Skip to main content

ရောဂန္တရဒီပနီ

ရောဂန္တရဒီပနီ

ရှေးဦးအမှာစကား

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

[မော်လမြိုင်မြို့ ရတနာဘုံမြင့် ဆရာတော်, မုံရွာမြို့ လယ်တီ ဆရာတော်, ၎င်းဆရာတော်ကြီး ၂-ပါးတို့သည် သဘောတူ တိုင်ပင်လျက် အသက်ထက်ဆုံး မိမိတို့ တွေ့ကြုံ စုံစမ်း၍ လာခဲ့ကြသော ကပ်ရောဂါ အကြောင်းအရာများကို သေချာစွာဖော်ပြထားသည်]

ဤကျမ်းစာကို နိုင်ငံမြို့ရွာ နှံ့ပြားအောင် အားထုတ်သော သူသည် နိုင်ငံမြို့ရွာ၏အသက်ကို ကယ်ဆယ်သူ ဖြစ်၏၊ အသိန်းမကသော လူသူ, ကျွဲ, နွား သတ္တဝါတို့အား ဇီဝိတဒါနကို ပေးလှူသူမည်၏၊ ဤကျမ်းစာကို ကြည့်ရှုသူတို့သည်လည်း အမှတ်မဲ့ရှန်ကာ မကြည့်ကြ ရကုန်၊ အသက်မှု ကြီးဖြစ်ချေသည်၊ ကြပ်ကြပ်ကြီး ဂရုစိုက်၍ ကြည့်ရှုကြကုန်ရမည်။

၁-ကပ်ရောဂါ တိတ်နိမိတ်ထူးများ သရုပ်ပြစကား

မြို့ရွာတို့၌ ကပ်ဥပဒ် ဆိုက်ရောက်လိမ့်မည်ကို တင်ကူး၍ သိနိုင် ရာသော တိတ်နိမိတ်ထူးများမှာ

၁။ ခွေးသတ္တဝါတို့ အထူးဆူအူခြင်း။

၂။ နေ့အခါ၌ ကျီးသတ္တဝါတို့ အထူးဆူညံခြင်း။

၃။ ညအခါ၌ အိမ်နေရာသစ်ပင်တို့မှ ကျီးသတ္တဝါတို့ ထကြွ လှုပ်ရှားခြင်း။

၄။ ညအခါ၌ ''ကုပ်ကရူး'' ခေါ်သော ငှက်ဆိုးတို့မည်တွန်ခြင်း။

၅။ မြစ်ရိုးမြစ်စဉ် မြို့ရွာတို့မှာ မိမိတို့ မြို့ရွာဆိပ်ကမ်းသို့ တပ်လှေ, တပ်သင်္ဘော ဆိုက်ကပ်လာသည်ဟု အိမ်မက် မြင်မက်ခြင်း။

၆။ ကုန်းမြို့ကုန်းရွာတို့မှာ မိမိတို့ရွာသို့ ကပ်ဆိုက်လာသည်ဟု မြင်မက်ခြင်း။

၇။ အချို့သော မြို့ရွာတို့၌ နေဝင်ရီတရောအခါမှာ မိမိတို့ မြို့ရွာသို့ တပ်ချီ၍လာသည်ကို ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင် ကြခြင်း။

၈။ မိမိတို့မြို့တွင်းရွာတွင်းသို့ သူရဲခေါ်သော လူနီကြီးများ ဝင်လာသည်, ဘီလူးခေါ်သော လူနက်ကြီးများ ဝင်လာ သည်, သားဘက်ခေါ်သော လူဖြူကြီးများ ဝင်လာသည်, ဝက်ကောင်ကြီများဝင်လာသည်, နွားမတန်းခန့်ရှိသော ခွေးကောင်ကြီးများဝင်လာသည်, တစ်ထွာတစ်မိုက်ခန့် အမွှေးရှိသော ရေသားဘက်ကောင်ကြီး, ကုန်းသား ဘက်ကောင်ကြီးများ ဝင်လာသည် ဟုမြင်မက်ခြင်း။

၉။ မည့်သည်အိမ်ပေါ် တိုက်ပေါ်သို့၎င်း, မိမိအိမ်ပေါ် တိုက် ပေါ်သို့လည်းကောင်း၊ ထိုအကောင်ကြီးများ တက်သည်ဟု မြင်မက်ခြင်း။

၁၀။ ညအခါ၌ မိမိတို့မြို့တွင်းရွာတွင်းမှာ ထိုအကောင်ကြီးများ သွားလာ၍နေသည်ကို ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း, မိမိတို့ဝင်းထဲ ခြံထဲမှာ တိုက်နောက်ဖေး အိမ်နောက်ဖေး များ၌ ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း။

၁၁။ နေဝင်စအခါ မြို့ ရွာအနီးမှာ တွေ့မြင်ကြခြင်း။

၁၂။ ညအခါ မြစ်ရေထဲ, အင်းရေထဲမှတက်လာ၍ မြို့တွင်း ရွာတွင်းသို့ ဝင်ကြသည်ကိုလည်းကောင်း, အိမ်ပေါ် တိုက်ပေါ်သို့ တက်ကြသည်ကိုလည်းကောင်း မြင်မက်ခြင်း။

၁၃။ မြစ်ဆိပ်များ လှေနှင့်နေကြရာ နေဝင်စအခါ မြစ်ရေထဲမှ ဖွားခနဲ ဖွားခနဲ ပေါ်ကြ၍ မြို့တွင်း ရွာတွင်းသို့ ဝင်ကြ သည်ကို ဒိဋ္ဌ တွေ့မြင်ကြခြင်း။

၁၄။ ရေထဲမှ ပေါ်လာ၍ မိမိတို့လှေပေါ်သို့ တက်လာသည်ကို လည်းကောင်း, သူတစ်ပါးလှေပေါ်သို့ တက်လေသည်ကို လည်းကောင်း ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း။

၁၅။ မြို့တွင်း ရွာတွင်း, ဝင်းတွင်းခြံတွင်းတို့၌ မိန်းမနက်ကြီး များကို တွေ့မြင်ကြခြင်း။

၁၆။ လူနည်းပါးသော အိမ်ကြီး, တိုက်ကြီး, ကျောင်းကြီးများ၌ အိမ်အောက်, အိမ်ပေါ် တိုက်အောက်, တိုက်ပေါ် ကျောင်း အောက်, ကျောင်း ပေါ်တို့မှာပင်တွေ့မြင်ကြခြင်း။

၁၇။ မြို့တွင်း ရွာတွင်းသို့ ဆင်တွေဝင်သည်, ကျားတွေဝင် သည်, နွားတွေဝင်သည်, ကျွဲတွေဝင်သည် ဟုမြင်မက်ခြင်း။

၁၈။ မြို့တွင်း ရွာတွင်းမှာ မီးလောင်သည်ဟု မြင်မက်ခြင်း, ဓားပြတိုက်သည်ဟု မြင်မက်ခြင်း, ရုပ်သေးပွဲ, ဇာတ်ပွဲခံ သည်ဟု မြင်မက်ခြင်း။

၁၉။ နေ့အခါ၌ မြို့တွင်း, ရွာတွင်းသို့ ကျားဝင်ခြင်း, သစ်ဝင်ခြင်း, တောယုန်ဝင်ခြင်း, သမင်, ဒရယ်စသော တောတိရစ္ဆာန် တို့ ဝင်ခြင်း, တောကြက်တွေဝင်ခြင်း။

၂၀။ ညောင်တုန်းမြို့များမှာကဲ့သို့ အိမ်ပေါ်, တိုက်ပေါ်မှာ အခိုး တလူလူ ထသည်ကို မြင်ရခြင်း။

၂၁။ ဟင်္သာတမြို့များမှာကဲ့သို့ ညအခါ၌ မြို့တွင်း ရွာတွင်းမှာ အပုပ် အနံ့လှိုင်ခြင်း။

၂၂။ မြို့ပေါ် ရွာပေါ်မှာ ကျီး, လင်းတ များစွာတို့ဝဲခြင်း။

၂၃။ မြို့ပေါ် ရွာပေါ်မှာ မိုဃ်းတိမ်နီ, မိုးတိမ်ဝါတို့တောက်ခြင်း။

၂၄။ မြို့တွင်းရွာတွင်းမှာ ယင်ကောင်ကြီး, ယင်ကောင်ငယ်တို့ အထူး များပြားခြင်း။

၂၅။ အိမ်တွင်းတိုက်တွင်းမှာ အိမ်မြှောင်, ယင်ကောင်, ကြွက် သတ္တဝါတို့ကျ၍ ရုတ်တရက် သေဆုံးသည်ကို တွေ့မြင် ကြခြင်း အသေ ကောင်များစွာကို တွေ့မြင်ကြခြင်း။

၂၆။ နွား, ကျွဲ သတ္တဝါတို့၌ကပ်ရောဂါ ကျရောက်လိုသော် ည အခါ၌ နွားခြံ, ကျွဲခြံတို့မှ နွား, ကျွဲတို့တ ရုန်းရုန်းရှိခြင်း, နေ့အခါ တောအရပ်၌ တောချုံရှိရာတို့မှ တရုန်းရုန်း လန့်ခြင်း။

၂၇။ မြင်းတို့၌လည်းကောင်း၊ သိုး, ဆိတ်တို့၌လည်းကောင်း၊ ကပ်ဥပဒ် ကျရောက်လိုသော် ထို့အတူ တစ်စုံတစ်ခု ဖေါက်ပြန်မှု ပေါ်လာခြင်း။

[ဤတိတ်နိမိတ်ထူးများ ပပျောက်အောင် ပြုလုပ်နည်း အကျယ်ကို ၉-အမှတ် အကျယ်ပြခန်းတွင် ပြဆိုလတ္တံ့။]

ဤအလုံးစုံသော တိတ်နိမိတ်ထူးများသည် ကပ်ရောဂါ ဆိုက် ရောက်လိုသော် ရှေးရှေးအခါတို့၌လည်း အရိုးအစဉ် ထင်ရှား၍လာ ခဲ့ကြ၏။

ယခု ပလိပ်ရောဂါ ပေါ်ပေါက်လာရာ၌လည်း ထိုထိုမြို့ရွာတို့မှာ ထင်ရှားစွာတွေ့မြင် သိရှိ၍နေကြသော နိမိတ်များပေတည်း၊ မိမိတို့ မြို့ရွာတို့၌ ဤနိမိတ်များ တစ်စုံတစ်ခု ဖြစ်ပေါ်တွေ့မြင်ကြသည်ရှိသော် ငါတို့မြို့ရွာသို့ ဘီလူးသားဘက်တို့ လာရောက်ကြကုန်ပြီး၊ ယနေ့လား, မနက်ဖြန်လား ငါတို့မြို့ရွာမှာ ကပ်ရောဂါဖြစ်ချေတော့မည်ဟု အမှန် သိကြကုန်ရာ၏၊ ရပ်ကွက်, တိုက်, အိမ်တို့မှာ ထင်မြင်ခဲ့သော် ထိုရပ်ကွက်, ထိုတိုက်, ထိုအိမ်တို့မှာ သိကြကုန်ရာ၏၊

ကပ်ရောဂါ တိတ်နိမိတ်ထူးများ ပြီး၏၊

-----*---

၂-ဘီးလူးသားဘက်တို့အကြောင်း အစိမ်းသရဲ

လောက၌ တစ္ဆေ, မှင်စာခေါ်ကြသော နတ်ယုတ် နတ်ညံ့မျိုး တို့လည်း များစွာရှိကြကုန်၏၊ အကြီးအကျယ် အန္တရာယ်ကို မပြုနိုင်ကြ ကုန်၊ ခြောက်ရုံ, လှန့်ရုံ, ခေါင်းမူးရုံ, သူငယ်ကလေးများကို အငိုတိုက်ရုံ တတ်နိုင်ကြကုန်၏၊ အကောင်သဏ္ဌာန်လည်းငယ်ကြကုန်၏၊ သား စိမ်းစား, ငါးစိမ်းစား မဟုတ်ကြကုန်၊ လူတို့၏ စားနုပ်ပေါက်ကို ရှာကြံ ကောက် ယူ၍ စားသောက်နေ ထိုင်ကြကုန်၏၊ အစိမ်းသရဲ သားဘက် ခေါ်သော ဘီလူးမျိုးတို့သည်သာလျှင် အကြီးအကျယ် အန္တရာယ် ကပ်ဥပဒ်ကို ပြုနိုင်ကြကုန်၏။

ထိုဘီလူးတို့သည်

၁။ ကုန်းဘီလူး,

၂။ မြေဘီလူး,

၃။ ရေဘီလူး,

ဟူ၍ ၃-မျိုးရှိကြကုန်၏၊

ထိုတွင်

၁။ ကုန်းဘီလူး

ကုန်းဘီလူးဆိုသည်ကား- မြို့တွင်း, မြို့ပြင် ရွာတွင်း, ရွာပြင် သစ်ပင်ကြီး, ဝါးပင်ကြီး, ထန်းပင်ကြီး, ပေပင်ကြီးတို့၌လည်းကောင်း၊ ဂူဟောင်း, လိုဏ်ဟောင်း, ဇရပ်ဟောင်း, ကျောင်းအို ကျောင်းပျက် ဘုရားပျက် စသည်တို့၌လည်းကောင်း၊ တောကန္တာရ, တောင်ကန္တာရ, သဲကန္တာရတို့၌ လည်းကောင်း၊ များသောအားဖြင့် သုသာန်သင်းချိုင်းတို့၌ နေကြကုန်သော ဘီလူးတို့ကို ကုန်းဘီလူးဆိုသည်။

၂-မြေဘီလူး

မြေဘီလူးဆိုသည်ကား-မြေထဲ၌နေကြကုန်သော မြေဘုတ်ဟူ၍ ခေါ်သော ဘီလူးမျိုး,မြေထဲမှာ တွင်းလိုဏ်ရှိ ရာ၌မြို့ ရွာတည်ထောင်၍ နေကြကုန်သော ကျတ်ခေါ်သော မြေဘီလူးတို့ကို ဆိုသည်။

၃-ရေဘီလူး

ရေဘီလူးဆိုသည်ကား-ပင်လယ်ထဲ၌၎င်း, မြစ်ထဲ အင်းထဲ အိုင်ထဲ ရေတွင်းအို ရေကန်အိုတို့၌၎င်း, သမုဒ္ဒရာအလယ် ကျွန်းငယ်တို့၌ နေကြကုန်သော ဘီလူးတို့ကိုဆိုသည်၊ ရံခါရံခါ ပင်လယ်၌ သွားလာကြ ကုန်သော လှေသင်္ဘောတို့ကို နှောက်ယှက်တတ်ကြကုန်၏၊ အာဋာနာဋ မြို့ အစရှိကုန်သော ကောင်းကင်မြို့တို့၌ နေကြကုန်သော ကောင်းကင် ဘီလူးတို့လည်း ရှိကြကုန်သေး၏၊

ထိုတွင်

၁။ တန်ခိုးငယ်သော ဘီလူးတို့သည် ဝမ်းရောဂါမျှကိုသာ ပြုလုပ်နိုင်ကြကုန်၏၊

၂။ တန်ခိုးကြီးသော ဘီလူးတို့သည်မူကား ပလိပ်ရောဂါ, ဝမ်းရောဂါ နှစ်ပါးတို့ကို ပြုလုပ်နိုင်ကြကုန်၏၊

ရေဘီလူးတို့၏ နေရာနှင့်အလေ့

ရေဘီလူးတို့သည် လူတို့၏အသွေးအဆီ, ကျွဲနွားတို့၏ အသွေး အဆီတို့ကို စားသောက်ခြင်းငှာ ပင်လယ်မှ တက်လာကြကုန်၍ မြစ်ရိုး မြစ်စဉ်တစ်လျှောက် မြို့ရွာတို့၌ကပ်ဥပဒ်ကို ပြုလုပ်ကြကုန်၏၊ ယခု အခါ၌မူကား မီးရထားလမ်းတစ်လျှောက်ကိုလည်း လျှောက်ကြကုန် ရိပ်ထင်၏၊ မြို့ရွာရှိ ကုန်းဘီလူး, မြေဘီလူးတို့သည်လည်း ရောနှော လျက်လိုက်ကြကုန်၏ ညအခါ၌ ရပ်စုကွက်စု ဝတ်တက် အသင်းများ သော မြို့ရွာ ရဟန်းသံဃာတို့ ကျောင်းတိုက်မှ နံနက်စောစောထ၍ ဝတ်တက်ခြင်းများသော မြို့ရွာတို့ကို ရှောင်ကွင်းတတ်ကြကုန်၏။

အကြင် မြို့ရွာတို့မှာ ညအခါ၌လည်းကောင်း နံနက်စောစော လည်းကောင်း ပရိတ်တော်ကြီး ဂုဏ်တော်ကြီး မေတ္တာပို့ကြီးများ ရွတ်သံ, ဖတ်သံဆိတ်၏၊ ရှင်ရှင်, လူလူ လင်းအောင်အိပ်၏၊ ထိုမြို့ရွာတို့သို့ ရောက်ကြကုန်သည် ရှိသော် နေ့အခါ မြို့ပြင်, ရွာပြင်မှာ သုသာန် သင်္ချိုင်းများ၌လည်းကောင်း, လူသူအရောက်အပေါက်နည်းပါးရာ ဇရပ်ဟောင်း, တန်ဆောင်းဟောင်း, ကျောင်းအို ကျောင်းပျက် သစ်ပင် တောချုံတို့၌လည်းကောင်း နေကြကုန်၏၊

ညအလေ့

ရေဘီလူးတို့သည် မြစ်ရေထဲ, အင်းရေထဲမှာလဲ နေကြကုန်၏၊ ညအခါလူနည်းပါးသော တောမြို့ တောရွာ ဖြစ်ခဲ့သော်နေဝင်၍ မှောင်ရီ လျှင် မြို့တွင်း, ရွာတွင်းသို့ ဝင်ရောက်ကြကုန်၏၊ ခွေးတို့သည် အရိပ်အသွင် မြင်ကြကုန်သဖြင့်ဆူအူ ကြကုန်၏၊ လူသူထူထပ်သော မြို့ကြီး ရွာကြီးတို့၌မူကား လမ်းကြီး လမ်းငယ်တို့၌ လူသူ ရထား အသွားအလာ ပြတ်စဲရာ ၁၀-နာရီ, ၁၁-နာရီစီ တစ်ခိုမှာမြို့တွင်း ရွာတွင်းသို့ ဝင်ရောက်ကြကုန်၏၊

နေ့, ညအလေ့

နေ့အခါမှာလည်း မြို့ပြင်ရွာပြင်မှာ တွေ့ရှိကြသော နွား, ကျွဲ, လူသူတို့ကို မှီတွယ်၍ မြို့တွင်းရွာတွင်းသို့ ဝင်တတ်ကြကုန်၏၊ လက်၌ ဒုတ်ဓားလက်နက် ဆူးခက် မီးစ ပါရှိသော သူများကို မမှီတွယ်ဝံ့ကြကုန်၊ မိန်းမ, ယောကျ်ားအကြီး, အငယ်မဆို မောင်းချဓားငယ်ကို အသွား ထုတ်ဖော်၍ စွဲမြဲကြကုန်ရမည်၊ ညအခါ၌ မြို့တွင်းရွာတွင်းသို့ ဝင် ရောက်ကြကုန်ပြီးလျှင် မီးအလင်းမရှိဘဲ မှောင်မဲမဲနှင့် အိပ်ပျော် ၍နေကြသော ဝင်းခြံတိုက်အိမ်ကို ရှာကြကုန်၏၊ တွေ့ရှိကြသောအခါ အကာအရန် မလုံခြုံသော တိုက်အိမ် ဖြစ်ခဲ့သော် တိုက်ပေါ်အိမ်ပေါ်သို့ တက်ကြကုန် ပြီးလျှင် အိပ်ပျော်၍နေကြသောသူတို့ကို ကိုယ်တွင်း ကိုယ်ပတို့၌ တွယ်ကပ်ကြကုန်လျက် ပလိပ်ဖျားရောဂါ, ဝမ်းရောဂါ တို့ကိုပေး၍ အသွေးအဆီတို့ကို စုတ်ယူ မျိုသောက်ကြကုန်၏၊ အိပ် မပျော်သော်လည်း ထိတ်လန့်အောင်ပြု၍ ထိတ်လန့်ခြင်းဖြစ်သောသူကို ဖမ်းနိုင်ကြကုန်၏၊ အိပ်ပျော်သောသူငယ်တို့၌လည်းကောင်း, လူနာတို့၌ လည်းကောင်း၊ ခံတွင်းပေါက်မှ အသည်းအအူတို့ကို နုတ်ယူတတ်ကြ ကုန်၏၊

[လည်ဖွဲ့အင်း ဝတ်ထားခြင်း, လည်ပင်း၌ ပရိတ်ချည်, မန္တန်ချည် ဝတ်ထားခြင်း များသည် ကွယ်ကာတတ်၏၊]

အကာအရံ လုံခြုံလှ၍ အိမ်ပေါ်တိုက်ပေါ်သို့မတက်နိုင်ရှိခဲ့သော် အိမ်အောက် တိုက်အောက်တို့၌လည်းကောင်း, နောက်ဖေး နောက်ဖီရှိ တဲအုံကျီကျ အိမ်သာစသည်တို့၌လည်းကောင်း, သစ်ပင် ထန်းပင်တို့၌ လည်းကောင်း နေကြကုန်၍ ညအခါ၌ အခိုးလွှတ်ခြင်း, အနံ့လွှတ်ခြင်း, ကိုယ်တိုင်ပြခြင်း, အိပ်မက်၌ပြခြင်းတို့ဖြင့် အိမ်သူအိမ်သားတို့ကို ဖမ်း ယူတတ်ကြကုန်၏။

[ဝင်းတွင်း ခြံတွင်း၌ ပရိတ်ရေ, မန္တန်ရေ, ပရိတ်သဲ, မန္တန်သဲ ကျဲထားခြင်းများသည် ကွယ်ကာတတ်၏၊ သစ်ပင်ထန်းပင်များ၌ ''ဟေတုပစ္စယော'' စသည်တို့ကို ပတ်မိအောင် ရေးသားထားခြင်း, အင်းအိုင်ဂါထာများကပ်ထားခြင်းသည် ထိုသစ်ပင် ထန်းပင်တို့အပေါ်မှာ မနေနိုင်အောင် ကွယ်ကာတတ်၏၊]

အခိုးလွှတ်ခြင်း

ဤစကား၌ အခိုးလွှတ်ခြင်းဆိုသည်ကား- မိမိတို့ကိုယ်မှ မိမိတို့ တန်ခိုးဖြင့် အခိုးတို့ကို လွှတ်ကြကုန်၏၊ ထိုအိမ်၌ ထိုအခိုး ထိခိုက် သမျှသော သူတို့သည် အိမ်မြှောင်, ယင်, မှက်, ကြွက်သတ္တဝါတို့မှစ၍ ရောဂါဥပဒ် ကဒ်ရောက်ကြကုန်၏၊ ပင်လယ်ကမ်းနား, အင်းကြား အိုင်ကြား တောတောင်များ၌ သွားလာနေကြကုန်သော သူတို့သည် ထိုအခိုးမျိုးကို သရဲခိုးဟူ၍ ခေါ်ရိုးအစဉ် ရှိကြကုန်၏၊ သွားရာလာရာ၌ မြေမှလည်းကောင်း, သစ်ပင်တော ချုံများမှလည်းကောင်း အခိုးတလူလူ တက်ကြွ၍နေကြသည်ကို မြင်ရလျှင် လွတ်လွတ် ရှောင်ကွင်း၍ သွားကြရ မည်၊ ထိုအခိုး ထိခိုက်လျှင် ဥပဒ်ဖြစ်တတ်သည် ဟူ၍ သားစဉ်မြေးဆက် ပြောဆိုဆုံးမရိုး ရှိကြောင်းကို ငါတို့အား လျှောက်ထား ကြားသိရဘူး၏။

မန္တလေးမြို့မှာ ပလိပ်ရောဂါ ဖြစ်နေစဉ်အခါ မန္တလေးမြို့နေ မိတ်ဆွေများထံသို့ အနောက်နိုင်ငံမှ ပေးလိုက်သည့် စာတစ်ခုမှာလည်း မန္တလေးမြို့၌ ပလိပ်ရောဂါ ဖြစ်နေသည် ကြားပါသည်၊ ရန်ကုန်မြို့ မျက်မှန် တိုက်ဆိုင်များမှာ ၁၅-ကျပ်တန် မျက်မှန်တစ်မျိုး ရှိပါသည်၊ ဝယ်ယူ ထားကြပါ၊ လမ်းလျှောက်သည့် အခါလည်းကောင်း မျက်မှန်နှင့် ရှေ့သို့ မျှော်ကြည့်၍ ရှောက်ကြပါလျှင် အခိုးတလူလူထ၍ နေသည်ကို မြင်ကြ ပါလိမ့်မည်၊ ထိုအခိုးထိမိလျှင် ပလိပ်ရောဂါ ဖြစ်တတ်ပါသည်၊ လွတ် အောင် ရှောင်ကြပါလေဟုပါရှိ၏၊ ဆရာဝန်မင်းများသည်လည်း ဤ ကဲ့သို့သော အခိုးများကို အထူးကြောင့်ကြစိုက်ကြပေကုန်၏၊

[မြေမှထွက်သော အခိုးမျိုးသည် မြေဘီလူး, မြေနဂါးတို့၏ အခိုးမျိုးပေတည်း၊ ခြေစွပ်မြဲခြင်း, ဘိနပ်မြဲခြင်းများသည် ထိုအခိုးအန္တရာယ်ကိုကာကွယ်နိုင်၏၊]

ထိုအခိုးမိသောသူကို မြေဘီလူး, မြေနဂါးတို့သည် ခြေမှ လျှောက်၍ ဝမ်းတွင်း, ရင်တွင်းတိုင်အောင် ဝင်ရောက်ကြကုန်၍ အသည်း, အဆုတ်တို့မှ အသွေး, အဆီတို့ကိုစုတ်ယူ မျိုသောက် ကြကုန်၏၊

[ခြေချင်းဝတ်၌ ခြေဖွဲ့အင်းဝတ်ထားခြင်း, ခြေစောင့်ဆေးထိုးထားခြင်း, ချည်မန်း ကွင်း ဝတ်ထားခြင်းများသည် ကွယ်ကာနိုင်၏၊]

ကျမ်းဂန်အဆို

ဤပလိပ်ရောဂါကို ဗုဒ္ဓဘာသာ ကျမ်းဂန်တို့၌ '' အဟိဝါတ ရောဂါ'' ဟူ၍ခေါ်၏၊ မြေနဂါးတို့၏ လေအခိုးသင့်၍ဖြစ်သော ရောဂါဆိုလိုသည်၊ ''ကာဠရောဂါ'ကာဠရောဂါ'ကာဠရောဂါ'' ဟူသောစကား၌ ကာဠသဒ္ဒါကား မည်းနက်သော အနက်ကို ဟော၏၊ မည်းနက်သော အဆင်းရှိသော ဘီလူးကောင်ကြီးတို့ ပြုလုပ်၍ဖြစ်သော ရောဂါမျိုးဆိုလိုသည်၊ ယခု နောက်ကာလမှ ပေါ်ပေါက်လာသော ရောဂါမျိုးဖြစ်၍ ကာလရောဂါ ဆိုသည်ဟု ထင်တတ်ကြ၏၊

သရဲ ၂ - မျိုး

မီးသရဲ, အခိုးသရဲ ၂-မျိုးရှိကြသည်တွင် မီးသရဲမျိုးသည် အညာဒေသမှာပင် တွေ့မြင်ထင်ရှားကြ၏၊ ပင်လယ်ကမ်းနား တလျှောက် မှာ သရဲ ၂- မျိုးလုံးပင် ထင်ရှားကြ၏၊ မြေ ရေတို့၌ရှိသော ဓာတ်တို့၏ ဖောက်ပြန်ခြင်း ကြောင့်ဖြစ်သော အခိုးအမျိုးမျိုးလည်း ရှိကြ၏၊ ဆေးဝါးကုသ၍ လွယ်၏၊ ဘီလူးတို့သည် အဖျားဆေး, အနာဆေးတို့ကို လူတို့ခံတွင်းမှ ထည့်သွင်းသော အရိပ်လည်းထင်၏၊ လူ့ဘဝ၌ ဗေဒင် ပညာ, ဆေးပညာ, အင်းပညာ, ဂါထာမန္တရား ပညာများကို တတ်ကြ ကုန်သော သူတို့သည် သေလွန်၍ နတ်ဘဝ, ဘီလူးဘဝသို့ ရောက်ကြ ကုန်သည်ရှိသော် ထိုဘဝ၌လည်း တတ်မြဲတတ်ကြကုန၏၊

ပလိပ်ဆေးနည်းအညွှန်း

စိန် ၁-ကျပ်၊ ဘင်ခေါ်သော ဆေးကျောက် ၃-ကျပ်၊ ညက်စွာ ကြိတ်၊ ပလိပ်ရောဂါဖြစ်သူကို နှာခေါင်းနှစ်ဘက်၌ မှို့စေ့ခန့် နှာနှတ်၊ အကျိတ် ပေါ်ခဲ့သော် လဘက်ခြောက်ကို ကျက်ကျက်ကျို၍ ထိုအရည် နွေးနွေးနှင့် ကြပ်ကြပ် နယ်ရမည်၊ လူနာ၏ ခေါင်းရင်း၌နေ၍ စက်ကြီး ၁၃-ပါး မန္တရားကို အခေါက်များစွာ နာနာရွတ်ရမည်၊ ဤကား တစ်ဦးသောသူ အိပ်မက်၌ရသော နည်းသုံးပါးတည်း။

နှာဆေးမှာ အိပ်မက်တွင်း၌ ကိုယ်တိုင်ပြ၍ သင်-ဘယ်သူ လဲဆိုသော် ငါ-မြေဘီလူးဆို၍ ပလိပ်ရောဂါ ဖြစ်နေသူကို မသေစေလို သော် ဤနှာကိုနှပ်ရမည်ဟုပြော၍ မြေတွင်းသို့ဝင်လေ၏၊ ပလိပ် ရောဂါကို ထိုသုံးနည်း နှင့်ကုသ၍ လူနှစ်ကျိပ်မျှ ချမ်းသာရကြောင်းကို ပျောက်ငြိမ်း သူများနှင့်တကွ ငါတို့အား လျှောက်ထား ကြားသိရဘူး၏။

ပြောလျှင် ယုံလွယ်သောသူသည် လမ်းလွဲလမ်းမှားလည်း များ တတ်၏၊ ပညာလည်းပွားတတ်၏၊ နည်းမှန်နည်း ကောင်းကိုလည်း များစွာတွေ့တတ်၏၊ ပြောလျှင် မယုံတတ်သောသူသည် လမ်းလွဲ လမ်းမှား လည်းနည်းပါး၏၊ ပညာလည်းမပွား၊ နည်းမှန် နည်းကောင်း ကိုလည်း မတွေ့၊ မိမိအိမ်မှာရောဂါရေး အနာရေးနှင့် တွေ့ကြုံခဲ့လျှင် မလုပ်တတ် မကြံတတ်ပြီ၊ မိမိသား, မယားများမှာ ကပ်ဥပဒ် ဖြစ်လာခဲ့သော် ကိုးကွယ် ရာမဲ့ ဖြစ်၍နေကြ၏၊ သတိရှိကြပါစေကုန်။

အခိုးတို့၏တန်ခိုး

အိမ်အောက်၌ ခိုကပ်၍ လွှတ်အပ်သော အခိုးတို့၏ ထိပါး ခြင်းဖြင့် အပူအပြင်း ဖျားသောအခါ ထိုသူ၏ကိုယ်မှ သိမ်မွေ့လှစွာသော ပိုးတို့နှင့်တကွ ထွက်ကြသော အခိုးတို့၏ ကူးစက်ခြင်းဖြင့် ထိုအိမ်မှာ ကျန်ရှိသော သူတို့ကိုလည်း ထိုရောဂါမိတတ်၏၊ ထိုအိမ်သို့ ခိုကပ် မိကြသောဘီလူးတို့သည် ထိုအိမ်၌ လူကုန်မှ ထွက်သွားတတ်ကြကုန်၏၊ ရောဂါဖြစ်သောသူကို ကြည့်ရှုပြုစု၍မနေဘဲ အိမ်နောက်ဖေးကိုဖောက်၍ အမြန်ထွက်ပြေးသူတို့သာ လွတ်နိုင်ကြ ကုန်သည်ဟု ဓမ္မပဒအဋ္ဌကထာ ကျမ်း၌လာ၏၊ ကြည့်ရှုပြုစု၍ နေခဲ့ပြန်လျှင် လက်၌ ဓားလက်နက် ကိုင်စွဲ၍ ကြည့်ရှုပြုစုကုန်ရမည်၊ ကိုယ်၌လည်း အကာအကွယ်ရှိသူတို့မှ ကြည့်ရှုပြုစုကုန်ရမည်၊ လူနာသည် ကြည့်ရှုသောသူတို့ကို မျက်လုံး ကိုပြူး၍ ပါးစပ်ကိုဖြဲ၍, လျှာကိုထုတ်၍, ရုတ်ရုတ်သံမြည်၍ ခြောက် လှန့်တတ်၏၊ ကြောက်လန့်ခြင်း အနည်းငယ်ရှိခဲ့လျှင် ကြည့်ရှုသူကို ထိုဘီလူး ဖမ်းမိပြန်၏။

လူနာရှိစဉ်အခါ ထိုအိမ်၌ အိပ်ပျော်အောင် မအိပ်ကြရကုန်၊ အိပ်ပျော်သူကိုလည်း ဖမ်းတတ်၏၊ တစ်ခြားအိမ်သို့ သွား၍သော်လည်း အိပ်ရမည်၊ ''ဗုဒ္ဓံသရဏံဂစ္ဆာမိဗုဒ္ဓံသရဏံဂစ္ဆာမိ'' ကိုအမြဲရွတ်၍ ပရိတ်ချည်, မန္တန်ချည် များကိုဝတ်၍ ကြည့်ရှုပြုစုကြကုန်ရမည်၊ သူနာက ခြောက်ခဲ့သော် ဓားကိုပြ ကြကုန်ရမည်။

အပူတပြင်းဖျားသောအခါ တစ်ကိုယ်လုံးမှာ အသွေး, အဆီ တို့သည် ပွက်ပွက်ဆူကြွ ထကြကုန်၏၊ စုပ်ယူခြင်းငှာ လွယ်ကုန်၏၊ အကြောဆုံကိုမှ စုပ်ယူမျိုသောက်ကြကုန်၏၊ နှလုံးတွင်း, အသည်းတွင်း, အဆုတ်တွင်းတို့မှ သွေးများစွာ ပါရှိသောအခါ ထိုသူသေရ၏၊ လည်ကုပ် မှ စုပ်ယူသည် လည်းများ၏၊ လည်ကုပ်မှ သွေးကုန်လျှင် သေရ၏၊

