် ဆင်းရဲသည်ကို မြင်ပြီး အကုသိုလ်တိုးခြင်း
4: A person lays up much demerit by seeing the slaughtered animal’s pain and grief;
၅။ ရဟန်းတော်များအား မအပ်စပ်သောအသားကို ဆက်ကပ်ခြင်းဖြင့် အကုသိုလ်တိုးခြင်း။
5: A person lays up much demerit by providing food that is not permissible.

ရဟန်းတို့၏ အခြေခံသဘော ၅ ပါး

Five general characteristics of monks:
၁။ သည်းခံမှု သီလစင်ကြယ်မှုကို အလိုရှိခြင်း
1: Monk’s aim: patience and pure conduct,
၂။ ပညာကို လေ့လာခြင်း
2: quest: wisdom,
၃။ သီလလျှင် တည်ရာရှိခြင်း
3: resolve: virtue,
၄။ ကြောင့်ကြမရှိမှုကို နှလုံးသွင်းခြင်း
4: want: nothing,
၅။ ပန်းတိုင် – နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။
5: ideal: Nibbāna.

ရဟန်းတို့အား (ရှင်သာရိပုတ္တ ရှင်မောဂ္ဂလာန်တို့ ဦးဆောင်သည်) ဆူညံပွက်လောရိုက်နေကြ၍ ဘုရားရှင် နှင်ထုတ်တော်မူခြင်း

(စာတုမသုတ်။ မဇ္စျိမနိကာယ်၊ ယသောဇသုတ်။ ဥဒါနပါဠိ )
Lord Buddha ordered monks headed by Sāriputta and Moggalāna to get out from His present because they were very loud and noisy.
(Cātuma Sutta, Majjhima–nikāya, The Middle Length Discourses and Udāna)

ရဟန်းတော်များ ၇ ရက်ကြာ ဝါပန်သွားနိုင်သော အကြောင်း ၃ ပါး

(တုံ ၃ တုံ = ဝါတွင်းကာလ၌ ရဟန်းတော်များ ၇ ရက်ကြာ ဝါပန်သွားနိုင်သော အကြောင်း ၃ ပါး _ရှု)

ရဟန်းတော်များ ကျင့်ပွါးစရာ

ဒါယကာ ဒါယိကာမများ၏ လှူဒါန်းမှုနှင့်ပတ်သက်၍ ရဟန်းတော်များ ထားရမည့်စိတ်ဓာတ် (နိဒါနဝဂ္ဂ။ ကဿပသံယုတ္တပါဠိ)
Right attitude/thought of a good monk regarding gift of the lay–person
(The Connected Discourses):
၁။ ပေး လှူသည်ဖြစ်စေ
1: Lay–persons give him (a monk)
၂။ မပေးမလှူသည်ဖြစ်စေ
2: or not;
၃။ များများ လှူသည်ဖြစ်စေ
3: give him much
၄။ နည်းနည်း လှူသည်ဖြစ်စေ
4: or a little;
၅။ ကောင်းကောင်း လှူသည်ဖြစ်စေ
5: give him fine things
၆။ ညံ့ညံ့ လှူသည်ဖြစ်စေ
6: or shabby things;
၇။ မြန်မြန်ဆန်ဆန် လှူသည်ဖြစ်စေ
7: give him promply
၈။ နှေးနှေး (နောက်ကျ) လှူသည်ဖြစ်စေ
8: or slowly;
၉။ ရိုရိုသေသေ လှူသည်ဖြစ်စေ
9: give him respectfully
၁ဝ။ မရိုမသေ လှူသည်ဖြစ်စေ –
10: or disrespectfully,
ရဟန်းတော်သည် ကျေနပ်နှစ်သက်မှု မကျေနပ် စိတ်ပျက်မှု မဖြစ်ရ။ the monk should not experience pain nor pleasure.

ရဟန်းတော်များ ကြီးပွါးကြောင်း (အပရိဟာနိယ) တရား ၇ ပါး

(အပရိဟာနိယ တရား ၇ ပါး – ရဟန်းတော်များ အတွက် _ရှု)

ရဟန်းတော်များ စည်းဝေးကြရာဝယ် ပြုရန် ၂ ချက်

Two things assemble of monks should do:
၁။ ဓမ္မီ ကထာ – တရားစကား ဆွေးနွေးပြောကြားခြင်း
1: Talk on the dhamma,
၂။ အရိယ တုဏှီဘာဝ – မြင့်မြတ်သော ဆိတ်ဆိတ်နေခြင်း။
2: noble silence.

ရဟန်းတော်များ တံခိုးမပြရ

(လူသားများကြည်ညို အံ့သြလာအောင် ရဟန်းတော်များ တံခိုးပြကြရန် ကေဝဋ္ဋ သူဌေးသားက ဘုရားရှင်အား လျှောက်ထားသည်ကို ဘုရားရှင်က သုံးကြိမ်တိုင် ပယ်တော်မူခြင်း _ရှု)

ရဟန်းတော်များ ပစ္စည်းလေးပါးကို အလှူခံယူ သုံးဆောင်မှုရာဆင်ခြင်ရမည့် အချက် ၂ ပါး

(မတ္တညုတာ ၂ မျိုး
– ရဟန်းတော်များ ပစ္စည်းလေးပါးကို အလှူခံယူ သုံးဆောင်မှု – _ရှု)

ရဟန်းတော်များ မပြုမကျင့်သင့်သည်များ

ကာယိကအနာစာရ (ကိုယ်အမူအယာ အပြုအမူနှင့် စပ်လျှင်းပြီး ရဟန်းတော်များ မပြုမကျင့်သင့်သည်များ – ကာယိက အနာစာရ – _ရှု)

ရဟန်းတော်များ မပြောမကျင့်သင့်သည်များ

ဝါစသိကအနာစာရ (နှုတ်စကားနှင့် စပ်လျှင်းပြီး ရဟန်းတော်များ မပြောမကျင့်သင့်သည်များ – ဝါစသိက အနာစာရ – _ရှု)

ရဟန်းတော်များ မမေ့အပ်သော (အောင့်မေ့အပ်သော) နေရာ ၃ မျိုး

Three places not to be forgotten by a monk:
၁။ ဆံမုတ်ဆိတ်ပယ်ပြီး ရှင်ရဟန်းပြုသော နေရာ
1: The place of ordination,
၂။ သစ္စာ လေးပါး သိမြင်သော နေရာ
2: of enlightenment,
၃။ ရဟန္တာဖြစ်သော နေရာ။
3: of attaining arahant.

ရဟန်းတော်များ မလည်မပတ်သင့်သော အိမ်။မိသားစု၏ အင်္ဂါ ၉ ပါး

Nine conditions of a house to which a monk should not visit:
၁။ ရိုသေစွာ ခရီးဦး မကြိုခြင်း
1: Not warmly welcome,
၂။ ရိုသေစွာ ရှိခိုးမှု မပြုခြင်း
2: not respectfully worship,
၃။ သင့်လျှော်သော နေရာ မပေးခြင်း
3: not give a proper seat,
၄။ လှူဘွယ်ဝတ္ထုကို ကွယ်ဝှက်ထားခြင်း
4: hide the things suitable to be offered,
၅။ လှူဘွယ်များများရှိပါလျှက် နည်းနည်းသာလှူခြင်း
5: have many things but offer a few/little,
၆။ ကောင်းမွန်သော လှူဘွယ်ရှိပါလျှက် အညံ့စားကိုသာ လှူခြင်း
6: offer poor quality–things though having high–qualities,
၇။ မရိုမသေ ပေးလှူခြင်း
7: offer disrespectfully,
၈။ ရဟန်းတော်ထံ ချဉ်းကပ်မှု မပြုခြင်း
8: not stay near the visitor–monk,
၉။ တရားဟောပြောက ရိုသေစွာ မနာယူခြင်း။
9: not respectfully listen to while teaching.
(ရဟန်းတော်များလည်ပတ်သင့်သော အိမ်။မိသားစု၏ အင်္ဂါ ၉ ပါးမှာ အထက်ပါတို့မှဆန့်ကျင်ဘက်ဖြစ်သည်။)
(Nine conditions of a house to which a monk should visit are opposite of the above.)

ရဟန်းတော်များ မိမိကိုယ်ကို သတ်သေကြခြင်း

ဘုရားရှင်လက်ထက်တော်
(ဝေသာလီသုတ်။ အာနာပါနသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
Monks killed by themselves at the time of Lord Buddha
(Vesālī Sutta, Mahā–vagga Saṃyutta Pāḷi, ‘The Connected Discourses’)

ရဟန်းတော်များ သတိထားစရာ

(အဂ္ဂိခန္ဓောပမသုတ် – သတ္တကနိပါတ။ အင်္ဂုတ္တရပါဠိ)
Be alert, O Monks! (The Gradual Discourses):
၁။ ကိုယ်ကျင့်သီလ မရှိသော ရဟန်းသည် – မိန်းမပျိုအလှများနှင့် ဖက်ပွေ့နေရခြင်းထက် – မီးပုံကြီးကို ဖက်ပွေ့နေရခြင်းက ကောင်းမြတ်သာလွန်၏။
1: For an immoral monk, embracing a great mass of fire is better than embracing a beautiful lady.
၂။ ကိုယ်ကျင့်သီလမရှိသောရဟန်းသည် –သူ့အား ဒါယကာဒါယိကာမများ ရှိခိုးခြင်းကို သာယာခြင်းထက် –
အားကောင်းသောယောက်ျားတစ်ယောက်က သူ၏ ခြေသလုံးကို သားရေကြိုးဖြင့် ဆွဲပတ်ပြီး အရေဖြတ် အသားဖြတ် အကြောဖြတ် အရိုးဖြတ်ထိအောင် နှိပ်စက်ခံရသော ဆင်းရဲက ကောင်းမြတ်သာလွန်၏။
2: A strong man twisted a firm horse–hair rope around his both calves and rubbed so that the rope cut the skin, the under–skin, the flesh, the sinew and cut the bone. For an immoral monk, the pain of such torture is better than his enjoyment from the homage of lay–persons.
၃။ ကိုယ်ကျင့်သီလ မရှိသော ရဟန်းသည် –သူ့အား ဒါယကာဒါယိကာမများ လက်အုပ်ချီမိုးခြင်းကို သာယာ ခြင်းထက် – ရင်ဝကို ထက်လှစွသော လှမဖြင့် ထိုးခံရခြင်းဆင်းရဲက ကောင်းမြတ်သာလွန်၏။
3: For an immoral monk, the pain of sharp sword striking his chest is better than his enjoyment respectfully pressing/folding palms by the lay–persons.
၄။ ကိုယ်ကျင့်သီလ မရှိသော ရဟန်းသည် ဒါယကာဒါယိကာမများ လှူဒါန်းသော သင်္ကန်းကို ဝတ်ရုံနေခြင်း ထက် – လောလောပူတောက်လောင်နေသော သံပူပြားကို ရစ်ပတ်နေထိုင်ခြင်းက ကောင်းမြတ်သာလွန်၏။
4: For an immoral monk, wrapping his body with a red–hot sheet of burning iron is better than his enjoyment from the robes given in faith by lay–persons.
၅။ ကိုယ်ကျင့်သီလ မရှိသော ရဟန်းသည် ဒါယကာဒါယိကာမများ လှူဒါန်းသော ဆွမ်းကို သုံးဆောင် နေခြင်းထက် ပူလှစွာသော သံကောက်ဖြင့် ခံထွင်းကိုထိုးဖွင့်ပြီး လောလောပူတောက်လောင်နေသော သံထွေခဲကို ခံထွင်းထဲသို့ ထည့်ခံရ ခြင်းက ကောင်းမြတ်သာလွန်၏။
5: For an immoral monk, having opened his mouth with a red–hot iron spike and hurling into his mouth a red–hot iron burning–ball is better than his enjoyment from the food received on alms–round and given in faith by the lay–persons.
၆။ ကိုယ်ကျင့်သီလမရှိသော ရဟန်းသည် ဒါယကာဒါယိကာမများ လှူဒါန်းသော ညောင်စောင်းအိပ်ယာကို သုံးဆောင်နေခြင်းထက် – အားကောင်းသောယောက်ျားက ရဟန်း၏ ပုခုံးမှ ဖိနှိပ်ပြီး လောလောပူ တောက်လောင်နေသော ညောင်စောင်းကုဋင်ပေါ် ထိုင်နေရခြင်းက ကောင်းမြတ်သာလွန်၏။
6: For an immoral monk, sitting or lying on a red–hot iron bed or chair is better than his enjoyment from a bed/chair given in faith by the lay–persons.
၇။ ကိုယ်ကျင့်သီလ မရှိသော ရဟန်းသည် ဒါယကာဒါယိကာမများ လှူဒါန်းသော ကျောင်းကို သုံးဆောင် နေခြင်းထက် – အားကောင်းသောယောက်ျားက ရဟန်း၏ခြေမှကိုင်ပြီး ဇောက်ထိုးမိုးမျှော် လောလောပူနေသော ကြေးအိုးထဲသို့ အထည့်ခံရခြင်းက ကောင်းမြတ်သာလွန်၏။
7: A strong man, having gripped him, heels up, head down, downs into a red–hot iron burning cauldron. For an immoral monk, such pain is better than his enjoyment from an building/abode given in faith by the lay–persons.
(မှတ်ချက် – အကြောင်းမှာ ကိုယ်ကျင့်သီလ မရှိသော ရဟန်းသည် ယခုဘဝ၌သာ အထက်ဖေါ်ပြပါ ကာယိက ဒုက္ခ တစ်ခုခုကို ခံစားရသည်။ သံသရာသို့မပါ။ ဒါယကာဒါယိကာမတို့လှူဒါန်းသော ပစ္စည်းများကို သုံးဆောင်ခံစား ခြင်းကြောင့် သံသရာတလျှောက်လုံး၌ အပါယ်ငရဲ စသောဒုက္ခများကို ကြိမ်ဖန်များစွာ ခံစားရမည်။)
(Note: The reason is that an immoral monk suffers above mentioned physical pain just in this present life. The pain does not follow life after life. But his consuming of the requisites offered respectfully by the lay–persons is immoral. Such immoral act can make him painful in many lives such as reborn in the woeful states.)

ရဟန်းတော်များ အတူနေကြပုံ ၂ မျိုး

Two social intercouses of monks:
၁။ အသန္တ သန္နိဝါသ – အချင်းချင်းအဆုံးအမ မခံ။ မသူတော်တို့၏ အတူနေခြင်း
1: Unworthy community of monks not admonishing each others,
၂။ သန္တ သန္နိဝါသ – အချင်းချင်းအဆုံးအမ ခံယူ။ သူတော်စင်တို့၏ မေတ္တာကရုဏာနှင့် အတူနေခြင်း။
2: worthy community of monks admonishing each others with love and compassion.

ရဟန်းတော်များ အမြဲမပြတ် ဆင်ခြင်နှလုံးသွင်းရမည့် တရား ၁ဝ ပါး

Ten dhammas a monk should consider/contemplate normally:
၁။ ငါသည် ရုပ်ရည်အဆင်း ဖေါက်ပြန်မည်
1: My body is changing.
၂။ ငါ၏အသက်မွေးမှု သူတပါးတို့နှင့် ဆက်စပ်နေသည်
2: My livelihood depends on others.
၃။ ငါ့အသွင်အပြင် အပြုအမူသည် လူတို့နှင့် ခြားနားသင့်သည်။ ခြားနား၏လော
3: My behaviors should differ from ordinary/lay persons.
၄။ ငါ့ကိုယ်ငါ ကိုယ်ကျင့်သီလဖြင့် စွပ်စွဲနိုင်သည်လော
4: Am I accused of by myself regarding virtue?
၅။ သီတင်းသုံးဘော်တို့က ငါ့ကို ကိုယ်ကျင့်သီလဖြင့် စွပ်စွဲနိုင်သည်လော
5: Am I accused of by fellow–persons regarding virtue?
၆။ ငါသည် အချိန်မရွေး ချစ်ခင်နှစ်သက်သူတို့နှင့် ရှင်ကွဲ သေကွဲ ကွဲနိုင်သည်
6: Separation with loved–ones may happen at any time.
၇။ ကံသာလျှင် ငါ့၏ကိုယ်ပိုင်ဥစ္စာ ကိုယ်ပိုင်အမွေ ဖြစ်သည်
7: Kamma alone is my own possession/heritage.
၈။ ငါသည် အချိန်ကို မည်သို့ကုန်လွန်စေသနည်း
8: How do I use day and night up?
၉။ ငါသည် ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏လော
9: Do I take delight in solitude?
၁ဝ။ ငါသည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရပြီလော။
10: Have I attained the path (magga) and the fruit (phala)?

ရဟန်းတော်များ၏ ကျောင်း ၁ဝ မျိုး

(ကျောင်း – ဘုန်းကြီးကျောင်း – ၁ဝ မျိုး _ရှု)

ရဟန်းတော်များ၏ ညစ်ညူးကြောင်းတရား ၄ ပါး

Four stains of monks:
၁။ သေရည်သေရက် သောက်စားခြင်း
1: Using alcoholic drinks,
၂။ မေထုန်မှု ပြုခြင်း
2: enjoying sex,
၃။ ရွှေငွေ ကိုင်ဆောင်ခြင်း
3: handling money and gold,
၄။ မတရားသဖြင့် အသက်မွေးခြင်း။
4: wrong livelihood.

ရဟန်းတော်များ ဥပုသ် ပဝါရဏာ ပြုစ၌ ဆောင်ရွက်ရမည့် အလုပ်ကိစ္စ ၄ မျိုး

(ပုဗ္ဗကိစ္စ ၅ ပါး _ရှု)

ရဟန်းတော်များ ဥပုသ် ပဝါရဏာ မပြုမှီ ဆောင်ရွက်ထားရမည့် အလုပ်ကိစ္စ ၄ မျိုး

(ပုဗ္ဗကရဏ ၄ ပါး _ရှု)
ရဟန်းတော်များအား အကျိုးကြီးမားအောင် ဆည်းကပ်နည်း ၉ မျိုး (ဒေဝတာသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
Nine factors of how to approach monks well for lay persons:
၁။ မိမိအိမ်သို့ ချဉ်းကပ်လာသောရဟန်းတော်များအား အိမ်ရှင်များက ခရီးဦးကြိုခြင်း
1: When a monk approaches a house, the family–members of it rise up in an aggreable way.
၂။ ရှိခိုးခြင်း
2: They pay homage in an aggreable way.
၃။ နေရာပေးခြင်း
3: They offer a seat in an aggreable way.
၄။ အင်အားလျှော်စွာ ဝေဘန်လှူဒါန်းခြင်း
4: They donate as their limit allows.
၅။ တရားနာယူရန် ချဉ်းကပ်ခြင်း
5: They approach to listen to the dhamma.
၆။ နားစိုက် တရားနာခြင်း
6: They listen to it heedfully.
၇။ ကြားနာပြီး တရားကို ဆောင်ခြင်း
7: They retain it.
၈။ ဆောင်ပြီးတရားကို စုံစမ်းဆင်ခြင်ခြင်း
8: They examine the meaning of it.
၉။ အဓိပ္ပါယ်ကို သိမြင်ပြီး တရားနှင့်အညီ လိုက်နာကျင့်ကြံခြင်း။
9: They understand the meaning of it and practice in accordance with it.

ရဟန်းတော် အချို့၏ အမူအကျင့်

(ဘုရားရှင် မြင်တွေ့နေရသော ရဟန်းတော် အချို့ _ရှု)

ရဟန်းပုဂ္ဂိုလ် ၈ မျိုး

Eight kinds of monk:
၁။ ပစ္စည်းလေးပါး ရအောင် ကြိုးစားအားထုတ်ပြီး မရသဖြင့် စိုးရိမ်ပင်ပန်းသော ရဟန်း
1: A monk makes an effort to acquire gain (four requisites). Nevertheless, he fails to acquire gain. Due to the lack of gain, he sorrows and languishes.
၂။ ပစ္စည်းလေးပါး ရအောင် ကြိုးစားအားထုတ် ရရှိပြီး ထိုပစ္စည်းလေးပါး၌ ယစ်မူးသော ရဟန်း
2: A monk makes an effort to acquire gain and he acquire it. Due to that gain, he becomes intoxicated.
၃။ ပစ္စည်းလေးပါး ရအောင် မကြိုးစားအားမထုတ် ပစ္စည်းလေးပါး မရသဖြင့် စိုးရိမ်ပင်ပန်းသော ရဟန်း
3: A monk does not make an effort to acquire gain and he fails to acquire it. Due to the lack of gain, he sorrows and languishes.
၄။ ပစ္စည်းလေးပါး ရအောင် မကြိုးစားအားမထုတ် သို့သော်ပစ္စည်းလေးပါး ရရှိပြီး ထိုပစ္စည်းလေးပါး၌ ယစ်မူးသော ရဟန်း
4: A monk does not make an effort to acquire gain. Nevertheless, he acquire it. Due to that gain, he becomes intoxicated.
၅။ ပစ္စည်းလေးပါး ရအောင် ကြိုးစားအားထုတ်ပါလျှက် ပစ္စည်းလေးပါး မရသော်လည်း မစိုးရိမ် မပင်ပန်းသော ရဟန်း
5: A monk makes an effort to acquire gain. Nevertheless, he fails to acquire it. But he does not sorrow nor languishe.
၆။ ပစ္စည်းလေးပါး ရအောင် ကြိုးစားအားထုတ် ရရှိပြီး ထိုပစ္စည်းလေးပါး၌ မယစ်မူးသော ရဟန်း
6: A monk makes an effort to acquire gain and he acquire it. Due to that gain, he does not become intoxicated.
၇။ ပစ္စည်းလေးပါး ရအောင် မကြိုးစားအားမထုတ်။ ပစ္စည်းလေးပါးမရသော်လည်း မစိုးရိမ် မပင်ပန်းသော ရဟန်း
7: A monk does not make an effort to acquire gain and does not acquire it. But he does not sorrow nor languishe.
၈။ ပစ္စည်းလေးပါး ရအောင် မကြိုးစားအားမထုတ်။ သို့သော် ပစ္စည်းလေးပါးရရှိပြီး ထိုပစ္စည်းလေးပါး၌ မယစ်မူးသော ရဟန်း။
8: A monk does not make an effort to acquire gain. Nevertheless, he acquire it. Due to that gain, he does not become intoxicated.

ရဟန်းပုဂ္ဂိုလ်တစ်ဦးတည်းအား ကြည်ညိုခြင်း၌ အပြစ် ၅ ပါး

(ပုဂ္ဂိုလ် – ရဟန်းကို ကြည်ညိုခြင်း၌ အပြစ် ၅ ပါး _ရှု)

ရဟန်းပြု တရားအားထုတ်ခြင်းနှင့် ပတ်သက်၍ ဥပမာ ၃ မျိုး

(မဟာသစ္စက သုတ်)
Three similes regarding to renounce the world and become a recluse:
၁။ ရေ၌ထားအပ်သော သစ်တုံးအစိုသည် မီးညှိ မီးမွှေး၍ မရနိုင်။ ဤနည်းအတူ စိတ်ရောကိုယ်ပါ ငါးပါး အာရုံ ကာမဂုဏ်တောမှာ မျောနေသော သမဏ ဗြဟ္မဏတို့သည် မဂ်ဖိုလ်မီး မွှေး၍ မရနိုင်။
1: As fire cannot be made with a wet sappy piece of wood lying in water, so recluses who do not withdraw from sensual pleasures bodily as well as mentally cannot attain enlightenment.
၂။ ကုန်းပေါ် ၌ထားအပ်သော သစ်တုံးအစိုသည် မီးညှိ မီးမွှေး၍ မရနိုင်။ ဤနည်းအတူ ခန္ဓာကိုယ်အားဖြင့် ငါးပါးအာရုံ ကာမဂုဏ်တောမှာ မနေသော်လည်း စိတ်အညစ်အကြေး ကိလေသာကြီးမား ရသေ့ရဟန်းများ (သမဏ ဗြဟ္မဏ) သည် မဂ်ဖိုလ်မီး မွှေး၍ မရနိုင်။
2: As fire cannot be made with a wet sappy piece of wood lying on dry land far from water, so recluses who withdraw from sensual pleasures bodily but not mentally cannot attain enlightenment.
၃။ ကုန်းပေါ် ၌ထားအပ်သော သစ်တုံးအခြောက်သည် မီးညှိ မီးမွှေး၍ ရနိုင်၏။ ဤနည်းအတူ ငါးပါးအာရုံ ကာမဂုဏ်တရား ကိလေသာများ စိတ်မှာရော ကိုယ်မှာပါ နည်းပါးပြီး တရား ကြိုးစားအားထုတ်သော ရသေ့ ရဟန်း များသည် မဂ်ဖိုလ်မီး မွှေး၍ ရနိုင်၏။
3: As fire can be made with a dry sapless piece of wood lying on dry land far from water, so recluses who withdraw from sensual pleasures bodily as well as mentally can attain enlightenment.

ရဟန်းပြု(ခံ)ပေးထိုက် + နိဿယည်း (ရဟန်းငယ်တို့၏အမှီခို) ခံထိုက် + သာမဏေများ အပြုစုခံထိုက်သော ရဟန်းတော်၏ အင်္ဂါ ၁ဝ ပါး

Ten qualities of a monk who is worthy to lead an ordination,to be depended/served by the young monks/novices:
၁။ သီလရှိခြင်း
1: Virtue,
၂။ ဗဟုသုတရှိခြင်း
2: vast learning,
၃။ ပါတိမောက်ကို အနက်အဓိပ္ပါယ် ကျယ်ပြန့်စွာနားလည်ခြင်း
3: understanding Pātimokkha (monks’ rules of conduct) deep and wide,
၄။ ဂိလာန ဖျားနာသူကို ပြုစုတတ်ခြင်း
4: skill to attend the sick,
၅။ သာသနာတော်၌ မပျော်မွေ့သူကို ပျော်မွေ့အောင် အားပေးဟောကြားနိုင်ခြင်း
5: ability to make the discontent/unhappy as monkhood to calm them down,
၆။ သံသယကို ဖျောက်ပေးနိုင်ခြင်း
6: ability to get rid of doubt,
၇။ အယူမှားကို ဖြောင့်မတ်ပေးနိုင်ခြင်း
7: ability to straighten the view,
၈။ သီလကို ပိုမိုကျင့်လာအောင် အားပေးနိုင်ခြင်း
8: encouragement to a person to establish in the higher virtue,
၉။ သမာဓိကို ပိုမိုအားကောင်းလာအောင် အားပေးနိုင်ခြင်း
9: encouragement to a person to establish in the higher concentration,
၁ဝ။ ပညာကို ပိုမိုထက်မြက်လာအောင် အားပေးနိုင်ခြင်း။
10: encouragement to a person to establish in the higher wisdom/insight.

ရဟန်းပြုရခြင်း အကျိုးများ

(သာမညဖလသုတ်)
The present advantages of monkhood (Sāmaññaphala sutta):
၁။ ကျွန်ယောက်ျား ရဟန်းပြုလျှင် အရှင်သခင်မင်းများကပင် ရှိခိုးပူဇော်ရခြင်း
1: A slave–man is honored/respected by his masters after his ordination,
၂။ ကုန်သည် လယ်လုပ်များ ရဟန်းပြုလျှင် မင်းအထက်တန်းစားများကပင် ရှိခိုးပူဇော်ရခြင်း
2: so is a farmer/merchant,
၃။ ဇာတ်နိမ့် ဇာတ်မြင့်သူများ ရဟန်းပြုကြပြီး
(က) စူဠသီလ – သီလ အငယ်စား (ခ) မဇ္စျိမသီလ – သီလအလတ်စား (ဂ) မဟာသီလ – သီလအမြင့်စား တို့ကိုဖြည့်ကျင့်လျှက် ထိုမှတဆင့်ထက်ပြီး (ဃ) ဣန္ဒြေစောင့်စည်းခြင်း (င) သတိသမ္ပဇဉ် နှင့် ပြည့်စုံခြင်း (စ) ရောင့်ရဲလွယ်ခြင်း (ဆ) နီဝရဏတို့ကိုပယ်ပြီးနောက် ပဌမစျာန် ရခြင်း
3: an ordained man, low or high caste, practices (a) lower morality, (b) medium morality, (c) higher morality, (d) he guardes his senses, (e) develops mindfulness, (f) is easily contented, (g) rejects mental hindrances, then he attains the first trance/absorption (jhāna),
၄။ ဒုတိယစျာန် ရခြင်း
4: second trance,
၅။ တတိယစျာန် ရခြင်း
5: third trance,
၆။ စတုတ္ထစျာန် ရခြင်း
6: fourth trance,
၇။ ဝိပဿနာဉာဏ် ရခြင်း
7: insight knowledge,
၈။ မနောမယိဒ္ဓိဉာဏ် ရခြင်း
8: psychic powers,
၉။ ဣဒ္ဓိဝိဓဉာဏ် ရခြင်း
9: supernatural powers,
၁ဝ။ ဒိဗ္ဗသောတဉာဏ် ရခြင်း
10: divine–ear,
၁၁။ စေတောပရိယဉာဏ် ရခြင်း
11: reading others’ mind,
၁၂။ ပုဗ္ဗေနိဝါသဉာဏ် ရခြင်း
12: rememberance of past lives,
၁၃။ စုတူပပါတဉာဏ် ရခြင်း
13: dying and birth of other beings,
၁၄။ အာသဝက္ခယဉာဏ် ရခြင်း။
14: extinction of all mental fluses.

ရဟန်းပြုရာ ပင်လယ်ကသစ်ပင် ဥပမာ

(ပင်လယ်ကသစ်ပင် ဥပမာ ရဟန်းပြုရာ _ရှု)

ရဟန်းမိန်မတို့အား ဆုံးမနိုင်သောရဟန်း၏ အရည်အချင်း

(ဘိက္ခုနီမတို့အား ဆုံးမနိုင်သော ရဟန်း၏ အရည်အချင်း ၈ ပါး _ရှု)

ရဟန်းများ (မရှိသင့်သော) အလိုဆိုး ၄ မျိုး

Four things (evil desires) a good monk should not have:
၁။ ပစ္စည်းလေးပါးကို လိုခြင်မှု အားကြီးပြီး မရောင့်ရဲခြင်း
1: Greedy and not content with the four requisites,
၂။ ထိုစိတ်ကို မွေးမြူထားခြင်း
2: bearing in mind that attitude,
၃။ ထိုစိတ်ကို အခြေခံပြီး ပစ္စည်းလေးပါး များပြားအောင် အားထုတ်ကြိုးစားခြင်း
3: many efforts to get the four requisites,
၄။ ထိုစိတ်ကို အခြေခံပြီး ဒါယကာ ဒါယိကာမများကို ပစ္စည်းလေးပါးရရန် ချဉ်းကပ်ခြင်း။
4: approaching lay–persons for the sake of the four requisites.

ရဟန်းယုတ် (ပါပဘိက္ခု)၏ အင်္ဂါ ၃ ပါး

Three qualities of a bad/evil monk:
၁။ ဝိသမ နိဿိတ – ကိုယ်ကျင့်သီလ မရှိခြင်း
1: No moral virtue,
၂။ ဂဟန နိဿိတ – မှားသော အယူရှိခြင်း
2: wrong view,
၃။ ဗလဝ နိဿိတ – အာဏာပိုင်များကို မှီပြီး အခွင့်အရေးယူတတ်ခြင်း။
3: improper acts backed by the king/authorities.

ရဟန်းယုတ် (ပါပဘိက္ခု)၏ အင်္ဂါ ၁ဝ ပါး

Ten qualities of a bad/evil monk:
၁။ ဓံသီ = ကျေးဇူးဖျက်ခြင်း
1: No gratitude,
၂။ ပဂ ဗ္ဘ = ရဲတင်းခြင်း
2: pushing,
၃။ တိန္တိဏ = တဏှာများခြင်း
3: greed,
၄။ မဟဂ္ဃသ = အစားကြမ်းခြင်း
4: greedy eater,
၅။ လုဒ္ဒ = ကြမ်းကြုတ်ခြင်း
5: cruel,
၆။ အကာရုဏိက = သနားမှုကင်းမဲ့ခြင်း
6: pitiless/mercilessness,
၇။ ဒုဗ္ဗလ = အားနည်းခြင်း
7: weakness,
၈။ သြရဝိတ = မြန်တွန်တောက်တီးခြင်း
8: harsh voice/complaint,
၉။ မုဋ္ဌဿတိ = သတိမရှိခြင်း
9: heedlessness,
၁ဝ။ နေစယိက = ပစ္စည်းစုဆောင်းခြင်း။
10: hoarder of wealth.
(ကျီးမိုက်၏ အင်္ဂါ ၁ဝ ပါးသည်လည်း ရဟန်းယုတ်၏ အင်္ဂါများနှင့် အတူတူဖြစ်သည်။)
(Ten qualities of crow are the same as evil monk’s.)

ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာ တို့ ကွယ်လွန်ကြ၍ ‘အဘယ်ဘဝရောက်ကြသနည်း’ ဟု

ရှင်အာနန္ဒာက မြတ်စွာဘုရားအား မေးသည် (ပဌမ – ဒုတိယ – တတိယ ဂိဥ္ဇကာဝသထသုတ်။ သောတာပတ္တိသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
Ānanda asked Lord Buddha about the destinations of a monk, of a nun, of a lay–man and of a lay–woman who had recently passed away.

ရဟန်းလောင်း မရှိရမည့် ရောဂါကြီး ၅ မျိုး

The five diseases a would–be–monk candidate must not have:
၁။ ကုဋ္ဌံ = နူနာ
1: Leprosy,
၂။ ဂဏ္ဍော = အိုင်းအမာနာ
2: boils,
၃။ ကိလာသော = အရေပြားရောဂါ ပွေးကြီး ဝဲကြီးနာ
3: skin desease,
၄။ သောသော = ပန်းနာ တီဗီမြစ်ခြောက်နာ
4: asthma, TB,
၅။ အပမာရော = စိတ်ဖေါက်ပြန်မှု ဝက်ရူးကြက်ရူးနာ။
5: epilepsy.

ရဟန်းလောင်း ရှိရမည့် ပြည့်စုံရမည့်အချက် ၁ဝ မျိုး

The ten things a would–be–monk candidate must be/have:
၁။ လူသားစစ်စစ်ဖြစ်ခြင်း
1: Human being,
၂။ ယောက်ျားစစ်စစ်ဖြစ်ခြင်း
2: real male, ၃ ကျေးကျွန် မဟုတ်ခြင်း
3: free man, not a slave,
၄။ ကြွေးကင်းခြင်း
4: without debt,
၅။ မင်း စစ်မှုထမ်း မဟုတ်ခြင်း
5: not an on–duty military servant,
၆။ မိဘများက ခွင့်ပြုခြင်း
6: permission from the parents,
၇။ အသက် ၂ဝ ပြည့်ပြီးခြင်း
7: twenty years of age at least,
၈။ ကိုယ်ပိုင် သပိတ် သင်္ကန်းပြည့်စုံခြင်း
8: having eight requisits,
၉။ ကိုယ်ပိုင် ရဟန်းအမည်ရှိခြင်း
9: having monk’s name,
၁ဝ။ ဥပဇ္စျာယ် ဆရာရှိခြင်း။
10: having an own instructor.

ရဟန်းသာမဏေကျင့်ဝတ်များ ၁၄ ပါး

(ခန္ဓကဝတ် ၁၄ ပါး – ရဟန်းသာမဏေကျင့်ဝတ်များ _ရှု)

ရဟန်းသာမဏေများ ဒါယကာဒါယိကာမများအိမ် ချဉ်းကပ်ရာ၌ ကျင့်ဝတ် နှင့် စိတ်ထားများ

(ပဿပသံယုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
A monk should visit families with the following thoughts:
၁။ သူတော်ကောင်းတရား နာကြားနိုင်ကြပါစေ
1: May they listen to the dhamma from me.
၂။ နားကြားပြီး နားလည်နိုင်ကြပါစေ
2: May they understand it.
၃။ နားလည်ပြီး လိုက်နာကျင့်ကြံနိုင်ကြပါစေ
3: May they practice it in accordance with the understanding.
၄။ လှူသည်ဖြစ်စေ မလှူသည်ဖြစ်စေ အရေးမစိုက်ခြင်း
4: I should not care they donate me or not’.
၅။ နည်းနည်းလှူလှူ များများလှူလှူ အရေးမစိုက်ခြင်း
5: I should not care their donation is big or small.
၆။ ကောင်းကောင်းလှူလှူ ညံ့ညံ့လှူလှူ အရေးမစိုက်ခြင်း
6: I should not care the things they donate are good or bad.
၇။ မြန်မြန်လှူလှူ နောက်မှလှူလှူ အရေးမစိုက်ခြင်း
7: I should not care quick danation or late donation.
၈။ ရိုရိုသေသေလှူလှူ မရိုမသေလှူလှူ အရေးမစိုက်ခြင်း။
8: I should not care they donate me respectfully or not.

ရဟန်းသာမဏေများ ပစ္စည်းလေးပါး သုံးဆောင်နည်း ၄ မျိုး

(ပရိဘောဂ ၄ မျိုး – ရဟန်းသာမဏေများ ပစ္စည်းလေးပါး သုံးဆောင်နည်း – ၄ မျိုး _ရှု)

ရဟန်းသာမဏေများ မချဉ်းကပ် မလည်ပတ်သင့်သော အိမ် မိသားစု

Seven factors of a family not worth approaching by monks and novices:
၁။ ခရီးဦး မကြိုခြင်း
1: Not rising up in a aggreeable way,
၂။ ရှိမခိုးခြင်း
2: not paying homage,
၃။ နေရာ မပေးခြင်း
3: not offer a seat,
၄။ လှူဘွယ်များကို ဝှက်ထားခြင်း
4: hiding the things to be offered,
၅။ လှူဘွယ်များရှိလျှက် အနည်းငယ်သာလှူခြင်း
5: having much but giving little,
၆။ အကောင်းရှိလျှက် မကောင်းသည်ကို လှူခြင်း
6: having good things but giving bad ones,
၇။ မရိုမသေ ပေးလှူခြင်း။
7: giving without respect.
(ရဟန်းသာမဏေများ ချဉ်းကပ် လည်ပတ်သင့်သော အိမ် မိသားစုမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Seven factors of a family worth approaching by monks and novices are opposite of the above.)

ရဟန်းသူခိုးကြီး ၅ ယောက်

(သာသနာတော်၌ ရဟန်းသူခိုးကြီး ၅ ယောက် _ရှု)

ရဟန်းအချို့ အကျင့်စရိုက်များ

(ဘုရားရှင်မြင်တွေ့နေရသော ရဟန်းတော် အချို့ _ရှု)

ရဟန်း၏ ကြီးပွါးကြောင်းတရား ၁ဝ ပါး

Ten things/dhammas that make a monk increased/grown:
၁။ သဒ္ဓါ
1: Faith,
၂။ သီလ
2: virtue,
၃။ ဗဟုဿုတ
3: vast learning,
၄။ သုဝစ = ဆိုဆုံးမလွယ်ခြင်း
4: easy to be admonished,
၅။ ကလျာဏမိတ္တ = မိတ်ဆွေကောင်းရှိခြင်း
5: good friends,
၆။ အာရဒ္ဓဝီရိယ = ကျိုးစားခြင်း
6: effort,
၇။ ဥပဋ္ဌိတဿတိ = သတိနှင့် ပြည့်စုံခြင်း
7: mindfulness,
၈။ သန္တုဋ္ဌ = ရောင့်ရဲခြင်း
8: contentment,
၉။ အပိစ္ဆ = အလိုနည်းခြင်း
9: few–wants/needs,
၁ဝ။ သမ္မာဒိဋ္ဌိ = အယူမှန်ခြင်း။
10: right view.
(ရဟန်း၏ ဆုတ်ယုတ်ကြောင်းတရား ၁ဝ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Ten things/dhammas that make a monk decreased/fallen are opposite of the above.)

ရဟန်း၏ ဆုတ်ယုတ်ကြောင်းတရား ၁ဝ ပါး

(ရဟန်း၏ ကြီးပွါးကြောင်းတရား ၁ဝ ပါး _ရှု)

ရဟန်း၏ ဘက်စုံ ကြည်ညိုဘွယ်ဖြစ်သော အင်္ဂါ ၈ ပါး

(ဘက်စုံ ကြည်ညိုဘွယ်ဖြစ်သော ရဟန်း၏ အင်္ဂါ ၈ ပါး _ရှု)

ရဟန်း၏ မိမိသူတပါး အကျိုးများအောင်ကျင့်ရန် အရည်အချင်း ၆ မျိုး

(အလံသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Six qualities of a monk who is able to benefit both himself and others:
၁။ ကုသိုလ်တရား၌ လျှင်စွာ စုံစမ်းမှတ်သားနိုင်ခြင်း
1: Quick apprehension concering wholesome teachings,
၂။ ကြားနာပြီးတရားကို ဆောင်ထားနိုင်ခြင်း
2: retaining in mind what he has learnt,
၃။ ဆောင်ထားပြီး တရားကို အနက်အဓိပ္ပါယ် စုံစမ်းဆင်ခြင်နိုင်ခြင်း
3: investigating the meanings what he has retained in mind,
၄။ ဆင်ခြင်ပြီး တရားနှင့်လျှော်စွာ ကျင့်နိုင်ခြင်း
4: understanding the meaning and practicing in accordance with it,
၅။ ကောင်းသော စကားရှိခြင်း
5: a good speaker, gifted with speech,
၆။ သီတင်းသုံးဖေါ်တို့အား တရားဖြင့် ထက်သန်ရွှင်လန်းစေခြင်း။
6: encouraging and gladdening his fellow monks.

ရဟန်း၏ လေးစားခံရမှု ဂုဏ်တရား ၇ ပါး

(လေးစားခံရသော ရဟန်းတော် ပြည့်စုံသော တရား ၇ ပါး _ရှု)
ရဟန်း၏
၁။ လျှင်မြန်ခြင်းအားဟူသည် သစ္စာလေးပါးကိုသိမြင်ခြင်း (အဿခဠုင်္ကသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
1: Speed of a monk is ‘understanding the four noble truths’.
၂။ အဆင်းဟူသည် အဘိဓမ္မ အဘိဝိနယ မေးခွန်းများကို ဖြေဆိုနိုင်ခြင်း
2: Beauty of a monk is ‘ability to answer the questions well regarding the Abhidhamma and Abihvinaya’.
၃။ အလုံးအရပ်ဟူသည် ပစ္စည်းလေးပါး ပေါများအဆင်ပြေခြင်း။
3: The right proportions of a monk is ‘easily gaining the four requisites’. ရဟန်း၏
၁။ အသက်သည် ဣဒ္ဓိပါဒ် ၄ ပါး
1: The longevity of a monk is power–basis;
၂။ အဆင်းသည် ကိုယ်ကျင့်သီလ
2: the beauty, morality;
၃။ ချမ်းသာသည် စျာန်
3: the happiness, trance/absorption (jhāna);
၄။ စည်းစိမ်ဥစ္စာသည် မေတ္တာစသော ဗြဟ္မဝိဟာရတရား ၄ ပါး
4: the wealth, holy–states such as loving–kindness;
၅။ အားသည် အာသဝေါတရား ကုန်းခမ်းခြင်းတို့ဖြစ်ကြသည်။
5: the streagth, destruction of mental defilements.

ရဟန္တာ

ကိလေသာအားလုံး ပယ်သတ်ပြီးဖြစ်၍ ပရိနိဗ္ဗာန်စံဝင်မည့် ပုဂ္ဂိုလ်။ အပူဇော်ခံထိုက်သူ
A person who has already eradicated all mental impurities (āsava),
a person who is worthy of respect, arahant, saint.

ရဟန္တာ ၂ မျိုး

Two kinds of arahant:
၁။ သုက္ခဝိပဿက ရဟန္တာ = စျာန်တန်ခိုး အဘိညာဉ် မရသော ရဟန္တာ
1: Arahant without super–natural power,
၂။ စျာနလာဘီ ရဟန္တာ = စျာန်တန်ခိုး အဘိညာဉ် ရသော ရဟန္တာ။
2: arahant endowed with super–natural power.

ရဟန္တာတို့၏ အား ၈ ပါး

Eight powers of an arahant:
၁။ သင်္ခါရတရားအားလုံးကို အနိစ္စဟု ကောင်းမွန်မှန်စွာသိမြင်ခြင်း
1: Clearly seen all conditioned phenomena as impermenance.
၂။ ကာမဂုဏ်တရားတို့သည် မီးကျီးနှင့်တူ၏ဟု ကောင်းမွန်မှန်စွာသိမြင်ခြင်း
2: clearly seen sensual pleasures with wisdom as similar to a charcoral pit,
၃။ ဆိတ်ငြိမ်စွာနေထိုင်လိုမှု နှင့် နေက္ခမဓာတ် ၌ မွေ့လျှော်ခြင်း
3: inclining to seclusion, delighting in renunciation,
၄။ သတိပဋ္ဌာန် လေးပါး ကောင်းစွာပွါးများခြင်း
4: well developed the four foundation of mindfulness,
၅။ ဣဒ္ဓိပါဒ် လေးပါး ကောင်းစွာပွါးများခြင်း
5: well developed the four bases for psychic potency,
၆။ ဣန္ဒြေ ငါးပါး ကောင်းစွာပွါးများခြင်း
6: well developed the five spiritual faculties,
၇။ ဗောဇ္စျင် ခုနှစ်ပါး ကောင်းစွာပွါးများခြင်း
7: well developed the seven factors of enlightenment,
၈။ မဂ္ဂင် ရှစ်ပါး ကောင်းစွာပွါးများခြင်း။
8: well developed the noble eightfold path.

ရဟန္တာ ပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံဝင်ပြီး ပြတ်ပျောက်သွားသည်။ မဖြစ် မရှိတော့’

ဟူသော အယူအဆ –ဘုရားရှင် လက်ထက် တော်က ရှင်ယမကထေရ်၏ ယုံကြည်ချက် – (ယမကသုတ်။ ထေရဝဂ်။ ခန္ဓဝဂ္ဂသံယုတ္တပါဠိ)
‘An arahant is annihilated and perishes with the breakup of the body and does not exist after death.’ This is a wrong view and a monk, Yamaka by name, at the time of Lord Buddha believed. (Yamaka Sutta, Khanda–vagga Saṃyutta Pāḷi).

ရဟန္တာ ပုဂ္ဂိုလ် မကျူးလွန်တော့သောအရာ ၉ မျိုး

(သုတဝါသုတ်။ သဇ္စျသုတ်စသည်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
Nine things an arahant never does/acts:
၁။ သူ့အသက် သတ်ခြင်း
1: Killing,
၂။ သူ့ဥစ္စာ ခိုးခြင်း
2: stealing,
၃။ မေထုန်မှု ပြုခြင်း
3: sexual intercourse,
၄။ မုသားစကား ပြောခြင်း
4: telling lies,
၅။ ပစ္စည်းဥစ္စာ သိုမှီးခြင်း
5: storing up goods/properties,
၆။ ဆန္ဒာဂတိ လိုက်ခြင်း (ဝါ) ဘုရားကို ပယ်စွန့်ခြင်း
6: acting wrongly through attachment or rejecting the Buddha,
၇။ ဒေါသာဂတိ လိုက်ခြင်း (ဝါ) တရားကို ပယ်စွန့်ခြင်း
7: acting wrongly through hatred or rejecting the dhamma,
၈။ မောဟာဂတိ လိုက်ခြင်း (ဝါ) သံဃာကို ပယ်စွန့်ခြင်း
8: acting wrongly through folly/ignorance or rejecting the saṃghā,
၉။ ဘယာဂတိ လိုက်ခြင်း (ဝါ) ကျင့်ဝတ်သိက္ခာကို ပယ်စွန့်ခြင်း (လူထွက်ခြင်း)။
9: acting wrongly through fear or rejecting the training.

ရဟန္တာ ဖြစ်နိုင်ကြောင်းတရား ၃ ပါး

Three dhammas conducive to arahant:
၁။ ဣန္ဒြေ စောင့်စည်းခြင်း
1: Guarding the sense–doors,
၂။ အစာစားရာ အတိုင်းအတာကို သိခြင်း
2: moderation in eating,
၃။ နိုးကြား ကြိုးစားခြင်း။
3: great effort.

ရဟန္တာ ဖြစ်နိုင်ကြောင်းတရား ၆ ပါး

Six dhammas conducive to arahant:
၁။ သဒ္ဓါ = သဒ္ဓါတရားရှိခြင်း
1: Faith,
၂။ ဟိရီ = မကောင်းမှုမှ ရှက်ခြင်း
2: moral shame,
၃။ သြတ္တပ္ပ = မကောင်းမှုမှ ကြောက်ခြင်း
3: moral dread,
၄။ အာရဒ္ဓ ဝီရိယ = ကျိုးစားခြင်း
4: effort,
၅။ ပညဝါ = ပညာရှိခြင်း
5: wisdom, insight,
၆။ ကာယေစ ဇီဝိတေစ အနပေက္ခ = ခန္ဓာကိုယ်ကိုလည်းကောင်း အသက်ကိုလည်းကောင်း မငဲ့ကွက်ခြင်း။
6: not hankering after body and life force.
(ရဟန္တာမဖြစ်နိုင်ကြောင်းတရား ၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Six dhammas not conducive to arahant are opposite of the above.)

ရဟန္တာဖြစ်စ ပုဂ္ဂိုလ်များ ကျူးရင့်သည့် စကားတော်များ

The words uttered by persons who have just attained arahant–hood:
၁။ ခီဏာ ဇာတိ = ဇာတိ ကုန်ပြီ။
1: Birth is destroyed.
၂။ ဝုသိတံ ဗြဟ္မစရိယံ = မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ။
2: The holy/spiritual life has been lived.
၃။ ကတံ ကရဏီယံ = ပြုစရာများ ပြုလုပ်ပြီးပြီ။
3: What has to be done has been done.
၄။ နာပရံ ဣတ္ထတ္ထာယ = ဤအရာများ (ဗြဟ္မစရိယ)အတွက် နောက်ထပ်ပြုလုပ်ရန် မရှိတော့ပြီ။
4: There is no more coming back to any state of being.

ရဟန္တာမဖြစ်နိုင်ကြောင်းတရား ၆ ပါး

Six dhammas not conducive to arahant:
၁။ ထိန = အိပ်ချင်ခြင်း
1: Sloth,
၂။ မိဒ္ဓ = ငိုက်မြည်းခြင်း
2: torper,
၃။ ဥဒ္ဓစ္စ = ပျံ့လွင့်ခြင်း
3: worry, scruple,
၄။ ကုက္ကုစ္စ = သံသယများခြင်း
4: doubt,
၅။ အသဒ္ဓိယ = မယုံကြည်ခြင်း
5: faithlessness,
၆။ ပမာဒ = သတိမရှိ မေ့လျော့ပေါ့ဆခြင်း။
6: heedlessness.
(ရဟန္တာဖြစ်နိုင်ကြောင်းတရား ၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Six dhammas conducive to arahant are opposite of the above.)

ရဟန္တာမဖြစ်နိုင်ကြောင်းတရား ၆ ပါး

(တနည်း)
More six dhammas not conducive to arahant:
၁။ မာန = မာန်ရှိခြင်း
1: Conceit,
၂။ သြမာန = ယုတ်ညံ့သော မာန်ရှိခြင်း
2: underrating,
၃။ အတိမာန = ခက်ထန်သော မာန်ရှိခြင်း
3: overrating,
၄။ အဓိမာန = အထင်ကြီးခြင်း
4: gratification,
၅။ ထမ္ဘ = ခက်ထန်ခြင်း
5: stubbornness,
၆။ အတိနိပါတ = အလွန် (စိတ်ဓာတ်) အဆင့်နိမ့်ခြင်း။
6: instability/lowliness of attitude.

ရဟန္တာမဖြစ်နိုင်ကြောင်းတရား ၁ဝ ပါး

Ten dhammas not conducive to arahant:
၁။ ရာဂ= တပ်မက်ခြင်း
1: Lust,
၂။ ဒေါသ = အမျက်ထွက်ခြင်း
2: anger,
၃။ မောဟ = တွေဝေခြင်း
3: delusion,
၄။ ကောဓ = အမျက်ကြီးခြင်း
4: hatred,
၅။ ဥပါနာဟ = ရန်ငြိုးဖွဲ့ခြင်း
5: grudge,
၆။ မက္ခ = သူတပါးကျေးဇူးကို ချေဖျက်ခြင်း
6: no gratitude,
၇။ ပဠာသ = အင်တူပြိုင်ဘက်ပြုခြင်း
7: spite,
၈။ ဣဿာ = ငြူစူခြင်း
8: jealousy,
၉။ မစ္ဆရိယ = ဝန်တိုခြင်း
9: stinginess,
၁ဝ။ မာန = ထောင်လွှားခြင်း။
10: conceit.
(ရဟန္တာဖြစ်နိုင်ကြောင်းတရား ၁ဝ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Ten dhammas conducive to arahant are opposite of the above.)

ရဟန္တာဖြစ်ရန် အားထုတ်သူများ ပြည့်စုံရမည့် တရား ဥပမာ အချက်အလက်များ

(အကျယ်ရှင်းပြချက် များကို မိလိန္ဒပဥှကျမ်း။ အနုမာနပဥှာ အခန်း၌ ကြည့်ပါ)
A monk (yogī) should be endowed with the following qualities in similes,
to attain arahant–ship (See detail in the ‘Question of King Milinda’):
၁။ မြင်း။မြည်း၏ အင်္ဂါ ၁ ပါး
1: A quality of the donkey,
၂။ ကြက်ဖ၏ အင်္ဂါ ၅ ပါး
2: five qualities of the cockerel,
၃။ ရှဉ့်၏ အင်္ဂါ ၁ ပါး
3: one quality of the squirrel,
၄။ ကျားသစ်မ အင်္ဂါ ၁ ပါး
4: one quality of the female panther,
၅။ ကျားသစ်ဖို၏ အင်္ဂါ ၂ ပါး
5: two qualities of the male panther,
၆။ လိပ်၏ အင်္ဂါ ၅ ပါး
6: five qualities of the tortoise,
၇။ ဝါးပင်၏ အင်္ဂါ ၁ ပါး
7: one quality of the bamboo,
၈။ လေး၏ အင်္ဂါ ၁ ပါး
8: one quality of the bow,
၉။ ကျီး၏ အင်္ဂါ ၂ ပါး
9: two qualities of the crow,
၁ဝ။ မျောက်၏ အင်္ဂါ ၂ ပါး
10: two qualities of the monkey,
၁၁။ ဗူးနွယ်၏ အင်္ဂါ ၁ ပါး
11: one quality of the gourd,
၁၂။ ပဒုမာကြာ၏ အင်္ဂါ ၃ ပါး
12: three qualities of the lotus,
၁၃။ မျိုးစေ့၏ အင်္ဂါ ၈ ပါး
13: eight qualities of the seed,
၁၄။ သာလကလျာဏီပင်၏ အင်္ဂါ ၁ ပါး
14: one quality of the Sal–tree,
၁၅။ လှေ၏ အင်္ဂါ ၃ ပါး
15: three qualities of the ship,
၁၆။ ကျောက်ဆူး၏ အင်္ဂါ ၂ ပါး
16: two qualities of the anchor,
၁၇။ လင်းလဉ်တိုင်၏ အင်္ဂါ ၁ ပါး
17: one quality of the mast,
၁၈။ လှေသူကြီး၏ အင်္ဂါ ၃ ပါး
18: three qualities of the pilot,
၁၉။ လှေထိုးသား၏ အင်္ဂါ ၁ ပါး
19: one quality of the sailor,
၂ဝ။ သမုဒြာ၏ အင်္ဂါ ၅ ပါး
20: five qualities of the ocean,
၂၁။ မြေကြီး၏ အင်္ဂါ ၅ ပါး
21: five qualities of the eatth,
၂၂။ ရေ၏ အင်္ဂါ ၅ ပါး
22: five qualities of the water,
၂၃။ မီး၏ အင်္ဂါ ၅ ပါး
23: five qualities of the fire,
၂၄။ လေ၏ အင်္ဂါ ၅ ပါး
24: five qualities of the wind,
၂၅။ တောင်၏ အင်္ဂါ ၅ ပါး
25: five qualities of the rock–mountain,
၂၆။ ကောင်းကင်၏ အင်္ဂါ ၅ ပါး
26: five qualities of the space/sky,
၂၇။ လ၏ အင်္ဂါ ၅ ပါး
27: five qualities of the moon,
၂၈။ နေ၏ အင်္ဂါ ၇ ပါး
28: seven qualities of the sun,
၂၉။ သိကြားမင်း၏ အင်္ဂါ ၃ ပါး
29: three qualities of the Sakka, king of deities,
၃ဝ။ စကြာဝတေးမင်း၏ အင်္ဂါ ၄ ပါး
30: four qualities of a universal king,
၃၁။ ခြ၏ အင်္ဂါ ၁ ပါး
31: one quality of the white ant,
၃၂။ ကြောင်၏ အင်္ဂါ ၂ ပါး
32: two qualities of the cat,
၃၃။ ကြွက်၏ အင်္ဂါ ၁ ပါး
33: one quality of the rat,
၃၄။ ကင်းမြီးကောက်၏ အင်္ဂါ ၁ ပါး
34: one quality of the scorpion,
၃၅။ မြွေပါ၏ အင်္ဂါ ၁ ပါး
35: one quality of the mongoose,
၃၆။ မြေခွေးအို၏ အင်္ဂါ ၂ ပါး
36: two qualities of the old jackle,
၃၇။ သမင်၏ အင်္ဂါ ၃ ပါး
37: three qualities of the deer,
၃၈။ နွားအပေါင်း (နွားအုပ်)၏ အင်္ဂါ ၄ ပါး
38: four qualities of the bull,
၃၉။ ဝက်၏ အင်္ဂါ ၂ ပါး
39: two qualities of the boar,
၄ဝ။ ဆင်၏ အင်္ဂါ ၅ ပါး
40: five qualities of the elephant,
၄၁။ ခြင်္သေ့၏ အင်္ဂါ ၇ ပါး
41: seven qualities of the lion,
၄၂။ စက္ကဝက်ငှက်၏ အင်္ဂါ ၃ ပါး
42: three qualities of the Karavika bird,
၄၃။ အောက်ချင်းငှက်၏ အင်္ဂါ ၂ ပါး
43: two qualities of the bornbill,
၄၄။ အိမ်ခို၏ အင်္ဂါ ၁ ပါး
44: one quality of the house–pigeon,
၄၅။ ခင်ပုပ်ငှက်၏ အင်္ဂါ ၂ ပါး
45: two qualities of the owl,
၄၆။ ခေါက်ရှာငှက်၏ အင်္ဂါ ၁ ပါး
46: one quality of the crane,
၄၇။ လင်းနို့၏ အင်္ဂါ ၂ ပါး
47: two qualities of the bat,
၄၈။ မြှော့၏ အင်္ဂါ ၁ ပါး
48: one quality of the leech,
၄၉။ မြွေ၏ အင်္ဂါ ၃ ပါး
49: three qualities of the serpant,
၅ဝ။ စပါးကြီးမြွေ၏ အင်္ဂါ ၁ ပါး
50: one quality of the rock–snake/python,
၅၁။ ပင့်ကူ၏ အင်္ဂါ ၁ ပါး
51: one quality of the raod spider,
၅၂။ နို့စို့ သူငယ်၏ အင်္ဂါ ၁ ပါး
52: one quality of the child at the breast,
၅၃။ ကုန်းလိပ်ပျောက်၏ အင်္ဂါ ၁ ပါး
53: one quality of the land tortoise,
၅၄။ တောအုပ်၏ အင်္ဂါ ၅ ပါး
54: five qualities of the forest,
၅၅။ သစ်ပင်၏ အင်္ဂါ ၃ ပါး
55: three qualities of the tree,
၅၆။ မိုး၏ အင်္ဂါ ၅ ပါး
56: five qualities of the rain–cloud,
၅၇။ ပတ္တမြားရတနာ၏ အင်္ဂါ ၃ ပါး
57: three qualities of the jewel,
၅၈။ သားမုဆိုး၏ အင်္ဂါ ၄ ပါး
58: four qualities of the hunter,
၅၉။ ငါးမြှားသူ၏ အင်္ဂါ ၂ ပါး
59: two qualities of the fisherman,
၆ဝ။ တစည်းသမား၏ အင်္ဂါ ၂ ပါး
60: two qualities of the carpenter,
၆၁။ အိုး၏ အင်္ဂါ ၁ ပါး
61: one quality of the waterpot,
၆၂။ တီးတုတ်ငှက်၏ အင်္ဂါ ၂ ပါး
62: two qualities of the owl/iron,
၆၃။ ထီး၏ အင်္ဂါ ၃ ပါး
63: three qualities of the sunshadw,
၆၄။ လယ်၏ အင်္ဂါ ၃ ပါး
64: three qualities of the rice field,
၆၅။ အဆိပ်ဖြေဆေး၏ အင်္ဂါ ၂ ပါး
65: two qualities of the medicine,
၆၆။ ဘောဇဉ်၏ အင်္ဂါ ၃ ပါး
66: three qualities of the food,
၆၇။ လေးသမား၏ အင်္ဂါ ၄ ပါး
67: four qualities of the archer,
၆၈။ မင်း၏ အင်္ဂါ ၄ ပါး
68: four qualities of the king,
၆၉။ တံခါးစောင့်၏ အင်္ဂါ ၂ ပါး
69: two qualities of the doorkeeper,
ရဝ။ ဓားသွေးကျောက်၏ အင်္ဂါ ၁ ပါး
70: one quality of the grindstone,
၇၁။ ဆီမီး၏ အင်္ဂါ ၂ ပါး
71: two qualities of the lamo,
၇၂။ ဥဒေါင်း၏ အင်္ဂါ ၂ ပါး
72: two qualities of the peacock,
၇၃။ မြင်း၏ အင်္ဂါ ၂ ပါး
73: two qualities of the steed,
၇၄။ ထုံးအိုင်၏ အင်္ဂါ ၂ ပါး
74: two qualities of the publican,
၇၅။ တံခါးခုံ၏ အင်္ဂါ ၂ ပါး
75: two qualities of the threshold,
၇၆။ ချိန်ခွင်၏ အင်္ဂါ ၁ ပါး
76: one quality of the balance,
၇၇။ သံလျှက်၏ အင်္ဂါ ၂ ပါး
77: two qualities of the sword,
၇၈။ ငါး၏ အင်္ဂါ ၂ ပါး
78: two qualities of a fish,
၇၉။ မြီစား၏ အင်္ဂါ ၁ ပါး
79: one quality of the borrower,
၈ဝ။ သူနာ၏ အင်္ဂါ ၂ ပါး
80: two qualities of a sick man,
၈၁။ သေသူ၏ အင်္ဂါ ၂ ပါး
81: two qualities of a corpse,
၈၂။ မြစ်၏ အင်္ဂါ ၂ ပါး
82: two qualities of a river,
၈၃။ နွားလားဥသဘ၏ အင်္ဂါ ၁ ပါး
83: one quality of a buffalo,
၈၄။ ခရီးလမ်း၏ အင်္ဂါ ၂ ပါး
84: two qualities of the a road,
၈၅။ အခွန်ခွဲခံသောသူ၏ အင်္ဂါ ၁ ပါး
85: one quality of a tax–gatherer,
၈၆။ ခိုးသူ၏ အင်္ဂါ ၃ ပါး
86: three qualities of a thief,
၈၇။ သိန်းငှက်၏ အင်္ဂါ ၁ ပါး
87: one quality of the hawk,
၈၈။ ခွေး၏ အင်္ဂါ ၁ ပါး
88: one quality of the dog,
၈၉။ ဆေးသမား၏ အင်္ဂါ ၃ ပါး
89: three qualities of the physician,
၉ဝ။ ကိုယ်ဝန်ဆောင်မိန်းမ၏ အင်္ဂါ ၂ ပါး
90: two qualities of the a pregrant lady,
၉၁။ စာမရီသား၏ အင်္ဂါ ၁ ပါး
91: one quality of the yal cow,
၉၂။ တီတီတွတ်ငှက်၏ အင်္ဂါ ၂ ပါး
92: two qualities of the hen,
၉၃။ ခိုမ၏ အင်္ဂါ ၃ ပါး
93: three qualities of the dove,
၉၄။ မျက်စိတဘက်သာရှိသောသူ၏ အင်္ဂါ ၂ ပါး
94: two qualities of the one–eyed man,
၉၅။ လယ်ထွန်သမား၏ အင်္ဂါ ၃ ပါး
95: three qualities of the farmer,
၉၆။ မြေခွေးမ၏ အင်္ဂါ ၁ ပါး
96: one quality of the female jackle,
၉၇။ စင်္ဂဝါရက၏ အင်္ဂါ ၂ ပါး
97: two qualities of the dyers’ straining–cloth,
၉၈။ ယောက်မ၏ အင်္ဂါ ၁ ပါး
98: one quality of a spoon,
၉၉။ ကြွေးချပေးသောသူ၏ အင်္ဂါ ၃ ပါး
99: three qualities of the negociator of a loan,
၁ဝဝ။ တရားစိစစ်သူ၏ အင်္ဂါ ၁ ပါး
100: one quality of the collector/judge,
၁ဝ၁။ ရထားထိန်း၏ အင်္ဂါ ၂ ပါး
101: two qualities of a charioteer,
၁ဝ၂။ စားဘွယ်ကို စားသောက်သောသူ၏ အင်္ဂါ ၂ ပါး
102: two qualities of the eater,
၁ဝ၃။ အပ်ချုပ်သမား၏ အင်္ဂါ ၁ ပါး
103: one quality of a tailor,
၁ဝ၄။ လှေသူကြီး လှေစီးသူ၏ အင်္ဂါ ၁ ပါး
104: one quality of a helmsman/sailor,
၁ဝ၅။ ပျားပိတုံး၏ အင်္ဂါ ၂ ပါး
105: two qualities of a bee.

ရဟန္တာ၏ ပရိယာယ်ပုဒ်များ

(မဟာအဿပုရသုတ်။ မူလပဏ္ဏာသပါဠိ)
Synonyms of ‘arahant’ in accordance with ‘Mahā–assapura Sutta, Majjhima–nikāya:
၁။ သမဏ – အကုသိုလ် အညစ်အကြေး ငြိမ်းအေးသူ
1: Samaṇa (recluse) – one who has quieded down evil unwholesome states;
၂။ ဗြဟ္မဏ – အကုသိုလ် အညစ်အကြေး အပပြုပြီး (ပ ထုတ်ပြီး) သူ
2: brahmaṇa (Brahmin) – one who has expelled evil unwholesome states;
၃။ နှာတက – အကုသိုလ် အညစ်အကြေး ဆေးကြောပြီးသူ
3: nhātaka – one who has washed off evil unwholesome states;
၄။ ဝေဒဂူ – အကုသိုလ် အညစ်အကြေးကို ယုတ်ညံ့သောတရားများအဖြစ် သိပြီးသူ
4: vedagū – one who has known evil unwholesome states;
၅။ သောတ္တိယ – အကုသိုလ် အညစ်အကြေးကို ညှဉ်းဆဲ ပယ်ဖျောက်ပြီးသူ
5: sotthiya – one who has streamed away evil unwholesome states;
၆။ အရိယ – အကုသိုလ် အညစ်အကြေးမှ ဖြူစင်ပြီးသူ
6: ariya (holy one) – one who has cleased evil unwholesome states;
၇။ အရဟ – အကုသိုလ် အညစ်အကြေးမှ ဝေးပြီးသူ။
7: araha – one who is far away from evil unwholesome states.

ရဟန္တာ၏ မိမိစိတ်ကို သိမြင်ခြင်း ၉ မျိုး

(ပညာသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
An arahant knows his mind as it is:
၁။ ရာဂ ကင်းစိတ်ကို သိမြင်ခြင်း
1: He knows, “My mind is without lust”.
၂။ ဒေါသ ကင်းစိတ်ကို သိမြင်ခြင်း
2: “My mind is without hatred”.
၃။ မောဟ ကင်းစိတ်ကို သိမြင်ခြင်း
3: “My mind is without delusion”.
၄။ ငါ့စိတ်သည် ရာဂ နှင့်အတူအက ွမဖြစ်ဟု သိမြင်ခြင်း (အာရုံ မဖြစ်ဟုသိမြင်ခြင်း)
4: “My mind is not subject to infatuation”.
၅။ ငါ့စိတ်သည် ဒေါသ နှင့်အတူအကွ မဖြစ်ဟု သိမြင်ခြင်း
5: “My mind is not subject to animosity”.
၆။ ငါ့စိတ်သည် မောဟ နှင့်အတူအကွ မဖြစ်ဟု သိမြင်ခြင်း
6: “My mind is not subject to confusion”.
၇။ ငါ့စိတ်သည် ကာမဘဝ အလို့ငှါ ပြန်လည်ခြင်း သဘောမရှိဟု သိမြင်ခြင်း
7: “My mind is not subject to return to sense–sphere existence”.
၈။ ငါ့စိတ်သည် ရူပဘဝ အလို့ငှါ ပြန်လည်ခြင်း သဘောမရှိဟု သိမြင်ခြင်း
8: “My mind is not subject to return to form–sphere existence”.
၉။ ငါ့စိတ်သည် အရူပဘဝ အလို့ငှါ ပြန်လည်ခြင်း သဘောမရှိဟု သိမြင်ခြင်း။
9: “My mind is not subject to return to formless–sphere existence”.

ရဟန္တာ၏ အား ၁ဝ ပါး

Ten powers of an arahant:
၁။ သင်္ခါရတရားအားလုံးကို အနိစ္စဟု ရှုမြင်ခြင်း
1: Seeing all compounded things as impermanence,
၂။ ကာမဂုဏ်တရားများသည် မီးကျီးတွင်းနှင့်တူ၏ဟု မြင်သိခြင်း
2: seeing all sensual pleasures as burning charcoal,
၃။ ဆိတ်ငြိမ်ရာ၌ မွေ့လျှော်ခြင်း
3: delight in solitude,
၄။ သတိပဋ္ဌာန်လေးပါးကို ပွါးပြီးဖြစ်ခြင်း
4: having developed the four foundations of mindfulness,
၅။ သမ္ပပ္ပဒါန်လေးပါးကို ပွါးပြီးဖြစ်ခြင်း
5: having developed the four efforts,
၆။ ဣဒ္ဓိပါဒ်လေးပါးကို ပွါးပြီးဖြစ်ခြင်း
6: having developed the four bases of power,
၇။ ဣန္ဒြေငါးပါးကို ပွါးပြီးဖြစ်ခြင်း
7: having developed the five sense–faculties,
၈။ ဗိုလ်ငါးပါးကို ပွါးပြီးဖြစ်ခြင်း
8: having developed the five powers,
၉။ ဗောဇ္စျင်ခုနှစ်ပါးကို ပွါးပြီးဖြစ်ခြင်း
9: having developed the seven factors of enlightenment,
၁ဝ။ မဂ္ဂင်ရှစ်ပါးကို ပွါးပြီးဖြစ်ခြင်း။
10: having developed the eight noble paths.

ရာဂ

Lust, passion, attachment.

ရာဂ ကင်းကြောင်း တရား ၅ ပါး

(စွဲလမ်းမှု ကင်းကြောင်း တရား ၅ ပါး _ရှု)

ရာဂ ကင်းကြောင်းတရားသည် အသုဘနိမိတ်

(အညတိတ္ထယသုတ်။ တိကင်္ဂုတ္တရပါဠိ)
The cause to abandon lust is an unattracting object.
ဒေါသ ကင်းကြောင်းတရားသည် မေတ္တာ စေတောဝိမုတ္တိ (မေတ္တာဘာဝနာ)
The cause to abandon hatred is the liberation of mind by loving–kindness.
မောဟ ကင်းကြောင်းတရားသည် ယောနိသောမနသိကာရ။
The cause to abandon delusion is careful attention.

ရာဂပေယျာလ

အင်္ဂုတ္တရပါဠိတော် ၁၁ ကျမ်း၌ ဧကကနိပါတ မပါ ကျန် ၁ဝ ကျမ်းလုံးတို့၏ နောက်ဆုံးသုတ္တန်
Lust and so forth repetition series at the end of the all ten books, of the
Numerical Discourses (Book one is not included among 11 texts.):
၁။ တပ်မက်စွဲလန်းမှု ရာဂ ကို။
1: Lust,
၂။ ပြစ်မှားမှု ဒေါသ။
2: hatred,
၃။ တွေဝေမှု မောဟ။
3: delusion,
၄။ အမျက်ထွက်မှု ကောဓ။
4: anger,
၅။ ရန်ငြိုးဖွဲ့မှု ဥပနာဟ။
5: hostility,
၆။ ကျေးဇူးချေဖျက်မှု မက္ခ။
6: denigration,
၇။ ဂုဏ်ပြိုင်မှု ပဠာသ။
7: insolence,
၈။ ငြူစူမှု ဣဿာ။
8: envy,
၉။ ဝန်တိုမှု မစ္ဆရိယ။
9: miserliness,
၁ဝ။ လှည့်ပတ်မှု မာယာ။
10: deceitfulness,
၁၁။ စဉ်းလဲမှု သာဌေယျ။
11: craftiness,
၁၂။ ခက်ထန်မှု ထမ္ဘ။
12: obstinacy,
၁၃။ ချုတ်ချယ်မှု သာရမ္ဘ။
13: vehemence,
၁၄။ ထောင်လွှားမှု မာန။
14: conceit,
၁၅။ အလွန်ထောင်လွှားမှု အတိမာန။
15: arrogance,
၁၆။ ယစ်မူးမှု မဒ။
16: intoxication,
၁၇။ မေလျော့မှု ပမာဒ ကို –
17: heedlessness.
(က) ထူးသောဉာဏ်ဖြင့်သိရန်
(a) For direct knowledge of
1: lust etc. (all of the above until
17:),
(ခ) ပိုင်းခြားသိရန်
(b) for full understanding of lust etc.,
(ဂ) ထက်ဝန်းကျင် ကုန်ခန်းရန်
(c) for the utter destruction of lust etc.,
(ဃ) ပယ်စွန့်ရန်
(d) for the abandoning of lust etc.,
(င) ကုန်ခန်းရန်
(e) for the sestruction of lust etc.,
(စ) ဖျက်ဆီးရန်
(f) for the vanishing of lust etc.,
(ဆ) ကင်းပြတ်ရန်
(g) for the fading away of lust etc.,
(ဇ) ချုပ်ရန်
(h) for the cessation of lust etc.,
(စျ) စွန့်ရန်
(i) for the giving up of lust etc.,
(ည) တဖန်စွန့်ရန်
(j) for the relinquishment of lust etc.
(က) ဧက နိပါတ ပါဠိ ၌ – ရာဂပေယျာလ မပါဝင်။
(a) Single Item of Dhamma: No ‘lust and so forth discourse’.
(ခ) ဒုက နိပါတ ပါဠိတော်အလို – သမထ ဝိပဿနာ ၂ ပါး ပွါးရမည်။
(b) Two Items of Dhamma:
Two dhammas, tranquility and insight meditation, should be developed.
(ဂ) တိက နိပါတ ပါဠိတော်အလို – သုညတသမာဓိ အနိမိတ္တသမာဓိ အပ္ပဏိဟိတသမာဓိ
ဤတရား ၃ ပါး ပွါးရမည်။ (c) Three Items of Dhamma: Three dhammas, emptiness concentration, markless concentration and wishless concentration, should be developed.
(ဃ) စတုက္က နိပါတ ပါဠိတော်အလို – သတိပဋ္ဌာန် ၄ ပါး စသည် ပွါးရမည်။
(d) Four Items of Dhamma: Four dhammas, the four foundations of mindfulness etc., should be developed.
(င) ပဌက နိပါတ ပါဠိတော်အလို – သညာ ၅ ပါး ဣန္ဒြေ ၅ ပါး စသည် ပွါးရမည်။
(e) Five Items of Dhamma: Five dhammas, five kinds of perception etc., should be developed.
(စ) ဆက္က နိပါတ ပါဠိတော်အလို – အနုတ္တရိယ ၆ ပါး စသည် ပွါးရမည်။
(f) Six Items of Dhamma: Six dhammas, the six unsurpassed things, should be developed.
(ဆ) သတ္တက နိပါတ ပါဠိတော်အလို – ဗောဇ္စျင် ၇ ပါး စသည် ပွါးရမည်။
(g) Seven Items of Dhamma: Seven dhammas, the seven factors/wings of enlightenment etc., should be developed.
(ဇ) အဋ္ဌက နိပါတ ပါဠိတော်အလို – သမ္မာမဂ္ဂင် ၈ ပါး ပွါးရမည်။
(h) Eight Items of Dhamma: Eight dhammas, the noble eightfold path, should be developed.
(စျ) နဝက နိပါတ ပါဠိတော်အလို – သညာ ၉ ပါး ပွါးရမည်။
(i) Nine Items of Dhamma: Nine dhammas, nine kinds of perception, should be developed.
(ည) ဒသက နိပါတ ပါဠိတော်အလို – သမ္မာမဂ္ဂင် ၁ဝ ပါး ပွါးရမည်။
(j) Ten Items of Dhamma: Ten dhammas, ten right paths, should be developed.
(ဋ) ဧကာဒသက နိပါတ ပါဠိတော်အလို – အာကိဌညာယတနတိုင်အောင် စျာန် ၇ ပါး + ဗြဟ္မဝိဟာရတရား ၄ ပါး = ၁၁ ပါး ပွါးရမည်။
(k) Eleven Items of Dhamma: Eleven dhammas, seven jhānas (excluding the last one of eight jhānas) plus the four holly abiding = eleven should be developed.

ရာဇဂြိုဟ်မြို့ရှိ တောင် ၅ လုံး

Five mountains around Rājagaha City:
၁။ ဝေဘာရ တောင်
1: Mountain Vebhāra,
၂။ ပဏ္ဍဝ တောင်
2: Mountain Paṇḍava,
၃။ ဝေပုလ္လ တောင်
3: Mountain Vepulla,
၄။ ဂိဇ္စျကူဋ တောင်
4: Mountain Gijjhakūṭa,
၅။ ဣသိဂိလိ တောင်။
5: Mountain Isigili.

ရာဟုလာအား မြတ်ဘုရားဟောကြားသည့် သုတ္တန်များ

(သားတော်ရာဟုလာ အား မြတ်ဘုရားဟောကြားသည့် သုတ္တန်များ _ရှု)

ရာဟုလာအား မြတ်ဘုရားဟောကြားသည့် ဘာဝနာ အမျိုးအစား ၁၂ ပါး

(မဟာရာဟုလောဝါဒ သုတ်။ မဇ္စျိမပဏ္ဏာသ။ မဇ္စျိမနိကာယပါဠိ )
Twelve meditation–techniques that Lord Buddha taught Rāhulā
(Mahā–Rāhulovāsa Sutta, Majjhima nikāya):
၁။ ပထဝီသမ ဘာဝနာ
1: Meditation that is like the earth,
၂။ အာပေါသမ ဘာဝနာ
2: meditation that is like the water,
၃။ တေဇောသမ ဘာဝနာ
3: meditation that is like the fire,
၄။ ဝါယောသမ ဘာဝနာ
4: meditation that is like the air,
၅။ အာကာသသမ ဘာဝနာ
5: meditation that is like the space,
၆။ မေတ္တာ ဘာဝနာ
6: meditation on loving–kindness,
၇။ ကရုဏာ ဘာဝနာ
7: meditation on compassion,
၈။ မုဒိတာ ဘာဝနာ
8: meditation on sympathic joy,
၉။ ဥပေက္ခာ ဘာဝနာ
9: meditation on equanimily,
၁ဝ။ အသုဘ ဘာဝနာ
10: meditation on foulness,
၁၁။ အနိစ္စ သညာ ဘာဝနာ
11: meditation on the perception of impermanence,
၁၂။ အာနာပါနဿတိ ဘာဝနာ။
12: meditation on breathing–in and breathing–out.

ရာဟုအသုရိန် နတ်မင်း

သတ္တဝါအပေါင်းတို့တွင် ခန္ဓာကိုယ် အကြီးဆုံးဖြစ်သည်။ အရပ်အမြင့် ယူဇနာ ၄၈ဝဝ ရှိပြီး လက်ရုံးနှစ်ခုအကြား ယူဇနာ ၁၂ဝဝ ရှိသည်။ ခန္ဓာကို ရှေ့နှင့်နောက် ယူဇနာ ၆ဝဝ ရှိသည်။ လက်တစ်ဆစ် နှင့် တစ်ဆစ်ကြား ယူဇနာ ၅ဝ ရှိသည်။ ဦးခေါင်းသည် ယူဇနာ ၉ဝဝ ရှိသည်။ နေလတို့ကို ဖမ်းတားသည်ကို ရာဟု ဖမ်းသည် (လငပုတ်ဖမ်းသည်) ဟုခေါ်သည်။
Rāhu Asurinda, a great god: The body of this god is the biggest of all beings:
4,800 yūjanā in height, 1,200 yūjanā between two shoulders, 600 yūjanā of body thickness and 50 yūjanā between two finger–joints. He can catch and hold the sun and moon easily if he wishes. It is called ‘the moon is caught/captured/imprisoned by the Rāhu’ in Burmese.

ရုက္ခစိုး

Guardian–spirit/deity of a certain tree(s).

ရုက္ခမူဓုတင်

သစ်တစ်ပင်ရိပ် ဝါးတစ်ပင်အောက်၌သာ နေထိုင်ခြင်း (ဓုတင် ၁၃ ပါး _ရှု)

ရုက္ခမူဓုတင် ဆောင်ခြင်း၏ အကျိုး ၉ ပါး

Nine benefits of wearing the refuse–rag robes:
၁။ ကျောင်းကို မှီပြီး သင့်လျှော်စွာကျင့်ရခြင်း
1: Praticing properly regarding building, bed etc. (lodging),
၂။ ရလွယ်ခြင်း
2: easy to obtain,
၃။ အပြစ်ကင်းခြင်း
3: blameless,
၄။ သူတော်ကောင်းများ ချီးမွမ်းခြင်း
4: praised by the virtuous,
၅။ သစ်ရွက်ကျွေကျသည်ကို သိမြင်ပြီး အနိစ္စသညာ ပွါးများနိုင်ခြင်း
5: arousing the perception of impermenance due to falling leaves,
၆။ ကျောင်း၌ ဝန်တိုမှု မရှိတော့ခြင်း
6: no avarice about abode,
၇။ ကျောင်းကိစ္စ မများတော့ခြင်း
7: less lodging work,
၈။ နတ်တို့နှင့် အတူနေရခြင်း
8: dwelling in the company of deities.
၉။ အလိုနည်းခြင်း စသည်တို့နှင့် လျှော်ညီခြင်း။
9: conformity with the fewness of wishes etc.

ရုပ်

Form, matter, material/physical phenomena.

ရုပ် ဖြစ်ကြောင်းတရား ၄ ပါး

Four originations of matter/physical body:
၁။ ကံ
1: Kamma,
၂။ စိတ်
2: consciousness,
၃။ ဥတု
3: temperature,
၄။ အာဟာရ။
4: nutriment.

ရုပ် ၂၈ ပါး

The twenty–eight material/physical phenomena:
၁။ မဟာဘုတ် ၄ ပါး I: The four great essentials/elements:
၁။ ပထဝီ၁
1: Earth element, (1)*
၂။ တေဇော၂
2: fire element, (2)*
၃။ အာပေါ၃
3: water element, (3)*
၄။ ဝါယော၄။
4: air element. (4)*
၂။ ပသာဒ ရုပ် ၅ ပါး II: Five sensitive phenomena:
၁။ စက္ခု ပသာဒ၅
1: Eye–sensitivity, (5)*
၂။ သောတ ပသာဒ၆
2: ear–sensitivity, (6)*
၃။ ဃာန ပသာဒရ
3: nose–sensitivity, (7)*
၄။ ဇိဝှါ ပသာဒ၈
4: tongue–sensitivity, (8)*
၅။ ကာယ ပသာဒ၉။
5: body–sensitivity. (9)*
၃။ ဂေါစရ ရုပ် ၄ ပါး III: Four objective phenomena:
၁။ ရူပ၁ဝ
1: Visible form, (10)*
၂။ သဒ္ဒ၁၁
2: sound, (11)*
၃။ ဂန္ဓ၁၂
3: smell, (12)*
၄။ ရသ၁၃။
4: taste. (13)*
၄။ ဘာဝရုပ် ၂ ပါး IV: Two sexual phenomena:
၁။ ဣတ္ထိ ဘာဝ၁၄
1: Femininity, (14)*
၂။ ပုံ ဘာဝ၁၅။
2: masculinity. (15)*
၅။ ဟဒယ ရုပ် ၁ ပါး V: One heart phenomena:
၁။ ဟဒယဝတ္ထု ရုပ်၁၆။
1: Heart–base. (16)*
၆။ ဇီဝိတ ရုပ် ၁ ပါး VI: One life phenomena:
၁။ ဇီဝိတိန္ဒြေ၁၇။
1: Life faculty. (17)*
၇။ အာဟာရ ရုပ် ၁ ပါး VII: One nutritional phenomena:
၁။ ကဗဠီကာရာဟာရ၁၈။
1: Nutriment. (18)*
နံပါတ် ပထဝီ၁ မှ ကဗဠီကာရာဟာရ၁၈ အထိ ၁၈ ပါးသောရုပ်များကို နိပ္ဖန္နရုပ်ဟု ခေါ်သည်။
ထို ၁၈ ပါးသောရုပ်မှ တပါး အောက်ပါရုပ် ၁ဝ ပါးကို အနိပ္ဖန္နရုပ်ဟု ခေါ်သည်။
No. (1)* to (18)* = 18 are called ‘concretely produced matters’.
The following 10 are called ‘non–concrete matters’.
၈။ ပရိစ္ဆေ ဒ ရုပ် ၁ ပါး VIII: One limiting phenomena:
၁။ အာကာသဓာတ်။
1: Space element.
၉။ ဝိကာရ ရုပ် ၅ ပါး IX: Five communicating phenomena:
၁။ ကာယ ဝိညတ်
1: Bodily intimation,
၂။ ဝစီ ဝိညတ်
2: verbal intimation,
၃။ လဟုတာ
3: lightness,
၄။ မုဒုတာ 4; malleability,
၅။ ကမ္မညတာ။
5: wieldiness.
၁ဝ။ လက္ခဏ ရုပ် ၄ ပါး X: Four characteristics of matter:
၁။ ဥပစယ
1: Production,
၂။ သန္တတိ
2: continuity,
၃။ ဇရတာ
3: decay,
၄။ အနိစ္စတာ။
4: impermanence.
ရုပ် ၂၈ ပါးတို့ကို အုပ်စုခွဲခြင်း (အသေးစိတ်ကို ဝိသုဒ္ဓိမဂ်။ ခန္ဓနိဒ္ဒေသ။ ရူပက္ခန္ဓာ အခန်း၌ ကြည့်ပါ)
The twenty–eight material/physical phenomena divided into groups:
(See the Chapter: the Material, the Aggerates, ‘The Path of purification’ in detail.)

ရုပ် ၂ ပါးစု

Material group in two:
၁။ အဇ္စျတ္တိက – အတွင်းရုပ်
1: Internal,
၂။ ဗာဟိရ – အပြင်ရုပ်။
2: external.

ရုပ် ၂ ပါးစု

(တနည်း)
More material group in two:
၁။ သြဠာရိက – ကြမ်းထမ်းရုပ်
1: Gross,
၂။ သုခုမ – သိမ်မွေ့ရုပ်။
2: subtle.

ရုပ် ၂ ပါးစု

(တနည်း)
More material group in two:
၁။ ဒူရ – အဝေးရုပ်
1: Far,
၂။ သန္တိက – အနီးရုပ်။
2: near.

ရုပ် ၂ ပါးစု

(တနည်း)
More material group in two:
၁။ နိပ္ဖန္န – ဖြစ်ပေါ်စေသောရုပ်
1: Produced,
၂။ အနိပ္ဖန္န – မဖြစ်ပေါ်စေသောရုပ်။
2: unproduced.

ရုပ် ၂ ပါးစု

(တနည်း)
More material group in two:
၁။ ပသာဒ – ခံစားနိုင်သောရုပ်
1: Sensitive,
၂။ န ပသာဒ – မခံစားနိုင်သောရုပ်။
2: insensitive.

ရုပ် ၂ ပါးစု

(တနည်း)
More material group in two:
၁။ ဣန္ဒြိယ – အစိုးရသောရုပ်
1: Faculty,
၂။ အနိန္ဒြိယ – အစိုးမရသောရုပ်။
2: not–faculty

ရုပ် ၂ ပါးစု

(တနည်း)
More material group in two:
၁။ ဥပါဒိဏ္ဏ – ကံကြောင့်ဖြစ်သောရုပ်
1: Clung to (kamma),
၂။ အနုပါဒိဏ္ဏ – ကံကြောင့်မဖြစ်သောရုပ်။
2: not clung to.
ရုပ် ၂၈ ပါးတို့ကို အုပ်စုခွဲခြင်း The twenty–eight material/physical phenomena divided into groups:

ရုပ် ၃ ပါးစု

Material group in three:
၁။ သနိဒဿန သပ္ပဋိဃ ရုပ် – မြင် ထိတွေ့နိုင်သောရုပ်
1: Visible with impact,
၂။ အနိဒဿန သပ္ပဋိဃ ရုပ် – မမြင် ထိတွေ့နိုင်သောရုပ်
2: invisible with impact,
၃။ အနိဒဿန အပ္ပဋိဃ ရုပ် – မမြင် မထိတွေ့နိုင်သောရုပ်။
3: invisible without impact.

ရုပ် ၃ ပါးစု

(တနည်း)
More material group in three:
၁။ ကမ္မဇရုပ် – ကံကြောင့်ဖြစ်သောရုပ်
1: Kamma–born,
၂။ အကမ္မဇရုပ် – ကံကြောင့်မဖြစ်သောရုပ်
2: not–kamma–born,
၃။ နေဝကမ္မဇ နာကမ္မဇရုပ် – ကံကြောင့် ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်သောရုပ် (မရှိ)။
3: neither–kamma–born–nor–not–kamma–born. (nothing)

ရုပ် ၃ ပါးစု

(တနည်း)
More material group in three:
၁။ စိတ္တဇရုပ် – စိတ်ကြောင့်ဖြစ်သောရုပ်
1: Consciousness–born,
၂။ အစိတ္တဇရုပ် – စိတ်ကြောင့်မဖြစ်သောရုပ်
2: not–consciousness–born,
၃။ နေဝစိတ္တဇ နာစိတ္တဇရုပ် – စိတ်ကြောင့်ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်သောရုပ် (မရှိ)။
3: neither–consciousness–born–nor–not–consciousness–born. (nothing)

ရုပ် ၃ ပါးစု

(တနည်း)
More material group in three:
၁။ အာဟာရဇရုပ် – အာဟာရကြောင့်ဖြစ်သောရုပ်
1: Nutriment–born,
၂။ အနာဟာရ – အာဟာရကြောင့်မဖြစ်သောရုပ်
2: not–nutriment–born,
၃။ နေဝအာဟာရဇ န အနာဟရဇရုပ် – အာဟာရကြောင့်ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်သောရုပ် (မရှိ)။
3: neither–nutriment–born–nor–not–nutriment–born. (nothing)

ရုပ် ၃ ပါးစု

(တနည်း)
More material group in three:
၁။ ဥတုဇရုပ် – ဥတုကြောင့်ဖြစ်သောရုပ်
1: Temperature–born,
၂။ အနုတုဇရုပ် – ဥတုကြောင့်မဖြစ်သောရုပ်
2: not–temperature–born,
၃။ နေဝဥတုဇ န အနုတုဇရုပ် – ဥတုကြောင့်ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်သောရုပ် (မရှိ)။
3: neither–temperature–born–nor–not–temperature–born. (nothing)
ရုပ် ၂၈ ပါးတို့ကို အုပ်စုခွဲခြင်း The twenty–eight material/physical phenomena divided into groups:
ရုပ် ၄ ပါးစု Material group in four:
၁။ ဒိဋ္ဌရုပ် – မြင်နိုင်သောရုပ်
1: Seen materiality,
၂။ သုတရုပ် – ကြားနိုင်သောရုပ်
2: heard materiality,
၃။ မုတရုပ် – အနံ့ အရသာ အတွေ့ရုပ်
3: sensed materiality,
၄။ ဝိညာတရုပ် – စိတ်အာရုံရုပ်။
4: cognized materiality.

ရုပ် ၄ ပါးစု

(တနည်း)
More material group in four:
၁။ ရူပရုပ် – မြင်နိုင်သောရုပ်
1: Concrete matter,
၂။ ပရိစ္ဆေဒရုပ် – ပိုင်းခြားသောရုပ်
2: delimiting matter,
၃။ ဝိကာရရုပ် – ဖေါက်ပြန်သောရုပ်
3: matter as alteration,
၄။ လက္ခဏရုပ် – အမှတ်လက္ခဏာရုပ်။
4: matter as characteristic.
ရုပ် ၂၈ ပါးတို့ကို အုပ်စုခွဲခြင်း The twenty–eight material/physical phenomena divided into groups:
ရုပ် ၅ ပါးစု Material group in five:
၁။ ဧကဇ – အကြောင်း ၁ ပါးကြောင့်ဖြစ်သောရုပ်
1: Born of one,
၂။ ဒွိဇ – အကြောင်း ၂ ပါးကြောင့်ဖြစ်သောရုပ်
2: born of two,
၃။ တိဇ – အကြောင်း ၃ ပါးကြောင့်ဖြစ်သောရုပ်
3: born of three,
၄။ စတုဇ – အကြောင်း ၄ ပါးကြောင့်ဖြစ်သောရုပ်
4: born of four,
၅။ န ကုတောစိ ဇာတ – အကြောင်းမရှိပဲ ဖြစ်သောရုပ်။
5: not born of anything.

ရုပ်နှင့်နာမ်သာရှိ၏ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါးမရှိ နှင့်ပတ်သက်ပြီး ပေးထားသော ဥပမာများ

(ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါးမရှိ။ ရုပ်နှင့်နာမ်သာရှိကြောင်းနှင့်ပတ်သက်ပြီး ပေးထားသော ဥပမာများ _ရှု)

ရုပ်တို့၌ ကမ္မဋ္ဌာန်း နှလုံးသွင်းခြင်း ၇ ပါး

(ဝိသုဒ္ဓိမဂ်) Seven ways to comprehend the material:
၁။ အာဒါန နိက္ခေပနတော – ဘဝဟောင်းစွန့်ပြီး ဘဝသစ်ကိုယူခြင်းဖြင့်
1: As taking up the new life and putting the old life,
၂။ ဝယောဝုဍ္ဎတ္ထင်္ဂမတော – အိုမင်းသောရုပ်တို့ ချုပ်ခြင်းဖြင့်
2: as disappearance of what grows old in each stage,
၃။ အာဟာရတော – အစာအာဟာရအားဖြင့်
3: as arising from nutriment,
၄။ ဥတုတော – ရာသီဥတုအားဖြင့်
4: as arising from temperature,
၅။ ကမ္မတော – ကံအားဖြင့်
5: as kamma–born,
၆။ စိတ္တတော – စိတ်အားဖြင့်
6: as consciousness–originated,
၇။ ဓမ္မတာ – သဘောဓမ္မတာအားဖြင့်။
7: as natural materiality.

ရိုသေခြင်း (ဂါရဝ) ၆ ပါး

Six kinds of respect:
၁။ ဘုရား၌ ရိုသေခြင်း
1: Respect of Buddha,
၂။ တရား၌ ရိုသေခြင်း
2: of Dhamma,
၃။ သံဃာ၌ ရိုသေခြင်း
3: of Saṃgha (monks),
၄။ သိက္ခာသုံးပါး၌ ရိုသေခြင်း
4: of the three kinds of training,
၅။ အပ္ပမာဒ (သတိ)တရား၌ ရိုသေခြင်း
5: of heedfulness,
၆။ ဆက်စပ်မှု ပဋိသန္ထာရ၌ ရိုသေခြင်း။
6: of physical and mental relation.

ရိုသေထိုက်သူကို ရိုသေရခြင်း၏ အကျိုး ၄ ပါး

Four benefits of paying respect:
၁။ အာယု = အသက်ရှည်ခြင်း
1: Longevity,
၂။ ဝဏ္ဏ = အဆင်းလှခြင်း
2: beauty,
၃။ သုခ = ချမ်းသာခြင်း
3: happiness,
၄။ ဗလ = အားကြီးခြင်း။
4: strength.

ရိုသေမှု ၄ မျိုး

Four kinds/causes of reverence:
၁။ ဆွေမျိုးဖြစ်၍ ရိုသေရှိခိုးခြင်း
1: Reverence for relatives,
၂။ ကြောက်၍ ရိုသေရှိခိုးခြင်း
2: from fear,
၃။ ဆရာဖြစ်၍ ရိုသေရှိခိုးခြင်း
3: for one’s teacher,
၄။ ပူဇော်ထိုက်၍ ရိုသေရှိခိုးခြင်း။
4: for worthy of respect.

ရိုသေလေးစား အမှီပြုနေပါက ကုသိုလ်ပွါးကြောင်းတရားများ

Seven things to be respected for developing the wholesome:
၁။ ဘုရားရှင်
1: Lord Buddga,
၂။ တရားတော်
2: dhamma,
၃။ ရဟန်းသံဃာ
3: community of monks,
၄။ ကျင့်ဝတ်သိက္ခာ
4: training,
၅။ တည်ကြည်မှု သမာဓိ
5: concentration,
၆။ မမေ့မလျှော့မှု အပ္ပမာဒ
6: mindfulness,
၇။ အစေ့အစပ်ပြုမှု ပဋိသန္ထာရ
7: hospitality.

ရူပ ဗြဟ္မာ

The Fine–material–sphere plane/abode.

ရူပ ဗြဟ္မာ ၁၆ ဘုံ

(ဘုံ ၃၁ _ရှု)
The sixteen Fine–material–sphere planes/realms.

ရူပဘုံ အရူပဘုံ၌ ပရိနိဗ္ဗာန်ပြုသည့် ပုဂ္ဂိုလ် ၅ ယောက်

(ကာမဘုံ၌ ပရိနိဗ္ဗာန်မပြု။ ရူပဘုံ အရူပဘုံ၌ ပရိနိဗ္ဗာန်ပြုသည့် ပုဂ္ဂိုလ် ၅ ယောက် _ရှု)

ရေကန် ၄ မျိုး

Four kinds of pond/lake:
၁။ တိမ်မယောင် နှင့် နက်သော ရေကန်
1: Pond, deep but looks shallow,
၂။ နက်မယောင် နှင့် တိမ်သော ရေကန်
2: shallow but looks deep,
၃။ တိမ်ယောင်ရှိပြီး တိမ်သော ရေကန်
3: shallow as well as looks shallow,
၄။ နက်ယောင်ရှိပြီး နက်သော ရေကန်။
4: deep, as well as looks deep.
(ဤ ဥပမာများအတူ လူပေါင်းများစွာ ရှိကြကုန်၏)
(These similes apply to a lot of persons.)

ရေစက်ချ

(အလှူရေစက်)
Pouring water (as witness of good deeds), water
libration, liberation water, consecration water,
donation–water.

ရေစစ်လှူရသော အကျိုး ၅ ပါး

Five benefits of donating water–strainer/filter:
၁။ နတ်ဖြစ်က နတ်သက်ပိုရှည်ခြင်း
1: Heavenly longer life,
၂။ ခိုးသူ ရန်သူတို့ မနှိပ်စက်နိုင်ခြင်း
2: no torture by thieves and enemies,
၃။ လက်နက်ဘေးရန်မှ ကင်းခြင်း
3: no danger of weapon,
၄။ အဆိပ် ဘေးရန်မှ ကင်းခြင်း
4: no danger of poison,
၅။ သက်တမ်းပြည့် နေရခြင်း။
5: living full life–span.

ရေမီးအစုံ တံခိုးတော်ပြသည့်

(ယမကပါဋိဟာရိယ) ၁၂ ဌာန
The twin miracles streming alternately water and fire from twelve parts of Buddha’s body:
၁။ အထက် နှင့် အောက်
1: Upward and downward,
၂။ ရှေ့ နှင့် နောက်
2: front and back of the body,
၃။ ဝဲယာ မျက်လုံးတော်
3: left and right eyes,
၄။ နားတော်
4: ears,
၅။ နှာခေါင်းတော်
5: nose,
၆။ ပခုံးတော်
6: shoulders,
၇။ လက်တော်
7: hands,
၈။ နံပါးတော်
8: sides of the body,
၉။ ခြေတော်
9: legs,
၁ဝ။ လက်ချောင်း ခြေချောင်းတော်များအကြား
10: spaces between fingers and toes,
၁၁။ မွေးညှင်းတော်များ
11: evey hair of the body,
၁၂။ မွေးညှင်းတော်တွင်းများ။
12: pores of evey hair of the body.

ရေလှောင်အိုးကြီး ၃ လုံးဥပမာ

(ဘုရားရှင်တရားဟောတော်မူခြင်းနှင့် ပတ်သက်သည်) – ရေလှောင်လိုသော ယောက်ျားသည် မပေါက် မယို မစိမ့်သော အိုးကြီး၌ ရှေးဦးစွာ ရေလှောင်၏။ ထိုနောက် မပေါက်သော်လည်း ယိုစိမ့် သောအိုး၌ ရေလှောင်၏။ နောက်ဆုံး၌ ပေါက်ယိုစိမ့်သော အိုးကြီး၌ ရေလှောင်၏။ အလားတူပင် –
ဘုရားရှင်သည် မပေါက် မယို မစိမ့်သော အိုးကြီးနှင့်တူသော ရဟန်းယောက်ျား ရဟန်းမိန်းမတို့ကို ပြည့်စုံစွာ တရားဟောတော်မူ၏။ ထိုနောက် မပေါက်သော်လည်း ယိုစိမ့်သော အိုးကြီးနှင့်တူသော ဒါယကာ ဒါယိကာမ များကို ဟော၏။ နောက်ဆုံး၌ ပေါက် ယိုစိမ့်သော အိုးကြီးနှင့်တူသော ဘုရားအဆုံးအမ မလိုက်နာ မယုံကြည်သူတို့အား ဟောတော်မူ၏။ (ခေတ္တူပမသုတ်။ ဂါမဏိသံယုတ်။ သဠာယတနဝဂ္ဂ သံယုတ္တပါဠိ)
The simile of the three waterpots regarding how Lord Buddha taught: A man who wants to store water – he would store it in the pot without cracks and without seeping; then, in the pot without cracks but with seeping; lastly, he would store it in the pot with cracks and seeping. Similarly, Lord Buddha taught first monks and nuns, the excellent ones; then, His lay–followers, and lastly, those who had no faith in Buddha’s teachings.
(Khettūpama sutta, ‘The Discourse on the Simile of the Field’, Saḷāyatana–vagga
Saṃyutta Pāḷi, ‘The Connected Discourses’)

ရေသုတ်ပုဆိုး (တဘက်) လှူရသော အကျိုး ၅ ပါး

Five benefits of donating towel:
၁။ ရွှေအဆင်းရှိခြင်း
1: Golden skin,
၂။ မြူအညစ်ကြေးကင်းခြင်း
2: no dust attached,
၃။ ပြိုးပြက်အရောင်ထွက်ခြင်း
3: bright skin,
၄။ တန်ခိုးကြီးမားခြင်း
4: power,
၅။ ခန္ဓာကိုယ် ပြေပြစ်ခြင်း။
5: elegance.

ရေ အကျိုး ၁ဝ ပါး (ရေလှူရကျိုး)

Ten benefits of donating water:
၁။ ကျော်ဇောခြင်း
1: Fame,
၂။ စင်ကြယ်ခြင်း
2: cleanliness,
၃။ အခြွေအရံပေါများခြင်း
3: being loved by many,
၄။ လျှင်မြန် သွက်လက်ခြင်း
4: quickness,
၅။ မွတ်သိပ်မှု မရှိခြင်း
5: no–thirst,
၆။ သန့်ရှင်းခြင်း
6: health,
၇။ အဆင်းလှခြင်း
7: beauty,
၈။ ချမ်းသာခြင်း
8: happiness,
၉။ အားကြီးခြင်း
9: strength,
၁ဝ။ ပညာကြီးခြင်း။
10: wisdom.

ရဲရင့်ကြောင်း (ဝိသာရဒ) တရား ၅ ပါး

Five things that make a person fearless:
၁။ သဒ္ဓါ
1: Faith,
၂။ သီလ
2: virtue, morality,
၃။ ဗဟုဿုတ
3: vast knowledge,
၄။ ဝီရိယ
4: effort,
၅။ ပညာ။
5: wisdom.
(ကြောက်ရွံ့ကြောင်း –သာရဇ္ဇ– တရား ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Five things that make a person fearlfull are opposite of the above.)

ရောဂါဖြစ်ကြောင်း တရား ၈ ပါး

Eight causes to get disease/illness:
၁။ သည်းခြေ ကြောင့်
1: Bile disorder,
၂။ သလိပ် ကြောင့်
2: phlegm disorder,
၃။ လေ ကြောင့်
3: wind disorder,
၄။ လေ သလိပ် သည်းခြေ ကြောင့်
4: combination of the abve 3 disorder,
၅။ အအေးအပူ ဥတု ကြောင့်
5: climate, weather,
၆။ မတည့်သော အစားအစာ ကြောင့်
6: carelessness in eating,
၇။ သူတပါးတို့၏ လုံ့လပယောဂ ကြောင့်
7: assult,
၈။ ရှေးကံ ယခုကံ ကြောင့်။
8: kamma result.

ရောဂါမျိုး ၉၆ ပါး

Ninety–six (eight) kinds of disease:
၁။ စက္ခု ရောဂ – မျက်စိ ၌ဖြစ်သောအနာ
1: Disease of the eye (inner),
၂။ သောတ ရောဂ – နားတွင်း ၌ဖြစ်သောအနာ
2: disease of the ear (inner),
၃။ ဃာန ရောဂ – နှာခေါင်းတွင်း ၌ဖြစ်သောအနာ
3: disease of the nose (inner),
၄။ ဇိဝှါ ရောဂ – လျှာ ၌ဖြစ်သောအနာ
4: disease of the tongue,
၅။ ကာယ ရောဂ – ကိုယ် ၌ဖြစ်သောအနာ
5: disease of the body,
၆။ သီသ ရောဂ – ဦးခေါင်း ၌ဖြစ်သောအနာ
6: disease of the head,
၇။ ကဏ္ဏ ရောဂ – နားရွက် ၌ဖြစ်သောအနာ
7: disease of the ear (outer),
၈။ မုခ ရောဂ – ခံတွင်း ၌ဖြစ်သောအနာ
8: disease of the mouth,
၉။ ဒန္တ ရောဂ – သွား ၌ဖြစ်သောအနာ
9: disease of the tooth,
၁ဝ။ ကာသ – ချောင်းဆိုးနာ
10: cough,
၁၁။ သာသ – ကြို့ထိုးနာ
11: hiccoughs,
၁၂။ ဝိနာသ – နှာခေါင်းပြင်၌ ဖြစ်သောအနာ
12: disease of the nose (outner),
၁၃။ ဍာဟ – ကိုယ်တွင်းပူနာ
13: body heat (inner),
၁၄။ ဇရ – ဖျားနာ
14: illness,
၁၅။ ကုစ္ဆိ ရောဂ – ဝမ်းနာ
15: stomach pain,
၁၆။ မုစ္ဆာ – တွေဝေမိန်းမောနာ
16: dizziness
၁၇။ ပက္ခန္ဒိကာ – သွေးအန်နာ
17: haematemesis,
၁၈။ သူလာ – ထိုးကျင့် ဝမ်းလေနာ
18: colic,
၁၉။ ဝိသူစိကာ – ဝမ်းလျောလွန်နာ။ ကာလနာ
19: diarrhea,
၂ဝ။ ကုဋ္ဌ – နူနာ
20: laprocy,
၂၁။ ဂဏ္ဍဏ – အိုင်း မြင်းဖုနာ
21: boil,
၂၂။ ကိလာသ – ညှင်း တင်းတိတ်နာ
22: white leprous spot,
၂၃။ သောသော – အဆုတ်နာ ပန်းနာ
23: tuberculous,
၂၄။ ဒုဒ္ဒု – ပွေးနာ
24: ringworm,
၂၅။ ကဏ္ဍု – ဝဲငယ် ဝဲခြောက်နာ
25: wet itch,
၂၆။ ကစ္ဆု – ဝဲကြီး ဝဲစိုနာ
26: thick scab,
၂၇။ ဝိတစ္ဆိကာ – ခြေ။ လက်ဖဝါး ကွဲအက်နာ
27: disease on palm and sole of the foot,
၂၈။ လောဟိတပတ္တ – သွေးသည်းခြေနာ
28: biliousness,
၂၉။ မဓုမေဟ – ဆီးချိုနာ
29: diabetic,
၃ဝ။ အံသာ – ရိဖြူ ရိနီနာ
30: gleet, gonorrhoes,
၃၁။ ပိဠကာ – ထွတ်မြင်း ဖေါရောင်နာ
31: running sore, swelling,
၃၂။ ဘဂန္ဒလာ – ဘင်နာ။ ဂရင်ဂျီနာ။
32: bubo.
လေကြောင့် + သည်းခြေကြောင့် + သလိပ်ကြောင့် ၃၂ ပါးစီဖြစ်ကြ၍ စုစုပေါင်း ၉၆ ပါးဖြစ်သည်။
(1)အပမာရ – ဝက်ရူး ကြက်ရူး နတ်ဘီလူးဖမ်းစားသော အနာ။ (၂) နခသာ – ခြေသည်း လက်သည်း ခြစ်မိရာမှ ဖြစ်ပေါ်လာသော အနာ – ပေါင်းသော် အနာမျိုး ၉၈ ပါးဖြစ်သည်၊
There are 32 diseases (above) due to wind disorder + 32, due to bile disorder + 32, due to phlegm disorder = 96. Two more diseases are (1) epilepsy and (2) disease caused by nail–scratch; thus, 98 diseases.

ရောင့်ရဲခြင်း

Contentment.

ရောင့်ရဲခြင်း ၄ ပါး

(ရဟန်းတော်များ)
Four contentment (for monks):
၁။ သင်္ကန်း ၌ ရောင့်ရဲခြင်း
1: Contentment with any robe,
၂။ ဆွမ်း ၌ ရောင့်ရဲခြင်း
2: with any food,
၃။ ကျောင်း အိပ်ရာနေရာ ၌ ရောင့်ရဲခြင်း
3: with any lodging,
၄။ ဆေး ပစ္စည်း ၌ ရောင့်ရဲခြင်း။
4: with any medicine.

ရောင့်ရဲခြင်းသည် အမြင့်မြတ်ဆုံး ပစ္စည်းဥစ္စာတည်း

(အမြင့်မြတ်ဆုံးတရား ၄ ပါးလည်း _ရှု)
Contentment is the best/nobelest wealth.

ရောင်ခြည်တော်

Ray/radiant.

ရောင်ခြည်တော် ၆ ပါး

Six kinds/hues of Buddha’s ray/radiant:
၁။ နီလ = ညိုမှောင်သော ရောင်ခြည်တော်
1: Deep–blue or brown,
၂။ ပီတ = ဝါရွှေသော ရောင်ခြည်တော်
2: gold, yellow,
၃။ လောဟိတ = နီမြန်းသော ရောင်ခြည်တော်
3: red,
၄။ သြဒါတ = ဖြူဖွေးသော ရောင်ခြည်တော်
4: white,
၅။ မဥ္ဇိဋ္ဌ = ကြက်သွေးရောင် မောင်းသော နီပြေပြေ ရောင်ခြည်တော်
5: dark red/pink,
၆။ ပဘဿရ = ပြိုးပြိုးပျက်ပျက် တလက်လက်သော ရောင်ခြည်တော်။
6: massive brightness of all above five colors combined.

ရောင်းဝယ်ရာ၌ စီးပွါးဖြစ်မှု မဖြစ်မှု အကြောင်းများ ၄ ပါး

Four causes of failure and of success of doing business:
၁။ လှူမည်ဟု ဝန်ခံပြီး မလှူသူ = ရောင်းဝယ်ရာ၌ စီးပွါးမဖြစ်။
1: After promising to offer, a person offers nothing: failure business.
၂။ လှူမည်ဟု ဝန်ခံပြီး လှူသင့်သည်ထက် လျှော့လှူသူ = ရောင်းဝယ်ရာ၌ မှန်းထားသည်ထက် လျှော့နည်း၍ စီးပွါးဖြစ်၏။
2: After promising to offer, a person offers less than he intends to: business less successful than he expected.
၃။ လှူမည်ဟု ဝန်ခံပြီး လှူသင့်သလောက်သာ လှူသူ = ရောင်းဝယ်ရာ၌ မှန်းထားသည်လောက်သာ စီးပွါး ဖြစ်၏။
3: After promising to offer, a person offers the same amount that he intends to: business is successful as he expected.
၄။ လှူမည်ဟု ဝန်ခံပြီး လှူသင့်သည်ထက် ပိုမိုလှူသူ = ရောင်းဝယ်ရာ၌ မှန်းထားသည်ထက် သာလွန်ပိုမိုပြီး စီးပွါးဖြစ်၏။
4: After promising to offer, a person offers more than he intends to: business is more successful than he expected.

ရှင်ကြီး

Old novice.

ရှင်ငယ်

Young novice.

ရှင်ကြီး မရိုသေ။ ရှင်ငယ် မရိုသေ

Not receiving respect from old and young monks.

ရှင်ပြု

Novitiate, initiate a boy into the Buddhist order, ordain as a novice monk.

ရှင်မယ်ခံ

A newly ordained novice receiving the religious name.

ရှင်လောင်း

Novice–to–be.

ရှင်လောင်းလှည့်

A ceremonial procession while novice–to–be, brightly worn like a price, is carried by a horse or a palanquin (stretcher).

ရှစ်ဆယ် ကိုးပါးသော စိတ်

(စိတ် တခုယုတ် ကိုးဆယ် _ရှု)

ရှစ်ပါးသီလ

Eight precepts:
၁။ ပါဏာတိပါတာ ဝေရမဏိ = အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း
1: Avoidance of killing,
၂။ အဒိန္နာဒါနာ ဝေရမဏိ = ခိုးယူမှုမှ ရှောင်ကြဉ်ခြင်း
2: of stealing,
၃။ အဗြဟ္မစရိယာ ဝေရမဏိ = မေထုန်မှု ပြုခြင်းမှ ရှောင်ကြဉ်ခြင်း
3: of sexual acts,
၄။ မုသာဝါဒါ ဝေရမဏိ = လိမ်ညာပြောမှုမှ ရှောင်ကြဉ်ခြင်း
4: of lying,
၅။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ = အရက်သေစာမူယစ်ဆေးဝါး သုံးဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း
5: of using alcoholic drinks and drugs,
၆။ ဝိကာလဘောဇနာ ဝေရမဏိ = နေ့လွဲ ညစာ စားသောက်ခြင်းမှ ရှောင်ကြဉ်ခြင်း
6: of eating at wrong time (after mid–day to the next morning dawn),
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ = ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ကြည့်ရှုနားထောင်ခြင်း ပန်းပန်ခြင်း နံ့သာလိမ်းခြင်း။ဆောင်ခြင်း မိမိ ကိုယ်ကို မလှလှအောင် ပြုပြင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း
7: of dancing, singing, watching/listening the shows, beautifying with flower, perfumes, make–up etc.
၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ = မြင့်မြတ်သောနေရာတို့ကို သုံးဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း
8: of using luxurious seat and bed.

ရှစ်ပါးသီလဆောက်တည်ပုံ

အခြားတနည်း
(သင်္ခိတ္တူပေါသထသုတ်။ ဝိတ္ထတူပေါသထသုတ်။ ဝိသာခါသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Another way of observing the eight precepts:
အထက်ပါ ရှစ်ပါးသီလကို ဆောက်တည်ရာ၌ – တစ်ပါးစီ၏ ရှေ့မှ – ‘ရဟန္တာအရှင်မြတ်တို့သည် အသက်ထက်ဆုံး (အသက်သတ်ခြင်းမှ ––– မြင့်မြတ်သောအိပ်ယာနေရာတို့ကို သုံးဆောင်ခြင်းမှ) ရှောင်ကြဉ်တော်မူကုန်၏။ ငါသည်လည်း ဤည ဤနေ့တို့ပတ်လုံး (အသက်သတ်ခြင်းမှ ––– မြင့်မြတ်သော အိပ်ယာနေရာတို့ကို သုံးဆောင်ခြင်းမှ) ရှောင်ကြဉ်ကာ ရဟန္တာအရှင်မြတ်များကို အတုလိုက်၍ ဥပုသ်သီလ ကျင့်သုံးပါမည်’ ဟု ထည့်ဆိုကာ သီလဆောက်တည်ရသည်။ While undertaking the above eight precepts, a noble disciple should reflect thus,
“As the arahants abandon and abstrain (from the destruction of life ….. from using of high and luxurious beds and seats), today, for this night and day, I too shall abandon and abstrain (from the destruction of life ….. from using of high and luxurious beds and seats). I shall imitate the arahants in this respect. I shall observe the the holy eight precepts.”
(မှတ်ချက် – ဤသို့ဆောက်တည်ရသော အကျိုးသည်
၁။ တိုင်းကြီး ၁၆ တိုင်း_ရှု ကို အစိုးရသောမင်း အဖြစ်ထက်
၂။ စတုမဟာရာဇ် နတ်ပြည်
၃။ တာဝတိံသာ နတ်ပြည်
၄။ ယာမာနတ်ပြည်
၅။ တုသိတာ နတ်ပြည်
၆။ နိမ္မာနရတီနတ်ပြည်
၇။ ပရနိမ္မိတ ဝသဝတီနတ်ပြည်တို့မှာ ဖြစ်ရခြင်းထက် အဆပေါင်းများစွာ သာလွန်သည်)
(Note: The great fruit and benefit of such observance exceeds a lot to
(1) the kindship of sixteen countries, to (2) being reborn in the Realm of the Four Great Kings, to (3) being reborn in the Realm of the Thirty–three Gods, to (4) being reborn in the Realm of the Yāma Gods, to (5) being reborn in the Delightful Realm, to (6) being reborn in the Delightful Gods by Own
Creating in accordance with Their Desires, to (7) being reborn in the
Delightful Gods by Their Attendances’ Creation.)

