Skip to main content

ဘာဝနာအရသာ

ဘာဝနာအရသာ

▬ஜ۩۞۩ஜ▬

ညောင်လေးပင်တောရဆရာတော်

မာတိကာ

  • သမထနည်း
  • အကျဉ်းခေါင်းစဉ်
  • ကာမဂုဏ်အပြစ်
  • အာသာပြင်းထန်။ ။ ပီတိပါမောဇ္ဇဖြစ်စေ
  • အလေးပြုခြင်း။ ။ စိတ်ဖြစ်စေ
  • ကသိုဏ်းဝန်းပုံစံ
  • ကသိုဏ်း ဆယ်ပါးပွားနည်း
  • အဆုံးအဆုံး၌ ဝိပဿနာတင်ရန်
  • အသုဘဆယ်ပါး
  • အရှင်ကောင် အသုဘ
  • နဝ-သိဝထိက
  • ကောဋ္ဌာသ အသုဘ
  • အရိုးစု အသုဘ
  • အနုဿတိ ဆယ်ပါး
  • ဗြဟ္မဝိဟာရ လေးပါး
  • ရန်ငြိုးဖျောက်နည်း တဆဲ့တပါး
  • အာဟာရေပဋိကူလသညာ
  • စတုဓာတုဝ ဝတ္ထာန်
  • အာရုပ္ပလေးပါး
  • ပဋိပဒါ၊ အဘိညာ
  • ဝိပဿနာနည်း
  • အကျဉ်းခေါင်းစဉ်
  • ဒိဋ္ဌိဝိသုဒ္ဓိ
  • နာမ်နှင့်ရုပ်ကို ဟုတ်တိုင်းမှန်စွာသိပုံ
  • ကင်္ခါဝိတရဏ ဝိသုဒ္ဓိ
  • ယုံမှား ၁၆-ပါး
  • ယုံမှား ၈-ပါး
  • မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ။ ။ သမ္မသနဉာဏ်
  • သစ္စာလေးပါးသိပုံ
  • ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ
  • ဘင်္ဂဉာဏ်
  • ဘယဉာဏ်
  • အာဒီနဝဉာဏ်
  • ပဋိသမ္ဘိဒါမဂ် ပါဠိတော် အာဒီနဝထင်ပုံ
  • အပြစ်မြင်ပုံ
  • နိဗ္ဗိဒါဉာဏ်
  • မုဉ္စိတုကမျတာဉာဏ်
  • ပဋိသင်္ခါဉာဏ်
  • သင်္ခါရုပေက္ခာဉာဏ်
  • အနုလောမဉာဏ်
  • ဉာဏဒဿနဝိသုဒ္ဓိ
  • မဂ်ဉာဏ်ထင်ရှားကြောင်း ဥပမာ ၁၂-ခု
  • ရှင်မောဂ္ဂလာန်
  • ရှင်သာရိပုတြာ
  • သာဝကသန္နိပါတ
  • ငါတို့ရည်ရွယ်ချက်
  • နိဂုံး
  • သိဿကောဝါဒ စကားပုံများ
  • ပဌမဩဝါဒကထာ
  • ဒုတီယ ဩဝါဒကထာ
  • အဝတ်ဆင်ခြင်ရန်
  • အစားဆင်ခြင်ရန်
  • ဇရာမရဏ ဆင်ခြင်ရန်
  • ကိုယ်တွင်းသုတ်သင်ရန်
  • အလှူပွဲသွင်းဆင်ခြင်ရန်

မာတိကာ ပြီး၏

ဘာဝနာအရသာ

▬ஜ۩۞۩ஜ▬

သမထနည်း

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အကျဉ်းခေါင်းစဉ်

နီဝရဏ အကုသိုလ်တို့ကို ငြိမ်းစေသော သမာဓိသည် သမထ မည်၏။ ထိုသမာဓိကို တိုးပွါးအောင် ပွါးများစေခြင်းသည် သမထဘာဝနာ မည်၏။ အစစွာ ပွါးများစေသော သမာဓိသည် ပရိကမ္မ ဘာဝနာ မည်၏။ နီဝရဏကွာအောင် ခိုင်မြဲသော သမာဓိသည် ဥပစာရဘာဝနာ မည်၏။ ပဌမဈာန်စသော ဈာန်သမာဓိသည် အပ္ပနဘာဝနာ မည်၏။

ရှေးဦးစွာ ကာမဂုဏ်အပြစ် ဆင်ခြင်ရသည်။ ထိုနောက် ကာမဂုဏ်မှလွတ်ရာ မဂ်ဖိုလ် အခြေခံဈာန်၌ အာသာပြင်းထန်ရသည်။ ထိုနောက် ရတနာသုံးပါးဂုဏ်ဖြင့် ပီတိ-ပါမောဇ္ဇ ဖြစ်စေရသည်။ ထိုနောက် သူတော်ကောင်း အကျင့်ဟု အလေးပြုရသည်။ ထိုနောက် အားထုဘ်လိုသောစိတ်ကို ဖြစ်စေရသည်။ ထိုနောက် ကသိုဏ်းဝန်း စသော အာရုံ၌ သမထကို တိုးပွါးစေရသည်။

ကာမဂုဏ်အပြစ်

ကာမဂုဏ်ဟူသည် — သာယာဘူယ်ပါး ခွေးငတ်ဝါး၍ လျက်စားခဲလေ မပြေ အဆာ ပင်ပန်းသာကဲ ညှီနံ့စွဲသိုး အမဲရိုးနှင့် တူလှ၏။

ဆက်ဆံသူ ရှုပ်ထွေး ကျီးခွေးဝိုင်းလု အသားစုနှင့် တူလှ၏။

လေညာဆောင်လျှင် လက်တွင်လောင်ကူး မြက်မီးရှူးနှင့် တူလှ၏။

ပူရှိန်ထန်ပြင်း မီးကျီးတွင်းနှင့် တူလှ၏။

ခဏခြင်းကွယ်ပျက် အိပ်မက် မက်သည်နှင့် တူလှ၏။

ခေတ္တဝါကြွား ပစ္စည်းငှါးနှင့် တူလှ၏။

အသီးကိုမက် ပင်ရင်းဖျက်မူ ပင်ထက်လူသေပွဲ ပြွတ်၍ခဲသော သစ်သီးတွဲနှင့် တူလှ၏

ခုတ်စဉ်းတိုင်းမလွတ်ကင်း အတင်းသိမ်းကျုံး စဉ်းတီတုံးနှင့် တူလှ၏။

အူအသဲစူးဝင် တံကျင်လှံမနှင့် တူလှ၏။

တွေးတောဘွယ်အတိ ဘေးအပြည့်စုံပေါင်း မြွေဦးခေါင်းနှင့် တူလှ၏။

အပြစ်ပေါများ စီးပွါးမတိုး ကိုယ်ကျိုးပျက်ပြုန်း လူညံ့သုံး ဖြစ်၏။

ဤကား-ကာဂုဏ်အဖြစ် ဆင်ခြင်ခြင်းတည်း။

အာသာပြင်းထန်

ဤကာမဂုဏ်မှလွတ်ရာ ဥပစာ၊ အပ္ပနာ ဈာန်ချမ်းသာ ထိုထိုသည် မဂ်ဖိုလ်ရကြောင်း အခြေခံကောင်း ဖြစ်၏၊ ထိုအခြေခံဈာန်ကို ယခုရမူ ကောင်းလေစွ၊ ယခုရမူ ကောင်းလေစွ။

ဤကား- အာသာပြင်းထန်ခြင်းတည်း။

ပီတိပါမောဇ္ဖ ဖြစ်စေ

မဖောက်မပြန် ဟောပြောသော ဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓစင်စစ် ဖြစ်ပေစွ။ သမ္မာသမ္ဗုဒ္ဓစင်စစ် ဖြစ်ပေစွ။

ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း တနားတော်သည် သွာက္ခာတ စင်စစ် ဖြစ်ပေစွ၊ သွာက္ခာတစင်စစ် ဖြစ်ပေစွ။

ဆုံးမတိုင်း မချွတ်မယွင်း ဖြောင့်စင်းသော သံဃာသည် သုပ္ဖဋိပန္န စင်စစ် ဖြစ်ပေစွ၊
သုပ္ပဋိပန္နစင်စစ် ဖြစ်ပေစွ။

ဤကား - ရတနာသုံးပါးဂုဏ်ဖြင့် ဝမ်းမြောက်ခြင်းတည်း၊

အလေးပြုခြင်း

ယခု ဤအကျင့်သည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယသာဝကတို့၏ သွားရာလမ်းကောင်း ထွက်မြောက်ကြောင်းဖြစ်၏။ သွားရာလမ်းကောင်း ထွက်မြောက်ကြောင်း ဖြစ်၏။

ဤကား - အကျင့်ကို အလေးပြုခြင်းတည်း။

စိတ်ဖြစ်စေ

ဤအကျင့်ဖြင့် အိုဘေး၊ နာဘေး၊ သေဘေးမှ လွတ်ရာ ချမ်းသာသုခ ရတော့လတ္တံ့၊
ချမ်းသာသုခ ရပေတော့လတ္တံ့။

ဤကား - အားထုတ်လိုသောစိတ်ကို ဖြစ်စေခြင်းတည်း။

ကသိုဏ်းဝန်းပုံစံ

[မှတ်ချက် -

ပထဝီကသိုဏ်းဝန်းကို ညို၊ ရွှေ၊ နီ၊ ဖြူ-ကင်း၍ မဝင်းမဝါ အရုဏ်ရောင် မြေနုစေး ညက်စွာကို ရေဖျော်၍ အဝတ်၊ သားရေ၊ ပျဉ်-စသည်၌ တထွာလေးသစ်ခန့် ဝိုင်းဝိုင်း ချောမွေ့စွာ လိမ်းရသည်။ မဲနယ်ဆေးဒါန်း စသည်ဖြင့် အနားရေးပတ်ပိုင်း ပိုင်းခြား ရသည်။ တထွာ လေးသစ်ခန့်မြင့်သော ခုံငယ်၌ ထိုင်လျက် ကသိုဏ်းဝန်းကို နှစ်တောင်ထွာခန့် ခွါ၍ရှုရသည်။ အားထုတ်ဘူးသူကား လယ်ထွန်ရာ မြေပြင်၊ ကောက်နယ်တလင်းပြင် စသည်၌လည်း ဈာန်ရ၏။

အာပေါကို တထွာ လေးသစ်ခန့် အဝရှိသော သပိတ်အိုးခွက် စောက်နက်နက်၌ ညို၊ ရွှေ၊ နီ၊ ဖြူ-ကင်းသော ရေသန့်ထည့်၍ ရှုရသည်။ ကန်ရေ၊ သမုဒြာရေ၌လည်း ဈာန်ရ၏။

တေဇောကို ထင်းပုံမီးတိုက်၍ ဖျာစသည်ကို တထွာ လေးသစ်ခန့် ဖောက်ပြီးလျှင် တခဲနက် မီးလျှံတည့်တည့်၌ ထောင်ရှုရသည်။ ထွန်းသောမီး၊ တောမီး စသည် ၌လည်း ဈာန် ရ၏။

ဝါယောကို သစ်ပင်ဖျား လေခတ်ရာ ရှု၍ဖြစ်စေ၊ မိမိကိုယ် လေထိသောအခါဖြစ်စေ-ဒိဋ္ဌ- အမြင်ဖြင့်၎င်း၊ ဖုဋ္ဌ-အတွေ့ဖြင့်၎င်း ရှုရသည်။

နီလကို ညိုသောပန်း - ပန်းတောင်း၌ အပြည့်ထည့်၍၎င်း၊ သပိတ်ဝ စသည်၌ အဝတ်ညို စည်း၍၎င်း၊ အဝတ် နံရံစသည်၌ ညိုသောဆေး အဝိုင်းလိမ်း၍၎င်း ရှုရသည်။ ပတ္တမြားညို၊ အဝတ်ညို၊ တောချုံညို၌လည်း ဈာန်ရ၏။ ပီတ၊ လောဟိတ၊ ဩဒါတကို နီလနည်းပြု၍ ရှုရသည်။ ဝါရွှေသောပန်းအခင်း၊ ရွှေပြား၌၎င်း၊ ပတ္တမြားနီ၊ ပန်းနီအခင်း၌၎င်း၊ ဖြူသောပန်းအခင်း၊ ငွေပြား၊ လပြည့်ဝန်း၌၎င်း ဈာန်ရ၏။

အာကာသကို နေပြောက်မထိုးသော တထွာလေးသစ် နံရံပေါက်၊ မဏ္ဍပ်ပေါက်ကို ရှုရသည်။ ပြတင်းပေါက်၌လည်း ဈာန်ရ၏။

အာလောကကို အိုးဘေးဖေါက်၍ အတွင်း၌ မီးထွန်း၍ နံရံ၌ ထို မီးရောင်အဝန်း ထင်စေ၍ ရှုရသည်။ နံရံပေါက် စသည်ဖြင့် ဝင်၍ထင်သော နေရောင် လရောင်၌လည်း ဈာန်ရ၏။]

ကသိုဏ်းဆယ်ပါး ပွါးနည်း

ပထဝီကသိဏံ၊ မြေသည်ပင်လျှင် တစိတ်တဒေသ၌ မတည်မူ၍ ချဲ့သမျှပြန့်နှံ့၍ အဆုံးမရှိ ပြန့်နှံ့သောကြောင့် အလုံးစုံဟူသော အနက်အားဖြင့် ကသိဏ မည်သော ပထဝီကသိုဏ်း။ ဝါ၊ မြေအလုံးစုံနှံ့ထင်သော ပထဝီကသိုဏ်း - ပြုပြင်ပြီးသောအခါ- ပထဝီ၊ ပထဝီ၊ ပထဝီ၊ မြေ၊ မြေ၊ မြေ။

အာပေါကသိဏံ၊ ရေအလုံးစုံ နှံ့ထင်သော အာပေါကသိုဏ်း ပြုပြင်ပြီးသောအခါ- အာပေါ၊ အာပေါ၊ အာပေါ၊ ရေ၊ ရေ၊ ရေ။

(နောက်ပုဒ်တို့ကို နည်းမှီး ဆိုနိုင်ရမည်။)

တေဇောကသိဏံ၊ မီး-။ တေဇော၊-မီး -
ဝါယောကသိဏံ၊ လေ-။ ဝါယော၊-လေ။-

ဤကား ဓာတ်ကသိုဏ်း လေးပါးတည်း။

နီလကသိဏံ၊ ညိုသောအဆင်း--။ နီလံ၊ - ညိုသောအဆင်း။ -
ပီတကသိဏံ၊ ရွှေသောအဆင်း --။ ပီတကံ၊ - ရွှေသောအဆင်း။ -
လောဟိတကသိဏံ၊ နီသောအဆင်း --။ လောဟိတကံ၊ - နီသောအဆင်း။ -
ဩဒါတကသိဏံ၊ ဖြူသောအဆင်း --။ ဩဒါတံ၊ - ဖြူသောအဆင်း။-

ဤကား - ဝဏ္ဏကသိုဏ်း လေးပါးတည်း။

အာကာသကသိဏံ၊ - အကြားအပေါက် ကောင်းကင်။ -
အာကာသော၊ - အကြားအပေါက်ကောင်းကင်။ -
အာလောကကသိဏံ၊ - အရောင်အလင်း။ -
အာလောကော၊ - အရောင်အလင်း။ -

ကသိုဏ်းဆယ်ပါး ပြီး၏။

အဆုံးအဆုံး၌ ဝိပဿနာတင်ရန်

ဤ-(ကသိုဏ်း)—အာရုံ-အာရုံပြုခိုက်တွင် စိတ်စေတသိက်သည် နာမ်မည်၏။ ဝတ္ထု
အာရုံ-ပေါင်းဆုံခြင်းကြောင့်ဖြစ်သောနာမ်။ အာရုံသို့ ညွတ်သော

နာမ် -

ထိုစိတ်၊ စေတသိက်၏ တည်ရာ ဟဒယဝတ္ထုသည်၎င်း၊ ဟဒယဝတ္ထု၏တည်ရာ ဓာတ်လေးဖြာသမုတ် မဟာဘုတ်သည်၎င်း၊ တကိုယ်လုံးသည်၎င်း ရုပ်မည်၏၊ ကံ၊ စိတ်၊ ဥတု၊ အဟာရ - ကြောင့်ဖြစ်သောရုပ်၊ ပူခြင်း၊ ဧခြင်း-စသည်ကြောင့် သွင်မတူ ပြောင်းလွှဲဖောက်လဲ ဖောက်ပြန် ဖြစ်သောရုပ်။

ဤ-(ကသိုဏ်း)-အာရုံ - အာရုံပြုခိုက်တွင် ထိုနာမ်၊ ထိုရုပ် တပါး အာရုံပြုတတ်သော ငါ၊ သူ တပါးမရှိ။ ယောက်ျား မိန်းမ မရှိ။ ပုဂ္ဂိုလ်သတ္တဝါ မရှိ။ တိတ္ထိတို့ ကြံဆ၍ စွဲလမ်းသောအတ္တ၊ ဇီဝ မရှိ။ နာမ်နှင့်ရုပ်သာ ရှိ၏။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ-မဟုတ်၊ နာမ်နှင့်ရုပ်သာ ဟုတ်၏။

ဤတွင် တဒင်္ဂပဟန် ပြည့်စုံလျှင် သက္ကာယဒိဋ္ဌိ ကွာ၏။ အန္ဓပုထုဇဉ် အဖြစ်မှလွတ်၍ ကလျာဏပုထုဇဉ် အဖြစ်သို့ရောက်၏။

ဤ-(ကသိုဏ်း)-အာရုံ - အာရုံပြုခိုက်တွင် ဖြစ်သော ဤနာမ်နှင့် ဤရုပ်သည် အဝိဇ္ဇာ၊ တဏှာ၊ ကံ-စသော အကြောင်းကြောင့် ဖြစ်၏။ အကြောင်းကိုစွဲ၍ ပဋိစ္စသမုပ္ပါဒ် နာမ်နှင့် ရုပ်ဖြစ်ခြင်းမျှသာတည်း။ ငါမဖြစ်၊ သူမဖြစ်၊ ငါ့ကြောင့်မဖြစ်၊ သူ့ကြောင့်မဖြစ်၊ အကြောင်းမကင်းသော အကျိုးနာမ်ရုပ်မျှသာ ဖြစ်၏။ တင့်တယ် ချမ်းသာမဘက်၊ ပုဂ္ဂိုလ်သတ္တဝါမဘက်၊ ဒုက္ခသက်သက်သာ ကြောင်းကျိုး စွဲကာ ဖြစ်၏။

ဤတွင် တဒင်္ဂပဟာန် ပြည့်စုံလျှင် စူဠသောတာပန် အဖြစ်သို့ရောက်၏။

ဤ-(ကသိုဏ်း)-အာရုံ - အာရုံပြုခိုက်တွင်ဖြစ်သော နာမ်ရုပ်နှင့်တကွ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ရှိရှိသမျှ ဘေဘူမက နာမ်ရုပ်သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဝိပဿနာရှုစရာ ဒုက္ခသစ္စာ မည်၏။ ဒုက္ခကို ဖြစ်စေတတ်သော ရှေးဘဝ တဏှာသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဝိပဿနာရှုစရာ သမုဒယသစ္စာ မည်၏။ ဒုက္ခနှင့် သမုဒယ မဖြစ်ရာ နိဗ္ဗာန်သည် ဝိပဿနာ ရှုစရာမဟုတ်၊ နိရောဓ သစ္စာမည်၏။ ဒုက္ခသိခြင်း၊ သမုဒယ ပယ်ခြင်းဖြင့်၊ နိဗ္ဗာန်ကို အာရုံပြုသော တိုးပွါးစေအပ်သော မဂ္ဂင်ရှစ်ပါးသည် ဝိပဿနာ ရှုစရာ မဟုတ်၊ မဂ္ဂသစ္စာမည်၏။

ဤတွင် သမုစ္ဆေဒပဟာန် ပြည့်စုံလျှင် မဟာသောတာပန် ဖြစ်၏၊

ဤသို့ ဆက်သွယ်၍ သစ္စာလေးပါး သိခြင်းသည် ဤ- (ကသိုဏ်း)--အာရုံ အာရုံပြုသူ၏ ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း ဖြစ်၏၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် တိုင်အောင် ထွက်မြောက်ကြောင်း ဖြစ်၏။

(အန္ဓပုထုဇဉ်အဖြစ်မှ ကလျာဏပုထုဇဉ်အဖြစ်သို့။ ၎င်းမှု စူဠသောတာပန်အဖြစ်သို့။ ၎င်းမှ မဟာသောတာပန် အဖြစ်သို့ ရောက်စရာ လမ်းစဉ်သည် ငါလို သာနာ တွေ့ကျိုးနပ်သူ၏ ခရီးစဉ်တည်း။)

အသုဘဆယ်ပါး

ဥ+ဒ္ဓုမာတကံ၊ သေသည်မှအထက် နှစ်ရက်သုံးရက်၌ ဖူးဖူး ရောင်သော အကောင်ပုပ် မြင်ရသောအခါ– ဥဒ္ဓုမာတက ပဋိကူလံ၊ ဥဒ္ဓုမာတကပဋိကူလံ - ဖူးဖူး ရောင်သော အကောင်ပုပ်၊ စက်ဆုပ်စရာ၊ ဖူးဖူးရောင်သော အကောင်ပုပ် စက်ဆုပ်စရာ။ ပုံဟန် သဏ္ဌာန် စုံမက်သူအား သင့်၏။ ဧရာဂငြိမ်း-ဆေးဖြစ်၏။

ဝိ+နီလကံ၊ အသားများရာ၌ နီ၊ ပြည်စုရာ၌ ဖြူ၊ အနီ-အဖြူ ရောလျက် + ညိုမည်းသော အကောင်ပုပ် မြင်ရသောအခါ - ဝိနီလကပဋိကူလံ၊ ဝိနီလကပဋိကူလံ - ညိုမည်းသော အကောင်ပုပ် စက်ဆုပ်စရာ၊ ညိုမည်းသော အကောင်ပုပ် စက်ဆုပ်စရာ။-။ (နှစ်ကြိမ်စီ ဆိုနိုင်စေ။) အရေအဆင်း စုံမက်သူအား သင့်၏။-။ ရာဂငြိမ်းဆေးဖြစ်၏။

ဝိ+ပုဗ္ဗကံ၊ ယိုသော+ပြည်ရှိသော အကောင်ပုပ် မြင်ရသော အခါ... (နှစ်ကြိမ်စီ ဆိုနိုင်စေ။) ဝိပုဗ္ဗက ပဋိလံ - ပြည်ပုပ်ယိုသော အကောင်ပုပ် စက်ဆုပ်စရာ။--။ ပန်းနံ့သာအတွက် ကိုယ်နံ့ စုံမက်သူအား သင့်၏။-။ရာဂငြိမ်း - (ဆက်၍ ဆိုနိုင်သော ဉာဏ် ရှိ၊ မရှိ သိရလတ္တံ့။)

ဝိ+စ္ဆိဒ္ဒကံ၊ ခါးလယ်၌ ပြတ်သော အကောင်ပုပ် - ဝိစ္ဆိဒ္ဒက ပဋိကူလံ - ခါးလယ် ပြတ်သော အကောင်ပုပ် စက်ဆုပ်စရာ။--။ တခဲနက် လုံးလုံးကျစ်ကျစ်ဟု စုံမက်သူအား--။

ဝိ+က္ခာယိတကံ၊ အထူးထူးအားဖြင့် + ကျီး ခွေး လင်းတ ဆိတ် ဆွဲကိုက်ခဲအပ်သော အကောင်ပုပ် မြင် - ဝိက္ခာယိတကပဋိကူလံ -- အထူးထူး ဆိတ်ဆွဲကိုက်ခဲအပ်သော အကောင်ပုပ် စက်ဆုပ်စရာ။...။ အသားပုံ အိအိစက်စက်ဟု စုံမက်သူအား --။

ဝိ+က္ခိတ္တကံ၊ ခြေတခြား၊ လက်တခြား၊ ဦးခေါင်းတခြား ပစ်ထားအပ်သော အကောင်ပုပ် မြင် - ဝိက္ခိတ္တကပဋိကူလံ၊ - တကွဲတခြား ပစ်ထားအပ်သော အကောင်ပုပ် စက်ဆုပ် စရာ။--။အင်္ဂါ ကြီးငယ် တင့်တယ်၏ဟု စုံမက်သူအား --။

ဟတ+ဝိ+က္ခိတ္တကံ၊ ကြက်ခြေခတ်ခုတ်မွှမ်း၍ - တကွဲတခြား ပစ်ထားအပ်သော အကောင်ပုပ် မြင် - ဟတဝိက္ခိတ္တကပဋိကူလံ၊ ကြက်ခြေခတ် ခုတ်မွှမ်း၍ တကွဲတခြား ပစ်ထားအပ်သော အကောင်ပုပ် စက်ဆုပ်စရာ။ - အရိုးအဆစ် ဖုထစ်မငေါ ချောမော ပြေပြစ်သည်ဟု စုံမက်သူအား --။

လောဟိတကံ၊ ဒဏ်ရာအမာဝတို့မှ သွေးယိုသော အကောင်ပုပ် မြင် - လောဟိတ-ပဋိကူလံ၊ - သွေးယိုသော အကောင်ပုပ် စက်ဆုပ်စရာ။--။ တန်ဆာ အရောင် ပြောင်ပြောင်လက်လက် စုံမက်သူအား --။

ပုဠုဝကံ၊ ဒွါရကိုးပေါက် ပိုးလောက်ယိုထွက် ကျိကျိတက်သော အကောင်ပုပ် မြင် - ပုဠုဝကပဋိကူလံ၊ -- ပိုးလောက်ယိုထွက် ကျိကျိတက်သော အကောင်ပုပ် စက်ဆုပ် စရာ။--။ တဦးတည်းပိုင်ဟု စုံမက်သူအား --။

အဋ္ဌိကံ၊ အရိုးစုံဖြစ်သော အကောင်ပုပ် မြင် - အဋ္ဌိကပဋိကူလံ၊ အရိုးစုဖြစ်သော အကောင်ပုပ် စက်ဆုပ်စရာ။--။ ပုလဲကုံးအလား ဖြူဖွေးသောသွားဟု စုံမက်သူအား သင့်၏။--။ ရာဂငြိမ်း-ဆေး ဖြစ်၏။

အသုဘဆယ်ပါးပြီး၏။

အရှင်ကောင်အသုဘ

အသက်ရှိသူ၌လည်း ဖောရောင်သောအခါ –
ဥဒ္ဓုမာတကပဋိကူလံ
ဥဒ္ဓုမာတကပဋိကူလံ - ဖူးဖူးရောင်သော အကောင်ပုပ် စက်ဆုပ်စရာ၊
(နှစ်ကြိမ်။)

အနာပြည်ယိုသောအခါ - ဝိပုဗ္ဗကပဋိကူလံ
ပြည်ပုပ်ယိုသော သွေးထွက်သောအခါ - လောဟိတပဋိကူလံ
သွေးယိုသော သွားပေါ်သောအခါ - အဋ္ဌိကပဋိကူလံ
အရိုးစုဖြစ်သော-
(လေးခုရ၏။)

အခါမရွေး အနံ့ဆိုး မစင်ကြယ် ကဲ့ရဲ့ဘွယ်ဖြစ်သော ကိုယ်ကောင်ပါတကား။

အရိုးတိုင်သဘော၊ အကြောရစ်ပတ်၊ အသားကပ်မြှုပ်၊ အရေထူ အရေပါး အုပ်ထားသော ကိုယ်ကောင်ပါတကား။

ရွံဘွယ်ယိုကြောင်း ဟောင်းလောင်း အက်အာ အိုင်းအမာ ကိုးခုရှိသော ကိုယ်ကောင် ပါတကား။

ပိုးမျိုးယှက်ထွေး သစ်ထဲဆွေးသို့ ညစ်ကြေးပြည့်လျှံ တလံမျှသော ကိုယ်ကောင် ပါတကား။

မွေးသည်ကစ၍ မပြုမပြင် ပင်ကိုယ်အတိုင်း မြင်ရလျှင် ဆံပင် ရှုပ်ထွေး စုတ်ဖွား မွေးဖြိုင်ဖြိုင် ညစ်ကြေးလှိုင်လျက် ပြည်ကြီးပိုင်နှင့် သူရူး သူမသာ ငါမကျူး မြွာပူး အလား ထူးခြားသော ကိုယ်ကောင်ပါတကား။

ပေါက်ပင်မှ မကြွေမီ မကျမီ အဆီတရွှဲရွှဲ အသားတွဲဟု ခွေးငတ် စွဲသော်လည်း ပေါက်ပွင့် - ပေါက်ပွင့်သာတည်း။

ဤကိုယ်မှ မယိုမီ မကျမီ အဆီ တရွှဲရွှဲ အသားတွဲဟု တဏှာ ငတ်ခဲ့သော်လည်း အဖတ်ခဲ ရေညီ မသတီစရာ အံ့ဘွယ်သာတည်း။

ဤ ကိုယ်၏ အတွင်းသား ပြင်ပလှန်ထားလျှင် လေးမြား ထုတ်ချောင်းစုကာ ပေါင်း၍ ချောက်မောင်းဘို့သာ ကျီးစာ၊ ခွေးစာ၊ လင်းတစာပါတကာ:။

ဤကား - အရှင်ကောင် အသုဘဘည်း။

နဝ-သိဝထိက

တနည်းကား၊ သေ၍ တရက်ရှိ၊ နှစ်ရက်ရှိ၊ သုံးရက်ရှိ၊ ဖူးရောင်၊ မည်းညို၊ ပြည်ပုပ်၊ ယိုသောသူကောင် မြင်ရသောအခါ အယံ ပိခေါကာယော ဧဝံ ဓမ္မော၊ ဧဝံဘာဝီ၊ ဧဝံ အနတီတောအယံပိခေါ ကာယော၊ ဤ ငါ၏ ကိုယ်သည်လည်း။ ဧဝံဓမ္မော၊ ဤသဘောရှိ၏။ ဧဝံဘာဝီ၊ ဤသို့ ဖြစ်လတ္တံ့။ ဧဝံအနတီတော၊ ဤသဘောကို မလွန်ချေ။ (ဤသို့ဆောင်အပ်၏။)

ကျီး၊ ခွေး၊ လင်းတ၊ ပိုး လောက် ကျသော သူကောင်မြင်ရသော အခါ - အယံပိခေါ-

အသား အသွေးနှင့်တကွ အကြောဖွဲ့သော အရိုးဆက်ရှိသော သူကောင် မြင်ရသော အခါ - အယံ ပိခေါ -- (ဆောင်နိုင်စေ)

အသားမရှိ အသွေးနှင့်တကွ အကြောဖွဲ့သော အရိုးဆက်ရှိသော သူကောင် မြင်ရသောအခါ -

အသားအသွေးမရှိ အကြောဖွဲ့သော အရိုးဆက်ရှိသော သူကောင်မြင် —

အကြောဖွဲ့မျှမရှိ တကွဲတခြား ပစ်ထားအပ်သောအရိုးစုမြင် --

ဖွေးဖွေးဖြူသော အရိုးစုမြင် --

နှစ်ချို့သော အရိုးဟောင်းမြင် --

အရိုးဆွေး အရိုးမှုန့် မြင်ရသောအခါ-အယံပိခေါ-

ဤကား - နဝ သိဝထိကတည်း။

ကောဋ္ဌာသအသုဘ

ဤကိုယ်၌ -

ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ။ (၅)
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။ (၅)
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်။ (၅)
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။ (၅)
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။ (၆)
မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။ (၆)

ဤသို့ ၃၂-ခုရှိ၏။ ၃၂-ခုလုံးသည် အဆင်အားဖြင့်၎င်း သဏ္ဍာန် အားဖြင့်၎င်း၊ အနံ့ အားဖြင့်၎င်း၊ တည်ရာ အရပ်အားဖြင့်၎င်း၊ မှီရာအကြောင်း အားဖြင့်၎င်း - စက်ဆုပ် စရာ ရွံစရာဖြစ်၏။

အထက်၌ ဆံဖျား၊ အောက်၌ဘဝါး၊ အရေပါး အဆုံးရှိသော ဤကိုယ်သည် အပုပ်မျိုး ရွံဘွယ်လိလိ အပြည့်ရှိ၏။

အရိုးစုအသုဘ

အရိုးအားဖြင့်ကား-

ခြေရိုး— ၆၄၊ လက်ရိုး-၆၄၊
အသားမှီသော အရိုးနု-၆၄၊
ဖနောင့်ရိုး-၂၊ ဖမျက်ရိုး-၄၊ မြင်းခေါင်းရိုး-၄၊
ဒူးရိုး-၂၊ ပေါင်ရိုး-၂၊ ခါးရိုး−၂၊
ကျောက်ဆူးရိုး-၁၈၊ နံရိုး−၂၄၊ ရင်ရိုး-၁၄၊
နှလုံးရိုး-၁၊ ညှပ်ရိုး−၂၊ ပခုံးရိုး-၂၊
မောင်းရင်းရိုး-၂ ၊ မောင်းဖျားရိုး-၄၊
လည်ပင်းရိုး-၇၊ မေးရိုး-၂၊ နှာခေါင်းရိုး-၁၊
မျက်ကွင်းရိုး-၂၊ နားရိုး-၂၊ နဖူးရိုး-၁၊
ထိပ်ရိုး-၁၊ ဦးခေါင်းရိုး-၉၊

ပဋိလုံ -

ဦးခေါင်းရိုး-၉၊ ထိပ်ရိုး-၁၊-လ-။ လက် ရိုး-၆၄၊ ခြေရိုး-၆၄။

ဤသို့လျှင် ဤ ကိုယ်၌ အရိုးသုံးရာ (၃၀၀) ရှိ၏၊
အရိုးစု၊ အရိုးစု။
စက်ဆုပ်စရာ ရွံစရာဖြစ်၏။ စက်ဆုပ်စရာ ရွံစရာဖြစ်၏။
မာတင်းသော ပထဝီဓာတ် ဖြစ်၏။ မာတင်းသော ပထဝီဓာတ် ဖြစ်၏။
ငါ သူတပါး ယောက်ျား မိန်းမ မဟုတ်။ ငါ သူတပါး ယောက်ျား မိန်းမ မဟုတ်။
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါမဟုတ်။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါမဟုတ်။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

အသုဘဘာဝနာ ပြီး၏။

ဤ [အသုဘ] အာရုံ-အာရုံ ပြုခိုက်တွင် စသည်ဖြင့် ဝိပဿနာ ဆက်၍ တင်ရသည်။

အနုဿတိ ဆယ်ပါး

ဗုဒ္ဓါနုဿတိ

မြတ်စွာဘုရားသည် ကိလေသာတို့မှ ဝေးကွာတော်မူ၏။ ကိလေသာ ရန်သူကို သတ်တော်မူ၏။ သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်၏။ မကောင်းမှုကို ပြုစရာ ဆိတ်ကွယ်ရာ မရှိ။ (အရဟံ ၅-နက်)

အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူ၏။

ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူ၏။

အရိယာမဂ်တည်းဟူသော တင့်တယ်သောသွားခြင်း ရှိတော်မူ၏။ ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူ၏။ ပယ်ပြီးကိလေသာ ပြန်မလာစေခြင်းဖြင့်၎င်း၊ ဗောဓိမဏ္ဍိုင် တိုင်အောင် ပါရမီ ပဋိပတ် ဖြည့်ကျင့်ခြင်းဖြင့်၎င်း-ကောင်းစွာ ကြွသွားတော်မူ၏။ သင့်သော စကားနှစ်ခွန်းကို ဆိုတော်မူ၏။ (သုဂတော ၄-နက်)

သဝိညာဏက ခန္ဓာလောကကို ဒုက္ခသဘော စသည်တို့ဖြင့် သိတော်မူ၏။ သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက ဟုဆိုအပ်သော လောက သုံးပါးကို ခပ်သိမ်းသော အပြားအားဖြင့် သိတော်မူ၏။ (လောကဝိဒူ ၃-နက်)

မိမိထက် လွန်မြတ်သော သူ မရှိ။ မယဉ်ကျေးသော လူ ယောက်ျား၊ နတ်ယောက်ျား၊ တိရိစ္ဆာန် ယောကျ်ားတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူ၏။ အတုမရှိ မြတ်တော် မူသည်ဖြစ်၍ မယဉ်ကျေးသော လူယောက်ျား၊ နတ်ယောက်ျား တိရစ္ဆာန် ယောက်ျား တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူ၏။ (အနုတ္တရောစသည် ၃-နက်)

နတ်လူတို့၏ ဆရာဖြစ်တော်မူ၏။ နတ်လူတို့၏ လှည်းမှူးကြီး ဖြစ်တော်မူ၏။ (သတ္ထာ ဒေဝမနုဿာနံ ၂-နက်)

သိထိုက်သော ဉေယျဓမ်တရား ငါးပါးတို့ကို ဝိမောက္ခန္တီက ဉာဏ်စွမ်းဖြင့် သိတော်မူ၏။ သစ္စာလေးပါးကို ကိုယ်တော်တိုင် သိ၍ သူတပါးတို့ကိုလည်း သိစေတော်မူ၏။ (ဗုဒ္ဓေါ ၂-နက်)

အထွဋ်အထိပ်သို့ ရောက်သော ဒါနစသော ပါရမီဘုန်းကံ ရှိတော်မူ၏။ အသိန်း မကသော ကိလေသာ အကျဉ်းအားဖြင့် မာန်ငါးဖြာကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ - တည်းဟူသော ဘုန်းတော်တရား ခြောက်ပါး ရှိတော်မူ၏။ ကုသိုလ်စသော အပြား၊ ခန္ဓာစသော အပြားတို့ဖြင့် တရားတို့ကို ဝေဘန်ဟောကြားတော်မူ၏၊ ဈာန်၊ မဂ်၊ ဖိုလ် နိဗ္ဗာန်တို့ကို အကြိမ်ကြိမ် မှီဝဲ ဆည်းကပ်တော်မူ၏။ ဘဝတို့၌ ပြေးသွားတတ်သော တဏှာကို ထွေးအန် တော်မူ၏။ (ဘဂဝါ ၆-နက်)

ဤကား - ဗုဒ္ဓနုဿတိ ဘာဝနာတည်း။

ဓမ္မာနုဿတိ

တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားအပ်သော မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ်-ဆယ်ပါးသော တရားမြတ် ဖြစ်တော်မူ၏။

အရိယာပုဂ္ဂိုလ်တို့ ကိလေသာသတ်ခြင်းဖြင့် ကိုယ်တိုင် မြင်အပ်သော မဂ်တရား လေးပါး ဖြစ်တော်မူ၏။ အရိယာပုဂ္ဂိုလ်တို့ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ကိုယ်တိုင် မြင်အပ်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တရား ကိုးပါး ဖြစ်တော်မူ၏။ ချီးမွမ်းအပ်သော ပညာဖြင့် ကိလေသာကို အောင်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်-တရား ကိုးပါးဖြစ်တော်မူ၏။ မြင်ခြင်းငှာထိုက်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်-တရား ကိုးပါး ဖြစ်တော်မူ၏။ (သန္နိဋ္ဌိကော ၄-နက်)

အခါမသင့် အခြားမဲ့၌ ဖိုလ်အကျိုးကို ဖြစ်စေတတ်သော မဂ်တရား လေးပါး ဖြစ်တော်မူ၏၊

လာလှည့် ရှုလှည့်ဟု တိုက်တွန်းအပ်သော အစီအရင်ကို ခံထိုက်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန်-တရားကိုးပါး ဖြစ်တော်မူ၏။

မိမိစိတ်၌ ဖြစ်အောင် ဆောင်ယူထိုက်သော မဂ်၊ ဖိုလ်၊ တရား ရှစ်ပါး ဖြစ်တော်မူ၏။ မိမိစိတ်ဖြင့် အာရုံပြုနိုင်အောင် ဆောင်ယူထိုက်သော နိဗ္ဗာန်တရား တပါး ဖြစ်တော်မူ၏။ အရိယာပုဂ္ဂိုလ်ကို နိဗ္ဗာန်သို့ ဆောင်ပို့တတ်သော မဂ်-တရား လေးပါး ဖြစ်တော်မူ၏။ မျက်မှောက်ပြုအပ်သည် အဖြစ်သို့ ဆောင်ယူအပ်သောဖိုလ်၊ နိဗ္ဗာန် တရား ငါးပါးဖြစ်တော်မူ၏။ (သြပနေယျိကော ၄-နက်)

(အုတ်ဃာဋိတင်ညူ) ဥဂ္ဃါဋိတညူ စသော အရိယာ ပုဂ္ဂိုလ်တို့သည် မိမိစိတ်၌ သိအပ် ခံစားအပ်သော မဂ် ဖိုလ် နိဗ္ဗာန်တရား ကိုးပါး ဖြစ်တော်မူ၏။

ဤကား ဓမ္မာနုဿတိဘာဝနာတည်း။

သံဃာနုဿတိ

မြတ်စွာဘုရား၏ တပည့်သံဃာ အပေါင်းသည် မဂ္ဂင်အကျင့်ကို ကောင်းစွာ ကျင့်တော်မူ၏။ ဆုံးမတိုင်း မချွတ်မယွင်း ကျင့်တော်မူ၏။(သုပ္ပဋိပန္နော ၂-နက်)

ဖြောင့်မတ်စွာ ကျင့်တော်မူ၏။
နိဗ္ဗာန်အကျိုးငှာ ကျင့်တော်မူ၏။
ရိုသေသမှု ပြုထိုက်အောင် ကျင့်တော်မူ၏။

အဝေးမှ ဆောင်၍ လှူအပ်သော ပစ္စည်းလေးပါးကို ခံတော်မူထိုက်၏။ အရပ်ဝေးမှ လာ၍ လှူရာဋ္ဌာန ဖြစ်တော်မူ၏။ သိကြားမင်း စသည်တို့၏ အလှူကို ခံတော် မူထိုက်၏။ (အာဟုနေယျော ၃-နက်)

ဧည့်သည်ကောင်းတို့ အလို့ငှာ အထူးသဖြင့် စီမံအပ်သော အာဂန္တုကဒါနကို ခံတော်မူထိုက်၏။ အဦးအဖျား ဆောင်၍ ပူဇော်ရာ ဌာနဖြစ်တော်မူ၏။ ခပ်သိမ်းသော အပြားဖြင့် အရိုအသေ ပူဇော်ခြင်းကို ခံတော်မူထိုက်၏။ (ပါဟုနေယျော ၃-နက်)

မြတ်သောအမှုကို ခံတော်မူထိုက်၏။ မြတ်သော အလှူအား လျော်၏။ (ဒက္ခိဏေယျော ၂-နက်)

လက်အုပ်ချီခြင်းကိုခံတော်မူထိုက်၏။

လူအပေါင်း၏ ကောင်းမှုမျိုးစေ့၏ ပေါက်ရောက် ကြီးပွားရာ အတုမရှိ လယ်ယာ မြေကောင်းသဘွယ် ဖြစ်တော်မူ၏။

ဤကား သံဃာနုဿတိဘာဝနာတည်း။

သီလာနုဿတိ

အစ၌၎င်း၊ အဆုံး၌၎င်း တခုမျှမပျက်သောကြောင့် ကျိုးခြင်း ပြတ်ခြင်း မရှိသော ငါ၏ သီလတို့သည် ကောင်းလေစွတကား။

အလယ်၌ တခုမျှမပျက်သောကြောင့် ပေါက်ခြင်း၊ ထွင်းခြင်း မရှိသော … (ဆက်နိုင်သောဉာဏ် ရှိရမည်။)

အစဉ်အတိုင်း နှစ်ခု သုံးခု မပျက်သောကြောင့် ကြောင်ခြင်း ကျားခြင်း မရှိသော ...

အကြားအကြား၌ တခုမျှ မပျက်သောကြောင့် ပြောက်ခြင်း ကွက်ခြင်း မရှိသော …။

မေထုန်ငယ် ခုနှစ်ပါးတို့သည်၎င်း၊ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်း စသော ယုတ်မာသော တရားတို့သည်၎င်း၊ မနှိပ်စက်အပ် သောကြောင့် ကျိုးပြတ်ခြင်းမရှိ၊ ပေါက်ထွက်ခြင်းမရှိ၊ ကြောင်ကျားခြင်းမရှိ၊ ပြောက်ကွက်ခြင်း မရှိသော ...။

တဏှာ၏ ကျွန်အဖြစ်မှ လွတ်စေ၍ တော်လှန် ကောင်းမြတ်သော သူ၏ အဖြစ်ကို ပြုတတ်သော ...

ဘုရားအစရှိသော ပညာရှိတို့ ချီးမွမ်းအပ်သော ...

ဤမည်သော အပြစ်ရှိ၏ဟူ၍၎င်း၊ တဏှာဒိဋ္ဌိ တို့ဖြင့်၎င်း မသုံးသပ်အပ်သော ...

ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ၊ မဂ္ဂသမာဓိ၊ ဖလသမာဓိတို့ကို ဖြစ်စေတတ်သော ... ငါ၏ သီလတို့သည် ကောင်းလေစွတကား။

ဤကား သီလာနုဿတိ ဘာဝနာတည်း။

စာဂါနုဿတိ

ဝိဂတ-မလ-မစ္ဆေရော၊ ငါသည် ဝန်တိုခြင်း ကင်းလျက် နေနိုင်၏။ အရတော်လေစွ

မုတ္တ-စာဂေါ၊ ငါသည် လွတ်လွတ် စွန့်ကြဲနိုင်၏။ အရတော်လေစွ

ပယတ-ပါဏိ၊ ငါသည် စင်ကြယ်သောလက် ရှိ၏ ...။

ဝေါသဂ္ဂ-ရတော၊ ငါသည် စွန့်ကြဲခြင်း၌ မွေ့လျော်၏ ...။

ယာစ-ယောဂေါ၊ ငါသည် တောင်းခံခြင်းငှါ သင့်သောသူ ဖြစ်၏ …။

ဒါန-သံဝိဘာဂ-ရတော၊ ငါသည် သီးခြားလှူခြင်း၌၎င်း၊ ကိုယ်တို့မှ ခွဲလှူခြင်း၌၎င်း၊ မွေ့လျော်၏။ အရတော်လေစွ

ဤကား စာဂါနုဿတိ ဘာဝနာတည်း။

ဒေဝတာနုဿတိ

စာတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ စသော နတ်ဗြဟ္မာတို့သည် သဒ္ဓါတရား ရှိ၍ နတ်ဗြဟ္မာတို့ ဖြစ်ကြသည်။ ငါအားလည်း ထိုသဒ္ဓါမျိုး ရှိ၏။ အရတော်လေစွ

သီလရှိ၍ နတ်ဗြဟ္မာတို့ ဖြစ်ကြသည်။
ငါအားလည်း ထိုသီလမျိုးရှိ၏။ အရတော်လေစွ

သုတရှိ၍ နတ်ဗြဟ္မာတို့ ဖြစ်ကြသည်။
ငါအားလည်း ထိုသုတမျိုးရှိ၏။ အရတော်လေစွ

စာဂရှိ၍ နတ်ဗြဟ္မာတို့ ဖြစ်ကြသည်။
ငါအားလည်း ထိုစာဂမျိုးရှိ၏။ အရတော်လေစွ

ပညာရှိ၍ နတ်ဗြဟ္မာတို့ ဖြစ်ကြသည်၊
ငါအားလည်း ထိုပညာမျိုး ရှိ၏။ အရတော်လေစွ

ဤကား ဒေဝတာနုဿတိ ဘာဝနာတည်း။

ကာယဂတာသတိဘာဝနာ

ဤကိုယ်၌ -

ဆံပင်၊ မွှေးညှင်း၊ လက်သည်း ခြေသည်း၊ သွား၊ အရေ၊
အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အညှို့၊
နှလုံး၊ အသည်း၊ အမြှေး၊ အပြင်၊ အဆုတ်၊
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊
သည်းချေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊
မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။

ဤသို့ ၃၂-ခု ရှိ၏။ ၃၂-ခုလုံးသည် အဆင်းအားဖြင့်၎င်း၊ သဏ္ဌာန် ...။ အနံ့...။ တည်ရာအရပ် ...။ မှီရာအကြောင်း အားဖြင့်၎င်း စက်ဆုပ်စရာ ရွံစရာဖြစ်၏။

အထက်၌ဆံဖျား၊ အောက်၌ဘဝါး၊ အရေပါး အဆုံးရှိသော ဤကိုယ်သည် အပုပ်မျိုး မစင်ကြယ် ရွံဘွယ်လိလိ အပြည့် ရှိ၏။ ၃၂-ခုသည် တခြားစီဖြစ်၏။ တကွဲစီဖြစ်၏။

ပန်းပွင့် ၃၂-မျိုးကို ကြိုးတချောင်းတည်းဖြင့် သီကုံးထားသည်နှင့် တူ၏။ ၃၂-ခုသည် တခြားစီဖြစ်၏။ တကွဲစီဖြစ်၏။

သတ္တဝါ အပေါင်းသည် တောသမင် အထင်မှား မြက်ရုပ်အလား ၃၂-ကောဋ္ဌာသ အဆင့်ဆင့် အလိုက်သင့်ရုံ စုပုံထားခြင်းသာ ဖြစ်၏။ သမင်တောဘွား ၃၂-ပါး မသိရှာ။ ၃၂-ခုသည် တခြားစီဖြစ်၏။ တကွဲစီဖြစ်၏။

အစားအစာ စားမျိုခြင်းကား သစ်ခေါင်းအတွင်း အမှိုက်သွင်းပမာ ၃၂-ခု အကြား သွင်းထားခြင်းသာ ဖြစ်၏။ ၃၂-ခုသည် တခြားစီဖြစ်၏။ တကွဲစီဖြစ်၏။

တနည်း -

ပထမ ဆံပင်စသော ငါးခုကို အနုလုံ ၅-ရက်၊ ပဋိလုံ ၅-ရက်၊ အနုလုံ-ပဋိလုံ ၅-ရက်၊ ၁၅-ရက် သရဇ္ဈာယ်ရသည်။

ထိုနောက် ဒုတိယ ငါးခုကို ထိုအတူ ၁၅-ရက်။ ငါးခု နှစ်ရပ်ကို ပေါင်း၍ ၁၅-ရက်။

တတီယ ငါးခု ၁၅-ရက်။ သုံးရပ်ပေါင်း၍ ၁၅-ရက်။

စတုတ္ထငါးခု ၁၅-ရက်။ လေးရပ် ပေါင်း၍ ၁၅-ရက်။

ပဉ္စမခြောက်ခု ၁၅-ရက်။ ငါးရပ်ပေါင်း၍ ၁၅-ရက်။

ဆဋ္ဌခြောက်ခု ၁၅-ရက်၊ ခြောက်ရပ်ပေါင်း၍ ၁၅-ရက်။

ဤသို့ ၁၅-ရက် x ၁၁-လီ ငါးလခွဲ၊ ခြောက်လ သရဇ္ဈာယ်ရသည်။

ဤကား ကာယဂတာသတိဘာဝနာတည်း။

အာနာပါနဿတိဘာဝနာ

အာနာပါနကား-ထွက်သက်၊ ဝင်သက် ထင်ရှားရာကို အာရုံပြုရသည်။ လေနောက် စိတ်မလိုက်ရ။ အထက်နှုတ်ခမ်းဖျား၊ နှာသီးဖျား၌ စိတ်ထားရသည်။ ထိုနောက် အစစွာ-တခု-တခု နှစ်ခု-နှစ်ခု စသည်ဖြင့် ဆယ်ခု-ဆယ်ခုအထိ အကြိမ်ကြိမ် ဖြေးဖြေး ရေတွက်ရသည်။ ထွက်တိုင်း ဝင်တိုင်း လေထင်ရှားသောအခါ တခု၊ နှစ်ခု -စသည်ဖြင့် ဆယ်ခုအထိ အကြိမ်ကြိမ် မြန်မြန် ရေတွက်ရသည်။ ဤသို့ ရေတွက်ခြင်းနှစ်မျိုးသည် ဂဏနာနည်း မည်၏။ ဤနည်းဖြင့် ထွက်သက်ဝင်သက် အာရုံ၌ သတိတည်အောင် ဝိတက်ကင်းအောင် ပွားစေရသည်။

ထွက်သက်၊ ဝင်သက် အာရုံ၌ သတိတည်သောအခါ ရေတွက်ခြင်းမပြုဘဲ ထွက်တိုင်း ဝင်တိုင်း လေမလွတ်အောင် ဖွဲ့၍ ဝင်သက်၊ ထွက်သက်၊ ဝင်သက်၊ ထွက်သက်-ဟု ဆင်ခြင်ရသည်၊

ဤကား အနုဗန္ဓနာနည်း မည်၏။

ဖုသနာနည်း သီးခြားမရှိ၊ လေထိရာ အရပ်၌ သတိထားခြင်းသည် ဖုသနာ မည်၏။ ဂဏာနာ၊ အနုဗန္ဓနာ-နှစ်နည်းလုံး ဖုသနာသာတည်း။

ထပနာနည်းလည်း သီးခြားမရှိ။ ပဋိဘာဂနိမိတ်-ကြယ်ရောင်၊ ပတ္တမြားလုံး၊ ကြာပန်း စသည်ထင်ပြီးနောက် အပ္ပနာဈာန်တိုင်အောင် စိတ်ထားခြင်းသည် ထပနာမည်၏။

အပ္ပနာဈာန် ရပြီးနောက် ဝိပဿနာ ပွားစေခြင်းသည် သလ္လက္ခဏာ မည်၏။ မဂ်သည် ဝိဝဋ္ဋနာ မည်၏။ ဖိုလ်သည် ပါရိသုဒ္ဓိ မည်၏။ ပစ္စဝေက္ခဏာဉာဏ်သည် ပဋိပဿနာမည်၏။

ဂဏ၊ နုဗန် (၂) ဖုသန်၊ ထပ (၂) သလ္လက္ခဝိ၊ (၂) သုဒ္ဓိ ပဿနာ (၂) နည်းရှစ်ဖြာ-အာနာပါနဿတိတည်း။

ထွက်သက်ဝင်သက် ရှည်လျှင် ရှည်သည်ဟု သိရသည်။ တိုလျှင် တိုသည်ဟု သိရသည်။ အစ၊ အလယ်၊ အဆုံး - ထွက်လေအပေါင်းကို ထင်ရှားစေမည်ဟု အားထုတ်ရသည်။ ထွက် ဝင်လေကို ငြိမ်သက်စေမည်ဟု အားထုတ်ရသည်။

ရှည်၊ တို၊ ထင်၊ ငြိမ် - ဤလေးခုအပေါင်းသည် ပဌမစတုက္ကမည်၏။
ကာယာနုပဿနာစတုက္က မည်၏။
သမထစတုက္က မည်၏။
အာဒိကမ္မိကစတုက္က မည်၏။

ထိုနောက် -
ဝေဒနာနုပဿနာစတုက္က၊
စိတ္တာနုပဿနာစတုက္က
ဓမ္မာနုပဿနာစတုက္က - သုံးခု၌ ဘာဝနာနည်း သီးခြားမရှိ၊

ထိုဈာန်ရသူ၏ ဝိပဿနာရှုပုံတည်း။ ဤသို့ ၁၆-ဋ္ဌာန၌ ထွက်သက်၊ ဝင်သက်သည် ဗာတ္တိံသာကာရ ဖြစ်၏။

ဤကား အာနာပါနဿတိဘာဝနာတည်း၊

[သတ္တဝါတို့ ဘွားမြင်စတွင် ထွက်သက် ရှေးဦးစွာ ဖြစ်သည်။ နောက်မှ ဝင်သက် ဖြစ်သည်။ ထိုကြောင့် ထွက်သက်ဝင်သက်ဟု ဆိုအပ်၏။ ဘာဝနာဖြင့် သိမ်းဆည်း သောအခါ ဝင်သက် ရှေးဦးစွာ၊ ထွက်သက် နောက်မှ သိမ်းဆည်းသည်။ ထိုကြောင့် ဝင်သက်ထွက်သက်ဟုဆိုအပ်၏။]

မရဏဿတိ

မရဏဿတိကို ယောနိသောမနသိကာရ ကြီးစွာ၊ သတိကြီးစွာ၊ သံဝေဂဉာဏ် ကြီးစွာ ထား၍ ပွားရသည်။ ချစ်သူအတွက် မစိုးရိမ်နှင့်၊ သားသေသော မိခင်နှင့် တူသည်။ မုန်းသူအတွက် ဝမ်းမမြောက်နှင့်၊ ရန်သူနှင့်တူ၏။ လျစ်လျူရှုသူ အတွက် ငါနှင့်မဆိုင်ဟု သံဝေဂဉာဏ် လက်မလွှတ်စေနှင့်၊ စဏ္ဍာလနှင့် တူသည်။ မိမိ အတွက် မထိတ်နှင့်၊ အထင်ကြီးသော သူရူးနှင့်တူသည်။ ဝါ၊ သံလျက်မိုး ခံရသူကဲ့သို့ သတိ၊ သံဝေဂဉာဏ် ကွယ်ပျောက်တတ်သည်။

ရွှေဉာဏ်တော်အရာ သိနိုင်ခဲသိစရာ နက်နဲစွာကို မကြာခဏ သိရပေလတ္တံ့၊ မကြာခဏ သိရပေလတ္တံ့။ ဤသို့ ထက်သန်ရသည်။

မသေလိုလျှင် သုဿန်သွား၊ မရဏဿတိ နာနာပွား၊
မသေလိုလျှင် သုဿန်သွား၊ မရဏဿတိ နာနာပွား။

မရဏံ မေ ဘဝိဿတိ၊ ဥစ္ဆိဇ္ဇိဿတိဇီဝိတံ။
သောဟံ မရဏ ဓမ္မောမှီ၊ အနတီတော တိ မရဏံ။

မရဏံ၊ သေခြင်းသည်။
မေ၊ ငါအား။
ဝါ၊ ငါ့ဘို့ ငါ့အတွက် ငါ့အလို့ငှါ။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဇီဝိတံ၊ အသက်သည်။
ဥစ္ဆိဇ္ဇိဿတိ၊ ပြတ်လတ္တံ့။
သောဟံ၊ ထိုငါသည်။
မရဏဓမ္မော၊ သေခြင်းသဘောရှိသည်။
အမှိ၊ ဖြစ်၏။
မရဏ၊ သေခြင်းကို။
အနတီတော ဟိ၊ မလွန်နိုင်သည်သာတည်း။

ဤသို့ပွားခြင်းဖြင့် ဥပစာရဈာန်ရနိုင်သည်။

သူသတ် ပြည်ပျက် (၂)
ဆောင်းဆက် အားငယ် (၄)
မှတ်ဘွယ် နတ္ထိ (၁)
တမ်းရှိ ခဏ (၂)
ရှစ်နည်းမှလည်း - ဥပစာရဈာန် ရသတည်း။

(၁) သူသတ်ဟူသည်ကား .....