အသက် ၉-နှစ်ရွယ် ၁၀-နှစ်ရွယ်တို့မှစ၍, ၂၀-ရွယ်, ၂၅- နှစ်ရွယ်တို့၏ အသွေး, အဆီတို့ကို သာ၍ အလိုရှိကြကုန်၏၊ အပျိုအရွယ် သူငယ်မကလေးတွေကို သာ၍ကြောင့်ကြရ၏၊ မိမိတို့မြို့ရွာ၌ ထိုရောဂါ ပေါ်ပေါက်ခဲ့သော်သမီးပျို, သားပျိုတို့ကို ထိုရောဂါကင်းရှင်းရာ မြို့ရွာ တစ်ပါးသို့ အမြန်ပို့ဆောင်၍ထားကြကုန်ရမည်၊ ထိုကဲ့သို့ပို့ဆောင်၍ မထားနိုင် ရှိခဲ့ကြသော် အထက်၌ပြဆိုခဲ့ပြီးသော အကွယ်အကာတို့ကို လုံလောက် စွာပြုလုပ်၍ ထားကြရမည်၊ သားစိမ်း, ငါးစိမ်းစားမှုများ ကိုလည်း ရှောင်ကြစေရမည်။

ဘီလူး ဖမ်းစားပုံ

အချို့သော ဘီလူးတို့သည် ညအခါ၌ လူတို့သွားရာ ထိုထိုနေရာမှ ချောင်းမြောင်းခြောက်လှန့်၍ ကပ်ရပ်ကြကုန်၏၊ မြေဘီလူးတို့သည် အမှိုက်သရိုက်, ရွှံ့ပုပ်, ရေပုပ်ထူထပ်ရှုပ်ထွေး၍ လူသူအရောက် အပေါက် နည်းပါးရာမြေ၌နေလျက် အခိုးလွှတ်၍ ဖမ်းခြင်း, ခြောက် လှန့်၍ ဖမ်းခြင်းတို့ဖြင့် ဖမ်းကြကုန်၏၊ ညအခါ၌ အိမ်ပေါ်, တိုက်ပေါ်မှ ဆင်းသူ, တက်သူ, ထွက်သူ, ဝင်သူမရှိကြစေရာ၊ အဖျားမတိုက်ဘဲ ဝမ်းတွင်း ရင်တွင်းသို့ဝင်ရောက်၍ အသွေး, အဆီတို့ကို စုပ်ယူရာ၌မူကား အိပ်ချင် မူးတူးဖြစ်၍ အိပ်ရာမှသေဆုံးတတ်၏၊ သွေးမကုန်၍ ထိုအခါ မသေခဲ့ သော် စုပ်ယူရာဌာန၌ အသည်းနာ, အဆုတ်နာဖြစ်၍ နောက်မှ သေဆုံး တတ်၏၊ ဆေးကောင်းလှ၍ ဆေးကုဆရာ လိမ်မာပါလျှင် ချမ်းသာ တတ်၏၊ ယခုအခါ ဆရာဝန်မင်းတို့သည် ဤကဲ့သို့သော အနာမျိုးများ၌ အကုအသအလွန် လိမ်မာကြပေကုန်၏။

ရေဘီလူးတို့သည် မြစ်ရေထဲ, အင်းရေထဲ, အိုင်ရေထဲ, တွင်းရေ ထဲမှလည်း ဖမ်းတတ်ကြကုန်၏၊ မိမိတို့မြို့ရွာ၌ ကပ်ဥပဒ် ရှိနေသောအခါ မြစ်ရေထဲ, အင်းရေထဲ, အိုင်ရေထဲသို့ဆင်း၍ ရေခပ်ခြင်း, ရေချိုးခြင်းများ ကို ဆင်ခြင်ကြကုန်ရမည်၊ ရေ၌သော်လည်း ပရိတ်သဲ, မန္တာန်သဲများကို ပစ်ကြဲ၍ထားကြရမည်။

အချို့သော မြေဘီလူးတို့သည် ဝမ်းတွင်းသို့မရောက်မူ၍ အောက် အဖို့၌ သွေးတို့ကိုစုပ်ယူကြ၏၊ မထနိုင်, မသွားနိုင် အချိနာရောက်ခြင်း, အဆစ်အရင်းဖောရောင်ခြင်း, အဆစ်အမြစ် ကိုက်ခဲခြင်းတို့ဖြင့် တဖြေး ဖြေး သေဆုံးတတ်၏။

[ဥဏ္ဏလုံ ဂါထာတော်ကြီးနှင့် ရေပြည့်အိုးကို ၃၇-ခေါက်မန်း၍ နေ့စဉ်ရေချိုးရာ ၃-ရက်မျှနှင့် ပျောက်ငြိမ်းသူကို တွေ့ဘူး၏၊ ''ဩောင်း ဟေဟေ၊ တိသျှတ္တ၊ တိသျှတ္တ'' ချီသော ဂါထာကို ဥဏ္ဏလုံဂါထာ ဆိုသည်။]

ကုစားနည်း

ကောက်ညှင်းဆန်ကိုချက်၍ နွားချေးနှင့် နိုင်းချင်းစပ်၊ ထန်းလျှက် အတန်ငယ်ထည့်၊ ဖောရောင်ရာ, ကိုက်ခဲရာဌာနတို့၌ ထူထူအုံ၍ ပိန်းရွက် အုပ်၊ ၎င်းအထက်၌ အဝတ်စည်း၊ နံနက်တစ်ခါ, ညတစ်ခါလဲ၊ လူတစ်ဦး မှာ အိပ်မက်၌ရသော ဆေးတည်း၊ ဤဆေးနှင့် စ-လုပ်၍ အမြန်ပျောက် ဖူးသူ ယခုထင်ရှားရှိ၏။

လူနာ၏ကိုယ်မှ အပ၌နေ၍ အကြောဆုံတို့မှ အသွေး, အဆီ တို့ကိုစုပ်ယူကြသောအခါ စုပ်ယူရာဌာနတို့၌ အကျိတ် အဖု အလုံး အခဲတို့သည် ဖြစ်ပေါ်ကုန်၏၊ နောက်၌ဖေါ်ပြလတ္တံ့သော သတ္တက္ခတ္တုံ ဆေးကို ရေနံနှင့် ဖျော်၍နယ်လိမ်းလိမ်း၊ အလယ်၌ အမာအဆံ ကျန်ရှိခဲ့သော် အုံထား၍၊ လဘက်ရည် နွေးနွေးနှင့်သော်လည်း နယ်ရ၏၊

ကိုယ်တိုင်မြင်အောင် လက်တွေ့စမ်းသပ်နည်း

ထိုဘီလူးသားဘက်တို့ကို မိမိတို့ကိုယ်တွေ့ဒိဋ္ဌ မြင်လိုကြသည် ရှိသော် ကပ်ဥပဒ်အားကြီးစွာ ဖြစ်နေသော အရပ်မှာအများတို့ အိပ်ပျော်၍ နေကြသောအခါ တစ်ညလုံးမအိပ်မူ၍ အရပ်တွင်း၌ လှည့်လည် ချောင်း မြောင်း၍ ကြည့်ရှုကြပါလျှင် ခွေးအထူး ဆူအူရာဌာန၌လည်းကောင်း, လမ်းဆုံ လမ်းမ လမ်းမြောင်တို့၌လည်းကောင်း, ဝင်းတွင်းခြံတွင်း အိမ့်အောက် အိမ့်နောက်တို့၌၎င်း ၅-တောင် ၆-တောင်ခန့်အရပ်မြင့် သော လူနီကြီး လူနက်ကြီး, လူဖြူကြီး, မိန်းမနက်ကြီး အဝတ်တန်ဆာ ဆင်ယင်၍ ပကတိမြန်မာ လူမိန်းမအသွင်နှင့် ဆံပင်ဖားလျားချလျက် သွားလာ၍နေကြသော မြန်မာအစိမ်းမ သူရဲမများ, ဝက်နှင့်တူသော အကောင်ကြီးများ, ခွေးကြီးနှင့်တူသော အကောင်ကြီးများ သွားလာ၍ နေသည်ကို ရွှေလသာ လျှင်ထင်ရှားစွာ တွေ့မြင်တတ်ကြ၏၊ ရွှေလမသာ လျှင် မထင်မရှားသာ မြင်တတ်ကြရ၏၊ မြင်ကြသည်ရှိသော် အသာ ကြည့်ရှု၍ မနေကြရ၊ အတင်းလိုက်၍ ပစ်ခတ် နှင်ထုတ်ကြပြီးလျှင် လမ်းစဉ်တလျှောက် ဝင်းပေါက်ဝင်းခြံ အိမ်တံခါး ပေါက်တို့၌ ထင်းအမိုက် တို့ကို မီးထည့်၍ ထားကြကုန်ရမည်။

ပလိပ်ရောဂါ, ဝမ်းရောဂါနှင့် သေဆုံး၍သွားကြကုန်သော သူတို့သည်လည်း ဘယ်လိုအကောင်ကြီးကို မြင်ပါသည်ဟု ထွေထွေ လာလာပြောဆို၍ သေဆုံးရှာကြသူ အများပင်ရှိကြကုန်သည်၊ အချို့သူတို့ နစ်မျော၍ သွားရာမှ လည်၍လာကြသောအခါ ထွေထွေလာလာ တွေ့မြင်ခဲ့ကြသည်ကို ပြောဆိုနိုင်သူတို့လည်း အများပင် ရှိကြကုန်၏။

လောက၌ ပလိပ်ရောဂါ, ဝမ်းရောဂါများနှင့်စပ်လျက် သူရဲ သားဘက်စကားကို ပြောဆိုခဲ့သော်အချို့သောသူတို့ မယုံကြည်ကြကုန်၊ မယုံကြည်သူ, မသိတတ်သူ, အမှတ်တမဲ့ နေကြသူများလေလေ ဘီလူး သားဘက်တို့ ပြုချင်တိုင်း ပြုခွင့် ရလေလေဖြစ်၏၊

နှိုင်းယှဉ်ချက်

ဥပမာကား။။တစ်ခုသောရပ်ရွာ၌ခိုးတတ်သော သူတစ် ယောက် ရှိ၏၊ ညတိုင်းလျှင် အရပ်ထဲမှာ လှည့်လည်၍ခိုး၏၊ သိသောသူ တစ်ဦးတစ်ယောက်က အရပ်ထဲမှာ ပျောက်ပျက်သမျှ သင်း၏ အတတ် ချည်း ဖြစ်သည်ဟု ပြောဆိုရာ၏၊ ထိုသူ၏ စကားကို မယုံကြည်သူ, မသိတတ်သူ, အမှတ်မဲ့နေကြသူ များခဲ့အံ့၊ ထိုသူခိုး အခွင့်သာ၏၊ ခိုးချင်တိုင်းခိုးယူနိုင်၏၊ ယုံကြည်သူ, သိတတ်သူ, ကြောင့်ကြစိုက် သူများခဲ့အံ့၊ ထိုသူခိုးမလှုပ်သာပြီ၊ ဤဥပမာအတိုင်း ဘီလူးသားဘက်တို့ကို မယုံကြည်သူ, မသိတတ်သူ, အမှတ်တမဲ့ နေကြသူတို့သည် ဘီလူး သားဘက်တို့၏အမှုကို ဖုံးဖွက်ကြကုန်၍ ဘီလူး သားဘက်တို့ကို ကူညီကြ သကဲ့သို့ ရှိကုန်၏၊ ယုံကြည်သူ, သိတတ် သူ, ကြောင့်ကြစိုက်သူ, ပြောဆိုသူ များခဲ့လျှင် ဘီလူးသားဘက် တို့သည် ထိုမြို့ ရွာကိုဝေးစွာ ရှောင်ကွင်း ကြကုန်လတ္တံ့။

ဘီလူးသားဘက်တို့အကြောင်းပြီး၏၊

----- * ----

၃။ အန္တရာယ်ကိုကာကွယ်နည်းအမျိုးမျိုး တုတ်, ဓားစသောလက်နက်

ထိုဘီလူး သားဘက်တို့သည် မိမိတို့တန်ခိုးဖြင့် မိမိတို့ကိုယ်ကို လူတို့ကမမြင်ရအောင် ကွယ်ဖျောက်နိုင်ကြ ကုန်ငြားသော်လည်း တုတ် လက်နက်, ဓားလက်နက်, လေးလက်နက်, မြားလက်နက်တို့၏ အထိ အခိုက်ကို မကွယ်ကာနိုင်ကြကုန်၊ ခဲ, ကျောက်ခဲ, လောက်လေး, သားရေ ပတ်လေးတို့၏ အထိအခိုက်ကို မကွယ်နိုင်ကြကုန်၊ သေနတ်, အမြောက် အစရှိသော လက်နက်ကြီးတို့၏ အထိအခိုက်ကိုမူကား ဆိုဘွယ်မရှိ။

လောက၌ တန်ခိုးရှိသော ဂါထာမန္တရား, ဆေးဝါး, အင်းအိုင် တို့၏အရှိန်အဝါကိုလည်း မကွယ်နိုင်ကြကုန်၊ စိတ်မာန်တင်း တင်းနှင့် ပြင်းထန်စွာရွတ်ဖတ်ကြသောပရိတ်တော်, ဂုဏ်တော်, ပါဠိတော်တို့၏ အရှိန်အဝါကိုလည်း မကွယ်နိုင်ကြကုန်။

ပြဒါးဓာတ်, သံဓာတ်, စိန်ဓာတ်, ဆေးဒါန်းဓာတ်, ယမ်းဓာတ်, ကန့်ဓာတ်, ဒုဋ္ဌာဓာတ်, ဟင်းရိုင်းဓာတ် အစရှိသော ဓာတ်ဆေးတို့ကို လည်းကောင်း၊ ထိုဓာတ်ဆေးတို့၏ အခိုးအရှိန်ကိုလည်းကောင်း အလွန် ကြောက်ကြကုန်၏၊ မီးခဲ, မီးတောက်, မီးပေါက်, မီးပွား အထိ အခိုက် ကိုလည်း အလွန်ကြောက်ကြကုန်၏၊

ကာကွယ်ပုံ

မိမိတို့အရပ်၌ ကပ်ဥပဒ်နှင့် ကြောင့်ကြစိုးရိမ် ရှိနေကြသောအခါ အိမ်တွင်း, တိုက်တွင်းမှာ ကန့်ခိုး, ယမ်းခိုး, ဆေးဒန်းခိုးများကိုပေး၍၎င်း၊ နေဝင်လျှင် ဝင်းခြံတံခါးတို့၌ ထင်းအမှိုက်တို့ကို မီးထည့်၍ ယောကျ်ား ဖြစ်သူတို့က တစ်ညလုံးမအိပ်ကြဘဲ ဓားလက်နက်ကိုစွဲ၍ မိမိတို့၏ ဝင်းခြံထဲမှာ သွားလာလှည့်လည်၍ နေကြသော်လည်းကောင်း, အိမ်ပေါ် တိုက်ပေါ်မှ နေ၍ လောက်လေး, သားရေပတ်တို့နှင့် ဝင်းထဲ ခြံထဲမှာ တုံး,တိုင်စသည်တို့ကို တပြုတ်ပြုတ် တဖျတ်ဖျတ် ပစ်ခတ်သံပေး၍ နေကြ သော်လည်းကော၁င်း ထိုဝင်းထိုခြံတွင်းသို့ သူခိုး, ဓားပြတို့လည်း မဝင်နိုင် ကြကုန်၊ ဘီလူး သားဘက်တို့လည်း မဝင်ဝံ့ကြကုန်။

အဆူးထက်သော ခရာခက်, ဆီးခက်, ရှားစောင်းခက် အစရှိ သောသစ်ခက်, ဝါးခက်တို့၏ အထိအခိုက်ကိုလည်း ကြောက်ကြကုန်၏၊ မလုံခြုံသောအကာအရံ, နံရံကြမ်းပြင်, ဝင်းတံခါး, အိမ်တံခါးတိ့ုမှာ ထိုအခက်များကပ်၍ ထားကြကုန်ရမည်၊ အိမ်မှထွက်သွားကြသောအခါ လက်၌ဆူးခက်များကို ကိုင်သွားကြရမည်၊ ဆူးခက်ကို ရမ်း၍ သွားလျှင် မကပ်ဝံ့ကြကုန်၊ နေဝင်၍မှောင်ရီလျှင် ဝင်းထဲ ခြံထဲ တိုက်ထဲ အိမ်ထဲမှာ တုတ်, ဓားနှင့်ရမ်းခြင်း, မီးစနှင့်ရမ်းခြင်း, ဆူးခက်နှင့်ရမ်းခြင်း, များကို ပြုလုပ်ကြကုန်ရမည်။

ပရုပ်, ရှိန်းခို, ရေနံ, ကတ္တရာစေး, အစရှိသော အလွန်ပြင်းသော အနံ့ကိုလည်း မခံနိုင်ကြကုန်၊ ထို့ကြောင့် အစိုးရမင်းတို့သည် အိမ်တို့၌ ဆေးရည်ပက်မှု, ရေနံသုတ်မှုတို့ကို အားထုတ်ကြပေကုန်၏။

ပြင်းထန်စွာ တီးနက်သော မောင်းကြီးသံ, ဘင်ကြီးသံ, ကြေးသံ, သံသံ, ရိုက်သံ, နှက်သံ, သေနတ်သံ, မီးပေါက်သံ, အမြောက်သံတို့ကို လည်း မခံနိုင်ကြကုန်၊ ကြားဖန်များ၍ ကြားနေကျ ဖြစ်ခဲ့မူကား အတော် အတန်ခံနိုင်ကြပြန်၏၊ အနံ့မျိုးတို့၌လည်းကောင်း, ပရိတ်ဂါထာ ကမ္မဝါ တို့၌လည်းကောင်း ထို့အတူတည်း၊ လက်နက်, ဆေးဝါး, ဓါတ်ခိုးများ ထိခိုက်မှု၌ နာလောက်အောင် ထိခိုက်လျှင် နာကုန်၏၊ သေလောက် အောင် ထိခိုက်လျှင် သေကုန်၏။

[တောင်းပန်ကျွေးမွေးလျက် မလွတ်ခဲ့သော် အပ်ချည်ကြိုးကို မာမာကျစ်၍ ''နာညတြဗောဇ္ဈ'' ဂါထာနှင့် ၃၇-အုပ်မန်း၊ လူနာ၏ လည်ပင်း, လက်, ခြေတို့၌ ကြပ်ကြပ် ဖွဲ့ချည်ထားပြီးလျှင် ဤလူနာ သေလျှင် နင်လည်းသေရလိမ့်မည်၊ ဤကြိုးကို မဖြေဘဲ မီးရှို့မည်, မြေမြှုပ်မည်ဟု ခြိမ်းခြောက်ရမည်၊ ထွက် သွားပါတော့မည်ဆိုမှ ဖြေ၍လွတ်။]

ရောဂါကာကွယ်ရန်နည်းလမ်း

ဤလောက၌ ဘီလူးသားဘက် အစိမ်းသူရဲ စုန်း နတ် တစ္ဆေ မြေဘုတ်တို့သည် လူသတ္တဝါမျှမက ပေါများကြကုန်၏၊ စစ်ပွဲ၌ ကျဆုံးကြ ကုန်သော သူတို့နှင့် သတ်၍သေဆုံးကြသူ, ကပ်ရောဂါနှင့် သေဆုံး ကြသောသူတို့သည် ထိုဘဝတို့သို့ ရောက်တတ်ကြကုန်၏၊ သူတို့ ကြောင့်ဖြစ်ရသော ရောဂါဥပဒ်မျိုးတို့လည်း အလွန်ပေါများကုန်၏၊ သူတို့ကိုကွယ်ကာရန်, နှိမ်နှင်းရန်, နှင်ထုတ်ရန် နည်းလမ်းမျိုး သူတို့ပြုလုပ်သော အနာရောဂါတို့ကို ကုသရန် နည်းလမ်း မျိုးတို့သည် လည်း ကမ္ဘာပေါ်မှာ အစဉ်အဆက်အားဖြင့် အလွန်များပြားစွာ ရှိကြ ကုန်၏၊ သို့ရာတွင် ပလိပ်ရောဂါ, ဝမ်းရောဂါ လူနာရှင်တို့မှာ သရဲ, သားဘက်တို့အား အစာကျွေးမှုကို ရှေးဦးစွာ ဂရုစိုက်ကြကုန်ရမည်၊ အစာကျွေးပြီးမှ ကုသ၍ လွယ်မည်။

ရှေးကာလ ကာကွယ်ပုံ

ရှေးကာလ၌ ရှေးသူဟောင်းတို့သည် သားငယ်, သမီးငယ် ရှိကြ ကုန်သည်ရှိသော် ထိုသားငယ်, သမီးငယ်တို့အား ဖွားမြင်စ ကာလမှ စ၍ ထိုအန္တရာယ်မျိုးတို့ကို ကွယ်ကာရန် အမိဖြစ်သူတို့က မြို့စောင့်နတ်, ရွာစောင့်နတ်, အိမ်စောင့်နတ်, ဝင်းတွင်း ခြံတွင်းရှိ သစ်ပင်စောင့်နတ်, မိရိုးဖလာ နတ်တို့အား မပြတ်ပူဇော် ပ-သခြင်း၊ အဘဖြစ်သူတို့က သူငယ်တို့၏လည်ပင်း, လက်ခြေတို့၌ လည်ဖွဲ့, လက်ဖွဲ့, ခြေဖွဲ့ ပြုလုပ်၍ ပေးခြင်း, သားငယ် သမီးငယ်တို့ကို ဆွေထဲမျိုးထဲဝယ် အသက် အရွယ်ကြီး ရင့်သောသူတို့အား ရံခါရံခါ ရှိခိုးပူဇော် ကန်တော့စေခြင်း, သားငယ်, သမီးငယ်ရှိစဉ်အတွင်း အစားအသောက်, အညှော်အသင်းမှစ၍ ရှောင် ကြဉ်အပ်သော အမှုတို့ကို မိဘဖြစ်သူတို့က ရှောင်ကြဉ်ကြခြင်းများကို ပြုလေ့ရှိကြကုန်၏၊ သူငယ်တို့ အသေအပျောက် နည်းပါးကြကုန်၏၊ မြို့ရွာများ အလွန်စည်ကားကြကုန်၏၊

ယခုကာလ ကာကွယ်ပုံ

ယခုကာလ၌မူကား မိဘဖြစ်သူတို့မှာ ထိုအလိမ္မာမျိုး မရှိကြ ကုန်ပြီ၊ သားငယ်, သမီးငယ်တို့ကို အန္တရာယ်ဥပဒ် ကင်းရှင်းကြစေရန် ဉာဏ်ဝီရိယ မျိုး, လိမ်မာယဉ်ကျေးရှိကြစေရန် ဉာဏ်ဝီရိယမျိုး မရှိကြကုန်ပြီ၊ မသင်ဘဲနှင့် တတ်နိုင်ကြသော ကမ္မဿကာ တရားနှင့်သာ လွှတ်ထားကြ ကုန်၏၊ အန္တရာယ်လာလျှင် အလွယ်တကူ ယူသာ ငင်သာရှိ ကြအောင် မိမိတို့အသက်, သားငယ်, သမီးငယ်တို့အသက်တို့ကို မကွယ်မကာ ဗလာ ပစ်ထားကြကုန်၏၊ ပရိတ် မေတ္တာ စာပေ ပရိယတ် အဖတ် အရွတ် နည်းပါးကြကုန်သဖြင့် အန္တရာယ်၏လာလမ်းကို ရှင်းလင်း၍ ထားကြကုန် ၏၊ အမဲ, သားငါးတို့ကို မပြတ်စားကြခြင်း, အပျော်အပါးလိုက်စားခြင်း, အမူးအယစ်များခြင်းတို့ဖြင့် အန္တရာယ်တို့၏အကြိုက် အမိုက်တရား လက်ဆောင် ပဏ္ဏာများကိုသာ ကြိုးစားအားထုတ်ကြကုန်၏။

ဤစကားရပ်၌ မြို့စောင့်နတ်, ရွာစောင့်နတ်, အိမ်စောင့်နတ်, ရုက္ခစိုး, ဘူမစိုး, မိရိုးဘလာနတ်တို့အား မပြတ်မလပ် ပူဇော် ပသခြင်း အမှုသည် လူတို့အား အသက်ရှည်ရာ ရှည်ကြောင်း ကောင်းမြတ်သော အလေ့ ဖြစ်သည်ဟူ၍ ငါတို့မြတ်စွာဘုရား များစွာ ဟောတော်မူသည်၊ အချို့သော သူတို့သည်နတ်တို့ကို မရိုမသေ ပြောဆိုပြုလုပ်ကြကုန်၏၊ ထိုသူများ မကျန်းမမာရှိကြသောအခါ သေအောင်ပြုတတ်ကြကုန်၏၊ သားငယ်, သမီးငယ်ကလေးများတို့ကို ပေါ်လာတိုင်း သေအောင်ပြု လုပ်တတ်ကြကုန်၏၊

အန္တရာယ်ကာကွယ်ရေး- အရေးကြီးပုံ

ယခုအခါ၌ အလွန်ကြမ်းကြုတ်စွာသော ရောဂါဥပဒ် ထူထပ် များပြား၍နေကြ၏၊ စီးပွားရေး, ဥစ္စာရေး, ပညာရေးများထက် ကပ်ဥပဒ် အန္တရာယ်ကို ကာကွယ်ရန် အရေးသည် အကြီးဆုံးသော အရေးဖြစ်၏၊ ဆရာကောင်း သမားကောင်းများနှင့် ပေါင်းဖော် ဆက်ဆံရှာကြံ အားထုတ် ပြုလုပ်စီမံ၍ လက်ကိုင်လက်စွဲ အမြဲကိုယ်စီရှိကြစေရမည်၊ ထိုသို့မရှိခဲ့သော် မိမိတို့မြို့ရွာ၌ ဥပဒ်အန္တရာယ် ပေါ်ပေါက်လာလျှင် စောစောက တင်ကူး၍ အန္တရာယ်ကင်းရှင်းရာ မြို့ရွာတစ်ပါးသို့ တိမ်းရှောင်ကာနေကြရမည်၊ ထိုသို့မတိမ်းရှောင်နိုင်ခဲ့သော် နေ့အခါ၌သာ မြို့တွင်း ရွာတွင်းမှာနေ၍ ညအခါ၌ မြို့ရွာမှထွက်ပြီးလျှင် တောဥယျာဉ်, တောအရပ်များမှာ နေကြ ကုန်ရမည်။

ထိုသို့နေသော်လည်း တောသမင်များကဲ့သို့ အမှတ်တမဲ့ဖြစ်၍ နေခြင်းငှာမသင့်၊ တောသမင်တို့မည်သည် မိမိတို့ အသင်း၌ ဘေးရန် ထိ၍ သေဆုံးသည်ကိုမြင်ခဲ့သော် နှလုံးညှိုးငယ်ရှိကြကုန်၏၊ ပြီးလျှင် မေ့ကြကုန်၏၊ နောက်ကိုကျန်ရှိသော သမင်တို့သည် ဤကဲ့သို့သော ဘေးရန်မှ အစဉ်လွတ်ကင်းကြရန် အကြံအစည် လုံ့လဝီရိယ မရှိကြ ကုန်ပြီ၊ ထို့အတူ ယခုအခါ၌လည်း ကပ်ဥပဒ်ဖြစ်ဆဲအခါ၌သာ ညှိုးညှိုး ငယ်ငယ်ရှိကြကုန်၏၊ ပြီးလျှင် ပျောက်ကြကုန်၏၊ နောက်ကို ငါတို့မြို့ရွာသို့ ဤကဲ့သို့သော ကပ်ဥပဒ်မလာရအောင် ဘယ်လိုကြံကြ, လုပ်ကြမည် ဟူသော လုံ့လဝီရိယ မရှိကြကုန်ပြီ၊ တောသမင်များကဲ့သို့ နေလိုက်ကြ ကုန်၏၊ ထိုသို့ နေကြခြင်းငှာ မသင့်၊ မသိ မလိမ်မာသူတို့နှင့် သေအတူရှင်အတူ သဘောတူ လိုက်လျော၍ကြောင့်ကြမဲ့နေခြင်းငှာ မတော်၊ အန္တရာယ်ကို ကာကွယ်ရန် နည်းမှန်လမ်းမှန်ကိုပင် ရရှိပါသော်လည်း ပြုလုပ်သူက ပြုလုပ်ပုံညံ့ဖျင်း၍ နေပြန်လျှင် အန္တရာယ် မကင်းတတ်။

နှိုင်းယှဉ်ချက်

ဥပမာကား။။ လက်နက်ကိရိယာ ဘယ်လိုပင်ကောင်းသော် လည်း လက်နက်ကိုင်ယူ ပစ်ခတ်သူညံ့ဖျင်း နေခဲ့လျှင် ရန်သူကို မနိုင် သကဲ့သို့တည်း၊ ပရိတ်တော်, ဂုဏ်တော်, ပါဠိတော်, ဂါထာမန္တရား, ဆေးဝါး အင်းအိုင်များသည်၊ လက်နက်ကိရိယာမျိုးဖြစ်ကြ၏၊ ရွတ်ဖတ် သုံးစွဲကြသူများသည် လက်နက်ကိုင်ယူ ပစ်ခတ်သူများဖြစ်ကြ၏၊ အန္တရာယ်ကင်းမှု၏ အင်အားကိုသိ၍ မိမိတို့ပြုလုပ်သော အန္တရာယ် ကင်းမှု၏ အင်အားကို အဆများစွာ သာလွန်လေအောင် ကြံဆောင် ပြုလုပ်တတ်ကြပါမှ အန္တရာယ်ကိုကွယ်ကာ ခုခံနိုင်ကြမည်၊ လောက၌ ပရိတ်တော်, ဂုဏ်တော်များကို ဘတ်ရွတ်ကြပါလျက် အန္တရယ်မကင်း ရှိနေကြသည်မှာ ပရိတ်တော်, ဂုဏ်တော်များအတွက်မဟုတ်၊ ဖတ်ရွတ် ကြသူ ရှင်လူတစ်စု၏ အလုပ်အကြံညဏ်, ဝီရိယ ညံ့ဖျင်းမှု အတွက်သာ မှတ်ရမည်။

ဆေးဝါးဘယ်လိုပင်ကောင်းပါသော်လည်း ဆေးတိုက်သူ ညံ့ဖျင်း လျှင် အနာမပျောက်သကဲ့သို့တည်း၊ အနာကြီးလှ၍ ဆေးတစ်ကျပ် သားတိုက်မှ ပျောက်ငြိမ်းမည်ကို တစ်မူးသားတိုက်၍ရပ်နေအံ့၊ အနာ မပျောက်၊ ဆေးအတွက်မဟုတ်၊ ဆေးတိုက်သူ ညံ့ဖျင်းမှုအတွက်သာ တည်း၊ ဤနည်းတူမှတ်။

သီဟိုဠ်ကျွန်း၌ ပရိတ်ရွတ်ပုံ

သီဟိုဠ်ကျွန်းများမှာ အစဉ်အဆက် ယခုထက်တိုင် အန္တရာယ်ကင်း ပရိတ်ရွတ်ပုံကား-မြို့ရွာ၌ ကပ်ဥပဒ် ပေါ်ပေါက် လာခဲ့သော် မြို့လုံး ရွာလုံး တညီတညာတိုင်ပင်၍မြို့တွင်းရွာတွင်းမှာ သင့်တင့်ရာဌာနတို့၌ မဏ္ဍပ် ကနား ဆောက်လုပ်ပြီးလျှင် မြို့ရွာရှိ သင်္ဃာတော်များကို လျှောက်ကြား ပင့်ဖိတ်ကြကုန်၏ မြို့ရွာရှိ သင်္ဃာတော်ရှိသမျှတို့သည် အကုန်လာ ရောက်ကြကုန်၍ ပရိတ်ကြီးစာကို ကိုင်ကြကုန်ပြီးလျှင် ၇-ရက်ပတ်လုံးနေ့ မစဲ ညမစဲ အလဲအလှယ်နှင့် ကမ္မဝါဖတ်သကဲ့သို့ ဖတ်ရွတ်ကြကုန်၏။

အဆုံးနေ့၌ အာဋာနာဋိယ သုတ်ကြီးကိုဖတ်ကြကုန်၏၊ မြို့ရွာနေ သူ တို့သည် ထို-၇-ရက်အတွင်းမှာ, အလုပ်အကိုင်မရှိကြရ၊ ပရိတ်ရေ, ပရိတ်ချည်, ပရိတ်ပန်း, ပရိတ်သဲတို့ကို ပြုလုပ်ကြကုန်၍ အိမ်ရာဝင်းခြံ တို့ကို ကာရံခြင်း, မိမိတို့မြို့ရွာကို ကာရံခြင်း, ရပ် ကွက်စုကိုကာရံခြင်း, နတ်များကို ပူဇော်ပသခြင်း, ပရိတ်တော်ကို အလှည့်အလည်နာခံခြင်း, သင်္ဃာတော်များကိုကျွေးမွေး လှူဒါန်းခြင်းတို့နှင့်သာ နေကြရကုန်၏၊ မြို့ရွာရှိ ဆေးဆရာတို့ကလည်းမိမိတို့၏ တတ်သိလိမ်မာရှိသမျှ မြို့ရွာ အကွယ်အကာ, ရပ်ရွာအကွယ်အကာတို့ကို စီရင်ပြုလုပ်ကြကုန်၏၊ အန္တရာယ်မကင်း သည်ဟူ၍မရှိ။

သီဟိုဠ်ကျွန်းမည်သည် နဂိုရင်း၌ဘီလူးကျွန်းသက်သက်ဖြစ်၏၊ ငါးပါးသီလကို ဂရုပြုကြခြင်း, သားငါး စားသောက်မှု နည်းပါးခြင်း, ပရိတ် ရွတ်ပုံ နေရာကျခြင်းတို့ကြောင့် ယခုအန္တရာယ်များပြားကြသည့် ခေတ် အခါမှာပင် အန္တရာယ်ကင်းရှင်းပေ၏၊ ၇-ရက်ပတ်လုံး နေ့, ညမစဲ အလဲ အလှယ်နှင့် ပရိတ်ရွတ်နည်းသည် ဓမ္မပဒအဋ္ဌကထာ ဒီဃာယုဝတ္ထုမှာ လာပေသည်။