ရှစ်ပါးသီလဆောက်တည်ရသော အကျိုး ၇ ပါး

(ရှစ်ပါးသီလဆောက်တည်ပုံ – အထက်မှာ ကြည့်ပါ _ရှု)
Seven benefits of observing the eight precepts (See above).

ရှစ်ပါးသီလ

ဥပုသ်သီလဆောက်တည်ကြရန် ဘုရားရှင်က တိုက်တွန်း ဟောကြားသည့် ဥပါသိကာမ ၂၆ ယောက် (သာမညဝဂ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Twenty–six lady–followers to whom Lord Buddha taught the holy eight precepts (The Gradual Discourses):
၁။ ဗောဇ္စျာ
1: Bojjhā,
၁၄။ တိဿာ
14: Tissā,
၂။ သိရီမာ
2: Sirīmā,
၁၅။ တိဿမာတာ
15: Tissamātā,
၃။ ပဒုမာ
3: Padumā,
၁၆။ သောဏာ
16: Soṇā,
၄။ သုဘနာ
4: Subhanā,
၁၇။ သောဏမာတာ
17: Soṇamātā,
၅။ မနုဇာ
5: Manujā,
၁၈။ ကာဏာ
18: Kāṇā,
၆။ ဥတ္တရာ
6: Uttarā,
၁၉။ ကာဏမာတာ
19: Kāṇamātā,
၇။ မုတ္တာ
7: Muttā,
၂ဝ။ နန္ဒမာတာ
20: Nandamātā,
၈။ ခေမာ
8: Khemā,
၂၁။ ဝိသာခါ
21: Visākhā,
၉။ ရုစီ
9: Rucī,
၂၂။ ခုဇ္ဇုတ္တရာ
22: Khujjuttarā,
၁ဝ။ စုန္ဒီ
10: Cundī,
၂၃။ သာမာဝတီ
23: Sāmāvatī,
၁၁။ ဗိမ္ဗီ
11: Bimbī,
၂၄။ သုပ္ပဝါသာ
24: Suppavāsā,
၁၂။ သုမနာ
12: Sumanā,
၂၅။ သုပ္ပိယာ
25: Suppiyā,
၁၃။ မလ္လိကာ
13: Mallikā,
၂၆။ နကုလမာတာ။
26: Nakulamātā.

ရှာမှီးခြင်း ၂ ပါး ၃ ပါး

(ဧသနာ ၂ ပါး။ ၃ ပါး _ရှု)

ရှိခိုး

Pay homage, respect, honor, prostrate, obeisance.

ရှိခိုးခြင်း ၃ မျိုး

There ways of paying homage:
၁။ ကာယ ဝန္ဒနာ – ကိုယ်ဖြင့် ရှိခိုးခြင်း
1: Physical,
၂။ ဝစီ ဝန္ဒနာ – နှုတ်ဖြင့် ရှိခိုးခြင်း
2: verbal,
၃။ မနော ဝန္ဒနာ – စိတ်ဖြင့် ရှိခိုးခြင်း။
3: mental.

ရှိခိုးခြင်း၏ တည်ရာ

The object of worship.

ရှိ မခိုးအပ်သော ပုဂ္ဂိုလ် ၁ဝ မျိုး

Ten kinds of person who should not be worshiped:
၁။ ရဟန်းသိက္ခာကြီးသူက ရဟန်းသိက္ခာငယ်သူကို ရှိမခိုးအပ်
1: A senior monk should not worship his junior monk.
၂။ ရဟန်းက ရဟန်းမဟုတ်သူကို ရှိမခိုးအပ်
2: A monk should not worship not–ordained persons.
၃။ အဓမ္မဝါဒီ ရဟန်းကြီးကို ရဟန်းငယ်က ရှိမခိုးအပ်
3: A junior monk should not worship a senior monk who speaks dhamma as adhamma and adhamma as dhamma.
၄။ ရဟန်းသည် မိန်းမကို ရှိမခိုးအပ်
4: A monk should not worship a woman.
၅။ ရဟန်းသည် ပဏ္ဍုက်ကို ရှိမခိုးအပ်
5: A monk should not worship an eunuch.
၆။ ပကတတ်ရဟန်းသည် ပရိဝါသ်ကျင့်သုံးနေဆဲ ရဟန်းကို ရှိမခိုးအပ်
6: A normal monk should not worship another monk who is under suspersion from the order of monks.
၇။ ပကတတ်ရဟန်းသည် ပရိဝါသ်ငင် (ထပ်ဆင့်ကျင့်) နေသော ရဟန်းကို ရှိမခိုးအပ်
7: A normal monk should not worship another monk who is under secondary suspersion from the order of monks.
၈။ ပကတတ်ရဟန်းသည် မာနတ်ပေးထားသော ရဟန်းကို ရှိမခိုးအပ်
8: A normal monk should not worship another monk who observes penance.
၉။ ပကတတ်ရဟန်းသည် မာနတ်ကျင့်နေသော ရဟန်းကို ရှိမခိုးအပ်
9: A normal monk should not worship another monk who observes secondary penance.
၁ဝ။ ပကတတ်ရဟန်းသည် အဗ္ဘာန်သွင်းထိုက်သော ရဟန်းကို ရှိမခိုးအပ်။
10: A normal monk should not worship another monk whose penance is about to be reinstated (abbhāna).

ရှေးဟောင်း အဋ္ဌကထာ ကြီးများ

(အဋ္ဌကထာကြီး ၈ ကျမ်း – ရှေးဟောင်း အဋ္ဌကထာ ကြီးများ _ရှု)

ရွတ် ဖတ်

Chanting, reciting, reading.

ရှင်းပြရန်အတွက် ခက်ခဲနက်နဲသော တရား ၄ မျိုး

(ခက်ခဲနက်နဲသော– ဟောပြရှင်းပြရန် – တရား ၄ မျိုး _ရှု)

ရွှေကျင်သည်မှစ၍ ရွှေလက်ဝတ်တန်ဆာဖြစ်လာသည်အထိ ဥပမာ

ကောင်းမှုတရား ကျင့်ပွါးရာ
(ပံသုဓောဝကသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
Similes of gold–producing to ornament–making process regarding development of wholesome deeds.

ရွှေအိုး (ရတနာဘဏ်တိုက်) ကြီး ၇ လုံး

(နိဓိကဏ္ဍသုတ်လာ ရွှေအိုး – ရတနာဘဏ်တိုက် – ကြီး ၇ လုံး ကုသိုလ်ထုပ် မြှုပ်ရမည် _ရှု)

ရွှေအိုးကြီး ၄ လုံး

(ဘုရားအလောင်း၏ ဖွါးဘက်တော်)
Four jars of gold (jewel) that appeared while Buddha was born:
၁။ သင်္ခ ရွှေအိုးကြီး – တဂါဝုတ် အတိုင်းအတာရှိ၏
1: Saṅkha jar: measurement – one fourth yūjanā,
၂။ ဧလ ရွှေအိုးကြီး – နှစ်ဂါဝုတ် အတိုင်းအတာ ရှိ၏
2: Ela jar: one half yūjanā,
၃။ ဥပ္ပလ ရွှေအိုးကြီး – သုံးဂါဝုတ် အတိုင်းအတာ ရှိ၏
3: Uppala jar: three fourth yūjanā,
၄။ ပုဏ္ဍရိက ရွှေအိုးကြီး – လေးဂါဝုတ် = တစ်ယူဇနာ အတိုင်းအတာ ရှိ၏။
4: Puṇḍarika jar: one yūjanā.

လက်သန်း အဋ္ဌကထာ

ပါဠိတော်ကို အကျဉ်းချုပ်ဖွင့်ဆိုသော ကျမ်းများဖြစ်သည်။ အဓိကအားဖြင့် အဘိဓမ္မ ပိဋက အဖွင့် အကျဉ်းချုပ်များ ဖြစ်ကြသည်။
Meaning, ‘Little–finger manuals’; the phenomena, especially Abhidhamma,
are summarized and analyzed in these small texts.

လက္ခဏာ

Sing, mark, characteristic, symbol.

လက္ခဏာ ကြည့်။ဖတ်

Predict a person’s future by looking at one’s hand–marks etc.

လက္ခဏာကျမ်း

ကြည့်– ဖတ်ခြင်း–များ (ဗြဟ္မဇာလသုတ်။ သာမညဖလသုတ်။ ဒီဃနိကာယပါဠိ)
Judging through characters of something
(the Holey Net Discourse etc. The Long Discourses):
၁။ ကျောက်မျက် လက္ခဏာ
1: Judging the marks of gems,
၂။ အဝတ်အထည် လက္ခဏာ
2: of clothes,
၃။ တုတ် တောင်ဝှေး လက္ခဏာ
3: of sticks,
၄။ ဓား လက္ခဏာ
4: of swords,
၅။ သန်လျက် လက္ခဏာ
5: of spears,
၆။ မြား လက္ခဏာ
6: of arrows,
၇။ လေး လက္ခဏာ
7: of bows,
၈။ ကြွင်းကျန်သောလက်နက်များ လက္ခဏာ
8: of other weapons,
၉။ မိန်းမ လက္ခဏာ
9: of women,
၁ဝ။ ယောက်ျား လက္ခဏာ
10: of men,
၁၁။ သတို့သား လက္ခဏာ
11: of boys/bridegrooms,
၁၂။ သတို့သမီး လက္ခဏာ
12: of girls/brides,
၁၃။ ကျွန်ယောက်ျား လက္ခဏာ
13: of male slaves,
၁၄။ ကျွန်မိန်းမ လက္ခဏာ
14: of female slaves,
၁၅။ ဆင် လက္ခဏာ
15: of elephants,
၁၆။ မြင်း လက္ခဏာ
16: of horses,
၁၇။ ကျွဲ လက္ခဏာ
17: of buffalows,
၁၈။ နွားလား လက္ခဏာ
18: of bulls,
၁၉။ နွား လက္ခဏာ
19: of cows,
၂ဝ။ ဆိတ် လက္ခဏာ
20: of goats,
၂၁။ သိုး လက္ခဏာ
21: of rams,
၂၂။ ကြက် လက္ခဏာ
22: of cocks,
၂၃။ ငုံး လက္ခဏာ
23: of quails,
၂၄။ ဖွတ် လက္ခဏာ
24: of iguanas,
၂၅။ ဒရယ် ဒကဏ္ဏိကာဒ လက္ခဏာ
25: of deer/bamboo–rats,
၂၆။ လိပ် လက္ခဏာ
26: of tortoises,
၂၇။ သားကောင် လက္ခဏာ။
27: of deer/prays.

လက္ခဏာ တော် ၃၂ ပါး

ယောက်ျားမြတ် လက္ခဏာ Thirty–two marks of a Great Man:
၁။ ပြည့်ဖြိုး ညီညာသော ခြေဖဝါး
1: The feet with level tread, (i.e., touching the ground fully and squarely),
၂။ ၁ဝ၈ ကွက် စက်လက္ခဏာ
2: on the soles of the feet are wheels with a thousand ပါသော ခြေဖဝါး spokes, complete with felloe and hub,
၃။ လုံးဝန်းရှည် ဖနောင့်
3: projecting heels,
၄။ ရင်းတုတ် ဖျားသွယ်သော လက်ချောင်း ခြေချောင်းများ
4: long fingers and toes,
၅။ နုနယ်သော လက်ခြေ
5: soft and tender hands and feet,
၆။ တိုရှည်ညီညာသော လက်ချောင်း ခြေချောင်း
6: net–like hands and feet,
၇။ မြင့်တင်သော ဖမျက်
7: high–raised ankles,
၈။ သလေးစပါး နှင့်တူသော ခြေသလုံး
8: legs similar to a kind of rice–grain’s or of antelope’s,
၉။ ဒူးဆစ်အထိ မှီသော လက်တန်ရှည်
9: able to touch and rub with hands while standing and without bending,
၁ဝ။ အအိမ်ဖြင့် ဖုံးလွှမ်းသော အင်္ဂါဇာတ်
10: male organs enclosed in a sleath,
၁၁။ ရွှေ အဆင်း နှင့်တူသော အသားအရေ
11: bright and gold–like complesion,
၁၂။ နုနယ်သော အသားအရေ
12: delicate and smooth skin, no dust adhere to the body,
၁၃။ မွှေညှင်းတပေါက်မှာ မွှေးညှင်း တစ်ပင်စီ
13: separated body–hairs, one hair to each pore,
၁၄။ လက်ျာရစ်လှည့်နေသောမျက်စဉ်းညိုရောင် မွှေးညှင်းများ
14: upwards body–hairs,
၁၅။ ဖြောင့်စင်းသောကိုယ်ခန္ဓာ
15: straight body,
၁၆။ လက် ခြေ ဖမိုး ပခုံးစွန်းလယ်ဂုတ် ပြည့်ဖြိုးခြင်း
16: the seven convex surfaces,
၁၇။ ခြင်္သေ့ကဲ့သို့ ပြည့်ဖြိုးသော ကိုယ်ခန္ဓာ
17: lion–like front part body,
၁၈။ လက်ပြင်ရိုး နှစ်ခုအကြားပြည့်ဖြိုးသော အသား
18: no hollow between the shoulders,
၁၉။ အလံအရပ် ညောင်ပင်ကဲ့သို့ညီမျှစွာရှိခြင်း
19: proportioned body like a banyan–tree,
၂ဝ။ ညီမျှ လုံးသော ပခုံး လည်ပင်း
20: evenly rounded bust,
၂၁။ အရသာပြည့် သိနိုင်သော အကြောများ
21: perfect sense of taste,
၂၂။ ခြင်္သေ့မင်းကဲ့သို့ပြည့်ဖြိုးသော အောက်မေး
22: lion–like jaws,
၂၃။ သွားတော် ၄ဝ ရှိခြင်း
23: forty teeth,
၂၄။ ညီညာသော သွားများ
24: even teeth,
၂၅။ မကျိုးမကျဲ စေ့သော သွားများ
25: no space between teeth,
၂၆။ ဖြူစင် ထင်ရှား သွားများ
26: bright canine teeth,
၂၇။ ရှည်လျှား ကျယ်ပြန့်သော လျှာ
27: long and wide tongue,
၂၈။ သာယာ ချိုမြိန်သောအသံ
28: Brahma–like sweet voice,
၂၉။ ညိုသော မျက်လုံး
29: deep blue/brown eyes,
၃ဝ။ နွားငယ်ကဲ့သို့မျက်တောင်
30: cow–like eyelashes,
၃၁။ ဥဏှလုံ မွှေးရှင်
31: white and soft hair between two eyes,
၃၂။ နဖူး သင်းကျစ်။
32: royal turban–like head.

လက္ခဏာ တော်ကြီး

Great signs, the thirty–two dictinctive physical signs of a Buddha or of a universal king.

လက္ခဏာ တော်ငယ်

Minor signs, the eighty distinctive physical signs of a Buddha or of a universal king.

လက္ခဏာ တော်ငယ် ၈ဝ

Eighty minor distinctive physical signs of a Buddha or of a universal king.
၁။ အကြားမလပ် စေ့စပ်သော ခြေချောင်းလက်ချောင်းရှိခြင်း
1: Closely knitted fingers and toes with no intervening gaps,
၂။ အရင်းမှ အဖျားအထိ အစဉ်အတိုင်း သွယ်ပျောင်းသော ခြေချောင်းလက်ချောင်းရှိခြင်း
2: fingers and toes tapering gradually from the base to the tips,
၃။ လုံးသော ခြေချောင်းလက်ချောင်းရှိခြင်း
3: round fingers and toes,
၄။ နီမြန်းသော လက်သည်းခြေသည်းရှိခြင်း
4: red fingernails and toenails,
၅။ မြင့် ချွန်း ညွတ်သော လက်သည်းခြေသည်းရှိခြင်း
5: tall, pointed and prominent fingernails and toenails,
၆။ သိမ့်မွေပြေပြစ်သော လက်သည်းခြေသည်းရှိခြင်း
6: neat and smooth fingernails and toenails,
၇။ မခွက် မမောက်သော ဖမျက်တော်ရှိခြင်း
7: neither receding nor protruding ankles,
၈။ ခြေချောင်းလက်ချောင်းများ အဖျားညီခြင်း
8: even tips of all ten toes,
၉။ ဆင်ကဲ့သို့ စံပယ်စွာသွားခြင်း
9: graceful walking like an elephant king,
၁ဝ။ ခြင်္သေ့မင်းကဲ့သို့ စံပယ်စွာသွားခြင်း
10: graceful walking like a lion king,
၁၁။ ဟင်္သာမင်းကဲ့သို့ စံပယ်စွာသွားခြင်း
11: graceful walking like a haṃsa (a kind of duck) king,
၁၂။ နွားလား ဥသဘကဲ့သို့ စံပယ်စွာသွားခြင်း
12: graceful walking like a bull king,
၁၃။ လက်ျာရစ်လည်၍ သွားတော်မူခြင်း
13: manner of walking clockwise,
၁၄။ တင့်တယ်သော ပုဆစ်ဒူးဝန်းရှိခြင်း
14: round and beautiful knees,
၁၅။ ပြည့်စုံအောင်မြင်သော ယောက်ျားအ၈င်္ါ ရှိခြင်း
15: well–developed male organ,
၁၆။ မပေါက်မပြတ်သော ချက်ရှိခြင်း
16: navel with un–interrupted lines,
၁၇။ နက်သောချက်ရှိခြင်း
17: deep navel,
၁၈။ လက်ျာရစ်လည်သော အရေးအကြောင်းနှင့် ချက်ရှိခြင်း
18: navel with right turning ringlet,
၁၉။ ဆင်နှာမောင်းနှင့်တူသော ပေါင်ရှိခြင်း
19: thiths and arms like an elephant trunk,
၂ဝ။ ကိုယ်အနေအထား သန့်ရှင်းတင့်တယ်ခြင်း
20: well proportionate body,
၂၁။ အထက်ပိုင်း အောင်ပိုင်း အဆင်ပြေသော ကိုယ်ရှိခြင်း
21: gradually rising body,
၂၂။ ပြေပြစ်သော ကိုယ်ရှိခြင်း
22: fine body,
၂၃။ မပို မလိုသော ကိုယ်ရှိခြင်း
23: neither lean nor plump body,
၂၄။ မတွန့်မလိမ်သော ကိုယ်ရှိခြင်း
24: wrinkle–free body,
၂၅။ မှဲ့တင်းတိတ်စသည်မှကင်းသော ကိုယ်ရှိခြင်း
25: body free of moles, freckles etc.,
၂၆။ ပြိုးပြက်သော ကိုယ်ရှိခြင်း
26: shiny body,
၂၇။ အထူးစင်ကြယ်သော ကိုယ်ရှိခြင်း
27: very clean body,
၂၈။ တစ်ထောင်သော ဆင်တို့၏ အားကို ဆောင်နိုင်ခြင်း
28: body strength equal to that of one thousand elephants,
၂၉။ ရွှေချွန်းနှင့်တူသော မြင့်တက်သော နှာခေါင်းရှိခြင်း
29: nose like a golden goad,
၃ဝ။ နီမြန်းသော သွားဖုံး ရှိခြင်း
30: dark–red gums,
၃၁။ စင်ကြယ်သော သွားရှိခြင်း
31: clean teeth,
၃၂။ သိမ်မွေ့ပြေပြစ်သော သွားရှိခြင်း
32: neat and smooth glossy teeth,
၃၃။ စင်ကြယ်သော မျက်စိ နားစသော ဣန္ဒြေရှိခြင်း
33: pure faculties of sense such as eyes, ears,
၃၄။ လုံးသော စွယ်တော်ရှိခြင်း
34: round canine teeth,
၃၅။ နီမြန်းသော နှုတ်ခမ်းရှိခြင်း
35: red lips,
၃၆။ ရှည်သော ခံတွင်းရှိခြင်း
36: long mouth–cavity,
၃၇။ နက်သော လက္ခဏာအရေးအသားရှိခြင်း
37: deep lines on the palms,
၃၈။ ရှည်သော လက္ခဏာအရေးအသားရှိခြင်း
38: long lines,
၃၉။ မကွေ့မကောက်သော လက္ခဏာအရေးအသားရှိခြင်း
39: straight lines,
၄ဝ။ နှစ်လိုဖွယ်သောလက္ခဏာအရေးအသားရှိခြင်း
40: beautifully formed lines,
၄၁။ ထက်ဝန်းကျင် ဝန်းဝိုင်းသော ကိုယ်တော်ရောင်ရှိခြင်း
41: holo spreading around the body in a circle,
၄၂။ ပြည့်ဖြိုးသော ပါးပြင်ရှိခြင်း
42: full cheeks,
၄၃။ ရှည်လျှားကျယ်ပြန့်သော မျက်လုံးမျက်ကွင်း ရှိခြင်း
43: long and broad eyes,
၄၄။ အဆင်းငါးမျိုးနှင့် ကြည်လင်သော မျက်လုံးရှိခြင်း
44: very clear eyes with five kinds of color,
၄၅။ အဖျားညွတ်တက်သော မျက်တောင်မွေးရှိခြင်း
45: eyelashes with their tips curling upward,
၄၆။ နုညံ့ပါးလွှာ နီစွာသော လျှာရှိခြင်း
46: soft, thin and red tongue,
၄၇။ ရှည်လျားတင့်တယ် နှစ်သက်ဖွယ် နားရှိခြင်း
47: long and beautiful ears,
၄၈။ အဖုအထစ်ကင်းသော အကြောရှိခြင်း
48: varicosity–free veins,
၄၉။ မလို မပိုသော အကြောရှိခြင်း
49: neither receding nor prodruding veins,
၅ဝ။ လုံးဝန်း တင့်တယ်သော ဦးခေါင်းရှိခြင်း
50: round elegant head,
၅၁။ ရှည်လျားပြန့်ကျယ်တင့်တယ်သော နဖူးရှိခြင်း
51: long, broad and graceful forehead,
၅၂။ လှပတင့်တယ်သည့် မျက်မှောင်မျက်ခုန်းရှိခြင်း
52: graceful eyebrows,
၅၃။ နူးညံ့သိမ်မွေသော မျက်မှောင် မျက်ခုန်းရှိခြင်း
53: soft eyebrows,
၅၄။ ညွတ်တက်သော မျက်မှောင် မျက်ခုန်းရှိခြင်း
54: eyebrows in regular order,
၅၅။ ကြီး ထူသော မျက်မှောင် မျက်ခုန်းရှိခြင်း
55: large eyebrows,
၅၆။ ရှည်သွယ်သော မျက်မှောင် မျက်ခုန်းရှိခြင်း
56: long eyebrows,
၅၇။ သိမ်မွေ့သော ကိုယ်ခန္ဓာရှိခြင်း
57: supple body,
၅၈။ အေးမြသော ကိုယ်ခန္ဓာရှိခြင်း
58: very relaxed body,
၅၉။ ထွန်းလင်းသော ကိုယ်ခန္ဓာရှိခြင်း
59: very bright body,
၆ဝ။ အညစ်အကြေးကင်းသော ကိုယ်ခန္ဓာရှိခြင်း
60: dirt–free body,
၆၁။ မစေးမကပ်သော ကိုယ်ခန္ဓာရှိခြင်း
61: non–sticky body,
၆၂။ ပြေပြစ်သော ကိုယ်ခန္ဓာရှိခြင်း
62: neat and handsome body,
၆၃။ မွှေးကြိုင်သော ကိုယ်ခန္ဓာရှိခြင်း
63: fragrant body,
၆၄။ ညီညွတ်သော မွေးညင်းရှိခြင်း
64: body–hairs of equal length,
၆၅။ မစေးမကပ်သော မွေးညင်းရှိခြင်း
65: non–sticky hairs,
၆၆။ မွေးညင်းတိုင်း လက်ျာရစ်လည်၍ တည်ခြင်း
66: every body hair coiling clockwise,
၆၇။ ညိုသော မွေးညင်းရှိခြင်း
67: blue body hair,
၆၈။ လုံးသော မွေးညင်းရှိခြင်း
68: round body hair,
၆၉။ သိမ်မွေ့သော မွေးညင်းရှိခြင်း
69: smooth body hair,
ရဝ။ သိမ်မွေ့သော ထွက်သက်ဝင်သက်ရှိခြင်း
70: very subtle inhaling and exhailing breath,
၇၁။ မွှေးကြိုင်သော ခံတွင်းရှိခြင်း
71: fragrant mouth,
၇၂။ မွှေးကြိုင်သော ဦးထိပ်ရှိခြင်း
72: fragrant top of the head,
၇၃။ အလွန်မဲနက်သော ဆံပင်ရှိခြင်း
73: jet–black hairs,
၇၄။ လက်ျာရစ်လည်သော ဆံပင်ရှိခြင်း
74: hairs curling clockwise,
၇၅။ တည်နေဟန်ကောင်းသော ဆံပင်ရှိခြင်း
75: naturally well groomed hair,
၇၆။ သိမ်မွေ့သော ဆံပင်ရှိခြင်း
76: neat and soft hairs,
၇၇။ မရောယှက်သော ဆံပင်ရှိခြင်း
77: untangled hairs,
၇၈။ တိုရှည် တူမျှသော ဆံပင်ရှိခြင်း
78: hairs of equal length,
၇၉။ မစေးမထိုင်းသော ဆံပင်ရှိခြင်း
79: non–sticky hairs,
၈ဝ။ ဦးထိပ်၌ ကေတုမာလာ ရောင်လျှံရှိခြင်း။
80: group of luminous rays called ketumālā holo which shines forth from the top of the head.

လက္ခဏာတော်တိုင်း၏ ၄ ပါးသော အခြင်းအရာ

Four features of each great and minor sign:
၁။ ကမ္မ = လက္ခဏာတော်အသီးသီး ဖြစ်ပေါ်ရန် အကြောင်းကံ
1: Kamma: the cause–kamma of each sign,
၂။ ကမ္မသရိက္ခက = ထိုကံများ၏ တန်ခိုးအစွမ်း
2: the power of the kamma,
၃။ လက္ခဏ = အသီးသီးသော လက္ခဏာတော်များ
3: the sign itself,
၄။ လက္ခဏာနိသံသ = ထို လက္ခဏာတော် အသီးသီးတို့၏ အကျိုးဆက်များ။
4: the consequence of the each sign.

လက္ခဏာဒိ စတုက္က

အမှတ် လက္ခဏာ အစချီသော ၄ ပါးအစု
Four features of certain dhammas starting characteristic:
၁။ လက္ခဏ = သဘော လက္ခဏာ
1: Characteristic,
၂။ ရသ = ဆောင်ရွက်မှု
2: funcition,
၃။ ပစ္စုပဋ္ဌာန် = ထင်ရှားမှု
3: manifestation,
၄။ ပဒဋ္ဌာန် = နီးသော အကြောင်းတရား။
4: proximate cause.

လက္ခဏာရေး ၃ ပါး

Three characteristics/signs (of being):
၁။ အနိစ္စ
1: Impermanence,
၂။ ဒုက္ခ
2: suffering, pain, un–satisfactoriness,
၃။ အနတ္တ။
3: no–soul/–self, soullessness/selflessness.

လက်တွေ့ အကျိုးပေးသော အလှူ၏ လက္ခဏာ ၄ ပါး

(မျက်မှောက်ဘဝမှာပင် အကျိုးပေးသော အလှူ၏ လက္ခဏာ ၄ ပါး _ရှု)

လက်နက်ကြီး ၄ မျိုး

The four great weapons:
၁။ သိကြားမင်း၏ ဝရဇိန်လက်နက်
1: Sakka’s weapon of thunderbolt,
၂။ ဝေဿဝဏ်နတ်မင်း၏ သံတင်းပုတ်လက်နက်
2: Vessavaṇṇa’s weapon of iron club,
၃။ ယမမင်း၏ မျက်စောင်းလက်နက်
3: Yama’s weapon of side glance,
၄။ အာဠာဝကဘီလူး၏ ဘွဲ့ဖြူနတ်ပုဆိုးလက်နက်။
4: Ālāvaka’s weapon of white divine cloak.

လက်သန်း ဋီကာ

(ဋီကာလက်သန်း _ရှု)

လက်သုတ်ပုဝါ လှူရကျိုး ၅ ပါး

Five benefits of donation cloth for hand–cleaning/napkin:
၁။ လက္ခဏာ အင်္ဂါကြီးငယ် ပြည့်စုံခြင်း
1: Elegance,
၂။ အသက်ရှည်ခြင်း
2: longevity,
၃။ ပညာဉာဏ်ကြီးခြင်း
3: wisdom,
၄။ သမာဓိ တည်ကြည်ခြင်း
4: concentration,
၅။ အပင်ပမ်းခံနိုင်ခြင်း (မပင်ပမ်းခြင်း)။
5: no tiredness.

လက်သဲလှီးဓါး (လက်သဲညှပ်) လှူရကျိုး ၅ ပါး

Five benefits of donation nail–clipper:
၁။ ကျေးကျွန် ပေါများခြင်း
1: A lot of salves,
၂။ နွား မြင်းတိရစ္ဆာန် ပေါများခြင်း
2: of cows, horses etc.,
၃။ အလုပ်သမား ပေါများခြင်း
3: of employees,
၄။ ကချေသည် ဆတ္တာသည် ပေါများခြင်း
4: of entertainers and barbers,
၅။ ထမင်းချက် ပေါများခြင်း။
5: of cooks.

လင် (ခင်ပွန်း) ကျင့်ဝတ် ၅ ပါး

Five duties/responsiblities/obligations of a husband to his wife:
၁။ မထေမဲ့မြင် မပြုခြင်း
1: Honoring her (his wife),
၂။ ပစ္စည်းဥစ္စာကို ယုံကြည်စွာ
2: handing the wealth over her and not disparaging her, အပ်နှင်းခြင်း
၃။ အိမ်ထောင်ရေးမဖေါက်ပြားခြင်း
3: faithful to her,
၄။ ဝတ်စား ဆင်ပေးခြင်း
4: providing her with adornment.
၅။ ချစ်ခင်မြတ်နိုးခြင်း။
5: affection.

လင် မယား ၄ မျိုး

(ဇနီး မောင်နှံ – လင် မယား – ၄ မျိုး _ရှု)

လ ငပုတ်ဖမ်း

လကြပ်သည်ကို ခေါ်ခြင်းဖြစ်သည်။ ရာဟုအသုရိတ်နတ်မင်း_ရှု က လကို ဖမ်းထားသည်ဟုဆိုသည်။
Eclipse of the Moon: In Burmese expression, it is ‘the moon is caught by Rāhu, an enormous deity’.

လဇ္ဇီပေသလ

ဝိနည်းကျင့်ဝတ် လေးစားမြတ်နိုးကျင့်ကြံသူ
Monks who adhere the vinaya rules strictly.

လမ်းသလားခြင်း (အချိန်မဲ့)၏ အပြစ် ၆ ပါး

(အချိန်မဲ့ လမ်းသလားခြင်း၏ အပြစ် ၆ ပါး _ရှု)

လယ်ယာထွန်ယက်မှုနှင့် ယှဉ်စပ်သော ဥပမာများ

Similes regarding plough:
၁။ ယုံကြည်မှုသဒ္ဓါတရားသည် မျိုးစေ့
1: Faith is the seed;
၂။ ခြိုးခြံမှု သီလသည် မိုးရေ
2: austerity/virtue, the rain;
၃။ ပညာသည် ထမ်းပိုးထွန်တုံး
3: wisdom, yoke and plough;
၄။ ရှက်မှုဟိရီသည် ထွန်သံ
4: shame, the pole;
၅။ စိတ်သည် ကြိုး
5: mind, yoke–tie;
၆။ သတိသည် ထွန်သွားနှင်တံ။
6: mindfulness, ploughshare and goad.

လယ်ယာမြေကောင်း၏ အင်္ဂါ ၈ ပါး

(ဒါနထုတ်မြှုတ်ရာ မြေယာကောင်း၏ ဥပမာ ၈ ပါးဖြစ်သည်)
Eight factors of a good field (This simile is regarding with ‘dāna – generous act):
၁။ အနိမ့်အမြင့် မရှိ
1: No mounds and ditches,
၂။ ကျောက်ခဲ ကျောက်စရစ် မရှိ
2: no stones and gravel,
၃။ ဆပ်ပြာမပေါက်
3: no sault,
၄။ ထွန်ကြောင်းနက်၏
4: deep furrow,
၅။ ရေဝင်ပေါက်နှင့် ပြည့်စုံ၏
5: inlets for the water to enter,
၆။ ရေထွက်ပေါက်နှင့် ပြည့်စုံ၏
6: outlets for excess water to flow out,
၇။ ရေမြောင်းနှင့် ပြည့်စုံ၏
7: irrigation channels,
၈။ ကန်သင်းနှင့် ပြည့်စုံ၏။
8: boundries.

လယ်ယာမြေ ဥပမာများ

(ဘုရားရှင်တရားဟောတော်မူခြင်းနှင့် ပတ်သက်သည်) – အသိဉာဏ်ရှိသော လယ်ယာ သမားသည် – မြေသြဇာအကောင်းဆုံးသော လယ်ယာမြေကို အကျိုးများသောကြောင့် ရှေးဦးစွာထွန်ယက် စိုက်မျိုး၏။ ထိုနောက် မြေသြဇာအလတ်စား လယ်ယာမြေ။ ထိုနောက် မြေသြဇာအညံ့ဆုံးသော လယ်ယာ မြေကို အစဉ်အတိုင်း ထွန်ယက်စိုက်ပျိူး၏။ ထိုနည်းတူစွာပင် – ဘုရားရှင်သည် ပါရမီရင့်သောပုဂ္ဂိုလ်များ (ရဟန်းယောက်ျား + ရဟန်းမိန်းမ ) ကို ဦးစားပေး တရားဟောတော်မူ၏။ ထိုနောက် ပါရမီအလတ်စား (ဒါယကာ + ဒါယိကာမများ)။ နောက်ဆုံး၌ ပါရမီအညံ့စား (အခြားသော ဘာသာခေါင်းဆောင်များနှင့် သူတို့၏ နောက်လိုက်များ) တို့အား ဟောတော်မူသည်။
(ခေတ္တူပမသုတ်။ ဂါမဏိသံယုတ်။ သဠာယတနဝဂ္ဂ သံယုတ္တပါဠိ)
The simile of the field (regarding how Lord Buddha taught): A good farmer firstly ploughs and sows seed in the field of excellent quality due to the best fruit; then, of middling quality and lastly, of inferior one. Similarly, Lord Buddha taught first monks and nuns, the excellent ones; then, His lay–followers, and lastly, those who did not faith in Buddha’s teachings.
(Khettūpama sutta, ‘The Discourse on the Simile of the Field’, Saḷāyatana–vagga Saṃyutta Pāḷi, ‘The Connected Discourses’)

လယ – လက်ဖျစ်တီး ၁ဝ ကြိမ်ကြာ အချိန်ကာလ

Measure of time equivalent to ten finger snaps.

လလည်ဆွမ်း

Offering food esp. lunch to the monk(s) as a token of
(on behalf of) a person’s demise after one month.

လဟု

Light, duration of one snap.

လဟုတာ

Lightness.

လဟုတာ ၃ ပါး

Three kinds of lightness:
၁။ ရူပ လဟုတာ – ရုပ်ခန္ဓာ ပေါ့ပါးမှု
1: Lightness of corporeality,
၂။ ကာယ လဟုတာ – စေတသိက်အစုခန္ဓာ ပေါ့ပါးမှု
2: lightness of mental factors,
၃။ စိတ္တ လဟုတာ –စိတ်ခန္ဓာ ပေါ့ပါးမှု။
3: lightness of consciousness.

လဟုဘဏ်။ ဂရုဘဏ်

ပေါ့ပါးသော။ လေးလံသော ဘဏ္ဍာပစ္စည်း
Not important/light possession, Important/heavy possessions.

လဟုသံ

(ဂရုသံ _ရှု)
Lightly stressed sound.

လာဘ်

Fortune, gain, something received, bribe.

လာဘ်လာဘရကြောင်း တရား ၁၆ ပါး

(ကြည်ညိုဘွယ်ဖြစ်ကြောင်း လာဘ်လာဘရကြောင်း တရား ၁၆ ပါး –
ပသာဒကရဓမ္မ။ ဧကက။ အင်္ဂုတ္တိုရပါဠိ _ရှု)

လာဘ သက္ကာရ

(ရဟန်းတော်များ ပစ္စည်းပေါများ ကြော်ကြားထင်ရှား ပူဇော်ခံရမှု) တို့၏ အမည်များ
(လာဘသက္ကာရ သံယုတ်။ နိဒါနဝဂ္ဂ သံယုတ္တပါဠိ)
The symbols of gain, honor and praise (for monks):
၁။ ဒါရုဏ – ခက်ထန်ခြင်း
1: Dreadfulness,
၂။ ဗဠိသ – ငါးမျှားချိတ်
2: baited hook,
၃။ ပပတ – ကြိုးရှည်ရှည်တပ်ထားသောမှိန်း
3: corded harpoon,
၄။ အသနိဝိစက္က – မိုးကြိုးစက်
4: thunderbolt,
၅။ သလ္လ – မြှား။
5: dart, arrow.

လာဘသက္ကာရ သိလောက၏ စွမ်းအားများ

(ပစ္စည်း ၄ ပါး စွမ်းအားများ – ရဟန်းတော်များ –

လာဘသက္ကာရ သိလောကသံယုတ်

နိဒါနဝဂ္ဂ သံယုတ္တပါဠိ _ရှု)

လိင်

Sex, gender.

လိင် ၃ ပါး

Three genders:
၁။ ပုလ္လိင်
1: Masculine,
၂။ ဣတ္ထိ လိင်
2: feminine,
၃။ န ပုလ္လိင်။
3: neuter.

လိပ်ကန်း ဥပမာ

(လူဘဝ ရခဲသော ဥပမာများ – အပါယ်ရောက်သူများအတွက် _ရှု)

လုပ်ကျွေး ပြုစုခြင်း ပညတ်ချက် – ဗြဟ္မဏများ

(ဧသုကာရီသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
Four levels of service prescribed by the Brahmins
(Esukārī Sutta, Majjhima–paṇṇāsa):
၁။ ဗြဟ္မဏ – ပုဏ္ဏားအမျိုးဇာတ်ကို ဗြဟ္မဏ – ပုဏ္ဏားအမျိုးအချင်းချင်း။ ခတ္တိယ – မင်းမျိုး။ ဝေဿ –
ကုန်သည်လယ်လုပ်မျိုး နှင့် သုဒ္ဒ – သူဆင်းရဲ အခစားမျိုး တို့က ပြုစုလုပ်ကျွေးရမည်။
1: A Brahmin may serve a Brahmin, a noble may serve a Brahmin, a merchant may serve a Brahmin, a worker may serve a Brahmin.
၂။ ခတ္တိယ – မင်းမျိုးတို့ကို ခတ္တိယ မင်းမျိုးအချင်းချင်း။ ဝေဿ – ကုန်သည်လယ်လုပ်မျိုး နှင့် သုဒ္ဒ – သူဆင်းရဲ အခစားမျိုး တို့က ပြုစုလုပ်ကျွေးရမည်။
2: A noble may serve a noble, a merchant may serve a noble, a worker may serve a noble.
၃။ ဝေဿ – ကုန်သည်လယ်လုပ်မျိုးတို့ကို ဝေဿ – ကုန်သည်လယ်လုပ်မျိုးအချင်းချင်း နှင့် သုဒ္ဒ – သူဆင်းရဲ အခစားမျိုး တို့က ပြုစုလုပ်ကျွေးရမည်။
3: A merchant may serve a merchant, a worker may serve a merchant.
၄။ သုဒ္ဒ – သူဆင်းရဲ အခစားမျိုးတို့ကို သုဒ္ဒ – သူဆင်းရဲ အခစားမျိုးအချင်းချင်း ပြုစုလုပ်ကျွေးရမည်။
4: A worker may serve a worker.

လုပ်ကျွေး ပြုစုခြင်း ပညတ်ချက် – ဗြဟ္မဏများ – နှင့်ပတ်သက်ပြီး ဘုရားရှင်၏ ဖြေကြားချက်

Lord Buddha’s answer to the above prescription:
ဗြဟ္မဏများကသာလျှင် ဤလုပ်ကျွေးမှုလေးမျိုး ပညတ်ချက်ကို လက်ခံပြီး လောကတစ်ခုလုံးက ယင်းတို့ကို လက်မခံ။
All the world does not authorize the Brahmins to prescribe these four levels of service; just the Brahmins authorize themselves.

လိုက်နာကျင့်ကြံဘွယ်

Four ways to be followed/practiced:
၁။ လှူဒါန်းပေးကမ်းခြင်းဖြင့် ကုသိုလ်တိုးပွါးသည်
1: Merits grows by giving.
၂။ စောင့်စည်းခြင်းဖြင့် ရန်ကင်းသည်
2: Dangers cease by restraint.
၃။ ကုသိုလ်ပြုခြင်းဖြင့် မကောင်းမှုကို စွန့်ပြီးသားဖြစ်သည်
3: Evil things are abandonded by good deeds.
၄။ ရာဂ ဒေါသ မောဟ မရှိခြင်းဖြင့် ငြိမ်းအေးသည်။
4: Peace (nibbāna) is gained by no–lust, no–anger and no–ignorance.

လိုအင်ဆန္ဒ ၄ ပါး

(လူသားများ)
Four wishes of Man:
၁။ စီပွါးဥစ္စာ ပြည့်စုံလိုခြင်း
1: Wealth,
၂။ ကျော်ဇော ထင်ရှား အခြံအရံများလိုခြင်း
2: fame,
၃။ ကျန်းမာစွာ အသက်ရှည်လိုခြင်း
3: healthy longevity,
၄။ သေပြီးနောက် သုဂတိရောက်လိုခြင်း။
4: good life/state/realm after death.

လူ့ပြည်လောကသို့ လှည့်လယ်၍ စတုမဟာရာဇ်နတ်မင်းကြီးများ။ ယင်းတို့၏သားတော်များ။ အမတ်ကြီးများ ထောက်လှမ်းရေး လုပ်ကြခြင်း

(စတုမဟာရာဇ် နတ်မင်းကြီးများ လူလောက ထောက်လှမ်းရေး _ရှု) စတုမဟာရာဇသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)

လူ့ဘဝမှာပင် တာဝတိံသာ နတ်ပြည်သို့ လည်ပတ်သော ပုဂ္ဂိုလ် ၄ ဦး

(တာဝတိံသာ နတ်ပြည်သို့လူဘဝမှာပင် ရောက်သော ပုဂ္ဂိုလ် ၄ ဦး _ရှု)

လူ့သက်တမ်း နတ်သက်တမ်း နှိုင်းယှဉ်ချက်

(ဝိတ္ထတူပေါသထသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ၊ ဥပေါသထသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ စသည်)
Comparison the time–length of human world and deities realms:
၁။ လူတို့၏ အနှစ် ၅ဝ သည် စတုမဟာရာဇ် နတ်တို့၏ တစ်ရက်ဖြစ်သည်။
1: A single day and night in the Realm of the Four Great Kings is equivalent to 50 human years.
၂။ လူတို့၏ အနှစ် ၁ဝဝ သည် တာဝတိံသာ နတ်တို့၏ တစ်ရက်ဖြစ်သည်။
2: A single day and night in the Realm of the Thirty–three Gods is equivalent to 100 human years.
၃။ လူတို့၏ အနှစ် ၂ဝဝ သည် ယာမာ နတ်တို့၏ တစ်ရက်ဖြစ်သည်။
3: A single day and night in the Realm of the Yāma Gods is equivalent to 200 human years.
၄။ လူတို့၏ အနှစ် ၄ဝဝ သည် တုသိတာ နတ်တို့၏ တစ်ရက်ဖြစ်သည်။
4: A single day and night in the Delightful realm is equivalent to 400 human years.
၅။ လူတို့၏ အနှစ် ၈ဝဝ သည် နိမ္မာနရတီ နတ်တို့၏ တစ်ရက်ဖြစ်သည်။
5: A single day and night in the Delightful Gods by own creating in accordanc with their desires is equivalent to 800 human years.
၆။ လူတို့၏ အနှစ် ၁၆ဝဝ သည် ပရနိမ္မိတ ဝသဝတီ နတ်တို့၏ တစ်ရက်ဖြစ်သည်။
6: A single day and night in the Delightful Gods by their attendances’ creation is equivalent to 1,600 human years.

လူ့ အသုံးအနှုံးဖြတ်ပုံ ပယ်ပုံ ၈ မျိုး

(ပေါတလိယသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
Eight things that lead to the cutting off affairs:
၁။ အသက်မသတ်ခြင်းကိုမှီ၍ အသက်သတ်ခြင်းကို ပယ်ရမည်
1: With the support of non–killing, killing is to be abandoned.
၂။ မခိုးခြင်းကိုမှီ၍ ခိုးခြင်းကို ပယ်ရမည်
2: With the support of not–stealing, stealing is to be abandoned.
၃။ မှန်ကန်သောစကားကိုမှီ၍ မမှန်ကန်သောစကားကို ပယ်ရမည်
3: With the support of truthfull speech, false speech is to be abandoned.
၄။ ကုန်းမတိုက်ခြင်းကိုမှီ၍ ကုန်းတိုက်ခြင်းကို ပယ်ရမည်
4: With the support of unmalicious speech, malicious speech is to be abandoned.
၅။ မတပ်မက်ခြင်းကိုမှီ၍ တပ်မက်ခြင်းကို ပယ်ရမည်
5: With the support of no–greed, greed is to be abandoned.
၆။ မကဲ့ရဲ့ မချုတ်ချယ်ခြင်းကိုမှီ၍ ကဲ့ရဲ့ချုတ်ချယ်ခြင်းကို ပယ်ရမည်
6: With the support of no–spiteful scolding, spiteful scolding is to be abandoned.
၇။ အမျက်မထွက် မပင်ပန်းခြင်းကိုမှီ၍ အမျက်ထွက်ပင်ပန်းခြင်းကို ပယ်ရမည်
7: With the support of no–angry despair, angry despair is to be abandoned.
၈။ မာန်မမူလွန်းခြင်းကိုမှီ၍ မာန်မူလွန်းခြင်းကို ပယ်ရမည်။
8: With the support of non–arrogance, arrogance is to be abandoned.

လူတို့သည် ရှုပ်ပွေ (ဟန်ဆောင်) ပြီး တိရစ္ဆာန်တို့သည် ပေါ်လွင်၏ (ဟန်မဆောင်)

ဂဟနေဥှတံ ပေဿ ယဒိဒံ မနုဿာ။ ဥတ္တာနကေဥှတံ ပေဿ ယဒိဒံ ပသဝေါ။
(ကန္ဒရကသုတ်။ မဇ္စျိမပဏ္ဏာသ။ မဇ္စျိမနိကာယပါဠိ)
Humankind is a tangle but the animal is open enough.
(Kandaraka Sutta, Majjhima paṇṇāsa, Majjhima Nikāya)

လူထွက်ကြသော ရဟန်းငယ်များ

ရှင်အာနန္ဒာ၏တပည့် ၃ဝ (စီဝရသုတ်။ ကဿပသံယုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
Young 30 monks, students of Ānanda, who disrobed (Kassapa Saṃyutta).

လူဘဝ (အသက်) တိုတောင်းပုံ ကို ပြသော ဥပမာ ၇ မျိုး

(အရကသုတ် – နရကသုတ် သတ္တကနိပါတ။ အင်္ဂုတ္တရပါဠိ)
Seven similes regarding how short human’s life–span is:
၁။ မြက်ရွက်ဖျားမှ နှင်းရေပေါက်
1: A dew drop on the tip of a blade of grass,
၂။ မိုးပေါက်ကျစဖြစ်လာသော ရေပွက်
2: a bubble by rain–drop,
၃။ ရေပြင်ပေါ်ခြစ်သော အရေးအကြောင်း
3: a line drawn on water,
၄။ တောင်ကျ ရေအဟုန်
4: stream of mountain–fall,
၅။ လျှာဖျားရှိ တံတွေး
5: a lump of spittle at the tip of the tongue,
၆။ မီးသွေးရဲရဲ ရှားမီးခဲ (သံဒယ်အိုး)
6: a piece of meat thrown a heated iron pan, အပေါ် တင်သော သားတစ်
၇။ သားသတ်ကုန်း သို့
7: a cow/calf pulled to be slaughtered. ဆွဲခေါ်သွားသော နွားငယ်။

လူဘဝ ရခဲသော ဥပမာများ

(အပါယ်ရောက်သူများအတွက်)
The rarity of being born as a human for persons in the woeful realms:
၁။။ အနှစ်တစ်ရာမှ တစ်ကြိမ်သာရေပေါ်သို့ခေါင်းပေါ်သော လိပ်ကန်း။ ရေပေါ် ပေါလောမျောနေသော တစ်ပေါက် သာရှိသည့် သစ်သားထမ်းပိုး။ ထိုလိပ်ခေါင်းနှင့် သစ်သားထမ်းပိုးတစ်ပေါက် စွပ်မိရန် လွယ်သေး၏။ အပါယ်ကျသူများ လူဘဝ ပြန်ရရန်မလွယ်။
(ပထမ ဆိဂ္ဂဠယုဂသုတ်။ သစ္စသံယုတ်။ မဟာဝဂ္ဂသံယုတ္တ ပါဠိ)
1: A yoke with a single hole was floating in the great ocean. A blind turtle would come to the ocean–surface once in every hundred years. Inserting its neck into that yoke’s single hole might be easier, for a person in a woeful realm to be reborn into human–world is much more difficult.
၂။ ဤပထဝီမြေပြင်မျှ ကျယ်ပြောသောရေပြင်မှ လိပ်ကန်း။ တစ်ပေါက်တည်းပါသော ထမ်းပိုး – အလားတူ။
(ဒုတိယ ဆိဂ္ဂဠယုဂသုတ် – မဟာဝဂ္ဂသံယုတ္တပါဠိ။ ဗာလပဏ္ဍိတသုတ် – ဥပရိပဏ္ဏာသပါဠိ)
2: The same as above, but the difference is the mass of water, i.e., the same measurement of this great earth.

လူမိုက်

Fool, the foolish, evil one, the unwise.

လူမိုက် ၂ ယောက် စုံတွဲများ

Sets of two foolish persons:
(က) မရောက်လာသေးသောတာဝန်ကို လုပ်ဆောင်သူ
(a) A person perfoms a duty that is not arrived yet.
(ခ) ရောက်လာဆဲ တာဝန်ကို မလုပ်ဆောင်သူ။
(b) A person does not perfom a duty that is already arrived.
(က) မအပ်သည်ကို အပ်၏
(a) A monk who thinks/considers ‘unlawful as lawful’,
(ခ) အပ်သည်ကို မအပ်ဟု မှတ်ယူသူ။
(b) ‘lawful as unlawful’.
(က) အာပတ်မသင့်သည်ကို သင့်၏
(a) ‘offence as no–offence’,
(ခ) အာပတ်သင့်သည်ကို မသင့်ဟု မှတ်ယူသူ။
(b) ‘no–offence as offence’.
(က) အဓမ္မကို ဓမ္မ
(a) ‘adhamma as dhamma’,
(ခ) ဓမ္မကို အဓမ္မဟု မှတ်ယူသူ။
(b) ‘dhamma as adhamma’.
(က) ဝိနည်းကျင့်ဝတ် မဟုတ်သည်ကို ဝိနည်း
(a) ‘discipline as no–discipline’,
(ခ) ဝိနည်းဟုတ်သည်ကို ဝိနည်းမဟုတ်ဟု မှတ်ယူသူ။
(b) ‘no–discipline as discipline’.
(ပညာရှိ ၂ ယောက် စုံတွဲများမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(The sets of two wise persons are the opposite of above properly.)

လူမိုက်ပြောစကား အင်္ဂါ ၈ ပါး

Eight speeches that the foolish use:
၁။ မမြင်ပဲ မြင်သည်ဟု ပြောခြင်း
1: Not seen as seen,
၂။ မြင်လျှက် မမြင်ဟု ပြောခြင်း
2: seen as not seen,
၃။ မကြားပဲ ကြားသည်ဟုပြောခြင်း
3: not heard as heard,
၄။ ကြားလျှက် မကြားဟု ပြောခြင်း
4: heard as not heard,
၅။ မတွေ့ပဲ တွေ့သည်ဟု ပြောခြင်း
5: not sensed as sensed,
၆။ တွေ့လျှက် မတွေ့ဟု ပြောခြင်း
6: sensed as not sensed,
၇။ မသိပဲ သိသည်ဟု ပြောခြင်း။
7: not cognized as cognized,
၈။ သိလျှက် မသိ ဟု ပြောခြင်း
8: cognized as not cognized.
(ပညာရှိ၏ ပြောစကား အင်္ဂါ ၈ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Eight speeches that the wise use are apposite of the above.)

လူမိုက်၏ လက္ခဏာ ၃ မျိုး

Three characteristics of the evil:
၁။ မသင့်မလျှော် မေးတတ်ခြင်း
1: Formulating a question carelessly,
၂။ မသင့်မလျှော် ဖြေတတ်ခြင်း
2: answering a question carelessly,
၃။ သူတပါးတို့ သင့်လျှော်စွာ ဖြေကြားသည်ကို လက်မခံတတ်ခြင်း။
3: not approving/accepting someone’s reasonable/careful answer.
(ပညာရှိ၏ လက္ခဏာ ၃ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Three characteristics of the wise are apposite of the above.)

လူမိုက်၏ လက္ခဏာ ၃ မျိုး

(တနည်း)
More three characteristics of the evil:
၁။ မိမိ အပြစ်ကို အပြစ်ဟု မမြင်ခြင်း
1: Not seeing his own transgression as transgression,
၂။ မြင်သော်လည်း မကုစားခြင်း (ဝန်မခံခြင်း)
2: even seen, not making amends for it (them),
၃။ တပါးသူက အပြစ်ကို ဝန်ချလာသော်လည်း လက်မခံခြင်း။
3: not accepting another person’s confession.
(ပညာရှိ၏ လက္ခဏာ ၃ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Three characteristics of the wise are apposite of the above.)

လူမိုက်၏ လက္ခဏာ ၃ မျိုး

(တနည်း)
More three characteristics of the evil:
၁။ အကြံ ဆိုးခြင်း
1: Evil thought,
၂။ အပြောဆိုးခြင်း
2: evil speech,
၃။ အပြုဆိုးခြင်း။
3: evil act.
(ပညာရှိ၏ လက္ခဏာ ၃ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Three characteristics of the wise are apposite of the above.)

လူမိုက်၏ အပြောအဆို ၄ မျိုး

Four ways that the foolish speak:
၁။ မမေးပဲ သူတပါးအပြစ်ကို ပြောတတ်ခြင်း
1: Speaking out others’ ill, even unasked,
၂။ မေးသော် သူတပါးအပြစ်ကို အသေးစိတ်ပြောတတ်ခြင်း
2: speaking out others’ ill in detail when asked,
၃။ မမေးသော် သူတပါးအကျိုး။ကောင်းသတင်းကို မပြောတတ်ခြင်း
3: not speaking others’ credit voluntarily,
၄။ မေးသော်လည်း သူတပါး ကောင်းသတင်းကို အပြစ်မြင်တတ်ခြင်း။
4: speaking others’ credit negatively when asked.
(ပညာရှိသူ၏ အပြောအဆို ၄ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Four ways that the wise speak are apposite of the above.)

လူလိမ္မာ

Wise person, matured person, moral person.

လူသားတို့ထက် အပါယ်ဘုံသားတို့က များပြား

(ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

လူသားများကြည်ညို အံ့သြလာအောင် ရဟန်းတော်များ တန်ခိုးပြကြရန်

ကေဝဋ္ဋ သူဌေးသားက ဘုရားရှင်အား လျှောက်ထားသည်ကို ဘုရားရှင်က သုံးကြိမ်တိုင် ပယ်တော်မူခြင်း။ (ကေဝဋ္ဋသုတ်။ သီလက္ခန္ဓဝဂ္ဂပါဠိ)
Lord Buddha denied for three times Kevaṭṭa, a young wealthy man, who asked Him that monks should show/use super–natural power to be got impressed and to make lay–persons amazed. (Kevaṭṭa Sutta, Sīlakkhanda–vagga, Dīgha–nikāya, the Long Discourses)

လူသား (ကာမဘောဂီ) ၁ဝ မျိုး

Ten kinds of householder (lay–person):
၁။ မတရားသဖြင့် ပစ္စည်းရှာဖွေစုဆောင်းပြီး မိမိလည်းမသုံးဆောင် သူတပါးအားလည်းမပေးကမ်း မလှူတမ်း
ကုသိုလ်လည်းမပြုသောသူ
1: A person who seeks after wealth unlawfully, not enjoying it himself, not sharing and no meritorious deed,
၂။ မတရားသဖြင့် ပစ္စည်းရှာဖွေစုဆောင်းပြီး မိမိကားသုံးဆောင်၏။ သူတပါးအားမပေးကမ်း မလှူတမ်း ကုသိုလ်လည်းမပြုသောသူ
2: a person who seeks after wealth unlawfully, enjoying it himself, but not sharing and no meritorious deed,
၃။ မတရားသဖြင့် ပစ္စည်းရှာဖွေစုဆောင်းပြီး မိမိလည်းသုံးဆောင်၏။ သူတပါးအားလည်းပေးကမ်း လှူတမ်း ကုသိုလ်လည်းပြုသောသူ
3: a person who seeks after wealth unlawfully, enjoying it himself, sharing and doing meritorious deed as well,
၄။ တရား။ မတရားနည်းနှစ်ပါးဖြင့် ပစ္စည်းရှာဖွေစုဆောင်းပြီး မိမိလည်းမသုံးဆောင် သူတပါးအားလည်း မပေးကမ်း မလှူတမ်း ကုသိုလ်လည်းမပြုသောသူ
4: a person who seeks after wealth both lawfully and unlawfully, not enjoying it himself, not sharing and no meritorious deed,
၅။ တရား။ မတရားနည်းနှစ်ပါးဖြင့် ပစ္စည်းရှာဖွေစုဆောင်းပြီး မိမိကားသုံးဆောင်၏။ သူတပါးအား မပေးကမ်း မလှူတမ်း ကုသိုလ်လည်းမပြုသောသူ
5: a person who seeks after wealth both lawfully and unlawfully, enjoying it himself, but not sharing and no meritorious deed,
၆။ တရား။ မတရားနည်းနှစ်ပါးဖြင့် ပစ္စည်းရှာဖွေစုဆောင်းပြီး မိမိလည်းသုံးဆောင်၏။ သူတပါးအားလည်း ပေးကမ်း လှူတမ်း ကုသိုလ်လည်းပြုသောသူ
6: a person who seeks after wealth both lawfully and unlawfully, enjoying it himself, sharing and doing meritorious deed as well,
၇။ တရားသဖြင့် ပစ္စည်းရှာဖွေစုဆောင်းပြီး မိမိလည်းမသုံးဆောင် သူတပါးအားလည်းမပေးကမ်း မလှူတမ်း ကုသိုလ်လည်းမပြုသောသူ
7: a person who seeks after wealth lawfully, not enjoying it himself, not sharing and no meritorious deed,
၈။ တရားသဖြင့် ပစ္စည်းရှာဖွေစုဆောင်းပြီး မိမိကားသုံးဆောင်၏။ သူတပါးအားမပေးကမ်း မလှူတမ်း ကုသိုလ်လည်းမပြုသောသူ
8: a person who seeks after wealth lawfully, enjoying it himself, but not sharing and no meritorious deed,
၉။ တရားသဖြင့် ပစ္စည်းရှာဖွေစုဆောင်းပြီး မိမိလည်းသုံးဆောင်၏။ သူတပါးအားလည်းပေးကမ်း လှူတမ်း ကုသိုလ်ပြုသော်လည်း ထိုပစ္စည်းကို တပ်မက်မော မေ့လျှော့နေသူ
9: a person who seeks after wealth lawfully, enjoying it himself, sharing and doing meritorious deed as well but greedy and heedless to salvation,
၁ဝ။ တရားသဖြင့် ပစ္စည်းရှာဖွေစုဆောင်းပြီး မိမိလည်းသုံးဆောင်၏။ သူတပါးအားလည်းပေးကမ်း လှူတမ်း ကုသိုလ်လည်းပြုပြီး ထိုပစ္စည်းကို မတပ်မက် ထွက်မြောက်နှိုင်ဉာဏ်အမြင်ရှိသောသူ။
10: a person who seeks after wealth lawfully, enjoying it himself, sharing and doing meritorious deed as well, generous and heedfulness to salvation.

လူသား (ကာမဘောဂီ) တို့သည် ကာမဂုဏ်မှထွက်မြောက်မှု နေက္ခမအကြောင်းကို မသိမြင် နားမလည်နှိုင်ပုံ ဥပမာ ၂ မျိုး

(ဒန္တဘူမိသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Two similes that illustrate how an ordinary person cannot understand the life of renunciation (Dantabhūmi Sutta, Upari–paṇṇāsa):
၁။ ယဉ်ကျေးပြီးသော ဆင် မြင်း နွားတို့၏ ယဉ်ကျေးသော အမူအကျင့်ကို ဆင်ရိုင်း မြင်းရိုင်း နွားရိုင်တို့ မသိနားမလည်နှိုင်
1: Wild elephant, horse and ox cannot understand the behaviors of the tamed elephant, horse and ox.
၂။ တောင်ပေါ်ရောက်နေသူ၏ တောင်ပတ်လည်ရှိ ရေမြေတောတောင် သာယာပုံ ခံစားမှုကို တောင်ပေါ်သို့ မရောက် ဘူးသေးသောသူ မသိမြင်နားမလည်နှိုင်။
2: A person who has never been to the top of a mountain cannot understand the enjoyment of the beauty around the mountain.

လူသူတော်ကောင်း ဖြစ်ကြောင်းတရား ၄ ပါး

(သာဓုနရ တရား ၄ ပါး _ရှု)

လေးစားခံရသော ရဟန်းတော် ပြည့်စုံသော တရား ၇ ပါး

Seven qualities of a monk who gets respected by others:
၁။ ပစ္စည်းလာဘ်လာဘကို အလိုမရှိခြင်း
1: No wish to gain,
၂။ အရိုအသေပြုမှုကို အလိုမရှိခြင်း (အလေးမထားခြင်း)
2: no wish to get respect,
၃။ မထီမဲ့မြင်ပြုမှုကို အလိုမရှိခြင်း (အလေးမထားခြင်း)
3: no wish to get disrespect,
၄။ အရှက်ရှိခြင်း
4: moral shame,
၅။ အကြောက်ရှိခြင်း
5: moral dread,
၆။ အလိုနည်းခြင်း
6: few needs/contenment,
၇။ အယူမှန်ခြင်း။
7: right view.

လေးပါးသော အပါယ်

(အပါယ် ၄ ပါး _ရှု)

လဲလျောင်းအိပ်စက်ခြင်း (သေယျ) ၄ မျိုး

Four ways of lying–posture:
၁။ ပေတ သေယျ = ပြိတ္တာတို့၏ လဲလျောင်းအိပ်စက်ခြင်း – ကြောခင်းအိပ်သည်
1: Of hungry ghost (peta): lying flat on their backs,
၂။ ကာမဘောဂိ သေယျ = ကာမဂုဏ်ခံစားသူများ၏ လဲလျောင်းအိပ်စက်ခြင်း – ဘယ်ဘက်စောင်းအိပ်သည်
2: of the luxurious: lying on the left side,
၃။ သီဟ သေယျ = ခြင်္သေ့၏ လဲလျောင်းအိပ်စက်ခြင်း – ညာဘက်စောင်း ရှေ့ခြေတဖက်အပေါ်
ခြေတဖက်တင် အမြီးကို ပေါင်နှစ်ချောင်းကြားထားသည်
3: of lion: on right side, lying foot on foot and folding its tail between its thighs,
၄။ တထာဂတ သေယျ = ဘုရားရှင်၏ လဲလျောင်းအိပ်စက်ခြင်း – စျာန်သမာပတ်ဖြင့် လဲလျောင်းသည် ။
4: of Tathāgata (Thus–comer), the Buddha: aloof from sensual desire and abiding with the first trance (jhāna) etc.

လောက

World, realm, abode.

လောက ၃ ပါး

Three worlds/realms:
၁။ ကာမ လောက – ကာမ ၁၁ ဘုံ
1: the realm of the five senses, the sensuous world, world of desire,
၂။ ရူပ လောက – ရူပ ၁၆ ဘုံ
2: the realm of the form, the fine–material world, world of appearance,
၃။ အရူပ လောက – အရူပ ၄ ဘုံ။
3: the realm of the formlessness, immaterial world, world of non–appearance.

လောက ၃ ပါး

(တနည်း)
More three worlds/realms:
၁။ သင်္ခါရ လောက
1: The conditioned world,
၂။ သတ္တ လောက
2: the animate world,
၃။ သြကာသ လောက။
3: the inanimate world.

လောကကြီးကို စိတ်သည် ဦးဆောင်၏

(စိတ်သည် လောကကြီးကို ဦးဆောင်၏ _ရှု)

လောက (နောင်တမလွန်) ကို အောင်မြင်ကြောင်းတရား ၄ ပါး

(အမျိုးသမီးများအတွက်)
Four qualities of a woman that is heading for victory in the next world:
၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း
1: Acquiring faith,
၂။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း
2: virtue,
၃။ စွန့်ကြဲပေးကမ်းမှုနှင့် ပြည့်စုံခြင်း
3: generosity,
၄။ ပညာနှင့် ပြည့်စုံခြင်း။
4: wisdom.

လောက (ပစ္စုပ္ပန်) ကို အောင်မြင်ကြောင်းတရား ၄ ပါး

(အမျိုးသမီးများအတွက်)
Four qualities of a woman that is heading for victory in the present world:
၁။ အမှုကိစ္စတို့ကို ကောင်းစွာပြုစီရင်တတ်ခြင်း
1: Being capable at her work,
၂။ အခြွေအရံ ပရိသတ်တို့ကို ချီးမြှောက် ထောက်ပံ့တတ်ခြင်း
2: helping and supporting her servants and friends,
၃။ ခင်ပွန်းသည်အား နှစ်သက်ဖွယ်ကို ပြုတတ်ခြင်း
3: behaving aggreably to her husband,
၄။ ပစ္စည်းဥစ္စာတို့ကို ထိမ်းသိမ်းစောင့်ရှောက်တတ်ခြင်း။
4: save–garding her husbamd’s earning (belongings).

လောကချဲ့တရား ၄ ပါး

(လောကာယတိကသုတ်။ နိဒါနဝဂ္ဂသံယုတ်ပါဠိ) Four cosmologies:
၁။ သဗ္ဗမတ္ထိ – အားလုံးရှိ၏ ဟူသော အယူ
1: The notion of ‘All exists’,
၂။ သဗ္ဗံ နတ္ထိ – အားလုံးမရှိ ဟူသော အယူ
2: of ‘All does not exist’,
၃။ သဗ္ဗမေကတ္တံ – အားလုံးသည် တူ၏ (တစ်ခုတည်း) ဟူသော အယူ
3: of ‘All is a unity’,
၄။ သဗ္ဗံ ပုထုတ္တံ – အားလုံးသည် ကွဲပြားထူးခြား၏ ဟူသော အယူ။
4: of ‘All is a plurality’.

လောကစိန္တာ

လောကရေးရာ အကြံအစည် (လောကကြီး မြဲသလော မမြဲဘူးလောစသော ဘုရားရှင် မဖြေကြား သည့် ၁ဝ ချက်)
Reflection about the world (the ten questions Buddha never answered such as ‘Is the world eternal/ not eternal?’ etc.

လောကဓာတ်

ကျွန်းကြီး ၄ ကျွန်း။ မြင့်မိုရ်တောင်။ နေ လ နက္ခတ်များ။ ၃၁ ဘုံ ပါဝင်သော စကြာဝဠာ တခုဖြစ်သည်။
A world–system: It contains four great islands, a sun, a moon, stars and 31 abodes of beings.

လောကဓာတ် ၃ မျိုး

(စူဠနိကာသုတ်။ တိကနိပါတ။ အင်္ဂုတ္တိုရပါဠိ) Three kinds of world–system:
၁။ စူဠ လောကဓာတ် – စကြာဝဠာ တိုက် ၁ဝဝဝ ပါဝင်သည်။
1: Cūḷa Lokadhātu: Containing 1,000 world–systems,
၂။ မဇ္စျိမ လောကဓာတ် – စကြာဝဠာ တိုက် ၁ဝဝဝ » ၁ဝဝဝ = ၁ဝဝဝဝဝဝ (တစ်သန်း) ပါဝင်သည်။
2: Majjhima Lokadhātu: 1,000 x 1,000 = 1,000,000 world–systems,
၃။ မဟာ (သဟဿီ) လောကဓာတ် – စကြာဝဠာ တိုက် ၁ဝဝဝဝဝဝ » ၁ဝဝဝဝဝဝ = ၁ဝဝဝဝဝဝဝဝဝဝဝဝ (ကုဋေတစ်သိန်း) ပါဝင်သည်။
3: Mahā Lokadhātu: 1,000,000 x 1,000,000 = 1,000,000,000,000 world–systems.
(မှတ်ချက် – ဘုရားရှင်သည် အလိုတော်ရှိပါက သူ၏အသံတော်ကို မဟာ (သဟဿီ) လောကဓာတ် တစ်ခုလုံး ကြားနိုင်သည်။)
(Note: The voice of the Buddha, if He wishes, can be heard all over Mahā Lokadhātu.)

လောကဓံ တရား ၈ ပါး

Eight worldly conditions, vicissitudes:
၁။ လာဘော = ပစ္စည်းဥစ္စာ ပေါများခြင်း
1: Gain,
၂။ အလာဘော = ပစ္စည်းဥစ္စာ ရှားပါးခြင်း
2: loss,
၃။ ယသော = အခြံအရံ အကြော်အစော ကြီးမားခြင်း
3: fame,
၄။ အယသော = အခြံအရံ အကြော်အစော နည်းပါးခြင်း
4: disrepute, defame,
၅။ နိန္ဒံ = ကဲ့ရဲ့ခြင်း
5: blame,
၆။ ပသံသံ = ခြီးမွမ်းခြင်း
6: praise,
၇။ သုခံ = ချမ်းသာခြင်း
7: pleasure,
၈။ ဒုက္ခံ = ဆင်းရဲခြင်း။
8: pain.

လောကဓံ ရှစ်ပါးနှင့် တွေ့က နှလုံးသွင်းနည်း

(သူတော်ကောင်းများ လောကဓံ ရှစ်ပါးနှင့် တွေ့က နှလုံးသွင်းပုံ _ရှု)

လောကန္တရိက် ငရဲ

နေရောင် လရောင် မရောက်မပေါက်သော ငရဲ။
The hell of darkness where the light of sun and moon never reach.

လောကပါလ (လောကကြီးကို စောင့်ရှောက်သော) တရား ၂ ပါး

Two things/dhammas that maintain the human world ethically:
၁။ ဟိရီ = မကောင်းမှုမှ ရှက်ခြင်း
1: Moral shame,
၂။ သြတပ္ပ = မကောင်းမှုမှ ကြောက်ခြင်း။
2: moral dread.

လောကပါလ တရား ၄ ပါး

(ဗြဟ္မစိုရ် တရား ၄ ပါး _ရှု)

လောကပါလ တရား ၅ ပါး

(ငါးပါး သီလ _ရှု)

လောကပါလ နတ်မင်းကြီး ၄ ပါး

The gudian–kings of the four quarters:
(စတု မဟာရာဇ် နတ်မင်းကြီး ၄ ပါးဟုလည်းခေါ်၏)
၁။ ဓတရဋ္ဌ နတ်မင်းကြီး
1: Dhataraṭṭha, the guardian of the east,
၂။ ဝိရုဠှက နတ်မင်းကြီး
2: Viruḷhaka, the guardian of the south,
၃။ ဝိရူပေက္ခ နတ်မင်းကြီး
3: Virūpakkha, the guardian of west,
၄။ ကုဝေရ နတ်မင်းကြီး။
4: Kuvera, the guardian of the north.

လောကဓာတ်

The universe, the world–cyrcle.

လောကဓာတ် ၄ ပါး

Four kinds of the universe:
၁။ စူဠ လောကဓာတ် – စကြာဝဠာ တစ်ထောင်
1: Small: 1,000 universes,
၂။ မဇ္စျိမ လောကဓာတ် – စကြာဝဠာ တစ်သောင်း
2: Medium: 10,000 universes,
၃။ မဟာ လောကဓာတ် – စကြာဝဠာကုဋေ တစ်သိန်း
3: large: 1,000,000,000,000 universes,
၄။ အနန္တ လောကဓာတ် – အဆုံးအပိုင်းအခြားမရှိသော စကြာဝဠာများ။
4: uncountable universes.

လောကပါလ

လောကစောင့်တရား ၂ ပါး
Two protecting dhammas of the world:
၁။ ဟိရီ – မကောင်းမှုမှ ရှက်ခြင်း
1: Moral shame,
၂။ သြတပ္ပ – မကောင်းမှုမှ ကြောက်ခြင်း။
2: moral dread.

လောက၏။ လောကမှ

(သမ္ဗောဓဝဂ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ) In the world:
၁။ နှစ်သက်ဘွယ်ရာ အဿာဒသည် ချမ်းသာခြင်းသုခ နှစ်သက်ခြင်း သောမနဿ
1: The gratification is ‘pleasure and joy’.
၂။ အပြစ် အာဒီနဝသည် မမြဲခြင်းအနိစ္စ ဆင်းရဲခြင်းဒုက္ခ ဖေါက်ပြန်ပျက်စီးခြင်း ဝိပရိဏာမ
2: The danger is ‘impermanence, suffering and subject to change’.
၃။ ထွက်မြောက်ရာ နိဿရဏသည် ဖြစ်လိုမှုဆန္ဒ နှင့် တပ်မက်မှုရာဂတို့ ငြိမ်းအေးပယ်ပျောက်ခြင်း။
3: The escape is ‘removal and abandonment of desire and lust’.

လောကီ

Worldly, mundane.

လောကုတ္တရာ

Un–worldly, supra–mundane.

လောကုတ္တရာကုသိုလ် နည်းကြီး (မဟာနယ) ၂ဝ

(ဓမ္မသင်္ဂဏီပါဠိ)
The twenty great aspects of the higher/supra–mundane world:
၁။ လောကုတ္တရာဖြစ်သော စျာန်
1: The trance of the supra–mundane world,
၂။ လောကုတ္တရာဖြစ်သော မဂ်
2: the path of the supra–mundane world,
၃။ လောကုတ္တရာဖြစ်သော သတိပဋ္ဌာန်
3: the mindfulness of the supra–mundane world,
၄။ လောကုတ္တရာဖြစ်သော သမ္မပ္ပဓာန်
4: the effort …..,
၅။ လောကုတ္တရာဖြစ်သော ဣဒ္ဓိပါဒ်
5: the supernatural powers …..,
၆။ လောကုတ္တရာဖြစ်သော ဣန္ဒြေ
6: the faculty…..,
၇။ လောကုတ္တရာဖြစ်သော ဗိုလ်
7: the power…..,
၈။ လောကုတ္တရာဖြစ်သော ဗောဇ္စျင်
8: the factors of enlightenment …..,
၉။ လောကုတ္တရာဖြစ်သော သစ္စာ
9: the truth …..,
၁ဝ။ လောကုတ္တရာဖြစ်သော သမထ
10: the calming …..,
၁၁။ လောကုတ္တရာဖြစ်သော ဓမ္မ
11: the doctrine/dhamma …..,
၁၂။ လောကုတ္တရာဖြစ်သော ခန္ဓာ
12: the aggregate …..,
၁၃။ လောကုတ္တရာဖြစ်သော အာယတန
13: the sence–organ …..,
၁၄။ လောကုတ္တရာဖြစ်သော ဓာတ်
14: the element …..,
၁၅။ လောကုတ္တရာဖြစ်သော အာဟာရ
15: the nutriment …..,
၁၆။ လောကုတ္တရာဖြစ်သော ဖဿ
16: contact …..,
၁၇။ လောကုတ္တရာဖြစ်သော ဝေဒနာ
17: feeling …..,
၁၈။ လောကုတ္တရာဖြစ်သော သညာ
18: perception …..,
၁၉။ လောကုတ္တရာဖြစ်သော စေတနာ
19: volition …..,
၂ဝ။ လောကုတ္တရာဖြစ်သော စိတ်
20: mind of the supra–mundane world.

လောကုတ္တရာတရား ကိုးပါး

The nine super–mundane dhammas:
မဂ် ၄ ပါး + ဖိုလ် ၄ ပါး + နိဗ္ဗာန် = ၉ ပါး
4 paths (magga) + 4 fruit (phala) + nibbāna = 9.

လောကုတ္တရာတရား ကိုးပါးဟူသည်

(ယောက်ျား မြတ်တို့၏ အကြံအစည်ကြီး ၈ မျိုး _ရှု)

လောင်းကစားခြင်း၏ အပြစ် ၆ ပါး

Six dangers of gambling:
၁။ လောင်းကစားရာ၌ အနိုင်ရသူသည် ရန်များ၏။
1: The winner makes enemies.
၂။ ရှုံးသူသည် နှမျောတသ စိတ်ဒေါသ ဖြစ်ရ၏။
2: The loser bewails his loss.
၃။ လောင်းကစားခြင်းသည် မိမိ၏ပစ္စည်းဥစ္စာကို ဖြုံးတီး၏။
3: The gambler wastes his wealth.
၄။ လောင်းကစားသူကို ယုံကြည်မှု နည်း၏။
4: The gambler is not trusted by others.
၅။ မိတ်ဆွေကောင်းများက လောင်းကစားသူကို စွန့်ခွါကြ၏။။
5: His good friends abandon the gambler.
၆။ လောင်းစကားသမားသည် မိမိ၏ မိသားစုကို မထောက်ပံ့နိုင်။
6: The gambler cannot support his family.

လောဘ

Greed.

လောဘ စရိုက်

Greedy–natured.

လောဘ ဇော

Greediness, the momentum of greed.

လောဘ ဇောတိုက်

Be driven/motivated by greediness.

လောဟိတ ကသိုဏ်း

(ကသိုဏ်း ၁ဝ ပါး _ရှု)
Red device for meditation.

လော်လည်ခြင်း ၅ ပါး

Five kinds of licentiousness (being wanton):
၁။ အာဟာရ လောလ = အစားအသောက်၌ လော်လည်ခြင်း
1: Licentiousness on food,
၂။ အလင်္ကာရ လောလ = ဝတ်စားတန်ဆာ၌ လော်လည်ခြင်း
2: licentiousness on clothing and jewelry,
၃။ ပရပုရိသ လောလ = အခြား ယောက်ျား။မိန်းမ အပေါ်၌ လော်လည်ခြင်း
3: licentiousness on other males/females (rather than one’s own),
၄။ ဓန လောလ = ပစ္စည်း ဥစ္စာ၌ လော်လည်ခြင်း
4: licentiousness on wealth,
၅။ ပါဒ လောလ = သွားလာ လည်ပတ်မှု၌ လော်လည်ခြင်း။
5: licentiousness on visiting.

လွတ်မြောက်ရန် လမ်းစဉ် ၆ ပါး

(ထွက်မြောက်ရန် လမ်းစဉ် – နိဿရဏိယ ဓာတု – ၆ ပါး _ရှု)

လှူဒါန်းမှုကို တားမြစ်သူ၏ အန္တရာယ် ၃ မျိုး

An obstruction block for three people by preventing another from giving alms:
၁။ လှူဒါန်းသူ၏ ကုသိုလ် အန္တရာယ်ဖြစ်ခြင်း
1: An obstruction to the donor’s acquiring merit,
၂။ အလှူခံပုဂ္ဂိုလ်၏ ပစ္စည်းလာဘ်လာဘ အန္တရာယ်ဖြစ်ခြင်း
2: an obstruction to the recipients’ gaining a gift,
၃။ တားမြစ်သူသည် မိမိကိုယ်ကို တူးဖြိုဖျက်ဆီးခြင်း။
3: one who prevents another from giving alms has maimed and injured himself.

လှူဒါန်းနှင့်ပတ်သက်၍ ရဟန်းတော်များ ထားရမည့်စိတ်ဓာတ်

(ရဟန်းတော်များ ကျင့်ပွါးစရာ – ဒါယကာ ဒါယိကာမ များ၏ လှူဒါန်းမှုနှင့်ပတ်သက်၍ ရဟန်းတော်များ ထားရမည့်စိတ်ဓာတ် _ရှု)

လှူဘွယ်ဝတ္ထု

Offertories, things to be donated, gift.

လျှို့ဝှက် တိုင်ပင်လျှင် ပေါက်ကြားတတ်သော ပုဂ္ဂိုလ် ၉ ယောက်

(တိုင်ပင်လျှင် – လျှို့ဝှက်မှု – ပေါက်ကြား တတ်သော ပုဂ္ဂိုလ် ၉ ယောက် _ရှု)

ဝက္ကလိသုတ်

(တရားမြင်မှ ဘုရားကိုမြင်သည် _ရှု)

ဝင်္က ၃ မျိုး

Three kinds of crookedness:
၁။ ကာယဝင်္က = အပြုအမူ ကောက်ကျစ်မှု
1: Bodily crookedness,
၂။ ဝစီဝင်္က = အပြောအဆို ကောက်ကျစ်မှု
2: verbal crookedness,
၃။ မနောဝင်္က = စိတ်ဓာတ် ကောက်ကျစ်မှု။
3: mental crookedness.

ဝင်္ကပါ

ဝင်္ကပဗ် = ဝင်္ကပဗ္ဗတ
Labyrinth, maze.

ဝဂ် (ဝဂ္ဂ)

အက္ခရာ အုပ်စု
Group, group of the consonants.

ဝဂ် ၅ စု

(အက္ခရာ)
Five groups of consonants (5 letters in each):
၁။ ကဝဂ် အုပ်စု =က ခ ဂ ဃ င
1: ‘Ka’ group – ka kha ga gha nga (ṅa)
၂။ စဝဂ် အုပ်စု =စ ဆ ဇ စျ ည
2: ‘ca’ group – ca cha ja jha nya (ña)
၃။ ဋဝဂ် အုပ်စု =ဋ ဌ ဍ ဎ ဏ
3: ‘ṭa’ group – ṭa ṭha ḍa ḍha ṇa
၄။ တဝဂ် အုပ်စု =တ ထ ဒ ဓ န
4: ‘ta’ group – ta tha da dha na
၅။ ပဝဂ် အုပ်စု =ပ ဖ ဗ ဘ မ = အားလုံးပေါင်း အက္ခရာ ၂၅ လုံး
5: ‘pa’ group – pa pha ba bha ma = all together 25.

အဝဂ် (အုပ်စုမဟုတ်သော) အက္ခရာ ၈ လုံး

Non–group – 8 consonants:
ယ ရ လ ဝ သ ဟ ဠ အ။
Ya ra la va sa ha ḷa a

ဝင်လေ ထွက်လေတို့ကို ရှုမှတ်ခြင်း ၄ ပါး

(အာနာပါန စတုက္က – မဟာသတိပဋ္ဌာနသုတ် _ရှု)

ဝစီ

Verbal, vocal, speech.

ဝစီကံ

Verbal/vocal action.

ဝစီပိတ်

Noble silence.

ဝဋ်

Round, round/cycle of rebirth.

ဝဋ် ၃ ပါး

Three rounds:
၁။ ကမ္မ ဝဋ်
1: Round of kamma,
၂။ ကိလေသ ဝဋ်
2: round of defilement,
၃။ ဝိပါက ဝဋ်။
3: round of result.

ဝဋ်တော် ၁၂ ပါး

(ဘုရားရှင်၏)
The twelve bad kammic–results of the Lord Buddha:
၁။ သုန္ဒရီ ပရိဗိုဇ်မ က ဘုရားရှင်နှင့် ကိုယ်ဝန်ရပါသည် ဟု စွပ်စွဲခံရခြင်း
1: Sundarī, a lady ascetic, accused Him of being affair with her,
၂။ စိဌမာန မိန်းမ က ဘုရားရှင်နှင့် ကိုယ်ဝန်ရပါသည် ဟု စွပ်စွဲခံရခြင်း
2: Ciṅcamāna, a lady, accused Him of that she got pregnant with Him,
၃။ သုန္ဒရီ ပရိဗိုဇ်မအား တိတ္ထိတို့သတ်၍ သေသည်ကို ဘုရားရှင်သတ်သည်ဟု စွပ်စွဲခံရခြင်း
3: He was accused of killing Sundarī, a lady ascetic, who was actually the victim of ascetics.
၄။ ရှင်ဒေဝဒတ်က ကျောက်မောင်းဆင်မှုကြောင့် ကျောက်စမှန်ပြီး ဘုရားရှင် ခြေမ၌ သွေးစိမ်းထွက်ရခြင်း
4: He suffered/dropped blood from His big toe, plotted by Devadatta.
၅။ ရှင်ဒေဝဒတ် က လူသတ်သမားများ စေလွှတ်ပြီး ဘုရားရှင်အား အသတ်ခိုင်း ခံရခြင်း
5: Devadatta sent a band of archers to kill Him.
၆။ နာဠာဂိရိ ဆင် နင်းသတ်ရန် အချဉ်းကပ်ခံရခြင်း
6: Devadatta again sent a drunken elephant named Nāḷāgīri, to trample Him.
၇။ ကျောက်စထိမှန်မှုကြောင့် ဒဏ်ရရနေသော ခြေမကို ဓါးနှင့် ခွဲခံရခြင်း (ဆရာဇီဝက က ဆေးကုသရန်)
7: His wounded toe was cut open by Jīvaka, a great physician.
၈။ ခေါင်းကိုက်ရောဂါ မကြာခဏ ရတော်မူခြင်း
8: He felt headache.
၉။ ဝေရဥ္ဇရွာမှာ ဝါဆိုတော်မူစဉ် ဝါတွင်းသုံးလပတ်လုံး မုယောဆန်ကိုသာ ဘုဉ်းပေးတော်မူရခြင်း
9: He had to eat only barley meal for three months of vassa at Veraṅja village.
၁ဝ။ ခါး နာကျင် ကိုက်ခဲတော်မူခြင်း
10: He felt back–pain.
၁၁။ ပရိနိဗ္ဗာန်စံခါနီး သွေးဝမ်း လားရခြင်း
11: He was afflicted with a severe dysentery discharging of blood just before passing away (parinibbāna).
၁၂။ ခြောက်နှစ်ကြာအောင် ဒုက္ကရ စရိယာ ကျင့်တော်မူရခြင်း။
12: He practiced for six years of self–torture meditation–method before the attainment of Buddhahood.

ဝဋ် ဘဝ ဒုက္ခ၏ အကြောင်းမူလတရား ၂ ပါး

Two roots/causes of round of rebirth:
၁။ အဝိဇ္ဇာ – မသိနားမလည်ခြင်း
1: Ignorance,
၂။ တဏှာ – စွဲလမ်းခြင်း။
2: attachment.

ဝတ်ရွတ်စဉ်

A religious book arranged for chanting/reading.

ဝတ်အသင်း

A group of persons devoted to religious activities.

ဝတ္တပဒ ၃၆ ပါး

(ကြံစည်သုံးသပ်ခြင်း ၁၈ မျိုး _ရှု)

ဝတ္တရား

Duty, responsibility, obligation.

ဝတ္ထု

Physical base.

ဝတ္ထု ၆ ပါး

Six physical bases:
၁။ စက္ခု = မျက်စိ
1: Eye–base,
၂။ သောတ = နား
2: ear–base,
၃။ ဃာန = နှာခေါင်း
3: nose–base,
၄။ ဇိဝှါ = လျှာ
4: tongue–base,
၅။ ကာယ = ကိုယ်
5: body–base,
၆။ ဟဒယ = နှလုံး။
6: heart–base.

ဝန်တိုခြင်း ၅ ပါး

(မစ္ဆရိယ ၅ ပါး _ရှု)

ဝန်ထုတ်ဝန်ပိုး ဘဝ

(ဘာရသုတ်)
The burden of life:
၁။ စွဲလမ်းရာ ခန္ဓာ ငါးပါးသည် ဘဝ၏ ဝန်ထုတ်ဝန်ပိုးမည်၏။
1: The five aggregates subject to clinging are burden.
၂။ ပုဂ္ဂိုလ်သည် ဝန်ဆောင်သမားမည်၏။
2: Such and such person is the carrier of burden.
၃။ စွဲလမ်းမှု တဏှာသည် ဝန်ထုတ်ဝန်ပိုး သည်ပိုးရန် ပေးဆောင်သူမည်၏။
3: Craving is the taking up of the burden.
၄။ စွဲလမ်းမှု တဏှာကင်းခြင်း တဏှာချုပ်ငြိမ်းခြင်းသည် ဝန်ထုတ်ဝန်ပိုး ချထားသည်မည်၏။
4: Cessation of the craving is the laying down of the burden.

ဝမ္မိကသုတ်လာ ပြဿနာ

(စကားထာ) ၁၅ ချက်နှင့် ယင်းတို့၏ အဖြေများ (မဇ္စျိမနိကာယပါဠိ)
Fifteen–point puzzles and their answers in the Vammika Sutta, Discourse on
Ant–hill, (Majjhima Nikāya):
၁။ တောင်ပို့ –ဤ ခန္ဓာကိုယ်ကို ဆိုလိုသည်။
1: Ant–hill: means this body;
၂။ ညဉ့်၌ အခိုးလွှတ်ခြင်း – နေ့မှာပြုထား အမှုကိစ္စများကို ညဉ့်၌ ပြန်လည်စဉ်းစားခြင်း
2: emitting smoke by night: reflecting/rethinking what was done day–time;
၃။ နေ့၌ မီးဟုန်းဟုန်းတောက်ခြင်း – ညဉ့်က ကြံစည်စဉ်းစားမှုများကို နေ့၌ ပြုလုပ်ခြင်း
3: rising up flames by day: doing at day–time what was thought at night;
၄။ ဆရာ ပုဏ္ဏား – ဗုဒ္ဓ မြတ်စွာဘုရား
4: Brahmin teacher: Buddha;
၅။ ပညာရှိ တပည့် – ကျင့်ဆဲ သေက္ခရဟန်းတော်။ ပုဂ္ဂိုလ်
5: wise student: trainees to be holy person;
၆။ ဓားလက်နက် – လောကီ လောကုတ္တရာ ပညာ
6: sword: knowledge;
၇။ အဖန်ဖန်တူးခြင်း – ကြိုးစားအားထုတ်ခြင်း
7: digging wisely: persistent effort;
၈။ တံခါးကျည် = မင်းတုပ် – မသိမှု အဝိဇ္ဇာ
8: door–bolt: ignorance;
၉။ ဖေါင်းပွနေနေသော ဖါး – မကျေနပ်မှု ဒေါသ အားကြီးခြင်း
9: blown–up toad: deep anger;
၁ဝ။ လမ်းနှစ်ခွ – တွေးတောယုံမှားနေခြင်း ဝိစိကိစ္ဆာ
10: forked road: doubt/uncertainity;
၁၁။ ဆပ်ပျာရေစစ် – နီဝရဏတရားတို့ကို စစ်ထုတ်ခြင်း
11: water–strainer: getting rid the five hindrances of;
၁၂။ လိပ် – စွဲလမ်းစရာ ခန္ဓာ ငါးပါး
12: tortoise: five aggregates of clinging;
၁၃။ သန်လျက်နှင့် စဉ်းတီးတုံး – ငါးပါးအာရုံ ကာမဂုဏ်
13: knife and micing–board: five sensual pleasures;
၁၄။ သားတစ် – တပ်နှစ်သက်ခြင်း တဏှာ
14: lump of meat: attachment;
၁၅။ နဂါး – ရဟ န္တာ။
15: nāga, dragon: arahant.

ဝယဝုဍ္ဎိ

အသက်အရွယ်ကြီးခြင်း
Seniority.

ဝယာ နုပဿနာ

အပျက်ကို ရှုမှတ်ခြင်း
Contemplation of vanishing.

ဝရဇိန်

Thunderbolt, weapon carried by Indra (Sakka), king of Gods (devas/deities).

ဝလာ

Sky, heaven, cloud.

ဝလာဟက ၅ မျိုး

(မိုးနတ်သား – ဝလာဟက – ၅ မျိုး _ရှု)

ဝသီ

အကျင့် အလေ့
Mastery, habitual action, character, habit, trait.

ဝသီ ၅ ပါး

(စျာန်)
Five kinds of mastery in absorption:
၁။ အာဝဇ္ဇန ဝသီ = စျာန်ကို ပိုင်ပိုင်နိုင်နိုင် ဆင်ခြင် နှလုံးသွင်းခြင်း
1: Mastering in adverting to jhāna (absorption/trance),
၂။ သမာပဇ္ဇန ဝသီ = စျာန်ကို ပိုင်ပိုင်နိုင်နိုင် ဝင်စားခြင်း
2: in intering it,
၃။ အဓိဋ္ဌာန ဝသီ = စျာန်ကို ပိုင်ပိုင်နိုင်နိုင် အဓိဋ္ဌာန် ပြုခြင်း
3: in determining it,
၄။ ဝုဋ္ဌာန ဝသီ = စျာန်မှ ထခြင်း
4: in rising therefrom,
၅။ ပစ္စဝေက္ခဏာ ဝသီ = ထမြောက်သော စျာန်ကို ဆင်ခြင်ခြင်း။
5: in retrospection.

ဝသန်။ ဝသန္တ

Rainy season.

ဝသုန်။ ဝသုန္ဒြေ

Earth, globe.

ဝါ

Buddhist lent, numbers of year of monkhood, or (in grammar), religious lesson given to monks.

ဝါကပ်။ ဝါဆို

Buddhist lent–retreat for monks, lasting three months during the rainy season.

ဝါကပ်ခြင်း ၂ မျိုး

Two kinds of observancing rainy lent–retreat:
၁။ ပုရိမိက – ရှေ့ပိုင်းဝါ။ ဝါမထပ်သောနှစ်တွင် ပဌမဝါဆိုလပြည့်ကျော် (၁)ရက်နေ့၌။ ဝါထပ်သောနှစ်တွင်
ဒုတိယဝါဆိုလပြည့်ကျော် (၁) ရက်နေ့၌ ဝါကပ်ဆိုခြင်း
1: The earlier: observeing rainy lent–retreat starting on the first waning day of Waazo month in normal year or that of Second Waazo month in leap year,
၂။ ပစ္ဆိမိက – နောက်ပိုင်းဝါ။ ဝါခေါင်လပြည့်ကျော် (၁) ရက်နေ့၌ ဝါကပ်ဆိုခြင်း
2: the later: observing rainy lent–retreat starting on the first waning day of Waagaung month.

ဝါကျ

စာကြောင်း။ စကား
Sentence, speech.

ဝါကျွတ်။ ဝါထွက်

End of Buddhist lent.

ဝါကြီး

Senior in years of monkhood.

ဝါကြီးထပ်။ ဝါထပ်

Intercalate a month to Waaso ဝါဆို, thus 30 days of two Waaso ဝါဆို months each.

ဝါငယ်

Junior in years of monkhood.

ဝါစက

Predicate.

ဝါစင်္ဂ

Part of speech.

ဝါစဉ်။ ထေရ်စဉ် ဝါလိုက်

Order of seniority.

ဝါစာ

Speech.

ဝါစသိကအနာစာရ

(နှုတ်စကားနှင့် စပ်လျှင်းပြီး ရဟန်းတော်များ မပြောမကျင့်သင့်သည်များ –ဝါစသိကအနာစာရ – _ရှု)

ဝါစာ သိလိဋ္ဌ

Word(s) added for euphonic effect.

ဝါဆိုကျောင်း

ရဟန်းတော်များ ဝါတွင်းသုံးလ သီတင်းသုံးရန် ကျောင်းအဆောက်အဦဖြစ်သည်။ ထိုကျောင်းသည်
၁။ အုတ်
၂။ ကျောက်
၃။ အင်္ဂတေ
၄။ မြက်
၅။ သစ်ရွက် ဟူသော အမိုးငါးမျိုးတွင် တစ်မျိုးမျိုးရှိရသည်။
Building for monks during rainy–retreat: It must have one of the five roof– materials –
1: brick,
2: slate,
3: cement,
4: grass, and
5: leaves.

ဝါဆိုတော်စဉ် (မြတ်စွာဘုရား၏) ၁၇ ဌာန

The seventeen successive places where
Lord Buddha had spent His 45 years of “Rainy Retreat (vassa)’:
၁။ ပထမဝါ ဗာရာဏသီ မိဂါဒါဝုန်တော ၁ ဝါ
1: First vassa: Bārāṇasī, Migadā–vana 1
၂။ ဒု တ စ ဝါ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း ၃ ဝါ
2: second to fourth: Rājagaha, Veḷu–vana 3
၃။ ပဌမ ဝါ ဝေသာလီပြည် မဟာဝုန်ကျောင်း ၁ ဝါ
3: fifth: Vesālī, Mahā–vana 1
၄။ ဆဋ္ဌမ ဝါ ရာဇဂြိုဟ်ပြည် မကုဋတောင် ၁ ဝါ
4: sixth: Rājagaha, Makuta 1
၅။ သတ္တမ ဝါ တာဝတိံသာ ပင်လယ်ကသစ်ပင်ရင်း ၁ ဝါ
5: seventh: Tāvatiṃsa Heaven 1
၆။ အဋ္ဌမ ဝါ ဘဂ္ဂတိုင်း သံသုမာရတောအုပ် ၁ ဝါ
6: eighth: Bagga, Saṃsumāra–vana 1
၇။ နဝမ ဝါ ကောသမ္ဗိပြည် ဃောသိတာရုံကျောင်း ၁ ဝါ
7: nineth: Kosambī, Ghositārāma 1
၈။ ဒသမ ဝါ ကောသမ္ဗီပြည် ပလလည်းတော ၁ ဝါ
8: tenth: Kosambī, Pālileyya–vana 1
၉။ ဧကာဒသမ ဗြဟ္မဏဂါမ နာလိကာရုံကျောင်း ၁ ဝါ
9: eleventh: Brahmaṇa–gāma, Nālikārāma 1
၁ဝ။ ဒွါဒသမ ဝေရဥ္ဇ ပုဏ္ဏားရွာ ၁ ဝါ
10: twelveth: Varañja Brahmin village 1
၁၁။ ၁၃ ဝါမြောက် ၁၈ နှင့် ၁၉ ဝါမြောက် ဇာလိယတောင် ၃ ဝါ
11: thirteenth, eighteenth, nineteenth: Mt. Zāliya 3
၁၂။ ၁၄ ဝါမြောက် နှင့် ၂၁ မှ ၄၄ ဝါမြောက်အထိ သာဝတ္ထိပြည် ဇေတဝန်ကျောင်း ၂၅ ဝါ
12: fourteenth, from twentieth to fourty–fourth Sāvatthi, Zetavana Vihāra 25
၁၃။ ၁၅ ဝါမြောက် ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း ၁ ဝါ
13: fifteenth: Kappilavatthu, Nigrodhārāma 1
၁၄။ ၁၆ ဝါမြောက် အာဠာဝီပြည် မဟာဝုန်တော ၁ ဝါ
14: sixteenth: Āḷāvī, Mahā–vana 1
၁၅။ ၁၇ ဝါမြောက် ရာဇဂြိုဟ်ပြည် နာလန္ဒရွာ ၁ ဝါ
15: seventeenth: Rājagaha, Nālanda Village 1
၁၆။ ၂ဝ ဝါမြောက် ရာဇဂြိုဟ်ပြည် ဂိဇ္စျဂုဋ်တောင် ၁ ဝါ
16: twentieth: Rājagaha, Mt. Gijjha–kūṭa 1
၁၇။ ၄၅ မြောက်နောက်ဆုံးဝါ ဝေဠုဝရွာ ၁ ဝါ
17: fourty–fifth, the last vassa: Veḷuva Village 1

ဝါဆိုလ၏ ထူးခြားချက် ၄ မျိုး

Four important characteristics of month Waasoe:
၁။ ဘုရားအလောင်း သန္ဓေတည်ခြင်း
1: The conception of the Buddha–to–be,
၂။ တောထွက်တော်မူခြင်း
2: great renunciation,
၃။ ဓမ္မစကြာတရား ဟောတော်မူခြင်း
3: delivering the first sermon, Dhamma–cakka Pavattana Sutta,
၄။ တံခိုး ပြာဋိဟာ ပြတော်မူပြီး တာဝတိံသာသို့ ကြွတော်မူခြင်း။
4: Buddha’s ascending to the Tavatiṃsa heaven after showing His super–power.
(သန္ဓေ တောထွက်။ ဓမ္မစက်။ တချက် ပြာဋိဟာ – ဟူ၍ ဆိုရိုးပြုကြသည် )

ဝါဆို (ဝဿ) ၄ လ

(မိုးတွင်း ၄ လ တစ်ဦးတည်း တရားကျင့်ခြင်း _ရှု)

ဝါဆို ဝါကပ်ခြင်း ၂ မျိုး

Two kinds of rainy retreats (vassa)
၁။ ပုရိမိက – ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ ဝါကပ်ခြင်း
1: Rainy retreat (vassa) starting on the first waning day of Waaso–month,
၂။ ပစ္ဆိမိက – ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့၌ ဝါကပ်ခြင်း။
2: rainy retreat (vassa) starting on the first waning day of Waagaung–month.

ဝါဆို။ ဝါတွင်း ၃ လ

Buddhist lent time, rainy retreat of 3 months
(aroung August to November).

ဝါဆို သင်္ကန်း။ ဝါဆို ပန်း

Robes/flowers for the monks, offering at the beginning of the Buddhist lent time.

ဝါဏိဇ္ဇ

Trade, commerce.

ဝါတွင်း

Period of Buddhist lent.

ဝါတွင်းကာလ၌ ရဟန်းတော်များ ၇ ရက်ကြာ ဝါပန်သွားနိုင်သော အကြောင်း ၃ ပါး

(တုံ ၃ တုံ = ဝါတွင်းကာလ၌ ရဟန်းတော်များ ၇ ရက်ကြာ ဝါပန်သွားနိုင်သော အကြောင်း ၃ ပါး _ရှု)

ဝါတွင်း ဝါပ

The months inside/outside the Buddhist lent.

ဝါထွက်။ ဝါကျွတ်

End of Buddhist lent.

ဝါဒ

View, spectulation, ism.

ဝါဒ ၂ မျိုး

Two views, believes:
၁။ သဿတ ဝါဒ
1: Eternalism,
၂။ ဥစ္ဆေဒ ဝါဒ။
2: nihilism.

ဝါဒ ၃ မျိုး

Three views/beliefs:
၁။ ဣဿရ နိမ္မာန ဝါဒ = ဖန်ဆင်းရှင်ကို လက်ခံယုံကြည်သော ဝါဒ
1: Creationism,
၂။ ပုဗ္ဗေကတ ဟေတု ဝါဒ = ဖြစ်သမျှသည် ရှေးအတိတ်ပြုခဲ့သည့် အကျိုးဆက်ချည်းဟု ယုံကြည်သော ဝါဒ
2: pre–destinationism/determinism/fatalism,
၃။ အဟေတုက အပစ္စယ ဝါဒ = အကြောင်းအကျိုး မရှိဟုခံယူသော ဝါဒ။
3: nihilism.

ဝါဒကွဲပြား အခြေခံများ

(ဘုရားဟောနှင့် ပတ်သက်ပြီး) (ကိန္တိသုတ်။ ဥပရိပဏ္ဏာသပါဠိ)
The cases of different views about the dhamma:
၁။ အနက်အဓိပ္ပါယ်ထူး ပါဠိသဒ္ဒါထူး အခြေခံကာ အယူဝါဒ ကွဲပြားမှု
1: Differences about both the meaning and the phrasing,
၂။ အနက်အဓိပ္ပါယ်ထူး၏ ပါဠိသဒ္ဒါတူညီမှုကို အခြေခံကာ အယူဝါဒ ကွဲပြားမှု
2: differences about the meaning but not the phrasing,
၃။ အနက်အဓိပ္ပါယ်တူညီ၏ ပါဠိသဒ္ဒါထူးမှုကို အခြေခံကာ အယူဝါဒ ကွဲပြားမှု
3: differences about not the meaning but the phrasing,
၄။ အနက်အဓိပ္ပါယ်ရော ပါဠိသဒ္ဒါပါ တူပါလျှက် အယူဝါဒ ကွဲပြားမှု။
4: No difference about both the meaning and the phrasing.

ဝါဒီ

Person who subscribes to a certain doctrine/view/faith.

ဝါနု

Junior, relatively inexperienced.

ဝါပ

The months outside the Buddhist lent.

ဝါပန်

Ask for special leave, at most seven days, during the Buddhist lent–time (for monks).

ဝါပန်သွားနိုင်သော အကြောင်း ၃ ပါး

(တုံ ၃ တုံ = ဝါတွင်းကာလ၌ ရဟန်းတော်များ ၇ ရက်ကြာ ဝါပန်သွားနိုင်သော အကြောင်း ၃ ပါး _ရှု)

ဝါယမ

Effort.

ဝါယော

Air, mobility.

ဝါယော ကသိုဏ်း

Wind–device.

ဝါယော ဓာတ်

Wind/air element.

ဝါရ မိတ္တု ရက်

Unlucky day.

ဝါရင့်

Senior, experienced.

ဝါဝင်

Beginning of Buddhist lent.

ဝါသနာ

Habit, habit–energy, propensity, natural bent, hobby, interest.

ဝါသနာ ဘာဂီ

Daily habbit/interest.

ဝါဦး

Early part of the Buddhist lent.

ဝိကတိ ကံ

Indirect object (grammar).

ဝိကပ္ပနာ

သင်္ကန်းစွန့်ခြင်း
Ritual setting aside of robe(s) (for monks).

ဝိကာလ ဘောဇန

Untimely meal, the meal from midday to the next morning dawn.

ဝိဂြိုဟ်

Explanation of words.

ဝိစာရ

Sustained application, discursive thinking.

ဝိစိကိစ္ဆာ

Sceptical doubt, indecision of mind.

ဝိဇ္ဇာ (စရဏ)

Knowledge, theory (practice).

ဝိဇ္ဇာ ၃ ပါး

Three kinds of knowledge:
၁။ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ် = ရှေးရှေးဘဝများကို ပြန်လည် အမှတ်ရနိုင်သော ဉာဏ်
1: Pubbe–nivāsa–nissati – recollection of previous lives,
၂ ဒိဗ္ဗစက္ခု ဉာဏ် = နတ်မျက်စိ (မြင်လိုရာကို မြင်နိုင်သော) ဉာဏ်
2: dibba–cakkhu – divine eyes,
၃။ အာသဝက္ခယ ဉာဏ် = အာသဝေါတရား ကုန်ခမ်းခြင်း ဉာဏ်။
3: āsavakkhaya – extinguishing of all mental intoxicants.

ဝိဇ္ဇာ ၈ ပါး

Eight kinds of knowledge:
၁။ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ် = ရှေးရှေးဘဝများကို ပြန်လည် အမှတ်ရ နိုင်သော ဉာဏ်
1: Pubbe–nivāsa–nissati ñāṇa – recollection of previous lives, remembrance of former existences/lives,
၂ ဒိဗ္ဗစက္ခု ဉာဏ် = နတ်မျက်စိ (မြင်လိုရာကို မြင်နိုင်သော) ဉာဏ်
2: dibba–cakkhu ñāṇa – divine eyes,
၃။ အာသဝက္ခယ ဉာဏ် = အာသဝေါတရား ကုန်ခမ်းခြင်း ဉာဏ်
3: āsavakkhaya ñāṇa – extinguishing of all mental intoxicants, extinction of all cankers/fluxes,
၄။ ဝိပဿနာ ဉာဏ် = ရုပ်နာမ် ဖြစ်ပျက် ရှုမှတ် ဉာဏ်
4: vipassanā ñāṇa – insight knowledge,
၅။ စေတောပရိယ ဉာဏ် = သူတပါးတို့၏ စိတ်အကြံကို သိနိုင်သော ဉာဏ်
5: cetopariya ñāṇa – reading others’ mind,
၆။ မနောမယိဒ္ဓိ ဉာဏ် = စိတ်ကို ပိုင်နိုင်သော ဉာဏ်
6: manomayiddhi ñāṇa – mastering one’s own mind,
၇။ ဒိဗ္ဗ သောတ ဉာဏ် = နတ်နား (ကြားလိုရာ ကြားနိုင်သော) ဉာဏ်
7: divvasota ñāṇa – divine ears,
၈။ ဣဒ္ဓိဝိဓ ဉာဏ် = တန်ခိုး ဖန်ဆင်း နိုင်သော ဉာဏ်။
8: iddhividha ñāṇa – magical power.

ဝိဇ္ဇာ စသည်တို့၏ အကြောင်းရင်းများ

Cause/nutriment/conditionality of insight/wisdom etc.:
၁။ ဝိဇ္ဇာ ဝိမုတ္တိ၏ အကြောင်းရင်းကား ဗောဇ္စျင် ခုနှစ်ပါး _ရှု
1: The causes/nutriments of wisdom and deliverance are the seven factors of enlightenment.
၂။ ဗောဇ္စျင် ခုနှစ်ပါး၏ အကြောင်းရင်းကား သတိပဋ္ဌာန် လေးပါး _ရှု
2: The causes/nutriments of the seven factors of enlightenment are the four foundations of mindfulness.
၃။ သတိပဋ္ဌာန် လေးပါး၏ အကြောင်းရင်းကား သုစရိုက် သုံးပါး _ရှု
3: The causes/nutriments of the four foundations of mindfulness are the three good actions.
၄။ သုစရိုက် သုံးပါး၏ အကြောင်းရင်းကား ဣန္ဒြေကို စောင့်စည်းခြင်း
4: The cause/nutriment of the three good actions is guarding the sense–doors.
၅။ ဣန္ဒြေကို စောင့်စည်းခြင်း၏ အကြောင်းရင်းကား ဆင်ခြင်သတိ
5: The cause/nutriment of the guarding the sense–doors is the mindfulness.
၆။ ဆင်ခြင်သတိ၏ အကြောင်းရင်းကား သင့်လျှော်စွာ နှလုံးသွင်းခြင်း
6: The cause/nutriment of the mindfulness is the right attitude.
၇။ သင့်လျှော်စွာ နှလုံးသွင်းခြင်း၏ အကြောင်းရင်းကား ယုံကြည်မှု သဒ္ဓါ
7: The cause/nutriment of the right attitude is faith.
၈။ ယုံကြည်မှု သဒ္ဓါ၏ အကြောင်းရင်းကား သူတော်ကောင်းတရား နာကြားမှု
8: The cause/nutriment of the faith is listening to the good/virtuous dhamma.
၉။ သူတော်ကောင်းတရား နာကြားမှု၏ အကြောင်းရင်းကား သူတော်ကောင်းတို့အား ဆည်းကပ်မှုတည်း။
9: The cause/nutriment of the listening to the good/virtuous dhamma is association with wise/virtuous.

ဝိဉာဉ်။ ဝိဉာဏ်

Consciousness, mind, soul, self, ego.

ဝိဉာဉ်။ ဝိဉာဏ် ၆ ပါး

Six kinds of consciousness:
၁။ စက္ခု ဝိဉာဉ်
1: Eye–consciousness,
၂။ သောတ ဝိဉာဉ်
2: ear–consciousness,
၃၊ ဃာန ဝိဉာဉ်
3: nose–consciousness,
၄။ ဇိဝှါ ဝိဉာဉ်
4: tongue–consciousness,
၅။ ကာယ ဝိဉာဉ်
5: body–consciousness,
၆။ မနော ဝိဉာဉ်။
6: mind–consciousness.

ဝိညာဏ်သိ

(ပညာသိ ဝိညာဏ်သိ သညာသိ တို့၏ ထူးပုံ ဥပမာ _ရှု)

ဝိညာဏ ကာယ

(သတ္တာဝါသ ဘုံကိုးဝ _ရှု)

ဝိညာဏ ကိစ္စ

စိတ်၏ လုပ်ဆောင်ချက်များ
Functions of consciousness.

ဝိညာဏ ကိစ္စ = စိတ်၏ လုပ်ဆောင်ချက်များ ၁၄ ပါး

(စိတ်၏ ကိစ္စ ၁၄ ချက်နှင့် အတူတူဖြစ်သည် )
Fourteen functions of consciousness:
၁။ ပဋိသန္ဓိ
1: Rebirth,
၂။ ဘဝင်္ဂ – ဘဝင်
2: subconsciousness,
၃။ အာဝဇ္ဇန
3: advertence,
၄။ ဒသန
4: seeing,
၅။ သဝန
5: hearing,
၆။ ဃာယန
6: smelling,
၇။ သာယန
7: tasting,
၈။ ဖုသန
8: touching,
၉။ သမ္ပဋိစ္ဆန
9: receiving,
၁ဝ။ သန္တီရဏ
10: investigating,
၁၁။ ဝုဋ္ဌော
11: determining,
၁၂။ ဇော
12: impulsion, javana (mind–moment),
၁၃။ တဒါရုဏ်
13: registering,
၁၄။ စုတိ။
14: dying.

ဝိတက်

(ဝိတက္က)
Thought–conception, initial application.

ဝိတက် ၃ မျိုး

(ကုသိုလ်)
Three kinds of initial application (wholesome):
၁။ နေက္ခမ – ထွက်မြောက်လိုခြင် ဝိတက်
1: Renunciation–thought,
၂။ အဗျာပါဒ – မပြစ်မှားခြင်း ဝိတက်
2: loving–kindness–thought,
၃။ အဝိဟိံသ – မနှိပ်စက်လိုခြင်း ဝိတက်။
3: non–violence–thought.

ဝိတက် ၃ မျိုး

(အကုသိုလ်)
Three kinds of initial application (unwholesome):
၁။ ကာမ ဝိတက်
1: Thought based upon sensual pleasure,
၂။ ဗျာပါဒ ဝိတက်
2: upon hatred/ill–will/anger to kill others,
၃။ ဝိဟိံသ ဝိတက်။
3: upon violence to make others harmful.

ဝိတက် ၉ မျိုး

Nine kinds of initial application, of thinking:
၁။ ကာမ ဝိတက် = ငါးပါးအာရုံ ကာမဂုဏ်တရားများကို ကြံစည်ခြင်း
1: Thinking about sensual pleasure,
၂။ ဉာတိ ဝိတက် = ဆွေမျိုးသားချင်းများအကြောင်းကို် ကြံစည်ခြင်း
2: about relatives,
၃။ ဇနပဒ ဝိတက် = တိုင်းရေးပြည်ရေး နိုင်ငံရေးကို် ကြံစည်ခြင်း
3: about country/city/village, on politics,
၄။ အမရဏ ဝိတက် = မသေဘို့ရန်နည်းလမ်းကို ကြံစည်ခြင်း
4: about how not to die,
၅။ အနဝညာတ ဝိတက် = မထေမဲ့မြင်ပြုရန် ကြံစည်ခြင်း
5: about disrespect.
၆။ လာဘ ဝိတက် = ပစ္စည်းဥစ္စာ လာဘ်လာဘ နှင့် ပတ်သက်ပြီး ကြံစည်ခြင်း
6: about gaining wealth,
၇။ သက္ကာယ ဝိတက် = ပူဇော်မှု ဂုဏ်ပြု လေးစားမှုများကို ကြံစည်ခြင်း
7: about honor,
၈။ ကိတ္တိ ဝိတက် = ကျော်ကြား ထင်ရှား နာမည်ကြီးမှုကို ကြံစည်ခြင်း
8: about fame,
၉။ ဂေဟဿိတ ဝိတက် = မိသာစုအရေး အိမ်မှုကိစ္စအကြောင်းများကို ကြံစည်ခြင်း။
9: about family.

ဝိတက် (အကြံအစည်) ဖြစ်ပေါ်လာခြင်း အဆင့်ဆင့်

(ယင်းကို ပယ်ပျောက်အောင် ကျင့်ရာ၌)
(ဝိတက္ကသဏ္ဌာနသုတ်။ မူလပဏ္ဏာသ။ မဇ္စျိမနိကာယပါဠိ)
Successive removal of distracting thoughts:
၁။ ဝိတက်ဖြစ်ပေါ်လာကြောင်း နိမိတ်အာရုံ
1: Signs that make distracting thoughts,
၂။ ဝိတက်၏ အပြစ်အနာအဆာကိုမြင်ခြင်း
2: dangers of those thoughts,
၃။ ဝိတက်ကို သတိမထား နှလုံးမသွင်းခြင်း
3: forgetting/no attention those thoughts,
၄။ ဝိတက် ဖြစ်ပျက်နေပုံ ပုံသဏ္ဌာန် တစ်ခုတည်းကို အာရုံပြုခြင်း
4: bringing them into singleness and concentrating on it,
၅။ ဝိတက်ကို ဖိနှိပ် ဖျစ်ညှစ် ပင်ပန်းစေခြင်း။
5: beating it down with teeth clenched.

ဝိဓာ

ထောင်လွှားမှု မာန ၃ ပါး
Three kinds of conceit/discrimination:
၁။ သေယျောဟမသ္မီတိ ဝိဓာ – ငါ သူ့ထက်မြတ်၏ သာ၏ ဟူသောမာန
1: The discrimination, “I am superior,”
၂။ သဒိသောဟမသ္မီတိ ဝိဓာ – ငါလဲ သူလိုပဲ ဘာအရေးစိုက်ရမှာလဲ ဟူသောမာန
2: the discrimination, “I am equal,”
၃။ ဟီနောဟမသ္မီတိ ဝိဓာ – ငါသူလိုမဟုတ်လဲ ဘာအရေးစိုက်ရမှာလဲ ဟူသောမာန။
3: the discrimination, “I am inferior”.

ဝိဓူရ ဇာတ်

ဇာတ်တော်ကြီး ၁ဝ ဖွဲ့၌ နဝမမြောက်ဇာတ်။ ပညာပါရမီကို ကိုယ်စားပြုသော ဇာတ်တော်ဖြစ်သည်။
Vidhūra Jātaka: The nineth birth–story of the ten great jātakas. It embodies the ‘perfection of wisdom’.

ဝိနည်း

Rules and regulation, monastic rules/disciplines, code
of discipline, Buddhist monastic code.