မှိုငုံသည် မြေမှုန်ရွက်၍ တက်လာ၏။ သတ္တဝါအပေါင်းလည်း ဇရာမရဏ ရွက်၍ ဖြစ်လာ၏။ သေဘေးထိပ်ပေါ် ရောက်နေပြီ။

ဤမရဏသည် ပဋိသန္ဓေကပင် အသက်ကို ဆုပ်ကိုင်လျက် အတူပါလာ၏။ မသေကောင်း မပျောက်ကောင်းသူ ရှိဦးမည်လော။

ပဋိသန္ဓေစိတ်သည်ပင် ဥပါဒ်အခြားမဲ့၌ ဇရာဌီ ဖြစ်ရရှာ၏။

တောင်ထိပ်မှ လိမ့်ကျသကဲ့သို့ ချက်ခြင်းပျက်ချေပြီ။

ထိုကြောင့် သတ္တဝါအပေါင်းသည် မရပ်မနား ဝင်ရာသွားသော နေမင်းကြီး၊ သွင်သွင်စီး မြစ်အလား သေခြင်းသို့ ဦးတိုက်သွားနေ၏။

ထိုသို့ သွားခြင်းဖြင့် မြက်ဖျားနှင်း နေရှိန်ကျောက်၊ နံနက်ရောက် သစ်သီးကြွေ၊ နွေအခါ ချောင်းငယ်ခန်း၊ တင်းပုတ်ရမ်း မြေအိုးကွဲ သေပွဲကျိန်းသေ ကြာလေနီးလေ နီးကပ်ချေ၏။

ပဋိသန္ဓေကစ၍ ဆုပ်ကိုင်လျက် ကိုယ့်အသက် သူ့လက်တွင်း ဤသေခြင်းသည် လည်ပင်းထားချူ သတ်မည့်လူနှင့် အဘယ်သူက ဝေးမည်နည်း။

မရဏံ မေ ပစ္စုပ္ပဋ္ဌိတံ၊ မရဏံ မေ ပစ္စုပ္ပဋ္ဌိတံ။

မရဏံ၊ သေခြင်းသည်။
မေ၊ ငါအား။
ပစ္စုပ္ပဋ္ဌိတံ၊ ရှေးရှုတည်နေ၏တကား။
ပစ္စုပ္ပဋ္ဌိတံ၊ ထားမိုးသူသတ် အနီးကပ်လျက် ရပ်နေချေပြီတကား။

ဤကား သူသတ်ယောက်ျား အနီးတည်ဟန်တည်း။

(၂) ပြည်ပျက် ဟူသည်ကား --

ပြည့်စုံခြင်း ဟူသမျှသည် အားရစဘွယ်, မပျက်မီ တင့်တယ်လှ၏။ ပြည့်စုံတိုင်းမြဲခိုင်, မပျက်နိုင်ကားမရှိ၊ ပြုံးပြီးမဲ့ရ၏။ ငိုချင်၍၊ အူရွှင်ခြင်းလော။

သကလံ မေဒနိံ ဘုတွာ၊ အန္တေ မလက ဣဿရော၊
မရဏာဘိမုခေါသောပိ၊ အသောကော သောကမာဂတော။

သောပိ အသောကော၊ ထိုသီရိဓမ္မာသောက- မစိုးရိမ် မင်းကြီးသော်မှလည်း။
သကလံမေဒနိံ၊ ဇမ္ဗူသောင်းခွင် မြေတပြင်လုံးကို။
ဘုတွာ၊ မြေနှင့်မိုဃ်း အစိုးတရ ခံစားပြီးမှ။
အန္တေ၊ နောက်ဆုံး၌။
အာမလက ဣဿရော၊ ရှိရှားသီးတခြမ်းမျှ အစိုးတရ ဆုပ်ကိုင်လျက်။
မရဏာဘိမုခေါ၊ သေခြင်းသို့ ရှေးရှုရသည်ရှိသော်။
သောကံ၊ စိုးရိမ်ခြင်းသို့။
အာဂတော၊ ရောက်ရလေသတည်း။

မြေနှင့်မိုဃ်း အစိုးရခြင်းသည် ဆီးဖြူသီးတခြမ်း အစိုးရခြင်းလျှင် အဆုံးရှိ၏။

မာခြင်းသည် နာခြင်းအဆုံး ရှိ၏။
ပျိုခြင်းသည် အိုခြင်းအဆုံး ရှိ၏။
ရှင်ခြင်းသည် သေခြင်းအဆုံး ရှိ၏။

သတ္တဝါအပေါင်းသည် ရန်သူလိုက်ခံရသူ - အဆိပ်မျိုစဉ် - ဆင်နင်း၍ - ဘီလူး ပူးသည်နှင့် တူလှ၏။ ဇာတိရန်သူ အမြဲလိုက်၏။ ဧရာအဆိပ် အမြဲဝင်၏၊ ဗျာဓိဆင် အမြဲနင်း၏။ မရဏဘီလူး အမြဲပူး၏။

ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ-လေးမျိုးသည် ကွက်လပ်မရှိ၊ တစ်ထည်းဖြစ်၏။ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲ - အမျိုးလေးပါးကို အမြဲနှိပ်စက်၏။ တောင်ကြီး လေးလုံး မိုဃ်းအထိ လိမ့်၍ အရပ်လေးမျက်နှာ၌ အမြဲကြိတ်ချေသည်နှင့် တူလှ၏။

ပြေးစရာလည်း မြေမကျန်၊ မန္တန်ပယောဂလည်း လိုရာ မရောက်၊ ရွှေငွေစိန်ကျောက် ဖြင့်လည်း မလွတ်နိုင်။

သဗ္ဗံ အာရောဂျံ-- ဗျာဓိပရိယောသာနံ၊

သဗ္ဗံ၊ အလုံးစုံသော။
အာရောဂျံ၊ အနာကင်းခြင်းသည်။
ဗျာဓိပရိယောသာနံ၊ နာခြင်းလျှင် အဆုံးရှိချေ၏တကား။

သဗ္ဗံ ယောဗ္ဗနံ-ဧရာပရိယောသာနံ၊

သဗ္ဗံ၊ အလုံးစုံသော။
ယောဗ္ဗနံ၊ အရွယ်ပျိုခြင်းသည်။
ဇရာပရိယောသာနံ၊ အိုခြင်းလျှင် အဆုံးရှိချေ၏တကား။

သဗ္ဗံ ဇီဝိတံ-မရဏပရိယောသာန၊

သဗ္ဗံ၊ အလုံးစုံသော။
ဇီဝိတံ၊ အသက်ရှင်ခြင်းသည်။
မရဏပရိယောသာနံ၊ သေခြင်းလျှင် အဆုံးရှိချေ၏တကား။

သဗ္ဗာ သမ္ပတ္တိ-ဝိပတ္တိ ပရိယောသာနာ၊

သဗ္ဗာ၊ အလုံးစုံသော။
သမ္ပတ္တိ၊ ပြည်စုံခြင်းသည်။
ဝိပတ္တိပရိယောသာနာ၊ ပျက်စီးခြင်းလျှင် အဆုံးရှိချေ၏တကား။

ဤကား ပြည့်စုံခြင်းသည် ပျက်စီးခြင်း အဆုံးရှိပုံတည်း။

(၃) ဆောင်ဟူသည်ကား --

ဤ မရဏသည် ခြွေရံများလှ မဟာသမ္မတမင်း၊ စကြာမင်းကိုလည်း မကွင်းမရှောင် အသက်ဆောင်သည်-- ငါသို့သောသူ ဆိုဘွယ်မရှိ။

ဘုန်းထူးကံရှိ ဇောတိကသော ဇဋိလသော မကျန် ဘုန်းကံ တဝင်းဝင်းနှင့် သေမင်း ထံအောက် ရောက်ရသေးသည် ... ငါသို့ သောသူ ဆိုဘွယ်မရှိ။

သတ္တိခွန်အား ကြီးမားဘက်ကင်း ဝါသုဒေဝမင်းကြီး ဘီမသေန စစ်သူကြီးတို့သော် မှလည်း ဇမ္ဗူအတွင်း အမင်းမင်း၌ အောင်ခြင်းကြီး အောင်ပြီးမှ မရဏထံပါး အရောက် သွားကြရ သေးသည် ... ငါသို့ သောသူ ဆိုဘွယ်မရှိ။

သိကြားမင်းစံရာ ဝေဇယန္တာကို ခြေမဖြင့်သာ လှုပ်ခါနိုင်လှ အဂ္ဂသာဝက တန်ခိုးရှင် သော်မှလည်း ကြောင်ခံတွင်း ကြွက်အသွင် မရဏခံတွင်းသို့ တန်ခိုးပါဝင် ရသေးသည် ... ငါသို့ သောသူ ဆိုဘွယ်မရှိ။

လှိုင်းကြီး လှေအောက်, တောင်ကြီး ဘဝါးအောက် (ဘုရားရှင်မှတပါး) ပညာ ကြီးလျှင် ရှင်သာရိပုတြာအောက် --- ဤမျှလောက် ပညာထက်သော်လည်း အသက် ဉာဏ်စောင့်ကာ သေမင်း အလိုသို့ လိုက်ပါရသေးသည် ... ငါသို့သောသူ ဆိုဘွယ် မရှိ။

သယမ္ဘူဓာတ် ဉာဏ်တော်မြတ်ဖြင့် ထောင့်ငါးရာသတိ ကိုယ်လွတ်ဝိမုတ္တိ မကပ်ငြိ ထိုထို ကြံ့ချိုပမာ ပစ္စေကဗုဒ္ဓါတို့ သော်မှလည်း သေမင်းချုံနယ် ငြိတွယ်ကြရ သေးသည် ... ငါသို့ သောသူ ဆိုဘွယ်မရှိ။

သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် လက္ခဏာကြီးငယ် ရောင်ခြည်တော် ခြောက်သွယ်ဖြင့် ဆန်းကြယ်သော ရူပကာယ ရှိ၏။ သီလ သမာဓိ တုမရှိ-ဓမ္မကာယ ပြည့်၏၊ ယသ၊ ပုည၊ ထာမ၊ ဣဒ္ဓိ၊ ကြီးဘိပညာ - ငါးဖြာလုံလောက် ထွဋ်ထိပ်ရောက်၏။ အတုမရှိ ဘုရားရှင်ဖြစ်လျက် မိုဃ်းခသည့် မီးတမျှ မရဏမိုဃ်းကိန်းဖြင့် ခန္ဓာတော် ငြိမ်းရသေးသည်၊ ငါသို့သောသူ ဆိုဘွယ်မရှိ။

နိလ္လဇ္ဇံ ဝီတသာရဇ္ဇံ၊
သဗ္ဗသတ္တာ ဘိမဒ္ဒနံ။
တယိဒံ မာဒိသံ သတ္တံ၊
ကထံ နာဘိ ဘဝိဿတိ။

နိလ္လဇ္ဇံ၊ အရှက်မရှိသော။
ဝီတသာရဇ္ဇံ၊ အကြောက်မရှိသော။
သဗ္ဗသတ္တာဘိမဒ္ဒနံ၊ သတ္တဝါ အသက် အလုံးစုံ နှိပ်စက်ခြင်းငှါ အားမနာသော။
တယိဒံ၊ ထိုမရဏ သေမင်းသည်။
မာဒိသံသတ္တံ၊ ငါသို့သောသူကို။
ကထံ နာဘိဘဝိဿတိ၊ အဘယ်မှာ မနှိပ်စက်ဘဲ ရှိပါအံ့နည်း။

ဤကား - ပုဂ္ဂိုလ်အထူးခုနစ်ဦးဖြင့် ဆောင်ခြင်းတည်း။

(၄) ဆက်ဟူသည်ကား --

ဤ ကိုယ်သည် ငါတကိုယ်တည်း မဟုတ်၊ ပိုးမျိုးရှစ်ဆယ်-ဆက်သွယ်၏။ ပိုးတို့၏ နေအိမ်၊ ပိုးတို့၏သားဘွားရုံ၊ ပိုးတို့၏သူနာရုံ၊ ပိုးတို့၏ သင်းချိုင်း၊ ပိုးတို့၏အိမ်သာ, ဖြစ်၏။ ထိုပိုးတို့ကြောင့်လည်း သေနိုင်၏။

သည်းခြေနာ၊ လေသင်ဓုန်း စသော ကိုယ်တွင်းသေကြောင်း အထွေထွေ၊ မြွေ ကင်း သန်း စသော ကိုယ်ပသေကြောင်း အတန်တန် ဆက်ဆံ၏။ အစာမကျေခြင်း၊ ချွတ်ချော်ခြင်းကြောင့်လည်း သေနိုင်၏။

ဤကိုယ်သည် လက်နက်မျိုးစုံ ကျရာ လမ်ဆုံမှတ်တိုင်နှင့် တူ၏။ ဥပဒ်မျိုးစုံကျရာ ဖြစ်၏။ ကျလေသမျှ ဥပဒ်တိုင်းလည်း သေကြောင်းသာတည်း။

ထိုကြောင့် နေ့ကုန်၍ ညဉ့်ရောက်လျှင် ဆင်ခြင်ဘွယ်ကား။ ငါအား သေခြင်း အကြောင်း များလှ၏။ ကိုယ်တွင်း၌လည်း သေကြောင်းအများ ဆက်ဆံ၏။ ကိုယ်ပ ၌လည်း သေကြောင်း အများဆက်ဆံ၏။ ထိုသေခြင်းသည် သာသနာ အကျင့်၏ အန္တရာယ် ဖြစ်ချေ၏တကား။

ဤကား ဤကိုယ် အများနှင့် ဆက်ဆံပုံတည်း။

(၅) အားငယ်ဟူသည်ကား --

ဤအသက်သည် ထွက်သက် ဝင်သက် မမျှရုံဖြင့် သေနိုင်၏။ လွန်စွာအားငယ်၏။

ဣရိယာပုထ ်(လေးပါး) မမျှရုံဖြင့် သေနိုင်၏။ လွန်စွာအားငယ်၏။

အပူအဧ မမျှရုံဖြင့် ...
ပထဝီ အာပေါစသော ဓာတ်လေးပါး မမျှရုံဖြင့်...
အစာ အဟာရ မမျှရုံဖြင့် သေနိုင်၏။
ကမ်းနားသစ်ပင်သဘွယ် လွန်စွာ အားငယ်၏။

ဤကား-အားငယ်ပုံတည်း။

(၆) မှတ်ဘွယ်နတ္ထိ ဟူသည်ကား ...

ဇီဝိတံ ဗျာဓိ ကာလောစ၊
ဒေဟနိက္ခေပနံ ဂတိ။
ပေဉ္စတေ ဇီဝလောကသ္မိံ၊
အနိမိတ္တာ နနာယရေ။

ဇီဝိတံ၊ အသက်၎င်း။
ဗျာဓိ၊ အနာ၎င်း။
ကာလော၊ အချိန်၎င်း။
ဒေဟနိက္ခေပနံ၊ သေရာအရပ်၎င်း။
ဂတိ၊ လားရာဂတိ၎င်း။
ဣတိ၊ ဤသို့။
ဧတေပဉ္စ၊ ဤငါးပါးတို့သည်။
ဇီဝလောကသ္မိံ၊ သတ္တလောက၌။
အနိမိတ္တာ၊ ပိုင်းခြားခြင်း မှတ်သားခြင်း မရှိကုန်။
နနာယရေ၊ မသိအပ်သော ငါးပါးတို့ ဖြစ်ကုန်၏။

ဤအသက်သည် အဘယ်မျှ ကြာမည်မသိ။
ယနေ့လော၊ နက်ဖြန်လော နေ့တိုင်း သေနိုင်၏။

အဘယ်အနာဖြင့် သေမည်မသိ။
ကိုယ်တွင်းနာလော၊ ကိုယ်ပ နာလော အနာတိုင်းဖြင့် သေနိုင်၏။

အဘယ်အချိန် သေမည်မသိ။
နေ့လော၊ ညဉ့်လော အချိန်မရွေး သေနိုင်၏။

အဘယ်နေရာ သေမည်မသိ။
လမ်း၌လော၊ အိပ်ရာ၌လော၊ နေရာမရွေး သေနိုင်၏။

သေပြီးလျှင် အဘယ်ဘဝ ရောက်မည်မသိ။
ဒေဝဂတိလော၊ တိရစ္ဆာနဂတိလော - ဆုံလည်နွားပမာ ဂတိငါးဖြာချာချာလည်နိုင်၏။

ဤကားအပိုင်းအခြား မှတ်သားဘွယ် မုရှိပုံတည်း။

(၇) တမ်းရှိ ဟူသည်ကား --

ယခုအခါ သတ္တဝါတို့ သက်ဆိုး ရှည်လှမှ တရာတမ်းသာ တမလွန် နီးကပ်လှ၏။

ဦးခေါင်း မီးလောင်သူကဲ့သို့ ကတိုက်ကရိုက် ကုသိုလ်အားတိုက် ပြုသင့်၏။ ဦးခေါင်း မီးလောင်စဉ်သော်လည်း အားတိုက် ပြုသင့်၏။

သားသတ်ရုံဆောင် နွားကောင်ပုံမှီး သေနည်းမဆိုင်း ခြေလှမ်းတိုင်း နီးလှ၏။

ရေ၌ရေးကြောင်း ဥဗောင်းပွက်ဟန် အပျက်မြန်လှ၏

တနေ့နှင့်တညဉ့်၊ တနေ့၊ နေ့ထက်ဝက်၊ တထပ်စားချိန် စားချိန် ထက်ဝက်၊ လေးငါးလုပ် မျိုသလောက်ဟု ခွာ၍ရှုသူအား ဘုရားရှင် ကဲ့ရဲ့၏။ လေးငါးလုပ် မျိုချိန်မျှ ကျွမ်းဝင်မရ တိုတောင်းလှသော အသက် ဖြစ်၏၊

အစာတလုပ် မျိုသလောက် ကြာအောင် အသက်ရှည်လျှင် တော်ပေစွ၊ ကုသိုလ်တရား အားထုတ်ရပေလတ္တံ့။

ထွက်သက်မှ ဝင်သက် တိုင်ရုံလောက်၊ ဝင်သက်မှ ထွက်သက် တိုင်ရုံလောက ကြာအောင် အသက်ရှည်လျှင် တော်ပေစွ၊ ကုသိုလ်တရား အားထုတ်ရလတ္တံ့။

ဤကား အသက်တမ်း ရှိပုံတည်း။

(၈) ခဏဟူသည်ကား --

အသက်၊ ကိုယ်ခန္ဓာ၊ ဝေဒနာ ဟူသည် စိတ်တချက်မျှသာ လျင်မြန်စွာပျက်စီး၏။

သေသူနှင့်ရှင်သူ ချုပ်ပြီး ခန္ဓာချင်းတူ၏။ ချုပ်ပြီးခန္ဓာ ပြန်မလာ။

ဤအသက်သည် -
အတိတ်စိတ်ဖြင့် အသက်မရှင်၊
အနာဂတ်စိတ်ဖြင့် အသက်မရှင်၊
ပစ္စုပ္ပန်စိတ် တချက် တချက်မျှဖြင့်သာ အသက်ရှင်၏။
သေးငယ်သော ခဏရှိ၏။

လှည်းဘီးသည် တဝါးလေးသစ်မျှ တည်လျက်သွား၏။ ရပ်၏။ ၈၄ဝဝဝ အသက် ရှင်သူလည်း စိတ်တချက် တချက်မျှ တည်လျက် သွား၏။ ရပ်၏။ အသက်ရှင်၏။ စိတ်ချုပ်တိုင်း တသေထည်း သေလျက် အသက်ရှင်၏။

မြဲသည် ရှည်သည်ဟု အထင်မှားအောင် တခုပြီးမှ တခု စဉ်သော သန္တာနပညတ်သည် လှည့်စား၏၊ မြဲသောကိုယ်၊ မြဲသောအသက် မရှိ။

ဤကား ခဏ သေးငယ်ပုံတည်း။

ဤတွင် မရဏဿတိဘာဝနာပြီး၏။

ဥပသမာနုဿတိ

ဥပသမ နိဗ္ဗာနသည် တဏှာငတ်သေရာ, ဒုက္ခမရှိရာ ဖြစ်၏။ အကြောင်း ဝဋ်ပြတ်ရာ, အကျိုးဝဋ် မဖြစ်ရာ ဖြစ်၏။ အချုပ်အဖွဲ့မှ လွတ်ရာ ဖြစ်၏။ ဒုက္ခဟူသရွေ့ မျိုးစေ့မျှမကြွင်း မဖြစ်ခြင်းဖြင့် ချုပ်ရာ ဥပသမာဓာတ်၊ နိဗ္ဗာန်မြတ်သည် ချမ်းသာကြီး ချမ်းသာလေစွတကား

ခန္ဓာ ငါးပါးသည် သေခြင်းနှင့် မခွဲနိုင် မခွာရက် အမြဲတွဲလျက် အဆက်ဆက် မတုံး၊ တသံသရာလုံး ဖြစ်၏။ နိဗ္ဗာန်ကျမှ အဆက်တုံးသည်။ သေခြင်းတွဲခန္ဓာ အဆက်တုံးရာ နိဗ္ဗာန်သည် အံ့ဩဘွယ် ချမ်းသာလေစွတကား

ဤနိဗ္ဗာန်သာလျှင် အိုနာလွတ်ငြိမ်း ပျက်ကိန်းမရှိ ဇာတိ၏ ကမ်းတဘက်၊ ဉာဏ်ထက်သူအာရုံ၊ ဉာဏ်မှုန်သူ မကြံတတ်၊ သူမြတ်တို့ ပျော်စံရာ သမ္ဘာရှင်တို့ ခိုလှုံရာ ကိလေသာ ညစ်ကင်း, တဆဲ့တမီး ကွင်းခြင်းကြီး ကွင်းခဲ့၏။ ငြိမ်းခြင်းကြီး ငြိမ်းလေစွတကား

ဤကား ဥပသမာနုဿတိဘာဝနာတည်း။

ဤတွင် အနုဿတိဆယ်ပါး ပြီး၏။

ဗြဟ္မဝိဟာရ လေးပါး

မေတ္တာဘာဝနာ

မေတ္တာပွားလိုသောအခါ ဒေါသအပြစ် ရှုရသည်။ ခန္တီအကျိုး ရှုရသည်။ ကိုယ်ချင်း စာနိုင်အောင် မိမိကိုယ်ကိုရှေးဦးစွာ ပွားရသည်။ ထိုနောက်မှ လေးပြုအပ်သူ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီတို့ကို အစထား၍ ပွားရသည်။ လိင်မတူသူကို သီးခြားမပွားရ။ သေသူကို အလျင်းမပွားရ။

ဒေါသသည် - ကျိုးကြောင်းမကြည့်။ ဆိုးကောင်းမသိ။ မှောင်အတိကျ၏ နောင်ဖန်ဖန် ရှက်စရာကို ပြောမိအောင် ပြုမိအောင် စွမ်းနိုင်၏။ ယုတ်မာမှု သူ့ထက်ကဲအောင် ယုတ်မာခြင်း ပြိုင်နိုင်၏။ အကျိုးဖယ်၍ အပြစ်ကိုယူ၏။ ကျက်သရေ မင်္ဂလာ မရှိ။

ခန္တီသည် - ကျိုးကြောင်းကြည့်၏။ ဆိုးကောင်းသိ၏။ မှောင်အတိ မကျ။ နောင်ဖန်ဖန် ဝမ်းမြောက်စရာကို ပြောမိအောင် ပြုမိအောင် စွမ်းနိုင်၏။ ယုတ်မာခြင်း မပြိုင်၊ အပြစ်ဖယ်၍ အကျိုးယူ၏။ ကျက်သရေ မင်္ဂလာရှိ၏။

ငါသည် ရန်ကင်းပါစေ၊ စိုးရိမ်ခြင်း ကင်းပါစေ၊ ဆင်းရဲခြင်း ကင်းပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ။ ငါမှတပါးသော သူတို့သည်လည်း ငါကဲ့သို့ပင် ရန်ကင်းလိုကုန်၏။ စိုးရိမ်ခြင်း ကင်းလိုကုန်၏။ ဆင်းရဲခြင်း ကင်းလိုကုန်၏။ မိမိ ကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်လိုကုန်၏။

ငါတို့အား အကျိုးများသော ဆရာ၊ ဆရာ အရွယ်တို့သည် ရန်ကင်းကြပါစေ။ စိုးရိမ်ခြင်း ကင်းကြပါစေ။ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင် နိုင်ကြပါစေ။ ဤပုဂ္ဂိုလ်သည် တဦးတည်း၌ပင် စတုတ္ထဈာန်အထိ ရနိုင်၏။ သီမသမ္ဘေဒ ဖြစ်အောင်ကား ပုဂ္ဂိုလ်လေးဦး ညီအောင် ပွားရသည်။

ချစ်ခင်အပ်သော ပိယပုဂ္ဂိုလ်တို့သည် …
မချစ်လွန်း မမုန်းလွန်း အလယ်အလတ်၌ တည်သော မဇ္ဈတ္တ ပုဂ္ဂိုလ်တို့သည် ...
ရန်သူဖြစ်သော ဝေရီ ပုဂ္ဂိုလ်တို့သည် …

အတ္တ၊ ပိယ၊ မဇ္ဈတ္တ ဝေရီလေးယောက် တယောက်ယောက် ပေးပါ၊ သတ်၍ ယဇ်နတ် ပူဇော်လိုသည်ဟု ခိုးသူ၊ ထားပြ၊ အစိုးရအပေါင်း လာတောင်းငြားအံ့၊ သူ့ကိုယူစေ၊ ငါ့ကို ယူစေဟု စိတ်ဖြစ်လျှင် အပိုင်းအခြား မပျက်သေး။ မေတ္တာမညီသေး၊ ပေးစရာ မမြင်မှ အပိုင်းအခြား ပျက်သည်၊ မေတ္တာညီသည်၊ သီမသမ္ဘေဒ ဖြစ်သည်။ မေတ္တာ လိုတိုင်း ရနိုင်ပြီ။ ထိုအခါဥပစာရ ဈာန်ရသည် မည်၏။

ဝေရီ၌ ရန်ငြိုးကြီးလှ၍ မေတ္တာပွားမရဖြစ်အံ့။
ဝင်၊ လွှ၊ ကြံ၊ သနား (၄)
ဟောကြား၊ ကံ၊ ဇာ (၃)
မတဂ္ဂါ၊ နိသင် (၂)
ဓာတ်ယှဉ်၊ ပေးတောင်း၊ (၂)
ရန်ငြိုးပေါင်း၊ ပျောက်ကြောင်း တဆဲ့တစ်
ဤနည်း တဆဲ့တပါးဖြင့် ဒေါသငြိမ်းစေရသည်။

ဟောကြားဟူရာ၌ --

ကိုယ့်စိတ် ကိုယ်ဖျက်၊ ဒေါသမက်၍ မျိုးပျက်မှေးကာ (၃)
ပြိုင် ယုတ်မာနှင့်၊ သူ့မှာ လိုပြည့် (၂)
မိမိကားပန်း၊ အမှားလမ်းလိုက်၊ ကျွန်၌ကြံရဲ (၃)
ခုက်တလွဲပြတ်၊ တဘက်သတ်ငြိုး (၂)
ပြစ်ဆယ်မျိုး -- ပွားတိုး ငါ၌သာ။

ဤဆယ်မျိုး ချဲ့ဟောနိုင်ရမည်။

နိသင်ဟူရာ၌ --

အိပ်၊ နိုး၊ မက် ချစ်၊ (၄) ချစ်၊ စောင့်၊ မီး၊ တည် (၄) ကြည်၊ သေ၊ ဗြဟ္မာ (၃) ဆဲ့တဖြာ- မေတ္တာအာနိသင်

ဤ ဆဲ့တမျိုး ချဲ့ဆင်ခြင်ရမည်။

ဒေါသငြိမ်းသောအခါ သီမသမ္ဘေဒဖြစ်အောင် ပွါးစေရသည်။ အရပ်ရပ်နှံ့အောင် မေတ္တာမြင်း တွင်တွင်စိုင်းရသည်။ စိုင်းပုံကား - သဗ္ဗေသတ္တာ စသော အနောဓိ ပုဂ္ဂိုလ် ငါးယောက်၊ သဗ္ဗာ ဣတ္ထိယော စသော ဩဓိပုဂ္ဂိုလ် ခုနစ်ယောက်-ဤတကျိပ် နှစ်ယောက်ထံ အဝေရာဟောန္တု စသောမြင်းလေးစီးဖြင့် စိုင်းလျှင် ပုဂ္ဂလဖရဏာ ၄၈-မေတ္တာရ၏။

ပုရတ္ထိမာယ ဒိသာယ စသော အရပ်ဆယ်မျက်နှာ၌ ၄၈-စီ စိုင်းလျှင် ဒိသာဖရဏာ ၄၈၀-ခု၏။ ဤကား ၅၂၈-သွယ် မေတ္တာတည်း။

ဒေါသမှလွန်၍ + တဏှာမဖြစ်မီသာ - မေတ္တာ။
တဏှာပေါက်စသည် မေတ္တာအလား သူမြတ်အား လှည့်စားတတ်၏။ သတိထား။

မေတ္တာဘာဝနာပြီး၏။

ကရုဏာဘာဝနာ

ကရုဏာ ပွါးလိုသောအခါ ဝိဟိံသာ အပြစ်၊ ကရုဏာအကျိုး ရှုရသည်။ ဒုက္ခိတ ကို၎င်း၊ ဒုစရိုက်သမားကို၎င်း ရှေးဦးစွာ ပွါးရသည်။ ညှဉ်းဆဲခြင်း ဝိဟိံသာသည် လာဘ်ယုတ် သတင်းဆိုး အမျိုးယုတ် အဆင်းပျက် အသက်တို အနာများ ပရိသတ်မရဲ အပါယ်လား အပြစ်များလှ၏။

သနားခြင်း ကရုဏာသည် ကောင်းကျိုးများလှ၏

ဤဒုက္ခိတသည် ဆင်းရဲလေစွ၊ ဆင်းရဲမှလွတ်မူ ကောင်းလေစွ။ ဆင်းရဲမှ လွတ်ပါစေ၊ ဆင်းရဲမှ လွတ်ပါစေ။

ဤလူချမ်းသာသည် အနာပွါးတိုး ဆွေမျိုးဥစ္စာ ပျက်ကာ ကြုံဆဲ ဆင်းရဲလေစွ၊ ဆင်းရဲမှလွတ်မူ ကောင်းလေစွ၊ ဆင်းရဲမှ လွတ်ပါစေ၊ ဆင်းရဲမှ လွတ်ပါစေ။

သတ်ထိုက်သူအား သူငါသနား၍ အစားအသောက် များသော်လည်း များကျိုးမပြီး သေဘေးနီးစွာ သနားစရာကဲ့သို့ ဒုစရိုက်သမားအား ကံကုသိုလ်ထား၍ စီးပွါး တက်ကာ ချမ်းသာပါလည်း ချမ်းသာကျိုးမပြီး၊ အပါယ်ဘေးနီးစွာ သနားစရာ ဖြစ်ချေပြီ။ အပါယ်ဘေးမှလွတ်မူ ကောင်းလေစွ။ အပါယ်ဘေးမှ လွှတ်ပါစေ၊ ဒုစရိုက်မှ လွတ်ပါစေ။

ဤသတ္တဝါ အားလုံးတို့သည် သံသရာဝဋ်အတွင်း မကင်းဒုက္ခ အဖန်ဖန်တွေ့ကြရ၏။ ဝဋ်ဒုက္ခမှလွတ်မူ ကောင်းလေစွ။ ဝဋ်ဒုက္ခမှ လွတ်ကြပါစေ၊ ဝဋ်ဒုက္ခမှ လွတ်ကြပါစေ။

ငါသည် ... ဆင်းရဲမှ လွတ်ပါစေ၊ ဆင်းရဲမှ လွတ်ပါစေ။

ချစ်ခင်အပ်သော ပိယပုဂ္ဂိုလ်တို့သည် ... ဆင်းရဲမှလွတ်ကြပါစေ။

မချစ်လွန်း မမုန်းလွန်း အလယ်အလတ်၌ တည်သော မဇ္ဈတ္တပုဂ္ဂိုလ်တို့သည် ...

ရန်သူဖြစ်သော ဝေရီပုဂ္ဂိုလ်တို့သည် ...

အတ္တ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီ-သီသမ္ဘဒဖြစ်အောင် ပွါးရသည်။

ဒုက္ခာမုစ္စန္တုဖြင့် ပုဂ္ဂလဖရဏာ-၁၂ဒိသာဖရဏာ ၁၂၀-ဖြစ်၏။

ဤကား ၁၃၂-သွယ် ကရုဏာတည်း။

ညှင်းဆဲခြင်းမှ လွန်၍+သောကမဖြစ်မီသာ ကရုဏာ။
သောကသည် ကရုဏာအလား လှည့်စားတတ်၏။ သတိထား။

ကရုဏာဘာဝနာပြီး၏။

မုဒိတာဘာဝနာ

မုဒိတာ ပွါးလိုသောအခါ ပြုံးရွှင်စွာ ဝမ်းမြောက်စွာ ချမ်းသာသူကို ရှေးဦးစွာ ပွါးရသည်။

ဤသူသည် ဝမ်းမြောက်ဝမ်းသာ ချမ်းသာစွာ နေရ၏။ ကောင်းလေစွ။ ရအပ်သော စည်းစိမ်မှ မဆုတ်ယုတ်ပါစေလင့်။ ချမ်းသာမြဲ ချမ်းသာပါစေ။

ဤသူသည်ချမ်းသာလေပြီ။ ကောင်းလေစွ။ ရအပ်သော စည်းစိမ်မှ မဆုတ်ယုတ် ပါစေလင့်။ ချမ်းသာမြဲ ချမ်းသာပါစေ။

ဤသူသည် ချမ်းသာတော့မည်။ ကောင်းလေစွ။ ရအပ်သော စည်းစိမ်မှ မဆုတ်ယုတ် ပါစေလင့်။ ချမ်းသာမြဲ ချမ်းသာပါစေ။

ငါသည် ရအပ်သော စည်းစိမ်မှ မဆုတ်ယုတ်ပါစေလင့်။ ချမ်းသာမြဲ ချမ်းသာပါစေ၊ ချမ်းသာမြဲ ချမ်းသာပါစေ၊

ချစ်ခင်အပ်သော ပိယပုဂ္ဂိုလ်တို့သည် ရအပ်သော စည်းစိမ်မှ မဆုတ်ယုတ်ပါစေလင့်။ ချမ်းသာမြဲ ချမ်းသာပါစေ၊ ချမ်းသာမြဲ ချမ်းသာပါစေ၊

မချစ်လွန်း မမုန်းလွန်း အလည်အလတ်၌ တည်သော မဇ္ဈတ္တ ပုဂ္ဂိုလ်တို့သည့် ရအပ်သော စည်းစိမ်မှ မဆုတ်ယုတ်ပါစေလင့်။ ချမ်းသာမြဲ ချမ်းသာပါစေ၊ ချမ်းသာမြဲ ချမ်းသာပါစေ၊

ရန်သူဖြစ်သော ဝေရီပုဂ္ဂိုလ်တို့သည် ရအပ်သော စည်းစိမ်မှ မဆုတ်ယုတ်ပါစေလင့်။ ချမ်းသာမြဲ ချမ်းသာပါစေ၊ ချမ်းသာမြဲ ချမ်းသာပါစေ၊

သီမသမ္ဘေဒဖြစ်အောင် ပွါးရသည်။
ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တုဖြင့် မုဒိတာ ၁၃၂-သွယ် ဖြစ်၏။

ပျင်းရိခြင်း ငြူစူခြင်းမှ လွန်၍ + ပျော်ရွှင်ခြင်း မဖြစ်မီသာ မုဒိတာ။
ပျော်ရွှင်ခြင်းသည် မုဒိတာအလား လှည့်စားတတ်၏။ သတိထား။

မုဒိတာဘာဝနာပြီး၏။

ဥပေက္ခာဘာဝနာ

ဥပေက္ခာ ပွါးလိုသောအခါ မေတ္တာ၊ ကရုဏာ၊ မုဒိတာ - ဖန်ဖန်ဝင်စား၍ အပြစ်အကျိုး ရှု၍ မဇ္ဈတ္တပုဂ္ဂိုလ်ကို ရှေးဦးစွာ ပွါးရသည်။

ဤသူ ဤသူသည် ရန်ကင်းပါစေ၊ စိုးရိမ်ခြင်း ကင်းပါစေ၊ ဆင်းရဲခြင်း ကင်းပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ။ ဆင်းရဲမှလွတ်ပါစေ။ ။ ရအပ်သော စည်းစိမ်မှု မဆုတ်ယုတ်ပါစေလင့် ...

ဤသို့ ငါပွါးများသော မေတ္တာ၊ ကရုဏာ၊ မုဒိတာသည် ဝမ်းမြောက်ခြင်းဖြင့် ရုန့်ရင်း၏၊ ပေါ်လွင်ထင်ရှား၏။ မြူနည်ထ၏။ သတ္တဝါကိုမြတ်နိုး၏။ ချစ်ခြင်း၊ မုန်းခြင်း-ကိလေသာနှင့် နီး၏။

ဥပေက္ခာကား ငြိမ်သက်၏။ မပေါ်လွင် မထင်ရှား၊ မြူနည်မထ၊ ချစ်ခြင်း မုန်းခြင်း-ကိလေသာမှ ဝေး၏။

ဤသူသည် မိမိကံဖြင့် ရှေးဘဝမှလာ၏။ မိမိကံဖြင့် နောက်ဘဝသို့ သွား၏။ ငါ၏ တောင့်တခြင်းဖြင့် ချမ်းသာဆင်းရဲ မထူးမကွဲ။ ကံသာလျှင် မိမိဥစ္စာ - ကံသာလျှင် ဆည်းပူးစရာ ရှိချေ၏တကား။ ကံသာလျှင် အဆွေအမျိုး - ကံသာလျှင် အားကိုး ရှိချေ၏တကား။

ငါသည် - ကံသာလျှင် မိမိဥစ္စာရှိ၏။
ချစ်ခင်အပ်သော ပိယ ပုဂ္ဂိုလ်တို့သည် - ကံသာလျှင် မိမိဥစ္စာရှိကုန်၏။

မချစ်လွန်း မမုန်းလွန်း အလယ်အလတ်၌ တည်သော မဇ္ဈတ္တပုဂ္ဂိုလ်တို့သည် - ကံသာလျှင် မိမိဥစ္စာရှိကုန်၏။

ရန်သူဖြစ်သော ဝေရီပုဂ္ဂိုလ်တို့သည် - ကံသာလျှင် မိမိဥစ္စာရှိကုန်၏။

သီမသမ္ဘေဒဖြစ်အောင် ပွါးရသည်၊ ကမ္မဿကာဖြင့် ဥပေက္ခာ ၁၃၂-သွယ်ဖြစ်၏။

ချစ်ခြင်း မုန်းခြင်းမှ လွန်၍ + တွေဝေခြင်း မဖြစ်မီသာ- ဥပေက္ခာ။
တွေဝေခြင်းသည် ဥပေက္ခာအလား လှည့်စားတတ်၏။ သတိထား။

ဥပေက္ခာဘာဝနာပြီး၏။

ရန်ငြိုးဖျောက်နည်း တဆဲ့တပါး

ဝေရီ၌ ရန်ငြိုးကြီးလှ၍ မေတ္တာပွားမရ ဖြစ်ခဲ့အံ့။

ဝင်၊ လွှ၊ ကြံ၊ သနား (၄)
ဟောကြား ကံ၊ ဇာ (၃)
မတဂ္ဂါ နိသင် (၂)
ဓာတ်ယှဉ်၊ ပေးတောင်း (၂)
ရန်ငြိုးပေါင်း ပျောက်ကြောင်း တဆယ့်တစ်။

ဤနည်း တဆဲ့တပါးဖြင့် ဒေါသ ငြိမ်းစေရမည်။

(၁) ဝင်ဟူသည်ကား ...

မေတ္တာဖြစ်နေကျ ပုဂ္ဂိုလ်၌ မေတ္တာဈာန်သမာပတ် ဝင်စား၍ ထိုမေတ္တာ အဟုန်ဖြင့် ရန်သူ၌ ပြောင်း၍ မေတ္တာပွားစေလျှင် လွယ်ကူ၏။

(၂) လွှဟူသည်ကား ...

ဝင်နည်းဖြင့်မရလျှင် လွှပမာ သုတ္တန်တို့ကို ဆင်ခြင်ရသည်။ “လွှဖြင့်သော်လည်း ကိုယ်အင်္ဂါ လာဖြတ်သူအား စိတ်ပြစ်မှားလျှင် ငါဘုရား၏ စကား နားထောင်သူ မဟုတ်” ဤသို့ မြတ်စွာဘုရား ဟောတော်မူသည်။ သစ္စာတော်ခံလျက် အမှုထမ်း မကျေသူ အမိန့်ပြင်း မလိုက်နာသူ ဖြစ်ရချေလတ္တံ့။

ယုတ်မာသူကိုပြန်ခဲလျှင် သူ့ထက်ကဲ၏။ ပြန်မခဲလျှင် စစ်ပွဲအောင်၏။ တထောင်တွင် တယောက်မရှိ ဤသို့လည်း ဟောသည်။

တဦးစိတ်ဆိုးခိုက် တဦးငြိမ်သက်မူ နှစ်ဦးကျိုးကျင့်သူ မည်၏။ ဤသို့လည်း ဟောသည်။

ချစ်သားတို့ … ရန်သူကြိုက်တရား ခုနစ်ပါးရှိ၏၊ ခုနစ်ပါးကား ငါ့ကို စိတ်ဆိုးသော ငါ့ရန်သူဟူသမျှ အဆင်းပျက်ပါစေ။ စိတ်ဒုက္ခ တွေ့ပါစေ။ ကိုယ်ကျိုးနဲပါစေ၊ စီးပွားပျက်ပါစေ။ ချွေရံ နည်းပါစေ။ မိတ်ဆွေကင်းပါစေ၊ ဤသို့ ရန်သူတောင့်တ၏။ အမျက်မပြေသူအား ရန်သူကြိုက်တရား ခုနစ်ပါးလုံး ပြည့်စုံ၏။ ဤသို့လည်း ဟောသည်။

[ဆင်းပျက်၊ စိတ်နာ၊ ကိုယ်ကျိုးကွာ၍ (၃) ပျက်ကာစီးပွား၊ ခြွေရှား၊ မိတ်ပစ်၊ အပယ်ဖြစ် ( ၄ ) ခုနစ် ရန်သူကြိုက်]

ဤဘုရားဟော အပြစ်တို့သည် ငါအမျက်မပြေလျှင် ငါအား ရောက်ကုန်လတ္တံ့ -- ဤသို့ စိတ်ဖြေ၍ ရန်သူ၌ မေတ္တာပွားရသည်။

(၃) ကြံဟူသည်ကား ...

လွှနည်းဖြင့် မပြေလျှင် ဂုဏ်ထူးကြံရသည်။ အဆိုးဖယ်၍ အကောင်း ရှာရသည်။ ဤသူသည် ကိုယ်အမူအရာ ကောင်းပါပေသည်၊ နှုတ်ချိုပါပေသည်။ ဆရာသမား အလေးပြုပါပေသည်။ သာသနာကို ယုံကြည်ပါပေသည်။ ဤသို့ စသည်ဖြင့် ဟုတ်တိုင်းမှန်စွာ ကြံ၍ မေတ္တာပွားရသည်။

(၄) သနားဟူသည်ကား ...

ဂုဏ်ထူးရှားပါး ဒုစရိုက်သမား ဖြစ်အံ့ သနားရသည်။ ဤသူသည် လူ့ဘဝရလျက် မကြာမီ ငရဲ ရောက်ချေတော့မည်တကား။ ဒုက္ခရောက်ချေတော့မည်တကား။ ... ဤသို့ သနား၍ မေတ္တာပွးရသည်။

(၅) ဟောကြားဟူသည်ကား ...

မသနားလျှင် မိမိကိုယ် မိမိ တရားဟောရသည်။ ရန်သူဟူသည် ငါ၏ကိုယ်၌သာ ဒုက္ခပေးကာ ဖျက်နိုင်သည်။ စိတ်၌ မဖျက်နိုင်။ ငါသာလျှင် ကိုယ့်စိတ်ကို ဖျက်သူပါတကား။ ကိုယ့်စိတ်ကိုယ်ဖျက် (၁)

ဆွေမျိုးစွန့်လျက် တောထွက်နိုင်ငြား ဒေါသပွားမူ ငါသာလျှင် ဆွေမျိုးထက် ဒေါသ ဖက်လှချေ၏ တကား။ ဒေါသ မက်၏။ (၂)

ဒေါသသည် သီလ၏အမြစ်၊ သီလ၏အမျိုး၊ ဟိရိဩတ္တပ္ပကို ဖျက်ချိုး၏။ ဒေါသ မွေးထားလျှင် ... မျိုးပျက်မွေးသူ ဖြစ်ချေ၏ တကား။ မျိုးပျက်မွေးသူ (၃)

ရန်သူ အယုတ်တမာကို ငါဘက်ပြိုင်အံ့ ... ယုတ်မာပွဲဝင်ပြိုင်သူ ဖြစ်ချေတကား။ ယုတ်မာပြိုင်သူ (၄)

ငါ့ကို စိတ်ဆိုးအောင် သင်း-ပြု၏။ သင်းပြုတိုင်း ငါစိတ်ဆိုးလျှင် သူ့အလိုပြည့်အောင် ငါကသာ ဖြည့်ရသူပါတကား။ သူ့မှာလိုပြည့် (၅)

ငါ၏ဒေါသသည် ရန်သူ ပင်ပန်းအောင် ရံခါ တတ်နိုင်၏။ ရံခါ မတတ်နိုင်။ ငါ့စိတ် ပင်ပန်းအောင်ကား အမြဲတတ်နိုင်၏။ မိမိသာ အမြဲပင်ပန်းအောင် ပြုမိသူပါ တကား။ မိမိကားပန်း (၆)

ငါ၏ရန်သူသည် ဒေါသဖြင့် အပါယ်လမ်း မှားနေပြီ။ ငါလိုက်၍ စိတ်ဆိုးရလျှင် ... လမ်းမှားသူ၏ နောက်လိုက် ဖြစ်ချေ၏တကား။ အမှန်လမ်းလိုက် (၇)

ငါ၏ ရန်သူသည် ငါ၏ အပြစ်ကို အားကိုး၏။ သူ့သခင် ပျောက်သွားမည်ကို စိုးရိမ်၏။ ငါ့အပြစ် ငါပယ်လျှင် ရန်သူ ကျွန်မျိုး အားကိုး ပြုတ်လတ္တံ့။ ... သခင် မနှိမ်- ကျွန်ကိုနှိမ်လျှင် ကျွန်၌ပင် ကြံဝံ့သူ လူစွမ်းကောင်းဟု ပြောင်လှောင်စရာပါတကား။ ကျွန်၌ကြံရဲ (၈)

ငါအား စော်ကားသော နာမ်ရုပ်တို့သည် ထိုခဏတွင် ချုပ်ကုန်ပြီ။ ယခုဖြစ်ဆဲ နာမ်ရုပ်ကို ပြန်လည်နှိပ်စက်လျှင် - ဆန်ခိုးမမိ ဖွဲခိုးမိ၊ ခုတ်ရာတခြား ရှရာတခြား ဖြစ်ချေ၏တကား။ ခုတ်တလွဲ ပြတ်တလွဲ (၉)

ငါနှင့်သူ-နှစ်ဦးလုံး အမျက်ထွက်ကြရာ၌ သူ့ကိုသာ အပြစ်ရှုလျှင် တဘက်သပ် ငြိုးသူ ဖြစ်ချေ၏တကား။ တဘက်သပ်ငြိုး (၁၀)။

ကိုယ့်စိတ်ကိုယ်ဖျက်၊ ဒေါသမက်၍ (၂) မျိုးပျက်မွေးကာ၊ ပြိုင်ယုတ်မာနှင့် (၂) သူ့မှာ လိုပြည့်၊ မိမိကားပန်း (၂) အမှားလမ်းလိုက်၊ ကျွန်၌ကြံရဲ (၂) ခုတ်တလွဲပြတ်၊ တဘက်သပ်ငြိုး (၂) ပြစ်ဆယ်မျိုး ပွါးတိုး ငါ၌သာ

ဤသို့ တရားဟော၍ တရားဖြင့်ဖြေ၍ မေတ္တာပွားရသည်။

(၆) ကံဟူသည်ကား ...