အရှင်အာနန္ဒာ ပရိတ်ရွတ်နည်း

ဝေသာလီပြည်မှာ ကပ်ဥပဒ်ဖြစ်စဉ်အခါ အရှင်အာနန္ဒာ ပရိတ် ရွတ်နည်းကား-ဝေသာလီပြည်တွင်းမှာ လူသန်လူမြန် ကာလသား ပေါင်း ထောင်သောင်းများစွာ ခြံရံလျက် လမ်းစဉ်တလျောက် ရှောက်သွား ၍ နေဝင်သည်မှ အရုဏ်တက်သည်တိုင်အောင် ရွတ်ပေ၏၊ အရှင်အာနန္ဒာ က တိုင်၍ လူသန်လူမြန် ဝေသာလီပြည်သား ကာလသားတို့က တညီ တညာ ရွတ်ဆိုကြရကုန်၏၊ ''လိစ္ဆဝီကုမာရေဟိ ပရိဝုတောလိစ္ဆဝီကုမာရေဟိ ပရိဝုတော'' ဟူသော အဋ္ဌကထာပါဌ်၏ နေယျတ္ထ အဓိပ္ပါယ်။

အန္တရာယ်ကို ကာကွယ်နည်း အမျိုးမျိုးပြီး၏၊

------*-----

၄-အစိုးရမင်းတို့၏ တန်ခိုးအာဏာ လွတ်ငြိမ်းဖွယ်

နိုင်ငံမြို့ရွာတို့၌ ကျရောက်ပေါ်ပေါက်၍နေသော ကပ်ရောဂါသည် နိုင်ငံမြို့ရွာ အစိုးရမင်းများ၏ အစွမ်းဖြင့်လည်း ပျောက်ငြိမ်းတတ်၏၊

ပျောက်ငြိမ်းရန်အဘယ်သို့ ပြုအပ်သနည်းဟူမူကား-အစိုးရမင်း တို့သည် မိမိတို့အုပ်ချုပ်ရာမြို့ရွာကို သူခိုးဓားပြတို့ လာရောက် တိုက်ခိုက်ကြလိမ့်မည်ဟု ကြောင့်ကြစိုးရိမ်ခြင်း ရှိခဲ့သော်လည်းကောင်း, လာရောက် တိုက်ခိုက်၍ နေသည်ဟုကြားသိခဲ့သော်လည်းကောင်း၊ အဘယ်သို့စီမံအားထုတ် ပြုလုပ်ကြလိမ့်မည်နည်း၊ ထိုနှင့်ထပ်တူ စီမံ အားထုတ်ပြုလုပ်ကြပါလျှင် သူခိုးဓားပြအခိုးအတိုက်လည်း လွတ်ငြိမ်း လတ္တံ့၊ ဘီလူးသားဘက်တို့ ထကြွ သောင်းကျန်းမှု ကပ်ဥပဒ် အန္တရာယ် လည်း အမှန်လွတ်ငြိမ်းလတ္တံ့။

စီမံပြုလုပ်နည်း

၁။ တောမြို့ တောရွာတို့၌ မြို့ရွာအရံ ဆူး စည်း တံခါး, ဝင်းခြံ အရံဆူး စည်း တံခါးလုံခြုံစေရမည်။

၂။ အန္တရာယ်ဖြစ်ရန် နိမိတ်တစ်စုံတစ်ခု ပေါ်လာခဲ့သော် လည်းကောင်း, အနီးအစပ်မြို့ရွာ၌ ကပ်ဥပဒ် ဖြစ်နေရာ မိမိတို့မြို့ရွာသို့ ကူးလာမည်ကို စိုးရိမ်ခွင့် ရှိခဲ့သော်၎င်း မြို့တံခါး, ရွာတံခါးတို့၌ ကင်းအိပ် ကင်းစောင့်ထားကြ စေရမည်။

၃။ နေဝင်လျှင် မှောင်မလာမီ တံခါးတို့ကို လုံစွာပိတ်စေ၍ တံခါးအတွင်း၌ ထင်းအမှိုက်တို့ကို မီးထည့်၍ တံခါး တစ်ခုတစ်ခုလျှင် လက်နက်စွဲကိုင်သူ လူ ၂-ယောက် ၃- ယောက်ကို နံနက်အရုဏ်တက်သည် တိုင်အောင် မအိပ် ကြကုန်မူ၍တံခါးတွင်း၌ စန္ဒရီသွား၍ နေကြရမည်။

[မြို့ပြင်ရွာပြင်မှာရှိနေကြသော

ဘီလူးသားဘက်တို့သည်မြို့တွင်းရွာတွင်းသို့မဝင်ဝံ့ကြကုန်။]

၄။ မြို့တွင်းရွာတွင်းမှာရှိနေကြကုန်သော ဘီလူး သားဘက် တို့ကို လည်း မြို့ရွာနေလူတို့နှင့် မြို့ရွာအစိုးရမင်းများ ကြီးကြပ်၍ သေနတ်လက်နက် အချက် ၃-ရာတန်သည် ၅-ရာတန်သည် ပစ်ဖေါက် တီးခေါက် ခြိမ်းခြောက် နှင် ထုတ်ကြရမည်။

[ညအခါ၌ မြို့တွင်းရွာတွင်းမှာ နေ့အခါ၌မြို့ပြင်ရွာပြင်မှာ သုံးည, သုံးနေ့ နှင်ထုတ် ပါလျှင် ဝေးရာဌာနသိ့ု ထွက်သွားကြကုန်လတ္တံ့။]

၅။ မြို့တွင်း ရွာတွင်း၌လည်းကောင်း, မြို့ပြင် ရွာပြင်၌ လည်းကောင်း, မသင်္ကာရာ ဌာနတို့သည် ရှိတတ်ကြ ကုန်၏၊ သည်နေရာမှာ မသင်္ကာပါ, သည်သစ်ပင်မှာ မသင်္ကာပါဟု ပြောဆိုကြရာ မသင်္ကာရာဌာနတို့၌ သုသာန် သင်းချိုင်းမှ စ၍ အထူးအားထုတ် ခြိမ်းခြောက်နှင် ထုတ်ကြရမည်။

အမိန့်တော်ပြန်တမ်း

ထိုမြို့ရွာ ဆိုင်ရာအရေးပိုင်မင်း, မြို့ပိုင်မင်းများကိုယ်တိုင် မသင်္ကာရာ ဌာနများသို့ သွားရောက်ကြပါ၍

''ဤမြို့ ဤရွာသည် ငါတို့အုပ်ချုပ်ဆိုင်ပိုင်သော မြို့ရွာဖြစ်သည်၊ နင်တို့ဘီလူးမျိုး, သားဘက်မျိုး, သူရဲမျိုး, နတ်ဆိုး, နတ်ဝါးတို့သည် မြို့ရွာကို ဖျက်ဆီးသူများဖြစ်ကြကုန်သည်၊ ငါတို့ မြို့ ရွာ နယ်ပယ်မှ အမြန် ထွက် သွားကြကုန်ရမည်၊ မထွက်မသွား မခန့်ငြားတုံ နေကြကုန်သည်ရှိသော် သေနတ်လက်နက် အချက် ၉-ရာ မိုးကြီးရွာသကဲ့သို့ ရှစ်မျက်နှာ ဝိုင်းအုံ လျက် တဟုန်တည်း ပစ်ခတ်ကြကုန်လိမ့်မည်''

ဟူ၍ ၃-ခေါက်ပြန်ကာအမိန့်နှင်ထုတ်စာ ဖတ်ကြားကြကုန်ရမည်၊ ၎င်းစာကိုလည်း ထိုမသင်္ကာရာ အရပ်တို့၌ကပ်ထားကြကုန်ရမည်။

[ဤကဲ့သို့ အားကြီးစွာ ပစ်ခတ်မည်ကို အလွန်ကြောက်ကြကုန်၏၊ ဧကန်ထွက်သွားကြကုန်လတ္တံ့၊ ''အင်္ဂလိပ်လူမျိုး''တို့ အမိန့် နှင်စာဖြစ်လျှင် သာ၍ကောင်း၏၊ ဤစကားကို အင်္ဂလိပ်မင်း အုပ်စိုးစဉ်ဖြစ်၍ဆိုသည်၊ ယခုအခါမူကား တိုင်းပြည်အုပ် ချုပ်သောအစိုရမင်းတို့ အမိန့် နှင်စာမှသာ ကောင်းနိုင်ဖွယ်ရာရှိ၏၊]

တောထုတ်နည်း

ကပ်ရောဂါ ကျရောက်ဖြစ်ပွား၍နေသော မြို့ရွာတို့၌လည်း အစိုးရမင်းတို့သည် စစ်သည်တပ်သား အမြောက် အမြားတို့နှင့် တကွ တိုက်စည် တိုက်မောင်း အတွင်ဆော်လျက်သေနတ်လက်နက် အချက် များစွာ ပစ်ဖေါက်လျက် တမြို့လုံးတရွာလုံး အုန်းအုန်းညံညံ ငြာသံကြွေး ကြော် ဟစ်အော်ဆူလှိုက် ရိုက်နှက်တီးခေါက် ခြိမ်းခြောက် နှင်ထုတ်ကြ ပါလျှင် နေ့ခြင်းညခြင်း အမှန်ပျောက် ငြိမ်းလတ္တံ့၊ ရောဂါ ဖြစ်နေသူလူနာ များရှိခဲ့ပါလျှင် အကြောင်းအရာကို ပြောကြား၍ နားပေါက်နှစ်ဖက်၌ ဝါဂွမ်းကို မာမာလိပ်၍လုံ စွာပိတ်ထားစေရမည်၊ ကျမ်းဂန်တို့၌ ပဲမှုန့်ကို နားတွင်း၌ ဆို့ထားရမည်ဟုလာ၏၊

တစ်နည်း ဗလိနတ်စာကျွေး၍တောထုတ်နည်း

ရန်ကုန်မြို့, မန္တလေးမြို့များကဲ့သို့ မြို့ကြီး ရွာကြီးများ ဖြစ်ခဲ့ လျှင်မြို့တွင်းမှာပင် ဘီလူး သားဘက်တို့ ခိုကပ်နေထိုင်ရန် အလွန်များ၏၊ လူမျိုးကွဲလည်း အလွန်များ၏၊ အန္တရာယ်ကို နှင်ထုတ်မှု၌ တစ်မြို့လုံး စိတ်ရောကိုယ်ပါ ညီညွတ်စွာဖြစ်ခဲ၏၊ ထို့ကြောင့် ထိုကဲ့သို့သော မြို့ကြီး များ၌ ရှေးဦးစွာ ဘီလူး သားဘက်တို့ ကြိုက်တတ်သော ဗလိနတ်စာတို့ကို လုံလောက်စွာ စီစဉ်ပြီးလျှင်

''ယခုအခါ ဤမြို့ ဤရွာ၌ ရှိနေကြကုန်သော ဟေ-ဘီလူးသားဘက်တို့..နက်ဖြန်အခါ မည်သည့် အချိန်, နာရီမှစ၍မည့်သည့် အရပ်ဌာနမှ ဘီးလူးသားဘက်တို့အားမြို့ သူမြို့သားတို့က ဗလိနတ်စာ ကောင်းမွန်စွာ ကျွေးမွေးကြကုန်လိမ့်မည်၊ နက်ဖြန်အခါ မည်သည့်နာရီ အချိန်တွင် မည်သည့်အရပ်ဌာနသို့ သင်တို့လာ ရောက်ကြကုန်ရမည်''ဟု စည် မောင်းလှည့်လည်စေ၍ ၃-ရက်တိုင်တိုင် ကျွေးမွေးပြီးမှ နှင်ထုတ်ကြကုန်ရမည်၊ သူခိုးဓားပြ တိုက်ခိုက်မှုနှင့်ထပ်တူ ထိုထိုမြို့ရွာနယ် ပယ်ကို အုပ်ချုပ်ကြကုန်သော အစိုးရမင်းတို့သည် အသီးအသီးကြောင့်ကြ စိုက်ထုတ်ကြပါကုန်မူကား ဤကပ်ဥပဒ် အန္တရာယ်သည် ဤနိုင်ငံမှ အမြန် ထွက်သွားလတ္တံ့။

ယခု ကပ်ဥပဒ် ဖြစ်ကြရာမှာလည်း အိမ်တို့ကို သန့်ရှင်းစေခြင်း, ရေနံသုတ်ခြင်း, ဆေးရည်ဖျန်းပက်ခြင်း, မြို့ပြင်သို့ထုတ်ခြငိး, ပလိပ်ဆေး ထိုးခြင်းတို့ဖြင့် အစိုးရမင်းတို့ ကြောင့်ကြစိုက်ကြပေကုန်သည့်အတွက် သက်သာရာ အပုံကြီးရကြပေကုန်သည်။

ကပ်ကြီး ၃- ပါး

လောက၌ ကပ်ကြီး ၃- ပါးရှိကြ၏၊

ထိုတွင်

၁။ လူတို့အချင်းချငိး တိုက်ခိုက်သတ်ဖြတ်မှု ကပ်ကြီး တစ်ပါး,

၂။ မိုးခေါင်၍အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကပ်ကြီး တစ်ပါး,

၃။ ကပ်ရောဂါကျရာက်မှု ကပ်ကြီးတစ်ပါး,

ထို ၃-ပါးတို့တွင် ကပ်ရောဂါ ကျရာက်မှုသည် နိုင်ငံသူ နိုင်ငံသား တို့အပေါ်မှာ အကြီးဆုံးသော ကပ်ကြီးဖြစ်၏၊ အကြောင်းမူကား တစ် နိုင်ငံလုံး၏ အသက်အန္တရာယ်ကြီး ဖြစ်သတည်း၊ ထို့ကြောင့် နိုင်ငံရှင် အစိုးရမင်းတို့သည် ထိုကပ်ဥပဒ်ကြီးအတွက် နတ်ဆိုးတို့ကြောင့် ဖြစ်သည်ဟူသော အယူစကားကိုလည်း အမှတ်တစ်ခုထား၍ နတ်ဆိုး တို့နှင့် စပ်ဆိုင်သော အမျိုးမျိုးသော ကပ်ရောဂါငြိမ်းရာငြိမ်းကြောင်း နည်းလမ်း များကို စုံစမ်းကြကုန်ရာသတည်း။

[ဤကား နိုင်ငံရှင်အစိုးရမင်းတို့၏ တန်ခိုးအာဏာ အလိမ်မာ ဝီရိယတို့၏ အစွမ်း ဖြင့် နိုင်ငံမြို့ရွာတို့၌ ကပ်ရောဂါ ကင်းရှင်းရာသော နည်းလမ်းများကို ပြဆိုခန်းတည်း။] အစိုးရမင်းတို့၏ တန်ခိုးအာဏာပြီး၏၊

----*---

၅- ဆရာဝန်တို့၏တန်ခိုးအာဏာ ပျောက်ငြိမ်းဖွယ်

နိုင်ငံမြို့ရွာတို့၌ ကျရောက် ပေါ်ပေါက်လျက်ရှိနေသော ကပ် ရောဂါမျိုးသည် ဆရာဝန်မင်းများ၏ အစွမ်းဖြင့်လည်း ပျောက်ငြိမ်း တတ်၏။

ဘီလူး သားဘက်တို့မည်သည် လူတို့၏ ပကတိမျက်စိဖြင့် မြင် ကောင်းကြသည် မဟုတ်၊ မိမိတန်ခိုးဖြင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲ၍ နေသောအခါ များ၌သာ မြင်ကြရကုန်၏၊ ပကတိမျက်စိဖြင့် မမြင်ကောင်း သော်လည်း ဘီလူးသားဘက် အစိမ်းသူရဲ နတ်ဆိုး နတ်ဝါးတို့၏ ဆိုင်ရာ ဆေးဝါး ပညာများနှင့် ပြုလုပ်သည်ရှိသော် ထိခိုက်၏၊ နာလောက်အောင် ထိခိုက်လျှင်နာ၏၊ သေလောက် အောင်ထိခိုက်လျှင် သေ၏၊ သို့ရာတွင် ဥရောပတိုက်သား ဆရာဝန် မင်းများတို့သည် နတ်ဆိုး နတ်ဝါးတို့နှင့် စပ်သော ဆေးဝါးပညာမျိုးများကို အလေ့အကျက် အစုံအစမ်း မရှိကြ ကုန်သေးသည်ဖြစ်၍ ပလိပ်ရောဂါ, ဝမ်းရောဂါတို့အတွက် အကြံအဖန် ကျပ်လျက်ရှိနေကြကုန်၏။

''ဤပလိပ်ရောဂါသည် နှစ်ပေါင်းနှစ်ထောင်ကျော် လောက် ဆီကပင် ရောမနိုင်ငံကအစပြု၍ ဥရောပတိုက်တွင် ဖြစ်ခဲ့ဘူးသည်၊ ကြာရှည်လှလေပြီ၊ စောစောက တင်ကူး၍ တရပ်တကျေး ထွက်ပြေး တိမ်းရှောင်မှု, အိမ်ရာတိုက်တာများကို သန့်ရှင်းစေမှု, ထိုမှတစ်ပါး ယခုထက်တိုင် ဆေးမတွေ့နိုင်ကြကုန်သေး''

ဟူ၍ အနောက်နိုင်ငံဖြစ် မှတ်စုကြီးများမှာ ဖတ်ရှုတွေ့မြင်ရဘူး၏၊ ဘီလူးသားဘက်တို့ကြောင့် ဖြစ်သည်ဟူ၍ အယူမရှိကြသောကြောင့် ယခုထက်တိုင် ဆေးမတွေ့နိုင်ရှိနေကြကုန်သည်၊ လည်းကောင်း မှတ်စုကြီးများမှာပင် အချို့သူတို့က နတ်ဆိုးတို့ပြု၍ ဖြစ်သည်ဟု အယူ ရှိကြကြောင်းကို မှာဆိုသော စကားများလည်း ပါရှိ၏။

ဗုဒ္ဓဘာသာကျမ်းဂန်, ဟိန္ဒူဘာသာ ကျမ်းဂန်တို့၌ နတ်ကောင်း မျိုး, နတ်ဆိုးမျိုးဟူ၍ ၂-မျိုးလာရှိ၏၊ ဤကမ္ဘာပေါ်မှာ နှစ်သက္ကရာဇ် ပေါင်း အသောင်းများစွာက ဖြစ်ပေါ်၍ လာခဲ့ကြကုန်သော ဗေဒင်ကျမ်း ဟောင်း, နက္ခတ်ကျမ်းဟောင်း, ဆေးကျမ်းဟောင်းတို့မှာလည်း များစွာ လာရှိ၏၊

ဗုဒ္ဓကျမ်းဂန်အဆို

ဗုဒ္ဓဘာသာ ကျမ်းဂန်တို့မှာမူကား- လူ့ဘုံ့မှအထက် ကောင်းကင် အရပ်၌ နတ်ဗြဟ္မာတို့နေရာ ကောင်းကင်ဘုံကြီး, ကောင်းကင်နိုင်ငံ ကြီးပေါင်း ၂၆ဘုံ-၂၆-နိုင်ငံလာရှိ၏၊ နေ, လတို့သည်လည်း နတ်တို့နေရာ ဘုံဗိမာန်ပေတည်း၊ နက္ခတ်ပေါင်း ကြယ်အပေါင်း တို့သည်လည်း နတ်တို့ နေရာ ဘုံဗိမာန်တို့ပေတည်း၊ စတုမဟာရာဇ် နတ်ပြည်ခေါ်၏၊ ထိုမှ အထက်၌ အဆင့်ဆင့် တည်ရှိကြကုန်သော နတ်ပြည်ကြီးပေါင်း ငါးပြည် ထောင် ရှိကြကုန်၏၊ ဘုရားကိုခုခံသော မာရ်နတ်မျိုးသည် အထက်ဆုံး နတ်ပြည်မှာ ရှိနေ၏။

ထိုမှအထက်၌ ဗြဟ္မာဘုံပေါင်း ၂၀-ရှိ၏၊ ထို၂၀-တွင် ပဌမစျာန် ၃-ဘုံခေါ်သော အောက်ဆုံးဗြဟ္မာပြည် ၃-ပြည်ကို အုပ်စိုးသော မဟာ ဗြဟ္မာမင်းကြီးကို နတ်လူအများ အောက်ဘုံသားတို့က ထာဝရဘုရားဟူ၍ နှစ်ပေါင်းအသိန်းများစွာ ကမ္ဘာဦးအခါမှစ၍ ယခုတိုင် ကိုးကွယ်ရိုး ပြုကြကုန်၏၊ အထက်ဗြဟ္မာပြည်တို့ကိုမူကား စျာန် အဘိညာဉ်ရှိသော ရသေ့ ရဟန်းတို့မှသာ သိနိုင်ကြကုန်၏။

လူတို့၌ ဥပဒ်အန္တရာယ်ကို ပြုတတ်ကုန်သော နတ်ဆိုးတို့သည် လည်း ကောင်းကင်ရေမြေတို့၌ အနှံ့အပြား ရှိနေကြကုန်၏၊ မြန်မာ လူမျိုးတို့မှာ နတ်ကောင်းမျိုးတို့ကို သမ္မာဒေဝနတ်ခေါ်၏၊ နတ်ဆိုးမျိုးတို့ကို မိစ္ဆာ နတ်မျိုးခေါ်၏၊ နတ်မိစ္ဆာမျိုးခေါ်၏၊ ဘီလူးခေါ်၏၊ သားဘက် ခေါ်၏၊ အစိမ်းခေါ်၏၊ သူရဲခေါ်၏၊ တစ္ဆေခေါ်၏၊ မြေဘုတ် ခေါ်၏၊ ကျတ်ခေါ်၏၊

ခရစ်ယာန်စသော ကျမ်းစာအဆို

ခရစ်ယာန် ဘာသာကျမ်း, ဘရင်ဂျီဘာသာကျမ်း, ပသီဘာသာ ကျမ်းတို့၌ အထက်ကောင်းကင်ဘုံတို့မှာ နေကြသော နတ်ကောင်း မျိုးတို့ကို ကောင်းကင်တမာန်ခေါ်၏၊ ကောင်းကင်ဗိုလ်ခြေခေါ်၏၊ ထာဝရဘုရားကို ကောင်းကင်ဗိုလ်ခြေအရှင်ခေါ်၏၊ ထာဝရဘုရားသည် အမြင့်ဆုံးသော ကောင်းကင်ဘုံမှာ နေသည်ဟု မှတ်ယူ ကြကုန်၏၊ ထိုကျမ်းတို့၌ နတ်ဆိုးမျိုးကို နတ်ဆိုးခေါ်၏၊ အကြီးဆုံးသောနတ်ဆိုးကို မာရ်နတ်ခေါ်၏၊ စာတန်ခေါ်၏၊ နတ်ဆိုးတို့သည် လူတို့၌ အမျိုးမျိုးသော ရောဂါဥပဒ်တို့ကို ဖြစ်စေတတ်ကြောင်းသည် ဓမ္မဟောင်းကျမ်း, ဓမ္မသစ်ကျမ်း ခရစ်ဝင် ကျမ်းတစ်ခွင်မှာ အလွန်ထင်ရှားစွာလာ၏။

ခရစ်တော်၏ ဘုန်းတန်ခိုးတို့သည် နတ်ဆိုးတို့ကိုနှိမ်နင်းမှု, နှင်ထုတ်မှု နတ်ဆိုးတို့ပြုလုပ်၍ ဖြစ်သော အနာမျိုးတို့ကို ခဏချင်း ပျောက်ငြိမ်း စေမှုတို့တွင် ထင်ပေါ်ကုန်၏၊ ယခုအခါ၌ ခရစ်တော် ဆရာရှိခဲ့ပါမှုကား ကမ္ဘာပေါ်မှာ ကပ်ရောဂါတို့ကိုမြန်စွာ ပျောက်ငြိမ်း အောင် ပြုပေရာ၏၊

ဆရာဝန်များနည်းလမ်းရှာပုံ

ဆရာဝန်မင်းတို့သည် လောက၌ နတ်ဆိုးတို့ ရှိ-မရှိ, နတ်ဆိုး တို့ကြောင့် ကပ်ရောဂါမျိုးဖြစ်တတ်သည် ဟူသောစကားဟုတ်-မဟုတ်ကို အမှန်သိနိုင်ကြရန် စုံစမ်းခြင်းအမှုကို ဂရုစိုက်ကြဖို့ ကောင်းလှပြီ ထင်မိပေ သည်၊ အကြောင်းမှုကား ရှေးရှေးကပင် ဆရာဝန်များ နည်းလမ်းမျိုးတို့ နှင့် ကြံဖန်၍ဆေးမတွေ့ဘဲ လွန်ခဲ့သည်လည်း နှစ်ပေါင်း ရှည်ကြာလှ လေပြီ၊ လောက၌ တစ်ခြားတစ်ပါးသော အကြောင်းတို့ကြောင့် အနာ ရောဂါဖြစ်ကြမှုသည် အနည်းငယ်မျှကဲ့သို့ရှိချေသည်၊ နတ်ဆိုးတို့ကြောင့် ဖြစ်မှုသည်ကား အလွန်ကြီးကျယ်၏။

ရှေး၌ အင်္ဂလိပ်နိုင်ငံများမှာ ပလိပ်ရောဂါဖြစ်စဉ်အခါ မြို့ကြီးများ မှာ လူအရေအတွက် ၃-ပုံ ၁-ပုံမျှသာကျန်ရှိ၏၊ တော မြို့တောရွာများမှာ အိမ်လုံးကျွတ်-အိမ်လုံးကျွတ် သေကြသဖြင့် အမွေခံပြတ်ဆုံးသော လယ်မြေ, ယာမြေများကို သာသနာပြု ဆရာတို့က သိမ်းယူကြသည်ဟု မှတ်စုကြီးများတွင် ဖတ်ရှုတွေ့မြင်ရဘူးသည်၊ နတ်ဆိုးတို့ကြောင့် လူတို့၌ အနာရောဂါဖြစ်မှုသည် ဤမျှလောက် ကြီးကျယ်လျက်ရှိချေသည်၊ ဤ အိန္ဒိယ နယ်ပယ်တို့မှာလည်း ရှေ့သို့ထိုကဲ့သို့ ဖြစ်လာမည်များကို စိုးရိမ် ဖွယ်ရှိချေသည်၊ သို့သော်လည်း ယခုအခါ ဆရာဝန်မင်းတို့သည် ရှေးအခါထက် ဒိဋ္ဌသုတလည်း တိုးပွားကြပေကုန်၏၊ အလုပ်အကြံ ဉာဏ်ဝီရိယလည်း ကြီးမားကြပေကုန်၏။

ရှေးအခါ၌ ကမ္ဘာပေါ်မှာ ထိုရောဂါများသည် ရံခါ ရံခါသာ ပေါ်ပေါက်လာသည်၊ ယခုအခါ၌ နိုင်ငံမြို့ရွာတို့မှာ ဆက်ခါ ဆက်ခါ လှည့်လည်၍နေတော့သည်၊ ထို့ကြောင့် အကြံဝီရိယ ကြီးမြင့်ကြပေကုန် သော ဥရောပတိုက်သား ဆရာဝန်မင်းများတို့သည် အထက်ပါ အန္တရာယ် ကို ကာကွယ်နည်းအခန်းတွင် ငါတို့ဖော်ပြခဲ့သော နတ်ဆိုးတို့ကို နိုင်တတ် သော ကိရိယာမျိုးများကို ပြုလုပ် စုံစမ်းကြပါလျှင် ကပ်ရောဂါမျိုး များကိုလည်း မကြာမီ နိုင်နင်းကြပေလိမ့်မည်ဟု မြော်လင့်ပါ၏၊ ယခု လည်း ဆရာဝန်မင်းတို့ အားထုတ်ကြပေသည့်အတွက် နိုင်ငံပေါ်မှာ ပလိပ်ရောဂါ ဝမ်းရောဂါများ သက်သာရာရကြကုန်၏၊

[ဤကား ဆရာဝန်မင်းများ၏ အသိအလိမ်မာ ဉာဏ် ပညာ ဝီရိယ၏ အစွမ်းဖြင့် နိုင်ငံမြို့ရွာတို့၌ ကပ်ရောဂါကင်းရှင်းရာသော နည်းလမ်းများကို ပြဆိုခဏ်းတည်း။] ဆရာဝန်တို့၏ တန်ခိုးအာဏာပြီး၏၊

---------

၆-မြို့သူကြီး စသည်တို့၏ တန်ခိုးအာဏာ ကင်းလွတ်ဖွယ်

နိုင်ငံမြို့ရွာတို့၌ ကျရောက် ပေါ်ပေါက်လျက်ရှိသော ကပ်ရောဂါ မျိုးသည် မြို့သူကြီး ရွာသူကြီး ကော်မတီလူကြီး မြူနီစပယ်လူကြီး သမာဓိမြို့ဝန်မင်း အရပ်အုပ် အကွက်အုပ် အရပ်ခေါင်း ဆယ်အိမ်ခေါင်း အရပ်လူကြီး လူကောင်းများတို့၏ အစွမ်းဖြင့်လည်း ကင်းလွတ်တတ်၏၊

မဟာဝင်ကျမ်းအဆို

မိမိတို့မြို့ရွာ၌ ခြုံနွယ်ပိတ်ပေါင်း ဖုံးအုပ်မှေးယှက် တောခြုံ တက်၍ နေသော ဘုရားအို ဘုရားပျက်, ကျောင်းအို ကျောင်းပျက်, တန်ဆောင်းအို တန်ဆောင်းပျက်, ဇရပ်အို ဇရပ်ပျက်, တံတားအို တံတားပျက်, ရေတွင်း ဟောင်း ရေကန်ဟောင်းတို့ကို ရှင်းလင်းသုတ်သင် ပြင်ဆင်ခြင်း အမှုမျိုး သည် မြို့သက် ရွာသက်ရှည်ကြောင်း, မြို့ရွာနေသူ လူတို့အသက်ရှည် ကြောင်း ဖြစ်သည်ဟု မဟာဝင်ကျမ်းများမှာလာ၏၊

ဘုရားဟောအစစ်

မြို့တွင်းမြို့ပြင် ရွာတွင်း ရွာပြင်ရှိ နတ်စင် နတ်ကွန်း နတ်နန်း တို့ကိုပြိုပျက်ယိုယွင်းခြင်းမရှိရအောင် ပြုပြင်ခြင်း, ပူဇော်ပသမြဲ အရိုး အစဉ်အတိုင်း နှစ်စဉ်ပူဇော် ပသခြင်း, ကုသိုလ်အဘို့ကို အမျှဝေကြခြင်း များသည်မြို့ရွာအန္တရာယ် ကင်းရှင်းကြောင်း, မြို့ရွှာစည်ကားကြောင်း ဖြစ်သည်ဟူ၍ ငါတို့မြတ်စွာဘုရား များစွာဟောတော်မူပေ၏။

အရိုးအစဉ်မရှိသော လူမျိူးဖြစ်ခဲ့သော် မပူဇော်သော်လည်း ကိစ္စမရှိ၊ အရိုးအစဉ်ရှိသော လူမျိူးဖြစ်ခဲ့သော် အရိုးစဉ်မပျက် ပူဇော်လျှင် ကြည့်ရှု စောင်မတတ်ကြကုန်၏၊ မပူဇော်လျှင် အန္တရာယ်ကို ပြုတတ်ကြ ကုန်၏၊ ကြည့်ရှုစောင်မမှုဆိုသည်ကား မြို့ရွာတို့၌ ခိုးသူ ဓားပြ အန္တရာယ်, ဘီလူး သားဘက် အန္တရာယ်, မီးလောင်မှု အန္တရာယ်စသည် ဖြစ်မည်ရှိခဲ့ သော် နတ်တို့သည် မိမိတို့အစွမ်းအားဖြင့် ပယ်ရှားနိုင်လျှင် ပယ်ရှားကြ ကုန်၏၊ မပယ်ရှားနိုင်လျှင် အိပ်မက်ပြခြင်း, တိတ် နိမိတ်ပြခြင်းတို့ဖြင့် လူတို့သိအောင် ပြတတ်ကြကုန်၏၊ အချို့လူတို့၌ ပူးကပ်၍ပင် ပြောတတ် ကြကုန်၏၊ သိကြ၍ လူတို့က အန္တရာယ် အားလျော်စွာ ကွယ်ကာ ခုခံမှု, နှင်ထုတ်မှုများကို မြို့ရွာမှာ ညီညွတ်စွာ ပြုလုပ်ကြသည်ရှိသော် နတ်တို့ လည်း ဝိုင်းဝန်းကူညီကြကုန်၏၊ လူတို့က မလှုပ်ကြသည်ရှိသော် မိမိ တို့ချည်း မတတ်နိုင်ကြ၊ ကြည့်၍ နေကြရကုန်၏၊

ဒါယိကာမ တစ်ယောက်အကြောင်း

မြို့တစ်ခုမှာ တကာမတယောက်ရှိ၏၊ သူရဲကြီးတဦး စောင်မ၏၊ စောင်မပုံကား ထိုမြို့မှာ ပလိပ်ရောဂါ ဖြစ်မည်ရှိလျှင် တင်ကူးပူးကပ်၍ ပြောလာ၏၊ နင်တို့မြို့မှာ ပလိပ်ဘီလူးတွေ ရောက်ကုန်ပြီ၊ ပလိပ် ရောဂါဖြစ်တော့မည်၊ အိမ်ပေါက် ခြံပေါက်တို့၌ ဆူးကပ်ကြ, ညအခါ အိမ်ပတ်လည်၌ မီးထည့်ကြ, အိမ်တွင်း၌ မီးထွန်းကြစသည်ဖြင့်ပြော၏၊ ဒန့်သလွန်မြစ်များကို ဂါထာမန်း၍ပေး၏၊ အခန့်မတော်ဖြစ်လာခဲ့သော် ဤဆေးကိုတိုက်၊ မလွန်လျှင်ရလိမ့်မည်ဟုဆို၏၊ ရေများကိုလည်း မန်း၍ထားခဲ့၏၊ ငါတို့ကား ဝမ်းရောဂါသမားတို့တည်း၊ ဝမ်းရောဂါ သမားတို့ကို ငါနိုင်၏၊ နင်တို့အရပ်မှာ ဝမ်းရောဂါအတွက် ငါ့တာဝန်ရှိစေ၊ မဖြစ်စေရဘူး ပလိပ်သမားတို့ကား ဘီလူးကြီးတွေဖြစ်၍ ငါတို့မနိုင်ဘူးဟု ပြော၍ခွါသွား၏၊ ထိုမြို့မှာ ပလိပ်ရောဂါ ဖြစ်တိုင်းဖြစ်တိုင်း လာ၍ပြော လာ၏၊ ထိုအရပ် အကွက်မှာ ရောဂါလည်းကင်းလွတ်ကြ၏။