ဝိနည်း ၅ ကျမ်း

Five books of the Basket of Discipline:
၁။ ပါရာဇိက ပါဠိ _ရှု
1: The Book of Defeat,
၂။ ပါစိတ္တိယ ပါဠိ _ရှု
2: the Book of Confession,
၃။ မဟာဝဂ္ဂ ပါဠိ _ရှု
3: the Book of Great Chapter/Grouping,
၄။ စူဠဝဂ္ဂ ပါဠိ _ရှု
4: the Book of Lesser Chapter/Grouping,
၅။ ပရိဝါရ ပါဠိ _ရှု
5: the Book of Appendix.

ဝိနည်းကံ ပညတ်ချက်များ

(ဝိနယပေယျာလ။ ဒုကနိပါတ။ အင်္ဂုတ္တရပါဠိ)
Legal actions (vinaya–kamma) prescribed by the Lord Buddha for monks:
၁။ ပါတိမောက်
1: The Pātimokkha (rules and regulations for monks),
၂။ ပါတိမောက်ပြခြင်း
2: the recitation of the Pātimokkha,
၃။ ပါတိမောက်ရပ်ဆိုင်းထားခြင်း
3: the suspension of the Pātimokkha,
၄။ ပဝါရဏာ
4: the invitation ceremony,
၅။ ပဝါရဏာရပ်ဆိုင်းထားခြင်း
5: the suspension of the invitation ceremony,
၆။ တဇ္ဇနီယကံ
6: the legal act of censure,
၇။ နိဿယကံ
7: the legal act of dependence,
၈။ ပဗ္ဗာဇနိယကံ
8: the legal act of banishment,
၉။ ပဋိသာရဏီယကံ
9: the legal act of reconciliation,
၁ဝ။ ဥက္ခေပနီယကံ
10: the legal act of suspension,
၁၁။ ပရိဝါသ်ပေးခြင်း
11: the imposition of probation,
၁၂။ အရင်းသို့ပြန်ငင်ခြင်း
12: sending back to the beginning,
၁၃။ မာနတ်ပေးခြင်း
13: the imposition of penance,
၁၄။ အဗ္ဘာန်သွင်းခြင်း
14: rehabilitation,
၁၅။ သံဃာဘောင်သို့ သွင်းခြင်း
15: reinstatement,
၁၆။ သံဃာဘောင်မှ ထုတ်ခြင်း
16: removal,
၁၇။ ရဟန်းခံခြင်း
17: full ordination,
၁၈။ ဉ တ္တိ ကံ
18: a legal act that consists in a motion,
၁၉။ ဉ တ္တိ ဒုတိယကံ
19: a legal act that includes a motion as the second,
၂ဝ။ ဉ တ္တိ စတုတ္ထကံ
20: a legal act that includes a motion as the fourth,
၂၁။ မပညတ်သေးသည်ကို ပညတ်ခြင်း
21: prescribing a rule(s) when none had been prescribed before,
၂၂။ ပညတ်ပြီးသည်ကို တဖန်ပညတ်ခြင်း
22: adding an amendent a rule(s) already prescribed,
၂၃။ သမ္မုခါ ဝိနည်း – မျက်နှာချင်းဆိုင် ဆုံတွေ့ ဖြေရှင်းခြင်း
23: removal of litigation by confrontation,
၂၄။ သတိ – အာပတ်ကျူးလွန်ခဲ့သည်ကို သတိမရတော့သော ရဟန်းအား သတိပေး ဖြေရှင်းခြင်း
24: removal of litigation on account of memory,
၂၅။ အမူဠှ – အာပတ်ကျူးလွန်ခဲ့သည်ကို တွေဝေမေ့လျှော့နေသော ရဟန်းအား သတိပေး ဖြေရှင်းခြင်း
25: removal of litigation on account of past insanity,
၂၆။ ပဋိညာ – ဝန်ခံချက်ဖြင့် ဖြေရှင်းခြင်း
26: the effecting of acknowledgement of an offence,
၂၇။ ယေဘုယျသိကာ – အများသဘောတူ ဖြေရှင်းခြင်း
27: the opinion of the majority,
၂၈။ တဿ ပါပိယာသိကာ – ရဟန်းယုတ်အား ပြုအပ်သော ဝိနည်းကံအတိုင်း ဖြေရှင်းခြင်း
28: the pronouncement of bad character against someone,
၂၉။ တိဏဝတ္ထာရက – မစင်ကို မျက်ဖုံးသကဲ့သို့ မှန်မှန်မှားမှား အားလုံးကို ဖုံးကွယ်ပြစ်ကာ ဖြေရှင်းခြင်း။
29: covering over with grass (the litigation is completely dismissed no matter it is right or wrong).

ဝိနည်းငယ် ၄ စောင်

Four Small Texts of Discipline (vinaya):
၁။ ဘိက္ခု ပါတိမောက် = ရဟန်းယောက်ျားများ လိုက်နာကျင့်ကြံရမည့် ၂၂၇ သွယ်သော သိက္ခာပုဒ်များ
1: Bhikkhu Pātimokkha: 227 rules (sikkhāpada) for male monks,
၂။ ဘိက္ခုနီ ပါတိမောက်= ရဟန်းမိန်းမများ လိုက်နာကျင့်ကြံရမည့် ၃၃၂ သွယ်သော သိက္ခာပုဒ်များ
2: Bhikkhunī Pātimokkha: 311 rules (sikkhāpada) for female monks,
၃။ ခုဒ္ဒ သိက္ခာ = ဝိနည်းကျင့်ဝတ် ကံများနှင့် ပတ်သက်ပြီး အကျဉ်းချုပ် ဂါထာများနှင့် ရှင်းပြထားသောကျမ်း
3: Khudda Sikkhā: Regulation and legal actions in verses,
၄။ မူလ သိက္ခာ = အာပတ် ၇ ပုံ _ရှု ကို လိုရင်းတိုရှင်း ဂါထာများနှင့် ရှင်းပြထားသော ကျမ်း။
4: Mūla Sikkhā: Summary of the seven divisions of rules in verses.

ဝိနည်းဓိုရ်၏ အင်္ဂါ ၇ ပါး

Seven qualities of an expert in the discipline (vinaya):
၁။ အာပတ်သင့်သည်ကို သိခြင်း
1: knowing what is an offense,
၂။ အာပတ်မသင့်သည်ကို သိခြင်း
2: knowing what is not an offense,
၃။ သေးငယ်သော အာပတ်ကို သိခြင်း
3: knowing what is a light offense,
၄။ ကြီးလေးသော အာပတ်ကို သိခြင်း
4: knowing what is a grave offense,
၅။ ကိုယ်ကျင့်သီလ ပါတိမောက္ခသံဝရ ရှိခြင်း (ဝါ) ဥဘတောဝိဘင်းကို ကျွမ်းကျင်လိမ်မာခြင်း (ဝါ) ဝိနည်းကျင့်ဝတ်၌ အမြဲတည်ခြင်း
5: being virtuous or mastering well in both pātimokkha (discipilines for both monks and nuns) or being firm in the discipline,
၆။ စျာန်လေးပါးရခြင်း
6: gaining the four jhānas,
၇။ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ခြင်း။
7: being an arahant with direct knowledge.

ဝိနည်းဓိုရ်၏ အင်္ဂါ ၇ ပါး

(တနည်း)
More seven qualities of an expert in the discipline (vinaya): နံပါတ် ၁။
၂။
၃။
၄။ အထက်ပါတို့နှင့် အတူတူ Nos. 1, 2, 3, and 4 are as above.
၅။ ပုဗ္ဗေနိဝါသာနုဿတိ – ရှေးဘဝများကို အောင့်မေ့နိုင်သောဉာဏ်ကိုရခြင်း
5: having knowledge to recollecte his past lives,
၆။ ဒိဗ္ဗစက္ခု – နတ်မျက်စိကို ရခြင်း
6: gaining the divine eyes,
၇။ အာသဝက္ခယ – အာသဝေါတရား ကုန်ခမ်းခြင်း။
7: destruction of the taints (i.e., arahant).

ဝိနည်းနှင့်မညီသော ပစ္စည်းလေးပါး ရှာမှီးခြင်း

(အနေသန – မအပ်စပ်သော ဝိနည်းနှင့်မညီသော ပစ္စည်းလေးပါး ရှာမှီးခြင်း _ရှု)

ဝိနည်းရှောင်

Circumvent the rules.

ဝိနည်းလွတ်

Free from the certain rules.

ဝိနည်းသိက္ခာပုဒ် ပညတ်တော်မူခြင်း အကြောင်းများ

(ဝိနယပေယျာလ။ ဒုကနိပါတ။ အင်္ဂုတ္တရပါဠိ)
The reasons that Lord Buddha had prescribed the training rules (vinaya) for His disciples:
၁။ သံဃာ၏ ကောင်းကျိုး ရရန်
1: For the well–being of monks (saṃgha),
၂။ သံဃာချမ်းသာစွာနေထိုင်ရန်
2: for the ease of monks,
၃။ သီလမရှိသူတို့အား နှိမ်နှင်းရန်
3: for checking the bad monks,
၄။ သီလရှိသူများ ချမ်းသာရန်
4: for supporting the well–behaved monks,
၅။ မျက်မှောက် ဖြစ်နေသော အာသဝေါတရားများ ပိတ်ပင်တားဆီးရန်
5: for the restraint of present taints,
၆။ အနာဂတ်မှာ ဖြစ်လာမည့် အာသဝေါတရားများကို တားမြစ်ရန်
6: for the dispelling of future taints,
၇။ မျက်မှောက် ရန်များ ပိတ်ပင်တားဆီးရန်
7: for the restraint of present enmities,
၈။ အနာဂတ် ရန်များ တားမြစ်ရန်
8: for the dispelling of future enmities
၉။ မျက်မှောက် အပြစ်များ ပိတ်ပင်တားဆီးရန်
9: for the restraint of present faults,
၁ဝ။ အနာဂတ် အပြစ်များ တားမြစ်ရန်
10: for the dispelling of future faults,
၁၁။ မျက်မှောက် ဘေးများ ပိတ်ပင်တားဆီးရန်
11: for the restraint of present perils,
၁၂။ အနာဂတ် ဘေးများ တားမြစ်ရန်
12: for the dispelling of future perils,
၁၃။ မျက်မှောက် အကုသိုလ်များပိတ်ပင်တားဆီးရန်
13: for the restraint of present unwholesome deeds,
၁၄။ အနာဂတ် အကုသိုလ်များ တားမြစ်ရန်
14: for the dispelling of future unwholesome deeds,
၁၅။ လူတို့အား အစဉ်သနားရန်
15: out of compassion for lay people,
၁၆။ အလိုဆိုးရှိသော ရဟန်းအသင်းအပင်းများကို ဖျက်ဆီးရန်
16: for the stopping of monks with evil desires,
၁၇။ မကြည်ညိုသေးသောသူများအား ကြည်ညိုလာစေရန်
17: for gaining faith of those who are faithless,
၁၈။ ကြည်ညိုပြီးသူများ တိုးပြီး ကြည်ညိုလာရန်
18: for incresing faith of those who are faithfull,
၁၉။ သာသနာတော် ကြာရှည်တည်တန့်ရန်
19: for the continuation of Buddha’s teaching (sāsanā),
၂ဝ။ ဝိနည်းသိက္ခာပုဒ်များကို ချီးမြှောက်ရန်။
20: for promoting the discipline (vinaya).

ဝိနည်းသိက္ခာပုဒ်များ ပညတ်တော်မူရာ ၇ ဌာန

(= နိဒါန်း ၇ မျိုး)
Seven places where Lord Buddha proclaimed the vinaya rules:
၁။ ဝေသာလီမြို့
1: Gity of Vesālī,
၂။ ရာဇဂြိုဟ်မြို့
2: of Rājagaha,
၃။ သာဝတ္ထိမြို့
3: of Sāvatthi,
၄။ အာဠဝီမြို့
4: of Āḷavī,
၅။ ကောသမ္ဗီမြို့
5: of Kosambī,
၆။ သက္ကတိုင်း
6: Region of Sakka,
၇။ ဘဂ္ဂတိုင်း။
7: Region of Bhagga.

ဝိနည်းသိက္ခာပုဒ်များ များလွန်း၍ (

ထိုစဉ်က သိက္ခာပုဒ် ၁၅ဝ ကျော်သာရှိသေးသည်) မကျင့်နိုင်ပါဟု လျှောက်ထားလာသော ဝဇ္ဇီတိုင်းသား ရဟန်းတစ်ပါးအား ဘုရားရှင်မိန့်ကြားချက်
(ဝဇ္ဇီပုတ္တကသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
အဓိသီလ အဓိသီလ အဓိပညာ သိက္ခာ ၃ ပါးကိုသာကျင့်ရန် မိန့်တော်မူသည်။
Lord Buddha told a Vajjī monk to practice/follow in three trainings instead of over 150 vinaya–rules of the monks (Then, there were just 150 rules.), that is higher virtue, higher concentration and higher wisdom.

ဝိနယ ဓရ။ ဝိနည်း ဓိုရ်

One who memorizes/masters in Vinaya Piṭaka.

ဝိနာဘာဝ

Separation after death.

ဝိနိစ္ဆယ

Judgement, decision.

ဝိပ္ပတ္တိ (ပျက်စီးခြင်း) တရား ၃ ပါး

Three faluires:
၁။ ကမ္မန္တ ဝိပ္ပတ္တိ – ကိုယ်ကျင့်တရား ပျက်စီးခြင်း
1: Failure in actions, i.e., no morality,
၂။ အာဇီဝ ဝိပ္ပတ္တိ – အသက်မွေးဝမ်းကျောင်းမှု ပျက်စီးခြင်း
2: failure in livelihood, i.e., wrong livelihood,
၃။ ဒိဋ္ဌိ ဝိပ္ပတ္တိ – အယူမှားခြင်း။
3: failure in view, i.e., wrong view.

ဝိပ္ပတ္တိ (ပျက်စီးခြင်း) တရား ၄ ပါး

Four faluires:
၁။ ဂတိ ဝိပ္ပတ္တိ – အပါယ်လေးပါး၌ ဖြစ်ရခြင်း
1: Born in the four woeful states,
၂။ ဥပဓိ ဝိပ္ပတ္တိ – ခန္ဓာကိုယ် ချွတ်ယွင်းခြင်း
2: deformed/disable persons,
၃။ ကာလ ဝိပ္ပတ္တိ – ခေတ်ပျက် (ဝါ) မင်းဆိုးမင်းညစ်အောက်၌ ဖြစ်ရခြင်း
3: the time of evil king/government.
၄။ ပယောဂ ဝိပ္ပတ္တိ – မကောင်းမှုဖြင့် အသက်မွေးခြင်း။
4: wrong livelihood.

ဝိပလ္လာသ (ဖေါက်လွဲဖေါက်ပြန် မြင်ခြင်း ) ၄ ပါး

Four perversions:
၁။ အနိစ္စကို နိစ္စ ဟုရှုမြင်ခြင်း
1: Impermanance as permanence,
၂။ ဒုက္ခကို သုခ ဟုရှုမြင်ခြင်း
2: suffering as happiness,
၃။ အနတ္တကို အတ္တ ဟုရှုမြင်ခြင်း
3: no–self as self,
၄။ အသုဘကို သုဘ ဟုရှုမြင်ခြင်း
4: foulness as foullessness.

ဝိပဿနာ

အဖန်ဖန်ရှုမှတ်ခြင်း (ရုပ်နာမ်တရားတို့၏ မမြဲ ဆင်းရဲ အစိုးမရခြင်းသဘောတို့ကို ဉာဏ်ဖြင့်မြင်အောင် အဖန်ဖန်ရှုမှတ်ခြင်း)
Insight/discerning meditation.

ဝိပဿနာ ဉာဏ်

Insight/discerning knowledge.

ဝိပဿနာ ဉာဏ် ၁ဝ ပါး

Ten categories of insight knowledge:
၁။ သမ္မသန ဉာဏ် = သုံးသပ်ဆင်ခြင် နိုင်သောဉာဏ် (သမ္မသနာနုပဿနာဉာဏ်)
1: Knowledge of comprehension,
၂။ ဥဒယဗ္ဗယ ဉာဏ် = အဖြစ်အပျက်ကို သိမြင်သောဉာဏ် (ဥဒယဗ္ဗယာနုပဿနာဉာဏ်)
2: of rise and fall,
၃။ ဘင်္ဂ ဉာဏ် = သင်္ခါရတရားတို့၏ အပျက်ကို သိသောဉာဏ် (ဘင်္ဂါနုပဿနာဉာဏ်)
3: of the dissolution of formation,
၄။ ဘယ ဉာဏ် = ကြောက်လန့်သောဉာဏ် (ဘယတုပဋ္ဌာနဉာဏ်)
4: of fear of formation,
၅။ အာဒီနဝ ဉာဏ် = သင်္ခါရတရားတို့၏ အပြစ်ကိုမြင်သောဉာဏ် (အာဒီနဝါနုပဿနာဉာဏ်)
5: of danger of formation,
၆။ နိဗ္ဗိဒါ ဉာဏ် = သင်္ခါရတရားတို့ကို ငြီးငွေ့သောဉာဏ် (နိဗ္ဗိဒါနုပဿနာဉာဏ်)
6: of disenchantment,
၇။ မုစ္စိတု ကမျတာ ဉာဏ် = သင်္ခါရမှ လွတ်မြောက်လိုသောဉာဏ်
7: of desire for deliverance,
၈။ ပဋိသင်္ခါ ဉာဏ် = ဆင်ခြင်သောဉာဏ် (ပဋိသင်္ခါနုပဿနာဉာဏ်)
8: of reflecting contemplation,
၉။ သင်္ခါရုပေက္ခာ ဉာဏ် = သင်္ခါရတရားတို့ကို လျစ်လျူရှုသောဉာဏ်
9: of equanimity towards formation,
၁ဝ။ အနုလောမ ဉာဏ် = မဂ် ဖိုလ်အား လျှော်ကန်သင့်မြတ်လာသောဉာဏ် (သစ္စာနုလောမိကဉာဏ်)
10: of conformity.

ဝိပဿနာ ဉာဏ်ကြီး (မဟာ) ၁၈ ပါး

Eighteen kinds of great insight knowledge:
၁။ အနိစ္စာနုပဿနာ
1: Contemplation of inpermanence,
၂။ ဒုက္ခာနုပဿနာ
2: of suffering,
၃။ အနတ္တာနုပဿနာ
3: of no–self,
၄။ နိဗ္ဗိဒါနုပဿနာ
4: of aversion,
၅။ ဝိရာဂါနုပဿနာ
5: of detachment,
၆။ နိရောဓာနုပဿနာ
6: of extinction,
၇။ ပဋိနိသဂ္ဂါနုပဿနာ
7: of abandoning,
၈။ ခယာနုပဿနာ
8: of waning,
၉။ ဝယာနုပဿနာ
9: of vanishing,
၁ဝ။ ဝိပရိဏာမာနုပဿနာ
10: of change,
၁၁။ အနိမိတ္တာနုပဿနာ
11: of the unconditioned,
၁၂။ အပဏိဟိတာနုပဿနာ
12: of desirelessness,
၁၃။ သုညတာနုပဿနာ
13: of emptiness,
၁၄။ အဓိပညာ ဓမ္မ ဝိပဿနာ
14: insight into phenomena which is higher wisdom,
၁၅။ ယထာဘူတဉာဏဒဿနာ
15: knowledge and vision to reality,
၁၆။ အာဒီနဝါနုပဿနာ
16: contemplation of misery,
၁၇။ ပဋိသင်္ခါနုပဿနာ
17: reflecting contemplation,
၁၈။ ဝိဝဋ္ဋာနုပဿနာ။
18: contemplation of turning away.

ဝိပဿနာ ညစ်ညူးကြောင်း

ဥပက္ကိလေသတရား – ၁ဝ ပါး
Ten imperfections of insight meditation (vipassanā):
၁။ သြဘာသ = အရောင်အလင်းဖြစ်ပေါ်လာခြင်း
1: Illumination,
(ဝိပဿနာတရားအားထုတ်မှု၏ အစွမ်းကြောင့် ယောဂီ၏ သန္တာန်၌ အရောင်အလင်းစသည်များ ဖြစ်ပေါ် လာနိုင်ပါသည်။ ထိုအရောင်အလင်းစသော အောက်ပါတရားများ သိမြင်ခံစားရသည်ကို မဂ်ဖိုလ် ရပြီဟု ထင်မြင်လာတတ်ပါသည်။ ထိုတရားသဘောများသည် ဝိပဿနာတရားအားထုတ်မှုကို အနှောက်အယှက် ပေး ညစ်ညူးစေတတ်သောကြောင့် ဝိပဿနုပက္ကိလေသ = ဝိပဿနာ ညစ်ညူးကြောင်းတရားများဟု ခေါ်ဆို ခြင်း ဖြစ်ပါသည် )
(There happen ‘illumination’ etc. to the vipassanā practitioner because of meditational power. He or she wrongly think that they are path and fruition
(magga and phala). They hinder him or her to go on meditation.
Thus, they make the practitioner imperfect.)
၂။ ဉာဏ = ရုပ်နာမ် ဉာဏ်အမြင် ထင်လာခြင်း
2: knowledge,
၃။ ပီတိ = နှစ်သက်မှု များလာခြင်း
3: rapturous happiness,
၄။ ပဿဒ္ဓိ = ငြိမ်းချမ်းအေးမြလာခြင်း
4: tranquility/serenity,
၅။ သုခ = ချမ်းသာဓာတ်ကြီးလာခြင်း
5: bliss/pleasure,
၆။ အဓိမောက္ခ = ကြည်ညိုမှု အားကောင်းလာခြင်း
6: resolution,
၇။ ပဂ္ဂဟ = အားထုတ်ကြိုးစားမှု ခိုင်မြဲလာခြင်း
7: exertion,
၈။ ဥပဋ္ဌာန = ခိုင်မာသော နှလုံးသွင်းဆင်ခြင်မှု ရှိလာခြင်း
8: assurance,
၉။ ဥပေက္ခာ = လျစ်လျူရှုမှု အားကောင်းလာခြင်း
9: equanimity,
၁ဝ။ နိကန္တိ = အထက်ပါဖြစ်ပေါ်လာသောတရားများကို နှစ်သက်စွဲလမ်းခြင်း။
10: attachment.

ဝိပဿနာ တရားအားထုတ်နည်း ၄ ပါး

(သတိပဋ္ဌာန် ၄ ပါး _ရှု)

ဝိပဿနာ အကျိုး ၇ ပါး

(သတိ ပဋ္ဌာန်အကျိူး ရ ပါး _ရှု)

ဝိပ္ပတ္တိ

ပျက်စီးခြင်း တရား
Misfortune, Aberration, deviation, failure.

ဝိပ္ပတ္တိ တရား ၄ ပါး

Four Misfortunes:
၁။ ကာလ ဝိပ္ပတ္တိ = ခေတ်ပျက်ခြင်း
1: Misfortune of the historical period,
၂။ ဥပဓိ ဝိပ္ပတ္တိ = ရုပ်အင်္ဂါ ပျက်စီး ချို့တဲ့ခြင်း
2: misfortune of the physical basis,
၃။ ပယောဂ ဝိပ္ပတ္တိ = လုပ်ဆောင်မှု မှားယွင်းခြင်း
3: misfortune of the activity,
၄။ ဂတိ ဝိပ္ပတ္တိ = လားရာဂတိ ပျက်စီးဆိုးဝါးခြင်း။
4: misfortune of the realm of rebirth.

ဝိပ္ပလ္လာသ

ဖေါက်ပြန်ခြင်း
Perversion.

ဝိပ္ပလ္လာသ ၃ မျိုး

Three kinds of Perversions:
၁။ သညာ ဝိပ္ပလ္လာသ = အမှတ်သညာ မှားယွင်း ဖေါက်ပြန်ခြင်း
1: Perversion of conception,
၂။ စိတ္တ ဝိပ္ပလ္လာသ = စိတ်နောက် ဖေါက်ပြန်ခြင်း
2: perversion of consciousness,
၃။ ဒိဋ္ဌိ ဝိပ္ပလ္လာသ = အယူမှားယွင်း ဖေါက်ပြန်ခြင်း။
3: perversion of view.

ဝိပ္ပလ္လာသ ၄ မျိုး

(ဖေါက်ပြန်မှားယွင်းသောအမြင်)
Four kinds of perversion:
၁။ မမြဲသည်ကို မြဲ၏ဟု ဖေါက်ပြန်ကာ မြင်ခြင်း
1: Impermanent as permanent,
၂။ ဆင်းရဲကို ချမ်းသာဟု ဖေါက်ပြန်ကာ မြင်ခြင်း
2: pain as happiness,
၃။ အနတ္တကို အတ္တဟု ဖေါက်ပြန်ကာ မြင်ခြင်း
3: anatta as atta,
၄။ အသုဘကို သုဘဟု ဖေါက်ပြန်ကာ မြင်ခြင်း။
4: ugly/impure as pretty/pure.

ဝိပါက် (ဝိပါက)

အကျိုးတရား
Fruit, result, resultant, retribution, effect.

ဝိပါက်တော်

ဘုရားရှင် ပစ္စုပ္ပန်ဘဝ၌ ဝဋ်ကျွေးပါလာခြင်း – ၁၂ ပါး (အပဒါနပါဠိ)
(ဝဋ် = ကိုယ်ပြုသောကံက ကိုယ့်ထံ တဖန်ပြန်လည်လာခြင်း)
Tewlve kinds of retribution of Lord Buddha:
၁။ အရက်သမားများ၏ အဆဲအရေးကို ခံရခြင်း
1: Being abused by many drunkards,
၂။ စိဉ္စမာနမိန်းမ၏ အစွပ်အစွဲကို ခံရခြင်း
2: being accused of Ciñcamānavikā,
၃။ သုန္ဒရီပရိဗိုဇ်မ၏ အစွပ်အစွဲကို ခံရခြင်း
3: being accused of Sundarī,
၄။ ကျောက်မောင်းဆင်၍ လှိမ့်ချခံရခြင်း
4: being plotted by rolling stone,
၅။ လေးသမားတို့ကို ဒေဝဒတ်ကစေလွှတ်ပြီး အသတ်ခိုင်းခြင်း
5: being plotted to be killed by archers,
၆။ နာဠာဂီရိဆင်ဖြင့် အတိုက် အနင်း ခိုင်းခံရခြင်း
6: being seemingly attacked by Nāḷāgīri, a fierce elephant,
၇။ သမားတော်ဇီဝက က ခြေမတော် ခွဲစိပ်ကုသသည်ကို ခံရခြင်း
7: His toe being cut by Jīvaka the physican,
၈။ ဦးခေါင်းခဲ ဝေဒနာခံစားရခြင်း
8: feeling headache,
၉။ ဝေရဥ္ဇာပြည် ငတ်မွတ်ခေါင်းပါစဉ် မုယောဆွမ်းကိုသာ ဝါတွင်းသုံးလဘုဉ်းပေးရခြင်း
9: eating rough rice for three months at Verañja region,
၁ဝ။ ခါးကိုက်ရောဂါ ခံစားရခြင်း
10: feeling backache,
၁၁။ သွေးဝမ်းသွန်ရောဂါ ခံစားရခြင်း
11: feeling diarrher,
၁၂။ ဒုက္ကရစရိယ ၆ နှစ်ကြာကျင့်ရခြင်း။
12: practicing self–torture meditation for six years.

ဝိပါက ဝဋ်

Consequence of one’s past deeds.

ဝိဘင်္ဂ ပါဠိ

ဝိဘင်္ဂ၏ အဓိပ္ပါယ် မှာ ‘ခွဲခြမ်းဝေဘန်ခြင်း’ ဖြစ်သည်။ ဤကျမ်း၌ သဘာဝဓမ္မများကို အခန်း ၁၈ ခုခွဲပြီး သုတ္တန်နည်း အဘိဓမ္မာနည်းတို့ဖြင့် ဝေဘန်တင်ပြထားသည်။ အဘိဓမ္မပိဋက၏ ဒုတိယကျမ်းစာ ဖြစ်သည်။
Vibhaṅga: Vibhaṅga means ‘analysis’. In this text, the dhammas are analyzed under sutta–method and abhidhamma–method. It is the second book of the ‘Abhidhamma Piṭaka’.

ဝိဘဇ္ဇ ဝါဒ

Analytical/discriminating doctrine.

ဝိဘတ်

Prepositions, suffix, to indicate subject, object etc. (grammar).

ဝိဘတ်သွယ်

Systematical line of suffixes from subjective to locative prepositions (grammar).

ဝိဘဝ တဏှာ

ဘဝကင်းမှု၌ တပ်မက်ခြင်း
Craving for non–existence.

ဝိဘဝ ဒိဋ္ဌိ

ဥစ္ဆေဒ ဒိဋ္ဌိ
Annihilation–belief.

ဝိမာနဝတ္ထု ပါဠိ

– နတ်ဗိမာန် ပုံဝတ္ထုများ ဟု အဓိပ္ပါယ်ရှိသည်။ ခုဒ္ဒကနိကာယ် အဝင်အပါ ဆဋ္ဌမ မြောက်ကျမ်းစာ ဖြစ်သည်။ ပုံဝတ္ထုပေါင်း ၈၅ ခုပါဝင်ပြီး ကဏ္ဍ ၇ ခုဖြင့် ခွဲခြားထားသည်။ ကုသိုလ်အကျိုးပြဝတ္ထုများ ဖြစ်ကြသည်။
Vimāna vatthu: Meaning, ‘the Stories of Mansion’; It is the sixth book of ‘the Minor Doscourses’. Eighty–five stories are described under 7 chapters in it.
These stories illustrate the results of meritious deeds.

ဝိမုတ္တိ

လွတ်မြောက်ခြင်း
Deliverance, liberation from thirst.

ဝိမုတ္တိ ၂ ပါး

Two kinds of deliverance:
၁။ စေတော ဝိမုတ္တိ = စိတ်ဖြင့် လွတ်မြောက်ခြင်း
1: Deliverance of mind,
၂။ ဉာဏဝိမုတ္တိ = ဉာဏ်ဖြင့် လွတ်မြောက်ခြင်း။
2: deliverance through wisdom.

ဝိမုတ္တိ ၅ ပါး

(ပဟာန ၅ ပါး _ရှု)

ဝိမောက္ခ

Liberation, deliverance.

ဝိမောက္ခ ၃ မျိုး

Three kinds of deliverance:
၁။ သာမိသာ ဝိမောက္ခ – ရူပစျာန် လွတ်မြောက်မှု
1: carnal (form) deliverance,
၂။ နိရာမိသာ ဝိမောက္ခ – အရူပစျာန် လွတ်မြောက်မှု
2: spiritual (formless) deliverance,
၃။ နိရာမိသာ နိရာမိသတရာဝိမောက္ခ – ရဟန္တာ၏ ရာဂစသည်ကင်းသော လွတ်မြောက်မှု။
3: deliverance of arahant due to the destruction of lust, anger etc.

ဝိမောက္ခ ၈ ပါး

Eight kinds of liberation:
၁။ ရူပီ ရူပါနိ ပဿတိ = ရုပ်ရှိပြီး ရုပ်များကို မြင်၏
1: Possessing form, one sees forms,
၂။ အဇ္စျတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ = မိမိသဏ္ဌန်မှာ ရုပ်မရှိဟု မှတ်ယူပြီး ပြင်ပရုပ်များကို မြင်၏
2: not perceiving material forms in oneself, one sees them outside,
၃။ သုဘန္တေဝ အဓိမုတ္တော ဟောတိ = တင့်တယ်ကောင်းမွန်ပေသည် ဟု မှတ်ယူပြီး လွတ်မြောက်မှု ဖြစ်၏
3: thinking: “it is beautiful” one becomes intent on it; one enters,
၄။ အနန္တော အာကာသောတိ အာကာသာနဌာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ = အာကာသာနဌာယတန စျာန်ကို ဆိုက်ရောက်ပြီး နေ၏
4: the sphere of infinite space,
၅။ အနန္တံ ဝိညာဏန္တိ ဝိညာဏဌာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ = ဝိညာဏဌာယတန စျာန်ကို ဆိုက်ရောက်ပြီး နေ၏
5: the sphere of infinite consciousness,
၆။ နတ္ထိ ကိဌီတိ အာကိဌညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ = အာကိဌညာယတန စျာန်ကို ဆိုက်ရောက်ပြီး နေ၏
6: the sphere of non–thingness,
၇။ နေဝသညာနာသညာယတန စျာန်ကို ဆိုက်ရောက်ပြီး နေ၏
7: the sphere of neither–perception–nor–non–perception,
၈။ သညာဝေဒယိတ နိရောဓ ကို ဆိုက်ရောက်ပြီး နေ၏။
8: the cessation of perception and feeling.

ဝိရတီ

ရှောင်ကြဉ်ခြင်း
Abstention, avoidance.

ဝိရတီ ၃ ပါး

Three kinds of abstention:
၁။ သမာဒါန ဝိရတီ = ဆောက်တည်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း
1: Abstention from evil through precepts observed,
၂။ သမ္ပတ္တ ဝိရတီ = မဆောက်တည်သော်လည်း ရောက်လာသော မကောင်းမှုကို ရှောင်ကြဉ်ခြင်း
2: normal/natural abstention from evil,
၃။ သမုစ္ဆေဒ ဝိရတီ = မဂ်ဖြင့် ပယ်သတ်ပြီး၍ မကောင်းမှုကို လုံးဝ ရှောင်ကြဉ်ခြင်း။
3: total abstention from evil through path–insight (Magga–Ñāna).

ဝိရတီ စေတသိက် ၃ ပါး

Three mental properties of refraining:
၁။ သမ္မာ ဝါစာ = အပြောမှန်ခြင်း
1: Right speech, i.e., abstaining from wrong speech,
၂။ သမ္မာ ကမ္မန္တ = အပြုမှန်ခြင်း
2: right action/conduct, i.e., abstaining from wrong act,
၃။ သမ္မာ အာဇီဝ = အသက်မွေးဝမ်းကြောင်းမှု မှန်ခြင်း။
3: right livelihood/occupation, i.e., abstaining from wrong livelihood.

ဝိရောဓိ

Law of contradiction, antipathy.

ဝိဝါဒ

Controversy, dispute.

ဝိဝါဒ မူလ (ရန်ဖြစ်ကြောင်း) တရား ၆ ပါး

Six roots of quarrel/dispute/contention:
၁။ ကောဓန။ ဥပနာဟ = ဒေါသထား။ ရန်ငြိုးဖွဲ့ခြင်း
1: Anger and ill–will,
၂။ မက္ခ။ ပဠာသ = ကျေးဇူးကန်း။ အန်တု ပြိုင်ဘက်ပြုခြင်း (ဂုဏ်ပြိုင်ခြင်း)
2: no–gratitude and maliciousness,
၃။ ဣဿာ။ မစ္ဆရိယ = မနာလို ဝန်တို။ နှမျောခြင်း
3: envy and mean,
၄။ သာဌ။ မာယာ = စဉ်းလဲ။ မာယာများခြင်း
4: cunning and deceit,
၅။ ပါပိစ္ဆ။ မိစ္ဆာ ဒိဋ္ဌိ = အလိုဆိုး။ အယူမှား ရှိခြင်း
5: evil desire and wrong view,
၆။ သန္ဒိဋ္ဌိ ပရာမာသ။ အာဓာနဂ္ဂဟ။ ဒုပ္ပဋိနိဿဂ္ဂ = မိမိ အယူကိုသာ သုံးစွဲ ခံယူ ခိုင်မြဲ စွန့်နိုင်ခဲခြင်း။
6: addicting one’s view and hard to give it up.

ဝိဝါဟ မင်္ဂလာ

Bridge–given–away marriage ceremony.

ဝိဝေက

ဆိပ်ငြိမ်မှု
Detachment, aloofness.

ဝိဝေက ၃ ပါး

Three kinds of solitude/seclusion:
၁။ ကာယဝိဝေက – ကိုယ်ခန္ဓာ ငြိမ်းချမ်းခြင်း
1: Solitude of the body,
၂။ စိတ္တဝိဝေက – စိတ် ငြိမ်းချမ်းခြင်း
2: of mind,
၃။ ဥပဓိဝိဝေက – ကိလေသာအစိုင်အခဲမှကင်းဝေး ငြိမ်းချမ်းခြင်း (နိဗ္ဗာန်)။
3: cessation of substratum of being, away from mental impurities.

ဝိဝေကသုခ

ဆိပ်ငြိမ်မှုချမ်းသာ Happiness of detachment/aloofness.

ဝိသကြုံ (နတ်သား)

Constructor–deity who serves sakka, the king of devas (deities).

ဝိသမ

Uneven, unbalance.

ဝိသမ လောဘ

Avarice, enormous greed.

ဝိသာခါ ကျောင်းအမကြီး

– ပါဠိပိဋကတ် ၌ အထင်ရှားဆုံးသော ကျောင်းအမ အမျိုးသမီးဖြစ်သည်။ မိမိ၏ လက်ဝတ်ရတနာများကို ရောင်းချပြီး ဘုရားရှင်နှင့် သံဃာတော်တို့အား သာဝတ္ထိမြို့ အရှေ့ဘက်တွင်
ပုဗ္ဗရုံကျောင်း ဆောက်လုပ်လှူဒါန်းသည်။ သားသမီး ၂ဝ။ မြေး ၄ဝဝ။ မြစ် ၈ဝဝဝ ရှိသည်ဟုဆိုသည်။ အားလုံး သားသမီး မြေး စသည်တို့မှာ ယောက်ျား မိန်းမ တဝက်စီ အညီအမျှ ဖြစ်သည်။
Visākhā: She is the most famous devotee–lady in Pāḷi Scripture. She sold her jewelry and by using money from it, she built a monastery called Pubbā–rāma (Eastern Monastery) to the east of Sāvatthi City, for Lord Buddha and His order of monks. It is said that she had 20 kids, 400 grand–kids and 8,000 great–grand– kids, all half males and half females.

ဝိသာခါ ကျောင်းအမကြီး ရရှိသော ဆု ၈ ပါး

Eight privileges gained by Visākhā:
၁။ သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းခွင့်ရခြင်း
1: Lifelong privilege to donate rainy–season–robe to the Saṃgha,
၂။ ဧည့်သည် အာဂန္တု ရဟန်းတို့အား ဆွမ်း လှူဒါန်းခွင့်ရခြင်း
2: to offer food to visiting monks (bhikkhū),
၃။ ခရီးသွား ရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း
3: to offer food to travelling monks,
၄။ သူနာ ရဟန်းတို့အား ဆွမ်း လှူဒါန်းခွင့်ရခြင်း
4: to offer food to sich monks,
၅။ သူနာပြု ရဟန်းတို့အား ဆွမ်း လှူဒါန်းခွင့်ရခြင်း
5: to offer food to nusing monks,
၆။ သူနာ ရဟန်းတို့အား ဆေး လှူဒါန်းခွင့်ရခြင်း
6: to offer medicine to sick monks,
၇။ အမြဲ ယာဂုဆွမ်း လှူဒါန်းခွင့်ရခြင်း
7: to offer gruel (well–boiled rice) for breakfast,
၈။ ဘိက္ခုနီ ရဟန်းမတို့အား ရေသနုပ်သင်္ကန်း လှူဒါန်းခွင့်ရခြင်း။
8: to offer underwere–robe to nuns (bhikkhunī).

ဝိသာခါ ကျောင်းအမကြီးအား ခင်ပွန်းသည်နောက်လိုက်ခါနီး သူမ၏ဖခင်ကြီးက မှာလိုက်သော စကား ၁ဝ ခွန်း

(အနာထပိဏ်သူဌေးကြီးက သမီးဖြစ်သူ စူဠသုဘဒ္ဒါကို နည်းတူပင်မှာသည်)
Ten pieces of advice that Visākhā was given by her father just before she followed her husband’s house:
(Anāthapiṇḍika, a wealthy man, also gave the same advices to his daughter,
Cūḷasubhaddā, under the same situation.)
၁။ အိမ်တွင်းမီး အိမ်ပြင် မထုတ်ရ = အိမ်သားများ၏ အပြစ်ကို အပြင်အပြောရ
1: Not inside fire out: not telling the faults of insiders to outsiders,
၂။ အိမ်ပြင်မီး အိမ်တွင်း မသွင်းရ = အပြင်မှကြားလာသော အိမ်သားများ၏ အပြစ်ကို အိမ်သားများအား ပြန်မပြောရ
2: not outside fire in: not reporting the faults of insiders told by outsiders to insiders,
၃။ ပြန်ပေးသောသူအားသာ ပေးရမည် = ငှါးရမ်းပစ္စည်း ပြန်ပေးသူကိုသာ ထပ်ငှါးရမည်
3: giving only those who give back: lending those who return back,
၄။ ပြန်မပေးသောသူအား မပေးရ = ငှါးယမ်းပစ္စည်း ပြန်မပေးသူကို ထပ်မငှါးရ
4: not giving those who do not give back: not lending those who do not return back,
၅။ ပြန်ပေးပေး မပေးပေး ပေးရမည် = မရှိဆင်းရဲသား ဆွေမျိုးများအား ပေးရကမ်းရမည်
5: giving those who give back or not: giving poor relatives who give back or not,
၆။ ချမ်းသာစွာ နေထိုင်ရမည် = ယောက္ခမလင်သားတို့ကိုမြင်လျှင် ဦးစွာနေရာမှ ထရမည်
6: sitting well: at the sight of parents–in–law and husband, stand up if sitting,
၇။ ချမ်းသာစွာ စားရမည် = ယောက္ခမလင်သားတို့ထက် အရင်ဦးပြီး မစားရ
7: eating well: not eating before/ahead of parents–in–law and husband,
၈။ ချမ်းသာစွာ အိပ်ရမည် = ယောက္ခမလင်သားတို့နောက်မှ အိပ်ရမည်
8: sleeping well: not sleeping before parents–in–law and husband,
၉။ မီးကို ရိုသေစွာပြုစုလုပ်ကျွေးရမည် = ယောက္ခမလင်သားတို့ကို ရိုသေစွာ လုပ်ကျွေးရမည်
9: serving the fire: serving parents–in–law and husband,
၁ဝ။ အိမ်တွင်းနတ်တို့ကို ရှိခိုးရမည် = ယောက္ခမလင်သားတို့ကို ရှိခိုးရမည်။
10: worshipping the deities inside the house: worshipping parents–in–law and huabnd.

ဝိသုဒ္ဓိ

စင်ကြယ်ခြင်း Purification, purity.

ဝိသုဒ္ဓိ ၇ ပါး

Seven stages of purification:
၁။ သီလ ဝိသုဒ္ဓိ = ကိုယ်ကျင့်တရား စင်ကြယ်ခြင်း
1: Purification of morality/virtue,
၂။ စိတ္တ ဝိသုဒ္ဓိ = စိတ်စင်ကြယ်ခြင်း
2: purification of mind,
၃။ ဒိဋ္ဌိ ဝိသုဒ္ဓိ = အယူအမြင် စင်ကြယ်ခြင်း
3: purification of view,
၄။ ကင်္ခါ ဝိတရဏ ဝိသုဒ္ဓိ= ယုံမှားသံသယကို လွန်မြောက်ပြီး စင်ကြယ်ခြင်း
4: purification by overcoming doubt,
၅။ မဂ္ဂါမဂ္ဂ ဉာဏ ဒဿန ဝိသုဒ္ဓိ = လမ်းမှန် မမှန်ကို ပိုင်းခြားသိသောဉာဏ်စင်ကြယ်ခြင်း
5: purification by knowledge and vision of what is path and not–path,
၆။ ပဋိပဒါ ဉာဏ ဒဿန ဝိသုဒ္ဓိ = အရိယာမဂ် အကျင့် ၉ ပါးဟူသောဉာဏ်ကြယ်ခြင်း
6: purification by knowledge and vision of the path–progress,
၇။ ဉာဏ ဒဿန ဝိသုဒ္ဓိ = မဂ်ဉာဏ် ၄ ပါး၏ စင်ကြယ်ခြင်း။
7: purification of knowledge and vision.
ဝိသုဒ္ဓိ ၇ ပါးတို့သည် နိဗ္ဗာန်တည်းဟူသော ပန်းတိုင်သို့သွားရောက်ရာ၌ – မြင်းရထား ၇ စင်း တစ်စင်းပြီးတစ်စင်း အဆင့်ဆင့်စီးလျှက် နောက်ဆုံးခရီးပန်းတိုင်အရောက် သွားရသည်နှင့်တူကြောင်း ဥပမာ
(ရထဝိနီတသုတ်။ မူလပဏ္ဏာသ။ မဇ္စျိမနိကာယပါဠိ)
Seven stages of purification are the successive practices to attain Nibbāna, just as a person takes seven relay chariots one after another to reach his destination.
(Rathavinīta Sutta, Majjhima–nikāya).

ဝိသုဒ္ဓိ မဂ်

ပါဠိစာပေ၌ လွန်စွာထင်ရှားသောကျမ်းဖြစ်သည်။ ခရစ် ၅ ရာစုအဦး ၌ အရှင် မဟာဗုဒ္ဓဃောသ_ရှု စီစဉ်ပြုစုသော ကျမ်းဖြစ်သည်။ ပိဋက သုံးပုံ၏ အဆိုအမိန့်များ ဝေဝေဆာဆာဖြင့် ရေးသားထား သောကြောင့် ပါဠိ စွယ်စုံကျမ်း (ဝါ) ထေရဝါဒ စွယ်စုံကျမ်း ဟုပင် ခေါ်ကြသည်။ ဤ ကျမ်းကို ဦးဖေမောင်တင် (ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်) က The Path of Purity အမည်ဖြင့် အင်္ဂလိပ် ဘာသာ ပြန်ဆိုခဲ့ပြီး ၁၉၂၃ – ခုနှစ်၌ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဘိက္ခု ဉာဏမောဠိ ကလည်း The Path of Purification အမည်ဖြင့် ဘာသာပြန်ဆိုကာ ၁၉၅၆ ခု – ခုတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့သည်။
Visuddhi–magga (The Path of Purification): Very famous book in Pali Scriptures; it was compiled by Mahā Buddha–ghosa in the early 5th. century CE.
The Tipiṭaka (the Three Treatises of Basket) ideas are so lavishly used in this text that it is honorably known as ‘the Encyclopedia of Tipiṭaka or of Theravada Buddhism’. It was transalted into English by U Pe Maung Tin under the name of ‘the Path of Purity’ and published in 1923 (1st.). Bhikkhu Ñānamoḷi also translated it into Englinsh, ‘the Path of Purification’ by name, publidhed in 1956
(First edition).

ဝိသုဒ္ဓိ မဂ်ကျမ်းကြီး၌ ပါဝင်သော အခန်းကဏ္ဍ ၂၃ ခု

The twenty–three chapters in ‘the Path of Purification’:
၁။ သီလ နိဒ္ဒေသ – သီလ အဖွင့် အခန်းကဏ္ဍ
1: Discription/Exposition of Virtue,
၂။ ဓုတင်္ဂ နိဒ္ဒေသ – ဓုတင် အဖွင့် အခန်းကဏ္ဍ
2: of Ascetic Practices,
၃။ ကမ္မဋ္ဌာနဂ္ဂဟဏ နိဒ္ဒေသ – ကမ္မဋ္ဌာန်းယူခြင်း အဖွင့် အခန်းကဏ္ဍ
3: of Taking a Meditation Subject,
၄။ ပထဝီကသိဏ နိဒ္ဒေသ – ပထဝီကသိုဏ်း အဖွင့် အခန်းကဏ္ဍ
4: of the Earth Device,
၅။ သေသကသိဏ နိဒ္ဒေသ – ကြွင်းကျန်သောကသိုဏ်းများ အဖွင့် အခန်းကဏ္ဍ
5: of Remaining Divices,
၆။ အသုဘကမ္မဋ္ဌာန နိဒ္ဒေသ – အသုဘကမ္မဋ္ဌာန်း အဖွင့် အခန်းကဏ္ဍ
6: of Subject of Meditation on the Foulness,
၇။ ဆအနုဿတိ နိဒ္ဒေသ – အနုဿတိ ခြောက်ပါး အဖွင့် အခန်းကဏ္ဍ
7: of Subject of Meditation on the Six Recollections,
၈။ အနုဿတိ ကမ္မဋ္ဌာန နိဒ္ဒေသ – အနုဿတိကမ္မဋ္ဌာန်း အဖွင့် အခန်းကဏ္ဍ
8: of Subject of Meditation on the Recollection,
၉။ ဗြဟ္မဝိဟာရ နိဒ္ဒေသ – ဗြဟ္မဝိဟာရ အဖွင့် အခန်းကဏ္ဍ
9: of Divine Abidings,
၁ဝ။ အာရုပ္ပ နိဒ္ဒေသ – အရူပ အဖွင့် အခန်းကဏ္ဍ
10: of the Formless,
၁၁။ သမာဓိ နိဒ္ဒေသ – သမာဓိ အဖွင့် အခန်းကဏ္ဍ
11: of the Concentration,
၁၂။ ဣဒ္ဓိဝိဒ နိဒ္ဒေသ – တန်ခိုးဣဒ္ဓိ အဖွင့် အခန်းကဏ္ဍ
12: of Psychic Powers,
၁၃။ အဘိညာ နိဒ္ဒေသ – အသိဉာဏ်ထူး အဘိညာဉ် အဖွင့် အခန်းကဏ္ဍ
13: of Direct Knowledge,
၁၄။ ခန္ဓ နိဒ္ဒေသ – ခန္ဓာ အဖွင့် အခန်းကဏ္ဍ
14: of the Aggregates,
၁၅။ အာယတန ဓာတု နိဒ္ဒေသ – အာယတနနှင့် ဓာတ် အဖွင့် အခန်းကဏ္ဍ
15: of the Bases and Elements,
၁၆။ ဣန္ဒြိယ သစ္စ နိဒ္ဒေသ – ဣန္ဒြေနှင့် သစ္စာအဖွင့် အခန်းကဏ္ဍ
16: of the Faculties and Truths,
၁၇။ ပညာဘူမိ နိဒ္ဒေသ – ပညာအခြေခံ အဖွင့် အခန်းကဏ္ဍ
17: of the Soil/Ground in Which Understanding grows,
၁၈။ ဒိဋ္ဌိဝိသုဒ္ဓိ နိဒ္ဒေသ – အယူစင်ကြယ်ခြင်း အဖွင့် အခန်းကဏ္ဍ
18: of Purification of View,
၁၉။ ကင်္ခါဝိတရဏဝိသုဒ္ဓိ နိဒ္ဒေသ – ယုံမှားမှုကို လွန်မြောက်စင်ကြယ်ခြင်း အဖွင့် အခန်းကဏ္ဍ
19: of Purification by Overcoming Doube,
၂ဝ။ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ နိဒ္ဒေသ – လမ်းမှန်ဟုတ်သည် မဟုတ်သည် ၌ ဉာဏ်အမြင် စင်ကြယ်ခြင်း အဖွင့် အခန်းကဏ္ဍ
20: of Purification by Knowledge and Vision of What Is and What is Not Path,
၂၁။ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ နိဒ္ဒေသ – ကျင့်စဉ် ဉာဏ်အမြင် စင်ကြယ်ခြင်း အဖွင့် အခန်းကဏ္ဍ
21: of Purification by Knowledge and Vision of the Way,
၂၂။ ဉာဏဒဿန ဝိသုဒ္ဓိ နိဒ္ဒေသ – ဉာဏ်အမြင် စင်ကြယ်ခြင်း အဖွင့် အခန်းကဏ္ဍ
22: of Purification by Knowledge and Vision,
၂၃။ ပညာဘာဝနာနိသံသ နိဒ္ဒေသ – ပညာရှုပွါး အကျိုးများခြင်း အဖွင့် အခန်းကဏ္ဍ။
23: of Benefits of Developing Understanding. ဝိသုဒ္ဓိ မဂ်ကျမ်းကြီး ဖြစ်ပေါ်လာအောင် အခြေခံထား ဖွင့်ဆိုသော မူရင်း ဂါထာ
သီလေ ပတိဋ္ဌာယ နရော သပညော။ စိတ္တံ ပညဌ ဘာဝယံ
အာတာပီ နိပကော ဘိက္ခု။ သော ဣမံ ဝိဇဋယေ ဇဋံ၊
(ဇဋာသုတ်။ ဒေဝတာသံယုတ်။ သဂါထာဝဂ္ဂ သံယုတ္တပါဠိ)
ပဋိသန္ဓေ ပညာပါပြီး ကြိုးစားအားထုတ်ကာ ရင့်ကျက်သည့် အသိဉာဏ်ပြည့် သံသရာဘေးရှုလေ့ရှိသော သူသည် သီလ၌တည် သမာဓိပွါး ဝိပဿနာကြိုးစားအားထုတ်ပါက ဤရှူတ်ထွေးဖွဲ့ယှက်တတ်သော တဏှာကို ဖြေရှင်းနိုင်ရာ၏၊
The root verse of the Visuddhi–magga (The Path of Purification), upon which all interpretations in the text are based:
Sīle patiṭṭhāya naro sapañño , cittaṃ paññaṅca bhāvayaṃ ātāpī nipako bhikkhu , so imaṃ vijaṭaye jaṭaṃ.
(Jaṭā sutta, Saṃyutta nikāya,The Connected Discourses)
A monk who was born smart, works hard, is matured, is virtuous, develops calmness and insight meditation, can disentangle this tangle.

ဝိဟာရ

နေထိုင်ရာ။ခြင်း Building, monastery, abode, dwelling, abiding.

ဝိဟာရ ၃ ပါး

Three abodes/dwellings:
၁။ ဒိဗ္ဗ ဝိဟာရ – နတ် ကဲ့သို့နေထိုင်ခြင်း
1: The heavenly abode/dwelling,
၂။ ဗြဟ္မ ဝိဟာရ – ဗြဟ္မာကဲ့သို့နေထိုင်ခြင်း
2: the holy/divine abode/dwelling,
၃။ အရိယ ဝိဟာရ – အရိယာ ကဲ့သို့နေထိုင်ခြင်း။
3: the noble abode/dwelling.

ဝိဟာရ ၄ ပါး

(တနည်း)
More four dwellings:
၁။ ဒိဗ္ဗ ဝိဟာရ
1: Dwelling with mental absorption,
၂။ ဗြဟ္မ ဝိဟာရ
2: dwelling with the four sublime states,
၃။ အရိယ ဝိဟာရ
3: noble dwelling,
၃။ ဣရိယာပထ ဝိဟာရ။
4: dwelling with one of the four postures, i.e,
sitting, standing, walking and lying–down.

ဝီထိ

Process. path.

ဝီထိ ၃ မျိုး

နေသွားလမ်း
The three paths of the sun:
၁။ အန္တော ဝီထိ (အတွင်းလမ်း)
1: Inner ecliptic, the path of the sun at summer solstice,
၂။ မဇ္စျေ ဝီထိ (အလယ်လမ်း)
2: middle ecliptic, the path of the during equinoxes,
၃။ ဗာဟီရ ဝီထိ (အပြင်လမ်း)။
3: outer ecliptic, the path of the sun at winter solstice.

ဝီထိ စိတ်

Consciousness belonging to the cognitive prosess.

ဝီရိယ

Energy, manliness, heroism, virility.

ဝီရိယ နှင့်ပတ်သက်သော ဓုတင်

(ဓုတင် ၁၃ ပါး _ရှု)

ဝီရိယရှိခြင်း အကြောင်း

(အာရ ဗ္ဘဝတ္ထု) ၈ ပါး
Eight causes to be energetic:
၁။ ဧကန်ပြုလုပ်ရမည့် အလုပ်ကိစ္စများ မပြုလုပ်သေးမှီ အချိန်
1: The time/moment before a deed that must do,
၂။ အလုပ်ကိစ္စ ပြုပြီးချိန်
2: the time the deed is just done,
၃။ ဧကန်သွားရမည့်ခရီး မသွားမှီ အချိန်
3: the time/moment before a journey that must go,
၄။ သွားပြီး အချိန်
4: the time the journey is just finished,
၅။ စားသောက်ဖွယ်ရာများ မစားရသေးမှီ အချိန်
5: the time/moment before a meal,
၆။ စားသောက်ပြီးချိန်
6: the time the meal is just eaten,
၇။ ရောဂါကင်းနေသော အချိန်
7: the time of healthiness,
၈။ ရောဂါပျောက်ကင်းပြီးသော အချိန်။
8: the time after recovering from a disease.

ဝီရိယ၏ လက္ခဏာ အကြောင်းတရား ၁၁ ပါး

Eleven components of energy:
၁။ အပါယ်ဘေးကို ဆင်ခြင်ခြင်း
1: Reflection on the agony of realms of misery,
၂။ ဝီရိယ၏ အကျိုးကို ဆင်ခြင်ခြင်း
2: on effort,
၃။ သူတော်ကောင်းများသွားသောကျင့်သောလိုက်သင့်သောလမ်းစဉ်ဟု ဆင်ခြင်ခြင်း
3: on the path trod/walked by the virtuous,
၄။ တရားအားထုတ်ပြီး ပစ္စည်းလေးပါးကို ပူဇော်ခြင်း
4: honoring the four requisits by practicing dhamma,
၅။ သူတော်ကောင်းအမွေကို ခံယူရသည်ဟု ဆင်ခြင်ခြင်း
5: reflection on the noble heritage,
၆။ ဆရာဘုရားရှင်၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်း
6: on supremacy of Buddha, the teacher,
၇။ ဘုရားရှင်၏ သားတော်မြင့်မြတ်သူဖြစ်သည်ဟု မိမိကိုယ်ကို ဆင်ခြင်ခြင်း
7: on oneself as His descendent,
၈။ သီတင်းသုံးဘော်များ၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်း
8: on the nobility of one’s companions,
၉။ ပျင်းရိသောသူကို ရှောင်ကြဉ်ခြင်း
9: not association with the idle,
၁ဝ။ ဝီရိယရှိသူကို ပေါင်းသင်းခြင်း
10: association with the industrious,
၁၁။ ဣရိယာပုထ်တိုင်း၌ ဝီရိယဖြစ်ရန် စိတ်အားသန်ခြင်း။
11: enclination to develop energy in all postures.

ဝီသတိ နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ၁၅ ခုမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၂ဝ (ဝီသတိ)
ပုဒ်ခန့်ပါရှိသော ဇာတ်တော်များ ဖြစ်၍ ဝီသတိနိပါတ်ဟုခေါ်သည်။ ဇာတ်တော်ပေါင်း ၁၄ ပါဝင်သည်။
Vīsati–nipāta (Jātaka): This is the fifteenth chapter of the 550 Birth–stories:
each of them consists of about twenty verses, thus, twenty–verse–stories. There are 14 stories in this chapter.

ဝီသတိ နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်ရဋ္ဌပါလ အရှင်အင်္ဂုလိမာလ အရှင်အနုရုဒ္ဓါ စသော ရဟန္တာမထေရ် ၁ဝ ပါးတို့သည် ဂါထာနှစ်ဆယ်စီ ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်း ဖြစ်သည်။
Vīsati–nipāta (Theragāthā): This is a collection of joyous verses uttered by 10 male–monks (arahanta) such as Raṭṭhapāla, Aṅgulimāla and Anuruddā at the time of Lord Buddha. Each uttered twenty verses.

ဝီသတိ နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ အမ္ဗပါလီ ရဟန္တာ ထေရီမ သည် ဂါထာ နှစ်ဆယ် ဥဒါန်းကျူးရင့် တော်မူသည်ကို စုစည်းထားခြင်းဖြစ်သည်။
Vīsati–nipāta (Therīgāthā): This is a collection of joyous verses uttered by a female–monk (arahanta), Ambapālī by name, at the time of Lord Buddha.
She uttered twenty verses (vīsati).

ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်၏ ပရိယာယ်ပုဒ်များ

(ဝိသုဒ္ဓိမဂ်)
Eleven synonyms of the insight leading to emergence:
၁။ အတမ္မယတာ
1: Aloofness,
၂။ နိဗ္ဗိဒါ
2: dispassion,
၃။ ဓမ္မဋ္ဌိတိဉာဏ
3: knowledge of the relationship of states,
၄။ သညဂ္ဂံ
4: culmination of perception,
၅။ ပါရိသုဒ္ဓိပဓာနိယင်္ဂ
5: the principle factor of purity,
၆။ မုဌိတုကမျတာ
6: desire for deliverance,
၇။ ပဋိသင်္ခါနုပေက္ခာ
7: contemplation of reflexion,
၈။ သင်္ခါရုပေက္ခာ
8: equanimity about formations,
၉။ အနုလောမံ ဂေါတြဘုဿ
9: conformity to change–of–lineage,
၁ဝ။ အနုလောမံ ဝေါဒါနဿ
10: conformity to cleansing,
၁၁။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ။
11: purification by knowledge and vision of the way.

ဝုဋ္ဌာနဂါမိနီ ဝိပဿနာနှင့်ပတ်သက်ပြီး ဥပမာ ၁၂ မျိုး

(အကျယ်ကို ဝိသုဒ္ဓိမဂ်။ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ။
သင်္ခါရုပေက္ခာ ဉာဏကထာ အခန်း၌ ကြည့်ပါ)
Twelve similes regarding the insight leading to emergence (See ‘the Path of Purification’ in detail):
၁။ လင်းနို့ ဥပမာ
1: (The simile of) the bat,
၂။ ရေမြွေဟောက် ဥပမာ
2: of the black snake,
၃။ အိမ် ဥပမာ
3: of the house,
၄။ နွား ဥပမာ
4: of the oxen,
၅။ ဘီလူးမ ဥပမာ
5: of the ghoul,
၆။ သူငယ် ဥပမာ
6: of the child,
၇။ အစာငတ်မွတ်ခေါင်းပါးခြင်း ဥပမာ
7: of hunger,
၈။ ရေဆာလောင်မွတ်သိမ့်ခြင်း ဥပမာ
8: of thirst,
၉။ အချမ်း ဥပမာ
9: of cold,
၁ဝ။ အပူ ဥပမာ
10: of heat,
၁၁။ အမိုက်တိုက် ဥပမာ
11: of the darkness,
၁၂။ အဆိပ် ဥပမာ။
12: of the poison.

ဝုတ္တောဒယဆန်းကျမ်း

(ဆန်း – ဝုတ္တောဒယ – ကျမ်း _ရှု)

ဝုဒ္ဓိ (ကြီးပွါးခြင်း) ၃ ပါး

Three attainments/enhancements:
၁။ သဒ္ဓါ ဝုဒ္ဓိ
1: Enhancement of faith,
၂။ သီလ ဝုဒ္ဓိ
2: of virtues,
၃။ ပညာ ဝုဒ္ဓိ။
3: of wisdom.

ဝေဇယန္တာ ပြဿာဒ်

တာဝတိံသာရှိ သိကြားမင်း၏ ပြဿာဒ်ဖြစ်သည်။ အသူရာတို့ကို စစ်အောင်နိုင်ပြီး ဖန်ဆင်းသည်။ ထိုပြဿာဒ်သည် ဘုံဆောင် ၁ဝဝ ဆောင်ရှိ၏။ ထို တစ်ဆောင်စီ တစ်ဆောင်စီ ၌ အထွတ်ရှိသော အခန်း ရဝဝ စီရှိ၏။ အခန်းတိုင်း၌ နတ်သမီး ၇ ယောက်စီရှိ၏။ နတ်သမီး တယောက်စီ၌ အလုပ်အကျွေး ၇ ယောက်စီရှိ၏။ (စူဠတဏှာသင်္ခယသုတ်။ မူလပဏ္ဏာသပါဠိ)
Vejayantā Palace: This is a mansion at Tāvatiṃsā Heaven. It was built by Sakka, king of deities, after he had conquered the titans, his enemies. It has a hundred towers, each tower has seven hundred upper chambers, each upper chamber has seven nymphs, and each nymph has seven maids.
(Cūḷa–taṇhāsaṅkhaya Sutta, Majjhima–nikāya)

ဝေဒဂူမည်ခြင်း၏ အကြောင်းတရား ၇ ပါး

A person is called ‘Vedagū’ who knows thoroughly seven things:
၁။ သက္ကာယဒိဋ္ဌိ ကိုကောင်းစွာသိမြင်ခြင်း
1: Personal–existence view is thoroughly known;
၂။ ဝိစိကိစ္ဆာ ကိုကောင်းစွာသိမြင်ခြင်း
2: doubt is thoroughly known;
၃။ သီလဗ္ဗတမရာမာသ ကိုကောင်းစွာသိမြင်ခြင်း
3: wrong grasp of observances is thoroughly known;
၄။ ရာဂ ကိုကောင်းစွာသိမြင်ခြင်း
4: lust is thoroughly known;
၅။ ဒေါသ ကိုကောင်းစွာသိမြင်ခြင်း
5: hatred is thoroughly known;
၆။ မောဟ ကိုကောင်းစွာသိမြင်ခြင်း
6: delusion is thoroughly known;
၇။ မာန ကိုကောင်းစွာသိမြင်ခြင်း။
7: conceit is thoroughly known.

ဝေဒနာ

Feeling, sensation.

ဝေဒနာ ၃ ပါး

Three kinds of feeling:
၁။ သုခ ဝေဒနာ
1: Pleasant feeling, sensation
၂။ ဒုက္ခ ဝေဒနာ
2: unpleasant feeling, sensation
၃။ ဥပေက္ခာ ဝေဒနာ။
3: neutral/indifferent feeling, sensation.

ဝေဒနာ ၃ ပါးတို့၏ ပြိုင်ဘက်။ ဆန့်ကျင်ဘက်များ

Opposites of the three feelings:
၁။ သုခ ဝေဒနာသည် ဒုက္ခ ဝေဒနာ၏ ဆန့်ကျင်ဘက်
1: Pleasant feeling abandons/opposes unpleasant feeling;
၂။ ဒုက္ခ ဝေဒနာသည် သုခ ဝေဒနာ၏ ဆန့်ကျင်ဘက်
2: unpleasant feeling, pleasant feeling;
၃။ ဥပေက္ခာ ဝေဒနာသည် အဝိဇ္ဇာ၏ ဆန့်ကျင်ဘက်။
3: neutral/indifferent feeling, ignorance.

ဝေဒနာ ၃ ပါးတို့၏ သုခ နှင့် ဒုက္ခ

Pleasance and pain of three feelings:
၁။ သုခ ဝေဒနာသည် ဌိတိသုခ (တည်နေဆဲချမ်းသာ)။ ဝိပရိဏာမဒုက္ခ (ဖေါက်ပြန်သောဆင်းရဲ)
1: Pleasant feeling – pleasance when it persists, pain when it changes,
၂။ ဒုက္ခ ဝေဒနာသည် ဌိတိဒုက္ခ (တည်နေဆဲဆင်းရဲ)။ ဝိပရိဏာမသုခ (ဖေါက်ပြန်သောချမ်းသာ)
2: unpleasant feeling – pain when it persists, pleasance when it changes,
၃။ ဥပေက္ခာ ဝေဒနာသည် ဉာဏသုခ (သိမှုချမ်းသာ)။ အညာဏဒုက္ခ (မသိမှုဆင်းရဲ)။
3: neutral/indifferent feeling – pleasance when there is knowledge of it, pain when there is no knowledge of it.

ဝေဒနာ ၃ ပါးတို့၏ အနုသယ

Three underlying tendencies of feelings:
၁။ သုခ ဝေဒနာ – ရာဂါနုသယ ကိန်း၏
1: Lust underlies in pleasant feeling;
၂။ ဒုက္ခ ဝေဒနာ – ပဋိဃာနုသယ ကိန်း၏
2: aversion, in unpleasant feeling,
၃။ ဥပေက္ခာ ဝေဒနာ – အဝိဇ္ဇာနုသယ ကိန်း၏။
3: ignorance, in neutral/indifferent feeling.

ဝေဒနာ ၅ ပါး

(တနည်း)
Five kinds of feeling:
၁။ သုခ ဝေဒနာ
1: Happiness, bodily agreeable feeling,
၂။ ဒုက္ခ ဝေဒနာ
2: pain, bodily painful feeling,
၃။ သောမနဿ ဝေဒနာ
3: pleasant feeling, mentally agreeable feeling,
၄။ ဒေါမနဿ ဝေဒနာ
4: unpleasant feeling, mentally painful feeling,
၅။ ဥပေက္ခာ ဝေဒနာ။
5: neutral/indifferent feeling.

ဝေဒနာ ၆ ပါး

Six kinds of feeling:
၁။ စက္ခု သမ္ဖဿဇာ ဝေဒနာ
1: Feeling based on eye–contact,
၂။ သောတ သမ္ဖဿဇာ ဝေဒနာ
2: on ear–contact,
၃၊ ဃာန သမ္ဖဿဇာ ဝေဒနာ
3: on nose–contact,
၄။ ဇိဝှါ သမ္ဖဿဇာ ဝေဒနာ
4: on tongue–contact,
၅။ ကာယ သမ္ဖဿဇာ ဝေဒနာ
5: on body–contact,
၆။ မနော သမ္ဖဿဇာ ဝေဒနာ။
6: on mind–contact.

ဝေဒနာ ၁၈ ပါး

Eighteen kinds of feeling:
အထက်ပါ ဝေဒနာ ၆ ပါးတို့၌ တစ်ပါးတစ်ပါးစီတွင်
၁။ သောမနဿ
၂။ ဒေါမနဿ
၃။ ဥပေက္ခာ – ၃ ပါးစီ ပွါးသောကြောင့် ဝေဒနာ ၆ » ၃ = ၁၈ ပါးဖြစ်သည်။
Each of above six has:
1: pleasant,
2: unpleasant and
3: neutral – thus, 6 x 3 = 18 kinds of feeling.

ဝေဒနာ ၃၆ ပါး

Thirty–six kinds of feeling:
အထက်ပါဝေဒနာ ၁၈ ပါးတို့၌ သောမနဿ ဝေဒနာသည် (က) ကာမဂုဏ်ကိုမှီသော သောမနဿနှင့် (ခ) ကာမဂုဏ်မှထွက်မြောက်သော သောမနဿဟူ၍ နှစ်ပါး။ အလားတူ (က) ကာမဂုဏ်ကိုမှီသော ဒေါမနဿ နှင့် (ခ) ကာမဂုဏ်မှထွက်မြောက်သော ဒေါမနဿ (က) ကာမဂုဏ်ကိုမှီသော ဥပေက္ခာ နှင့် (ခ) ကာမဂုဏ် မှထွက် မြောက်သော ဥပေက္ခာ ဟူ၍ နှစ်ပါးစီ ထပ်ပွါးသောကြောင့် – ၁၈ » ၂ = ၃၆ ပါးဖြစ်သည်။
Each of the above eighteen has (1) feeling based household life and (2) feeling based on renunciation. Thus, 18 x 2 = 36 kinds of feeling.

ဝေဒနာ ၁ဝ၈ ပါး

One hundred and eight kinds of feeling:
အထက်ပါဝေဒနာ ၃၆ ပါး တို့မှာ အတိတ်ကာလမှာလည်း ၃၆။ ပစ္စုပ္ပန်ကာလမှာလည်း ၃၆။ အနာဂတ် ကာလမှာလည်း ၃၆ စီရှိကြသောကြောင့် – ၃၆ + ၃၆ + ၃၆ = ၁ဝ၈ ပါးဖြစ်သည်။
The above 36 kinds of feeling: in the past – 36, at the present – 36 and in the future – 38; thus, 36 + 36 + 36 = 108.

ဝေဒနာနုပဿနာ

Contemplation of feeling.

ဝေနေယျ

ကျွတ်ထိုက်သော – မဂ်ဖိုလ်ရနိုင်သော ပုဂ္ဂိုလ် သတ္တဝါ Persons who are able to attain enlightenment, the matured.

ဝေနေယျ ၂ မျိုး

Two kinds of person who are able to attain enlightenment:
၁။ ဗုဒ္ဓ ဝေနေယျ = ဘုရားရှင် ဟောပြသည်ကို ကြားနာကျင့်ကြံမှသာ ကျွတ်တမ်းဝင်နိုင်သူ
1: Person who can attain enlightenment through practice of the
Lord Buddha’s guidance,
၂။ သာဝက ဝေနေယျ = သာဝကများ ဟောပြသည်ကို ကြားနာကျင့်ကြံပြီး ကျွတ်တမ်းဝင်နိုင်သူ။
2: person who can attain enlightenment through the practice of guidance of Lord
Buddha’s disciples (sāvaka).

ဝေယျာဝစ္စ

Service to the Triple Gem (Buddha, Dhamma and Saṃgha)
and elderly persons.

ဝေယျာဝစ္စ ၃ မျိုး

Three kinds of service:
၁။ ဗုဒ္ဓ ဝေယျာဝစ္စ
1: The service to the Buddha,
၂။ ဓမ္မ ဝေယျာဝစ္စ
2: to the Dhamma,
၃။ သံဃ ဝေယျာဝစ္စ။
3: to the Saṃgha.

ဝေယျာဝစ္စ ကုသိုလ်

Merits gained through services.

ဝေယျာဝစ္စ အဖွဲ့

A certain religious group devoted to ‘merit–making’.

ဝေလာမပုဏ္ဏားကြီး၏ အလှူစာရင်း

(ဝေလာမသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
List of a great alms offering made by Velāma Brahmin:
၁။ ငွေပြည့်နေသော ရွှေခွက်ပေါင်း ၈၄ဝဝဝ
1: 84,000 golden bowls filled with silver,
၂။ ရွှေပြည့်နေသော ငွေခွက်ပေါင်း ၈၄ဝဝဝ
2: 84,000 silver bowls filled with gold,
၃။ ရတနာ ခုနှစ်ပါးနှင့်ပြည့်နေသော ကြေးခွက်ပေါင်း ၈၄ဝဝဝ
3: 84,000 bronze bowls filled with seven kinds of jewels,
၄။ ရတနာ ကကြိုးတန်ဆာဆင်မြန်းထားသော ဆင် ၈၄ဝဝဝ
4: 84,000 elephants with golden ornaments,
၅။ ရတနာကကြိုးတန်ဆာဆင်မြန်းထားသော ရထားအစင်း ၈၄ဝဝဝ
5: 84,000 chariots with golden ornaments,
၆။ နို့စားနွားမ ၈၄ဝဝဝ
6: 84,000 milk cows,
၇။ ရတနာများ ဝတ်စားဆင်ပြင်ထားသော ကညာပျို ၈၄ဝဝဝ
7: 84,000 maidens adorned with jewels,
၈။ ရတနာ ပလ္လင် ၈၄ဝဝဝ
8: 84,000 couches,
၉။ ပိုးချည် ဝါချည် အဝတ်၈၄ဝဝဝ
9: 84,000 kotis of cloths made of fine silk and cotton.
(စားသောက်ဖွယ်ရာများကား အတိုင်းအတာကိုလွန်၏)
(Food and drinks are beyond measure.)

ဝေဿန္တရ ဇာတ်

ဇာတ်တော်ကြီး ၁ဝ ဖွဲ့၌ ဒသမမြောက် နောက်ဆုံးဇာတ်။ ဒါနပါရမီ ကို အထူးပြု ဟောကြားသော ဇာတ်တော်ဖြစ်သည်။
Vessantara Jātaka – The tenth and the last birth–story of the ten great jātakas.
It emphasizes the ‘perfection of generosity’.

ဝေသာလီပြည်

ဘုရားရှင်လက်ထက်တော်က ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်သော တိုင်းပြည်ဖြစ်သည်။ မင်း ၇၇ဝ၇ ပါးတို့က အလှည့်ကျ အုပ်ချုပ်ကြသည်။
Vesālī: A city (country) governed by Democracy system at the time of Lord
uddha. There were 7707 princes (kings or representatives) who ruled it alternately.

ဝေသာလီပြည် ကပ်ဘေးကြီး ၃ ပါး

Three disasters in Vesālī:
၁။ ဒု ဗ္ဘိက္ခန္တရ ကပ်ဘေး = အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း
1: Lack of food, famine,
၂။ အမနုဿ ကပ်ဘေး = တစ္ဆေ ဘီလူး သူရဲများ ဝင်ရောက်ပူးဝင် နှိပ်စက်ခြင်း
2: danger of ogres, of ghosts, of spirits, of demons etc.,
၃။ ရောဂန္တရ ကပ်ဘေး = ကပ်ရောဂါများ ဖြစ်ပွါးခြင်း။
3: epidemic, disease.

ဝေါဒါန ၃ ပါး

(ဖြူစင်ခြင်း – ဝေါဒါန – ၃ ပါး _ရှု)

သက်တမ်းများ – လူ နတ်

(လူ့သက်တမ်းနတ်သက်တမ်း နှိုင်းယှဉ်ချက် _ရှု)

သင်္ကန်း

Robe, garment (for monks).

သင်္ကန်း ၃ ထည်

Three kinds of robe:
၁။ သင်းပိုင် (ခါးဝတ်သင်္ကန်း)
1: Lower robe,
၂။ ဧကစီ (အပေါ်ရုံ သင်္ကန်း)
2: upper robe,
၃။ ဒုကုဋ် (နှစ်ထပ် သင်္ကန်း)။
3: double–layer/extra robe.

သကဒါဂါမ်

Once–returner (into the human world),
One who have reached the second stage of path–knowledge.

သက္ကာယ ဒိဋ္ဌိ

Identity view, personality belief.

သင်္ကန်း

Robe, cloth for monks.

သင်္ကန်းကိုမှီ၍ ကင်းဆိတ်ခြင်း စီဝရ ပဝိဝေက

(ကင်းဆိတ်ခြင်း – ရောင့်ရဲခြင်း – ပဝိဝေက – ၃ မျိုး _ရှု)

သင်္ကန်း၌ ခေါင်းပါးခြင်း ၃ မျိုး

Three characters of an inferior robe:
၁။ ဝတ္ထ လူခ – အဝတ်စ ကြမ်းထမ်းညံ့ဖျင်းခြင်း
1: Inferior cloth,
၂။ သုတ္တ လူခ – သင်္ကန်းချုပ်အပ်ချည် ကြမ်းထမ်းညံ့ဖျင်းခြင်း
2: inferior thread.
၃။ ရဇန လူခ – သင်္ကန်းဆေးဆိုးရည် ညံ့ခြင်း။
3: inferior color.

သင်္ကန်း နှင့်ပတ်သက်သော ဓုတင်များ

(ဓုတင် ၁၃ ပါး _ရှု)

သင်္ကပ္ပ

အကြံအစည်
Intention, thought.

သကျမုနိ

Sage of the Sakya clan (Sakyamuni = Gotama).

သင်္ကြန်

New year water festival, the transisting period from the old to the new year.

သင်္ခတ

ပြုပြင်စီရင် ကျိုးကြောင်းတရားများ
The formed, all phenomena of existence originated or conditioned.

သင်္ခတ တရားတို့၏ လက္ခဏာ ၃ ပါး

Three characteristics of the conditioned:
၁။ ဥပ္ပါဒ – ဖြစ်ခြင်း
1: Arising/becoming,
၂။ ဌိတ – တည်နေခြင်း
2: existing,
၃။ ဝယ – ပျက်ခြင်း။
3: ending/falling away.
(အသင်္ခတ တရားတို့၏ လက္ခဏာ ၃ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Three characteristics of the unconditioned are opposite of the above.)

သင်္ခါရ

Formation, function, conditioned, volitional effort.

သင်္ခါရ ၃ မျိုး

Three kinds of formation:
၁။ ကာယ သင်္ခါရ – ထွက်သက် ဝင်သက်
1: Bodily formation – in–breathing and out–breathing,
၂။ ဝစီ သင်္ခါရ – ဝိတက် နှင့် ဝိစာရ ကြံစည် စိတ်ကူးခြင်း
2: verbal formation – applied thought and sustained thought
၃။ စိတ္တ သင်္ခါရ – သညာ နှင့် ဝေဒနာ။
3: mental formation – perception and feeling.

သင်္ခေပ

(သံခိပ် – သင်္ခေပ – _ရှု)

သင်းချိုင်း၏ အပြစ် ၅ ပါး

Five disadventages of a cemetery:
၁။ မစင်ကြယ်ခြင်း
1: Uncleanness,
၂။ အနံ့ မကောင်းခြင်း
2: evil–smell,
၃။ ဘေးအန္တရာယ်ရှိခြင်း
3: fear,
၄။ သူရဲ သဘက်တို့၏ နေရာဖြစ်ခြင်း
4: the haunt of non–human (ghost).
၅။ လူအများ ငိုကြွေး ပူဆွေးရာဖြစ်ခြင်း။
5: the place of many wailing.

သင်္ဂဟ

Friend, companion, well–support.

သင်္ဂဟတရား (မင်းများ၏ ချီးမြှောက်ခြင်း) ၄ ပါး

Four supporting things by the king:
၁။ သဿမေဓ = မြေခွန်တော် ၁ဝ ဘို့ ၁ ဘို့ ကောက်ခံခြင်း
1: Collecting land revenue, one tenth of crops harvested,
၂။ ပုရိသမေဓ = အမှုထမ်း သူရဲကောင်းများအား ဆုလာဘ်ပေးခြင်း
2: prices and awards distributed yearly,
၃။ သမ္မာပါသ = အမတော်ကြေး ပေးခြင်း (သုံးနှစ် အတိုးမဲ့)
3: loans without interest for three years,
၄။ ဝါစာပေယျ = ချစ်ဖွယ်စကား ပြောကြားခြင်း။
4: sweet talks.

သင်္ဂဟဝတ္ထု ၄ ပါး

Four ways of showing favor:
၁။ ဒါန – ပေးကမ်းခြင်း
1: Liberality, generosity,
၂။ ပေယျ ဝဇ္ဇ – ချစ်ဖွယ်စကား ဆိုခြင်း
2: kindly/pleasing speech,
၃။ အတ္ထ စရိယ – သူ့ အကျိုးစီးပွါးကို ကျင့်ခြင်း
3: beneficial actions/conduct,
၄။ သမာနတ္တတာ – ကိုယ်နှင့် တန်းတူထားခြင်း။
4: impartiality.

သဂါထာဝဂ္ဂ သံယုတ် (သံယုတ္တ) ပါဠိ

သံယုတ်ငါးကျမ်း၏ ပထမဆုံးဖြစ်သည်။ ဂါထာ အများစုပါဝင်သည်။
Sagāthāvagga Saṃyutta: “The group of discourses with verses”: the first book of the ‘Connected Discourses (Saṃyutta nikāya)’.

သင့်တင့်လျှောက်ပတ်သော နေရာအရပ် အင်္ဂါ ၆ ပါး

(ရိုသေထိုက်သူကို ချဉ်းကပ်ရာ)
A suitable location in approaching a respectful person:
၁။ မနီးလွန်းခြင်း
1: Not too near (to the person),
၂။ မဝေးလွန်းခြင်း
2: not too far,
၃။ လေညာ မဖြစ်ခြင်း
3: not above the wind–flow,
၄။ အမြင့်မှာ မဖြစ်ခြင်း
4: not higher than the respectful,
၅။ ရှေ့တည့်တည့်မှာ မဖြစ်ခြင်း
5: not direct front,
၆။ နောက်တည့်တည့်မှာ မဖြစ်ခြင်း။
6: not direct back.

သင်္ဂါယနာ။ သင်္ဂ ီတိ

Buddhist council/synod, group–chant.

သင်္ဂါယနာ။ သင်္ဂ ီတိ ၆ တန်

(ထေရဝါဒ)
အကြိမ် သာသနာနှစ် တိုင်းပြည် မြို့ သံဃာတော် နာယကထေရ် ဒါယကာ
ပထမ ၁ အိန္ဒိယ။ ရာဇဂြိုဟ် ၅ဝဝ မဟာကဿပ အဇာတသတ်မင်း
ဒုတိယ ၁ဝဝ ဝေသာလီ ရဝဝ မဟာ ယသ ကာလာသောကမင်း တတိယ ၂၃၅ ပါဋလိပုတ် ၁ဝဝဝ မောဂ္ဂလိပုတ္တတိဿ အသောကမင်း
စတုတ္ထ ၄၅ဝ သီဟိုဠ်။ မလယ ၅ဝဝ ဓမ္မရက္ခိတ ဒုဋ္ဌ ဂါမဏိ မင်း
ပဉ္စမ ၂၄၁၅ မြန်မာ ။ မန္တလေး ၂၄ဝဝ ရှင်ဇာဂရ မင်းတုန်းမင်း
ဆဋ္ဌမ ၂၄၉၈ မြန်မာ ။ ရန်ကုန် ၂၅ဝဝ ရှင်ရေဝတ ဦးနု (ဝန်ကြီးချုပ်)
(မှတ်ချက်။ ။ သာသနာနှစ် ၁ ခု သည် ခရစ် ၅၄၄ ခု ဖြစ်ပါသည်)
The Six Great Buddhist Councils (Theravāda tradition):
Time Bud. Era Country No. of Monk Chief Sponsor
First 1 India, Rajagaha 500 Kassapa Ajātasatthu
Second 100 India, Vesālī 700 Yasa Kālāsoka
Third 235 India, Pātaliputta 1000 Moggali Asoka
Forth 450 Sri Laṅka, Malaya 500 Dhammarakkhita
Duṭṭhagāmani
Fifth 2415 Burma, Mandalay 2400 Jāgara Mindoon
Sixth 2495 Burma, Rangoon 2500 Revata U Nu.
(Note: The First Buddhist era is equal to 544 BCE, traditionally.)

သင်္ဂါယနာ တင်ရန်ဖြစ်ပေါ်လာသော အဓမ္မဝါဒ ၁ဝ ချက်

(ဒုတိယသင်္ဂါယနာ တင်ရန်ဖြစ်ပေါ်လာသော အဓမ္မဝါဒ ၁ဝ ချက် _ရှု)

သင်္ဂြိုဟ်

(အဘိဓမ္မတ္ထ သင်္ဂဟ) – မြန်မာနိုင်ငံ ဘုန်းတော်ကြီး စာမေးပွဲများ၌ အသုံးအများဆုံးသော အဘိဓမ္မာ ကျမ်းငယ်ဖြစ်သည်။ ၁၁ (ဝါ) ၁၂ ရာစု ၌ သီရိလင်္ကာ ဆရာတော် အရှင်အနုရုဒ္ဓါ ပြုစုသည်။ ဗုဒ္ဓ အဘိဓမ္မာ အနှစ်ချုပ်ကျမ်းဖြစ်သည်။ အခန်း ၉ ခန်းပါဝင်သည်။
Compendium of Abhidhammā: the most used text–book in Burmese Buddhist Education in Abhidhammā subject. It was compiled by Bhikkhu Anuruddhā, a Sri Lankan monk, in 11th. or 12th. century. It consists of 9 chapters.

သင်္ဂြိုဟ် ၉ ပိုင်း

Nine chapters of the ‘Compendium of Abhidhammā’:
၁။ စိတ် ပိုင်း
1: Compendium of Consiousness,
၂။ စေတသိက် ပိုင်း
2: of Mental Factors,
၃။ ပကိဏ်း ပိုင်း
3: of the Miscellaneous,
၄။ ဝီထိ ပိုင်း
4: of the Cognitive Process,
၅။ ဝီထိမုတ် ပိုင်း
5: of the Process–freed,
၆။ ရုပ် ပိုင်း
6: of Matter,
၇။ သမုစ္စည်း ပိုင်း
7: of Categories,
၈။ ပစ္စည်း ပိုင်း
8: of Conditionality,
၉။ ကမ္မဋ္ဌာန်း ပိုင်း။
9: of Meditation Subjects.

သင်္ဃနော (သင်္ဃနဝ) ရဟန်း

ရဟန်းတော်အုပ်စု တစ်ခု၌ သိက္ခာဝါ အငယ်ဆုံးသော ရဟန်း။
The youngest monk in a certain monk–group.

သင်္ဃာ။ သံဃာ

Monk, community.

သင်္ဃာစင်။ သံဃာစင်

Monk’s dais.

သဉ္စေတနာ

(စေတနာ – သဉ္စေတနာ – ၆ ပါး _ရှု)

သင်ဓုန်းဒါး လှူရကျိုး ၁ ပါး

(ခေါင်းရိပ်ဓါး လှူရကျိုး ၁ ပါး _ရှု)

သင်ယူကျက်မှတ်ရာ၌ မြန်ဆန်ကြောင်းတရား ၅ ပါး

Five things that make a person quick grasping/memorizing:
၁။ အနက် အဓိပ္ပါယ်၌ လိမ္မာခြင်း
1: Apt at meaning,
၂။ ပါဠိ၌ လိမ္မာခြင်း
2: at Pāḷi (dhamma),
၃။ အက္ခရာ အမျိုးမျိုး၌ လိမ္မာခြင်း
3: at letters,
၄။ သဒ္ဒါ၌ လိမ္မာခြင်း
4: at language,
၅။ ရှေ့နောက်အစီအစဉ်၌ လိမ္မာခြင်း။
5: at orderly sequence.

သင်ရိုးပိဋကတ် သုံးပုံ

(ဆဋ္ဌသံဂါယနာမူ)
The traditional curriculum of the Three Divisions of Buddhist Scripture
(The Sixth Buddhist Council Version):
၁။ ဝိနယ ပိဋက – ဝိနည်းငါးကျမ်း ၅ အုပ်။ စာမျက်နှာ ၂၂၆ဝ ရှိသည် (ဆဋ္ဌသံဂါယနာမူ)
1: The Basket of Discipline (Precepts): five volumes, 5 books, 2260 pages,
၂။ သုတ္တန္တ ပိဋက – သုတ်သုံးကျမ်း (ဒီဃနိကာယ်) ၃ အုပ်။ စာမျက်နှာ ၇၇၉ ရှိသည်
2: The Basket of Discourses (Sermons): three volumes, 3 books, 779 pages,
၃။ အဘိဓမ္မ ပိဋက – အဘိဓမ္မာခုနှစ်ကျမ်း ၁၂ အုပ်။ စာမျက်နှာ ၄၉၈၇ ရှိသည်။
3: The Basket of Ultimate Things: seven volumes, 12 books, 4987 pages.

သစ်ပင် ၄ မျိုး

Four kinds of tree:
၁။ အကာကို အကာရံထားသော သစ်ပင်
1: Sapwood surrounded by sapwood,
၂။ အကာကို အနှစ်ရံထားသော သစ်ပင်
2: sapwood surrounded by heartwood,
၃။ အနှစ်ကို အကာရံထားသော သစ်ပင်
3: heartwood surrounded by sapwood,
၄။ အနှစ်ကို အနှစ်ရံထားသော သစ်ပင်။
4: heartwood surrounded by heartwood.
(ဤ ဥပမာများအတူ လူပေါင်းများစွာ ရှိကြကုန်၏)
(These similes apply to a lot of persons.)

သစ်ပင်ဥပမာ။ သာသနာ

Similes of a tree regarding “Buddha’s Teaching (Sāsanā)”:
၁။ အခက်အရွက် – သာသနာတော်အတွင်း ရရှိသော လာဘ်လာဘ ပစ္စည်း အကျော်အစော
1: the twigs and leaves – acquiring gain, honor and renown in the sāsanā,
၂။ အပွေး – သီလ ကျင့်ဝတ်များ
2: outer bark – morality,
၃။ အခွံ – သမာဓိ တည်ကြည်မှု
3: inner bark – concentration,
၄။ အကာ – အသိဉာဏ် ပညာ
4: the sapwood – wisdom/insight,
၅။ အနှစ် – လွတ်မြောက်ခြင်း ဝိမုတ္တိ။
5: the heartwood – liberation/deliverance.

သစ်ပင်ဥပမာ အနိစ္စ

Similes of a tree regarding impermenance:
၁။ အမြစ်သည်လည်း အနိစ္စ
1: A tree’s roots are impermenant;
၂။ ပင်စည်သည်လည်း အနိစ္စ
2: Its truck is impermenant;
၃။ အကိုင်းအခက်အရွက်တို့သည်လည်း အနိစ္စ
3: Its branches are impermenant;
၄။ သစ်ပင်၏ အရိပ်ကို နိစ္စ ဟု ဆိုရန် သင့်မည်လော။
4: Thus, it is not reasonable to speak, “Its shadow is permanent.”

သစ်ရွက် သစ်ခက် ဥပမာ ဟိရီ သြတပ္ပ

(ဟိရီ သြတပ္ပ – သစ်ရွက် သစ်ခက် ဥပမာ _ရှု)

သစ္စ ဉာဏ်

Knowledge of the truth.

သစ္စ ဉာဏ် ၂ ပါး

Two kinds of knowledge of the truth:
၁။ အနုဗောဓ ဉာဏ် = နားလည် သဘောပေါက်သော ဉာဏ်
1: Knowledge consisting in understanding,
၂။ ပဋိဝေဓ ဉာဏ် = ထိုးထွင်းသိသော ဉာဏ်။
2: knowledge consisting in penetration.

သစ္စာ

Truth, the power of truthfulness.

သစ္စာ ၁ ပါး သိမြင်ငြားက အားလုံးသစ္စာ သိမြင်ပါ၏

(သစ္စာ ၄ ပါးလုံး)
(ဂဝမ္ပတိသုတ်။ သစ္စသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
One who sees the truth of suffering also sees that of its cause, of its end and of the path leading to its end. (Sacca Saṃyutta, Mahā–vagga Saṃyutta Pāḷi)

သစ္စာ (စကား) ၂ ပါး

Two kinds of truth:
၁။ ဝစီဘေဒသိဒ္ဓိ သစ္စာ = နှုတ်မှ မြွက်ကြားပြောဆို (ကျိန်ဆို) သော သစ္စာ
1: Truth that is done after spoken,
၂။ ပစ္ဆာနုရက္ခဏ သစ္စာ = ပြောဆို (ကျိန်ဆို) ပြီးနောက် စောင့်ရှောက် ပြုလုပ်ရသေးသော သစ္စာ။
2: truth that needs to keep alive.

သစ္စာ (စကား) ၃ ပါး

Three kinds of truth:
၁။ သဒ္ဒဟာပန သစ္စာ = သူတပါးတို့ မိမိကို ယုံကြည်စေရန် ကျမ်းကျိန်ပြောကြားအပ်သော သစ္စာစကား
1: Verbal trurh to make others believed,
၂။ ဣစ္ဆာပူရဏ သစ္စာ = မိမိလိုရာ ပြည့်စုံစေရန် ဆိုသော သစ္စာစကား
2: verbal truth for wish–fulfilling,
၃။ မုသာဝိရမဏ သစ္စာ = မုသာဝါဒ မှားယွင်းစွာပြောဆိုခြင်းမှ ရှောင်ကြဉ်ရန် အမှန်အကန်ကိုသာ ပြောကြားသော သစ္စာစကား။
3: verbal truth to avoid telling lies.

သစ္စာ ၂ ပါး

(ဝေါဟာရ – ၂ ပါး)
Two terms/expositions of truth:
၁။ သမုတိ သစ္စာ = ခေါ်ဝေါ် ပညတ်ထားသော ဝေါဟာရ အမှန်တရား
1: Conventional/relative truth,
၂။ ပရမတ္ထ သစ္စာ = အစစ်အမှန် တကယ့်အရှိ အမှန်တရား။
2: ultimate/absolute/highest truth.

သစ္စာ (အရိယ) ၄ ပါး

The Four Noble Truths:
၁။ ဒုက္ခ သစ္စာ
1: The noble truth of suffering/pain,
၂။ သမုဒယ သစ္စာ
2: the noble truth of cause of suffering,
၃။ နိရောဓ သစ္စာ
3: the noble truth of end/cessation of suffering
(Nibbana, No–thirst),
၄။ မဂ္ဂ သစ္စာ။
4: the noble truth of the way to the end of suffering (the Eightfold Path).
(In short: suffering, its cause, its end/cessation, and the path to its end/cessation.)

သစ္စာ (အရိယ) ၄ ပါးတို့၏ လက္ခဏာ စသည်များ

Four features of the four truths starting characteristic:
၁။ ဒုက္ခ သစ္စာ
1: The noble truth of suffering/pain:
(က) လက္ခဏ = နှိပ်စက်ခြင်း လက္ခဏာ
(a) Characteristic: affliction,
(ခ) ရသ = ပူပန်ခြင်း လုပ်ဆောင်ရွက်မှု
(b) funcition: burning,
(ဂ) ပစ္စုပဋ္ဌာန် = ဖြစ်ပေါ်ခြင်းထင်ရှားမှု
(c) manifestation: accurrence.
၂။ အမုဒယ သစ္စာ
2: the noble truth of cause of suffering:
(က) လက္ခဏ = မူရင်းဖြစ်ခြင်း လက္ခဏာ
(a) Characteristic: producing,
(ခ) ရသ = ဖြတ်တောက်မှု မပြုခြင်း လုပ်ဆောင်ရွက်မှု
(b) funcition: prevent interruption,
(ဂ) ပစ္စုပဋ္ဌာန် = လုပ်ဆောင်ပေးခြင်း ထင်ရှားမှု
(c) manifestation: impediment.
၃။ နိရောဓ သစ္စာ
3: the noble truth of cessation of suffering (Nibban):
(က) လက္ခဏ = ငြိမ်းချမ်းခြင်း လက္ခဏာ
(a) Characteristic: peace,
(ခ) ရသ = မရွေ့လျောခြင်း လုပ်ဆောင်ရွက်မှု
(b) funcition: not to die,
(ဂ) ပစ္စုပဋ္ဌာန် = အာရုံမရှိတော့ခြင်း ထင်ရှားမှု
(c) manifestation: signless.
၄။ မဂ္ဂ သစ္စာ
4: the noble truth of the way to the end of suffering:
(က) လက္ခဏ = ထွက်မြောက်ခြင်း လက္ခဏာ
(a) Characteristic: outlet,
(ခ) ရသ = ကိလေသာပယ်ခြင်း လုပ်ဆောင်ရွက်မှု
(b) funcition: abandoning defilements,
(ဂ) ပစ္စုပဋ္ဌာန် = တက်ကြွခြင်း ထင်ရှားမှု
(c) manifestation: emergence.

သစ္စာ (အရိယ) ၄ ပါး အသီးသီး ၌ ဉာဏ် ၃ ပါးစီ

Three kinds of knowledge in each truth:
၁။ သစ္စ ဉာဏ် – ရှိသည့်အတိုင်း သိခြင်း
1: The knowledge of truth as it is,
၂။ ကိစ္စ ဉာဏ် – ပြုဆောင်မှုကို သိခြင်း
2: of function how to act/do on it,
၃။ ကတ ဉာဏ် – ပြုပြီးသည်ကို သိခြင်း။
3: of having done on it.

သစ္စာ (အရိယ) ၄ ပါး ဥပမာများ

The similes of the Four Noble Truths:
၁။ ဒုက္ခ သစ္စာ ဝန်ထုတ်ဝန်ပိုး
1: The suffering/pain: Burden,
၂။ အမုဒယ သစ္စာ ဝန်ထုတ်ဝန်ပိုး တင်ပေးခြင်း
2: the cause of suffering: taking up of the burden,
၃။ နိရောဓ သစ္စာ ဝန်ထုတ်ဝန်ပိုး မရှိခြင်း
3: the end of suffering: putting down of the burden,
၄။ မဂ္ဂ သစ္စာ ဝန်ထုတ်ဝန်ပိုး မရှိရန် နည်းလမ်း
4: the path to the end means to put down of the burden. of suffering:

သစ္စာ (အရိယ) ၄ ပါး ဥပမာများ

The similes of the Four Noble Truths:
၁။ ဒုက္ခ သစ္စာ ရောဂါ အစာရေစာငတ်မွတ်ခြင်း
1: The suffering/pain: Disease, Famine,
၂။ အမုဒယ သစ္စာ ရောဂါဖြစ်ကြောင်း မိုးခေါင်ခြင်း
2: the cause of suffering: cause of the disease, drough,
၃။ နိရောဓ သစ္စာ ရောဂါငြိမ်းခြင်း အစာရေစာပြည့်ဖြိုးခြင်း
3: the end of suffering: cure of the disease, plenty,
၄။ မဂ္ဂ သစ္စာ ရောဂါငြိမ်းကြောင်းဆေးဝါး ရာသီဥတု မှန်ခြင်း
4: the path to the end medicine. timely rain. of suffering:

သစ္စာ (အရိယ) ၄ ပါး ဥပမာများ

The similes of the Four Noble Truths:
၁။ ဒုက္ခ သစ္စာ ရန်သူ အဆိပ်ပင်
1: The suffering/pain: Enmity, Poison tree,
၂။ အမုဒယ သစ္စာ ရန်သူဖြစ်ကြောင်း အဆိပ်ပင်၏ အမြစ်
2: the cause of suffering: cause of the enmity, its root,
၃။ နိရောဓ သစ္စာ ရန်သူငြိမ်းခြင်း အဆိပ်ပင် အမြစ်ပြတ်ခြင်း
3: the end of suffering: removal of the enmity, cutting of its roots,
၄။ မဂ္ဂ သစ္စာ ရန်သူငြိမ်းမှုနည်းလမ်း အဆိပ်ပင်အမြစ်ပြတ်ကြောင်း
4: the path to the end means to remove means to cut of of suffering: the enmity. its roots.

သစ္စာ (အရိယ) ၄ ပါး ဥပမာများ

The similes of the Four Noble Truths:
၁။ ဒုက္ခ သစ္စာ ဘေးရန် ဤမှာဘက်ကမ်း
1: The suffering/pain: Fear, The hither shore,
၂။ အမုဒယ သစ္စာ ဘေးရန်၏အကြောင်း ရေမြစ်ပြင်ကျယ်
2: the cause of suffering: cause of fear, the great flood,
၃။ နိရောဓ သစ္စာ ဘေးရန်ငြိမ်းခြင်း ဟိုမှာဘက်ကမ်း
3: the end of suffering: freedom from fear, the further shore,
၄။ မဂ္ဂ သစ္စာ ဘေးရန်ငြိမ်းကြောင်း လှေဖေါင်စသည်ဖြင့်ကူးခပ်ခြင်း
4: the path to the end the means to attain it. the effort to reach it. of suffering:

သစ္စာဟူသည်

(စင်္က ီသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
The causes of faith (Caṅkī Sutta, Majjhima–paṇṇāsa):
ယုံကြည်ခြင်း သဒ္ဓါတရားသည် သစ္စာကို စောင့်ရှောက်၏ = သစ္စာဟူသည် ယုံကြည်မှုတည်း
၁။ နှစ်သက်ခြင်း – ရုစိ – သည် ယုံကြည်မှုကို ဖြစ်စေ၏
1: Approval,
၂။ တဆင့်ကြားခြင်း – အနုဿဝ – သည် ယုံကြည်မှုကို ဖြစ်စေ၏
2: oral tradition,
၃။ အခြင်းအရာကို ကြံစည်ခြင်း – အာကာရပရိဝိတက္က – သည် ယုံကြည်မှုကို ဖြစ်စေ၏
3: reasoned cogitation,
၄။ မိမိအယူကို စူးစိုက်ကြည့်ရှု ကျေနပ်ခြင်း – ဒိဋ္ဌိနိဇ္စျာနက္ခန္တိ – သည် ယုံကြည်မှုကို ဖြစ်စေ၏။
4: reflective acceptance of a view.

သစ္စာအနက် ၁၆ ချက်

Sixteen meanings of the four noble truths:
၁။ ဒုက္ခဿ – ဒုက္ခသစ္စာသည်
1: The noble truth of suffering/pain:
(က) ပီဠနဋ္ဌော – နှိပ်စက်ခြင်းသဘော
(a) Meaning of oppressing,
(ခ) သင်္ခတဋ္ဌော – ပြပြင်စီရင်ခြင်းသဘော
(b) of being formed,
(ဂ) သန္တာပဋ္ဌော – ပူပန်ခြင်းသဘော
(c) of burning,
(ဃ) ဝိပရိဏာမဋ္ဌော – ဖေါက်ပြန်ခြင်းသဘောရှိ၏။ (d) of changing.
၂။ သမုဒယဿ – သမုဒယသစ္စာသည်
2: the noble truth of cause of suffering:
(က) အာယူဟနဋ္ဌော – ပေါင်းစုခြင်းသဘော
(a) Meaning of accumulating,
(ခ) နိဒါနဋ္ဌော – ဖြစ်စေခြင်းသဘော
(b) of source,
(ဂ) သံယောဂဋ္ဌော – ယှဉ်ဖွဲ့ခြင်းသဘော
(c) of bondage,
(ဃ) ပလိဗောဓဋ္ဌော – ကန့်ကွက်နှောက်ယှက်ခြင်းသဘောရှိ၏။
(d) of impeding.
၃။ နိရောဓဿ – နိရောဓသစ္စာသည်
3: the noble truth of cessation of suffering:
(က) နိဿရဏဋ္ဌော – ထွက်မြောက်ခြင်းသဘော
(a) Meaning of escape,
(ခ) ဝိဝေကဋ္ဌော – ဆိတ်ငြိမ်ခြင်းသဘော
(b) of seclusion,
(ဂ) အသင်္ခတဋ္ဌော – မပြုမစီရင်ခြင်းသဘော
(c) of being unformed
(ခ) အမတဋ္ဌော – မသေခြင်း ခိုင်မြဲခြင်းသဘောရှိ၏။
(d) of deathlessness.
၄။ မဂ္ဂဿ – မဂ္ဂသစ္စာသည်
4: the noble truth of the path to the end of suffering:
(က) နိယျာနဋ္ဌော – ထွက်မြောက်ခြင်းသဘော
(a) Meaning of outlet,
(ခ) ဟေတုဋ္ဌော – အကြောင်းဖြစ်ခြင်းသဘော
(b) of cause,
(ဂ) ဒဿနဋ္ဌော – ရှင်းရှင်းမြင်နိုင်ခြင်းသဘော
(c) of seeing,
(ဃ) အဓိပတေယျဋ္ဌော – လွှမ်းမိုးအုပ်စိုးနိုင်ခြင်းသဘောရှိ၏။ (d) of predominance.

သစ္ဆိ ကရဏီယ တရား ၄ ပါး

(မျက်မှောက်ပြု သိမြင်အပ်သော တရား ၄ ပါး _ရှု)

သညာ

Perception, discrimination.

သညာ ၅ ပါး

Five kinds of perception:
၁။ အနိစ္စ သညာ
1: Perception of impermanence,
၂။ အနိစ္စေ ဒုက္ခသညာ
2: of impermanence as suffering,
၃။ ဒုက္ခေ အနတ္တ သညာ
3: of suffering as not–self,
၄။ ပဟာန သညာ
5: of abandonment,
၅။ ဝိရာဂ သညာ။
6: of dispassion,

သညာ ၆ ပါး

Six kinds of perception:
၁။ ရူပ သညာ
1: perception of sights,
၂။ သဒ္ဒ သညာ
2: of sounds,
၃။ ဂန္ဓ သညာ
3: of smells,
၄။ ရသ သညာ
4: of tastes,
၅။ ဖေါဋ္ဌဗ္ဗ သညာ
5: of touches,
၆။ ဓမ္မ သညာ။
6: of mind–objects.

သညာ ၇ ပါး

Seven kinds of perception:
၁။ အနိစ္စ သညာ
1: Perception of impermanence,
၂။ အနတ္တ သညာ
2: of no–self,
၃။ အသုဘ သညာ
3: of foulness,
၄။ အာဒီနဝ သညာ
4: of danger/fault,
၅။ ပဟာန သညာ
5: of abandonment,
၆။ ဝိရာဂ သညာ
6: of dispassion,
၇။ နိရောဓ သညာ။
7: of cessation.

သညာ ၁ဝ ပါး

Ten kinds of perception:
အထက်ပါ ၇ ပါးထဲသို့ အောက်ပါ ၃ ပါးကို ထည့်ပေါင်းပါ –
Add the following three into the seven above:
၈။ သဗ္ဗလောကေ အနဘိရတိ သညာ
8: of dispassion of all worldly things,
၉။ သဗ္ဗသင်္ခါရေသု အနိစ္ဆာ သညာ
9: of no–want of all compounds,
၁ဝ။ အာနာပါနဿတိ။
10: of breathing–in and breathing–out.

သညာ ၁ဝ ပါး

(တနည်း)
More ten kinds of perception:
၁။ အသုဘ သညာ
1: Perception of foulness,
၂။ မရဏ သညာ
2: of death,
၃။ အာဟာရေ ပဋိကူလ သညာ
3: of food as disgust,
၄။ သဗ္ဗလောကေ အနဘိရတိ သညာ
4: of dispassion of all worldly things,
၅။ အနိစ္စ သညာ
5: of impermanence,
၆။ အနိစ္စေ ဒုက္ခသညာ
6: of impermanence as suffering,
၇။ ဒုက္ခေ အနတ္တ သညာ
7: of suffering as no–self,
၈။ ပဟာန သညာ
8: of abandonment,
၉။ ဝိရာဂ သညာ
9: of dispassion,
၁ဝ။ နိရောဓ သညာ။
10: of cessation.

သညာက္ခန္ဓာ ၂၄ ပါး

Twenty–four kinds of perception–aggregate:
၁။ စက္ခုသမ္ဖဿကြောင့်ဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတ = သညာက္ခန္ဓာ ၃ ပါး
1: Three perception–aggregates – wholesome, unwholesome, neither wholesome nor unwholesome – due to eye–contact,
၂။ သောတသမ္ဖဿကြောင့်ဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတ = သညာက္ခန္ဓာ ၃ ပါး
2: three perception–aggregates – wholesome, unwholesome, neither wholesome nor unwholesome – due to ear–contact
၃။ ဃာနသမ္ဖဿကြောင့်ဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတ သညာက္ခန္ဓာ ၃ ပါး
3: three perception–aggregates – wholesome, unwholesome, neither wholesome nor unwholesome – due to nose–contact
၄။ ဇိဝှါသမ္ဖဿကြောင့်ဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတ = သညာက္ခန္ဓာ ၃ ပါး
4: three perception–aggregates – wholesome, unwholesome, neither wholesome nor unwholesome – due to tongue–contact
၅။ ကာယသမ္ဖဿကြောင့်ဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတ သညာက္ခန္ဓာ ၃ ပါး
5: three perception–aggregates – wholesome, unwholesome, neither wholesome nor unwholesome – due to body–contact
၆။ မနော သမ္ဖဿကြောင့်ဖြစ်သော ကုသိုလ် အကုသိုလ် အဗျာကတ = သညာက္ခန္ဓာ ၃ ပါး
6: three perception–aggregates – wholesome, unwholesome, neither wholesome nor unwholesome – due to mind–contact
၇။ စက္ခု သောန ဃာန ဇိဝှါ ကာယ မနော သမ္ဖဿကြောင့်ဖြစ်သော သညာက္ခန္ဓာ ၆ ပါး = ပေါင်း ၂၄ ပါး။
7: six perception–aggregates due to eye–, ear–, nose–, tongue–, body– and mind–dontact. Twenty–four perception–aggregates altogether.

သည်းခံ

Patience, forbearance, tolerance.

သည်းခံခြင်း၏ အကျိုး ၅ ပါး

Five benefits of tolerance:
၁။ လူအများ ချစ်ခင်ခြင်း
1: Loved by many,
၂။ ရန် မများခြင်း
2: no enemy,
၃။ အမှား နည်းခြင်း
3: no wrong–doing,
၄။ မတွေမဝေ သေရခြင်း
4: dying peacefully,
၅။ သုဂတိဘဝ လားရခြင်း။
5: good after–life.
(သည်းမခံခြင်း၏ အပြစ် ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five disadvantages of intolerance are opposite of the above.)

သညာသိ

(ပညာသိ ဝိညာဏ်သိ သညာသိ တို့၏ ထူးပုံ ဥပမာ _ရှု)

သဋ္ဌိ နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ၁၉ ခုမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၆ဝ (သဋ္ဌိ)
ပုဒ်ခန့် ပါရှိသော ဇာတ်တော်များ ဖြစ်၍ သဋ္ဌိ နိပါတ်ဟုခေါ်သည်။ ဇာတ်တော်ပေါင်း ၂ ခု ပါဝင်သည်။
Saṭṭhi–nipāta (Jātaka): This is the nineteenth chapter of the 550 Birth–stories:
each of them consists of about sixty verses; thus, sixty–verse–stories (Saṭṭhi–
nipāta). There are 2 stories in this chapter.

သဋ္ဌိ နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မဟာမောဂ္ဂလာန အမည်ရှိ ရဟန္တာမထေရ် မြတ်သည် ဂါထာခြောက်ဆယ် ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်း ဖြစ်သည်။
Saṭṭhi–nipāta (Theragāthā): This is a collection of joyous verses uttered by a male–monk (arahanta), Mahā Moggalāna by mane, at the time of Lord Buddha.
He uttered sixty verses (saṭṭhi).

သတ္တက နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ သတ္တမမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၇ ပုဒ် စီပါရှိသော ဇာတ်တော်များ ဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၂ဝ ပါဝင်သည်။
Sattaka–nipāta (Jātaka): This is the seventh chapter of the 550 Birth–stories: each of them consists of seven verses; thus, seven–verse–story(sattaka–nipāta); there are 20 stories in this chapter.

သတ္တက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်သုန္ဒရသမုဒ္ဒ အရှင်လကုဏ္ဍကဘဒ္ဒိယ စသော ရဟန္တာမထေရ် ၅ ပါးတို့သည် ခုနှစ်ဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်းဖြစ်သည်
Sattaka–nipāta (Theragāthā): This is a collection of joyous verses uttered by 5 male–monks (arahanta) such as Suddarasamudda and Lakuṇḍakabhaddiya at the time of Lord Buddha. Each uttered seven verses (sattaka).

သတ္တက နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မဥတ္တရာ အရှင်မစာလာ စသော ရဟန္တာ ထေရီ ၃ ပါးတို့သည် ခုနှစ်ဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြသည်ကို စုစည်းထားခြင်းဖြစ်သည်။
Sattaka–nipāta (Therīgāthā): This is a collection of joyous verses uttered by 3 female–monks (arahanta) such as Uttarā and Cālā at the time of Lord Buddha.
Each uttered seven verses (sattaka).

သတ္တက နိပါတ (အင်္ဂုတ္တရ) ပါဠိ

အင်္ဂုတ္တရနိကာယ် ၌ တရားအစု ၇ ပါးစီကို အဓိကထား ဟောကြားသော သုတ္တန်တိုများ ပါဝင်သည့် သတ္တမမြောက် ကျမ်းဖြစ်သည်။
Sattaka–nipāta (Aṅguttara): The seventh book of the ‘Gradual Discourses’:
in this book, each discourse emphasizs seven items of the dhamma (sattaka).

သတ္တ ဌာန

Seven spots/places (where Buddha spent successively for seven days each spot soon after He attained enlightenment):
၁။ ဗောဓိပင် နှင့် ရွှေပလ္လင်
1: Bo–tree and the throne,
၂။ အနိမိသ
2: Gazing place,
၃။ ရတနာ စင်္ကြံ
3: Walking place,
၄။ ရတနာဃရ ရွှေအိမ်
4: the Golden house,
၅။ အဇပါလ ဆိတ်ကျောင်းညောင်ပင်
5: the Azapāla banyan tree,
၆။ မုစလိန္ဒာ အိုင်
6: Mucalinda Lake/pond,
၇။ လင်းလွန်းပင်။
7: Rājāratana tree.

သတ္တတိ နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ၂ဝ ခုမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ရဝ (သတ္တတိ)
ပုဒ်ခန့် ပါရှိသော ဇာတ်တော်များ ဖြစ်၍ သတ္တတိ နိပါတ်ဟုခေါ်သည်။ ဇာတ်တော်ပေါင်း ၂ ခု ပါဝင်သည်။
Sattati–nipata (Jātaka): This is the twentieth chapter of the 550 Birth–stories:
each of them consists of about seventy verses; thus, seventy–verse–stories.
There are 2 stories in this chapter.

သတ္တရဘန် (သတ္တဗ္ဘန္တ) ၇ တန်

(တောင်စဉ် ၇ ထပ် _ရှု နှင့် အတူတူ)

သတ္တာဝါသ ဘုံကိုးဝ

Nine abodes of beings:
၁။ နာနတ္တကာယ နာနတ္တ သညီ – ခန္ဓာကိုယ်ကွဲပြား သညာကွဲပြားသော လူ့ဘုံ နတ်ဘုံ
1: Beings different in body and in perception such as the human, sensual heavenly beings,
၂။ နာနတ္တကာယ ဧကတ္တ သညီ – ခန္ဓာကိုယ်ကွဲပြား သညာတူညီသော အပါယ်လေးဘုံ ပထမစျာန် သုံးဘုံ
2: different in body but equal in perception such as first jhāna realms and woeful realms,
၃။ ဧကတ္တကာယ နာနတ္တ သညီ – ခန္ဓာကိုယ်တူညီ သညာကွဲပြားသော ဒုတိယစျာန် တတိယစျာန် ဘုံများ
3: equal in body but different in perception such as second and third jhāna realms,
၄။ ဧကတ္တကာယ ဧကတ္တ သညီ – ခန္ဓာကိုယ်တူညီ သညာတူညီသော – တတုတ္ထစျာန် ဝေဟပ္ဖိုလ်

သုဒ္ဓါဝါသ ငါးဘုံ

4: equal in body as well as in perception such as fourth jhāna, Vehapphala and
Suddhāvāsa,
၅။ အာကာသာနဌာယတန ဘုံ
5: abode of infinity of space,
၆။ ဝိညာနဌာယတန ဘုံ
6: abode of infinity of consciousness,
၇။ အာကိဌညာယတန ဘုံ
7: abode of nothingness,
၈။ နေဝသညာနာသညာယတန ဘုံ
8: abode of neither–perception–nor–non–perception,
၉။ အသညသတ် ဘုံ။
9: unconscious beings.

သတိ

Mindfulness, awareness, vigilance, earnestness,
diligence, zeal, watchfulness.

သတိတရား၏ လက္ခဏာ အကြောင်းတရား ၄ ပါး

Four components of mindfulness:
၁။ လှမ်းခြင်း စားခြင်းစသော ခန္ဓာကိုယ် လှုပ်ရှားမှု ၇ မျိုး၌ သတိအမြဲရှိခြင်း
1: Mindfulness in the seven movements such as stepping, eating etc.,
၂။ သတိတရားမရှိ အမှတ်မဲ့နေသူများနှင့် မဆက်ဆံ မပေါင်းသင်းခြင်း
2: not association with the careless,
၃။ သတိရှိသူများနှင့် ဆက်ဆံပေါင်းသင်းခြင်း
3: assotiation with the mindful,
၄။ ဣရိယာပုတ် လေးပါးလုံးမှာ သတိတရားဖြစ်ကြောင်းများကို စိတ်ညွတ်နေခြင်း။
4: inclination to generate mindfulness in all postures.