ဒေါသ ကျွန်သက် ရင့်လှ၍ တရားဖြင့် မပြေလျှင် ကမ္မ+ဿက+တာ ကို ဆင်ခြင်ရသည်။

သူ့ကံနှင့်သူ၊ ငါ့ကံနှင့်ငါ၊ ငါကြံတိုင်း သူမဖြစ်၊ သူကြံတိုင်း ငါမဖြစ်။ ငါစိတ်ဆိုးလျှင် ငါ့ကံ-ငါအား မကောင်းကျိုး ပေးရာ၏။ မီးခဲကိုင်ပစ်သူနှင့် တူရာ၏။ သူစိတ်ဆိုးလျှင် သူ့မှာသာ အကျိုးမဲ့ဖြစ်ရာ၏။ လေညာသို့ ပစ်သောမြူ ပစ်သူထံရောက်ရာ၏။ ဤသို့ ဆင်ခြင်၍ မေတ္တာပွားရသည်။

(၇) ဇာဟူသည်ကား ...

ကံဖြင့် မပြေလျှင် ဇာတ်တော်ကို ဆင်ခြင်ရသည်။ ငါတို့ဆရာ ဘုရားမြတ်စွာသည် ပါရမီဖြည့်စဉ်က လွန်စွာ သည်းခံတော်မူခဲ့ပြီ။

သီလဝမင်းကြီး၊ ခန္တီဝါဒရသေ့ကြီး စသည်ဖြစ်စဉ်က နှိပ်စက်သူကို အမျက်မထား။ ဆဒ္ဒါန်ဆင်မင်း ဖြစ်စဉ်က မိမိကို သတ်ဆဲမုဆိုးအား သော်လည်း အစွယ်ဖြတ်၍ လှူသေးသည်။

သည်းခံ၍ ဘုရားဖြစ်သော ဘုရားရှင်ကို ငါ့ဆရာဟု ညွှန်းလျက် ငါဒေါသ လက်ခံခြင်းသည်၊ ဝါ-ဆရာ့ဂုဏ်ကို ညှိုးစေခြင်းသည် ငါအား မသင့်လေစွတကား။

ဤသို့ဆင်ခြင်၍ မေတ္တာပွားရသည်။

(၈) မတဂ္ဂါဟူသည်ကား ...

ဇာတ်တော်ဖြင့် မပြေလျှင် အနမတဂ္ဂိယ-သုတ္တန်ကို ဆင်ခြင်ရသည်။

သံသရာ၌ မိခင်၊ ဘခင်သည် မတော်စပ်ဘူးသူ မရှိ။

ငါ့ရန်သူသည် ငါ၏မိဘဖြစ်စဉ်က ငါ့ကိုပိုက်ချီကာ ကောင်းစွာ မွေးခဲ့ဘူးပြီ။ မွေးကျေးဇူး ရှိသူအား အမျက် မထွက်ကောင်း ပါတကား။ ဤသို့ ဆင်ခြင်၍ မေတ္တာပွားရသည်။

(၉) နိသင် ဟူသည်ကား ...

အနမဂ္ဂိယဖြင့် မပြေလျှင် အာနိသင် ဆင်ခြင်ရသည်။ မေတ္တာပွားသူသည် ချမ်းသာစွာ အိပ်ရ၏။ ချမ်းသာစွာနိုးရ၏။ မကောင်းသောအိပ်မက် မမြင်မက်။ လူချစ်၏။ (၄) နတ်ချစ်၏။ နတ်တို့၏ အစောင့်အရှောက်ကို ရ၏။ မီး၊ အဆိပ်၊ လက်နက်၊ မနှိပ်စက်နိုင်။ သမာဓိတည်လွယ်၏ (၄) မျက်နှာကြည်လင်၏။ မတွေမဝေ အသေလှ၏။ မဂ်ဖိုလ်မရလျှင် ဗြဟ္မာဖြစ်၏။ (၃)

အိပ်၊ နိုး မက်၊ ချစ် (၄) ချစ်၊ စောင့်၊ မီး၊ တည် (၄)
ကြည်၊ သေ၊ ဗြဟ္မာ (၃) ဆဲ့တဖြာ-မေတ္တာအာနိသင်

ဒေါသမပြေလျှင် မေတ္တာ အာနိသင် ဆဲ့တပါးမှ အပ ဖြစ်လတ္တံ့။
ဤသို့ဆင်ခြင်၍ မေတ္တာ ပွားရသည်။

(၁၀) ဓာတ်ယှဉ် ဟူသည်ကား ...

အာနိသင်ဖြင့် မရလျှင် ဓာတ်ခွဲရသည်။

ဤရန်သူ၌ အဘယ်ကို ငါစိတ်ဆိုးသနည်း။ ဆံပင်ကို-လော၊ မွှေးညှင်းကိုလော၊ ဆံပင်မွှေးညှင်း၌ရှိသော ပထဝီကိုလော၊ အာပေါကိုလော၊ ရူပက္ခန္ဓာကိုလော၊ စက္ခာယတနကိုလော၊ စက္ခုဓာတ်ကိုလော။

ဤသို့ဓာတ်ခွဲရလျှင် အပ်ဖျား၌ မုန်ညင်းစေ့ပမာ ဒေါသတည်ရာ မရနိုင်ပြီ။ ထိုအခါ မေတ္တာပွားရသည်။

(၁၁) ပေးတောင်းဟူသည်ကား ...

ဓာတ်ခွဲမတတ်လျှင် ပစ္စည်း ပေးရသည်။ ပစ္စည်းတောင်းရသည်။

မိမိ၏ ဓမ္မိယလဒ္ဓ ပစ္စည်းကို ရန်သူအား ပေးလှူရသည်။ ရန်သူထံမှလည်း ဓမ္မိယလဒ္ဓ ပစ္စည်းကို တောင်းယူ အလှူခံရသည်။ ဤသို့ပြုလျှင် ဘဝအဆက်ဆက်က ရန်ငြိုးပင် ပျောက်ငြိမ်း၏။ ထိုအခါ မေတ္တာပွားရသည်။

ရန်ငြိုးဖျောက်နည်း တဆဲ့တပါး ပြီး၏။

ဗြဟ္မာ့ဝိဟာရလေးပါးပြီး၏။

---

အာဟာရေပဋိကုလသညာ

သွား။ ရှာ။ သုံး။ အာ (၄)
တည်ရာ။ မကျေ။ ကျေ (၃)
ကျိုး။ ယို။ ပေ (၃)
ဆယ်ထွေ အစာ ရွံကြောင်းတည်း။

(၁) သွားဟူသည်ကား ....

အနာတကိုယ်လုံး သင်္ကန်းဖုံးလျက် ဆေးခွက်ပိုက်ကာ ဆေးရှာသလို လမ်းအို လမ်းကြား ငုံ့သွားပါမှ အစာရသော ဤသဘောသည် ... အဟောဝတ ဘော ပဋိကူလော အာဟာရော။

(၂) ရှာသည်ဟူသည်ကား ...

ငုံ့လျှိုးမျက်နှာ သွားရပါလည်း မသဒ္ဓါ တချို့၊ တချို့ကားကောင်း သောင်းပြောင်း ထွေးယှက် ကျီးငှက်သဘော ရှာမောရသည် .... အဟောဝတ ပဋိကူလော အာဟာရော။

(၃) သုံးဟူသည်ကား ...

သုံးဆောင်ပြန်လည်း ဝါးပြီး ချက်ခြင်း နံ့ဆင်းပျက်ပြယ် ရွံဘွယ်လှလှ မမြင်ရ၍ မျိုကျနိုင်သော ဤသဘောသည် .... အဟောဝတ ပဋိကူလော အာဟာရော။

(၄) အာဟူသည်ကား ....

မျိုပြီးတထွေ သည်းခြေသလိပ် ဖိတ်ဖိတ် ပြည်သွေး အာသယ လေးလီ ညိုရောင် ပုပ်ယောင် မှောင်တောင် ဖြူနီ ဓာတ်ချွဲရည်ဖြင့် ပန်းချီဆေးမျိုး ရောင်စုံ ဆိုးသော ဤသဘောသည် .... အဟောဝတ ပဋိကူလော အာဟာရော။

(၅) တည်ရာ ဟူသည်ကား ...

အစာအိမ်မှတ် တည်ရာရပ်ကား ချိုးကပ်ထပ်ညစ် အနှစ်နှစ်တွင် သုတ်သင်ကင်းဝေး မဆေးတခါ ဘဝမှာရွှင်ပြုံး အန်ဘတ်ရှုံ-သော ဤသဘောသည် .... အဟောဝတ ပဋိကူလော အာဟာရော။

(၆) မကျေဟူသည်ကား ...

အစာအိမ်သည် မကွေးမီလည်း စီစီလှုပ်လှုပ် အမြှုပ်ထလျက် ဆူပူက်ဝေသော ဤသဘောသည် .... အဟောဝတ ပဋိကူလော အာဟာရော။

(၇) ကျေဟူသည်ကား ...

ဝမ်းမီးချက်ချေ ညက်ညက်ကျေသော် အရေအဖတ် မစပ်ခွဲခွါ အစာနွမ်းဟောင်း ဘဝပြောင်းသော ဤသဘောသည် .... အဟောဝတ ပဋိကူလော အာဟာရော။

(၈) ကျိုးဟူသည်ကား ....

အစာမကျေ ရောဂါထွေ၏၊ ကျေလျှင် အကျိုး သွေးသားတိုး၍ ဆီးအိုး ရွှင်အိုင် ကျင်ဆိုင် ထွားကြီး ဖြိုင်ဖြိုင်စီးချွေး အပုပ်ဌေးသော ဤသဘောသည် .... အဟောဝတ ပဋိကူလော အာဟာရော။

(၉) ယိုဟူသည်ကား ...

တင့်တယ်ဘိခြင်း တခံတွင်း၌ သွင်းခိုက်မြိန်စာ တညဉ့် ကြာသော် ရှုံ့ကာ လှိုက်ဖို ကိုးပေါက် စိုလျက် စိမ့်ယိုထွက်သော ဤသဘောသည် .... အဟောဝတ ပဋိကူလော အာဟာရော။

(၁၀) ပေ ဟူသည်ကား ...

စားမည် လက်လှမ်း နှုတ်ခမ်း ကပ်ပေ စားပြီးချေသော် သွေးလေပင့်မြှောက် ထက်အောက်မရွေး သွားညစ်ကြေးနှင့် သလိပ် ချွေးဆိုး ထမင်းအိုးဝေ ကိုယ်လုံး ပေသော ဤသဘောသည် .... အဟောဝတ ပဋိကူလော အာဟာရော။

ဤသည့်အစာ ကျိုးရှာစုပေါင်း စားရကြောင်းကား အိမ်ဟောင်းကျားကန် ဝင်ရိုးတံ နယ်ဆီထိုး သဘောမျိုးမျှ ဤရူပကာယ တည်ရုံငှါသာ မျှတရုံငှါသာ ဤအစကို ငါစားပါ၏။ ခရီးရှည်သွား ရိက္ခာပါး၍ သားသေအသား စားရသည်နှယ် ကမ်းတဘက် ရောက်လွယ်အောင် လှေဖောင်စီးပမာ ဝဋ်ဒုက္ခမှထွက် ဖိုလ် မဂ် ရလို၍သာ ဤအစာကို ငါစားပါ၏။

အစာနှင့်လည်ချောင်း သစ်ခေါင်းအတွင်း အမှိုက်သွင်းပမာ အချင်းချင်း မသိရှာဘဲ ငါစားသည်ဟူ ပညပ်ကူသည် စားသူငါကား မရှိလေစွတကား။

အာဟာရေပဋိကူလသညာ ပြီး၏။

---

စတုဓာတုဝဝတ္ထာန်

လမ်းလေးခွ၌ + နွားသတ်၍ လေးဘက် ခုတ်လှီး အသားစုပုံ ပြီးသောအခါ + နွားသညာပျောက်− အမဲသားသညာ ရောက်သကဲ့သို့ ... လျှောင်း ထိုင် ရပ် သွား လေးပါး ဣရိယာ၌ + ခန္ဓာကိုယ် ဓာတ်လေးပါး ခွဲပြီးသောအခါ ပုဂ္ဂိုလ် သတ္တဝါ သညာမထင် - ဓာတ်အစုသညာ ထင်လျှင် ဥပစာရဈာန် ရသည် မည်၏။ ဉာဏ်ထက်သူ - အကျဉ်း၊ ဉာဏ်မထက်သူ - အကျယ် ပွားရသည်။

ဤကိုယ်၌ ...

ခိုင်မာသောလက္ခဏာ ကြမ်းတန်းသော ခြင်းရာသည် ပထဝီ-မြေဓာတ်
ယိုတွဲ အိချွဲသော လက္ခဏာ စေးဖွဲ့သော ခြင်းရာသည် အာပေါ-ရေဓာတ်
ခိုးရှိန် ပူဧသော လက္ခဏာ ရင့်ကျက်သော ခြင်းရာသည် တေဇော-မီးဓာတ်
တွန်းငင်ထောက်ပံ့သော လက္ခဏာ လှုပ်ရှားသော ခြင်းရာသည် ဝါယော-လေဓာတ်

အယံကာယော၊ ဤကိုယ်သည်။
အစေတနော၊ စိတ်မရှိ။
အဗျာကတော၊ ပုဂ္ဂိုလ်သတ္တဝါဟု မဆိုအပ်။
သုညော၊ ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်၏။
နိဿတ္တော၊ သတ္တဝါအသက် မဟုတ်။
မာတုယေဝ၊ ဓာတ်အစုသာဖြစ်၏။
ဓာတ်အစု၊ ဓာတ်အစု။

(ဤသို့ပွားခြင်းဖြင့် ဓာတ်အစုသညာ ထင်လျှင် ဥပစာရဈာန် ရ၏။)

ရှင်သာရိပုတြာနည်းကား …

တိုင်၊ နွယ်၊ မြေညက်၊ သက်ကယ်- လေးမျိုးခွဲ၍ ကောင်းကင်သည်ပင် အိမ်မည်၏။ အရိုး၊ အကြော၊ အသား၊ အရေ - လေးထွေ စွဲ၍လည်း ကောင်းကင်သည်ပင် ကိုယ်ကောင်မည်၏။ ပုဂ္ဂိုလ် သတ္တဝါ မရှိ။ အရိုး၊ အကြော၊ အသား၊ အရေ။ အရေ၊ အသား၊ အကြော၊အရိုး - လေးမျိုးသာ ရှိ၏။

အယံကာယော အစေတနော အဗျာကတော သုညော နိဿတ္တော ဓာတုယေ ဝ ။

ဤတွင် ဉာဏ်ထက်သူအတွက် အကျဉ်းပြီး၏။

ဉာဏ်မထက်သူ အတွက်ကား -

သသမ္ဘာရ - ကျဉ်း၊ ကျယ်။
သလက္ခဏ - ကျဉ်း၊ ကျယ် … လေးနည်းပွားရသည်။

ဤကိုယ်၌ …

ဆံပင်ပထဝီ၊ မွှေးညှင်းပထဝီ၊ လက်သည်း ခြေသည်းပထဝီ၊ သွားပထဝီ၊ အရေပထဝီ၊ အသားပထဝီ၊ အကြောပထဝီ၊ အရိုးပထဝီ၊ ခြင်ဆီပထဝီ၊ အညှို့ပထဝီ၊ နှလုံးပထဝီ၊ အသည်းပထဝီ၊ အမြှေးပထဝီ၊ အပြင်ပထဝီ၊ အဆုတ်ပထဝီ၊ အူမပထဝီ၊ အူသိမ်ပထဝီ၊ အစာသစ်ပထဝီ၊ အစာဟောင်းပထဝီ၊ ဦးနှောက်ပထဝီ။

သည်းချေအာပေါ၊ သလိပ်အာပေါ၊ ပြည်အာပေါ၊ သွေးအာပေါ၊ ချွေးအာပေါ၊ အဆီခဲအာပေါ၊ မျက်ရည်အာပေါ၊ ဆီကြည်အာပေါ၊ တံတွေးအာပေါ၊ နှပ်အာပေါ၊ အစေးအာပေါ၊ ကျင်ငယ်အာပေါ။

သန္တပ္ပနတေဇော - ရက်ချန်ဖျားခြင်း စသည်ဖြင့် နွေးနွေးပူသော အပူပျက်-တေဇော၊
ဇီရဏတေဇော- အိုမင်းခြင်းကို ဖြစ်စေသော ကိုယ်ငွေ့-တေဇော။
ဒဟတေဇော - ပြင်းစွာပူလောင်သော အပူပျက်- တေဇော။
ပါစကတေဇော - အစာကျေစေသော ဝမ်းမီး-တေဇော။

ဥဒ္ဓင်္ဂမဝါယော - အထက်သို့ဆန်သောလေ-ဝါယော။
အဓောဂမဝါယော - အောက်သို့စုန်သောလေ-ဝါယော။
ကုစ္ဆိသယဝါယော - ဝမ်းခေါင်း၌တည်သောလေ-ဝါယော။
ကောဠာသယဝါယော - အူ၌တည်သောလေ-ဝါယော။
အင်္ဂမင်္ဂါနုသာရိဝါယော - အင်္ဂါကြီးငယ်သို့လျှောက်သောလေ-ဝါယော။
အဿာသပဿာသဝါယော - ထွက်သက် ဝင်သက်လေ-ဝါယော၊

ဤကား-သသမ္ဘာရ အကျဉ်းတည်း။

ဣမသ္မိံသရီရေကေသာနာမ ... ပါဋိယေက္ကောကောဋ္ဌာသော၊ အစေတနော၊ အဗျာကတော၊ သုညော၊ နိဿတ္တော၊ ထဒ္ဓေါ၊ ပထဝီဓာတု။

လောမာနာမ ......လ......။ မတ္ထလုင်္ဂံနာမ ... ပါဋိယေက္ကော …. (ဆက်ဆိုနိုင်စေ)

ပိတ္တံနာမ ပါဋိယေက္ကော ကောလာသော၊ အစေတနော၊ အဗျာကတော၊ သုညော၊ နိဿတ္တော၊ ယူသဘူတော၊ အာဗန္ဓနာကာရော၊ အာပေါဓာတု။

သေမှံနာမ ….လ......။ မုတ္ထံ နာမ (မေဒေါ၌ ထူး၏။)

မေဒေါနာမ ပါဋိယေက္ကော …လ…။ နိဿတော၊ ပတ္ထိန္နယူသ ဘူတော၊ အာဗန္ဓနာကာရော၊ အာပေါဓာတု၊ (ဤ မေဒေါတခု၌သာ ပတ္တိန္န-ဟု ထူးသည်။)

သန္တပ္ပနတေဇောနာမ ပါဋိယေက္ကော ကောဋ္ဌာသော၊ အစေတနော၊ အဗျာကတော၊ သုညော၊ နိဿတ္တော၊ ပရိပါစနာကာရော၊ တေဇောဓာတ်။

ဇီရဏတေဇောနာမ …လ…။ ပါစကတေဇောနာမ --။

ဥဒ္ဓင်္ဂမဝါယောနာမ ပါဋိယေက္ကော ကောဋ္ဌာသော၊ အစေတနော၊ အဗျာကတော၊ သုညော၊ နိဿတော၊ ဝိတ္တမ္ဘနာကာရော၊ ဝါယောဓာတု။

အဓောဂမ။ လ ။ အဿာသ ပဿာသဝါယောနာမ။

ဤကား-သသမ္ဘာရအကျယ်တည်း။

တနည်း -

ပထဝီ ၂၀-၌ ငါးခုစီ-လေးပုဒ်။
အာပေါ ၁၂-၌ ၅-ခု၊တခု၊ ၆-ခုအားဖြင့် သုံးပုဒ်။
တေဇော ၄-၌ နှစ်ခုစီ နှစ်ပုဒ်။
ဝါယော ၆-၌ သုံးခုစီ နှစ်ပုဒ်။
ဤသို့ ၁၁-ပုဒ်ခွဲ၍ဆို။

ဤကား-သသမ္ဘာရအကျယ်တည်း။

ဤကိုယ်၌-

ဆံပင် စသော ၂၀-၌ မာ-ပထဝီ၊ ဖွဲ့-အာပေါ၊ ရင့်-တေဇော၊ ထောက်- ဝါယော။

သည်းခြေ စသော ၁၂-ပါး၌ ဖွဲ့-အာပေါ၊ ရင့်-တေဇော၊ ထောက်-ဝါယော၊ မာ-ပထဝီ။

သန္တပ္ပနတေဇော စသော ၄-ပါး၌ ရင့်-တေဇော၊ ထောက်- ဝါယော၊ မာ-ပထဝီ၊ ဖွဲ့-အာပေါ။

ဥဒ္ဓင်္ဂမဝါယော စသော ၆-ပါး၌ ထောက်-ဝါယော၊ မာ-ပထဝီ၊ ဖွဲ့-အာပေါ၊ ရင့်-တေဇော။

လေးဆဲ့နှစ်ကောဋ္ဌာသလုံး ဓာတ်လေးပါးစီသာတည်း။

ဤကား-သလက္ခဏ အကျဉ်းတည်း။

ဣမသ္မိံသရီရေ ကေသာနာမ ပါဋိယေက္ကော ကောဋ္ဌာသော၊ အစေတနော၊ အဗျာကတော၊ သုညော၊ နိဿတ္တော၊ စတုဓာတုယေဝ။

လောမာနာမ-လ-။ အဿာသပဿာသဝါယောနာမ−

ဤကား - သလက္ခဏ အကျယ်တည်း။

တနည်း -

ပထဝီ၌ ၅-စီလေးပုဒ်။
အာပေါ၌ ၆-စီနှစ်ပုဒ်။
တေဇော၌ ၂-စီနှစ်ပုဒ်။
ဝါယာ၌ ၃-စီနှစ်ပုဒ်။
ဤသို့ဆယ်ပုဒ် ခွဲ၍ဆို။

ဤကား သလက္ခဏ အကျယ်တည်း။

တနည်းကား -

အနက်၊ ကလာပ် (၂)
မှုန့်ဓာတ်၊ လက္ခဏာ (၂)
မုဋ္ဌာ၊ ထူး၊ ကွဲ (၃)
သဘောလွဲခဲ့ (၁)
သက်မဲ့တကြောင်း (၁)
ဋ္ဌာန်ပေါင်း ပစ္စည်း (၂)
မသိနည်းနှင့် (၁)
ပစ္စည်းဝေဘန် (၁)
ဆဲ့သုံးတန် - ခွဲရန် ဓာတ်လေးခု။

(၁) အနက် ဟူသည်ကား …

အထူးအားဖြင့် ကြီးပြန့်သောကြောင့် ပထဝီ၊
တည်ရာဖြစ်သောကြောင့် ပထဝီ။

ယိုစီးတတ်သောကြောင့် အာပေါ၊
ခန်းခြောက်တတ်သောကြောင့် အာပေါ၊
တိုးပွားအောင် ပြုသောကြောင့် အာပေါ၊
သောက်အပ်သောကြောင့် အာပေါ။

ထက်အောင် သန်အောင်ပြုသောကြောင့် တေဇော။

လှုပ်အောင် ရွေ့အောင်ပြုသောကြောင့် ဝါယော။

အထူးမရှိခြင်းအားဖြင့် မိမိလက္ခဏာကို မိမိဆောင်တတ်သောကြောင်ဓာတ်။
ဝဋ်ဒုက္ခ ရှာယူတတ်သောကြောင့်ဓာတ်။
ဝဋ်ဒုက္ခ၏တည်ရာ ဖြစ်သောကြောင့်ဓာတ်။
အလိုလိုက်အောင်ပြု၍ မရသောကြောင့်ဓာတ်။
ထိုကြောင့် ပုဂ္ဂိုလ်သတ္တဝါထင်စရာ မရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

(၂) ကလာပ် ဟူသည်ကား …

ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော။ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ - ဤသို့ရုပ်ရှစ်ပါး “စသည်” ပေါင်းစုခြင်းသည် ကလာပ် မည်၏။ ရုပ်ရှစ်ပါး ပေါင်းစုံခြင်းကြောင့် ဆံပင်၊ မွေးညှင်း-စသော အမည်ဖြစ်လာ၏။

ဆံပင်ဟူသည် ရုပ်ရှစ်ပါး အပေါင်းသာဖြစ်၏။ ရုပ်ရှစ်ပါးခွဲရှာလျှင် ဆံပင်မရှိ။ လ ။ (ငါးခုလေးပုဒ်။ ခြောက်ခုနှစ်ပုဒ် အားဖြင့်သော်လည်း ဆိုအပ်၏၊ )

ကျင်ငယ်ဟူသည် ရုပ်ရှစ်ပါး အပေါင်းသာဖြစ်၏၊ ရုပ်ရှစ်ပါးခွဲရှာလျှင် ကျင်ငယ်မရှိ။ လ ။(ကျင်ငယ်အထိသာပြသည်။)

ဤကိုယ်၌ကလာပ်စီး ၁၇၃-မျိုး၊ ရုပ် ၁၅ဝဝ-ကျော် ပေါင်းစု၏။ အထူးရေတွက်လျှင် ကလာပ်စည်းများစွာ၊ ရုပ်များစွာ မရေတွက်နိုင်အောင် ပေါင်းစု၏။ ထို့ကြောင့် ပုဂ္ဂိုလ် သတ္တဝါ ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

[ဆံပင် စသည်၌ ဓတ်လေးပါးစီ အညီ ရှိသော်လည်း လွန်ကဲသော ဓာတ်အစွမ်းဖြင့် သာ ပထဝီ ၂ဝ။ အာပေါ ၁၂။ တေဇော ၄။ ဝါယော ၆−ဟု ရေတွက်ရသည်။]

ကလာပ်စည်း ၁၇၃-မျိုးကား -

ပါစကတေဇောသည် ကမ္မဇတခု-ကလာပ်တစည်း (၁)
အဿာသ ပဿာသ ဝါယောသည် စိတ္တဇတခု-ကလာပ်တစည်း (၁)
အစာသစ်၊ အစာဟောင်း၊ ပြည်၊ ကျင်ငယ်သည် ဥတုဇလေးခု-ကလာပ်တစည်းစီ (၄)

မျက်ရည်၊ တံတွေး၊ နှပ်၊ ချွေးသည် စိတ္တ။ ဥတု - ဒွိလေးခု၊ ကလာပ်နှစ်စည်းစီ (၈)

ကြွင်း ၃၂-သည် စတုဇ ၃၂-ခု ဖြစ်၏။

ထိုတွင် တေဇောသုံးခု ဝါယောငါးခု၌ တိဇကလာပ်သုံးခုသည် ဇီဝိတနဝကနှင့် ကလာပ်လေးစည်းစီ (၃၂) ပထဝီ-၁၈၊ အာပေါ-၆ ခုတို့၌ ကာယ၊ ဘာဝနှင့် ငါးစည်းစီ (၁၂၀)။

ပဒေသဝုတ္တိအားဖြင့် -

စက္ခု သောတ၊ ဃာန၊ ဇိဝှါ၊ ဝတ္ထူဉ် ကမ္မဇ ငါးစည်း (၅) သဒ္ဒနဝက၌ စိတ္တဇ၊ ဥတုဇ- နှစ်စည်း (၂) ဤသို့ ၁၇၃ မျိုး ပေါင်းစု၏။ ဝိညပ်လဟုတာ-စသော အနိပ္ဖန္နနှင့် ရုပ်ကလာပ်တို့လည်း ပေါင်းစုကုန်သေး၏။

ကလာပ်တခု၌ ရုပ်ရှစ်ခု၊ အချို့ ကိုးခု၊ အချို့ ဆယ်ခု ရှိသောကြောင့် ရူပ် ၁၅၀၀– ကျော်ဟု သာမန် ဆိုသည်။

(၃) မှုန့်ဓာတ် ဟူသည်ကား …

ကညစ်စာသည် လိက္ခာမြူ မည်၏၊
လိက္ခာမြူ ၃၆-စိတ် တစိတ်သည် ရထရေဏု-လှည်းလမ်းမြူ။
ရထရေဏု ၃၆-စိတ် တစိတ်သည် တဇ္ဇာရီ- ကောင်းကင်လွင့်မြူ။
တဇ္ဇာရီ ၃၆-စိတ် တစိတ်သည် အဏုမြူ-နေရောင်ပေါက်၌ မြင်ရသည်။
အဏုမြူ ၃၆-စိတ် တစိတ်သည် ပရမာဏုမြူ - ပကတိမျက်စိဖြင့် မမြင်ရ။
ပရမာဏုမြူတမှုန့်၌ ရှေ့နောက်စဉ်မပြတ် ရုပ်ကလာပ် ၅ဝ-ခန့်၊ ရုပ် ၄၀၀-ကျော်ခန့် ပေါင်းစု၏။

ရုပ် ၄၀၀-ကျော် တမှုန့်ဖြစ်သော ပထဝီမှုန့်၊ အာပေါမှုန့်၊ တေဇောမှုန့်၊ ဝါယောမှုန့် တို့သည် မမြင်ရသော်လည်း မြေ၊ ကောင်းကင် - အရပ်ရပ် ကွက်လပ်မရှိ နှံ့၍ တည်ကုန်၏။

[နှံ့၍တည်ပုံကား - ရေဗူး၌ ရေသွင်းသောအခါ ရေမှုန့် ဝင်သလောက် လေမှုန့် ထွက်၏။ လေမှုန့် ထွက်သလောက် ရေမှုန့် ဝင်၏။ ရေမဝင်လျှင် လေမထွက်။ လေမထွက်လျှင် ရေမဝင်။ ရေသွန်သောအခါ ရေမှုန့် ထွက်သလောက် လေမှုန့် ဝင်၏။ လေမှုန့် ဝင်သလောက် ရေမှုန့်ထွက်၏။ ရေမထွက်လျှင် လေမဝင်။ လေမဝင်လျှင် ရေမထွက်။]

ဤကိုယ်၌ ပထဝီမှုန့် တစိတ်သားခန့်၊ အာပေါမှုန့် တပြည်သားခန့် - ရှိ၏။ တေဇောမှုန့်၊ ဝါယောမှုန့်ကား-လဟုကရုပ်ဖြစ်၍ ပမာဏ မခန့်နိုင်။

ပထဝီမှုန့် တစိတ်သားသည် အာပေါမှုန့် ပေါင်းစုပေးခြင်း၊ တေဇောမှုန့် စောင့်ရှောက် ပေးခြင်း၊ ဝါယောမှုန့် ထောက်ပံ့ပေးခြင်း - အကူအညီရ၍ မလွင့်ဘဲ ယောက်ျား မိန်းမဟု ကြံစည်စရာ နု ကြမ်း ရှည် တို ပုံဟန်ကိုပြသည်။

အာပေါမှုန့် နှစ်ပြည်သားသည် ပထဝီမှုန့်၌ တည်ခြင်း၊ တေဇောမှုန့် စောင့်ရှောက် ပေးခြင်း၊ ဝါယာမှုန့် ထောက်ပံ့ပေးခြင်း - အကူအညီ ရ၍ မယိုဘဲ ပြည့်ဖြိုးခြင်း၊ ပွားစီးခြင်းကို ပြသည်။

တေဇောမှုန့်သည် ပထဝီမှုန့်၌တည်ခြင်း၊ အာပေါမှုန့် ပေါင်းစုပေးခြင်း၊ ဝါယောမှုန့် ထောက်ပံ့ပေးခြင်း - အကူအညီရ၍ ဤကိုယ်ကို ရင့်စေ၏။ အရွယ်အဆင်းကို ဆောင်၏၊ မပုပ်မသိုးခြင်းကို ပြ၏။

ဝါယောမှုန့်သည် ပထဝီမှုန့်၌တည်ခြင်း၊ အာပေါမှုန့် ပေါင်းစုပေးခြင်း၊ တေဇောမှုန့် စောင့်ရှောက်ပေးခြင်း - အကူအညီရ၍ ဤကိုယ်ကို တောင့်တင်းစေ၏။ ဖြောင့်ဖြောင့် တည်စေ၏။ ဝါယောမှုန့် အဆက်ဆက်ဖြင့် ဣရိယာပုထ်ကိုပြ၏။ ဝိညပ်ကိုပြ၏။

ရုပ်ဓာတ်မှုန့် အပေါင်းသည် အထီး အမ အသွင်အားဖြင့် အထင်မှားအောင် လှည့်စား၏။ မျက်လှည့်ရုပ်၊ စက်ကြိုးရုပ်နှင့် တူသော ဓာတ်မှုန့်အရုပ်ဖြစ်၏။ ..... ထိုကြောင့် ပုဂ္ဂိုလ်သတ္တဝါ ထင်စရာမရှိ။ ဓာတ်အစု၊ ဓာတ်အစု၊

(၄) လက္ခဏာ ဟူသည်ကား …

ပထဝီသည် ကြမ်းတမ်းခြင်း လက္ခဏာ၊ တည်ရာကိစ္စ၊ သက်ခံခြင်းဖြင့် ထင်ရှား၏။ အာပေါသည် ယိုစီးခြင်း လက္ခဏာ၊ တိုးပွားစေခြင်းကိစ္စ၊ ပေါင်းစုံခြင်းဖြင့် ထင်ရှား၏။ တေဇောသည် ပူဧခြင်း လက္ခဏာ၊ ရင့်ကျက်စေခြင်းကိစ္စ၊ နူးညံ့စေခြင်းဖြင့် ထင်ရှား၏။ ဝါယောသည် ထောက်ပံ့ခြင်း လက္ခဏာ၊ ရွေ့စေခြင်းကိစ္စ၊ ရှေးရှု ဆောင်ခြင်းဖြင့် ထင်ရှား၏။ ထိုကြောင့် ပုဂ္ဂိုလ်သတ္တဝါ ထင်စရာမရှိ။ ဓာတ်အစု၊ ဓာတ်အစု။

(၅) မုဋ္ဌာ ဟူသည်ကား

အစာသစ်၊ အစာဟောင်း၊ ပြည်၊ ကျင်ငယ ်- လေးခုသည် ဥတုကြောင့် ဖြစ်၏။
မျက်ရည်၊ တံတွေး၊ နှင်နှင့်၊ ချွေး - လေးခု စိတ်၊ ဥတု နှစ်ပါးကြောင့် ဖြစ်၏။
ပါစကတေဇော သည် ကံကြောင့်ဖြစ်၏။
ထွက်သက်ဝင်သက်သည် စိတ်ကြောင့် ဖြစ်၏။
ကြွင်း ၃၂-ခုသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးပါးကြောင့်ဖြစ်၏။
ထိုကြောင့် ပုဂ္ဂိုလ်သတ္တဝါ ထင်စရာမရှိ။ ဓာတ်အစု၊ ဓာတ်အစု။

(ကြွင်း ၃၂-ကား ပထဝီ-၁၈။ အာပေါ-၆။ တေဇော−၃။ ဝါယော-၅ ... တွေ့အောင် ရှာနိုင်ရမည်။)

(၆) ထူး ဟူသည်ကား

ဓာတ်လေးပါးသည် လက္ခဏ၊ ရသ စသည်ဖြင့် ထူး၏။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းဖြင့် ထူး၏။ ရုပ်ဖြစ်ခြင်း မထူး။ မဟာဘုတ်ဖြစ်ခြင်း မထူး။ ဓာတ်ဖြစ်ခြင်း မထူး။ ဓမ္မဖြစ်ခြင်း မထူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ခြင်းမထူး။ ထိုကြောင့် -

မဟာဘုတ် ဖြစ်ခြင်း၌ တောကြီး၊ တောင်ကြီး၊ ငါးလိပ်ကြီး စသည်ဖြင့် အကြီး အကျယ် ဖြစ်သောကြောင့် မဟာဘုတ်မည်၏။ (၁)

အဆင်းအနံ့ မရှိဘဲ အဆင်းအနံ့ဖြင့် လှည့်စား မျက်လှည့်သမားနှင့် တူသော ကြောင့်၎င်း၊ ရုပ်ဓာတ်လေးခု တခုအတွင်း တခုမဝင်၊ အပြင်၌လည်း မတည် မမှီ သည်လည်း မဟုတ်၊ အံ့စရာအထူး ဘီလူးပူးသည်နှင့် တူသောကြောင့်၎င်း နှစ်သက် ဘွယ်ရာ ဖနိဆင်းကာပြ ဘီလူးမနှင့် တူသောကြောင့်၎င်း မဟာဘုတ်မည်၏ (၂)။

နေ့စဉ် စောင့်ရှောက် ပြုပြင်ရသောကြောင့် မဟာဘုတ်မည်၏ (၃)။

ကြီးကျယ်စွာ ပျက်စီးတတ်သောကြောင့် မဟာဘုတ်မည်၏ (၄)။

လုံ့လကြီးစွာ ဉာဏ်ကြီစွာဖြင့် သိမ်းဆည်းမှ သိရသောကြောင့် မဟာဘုတ် မည်၏။ (၅)။ (ငါးနက်။)

ကြီးကျယ်စွာ ပျက်စီးခြင်း၌ ကမ္ဘာကြီး မီးဖျက်သောအခါ စကြာဝဠာ ကုဋေတသိန်း ပဋ္ဌမဈာန် သုံးဘုံထိ လောင်ကျွမ်း၏။
ရေဖျက်သောအခါ ဒုတီယဈာန် သုံးဘုံထိ ကြေမွ၏။
လေဖျက်သောအခါ တတီယဈာန် သုံးဘုံထိ လွင့်ပျောက်၏။

သက်ရှိ၌လည်း ပထဝီပျက်လျှင် ကဋ္ဌမုခ မြွေကိုက်သကဲ့သို့ တောင့်တင်း၏။ ပထဝီ နှံ့သော ဤကိုယ်သည် ကဋ္ဌမုခ မြွေ၏ခံတွင်း၌ နေရသည်နှင့်တူ၏။

အာပေါ ပျက်လျှင် ပူတိမုခ မြွေကိုက်သကဲ့သို့ ပုပ်ပွ၏။ အာပေါနှံ့သော ဤ ကိုယ်သည် ပူတိမုခမြွေ၏ ခံတွင်းပိုင်း၌ နေရသည်နှင့်တူ၏။

တေဇောပျက်လျှင် အဂ္ဂိမုခ မြွေကိုက်သကဲ့သို့ ပူလောင်၏။ တေဇာနှံ့သော ဤ ကိုယ်သည် အဂ္ဂိမုခမြွေ၏ ခံတွင်း၌ နေရသည်နှင့်တူ၏။

ဝါယော ပျက်လျှင် သတ္ထမုခ မြွေကိုက်သကဲ့သို့ ပေါက်ကွဲ၏။ ကြွေလွင့်၏။ ဝါယောနှံ့သော ဤကိုယ်သည် သတ္ထမုခမြွေ၏ ခံတွင်း၌ နေရသည်နှင့် တူ၏။ ထိုကြောင့်—

(၇) ကွဲ ဟူသည်ကား. ..

ဓာတ်လေးပါးသည် အတူဖြစ်၏။ ကလပ်တိုင်း၌ ပဒေသ မကွဲဘဲလျက် လက္ခဏာ ကား ကွဲ၏။ ထိုကြောင့်-

(၈) သဘောလွဲခဲ့ ဟူသည်ကား …

ပထဝီသည် အာပေါနှင့် ဂရုကရုပ် အဖြစ်ဖြင့် သဘာတူ၏။
တေဇောသည် ဝါယောနှင့် လဟုကရုပ် အဖြစ်ဖြင့် သဘောတူ၏။
ပထဝီ၊ အာပေါသည် တေဇော ဝါယောနှင့် သဘောမတူ။ ထိုကြောင့်—

(၉) သက်မဲ့တကြောင်း ဟူသည်ကား …

အဇ္ဈတ္တိက ဓာတ်လေးပါးသည် ဝိညာဏ်၏ တည်ရာဖြစ်၏။
ဗာဟိရ ဓာတ်လေးပါး သည် ဝိညာဏ်၏တည်ရာမဖြစ်။
အဇ္ဈတ္တိက ဓာတ်လေးပါးသည် ဝိညပ် ဣန္ဒြေတို့၏ မှီရာဖြစ်၏။
ဗာဟိရ ဓာတ်လေးပါးသည် ဝိညပ် ဣန္ဒြေတို့၏ မှီရာမဖြစ်။
အဇ္ဈတ္တိက ဓာတ်လေးပါးသည် ဣရိယာပုထ်ရှိ၏။
ဗာဟိရ ဓာတ်လေးပါးသည် ဣရိယာပုထ်မရှိ။
အဇ္ဈတ္တိက ဓာတ်လေးပါးသည် အကြောင်းလေးပါးကြောင့် ဖြစ်၏။
ဗာယိရ ဓာတ်လေးပါးသည် ဥတုကြောင့်ဖြစ်၏၊ ထိုကြောင့်-

(၁၀) ဋ္ဌာန်ပေါင်း ဟူသည်ကား …

ကမ္မဇပထဝီသည်၊ ကမ္မဇအာပေါသည်၊ ကမ္မဇတေဇောသည်၊ ကမ္မဇဝါယောသည် - ကမ္မဇရုပ်တို့ဖြင့် ဖြစ်ကြောင်းတူ၏၊တပေါင်းတည်းဖြစ်၏။
ကမ္မဇ ဓာတ်လေးပါးသည် ကမ္မဇရုပ်တို့ဖြင့်ဖြစ်ကြောင်းတူ၏။တပေါင်းတည်းဖြစ်၏။
စိတ္တဇဓာတ်လေးပါးသည် စိတ္တရုပ်တို့နှင့်။
ဥတုဇဓာတ်လေးပါးသည် ဥတုဇရုပ်တို့နှင့်။
အာဟာရဇဓာတ်လေးပါးသည် အာဟာရဇရုပ်တို့နှင့် -
ဖြစ်ကြောင်းတူ၏၊ တပေါင်းတည်းဖြစ်၏။ ထိုကြောင့်-

(၁၁) ပစ္စည်း ဟူသည်ကား …

ပထဝီသည် -
အာပေါ၏ ပေါင်းစုခြင်းခံ၍၊
တေဇော၏ စောင့်ရှောက်ခြင်းခံ၍၊
ဝါယော၏ထောက်ပံ့ခြင်းခံ၍-
ထိုဓာတ်သုံးပါးအား တည်ရာအဖြစ်ဖြင့် ကျေးဇူးပြု၏။

အာပေါသည် -
ပထဝီ၌ တည်၍၊
တေဇော၏စောင့်ရှောက်ခြင်း ခံ၍၊
ဝါယော၏ထောက်ပံ့ခြင်းခံ၍-
ထိုဓာတ်သုံးပါးအား ဖွဲ့ခြင်းဖြင့် ကျေးဇူးပြု၏။

တေဇောသည် -
ပထဝီ၌တည်၍၊
အာပေါ၏ပေါင်းစုခြင်းခံ၍
ဝါယော၏ထောက်ပံ့ခြင်းခံ၍-
ထိုဓာတ်သုံးပါးအား ရင့်စေခြင်းဖြင့် ကျေးဇူးပြု၏။

ဝါယောသည် -
ပထဝီ၌တည်၍-
ထိုဓာတ်သုံးပါးအာ းထောက်ပံ့ခြင်းဖြင့် ကျေးဇူးပြု၏။ ထို့ကြောင့် -

(၁၂) မသိနည်း ဟူသည်ကား …

ပထဝီသည် ငါပထဝီဟု မသိ၊
ဓာတ်သုံးပါးအား ငါကျေးဇူးပြုသည်ဟု မသိ၊
ဓာတ်သုံးပါးကလည်း ငါတို့အား ပထဝီကျေးဇူးပြုသည်ဟုမသိ၊

အာပေါသည် ငါအာပေါဟု မသိ၊
ဓာတ်သုံးပါးအား ငါကျေးဇူးပြုသည်ဟု မသိ၊
ဓာတ်သုံးပါးကလည်း ငါတို့အား အာပေါကျေးဇူးပြုသည်ဟုမသိ၊

တေဇောသည် ငါတေဇောဟု မသိ၊
ဓာတ်သုံးပါးအား ငါကျေးဇူးပြုသည်ဟု မသိ၊
ဓာတ်သုံးပါးကလည်း ငါတို့အား တေဇောကျေးဇူးပြုသည်ဟုမသိ၊

ဝါယောသည် ထို့အတူ မိမိသဘော မိမိမသိ။
ကျေးဇူးပြုပုံ မသိ။ အချင်းချင်း မသိ။ ထိုကြောင့် -

(၁၃) ပစ္စည်းဝေဘန် ဟူသည်ကား …

ကံသည် ကမ္မဇရုပ်အား ဇနကသတ္တိဖြင့် ကျေးဇူးပြု၏၊ တိဇရုပ်အား ပရိယာယ် သုတ္တန်နည်း ပတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏။

ကမ္မဇဓာတ်လေးပါးတည် အချင်းချင်း သဟဇာတ စသည်ဖြင့် ကျေးဇူးပြု၏။ ဝါ၊ တည်ရာဖြစ်မှု၊ ပေါင်းစု၊ စောင့်ရှောက် ထောက်ပံ့ခြင်းဖြင့် အသီးသီး ကျေးဇူးပြု၏။ တိဇဓာက် လေးပါးအား နိဿယစသည်ဖြင့် ကျေးဇူးပြု၏

စိတ်သည် စိတ္တဇရုပ်အား.......။
ဥတုသည် ဥတုဇရုပ်အား...။
အာဟာရသည် အာဟာရဇရုပ်အား ထိုအတူ ကျေးဇူးပြု၏၊

(ပစ္ဆာဇာတ၌ ဇနကမရ။ ကြွင်း ၂၃-ပစ္စည်း၌ ဇနကရှိ၏။)

ကလာပ်တူဖြစ်အံ့ - ဓာတ်တပါးသည် သုံးပါးအား၊ သုံးပါးသည် တပါးအား၊ နှစ်ပါးသည် နှစ်ပါးအား သဟဇာတ စသည်ဖြင့် ကျေးဇူးပြု၏၊

ခြေတလှမ်း တလှမ်း၌ ကြွ၊ ဆောင်၊ လွှဲ၊ ချ၊ ထား၊ နှိပ် - ခြောက်ချက်တို့တွင် ခြေကြွသောအခါ ဝါယောကူညီသော တေဇောသည် ကျေးဇူးပြု၏။

ရှေ့သို့ဆောင်သောအခါ လွဲ၍ဆောင်သောအခါ တေဇောကူညီသော ဝါယောသည် ကျေးဇူးပြု၏။

ခြေချသောအခါ ပထဝီကူညီသော အာပေါသည် ကျေးဇူးပြု၏။

ခြေထားသောအခါ အာပေါကူညီသော ပထဝီသည်ကျေးဇူးပြု၏။

ခြေတဘက် လှမ်းလို၍ ခြေတဘက် နှိပ်သောအခါ ပထဝီသည် ကျေးဇူးပြု၏။

ထို့ကြောင့် ပုဂ္ဂိုလ်သတ္တဝါဟု ထင်စရာမရှိ၊ ဓာတ်အစု၊ ဓာတ်အစု။

ဤကား - စတုဓာတုဝတ္ထာန်တည်း။

စတုဓာတုဝတ္တန် ပြီးတည်း။

အာရုပ္ပလေးပါး

အာကာသကြဉ်သော ကသိုဏ်းကိုးပါး တပါးပါး၌ ပဉ္စမဈာန် ရပြီးသောသူသည် ရုပ်ကြောင့် ဒုက္ခများသည်ဟု ရုပ်အပြစ် မြင်ရသည်။ ကသိုဏ်း ပဋိဘာဂနိမိတ်ကိုပင် ရုပ်နှင့်ဆင်သည်ဟု အပြစ်မြင်ရသည်။ ငါရသော ပဉ္စမဈာန်သည် သမာဓိ နည်းသော-သောမနဿရန်သူနှင့် နီး၏၊ ရုန့်ရင်း၏ဟု တွယ်တာခြင်း ကင်းစေရသည်။ အာကာဈာန်ကား ငြိမ်သက်၏၊ အဆုံးအန္တမရှိ၊ ကြားပြတ်အန္တမရှိ၊ ဥပါဒ်၊ ဌီ၊ ဘင်-အန္တ မရှိ၊ အနန္တဖြစ်၏ဟု နှလုံးပြုရသည်။

ထိုနောက် ... ကသိုဏ်းပဋိဘာဂနမိတ်ကို လိုသမျှချဲ့၍ ထိုနိမိတ်ကို အာရုံမပြုဘဲ ထိုနိမိတ် နှံ့တည်ရာ ကောင်းကင်ကိုသာ “အာကာသော၊ အာကာသော၊ အနန္တော အာကာသော” ဟုနှလုံးသွင်းရသည်။ ထိုအခါ ပဋိဘာဂနိမိတ်သည် လွင့်ကွာသွား၏၊ နိမိတ်လွင့်ကွာရာ ကောင်းကင် ပညတ်ကိုသာ အာကာသော။ အာကာသော၊ အနန္တော အာကာသောဟု ပွားလျှင် အာကာဈာန် ရ၏။

အာကာဈာန်ရပြီးနောက် ဝိညာဈာန် ရလိုသောအခါ အဆုံးမရှိသော ကောင်းကင်ကို အာရုံမပြုဘဲ ထိုကောင်းကင်ကို အာရုံပြုသော အာကာဈာန်စိတ်ကိုသာ “အနန္တံ ဝိညာဏံ” ဟုပွားလျှင် ဝိညာဈာန်ရ၏။

ဝိညာဈာန်ရပြီးနောက် အာကိံဈာန် ရလိုသောအခါ အာကာဈာန်ကို အာရုံမပြုဘဲ ထိုအာကာဈာန်၏ မရှိခြင်း တည်းဟူသော အဘာဝနတ္ထိဘောပညပ်ကိုသာ - နတ္တိ နတ္တိ၊ သုညံ သုညံ၊ ဝိဝိတ္တံ ဝိဝိတ္တံဟု ပွားလျှင် အာကိံဈာန်ရ၏။

[နတ္တိဘောပညပ် ဟူသည် သံဃာအများ စည်းဝေးသည်ကို မြင်ရပြီးနောက် ခေတ္တ ထသွားခိုက်တွင် အစည်းအဝေး ရုပ်သိမ်းလိုက်သဖြင့် တဖန် ပြန်ရောက်လာသော အခါ သံဃာတပါးမျှ မရှိသည်ကို မြင်ရသည်နှင့်တူ၏]

အာကိံဈာန်ရပြီးနောက် နေဝသညာဈာန် ရလိုသောအခါ သညာသည် အနာရောဂါ နှင့်တူ၏-စသည်ဖြင့် သညာကို၊ ဝါ၊ သညာအမှူးရှိသော စိတ်နာမ်၊ စေတသိက်နာမ်ကို အပြစ်မြင်ရသည်။ ထိုနောက် အာကိံဈာန်သည် နတ္ထိကိုပင် အာရုံပြုနိုင်ပေသည် ဟု ချီးမွမ်း၍ နတ္တိကို အာရုံမပြုဘဲ အာကိံဈာန်စိတ်ကိုသာ သန္တမေတံ၊ ပဏီတမေတံဟု ချီးမွမ်းကာ ပွားလျှင် နေဝသညာဈာန်ရ၏။

(နေဝသညာဈာန်သည် လွန်စွာသိမ်မွေ့၏။ အနိစ္စ-စသည်ဖြင့် ဝိပဿနာရှု၍မရ။)

အရုပ္ပလေးပါးပြီး၏။

သမထလေးဆယ်ပြီး၏။

[ဤ... (အာရုပ္ပ) … အာရုံ အာရုံပြုခိုက်တွင် ဝိပဿနာ ဆက်နိုင်ရမည်။]