တရံယောအခါ သူဘဝပြောင်း တော့မည်ရှိရာလာ၍ ငါဘဝ ပြောင်းရတော့မည်၊ ကောင်းကောင်းနေရစ်ကြဟု နှုတ်ဆက်လာ၏၊ အနီး၌ ရှိနေသူတို့က ''ဦး'ဦး'' မရှိလျှင် ငါတို့မှာ ခတ်ပါပြီဟူ၍ ညီးညူ ကြရာ သူရဲတစ်ယောက်ကို ငါအပ်ခဲ့မည်ဟုဆို၍ ခွါသွား၏၊ ယခုအ ကြောင်းရှိလျှင် နောက်သူရဲလာ၍ ပြော၏၊ ထိုအကြောင်းကို ငါတို့အား လျှောက်ထား၏၊ ရှက်တတ်သူဖြစ်၍ နာမည်, နေရပ်ကို မဖေါ်လိုက် သည်၊ ယခုအခါ၌ ဤသူကို နတ်ပူးသည်, သူရဲပူးသည်ဆိုလျှင် အရူး ထင်ကြ၏၊ နတ်စကား, သူရဲ စကားပြောလျှင် လူပေါ့ထင်ကြ၏၊ ပူးကပ် သူများ ဖုံးဖွက်ကြရ၏၊ ဘီလူး သားဘက်တို့ အခွင့်ကောင်းဖို့ဖြစ်၏။

[ဤကား မြို့စောင့်နတ် ရွာစောင့်နတ်များကို မဆိုထားဘိ၊ မေတ္တာရှိခဲ့လျှင် သူရဲသားဘက်မျာပင်သော်လည်း ကြည့်ရှုစောင်မသေးသည်ဟု သက်သေထုတ် ပြချက်ပေတည်း။]

အကာအကွယ်လုပ်နည်း

ထိုမှတစ်ပါးလည်း မြို့အကွယ် အကာ, ရွာအကွယ်အကာ, ရပ်အကွယ်အကာ, အိမ်ဝင်းခြံ အကွယ်အကာ ပြုလုပ်နည်းတို့သည် လောက၌ အများပင်ရှိကြကုန်၏၊ ရပ်စု ကွက်စုတို့၌ ဘုရားဝတ်တက် အသင်းတို့ကို များစွာတည် ထောင်၍ မြို့တွင်းရွာတွင်းတို့မှာ ဘုရား ရှိခိုးကြသံ, ပရိတ်တော် ဂုဏ်တော် ရွတ်ဆိုကြသံ, ပဋ္ဌာန်းပါဠိတော် သတိပဋ္ဌာန်ပါဠိတော် ဓမ္မစကြာပါဠိတော်စသော ပါဠိတော်ကြီးများ ရွတ်ဆိုကြသံ ဆူညံ အုတ်ကျက်ရှိနေကြအောင် လူကြီးသူကြီးများက ခေါင်းတည်ပြု၍ အားထုတ်ကြကုန်ရမည်။

မြို့ရွာတို့၌ သာသနာတော်အရှိန်အဝါ မှေးမှိန်ခြင်း ဆိုသည်ကား မြို့တွင်းရွာတွင်းမှာ ထိုအသံမျိုးများ ဆိတ်ကင်းသည်ကို ဆိုသည်၊ သာသနာတော်အရှိန်အဝါ မှေးမှိန်သည့်အတွက် ဘီလူးသားဘက်တို့ ရဲရင့်ရောင့်တက် သောင်းကျန်းလျက်ရှိနေကြသည်၊ မြို့တွင်းရွာတွင်းမှာ သာသနာတော် အရှိန်အဝါ မှေးမှိန်မှု, ဆုတ်ယုတ်မှု, ကွယ်ပမှုသည်လည်း မြို့ရွာရှိ လူကြီးသူကြီးများ ပျင်းရိသည့်အတွက် သက်သက်တည်း၊ ရပ်စုကွက်စုတို့၌ အရပ်လူကြီးများ ပျင်းရိသည့်အတွက်, ထိုထိုအိမ်တို့၌ အိမ်ရှင်လူကြီးများ ပျင်းရိသည့်အတွက်, ကျောင်းတိုက်၌ သာသနာ အရှိန်အဝါ မှေးမှိန်မှုသည် တိုက်ရှင်ကျောင်းရှင်ပုဂ္ဂိုလ်များ ပျင်းရိသည့် အတွက် သက်သက်တည်း။

လူကြီးသည်

၁။ လူကြီးကြီး,

၂။ လူကြီးကလေး,

ဟူ၍ ၂-မျိုးရှိ၏၊ ထိုတွင်

၁။ ကပ်ဥပဒ်အတွက် လူငယ်နောက်သားတို့မကြံတတ်, မလုပ်တတ် ရှိနေကြရာ၌ လောကဓမ္မ နည်းနိဿယကို ဖော်ပြသွန်သင်နိုင် သော လူကြီးသည် လူကြီးကြီးမည်၏၊

[နောက်သားများထက် အသက်အရွယ်လည်းကြီး, အသိအလိမ်မာ လည်းကြီး သောသူဆိုလိုသည်။]

၂။ ထိုကဲ့သို့သွန်သင်ရန်မရှိသော လူကြီးသည် လူကြီးကလေး မည်၏၊

[အသက်အရွယ်သာကြီး၍ အလိမ်မာ သေးငယ်သောသူ ဆိုလိုသည်။]

လူကလေးသည်လည်း

၁။ လူကလေးကြီး,

၂။ လူကလေးကလေး,

ဟူ၍ ၂-မျိုးရှိ၏၊။ သိသာပြီ။

ဝေဖန်ချက်

လူကြီးကြီး, လူကလေးကြီး များသောမြို့ရွာသည် အနှစ်ရှိသော သစ်ပင်တောနှင့်တူ၏၊ လူကြီးကလေး, လူကလေးကလေး များသော မြို့ရွာသည် အနှစ်မရှိသော ကိုင်းတော, ကျူတော, မြက်တော, ဝါးတော နှင့်တူ၏၊ မြို့ရွာတို့၌ သာသနာ ဆုတ်ယုတ်မှု, အန္တရာယ်များပြားမှု များသည် လူကြီးကလေးများ အတွက်သတ်သတ်မှတ်။

ရဟန်းတို့မှာလည်း

၁။ မထေရ်ကြီးကြီး,

၂။ မထေရ်ကြီးကလေး,

၃။ ရဟန်းငယ်ကြီး,

၄။ ရဟန်းငယ်ကလေး,

ဟူ၍ ၄- မျိုး၊ ၄-စားပင် ရှိ၏၊

ဝေဖန်ချက်တစ်နည်း

အကြင်နိုင်ငံမြို့ရွာတို့၌ ကလေးမျိုးထွန်းကား၏၊ ထိုနိုင်ငံ မြို့ရွာတို့၌ ကပ်ကြီး ၃-ပါးပေါ်ပေါက် ကျရောက်ခဲ့သော် ခြောက်သွေ့ သောကိုင်း တော, ကျူတော, မြက်တော, ဝါးတောတို့၌ မီးကျသကဲ့သို့ ဖြစ်တတ်၏၊ အကြင်နိုင်ငံမြို့ရွာတို့၌ အကြီး ၄-မျိုးထွန်းကား၏၊ ထိုနိုင်ငံမြို့ရွာတို့၌ ကပ်ကြီး ၃-ပါး ပေါ်ပေါက်ကျရောက်ခဲ့သော် အနှစ်ရှိသော သစ်ပင်တော တို့၌ မီးကျသကဲ့သို့ ဖြစ်တတ်၏။

ငယ်ရွယ်စဉ်အခါ၌ လောကဓမ္မ ဗဟုဿုတ ဆည်းပူးလေ့ရှိကြ ကုန်သော လူကလေး, လူကြီးတို့သည် ကျွန်းပင်ပေါက် ကလေးတို့နှင့် တူကုန်၏၊ နောက်၌ လူကြီးကြိးဖြစ်ကြကုန်လတ္တံ့၊ ထိုလူကြီးကြီးတို့သည် ကျွန်းပင် ကြီးကြီးတို့နှင့် တူကြကုန်၏၊ ငယ်ရွယ်စဉ်အခါ၌ ထမင်းစားဖို့ ကိုသာ လုပ်တတ်ကြကုန်၍ လောကဓမ္မဗဟုဿုတ မလေ့ကျက်ကြ ကုန်သော လူကလေးကလေးတို့သည် ကိုင်းပင်ပေါက်, ကျူပင်ပေါက်, ဝါးပင်ပေါက် ကလေးတို့နှင့် တူကုန်၏၊ နောက်၌လူကြီးကလေးဖြစ်ကြ ကုန်လတ္တံ့၊ ထိုလူကြီး ကလေးတို့သည် ကိုင်းပင်အို, ကျူပင်အို, ဝါးပင် အိုတို့နှင့် တူကြကုန်၏၊ ရဟန်းတို့၌လည်း ဤနည်းတူ သိမြင်ကြကုန် ရာ၏။

[ဤကား မြို့ ရွာ လူကြီး သူကြီးဟူသော စကား၏ အချက်ကို ပြဆိုခြင်းတည်း။]

နတ်ကနားပွဲနှင့် ဗလလိနတ်စာကျွေးပွဲ

မိမိတို့မြို့ရွာ၌ ရောဂါဥပဒ် ပေါ်ပေါက်ခဲ့သော် ရှေးဦးစွာ ရောဂါ ဥပဒ်မငြိမ်းမီအတွင်း၌ သားစိမ်း, ငါးစိမ်းစားသောက်ခြင်းများကို ရှောင်ကြ ကုန်ရမည်၊ မြို့ရွာကို ဆော်ဩ၍ မြို့စောင့်နတ်, ရွာစောင့် နတ်တို့အား နတ်ပွဲ နတ်ကနားပြုလုပ် ပူဇော်ပသခြင်း, ဘီလူး သားဘက်တို့အား ဗလိနတ်စာ ကောင်းစွာကျွေးမွေးခြင်းကို ပြုလုပ်ကြကုန်ပြီးလျှင်

ဖတ်ကြားပုံ

''အို-အကျွန်ပ်တို့၏ အရှင် နတ်မင်းအပေါင်းတို့.. မြို့နေ ရွာသား လူအများတို့က အရှင်နတ်မင်း တို့အားလည်း ကနား နတ်ပွဲပြုလုပ်၍ ပူဇော်ကြပါကုန်ပြီ၊ ဘီလူးသားဘက် အစိမ်း သူရဲ အပေါင်းတို့ အားလည်း ဗလိနတ်စာ ကျွေးကြပါကုန်ပြီ၊ အရှင်နတ်မင်းတို့၏ တန်ခိုးတေဇော စက်အာဏာတို့ဖြင့် ရောဂါဥပဒ် ပြုလုပ်တတ်ကုန်သော ဘီလူး,သဘက်တို့ကို ဤမြို့ဤရွာမှ မြန်စွာနှင် ထုတ်ကြပါကုန်လော''

ဤမြို့ဤရွာမှ မြန်စွာနှင် ထုတ်ကြပါကုန်လော''

ဟူ၍နတ်ကနားပွဲအပြီးတွင် ကျယ်လောင်စွာသောအသံဖြင့် ၃-ကြိမ်ဖတ်။

တစ်နည်းဖတ်ကြားပုံ

'' ဟေ-ဘီလူး, သဘက် အစိမ်းသူရဲ အပေါင်း တို့--နင်တို့ တတွေ အပေါင်းတို့အား ကောင်းစွာ ငါတို့က ကျွေးမွေးကြ ကုန်ပြီ၊ ငါတို့မြိုရွာမှ မြန်စွာထွက်သွားကြကုန်လော''

ကုန်ပြီ၊ ငါတို့မြိုရွာမှ မြန်စွာထွက်သွားကြကုန်လော''

ဟူ၍ ဗလိနတ်စာကျွေးမွေးရာတို့၌ ကျယ်စွာသောအသံနှင့် ၃-ခါစီ ဖတ်ကြကုန်ရမည်။

လိုက်နာရန် အစီအစဉ်

ဤနတ်ပူဇော်မှု, ဗလိနတ်စာကျွေးမှုတို့ကို အထူးဂရုစိုက် ကြလေ ကုန်၊ နောက်နေ့၌ညအခါမှာ မြို့လုံး, ရွာလုံး အုန်းအုန်း ဆူတက် ရိုက်နှက် တီးခေါက် ခြိမ်းခြောက်နှင်ထုတ်ကြကုန်ရမည်။

ညအခါ၌ မြို့တွင်းမှာ နေ့အခါ၌ မြို့ပြင်, ရွာပြင် မသင်္ကာရာ ဌာနတို့၌ နှင်ထုတ်ကြကုန်ရမည်။

၃-ည ၃-နေ့ ပြုလုပ်ကြပါလျှင် ဧကန်ပျောက်ငြိမ်းလတ္တံ့၊ ရန်ကုန် မြို့, မန္တလေးမြို့များကဲသို့ မြို့ကြီး ပြကြီးဖြစ်၍ လူမျိုးကွဲများလှ၍ တစ်မြို့လုံး မညီတည့်နိုင်ရှိခဲ့သော် အစိုးရမင်းတို့၏ တန်ခိုးအာဏာ ခန်းတွင် ပြဆိုခဲ့ပြီးသော နည်းလမ်းအတိုင်း ပြုလုပ်ကြကုန်ရမည်။

ထို ၃-ရက်အတွင်းမှာ ၁၀-နာရီကျော်သည့်နောက် ယောကျ်ား ဖြစ်သူတို့သည် မအိပ်ကြကုန်မူ၍ လမ်းစဉ်တလျှောက်၌ မီးထည့်ခြင်း, ဝင်းခြံအတွင်း၌ တုတ်, ဓားလက်နက်ကိုင်စွဲ၍ လှည့်လည်ခြင်းတို့ဖြင့် စောင့်ရှောက်ကြကုန်ရမည်။

သီဟိုဠ် ပရိတ်ရွတ်နည်း, အရှင်အာနန္ဒာ ပရိတ်ရွတ်နည်းများ ကိုလည်း လျော်ရာ ပြုလုပ်ကြကုန်ရမည်။

လူတို့ရွတ်နည်းမှာ ရပ်စု ကွက်စု ပြု၍မိန်းမချင်းချင်း, ယောကျ်ား ချင်းချင်း တစ်ကျိပ်စီ တစ်ကျိပ်ငါးစီစု၍ သရဏဂုံအသင်း, ဣတိပိသော အသင်း သမ္ဗုဒ္ဓေအသင်း, ဟေတုပစ္စယော အသင်း, မင်္ဂလသုတ် အသင်း, ရတနသုတ် အသင်းစသည် ဖွဲ့စည်း၍ နေ့အခါကပင် နာရီအချိန်ပေး၍ မိမိတို့ရပ်စု ကွက်စုမှာ ပရိတ်တိုင်ပွဲကြီး ပြုလုပ်ကြကုန်ရမည်။

ညအခါ၌ မိန်းမအသင်းတို့က မိမိတို့အရပ်အတွင်းမှာ ရွတ်ကြရ မည်၊ ယောကျ်ားအသင်းတို့က လမ်းလျှောက်ပရိသတ်မှာ လိုက်ကြရမည်။ မင်္ဂလသုတ်ကို ရွတ်ဆိုသူတို့မှာ ထိုနေ့ည၌ မင်္ဂလသုတ်ကိုသာ ရွတ်ကြရမည်။

ကြွင်းသော ပါဠိတို့၌လည်း ထိုနည်းတူ မြို့တွင်း, မြို့ပြင် မသင်္ကာ ရာ ဌာနတို့၌ အားစိုက်ကြကုန်ရမည်။

ကျရောက်သော ကပ်ရောဂါ မငြိမ်းသမျှ အသွားအလာ မရှိကြစေ ရန် အချုပ်စကားထား၍ အားထုတ်ကြကုန်ရမည်။

[ဤကား မြို့ရွာလူကြီး သူကြီးများကြီးကြပ်အားထုတ်သဖြင့် ပျောက်ငြိမ်းနေကြ နည်းလမ်းများပေတည်း။]

မြို့သူကြီးစသည်တို့၏ တန်ခိုးအာဏာပြီး၏၊

----*--

၇-ကာလသားတို့၏တန်ခိုးအာဏာ ပျောက်ငြိမ်းဖွယ်

ထိုထိုမြို့ရွာတို့၌ ကျရောက်ဖြစ်ပေါ်လျက်ရှိသော ကပ်ရောဂါ များသည် မြို့ရွာရှိ လူသန်လူမြန် ကာလသားတို့၏ အစွမ်းဖြင့်လည်း ပျောက်ငြိမ်းတတ်၏။

မိမိတို့မြို့ရွာကို ကပ်ဥပဒ်အန္တရာယ် ကာကွယ်စောင့်ရှောက်ကြရန် အကြီးအကြပ်တို့နှင့်တကွ ရပ်စုကွက်စုအလိုက် ကာလသားအသင်း ဖွဲ့စည်းတည်ထောင်ကြရကုန်မည်။

တစ်သင်းတစ်သင်းမှာ

၁။ ဘင်ကြီးတစ်လုံး။

၂။ ကြေးမောင်းကြီးတစ်လုံး။

၃။ မီးရှုးမီးထုပ် ငါးခု။

၄။ မီးသိုင်းကြီး ငါးခု။

၅။ အရိုး ငါးတောင်, အရွက် နှစ်တောင့်ထွာရှိသော အလံကျား တစ်ခု။

၆။ ခရာ တစ်ခု။

၇။ ပေါ်တက် ခေါ်သော ယမ်းမီးပေါက် သုံးရာစီ ရှိကြရမည်။

[၎င်းတို့ကို အရပ်က ထူထောင်၍ ပေးကြရမည်။]

အသင်းသားတစ်ယောက်တစ်ယောက်လျှင်

၁။ မီးအိမ် တစ်လုံးစီ။

၂။ နှစ်တောင်ခန့်ရှည်သော အရင်း၌ကြိုးကွင်းတပ်သော အလွန်ခိုင်မာသော သစ်သားတုတ်ကြီး တစ်ချောင်းစီ။

၃။ ငှက်ကြီးတောင် ဓားလွယ်ကြီး သန္တာန် ပြုလုပ်သော သစ်သား ဓားရှည်ကြီး တစ်ခုစီ။

၄။ လောက်လွှဲလေး တစ်ခုစီ။

၅။ လေးဆံ သုံးရာစီ။ အပြီးရှိစေရမည်။

လောက်လေးကိုင်းတို့၌

ဥုံ-ဝေဿဏ္ဏ မဟာရာဇ ဂဒါဝုဓံ ယက္ခရန် မှန်ဆရာမှန် လန်ဆရာလန်။

[ဤဂါထာကိုတစ်ဖက်အစွန်းမှာရေး]

ဥုံ-ဝါသုဒေဝ စက္ကာဝုဓံ ယက္ခရန် မှန်ဆရာမှန် လန် ဆရာလန်။

[ဤဂါထာကို တစ်ဖက်အစွန်းမှာရေး]

၎င်းဂါထာတို့နှင့် လေးကိုင်းကိုလည်းကောင်း, လောက်လေးဆံ တို့ကိုလည်းကောင်း, အခေါက်များစွာ မန်း၍၊ လူအကျော်အနင်း မရှိရာ၌ထား၊ ကပ်ရောဂါ အတွက်နှင့်သာပစ်ရမည်၊ အခြားအခွင့်နှင့် မပစ်ရ။

ဘင်ကြီး, မောင်းကြီးတို့၌လည်း သုဝဏ္ဏဘုမ္မိ အင်းကို ၄-ဌာန တို့၌ ၄-အင်းချ၊ အမင်္ဂလာကိစ္စ၌ မတီးရ။

လိုက်နာရန်စည်းကမ်းချက်

၁။ အသင်းတွင်ပါဝင်သူတို့သည် ယစ်မျိုးသောက်ချင်း, နွားသား, ကျွဲသား စားခြင်းတို့မှ ၃-နှစ်အနည်းဆုံး ရှောင်ကြဉ်ရမည်။

၂။ မိမိကိုယ်၌ ဘီလူး သားဘက်တို့ မကပ်နိုင်ကြရန် ဆရာ ကောင်း သမားကောင်းများထံကပ်ရပ်၍အန္တရာယ် အကွယ် အကာများပြုလုပ်၍ ထားကြရမည်။

၃။ နောက်၌ ဖေါ်ပြလျက်ပါရှိသော နှစ်ကျိပ်ရှစ်ဆူ ဂါထာကြီး, ၇-နှစ်ဆူ စက်ဂါထာကြီးများကို အမြဲ ဆောင်ရွက်ကြရမည်။

၄။ ထိုမှတစ်ပါး ပရိတ်တော်အမျိုးမျိုး, ဂုဏ်တော်အမျိုးမျိုး, ဟေတု ပစ္စယော, သမ္ဗုဒ္ဓေ, သဗ္ဗေဗုဒ္ဓါ, နာညတြဗောဇ္ဈ စသော ပါဠိ ဂါထာများကိုလည်း များစွာရကြစေရမည်။

၅။ ထိုမှတစ်ပါး ဘီလူး သားဘက် ဥပဒ် အန္တရာယ်နှင့် စပ်သော ဂါထာမန္တရားဆေးဝါး အင်းအိုင်တို့ကိုလည်း မှတ်သား လေ့ကျက်ကြရမည်။

၆။ နတ်များကိုလည်း ရိုသေကြရမည်။

၇။ မိမိတို့ အရပ်မှာ ပလိပ်ရောဂါ, ဝမ်းရောဂါများ ဖြစ်ပေါ်လာ လျှင် လူနာကို ဝိုင်းအုံ၍ လူနာကို လက်နှင့်ကိုင်ကြ၍ စေ့စေ့ကြည့်ပြီးလျှင် မပျောက်သမျှ ငါမထဟု ဒေါသသံ, မာနသံ, ငေါက်ငန်းသံ ခက်ထန်သော စိတ်ကြမ်းနှင့် မဆုတ် တမ်းရွတ်ကြရမည်။

၈။ အသင်းငွေစုထား၍ အသင်းသဘောတူ ဆေးဝါးများကို လည်း အပြီး ဖော်စုစီမံ၍ထားကြရမည်။

၉။ အကြီးအကြပ်ဖြစ်သူတို့ကပယောဂနှင့်စပ်သော အချက် အလက် များကို ရှေးအဖို့ကပင် စုံလင်စွာ နေရာကျ သိတတ် ကြစေရမည်။

မြန်မာတို့ဝါသနာ

မြန်မာတို့အလေ့ အရေးတွေ့မှ ဉာဏ်ရှာမှုကို မပြုကြရ၊ အရေးတစ်ခုရှိလျှင် သူတစ်သံ, ငါတစ်သံ ဆူညံဆူညံဖြစ်နေမှုသည် အလွန်ရိုင်း၏၊ ဉာဏ်မရှိသော သူတို့တံခွန်ပေတည်း၊ ထိုနေရာ၌ ဉာဏ် နေရာကျ မရှိကြသဖြင့် ယခုမှဉာဏ်ရှာလျက် တော်လျော်ကာ လုပ်ကြ သော လူနုတ်လူသေးတို့၏ အမှုပေတည်း။

ကိုယ်စွမ်းစိတ်စွမ်းနှင့် ယောကျ်ားပီသသူ စိတ်တူကိုယ်တူ လူပျို လူသန် ၂၅၀-ခန့်ရှိပါလျှင် အိမ်ခြေ တစ်ထောင်ရှိသော မြို့ရွာကို ကပ်ဥပဒ် မသီလာရအောင် လုံခြုံစွာအုပ်ချုပ်နိုင်လတ္တံ့၊ စိတ်နှလုံးဖြူဖြောင့် ခိုင်မာ သောလူကို ယောက်ျားပြီသူဆိုသည်၊ စိတ်နှလုံးမဖြူဖြောင့်သောသူ, မခိုင်မာသောသူများသည် မိန်းမဘဝတို့က လာကြသောသူများဟူ၍ မှတ်ရမည်။

လမ်းသွားပုံအစီအစဉ်

ဘီလူးခေါင်း,

ကျားခေါင်း,

နဂါးခေါင်း,

ဂဠုန်ခေါင်း မျက်နှာဖုံးများ။

အကျႋကျား။

ဘောင်းဘီကျား။

ရှမ်နီခါးစည်း။

အချို့မှာ ရှမ်နီခေါင်းပေါင်း။

ရှမ်နီပေါင်းသူတို့မှာ မျက်နှာဖြူ, မျက်နှာနီ, မျက်နှာမဲ, ဆေးခြယ် မှု ၃-မျိုး၊ ဘီလူးချင်း, ကျားချင်း, နဂါးချင်း, ဂဠုန်ချင်း, မျက်နှာဖြူချင်း, မျက်နှာနီချင်း, မျက်နှာမဲချင်း ဘေးတိုက်တန်းကြရမည်။

အန္တရာယ်ဖြစ်ခဲ့လျှင်

အန္တရာယ် ပေါ်ပေါက်လာခဲ့သော် ညအခါ၌ အကြီးအကြပ်တို့ အိမ်မှာ စည်ချက်, မောင်းချက်နှင့် မြို့ရွာရှိ အသင်းစု အကုန် စုဝေးကြ ရမည်။

ရှေ့ဆုံး၌ အလံ။

၎င်းနောက် မီးသိုင်း။

၎င်းနောက် မောင်းကြီး။

၎င်းနောက် ဘီလူးတန်း။

၎င်းနောက် ဂဠုန်တန်း။

၎င်းနောက် နဂါးတန်း။

၎င်းနောက် ကျားတန်း။

၎င်းနောက် မျက်နှာဖြူတန်း။

၎င်းနောက် မျက်နှာနီတန်း။

၎င်းနောက် မျက်နှာမဲတန်း။

၎င်းနောက် ဘင်။

၎င်းနောက် ခရာ။

၎င်းနောက် အကြီးအကြပ်များ။

သွားမှု, ရပ်မှု, တီးမှု, အတီးရပ်မှု, ထိုင်မှု, ထမှုတို့မှာ ခရာချက် နှင့်ထား၊ ဖြေးဖြေးသွားမှု, မြန်မြန်သွားမှု, အပြေးသွားမှုမှာ ဘင်ချက် နှင့်ထား။

အချက်အလက်၌ လိမ်မာသူအကြီးအကြပ်က ဘင်ခရာတို့ကို အချက်ပေး၊ မီးအိမ်ကိုင်သူတို့မှာ ပြင်ဘက်ဘေးက ရှေ့နောက်တန်းလျက် ဝဲယာရံ၍လိုက်။

[ဤကား လမ်းသွားပုံ အစီစဉ်ပေတည်း၊ အထင်နှင့် ယမ်းရသော အကြမ်း မျှသာဖြစ်သည်၊ အလုပ်ခွင်ကိုကြည့်၍ ဂုဏ်ရှိသူများ ပြင်ဆင်ခွင့် ရှိသေး၏၊ နေရာအကျဆုံးနည်းလမ်းကို စာတမ်းရေး၍ ထားကြရမည်။]

လမ်းသွားရန်အစီအစဉ်

အလံကိုင်သူ ၁၊ မောင်းကြီးထမ်းသူ ၂၊ ဘင်ကြီးထမ်းသူ ၂၊ ခရာကိုင် ၁၊ မီးအိမ်ကိုင် ၆-တို့မှာ တုတ်ကြီးကို ပခုံး၌လွယ်၊ ဓားကြီးကို လက်တစ်ဘက်၌ကိုင်၊ အကြီးအကြပ်တို့မှာ ဓားကြီးတစ်ခုသာကိုင်၊ ဘီလူးစသည်တို့မှာ လေးကိုပခုံးစွပ်၊ ဓားကြီးနှင့်တုတ်ကြီးကို လက်တစ် ဘက်စီကိုင်၊ မီးသိုင်းကစားသူတို့မှာ မီးသိုင်းနှင့်ပြီးစေ၊ ယမ်းမီး ပေါက် ထုပ်ကို အကြီးအကြပ်များကိုင်ကြရမည်။

[ဤကား လမ်းသွားရန် အစီအစဉ်အကြမ်းတည်း။ ဂုဏ်ရှိသူတို့က အလုပ်ခွင်ကို ကြည့်၍ ပြင်ဆင်ခွင့်ရှိသေး၏၊ အလွန်နေရာကျနေသော နည်းလမ်းကို စာတမ်း ရေး၍ထားရမည်။]

တိဘက်နိုင်ငံ၌ ပြုလုပ်နည်း

၁။ ကပ်ရောဂါဖြစ်နေသောအရပ်မှာ နေဝင်လျှင် မီးလင်းစေရမည်။ ၂။ ထိုအရပ်သို့ ရောက်ကြသောအခါ၌ ဘယ်အသင်းက ဘယ်က ဝင်၍ ဘယ်ကိုနင်း၍ ဘယ်သို့ထွက်ခဲ့ဟု အသီးအသီးဝေပုံချ၍ ထိုအရပ်ကို ကွက်စိပ်ချလျက် နင်းကြရမည်။

၃။ ထိုအရပ်သူတို့က ထိုအရပ်အတွင်းမှာ မသင်္ကာရာသစ်ပင်, မသင်္ကာရာဌာနစုကို ရှေ့ကသွား၍ ပြကြရမည်။

၄။ တလင်းသာရာ လမ်းသာရာတို့၌ မလိုလှ၊ လူသူအရောက်အ ပေါက်နည်းပါးရာ နောက်ဖီနောက်ဖေး ဝင်းပျက် ခြံပျက် အိမ် ပျက် တိုက်ပျက်, အထောင့်အကွေး အထွေးအရှုပ်ရှိရာ သစ်ပင် ဝါးပင် ခြုံနွယ်ပိတ်ပေါင်း ရှိရာတို့၌ သာ၍မဲကြကုန်ရမည်

၅။ အရပ်ငယ်ဖြစ်ခဲ့လျှင် ဘင်ကြီး, မောင်းကြီး ဆူအောင်တီး၍ ဝိုင်းဟဲ့-ဆီးဟဲ့ စသည်ဖြင့် အုန်းအုန်းဆူအော်ငြာ၍ ပေ ဗျောက် တို့ကိုအချက် အချက်၌ ခွဲ၍ တစ်ကြိမ်ပတ်မိအောင် ထိုအရပ်ကို လှည့်ကြရမည်။

၆။ ပတ်မိလျှင် ဝေပုံကျတိုင်း ထိုအရပ်သားများက ရှေ့ကလမ်းပြ ရာသို့ အကြမ်းတီး, အကြမ်းတိုတ်, အကြမ်း အော်ဟစ်၍ ဝင်လိုက်ကြကုန်ရမည်။

၇။ ဓားပြတွေကို အကြမ်းဖမ်းကြသကဲ့သို့ ဟိုပြေးဘဟဲ့ သည်ပြေးဘ ဟဲ့ ဟိုလာလေဟဲ့ သည်လာလေဟဲ့ လိုက်ဟဲ့ ဖမ်းဟဲ့ ဆီးဟဲ့ မိ-ဘဟဲ့ ရိုက်ဟဲ့ ထောင်းဟဲ့ ခေါင်းဖြတ်ဟဲ့ ခါးဖြတ်ဟဲ့ ခြေဖြတ် ဟဲ့ လက်ဖြတ်ဟဲ့ ထိုးထိုင်း ပြိုးပြုန်း အုန်းအုန်းဆူ ပြုလုပ်ကြကုန် ရမည်။

၈။ ယမ်းမီးပေါက်တို့ကိုလည်း တစ်လှည့် တစ်လှည့် ခွဲရမည်။

၉။ တုတ်ကြီးတို့နှင့် မပျက် မစီးနိုင်သော တုံးကြီး, တိုင်ကြီးများကို ရိုက်နှက်ကြကုန်ရမည်။

၁၀။ လောက်လေးတို့နှင့် သစ်ပင်ပေါ်, ဝါးပင်ပေါ်, ထန်းပင်ပေါ်, ပေပင်ပေါ်သို့ ပစ်ကြကုန်ရမည်။

၁၁။ ဘင်ကြီး, မောင်းကြီး, မီးသိုင်းသမားကို့သည်လည်း နှံ့ပြားအောင် လှည့်လည်ကြရမည်။

၁၂။ မီးမှု, လေးပစ်မှု, ဒုတ်ရိုက်မှုအတွက် အပြစ်ဒေါသ မရှိရအောင် အကြီးအကြပ်တို့က အထူးကြောင့်ကြ စိုက်ကြကုန်ရမည်။

၁၃။ အန္တရာယ်ကင်းပြုလုပ်သူ မလိမ်မာမှုကြောင့် ရပ်သူရွာသားမှာ ထိပါးနစ်နာရှိခဲ့သော် စစ်ဆေးမေးမြန်း၍ ပြုလုပ်သူကို အသင်းမှ ထုတ်ကြစတမ်းဟု အချုပ်ဂတိထားကြကုန်ရမည်။

၁၄။ ထိုအရပ်၌ နှံ့နှံ့ပြားပြားရှိသောအခါ ခရာချက်နှင့် လူစု၍ လာစဉ်က နည်းလမ်းအတိုင်းပြန်ကြရမည်။

၁၅။ နက်ဖြန်နံနက်၌ မြို့ပြင် ရွာပြင်မှာ ထိုအရပ်အနီးရှိ သုသာန် သင်းချိုင်း, တောခြုံ, ပိတ်ပေါင်း, ဇရပ်ဟောင်း, ကျောင်းပျက် စသည်တို့၌ အကုန်ထွက်၍ ပစ်ခတ်တီးခေါက် ခြိမ်းခြောက် နှင်ထုတ်ကြရမည်။

[၃-ည ၃-နေ့ပြုလုပ်ခဲ့လျှင် ဘယ်လောက်ကြီးသော ကပ်ဥပဒ်မှ မခံနိုင်၊ ဧကန်ပျောက်ငြိမ်းလတ္တံ့။]

၁၆။ အန္တရာယ်ကင်း အသင်းသားတို့မှာ တစ်နှစ်တစ်ကြိမ် အန္တရာယ် ကင်း စာပြန်ပွဲ ပြုလုပ်ကြကုန်ရမည်၊ ကျွေးမှုမွေးမှု ဆုလာဘ်ပေး မှုတို့မှာ မြို့ရွာက အားထုတ်ကြကုန်ရမည်။

၁၇။ ပရိတ်ကြီးပါဠိ,အာဋာနာဋိယသုတ်ကြီး, မဟာသမယ သုတ်ကြီး, ဥပ္ပါတသန္တိဂါထာကျမ်း, ပဋ္ဌာန်းပစ္စယနိဒ္ဒေသ, ပဋ္ဌာန်းပဥှာဝါရ, ဓာရဏပရိတ်, စက်ပရိတ် အစရှိသည်တို့ကို ပြန်ဆိုကြကုန်ရ မည်။

၁၈။ အာဋာနာဋိယ စသောသုတ်ကြီး ပါဠိတော်ကြီးများမှာ အထက် အောက် ၃-ယောက်ဝေ၍, ၄-ယောက်ဝေ၍, ၅-ယောက်ဝေ၍ ကျက်ကြကုန်ရမည်။

[ဤကား တိဘက်နိုင်ငံများမှာ ပြုလုပ်နည်းများနှင့် အလားတူ ကာလသား အသင်းတို့ ပြုလုပ်ပုံနည်းလမ်းကိုပြဆိုခန်းတည်း။]