သတိပဋ္ဌာန်

Foundation of mindfulness/awareness.

သတိပဋ္ဌာန် ၄ ပါး

Four foundations of mindfulness:
၁။ ကာယာနုပဿနာ သတိပဋ္ဌာန် – ခန္ဓာကိုယ် အစိတ်အပိုင်း ပြုမူမှု မှန်သမျှကို ရှုမှတ်ခြင်း
1: Contemplation of/on body,
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် – ခံစားမှု ဝေဒနာများကို ရှုမှတ်ခြင်း
2: of feeling/sensation,
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန် – နောက်စိတ်ဖြင့် ရှေ့စိတ်ကို ရှုမှတ်ခြင်း
3: of mind,
၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် – ကျန်ရှိသောတရားဓမ္မများကို ရှုမှတ်ခြင်း။
4: of mind–objects/phenomena.

သတိပဋ္ဌာန်တရား လေးပါး ပွါးများပါ။ သမ္မပ္ပဓာန် လေးပါး ပွါးများပါ။ ဣဒ္ဓိပါဒ် လေးပါး ပွါးများပါ

(သတိပဋ္ဌာနဝဂ္ဂ သမ္မပ္ပဓာနဝဂ္ဂ။ ဣဒ္ဓိပါဒဝဂ္ဂ – နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
Practice/establish the four foundation of mindfulness: practice/establish the four right efforts: practice/establish the four bases for psychic potency:
၁။ ငါးပါးသီလ မကျိုးရန် – သတိပဋ္ဌာန်လေးပါး။ သမ္မပ္ပဓာန် လေးပါး။ ဣဒ္ဓိပါဒ် လေးပါး ပွါးများပါ
1: Establish the four foundation of mindfulness, the four right efforts, the four bases for psychic potency not to break the five precepts.
၂။ ပိတ်ပင်မှု နီဝရဏငါးပါး ပယ်စွန့်ရန် – – –
2: ….. to abandon the five hindrances.
၃။ ကာမဂုဏ်ငါးပါး ပယ်စွန့်ရန် – – –
3: ….. to abandon the five sensual pleasures.
၄။ စွဲလမ်းရာ ဥပါဒါနက္ခန္ဓာငါးပါး ပယ်စွန့်ရန် – – –
4: ….. to abandon the five aggregates subject to clinging.
၅။ အောက် သံယောဇဉ်ငါးပါး ပယ်စွန့်ရန် – – –
5: ….. to abandon the five lower fetters.
၆။ လားရောက်ရာ ဂတိငါးပါး ပယ်စွန့်ရန် – – –
6: ….. to abandon the five destinations.
၇။ တွန့်တိုမှု မစ္ဆရိယ ငါးပါး ပယ်စွန့်ရန် – – –
7: ….. to abandon the five kinds of miserliness.
၈။ အထက် သံယောဇဉ်ငါးပါး ပယ်စွန့်ရန် – – –
8: ….. to abandon the five higher fetters.
၉။ စိတ်၏ဆူးငြောင့် စေတောခိလငါးပါး ပယ်စွန့်ရန် – – –
9: ….. to abandon the five mental barrenness.
၁ဝ။ စိတ်၏အနှောင်အဖွဲ့ငါးပါးပယ်စွန့်ရန် – သတိပဋ္ဌာန်လေးပါး။ သမ္မပ္ပဓာန် လေးပါး။ ဣဒ္ဓိပါဒ် လေးပါး ပွါးများပါ။
10: ….. to abandon the five bondages.

သတိပဋ္ဌာန်အကျိူး ၇ ပါး

Seven benefits of Satipaṭṭhāna/vipassanā insight meditation:
၁။ စင်ကြယ်ခြင်း
1: Purification of beings,
၂။ သောက ကင်းခြင်း
2: overcoming of sorrow and
၃။ ငိုကျွေးပူဆွေးမှု ကင်းခြင်း
3: lamentation,
၄။ ကိုယ်ဆင်းရဲမှု ကင်းခြင်း
4: disapperance of pain and
၅။ စိတ်ဆင်းရဲမှု ကင်းခြင်း
5: grief,
၆။ ကျင့်စဉ် လမ်းမှန်ပေါ် ရောက်ခြင်း
6: attainment of true way,
၇။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း။
7: realization of Nibbāna.

သတိဖြင့်အိပ်စက်ရာ ၌ အကျိုး ၅ ပါး

(အိပ်စက်ရာ ၌ – သတိဖြင့် – အကျိုး ၅ ပါး _ရှု)

သတိရခြင်း အကြောင်း ၁၇ ပါး

(မိလိန္ဒ ပဥှ)
Seventeen ways to spring up memory:
၁။ ရှေးရှုသောအားဖြင့်
1: By outward aids,
၂။ အမှတ်ထားသောအားဖြင့်
2: by the greatness of event,
၃။ ကြမ်းထမ်းသည်ကို သိသောအားဖြင့်
3: by deep consciousness,
၄။ အကျိုးစီးပွါး ရှိသည်ကို သိသောအားဖြင့်
4: by the benefit,
၅။ အကျိုးစီးပွါး မရှိသည်ကို သိသောအားဖြင့်
5: by the detriment,
၆။ သဘောတူ အာရုံအားဖြင့်
6: by similarity of apperance,
၇။ သဘောမတူ အာရုံအားဖြင့်
7: by dissimilarity of apperance,
၈။ စကားကို အောင့်မေ့စေသောအားဖြင့်
8: by the knowledge of speech,
၉။ အမှတ်လက္ခဏာအားဖြင့်
9: by a sign,
၁ဝ။ အမှတ်ရသောအားဖြင်း
10: by effort to recollect,
၁၁။ လက်ရေးလက်သားအားဖြင့်
11: by knowledge of spelling,
၁၂။ ရေတွက်သောအားဖြင့်
12: by arithmetic,
၁၃။ အာဂုံဆောင်သောအားဖြင့်
13: by learning by heart,
၁၄။ ဘာဝနာအားဖြင့်
14: by meditation,
၁၅။ ပေ စာအုပ်တို့၌ ရေးမှတ်ခြင်းဖြင့်
15: by referance to a book,
၁၆။ အနီး၌ ထားသောအားဖြင့်
16: by association,
၁၇။ အစဉ်ခံစားဘူးသော အားဖြင့်။
17: by consuming.

သတိလွတ်ကင်း အိပ်စက်ခြင်း၏ အပြစ် ၅ ပါး

Five disadvantages of heedless sleeping:
၁။ ဆင်းရဲစွာ အိပ်ရခြင်း
1: Bad sleeping,
၂။ ဆင်းရဲစွာ နိုးရခြင်း
2: bad waking,
၃။ အိပ်မက် မကောင်းခြင်း
3: bad dream,
၄။ နတ်တို့ မစောင့်ရှောက်ခြင်း
4: not protecting by the deities,
၅။ သုက်လွတ်ခြင်း။
5: emitting the semen.
(တရားသတိဖြင့် အိပ်စက်ခြင်း၏ အကျိုး ၅ ပါးမှာ အထက်ပါတို့မှာ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five advantages of heedfull sleeping are opposite of the above.)

သတိသမ္ပဇဉ်၏ အကျိုးဆက်များ

(သတိသမ္ပဇညသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
The successive consequences of mindfulness and clear comprehension:
၁။ သတိသမ္ပဇဉ် ရှိသောကြောင့် ရှက်ကြောက်မှု ဖြစ်၏
1: Due to the mindfulness and clear comprehension, there arises the sense of moral shame and moral dread.
၂။ ရှက်ကြောက်မှု ရှိသောကြောင့် ဣန္ဒြေကို စောင့်စည်း၏
2: Due to the the sense of moral shame and moral dread, there arises guarding the sense–doors.
၃။ ဣန္ဒြေကို စောင့်စည်းသောကြောင့် သီလနှင့် ပြည့်စုံ၏
3: Due to guarding the sense–doors, there arises moral virtue.
၄။ သီလနှင့် ပြည့်စုံသောကြောင့် ကောင်းစွာတည်ကြည်၏
4: Due to the moral virtue, there arises right concentration.
၅။ ကောင်းစွာတည်ကြည် သောကြောင့် အမှန်အတိုင်း သိမြင်နိုင်သော ဉာဏ်အမြင်ရှိ၏
5: Due to the right concentration, there arises the knowledge of things as they really are.
၆။ အမှန်အတိုင်း သိမြင်နိုင်သော ဉာဏ်အမြင်ရှိသောကြောင့် ငြီးငွေ့မှု တပ်မက်ခြင်းကင်းမှု ဖြစ်၏
6: Due to the the knowledge of things as they really are, there arise disenchantment and dispassion.
၇။ ငြီးငွေ့မှု တပ်မက်ခြင်းကင်းမှု ဖြစ်သောကြောင့် လွတ်မြောက်မှု ဉာဏ်အမြင်ဖြစ်၏။
7: Due to the disenchantment and dispassion, there arise the knowledge and vision of liberation.
(သတိသမ္ပဇဉ် မရှိခြင်း၏ အကျိုးဆက်များမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(The successive consequences of lacking of mindfulness and lacking of clear comprehension are opposite of the above.)

သထာ

(ပါဠိစကားလုံး 'သဒ္ဓါ' မှ ဆင်းသက်လာသော မြန်မာသုံး စကား)
Faith, confidence, willing, generosity.

သဒ္ဒါ ကြီး ရှစ်စောင်

(ကစ္စည်း သဒ္ဒါ _ရှု)

သဒ္ဓမ္မ သုံးဖြာ သာသနာ

(သာသနာ ၃ ရပ် _ရှု)

သဒ္ဓါ

Faith, confidence.

သဒ္ဓါ ၄ ပါး

Four kinds of faith:
၁။ အာဂမနိယ သဒ္ဓါ – ဘုရားအလောင်းများ၏ သဒ္ဓါတရား
1: The Buddha–to–be’s faith (Bodhisatta’s),
၂။ အဓိဂမ။ ပစ္စက္ခ သဒ္ဓါ – အရိယာ သူတော်စင်တို့၏ သဒ္ဓါတရား
2: the holy ones’ faith (ariyas’),
၃။ အစလ သဒ္ဓါ – မတုံမလှုပ် သက်ဝင်ယုံကြည်သော သဒ္ဓါတရား
3: the worldly persons’ deep faith,
၄။ ပသာဒ သဒ္ဓါ – ယုံကြည်ကာမျှ ကြည်ညိုကာမျှဖြစ်သော သဒ္ဓါတရား။
4: the worldly persons’ shallow faith.

သဒ္ဓါတရားရှိသူ၏ လက္ခဏာ ၃ ပါး

Three characteristics of the faithful:
၁။ သီလရှိ သူတော်ကောင်းများကို ဖူးတွေ့လိုခြင်း
1: Desire to see the virtuous,
၂။ သူတော်ကောင်းတရား နာကြားလိုခြင်း
2: desire to listen to the dhamma,
၃။ ရက်ရောစွာ လှူဒါန်း ကူညီခြင်း။
3: generosity.
(သဒ္ဓါတရား မရှိသူ၏ လက္ခဏာ ၃ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင့်ဘက်ဖြစ်သည်။)
(Three characteristics of the unfaithful are opposite of the above.)

သဒ္ဓါတရား ရှိသူ၏ အကျိုး ၅ ပါး

Five advantages of the faithful:
၁။ သူတော်ကောင်းတို့သည် သဒ္ဓါတရားရှိသူကို ရှေးဦးစွာသနားချီးမြှောက် မေတ္တာပို့သကုန်၏
1: Compassion and loving–kindness of the good and wise go firstly to the faithful;
၂။ ရှေးဦးစွာ ချဉ်းကပ်ကုန်၏
2: firstly approach the faithful;
၃။ ရှေးဦးစွာ အလှူခံကုန်၏
3: firstly receive the gifts of the faithful;
၄။ ရှေးဦးစွာ တရားစကား ဟောကြားကုန်၏
4: firstly deliever sermons to the faithful.
၅။ သဒ္ဓါတရားရှိသူတို့သည် သေပြီးနောက် နတ်ရွာသုဂတိ ရောက်ကုန်၏။
5: The faithful go to the heavenly world after death.
(သဒ္ဓါတရား မရှိသူ ရနိုင်သော အကျိုးဆက် ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Five disadvantages of the unfaithful are opposite of the above.)

သဒ္ဓါတရား၏ လက္ခဏာ အကြောင်းတရား ၁၁ ပါး

Eleven components of faith:
၁။ ဗုဒ္ဓါနုဿတိ = ဘုရားဂုဏ်ကို နှလုံးသွင်းခြင်း
1: Recollection of the Buddha,
၂။ ဓမ္မာနုဿတိ = တရားဂုဏ်ကို နှလုံးသွင်းခြင်း
2: of the Dhamma,
၃။ သံဃာနုဿတိ = သံဃာ့ဂုဏ်ကို နှလုံးသွင်းခြင်း
3: of the Saṃgha,
၄။ သီလာနုဿတိ = ကိုယ်ကျင့်သီလဂုဏ်ကိုနှလုံးသွင်းခြင်း
4: of moral conduct,
၅။ စာဂါနုဿတိ = ပေးကမ်းလှူဒါန်းမှုကို နှလုံးသွင်းခြင်း
5: of generosity,
၆။ ဒေဝတာနုဿတိ = နတ်တို့၏ဂုဏ်ကို နှလုံးသွင်းခြင်း
6: of deities as the virtuous,
၇။ ဥပသမာနုဿတိ = နိဗ္ဗာန်၏ ငြိမ်းချမ်း အေးမြမှုဂုဏ်ကို နှလုံးသွင်းခြင်း
7: of attributes of Nibbāna,
၈။ လူခပုဂ္ဂလ ပရိဝဇ္ဇန = သဒ္ဓါတရားခေါင်းပါး နည်းပါးသူကို ရှောင်ကြဉ်ခြင်း
8: not association with the people of dry faith,
၉။ သိနိဒ္ဒပုဂ္ဂလ သေဝန = သဒ္ဓါတရား ကြီးမားသူကို ပေါင်းသင်းခြင်း
9: association with the faithful,
၁ဝ။ ပသာဒနိယ ဓမ္မ ပေစ္စဝေက္ခဏာ = ကြည်ညိုဘွယ်ရာ တရားများကို ဆင်ခြင်ခြင်း
10: reflection on devotional dhammas,
၁၁။ တဒဓိမုတ္တတာ = ဣရိယာပုတ် လေးပါးလုံးမှာ သဒ္ဓါတရားဖြစ်ကြောင်းများကို စိတ်ညွတ်နေခြင်း။
11: inclination to generate faith in all four postures.

သနားခြင်း (အနုကမ္ပါ) ၂ မျိုး

Two kinds of compassion:
၁။ အာမိသာနုကမ္ပါ – ပစ္စည်းဥစ္စာဖြင့် သနားခြင်း – ချီးမြှောက်ခြင်း
1: Compassion through material things,
၂။ ဓမ္မာနုကမ္ပါ – တရားဓမ္မဖြင့် သနားခြင်း – ချီးမြှောက်ခြင်း။
2: compassion through mental/religious/spiritual things, i.e., dhamma.

သန္တိ

Peace, Nibbāna.

သန္တိ ၃ မျိုး

(ငြိမ်းအေးခြင်း – သန္တိ – ၃ မျိုး _ရှု)

သန္တောသ ၄ ပါး

(ရောင့်ရဲခြင်း ၄ ပါး _ရှု)

သပဒါနစာရိက

(အိမ်စဉ်ဆွမ်းခံခြင်း) ဓုတင်၏ အကျိုး ၈ ပါး
Eight benefits of house–to–house–seeker’s practice:
၁။ ဆွမ်းခံအိမ် အမြဲတမ်း အသစ်ဖြစ်နေခြင်း
1: Always a stranger among families,
၂။ လ ဥပမာအတူ ကျင့်ရခြင်း
2: cool practice like a moon,
၃။ တကာ။မတို့နှင့် ပတ်သက်ပြီး ဝန်တိုမှုမရှိခြင်း
3: no avarice about family,
၄။ ကရုဏာတရား ညီမျှစွာထားနိုင်ခြင်း
4: equal compassion,
၅။ တကာ။မတို့နှင့် ရောနှောရသော အပြစ်မရှိခြင်း
5: no entangle with families,
၆။ ဆွမ်းပင့်မှုကို မသာယာတော့ခြင်း
6: no delight in invitation,
၇။ ပို့ဆွမ်း မလိုအပ်တော့ခြင်း
7: no hope for bringing food,
၈။ အလိုနည်းခြင်း စသည်တို့နှင့် လျှော်ညီခြင်း။
8: conformity with the fewness of wishes.

သပ္ပါယ တရား ၄ ပါး

Four compatiblities:
၁။ ဘောဇန သပ္ပါယ = သင့်လျှော်သော စားသောက်ဖွယ်ရှိခြင်း
1: Being compatible with food and drink;
၂။ အာဝါသ သပ္ပါယ = သင့်လျှော်သော နေရာ ဒေသရှိခြင်း
2: with lodging,
၃။ ပုဂ္ဂလ သပ္ပါယ = သင့်လျှော်သော မိတ်ဆွေကောင်းရှိခြင်း
3: with persons,
၄။ ဥတု သပ္ပါယ = သင့်လျှော်သော ဥတုရာသီရှိခြင်း။
4: with weather/climate.

သပ္ပါယ တရား ၇ ပါး

Seven compatiblities:
၁။
၂။
၃။ ၄ – အထက်ပါတို့နှင့် အတူတူ – Numbers, 1 to 4, are the same as above.
၅။ ဂေါစရ သပ္ပါယ = သင့်လျှော်သော အာရုံရှိခြင်း
5: Being compatible with objects,
၆။ ဘဿ သပ္ပါယ = သင့်လျှော်သော တရားစကား ပြောဟောစကား ကြားနာရမှုရှိခြင်း
6: with word/speech,
၇။ ဣရိယာပထ သပ္ပါယ = သင့်လျှော်သော ဣရိယာပုထ်ရှိခြင်း။
7: with bodily positions.

သပိတ်

Monk’s bowl.

သပိတ် ၉ လုံး

Nine sizes of monk’s bowl:
၁။ သပိတ်ကြီး အကြီး – ဥက္ကဋ္ဌုက္ကဋ္ဌ
1: Big–big monk’s bowl which holds a little more than no. 2;
၂။ သပိတ်ကြီး အလတ် – ဥက္ကဋ္ဌမဇ္စျိမ = ချက်ပြီးထမင်း ၃ ပြည် ၁ ခွက်ဆန့်သည်
2: medium–big monk’s bowl which holds cooked rice of 3 pyi + 1 khwet,
၃။ သပိတ်ကြီး အငယ် – ဥက္ကဋ္ဌောမက
3: small–big monk’s bowl which holds a little less than no. 2;
၄။ သပိတ်လတ် အကြီး – မဇ္စျိမုက္ကဋ္ဌ
4: big–medium monk’s bowl which holds a little more than no. 5;
၅။ သပိတ်လတ် အလတ် – မဇ္စျိမမဇ္စျိမ = ချက်ပြီးထမင်း ၃ ခွက် ၁ စလယ်ဆန့်သည်
5: medium–medium monk’s bowl which holds 3 khwet + 1 calae;
၆။ သပိတ်လတ် အငယ် – မဇ္စျိမောမက
6: small–medium monk’s bowl which holds a little less than no. 5;
၇။ သပိတ်ငယ် အကြီး – သြမကုက္ကဋ္ဌ
7: big–small monk’s bowl which holds a little more than no. 8;
၈။ သပိတ်ငယ် အလတ် – သြမကမဇ္စျိမ = ချက်ပြီးထမင်း ၃ ခွက် ၁ လမယ်ဆန့်သည်
8: big–small monk’s bowl which holds 3 khwet + 1 lamae;
၉။ သပိတ်ငယ် အငယ် – သြမကောမက
9: small–small monk’s bowl which holds a little less than no. 8.
မှတ်ချက်။။ နံပါတ် ၁ နှင့် ၉ သပိတ် နှစ်လုံးတို့သည် ဝိနည်းတော်နှင့် မအပ်စပ်ပါ။
ရဟန်းတော်များသည် ယင်းနှစ်လုံးတို့ကို သပိတ်အဖြစ် အသုံးမပြုနိုင်ပါ။
Note: Nos. 1 and 9 (i.e., two bowls) are not acceptable according to vinaya rules. Monks cannot use them as begging–bowl.

သပိတ်ခြေ

Stand for monk’s bowl.

သပိတ်မှောက်

Boycott, go on strike.

သပိတ်မှောက်ထိုက်သော ဒါယကာ၏ အင်္ဂါ ၈ မျိုး

Eight qualities of a lay–follower who deserves boycott by the monks:
(boycott: overturn the almsbowl on him)
၁။ ရဟန်းများ လာဘ်မရအောင် အားထုတ်ခြင်း
1: Preventing monks from acquiring gains,
၂။ ရဟန်းများ အကျိုးမဲ့အောင် အားထုတ်ခြင်း
2: bringing harm to monks,
၃။ ရဟန်းများ နေရာမရအောင် အားထုတ်ခြင်း
3: preventing monks from residing place,
၄။ ရဟန်းတို့အား ဆဲရေး ခြိမ်းချောက်ခြင်း
4: insulting and reviling monks,
၅။ ရဟန်းအချင်းချင်းကွဲပြားအောင် အားထုတ်ခြင်း
5: dividing monks from each other,
၆။ ဘုရားရှင် ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း
6: speaking dispraise of the Buddha,
၇။ တရားတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း
7: speaking dispraise of the dhamma, Buddha’s teaching,
၈။ သံဃာတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း။
8: speaking dispraise of the saṁghā, community of monks.
(သပိတ်မမှောက်ထိုက်သော ဒါယကာ၏ အင်္ဂါ ၈ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Eight qualities of a lay–follower who does not deserve boycott by the monks are opposite of the above.)

သပိတ်မှောက်ထိုက်သော ရဟန်း၏ အင်္ဂါ ၈ မျိုး

(ဒါယကာတို့က မကြည်ညိုမှုကို ကြေငြာခြင်း)
Eight qualities of a monk who deserves boycott by the lay–followers:
(boycott: overturn the almsbowl on him)
၁။ ဒါယကာ များ လာဘ်မရအောင် အားထုတ်ခြင်း
1: Preventing lay–followers from acquiring gains,
၂။ ဒါယကာ များ အကျိုးမဲ့အောင် အားထုတ်ခြင်း
2: bringing harm to lay–followers,
၃။ ဒါယကာ တို့အား ဆဲရေး ခြိမ်းချောက်ခြင်း
3: insulting and reviling lay–followers,
၄။ ဒါယကာ အချင်းချင်းကွဲပြားအောင် အားထုတ်ခြင်း
4: dividing lay–followers from each other,
၅။ ဘုရားရှင် ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း
5: speaking dispraise of the Buddha,
၆။ တရားတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း
6: speaking dispraise of the dhamma, Buddha’s teaching,
၇။ သံဃာတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း
7: speaking dispraise of the saṁghā, community of monks.
၈။ မကျက်စားသင့်သော နေရာ၌ တွေ့မြင်ရခြင်း။
8: seeing him at an improper resort.
(သပိတ်မမှောက်ထိုက်သော ရဟန်း၏ အင်္ဂါ ၈ မျိုးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Eight qualities of a monk who does not deserve boycott by the lay–followers are opposite of the above.)

သပိတ်လှူရကျိုး ၁ဝ ပါး

Ten benefits of donating alms–bowl (patta):
၁။ ရွှေ ခွက်ကို သုံးဆောင်ရခြင်း
1: Belonging to gold–bowl,
၂။ ပတ္တမြား ခွက်ကို သုံးဆောင်ရခြင်း
2: to ruby–bowl,
၃။ ငွေ ခွက်ကို သုံးဆောင်ရခြင်း
3: to silver–bowl,
၄။ ကျောက်နီ ခွက်ကို သုံးဆောင်ရခြင်း
4: to red gem–bowl,
၅။ ဘေးရန်မရှိခြင်း
5: no danger,
၆။ အပူဇော်ခံရခြင်း
6: respect by others,
၇။ အဝတ် အစားအသောက် ပေါများခြင်း
7: plenty of clothing and food,
၈။ စည်းစိမ်ဥစ္စာ မပျက်စီးခြင်း
8: not dwindling wealth,
၉။ တည်ကြည်ခြင်း
9: concentration,
၁ဝ။ ကိလေသာ နည်းခြင်း။
10: less impurities of mind.

သပိတ်လှန်

Call of a strike/boycott.

သပိတ်သွတ် (ဆွမ်းသွတ်)

Offering a meal to monk(s) within a week of a person’s death in Burmese tradition.

သပိတ်အိပ်

Case/bag for monk’s bowl.

သဗ္ဗ (အလုံစုံ) မည်သောတရားများ

The all:
၁။ စက္ခု – မျက်စိ
1: Eye,
၂။ ရူပ – ရုပ်အဆင်း
2: form,
၃။ သောတ – နား
3: ear,
၄။ သဒ္ဒ – အသံ
4: sound,
၅။ ဃာန – နှာခေါင်း
5: nose,
၆။ ဂန္ဓ – ရနံ့
6: odour,
၇။ ဇိဝှါ – လျှာ
7: tongue,
၈။ ရသ – အရသာ
8: tastes,
၉။ ကာယ – ခန္ဓာကိုယ်
9: body,
၁ဝ။ ဗောဋ္ဌဗ္ဗ – အတွေ့အထိ
10: tactile objects,
၁၁။ မန – စိတ်
11: mind,
၁၂။ ဓမ္မ – သဘောဓမ္မများ။
12: mental phenomena.

သဗ္ဗညူ

Omniscience, know–how everything.

သဗ္ဗညူ

၅ မျိုး Five kinds of omniscience:
၁။ ကမ သဗ္ဗညူ = အစဉ်အတိုင်း အားလုံးကို သိမြင်ခြင်း
1: Gradual omniscience,
၂။ သကိံ သဗ္ဗညူ = တစ်ကြိမ်တည်း အားလုံးကို သိမြင်ခြင်း
2: omniscience at once,
၃။ သတတ သဗ္ဗညူ = အမြဲမပြတ် အားလုံးကို သိမြင်ခြင်း
3: permanent omniscience,
၄။ သတ္တိ သဗ္ဗညူ = စွမ်းအားဖြင့် အားလုံးကို သိမြင်ခြင်း
4: able omniscience,
၅။ ဉာတ သဗ္ဗညူ = ထိုထွင်းပြီး အားလုံးကို သိမြင်ခြင်း။
5: discriminated omniscience.

သဗ္ဗေဟိ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ အညထာဘာဝေါ

(စုန္ဒသုတ် စသည်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
ချစ်ခင် နှစ်သက်မြတ်နိုးအပ်သော သူတို့ ရှင်ကွဲ သေကွဲ ဘဝခြားရခြင်းသည် (ဖြစ်ရိုးဖြစ်စဉ်ပေတည်း)။
“We must be parted, separated and severed from all who are dear and aggreable to us.” (This is the nature.) (Satipaṭṭhāna Saṃyutta, Mahā–vagga Saṃyutta Pāḷi)

သဘင်သည်များ လားရောက်ရာ ပဟာသ မည်သောငရဲ

(တာလပုဋသုတ်။ ဂါမဏိသံယုတ်။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ)
A hell, Pahāsa by name, to which the entertainers (dancer, singer etc.) may go after death.

သဘာဂ တူမျှခြင်း

Compatible.

သဘာဂ

သဘောတူ ဆက်နွယ်နေသော တရားများ Pairs of compatible/agreeable dhammas:
၁။ ကာမစ္ဆန္ဒ – ကာမဂုဏ်ဆန္ဒ နှင့် သုဘနိမိတ် – တင့်တယ်လှပသောအာရုံ
1: Sensual lust and beautiful/pleasant objects,
၂။ ဒေါသဗျာပါဒ နှင့် ပဋိဃနိမိတ္တ – ဒေါသ ဖြစ်စရာအာရုံ
2: ill–will and objects of ill–will,
၃။ ထိနမိဒ္ဓ = ငိုက်မြည်း အိပ်ချင်ခြင်း နှင့် အရတိ – မမွေ့လျော်ခြင်း။ တန္ဒီ –ပျင်းယိခြင်း။ ဝိဇမ္ဘိတာ – ကိုယ်လက်ဆန့်ငင်ခြင်း။ ဘတ္တသမ္မဒ – ထမင်းဆီယစ်ခြင်း။ စေတသော လီနတ္တ – စိတ်၏ ဆုတ်နစ်ခြင်း
3: sloth and torpor and regret, drowsiness, languor, surfeit after meals and torpidity of mind,
၄။ ဥဒ္ဓစ္စ ကုက္ကုစ္စ – ပျံ့လွင့်ဗျာများခြင်း နှင့် စေတသော အဝူပသမ – စိတ်မငြိမ်းအေးခြင်း
4: worry and restlessness and frustration of mind,
၅။ ဝိစိကိစ္ဆာ – သံသယများခြင်း နှင့် အယောနိသော မနသိကာရ – မသင့်မတင့် နှလုံးသွင်းခြင်း။
5: doubt and wrong attitude.

သဘာဝ

Own–nature, own–being, root essence.

သမဏ

Recluse, monk, ascetic.

သမဏ ၄ မျိုး

Four kinds of recluse:
၁။ သမဏ မစလ = သောတာပန် ပုဂ္ဂိုလ်
1: The unshakable recluse (sotāpanna),
၂။ သမဏ ပဒုမ = သကဒါဂါမ် ပုဂ္ဂိုလ်
2: the ‘blue–lotus’ recluse (sakadāgāmi),
၃။ သမဏ ပုဏ္ဍရိက = အနာဂါမ် ပုဂ္ဂိုလ်
3: the ‘white–lotus’ recluse (anāgāmi),
၄။ သမဏ သုခုမာလ = ရဟန္တာ ပုဂ္ဂိုလ်။
4: the ‘subtly–perfect’ recluse (arahanta).

သမဏ ဗြဟ္မဏ အစစ်အမှန်ကို ပြုတတ်သော တရား ၁၈ ပါး

(မဟာ အဿပုရ သုတ်)
Eighteen things that make a person a real recluse and a real Brahmin
(in accordance with the Mahā–assapura Sutta):
၁။ မကောင်းမှု မှ ရှက်ကြောက်ခြင်း
1: Possessing of shame and fear of wrong–doing,
၂။ ကာယကံ စင်ကြယ်ခြင်း
2: purified body–conduct,
၃။ ဝစီကံ စင်ကြယ်ခြင်း
3: purified verbal–conduct,
၄။ မနောကံ စင်ကြယ်ခြင်း
4: purified mental–conduct,
၅။ အသက်မွေးမှု စင်ကြယ်ခြင်း
5: purified livelihood,
၆။ ဣန္ဒြေ စောင့်စည်းခြင်း
6: garding the sense–doors,
၇။ စားသောက်ဖွယ် အတိုင်းအရှည်ကို သိခြင်း
7: moderation in eating,
၈။ နိုးကြားခြင်း
8: wakefulness,
၉။ သတိ သမ္ပဇဉ် ရှိခြင်း
9: mindfulness and awareness,
၁ဝ။ အဘိဇ္စျာ မနာလိုမှု မရှိခြင်း
10: abandoning covetousness,
၁၁။ ဗျာပါဒ မုန်းတီးမှု မရှိခြင်း
11: abandoning ill–will and hatred,
၁၂။ ထိန မိဒ္ဓ ငိုက်မည်းမှု မရှိခြင်း
12: abandoning sloth and torper,
၁၃။ ဥဒ္ဓစ္စ ကုက္ကုစ္စ ပျံ့လွင့်မှု
13: abandoning restlessness and remorse,
နောင်တပူပန်မှု မရှိခြင်း
၁၄၊ ဝိစိကိစ္ဆာ ယုံမှားမှု မရှိခြင်း
14: abandoning doubt,
၁၅။ စျာန် လေးပါး နှင့် နေခြင်း
15: abiding with the four jhānas,
၁၆။ ပုဗ္ဗေ နိဝါသာနုဿတိဉာဏ် ရခြင်း
16: the knowledge of the recollection of past lives,
၁၇။ စုတူပပါတ ဉာဏ် ရခြင်း
17: the knowledge of the passing away and reappearance of beings,
၁၈။ အာသဝက္ခယ ဉာဏ် ရခြင်း။
18: the knowledge of the destruction of the taints/ mental defilements.

သမဏမည်ခြင်း၏ အကြောင်းတရား ၇ ပါး

A person is called ‘samaṇa’ who pacifies seven things:
၁။ သက္ကာယဒိဋ္ဌိ ငြိမ်းခြင်း
1: Personal–existence view is pacified;
၂။ ဝိစိကိစ္ဆာ ငြိမ်းခြင်း
2: doubt is pacified;
၃။ သီလဗ္ဗတမရာမာသ ငြိမ်းခြင်း
3: wrong grasp of observances is pacified;
၄။ ရာဂ ငြိမ်းခြင်း
4: lust is pacified;
၅။ ဒေါသ ငြိမ်းခြင်း
5: hatred is pacified;
၆။ မောဟ ငြိမ်းခြင်း
6: delusion is pacified;
၇။ မာန ငြိမ်းခြင်း။
7: conceit is pacified.

သမဏသညာ ၃ ပါး

Three ideas/reflections of a monk:
၁။ ဝေဝဏ္ဏိယမှိ အဇ္စျုပဂတော = ငါမှာ အဆင်းဖေါက်ပြန်မှု အမြဲဖြစ်နေ၏
1: My body/form is always getting deteriorated/waned.
၂။ ပရပဋိဗဒ္ဓါ မေ ဇီဝိကာ = ငါသည် သူတပါးကိုမှီ၍ အသက်မွေးရ၏
2: I depend on others for my livelihood.
၃။ အညော မေ အာကပ္ပေါ ကရဏီယော = ငါသည် လူတို့အသွင်အပြင်နှင့်မတူ။ ရဟန်းအသွင်အပြင်နှင့် နေထိုင်မှုပြုရမည်။
3: I should behave differently from lay–persons’ behavior.

သမဏသညာ ၃ ပါး၏ အကျိုးတရား ၇ ပါး

Seven benefits of the three ideas/reflections of a monk:
၁။ သီလကို မပြတ်မလတ် ဖြည့်ကျင့်ခြင်း
1: Always fulfilling the virtue/moral conduct,
၂။ သီလ ၌ တည်နေခြင်း
2: standing firmly on the virtue,
၃။ မနာလိုမှု မရှိခြင်း
3: no jealousy,
၄။ ဆင်းရဲ ကင်းခြင်း
4: no suffering,
၅။ မာန် မထောင်လွှားခြင်း
5: no conceit,
၆။ ကျင့်ဝတ်သိက္ခာကို လိုလားခြင်း
6: eager for the virtue,
၇။ လုံ့လ ရှိခြင်း။
7: effort.

သမဏသုခ ၅ ပါး

Five benefits/comforts of recluses:
၁။ ရသမျှ သင်္ကန်းဖြင့် ရောင့်ရဲနိုင်ခြင်း
1: Contentment with any robe,
၂။ ရသမျှ ဆွမ်းဖြင့် ရောင့်ရဲနိုင်ခြင်း
2: with any food,
၃။ ရသမျှ ကျောင်း အိပ်ရာနေရာဖြင့် ရောင့်ရဲနိုင်ခြင်း
3: with any lodging,
၄။ ရသမျှ ဆေးပစ္စည်းဖြင့် ရောင့်ရဲနိုင်ခြင်း
4: with any medicine,
၅။ မြတ်သောအကျင့်ကို ကျင့်သုံးပြီး ချမ်းသာခြင်း။
5: happiness in holy–life.
(သမဏဒုက္ခ ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five discomforts of recluses are opposite of the above.)

သမဏသုခ ၈ ပါး

Eight benefits/comforts of recluses:
၁။ ဥစ္စာ စပါး သိမ်းဆည်းမှု မရှိခြင်း
1: Non–hoarding of wealth and grains,
၂။ အပြစ်ကင်းသော ဆွမ်းကိုသာ ရှာမှီးခြင်း
2: searching for blameless food,
၃။ အေးပြီးသောဆွမ်းကိုသာ ဘုဉ်းပေးသုံးဆောင်ခြင်း
3: enjoying peaceful food,
၄။ မင်း အုပ်ချုပ်သူတို့၏ ဒဏ်မခံရခြင်း
4: no danger of the authorities/kings,
၅။ ကျောင်း ပစ္စည်းကို တပ်မက်မှု မရှိခြင်း
5: no attachment to things/building,
၆။ လူဆိုး သူခိုး ဓါးပြ ကြောက်ရန် မလိုခြင်း
6: no danger of thief, robbers etc.,
၇။ မင်း အာဏာပိုင်များနှင့် မရောနှောခြင်း
7: no association with kings and ministers/authorities,
၈။ အပိတ်အပင်မရှိ သွားလိုရာ သွားနိုင်ခြင်း။
8: free to move.

သမ္ပတ္တိ တရား ၄ ပါး

Four kinds of attainments/bliss:
၁။ ဂတိ သမ္ပတ္တိ = သုဂတိ ဘဝ၌ ဖြစ်ရခြင်း
1: Attainment of good realms,
၂။ ဥပဓိ သမ္ပတ္တိ = ကိုယ်အင်္ဂါ ပြည့်စုံ
2: good physical appearance, တင့်တယ်ခြင်း
၃။ ကာလ သမ္ပတ္တိ = ကပ်သုံးပါးမှ
3: the time of no–epidemic, လွတ်ကင်းသော ကာလဖြစ်ခြင်း
၄။ ပယောဂ သမ္ပတ္တိ = လိမ်မာလုံ့လ ပြည့်စုံခြင်း။
4: persistent effort.

သမ္ပဒါ တရား ၅ ပါး

(ဗျသန တရား ၅ ပါးလည်း _ရှု) Five gains:
၁။ ဉာတိ သမ္ပဒါ = ဆွေမျိုး ပြည့်စုံခြင်း
1: Gain of relatives,
၂။ ဘောဂ သမ္ပဒါ = စည်းစိမ်ဥစ္စာ
ပြည့်စုံခြင်း
2: of wealth,
၃။ အာရောဂျ သမ္ပဒါ = ကျန်းမာရေး ပြည့်စုံခြင်း
3: of health,
၄။ သီလ သမ္ပဒါ = ကိုယ်ကျင့်တရား ပြည့်စုံခြင်း
4: of moral–conduct,
၅။ ဒိဋ္ဌိ သမ္ပဒါ = အယူမှန်ရှိခြင်း။
5: of right view.

သမ္ပဒါ တရား ၄ ပါး

(ကြီးပွါးကြောင်း တရား ၄ ပါး _ရှု)

သမ္ပဒါ တရား ၅ ပါး

Five achievements:
၁။ သဒ္ဓါ သမ္ပဒါ
1: Achievement of faith,
၂။ သီလ သမ္ပဒါ
2: of morality,
၃။ သုတ သမ္ပဒါ
3: of vast learning,
၄။ စာဂ သမ္ပဒါ
4: of generosity,
၅။ ပညာ သမ္ပဒါ။
5: of wisdom/insight.

သမ္ပဒါ တရား ၅ ပါး

(တနည်း)
More five achievements:
၁။ သီလ သမ္ပဒါ
1: Achievement of morality,
၂။ သမာဓိ သမ္ပဒါ
2: of concentration,
၃။ ပညာ သမ္ပဒါ
3: of wisdom,
၄။ ဝိမုတ္တိ သမ္ပဒါ
4: of deliverance,
၅။ ဝိမုတ္တိဉာဏဒဿန သမ္ပဒါ။
5: of insight knowledge to deliverance.

သမ္ပဒါ တရား ၄ ပါး

(အောင်မြင်ချမ်းသာကြောင်းတရား ၄ ပါး)
Four conditions for a person’s wealth and happiness:
၁။ ဥဋ္ဌာန သမ္ပဒါ – ထကြွ လုံ့လ ဝီရိယ ရှိခြင်း
1: The accomplishment of persistent effort,
၂။ အာရက္ခ သမ္ပဒါ – ထိမ်းသိမ်း စောင့်ရှောက်နိုင်ခြင်း
2: the accomplishment of watchfulness,
၃။ ကလျာဏ မိတ္တတာ – မိတ်ဆွေကောင်း ရှိခြင်း
3: good friendship, having good friends,
၄။ သမ ဇီဝိတတာ – တရားသဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုခြင်း။
4: balanced/lawful livelihood,

သမ္ပဒါ တရား ၈ ပါး

(သမ္ပဒါသုတ်။ အဋ္ဌကနိပ်တ။ အင်္ဂုတ္တရပါဠိ)
Eight achievements:
၁ မှ ၄ အထိ အထက်ပါအတိုင်းဖြစ်သည်။ No. 1 to no. 4 are the same as above.
၅။ သဒ္ဓါ သမ္ပဒါ – ယုံကြည်မှု သဒ္ဓါတရားနှင့် ပြည့်စုံခြင်း
5: achievement of faith,
၆။ သီလ သမ္ပဒါ – ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း
6: of morality,
၇။ စာဂ သမ္ပဒါ – စွန်ကြဲပေးကမ်းမှုနှင့် ပြည့်စုံခြင်း
7: of generosity,
၈။ ပညာ သမ္ပဒါ – ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
8: of wisdom/insight.

သမ္ဖဿ ၆ ပါး

(ဖဿ – သမ္ဖဿ– ၆ ပါး _ရှု)

သမန္တပါသာဒိက ရဟန်းတော်၏ အင်္ဂါ ၁ဝ ပါး

(အဖက်ဖက်မှ ကြည်ညိုဘွယ်ကောင်းသော – သမန္တပါသာဒိက –
ရဟန်းတော်၏ အင်္ဂါ ၁ဝ ပါး _ရှု)

သမ္မပ္ပဓာန် ၄ ပါး

(သမ္မာဝါယာမ)
Four right efforts:
၁။ ဖြစ်ပြီး အကုသို်လ် ပျောက်ရန် (ထပ်မဖြစ်ရန်)
1: The effort to avoid the unwholesome states (avoidance),
၂။ မဖြစ်သေး အကုသိုလ် မဖြစ်ရန်
2: the effort to overcome the unwholesome states (overcoming),
၃။ မဖြစ်သေး ကုသိုလ် ဖြစ်ရန်
3: the effort to develop the wholesome states (developing),
၄။ ဖြစ်ပြီး ကုသိုလ် တည်တန့် တိုးပွါးရန်။
4: the effort to maintain the wholesome states (maintaining).

သမ္မသနဉာဏ် သုံးသပ်ရန် တရားများ

(ဝိသုဒ္ဓိမဂ်)
Twenty–four objects of the knowledge of comprehension:
၁။ စက္ခုစသည့် ဒွါရသို့ရောက်လာသော
1: The states that occur in the doors

တရားများ

such as eye–door,
၂။ ခန္ဓာ ငါးပါး
2: the five aggregates,
၃။ ဒွါရ ခြောက်ပါး
3: the six doors,
၄။ အာရုံ ခြောက်ပါး
4: the six objects,
၅။ ဝိညာဏ် ခြောက်ပါး
5: the six kinds of consciousness,
၆။ ဖဿ ခြောက်ပါး
6: the six kinds of contact,
၇။ ဝေဒနာ ခြောက်ပါး
7: the six kinds of feeling,
၈။ သညာ ခြောက်ပါး
8: the six kinds of perception,
၉။ စေတနာ ခြောက်ပါး
9: the six kinds of volition,
၁ဝ။ တဏှာ ခြောက်ပါး
10: the six kinds of craving,
၁၁။ ဝိတက် ခြောက်ပါး
11: the six kinds of applied thought,
၁၂။ ဝိစာရ ခြောက်ပါး
12: the six kinds of sustained thought,
၁၃။ ဓာတ် ခြောက်ပါး
13: the six elements,
၁၄။ ကသိုဏ်း ဆယ်ပါး
14: the ten kasiṇas (device),
၁၅။ ကောဋ္ဌာသ သုံးဆယ့်နှစ်ပါး
15: the thirty–two bodily aspects,
၁၆။ အာယတန ဆယ့်နှစ်ပါး
16: the twelve bases,
၁၇။ ဓာတ် ဆယ့်ရှစ်ပါး
17: the eighteen elements,
၁၈။ ဣန္ဒြေ နှစ်ဆယ်နှစ်ပါး
18: the twenty–two faculties,
၁၉။ ဓာတ် သုံးပါး
19: the three elements,
၂ဝ။ ဘဝ ကိုးပါး
20: the nine kinds of becoming,
၂၁။ စျာန် လေးပါး
21: the four kinds of absorption (jhāna),
၂၂။ အပ္ပမညာ လေးပါး
22: the four measureless states,
၂၃။ သမာပတ် လေးပါး
23: the four immaterial attainments,
၂၄။ ပဋိစ္စသမုပ္ပါဒ် ဆယ်နှစ်ပါး။
24: the twelve members of dependent origination.

သမာဓိ

Concentration, contemplation.

သမာဓိ ၂ မျိုး

Two kinds of concentration:
၁။ လောကီ သမာဓိ
1: Mundane,
၂။ လောကုတ္တရာ သမာဓိ။
2: supramundane.

သမာဓိ ၂ မျိုး

(တနည်း)
More two kinds of concentration:
၁။ ဥပစာရ သမာဓိ
1: Access
၂။ အပ္ပနာ သမာဓိ။
2: absorption.

သမာဓိ ၂ မျိုး

(တနည်း)
More two kinds of concentration:
၁။ ပီတိရှိသော သမာဓိ
1: With happiness,
၂။ ပီတိကင်းသော သမာဓိ။
2: without happiness.

သမာဓိ ၂ မျိုး

(တနည်း)
More two kinds of concentration:
၁။ သုခနှင့်ယှဉ်သော သမာဓိ
1: Accompanied by bliss,
၂။ ဥပေက္ခာနှင့်ယှဉ်သော သမာဓိ။
2: accompanied by equanimity.

သမာဓိ ၃ မျိုး

Three kinds of concentration:
၁။ အယုတ် သမာဓိ
1: Inferior,
၂။ အလတ် သမာဓိ
2: medium,
၃။ အမြတ် သမာဓိ။
3: superior.

သမာဓိ ၃ မျိုး

Three stages of concentration:
၁။ ပရိကမ္မ သမာဓိ
1: Preparatory concentration,
၂။ ဥပစာရ သမာဓိ
2: neighborhood/access concentration,
၃။ အပ္ပနာ သမာဓိ။
3: attainment concentration.

သမာဓိ ၄ မျိုး

Four kinds/achievements of concentration:
၁။ ဆင်းရဲစွာကျင့်ရပြီး နှေးနှေး သမာဓိရခြင်း
1: Difficult practice, getting concentration slowly,
၂။ ဆင်းရဲစွာကျင့်ရပြီး မြန်မြန် သမာဓိရခြင်း
2: Difficult practice, getting concentration easily,
၃။ ချမ်းသာစွာကျင့်ရပြီး နှေးနှေး သမာဓိရခြင်း
3: easy practice, getting concentration slowly,
၄။ ချမ်းသာစွာကျင့်ရပြီး မြန်မြန် သမာဓိရခြင်း။
4: easy practice, getting concentration easily.

သမာဓိ ၄ မျိုး

(တနည်း)
More four kinds of concentration:
၁။ ပရိတ္တ ပရိတ္တာရမ္မဏ သမာဓိ
1: limited concentration with a limited object,
၂။ ပရိတ္တ အပ္ပမာဏာရမ္မဏ သမာဓိ
2: limited concentration with a limitless object,
၃။ အပ္ပမာဏ ပရိတ္တာရမ္မဏ သမာဓိ
3: limitless concentration with a limited object,
၄။ အပ္ပမာဏ အပ္ပမာဏာရမ္မဏ သမာဓိ။
4: limitless concentration with a limitless object.

သမာဓိ ၄ မျိုး

(တနည်း)
More four kinds of concentration:
၁။ ဟာန ဘာဂိယ သမာဓိ – ယုတ်လျော့သော သမာဓိ
1: Concentration partaking of decrease,
၂။ ဌိတိ ဘာဂိယ သမာဓိ – တည်တန့်သော သမာဓိ
2: concentration partaking of stagnation,
၃။ ဝိသေသ ဘာဂိယ သမာဓိ – ထူးခြားတိုးတက်သော သမာဓိ
3: concentration partaking of increase,
၄။ နိဗ္ဗေဓ ဘာဂိယ သမာဓိ – ထိုးထွင်းသိသော သမာဓိ။
4: concentration partaking of penetration.

သမာဓိ ၄ မျိုး

(တနည်း)
More four kinds of concentration:
၁။ ကာမာဝစရ သမာဓိ
1: Sense–sphere concentration,
၂။ ရူပါဝစရ သမာဓိ
2: fine–material–sphere concentration,
၃။ အရူပါဝစရ သမာဓိ
3: immaterial–sphere concentration,
၄။ အပရိယာပန္န သမာဓိ ။
4: unincluded concentration.

သမာဓိတည်နိုင် ရနိုင်သော တရား ၅ ပါး

Five qualities to abide in right concentration:
၁။ အဆင်းမျိုးစုံ ရူပါရုံကို သည်းခံနိုင်ခြင်း
1: Enduring sights,
၂။ အသံမျိုးစုံ သဒ္ဒါရုံကို သည်းခံနိုင်ခြင်း
2: enduring sounds,
၃။ အနံ့မျိုးစုံ ဂန္ဓာရုံကို သည်းခံနိုင်ခြင်း
3: enduring smells,
၄။ အရသာမျိုးစုံ ရသာရုံကို သည်းခံနိုင်ခြင်း
4: enduring tastes,
၅။ အတွေ့မျိုးစုံ ဗောဋ္ဌဗ္ဗာရုံကို သည်းခံနိုင်ခြင်း။
5: enduring touches.
(သမာဓိ မတည်နိုင် မရနိုင်သော တရား ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်များဖြစ်သည်)
(Five defects not suitable for right concentration are opposite of the above.)

သမာဓိ ဘာဝနာ

Concentrative meditation.

သမာဓိ ဘာဝနာ ၄ မျိုး

Four concentrative meditations:
၁။ ဒိဋ္ဌဓမ္မ သုခ ဝိဟာရ = ချမ်းသာစွာ နေရန် သမာဓိ ဘာဝနာ
1: Concentration for happiness here–and–now,
၂။ ဉာဏ ဒဿန ပဋိလာဘ = ဉာဏ် အမြင်ရှင်းရန် သမာဓိ ဘာဝနာ
2: for gaining knowledge and vision,
၃။ သတိ သမ္ပဇည = သတိဆင်ခြင်ရန် သမာဓိ ဘာဝနာ
3: for mindfulness and awareness,
၄။ အာသဝက္ခယ = အာသဝေါ ကုန်ခမ်းရန် သမာဓိ ဘာဝနာ။
4: for destruction of corruptions.

သမာဓိရရန် အခြေခံ ၁ဝ ပါး

(အပ္ပနာကောသလ္လဉာဏ်) The ten kinds of skill in absorption:
၁။ ပစ္စည်းဝတ္ထုတို့ကို စင်ကြယ်အောင်ပြုခြင်း
1: Making the basis clean,
၂။ ဣန္ဒြေတို့ကို မျှစေခြင်း
2: maintaining the balanced faculties,
၃။ အာရုံနိမိတ်၌ ကျွမ်းကျင်လိမ္မာခြင်း
3: skill in the sign,
၄။ စိတ်ကို ချီးမြှောက်သင့်သောအချိန်၌ ချီးမြှောက်ခြင်း
4: exerting the mind when it should be exerted,
၅။ စိတ်ကို နှိပ်သင့်သောအချိန်၌ နှိပ်ခြင်း
5: restraining the mind when it should be restrained,
၆။ စိတ်ကို ရွှင်သင့်သောအချိန်၌ ရွှင်စေခြင်း
6: encouraging the mind when it should be encouraged,
၇။ စိတ်ကို လျစ်လျူရှုသင့်သောအချိန်၌ လျစ်လျူရှုခြင်း
7: equalizing the mind when it should be equalized,
၈။ မတည်ကြည် သမာဓိမရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း
8: avoidance of unconcentrated persons,
၉။ တည်ကြည် သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း
9: association with concentrated persons,
၁ဝ။ အပ္ပနာ သမာဓိကို နှလုံးသွင်းခြင်း။
10: resoulteness upon the concentration.

သမာဓိ၏ ညစ်နွမ်းကြောင်း တရား ၁၁ ပါး

(ဥပက္ကိလေသသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Eleven inperfections of concentration/mind (Upakkilesa Sutta, Upari–paṇṇāsa):
၁။ ဝိစိကိစ္ဆာ – ယုံမှားခြင်း
1: Doubt,
၂။ အမနသိကာရ – နှလုံးမသွင်းခြင်း
2: inattention,
၃။ ထိနမိဒ္ဓ – အိပ်ချင် ငိုက်မြည်းခြင်း
3: sloth and torpor,
၄။ ဆမ္ဘိတတ္တ – ကိုယ်ခက်တရော် တုံလှုပ်ခြင်း
4: fear,
၅။ ဥပ္ပိလ –ပေါ်လွင်ရွှင်လန်းခြင်း
5: elation,
၆။ ဒုဋ္ဌုလ္လ – ရုံ့ရင်းကြမ်းထမ်းခြင်း
6: inertia,
၇။ အစ္စာရဒ္ဓဝီရိယ – ဝီရိယလွန်ခြင်း
7: excess of energy,
၈။ အတိလီနဝီရိယ –ဝီရိယ နည်းခြင်း
8: deficiency of energy,
၉။ အဘိဇပ္ပါ – တောင့်တခြင်း
9: longing,
၁ဝ။ နာနတ္တသညာ – သညာများခြင်း
10: perception of diversity,
၁၁။ အတိနိဇ္စျာယိတတ္တ ရူပ – ရူပါရုံကို အလွန်ရှုခြင်း။
11: excessive meditation upon forms.

သမာဓိ၏ ရန်သူကြီး ၄ ပါး

Four great enemies of concentration:
၁။ ထိန
1: Sloth,
၂။ မိဒ္ဓ
2: torpor,
၃။ ဥဒ္ဓစ္စ
3: restlessness,
၄။ မိစ္ဆာ ဝိတက်။
4: wrong active thought.

သမာဓိ၏ အကျိုးတရား ၅ ပါး

Five benefits of concentration:
၁။ ဒိဋ္ဌဓမ္မသုခဝိဟာရာနိသံသ – လက်တွေ့ချမ်းသာစွာ နေထိုင်နိုင်ခြင်း အကျိုး
1: Blessful abiding here and now,
၂။ ဝိပဿနာနိသံသ – ဝိပဿနာတရားအား အထောက်အကူပြုခြင်း အကျိုး
2: providing insight meditation,
၃။ အဘိညာနိသံသ – အဘိညာဉ် တန်ခိုးရနိုင်ခြင်း အကျိုး
3: providing direct–kinowledge, gaining supernatural–power,
၄။ ဘဝဝိသေသာနိသံသ – ဘဝထူး (ဗြဟ္မပြည်) ရနိုင်ခြင်း အကျိုး
4: rebirth in the special realm (brahma–world),
၅။ နိရောဓာနိသံသ – နိရောဓသမာပတ် ဝင်စားနိုင်ခြင်း အကျိုး။
5: attainment of cessation–absorption.

သမာဓိ၏ အခြံအရံတရား ၇ ပါး

Seven requisites of concentration:
၁။ သမ္မာ ဒိဋ္ဌိ
1: Right view/understanding,
၂။ သမ္မာ သင်္ကပ္ပ
2: right thought/intention,
၃။ သမ္မာ ဝါစာ
3: right speech,
၄။ သမ္မာ ကမ္မန္တ
4: right action/conduct,
၅။ သမ္မာ အာဇီဝ
5: right livelihood/occupation,
၆။ သမ္မာ ဝါယာမ
6: right effort/endeavor,
၇။ သမ္မာ သတိ။
7: right mindfulness/awareness.

သမာဓိ အားကောင်းကြောင်းတရား ၆ ပါး

Six things/dhammas that make concentration strong:
၁။ သမာဓိ ဝင်စားမှု၌ လိမ်မာခြင်း
1: Skill in attaing concentration,
၂။ သမာဓိ တည်မှု၌ လိမ်မာခြင်း
2: in maintaining it,
၃။ သမာဓိမှ ထမှု၌ လိမ်မာခြင်း
3: in emerging from it,
၄။ ကောင်းစွာ ပြုလေ့ရှိခြင်း
4: doing well,
၅။ အမြဲမပြတ် ပြုလေ့ရှိခြင်း
5: doing regularly,
၆။ လျှောက်ပတ်သည်ကို ပြုလေ့ရှိခြင်း။
6: doing what is helpful.
(သမာဓိ အားနည်းကြောင်းတရား ၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Six things/dhammas that make concentration weak are opposite of the above.)

သမာပတ်

Attainment.

သမာပတ် ၈။ ၉ ပါး

Eight/nine attainments of absorption:
၁။ ပထမ စျာန် သမာပတ်
1: First absorption–attainment,
၂။ ဒုတိယ စျာန် သမာပတ်
2: second absorption–attainment,
၃။ တတိယ စျာန် သမာပတ်
3: third absorption–attainment,
၄။ စတုတ္ထ စျာန် သမာပတ်
4: fourth absorption–attainment,
၅။ အာကာသာနဌာယတန စျာန်
5: the attainment of the sphere of boundless သမာပတ် space (ākāsānañcāyatana),
၆။ ဝိညာနဌာယတန စျာန် သမာပတ်
6: the attainment of the sphere of boundless consciousness (viññānañcāyatana),
၇။ အာကိဌညာယတန စျာန် သမာပတ်
7: the attainment of the sphere of nothingness (ākiñcaññāyatana),
၈။ နေဝသညာနာသညာယတန စျာန်
8: the attainment of the sphere of neither သမာပတ် perception nor non–perception
(nevasaññānāsaññāyatana).
၉။ နိရောဓ သမာပတ်။
9: the attainment of extinction.

သမ္ဗုဒ္ဓ

Self–enlightened person (Buddha).

သမ္မာဒိဋ္ဌိ

Right view/understanding.

သမ္မာဒိဋ္ဌိ ၂ မျိုး

Two kinds of right view:
၁။ အာသဝေါတရားတို့၏ အာရုံဖြစ်သော သမ္မာဒိဋ္ဌိ
1: Right view affected by taints,
၂။ အာသဝေါတရားတို့၏ အာရုံမဟုတ်သော သမ္မာဒိဋ္ဌိ။
2: right view not affected by taints.

သမ္မာဒိဋ္ဌိ ၅ မျိုး

Five kinds of right view:
၁။ ဝိပဿနာ သမ္မာဒိဋ္ဌိ
1: Right view of insight–meditation,
၂။ ကမ္မသကတာ သမ္မာဒိဋ္ဌိ
2: of cause and effect,
၃။ မဂ္ဂ သမ္မာဒိဋ္ဌိ
3: of path (magga),
၄။ ဖလ သမ္မာဒိဋ္ဌိ
4: of fruit (phala),
၅။ ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိ။
5: of recollection.

သမ္မာဒိဋ္ဌိ အမြင်မှန်ရှိခြင်းများ ၁၆ ပါး

(သမ္မာဒိဋ္ဌိသုတ်။ မူလပဏ္ဏာသပါဠိ)
Sixeen things of right view (Sammādiṭṭhi Sutta, Majjhima nikāya):
၁။ အကုသိုလ်။ ယင်း၏အကြောင်းတရား။ ကုသိုလ်။ ယင်း၏အကြောင်းတရား တို့ကို သိမြင်ခြင်း
1: Understanding the unwholesome, its root, the wholesome and its root,
၂။ အာဟာရ။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
2: understanding nutriment, its origin, its cessation and the way to the cessation of it,
၃။ ဒုက္ခ။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
3: understanding suffering, its origin, its cessation and the way to the cessation of it,
၄။ ဇရာ မရဏ အိုသေမှု။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
4: understanding aging and death, their origin, their cessation and the way to the cessation of them,
၅။ ဇာတိ။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
5: understanding birth, its origin, its cessation and the way to the cessation of it,
၆။ ဘဝ။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
6: understanding being, its origin, its cessation and the way to the cessation of it,
၇။ ဥပါဒါန်။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
7: understanding clinging, its origin, its cessation and the way to the cessation of it,
၈။ တဏှာ။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
8: understanding craving, its origin, its cessation and the way to the cessation of it,
၉။ ဝေဒနာ။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
9: understanding feeling, its origin, its cessation and the way to the cessation of it,
၁ဝ။ ဖဿ။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
10: understanding contact, its origin, its cessation and the way to the cessation of it,
၁၁။ သဠာယတန။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
11: understanding sixfold base, its origin, its cessation and the way to the cessation of it
၁၂။ နာမ် ရုပ်။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
12: understanding materiality and mentality, their origin, their cessation and the way to the cessation of them,
၁၃။ ဝိညာဏ။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
13: understanding consciousness, its origin, its cessation and the way to the cessation of it,
၁၄။ သင်္ခါရ။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
14: understanding formations, their origin, their cessation and the way to the cessation of them,
၁၅။ အဝိဇ္ဇာ။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း
15: understanding ignorance, its origin, its cessation and the way to the cessation of it
၁၆။ အာသဝ။ ယင်း၏ ဖြစ်ကြောင်း – ချုပ်ရာ – ချုပ်ကြောင်း တို့ကို သိမြင်ခြင်း။
16: understanding taints, their origin, their cessation and the way to the cessation of them.

သမ္မာဒိဋ္ဌိ၏ အင်္ဂါ ၁ဝ မျိုး

Ten components of ‘right view’:
၁။ အတ္ထိ ဒိန္နံ – ပေးလှူခြင်း (အကျိုး) ရှိ၏။
1: There is the fruit of giving (gift in general);
၂။ အတ္ထိ ယိဋ္ဌံ – ယာဇ်ပူဇော်ခြင်း (အကျိုး) ရှိ၏။
2: of offering (gift to the superior);
၃။ အတ္ထိ ဟုတံ – ဟုန်းပူဇော်ခြင်း (အကျိုး) ရှိ၏။
3: of presenting in charity (gift to the inferior).
၄။ အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော – ကောင်းမှု မကောင်းမှုတို့၏ အကျိုးရင်း အကျိုးဆက်ရှိ၏။
4: There are fruit and result of good and bad actions.
၅။ အတ္ထိ အယံ လောကော – ဤလောကရှိ၏။
5: There is this world.
၆။ အတ္ထိ ပရော လောကော – ပရ (အခြားသော။တမလွန်) လောကရှိ၏။
6: There is other world.
၇။ အတ္ထိ မာတာ – မိခင် (ကျေးဇူး) ရှိ၏။
7: There is gratitude toward a mother;
၈။ အတ္ထိ ပိတာ – ဖခင် (ကျေးဇူး) ရှိ၏။
8: there is gratitude toward a father.
၉။ အတ္ထိ သတ္တာ သြပပါတိကာ – သေပြီးတဖန်ဖြစ်သော (ကိုယ်ထင်ရှားဖြစ်သော) သတ္တဝါ ရှိ၏။
9: There are beings who are reborn spontaneously.
၁ဝ။ အတ္ထိ လောကေ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဌ လောကံ ပရဌ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ – ဤလောက တပါးသောလောကကို ကိုယ်တိုင်သိမြင် မျက်မှောက် ပြုပြီး ကျင့်ကြံဟောကြား သူတော်ကောင်းများရှိ၏။
10: There are wise and virtuous persons who realize the world by direct knowledge and make their realization known to others.
(မိစ္ဆာဒိဋ္ဌိ၏ အင်္ဂါ ၁ဝ မျိုးတို့မှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Ten components of ‘wrong view’ are opposite of the above.)

သမ္မာမဂ္ဂင် ၈ ပါး

(မဂ္ဂင် ၈ ပါး – အရိယာ။ သမ္မာ – _ရှု)

သမ္မာသမ္ဗောဓိ

Perfect enlightenment.

သမုဒယသစ္စာ

(ဒုက္ခ ဖြစ်ကြောင်းတရားများ _ရှု)

သမုဒ္ဒရာ ၄ မျိုး

Four kinds of ocean:
၁။ သံသာရ သာဂရ – ဘဝသံသရာတည်းဟူသော သမုဒ္ဒရာ
1: Ocean of birth and death (saṃsāra – circle of rebirth),
၂။ ဇလ သာဂရ – ရေ သမုဒ္ဒရာ
2: of water,
၃။ နယ သာဂရ – ပိဋကတ်စာပေကျမ်းဂန်တည်းဟူသော နည်းမျိုးစုံ သမုဒ္ဒရာ
3: of Tipiṭaka, the Three Baskets of Scripture, which contains ‘ocean of methods’,
၄။ ဉာဏ သာဂရ – သဗ္ဗညုတဉာဏ်တည်းဟူသော သမုဒ္ဒရာ။
4: of omniscience, Lord Buddha’s wisdom.

သမုဒ္ဒရာ၏ အံ့ဘွယ် ၈ ပါး

The eight wonders/marvels of the ocean:
၁။ သမုဒ္ဒရာသည် အစဉ်အတိုင်း နက်ရှိုင်းသွားခြင်း
1: Gradual sloping and inclining,
၂။ ရေသည် ကမ်းကို မကျော်လွန်ခြင်း
2: its water not overflowing its boundaries,
၃။ အကောင်ပုပ်ကို လက်မခံခြင်း
3: no association with a corpse,
၄။ မြစ်ကြီးငယ်တို့ စီးဝင်ကြပြီး ယင်းတို့၏အမည်များ မရှိတော့ခြင်း
4: great rivers giving up their names when they reach the ocean,
၅။ သမုဒ္ဒရာ၏ ရေသည် ပြည့်လွန်းသည် ရော့လွန်းသည် မရှိခြင်း
5: water in the ocean neither a decrease nor filling up,
၆။ သမုဒ္ဒရာ၏ ရေသည် ငံသော (ဆား) အရသာ တစ်ခုတည်းသာရှိခြင်း
6: water in it having one salty taste,
၇။ သမုဒ္ဒရာ အတွင်း ပုလဲစသောရတနာပေါင်းများစွာရှိခြင်း
7: containing many precious substances such as pearls,
၈။ ကိမိငါး တိမိလငါး နဂါး အသုရာ စသော ခန္ဓာကြီးမ ား သတ္တဝါများ ပျော်စံကြခြင်း။
8: the abode of great beings such as Timi the fish, Timila the fish, dragons,
Asura the Titan Deity.
(သာသနာတော်၏ အံ့ဘွယ် ၈ ပါးနှင့် ယှဉ်ကြည့်ရန်)
(See and compare with the eight wonders of Buddha–sāsanā.)

သရ

Vowel.

သရ ၈ လုံး

(ပါဠိ)
Eight vowels in Pāḷi: အ အာ ဣ ဤ a ā i ī ဥ ဦ ဧ သြ u ū e o

သရက်သီး ၄ မျိုး

Four kinds of mango:
၁။ မှည့်မယောင် နှင့် စိမ်းသော သရက်
1: Mango, unripe, looks ripe,
၂။ စိမ်းမယောင် နှင့် မှည့်သော သရက်
2: ripe, looks unripe,
၃။ စိမ်းမယောင်ရှိပြီး စိမ်းသော သရက်
3: unripe as well as looks unripe,
၄။ မှည့်မယောင်ရှိပြီး မှည့်သောသရက်။
4: ripe as well as looks ripe.
(ဤ ဥပမာများအတူ လူပေါင်းများစွာ ရှိကြကုန်၏)
(These similes apply to a lot of persons.)

သရဏဂုံ ၂ ပါး

Two Refuges, the twofold refuge:
၁။ လောကီ သရဏဂုံ
1: Worldly refuge,
၂။ လောကုတ္တရာ သရဏဂုံ။
2: supra–worldly refuge.

သရဏဂုံ ၂ ပါး

(တနည်း)
More two Refuges, the towfold refuge:
၁။ ဒွေ ဝါစိက သရဏဂုံ
1: Taking refuge in two, i.e., Buddha and Dhamma,
၂။ တေ ဝါစိက သရဏဂုံ။
2: Taking refuge in three, i.e., Buddha, Dhamma and Saṃgha.

သရဏဂုံ ၃ ပါး

Three refuges, the threefold refuge,
(Loosely speaking, Buddhist Trinity):
၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
1: I take refuge in the Buddha. (or)
I go to the Buddha for refuge.
၂။ ဓမ္မံ သရဏံ ဂစ္ဆာမိ
2: I take refuge in the Dhamma. (or)
I go to the Dhamma for refuge.
၃။ သံဃံ သရဏံ ဂစ္ဆာမိ။
3: I take refuge in the Saṃgha. (or)
I go to the Saṃgha for refuge.

သရဏဂုံ (လောကီ) ၄ ပါး

Four kinds of worldly refuge:
၁။ အတ္တသန္နိယျာတန = မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းခြင်း
1: By giving up oneself to the Triple Gem,
၂။ တပ္ပရာယဏ = ရတနာသုံးပါး၌ လဲလျောင်း ညွတ်ကိုင်းခြင်း
2: by finding one’s support in the Triple Gem,
၃။ သိဿဘာဝူပဂမန = ရတနာသုံးပါး၌ တပည့်အဖြစ် ခံယူခြင်း
3: by becoming a pupil of the Triple Gem,
၄။ ပဏိပါတ = ရတနာသုံးပါးအား လွန်စွာ အရိုအသေပေးခြင်း။
4: by showing great respect to the Triple Gem.

သရီရ

(ဓာတ်တော်)
Indestructible substance/relic.

သရီရဓာတ်တော် တည်ရှိရာ ၅ ဌာန

(ဘုရားရှင်၏ သရီရဓာတ်တော် တည်ရှိရာ ၅ ဌာန _ရှု)

သဿတ

Eternal, ever–lasting.

သဿတ ဒိဋ္ဌိ။ သဿတ ဝါဒ

Eternalism.

သဠာယတနဝဂ္ဂ သံယုတ် (သံယုတ္တ) ပါဠိ

သံယုတ္တနိကာယ်၏ စတုတ္ထကျမ်းစာဖြစ်သည်။ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဟူသော အာယတန ခြောက်ပါး ကို အလေးထားဖေါ်ပြသော ကျမ်းဖြစ်သည်။
Saḷāyatana Vagga Saṃyutta: The fourth book of the ‘Connected Discourses’: the six bases, i.e., eye, ear, nose, tongue, body and mind, are emphasized in this book.

သာဓုခေါ်

Rejoicing others’ merits/good deeds/fortunes.

သာဓုနရ တရား ၄ ပါး

Four good–dhamma for Man:
၁။ ကျေးဇူးပြန်ဆပ်ခြင်း
1: Gratitude,
၂။ မိတ်မပျက်စေခြင်း
2: being friendly, keeping friendly alive,
၃။ မိတ်ဆွေများကို မပြစ်မှားခြင်း
3: no wrong doing against friends,
၄။ မိန်းမ (ဇနီး) ကို အကြောင်းပြု၍ မကောင်းမှု မပြုခြင်း။
4: no wrong doing because of one’s wife.

သာမဏေကျော် ၄ ပါး

(ဘုရားလက်ထက်တော်)
Four outstanding novice–monks at the time of Lord Buddha:
၁။ သံကိစ္စ
1: Saṃkicca,
၂။ ပဏ္ဍိတ
2: Paṇḍhita,
၃။ သောပါက
3: Sopāka,
၄။ ရေဝတ။
4: Revata.

သာမဏေများ အပြုစုခံထိုက်သော ရဟန်းတော်၏ အင်္ဂါ ၁ဝ ပါး

(ရဟန်းပြု။ ခံ– ပေးထိုက် + _ရှု)

သာမဏေ အထူး ၂ ပါး

(၇ နှစ်သားအရွယ်ပင်ဖြစ်သော်လည်း ဘုရားရှင်က ရဟန်းဖြစ်စေဟု သီးခြားခွင့် ပေးခံရသော သာမဏေ ၂ ပါး)
Two novice–monks, even though seven years old, who were recognized as fully–ordained monks by Lord Buddha:
၁။ သောပါက
1: Sopāka,
၂။ သုမန။
2: Sumana.

သာရဏိယ တရား

(အသက်ထက်ဆုံး အောင်းမေ့ ကျင့်ကြံရမည့် တရား) ၆ ပါး
Six things conducive to communal living:
၁။ ကာယကံ မေတ္တာ ရှိခြင်း
1: Bodily loving–kindness to the fellows,
၂။ ဝစီကံ မေတ္တာ ရှိခြင်း
2: verbal loving–kindness to the fellows,
၃။ မနောကံ မေတ္တာ ရှိခြင်း
3: mental loving–kindness to the fellows,
၄။ တရားသဖြင့် ရသော
4: sharing the rightful gift, ပစ္စည်းကို ညီညွတ်စွာ မျှဝေ သုံးစွဲခြင်း
၅။ သီလ ပြည့်စုံခြင်း
5: virtue,
၆။ သမ္မာဒိဋ္ဌိ အမြင်မှန်ရှိခြင်း။
6: right view.

သာရိပုတ္တ – အရှင် သည် မွေးမိခင်နှင့်တူကြောင်း ရှင်မောဂ္ဂလာန်သည် ကျွေးမိခင်နှင့်တူကြောင်း (တရားဓမ္မနှင့် ပတ်သက်ပြီး) ဘုရားရှင် မိန့်တော်မူခြင်း

(သစ္စဝိဘင်္ဂသုတ် – ဥပရိပဏ္ဏာသပါဠိ)
Lord Buddha said in the Sacca–vibhaṅga Sutta (Doscourse of the Exposition of the Truths) that Sāriputta is like a mother and Moggalāna is like a nurse regarding the Dhamma.

သာရိပုတ္တ – အရှင် အား ဘုရားရှင်ချီးမွမ်းချက်များ

(အနုပဒသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Praise to Sāriputta by Lord Buddha:
၁။ မဟာ ပညော – မြတ်သော ပညာရှိ၏။
1: Sāriputta is wise.
၂။ ပုထု ပညော – မြေထုကဲ့သို့ ကြီးကျယ်သောပညာရှိ၏။
2: He has great wisdom.
၃။ ဟာသ ပညော – ရွှင်သော ပညာရှိ၏။
3: He has wide wisdom.
၄။ ဇဝန ပညော – လျှင်မြန်သော ပညာရှိ၏။
4: He has joyous wisdom.
၅။ တိက္ခ ပညော – ထက်မြက်သော ပညာရှိ၏။
5: He has quick wisdom.
၆။ နိဗ္ဗေဓိက ပညော – ထွင်းဖေါက်နိုင်သော ပညာရှိ၏။
6: He has penetrative wisdom.
၇။ အဍ္ဎမာသံ အနုပဒဓမ္မဝိပဿနံ ဝိပဿတိ – လဝက်တိုင်းအစဉ်အတိုင်းရှုမှတ်ဘွယ်တရားများကို ရှုမှတ်၏။
7: He has insight into successive states one by one during half a month.

သာရိပုတ္တ – အရှင်၏ ရဲရင့်စွာမြွက်ကြားသော စကား ဥပမာများ

(သီဟနာဒသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
Nine lion’s roars of Sāriputta with similes:
၁။ မြေကြီးသည် ကျလာသမျှ ပစ္စည်းကောင်းဆိုးအားလုံးကို လက်ခံသကဲ့သို့ အရှင်သည် ခွဲခြားမှုမရှိ မြေနှင့်တူသောစိတ်ဖြင့် နေ၏။
1: Just as the earth is not disgusted by pure and impure thrings thrown upon it, so Sāriputta dwells with a mind of indifference like the earth.
၂။ ရေသည် ကောင်းဆိုးအားလုံးကို ဆေးကြော စီးဆင်းသကဲ့သို့ အရှင်သည် ခွဲခြားမှုမရှိ ရေနှင့်တူသောစိတ်ဖြင့် နေ၏
2: Just as the water washes pure and impure thrings, so Sāriputta dwells with a mind of indifference like the water.
၃။ မီးသည် ပစ္စည်းကောင်းဆိုးအားလုံးကို လောင်မြိုက်သကဲ့သို့ အရှင်သည် ခွဲခြားမှုမရှိ မီးနှင့်တူသော စိတ်ဖြင့် နေ၏။
3: Just as the fire burns pure and impure thrings, so Sāriputta dwells with a mind of indifference like the fire.
၄။ လေသည် ပစ္စည်းကောင်းဆိုးအားလုံးအပေါ်၌ တိုက်ခတ် တည်ရှိနေသကဲ့သို့ အရှင်သည် ခွဲခြားမှုမရှိ လေနှင့်တူသောစိတ်ဖြင့် နေ၏။
4: Just as the air blows upon pure and impure thrings, so Sāriputta dwells with a mind of indifference like the air.
၅။ ဖုံသုတ်အဝတ်သည် ပစ္စည်းကောင်းဆိုးအားလုံးကို သုတ်သင်သန့်ရှင်းရသကဲ့သို့ အရှင်သည် ခွဲခြားမှု မရှိ ဖုံသုတ်အဝတ်နှင့်တူသောစိတ်ဖြင့် နေ၏။
5: Just as the duster wipes off pure and impure thrings without disgusting them, so Sāriputta dwells with a mind of indifference like the duster.
၆။ ခွက်လက်စွဲကာ တောင်းစားရသော သူတောင်းစားသည် နှိမ်ချသော စိတ်ဖြင့် တစ်ရွာဝင် တစ်ရွာထွက် တောင်းစားသကဲ့သို့ အရှင်သည် နှိမ်ချသော စိတ်ဖြင့် နေ၏။
6: Just as outcast boy or girl enters a town with a humble mind, so Sāriputta dwells with a humble mind like an outcast boy.
၇။ ဦးချိုကျိုးသောနွားသည် တစ်စုံတစ်ရာကို မညှဉ်းဆဲသကဲ့သို့ အရှင်သည် ချိုကျိုးသောနွားစိတ်မျိုးဖြင့် နေ၏။
7: Just as a bull with its horn cut wanders without hurting anyone, so Sāriputta dwells with a mind like that of a bull with horns cut.
၈။ လှပပျိုမြစ်သော မိန်းကလေး ယောက်ျားလေးတို့သည် မြွေသေကောင်ပုပ် ခွေးသေကောင်ပုပ်ကို စက်ဆုပ်ရွံရှာ သကဲ့သို့ အရှင်သည် ခန္ဓာကိုယ်ကို စက်ဆုပ်ရွံရှာ၏။
8: Jus as a young and beautiful man or woman disgusts the carcass of a snake or of a dog, so Sāriputta disgusts his foul body.
၉။ အမဲဆီ အိုးပေါက်ကြီးကို ရွက်ထားသော ယောက်ျားသည် အမဲဆီများ ယိုကျပြီး ရွဲစို ခံရသကဲ့သို့ အရှင်သည် ကိုးပေါက်ဒွါရရှိသော ခန္ဓာကိုယ်ကြီး ရွက်ထားရသကဲ့သို့ မှတ်ထင်၏။
9: Just as a person carries around a perforated bowl of liquid fat that oozes and drips, so Sāriputta carries around his perforated body that oozes and drips from nine holes.

သာဝက

Hearer, disciple.

သာဝတ္ထိ မြို့

မာဂဓတိုင်း၏ မြို့တော်ဖြစ်ပြီး ဗုဒ္ဓစာပေများ၌ အလွန်ထင်ရှားသည်။
Sāvattthi: the capital city of Magadha state, the most famous city in the Buddhist Scriptures.

သာသနာ့ချိန်ခွင်ကြီး ၄ လက်

ဘုရားရှင်အား ချိန်ခွင်လက်ကိုင် အဖြစ်အနေအထားဖြင့် အလယ်၌ထား၏ –
(အာယာစနဝဂ်။ ဒုကနိပါတ။ အင်္ဂုတ္တရပါဠိ)
The four great pairs of balance of Lord Buddha as the arm of it:
လက်ဝဲဘက် လက်ယာဘက်
Left side – Right side –
၁။ ရဟန်များ ရှင်မောဂ္ဂလာန် ရှင်သာရိပုတ္တ
1: Monks: Moggalāna Sāriputta,
၂။ ရဟန်းမိန်းမ အရှင်မဥပ္ပလဝဏ္ဏာ အရှင်မခေမာ
2: female monks: Uppalavaṇṇa Khemā,
၃။ လူဥပါသကာ ဟတ္ထက အာဠာဝက စိတ္တ သူကြွယ်
3: men: Hattha Āḷāvaka Citta the Rich,
၄။ လူဥပါသိကာမ နန္ဒမာတာ ခုဇ္ဇုတ္တရာ။
4: women: Nandamātā Khujjuttarā.

သာသနာ

Doctrine, Buddha’s dispensation/teachings.

သာသနာ ၃ ရပ်

Three stages/categories of Buddha’s teachings:
၁။ ပရိယတ္တိ (သင်ကြား) သာသနာ
1: Learning the Buddha’s teachings,
၂။ ပဋိပတ္တိ (ကျင့်ပွါး) သာသနာ
2: practicing the Buddha’s teachings,
၃။ ပဋိဝေဓ (ထိုးထွင်းသိ) သာသနာ။
3: realizing the Buddha’s teachings.

သာသနာ ၅ဝဝဝ အယူအဆများ

The views regarding 5,000 years of Buddha–sāsanā (Buddha’s dispensation):
ဒီဃနိကာယ် အလို – (According to ‘the Collection of Long Discourses’):
၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ် နှစ်ပေါင်း ၁ဝဝဝ
1: The age of arahant endowed with analytical power: 1,000 years,
၂။ ဆဠာဘိည ရဟန္တာခေတ် နှစ်ပေါင်း ၁ဝဝဝ
2: with six kinds of supernatural power: 1,000 years,
၃။ တေဝိဇ္ဇက ရဟန္တာခေတ် နှစ်ပေါင်း ၁ဝဝဝ
3: with three kinds of knowledge: 1,000 years,
၄။ သုက္ခဝိပဿက ရဟန္တာခေတ် နှစ်ပေါင်း ၁ဝဝဝ
4: with no power nor knowledge: 1,000 years,
၅။ ပါတိမောက္ခသံဝရသီလ ခေတ် နှစ်ပေါင်း ၁ဝဝဝ
5: the age of monk’s moral rules and regulations: 1,000 years.
ဝိနယပိဋက နှင့် အင်္ဂုတ္တရနိကာယ် အလို –
(According to ‘the Basket of Discipline’ and ‘the Collection of Gradual Discourses’):
၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ် နှစ်ပေါင်း ၁ဝဝဝ
1: The age of arahant endowed with analytical power: 1,000 years,
၂။ သုက္ခဝိပဿက ရဟန္တာခေတ် နှစ်ပေါင်း ၁ဝဝဝ
2: the age of arahant with no power nor knowledge: 1,000 years,
၃။ အနာဂါမ် ပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁ဝဝဝ
3: the age of non–returner: 1,000 years,
၄။ သကဒါဂါမ် ပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁ဝဝဝ
4: the age of once–returner: 1,000 years,
၅။ သောတာပန် ပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁ဝဝဝ
5: the age of stream–winner: 1,000 years.

သာသနာကွယ်ကြောင်း အင်္ဂါ ၅ ပါး

Five factors that make Buddha–dispensation disappeared:
၁။ ရဟန်းတော်များ တရားကို မနာယူကြခြင်း
1: Monks, not listening to the dhamma,
၂။ စာပေ မသင်ကြားကြခြင်း
2: not studying,
၃။ နှုတ်တက် အာဂုံ မဆောင်ကြခြင်း
3: not memorizing,
၄။ နားလည်သဘောပေါက်အောင် အားမထုတ်ကြခြင်း
4: not understanding,
၅။ ကျင့်ဝတ်သီလများကို မကျင့်ကြံကြခြင်း။
5: no moral conduct.

သာသနာကွယ်ကြောင်း အင်္ဂါ ၅ ပါး

(တနည်း)
More five factors that make Buddha–dispensation disappeared:
၁။ စာမသင်ခြင်း
1: Not studying the dhamma,
၂။ အကျယ်ချဲ့ မဟောခြင်း
2: not preaching in detail,
၃။ အကျယ်ချဲ့ စာမချခြင်း
3: not teaching in detail,
၄။ အသံထွက်ပြီး စာမကျက် မပြန်ခြင်း
4: not out loud recitation,
၅။ စာကို လေးနက်စွာ မကြံစည်တော့ခြင်း။
5: not pondering deeply.

သာသနာကွယ်ကြောင်း အင်္ဂါ ၅ ပါး

(တနည်း)
More five factors that make Buddha–dispensation disappeared:
၁။ စာ အမှားများကို လေ့လာသင်ယူခြင်း
1: Studying the dhamma wrongly,
၂။ အဆုံးအမကို မနာယူခြင်း
2: not listening to good advice,
၃။ စာသင်ပေး စာချပေးသူ ရှားပါးခြင်း
3: rarity of dhamma–teacher,
၄။ လာဘ်ပစ္စည်း များအောင် ကြံဆောင်ခြင်း
4: great effort for gain,
၅။ ခိုက်ရန်များနေကြခြင်း။
5: quarreling each other.

သာသနာကွယ်ကြောင်း တရား ၅ ပါး

(ကဿပသံယုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
Five dhammas that make Buddha–dispensation disappeared/weak:
၁။ ဘုရားကို မရိုသေခြင်း
1: (Monks etc.) Not respect toward the Buddha,
၂။ တရားကို မရိုသေခြင်း
2: toward the dhamma,
၃။ သံဃာကို မရိုသေခြင်း
3: toward the saṃghā,
၄။ ဝိနည်းကျင့်ဝတ်ကို မရိုသေခြင်း
4: toward the training (virtue),
၅။ သမာဓိကို မရိုသေခြင်း။
5: toward concentration.

သာသနာကွယ် အစဉ် ၅ ပါး

Five successive ways/stages of disappearance of Buddha–dispensation:
၁။ စာပေပရိယတ္တိ (ပိဋကသုံးပုံ) ကွယ်ခြင်း
1: Disappearance of the Holy Scriptures, Tipiṭaka,
၂။ မဂ်ဖိုလ်ရကြောင်း တရားကျင့်စဉ်များ ကွယ်ခြင်း
2: of the methods to attain paths and fruitions (magga and phala),
၃။ မဂ်ဖိုလ်ရသူများ တစတစ ကွယ်ပျောက်သွားခြင်း
3: of persons who had already attained magga and phala,
၄။ ပရိက္ခရာရှစ်ပါးဆောင်ခြင်း စသော ရဟန်းအသွင်သဏ္ဍာန်များ ကွယ်ပျောက်ခြင်း
4: of figure of monks such as shaving head, eight requisites etc.,
၅။ ဘုရား ရဟန္တာတို့၏ ဓာတ်တော်မွေတော်များ ကွယ်ပျောက်ခြင်း။
5: of relics of Buddhas and arahants.

သာသနာကွယ် အစဉ်

စာပေပရိယတ္တိ (ပိဋကသုံးပုံ) ကွယ်ပျောက်ပုံ အစဉ် (နိကာယ် ငါးရပ်လည်း _ရှု)
Successive ways/stages of disappearance of Buddhist Scriptures: .
(က) ရှေးဦးစွာ အဘိဓမ္မာ ၇ ကျမ်း_ရှု ကွယ်ပျောက်မည်။ ၇ ကျမ်းမြောက် ပဋ္ဌာန်းကျမ်းကြီးမှ စပြီး နောက်ပြန် အစဉ်အတိုင်း
၆။ ယမိုက်
၅။ ကထာဝတ္ထု
၄။ ပုဂ္ဂလပညတ္တိ
၃။ ဓာတုကထာ
၂။ ဝိဘင်္ဂ
၁။ ဓမ္မသင်္ဂဏီ – ကွယ်ပျောက်မည်။
(a) First and foremost, the seven books of the ‘Basket of Ultimate Dhamma’ will disappear; among them,
7: the ‘Book of Conditional Relations’ will, in reverse order,
6: the ‘Book of the Pairs’,
5: the ‘Book of Subjects of Discussion’,
4: the ‘Book of Designation of Persons’,
3: the ‘Book of Discussion of Elements’,
2: the ‘Book of Analysis’,
1: The ‘Book of Enumeration of Dhamma’, will disappear successively.
(ခ) ထိုနောက် အင်္ဂုတ္တရနိကာယ် – ၁၁ကျမ်းတွင်
၁၁။ ဧကာဒသကနိပါတ မှ –
၁။ ဧကနိပါတ အထိ နောက်ပြန် အစဉ်အတိုင်း ကွယ်ပျောက်မည်။
(b) Then, eleven texts of the Gradual Discourses, from
11: ‘Eleven items of Dhamma’ to
1: ‘One item of Dhamma’ will disappear in reverse order.
(ဂ) ထိုနောက် သံယုတ္တနိကာယ် – ၅ကျမ်းတွင်
၅။ မဟာဝဂ္ဂသံယုတ် မှ –
၁။ သဂါထာဝဂ္ဂသံယုတ် အထိ နောက်ပြန် အစဉ်အတိုင်း ကွယ်ပျောက်မည်။
(c) Then, five texts of the Connected Discourses, from
5: the ‘Connected Discourses of Large Division’ to
1: the ‘Connected Discourses with Verses’ will disappear in reverse order.
(ဃ) ထိုနောက် မဇ္စျိမနိကာယ် – ၃ကျမ်းတွင်
၃။ ဥပရိပဏ္ဏာသ မှ –
၁။ မူလပဏ္ဏာသ အထိ
နောက်ပြန်အစဉ်အတိုင်း ကွယ်ပျောက်မည်။
(d) Then, three texts of the Midium Length Discourses, from
3: the ‘Upper Fifty Discourses’ to
1: the ‘First Fifty Discourses’ will disappear in reverse order.
(င) ထိုနောက် ဒီဃနိကာယ် – ၃ကျမ်းတွင်
၃။ ပါထိကဝဂ္ဂ မှ
၁။ သီလက္ခန္ဓဝဂ္ဂ အထိ နောက်ပြန် အစဉ်အတိုင်း ကွယ်ပျောက်မည်။
(e) Then, three texts of the Long Discourse, from
3: the ‘Division Beginning with the Pāthika, a Naked Ascetic’ to
1: the ‘Division Concerning Morality’ will disappear in reverse order.
(စ) ထိုနောက် ခုဒ္ဒကနိကာယ် – သုတ္တန်ကျမ်း ၂ဝ တွင် ဝေဿန္တရာ ဇာတ်တော်မှ စပြီး နောက်ပြန်
အစဉ်အတိုင်း သင့်တော်သလို ကွယ်ပျောက်မည် (ကျမ်းဂန်များ၌ ဤကျမ်း ၂ဝ အတွက် ကွယ်ပျောက်ပုံ အသေးစိတ်ကို ဖေါ်ပြထားခြင်းမရှိ)
(f) Then, twenty texts of the Minor Discourses, from Vessantara Jātaka and all texts will disappear appropriately. (Successive ways of disappearance are not mentioned in the Scriptures for the 20 texts.)
(ဆ) ထိုနောက် ဝိနည်း – ၅ကျမ်းတွင်
၅။ ပရိဝါမှ စပြီး
၁။ ပါရာဇိက အထိ နောက်ပြန် အစဉ်အတိုင်း ကွယ်ပျောက်မည်။ နောက်ဆုံး၌ ဘိက္ခု ပါတိမောက် ၂၂၇ သွယ်သော သိက္ခာပုဒ်များသာကျန်ရှိပြီး – ယင်းတို့တွင်လည်း အဓိကရဏသမထ ၇ ပါးမှ စပြီး ပထမပါရာဇိက အထိ နောက်ပြန် အစဉ်အတိုင်း ကွယ်ပျောက်မည်။ ဤသို့သော အစဉ်ဖြင့် စာပေပရိယတ္တိ (ပိဋကသုံးပုံ) လုံးဝကွယ်ပျောက်သွားသည်။
(g) Then, the Five Books of the Basket of Discipline, from
5: the ‘Book of
Appendix’ to
1: the ‘Book of Defeat’ will disappear in reverse order. At last, Pātimokkha (227 rules of conduct for monks) will exist. Among them, from the ‘Seven Kinds of Settlement of Litigation’ to the ‘First Rule of Defeat’ will disappear in reverse order as well. In such way, the Pāḷi Scriptures
(Tipiṭaka) will vanish totally.

သာသနာ ဆုတ်ယုတ်ကြောင်း တရား ၅ ပါး

Five factors that make Buddha–dispensation (Buddha–sāsanā) weak:
၁။ ဘုရားရှင်၌ မရိုသေခြင်း
1: No respect/reverence for Buddha,
၂။ တရားတော်၌ မရိုသေခြင်း
2: for dhamma,
၃။ သံဃာတော်၌ မရိုသေခြင်း
3: for saṃgha (order of monks),
၄။ ကျင့်ဝတ်သိက္ခာ၌ မရိုသေခြင်း
4: for training (morality),
၅။ အချင်းချင်း မရိုသေခြင်း
5: for one another.

သာသနာဆုတ်ယုတ်ကြောင်း တရား ၁ဝ ပါး

Ten factors that make Buddha–dispensation (Buddha–sāsanā) weak/dwindled:
၁။ ဒုဿီလ – ကိုယ်ကျင့်တရားမရှိခြင်း
1: No virtue,
၂။ အသဒ္ဓ – ယုံကြည်မှု မရှိခြင်း
2: no faith,
၃။ အပ္ပဿုတ – အကြားအမြင်နည်းခြင်း
3: no/little knowledge,
၄။ ဒုဗ္ဗစ – ဆုံးမခက်ခြင်း
4: stubbornness,
၅။ ပါပမိတ္တ – မိတ်ဆွေယုတ်ရှိခြင်း
5: bad friends,
၆။ ကုသီတ – ပျင်းယိခြင်း
6: laziness,
၇။ မုဋ္ဌဿတိ – သတိမရှိခြင်း
7: heedlessness,
၈။ ကုဟက – ကြွားဝါခြင်း
8: fluttering, bragging,
၉။ ဒုဗ္ဘရ – မွေးမြူခက်ခြင်း
9: difficult to support,
၁ဝ။ ဒုပ္ပည – ပညာနည်းခြင်း။
10: no wisdom.
(သာသနာတိုးတက်ကြောင်း တရား ၁ဝ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Ten factors that make Buddha–dispensation (Buddha–sāsanā) increased are opposite of the above.)

သာသနာ တည်တန့်ရေးတရား ၃၇ ပါး

(ဗောဓိပက္ခိယတရား ၃၇ ပါး _ရှု)

သာသနာတော် ကွယ်ပျောက်ခြင်း ၃ မျိုး

Three kinds of disappearance of Buddha–dispensation (Buddha–sāsanā):
၁။ ပရိယတ္တိ စာပေ ကွယ်ပျောက်ခြင်း
1: Disappearance of the Scriptures,
၂။ ပဋိဝေဓ ထိုးထွင်းသိမြင်ခြင်း (မဂ် ဖိုလ်ရမှု) ကွယ်ပျောက်ခြင်း
2: of the realization,
၃။ ပဋိပတ္တိ ကျင့်စဉ် ကွယ်ပျောက်ခြင်း။
3: of the training.

သာသနာတော် စိတ်နှလုံး၌ တည်သောပုဂ္ဂိုလ်၏ အင်္ဂါ ၁ဝ ပါး

Ten qualities of a person who really practices Buddha’s teaching:
၁။ ဘုရားအဆုံးအမကို ယုံကြည်မှုရှိခြင်း
1: Faith in Buddha’s teaching,
၂။ သူတော်ကောင်းအားချဉ်းကပ်ခြင်း
2: approaching the virtuous/wise,
၃။ ဆည်းကပ်ခြင်း
3: serving them,
၄။ မေးမြန်းခြင်း
4: question (about dhamma),
၅။ နားစိုက်ထောင်ခြင်း
5: listening to the dhamma heedfully,
၆။ နာပြီးတရားကို ဆောင်ခြင်း
6: keeping the dhamma in mind,
၇။ ဆောင်ပြီးတရားကို ဆင်ခြင်ခြင်း
7: examination the dhamma,
၈။ တရားအဓိပ္ပါယ်ကို သိပြီး ကျင့်ခြင်း
8: practicing the dhamma as understood,
၉။ အပြစ်ကင်းသောစကားရှိခြင်း
9: faultless speech,
၁ဝ။ သီတင်းသုံးဖေါ်များအား အကျိုးစီးပွါးကို ပြပြီး ထက်သန်ရွှင်လန်းစေတတ်ခြင်း။
10: gladdening the fellow–persons with the dhamma.
(သာသနာတော် စိတ်နှလုံး၌ မတည်သောပုဂ္ဂိုလ်၏ အင်္ဂါ ၁ဝ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Ten qualities of a person who does not practice Buddha’s teaching are the opposite of the above.)

သာသနာ – ပရိယတ္တိ၏ အင်္ဂါ ၉ ပါး

Ninefold dispensation of Buddha’s teachings:
၁။ သုတ္တ
1: Discourse, saying,
၂။ ဂေယျ
2: mixed prose,
၃။ ဝေယျာကရဏ
3: exegesis,
၄။ ဂါထာ
4: verse, stanza,
၅။ ဥဒါန
5: joyous/solemn utterance,
၆။ ဣတိ ဝုတ္တက
6: saying of the Blessed One,
၇။ဇာတက
7: birth–story,
၈။ အ ဗ္ဘူတ ဓမ္မ
8: extraordinary things/dhamma,
၉။ ဝေဒလ္လ။
9: analysis.

သာသနာတော်၌ ရဟန်းသူခိုးကြီး ၅ ယောက်

Five great robbers in the Buddha–sāsanā:
၁။ ဝိသမနိဿိတ = ကာယကံ ဝစီကံ မနောကံ အပြစ်များပြား မလျှော်သော အကျင့်ရှိ ရဟန်း
1: An amoral monk of uneven bodily conduct etc.,
၂။ ဂဟနနိဿိတ = မိစ္ဆာဒိဋ္ဌိ အယူမှား ရှိသော ရဟန်း
2: of wrong view,
၃။ ဗလဝနိဿိတ = မင်း အမတ်စသော အာဏာပိုင်အားကိုးဖြင့် ဆိုးဝါးသော ရဟန်း
3: an amoral monk who relies on the power of king, minister and authority
(as his back–support),
၄။ ဘောဂစာဂီ = ပစ္စည်းလေးပါး ဥစ္စာအားကိုးဖြင့် အနိုင်အထက် ရယူသော ရဟန်း
4: who suppresses others with his wealth/richness,
၅။ ဧကစာရီ = အဖေါ်မပါ တစ်ပါးတည်း လာဘ်လာဘ မက်မောသော ရဟန်း။
5: who runs after the gain such as robes.

သာသနာတော် အတွင်း သူခိုးကြီး ၅ ယောက်

Five great thieves/robbers in the Buddha–sāsanā:
၁။ တရားဟောစားနေသော ဓမ္မကထိကများ
1: Selfish dhamma–preachers,
၂။ ဘုရားတရားကို ငါ့တရား လုပ်နေသူများ
2: persons who make Buddha’s teachings as their own finding,
၃။ သီလရှိသူများကို စွပ်စွဲ ဖျက်ဆီးနေသူများ
3: persons who accuse of the virtuous wrongly,
၄။ သံဃိကပစ္စည်းကို လူတို့အား ပေးကမ်းနေသောသူများ
4: persons who give the property of monks to lay–persons,
၅။ မဂ်ဖိုလ်မရပဲ ရသယောင် ဝါကြွားနေသူများ။
5: persons who falsely claim attainment of magga and phala.

သာသနာတော်၏ မူလအရင်းခံသည် ပရိယတ္တိ စာပေကျမ်းဂန်

The root (most vital) of the Buddha–sāsanā is the Scriptures (Ti–piṭaka):
သာသနဋ္ဌိတိယာ ပန ပရိယတ္တိ ပမာဏံ။
The Scriptures (Ti–piṭaka) are the most important for the survival of the Buddha–sāsanā.
ပရိယတ္တိယာ ဌိတာယ သာသနံ ဌိတံ ဟောတိ။ (အဋ္ဌကထာများ)
The Buddha–sāsanā exists only if the Scriptures exist. (Commentaries)

သာသနာတော်၏ အစ အလယ် အဆုံး

(၇ နည်း)
The beginning, the middle, and the end of the Buddha–sāsanā in seven ways:
(Buddha’s teaching/dispensation):
တနည်း တနည်း တနည်း
၁။ အစ ၁သီလ ၂သမာဓိ ၃ဝိပဿနာ ၄မဂ်
၂။ အလယ် သမာဓိ ဝိပဿနာ မဂ် ဖိုလ်
၃။ အဆုံး ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်။
တနည်း တနည်း တနည်း
၁။ အစ ၅သီလ ၆သီလ။ သမာဓိ ရဗုဒ္ဓ (သစ္စာသိမြင် ဘုရားရှင်)
၂။ အလယ် သမထ။ ဝိပဿနာ ဝိပဿနာ။ မဂ် ဓမ္မ (ကောင်းစွာဟောကြား မြတ်တရား) မဂ်။ ဖိုလ်
၃။ အဆုံး နိဗ္ဗာန် ဖိုလ်။ နိဗ္ဗာန် သံဃ (ကောင်းစွာကျင့်ပျော် သံဃာတော်)
1: Beginning – 1virtue, 2concentration,
2: middle – concentration, insight meditation,
3: end – insight meditation. path (magga–citta).
1: beginning – 3insight meditation, 4path (magga–citta),
2: middle – path (magga–citta), fruit (phala–citta),
3: end – fruit (phala–citta). Nibbāna.
1: Beginning – 5virtue, 6virtue, concentration,
2: middle – insight meditation, insight meditation, path,
path, fruit,
3: end – Nibbāna. fruit, Nibbāna.
1: Beginning – 7Self–enlightened Buddha,
2: middle – Well–proclaimed dhamma,
3: end – Well–practiced Saṁgha.

သာသနာတော်၏ အံ့ဘွယ် ၈ ပါး

Eight marvels of Buddha–sāsanā:
၁။ သီလ သမာဓိ ပညာ အစဉ်အတိုင်း နက်ရှိုင်း တည်ရှိခြင်း
1: In the Buddha–sāsanā, there exist morality, concentration and wisdom, successively deeper and deeper.
၂။ အရိယာများ သိက္ခာပုဒ်ကို မကျော်လွန် မလွန်ကျူးခြင်း
2: Noble–ones do not cross over the vinaya–rule line.
၃။ သီလရှိရဟန်းများက သီလမဲ့ရဟန်းတို့ကို နှင်ထုတ်ပြစ်ခြင်း
3: The virtuous monks get the evil ones out from the Buddha–sāsanā.
၄။ သာသနာတော်၌ အမျိုးဇာတ် နိမ့်မြင့် လုံးဝမရှိခြင်း
4: No class/caste level exists.
၅။ နိဗ္ဗာန်သည် ပြည့်သည်မရှိ လျော့သည်မရှိခြင်း
5: Nibbāna does not full nor lack.
၆။ ဝိမုတ္တိ ရသ –လွတ်မြောက်မှု အရသာ တစ်မျိုးတည်းသာရှိခြင်း
6: It has only one taste, the taste of deliverance.
၇။ ဗောဓိပက္ခိယ ၃၇ ပါးဟူသော ရတနာများရှိခြင်း
7: The jewels of thirty–seven factors of enlightenment exist.
၈။ အရိယာပုဂ္ဂိုလ်ကြီးများ အရိယာဖြစ်အောင်ကျင့်ကြံနေကြသော ပုဂ္ဂိုလ်ကြီးများရှိခြင်း။
8: There are noble–ones and noble–ones–to–be in the Buddha–sāsanā.

သာသနာ တွင်း

The time–frame during which the Buddha’s teaching (Buddha’s dispensation) exists.

သာသနာ ပ

The time–frame during which the Buddha’s teaching does not exist.

သာသနာ (ဘုရားအဆုံးအမ) စိတ်နှလုံး၌ တည်သောပုဂ္ဂိုလ်၏ အင်္ဂါ ၁ဝ ပါး

(ဘုရားအဆုံးအမ – သာသနာ –
စိတ်နှလုံး၌ မတည်သောပုဂ္ဂိုလ်၏ အင်္ဂါ ၁ဝ ပါး _ရှု)

သာသနာဝင်

History of the Buddha’s teaching/Buddhism.

သာသနာ အမွေ

The heritage of the Buddha’s teaching.

သာသနာ အမွေခံ

Those who inherit the Buddha’s teaching.

သာသနိက

Properties dedicated to religious use.

သာသနိက အဆောက်အဦ

Buildings dedicated to religious use.

သိကြား (သက္က)

The king of the deities (devas).

သိကြားမင်း ရှိခိုးသော လူ ၄ မျိုး

Four persons to whom King of deities (sakka) worships:
၁။ ကုသိုလ်ကောင်းမှု ပြုသူများ
1: Those who habitually do good deeds,
၂။ ကိုယ်ကျင့်သီလ ရှိသူများ
2: who are persons of moral conduct,
၃။ ရတနာသုံးပါးကို ရိုသေဆည်းကပ်သူများ
3: who take refuge in the Triple Gem,
၄။ သားမယားကို တရားနှင့်အညီ ပြုစုလုပ်ကျွေးသူများ။
4: who support their families righteously.

သိကြားမင်း၏ လူ့ဘဝက ကျင့်စဉ် ၇ ပါး

Seven good characteristics/vows of the Sakka in his previous human–life:
၁။ တစ်သက်လုံး မိဘကို လုပ်ကျွေးခြင်း
1: Life–long support of his parents,
၂။ တစ်သက်လုံးသက်ကြီးရွယ်အိုတို့ကိုရိုသေလုပ်ကျွေးခြင်း
2: life–long respect of the elders,
၃။ နူးညံ့သိမ်မွေ့သော စကားရှိခြင်း
3: gentle speech,
၄။ ကုန်းမတိုက်ခြင်း
4: no slandering,
၅။ ဝန်တို ကပ်စေးနဲမှု ကင်းပြီး လွတ်လွတ်စွန့်ကြဲဝေဘန် ပေးကမ်းခြင်း
5: no stinginess but generous and delighting in giving and sharing,
၆။ မှန်သောစကားကိုသာ ပြောဆိုခြင်း
6: speaking the truth,
၇။ အမျက်မထွက်ခြင်း။
7: no anger.

သိကြားမင်း၏ အမည်များ

(သက္ကသံယုတ်။ သဂါထာဝဂ္ဂသံယုတ်)
Various names of the ‘Sakka’ (Sakkasaṃyutta, ‘The Connected Discourses):
၁။ လူ့ဘဝမှ နာမည် ‘မဃ’ ကို အကြောင်းပြုပြီး – မဃဝါ မည်၏။
1: When he was a human–being, his name was ‘Magha’, thus, Maghavā’.
၂။ လူ့ဘဝမှာ မြို့ရွာတိုင်းမှာ ဒါနအပြု ထူး။များသောကြောင့် – ပုရိန္ဒဒ (ပုရ = မြို့ရွာ။ ဒဒ = ပေးလှူ)
2: He gave gifts city after city, thus, the Urban Giver.
၃။ လူ့ဘဝမှာ ဒါနကို ရိုသေစွာပြုသောကြောင့် – သက္က (သက = ရိုသေ)
3: He gave gifts respectfully, thus, Sakka, Mr. Respect.
၄။ လူ့ဘဝမှာ အဆောက်အဦ အိပ်ရာနေရာကို လှူသောကြောင့် – ဝါသဝ (ဝါသ = နေရာထိုင်ခင်း)
4: He gave rest–houses, thus, Vāsava, Rest–house–giver.
၅။ တခဏအတွင်း ပြဿနာ တစ်ထောင်ကို ဖြေရှင်းနိုင်သောပညာမျက်စိရှိသောကြောင့် – သဟဿက္ခ
(သဟဿ = တစ်ထောင်။ အက္ခ – မျက်စိ)
5: He can solve/see a thousand matters in a moment, thus, Thousand–eyed.
၆။ အသူရာနတ်မင်း၏ သမီး သုဇာ နတ်သမီး၏ ခင်ပွန်းဖြစ်သောကြောင့် – သုဇမ္ပတိ (ပတိ = လင်ယောက်ျား)
6: His wife is ‘Suja’, doughter of Asura, thus, Suja’s husband.
၇။ နတ်တို့အား အစိုးရသောကြောင့် – ဒေဝါနမိန္ဒ (ဒေဝါနံ – နတ်တို့အား။ ဣန္ဒ = အစိုးရသူ)။
7: He rules devas (deities), thus, Lord of the Devas.

သိကြားမင်း၏ အမေး (သက္ကပဥှ) များ

Questions of Sakka, the Lord/king of the deities:
၁။ ဘေရန်ကင်းကွာ ကိုယ်စိတ်ချမ်းသာစွာ နေရခြင်းအကြောင်းကား အဘယ်ပါနည်း။
ဣဿာ – ငြူစူခြင်း နှင့် မစ္ဆရိယ – ဝန်တိုစေးနဲခြင်း ကင်းပါ။
1: What are to be got rid of for living peacefully without danger and hostility? etting rid of jealousy and avarice.
၂။ ဣဿာ – ငြူစူခြင်း နှင့် မစ္ဆရိယ – ဝန်တိုစေးနဲခြင်းတို့၏ အကြောင်းတရားကား အဘယ်ပါနည်း။ ချစ်ခြင်း မုန်းခြင်း (ပိယာပ္ပိယ) သည် ဣဿာ – ငြူစူခြင်း။ မစ္ဆရိယ – ဝန်တိုစေးနဲခြင်းတို့၏ အကြောင်းတရားတည်း။
2: What is the origin of jealousy and avarice? Like and dislike (love and hate).
၃။ ချစ်ခြင်း မုန်းခြင်း (ပိယာပ္ပိယ) တို့၏ အကြောင်းတရားကား အဘယ်ပါနည်း။ ဖြစ်လိုခြင်း ဆန္ဒသည် ချစ်ခြင်း မုန်းခြင်း (ပိယာပ္ပိယ) တို့၏ အကြောင်းတရားတည်း။
3: What is the origin of like and dislike? Desire.
၄။ ဖြစ်လိုခြင်း ဆန္ဒ၏ အကြောင်းတရားကား အဘယ်ပါနည်း။ ကြံစည်ခြင်း ဝိတက်သည် ဆန္ဒ၏ အကြောင်းတရားတည်း။
4: What is the origin of desire? Thinking.
၅။ ကြံစည်ခြင်း ဝိတက်၏ အကြောင်းတရားကား အဘယ်ပါနည်း။ သံသရာချဲ့တရား ပပဉ္စသညာသည် ကြံစည်ခြင်း ဝိတက်၏ အကြောင်းတရားတည်း။
5: What is the origin of thinking? The tendency to proliferation.
၆။ သံသရာချဲ့တရား ပပဌသညာကို ပယ်စွန့်နိုင်ကြောင်းတရားကား အဘယ်ပါနည်း။ ဝေဒနာ ကမ္မဋ္ဌာန်းတည်း။
6: What is the dhamma that demolishes the tendency to proliferation? Meditation of feeling.
၇။ ပါတိမောက္ခသံဝရ (ဝိနည်းသိက္ခာပုဒ်များကို စောင့်စည်းလိုက်နာကျင့်ကြံခြင်း) သီလကို မည်သို့ဖြည့်ကျင့်ရမည်နည်း။ ကိုယ်နှုတ် ထိမ်းသိမ်းခြင်းနှင့် ပစ္စည်းရှာဖွေသုံးဆောင်မှု၌ တရားနှင့် ညီညွတ်ခြင်းတည်း။
7: For monks, how do they fulfill ‘rules of conduct’? Controlling one’s action and speech and righteous livelihood.
၈။ ဣန္ဒြိယသံဝရ (ဣန္ဒြေတို့ကိုစောင့်စည်းခြင်း) သီလကို မည်သို့ဖြည့်ကျင့်ရမည်နည်း။ မျက်စိ နား နှာ လျှာ ကိုယ် တို့ကို ထိမ်းသိမ်းစောင့်ရှောက်ခြင်းတည်း။
8: How do they practice to control their sense–doors? By garding one’s own eye, ear, nose, tongue and body.
၉။ ရဟန်း ပုဏ္ဏားတို့သည် အယူတစ်ခုတည်း အကျင့်တစ်ခုတည်း ဆန္ဒတစ်ခုတည်း စိတ်ဝင်စားမှု တစ်ခုတည်းသာ ရှိကြပါသလော။ ရဟန်း ပုဏ္ဏားတို့သည် အယူအမျိုးမျိုး အကျင့်အမျိုးမျိုး ဆန္ဒအမျိုးမျိုး စိတ်ဝင်စားမှုအမျိုးမျိုး ရှိကြကုန်၏။
9: Do recluses and Brahmins have and teach the same doctrine/practice?
No, they have different doctrine and practice.
၁ဝ။ အဘယ်ကြောင့် ထိုသို့ အမျိုးမျိုးအစားစား ဖြစ်ကြပါသနည်း။
ဓာတ်ခံ ကွဲပြား ခြားနားကြသောကြောင့်တည်း။
10: Why are they such different? Because, they have many, various elements/characters/inclinations.
၁၁။ အဘယ်ကြောင့် ဓာတ်ခံ ကွဲပြား ခြားနားကြကုန်သနည်း။
စွဲလမ်းမှုတဏှာ မကုန်ခမ်းကြသောကြောင့်တည်း။
11: Why do they have many, various elements/characters/inclinations? Because they do not eradicate their craving/attachment.

သိက္ခမာန်

သိက္ခမာန ကျင့်ဝတ်သိက္ခာကို မြတ်နိုးသူ
A person who loves and practices his duties/precepts.

သိက္ခာ (ကျင့်စဉ်)

Training.

သိက္ခာ ၃ ပါး

Three trainings:
၁။ (အဓိ)သီလ သိက္ခာ
1: Training in morality,
၂။ (အဓိ)သမာဓိ။ စိတ္တ သိက္ခာ
2: training in concentration,
၃။ (အဓိ)ပညာ သိက္ခာ။
3: training in wisdom.

သိက္ခာကာမ

Monks who love to adhere the vinaya rules.

သိက္ခာချ

လူထွက်
Returning to the ordinary–life from monkhood, disrobe.

သိက္ခာချ ဆဠင်္ဂ

လူထွက်ရာ၌ လိုအပ်သော အချက် ၆ မျိုး
Six things required to disrobe an ordained monk.
၁။ လူထွက်လိုစိတ် ရှိခြင်း
1: Intention to disrobe,
၂။ လူထွက်ရာ၌ ရွတ်ဆိုရမည် ဝါကျစကား မှန်ကန်ခြင်း
2: using the correct sentence in accordance with the Vinaya,
၃။ ထို ဝါကျစကားကို ပစ္စုပ္ပန်ကာလဖြင့် ရွတ်ဆိုခြင်း
3: the sentence in present tense,
၄။ ထို ဝါကျစကားကို နှုတ်မှ မြွက်ဆိုခြင်း
4: speaking it out,
၅။ ထို ဝါကျစကားကို လူထွက်သူရော လူထွက်ပေးသည့် ပုဂ္ဂိုလ်ပါ သိနားလည်ခြင်း
5: understanding it by both disrobed person and the one who makes him disrobed,
၆။ လူထွက်ပေးသောသူသည် တတ်သိနားလည်သော ပုဂ္ဂိုလ်ဖြစ်ခြင်း။
6: an able person who knows the prosess of disrobing.

သိက္ခာတင်

Ordain a person monkhood.

သိက္ခာတင် ပဌင်္ဂ

Five things required to fulfill an ordination ceremony.
၁။ ရဟန်းလောင်း
1: A candidate to be ordained,
၂။ ကမ္မဝါ ဉတ် နိဒါန်း
2: motion, proposal, introduction of the legal passage (Kammavācā),
၃။ ကမ္မဝါ စာကိုယ်
3: the body of the legal passage (Kammavācā),
၄။ သိမ်
4: ordination hall, the place which has already sanctified as ‘Sīma’,
၅။ အရေအတွက်ပြည့်သော ရဟန်းပရိသတ်
(အိန္ဒိယပြည်၌ အနည်းဆုံး ၂ဝ ပါး။ အခြားဒေသများ၌ အနည်းဆုံး ၅ ပါးရှိခြင်း)။
5: group of fully–ordained monks, at least 20 in India and 5 outside India.

သိက္ခာပုဒ် ပညတ်တော်မူခြင်း အကြောင်းများ

(ဝိနည်းသိက္ခာပုဒ် ပညတ်တော်မူခြင်း အကြောင်းများ _ရှု)

သိက္ခာပုဒ်များ ပညတ်တော်မူရာ ၇ ဌာန

(ဝိနည်းသိက္ခာပုဒ်များ ပညတ်တော်မူရာ ၇ ဌာန _ရှု)

သိင်္ဂါလ သုတ်

ဗုဒ္ဓဘာသာ အစဉ်အလာ၌ အလွန်ထင်ရှားသော သုတ်တော်ဖြစ်သည်။ ရာဇဂြိုဟ်ပြည် ၌ သိင်္ဂါလ သူဌေးသားအား ဟောကြားတော်မူသော သုတ်ဖြစ်သည်။ လူ့ဘောင် အဖွဲ့အစည်း၏ ကျင့်ဝတ်တရားများကို အသေးစိတ် ဟောကြားထားသည်။ နောင်တမလွန်သာမက ပစ္စုပ္ပန် ယခုဘဝ၌ပင် ချမ်းသာစွာကျင့်သုံး နေထိုင်နိုင်မည့် အကျင့်တာဝန်ဝတ္တရား များကိုဖေါ်ပြထားသည်။ ဤသုတ်တော်လာ အဆုံးအမ များသည် မြန်မာရိုးရာ ယဉ်ကျေးမှု အပေါ် များစွာအကျိုးသက်ရောက်သည်။ (သိင်္ဂါလ သုတ်လာ တရားများ _ရှု)
Siṅgāla Sutta (Discourse to Siṅgāla): Very famous discourse in Buddhist cultural tradition. Lord Buddha taught Siṅgāla, a wealthy young man, at Rājagaha.
Social principles and guide–lines are specified in this sutta. It also describes how to live happily not only after–life but also in this very life. It greatly influences on Burmese culture.