ပဋိပဒါ အဘိညာ

သမထ အားထုတ်စဉ် …

ရှေးဦးစွာ မျက်စိဖြင့် မြင်ရသော ကသိုဏ်းဝန်း စသည်သည် ပရိကမ္မနိမိတ် မည်၏။ ထိုနောက် မျက်စိဖြင့်မြင်သကဲ့သို့ စိတ်၌မြင်ရသော ကသိုဏ်းဝန်း စသည်သည် ဥဂ္ဂဟနိမိတ် မည်၏။ သည်အထိ ပရမတ်အာရုံနိမိတ်သာ၊ ပရိကမ္မဘာဝနာသာ လူတိုင်း ရနိုင်ရမည်။

ထိုနောက် ဥဂ္ဂဟနိမိတ်ကို ဖောက်ခွဲ၍ ထွက်လာသကဲ့သို့ ထင်သော သန့်ရှင်းသော ကသိုဏ်ဝန်း စသည်သည် ပဋိဘာဂ နိမိတ်မည်၏။ ပညတ်အာရုံ ဖြစ်သွားပြီ။ ထိုအခါ ဘာဝနာသည် ဥပစာရ ဘာဝနာ မည်၏။ နီဝရဏ ကွာ၏။ သမာဓိ ခိုင်မြဲ၏။ ဥပစာရဈာန် ရသည်မည်၏။ အားထုက်သူတိုင်း သည်အထိ ရနိုင်သည်။

ထို ပဋိဘာဂ နိမိတ်၌ ဥပစာရဘာဝနာဖြင့် ပဌမဈာန် စသည် ရသောအခါ အပ္ပနာဘာဝနာ ဖြစ်သည် မည်၏။ သံတုံး အပ်ဖြစ်အောင် သွေးသော လုံ့လမျိုးဖြင့် တိဟိတ်ပုဂ္ဂိုလ်များ ရနိုင်သည်။ ပါရမီမငဲ့၊ လုံ့လငဲ့သည်။ ရှေးရှေး၌ အားထုတ်ဘူး သူကား မြင်ကာမျှတွင် အလွယ်တကူ ရနိုင်သည်။

ပရိကမ္မနိမိတ်၌ ပရိကမ္မဘာဝနာ။ ဥဂ္ဂဟနိမိတ်၌လည်း ပရိကမ္မဘာဝနာ။

ပဋိဘာဂနိမိတ်၌ ဥပစာရဘာဝနာ။ ပဋိဘာဂနိမိတ်၌ အပ္ပနာဘာဝနာ။

ကသိုဏ်း၊ အသုဘ၊ အာနာ၊ ကာယာ - ၂၂ ပါး၌သာ ဥဂ္ဂဟ၊ ပဋိဘာဂ ထင်ထင်ရှားရှား ထင်သည်။ ကသိုဏ်း၊ အာနာ၌ ပဉ္စမဈာန်အထိ အသုဘ၊ ကာယာ၌ ပဋ္ဌမဈာန်အထိရနိုင်သည်။ ဗြဟ္မဝိဟာရ၊ အာရုပ္ပ ရှစ်ပါး၌ ပရိယာယ် အားဖြင့် ဥဂ္ဂါ၊ ပဋိဘာဂထင်သည်၊ မေတ္တာ၊ကရုဏာ၊မုဒိတာ၌ စတုတ္ထ ဈာန်အထိ။ ဥပေက္ခာ၌ ပဉ္စမဈာန်သာ။ အာရုပ္ပလေးခု၌ အာရုပ္ပဈာန် လေးခု တခုစီသာရနိုင်သည်။

အာနာ၊ ကာယာမှ ကြွင်းသော ဗုဒ္ဓါဒိဋ္ဌ၊ သညာ၊ ဝဝတ္ထာန် ဆယ်ပါး၌ ပရမတ်အာရုံ ဖြစ်၍ နက်နဲလှသောကြောင့် ပဋိဘာဂမထင်၊ အပ္ပနာ မရ၊ ဥပစာရဈာန်အထိ ရနိုင်သည်။

ဥပစာရဈာန်မျှရလျှင်

သမာဓိ ခိုင်မြဲပြီ။ ဝိပဿနာသို့ ဆက်သွယ်လျှင် ပါရမီရှိသူ မဂ် ဖိုလ် အပ္ပနာ ရလွယ်သည်။ ဥပစာရ မရဘဲ ဆက်သွယ်လျှင် ပါရမီရှိသူ ဖြစ်သော်လည်း ရှေးရှေး၌ အားထုတ်ဘူးမှ ရလွယ်သည်။ အားမထုတ်ဘူးသူ ရခဲသည်။

အစစွာ အားထုတ်သည်မှ စ၍ ဥပစာရဈာန် အထိ သမာဓိသည် ပဋိပဒါ မည်၏။ အပ္ပနာရကြောင်းအကျင့် မည်၏။ သမထ အားထုတ်ဘူးသူအား သုခါပဋိပဒါ အကျင့် လွယ်ကူ၏။ အားမထုတ်ဘူးသူအား ဒုက္ခာပဋိပဒါ အကျင့်ခဲယဉ်း၏။

ဥပစာရဈာန်မှ အပ္ပနာ အထိသည် အဘိညာမည်၏။ ပညာထူး မည်၏။ ဝိပဿနာ အားထုတ်ဘူးသူအား ခိပ္ပါဘိညာ အသိမြန်၏။ အားမထုတ်ဘူးသူအား ဒန္ဓာဘိညာ အသိ နှေး၏။

ဝိပဿနာနည်း

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အကျဉ်းခေါင်းစဉ်

ခန္ဓာ အာယတန စသော သင်္ခတ တရားတို့ကို အနိစ္စ ဒုက္ခ စသော အခြင်းအရာဖြင့် ရှုသော မဟာကုသိုလ် ပညာသည် ဝိပဿနာမည်၏၊ ထိုပညာကို တိုးပွားအောင် ပွားစေခြင်းသည် ဝိပဿနာ ဘာဝနာ မည်၏။ အနုလောမ ခန္တီလည်း မည်၏။ သစ္စာနုလောမိကခန္တီ ဟူ၍လည်း ခေါ်သည်။ လေးဆယ်သော ခြင်းရာတို့ဖြင့် အနုလောမခန္တီကို ရသည်။ အနုလောမခန္တီ ပြည့်စုံမှ သမ္မတ္တနိယာမ သို့သက်၍ မဂ်ဖိုလ် ရသည်။ အနုလောမခန္တီ မပြည့်စုံလျှင် သမ္မတ္တနိယာမသို့ မသက်။

ခန္ဓာ၊ အာယတန၊ ဓာတ်၊ ဣန္ဒြေ၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် စသော တရားအပေါင်းသည် ဝိပဿနာ၏အာရုံ ဘူမိမည်၏။ ဘူမိ၌ သင်ယူမေးမြန်းရသည်။

သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ နှစ်ပါးသည် ဝိပဿန၏ မူလ မည်၏။ မူလနှစ်ပါးကို စင်ကြယ်စေရသည်။ သီလစင်ကြယ်အောင် သီလလေးပါး သုတ်သင်ရသည်။ စိတ် စင်ကြယ်အောင် သမထဖြင့် ဥပစာရ သမာဓိ၊ အပ္ပနာ သမာဓိ ပြည့်စုံစေရသည်။

ဒိဋ္ဌိဝိသုဒ္ဓိမှ ဉာဏဒဿနဝိသုဒ္ဓိ အထိ ငါးပါးသည် ဝိပဿနာ၏ သရီရ မည်၏။ သရီရငါးပါးကို စင်ကြယ်အောင် ပွားများစေရသည်။ ဉာဏဒဿနဝိသုဒ္ဓိ စင်ကြယ် သောအခါ သာသနာ၌ ရဟန်းကိစ္စတုံး၏။ အဂ္ဂဒက္ခိဏေယျ ပုဂ္ဂိုလ်ကြီး အဖြစ်သို့ ရောက်လေ၏၊

ဒိဋ္ဌိဝိသုဒ္ဓိ

နာမ်နှင့်ရုပ်ကို ဟုတ်တိုင်းမှန်စွာ သိသော ပညာသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ ထိုအခါ သက္ကာယဒိဋ္ဌိ ကွာ၏။ အန္ဓပုထုဇဉ် အဖြစ်မှ လွတ်၍ ကလျာဏပုထုဇဉ် အဖြစ်သို့ ရောက်၏။

(သန္တော - သံဝိဇ္ဇမာနော + ကာယော - သက္ကာယော။ မိစ္ဆာ ပဿတီတိဒိဋ္ဌိ၊ သက္ကာယေ + ပဝတ္တာဒိဋ္ဌိ သက္ကာယဒိဋ္ဌိ။ လောကီနာမ်ရုပ် ပရမတ် အပေါင်းသည် သက္ကာယ မည်၏။ ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ထင်ရှား၏။ မျက်စိ တမှိတ်တွင် ကုဋေ တသိန်းမျှ ဖြစ်၍ ချုပ်၏။ စိတ်နှစ်ခုလည်း ပြိုင်တူမဖြစ်။ တခုချုပ်ပြီးမှ တခုဖြစ်၏။ အသက်တိုလှသော ပရမတ်ဖြစ်၏။ အသိအမြင်မှား၊ အစွဲအလမ်းမှားသည် ဒိဋ္ဌိ မည်၏။ ငါ သူ တပါး ယောက်ျား မိန်းမ စသည်ဖြင့် မှား၏။ အခေါ် ပညပ်မျှဖြင့် စွဲသော အစွဲဖြစ်၏။

(ပညပ်ဟူသည်ကား ဥပါဒ်၊ ဌီ၊ ဘင် မရှိ၊ ပျက်နိုင်ခဲ၏။ အားကိုးစရာ သန္တိလက္ခဏာ ရှိသော နိဗ္ဗာန်မျိုးလည်း မဟုတ်။ ဘာမျှမရှိသော နှုတ်ဖျား အခေါ်မျှသာ ခေါ်တိုင်း ဖြစ်၍ တရာ့တမျိုးပင် ဖြစ်နိုင်သော ပညပ်တည်း)။

ပရမတ်နာမ်ရုပ် အပေါင်း၌ ပညပ်ခေါ်သို့ သံယောင်လိုက်၍ စွဲလမ်းစွာ အထင်မှားခြင်း သည် သက္ကာယဒိဋ္ဌိ မည်၏။ ငါ သူတပါး ယောက်ျား မိန်းမ စသည်ဖြင့် စကား သုံးစွဲသော်လည်း တခုချုပ်မှ တခုဖြစ်သော နာမ်ရုပ်သာဟု အစွဲမှန်လျှင် သက္ကာယ ဒိဋ္ဌိ ကွာ၏။ ထိုအခါ အစွဲရောဂါ ပျောက်ကင်း စင်ကြယ်၏။

နာမ်နှင့်ရုပ်ကို
ဟုတ်တိုင်းမှန်စွာ သိပုံကား

အာရုံကို စိတ်ကူးတတ်သော စိတ် စေတသိက်သည် နာမ်မည်၏။ အာရုံသို့ ဦးညွတ်၏။ ဟဒယ ဝတ္ထု၌ မှီ၏။ ဟဒယဝတ္ထုကား မဟာဘုတ်၌ မှီ၏။ မဟာဘုတ်၌ ဟဒယဝတ္ထု၊ ဟဒယဝတ္ထု၌ စိတ်နာမ်၊ စေတသိက်နာမ်။ အာရုံကို အမြဲရှာသည်။ ဥပါဒ်၊ ဌီ၊ ဘင်အတွင်း အသက် ရှိသည်။ ရှုစရာပုံစံကား - အိုင်၌ရေ၊ ရေ၌ငါး၊ ငါးစာကို အမြဲ ရှာသည်။ တံငါလက်တွင်း အသက်ရှိသည်နှင့် တူလှ၏။

ပူခြင်း၊ ဧခြင်း စသည်ကြောင့် သွင်မတူ ပြောင်းလွှဲ ဖောက်လဲ ဖောက်ပြန် ဖြစ်တတ်သော သဘောတရားသည် ရုပ်မည်၏။ မဟာဘုတ်၊ ဥပါဒါရုပ်ဟု နှစ်မျိုး ပြား၏။ ပူတမျိုး၊ ဧတမျိုး ဖောက်ပြန်သည်။ စားရတမျိုး၊ မစားရတမျိုး ဖောက်ပြန်သည်။ စိတ်ချမ်းသာတမျိုး၊ စိတ်ညစ်တမျိုး ဖောက်ပြန်သည်။ ဒွါရ ခြောက်ခွင်တွင် တဒွါရတမျိုး ဖောက်ပြန်သည်။

မဟာဘုတ်သည် တခုအတွင်း တခုမဝင်၊ အပြင်၌လည်း မတည်၊ မမှီသည်လည်း မဟုတ်။ လူကို ဘီလူးပူးသည်နှင့် တူလှ၏။ အချင်းချင်း မှီတတ်၏။ အချင်းချင်း မှီစရာလည်း ဖြစ်၏။ ဥပါဒါရုပ်ကား မဟာဘုတ်ကိုသာ အမြဲမှီသည်။ လူနာအလား ရုပ်တပါး အမှီမခံနိုင်။

ရုပ်

ဆံပင်၊ မွေးညှင်း စသည်၌ မာကြမ်း၊ ပထဝီ။ ယိုစီး၊ အာပေါ။ ခိုးရှိန်၊ တေဇော။ ထောက်ပံ့၊ ဝါယော။ ဤ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောသည် မဟာဘုတ်မည်၏။ မဟာဘုတ်၌မှီသော အဆင်း၊ အနံ့ ၊အရသာ၊ ဩဇာ စသည်သည် ဥပါဒါရုပ်မည်၏။ ထိုမှတပါး ဆံပင် မွေးညှင်း စသည်မရှိ။ ဤမဟာဘုတ်နှင့် ဥပါဒါရုပ်သည် ဖြူမဲ၊ ပူဧ၊ ဖြောင့်ကွေး၊ ပိန်ထွား၊ ချိုခါး၊ မွှေးနံ ဖောက်ပြန် တတ်သောကြောင့် ရုပ် မည်၏။ ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏။

နာမ်

ဆံပင် မွေးညှင်း စသောအာရုံကို သိခြင်းသည် စိတ်
အာရုံအရသာကို ကောင်းကောင်း ဆိုးဆိုး မထွေးစွန့်အား မြိန်ရှက်စွာ ခံစားခြင်းသည် ဝေဒနာ
မှတ်၍သိခြင်းသည် သညာ
ကြံစည်၊ နှစ်သက်၊ အမျက်ထွက်ခြင်း စသည်သည် သင်္ခါရ
ဤ စိတ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရသည် အာရုံသို့ ညွတ်တတ်သောကြောင့် နာမ် မည်၏။ အာရုံသို့ ညွတ်တတ်သောကြောင့် နာမ်မည်၏။

ဤရုပ်၊ ဤနာမ်မှတပါး ငါသူတပါးမရှိ။ ယောက်ျား မိန်းမ မရှိ။ ပုဂ္ဂိုလ် သတ္တဝါ မရှိ။ အတ္တ ဇီဝ မရှိ။ ဆံပင် မွေးညှင်း စသည်မရှိ၊ သိသူ၊ ခံစားသူ စသည် မရှိ။

အဆင်းမြင်သောအခါ အဆင်းနှင့် မျက်စိသည် ဥပါဒါရုပ် မည်၏။ မဟာဘုတ်၌ မှီ၏။ ဥပါဒါရုပ်နှင့် မဟာဘုတ်သည် ဖောက်ပြန်သော ရုပ်အစု။

ထိုအဆင်းကို သိခြင်း၊ ခံစားခြင်း၊ မှတ်ခြင်း၊ ကြံစည်ခြင်း စသည်သည် ညွတ်တတ်သော နာမ်အစု။

အဆင်းမြင်ရာ၌ ဤရုပ်အစု၊ ဤ နာမ်အစုံမှတပါး ဘာမျှမရှိ။ ငါ သူတပါး ယောက်ျား မိန်းမ စသည် မရှိ၊ မြင်သူမျှပင် မရှိ။

အသံကြားရာ၌လည်း ရုပ်အစု နာမ်အစု။ အနံ့ယူရာ၊ အရသာ စားရာ၊ အတွေ့ ထိရာ၌လည်း ရုပ်အစု နာမ်အစု။

လောဘဖြစ်ရာ ဒေါသဖြစ်ရာ၌လည်း ရုပ်အစုနာမ်အစု။

သဒ္ဓါဖြစ်ရာ ပညာဖြစ်ရာ၌လည်း ရုပ်အစု နာမ်အစု။

ဝမ်းနည်းစရာ ဝမ်းသာစရာ၌လည်း ရုပ်အစု နာမ်အစု။

ချစ်စရာ မုန်းစရာ၌လည်း ရုပ်အစု နာမ်အစု။

လှည်းအိမ်၊ ဝင်ရိုး၊ လှည်းဘီး စသော အပေါင်းကို လှည်းဟု အခေါ်သာရှိသည် လှည်း မရှိ။ ရုပ်နာမ်အပေါင်းကို ယောကျ်ား ကိုယ်ကောင်၊ မိန်းမ ကိုယ်ကောင်ဟု အခေါ်သာ ရှိသည်။ ယောက်ျား မိန်းမ မရှိ။

တိုင်ထူ၊ နွယ်ပတ်၊ မြေကပ်၊ သက်ကယ်မိုးကို အိမ်ဟု အခေါ်သာ ရှိသည်။ တိုင်၊ နွယ်၊ မြေညက်၊ သက်ကယ်မှတပါး အိမ်မရှိ။ အရိုးတိုင်သဘော၊ အကြောရစ်ပတ်၊ အသားကပ်မြှုပ်၊ အရေထူ အရေပါး အုပ်ထားသည်ကို ယောက်ျား ကိုယ်ကောင်၊ မိန်းမကိုယ် ကောင်ဟု အခေါ်သာ ရှိသည်။ အရိုး၊ အကြော၊ အသား၊ အရေမှ တပါး ယောက်ျား မိန်းမ မရှိ။

အကြောင်းအားလျော်စွာ ဝဋ်ဒုက္ခသာ ဖြစ်သည်၊ ဝဋ်ဒုက္ခသာ တည်သည်၊ ဝဋ်ဒုက္ခသာ ချုပ်သည်၊ ဝဋ်ဒုက္ခမှတပါး ပုဂ္ဂိုလ် သတ္တဝါမရှိ။

ခန္ဓာငါးတန် အတ္တမှန်လျှင် နာရန်ကျင်ရန် မသင့်။ နာကျင်ဘို့မျှ ဖြစ်ပေါ်ကလည်း အတ္တမဆိုအား၊ ခန္ဓာငါးပါးကား နာသည်၊ ကျင်သည်။ အတ္တမဟုတ်၊ အနတ္တ၊ အနတ္တ။

အရုပ်သစ်သား ကြိုးတပ်ထား၍ သွားဟန် လာဟန် လှုပ်ရှားသည်။ ရုပ်အစုအား နာမ်တွဲထားလည်း သွားဟန် လာဟန် လှုပ်ရှားသည်။ သွားသူမရှိ၊ လာသူမရှိ၊ လှုပ်ရှားသူမရှိ။

ရုပ်နာမ်နှစ်ခု အချင်းချင်း မှီသော ကျူ ဝါးစု၊ တခု တိမ်းလျှင် အကုန်ယိမ်းသည်။

နာမ်ဟူသည် ဝတ္ထုအာရုံ တွေ့ကြုံခိုက်သာ ဖြစ်ပေါ်လာ၏။ ထွက်လာရာ၊ တည်နေရာ ဘယ်မှာမှ မရှိ။

ကန်းသူက သွားချင်၊ မြင်သူက အကျိုး ကျောတွင် ပိုး၍ အကျိုးညွှန်လမ်း သွားပုံ ဆန်းသို့ ရုပ်ကန်း နာမ်ကျိုး ကျောကပ် ပိုး၏၊ ကျောပိုးနာမ်ရုပ်-ငါမဟုတ်။

လူနှင့်လှေငယ် ချင်းချင်း တွယ်လျက် ဝဲလယ်သမုဒ် စုန် ဆန် မြုပ်၏။ နာမ်နှင့်ရုပ်ကား ချင်းချင်းအားမှီ သံသာရှည် ဝဲဂယက် ဆွဲ၏။ ဂယက်ဆွဲ နာမ်ရုပ်-ငါမဟုတ်။

ထန်းမြစ်ထက်ခြမ်း ရုပ်နာမ်ခြမ်းလျှင် စွဲလမ်းစရာ သူငါကွယ်ပြုတ် နာမ်နှင့်ရုပ်သာ ငါမပါ။

ထက်ခြမ်းကွဲ နာမ်ရုပ်မဟုတ် သူ ငါ မြင်သောခါ သက္ကာယဒိဋ္ဌိ ကွာ၏။ အတ္တဒိဋ္ဌိအစွဲ ပြုတ်၏၊ ကလျာဏပုထုဇဉ် ဖြစ်၏။

ဒိဋ္ဌိဝိသုဒ္ဓိ ပြီး၏။

နာမရူပပရိစ္ဆေဒဉာဏ် ပြီး၏။

ကင်္ခါဝိတယရဏဝိသုဒ္ဓိ

နာမ်ရုပ်သိပြီး အကြောင်း သိမ်းဆည်း၍ ကာလသုံးပါး ယုံမှားမရှိလျှင် ထိုဉာဏ်သည် ကင်္ခါဝိတရဏဝိသုဒ္ဓိမည်၏။ စူဠသောတာပန် ဖြစ်စေနိုင်သည်။

အနာတွေ့လျှင် အကြောင်း ရှာရသည်။ သူငယ်တွေ့လျှင် မိခင် ရှာရသည်။ ရုပ်နာမ်တွေ့လျှင် အနာသဘွယ် သူငယ်အလား နှလုံးထား၍ ဖြစ်ကြောင်းရှာရသည်။

ရုပ်အကြောင်းကား --

အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ အာဟာရ - ငါးပါး။ ဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်- အမိကြောင့် ရုပ်ဖြစ်သည်။ ကံ-အဘကြောင့် ရုပ်ဖြစ်သည်။ အာဟာရ - နို့ထိန်းထောက်ပံ့ ခြင်းကြောင့် ရုပ်ဖြစ်သည်။

နာမ်အကြောင်းကား --

များပြား၏။ ပသာဒ၊ နှလုံးသွင်း - ကိုယ်တွင်း အကြောင်းကြောင့် နာမ် ဖြစ်သည်။ အာရုံအလင်းရောင် စသော - ကိုယ်ပ အကြောင်းကြောင့် နာမ်ဖြစ်သည်။

တနည်းကား -

ပဋိသန္ဓေ နာမ်ရုပ်သည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံကြောင့်ဖြစ်သည်။ ပဝတ္တိ ရုပ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့်ဖြစ်သည်။ ပဝတ္တိ နာမ်သည် ဝတ္ထု၊ အာရုံ စသည်ကြောင့် ဖြစ်သည်။

အထူးအားဖြင့် ...

ကုသိုလ်သည် ယောနိသောမနသိကာရကြောင့်-၊ အကုသိုလ်သည် အယောနိသော မနသိကာရကြောင့် --၊ ဝိပါက်သည် ကုသိုလ် အကုသိုလ်စွမ်းကြောင့်...၊ အာဝဇ္ဇန်း-ဒွေသည် ဘဝင်စသည် အစွမ်းကြောင့်-၊ ကြိုယာဇောသည် ရဟန္တာသန္တာန် စွမ်းကြောင့် ဖြစ်သည်။

ပစ္စုပ္ပန်ရုပ်နာမ်သည် ဝိဇ္ဇာစသည်ကြောင့်ဖြစ်ဆဲ။ အတိတ် ရုပ်နာမ်သည် အဝိဇ္ဇာ စသည်ကြောင့်ဖြစ်ပြီး။ အနာဂတ် ရုပ်နာမ်သည် အဝိဇ္ဇာ စသည်ကြောင့် ဖြစ်လတ္တံ့ ကာလ သုံးပါးလုံး အကြောင်းအားလျော်စွာ အကျိုးရုပ်နာမ်သာ ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့။

ရှေးရှေး၌ သူ့ကြောင့် ငါ့ကြောင့် ငါဖြစ်ပြီးမရှိ၊ သူဖြစ်ပြီး မရှိ။
ယခု သူ့ကြောင့် ငါ့ကြောင့် ငါဖြစ်ဆဲမရှိ၊ သူဖြစ်ဆဲမရှိ။
နောက်နောက်၌ သူ့ကြောင့် ငါ့ကြောင့် ငါဖြစ်လတ္တံ့မရှိ၊ သူဖြစ်လတ္တံ့မရှိ။

အကြောင်းမကင်းသော ရုပ်နာမ် အစုသာရှိပြီး၊ ရှိဆဲ၊ ရှိလတ္တံ့။ သူ့အကြောင်းနှင့် သူဖြစ်၍ ငါ့အလိုသို့လိုက်မည် မဟုတ်။

ကာလသုံးပါးလုံး ရုပ်နာမ်၏ အကြောင်းကို သိမ်းဆည်းမိ သောအခါ ကာလ သုံးပါးလုံး ယုံမှားကင်းပျောက်၍ စူဠသောတာပန် အဖြစ်သို့ရောက်၏။

ယုံမှား ၁၆-ပါး

အတ္တဒိဋ္ဌိ အစွဲရှိသူတို့အား အတိတ်စွဲ ငါးပါး၊ အနာဂတ်စွဲငါးပါး၊ ပစ္စုပ္ပန်စွဲခြောက်ပါးဖြင့် တရူးထည်းရူး၍ အစွဲ၁၆-ပါး ကပ်ကုန်၏။ အတိတ်၌ ငါသည်ဖြစ်ဘူးပြီလော၊ မဖြစ်ဘူး ပြီလော(၂)။

အဘယ်သို့သောသူ (အဘယ်ဇာတ်၊ အဘယ်အသွင်ရှိသူ) ဖြစ်ဘူးသနည်း၊ အဘယ် သို့သော(နိမ့်မြင့်သဏ္ဌာန်စသော) အခြင်းအရာဖြင့် ဖြစ်ဘူးသနည်း (၂)။

အဘယ်သူ ဖြစ်ပြီး၍ တဖန် (ဇာတ်အဆင့်ဆင့်ဖြင့်) အဘယ်သူ ဖြစ်ဘူးပြန် သနည်း(၁)။

ဤသို့စွဲကပ်ခြင်းငါးပါးမှကျွတ်လွတ်အောင် “သူ့ကြောင့် ငါ့ကြောင့် ငါဖြစ် မရှိ။ သူဖြစ် မရှိ၊ သူ့အကြောင်းနှင့်သူ အကျိုးနာမ်ရုပ်သာ ဖြစ်ပြီးပြီ” ဟု အကြောင်းတွဲလျက် သိသောဉာဏ်ဖြင့် ချွတ်လွှဲရသည်။

အနာဂတ်၌ ငါသည်ဖြစ်လတ္တံ့လော၊ မဖြစ်လတ္တံ့လော (၂)။

အဘယ်သို့သောသူ ဖြစ်မည်နည်း၊ အဘယ်သို့သော အချင်းအရာဖြင့် ဖြစ်မည်နည်း (၂)။

အဘယ်သူ ဖြစ်ပြီး၍ တဖန် အဘယ်သူ ဖြစ်ဦးမည်နည်း (၁)။

ဤငါးပါး ကျွတ်လွတ်အောင်လည်း “ငါဖြစ်လတ္တံ့ မရှိ၊ သူ့အကြောင်းနှင့်သူ - အကျိုး နာမ်ရုပ်သာ ဖြစ်လတ္တံ့ဟု ချွတ်လွှဲရသည်။

ပစ္စုပ္ပန်၌ငါသည်ယခု ငါဟုတ်၏လော၊ မဟုတ်လေသလော (၂)။

(ကိုယ်တွင်း၌ ငါ၏အတ္တ၊ ငါ၏ဇီဝ ဟုတ်ပါလေစ၊ သူတပါးဥစ္စာနှင့် မှားနေမလားမသိ ဟူလို) ထိုအတ္တသည် အဘယ်သို့သောသူ ဖြစ်သနည်း အဘယ်အခြင်းအရာဖြင့် ဖြစ်သနည်း (၂)။

အဘယ် ဘဝမှ လာခဲ့သနည်း၊ အဘယ်ဘဝသို့ သွားဦးမည်နည်း (၂)။

ဤခြောက်ပါး ကျွတ်လွတ်အောင်လည်း “ငါဖြစ်ဆဲ မရှိ၊ သူ့အကြောင်းနှင့်သူ- အကျိုး နာမ်ရုပ်သာဖြစ်ဆဲ”ဟု ချွတ်လွှဲရသည်။

တနည်းကား -

ရုပ်နာမ်သင်္ခါရတို့၏ ရင့်ခြင်း၊ ပျက်ခြင်းသည် ဇရာ၊ မရဏ မည်၏။
ထိုဇရာမရဏသည် ဇာတိကြောင့်ဖြစ်သည်။
ဇာတိသည် ဘဝကြောင့်။
ဘဝသည် ဥပါဒါန်ကြောင့်။
ဥပါဒါန်သည် တဏှာကြောင့်။
တဏှာသည် ဝေဒနာကြောင့်။
ဝေဒနာသည် ဖဿကြောင့်။
ဖဿသည် သဠာယတနကြောင့်။
သဠာယတနသည် နာမ်ရုပ်ကြောင့်။
နာမ်ရုပ်သည် ဝိညာဏ်ကြောင့်။
ဝိညာဏ်သည် သင်္ခါရကြောင့်။
သင်္ခါရသည် အဝိဇ္ဇာကြောင့်။
အဝိဇ္ဇာသည် အာသဝကြောင့်။
အာသဝသည် ဇရာမရဏကြောင့်ဖြစ်သည်။
ငါမဖြစ်၊ သူမဖြစ်။ ငါ့ကြောင့်မဖြစ် သူ့ကြောင့်မဖြစ်။

အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ အတိတ်အကြောင်း ငါးပါးကြောင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ပစ္စုပ္ပန်အကျိုးငါးပါး ဖြစ်သည်။

တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ သင်္ခါရ - ပစ္စုပ္ပန်အကြောင်း ငါးပါးကြောင့် “ဇာတိ၊ ဇရာမရဏ - အတိပြီးသော၊ ဝါ - ဥပါဒ်၊ ဌီ၊ ဘင်-အတိပြီးသော” ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ- အနာဂတ် အကျိုးငါးပါး ဖြစ်သည်။

အကြောင်းဆယ်ပါးသည် ကိလေသဝဋ်။ ကမ္မဝဋ်။ အကျိုး ဆယ်ပါးသည် ဝိပါကဝဋ်၊ ဤသို့ ဝဋ်အဆက်ဆက်၊ ဒုက္ခအဆက်ဆက်၊ ရုပ်နာမ်အဆက်ဆက်၊ ကြောင်းကျိုး အဆက်ဆက်ကိုပင် သတ္တဝါအဆက်ဆက် ဖြစ်သည်ဟု ပညပ်တင်၍ ခေါ်ကြသည်။ ဤကား ပြုသူ၊ ဤကား ခံစားသူဟု ပညပ်တင်၍ မှည့်ကြသည်။ ပညပ်သံစွဲ၍ ငါအစစ်၊ သူအစစ်၊ ယောက်ျား မိန်းမ အစစ်ဟုမှားကြသည်။ ကြွားကြသည်။ ပုထုဇန အမည်ထူးသည့်အတိုင်း ထူးကြ ရူးကြသည်။

ဘဝ အဆက်ဆက် ကြောင်းကျိုး ဆက်၍ ရုပ် နာမ် အဆက်ဆက်သည် ဖြစ်ရာ၌ပင် နေရာမရွှေ့ချုပ်သည်။ တဘဝမှ တဘဝသို့ ရုပ်နာမ်မရွေ့။

ကြောင်းကျိုး ဆက်၍ မှန်ထဲ၌ မျက်နှာရိပ် ထင်သည်။ မျက်နှာမရွေ့။

ကြောင်းကျိုး ဆက်၍ နောက်မီးစာ၌ မီးလျှံ စွဲသည်။ မူလ မီးလျှံ မရွေ့။

ဆရာ လာခေါ်သူကို ရေမန်း တိုက်ခြင်းဖြင့် ကြောင်းကျိုးဆက်၍ လူနာ သက်သာသည်။ ရေမန်းမရွေ့။

စိတ်အစဉ်ရှိရာ ကြောင်းကျိုး ဆက်၍ ရှေးစိတ် ချုပ်လျှင် နောက်ဘဝ ပဋိသန္ဓေစိတ် ဖြစ်သည်။ ရှေးစိတ်မရွေ့။

တနေရာမှ တနေရာသို့ တနေရာသို့ မရွေ့သော နာမ် ရုပ်။ ကြောင်းကျိုး ဆက်၍ ဖြစ်သော နာမ် ရုပ်။ အကြောင်း မကင်းသော နာမ်ရုပ်။ သူ့အကြောင်းနှင့် သူ့အကျိုး ဖြစ်၍ အလိုလိုက်အောင်ပြု၍ မရသော နာမ်ရုပ်။

ဤသို့သိလျှင် ယုံမှား ၁၆-ပါး ကင်း၏။
ယုံမှား ၈-ပါးလည်း ကင်း၏။

ယုံမှားရှစ်ပါး

သတ္တရိ ကင်္ခတိ

ဘုရား၌ ယုံမှား၏ ဟူသည် - ၃၂ ပါးသော လက္ခဏာဖြင့် တင့်တယ်သော ကိုယ်တော် ရှိသလော၊ မရှိသလော။ အတိတ် အနာဂတ် ပစ္စုပ္ပန် သိသော သဗ္ဗညုတဉာဏ် ရှိသလော၊ မရှိသလော- ဤသို့ကိုယ်တော်၌၎င်း၊ ဂုဏ်တော်၌၎င်း ယုံမှားခြင်းတည်း။

ဓမ္မေကင်္ခတိ

တရား၌ ယုံမှား၏။ ကိလေသာ သတ်သော မဂ်၊ ကိလေသာ ငြိမ်းစေသော ဖိုလ်၊ မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ဟူသည် ရှိလေသလော၊ မရှိလေသသော။ ရှိလျှင် နိယျာနိက - ထွက်မြောက်ကြောင်းဓမ္မ ဟုတ်သလော၊ မဟုတ်သလော-ဟု ယုံမှားခြင်းတည်း။

သံဃေကင်္ခတိ

သံဃာ၌ယုံမှား၏၊ မဂ္ဂဋ္ဌာန် လေးယောက်၊ ဖလဋ္ဌာန် လေးယောက် ရှိသလော၊ မရှိ သလော။ ရှိလျှင် သုပ္ပဋိပန္နလော၊ ဒုပ္ပဋိပန္နေလော၊ ထိုသံဃာအား လှူလျှင် အကျိုး ရှိသလော၊ မရှိသလောဟု ယုံမှားခြင်းတည်း။

သိက္ခာယကင်္ခတိ

သိက္ခာ၌ ယုံမှား၏၊ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ဤသိက္ခာ သုံးပါးကျင့်၍ အာနိသင် ရှိသလော၊ မရှိသလောဟု ယုံမှားခြင်းတည်း။

ပုဗ္ဗန္တေ ကင်္ခတိ

ရှေးအစွန်း၌ ယုံမှား၏။ အတိတ်ခန္ဓာ အာယတန၊ ဓာတ်တို့ လွန်ကုန်ပြီ။ (ဝါ-ရှေ့ဘဝရှိသည်) ဟူသည် ဟုတ်သလော၊ မဟုတ်သလော ဟု ယုံမှားခြင်းတည်း။

အပရန္တေ ကင်္ခတိ

နောက်အစွန်း၌ ယုံမှား၏။ အနာဂတ်ခန္ဓာ၊ အာယတန၊ ဓာတ် (နောက်နောက် ဘဝ) ဖြစ်လတ္တံ့ ဟူသည် ဟုတ်သလော မဟုတ်သလော-ဟု ယုံမှားခြင်းတည်း။

ပုဗ္ဗန္တာ ပရန္တေ ကင်္ခတိ

ရှေး အစွန်း၊ နောက် အစွန်း နှစ်ပါးလုံး၌ယုံမှား၏။ (သိနိုင်ရမည်။)

ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နေသုဓမ္မေသု ကင်္ခတိ

အကြောင်းကို စွဲ၍ ဖြစ်သော တရားတို့၌ ယုံမှား ....။ အဝိဇ္ဇာစသော အကြောင်း ၁၂-ပါး ရှိသလော၊ မရှိသလောဟု ယုံမှားခြင်းတည်း၊ ဝါ အကြောင်း၌၎င်း၊ အကျိုး၌၎င်း ရှိ၊ မရှိ ဟု ယုံမှားခြင်းတည်း။

ဤ ရှစ်ပါးသည်လည်း နာမ် ရုပ်တို့ကို အကြောင်းနှင့်တကွသိလျှင် ကင်း၏။

ဤဉာဏ်သည် ယုံမှားခြင်းမှ လွန်သောကြောင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်၏။

နာမ်ရုပ်တို့၏ အကြောင်းကို သိမ်းဆည်းသောကြောင့် ပစ္စယပရိဂ္ဂဟဉာဏ်...။

အကျိုး၏တည်ရာ အကြောင်းသာဟု သိသောကြောင့် ဓမ္မဓိဋ္ဌိဉာဏ်...။

ဟုတ်တိုင်းမှန်စွာ သိသောကြောင့် ယထာဘူတဉာဏ်...။

မဖောက်မပြန်အမြင် မှန်သောကြောင့် သမ္မာဒဿနဉာဏ် မည်၏။

အမည် ငါးပါး။

အကြောင်း အားလျော်စွာဖြစ်သော ဤနာမ် ဤရုပ်သည် ဆင်းရဲဧကန် မဖောက်ပြန် သောကြောင့် ဒုက္ခသစ္စာ မည်၏။

အကြောင်းဟူသမျှ ဆင်းရဲကြောင်း ဧကန် မဖောက်ပြန်သောကြောင့် သမုဒယသစ္စာ မည်၏။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု နှလုံးသွင်းခြင်းသည် ဆင်းရဲကင်းရာသို့ ထွက်နိုင်ကြောင်း ဧကန် မဖောက်ပြန် သောကြောင့် မဂ္ဂသစ္စာမည်၏။

ဒုက္ခမြင်သူတိုင်း စိတ်ညွတ်စရာ နာမ်ရုပ်မဖြစ်ရာ, အကြောင်းဝဋ် ကင်းပြတ်ရာသည် ဆင်းရဲငြိမ်း ဧကန်မဖောက်ပြန်သောကြောင့် နီရောဓသစ္စာမည်၏။

ဤသို့ဆက်သွယ်၍ သစ္စာလေးပါးသိလျှင် မဂ်ဖိုလ်ရ၏။ မရလျှင် သုဂတိမြဲ၏။ “စူဠသောတာပန်” ဖြစ်သည် မည်၏။ သာသနာဘော်မြတ်နှင့် တွေ့ကြုံသူတိုင်း သည်အထိ ဖြစ်နိုင်သည်။ မဖြစ်လျှင် သာသနာတွေ့ကျိုး မနပ်၊ သနားဘွယ် ကောင်းလေစွ။

ကင်္ခါဝိတရဏဝိသုဒ္ဓိပြီး၏။

မဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိ

သမ္မသနဉာဏ်

အကြောင်း သိမ်းဆည်းပြီးသော နာမ်ရုပ်တို့၌ အနိစ္စ စသည်ဖြင့် သုံးသပ်ခြင်းသည် သမ္မသနဉာဏ် မည်၏။ ထိုနောက် ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုခြင်းသည် ဥဒယဗ္ဗယဉာဏ် မည်၏။ ဥဒယဗ္ဗယ သုံးသပ်သောအခါ ဩကာသစသော ဘေးရန် ဆယ်ပါးကို “ဤကား လမ်းမှန်မဟုတ်၊ ဝိပဿနာ ဉာဏ်စဉ်သာ လမ်းမှန် ဖြစ်သည်” ဟု ဆုံးဖြတ်ခြင်းသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

[နာမ်ရုပ်တို့ကို ၁၁-ပါးခွဲ၍ ခန္ဓာဒိနယမာရဗ္ဘ သီဟိုဠ်သားတို့ အလို နယဝိပဿနာ နည်းယူ၍၎င်း။ ကလာပ သံခိပန - ဇမ္ဗူဒိပ်သားတို့ အလို အပေါင်းအစု ချုံးကာ အကျဉ်းစိတ်၍၎င်း- အနိစ္စ စသည်ဖြင့် ရှုရသည်။
ထိုနောက် အနိစ္စပရိယာယ် မှတ်၍ ရှုလျှင် လက္ခဏာရေး သုံးပါး ထင်ရှား၏။
အခြင်းအရာ လေးဆယ်ဖြင့် ရှုလျှင် မဂ်ရ၏။ မရလျှင် ဥဒယဗ္ဗယဉာဏ် ထင်ရှား၏။
ရူပသတ္တကဖြင့် ရှုလျှင် သင်္ခါရ အသက်တိုပုံ ထင်ရှား၏။
အရူပသတ္တကဖြင့် ရှုလျှင် ဝိပလ္လာသ ကင်း၏။
မဟာဝိပဿနာဖြင့် ရှုလျှင် သမ္မသနဉာဏ် ကမ်းတဘက်သို့ရောက်၏။
ဥဒယဗ္ဗယ အကျဉ်းအကျယ် ရှုလျှင် သစ္စာ လေးပါးသိ၏။
ဤတွင် အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ဖြစ်၏။
ဘေးရန် ဆုံးဖြတ်လျှင် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ အပြီးရောက်၏။
ဥဒယဗ္ဗယဉာဏ် တဝက်သို့ရောက်ပြီ။]

လက္ခဏာလေးနက်။ ဆဲ့တချက်မှ။ နယ၊ သံခိ။ ပရိယာယ်သွယ်။ လေးဆယ်ခြင်းရာ။ သက္ခကာ-ရုပ်။ အ-ရုပ်လည်းသတ်။ ဝိပသ်မဟာဥဒယာဗယ-ကျဉ်း။ ကျယ်မှ .... မဂ္ဂါမဂ္ဂ ပြီးမည်တည်း။

လက္ခဏာလေးနက်

လက္ခဏာလေးနက် ဟူသည်ကား-တေဘူမက နာမ် ရုပ် ဟူသမျှသည် -

ဖြစ်ပြီးလျှင် ပျက်စီးတတ်သောကြောင့် အနိစ္စ
ဇရာမရဏဖြင့် ဖောက်ပြန်တတ်သောကြောင့် အနိစ္စ
တခဏမျှသာ တည်တတ်သောကြောင့် အနိစ္စ။ (အနိစ္စလေးနက်)

တေဘူမက နာမ်ရုပ် ဟူသမျှသည် ဥပါဒ်အခြားမဲ့၌ ဌီသို့ ရောက်၏၊ ဌီ၌ အိုမင်း ရင့်လျော်၏။ ပင်ပန်း၏။ မချွတ်ပျက်စီး၏၊

ထိုသို့မပြတ် နှိပ်စက်တိုင်း ခံရသောကြောင့် ဒုက္ခ
သည်းခံနိုင်ခဲသောကြောင့် ဒုက္ခ
ဒုက္ခအမျိုးမျိုး၏ တည်ရာ ဖြစ်သောကြောင့် ဒုက္ခ
သုခကို ပယ်တတ်သောကြောင့် ဒုက္ခ။ (ဒုက္ခလေးနက်)

တေဘူမက နာမ် ရုပ်ဟူသမျှသည် ဥပါဒ်အခြားမဲ့၌ ဌီသို့ မရောက်ပါစေလင့်ဟု တောင့်တ၍ မရ။ ဌီသို့ရောက်လျှင် မရင့်ရော်ပါစေဟု တောင့်တ၍မရ။ ရင့်ရော်လျှင် မပျက်ပါစေလင့် ဟု တောင့်တ၍မရ၊ ပြုသူ ခံစားသူလည်းမရှိ။ အလိုလိုက်ခြင်းမှ ဆိတ်၏။

ထိုသို့ ပြုသူခံစားသူမှ ဆိတ်သောကြောင့် အနတ္တ
စိုးပိုင်သော သခင်မရှိသောကြောင့် အနတ္တ
အလိုလိုက်အောင် ပြု၍ မရသောကြောင့် အနတ္တ
တိတ္ထိတို့ကြံဆသော အတ္တအဖြစ်ကို ပယ်တတ်သောကြောင့် အနတ္တ
(အနတ္တလေးနက်။)

ဆဲ့တချက်မှ

ဆဲ့တချက်ကား -
အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ သုံးချက်။
အဇ္ဈတ္တ၊ ဗဟိဒ္ဓ-နှစ်ချက်။
သြဠာရိက၊ သုခုမ-နှစ်ချက်။
ဟီန၊ ပဏီတ - နှစ်ချက်။
ဒုရ၊ သန္တိက-နှစ်ချက်။
ဤတဆဲ့တချက်ဖြင့် ယှဉ်တွဲ၍ ရှုရသည်။

နယ

နယ ဝိပဿနာ ရှုပုံကား -

ရူပံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
ဝေဒနာ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
သညာ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
သင်္ခါရာ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
ဝိညာဏံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။

စက္ခုဒွါရံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
သောတဒွါရံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
ဃာနဒွါရံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
ဇိဝှါဒွါရံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
ကာယဒွါရံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
မနောဒွါရံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။

ရူပါရမ္မဏံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
သဒ္ဒါရမ္မဏံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
ဂန္ဓာရမ္မဏံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
ရသာရမ္မဏံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
ဖောဋ္ဌဗ္ဗာရမ္မဏံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။
ဓမ္မာရမ္မဏံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန။

(၁၁-ချက်လုံး နည်းတူ ပေါင်းရှုသည်။)

သံခိ

ကာလပသမ္မသန ရှုပုံကား-

အတိတ် ရုပ် နာမ်သည် ပစ္စုပ္ပန် ဘဝသို့ မရောက်မူ၍ ချုပ်ပြီးပြီ။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

အနာဂတ် ရုပ်နာမ်သည် နောက်တဘဝသို့ မရောက်မူ၍ ချုပ်လတ္တံ့။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ပစ္စုပ္ပန် ရုပ်နာမ်သည် အနာဂတ်ဘဝသို့ မရောက်မူ၍ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

အဇ္ဈတ္တိက ရုပ်နာမ်သည် ဗဟိဒ္ဓ မဖြစ်မူ၍ ချုပ်၏
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ဗဟိဒ္ဓ ရုပ်နာမ်သည် အဇ္ဈတ္တိက မဖြစ်မူ၍ ချုပ်၏။ -
သြဠာရိက ရုပ်နာမ်သည် သုခုမ မဖြစ်မူ၍–
သုခုမရုပ်နာမ်သည် သြဠာရိက မဖြစ်မူ၍-
ဟီန ရုပ်နာမ်သည် ပဏီတ မဖြစ်မူ၍-
ပဏီတ ရုပ်နာမ်သည် ဟီန မဖြစ်မူ၍—
ဒူရ ရုပ်နာမ်သည် သန္တိက မဖြစ်မူ၍
သန္တိက ရုပ်နာမ်သည် ဒုရမဖြစ်မူ၍ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

[အတိတ်ရုပ်သည် - အတိတ် ဝေဒနာသည် စသည်ဖြင့် ခန္ဓာတပါးစီ အသေးစိတ်၍ သော်လည်း သုံးသပ်အပ်၏။]

ထိုအတူ --
စက္ခုဒွါရစသော ဒွါရခြောက်ပါးသည် --။
စက္ခု ဝိညာဏ်စသော ဝိညာဏ်ခြောက်ပါးသည်--။
ဆံပင် မွေးညှင်း စသော ၃၂ ကောဋ္ဌာသသည် --။
အာယတန ၁၂-ပါး သည် --။
ဓာတ် ၁၈-ပါးသည် --။
လောကီဣန္ဒြေ ၁၉ ပါးသည် --။
အဝိဇ္ဇာ စသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ ပါးသည်--။
၁၁ ပါးစီ ပြား၍ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

တဘဝ အတွင်းဖြစ်သော ဘ၀ ရုပ်နမ်သည် --။
တရှိန်ထည်း တဆက်ထည်းဖြစ်သော သန္တာန ရုပ်နာမ်သည် --။
ဥပါဒ် ဌီ၊ ဘင် - အတွင်းဖြစ်သော ခဏတ္တယ ရုပ်နာမ်သည် --။
၁၁-ပါးစီ ပြား၍ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ပရိယာယ်သွယ်

အနိစ္စ ပရိယာယ်မှတ်၍ ရှု-လက္ခဏာရေး သုံးပါး ထင်ရှား၏ ဟူသည်ကား-
အနိစ္စံ၊ မမြဲသောကြောင့် အနိစ္စ။
သင်္ခတံ၊ ပြုပြင်အပ်သော ကြောင့်သင်္ခတ။
ပဋိစ္စသမုပ္ပန္နံ၊ အကြောင်းကိုစွဲ၍ဖြစ်သောကြောင့် ပဋိစ္စသမုပ္ပန္န။
ခယဓမ္မံ၊ ကုန်တတ်သောကြောင့် ခယဓမ္မ။
ဝယဓမ္မံ၊ ပျက်တတ်သောကြောင့် ဝယဓမ္မ။
ဝိရာဂဓမ္မံ၊ ကင်းပျောက်တတ်သောကြောင့် ဝိရာဂဓမ္မ။
နိရောဓဓမ္မံ၊ ချုပ်ငြိမ်းတတ်သောကြောင့် နိရောဓဓမ္မ။

[အနိစ္စပရိယာယ် ခုနစ်ပုဒ်။ အနက်သို့ ဉာဏ်ရောက်စေလျက် ပါဠိကို တွင်တွင် ရွတ်ဆိုပါ။]

ရူပံ – အတီတာ နာဂတ ပစ္စုပ္ပန္နံ – အနိစ္စံ၊ သင်္ခတံ၊ ပဋိစ္စသမုပ္ပန္နံ၊ ခယဓမ္မံ၊ ဝယဓမ္မံ၊ ဝိရာဂဓမ္မံ၊ နိရောဓဓမ္မံ

ဝေဒနာ--။
သညာ --။
သင်္ခါရာ --။
ဝိညာဏံ --။
ပဉ္စက္ခန္ဓာ --။

လေးဆယ်ခြင်းရာ

အခြင်းအရာ လေးဆယ် ရှု-မဂ်ရ၏။ မရလျှင် ဥဒယဗ္ဗယဉာဏ် ထင်ရှား၏- ဟူသည်ကား --

အနိစ္စံ - အမြဲမရှိသော ရုပ်နာမ်။
ပလောကံ - ပရမ်းပတာ ပျက်သောရုပ်နာမ်။
စလံ - တုန်လှုပ်သော ရုပ်နာမ်။
ပဘင်္ဂု- အလိုလိုပျက်သော ရုပ်နာမ်။
အဒ္ဓုဝံ - မခိုင်သော ရုပ်နာမ်။ (၅)။

ဝိပရိဏာမံ - ဇရာမရဏဖြင့် ဖောက်ပြန်သောရုပ်နာမ်။
အသာရကံ - အနှစ်မရှိသော ရုပ်နာမ်။
ဝိဘဝံ - အစီးအပွါး မရှိသော ရုပ်နာမ်။
သင်္ခတံ - အကြောင်းတရားတို့ ပြုပြင်အပ်သော ရုပ်နာမ်။
မရဏဓမ္မံ - သေခြင်း သဘောရှိသော ရုပ်နာမ် (၅)။

[ဤဆယ်ခုသည် အနိစ္စာနုပဿနာ မည်၏။]

ဒုက္ခံ - ဆင်းရဲသော ရုပ်နာမ်။
ရောဂံ - မတ်တတ်နာနှင့် တူသော ရုပ်နာမ်။
ဂဏ္ဍံ - အိုင်းအမာနှင့်တူသော ရုပ်နာမ်။
သလ္လံ - မြှားငြှောင့် တံကျင်နှင့်တူသော ရုပ်နာမ်။
အဃံ - မကောင်းမှုဖြစ်သော ရုပ်နာမ်။ (၅)။

အာဗာဓံ - တုံးလုံးနာနှင့် တူသော ရုပ်နာမ်။
ဤတိ-ဘေးရန် ဖြစ်သော ရုပ်နာမ်။
ဥပဒ္ဓဝံ - ဘေးရန်တည်ရာဖြစ်သော ရုပ်နာမ်။
ဘယံ - ကြောက်ဘွယ်ဖြစ်သော ရုပ်နာမ်။
ဥပသဂ္ဂံ - အပြစ်ဒေါသ ကပ်ငြိသော ရုပ်နာမ်။ (၅)။

အတာဏံ - မစောင့်ရှောက်တတ်သော ရုပ်နာမ်။
အလေဏံ - ပုန်းအောင်းရာ မဟုတ်သော ရုပ်နာမ်။
အသရဏံ - ဇာတိစသောဘေးကို မညှဉ်းဆဲတတ်သော ရုပ်နာမ်။
အာဒီနဝံ - အပြစ် အတိ ဖြစ်သော ရုပ်နာမ်။
အဃမူလံ - မကောင်းမှု၏ အကြောင်းရင်းဖြစ်သော ရုပ်နာမ်။ (၅)။