ကာလသားတို့၏ တန်ခိုးအာဏာပြီး၏။

----*--

၈-ရဟန်းတော်များ၏တန်ခိုးအာဏာ ပျောက်ငြိမ်းဖွယ်

ထိုထိုမြို့ရွာတို့၌ ကျရောက်ဖြစ်ပေါ်လျက်ရှိနေသော ကပ်ရောဂါ များသည် ထိုထိုမြို့ရွာရှိ ရဟန်းတော် သင်္ဃာတော် ဆရာတော်တို့၏ အစွမ်းဖြင့်လည်း ပျောက်ငြိမ်းတတ်၏၊

ရှေးခေတ်ရဟန်း

ရှေးအခါ၌ ရဟန်းဆိုလျှင် အယုတ်အားဖြင့် မိမိ၏ အပါယ် သံသရာမှ ကျွတ်လွတ်ရခြင်းဟူသော မိမိကိုယ်ကျိုးကို လိုရင်းပဓာန ပြုကြကုန်၍ မြို့ရွာနေသူလူတို့နှင့် စပ်လျဉ်းသော အလှူခံမှု, ကျောင်းကန် ပရိက္ခရာ ဘဏ္ဍာသိမ်းဆည်းမှုတို့ကို ဝေးစွာကြဉ်ရှောင်၍ တောတောင် ခိုမှီးလျက် ကြီးမားသော လုံ့လဖြင့် အတ္တဟိတ အကျိုးစီးပွားကို မနေမနား အားထုတ်နေထိုင်ကြကုန်၏၊

ယခုခေတ် ရဟန်း

ယခုကာလ၌မူကား ထိုကဲ့သို့အားမထုတ်နိုင်ကြကုန်သဖြင့် မြို့ရွာ နေ လူသူတို့နှင့် စပ်လျဉ်းသောအလှူခံမှု, ကျောင်းကန် ပရိက္ခရာ ဘဏ္ဍာ သိမ်းဆည်းမှုတို့ကို ဂရုစိုက်ကြကုန်၏၊ ရဟန်းတော်တို့ နေထိုင်ရန်, စာသောက်ရန်, ဝတ်ရုံရန်, သုံးဆောင်ရန်, ကျောင်းကန်တိုက်တာ ဆွမ်း သင်္ကန်း ပရိက္ခရာ ဘဏ္ဍာများမှာ မြို့ရွာနေသူလူတို့၏ တာဝန်ဖြစ်စေ, မြို့ရွာနေသူလူတို့၏ ပစ္စပ္ပန်သံသရာ နှစ်ဖြာကောင်းရန် ကျမ်းဂန်ပြညွန် သွန်သင်ဖော်ပြ ဆုံးမပြောဟောမှုများမှာ ဆရာ ပြုလုပ်ကြသူ ရဟန်းတို့၏ တာဝန်ပင် ဖြစ်ဝေဟူ၍ အပြန်အလှန် ပဋိညာဉ်စာချုပ် ပြုလုပ်ဖွဲ့စည်း၍ ထားကြကုန်ဘိသကဲ့သို့ လူတို့နှင့် ဖက်စပ်လျက် နေထိုင်ကြကုန်သည်။

သက်ရှည် နာကင်း

အသက်ရှည်မှု, အနာကင်းမှုသည်လည်း ပစ္စုပ္ပုန်ကောင်းကျိုးကြီး ၂-ပါးပင်တည်း၊ ထိုကြောင့် မြို့ရွာ၏ အန္တရာယ်ကင်းရှင်းမှုသည် စွမ်းနိုင် ကြပါလျှင် မြို့ရွာနေ ရဟန်းတော်တို့၏ တာဝန်ပင် ဖြစ်သတည်း၊ စွမ်းနိုင်သည်, မစွမ်းနိုင်သည်ဟူသော စကားမှာလည်း လောကဓမ္မ ဗဟုဿုတ အသိအလိမ်မာ ဉာဏ်ပညာကို ရှာကြံလိုက်စား ကြသော သူတို့သည်သာ စွမ်းနိုင်ကုန်၏၊ လောကဂုဏ် လောကချမ်းသာမျှကို ရှာကြ, လိုက်စား ကြသောသူတို့သည် မစွမ်းနိုင်ကြကုန်၊ ထိုသူတို့သည် ယခုလောက၌ဂုဏ်ရှိ၍ ချမ်းသာစွာနေရလျှင် ပြီးကြကုန်၏၊ လောက၌ လည်းကောင်း, ဓမ္မ၌လည်းကောင်း၊ အသိအလိမ်မာညဏ်ပညာ နယ်သို့မရောက်ကြကုန်ပြီ။

ကပ်ဥပဒ်အရေးဆိုက်ခဲ့သော် မြို့ရွာကို မဆိုထားဘိ မိမိတို့ ကိုယ်ကိုပင် ကမ္မဿကာတရားနှင့် ပစ်ထာကြရကုန်၏၊ ရေးနီးခဲ့လျှင် ပြေးဖို့ရာဉာဏ်မျိုးသာရှိကုန်၏၊ အလွန်တရာ ကြီးကျယ်နက်နဲ ခက်ခဲလှ စွာသော သံသရာအရေးမျိုး, မဂ်ဖိုလ်နိဗ္ဗာန်အရေးမျိုး၌ ထိုသူတိုမှာ သူတစ်ပါးတိုကို စာနာဖို့ရာ အလိမ္မာ ရှိ-မရှိကို သိကြကုန်ရာ၏။

မိမိတို့မြိုရွာ၌ ကပ်ရောဂါ ပေါ်ပေါက်လာခဲ့သော် ထိုရောဂါ မပြန့် ပွား မများပြားမီ မြို့ရွာရှိဆရာတော် သင်္ဃာတော်တို့အစုံအညီ စည်းဝေးကြကုန်၍ ဘယ်တိုက်သင်္ဃာတို့က ဘယ်အရပ်ဟု ရပ်စုကွက်စု ဝေပုံ ချကြကုန်ပြီးလျှင် မြို့ရွာနေ လူကြီးသူကြီး ခေါင်းအကြီးတို့ကိုခေါ်၍ တစ်မြို့လုံး တစ်ရွာလုံး တံမြက်တလင်း ရှင်းလင်းခြင်း၊ သင့်လျော်ရာ ဌာနတို့၌ မဏ္ဍာပ်ကနား ဆောက်လုပ်ခြင်း၊ ပရိတ်အိုး, ပရိတ်ချည်, ပရိတ်ရေ, ပရိတ်ပန်း, ပရိတ်သဲတို့ကို အသီးအသီးစီရင်ခြင်း၊ မြို့ရွာရှိနတ် တို့အား နတ်ကနား နတ်ပွဲပြုလုပ်ခြင်း၊ ဘီလူးသားဘက်တို့ကို ဗလိနတ်စာ ကျွေးမွေးခြင်း၊ အိမ်စောင့်နတ်, ဝင်းစောင့်နတ်, ခြံစောင့်နတ် မိရိုးဘလာ နတ်တို့ကို ပူဇော်ပသခြင်း၊ ၅-ပါးသီလများကို အထူးလုံခြုံစွာ စောင့်ထိန်း ကြခြင်း၊ မိမိတို့ပြုကြသော ကုသိုလ်အဖို့ကိုနတ်တို့အား အမျှပေးဝေ ကြခြင်း၊ ကပ်ဥပဒ်ရှိနေသည့် အတွင်းမှာ သားစိမ်း ငါးစိမ်းများကို ရှောင် ကြဉ်ကြခြင်း၊ သက်သတ်လွတ် ကုသိုလ်များကို တတ်အားသမျှ ပြုလုပ် ကြခြင်း၊ ဂုဏ်တော်များစွာကို စွဲမြဲကြခြင်း၊ မေတ္တာပို့များကို အားထုတ် ကြခြင်း၊ ဤအလုံးစုံကို လူတို့အားပြောကြား ဆုံးမကြရမည်။ ရွတ်ဖတ်ရာမှာ

၁။ ပရိတ်ကြီး,

၂။ မဟာသမယသုတ်ကြီး,

၃။ အာဋာနာဋိယသုတ်ကြီး,

၄။ ဗုဒ္ဓဝင်ပါဠိတော်,

၅။ ပဋ္ဌာန်းပါဠိတော်,

၆။ ဥပ္ပါတသန္တိကျမ်း,

၇။ ဗြဟ္မဇာလသုတ်။

၈။ ၆၂-ပါးဒိဋ္ဌိခဏ်းသုတ်။

၉။ မဟာဝါ မဟာပဒါနသုတ်ကြီး။

ဤပါဠိတော်ကြီးများသည် တန်းခိုးအထူးကြီး၏၊

[ကမ္မဝါဖတ်သကဲ့သို့ စာကိုကြည့်၍ တစ်ပါးကတိုင်ပြီးလျှင် အများက လိုက်ကြမူ သာ၍ကောင်း၏၊ လူပရိတ်သတ်များပါ ပါဝင် လိုက်ကြစေရမည်။]

ပရိတ်ရွတ်ရာ၌ အစီအစဉ်လုပ်ပုံ

အရှင်အာနန္ဒာနည်းနှင့် ညအခါ၌ မြို့လမ်းမ, ရွာလမ်းမ များကို လျှောက်သွား၍ ဖတ်ကြရာ၌လည်း တစ်မြို့လုံး တစ်ရွာလုံးမှာ လမ်စဉ် တလျှောက် ထိန်ထိန်လင်းအောင်မီးထွန်း၊ ရေအေးအိုးတည်၊ ဘိလပ်ရည်, အဖျော်ရည်, ဆေးလိပ် ကွမ်းယာ စခန်းထား၊ ထိုသုတ်ကြီးများကို တိုင်၍ ဖတ်၊ တိုင်သောရဟန်းကို ထမ်းစင်နှင့်ထမ်း၊ လူပရိတ် သတ်တို့က တညီ တညာလိုက်၍ အသံကျယ်စွာရွတ်၊ ရွတ်ဖတ်ရာ၌ ရပြီးကို ရွတ်ဆိုသကဲ့သို့ အလွန်ချောမောရမည်၊ ရှေးအဖို့ကပင် ဖတ်ရွတ်ထားရမည်၊ ၃-ရက် အနည်းဆုံးဖတ်၊ အန္တရာယ် မငြိမ်းသေးလျှင် မငြိမ်းမခြင်းဘတ်၊ အာဋာ နာဋိယသုတ်ကြီးကို နောက်ဆုံး၌ပိတ်၍ဘတ်။

လူတို့က ပရိတ်ရေ, ပရိတ်သဲတို့ကို တစ်နေ့တစ်ခါလဲ၍ မိမိတို့ အိမ်ပြင်, အိမ်တွင်း, ဝင်းတွင်း ခြံတွင်းတို့မှာ အနှံအပြားပက်၊ ပရိတ်ပန်း တို့ကိုအိမ်တခါး, အိမ်နံရံတို့၌ထိုး၍ထား၊ လူများမှာလည်းပန်ရ၏၊ ပရိတ်ချည်တို့ကို အိမ်ပတ်လည် ဝိုင်း၍ထား၊ သူငယ်တို့မှာလည်း လည်ပင်း လက်ကောက်ဝတ်တို့၌ ဝတ်၍ထား၊ ပရိတ်ဆန်, ပရိတ်ဆန် ပန်း, ပရိတ်ပေါက်ပေါက်တို့ကိုလည်း လုပ်ရ၏၊ သင်္ဃာတော်အများ ဖြစ်ခဲ့လျှင် ပရိတ်အိုးများကို သင်္ဃာအလယ်, ပရိတ်သတ်အလယ်မှာ ထားရမည်။

ပရိတ်ရွတ်မည်ဆိုလျှင် မြို့စောင့်နတ်, ရွာစောင့်နတ် အစရှိသော နတ်များကို ဖိတ်စာရေး၍ နေ့စဉ်ဖိတ်၊ နတ်နှင့်စပ်သော အမှုများကို ပေါ့ပေါ့စားစား မလုပ်ကြရ။

နည်းလမ်း ၅-မျိုး

နိုင်ငံမြို့ရွာတို့၌ ကပ်ရောဂါကင်းရှင်းခြင်းသည်

၁။ နိုင်ငံရှင် အစိုးရမင်းတို့၏ အစွမ်းဖြင့်ကင်းရှင်းခြင်း,

၂။ ဆရာဝန်မင်းများ၏ အစွမ်းဖြင့် ကင်းရှင်းခြင်း,

၃။ မြို့ရွာ လူကြီးသူကြီးများ၏ အစွမ်းဖြင့်ကင်းရှင်းခြင်း,

၄။ မြို့ရွာရှိ ကာလသားများ၏ အစွမ်းဖြင့်ကင်းရှင်းခြင်း,

၅။ မြို့ရွာရှိ ရဟန်း သင်္ဃာများ၏ အစွမ်းဖြင့် ကင်းရှင်း ခြင်း၊

ဟူ၍ ကင်းရှင်းရန် နည်းလမ်း ၅-မျိုးရှိ၏၊ ထိုတွင်

ဝေဖန်ချက်

နိုင်ငံအစိုးရမင်းများ၏ အစွမ်းဖြင့် ကင်းရှင်းခြင်းသည် အလွယ် ဆုံး ဖြစ်၏၊ အကြောင်းမူကား အစိုးရမင်းများမှာ လက်နက် ကြိယာ စုံလင်ပြီးဖြစ်၍ ကြွင်းသော ၄-နည်းတို့မှာ ယခုမှအသစ် ထူထောင်ရန် များပြား၏၊ နောက် ၃-နည်းတို့မှာ အစဉ်ထာဝရ ညီညွတ်ရန် ခဲယင်း၏၊ ထို့ကြောင့် အစိုးရ မင်းများ၏ အလုပ်ကို မူတည်ရာ၏၊ ကြွင်းသောနည်း ၄-ပါးကို အမံအရံပြုရာ၏၊ နိုင်ငံအစိုးရမင်းများ၏ ဘုန်းတန်ခိုးအာဏာ စက်နှင့်ပင် ပြီးစီးနိုင်ပါစေသတည်း။

[ဤကား မြို့ရွာရှိ သင်္ဃာတော်များ အန္တရာယ်ကင်းပြုလုပ်နည်းကို ပြဆိုခန်းတည်း] ရဟန်းတော်များ၏ တန်ခိုးအာဏာပြီး၏၊

------*----

၉-မကောင်းနိမိတ် ပျောက်အောင် လုပ်နည်း အကျယ်ပြဆိုချက်

ပဌမခန်း၌ ပြဆိုခဲ့ပြီးသော နိမိတ်များပေါ်ပေါက်ခဲ့သော် ပြုလုပ် ရန်နည်းလမ်းကို ပြဆိုအံ့။

ခွေးအူ နိမိတ်

မြို့ရွာတို့၌ ခွေးတို့ အထူးအူဆူခဲ့သော် ထိုအရပ်တွင်းသို့ ဘီလူး သဘက်တို့ ဝင်ရောက်ကြကုန်ပြီမှတ်၊ ထိုအရပ်သူ အရပ်သားတို့က နားထောင်၍မနေကြရ၊ ခွေးဆူအူရာ ဌာန၌ အုဌ်ခဲ, ကျောက်ခဲ, လောက် လေးတို့နှင့် အတင်းလိုက်၍ ပစ်ခတ်ကြကုန်ရမည်။

အုဌ်ခဲ, ကျောက်ခဲ, လောက်လေး, တုတ်, ဓားတို့ကို ရှေ့အဖို့က ပင် အသင့်ရှိစေကြရမည်။

ငါတို့မြန်မာလူမျိုးများ အလေ့ ဓားပြနှင့်တွေ့ခါမှ ဓားရှာတတ်၏၊ အနီးအစပ်အရပ်ရှိ ကာလသား အသင်းတို့လည်း တုတ်, ဓားကိုင်စွဲလျက် ထိုအရပ်ထဲသို့ လာရောက်၍ ပစ်ခတ်တီးခေါက် ခြိမ်းခြောက် နှင်ထုတ် ကြရမည်။

အရပ်တွင်းမှာ ညအခါ, အရပ်ပြင်မှာ နေ့အခါ ၃-ည ၃-နေ့ နှင်ထုတ်ကြရမည်။

ခွေးအူမပျောက်သေးသမျှ ထိုအရပ်တွင်းရှိယောကျာ်းများ ညအခါ၌ မအိပ်ကြရ၊ တုတ်,ဓားကိုင်စွဲ၍ ဝင်းထဲ, ခြံထဲမှာ လှည့်လည်၍ နေကြရမည်၊ အာရုဏ်တက်မှ အိပ်ကြရမည်။

မြို့ရွာတို့တွင် တစ်ရပ် တစ်ကွက်၌ တစ်ခုသောအိမ်ကို မီးလောင် ခဲ့သော် မိမိတို့အိမ်က ရေအိုးကိုယ်စီနှင့် နေတတ်ကြကုန်၏၊ မီးသည် ပြန့်ပွား၍လာသည်ရှိသော် ရေအိုးကိုပစ်၍ ထွက်ပြေးကြကုန်၏၊ ထိုသို့မ နေကြရကုန်၊ မီးလောင်ရာဋ္ဌာနသို့ တစ်မြို့လုံး တစ်ရွာလုံးလာ၍ မီးသတ် ကြကုန်ရမည်။

ထိုအိမ်၌ မီးမငြိမ်းခဲ့သော် တစ်မြို့လုံး တစ်ရွာလုံး မီးမငြိမ်း၊ ထိုအိမ်၌ မီးငြိမ်းမှ တစ်မြို့လုံးတစ်ရွာလုံး မီးငြိမ်းမည်၊ ရောဂါဥပဒ် တစ်ရပ် တစ်ကွက်မှာ ဖြစ်ပေါ်ရာ, ခွေးအူရာတို့၌လည်း ထိုနည်းတူမှတ်။

ဘီလူးသားဘက်တို့သည် မြို့တွင်းရွာတွင်း၌ ၃-ရက် ၄-ရက် သွားလာခွင့် ရကြကုန်သည်ရှိသော် နေရာထိုင်ရာ, သွားလမ်း လာလမ်းကို ရကြ, သိကြကုန်သဖြင့် မြို့ပြင် ရွာပြင်သို့ပင် မထွက်ကြကုန်ပြီ၊ မြို့တွင်းရွာ တွင်းမှာပင် နေကြကုန်တော့သည်၊ နှင်ထုတ်မှုမရှိဘဲ နှစ်, လရှည်ကြာ ခဲ့သော် စားဖန်များ၍ လူကုန်လျှင် ဘီလူးမြို့ ဘီလူးရွာဖြစ်၍ သွားလတ္တံ့။

ကျီးပြို နိမိတ်

နေ့အခါ ကျီးပြိုခဲ့သော် ထိုအရပ်တွင်းသို့ ဘီလူးသားဘက်တို့ ဝင်ရောက်ကြကုန်ပြီမှတ်၊ ညအခါ၌ လူအိပ်ချိန်မှာ သစ်ပင်မှဆင်း၍ အရပ်တွင်းသို့ ဝင်ရောက်ကြကုန်၏၊ ဘီလူး သားဘက်တို့ အဆင်း အတက်မှာ ကျီးတို့လှုပ်ကြကုန်၏၊ နားထောင်၍မနေကြရ၊ အနီး အစပ်အရပ်များပါ ကျီးပြိုရာသို့လာရောက်ကြ၍ ထိုအရပ်တွင်း၌ ပစ်ခတ်, တီးခေါက်, ခြိမ်းခြောက် နှင်ထုတ်ကြကုန်ရမည်။

ညအခါတို့၌ အိပ်နေရာသစ်ပင်တို့မှ ကျီးတို့မြည်ကြ, လန့်ကြ, လှုပ်ရှားကြကုန်သည်ရှိသော် ထိုသစ်ပင်တို့မှာ ဘီလူး သားဘက်တို့ တက်နေကြကုန်ပြီမှတ်၊ နားထောင်၍မနေကြရ၊ ထိုသစ်ပင်တို့ကို အုဌ်ခဲ, ကျောက်ခဲ, လောက်လေးတို့နှင့် ပစ်ခတ် နှင်ထုတ်ကြကုန်ပြီလျှင် ထို သစ်ပင်တို့မှာ ''သုဝဏ္ဏဘုမ္မိ, ဟေတုပစ္စယော''''သုဝဏ္ဏဘုမ္မိ, ဟေတုပစ္စယော'' စသည်တို့ကို ပတ်မိ အောင် ရေးထားကြရမည်။

ပျောက်ငြိမ်းသောအခါ ဖျက်ကြရမည်၊ သစ်ပင်စောင့်နတ်တို့ မနေသာရှိတတ်ကြသည်၊ ဆူးခက်တို့ကိုသော်လည်း ထိုသစ်ပင်တို့မှာ ကပ်ထားကြရမည်။

ငှက်ဆိုးမြည်နိမိတ်

ညအခါ၌ ငှက်ဆိုးထိုး မြည်တွန်ခဲ့သော် ထိုအရပ်တွင်းသို့ ဘီလူး သဘက်တို့ ဝင်ရောက်ကြကုန်ပြီမှတ်၊ နားထောင်၍ မနေကြရ၊ ထိုအရပ်၌ ၃-ရက်တိုင်တိုင် ပစ်ခတ်, တီးခေါက်, ခြိမ်းခြောက် နှင်ထုတ်ကြရမည်၊ ထိုသစ်ပင်မှာ ပရိတ်ဂါထာများ ရေးထားကြရမည်။

ရေတပ်ဆိုက်အိပ်မက် နိမိတ်

မိမိတို့မြို့ရွာ ဆိပ်ကမ်းသို့ တပ်လှေ, တပ်သင်္ဘော ဆိုက်လာ သည်ဟု အိပ်မက်မြင်ခဲ့သော် ထိုမြို့ရွာသို့ ဘီလူးသဘက်တို့ လာရောက် ကြကုန်ပြီမှတ်၊ မြင်မက်သူတို့က မြို့သူကြီး ရွာသူကြီးများထံ အမြန်ပြော ကြားရမည်။

ဗလိနတ်စာ ကျိုချက်ပြီးလျှင် ငှက်ပျောဖောင်ပေါ်မှာ ငှက်ပျော ရွက်နှင့်တင်၍ မြစ်ပြင်သို့မျှောပြီးလျှင် တစ်မြို့လုံး တစ်ရွာလုံး ညီညာ၍ အရှေ့က မြစ်ဆိပ်နေခဲ့သော် အနောက်ကစ၍ အရှေ့သို့ နှင်ထုတ်ကြ ရမည်။

နေ့အခါ၌ ထိုမြစ်ပြင်မှာ လှေနှင့်လှည့်လည်၍ ပရိတ်သဲများကို ကြဲကြရမည်။

ထိုမြစ်ဆိပ်နှင့် နီးစပ်သောအရပ်တို့မှာ ညအခါ၌ ယောကျ်ားများ

မအိပ်ကြဘဲ ဝင်းထဲ ခြံထဲမှာ လှည့်လည်၍ နေကြကုန်ရမည်။ နေ့အခါ၌လည်း ၃-ရက်, ၄-ရက်အတွင်းမှာ ထိုမြစ်ရေထဲသို့

ဆင်း၍ရေချိုးခြင်း, ရေခပ်ခြင်းကို ဆင်ခြင်ကြရမည်။

[ဤနိမိတ်သည် ယခုအခါ၌ မြစ်ရိုးမြစ်စဉ် မြို့ကျေးရွာတို့၌ အလွန်ထင်ရှားလျက် ရှိနေကြ၏၊]

ကုန်းတပ်ဆိုက်အိပ်မက် နိမိတ်

ကုန်းမြို့ကုန်းရွာတို့၌ တပ်ဆိုက်လာသည်ဟု မြင်မက်ခဲ့သော် ဘီလူးသဘက် အမြောက်အမြားတို့ ထိုမြို့ရွာသို့ ဆိုက်ရောက်ကြ ကုန်ပြီမှတ်၊ လှေဆိုက်မြင်မက်ရာ၌ကဲ့သို့ ဗလိနတ်စာကျွေးခြင်း, ၃-နေ့, ၃-ညနှင် ထုတ်ခြင်းကို ပြုကြရမည်။

အိပ်မက်မြင်ရုံမျှမက တပ်ချီ၍လာသည်ကို ဒိဋ္ဌတွေ့မြင်ကြရသူ တို့လည်းရှိကြကုန်၏၊ တပ်လှေ, တပ်သင်္ဘော တပ်ချီ မြင်မက်ခဲ့သော် ဘီးလူးသဘက်များပြား၏၊ အားကြီးစွာ ရောဂါဖြစ်တတ်၏၊

အိမ်မက်နှင့် ကိုယ်တွေ့နိမိတ်

မြို့တွင်း ရွာတွင်းသို့ လူနက်ကြီးများ, လူနီကြီးများ, လူဖြူကြီးများ, ဝက်ကောင်ကြီးများ, ခွေးကောင်ကြီးများ, ရေသား ဘက်ကောင်ကြီးများ, ကုန်းသားဘက်ကောင်ကြီးများ ဝင်လာသည်ဟု မြင်မက်ခဲ့သော်လည်း ကောင်း, ထိုအကောင်ကြီးများကို အချို့က တွေ့မြင်ကြသောလည်း ကောင်း ထိုအရပ်တိုင်းသို့ ဘီလူးသားဘက်တို့ ဝင်ရောက်ကြကုန်ပြီ၊ အိပ်ပျော်သော အိမ်ကိုရှာကြကုန်၏၊ မြင်မက်သူတို့က အရပ်ကိုအမြန် ပြောကြ၍ နှင်ထုတ်ကြ ကုန်ရမည်။

ကိုယ်တိုင်မြင်တွေ့ကြရာ၌ တွေ့မြင်သူတို့က မြို့ပြင် ရွာပြင်သို့ ထွက်အောင် အတင်းလိုက်၍ ပစ်ခတ်ကြရမည်။

ဒိဋ္ဌတွေ့မြင်ကြရာ၌ အလန့်အထိတ် မရှိသူတို့မှာ ဥပဒ် မရှိ၊ ထိတ်ခြင်း လန့်ခြင်းရှိသူတို့မှာ ဥပဒ်ဖြစ်ရှာကြကုန်၏၊ လက်၌မီးရှိသောသူ၊ ဓားရှိသောသူ၊ ကိုယ်၌ ဂါထာန္တရား, ဆေးဝါး, လည်ဖွဲ့, လက်ဖွဲ့, ခြေဖွဲ့ ရှိသော သူတို့မှာ ထိတ်လန့်ခြင်း ရှိကြသော်လည်း မကပ်တည့်ဝံ့ ကြကုန်၊ အယုတ်သဖြင့် ဆူးခက်လက်၌ရှိလျှင်ပင် မကပ်တည့် ဝံ့ကြကုန်၊ နှုတ်၌ 'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ 'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ'' ကိုရွတ်ဆို၍ နေသော သူများကိုလည်း မကပ် တည့်နိုင်ကြကုန်၊ ဝင်းပေါက် ခြံပေါက်၌ မီးထည့်၍ထားလျှင် ထိုဝင်း ထိုခြံသို့ မဝင်တည့်ကြကုန်။

ပွဲလမ်းသဘင် အိပ်မက်နိမိတ်

မြို့ထဲရွာထဲမှာ ပွဲလမ်းသဘင်ခံသည်ဟု မြင်မက်ခဲ့သော် ပွဲလမ်း သဘင်ခံရာအရပ်မှာ နှင်ထုတ်ကြရမည်။

နေ့အခါ၌ မြို့တွင်းရွာတွင်းသို့ သစ်ဝင်ခြင်း, သမင် ဒရယ်ဝင် ခြင်း, တောကြက် တောခါဝင်ခြင်းတို့၌လည်း တပ်ဝင်ရာ၌ ကဲ့သို့ပြုလုပ် ကြရမည်။

ညအခါ၌ နွားခြံ ကျွဲခြံတို့မှာ နွား ကျွဲလန့်ခဲ့သော် ထို့ခြံတွင်းသို့ ဘီးလူးသဘက်တို့ ဝင်ရောက်ကြကုန်ပြီ၊ ထိုခြံရှိ ရှိသမျှသော နွား, တို့ကို အနားပေး၍ အသွေး, အဆီတို့ကို စားသောက်ကြကုန်လတ္တံ့။ နွား, ကျွဲတို့ကို ထိုခြံတွင်မှထုတ်၍ ဝေးရာမှာထား၊ ထိုခြံတွင်း၌ ပရိတ်ရွတ်ခြင်း, ကမ္မာဝါဖတ်ခြင်း, ပရုပ်ရည်, ရှိန်းခိုရည်, အစိုးရမင်းတို့၏ ပလိပ်အကွယ်အကာ ဆေးရည်များ ပက်ဖျန်းပြီးမှ နွား ကျွဲတို့ကို သွင်းရ မည်၊ မြည်း, မြင်း, သိုး, ဆိတ်တို့ကိုလည်း ထို့နည်းတူမှတ်။ နေ့အခါ တောချုံရှိရာမှ နွား, ကျွဲတို့လန့်ခဲ့သော် ထိုတောချုံမှာ ဘီလူးသဘက်တို့ ရှိနေပြီ၊ နွား, ကျွဲတို့ကို ထိုတောမှ အမြန်ထုတ်၍ တစ်ခြား တစ်ပါးသော တောမှာ ၇-ရက် ၈-ရက်ကျောင်းပြီးမှ ထိုတောမှာ တဖန်ကျောင်းရမည်၊ နွားကျွဲတို့၏ ဦးချိုတို့၌

ဥုံ- ဗုဒ္ဓံ သရဏံ ဟဲ---တာနော ယက္ခော ရှောင်လေ... ရှားလေ....