သိင်္ဂါလ သုတ်လာ ကမ္မ ကိလေသာ ၄ ပါး

(ကမ္မ ကိလေသာ ၄ ပါး _ရှု)

သိင်္ဂါလ သုတ်လာ တရားများ

Dhammas in Siṅgāla Sutta:
၁။ ကမ္မ ကိလေသ = ညစ်ညူးသော အမှု ၄ ပါး _ရှု
1: Four defilements of action,
၂။ အဂတိ = မလိုက်စားသင့်သော တရား ၄ ပါး _ရှု
2: Four causes not going after,
၃။ စီးပွါး ဥစ္စာပျက်စီးကြောင်းတရား ၆ ပါး _ရှု
3: Six ways of wasting one’s substance/wealth,
၄။ သေအရက် မူးယစ်ဆေး သောက်သုံး စွဲခြင်း၏ အပြစ် ၆ (ဝါ) ၇ ပါး _ရှု
4: Six or seven dangers of drunkard and drug–addict,
၅။ အချိန်မဲ့ လမ်းသလားခြင်း၏ အပြစ် ၆ ပါး _ရှု
5: Six dangers of haunting the streets untimely,
၆။ ပွဲလမ်းသဘင် အပျော်ကြူးခြင်း၏ အပြစ် ၆ ပါး _ရှု
6: Six dangers of frequenting Fairs and entertainment,
၇။ လောင်းကစားခြင်း၏ အပြစ် ၆ ပါး _ရှု
7: Six dangers of gambling,
၈။ မကောင်းသော မိတ်ဆွေရှိခြင်း၏ အပြစ် ၆ ပါး _ရှု
8: Six dangers of keeping bad company,
၉။ ပျင်းရိခြင်း၏ အပြစ် ၆ ပါး (ပျင်းရိသူ၏ ဆင်ခြေ ၆ မျိုး _ရှု)
9: Six dangers of idleness,
၁ဝ။ မိတ်ဆွေတု ၄ ယောက် _ရှု
10: Four types of foes in friendly guise,
၁၁။ မိတ်ဆွေစစ် ၄ ယောက် _ရှု
11: Four types of real friend,
၁၂။ အရပ် ၆ မျက်နှာ ကိုယ်စားပြုရာ ၆ မျိုး _ရှု
12: The symbols of the six directions:
အရှေ့အရပ် မိဘ နှင့် သားသမီး
East parents and their kids,
တောင်အရပ် ဆရာ နှင့် တပည့်
south teachers and their pupils,
အနောက်အရပ် ခင်ပွန်း နှင့် ဇနီး
west husband and his wife,
မြောက်အရပ် မိတ်ဆွေ အချင်းချင်း
north friends each others,
အောက်အရပ် အရှင်သခင် နှင့် ကျွန်။ အလုပ်သမား
below masters and their slaves/employees,
အထက်အရပ် ရဟန်း ပုဏ္ဏား နှင့် ဒါယကာ ဒါယိကာမ
above recluses and their supporters,
(က) သားသမီး ကျင့်ဝတ် ၅ ပါး _ရှု
(a) Five ways a son/daughter should minister to his/her parents,
(ခ) မိဘ ကျင့်ဝတ် ၅ ပါး _ရှု
(b) Five ways parents should minister to their kids,
(ဂ) တပည့် ကျင့်ဝတ် ၅ ပါး _ရှု
(c) Five ways pupils should minister to their teachers,
(ဃ) ဆရာ ကျင့်ဝတ် ၅ ပါး _ရှု
(d) Five ways teachers should minister to their pupils,
(င) ခင်ပွန်း (လင်) ကျင့်ဝတ် ၅ ပါး _ရှု
(e) Five ways a husband should minister to his wife,
(စ) ဇနီး (မယား) ကျင့်ဝတ် ၅ ပါး _ရှု
(f) Five ways a wife should minister to her husband,
(ဆ) မိတ်ဆွေကောင်း ကျင့်ဝတ် ၅ ပါး _ရှု
(g) Five ways a man should minister to his friends,
(ဇ) မိတ်ဆွေကောင်း ကျင့်ဝတ် ၅ ပါး (တနည်း)
_ရှု
(h) More five ways a man should minister to his friends,
(စျ) အရှင်သခင် ကျင့်ဝတ် ၅ ပါး _ရှု
(i) Five ways a master should minister to his slaves and workers,
(ည) ကျေးကျွန်။ အလုပ်သမား ကျင့်ဝတ် ၅ ပါး _ရှု
(j) Five ways slaves and workers should minister to their masters,
(ဋ) ဒါယကာ ဒါယိကာမ ကျင့်ဝတ် ၅ ပါး _ရှု
(k) Five ways a man should minister to ascetics and brahmins,
(ဌ) ရဟန်း ပုဏ္ဏား ကျင့်ဝတ် ၆ ပါး _ရှု
(l) Six ways ascetics and brahmins should minister to their devotees.

သိထိလ အက္ခရာ

(ဓနိတ အက္ခရာ _ရှု)
Unaspirated consotants.

သိဒ္ဓတ္ထ

ဂေါတမဘုရားအလောင်း၏ နောက်ဆုံးဘုရားဖြစ်သည့်ဘဝ၌ အမည်။ ‘အကျိုးတရားများ ပြည့်စုံခြင်းဒ ဟု အဓိပ္ပါယ်ရသည်။
Siddhattha: The name of Buddha–to–be in His last life, meaning ‘wish–fulfilled’.

သိမ်

ရဟန်းတော်တို့၏ တရားဝင် ကံကိစ္စပြုဘွယ်ရာများ ဆောင်ရွက်ရန်နေရာ Ordination place/hall, a place or building designated to do monks’ legal actions.

သိမ် နိမိတ်။အမှတ်အသား ၈ မျိုး

Eight kinds of ordination–place’s boundry mark:
၁။ ပါသာဏ နိမိတ္တ = ကျောက် နိမိတ်
1: Stone,
၂။ ပဗ္ဗတ နိမိတ္တ = တောင် နိမိတ်
2: hill/mountain,
၃။ ရုက္ခ နိမိတ္တ = သစ်ပင် နိမိတ်
3: tree,
၄။ ဝန နိမိတ္တ = တော နိမိတ်
4: forest/grove,
၅။ မဂ္ဂ နိမိတ္တ = လမ်း နိမိတ်
5: road,
၆။ ဝမ္မိက နိမိတ္တ = ခြတောင်ပို့ နိမိတ်
6: ant–hill,
၇။ နဒီ နိမိတ္တ = မြစ် နိမိတ်
7: river,
၈။ ဥဒက နိမိတ္တ = ရေ နိမိတ်။
8: water.

သိမြင်နိုင်ခဲသော (ဒုပ္ပဋိဝိဇ္စျ) တရားများ

(ထိုးတွင်း သိမြင်နိုင်ခဲသော – ဒုပ္ပဋိဝိဇ္စျ – တရားများ _ရှု)

သိလေသ ဂုဏ်

Alliteration.

သိဝ (ရှီဝ)

Shiva, a Hindu god.

သီတ

Cold.

သီတဂူ

Moon.

သီတင်းသုံးဘော် ၅ ယောက်

Five fellow–persons in holy–life:
၁။ ရဟန်း
1: Male–monk,
၂။ ရဟန်းမ
2: female–monk (nun),
၃။ ကိုရင်
3: male–novice,
၄။ ကိုရင်မ (သီလရှင်)
4: female–novice,
၅။ သိက္ခမာန် = သာမဏေ သို့မဟုတ် ရဟန်းပြုရန် ကျင့်ကြံနေသူ။
5: trainee in order to become a monk/nun/novice.

သီတင်းသုံးဘော်များ ချစ်ခင်နှစ်သက် ရိုသေကြောင်းတရား ၇ ပါး

Seven dhammas/things that make a monk loved/respected by the fellow–monks:
၁။ န လာဘကာမ – လာဘ်ပစ္စည်းကို အလိုမရှိခြင်း
1: No desire for gains,
၂။ န သက္ကာရကာမ – ပူဇော်မှုရိုသေမှုကို အလိုမရှိခြင်း
2: for honor,
၃။ န အနဝညတ္တိကာမ – ကျော်စောထင်ရှားမှုကို အလိုမရှိခြင်း
3: for reputation,
၄။ ဟိရိမာ – အရှက်ရှိခြင်း
4: having a sense of moral shame,
၅။ သြတ္တပ္ပီ – အကြောက်ရှိခြင်း
5: of moral dread,
၆။ အပိစ္ဆ – အလိုနည်း၏ (ဝါ) အနိဿုကီ – မနာလိုမှု ဣဿာမရှိခြင်း
6: having few desires or no envy,
၇။ သမ္မာဒိဋ္ဌိ – အယူမှန်၏ (ဝါ) အမစ္ဆရီ – ဝန်တိုမှု မရှိခြင်း။
7: holding right view or no miser.
(သီတင်းသုံးဘော်အများ မချစ်ခင် မနှစ်သက် မရိုသေကြောင်းတရား ၇ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Seven dhammas/things that do not make a monk loved/respected by the fellow–monks are opposite of the above.)

သီတင်းသုံးဘော်များ ချစ်ခင်နှစ်သက် ရိုသေကြောင်းတရား ၈ ပါး

Eight dhammas/things that make a monk loved/respected by the fellow–monks:
၁။ န အပ္ပိယ ပသံသီ – မချစ်မနှစ်သက်အပ်သူကို မချီးမွမ်းခြင်း
1: Not praising those who are displeasing,
၂။ န ပိယ ဂရဟီ – ချစ်နှစ်သက်အပ်သူကို ချီးမွမ်းခြင်း (မကဲ့ရဲ့ခြင်း)
2: praising those who are pleasing,
(နံပါတ် ၃ မှ ၈ အထိသည် အထက်ပါ ၇ ပါး၌ နံပါတ် ၃ မှလွဲ၍ အတူတူဖြစ်သည်)
(Nos. 3 to 8 are the same as above expect no. 3.)
(သီတင်းသုံးဘော်အများ မချစ်ခင်နှစ်သက် မရိုသေကြောင်းတရား ၈ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Eight dhammas/things that do not make a monk loved/respected by the fellow–monks are opposite of the above.)

သီတင်းသုံးဘော်များ ချစ်ခင်နှစ်သက် ရိုသေကြောင်းတရား ၈ ပါး

(တနည်း)
More eight dhammas/things that make a monk loved/respected by the fellow–monks:
နံပါတ် ၁။ ၂။ ၃ တို့မှာ အထက်ပါ ၇ ပါး၌
၁။ ၂။ ၃ တို့နှင့် အတူတူဖြစ်သည် –
၄။ ကာလညူ – အချိန်အတိုင်းအတာကို သိခြင်း
4: knowing proper time,
၅။ မတ္တညူ – အတိုင်းအရှည်ကို သိခြင်း
5: knowing moderation,
၆။ သုစိ – စင်ကြယ်ခြင်း
6: being pure,
၇။ န ဗဟုဘာဏီ – စကား မများခြင်း
7: not speaking much,
၈။ အနက္ကောသကပရိဘာသကော သဗြဟ္မစာရီနံ – သီတင်းသုံးဖေါ်တို့အား မဆဲရေး မပုတ်ခပ်ခြင်း။
8: not insulting and scorning his fellow monks.
(သီတင်းသုံးဘော်အများ မချစ်ခင်နှစ်သက် မရိုသေကြောင်းတရား ၈ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Eight dhammas/things that do not make a monk loved/respected by the fellow–monks are opposite of the above.)

သီတင်းသုံးဘော်များ ချစ်ခင်နှစ်သက် ရိုသေကြောင်းတရား ၁ဝ ပါး

Ten dhammas/things that make a monk loved/respected by the fellow–monks:
၁။ န အဓိကရဏိက – ပြဿနာ မရှာတတ်ခြင်း
1: Not a problem–maker,
၂။ သိက္ခာကာမ – ကျင့်ဝတ်သိက္ခာကို အလိုရှိခြင်း
2: love of training (sikkhā)
၃။ အပိစ္ဆ – အလိုနည်းခြင်း
3: few wish,
၄။ အက္ကောဓန – အမျက်ဒေါသနည်းခြင်း
4: less anger,
၅။ အမက္ခီ – ကျေးဇူးကို မချေဖျက်တတ်ခြင်း
5: gratitude,
၆။ အသဌ – မကောက်ကျစ်ခြင်း
6: straight minded,
၇။ အမာယာဝီ – မလှည့်စားတတ်ခြင်း
7: not a tricker,
၈။ ဓမ္မ နိသာမကဇာတိ – တရားကို ကျင့်ဆောင်ခြင်း
8: nature of dhamma–practice,
၉။ ပဋိသလ္လီန – ဆိတ်ငြိမ်မှု၌ မွှေ့လျှော်ခြင်း
9: solitude,
၁ဝ။ ပဋိသန္ထာရက – ပြဿနာငြိမ်းအောင် စေ့စပ်တတ်ခြင်း။
10: love to reconcile.
(သီတင်းသုံးဘော်များ မချစ်ခင်မနှစ်သက် မရိုသေကြောင်းတရား ၁ဝ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက် ဖြစ်သည်။)
(Ten dhammas/things that do not make a monk loved/respected by the fellow– monks are opposite of the above.)

သီတ တေဇော

Low degree of heat, cold.

သီတာ။ သီဒါ ၇ တန်

မြင့်မိုရ် တောင်ခြေကို ပတ်ဝိုင်းနေသော တောင်စဉ် ၇ ထပ် _ရှု ရှိ၏။ မြင့်မိုရ်တောင်နှင့် ထိုတောင်စဉ် ၇ ခု = ပေါင်း ၈ ခုတို့၏ တစ်ခုနှင့်တစ်ခုအကြား တည်နေ လှည့်ပတ်နေသော ရေအယဉ် အဝန်းအဝိုင်းကြီးများကို သီတာ ၇ တန်ဟု ခေါ် သည်။ There are 7 mountain–ranges which circle the Mt. Meru successively. Seven rivers flow/circle between each of them, thus seven circling–rivers. They are called ‘the 7 cold–water–rivers (Theetar khun–hnit–tan in Burmese)’.
၁။ လဝဏ သီတာ = ဆားအရသာရှိ၏
1: cold river Lavaṇa, (Salt taste)
၂။ ဥစ္ဆု သီတာ = ကြံအရသာရှိ၏
2: cold river Ucchu,
၃။ သုရာ သီတာ= သေရည်အရသာရှိ၏
3: cold river Surā,
၄။ သာဓိ သီတာ= ချိုမြိန်အရသာရှိ၏
4: cold river Sādhi,
၅။ ဒဓိ သီတာ = နို့ဓမ်းအရသာရှိ၏
5: cold river Dadhi,
၆။ ဒုဒ္ဓ သီတာ = နို့ရည်အရသာရှိ၏
6: cold river Duddha,
၇။ ဇလ သီတာ = ရိုးရိုးရေအရသာရှိ၏။
7: cold river Jala.

သီရိ

Glory, splendor.

သီရိဓမ္မာသောကမင်းကြီး သာသနာပြုစေလွှတ်သော တိုင်းများ

(ကိုးတိုင်း ကိုးဌာန _ရှု)

သီလ ကိုယ်ကျင့်

Morality, moral conduct, virtue, rules of moral code,
verbal and bodily discipline.

သီလ

(ငါးပါးသီလ စသည်)
Precepts (five precepts etc.), moral guide–lines, ethical rules.

သီလ ၂ ပါးစု

Morality–sets of two kinds:
(က)
၁။ စာရိတ္တ သီလ
(a)
1: Morality by performing good things (keeping),
(ကောင်းမှု ကို ကျင့်ဆောင် ရမည့် သီလ)
၂။ ဝါရိတ္တ သီလ။
2: morality by avoiding bad things (avoiding).
(မကောင်းမှု မှ ရှောင်ကြဉ် ရမည့် သီလ)။
(ခ)
၁။ အာဘိသမာစာရိက သီလ
(b)
1: good behavior,
၂။ အာဒိ ဗြဟ္မစရိယက သီလ။
2: the beginning of the life of purity.
(၈)
၁။ ဝိရတိ သီလ
(c)
1: abstinence,
၂။ အဝိရတိ သီလ။
2: non–abstinence.
(ဃ)
၁။ နိဿိတ သီလ
(d)
1: dependent,
၂။ အနိဿိတ သီလ။
2: independent.
(င)
၁။ ကာလ ပရိယန္တ သီလ
(e)
1: temporary,
၂။ အာပါဏကောဋိက သီလ။
2: lifelong.
(စ)
၁။ သပရိယန္တ သီလ
(f)
1: limited,
၂။ အပရိယန္တ သီလ။
2: unlimited.
(ဆ)
၁။ လောကိယ သီလ
(g)
1: mundane,
၂။ လောကုတ္တရ သီလ။
2: supramundane.
(ဇ)
၁။ ပကတိ သီလ
(h)
1: natural morality,
၂။ ပညတ္တိ သီလ။
2: prescribed morality.

သီလ ၃ ပါးစု

Morality–sets of three kinds:
(က)
၁။ ဟီန သီလ
(a)
1: Inferior,
၂။ မဇ္စျိမ သီလ
2: medium,
၃။ ပဏီတ သီလ ။
3: superior.
(ခ)
၁။ အတ္တာဓိပတေယျ သီလ
(b)
1: giving precedence to self,
၂။ လောကာဓိပတေယျ သီလ
2: giving precedence to the world,
၃။ ဓမ္မာဓိပတေယျ သီလ။
3: giving precedence to the dhamma.
(ဂ)
၁။ ပရာမဋ္ဌ သီလ
(c)
1: adhered to,
၂။ အပရာမဋ္ဌ သီလ
2: not adhered to,
၃။ ပဋိပ္ပဿဒ္ဓိ သီလ။
3: tranquillized.
(ဃ)
၁။ ဝိသုဒ္ဓ သီလ
(d)
1: purified,
၂။ အဝိသုဒ္ဓ သီလ
2: unpurified,
၃။ ဝေမတိက သီလ။
3: dubious.
(င)
၁။ သေက္ခ သီလ
(e)
1: the trainer,
၂။ အသေက္ခ သီလ
2: the non–trainer,
၃။ နေဝသေက္ခ နာသေက္ခ သီလ။
3: the neither trainer nor non–trainer.

သီလ ၄ ပါးစု

Morality–sets of four kinds:
(က)
၁။ ဟာန ဘာဂိယ သီလ
(a)
1: Partaking of dwindling,
၂။ ဌိတိ ဘာဂိယ သီလ
2: of stagnation,
၃။ ဝိသေသ ဘာဂိယ သီလ
3: of distinction,
၄။ နိဗ္ဗေဓ ဘာဂိယ သီလ။
4: of penetration.
(ခ)
၁။ ဘိက္ခု သီလ
(b)
1: bhikkhus (fully–ordained monks),
၂။ ဘိက္ခုနီ သီလ
2: bhikkhunīs (fully–ordained nuns)
၃။ အနုပသမ္ပန္န သီလ
3: the not–fully admitted,
၄။ ဂဟဋ္ဌ သီလ။
4: the laity.
(ဂ)
၁။ ပကတိ သီလ
(c)
1: natural,
၂။ အာစာရ သီလ
2: customary,
၃။ ဓမ္မတာ သီလ
3: necessary,
၄။ ပုဗ္ဗ ဟေတုက သီလ။
4: due to previous causes.
(ဃ)
၁။ ပါတိမောက္ခ သံဝရ သီလ
(d)
1: virtue of Pātimokkha restraint,
၂။ ဣန္ဒြိယ သံဝရ သီလ
2: of restraint of sense faculties,
၃။ အာဇီဝ ပါရိသုဒ္ဓိ သီလ
3: of purification of livelihood,
၄။ ပစ္စယ သန္နိဿိတ သီလ။
4: of concerning requisites.

သီလ ၅ ပါးစု

Morality–sets of five kinds:
(က)
၁။ ပရိယန္တ ပါရိသုဒ္ဓိ သီလ
(a)
1: Virtue consisting in limited purification,
၂။ အပရိယန္တ ပါရိသုဒ္ဓိ သီလ
2: virtue consisting in unlimited purification,
၃။ ပရိပုဏ္ဏ ပါရိသုဒ္ဓိ သီလ
3: virtue consisting in fulfilled purification,
၄။ အပရာမဋ္ဌ ပါရိသုဒ္ဓိ သီလ
4: virtue consisting in unadhered–to purification,
၅။ ပဋိပ္ပဿဒ္ဓိ ပါရိသုဒ္ဓိ သီလ။
5: virtue consisting in tranquilized purification.
(ခ)
၁။ ပဟာန သီလ
(b)
1: abandoning,
၂။ ဝေရမဏိ သီလ
2: refraining,
၃။ စေတနာ သီလ
3: volition,
၄။ သံဝရ သီလ
4: restraint,
၅။ အဝီတိက္ကမ သီလ။
5: non–trangression.

သီလ ၄ မျိုး

Four kinds of morality:
၁။ စေတနာ သီလ
1: volition,
၂။ စေတသိက သီလ
2: mental properties,
၃။ သံဝရ သီလ
3: restraint,
၄။ အဝီတိက္ကမ သီလ။
4: non–trangression.

သီလ ၅ မျိုး

(ပါရိသုဒ္ဓိသီလ ၅ မျိုး _ရှု)

သီလက္ခန်

(သီလက္ခန္ဓ ဝဂ္ဂ) ပါဠိ
The first book of the Long Discourses (Dīgha–nikāya), consisting of 13 Discourses (suttas).

သီလကုသိုလ်၏ အကျိုးဆက် ၁ဝ ပါး

Ten successive profits of moral virtue:
၁။ အဝိပ္ပဋိသာရ – နှလုံးကြည်ရွှင်ခြင်း
1: Freedom from remorse,
၂။ ပါမောဇ္ဇ – ဝမ်းမြောက်ခြင်း
2: joy,
၃။ ပီတိ – နှစ်သက်ခြင်း
3: rapture,
၄။ ပဿဒ္ဓိ – ငြိမ်းချမ်းခြင်း
4: calm,
၅။ သုခ – ချမ်းသာခြင်း
5: happiness,
၆။ သမာဓိ – တည်ကြည်ခြင်း
6: concentration,
၇။ ယထာဘူတဉာဏဒဿန – အရှိကို အရှိအတိုင်း သိမြင်နိုင်ခြင်း
7: knowing and seeing things as they really are,
၈။ နိဗ္ဗိဒါ – ငြီးငွေ့ခြင်း
8: fading of interest,
၉။ ဝိရာဂ – တပ်မက်မှုကင်းခြင်း
9: passionlessness,
၁ဝ။ ဝိမုတ္တိဉာဏဒဿန – လွတ်မြောက်မှုကို သိမြင်ခြင်း။
10: liberation from knowing and seeing.

သီလကျိုး ပေါက် ပြောက် ကျား

Moral conducts/precepts which are broken, are with hole, are spotted and are with gaps.

သီလဂုဏ် ၈ ပါး

Eight qualities of the moral persons:
၁။ အခဏ္ဍ = မကျိုးသော ဂုဏ်
1: Unbroken moral conduct,
၂။ အဆိဒ္ဒ = မပေါက်သော ဂုဏ်
2: no–hole moral conduct,
၃။ အသဗလ = မပြောက်သော ဂုဏ်
3: un–spotted moral conduct,
၄။ အကမ္မာသ = မကျားသော ဂုဏ်
4: no–interval moral conduct,
၅။ ဘုဇိသ = ကိလေသာကို တော်လှန်သော ဂုဏ်
5: against mental impurities,
၆။ ဝိညူ ပသဋ္ဌ = ပညာရှိများ ချီးမွမ်းအပ်သော ဂုဏ်
6: praising by the wise,
၇။ အပရာမဋ္ဌ = တဏှာ ဒိဋ္ဌိ တို့ဖြင့် မစွဲလမ်းသော ဂုဏ်
7: no–attachment,
၈။ သမာဓိ ဝဝတ္တန = သမာဓိကို ဖြစ်စေသော ဂုဏ်။
8: root/cause of concentration.

သီလစင်ကြယ်ကြောင်း တရား ၄ ပါး

Four ways to purify morality:
၁။ အလို အာသယဓာတ်ခံ စင်ကြယ်ခြင်း
1: Inclination to keep morality alive,
၂။ သူတပါးတို့ထံမှ သီလသိက္ခာပုဒ်များကို ခံယူဆောက်တည်ခြင်း
2: undertaking the precepts from others such as monk,
၃။ သိက္ခာပုဒ်ကို မလွန်ကျူးခြင်း
3: no transgression,
၄။ လွန်ကျူးမိသော် နောက်တဖန် မလွန်ကျူးအောင် ကြိုးစားထိမ်းသိမ်းခြင်း။
4: making amends in case of transgression.

သီလစင်ကြယ်သူ လိုရာဆန္ဒပြည့်ဝကြောင်း

တဿ ခေါ အယံ ဣဇ္စျိဿတိ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ (ဂိလာနဒဿနသုတ်။ စိတ္တ သံယုတ္တ။ သဠာယတနဝဂ္ဂ သံယုတ္တပါဠိ)
Wishes of the virtuous are fulfilled due to their purities.
ဣဇ္စျတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ (ဒါနူပပတ္တိသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
The heart’s wish of one who is virtuous succeeds because of his purity.

သီလတောင်း

Request a monk to lead the precept to be observed.

သီလ ပေး

Reciting/leading the precept–passages for lay–persons.

သီလ ပြည့်စုံခြင်း၏ ကောင်းကျိုး ၅ ပါး

Five adventages of good conduct:
၁။ စီပွါးရေး အဆင်ပြေခြင်း
1: Gaining wealth,
၂။ ကောင်းသတင်း ကျော်စောခြင်း
2: good reputation,
၃။ ပရိသတ်ကို ချဉ်းကပ်ရာ ၌ ရဲ့ရင်းခြင်း
3: confidence in approaching whatever assemblies,
၄။ မတွေ မဝေ သေရခြင်း
4: unconfused dying,
၅။ သေပြီးနောက် သုဂတိ ရောက်ခြင်း။
5: good life after death.

သီလမကျိုး မပေါက် မကျား မပြောက်ခြင်း

(မကျိုး မပေါက် မကျား မပြောက် – သီလကျင့်ဝတ်များ _ရှု)

သီလ မပြည့်စုံခြင်း၏ ဆိုးကျိုး ၅ ပါး

Five disadventages of bad conduct:
၁။ စီပွါးရေး အဆင်မပြေခြင်း
1: Not gaining wealth,
၂။ ဆိုးသတင်း ကျော်ကြားခြင်း
2: bad reputation,
၃။ ပရိသတ်ကို မချဉ်းကပ်ရဲခြင်း
3: no–confidence in approaching whatever assemblies,
၄။ တွေတွေဝေဝေ သေရခြင်း
4: confused dying,
၅။ သေပြီးနောက် ဒုဂ္ဂတိ ရောက်ခြင်း။
5: bad life after death.

သီလမရှိသောလူထက် သီလမရှိသောရဟန်း၏ သာလွန်ချက် ၁ဝ မျိုး (မိလိန္ဒပဥှ)

Ten qualities that distinguish an amoral monk from an amoral layman:
၁။ ဒုဿီလ – သီလမရှိသောရဟန်းသည် ဘုရား၌ ရိုသေမှုရှိခြင်း
1: An amoral monk is full of respect for the Buddha;
၂။ တရား၌ ရိုသေမှုရှိခြင်း
2: for the Dhamma;
၃။ သံဃာ၌ ရိုသေမှုရှိခြင်း
3: for the Saṃgha (community of monks);
၄။ သီတင်းသုံးဖေါ်တို့၌ ရိုသေမှုရှိခြင်း
4: for the fellow–monks.
၅။ ပိဋကတ်စာပေ သင်ကြားခြင်း
5: He studies the Scriptures.
၆။ ပိဋကတ်စာပေတရား ကြားနာခြင်း
6: He listens to the Dhamma.
၇။ သီလပျက်သော်လည်း ပရိတ်သတ်အလယ်၌ သီလရှိရဟန်းအသွင်ကို ဆောင်သေးခြင်း
7: Among a certain assembly, he fears reproach and looks like a moral monk.
၈။ ကဲ့ရဲ့မှုမှ ကြောက်သောကြောင့် ကိုယ်နှုတ်ကို စောင့်စည်းသေးခြင်း
8: He guards his body and speech due to the fear of criticism.
၉။ ကမ္မဋ္ဌာန်းတရားကို ရှေ့ရှုသောစိတ် ရှိသေးခြင်း
9: He likes to set his mind to meditation .
၁ဝ။ သီလမရှိသောရဟန်းသည် မကောင်းမှုပင်ပြုသော်လည်း ပုန်းလျှိုးကွယ်လျှိုးပြုခြင်း။
10: It he does any wrong, he is discreet.

သီလ ယူ

Taking/observing precepts.

သီလရှင်

Nun (literally, lady who has virtue).

သီလရှင် ဆရာကြီး

Old nun.

သီလရှင် ဆရာလေး

Young nun.

သီလရှိသော ရဟန်းအား ချဉ်းကပ်ကိုးကွယ်ရသော အကျိုး ၅ ပါး

(ဒါယကာ ဒါယိကာမများ)
Five benefits for approaching a virtuous monk (for lay–persons):
၁။ ကြည်ညိုပြီး စိတ်ကြည်လင်ခြင်း – နတ်ပြည်ရောက်ကြောင်း
1: Peaceful mind that leads to the lower level of celestial being (heaven),
၂။ ရိုသေမြတ်နိုး ရှိခိုးရခြင်း – အမျိုးမြတ်ကြောင်း
2: reverence that leads to the high class/caste/rank,
၃။ နှမျောစေးနဲမှုကို ပယ်ဖျောက်နိုင်ခြင်း – ဘုဉ်းကြီးကြောင်း
3: getting rid meanness of, that leads to great power,
၄။ အစွမ်းရှိသလောက် လှူဒါန်းရခြင်း – ပစ္စည်းချမ်းသာကြောင်း
4: donating that leads to great wealth,
၅။ တရားစကား နာကြား။ မေးမြန်းရခြင်း – ပညာကြီးကြောင်း။
5: listening to asking about dhamma that leads to great wisdom.

သီလဝတော စေတောပဏိဓိ သမိဇ္စျတိ

(သီလစင်ကြယ်သူ လိုရာဆန္ဒပြည့်ဝကြောင်း _ရှု)

သီလ၏ အကျိုးဆက်များ ၁၉ ပါး

(အာကင်္ခေယျသုတ် မဇ္စျိမနိယာယ် + အာကင်္ခသုတ် အင်္ဂုတ္တရနိကာယပါဠိ)
Nineteen advantages of being a moral person:
၁။ သီတင်းသုံးဖေါ်များက ချစ်မြတ်နိုးခြင်း
1: Respected by the fellow–monks,
၂။ ပစ္စည်းလေးပါး ရလွယ်ခြင်း
2: being obtainable the four requisits easily,
၃။ အလှူရှင်များ အကျိုးကြီးခြင်း
3: great benefits for the donors/supporters/lay–persons,
၄။ ကွယ်လွန်ပြီးသော မိမိ၏ဆွေမျိုးများ အကျိုးများခြင်း
4: great benefits for relatives who had already passed away,
၅။ ရောင့်ရဲလွယ်ခြင်း
5: easily contented,
၆။ အချမ်းအပူ ဝေဘန်မှုစသော လောကဓံကို သည်းခံနိုင်ခြင်း
6: conquering heat, cold, illness, criticizing etc. with patience,
၇။ မပျော်မွေ့မှုကို လွန်မြောက်နိုင်ခြင်း
7: conquering discontent and selight,
၈။ ကြောက်ရွံ့ ထိပ်လန့်ဖွယ်များကို လွန်မြောက်နိုင်ခြင်း
8: conquering fear and dread,
၉။ ရူပ စျာန်လေးပါး ရနိုင်ခြင်း
9: four formed–jhāna,
၁ဝ။ အရူပ စျာန်လေးပါး ရနိုင်ခြင်း
10: four formless–jhāna,
၁၁။ သောတာပန် ဖြစ်နိုင်ခြင်း
11: stream–winner,
၁၂။ သကဒါဂါမ် ဖြစ်နိုင်ခြင်း
12: once–returner,
၁၃။ အနာဂါမ် ဖြစ်နိုင်ခြင်း
13: never–returner,
၁၄။ ဣဒ္ဓိဝိဓ တန်ခိုးဖန်ဆင်းနိုင်မှု အဘိဉာဉ်ရနိုင်ခြင်း
14: various kinds of supernormal power,
၁၅။ ဒိဗ္ဗသောတ = နတ်နား အဘိဉာဉ်ရနိုင်ခြင်း
15: divine ears,
၁၆။ ပရစိတ္တဝိဇာနန = သူတပါးစိတ်အကြံသိနိုင်မှု အဘိဉာဉ်ရနိုင်ခြင်း
16: understanding the mind of other beings,
၁၇။ ပုဗ္ဗေနိဝါသာနုဿတိ = ရှေးဘဝများကို ပြန်လည်အမှတ်ရမှု အဘိဉာဉ်ရနိုင်ခြင်း
17: recollection of many former lives,
၁၈။ ဒိဗ္ဗသောတ = နတ်မျက်စိ အဘိဉာဉ်ရနိုင်ခြင်း
18: divine eyes,
၁၉။ အာသဝက္ခယ = အာသဝေတရား ကုန်ခမ်းမှု အဘိဉာဉ်ရနိုင်ခြင်း (ရဟန္တာဖြစ်နိုင်ခြင်း)။
19: destruction of the mental taints/fluxes (arahant).

သီလ၏ အကျိုးဆက်များ

၁ဝ ပါး Ten successive benefits of good moral conduct:
၁။ ကိုယ်ကျင့်သီလရှိခြင်းကြောင့် နှလုံးရွှင်ကြည်မှု အဝိပ္ပဋိသာရ ဖြစ်သည်။
1: No remorse due to moral conduct,
၂။ နှလုံးရွှင်ကြည်မှုကြောင့် ဝမ်းမြောက်မှု ပါမောဇ္ဇ ဖြစ်သည်။
2: joy due to no remorse,
၃။ ဝမ်းမြောက်မှုကြောင့် နှစ်သက်မှု ပီတိ ဖြစ်သည်။
3: rapture due to joy,
၄။ နှစ်သက်မှုကြောင့် ငြိမ်းချမ်းမှု ပဿဒ္ဓိ ဖြစ်သည်။
4: calm due to rapture,
၅။ ငြိမ်းချမ်းမှုကြောင့် ချမ်းသာမှု သုခ ဖြစ်သည်။
5: happiness due to calm,
၆။ ချမ်းသာမှုကြောင့် တည်ကြည်မှု သမာဓိ ဖြစ်သည်။
6: concentration due to happiness,
၇။ တည်ကြည်မှုကြောင့် အမှန်အတိုင်းသိမြင်မှု ယထာဘူတဉာဏဒဿန ဖြစ်သည်။
7: knowing and seeing things as they really are due to concentration,
၈။ အမှန်အတိုင်းသိမြင်မှုကြောင့် ငြီးငွေ့မှု နိဗ္ဗိဒါ နှင့် တပ်မက်ခြင်းကင်းမှု ဝိရာဂ အကျိုးဖြစ်သည်။
8: revulsion and passionlessness due to knowing and seeing things as they really are,
၉။ ငြီးငွေ့မှု တပ်မက်ခြင်းကင်းမှုတို့ကြောင့် လွတ်မြောက်မှု ဝိမုတ္တိ နှင့် လွတ်မြောက်မှုကို သိသောဉာဏ် ဝိမုတ္တိဉာဏဒဿန အကျိုးဖြစ်သည်။
9: liberation and knowledge and insight to liberation due to revulsion and passionlessness,
၁ဝ။ ထိုသို့သီလစင်ကြယ်မှုကြောင့် နောက်ဆုံး၌ အရတ္တဖိုလ် (ရဟန္တာဖြစ်သည်) အထိဆိုက်ရောက်နိုင်သည်။
10: thus, good moral conduct leads to arahant–hood at last.
(သီလမရှိခြင်း၏ အကျိုးဆက်များ သည် အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Ten successive defects of bad conduct are opposite of the above.)

သီဝလိ ရှင်

ပစ္စည်းလာဘ်လာဘ ပေါများခြင်း၌ ဧတဒဂ်ရသော ရဟန္တာမထေရ်ဖြစ်သည်။ ခုနှစ်နှစ် နှင့် ခုနှစ်ရက် အမိဝမ်း၌ နေပြီးမှ ဖွါးမြင်သည်။ ကိုရင်ဝတ်ရန် ဆံချနေစဉ်မှာပင် သောတာပန် အရိယာဖြစ်သည်။
Sīvali: He was bestowed as a person who received the most of four requisites among monks. He was born after seven years and seven days in his mother’s womb. He became stream–winner–ship while his head was shaved to be a novice.

သီဝလိ ရှင် – မိမိ၏ ဘုန်းကံကို စုံစမ်းကြည့်မှု ၈ ကြိမ်

Sīvali: self–investigation of his own good kamma for eight times:
၁။ အရှင်သည် ဟိမဝန္တာတောသို့ ရဟန်း ၅ဝဝ နှင့်တောလမ်းခရီးဖြင့် ကြွတော်မူစဉ် လမ်းခရီးအတွင်း ပညောင်ပင် စောင့်နေသော ရုက္ခစိုးနတ်က ၇ ရက်တိုင်တိုင် ဆွမ်းစသော အလှူဒါန ပေးလှူသည်
(ပထမ အကြိမ်)
1: He headed 500 monks to Mt. Himavanta through a thick forest; a spirit of certain banyan tree offered/served food etc. all monks on the way (first time);
၂။ အလားတူ – ပဏ္ဍဝတောင်သို့ ကြွတော်မူစဉ် (ဒုတိယ အကြိမ်)
2: the same happened while he accompanied by 500 monks as well went to Mt. Paṇḍava (second time);
၃။ အရစိဝတီမြစ်သို့ ကြွတော်မူစဉ် (တတိယ အကြိမ်)
3: to River Aracivatī (third time);
၄။ ဝရသာဂရမည်သော သမုဒ္ဒရာသို့ ကြွတော်မူစဉ် (စတုတ္ထ အကြိမ်)
4: to ocean Varasāgara (fourth);
၅။ ဟိမဝန္တာတောင်သို့ ကြွတော်မူစဉ် (ပဌမ အကြိမ်)
5: to Mt. Himavanta (fifth);
၆။ ဆဒ္ဒန်အိုင်သို့ ကြွတော်မူစဉ် (ဆဋ္ဌမ အကြိမ်)
6: to Chanddanta lake (sixth);
၇။ ဂန္ဓမာဒနတောင်သို့ ကြွတော်မူစဉ် (သတ္တမ အကြိမ်)
7: to Mt. Gandhamādana (seventh);
၈။ အရှင်ရေဝတ သီတင်သုံးရာ ရှားတောသို့ ကြွတော်မူစဉ် (အဋ္ဌမ အကြိမ်)။
8: to a wood where Arahant Revata stayed (eighth time).

သီဟိုဠ် ကျွန်း အမည် ၇ မျိုး

The seven different names of the Island Laṅkā:
၁။ လင်္ကာဒီပ = လင်းယင်ရွက်နှင့် တူသောကျွန်း
1: Laṅkā Dīpa = Sail Island,
၂။ တမ္ဗ (ပါဏိ) ဒီပ = မြေနီသော ကျွန်း
2: Tamba Dīpa = Red–soil Island,
၃။ သီဟဠ ဒီပ = ခြင်္သေ့ ကျွန်း
3: Sīhaḷa Dīpa = Lion Island,
၄။ သြဇာဒီပ = မြေသြဇာကောင်းသော ကျွန်း
4: Ojā Dīpa = Fertile Island,
၅။ ဝရဒီပ = မြင့်မြတ်သော ကျွန်း
5: Vara Dīpa = Great Island,
၆။ မဏ္ဍလဒီပ = ကြည်လင်သော ကျွန်း
6: Maṇḍala Dīpa = Clear Island,
၇။ သီရိ လင်္ကာ = ကျက်သရေရှိသော ကျွန်း။
7: Sīri Laṅkā = Glorious Island.

သီးခြားခွင့်ပြုထားသော

(သြဒိဿ ပညတ္တိကထာ) ၇ မျိုး
Seven situational allowances regarding vinaya rules:
၁။ ဗျာဓိ – အနာရောဂါအလိုက် ခွင့်ပြုခြင်း
1: Allowance due to disease,
၂။ ပုဂ္ဂလ – ပုဂ္ဂိုလ်ရေး အခြေအနေအလိုက် ခွင့်ပြုခြင်း
2: to personality,
၃။ ကာလ – အချိန်ကာလအလိုက် ခွင့်ပြုခြင်း
3: to time,
၄။ သမယ – အခြေအနေ။ ရာသီအလိုက် ခွင့်ပြုခြင်း
4: to condition/season,
၅။ ဒေသ – နေရာဒေသအလိုက် ခွင့်ပြုခြင်း
5: to location,
၆။ ဝသ – ဆီ သုံးဆောင်ခြင်းအလိုက် ခွင့်ပြုခြင်း
6: allowance of certain forbidden oil,
၇။ ဘေသဇ္ဇ – ဆေးအဖြစ် ခွင့်ပြုခြင်း။
7: due to health–reason.

သုခ

Happiness, pleasure, joy.

သုခ ၂ မျိုး အုပ်စုများ

Sets of two kinds of happiness:
(က) ဂိဟိ သုခ – လူ့ ချမ်းသာ
(a) Happiness of lay–person,
(ခ) ပဗ္ဗဇိတ သုခ – ရဟန်း ချမ်းသာ
(b) of recluse.
(က) ကာမ သုခ – ကာမဂုဏ် ချမ်းသာ
(a) of sensuality,
(ခ) နေက္ခမ သုခ –
ကာမဂုဏ်တောမှထွက်မြောက်မှု ချမ်းသာ
(b) of renunciation.
(က) ဥပဓိ သုခ – ကိလေသာရှိ ချမ်းသာ
(a) of mental defilements,
(ခ) နိရုပဓိ သုခ – ကိလေသာမဲ့ ချမ်းသာ
(b) of without mental defilements.
(က) သာသဝ သုခ – အာသဝရှိ ချမ်းသာ
(a) of mental cankers,
(ခ) အနာသဝ သုခ – အာသဝမဲ့ ချမ်းသာ
(b) of without mental cankers.
(က) သာမိသ သုခ – ပစ္စည်းရှိ ချမ်းသာ
(a) of carnal,
(ခ) နိရာမိသ သုခ – ပစ္စည်းမဲ့ ချမ်းသာ
(b) of non–carnal.
(က) အရိယ သုခ – ဖြူစင် ချမ်းသာ
(a) of noble ones,
(ခ) အနရိယ သုခ – မဖြူစင် ချမ်းသာ
(b) of ordinary ones.
က) ကာယိက သုခ – ကိုယ် ချမ်းသာ
(a) of body,
(ခ) စေတသိက သုခ – စိတ် ချမ်းသာ
(b) of mind.
(က) သပ္ပီတိက သုခ – ပီတိရှိ ချမ်းသာ
(a) of rapture,
(ခ) နိပ္ပီတိက သုခ – ပီတိမဲ့ ချမ်းသာ
(b) of without rapture.
(က) သာတ သုခ – သာယာမှု ချမ်းသာ
(a) of pleasant feeling,
(ခ) ဥပေက္ခာ သုခ – လျှစ်လျှူရှုမှု ချမ်းသာ
(b) of equanimity.
(က) သမာဓိ သုခ – တည်ကြည်မှု ချမ်းသာ
(a) of concentration,
(ခ) အသမာဓိ သုခ – မတည်ကြည်မှု ချမ်းသာ
(b) of without concentration.
(က) သပ္ပီတိကာရမ္မဏ သုခ – ပီတိအာရုံရှိ ချမ်းသာ
(a) of rapture–objects,
(ခ) နိပ္ပီတိကာရမ္မဏ သုခ – ပီတိအာရုံမဲ့ ချမ်းသာ
(b) of without rapture–objects.
(က) သာတာရမ္မဏ သုခ – သာယာမှုအာရုံရှိ ချမ်းသာ
(a) of pleasant–objects,
(ခ) ဥပေက္ခာရမ္မဏ သုခ – လျှစ်လျှူရှုမှုအာရုံရှိ ချမ်းသာ
(b) of calm–objects.
(က) ရူပါရမ္မဏ သုခ – ရုပ်အာရုံ ချမ်းသာ
(a) of physical objects,
(ခ) အရူပါရမ္မဏ သုခ – စိတ်အာရုံ ချမ်းသာ
(b) of mental objects.

သုခ ၃ ပါး

၁။ သာမိသ သုခ – ပစ္စည်းရှိ ချမ်းသာ
1: Happiness of carnal,
၂။ နိရာမိသ သုခ – ပစ္စည်းမဲ့ ချမ်းသာ
2: of non–carnal, of spiritual,
၃။ နိရာမိသာ နိရာမိသတရ – ရဟန္တာ၏ ရာဂ ဒေါသ စသည် ကင်းကွာသော ချမ်းသာ။
3: of arahant due to destruction of lust, anger etc.

သုခ ၄ ပါး

Four kinds of happiness:
၁။ ဘုရားရှင် ပွင့်ပေါ်ခြင်းသည် ချမ်းသာ၏
1: Apperance of the Buddha,
၂။ သူတော်ကောင်းတရား နာကြားရခြင်းသည် ချမ်းသာ၏
2: listening to the true dhamma,
၃။ သံဃာတော်များ ညီညွတ်မှုသည် ချမ်းသာ၏
3: unity of the monks,
၄။ ညီညွတ်စွာ ကျင့်ကြံနေထိုင်ကြခြင်းသည် ချမ်းသာ၏။
4: living harmoniously.

သုခမိန်

Man of wisdom/learning.

သုခုမ

Subtle, deligate.

သုခုမ ပညာ

Fine arts.

သုခုမာလတာ ဂုဏ်

The quality of simple and harmonious words used in writing.

သုဂတိ

Plesant existence/abode, i.e., human, celestial and Brahma.

သုစရိုက်

Good/wholesome deed, perfect act.

သုစရိုက် ၁ဝ ပါး

(ကမ္မပထ တရား ၁ဝ ပါး – ကုသိုလ် _ရှု။ ကုသလ ကမ္မပထ တရား ၁ဝ ပါး _ရှု)

သုဇာတာ သူဌေးသမီး

ဘုရားအလောင်း ဘုရားဖြစ်မည့်နေ့၌ ဆွမ်းကပ်လှူသော အမျိုးသမီး
Sujātā: a wealthy lady who offered lunch to Buddha–to–be on the day Lord Buddha attained enlightenment.

သုဇာတာ သူဌေးသမီး၏ ဆွမ်း

(စုန္ဒ၏ ပရိနိဗ္ဗာန်စံဝင်ခါနီး ဆက်ကပ်သော – ဆွမ်းနှင့် သုဇာတာ၏ _ရှု)

သုဉ်။ သုဉ်း

Become extinct, extinction, disappearing.

သုည

Zero, emptiness, nothingness, voidness.

သုည ကမ္ဘာ

The world–cyrcle no Buddha appears.

သုညတ

Emptiness, voidness, devoidness, zeroness.

သုညတာနုပဿနာ

Contemplation on voidness.

သုတ်။ သုတ္တန်

Discourse, saying, speech, sermon.

သုတ် ၃ ကျမ်း

(နိကာယ် ၅ ရပ် ပိဋကတ် – ဒီဃနိကာယ် – _ရှု)

သုတ် ပါထေယျ

(ပါထေယျ ဝဂ္ဂ ပါဠိ _ရှု)

သုတ် မဟာဝါ

(မဟာဝဂ္ဂ။ မဟာဝါ။ သုတ်မဟာဝါ – ဒီဃနိကာယ် – ပါဠိ _ရှု)

သုတ် သီလက္ခန်

(သီလက္ခန် – သီလက္ခန္ဓ ဝဂ္ဂ – ပါဠိ _ရှု)

သုတ

Knowledge, learning.

သုတ္တန်တစ်ခုကို ဟောခြင်းအကြောင်း ၄ မျိုး

(တရားဟောခြင်း – သုတ္တနိက္ခေပ – ၄ မျိုး _ရှု)

သုတ္တနိက္ခေပ ၄ မျိုး

(တရားဟောခြင်း – သုတ္တနိက္ခေပ – ၄ မျိုး _ရှု)

သုတ္တနိပါတ ပါဠိ

– သုတ်တော်အုပ်စုဟု အဓိပ္ပါယ်ရှိသည်။ ဝဂ် (အုပ်စု) ၅ ခုပါဝင်သည်။ ဤကျမ်း၌ လူတို့သတ်မှတ် ထားသော အမျိုးအနွယ် ယုတ်မြတ်သည်မှာ အဓိကမဟုတ်။ ပုဂ္ဂိုလ်တစ်ဦးချင်း၏ ကိုယ်ကျင့်တရားသည်သာ အယုတ် အမြတ်ကို ဆုံးဖြတ်၏ – ဟူသော စကားတော်များပါဝင်သည်။
Sutta–nipāta: It means ‘Group of Suttas’. It has five chapters. Such teaching as “a person’s status of low or hight is not depended upon his so–called caste,
but upon his morality” is emphasized in this volume.

သုတိ

Hearing, sound.

သုတေသန

Research.

သုတေသီ

Researcher, research scholar.

သုဒ္ဓိ – စင်ကြယ်ခြင်း – ၄ ပါး

Four kinds of purifications:
၁။ ဒေသနာ သုဒ္ဓိ – ပါတိမောက္ခသံဝရသီလ စင်ကြယ်ခြင်း
1: Purification by the teaching,
၂။ သံဝရ သုဒ္ဓိ – မျက်စိစသောဣန္ဒြေများ စောင့်စည်း စင်ကြယ်ခြင်း
2: by restraint,
၃။ ပရိယေဋ္ဌိ သုဒ္ဓိ – အသက်မွေး ဝမ်းကျောင်းမှု စင်ကြယ်ခြင်း
3: by search,
၄။ ပစ္စဝေက္ခဏာ သုဒ္ဓိ – ပစ္စည်းလေးပါးကို ဆင်ခြင်သုံးဆောင် စင်ကြယ်ခြင်း။
4: by reviewing.

သုဓမ္မာဇရပ်

တာသတိံသာနတ်ပြည်၌ နတ်တို့စည်းဝေးရာနေရာ ပြသာဒ်
Sudhammā: The name of a mension where the deities of ‘Thirty–three Gods Realm’ meet/held meeting, assembly hall in Tāvatiṃsā–heaven.

သုဓမ္မာသဘင်

နတ်ပြည် ဗြဟ္မာပြည်အားလုံးတို့၌ ဤတရားသဘင်ရှိကြသည်။
There are dhamma–gatherings in all celestial abodes, called Sudhammā.

သုနာပရန္တတိုင်း

Land, west of Irawwaddy River. (Traditionally)

သုနာပရန္တတိုင်းသားတို့အပေါ် ရှင်ပုဏ္ဏ၏ နှလုံးသွင်း

(ပုဏ္ဏ – ရှင်။ သုနာပရန္တ။၏ နှလုံးသွင်း _ရှု)

သုဓာဘုတ်

Ambrosia.

သုဗောဓာလင်္ကာရကျမ်း

(အလင်္ကာ – သုဗောဓာလင်္ကာရ – ကျမ်း _ရှု)

သုဘရာဇာ

Grave digger, persons who work at the cametery.

သုမင်္ဂလ

Auspicious event, blessing acts.

သုရာမေရယကံ မြောက်ခြင်း၏ အင်္ဂါ ၄ ပါး

Four conditions to be guilty of ‘using intoxicants and drugs’:
၁။ သေရည် မူးယစ်ဆေး ဖြစ်ခြင်း
1: being intoxicants and drugs,
၂။ မူးယစ်လိုစိတ်ဖြင့် သောက်သုံးခြင်း
2: wanting to be intoxicated,
၃။ သောက်သုံးရန် လုံလပြုခြင်း
3: trying to do so,
၄။ သောက်သုံးမှီဝဲခြင်း။
4: intoxicating.

သုဝဏ္ဏလိပ်

(လိပိ)
Inscription on gold foil.

သုဝဏ္ဏ သာမ

(သုဝဏ္ဏသျှမ်) ဇာတ် _ရှု
The third of the ten great Jātakas.

သုံးဆယ် နှစ် ကောဋ္ဌာသ

The thirty–two body–parts:
၁။ ကေသာ = ဆံပင်
1: Head–hairs,
၂။ လောမာ = အမွှေး
2: body–hairs,
၃။ နခါ = ခြေသည်း လက်သည်း
3: nails,
၄။ ဒန္တာ = သွား
4: teeth,
၅။ တစော = အရေ
5: skin,
၆။ မံသံ = အသား
6: flesh,
၇။ နှာရု = အကြော
7: sinews,
၈။ အဋ္ဌိ = အရိုး
8: bones,
၉။ အဋ္ဌိ မိဥ္ဇံ = ရိုးတွင်းခြင်ဆီ
9: bone–marrow,
၁ဝ။ ဝက္ကံ = အညှို့
10: kidneys,
၁၁။ ဟဒယံ = နှလုံး
11: heart,
၁၂။ ယကနံ = အသဲ
12: liver,
၁၃။ ကိလောမကံ = အမြှေး
13: diaphragm,
၁၄။ ပိဟကံ = အဖျဉ်း
14: spleen,
၁၅။ ပပ္ဖါသံ = အဆုပ်
15: lungs,
၁၆။ အန္တံ = အူမ
16: large intestines,
၁၇။ အန္တ ဂုဏံ = အူသိမ်
17: small intestines,
၁၈။ ဥဒရိယံ = အစာသစ်
18: contents of the stormach,
၁၉။ ကရီသံ = အစာဟောင်း
19: feces,
၂ဝ။ မတ္ထလုင်္ဂ ံ = ဦးနှောက်
20: brain,
၂၁။ ပိတ္တံ = သည်းခြေ
21: bile,
၂၂။ သေမှံ = သလိပ်
22: phlegm,
၂၃။ ပုဗ္ဗော = ပြည်
23: pus,
၂၄။ လောဟိတံ = သွေး
24: blood,
၂၅။ သေဒေါ = ချွေး
25: sweat,
၂၆။ မေဒေါ = အဆီခဲ
26: fat,
၂၇။ အဿု = မျက်ရည်
27: tears,
၂၈။ ဝသာ = ဆီကြည်
28: grease,
၂၉။ ခေဠော =တံတွေး
29: spittle,
၃ဝ။ သိင်္ဃာဏိကာ = နှပ်
30: snort,
၃၁။ လသိကာ = အစေး
31: oil of the joints,
၃၂။ မုတ္တံ = ကျင်ငယ်။
32: urine.
(နံပါတ် ၁။ ကေသာ = ဆံပင် မှ
၂ဝ။ မတ္ထလုင်္ဂ ံ = ဦးနှောက် အထိ ၂ဝ တို့သည် ပထဝီ–မြေဓာတ် ၂ဝ မျိုး ဖြစ်သည်၊ နံပါတ် ၂၁။ ပိတ္တံ = သည်းခြေ မှ ၃၂။ မုတ္တံ = ကျင်ငယ် အထိ ၁၂ တို့သည် အာပေါ–ရေ ဓာတ် ၁၂ မျိုးဖြစ်သည် )
(Numbers, 1 to 20 = 20, are mainly earth–elements and 21 to 32 = 12, are mainly water–elements.)

သုံးဆယ်နှစ်ပါးသော ယောက်ျားမြတ် လက္ခဏာ

(လက္ခဏာတော် ၃၂ ပါး _ရှု)

သုံးဆယ် ရှစ်ဖြာ မင်္ဂလာ

(မင်္ဂလာ တရား ၃၈ ပါး _ရှု)

သုံးပါးသော ကပ်

(ကပ် ၃ ပါး _ရှု)

သုံးသပ်ရန် တရားများ

(သမ္မသနဉာဏ် သုံးသပ်ရန် တရားများ _ရှု)

သူကန်းများ ဆင်စမ်းသည့် ဥပမာ

The blind men who touched an elephant:
၁။ ဆင်၏ နံပါးကို စမ်းမိသော သူကန်း – ဆင်သည် တံတိုင်းနှင့်တူ၏။
1: A blind man who touched its (elephant’s) broad and study side said,
“An elephant is like a wall.”;
၂။ ဆင်၏ အစွယ်ကို စမ်းမိသော သူကန်း – ဆင်သည် လှံနှင့်တူ၏။
2: who touched its task said, “An elephant is like a spear.”;
၃။ ဆင်၏ နှာမောင်းကို စမ်းမိသော သူကန်း – ဆင်သည် မြွေနှင့်တူ၏။
3: who touched its truck said, “An elephant is like a snake.”;
၄။ ဆင်၏ ခြေထောက်ကို စမ်းမိသော သူကန်း – ဆင်သည် သစ်ပင် (ပင်စည်) နှင့်တူ၏။
4: who touched its knee said, “An elephant is like a tree.”;
၅။ ဆင်၏ နားရွက်ကို စမ်းမိသော သူကန်း – ဆင်သည် ယပ်တောင်နှင့်တူ၏။
5: who touched its ear said, “An elephant is like a fan.”;
၆။ ဆင်၏ အမြီးကို စမ်းမိသော သူကန်း – ဆင်သည် ကြိုးနှင့်တူ၏။
6: who touched its tail said, “An elephant is like a rope.”

သူခိုးကြီး ၅ ယောက်

(သာသနာတော်၌ သူခိုးကြီး ၅ ယောက်လည်း )
Five great robbers:
၁။ ဝိသမနိဿိတ = မြစ်ကြားတောင်ကြား တို့ကို အမှီပြုပြီး တိုက်ခိုက် လုယူသောသူခိုးကြီး
1: Great robber relying on uneven ways such as mountain,
၂။ ဂဟနနိဿိတ = တောကြီး မြက်ခြုံပုတ် တို့ကို အမှီပြုပြီး တိုက်ခိုက် လုယူသောသူခိုးကြီး
2: on thick grass and forest,
၃။ ဗလဝနိဿိတ = မင်း အမတ်စသော အာဏာပိုင်တို့အား နောက်ခံအမှီထား အားကိုးရှိပြီး တိုက်ခိုက် လုယူသောသူခိုးကြီး
3: on the power of king, minister and authority (as his back–support),
၄။ ဘောဂစာဂီ = ပစ္စည်း ဥစ္စာအားကိုးဖြင့် အနိုင်အထက် ရယူသော သူခိုးကြီး
4: on their wealth/richness,
၅။ ဧကစာရီ = အဖေါ်မပါ တစ်ယောက်တည်း တိုက်ခိုက် ရယူသော သူခိုးကြီး။
5: robber doing himself.

သူခိုးတို့၏ အခြေခံသဘော ၅ ပါး

Five general characteristics of thieves:
၁။ သူတပါးပစ္စည်းကို အလိုရှိခြင်း
1: Thief’s aim: booty,
၂။ ပုန်းအောင်းနည်းကို လေ့လာခြင်း
2: quest: capture,
၃။ လက်နက်လျှင်တည်ရာရှိခြင်း
3: resolve: weapon/a caravan,
၄။ အမိုက်မှောင်ကို နှလုံးသွင်းခြင်း
4: want: darkness,
၅။ ပန်းတိုင် – ပစ္စည်းပိုင်ရှင် မမြင်စေလိုခြင်း။
5: ideal: not to be seen.

သူဌေးကြီး (မဟာသာလ) ၃ မျိုး

Three super–rich persons:
၁။ ခတ္တိယ မဟာသာလ = ကုဋေ တရာကျော် ချမ်းသာသူ
1: Khattiya Mahāsāla = roughly over $ 10 billion in wealth,
၂။ ဗြဟ္မဏ မဟာသာလ = ကုဋေ ရှစ်ဆယ်ကျော် ချမ်းသာသူ
2: Brahmaṇa Mahāsāla = roughly over $ 8 billion in wealth,
၃။ ဂဟပတိ မဟာသာလ = ကုဋေ လေးဆယ်ကျော် ချမ်းသာသူ။
3: Gahapati Mahāsāla = roughly over $ 4 billion in wealth.

သူဌေးကြီး ၅ ယောက်

(ဗိမ္ဗိသာရမင်းကြီး၏) Five super–rich persons of King Bimbisāra:
၁။ ဇောတိက
1: Jotika,
၂။ ဇဋိလ
2: Jaṭila,
၃။ မေဏ္ဍက
3: Meṇḍaka,
၄။ ပုဏ္ဏ
4: Puṇṇa,
၅။ ကာကဝလိယ။
5: Kākavaliya.

သူဌေးတို့၏ အခြေခံသဘော ၅ ပါး

Five general characteristics of householders/the rich:
၁။ စည်းစိမ်ကို အလိုရှိခြင်း
1: Householder’s aim: wealth,
၂။ ပညာကို လေ့လာခြင်း
2: quest: wisdom,
၃။ အသိ အတတ်ပညာ တည်ရာရှိခြင်း
3: resolve: craft,
၄။ စီပွါးရေးအလုပ်ကိစ္စကို နှလုံးသွင်းခြင်း
4: want: work, business,
၅။ ပန်းတိုင် – အလုပ်ကိစ္စ ပြီးစီးခြင်း။
5: ideal: work–end, successful business.

သူတပါး သားမယားပြစ်မှားမှုကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး

(ကာမေသု မိစ္ဆာစာရကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး _ရှု)

သူတပါးအသက်သတ်မှု ကံမြောက်ခြင်း၏ အင်္ဂါ ၅ ပါး

(ပါဏာတိပါတ ကံမြောက်ခြင်း၏ အင်္ဂါ ၅ ပါး _ရှု)

သူတော်ကောင်း

Moral person, worthy/holy/matured person, good man.

သူတော်ကောင်းစိတ် မရှိသော ရဟန်း၏ သဘောထား

(သပ္ပုရိသသုတ်။ ဥပရိပဏ္ဏာသပါဠိ)
The character of an untrue man/monk:
၁။ မြတ်သော အမျိုးမှ ရဟန်းပြုပြီး အခြားရဟန်းများအပေါ် အမျိုးမာန်တက်ကာ မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
1: A certain monk from an aristocratic family considers himself as superior and others as inferior, then he lauds himself and disparages other monks.
၂။ ကြီးကျယ်သောအမျိုးမှ ရဟန်းပြုပြီး အခြားရဟန်းများအပေါ် အမျိုးမာန်တက်ကာ မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
2: ….. from a great family considers …..
၃။ ဥစ္စာရှိသောအမျိုးမှ ရဟန်းပြုပြီး အခြားရဟန်းများအပေါ် အမျိုးမာန်တက်ကာ မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
3: ….. from a wealthy family considers …..
၄။ မွန်မြတ်သောအသုံးအဆောင်ရှိသောအမျိုးမှ ရဟန်းပြုပြီး အခြားရဟန်းများအပေါ် အမျိုးမာန် တက်ကာ မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
4: ….. from an influential family considers …..
၅။ ရဟန်းသည် မိမိထင်ရှားကျော်စော အခြံအရံများခြင်းကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
5: A certain monk who is well known and famous considers himself as superior and others as inferior, then he lauds himself and disparages other monks.
၆။ ရဟန်းသည် မိမိပစ္စည်းလေးပါး ပေါများသည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါး တို့အား နှိမ်ချ၏။
6: ….. who gains the four requisites abandantly considers …..
၇။ ရဟန်းသည် မိမိအကြားအမြင်များသည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါး တို့အား နှိမ်ချ၏။
7: ….. who has great knowledge considers …..
၈။ ရဟန်းသည် မိမိဝိနည်းဆောင်သည်ကိုအကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏
8: ….. who is expert in the vinaya considers …..
၉။ ရဟန်းသည် တရားကောင်းကောင်းဟောတတ်သည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
9: ….. who preaches the dhamma well considers …..
၁ဝ။ ရဟန်းသည် မိမိ အရညကင် ဓုတင်ဆောင်သည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
10: ….. who is a forest dweller considers …..
၁၁။ ရဟန်းသည် မိမိ ပံသုကူဓုတင်ဆောင်သည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါး တို့အား နှိမ်ချ၏။
11: ….. who is a refuse–rag wearer considers …..
၁၂။ ရဟန်းသည် မိမိ ပိဏ္ဍပတ်ဓုတင်ဆောင်သည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါး တို့အား နှိမ်ချ၏။
12: ….. who is a alms–foot eater considers …..
၁၃။ ရဟန်းသည် မိမိ ရုက္ခမူဓုတင်ဆောင်သည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါး တို့အား နှိမ်ချ၏။
13: ….. who is a tree–root dweller considers …..
၁၄။ ရဟန်းသည် မိမိ သုဿာန်ဓုတင်ဆောင်သည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါး တို့အား နှိမ်ချ၏။
14: ….. who is a charnel–ground dweller considers …..
၁၅။ ရဟန်းသည် မိမိ အဗ္ဘောကာသိကဓုတင်ဆောင်သည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
15: ….. who is an open–air dweller considers …..
၁၆။ ရဟန်းသည် မိမိ နေသဇ္ဇကဓုတင်ဆောင်သည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါး တို့အား နှိမ်ချ၏။
16: ….. who is a continual sitter considers …..
၁၇။ ရဟန်းသည် မိမိ ယထာသန္တထိကဓုတင်ဆောင်သည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏
17: ….. who is an any–bed user considers …..
၁၈။ ရဟန်းသည် မိမိ ဧကာသနိက်ဓုတင်ဆောင်သည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
18: .. … who is a one–section eater considers …..
၁၉။ ရဟန်းသည် မိမိ ပထမ စျာန်ရသည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
19: ….. who has gained the first Jhāna considers …..
၂ဝ။ ရဟန်းသည် မိမိ ဒုတိယစျာန်ရသည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
20: ….. who has gained second the Jhāna considers …..
၂၁။ ရဟန်းသည် မိမိ တတိယစျာန်ရသည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
21: ….. who has gained the third Jhāna considers …..
၂၂။ ရဟန်းသည် မိမိ စတုတ္ထစျာန်ရသည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
22: ….. who has gained the fourth Jhāna considers …..
၂၃။ ရဟန်းသည် မိမိ အာကာသာနဌာယတနစျာန်ရသည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
23: ….. who has gained the infinite space Jhāna considers …..
၂၄။ ရဟန်းသည် မိမိ ဝိညာဏဌာယတနစျာန်ရသည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
24: ….. who has gained the infinite consciousness Jhāna considers …..
၂၅။ ရဟန်းသည် မိမိ အာကိဌညာယတနစျာန်ရသည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
25: ….. who has gained the nothingness Jhāna considers …..
၂၆။ ရဟန်းသည် မိမိ နေဝသညာနာသညာယတနစျာန်ရသည်ကို အကြောင်းပြုပြီး မိမိကိုယ်ကို ချီးမြှောက် သူတပါးတို့အား နှိမ်ချ၏။
26: ….. who has gained the neither–perception–nor–non–perception Jhāna considers …..

သူတော်ကောင်းစိတ်ရှိသော ရဟန်း၏ သဘောထား

(သပ္ပုရိသသုတ်။ ဥပရိပဏ္ဏာသပါဠိ)
The character of a true man:
၁။ မြတ်သော အမျိုးမှ ရဟန်းပြုပြီး ‘အမျိုးမြတ်ရုံဖြင့် ကိလေသာမကုန်ခမ်း။ တရားနှင့် လျှော်စွာကျင့်မှ ကိလေသာကုန်ခမ်းမည်’ ဟုခံယူပြီး ကောင်းစွာကျင့်၏။ အခြားရဟန်းများအပေါ် မာန်မတက်။ မိမိကိုယ်ကို မချီးမြှောက်။ သူတပါးတို့အား မနှိမ်ချ။
1: A certain monk from an aristocratic family considers himself thus, “Because of one’s aristocratic family, the states of greed, hatred and delusion cannot be destroyed.” Thus, he practices the dhamma well. He does not laud himself nor disparage other monks.
နံပါတ် ၂ မှ ၂၆ အထိ – အထက်ပါဖေါ်ပြပါတို့ နည်းတူ။ ယခုနံပါတ် ၁ သဘောသွားအတိုင်းဖြစ်ကြသည်။
The same way, as no. 1., should be applied from no.2. to no. 26. of the above.
၂၇။ သူတော်ကောင်းရဟန်းသည် သညာဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်သို့ရောက်၏။
အာသဝေါကုန်ခမ်းပြီး ရဟန္တာဖြစ်လေတော့၏။
27: The certain true monk has attained the cessation of perception and feeling.
He totally gets rid of the taints and becomes an arahant.

သူတော်ကောင်းတို့၏ အပြော ၄ မျိုး

Four ways of speech by the good:
၁။ မြင်မှ မြင်သည်ဟုပြောခြင်း
1: Speaking the seen as seen,
၂။ ကြားမှ ကြားသည်ဟုပြောခြင်း
2: heard as heard,
၃။ တွေ့မှ တွေ့သည်ဟုပြောခြင်း
3: sensed as sensed,
၄။ သိမှ သိသည်ဟုပြောခြင်း။
4: cognized as cognized.

သူတော်ကောင်းတို့အား ပေါင်းသင်းဆည်းကပ်ရခြင်း၏ အကျိုး

(မာဂဏ္ဍိယသုတ်။ မဇ္စျိမပဏ္ဏာသပါဠိ)
Seven benefits of association with the virtuous
(Māgaṇḍhiya Sutta, Majjhima–paṇṇāsa Pāḷi):
၁။ သူတော်ကောင်းတို့အား ချဉ်းကပ်ခြင်းကြောင့် သူတော်ကောင်းတရား နာကြားရ၏။
1: You hear the true Dhamma by association with the virtuous.
၂။ သူတော်ကောင်းတရား နာကြားပြီး တရားတော်အတိုင်း ကျင့်ကြံနိုင်၏။
2: You practice the true Dhamma by hearing it,
၃။ တရားတော်အတိုင်း ကျင့်ကြံပြီး – ဤသည်တို့ကား ကိလေသာရောဂါ အနာ ဆူးငြှောင့်တို့တည်း။
ဤသည်တို့ကား ကိလေသာရောဂါ အနာ ဆူးငြှောင့်တို့ အကြွင်းမဲ့ ချုပ်ရာကုန်ရာတည်းဟု ကိုယ်တိုင် သိမြင်နိုင်၏။
3: You know and see yourself through practice that “These are diseases, tumours and darts (i.e., mental defilements). Now they did cease without remainder.”
၄။ ထိုသို့သိမြင်ပြီး စွဲလမ်းမှု ဥပါဒါန်ချုပ်ခြင်းကြောင့် နောက်တဖန်ဖြစ်မှု ဘဝ ချုပ်၏။
4: With the cessation of clinging, being ceases.
၅။ ဘဝ ဖြစ်မှုချုပ်ခြင်းကြောင့် ဇာတိနောင်စတင်ဖြစ်လာမှု ချုပ်၏။
5: With the cessation of being, birth ceases.
၆။ ဇာတိချုပ်ခြင်းကြောင့် အို နာ သေ ပူဆွေး ငိုကြွေး ကိုယ်စိတ်ဆင်းရဲ ပြင်းစွာပင်ပန်းခြင်းတို့ ချုပ်ကုန်၏။
6: With the cessation of birth, ageing, death, sorrow, lamentation, pain, grief and despire cease.
၇။ ဆင်းရဲအားလုံး ချုပ်ဆုံးလေတော့၏။
7: Such is the cessation of whole mass of suffering.

သူတော်ကောင်းတို့အား ပေါင်းသင်းဆည်းကပ်ရခြင်း၏ အကျိုး ၇ ပါး

(သဗ္ဘိသုတ် နှင့် သိဝသုတ်။ သဂါထာဝဂ္ဂ သံယုတ္တပါဠိ)
Seven benefits of association with the virtuous
(Sabbhi Sutta, Sagāthā–vagga Saṃyutta):
၁။ မြင့်မြတ်သောအဖြစ်ကို ရနိုင်ခြင်း
1: Becoming better, never worse,
၂။ ပညာဉာဏ်ရနိုင်ခြင်း
2: gaining wisdom,
၃။ သောကငြိမ်းနိုင်ခြင်း
3: no sorrow,
၄။ ဆွေမျိုးများ လူများအလယ် တင့်တယ်ခြင်း
4: shaining relation with others,
၅။ သုဂတိဘဝ ရောက်နိုင်ခြင်း
5: going to the good destination,
၆။ သက်သာထောက်တည်ရာ ရနိုင်ခြင်း
6: abiding peacefully,
၇။ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်ခြင်း။
7: releasing from all suffering.

သူတော်ကောင်းတို့အား ပြစ်မှား ဆဲရေးသောရဟန်း၏ အပြစ် ၁ဝ မျိုး

Ten disadvantages of a monk who abuses the virtuous:
၁။ မရသေးသော ကျေးဇူးတရားကို မရခြင်း
1: Not attaining the unattained,
၂။ ရပြီးသော တရားမှ ဆုတ်ယုတ်ခြင်း
2: falling back from the attained,
၃။ သူတော်ကောင်းတရား မဖြူစင်ခြင်း
3: not clear dhamma,
၄။ သူတော်ကောင်းတရားကို အထင်ကြီးကာမျှဖြစ်ခြင်း
4: over–proud about the dhamma,
၅။ မပျော်မွေ့ပဲ သာသနာတော်၌ နေရခြင်း
5: following the dhamma without delight,
၆။ အာပတ်ကြီးတစ်ခုခုကိုလည်း ကျူးလွန်တတ်ခြင်း
6: committing the foul sins (āpatti),
၇။ အကုရခက်သော အနာရောဂါရရှိခြင်း
7: getting/infecting sickness/disease not easy to be cured,
၈။ ရူးသွပ်နိုင်ခြင်း
8: distressed mind,
၉။ တွေဝေစွာ ကွယ်လွန်ရခြင်း
9: dying with delusion,
၁ဝ။ သေပြီးနောက် အပါယ်ရောက်ရခြင်း။
10: woeful state after death.

သူတော်ကောင်းများ မနေထိုင်သင့်သော နေရာ ၄ မျိုး

Four locations the virtuous should not live:
၁။ သူတော်ကောင်းများအား ရိုသေမြတ်နိုးခြင်း မရှိသောနေရာ
1: The location where the virtuous are not respected and hornored,
၂။ သူတော်ကောင်းများအား မထေမဲ့မြင်ပြုသောနေရာ
2: where the virtuous are looked down upon,
၃။ သူယုတ်မာများအား ရိုသေအလေထားကြသောနေရာ
3: where the evil are respected and honored,
၄။ ပျင်းသူ ကြိုးစားသူ – ပညာမဲ့သူ ပညာရှိသူ – မိုက်မဲသူ လိမ်မာသူတို့ကို တန်းတူထားသောနေရာ။
4: where the lazy and the energetic, the dull and the wise, the bad and the good etc. stand in the same level.

သူတော်ကောင်းများ လောကဓံ ရှစ်ပါးနှင့် တွေ့က နှလုံးသွင်းပုံ

(ဒုတိယလောကဓမ္မသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
The reflection of the virtuous while they face the eight worldly things:
သော စ ခေါ အနိစ္စော ဒုက္ခော ဝိပရိဏာမဓမ္မော။
လောကဓံ တရား ရှစ်ပါသည် မမြဲ ဆင်းရဲ၏ ဖေါက်ပြန်တတ်သော သဘောရှိ၏။
“The eightfold worldly thing is impermanent, suffering and subject to change.”

သူတော်ကောင်း လက္ခဏာ ၄ ပါး

(သူယုတ်မာ လက္ခဏာ ၄ ပါး _ရှု)

သူတော်ကောင်း လက္ခဏာ ၈ ပါး

(စူဠပုဏ္ဏမသုတ်။ ဥပရိပဏ္ဏာသပါဠိ)
Eight qualities of a true man (of the virtuous):
၁။ သဒ္ဓမ္မ – သူတော်ကောင်းတရား – နှင့် ပြည့်စုံခြင်း။ ဆိုလိုသည်မှာ သဒ္ဓါ ဟိရီ သြတပ္ပ ဗဟုဿုတ ဝီရိယ သတိ ပညာ တို့နှင့် ပြည့်စုံသူတည်း။
1: Possession of good qualities, i.e., faith, shame, fear of wrongdoing, vast learning, energy, mindfulness and wisdom,
၂။ သပ္ပုရိသ ဘတ္တိ – သူတော်ကောင်းတို့အား ချဉ်းကပ်ခြင်း – ဆိုလိုသည်မှာ သဒ္ဓါ ဟိရီ သြတပ္ပ ဗဟုဿုတ ဝီရိယ သတိ ပညာ တို့နှင့် ပြည့်စုံသောသူတို့အား ချဉ်းကပ်ခြင်းတည်း။
2: association with the virtuous, i.e., with those who have faith, shame, fear of wrongdoing, vast learning, energy, mindfulness and wisdom,
၃။ သပ္ပုရိသ စိန္တီ – သူတော်ကောင်း အကြံ ကြံခြင်း – ကိုယ့်အကျိုး သူ့အကျိုး နှစ်မျိုးလုံးကို ကြံစည်ရန် ဆန္ဒရှိခြင်းတည်း။
3: willing as a virtuous man, i.e., having wills for his and others’ happiness,
၄။ သပ္ပုရိသ မန္တီ – သူတော်ကောင်းတို့နှင့် တိုင်ပင်နှီးနှောခြင်း
4: counseling with the virtuous, i.e., with those who have wills for their and others’happiness,
၅။ သပ္ပုရိသ ဝါစာ – သူတော်ကောင်း အပြော ပြောခြင်း (ကုသလ ကမ္မပထ တရား ၁ဝ ပါး _ရှု)
5: speaking as a virtuous man,
၆။ သပ္ပုရိသ ကမ္မန္တ – သူတော်ကောင်း အပြု ပြုခြင်း (ကုသလ ကမ္မပထ တရား ၁ဝ ပါး _ရှု)
6: acting as a virtuous man,
၇။ သပ္ပုရိသ ဒိဋ္ဌိ – သူတော်ကောင်း အယူရှိခြင်း (သမ္မာဒိဋ္ဌိ၏ အင်္ဂါ ၁ဝ မျိုး _ရှု)
7: holding views as a virtuous man,
၈။ သပ္ပုရိသ ဒါန – သူတော်ကောင်း အလှူ လှူခြင်း (ဒါနပြုရာ သူတော်ကောင်း အလှူ မူ ၅ ပါး _ရှု)
8: giving gifts as a virtuous man.
(သူတော်မကောင်း –သူယုတ်မာ– လက္ခဏာ ၈ ပါးမှာ အထက်ပါတို့မှဆန့်ကျင်ဘက်ဖြစ်သည်။)
(Eight qualities of an untrue man are opposite of the above.)

သူတော်ကောင်း အလှူ မူ ၅ ပါး

(ဒါနပြုရာ သူတော်ကောင်း အလှူ မူ ၅ ပါး _ရှု)

သူတော်ကောင်း အလှူ မူ ၈ ပါး

(ဒါနပြုရာ သူတော်ကောင်း အလှူ မူ ၈ ပါး _ရှု)

သူတော်ကောင်း၏ အကျိုးများ

(သပ္ပုရိသသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Welfare and happiness of many people because of a good person:

သူတော်ကောင်း တစ်ယောက် ထွန်းပေါက်လာသော်

လူအများ အကျိုးရှိ ချမ်းသာ၏။
When a good person is born in a family, it is for the welfare and happiness of many people such as:
၁။ မိခင် ဖခင်များ အကျိုးရှိ ချမ်းသာခြင်း
1: his father and mother,
၂။ သားမယား မိသားစုများ အကျိုးရှိ ချမ်းသာခြင်း
2: his wife and children,
၃။ ကျွန် အမှုလုပ်များ အကျိုးရှိ ချမ်းသာခြင်း
3: his salves, workers and servants,
၄။ မိတ်ဆွေ သင်္ဂဟများ အကျိုးရှိ ချမ်းသာခြင်း
4: his friends and companions,
၅။ ကွယ်လွန်သွားသူများ အကျိုးရှိ ချမ်းသာခြင်း
5: his departed ancestors,
၆။ တိုင်းပြည်အုပ်ချုပ်သူများ အကျိုးရှိ ချမ်းသာခြင်း
6: the king,
၇။ နတ်များ အကျိုးရှိ ချမ်းသာခြင်း
7: the deities,
၈။ ရဟန်း ပုဏ္ဏားများ အကျိုးရှိ ချမ်းသာခြင်း။
8: ascetics and Brahmins.

သူတော်ကောင်း ဥစ္စာ တရား ၇ ပါး

Seven properties/qualities/characters of a good person:
၁။ ဓမ္မညူ – ပါဠိကို သိခြင်း
1: Knowing the Pāḷi,
၂။ အတ္ထညူ – အနက် အဓိပ္ပါယ်ကို သိခြင်း
2: knowing the meaning,
၃။ အတ္တညူ – မိမိ၏ သီလ သမာဓိ ပညာ
3: knowing the level of one’s own အတိုင်းအရှည်ကို သိခြင်း morality, concentration and wisdom,
၄။ မတ္တညူ – အလှူခံရာ စားသောက်ရာ
4: knowing the measure of one’s ၌ အတိုင်းအရှည်ကို သိခြင်း eating and receiving,
၅။ ကာလညူ – လုပ်ဆောင်ရာရာ တို့၌
5: knowing the right time (to do သင့်တော်သော အချိန်ကာလကို သိခြင်း something),
၆။ ပရိသညူ – ပရိသတ် အလိုကို သိခြင်း
6: knowing one’s own audience,
၇။ ပုဂ္ဂလညူ – ပေါင်းသင်း သင့်။မသင့် ပုဂ္ဂိုလ်
7: knowing the persons whether to be ကို သိခြင်း။ associated or not.

သူတော်ကောင်း ဥစ္စာ ၇ ပါး

(တနည်း)
More seven properties/qualities of a moral person:
၁။ သဒ္ဓါ
1: Faith (the treasure of conviction),
၂။ သီလ
2: virtue, moral conduct (the treasure of virtue),
၃။ ဟိရီ
3: shame (to do evil), moral shame (the treasure of conscience),
၄။ သြတ္တပ္ပ
4: fear (to do evil), moral dread (the treasure of concern),
၅။ သုတ
5: knowledge/learningthe (treasure of listening),
၆။ စာဂ
6: generosity (the treasure of generosity),
၇။ ပညာ။
7: wisdom (the treasure of discernment).

သူတော်ကောင်းအား စွပ်စွဲပြစ်မှားသူ ရရှိသော ဆိုးကျိုး ၁ဝ ပါး

Ten calamities for those who falsely accuse of the virtuous persons:
၁။ ရောဂါဝေဒနာကြီးများ စွဲကပ်ခြင်း
1: Severe pain,
၂။ ဆုံးရှုံးမှု များခြင်း
2: loss a lot,
၃။ ဒဏ်ရာ ရခြင်း
3: injury,
၄။ ဖျားနာခြင်း
4: illness,
၅။ ရှူးသွပ်ခြင်း
5: insanity,
၆။ မင်းဘေးသင့်ခြင်း
6: danger from rulers,
၇။ စွပ်စွဲခံရတတ်ခြင်း
7: frightening accusations,
၈။ ဆွေမျိုးများ စည်းစိမ်ဥစ္စာများ ဆုံးရှုံးပျက်စီးခြင်း
8: loss of loved ones and of wealth,
၉။ မီးဘေး သင့်တတ်ခြင်း
9: properties destroyed by fire,
၁ဝ။ သေပြီးနောက် အပါယ်ရောက်ခြင်း။
10: a bad life after death.

သူတော်စင် သမဏဟု မြင်သိစေရန် ကျင့်စဉ်များ

(ကျင့်စဉ်များ – သူတော်စင် သမဏဟု မြင်သိစေရန် _ရှု)

သူနာပြုကောင်း၏ လက္ခဏာ ၅ ပါး

Five qualities of a good nurse–monk:
၁။ ဆေးဝါး စီစဉ်ရန် စွမ်းနိုင်ခြင်း
1: Ability to prepare the medicine/drug,
၂။ ရောဂါသည် ဂိလာနနှင့် သင့်မသင့်ကို သိနားလည်ပြီး ဆောင်ရွက်တတ်ခြင်း
2: knowing what is good and bad for the sick,
၃။ မျှော်ကိုးမှုမထား မေတ္တာစိတ်သက်သက်ဖြင့် ပြုစုခြင်း
3: no hope of gain, just with good will,
၄။ ကျင်ကြီး ကျင်ငယ် စသည်ကို မရွံရှာခြင်း
4: no disgust of excrement, urine, spittle etc.,
၅။ အခါအားလျှော်စွာ တရားစကား သူနာအား ပြောပြတတ်ခြင်း။
5: timely satisfying the sick with dhamma.
(သူနာပြု မကောင်းသူ၏ လက္ခဏာ ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five defects of a bad nurse–monk are opposite of the above.)

သူယုတ်မာတို့၏ ပြော ၄ မျိုး

Four ways of speech by the evil:
၁။ မမြင်ပဲ မြင်သည်ဟုပြောခြင်း
1: Thing not seen as seen,
၂။ မကြားပဲ ကြားသည်ဟုပြောခြင်း
2: not heard as heard,
၃။ မတွေ့ပဲ တွေ့သည်ဟုပြောခြင်း
3: not sensed as sensed,
၄။ မသိပဲ သိသည်ဟုပြောခြင်း။
4: not cognized as cognized.

သူယုတ်မာ လက္ခဏာ ၄ ပါး

Four properties/qualities of an amoral person:
၁။ သူတပါး၏ အပြစ် မကောင်းသတင်းကို မမေးပဲ ပြောခြင်း
1: Describing the faults of the others even when not asked about them,
၂။ သူတပါး၏ ဂုဏ်ကောင်းသတင်းကို မေးသော်လဲ မပြောခြင်း
2: not describing the virtues of the others even when asked about them,
၃။ မိမိ၏ အပြစ် မကောင်းသတင်းကို မေးသော်လဲ မပြောခြင်း
3: not describing his own faults even when asked about them,
၄။ မိမိ၏ ဂုဏ်ကောင်းသတင်းကို မမေးပဲ ပြောခြင်း။
4: describing his own virtues even when not asked about them.
(သူတော်ကောင်း လက္ခဏာ ၄ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Four properties/qualities of a moral person are opposite of the above.)

သူယုတ်မာ လက္ခဏာ ရ ပါး

Seven properties/qualities of an amoral person:
၁။ အသဒ္ဓါ = ယုံကြည်မှု မရှိခြင်း
1: No–faith,
၂။ အဟိရိက = အရှက်မရှိခြင်း
2: no sense of shame (to do evil), no moral shame,
၃။ အနောတ္တပ္ပီ = အကြောက်မရှိခြင်း
3: no fear (to do evil), no moral dread,
၄။ အပ္ပဿုတ = အကြားအမြင်သုတနည်းခြင်း
4: little knowledge/learning,
၅။ ကုသီတ = ပျင်ယိခြင်း
5: laziness,
၆။ မုဋ္ဌဿတိ = သတိလက်လွတ်ခြင်း
6: no–awareness,
၇။ ဒုပ္ပညာ = ပညာနည်းခြင်း။
7: dullness, no–wisdom.

သေက္ခ (ကျင့်ဆဲပုဂ္ဂိုလ်)

Trainee, three lower ariyas, i.e. Sotāpan, Sakadāgam, and Anāgam.

သေကွဲ ရှင်ကွဲ ခွဲရမြဲ ဓမ္မတာ

(သဗ္ဗေဟိ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ အညထာဘာဝေါ
(စုန္ဒသုတ် စသည်။ မဟာဝဂ္ဂသံယုတ္တပါဠိ _ရှု)
The nature of separation while alive or when dead.

သေခြင်းတရား ပွါးများဆင်ခြင် နှိုင်းယှဉ် အောင့်မေ့ရန် ၇ ပါး

Contemplation of death by comparison in seven ways:
၁။ ယသ မဟတ္တတော – အခြံအရံ အကျော်အစောကြီးမားသူများလည်း သေရ၏။ ငါလည်း သေရမည်။
1: Comparing oneself with those of great fame (They die, so do I.),
၂။ ပုည မဟတ္တတော – ဘုဉ်းကြီးသူများလည်း သေရ၏။ ငါလည်း သေရမည်။
2: comparing oneself with those of great merit,
၃။ ထာမ မဟတ္တတော – စွမ်းအားကြီးသူများလည်း သေရ၏။ ငါလည်း သေရမည်။
3: comparing oneself with those of great strength,
၄။ ဣဒ္ဓိ မဟတ္တတော – တန်ခိုးကြီးသူများလည်း သေရ၏။ ငါလည်း သေရမည်။
4: comparing oneself with those of great super–natural power,
၅။ ပညာ မဟတ္တတော – ပညာကြီးသူများလည်း သေရ၏။ ငါလည်း သေရမည်။
5: comparing oneself with those of great wisdom,
၆။ ပစ္စေကဗုဒ္ဓတော မဟတ္တတော – ပစ္စေကဗုဒ္ဓါ ဘုရားငယ်များလည်း ပရိနိဗ္ဗာန်စံရ၏။ ငါလည်း သေရမည်။
6: comparing oneself with the Individual Buddhas,
၇။ သမ္မာသမ္ဗုဒ္ဓတော မဟတ္တတော – သမ္မာသမ္ဗုဒ္ဓဘုရားရှင်လည်း ပရိနိဗ္ဗာန်စံရ၏။ ငါလည်း သေရမည်။
7: comparing oneself with the Univresal Buddhas.

သေခြင်း၏ အကြောင်းတရား ၄ ပါး

Four causes of death:
၁။ အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း
1: Death at the end of life–span,
၂။ ကမ္မက္ခယ = ကံကုန်၍ သေခြင်း
2: at the end of one’s kamma,
၃။ ဥဘယက္ခယ = အသက်တမ်းရော ကံပါ ကုန်၍ သေခြင်း
3: at the end of both (life–span and kamma),
၄။ ဥပစ္ဆေဒက = ကံ သက်တမ်းမကုန်သေးသော်လဲ ရုပ်တရက် သေခြင်း။
4: accidental death.

သေမင်း

King of death.

သေမင်း တမန် ၅ ပါး

Five messengers of the King of Death:
၁။ သူငယ်
1: Baby,
၂။ သူအို
2: old person,
၃။ သူနာ
3: sick person,
၄။ သူသေ
4: dead person,
၅။ အမှုလုပ်။
5: worker/employee.

သေရည်သေရက်သောက်သုံးကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး

(သုရာမေရယကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး _ရှု)

သေရမည်ကို မကြောက်ကြောင်း တရား ၄ ပါး

Four dhammas not to get afraid of death:
၁။ ကာယကံမကောင်းမှုကိုပယ်ပြီး ကာယကံကောင်းမှုပွါးအောင် သတိနှင့်နေခြင်း
1: With mindfulness, abandoning evil act and developing virtuous act,
၂။ ဝစီကံမကောင်းမှုကိုပယ်ပြီး ဝစီကံကောင်းမှုပွါးအောင် သတိနှင့်နေခြင်း
2: with mindfulness, abandoning evil speech and developing virtuous speech,
၃။ မနောကံမကောင်းမှုကိုပယ်ပြီး မနောကံကောင်းမှုပွါးအောင် သတိနှင့်နေခြင်း
3: with mindfulness, abandoning evil thought and developing virtuous thought,
၄။ အယူမှားကိုပယ်ပြီး အယူမှန်ကိုပွါးအောင် သတိနှင့်နေခြင်း။
4: with mindfulness, abandoning wrong view and developing right view.

သေသူနှင့် နိရောဓ သမာပတ်ဝင်စားသူတို့၏ ခြားနားချက်

(နိရောဓ သမာပတ်ဝင်စားသူနှင့် သေသူတို့၏ ခြားနားချက် _ရှု)

သေအရက် မူးယစ်ဆေးဝါး သောက်သုံးခြင်း၏ အပြစ် ၇ ပါး

Seven evil consequences of a drunkard and drug–addicts, seven dangers of drunkard and drug–addicts:
၁။ သင့် မသင့် ကို မသိခြင်း
1: No knowing the real situation,
၂။ ပျင်းယိခြင်း
2: laziness,
၃။ မေ့လျှော့ခြင်း
3: forgetfulness,
၄။ ကျေးဇူး မသိခြင်း
4: no idea of gratitude,
၅။ အရှက်အကြောက် မရှိခြင်း
5: no sense of shame,
၆။ ရူးသွပ်ခြင်း
6: insanity,
၇။ မကောင်းမှုကို ပြုလွယ်ခြင်း။
7: prone to do evil. သဲထဲသို့ ထောပတ် ဆီတို့ကို လောင်းသော် ကျပျောက် အောက်သို့ရောက်သွားသည့် ဥပမာ
(နတ်တို့၏ ခန္ဓာကိုယ် နူးညံ့သိမ်မွှေပုံ ဥပမာ) (ဟတ္ထကသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
Simile of sinking butter and oil when poured on sand (to illustrate how subtle deities’ body is).

သော့တန် လှူရကျိုး ၁ ပါး

One benefit of donating key:
၁။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သော ဉာဏ်သော့ကို ရရှိခြင်း။
1: Belonging to wisdom–key to Nibbāna.

သော့အိမ် (သော့ခလောက်) လှူရကျိုး ၂ ပါး

Two benefits of donating lock:
၁။ အမျက်ဒေါသ နည်းပါခြင်း
1: Less anger,
၂။ ပင်ပမ်းနွမ်းနယ်မှု မရှိခြင်း။
2: no tiredness.

သောကတရားများ

(ဇာတိဓမ္မ – အဖြစ်တရား – များ _ရှု)

သောကြာနံ အက္ခရာ ၅ လုံး

(အက္ခရာ များ၏ နေ့နံ သင်္ကေတများ _ရှု)

သောတ

Ear, stream.

သောတာပန်

အရိယာမဂ်ရေအလျှဉ်သို့ရောက်ပြီး ပထမမဂ်ဖိုလ်စိတ် ရပြီးသူ
Stream–winner, stream–enterer.
Who has entered the stream of path–knowledge.

သောတာပန် ၃ မျိုး

Three kinds of stream–winner:
၁။ ဧကဗီဇီ သောတာပန် = ဘဝမျိုးစေ့ တစ်ခု (တစ်ဘဝ) သာ ရှိသည်
1: A stream–winner just one life to be reborn,
၂။ ကောလံကောလ သောတာပန် = ဘဝမျိုးစေ့ နှစ်ခုမှ ခြောက်ခုသာ ရှိသည်
2: a stream–winner just two to six lives to be reborn,
၃။ သတ္တက္ခတ္တုပရမ သောတာပန် = ဘဝမျိုးစေ့ ခုနှစ်ခုသာ ရှိသည်။
3: a stream–winner seven lives to be reborn.

သောတာပန် ၂၄ ယောက်

အထက်ပါ သောတာပန်ပုဂ္ဂိုလ် ၃ ယောက်ကို ပဋိပဒါ ၄ ပါး_ရှု နှင့်မြှောက်ပွါးသော် ၁၂ ယောက်။ ယင်း ၁၂ ယောက်ကို (၁) သဒ္ဓါဓုရ (၂) ပညာဓုရ ၂ ပါးနှင့်မြှောက်ပြန်သော် – သောတာပန် ၂၄ ယောက်ဖြစ်သည်။
Twenty–four kinds of stream–winner:
Above mentioned three kinds of stream–winner are multiplied by four methods of practice: 3 x 4 = 12; again multiplied by (1) faith–priority and
(2) wisdom–priority: 12 x 2 = 24.

သောတာပန် ပုဂ္ဂိုလ်သည်

(ပဌဝေရဘယသုတ်။ နိဒါနဝဂ္ဂ သံယုတ္တပါဠိ)
A stream–winner:
၁။ ဘေးရန်ငါးပါးကို ပယ်ပြီးဖြစ်၏ = ငါးပါးသီလကို လုံသဖြင့် ဘေးရန်မရှိတော့။
1: Who has subsided/dropped the five animies/animosities, i.e., not breaking the five precepts;
၂။ အင်္ဂါလေးပါးနှင့် ပြည့်စုံ၏ = ရတနာသုံးပါး မမှိတ်မသုံယုံကြည်ပြီး သီလနှင့်ပြည့်စုံ၏။
2: who possesses the four factors of stream–entry, i.e., unshakable confidence in the Buddha, Dhamma and Saṃgha and moral virtue.
၃။ ပညာဉာဏ်အမြင်ရှင်းလင်း၏ = ပဋိစ္စသမုပ္ပါဒ်ကို နားလည်သဘောပေါက်၏။
3: who has clearly seen one thing through wisdom, i.e., dependent origination.

သောတာပန်ဖြစ်ရန် အကြောင်း ၄ ပါး

Four preliminary conditions to stream–enterer:
၁။ သပ္ပုရိသ သေဝန – သူတော်ကောင်းတို့အား မှီဝဲဆည်းကပ်ခြင်း
1: Campanionship with good persons,
၂။ သဒ္ဓမ္မဿဝန – သူတော်ကောင်းတရား နာကြားခြင်း
2: hearing the dhamma,
၃။ ယောနိသော မနသိကာရ – သင့်တင့်လျောက်ပတ်စွာ နှစ်လုံးသွင်းခြင်း
3: wise reflection,
၄။ ဓမ္မာနုဓမ္မ ပဋိပတ္တိ – တရားတော်နှင့် လျှော်ညီစွာ ကျင့်ခြင်း။
4: living in accordance with the dhamma.

သောတာပန်၏ အင်္ဂါ ၄ ပါး

Four qualities/characters of a stream–enterer:
၁။ ဗုဒ္ဓေ အဝေစ္စ ပသာဒ – ဘုရားရှင် ၌ မတုံမလှုပ် ယုံကြည်ခြင်း
1: Unshakable faith in the Buddha,
၂။ ဓမ္မေ အဝေစ္စ ပသာဒ – တရားတော် ၌ မတုံမလှုပ် ယုံကြည်ခြင်း
2: unshakable faith in the Dhamma,
၃။ သံဃေ အဝေစ္စ ပသာဒ – သံဃာတော် ၌ မတုံမလှုပ် ယုံကြည်ခြင်း
3: unshakable faith in the Saṃgha,
၄။ အရိယကန္တ သီလ သမ္ပန္န – ဖြူစင်သီလ လုံးဝ ပြည့်စုံခြင်း။ ။
4: possessing/fulfilling the virtue.

သောတာပန်၏ အင်္ဂါ ၆ ပါး

Six characters of a stream–enterer:
၁။ သင်္ခါရတရားများကို မြဲ၏ဟု မရှုမြင်ခြင်း
1: Not accepting the conditioned as permanent,
၂။ သင်္ခါရတရားများကို ချမ်းသာ၏ မရှုမြင်ခြင်း
2: as happiness,
၃။ သင်္ခါရတရားများကို အတ္တ ငါဟု မရှုမြင်ခြင်း
3: as ‘self/soul’,
၄။ ပဌာနန္တရိယကံကို မကျူးလွန်ခြင်း
4: not committing the five deadly sins,
၅။ အမြင်နိမိတ် (ဒိဋ္ဌ) အကြားနိမိတ် (သုတ) တို့ကို အမှန်တရားဟု မခံယူခြင်း
5: not accepting the seeing and the hearing are the omens (for good/bad), or not accepting that ceremonial rites are the ways of purification,
၆။ ဘုရား အဆုံးအမ သာသနာတော်ပြင်ပ ၌ အလှူခံပုဂ္ဂိုလ်ကို မရှာမှီးခြင်း။
6: not seeking the receivers outside the Buddha’s teaching (Buddha–sāsanā).

သောတာရုံ

Hearing object.

သောတ္တိယ (လုံးဝဖယ်ရှားပြီးသူ) မည်ခြင်း၏ အကြောင်းတရား ၇ ပါး

A person is called ‘sottiya’ who streams away seven things:
၁။ သက္ကာယဒိဋ္ဌိ လုံးဝဖယ်ရှားပြီးခြင်း
1: Personal–existence view is streamed away;
၂။ ဝိစိကိစ္ဆာ လုံးဝဖယ်ရှားပြီးခြင်း
2: doubt is streamed away;
၃။ သီလဗ္ဗတပရာမာသ လုံးဝဖယ်ရှားပြီးခြင်း
3: wrong grasp of observances is streamed away;
၄။ ရာဂ လုံးဝဖယ်ရှားပြီးခြင်း
4: lust is streamed away;
၅။ ဒေါသ လုံးဝဖယ်ရှားပြီးခြင်း
5: hatred is streamed away;
၆။ မောဟ လုံးဝဖယ်ရှားပြီးခြင်း
6: delusion is streamed away;
၇။ မာန လုံးဝဖယ်ရှားပြီးခြင်း။
7: conceit is streamed away.

သောမနဿ

Joy, mental pleasure, glad–minded–ness.

သောသာနိက

သုဿာန်ဓုတင် (ဓုတင် ၁၃ ပါး _ရှု)

သောသာနိက – သုဿာန်ဓုတင်၏ အကျိုး ၉ ပါး

Nine benefits of the charnel–ground–dweller’s practice:
၁။ သေခြင်း၌ သတိအမြဲရနေခြင်း
1: Mindfulness on death,
၂။ မမေ့မလျှော့နေရခြင်း
2: living deligently,
၃။ အသုဘ မတင့်တယ်သော အာရုံနိမိတ်ရှိနေခြင်း
3: reminding by the sign of foulness,
၄။ ကာမရာဂကို ပယ်ဖျောက်ခြင်း
4: removing sensual desires,
၅။ ခန္ဓာကိုယ်၏ သဘောကို သိမြင်ခြင်း
5: seeing the body’s true nature,
၆။ သံဝေဂဉာဏ် ရင့်သန်ခြင်း
6: sense of urgency,
၇။ ကျန်းမာခြင်းစသော မာန်ကို ပယ်ခြင်း
7: no vanity of health etc.,
၈။ နတ် ဘီလူး တစ္ဆေ တို့ လေးစားခြင်း
8: respect by non–human beings – spirit etc.,
၉။ အလိုနည်းခြင်း စသည်တို့နှင့် လျှော်ညီခြင်း။
9: conformity with the fewness of wishes.

သောဠသက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်အညာသိ ကောဏ္ဍည နှင့် အရှင်ဥဒါယီ ရဟန္တာမထေရ် ၂ ပါးတို့သည် တဆယ့်ခြောက်ဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်း ဖြစ်သည်။
Soḷasaka–nipāta (Theragāthā): This is a collection of joyous verses uttered by 2 male–monks (arahanta), Aññāsi Koṇḍañña and Udāyi, at the time of
Lord Buddha. Each uttered sixteen verses (soḷasaka).

သောဠသက နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မပုဏ္ဏာ ရဟန္တာထေရီမသည် တဆယ့်ခြောက်ဂါထာ ဥဒါန်းကျူးရင့် တော်မူသည်ကို စုစည်းထားခြင်းဖြစ်သည်။
Soḷasaka–nipāta (Therīgāthā): This is a collection of joyous verses uttered by Puṇṇā, a female–monk (arahanta), at the time of Lord Buddha. She uttered sixteen verses (soḷasaka).

သံခိပ် (သင်္ခေပ)

Gist, precis, summary.

သံ ဂုံ ပ မ ယျ

ဤဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူသော (က) ကကုသံ (ခ) ကောဏာဂုံ (ဂ) ကဿပ (ဃ) ဂေါတမ
(င) မေတ္တေယျ – ဟူသောဘုရားရှင်ငါးဆူတို့၏ အတိုကောက်ဖြစ်သည်။
Saṃ, Guṃ, Pa, Ma, Yya: The abbreviation of the five Buddhas – Kakusaṃ,
Koṇāguṃ, Kassapa, Gotama and Metteyya – that appear in this world called Bhadda.

သံဃာ

Community of Buddhist Monks, Order of monks,
Buddhist clergy, assemblage, community.

သံဃာ ၂ မျိုး

Two kinds of monk:
၁။ အရိယာ သံဃာ = မဂ်ဖိုလ်သိမြင်ပြီးသော အရိယာ – ဖြူစင်သော သံဃာတော်များ
1: Monks who have attained the path and fruition (magga and phala),
၂။ သမ္မုတိ သံဃာ = မဂ်ဖိုလ် မသိမြင်သေးသော ပုထုဇဉ် သံဃာတော်များ။
2: Monks who have not attained the path and fruition (magga and phala).

သံဃာ ၂ မျိုး

(တနည်း)
More two kinds of monk:
၁။ ဘိက္ခု သံဃာ = ရဟန်း ယောက်ျား သံဃာတော်များ
1: Male–monks,
၂။ ဘိက္ခုနီ သံဃာ = ရဟန်း မိန်းမ သံဃာတော်များ။
2: female–monks.

သံဃာ့ဂုဏ်တော် ၉ ပါး

The nine attributes/qulities/abilities/charcteristics of Saṃgha:
၁။ သုပ္ပဋိပန္နော = ကောင်းစွာ ကျင့်ခြင်း
1: Well–practice,
၂။ ဥဇုပ္ပဋိပန္နော = ဖြောင့်မှန်စွာ ကျင့်ခြင်း
2: straight–practice,
၃။ ဉာယပ္ပဋိပန္နော = သင့်တော်စွာ ကျင့်ခြင်း
3: wise–practice,
၄။ သာမီစိပ္ပဋိပန္နော = လေးစားစွာ ကျင့်ခြင်း
4: respect/complete–practice,
၅။ အာဟုနေယျော = အဝေးမှ ဆောင်ယူလာသောပစ္စည်းကို အလှူခံထိုက်ခြင်း
5: worthy of offering afar,
၆။ ပါဟုနေယျော = ဧည့်သည်များအတွက် ရည်မှန်းထားသော ပစ္စည်းကို အလှူခံထိုက်ခြင်း
6: worthy of hospitability,
၇။ ဒက္ခိဏေယျော = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း
7: worthy of gifts,
၈။ အဥ္ဇလိ ကရဏီယျော = လက်အုပ်ချီမိုး ရှိခိုးခံထိုက်ခြင်း
8: worthy of reverence,
၉။ အနုတ္တရံ ပုညခေတ္တံ လောကဿ = လောက၏ အတုမဲ့ အလှူခံ မြေကောင်းသဘွယ် ဖြစ်ခြင်း။
9: the finest field of merit in the world.

သံဃာကို ဂိုဏ်းခွဲခြင်းအကြောင်း ၄ မျိုး

(ရဟန်းတော်များ)
Four causes that make saṃgha schism/split:
၁။ ကိုယ်ကျင့်သီလ ဝိနည်းသိက္ခာ မရှိခြင်း
1: Lack of morality,
၂။ အယူအမြင်မှားခြင်း
2: wrong view,
၃။ မိစ္ဆာအာဇီဝ (ဝိနည်းနှင့်မညီ) အသက်မွေးခြင်း
3: wrong livelihood,
၄။ လာဘ် ပူဇော်မှု ကျော်ဇောမှုကိုသာ အလေးထားခြင်း။
4: desire of gain, honor and fame.

သံဃာစက် ၁၈ ပါး

Eighteen powers of saṃghā:
အရိယာသံဃာ ၈ ပါး 8 noble–person monks +
ပုထုဇဉ် သံဃာ ၁ ပါး 1 worldly monk +
သံဃာဂုဏ်တော် ၉ ပါး 9 qualities of the saṃghā =
စုစုပေါင်း သံဃာစက် ၁၈ ပါး 18 in total.

သံဃိက

Relating to all monks, all monks’ property,
Monks’ collectively owned–property.

သံဃိကဒါန ၇ မျိုး

Seven kinds of offering made to the Saṃghā:
၁။ ဘုရားအမှူးရှိသော ဘိက္ခုသံဃာ + ဘိက္ခုသံဃာ အားလှူဒါန်းခြင်း
1: Offering to the both orders of monks, bhikkhu and order of nuns, bhikkhunī, headed by Lord Buddha,
၂။ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် ဘိက္ခုသံဃာ + ဘိက္ခုနီသံဃာ အားလှူဒါန်းခြင်း
2: offering to the both monks, bhikkhu, and nuns, bhikkhunī, after Lord Buddha attained ‘nibbāna (passing away)’,
၃။ ဘိက္ခုသံဃာ အားလှူဒါန်းခြင်း
3: offering to the monks, bhikkhu,
၄။ ဘိက္ခုနီသံဃာ အားလှူဒါန်းခြင်း
4: offering to the nuns, bhikkhunī,
၅။ အရေအတွက်ပိုင်းခြားသတ်မှတ်ပြီး သံဃာတော်က ညွှန်းသည့်အတိုင်း ဘိက္ခု + ဘိက္ခုနီ တို့အား လှူဒါန်းခြင်း
5: offering to a certain number of both monks, bhikkhu, and nuns, bhikkhunī, as the Saṃghā appointed,
၆။ အရေအတွက်ပိုင်းခြားသတ်မှတ်ပြီး သံဃာတော်က ညွှန်းသည့်အတိုင်း ဘိက္ခုတို့အား လှူဒါန်းခြင်း
6: offering to a certain number of monks, bhikkhu, as the Saṃghā appointed,
၇။ အရေအတွက်ပိုင်းခြားသတ်မှတ်ပြီး သံဃာတော်က ညွှန်းသည့်အတိုင်း ဘိက္ခုနီ တို့အား လှူဒါန်းခြင်း။
7: offering to a certain number of nuns, bhikkhunī, as the Saṃghā appointed.

သံယုတ် ကျမ်း

(နိကာယ် ငါးရပ် ပိဋကတ် _ရှု)
Connected discourses of Buddhist text.

သံယုတ် ဗျည်း

Conjunct consonant.

သံယုတ္တ နိကာယ်

(နိကာယ် ငါးရပ် ပိဋကတ် _ရှု)

သံယောဇဉ်

Fetter, attachment, clinging.

သံယောဉ် ၁ဝ ပါး

Ten fetters:
၁။ ကာမရာဂ သံယောဇဉ်
1: Sensual pleasure,
၂။ ရူပရာဂ သံယောဇဉ်
2: realm of form,
၃။ အရူပရာဂ သံယောဇဉ်
3: realm of formless,
၄။ ပဋိဃ သံယောဇဉ်
4: hatred/ill–will,
၅။ မာန သံယောဇဉ်
5: pride,
၆။ ဒိဋ္ဌိ သံယောဇဉ်
6: false view,
၇။ သီလဗ္ဗတ ပရာမာသ သံယောဇဉ်
7: rules and rituals,
၈။ ဝိစိကိစ္ဆာ သံယောဇဉ်
8: doubt,
၉။ ဥဒ္ဓစ္စ သံယောဇဉ်
9: restlessness,
၁ဝ။ အဝိဇ္ဇာ သံယောဇဉ်။
10: ignorance.

သံယောဇဉ် ဟူသည်

(ကောဋ္ဌိကသုတ်။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ)
What is fetter/attachment/clinging?
(Koṭṭhika Sutta, Saḷāyatana–vagga Saṃyutta Pāḷi, The Connected Discourses)
၁။ စက္ခု–မျက်စိသည် အဆင်းရူပါရုံတို့၏ သံယောဇဉ် မဟုတ်။
1: Eye is not the fetter of form.
အဆင်းရူပါရုံတို့သည် စက္ခု–မျက်စိ၏ သံယောဇဉ် မဟုတ်။
Forms are not the fetter of the eye.
ထို မျက်စိ နှင့် အဆင်းရူပါရုံ နှစ်မျိုးတို့ကို စွဲပြီး လိုချင်မှုဆန္ဒ တပ်မက်မှုရာဂ ဖြစ်ပေါ်လာခြင်းသည်သာ သံယောဇဉ်မည်၏။ Desire and lust that arise from there in dependence on both (eye and form) are fetters.
၂။ သောတ နှင့် သဒ္ဒ
2: The same as in ear and sounds;
၃။ ဃာန နှင့် ဂန္ဓ
3: nose and odour;
၄။ ဇိဝှါ နှင့် ရသ
4: tongue and taste;
၅။ ကာယ နှင့် ဗောဋ္ဌဗ္ဗ
5: body and tangible objects,
၆။ မန နှင့် ဓမ္မ တို့မှာလည်း စက္ခုနည်းတူ ဖြစ်သည်။
6: mind and mind–objects.

သံဝဋ္ဋ ကပ် ၃ မျိုး

(ကမ္ဘာပျက်ခြင်း ၃ မျိုး) (ကပ္ပ – သံဝဋ္ဋ ကပ် ၃ မျိုး _ရှု)

သံဝရ ၅ မျိုး

(စောင့်စည်းခြင်း)
Five kinds of restraint:
၁။ ပါတိမောက္ခ သံဝရ
1: Restraint by the rules of the monks,
၂။ သတိ သံဝရ
2: by mindfulness,
၃။ ဉာဏ သံဝရ
3: by knowledge,
၄။ ခန္တိ သံဝရ
4: by oatience,
၅။ ဝီရိယ သံဝရ။
5: by energy.

သံဝါသ

Cohabitation, sexual intercourse.

သံဝေဂ

Apprehension, remorse, contrition, emotion.

သံဝေဂ ဖြစ်ကြောင်းတရား ၈ ပါး

Eight sources of apprehension/emotion:
၁။ ဇာတိ
1: Birth,
၂။ ဇရာ
2: old age,
၃။ ဗျာဓိ
3: sickness,
၄။ မရဏ
4: death,
၅။ အပါယ်ဒုက္ခ
5: suffering in the lower states,
၆။ အတိတ် မှ ဝဋ်ဆင်းရဲ
6: suffering in the past,
၇။ အနာဂတ် မှာ ဝဋ်ဆင်းရဲ
7: suffering in the future,
၈။ စီးပွါးရှာရ ဝဋ် ဒုက္ခ။
8: daily–life struggling.

သံဝေဂရပြီး ကျင့်သူထက်မကျင့်သူကများပြား

(ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

သံဝေဂရပြီး ကျင့်သူများတွင် မဂ်ဖိုလ်ရသူထက် မရသူက များပြား

(ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက လွန်စွာများပြားကြောင်း _ရှု)

သံဝေဇနိယ ၄ ဌာန

Four places that arouse emotion/apprehension/awareness/inspire:
၁။ ဘုရားရှင် ဖွါးတော်မူရာ လုမ္ဗိနီ အင်ကျင်းတော
1: Lumbinī, a Sal Grove, where Lord Buddha was born,
၂။ ဘုရား ဖြစ်တော်မူရာ မဟာဗောဓိ။ ဗုဒ္ဓ ဂယာ
2: Mahābodhi, Buddhagayā, where He attained enlightenment,
၃။ ဓမ္မစကြာ ဟောတော်မူရာ မိဂဒါဝုန်။ ဗာရာဏသီ
3: Migadāvana, Bārānasī, where He gave His first speech/sermon (Dhamma–cakka pavattana Sutta),
၄။ ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံ။
4: Kusināra where He passed away (Parinibbāna).

သံသဂ္ဂ

ပေါင်းဖေါ်ရောယှက် စုံမက် မြတ်နိုးနေခြင်း ၅ ပါး
Five kinds of contact (between male, monk, and female) with love:
၁။ ကာယ သံသဂ္ဂ = ကာယ ပသာဒ ကိုယ်ခန္ဓာချင်း ထိတွေ့မှု
1: Bodily contact,
၂။ သဝန သံသဂ္ဂ = သာယာသော အသံကို ကြားနေရမှု
2: hearing contact,
၃။ ဒဿန သံသဂ္ဂ = တွေ့မြင် ကြည့်ရှုနေရမှု
3: seeing contact,
၄။ သမုလ္လပန သံသဂ္ဂ = မျက်နှာချင်းဆိုင်ပြီး ပြောမပြီးနိုင် သာယာမှု
4: speaking/talking contact,
၅။ ပရိဘောဂ သံသဂ္ဂ = ပစ္စည်းကို မျှဝေ သုံးဆောင် ကြေနပ်နေရမှု။
5: consuming things contact.

သံသယ

Doubt, suspicion.

သံသယ ၁၆ မျိုး

(ကင်္ခါ ၁၆ မျိုး _ရှု)

သံသယရှိက မေးကြရန် ဘုရားရှင်ဖိတ်ကြားတော်မူခြင်း

(ဘုရား တရား သံဃာ မဂ်ဖိုလ် ကျင့်စဉ်တို့အပေါ် ယုံမှား သံသယရှိက မေးကြရန် ရဟန်းတော်တို့အား ဖိတ်ကြားတော်မူသည်) (မဟာပရိနိဗ္ဗာနသုတ်)
Lord Buddha urged the monks to ask Him, just before His passing–away, that if there may be doubt and uncertainty about the Buddha, the Dhamma, the Saṃgha, the path and the practice.

သံသရာ

Circle of lives, stream of lives, cycle of birth and death, round of rebirth.

သံသရာဒုက္ခမှလွတ်မြောက်လိုသောဉာဏ်၏ ဥပမာ ၉ မျိုး

(မုစ္စိတုကမျတာ – သံသရာဒုက္ခ မှ လွတ်မြောက်လိုသော – ဉာဏ်၏ ဥပမာ ၉ မျိုး _ရှု)

သံသရာနယ်ချဲ့တရား ၃ ပါး

(ပပဉ္စ တရား ၃ ပါး _ရှု)

သံသရာပွါးစီး (သံသရာရှည်) ကြောင်းတရား ၇ ပါး

Seven things that prolong the round of rebirth:
၁။ ရာဂုဿဒ – တပ်မက်မှုရာဂ များပြားခြင်း
1: Thriving of lust,
၂။ ဒေါသုဿဒ – အမျက်ဒေါသ များပြားခြင်း
2: of anger/hatred,
၃။ မောဟုဿဒ – မောဟ များပြားခြင်း
3: of ignorance,
၄။ မာနုဿဒ – မာန များပြားခြင်း
4: of pride,
၅။ ဒိဋ္ဌုဿဒ – အယူအစွဲ များပြားခြင်း
5: of views,
၆။ ကိလေသုဿဒ – ကိလေသာ များပြားခြင်း
6: of mental impurities,
၇။ ကမ္မုဿဒ – ကံ များပြားခြင်း။
7: of kamma.

သံသရာရှည်

Taking long time in the round of birth and death.