ဝဓကံ - မိတ်ဆွေပုံဟန် သေကြောင်းကြံသော ရုပ်နာမ်။
သာသဝံ - အာသဝေါ ဖြစ်ကြောင်း ဖြစ်သော ရုပ်နာမ်။
မာရအာမိသံ - မာရ်ငါးပါး၏ အစာဖြစ်သော ရုပ်နာမ်။
ဇာတိဓမ္မံ - ပဋိသန္ဓေ သဘောရှိသော ရုပ်နာမ်။
ဇရာဓမ္မံ - အိုခြင်းသဘောရှိသော ရုပ်နာမ်။ (၅)။

ဗျာဓိဓမ္မံ - နာခြင်း သဘောရှိသော ရုပ်နာမ်။
သောကဓမ္မံ - စိုးရိမ်ခြင်း သဘောရှိသော ရုပ်နာမ်။
ပရိဒေဝဓမ္မံ - ငိုကြွေးခြင်းသဘော ရှိသော ရုပ်နာမ်။
ဥပါယာသဓမ္မံ - ပြင်းစွာ ပင်ပန်းခြင်း သဘောရှိသော ရုပ်နာမ်။
သံကိလေသဓမ္မံ - ညစ်ငြူးခြင်းသဘောရှိသော ရုပ်နာမ် (၅)။

[ဤ ၂၅-ခုသည် ဒုက္ခာနုပဿနာ မည်၏။]

ပရံ - သူစိမ်းပြင်ပဖြစ်သော ရုပ်နာမ်။
ရိတ္တံ - ဓုဝ၊ သုဘ၊ သုခ၊ အတ္တမှ ဆိတ်သော ရုပ်နာမ်။
တုစ္ဆံ - အချည်းနှီးဖြစ်သော ရုပ်နာမ်။
သုညံ - တပါးသောကိုယ်မှ ဆိတ်သော ရုပ်နာမ်။
အနတ္တာ - ကြံဆ အပ်သော ကိုယ်ကောင် အတ္တ မဟုတ်သော ရုပ်နာမ် (၅)။

(ဤငါးခုသည် အနတ္တာနုပဿနာ မည်၏။)

[ရုပ်၊ ဝေဒနာ ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် - တခုစီခွဲ၍သော်လည်းရှု]

ရူပသတ္တက

ရူပသတ္တက ရှု-သင်္ခါရ အသက်တိုပုံ ထင်ရှား၏ ဟူသည်ကား --

(၁)အာဒါနနိက္ခေပ ရုပ်သည် တဘဝ အတွင်း ချုပ်၏။

(၂) ဝယောဝုဒ္ဓတ္ထင်္ဂမ ရုပ်သည် အရွယ်သုံးပါး၊ ဆယ်နှစ်၊ ငါးနှစ်၊ လေးနှစ်၊ သုံးနှစ်၊ နှစ်နှစ်၊ တနှစ်၊ ခြောက်လ၊ လေးလ၊ နှစ်လ၊ တလ၊ လဆန်း၊ လဆုတ်၊ တရက်၊ နံနက်၊ နေ့ခင်း၊ ညချမ်း၊ ညဉ့်ဦးယမ်၊ သန်းခေါင်ယာမ်၊ မိုဃ်းသောက်ယာမ်၊ ရှေ့တက်၊ နောက်ဆုတ်၊ တူရူကြည့်၊ တစောင်းကြည့်၊ ကွေး၊ ဆန့်၊ ကြွ၊ ဆောင်၊ လွှဲ၊ ချ၊ ထား၊ နှိပ် - ဤသို့သော အခိုက်၌ ချုပ်၏။

(၃) အာဟာရဇရုပ်သည် ဆာ, မဆာ အကြား၌ ချုပ်၏။

(၄) ဥတုဇရုပ်သည် အပူ၊ အဧ အကြား၌ ချုပ်၏။

(၅) ကမ္မဇရုပ်သည် ဒွါရအကြား၌ ချုပ်၏။

(၆) စိတ္တဇရုပ်သည် စိတ်ချမ်းသာ၊ စိတ်ဆင်းရဲ အကြား၌ ချုပ်၏။

(၇) ဓမ္မတာရုပ်သည် ဝါ-ဓမ္မတာရုပ်၌ သစ်ရွက်တရွက်သည် နုနုနီ၊ ရှင့်ရင့်နီ၊ ပြေပြေနီ၊ ရွက်နု၊ ရွက်ရင့်၊ ရွက်စိမ်း၊ ရွက်ညို၊ ရွှက်လျော်၊ ရွက်ကြွေ ဤသို့သောအခိုက်၌ ချုပ်၏။

[အာဒါန ပဋိသန္ဓေအားဖြင့်ယူ၍ + နိက္ခေပ စုတိဖြင့် ပစ်ချသော တဘဝ အတွင်းရုပ်။ ဝယော ဝုဒ္ဓ ... အရွယ်ကြီး၍ + အတ္ထင်္ဂမ ချုပ်သော ထိုထိုအခိုက်ရုပ်။]

(၁) အာဒါနနိက္ခေပ

အာဒါနနိက္ခေပရုပ် ရှုပုံကား ... တဘဝအတွင်း ရုပ်သည် မသေမီ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

(၂) ဝယောဝုဒ္ဓတ္ထင်္ဂမ

ဝယော ဝုဒ္ဓတ္ထင်္ဂမရုပ် ရှုပုံကား-

ပဌမ အရွယ်ရုပ်သည် မဇ္ဈိမအရွယ်သို့ မရောက်မီ ချုပ်၏။
မဇ္ဈိမအရွယ်ရုပ်သည် ပစ္ဆိမအရွယ်သို့ မရောက်မီ ချုပ်၏။
ပစ္ဆိမအရွယ် ရုပ်သည် မသေမီ ချုပ်၏။
အနိ၊ ဒုက္ခ၊ အနတ္တ

မန္ဒအရွယ် ဆယ်နှစ်တွင်းရုပ်သည် ခိဍ္ဍအရွယ်သို့ မရောက်မီ ချုပ်၏။
ခိဍ္ဍအရွယ် နှစ်ဆယ်တွင်း ရုပ်သည် ဝဏ္ဏအရွယ်သို့ မရောက်မီ ချုပ်၏။
ဝဏ္ဏအရွယ် သုံးဆယ်တွင်း ရုပ်သည် ဗလအရွယ်သို့ မရောက်မီ ချုပ်၏။
ဗလအရွယ် လေးဆယ်တွင်း ရုပ်သည် ပညာအရွယ်သို့ မရောက်မီ ချုပ်၏။
ပညာအရွယ် ငါးဆယ်တွင်းရုပ်သည် ဟာနိအရွယ်သို့ မရောက်မီ ချုပ်၏။
ဟာနိအရွယ် ခြောက်ဆယ်တွင်း ရုပ်သည် ပဗ္ဘာရ အရွယ်သို့ မရောက်မီ ချုပ်၏။
ပမ္ဘာရအရွယ် ခုနစ်ဆယ်တွင်း ရုပ်သည် ဝင်္ကအရွယ်သို့ မရောက်မီ ချုပ်၏။
ဝင်္ကအရွယ် ရှစ်ဆယ်တွင်းရုပ်သည် မောမူဟအရွယ်သို့ မရောက်မီ ချုပ်၏။
မောမူဟအရွယ် ကိုးဆယ်တွင်း ရုပ်သည် သယနအရွယ်သို့ မရောက်မီ ချုပ်၏။
သယနအရွယ် တရာတွင်း ရုပ်သည် မသေမီချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ပဌမငါးနှစ်တွင်းရုပ်သည် ဒုတီယ ငါးနှစ်သို့ မရောက်မီ ချုပ်၏။
ပဌမ လေးနှစ်တွင်း ရုပ်သည် ဒုတီယ လေးနှစ်သို့ …
ပဌမ သုံးနှစ်တွင်း...
ပဌမ နှစ်နှစ်တွင်း...
ပဌမ တနှစ်တွင်း …
ပဌမ ခြောက်လတွင်း ...
ပဌမ လေးလတွင်း ...
ပဌမ နှစ်လတွင်း ...
ပဌမ တလတွင်း ရုပ်သည် ဒုတီယ တလသို့ ......
လဆန်းရုပ်သည် လဆုတ်သို့ ...
လဆုတ်ရုပ်သည် လဆန်းသို့ ...
ပဌမ တရက်တွင်း ရုပ်သည် ဒုတီယ တရက်သို့ မရောက်မီ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

နံနက်ခင်းရုပ်သည် နေ့ခင်းသို့မရောက်မီ ချုပ်၏ ။
နေ့ခင်းရုပ်သည် ညချမ်းသို့ ...
ညချမ်းရုပ်သည် ညဉ့်ဦးယာမ်...
ညဉ့်ဦးယာမ်ရုပ်သည် သန်းခေါင်ယာမ်...
သန်းခေါင်ယာမ်ရုပ်သည် မိုဃ်းသောက်ယာမ်သို့ ...
မိုဃ်းသောက်ယာမ်ရုပ်သည် နံနက်ခင်းသို့ မရောက်မီချုပ်၏
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ရှေ့တက်စဉ်ရုပ်သည် နောက်မဆုတ်မီ ချုပ်၏။
နောက်ဆုတ်စဉ် ရုပ်သည် ရှေ့မတက်မီ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

တူရူကြည့်စဉ် ရုပ်သည် တစောင်းမကြည့်မီ ချုပ်၏။
တစောင်းကြည့်စဉ်ရုပ်သည် တူရူမကြည့်မီ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ကွေးစဉ်ရုပ်သည် မဆန့်မီ ချုပ်၏။
ဆန့်စဉ်ရုပ်သည် မကွေးမီ ချုပ်၏၊
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ခြေတလှမ်း တလှမ်း၌ ကြွ၊ ဆောင်၊ လွှဲ၊ ချ၊ ထား၊ နှိပ် - ခြောက်ချက်တို့တွင် ကြွစဉ် ရုပ်သည် မဆောင်မီ ချုပ်၏။ ဆောင်စဉ် ရုပ်သည် မလွှဲမီ ချုပ်၏။
(ဆူးငြောင့်တွေ့၍ လွှဲလိုက်သည်။)
လွှဲစဉ်ရုပ်သည် မချမီ....
ချစဉ်ရုပ်သည် မထားမီ ...
ထားစဉ် ရုပ်သည် မနှိပ်မီ ...
နှိပ်စဉ်ရုပ်သည် မကြွမီ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

(၃) အာဟာရဇ

အာဟာရဇရုပ် ရှုပုံကား -
ဆာခိုက်ရုပ်သည် အဆာမပြေမီ ချုပ်၏။
အဆာပြေခိုက်ရုပ်သည် မဆာမီ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

(၄) ဥတုဇ

ဥတုဇရုပ် ရှုပုံကား -
ပူခိုက်ရုပ်သည် မဧမီ ချုပ်၏။
ဧခိုက်ရုပ်သည် မပူမီ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

[ကမ္မဇရုပ် - စက္ခုဒွါရ၌ စက္ခု၊ ကာယ၊ ဘာဝဒသက ၃၀။ တိဇသုဒ္ဓဋ္ဌက ၂၄-ပေါင်း ၅၄။ (အဋ္ဌသာလိနီ၌ ၁၄ မျိုး၊ ၄၄ ပါးဟု နည်းတမျိုးဖြင့် ပြသည်။) သောတ၊ ဃာန၊ ဇိဝှါဒွါရ၌ တူပြီ။ ကာယဒွါရ၌ ကာယ၊ ဘာဝဒသကမျှဖြင့် ၄၄။ မနောဒွါရ၌ ဟဒယ၊ ကာယ၊ ဘာဝဒသကနှင့် ၅၄။ ထို၌ အနိစ္စ ဒုက္ခ အနတ္တ မပြ။]

(၅) ကမ္မဇ

ကမ္မဇရုပ်ရှုပုံကား --

စက္ခုဒွါရရုပ် ၅၄-ခုသည် သောတဒွါရသို့ မရောက်မူ၍ ချုပ်၏။
သောတဒွါရရုပ် ၅၄-ခုသည် ဃာနဒွါရသို့ မရောက်မီ ချုပ်၏။
ဃာနဒွါရရုပ် ၅၄-ခုသည် ဇိဝှါဒွါရသို့ မရောက်မီ ချုပ်၏။
ဇိဝှါဒွါရရုပ် ၅၄-ခုသည် ကာယဒွါရသို့ မရောက်မီ ချုပ်၏။
ကာယဒွါရရုပ် ၄၄-ခုသည် မနောဒွါရသို့ မရောက်မီ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

(၆) စိတ္တဇ

စိတ္တဇရုပ် ရှုပုံကား --

စိတ်ချမ်းသာခိုက် ရုပ်သည် စိတ်မဆင်းရဲမီ ချုပ်၏။
စိတ်ဆင်းရဲခိုက် ရုပ်သည် စိတ်မချမ်းသာမီ ချုပ်၏။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

(၇) ဓမ္မတာ

ဓမ္မတာရုပ်ရှုပုံကား-

သစ်ရွက်တရွက်၌ နုနုနီစဉ် ရုပ်သည် ရင့်ရင့်နီ မဖြစ်မီ ချုပ်၏။
ရင့်ရင့်နီစဉ်ရုပ်သည် ပြေပြေနီ မဖြစ်မီ ချုပ်၏။
ပြေပြေနီစဉ်ရုပ်သည ်ရွက်နု မဖြစ်မီ ချုပ်၏။
ရွက်နုစဉ်ရုပ်သည် ရွက်ရင့် မဖြစ်မီ ချုပ်၏။
ရွက်ရင့်စဉ်ရုပ်သည် ရွက်စိမ်း မဖြစ်မီ ချုပ်၏။
ရွက်စိမ်းစဉ်ရုပ်သည် ရွက်ညို မဖြစ်မီ ချုပ်၏။
ရွက်ညိုစဉ်ရုပ်သည် ရွက်ရော် မဖြစ်မီ ချုပ်၏။
ရွက်ရော်စဉ် ရုပ်သည် ရွက်ကြွေ မဖြစ်မီ ချုပ်၏
အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ဤသို့ ရူပသတ္တာ ခုနစ်ဋ္ဌာနရုပ်သည် နေရာမရွေ့ ချုပ်၏။ နေရာမရွေ့ ချုပ်၏။ တဘို့မှ တဘို့သို့ မရောက်မူ၍ ချုပ်၏။ ...။ အဆစ်အစပ် အပိုင်းအပြတ်ဖြစ်၏။ ... တဖျစ်ဖျစ်မြည်ဆူ အိုးကင်းပူထက် နှမ်းစေ့ ကျက်သကဲ့သို့ တပျက်ထည်း ပျက်သော ရုပ်ဖြစ်၏

သင်္ခါရ အသက်တို

သင်္ခါရ အသက်တိုပုံကား -

အသက်၊ အတ္တဘော၊ သုခ၊ ဒုက္ခ - ဤတရားအပေါင်းသည် မြဲဟူသော အတ္တနှင့် မစပ်၊ စိတ္တလက္ခဏ တချက် တချက်နှင့်သာ စပ်၏။

ကမ္ဘာရှစ်သောင်း လေးထောင် အသက်ရှည်သော ဗြဟ္မာကြီးသည်လည်း စိတ် နှစ်ချက်နှင့်မစပ်၊ တချက်တချက်နှင့်သာ စပ်၏၊

သေသူ၏ချုပ်ပြီးခန္ဓာ ပြန်မလာ၊
ရှင်သူ၏ ချုပ်ပြီးခန္ဓာ ပြန်မလာ။
အပြီးတိုင်ချုပ်၏။ ချုပ်ခြင်းတူ၏။

အတိတ်ခန္ဓာ ချုပ်ပြီးပြီ၊
အနာဂတ်ခန္ဓာ ချုပ်လတ္တံ့၊
ပစ္စုပ္ပန် ခန္ဓာချုပ်ဆဲ။
အချုပ်လက္ခဏာ အထူးမရှိ။

အတိတ်စိတ်ဖြင့် အသက်မရှင်၊
အနာဂတ်စိတ်ဖြင့် အသက်မရှင်။
ပစ္စုပ္ပန်စိတ်ဖြင့် အသက်ရှင်ဆဲဖြစ်၏။
ဘင်ခဏတိုင်း ခါခါသေ၏။

ပစ္စုပ္ပန်စိတ် တည်ဆဲတည်ဆဲကိုစွဲ၍ အသက်ရှင်သည် ဟူသော ပညပ်သည် ပရမတ် ကဲ့သို့ဖြစ်၏။

ချုပ်ပြီးခန္ဓာ စုပုံကာ မရှိ။
ဖြစ်လတ္တံ့ ခန္ဓာ စုပုံကာမရှိ။
ဖြစ်ဆဲ ဖြစ်ဆဲသာ တည်ချေ၏။
မုန်ညင်းအပ်ဖျား တည်ခိုက်အလားတည်း။

ဖြစ်ဆဲသည် ဖြစ်ပြီးနှင့်မဆက်။
ပျက်ဘို့သာ သက်သက်ရှေးရှု၏။

သင်္ခါရတို့သည်မမြင်ရာမှ အသစ်ဖြစ်လာကုန်၏။
မမြင်ရာသို့ ပျက်၍ရောက်ကုန်၏။
လျှပ်စစ်သဘွယ် ဖြစ်၍ကွယ်၏။

အ -- ရုပ်လည်းသတ်

အရူပသတ္တကရှု - ဝိပလ္လာသကင်း၏ ဟူသည်ကား-

(၁) ကလာပ-နာမ်သက်သက်ရှုခြင်း။
(၂) ယမက-အစုံတွဲရှုခြင်း၊
(၃) ခဏိက- လေးဆက် ရှုခြင်း။
(၄) ပဋိပါဋိ - ဆယ်ဆက်ရှုခြင်း။ ထိုနောက်
(၅) ဒိဋ္ဌိခွါရှုခြင်း၊
(၆) မာနခွါရှုခြင်း။
(၇) နိကန္တိခွါရှုခြင်း
ဤခုနစ်မျိုးတို့တွင် နောက်ဆုံးသုံးမျိုး၌ နည်းထူးမရှိ။

(၁) ကလာပ …

ကာလပ ရှုပုံကား...

ရူပသတ္တက ခုနစ်ဋ္ဌာန ရုပ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုသောစိတ်သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ဆံပင်၊ မွေးညှင်း စသော ၃၂-ကောဋ္ဌာသကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုသော စိတ်သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ

(၂) ယမက …

ယမကရှုပုံကား -

ရူပသတ္တက ခုနစ်ဋ္ဌာန ရုပ်သည် ထိုထိုအခိုက်၌ ချုပ်၏။ နိစ္စ၊ ဒုက္ခ၊ အနတ္တ

ထိုခုနစ်ဌာနရုပ်ကို ရှုသောစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ

(၃) ခဏိက …

ခဏိက (လေးဆက်) ရှုပုံကား-

ရူပသတ္တက ခုနစ်ဋ္ဌာန ရုပ်သည် ထိုထိုအခိုက်၌ ချုပ်၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ထိုခုနစ်ဋ္ဌာနရုပ်ကို ရှုသော ပဌမစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ပဌမစိတ်ကိုရှုသော ဒုတိယစိတ် သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဒုတီယစိတ်ကိုရှုသော တတိယ စိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
တတီယစိတ်ကိုရှုသော စတုတ္တစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ

(၄) ပဋိပါဋိ …

ပဋိပါဋိ (ဆယ်ဆက်) ရှုပုံကား-

ရူပသတ္တက ခုနစ်ဌာနရုပ်သည် ထိုထိုအခိုက်၌ချုပ်၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ထိုခုနစ်ဌာနစိတ်ကိုရှုသော ပဌမစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ပဌမစိတ်ကိုရှုသော ဒုတီယစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဒုတီယစိတ်ကိုရှုသော တတီယစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
တတီယစိတ်ကိုရှုသော စတုတ္ထစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
စတုတ္ထစိတ်ကိုရှုသော ပဉ္စမစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ပဉ္စမစိတ်ကိုရှုသော ဆဋ္ဌမစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဆဋ္ဌမစိတ်ကိုရှုသော သတ္တမစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
သတ္တမ စိတ်ကိုရှုသော အဋ္ဌမစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
အဋ္ဌမစိတ်ကိုရှုသော နဝမစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
နဝမစိတ်ကို ရှုသော ဒသမစိတ်သည်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ

(၅၊ ၆၊ ၇) ဒိဋ္ဌိခွါ စသည် …

ဒိဋ္ဌိခွါ၊ မာနခွါ၊ နိကန္တိခွါပုံကား --
သင်္ခါရတို့သာ သင်္ခါရတို့ကို ဝိပဿနာ ရှုကုန်၏။
ငါပွါးသည်၊ ငါ၏ဝိပဿနာဟု ဒိဋ္ဌိစွဲယူစရာ မရှိ။
ငါကောင်းကောင်း ပွါးနိုင်သည်ဟု မာန ထောင်လွှားစရာ မရှိ။
တနေ့လုံးပင် ငါပွါးနိုင်သည်ဟု တဏှာနိကန္တိ တွယ်စရာ မရှိ။

သင်္ခါရတို့သာ သင်္ခါရတို့ကို -
သုံးသပ်ကုန်၏။ သိမ်းဆည်းကုန်၏။ ပိုင်းခြားကုန်၏။
ပိုင်းခြားတတ်သော သင်္ခါရလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ပိုင်းခြားအပ်သော သင်္ခါရလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ

(ဝိပဿနာပွါးသူသည် ငါပွါးသည်၊ ငါ၏ဝိပဿနာ၊ ငါ့ကိုယ်ဟု ယူလျှင် ဒိဋ္ဌိဖြစ်၏။
အနတ္တမြင်မှ ကွာသည်။
ကောင်းကောင်းကြီး ပွါးနိုင်သည်ဟု ထောင်လွှားလျှင် မာန ဖြစ်၏၊
အနိစ္စမြင်မှ ကွာသည်။
တနေ့လုံး ပွားနိုင်သည်ဟု နှစ်သက်လျှင် တဏှာနိကန္တိ ဖြစ်၏၊
ဒုက္ခမြင်မှ ကွာသည်။)

ဝိပသ်မဟာ

မဟာဝိပဿနာရှု - သမ္မသန ကမ်းတဘက်သို့ ရောက်ပုံကား ...

သင်္ခါရာ၊ သင်္ခါရတို့သည်။
အနိစ္စာ၊ အမြဲမရှိကုန်။
ဤသို့ရှုလျှင် နိစ္စသညာ ကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
ဒုက္ခာ၊ ဆင်းရဲကုန်၏။
ဤသို့ရှုလျှင် သုခသညာ ကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
အနတ္တာ၊ အတ္တမဟုတ်ကုန်။
ဤသို့ရှုလျှင် သတ္တသညာ ကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
နိဗ္ဗိဒါ၊ ငြီးငွေ့စရာတို့ ဖြစ်ကုန်၏။
ဤသို့ ရှုလျှင် တဏှာကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
ဝိရာဂါ၊ စက်ဆုပ်စရာတို့ဖြစ်ကုန်၏။
ဤသို့ ရှုလျှင် ရာဂကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
နိရောဓါ၊ ပြန်မဖြစ်ဘဲ ချုပ်ကုန်၏။
ဤသို့ ရှုလျှင် သမုဒယ ကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
ပဋိနိဿဂ္ဂါ၊ စွန့်ပစ်စရာတို့ ဖြစ်ကုန်၏။
ဤသို့ ရှုလျှင် ဘဝသစ် ယူလိုခြင်းကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
ခယာ၊ ကုန်ခန်းတတ်ကုန်၏။
ဤသို့ ရှုလျှင် တလုံး တခဲထည်း သညာကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
ဝယာ၊ ပျက်စီးတတ်ကုန်၏။
ဤသို့ ရှုလျှင် ဆည်းပူးလိုခြင်း ကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
ဝိပရိဏာမာ၊ ဇရာမရဏံဖြင့် ဖောက်ပြန်တတ်ကုန်၏။
ဤသို့ ရှုလျှင် ခိုင်ခန့်ခြင်း သညာကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
အနိမိတ္တာ၊ တလုံးထည်း စုပေါင်းခြင်း မရှိကုန်။
ဤသို့ ရှုလျှင် တပေါင်းထည်း ရှည်ကြာ တည်ခြင်းသညာ ကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
အပ္ပဏိဟိတာ၊ တောင့်တဘွယ် မရှိကုန်။
ဤသို့ ရှုလျှင် တောင့်တခြင်းတဏှာ ကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
သုညတာ၊ အတ္တမှဆိတ်ကုန်၏။
ဤသို့ ရှုလျှင် ကိုယ်ကောင် အတ္တ ဟု နှလုံးသွင်းမှား ကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
အဓိပညာ ဝိပဿန၊ ဘင်စွမ်းဖြင့် ဆိတ်ခြင်းတို့သာဟု လွန်ကဲသော ပညာဖြင့် ရှုအပ် ကုန်၏။
ဤသို့ ရှုလျှင် အနှစ်ရှိ၏ဟုယူသော တဏှာဒိဋ္ဌိကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
ယထာဘူတ ဉာဏဒဿနာ၊ အကြောင်း မကင်းသော ရုပ်နာမ်တို့သာဟု ယထာဘူတဉာဏ်ဖြင့်ရှုအပ်ကုန်၏။
ဤသို့ ရှုလျှင် ယုံမှားခြင်း ကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
အာဒီနဝါ၊ အပြစ်စုတို့သာ ဖြစ်ကုန်၏။
ဤသို့ ရှုလျှင် တွယ်တာခြင်း ကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
ပဋိသင်္ခါ၊ မုန်းတီးသော်လည်း လွတ်လွတ်စွန့်နိုင်အောင် တဖန်သိမ်းဆည်း၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု ရှုအပ်ကုန်၏။
ဤသို့ ရှုလျှင် မဆင်ခြင်သော အဝိဇ္ဇာ ကွာသည်။

သင်္ခါရာ၊ သင်္ခါရတို့သည်။
ဝိဝဋ္ဋာ၊ ဘဝသင်္ခါရတို့မှ စိတ်တွန့်စရာတို့ ဖြစ်ကုန်၏။
ဤသို့ ရှုလျှင် သံသရာ၌ ယှဉ်တွဲလိုခြင်းတဏှာ ကွာသည်။

(ဤ၌-အနိစ္စ၊ နိရောဓ၊ ခယ၊ ဝယ၊ ဝိပရိဏာမ၊ အနိမိတ္တသည် အနိစ္စ ၆-မျိုး။
ဒုက္ခ၊ နိဗ္ဗိဒ၊ အပ္ပဏိဟိတ အာဒီနဝသည် ဒုက္ခ ၄-မျိုး။
အနတ္တ၊ ဝိရာဂ၊ ပဋိနိဿဂ္ဂ၊ သုညတ၊ ဝိဝဋ္ဋသည် အနတ္တ ၅-မျိုး။
ပညာ၊ ယထာဘူတ၊ ပဋိသင်္ခါသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တမျိုး ၃-မျိုး။)

သမ္မသနဉာဏ်ပြီး၏

ဥဒယာဗလ

ဥဒယဗ္ဗယဉာဏ်အကျဉ်း၊ ကျယ်ရှု - သစ္စာလေးပါးသိ၏ ဟူသည်ကား ...

ရုပ်၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သောဘင်သည် ဝယမည်၏။
ဝေဒနာ၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
သညာ၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
သင်္ခါရ၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ဝိညာဏ်၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။

စက္ခာယတန၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
သောတာယတန၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယ မည်၏။
ဃာနယတန၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ဇိဝှါယတန၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ကာယာယတန၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ဓမ္မာယတန၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။

စက္ခုဓာတ်၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
သောတဓာတ်၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ဃာနဓာတ်၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ဇိဝှါဓာတ်၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ကာယဓာတ်၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ဓမ္မဓာတ်၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။

အဝိဇ္ဇာ၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
သင်္ခါရ၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ဝိညာဏ်၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
နာမ်ရုပ်၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
သဠာယတန၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ဖဿ၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ဝေဒနာ၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
တဏှာ၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ဥပါဒါန်၏ ဖြစ်စ ဥပါဒ်သည် ဥဒယမည်၏။ ပျက်သော ဘင်သည် ဝယမည်၏။
ဘဝ၏ ဖြစ်စဥပါဒ်သည် ဥဒယမည်၏။ ပျက်သောဘင်သည် ဝယမည်၏။

(ဤသို့ ဘဝအထိ ရှုရသည်၊ ဖန်ဖန်ရှုရသည်၊ )

ဤရုပ်နာမ်သည် မဖြစ်မီစုံပုံလျက် မရှိ၊ ဖြစ်ဆဲအခါ စုံပုံရာမှ မလာ။ ချုပ်သောအခါ တနေရာသို့မသွား၊ ချုပ်ပြီးနောက် စုံပုံလျက်မရှိ။

စောင်းသံသည် ရှေးကမမြည်၊ တီးမှမြည်သည်။ မြည်ပြီးနောက် ပျောက်ပျက်၏။ ဤရုပ် ဤနာမ်သည် ရှေးကမဖြစ်၊ အကြောင်းကြောင့် အသစ် ဖြစ်၏။ ပြီးနောက် ပျောက်ပျက်၏။

ဤကား အကျဉ်း ရှုနည်းတည်း။

အကျယ် …

အကျယ်ရှုပုံကား -

အကျဉ်းရှုပြီးလျှင် အကြောင်းလေးပါး၊ ခဏတပါးဖြင့် အကျယ်ရှုရသည်။

ရုပ် -

အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်။
တဏှာ ဖြစ်ခြင်း ကြောင့် ရုပ်ဖြစ်သည်။
ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်။
အာဟာရ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်။
ဥပါဒ်လက္ခဏာလည်း ရုပ်၏ဖြစ်ခြင်းသာတည်း။ (ဥဒယငါးပါး)

အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။
တဏှာ ချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။
ကံ ချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။
အာဟာရ ချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။
ဘင်လက္ခဏာလည်း ရုပ်၏ချုပ်ခြင်းသာတည်း။ (ဝယငါးပါး။)

ဝေဒနာ -

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်သည်။
တဏှာ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်သည်။
ကံ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်သည်။
ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်သည်။
ဥပါဒ်လက္ခဏာလည်း ဝေဒနာ၏ ဖြစ်ခြင်းသာတည်း။

(....... ဤနေရာမျိုး နည်းမှီး၍ ဖော်ဆိုနိုင်ရမည်။)

အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ဝေဒနာချုပ်သည်။
တဏှာ ချုပ်ခြင်းကြောင့် ဝေဒနာချုပ်သည်။
ကံ ချုပ်ခြင်းကြောင့် ဝေဒနာချုပ်သည်။
ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာချုပ်သည်။
ဘင်လက္ခဏာလည်း ဝေဒနာ၏ ချုပ်ခြင်းသာတည်း။

သညာ -

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သညာဖြစ်သည်။
တဏှာ ဖြစ်ခြင်းကြောင့် သညာဖြစ်သည်။
ကံ ဖြစ်ခြင်းကြောင့် သညာဖြစ်သည်။
ဖဿ ဖြစ်ခြင်းကြောင့် သညာဖြစ်သည်။
ဥပါဒ်လက္ခဏာလည်း သညာ၏ဖြစ်ခြင်းသာတည်း။

အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သညာချုပ်သည်။
တဏှာ ချုပ်ခြင်းကြောင့် သညာချုပ်သည်။
ကံ ချုပ်ခြင်းကြောင့် သညာချုပ်သည်။
ဖဿ ချုပ်ခြင်းကြောင့် သညာချုပ်သည်။
ဘင်လက္ခဏာလည်း သညာ၏ ချုပ်ခြင်းသာတည်း။

သင်္ခါရ -

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်သည်။
တဏှာ ဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်သည်။
ကံ ဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်သည်။
ဖဿ ဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်သည်။
ဥပါဒ်လက္ခဏာလည်း သင်္ခါရဖြစ်ခြင်းသာတည်း။

အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်သည်။
တဏှာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်သည်။
ကံ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်သည်။
ဖဿ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်သည်။
ဘင်လက္ခဏာလည်း သင်္ခါရ၏ ချုပ်ခြင်းသာတည်း။

ဝိညာဏ် -

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်သည်။
တဏှာ ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်သည်။
ကံ ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်သည်။
နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်သည်။
ဥပါဒ်လက္ခဏာလည်း ဝိညာဏ်၏ ဖြစ်ခြင်းသာတည်း။

အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်သည်။
တဏှာ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်သည်။
ကံ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်သည်။
နာမ်ရုပ် ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်သည်။
ဘင်လက္ခဏာလည်း ဝိညာဏ်၏ ချုပ်ခြင်းသာတည်း။

(ရုပ် - အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ အာဟာရကြောင့်ရုပ်။
အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿကြောင့် ဝေဒနာ၊ သညာ၊ သင်္ခါရ။
အဝိဇ္ဇာ၊ တဏှာ-ကံ၊ နာမ်ရုပ် ကြောင့် ဝိညာဏ်။
အာဟာရ၊ ဖဿ၊ နာမ်ရုပ် - ထူး၏။)

သစ္စာလေးပါးသိပုံ

ပစ္စုပ္ပန်ခန္ဓာ ငါးပါး၌ ဥဒယဗ္ဗယ ငါးဆယ်၊ အတိတ်၌ ငါးဆယ်၊ အနာဂတ်၌ ငါးဆယ်၊ ထို ၁၅၀-တို့တွင် အကြောင်းလေးပါးဖြင့် ဖြစ်ခြင်း ဥဒယသည် သမုဒယသစ္စာမည်၏။

ပျက်ခြင်းဝယသည် နိရောဓသစ္စာမည်၏။

ဥပါဒ်ခဏ ဘင်ခဏဖြင့် ဖြစ်ပျက်သမျှ ဥဒယဗ္ဗယသည် ဒုက္ခသစ္စာမည်၏။

ဥဒယဗ္ဗယ ပြဓာန်းသော မဂ္ဂင်အစုသည် မဂ္ဂသစ္စာမည်၏။

ရုပ်နာမ်သင်္ခါရတို့သည် ရှေး၌မဖြစ်၊ ယခုမှအသစ် ဖြစ်ကုန်၏။
ဖြစ်ပြီးချုပ်၍ ဆီမီးလျှံကဲ့သို့ အမြဲအသစ်အသစ် ဖြစ်ကုန်စွတကား။

ရေ၌ရေးကြောင်း - ဥဗောင်းရေပွက် မြက်ဖျား ထက်နှင်း မုန်ညင်းအပ်ဆောင် လျှပ်ရောင်တမျှ တိုတောင်းသော ခဏ ရှိကုန်စွတကား။

ခေတ္တပျော်ဘို့ နတ်ဖန်မြို့ ကျပ်မြို့မီးထိန် စည်းစိမ်အိပ်မက် မျက်လှည့်တံလှပ် မီးရဟတ်လှုပ် ရေမြှုပ်စိုင်လုံး ငှက်ပျောတုံးပမာ ယူစရာအနှစ်သာရ မရှိကုန်စွ တကား။ ။ ဤသို့ဉာဏ်၌ ထင်ရှားသောအခါ အာရဒ္ဓဝိပဿကပုဂ္ဂိုလ် ဖြစ်သည် မည်၏။

[ဥဒယဗ္ဗယဖြင့် နုသော ဝိပဿနာ ရခါစ - အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်အား ဝိပဿနာ ညစ်ငြူးကြောင်း ဘေးရန်ဆယ်ပါး ဖြစ်မြဲဓမ္မတာတည်း။

ဝိပဿနာဉာဏ်ကြောင့် ကိုယ်မှထွက်သော အလင်းရောင်သည် ဩဘာသ မည်၏။ မိမိသာ မြင်သည်။ ထိုအရောင် နှံ့ရာအတွင်း ရူပါရုံတို့ကို စိတ်၌ထင်၍ စိတ်ဖြင့် မြင်ရသည်။

၁။ ဝိပဿနာဉာဏ်နှင့် ယှဉ်သော ပီတိငါးပါး။
၂။ ကိုယ်စိတ်ငြိမ်းခြင်း ပဿဒ္ဓိ။
၃။ အားရှိသော ပသာဒသဒ္ဓါ ဟူသော အဓိမောက္ခ။
၄။ မလျော့မတင်း ဝီရိယဟူသော ပဂ္ဂဟ။
၅။ ကိုယ်လုံးယိုစီးသော သုခ။
၆။ ထက်မြက်သော ဉာဏ်။
၇။ ခိုင်ခံ့စွာ ထင်သော သတိဟူသော ဥပဋ္ဌာန။
၈၊၉။ ဥဒယဗ္ဗယတို့၌ လျစ်လျူရှုသော ဝိပဿနုပေက္ခာနှင့် မနောဒွါရာဝဇ္ဇန်းစေတနာ-အာဝဇ္ဇနုပေက္ခာ ဟူသော ဥပေက္ခာနှစ်မျိုး။
၁၀။ ဝိပဿနာ၌ တွယ်တာသော ကိလေသာဟူ၍မျှ မသိသာအောင် သိမ်မွေ့သော တဏှာ ဟူသော နိကန္တိ။

ဤဆယ်ပါးတို့တွင် --

ဩဘာသကို နိဗ္ဗာန်ဟု - ဈာန် အဘိညာရသူ မှတ်ထင်သည်။
ဩဘာသကို အာရုံပြုသော သိမ်မွေ့သော လောဘမူ၊ မောဟမူကို မဂ်၊ ဖိုလ်ဟု မှတ်ထင်သည်။
ပီတိစသော ကိုးပါးကိုလည်း မဂ်၊ ဖိုလ်ဟု မှတ်ထင်သည်။
ထိုသို့မှတ်ထင်လျှင် ဝိပဿနာ လမ်းလွဲသည်။

ထိုဆယ်ပါးသည် တဏှာ၊ မာန၊ ဒိဋ္ဌိစွမ်းဖြင့် ဥပက္ကိလေသ ၃၀-ဖြစ်၏။
နိကန္တိကား ပင်ကိုယ်လည်း ဥပက္ကိလေသ ဖြစ်၏။
ဘေးရန်ဆယ်ပါးကို လမ်းမှန်၊ လမ်းမှား- ဆုံးဖြတ်ရသည်။]

ဆုံးဖြတ်ပုံ

အာရဒ္ဓဝိပဿကပုဂ္ဂိုလ် - ဘေးရန်ဖြစ်၍ ဆုံးဖြတ်ပုံကား......

ငါအား ယခုဖြစ်သော ဩဘာသ၊ ပီတိ၊ ပဿဒ္ဓိ (၃) အဓိမောက္ခ၊ ဝီရိယ၊ သုခ၊ ဉာဏ်၊ သတိ (၅) ဥပေက္ခာ၊ နိကန္တိ (၂) ဆယ်ပါးသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဝိပရိဏာမဓမ္မ ဖြစ်၏။ ထိုအနိစ္စ စသည်ဖြင့် သိသောစိတ်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ဩဘာသစသော ဆယ်ပါးသည် -
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ မဟုတ်။
တဏှာဖြင့် စွဲစရာ ငါ့ဟာမဟုတ်။
မာနဖြင့်စွဲစရာ ငါမဟုတ်။
ဒိဋ္ဌိဖြင့်စွဲစရာ ငါ့ကိုယ်မဟုတ်။

ဩဘာသစသော ဆယ်ပါးသည် --
ဝိပဿနာလမ်းမှန် မဟုတ်။
ဝိပဿနာ ညစ်နွမ်းကြောင်း ဘေးရန်ဖြစ်၏။
ဘေးရန်မှ လွတ်သော ဝိပဿနာ လမ်းစဉ်သာလျှင် ပုဗ္ဗဘာဂမဂ် ဖြစ်၏။ လမ်းမှန် ဖြစ်၏။
ဤသို့ဆင်ခြင်ဆုံးဖြတ်လျှင် ပျံ့လွင့်ခြင်းမရှိ။ မဂ္ဂါမဂ္ဂ စင်ကြယ်၏။

မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိပြီး၏။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဘေးရန်လွတ်မြောက် လမ်းမှန် ရောက်သောအခါ ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမ ဉာဏ်အထိ (ဥ၊ ဘင်၊ ဘ။ အာ၊ နိ၊ မု။ ပဋိ၊ ရု၊ နု-) ဝိပဿနာဉာဏ် ကိုးပါးသည် ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ မည်၏။

[ဖြစ်ပျက်ကို နှလုံးမသွင်းခြင်းကြောင့်၎င်း၊
သန္တတိအစဉ် ဖုံးလွှမ်းခြင်းကြောင့်၎င်း- အနိစ္စမထင်။

မပြတ် နှိပ်စက်ခံရသည်ကို နှလုံးမသွင်းခြင်းကြောင့်၎င်း၊
ဣရိယာပုထ်တခု ညောင်းတခု ပြောင်းကာ လွဲကာ ဖုံးလွှမ်းခြင်းကြောင့်၎င်း ဒုက္ခမထင်။

ပထဝီ အာပေါ စသော ဓာတ်သဘော ကွဲပြားသည်ကို နှလုံး မသွင်းခြင်းကြောင့်၎င်း၊
ပေါင်းစုသော တခဲနက် ဖုံးလွှမ်းခြင်းကြောင့်၎င်း အနတ္တမထင်။

မထင်ကြောင်း နှစ်ပါးစီ။

ခန္ဓာငါးပါးသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မည်၏။ လက္ခဏာ မမည်။
ဖြစ်ပြီး မရှိခြင်းသာ အနိစ္စလက္ခဏာ။
မပြတ်နှိပ်စက်ခြင်းသာ ဒုက္ခလက္ခဏာ။
အလိုမလိုက်ခြင်းသာ အနတ္တ လက္ခဏာ။]

အနိစ္စ ...

ရုပ်နာမ်သင်္ခါရတို့သည် ဥဒယဗ္ဗယအားဖြင့် အပိုင်းအပြတ် တို့သာတည်း။ သန္တတိ အစဉ်အတိုင်းမဟုတ်။ ဖြစ်ပြီးမရှိခြင်းကြောင့် ပျက်ခြင်းကြောင့် အနိစ္စတို့သာတည်း။

ဒုက္ခ …

ရုပ်နမ် သင်္ခါရသည် မပြတ်နှိပ်စက်တိုင်း ခံကြရကုန်၏။ တခုသော ဣရိယပုထ်မှ နာမ်ရုပ်-တခုသော ဣရိယာပုထ်သို့မရောက် မပြတ်နှိပ်စက် ခံရသောကြောင့် ဒုက္ခတို့ သာတည်း။

အနတ္တ ...

ရုပ်နာမ်သင်္ခါရတို့သည် ပထဝီ အာပေါ စသည်ဖြင့် သဘောကွဲပြားကုန်၏၊ သိမ်မွေ့ သော ရုပ်အစုနာမ် အစုတို့သာ ဖြစ်ကု၏၊ တခဲနက် တပေါင်းစည်းထည်း မဟုတ်ကုန်၊ အလိုလိုက်အောင်ပြု၍ မရသောကြောင့် အနတ္တ တို့သာတည်း။

(သန္တတိအစဉ်သည် ချိတ်ဆက်မဟုတ်။ တေ့ဆက် အပြတ်အပြတ်ဟု သိလျှင် အနိစ္စ အပြစ် ပေါ်လွင်၏။ ဣရိယာပုထ် မပြောင်းဘဲ တခုထည်းထားလျှင် ဒုက္ခအပြစ် ပေါ်လွင်၏။ တလုံးတထည်း မဟုတ်၊ မှုန်မှုန်မွှားမွှား အကွဲအပြားဟု သိလျှင် အနတ္တ အပြစ် ပေါ်လွင်၏။)

ဖြစ်ပျက် ငါးပါးစီ

အပြစ် လက္ခဏာ သုံးပါးရှိသော ရုပ်သည် --
အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ အာဟာရ ဖြစ်ခြင်းကြောင့်ဖြစ်၏၊
ဥပါဒ်လက္ခဏာလည်း ရုပ်၏ဖြစ်ခြင်းသာတည်း။
အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ အာဟာရ ချုပ်ခြင်းကြောင့်ချုပ်၏၊
ဘင်လက္ခဏာလည်း ရုပ်၏ ချုပ်ခြင်းသာတည်း။

အပြစ်လက္ခဏာ သုံးပါးရှိသော ဝေဒနာသည် --
အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿဖြစ်ခြင်းကြောင့်ဖြစ်၏။
ဥပါဒ်လက္ခဏာလည်း ဝေဒနာ၏ ဖြစ်ခြင်းသာတည်း။
အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿ ချုပ်ခြင်းကြောင့် ချုပ်၏။
ဘင်လက္ခဏာလည်း ဝေဒနာ၏ချုပ်ခြင်းသာတည်း။

(သညာ၊ သင်္ခါရ၌ ဝေဒနာနှင့်တူစွာ ဖဿ ယှဉ်ရသည်)

အပြစ်လက္ခဏာ သုံးပါးရှိသော သညာသည်--
အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿဖြစ်ခြင်းကြောင့်ဖြစ်၏။
ဥပါဒ်လက္ခဏာလည်း သညာ၏ ဖြစ်ခြင်းသာတည်း။
အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿ ချုပ်ခြင်းကြောင့် ချုပ်၏။
ဘင်လက္ခဏာလည်း သညာ၏ချုပ်ခြင်းသာတည်း။

အပြစ်လက္ခဏာ သုံးပါးရှိသာ သင်္ခါရသည်--
အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿဖြစ်ခြင်းကြောင့်ဖြစ်၏။
ဥပါဒ်လက္ခဏာလည်း သင်္ခါရ၏ ဖြစ်ခြင်းသာတည်း။
အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿ ချုပ်ခြင်းကြောင့် ချုပ်၏။
ဘင်လက္ခဏာလည်း သင်္ခါရ၏ချုပ်ခြင်းသာတည်း။

အပြစ်လက္ခဏာ သုံးပါးရှိသော ဝိညာဏ်သည် အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဖြစ်၏။
ဥပါဒ်လက္ခဏာလည်း ဝိညာဏ်၏ ဖြစ်ခြင်းသာတည်း။
အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် ချုပ်၏။
ဘင်လက္ခဏာလည်း ဝိညာဏ်၏ ချုပ်ခြင်းသာတည်း။

ဥဒယဗ္ဗယဉာဏ်ပြီး၏

ဘင်္ဂဉာဏ်

အပြစ်လက္ခဏာဖြင့် ဖြစ်ခြင်း ပျက်ခြင်း လျှင်မြန်စွာ ထင်သောအခါ လျှပ်စစ် ပြက်သည်ကို ဖြစ်ခြင်းမမြင် ပျက်ခြင်းသာ မြင်ရသကဲ့သို့ ဥပါဒ်မမြင်၊ ဌီမမြင် ခန္ဓာ ငါးပါး နိမိတ်မျှမမြင်၊ ပျက်ခြင်းသာ မြင်သော ဉာဏ်သည် ဘင်္ဂဉာဏ်မည်၏။

သင်္ခါရတရားအစုသည် ဤသို့ဖြစ်ပြီးလျှင် ဤသို့ချုပ်လေ၏တကား။

လျှပ်စစ်ပမာ မြန်လှ၏။ ဖြစ်ခြင်းမထင် ပျက်ခြင်းသာ ထင်လေ၏တကား။

ဖြစ်ဖြစ်သမျှ သင်္ခါရအစုသည် အပျက်ချည်းသာ ဖြစ်လေ၏တကား။

ခန္ဓာငါးပါးတို့၏ပျက်ခြင်းသည် --
နိစ္စမဟုတ် - အနိစ္စ၊ အနိစ္စ
သုခမဟုတ် - ဒုက္ခ၊ ဒုက္ခ
အတ္တမဟုတ် - အနတ္တ၊ အနတ္တ
စုံမက်စရာမဟုတ် - ငြီးငွေ့စရာ နိဗ္ဗိဒ၊ နိဗ္ဗိဒ
တွယ်တာစရာမဟုတ် - စက်ဆုပ်စရာ ဝိရာဂ၊ ဝိရာဂ
ဖြစ်ပေါ်သည်မဟုတ် - ချုပ်ကွယ်တတ်၏ နိခရာဓ၊ နိရောဓ
ယူတတ်သည် မဟုတ် - စွန့်ပစ်တတ်၏ ပဋိနိဿဂ္ဂ၊ ပဋိနိဿဂ္ဂ

ထိုပျက်ခြင်းဘင်ကို သိသော စိတ်၏ ပျက်ခြင်း ဘင်လည်း-
အနိစ္စ၊ အနိစ္စ။ ဒုက္ခ၊ ဒုက္ခ။ အနတ္တ၊ အနတ္တ
နိဗ္ဗိဒ၊ နိဗ္ဗိဒ။ ဝိရာဂ၊ ဝိရာဂ။ နိရောဓ၊ နိရောဓ
ပဋိနိဿဂ္ဂ၊ ပဋိနိဿဂ္ဂ - သဘောသာတည်း။

သင်္ခါရတို့၏ ပျက်ခြင်းသည် အိုးခွက်ကွဲတူ အိုးကင်းပူ နှမ်းကျက် တပျက်ထည်း ပျက်လေစွတကား။

ပရမ်းပတာကြဲသော မြူနုသဘော အတာမသတ် ပျက်လေစွတကား။

မိုဃ်းရွာစဉ် ရေပြင်၌ ရေပွက်အပေါင်း ဥဗောင်းပုံဟန် အပျက် မြန်လှ၏တကား။

ဦးခေါင်း မီးလောင်သူ မီးသတ်ရန် လက်မနှေးစေရ။
မသေလိုသူ ဘင်္ဂဉာဏ် လက်မနှေးစေရ။

ယထာပုပ္ဖဠကံ ပဿေ၊ ယထာ ပဿေ မရီစိကံ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။

ပုပ္ဖဠကံ၊ ရေပွက်ကို။
ပဿေယထာ၊ တဖျတ်ဖျတ်အသွင် မြင်ရသကဲ့သို့။
မရီစိကံ၊ တံလှပ်ကို။
ပဿေယထာ၊ ယူစရာမထင် မြင်ရသကဲ့သို့။
ဧဝံ၊ ဤအတူ။
လောကံ၊ ခန္ဓာငါးဝ ရုပ်နာမ် လောကကို။
အဝေက္ခန္တံ၊ ဉာဏ်သက်ဝင်၍ မြင်ရသူကို။
မစ္စုရာဇာ၊ သေမင်းသည်။
နပဿတိ၊ မမြင်။

ဘင်္ဂဉာဏ်ပြီး၏

ဘယဉာဏ်

ရုပ်နာမ် သင်္ခါရတို့၏ ပျက်ခြင်းသာမြင်၍ ဘဝအားလုံးကို ကြောက်လန့်ဘွယ်ဟု ထင်သော ဉာဏ်သည် ဘယဉာဏ်မည်၏။

ယောနိ၊ ဘဝ၊ သင်္ခါရ အားလုံးသည် ကြောက်ဘွယ် ဘေးကြီးပါတကား။

တေဘူမက သင်္ခါရအားလုံးသည် ခြင်္သေ့အလား မြွေ ကျား ဘေးဆိုး မိုဃ်းကြိုး စက်ကွင်း ရှားမီးကွင်းပမာ ကြောက်ဘွယ် ဘေးကြီးပါတကား။

စစ်တလင်းကုန်း သင်းချိုင်းကုန်းပမာ နေချင်စရာ မရှိလေစွတကား။

အတိတ်နာမ်ရုပ် ချုပ်ပြီးပြီ။
ပစ္စုပ္ပန်နာမ်ရုပ် ချုပ်ဆဲ။
အနာဂတ်နာမ်ရုပ် ချုပ်လတ္တံ့။
သင်္ခါရအားလုံး ကြောက်ဘွယ် ဘေးကြီးပါဘကား။

မင်းပြစ်သင့်သော သားသုံးယောက်တို့တွင် --
သားကြီး သတ်ပြီး၍
သားလတ် သတ်ဆဲအခါ
သားငယ်အပေါ် မြှော်လင့်စရာ မရှိသည်နှင့် တူလှချေ၏တကား။

ကာမဘုံခန္ဓာ-သံတံကျင်ပမာ၊
ရူပဘုံခန္ဓာ-ငွေတံကျင်ပမာ၊
အရူပဘုံခန္ဓာ-ရွှေတံကျင်ပမာ၊
အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် တံကျင်သုံးခုစီသဘွယ်
ဉာဏ်မျက်စိ ကျယ်သလောက်
ဘုံသုံးပါးလုံး ကြောက်ဘွယ်ဘေးတို့သာ ဖြစ်ကုန်စွတကား။