-ဟု အပြန်အလှန် ရေးထားကြရမည်၊ သရဏံဂုံ အင်းပြား များကိုလည်း ကျွဲနွားတို့သောက်ရေ၌ ထည့်ထားကြရမည်၊ ပရိတ်ရေ, ပရိတ်ပန်း, ပရိတ်သဲတို့ကိုလည်း နွားခြံကျွဲခြံတို့၌ အရံအကာ ပြု လုပ်ကြရမည်၊ ပရိတ်ချည်များကိုလည်း ထိုနွားကျွဲတို့၏ လည်ပင်းမှာ စွပ်ထားကုန်ရမည်။

[ဤကားနိမိတ်များ တစ်စုံတစ်ခုပေါ်ပေါက်ခဲ့သော် ပပျောက်အောင် ပြု လုပ်နည်းတည်း။]

မကောင်းနိမိတ် ပပျောက်အောင်လုပ်နည်းပြီး၏၊

၁၀-ကပ်ရောဂါ ပျောက်ဖူးသည့်အရပ်များ

ဒေသနှင့် နည်းလမ်း

ကပ်ရောဂါဆိုက်ရောက်ဖြစ်ပွားသော နေရာ၌နေရာတကျ ပြုလုပ်ကြသဖြင့် နေ့ခြင်းညခြင်း ပျောက်ငြိမ်း ဘူးသော နည်းလမ်းများ ရှိ၏၊ ထိုတွင်

ဝေသာလီပြည်

ငါတို့ဘုရားလက်ထက်တော်၌ ဝေသာလီပြည်မှာ ကပ်ဥပဒ်ကြီးစွာ ဆိုက်ရောက်ရာအရှင်အာနန္ဒာသည် တစ်မြို့လုံး လမ်းလျှောက် လှည့်လည် လျက် ရတနသုတ်ပရိတ်တော်ကို ညဉ့် ၃-ယာမ်ပတ်လုံး ရွတ်သဖြင့် ပျောက်ငြိမ်းဘူးကြောင်း ရတနသုတ်နိဒါန်း အဋ္ဌကထာကြီးမှာ ထင်ရှား ရှိပြီ။

[ဤလမ်းလျောက်သွား၍ ရွတ်ဖတ်သောနည်းလမ်းမှာ ငါတို့စီရင်သော အန္တရာယ်ကင်း စာအုပ်ငယ် တစ်ခုမှာပါရှိ၏၊]

သီဟိုဠ်ကျွန်း

သီဟိုဠ်ကျွန်းတွင် သင်္ဃဗောဓိမင်းလက်ထက် ဘီလူး သားဘက် တို့ အတတ်ကြောင့် ပလိပ်ရောဂါ ဆိုက်ရောက်ရာ ဘီလူး သားဘက် တို့အား ဗလိနတ်စာကောင်းစွာကျွေးမွေးသဖြင့် ပျောက်ငြိမ်းဖူးကြောင်း မဟာဝင် အဋ္ဌကထာတွင် လာရှိ၏၊

ကျိုက်ထိုမြို့

ငါတို့မြန်မာနိုင်ငံ၌ ကျိုက်ထိုမြို့ ကပ်ဥပဒ်ဆိုက်ရောက်ရာ မြို့စောင့် နတ်တို့အား နတ်ကနားပွဲ ပြုလုပ်ပူဇော်ကြ၏၊ ထိုအခါ လူတစ်ဦးကို ပူးကပ်၍ ပွဲတွင်းသို့ ဝင်လာသော နတ်ကြီးတစ်ပါးက ဘီလူးသဘက်တို့ကို ငါတို့ချည်းမနိုင်ဘူး၊ မောင်မင်းတို့ မြို့သားများလည်းထွက်ကြ၊ ငါတို့က လက်ညှိုးညွှန်ပြမည်၊ မောင်မင်းတို့က အုဌ်ခဲ, ကျောက်ခဲအစရှိသော လက်နက်တို့ဖြင့် ပစ်ခတ်ကျရမည်ဟု ပြောဆို၍ ၎င်းနတ်ပူးသူမြို့ပြင်သို့ ထွက်သွားပြီးလျှင် မြို့ပြင်ရှိဇရပ် တန်ဆောင်း ကျောင်းဟောင်းတို့ကို လက်ညှိုးညွှန်ပြ၏၊ သူအများတို့က ထိုသူ ညွှန်ပြရာ အရပ်ကို အုဌ်ခဲ, ကျောက်ခဲအစရှိသော လက်နက်တို့နှင့် ပစ်ခတ်ကြကုန်၏၊ တစ်ဖန်မြို့ အနီးရှိ ချောင်းရိုးသို့ လျှောက်သွား ၍ချောင်းရိုးဝဲယာရှိ တောချုံတို့ကို ညွှန်ပြ၏၊ ၎င်းညွှန်ပြရာကို လူအများတို့က အော်ငြာ၍ ပစ်ခတ်ရိုက် နှက်ကြကုန်၏၊ နေ့ချင်း ညချင်း ကပ်ဥပဒ်ငြိမ်း၏၊ ပြုလုပ်ရ သူများတို့ သည် ယခု ထင်ရှားရှိကြကုန်၏၊ ၎င်းကျိုက်ထိုမြို့မှာပင် ယခု ၁၂၇၀- ပြည့်ဝါဆိုလအတွင်း ပလိပ်ရောဂါ ဖြစ်လာရာ အမိန့်တော်ရရှေ့နေ မောင်ဘိုးရိပ် ဆိုသူ ကြီးကြပ်၍ ဗလိနတ်စာ ကျွေးမွေးရာတွင် ပျောက် ငြိမ်း၏၊

တောင်ငူမြို့

တောင်ငူမြို့မှာ ရှေးသောအခါ၌ ကပ်ဥပဒ်ကြီးစွာ ဆိုက်ရောက် ရှိနေရာ မင်းကလေးဆိုသောနတ်က မိန်းမတစ်ယောက်၌ ပူးကပ်၍ ဆရာတစ်ဦးကို ဆရာတို့မြို့ရွာ၌ ရောဂါဥပဒ်တွေ ဖြစ်လျက်နေသည်ကို အဘယ်ကြောင့် ဆရာကြည့်၍နေသည်းဆို၏၊ ဆရာကဘယ်သို့ ပြုလုပ် မည်နည်း-ဟု မေးမြန်းရာ ''သင်တို့ကို ရိက္ခာထောက်ပါမည်၊ ငါတို့မြို့ရွာမှ ထွက်သွားကြပါ''ဟုဆို၍ ဆန်စိမ်း, အမဲစိမ်း, ငါးစိမ်းတို့ကို ဆိုင်းဝိုင်းတီး ပြီးလျှင် သုသာန်သို့ပို့ကြရမည်ဟုဆို၏၊ ဆိုတိုင်းပို့ကြရာ ထိုနေ့ပင်ပျောက် ငြိမ်း၏၊ ပို့ရသူများ ယခုထင်ရှားရှိ၏၊ ဆန်စိမ်း, ငါးစိမ်း, အမဲစိန်း,ဆိုသော် လည်း သားငါးတို့ကိုသတ်ဖြတ်၍ မပြုလုပ်ရ၊ စျေးတွင်အလိုလိုပေါ်၍ ရသော သားငါးများကိုသာဆိုလိုသည်။

၎င်းတောင်ငူမြို့မှာပင် တရံရောအခါ ကပ်ဥပဒ်ဖြစ်လာရာ ဗလိနတ်စာ ကောင်းစွာကျိုချက်ပြီးလျှင် ငှက်ပျောတုံး တို့ကိုဖောင်ဖွဲ့၍ ဗလိနတ်စာတို့ကို ငှက်ပျောဖက်တို့နှင့် ဖောင်၌တင်၍ မြစ်ရေ၌ မျှောကြ သဖြင့် ပျောက်ငြိမ်းဘူး၏၊ ပြုလုပ်သူများ ထင်ရှားရှိကြ၏၊ နတ်ပွဲပြုလုပ်မှု, ဗလိနတ်စာကျွေးမှု, ရိက္ခာပေးပို့မှုများကို မထိလေးစား မပြုလုပ်ကြ ကုန်မူ၍ ကောင်းမွန်စေ့စုံစွာ ပြုအားထုတ် ကြကုန်ရမည်၊ ထိုသို့မလုပ်လျှင် ဘီလူး သားဘက်တို့က မိတ်မကျေနပ်ကြဘဲ အငြိုးစွဲထားတတ်ကြ ကုန်၏၊

မိတ္ထိလာမြို့

ရှေးအခါ၌ မိတ္ထိလာမြို့မှာ ကပ်ဥပဒ် ဆိုက်ရောက်နေရာ မိတ္ထလာ မြို့ဝန်မင်းသည် မြို့ကိုဆင့်ဆို၍ မြို့တွင်း မြို့ပြင် ပစ်ခတ်, တီးခေါက် ခြိမ်းခြောက်၍ ''ငါအုပ်စိုးသော နယ်ပယ်မှာ နင်တို့မနေကြနှင့် အမြန် ထွက်သွားကြ'' ဟု အမိန့်နှင်စာ ဖတ်ကြား၍ နှင်ထုတ်ရာ နေ့ခြင်းညခြင်း ပျောက်ငြိမ်း၏၊ သိမှီသူများ ယခုရှိကြသေးသည်။

ကသာမြို့

သက္ကရာဇ် ၁၂၆၄-ခုနှစ်တွင် ဧရာဝတီမြစ်ညာ ကသာမြို့မှာ ကပ်ဥပဒ် ကြီးစွာဖြစ်နေရာ ကျမ်းတတ်အကျာ် မန်လည်ဆရာတော်ကြီး သည် မြို့စောင့်နတ်တို့အား တိုင်တန်းစာ စီရင်၍ နတ်စင်တစ်ခုမှာ ဖတ်စေရာ နေ့ခြင်း ညခြင်းပျောက်ငြိမ်းဖူး၏၊ ထိုတိုင်တန်းစာကို ကပ်ရာဂါ ဖြစ်နေသူတို့၏ ဦးခေါင်းရင်း၌ တင်းရင်းစွာ အာဏာသံနှင့် အထပ်ထပ် ဘတ်၍ ပျောက်ငြိမ်းဘူးပါသည်ဟု ဖတ်ရသူလျှောက်ထား၍ ကြားသိရ ၏။

ငါတို့စီရင်သော အမိန့်စာနှင့် ထိုထိုမြို့ရွာ၌ ငါတို့ကိုယ်တိုင် ကြီးကြပ် ဖတ်နှင်စေ၍ ပျောက်ငြိမ်းစေမှုသည်ကား ယခုအခါ နိုင်ငံမှာ ထင်းရှား၏၊ ၎င်းနှင်စာကို လူနာ၏အနီး၌နေ၍ ထပ်ထပ် ဖတ်ရာတွင် ပျောက်ငြိမ်းဘူးသည်လည်းရှိ၏၊ မြို့လူံး ရွာလုံး ညီညာ၍ ၃-ရက် ၃-ခါ အုန်းအုန်းဆူညံအောင် ပစ်ခတ်, တီးခေါက်, ခြိမ်းခြောက် နှင်ထုတ်ကြ ရာ ပျောက်ငြိမ်းဘူးလေသည်မှာ မြန်မာလူမျိုးတို့ အရိုးအစဉ်ဖြစ်၍ ယခုပလိပ်ရောဂါမှာပင် ထိုထိုမြို့၌ ငါတို့လည်း တွေကြုံဘူးလှလေပြီ၊ ကြားလည်း ကြားဘူးလှလေပြီ။

ဗုဒ္ဓကျမ်းဂန်အဆို

ဗုဒ္ဓဘာသာ ကျန်းဂန်တို့တွင် ဒီဃနိကာယ်မှာလာရှိသော အာဋာ နာဋိယသုတ်ကြီး, မဟာသမယသုတ်ကြီး, သီလဝန္တရဟန္တာကြီး ထုတ်ဖော် စီရင်တော်မူသော ဥပ္ပါတသန္တိ ဂါထာကျမ်းများသည် မြို့ရွာတို့၌ ကပ်ဥပဒ်များကို နှင်ထုတ်ဖို့ သက်သက်ဖြစ်သတည်း၊ သို့ရာတွင် ဤနိုင်ငံ မှာ အရကျက်၍ ရွတ်ရိုးအစဉ် ရှိနေသည်ဖြစ်၍လည်းကောင်း, အလွန် များပြားလျက်ရှိသော ထိုသုတ်ကြီးများ, ထိုဂါထာကျမ်းစာများကို အရ မကျက်နှိင်ကြသည်ဖြစ်၍လည်းကောင်း ယခုအခါ၌အသုံးမပြုနိုင်ကြ ကုန်။

[အန္တရာယ်ကင်း စာပြန်ပွဲ ပြုလုပ်ကြပါလျှင် ထိုကဲ့သို့သော သုတ်ကြီး, ဂါထာကြီး, မန္တရားကြီးများကို အသုံးပြုနိုင်ကြကုန်လတ္တံ့။]

စာလွတ်ရွတ်မှုထက် စာကိုကြည့်၍ရွတ်မှုသည် သာ၍ကောင်း၏၊ ပိဋကသုံးပုံကိုပင် အကုန်ဖတ်ရွတ်နိုင်၏၊ ပြီပြီကြီးဆိုနိုင်၏၊ ဖြေးဖြေး လေးလေးကြီး ဆိုနိုင်၏၊ တစ်မြို့လုံး တစ်ရွာလုံး ယောကျ်ား မိန်းမ အကုန် ဖတ်ရွတ်နိုင်၏၊ ထို့ကြောင့် မဟာသမယသုတ်, ဥပ္ပါတသန္တိကျမ်း ကြီးများ သည် ကပ်ဥပဒ်ဆိုက်လာမှ ရှာ၍မနှေးကြရအောင် ယခုအခါ စာအုပ်ပြု လုပ်ပြီးလျှင် အိမ်တိုင်းမှာ ရှိနေကြစေဘို့ကောင်းလှ၏၊ မိမိလည်း ဖတ်ကြရမည်၊ ရဟန်းသံဃာတော် များကိုပင့်၍ အိမ်မှာရှိကြသော မိမိတို့ စာနှင့်ဖတ်စေကြရမည်၊ စာနှင့်ဖတ်ကြရာ၌လည်း ချောချော ညက်ညက် သွက်သွက်ကြီးသွား စေရမည်။

မိမိတို့အရပ်၌ ကပ်ဥပဒ်နှင့် ကြောင့်ကြမကင်း ရှိနေကြသော အခါနေဝင်လျှင်တိုက်အိမ် မြင့်မြင့်ပေါ်ကနေ၍ တစ်ညဉ့်လုံး ဖတ်ရွတ်ဖို့ လျော်လှ၏၊ ထို့အတူ ဗြဟ္မဇာလသုတ်ကြီး, ပဋ္ဌာန်း ပါဠိတော် ကြီးများ ကိုလည်း ဖတ်ကြ ကုန်ရမည်၊ ရဟန်းသံဃာတော်များကိုပင့်၍ စာနှင့်ဘတ် ကြစေရမည်။

အာဋာနာဋိယသုတ်ကြီးကိုဖတ်လျှင် ဘီလူးသားဘက်တို့ မုန်း တတ်သည်ဟု ဆင်ခြင်ကြကုန်၏၊ အကြောင်းမူကား ထိုသုတ်၌ ဘီလူး သားဘက်တို့ကို အစိုးရသော နတ်မင်းကြီး, နတ်စစ်သူကြီးတို့ အများ ပါရှိ၏၊ ဘီလူးသဘက်တို့ကို ခြိမ်းခြောက်ကြိမ်းဝါးသော စကားမျိုး များလည်းပါရှိ၏၊ ပရိတ်ကြီး တစ်စောင်းလုံးလည်း အန္တရာကင်း ရွတ်ဖို့ ချည်းဖြစ်၏၊ လောက၌ရှိကြကုန်သော ဓာရဏပရိတ်, ဆဒိသာပါလ သုတ်, ရတနာရွှေချိုင့်, အတွင်းအောင်ခြင်း, အပြင် အောင်ခြင်းများလည်း ကပ်ဥပဒ် ကင်းလွတ်ဖို့ ချည်းသက်သက်ဖြစ်၏။

စက်ကြီး ၁၃-ပါးသည် ပလိပ်ကပ်ရောဂါမှာ လူမမာ၏ ခေါင်း ရင်း ကထိုင်၍ ဒေါသသံ မာနသံ ပါပါနှင့် အခေါက်ပေါင်း များစွာရွတ်၍ ပျောက်ငြိမ်းသူကို တွေ့ဖူး၏၊ ပလိပ်ရောဂါ ဖြစ်နေသူကို ဓားလက်နက် ဝိုင်းအံပြီးလျှင် အထက်၌ ဖော်ပြခဲ့ပြီးသော သုတ္တန်ကြီး, ပရိတ်တော်ကြီး, ဂါထာတော်ကြီးများကို ရဟန်းအများ, လူအများတို့ဝန်းဝိုင်း၍ ဖတ်ကြရာ ၏၊ လူနာကိုရှေ့ထား၍ပရိတ်တော်, ဂုဏ်တော်, ဂါထာမန္တရားများကို ဖတ်ရွတ်ကြရာ၌ ငါ၏နှုတ်မှ ထွက်သမျှကုန်သော အက္ခရာတို့သည် လူနာ၏ ကိုယ်တွင်းသို့ အကုန်ရောက်စေမည်ဟု လူနာ၏ ကိုယ်ခန္ဓာကို အာရုံစူးစိုက်၍ စိတ်မာန်တင်းတင်းနှင့် ရွတ်ဖတ်ကြရမည်။

ဩောင်း ၉-တန်ဂါထာ, ဥဏ္ဏလုံဂါထာများလည်း လောက၌ အန္တရာယ်ကင်းအရာမှာထင်းရှား၏၊ အာဋာနာဋိယသုတ်ကြီးကို လူနာ၏ ခေါင်းရင်း၌ တင်းရင်းစွာဘတ်၍ ပျောက်ငြိမ်းသည်ကို တွေ့ဘူး၏၊ ထင်ရှားရှိ၏ဆိုသော်လည်း နဂိုကယုံကြည်အားကိုး စွဲမြဲထားသော သူတို့ မှာသာ ထင်းရှားသည်၊ အန္တရာယ်တွေ့မှ ရွတ်ဖတ်ကြသော သူတို့မှာ ယုံကြည်စွာစိတ်ချ၍ မပျောက်လျှင် ငါမထဟု မာနနှင့်ရွတ်နိုင်မှ ထင်းရှား မည်၊ ဘီလူးသဘက်တို့သည် မခံနိုင်အံ့ရှိခဲ့လျှင် သူနာကို လုပ်ရှား အောင် ပြု၍ ရွတ်မှုကို နှောင့်ယှက်တတ်ကုန်၏၊ အခြေမပျက် ရွတ်ကြရမည်။

ကပ်ရောဂါ ပျောက်ဖူးသည့်အရပ်များ ပြီး၏၊

-----*---

၁၁-ဂါထာ, အင်း, ဆေးအမျိုးမျိုး

ကွယ်ကာရန် ဂါထာကြီးများ

- သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။

အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။

- နာညတြ ဗောဇ္ဈ တပသာ၊ နာညတြိန္ဒြိယ သံဝရာ။ နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတ္ထိံ ပဿာမိ ပါဏိနံ။

[အရပ်-၈ မျက်နှာတို့၌ ညတိုင်း ၃-ထပ်စီကျအောင်ရွတ်၍ အိမ်ရာ ဝင်းခြံ အကာအရံ ပြုလေ၊ ထန်းရွက်၌ရေး၍အိမ် ၄-ထောင်မှာဆွဲ၊ အိမ်တံခါး ပေါက်မှာ အထက်ကဆွဲ၍ထား]

နှစ်ကျိပ်ရှစ်ဆူဂါထာတော်ကြီး

တဏှင်္ကရော မေဓင်္ကရော သရဏင်္ကရော ဒီပင်္ကရော ကောဏ္ဍညော မင်္ဂလော သုမနော ရေဝတော သောဘိတော အနောမဒဿီ။။ [ ၁၀-ဆူ]

ပဒုမော နာရဒေါ ပဒုမုတ္တရော သုမေဓော သုဇာတော ပီယဒဿီ အတ္ထဒဿီ ဓမ္မဒဿီ သိဒ္ဓတ္ထော တိဿော။ [၂၀-ဆူ]

ဖုဿော ဝိပဿီ သိခီ ဝေဿဘူ ကကုသန္ဓော ကောဏာ ဂမနော ကဿပေါ အမှာကံ ဘဂဝါ။။ [၂၈-ဆူ]

- ဣမေသွာဟံ ဘိဝန္ဒာမိ၊ နိစ္စံ တိဋ္ဌန္တု မေ သီသေ။

အဋ္ဌဝီသတိ သမ္ဗုဒ္ဓါ၊ ဣဒ္ဓိမန္တော ဇုတိန္ဓရာ။

- ဣဒ္ဓိယာ ဇုတိယာ တေသံ၊ အန္တရာယာ သမေန္တု မေ။

သဗ္ဗေ ဒူရေ ပလာယန္တု၊ ပိသာစာ ယက္ခ ရက္ခသာ။

[နှစ်ကျိပ်ရှစ်ဆူဂါထာ၊ မိန်းမတို့မှာ သဗ္ဗေဒူရေ-ချီသော နောက်ပိုင်းကို မကျက်နှင့်]

ဂါထာအနက်များ

တဏှင်္ကရော=တဏှင်္ကရာမြတ်စွာဘုရားလည်းကောင်း၊ မေဓင်္ကရော= မေဓင်္ကရာမြတ်စွာဘုရားလည်းကောင်း၊ သရဏင်္ကရော= သရဏင်္ကရာမြတ်စွာဘုရားလည်းကောင်း၊ ဒီပင်္ကရော=ဒီပင်္ကရာမြတ်စွာ ဘုရားလည်းကောင်း၊ ကောဏ္ဍညော=ကောဏ္ဍညမြတ်စွာဘုရား လည်းကောင်း၊ မင်္ဂလော=မင်္ဂလာမြတ်စွာဘုရားလည်းကောင်း၊ သုမနော= သုမနမြတ်စွာဘုရားလည်းကောင်း၊ ရေဝတော= ရေဝတမြတ်စွာ ဘုရား လည်းကောင်း၊ သောဘိတော=သောဘိတမြတ်စွာဘုရား လည်းကောင်း၊ အနောမဒဿီ=အနောမဒဿီ မြတ်စွာဘုရားလည်းကောင်း။။[၁၀-ဆူ]

ပဒုမော=ပဒုမမြတ်စွာဘုရားလည်းကောင်း၊ နာရဒေါ=နာရဒ မြတ်စွာဘုရားလည်းကောင်း၊ ပဒုမုတ္တရော=ပဒုမုတ္တရမြတ်စွာဘုရား လည်းကောင်း၊ သုမေဓော=သုမေဓမြတ်စွာဘုရားလည်းကောင်း၊ သုဇာတော=သုဇာတ မြတ်စွာဘုရားလည်းကောင်း၊ ပီယဒဿီ=ပီယဒဿီ မြတ်စွာဘုရားလည်းကောင်း၊ အတ္ထဒဿီ=အတ္ထဒဿီ မြတ်စွာဘုရား လည်းကောင်း၊ ဓမ္မဒဿီ=ဓမ္မဒဿီမြတ်စွာဘုရားလည်းကောင်း၊ သိဒ္ဓတ္ထော=သိဒ္ဓတ္ထမြတ်စွာဘုရားလည်းကောင်း၊ တိဿော=တိဿ မြတ်စွာဘုရားလည်းကောင်း။။[၂၀-ဆူ]

ဖုဿော=ဖုဿမြတ်စွာဘုရားလည်းကောင်း၊ ဝိပဿီ=ဝိပဿီ မြတ်စွာဘုရားလည်းကောင်း၊ သိခီ=သိခီမြတ်စွာဘုရားလည်းကောင်း၊ ဝေဿဘူ=ဝေဿဘူမြတ်စွာဘုရားလည်းကောင်း၊ ကကုသန္ဓော= ကကုသန်မြတ်စွာ ဘုရားလည်းကောင်း၊ ကောဏာဂမနော=ကောဏာဂုံ မြတ်စွာဘုရားလည်းကောင်း၊ ကဿပေါ=ကဿပမြတ်စွာဘုရား လည်းကောင်း၊ အမှာကံ=အကျွန်ုပ်တို့၏၊ ဘဂဝါ=အရှင်ဂေါတမ မြတ်စွာ ဘုရားလည်းကောင်း။။ [၂၈-ဆူ]

ဣမေ=ဤနှစ်ကျိတ်ရှစ်ဆူကုန်သော သုံးလူ့ထွတ်ထား သဗ္ဗညု မြတ်စွာဘုရားတို့ကို၊ သော အဟံ=ထိုအကျွန်ုပ်သည်၊ အဘိဝန္ဒာမိ=အလွန် ရိုသေစွာရှိခိုးပါ၏၊ မေ=အကျွန်ုပ်၏၊ သီသေ=ဦးခေါင်း၌၊ နိစ္စံ=အမြဲ၊ တိဋ္ဌန္တု=ကိန်းဝပ်တည်နေတော်မူကြပါစေကုန်သတည်း။

အဋ္ဌဝီသတိ သမ္ဗုဒ္ဓါ=နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရား တို့သည်၊ ဣဒ္ဓိမန္တော=စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကြိုးမျှ တန်းခိုး တော် အပေါင်းတို့နှင့်လည်း ပြည့်စုံတော်မူကြပါကုန်၏၊ ဇုတိန္ဓရာ= စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကြိုးမျှ တန်ခိုးရှိန်ဝါ စက်အာဏာ တို့ကိုလည်း ကောင်းစွာစိုက်ထူ ဆောင်တော်မူကြပါပေကုန်၏၊ တေသံ= ထိုနှစ်ကျိပ် ရှစ်ဆူကုန်သော မြတ်စွာဘုရားတို့၏၊ ဣဒ္ဓိယာ= စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကြိုးမျှ တန်ခိုးတေဇော် အာနုဘော်ကြောင့်လည်း ကောင်း၊ ဇုတိယာ=စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကြိုးမျှ တန်ခိုးရှိန်ဝါ စက်အာဏာကြောင့်လည်းကောင်း၊ မေ=အကျွန်ုပ်အား၊ အန္တရာယာ= ခပ်သိမ်းသော ဘေးဒဏ်ရန်မာန် အန္တရာယ်အပေါင်းတို့သည်၊ သမေန္တု= မငြိမတွယ် ပျောက်ပြယ် ကင်းငြိမ်းကြပါစေကုန်သတည်း။

သဗ္ဗေ=အလုံးစုံကုန်သော၊ ပိသာစာ=မြေထဲခိုအောင်း မြေမှ ချောင်းသည့် မကောင်းညစ်ညူး မြေဘီလူးတို့သည် လည်းကောင်း၊ သဗ္ဗေ= အလုံးစုံကုန်သော၊ ယက္ခာ=မြို့ပြင်မြို့တွင်း ကုန်းကျင်းသစ်ပင် ဥမင်လိုဏ် ခေါင်း ဂူကျောင်းဇရပ် လူမစပ်သည့် အရပ်အထွေထွေ ကုန်းမှာနေ အောင်း ကုန်းမှချောင်းသည့် မကောင်းညစ်ညူး ကုန်းဘီလူးတို့သည် လည်းကောင်း၊ သဗ္ဗေ=အလုံးစုံကုန်သော၊ ရက္ခသာ=ပင်လယ် မြစ်တွင်း အိုင်အင်းထွေထွေ ရေမှာနေအောင်း ရေမှ ချောင်းသည့် မကောင်းညစ် ညူး ရေဘီလူးတို့လည်းကောင်း၊ ဒူရေ=ငါတို့အိမ်ရာ ငါတို့ရွာမှ ဆုတ်ခွါ ရှောင်ရှား ဝေးသော အရပ်တစ်ပါးသို့၊ ပလာယန္တု=အလျင်မနှေး ပြေးကြ စေကုန်သတည်း။

[မိန်းမတို့မှာ သမေန္တု-အနက်ဆုံးရုံကျက်၊ ဘုရားရှိခိုးလုပ်၍ နေ့စဉ်ရွတ်]

၁။ ကပ်ဥပဒ်ရှိခဲ့သော် အိမ်ရာဝင်လျှင် မြင်ရာအရပ်မှ မတ်တတ် ရပ်လျက် အရှေ့သို့မျက်နှာမူ၍ ''ပုရတ္ထိမာယ ဒိသာယ တဏှင်္ကရော'' စသည်ဖြင့် ဆုံးအောင်ရွတ်။

၂။ ထို့နောက် အရှေ့တောင်သို့ မျက်နှာမူ၍ ''ပုရတ္ထိမာယ အနုဒိသာယ တဏှင်္ကရော'' စသည်ဖြင့် ဆုံးအောင်ရွတ်။

၃။ ထို့နောက် တောင်သို့မျက်နှာမူ၍ ''ဒက္ခိဏာယ ဒိသာယ တဏှင်္ကရော'' စသည်ဖြင့်ရွတ်။

[ဤနည်းအတိုင်း အရှေ့မြောက်တိုင်အောင် လှည့်လည်၍ရွတ်၊ မိမိတို့ တိုက်, အိမ်, ဝင်း, ခြံ, ကျောင်း, ကန်, ပရဝုဏ်တို့ကို တံတိုင်း ၃-ထပ် ကာရံဘိ သကဲ့သို့ ရှိစေရန်ပါဠိကို ၈-ခေါက် သုံးပြန်ဘတ်ရမည်။ စိတ်မာန် တင်းတင်း အသံပြင်းပြင်းရွတ်။]

ဘုရား ၇-ဆူစက်ဂါထာကြီး

၁။ ဝိပဿီ ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဉာဏော အနန္တဂုဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

၂။ သိခီ ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဉာဏော အနန္တဂုဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

၃။ ဝေဿဘူ ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဉာဏော အနန္တဂုဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

၄။ ကကုသန္ဓော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တ ပုညော အနန္တဉာဏော အနန္တဂုဏော အနန္တတေဇော အနန္တ ဣဒ္ဓိ အနန္တဇုတိ။

၅။ ကောဏာဂမနော ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဉာဏော အနန္တဂုဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

၆။ ကဿပေါ ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဉာဏော အနန္တဂုဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

၇။ အမှာကံ ဗုဒ္ဓေါ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနန္တပုညော အနန္တဉာဏော အနန္တဂုဏော အနန္တတေဇော အနန္တဣဒ္ဓိ အနန္တဇုတိ။

သတ္တိမေ ဗုဒ္ဓါ ဘဂဝန္တော အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အနန္တ ပုညာ အနန္တဉာဏာ အနန္တဂုဏာ အနန္တတေဇာ အနန္တဣဒ္ဓိမန္တာ အနန္တဇုတိမန္တာ၊

မယှံဒီပါ၊ မယှံနာထာ၊ မယှံပတိဋ္ဌာ၊ မယှံတာဏာ၊ မယှံ လေဏာ၊ မယှံပဋိသရဏာ။

၁။ အနန္တပုညာ ဗုဒ္ဓါ ဘဂဝန္တော အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အနန္တေဟိ ပုညစက္ကေဟိ မံ ရက္ခန္တု။

၂။ အနန္တဉာဏာ ဗုဒ္ဓါ ဘဂဝန္တော အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အနန္တေဟိ ဉာဏစက္ကေဟိ မံ ရက္ခန္တု။

၃။ အနန္တဂုဏာ ဗုဒ္ဓါ ဘဂဝန္တော အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အနန္တေဟိ ဂုဏစက္ကေဟိ မံ ရက္ခန္တု။

၄။ အနန္တတေဇာ ဗုဒ္ဓါ ဘဂဝန္တော အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အနန္တေဟိ တေဇစက္ကေဟိ မံ ရက္ခန္တု။

၅။ အနန္တဣဒ္ဓိမန္တာ ဗုဒ္ဓါ ဘဂဝန္တော အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အနန္တေဟိ ဣဒ္ဓိစက္ကေဟိ မံ ရက္ခန္တု။

၆။ အနန္တဇုတိမန္တာ ဗုဒ္ဓါ ဘဂဝန္တော အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အနန္တေဟိ ဇုတိစက္ကေဟိ မံ ရက္ခန္တု။

ကတာ မေ ရက္ခာ၊ ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ၊ သောဟံ နမော ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

ပဋိစ္စသမုပ္ပါဒ ပဋိလောမပါဠိ

အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရ နိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏ နိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတန နိရောဓာ ဖဿ နိရောဓော၊ ဖဿနိရောဓာ ဝေဒနာ နိရောဓော၊ ဝေဒနာ နိရောဓာ တဏှာ နိရောဓော၊ တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါန နိရောဓာ ဘဝ နိရောဓော၊ ဘဝ နိရောဓာ ဇာတိ နိရောဓော၊ ဇာတိ နိရောဓာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။

ဟူသော ပါဠိတော်သည် ပယောဂအရာတွင် ကောင်းလှ သည်ဟူ၏၊ မိမိတို့အိမ်၌ သောက်ရေများကို အခေါက်များစွာ မန်း၍ထား ရမည်။

သရဏဂုံအင်း

သံ ဂုံ သံ ဂုံ သံ ဂုံ ဗု ရ စ္ဆာ ဓ ရ စ္ဆာ သံ ရ စ္ဆာ [၁] ဂ ဒ္ဓံ [၂] ဂ မ္မံ [၃] ဂ ဃံ သ မိ ဏံ သ မိ ဏံ သ မိ ဏံ ပ မ ပ မ ပ မ

[သံ-ဂုံ- ပ- မ-ကို အင်း ၄-ထောင့်မှာရံ ]

[၎င်း အန္တရာယ်ကင်း သရဏဂုံအင်းကို တနင်္ဂနွေအိမ်မှ စ၍ မြင်းသွားချ၊ အလယ်ကွက်၌ မိမိနံဂဏန်းကိုရေး၊ မှိုင်းကိုင်စက္ကူ၌ ညီညွတ်သန့်ရှင်းစွာရေး၍ ပြာချပြီးလျှင် ရေနှင့်ရော၍ တစ်နေ့ တစ်ခါသောက်၊ သက်စေ့သောက်မိလျှင် ဘီလူး, သဘက်တို့ မချဉ်းနိုင်ပြီ၊ များများသောက်နိုင်လေ တန်ခိုးကြီးလေဟူ၏။

ကပ်ဥပဒ်ရှိခဲ့သော် ရှမ်နီချည်ကို နှစ်ကျိပ်ရှစ်ဆူဂါထာ, ၇-ဆူစက်ဂါထာ တို့နှင့် ၇-ခေါက်စီမန်း၍ ၎င်းအင်းကိုလိပ်၍ လည်ဖွဲ့,လက်ဖွဲ့, လုပ်ပြီးလျှင် ပရိတ်ချည်ကြိုးနှင့်သီ၍ ပျိုရွယ်သူတို့၏ လည်ပင်း, လက်ကောက်ဝတ်၌ ခြည်၍ ဆောင်၊ ရွှေပြား, ငွေပြားတို့၌လည်း ပြုလုပ်ရ၏၊]

ဗောဓိပက္ခိယအင်း

၄ ၅ ၈ စတ္တာရော သတိပဋ္ဌာနာ၊ စတ္တာရော ၇ ၁ ၄ သမ္မပ္ပဓာနာ၊ စတ္တာရော ဣဒ္ဓိပ္ပါဒါ၊ ၄

ပဉ္စိန္ဒြိယာနိ၊ ပဉ္စဗလာနိ၊ သတ္တဗောဇ္ဈင်္ဂါနိ၊ အဋ္ဌ မဂ္ဂင်္ဂါနိ၊ နဝ လောကုတ္တရာ ဓမ္မာ၊ မဇ္ဈေ ဧကော သမ္မာသမ္ဗုဒ္ဓေါ။

[ဤပါဠိကိုရွတ်ဆို၍ တနင်္ဂနွေဒေါင့်ကစချ၊ အထက် အင်းနည်း အတိုင်း စီရင်၍ဆောင်၊ အကာအကွယ် ကောင်းလှသည်ဟူ၏၊]

အဋ္ဌာရသအင်း

၇ ၆ ၃ ၂ ဋ သ ည က

၃ ၂ ၇ ၆ ည က ဋ သ

၆ ၇ ၂ ၃ သ ဋ က ည

၂ ၃ ၆ ၇ က ည သ ဋ

ဥုံ၊ ဘုမ္မိ၊ နေ၊ လ၊ စက္ကံ၊ သွားဟ။

[၎င်းမန္တာန်နှင့်ချည်ကို ၃၇-ခေါက်မန်း၍ ပရိတ်ချည်လုပ်၊ ခဲပြား၌ဖြစ်စေ, ထန်းရွက်၌ဖြစ်စေ ၎င်းအင်းကိုရေး၍ စီရင်ပြီးလျှင် ၎င်းချည်ကြိုးနှင့် ခြေချင်းဝတ်မှာ ဖွဲ့ချည်လေ။ ]

အဋ္ဌာရသနှာဖေါ်နည်း

၎င်းအင်း၌ အထက်တန်းဂဏန်းအရ အဋ္ဌာရသနှာဖေါ် နည်းကား

၁။ ဒုတ္ထာ,

၂။ ဟင်းရိုင်း,

၃။ ဆေးဒန်း,

၄။ ကန့်,

၎င်း ၄-ပါး အမျှစီ ညက်စွာကြိတ်၍ထား၊ ပလိပ်ရောဂါ ဖြစ်ပွား သူကို နှာခေါင်းတွင်း၌ လက်ပံမှို့စေ့ခန့် ပေါက်အောင်မှုတ်။

၎င်းနှာဖေါ်ပုံ တစ်နည်း

၁။ ဒုတ္ထာ -၇- မူး။

၂။ ဟင်းရိုင်း -၆-မူး။

၃။ ဆေးဒန်း -၃-မူး။

၄။ ကန့်-၂-မူး။

၎င်းအတိုင်းစုဖေါ်၍ အထက်နည်းအတိုင်းပြုလေ။

မျက်စဉ်းနည်း

၁။ စိန်,

၂။ ဆေးဒန်း,

၃။ ကန့်,

၄။ ဇဝက်သာ,

၅။ ဒုတ္ထာ,

၆။ ဟင်းရိုင်း,

၇။ လက္ချား,

၎င်း ၇-ပါးအမျှစီ အလွန်ညက်စွာ ကြိတ်ပြီးလျှင် ဗူး ပုလင်းမှာ ထည့်၍ထား၊ ပလိပ်ရောဂါ ကပ်ရောက်သူမှာ တောင်လုံးကျော်မြစ်ကို သွေးပြီးလျှင် ၎င်းအရည်နှင့် ၇-ပါးဆေးကို နည်းနည်းထည့်၍ မျက်စဉ်း ခဏခဏခတ်။

[၎င်းသတ္တက္ခတ္တုံဆေးများကို စုဖော်၍ တိုက်တွင်း အိမ်တွင်းများ၌ မီးခိုးမှိုင်း တိုက်လျှင်ကောင်းသည်ဟူ၏၊ ပြဆိုခဲ့ပြီးသော ဆေးနည်းများကို ရောဂါ မရောက်မီ တင်ကူး၍ စုဖေါ်ပြီးလျှင် ကိုယ်မှာအမြဲ ဆောင် ထားကြရမည်။]

စ- ဓ- ဗ- ဝ အင်း

တေ ဇ ၎င်းအင်းကို စ ဓသု တစ်ခါတည်း ပြီးအောင် ရေးရမည်၊ ကွမ်း ၃-ရွက်မှာ

တစ်အင်းစီချ၊ ၎င်းအရံ ဂါထာနှင့် ကွမ်းရွက်ကို ၃၇-အုပ် မန်း၊ ၎င်းကွမ်းရွက်ပြုတ်ရည် ကိုတိုက်၊ ပျောက်နေကြဟူ၏။

[အထက်အင်းများကိုလည်း ဤနည်းတူပြု၍တိုက်လေ။]