သံသရာရှည်လျားပုံ ဥပမာများ

(အနမတဂ္ဂသံယုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
(ကမ္ဘာ–စကြာဝဠာ– များပြားပုံ ဥပမာများလည်း _ရှု)
The similes regarding ‘how long the circle of rebirth (saṃsāra) is’:
၁။ ဇမ္ဗူဒိပ်ကျွန်းရှိမြက်သစ်ပင်အားလုံးစုပြီး လက်လေးဆစ်စီဖြတ်လျှက် တစ်ဖြတ်စီကို ‘ဤကား ငါ့မိခင်တည်း
ဤကား ငါ့အဖွါး (မိခင်၏မိခင်) တည်း’ စသည်ဖြင့် မိခင်အဆက်ဆက်ကိုယ်စားပြုပြီး ရေတွက်၏။
မြက်သစ်အဖြတ်များ ရေတွက်၍ ကုန်သွားသော်လည်း သံသရာတလျောက် တော်စပ်ခဲ့သော မိခင် အဆက်ဆက်များကား မကုန်နိုင်သေး။
1: A man, after cutting up all grass, sticks and branches of all Jambudīpa (India) into four inches long, would count each piece, saying, “This is my mother, this is my mother’s mother”. The counting of all peaces would come to an end but the sequence of mother–line would not.
၂။ မဟာပထဝီမြေထုကြီးကို ဆီးစေ့မျှ ထုတ်ယူကာ ‘ဤကား ငါ့ဖခင်တည်း’ စသည်ဖြင့်ဖခင်အဆက်ဆက် ကိုယ်စားပြုပြီးရေတွက်၏။ မဟာပထဝီမြေထုကြီးကုန်သွားသော်လည်း သံသရာတလျောက် တော်စပ် ခဲ့သော ဖခင်အဆက်ဆက်များကား မကုန်နိုင်သေး။
2: A man, after cutting up all grass, sticks and branches of all Jambudīpa (India) into four inches long, would count each piece, saying, “This is my father, this is my father’s father”. The counting of all peaces would come to an end but the sequence of father–line would not.
၃။ သံသရာတလျောက် မိခင်စသည်ကို ချစ်၍ကျခဲ့ရသော မျက်ရည်များသည် မဟာသမုဒ္ဒရာကြီးလေးစင်း ရှိရေထက်များ၏။
3: The stream of tears because of attachment to your mother etc., that you have shed throughout saṃsāra is far more than the water in the four great oceans.
၄။ ယခုတစ်ဘဝ စို့ခဲ့သော မွေးမိခင်၏နို့ရည်အတိုင်းအတာကဲ့သို့ သံသရာတလျောက်စို့ခဲ့သော မိခင်၏ နို့ရည်များသည် မဟာသမုဒ္ဒရာကြီးလေးစင်းရှိ ရေထက်များ၏။
4: Mother’s milk that you have drunk/sucked throughout saṃsāra is far more than the water in the four great oceans.
၅။ သံသရာတလျောက်လုံးမှ သတ္တဝါတစ်ဦးအရိုးများ စုပုံထားသော် ဝေပုလ္လတောင်မျှရှိ၏။
5: Collecting of one’s bones throughout saṃsāra is equal to Mt. Vepulla.
၆။ သံသရာတလျောက်လုံးမှ သတ္တဝါတစ်ဦးခေါင်းဖြတ်ခံရ၍ ကျသောသွေးများသည် သမုဒ္ဒရာကြီးလေးစင်းရှိ ရေတို့ထက် များပြား၏။
6: One’s blood dropped due to having cut of his heads throughout saṃsāra is far more than the water in the four great oceans.
၇။ သံသရာတလျှောက် မိခင် ဖခင် အကို မောင်နှမ သား သ္မီး မတော်စပ်ဘူးသော ပုဂ္ဂိုလ်မရှိ။
7: Every body each other in the past–lives, there had been blood–relations as mother, father, son, daughter etc.

သံသရာလည်

Circling long time in the round of birth and death.

သံသရာဝဋ်မှာ လည်ကြောင်း ၁၈ ပါး + သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ၁၈ ပါး = ၃၆ ပါးသော ဝတ္တပဒ

(ကြံစည်သုံးသပ်ခြင်း ၁၈ မျိုး _ရှု)

သံသရာ အစမထင်

အနမတဂ္ဂေါ ခေါ သံသာရော။ ပုဗ္ဗကောဋိ န ပညာယတိ
(ဣန္ဒြိယသံယုတ် စသည်။ မဟာဝဂ္ဂသံယုတ်)
“The circle of birth and death (saṃsāra) is without discoverable beginning.
The first point is not discerned of beings roaming and wandering on.”

သံသေဒဇ

Process of birth out of foam.

သားကြီး သြရသ

Eldest son.

သားတော်ရာဟုလာ အား မြတ်ဘုရားဟောကြားသည့် သုတ္တန်များ

The discourses which Lord Buddha taught Rāhulā, His son:
၁။ သာမဏေရ ပဥှာ
1: Questions of a young novice,
၂။ ရာဟုလ သံယုတ်
2: Rāhulā chapter in ‘the Connected Discourses’,
၃။ အဘိဏှ ရာဟုလောဝါဒသုတ်
3: ‘Admonishing to Rāhulā regarding dhamma kept in his mind ever’,
၄။ မဟာ ရာဟုလောဝါဒသုတ်
4: ‘Great discourse of Admonishing to Rāhulā’,
၅။ စူဠ ရာဟုလောဝါဒသုတ်
5: ‘Lesser discourse of Admonishing to Rāhulā’,
၆။ အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်။
6: ‘Admonishing to Rāhulā at Ambalaṭṭhika Park’.

သား (မိမိတို့ရင်သွေး) ကိုသတ်ပြီး အသားကို စားသော မိဘ

အစာအာဟာရနှင့်ပတ်သက်သော ဥပမာ
(ပုတ္တမံသူပမသုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
A simile of a couple who kills and eats its own son’s flesh on a desert–journey;
This simile is regarding with the nutriment.
(Putta–maṃsūpama Sutta, Nidāna–vagga Saṃyutta Pāḷi)

သားသမီးကောင်း၏ လက္ခဏာ ၅ ပါး

Five good characters of son and daughter:
၁။ သြဝါဒကာရီ – မိဘများ၏ အဆုံးအမကို လိုက်နာခြင်း
1: Follow their parents’ guidance,
၂။ ဘတပေါသီ – မိဘတို့အား ကျွေးမွေးစောင့်ရှောက်ခြင်း
2: support and serve them,
၃။ ကုလဝံသံ အဟာပယံ – ဆွေမျိုးဂုဏ်ကို မသိမ်ငယ်စေခြင်း
3: no degrade the family dignity,
၄။ သဒ္ဓေါ – ကြည်ညိုသဒ္ဓါတရားရှိခြင်း
4: faith,
၅။ သီလေန သမ္ပန္နော – ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း။
5: moral conduct.

သားသမီး ကျင့်ဝတ် ၅ ပါး

Five duties/responsibilities of son(s)/daughter(s) to their parents:
၁။ ကျွေးမွေး မပျက်
1: Supporting them,
၂။ ဆောင်ရွက် စီမံ
2: managing affairs on their behalf,
၃။ မွေခံ ထိုက်စေ
3: mainting the honor/tradition of the family,
၄။ စောင့်လေ မျိုးနွယ်
4: being worthy of the inheritance,
၅။ လှူမျှဝေ၍။
5: offering arms on behalf of the departed parents.

သားအမိ အချင်းချင်း ကယ်နိုင်သောဘေး ၃ မျိုး

Three dangers that a son and his mother may save each other:
၁။ မီးဘေး
1: Danger of fire,
၂။ ရေဘေး
2: of water flood,
၃။ ခိုးသူ ဓါးပြဘေး။
3: of robbery.

သားအမိ အချင်းချင်း မကယ်နိုင်သောဘေး ၃ မျိုး

Three dangers that a son and his mother cannot save each other:
၁။ အိုဘေး
1: Danger of old–age,
၂။ နာဘေး
2: of disease/sickness,
၃။ သေဘေး။
3: of death.

သွားတိုက် ခြင်း၏ အကျိုး ၅ ပါး

(တံပူစား – သွားတိုက် – ခြင်း၏ အကျိုး ၅ ပါး _ရှု)

သွားတိုက်ဆေး လှူရကျိုး ၅ ပါး

Five benefits of donating tooth–paste:
၁။ လည်ချောင်း သန့်ရှင်းခြင်း
1: Clear throat and mouth,
၂။ အသံ သာယာခြင်း
2: sweet voice,
၃။ ချောင်းဆိုးနာမှ ကင်းခြင်း
3: no cough,
၄။ ပန်းနာမှ ကင်းခြင်း
4: no asthma,
၅။ အာခံတွင်းမှ ကြာညိုနံ့သင်းပျံ့ခြင်း။
5: sweet smell of mouth.

ဟတ္ထပတ် (ပါသ်)

Radius of two and half cubits.

ဟတ္ထ အာဠာဝက၏ အံ့ဘွယ် ၈ မျိုး

Eight amazing qualities of Hattha Āḷāvaka:
၁။ သဒ္ဓါတရားရှိခြင်း
1: Having faith,
၂။ သီလရှိခြင်း
2: virtue,
၃။ မကောင်းမှုမှ ရှက်ခြင်း
3: moral shame,
၄။ မကောင်းမှုမှ ကြောက်ခြင်း
4: moral dread,
၅။ ဗဟုသုတများခြင်း
5: vast learning,
၆။ စွန့်ကြဲပေးကမ်းခြင်း
6: being generous,
၇။ ပညာရှိခြင်း
7: wisdom,
၈။ အလိုနည်းခြင်း။
8: few desires.

ဟဒယ

Heart.

ဟဒယဝတ္ထု

Heart–base.

ဟင်္သပဒါး

Vermilion.

ဟင်္သာ

Brahminy duck.

ဟင်္သာတာရာ

The constellation Auriga.

ဟာနိ ဒသက

Ebbing (beauty, strength etc.) decade of a person between the age of 51 and 60.

ဟာသ

Sense of humour, amusing, laughable.

ဟာသ (ဟဿ) ရသ

The quality of inducing laughter.

ဟိတ်

(ဟေတု)
The root–cause, reason, origin.

ဟိတ် ၆ ပါး

Six root–causes:

ကုသိုလ် ဟိတ် ၃ ပါး

Three roots of wholesome deeds:
၄။ အလောဘ
4: generosity,
၅။ အဒေါသ
5: loving–kindness,
၆။ အမောဟ။
6: wisdom.

အကုသိုလ် ဟိတ် ၃ ပါး

Three roots of unwholesome deeds:
၁။ လောဘ
1: Greed,
၂။ ဒေါသ
2: hatred, anger,
၃။ မောဟ။
3: ignorance.

ဟိတ ၂ မျိုး

Two benefits:
၁။ အတ္တဟိတ = မိမိအကျိုး
1: Benefits of oneself,
၂။ အရဟိတ = သူတပါးအကျိုး။
2: for others.

ဟိမဝန္တာ

Himālaya Mountain, Mt. Snow–cap.

ဟိမဝန္တာတောင်မှ စီးဆင်းလာသော မြစ်ကြီး ၁ဝ စင်း

Ten great rivers that start from Himālaya Mountain:
၁။ ဂင်္ဂါ မြစ်
1: Gangā (Ganges River),
၂။ ယမုနာ မြစ်
2: Yamunā,
၃။ အစီရဝတီ မြစ်
3: Aciravatī,
၄။ မဟီ မြစ်
4: Mahī,
၅။ သရဘူ မြစ်
5: Sarabhū,
၆။ သိန္ဓု မြစ်
6: Sindhu,
၇။ သရဿတီ မြစ်
7: Sarssatī,
၈။ ဝေတြဝတီ မြစ်
8: Vetravatī,
၉။ ဝီတံသာ မြစ်
9: Vītaṁsā,
၁ဝ။ စန္ဒဘာဂါ မြစ်။
10: Candabhāgā.

ဟိရီ

ရှက်ခြင်း
Shame (to do evil), moral shame.

ဟိရီ ဖြစ်ရန်အကြောင်း ၄ ပါး

(အရှက် – ဟိရီ – ဖြစ်ရန်အကြောင်း ၄ ပါး _ရှု)

ဟိရီ အကြောင်းတရား ၄ ပါး

Four things to get moral shame:
၁။ ဇာတိ မဟတ္တ = မိမိ၏ အမျိုးအနွယ်ကို အကြောင်းပြုပြီး မကောင်းမှုပြုရန် ရှက်ခြင်း
1: Moral shame based on one’s family/clan,
၂။ သတ္ထု မဟတ္တ = မိမိ၏ ဆရာကြီးမြတ်သည်ကို အကြောင်းပြုပြီး မကောင်းမှုပြုရန် ရှက်ခြင်း
2: based on one’s teacher,
၃။ ဒါယဇ္ဇ မဟတ္တ = မိမိ၏ ကောင်းမွေခံယူရမှုကို အကြောင်းပြုပြီး မကောင်းမှုပြုရန် ရှက်ခြင်း
3: based on one’s good inheritance,
၄။ သဗြဟ္မစာရီ မဟတ္တ = မိမိ၏အပေါင်းအဖေါ်သူတော်စင်များကိုအကြောင်းပြုပြီး မကောင်းမှုပြုရန်ရှက်ခြင်း။
4: based on one’s good friends.

ဟိရီ သြတပ္ပ တရားတို့၏ လက္ခဏာ အကြောင်းတရား ၆ ပါး

Six components of moral shame and dread to do evil:
၁။ အကုသိုလ်တရားတို့၏ အန္တရာယ်ကို ဆင်ခြင်ခြင်း
1: reflection on the danger of demerious deeds,
၂။ အပါယ် ဒုဂ္ဂတိ ဘဝများ၏ ဆင်းရဲ ဒုက္ခကို ဆင်ခြင်ခြင်း
2: reflection on the danger of the realms of misery (duggati),
၃။ ကုသိုလ်တရားတို့၏ ထောက်ပံ့အားကိုးရမှုကို ဆင်ခြင်ခြင်း
3: reflection on the efforts of merious deeds,
၄။ အရှက်အကြောက် နည်းသူများနှင့် မပေါင်းသင်းခြင်း
4: not association with the shameless and the dreadless,
၅။ အရှက်အကြောက် ရှိသူများနှင့် ပေါင်းသင်းခြင်း
5: association with the shameful,
၆။ အရှက်အကြောက်များရန် စိတ်သန်ခြင်း။
6: inclination to develop moral shame and dread.

ဟိရီ သြတပ္ပ

သစ်ရွက် သစ်ခက် ဥပမာ
Moral shame and moral dread as the twigs and leaves of a tree:
သစ်ပင်တစ်ပင်သည် အခက်အရွက် မရှိ ပျက်စီးလျှင် အပွေး အခွံ အကာ အနှစ်များလည်း ပျက်စီး၏။ ထိုအတူ ရဟန်းတော်သည် ဟိရီ သြတပ္ပ မရှိလျှင် – သာသနာတော်အတွင်း၌ ပျက်စီးလေတော့၏။
If twigs and leaves of a tree are malfunctioned, its outer bark, inner bark, the sapwood, and the heartwood are also malfunctioned. The same happens to a monk who has no moral shame and moral dread within the Buddha’s teachings.

ဟီန

Inferior, small.

ဟေတု (ဟိတ်)

Root, root–cause.

ဟေတု ပစ္စည်း

Root–cause.

ဟေမန္တ

(ဆောင်းဟေမန်)
Winter.

ဟေမဝန်

Forest.

ဟေမာ

Deep forest.

ဟေဝန်

Forest covered with snow.

ဟောပြရှင်းပြရန်အတွက် ခက်ခဲနက်နဲသောတရား ၄ မျိုး

(ခက်ခဲနက်နဲသော –ဟောပြရှင်းပြရန်– တရား ၄ မျိုး _ရှု)

အကုသလ ကမ္မပထ

Unwholesome cause of action.

အကုသလ ကမ္မပထ တရား ၁ဝ ပါး

Tenfold unwholesome cause of action:
၁။ ပါဏာတိပါတ – အသက်သတ်ခြင်း
1: Killing,
၂။ အဒိန္နာဒါန – ခိုးယူခြင်း
2: stealing,
၃။ ကာမေသု မိစ္ဆာစာရ – ကာမဂုဏ် ဖေါက်ပြန်ခြင်း
3: sexual misconduct,
၄။ မုသာဝါဒ – လိမ်ညာပြောခြင်း
4: lying,
၅။ ပိသုဏ ဝါစာ – ကုန်းတိုက်ခြင်း
5: slandering,
၆။ ဖရုသ ဝါစာ – ကြမ်းထမ်းစကားပြောကြားခြင်း
6: rude speech,
၇။ သမ္ဖပ္ပလာပ ဝါစာ – အကျိုးမဲ့စကား ပြောကြားခြင်း
7: foolish babble,
၈။ အဘိဇ္စျာ – မနာလိုခြင်း။ တကိုယ်ကောင်းဆန်ခြင်း
8: selfishness,
၉။ ဗျာပါဒ – ပျက်စီးစေလိုခြင်း
9: ill–will,
၁ဝ။ မိစ္ဆာဒိဋ္ဌိ – အယူမှားခြင်း။
10: wrong view.

အကုသိုလ်

လောဘ ဒေါသ မောဟ ပါသောအလုပ်။
Bad/evil deed, demerit, unmeritorious deed, unwholesome deed.

အကုသိုလ် နည်းပါး၍ အပါယ်သို့ မသွားသောသူ

(လောဏကပလ္လသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
A kind of person who has created trifling bad kamma does not go to hell:
၁။ ဘာဝိတ ကာယ – ကာယဘာဝနာကို ပွါးများ၏
1: A person is developed in body,
၂။ ဘာဝိတ သီလ – သီလကိုလည်း ပွါးများ၏
2: in virtuous behavior,
၃။ ဘာဝိတ စိတ္တ – စိတ်ကိုလည်း ပွါးများ၏
3: in mind,
၄။ ဘာဝိတ ပညာ – ပညာကိုလည်း ပွါးများ၏
4: in wisdom;
၅။ အပ္ပရိတ္တ – ဂုဏ်အားဖြင့် မငယ်
5: he is unlimited;
၆။ မဟတ္တ – ဂုဏ်မငယ်၍ ခန္ဓာကို ကြီးမားတင့်တယ်၏
6: he has a lofty character;
၇။ အပ္ပမာဏဝိဟာရီ – ပြိုင်ဆိုင်လိုခြင်းကင်းပြီး ချမ်းသာစွာနေ၏။
7: he dwells without measure.
(ဆားခွက်ငယ်ကို ဂင်္ဂါမြစ်ထဲသို့ သွန်လောင်းထည့်ပါက ဂင်္ဂါဖြစ်ရေသည် မငန်သကဲ့သို့ဖြစ်၏။)
(As an example, dropping a lump of salt into the River Ganges cannot make Danges–water salty and undrinkable.)

အကုသိုလ် နည်းပါးသော်လည်း အပါယ်သို့သွားသောသူ

(လောဏကပလ္လသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
A kind of person who has created trifling bad kamma goes to hell:
၁။ အဘာဝိတ ကာယ – ကာယဘာဝနာကို မပွါးများ
1: A person is undeveloped in body,
၂။ အဘာဝိတ သီလ – သီလကိုလည်း မပွါးများ
2: in virtuous behavior,
၃။ အဘာဝိတ စိတ္တ – စိတ်ကိုလည်း မပွါးများ
3: in mind,
၄။ အဘာဝိတ ပညာ – ပညာကိုလည်း မပွါးများ
4: in wisdom,
၅။ ပရိတ္တ – ဂုဏ်အားဖြင့် ငယ်၏
5: he is limited,
၆။ အပ္ပါတုမ – ဂုဏ်ငယ်၍ ခန္ဓာကို ငယ် မတင့်တယ်
6: he has a mean character,
၇။ အပ္ပဒုက္ခဝိဟာရီ – မကောင်းမှုအနည်းငယ်ဖြင့် ဆင်းရဲစွာနေရ၏။
7: he dwells in suffering.
(ဆားပြည့်ခွက်ကို နည်းသောရေရှိသောခွက်ထဲသို့ ထည့်ပါက ခွက်တွင်းရေသည် ငန်သကဲ့သို့ဖြစ်၏။)
(As an example, dropping a lump of salt into a small bowl of water can make the water in it salty and undrinkable.)

အကုသိုလ်ပြုဖြစ်ခြင်း၏ အကြောင်းတရား ၅ ပါး

(ကုသိုလ်ပြုဖြစ်ခြင်း၏ အကြောင်းတရား ၅ ပါး _ရှု)

အကောက် (ဝင်္က) ၃ မျိုး

Three kinds of crookedness:
၁။ ကာယ ဝင်္က – ကိုယ် အကောက်
1: Crookedness of the body,
၂။ ဝစီ ဝင်္က – နှုတ် အကောက်
2: crookedness of the speech,
၃။ မနော ဝင်္က – စိတ် အကောက်။
3: crookedness of the mind.

အက္ခရာ များ၏ နေ့နံ သင်္ကေတများ

(ဘုရားဟော မဟုတ်။ မြန်မာရိုးရာ ယုံကြည်မှတ်ယူမှု ဖြစ်သည်)
Burmese alphabets and their symbolized day:
(Burmese tradition, not Buddha’s teaching.)
က ခ ဂ ဃ င = တနင်္လာ
Ka kha ga gha ṅa = Monday, စ ဆ ဇ စျ ည = အင်္ဂါ
ca cha ja jha ña = Tuesday,
ဋ ဌ ဍ ဎ ဏ +
ṭa ṭha ḍa ḍha ṇa
တ ထ ဒ ဓ န = စနေ
ta tha da dha na = Satuarday,
ပ ဖ ဗ ဘ မ = ကြာသပတေး
pa pha ba bha ma = Thursday,
ယ ရ လ ဝ= ဗုဒ္ဓဟူး
ya ra la va= Wednesday,
သ ဟ ဠ= သောကြာ
sa ha ḷa= Friday,
အ (သရ အားလုံး)= တနင်္ဂနွေ။
a (all vowels)= Sunday.
(မြန်မာရိုးရာ အယူအဆ။ ဘုရားဟောမဟုတ်)
(This is not in accordance with Buddhism, but with Burmese tradition.)

အကျင့်တရား ၃ ပါး

Three ways of practice:
၁။ ကာမသုခလ္လိကာနုယောဂ = ငါးပါးအာရုံ ကာမဂုဏ်လိုက်စားသော အကျင့်
1: Kāmasukhallaikānuyoga: Self–indulgence,
၂။ အတ္တကိလမထာနုယောဂ = မိမိခန္ဓာကိုယ်ကို ဆင်းရဲပင်ပန်းအောင် နှိပ်စက်သော အကျင့်
2: Attakilamathānuyoga: self–torture/mortification,
၃။ မဇ္စျိမ ပဋိပဒါ = အလယ်အလတ် လမ်းစဉ်မှန် အကျင့်။
3: Majjhima Paṭipadā: middle way/path.

အကျိုးကြီးမားရန် ဒါနလက္ခဏာ ၃ ပါး

(ဒါနလက္ခဏာ – အကျိုးကြီးမားရန် – ၃ ပါး _ရှု)

အကျိုးကြီးမှု အဆင့်ဆင့်

(ကူဋဒန္တသုတ်။ သီလက္ခန္ဓဝဂ္ဂ။ ဒီဃနိကာယ) Things gradually more fruitful:
၁။ သတ်ဖြတ်မှုမပါသော ယာဇ်ကြီးပူဇော်ခြင်းထက် အမြဲထားသော ဒါနအလှူဝတ်က အကျိုးပိုကြီး၏။
1: Regular family donation is more fruitful and profitable than a grand bloodless sacrifice.
၂။ အမြဲထားသော ဒါနအလှူဝတ်ထက် သံဃိကကျောင်းဆောက်လုပ်လှူဒါန်းခြင်းက အကျိုးပိုကြီး၏။
2: Donation/providing the shelter for the monks is more fruitful and profitable than regular family donation.
၃။ သံဃိကကျောင်းဆောက်လုပ်လှူဒါန်းခြင်းထက် သရဏဂုံသုံးပါးဆောက်တည်ခြင်းက အကျိုးပိုကြီး၏။
3: Taking refuge in the Triple Gem is more fruitful and profitable than providing the shelter for the monks
၄။ သရဏဂုံသုံးပါး ဆောက်တည်ခြင်းထက် ငါးပါသီလ လုံခြုံခြင်းက အကျိုးပိုကြီး၏။
4: Firmly observing the five precepts is more fruitful and profitable than taking refuge in the Triple Gem.

အကျိုးနှစ်မျိုး ဤဘဝမှာပင် ဖြစ်စေသောတရား ၅ ပါး

Five dhammas that cause the two efforts, right and wrong, in this presence:
၁။ သဒ္ဓါ – ယုံကြည်ခြင်း
1: Faith,
၁။ ရုစိ – နှစ်သက်ခြင်း
2: Approval,
၂။ အနုဿဝ – တဆင့်ကြားခြင်း
3: oral tradition,
၃။ အာကာရပရိဝိတက္က – အခြင်းအရာကို ကြံစည်ခြင်း
4: reasoned cogitation,
၄။ ဒိဋ္ဌိနိဇ္စျာနက္ခန္တိ – မိမိ၏ အယူဝါဒ အယူအဆကို စူးစိုက်ကြည့်ရှု ကျေနပ်ခြင်း။
5: reflective acceptance of a view.

အကျိုးမရှိသော ပျော်မွေ့ခြင်း ၄ မျိုး

(ပျော်မွေ့ခြင်း – အကျိုးမရှိ – ၄ မျိုး _ရှု)

အကျိုး ဝိပါက်

Fruit, result, retribution, effect.

အကြီးအမြတ်ဆုံး ၄ ပါး

The four highest/greatest:
၁။ ခန္ဓာကိုယ်အရာ၌ အသုရိန်နတ်မင်းသည် အကြီးဆုံး (အသုရိန်။ ရာဟု အသုရိန် _ရှု)
1: Asurinda, a deity – the biggest body,
၂။ ကာမဂုဏ်အရာ၌ မန္ဓာတု စကြာမင်းသည် အမြင့်ဆုံး
2: Mandātu , the universal king – the highest sensual pleasure,
၃။ အစိုးတရရှိရာ၌ မာရ်နတ်မင်းသည် ထိပ်ဆုံး
3: Māra, the evil one – the highest power,
၄။ လောက၌ ဘုရားရှင်သည် အမြတ်ဆုံး။
4: Buddha – the highest of the three worlds.

အကြီးအမှူး အဖြစ်ကို။ အကာအကွယ်ကို ပြုတတ်သော တရား ၁ဝ ပါး

Ten things that make a person leader, that give protection:
၁။ ကိုယ်ကျင့် သီလရှိခြင်း
1: Morality, virtue,
၂။ ဗဟုဿုတ များခြင်း
2: vast knowledge,
၃။ မိတ်ဆွေကောင်း ရှိခြင်း
3: having good friends,
၄။ ဆိုးဆုံးမ လွယ်ခြင်း
4: easy to be admonished, docile,
၅။ အပေါင်းအသင်း သီတင်းသုံးဘော်တို့၏ ကိစ္စကြီးငယ်ကို ဆောင်ရွက်ပေးနိုင်ခြင်း
5: capable of helping others,
၆။ တရားနှင့် ညီညွတ်မှုကို အလိုရှိခြင်း
6: incline to the dhamma,
၇။ ရောင့်ရဲလွယ်ခြင်း
7: contentment,
၈။ ဝီရိယ ကြီးခြင်း
8: effort,
၉။ သတိရှိခြင်း
9: heedfulness,
၁ဝ။ ပညာရှိခြင်း။
10: wisdom.

အကြံအစည်ကြီး ၈ မျိုး

(ယောက်ျား မြတ်တို့၏ အကြံအစည်ကြီး ၈ မျိုး _ရှု)

အချစ် ၃ မျိူး

(မေတ္တာ = ပေမ ၃ ပါး _ရှု)

အချိန်ကို အကျိုးရှိစွာ အသုံးပြုခြင်း ၄ မျိုး

Four ways of spending time wisely:
၁။ အချိန်ကာလအားလျှော်စွာ တရားနာယူခြင်း
1: In due season, listening to the dhamma,
၂။ အချိန်ကာလအားလျှော်စွာ တရားဆွေးနွေးခြင်း
2: in due season, discussion of dhamma,
၃။ အချိန်ကာလအားလျှော်စွာ တရားသုံးသပ်ခြင်း
3: in due season, pondering the dhamma,
၄။ အချိန်ကာလအားလျှော်စွာ ဝိပဿနာတရားအားထုတ်ခြင်း။
4: in due season, practicing insight mediatation.

အချိန်ကြာမှ သိနိုင်သောအရာ ၄ မျိုး

(ကြာရှည်မှ သိနိုင်သောအရာ ၄ မျိုး _ရှု)

အချိန်မဲ့ လမ်းသလားခြင်း၏ အပြစ် ၆ ပါး

Six dangers of haunting the streets untimely:
၁။ မိမိကိုယ်ကို မစောင့်ရှောက် မကာကွယ်နိုင်ခြင်း
1: Defenceless and without protection of oneself,
၂။ မိမိ၏ သားမယားကို မစောင့်ရှောက် မကာကွယ်နိုင်ခြင်း
2: of his wife and children,
၃။ မိမိ၏ ပစ္စည်းဥစ္စာကို မစောင့်ရှောက် မကာကွယ်နိုင်ခြင်း
3: of his property,
၄။ ရာဇဝတ်မှု ကျူးလွန်သူဟု ထင်မြင် စွပ်စွဲခံရတတ်ခြင်း
4: suspecting of crimes,
၅။ မမှန်သတင်း ပျံ့လွင့်တတ်ခြင်း
5: prone to false reports,
၆။ ဒုက္ခပေါင်းစုံ တွေ့ကြုံနိုင်ခြင်း။
6: encountering all sorts of unpleasantness.

အခြား (ဗုဒ္ဓဘာသာဝင် မဟုတ်သူများ) ရဟန်း ပြုလိုသော် ၄ လ ပရိဝါသ်_ရှု ကျင့်ရမည်

There are four months probation for non–Buddhists who want to be ordained as Buddhist monks.

အခြားသစ်ပင်များကို မြိုသွားသော သစ်ပင်ကြီး ၆ မျိုး

(မြို လွှမ်းမိုးသွားသော သစ်ပင်ကြီးများ _ရှု)

အဂတိ

မလိုက်စားသင့်သော တရား ၄ ပါး
Four wrong paths/partialities/biases, the four ways of going wrong:
၁။ ဆန္ဒာ ဂတိ = အလိုဆန္ဒ နောက်လိုက်ပြီး မပြု မပြောသင့်သည်ကို ပြုပြောခြင်း
1: Going wrong through desire/attachment,
၂။ ဒေါသာ ဂတိ = ဒေါသအမုန်း ရန်ငြိုး မနှစ်သက်မှု အားကြီးပြီး မပြု မပြောသင့်သည်ကို ပြုပြောခြင်း
2: through hatred/ill–will,
၃။ ဘယာ ဂတိ = အကြောက်တရား အားကြီးပြီး မပြု မပြောသင့်သည်ကို ပြုပြောခြင်း
3: through fear,
၄။ မောဟာ ဂတိ = မသိနားမလည်မှု အားကြီးပြီး မပြု မပြောသင့်သည်ကို ပြုပြောခြင်း။
4: through folly/ignorance/stupidity.

အဂ္ဂည သုတ်တော်အရ ကမ္ဘာလောကကြီး ဖြစ်တည်လာပုံ

(အဂ္ဂညသုတ်။ သုတ်ပါထေယျ။ ဒီဃနိကာယ်)
How the world and human–kinds came into being according to Aggañña Sutta, āthika vagga, Dīgha–nikāya (the Long Discourses):
၁။ ကမ္ဘာမြေကြီး ဖြစ်တည်လာပြီး အာဘဿရာဘုံမှ (ဘုံ ၃၁ _ရှု) ဗြဟ္မာအများစု စုတေလျှက် လူများ သတ္တဝါများ ဖြစ်လာကြသည်။
1: After this world came into being, the Brahmas from the Ābhassara world, having passed away from there, were mostly reborn in this world.
၂။ ထိုကမ္ဘာဦး လူသားတို့သည် စိတ်အလိုရှိတိုင်းပြီးကြ၏။ ပီတိလျှင် အစာရှိကြ၏။ ကိုယ်ရောင်ကိုယ်ဝါရှိကြ၏။ ကောင်းကင်၌ သွားလာနိုင်ကြ၏။ တင့်တယ်ကောင်းမွန်စွာ အသက်တမ်းရှည်ကြာကြ၏။
2: Those early beings of the world were mind–made, delight as their food, self– luminous, moving through the air and were glorious; stayed for long time.
၃။ ထိုအချိန် အမိုက်တိုက်သာရှိ၏။ လနေတို့ မရှိသေး။ နက္ခတ်တာရာတို့မရှိကြသေး။ နေ့ည မရှိ မထင်ရှားသေး။ လရက် ရာသီဥတုတို့ မရှိသေး။ မိန်းမ ယောက်ျားမရှိ – သတ္တဝါ (လူသား) သာရှိသည်။
3: Then, there was darkness; neither moon nor sun nor constellations nor stars appeared. Night, day, month, year and season were not distinguished. There were no male and female, just beings.
၄။ အချိန်ကြာမြင့်လာသော် ရသပထဝီပေါ်လာပြီး လူသားတို့သည် ယင်းအရသာကို သုံးဆောင်ကာ စွဲလမ်းမှု တဏှာ စတင်ဖြစ်ပေါ်လာသည်။
4: After a long perios of time, savoury earth (rasa–pathavī) appeared and spread itself over the water like the skin that forms itself over hot milk. It was endowed with color, smell and taste, the taste like pure wild honey. By eating it, beings became greedy.
၅။ ရသပထဝီကို စွဲစွဲလမ်းလမ်းစားသုံးလာကြကာ (လောဘကြီးလာကြပြီး) ကာလကြာသော် လူသားတို့သည် မိမိတို့၏ ရှိရင်းစွဲ ကိုယ်ရောင်ကိုယ်ဝါများ ပျောက်ကွယ်သွားကြသည်။
5: Such eating with greed for long time made their self–radiance disappeared.
၆။ ထိုနောက် လနေ နက္ခတ် နေ့ည ရက်လ ဥတုရာသီများ ဖြစ်ပေါ်ပေါက် လာကြကုန်၏။
6: Then, there appeared moon, sun, constellations, stars, day, night, months and seasons.
၇။ ရသပထဝီကို စွဲစွဲလမ်းလမ်းစားသုံးလာ၍ ရုပ်ကြမ်းသူ ရုပ်နုသူ (အကျည်းတန်သူ ချောမောသူ) များ ဖြစ်ပေါ် လာကြ၏။ ရုပ်နုသူများက ရုပ်ကြမ်းသူများကို အထင်သေးကာ မာနကြီးလာကြကုန်၏။
7: By eating the savoury earth (rasa–pathavī) geedily, some beings became ugly and some, handsome. The handsome looked down upon the ugly and got conceit.
၈။ လောဘကြီးမားလာကြသဖြင့် ရသပထဝီပျောက်ကွယ်သွားကာ မြေဆီသြဇာ အလွှာဖြစ်ပေါ်လာသည်။ ယင်းမြေဆီလွှာ (ဘူမိပပ္ပဋက) သည် အဆင်း အရသာ အနံ့တို့နှင့် ပြည့်စုံပြီး ထောပတ်ဆီဦး နှင့်တူ၏။ ချိုမြိန်သော ပျားရည် အရသာရှိ၏။
8: Because of their greedy nature, the savoury earth disappeared itself. A fungus cropped (bhūmipappaṭaka) came into being, in the manner of a mushroom with color, smell and taste, the taste like pure wild honey as the beings’ food.
၉။ မာနကြီးလာသောကြောင့် အချိန်ကြာလာသော် မြေဆီသြဇာ အလွှာပျောက်ကွယ်သွားပြီး နွယ်ချို ပေါ်ပေါက် လာ၏။ ယင်းနွယ်ချို (ပဒါလတာ) သည် အဆင်း အရသာ အနံ့တို့နှင့် ပြည့်စုံပြီး ထောပတ်ဆီဦး နှင့်တူ၏။ ချိုမြိန်သော ပျားရည် အရသာရှိ၏။
9: Due to conceit for long time, the fungus cropped disappeared and creepers
(padālatā) appeared. They looked like bamboo–shoot, tasting sweet like pure wild honey.
၁ဝ။ ယင်းနွယ်ချိုများကို အချိန်ကြာမြင့်စွာ စားသုံးကြ၍ ခန္ဓာကိုယ်များ အလွန်ကြမ်းထမ်းလာကြ၏။ ရုပ်လှသူ မလှသူများ ပိုမိုထင်ရှားကွဲပြားလာ၏။ ရုပ်လှသူများက မလှသူများအပေါ် မာနတရားကြီးမား လာကြသောကြောင့် ယင်းနွယ်ချိုသည် အလိုလိုပျောက်ကွယ်သွား၏။
10: By consuming the creepers for long time, the beings’ bodies became more coarser; their differences from each others increased more and more; thus, became more arrogant. Because of the arrogance of the handsome onto the urgly, the creepers disappeared.
၁၁။ ထိုနောက် ချက်စရာမလို စင်ကြယ်သန့်ရှင်း အနံ့အရသာနှင့် ပြည့်စုံသော သလေးစပါး (အကဋ္ဌပါက သာလိ) ပေါ်ပေါက်လာ၏။ ယင်းသလေးစပါးတို့သည် ညနေရိပ်သိမ်းသော် နောက်တနေ့နံနက်၌ ပြန်ပေါက်လာ၏။ နံနက်အခါရိပ်သိမ်းသော် ညနေ၌ ပြန်ပေါက်လာ၏။
11: Then, delicate–rice (akaṭṭhapāka–sāli) appeared, already edible, no needed to be cooked. What they had taken in the morning for lunch had grown again in the evening. What they had taken in the eveing for dinner had grown again in the next morning.
၁၂။ သလေးစပါး နေ့စဉ်ခူးဆွတ်၍ စားသုံးမှု ကြာမြင့်လာသောအခါ သတ္တဝါတို့၌ မိန်းမ ယောက်ျား အင်္ဂါများ ပေါ်ပေါက်လာ၏။
12: Sex–organ for male and female individually appeared after eatting the tender–rice for long time.
၁၃။ မိန်းမနှင့် ယောက်ျား တစိမ်းစိမ်း ကြာမြင့်စွာကြည့်ကြပြီး အချင်းချင်း မေထုန်မှီဝဲမှု ပြုလာကြ၏။
13: Through looking/gazing at lustfully each other, they indulged in sexual activity.
၁၄။ မေထုန်မှီဝဲသူများကို မေထုန်မမှီဝဲသူများက ရွာမှ မောင်းထုတ်ကြကုန်၏။
14: Those who had sexual activity were kicked out from the village by those who had not.
၁၅။ အချို့သောသူများသည် နေ့စဉ် သလေးစပါးခင်းသို့ သွားရောက်ခူးဆွတ်စားရသည်ကို ပျင်းသောကြောင့် နံနက်စာရော ညနေစာအတွက်ပါ။ တစ်ရက်စာ နှစ်ရက်စာ စသည်အတွက်ပါ ခူးဆွတ်ပြီး သိမ်းဆည်းထားလျှက် သုံးဆောင်ကြကုန်၏။
15: Some due to laziness, gathered the rice for both lunch and dinner,
for one/two dyas etc.
၁၆။ သလေးစပါးကို သိမ်းဆည်းသိုမှီးမှုအစဉ်အလာဖြစ်လာပြီး သလေးစပါး အရည်အသွေးသည် ညံ့ဖျင်းလာ၏
16: Then, it was common to gathering and storing the rice; the rice’s quality was worse and worse.
၁၇။ မမျှတမှုမှား ပေါ်ပေါက်လာ၍ သလေးစပါးခင်းကို ခွဲဝေသတ်မှတ် ပိုင်ဆိုင်မှုများ သဘောတူ ပြုလာရ၏။
17: There happened unfairness; thus, the rice–filelds were shared among them.
၁၈။ လောဘတရားကြီးမားလာကြပြီး သူတပါးတို့၏ သလေးစပါးခင်းမှ ခိုးယူခြင်း လိမ်ညာခြင်းစသော ဒုစရိုက် မှုများ ပေါ်ပေါက်လာကုန်၏။
18: Based upon greed, some stole the rice from another’s field; some, lied etc.
Such wrong acts happened to them.
၁၉။ ဒုစရိုက်မှုများကို ဖြေရှင်း အဆုံးအဖြတ်ပေးနိုင်ရန် အများသဘောတူ ချောမောလှပ အရှိန်သြဇာရှိသော သူကို မဟာသမ္မတမင်းအဖြစ် သဘောတူ တင်မြှောက်ကြကုန်၏။ သို့ဖြင့် မင်းမျိုး (မဟာသမ္မတ။ ခတ္တိယ။ ရာဇ) အမျိုးအနွယ် စတင်ပေါ်ပေါက်လာ၏။
19: In order to solve such wrong acts among them, the people willingly chose a person as their king who was handsome and powerful. Thus, warror class (khattiya) came into being.
၂ဝ။ လူတို့အား ကိုယ်ကျင့်မကောင်းသည်ကို တားမြစ် ကောင်းရာကောင်းကြောင်းကို ညွှန်ပြတတ်သော သူတို့ကိုယ်တိုင်လည်း မကောင်းမှုမှ ကင်းဝေးရန် ပုဏ္ဏား (ဗြဟ္မဏ) များလည်း ပေါ်ပေါက်လာ၏။
20: Priest class (brahmaṇa) also did to get themselves away from evil and to guide the people what was right and what was wrong.
၂၁။ ကုန်သွယ် လယ်လုပ်သောသူ (ဝေဿ) များလည်း ပေါ်ပေါက်လာ၏။
21: Some adopted various trades; thus, the trader/farmer class (vessa) appeared.
၂၂။ အစေအပါးလုပ်သောသူ (သုဒ္ဒ) များလည်း ပေါ်ပေါက်လာ၏။ သိုဖြင့် အမျိုးလေးပါး စုံသွားတော့၏။
22: So also did the servant class (sudda); thus, four classes appeared.

အဂ္ဂမဟာပဏ္ဍိတ

Person(s), especially monks, who are holy, great and wise,
A religious title for monks conferred by the Myanmar (Burmese) Government since the early 20th. century.

အဂါရဝ တရား ၆ ပါး

(ဂါရဝ – အလေးအမြတ်ထားစရာ– တရား ၆ ပါး _ရှု)

အင်္ဂါနံ အက္ခရာ ၅ လုံး

(အက္ခရာ များ၏ နေ့နံ သင်္ကေတများ _ရှု)

အင်္ဂုတ္တရ နိကာယ်

(နိကာယ် ငါးရပ် ပိဋကတ် _ရှု)

အဂေါစရ

ဆွမ်းမခံသင့် မဆက်ဆံသင့်သော အရာများ (မကျက်စားသင့် မရောနှောသင့်သော အရာများ _ရှု)

အဃောသ

အသံပျော့ပျော့ ရွတ်ရသော အက္ခရာ ၁၁ လုံး
Eleven unvoiced letters:
က ခ ။ စ ဆ ။ ဋ ဌ ။ တ ထ ။ ပ ဖ ။ သ
Ka kha, ca cha, ṭa ṭha, ta tha, pa pha, sa.

အင်းပျဉ် လှူရကျိုး ၅ ပါး

(ကုဋင် – အင်းပျဉ် – လှူရကျိုး ၅ ပါး _ရှု)

အစအဦး

(အဓိက – ဂုဏ်ကျက်သရေ) ဖြစ်သော အရာ ၇ မျိုး
Seven glories (main things):
၁။ ယာဇ်ပူဇော်ရာ၌ မီးသည် အစအဦး ဖြစ်၏။
1: Burnt offerings are the glory of fires;
၂။ သာဝိတ္တိ မည်သောကျမ်းသည် ဆန်းကျမ်း၏ အစအဦး ဖြစ်၏။
2: Sāvitthī, the glory of Vedic hymns;
၃။ ဘုရင် (မင်း) သည် လူတို့၏ အစအဦး ဖြစ်၏။
3: Glory of human beings, a king;
၄။ သမုဒ္ဒရာသည် မြစ်တို့၏ အစအဦး ဖြစ်၏။
4: Glory of flowing rivers, the sea.
၅။ လမင်းသည် နက္ခတ်အပေါင်း၏ အစအဦးဖြစ်၏။
5: The moon is the glory of the stars.
၆။ နေမင်းသည် အရောင်အလင်းရှိသမျှ၏ အစအဦး ဖြစ်၏။
6: The sun is the glory of all that shine.
၇။ သံဃာတော်သည် ကုသိုလ်လိုလားသူများ၏ အစအဦး ဖြစ်၏၊
7: The community of monks is the glory of those who aspire merit.

အစိန္တေယျ (ကြံစည်၍ မရနိုင်သောအရာ) ၄ ပါး

Four unthinkable:
၁။ ဗုဒ္ဓ ဝိသယ – ဘုရားရှင်၏ စွမ်းအား
1: The field of Buddha,
၂။ စျာန ဝိသယ – စျာန် တန်ခိုး အဘိညာဉ်
2: of jhāna,
၃။ ကမ္မ ဝိသယ – ကံ အကျိုးပေးပုံများ
3: of kamma, how it works,
၄။ လောက ဝိသယ – စကြာဝဠာ ကမ္ဘာလောက ဖြစ်တည်ပုံ။
4: of the world/universe, how it begins etc.

အစေလ ကဠာရမဋ္ဋကယ ကျင့်စဉ် ၇ မျိုး

(အဝတ်မဝတ်သော အစေလ ကဠာရမဋ္ဋက၏ ကျင့်စဉ် ၇ မျိုး _ရှု)

အစေးထွက်တတ်သော ညောင်ပင် ရေသဖန်းပင်တို့သည်

ထိခိုက်မိက အစေးထွက်သကဲ့သို့ ပုထုဇဉ်တို့သည် အာရုံ ငါးပါးနှင့် ထိတွေ့ တိုက်ဆိုင်မိပါက ကိလေသာအစေး ထွက်တတ်ကုန်၏။
(ခီရရုက္ခောပမသုတ်။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ)
As a milk–sap tree like a banyan, when being hit/broken, comes out the sap,
so there arise mental defilements in a worldly man striken by sensual objects.
(Khīrarukkhopama Sutta, the Connected Discourses.)

အစောင့်တရား (အာရက္ခ) ၄ ပါး

Four things to be guarded:
၁။ တပ်မက်စရာအာရုံများကို မတပ်မက်အောင် မိမိစိတ်ကို သတိဖြင့် စောင့်ရှောက်ခြင်း
1: On passionate thing, not to get passion,
၂။ မကျေမနပ် မနှစ်သက်စရာအာရုံများကို ကျေနပ်နှစ်သက်အောင် မိမိစိတ်ကို သတိဖြင့် စောင့်ရှောက်ခြင်း
2: on unpleasant things, to get pleasant,
၃။ မောဟအာရုံများကို မဖြစ်အောင် မိမိစိတ်ကို သတိဖြင့် စောင့်ရှောက်ခြင်း
3: on illusive thing, not to get illusion,
၄။ မာန်ရစ်မေ့လျှော့စရာ အာရုံများကို မာန်မရစ်အောင် မိမိစိတ်ကို သတိဖြင့် စောင့်ရှောက်ခြင်း။
4: on conceited thing, not to get conceit.

အစွန်းတရား

Extremism.

အစွန်းတရား ၂ ပါး

Two extremes:
၁။ ငါးပါးအာရုံ ကာမဂုဏ် အစွန်း
1: Self–indulgence, sensual indulgence,
၂။ ခန္ဓာကိုယ် ညှဉ်းပမ်း အစွန်း။
2: self–torture, self–affliction, self–mortification.

အစွန်းတရား ၂ ပါး

(လူသားအများစု၏ အယူအဆ) (ကစ္စာနဂေါတ္တသုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
Two extremes/duality most of people held (Kaccāna Gotta Sutta, Nidāna–vagga,
The Connected Discourses):
၁။ သဗ္ဗမတ္ထိ – အားလုံးရှိ၏ ဟူသော အယူအဆ
1: ‘All exists’ – the notion of existence,
၂။ သဗ္ဗံ နတ္ထိ – အားလုံးဘာမှမရှိ ဟူသော အယူအဆ။
2: ‘All does not exist’ – the notion of non–existence.

အဆုံးအပိုင်းအခြားမရှိသည့်အရာ (အသင်္ချေယျ) ၄ ပါး

Four immensities, four unknowable and incalculable things:
၁။ သတ္တဝါများ
1: Beings in general,
၂။ ကောင်းကင်
2: space, sky,
၃။ စကြာဝဠာများ
3: universes,
၄။ သဗ္ဗညုဘုရား၏ဉာဏ်တော်။
4: the whole wisdom of Universal Buddha. အဇာတသတ်မင်း မှစပြီး ဖခင်ကိုသတ်လျှက် မင်းပြုသော မင်းဆက်ငါးဆက်
Five successive kings starting King Ajātasattu, who killed their father:
၁။ အဇာတသတ်မင်း
1: King Ajātasattu,
၂။ ဥဒယမင်း
2: Udaya,
၃။ မဟာမုဏ္ဍိကမင်း
3: Mahāmuṇḍika,
၄။ အနုရုဒ္ဓမင်း
4: Anuruddha,
၅။ နာဂဒါသမင်း။
5: Nāgadāsa.

အဥ္ဇလီ ငါးပါး

(ငါးပါး အဥ္ဇလီ _ရှု)

အဇ္စျာသယ

Intention, desire, wish, disposition, bent.

အဇ္စျာသယ ၆ ပါး

(ဘုရားအလောင်းတော်၏)
Six great intentions of the Buddha–to–be:
၁။ နေက္ခမဇ္စျာသယ = တောထွက်လိုသော ဆန္ဒတော်
1: Intention of renunciation,
၂။ ပဝိဝေကဇ္စျာသယ = အဖေါ်မမှီး တစ်ကိုယ်တည်းနေလိုသော ဆန္ဒတော်
2: of solitude,
၃။ အလောဘဇ္စျာသယ = လောဘ ကင်းလိုသော ဆန္ဒတော်
3: of no–greed,
၄။ အဒေါသဇ္စျာသယ = ဒေါသ ကင်းလိုသော ဆန္ဒတော်
4: of no–anger,
၅။ အမောဟဇ္စျာသယ = မောဟကင်းလိုသော ဆန္ဒတော်
5: of no–ignorance,
၆။ နိဿရဏဇ္စျာသယ = ဘုံသုံးပါးမှ လွတ်မြောက်လိုသော ဆန္ဒတော်။
6: of freeing from circle of life (saṃsāra).

အညစ်အကြေး ၈ မျိုး

(မလသုတ် – အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Eight stains:
၁။ မရွတ်ဖတ် မသရဇ္စျာယ်ခြင်းသည် အတတ်ပညာ၏ အညစ်အကြေး မည်၏။
1: Non–recitation is the stain of the hymns.
၂။ လုံ့လ မရှိခြင်းသည် အိမ်၏ အညစ်အကြေး မည်၏။
2: The stain of house is lack of upkeep/maintenance.
၃။ ပျင်းယိခြင်းသည် ကိုယ်အဆင်းအင်္ဂါ၏ အညစ်အကြေး မည်၏။
3: The stain of beauty is laziness.
၄။ မေ့လျော့ခြင်းသည် ပစ္စည်းဥစ္စာကို စောင့်ရှောက်သူ၏ အညစ်အကြေး မည်၏။
4: Heedlessness is the stain of guard.
၅။ မကောင်းသောအကျင့်သည် မိန်းမ၏ အညစ်အကြေး မည်၏။
5: A woman’s stain is misconduct.
၆။ ဝန်တိုမှုသည် ပေးလှူသူ၏ အညစ်အကြေး မည်၏။
6: Miserliness is the donor’s stain.
၇။ ယုတ်ညံ့သောအကုသိုလ်သည် ယခုဘဝ နောင်တမလွန်ဘဝ၏ အညစ်အကြေး မည်၏။
7: Bad unwholesome qualities are the stains in this world and the next.
၈။ အဝိဇ္ဇာသည် ရှေး ၇ မျိုးတို့ထက် ကဲလွန်သော အညစ်အကြေး မည်၏။
8: The strain graver than above all is ignorance.

အညစ်အကြေး ကိလေသာ တရားများ

ရဟန်းတော်များအတွက် (အနင်္ဂဏသုတ်။ မူလပဏ္ဏာသ ပါဠိ)
Blemishes of monks (Anaṅgaṇa Sutta):
၁။ သဒ္ဓါတရား မရှိခြင်း
1: Faithlessness,
၂။ အသက်မွေးဝမ်းကျောင်းမှု အတွက်သာ ရဟန်းပြုခြင်း
2: monkhood as a means of living,
၃။ စဉ်းလဲခြင်း
3: fraudulence,
၄။ လှည့်ပတ်ခြင်း
4: deceitfulness,
၅။ လိမ်လည် ကောက်ကျစ်ခြင်း
5: treachery,
၆။ ပျံ့လွင့်ခြင်း
6: distraction,
၇။ မာန်ထောင်ခြင်း
7: arrogance,
၈။ လျှပ်ပေါ်လော်လည်ခြင်း
8: levity,
၉။ နှုတ်ထွက်ကျန်းခြင်း
9: rough–tongue,
၁ဝ။ ပရမ်းပတာပြောခြင်း
10: loose–speaking,
၁၁။ ဣန္ဒြေ မစောင့်ခြင်း
11: no guarding the senses,
၁၂။ အစားအစာ၌ အတိုင်းအရှည်ကို မသိခြင်း
12: immoderation in eattion,
၁၃။ မနိုးကြား အားမထုတ်ခြင်း
13: no wakefulness,
၁၄။ ရဟန်းတရား၌ မငဲ့ကွက်ခြင်း
14: unconcerning with monkhood,
၁၅။ သိက္ခာပုဒ်များကို မရိုသေခြင်း
15: no respect of training,
၁၆။ လာဘ်များ ပစ္စည်းရမှု များရန်သာကျင့်ခြင်း
16: luxury/gain,
၁၇။ သာသနာတော်ကို လျော့လျော့ပေါ့ပေါ့ ထားခြင်း
17: carelessness,
၁၈။ ဆုတ်ယုတ်ကြောင်းကို ရှေ့ရှုခြင်း
18: leading in backsliding,
၁၉။ နိဗ္ဗာန်ရရန်ကို တာဝန်အဖြစ်မထားခြင်း
19: neglect to attain nibbāna,
၂ဝ။ ပျင်းယိခြင်း
20: laziness,
၂၁။ လုံ့လနည်းခြင်း
21: no energy,
၂၂။ သတိကင်းခြင်း
22: no awareness,
၂၃။ ဆင်ခြင်ဉာဏ် မရှိခြင်း
23: no reflection,
၂၄။ မတည်ကြည်ခြင်း
24: no concentration,
၂၅။ စိတ်လေခြင်း
25: straying minds,
၂၆။ ပညာမဲ့ခြင်း
26: devoid of wisdom,
၂၇။ ထိုင်းအခြင်း။
27: dullness.
(အညစ်အကြေးကင်းသော – အနင်္ဂဏ တရားများမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Dhammas without blemishes are opposite of the above.)

အဋ္ဌကထာ

Commentary.

အဋ္ဌကထာကြီး ၈ ကျမ်း

ရှေးဟောင်း အဋ္ဌကထာ ကြီးများ (ဗုဒ္ဓဃောသ – အရှင်မဟာ _ရှု မတိုင်မှီ)
Eight great commentaries of the ancient
(before the time of Mahā Buddhaghosa):
၁။ မဟာ အဋ္ဌကထာ
1: Mahā Aṭṭhakathā,
၂။ မူလ အဋ္ဌကထာ
2: Mūla Aṭṭhakathā,
၃။ မဟာပစ္စရီ အဋ္ဌကထာ
3: Mahāpaccarī Aṭṭhakathā,
၄။ စူဠ အဋ္ဌကထာ
4: Cūḷa Aṭṭhakathā,
၅။ ကုရုန္ဒီ အဋ္ဌကထာ
5: Kurundī Aṭṭhakathā,
၆။ အန္ဓက အဋ္ဌကထာ
6: Andhaka Aṭṭhakathā,
၇။ သင်္ခေပ အဋ္ဌကထာ
7: Saṅkhepa Aṭṭhakathā,
၈။ အရိယ အဋ္ဌကထာ။
8: Ariya Aṭṭhakathā.

အဋ္ဌက နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ အဋ္ဌမမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၈ ပုဒ် စီပါရှိသော ဇာတ်တော်များဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၁ဝ ခုပါဝင်သည်။
Aṭṭhaka–nipāta (Jātaka): This is the eighth chapter of the 550 Birth–stories,
each of them consists of eight verses; thus, Aṭṭhaka–nipāta, eight–verse–story; there are 10 stories in this chapter.

အဋ္ဌက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မဟာကစ္စာယန အရှင်မဟာပန္ထက စသော ရဟန္တာမထေရ် ၃ ပါးတို့သည် ရှစ်ဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြခြင်းကို စုစည်းထားခြင်းဖြစ်သည်။
Aṭṭhaka–nipāta (Theragāthā): This is a collection of joyous verses uttered by 3 male–monks (arahanta) such as Mahā Kaccāyana and Mahā Panthaka at the time of Lord Buddha. Each uttered eight verses.

အဋ္ဌက နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ သီသူပစာလာ ရဟန္တာ ထေရီမသည် ရှစ်ဂါထာ ဥဒါန်းကျူးရင့် တော်မူခြင်းကို စုစည်းထားခြင်းဖြစ်သည်။
Aṭṭhaka–nipāta (Therīgāthā): This is a collection of joyous verses uttered by a female–monk (arahanta), Sīsūpacālā by name, at the time of Lord Buddha. She uttered eight verses (aṭṭhaka).

အဋ္ဌက နိပါတ (အင်္ဂုတ္တရ) ပါဠိ

အင်္ဂုတ္တရနိကာယ် ၌ တရားအစု ၈ ပါးစီ ပါဝင်သော အဋ္ဌမမြောက် ကျမ်းဖြစ်သည်။
Aṭṭhaka–nipāta (Aṅguttara): The eighth book of the ‘Gradual Discourses’, which consists of eight items of the dhamma.

အဋ္ဌယထာဘုစ္စဝဏ္ဏ ၈ ပါး

(မဖေါက်မပြန် ဟုတ်မှန်သောဂုဏ် – အဋ္ဌယထာဘုစ္စဝဏ္ဏ – ၈ ပါး _ရှု)

အတ္တဘော

(အတ္တဘာဝ)
Body, physical body.

အတ္တဘော (ခန္ဓာကိုယ်) ကို ရခြင်း ၃ မျိုး

Three kinds of ‘acquired body’:
၁။ ကြမ်းထမ်းထင်ရှားသော (သြဠာရိက) အတ္တဘောကိုရခြင်း
1: Acquiring of gross body,
၂။ စျာန်စိတ်ဖြင့်ပြီးသော (မနောမယ) အတ္တဘောကိုရခြင်း
2: of mind–made body,
၃။ ရုပ်မရှိသော (အရူပ) အတ္တဘောကိုရခြင်း။
3: of formless body.

အတ္တ ယူဆပုံများ

Idea of self:
၁။ ရူပံ အတ္တတော သမနုပဿတိ – ရုပ်ကို အတ္တဟု ရှုမြင်၏
1: A person regards ‘form as self’;
၂။ ရူပဝန္တံ ဝါ အတ္တာနံ – ရုပ်ရှိသော အတ္တဟု ရှုမြင်၏
2: self as possessing form;
၃။ အတ္တနိ ဝါ ရူပံ – အတ္တ၌ ရုပ်ဟု ရှုမြင်၏
3: form as in self;
၄။ ရူပသ္မိံ ဝါ အတ္တာနံ – ရုပ်၌ အတ္တဟု ရှုမြင်၏။
4: self as in form.
( ‘ရူပ’ နေရာ၌ ‘ဝေဒနာ’ ။ ‘သညာ’ ။ ‘သင်္ခါရ’ ။ ‘ဝိညာဏ’ –ခန္ဓာငါးပါး– အသီးသီးအစားထိုးပါ)
(Substitute ‘feeling’, ‘perception’, ‘mental formations’, ‘consciousness’, i.e., five aggregates each, in the place of ‘form’ respectively.)

အတ္တ ရှိ မရှိ ဝစ္ဆဂေါတ္တ ပရိဗိုဇ်က မေးသောအခါ မြတ်စွာဘုရား ဆိတ်ဆိတ်နေတော်မူခြင်း

(အာန္ဒနသုတ်။ အဗျာကတသံယုတ်။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ)
Lord Buddha kept silent while Vacchagotta, a wondering ascetic, asked, “Is there a self? Is there no self?”
၁။ အတ္တရှိ၏ ဟု ဖြေဆိုလျှင် သဿတဝါဒ ဖြစ်မည်။ အနတ္တ၏ ဆန့်ကျင်ဘက်တည်း။
1: If He answered, “There is self.”; it leads to eternalism, that is against the doctrine of no–self (anatta).
၂။ အတ္တမရှိ ဟုဖြေဆိုလျှင် ဥစ္ဆေဒဝါဒ ဖြစ်မည်။
2: If He answered, “There is no self.”; it leads to annihilationism.
(Ānanda Sutta, Abyākata Saṃyutta, Saḷāyatana–vagga Saṃyutta Pāḷi)

အတူတကွ နေထိုင်ခြင်း ၂ မျိုး

Two kinds of co–residency:
၁။ အသန္တ သန္နိဝါသ – သူယုတ်မာတို့၏ အတူတကွ နေထိုင်ခြင်း
1: Co–residency among the bad,
၂။ သန္တ သန္နိဝါသ – သူတော်ကောင်းတို့၏ အတူတကွ နေထိုင်ခြင်း။
2: co–residency among the good.

အတူမရှိသော အရာများ

The uncomparable things:
၁။ မိမိကိုယ်ကိုထက် ချစ်အပ်သောသူ မရှိ
1: No other affection like that of oneself,
၂။ ဆန်ရေစပါး (စားစရာ)နှင့် တူသောဥစ္စာ မရှိ
2: no wealth equal to grain (food),
၃။ ပညာနှင့်တူသော အလင်းရောင် မရှိ
3: no light equal to wisdom,
၄။ မိုးရွာခြင်းနှင့်တူသော ရေအိုင်မရှိ။
4: no lake/water equal to rain.

အတိတ်

Past, previous, former.

အထက် ဗြဟ္မာဘုံနှင့် ဆက်စပ်နေသော သံယောဇဉ် ၅ ပါး

(ဥဒ္ဓံ ဘာဂိယ သံယောဇဉ် ၅ ပါး = အထက် ဗြဟ္မာဘုံနှင့် ဆက်စပ်နေသော သံယောဇဉ် _ရှု)

အထင်အမြင် သေးခံရတတ်သော ပုဂ္ဂိုလ် ၁ဝ ယောက်

Ten persons who are disdained/underestimated by others:
၁။ လင်ကွာ လင်သေသော မိန်းမ
1: Spinster/widow,
၂။ အားနည်းသူ
2: weak person,
၃။ ဆွေမျိုးဉာတိ ကင်းမဲ့သူ
3: person of no relative,
၄။ အစားအသောက် ကြီးသူ
4: glutton/food–lover,
၅။ မိတ်ဆွေမကောင်း ပေါင်းသင်းသူ
5: person associated with bad companion,
၆။ ပစ္စည်း ဥစ္စာ မရှိသူ
6: poor person,
၇။ ကိုယ်ကျင့်သီလ မရှိသူ
7: immoral person,
၈။ အမှုကြီးငယ်တို့၌ မေ့လျော့တတ်သူ
8: careless person,
၉။ အနာရောဂါများသူ
9: person suffering from frequent diseases,
၁ဝ။ ဝီရိယ မရှိ ပျင်းယိသူ။
10: lazy/idle person.

အဒိန္န ခိုးကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး

Four conditions to be guilty of ‘theft’:
၁။ သူတပါးတို့၏ ပစ္စည်းဥစ္စာ ဖြစ်ခြင်း
1: Things belong to other,
၂။ သူတပါးတို့၏ ပစ္စည်းဥစ္စာ ဟုသိခြင်း
2: being conscious of others belongings,
၃။ ခိုးယူလိုသောစိတ် ရှိခြင်း
3: the intention to steal,
၄။ ခိုးယူခြင်း။
4: stealing.

အဓမ္မဝါဒီ (တရားတော် + ဝိနည်းတော်နှင့် မညီသော) ရဟန်း၏ အင်္ဂါ ၁၈ ပါး

Eighteen characteristics of unrighteous monks:
၁။ တရား မဟုတ်သည်ကို တရား
1: What is no dhamma as dhamma,
၂။ တရားကို တရားမဟုတ်
2: what is dhamma as no dhamma,
၃။ ဝိနည်း မဟုတ်သည်ကို ဝိနည်း
3: what is no vinaya as vinaya,
၄။ ဝိနည်းကို ဝိနည်းမဟုတ်
4: what is vinaya as no vinaya,
၅။ ဘုရားရှင် မဟောသည်ကို အဟော
5: what the Buddha teaches not as the teaching of the Buddha,
၆။ ဘုရားရှင် ဟောသည်ကို မဟော
6: what the Buddha does teach as not the teaching of the Buddha,
၇။ ဘုရားရှင် မလေ့ကျက်အပ်သည်ကို လေ့ကျက်
7: what the Buddha practices not as the practice of the Buddha,
၈။ ဘုရားရှင် လေ့ကျက်အပ်သည်ကို မလေ့ကျက်
8: what the Buddha does practice as not the practice of the Buddha,
၉။ ဘုရားရှင် မပညတ်သည်ကို ပညတ်
9: what the Buddha prescribes not as the rule of the Buddha,
၁ဝ။ ဘုရားရှင် ပညတ်သည်ကို မပညတ်
10: what the Buddha does prescribe as not the rule of the Buddha,
၁၁။ အာပတ် မသင့်သည်ကို သင့်
11: no offence as offence,
၁၂။ အာပတ် သင့်သည်ကို မသင့်
12: offence as no offence,
၁၃။ ပေါ့သော အာပတ်ကို လေး
13: minor offence as major,
၁၄။ လေးသော အာပတ်ကို ပေါ့
14: major offence as minor,
၁၅။ အကြွင်းမရှိသော အာပတ်ကို အကြွင်းရှိ
15: expiable offence as inexpiable,
၁၆။ အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိ
16: inexpiable offence as expiable,
၁၇။ ကြမ်းထမ်းသော အာပတ်ကို မကြမ်းထမ်း
17: gross offence as no gross,
၁၈။ မကြမ်းထမ်းသော အာပတ်ကို ကြမ်းထမ်း – ဟု စွဲယူ ပြောဆို ကျင့်ကြံသည်။
18: no gross offence as gross.
(ဓမ္မဝါဒီ – တရားတော် + ဝိနည်းတော်နှင့် ညီသော – ရဟန်း၏ အ၈င်္ါ ၁၈ ပါးတို့သည် အထက်ပါ ၁၈ ပါးတို့၏ ဆန့်ကျင်ဘက်များ ဖြစ်ကြသည်)
(Eighteen characteristics of righteous monk are opposite of the above.)

အဓိကရုဏ်း ၄ ပါး

Four kinds of litigation:
၁။ ဝိဝါဒါဓိကရုဏ်း
1: Litigation because of a dispute,
၂။ အနုဝါဒါဓိကရုဏ်း
2: litigation because of an accusation,
၃။ အာပတ္တာဓိကရုဏ်း
3: litigation because of an offence,
၄။ ကိစ္စာဓိကရုဏ်း
4: litigation concerning proceedings.

အဓိကရုဏ်းငြိမ်းကြောင်း ၇ ပါး

Seven kinds of settlement of litigation:
၁။ သမ္မုခါ ဝိနည်း – မျက်နှာချင်းဆိုင် ဆုံတွေ့ ဖြေရှင်းခြင်း
1: Removal of litigation by confrontation,
၂။ သတိ – အာပတ်ကျူးလွန်ခဲ့သည်ကို သတိမရတော့သော ရဟန်းအား သတိပေး ဖြေရှင်းခြင်း
2: removal of litigation on account of memory,
၃။ အမူဠှ – အာပတ်ကျူးလွန်ခဲ့သည်ကို တွေဝေ မေ့လျှော့နေသော ရဟန်းအား သတိပေး ဖြေရှင်းခြင်း
3: removal of litigation on account of past insanity,
၄။ ပဋိညာ – ဝန်ခံချက်ဖြင့် ဖြေရှင်းခြင်း
4: the effecting of acknowledgement of an offence,
၅။ ယေဘုယျသိကာ – အများသဘောတူညီချက်ဖြင့် ဖြေရှင်းခြင်း
5: the opinion of the majority,
၆။ တဿ ပါပိယာသိကာ – ရဟန်းယုတ်အား ပြုအပ်သော ဝိနည်းကံအတိုင်း ဖြေရှင်းခြင်း
6: the pronouncement of bad character against someone,
၇။ တိဏဝတ္ထာရက – မစင်ကို မျက်ဖုံးသကဲ့သို့ မှန်မှန်မှားမှား အားလုံးကို ဖုံးကွယ်ပြစ်ကာ ဖြေရှင်းခြင်း။
7: covering over with grass (the litigation is completely dismissed no matter it is right or wrong).

အဓိဋ္ဌာန်

Resolution, determination, vow.

အဓိဋ္ဌာန် ၃ ပါး

Three kinds of resolution:
၁။ ပုဗ္ဗနိမိတ္တ အဓိဋ္ဌာန် = ရှေးအဖို့ကပင် နိမိတ်ပြရန် အဓိဋ္ဌာန်ဆောက်တည်ခြင်း
1: Resolution made so that certain signs appear before something happens,
၂။ အာသီသ အဓိဋ္ဌာန် = မိမိတောင့်တ လိုအပ်ချက်အတွက် အဓိဋ္ဌာန်ဆောက်တည်ခြင်း
2: resolution made so that one’s dream comes true,
၃။ ဝတ အဓိဋ္ဌာန် = ကျင့်ဝတ်ကို ကျင့်ကြံရန် အဓိဋ္ဌာန်ဆောက်တည်ခြင်း။
3: resolution made so that one’s duties are fulfilled.

အဓိဋ္ဌာန် ၄ ပါး

(အောင်မြင်မှုရရန်) Four kinds of resolve to gain or four foundations:
၁။ ပညာ အဓိဋ္ဌာန်
1: Foundation of wisdom,
၂။ သစ္စာ အဓိဋ္ဌာန်
2: of truth,
၃။ စာဂါ အဓိဋ္ဌာန်
3: of relinquishment,
၄။ ဥပသမာ အဓိဋ္ဌာန်။
4: of peace/tranquility.

အဓိဋ္ဌာန် ပါရမီ

Perfection of resolution.

အဓိပတိ

The head, the excellent, the Chancellor.

အနတ္တ

No–soul, soullessness, no–self, selflessness, no–ego, egolessness, impersonality.

အနတ္တလက္ခဏသုတ်

ဘုရားဖြစ်ပြီးနောက် ဒုတိယမြောက် ဟောတော်မူသော သုတ်ဖြစ်သည်။ ခန္ဓာငါးပါး _ရှု တို့၏ အနိစ္စ ဒုက္ခ အနတ္တဖြစ်ပုံကို ကြောင်းကျိုးပြ ဟောကြားထားသော သုတ်ဖြစ်သည်။
Anattalakkhaṇa Sutta (Discourse on the Characteristic of No–soul): This is the second discourse delivered by Lord Buddha after He attained enlightenment. It explains rationally that the five aggregates as impermenance, suffering and no–soul.

အန္တရာယ် ၅ ပါး

(စျာန်မဂ်ဖိုလ် မရအောင် တားမြစ်တတ်သော အန္တရာယ်)
Five dangers that prevent someone to attain trance, path and fruition:
၁။ ကမ္မ – ပဥ္စာနန္တရိယကံ _ရှု တစ်ခုခု ကျူးလွန်ခြင်း
1: Transgressing one of the five deadly sins,
၂။ ကိလေသ – နိယတမိစ္ဆာဒိဋ္ဌိ _ရှု အကျိုးအကြောင်းမရှိဟု ယုံကြည်ခြင်း
2: believing that there is no cause and effect,
၃။ ဝိပါက – အဟိတ် ဒွိဟိတ် _ရှု ဟူသော ဉာဏ်မပါပဲ ပဋိသန္ဓေနေရခြင်း
3: conception without wisdom (dull conception),
၄။ အရိယူပဝါဒ – အရိယာသူတော်ကောင်းများအား စွတ်စွဲ ပြစ်မှားခြင်း
4: accusing the noble–ones,
၅။ အာဏာဝီတိက္ကမ – စေတနာဖြင့် အာပတ်ကျူးလွန်ခြင်း။
5: transgressing intentionally the vinaya rules.

အနမတဂ္ဂေါ ခေါ သံသာရော။ ပုဗ္ဗကောဋိ န ပညာယတိ

(သံသရာ အစမထင် _ရှု)

အနာဂတ်

Future.

အနာဂတ် ဘေး ၅ ပါး

(ရဟန်းတော်များ) Five dangers of monks:
၁။ သင်္ကန်းကောင်းကို ရှာဝတ် လာခြင်း
1: Longing and searching for fine robes,
၂။ ဆွမ်းကောင်းကို ရှာစားလာခြင်း
2: longing and eating fine foods,
၃။ ကျောင်းကောင်းကို ဆောက်လုပ် နေထိုင်ခြင်း
3: longing and dwelling at luxurious buildings,
၄။ ရဟန်းမိန်းမ သာမဏေ သိက္ခမာန်တို့နှင့် ရောဝင်ရင်းနှီးမှု များလာခြင်း
4: dealing delightfully with nuns, novices and trainees,
၅။ ဂေါပကအဖွဲ့ စသည် ဖွဲ့စည်းပြီး ပစ္စည်းဥစ္စာ သိုမှီးမှု များလာခြင်း။
5: stockpile/amass of property/wealth.

အနာဂတဝံသ

အနာဂတဝင်ကျမ်း – မေတ္တေယျဘုရားရှင် အနာဂတ်ကာလ၌ ပွင့်တော်မူမည်ကို ကြိုတင်ဟောကြား ပြဆိုထားသောကျမ်း။
Anāgata vaṃsa: A text which explains about Mettyya who will attain Buddhahood in the future.

အနာဂတံသ ဉာဏ်

အနာဂတ်ကာလကို သိမြင်နိုင်သော ဉာဏ်
Anāgataṃsa–ñāṇa: The wisdom–power that foresees the future.

အနာဂါမ်

သေလျှင်ကာမဘုံ၌ မဖြစ်တော့ပဲ ရူပ အရူပဗြဟ္မာဘုံ၌သာဖြစ်၍ ပရိနိဗ္ဗာန်စံဝင်မည့်ပုဂ္ဂိုလ်
Non–returner who have reached the third stage of path–knowledge.

အနာဂါမ်ပုဂ္ဂိုလ် ၅ မျိုး

(ကာမဘုံ၌ ပရိနိဗ္ဗာန်မပြု။ ရူပ အရူပဘုံ၌ ပရိနိဗ္ဗာန်ပြုသည့်ပုဂ္ဂိုလ် ၅ ယောက် _ရှု)

အနာဂါမ်ဖြစ်ကြောင်းတရား ၆ ပါး

Six dhammas conducive to never–returner:
၁။ သဒ္ဓါ
1: Faith,
၂။ ဟိရီ
2: moral shame,
၃။ သြတပ္ပ
3: moral dread,
၄။ အာရဒ္ဓ ဝီရိယ
4: effort,
၅။ သတိ
5: mindfulness,
၆။ ပညာ။
6: wisdom.
(အနာဂါမ် မဖြစ်နိုင်ကြောင်းတရား ၆ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Six dhammas not conducive to never–returner are opposite of the above.)

အနာတရားများ

(ဇာတိဓမ္မ – အဖြစ်တရား – များ _ရှု)

အနာထပိဏ် သူဌေး

(အမည်ရင်း သုဒတ္တ) – ပါဠိစာပေ၌ အထင်ရှားဆုံးသော ကျောင်းဒါယကာဖြစ်သည်။ သာဝတ္ထိမြို့ ရှိ ဇေတဝန်ကျောင်းကို ဆောက်လုပ်လှူဒါန်းသည်။ ဘုရားရှင် ၂၅ ဝါတိုင်တိုင် အများဆုံး ဝါကပ်ဆိုတော်မူသောကျောင်းဖြစ်သည်။
Anātha–piṇḍika: (given name – Sudatta) He is the most famous monastery– donor and lay–devotee in the Pāḷi Scripture. He built and donated Jetavana monastery at Sāvatthi City, where Lord Buddha spent for twenty–five years of rainy–retreat (vassa).

အနာထပိဏ်သူဌေးကြီးက သမီးဖြစ်သူ စူဠသုဘဒ္ဒါကို

သူမ၏ ခင်ပွန်းသည်နောက်လိုက်ခါနီး မှာလိုက်သော စကား ၁ဝ ခွန်း (ဝိသာခါ ကျောင်းအမကြီးအား ခင်ပွန်းသည်နောက်လိုက်ခါနီး သူမ၏ဖခင်ကြီး က မှာလိုက်သော စကား ၁ဝ ခွန်း _ရှု)

အနာမျိုး ၉၆ ပါး

(ရောဂါမျိုး ၉၆ ပါး _ရှု)

အနိစ္စ

Impermanence, impermanency, momentariness.

အနိစ္စ နှင့် ဆီးမီးခွက်

(ဆီးမီးခွက် ဥပမာ အနိစ္စ _ရှု)

အနိစ္စ နှင့် သစ်ပင်

(သစ်ပင်ဥပမာ အနိစ္စ _ရှု)

အနိစ္စသညာ အရေးပါပုံ ဥပမာများ

(အနိစ္စသညာသုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ)
The similes regarding the importance of ‘the perception of impermanence’:
၁။ မိုးအခါ၌ လယ်သမားသည် ကြီးမားသောထွန်ဖြင့် လယ်ယာကို ထွန်ယက်သကဲ့သို့
1: As a ploughman ploughing with a ploughshare cuts through all the rootlets, so the perception of impermanence eliminates all sensual lust etc..
၂။ ဖြူဆံမြက်ရိပ်သမားသည် ရိပ်ပြီးမြက်ကို အဖြားမှ ကိုင်ခါသကဲ့သို့
2: As a rush–cutter cuts down a rush, grabs it by the top and shakes, so ….. cuts
၃။ သရက်သီးခိုင် အညှာမှပြတ်ကျသော် အသီးအားလုံးပြတ်ကျသကဲ့သို့
3: As when the stalk of a bunch of mangoes has been cut, all the mangoes attached to the stalk follow along with it, so ….. cuts …..
၄။ အိမ်ခေါင်မိုး၌ အခြင်ရနယ်အားလုံးတို့ သက်ဝင်သကဲ့သို့
4: As all the rafters of a house lead to the roof peak, so ….. leads to eliminate …..
၅။ အမြစ်နံ့သာအပေါင်းတွင် အကျော်ရနံ့သည် အသာဆုံးဖြစ်သကဲ့သို့
5: As among fragrant roots, black orris is the best, so ….. is the best to eliminate …
၆။ အနံ့ နံ့သာအပေါင်းတွင် စန္ဒကူနီရနံ့သည် အသာဆုံးဖြစ်သကဲ့သို့
6: As among fragrant heartwoods, red sandalwood is the best, so ….. is the best to eliminate ….
၇။ အပွင့် နံ့သာအပေါင်းတွင် မြတ်လေးပန်းရနံ့သည် အသာဆုံးဖြစ်သကဲ့သို့
7: As among fragrant flowers, jasmine is the best, so ….. is the best to eliminate …
၈။ ပဒေသရာဇ်မင်းငယ်အပေါင်းတွင် စကြာဝတေးမင်းသည် အသာဆုံးဖြစ်သကဲ့သို့
8: As a universal king is at the top of all regional kings, so ….. is at the top to eliminate …..
၉။ ကြယ်တာရာ အရောင်အပေါင်းတွင် လမင်း၏အရောင်သည် အသာဆုံးဖြစ်သကဲ့သို့
9: As the rediance of the moon is at the top of that of all stars, so …..
၁ဝ။ မြူတိမ် အညစ်အကြေးကင်းသော တန်ဆောင်မုန်းလတွင် နေမင်း၏ အလင်းရောင်ကဲ့သို့
10: As the sun shines in the autumn of clear and cloudless sky and dispels all darkness, so the perception of impermanence eliminates all sensual lust etc..

အနိစ္စာနုပဿနာ

Contemplation on impermanence.

အနိဋ္ဌာရုံ

Undesirable object.

အနိပ္ဖန္န ရုပ် ၁ဝ ပါး

(ရုပ် ၂၈ ပါး _ရှု)

အနိမ့်ကျဆုံး လူတန်းစား ၅ မျိုး

ဘုရားလက်ထက်တော်
Five lowest classes (the despised clans) at the time of Lord Buddha:
၁။ စဏ္ဍာလ – ဒွန်းစဏ္ဍားမျိုး
1: Begger, rubbish–remover,
၂။ နေသာဒ – မူဆိုးတံငါမျိုး
2: hunter and fisherman,
၃။ ဝေန – နှီးသမားမျိုး
3: bamboo–worker,
၄။ ရထကာရ – ရထားလုပ်သမားမျိုး
4: cart–maker,
၅။ ပုက္ကုသ – ပန်းမှိုက်သွန် (မစင်ဘင်ကျုံး) မျိုး။
5: excrement–remover.

အနုကမ္ပါ ၂ မျိုး

(သနားခြင်း – အနုကမ္ပါ – ၂ မျိုး _ရှု)

အနုပဿနာ

အဖန်ဖန်ရှုမှတ်ခြင်း
Contemplation.

အနုပဿနာ ၁ဝ ပါး

Ten kinds of contemplation:
၁။ အနိစ္စာ နုပဿနာ
1: Contemplation on impermanence,
၂။ ဒုက္ခာ နုပဿနာ
2: on suffering,
၃။ အနတ္တာ နုပဿနာ
3: on no–self,
၄။ နိဗ္ဗိဒါ နုပဿနာ
4: on aversion.
၅။ ဝိရာဂါ နုပဿနာ
5: on non–attachment,
၆။ နိရောဓာ နုပဿနာ
6: on cessation,
၇။ ပဋိနိဿဂ္ဂါ နုပဿနာ
7: on relinquishing,
၈။ အနိမိတ္တာ နုပဿနာ
8: on signless,
၉။ အပ္ပဏိဟိတာ နုပဿနာ
9: on desirelessness,
၁ဝ။ သုညတာ နုပဿနာ။
10: on voidness.

အနုသယ

ကိန်းတည်နေခြင်း
Latent/potential dispositions/defilements, seeds of passions, proclivities, inclinations, tendencies.

အနုသယ ၇ ပါး

Seven inclinations, latent proclivities:
၁။ ကာမရာဂါ နုသယ = ကာမဂုဏ်အာရုံစွဲ ကိန်းတည်နေခြင်း
1: Sensuous greed,
၂။ ဘဝရာဂါ နုသယ = ဘဝစွဲ ကိန်းတည်နေခြင်း
2: craving for continued existence,
၃။ ပဋိဃာ နုသယ = အမျက်ဒေါသစွဲ ကိန်းတည်နေခြင်း
3: grudge,
၄။ မာနာ နုသယ= မာန်မာနစွဲ ကိန်းတည်နေခြင်း
4: conceit, pride,
၅။ ဒိဋ္ဌာ နုသယ = အယူအဆ ယုံကြည်မှုစွဲ ကိန်းတည်နေခြင်း
5: speculative opinion,
၆။ ဝိစိကိစ္ဆာ နုသယ = သံသယစွဲ ကိန်းတည်နေခြင်း
6: skeptical doubt,
၇။ အဝိဇ္ဇာ နုသယ = မသိနားမလည်မှုစွဲ ကိန်းတည်နေခြင်း။
7: ignorance.

အနုဿတိ

Recollection.

အနုဿတိ ၁ဝ ပါး

Ten Recollections:
၁။ ဗုဒ္ဓါ နုဿတိ
1: Recollection of Buddha,
၂။ ဓမ္မာ နုဿတိ
2: of Dhamma,
၃။ သံဃာ နုဿတိ
3: of Saṃgha,
၄။ သီလာ နုဿတိ
4: of morality,
၅။ စာဂါ နုဿတိ
5: of generosity,
၆။ ဒေဝတာ နုဿတိ
6: of deities,
၇။ ဥပသမာ နုဿတိ
7: of peace,
၈။ မရဏာ နုဿတိ
8: of death,
၉။ ကာယဂတာ သတိ
9: mindfulness based upon body–parts,
၁ဝ။ အာနာပါန သတိ။
10: mindfulness based upon breathing.

အနေကဇာတင်

ဘုရားဖြစ်စ ပထမဆုံး ရွတ်တော်မူသောဂါထာ၏ အစမှာ ‘အနေကဇာတိ သံသာရံ’ ဟူ၍ ဖြစ်သည်။ ယင်းသို့အစချီသောဂါထာများကို အသုံးပြုပြီး ရဟန်းတော်များ ဘုရားအနေကဇာတင်ကြသည်။
Consecrating of a Buddha’s image, making a Buddha’s image holy by the monks chanting verses starting with “Anekajā”, which was uttered by Lord Buddha soon after He attained enlightenment.

အနေသန

မအပ်စပ်သော ဝိနည်းနှင့်မညီသော ပစ္စည်းလေးပါး ရှာမှီးခြင်း
Wrong modes of livelihood for monks.

အနေသန ၂၁ ပါး

(မဟာနိဒ္ဒေသပါဠိ) အခြားသောကျမ်းများ၌ ရေတွက်မှုအနည်းငယ် ကွဲပြားသည်။
Twenty–one wrong modes of livelihood for monks in accordance with
Mahā–niddesa Pāḷi: (The following list is a little difference with other texts.)
၁။ အံ့သြဘွယ်ဖြစ်အောင် ပြောဆိုနေထိုင်ခြင်း
1: Flattering,
၂။ ပစ္စည်းလှူအောင် ဆွယ်ပြောဟောခြင်း
2: canvassing to gain things,
၃။ တစ်ဦးဦးက လှူထားသည်ကိုအခြားတစ်ဦးအားပေးခြင်း
3: giving things a person what is given by another person,
၄။ အခြားသူတို့၏ ဂုဏ်ကျေးဇူးမဲ့ အပြစ်များကို ပြောခြင်း
4: criticizing others,
၅။ တစ်နေရာမှရသောပစ္စည်းကို အခြားတစ်နေရာ၌ ပေးကမ်းခြင်း
5: exchanging things with lay–persons,
၆။ သစ်သားပေးခြင်း
6: giving wood/timber,
၇။ ထန်းရွက် သစ်ရွက်စသည်ပေးခြင်း
7: giving palm–leaves etc.,
၈။ ဆပ်ပြာပေးခြင်း
8: giving soap,
၉။ မိမိကိုယ်ကို နှိမ်ချပြောဆို ဆက်ဆံခြင်း
9: making humble under lay–persons,
၁ဝ။ အမှန်နည်းပါး အမှားများသော စကားကိုပြောခြင်း
10: speaking less truth, more false,
၁၁။ မျက်နှာသစ်ရေ စသည်ပေးခြင်း
11: giving water,
၁၂။ ကလေးထိမ်း ကလေးကိုမြှူခြင်း
12: taking care off/petting the kids,
၁၃။ မပင့်ပဲ အိမ်သို့သွားခြင်း
13: visiting home without invitation,
၁၄။ မြေနေရာ ကောင်းမကောင်းကို ရွေးပေးခြင်း
14: giving hints as lucky site,
၁၅။ တိရစ္ဆာန် လက္ခဏာဖတ်။သင်ပေး။ရွေးချယ်ပေးခြင်း
15: as lucky signs of an animal,
၁၆။ ယောက်ျားမိန်းမတို့၏ လက္ခဏာ ဖတ်ပေးခြင်း
16: as lucky signs of man/woman,
၁၇။ ဂြိုဟ်နက္ခတ်ရွေးပေးခြင်း
17: choosing the lucky astrology,
၁၈။ လူတို့ခိုင်းစေသည်ကို လုပ်ကိုင်ပေးခြင်း
18: doing chores for lay–persons,
၁၉။ လူတို့၏ သတင်းစကားကို ဆောင်ပေးခြင်း
19: taking message of the lay–persons,
၂ဝ။ စားဖွယ်သောက်ဖွယ်ပေးခြင်း
20: giving food,
၂၁။ မိမိအားလှူထားသည်ကို ပြန်ပေးခြင်း။
21: giving back what is given.

အနောတတ်အိုင်

(အိုင်ကြီး ၇ အိုင် _ရှု)

အန္တော ဂတ။ အန္တောဂဓ ဝင်

Be inside, be included, be part of.

အန္တော ဝီထိ

(ဝီထိ ၃ မျိုး _ရှု)
Inner ecliptic, the path of the sun at summer solstice.

အနော်ရထာမင်း

(၁ဝ၄၄ – ၁ဝရ၇) – ထေရဝါဒဗုဒ္ဓဘာသာကို မြန်မာပြည်၌ ပျံ့နှံ့အောင် စတင်ဆောင်ရွက် သာသနာ ပြုခဲ့သော သမိုင်းတွင် ထင်ရှားသည့် ပုဂံပြည်ရှင် ဘုရင်ဖြစ်သည်။
King Anawratha (1044 –1077): Very famous king of Bagan dynastery; He introduced and made Theravāda Buddhism spread all over Myanmar (Burma).

အနာထပိဏ်သူဌေးကြီး ကွယ်လွန်ခါနီး၌ အရှင်သာရိပုတြာ ဟောကြားသောတရား ၉ မျိုး

(အနာထပိဏ္ဍိကောဝါဒသုတ် – ဥပရိပဏ္ဏာသပါဠိ)
Sāriputta’s teaching to Anāthapiṇḍika the Rich, while the latter was dying:
၁။ စက္ခု မျက်စိ စသော ပသာဒငါးပါး မနောဒွါရ ပေါင်း ခြောက်းပါးတို့ကို မစွဲလမ်းရ
1: Not clinging to the eye, ear, nose, tongue, body and mind–door,
၂။ ရူပါရုံ စသော အာရုံ ခြောက်ပါးကို မစွဲလမ်းရ
2: not clinging to forms, sounds, ordours, flavours, tangibles and mind–objects,
၃။ စက္ခုဝိညာဏ် စသော ဝိညာဏ် ခြောက်ပါးကို မစွဲလမ်းရ
3: not clinging to eye–consciousness etc.,
၄။ စက္ခုသမ္ဖဿ စသော သမ္ဖဿ ခြောက်ပါးကို မစွဲလမ်းရ
4: not clinging to eye–contact etc.,
၅။ စက္ခုသမ္ဖဿဇာ ဝေဒနာ စသော ဝေဒနာ ခြောက်ပါးကို မစွဲလမ်းရ
5: not clinging to feeling born of eye–contact etc.,
၆။ ပထဝီဓာတ်။ အာပေါ တေဇော ဝါယော အာကာသ ဝိညာဏဓာတ်ဟူသော ဓာတ် ခြောက်ပါးကို
မစွဲလမ်းရ
6: not clinging to earth–element, water–element, fire–element, air–element,
space–element and consciousness–element,
၇။ ခန္ဓာငါးပါးကို မစွဲလမ်းရ
7: not clinging to the five aggregates,
၈။ အရူပစျာန် လေးပါးကို မစွဲလမ်းရ
8: not clinging to four formless trances (arūpa–jhāna),
၉။ ယခုမျက်မှောက် နောင်တမလွန် အာရုံမှန်သမျှကို မစွဲလမ်းရ။
9: not clinging to this world and the world beyond.

အနှောင်အဖွဲ့ ၁ဝ မျိုး

(မိလိန္ဒပဥှ) Ten kinds of attachment/binding:
၁။ အမိ
1: One’s own mother,
၂။ အဘ
2: mother,
၃။ ဇနီး (ခင်ပွန်း)
3: wife (husband),
၄။ သားသမီး
4: son and daughter (kids),
၅။ ဆွေမျိုး
5: relatives,
၆။ မိတ်ဆွေ
6: friends,
၇။ ပစ္စည်းဥစ္စာ
7: belongings (wealth),
၈။ လာဘ်ပူဇော်မှု
8: gain (fame),
၉။ အစိုးရမှု
9: power (authority),
၁ဝ။ ကာမဂုဏ် ငါးပါး။
10: five sensual pleasures.

အပ်ကျည်လှူရကျိုး ၃ ပါး

Five benefits of donating needle–case:
၁။ ကိုယ်ချမ်းသာခြင်း
1: Bodily happiness,
၂။ စိတ်ချမ်းသာခြင်း
2: mental happiness,
၃။ ဣရိယာပုထ် ချမ်းသာခြင်း။
3: happiness in all four postures of body.

အပ်လှူရကျိုး ၅ ပါး

Five benefits of donating needle:
၁။ တွေးတောမှုကင်းခြင်း
1: No frustrated mind,
၂။ ယုံမှားမှုကင်းခြင်း
2: no doubt,
၃။ အဆင်းလှခြင်း
3: beauty,
၄။ စည်းစိမ်ဥစ္စာပေါများခြင်း
4: wealth,
၅။ ထက်မြက်သော ဉာဏ်ရှိခြင်း။
5: wisdom.

အပဒါန်

ခုဒ္ဒကနိကာယ်အဝင်အပါ ကျမ်းဖြစ်သည်။ ဘုရားရှင် ပစ္စေကဗုဒ္ဓါ ထေရ ထေရီတို့အကြောင်းကို ပြဆိုသော အတ္ထုပ္ပတ္တိကျမ်းဖြစ်သည် (နိကာယ်ငါးရပ် _ရှု)။
Apadāna: This is a text in the Minor Discourses; it contains the biographies of Universal Buddhas, Individual Buddhas, monks (thera) and nuns (therī).

အပရိ ဟာနိယ တရား ၇ ပါး

(မဆုတ်ယုတ် မပျက်စီးကြောင်း တရား ၇ ပါး _ရှု)

အပရိ ဟာနိယ တရား ၆ ပါး

(ရဟန်းတော်များ အတွက်)
Six things conducive to welfare (for monks):
၁။ ရဟန်းတော်အချင်းချင်း ကာယကံ မေတ္တာရှိခြင်း
1: Bodily loving–kindness each other,
၂။ ရဟန်းတော်အချင်းချင်း ဝစီကံ မေတ္တာရှိခြင်း
2: verbal loving–kindness each other,
၃။ ရဟန်းတော်အချင်းချင်း မနောကံ မေတ္တာရှိခြင်း
3: mental loving–kindness each other,
၄။ ပစ္စည်းလေးပါး ဝေမျှ သုံးဆောင်ခြင်း
4: sharing the four requisits farely,
၅။ ကိုယ်ကျင့်သီလရှိခြင်း
5: moral virtue,
၆။ ပညာရှိခြင်း။
6: wisdom, insight.

အပရိ ဟာနိယ တရား ၇ ပါး

(ရဟန်းတော်များ လူများအတွက်)
More seven things conducive to welfare (for monks and lay–persons):
၁။ သဒ္ဓါ
1: Faith,
၂။ ဟိရီ
2: moral shame,
၃။ သြတပ္ပ
3: moral dread,
၄။ ဗဟုဿုတ
4: vast learning,
၅။ ဝီရိယ
5: effort,
၆။ သတိ
6: mindfulness,
၇။ ပညာ။
7: wisdom.

အပရိ ဟာနိယ တရား ၇ ပါး

(ရဟန်းတော်များ အတွက်)
Seven things conducive to welfare (for monks):
၁။ အလုပ် မများခြင်း
1: Not rejoicing, not delighting, and not becoming absorbed in works,
၂။ စကား မများခြင်း
2: not rejoicing in chattering,
၃။ အအိပ် မများခြင်း
3: not rejoicing in sleeping,
၄။ အပေါင်းအသင်း မများခြင်း
4: not rejoicing in companies,
၅။ ကာမစ္ဆ န္ဒ မများခြင်း
5: not rejoicing in evil desires,
၆။ မိတ်ဆွေယုတ် မရှိခြင်း
6: not rejoicing in mixing and association with evil friends,
၇။ အဂတိ လိုက်စားမှု မရှိခြင်း။
7: not rejoicing in resting content with partial
achievements, not going wrongly.

အပရိ ဟာနိယ တရား ၇ ပါး

(ရဟန်းတော်များ အတွက်) (တနည်း)
More seven things conducive to welfare (for monks):
၁။ အနိစ္စ သညာ
1: Perception of impermanence,
၂။ အနတ္တ သညာ
2: of soullessness,
၃။ အသုဘ သညာ
3: of foulness,
၄။ အာဒီနဝ သညာ
4: of fault,
၅။ ပဟာန သညာ
5: of abandonment,
၆။ ဝိရာဂ သညာ
6: of detachment,
၇။ နိရောဓ သညာ။
7: of cessation.

အပ္ပမညာ ၄ ပါး

(ဗြဟ္မ ဝိဟာရ – ဗြဟ္မစိုရ် တရား – ၄ ပါး _ရှု)

အပ္ပမာဒ

မမေ့မလျှော့ခြင်း
Awareness, earnestness, vigilance, diligence, heedfulness,
attentiveness.

အပ္ပမာဒတရားနှင့် ပတ်သက်၍ ဥပမာ ၈ မျိုး

(ကုသိုလ်တရားတို့၏စုဝေးပေါင်းဆုံရာ တစ်ခုတည်းသောတရား _ရှု)

အပါယ်

Woeful state, unhappy state/realm.

အပါယ် ၄ ပါး

Four woeful states/existences/abodes/realms:
၁။ ငရဲ
1: Hell,
၂။ တိရစ္ဆာန်
2: animal world/kingdom,
၃။ ပြိတ္တာ
3: hungry ghost/the sphere of petas,
၄။ အသုရကာယ်။
4: demon–world/the host of asuras.

အပါယ်ကျကြောင်းတရား ၄ ပါး

Four dhammas that lead to woeful states:
၁။ ကာယ ဒုစရိုက်
1: Bodily bad deeds,
၂။ ဝစီ ဒုစရိုက်
2: verbal bad deeds,
၃။ မနော ဒုစရိုက်
3: mental bad deeds,
၄။ မိစ္ဆာဒိဋ္ဌိ။ အကတညုတ အကတဝေဒိ = အယူမှားခြင်း။ ကျေးဇူးမသိခြင်း။
4: wrong view or no gratitude to those who are worthy.

အပါယ်ကျကြောင်းတရား ၄ ပါး

(တနည်း)
More four dhammas that lead to woeful states:
၁။ မမြင်ပဲ မြင်သည်ဟုပြောခြင်း
1: Not seen as seen,
၂။ မကြားပဲ ကြားသည်ဟုပြောခြင်း
2: not heard as heard,
၃။ မတွေ့ပဲ တွေ့သည်ဟုပြောခြင်း
3: not sensed as sensed,
၄။ မသိပဲ သိသည်ဟုပြောခြင်း။
4: not cognized as cognized.

အပိစ္ဆ ၄ မျိုး

(အလိုနည်းခြင်း – အပိစ္ဆ – ၄ မျိုး _ရှု)

အပိစ္ဆတာ

Having only few wishes.

အပေါင်းအဖေါ်၌ မွေ့လျှော်ခြင်း အပြစ်များ

(မဟာသုညတသုတ်။ ဥပရိပဏ္ဏာသပါဠိ)
The defaults of delighting in company/society:
၁။ န နေက္ခမ သုခ – ကာမမှ ထွက်မြောက်သောချမ်းသာကို မရနိုင်
1: Not to obtain the bliss of renunciation,
၂။ န ပဝိဝေက သုခ – ကိလေသာ ကင်းငြိမ်းသောချမ်းသာကို မရနိုင်
2: not to obtain the bliss of seclusion,
၃။ န ဥပသမ သုခ – ရာဂစသည် ငြိမ်းအေးသောချမ်းသာကို မရနိုင်
3: not to obtain the bliss of peace,
၄။ န သမ္ဗောဓိ သုခ – မဂ်ဖိုလ် ချမ်းသာကို မရနိုင်။
4: not to obtain the bliss of enlightenment.

အပေါင်းအသင်းဆိုး ရှိခြင်း၏ အပြစ် ၆ ပါး

(မကောင်းသော မိတ်ဆွေရှိခြင်း၏ အပြစ် ၆ ပါး _ရှု)

အပေါင်းအသင်း မလုပ်ထိုက်သော ရဟန်း၏ လက္ခဏာ ၅ ပါး

A monk who possesses five things should not be befriended:
၁။ စီပွါးရေး လုပ်ခြင်း
1: Business–minded,
၂။ ပြဿနာရှာ (အဓိကရုဏ်းပြု) တတ်ခြင်း
2: problem–oriented,
၃။ အကြီးအမှူးရဟန်းများကို ဆန့်ကျင်တတ်ခြင်း
3: against the elder,
၄။ ကာလရှည်ကြာသော ခရီး အသွားများခြင်း
4: frequent long–trips,
၅။ သူတော်ကောင်းတရား မဆောက်တည် ဆောက်တည်စေရန် မပြောကြား မတိုက်တွန်းတတ်ခြင်း။
5: no ability to arouse and satisfy others with dhamma.
(အပေါင်းအသင်း လုပ်ထိုက်သော ရဟန်း၏ လက္ခဏာ ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်)
(Five good things are opposite of the above.)

အပြစ် ၂ မျိုး

Two faults:
၁။ ယခု ပစ္စုပ္ပန် အပြစ်
1: The fault pertaining to the present life,
၂။ နောင်သံသရာ အပြစ်။
2: the fault pertaining to the future life.

အပြစ်ကို အပြစ်ဟု ရှုသိမြင်ကာ ကုစားပြီး နောင်တဖန် မကျူးလွန်အောင် ထိမ်းသိမ်းခြင်း ဟူသည် –

Regarding to see transgression as a transgression:
ဒဝုဒ္ဓိ ဟေသာ ဘိက္ခဝေ အရိယဿ ဝိနယေ ယော အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ပဋိကရောတိ။ အာယတိံ သံဝရံ အာပဇ္ဇတိ။'
'ရဟန်းတို့ မြင့်မြတ်ဖြူစင်သော ကျင့်ဝတ်သိက္ခာ၌ အကြင်သူသည် အပြစ်ကို အပြစ်ဟုသိမြင်ပြီး ကုစား၏။
နောက်ထပ်တဖန် ထပ်မဖြစ်အောင် ကြိုးစားအားထုတ်၏။ ဤသို့ပြုခြင်းသည် တိုးတက်ကြီးပွါးကြောင်း တရားပေတည်း။'
‘Monks, it is growth in the Noble One’s Discipline when one sees one’s
transgression as a transgression, makes amends for it in accordance with the Dhamma and undertakes future restraint.ဒ

အဖက်ဖက်မှ ကြည်ညိုဘွယ်ကောင်းသော (သမန္တပါသာဒိက) ရဟန်းတော်၏ အင်္ဂါ ၁ဝ ပါး

Ten dhammas of a monk who endows with all–side–respect:
၁။ သီလဝါ = ကိုယ်ကျင့်သီလရှိခြင်း
1: Morality,
၂။ ဗဟုဿုတ = အကြားအမြင်များခြင်း
2: vast learning,
၃။ ဓမ္မကထိက = တရားဟောတတ်ခြင်း
3: good preacher of the dhamma,
၄။ ပရိသာဝစရ = ပရိသတ်၌ ကျက်စားခြင်း
4: good at debate,
၅။ ဝိသာရဒ = ရဲရင့်စွာ တရားဟောတတ်ခြင်း
5: courage,
၆။ ဝိနယဓရ = ဝိနည်းဆောင်ခြင်း
6: expert in Vinaya (discipline),
၇။ အာရညိက = တောရဆောက်တည်ခြင်း
7: forest–dweller,
၈။ ပန္ထသေနာသန = အစွန်အဖျားကျောင်း၌နေခြင်း
8: solitude,
၉။ စျာနလာဘီ = စျာန်ရခြင်း
9: attaining jhāna,
၁ဝ။ အာသဝက္ခယ = အာသဝေါကုန်ခမ်းခြင်း။
10: destroyer of cankers (āsava).

အဖြေ ၄ ပါး

(အမေး ၄ ထွေ အဖြေ ၄ တန် _ရှု)

အဗ္ဘောကာသိက

လွင်တီးခေါင်၌ နေထိုင်ခြင်း – ဓုတင် (ဓုတင် ၁၃ ပါး _ရှု)

အဗ္ဘောကာသိက လွင်တီးခေါင်၌ နေထိုင်ခြင်း၏ အကျိုး ၇ ပါး


Seven benefits of the open–air–dweller’s practice:
၁။ ကျောင်းအိပ်ရာနေရာ၌ ကြောင့်ကျမှုကင်းခြင်း
1: no impediment of dwellings,
၂။ ထိနမိဒ္ဓကို ပယ်နိုင်ခြင်း
2: no sloth and torpor,
၃။ သားသမင်ကဲ့သို့ ငြိတွယ်မှုမရှိ သွားလာနိုင်ခြင်း
3: unattachment,
၄။ ချီးမွမ်းဘွယ်ဖြစ်ခြင်း
4: praiseworthy,
၅။ အရိပ်အာဝါသ၌ မကပ်ငြိခြင်း
5: no attachment for lodging,
၆။ အရပ်လေးမျက်နှာ လိုရာရာကို သွားနိုင်ခြင်း
6: free to go any directions,
၇။ အလိုနည်းခြင်း စသည်တို့နှင့် လျှော်ညီခြင်း။
7: conformity with the fewness of wishes.

အဗျာကတ

ဘုရားရှင် မဖြေပဲထားသော ပုစ္ဆာ ၁ဝ မျိုး (ဒလောကကြီးသည် မြဲသလော’ စသည့်မေးခွန်းများ)
(မဖြေပဲ ထားရမည့် အမေး ဌပနီယ ဗျာကရဏိယ ၁ဝ မျိုး _ရှု)

အဘဗ္ဗ (ရဟန်းမခံထိုက်သော) ပုဂ္ဂိုလ် ၁၁ ယောက်

Eleven persons whom cannot be ordained as Buddhist monks:
၁။ ပဏ္ဍုက်
1: Gay, eunuch,
၂။ ရဟန်းယောင် ဆောင်နေသူ
2: bogus monk,
၃။ အခြားဘာသာသို့ ကူးပြောင်းသွားသော ရဟန်း
3: monks departing to other faith,
၄။ တိရစ္ဆာန်
4: animal,
၅။ မိခင်ကို သတ်သူ
5: one’s own mother–killer,
၆။ ဖခင်ကို သတ်သူ
6: one’s own father–killer,
၇။ ရဟန္တာ ကို သတ်သူ
7: arahant–killer,
၈။ ဘုရားရှင်အား သွေးစိမ်းယိုစေသူ
8: a person who makes Buddha wounded,
၉။ သံဃာ သင်းခွဲသူ
9: a person who makes schism among saṃgha (order of monks),
၁ဝ။ ဘိက္ခူနီမ ကို ဖျက်ဆီးသူ
10: a person who molests a nun(s),
၁၁။ ဥဘတောဗျည်း (လိင်အ၈င်္ါ ၂ ခုလုံးပါသူ)။
11: hermaphrodite.

အဘိညာဉ်

Super–normal/–natural power, higher psychic power, super–normal knowledge.

အဘိဇ္စျာ

မနာလိုခြင်း
Covetousness, corrupt.

အဘိဇ္စျာ ဗျာပါဒ ပါပကာ အကုသလာ တို့၏ ဥပမာများ

Similes of corrupt etc.
၁။ အဘိဇ္စျာ – အော့အန်ဖတ်
1: Corrupt = a vomit,
၂။ ဗျာပါဒ – သားစိမ်းနံ့
2: ill–will = stench of carrion,
၃။ ပါပကာ အကုသလာ – ယင်ကောင်။
3: evil, unwholesome deeds = flies.

အဘိညာဉ်

Super–natural or transcendental knowledge.

အဘိညာဉ် ၅ ပါးတို့၏ အာရုံများ

Objects of the five super–normal/super–natural powers:
၁။ ဒိဗ္ဗ စက္ခု – နတ်မျက်စိရခြင်း၏ အာရုံများ = ပရိတ္တ ပစ္စုပ္ပန် အဇ္စျတ္တ ဗဟိဒ္ဓ (၄)
1: Divine eyes – a limited, a present, an internal and an external object (4),
၂။ ဒိဗ္ဗ သောတ – နတ်နားရခြင်း၏ အာရုံများ = ပရိတ္တ ပစ္စုပ္ပန် အဇ္စျတ္တ ဗဟိဒ္ဓ (၄)
2: divine ears – a limited, a present, an internal and an external object (4),
၃။ ပရစိတ္တ ဝိဇာနန – သူတပါးတို့၏ စိတ်ကို သိနိုင်ခြင်း၏ အာရုံများ = ပရိတ္တ မဟဂ္ဂတ အပ္ပမာဏ မဂ္ဂ အတိတ် အနာဂတ် ပစ္စုပ္ပန် ဗဟိဒ္ဓ (၈)
3: reading others’ mind – a limited, a great, a measureless, a path, a past, a future, a present and an external object (8),
၄။ ဣဒ္ဓိ ဝိဒ – တန်ခိုးဖန်ဆင်းနိုင်ခြင်း၏ အာရုံများ = ပရိတ္တ မဟဂ္ဂတ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္စျတ္တ ဗဟိဒ္ဓ (၇)
4: magical power – a limited, a great, a past, a future, a present, an internal and an external object (7),
၅။ ပုဗ္ဗေ နိဝါသာ နုဿတိ – ရှေးဘဝများကို အောင့်မေ့နိုင်ခြင်း၏ အာရုံများ = ပရိတ္တ မဟဂ္ဂတ အပ္ပမာဏ မဂ္ဂ အတိတ် အဇ္စျတ္တ ဗဟိဒ္ဓ အနဝတ္တဗ္ဗ (၈)
5: remembrance of former existences/lives– a limited, a great, a measureless, a path, a past, an internal, an external and not–so–classifiable object (8).

အဘိညာဉ် ၆ ပါး

Six super–normal/super–natural powers:
၁။ ဒိဗ္ဗ စက္ခု – နတ်မျက်စိရခြင်း
1: Divine eyes,
၂။ ဒိဗ္ဗ သောတ – နတ်နားရခြင်း
2: divine ears,
၃။ ပရစိတ္တ ဝိဇာနန – သူတပါးတို့၏ စိတ်ကို သိနိုင်ခြင်း
3: reading others’ mind,
၄။ ဣဒ္ဓိ ဝိဒ – တန်ခိုးဖန်ဆင်းနိုင်ခြင်း
4: magical power,
၅။ ပုဗ္ဗေ နိဝါသာနုဿတိ – ရှေးဘဝများကို အောင့်မေ့ သိမြင်နိုင်ခြင်း
5: remembrance of former existences/lives.
၆။ အာသဝက္ခယ – အာဝဝေါတရား ကုန်ခမ်းခြင်း။
6: extinction of all cankers/fluxes.

အဘိညေယျ တရားများ

(ထိုးထွင်းသိရမည့် – အဘိညေယျ – တရားများ _ရှု)

အဘိဏှ ပစ္စဝေက္ခိတဗ္ဗ တရား ၅ ပါး

(အမြဲ မပြတ် ဆင်ခြင်အပ်သော တရား ၅ ပါး _ရှု)

အဘိဓဇမဟာရဋ္ဌဂုရု

The highest religious title of monks conferred by the Myanmar Government. (meaning – Holy Teacher of the Great Nation, like a Giant Flag).

အဘိဓမ္မတ္ထ သင်္ဂဟ

(သင်္ဂြိုဟ် _ရှု)
အဘိဓမ္မ နှင့် အဘိဝိနယ (အဿခဠုင်္ကသုတ်။ နဝကနိပါတ။ အင်္ဂုတ္တရပါဠိ)
Higher Dhamma and Higher Vinaya (Discipline).

အဘိဓမ္မာ

Ultimate/supreme truth, higher teaching/dhamma, more–dhamma.

အဘိဓမ္မာ ၇ ကျမ်း

The seven books of the ‘Basket of Ultimate Dhamma’:
၁။ ဓမ္မသင်္ဂPD ပါဠိ _ရှု
1: The Book of Enumeration of Dhamma,
၂။ ဝိဘင်္ဂ ပါဠိ _ရှု
2: the Book of Analysis,
၃။ ဓာတုကထာ ပါဠိ _ရှု
3: the Book of Discussion of Elements,
၄။ ပုဂ္ဂလပညတ္တိ ပါဠိ _ရှု
4: the Book of Designation of Persons,
၅။ ကထာဝတ္ထု ပါဠိ _ရှု
5: the Book of Subjects of Discussion,
၆။ ယမက ပါဠိ _ရှု
6: the Book of the Pairs,
၇။ ပဋ္ဌာန ပါဠိ _ရှု။
7: the Book of Conditional Relations.

အဘိဓာန်

Dictionary.

အဘိယာစက

Supplication, supplicant.

အမည် ၄ မျိုး

Four kinds of name:
၁။ အာဝတ္ထိကနာမ် – အခိုက်အတန့်ကိုစွဲ၍ ခေါ်သော အမည်
1: Names denoting a period of life,
၂။ လိင်္ဂိကနာမ် – အသွင်သဏ္ဍာန် ကိုစွဲ၍ ခေါ်သော အမည်
2: describing a particular mark,
၃။ နေမိတ္တကနာမ် – ဂုဏ် အကြောင်း ကိုစွဲ၍ ခေါ်သော အမည်
3: signifying a particular acquirement,
၄။ အဓိစ္စသမုပ္ပန္နနာမ် – အကြောင်းမရှိပဲ ခေါ်သော အမည်။ နာမည်မျှသာဖြစ်သည်။
4: just given name, no cause.

အမည်နာမ။ အမည်ပညတ်

Name, designated name.

အမိုက်မှောင် ၄ ပါး

The darkest four:
၁။ လကွယ်ည
1: A new–moon night,
၂။ သန်းခေါင်ယံ
2: at mid–night
၃။ မိုးမှောင်ကျ
3: thick cloud,
၄။ တောအုပ်–နက်အတွင်း။
4: middle of the deep forest.

အမေး ၄ ထွေ အဖြေ ၄ တန်

Four ways of answering questions:
၁။ ဧကံသ ဗျာကရဏိယ = တိုက်ရိုက် ဖြေဆိုရမည့် အမေး
1: Question to be answered directly,
၂။ ဝိဘဇ္ဇ ဗျာကရဏိယ = ခွဲခြမ်း စိတ်ဖြာပြီး ဖြေဆိုရမည့် အမေး
2: question requiring an explanation,
၃။ ပဋိပုစ္ဆာ ဗျာကရဏိယ = ပြန်လည် မေးမြန်းပြီး ဖြေဆိုရမည့် အမေး
3: question requiring a counter question,
၄။ ဌပနိယ ဗျာကရဏိယ = မဖြေပဲ ထားရမည့် အမေး။
4: question to be set aside.

အမေးပုဂ္ဂိုလ်၏ အခြေအနေ စိတ်ထား ၅ မျိုး

(မေးမြန်းသူ၏ အခြေအနေ စိတ်ထား ၅ မျိုး _ရှု)

အမျက်ထွက် ရန်ငြိုး – နှင့် ပတ်သက်ပြီး ပုဂ္ဂိုလ် ၃ မျိုး

(ကောဓ – အမျက်ထွက် မကျေနပ်မှု ရန်ငြိုး – နှင့် ပတ်သက်ပြီး ပုဂ္ဂိုလ် ၃ မျိုး _ရှု)

အမျက်ဒေါသ၏ ဆိုးကျိုး ၇ မျိုး

(ကောဓသုတ် – သတ္တကနိပါတ။ အင်္ဂုတ္တရပါဠိ)
Seven defects of an hatred/animosity:
၁။ ရန်သူသည် ရန်ဘက်ဖြစ်သူ အဆင်းမလှခြင်းကို အလိုရှိ၏။ မိမိပင် ဒေါသဖြင့် အဆင်းမလှဖြစ်ရ၏။
1: An enemy wishes of an enemy to be ugly, but the former is ugly due to his anger.
၂။ ရန်သူသည် ရန်ဘက်ဖြစ်သူ ဆင်းရဲစွာအိပ်စက်ရခြင်းကို အလိုရှိ၏။ မိမိပင် ဒေါသဖြင့်ဆင်းရဲစွာအိပ်စက်ရ၏
2: An enemy wishes of an enemy to sleep badly, but the former sleeps badly due to his anger.
၃။ ရန်သူသည် ရန်ဘက်ဖြစ်သူ အကျိုးစီးပွါး ဆုတ်ယုတ်ခြင်းကို လိုရှိ၏။ မိမိပင် ဒေါသအခြေခံကြောင့် အကျိုးစီးပွါး ဆုတ်ယုတ်ရ၏။
3: An enemy wishes of an enemy to have no–profit, but the former has no profit due to his anger.
၄။ ရန်သူသည် ရန်ဘက်ဖြစ်သူ ဆင်းရဲနွမ်းပါးခြင်းကိုအလိုရှိ၏။ မိမိပင် ဒေါသအခြေခံကြောင့်ဆင်းရဲနွမ်းပါးရ၏။
4: An enemy wishes of an enemy to be poor, but the former is poor due to his anger.
၅။ ရန်သူသည် ရန်ဘက်ဖြစ်သူ အခြံအရံ နည်းစေလို၏။ မိမိပင် ဒေါသအခြေခံကြောင့် အခြံအရံ နည်းရ၏။
5: An enemy wishes of an enemy to have no reputation, but the former has no reputation due to his anger.
၆။ ရန်သူသည် ရန်ဘက်ဖြစ်သူ အဆွေခင်ပွန်း နည်းစေလို၏။ မိမိပင် ဒေါသအခြေခံကြောင့် အဆွေခင်ပွန်း နည်းရ၏။
6: An enemy wishes of an enemy to have no any friends, but the former has no good friend due to his anger.
၇။ ရန်သူသည် ရန်ဘက်ဖြစ်သူ သေပြီးနောက် အပါယ်လားရောက်စေလို၏။ မိမိပင် ဒေါသအခြေခံကြောင့် သေပြီးနောက် အပါယ်လားရောက်ရ၏။
7: An enemy wishes of an enemy to be reborn at a lower realm, but the former will be reborn at a lower realm due to his anger.