ဘယဉာဏ်ပြီး၏

အာဒီနဝဉာဏ်

ဘုံသုံးပါးလုံး၌ တောင့်တစရာ မထင် အပြစ်မြင်သော ဉာဏ်သည် အာဒီနဝဉာဏ် မည်၏။

ဘုံသုံးပါးသည် မီးကျီးတွင်းသုံးခုနှင့် တူလေစွ။

ပထဝီ ဒာာပေါ စသော ဓာတ်လေးပါးသည် မြွေကြီး လေးကောင်နှင့် တူလေစွ။

ခန္ဓာငါးပါးသည် သံလျက်မိုးသော သူသတ်ယောက်ျား ငါးယောက်နှင့် တူလေစွ။

စက္ခု သောတ စသော အဇ္ဈတ္တိကာယတန ခြောက်ပါးသည် ရွာပျက်ကြီးခြောက်ခုနှင့် တူလေစွ။

ရူပါရုံ သဒ္ဒါရုံ စသော ဗာဟိရာယတန ခြောက်ပါးသည် ရွာပျက် ထားပြကြီး ခြောက်ယောက်နှင့် တူလေစွ။

ဝိညာဏဋ္ဌိတိ ခုနစ်ပါး၊ သတ္တဝါသ ဘုံကိုးပါးသည် မီး ၁၁-ပါး လောင်သော ခုနစ်ထပ်အိမ်၊ ကိုးထပ်အိမ်နှင့် တူလေစွ။

ပဋိသမ္ဘိဒါမဂ်ပါဠိတော် အာဒီနဝ ထင်ပုံကား
ဥပ္ပါဒါ - ရှေးကံကြောင့် ခန္ဓာငါးပါးဖြစ်ခြင်းသည်။
ပဝတ္တံ - ပဝတ္တိအခါ ခန္ဓာငါးပါး အဆက်ဆက် ဖြစ်ခြင်းသည်။
နိမိတ္တံ - အကောင်အထည်ဟု ယူစရာ နိမိတ် ရှိခြင်းဖြစ်သည်။
အာယူဟနာ - နောင် ပဋိသန္ဓေရကြောင်း ကံကိုအားထုတ်ခြင်းဖြစ်သည်။
ပဋိသန္ဓိ - ပဋိသန္ဓေ နေရခြင်းဖြစ်သည်။
ဘယံ - ဘေးဖြစ်၏။
ဒုက္ခံ - ဆင်းရဲ၏။
သာမိသံ - အာမိသသုံးမျိုး ရှိ၏။
သင်္ခါရံ - အကြောင်းဘရားတို့ ပြုပြင်အပ်၏။

(အာမိသသုံးမျိုးကား ဝဋ္ဋာမိသ၊ လောကာမိသ၊ ကိလေသာမိသ။)

အနုပ္ပါဒေါ - ရှေးကံကြောင့် ခန္ဓာငါးပါး မဖြစ်ခြင်းဖြစ်သည်။
အပ္ပဝတ္တံ - ပဝတ္တိအခါ ခန္ဓာငါးပါး အဆက်ဆက် မဖြစ်ခြင်းဖြစ်သည်။
အနိမိတ္တံ - အကောင်အထည်ဟု ယူစရာ နိမိတ်မရှိခြင်းဖြစ်သည်။
အနာယူဟနာ - နောင် ပဋိသန္ဓေရကြောင်း ကံကို အားမထုတ်ခြင်းဖြစ်သည်။
အပ္ပဋိသန္ဓိ - ပဋိသန္ဓေ မနေရခြင်းဖြစ်သည်။
ခေမံ - ဘေးကင်း၏။
သုခံ - ချမ်းသာ၏။
နိရာမိသံ - အာမိသသုံးမျိုး မရှိ။
နိဗ္ဗာနံ - နိဗ္ဗာန်ဖြစ်၏

ဥပ္ပါဒ၌ နိဗ္ဗတ္တိ-ခန္ဓာတို့၏ ဖြစ်ခြင်းသည် ... ဝင်၏။
ပဝတ္တ၌ ဂတိ-ပဋိသန္ဓေဖြစ်ရာ ဂတိငါးဖြာသည်၊
ဥပဝတ္တိ - ဝိပါက်၏ ဖြစ်ခြင်းသည် ... ဝင်၏။
နိမိတ္တ၌ ဇရာ-အိုခြင်းသည်၊ ဗျာဓိ-နာခြင်းသည်၊ မရဏံ-သေခြင်းသည်၊ သောကော-စိုးရိမ်ခြင်းသည်၊ ပရိဒေဝေါ-ငိုကြွေးခြင်းသည်၊ ဥပါယာသော - ပြင်းစွာပင်ပန်းခြင်း သည် … ဝင်၏။
အာယူဟနာ၌ ဝင်သောပုဒ် မရှိ။
ပဋိသန္ဓိ၌ ဇာတိ-ပဋိသန္ဓေနေခြင်းသည် ... ဝင်၏။

(ပရိယာယ်ဝေဝုဒ်အားဖြင့် ငါးပုဒ်၌ ဆယ်ပုဒ်ဝင်၏။)

အပြစ်မြင်ပုံကား

ဥပ္ပါဒေါ-ဘယံ၊ ပဝတ္တံ-ဘယံ။ နိမိတ္တံ-ဘယံ။ အာယူဟနာ-ဘယံ။ ပဋိသန္ဓိ-ဘယံ။ ဂတိ-ဘယံ။ နိဗ္ဗတ္တိ-ဘယံ။ ဥပပတ္တိ-ဘယံ။ ဇာတိ-ဘယံ။ ဇရာ-ဘယံ။ ဗျာဓိ-ဘယံ။ မရဏံ-ဘယံ။ သောကော-ဘယံ။ ပရိဒေဝေါ-ဘယံ။ ဥပါယာသော-ဘယံ။
အာဒီနဝဉာဏ် ၁၅-ခု။

အနုပ္ပါဒေါ-ခေမံ၊ အပ္ပဝတ္တံ-ခေမံ။ အနိမိတ္တံ-ခေမံ။ အနာယူဟနာ-ခေမံ။ အပ္ပဋိသန္ဓိ-ခေမံ။ အဂတိ-ခေမံ။ အနိဗ္ဗတ္တိ-ခေမံ။ အနုပပတ္တိ-ခေမံ။ အဇာတိ-ခေမံ။ အဇရာ-ခေမံ။ အဗျာဓိ-ခေမံ။ အမတံ-ခေမံ။ အသောကော-ခေမံ။ အပရိဒေဝေါ-ခေမံ။ အနုပါယာသော-ခေမံ။
သန္တိပဒဉာဏ် ၁၅-ခု။

ဥပ္ပါဒေါ-ဘယံ၊ အနုပ္ပါဒေါ-ခေမံ။
ပဝတ္တံ-ဘယံ၊ အပ္ပဝတ္တံ-ခေမံ။
နိမိတ္တံ-ဘယံ၊ အနိမိတ္တံ-ခေမံ။
အာယူဟနာ-ဘယံ၊ အနာယူဟနာ-ခေမံ။
ပဋိသန္ဓိ-ဘယံ၊ အပ္ပဋိသန္ဓိ-ခေမံ။
ဂတိ-ဘယံ၊ အဂတိ-ခေမံ။
နိဗ္ဗတ္တိ-ဘယံ၊ အနိဗ္ဗတ္တိ-ခေမံ။
ဥပပတ္တိ-ဘယံ၊ အနုပပတ္တိ-ခေမံ။
ဇာတိ-ဘယံ၊ အဇာတိ-ခေမံ။
ဇရာ-ဘယံ၊ အဇရာ-ခေမံ။
ဗျာဓိ-ဘယံ၊ အဗျာဓိ-ခေမံ။
မရဏံ-ဘယံ၊ အမတံ-ခေမံ။
သောကော-ဘယံ၊ အသောကော-ခေမံ။
ပရိဒေဝေါ-ဘယံ၊ အပရိဒေဝေါ-ခေမံ။
ဥပါယာသော-ဘယံ၊ အနုပါယာသော-ခေမံ။
ယမကဉာဏ် ၁၅-ခု။

ဥပ္ပါဒေါ-ဒုက္ခံ၊ ပဝတ္တံ-ဒုက္ခံ။ နိမိတ္တံ-ဒုက္ခံ။ အာယူဟနာ-ဒုက္ခံ။ ပဋိသန္ဓိ-ဒုက္ခံ။ ဂတိ-ဒုက္ခံ။ နိဗ္ဗတ္တိ-ဒုက္ခံ။ ဥပပတ္တိ-ဒုက္ခံ။ ဇာတိ-ဒုက္ခံ။ ဇရာ-ဒုက္ခံ။ ဗျာဓိ-ဒုက္ခံ။ မရဏံ-ဒုက္ခံ။ သောကော-ဒုက္ခံ။ ပရိဒေဝေါ-ဒုက္ခံ။ ဥပါယာသော-ဒုက္ခံ။
အာဒီနဝဉာဏ် ၁၅-ခု။

အနုပ္ပါဒေါ-သုခံ၊ အပ္ပဝတ္တံ-သုခံ။ အနိမိတ္တံ-သုခံ။ အနာယူဟနာ-သုခံ။ အပ္ပဋိသန္ဓိ-သုခံ။ အဂတိ-သုခံ။ အနိဗ္ဗတ္တိ-သုခံ။ အနုပပတ္တိ-သုခံ။ အဇာတိ-သုခံ။ အဇရာ-သုခံ။ အဗျာဓိ-သုခံ။ အမတံ-သုခံ။ အသောကော-သုခံ။ အပရိဒေဝေါ-သုခံ။ အနုပါယာသော-သုခံ။
သန္တိပဒဉာဏ် ၁၅-ခု။

ဥပ္ပါဒေါ-ဒုက္ခံ၊ အနုပ္ပါဒေါ-သုခံ။
ပဝတ္တံ-ဒုက္ခံ၊ အပ္ပဝတ္တံ-သုခံ။
နိမိတ္တံ-ဒုက္ခံ၊ အနိမိတ္တံ-သုခံ။
အာယူဟနာ-ဒုက္ခံ၊ အနာယူဟနာ-သုခံ။
ပဋိသန္ဓိ-ဒုက္ခံ၊ အပ္ပဋိသန္ဓိ-သုခံ။
ဂတိ-ဒုက္ခံ၊ အဂတိ-သုခံ။
နိဗ္ဗတ္တိ-ဒုက္ခံ၊ အနိဗ္ဗတ္တိ-သုခံ။
ဥပပတ္တိ-ဒုက္ခံ၊ အနုပပတ္တိ-သုခံ။
ဇာတိ-ဒုက္ခံ၊ အဇာတိ-သုခံ။
ဇရာ-ဒုက္ခံ၊ အဇရာ-သုခံ။
ဗျာဓိ-ဒုက္ခံ၊ အဗျာဓိ-သုခံ။
မရဏံ-ဒုက္ခံ၊ အမတံ-သုခံ။
သောကော-ဒုက္ခံ၊ အသောကော-သုခံ။
ပရိဒေဝေါ-ဒုက္ခံ၊ အပရိဒေဝေါ-သုခံ။
ဥပါယာသော-ဒုက္ခံ၊ အနုပါယာသော-သုခံ။
ယမကဉာဏ် ၁၅-ခု။

ဥပ္ပါဒေါ-သာမိသံ၊ ပဝတ္တံ-သာမိသံ။ နိမိတ္တံ-သာမိသံ။ အာယူဟနာ-သာမိသံ။ ပဋိသန္ဓိ-သာမိသံ။ ဂတိ-သာမိသံ။ နိဗ္ဗတ္တိ-သာမိသံ။ ဥပပတ္တိ-သာမိသံ။ ဇာတိ-သာမိသံ။ ဇရာ-သာမိသံ။ ဗျာဓိ-သာမိသံ။ မရဏံ-သာမိသံ။ သောကော-သာမိသံ။ ပရိဒေဝေါ-သာမိသံ။ ဥပါယာသော-သာမိသံ။
အာဒီနဝဉာဏ် ၁၅-ခု။

အနုပ္ပါဒေါ-နိရာမိသံ၊ အပ္ပဝတ္တံ-နိရာမိသံ။ အနိမိတ္တံ-နိရာမိသံ။ အနာယူဟနာ-နိရာမိသံ။ အပ္ပဋိသန္ဓိ-နိရာမိသံ။ အဂတိ-နိရာမိသံ။ အနိဗ္ဗတ္တိ-နိရာမိသံ။ အနုပပတ္တိ-နိရာမိသံ။ အဇာတိ-နိရာမိသံ။ အဇရာ-နိရာမိသံ။ အဗျာဓိ-နိရာမိသံ။ အမတံ-နိရာမိသံ။ အသောကော-နိရာမိသံ။ အပရိဒေဝေါ-နိရာမိသံ။ အနုပါယာသော-နိရာမိသံ။
သန္တိပဒဉာဏ် ၁၅-ခု။

ဥပ္ပါဒေါ-သာမိသံ၊ အနုပ္ပါဒေါ-နိရာမိသံ။
ပဝတ္တံ-သာမိသံ၊ အပ္ပဝတ္တံ-နိရာမိသံ။
နိမိတ္တံ-သာမိသံ၊ အနိမိတ္တံ-နိရာမိသံ။
အာယူဟနာ-သာမိသံ၊ အနာယူဟနာ-နိရာမိသံ။
ပဋိသန္ဓိ-သာမိသံ၊ အပ္ပဋိသန္ဓိ-နိရာမိသံ။
ဂတိ-သာမိသံ၊ အဂတိ-နိရာမိသံ။
နိဗ္ဗတ္တိ-သာမိသံ၊ အနိဗ္ဗတ္တိ-နိရာမိသံ။
ဥပပတ္တိ-သာမိသံ၊ အနုပပတ္တိ-နိရာမိသံ။
ဇာတိ-သာမိသံ၊ အဇာတိ-နိရာမိသံ။
ဇရာ-သာမိသံ၊ အဇရာ-နိရာမိသံ။
ဗျာဓိ-သာမိသံ၊ အဗျာဓိ-နိရာမိသံ။
မရဏံ-သာမိသံ၊ အမတံ-နိရာမိသံ။
သောကော-သာမိသံ၊ အသောကော-နိရာမိသံ။
ပရိဒေဝေါ-သာမိသံ၊ အပရိဒေဝေါ-နိရာမိသံ။
ဥပါယာသော-သာမိသံ၊ အနုပါယာသော-နိရာမိသံ။
ယမကဉာဏ် ၁၅-ခု။

ဥပ္ပါဒေါ-သင်္ခါရံ၊ ပဝတ္တံ-သင်္ခါရံ။ နိမိတ္တံ-သင်္ခါရံ။ အာယူဟနာ-သင်္ခါရံ။ ပဋိသန္ဓိ-သင်္ခါရံ။ ဂတိ-သင်္ခါရံ။ နိဗ္ဗတ္တိ-သင်္ခါရံ။ ဥပပတ္တိ-သင်္ခါရံ။ ဇာတိ-သင်္ခါရံ။ ဇရာ-သင်္ခါရံ။ ဗျာဓိ သင်္ခါရံ။ မရဏံ-သင်္ခါရံ။ သောကော-သင်္ခါရံ။ ပရိဒေဝေါ-သင်္ခါရံ။ ဥပါယာသော-သင်္ခါရံ။ အာဒီနဝ ဉာဏ် ၁၅-ခု။

အနုပ္ပါဒေါ-နိဗ္ဗာနံ၊ အပ္ပဝတ္တံ-နိဗ္ဗာနံ။ အနိမိတ္တံ-နိဗ္ဗာနံ။ အနာယူဟနာ-နိဗ္ဗာနံ။ အပ္ပဋိသန္ဓိ-နိဗ္ဗာနံ။ အဂတိ-နိဗ္ဗာနံ။ အနိဗ္ဗတ္တိ-နိဗ္ဗာနံ။ အနုပပတ္တိ-နိဗ္ဗာနံ။ အဇာတိ-နိဗ္ဗာနံ။ အဇရာ-နိဗ္ဗာနံ။ အဗျာဓိ-နိဗ္ဗာနံ။ အမတံ-နိဗ္ဗာနံ။ အသောကော-နိဗ္ဗာနံ။ အပရိဒေဝေါ-နိဗ္ဗာနံ။ အနုပါယာသော-နိဗ္ဗာနံ။ သန္တိပဒဉာဏ် ၁၅-ခု။

ဥပ္ပါဒေါ-သင်္ခါရံ၊ အနုပ္ပါဒေါ-နိဗ္ဗာနံ။
ပဝတ္တံ-သင်္ခါရံ၊ အပ္ပဝတ္တံ-နိဗ္ဗာနံ။
နိမိတ္တံ-သင်္ခါရံ၊ အနိမိတ္တံ-နိဗ္ဗာနံ။
အာယူဟနာ-သင်္ခါရံ၊ အနာယူဟနာ-နိဗ္ဗာနံ။
ပဋိသန္ဓိ-သင်္ခါရံ၊ အပ္ပဋိသန္ဓိ-နိဗ္ဗာနံ။
ဂတိ-သင်္ခါရံ၊ အဂတိ-နိဗ္ဗာနံ။
နိဗ္ဗတ္တိ-သင်္ခါရံ၊ အနိဗ္ဗတ္တိ-နိဗ္ဗာနံ။
ဥပပတ္တိ-သင်္ခါရံ၊ အနုပပတ္တိ-နိဗ္ဗာနံ။
ဇာတိ-သင်္ခါရံ၊ အဇာတိ-နိဗ္ဗာနံ။
ဇရာ-သင်္ခါရံ၊ အဇရာ-နိဗ္ဗာနံ။
ဗျာဓိ-သင်္ခါရံ၊ အဗျာဓိ-နိဗ္ဗာနံ။
မရဏံ-သင်္ခါရံ၊ အမတံ-နိဗ္ဗာနံ။
သောကော-သင်္ခါရံ၊ အသောကော-နိဗ္ဗာနံ။
ပရိဒေဝေါ-သင်္ခါရံ၊ အပရိဒေဝေါ-နိဗ္ဗာနံ။
ဥပါယာသော-သင်္ခါရံ၊ အနုပါယာသော-နိဗ္ဗာနံ။
ယမကဉာဏ် ၁၅- ခု။

အကျဉ်းအားဖြင့် ဉာဏ်ဆယ်ပါးမျှ သိလျှင် ဒိဋ္ဌိ အမျိုးမျိုးကြောင့် တုန်လှုပ်ခြင်း မရှိ။

အကျဉ်းဆယ်ပါးကား

ဥပ္ပါဒေါ-ဒုက္ခံ၊ ပဝတ္တံ-ဒုက္ခံ။ နိမိတ္တံ-ဒုက္ခံ။ အာယူဟနာ-ဒုက္ခံ။ ပဋိသန္ဓိ-ဒုက္ခံ။
အာဒီနဝ ဉာဏ် ၅-ခု။

အနုပ္ပါဒေါ-သုခံ။ အပ္ပဝတ္တံ-သုခံ။ အနိမိတ္တံ-သုခံ။ အနာယူဟနာ-သုခံ။ အပဋိသန္ဓိ-သုခံ။ သန္တိပဒဉာဏ် ၅-ခု။

ဤ ဆယ်ခုကား အကျဉ်းတည်း။

အာဒီနဝဉာဏ်ပြီး၏။

နိဗ္ဗိဒါဉာဏ်

ဘုံသုံးပါး၌ အပြစ်မြင်ခြင်းဖြင့် ငြီးငွေ့လျက် နိဗ္ဗာန်သို့ ညွှတ်ကိုင်းသော ဉာဏ်သည် နိဗ္ဗိဒါဉာဏ် မည်၏။

ရွှေဟင်္သာသည် ဒွန်းစဏ္ဍားအိုင်၌မမွေ့၊
ဟိမဝန္တာအိုင်ကြီး ခုနစ်အိုင်၌ မွေ့သည်။
ခြင်္သေ့မင်းသည် ရွှေချိုင့်၌ မမွေ့၊
ဟိမဝန္တာ တောသုံးတောင်၌ မွေ့သည်။
ဆဒ္ဒန်ဆင်မင်းသည် မြိုနားရွာနား၌ မမွေ့၊ ဆဒ္ဒန်အိုင်၌ မွေ့သည်။

ဘုံဘဝအားလုံးသည် ဒွန်းစဏ္ဍားအိုင်နှင့် တူ၏။ ရွှေချိုင့်နှင့် တူ၏။ မြို့နားရွာနားနှင့် တူ၏။ မွေ့လျော်ဘွယ် မဟုတ်လေစွတကား။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ နိဗ္ဗိဒ၊ ဝိရာဂ၊ နိရောဓ၊ ပဋိနိဿဂ္ဂ - ဟူသော အနုပဿနာ အိုင်ကြီး ခုနစ်အိုင်သာ မွေ့လျော်ဘွယ် ကောင်းလေစွ။

အနိစ္စရှုခြင်း၊ ဒုက္ခရှုခြင်း၊ အနတ္တရှုခြင်း - ဟူသော အနုပဿနာ တောသုံးထောင်သာ မွေ့လျော်ဘွယ် ကောင်းလေစွ။

အနုပ္ပါဒေါ—ခေမံ၊ အပ္ပဝတ္တံ-ခေမံ၊ ... စသည်ဖြင့်တွေးဆ၍ မြင်ရသော နိဗ္ဗာန် ဟူသော ဆဒ္ဒန်အိုင်ကြီးသာ မွေ့လျော်ဘွယ် ကောင်းလေစွ။

[ဘယ၊ အာဒီနဝ၊ နိဗ္ဗိဒ ဤဉာဏ် သုံးခုသည် ဝိပဿနာစဉ်ဖြင့် အစ၌သဘောကွဲ၏ အထွဋ်အထိပ်သို့ ရောက်သောအခါ သဘောတူ၏။ တဉာဏ်ထည်း ဖြစ်၏။ သုံးမည်ရ ဉာဏ်တခုဖြစ်၏။]

နိဗ္ဗိဒါဉာဏ် ပြီး၏။

မုဉ္စိတုကမျတာဉာဏ်

ငြီးငွေ့ခြင်းဖြင့် ဘုံသုံးပါးမှ လွှတ်လိုသော ဉာဏ်သည် မုဉ္စိတုကမျတာဉာဏ်မည်၏။

(သင်္ခါရအားလုံးကို စွန့်လွှတ်လိုသော ဉာဏ်ဟူလို)

ဘုံသုံးပါး၌ အိုဘေး၊ နာဘေး၊ သေဘေး အကြား ကျင်လည်ရခြင်းသည် ပိုက်ကွန်မိသော ငါး၊ ဂဠုန်လက်တွင်း နဂါး၊ မြွေခံတွင်း ဖားနှင့် တူလှ၏။ ယခုလွတ်မူ ကောင်းလေစွ။

ချိုင့်လှောင်သော တောကြက်၊ ကျော့ကွင်းမိသော တောဝက်၊ ကြောင်ခံတွင်း ကြွက်နှင့် တူလှ၏။ ယခုလွတ်မူ ကောင်းလေစွ။

အလမ္ပာယ် မြွေအလား၊ စွန်လက်သဲကြား စာသူငယ်၊ ညွှန်အိုင်အလယ် ဆင်ပြောင် နှင့် တူလှ၏။ ယခု လွတ်မူ ကောင်းလေစွ။

မုဉ္စိတုကမျတာဉာဏ်ပြီး၏။

ပဋိသင်္ခါဉာဏ်

လွတ်ကြောင်း ပြည့်စုံအောင် တဖန်ပြန်၍ သင်္ခါရတို့ကို သိမ်းဆည်းသော ဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏။

ရူပံ … အနိစ္စံ ခယဋ္ဌေန။ ဒုက္ခံ ဘယဋ္ဌေန။ အသုဘ ပဋိကူလဋ္ဌေန။ အနတ္တာ အသာရကဋ္ဌေန။

ဝေဒနာ။ သညာ။ သင်္ခါရာ။ ဝိညာဏံ။

ရူပံ ....အနိစ္စံ၊ ပလောကံ၊ စလံ၊ ပဘင်္ဂု၊ အဒ္ဓုဝံ၊ (၅)
ဝိပရိဏာမံ၊ အသာရကံ၊ ဝိဘံ၊ သင်္ခတံ၊ မရဏဓမ္မံ။ (၅)
[အနိစ္စာနု ၁၀။]

ဒုက္ခံ၊ ရောဂံ၊ ဂဏ္ဍံ၊ သလ္လံ၊ အဃံ။ (၅)

အာဗာဓံ၊ ဤတိ၊ ဥပဒ္ဒဝံ၊ ဘယံ၊ ဥပသဂ္ဂံ။ (၅)

အတာဏံ၊ အလေဏံ၊ အသရဏံ၊ အာဒီနဝံ၊ အဃမူလံ။(၅)

ဝဓကံ၊ သာသဝံ၊ မာရာမိသံ၊ ဇာတိဓမ္မံ၊ ဇရာဓမ္မံ။ (၅)

ဗျာဓိဓမ္မံ၊ သောကဓမ္မံ၊ ပရိဒေဝဓမ္မံ၊ ဥပါယာသဓမ္မံ၊ သံကိလေသမ္မံ။ (၅)
[ဒုက္ခာနု ၂၅။]

ပရံ၊ ရိတ္တံ၊ တုစ္ဆံ၊ သုညံ၊ အနတ္တာ။ (၅)
[အနတ္တာနု ၅။]

[သမ္မသနဉာဏ်၌ အနက်နှင့်တကွ ဆိုပြီးပြီ။]

ဝေဒနာ။ သညာ။ သင်္ခါရာ။ ဝိညာဏံ။ ထိုအတူ။

ပဋိသင်္ခါဉာဏ်ပြီး၏။

သင်္ခါရုပေက္ခာဉာဏ်

ကြောက်ခြင်း နှစ်သက်ခြင်း ပယ်၍၊ စက်ဆုပ်ခြင်း စုံမက်ခြင်းပယ်၍၊ ရွံမုန်းခြင်း၊ တွယ်တာခြင်း ပယ်၍ သင်္ခါရတို့၌ လျစ်လျူရှုသော ဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်၏။

အနတ္တမထင် သုညမမြင်လျှင် သစ္စာလေးပါး မသိနိုင်။ အနတ္တ မြဲခိုင်အောင် ဖန်ဖန် သိမ်းဆည်းရသည်။ ဒွိ၊ စတု၊ ဆ၊ အဋ္ဌ၊ ဒသ၊ ဒွါဒသ၊ ဒွေစတ္တာလီသ - အဘို့ ခုနစ်ပါးဖြင့် သိမ်းဆည်းရသည်။

(သင်္ခါရုပေက္ခာဉာဏ်အားရှိ၍နိဗ္ဗာန်ကိုမြင်လျှင် အနုလုံ၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ် တက်၍ တရှိန်ထည်း နိဗ္ဗာန်သို့ ပြေးဝင်နိုင်၏။ မမြင်သေးလျှင် သင်္ခါရ တို့ကိုပင် ပြန်၍ သုံးသပ်ရသည်။

သမုဒြာအလယ်၌ သင်္ဘောသားတို့ လွှတ်လိုက်သော်လည်း ကမ်းမမြင်သဖြင့် လင်းယဉ်တိုင်၌ ပြန်၍ နားရသော ဒိသာကာက ကျီးငှက်ကဲ့သို့တည်း။

မုဉ္စိတု၊ ပဋိသင်္ခါ၊ သင်္ခါရ-ဤဉာဏ်သုံးပါးသည် ဖြစ်ပုံမျှ ကွဲပြား၍ အနက်တူ သုံးမည်ရ တဉာဏ်ထည်း ဖြစ်၏။ သင်္ခါရုပေက္ခာ၊ အနုလောမ၊ ဂေါတြဘူ - ဤဉာဏ်သုံးပါး သည် လောကီဉာဏ်ထိပ်ဆုံး သိခါပတ္တ မည်၏။ ဝုဋ္ဌာနဂါမိနိဝိပဿနာလည်း မည်၏။)

ဖန်ဖန်..

အနတ္တ မြဲခိုင်အောင် ဖန်ဖန် သိမ်းဆည်းပုံကား ...

ရုပ်နာမ်ခန္ဓာသင်္ခါရတို့သည် --
အတ္တမှ ဆိတ်ကုန်၏၊ နိစ္စသာရမှ ဆိတ်ကုန့်၏။
အတ္တမှ ဆိတ်ကုန်၏။ နိစ္စသာရမှ ဆိတ်ကုန်၏။

ဒွိ … ဒွိ ဟူသည်ကား - သုညမိဒံ အတ္တေနဝါ၊ အတ္တနိယေနဝါ။

ဣဒံ၊ ဤသင်္ခါရ သဘောတရားသည်။
အတ္တေနဝါ၊ ကိုယ်မှလည်း။
သုညံ၊ ဆိတ်၏။
အတ္တနိယေနဝါ၊ မိမိဥစ္စာ သတ္တဝါ သင်္ခါရမှလည်း။
သုညံ၊ ဆိတ်၏။

စတု ... စတု ဟူသည်ကား ...

နာဟံကွစနိ၊ န ကဿစိ ကိဉ္စန တသ္မိံ။
န စ ပရောကွစနိ၊ န မမ ကိဉ္စနတသ္မိံ။

ကွစနိ၊ တစုံတခုသော ဌာန ကာလ တွင်းပ သဘော၌။
အဟံ၊ ငါဟုဆိုစရာ ကိုယ်သည်။
န၊ မရှိ။
ကဿစိ၊ သူတပါး၏။
ကိဉ္စိနတသ္မိံ၊ ကြောင့်ကြဘွယ်အဖြစ်၌။
ဥပနေတဗ္ဗော၊ သိအပ်သော။
ကဿစိ၊ သူတပါး၏ သား၊ မြေး၊ မိဘ စသည်ဆိုစရာ ငါဟူသောကိုယ်သည်။
ကွစနိ၊ တစုံတခုသောဌာန ကာလ တွင်းပ သဘော၌။
န၊ မရှိ။

ကွစနိ၊ တစုံဘခုသောဋ္ဌာန ကာလ တွင်းပ သဘော၌။
ပရောစ၊ သူတပါးဟုဆိုစရာ ကိုယ်သည်လည်း။
န၊ မရှိ။

မမ၊ ငါ၏။
ကိဉ္စနတသ္မိံ၊ ကြောင့်ကြဘွယ်အဖြစ်၌။
ဥပနေတဗ္ဗော၊ သိအပ်သော။
မမ၊ ငါ၏ သား မြေး မိဘ စသည် ဆိုစရာ သူတပါးဟူသော ကိုယ်သည်။
ကွစနိ၊ တစုံတခုသောဌာန ကာလ တွင်းပ သဘော၌။
န၊ မရှိ။

နေရာဟူသမျှ၊ အခါဟူအမျှ၊ တွင်းပသဘော ဟူသမျှ၌ ... ငါမရှိ၊ သူမရှိ။ သူ၏ကြောင့်ကြဘွယ် ငါမရှိ။ ငါ၏ကြောင့်ကြဘွယ် သူမရှိ။

[ကိဉ္စနတသ္မိံ - ဟူသည်၌ ကိဉ္စနတ္တသ္မိံ ဟုဆိုသင့်လျက် တ-တခုချေသည်။
တနည်း - ကိဉ္စနတာယ-ဟု ဆိုသင့်လျက် လိင်ဖောက်ပြန်ထားသည်။
တိံ သနကတသ္မိံ - ဟူသော ပါရာဇိကဏ်ပါဠိတော် ကဲ့သို့တည်း။]

ဆ - ဟူသည်ကား-

ရူပံ သုညံ-အတ္တေနဝါ၊ အတ္တနိယေနဝါ၊ နိစ္စေနဝါ၊ ဓုဝေနဝါ၊ သဿတေနဝါ၊ အဝိပရိဏာမ ဓမ္မေနဝါ၊

ရူပံ၊ ရုပ်သည်။
အတ္တေနဝါ၊ ကိုယ်မှလည်း။
သုညံ၊ ဆိတ်၏။
အတ္တနိယေနဝါ၊ ကိုယ်၏ဥစ္စာ သတ္တဝါ သင်္ခါရမှလည်း။
သုညံ၊ ဆိတ်၏။
နိစ္စေနဝါ၊ မြဲ၏ဟု ကြံဆအပ်သော မိမိကိုယ်, သူတပါး ကိုယ်မှလည်း။
သုညံ၊ ဆိတ်၏။
ဓုဝေနဝါ၊ ခိုင်ခန့်ခြင်းမှလည်း။
သုညံ၊ ဆိတ်၏။
သဿတေနဝါ၊ အမြဲထင်ရှား ရှိခြင်းမှလည်း။
သုညံ၊ ဆိတ်၏။
အဝိပရိဏာမ ဓမ္မေနဝါ၊ မဖောက်ပြန်ခြင်း သဘောမှလည်း။
သုညံ၊ ဆိတ်၏။

(ခန္ဓာ ငါးပါး၊ ဒွါရ ခြောက်ပါး၊ အာရုံ ခြောက်ပါး၊ ဝိညာဏ် ခြောက်ပါး၊ ဖဿ ခြောက်ပါး၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါး။ ဇရာမရဏအထိ သုံးသပ်ရသည်။)

အဋ္ဌ --

အဋ္ဌ ဟူသည်ကား --

ရူပံ အသာရံ နိဿာရံ သာရာပဂတံ-နိစ္စ သာရ သာရေနဝါ၊ ဓုဝသာရ သာရေန ဝါ၊ သုခသာရ သာရေနဝါ၊ အတ္တသာရ သာရေနဝါ၊ နိစ္စေနဝါ၊ ဓုဝေနဝါ၊ သဿတေနဝါ၊ အဝိပရိဏာမဓမ္မေနဝါ။

ရူပံ၊ ရုပ်သည်။
နိစ္စသာရ သာရေနဝါ၊ နိစ္စသာရဟူသော အနှစ်ဖြင့်လည်း။
အသာရံ၊ ငှက်ပျောတုံးပုပ် ရေမြှုပ်အဖြစ် အနှစ် မဟုတ်။
နိဿာရံ၊ ငှက်ပျောတုံးပုပ် ရေမြှုပ်အဖြစ် အနှစ်မရှိ။
သာရာပဂတံ၊ ငှက်ပျောတုံးပုပ် ရေမြှုပ်အဖြစ် အနှစ်ကင်း၏။
ဓုဝသာရ သာရေနဝါ၊ ဓုဝသာရဟူသော အနှစ်ဖြင့်၎င်း။
သုခသာရ သာရေနဝါ၊ သုခသာရဟူသော အနှစ်ဖြင့်၎င်း။
အတ္တသာရ သာရေနဝါ၊ အတ္တသာရဟူသော အနှစ်ဖြင့်၎င်း။
နိစ္စေနဝါ၊ မြဲခြင်းဖြင့်၎င်း။
ဓုဝေနဝါ၊ ခိုင်ခြင်းဖြင့်၎င်း။
သဿတေနဝါ၊ အမြဲထင်ရှား ရှိခြင်းဖြင့်၎င်း။
အဝိပရိဏာမ ဓမ္မေနဝါ၊ မဖောက်မပြန်ခြင်း သဘောဖြင့်၎င်း။
အသာရံ၊ ငှက်ပျောတုံးပုပ် ရေမြှုပ်အဖြစ် အနှစ်မဟုတ်။
နိဿာရံ၊ ငှက်ပျောတုံးပုပ် ရေမြှုပ်အဖြစ် အနှစ်မရှိ။
သာရာပဂတံ၊ ငှက်ပျောတုံးပုပ် ရေမြှုပ်အဖြစ် အနှစ်ကင်း၏။

(ခန္ဓာ ငါးပါး၊ ဒွါရ ခြောက်ပါး၊ အာရုံ ခြောက်ပါး၊ ဝိညာဏ် ခြောက်ပါး၊ ဖဿ ခြောက်ပါး၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါး။ ဇရာမရဏအထိ သုံးသပ်ရသည်။)

ဒသ

ဒသဟူသည်ကား --

ရူပံ-ရိတ္တံ၊ တုစ္ဆံ၊ သုညံ၊ အနတ္တာ၊ အနိဿရိယံ၊ အကာမကာရိယံ၊ အလဗ္ဘနီယံ၊ အဝသဝတ္တကံ၊ ပရံ၊ ဝိဝိတ္တံ။

ရူပံ၊ ရုပ်သည်။
ရိတ္တံ၊ နိစ္စာသာရ စသော အနှစ်ကင်း၏။
တုစ္ဆံ၊ အချည်းနှီးဖြစ်၏။
သုညံ၊ အတ္တသာရမှ ဆိတ်၏။
အနတ္တာ၊ ကိုယ် မဟုတ်။
အနိဿရိယံ၊ အစိုးရသူမရှိ။
အကာမကာရိယံ၊ အလိုရှိတိုင်း ပြု၍မရ။
အလဗ္ဘနီယံ၊ တောင့်တတိုင်းမရ။
အဝသဝတ္တကံ၊ အလိုမတူဘဲဖြစ်တတ်၏။
ပရံ၊ သူစိမ်းပြင်ပဖြစ်၏။
ဝိဝိတ္တံ၊ အကြောင်းအကျိုးမှ ဆိတ်၏။

(ခန္ဓာ ငါးပါး၊ ဒွါရ ခြောက်ပါး၊ အာရုံ ခြောက်ပါး၊ ဝိညာဏ် ခြောက်ပါး၊ ဖဿ ခြောက်ပါး၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါး။ ဇရာမရဏအထိ သုံးသပ်ရသည်။)

ဒွါဒသ

ဒွါဒသဟူသည်ကား --

ရူပံ န သတ္တော၊ န ဇီဝေါ၊ န နရော၊ န မာဏဝေါ၊ န ဣတ္ထီ၊ န ပုရိသော၊ န အတ္တာ၊ နာဟံ၊ န အတ္တနိယံ၊ န မမ၊ န အညဿ၊ န ကဿစိ။

ရူပံ၊ ရုပ်သည်။
နသတ္တော၊ သတ္တဝါ မဟုတ်။
နဇီဝေါ၊ အသက်မဟုတ် အရှင်မဟုတ်။
န နရော၊ ဆောင်တတ်သူမဟုတ်။
န မာဏဝေါ၊ မာနဖြစ်ရာ လုလင်မဟုတ်။
န ဣတ္ထီ၊ မိန်းမ မဟုတ်။
န ပုရိသော၊ ယောက်ျားမဟုတ်။
နအတ္တာ၊ ကိုယ် မဟုတ်။
နာဟံ၊ ငါမဟုတ်။
နအတ္တနိယံ၊ ကိုယ်၏ဥစ္စာ မဟုတ်။
န မမ၊ ငါ၏ဥစ္စာ မဟုတ်။
နအညဿ၊ သူတပါး၏ဥစ္စာ မဟုတ်။
နကဿစိ၊ တစုံတယောက်၏ ဥစ္စာမဟုတ်။

(နအတ္တနိယံ-စသော နောက်လေးပုဒ်ဖြင့် ကိဉ္စနတာ - ကြောင့်ကြစရာ သဘောမရှိ သည်ကို ပြသည်။ ။ ခန္ဓာ ငါးပါး၊ ဒွါရ ခြောက်ပါး၊ အာရုံ ခြောက်ပါး၊ ဝိညာဏ် ခြောက်ပါး၊ ဖဿ ခြောက်ပါး၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါး။ ဇရာမရဏအထိ သုံးသပ်ရသည်။)

ဒွါစတ္တာလီသ

ဒွါစတ္တာလီသ ဟူသည်ကား -

ရူပံ - အနိစ္စံ၊ ဒုက္ခံ၊ ရောဂံ၊ ဂဏ္ဍံ၊ သလ္လံ။ (၅)
အဃံ၊ အာဗာဓံ၊ ပရံ၊ ပလောကံ၊ ဤတိ။ (၅)
ဥပဒ္ဒဝံ၊ ဘယံ၊ ဥပသဂ္ဂံ၊ စလံ၊ ပဘင်္ဂု။ (၅)
အဒ္ဓုဝံ၊ အတာဏံ၊ အလေဏံ၊ အသရဏံ၊ အသရဏီဘူတံ။ (၅)
ရိတ္တံ၊ တုစ္ဆံ၊ သုညံ၊ အနတ္တာ၊ အာဒီနဝံ။ (၅)
ဝိပရိဏာမံ၊ အသာရကံ၊ အဃမူလံ၊ ဝဓကံ၊ ဝိဘဝံ။ (၅)
သာသဝံ၊ သင်္ခတံ၊ မာရာမိသံ၊ ဇာတိဓမ္မံ၊ ဇရာဓမ္မံ။( ၅)
ဗျာဓိဓမ္မံ၊ မရဏဓမ္မံ၊ သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဓမ္မံ၊ သမုဒယံ၊ အတ္ထင်္ဂမံ။ (၅)
အနဿာဒံ၊“အာဒီနဝံ”နိဿရဏံ။ (၂)

ဝေဒနာ၊ သညာ၊ စသည်တို့ အတူတည်း။

(အာဒီနဝံ .... နှစ်ကြိမ်ထပ်ဟောသည်။)

ရူပံ၊ ရုပ်သည်။
အနိစ္စံ၊ အမြဲမရှိ။
ဒုက္ခံ၊ ဆင်းရဲ၏။
ရောဂံ၊ မတ်တတ်နာနှင့်တူ၏။
ဂဏ္ဍံ၊ အိုင်းအမာနှင့်တူ၏။
သလ္လံ၊ မြှားငြောင့်တံကျင်နှင့်တူ၏။ (၅)

အဃံ၊ မကောင်းမှုဖြစ်၏။
အာဗာဓံ၊ တုံးလုံးနာနှင့် တူ၏။
ပရံ၊ သူစိမ်းပြင်ပ ဖြစ်၏။
ပလောကံ၊ ပရမ်းပတာ ပျက်၏။
ဤတိ၊ ဘေးရန်ဖြစ်၏။ (၅)

ဥပဒ္ဒဝံ၊ ဘေးရန်တည်ရာဖြစ်၏။
ဘယံ၊ ကြောက်ဘွယ် ဖြစ်၏။
ဥပသဂ္ဂံ၊ အပြစ်ဒေါသကပ်ငြိ၏။
စလံ၊ တုန်လှုပ်၏။
ပဘင်္ဂု၊ အလိုလိုပျက်၏။ (၅)

အဒ္ဓုဝံ၊ မခိုင်ခံ့။
အတာဏံ၊ မစောင့်ရှောက်တတ်။
အလေဏံ၊ ပုန်းအောင်းရာမဟုတ်။
အသရဏံ၊ ဇာတိစသောဘေးကို မညှဉ်းဆဲတတ်။
အသရဏီဘူတံ၊ အားကိုးစရာမဟုတ်။ (၅)

ရိတ္တံ၊ ဓုဝ သုဘ သုခ အတ္တမှဆိတ်၏။
တုစ္ဆံ၊ အချည်းနှီးဖြစ်၏။
သုညံ၊ သူတပါးကိုယ်မှဆိတ်၏။
အနတ္တာ၊ ကြံဆအပ်သော ကိုယ်ကောင် အတ္တမဟုတ်။
အာဒီနဝံ၊ အပြစ်အတိဖြစ်၏။ (၅)။

ဝိပရိဏာမံ၊ ဇရာမရဏဖြင့် ဖောက်ပြန်၏။
အသာရကံ၊ အနှစ်မရှိ။
အဃမူလံ၊ မကောင်းမှု၏အကြောင်းရင်းဖြစ်၏။
ဝဓကံ၊ မိတ်ဆွေပုံဟန် သေကြောင်းကြံ၏။
ဝိဘဝံ၊ အစီးအပွား မရှိ။ (၅)။

သာသဝံ၊ အာသဝေါဖြစ်ကြောင်းဖြစ်၏၊
သင်္ခတံ၊ အကြောင်းတရားတို့ ပြုပြင်အပ်၏။
မာရာမိသံ၊ မာရ်ငါးပါး၏ အစာဖြစ်၏။
ဇာတိဓမ္မံ၊ ပဋိသန္ဓေသဘောရှိ၏။
ဇရာဓမ္မံ၊ အိုခြင်းသဘောရှိ၏။ (၅)။

ဗျာဓိဓမ္မံ၊ နာခြင်းသဘောရှိ၏။
မရဏဓမ္မံ၊ သေခြင်းသဘောရှိ၏။
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဓမ္မံ၊ စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်နာခြင်း စိတ်နာခြင်း ပြင်းစွာပင်ပန်းခြင်း သဘော ရှိ၏။
သမုဒယံ၊ အကြောင်းတရားတို့ ညီညွတ်လျှင် ဖြစ်တတ်၏။
အတ္ထင်္ဂမံ၊ ချုပ်တတ်၏။ (၅)။

အနဿာဒံ၊“အာဒီနဝံ၊ အပြစ်အတိ ဖြစ်၏။”
နိဿရဏံ၊ ထွက်မြောက်ခြင်းဖြင့် ဖဲရာရှောင်ကြဉ်ရာဖြစ်၏။ (၂)၊

ရုပ်ကိုစွဲ၍ ဖြစ်သော သုခ သောမနဿသည် ရုပ်၏ အဿာဒ မည်၏။

မမြဲခြင်း ဆင်းရဲခြင်း စသည်သည် ရုပ်၏ အာဒီန၀ မည်၏။

ရုပ်၌ ဖြစ်သော ဆန္ဒရာဂကို ပယ်ခြင်းသည် ရုပ်၏ နိဿရဏမည်၏။

ဒွါစတ္တာလီသ ၄၂-ပါး ရှုသူသည် ခန္ဓလောကကို သုညအားဖြင့် ရှုသည်မည်၏။ သုညမြင်သူကို သေမင်းမမြင်ဟု ဟောသည်။

ဤ သင်္ခါရုပေက္ခာဉာဏ်ထိ ဝိပဿနာ အားထုတ်ခြင်းသည် ပဋိသမ္ဘိဒါဉာဏ် ရကြောင်း ငါးပါး၌ ပါဝင်၏။

သုညတော လောကံ အဝေက္ခဿု၊ မောဃရာဇ သဒါသတော။
အတ္တာနုဒိဋ္ဌိံ ဥဟစ္စ၊ ဧဝံ မစ္စုတရော သိယာ။

မောဃရာဇ၊ ချစ်သား မောဃရာဇ။
တွံ၊ သင်သည်။
သဒါ၊ အခါခပ်သိမ်း။
သတော၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍။
အတ္တာနုဒိဋ္ဌိံ၊ ငါ့ကိုယ် ငါ့ဟာ ငါဟု အစဉ်ရှုခြင်းကို။
ဥဟစ္စ၊ ပယ်စွန့်၍။
လောကံ၊ ခန္ဓာငါးဝ ရုပ်နာမ်လောကကို။
သုညတော၊ သုည အားဖြင့်။
ဝါ၊ သုညဟူ၍။
အဝေက္ခဿု၊ ဉာဏ်သက်ဝင်၍ မြင်အောင်ရှုလော။
ဧဝံ၊ ဤသို့ရှုသည်ရှိသော်။
မစ္စုတရော၊ သေမင်းကို လွန်မြောက်သည်။
သိယာ၊ ဖြစ်ရာ၏။

သင်္ခါရုပေက္ခာဉာဏ်ပြီး၏၊

(ဘယ်သူမဆို သည်အထိ ရောက်နိုင်သည်။ ရောက်လျှင် သောတာပန် စခန်းသို့ တလှမ်းသာ လိုတော့သည်။)

အနုလောမဉာဏ်

သင်္ခါရုပေက္ခာဉာဏ် ဖန်ဖန် အားထုတ်သူအား မဂ်စိတ် ဖြစ်လိုသည် ရှိသော် သင်္ခါရတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ - လက္ခဏာတပါးပါးကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်း ဖြစ်၍ ပရိကံ၊ ဥပစာ၊ အနုလုံဟု ဝိပဿနာဇော သုံးကြိမ်ဖြစ်၏။ နိဗ္ဗာန်ကို အာရုံပြု၍ ဂေါတြဘူ ဝိပဿနာဇောတကြိမ်၊ မဂ်တကြိမ်၊ ဖိုလ်နှစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏။ ဤ စိတ်အစဉ်၌ ပရိကံ၊ ဥပစာ၊ အနုလုံသည် အနုလောမဉာဏ် မည်၏။

အနုလောမဉာဏ် ပြီး၏။

ဤတွင် အားထုတ်စရာ ဉာဏ်အစဉ်ဖြစ်သော ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ ပြီး၏။

ဉာဏဒဿနဝိသုဒ္ဓိ

ဤသို့ဆိုအပ်ပြီးသော ဉာဏ်အစဉ်ဖြင့် မဂ်ဖိုလ် ရပြီးသောအခါ အထက် အထက် မဂ်ဖိုလ် အလို့ငှာ ထိုနာမ်ရုပ်တို့ကို သမ္မသနစသော ဉာဏ်ဆယ်ပါးဖြင့် သုံးသပ် ရသည်။ သင်္ခါရုပေက္ခာဉာဏ် အဆုံး၌ အထက်မဂ်စိတ် ဝီထိဖြစ်၏။ အဆုံး၌ အရဟတ္တ မဂ်စိတ် ဝီထိဖြစ်၏။ ထိုမဂ်လေးပါး၌ရှိသော ဉာဏ်သည် ကိလေသာ မျိုးပြုတ်အောင် စင်ကြယ်ခြင်း ထက်မြက်ခြင်းကြောင့် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။ ဤတွင်မှ ဘုရားရှင်သည် သာသနာတော်မြတ်၌ ရဟန်းကိစ္စ တုံးသည် မည်၏။ အဂ္ဂဒက္ခိဏေယျ ပုဂ္ဂိုလ်ကြီးအဖြစ်သို့ ရောက်သည်မည်၏။

ဉာဏဒဿနဝိသုဒ္ဓိပြီး၏။

မဂ်ဉာဏ်ထင်ရှားကြောင်း ဥပမာ ၁၂-ခု

ရှေ့ဉာဏ် နောက်ဉာဏ်နှင့်တကွ ဝုဋ္ဌာနဂါမိနိဝိပဿနာ ဟူသော မဂ်ဉာဏ် ထင်ရှား စေခြင်းငှာ ...