ငန်းဆေးနည်း

၁။ ဒေါက်ရပ်မြစ်,

၂။ ဧကရာဇ်မြစ်,

၃။ ညောင်နီမြစ်,

၎င်း ၃-ပါးအမျှစီ အလွန်ညက်စွာပြု၍ထား၊ ပလိပ်ရောဂါ ကပ်ရောက်သူကို အထက်အင်းပြာများထည့်၍ နိုင်နိုင်တိုက်၊ ညှော်နံ, အစာမှား, ရေချိုးမှား, အပြင်းဖျားဟူသမျှပင် ကောင်းသည်ဟူ၏၊

နဝင်းငန်းဆေး တစ်နည်း

၁။ ဆင်ငိုမြက် ၅-ကျပ်။

၂။ သနပ်ခါးခေါက် ၅-ကျပ်။

၃။ ကွမ်းရွက် ၅-ကျပ်။

၄။ ကျပ်ခိုး ၁-ကျပ်။

၅။ ဆား ၁-ကျပ်။

၆။ ဂျင်း ၅-မူး။

၇။ ကွမ်းစားဂမုန်း ၅-မူး။

၈။ နံနွင်း ၅-မူး။

၉။ လေးညှင်း ၁-မူး။

၎င်း ၉-ပါးကို ရေကျပ်ချိန် ၅၀-ခန့်နှင့် ထက်ဝက်မျှ ကျန် အောင်ကျို၍ လက်ဖက်ရည်သောက်သကဲ့သို့ ပူပူသောက်၊ မျက်နှာကို ဆေးအခိုးရိုက်စေရမည်၊ ပျောက်နေကျဟူ၏၊

လျှာပွတ်ဆေးနည်း

၁။ ငရုတ်မိုးမျှော်,

၂။ နံနွင်းစိမ်း,

၃။ ကျပ်ခိုး,

ဤ ၃-ပါးအမျှစီ အလွန်ညက်စွာကြိတ်၊ ပလိပ်ရောဂါ ကပ် ရောက်သူမှာ လျှာလိပ်ဝင်၍ သွားမည်ရှိခဲ့လျှင် ၎င်းဆေးမှာ ဆားအနည်း ငယ်ထည့်၍ လျှာရင်းကို နာနာပွတ်လေ။

မှာထားချက်

ပလိပ်ရောဂါ, ဝမ်းရောဂါ ကပ်ရောက်သူ၏ ခေါင်းရင်း၌ ထိုင်ပြီးလျှင် နှစ်ကျိပ်ရှစ်ဆူဂါထာကြီး, ၇-ဆူစက်ဂါထာကြီးများကို စိတ်မာန် ထန်ထန်နှင့် အခေါက်ပေါင်းများစွာ ရွတ်ရမည်၊ နှုတ်လွတ် မရလျှင် စာကို တွင်တွင်ဖတ်ရမည်၊ အများဝိုင်းအုံ၍ ဖတ်ကြလျှင် သာ၍ကောင်း၏၊ အထက်၌ ဖော်ပြခဲ့သော အဋ္ဌာရသ နှာဆေး, သတ္တက္ခတ္တုံ မျက်စဉ်းဆေးတို့ကို ကိုယ်၌ အမြဲဆောင်ထားကြရမည်၊ ရေနှင့်ဖျော်၍ တိုက်တွင်း အိမ်တွင်းမှာ ပက်ဖျန်း၍ ထားကြရမည်။

[ဤစာအုပ်၌ ထုတ်ဖေါ်၍ပြဆိုခဲ့သော ဂါထာမန္တရား, ဆေးဝါး, အင်းအိုင်စုကား အလွန်ညံ့ဖျင်းလှသောသူတို့ပင် သိမှတ်ပြုလုပ်နိုင်ရန် လွယ်လှ၏၊ ပျောက်လည်း ပျောက်ငြိမ်းဖူးလှလေပြီဟု ပြောဆိုကြသော နည်းလမ်းများပေတည်း။]

အဖျားအနာမရှိဘဲ အစ၌မူးဝေခြင်း, နောက်၌ အလွန် အိပ်ချင်ခြင်းဖြစ်၍ အိပ်ရာမှာ သေဆုံးတတ်သော ပလိပ်ရောဂါတစ်မျိုး ဖြစ်လာခဲ့သော် သူနာကို မအိပ်စေမူ၍ ပြဆိုခဲ့ပြီးသော နှာဆေး, မျက်စဉ်းဆေး, လျှာပွတ်ဆေး, ငန်းဆေးတို့နှင့် နိုင်နင်းစွာ ကုသလျှင် ပျေက်ငြိမ်း၏။

[ဘီလူး သားဘက် အစိမ်းသူရဲတို့ကို အစာကျွေး၍ ကုသခြင်း၏ အကြောင်း အရာကို ဖော်ပြပေအံ့၊ အထူးဂရုစိုက်၍ ကြည့်ရူ မှတ်သားရန် အချက်ကြီး ပေတည်း။]

ပယောဂထုတ်နည်း

ကပ်ရောဂါမျိုးမည်သည် ဘီလူးသားဘက် အစိမ်းသူရဲတို့ကြောင့် သက်သက်ဖြစ်၏၊ လူနာ၏ ကိုယ်တွင်း၌ ရောက်နေသော ပယောဂကို ထုတ်နိုင်မှ ဆေးကိုကုရမည်၊ မထုတ်နိုင်လျှင် ဆေးကု၍ မရ။

ပယောဂကို ထုတ်မှုသည်

၁။ အစားကျွေး၍ ထုတ်နည်း,

၂။ ပရိတ်တော်, ဂုဏ်တော်, ဂါထာမန္တရား, ဆေးဝါး, အင်းအိုင် တို့ကိုပြုလုပ်၍ ထုတ်နည်း,

၃။ တန်ခိုးကြီးသော နတ်များကို တိုင်ကြား အပ်နှံ၍ ထုတ် နည်း,ဟူ၍အမျိုးမျိုးရှိ၏၊ ဘယ်နည်းမျိုးနှင့်ပင် ထုတ် သော်လည်း အစာပေးမှုကို မလွှတ်ကြရကုန်။

အကြောင်းပြချက်

အကြောင်းမူကား သည့်ပြင်နည်းလမ်းစုမှာ နိုင်နင်းအောင် လုပ်နိုင်ကြပါလျှင် တော်၏၊ မနိုင်နင်းလျှင် သာ၍ဆိုးတတ်၏၊ ကျွဲ ၂- ကောင်ခတ်ရာ၌ မြေစာမြက် မခံနိုင် ဆိုဘိသကဲ့သို့ လူနာမခံနိုင်ရှိတတ် သည်၊ အစာပေးမှုသည်ကား အလုပ်လည်းလွယ်၏ တစ်ခါမြင်ဖူး ကြားဖူးရလျှင် လူတိုင်းလုပ်တတ်ကြ၏၊ ပယောဂများနှင့်လည်း ကျေ လည်၏။

ထို့ကြောင့်ပလိပ်ရောဂါဖြစ်စေ, ဝမ်းရောဂါဖြစ်စေ, တစ်စုံ တစ်ယောက်သောသူမှာ ဖြစ်လာခဲ့သော် သိလျှင်သိခြင်း ဆန်များနှင့် လျှင်မြန်စွာ ကိုးပြီးလျှင် ထိုဆန်ကိုပင် အမြန်ချက်၍ အမြန် ကျွေးမွေးကြ ကုန်ရမည်၊ အကိုးအကျွေးနောက်ကျ၍ သူတို့အမှုက လက်လွန်ခဲ့လျှင် ကျွေးမွေး ကုသသော်လည်း မရနိုင်ရှိတတ်သည်၊ ကုသ၍ရပါသော်လည်း လူနာအလွန်ပင်ပန်းပြီးမှရတော့သည်၊ သတိထားကြလေကုန်။

နှိုင်းယှဉ်ချက်

ဥပမားကား- မြွေဆိုးကိုက်သောသူမှာ မြွေဆိတ်၏ အမှုထက် ပယောဂတို့၏ အမှုသည် သာ၍ခက်၏၊ ပယောဂကိုထုတ်နိုင်မှ ဆေးကု လို့ရသည်ဟု အများသိကြ၏၊ မြွေကိုက်သောသူထက်ပင် ဤကပ်ရောဂါ ဖြစ်သူတို့မှာ ပယောဂတို့၏ အမှုသက်သက်ဖြစ်ခဲ့၍ ပယောဂအချက် အလွန်အားကြီးလှ၏၊ လူနာတစ်ယောက်မှာပင် ပယောဂများ ဝိုင်းဝန်းလျက်ရှိတတ်ကြ၏၊ ဝမ်းရောဂါ ပယောဂတို့ထက် ပလိပ်ရောဂါ ပယောဂ တို့သည် သာ၍ တန်ခိုးကြီးကြကုန်၏၊ တော်တော် တန်တန် ပရိတ်ရွတ်မှု, ဂုဏ်တော်ရွတ်မှု, ဂါထာ မန္တရား ဆေးဝါး, အင်းအိုင်မှုများကို မထီကြကုန်၊ တော်တော်တန်တန် မြို့စောင့်နတ်, ရွာစောင့်နတ်, အိမ်စောင့်နတ်များတို့သည် သူတို့ကို မနိုင်ကြကုန်၊ လူတို့အလုပ်မှာ ကူညီရုံမျှသာ တတ်နိုင်ကြကုန်၏၊ တန်ခိုးကြီးလှသော မြို့စောင့်နတ်, ရွာစောင့် နတ်များတို့မှသာ နိုင်ကြကုန်၏၊ နိုင်ကြကုန်သော်လည်း သူတို့ကို ရိုသေသူကိုမှ ကြည့်ရှုကြကုန်၏၊ ရိုသေသူပင် ဖြစ်သော်လည်း သူတို့ကို အတိုင်အကြား နောက်ကြ၍ ကျွန်လွန်ပြီးမှ သိကြပြန်လျှင် မတတ်နိုင် ကြကုန်ပြီ။

ထို့ကြောင့်ကပ်ရောဂါ ဖြစ်တတ်ကြရာ မြို့ရွာသူ မိန်းမတို့သည် မြို့စောင့်နတ်, ရွာစောင့်နတ်, အိမ်စောင့်နတ်, ဝင်းတွင်း ခြံတွင်းရှိ ရုက္ခစိုး နတ်များကို သတင်းကြီးနေ့များတို့၌ ထမင်းဦး, ဟင်းဦး, မုံ့ဦး, ပဲဦး, သစ်သီး, ပန်းမလ်, ဆေးကွမ်း, လက်ဖက်ဦးများတို့နှင့် တရားသဖြင့် ပူဇော်ပသခြင်း များကို မမေ့မလျော့ကြရကုန်၊ နတ်များတို့ကို တရားသဖြင့် ပသခြင်းသည် သရဏဂုံပျက်သည် မဟုတ်၊ ငါတို့မြတ်စွာဘုရား ချီးမွမ်းတော်မူသော အမှုပင်ဖြစ်သည်၊ တရားကျမ်းဂန်တို့၌ မလိမ်မာသူတို့ နာနာဝါဒ ပြော ဆိုကြသည်များကို နားမယောင်ကြစေနှင့်၊ အသက်အန္တရာယ်ကြီး ဖြစ်သည်။

ကပ်ရောဂါဆိုက်ရောက်ခဲ့သော် အနာမလွန်မီ ဘီလူး သားဘက် တို့အား အစာကျွေးမှုများကို နေ့မဆို-ညမဆို မြန်မြန် ပြုလုပ်နိုင်ကြရန် ဆန်စ, ငွေစ, သားရေစ, မုံ့မှုန့်စများကို အိမ်၌အသင့်ရှိကြစေရမည်၊ အစာ ကျွေးမွေးပုံများကို မေးမြန်း၍ ထားကြရမည်၊ သို့မှ မိမိတို့က ပေါက်ဖွား ကြသော သားငယ်, သမီးငယ်များကို အသက်ရှည်အောင် စောင့်ရှောက် နိုင်ကြကုန်မည်၊ ကောင်းကောင်း သတိထားကြလေကုန်။

အစာကျွေးနည်း

ဆန်တစ်စလယ် တစ်ခွက်ကိုချက်၊ မုံ့မှုန့်ကို ရေနှင့်နယ်၍ လူနာကိုယ်၌ ခြေဖျား ခေါင်းဖျားတိုင်အောင် မုံ့မှုန့်ကိုလှမ်း၊ လူရုပ်လုပ်၊ ထုံးနနွင်းများသုတ်၊ ဖက်ခွက်ကြီး၌ ထမင်းကိုထည့်၊ သားစိမ်း, ငါးစိမ်းများ လည်း တစ်မတ်ဖိုး, ၃-မူးဖိုး ဝယ်၍ ထမင်းပေါ်မှာထည့်၊ မုံ့ရုပ်ကိုလည်း ထည့်၊ သားရေကိုလည်းထည့်၊ လူနာ၏ ဆံပင်, ခြေသည်း, လက်သည်း များကိုလည်း ထည့်၊ လူနာ မျက်နှာစာ၌ ပြ၍ထား။

''အရှင်သူရဲမင်းတို့အား ဤလူနာ၏ ကိုယ်စား ပြု၍ ကောင်းစွာကျွေးမွေးပါသည်၊ လိုက်ကြပါ၊ လာကြပါ စားလှည့်ကြပါ၊ သောက်လှည့်ကြပါ၊ ဝဝ စား၍ ဝေးဝေးသွားကြပါ''

ဟု ၃-ခါဆို၍ ဝင်းပြင် ခြံပြင် လွတ်လပ်ရာ အရပ်၌ ချထား၍ ကျွေးမွေးရမည်။

ညွန်ကြားချက်

မြေစာကျွေးနည်းမှာ-ဆန်နှင့် အမဲစိမ်း, ငါးစိမ်းများကို ရော၍ ဖြုန်းစပ်ကျို၊ ဖက်ခွက်မှာထည့်၊ ယခင်အတိုင်း မုံ့ရုပ်, သားရေ မီးဖုတ် များကိုလည်း ထည့်၊ လူနာ၏ခြေရင်း၌ထား၍ ဆိုမြဲဆို၊ ခြေများ ရွှေ့ရှား၍ လာတတ်၏၊ ဝင်းပြင် ခြံပြင်၌ တစ်မိုက် ၂-မိုက်ခန့်တွင်းတူး၊ အထက် မြေကိုတစ်ပုံ, အောက်မြေကိုတစ်ပုံထား၊ ဖက်ခွက်ကို တွင်း၌ထည့်၊ အထက်မြေကို အလျင်ဖို့၊ အောက်မြေကို နောက်မှဖို့၊ ပို့သူတို့မှာ လက်၌ ဓားကိုင်၍ သွားကြရမည်။

ပြန်၍မဝင်စေခြင်းငှါ လူနာ၏လည်ပင်း, လက်, ခြေတို့၌ အကွယ် အကာ မြန်မြန်လုပ်၍ထား၊ ယောက်ျား ဖြစ်သူတို့က မိမတို့ရရှိ ၍နေသော ''ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ'' အစရှိသော ပရိတ်တော်, ဂုဏ်တော်, ပါဠိတော်, ဂါထာ မန္တရားမျိုးကို အခေါက်များစွာ ရွတ်မန်း၍ ပရိတ်ရေ, ပရိတ်ချည်, မန္တန်ရေ, မန္တန်ချည်များကို ပြုလုပ်ကြလေကုန်၊ ပရိတ်ရေ, မန္တန်ရေ, ပရိတ်ချည်, မန္တန်ချည်များကို ပြုလုပ်ရန် ပရိတ် မန္တန်များကို ရွတ်သော အခါ၌ ငါ၏နှုတ်က ရွတ်သမျှသော အက္ခရာတို့သည် ဤရေထဲ, ဤချည် ထဲမှာ အကုန်ရောက်စေမည်ဟု ရေ, ချည်တို့၌ အာရုံစိုက်၍ စိတ်မာန် တင်းတင်းနှင့် ပြင်းပြင်းရွတ်။

ညအခါ၌ လူနာကိုလွတ်၍ မထားကြရ၊ လူနာနားမှာ ဓားတဝင့် ဝင့်နှင့် စောင့်နေသူတစ်ယောက် ၂-ယောက် အမြဲရှိစေရမည်၊ ညအခါမှာ ဥစ္စာထုပ်ကို သူခိုးချောင်းသကဲ့သို့ လူနာကို ပယောဂတို့က တချောင်း တည်းချောင်းလျက် နေကြကုန်၏၊ သူနာက ဘယ်နေရာမှာ ဘာကြီးကို မြင်ပါသည်ဆိုလျှင် ထိုနေရာကို ဓားနှင့်ယမ်း၊ မီးစနှင့်ယမ်း၊ ဆူးခက်နှင့် ယမ်း၊ ပရိတ်ရေပက်၊ မန္တန်ရေ ပက်၊ ဆေးလိမ်းမှု, ဆေးတိုက်မှုကိုလည်း ညအခါ၌ သာ၍အားထုတ်။

သူနာတို့ ကိုယ်ခန္ဓာမှာ ဘီးလူး သားဘက်တို့က အလျင်ဦးခဲ့လျှင် ပရိတ် မန္တရား, ဆေးဝါး, အင်းအိုင်တို့က မတိုးတည့်နိုင်ကြကုန်ပြီ၊ ပရိတ် မန္တရား, ဆေးဝါး, အင်းအိုင်တို့က အလျင်ဦးခဲ့လျှင် ဘီးလူးသံဘက်တို့က မတိုးတည့်နိုင်ကြကုန်ပြီ၊ ထို့ကြောင့် သူတို့ကို ရှေးဦးစွာ အစာနှင့်မျှား၍ သူနာမှ အပသို့ ထုတ်ကြရမည်။

[မြွေကိုက်နာ, ပလိပ်နာ, ဝမ်းရောဂါ ဤသုံးပါးတို့၌ အစာကျွေး၍ တောထုတ်မှု ကို အမြဲပြုကြကုန်ရမည်။]

သတိပြုရန်

တောထုတ်မှုကို ဂရုမစိုက်ကြကုန်သည့်အတွက် ယခုအခါ၌ သို့ကလောက် သေကြ, ပျောက်ကြကုန်ရသည်၊ နွား, ကျွဲ, မြင်းတို့ နာကြရာ၌လည်း တောထုတ်မှုကို ဂရုစိုက်ကြလေကုန်၊ ပယောဂနှင့် စပ်သော ကြိယာများကို မလိမ်မာသူတို့ ကြားခဲ့, မြင်ခဲ့လျှင် ရယ်ဖွယ် ဖြစ်၏၊ ရယ်သူရှိလျှင် ပြုသူရှက်၍ ပျက်ကွက်သဖြင့် အခွင့်မကျေပဲ အကျိုးနည်း အကျိုးယုတ် ဖြစ်သွားတတ်၏။

နတ်ဆိုးတို့ပြုလုပ်၍ ဖြစ်တတ်သော ကပ်ရောဂါမျိုးမည်သည် နေရာကျ လုပ်တတ်ပါလျှင် တစ်မတ်တန်, ၅-မူးတန်, သာမန်ပြုလုပ် ကာမျှဖြင့်ပင် ပျောက်ငြိမ်းတတ်၏၊ နေရာကျမလုပ်ခဲ့လျှင် တစ်အိမ်လုံး ပြုတ်ပြုတ်ပြုန်းအောင် သေဆုံးတတ်၏၊ ထို့ကြောင့်ဟုတ်-မဟုတ်ကို မုချသိတဲ့နိုင်သော အရာမျိုး၌ ငါမယုံကြည်, ငါအယူမရှိဟု အလေးမပြု ဂရုမစိုက်ပဲ မနေကြရကုန်၊ ဟုတ်လျက်နှင့် မပြုခဲ့သော် တစ်အိမ်လုံး ဒုက္ခဖြစ်ရာ၏၊ ပြုခဲ့သော် တစ်အိမ်လုံးချမ်းသာရာ၏၊ မဟုတ်ဘဲနှင့် ပြုမိသော်လည်း တစ်မတ်တန်, ၅-မူးတန်, တစ်ကျပ်တန်, ၂-ကျပ်တန် ကုန်ကျ၍ အကျိုးမနည်းနိုင်၊ ပညာသတိရှိကြစေကုန်၊ ဤစာအုပ်ကို တွေ့ရှိကြလျှင် ထုတ်ပြခဲ့ပြီးသည့် အန္တရာယ်ကင်းဂါထာ, ဆေးဝါးများကို အမြန်အားထုတ် ပြုလုပ်ပြီးစီး ရှိကြစေရမည်။

ဤမှကြွင်းကျန်သော ဘီလူး သားဘက်တို့ကို နှိမ်နင်းရန်, ကပ်ဥပဒ်မျိုးတို့ကို ပျောက်ငြိမ်းစေနိုင်ရန် အန္တရာယ်ကင်း နည်းလမ်းများ တို့ကိုမူကား အန္တရာယ်ကင်း စာပြန်ပွဲတွင် ပြန်ဆိုကြရန် စီမံချက် စာအုပ် မှာမှ ပြည့်စုံစွာပါရှိလတံ့။

ဂါထာ အင်းဆေး အမျိုးမျိုး ပြီး၏၊

-----*---

၁၂။ ကပ်ကြီး ၃-ပါး အကြောင်း မြတ်စွာဘုရားဟောကြားပုံ

ကပ်ကြီး ၃-ပါးအကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော်မှာ ငါတို့ မြတ်စွာဘုရားဟောကြားတော်မူ၏၊ တရံရောအခါ ဗြာဟ္မဏ မဟာသာ လ တစ်ဦးသည် မြတ်စွာဘုရားအားလျှောက်ထားသည်မှာ''ရှေးရှေးသောအခါ၌ ဤဇမ္ဗူဒီပါကျွန်းသည် လူတို့ဖြင့် အခြားမရှိ သကဲ့သို့ ပြည့်လျက်ရှိ၏၊ နိဂုံး မြို့ ရွာ ရာဇဌာနီ မင်းနေပြည် တို့သည် ကြက်ပျံတကျ နီးစပ်လျက် ရှိကြကုန်၏ဟု ဆရာစဉ်ဆက်တို့ ပြောဆိုကြ သည်များကို ကြားနာဖူးပါသည် ယခုမှာမူကား လူတို့သည် အလွန်ကုန် ပျောက်နည်းပါးလျက် ရှိကြကုန်သည်၊ အဘယ်အကြောင်းကြောင့် ဤမျှ လောက် ကုန်ပျောက်နည်းပါးရပါကုန်သနည်း''

ဟုမြတ်စွာဘုရားအား လျှောက်ထားလေ၏၊ မြတ်စွာဘုရား သည် အကြောင်း ၃-ပါးကို ထုတ်ဖေါ်၍ ဖြေတော်မူ၏၊

အကြောင်း ၃-ပါး

အကြောင်း၃-ပါးဆိုသည်ကား-

၁။ သတ္ထန္တရကပ် တစ်ပါး,

၂။ ဒုဗ္ဘိက္ခန္တရကပ် တစ်ပါး,

၃။ ရောဂန္တရကပ် တစ်ပါး,

ယခုအခါ၌ လူသတ္တဝါတို့သည် အဓမ္မရာဂ, ဝိသမလောဘ, မိစ္ဆာဓမ္မ ဟူသော အယုတ်တရား အားကြီးကြကုန်သောကြောင့် ဤကပ် ဥပဒ်ကြီး ၃-ပါးတို့သည် ကမ္ဘာပေါ်မှာ မကြာမကြာ ပေါ်ပေါက်လာ ကုန်၏၊

ထို ၃-ပါးတို့တွင်

သတ္ထန္တရကပ်

သတ္ထန္တရကပ် ဆိုသည်ကား တစ်ပြည်နှင့်တစ်ပြည် တစ်မြို့နှင့် တစ်မြို့ တစ်ရွာနှင့်တစ်ရွာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြမှု, သတ်ဖြတ်ကြမှုကို ဆိုသတည်း။

ဒုဗ္ဘိက္ခန္တရကပ်

ဒုဗ္ဘိက္ခန္တရကပ်ဆိုသည်ကား မိုးခေါင်သဖြင့် အစာရေစာ ငတ်မွတ် ခေါင်းပါးမှုကို ဆိုသတည်း။

ရောဂန္တရကပ်

ရောဂန္တရကပ် ဆိုသည်ကား လောက၌ ရှိကြကုန်သော ရေဘီ လူး, မြေဘီလူး, ကုန်းဘီလူးတို့၏ ထကြွ သောင်းကျန်းမတို့ကြောင့် ကပ်ရောဂါတို့၏ ဖြစ်ပေါ်မှုကို ဆိုသတည်း။

ဤကပ် ၃-ပါးတို့သည် ကမ္ဘာပေါ်မှာ မကြာမကြာ ဖြစ်ပေါ် လာသဖြင့် လူသတ္တဝါတို့ များစွာသေဆုံး ပြုန်းတီးကြကုန်သည် ဖြစ်၍ မြို့ပြ ပြည်ရွာတို့သည် ဆုတ်ယုတ်ပျက်ပြားကြကုန်သဖြင့် တိုင်းသုဉ်း, ပြည်သုဉ်း, မြို့သုဉ်း, ရွာသုဉ်း, မြေပြင်အတိ, တောအတိဖြစ်၍ ကုန်ကြ သောကြောင့် ယခုအခါ ကမ္ဘာပေါ်မှာ လူသတ္တဝါတို့ လွန်စွာနည်းပါး ကြကုန်၏ဟု ဖြေတော်မူသည်။

အဓမ္မရာဂ

အဓမ္မရာဂ ဆိုသည်ကား ယောက်ျား မိန်းမတို့မှာ မိမိတို့ ဆိုင်ရာနှင့် အာရုံမပြေကြကုန်မူ၍ တစ်ခြားတစ်ပါး၌ စွန်းငြိကျူးလွန်သော ရာဂတရားကို ဆိုသတည်း။

ဝိသမလောဘ

ဝိသမလောဘ ဆိုသည်ကား ပစ္စည်းဥစ္စာတို့၌ သူ့ဖို့ကိုယ်ဖို့ မျှတခြင်း မရှိကြဘဲ ကိုယ့်ဖို့ကိုယ်သာ လုယက်ဆွဲငင်ကြသော လောဘ တရားကိုဆိုသတည်း။

မိစ္ဆာဓမ္မ

မိစ္ဆာဓမ္မဆိုသည်ကား တိရစ္ဆာန် သတ္တဝါကို သတ်မှုသည် အပြစ်မရှိ၊ သေရည်သေရက် သောက်မှုသည် အပြစ်မရှိ၊ အစရှိသော မိစ္ဆာတရားမျိုးကို ဆိုသတည်း။

[အဋ္ဌကထာဖွင့်သော တရားများသည် ယခုအခါ၌ မထင်ရှားလှသေး ထိုကပ်ဥပဒ်ကြီး ၃-ပါးတို့တွင် ဤစာအုပ်မှာ ရောဂန္တရကပ်ဥပဒ်ကြီး သည်သာ လိုရင်းဖြစ်၌ ထိုရောဂန္တရ ကပ်ကြီး၏ အကြောင်းအရာ ပါဠိတော် လိုရင်းကို ပြဆိုလိုက်အံ့]

-- ယက္ခာ ဝါဠေ အမနုေဿ ဩဿဇ္ဇန္တိ၊ တေန ဗဟူ မနုဿာ ကာလံ ကရောန္တိ။။ (ပါဠိတော်။)

-- ယက္ခာတိ ယက္ခာဓိပတိနော။ (အဋ္ဌကထာ။)

ယက္ခာ=အကြီးအကဲ ဖြစ်ကြကုန်သော နတ်ဘီလူးတို့သည်၊ ဝါဠေ=သတ်မှု, စားမှု၌ ရက်စက်ရက်ရဲ မိုက်မဲကြမ်းကြုတ်ကုန်သော၊ အမနုေဿ=သူရဲ သားဘက်တို့ကို၊ ဩဿဇ္ဇန္တိ=ပေါက်လွှတ်လျောက်လျား ပစ်၍ထားကြကုန်၏၊ တေန=ထိုကြောင့်၊ ဗဟူ=များစွာကုန်သော၊ မနုဿာ=လူသတ္တဝါတို့သည်၊ ကာလံ ကရောန္တိ=သေဆုံးပြုန်းတီးကြ ကုန်၏၊ [ပါဠိတော်အနက်။]

ကပ်ရောဂါ မဖြစ်ခြင်း အကြောင်း

လူလောက၌ လူတို့အသက် အနှစ် ၅၀၀-တမ်းမှအထက် အယုတ်တရား ၃-ပါးတို့ မရှိသေးမီ ရှေးအခါ၌ အထက်ကောင်းကင် ဘုံကြီးတို့၌ နေကြကုန်သော နတ်, သိကြား, ဗြဟ္မာတို့သည် လူတို့ကို ကြည်ညို လေးမြတ်ကြကုန်၏၊ ယခုအခါ၌ အင်္ဂလိပ် အစိုးရမင်းတို့သည် နိုင်ငံကို အုပ်ချုပ်ကြကုန်သကဲ့သို့ လူ့လောကကို ကြည့်ရှု စောင့်ရှောက်ကြ ကုန်၏၊ လူတို့ကို အထိအပါး မရှိရအောင် နတ်ဆိုး နတ်ဝါးတို့ကို အတင်း အကြပ် နှိပ်ကွပ်အုပ်ချုပ်ကြကုန်၏၊ ထိုအခါ လူ့လောကမှာ ကပ်ရောဂါ ဟူ၍ တစ်စုံ တစ်ခုမျှမရှိ။

သမ္မာကျမ်းစာ အဆို

သမ္မာကျမ်းစာအုပ်တွင် ရှင်မလဲ ခရစ်ဝင်ကျမ်း, စာမျက်နှာ နံပါတ် ၈-ဂဏန်း, အကြောင်းအရာ ၁၆-ဂဏန်းမှစ၍လည်းကောင်း, ပဋိညာဉ်တရားတော်သစ် ကျမ်းစာအုပ်တွင် စာမျက်နှာနံပါတ် ၂၃- ဂဏန်း, အကြောင်းအရာ ၁၆-ဂဏန်းမှစ၍လည်းကောင်း၊ ထိုကျမ်း စာအုပ်တို့၌ နတ်ဆိုးတို့ကို နိုင်နင်းမှုတို့ဖြင့် ခရစ်တော်၏ ဘုန်းတန်ခိုးတို့ကို အမျိုးမျိုး ဖေါ်ပြပါရှိကြကုန်၏၊ နတ်ကောင်းတို့ကိုမူကား ထိုကျမ်း စာတို့မှာ ကောင်းကင်တမန်ဟူ၍ ခေါ်ကြကုန်၏၊ ကောင်းကင် ဗိုလ်ခြေ ဟူ၍လည်း ခေါ်ကြကုန်၏၊ ထာဝရဘုရားကိုလည်း ကောင်းကင် ဗိုလ်ခြေ အရှင်ဟူ၍ ဆိုကြကုန်၏။

ကောင်းကင်တမန်တို့သည် ချင်းကပ်၍ ခရစ်တော်ကို လုပ် ကျွေးရသည်ဟု ထိုကျမ်းစာတို့မှာလာရှိ၏၊ ခရစ်တော်ကဲ့သို့ နတ်ဆိုးတို့ကို မနိုင်နင်းကြကုန်သောသူတို့သည်ကား နတ်ဆိုးတို့ကို အသုံးပြုလိုကြကုန် သည်ရှိသော် သိုး, နွား, ကြက်, ဝက်စသည်တို့ကို သတ်၍ အဆီ, အသွေးတို့ကို အမြဲကျွေးမွေး၍ အသုံးပြုကြကုန်၏၊

ယဇ်နတ်နှင့် ယဇ်ပူဇော်ပုံ အကြောင်း

လောက၌ ယဇ်နတ်ခေါ်သော နတ်ဆိုးတန်ခိုးကြီးတို့သည် ရှိကြကုန်၏၊ ခရစ်ဝင်ကျမ်းတို့မှာ အချို့ကို ''ဗေလ, ဇေဗုလ'ဗေလ, ဇေဗုလ'' ဟူ၍ ခေါ်၏၊ ထိုနတ်ဆိုး တန်ခိုးကြီးတို့ကို အသုံးပြုလိုကြကုန်သော သူတို့သည် ယဇ်ပလ္လင် တည်ဆောက်ပြီးလျှင် နွား, သိုး, ဆိတ်အစရှိသော တိရစ္ဆာန် တို့ကို နေ့စဉ်မပြတ် သတ်၍ အဆီ, အသွေးတို့ကို ကျွေးမွေးကြကုန်၏၊ တိရစ္ဆာန်တို့ကို မီးရှို့၍ အခိုးအနံ့ အကြိုင်အသင်းတို့ကို ပေးကြကုန်၏၊ အကျွေးအမွေး လစ်လပ်ခဲ့သော် ကျွေးမွေးသူ၏ ပရိသတ်ကိုပင် ကပ်ဥပဒ် ဖြစ်ပွါးစေ၍ စားတတ်ကြကုန်၏။

ဤယဇ်ပူဇော်မှုကြီးများသည် ရှေးအခါ၌ အလွန်ကြီးကျယ်၏၊ တိုင်းပြည်ရှင် မင်းကြီးတို့သည်လည်းကောင်း, ဥစ္စာဓနှင့် ပြည့်စုံကြ ကုန်သော သူဌေးကြီး ပုဏ္ဏားကြီးတို့သည်လည်းကောင်း, ရံဖန်ရံခါ ငါးရာ တစ်ထောင် နွားကောင် သားကောင်တို့ကို သတ်၍ ကျွေမွေးကြကြောင်း ဗုဒ္ဓဘာသာ ကျမ်းဂန်များမှာလာ၏၊ တစ်ယောက်တစ်ယောက်သော နတ်ဆိုး တန်ခိုးကြီးတို့၌ အခြံအရံ နတ်ဆိုးပေါင်း အထောင်အသောင်း ရှိကြကုန်၏၊ ကျွေးမွေးသောသူ၏ အလိုကို လိုက်ကြရကုန်၏၊ ကျွေးမွေသူ အလိုရှိရာ အမှုတို့ကို မိမိတို့ တန်ခိုးရှိသလောက် ပြုစုလုပ်ဆောင် ကြကုန်၏၊ သူတစ်ပါးတို့၌ ရောဂါဥပဒ်ဖြစ်စေမှု, တစ်ပါးသော နတ်ဆိုးတို့ ပြုလုပ်သော ရောဂါများကို ခဏချင်း ပျောက်ငြိမ်းစေမှု, အတိတ် အနာ ဂတ် အကြောင်းအရာများကို ပြောကြားမှုပေတည်း၊ လူတို့၏အရာ မဟုတ်ပေသော အံ့ဖွယ်သရဲ အမှုကြီးများကို ပြုလုပ်၍ ပြကြကုန်၏၊