အမျိုး ၄ ပါး

(အိန္ဒိယ)
Four castes/classes in India–tradition:
၁။ ဗြဟ္မဏ – ပုဏ္ဏားမျိုး
1: Brahmin – priest class,
၂။ ခတ္တိယ – မင်းမျိုး
2: Khattiya – warrior class,
၃။ ဝေဿ – ကုန်သည် လယ်လုပ်မျိုး
3: Vessa – worker/employee class,
၄။ သုဒ္ဒ – သူဆင်းရဲမျိုး။
4: Sudda – servant/slave class.

အမျိုးဇာတ် ၆ မျိုး

Six breeds/castes:
၁။ မည်းညစ်ပြီး (အမျိုးနိမ့်) မည်းညစ်သောသဘော (မကောင်းမှုပြုခြင်း) ကို ဖြစ်စေသော အမျိုး
1: Black breed (low caste), breeding black (bad deed) dhamma,
၂။ မည်းညစ်ပြီး ဖြူစင်သောသဘောကို ဖြစ်စေသော အမျိုး
2: black breed, breeding white (good deed) dhamma,
၃။ မည်းညစ်ပြီး မည်းညစ်သည်လည်းမဟုတ် ဖြူစင်သည်လည်းမဟုတ်သဘော(နိဗ္ဗာန်)ကို ဖြစ်စေသောအမျိုး
3: black breed, breeding neither black nor white dhamma (Nibbāna),
၄။ ဖြူစင်ပြီး မည်းညစ်သော သဘောကို ဖြစ်စေသော အမျိုး
4: white (high caste) breed, breeding black dhamma,
၅။ ဖြူစင်ပြီး ဖြူစင်သောသဘောကို ဖြစ်စေသော အမျိုး
5: white breed, breeding white dhamma,
၆။ မည်းညစ်သည်လည်းမဟုတ် ဖြူစင်သည်လည်းမဟုတ်သဘောကို ဖြစ်စေသော အမျိုး
6: white breed, breeding neither black nor white dhamma.

အမျှဝေ

Sharing merits, transmitting merit/mental–power.

အမြဲ မပြတ် ဆင်ခြင်အပ်သော တရား ၅ ပါး

Five dhamma that should be frequently pondered/reflected:
၁။ ဇရာ – အိုခြင်း
1: Old age,
၂။ ဗျာဓိ – နာခြင်း
2: sickness,
၃။ မရဏ – သေခြင်း
3: death,
၄။ ပိယေဟိ နာနာဘာဝ ဝိနာဘာဝ – ချစ်ခင်နှစ်သက်သူတို့နှင် သေခွဲ ရှင်ခွဲ ကွဲခြင်း
4: separation with those who are near and dear,
၅။ ကမ္မသကော ကမ္မဒါယာဒေါ – မိမိကံသာလျှင် ကိုယ်ပိုင်ဥစ္စာ – မိမိကံ၏ အမွေခံ ဖြစ်ခြင်း။
5: heir of one’s own kamma.

အမြင့်မြတ်ဆုံးတရား ၄ ပါး

(ဓမ္မပဒ နှင့် မဇ္စျိမနိကာယပါဠိ)
Four noblest and above–all dhammas/things
(Dhammapada and the Middle Length Discourses):
၁။ ကျန်းမာခြင်းသည် အမြင့်မြတ်ဆုံး လာဘ်ကြီးတည်း။
1: Health is the best/nobelest gain.
၂။ ရောင့်ရဲခြင်းသည် အမြင့်မြတ်ဆုံး ပစ္စည်းဥစ္စာတည်း။
2: Contentment is the best/nobelest wealth.
၃။ ချစ်ကျွမ်းဝင်ခြင်းသည် အမြင့်မြတ်ဆုံး ဆွေမျိုးတည်း။
3: Friendliness is the best/nobelest kids and kins.
၄။ နိဗ္ဗာန်သည် အမြင့်မြတ်ဆုံး ချမ်းသာတည်း။
4: Nibbāna is the best/nobelest blessing/happiness.

အမြတ်ဆုံးတရား ၆ ပါး

Six above–all dhammas/things:
၁။ အမြတ်ဆုံး အမြင် – ဘုရား နှင့် သံဃာတော်ကို ဖူးမြင်ရခြင်း
1: The sight above–all: seeing the Buddda and His disciples,
၂။ အမြတ်ဆုံး အကြား – တရားတော်ကို နာကြားရခြင်း
2: the sound above–all: listening to the dhamma,
၃။ အမြတ်ဆုံး လာဘ် – သဒ္ဓါတရား ရှိခြင်း
3: the gain above–all: gaining faith/confidence,
၄။ အမြတ်ဆုံး သိက္ခာကျင့်ဝတ် – ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်ကြံခြင်း
4: the training above–all: training in accordance with the Buddha’s teachings,
၅။ အမြတ်ဆုံး လုပ်ကျွေးခြင်း – ဘုရား နှင့် သံဃာတော်ကို လုပ်ကျွေးခြင်း
5: the service above–all: serving Buddha and His disciples,
၆။ အမြတ်ဆုံး အောင့်မေ့ခြင်း – ရတနာသုံးပါးဂုဏ်ကို အောင့်မေ့ခြင်း။
6: the reflecting above–all: reflecting on the qualities of Triple Gem.

အမြတ်ဆုံးတရား ၆ ပါး

(ထိုးထွင်း သိရမည့် တရား။ ခြောက်ပါးစု – အနုတ္တရိယ = အမြတ်ဆုံးတရား ၆ ပါး _ရှု)

အမြတ်ဆုံးအရာ ၄ မျိုး

The best four:
၁။ အခြေနှစ်ချောင်းတို့တွင် ဘုရားရှင်သည် အမြတ်ဆုံး
1: Among bipeds, the enlightened one is the best.
၂။ အခြေလေးချောင်းတို့တွင် အာဇာနည် ဆင်။မြင်းသည် အမြတ်ဆုံး
2: Among four–leged animals, a noble house/elephant is the best.
၃။ ဇနီးမယားတို့တွင် ခင်ပွန်းလင်ကို နှစ်သက်စေတတ်သော မယားသည် အမြတ်ဆုံး
3: Among wives, the one who makes her husband pleased is the best.
၄။ သားသမီးတို့တွင် မိဘစကားနားထောင်သူသည် အမြတ်ဆုံး။
4: Among kids, the one who obeys his/her pareants is the best.

အမွှေးတိုင် လှူရကျိုး ၁ဝ ပါး

Ten benefits of donating joss stick:
၁။ ကိုယ်ရနံ့ မွှေးခြင်း
1: good bodily smell,
၂။ အခြံအရံများခြင်း
2: entourage,
၃။ လျှင်သော ပညာရှိခြင်း
3: quick wisdom,
၄။ ကျော်စောခြင်း
4: fame,
၅။ ထက်သော ပညာရှိခြင်း
5: sharp wisdom,
၆။ မြေကြီးထုနှင့်တူသော ပညာရှိခြင်း
6: wisdom like the earth,
၇။ ရွှင်သော ပညာရှိခြင်း
7: jolly wisdom,
၈။ နက်နဲသော ပညာရှိခြင်း
8: deep wisdom,
၉။ ပြန့်ပြောသော ပညာရှိခြင်း
9: broad wisdom,
၁ဝ။ သွက်လက်တည်တန့်သော ပညာရှိခြင်း။
10: tough wisdom.

အယုတ် (ပါပက) တရား စုံတွဲများ

(ဓမ္မဒါယာဒသုတ်။ မဇ္စျိမနိကာယ်)
Pairs of evil (Dhamma–dāyāda Sutta, Majjhima–nikāya):
၁။ လောဘ – လိုချင်တပ်မက်ခြင်း နှင့် ဒေါသ – အမျက်ကြီးခြင်း
1: Greed and hate,
၂။ ကောဓ – အမျက်ထွက်ခြင်း နှင့် ဥပနာဟ – ရန်ငြှိုးဖွဲ့ခြင်း
2: anger and revenge,
၃။ မက္ခ – ဂုဏ်ဖျက်ခြင်း နှင့် ပဠာသ – ဂုဏ်ပြိုင်ခြင်း
3: contempt and a domineering attitude,
၄။ ဣဿာ – ငြူစူခြင်း နှင့် မစ္ဆေရ – ဝန်တိုခြင်း
4: envy and avries,
၅။ မာယာ – လှည့်ပတ်ခြင်း နှင့် သာဌေယျ – ဟန်ဆောင်ခြင်း
5: deceit and fraud,
၆။ ထမ္ဘ – ခက်ထန်ခြင်း နှင့် သာရမ္ဘ – ချုတ်ချယ်ခြင်း
6: obstinacy and presumption,
၇။ မာန – မောက်မာခြင်း နှင့် အတိမာန – အလွန်မောက်မာခြင်း
7: conceit and arrogance,
၈။ မဒ – မာန်ယစ်ခြင်း နှင့် ပမာဒ – မေ့လျော့ခြင်း။
8: vanity and negligence.

အရက်သေစာသောက်သုံးကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး

(သုရာမေရယကံမြောက်ခြင်း၏ အင်္ဂါ ၄ ပါး _ရှု)

အရညကင် (ကင်္ဂ)

တောရဆောက်တည်ခြင်း The exercise of the forest–dweller.

အရဏဝိဘင်္ဂ တရား ၆ ပါး

Six things that kick mental dusts/defilements out:
၁။ အယုတ်တရား နှစ်ပါး မလိုက်စားပဲ အလယ်အလတ်လမ်းစဉ်ကို ကျင့်ခြင်း
1: Following the middle path by avoiding the two extremes,
၂။ မမြှောက် မနှိမ်ချပဲ ဓမ္မဓိဋ္ဌာန်ဖြင့် ဟောပြောခြင်း
2: speaking/preaching naturally by avoiding flattering and humiliation,
၃။ အပြင်သုခ အတွင်းသုခ နှစ်ပါးတွင်း အတွင်း (အဇ္စျတ္တသုခ) ကို အလေးပေးခြင်း
3: emphasizing internal happiness than external one,
၄။ တစ်စုံတစ်ဦး အကြောင်းကို မျက်မှောက်မှာဖြစ်ဖြစ် မျက်ကွယ်မှာဖြစ်ဖြစ် အကျိုးရှိမှပြောခြင်း
4: speaking welfare of a person both his presence and absence,
၅။ ဟော ပြောရာ၌ မလျင်မစောစေပဲ ချောမောပြေပြစ်စွာဟောပြောဆိုခြင်း
5: speaking or preaching not in haste but in smooth,
၆။ အရပ်ဒေသအလိုက်သုံးသော စကားဝေါဟာရများကို နားလည်ခြင်း။
6: understanding the usage (language) of certain regions.

အရပ် ၆ မျက်နှာ ကိုယ်စားပြုရာ ၆ ပါး

သိင်္ဂါလသုတ်လာ သင်္ကေတ
Representation of six directions according to Siṅgāla Sutta:
၁။ အရှေ့ – မိဘ သားသမီး
1: East – parents and kids,
၂။ တောင် – ဆရာ တပည့်
2: south – teachers and students,
၃။ အနောက် – ခင်ပွန်း ဇနီး
3: west – husband and wife,
၄။ မြောက် – မိတ်ဆွေ သင်္ဂဟ
4: north – friends,
၅။ အောက် – အလုပ်ရှင် – ကျွန်။ အလုပ်သမား
5: below (nadir) – master and slaves/servants, boss and employee,
၆။ အထက် – ရဟန်း ပုဏ္ဏား
6: above (zenith) – monks and Brahmins (spiritual teachers).

အရဟတ္တဖိုလ်ရောက်ကြောင်း

ဝိမုတ္တိ ပရိပါစနီယ – တရား ၁၅ ပါး (ရင့်ကျက်စေကြောင်း – အရဟတ္တဖိုလ် ရောက်ကြောင်း – ဝိမုတ္တိ ပရိပါစနီယ တရား ၁၅ ပါး _ရှု)

အရဟမည်ခြင်း၏ အကြောင်းတရား ၇ ပါး

A person is called ‘araha’ who is remote from seven things:
၁။ သက္ကာယဒိဋ္ဌိမှ ဝေးကွာခြင်း
1: Personal–existence view is remote;
၂။ ဝိစိကိစ္ဆာမှ ဝေးကွာခြင်း
2: doubt is remote;
၃။ သီလဗ္ဗတမရာမာသမှ ဝေးကွာခြင်း
3: wrong grasp of observances is remote;
၄။ ရာဂမှ ဝေးကွာခြင်း
4: lust is remote;
၅။ ဒေါသမှ ဝေးကွာခြင်း
5: hatred is remote;
၆။ မောဟမှ ဝေးကွာခြင်း
6: delusion is remote;
၇။ မာနမှ ဝေးကွာခြင်း။
7: conceit is remote.

အရိယ ကထာ (အရိယာ စကား) ၁ဝ မျိုး

Ten kinds of noble talk/speech:
၁။ အပိစ္ဆ ကထာ = အလိုနည်းပါးခြင်းနှင့် စပ်သောစကား
1: Talk on less–needness,
၂။ သန္တုဋ္ဌိ ကထာ = ရောင့်ရဲတင်းတိမ်ခြင်းနှင့် စပ်သောစကား
2: on contentment,
၃။ ပဝိဝေက ကထာ = ဆိပ်ငြိမ်အေးချမ်ခြင်းနှင့် စပ်သောစကား
3: on sereneness,
၄။ အသံသဂ္ဂ ကထာ = မရောနှော မပတ်သက်ခြင်းနှင့် စပ်သောစကား
4: on not dealing with social activities,
၅။ ဝီရိယာရမ္ဘ ကထာ = အားထုတ်ကြိုးစားခြင်းနှင့် စပ်သောစကား
5: on effort,
၆။ သီလ ကထာ= ကိုယ်ကျင့်သီလနှင့် စပ်သောစကား
6: on virtue, on moral conduct,
၇။ သမာဓိ ကထာ = တည်ငြိမ်မှု သမာဓိနှင့် စပ်သောစကား
7: on concentration,
၈။ ပညာ ကထာ = အသိပညာနှင့် စပ်သောစကား
8: on wisdom,
၉။ ဝိမုတ္တိ ကထာ= သံသရာမှ လွတ်မြောက်မှုနှင့် စပ်သောစကား
9: on deliverance,
၁ဝ။ ဝိမုတ္တိဉာဏ ဒဿန ကထာ = သံသရာမှ လွတ်မြောက်မှု ဉာဏ်အမြင်နှင့် စပ်သောစကား။
10: on pondering of deliverance.

အရိယ မဂ္ဂင် ၈ ပါး

(မဂ္ဂင် ၈ ပါး – အရိယာ။ သမ္မာ – _ရှု)

အရိယမည်ခြင်း၏ အကြောင်းတရား ၇ ပါး

A person is called ‘ariya’ who destroys seven things:
၁။ သက္ကာယဒိဋ္ဌိကို ဖျက်ဆီးခြင်း
1: Personal–existence view is destroyed;
၂။ ဝိစိကိစ္ဆာကို ဖျက်ဆီးခြင်း
2: doubt is destroyed;
၃။ သီလဗ္ဗတမရာမာသကို ဖျက်ဆီးခြင်း
3: wrong grasp of observances is destroyed;
၄။ ရာဂကို ဖျက်ဆီးခြင်း
4: lust is destroyed;
၅။ ဒေါသကို ဖျက်ဆီးခြင်း
5: hatred is destroyed;
၆။ မောဟကို ဖျက်ဆီးခြင်း
6: delusion is destroyed;
၇။ မာနကို ဖျက်ဆီးခြင်း။
7: conceit is destroyed.

အရိယဝါသ။ အရိယဝိဟာရ

အရိယာပုဂ္ဂိုလ်တို့၏ နေထိုင်ခြင်း
Noble dwelling/abiding/living.

အရိယဝါသ

အရိယာပုဂ္ဂိုလ်တို့၏ နေထိုင်ခြင်း ၁ဝ မျိုး
Ten ways of noble–living:
၁။ တရားငါးပါးကို ပယ်ပြီးခြင်း (နီဝရဏတရားငါးပါး)
1: Abandoning five factors (five hindrances: lust, ill–will etc.),
၂။ တရား ခြောက်မျိုးနှင့် ပြည့်စုံခြင်း (ဒွါရခြောက်ပါးကို ထိမ်းသိမ်းခြင်း)
2: possessing six factors (indifferences views through six doors),
၃။ အစောင့်အရှောက် တစ်ခုရှိခြင်း (သတိတရားနှင့်ပြည့်စုံခြင်း)
3: guarding one factor (mindfulness),
၄။ မှီရာ လေးခုရှိခြင်း (ဆင်ခြင်၍ မှီဝဲ သည်းခံ ရှောင်ကြဉ် ပယ်စွန့်ခြင်း)
4: observing four bases (following, enduring, avoiding and suppressing with mindfulness),
၅။ ပယ်နှုတ်ပြီးသော သစ္စာရှိခြင်း (လောကသည် မြဲ၏။ မမြဲ။ အဆုံးရှိ၏။ အဆုံးမရှိစသော အယူဆယ်ချက်)
5: having shaken off individual view (The world is eternal, finite, etc., ten points),
၆။ ရှာမှီးခြင်းကို စွန့်ပြီးခြင်း (ကာမဂုဏ်တရားများကို မရှာဖွေတော့ပဲ ယင်းတို့ကို စွန့်ပြီးခြင်း)
6: having given up lodging/searching (searching for five sensual pleasures),
၇။ မနောက်ကျုသော (သန့်ရှင်းသော) စိတ်အကြံရှိခြင်း
7: having unclouded thought (no sensual pleasure thought),
၈။ ကာယသင်္ခါရ (ခန္ဓာကိုယ်ကိုပြုပြင်မှု) ငြိမ်းပြီးခြင်း
8: calm bodily action (no pleasure and no pain),
၉။ လွတ်မြောက်ပြီးသော စိတ်ရှိခြင်း (လောဘ ဒေါသ မောဟ တို့မှ)
9: well releasing in heart (from greed, anger and ignorance),
၁ဝ။ လွတ်မြောက်ပြီးသော ပညာရှိခြင်း (ရာဂ စသည်တို့မှ)။
10: well releasing by wisdom/insight (releasing from passion etc.).

အရိယ ဝံသ

အရိယာပုဂ္ဂိုလ်တို့၏ မျိုးနွယ်
Lineage of the noble ones.

အရိယ ဝံသတရား ၄ ပါး

Four ways of ariyan (holy–one’s) living:
၁။ စီဝရ သန္တောသ – အဝတ်သင်္ကန်း၌ ရောင့်ရဲလွယ်ခြင်း
1: Contentment in clothing,
၂။ ပိဏ္ဍပါတ သန္တောသ – ဆွမ်း စားသောက်ဖွယ်၌ ရောင့်ရဲလွယ်ခြင်း
2: in food,
၃။ သေနာသန သန္တောသ – ကျောင်း နေရာထိုင်ခင်း၌ ရောင့်ရဲလွယ်ခြင်း
3: in lodging,
၄။ ဘာဝနာရတ – တရားဘာဝနာ၌ မွေ့လျှော်ခြင်း။
4: delight in meditation.

အရိယ ဝေါဟာရ

အရိယာပုဂ္ဂိုလ်တို့၏ စကား
The mode of noble speech.

အရိယ ဝေါဟာရ (ဖြူစင်မြင့်မြတ်သော စကား) ၄ မျိုး –

Four modes of noble speech:
၁။ မုသာဝါဒါ ဝေရမဏိ – မဟုတ်မမှန်သော စကား မပြောကြားခြင်း
1: Refraining from lying,
၂။ ပိသုဏဝါစာ ဝေရမဏိ – ကုန်းတိုက်စကား မပြောကြားခြင်း
2: from slandering/back–biting,
၃။ ဖရုသဝါစာ ဝေရမဏိ – ရိုင်းပြ ကြမ်းတမ်းသောစကား မပြောကြားခြင်း
3: from abusive/harsh language,
၄။ သမ္ဖပ္ပလာပဝါစာ ဝေရမဏိ – သိမ်ဖျင်း အသုံးမကျသောစကား မပြောကြားခြင်း။
4: from idle/vain talks.

အရိယ ဝေါဟာရ (ဖြူစင်မြင်မြတ်သော စကား) ၈ မျိုး –

Eight modes of noble speech:
၁။ အဒိဋ္ဌေ အဒိဋ္ဌဝါဒိတာ – မမြင်သည်ကို မမြင်ဟု ပြောဆိုခြင်း
1: Saying that one has not seen what one has not seen.
၂။ အသုတေ အသုတဝါဒိတာ – မကြားသည်ကို မကြားဟု ပြောဆိုခြင်း
2: saying that one has not heard what one has not heard.
၃။ အမုတေ အမုတဝါဒိတာ – မတွေ့သည်ကို မတွေ့ဟု ပြောဆိုခြင်း
3: saying that one has not sensed what one has not sensed.
၄။ အဝိညာတေ အဝိညာတဝါဒိတာ – မသိသည်ကို မသိဟု ပြောဆိုခြင်း
4: saying that one has not cognized what one has not cognized.
၅။ ဒိဋ္ဌေ ဒိဋ္ဌဝါဒိတာ – မြင်သည်ကို မြင်၏ဟု ပြောဆိုခြင်း
5: saying that one has seen what one has seen.
၆။ သုတေ သုတဝါဒိတာ – ကြားသည်ကို ကြား၏ဟု ပြောဆိုခြင်း
6: saying that one has heard what one has heard.
၇။ မုတေ မုတဝါဒိတာ – တွေ့သည်ကို တွေ့၏ ဟုပြောဆိုခြင်း
7: saying that one has sensed what one has sensed.
၈။ ဝိညာတေ ဝိညာတဝါဒိတာ – သိသည်ကို သိ၏ဟု ပြောဆိုခြင်း။
8: saying that one has cognized what one has cognized.
(အနရိယ ဝေါဟာရ – ယုတ်ညံ့သော စကား – ၈ မျိုးတို့မှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Eight modes of ignoble speech are opposite of the above.)

အရိယသစ္စာ

ဖြူစင်မြင့်မြတ်သော အမှန်တရား
Noble truth, faultless truth.

အရိယာတို့ဆင်ခြင်ပြီး ရှောင်ကြဉ်သော တရား ၈ ပါး

(အရိယာဝိနယ – အရိယာတို့ဆင်ခြင်ပြီး ရှောင်ကြဉ်သော –
တရား ၈ ပါး _ရှု)

အရိယာ ပုဂ္ဂိုလ်

ဖြူစင်မြင့်မြတ်သောသူ
The holy/noble one/person, saint.

အရိယာ ပုဂ္ဂိုလ် ၄ ယောက်

Four stages of holy persons:
၁။ သောတာပန်
1: Stream–winner, stream–enterer,
၂။ သကဒါဂါမ်
2: once–returner,
၃။ အနာဂါမ်
3: never–returner,
၄။ ရဟန္တာ။
4: arahant, saint, holy one.

အရိယာ ပုဂ္ဂိုလ် ၇ မျိုး

(ပုဂ္ဂိုလ် ၇ မျိုး – အရိယာ ပုဂ္ဂိုလ် _ရှု)

အရိယာ ပုဂ္ဂိုလ် ၈ ယောက်

Eight noble ones/individuals:
၁။ သောတာပတ္တိ မဂ် ပုဂ္ဂိုလ်
1: The one realizing the path of stream–winning,
၂။ သောတာပတ္တိ ဖိုလ် ပုဂ္ဂိုလ်
2: the one realizing the fruition of stream–winning,
၃။ သကဒါဂါမိ မဂ် ပုဂ္ဂိုလ်
3: the one realizing the path of once–return,
၄။ သကဒါဂါမိ ဖိုလ် ပုဂ္ဂိုလ်
4: the one realizing the fruition of once–return,
၅။ အနာဂါမိ မဂ် ပုဂ္ဂိုလ်
5: the one realizing the path of non–return,
၆။ အနာဂါမိ ဖိုလ် ပုဂ္ဂိုလ်
6: the one realizing the fruition of non–return,
၇။ အရဟတ္တ မဂ် ပုဂ္ဂိုလ်
7: the one realizing the path of holiness,
၈။ အရဟတ္တ ဖိုလ် ပုဂ္ဂိုလ်။
8: the one realizing the fruition of holiness.

အရိယာ ပုဂ္ဂိုလ်တို့၏ ကျင့်ဝတ်၌

(ရုဏ္ဏသုတ်။ တိကနိပါတ။ အင်္ဂုတ္တရပါဠိ)
In the Noble One’s discipline:
၁။ သီချင်းသီဆိုခြင်းသည် ငိုကျွေးခြင်းပင်တည်း
1: Singing is wailing.
၂။ ကခုန်ခြင်းသည် ရူးသွပ်ခြင်းပင်တည်း
2: Dancing is madness.
၃။ ပျင်းထန်စွာ ရယ်မောခြင်းသည် ကလေးဆန်သော (မရင့်ကျက်သော) အပြုအမူပင်တည်း။
3: Laughing hard excessively is childishness.

အရိယာ ပုဂ္ဂိုလ်များ ဆင်ခြင်တွေးတောပြီး ကျေနပ်မှုများ

(ကောသမ္ဗိယသုတ်။ မူလပဏ္ဏာသပါဠိ)
Happiness of the noble–ones after the following thoughts:
၁။ နီဝရဏကင်းလျှက် ရန်လိုစိတ်များမရှိဟု မိမိကိုယ်ကို သိမြင်ပြီး ကျေနပ်ခြင်း
1: A noble person (ariya) is pleased by reflecting that ‘My mind is not obsessed by five hindrances and hostility’;
၂။ စိတ်အေးငြိမ်း ချမ်းသာလေစွဟု မိမိကိုယ်ကို သိမြင်ပြီး ကျေနပ်ခြင်း
2: that ‘My mind is calmed and in peace’;
၃။ ဤသာသနာတော်၌သာ ဤကျင့်စဉ်မျိုးရနိုင်၍ အခြားသော အယူဝါဒများ၌ ဤကျင့်စဉ်မျိုးမရနိုင်ဟု မိမိကိုယ်ကို သိမြင်ပြီး ကျေနပ်ခြင်း
3: that ‘Such noble practices are available in the Buddha’s Teaching (sāsanā), not in others’ teachings’;
၄။ အာပတ်တစ်ခုခု ကျူးလွန်မိက ချက်ချင်းသိပြီး အာပတ်ဖြေသော ကျင့်ဝတ်များရှိ၏ဟု မိမိကိုယ်ကို သိမြင်ပြီး ကျေနပ်ခြင်း
4: that ‘there are ways that minor offences can be confessed immediately’;
၅။ ငါသည် မှန်ကန်သော အယူနှင့် ပြည့်စုံ၏ဟု မိမိကိုယ်ကို သိမြင်ပြီး ကျေနပ်ခြင်း
5: that ‘I have right view’;
၆။ မှန်ကန်သော အယူကြောင့် ဘုရားအဆုံးအမကို ရိုသေလေစား နာကြားရပေ၏ဟု မိမိကိုယ်ကို သိမြင်ပြီး ကျေနပ်ခြင်း။
6: that ‘I can respectfully practice Buddha’s teachings in accordance with the right view’;
၇။ မှန်ကန်သော အယူကြောင့် မြင်ြ့မတ်သောအား (သောတာပန်အဖြစ်) နှင့် ပြည့်စုံ၏ဟု မိမိကိုယ်ကို သိမြင်ပြီး ကျေနပ်ခြင်း။
7: that ‘Such practice leads me to stream–winnership (sotāpanna).

အရိယာ ပုဂ္ဂိုလ်များ နှလုံးမသွင်း မကျူးလွန်တော့သော အရာ ၈ မျိုး

Eight things the Holy–ones do not do:
၁။ သင်္ခါရတရားတို့ကို သုခဟု နှလုံးမသွင်းခြင်း
1: No thought/contemplation of happiness on the conditioned,
၂။ သင်္ခါရတရားတို့ကို အတ္တဟု နှလုံးမသွင်းခြင်း
2: no belief in self/soul,
၃ မှ ၇။ ကံကြီးငါးပါး မကျူးလွန်တော့ခြင်း (ကံကြီး ၅ ပါး _ရှု)
3 –
7: no five deadly sins,
၈။ ဘုရားသာသနာမှတပါး အခြားသောဆရာကို မရှာတော့ခြင်း။
8: no searching for a teacher rather than Lord Buddha.

အရိယာ ပုဂ္ဂိုလ်များ ဘဝဒုက္ခ နည်းပါးခြင်း ဥပမာများ

(အဘိသမယသံယုတ်။ နိဒါနဝဂ္ဂသံယုတ္တပါဠိ + ဒုတိယ သိနေရုပဗ္ဗတရာဇသုတ်။ နခသီခသုတ်။ ပေါက္ခရဏီသုတ်။ သံဘေဇ္ဇသုတ်။ မဟာပထဝီသုတ် စသည့်သုတ်များ – သစ္စသံယုတ် ၌ ဥပမာများစွာ ပါရှိသည်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
Similes regarding the trifle suffering of nobile ones (ariyā):
၁။ လက်သဲပေါ်မှာတင်ထားသော မြေကြီးမှုံ့နှင့် မဟာပထဝီမြေထုကြီး
(အရိယာတို့၏ ဒုက္ခသည် လက်သဲပေါ်ရှိ မြေမှုံ့လောက်သာဖြစ်သည်)
1: A bit of soil in the fingernail and the great earth (Life suffering of noble ones is like a bit of soil in the fingennail compared to ordinary persons.)
၂။ မြက်ရွက်ဖျားရှိ ရေ နှင့် ယူဇနာ ၅ဝ စီ အလျှား အနံ အနက် ရေအပြည့်ရှိရေကန်ကြီးထဲမှ ရေ
2: two or three drops of water and the water in a great pond of 50x50x50 yujanā,
၃။ ရေနှစ်စက် သုံးစက် နှင့် မြစ်ကြီးငါးသွယ်တို့မှ ရေ
3: two or three drops of water and the water in the five great rivers,
၄။ ရေနှစ်စက် သုံးစက် နှင့် ပင်လယ် သမုဒ္ဒရာအတွင်းမှ ရေ
4: two or three drops of water and the water in the great ocean,
၅။ ဆီးစေ့ ၇ စေ့မျှရှိသော မြေကြီးခဲနှင့် မဟာပထဝီမြေထုကြီး
5: seven seeds of jujube–fruit (mung beans) and the great earth,
၆။ မုန့်ညှင်းစေ့မျှရှိသော ကျောက်စရစ် ၇ ခဲနှင့် ဟိမဝန္တာတောင်။
6: seven mustard seeds and the great Himalaya Mountain,
၇။ မုန့်ညှင်းစေ့မျှရှိသော ကျောက်စရစ် ၇ ခဲနှင့် မြင့်မိုရ်တောင်မင်း
7: seven mustard seeds and the great Mt. Meru.

အရိယာ ပုဂ္ဂိုလ်များ အသီးသီး ပယ်သတ်သော ကိလေသာများ

(ဝိသုဒ္ဓိမဂ္ဂပါဠိ ဒုတိယ)
Each Noble person’s elimination of defilements/fetters:
၁။ သောတာပန် ပုဂ္ဂိုလ်သည် ဒိဋ္ဌိ ဝိစိကိစ္ဆာနှင့် သီလဗ္ဗတပရာမာသ တို့ကို ပယ်သည်။ ထိုအတူ အဂတိ တရား လေးပါး။ ကာယဒုစရိုက် သုံးပါး။ မုသာဝါဒ။ မိစ္ဆာဇီဝ။ မိစ္ဆာဒိဋ္ဌိ တို့ကိုလည်းပယ်သည်။
1: Stream–winner, stream–enterer: identity view, doubt and wrong grasp of rules and observances/rituals, four wrong going after (agati), three wrong bodily actions, lying, wrong livelihood and wrong view,
၂။ သကဒါဂါမ် ပုဂ္ဂိုလ်သည် ပယ်သည့်ကိလေသာ သီးခြားမရှိ။ သို့သော် အကြမ်းစား လောဘ ဒေါသ မောဟ မရှိ။ နည်းပါးသွားသည်။
2: once–returner: none but weakens lust, hatred and delusion/ignorance,
၃။ အနာဂါမ် ပုဂ္ဂိုလ်သည် ကာမ ရာဂ နှင့် ဒေါသ တို့ကို ပယ်သည်။ အလားတူ မိစ္ဆာသင်္ကပ္ပ ပိသုဏဝါစာ ဖရုသဝါစာ။ ဗျာပါဒ (ကုက္ကုစ္စ) တို့ကိုလည်း ပယ်သည်။
3: never–returner: sensual lust and ill–will, wrong thought, gossiping,
harsh words, and restlessness,
၄။ ရဟန္တာ ပုဂ္ဂိုလ်သည် ကိလေသာ အားလုံးကို ပယ်သည်။ အလားတူ သမ္ဖပ္ပလာပ။ မိစ္ဆာဝါယာမ။
မိစ္ဆာသတိ။ မိစ္ဆာသမာဓိ။ မိစ္ဆာဝိမုတ္တိ တို့ကိုလည်းပယ်သည်။
4: arahant, saint, holy one: all mental defilements, vain talk, wrong effort, wrong awareness, wrong concentration and wrong liberation.

အရိယာဝိနယ (အရိယာတို့ဆင်ခြင်ပြီး ရှောင်ကြဉ်သော) တရား ၈ ပါး

Eight things that the noble–ones never transgress:
၁။ အသက်သတ်ခြင်း
1: Killing any living–beings,
၂။ ခိုးယူခြင်း
2: stealing,
၃။ မဟုတ်မမှန်ပြောဆိုခြင်း
3: telling lies,
၄။ ကုန်းတိုက်စကား ပြောဆိုခြင်း
4: back–biting,
၅။ ဂိဒ္ဓလောဘ – တက်မက်ခြင်း
5: lust, strong attachment,
၆။ နိန္ဒ ရာသ – ကဲ့ရဲ့ချုပ်ချယ်ခြင်း
6: blaming,
၇။ ကောဓုပါယာသ – အမျက်ထွက် ရန်ငြိုးဖွဲ့ခြင်း
7: anger and grudge,
၈။ အတိမာန – မာနလွန်ကဲခြင်း။
8: pride.

အရိယာ သူတော်ကောင်းတို့အား ပြစ်မှားဆဲရေးသောရဟန်း၏ အပြစ် ၁ဝ မျိုး

(သူတော်ကောင်းတို့အား ပြစ်မှားဆဲရေးသောရဟန်း၏ အပြစ် ၁ဝ မျိုး _ရှု)

အရူပ ဗြဟ္မာ

Formless celestial beings.

အရူပ ဗြဟ္မာ ၄ ဘုံ

Four formless realms:
၁။ အာကာသာနဌာယတန
1: Boundless space,
၂။ ဝိညာဏဌာယတန
2: boundless consciousness,
၃။ အာကိဌညာယတန
3: nothingness,
၄။ နေဝသညာနာသညာယတန။
4: neither perception nor yet non–perception.

အရောင်အလင်း ၄ မျိုး

Four kinds of light:
၁။ နေရောင်
1: The light of the sun,
၂။ လရောင်
2: of moon,
၃။ မီးရောင်
3: of fire,
၄။ ပညာရောင်။ ဘုရားရှင်၏ တန်ခိုးတော်အရောင်။
4: of wisdom or of Buddha’s glory.

အရွယ် ၃ ပါး (ဝိသုဒ္ဓိမဂ်)

The three stages of a human’s life:
၁။ ပဌမ အရွယ် – ဖွါးမြင်စမှ ၃၃ နှစ်အထိ
1: The first stage (from birth to 33),
၂။ မဇ္စျိမ အရွယ် – ၃၃ မှ ၆၆ နှစ်အထိ
2: the middle stage (from 34 to 66),
၃။ ပစ္ဆိမ အရွယ် – ၆၆ မှ ၉၉ နှစ်အထိ
3: the last stage (from 67 to 100).

အရွယ် အသက်ကို ၁ဝ နှစ်စီ ပိုင်းခြားခြင်း

(ဝိသုဒ္ဓိမဂ်)
The ten decades of a human’s life:
၁။ မန္ဒ ဒသက – အားနည်းသောအရွယ် (ပထမ ၁ဝ နှစ်)
1: the tender decade (1 to 10 years of age),
၂။ ခိဋ္ဋာ ဒသက – ပျော်မြူးသောအရွယ်
2: the sport decade (11 to 20 years of age),
၃။ ဝဏ္ဏ ဒသက – အဆင်းလှသောအရွယ်
3: the beauty decade (21 to 30 years of age),
၄။ ဗလ ဒသက – အားကောင်းသောအရွယ်
4: the strength decade (31 to 40 years of age),
၅။ ပညာ ဒသက – ပညာရင့်သောအရွယ်
5: the understanding decade (41 to 50 years of age),
၆။ ဟာနိ ဒသက – ယုတ်လျော့သောအရွယ်
6: the decline decade (51 to 60 years of age),
၇။ ပဗ္ဘာရ ဒသက – ကိုင်းသောအရွယ်
7: the stooping decade (61 to 70 years of age),
၈။ ဝင်္က ဒသက – ကုန်းသောအရွယ်
8: the bent decade (71 to 80 years of age),
၉။ မောမူဟ ဒသက – တွေဝေသောအရွယ်
9: the dull/dotage decade (81 to 90 years of age),
၁ဝ။ သယန ဒသက – အိပ်ယာ၌ လဲလျောင်းသောအရွယ်။
10: the prone decade (91 to 100 years of age).

အရှက် (ဟိရီ) ဖြစ်ရန်အကြောင်း ၄ ပါး

Four ways to get shameful for doing bad:
၁။ အမျိုးဇာတ်ကို ဆင်ခြင်၍ ရှက်မှုကိုဖြစ်စေခြင်း (မကောင်းမှုလုပ်ရန် ရှက်ခြင်း)
1: Moral shame (not to do evil) by thinking about one’s own family,
၂။ အသက်အရွယ်ကို ဆင်ခြင်၍ ရှက်မှုကိုဖြစ်စေခြင်း
2: about one’s own age,
၃။ ရဲရင့်သူ၏ အဖြစ်ကို ဆင်ခြင်၍ ရှက်မှုကိုဖြစ်စေခြင်း
3: about one’s own courage,
၄။ အကြားအမြင်များသူ၏အဖြစ်ကို ဆင်ခြင်၍ ရှက်မှုကိုဖြစ်စေခြင်း။
4: about one’s own wisdom and knowledge.

အရှင်သခင် ကျင့်ဝတ် ၅ ပါး

Five ways a master should minister to his slaves and workers:
၁။ ကျွန်အလုပ်သမားတို့၏ စွမ်းအားအလိုက် အလုပ်တာဝန်ပေးခြင်း
1: Arranging their works according to their strength,
၂။ အစားအသောက် ငွေကြေးထောက်ပံ့ပေးခြင်း
2: supplying them with food and wages,
၃။ နေမကောင်းဖြစ်က ဆေးကုသ စောင့်ရှောက်ခြင်း
3: looking after them when the are ill,
၄။ ကောင်းမွန်မြင့်မြတ်သော အစားအသောက်ကို မျှဝေပေးခြင်း
4: sharing special delicacies with them,
၅။ သင့်တော်သော ရက်အားပေးခြင်း (အနားပေးခြင်း)။
5: letting them off work at the right time.

အလင်္ကာ

(သုဗောဓာလင်္ကာရ) ကျမ်း
Book on rhetoric.

အလုပ်ကိစ္စ ၄ မျိုး

Four kinds of work:
၁။ လုပ်ကိုင်ရာ၌ နှစ်သက်ဘွယ်မရှိ အကျိုးလည်းမရှိသော အလုပ်
1: Work, unpleasant as well as unprofitable,
၂။ လုပ်ကိုင်ရာ၌ နှစ်သက်ဘွယ်မရှိ သို့သော် အကျိုးရှိသော အလုပ်
2: unpleasant but profitable,
၃။ လုပ်ကိုင်ရာ၌ နှစ်သက်ဘွယ်ရှိသော်လည်း အကျိုးကားမရှိသော အလုပ်
3: pleasant but unprofitable,
၄။ လုပ်ကိုင်ရာ၌ နှစ်သက်ဘွယ်လည်းရှိ အကျိုးလည်းရှိသော အလုပ်။
4: pleasant and profitable.

အလုပ်သမား ကျင့်ဝတ် ၅ ပါး

(ကျွန်။ အလုပ်သမား ကျင့်ဝတ် ၅ ပါး _ရှု)

အလုပ်အကျွေး ပြုခြင်း ပညတ်ချက်

(လုပ်ကျွေး ပြုစုခြင်း ပညတ်ချက် – ဗြဟ္မဏများ – _ရှု)

အလိုနည်းခြင်း (အပိစ္ဆ) ၄ မျိုး

Four kinds of few–wants:
၁။ ပစ္စယ အပိစ္ဆ = ပစ္စည်းလေးပါး၌ အလိုနည်းခြင်း
1: Few–wants concerning the four requisites,
၂။ အဓိဂမ အပိစ္ဆ = မဂ်ဖိုလ်တရားထူးရသည်ကို သူတပါးတို့ မသိစေလိုခြင်း
2: not letting others know one’s own attainment (magga and phala),
၃။ ပရိယတ္တိ အပိစ္ဆ = ပရိယတ္တိစာပေ တတ်ကျွမ်းသည်ကို သူတပါးတို့ မသိစေလိုခြင်း
3: not letting others know one’s own vast learning,
၄။ ဓုတင်္ဂ အပိစ္ဆ = ဓုတင်ဆောက်တည်သည်ကို သူတပါးတို့ မသိစေလိုခြင်း။
4: not letting others know one’s own observing austere practices (dhutaṅga).

အလိုရှိရာ ရှာဖွေပါ

(မဏိစူဠကသုတ်။ ဂါမဏိသံယုတ်။ သဠာယတနဝဂ္ဂ သံယုတ္တပါဠိ)
Seek what is needed:
၁။ မြက်ကို အလိုရှိသောသူသည် မြက်ကိုရှာ၏။
1: Straw may be saught by one needing straw.
၂။ သစ်သားကို အလိုရှိသောသူသည် သစ်သားကိုရှာ၏။
2: Timber may be saught by one needing timber.
၃။ လှည်းကို အလိုရှိသောသူသည် လှည်းကိုရှာ၏။
3: A cart may be saught by one needing a cart.
၄။ အလုပ်သမားကို အလိုရှိသောသူသည် အလုပ်သမားကိုရှာ၏။
4: A workman may be saught by one needing a workman.
(ရဟန်းတော်များသည် ရွှေငွေကို ရှာရန် ရဟန်းပြုသည် မဟုတ်သောကြောင့် ရွှေငွေကို ရှာဖွေ။ အလှူခံရမည် မဟုတ်။)
(Persons became monks not because of gold and silver; thus, they need not seek and receive them.)

အလိုရှိအပ် တောင့်တအပ်သောတရား ၁ဝ ပါး နှင့် ယင်းတို့ကို ရကြောင်း တရားအင်္ဂါများ

Ten desirable things and their causes:
၁။ စည်းစိမ်ဥစ္စာ ရကြောင်းအင်္ဂါ – ကြိုးစားမှု
1: Wealth its cause: effort,
၂။ အဆင်းလှခြင်း ရကြောင်းအင်္ဂါ – တန်ဆာဆင်မှု
2: beauty its cause: adornment,
၃။ အနာကင်းခြင်း ရကြောင်းအင်္ဂါ – သင့်လျှော်စွာ နေထိုင်မှု
3: health its cause: proper actions,
၄။ ကိုယ်ကျင့်သီလ ရကြောင်းအင်္ဂါ – မိတ်ဆွေကောင်းရှိမှု
4: virtue its cause: good friend,
၅။ မြတ်သောအကျင့် ရကြောင်းအင်္ဂါ – ဣန္ဒြေတို့ကို စောင့်စည်းမှု
5: holy life its cause: guarding the sense–doors,
၆။ မိတ်ဆွေကောင်း ရကြောင်းအင်္ဂါ – သစ္စာရှိ။ မချွတ်ယွင်းစေမှု
6: good friends its cause: truthfulness,
၇။ အကြားအမြင်များခြင်း ရကြောင်းအင်္ဂါ – ရွတ်ဖတ်သရဇ္စျာယ်မှု
7: vast learning its cause: repetition/reading,
၈။ ပညာကြီးခြင်း ရကြောင်းအင်္ဂါ – မေးမြန်းစုံစမ်းမှု
8: wisdom its cause: asking questions,
၉။ တရားဓမ္မ ရကြောင်းအ၈င်္ါ – စီစစ်ဆင်ခြင်မှု
9: dhamma its cause: examining and studying,
၁ဝ။ နတ်ရွာရောက်ခြင်း ရကြောင်းအင်္ဂါ – မှန်ကန်စွာကျင့်မှု။
10: heavenly world its cause: right practices.

အလှူခံ

One who receives offerings, receiver.

အလှူခံ တကျိပ်လေး ယောက်

Fourteen kinds of person who receive the gift/donation:
၁။ တိရစ္ဆာန်
1: Animals,
၂။ ဒုဿီလ – သီလမရှိသူ
2: amoral persons,
၃။ သီလဝန္တ – သီလရှိသူ
3: moral persons, persons of pure conduct,
၄။ သာသနာပ အဘိညာဉ်ရ
4: holy persons outside Buddha’s teaching, သူတော်စင်များ
၅။ သောတာပတ္တိ မဂ် ပုဂ္ဂိုလ်
5: the persons on the path of Stream–winning,
၆။ သကဒါဂါမိ မဂ် ပုဂ္ဂိုလ်
6: the persons on the path of Once–return,
၇။ အနာဂါမိ မဂ် ပုဂ္ဂိုလ်
7: the persons on the path of Non–return,
၈။ အရဟတ္တ မဂ် ပုဂ္ဂိုလ်
8: the persons on the path of Holiness/Arahant,
၉။ သောတာပတ္တိ ဖိုလ် ပုဂ္ဂိုလ်
9: the persons on the fruition of Stream–winning,
၁ဝ။ သကဒါဂါမိ ဖိုလ် ပုဂ္ဂိုလ်
10: the persons on the fruition of Once–return,
၁၁။ အနာဂါမိ ဖိုလ် ပုဂ္ဂိုလ်
11: the persons on the fruition of Non–return,
၁၂။ အရဟတ္တ ဖိုလ် ပုဂ္ဂိုလ်
12: the persons on the fruition of Holiness/Arahant,
၁၃။ ပစ္စေက ဗုဒ္ဓါ
13: Individual Buddha,
၁၄။ ဘုရားရှင်။
14: Universal Buddha.

အလှူခံ ပုဂ္ဂိုလ် ရှိရမည့် အရည်အချင်း ၄ ပါး

Five qualities that a receiver should possess:
၁။ အဇ္ဇဝ – စိတ်ထားဖြောင့်မတ်ခြင်း
1: Honesty,
၂။ ဇဝန – နိဗ္ဗာန်သို့ လျှင်စွာ ရောက်လိုခြင်း
2: earnestness to attain Nibbāna,
၃။ မဒ္ဒဝ – နူးညံ့ခြင်း
3: gentleness,
၄။ ခန္တီ – သည်းခံခြင်း
4: patience,
၅။ သောရစ္စ – စင်ကြယ်သော သီလရှိခြင်း။
5: pure moral conduct.

အလှူခံယူခြင်း၏ အတိုင်းအတာကို သိခြင်း (ပဋိဂ္ဂဟဏ မတ္တညုတာ) ၃ ပါး

Three things a receiver should consider for moderation:
၁။ လှူဘွယ်ဝတ္ထု၏ အနည်းအများ ပမာဏကိုသိခြင်း
1: Condisering the quantity of objects to be offered,
၂။ အလှူပေးသူ၏ ဆန္ဒ ပမာဏကိုသိခြင်း
2: condisering the extent of donor’s intention,
၃။ အလှူခံမိမိ၏ ပမာဏကိုသိခြင်း။
3: condisering the extent of receiver’s requirement.

အလှူခံသူ။ရဟန်းတော် ထားရမည့်စိတ်ဓာတ်

(ရဟန်းတော်များ ကျင့်ပွါးစရာ – ဒါယကာ ဒါယိကာမများ၏ လှူဒါန်းမှုနှင့်ပတ်သက်၍ ရဟန်းတော်များ ထားရမည့်စိတ်ဓာတ် _ရှု)

အလှူစင်ကြယ်မှု ၄ ပါး

Four purifications of offering:
၁။ ပေးလှူသူ စင်ကြယ်ပြီး အလှူခံ မစင်ကြယ်ခြင်း
1: The offering purified by the giver but not by the recipient,
၂။ အလှူခံ စင်ကြယ်ပြီး ပေးလှူသူ မစင်ကြယ်ခြင်း
2: by the recipient but not by the giver,
၃။ ပေးလှူသူ + အလှူခံ နှစ်မျိုးလုံး မစင်ကြယ်ခြင်း
3: by neither,
၄။ ပေးလှူသူ + အလှူခံ နှစ်မျိုးလုံး စင်ကြယ်ခြင်း။
4: by both.

အလှူဒါနကို တားမြစ်သူ၏ အန္တရာယ် ၃ မျိုး

Three dangers of a person who prevents another’s donation/alms–giving:
၁။ အလှူပေးသူ၏ ကုသိုလ်အန္တရာယ်ဖြစ်ခြင်း
1: Preventing the givers in acquiring merits,
၂။ အလှူခံသူ၏ လာဘ်ရရာ (ပစ္စည်း) အန္တရာယ်ဖြစ်ခြင်း
2: preventing the receivers from getting gift,
၃။ မိမိကိုယ်ကို တူးဖြို ဖျက်ဆီးခြင်း။
3: oneself is already ruined (by bad attitude).

အလှူဒါန အကျိုးရပုံ

(ကိံဒဒသုတ်။ သဂါထာဝဂ္ဂသံယုတ်) The particular fruit of certain gifts:
၁။ စားသောက်ဘွယ်လှူလျှင် ခွန်အားကို လှူသည်မည်၏။
1: One gives strength by giving food.
၂။ အဝတ်အစားလှူလျှင် အဆင်းကို လှူသည်မည်၏။
2: One gives beauty by giving clothes.
၃။ ယဉ်လှူလျှင် ချမ်းသာကို လှူသည်မည်၏။
3: One gives ease by giving vehicle.
၄။ ဆီမီးအလင်းရောင်လှူလျှင် မျက်စိအမြင်ကို လှူသည်မည်၏။
4: One gives sight by giving lamp (light).
၅။ ကျောင်းအဆောက်အဦလှူလျှင် အထက်ပါအားလုံးကို လှူသည်မည်၏။
5: One gives all by giving residence.
၆။ တရားဟောပြ ဆိုဆုံးမလျှင် မသေရာအမြိုက် (နိဗ္ဗာန်) ကို လှူသည်မည်၏။
6: One gives the Deathless by teaching the dhamma.

အလှူ ရေစက်

Donation water, libation water, dropping water.

အလှူ ရေစက် လက်နှင့်မကွာ

Frequent giver, generous donor.

အလှူဝတ္ထု

Offertories, things to be donated/offered.

အလှူဝတ္ထု ၁ဝ ပါး

(ဒါနဝတ္ထု ၁ဝ ပါး _ရှု)

အလှူ၏ အင်္ဂါ ၆ ပါး

Six characters of a perfect donation/alms:
အလှူပေး ပုဂ္ဂိုလ်၏ အင်္ဂါ ၃ ပါး Three for giver:
၁။ မလှူမှီ ဝမ်းသာ စေတနာရှိခြင်း
1: Happiness before the giving,
၂။ လှူဆဲ ဝမ်းသာ စေတနာရှိခြင်း
2: happiness during the giving,
၃။ လှူပြီး ဝမ်းသာ စေတနာရှိခြင်း
3: happiness after the giving,

အလှူခံ ပုဂ္ဂိုလ်၏ အင်္ဂါ ၃ ပါး

Three for receiver:
၄။ ရာဂကင်း။ ကင်းရန် အားထုတ်ခြင်း
4: person lust–freed or stiving for it,
၅။ ဒေါသကင်း။ ကင်းရန် အားထုတ်ခြင်း
5: person anger–freed or stiving for it,
၆။ မောဟကင်း။ ကင်းရန် အားထုတ်ခြင်း။
6: person delusion–freed or stiving for it.

အဝဂ် အက္ခရာများ

(ဝဂ် ၅ စု – အက္ခရာ _ရှု)

အဝတ်ပုဆိုး လှူရကျိုး ၈ ပါး

Eight benefits of offering cloth:
၁။ ရွှေအဆင်းရှိခြင်း
1: Gloden skin,
၂။ မြူအညစ်အကြေး ကင်းခြင်း
2: no dust–smearing,
၃။ အဆင်းရောင် တောက်ပခြင်း
3: bright skin,
၄။ တန်ခိုးကြီးမားခြင်း
4: power,
၅။ ပြေပြစ်ခြင်း
5: elegance,
၆။ အဝတ်ပုဆိုးပေါများခြင်း
6: plenty of clothing,
၇။ အနုစား ကမ္ဗလာစသည်တို့တွင် အကောင်းစား သုံးဆောင်ရခြင်း
7: consuming the best subtle cloth,
၈။ အကြမ်းသာ ဖျင်စသည်တို့တွင် အကောင်းစား သုံးဆောင်ရခြင်း။
8: consuming the best gross cloth.

အဝတ်မဝတ်သော အစေလ ကဠာရမဋ္ဋက၏ ကျင့်စဉ် ၇ မျိုး

Seven rules of practice of Acela Kaḷāramaṭṭa, a neked ascetic:
၁။ တသက်လုံး အဝတ်မဝတ်ခြင်း
1: Life–long abstainance from wearing cloth,
၂။ တသက်လုံး မေထုန်မှုမှ ရှောင်ကြဉ်ခြင်း
2: from sex,
၃။ တသက်လုံး သေအရက် အမဲသားကိုသာ သုံးဆောင်ပြီး ထမင်းဟင်း မစားခြင်း
3: from rice and curry but strong drinks and meat,
၄။ ဝေသာလီပြည် အရှေ့ဘက် ဥဒေနစေတီကို ကျော်လွန်ပြီး မသွားရောက်ခြင်း
4: not going beyond the Udena shrine to the east of Vesālī,
၅။ ဝေသာလီပြည် တောင်ဘက် ဂေါတမကစေတီကို ကျော်လွန်ပြီး မသွားရောက်ခြင်း
5: not going beyond the Gotamaka shrine to the south of Vesālī,
၆။ ဝေသာလီပြည် အနောက်ဘက် သတ္တမ္ဗစေတီကို ကျော်လွန်ပြီး မသွားရောက်ခြင်း
6: not going beyond the Santtamba shrine to the west of Vesālī,
၇။ ဝေသာလီပြည် မြောက်ဘက် ဗဟုပုတ္တစေတီကို ကျော်လွန်ပြီး မသွားရောက်ခြင်း။
7: not going beyond the Bahuputta shrine to the north of Vesālī.

အဝိဇဟိတ

(ဘုရားရှင်များ မစွန့်ပယ် မြဲသော) အရပ်ဌာန ၄ မျိုး
The four holy places where all Buddhas utilized:
၁။ ဘုရားဖြစ်ရာ ဗောဓိပင် နှင့် ရွှေပလ္လင်
1: Bodhi tree and victory throne where Buddha attained enlightenment,
၂။ ဓမ္မစကြာဟောရာ မိဂဒါဝုန်တော
2: Migadā–vana park where He preached the ‘Dhamma Cakka’,
၃။ တာဝတိံသာမှဆင်းသက်ရာ သင်္ကဿမြို့ တံခါးဝ
3: the gate of Saṅkassa city where He decended from Tāvatiṃsā heaven,
၄။ ဇေတဝန်ကျောင်း ဂန္ဓကုဋိတိုက်။
4: the sacred chamber of Jetavana monastery.

အဝိဇ္ဇာ

Ignorance, delusion, nescience, stupidity, folly.

အဝိဇ္ဇာ ၂ မျိုး

Two kinds of ignorance:
၁။ အပ္ပဋိပတ္တိ – မကျင့်ပဲနေသောကြောင့် အဝိဇ္ဇာ
1: No theory,
၂။ မိစ္ဆာပဋိပတ္တိ – အယူမှားသောကြောင့် အဝိဇ္ဇာ
2: wrong theory.

အဝိဇ္ဇာ ၂ မျိုး

(တနည်း)
More two kinds of ignorance:
၁။ သသင်္ခါရ – ပြုပြင်စီရင်မှုပါသော အဝိဇ္ဇာ
1: Prompted,
၂။ အသသင်္ခါရ – ပြုပြင်စီရင်မှုမပါသော အဝိဇ္ဇာ။
2: unprompted.

အဝိဇ္ဇာ ၃ မျိုး

Three kinds of ignorance:
၁။ သုခ အဝိဇ္ဇာ
1: Joy,
၂။ ဒုက္ခ အဝိဇ္ဇာ
2: pain,
၃။ ဥပေက္ခာ အဝိဇ္ဇာ။
3: equanimity.

အဝိဇ္ဇာကို အရင်းခံ၍ မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပစသော မိစ္ဆာမဂ္ဂင်ရှစ်ပါး ကြောင်းကျိုးဆက်ဖြစ်ကြသည်

(မဂ္ဂသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
Ignorance is the forerunner of wrong view, wrong view is that of wrong thought; thus, the former is the cause of the latter successively throughout the eightfold wrong path.

အဝိဇ္ဇာ စသည်တို့၏ အကြောင်းရင်းများ

Cause/nutriment/conditionality of ignorance etc.:
၁။ အဝိဇ္ဇာ၏ အကြောင်းရင်းကား နီဝရဏ ငါးပါး _ရှု
1: The causes/nutriments of ignorance are the five hindrances.
၂။ နီဝရဏ ငါးပါး၏ အကြောင်းရင်းကား ဒုစရိုက် သုံးပါး _ရှု
2: The causes of the five hindrances are the three wrong acts.
၃။ ဒုစရိုက် သုံးပါး၏ အကြောင်းရင်းကား ဣန္ဒြေတို့ကို မစောင့်စည်းခြင်း
3: The cause of the three wrong acts is ‘not guarding the sense–doors’.
၄။ ဣန္ဒြေတို့ကို မစောင့်စည်းခြင်း၏ အကြောင်းရင်းကား ဆင်ခြင်သတိမရှိခြင်း
4: The cause of ‘not guarding the sense–doors’ is the heedlessness.
၅။ ဆင်ခြင်သတိမရှိခြင်း၏ အကြောင်းရင်းကား မသင့်မတင့် နှလုံးသွင်းခြင်း
5: The cause of the heedlessness is the wrong attitude.
၆။ မသင့်မတင့် နှလုံးသွင်းခြင်း၏ အကြောင်းရင်းကား မယုံကြည်ခြင်း (အသဒ္ဓါ)
6: The cause of the wrong attitude is the faithlessness.
၇။ မယုံကြည်ခြင်း၏ အကြောင်းရင်းကား သူတော်ကောင်းတရား မနာကြား မလေ့လာခြင်း
7: The cause of faithlessness is not listening to the good/virtuous–dhamma.
၈။ သူတော်ကောင်းတရား မနာကြား မလေ့လာခြင်း၏ အကြောင်းရင်းကား သူတော်ကောင်းတို့အား မဆည်းကပ်ခြင်း။
8: The causes of ‘not listening to the good/virtuous–dhamma’ is not association with the wise/virtuous.

အဝိဇ္ဇာဖေါက်ထွင်းရန် လက်နက်ကောင်း ၆ မျိုး

Six dhammas that destroy the ignorance:
၁။ သမာဓိကို ဝင်စားခြင်း၌ လိမ်မာခြင်း
1: Skill in the attainment of concentration,
၂။ သမာဓိကို တည်စေခြင်း၌ လိမ်မာခြင်း
2: in maintaining it,
၃။ သမာဓိမှ ထခြင်း၌ လိမ်မာခြင်း
3: in emerging from it,
၄။ သမာဓိဝင်စားရန် အသင့်ဖြစ်ခြင်း၌ လိမ်မာခြင်း
4: in the weal of it,
၅။ သမာဓိ၏ ကျက်စားရာ၌ လိမ်မာခြင်း
5: in the range of it,
၆။ သမာဓိကို ရှေ့ရှုဆောင်ခြင်း၌ လိမ်မာခြင်း။
6: in resolve for it.

အဝိဟာဗြဟ္မာ့ဘုံ၌ ဥပပတ်ပဋိသန္ဓေတည်နေပြီး ရဟန္တာဖြစ်သော ပုဂ္ဂိုလ် ၇ ယောက်

Seven persons who attained arahantship soon after their spontaneous birth in the Avihā Brahma realm:
၁။ ဥပက
1: Upaka,
၂။ ပလဂဏ္ဍ
2: Palagaṇḍa,
၃။ ပုက္ကုသာတိ
3: Pukkusāti,
၄။ ဘဒ္ဒိယ
4: Bhaddiya,
၅။ ခဏ္ဍဒေဝ
5: Khaṇḍadeva,
၆။ ဗာဟုရဂ္ဂိ
6: Bāhuraggi,
၇။ သိင်္ဂိယ။
7: Siṅgiya.

အဝီစိ ငရဲ

(ငရဲသားများပြည့်ကျပ်။ ငရဲဒုက္ခများ ရပ်နားခြင်းမရှိ) အကြားအလပ်မရှိသော ငရဲ
The Avīci hell (crowded/jammed realm without space):
၁။ ငရဲသား သတ္တဝါများ ပြည့်ကျပ်နေခြင်း
1: Jammed with hell–beings,
၂။ ငရဲမီးလျှံများ ပြည့်ကျပ်နေခြင်း
2: with hell–fire,
၃။ ငရဲသားတို့မှာ ဒုက္ခဝေဒနာများ အကြားအလပ်မရှိ ပြည့်ကျပ်နေခြင်း။
3: with suffering of hell–beings.

အသက်ကို ၁ဝ နှစ်စီ ပိုင်းခြားခြင်း

(အရွယ် အသက်ကို ၁ဝ နှစ်စီ ပိုင်းခြားခြင်း _ရှု)

အသက်တမ်းတိုတိုလာခြင်း၏ အကြောင်းတရားများ

(ဆင်းရဲမွဲတေခြင်း၏ အကျိုးဆက်များ _ရှု)

အသက်တိုခြင်း၏ အကြောင်းတရား ၅ ပါး

(အသက်ရှည်စေတတ်သော အကြောင်းတရား ၅ ပါး _ရှု)

အသက်တိုစွ လူ့ဘဝ ယှဉ်ပြ ဥပမာ

(လူ ဘဝ – အသက် – တိုတောင်းပုံ ကို ပြသော ဥပမာများ _ရှု)

အသက်ထက်ဆုံး အောင့်မေ့ ကျင့်ကြံရမည့် တရား ၆ ပါး

(သာရဏိယ တရား ၆ ပါး – အသက်ထက်ဆုံး အောင့်မေ့ ကျင့်ကြံရမည့် တရား – _ရှု)

အသက်မရှူသော သူ ၈ ယောက်

Eight persons who make no breathing:
၁။ အမိဝမ်းထဲမှာ ရှိနေသေးသူ
1: In mother–womb person,
၂။ ရေနစ်သူ
2: drawn person,
၃။ မေ့မျောနေသူ
3: unconscious person,
၄။ အဆိပ်မွှန်နေသူ
4: severe poison–striken person,
၅။ ပဌမစျာန် ဝင်စားသူ
5: person in fifth jhāna trance,
၆။ နိရောဓသမာပတ်ဝင်စားသူ
6: person in cessation trance (nirodha samāpatti),
၇။ ဗြဟ္မာများ
7: brahmā (higher celestial beings),
၈။ သေသူ။
8: dead person.

အသက်မွေးဝမ်းကြောင်းမှုများ

(သာမညဖလသုတ်လာ) The means of livelihood in accordance with the Discourse on the Fruit of the Homeless life:
၁။ ဆင်စီးသူရဲ
1: Elephant riders,
၂။ မြင်းစီးသူရဲ
2: horse riders,
၃။ ရထားစီးသူရဲ
3: charioteers,
၄။ လေးသည်
4: archers,
၅။ အောင်လံကိုင်
5: standard–bearors,
၆။ စစ်ဆင်သူများ
6: military strategists,
၇။ ရန်သူ၏ခေါင်းကို ဖြတ်နိုင်သူများ
7: commandos,
၈။ စစ်ရေးကျွမ်းကျင်သူ မင်းသားများ
8: royal warriors,
၉။ လျှပ်တပျက် ထိုးစစ်ဆင်နိုင်သူများ
9: striking forces,
၁ဝ။ ဆင်ကဲ့သို့ အားကောင်းသောစစ်သားများ
10: men brave as an elephant,
၁၁။ ရဲရင့်သောစစ်သားများ
11: men of valour,
၁၂။ ချပ်ဝတ်သူရဲများ
12: mail–clap warriors,
၁၃။ ကျွန်ယုံတော်များ
13: trusted servants,
၁၄။ ထမင်းချက်များ
14: cooks,
၁၅။ ဆတ္တာသည်များ
15: barbers,
၁၆။ ရေချိုးပေးသူများ
16: bath attendants,
၁၇။ စဖိုသည်များ
17: chefs,
၁၈။ ပန်းကုံးသူများ
18: garland–makers,
၁၉။ ခဝါသည်များ
19: washermen,
၂ဝ။ ရက်ကန်းသည်များ
20: weavers,
၂၁။ ကျူထရံသည်များ
21: reed–mat makers,
၂၂။ အိုးထိမ်းသည်များ
22: potters,
၂၃။ ဂဏန်းတတ်သူများ
23: arithmeticians,
၂၄။ လက်ချိုးရေတွက်တတ်(စာရင်းကိုင်)များ။
24: accountants.

အသက်ရာကျော် ပုဂ္ဂိုလ်များ ၈ ယောက်

(ဘုရားရှင်လက်ထက်တော်)
Eight persons who lived over a hundred years of age (at the time of Lord Buddha):
၁။ အရှင်မဟာကဿပ
1: Mahā Kassapa,
၂။ အရှင်အာနန္ဒာ
2: Ānandā,
၃။ ပေါက္ခရသာတိ ပုဏ္ဏားကြီး
3: Pokkharasāti, a Brahmin,
၄။ ဗြဟ္မာယု ပုဏ္ဏားကြီး
4: Brahmāyu, a Brahmin,
၅။ ဗာဝရီ ပုဏ္ဏားကြီး
5: Bāvarī, a Brahmin,
၆။ ကျောင်းအမကြီး ဝိသာခါ – ဤ ၆ ယောက် အသက် ၁၂ဝ စီ ရှည်ကြ၏။
6: Visākhā, a Temple–donor: these six persons lived 120 years of age.
၇။ အရှင်အနုရုဒ္ဓါ – ၁၅ဝ နှစ်ရှည်၏
7: Anuruddhā, passing away at 150 years of age,
၈။ အရှင်ဗာကုလ – ၁၆ဝ နှစ်ရှည်၏
8: Bākula, passing away at 160 years of age.

အသက်ရှင်နေခြင်းသည် သေလွန်ခြင်း နောက်ဆုံးရှိ၏

(မရဏဓမ္မော ဇီဝိတေ)
While alive one is subject to death. (နုနယ်ရုပ်ဆင်း ပျိုဖြစ်ခြင်းကား အိုခြင်းနောက်ဆုံးရှိခြေ၏ _ရှု)

အသက်ရှည်စေတတ်သော ကုသိုလ်ဒါန ၆ ပါး

Donating six things for long life:
၁။ ပရိသာဝန ဒါန = ရေစစ် အလှူ
1: Water–strainer,
၂။ အာဝါသ ဒါန = ကျောင်းအဆောက်အဦ အလှူ
2: buildings,
၃။ ဂိလာနဝတ္ထု ဒါန = လူနာအထောက်အပံ့ ပစ္စည်း အလှူ
3: things such as medicine that support one’s health,
၄။ ဇိဏ္ဏကာဝါသ ပဋိသင်္ခါရဏ ဒါန = အဆောက်အဦဟောင်း ပြင်ဆင် အလှူ
4: fixing the public buildings,
၅။ ဇီဝိတ ဒါန = ဘေးမဲ့အလှူ
5: sparing/saving of life,
၆။ ပဌသီလ သမာဒါန = ငါးပါးသီလ မြဲခြင်း။
6: keeping the five precepts firmly.

အသက်ရှည်စေတတ်သော အကြောင်းတရား ၅ ပါး

Five things/causes that make a person healthy:
၁။ သပ္ပါယကာရီ = မိမိနှင့် သင့်လျော်ရာကိုသာ ပြုလုပ်လေ့ရှိခြင်း
1: Treat oneself properly,
၂။ သပ္ပါယေ မတ္တံ ဇာနာတိ = သင့်လျော်ရာပင်ဖြစ်သော်လည်း အတိုင်းအတာကို သိခြင်း
2: knowing one’s own limit even it is proper,
၃။ ပရိဏတဘောဇီ = ကြေကျက်လွယ်သော အစာကိုသာ စားလေ့ရှိခြင်း
3: eating easily digestible food,
၄။ သီလဝါ = ကိုယ်ကျင့်သီလရှိခြင်း
4: possessing moral virtue,
၅။ ကလျာဏမိတ္တ = ဆရာဝန်စသော မိတ်ဆွေကောင်းရှိခြင်း။
5: having good friends like doctor.

အသက်ရှည်စေတတ်သော အကြောင်းတရား ၅ ပါး

(တနည်း)
More five things that make a person healthy:
၁။
၂။
၃။ တို့မှာ အထက်ပါနှင့် အတူတူ
Numbers – 1, 2 and 3 are the same as above:
၄။ ကာလစာရီ = စားမှု သွားမှု အိပ်မှု စသည်များ၌ အချိန်နှင့် သင့်တော်အောင် ပြုလေ့ရှိခြင်း
4: eating, sleeping, going etc. at proper time,
၅။ ဗြဟ္မစာရီ = မြတ်သောအကျင့်ရှိခြင်း (မေထုန်မှု နည်းခြင်း)။
5: holy life (i.e., no or less sexual intercourse).
(အသက်တိုခြင်း၏ အကြောင်းတို့သည် အထက်ပါတို့မှ ဆန့်ကျင်ဘက်များ ဖြစ်ကြသည်။
(The unhealthy things are opposite of the above.)

အသက်သတ်မှု ကံမြောက်ခြင်း၏ အင်္ဂါ ၅ ပါး

(ပါဏာတိပါတ ကံမြောက်ခြင်း၏ အင်္ဂါ ၅ ပါး _ရှု)

အသက်သေသည်ဟု သတ်မှတ်ချက် ၃ မျိုး

Three factors to decide that a person is dead:
၁။ အာယု – ရုပ်သက် မရှိတော့ခြင်း
1: No more physical life–force,
၂။ ဥသ္မာ – ကိုယ်ငွေ့ မရှိတော့ခြင်း
2: no more body temperature,
၃။ ဝိညာဏံ – နာမ်သက် မရှိတော့ခြင်း။
3: no more mental life–force.

အသင်္ခတ (နိဗ္ဗာန်) – ပြုပြင်စီရင်ခြင်းကင်းရာ

The unconditioned/unorginated/unformed, i.e., Nibbāna.

အသင်္ခတ (နိဗ္ဗာန်) သို့ ရောက်ကြောင်းလမ်းများ

(အသင်္ခတသံယုတ္တ။ သဠာယတနဝဂ္ဂသံယုတ္တပါဠိ)
The paths leading to the unconditioned (Nibbāna):
၁။ ကာယဂတာသတိ = ခန္ဓာကိုယ်ကို ရှုမှတ်သော သတိ
1: Mindfulness directed to the body,
၂။ သမထ ဝိပဿနာ
2: calming/serenity and insight meditation,
၃။ သဝိတက္က သဝိစာရ သမာဓိ။ အဝိတက္က ဝိစာရမတ္တ သမာဓိ။ အဝိတက္က အဝိစာရ သမာဓိ = ဝိတက် ဝိစာရနှင့် တကွဖြစ်သော သမာဓိ။ ဝိတက်မပါ ဝိစာရသာရှိသော သမာဓိ။ ဝိတက်ရောဝိစာရပါ မပါသော သမာဓိ
3: concentration with thought and examination, concentration without thought but with examination, concentration without thought and examination,
၄။ သုညတ သမာဓိ။ အနိမိတ္တ သမာဓိ။ အပ္ပဏိဟိတ သမာဓိ = အတ္တမှကင်းသော သမာဓိ။ နိစ္စနိမိတ်မှကင်းသော သမာဓိ။ တောင့်တမှုမရှိသော သမာဓိ _ရှု
4: the emptiness concentration, the signless concentration, the undirected concentration,
၅။ စတ္တာရော သတိပဋ္ဌာနာ = သတိပဋ္ဌာန် လေးပါး _ရှု
5: the four foundations of mindfulness,
၆။ စတ္တာရော သမ္မပ္ပဓာနာ = သမ္မပ္ပဓာန် လေးပါး _ရှု
6: the four right efforts/strivings,
၇။ စတ္တာရော ဣဒ္ဓိပါဒါ = ဣဒ္ဓိပါဒ် လေးပါး _ရှု
7: the four bases for spiritual power,
၈။ ပဌိန္ဒြိယာနိ = ဣန္ဒြေ ငါးပါး _ရှု
8: the five spiritual faculties,
၉။ ပဌ ဗလာနိ – ဗိုလ် ငါးပါး _ရှု
9: the five powers,
၁ဝ။ သတ္တ ဗောဇ္စျင်္ဂါနိ – ဗောဇ္စျင် ခုနှစ်ပါး _ရှု
10: the seven factors of enlightenment,
၁၁။ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ – မဂ္ဂင် ရှစ်ပါး _ရှု။
11: the noble eightful path.

အသင်္ချေယျ ၄ ပါး

(အဆုံးအပိုင်းအခြားမရှိသည့်အရာ – အသင်္ချေယျ – ၄ ပါး _ရှု)

အသာဓာရဏ ဉာဏ်တော် ၆ ပါး

(ဘုရားရှင်၏ အများနှင့်မဆက်ဆံသော ဉာဏ်တော်)
The six kinds of Buddha’s knowledge, not possible to others:
၁။ ဣန္ဒြိယပရောပရိယတ္တိ ဉာဏ် = သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို သိတော်မူသော ဉာဏ်
1: Knowledge of Man’s mentality which is mature enough or not to attain enlightenment,
၂။ အာသယာနုသယ ဉာဏ် = သတ္တဝါတို့၏ အလိုဆန္ဒအာသယကို သိတော်မူသော ဉာဏ်
2: of Man’s wish/will,
၃။ ယမကပါဋိဟီရ ဉာဏ် = ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို စီရင်ဖန်ဆင်းနိုင်သော ဉာဏ်
3: of the twin miracle (water and fire),
၄။ မဟာကရုဏာသမာပတ္တိ ဉာဏ် = ကြီးမြတ်သော သနားမှုကို ဝင်စားနိုင်သော ဉာဏ်
4: of great compassion,
၅။ သဗ္ဗညုတ ဉာဏ် = အားလုံးကို သိသော ဉာဏ်
5: of omniscience,
၆။ အနာဝရဏ ဉာဏ် = အပိတ်အပင် အတားအဆီး မရှိသော ဉာဏ်။
6: of nothing–covering.

အသီတိ နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ၂၁ ခုမြောက် ကဏ္ဍဖြစ်သည်။ ဂါထာ ၈ဝ (အသီတိ)
ပုဒ်ခန့် ပါရှိသော ဇာတ်တော်များ ဖြစ်၍ အသီတိ နိပါတ်ဟုခေါ်သည်။ ဇာတ်တော်ပေါင်း ၅ ခု ပါဝင်သည်။
Asīti–nipāta (Jātaka): This is the twenty–first chapter of the 550 Birth–stories; each of them consists of about eighty verses; thus, eighty–verse– story.
There are 5 stories in this chapter.

အသီတိ သာဝက

(ဘုရားရှင်၏ တပည့် သာဝက ၈ဝ)
Eighty Buddha’s immediate disciples:
လကျ်ာရံ ၄ဝ ပါး Right side (40) –
၁။ အရှင် သာရိပုတ္တ
1: Sāriputta,
၂။ အရှင် ကောဏ္ဍည
2: Koṇḍañña,
၃။ အရှင် ဝပ္ပ
3: Vappa,
၄။ အရှင် ဘဒ္ဒိယ (ပဥ္စ ဝဂ္ဂီ)
4: Bhaddiya (group of five),
၅။ အရှင် မဟာနာမ်
5: Mahānāma,
၆။ အရှင် အဿဇိ
6: Assaji,
၇။ အရှင် နာဠက
7: Naḷaka,
၈။ အရှင် ယသ
8: Yassa,
၉။ အရှင် ဝိမလ
9: Vimala,
၁ဝ။ အရှင် သုဗာဟု
10: Subāhu,
၁၁။ အရှင် ပုဏ္ဏဇိ
11: Puṇṇaji,
၁၂။ အရှင် ဂဝမ္ပတိ
12: Gavampati,
၁၃။ အရှင် ဥရုဝေဠ ကဿပ
13: Uruveḷa Kassapa,
၁၄။ အရှင် နဒီ ကဿပ
14: Nadī Kassapa,
၁၅။ အရှင် ဂယာ ကဿပ
15: Gayā Kassapa,
၁၆။ အရှင် မဟာ ကဿပ
16: Mahā Kassapa,
၁၇။ အရှင် မဟာ ကစ္စာယန
17: Mahā Kaccāyana,
၁၈။ အရှင် မဟာ ကောဋ္ဌိက
18: Mahā Koṭṭhika,
၁၉။ အရှင် မဟာ ကပ္ပိန
19: Mahā Kappina,
၂ဝ။ အရှင် မဟာ စုန္ဒ
20: Mahā Cunda,
၂၁။ အရှင် ဥပါလိ
21: Upāli,
၂၂။ အရှင် အနုရုဒ္ဓါ
22: Anuruddhā,
၂၃။ အရှင် ကင်္ခါ ရေဝတ
23: Kaṅkhā Revata,
၂၄။ အရှင် အာနန္ဒာ
24: Ānandā,
၂၅။ အရှင် နန္ဒက
25: Nandaka,
၂၆။ အရှင် ဗာကုလ
26: Bākula,
၂၇။ အရှင် နန္ဒိယ
27: Nandiya,
၂၈။ အရှင် ကိမိလ
28: Kimila,
၂၉။ အရှင် ဘဒ္ဒိယ
29: Bhaddiya,
၃ဝ။ အရှင် ရာဟုလာ
30: Rāhulā,
၃၁။ အရှင် သီဝလိ
31: Sīvali,
၃၂။ အရှင် ဒဗ္ဗ
32: Dabba,
၃၃။ အရှင် ဥပသေန
33: Upasena,
၃၄။ အရှင် ခဒိရဝန ရေဝတ
34: Khadiravana Revata,
၃၅။ အရှင် မန္တာနီ ပုတ္တ ပုဏ္ဏ
35: Mandānīputta Puṇṇa,
၃၆။ အရှင် သုနာပရန္တ ပုဏ္ဏ
36: Sunāparanta Puṇṇa,
၃၇။ အရှင် ကုဋိကဏ္ဏ သောဏ
37: Kuṭikaṇṇa Soṇa,
၃၈။ အရှင် ကောဠိ ဝိသ သောဏ
38: Koḷivisa Sana,
၃၉။ အရှင် ရာဓ
39: Rādha,
၄ဝ။ အရှင် သုဘူတိ။
40: Subhūti.

အသီတိ သာဝက

(ဘုရားရှင်၏ တပည့် သာဝက ၈ဝ) Eighty Buddha’s immediate disciples:
လက်ဝဲရံ ၄ဝ ပါး
Left side (40) –
၁။ အရှင် မဟာ မောဂ္ဂလာန်
1: Moggalana,
၂။ အရှင် အင်္ဂုလိမာလ
2: Aṅgulimāla,
၃။ အရှင် ဝက္ကလိ
3: Vakkali,
၄။ အရှင် ကာဠုဒါယီ
4: Kāḷudāyī,
၅။ အရှင် သဟ ဥဒါယီ
5: Saha Udāyī,
၆။ အရှင် ပိလိန္ဒ ဝစ္ဆ
6: Pilindavaccha,
၇။ အရှင် သောဘိတ
7: Sobhita,
၈။ အရှင် ကုမာရ ကဿပ
8: Kumāra Kasspa,
၉။ အရှင် ရဋ္ဌပါလ
9: Raṭṭhapāla,
၁ဝ။ အရှင် ဝင်္ဂ ီသ
10: Vaṅgīsa,
၁၁။ အရှင် သဘိယ
11: Sabhiya,
၁၂။ အရှင် သေလ
12: Sela,
၁၃။ အရှင် နာဂိတ
13: Nāgita,
၁၄။ အရှင် လကုဏ္ဍက ဘဒ္ဒိယ
14: Lakuṇḍaka Baddiya,
၁၅။ အရှင် ဥပဝါန
15: Upavāna,
၁၆။ အရှင် မေဃိယ
16: Meghiya,
၁၇။ အရှင် သာဂတ
17: Sāgata,
၁၈။ အရှင် ပိဏ္ဍောလ ဘာရဒွါဇ
18: Piṇḍola Bhāradvāja,
၁၉။ အရှင် မဟာ ပန္ထက
19: Mahā Panthaka,
၂ဝ။ အရှင် စူဠ ပန္ထက
20: Cūḷa Panthaka,
၂၁။ အရှင် ဗာကုလ
21: Bākula,
၂၂။ အရှင် ကု(ကော)ဏ္ဍဓာန
22: Kuṇḍadhāna,
၂၃။ အရှင် ဒါရုစိရိယ
23: Dāruciriya,
၂၄။ အရှင် ယသ
24: Yassa,
၂၅။ အရှင် အဇိတ
25: Ajita,
၂၆။ အရှင် တိဿ မေတ္တေယျ
26: Tissa Metteyya,
၂၇။ အရှင် ပုဏ္ဏ
27: Puṇṇa,
၂၈။ အရှင် မေတ္တဂူ
28: Mettagū,
၂၉။ အရှင် ဓောတက
29: Dhodaka,
၃ဝ။ အရှင် ဥပသီဝ
30: Upasīva,
၃၁။ အရှင် နန္ဒ
31: Nanda,
၃၂။ အရှင် ဟေမက
32: Hemaka,
၃၃။ အရှင် တောဒေယျ
33: Todeyya,
၃၄။ အရှင် ကပ္ပ
34: Kappa,
၃၅။ အရှင် ဇတုကဏ္ဏိ
35: Jatukaṇṇi,
၃၆။ အရှင် ဘဒြာဝုဓ
36: Bhadrāvudha,
၃၇။ အရှင် ဥဒယ
37: Udaya,
၃၈။ အရှင် ပေါသာလ
38: Posāla,
၃၉။ အရှင် မောဃရာဇ
39: Mogharāja,
၄ဝ။ အရှင် ပိင်္ဂိယ
40: Piṅgiya.

အသီးသီး ဖွါးမြင်ပြီး ပျက်စီး(သေ)သော အရာ ၄ မျိုး

(ပွင့်သီး ဖွါးမြင်ပြီး ပျက်စီး(သေ)သော အရာ ၄ မျိုး _ရှု)

အသုဘ

Foulness, impurity, loathsomeness.

အသုဘ ၁ဝ ပါး

Ten kinds of foulness:
၁။ ဥဒ္ဓု မာတက = ဖူးဖူးရောင်ထခြင်း
1: The bloated,
၂။ ဝိနီလက = ဖေါက်ပြန်ညိုပုပ်ခြင်း
2: the livid,
၃။ ဝိပုဗ္ဗက = ပြည်ပုပ်ထွက်ခြင်း
3: the festering,
၄။ ဝိစ္ဆိဒ္ဒက = နှစ်ပိုင်းပြတ်နေခြင်း
4: the cut–up,
၅။ ဝိက္ခာယိတက = အပိုင်းပိုင်းပြတ်နေခြင်း
5: the gnawed,
၆။ ဝိက္ခိတ္တက = အပိုင်းပြတ်များ ပျံ့ကြဲနေခြင်း
6: the scattered,
၇။ ဟတ ဝိက္ခိတ္တက = လက်နက် ဒါးဖြင့် ဖြတ်ထားခြင်း
7: the hacked and scattered,
၈။ လောဟိတက = သွေးအလိမ်းလိမ်းပေနေခြင်း
8: the bleeding,
၉။ ပုဠုဝက = လောက်တက်နေခြင်း
9: the worm–infested,
၁ဝ။ အဋ္ဌိက = အရိုးစုဖြစ်နေခြင်း။
10: the skeleton.

အသုရာနတ်ပြည်၏ အမှတ်အသား အထွတ်အထိပ်သစ်ပင်

စိတ္တပါဋလိ – သခွပ်ပင်
(တတိယရုက္ခသုတ်။ ဣန္ဒြိယသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
The chief tree of Asurinda, the Realm of Demon Gods – the trumpet–flower tree.

အသုရိန် နတ်မင်း

အသူရာနတ်တို့ကို အစိုးရသော နတ်မင်း။ ပါဠိတော်များ၌ အသုရိန် အမည်ရသော နတ်တို့မှာ – ရာဟု။ ဝေပစိတ္တိ။ ဝေရောစန။ မဟာရာဒ။ အမ္ဗရ တို့ ဖြစ်ကြသည်။
(ရာဟုအသုရိန် နတ်မင်းလည်း _ရှု)
Asurinda: King of the Asurā–deities. The name, Asurinda, is applied to the following individual deities according to the Pāļi Scripture: Rāhu, Vepacitti, Verocana, Mahārāda and Ambara.

အသုရိန် (ဝေပစိတ္တိ) နတ်ဖျားနာစဉ် သိကြားမင်း လူနာမေးသွားသည်

(ရာဟုအသုရိန် နတ်မင်းလည်း _ရှု)
(သမ္ဗရိမာယာသုတ်။ သက္ကသံယုတ်။ သဂါဝဂ္ဂသံယုတ္တပါဠိ)
While Vepacitti, an enormous god, was sick, Sakka, the King of gods, visited him. (Sakka–saṃyutta Pāḷi)

အသေက္ခ

Having done training.

အသေက္ခ ပုဂ္ဂိုလ်

Arahant, saint, (literally) one who has nothing left to practice.

အသေက္ခ တရား ၁ဝ ပါး

Ten dhammas of an arahant:
၁။ သမ္မာ ဒိဋ္ဌိ
1: Right view/understanding,
၂။ သမ္မာ သင်္ကပ္ပ
2: right thought/intention,
၃။ သမ္မာ ဝါစာ
3: right speech,
၄။ သမ္မာ ကမ္မန္တ
4: right action/conduct,
၅။ သမ္မာ အာဇီဝ
5: right livelihood/occupation,
၆။ သမ္မာ ဝါယာမ
6: right effort/endeavor,
၇။ သမ္မာ သတိ
7: right mindfulness/awareness,
၈။ သမ္မာ သမာဓိ
8: right concentration,
၉။ သမ္မာ ဉာဏ
9: right wisdom,
၁ဝ။ သမ္မာ ဝိမုတ္တိ။
10: right deliverance.

အသေတရားများ

(ဇာတိဓမ္မ – အဖြစ်တရား – များ _ရှု)

အသောက မင်းကြီး သာသနာပြုစေလွှတ်သော တိုင်းများ

(ကိုးတိုင်း ကိုးဌာန _ရှု)

အသောက မင်းကြီး

(သီရိဓမ္မာသောက) ၂၆၄ – ၂၃၈ ဘီစီအီး။ အိန္ဒိယသမိုင်း၌ နာမည်အကြီးဆုံး ဘုရင်ဖြစ်သည်။
တတိယ သင်္ဂါယနာတင်ခဲ့သည်။ ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုစေလွှတ် ခဲ့သည်။ ဤမင်းကြီးကြောင့် ဗုဒ္ဓသာသနာတော်သည် အိန္ဒိယပြည်မှ ပြင်ပသို့ ပျံ့နှံ့ခဲ့သည်။ ဓမ္မက္ခန္ဓာ စုစုပေါင်း ၈၄ဝဝဝ ကို ပူဇော် သောအားဖြင့် ရေတွင်းပေါင်း ၈၄ဝဝဝ ရေကန်ပေါင်း ၈၄ဝဝဝ နှင့် စေတီပေါင်း ၈၄ဝဝဝ ကို နိုင်ငံတဝှမ်း ဆောက်လုပ်တည်ခဲ့သည် ဟု အဆိုရှိသည်။
King Asoka (c. 264–238 BCE): Probably the most famous king in India history.
He sponsored the Third Buddhist Council. He sent nine Buddhist missionaries to many parts of Asia. It is said that in order to honor ‘84,000 dhamma–
components’, he made 84,000 wells, 84,000 ponds, and 84,000 pagodas (shrines) all over his kingdom.

အသံ ၁ဝ ပါး

(မြို့ရွာများ၏)
Ten kinds of sound or noises of a city:
၁။ ဆင်သံ
1: The noises of elephants,
၂။ မြင်းသံ
2: of horses,
၃။ ရထားသံ
3: of chariots,
၄။ စည်ကြီးသံ
4: the sound of big drums,
၅။ မုရိုးစည်သံ
5: of short drums,
၆။ စောင်းသံ
6: of harps,
၇။ သီချင်းသံ
7: of singing,
၈။ ခရုသင်းသံ
8: of conch shells,
၉။ စည်းဝါးသံ
9: of clappers (music),
၁ဝ။ ဖိတ်ကြားသံ။
10: of invitations to feasts.

အသံကြီး ၄ မျိုး

Four great roars (in Buddhist Scriptures):
၁။ ဝိဓူရဇာတ်၌ ပုဏ္ဏကဘီလူး၏ ‘ငါ နိုင်ပြီ’ ဟူသောအသံ
1: “I have won” made by ogre Puṇṇaka in Vidhūra Jātaka,
၂။ ဝိသကြုံနတ်သား ဖန်ဆင်းသော ခွေးနက်ကြီး၏ ‘ငါ သူယုတ်မာများကို ခဲစားအံ့’ ဟူသောအသံ
2: “I will eat up all the wicked” made by Visukamma in the guise of a giant black dog,
၃။ ကုသဇာတ်၌ ကုသမင်း၏ ‘ငါ ကုသမင်းမြတ်ဖြစ်သည်’ ဟူသောအသံ
3: “I am King Kusa” made by King Kusa in Kusa Jātaka,
၄။ အာဠာဝကဘီလူး၏ ‘ငါ အာဠာဝက’ ဟူသောအသံ။
4: “I am Ālāvaka” made by Ālāvaka, a great ogre.

အသံတော် (ဘုရားရှင် ဗြဟ္မာမင်း) အင်္ဂါ ၈ ပါး

(ဘုရားရှင်၏ အသံတော် အင်္ဂါ ၈ ပါး _ရှု)

အသံမစဲ (ပဋ္ဌာန်း)

Non–stop reading/reciting of (Patthāna).

အအိုတရားများ

(ဇာတိဓမ္မ – အဖြစ်တရား – များ _ရှု)

အာကာ။ အာကာသ။ အာကာသ ဓာတ်

Sky, space.

အာကာသစိုး

Celestial beings living in the sky.

အာချာတ်

Verb.

အာဂ

Outstanding, extraordinary, amazing.

အာဂန္တုက

ဧည့်သည်
Visitor.

အာဂန္တုက ဝတ်

ဧည့်သည်များ လိုက်နာရမည့် ကျင့်ဝတ် Visitor’s/visitor–monk’s duties.

အာဂမ ယုတ္တိ

Referances/quoting from books/scriptures.

အာဂုံ

Memorization.

အာဃာတ

Grudge, annoyance.

အာဃာတဝတ္ထု ၁ဝ ပါး

Ten causes of grudge:
၁။ မိမိ၏ အကျိုးမဲ့ ကို ပြုခဲ့ပြီ – ဟု ရန်ငြိုးဖွဲ့ခြင်း
1: Grudge based on the idea that ‘he had done badly upon me,
၂။ မိမိ၏ အကျိုးမဲ့ ကို ပြုနေသည် – ဟု ရန်ငြိုးဖွဲ့ခြင်း
2: grudge based on the idea that ‘he is doing badly upon me,
၃။ မိမိ၏ အကျိုးမဲ့ ကို ပြုလိမ့်မည် – ဟု ရန်ငြိုးဖွဲ့ခြင်း
3: grudge based on the idea that ‘he will do badly upon me,
၄။ မိမိ ချစ်နှစ်သက်သူ၏ အကျိုးမဲ့ ကို ပြုခဲ့ပြီ – ဟု ရန်ငြိုးဖွဲ့ခြင်း
4: grudge based on the idea that ‘he had done badly upon my loved–ones,
၅။ မိမိ ချစ်နှစ်သက်သူ၏ အကျိုးမဲ့ ကို ပြုနေသည် – ဟု ရန်ငြိုးဖွဲ့ခြင်း
5: grudge based on the idea that ‘he is doing badly upon my loved–ones,
၆။ မိမိ ချစ်နှစ်သက်သူ၏ အကျိုးမဲ့ ကို ပြုလိမ့်မည် – ဟု ရန်ငြိုးဖွဲ့ခြင်း
6: grudge based on the idea that ‘he will do badly upon my loved–ones,
၇။ မိမိ မချစ် မနှစ်သက်သူ၏ အကျိုးရှိ ကို ပြုခဲ့ပြီ – ဟု ရန်ငြိုးဖွဲ့ခြင်း
7: grudge based on the idea that ‘he had done well upon my hated–ones,
၈။ မိမိ မချစ် မနှစ်သက်သူ၏ အကျိုးရှိ ကို ပြုနေသည် – ဟု ရန်ငြိုးဖွဲ့ခြင်း
8: grudge based on the idea that ‘he is doing well upon my hated–ones,
၉။ မိမိ မချစ် မနှစ်သက်သူ၏ အကျိုးရှိ ကို ပြုလိမ့်မည် – ဟု ရန်ငြိုးဖွဲ့ခြင်း
9: grudge based on the idea that ‘he will do well upon my hated–ones,
၁ဝ။ အကြောင်းတစ်စုံတစ်ရာ မရှိပဲ ရန်ငြိုးဖွဲ့ခြင်း။
10: grudge without cause.

အာစရိ။ အာစရိယ

Teacher, boss.

အာစာရ – ကျင့်ဝတ် ၂ ပါး

Two kinds of proper conduct:
၁။ ကာယ သမာစာရ – ကာယကံဖြင့် မှန်ကန်စွာကျင့်ခြင်း
1: Proper bodily conduct,
၂။ ဝစီ သမာစာရ – ဝစီကံဖြင့် မှန်ကန်စွာကျင့်ခြင်း
2: proper verbal conduct.

အာဇာနည်

Heroes/persons who sacrifice for others’ cause.

အာဇီဝပါရိသုဒ္ဓိသီလ

(ပစ္စည်းလေးပါးနှင့်ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းမှု စင်ကြယ်သန့်ရှင်းအောင်ကျင့်ခြင်း)
The virtue of livelihood purification (for monks):
၁။ မိမိကိုယ်ကို မြှောက်ပင့်ဝါကျွားမှု –ကုဟန– မှ ရှောင်ကြဉ်ခြင်း
1: Avoiding to flatter and brag oneself for receiving things (four requisites),
၂။ သူတပါးတို့အား မြှောက်ပင့် ချီးမွမ်းမှု –လပန– မှ ရှောင်ကြဉ်ခြင်း
2: to praise others for receiving things,
၃။ မိမိကို ပေးလှူအောင် စကားနိမိတ်ပြမှု–နေမိတ္တက– မှ ရှောင်ကြဉ်ခြင်း
3: to make hints for receiving things,
၄။ ချောင်ပိတ်မိနေအောင် မလှူပဲ မနေနိုင်အောင်ပြောဆိုမှု –နိပ္ပေသိက– မှ ရှောင်ကြဉ်ခြင်း
4: to push others into the position of must–give–state,
၅။ မိမိပစ္စည်းကို ပေးကမ်းပြီး ပစ္စည်းပြန်ရအောင်ပြုမှု –လာဘေန လာဘံ နိဇိဂီသန– မှ ရှောင်ကြဉ်ခြင်း။
5: to give something hoping better return.

အာဇီဝ အဋ္ဌမက သီလ

(သမ္မာအာဇီဝလျှင် ၈ ခုမြောက်ရှိသော သီလ)
Eight precepts ‘Avoidance of wrong livelihood’ as the eighth:
၁။ ပါဏာတိပါတာ ဝေရမဏိ = အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း
1: Avoidance of killing,
၂။ အဒိန္နာဒါနာ ဝေရမဏိ = ခိုးယူမှုမှ ရှောင်ကြဉ်ခြင်း
2: of stealing,
၃။ အဗြဟ္မစရိယာ ဝေရမဏိ = မေထုန်မှုပြုခြင်းမှ ရှောင်ကြဉ်ခြင်း
3: of sexual acts,
၄။ မုသာဝါဒါ ဝေရမဏိ = လိမ်ညာပြောမှုမှ ရှောင်ကြဉ်ခြင်း
4: of lying,
၅။ ပိသုဏ ဝါစာ ဝေရမဏိ = ကုန်းတိုက်မှုမှ ရှောင်ကြဉ်ခြင်း
5: of slandering/back–biting,
၆။ ဖရုသ ဝါစာ ဝေရမဏိ = ရိုင်းပြစကားပြောမှုမှ ရှောင်ကြဉ်ခြင်း
6: of rude speech,
၇။ သမ္ဖပလာပ ဝါစာ ဝေရမဏိ = ပိန်ဖျင်းစကားပြောမှုမှ ရှောင်ကြဉ်ခြင်း
7: of foolish babble, of vain speech/talk,
၈။ မိစ္ဆာ အာဇီဝါ ဝေရမဏိ = မှားယွင်းသော အသက်မွေးဝမ်းကျောင်းမှုမှ ရှောင်ကြဉ်ခြင်း။
8: of wrong livelihood.

အာဏာ။ အာဏာစက်

Power, authority, superioty, the range of authority.

အာဏာကုန်

Total power/authority.

အာဏာ ဒေသနာ

Admonishing/Discourses especially the ‘Basket of Discipline
(Vinaya Piṭaka), in which Lord Buddha made his authority.

အာဏာပြ

Assert one’s authority, show superiority.

အာဏာရူး

Power–mad/hunger person.

အာတုရ ၃ မျိုး

(နာကျင်ခြင်း – အာတုရ – ၃ မျိုး _ရှု)

အာဒိ

အစ
Beginning.

အာဒေသနဝိဓိ ၄ မျိုး

(ညွှန်ုပြပြောဆိုခြင်း)
Four ways of telling others’ thoughts:
၁။ သူတပါးတို့၏ စိတ်အကြံကို ကိုယ်တိုင်သိမြင်ပြီး အမှန်အတိုင်း ညွှန်ုပြပြောဆိုခြင်း
1: One tells somebody by his own insight that ‘This is your thought’;
၂။ နတ်လူတို့ထံမှ ကြားသိရ၍ အမှန်အတိုင်း ညွှန်ုပြပြောဆိုခြင်း
2: by hearing sounds made by human, non–human and deities;
၃။ ကြံဆတွက်ချက်ပြီး အမှန်အတိုင်း ညွှန်ုပြပြောဆိုခြင်း
3: by wise thinking/imagination;
၄။ သမာဓိစွမ်းအားဖြင့် အမှန်အတိုင်း ညွှန်ုပြပြောဆိုခြင်း။
4: by the power of mental concentration.

အာနန္တရိယ ကံ။ ပဌာနန္တရိယ ကံ

(ကံကြီး ၅ ပါး _ရှု)
သေပြီးပြီးချင်း ငရဲကျသောကံ

အာနန္ဒာ မထေရ်၏ ဘုရားရှင်ထံ ဆုတောင်းချက် ၈ မျိုး

(အလုပ်အကျွေး ရဟန်းပြုရန်)
Eight boons that Ānandā asked for Buddha (to be His personal attendant):
၁။ ဘုရားရှင်က သူ့အား သင်္ကန်း မစွန့်ရန်
1: Not to give him the robes He received,
၂။ ဆွမ်းဘောဇဉ် မစွန့်ရန်
2: not to give him the food He received,
၃။ ဘုရားရှင်နှင့် ဂန္ဓကုဋိတိုက် တစ်ကျောင်းတည်း၌ နေခွင့် မပြုရန်
3: not to stay/sleep with Him at a same building, Gandhakuṭi,
၄။ ဘုရားရှင်ကို ပင့်ဖိတ်ရာသို့ သူ့ကို မခေါ်ရန်
4: not to take him with Him the house/place He is invited to,
၅။ သူမှတဆင့် ပင့်ဆောင်သည့် ဒါယကာ ဒါယိကာမများထံ ဘုရားရှင် လိုက်ပါတော်မူရန်
5: if He accepts at his request,
၆။ အဝေးမှ ဘုရားရှင်အား ဖူးမြင်ရန်လာသူများကို သူမှတဆင့် အမြန် ဖူးခွင့်ပေးရန်
6: permission quick homage to Him for visitors afar,
၇။ သူ့မှာ ယုံမှားသံသယရှိက မေးလျှောက်ခွင့်ပြုရန်
7: asking Him when he has any doubt,
၈။။ သူ့မျက်ကွယ်၌ ဟောကြားသောတရားများအားလုံး သူ့အားတဖန် ပြန်လည်ဟောတော်မူရန်။
8: to repeat the sermons for him, which have been tought in his absence.

အာနန္ဒာ – ရှင် အား ဘုရားရှင်သည် ‘သက်တမ်းပြည့် နေတော်မူပါဘုရားဟု လျှောက်ထားရန်အတွက်’ အရိပ်အမြွက်စကား မိန့်ကြားတော်မူသော ၁၅ ခါ

(ဘုရားရှင်သည် ‘သက်တမ်းပြည့် နေတော်မူပါဘုရားဟု လျှောက်ထားရန်အတွက်’ ရှင်အာနန္ဒာ အား အရိပ်အမြွက်စကား မိန့်ကြားတော်မူသော ၁၅ ခါ _ရှု)

အာနန္ဒာ – ရှင်၏ အံ့ဘွယ် ၄ ပါး

Four remarkable, wonderful qualities of Ānandā:
၁။ ရဟန်းယောက်ျား ပရိသတ်များက ရှင်အာနန္ဒအား။၏ ဖူးမြင်၍ မဝခြင်း တရားနာ၍ မဝခြင်း
1: Monks are pleased at the sight of him; they also pleased his talk and silent.
၂။ ရဟန်းမိန်းမ ပရိသတ်များက ရှင်အာနန္ဒအား။၏ ဖူးမြင်၍ မဝခြင်း တရားနာ၍ မဝခြင်း
2: Nuns are pleased at the sight of him; they also pleased his talk and silent.
၃။ လူယောက်ျား ပရိသတ်များက ရှင်အာနန္ဒအား။၏ ဖူးမြင်၍ မဝခြင်း တရားနာ၍ မဝခြင်း
3: Lay–men are pleased at the sight of him; they also pleased his talk and silent.
၄။ လူမိန်းမ ပရိသတ်များက ရှင်အာနန္ဒအား။၏ ဖူးမြင်၍ မဝခြင်း တရားနာ၍ မဝခြင်း
4: Lay–women are pleased at the sight of him; they also pleased his talk and silent.

အာနာပါန

Inhalation and exhalation.

အာနာပါန ကမ္မဋ္ဌာန်း

‘Breathing in and out’ meditation.

အာနာပါန စတုက္က

(မဟာသတိပဋ္ဌာနသုတ်)
Four ways of ‘Breathing in and out’ meditation
(The Foundation of Mindfullness Discourse):
ယောဂီသည်
၁။ (က) အသက်ရှည်ရှည် ရှူသော် ‘အသက်ရှည်ရှည် ရှူ၏’ ဟု သိမှတ်။ ရှုမှတ်၏။
(ခ)အသက်ရှည်ရှည် ရှိုက်သော် ‘အသက်ရှည်ရှည် ရှိုက်၏’ ဟု သိမှတ်။ ရှုမှတ်၏။
၂။ (က) အသက်တိုတို ရှူသော် ‘အသက်တိုတို ရှူ၏’ ဟု သိမှတ်။ ရှုမှတ်၏။
(ခ)အသက်တိုတို ရှိုက်သော် ‘အသက်တိုတို ရှိုက်၏’ ဟု သိမှတ်။ ရှုမှတ်၏။
၃။ (က) ဝင်လေအားလုံး၏ အစအလယ်အဆုံးကို ကောင်းကောင်းသိသည်ဖြစ်၍ သိမှတ်။ ရှုမှတ်၏။
(ခ) ထွက်လေအားလုံး၏ အစအလယ်အဆုံးကို ကောင်းကောင်းသိသည်ဖြစ်၍ သိမှတ်။ ရှုမှတ်၏။
၄။ (က) ရုန့်ရင်းသော ဝင်လေကို ငြိမ်းစေလျှက် သိမှတ်။ ရှုမှတ်၏။
(ခ) ရုန့်ရင်းသော ထွက်လေကို ငြိမ်းစေလျှက် သိမှတ်။ ရှုမှတ်၏။
A person who practices meditation:
1: (a) Breathing in long, he understands: ‘I breathe in long’;
(b) breathing out long, he understands: ‘I breathe out long’.
2: (a) Breathing in short, he understands: ‘I breathe in short’;
(b) breathing out short, he understands: ‘I breathe out short’.
3: (a) He trains himself: ‘I will breathe in, conscious of the whole body’;
(b) he trains himself: ‘I will breathe out, conscious of the whole body’.
4: (a) He trains himself: ‘I will breathe in, calming the whole bodily process’;
(b) he trains himself: ‘I will breathe out, calming the whole bodily process’.

အာနာပါန သမာဓိတရား တစ်ပါးကို ပွါးသော်

သတိပဋ္ဌာန်လေးပါး ပွါး – ပြည့်စုံ၏။ သတိပဋ္ဌာန်လေးပါး ပွါးသော် ဗောဇ္စျင် ခုနှစ်ပါး ပွါး – ပြည့်စုံ၏။ ဗောဇ္စျင်ခုနှစ်ပါးပွါးသော် ဝိဇ္ဇာ ဝိမုတ္တိပြည့်စုံ၏။
(ပဌမအာနန္ဒသုတ် စသည်။ အာနာပါနသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ။ အာနာပါနဿတိသုတ်။
ဥပရိပဏ္ဏာသ။ မဇ္စျိမနိကာယပါဠိ)
Concentration by mindfulness of breathing is the one thing which fulfills the four foundations of mindfulness. They (four …) fulfill seven factors of enlightenment.
They (seven … ) fulfill true knowledge and liberation.
(Ānāpāna Saṃyutta, Mahā–vagga Saṃyutta Pāḷi)

အာနာပါနဿတိ ထက်မြက်ကြောင်း တရား ၅ ပါး

Five factors to practice breathing–in–and–out meditation easily:
၁။ ကိစ္စနည်းပြီး မွေးမြူလွယ်ခြင်း
1: Doing a few things and contentment,
၂။ အစားအသောက် နည်းခြင်း
2: taking little food,
၃။ ငိုက်မြည်းမှုနည်းပြီး နိုးကြားခြင်း
3: less sloth and more vigilance,
၄။ ဗဟုသုတများခြင်း
4: vast learning,
၅။ စိတ်ကို ဆင်ခြင်ခြင်း။
5: reflect the mind.

အာနိသင် – အကျိုး

Result, effect, power.

အာနုဘော် – အရှိန်အဝါ

Power, energy.

အာပတ် – အပြစ်ရှိခြင်း

Guilt, sin, misdeed, offence, trangression.

အာပတ် ၇ ပုံ

Seven divisions/kinds/groups of guilt/transgression/sin:
၁။ ပါရာဇိက – ရဟန်းဘဝမှဆုံးရှုံးခြင်း
1: Pārājika – the Defeat,
(Rules entailing expulsion from the Saṃgha, community of monks),
၂။ သံဃာဒိသေသ – သံဃာအများရှေ့တွင် အာပတ်အပြစ်မှ ကင်းလွတ်အောင် ကုစားရခြင်း
2: Saṅghādisesa – Saṅghā is needed throughout the confession–process,
(Rules entailing an initial and subsequent meeting of the Saṃgha),
၃။ ထုလ္လဇဉ်း – ကြီးလေးအာပတ်
3: Thullajañña – the Thick misdeed,
၄။ ပါစိတ် – သေးငယ်အပြစ်
4: Pācittiya – the Misdeed that can be confessed,
expiation,
၅။ ပါဋိဒေသနီ
5: Pāṭidesanī – ‘the Particular confession’,
(Rules entailing acknowledgement),
၆။ ဒုက္ကဋ် – ပြုမှားအပြစ်
6: Dukkaṭa – ‘the Improper act’,
၇။ ဒုဗ္ဘာသီ – ပြောမှားအပြစ်။
7: Dubbhāsī – ‘the Improper speech’.

အာပတ်ကုစား အာပတ်ဖြေရခြင်း အကျိုး

(အပြစ်ကို အပြစ်ဟု ရှုသိမြင်ကာ ကုစားပြီး နောင်တဖန် မကျူးလွန်အောင် ထိမ်းသိမ်းခြင်း ဟူသည် _ရှု)

အာပတ်ဖြေ

အပြစ်ရှိကြောင်းဝန်ခံပြီး နောင်အပြစ်မဖြစ်အောင် ဂတိပြုခြင်း
Confession, penance, doing penance of breaking a Vinaya–rule(s).

အာပတ်မသင့်သော ပုဂ္ဂိုလ် ၂ ပါး

Two persons of no transgression:
၁။ သဗ္ဗညု ဘုရားရှင်
1: Universal Buddha,
၂။ ပစ္စေက ဗုဒ္ဓါ။
2: Individual Buddha.

အာပတ်လွတ်

အပြစ်မှလွတ်
Free from guilt/sin/blame.

အာပတ်သင့်

အပြစ်ကျူးလွန်ခြင်း
Guilty of breaking the rule (Vinaya).

အာပတ်သင့်ခြင်း၏ အကြောင်း ၆ ပါး

Six causes of breaking vinaya rules:
၁။ အလဇ္ဇိတာ – အရှက်မရှိခြင်း
1: Shamelessness/fearlessness,
၂။ အညာဏတာ – မသိခြင်း
2: ignorance,
၃။ ကုက္ကုစ္စပကတတာ – သံသယများခြင်း
3: overwhelming by doubt,
၄။ အကပ္ပိယေ ကပ္ပိယသညိတာ – မအပ်စပ်သည်ကို အပ်စပ်၏ဟု အမှတ်ရှိခြင်း
4: thinking the unsuitable as the suitable,
၅။ ကပ္ပိယေ အကပ္ပယသညိတာ – အပ်စပ်သည်ကို မအပ်စပ်၏ဟု အမှတ်ရှိခြင်း
5: thinking the suitable as unsuitable,
၆။ သတိသမ္မောသာ – သတိလွတ်ကင်းခြင်း။
6: heedlessness.

အာပေါ

ရေ
Element of water, fluidity.

အာဘော်။ အာဘောဂ အမြင်

Opinion, view.

အာမ ဘန္တေ ခံ။ အာမ ဝန္တာ ခံ

ဝန်ခံဂတိပေးခြင်း
Promise to do something.

အာမိသ ၃ ပါး

ကပ်ငြိခြင်း
Three kinds of clinging:
၁။ လောကာမိသ = ငါးပါးအာရုံ ကာမဂုဏ်၌ ကပ်ငြိခြင်း
1: Clinging to sensual pleasure,
၂။ ဝဋ္ဋာမိသ = သံသရာဝဋ် ၌ ကပ်ငြိခြင်း
2: to saṃsāra (round of rebirth),
၃။ ကိလေသာမိသ = ကိလေသာ ၌ ကပ်ငြိခြင်း။
3: to mental defilements.

အာမိသ နှင့် ဓမ္မတို့၏ အမည်များ

(ဒါနဝဂ် နှင့် သန္ထာရဝဂ်။ ဒုကနိပါတ။ အင်္ဂုတ္တရပါဠိ)
Names of material goods and the Dhamma respectively:
၁။ အာမိသ ဒါန။ ဓမ္မ ဒါန (ပစ္စည်းဥစ္စာအလှူ။ တရားအလှူ)
1: Gift of goods and gift of Dhamma,
၂။ အာမိသ ယာဂ။ ဓမ္မ ယာဂ (ပူဇော်ခြင်း)
2: offering of goods and offering of Dhamma,
၃။ အာမိသ စာဂ။ ဓမ္မ စာဂ (စွန့်ကြဲခြင်း)
3: generosity of …..
၄။ အာမိသ ပရိစ္စာဂ။ ဓမ္မ ပရိစ္စာဂ (လွတ်လွတ်စွန့်ကြဲခြင်း)
4: relinquishment of …..
၅။ အာမိသ ဘောဂ။ ဓမ္မ ဘောဂ (သုံးဆောင်ခြင်း)
5: wealth of …..
၆။ အာမိသ သမ္ဘောဂ။ ဓမ္မ သမ္ဘောဂ (အတူတကွသုံးဆောင်ခြင်း)
6: enjoyment of …..
၇။ အာမိသ သံဝိဘာဂ။ ဓမ္မ သံဝိဘာဂ (ဝေဖန်ခြင်း)
7: sharing of …..
၈။ အာမိသ သင်္ဂဟ။ ဓမ္မ သင်္ဂဟ (ထောက်ပံ့ခြင်း)
8: support of …..
၉။ အာမိသာနုဂ္ဂဟ ။ ဓမ္မာနုဂ္ဂဟ (ချီးမြှောက်ခြင်း)
9: assistance of …..
၁ဝ။ အာမိသာနုကမ္ပ။ ဓမ္မာနုကမ္ပ (သနားခြင်း)။
10: compassion of …..
၁၁။ အာမိသ သန္ထာရ။ ဓမ္မ သန္ထာရ (အဆက်အသွယ်ပြုခြင်း)
11: munificence of …..
၁၂။ အာမိသ ပဋိသန္ထာရ။ ဓမ္မ ပဋိသန္ထာရ (အစေ့အစပ်အဆက်အသွယ်ပြုခြင်း)
12: hospitality of …..
၁၃။ အာမိသေသနာ။ ဓမ္မေသနာ (ရှာမှီးခြင်း)
13: search of …..
၁၄။ အာမိသ ပရိယေသနာ။ ဓမ္မ ပရိယေသနာ (ထက်ဝန်းကျင် ရှာမှီးခြင်း)
14: quest of …..
၁၅။ အာမိသ ပရိယေဋ္ဌိ။ ဓမ္မ ပရိယေဋ္ဌိ (အထွတ်အထိပ်ရောက် ရှာမှီးခြင်း)
15: seeking of …..
၁၆။ အာမိသ ပူဇာ။ ဓမ္မ ပူဇာ (ပူဇော်ခြင်း)
16: veneration of …..
၁၇။ အာမိသာတိထေယျ ။ ဓမ္မာတိထေယျ (ဧည့်သည်တို့အား ပေးလှူခြင်း)
17: gift to present to a guest of …..
၁၈။ အာမိသိဒ္ဓိ။ ဓမ္မိဒ္ဓိ (ပြည့်စုံခြင်း)
18: success of …..
၁၉။ အာမိသ ဝုဒ္ဓိ။ ဓမ္မဝုဒ္ဓိ (ကြီးပွါးခြင်း)
19: growth of …..
၂ဝ။ အာမိသ ရတန။ ဓမ္မ ရတန (နှစ်သက်ဖွယ်ရာ ရတနာ)
20: gem of …..
၂၁။ အာမိသ သန္နိစယ။ ဓမ္မ သန္နိစယ (ပွါးစီးခြင်း)
21: accumulation of …..
၂၂။ အာမိသ ဝေပုလ္လ။ ဓမ္မ ဝေပုလ္လ (ပြန့်ပြောခြင်း)
22: expansion of goods and expansion of Dhamma.

အာမေဋိတ်

ရုတ်တရက် အထိတ်တလန့်အသံ
Exclamation, interjectione.

အာယတန

Base, source.

အာယတန ၁၂ ပါး

Twelve bases/sources/sense–spheres:
၁။ စက္ခု – မျက်စိ
1: Eye,
၇။ ရူပါရုံ – အဆင်း
7: vision,
၂။ သောတ – နား
2: ear,
၈။ သဒ္ဒါရုံ – အသံ
8: sound,
၃။ ဃာန – နှာ
3: nose,
၉။ ဂန္ဓာရုံ – အနံ့
9: smell,
၄။ ဇိဝှါ – လျှာ
4: tongue
၁ဝ။ ရသာရုံ – အရသာ
10: taste,
၅။ ကာယ – ကိုယ်
5: body,
၁၁။ ဖေါဋ္ဌဗ္ဗာရုံ – အတွေ့အထိ
11: tangibility,
၆။ မန – စိတ်
6: mind,
၁၂။ ဓမ္မာရုံ – အကြံ အစည်။
12: mental object.

အာယတန

အဇ္စျတ္တိက – အတွင်း အာယတန ၆ ပါး သည် အထက်ပါ နံပါတ် ၁ မှ ၆ အထိ။

အာယတန

ဗာဟိရ – အပြင် အာယတန ၆ ပါး သည် အထက်ပါ နံပါတ် ၇ မှ ၁၂ အထိ ဖြစ်သည်။
The numbers from 1 to 6 of the above are ‘internal bases’ and from 7 to 12 are external bases.

အာယု

အသက်
Life,

အာယုကပ်

Life span.

အာယုဗ္ဗေဒ

Science of health, medicine.

အာယု သင်္ခါရ

The process of life–force.

အာယု သင်္ခါရလွှတ်

Of Lord Buddha, relinquishing the power to control the life–force.

အာယု ဥသ္မာ စ ဝိညာဏံ – ဂါထာ

(အသက်သေသည်ဟုသတ်မှတ်ချက် ၃ မျိုး _ရှု)

အာရညိကဓုတင်

တောရဆောက်တည်ခြင်း (ဓုတင် ၁၃ ပါး _ရှု)

အာရညိကဓုတင်

တောရဆောက်တည်ခြင်း၏ အကျိုး ၇ ပါး
Seven benefits of the forest–dweller’s practice:
၁။ သမာဓိ ရလွယ်ခြင်း
1: Easy to attain concentration,
၂။ သူတော်ကောင်းများ ချီးမွမ်းခြင်း
2: praised by the wise,
၃။ မလျှောက်ပတ်သောအာရုံများ မရှိနိုင်ခြင်း
3: no distracted object,
၄။ ပူပန်မှု ကင်းခြင်း
4: no anxiety,
၅။ အသက်ကို မငဲ့ကွက်ခြင်း
5: no attachment to his life,
၆။ တိတ်ဆိတ်မှု ချမ်းသာနှင့် ပြည့်စုံခြင်း
6: solitude,
၇။ ပံသုကူဆောင်ခြင်း စသည်တို့နှင့် သင့်လျှော်ခြင်း။
7: conducive to the refuse–rag wearing etc.