ငှက်၊ မြွေ၊ အိမ်၊ နွား၊ (၄)
ဘီလူး၊ သားမှတ် (၂)
ဆာ၊ ငတ်၊ ဧ၊ ပူ (၄)
မှောင်ထူ၊ အဆိပ် (၂)
ဤဥပမာ ၁၂-ရပ်ကို သိအပ်၏။

ငှက်

ငှက်ဟူသည်ကား လင်းနို့ငှက်သည် အကိုင်းငါးခု ရှိသော သစ်ပင်၌နား၏။ တကိုင်းစီ အသီးအပွင့် ရှာ၏။ အကိုင်းအားလုံး ယူစရာ သီးပွင့်မမြင်၍ အကျိုးမရှိဟု တွယ်တာခြင်းကို စွန့်၏။ ဖြောင့်သော အထက်ကိုင်းသို့ တက်၍ အထက်သို့ ကြည့်၍ ပျံသွား၏။ အသီးရှိသောသစ်ပင်၌ နား၏။

ယောဂီသည် ဥပါဒါနက္ခန္ဓာငါးပါး၌ ငါ့ကိုယ်ဟု နှလုံးသွင်းကာ နာ၏။ ခန္ဓာတပါးစီ ဝိပဿနာဉာဏ်ဖြင့် သီးပွင့်ရှာ၏။ ခန္ဓာ အားလုံး၌ ယူစရာမတွေ့ ငြီးငွေ့၍ မုဉ္စိတု၊ ပဋိသင်္ခါ၊ သင်္ခါရုပေက္ခာဖြင့် အကျိုးမရှိဟု တွယ်တာခြင်းကို စွန့်၏။ အနုလောမဉာဏ် ဖြင့် ဖြောင့်သော အထက်ကိုင်းသို့တက်၍ ဂေါတြဘူဉာဏ်ဖြင့် အထက်သို့ကြည့်၍ မဂ်ဉာဏ်ဖြင့်ပျံသွား၏။ ဖိုလ်ဉာဏ်ဖြင့် အသီးရှိရာ တပင်၌ နား၏။

မြွေ

မြွေဟူသည်ကား တံငါသည် ငါးဆောင်းရာ၌ ဝမ်းမြောက်စွာ မြွေကိုမိ၏။ ရေမှ ထုတ်ဖော်လတ်သော် လည်ရေးသုံးတန့် မြင်၍ ကြောက်ခြင်း၊ အပြစ်မြင်ခြင်း၊ ငြီးငွေ့ ခြင်း၊ လွှတ်လိုခြင်း ဖြစ်၏။ လွှတ်နိုင်ကြောင်းပြု၍ လွှင့်ပစ်၏။ ကမ်းသို့တက်ကာ လာလမ်းပြန်ကြည့်၏။ ဘေးကင်းရာ၌ တည်၏။

ယောဂီသည် ဘုံသုံးပါး ကျင်လည်ရာ၌ ဝမ်းမြောက်စွာ ခန္ဓာငါးပါးမြွေကို ရ၏။ ဝိပဿနာဉာဏ်ဖြင့် ထုတ်ဖော်လတ်သော် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လည်ရေးသုံးတန့် မြင်၍ ဘယ၊ အာဒီနဝ၊ နိဗ္ဗိဒါ၊ မုဉ္စိတုဉာဏ် ဖြစ်၏။ ပဋိသင်္ခါ၊ သင်္ခါရုပေက္ခာဖြင့် လွှတ်နိုင်ကြောင်းပြု၍ ဂေါတြဘူဖြင့် လွှင့်ပစ်၏။ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကမ်းတက်ကာ လာလမ်းပြန်ကြည့်၏။ ဖိုလ်ဉာဏ်ဖြင့် ဘေးကင်းရာ၌ တည်၏။

အိမ်

အိမ်ဟူသည်ကား အိမ်ရှင်သည် ညစာစား၍ အိပ်ပျော်စဉ် အိမ်မီးလောင်၏။ နိုး၍ မီးမြင်သောအခါ ကြောက်၏။ ထွက်လမ်းရှာ၏။ ထွက်လမ်းမြင်၏။ ထွက်၏။ ပြေး၏။ ဘေးကင်းရာ၌တည်၏။

ယောဂီသည် ဗာလပုထုဇဉ်အခါ ခန္ဓာငါးပါးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါဟု အိပ်ပျော်စဉ် လက္ခဏာရေး မီးသုံးပါး လောင်၏။ သမ္မာပဋိပတ်ဖြင့် နိုး၍ မီးသုံးပါး မြင်သောအခါ ဘယဉာဏ်ဖြင့်ကြောက်၏၊ မုဉ္စိတုဉာဏ်ဖြင့် ထွက်လမ်းရှာ၏။ အနုလောမဉာဏ်ဖြင့် ထွက်လမ်းမြင်၏။ ဂေါတြဘူဉာဏ်ဖြင့် ထွက်၏။ မဂ်ဉာဏ်ဖြင့်ပြေး၏။ ဖိုလ်ဉာဏ်ဖြင့် ဘေးကင်းရာ၌တည်၏။

နွား

နွားဟူသည်ကား လယ်သမားသည် ညဉ့်အခါ ပြည့်ရှင်မင်း၏နွားကို မိမိနွားထင်၍ ဖမ်းယူလာ၏။ မိုးလင်းသောအခါ မင်းကြီး၏နွားဟုသိ၍ ကြောက်၏။ နွားတို့ကို လွှတ်၍ ပြေးလို၏။ လွှတ်၏။ ပြေး၏။ ဘေးကင်းရာ၌တည်၏။

ယောဂီသည် ဗလပုထုဇဉ်အခါ ခန္ဓာငါးပါးကို ငါ့ကိုယ်ဟု ဖမ်းယူလာ၏။ ဝိပဿနာ ဉာဏ်ဖြင့် မိုးလင်းသောအခါ ငါ့ကိုယ် မဟုတ်ဟုသိ၍ ဘယဖြင့် ကြောက်၏။ မုဉ္စိတုဖြင့် လွှတ်၍ပြေးလို၏၊ ဂေါတြဘူဖြင့်လွှတ်၏။ မဂ်ဉာဏ်ဖြင့်ပြေး၏။ ဖိုလ်ဉာဏ်ဖြင့် ဘေးကင်းရာ၌ဘည်၏။

ဘီလူး

ဘီလူးဟူသည်ကား လူသည် ဘီလူးမကို ချစ်ခင်စွာ ပေါင်းသင်း၏။ တညဉ့်တွင် ပျောက်သွား၍ လိုက်ရှာရာ သုသာန်တွင် လူသားစားနေသည်ကိုမြင်၏။ ကြောက်၏။ ထွက်ပြေးလို၍ သုသာန်ကိုစွန့်၏။ လျင်စွာထွက်ပြေး၏။ ဘေးကင်းရာ၌တည်၏။

ယောဂီသည် ပုထုဇဉ်အခါ ခန္ဓာငါးပါးကို ငါ့ကိုယ်ငါ့ကိုယ်ဟု ချစ်ခင်စွာ ပေါင်းသင်း၏။ ဝိပဿနာဉာဏ်ဖြင့် ရှာဖွေရာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်နေသည်ကို သုသာန်၌မြင်၏။ ဘယဉာဏ်ဖြစ်၏။ မုဉ္စိတုဖြင့် ထွက်ပြေးလို၍ ဂေါတြဘူဖြင့် စွန့်၏။ မဂ်ဉာဏ်ဖြင့် လျင်စွာထွက်ပြေး၏။ ဖိုလ်ဉာဏ်ဖြင့် ဘေးကင်းရာ၌ တည်၏။

သားမှတ်

သားမှတ် ဟူသည်ကား မိန်းမတယောက်သည် လမ်း၌ ကလေးငိုသံကြား၍ မိမိသား ဟု သွား၍ပွေ့ချီ၏။ နောက်မှ မိမိသားမဟုတ်ဟုသိ၍ သားခိုး ရိုးမည်ကြောက်၏။ ထိုထိုဤဤ ကြည့်၍ ပြန်ချ၍ ရပ်၏။ ပြန်လာ၏။ အိမ်ပေါ်တက်ထိုင်၏။

ယောဂီသည် ပုထုဇဉ်အခါ ခန္ဓာငါးပါးကို ငါ့ကိုယ်ဟု ချီပွေ့၏။ နောက်မှ ဝိပဿနာ ဉာဏ်ဖြင့် ငါ့ ကိုယ်မဟုတ်ဟုသိ၍ ဘယဉာဏ်ဖြင့်ကြောက်၏။ မုဉ္စိတုဖြင့် ထိုထို ဤဤ ကြည့်၍ အနုလောမဖြင့် ပြန်ချ၍ ဂေါတြဘူဖြင့် ရပ်၏။ မဂ်ဉာဏ်ဖြင့် ပြန်လာ၏။ ဖိုလ်ဉာဏ်ဖြင့် အိမ်ပေါ်တက်ထိုင်၏။

ဤဥပမာ ခြောက်ခုဖြင့် ဘယဉာဏ်မှ ဖိုလ်ဉာဏ်တိုင်အောင် ဆောင်ပြသည်။ နောက်ဥပမာ ခြောက်ခုဖြင့် ဝုဋ္ဌာနဂါမိနိ ဝိပဿနာဉာဏ်၌ တည်သော ယောဂီ၏ လောကုတ္တရာသို့ ညွတ်ပုံကို ဆောင်ပြလတ္တံ့။

ဆာ

ဆာဟူသည်ကား အစာဆာခြင်းဖြင့် နှိပ်စက်ခံရသော သူသည် ကောင်းသော ဘောဇဉ်ကို တောင့်တ၏။ သံသရာဝဋ်ဒုက္ခ ဆာခြင်းဖြင့် နှိပ်စက်ခံရသော ယောဂီ သည် အကြိုက်အရသာ ကာယဂတာသတိ ဘောဇဉ်ကို တောင့်တ၏။

ငတ်

ငတ်ဟူသည်ကား ရေငတ်ခြင်းဖြင့် နှိပ်စက်ခံရသောသူသည် ကောင်းသော သောက်ဘွယ်ကို တောင့်တ၏။ သံသရာဝဋ်ဒုက္ခ ငတ်ခြင်းဖြင့် နှိပ်စက်ခံရသော ယောဂီသည် မဂ္ဂင်ရှစ်ပါး သောက်ဘွယ်ကို တောင့်တ၏။

ဧဟူသည်ကား အဧ နှိပ်စက်ခံရသူသည် အပူကို တောင့်တ၏။ သံဃရာဝဋ်တဏှာ အဧ နှိပ်စက်ခံရသော ယောဂီသည် မဂ်ဉာဏ်မီးပူကို တောင့်တ၏။

ပူ

ပူဟူသည်ကား အပူနှိပ်စက် ခံရသူသည် အဧကို တောင့်တ၏၊ သံသရာဝဋ်မီး ၁၁-ပါး နှိပ်စက်ခံရသော ယောဂီသည် မီး ၁၁-ပါး ဧရာ နိဗ္ဗာန်ကိုတောင့်တ၏။

မှောင်ထူ

မှောင်ထူဟူသည်ကား အမှောင်အတွင်း နေရသောသူသည် အလင်းကိုတောင့်တ၏။ အဝိဇ္ဇာမှောင်ထွင်း နေရသော ယောဂီသည် မဂ္ဂဘာဝနာ ဉာဏ်ရောင် အလင်းကို တောင့်တ၏။

အဆိပ်

အဆိပ်ဟူသည်ကား အဆိပ်သင့်သူသည် အဆိပ် ဖြေဆေးကို တောင့်တ၏။ ကိလေသာ အဆိပ်သင့်သော ယောဂီသည် အမတဖြေဆေးကို တောင့်တ၏။

ဤသို့သိလျှင် ဘဝ၊ ယောနိ၊ ဂတိတို့၌ တွန့်ကုပ် ခွေလိပ်၏။ လျစ်လျူရှုခြင်း သော်၎င်း၊ စက်ဆုပ်ခြင်းသော်၎င်း ဖြစ်၍တည်၏။ ထိုအခါ ပဋိလီနစရ-ပုဂ္ဂိုလ်မည်၏။ ဘဝတို့၌ တွန့်လိပ်သော ဉာဏ်ဖြင့် ကျင့်သူဖြစ်၏။ ထိုသို့သောပုဂ္ဂိုလ်သည် ဘုံသုံးပါး ဟူသော သံသရာဇာတ်ခုံ၌ မိမိအတ္တဘောကို ထုတ်၍မပြတော့ပြီ။

ဤ သင်္ခါရုပေက္ခာဉာဏ်သည် ယောဂီစိတ်ကို တွန့်လိပ်အောင် ပြု၍ အထက်၌ ဗောဇ္ဈင်၊ မဂ္ဂင်၊ ဈာနင်ထူးအောင်၊ ပဋိပဒါထူးအောင်၊ ဝိမောက္ခထူးအောင်လည်း ပြု၏။

ဘုရားရှင်နှင့် ရှင်သာရိပုတြာအား မဂ်လေးခုလုံး သုခါပဋိပဒါ + ခိပ္ပါဘိညာ။

ရှင်မောဂ္ဂလာန်အား ပဌမမဂ်၌ သုခါပဋိပဒါ၊ ခိပ္ပါဘိညာ ဖြစ်၍ အထက်သုံးမဂ်၌ ဒုက္ခာပဋိပဒါ + ဒန္ဓာဘိညာ ဖြစ်၏။

ရှင်မောဂ္ဂလာန်

အရှင်မောဂ္ဂလာန်သည် ယေဓမ္မာ ဟေတုပ္ပ ဘဝါ - ဂါထာ အဆုံးတွင် သောတာပန် တည်၍ ဧဟိဘိက္ခုဖြစ်၍ ခုနစ်ရက်ရှိသောအခါ မဂဓတိုင်း ကလ္လဝါဠရွာငယ်တွင် ရဟန်းတရားအားထုတ်စဉ် ငိုက်မျည်း၏။ ဘုရားရှင်သည် သတို့သားငယ်ကိုကဲ့သို့ မပြတ် စောင့်ရှောက်၍ .. ဗြဟ္မဏ၊ မျိုးကောင်းချစ်သား။ တွံ၊ သင်သည်။ ပစလာယုသိနု၊ မျက်လွှာတလှုပ်လှုပ် မှိတ်တုတ် မှိတ်တုတ် ပြုဘိသလောဟု ထိတ်လန့်စေ၍ ထိနမိဒ္ဓ ပယ်ဖျက်စေ၍ ဓာတုကမ္မဋ္ဌာန်း ဟော၏။ ထိုအခါမှ အထက် မဂ်သုံးပါး ကိစ္စပြီး၍ သာဝကပါရမီဉာဏ် ထွဋ်ထိပ်သို့ ရောက်၏။

ရှင်သာရိပုတြာ

အရှင်သာရိပုတြာသည် ယေဓမ္မာ ဟေ တုပ္ပဘဝါ ဂါထာမဆုံးမီ သောတာပန် တည်၍ ဧဟိဘိက္ခုဖြစ်၍ ၁၅-ရက် ရှိသောအခါ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်အနီး ဝက်တူးသောလိုဏ်၌ ဘုရားရှင်အား ယပ်ခပ်၍နေစဉ် ဒီဃနခပရိဗိုဇ်သည် မိမိဦးရီး ရှင်သာရိပုတြာ အကြောင်း သိလို၍ လိုက်လာ၍ ဘုရားရှင်အား မိမိဝါဒကို လျှောက်ကြား၏။ မြတ်စွာဘုရားသည် ဝေဒနာပရိဂ္ဂဟသုတ္တန်ကို ဟောသဖြင့် သောတာပန် တည်စေ၏၊

ထိုအခါ ရှင်သာရိပုတြာသည် သူတပါးအတွက် ချက်သော ထမင်းကို ဝင်စား၍ အဆာပြေသူကဲ့သို့ ယပ်ခပ်စဉ် ထိုတရားကိုဆင်ခြင်၍ “အဘိညာ ပဟာန မာဟ သိ၍ ပယ်ခြင်းကို ဟောတော်မူသည်” ဟု ဉာဏ်စဉ် လျှောက်၍ သာဝကပါရမီ ထွဋ်ထိပ်သို့ ရောက်၏။ ပညာ ၁၆-ရပ် ကိုလည်း ထိုးထွင်းနိုင်၏။

[မဟာပညာ၊ ပုထုပညာ၊ ဟာသပညာ၊ ဇဝနပညာ၊ တိက္ခပညာ၊ နိဗ္ဗေဓိကပညာ၊ (၆)။ တနည်း မဟာ၊ ပုထု၊ တိက္ခ၊ ဟာသ၊ နိဗ္ဗေဓိက၊ ဇဝန၊ ပညာခြောက်ပါး။ နဝါနု ပုဗ္ဗဝိဟာရသမာပတ္တိပညာ၊ (ဝါ သမာပတ် ဉာဏ်ကိုးပါး) အရဟတ္တမဂ်ပညာ .... ဤပညာ ၁၆-ရပ်ကိုလည်း ထိုးထွင်းနိုင် ၏။ ဥပဏ္ဏာသ အနုပဒသုတ်]

ကြီး၊ များ၊ ထက်၊ ရွှင်၊ (၄)
ထွင်း၊ လျင်၊ (၂)
ကိုးဈာန် (၉)
ဆုံး မဂ်ဉာဏ် (၁)
ထိပ်ဉာဏ် တဆဲ့ခြောက်။
ရှင်သာရိပုတြာ- ဆဲ့ခြောက်ဖြာ-ဉာဏ်မှာထွဋ်ထိပ်ရောက်၊

သာဝကသန္နိပါတ

မြတ်စွာ ဘုရားသည် ထိုတရားဟောပြီးနောက် နေမဝင်မီ ဝေဠုဝန်ကျောင်းတော်သို့ ပြန်ကြွ၍ ၁၂၅၀-သော ရဟန်းတို့ဖြင့် သာဝက အစည်းအဝေး ပြုတော်မူ၏။ ထို အစည်းအဝေးသည် -

  • တပို့တွဲလပြည့် ဥပုသ်နေ့ဖြစ်ခြင်း၊
  • မပင့်ဘိတ်ဘဲ အလိုလို ရောက်လာကြခြင်း၊
  • ဆဠဘိညာဉ်ရဟန္တာချည်းသာ ဖြစ်ခြင်း၊
  • ဧဟိဘိက္ခုချည်းသာ ဖြစ်ခြင်း

ဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံ၏။

ဓမ္မတာသုံးဆယ်တို့တွင် အင်္ဂါလေးပါးရှိသော ထိုအစည်းအဝေး၌ ဩဝါဒပါတိမောက် ပြတော်မူခြင်းသည် ဓမ္မတာတခု ဖြစ်၏။ ရှေးဘုရားများ လက်ထက်၌ ကုဋေ များစွာဖြင့် သာဝက အစည်းအဝေးကြီးများ သုံးကြိမ်တိုင် ဖြစ်၏။ ယခုဘုရား၌ နည်းပါးလှ၏။ ငါတို့တတွေ ရှောင်တိမ်းနေကြသလော။

ငါတို့ရည်ရွယ်ချက်

ငါတို့သည် ဤဘဝ၌ ဤသာသနာ၌ မဂ်ဖိုလ်မရခဲ့လျှင် နောက်ဘုရား သာသနာ၌ သာဝက အစည်းအဝေးကြီးသည် ငါတို့ ရောက်မှ ပြီးမြောက်ပါစေသတည်း။

ဧဟိ၊ ဆဠ၊ နာမန္တ၊ မာဃ ပုဏ္ဏမီ (၄)၊
သန္နိပါတ၊ သာဝက၊ ကြုံရအင်လေးလီ။
နောက်သာသနာ၊ စည်းဝေးခါ၊ ငါတို့ပါရမည်။

နိဂုံး

ဤမျှဖြင့် ညောင်လေးပင်မြို့ တောရ ကျောင်းတိုက်၌ ပဓာနနာယက မထေရ် အဖြစ်ဖြင့် သီတင်းသုံးနေခိုက်တွင် သမထနည်း ဟူသမျှ၊ ဝိပဿနာနည်းဟူသမျှ အားထုတ်စရာ အကြွင်းမဲ့ကို အမှီပြု၍ စစ်ဘေးကြီး အကြိမ်ကြိမ်အတွင်း ကြွင်းကျန် သော မိမိနှင့်တကွ သဒ္ဓါပဗ္ဗဇိတ ကုလပုတ္တတို့အား အယုတ်ဆုံး ဤဘဝတွင် တမဂ် တဖိုလ် မျက်မှောက်ပြုရပေလတ္တံ့။ မပြုရလျှင် မဂ်ဖိုလ်၏ ပကတူပနိဿယ မျိုးစေ့ သည် မလွဲတမ်းကိန်းသေ အောင်မြင်ပေလတ္တံ့ ဟု ရည်ရွယ်အပ်သော ဤ ဘာဝနာအရသာ သည် သာသနာတော် ၂၄၈၉-ခု၊ ကောဇာသက္ကရာဇ် ၁၃၀၇-ခု၊ ဒုတီယ ဝါဆိုလဆုတ် ၁၂—ရက် တနင်္ဂနွေနေ့၌ ပြီးဆုံးခြင်းသို့ ရောက်လေသတည်း။

သမထ ၄ဝ၊ ဝိပဿနာခြင်းရာ ၄၀-ကို “မိမိအတွက် သံသရာ ထွက်ပေါက်ဖြစ်၏။ အမြဲမပြတ် အားထုတ်အပ်၏” ဟူ၍ နှလုံး အသဲဝင်၍ စွဲနိုင်ကြပါစေကုန်သတည်း။

ပဌမ ရွှေကျင်ဆရာတော်ဘုရားကြီး၏

သိဿကောဝါဒ စကားပုံများ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓေါဓမ္မောစ သံဃော၊ အဟော ဝန္ဒီယတေ မမ။
ဝန္ဒိတဗ္ဗာ-နုဘာဝေန၊ ဇီယန္တု ဝေရ-လာမကာ။

ဂုဏ်တော်အနန္တသခင် မန္တလေးမြို့ ပဋ္ဌမ ရွှေကျင်ဆရာတော်ဘုရားကြီးသည် ရွှေကျင်တိုက်ကြီး၌ သီတင်းတိုင်းသံဃာတော်တို့အား ဩဝါဒ ပေးသနားတော်မူလေ့ ရှိ၏၊ အုတ်တွင်းမြို့ ကန်ကလေးတောရဆရာတော် အရှင်ဦးသူရိန္ဒသည် သာမဏေ ငယ် အဖြစ်ဖြင့် ရွှေကျင်တိုက်ကြီး၌ နေစဉ် ထိုဩဝါဒမှ သိဿကောဝါဒ စကားပုံများကို ထုတ်နုတ်၍ မှတ်သားထား၏။

ထို မှတ်သားထားသော ဆရာတော်သည် ညောင်လေးပင်မြို့ တောရကျောင်းတိုက် ဦးစီးဥက္ကဋ္ဌ မထေရ်အား “ငါ့ရှင်တို့ … ဤပဋ္ဌမ ရွှေကျင်ဆရာတော်ဘုရားကြီးသည် ၁၂၅၆-ခုနှစ်က ကွယ်လွန်ပြီ။ သို့သော် -- ငါ့ရှင်တို့ … လိမ္မာလျှင် ထိုရွှေကျင် ဆရာတော်ကြီးကို ကိုယ်တိုင်ဖူးမြင်ရ၊ ကိုယ်တိုင် တရားနာရသကဲ့သို့ ကုသိုလ် မင်္ဂလာ တိုးပွားနိုင်လတ္တံ့။ ဉာဏ်ရှိတိုင်း ကုသိုလ် မင်္ဂလာ တိုးပွားစေကြလော့။ ငါ့ရှင်တို့ … လိမ္မာလျှင် ထိုရွှေကျင် ဆရာဘော်ကြီး မကွယ်လွန်သေး” ဟု မိန့်မှာ၍ ထိုဩဝါဒ စကားပုံတို့ကို လွှဲအပ်ပံ့ထောက် ချီးမြှောက်တော်မူလေသည်။ ထိုကြောင့် ကိုယ်ကျိုး ရည်မှန်း ရဟန်း ရှင် လူ ဘယ်သူမဆို အလေးပြုနိုင်ကြပေလတ္တံ့။

ဦးအရိယ
ညောင်လေးပင်၊ တောရကျောင်း
အကြီးဥက္ကဋ္ဌမထေရ်။

၁။ ယစ်မသည် ဥအတွက် အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၄။ ရဟန်းများ ဆုံမိလျင် တရားစကား ပြောကြသည်။ မပြောလျှင် ဆိတ်ဆိတ် နေကြသည်။ (တရား နှလုံးသွင်းလျက် ဆိတ်ဆိတ်ဟုသိ။)
၅။ သစ်ပင် အားနည်းလျှင် လေမုန်တိုင်း တိုက်လှည်းသည်။
၆။ ရဟန်း သမာဓိနည်းလျှင် ကိလေသာ လေမုန်တိုင်း တိုက်လှည်းသည်။
၇။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်၏။ အလို မလိုက်ရာ။
၈။ ကာလကို လူမစားလျှင် လူကိုကာလစားသည်။
၉။ သည်းခံခြင်း လက်နက် ဆောင်လျှင် ဒေါသမီး မလောင်။
၁၀။ တုတ် လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၁။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်၏။
၁၂။ ဦးချိုကျိုးသောနွား- မာနလည်း ကျိုးသည်။
၁၃။ ငါသာ ငါ့ပြင် ငါမမြင်ဟု ဍရင်တဆူပြုမိမူ - ထိုသူ သူ့အောက် နေ့ချင်း ရောက်လိမ့်။
၁၄။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၅။ ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင်- ရန်လှောင်မိတတ်သည်။
၁၆။ ရန်မလိုမှ ရန်ပြိုသည်။ ရန်လို-ရန်ပိုတတ်လှသည်။
၁၇။ သလေးနှံ - အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။
၁၈။ ဂါရဝကင်းသူ ဂုဏ်သတင်းမပြု။ နွားစားငုတ်တိုနှင့် တူသည်။
၁၉။ ရဟန္တာသည် သိက္ခာကြီးသူ ပုထုဇဉ်ကိုသော်လည်း ပြားပြားဝပ် ရှိခိုးသည်။
၂၀။ သိက္ခာ ငယ်သူကို ရှိမခိုးသော်လည်း အရိုအသေ ပြုသည်။
၂၁။ သူတပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၂၂။ ရွှေဥဒေါင်း- အကကောင်းသော်သည်း စအိုပေါ်၍ အဆိုအမြည် ခံရသည်။
၂၃။ မျက်ကွယ်တစောင်း မဆိုနှင့်၊ မျက်မှောက်မရှုတ်ချနှင့်၊ အပြစ်တင်မစောနှင့်။
၂၄။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂၅။ မသူတော်၌ အပြစ်ဖယ်၍ ဂုဏ်ကောင်းရှာရသည်။
၂၆။ ဒုက္ခသည်ကို မကယ်နိုင်လျှင် မတွယ်နှင့်၊ ကိုယ်လွတ် ရှောင်ရသည်။
၂၇။ မသူတော်ကို မဟောနိုင်လျှင် မတွယ်နှင့်၊ ကိုယ်လွတ် ရှောင်ရသည်။
၂၈။ တုံးတံတား လျှောက်စဉ် အရပ်တပါး မကြည့်နှင့်၊ ချောက်သို့ ကျလိမ့်မည်။
၂၉။ သံသရာတံတား လျှောက်စဉ် သူတပါးအပြစ်မကြည့်နှင့်၊ သံသရာ-ချောက်သို့ ကျလိမ့်မည်။
၃၀။ သူဘပါးအပြစ်ကို မိမိနှလုံးအိမ်၌ ကြာကြာမစိမ်နှင့်။
၃၁။ ပြာသာဒ်သည် သံမယ်န အဖွဲ့ကောင်းမှ ခိုင်သည်။
၃၂။ ဖောင်သည် ကြိမ်ကြိုးအဖွဲ့ကောင်းမှ ခိုင်သည်။
၃၃။ အပေါင်းအသင်းသည် မေတ္တာအဖွဲ့ကောင်းမှ ခိုင်သည်။
၃၄။ ဝေသာလီ ညီညွတ်၍ အဇာတသတ် မဖျက်နိုင်၊ ဝေဿကာရပုဏ္ဏား ဂုံးတိုက်မှ ဖျက်နိုင်သည်။
၃၅။ ထောင်တန် တဆယ်၊ ရာတန် တဆယ် - ဝယ်သူကရှား ဘယ်မင်းဘုရား ဈေးဆိုင်နည်း။
၃၆။ တရားပွဲကား လူကျဲတဲ၊ ရပ်ရွာပျော်ပွဲ တသဲသဲ။
၃၇။ သာသနာပြင်ပ ဆရာသည် တဘဝအတွက် လောကီပညာကို အခယူ၍ သင်ပေးသည်။
၃၈။ သာသနာတွင်း ဆရာသည် ဘဝများစွာအတွက် ပိဋကတ်ပညာကို ဆွမ်းသင်္ကန်း ပေး၍ သင်ပေးသည်။
၃၉။ ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကို နိုင်သည်။
၄၀။ အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကို နိုင်သည်။
၄၁။ ကျင့်ဝတ် မချွတ်လျှင် တပည့်ပင် ဆရာကို နိုင်သည်။
၄၂။ မြင်းနိုင်လို-ဇက်ဆွဲ၊ လှေနိုင်လို-တက်ဆွဲ၊ ဆရာနိုင်သူ- ကျင့်ဝတ်ရိုသေမြဲ။
၄၃။ ဆုံးမချင်သူ သဲလုံးအတူ များပါစေဟု ရှင်ရာဟုလာ နှလုံးသွင်းသည်။
၄၄။ သာမဏေငယ် ဆုံးမသော်လည်း နားထောင်မည်ဟု ရှင်သာရိပုတြာ နှလုံး သွင်းသည်၊
၄၅။ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၄၆။ ပန်းဘဲဆရာ အထုမခံသော သံတုံး-လက်နက်မဖြစ်။
၄၇။ ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး- အရုပ်မဖြစ်။
၄၈။ ဆရာကောင်း အဆုံးအမ မခံသော တပည့် - သူကောင်းမဖြစ်၊
၄၉။ အဆီခဲ - သဲရှပ် ပစ်ရခက် စားရခက်။
၅၀။ ရေနက်ရာသို့ပြေးဝင်သောငါး - ကျီးငှက်အစာ မဖြစ်။
၅၁။ အဆုံးအမသို့ ပြေးဝင်သောတပည့် − မာရ်နတ်အစာ မဖြစ်။
၅၂။ ရှေ့ဆောင်နွားလား လမ်းကောက်သွား နောက်နွား ကျားစာဖြစ်။
၅၃။ ခင်ကြီး ကြပ်ခိုးစင်တက်လျှင် ရှင်ငယ်တွေ ကျောင်းခေါင်တက်မည်။
၅၄။ နွားကျောင်းသားသည် နွား- ခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၅၅။ ဆရာသည် တပည့် - ကိလေသာ မကိုက်အောင် တရား မီးခိုးတိုက်သည်။
၅၆။ လာဘ်သာယာလျှင် မဂ်မျိုးစေ့ပျက်၍၊ အပ်ဝင်- ပုဆိန် ထွက်သည်နှင့်တူသည်။
၅၇။ သည်းခြေရူးသည် လူတို့စွန့်သော မစင်ကိုပင် စုံမက်သည်။
၅၈။ သံသရာရူးသည် လူတို့စွန့်သော လာဘ်ကိုပင် စုံမက်သည်။
၅၉။ မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။
၆၀။ ပုထုဇဉ်သည် အရိယာစာကြွင်းဖြင့် မာန်တက်သည်။
(အရိယာ ပုဂ္ဂိုလ်အား ရည်စူး၍ လှူသည်ကို အရိယာ မဟုတ်ဘဲ စားသောကြောင့် ပုထုဇဉ်ကို စားကြွင်း စားဟုသိ။)
၆၁။ ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှင် ခြင်္သေ့မာန် တက်လျက် ကျီးချီသော အခါ ပီယတ် ပီယတ် မြည်သည်။
၆၂။ ပုထုဇဉ်သည် လာဘ်ပေါလျင် သူဌေးမာန်တက်လျက် ဖျားနာသောအခါ တအင်အင် ညည်းသည်။
၆၃။ ပိုးထိုးကောင်ဖြစ်လျက် ဆင်ပြောင်ကို စစ်ပြိုင်သည်။
၆၄။ ပုတ်သင်ဖြစ်လျက် ဝိဒေဟရာဇ်မင်းကို ဘက်ပြိုင်သည်။
၆၅။ ဂုဏ်နိမ့်သူဖြစ်လျက် ဂုဏ်မြင့်သူကို ဂုဏ်ပြိုင်သည်။
၆၆။ ရှင်သာရိပုတြာကို ငြူစူ၍ ကောကာလိက ရဟန်း ပဒုမငရဲကျသည်။
၆၇။ ရဟန္တာကိုဝန်တို၍ လောသကတိဿရဟန်း - လာဘ်ရှားသည်။
၆၈။ လာဘ်ဖြင့် ဘုရားကိုပြိုင်၍ ဒေဝဒတ် အဝီစိ ဆင်းရသည်။
၆၉။ မာနသည် ထွန်တုံးမျိုသော မြွေအတိုင်း မညွတ်ကိုင်းနိုင်။
၇၀။ လာဘ်သည် အသက်ခွင်းသော မိုဃ်းကြိုးစက်ကွင်း ဖြစ်သည်။
၇၁။ ဝါး၊ ကျူ၊ ငှက်ပျော - အသီး သတ်သည်။
၇၂။ အဿတိုရ်မြင်းမ - ကိုယ်ဝန်သတ်သည်။
၇၃။ ရဟန်းညံ့ - လာဘ်သတ်သည်။
၇၄။ လာဘ်ရလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ကပ္ပီရမည်။
၇၅။ ဆင်ဖြူတော် ရထိုက်သူ- ချည်ဖြူခင်ဖြင့် ကျိန်းကျေသည်။
၇၆။ မဂ်ဖိုလ်မျိုးစေ့ ရထိုက်သူ -လာဘ်ဖြင့် ကျိန်းကျေသည်။
၇၇။ အလမ္ပာယ်ဆရာ ဂါထာမန်းနိုင်မှ မြွေမကိုက်သည်၊
၇၈။ လာဘ်ရသူ ပဋိသင်္ခါ မန်းနိုင်မှ လာဘ်မကိုက်သည်။
၇၉။ လာဘ်အလေးပြုလျှင် မိစ္ဆာဇီဝ ဖြစ်တတ်သည်။

ဂဝ။ မိစ္ဆာဇီဝ သုံးစားလျှင် ဆေးမမှီ၊ နဂါးနှင့်စပ်သည်။
၈၁။ သမင်လိမ္မာ အစာသာစား၊ သမင်မိုက်ကား ညွှတ်ကွင်း မိသည်။
၈၂။ လာဘ်စည်းစိမ်သည် စိတ်ကူးတိုင်းမဖြစ်။ တောခရီး၌ အိပ်မက်ကောင်းတုန်း ဆင်နင်းခံရသလို။
၈၃။ အာရုံတခုခု စွဲလမ်းလျှင် ငါးမျှားချိတ်မျိုသော ငါးနှင့်တူ၏။
၈၄။ သူကန်း - မှန်အိမ်ဆောင်လျှင် ညဉ့်အခါ သူကောင်း ဝင်၍မတိုး။
၈၅။ မသူတော် - တရားသံပါလျှင် လူလယ်တွင် သူတကာ အပြစ်မမြင်။
၈၆။ နားထိုင်း စောင်းသမား - မိမိစောင်းသံ မကြားသော်လည်း တီးခ ရသည်။
၈၇။ မသူတော် ဓမ္မကထိက - မိမိတရားသံ မကြားသော်လည်း ဟောခ ရသည်။
၈၈။ တရားဟောတတ်လျက် မကျင့်တတ်လျှင် မျောက် အုန်းသီးရသည်နှင့် တူ၏။
၈၉။ မင်းစည်းစိမ်ကို မင်းသား-စိတ်ကူးသည်။ ဒွန်းစဏ္ဍား သတိပင်မရ။
၉ဝ။ ရဟန္တာအဖြစ်ကို သူတော်ကောင်း စိတ်ကူးသည်။ မသူတော် - သတိပင်မရ။
၉၁။ ကုသိုလ်ရှိ၍ ဆင်ဖြူတော်ရသူ - ဉာဏ်မရှိလျှင် မစီးရရုံ။
၉၂။ ကုသိုလ်ရှိ၍ လာဘ်ပေါသူ - ဉာဏ်မရှိလျှင် ပြိတ္တာ ဖြစ်၏။
၉၃။ ဆင်ဖြူတော် - နန်းတော်ရွှေအိမ်၌ နေသော်လည်း တော၌သာ ပျော်သည်။
၉၄။ ကိုယ်ရှင်ကိုယ်သာ ကိုယ်ဆရာ ကိုယ်သာ ကောင်းအောင် ပြုရမည်။
၉၅။ ကြာပင်အောက်ကဖား - ကြာဝတ်ဆံမစား၊ ရွှံ့စားသည်။ ပိတုန်းကား အဝေးမှ ကြာဝတ်ဆံ လာစားသည်။
၉၆။ သာသနာရိပ်တွင်းသား သာသနာ ဝတ်ဆံမစားလျှင် ပိတုံးအား ရှက်သင့်သည်။
၉၇။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမချင်း အရိပ်ဖြင့် ဧစေ၏။
၉၈။ နံ့သာတုံးသည် မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။
၉၉။ သူတော်ကောင်းသည် ညှဉ်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်၏။
၁၀၀။ တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။ သစ်ရွက်စိုကို မတတ်နိုင်။
၁၀၁။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၁၀၂။ လက်နက်ရှိလျှင် ကျားမကိုက်။ မရှိလျှင် နွားမပင် ဝှေ့သည်။ ထိုကြောင့် လက်နက် အားကိုးကြ။
၁၀၃။ တုတ်ထားကိုင်လျှင် ခွေးဟောင်သည်။ အစာကျွေးလျှင် အမြီးနှံ့သည်။ ထိုကြောင့် တုတ်ထား အားမကိုးကြနှင့်။
၁၀၄။ စိတ်ဆိုး၍ မတော်မလျော်ပြလျှင် မြင်သူအရှက်မကွဲ။
၁၀၅။ ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက် မထွက်ကောင်း၊
၁၀၆။ အကောင်းသည် အရူးနှင့်ပြိုင်၍ အဝတ် မလစ်ကောင်း၊ မျက်မမြင်နှင့်ပြိုင်၍ မကန်းကောင်း၊
၁၀၇။ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသ မဖြစ်ကောင်း။
၁၀၈။ ကျား ကြောက်၍ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။
၁၀၉။ ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှဉ်းသည်ကို အရေးမယူရ။
၁၁၀။ ရန်သူကို မီးခဲကိုင်ပစ်လျှင် မိမိလက် ရှေးဦးစွာ လောင်၏။
၁၁၁။ ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ရှေးဦးစွာ ပျက်၏။
၁၁၂။ ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏။
၁၁၃။ မာရ်နတ်ပစ်သောလက်နက်သည် သည်းခံသော ဘုရား၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်၏။
၁၁၄။ ဒါနပြုသူကိုမှီ၍ တဆင့် ဒါနပြုလျှင် ဒါနပါရမီ ပြည့်သည်။
၁၁၅။ မသူတော်ကိုမှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။
၁၁၆။ ဒါနပြုသူနှင့် ညှဉ်းဆဲသော မသူတော်ကို အတူမေတ္တာ ပို့ရမည်။
၁၁၇။ သမုဒြာရေ - မီးကြောင့် မကျွမ်း၊
မြင့်မိုရ်တောင် - လေကြောင့်မလှုပ်၊
ကျောက်ခဲ - ရေကြောင့် မကျေ၊
သူတော်ကောင်း - မသူတော်ကြောင့် မတုန်လှုပ်။
၁၁၈။ မသူတော် အမျက်ကြောင့် သူတော်ကောင်း- ဂုဏ်ပျက်မခံ။
၁၁၉။ သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလို ပြည့်သည်။
၁၂၀၊ ရန်သူ ညှဉ်းဆဲခြင်းသည် မိမိ၏ရှေးကံ - ရှေးဥစ္စာပင်တည်း။
၁၂၁။ မိမိကံကြောင့် မိမိဒုက္ခတွေ့သည် - ဘယ်သူမပြု မိမိမှု။
၁၂၂။ ညဉ့်အခါ သားကိုခွေးထင်၍ သတ်သော အဘသည် သား၏ရန်သူလော။
၁၂၃။ သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် သေသူ၏ ရန်သူလော။
၁၂၄။ စကြာမင်း ရှေးကံကြောင့် သားကြီးရတနာ အကျိုးဆောင်သည်။
၁၂၅။ ဗိမ္မိသာရမင်း ရှေးကံကြောင့် - အဇာတသတ် အဘ သတ်သည်။
၁၂၆။ ရန်သူအစစ်သိမှ ရန်ဧမည်။
၁၂၇။ ခွေးသည် ပစ်သူကိုမကိုက်၊ ခဲကိုကိုက်၍ ရန်မဧ။
၁၂၈။ ခြင်္သေ့သည် ခဲကိုမကိုက်၊ ပစ်သူကိုကိုက်၍ ရန်ဧသည်။
၁၂၉။ မိမိ၏ ရှေးကံဆိုးကိုဖယ်၍ ရန်သူစစ် တခြားမရှာနှင့်။
၁၃၀။ စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံး၏
၁၃၁။ အမျက်ထွက်လာသူကို သည်းခံလျှင် နှစ်ဦးလုံး အကျိုးရှိ၏။
၁၃၂။ အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲနိုင်၏။
၁၃၃။ မကောင်းပြောသူကို အကောင်းပြောသူ အမြဲနိုင်၏။
၁၃၄။ စေးနဲသူကို ပေးကမ်းသူ အမြဲနိုင်၏။
၁၃၅။ မုသားဆိုသူတို သစ္စာဆိုသူ အမြဲနိုင်၏။
၁၃၆။ သိကြားလက်နက်ကား မိုဃ်းကြိုး၊
ယမမင်း လက်နက်ကား မျက်စောင်း။
ဝေဿဝဏ်လက်နက်ကား အစွယ်။
မသူတော် လက်နက်ကား ဒေါသ။
သူတော်ကောင်း လက်နက်ကား ခန္တီ။
၁၃၇။ ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက် အမှီရလျှင် ဂဠုန်နှင့် တူ၏။ အန္တရာယ် မရှိ။
၁၃၈။ ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏၊ အပယ်မရောက်။
၁၃၉။ ရေရှိမှ ကြာပွားသည်။ သီလရှိမှ သမာဓိများသည်။
၁၄၀။ ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏။
၁၄၁။ ပညာရှိလျက် သီလမရှိလျှင် အသီးမရှိသော သစ်ပင် နှင့်တူ၏။
၁၄၂။ စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့် တူ၏။
၁၄၃။ တရားဟောကောင်းလျက် သီလမရှိလျှင် အနံ့မမွှေးသော ပန်းနှင့်တူ၏။
၁၄၄။ ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့် တူ၏။
၁၄၅။ ဘုန်းကြီးလျက်သီလမရှိလျှင် အနှစ်မရှိသောသစ်ပင်နှင့် တူ၏။
၁၄၆။ သီလရှိမှ ဒါနနှင့် ဘာဝနာ အကျိုးပေးသန်သည်။
၁၄၇။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။
နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၁၄၈။ အကုသိုလ်သည် သတ္တဝါကို အပယ်ဆွဲချ၏။သီလရှိသူကို မဆွဲချနိုင်။
၁၄၉။ ပင်လယ်ကူးလိုလျှင် သင်္ဘော လုံအောင်ဖါ။
သံသရာ ကူးလိုလျှင် သီလလုံအောင်ဖါ။
၁၅ဝ။ လောကီဥစ္စာ စောင့်လျှင် တသက်ချမ်းသာ၏။
၁၅၁။ သီလစောင့်လျှင် ဘဝအဆက်ဆက် ချမ်းသာ၏။
၁၅၂။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏။ ငြိမ်းလျှင် မှောင်၍ ညှော်နံ့ထွက်၏။
၁၅၃။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏။ ပျက်လျှင် မှောင်၍ ညှော်နံ့ ထွက်၏။
၁၅၄။ သူတော်ကောင်းနှင့် ပေါင်းသင်းမှ ပစ္စုပ္ပန် သံသရာ မြင့်မြတ်သည်။
၁၅၅။ စဉ့်ကျောက်သည် ရွှေနှင့်ရောချက်လျှင် ရွှေရောင်တောက်သည်။
၁၅၆။ မီးသွေးခဲမဲမဲသည် မီးကျီးခဲရဲမှုနှင့် ရောလျှင် မီးကျီးခဲ ရဲရဲဖြစ်သည်။
၁၅၇။ ဝက်သားသော်လည်း ဆီနိုင်နိုင် အချက်ခံရမှ အရသာ ရှိသည်၊ အချက် မခံရလျှင် ပုပ်၍ ယင်တရုန်းရုန်း။
၁၅၈။ ပတ္တမြား တွင်းထွက်မှန်သော်လည်း ကျောက်သွေးဆရာ အကာ ကုန်အောင် သွေးမှ အရောင်တောက်သည်။
၁၅၉။ ကျောက်ဆင်းတုသော်လည်း ကျောက်ဆစ်ဆရာ ထူနိုင် ဆစ်နိုင်မှ အနေကဇာ တင်ခံရသည်။
၁၆၀။ သဒ္ဓါ ပညာ ဗဟုသုတ ရှိသော်လည်း အဆုံးအမ နွံနာစွာ ခံရမှ အရသာ ရှိသည်။ ဂုဏ်ရောင်တောက်သည်။ မြတ်နိုးခံရသည်။
၁၆၁။ တောအုပ်၌ မိဘကင်းသော သားသ္မီး ကျားစာ ဖြစ်၏။
၁၆၂။ သာသနာ၌ ဩဝါဒဆရာ ကင်းသောရဟန်း - မာရ်နတ် အစာဖြစ်၏။
၁၆၃။ ပေါက်ဖတ်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက် ရောက်သည်။
၁၆၄။ မြေခွေးသော်လည်း ခြင်္သေ့မင်း ခစား၍ ကျားမကိုက်နိုင်။
၁၆၅။ သူကန်းသော်လည်း ခြေသံနားထောင်၍ လိုရာအရပ် ရောက်သေးသည်။
၁၆၆။ သူတော်ကောင်း ခြေမှုန့်-ကိုယ်၌ကပ်လျှင် အပယ်မကျ၊
၁၆၇။ မသူတော်၏ ဂုဏ်အလုံးစုံသည် သူတော်ကောင်း၏ ဂုဏ်တစိတ်ကိုမမှီ။
၁၆၈။ ယုတ်မာသော အလိုရှိလျှင် သူတော်ကောင်းမဟုတိ၊
သူတော်ကောင်းမဟုတ်လျှင် ပညာမရှိ၊
ပညာမရှိလျှင် ဘေးမကင်း၊ ဘေးမကင်းလျှင် မှီခိုစရာ မဟုတ်။
၁၆၉။ ပ-လွှားသူသည် ကျမ်းဂန်တတ်သော်လည်း သူတော်ကောင်းမဟုတ်။
၁၇၀။ မသူတော်သည် ဗဟုသုတများသော်လည်း ပညာရှိမဟုတ်။
၁၇၁။ ပညာမရှိသူသည် ဘုန်းကကြီးသော်လည်း ဘေးကင်းအောင် မတတ်နိုင်။
၁၇၂။ ဘေးကင်းအောင် မတတ်နိုင်သူကို ဘေးကင်းလိုသူ မမှီခိုအပ်။
၁၇၃။ မသူတော်အကျင့်သည် အများစိတ်ကို ပျက်စေ၏။ သူတော်ကောင်းကို မပျက်စေနိုင်။
၁၇၄။ သူတော်ကောင်း အကျင့်သည် အများစိတ်ကို နှစ်သက်စေ၏။ မသူတော်စိတ်ကို မနှစ်သက်စေနိုင်။
၁၇၅။ ဘုရားရှင်သည် မြင့်မိုရ်တောင်ကို သမုဒြာရေမှ ထုတ်နိုင်၏။ မသူတော်ကို ဒုစရိုက်မှမထုတ်နိုင်။
၁၇၆။ မြွေပွေးကို ဆေးဝါးမန္တရားဖြင့် တားနိုင်၏၊ မသူတော်ကို တားနိုင်သော ဆေးဝါး မန္တရားမရှိ။
၁၇၇။ ခြင်္သေ့သည် ကျားကိုနိုင်၏။ ကိုယ်တွင်း ခွေးလှေးသန်းကို မနိုင်၊
၁၇၈။ မသူတော်သည် သူတော်ကောင်းကိုနိုင်၏။ ကိုယ်တွင်း အကုသိုလ်ကို မနိုင်။
၁၇၉။ မသူတော်သည် သုခကြိုက်လျက် နတ်ပြည်မတက် ဒုက္ခမုန်းလျက် ငရဲဆင်း၏။
၁၈၀။ မသူတော်သည် မိမိကို မေတ္တာရှိသော သူတော်ကောင်းကို ပြစ်မှားနိုင်၏။
၁၈၁။ သူတော်ကောင်းသည် မိမိကို မေတ္တာပျက်သော မသူတော်ကို ချစ်နိုင်၏။
၁၈၂။ မသူတော်ကား လာဘ်ရဘို့ ကြံသည်။
သူတော်ကောင်းကား တရားရဘို့ ကြံသည်။
၁၈၃။ သူတော်နှင့် မသူတော်သည် ရှေးအကြောင်းကံလည်း ဝေးသည်။ ယခု အကျင့်လည်း ဝေးသည်။ နောင်လားရာ ဂတိလည်း ဝေးသည်။
၁၈၄။ မသူတော်သည် အစားကောင်းစားလျက်၊ အိပ်ရာကောင်း အိပ်လျက် တရားကောင်းမှ လွတ်သည်။
၁၈၅။ ဘောဇဉ်အရသာ လူနာ မခံစား၊ နိဗ္ဗာန်အရသာ-မသူတော် မခံစား။
၁၈၆။ ဘုရားရှင်သည် မြင့်မိုရ်တောင်ကို ဘဝါးအောက် ရောက်စေနိုင်၏။ ပူရဏကဿပကို အနားရောက်အောင် မတတ်နိုင်။
၁၈၇။ ခြင်္သေ့မင်း ဟောက်သံကြားလျှင် စားကင်းရာသို့ အများ ပြေ။ဝင်ကြ၏။ ခွေးလှေးကြမ်းပိုးကား အိပ်ရာမှမနိုး၊
၁၈၈။ ဘုရားရှင် တရားသံကြားလျှင် နိဗ္ဗာန်သို့ အများ ပြေးဝင်ကြ၏။ မသူတော်ကား အိပ်ရာမှမနိုး။
၁၈၉။ ကျင်ကြီးသည် နွေးသည်ဖြစ်စေ— ဧသည်ဖြစ်စေ၊ အဆင်းလှသည်ဖြစ်စေ၊ မလှသည် ဖြစ်စေ၊ ရွံဘွယ်သာတည်း။
၁၉၀။ မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ၊ မထွက်သည် ဖြစ်စေ၊ စကား လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၁၉၁။ မီးခဲသည် ပူသောအခါ လက်လောင်၏၊ ဧသောအခါ လက်မဲ၏။
၁၉၂၊ မသူတော်သည် ဒေါသအခါ ကြောက်စရာ၊ လောဘအခါ ရွံစရာ ဖြစ်၏၊
၁၉၃။ ရှင်မောဂ္ဂလာန်သည် မြေကို အထက်အောက် လှန်နိုင်၏။ မသူတော်အကြံကို မလှန်နိုင်။
၁၉၄။ ခွေးရူးကိုက်လျှင် ထိုသူရူး၏။ ထိုသူကိုက်လျှင် နောက်လူရူး၏ ၊
၁၉၅။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏။
၁၉၆။ မသူတော်သည် လူကောင်း အဆက်ဆက်ကို ယုတ်မာစေ၏။
၁၉၇။ ကောင်းကင်ကို ဈာန်တန်ခိုးဖြင့် နိုင်၏။
သမုဒြာကို လှေသင်္ဘောဖြင့် နိုင်၏။
အမိုက်မှောင်ကို ဆီမီးရောင်ဖြင့် နိုင်၏။
မသူတော်ကို အဘယ်ဖြင့် နိုင်မည်နည်း။
၁၉၈။ ငရဲကြီးရှစ်ထပ်ကို ကမ္ဘာဖျက်မီး ကျွမ်းစေ၏။
မြေကြီး အထုကို ကမ္ဘာဖျက်ရေ ကျေစေ၏။
မြင့်မိုရ်တောင်ကို ကမ္ဘာဖျက်လေ လွင့်စေ၏။
မသူတော်ကိုဘယ်သူဘယ်သို့ ဖြစ်စေနိုင်သနည်း။
၁၉၉။ မသူတော်ဟူသမျှသည် သံသရာ၌ မိဘဆွေမျိုး တော်စပ်ဘူးပြီ။
၂၀၀။ မသူတော်ကို အမှီပြုလျှင် မသူတော်သာ ဖြစ်သည်။ ကျား၏ သား-သမင် မဖြစ်။
၂၀၁။ ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင် မပြတ်။
၂၀၂။ သူတော်ကောင်းသည် အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
၂ဝ၃။ အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း။
၂၀၄။ ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည်၍ ရွံဘွယ်တည်း။
၂၀၅။ စာတတ်လျက် မိမိကိုယ် မဆုံးမလျှင် ထိုစာ-ငရဲရိက္ခာတည်း။
၂၀၆။ လာဘ်ပေါလျက် သီတင်းသုံးဘော် မချီးမြှောက်လျှင် ထိုလာဘ် - ပြိတ္တာရိက္ခာ တည်း။
၂၀၇။ စစ်သူရဲသည် မင်းရိက္ခာစား၍ မင်းရန်သူကို နှိမ်သည်။ မိမိကိုယ်တွင်းရန် ကိုကား မနှိမ်နိုင်။
၂၀၈။ ရဟန်းသည် ဘုရားရိက္ခာစား၍ ကိုယ်တွင်းရန်ကို နှိမ်သည်။
၂၀၉။ လင်းတသည် ကောင်းကင်ပျံလျက် ခွေးကောင်ပုပ် မက်၍ မြေ၌ ကျော့ကွင်း မိသည်။
၂၁၀။ ငါးသည် ရေနက်ရာနေလျက် တီမက်၍ ရေတိမ်၌ ငါးမျှားချိတ်မိသည်။
၂၁၁။ ရဟန်းသည် သာသနာ၌နေလျက် လောကအာမိသ မက်၍ မာရ်နတ် လက်တွင်း၌ ညွှတ်ကွင်းမိသည်။
၂၁၂။ သရက်ပင်ငယ် အသီးကြွယ်လျှင် ကိုင်းပဲ့တတ်သည်။ ကြိုးဆွဲ၊ ခွထောက် ပြုရသည်။
၂၁၃။ ရဟန်းငယ်ငယ် ဂုဏ်ထူးကြွယ်လျှင် ကိုင်းပဲ့တတ်သည်။ သီလကြိုးဆွဲ၊ သမာဓိ ခွထောက် - ပြုရသည်။
၂၁၄။ အမြဲမရှိသော ဤကိုယ်ဖြင့် မြဲသောနိဗ္ဗာန်ကိုမလဲနိုင်ပြီလော။

ဤသို့နည်းထုံး၊ တသက်လုံး၊ လက်သုံးပြုနိုင်စေ။

….