သမာဓိ နတ်မှော်

တန်ခိုးကြီးကြသော နတ်ကောင်းကြီးများနှင့် ပေါင်းဖက်မိသော သူများသည်မူကား နတ်ဆိုးကြီးတို့နှင့် ပေါင်းဖက်ကြသူများထက် သာလွန်၍ တန်ခိုးကြီး၏၊ သူတစ်ပါးတို့၏ စိတ်အကြံကို သိတတ်၏၊ အတိတ်, အနာဂတ် အကြောင်းအရာမျိုးတို့ကို အတန်အရာသိနိုင်၏၊ ရောဂါများကိုလည်း ရေကိုပေး၍ ခဏချင်း ပျောက်ငြိမ်းစေနိုင်၏၊ လူသေကိုပင် ရှင်အောင် ပြုနိုင်သည်ဟု ကျော်စောတတ်၏၊ ဤကဲ့သို့ သော သူများသည် ကမ္ဘာပေါ်မှာ ထိုထိုမြို့ရွာတို့၌ ရံခါရံခါ ပေါ်ပေါက် လာတတ်ကြ၏၊ သမာဓိနတ်မှော် ခေါ်သော ပညာကြီး တစ်မျိုးပေတည်း။

လှည့်ပတ်ဉာဏ်

အချို့သောသူတို့သည် နတ်ဆိုးနတ်ကောင်းတို့ ပြုကြသော အံ့ဖွယ်သရဲမှုကြီးများကို လူအများတို့၏ ကိုးကွယ်ရာ ဘုရားတန်ခိုးတော် ပြုလုပ်၍ ပြောဆိုတတ်ကြကုန်၏၊ ထိုသူတို့ကို လူအများတို့က မိမိတို့ ကိုးကွယ်ရာ ဘုရား အမြဲစောင်မသူ ဟု ထင်မှတ်ကြကုန်၏၊ ထိုသူတို့ကို ဘုရားကဲ့သို့ ကြောက်ရွံ့ခန့်ငြားခြင်း ရှိကြကုန်၏၊ လောကရေး၌ အကြံ အဖန်ကောင်းကြပေသော ယောကျ်ားကြီးများ၏ လှည့်ပတ်ဉာဏ်မျိုး ပေတည်း။

ဤကဲ့သို့ အကြီးအကျယ် ကျွေးမွေးကြသူတိ်ု့ မရှိကြသောအခါ၌ ထိုနတ်ဆိုး အပေါင်းတို့သည်လည်း ကမ္ဘာပေါ်မှာ ထိုထိုနိုင်ငံ မြို့ရွာတို့သို့ လှည့်လည်ကာ ကပ်ဥပဒ်မျိုးတို့ကိုပေး၍ အသွေး, အဆီတို့ကို ရှာကြံ စားသောက်ကြကုန်၏၊ မရသာရှိခဲ့သော် ဖားစိမ်း, ငါးစိမ်းစသည်တို့ကို ရှာကြံစားသောက်၍ မျှတနေထိုင်ကြကုန်၏။

[ဤကား ပလိပ်ရောဂါ ဝမ်းရောဂါစသော ကပ်ရောဂါမျိုးတို့သည် ဘီလူး သားဘက်တို့ကြောင့် ဖြစ်ကြကုန်သည်ဟူသော စကားမှာ ဘာသာတိုင်းမှာပင် ထင်ရှားရှိနေကြောင်းကို ပြဆိုချက်တည်း။]

လက်တွေ့ယုံကြည်ခြင်း

လောက၌ အချိုသူတို့သည်မူကား ဘာသာကျမ်းများကို မယုံကြည်ကြကုန်။ မိမိတို့ ပညာစွမ်းနှင့် စမ်းသပ်၍ တွေ့ရှိမှသာ ယုံကြည် ကြကုန်၏၊ ထိုသူတို့သည် သေလွန်ကြသည်မှ နောက်ဘဝအရေး၌ အဖြောင့်အမှန် လိမ်မာနိုင်ကြရန် အခွင့်မရှိကုန်၊ အကြောင်းမူကား ဤလောကကြီးမှာ ပကတိသောလူတို့၏ ဉာဏ်စွမ်း ပညာစွမ်းနှင့်မသိနိုင် မမြင်နိုင်သော အရာသည် အနန္တများပြားလျက်ရှိသတည်း၊ ထို့ကြောင့် ဘာသာဆိုလျင် လုံးလုံးပစ်ပယ်၍လည်း မသင့်၊ ဟုတ်မှန်သော ဘာသာ ကို ရှာကြံမှုအလုပ်သည် မဆုပ်သာ မရှောင်သာ မနေသာမှုကြီးဖြစ် သတည်း၊ အကြောင်းမူကား ယခုဘဝ အရေးထက် နောက်ဘဝအရေး သည် သာ၍ကြီးလှ၏၊ တစ်ခါတိမ်းပါးခဲ့သော် ဘဝအထောင်မက မြုပ်မျော၍ သွားတတ်ကြ၏၊ သတိရှိကြစေကုန်။

ကျန်းဂန်အဆို

သုတ္တနိပါတ်ပါဠိတော်မှာ ငါတို့မြတ်စွာဘုရား ဟောတော်မူ သည်ကား ဩက္ကာကမင်း လက်ထက်မတိုင်မီ ရှေးအခါ၌ လူတို့သည် နွားတို့ကို မိမိတို့၏ ဆွေရင်း မျိုးရင်းတို့နှင့်အတူ ကြည်ဖြူ လေးမြတ် ကြကုန်၏၊ ထိုအခါ အထက်ကောင်းကင်ဘုံ၌ ရှိနေကြကုန်သော သမ္မာ ဒေဝနတ်တို့သည် လူ့လောကကို အလေးဂရုပြု၍ ကြည့်ရှုစောင့် ရှောက်ကြကုန်၏၊ ဘီလူး သားဘက်တို့သည် လူတို့ကို ထိပါးခွင့် မရကြကုန်၊ ထိုအခါ လူ့လောကမှာ ရောဂါဥပဒ်ဟူ၍ မရှိကြ။

ဩက္ကာကမင်း လက်ထက်တိုင်ရောက်သောအခါ မိစ္ဆာပုဏ္ဏားတို့ ပေါ်ပေါက်လာကုန်၍ တိရစ္ဆာန်သတ္တဝါတို့မည်သည် လူတိ့ုသုံးဆောင်ဖို့ ဖြစ်ပေါ်ကြကုန်၏၊ တိရစ္ဆာန်သတ္တဝါတို့ကို သတ်ဖြတ် စားသောက်သော် လည်း အပြစ်မရှိ၊ နွားတို့၏အသားဖြင့် ပုဏ္ဏားတို့ကို ကျွေးမွေးသော သူသည် ကောင်းကင်ဘုံသို့ရောက်၍ ထာဝရချမ်းသာကိုခံစားရ၏ ဟုကျမ်းစာ ရေးသားပြီးလျှင် ကမ္ဘာဦးကျမ်းဆို၍ ဩက္ကာကမင်းထံ ဆက်သွင်းကြကုန်၏၊ ဩက္ကာကမင်းသည် ယုံကြည်ခြင်းရှိသဖြင့် နွားတို့ကို သတ်၍ ပုဏ္ဏားတို့ကိုကျွေးမွေး၏၊ လူအများတို့လည်း စားကြကုန်၏၊ ထိုကျမ်းစာမှလာသော မိစ္ဆာအနွယ်သည် ယခုထက်တိုင်ရှိနေကြ၏၊ နွားကို သတ်ကြသူ နွားသားကို စားကြသူတို့ ပေါ်ပေါက်သောအခါမှစ၍ သမ္မာဒေဝနတ်တို့သည် လူ့လောကကို မကြည့်ရှုကြကုန်ပြီ။

ပင်လယ်၌နေကြသော ပင်လယ်နေရေဘီလူး, ကျွန်းငယ်နေ ရေဘီလူး, ထာဝရတည်ရှိသော ရေအိုင်ကြီးများ၌ နေကြသောရေဘီလူး, သဲကန္တာရ, တောကန္တာရကြီးများ၌လည်းကောင်း၊ တောကြီး တောင်ငယ် များ၌လည်းကောင်း၊ တိုင်းပြည်မြို့ရွာတည်ထောင်၍ နေကြကုန်သော တောဘီးလူး, တောင်ဘီလူးတို့သည်လည်း လူထူထပ်ရာ မြို့ရွာနယ် ပယ်သို့ ရံခါရံခါ ထွက်လာကြကုန်၏၊ အနေအထိုင် မလုံမခြုံ မသန့်မရှင်း ရှုပ်ထွေးလူးလဲရာ ပြည်ရွာမြို့ပြတို့ကို စားခွင့်ရကုန်၏၊ မြို့ပြ ပြည်ရွာနေ မြေဘီလူး, ကုန်းဘီလူး, ရေဘီလူးတို့သည်လည်း ထို့အတူ စားခွင့်ရ ကုန်၏။

ထိုအခါမှစ၍ လူတို၏ကိုယ်တွင်းမှ ဖြစ်သောရောဂါမျိုး, ဘီလူး သားဘက်တို့အတွက် ကိုယ်ပမှဖြစ်သော ရောဂါမျိုးတို့သည်ပေါ်ပေါက် လာကုန်၏ဟု ငါတို့မြတ်စွာဘုရားဟောတော်မူသည်။

[လောက၌ရှိနေကြကုန်သော ကပ်ရောဂါဟူသမျှတို့သည် နွားသတ်ရုံ သားသတ်ရုံတို့ကို အစွဲပြု၍ ဖြစ်ပေါ်ကြကုန်သည် ဟုဆိုလိုသည်။]

ဩက္ကာကမင်း

ဩက္ကာကမင်းကား ကမ္ဘာဦး မဟာသမ္မတမင်းမှစ၍ ငါတို့ဘုရား လက်ထက်တိုင် မဟာဝင်ကျမ်းများမှာ မင်းပေါင်း (၃၃၄, ၅၆၉) သုံးသိန်း သုံးသောင်း လေးထောင် ငါးရာ ခြောက်ဆယ်ကိုးယောက်မျှ လာရှိသော မင်းဆက်တို့တွင် (၈၄၀, ဝဝ) ရှစ်သောင်း လေးထောင်ကျော်မျှသော မင်းတို့၏ နောက်၌ သာကီဝင် မင်းဆက်မပေါ်မီ ဩက္ကာက မင်းနွယ် မင်းဆက်ပေါင်း ၃-ရပ်ရှိသည်တွင် ဘယ်ဩက္ကာကမင်း ဖြစ်မည် မသိသာရှိ၏၊

အထောက်သာဓက

ပါဠိတော်ကို ထောက်မြော်၍ နွားသားစားသူတို့ကို သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့သည် အလွန်မုန်းကြကြောင်းကို သိအပ်၏၊ ကိုယ်စောင့်နတ်တို့သည်လည်း ထိုကိုယ်ကိုမုန်းကြကုန်၏၊ အိမ်စောင့် နတ်တို့သည်လည်း ထိုအိမ်သူအိမ်သားတို့ကို မုန်းကြကုန်၏၊ ရွာ စောင့်နတ်, ရပ်စောင့်နတ်, မြို့စောင့်နတ်, တိုင်းစောင့်နတ်, ပြည် စောင့် နတ်တို့သည်လည်း နွားသားစားသောသူတို့ကို ထို့အတူ မုန်းထားကြကုန် ၏၊ ဘီလူးသဘက် အစိမ်း သူရဲတို့သည်မူကား လူတို့၏ အသွေးအသား ကို အလွန်ကြိုက်ကြကုန်သကဲ့သို့ နွားတို့၏ အသွေးအသားကိုလည်း အလွန်ကြိုက်ကြကုန်၏၊ ယဇ်ကြီးပူဇော်ကြကုန်သော သူတို့သည် နွားတို့ကို များစွာသတ်ကြကုန်၏၊ နွားသားကို စားသောက်ကြကုန်သော လူတို့၏ အသွေး, အသားတို့ကိုမူကား ဆိုဖွယ်ရာမရှိပြီ။

ထို့ကြောင့် ယခုအခါ ကပ်ဥပဒ်မှ လွတ်ကင်းကြလိုကုန်သော သူတို့သည် နွားသားစားမှုကို ကြဉ်ရှောင်ကြကုန်ရာ၏၊ ထိုထက် တတ်နိုင်ကြပါကုန်မူကား အသားစားမှုများကို ကြဉ်ရှောင်ကြကုန်ရာ၏၊ နွားသားကြိုက်လျက် သေလွန်ကြကုန်သော ရှင်လူအပေါင်းတို့သည် ယေဘုယျအားဖြင့် ဘီလူးသဘက် ဘဝသို့ချည်း ရောက်ကြရိပ် ထင် ကုန်၏။

အကြင် မြို့ရွာတို့၌ ဤစာအုပ်ကို ရွတ်ဖတ်သူများကြကုန်၏၊ ထိုမြို့ရွာကို ဘီလူးသဘက်တို့ ရှောင်ကွင်းကြကုန်လတ္တံ့၊ အကြောင်း မူကား ဤမြို့ ဤရွာသည် ငါတို့ပြုလုပ်သောအမှုကို သိကြကုန်ပြီ၊ ငါတို့ပြုတိုင်း ခံ၍နေမည့် မြို့ရွာမဟုတ်ဟု သိကြကုန်၏၊ ပညာရှိကြီး အပေါင်းတို့ ကောင်းကောင်းစုံစမ်းကြရန် နိုင်ငံအရပ်ရပ်သို့ ဤစာအုပ် ရောက်ဖို့ကောင်း၏၊

ကပ်ကြီး ၃-ပါးအကြောင်းပြီး၏။

-----------

၁၃-အမိန့်တော်ပြန်တမ်း

လယ်တီဆရာတော် မိန့်ကြားချက်

မုံရွာမြို့ လယ်တီဆရာတော် ထုတ်ဖော်မိန့်ကြားအပ်သည်မြို့.......ရပ်နေ ဗုဒ္ဓဘာသာဝင် ရှင်လူအပေါင်းတို့နှင့် ၎င်းအရပ်အတွင်း၌ ရှိနေကြကုန်သော အိမ်စောင့်နတ်, ဝင်းစောင့်နတ်, ခြံစောင့်နတ်, ရုက္ခစိုး, ဘူမစိုးနတ်မျိုး အပေါင်းသူတော်ကောင်းတို့

ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ်တော်အနန္တ, စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကြိုးမျှ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော် မူသည်ဖြစ်၍ လူမင်းအပေါင်း, နတ်မင်းအပေါင်း, သိကြားမင်းအပေါင်း, ဗြဟ္မာမင်းအပေါင်းတို့၏ အထွတ်အထိပ် ဓမ္မိဿရ ဓမ္မသာမိ ဓမ္မာဓိပတိ ဖြစ်တော်မူသော ငါတို့ဆရာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည်....မြို့နေ ဗုဒ္ဓဘာသာဝင် ရှင်လူအပေါင်း တို့၏ ကိုးကွယ်ရာအစစ် အဘကြီး ဖြစ်တော်မူပေသည်၊ ကိုးကွယ်ရာ အစစ် အဘိုးကြီး ဖြစ်တော်မူပေသည်။

...မြိ့နေ ဗုဒ္ဓဘာသာဝင် ရှင်လူအပေါင်းတို့သည်လည်း သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား၏ သား တော်အစစ် သမီးတော်အစစ်, မြေးတော်အစစ်, မြစ်တော်အစစ် ဖြစ်ကြပေကုန်သည်။

ယခုအခါဤ...မြို့၌ မြို့ပြင် မြို့တွင်း ကုန်းကြည်း ရေမြေ မှီတင်းနေကြကုန်သော မြေနဂါး, ရေနဂါး, မြေဘီလူး, ရေဘီလူး, တောဘီ လူး, တောင်ဘီလူး, အစားကြူး အသောက်ကြူး ဘီလူးအမျိုးမျိုး ရက္ခိုသ်အမျိုးမျိုး နတ်ဆိုးနတ်ဝါးအပေါင်းတို့သည် ငါတို့မြတ်စွာဘုရား၏ ကျေးဇူးတော်, ဂုဏ်တော်, မျက်နှာတော်များကို မမျှော်မထောက်ကြကုန် မူ၍...မြိနေ ငါတို့မြတ်စွာ ဘုရား၏ သားတော်, သမီးတော် အပေါင်း တို့အား ပလိပ်ဖျားရောဂါ, ဝမ်းရောဂါတို့ကိုပေး၍ အသွေး, အဆုတ်တို့ကို စုတ်ယူမျိုသောက် သေကျေ ပျက်ဆုံးသည်တိုင် ရောက်အောင် နှိပ်စက် ညှဉ်းပန်းကြကုန်သည်။

အမိန့်စာတမ်း

၁။ မြို့ပြင် မြို့တွင်း ကုန်းကြည်း ရေမြေ မှီတင်း နေကြကုန် သော မိစ္ဆာနတ်ဆိုး အမျိုးမျိုးတို့ကို ငါတို့မြတ်စွာဘုရား၏ တန်ခိုးရှန်ဝါ စက်အာဏာတို့ဖြင့် မိစ္ဆာနတ်ဆိုး သူရဲမျိုးတို့ကို ဤ... ...မြို့တွင်းမှ ဝေးစွာအတင်း နှင်ထုတ်ကြကုန်ရမည်။

၂။ တရားတော်မြတ်တို့၏ တန်ခိုးရှိန်ဝါ စက်အာဏာ တို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတို့ကို ဤ...မြို့တွင်းမှ ဝေးစွာအတင်း နှင်ထုတ်ကြကုန်ရမည်။

၃။ မင်္ဂလသုတ်, ရတနသုတ်, မေတ္တသုတ်, ခန္ဓသုတ်, မောရ သုတ်, ဝဋ္ဋသုတ်, ဓဇဂ်သုတ်, အာဋာနာရိယသုတ် အစရှိကုန် သော ပရိတ်တော်မြတ်တို့၏ တန်ခိုးရှိန်ဝါ စက်အာဏာ တို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတို့ကို ဤ...မြို့တွင်းမှ ဝေးစွာအတင်း နှင်ထုတ်ကြကုန်ရမည်။

၄။ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလာန်, အရှင်အာနန္ဒာ, အရှင်အနုရုဒ္ဓါ, အရှင်မဟာကဿပ အစရှိကုန်သော ရဟန္တာ မြတ်တို့၏ တန်ခိုးရှိန်ဝါစက်အာဏာတို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတို့ကို ဤ...မြို့တွင်းမှ ဝေးစွာ အတင်း နှင်ထုတ်ကြ ကုန်ရမည်။

၅။ သထုံပြည်၌ ပင်လယ်ပျော်မြူး ရေဘီလူးတို့ အတတ် ကြောင့် ကပ်ရောဂါဖြစ်ပွားရာ ရေဘီလူးတို့ကို နှိပ်နင်း၍ ကပ်ရာဂါငြိမ်း ခြင်းကို ပြုတော်မူကြပေကုန်သော သောဏ မထေရ်, ဥတ္တရ မထေရ်, ရဟန္တာအရှင်မြတ်တို့၏ တန်ခိုးရှိန်ဝါ စက်အာဏာတို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတို့ကို ဤ.. ..မြို့တွင်းမှ ဝေးစွာအတင်း နှင်ထုတ်ကြကုန်ရမည်။

၆။ သီဟိုဠ်ကျွန်း သင်္ဃဗောဓိမင်းကြီးလက်ထက် ဘီလူး သားဘက် တို့အတတ် ပလိပ်ကပ်ရောဂါဖြစ်ပွားရာ မိမိ၏ သီလဂုဏ်ဖြင့် ပလိပ်ကပ်ရောဂါ ပျောက်ငြိမ်းခြင်းကို ပြုတော်မူပေသော သင်္ဃဗောဓိမင်းကြီး၏ တန်ခိုးရှိန်ဝါ စက်အာဏာ တို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတို့ကို ဤ...မြို့တွင်းမှ ဝေးစွာ အတင်း နှင်ထုတ်ကြကုန်ရမည်။

၇။ ကောင်းကင်ဘုံ၌ ဘုန်းတန်ခိုး ကြီးကျယ်ကြပေကုန်သော မဟာ ဗြဟ္မာမင်းကြီးတို့၏တန်ခိုးရှိန်ဝါ စက်အာဏာတို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတို့ကို ဤ...မြို့တွင်းမှ ဝေးစွာအတင်း နှင်ထုတ်ကြကုန်ရမည်။

၈။ အသီးအသီး နတ်ပြည်ကြီးကို ဘုန်းမီးလျှံပ အစိုးရကြကုန်သော ဝသဝတ္တီ နတ်မင်းကြီး, သုနိမ္မိတနတ်မင်းကြီး, သန္တုသိတ နတ် မင်းကြီး, သုယာမနတ်မင်းကြီးတို့၏ တန်ခိုးရှိန်ဝါ စက်အာဏာ တို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတိုကို ဤမြို့တွင်းမှ ဝေးစွာ အတင်း နှင်ထုတ်ကြကုန်ရမည်။

၉။ ဝရဇိန်လက်နက် မိုးကြိုးစက်နှင့် မျက်စိတစ်ထောင် အမြင် ဆောင်သော အခေါင်သေဌ်နင်း သိကြားမင်းကြီး၏ တန်ခိုး ရှိန်ဝါ စက်အာဏာတို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတိုကို ဤ.. .မြို့တွင်းမှ ဝေးစွာအတင်း နှင်ထုတ်ကြကုန်ရမည်။

၁၀။ နဂါးအမျိုးမျိုး, ဂဠုန်အမျိုးမျိုး, ကုမ္ဘဏ်အမျိုးမျိုး, ဂန္ဓဗ္ဗအမျိုးမျိုး, မြေဘီလူး, ရေဘီလူး, တောဘီလူး, တောင်ဘီလူး, သူရဲ သား ဘက် တစ္ဆေ မြေဘုတ် ဘုတ် ပြိတ္တာ အမျိုးမျိုးတို့ကို အစိုးရပေ ကုန်သော ဓတရဋ္ဌ နတ်မင်းကြီး, ဝိရုဠှက နတ်မင်းကြီး, ဝိရူပက္ခ နတ်မင်းကြီး, ဝေဿဝဏ္ဏ နတ်မင်းကြီးတို့၏ တန်ခိုးရှိန်ဝါ စက် အာဏာတို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတိုကို ဤ-မြို့တွင်းမှ ဝေးစွာအတင်း နှင်ထုတ်ကြကုန်ရမည်။

၁၁။ ဤ...မြို့နယ်အတွင်း၌ ရှိနေကြကုန်သော တိုက်စောင့်နတ်, အိမ်စောင့်နတ်, မြို့စောင့်နတ်, မြေစောင့်နတ်, ရေစောင့်နတ်, ရုက္ခစိုး, ဘူမစိုးနတ်မျိုး အပေါင်းတို့၏ တန်ခိုးရှိန်ဝါ စက်အာ ဏာတို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတိုကို ဤ-မြို့တွင်းမှ ဝေးစွာအတင်း နှင်ထုတ်ကြကုန်ရမည်။

၁၂။ ငါတို့မြန်မာနိုင်ငံနှင့်တကွ အိန္ဒိယတိုင်းအလုံးကို သိမ်းကျုံးပိုင်သ အစိုးရသော သတ္တမမြောက် ဧဒွက်ဘုရင် အင်္ဂလန်နိုင်ငံတော် အရှင် ဧကရာဇ်မင်းမြတ်၏ တန်ခိုးရှိန်ဝါ စက်အာဏာတို့ဖြင့် လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတိုကို ဤ-မြို့တွင်းမှ ဝေးစွာအတင်း နှင်ထုတ်ကြကုန်ရမည်။

၁၃။ ဘုရင်ဧကရာဇ်မင်းမြတ်၏ အမိန့်ကို ခံယူ၍ အိန္ဒိယတိုင်း အလုံး ကို အုပ်ချုပ် စိုးမိုးတော်မူသော ပဌမဘုရင်ခံချုပ် မင်းမြတ်၏ တန်ခိုးရှိန်ဝါ စက်အာဏာတို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုး တိုကို ဤ...မြို့တွင်းမှ ဝေးစွာအတင်း နှင်ထုတ်ကြကုန်ရ မည်။

၁၄။ ဤမြန်မာနိုင်ငံကို အုပ်ချုပ်တော်မူသော ဒုတိယဘုရင်ခံမင်း မြတ်၏ တန်ခိုးရှိန်ဝါ စက်အာဏာတို့ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတိုကို ဤ...မြို့တွင်းမှ ဝေးစွာအတင်း နှင်ထုတ်ကြ ကုန်ရမည်။

၁၅။ တနင်္သာရီတိုင်းကို အုပ်ချုပ်တော်မူသော တနင်္သာရီ မင်းကြီး, ဤ...မြို့ကို အစိုးရတော်မူသော အရေးပိုင်မင်း, နယ်ပိုင်မင်း, မြို့ပိုင်မင်း, မြို့သူကြီးမင်းတို့၏ တန်ခိုးရှိန်ဝါ စက်အာဏာတို့ ဖြင့်လည်း မိစ္ဆာနတ်ဆိုး သူရဲမျိုးတိုကို ဤ...မြို့တွင်းမှ ဝေးစွာ အတင်း နှင်ထုတ်ကြကုန်ရမည်။

[ ဤတွင် ၁၂, ၁၃, ၁၄, ၁၅-အမှတ်တို့ကား ယခုအခါ၌ မလိုလှ၊ ခေတ်နှင့်ညီစွာ မိမိတို့ပြည်ပိုင် အစိုးရများနှင့် လိုက်လျောအောင် ပြင်ဆင်၍ အမိန့်စာတမ်း ပြုလုပ် ဖတ်ရွတ်ရမည်။]

ဤသို့ အတန်တန်အထပ်ထပ် အရပ်ရပ်သော နှင်ထုတ် ချက် များကို လေးစားမမူ မနာယူဘဲ မြို့ထဲ ရွာထဲ မြေထဲ ရေထဲ ရှောင်လွှဲ တိမ်းဖယ် ပုန်းကွယ်ခိုကပ်၍ နေကြသည်များကို တွေ့မြင်သိရှိ ကြသည်ရှိ သော် စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါးတို့၏ ကိုယ်စားလှယ် ကိုယ်စား ဖြစ်ကုန်သော သာတာဂိရိ, ဟေမဝတ, အာဠာဝက အစရှိကုန်သော နတ်စစ်သူကြီး အပေါင်းတို့အား တိုင်ကြားပြောဆိုပြိးလျှင် အရှိန်အခိုး မိုးကြိုးလောင်မီးနှင့်တူသော မန္တန်မန္တရား, ဆေးဝါး, အင်းအိုင်တို့ဖြင့် အနိုင်အထက် နှိပ်စက်နှိမ်နှင်း၍ အတင်းနှင်ထုတ်ကြရမည်။

[မည်သည့်မြို့ရွာတွင်မဆို ကပ်ဥပဒ်အန္တရာယ် ပျောက်ကွယ် လွတ်ငြိမ်း ရှိရန် စီမံအားထုတ်လိုသော် မြို့ရွာရှိ လူအပေါင်းတို့သည် တညီတညွတ်တည်း စည်းလုံးတိုင်ပင်၍ ပရိတ်ရွတ်အသင်း, ဂုဏ်တော် ရွတ်အသင်း, ၂၄-ပစ္စည်းရွတ် အသင်း, သရဏဂုံရွတ်အသင်းများကို ဖွဲ့စည်း၍ အညီအညွတ် လမ်းစဉ်တ လျှောက် ရွတ်ဖတ်ကြရမည်၊ တစ်စခန်း တစ်စခန်း အရပ်တွင် အရပ်တွင် အထက်ပါ နှင်ထုတ်စာ အမိန့်ကို ပြတ်ပြတ်သားသား ပြီပြီပြင်ပြင် ရွတ်ဖတ် တတ်သူ တစ်ယောက်က ရွတ်ဖတ်အမိန့် နှင်ထုတ်ပြန်ရမည်၊ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ကျယ်စွာသော အသံတို့ဖြင့် တစ်ပြိုင်နက် တီးမှုတ်စေရမည်။]

[...၎င်းအမှတ် ကွက်လပ်ကို တွေမြင်လျှင် မိမိနေထိုင်သော မြို့၏ အမည်ကိုတပ်၍ ဖတ်ဆိုကြရမည်။]

အမိန့်တော်ပြန်တမ်းပြီး၏၊

--------

နိဂုံး

ဤတွင်ရွေ့ကား မော်လမြိုင်မြို့ကျိုက်သံလံတောင်ထိပ် အောင် လံတိုင် ဘုရားအနီးတွင် မောလမြိုင်မြို့သူ မြို့သားတို့ ဆောက် လုပ်သော အောင်လံတိုင်ဝါဆိုကျောင်း၌ သီတင်းဝါကပ်ဆို နေထိုင်စဉ်အခါ သုတ်ပါထေယျပါဠိတော် သင်္ဂါလောဝါဒသုတ်၌ ဆရာဖြစ်သူ တို့က တပည့်ဖြစ်သူတို့အား ပြုရာသော ကျင့်ဝတ်တရား ၅-ပါး လာရှိသည်တွင် နောက်ဆုံးကျင့်ဝတ်တရား၌ ''ဒိသာသု ပရိတ္တာဏံ ကရောန္တိဒိသာသု ပရိတ္တာဏံ ကရောန္တိ'' ဟူ၍ ငါတို့ဘုရား ဟောကြားတော်မူသည်နှင့်အညီ ''တပည့်ဖြစ်သူတို့အား သွားလေရာ နေလေရာ ၈-မျက်နှာ အရပ်တို့၌ ဥပဒ်အန္တရာယ် အကွယ် အကာ ဂါထာမန္တရား, ဆေးဝါး, အင်းအိုင်တို့ကို ဆရာဖြစ်သူများက သင်ကြား ပြုလုပ်ပေးရမည်ဟူသော ဘာသာကျင့်ဝတ်တရား'' ထင်ရှားရှိ သည့်အတိုင်း ယခုအခါ ကမ္ဘာပေါ်မှာ ထိုထိုနိုင်ငံ မြို့ရွာတို့၌ ဖြစ်ပေါ်၍ နေသော ပလိပ်ရောဂါ, ဝမ်းရောဂါအစရှိသော ကပ်ရောဂါမျိုးတို့၏ အကြောင်းအရာများကို ကာကွယ်ရန် နည်းလမ်းများနှင့်တကွ ပြဆိုသော ကျမ်းဖြစ်၍ ရောဂန္တရဒီပနီအမည်ရှိသော ဤကျမ်းစာသစ်သည် မြန်မာ သက္ကရာဇ် ၁၂၇၀-ပြည့်နှစ်၊ တော်သလင်းလဆုတ် ၁-ရက်နေ့တွင် အောင်မြင်ပြီးစီးသတည်း။

နိဂုံး ပြီး၏၊

ဤတွင် ရောဂန္တရဒီပနီကျမ်း ပြီး၏၊

--------- * --------

ကပ်ရောဂါဖြစ်ခြင်းအကြောင်း

လူတို့အသက် အနှစ် ၅၀၀ -တမ်းအောက်၌ လူတို့၌ အယုတ် တရားကြီး ၃-ပါးဖြစ်ပေါ်၍လာ၏၊ ထိုအခါမှစ၍ အထက် ကောင်းကင် ဘုံကြီးတို့၌ နေကြကုန်သော နတ်, သိကြား, ဗြဟ္မာတို့သည် လူတို့ကို မကြည်ညိုကြကုန်ပြီ၊ လူ့လောကကို မကြည့်ရှုကြကုန်ပြီ၊ နတ်ဆိုး နတ်ဝါးတို့ကို ပေါက်လွှတ်လျောက်လျား ပစ်ထားကြကုန်၏၊ နတ်ဆိုး နတ်ဝါး သားရဲ သားဘက်တို့သည် လူတို့နေရာသို့ လာရောက်ကြကုန်၍ လူသတ္တဝါတို့အား ကပ်ရောဂါ အမျိုးမျိုးတို့ကိုပေး၍ အသွေး, အဆီတို့ကို စားသောက်ကြကုန်၏၊ လူတို့ကို မရသာ ရှိခဲ့သော်ကျွဲး, နွား, မြင်း, သိုး, ဆိတ်သတ္တဝါတို့အား ကပ်ရောဂါ အမျိုးမျိုးတို့ကို ပေး၍ အသွေး, အဆီ တို့ကို စားသောက်ကြကုန်၏၊ ထိုကပ်ဥပဒ် အလှည့်အလှည့် ကြုံကြိုက်ရာ မြို့ ရွာတို့၌ လူသတ္တဝါ, ကျွဲ, နွားသတ္တဝါတို့သည် တစ်သုတ် တစ်သုတ် မှာပင် အရာ အထောင် အသောင်းများစွာ သေဆုံးကြကုန်၏ ထို့ကြောင့် ယခုအခါ၌ လူသတ္တဝါတို့သည် အလွန်ကုန်ပျောက် နည်းပါးလျက် တောနယ် ချုံနယ်တို့သည် ကျယ်ပွားများပြားကုန်၏ ဟူ၍ ငါတို့မြတ်စွာ ဘုရား ဖြေကြားတော်မူ၏။

[ထိုဘီလူးသားဘက် အန္တရယ်တို့ကို ကွယ်ကာရန်, ကုစားရန် ဆေးဝါး မန္တရား ပညာတို့သည်လည်း ၅၀၀-တမ်းမှ စ၍ ဣန္ဒိယနယ်ပယ် အတွင်းမှာ များစွာပေါ်ပေါက်လျက် ရှိနေကြကုန်၏၊]

ကျမ်းဂန်ကို ပယ်ရာရောက်ပုံ

ဗုဒ္ဓဘာသာဝင် လူမျိုးများဖြစ်ကြပါကုန်လျက် ကြားဖူး နားဝ မရှိကြသည့်အတွက် ဘီလူး သားဘက်တို့ အတတ်ကြောင့် ကပ်ရောဂါ ဖြစ်သည်ကို မယုံကြည်ကြကုန်သော သူတို့သည် ဤပါဠိတော်ကြီးကို ငြင်းပယ်ရာ ရောက်ကြကုန်၏။

ခရစ်ယာန်ဘာသာ, ဘရင်ဂျီဘာသာလူမျိုးများ ဖြစ်ကြပါ ကုန်လျက် ဘီလူးသားဘက်တို့အတတ်ကြောင့် ကပ်ရောဂါဖြစ်သည်ကို မယုံကြည်ကြကုန်သောသူတို့သည် ဓမ္မဟောင်းကျမ်း, ဓမ္မသစ်ကျမ်း, သမ္မာကျမ်းစာများကို ငြင်းပယ်ရာ ရောက်ကြကုန်၏၊ ခရစ်တော်၏ ဘုန်းတန်ခိုးကိုလည်း ချိုးဖျက်ရာရောက်ကြကုန်၏၊

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