အာရ ဗ္ဘဝတ္ထု ၈ ပါး

(ဝီရိယ ရှိခြင်းအကြောင်း – အာရ ဗ္ဘဝတ္ထု – ၈ ပါး _ရှု)

အာရာမ်

Enclosure surrounding a monastery or a pagoda.

အာရုံ

Object of sense or thought, attention, sense object.

အာရုံ ၆ ပါး

Six sensual objects:
၁။ ရူပါရုံ
1: Form, visible object, eye–object,
၂။ သဒ္ဒါရုံ
2: sound, audible object, ear–object,
၃။ ဂန္ဓာရုံ
3: smell, odorous object, nose–object,
၄။ ရသာရုံ
4: taste, gustative object, tongue–object,
၅။ ဖေါဋ္ဌဗ္ဗာရုံ
5: touch, tangible object, body–impression, body–object,
၆။ ဓမ္မာရုံ။
6: mind objects, objects of consciousness.

အာရုဏ်တက်

Dawn.

အာရုဏ်တက်ချိန်

The exact time of dawn, i.e., one hour ahead of the ‘sun–rise’.

အာရုပ္ပ ၄ ပါး

(ဘုံ ၃၁။ အရူပ ဗြဟ္မာ ၄ ဘုံ _ရှု)

အာလယ

Attachment, desire, longing.

အာလယ ၂ ပါး

Two forms of attachment:
၁။ ကာမာလယ
1: Attachment to the five objects of sensual pleasure,
၂။ တဏှာလယ။
2: attachment to the enjoyment of the sensual objects.

အာလာပ/အလ္လာပ သလ္လာပ

သူပြောကိုယ်ပြော ပြောကြခြင်း
Informal conversation.

အာလိန်

အဆင့်
Terrace.

အာလိန် ၅ ဆင့်

မြင့်မိုရ်တောင် သည် ယူဇနာ ၈၄ဝဝဝ မြင့်၏။ ယင်း၏ တဝက် ယူဇနာ ၄၂ဝဝဝ ၌ ပဌမ အာလိန် ရှိသည်။ (ယူဇနာ _ရှု) စတုမဟာရာဇ်နတ်များ စောင့်ရှောက် နေထိုင်ကြသည်။
ယင်းအောက် ယူဇနာ ရဝဝဝ နိမ့်သော စတုတ္ထ အာလိန် – ရက္ခိုသ် တို့ စောက်ရှောက် နေထိုင်ကြသည် ယင်းအောက် ယူဇနာ ရဝဝဝ နိမ့်သော တတိယ အာလိန် – ဂုမ္ဘဏ် တို့ စောင့်ရှောက် နေထိုင်ကြသည် ယင်းအောက် ယူဇနာ ရဝဝဝ နိမ့်သော ဒုတိယ အာလိန် – ဂဠုန် တို့ စောင့်ရှောက် နေထိုင်ကြသည် ယင်းအောက် ယူဇနာ ရဝဝဝ နိမ့်သော ပထမ အာလိန် – နဂါး တို့ စောင့်ရှောက် နေထိုင်ကြသည်။
Five terraces: Mt. Meru is 84,000 yūjanā in hight. Half of it, 42,000 yūjanā in hight, is the fifth terrace. Catumahārājika, the Four Great Kings, live there as the first shield of Sakka, King of gods. The fourth terrace is 7,000 yūjanā below the fifth; Rakkhasa, a kind of ogre–deities, live there as the second shield of Sakka, King of gods. The third terrace is 7,000 yūjanā below the fourth; Gumbhandha, deities with big testicle/scrotum, live there as the third shield of Sakka, King of gods. The second terrace is 7,000 yūjanā below the third; Garuḷa , kings of the birds, live there as the fourth shield of Sakka, King of gods. The first terrace is 7,000 yūjanā below the second; Nāga, dragons, live there as the fifth shield of Sakka, King of gods.

အာလုပ်

ဦးတည်ခေါ်
Form of addgress (grammar).

အာဝဇ္ဇန်း

အပြောရွှင်
Eloquence, fluency, apprehension, contemplation, fluency. အာဝရဏ – အပိတ်အပင် တားဆီး Obstruction.

အာဝါသိက ဝတ်

အိမ်ရှင်ဝတ္တရား
Resident–monk’s duties.

အာဝါဟ မင်္ဂလာ

Marriage ceremony conveying a bride to the bridegoom.

အာဝါဟ ဝိဝါဟ

Merrage ceremony, wedding.

အာဝေဏိက ဒုက္ခ

Suffering particular to females.

အာဝေဏိက ဂုဏ်တော် ၁၈ ပါး

အာဝေဏိက ဓမ္မ ၁၈ ပါး (ဘုရားရှင်၏ အများနှင့် မသက်ဆိုင်သော တရား –
အာဝေဏိက ဓမ္မ – ၁၈ ပါး _ရှု)

အာသန

ထိုင်ပုံ ကိုယ်အနေအထား။ နေရာ
Sitting position/gesture.

အာသဝ (အာသဝေါ) ယိုစီးခြင်း

Canker, taint, flux, intoxicant, outflow.

အာသဝ (အာသဝေါ) တရား ၄ ပါး

Four cankers:
၁။ ကာမာသဝ
1: The canker of sense–desire,
၂။ ဘဝါသဝ
2: of desiring eternal existence,
၃။ ဒိဋ္ဌာသဝ
3: of wrong view,
၄။ အဝိဇ္ဇာသဝ။
4: of ignorance.

အာသဝေါတရား ပယ်ရန်နည်း ၆ ပါး

Six ways to get rid of cankers/mental fluxes:
၁။ သံဝရ = စောင့်စည်းပြီး ပယ်ခြင်း
1: Getting rid of cankers by control,
၂။ ပဋိသေဝန = မှီဝဲပြီး ပယ်ခြင်း
2: by use,
၃။ အဓိဝါသန = သည်းခံပြီး ပယ်ခြင်း
3: by endurance,
၄။ ပရိဝဇ္ဇန = ရှောင်ကြဉ်ပြီး ပယ်ခြင်း
4: by avoidance,
၅။ ဝိနောဒန = ပယ်ဖျောက်ပြီး ပယ်ခြင်း
5: by ejection,
၆။ ဘာဝနာ = ပွါးများပြီး ပယ်ခြင်း။
6: by developing/growth.

အာသာ။ အာသီသ

Desire, longing.

အာသာဝတီ နွယ်နီနတ်ပန်း

ဤပန်းသည် နှစ်တစ်ထောင်ကြာမှ တစ်ခါသာပွင့်သည် ဟုဆိုသည်။
Climbing red plant which flowers once in a thousand years.

အာသီဝိသောပမသုတ်လာ ဥပမာများ

The similes in the Viper Discourse (Āsīvisopama Sutta):
၁။ အဆိပ်ပြင်းထန်သာ မြွေကြီး လေးကောင် – မဟာဘုတ် ဓာတ်ကြီးလေးပါး
1: The four vipers are similar to the four great elements;
၂။ ရန်သူ လူသတ်သမားကြီး ငါးဦး – စွဲလမ်းရာ ခန္ဓာ ငါးပါး
2: Five murderous enemies: the five aggregates subject to clining;
၄။ အတွင်းသူလျှို ခြောက်ယောက် သူသတ်သမား– စွဲလမ်းမှုတဏှာ တပ်မက်မှုရာဂ
3: the sixth muderer: delight and lust;
၄။ ဘာမျှမရှိသော ရွာပျက်ကြီး – မျက်စိစသော အတွင်းအာယတန ခြောက်ပါး
4: Empty village: the six internal sense bases such as eye;
၅။ ရွာဖျက် သူခိုးဓါးပြ – အပြင် ရူပါရုံစသော အာယတန ခြောက်ပါး
5: Village–attacking dacoits: the six external sense bases such as form;
၆။ ရေပြင်ကျယ်– သံသရာ ဝဲသြဃ
6: The great expanse of water: the four foods such as flood of sensual pleasure;
၇။ ဤမှာဘက်ကမ်း ဘေးရန်များစွာ – သက္ကာယ ဒိဋ္ဌိ
7: The near shore: identity;
၈။ ဟိုမှာဘက်ကမ်း ငြိမ်းချမ်းသာယာ ဘေးရန်ကွာ – နိဗ္ဗာန်
8: The further shore: Nibbāna;
၉။ ရေပြင်ကို ကူးခပ်ရန်ဖေါင် – မဂ္ဂင်ရှစ်ပါး လမ်းစဉ်တရား
9: The raft: the Noble Eightfold Path;
၁ဝ။ လက်ရုံးအားကိုးပြီး ဖေါင်ကို လှော်ယက်မှု – ကြိုးစားမှု သမ္မာဝါယာမ
10: Making effort for moving the raft: the right effort;
၁၁။ တစ်ဘက်ကမ်း ကူးမြောက်ပြီးသူ – ရဟန္တာ ပုဂ္ဂိုလ်။
11: One who has accrossed over the expance of water: aranaht.

အာသီသ

Will, wish, desire.

အာဟာရ

အသက်ရှည်အောင် ဆောင်သောအရာ။ ဆောင်ခြင်း
Food, nutriment.

အာဟာရ ၄ ပါး

Four kinds of food:
၁။ ကဗဠီကာရာဟာရ – စားသောက်စရာ
1: Solid and liquid food,
၂။ ဖဿာဟာရ – အတွေ့အစာ
2: contact,
၃။ မနောသဌေတနာဟာရ – နာမ်အစာ
3: volitional activity,
၄။ ဝိညာဏာဟာရ – စိတ်အစာ။
4: birth–linking consciousness.

အာဟာရ ၄ ပါး

ဆောင်ရွက်ပုံများ The function of the four kinds of food:
၁။ ကဗဠီကာရာဟာရသည် သြဇလျှင် ရှစ်ခုမြောက်သော ရုပ်ကို ဆောင်၏
1: Solid/liquid food nourishes the materiality of eight things that has nutrive essence as eighth.
၂။ ဖဿာဟာရသည် ဝေဒနာသုံးပါးကို ဆောင်၏
2: Contact as nutriment nourishes the three kinds of feeling.
၃။ မနောသဌေတနာဟာရသည် ဘဝသုံးပါး၌ ပဋိသန္ဓေကို ဆောင်၏
3: Volitional activity as nutriment nourishes rebirth–linking in the three realms.
၄။ ဝိညာဏာဟာရသည် ပဋိသန္ဓေခဏ၌ နာမ်ရုပ်ကို ဆောင်၏။
4: Birth–linking consciousness as nutriment nourishes mentality–materiality at the moment of rebirth–linking.

အာဟာရေ ပဋိက္ကူလသညာ ကမ္မဋ္ဌာန်းပွါးများ ဆင်ခြင်ရန် ၁ဝ ပါး

(အကျယ်ကို ဝိသုဒ္ဓိမဂ်၌ ကြည့်ပါ)
Ten aspects in the physical nutriment to be meditated:
(See ‘the Path of Purification’ in detail.):
၁။ ဂမနတော – သွားရောက်ရယူ (ဆွမ်းခံ) ရခြင်း
1: going,
၂။ ပရိယေသနတော – ရှာဖွေရခြင်း
2: seeking,
၃။ ပရိဘောဂတော – သုံးဆောင်ရခြင်း
3: using,
၄။ အာသယတော – သိမ်းဆည်းရခြင်း
4: receptacle,
၅။ နိဒါနတော – စွန့်ရခြင်း
5: secretion,
၆။ အပရိပက္ကတော – မကျေညက်သေးခြင်း
6: undigested,
၇။ ပရိပက္ကတော – ကျေညက်ပြီးခြင်း
7: digested,
၈။ ဖလတော – အကျိုးရခြင်း
8: fruit,
၉။ နိသန္ဒတော – အကျိုးဆက်ဖြစ်ပေါ်ခြင်း
9: outflow,
၁ဝ။ သမ္မက္ခနတော – လိမ်းကျံကပ်ညိခြင်း။
10: smearing.

အာဠာဝက – ကြမ်းတမ်းသူ

Fierce person, the name of an ogre subdued by the Buddha.

အာဠာဝကဘီလူး၏ အမေးပုစ္ဆာ ၉ ထွေ

ဘုရားရှင်၏ အဖြေ ၉ ပါး
Ālāvaka’s nine questions and Lord Buddha’s nine answers:
၁။ လောက၌ အဘယ်ဥစ္စာသည် အမြတ်ဆုံးဖြစ်သနည်း – (အဖြေ) ယုံကြည်မှုသဒ္ဓါတရား
1: What is the best property in this world? Answer: faith.
၂။ အဘယ်တရားသည် ချမ်းသာကို ပို့ဆောင်နိုင်သနည်း – ကောင်းစွာလေ့ကျက်ထားသော တရား
2: What dhamma leads to the blissful states?
Answer: daily practice of good dhamma.
၃။ အဘယ်အရသာသည် အချိုမြိန်ဆုံးနည်း – (အဖြေ) အမှန်သစ္စာတရား
3: What is the sweetest taste? Answer: taste of truthfulness.
၄။ အဘယ်အသက်ရှင်ခြင်းသည် အမြတ်ဆုံးနည်း – (အဖြေ) သီလ ပညာကို မှီ၍ အသက်မွေးခြင်း။
4: By what is living the best? Answer: living by course of right conduct and wisdom.
၅။ ပညာရကြောင်း တရားကား အဘယ်နည်း။ (အဖြေ) ယုံကြည်မှု စူးစိုက်မှု သတိရှိမှု ပြန်လည်ဆင်ခြင်မှု
5: How is wisdom gained? Answer: faith, attention, awareness and reflection.
၆။ ဥစ္စာရကြောင်း တရားကား အဘယ်နည်း။ (အဖြေ) အချိန်နေရာအလိုက် သင့်လျှော်အောင်ပြုခြင်း
6: How is wealth gained? Answer: In harmony with place and time etc..
၇။ ကျော်ကြားကြောင်း တရားကား အဘယ်နည်း။ (အဖြေ) မှန်မှန်ကန်ကန် ပြုမူခြင်း
7: How is to get fame? Answer: truthfulness.
၈။ မိတ်ဆွေပြည့်စုံကြောင်း တရားကား အဘယ်နည်း။ (အဖြေ) လှူတမ်း ပေးကမ်း ကူညီ စွန့်ကြဲခြင်း
8: How is to get friends? Answer: generous acts.
၉။ နောင်တမလွန် မစိုးရိမ်ရကြောင်း တရားကား အဘယ်နည်း။ (အဖြေ) သစ္စာ ဓမ္မ ဝီရိယ စာဂ၊
9: How is to get next life freed from sorrow? Answer: truthfulness, dhamma, energy and generosity.

ဣစ္ဆာသယ – လိုတရ

Fulfilment of desire or wish.

ဣဇ္စျိဿတိ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ

(သီလစင်ကြယ်သူသည် လိုရာဆန္ဒပြည့်ဝကြောင်း _ရှု)
Wishes of the virtuous are fulfilled due to their purities.

ဣဋ္ဌာရုံ

(အနိဋ္ဌာရုံ _ရှု) Desirable object.

ဣတိ ဝုတ္တက ပါဠိ

‘ဤသို့ ဘုရားရှင် ဟောတော်မူ၏’ ဟု အဓိပ္ပါယ်ရသည်။ ခုဒ္ဒကနိကာယ်၏ စတုတ္ထကျမ်း ဖြစ်သည်။ သုတ္တန် ၁၁၂ ခုပါဝင်ပြီး နိပါတ = ကဏ္ဍ လေးခုဖြင့် ပိုင်းခြားထားသည်။
Itivuttaka: It literally means “Thus has been said”, the fourth book of ‘the Collection of Minor Discourses’. There are 112 suttas divided into four chapters, called nipāta.

ဣတ္ထိ။ ဣတ္ထိယ

မိန်းမ
Woman, female.

ဣဒံ မေ ဒါနံ –ပုညံ– ဆုတောင်း

မြန်မာဗုဒ္ဓဘာသာအစဉ်အလာ၌ ထင်ရှားသော ဆုတောင်းဖြစ်သည်။
ဣဒံ မေ ဒါနံ (ပုညံ) အာသဝက္ခယာဝဟံ ဟောတု (နိဒါနဝဂ္ဂ သံယုတ္တ အဋ္ဌကထာ ၁၈။ ဧကက နိပါတ အဂုင်္တ္တရ အဋ္ဌကထာ ၄၃။ သတိထားပါ – ‘အာသဝက္ခယံ ဝဟံ’ မဟုတ် – ‘အာသဝက္ခယာဝဟံ’ ဖြစ်သည်)
– တပည့်တော်များ၏ ဤအလှူ (ကုသိုလ်) သည် အာသဝေါတရားများ ကုန်ခမ်းရာဖြစ်သော နိဗ္ဗာန်ကို ရောက်အောင် ရွက်ဆောင်အားပေးနိုင်သည် ဖြစ်ပါစေသား။
Myanmar popular prayer starting ‘Idaṃ me dānaṃ (puññaṃ)’ – A famous prayer in Myanmar Buddhist tradition:
Idaṃ me dānaṃ (puññaṃ) āsavakkhayāvahaṃ hotu (Note: not āsavakkhayaṃ vahaṃ but āsavakkhayāvahaṃ) = May my generous act (merit) just done support the ‘destruction of the taints’ (‘Nibbāna’).

ဣဒံ သစ္စာဘိနိဝေသ ဒိဋ္ဌိ

မိမိ၏ အယူအဆ ဝါဒသာ အမှန်တရားဖြစ်သည် ဟု စွဲယူသော ဒိဋ္ဌိ။
Fanaticism, the view that one’s religion/belief/view alone is the Truth.

ဣဒ္ဓိ

တန်ခိုး
Power, magical power, supernormal power.

ဣဒ္ဓိ ၂ မျိုး

Two powers of accomplishment:
၁။ အာမိသိဒ္ဓိ – ပစ္စည်းဥစ္စာဖြင့် ပြီးမြောက်အောင်မြင်ခြင်း
1: Power of accomplishment through material wealth,
၂။ ဓမ္မိဒ္ဓိ – တရားစွမ်းအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း။
2: through dhamma.

ဣဒ္ဓိ ၁ဝ မျိုး

(တန်ခိုး ဣဒ္ဓိ ၁ဝ မျိုး _ရှု)

ဣဒ္ဓိပါဒ်

တန်ခိုးအခြေခံ။ တန်ခိုးရကြောင်း
Road to power.

ဣဒ္ဓိပါဒ် ၄ ပါး

Four roads to power:
၁။ ဆန္ဒိဒ္ဓိပါဒ် – ပြင်းပြသောလိုခြင်မှု
1: Concentration of intention–effort,
၂။ ဝီရိယိဒ္ဓိပါဒ် – ကြိုးစားမှု
2: concentration of energy–effort,
၃။ စိတ္တိဒ္ဓိပါဒ် – စိတ်ထက်သန်မှု
3: concentration of consciousness–effort,
၄။ ဝီမံသိဒ္ဓိပါဒ် – ပညာထက်သန်မှု။
4: concentration of investigation–effort.

ဣန္ဒြိယ

(ဣန္ဒြေ) Faculty.

ဣန္ဒြိယ သံဝရ သီလ

Morality/virtue consisting of restraint of the senses.

ဣန္ဒြိယေသု ဂုတ္တဒွါရတာ

– ဣန္ဒြေတို့ကို စောင့်စည်းခြင်း Garding the sense–doors.

ဣန္ဒြေ ၃ ပါး

Three life faculties:
၁။ ဣတ္ထိန္ဒြေ
1: The femininity faculty,
၂။ ပုရိသိန္ဒြေ
2: the masculinity faculty,
၃။ ဇီဝိတိန္ဒြေ။
3: the life faculty.

ဣန္ဒြေ ၃ ပါး

(တနည်း)
More three life faculties:
၁။ အနညာတညာသာမီတိန္ဒြေ
1: The faculty ‘I will know the as–yet–unknown’,
၂။ အညိန္ဒြေ
2: the faculty of final knowledge,
၃။ အညတာဝိန္ဒြေ
3: the faculty of one endowed with final knowledge

ဣန္ဒြေ ၅ ပါး

(ဗောဓိပက္ခိယ _ရှု) Five spiritual faculties:
၁။ သဒ္ဓိန္ဒြေ
1: Faith–faculty,
၂။ ဝီရိယိန္ဒြေ
2: energy–faculty,
၃။ သတိန္ဒြေ
3: mindfulness–faculty,
၄။ သမာဓိန္ဒြေ
4: concentration–faculty,
၅။ ပညိန္ဒြေ။
5: wisdom–faculty.

ဣန္ဒြေ ၅ ပါး အဓိပ္ပါယ် အရကောက်များ

(ဒဋ္ဌဗ္ဗသုတ်။ ဣန္ဒြိယသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
Meanings of the five spiritual faculties in accordance with Daṭṭhabba Sutta:
၁။ သဒ္ဓိန္ဒြေ = သောတာပန်ပုဂ္ဂိုလ်၏ သဒ္ဓါတရား
1: Faith–faculty: stream–winner’s faith,
၂။ ဝီရိယိန္ဒြေ = သမ္မပ္ပဒါန် လေးပါး
2: energy–faculty: the four great efforts,
၃။ သတိန္ဒြေ = သတိပဋ္ဌာန် လေးပါး
3: mindfulness–faculty: the four foundation of mindfulness,
၄။ သမာဓိန္ဒြေ = စျာန်လေးပါး သမာဓိ
4: concentration–faculty: the concentration of the four trances (jhāna),
၅။ ပညိန္ဒြေ = သစ္စာလေးပါး သိမြင်သောဉာဏ်။
5: wisdom–faculty: the wisdom of the four noble truths.

ဣန္ဒြေ ၅ ပါး

(တနည်း)
Five more faculties:
၁။ သုခိန္ဒြေ (ကာယိက)
1: Pleasant feeling (bodily),
၂။ ဒုက္ခိန္ဒြေ (ကာယိက)
2: pain (bodily),
၃။ သောမနဿိန္ဒြေ (စေတသိက)
3: gladness (mental),
၄။ ဒေါမနဿိန္ဒြေ (စေတသိက)
4: sadness (mental),
၅။ ဥပေက္ခိန္ဒြေ (ကာယိက + စေတသိက)။
5: indifferent feeling (bodily + mental).

ဣန္ဒြေ ၂၂ ပါး

Twety–two faculties:

အာယတန ၆ ပါး

Six bases:
၁။ စက္ခု
1: Eye,
၂။ သောတ
2: ear,
၃။ ဃာန
3: nose,
၄။ ဇိဝှါ
4: tongue,
၅။ ကာယ
5: body,
၆။ မနော
6: mind,

ဘာဝ ၂ ပါး

Two sexes:
၇။ ဣတ္ထိ ဘာဝ
7: feminity, ၈၊ ပုလ် ဘာဝ
8: masculinity,

ဇီဝိတ ၁ ပါး

One vitality:
၉။ ဇီဝိတိန္ဒြိယ
9: life–vitality,

ဝေဒနာ ၅ ပါး

Five feelings:
၁ဝ။ သုခ
10: pleasure,
၁၁။ ဒုက္ခ
11: pain,
၁၂။ သောမနဿ
12: gladness,
၁၃။ ဒေါမနဿ
13: sadness,
၁၄။ ဥပေက္ခာ
14: indifference, equanimity,
ဗလ ၅ ပါး Five spiritual faculties:
၁၅။ သဒ္ဓါ
15: faith,
၁၆။ ဝီရိယ
16: energy,
၁၇။ သတိ
17: mindfulness,
၁၈။ သမာဓိ
18: concentration,
၁၉။ ပညာ
19: wisdom,

လောကုတ္တရာ ဣန္ဒြေ

၃ ပါး Three supra–faculties:
၂ဝ။ အနညာတညဿတိန္ဒြိယ
20: the assurance, ‘I shall know what I did not yet know’,
၂၁။ အညိန္ဒြိယ
21: the falculity of highest knowledge,
၂၂။ အညာတာဝိန္ဒြိယ။
22: the falculity of him who know.

ဣန္ဒြေစောင့်စည်းခြင်း

Garding/controlling one’s own senses.

ဣန္ဒြေထက်မျက်ကြောင်းတရား ၉ ပါး

Nine ways of sharpening the faculties:
၁။ သင်္ခါရတရားတို့ကို အပျက်အားဖြင့် မြင်ခြင်း
1: Seeing only the destruction of arisen formations,
၂။ ထိုသို့မြင်ရန် သတိထားခြင်း
2: in that, making sure of working carefully,
၃။ ထိုသို့မြင်ရန် အမြဲတမ်း အားထုတ်နေခြင်း
3: making sure of working perserveringly,
၄။ ထိုသို့မြင်ရန် သင့်လျှော်အောင်ကျင့်နေခြင်း
4: making sure of working suitably,
၅။ သမာဓိ နိမိတ်ကို ယူခြင်း
5: apprehending the sign of concentration,
၆။ ဗောဇ္စျင်တရားတို့ကို ညီမျှစေခြင်း
6: balancing the enlightenment factors,
၇။ ကိုယ်နှင့်အသက်ကို မငဲ့ကွက်ခြင်း
7: establishing disregard of body and life,
၈။ နေက္ခမဓာတ် အားကြီးခြင်း
8: overcoming pain by renunciation,
၉။ တဝက်တပျက်နှင့် ရပ်မထားခြင်း။
9: not stopping halfway.

ဣန္ဒြေရင့်ကျက်ပွါးများပြီးသူ

A person who has totally developed his faculties:
၁။ မနှစ်သက်ဘွယ်အာရုံကို နှစ်သက်ဘွယ်အဖြစ် ရှုမြင်နေနိုင်ခြင်း
1: Able to abide perceiving the unrepulsive as the repulsive,
၂။ နှစ်သက်ဘွယ်အာရုံကို မနှစ်သက်ဘွယ်အဖြစ် ရှုမြင်နေနိုင်ခြင်း
2: able to abide perceiving the repulsive as the unrepulsive,
၃။ မနှစ်သက်ဘွယ် နှစ်သက်ဘွယ်အာရုံနှစ်မျိုးလုံးကို နှစ်သက်ဘွယ်အဖြစ် ရှုမြင်နေနိုင်ခြင်း
3: able to abide perceiving the unrepulsive and the repulsive as the repulsive,
၄။ မနှစ်သက်ဘွယ်နှစ်သက်ဘွယ်အာရုံနှစ်မျိုးလုံးကို မနှစ်သက်ဘွယ်အဖြစ် ရှုမြင်နေနိုင်ခြင်း
4: able to abide perceiving the unrepulsive and the repulsive as the unrepulsive,
၅။ မနှစ်သက်ဘွယ်နှစ်သက်ဘွယ်အာရုံနှစ်မျိုးလုံးကို သတိသမ္ပဇဉ်ဖြင်း လျှစ်လျူ ရှုမြင်နေနိုင်ခြင်း။
5: able to abide perceiving the unrepulsive and repulsive as equanimity with mindfulness and awareness.

အိပ်စက်ရာ ၌ (သတိဖြင့်) အကျိုး ၅ ပါး

Five benefits of heedfull sleeping:
၁။ ချမ်းသာစွာ အိပ်ရခြင်း
1: Pleasant sleeping,
၂။ ချမ်းသာစွာ နိုးရခြင်း
2: pleasant waking up,
၃။ မကောင်းသော အိပ်မက် မမြင်မက်ခြင်း
3: no bad dream,
၄။ နတ်တို့စောင့်ရှောက်ခြင်း
4: protection of deities, ၅ သုက်မလွတ်ခြင်း။
5: no discharge of semen.
(သတိမပါပဲ အိပ်စက်ရာ၌ အပြစ် ၅ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)

အိပ်ပျော်ကြောင်းတရား ၃ ပါး

Three causes to go to sleep quickly:
၁။ ရာဂကင်းသောစိတ်
1: No lustful thought,
၂။ ဒေါသကင်းသောစိတ်
2: no anger–based thought,
၃။ မောဟကင်းသောစိတ်။
3: no deluded/frustrated thought.
(အိပ်မပျော်ကြောင်းတရား ၃ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Three causes to go to sleep hard are opposite of the above.)

အိပ်မက် ၁၆ ချက် ကောသလမင်းကြီး၏

(ကောသလ အိမ်မက် ၁၆ ချက် နှင့် ယင်းတို့၏ အဖြေ အဓိပ္ပါယ်များ _ရှု)

အိပ်မက် မက်ရန် အကြောင်း ၄ ပါး

Four causes of dream:
၁။ ခန္ဓာကိုယ် ဖေါက်ပြန်မှု
1: Disturbance in metabolism,
၂။ အတိတ်မှ အတွေ့အကြုံ
2: experances of the past,
၃။ နတ်တို့ အိပ်မက် ပေးမှု
3: deception by deities,
၄။ ဖြစ်လာရန် အကြောင်းနိမိတ်။
4: omen preceding a coming event.

အိမ် ၂ မျိုး

Two kinds of dwelling, two houses:
၁။ တဏှာနိဝေသ – နှစ်သက်စွဲလမ်းမှု တဏှာဟူသော အိမ်
1: Dwelling in attachment,
၂။ ဒိဋ္ဌိနိဝေသ – ယုံကြည်သက်ဝင်မှု ဒိဋ္ဌိဟူသော အိမ်
2: dwelling in faith.

အိမ်ခေါင် မိုးမလုံ အိမ်အကုန်ပျက်စီးခြင်း

(ခေါင်က မိုးမလုံ အိမ်အကုန်ပျက်စီးခြင်း _ရှု)

အိမ်စဉ်ဆွမ်းခံခြင်း၏ အကျိုး ၈ ပါး

(သပဒါနစာရိက – အိမ်စဉ်ဆွမ်းခံခြင်း – ဓုတင်၏ အကျိုး ၈ ပါး _ရှု)

ဣရိယာပုတ်

(လျောင်းထိုင်ရပ်သွား။ လေးပါး ဣရိယာ )
Four aspects of body–positions: sitting, standing, walking and reclining.

ဣရု။ ဣရုဗ္ဗေဒ

ဝေဒလေးကျမ်း အဝင်အပါ တစ်ကျမ်း
Iru, Iruvveda, one of the four Vedic books.

ဣဿရ

အစိုးရခြင်း။သူ။ ဖန်ဆင်းရှင် Over lord, Lord Creator.

ဣဿရ နိမ္မာန ဝါဒ

Creationism.

ဣဿရိယ ပိုင်

Total ownership.

ဣဿာ

– ငြူစူခြင်း Envy.

ဣဿာ မစ္ဆရိယ

Envy and stinginess.

ဣသိဂိလိတောင်၌ သီတင်းသုံးတော်မူကြသော ပစ္စေကဗုဒ္ဓါတို့၏ အမည်နာမ များ

(ဣသိဂိလိသုတ်။ ဥပရိပဏ္ဏာသ။ မဇ္စျိမနိကာယ်)
Names of the Individual Buddhas who resided at Mt. Isigili:
၁။ အရိဋ္ဌ
1: Ariṭṭha,
၂။ ဥပရိဋ္ဌ
2: Upariṭṭha,
၃။ တဂရသိခီ
3: Tagarasikhī,
၄။ ယသဿီ
4: Yasassī,
၅။ သုဒဿနီ
5: Sudassanī,
၆။ ပိယဒဿီ
6: Piyadassī,
၇။ ဂန္ဓာရ
7: Gandhāra,
၈။ ပိဏ္ဍောလ
8: Piṇḍola,
၉။ ဥပါသဘ
9: Upāsabha,
၁ဝ။ နီတ
10: Nīta,
၁၁။ တထ
11: Tatha,
၁၂။ သုတဝါ
12: Sutavā,
၁၃။ ဘာဝိတတ္တ
13: Bhāvitatta,
၁၄။ သုမ္ဘ
14: Sumbha,
၁၅။ သုဘ
15: Subha,
၁၆။ မတုလ
16: Matula,
၁၇။ အဋ္ဌမ
17: Aṭṭhama,
၁၈။ အထဿုမေဃ
18: Athassumegha,
၁၉။ အနီဃ
19: Anīgha,
၂ဝ။ သုဒါဌ
20: Sudāṭha,
၂၁။ ဟိင်္ဂူ
21: Hiṅgū,
၂၂။ ဟိင်္ဂ
22: Hiṅga,
၂၃။ ဇာလိ
23: Jāli,
၂၄။ မုနိ
24: Muni,
၂၅။ အဋ္ဌက
45: Aṭṭhaka,
၂၆။ ကောသလ္လ
26: Kosalla,
၂၇။ ဗုဒ္ဓ
27: Buddha,
၂၈။ သုဗာဟု
28: Subāhu,
၂၉။ ဥပနေမိသ
29: Upanemisa,
၃ဝ။ နေမိသ
30: Nemisa,
၃၁။ သန္တစိတ္တ
31: Santacitta,
၃၂။ သစ္စ
32: Sacca,
၃၃။ ဝိရဇ
33: Viraja,
၃၄။ ပဏ္ဍိတ
34: Paṇḍita,
၃၅။ ကာဠူပကာဠ
35: Kāḷūpakāḷa,
၃၆။ ဝိဇိတ
36: Vijita,
၃၇။ ဇိတ
37: Jita,
၃၈။ အင်္ဂ
38: Aṅga,
၃၉။ ပင်္ဂ
39: Paṅga,
၄ဝ။ ဂုတ္တိဇိတ
40: Guttijita,
၄၁။ ပဿိ
41: Passi,
၄၂။ အပရာဇိတ
42: Aparājita,
၄၃။ သတ္ထ
43: Sattha,
၄၄။ ပဝတ္တ
44: Pavatta,
၄၅။ သရဘင်္ဂ
45: Sarabhaṅga,
၄၆။ လောမဟံသ
46: Lomahaṃsa,
၄၇။ ဥစ္စင်္ဂမာယ
47: Uccaṅgamāya,
၄၈။ အသိတ
48: Asita,
၄၉။ အနာသဝ
49: Anāsava,
၅ဝ။ မနောမယ
50: Manomaya,
၅၁။ မာနစ္ဆိဒ
51: Mānacchida,
၅၂။ ဗန္ဓုမာ
52: Bandhuma,
၅၃။ တဒါဓိမုတ္တ
53: Tadādhimutta,
၅၄။ ဝိမလ
54: Vimala,
၅၅။ ကေတုမာ
55: Ketumā,
၅၆။ ကေတုမ္ဘရာဂ
56: Ketumbharāga,
၅၇။ မာတင်္ဂ
57: Mātaṅga,
၅၈။ အရိယ
58: Ariya,
၅၉။ အစ္စုတ
59: Accuta,
၆ဝ။ အစ္စုတဂါမ
60: Accutagāma,
၆၁။ ဗျာမက
61: Byāmaka,
၆၂။ သုမင်္ဂလ
62: Sumaṅgala,
၆၃။ ဒဗ္ဗိလ
63: Dabbila,
၆၄။ သုပတိဋ္ဌိတ
64: Supatiṭṭhita,
၆၅။ အသယှ
65: Asayha,
၆၆။ ခေမ
66: Khema,
၆၇။ အဘိရတ
67: Abhirata,
၆၈။ သောရတ
68: Sorata,
၆၉။ ဒုရန္နယ
69: Durannaya,
ရဝ။ သံဃ
70: Saṃgha,
၇၁။ ဥဇ္ဇယ
71: Ujjaya,
၇၂။ မုနိ
72: Muni,
၇၃။ သယှ
73: Sayha,
၇၄။ အနောမ
74: Anoma,
၇၅။ နိက္ကမ
75: Nikkama,
၇၆။ အာနန္ဒ
76: Ānanda,
၇၇။ နန္ဒ
77: Nanda,
၇၈။ ဥပနန္ဒ
78: Upananda,
၇၉။ ဒွါဒသ
79: Dvādasa,
၈ဝ။ ဘာရဒွါဇ
80: Bhāradvāja,
၈၁။ ဗောဓိ
81: Bodhi,
၈၂။ မဟာနာမ
82: Mahānāma,
၈၃။ ဥတ္တရ
83: Uttara,
၈၄။ ကေသီ
84: Kesī,
၈၅။ သိခီ
85: Sikhī,
၈၆။ သုန္ဒရ
86: Sundara,
၈၇။ ဒွါရဘာဇ
87: Dvārabhāja,
၈၈။ တိဿ
88: Tissa,
၈၉။ ဥပတိဿ
89: Upatissa,
၉ဝ။ ဥပသိခီ
90: Upasikhī,
၉၁။ တဏှစ္ဆိဒ
91: Taṇhacchida,
၉၂။ သိခရိ
92: Sikhari,
၉၃။ မင်္ဂလ
93: Maṅgala,
၉၄။ ဝီတရာဂ
94: Vītarāga,
၉၅။ ဥသဘစ္ဆိဒ
95: Usabhacchida,
၉၆။ ဥပနီတ
96: Upanīta,
၉၇။ ဇေတ
97: Jeta,
၉၈။ ဇယန္တ
98: Jayanta,
၉၉။ ပဒုမ
99: Paduma,
၁ဝဝ။ ဥပ္ပလ
100: Uppala,
၁ဝ၁။ ပဒုမုတ္တရ
101: Padumuttara,
၁ဝ၂။ ရက္ခိတ
102: Rakkhita,
၁ဝ၃။ ပဗ္ဗတ
103: Pabbata,
၁ဝ၄။ မာနတ္ထဒ္ဓ
104: Mānatthaddha,
၁ဝ၅။ သောဘိတ
105: Sobhita,
၁ဝ၆။ ကဏှ။
106: Kaṇha.
(ဤ)

ဤကမ္ဘာ၌ မဖြစ်သော ဇာတ်တော် ၅ ခု

(ဇာတ်တော် ၅ ခု ထူးခြားမှု _ရှု)

ဥကင်

ထိတ်ဖြား။ Top, Royal palace.

ဥဂ္ဂသူဌေး၏ အံ့ဘွယ် ၈ မျိုး

(ဥဂ္ဂသုတ်။ အဋ္ဌကနိပါတ။ အင်္ဂုတ္တရပါဠိ)
Eight astounding and amazing qualities Ugga the rich:
၁။ ဘုရားရှင်အား အဝေးမှ စတင်၍ ဖူးတွေ့သည်မှပင် ကြည်ညိုခြင်း
1: Since he first saw the Lord Buddha in the distance, he had faith in Him.
၂။ ကြည်ညိုသောစိတ်ဖြင့် ဘုရားရှင်အား ချဉ်းကပ်ရာ ဘုရားရှင်က ဓမ္မအစဉ်အတိုင်း ဟောကြားပြီး အရိယာပုဂ္ဂိုလ်ဖြစ်ခြင်း
2: When he attended on the Buddha with confidence, He gave him a progressive discourse and became a never–returner.
၃။ ကောမာရ ဗြဟ္မစရိယကို ကျင့်ပြီး ပျိုမြစ်နုနယ်သော မိမိ၏ မယား ၄ ယောက် (ဇနီး) တို့ကို သူတို့ ကြိုက်နှစ်သက် အလိုရှိသူအား ပေးအပ်သော်လည်း စိတ်ဖေါက်ပြန်မှု မရှိခြင်း
3: Being he undertook the training rules with celibacy, he allowed his four young wives whatever each wanted regarding marrage but no alteration of his mind.
၄။ မိမိ၏ ပစ္စည်းဥစ္စာများကို သူတော်ကောင်းများနှင့် မျှဝေသုံးဆောင်ခြင်း
4: He shared his wealth with the virtuous.
၅။ ရဟန်းတော်တို့အား အမြဲတမ်း ရိုသေစွာ ချဉ်းကပ်ခြင်း
5: He always attended the monks respectfully.
၆။ ရဟန်းတော်များ တရားဟောလျှင် အမြဲတမ်း ရိုသေစွာ နာယူခြင်း။ မဟောလျှင် မိမိက ပြန်ဟောခြင်း
6: When a monk taught hin dhamma, he listened to it resfectfully; if monks did not teach him, then he taught them.
၇။ နတ်တို့နှင့် တရားဆွေးနွေးတိုင်ပင်ပြောဆိုနိုင်သော်လည်း စိတ်တက်ကြွမှု မရှိခြင်း (ဘဝင်မမြင့်ခြင်း)
7: Even though he discussed the dhamma with the deities, he had no mental exultation arisen.
၈။ အောက်ပိုင်း သံယောဇဉ် ငါးပါးလုံးကို ပယ်ပြီးဖြစ်ခြင်း (အနာဂါမ်တည်ပြီးခြင်း)။
8: He got rid of the five lower fetters (i.e., a never–returner).

ဥစ္စာ ဓန

ပိုင်ဆိုင်ပစ္စည်း Wealth, belonging.

ဥစ္စာ ပစ္စည်း ဆုတ်ယုတ်ပျက်စီးကြောင်း ၄ ပါး

(ပစ္စည်းဥစ္စာ ဆုတ်ယုတ်ပျက်စီးကြောင်း ၄ ပါး _ရှု)

ဥစ္စာ ပျက်စီးကြောင်းတရား ၆ ပါး

(စီးပွါး ဥစ္စာပျက်စီးကြောင်းတရား ၆ ပါး _ရှု)

ဥစ္စာမျိုး ၄ ပါး

Four kinds of wealth:
၁။ ဇင်္ဂမ ဥစ္စာ = သက်ရှိ သက်မဲ့ ပြောင်းရွှေ့ရနိုင်သော ပစ္စည်းဥစ္စာ
1: Belonging/wealth/thing that is moveable,
၂။ ထာဝရ ဥစ္စာ = ပြောင်းရွှေ့၍ မရနိုင်သော ပစ္စည်းဥစ္စာ (လယ်မြေ အိမ်စသည်)
2: that is not moveable,
၃။ အင်္ဂသမ ဥစ္စာ = မိမိ၏ အင်္ဂါလက်ခြေနှင့်တူသော အတတ်ပညာ ဥစ္စာ
3: one’s expertise (art/science) that is similar to his own hands, eyes etc.,
၄။ အနုဂါမိက ဥစ္စာ = မိမိနောက်သို့ အစဉ်အမြဲလိုက်နေသော ကုသိုလ်ဥစ္စာ။
4: ever–following wealth, i.e, wholesome deeds.

ဥစ္စာသယန မဟာသယန

(မြင့်မြတ်သော – ဥစ္စာသယန မဟာသယန – နေရာများ – _ရှု)

ဥစ္ဆေဒ

ပြတ်ခြင်း Annihilation.

ဥစ္ဆေဒ ဒိဋ္ဌိ

ကံ ကြောင်းကျိုးကို မယုံခြင်း
Annihilationism, nihilism.

ဥဇုကတာ

ဖြောင့်မတ်ခြင်း
Uprightness.

ဥဏှဂူ

နေ
Sun.

ဥဏှတေဇော

High degree of heat.

ဥတ္တရိ မနုဿ ဓမ္မ

လူတို့၏ သာမညကုသိုလ်တရားထက်လွန်မြတ်သော တရား ၃ ပါး
Three supra–mundane dhammas:
၁။ စျာန် တရား
1: Trance (Jhāna),
၂။ မဂ် တရား
2: path (magga),
၃။ ဖိုလ် တရား။
3: fruition (phala).

ဥတု

ရာသီ
Temperature, heat, climate, season.

ဥတု ၃ ပါး

Three seasons:
၁။ ဟေမန္တ ဆောင်း ဥတု = တန်ဆောင်မုန်းလပြည့်ကျော် ၁ – ရက်မှ တပေါင်းလပြည့်နေ့အထိ
1: Hemanta – winter: The first waning day of Tanzaungmone month to the full–moon day of Dabaung month (= four months),
၂။ ဂိမှာန နွေ ဥတု = တပေါင်းလပြည့်ကျော် ၁ – ရက်မှ ဝါဆိုလပြည့်နေ့အထိ
2: Gimhāna – summer: The first waning day of Dabaung month to the full–moon day of Warzo month (= four months),
၃။ ဝသန္တ မိုး ဥတု = ဝါဆိုလပြည့်ကျော် ၁ – ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ။
3: Vasanta – rainy season: The first waning day of The first waning day of Warzo month to the full–moon day of Tanzaungmone month (= four months).

ဥတု သမုဋ္ဌာန

ရာသီကြောင့်ဖြစ်ခြင်း
Temperature–/climate–originated.

ဥဒည်း

နေ
The direction from which the sun rises, East.

ဥဒယဗ္ဗယ

ဖြစ်ပျက်
Rise and fall.

ဥဒ္ဓစ္စ

ပျံ့လွင်ခြင်း
Restlessness, agition.

ဥဒ္ဓစ္စ ကုက္ကုစ္စ

ပျံ့လွင်ခြင်း ပူပန်နှမျောခြင်း
Restlessness and worry.

ဥဒ္ဓံ ဘာဂိယ သံယောဇဉ် ၅ ပါး

အထက် ဗြဟ္မာဘုံနှင့် ဆက်စပ်နေသော တွယ်တာမှုသံယောဇဉ်
Five fetters common to form– and formless–realms:
၁။ ရူပရာဂ သံယောဇဉ်
1: Fetter of form–realms,
၂။ အရူပရာဂ သံယောဇဉ်
2: of fromless–realms,
၃။ မာန သံယောဇဉ်
3: of conceit,
၄။ ဥဒ္ဓစ္စ သံယောဇဉ်
4: of restlessness,
၅။ အဝိဇ္ဇာ သံယောဇဉ်။
5: of ignorance/delusion.

ဥဒယဗ္ဗယာနုပဿနာ ဉာဏ်

Knowledge consisting in the contemplation of rise and fall.

ဥဒါန်း

ကျူးရင့်ခြင်း
Solemn utterance, exultant cry, joyous utterance, paean of joy.

ဥဒါန်း ၂ မျိုး

(ဘုရားရှင်)
Two kinds of joyous utterance made by the Buddha:
၁။ မနသာ ဥဒါန်း = ဘုရားရှင် စိတ်ဖြင့်ကျူးရင့်တော်မူသော ‘အနေကဇာတိ သံသာရံ’ စသော ဂါထာ
1: Joyous utterance just in His mind, i.e., the verse starting “aneka jāti saṃsāraṃ”,
၂။ ဝစသာ ဥဒါန်း = ဘုရားရှင် နှုတ်ဖြင့်ကျူးရင့်တော်မူသော ‘ယဒါ ဟဝေ ပါတုဘဝန္တိ’ စသော ဂါထာ။
2: by mouth/speech, i.e., the verse starting ‘yadā have pātubhavanti’.

ဥဒါန ပါဠိ

ခုဒ္ဒကနိကာယ်၏ တတိယမြောက်ကျမ်းစာဖြစ်သည်။ ဘုရားရှင်၏ ဥဒါန်း ကျူးရင့်မှုများနှင့် ပတ်သက်သော သုတ္တန် ၈ဝ ပါဝင်သည်။ ဤ ကျမ်းစာ၌ မွေးရာပါကန်းသူများ ဆင်ကိုစမ်းခိုင်းသောဝတ္ထု ပါဝင်သည်။ ကဏ္ဍ (ဝဂ္ဂ) ရှစ်ခုရှိပြီး တစ်ခုစီ ၌ သုတ္တန် ၁ဝ သုတ်ပါဝင်သည်။ ယင်းရှစ်ကဏ္ဍ တို့မှာ အောက်ပါအတိုင်းဖြစ်သည်။
Udāna: ‘the Joyous Utterance’, the third book of ‘the Collection of Minor iscourses’. It contains 80 suttas by Lord Buddha regarding His joyous utterance.
‘The story of the blind and an elephant’ is in this text. It consists of eight chapters, ten suttas each. The eight chapters are as follows:
၁။ ဗောဓိ ဝဂ္ဂ
1: Bodhivagga (Awakening chapter),
၂။ မုစလိန္ဒ ဝဂ္ဂ
2: Mucalindavagga (King Mucalinda chapter),
၃။ နန္ဒ ဝဂ္ဂ
3: Nandavagga (Ven. Nanda chapter),
၄။ မေဃိယ ဝဂ္ဂ
4: Meghiyavagga (Ven. Meghiya chapter),
၅။ သောဏ ဝဂ္ဂ
5: Soṇavagga (Lay Follower Soṇa chapter),
၆။ ဇစ္စန္ဓ ဝဂ္ဂ
6: Jaccandhavagga (Blind From Birth chapter),
၇။ စူဠ ဝဂ္ဂ
7: Cūḷavagga (Minor chapter),
၈။။ ပါဋလိဂါမိယ ဝဂ္ဂ။
8: Pāṭaligāmiyavagga (Pāṭaligāmiya chapter).

ဥဒါယီ မထေရ် ၃ ပါး

(ဘုရားလက်ထက်တော်)
Three individuals Udāyī by name (at the time of Lord Buddha):
၁။ လာဠုဒါယီ
1: Lāḷudāyī,
၂။ ကာဠုဒါယီ
2: Kāḷudāyī,
၃။ မဟာ ဥဒါယီ။
3: Mahāudāyī.

ဥဒါဟရုဏ်

ပုံစံ နမူနာ
Example, instance.

ဥဒ္ဒေသ

(နိဒ္ဒေသ _ရှု) In summary.

ဥပက္ကိလေသ

စိတ်အညစ်အကြေး
Impurity, corruption, imperfection.

ဥပက္ကိလေသ တရား ၁၆ ပါး

(စိတ် ညစ်ငြူးကြောင်း – စိတ္တ ဥပက္ကိလေသ – တရား ၁၆ ပါး _ရှု)

ဥပက္ကိလေသတရား – ၁ဝ ပါး

(ဝိပဿနာ ညစ်ငြူးကြောင်း – ဥပက္ကိလေသတရား – ၁ဝ ပါး _ရှု)

ဥပစယ

စဖြစ်ခြင်း ဖြစ်စ
Growth (of matter).

ဥပစာ

အနီးအပါး
The frontage of a building, precinct, figurative or metaphorical expression, access (to concentration).

ဥပစ္ဆေဒက ကံ

ရုတ်တရက် သေဆုံးသောကံ Certain kamma which takes the violent death.

ဥပဇ္စျာယ် ဆရာ

အနီးကပ် ဆုံးမသူ
Preceptor, instructor of a monk.

ဥပဋ္ဌာက

အနီးကပ် ထောက်ပံ့သူ
Attendance, one who waits upon a person closely.

ဥပတ္ထမ္ဘက

ထောက်ပံ့ခြင်း
Supporting person/group.

ဥပဒ်။ ဥပဒ္ဒဝေါ

ဘေး
Danger, harm, misfortune.

ဥပဒေ စည်းကမ်း

Law.

ဥပဒေသ

သင်ခမ်းစာ
Principle, lesson.

ဥပဓိ

မူရင်းရုပ်
Substratum/bedrock (of birth).

ဥပဓိ ၄ မျိုး

Four substratums/bedrocks of birth:
၁။ ခန္ဓုပဓိ – ခန္ဓာ အစုအဝေး
1: The five aggregates,
၂။ ကိလေသုပဓိ – စိတ်အညစ်အကြေး အစုအဝေး
2: mental defilements,
၃။ အဘိသင်္ခါရုပဓိ – ဖြစ်ပျက်ဒဏ်ခံနေရသော အစုအဝေး
3: the conditioned,
၄။ ကာမုပဓိ – ကာမဂုဏ် အစုအဝေး။
4: sensual desires.

ဥပဓိရုပ်

– အသွင်ပုံ Apperance, looks, presence.

ဥပပတ်

ရုတ်တရက် ဘွားကနဲဖြစ်ခြင်း။မွေးဖွါးခြင်း
Coming into existence spontaneously, reappearance, rebirth.

ဥပမာ နှိုင်းယှဉ်ခြင်း နမူနာ

Simile, likeness, example, parable.

ဥပမာန

နှိုင်းယှဉ်သောအရာ
Object of comparison.

ဥပမေယျ။ ဥပမည်း နှိုင်ယှဉ်ခံ

Subject of comparison.

ဥပရာ။ ဥပရာဇာ

အိမ်ရှေ့မင်း
Crown prince.

ဥပရိ ပဏ္ဏာသ ပါဠိ

The third book of ‘the Medium Length Discourses’ that consists of fifty–two suttas within five chapters.

ဥပသမ္ပဒကံ

ရဟန်းခံခြင်း
Ordination ceremony/rite.

ဥပါဒ်။ ဋ္ဌီ။ ဘင်

(ဖြစ် တည်။ ပျက်)
Arising, existing, vanishing/falling.

ဥပါဒါန်

ပျင်းပြသောစွဲလမ်းမှု
Clinging, grasping, firm attachment.

ဥပါဒါန် - ပျင်းပြသောစွဲလမ်းမှုတရား ၄ ပါး

Four clingings:
၁။ ကာမုပါဒါန် – အာရုံငါးပါး၌ ပျင်းပြသောစွဲလမ်းမှု
1: Clinging to senses,
၂။ ဒိဋ္ဌုပါဒါန် – အယူအဆ။ဝါဒ၌ ပျင်းပြသောစွဲလမ်းမှု
2: to views,
၃။ သီလဗ္ဗတုပါဒါန် – အကျင့်ဓလေ့၌ပျင်းပြသောစွဲလမ်းမှု
3: to mere rules and rituals,
၄။ အတ္တဝါဒုပါဒါန် – မိမိကိုယ်၌ ပျင်းပြသောစွဲလမ်းမှု။
4: to personality–belief.

ဥပါဒါနက္ခန္ဓာ

Group of clinging.

ဥပါဒါနက္ခန္ဓာ ၅ ပါး

Five groups of clinging:
၁။ ရူပုပါဒါနက္ခန္ဓာ
1: Physical–groups of clinging,
၂။ ဝေဒနုပါဒါနက္ခန္ဓာ
2: feeling–groups of clinging,
၃။ သညုပါဒါနက္ခန္ဓာ
3: perception–groups of clinging,
၄။ သင်္ခါရုပါဒါနက္ခန္ဓာ
4: mental formation–groups of clinging,
၅။ ဝိညာဏုပါဒါနက္ခန္ဓာ။
5: consciousness–groups of clinging.

ဥပါဒါ ရူပ (ဥပါဒါ ရုပ်)

အမှီရုပ်
Secondry materiality.

ဥပါယ် (ဥပါယ)

နည်းလမ်း
Skillful means, means.

ဥပါယာသ

ပျက်စီးခြင်း
Despair.

ဥပါသကာ

ရတနာသုံးပါသက်ဝင်ယုံကြည်သူ
Male adherent, male–follower.`

ဥပါသကာ မပြုလုပ်သင့်သည့်မှားယွင်းသော ရောင်းဝယ်မှု အသက်မွေးမှု ၅ မျိုး

Five kinds of wrong trade which a good Buddhist does not do:
၁။ လက်နက်
1: Trade in arms,
၂။ လူ (သတ္တဝါ)
2: in human beings (living animals),
၃။ သားငါး
3: in meat and fish,
၄။ သေအရက်
4: in intoxicant drinks and drug,
၅။ အဆိပ်။
5: in poison.

ဥပါသကာဟူသည်

(မဟာနာမသုတ်။ ဇီဝကသုတ် – အဋ္ဌကနိပါတ။ အဂုင်္တ္တရပါဠိ) What a lay–follwer is:
၁။ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်မှ ဥပါသကာမည်၏
1: A lay–follower (follower of Buddha’s teaching) is a person who takes refuge in the Buddha, Dhamma and Saṃgha (The Triple Gem);
၂။ ငါးပါးသီလကို စောင့်ထိမ်းမှ ဥပါသကာမည်၏
2: who undertakes the five precepts;
၃။ (က) သဒ္ဓါတရား (ခ) သီလတရား (ဂ) စွန့်ကြဲမှုစာဂ (ဃ) ရဟန်းတော်များအား ချဉ်းကပ်ခြင်း
(င) သူတော်ကောင်းတရားနာကြားခြင်း (စ) နာကြားပြီးတရားကို ဆောင်ထားခြင်း
(ဆ) ဆောင်ထားပြီးတရားကို ဆင်ခြင်ခြင်း (ဇ) ဆင်ခြင်သောတရားကို အနက်အဓိပ္ပါယ် ထိုးထွင်းသိပြီး လိုက်နာကျင့်ကြံခြင်း – ဟူသောတရားတို့ကို မိမိသာကျင့်ကြံပြီး သူတပါး တို့အား ကျင့်ကြံအောင် မတိုက်တွန်းသော ဥပါသကာသည် မိမိအကျိုးကိုသာ ကျင့်ပြီး သူတပါး အကျိုးကို မကျင့်သော ဥပါသကာမည်၏
3: who has by himself (a) faith, (b) virtue, (c) generosity, (d) habit of seeing monks, (e) habit of listening to the dhamma, (f) retaining the dhamma in mind after listening to it, (g) inquiring the dhamma having heard it and
(h) practicing in accordance with it, but he does not encourage others to so, such lay–follower practices for his own welfare but not for the welfare of others.
၄။ အထက် နံပါတ် ၃ ပါ တရားတို့ကို မိမိလည်းကျင့်ကြံ သူတပါးတို့အား ကျင့်ကြံအောင် တိုက်တွန်းသော ဥပါသကာသည် မိမိအကျိုး သူတပါးအကျိုး နှစ်မျိုးလုံးကိုကျင့်သော ဥပါသကာမည်၏။
4: A person not only practices but also encourages others to follow the above mentioned no. 3. Dhammas, such lay–follower does for his own welfare as well as for the welfare of others

ဥပါသကာ၏ ဂုဏ် ၁ဝ ပါး

Ten good qualities of a lay person (toward Buddhism/monks):
၁။ သံဃာတော်များ နှင့် ချမ်းသာဆင်းရဲ အတူရှိခြင်း
1: Sharing good and/or bad with the saṃgha (order of monks),
၂။ တရားတော်ကို အဓိကထားခြင်း
2: dhamma–first,
၃။ အစွမ်းရှိသလောက် သာသနာတော်ကို သင့်တော်အောင်ထောက်ပံ့ခြင်း
3: supporting the Buddha’s teachings (sāsanā) in accordance with one’s ability,
၄။ သာသနာတော်ထွန်းကားပြန့်ပွါးအောင် အားထုတ်ခြင်း
4: doing best for the sāsanā,
၅။ အမြင်မှန် ရှိခြင်း
5: right view,
၆။ အခြားသောဘာသာကို မကိုးကွယ်မယုံကြည်တော့ခြင်း
6: no other religion/belief,
၇။ ကိုယ်နှုတ် စောင့်စည်းခြင်း
7: garding body and speech,
၈။ ညီညွတ်မှု၌ မွေ့လျှော်ခြင်း
8: love of unity/peace,
၉။ သာသနာတော်ကို ခုတုံးမလုပ်ခြင်း (ဖြောင့်မတ်ခြင်း)
9: honesty regarding with sāsanā,
၁ဝ။ ရတနာသုံးပါးကို မပြတ်မလတ် ဆည်းကပ်ခြင်း။
10: taking refuge in the triple gem (Buddha, Dhamma and saṃghā).

ဥပါသကာ၏ ပျက်စီးကြောင်းတရားများ

Failure of an upāsakā (a good Buddhist):
၁။ သဒ္ဓါတရား မရှိခြင်း
1: Lack of faith,
၂။ ကိုယ်ကျင့်သီလ မရှိခြင်း
2: of morality,
၃။ လောကီမင်္ဂလာ ဗေဒင် ယတြာစသည်ကို အလေးထားခြင်း
3: indulgence in worldly rites, superstition etc.,
၄။ ကံ ကံ၏အကျိုးကို ယုံကြည်မှုအားနည်းခြင်း
4: disbelief in kamma,
၅။ ဗုဒ္ဓသာသနာမှအပ တပါးသောအယူဝါဒကို အားပေးခြင်း။
5: supporting outside Buddhas’ dispensation (Buddha–sāsanā).

ဥပါသကာ၏ ပြည့်စုံကြောင်း။ မဆုတ်ယုတ်ကြောင်းတရား ၇ ပါး

Seven qualities of an upāsakā (a good Buddhist) that lead to non–decline:
၁။ ရဟန်းတော်များအား ဖူးမျှော်ခြင်း
1: Seeing monks regularly,
၂။ သူတော်ကောင်းတရား နာကြားခြင်း
2: listening to the dhamma,
၃။ ကိုယ်ကျင့်သီလ ရှိခြင်း
3: being virtuous,
၄။ ရဟန်းတော်တို့အား ကြည်ညိုလေးစားခြင်း
4: full of confidence in monks,
၅။ ရိုးသားစွာ တရားနာခြင်း (အပြစ်ရှာရန်မဟုတ်)
5: listening to the dhamma not with the purpose of criticism,
၆။ သာသနာပ ၌ အလှူခံကို မရှာမှီးခြင်း
6: not seeking a person worthy of offerings among outsiders,
၇။ သာသနာပ ၌ အလှူခံတို့အား ဦးဦးဖျားဖျား မလှူခြင်း။
7: doing first and foremost meritorious deed inside the sāsanā.
(ဥပါသကာ၏ မပြည့်စုံကြောင်း ဆုတ်ယုတ်ကြောင်းတရား ၇ ပါးမှာ အထက်ပါတို့မှ ဆန့်ကျင်ဘက်ဖြစ်သည်။)
(Seven qualities of an upāsakā that lead to decline are opposite of the above.)

ဥပါသိကာ။ ဥပါသကီ

Female adherent, female–follower.

ဥပုသ်။ ဥပေါသထ

မြင့်မြတ်သော နေထိုင်ခြင်း
Observance of eight or more precepts, fasting, Buddhist sabbath.

ဥပုသ် ၃ မျိုး

Three kinds of observing precepts:
၁။ ဂေါပါလက ဥပုသ် – နွားကျောင်းသား ဥပုသ်
1: Observing with attachment,
၂။ နိဂဏ္ဌ ဥပုသ် – တက္ကဒွန်း ဥပုသ်
2: limited observing,
၃။ အရိယ ဥပုသ် – အရိယာပုဂ္ဂိုလ်များ၏ ဥပုသ်။
3: holy observing.

ဥပုသ်ကျိုး

စောင့်ထိမ်းရန်ဝန်ခံထားသော ကျင့်ဝတ်များကို ဖေါက်ဖျက်ကျူးလွန်ခြင်း
Breaking any of the precept(s) after obsvering them.

ဥပုသ်စောင့်–သုံး

Ovserving the eight or more Buddhist precepts.

ဥပုသ်နေ့

(လပြည့်နေ့ လကွယ်နေ့ လဆန်း။ လဆုတ် ၈ ရက်နေ့များ)
Buddhist Sabbath day, the day(s) on which Buddhist precepts be observed.
(Full–moon and new–moon days and half days of them).

ဥပုသ်ပြု

(သံဃာတော်များ လပြည့်လကွယ်နေ့တိုင်း၌ သိမ်အတွင်း စုဝေပြီး ဝိနည်းသိက္ခာပုဒ်များကို လိုက်နာကျင့်ကြံရန် တရားဝင် ရွတ်ဖတ် သတိပေးခြင်း)
Bi–monthly observance of the monks to remind themselves that there are 227 vinaya–rules to be followed. The observance is done in the ordination–hall, monk’s legal service–hall (sīma).

ဥပုသ်သည်

Observer of Buddhist sabbath.

ဥပုသ်

(ဥပေါသထသီလ ၈ပါး)
The holy precept, fasting (Eight precepts):
၁။ ပါဏာတိပါတာ ဝေရမဏိ = သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
1: Not killing,
၂။ အဒိန္နာ ဒါနာ ဝေရမဏိ = ခိုးယူမှုမှ ရှောင်ကြဉ်ခြင်း
2: not stealing,
၃။ အဗြဟ္မစရိယာ ဝေရမဏိ = မေထုန်မှုမှ ရှောင်ကြဉ်ခြင်း
3: not sexual act,
၄။ မုသာဝါဒါ ဝေရမဏိ = မဟုတ်မမှန်စကားမှ ရှောင်ကြဉ်ခြင်း
4: not telling lies,
၅။ သုရာ မေရယ မဇ္ဇ ပ္ပမာဒဋ္ဌာနာ ဝေရမဏိ = သေရည်သေရက် မူးယစ်ဆေးဝါး စားသောက် သုံးဆောင်မှုမှ ရှောင်ကြဉ်ခြင်း
5: not using alcoholic drinks and drugs,
၆။ ဝိကာလ ဘောဇနာ ဝေရမဏိ = နေလွဲညစာ စားသောက်မှုမှ ရှောင်ကြဉ်ခြင်း
6: not eating after mid–day,
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ = ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ယင်းတို့ကို ကြည့်ရှုနားထောင်ခြင်း ပန်းပန်ခြင်း နံ့သာလိမ်းခြင်း။ နံ့သာပျောင်းတို့ဖြင့် အပြေအပြစ်ပြုခြင်း ခန္ဓာကိုယ်ကိုပြေပြစ်လှပအောင်ပြုခြင်းတို့မှ ရှောင်ကြဉ်ခြင်း
7: not dancing, singing, music, shows (worldly entertainments), garlands, scent, cosmetics, adornment etc.
၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ။
8: not luxurious seat and bed.

ဥပုသ် (ဥပေါသထ) သီလ (၁ဝ ပါး)

The holy precept, fasting (Ten precepts):
နံပါတ် ၁ မှ ၆ သိက္ခာပုဒ်များသည် ၈ ပါးသီလ နှင့် တူ၏။
The precepts from numbers 1 to 6 are the same as the 8 precepts.
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနာ
7: not dancing, singing, music, ဝေရမဏိ shows (worldly entertainments),
၈။ မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန
8: no garlands, scent, cosmetics, adornment etc. ဝိဘူသနဋ္ဌာနာ ဝေရမဏိ
၉။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ
9: not luxurious seat and bed.
၁ဝ။ ဇာတရူပ ရဇတ ပဋိဂ္ဂဟနာ ဝေရမဏိ = ရွှေ ငွေတို့ကို ခံယူ သုံးဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း။
10: not accepting/handling gold and silver.

ဥပုသ်စောင့်

Undertaking the eight or more precepts, vowing to observe/ take the eight precepts etc.

ဥပုသ်နေ့

The Buddhist Sabbath or fasting day.

ဥပုသ်နေ့ ၄ မျိုး

Four kinds of fasting day:
၁။ ပကတိ ဥပုသ် = လဆန်း ၈ ရက် လဆုတ် ၈ ရက် လပြည့်လကွယ် ဥပုသ်နေ့များ၌ စောင့်ထိမ်းခြင်း – အားလုံးပေါင်း ၄ ရက်
1: Observing 8 precepts etc. on the eighth of waxing and waning days, full–moon and new–moon days, altogether 4 days,
၂။ ပတိ ဇာဂရ ဥပုသ် = အဖိတ်နေ့ များ၌ စောင့်ထိမ်းခြင်း – အားလုံးပေါင်း ၄ ရက်
2: on the days before the above, altogether 4 days,
၃။ ပါဋိဟာရိယ ဥပုသ် = ဥပုသ်နေ့ပြီး နောက်တစ်ရက် (အထွက်တစ်ရက်) ၌ စောင့်ထိမ်းခြင်း –
အားလုံးပေါင်း ၄ ရက်။
3: on the days after the above, altogether 4 days,
၄။ အဓိဋ္ဌာန် ဥပုသ် = ရက်လနှစ် သတ်မှတ်ဓိဋ္ဌာန်ပြီး စောင့်ထိမ်းခြင်း။ ရက်သတ်မှတ်ချက်တိတိကျကျ မရှိ။
4: observing 8 precepts etc. in accordance with observer’s inclination, no limited days.

ဥပေက္ခာ

Equanimity, indifference, serenity.

ဥပေက္ခာ ၃ မျိုး

၁။ သာမိသာ ဥပေက္ခာ – ငါးပါးအာရုံ ကာမဂုဏ် ဥပေက္ခာ
1: Sensual Equanimity,
၂။ နိရာမိသာ ဥပေက္ခာ – စိတ်အာရုံ စျာန် ဥပေက္ခာ
2: trance (jhāna) equanimity,
၃။ နိရာမိသာ နိရာမိသတရာ ဥပေက္ခာ – ရာဂစသည်ကင်းသော ဥပေက္ခာ။
3: equanimity due to the destruction of lust, anger etc.

ဥပေက္ခာ ၁ဝ ပါး

Ten kinds of equanimity:
၁။ ဆဠင်္ဂုပေက္ခာ = ခြောက်ဒွါရ၌ ဖြစ်လာသောအာရုံကောင်းဆိုးတို့ကို လျစ်လျူရှုသော ဥပေက္ခာ
1: Equanimity in six sense–doors,
၂။ ဗြဟ္မဝိဟာရုပေက္ခာ = ဗြဟ္မဝိဟာရတရားလေးပါး၌ ပါဝင်သော ဥပေက္ခာ
2: in four sublime states,
၃။ ဗောဇ္စျင်္ဂုပေက္ခာ = ဗောဇ္စျင်တရားတို့ မျှတစွာအားထုတ်သော ဥပေက္ခာ
3: in factors of enlightenment,
၄။ ဝီရိယုက္ခော = မဂ်ဖိုလ်ရရန် အားထုတ်ရာ၌ လိုပိုမရှိအောင် ထားသော ဝီရိယ ဥပေက္ခာ
4: in effort,
၅။ သင်္ခါရုပေက္ခာ = နီဝရဏစသော သင်္ခါရတရားတို့ကို အာရုံမယူသော ဥပေက္ခာ
5: in the conditioned,
၆။ ဝေဒနုပေက္ခာ = ချမ်းသာ ဆင်းရဲဝေဒနာကို မခံစား ညီမျှစွာထားသော ဥပေက္ခာ
6: in feelings,
၇။ ဝိပဿနုပေက္ခာ = ဝိပဿနာရှုရာ ခန္ဓာစသည်တို့ကို အလယ်အလတ်ထား သုံးသပ်သော ဥပေက္ခာ
7: in insight meditation,
၈။ တတြမဇ္စျတ္တုပေက္ခာ = အရာရာမှာ အလယ်အလတ်ထားသော ဥပေက္ခာ
8: in correlated dhammas,
၉။ စျာနုပေက္ခာ = စျာန်ချမ်းသာကို လျစ်လျူရှုခြင်း ဥပေက္ခာ
9: in trance,
၁ဝ။ ပါရိသုဒ္ဓုပေက္ခာ = ဆန့်ကျင်ဖက်တရားတို့မှ ကင်းစင် စင်ကြယ်သော စတုတ္ထစျာန် ဥပေက္ခာ။
10: in all opposing factors.

ဥပေက္ခာ ပွါးနည်း

How to contemplate ‘equanimity’:
၁။ သဗ္ဗေ သတ္တာ ကမ္မသကာ = သတ္တဝါ မှန်သမျှ ကံသာ ကိုယ်ပိုင်ဥစ္စာ ရှိကုန်သည်တကား
1: All beings have kamma as their property.
၂။ သဗ္ဗေ သတ္တာ ကမ္မဒါယာဒါ = သတ္တဝါ မှန်သမျှ ကံ၏ အမွေခံသာ ဖြစ်ကုန်သည်တကား
2: All beings have kamma as their heritage.
၃။ သဗ္ဗေ သတ္တာ ကမ္မယောနိ = သတ္တဝါ မှန်သမျှ ကံသာလျှင် ဆွေမျိုး (အကြောင်းရင်း) ရှိကုန်သည်တကား
3: All beings have kamma as their relatives/origin.
၄။ သဗ္ဗေ သတ္တာ ကမ္မဗန္ဓူ = သတ္တဝါ မှန်သမျှ ကံသာလျှင် အဆွေခင်ပွန်း ရှိကုန်သည်တကား
4: All beings have kamma as their friend.
၅။ သဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာ = သတ္တဝါမှန်သမျှ ကံသာလျှင်ကိုးကွယ်အားထားရာရှိကုန်သည်တကား။
5: All beings have kamma as their refuge.

ဥပေါသထ။ ဥပုသ်

Observance of eight or more precepts, Buddhist sabbath.

ဥမင်

Cave, tunnel.

ဥမင်္ဂ (မဟောသဓ) ဇာတ်

Mahosadha jātaka, the fifth great birth–story of
Lord Buddha’s past lives.

ဥမ္မတ္တက

Insane person, lunatic.

ဥယျောဇဉ်

Foreward, preface.

ဥသဘ

Bull, bull–leader in a herd, a measurement of about 4,2000 feet.

ဥဿဒတရား ၇ ပါး

(သံသရာပွါးစီး သံသရာရှည်ကြောင်း တရား ၇ ပါး _ရှု)

ဥဿာဟ

Activity, effort, perseverance.

အိုင်ကြီး ၇ အိုင်

Seven Great Lakes:
၁။ အနောတတ္ထ အိုင်
1: Lake Anotattha,
၂။ ကဏ္ဏမုဏ္ဍ အိုင်
2: Lake Kaṇṇamuṇḍa,
၃။ ရထကာရ အိုင်
3: Lake Rathakāra,
၄။ ဆဒ္ဒန္တ အိုင်
4: Lake Chaddanta,
၅။ ကုဏာလ အိုင်
5: Lake Kuṇāla,
၆။ မန္ဒာကိနီ အိုင်
6: Lake Mandakinī,
၇။ သီဟပ္ပတ အိုင်
7: Lake Sīhappata,

အိုး ၄ မျိုး

ပုဂ္ဂိုလ် ၄ မျိုး
Four kinds of person like pots:
၁။ အတွင်းမှာ ဘာမျှမရှိ။ ပိတ်ထားသောအိုး = စိတ်အစဉ် မယဉ်ကျေး ကိုယ်အမူအရာသာယဉ်ကျေးသူ
1: A pot, empty and closed: a person with physical culture but without mental,
၂။ အတွင်းမှာ အပြည့်ရှိပြီး ဖွင့်ထားသောအိုး = စိတ်အစဉ်သာ ယဉ်ကျေး ကိုယ်အမူအရာ မယဉ်ကျေးသူ
2: a pot, full and open: a person with mental culture but without physical,
၃။ အတွင်းမှာ ဘာမျှမရှိ။ ဖွင့်ထားသောအိုး = စိတ်အစဉ်ရော ကိုယ်အမူအရာပါ မယဉ်ကျေးသူ
3: a pot, empty and open: a person without both (culture),
၄။ အတွင်းမှာ အပြည့်ရှိပြီး ပိတ်ထားသောအိုး = စိတ်အစဉ်ရော ကိုယ်အမူအရာပါ ယဉ်ကျေးသူ။
4: a pot, full and closed: a person with both.

အိုးကြီး ၃ လုံးဥပမာ တရားဒေသနာ

(ရေလှောင်အိုးကြီး ၃ လုံးဥပမာ _ရှု)

အိုးလှူရခြင်းအကျိုး ၃ ပါး

Three benefits of donating pot:
၁။ ရတနာအိုးအမျိုးမျိုးတို့ကို သုံးဆောင်ရခြင်း
1: Belonging to various gem–pots such as ruby–pot,
၂။ မယား ကျွန် ဆင်မြင်း ပေါများခြင်း
2: many wives, slaves, elephants, horses, cows etc.,
၃။ အတတ်ပညာများ အလွယ်တကူ သင်ယူတတ်မြောက်ခြင်း။
3: ability to study every art and science subject.

ဥုံ

Invocation at the beginning or/and end of a mantra.

ဦးစီး နာယက

Head monk of a religious organization.

ဦးညွှတ်။ ဦးတော်တင်။ ဦးတိုက်

Bend in respect, bow.

ဦးနှိမ်။ ဦးနှိမ်ချ

Make respect with bowed head.

ဦးပဉ္ဇင်း

Buddhist monk (usually young monk).

ဦးပြည်း ကတုံး

Clean shaven head.
( ဧ )

ဧက

One.

ဧကက နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ပထမဆုံး ကဏ္ဍဖြစ်သည်။ ဂါထာ ၁ ပုဒ်စီပါရှိသော ဇာတ်တော်များ ဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၁၅ဝ ပါဝင်သည်။
Ekaka–nipāta (Jātaka): This is the first chapter of the 550 Birth–stories: each of them consists of one verses, thus, Ekaka–nipāta, one–verse–story; there are 150 stories in this chapter.

ဧကက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က ရှင်သုဘူတိ စသော ရဟန္တာ မထေရ်များ တစ်ဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြသည်။ တစ်အုပ်စု တစ်အုပ်စု၌ မထေရ် ၁ဝ ပါးစီ ပါရှိသည့် အုပ်စု (ဝဂ္ဂ) ၁၂ ခုပါဝင်၍ မထေရ်ပေါင်း ၁၂ဝ ဖြစ်သည်။
Ekaka–nipāta (Theragāthā): Arahants such as Subhūti uttered a joyous verse each at the time of Lord Buddha. There are twelve chapters, each consisting of ten arahants; thus, 120 monks (Thera) altogether.

ဧကက နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ ဓမ္မဒိန္နာ။ အရှင်မ ဝိသာခါ စသော ရဟန္တာ ထေရီများ တစ်ဂါထာစီ ဥဒါန်းကျူးရင့် တော်မူကြသည်။ ထေရီမ ၁၈ ပါးပါဝင်သည်။
Ekaka–nipāta (Therīgāthā): Female arahants such as Dhammadinnā and Visākhā uttered a joyous verse each at the time of Lord Buddha. There are 18 female– monks (Therī) in this group.

ဧကက နိပါတ (အင်္ဂုတ္တရ) ပါဠိ

အင်္ဂုတ္တရနိကာယ်၌ တရားအစု တစ်ပါးစီ ကို အဓိကထား ဟောကြားသော သုတ္တန်တိုများ ပါဝင်သည့် ပထမမြောက် ကျမ်းဖြစ်သည်။
Ekaka–nipāta (Aṅguttara): The first book of the ‘Gradual Discourses’; in this book, each discourse emphasizs one item of the dhamma.

ဧကက နိပါတ (ဣတိဝုတ္တက) ပါဠိ

အဝိဇ္ဇာ။ သံဃသာမဂ္ဂီ။ မေတ္တာ စသော တရားတစ်ပါးစီကို ဦးတည်ဟောကြား သည့် သုတ္တန်အတို ၂၇ သုတ် ပါဝင်သော အုပ်စုဖြစ်သည်။
Ekaka–nipāta (Itivuttaka): Twenth–four short discourses in this chapter aim at one certain dhamma, such as ‘ignorance’, ‘unity of the Saṃgha (order of monks)’,
and ‘loving–kindness’.

ဧကဂ္ဂတာ

One–pointedness, unification of consciousness.

ဧကစာ ကျင့်

Practicing meditation lonely/singally.

ဧကပိုဒ်

Poem of one stanza.

ဧက မန္တ

(သင့်တင့်လျှောက်ပတ်သော အရပ် _ရှု)

ဧကရာဇ်

King, emperor, monarch.

ဧကရီ

Empress, queen.

ဧကဝိဓ နာမ်

Proper noun.

ဧကဝုစ်။ ဧကဝုစ် ကိန်း

Singular number.

ဧက ဝေါကာရ ဘဝ

One–group existence.

ဧကသီ

Upper robe of monks.

ဧက ဝဏ္ဏ ဘာသာ

အက္ခရာ တစ်လုံးစီ တစ်လုံးစီ၌ အဓိပ္ပါယ်ရှိနေသော ဘာသာစကား
(မြန်မာဘာသာသည် ဧက ဝဏ္ဏ ဘာသာစကားဖြစ်သည် )
Monosyllabic language. (Burmese is a Monosyllabic language.)

ဧကန်။ ဧကန္တ

Surely, definitely, certainly.

ဧက မုချ။ ဧကန် ဧက

Really, certainly.

ဧက ဝစနံ

တခွန်းထည်းသော စကား
Just one word (no more), enough is enough.

ဧကာဒသ

Eleven.

ဧကာဒသက နိပါတ (ဇာတ်တော်) ပါဠိ

ဇာတ်တော် ၅၅ဝ၏ ဧကာဒသမ = ၁၁ ခုမြောက် ကဏ္ဍဖြစ်သည်။
ဂါထာ ၁၁ ပုဒ်စီပါရှိသော ဇာတ်တော်များ ဟု အဓိပ္ပါယ်ရှိသည်။ ဇာတ်တော်ပေါင်း ၁ဝ ပါဝင်သည်။
Ekādasaka–nipāta (Jātaka): This is the eleventh chapter of the 550 Birth–stories:
each of them consists of eleven verses, thus, Ekādasaka–nipāta, eleven–verse–
story; there are 10 stories in this chapter.

ဧကာဒက နိပါတ (ထေရဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က ရှင်သံကိစ္စ ရဟန္တာ မထေရ်သည် ဥဒါန်းကျူးရင့်တော်မူသော ၁၁ ဂါထာ ဤ ကဏ္ဍ၌ ပါဝင်သည်။
Ekādasaka–nipāta (Theragāthā): In this chapter, an arahant, Saṃkicca by name, uttered eleven joyous verses at the time of Lord Buddha.

ဧကာဒက နိပါတ (ထေရီဂါထာ) ပါဠိ

ဘုရားရှင်လက်ထက်တော်က အရှင်မ ကိသာဂေါတမီ
ထေရီသည် ဥဒါန်း ကျူးရင့် တော်မူသော ၁၁ ဂါထာ ဤ ကဏ္ဍ၌ ပါဝင်သည်။
Ekādasaka–nipāta (Therīgāthā): In this chapter, a female arahant, Kisāgotamī by name, uttered eleven joyous verses at the time of Lord Buddha.

ဧကာဒသက နိပါတ (အင်္ဂုတ္တရ) ပါဠိ

အင်္ဂုတ္တရနိကာယ် ၌ တရားအစု ၁၁ ပါးစီ ကို အဓိကထား ဟောကြားသော သုတ္တန်တို များ ပါဝင်သည့် ဧကာဒသမ = ၁၁ ခုမြောက် ကျမ်းဖြစ်သည်။
Ekādasaka–nipāta (Aṅguttara): The eleventh book of the ‘Gradual Discourses’,
in this book, each discourse emphasizs eleven items of the dhamma.

ဧကာဒသမ

Eleventh.

ဧကာသနိက် ဓုတင်

တစ်ထိုင်တစ်နေရာထည်းမှာသာ အပြီးစားသောက်ခြင်း အကျင့်
One–sessioner’s practice, i.e., eating once in a day with a sitting position.

ဧကာသနိက် ဓုတင်

တစ်ထိုင်တစ်နေရာထည်းမှာသာစားခြင်း၏ အကျိုး ၈ ပါး
Eight benefits of one–sessioner’s practice:
၁။ ရောဂါနည်းခြင်း
1: Little diseases,
၂။ အနာနည်းခြင်း
2: little sickness,
၃။ သွက်လက်ပေါ့ပါးခြင်း
3: lightness,
၄။ အားရှိခြင်း
4: strength,
၅။ ချမ်းသာစွာနေနိုင်ခြင်း
5: happy life,
၆။ ဆွမ်းကျန်နှင့်ပတ်သက်ပြီး အာပတ်မသင့်ခြင်း
6: no fault regarding left over food,
၇။ ရသတဏှာကို ပယ်ဖျောက်နိုင်ခြင်း
7: no craving for taste,
၈။ အလိုနည်းခြင်း စသည်တို့နှင့် လျှော်ညီခြင်း။
8: conformity with the fewness of wishes.

ဧည့်သည်တို့ တည်းခိုစရာ ဇရပ် ဥပမာ။ မဂ္ဂင်ရှစ်ဖြာ

ဧည့်ဇရပ်သည် အရပ်လေးမျက်နှာမှ လာကြသော အဆင့်အတန်း အမျိုးမျိုးသော လူများအတွက်ဖြစ်သကဲ့သို့ – မဂ္ဂင်ရှစ်ပါး ပွါးသူသည် သိစရာများကို သိရန် ပယ်စရာများကို ပယ်ရန် မျက်မှောက်ပြုစရာကို မျက်မှောက်ပြုရန် ပွါးစရာကို ပွါးရန် = အားလုံးပြည့်စုံရန် အတွက်ဖြစ်၏။ (အာဂန္တုကသုတ်။ မဂ္ဂသံယုတ်။ မဟာဝဂ္ဂသံယုတ္တပါဠိ)
Just as a guesthouse is for all guests coming from four quarters, from different classes, so also is the noble eightfold path for understanding, abandoning, realizing and developing.

ဧတဒဂ်

Recognition of pre–eminence in a certain area(s) bestowed on a disciple by the Buddha.

ဧတဒဂ်ရ မိန်းမ (ဥပါသိကာ) ၁ဝ ယောက် နှင့် ယင်းတို့၏ ဧတဒဂ် ရရာဌာန

The following 10 lay–women (Upāsikā) were bestowed and recognized by the Buddha as the highest person in their own specialized area(s):
၁။ သုဇာတာ သူဌေးသမီး = ရှေးဦးစွာ သရဏဂုဏ်တည်ခြင်း
1: Sujātā = Taking refuge firstly in Buddha, Dhamma and Saṃgha,
၂။ ဝိသာခါ ကျောင်းအမကြီး = အလှူဒါန အားကြီးခြင်း
2: Visākhā = generosity, donation,
၃။ ခုဇ္ဇုတ္တရာ = တရားအကြားအမြင် ဗဟုသုတ များခြင်း
3: Khujjuttarā = general knowledge,
၄။ သာမာဝတီ မိဖုရား = မေတ္တာ အားကြီးခြင်း
4: Sāmāvatī = enormous loving–kindness,
၅။ နန္ဒမာတာ ဥတ္တရာ = စျာန်ဝင်စားခြင်း
5: Nandamātā = trance in jhāna,
၆။ သုပ္ပါဝါသ ကောလိယမင်းသမီး = ပစ္စည်းကောင်းအမွန်အမြတ်ကို ပေးလှူခြင်း
6: Suppāvāsa = donating the best things,
၇။ သုပ္ပိယာ = သူနာပြုခြင်း
7: Suppiyā = nursing the sick,
၈။ ကောတိယာနီ = မတုံမလှုပ် ကြည်ညိုမှု အားကြီးခြင်း
8: Kotiyānī = unshakable faith,
၉။ နကုလ မာတာ (နကုလ၏ မိခင်) = ဘုရားရှင်နှင့် အကျွမ်းဝင် ရင်းနှီးခြင်း
9: Nakula Mātā = friendliness with the Buddha,
၁ဝ။ ကာလီ = တဆင့်စကားဖြင့် ဘုရားကို ကြည်ညို်ခြင်း။
10: Kālī = faith in the Buddha through over–hearing.

ဧတဒဂ်ရ ယောက်ျား (ဥပသကာ) ၁ဝ ယောက် နှင့် ယင်းတို့၏ ဧတဒဂ် ရရာဌာန

The following 10 lay–men (Upasakā) were bestowed and recognized by the Buddha as the highest person in their own specialized area:
၁။ တပုဿ နှင့် ဘလ္လိက = ရှေးဦးစွာ သရဏဂုဏ်တည်ခြင်း
1: Tapussa and Bhallika = Taking refuge firstly in Buddha and dhamma,
၂။ အနာထပိဏ် သူဌေး = အလှူဒါန အားကြီးခြင်း
2: Anāthapiṇḍka = generosity, donation,
၃။ စိတ္တသူကြွယ် = တရားဟောကောင်းခြင်း
3: Citta = dhamma–talk,
၄။ ဟတ္ထာဠာဝက = ပေးကမ်းထောက်ပန့်ပြီး ဆွဲဆောင်နိုင်ခြင်း
4: Hatthāḷāvaka = recruiting through helping/giving,
၅။ မဟာနာမ် သာကီဝင်မင်း = ပစ္စည်းကောင်းအမွန်အမြတ်ကို ပေးလှူခြင်း
5: Mahānāma = donating the best things,
၆။ ဥဂ္ဂ သူကြွယ် (ဝေသာလီ) = နှစ်သက်မြတ်နိုးဘွယ်ရာကို ပေးလှူတတ်ခြင်း
6: Ugga of Vesālī = donating the pleasant things,
၇။ ဥဂ္ဂ သူကြွယ် (ဟတ္ထိဂါမရွာ) = သံဃာအား လုပ်ကျွေးခြင်း
7: Ugga of Hatthigāma = serving Saṃgha,
၈။ သူရပန် = မတုံမလှုပ် ကြည်ညိုမှု အားကြီးခြင်း
8: Sūrapanna = unshakable faith,
၉။ ဆရာဇီဝက = ပုဂ္ဂိုလ်ကို ကြည်ညိုတတ်ခြင်း
9: Jīvaka the Physician = great faith on a person (like Buddha, Ānanda),
၁ဝ။ နကုလ ပိတာ (နကုလ၏ ဖခင်) = ဘုရားရှင်နှင့် အကျွမ်းဝင် ရင်းနှီးခြင်း။
10: Nakula Pitā = friendliness with the Buddha.

ဧတဒဂ်ရ ရဟန်းမိန်းမ (ဘိက္ခုနီမ) များ ၁၃ ပါး နှင့် ယင်းတို့၏ ဧတဒဂ် ရရာဌာန

The following 13 nuns (Bhikkhunī) were bestowed and recognized by the Buddha as the highest person in their own specialized area:
၁။ အရှင်မ မဟာ ပဇာပတိ ဂေါတမီ = ရတ္တညူ ဝါရင့်ခြင်း
1: Mahā Pajāpati Gotamī = the oldest in nunhood among Buddha’s immediate disciples,
၂။ အရှင်မ ခေမာ = ပညာဉာဏ် ကြီးခြင်း
2: Khemā = in wisdom,
၃။ အရှင်မ ဥပ္ပလ ဝဏ္ဏာ = တန်ခိုး ဣဒ္ဓိပါဒ် ကြီးခြင်း
3: Uppalavaṇṇā = in supernatural power,
၄။ အရှင်မ ပဋာစာရီ = ဝိနည်းဆောင်ခြင်း
4: Paṭācārī = in mastering the rules and regulations (Vinaya),
၅။ အရှင်မ ဓမ္မဒိန္နာ = ဓမ္မကထိကအရာ တရားဟောခြင်း
5: Dhammadinnā = in exponding the dhamma,
၆။ အရှင်မ နန္ဒာ = စျာန်ဝင်စားခြင်း
6: Nandā = in trances,
၇။ အရှင်မ သောဏာ = လုံ့လ ဝီရိယကြီးခြင်း
7: Soṇā = in great effort,
၈။ အရှင်မ သကုလာ = ဒိဗ္ဗစက္ခု အဘိညာဉ်ရခြင်း
8: Sakulā = in diving–eyes,
၉။ အရှင်မ ဘဒ္ဒါ ကုဏ္ဍလ ကေသာ = လျင်မြန်စွာ ထိုးထွင်းသိခြင်း
9: Bhaddā Kuṇḍalakesā = in quick penetrated wisdom,
၁ဝ။ အရှင်မ ဘဒ္ဒါ ကာပိလာနီ = ပုဗ္ဗေနိဝါသ အဘိညာဉ်ရခြင်း
10: Bhaddā Kāpilānī = in seeing/remembering the past lives,
၁၁။ အရှင်မ ဘဒ္ဒါ ကစ္စာနာ = အားကြီးသော အဘိညာဉ်
11: Bhaddā Kaccanā = in forceful supernormal power,
၁၂။ အရှင်မ ကိသာ ဂေါတမီ = ခေါင်းပါးသော သင်္ကန်းကို ဆောင်ခြင်း
12: Kisā Gotamī = in wearing the tough robes,
၁၃။ အရှင်မ သိင်္ဂါလ မာတာ = သဒ္ဓါတရား လွန်ကဲခြင်း။
13: Siṅgāla Mātā = in unwavering faith.

ဧတဒဂ်ရ ရဟန်းယောက်ျား (ဘိက္ခု) များ ၄၁ ပါး နှင့် ယင်းတို့၏ ဧတဒဂ် ရရာဌာန

The following 41 monks (Bhikkhū) were bestowed and recognized by the Buddha as the highest person in their own specialized area(s):
၁။ အရှင် ကောဏ္ဍည = ရတ္တညူ ဝါရင့်ခြင်း
1: Koṇḍañña = the oldest in monkhood among Lord Buddha’s immediate disciples,
၂။ အရှင် သာရိပုတ္တ = ပညာဉာဏ် ကြီးခြင်း
2: Sāriputta = in wisdom,
၃။ အရှင် မဟာ မောဂ္ဂလာန် = တန်ခိုး ဣဒ္ဓိပါဒ် ကြီးခြင်း
3: Moggalāna = in supernatural power,
၄။ အရှင် မဟာ ကဿပ = ဓုတင် ဆောင်ခြင်း
4: Kassapa = in observing ascetic practices,
၅။ အရှင် အနုရုဒ္ဓါ = ဒိဗ္ဗစက္ခု အဘိညာဉ် ရခြင်း
5: Anuruddhā = in divine–eyes,
၆။ အရှင် ဘဒ္ဒိယ = အမျိုးမြတ်ခြင်း
6: Bhaddiya = in being highest caste,
၇။ အရှင် လကုဏ္ဍက ဘဒ္ဒိယ = အသံသာယာခြင်း
7: Lakuṇḍaka bhaddiya = in sweetest voice,
၈။ အရှင် ပိဏ္ဍောလ ဘာရဒွါဇ = ရဲရင့်သော စကားကို ဆိုခြင်း
8: Piṇḍola bhāradvāja = in uttering bold voice,
၉။ အရှင် ပုဏ္ဏ = တရား ဟောကြားခြင်း
9: Puṇṇa = in exponding the dhamma,
၁ဝ။ အရှင် မဟာ ကစ္စာယန =အကျဉ်းကို အကျယ်ချဲ့ ဟောကြားခြင်း
10: Kaccāyana = in expending the gist of the dhamma,
၁၁။ အရှင် စူဠ ပန္ထက = မနောမယ အဘိညာဉ် ဖန်ဆင်းခြင်း
11: Cūḷa Panthaka = in intuitive power,
၁၂။ အရှင် မဟာ ပန္ထက = အရူပ စျာန်မှထ၍ ရဟ န္တာဖြစ်ခြင်း
12: Mahā Panthaka = in attainment arahathood after formless trance,
၁၃။ အရှင် သုဘူတိ = အပြစ်မရှိသောနေခြင်း နှင့် အလှူခံထိုက်ခြင်း
13: Subhūti = in faultless dwelling and in perfect receiving,
၁၄။ အရှင် ခဒိရဝန ရေဝတ = တောရ ဆောက်တည်ခြင်း
14: Khadiravana Revata = in dwelling in the forest,
၁၅။ အရှင် ကင်္ခါ ရေဝတ = စျာန်ဝင်စားခြင်း
15: Kaṅkhā Revata = in trances (jhāna),
၁၆။ အရှင် ကောဠိ ဝိသ သောဏ = လုံ့လ ဝီရိယကြီးခြင်း
16: Koḷivisa Soṇa = in great effort,
၁၇။ အရှင် ကုဋိကဏ္ဏ သောဏ = အဟောအပြော ကောင်းခြင်း
17: Kutikaṇṇa Saṇa = in perfect speaking,
၁၈။ အရှင် သီဝလိ = လာဘ် ပေါများခြင်း
18: Sīvali = in receiving a lot of offerings,
၁၉။ အရှင် ဝက္ကလိ = သဒ္ဓါတရား လွန်ကဲခြင်း
19: Vakkali = in unwavering faith,
၂ဝ။ အရှင် ရာဟုလာ = သိက္ခာ သုံးပါး ကျင့်ဆောင်ခြင်း
20: Rāhulā = in practicing three virtues,
၂၁။ အရှင် ရဋ္ဌပါလ = သဒ္ဓါတရားဖြင့် ရဟန်းပြုခြင်း
21: Raṭṭhapāla = in being a monk based upon faith,
၂၂။ အရှင် ကော(ကု)ဏ္ဍဓာန = စာရေးတံမဲ ပထမယူခြင်း
22: Kuṇḍadhāna = in receiving the lotto–stick,
၂၃။ အရှင် ဝင်္ဂ ီသ = သီကုံး ဖွဲ့ဆိုမှု ဉာဏ်ကြီးခြင်း
23: Vaṅgīsa = in composing,
၂၄။ အရှင် ဥပသေန = ကြည်ညိုဖွယ်ရာဖြစ်ခြင်း
24: Upasena = in in being respectful,
၂၅။ အရှင် ဒဗ္ဗ = သံဃာတော်များအတွက် နေရာချထားခြင်း
25: Dabba = in designation suitable place for the Saṃgha,
၂၆။ အရှင် ပိလိန္ဒ ဝစ္ဆ = နတ်တို့ ချစ်မြတ်နိုးခြင်း
26: Pilindavaccha = in beloving by the devas (deities),
၂၇။ အရှင် ဒါရုစိရိယ = လျှင်မြန်စွာ ထိုးထွင်းသိခြင်း
27: Dāruciriya = in quick penetrated wisdom,
၂၈။ အရှင် ကုမာရ ကဿပ = ဆန်းကြယ်စွာ တရားဟောခြင်း
28: Kumāra Kassapa = in expounding the dhamma amazingly,
၂၉။ အရှင် မဟာ ကောဋ္ဌိက = ပဋိသမ္ဘိဒါ လေးပါးရခြင်း
29: Mahā Koṭṭhika = in gaining the four analytical knowledge,
၃ဝ။ အရှင် အာနန္ဒာ = အကြားအမြင်များခြင်း။ သတိကောင်းခြင်း။ ဉာဏ်ကောင်းခြင်း။
လုံ့လကြီးခြင်း။ ဘုရားရှင်အား လုပ်ကျွေး ပြုစုခြင်း ပေါင်း ၅ ပါး
30: Ānandā = in general knowledge, in mindfulness, in brightness, in effort and in attending the Buddha (5 areas),
၃၁။ အရှင် ဥရုဝေဠ ကဿပ = အခြံအရံများခြင်း
31: Uruveḷa Kassapa = in vast followers,
၃၂။ အရှင် ကာဠုဒါယီ = ဆွေတော် မျိုးတော်တို့ကို ကြည်ညိုစေခြင်း
32: Kāḷudāyī = in making Buddha’s relatives reapectful/humble,
၃၃။ အရှင် ဗာကုလ = ကျန်းမာရေးနှင့် ပြည့်စုံခြင်း
33: Bākula = in healthy life,
၃၄။ အရှင် သောဘိတ = ပုဗ္ဗေ နိဝါသ အဘိညာဉ် ရခြင်း
34: Sobhita = in seeing/remembering the past lives,
၃၅။ အရှင် ဥပါလိ = ဝိနည်း ဆောင်ခြင်း
35: Upāli = in mastering the rules and regulations (Vinaya),
၃၆။ အရှင် နန္ဒက = ဘိက္ခနီတို့အား ဆုံးမခြင်း
36: Nandaka = in giving guidance to the nuns (Bhikkhunī),
၃၇။ အရှင် နန္ဒ = ဣန္ဒြေ စောင့်ခြင်း
37: Nanda = in controlling the senses,
၃၈။ အရှင် မဟာ ကပ္ပိန = ရဟန်းများအား ဆုံးမခြင်း
38: Mahā Kappina = in admonishing the monks (Saṃgha),
၃၉။ အရှင် သာဂတ = တေဇော သမာပတ်၌ ဝင်စားခြင်း
39: Sāgata = in fire–trance,
၄ဝ။ အရှင် ရာဓ = ဒေသက ဘုရားအား ဒေသနာဉာဏ် အဆင့်ဆင့် ပွင့်စေခြင်း
40: Rādha = in making the Buddha taught,
၄၁။ အရှင် မောဃရာဇ = ခေါင်းပါးသော သင်္ကန်းကို ဆောင်ခြင်း။
41: Mogharāja = in wearing the tough robes.

ဧရာဝဏ်ဆင်

သိကြားမင်းဖြစ်မည့် မာဃလုလင် ကုသိုလ်ပြုလုပ်ငန်းများလုပ်ဆောင်ရာ၌ ကူညီသောဆင် ဖြစ်သည်။မာဃလုလင်နှင့် လုပ်ဖေါ်ကိုင်ဘက်များ တာဝတိံသာနတ်ပြည်၌ သိကြားမင်းဖြစ်သောအခါ ဧရာဝဏ်ဆင်သည်လည်း ဧရာဝဏ်နတ်သား ဖြစ်လာသည်။ ပျော်ပါးကစားကြရာ၌ ဆင်ယောင်ဖန်ဆင်း၍ ၃၃ ယောက်သော မိတ်ဆွေ နတ်သားများနှင့် အတူ ကစားသည်။ (နတ်ပြည်၌ တိရစ္ဆာန် မရှိပေ)။
Erāvaṇa elephant: The elephant who helped Māgha, the immediate previous human life of Sakka (king of deities), to perform various meritorious deeds. While Māgha and his thirty–two companions were reborn as deities in the Tāvatiṃsā Realm, Erāvaṇa elephant was also reborn as a deity there. When these deities played together, Erāvaṇa–deity assumed himself the form of an elephant. (There is no animal in the deity/heavenly–world.)

ဧဝံ မေ သုတံ

‘ဤသို့ အကျွန်ုပ် ကြားနာဖူးပါသည်'။ ပါဠိတော် သုတ္တန်တိုင်းလိုလို၏ အစသည် ‘ဧဝံ မေ သုတံ’ ဖြစ်သည်။ ပထမ သံဂါယနာ၌ ဦးဆောင်သူ ရှင်မဟာကဿပ က မေးအပ်သည် ကို အရှင်အာနန္ဒ ဖြေကြားသော စကားဦး ဖြစ်သည်။ အဓိပ္ပါယ် မှာ – ဤမည် ဤမည်သော သုတ္တန်ကို အကျွန်ုပ် (အာနန္ဒာ) သည် ယခုကဲ့သို့ မြတ်စွာဘုရားထံတော်မှ ကြားနာ မှတ်သားခဲ့ရပါ၏ – ဟူ၍ ဖြစ်ပါသည်။
‘Evaṃ me sutaṃ’: Almost every Pāli discourse starts with ‘Thus I have heard’.
This is the Ānandā’s answer to Venerable Mahā Kassapa who presided over the
First Buddhist Council. The meaning is – ‘Thus I (Ānanda) have heard so and so discourse’.

ဧဝံ ဓမ္မတာ

ဤသို့သော သဘာဝရှိပေ၏။
Common/ineluctable regualarity.

ဧသနာ

ရှာမှီးခြင်း
Search.

ဧသနာ ၂ ပါး

Two kinds of search:
၁။ အာမိသေသနာ = ပစ္စည်းဥစ္စာ ရှာမှီးခြင်း
1: Search for wealth,
၂။ ဓမ္မေသနာ = တရား ရှာမှီးခြင်း။
2: search for dhamma.

ဧသနာ ၃ ပါး

Three kinds of search:
၁။ ကာမေသနာ – ငါးပါးအာရုံကာမဂုဏ်ကို ရှာဖွေခြင်း
1: The search for sensual pleasure,
၂။ ဘဝေသနာ – ဘဝကို ရှာဖွေခြင်း
2: for existence,
၃။ ဗြဟ္မစရိယေသနာ – မြတ်သောအကျင့်ကို ရှာဖွေခြင်း။
3: for a holy life.

ဧဟိ ဘိက္ခု

‘လာလှည့် ရဟန်း’ – ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ဖြစ်နိုင်ခွင့်ရှိသော ရဟန်းပြုခြင်း။
မြတ်စွာဘုရားက ရဟန်းဖြစ်ထိုက်သောပုဂ္ဂိုလ် (များ) ကို ‘လာလှည့် ရဟန်း’ ဟုခေါ်တော်မူလိုက်သည်နှင့် ထို ပုဂ္ဂိုလ်(များ)သည် ပရိက္ခရာ ၈ ပါး စုံလင်စွာဖြင့် ရဟန်း ဖြစ်တော်မူ သွားကြသည်။
‘Come, Monk(s)’: A kind of ordination at the time of Lord Buddha. He uttered
‘Come Monk(s)’ to those who were qualified to be monks. They became monks with complete eight requisites after the Lord Buddha’s utterance.

ဧဟိ ဘိက္ခု ခေါ်တော်မူရာ၌ မြတ်စွာဘုရား မိန့်ကြားသော စကားတော်များ အစဉ်

The sentences Lord Buddha used at the ‘Come, Monk(s)’ ordination:
၁။ ဧဟိ ဘိက္ခု = လာလှည့် ရဟန်း
1: “Come, monk(s).”
၂။ သွာက္ခာတော ဓမ္မော= တရားတော်ကို ကောင်းမွန်စွာ ဟောကြားထားပြီ
2: “The Dhamma is well–proclaimed.”
၃။ စရ ဗြဟ္မစရိယံ = မြတ်သော အကျင့်ကို ကျင့်လော
3: “Practice the holy–life,
၄။ သမ္မာ ဒုက္ခဿ အန္တကိရိယာယ = ဆင်းရဲဒုက္ခအပေါင်းမှ ကောင်းစွာ လွတ်မြောက်ရန်လို့ငှါ။
4: for the total end of suffering.”

ဧဟိ ဘိက္ခု ရဟန်းတော် အရေအတွက်

(ဘုရားလက်ထက်တော်)
၁။ ဝိနည်း လာ ဧဟိ ဘိက္ခု ပေါင်း
– ၁၃၄၁ ပါး
၂။ သုတ္တန် လာ ဧဟိ ဘိက္ခု ပေါင်း – ၂၇၃ဝဝ ပါး = ၂၈၆၄၁ ပါး The numbers of monks ordained by ‘Come Monk’ ordination:
1: 1341 in the Vinaya Scriptures,
2: 27300 in the Sutta Scriptures,
total: 28641.
( သြ – အော )

အောက် မဂ် ၃ ပါး အောက်ဖိုလ် ၃ ပါး

Three lower paths and three lower fruitions:
၁။ သောတာပတ္တိ မဂ်
၁။ သောတာပတ္တိ ဖိုလ်
1: The path of stream–winning,
1: the fruition of stream–winning,
၂။ သကဒါဂါမိ မဂ်
၂။ သကဒါဂါမိ ဖိုလ်
2: the path of once–return,
2: the fruition of once–return,
၃။ အနာဂါမိ မဂ် ။
၃။ အနာဂါမိ ဖိုလ်။
3: the path of non–return.
3: the fruition of non–return.

သြကာသ

အခွင့်။ အခွင့်တောင်းခြင်း။ နေရာ။ တည်ရာ။ ဘုံ
Permission, place, location, opportunity, submission of grant.

သြဃ

Flood, current.

သြဃ ၄ ပါး

(အာသဝ ၄ ပါး _ရှု တူ၏)
Four floods:
၁။ ကာမောဃ = ငါးပါးအာရုံ ကာမဂုဏ်ကြော မျောမှု
1: The flood of sense–desire,
၂။ ဘဝေါဃ = ဖြစ်တည် ရှည်ကြာ ဘဝကြော မျောမှု
2: of desiring eternal existence,
၃။ ဒိဋ္ဌောဃ = အယူအဆ ယုံကြည်ခံယူချက်ကြော မျောမှု
3: of wrong view,
၄။ အဝိဇ္ဇောဃ = မသိ အဝိဇ္ဇာ အမှောင်ကြော မျောမှု။
4: of ignorance.

အောင်ခြင်း ၈ ပါး

(မြတ်စွာဘုရား၏) The eight great victories of Lord Buddha:
၁။ မာရ်နတ်
1: Māra, the Evil One, the Buddhist Satan,
၂။ အာဠာဝက ဘီလူး
2: Āḷāvaka, an ogre,
၃။ နာဠာဂီရိ ဆင်
3: Nāḷāgīri, an elephant,
၄။ အင်္ဂုလိမာလ
4: Aṅgulimāla, a serial killer,
၅။ စိဌမာန
5: Ciṅcamāna, a wicked lady,
၆။ သစ္စက ပရိဗိုဇ်
6: Saccaka, a wondering ascetic,
၇။ နန္ဒောပနန္ဒ နဂါး
7: Nandopananda, a fierce dragon,
၈။ ဗက ဗြဟ္မာ။
8: Baka, a Brahmā.

အောင်နိုင်ခြင်း ၅ ပါး

(မိလိန္ဒပဥှ)
Five victories:
၁။ အက္ကောဓေန ကောဓံ ဇိနေ = အမျက်ဒေါသကို မေတ္တာဖြင့် အောင်နိုင်ရာ၏။
1: Victory over anger by loving–kindness,
၂။ အသာဓုံ သာဓုနာ ဇိနေ = မသူတော်တရားကို သူတော်ကောင်းတရားဖြင့် အောင်နိုင်ရာ၏။
2: over wickedness by goodness,
၃။ ဇိနေ ကဒရိယံ ဒါနေန = နှမျောစေးနဲမှုကို ဒါနဖြင့် အောင်နိုင်ရာ၏။
3: over stinginess by generosity,
၄။ သစ္စေနာလိကဝါဒိနာ = မမှန်ကန်မှုကို မှန်သောသစ္စာဖြင့် အောင်နိုင်ရာ၏။
4: over lying by truthfulness,
၅။ သဗ္ဗံ အကုသလံ ကုသလေန ဇိနေ = အကုသိုလ်တရားကို ကုသိုလ်မှုဖြင့် အောင်နိုင်ရာ၏။
5: over bad deeds by good deeds.

အောင်မြင်မှုရရန် အဓိဋ္ဌာန် ၄ ပါး

(အဓိဋ္ဌာန် ၄ ပါး – အောင်မြင်မှုရရန် _ရှု)

သြဇ ဂုဏ်

A good abridging or expanding writing.

သြဇာ

Nutriment, nutrious essence contained in food, metabolism,
influence, authority.

သြဋ္ဌဇ အက္ခရာ

နှုတ်ခမ်းအရပ်မှာ ဖြစ်သော အက္ခရာ ၉ လုံး (ဌာန် ၅ ပါး _ရှု)
Nine labial alphabets:
ပ ဖ ဗ ဘ မ ဝ ဥ ဦ သြ
pa pha ba bha ma va u ū o.

သြတ္တပ္ပ

Fear to do evil, moral dread.

သြဒိဿပညတ္တိကထာ ၇ မျိုး

(သီးခြားခွင့်ပြုထားသော – သြဒိဿပညတ္တိကထာ – ၇ မျိုး _ရှု) သြဓိသ မေတ္တာ Loving–kindness sending particularly and individually.

သြပပါတိက

ရုတ်တရက် ကိုယ်ထင်ရှားဖြစ်လာခြင်း Apparitionally reborn, spontaneous birth.

သြဘာ

Aura, praise by hand–clapping, applause.

သြဘာစာ

Eulogy recited/read at an auspicious occasion.

သြဘာသ

အရောင်အလင်း
Effulgence of light, aura, illumination.

သြမာန

အဝမာန = နိမ့်ကျသူ၏ မာန
Inferiority–conceit.

သြရမ္ဘာဂိယ (ကာမဘုံနှင့် ဆက်နွယ်နေသော) သံယောဇဉ် ၅ ပါး

Five fetters common to sensual realms:
၁။ ကာမရာဂ သံယောဇဉ်
1: Sensual pleasure,
၂။ ပဋိဃ သံယောဇဉ်
2: hatred/ill–will,
၃။ သီလဗ္ဗတပရာမာသ သံယောဇဉ်
3: rules and rituals,
၄။ ဒိဋ္ဌိ သံယောဇဉ်
4: view, belief,
၅။ ဝိစိကိစ္ဆာ သံယောဇဉ်။
5: doubt.

သြရသ

သားကြီး
Eldest son/daughter.

သြဝါဒ

Admonition, moral instruction, advice, counsel.

သြဝါဒ ကထာ

The speech describing the admonition/guidance.

သြဝါဒ ပါတိမောက်

(ဘုရားရှင်တိုင်း ပေးတော်မူသော သြဝါဒ အကျဉ်း) ၃ ပါး
Three points in general admonishing of all Buddhas:
၁။ သဗ္ဗပါပဿ အကရဏံ = မကောင်းမှု ဟူသမျှ မပြုခြင်း
1: Not to do any evil,
၂။ ကုသလဿုပသမ္ပဒါ = ကုသိုလ်တရား ပွါးများခြင်း
2: to do what is good/wholesome,
၃။ သစိတ္တ ပရိယောဒါပနံ = စိတ်ကို ဖြူစင်စွာ ထားခြင်း။
3: to purify one’s mind.

သြဝါဒါစရိယ

Monk–adviser.

သြသဓ

ဆေးဝါး
Medicine, drug.

သြဠာရိက

ကြမ်းထမ်းမှု
Gross.

သြဠာရိက ရုပ်

Gross materiality/form.

သြဠာရိက သုခုမ

ကြမ်းထမ်း နူးညံ့
Gross and subtle.
( အံ )

အံ့ဘွယ်ရှစ်ဖြာ။ သာသနာ

(သာသနာတော်၏ အံ့ဘွယ် ၈ ပါး _ရှု)

အံဖတ် ဥပမာ

(ရဟန်းတော်များအား မိမိကိုယ်ကို အံဖတ်နှင့်တူအောင် မနေကြရန်ပေးသော ဥပမာ)
(ကဋုဝိယသုတ်။ တိကနိပါတ။ အဂုင်္တ္တရပါဠိ)
Simile of vomitted stench things (not to be alike vomitted strench things):
အံဖတ်သည် သားစိမ်းနံ့ အပုပ်နံ့ရှိမည်။ အပုပ်နံ့ရှိက ယင်ကောင်အုံမည်။
အံဖတ် ဟူသည် အဘိဇ္စျာ မနာလိုမှု
အပုပ်နံ့သည် ဒေါသဗျာပါဒ။
ယင်ကောင်ဟူသည် ယုတ်ညံ့သော အကုသိုလ်ဝိတက် အကြံအစည်များတည်း။
Vomitted things have bad smell/stench and flies will pursue them.
Vomitted things mean ‘longing’;
Stench means ‘ill will’ and
Flies mean ‘bad unwholesome thoughts’.

အံသကိုဋ် (အနားကိုက်) လှူရကျိုး ၃ ပါး

Three benefits of donating monk’s upper–underwear (aṃsakūṭa):
၁။ သူတော်ကောင်းတရား၌ မွေ့လျှော်ခြင်း
1: Delighting in good dhamma,
၂။ ဒုတိယဘဝကို အောင့်မေ့နိုင်ခြင်း
2: foreseeing the next life,
၃။ ဘဝများစွာ အဆင်းလှခြင်း။
3: good–looking in many lives.

အား ၂ မျိုး

Two powers:
၁။ သမထအား
1: Power of tranquility meditation,
၂။ ဝိပဿနာအား။
2: of insight meditation.

အား ၄ မျိုး

Four powers:
၁။ ပညာ (သို့မဟုတ်) သတိ (သို့မဟုတ်) ပဋိသင်္ခါန = ဆင်ခြင်မှုအား
1: Wisdom or mindfulness or retrospection,
၂။ ဝီရိယ (သို့) သမာဓိ (သို့) ဘာဝနာ = ပွါးများမှုအား
2: effort or concentration or meditation,
၃။ အနဝဇ္ဇ = အပြစ်ကင်းခြင်းအား
3: innocence, no sense of guilt,
၄။ သင်္ဂဟ = ချီးမြှောက် ထောက်ပံ့ခြင်းအား။
4: supporting.

အား ၅ မျိုး

(ဗလ ၅ တန်နှင့် ဆင်တူ၏)
Five powers:
၁။ ဗာဟု။ကာယ ဗလ = ကိုယ်ခန္ဓာ ကျန်းမာခြင်း အား
1: Power of the body,
၂။ ဘောဂ ဗလ = ပစ္စည်းဥစ္စာ ချမ်းသာပြည့်စုံခြင်း အား
2: of wealth,
၃။ အမစ္စ။မိတ္တ ဗလ = မိတ်ဆွေကောင်းရှိခြင်း အား
3: of friends,
၄။ အဘိဇ။ဉာတိ ဗလ = ဆွေမျိုးကောင်းရှိခြင်း အား
4: of relatives,
၅။ ပညာ ဗလ = အသိပညာ ဗဟုသုတရှိခြင်း အား။
5: of wisdom/knowledge.

အား ၈ မျိုး

Eight powers:
၁။ ရုဏ္ဏဗလာ ဒါရကာ = ကလေးသူငယ်တို့၏ အားကား ငိုခြင်းတည်း
1: The power of kids is ‘crying’;
၂။ ကောဓဗလာ မာတုဂါမာ = မိန်းမတို့၏ အားကား အမျက်ထွက် စိတ်ဆိုးခြင်း
2: of women, ‘anger’,
၃။ အာဝုဓဗလာ စောရာ = ခိုးသူ ဓါးပြတို့၏ အားကား လက်နက်
3: of bandits, ‘weapons’,
၄။ ဣဿရိယဗလာ ရာဇာနော = ဘုရင်မင်းတို့၏ အားကား အစိုးရခြင်း
4: of kings, ‘sovereignty’,
၅။ ဥဇ္စျတ္တိဗလာ ဗာလာ = သူမိုက်တို့၏ အားကား မျှော်မြင်လွတ်ကင်း ကဲ့ရဲ့ခြင်း
5: of the fool, ‘criticizing/blaming’,
၆။ နိဇ္စျတ္တိဗလာ ပဏ္ဍိတာ = ပညာရှိတို့၏ အားကား မြော်မြင်စဉ်းစား သတိထားခြင်း
6: of the wise, ‘awareness’,
၇။ ပဋိသင်္ခါနဗလာ ဗဟုဿုတာ = အကြားအမြင်များသူတို့၏ အားကား ကောင်းစွာဆင်ခြင်ခြင်း
7: of the knowledgeable, ‘pondering well’,
၈။ ခန္တီဗလာ သမဏဗြဟ္မဏာ = ရဟန်းပုဏ္ဏားတို့၏ အားကား သည်းခံခြင်းတည်း။
8: of the holy persons, ‘patience’.

အားတော် ၁ဝ ပါး

(ဘုရားရှင်၏ ဉာဏ်တော်။ အားတော် ၁ဝ ပါး – ဒသ တထာဂတ ဗလ – ရှု)

အားထုတ်ခြင်း (ပဓာန) ၄ မျိုး

(ပဓာန – တရားအားထုတ် ကြိုးစားခြင်း – ၄ ပါး ရှု)

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