ရွှေကျင်ဆရာတော်ဘုရားကြီး၏ ပဋ္ဌမ ဩဝါဒကထာ

၁။ သုံးပါးရတနာ၊ စောမြတ်စွာ၊ သုံးခါဦးနှိမ်-ဘေးရန်ရှဲ။
၂။ ဩဝါဒကထာ၊ မိုဃ်းကြီးရွာ၊ နောင်လာသူတို့ ရေချမ်းပွဲ။
၃။ သူ့ထက်ငါသာ ချိုးသုံးပါ၊ သံသာ ပစ္စုပ် ဘေးရန် ရှဲလိမ့်သောဝ်။
၄။ (၁) မာလာနွယ်ရုံ၊ အိမ်ကိုခြုံး လေဟုန်တိုက်၍ - ဘုန်းဘုန်းလဲ။
၅။ ပစ္စည်းပစ္စယံ၊ ဘုန်းတောက်ပြန်၊ လောဒေါရန်ကြောင့် ကိုယ်ကျိုးနဲ။
၆။ (၂) ခြပုန်းပိုးရွ၊ တောင်ပို့ထ၊ ပလူဖြစ်က- သေလွယ်သည်။
၇။ သော့သွမ်းတတ်လှ၊ လူဗာလ၊ ရာထူးရက-ကျေလွယ်သည်။
၈။ (၃) ပြာပုံခဲကျ၊ ဖြစ်တုံက၊ ထောင်းထောင်းထ၍ ဖျက်ဖျက်ကြဲ။
၉။ ပေါ့လွန်းတတ်လှ၊ လူဗာသ၊ လာဘ်ကြီးရက- သွက်သွက်လဲ။
၁၀။ (၄) နတ်ရူးဘုံပြ၊ ဖြစ်တုံက၊ ကုစားမရ၊ ကိုယ်ကျိုးနဲ။
၁၁။ ကြော့ကြမ်းတတ်လှ၊ လူဗာလ၊ မင်းမြှောက်ချီချ ပျက်စီးမြဲ။
၁၂။ (၅) ဘုံဖျားစွင့်စွင့်၊ ဍရင်မြင့်၊ လေဟုန်လွှင့်၍တိုက်ချမြဲ။
၁၃။ ဟော့ရမ်းတတ်လှ၊ လူဗာလ၊ စည်းစိမ်ကြီးက ပါယ်ငရဲ။
၁၄။ (၆) နံနက်မှန်ကင်း၊ ညချမ်းထင်း၊ ကျွန်းသား စိတ်နေ မမြင့်သာ။
၁၅။ မင်းမြှောက်စားလင့်၊ ရာထူးမြင့်၊ ကြော့ကြော့ ကြော့ကြော့ မဝင့်ရာ။
၁၆။ (၇) ရှေ့နားဍောင်းရောင်၊ ပါးကိုပြောင်၊ ပါးရောင်မှတ်လို့ ဝင့်တတ်သည်။
၁၇။ မိဘကုံလုံ၊ သူပြည့်စုံ၊ သားတမြုံက ဖင့်တက်သည်။
၁၈။ (၈) ပုန်းရည်ချဉ်လို့ - သူချဉ်ရ၊ ကန်ဇွန်းရွက်က မယောင်နှင့်။
၁၉။ ဆရာသခင်၊ ကျေးဇူးရှင်ကြောင့်၊ အူမ-တောင့်၊ တပည့် ရှင်တို့-မထောင်နှင့်။
၂၀။ (၉) ငါးသိုင်းချိုလို့ ဟင်းရည်ချို၊ မှိုနတိုက မယောင်နှင့်။
၂၁။ ဘုရားဂုဏ်တော် - ကျေးဇူးပေါ်၊ ကိုယ့်ဂုဏ်ကျော်သည် မထောင်နှင့်။
၂၂။ (၁၀)ဆွမ်း သင်ပုတ်တွင်၊ စားပေးလျှင်၊ ဆွမ်းတော်တင်ကို-မဟောင်နှင့်။
၂၃။ ဘုရားဒါယကာ၊ လူများစွာ၊ မေတ္တာပြယ်လို့ မပြောင်နှင့်။
၂၄။ (၁၁) ဘုရားလိုဏ်ခေါင်း၊ အောင်း၍မာန်သွေး၊ ဟောင်သည့်ခွေး၊ ခေါင်းသွေးဖြဖြ ထွက်တတ်သည်။
၂၅။ သာသနာညစ်ကြေး၊ ရှန်အလှေး၊ ခင်ကြီးအရေး ပျက်တတ်သည်။
၂၆။ (၁၂) နှုတ်သီးထိုရော်၊ မလှီးသော်၊
ထိုငှက်ကြမ်းချော် - တစ်တယ်တူး၊ မခံနိုင်အောင် နားကိုစူး။
၂၇။ နှုတ်သီးတဖန်၊ လှီးတုံပြန်၊ ကြွက်ကြွက် ညံအောင် စွစ်စွယ်စူး။
၂၈။ ခေါင်းမဆုံးခင်၊ တို့မောင်ရှင်၊ သင့်လျော်ရုံမျှ-မာနမူး၊
၂၉။ ခေါင်းတုံး ပြီးနောက်၊ မာန်ပိုမောက်၊ ဆေးမလောက်အောင် တက်တက်ရူး။
၃၀။ သို့မဖြစ်အောင်၊ သတိဆောင်၊ အားလုံးခေါင်က ကျူးစေသော်ဝ်။
၃၁။ (၁၃) စာမတတ်မူ၊ အခေါက်ထူ၊ လူထဲရှင်ထဲ သုံးမကျ၊
၃၂။ စာတတ်ပြန်လျှင်၊ စိတ်ကြီးဝင်၊ လူမြင်တိုင်းက အော့ချင်ကြ။
၃၃။ သို့မဖြစ်အောင်၊သတိဆောင်၊ အမောင်-ခဲပါမှ။
၃၄။ (၁၄) တံခွန်ဖြူစပါး၊ အဆန်ရှား၊ အားလုံးထိပ်က – တစွင့်စွင့်။
၃၅။ သဒ္ဓါသီလ၊ သုတရှားပါး၊ လူငနွား၊ လူများခေါင်းက တဝင့်ဝင့်၊ လူမြင်တိုင်းက နှလုံးနင့်။
၃၆။ (၁၅)အဆန်ပြည့်စွာ၊ ပြောင်းဖူးမှာ၊ အဆစ်အောက်မှာ ပုန်း၍ဖူး။ လူမြင်တိုင်းက လာ၍ခူး။
၃၇။ မပြည့်အဆန်၊ ထိုပြောင်းနှံ၊ ပျံတော့မလို ထိပ်ကဖူး။ ဘယ်သူတယောက် မဆွတ်ခူး။
၃၈။ ယင်းသည့်ပုံကို၊ နှလုံးသို၊ မိမိဂုဏ်ကို ဝှက်လေလော။
၃၉။ (၁၆) အဆန်ပြည့်လေ၊ မှည့်လေလေ၊ ညွတ်ခွေငိုက်၍လဲ။ သလေးစပါး သူဖြစ်နဲ။
၄၀။ ထက်ရောက်လေလေ၊ ကျမ်းတတ်လေ၊ နှိမ့်ချသေခွေ - သူ့အောက်လှဲ၊ ပညာရှိတို့ ကျင့်စမြဲ။
၄၁။ ယင်းသို့ ဖြစ်အောင်၊ သတိဆောင်၊ မိမိဉာဏ်ရောင် ကဲလိမ့်သောဝ်။
၄၂။ မဆောင်သတိ၊ ဖြစ်တုံဘိ၊ မိမိဉာဏ်ရောင် နဲလိမ့်သောဝ်။
၄၃။ (၁၃) လေကာထဲတွင်၊ မီးထွန်းလျှင်၊ လေဝင်တိုက်ဖျက် သေရမြဲ။
၄၄။ မှန်အိမ်ထဲတွင်၊ တောက်ရလျှင်၊ ဘယ်လေမဝင် တရဲရဲ။
၄၅။ ယင်းသည့်ပုံထဲ၊ နှလုံးစွဲ၊ သူတော်ကောင်းနှင့် အမြဲ ပေါင်းလေလော။
၄၆။ (၁၈)ဝက်သား ကြက်သား၊ ငါးကြင်းသား၊ ရေနံများနှင့် ကြော်မည်လော။
၄၇။ သီတင်းဖြူဆွ၊ သုသီလ၊ ဒုဇ္ဇနနှင့်- တော်မည်လော။
၄၈။ (၁၉) ကျန်းဂန်တတ်သူ၊ ဖြစ်စေမူ၊ သီလမဖြူ-ကြောက်လေလော။
၄၉။ လည်ရွဲတန်ဆာ၊ ဝင်းဝင်းဝါ၊ နဂါး-ကြီးလာ မပေါက်လော။
၅၀။ (၂၀) ဓူတင်ကျင့်သူ ဖြစ်စေမူ၊ သီလဖြူမှ တင့်တယ်မည်။
၅၁။ ဘယက်တန်ဆာ၊ ဆင်စေကာ၊ ခါးဝတ်မပါ - ဘယ့်နှယ်နည်း။
၅၂။ (၂၁) သီလဖြူစွာ ဖြစ်စေကာ၊ ဓူတင်ဝေးကွာ မပွင့်လန်း။
၅၃။ အဆင်းလှစွာ နံ့မပါ၊ ပမာ−ပေါက်ပွင့်ပန်း။
၅၄။ (၂၂) သီလပညာ ရှိစေကာ၊ ခန္တီပါမှ လူခိုမည်။
၅၅။ တုပ်တတ်ခါချဉ်၊ အင်ကြင်းပင်၊ ဘယ်သူဝင်၍ ခိုသနည်း။
၅၆။ (၂၃) ကျမ်းဂန်ကိုသာ တစာစာ၊ အံရှာလေသည့်— မောင်ပဉ္စင်း။
၅၇။ စာ၏ဆိုပုံ၊ ကိုယ်ကျင့်ပုံ၊ နှစ်စုံပွဲတွင်ကျင်း။
၅၈။ (၂၄) ကျမ်းဂန်စာပေ၊ များတထွေ၊ ပို့ချနေသည့် မောင်ကျမ်းတတ်။
၅၉။ ကိုယ်မကျင့်ကြံ၊ ဖြစ်တုံ့ပြန်၊ မီးရှူးထမ်းဟန်- သူကန်းမှတ်။
၆၀။ (၂၅) နေ့ရော ညဉ့်ပါ၊ တစာစာ၊ သူများကိုသာ အတွင်ဟော။
၆၁။ ကိုယ်မကျင့်လို၊ ပဉ္စင်းပျို၊ ပုံဆိုပါလော၊ ကိုယ့်ဖြစ်ပျက်။
၆၂။ စောင်းသမားနားထိုင်း၊ ပုံနှင့်နှိုင်း၊ ရိုင်းလိုက်လေခြင်း မဆိုနှင့်။
၆၃။ (၂၆) အစာမခင်၊ ဖြစ်တုံလျှင်၊ ကောင်းကင်ဝေဟာ တဝဲဝဲ၊ ထိုငှက်လင်းတ− ဘေးကင်းမြဲ။
၆၄။ ခွေးကောင်ပုပ်တွင်၊ မက်မောလျှင်၊ မြေသို့သက်ဝင်− ကျော့ကွင်းထဲ။ ထိုငှက် လင်းတ ဘေးထိမြဲ။
၆၅။ ဤသို့ပုံကို၊ နှလုံးသို၊ ကာမဂုဏ်ကို လွတ်အောင် ဖဲ့လေလော။ သာသနာ၌ မြဲစေသောဝ်။
၆၆။ သာသနာတွင်၊ မွေ့လျော်လျှင်၊ တရားတော်ကို မင်ပါမှ။
၆၇။ တရားမမင်၊ ဖြစ်ပါလျှင်၊ ဘုရားရှင်နှင့် - ကဏ္ဍက။
၆၈။ (၂၇) တင်လဲအိုးထဲ၊ တင်လဲခဲ၊ မဲ၍တက်သည့် — ပိုးပရွက်။
၆၉။ အစားမတတ်၊ ဖြစ်တုံလတ်၊ အစာသတ်၍- သေမည်ချက်။
၇ဝ။ ယင်းသည့်ပုံသွင်၊ နှလုံးဝင်၊ မောင်ရှင်သီလ - ထက်လိမ့်သောဝ်။
၇၁။ (၂၈) ရွှေတောင်ကြီးမှာ၊ ရွှေကိုသာ၊ လူတို့ရှာယူ- ဘယ်မစဲ။
၇၂။ တောသားသမင်၊ ဖြစ်တုံလျှင်၊ မြက်ပင်ကိုသာ အတွင်ခဲ။
၇၃။ တောသမင်ထံ၊ နည်းမခံ၊ ပညာလျှံ၍-ကဲစေသောဝ်။ ပစ္စည်းသိုမှီး-နဲစေလော။
၇၄။ (၂၉) ဝေဘူသာခေါင်၊ ပတ္တမြားတောင်၊ အရောင် လျှပ်လျှပ်ကြဲ။
၇၅။ ပတ္တမြားကောက်သူ၊ ထိုသည့်လူ၊ ဘီလူးဖမ်းမူ - ရူးစမြဲ။
၇၆။ ဘီလူးဖမ်းစား၊ ရူးတုံငြား၊ ပတ္တမြားကျောက်နှင့် တက်တက်လွဲ။ မစင် ကျောက်ကိုသာ အတွင်မဲ။
၇၇။ ဘီလူးနိုင်တတ်၊ ဆရာမြတ်၊ ကြပ်ကြပ်မောင်မှီဝဲ။
၇၈။ ဘီလူးမသီ၊ အင်းဆေးနီ၊ ကိုယ်လုံးချီ၍စွဲ။
၇၉။ ယင်းသည့်ပုံထဲ၊ နှလုံးစွဲ၊ သီလလျံကဲ - ဖြစ်လိမ့်သောဝ်။
၈၀။ (၃၀) သာသနာတွင်၊ ပုန်းခိုဝင်၊ ဘုရားရှင်ကို-နောက်ဖယ်ထား။
၈၁။ အတွင်းတော်မှာ၊ ပြင်ကမြဲ၊ ပန်းဘဲမင်းကြီး-လူအလား။
၈၂။ ယင်းသို့ပြုလျှင်၊ တို့မောင်ရှင်၊ ယမမင်းထံ-ဝင်ပေလော။
၈၃။ (၃၁) ဘုရားသခင်၊ ဆရာရှင်နှင့်၊ မိခင်ထံပါး၊ ရောက်တုံငြား၊ ကြောက်လန့် တကြား - တုပ်ကော်ရော်။
၈၄။ မီးနှင့်မသွေ၊ မြွေနှင့်မခြား၊ လွန်ခန့်ငြား၊ မပြတ်သတိထားလေလော။
၈၅။ (၃၂) ဆရာကောင်းထံ၊ နည်းမခံ၊ ဂုဏ်မာန်တတင်းတင်း။
၈၆။ နည်းယူတဖန်၊ ခံတုံပြန်၊ အတန်ငယ်မျှ- နည်းရလျှင်။
၈၇။ ဒေဝဒတ်သွင်၊ ဆရာရှင်၊ ဘက်ပြိုင်အင်တု - လွတ်အောင် ကွင်း။
၈၈။ ဝိဒေဟသခင်၊ တိုင်းကြီးရှင်၊ ပုတ်သင်ပြိုင်တု - ပြောင်တင်းတင်း။
၈၉။ မိဘသခင်၊ ဆရာရှင်၊ ဂုဏ်ပြိုင်ချင်၍ - တအင်းအင်း။
၉၀။ ယင်းသို့ပြုမှား၊ လူငနွား၊ အားလုံးဝိုင်း၍- နင်းလိမ့်သောဝ်။
၉၁။ (၃၃) ဆရာထိုထို၊ ဆည်းကပ်လို၊ ထိုထိုဆရာတတ်ကို - သိရမည်။
၉၂။ ကမ်းတဘက်ကို၊ ကူးမြောက်လို၊ ဆိပ်ကောင်းရာကို- သိသောနည်း။
၉၃။ (၃၄) ပညာလည်းချွန်၊ သီလဝန်၊ ဆရာမှန်ကို-ကပ်ရမည်။
၉၄။ သားရဲမိကျောင်း၊ မကိန်းအောင်းရာ၊ ဆိပ်ကောင်းမှာ၊ ဆင်းသက်ရာသောနည်း။
၉၅။ (၃၅) ဘုန်းကံကြီးသူ၊ ဖြစ်စေမူ၊ သီလဖြူမှ - ကပ်လေလော။
၉၆။ ဥစ္စာရှိသူ၊ ဖြစ်စေမူ၊ ရူးသည့်သူနှင့် - ပေါင်းမည်လော။
၉၇။ (၃၆) ဆရာကောင်းတွင်၊ ဆည်းကပ်လျှင်၊ ဆရာချစ်ခင် ရှိစေသောဝ်။
၉၈။ ချစ်ခင်စေလို၊ ဆရာကို၊ ထိုထို ဝတ်နှင့် - ဖြားယောင်းလော။
၉၉။ ဆရာ့စကား၊ မိုဃ်းကြိုးသွား၊ မဝံ့မစား-ကြောက်လေလော။
၁၀၀။ ခွန်းတုံ့မပြန်၊ မလှန်ဆန်၊ တသန်ထည်းသာ-လိုက်လေလော။
၁၀၁။ ဆရာလိုရာ၊သူ့ထက်ငါ၊ ညီညာဖြဖြ–ပြုကြလော။
၁၀၂။ အရေးကြီးလျှင်၊ ရှေ့ကတင်၊ ဆရာအရှင် - ခဲလေလော။
၁၀၃။ ဘေးရန်ရောက်ခါ၊ မရှောင်သာ၊ ဆရာတွက်တာ - ရဲစေလော။
၁၀၄။ နာဖျားမကျန်း၊ ကိုယ်ချိနွမ်း၊ ခြေစမ်း လက်စမ်း-မြဲစေသောဝ်။
၁၀၅။ ဆရာပြစ်တင်၊ ပြုပြန်လျှင်၊ မျက်နှာ ရွှင်လန်း- သဲစေသောဝ်၊
၁၁၆။ နောက်ကိုတဖန်၊ ပြစ်ဘင်ရန်၊ မရှိအောင်-ကြံလေလော။
၁၀၇။ ကြိမ်လုံးတပြာ၊ မရွယ်လာခင်၊ ပြေးစိုင်းနှင်၊ သိန္ဓောမြင်းသွင် - ကျင့်လေလော။
၁၀၈။ နှင်ထုတ်တဖန်၊ ဖြစ်တုံပြန်၊ ကျိုးကျိုးနွံနွံ တောင်းပန်လော။
၁၀၉။ သဲညှင်း တဖန်၊ မခံပြန်၊ တန်တန် ဒဏ်ထမ်း - တောင်းပန်လော။
၁၁၀။ တောင်းပန်မရ၊ မရှိရမြဲ၊ ကြိတ်အံခဲ၊ အနဲနဲသာ - တောင်းပန်လော။
၁၁၁။ ယင်းသို့ပြုတတ်၊ တပည့်မြတ်၊ ကြပ်ကြပ်ဆရာ - ခင်လိမ့်သောဝ်။
၁၁၂။ ဆရာကခင်၊ ကိုယ်ကမင်၊ နေ၍ပျော်ရွှင် - ရှိလိမ့်သောဝ်။
၁၁၃။ ပျော်ရွှင်နေရ၊ ရှိတုံမှ၊ ဓမ္မလှလှ - ကျင့်နိုင်သောဝ်။
၁၁၄။ ဓမ္မလှလှ၊ ကျင့်နိုင်မှ၊ နိဗ္ဗူပါရ - ရောက်နိုင်သောဝ်။
၁၁၅။ နိဗ္ဗူပါရ၊ ရောက်တုံမှ၊ သဗ္ဗဘယ - ကင်းငြိမ်းသောဝ်၊
၁၁၆။ ဩဝါဒကထာ၊ မိုဃ်းကြီးရွာ၊ ဤခါ မိုဃ်းရေ - သိမ်းလတ်ပြီ။
၁၁၇။ သောတုဇန၊ မျိုးသိဿာ၊ ငါးဖြာပီတိ - ဟိန်းလတ်ပြီ။
၁၁၈။ သာဓုကာရံ၊ ကောင်းချီးညံ၊ ဘဝဂ်ဘုံယံ - ဟိန်းလတ်ပြီ။

၁၂၅ဝ-ပြည့်နှစ်။
ပြာသိုလပြည့်ကျော်-၁၀-ရက်။

…..

ဒုတိယဩဝါဒကထာ

၁။ (၁) သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ဝိဟိံ သတိ၊ အတ္တနော သုခ မေသာနော၊ ပစ္စသော နလ ဘတေ သုခံ။ .... မိန့်တော်သံ၊ နိယံ နှလုံးထား။
၂။ ကိုယ့်အသက်ကို၊ ရှည်စေလို၊ သူ့အသက်ကို - လွန်သနား။
၃။ ဘဝထိုထို၊ ချမ်းသာလို၊ မိမိတုတ်ကို - ချ၍ထား။
၄။ (၂) ဒါနံ ဒါတဗ္ဗံ၊ ဒါနံ ဟိ ဘောဂသမ္ပဒါ။... မိန့်တော်လာ၊ အမောင်နားမှာစွဲ။
၅။ ဘဝထိုထို၊ မောင်ရွှဲလို၊ အမောင့်ဥစ္စာ - ကြဲလေလော။
၆။ (၃) အန္န မေဝါဘိနန္ဒန္တိ၊ ဗဟူဒေဝါ မနုဿကာ။ အထကောနာမ သော ယက္ခော၊ ယော အန္နံ နာဘိ နန္ဒတိ။...ကျမ်းလာဘိ၊ အမောင်သိသည် မဟုတ်လော။
၇။ ထမင်းမမင်၊ နတ်အသွင်၊ အမောင် ဖြစ်ချင်လှသလော။
၈။ ထမင်းမမုန်း၊ အများထုံး၊ အမောင်သုံးမည် မဟုတ်လော။
၉။ ထမင်းစားလို၊ မောင်လူပျို၊ အမောင့်သဒ္ဓါကို ဖြူစေလော။
၁၀။ (၄) သီလံရက္ခိတဗ္ဗံ၊ သီလံ သဂ္ဂါရောဟန သောပါနံ။ ...မိန့်တော်သံ၊ တညံညံနှင့် မကြားလော။
၁၁။ နတ်ပြည်ခြောက်ရွာ၊ ထိုဘုံမှာ၊ ချမ်းသာလှသည်-မသိလော။
၁၂။ ပါယ်ဝလေးဖြာ၊ ယမရွာ၊ သာယာလှသည်- ထင်သလော။
၁၃။ လေးရွာမလို၊ ခြောက်ရွာလို၊ စောင်းတန်းတိုလို့- တော်မည်လော။
၁၄။ (၅) ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ၊ မာပစ္ဆာဝိပ္ပဋိ သာရိနော အဟုဝတ္ထ။ ... တဖွဖွ၊ အမောင့် နားက- မကြားလား။
၁၅။ နေ့မီး ညမီး၊ ထိန်ထိန်ညီး၊ မီးပုံကြီးလှချည်တကား။
၁၆။ ငရဲမီးကို၊ ငြိမ်းစေလို၊ အမောင့်မီးကို ငြိမ်း၍ထား။
၁၇။ (၆) အဟံ နာဂေါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ။ အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလောဟိ ဗဟုဇ္ဇနော။ ... မိန့်ဟောထွေလာ၊ ဒေသနာ၊ နည်းယူစရာ – မကောင်းလော။
၁၈။ ကောသမ္ဘီခေါ် ပြည်တော်နေသား၊ လူအများ၊ ဘုရားကိုပင် - ဆဲသကား။
၁၉။ ဘုရားသော်မှ၊ ဆဲခံရ၊ ဒုဇ္ဇနမှ-လွတ်အောင်ရှား။
၂၀။ ဒုဇ္ဇနအကြား၊ နေရငြား၊ မိမိတုတ်ကိုချ၍ထား။
၂၁။ တုတ်တများများ၊ ခွေးပုံကြား၊ သွား၍ တော်မည်လား။
၂၂။ (၇) အကောဓေန ဇိနေ ကောဓံ၊ .... မိန့်တော်သံ၊ ကြွက်ကြွက်ညံ့အောင်-မကြားလား။
၂၃။ သဲညှင်းမခံ၊ သူ့ကိုလှန်၊ အာဏာတော်ကို မဆန်လော။
၂၄။ အာဏာတော်ကို၊ မောင်ဆန်လို၊ အဘယ်မောင့်ရန် - ပြုလိမ့်နည်း။
၂၅။ (ဂ) အသာဓု သာဓုနာ ဇိနေ၊- မိန့်ခွန်းတွေ၊ အမောင် မကြား-လေသလော။
၂၆။ သူ-စလောင်းဖဲ့၊ ငါ-အင်ဖဲ့၊ ရွဲ့ချင်းရွဲ့လို့ - တော်မည်လော။
၂၇။ (၉) ဇိနေ ကဒရိယံ ဒါနေန။ ...မိန့်တော်ကျ၊ ထိပ်ထက်သံမှို-မရှုလော။
၂၈။ သူ့ဟာလိုချင်၊ ကိုယ်ကပင်၊ ရှေးဦးတင်၍- ပေးလေလော။
၂၉။ (၁၀) သစ္စေနာ လိက ဝါဒိနံ၊ ... ရန်အောင်ရန်၊ မိန့်တော်ပြန်လာ - မကြားလော။
၃၀။ လိမ်လည်ကောက်ကျစ်၊ အမူညစ်သူ၊ ထိုသည့်လူ၊ သစ္စာမူ၍ အောင်လေလော။
၃၁။ (၁၁) အညာ ဟိ လာဘူပနိသာ၊ အညာနိဗ္ဗာန ဂါမိနီ။ ဧဝ မေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။ သက္ကာရံ နာဘိနန္ဒေယျ၊ ဝိဝေက မနုဗြူဟယေ။ ... မိန့်ခွန်းတွေ၊ မောင့်အနေနှင့် ဘယ့်နှယ်နည်း။
၃၂။ နိဗ္ဗာန်ရကြောင်း၊ လာဘ်ရကြောင်း၊ နှစ်ကြောင်းဘယ်တွင် လိုက်မည်နည်း။
၃၃။ လာဘ်လမ်းကိုကြိုက်၊ အမောင်လိုက်၊ နိဗ္ဗာန်တိုက်၍- မွဲလိမ့်မည်။
၃၄။ မစင်တွင်းနှိုက် ဘဝဆိုက် ပတ္တမြားတိုက်နှင့် လွဲသည့်နည်း။
၃၅။ ယင်းသည့်ပုံကို၊ နှလုံးသို၊ သက္ကာရကို - လွတ်အောင်ဖဲလေလော။
၃၆။ (၁၂) တကွမ်းစားတန်၊ သံဃာ့ဆန်၊ သံဃာမပန် - သုံးမိ ဦးပဉ္စင်း။
၃၇။ ပရံမရဏာ၊ မြွေပြိတ္တာ နောက်တဆက်မှာ ဝီစိဆင်း။
၃၈။ ယင်းသည့်ခြင်းရာ မောင်ထောက်စာ သံဃာ့ဥစ္စာ- လွတ်အောင်ကွင်းလေလော။
၃၉။ (၁၃)စေတီပြင်မှု၊ အဝတ်စ၊ လေဟုန်မြှင့်ချ လယ်ခင်းထဲ။
၄၀။ လယ်ရှင်ယောက်ျား ကောက်ဝတ်များ သေသည့်ခြားမဲ့ သူ့ဖြစ်နဲ။
၄၁။ ဝင်းဝင်းပြောင်ပြောင် မီးကြီးလောင် အခေါင်ထိပ်ကိုစွဲ။
၄၂။ ဤသည့်ခြင်းရာ ထောက်စာနာ၊ စေတီဥစ္စာ လွတ်အောင်လေရှဲလော။
၄၃။ (၁၄) မယားဝနိုး သားဝနိုး၊ ဖွဲကိုထိုး၍ စပါးရောင်း။
၄၄။ ယင်းသို့ပြုငြား ငမိုက်သား၊ နောက်ဘဝလား သူ့အကြောင်း။
၄၅။ ဖွဲမီးပုံကြီး၊ ထိန်ငြီးလောင်ရာ၊ မီးကိုသာ ဘာသာယူ၍ ကိုယ်ကိုလောင်း။
၄၆။ ယင်းသည့်တရား နာဝယ်ကြား၊ ကုန်သည်လူများ ကြောက်စကောင်း။
၄၇။ (၁၅) ကုဋေလေးဆယ် ဥစ္စာကြွယ်၊ မိုက်ခေါင်တယ်သည့် သူဋ္ဌေးသား။
၄၈။ လေးယောက်လုံးပင် ရူးစိတ်ဝင်၊ သူ့မယားတွင် ကာလလျား။
၄၉။ လောဟကုမ္ဘီ ကြေးအိုးနီ၌ ဘေးကြီးဆိုက်၊ မိုက်ပြစ် မဟုတ်လား။
၅၀။ ယင်းသည့်တရား နှလုံးထား၊ ပရဒါရ - ရှားလေလော။
၅၁။ (၁၆) ကဏ္ဏမုဏ္ဍ ရေအိုင်စတွင်၊ ဆင်လောက်ကြီးမား၊ ခွေးကြီးစား၊ မုသားကျိန်မိ ယင်းအပြစ်။
၅၂။ ဝေမာနိက ပြိတ္တာမ ကျမ်းဝယ်ညွှန်ပြ သူ့သနစ်။
၅၃။ ဤသည့်ဝတ္ထု နှလုံးပြု၊ မုသားမဖြစ် ရှောင်လေလော။
၅၄။ (၁၇) ရဟန်းသိက္ခာ၊ ကျင့်ဘူးရှာ၊ များရှာသေအရက်။
၅၅။ ရေကြည်တပေါက် မသောက်လေရ၊ ကာလကိဉ္စိက ပြိတ္တာ၊ သူ့ခြင်းရာ၊ မှတ်ပါ နောင်တသက်။
၅၆။ ယင်းသည့်တံရား နှလုံးထား၊ သူရာငါးပါး ရှောင်လေလော။
၅၇။ (၁၈) တောင်ကစကား မြောက်စကား၊ ပြောကြား ဂု ံးတိုက် ထိုသူညစ်။
၅၈။ သေသောအခါ ငရဲရွာ၊ နောက်တဆက်မှာ ပြိတ္တာဖြစ်။
၅၉။ သူစိလောမ အမည်ရ ကျမ်းဝယ်ဖော်ပြ သူ့သနစ်။
၆ဝ။ ယင်းသည့်ပုံထဲ နှလုံးစွဲ၊ ပိံသုလွတ်အောင် ဖဲလေလော။
၆၁။ (၁၉) လင်ကို ကျိန်တွယ် အသွယ်သွယ် မဖွယ်ကြမ်းတန်း ဣတ္ထီမိုက်။
၆၂။ ပရံမရဏာ၊ ရောက်သောခါ၊ ပြိတ္တာဘုံမှာ-ဘေးကြီးဆိုက်။
၆၃။ ကိုယ်ကျိန်သမျှ၊ ကိုယ်ခံရ၊ ဋ္ဌကထာကျမ်းမှ - လာတိုက်ရိုက်။
၆၄။ ယင်းသည့်ပုံ၌၊ ဘဝင်ချိုက်၊ ဖရုဿနှင့်- မတိုက်မိစေသောဝ်။
၆၅။ (၂ဝ)မနုဿတ္တ၊ ဒုလ္လဘ၊ ရလွယ်လှသည်-ထင်သလော။
၆၆။ ဗုဒ္ဓုပ္ပါဒ၊ နဝမ မခဲယဉ်းလှ၊ ထင်မည်လော။
၆၇။ သဒ္ဓမ္မသဝန၊ ဒုလ္လဘ၊ ယခုလက်ငင်း - ရဆဲမဟုတ်လော။
၆၈။ ဤမျှလောက်စင်၊ အခြေမြင်၊ ဒု ကြဉ်ရုံမျှ-ခဲမည်လော။
၆၉။ ဒု-ဆယ်ကြဉ်ဖဲ၊ သု-ဆယ်မြဲ၊ သူ-နှစ်ခု၌ စွဲလိမ့်သောဝ်။
၇၀။ ဩဝါဒကထာ၊ ဒုတီယာ၊ ဤခါအောင်စည်-စဲလတ်ပြီ။
၇၁။ သောတုနောင်လာ၊ မျိုးသိဿာ၊ နိဗ္ဗူပါရ-မြဲလောက်ပြီ။

၁၂၅၀-ပြည့်နှစ်။
ပြာသိုလပြည့်ကျော် ၁၄-ရက်။

အဝတ်ဆင်ခြင်ရန်

၁။ ရတနာသုံးအင်၊ ဂမုန်းပင်၊ ဦးတင် ယှက်ပါသား။
၂။ ဥပဒ္ဒဝေ၊ ဘေးညစ်တေ၊ ရှောင်လေ ဝေးဝေးရှား
၃။ ပစ္စဝေက္ခဏံ၊ သောအဟံ၊ လိက္ခံ ရေးပိမ့် - အောင်စေသောဝ်။
၄။ လူရော ရှင်ပါ၊ ဤသည့်စာ၊ ဘယ်ညာ ချန်မထား။
၅။ အဝတ် ဝတ်ခါ၊ ဆင်ခြင်ရာ၊ များစွာ ကျယ်မပွါး၊
၆။ ချမ်းပူခြင်မှက်၊ နှိပ်စက်ကင်းအောင်၊ ငါသုံးဆောင်၊ လှအောင်မို့လို့လား။
၇။ လှအောင်ပါတဲ၊ ဆင်ကတဲ၊ လှဘဲအမြင်သား။
၈။ မလှမှန်းကို၊ မင်းသိလို၊ ကိုယ်မှာ ခွါတော့လား။
၉။ လူရောရှင်ပါ၊ မြင်မသာ၊ မျက်နှာလွှဲလိမ့် - ရှောင်မမှား
၁၀။ လက်ခုတ် တီးကာ၊ ရယ်စရာ၊ ဘယ်မှာ လှလိမ့် - သတိထား
၁၁။ အဝတ် မဆင်၊ ခွေးအိုပင်၊ လူမြင် ကောင်းသေးပါတကား။
၁၂။ မောင်မင်းကိုယ်တွင်၊ မဝတ်လျှင်၊ လူမြင်မကောင်းပါတကား။
၁၃။ ခွေးအိုလောက်မှ၊ ဟန်မရ၊ မုချ အမြင်သား။
၁၄။ ထမင်းစားရာ၊ ခွေးအိုလာ၊ သူငါ ရွံသလား။
၁၅။ အဝတ်ဗလာ၊ မောင်မင်းလာ၊ လျင်စွာထ၍-သွားဘူးလား။
၁၆။ အော့နှလုံးနာ၊ ထူဘွယ်သာ၊ ရွံရှာကင်းလိမ့် ထင်သလား။
၁၇။ ဆက်တိုင်းကမ္ဘာ၊ ဖြစ်လေရာ၊ ရံခါ ပျောက်ဘူးလေသလား။
၁၈။ ပြည်တစိုစို၊ ထွက်စီးယို၊ အိုင်းအမာလို- ပုံမခြား။
၁၉။ ယင်းသို့ သွယ်သွယ်၊ ရှက်ရွံဘွယ်၊ ခုဝယ် ဖုံးရ-ပါတကား။
၂၀။ ရှက်ရွံကင်းရုံ၊ ဖုံးပါတုံ၊ မောင့်ပုံတိုး၍-လှသလား။
၂၁။ ရှက်ရွံမျှသာ၊ ကင်းလွတ်ပါ၊ မောင့်မှာ နဂိုရ်-အတိုင်းသား။
၂၂။ နဂိုရ်တိုင်းကိုပင်၊ လှသည်ထင်၊ ကိုယ်ပင် မမှားလေဘူးလား။
၂၃။ အမှားကိုယ်ပင်၊ အမှန်ထင်၊ လူရှင် အရူး-မဆိုလား။
၂၄။ အရူးဟူက၊ ဤလောက၊ ယုတ်စွ ဝဋ်တရား
၂၅။ အပါယ်ကိုသာ၊ သူလမ်းရှာ၊ လဲဝါ−ပုံမမှား။
၂၆။ လေအောက်သို့သာ၊ လွင့်လေရှာ၊ လဲဝါ-သူဖြစ်လား။
၂၇။ လောဘကပ်ပူး၊ ထိုသူရူး၊ စူးစူး အပါယ်သွား
၂၈။ ဓာတုသညာ၊ ဆင်ခြင်ရာ၊ မှတ်ပါနည်းတပါး။
၂၉။ ပထဝီ အာပေါ၊ ဝါယော တေဇ၊ ဤကာယ၊ ဓာတ်မျှ အမှန်စွဲ။
၃၀။ အဝတ်မှာလည်း၊ ဓာတ်မျှချည်း၊ ဤနည်းမှန်မလွဲ။
၃၁။ မဟာဘုတ်ချင်း၊ ဓာတ်ရုပ်ချင်းပင်၊ ဖြစ်လျက်လျှင်၊ လှချင်ဘယ်သူ ပြုမည်လဲ။
၃၂။ သူလဲမသိ၊ ငါလဲမသိ၊ ဆိုဘိပုံမလွဲ။
၃၃။ သူခသ ကောင်မှာ၊ ဝတ်သောခါ၊ ဘဇာ သူက သိမည်လဲ။
၃၄။ သူသေကောင်ကို၊ ပူးဝင်ခို၊ ဖုတ်အိုပုံစံဘဲ။
၃၅။ သူတို့ချင်းလဲ၊ မသိဘဲ၊ စပ်ကြားဖုတ်အို၊ အထင်လွဲ။
၃၆။ သူသေပမာ၊ ဤကိုယ်မှာ၊ တဏှာဖုတ်အိုစွဲ
၃၇။ ကိုယ်နှင့်အဝတ်၊ အဝတ်နှင့်ကိုယ်၊ မသိလိုဘဲ၊ စပ်ကြား တဏှာ အထင်လွဲ။
၃၈။ လှသည့်အနေ၊ ဖွတ်အိုမွှေ၊ ထင်လေသူမှာ−အကျိုးနဲ။
၃၉။ ယင်းတစ္ဆေယုတ်၊ တဏှာဖုတ်၊ မန်းမှုတ်ထုတ်မှ-ဖဲ။
၄၀။ မန်းမှုတ်ထုတ်ကာ၊ ရွတ်စရာ၊ ဂါထာ-ဤတနဲ။
၄၁။ တန်-တစ္ဆေယုတ်၊ တဏှာဖုတ်၊ သုတ်သုတ်ခွာလေလွှဲ
၄၂။ နင်လှည့်စားရာ၊ နင့်တွက်တာ၊ ငါ့မှာသံသာထဲ။
၄၃။ ယခုတိုင်ကြာ၊ မလွတ်သာ၊ လည်ချာတသဲသဲ။
၄၄။ မြင်းပြေးလေလေ၊ ငါမောလေ၊ ဆိုထွေပုံမလွဲ။
၄၅။ နင်လှလေလေ၊ ငါပန်းလေ၊ သံသာရှေ၍- ဘယ်မစဲ။
၄၆။ နင်၏ခြင်းရာ၊ ခုဤခါ၊ သေချာသိပြီဘဲ။
၄၇။ ပြေးလေထွက်လေ၊ သက်ပါလေ၊ တစ္ဆေမောင်ဖုတ်မွဲ
၄၈။ ဤသည့်ဂါထာ၊ ရွတ်၍သာ၊ သေချာသတိစွဲ။
၄၉။ ဖုတ်အိုတဏှာ၊ တောပြိတ္တာ၊ ထွက်ကာ ပြေးလိမ့် မနေဘဲ။
၅၀။ မကျဉ်းမကျယ်၊ ဆင်ခြင်ဘွယ်၊ ဆောင်လွယ်လူခပဲ။
၅၁။ သင်္ဘောပမာ၊ ဤသည့်စာ၊ အောင်ချာနိဗ္ဗူ-ချဉ်းသောဝ်
၅၂။ ပစ္စဝက္ခဏာ၊ ပထမာ၊ ဤခါ အောင်မြေနင်းလိမ့်သောဝ်။
၅၃။ မမပုညံ၊ ကုသလံ၊ နိဗ္ဗာန်ရွှေမြို့- လင်းလိမ့်သောဝ်

အစားဆင်ခြင်ရန်

၁။ နေဝ-ဒဝါ၊ န-မဒါနှင့် စသည် ရှစ်ဖြာ၊ စုံလင်စွာ စားကာနှလုံးသွင်း။
၂။ ဓာတုသညာ၊ ဝ-ဝတ္ထာ၊ ရံခါမမေ့လျှင်း။
၃။ ပဋိကူလ၊ ဆင်ခြင်က၊ သို့မှ တပ်ခြင်းကင်း။
၄။ ပဋိကူလာ၊ ထင်အောင်သာ၊ ကောင်းစွာနှလုံးသွင်း
၅။ ဤသည့်စားဘွယ်၊ ဤခဲဘွယ်၊ တင့်တယ်သူဖြစ်ခြင်း။
၆။ ပရိသတ်လယ်၊ တင်စမ္ပာယ်၊ မယ်မယ်တည်ပါခြင်း။
၇။ စားမည်ပြင်ဆင်၊ နယ်ပြီးလျှင်၊ လက်တင်ခုချက်ခြင်း၊
၈။ သွေးပြည်ခြင်ဆီ၊ ပုတ်ဟောင်ညှီ၊ လက်ဆီလက်ချေး ရောက်မိလျှင်း။
၉။ ချစ်ကျွမ်းလွန်ဝင်၊ မိတ်ဆွေခင်၊ စားချင် အာသာကင်း။
၁၀။ ခံတွင်းအာပေါင်၊ သွင်းမည်ဆောင်၊ ပါးစောင် နှစ်ဘက်တွင်း။
၁၁။ ချွဲခမ်း သွားချေး၊ သလိပ်မြှေး၊ တံတွေး ရေဖျော်ကျင်း။
၁၂။ ညက်ညက်စိစိ၊ ဝါးတုံဘိ၊ သိသိကျေလေလျှင်း၊
၁၃။ ယင်းသည့်အစာ၊ ထိုအခါ၊ ခွေးနာအော့ဖတ်ဆင်း။
၁၄။ ခွေးစာခွက်မှာ၊ ခွေးကျွေးစာ၊ သူငါ မြင်ဝံ့ – လေငဲ့မင်း။
၁၅။ ယင်းသည့်အစာ၊ အာပေါင်မှာ၊ သူငါမြင်၍-မရဲတင်း။
၁၆။ ရဲမည့်အဟန်၊ စိတ်ထင်ပြန်၊ တဖန်ထွေး၍-မျိုစမ်းမင်း။
၁၇။ မမျိုဝံ့လျှင်၊ စားခွက်တွင်၊ တစောင်ကပင် ထည့်ဦးမင်း။
၁၈။ စားခွက်အလုံး၊ တက်တက်ပြွန်း၊ မလုံးပစ်လိုက်- ချင်လိမ့်မင်း။
၁၉။ ဤမျှတကယ်၊ စက်ဆုပ်ဘွယ်၊ ခုဝယ်ရောက်လေလျှင်း၊
၂၀။ တပြည်လုံးပင်၊ လူဗိုလ်ရှင်၊ မမြင်စမ်းပါ - တကယ်မင်း။
၂၁။ မမြင်ဝံ့ကောင်း၊ ရောက်တုံရှောင်း၊ လည်ချောင်း အာစောက်တွင်း။
၂၂။ ပုပ်ဟောင်ညှီမဲ၊ ချွဲပုပ်ထဲ၊ ခွဲ၍သွားလေလျှင်း။
၂၃။ ယောက်သွားပုပ်ပမာ၊ ယင်းအစာ၊ ပုပ်စွာညီမယွင်း။
၂၄။ တညဉ့်သိပ်ခါ၊ ယင်းအစာ၊ သက်လှာတစိတွင်း။
၂၅။ မသက်တဖန်၊ ဖြစ်တုံ့ပြန်၊ ပူပန် ကိုယ်လုံးချဉ်း၊
၂၆။ အစာမကျေ၊ ဖြစ်ပြန်လေ၊ ထွေထွေရောဂါညှဉ်း။
၂၇။ ကုဋ္ဌရောဂါ၊ သွေးဒူလာ၊ စစွာ ဤထမင်း။
၂၈။ ယင်းသည်အခါ၊ ပြစ်များစွာ၊ နောင်လာနှလုံးသွင်း။
၂၉။ အသင့်ဆင်ခြင်၊ ပညာရှင်၊ လွန်လျှင် တပ်ခြင်းကား။
၃၀။ ရသတဏှာ၊ မှောင်ကြီးကာ၊ များစွာလူတသင်း၊
၃၁။ ခွေးငယ်ပမာ၊ စိတ်နှင့်သာ၊ သူငါသုံးမိလျှင်း။
၃၂။ ယင်းသည့်အစာ၊ ကိုယ့်ကိုယ်သာ၊ သံသာနှစ်လိမ့်မင်း
၃၃။ မနှစ်ရအောင်၊ သတိဆောင်၊ ကြံဆောင်ကြရာမင်း။
၃၄။ သင်္ဘောပမာ၊ ဤသည့်စာ၊ အောင်ချာနိဗ္ဗူ-ချဉ်းလိမ့်သောဝ်
၃၅။ ပစ္စဝေက္ခဏာ၊ ဒုတီယာ၊ ဤခါ အောင်မြေ - နင်းလိမ့်သောဝ်။
၃၆။ မမပုညံ၊ ကုသလံ၊ နိဗ္ဗာန်ရွှေမြို့- လင်းလိမ့်သောဝ်

ဇရာမရဏဆင်ခြင်ရန်

၁။ ရေသားတွန့်လိမ်၊ စားမမြိန်၊ သွားချိန်ကာလ - တန်ချေပြီ
၂။ ပါးရေလိပ်လိပ်၊ သားရေအိတ်၊ အဆိပ်ဘယ်မှာ-မရှိပြီ။
၃။ ကြောပြိုင်းထကာ၊ ရွံစရာ၊ မှန်စွာအတိ-ဖြစ်ခဲ့ပြီ။
၄။ ရိုးကားခေါ့ခေါ့၊ ကုန်းကြော့ကြော့၊ ပြော့ပြော့ခွေကာ- လဲချေပြီ။
၅။ အရေအသား၊ ခန်းခြောက်ငြား၊ ခါးကိုင်း နားထိုင်း− ဖြစ်ချေပြီ။
၆။ အစားမမြိန်၊ သားရေလိမ်၊ သွားချိန်ကာလ-တန်ချေပြီ။
၇။ သွားကား ဘယ် ညာ၊ မရှိပါ၊ စားရှာချင်လျက် ငတ်လေပြီ
၈။ အရိုးခေါက်ခက်၊ သွားလိုလျက်၊ သက်သက်ခုဝယ်- လဲချေပြီ။
၉။ အိပ်ရာထဲဝယ်၊ လူးလယ်လယ်၊ ထက်ဝယ်ဖွဲ့ခွေ- နေချေပြီ။
၁၀။ မရဏဇော၊ ဤသဘော၊ ဆောဆောလျင်စွာ - ပါတော့မည်
၁၁။ ကျင်ငယ် ကျင်ကြီး၊ ယိုကျစီး၊ သက်ကြီး ရှိုက်ငင်- ပန်းခဲ့ပြီ။
၁၂။ စကားမပြော၊ တုဏှီဘော၊ မော၍တခါ-လဲချေပြီ။
၁၃။ မရဏမင်း၊ နှိပ်စက်ခြင်း၊ အတင်းမဓန- ခေါ်ချေပြီ။
၁၄။ ခေါ်၍ငင်ကာ၊ ဆွဲကြရှာ၊ မှန်စွာခုဝယ်-ပေါ်ချေပြီ။
၁၅။ အပုပ်ဖြစ်ခါ၊ အသုဘာ၊ ဝေးစွာလူများ- ပြေးချေပြီ
၁၆။ ထွက်ပြေး၍သာ၊ ကွယ်ထောင့်ရာ၊ ရှောင်ကာလူများ- သွားချေပြီ။
၁၇။ မီး၌ဖုတ်ကာ၊ မြေမြှုပ်ကာ၊ သည်မှာပစ်၍-သွားချေပြီ၊
၁၈။ မရဏာသန္န၊ မှုတ်ချက်ကျ၊ ဆွဲချယူငင်—ခေါ်ချေပြီ။
၁၉။ ရွှေငွေ အသပြာ၊ ထုတ်၍သာ၊ ဝယ်ကာ မရပြီ
၂၀။ အမိအဘ၊ ဆွေမျိုးစ၊ ဆွဲထ ယူငင်-မရပြီ။
၂၁။ ဆွေမျိုးတစ၊ ပူဒုက္ခ၊ ရင်ဝ ထုကာ-လဲချေပြီ။
၂၂။ ငိုကာငိုကာ၊ တစာစာ၊ ဘယ်မှာပြန်၍- မကြည့်ပြီ။
၂၃။ မိဘမယား၊ ပစ်ခါသွား၊ လားလားတွယ်တာ-မရှိပြီ။
၂၄။ အိမ်သို့ ပြန်သွား၊ သားမယား၊ အိမ်ကား ဟောင်းလောင်း တွေ့ချေပြီ။
၂၅။ ကသီလင်တ၊ ပူဆွေးရ၊ ဒုက္ခကြီးကျယ်—ခံရပြီ
၂၆။ မျက်ရည် စက်လက်၊ သုံးလေးရက်၊ သက်သက်အစာ မစားပြီ။
၂၇။ ငါးရက်ခန့်ကျော်၊ ခြောက်ရက်ပေါ်၊ ပျော်ပျော်ပါးပါး ရှိချေပြီ။
၂၈။ ရွှင်ပျော်ပျော်ပါး၊ နေနိုင်ငြား၊ လားလားသတိ- မရပြီ။
၂၉။ ခလုတ်ထိမှ၊ အမိတ၊ မှန်လှဧကန်-မလွဲပြီ။
၃၀။ ချောက်ကမ်းနားတွင်၊ သစ်ပင်သွင်၊ ခုပင်မကြာ- လဲချေမည်။
၃၁။ ခုနေ့နက်ဖန်၊ သေရမှန်၊ ဧကန်မချွတ်-မြဲတော့မည်
၃၂။ မုန်ညင်းဆန်သား၊ ပွတ်ဆောက်ဖျား၊ တင်ထားခုဝယ် ကျချေပြီ။
၃၃။ အသက်ခန္ဓာ၊ မရဏာ၊ မှန်စွာမလွဲ-သေတော့မည်။
၃၄။ အနိစ္စနှင့်၊ ဒုက္ခတရား၊ ခုလိုများ၊ လားလားမမြဲပြီ။
၃၅။ အနတ္တရေး၊ သာလို့ဝေး၊ သေဘေးကိုများ မကြောက်ပြီး
၃၆။ နောင်သံသရာ၊ ခံရရှာ၊ ကမ္ဘာရှည်လျား–ချေတော့မည်
၃၇။ လွန်မှတခါ၊ ပြုချင်ရှာ၊ ဘယ်မှာအခွင့် မရပြီ။
၃၈။ နောင်တကိုသာ၊ နောက်မှသာ၊ ပြန်ကာပြန်ကာ- တတတ်သည်။
၃၉။ သင်္ဘောပမာ၊ ဤသည့်စာ၊ အောင်ချာနိဗ္ဗူ - ချဉ်းလိမ့်သောဝ်
၄၀။ ပစ္စဝေက္ခဏာ၊ တတီယာ၊ ဤခါအောင်မြေ-နင်းလိမ့်သောဝ်။
၄၁။ မမပုညံ၊ ကုသလံ၊ နိဗ္ဗာန်ရွှေရောင်- လင်းလိမ့်သောဝ်

ကိုယ်တွင်းသုတ်သင်ရန်

၁။ ခိုးသားထားပြ၊ ဟူတုံက၊ မုချကြောက်အပ်စွာ။
၂။ ကိုယ်တွင်းသူခိုး၊ မြင်သူခိုး၊ နှစ်မျိုးမှတ်ကြရာ။
၃။ ကိုယ်တွင်းထားပြ၊ ပြင်ထားပြ၊ နှစ်ဝရှိသည်သာ။
၄။ ကိုယ်တွင်းရန်သူ၊ ပြင်ရန်သူ၊ နှစ်မူခွဲရှုရာ။
၅။ ပြင်ပလူထက်၊ ကိုယ်တွင်းခက်၊ ဆက်ဆက်သိအပ်စွာ။
၆။ ကိုယ်တွင်းခိုးသား၊ လက်ခံထား၊ ပြင်ခိုးသားတွေ မွှေလိမ့်မည်။
၇။ ကိုယ်တွင်းထားပြ၊ လက်ခံကြ၊ ပြင်ကထားပြ-ချေလိမ့်မည်။
၈။ ကိုယ်တွင်းရန်သူ၊ လက်ခံမူ၊ ပြင်ရန်သူကြောင့်- သေလိမ့်မည်

အလှူပွဲ သွင်းဆင်ခြင်ရန်

၁။ ရုပ်သေးပွဲလမ်း၊ ငှားရမ်းအလှူ၊ ပေးသည့်သူ၊ ထိုသူ မုဆိုး၊ အသွင်-ကုသိုလ်ရှင်
၂။ အခငွေယူ၊ ပွဲပြသူ၊ ထိုသူမုဆိုး-ခွေးအသွင်
၃။ ပွဲလာပွဲသွား၊ လူတလွှား၊ ခွေးတွေကိုက်စား-တောသမင်

ရွှေကျင်ဆရာတော်။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...