Skip to main content

သိမ်မျိုးစုံမဟာဋီကာကျမ်း

 ၁။ ကျမ်းပြုဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ

၁။ ကျွန်းရွာတောရ ဆရာတော်ဘုရားကြီး၏ အလောင်းအလျာကို မြင်းခြံခရိုင် တောင်သာမြို့နယ် ကံပေါက်ကျွန်းရွာ ဦးရွှေဖန်+ဒေါ်မိန်းကလေးတို့မှ ၁၂၄၂-ခုနှစ်၊ နှောင်းတန်ခူး လဆန်း ၁၂-ရက် တနင်္ဂနွေနေ့ နံနက် အရုဏ်တက်ချိန်၌ ဖွားမြင်သည်။ (ငယ်မည်တော်-မောင်အောင်ပန်း ဟူ၍ဖြစ်၏။) 


၂။ ၁၂၅၂-ခုနှစ် နယုန်လဆန်း ၁၅ - ရက်နေ့တွင် မင်းရွာ ဆရာတော်အထံ၌ သာမဏေအဖြစ်သို့ ရောက်သည်။ (ဘွဲ့ အမည် -ရှင်အဂ္ဂဝံသဟူ၍ ဖြစ်၏။ )


၃။ ၁၂၆၂-ခုနှစ်၊ ဝါဆိုလဆန်း ၁၄-ရက်နေ့တွင် မင်းရွာဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟ ဖြင့် ရဟန်းအဖြစ်သို့ ရောက်သည်။ 


၄။ ရဟန်းဖြစ်ပြီးနောက် မန္တလေးမြို့ ရွှေရေးဆောင်ကျောင်း တိုက်၌ သီတင်းသုံး နေထိုင်လျက်၊ မိုင်းခိုင်းဆရာတော်၊ ကျီဝန်ဆရာတော်၊ ဘုရားကြီးတိုက် ဦးရန်ကုန်ဆရာတော်၊ ဒိုင်းဝန်ဆရာတော်၊ ရွှေရေးဆောင်ဆရာတော်၊ ဝိသုဒ္ဓါရုံဆရာတော်၊ မန်လည်သို့ ကြွ၍ မန်လည်ဆရာတော်၊ စလင်းမြို့သို့ ကြွရောက်၍ စလင်းဆရာတော်ဦးပဏ္ဍိစ္စတို့ အထံ၌၊ ပိဋကတ် ကျမ်းစာများကို ဆည်းပူးသင်ယူခဲ့သည်။


၅။ အစိုးရစာမေးပွဲ ပထမကြီးတန်း နှင့် သကျသီဟစာမေးပွဲ၊ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဘွဲ့ ရရှိအောင်မြင်တော်မူသည်။


၆။ မန္တလေးမြို့၊ ရွှေရေးဆောင်တိုက်၊ အောင်မြေရတနာကျောင်း၊ ပြည်မြို့ ဇောတိကာရာမတိုက်၊ ကျွန်းရွာ ဓမ္မိကာရာမတိုက်၊ ရန်ကုန်မြို့ ကြားတောရဘင်္ဂလားတိုက်၊ စကားဝါပင်ကျောင်းတို့၌လည်းကောင်း၊ ၁၂၈၇-ခုနှစ်၌ တောင်သာမြို့ တောင်ခြေ ဆည်တွင်းချောင်တောရကို တည်ထောင်၍ ယင်း ဆည်တွင်းချောင်တောရ၌လည်းကောင်း၊ သီတင်းသုံးနေထိုင် လျက် ပရိယတ္တိကျမ်းစာများကို ပို့ချရေးသားတော်မူခဲ့ပေသည်။ 


၇။ ၁၂၉၂- ခုနှစ်၊ ကဆုန်လ၌ လေးမြို့ဂိုဏ်းချုပ် ကျွန်းရွာတောရ ဆရာတော်ဟူသော ဘွဲ့တံဆိပ်တော်၊ 


     ထိုနှစ် နယုန်လတွင် အင်္ဂလိပ်အစိုးရ ပဉ္စမမြောက် ဂျော့ဘုရင်လက်ထက်၌ အဂ္ဂမဟာပဏ္ဍိတ ကျွန်းရွာတောရ ဆရာတော် ဟူသော ဘွဲ့တံဆိပ်တော်၊


     ထိုနှစ် နတ်တော်လ၌ မြစ်ကွေ့ခရိုင် သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဟူသော ဘွဲ့တံဆိပ်တော်များကို ခံယူရရှိတော်မူပေသည်။ 


ဂ။ ပါရာဇိကဏ် အဋ္ဌကထာ မဟာနိဿယ၊ ပါစိတျာဒိ အဋ္ဌကထာ မဟာနိဿယ၊ သာသနာ့မျက်မှန်ကျမ်းစသော ကျမ်းပေါင်း ၄၅-ကျမ်း ရေးသားပြုစုတော်မူခဲ့ကြောင်း ပါရာဇိကဏ်အဋ္ဌကထာ မဟာနိဿယကျမ်း နိဂုံး၌ ဖော်ပြပါရှိပေသည်။ 


၉။ ၁၃ဝ၇-ခုနှစ်၊ ဝါခေါင်လဆုတ်(၉)ရက်၊ နံနက်(၉)နာရီအချိန်)၊ သက်တော် (၆၆)နှစ်၊ (၄)လ၊ (၁၂)ရက်၊ သိက္ခာတော် (၄၅) ဝါတွင် ဘဝနတ်ထံ ပြောင်းကြွ စံလွန်တော်မူလေသည်။ 


၁၀။ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ၁၃၀၈-ခုနှစ်၊ တပို့တွဲလဆန်း (၁၂ ) ရက်နေ့တွင် ဆည်တွင်းချောင် တောရမှ တောင်သာမြို့ အနောက်ဘက် ၅-မိုင်ကွာ ဆရာတော်ဘုရား ကြီး၏ ဇာတိရပ်ရွာဖြစ်သော ကျွန်းရွာအနီးရှိ ကျယ်ဝန်း ပြန့်ပြူးသော ဆင်တဲဝချောင်းဗွေ သဲသောင်ငွေအပြင်၌ ဈာပနပူဇာသဘင် ဆင်ယင်ကျင်းပရာ ဌာနသို့ ခမ်းနားသိုက်မြိုက်စွာ ပင့်ဆောင်၍ တပို့တွဲလဆန်း

 (၁၃၊ ၁၄၊ ၁၅ ) ရက်တို့၌ ကြီးစွာသော ဈာပနသဘင် ဆင်ယင်ကျင်းပ ပူဇော်ကြလေသည်။

၂။ အဘိယာစက ပြဆိုခန်း

     ပုသိမ်ဒိစတြိတ် ငါးသိုင်းချောင်းမြို့နယ်၊ ငါးပိဆိပ်ဆရာတော် ဦးကုသလ၊ မန်ကျည်းလှ ဆရာတော် ဦးကုသလ၊ လေးမျက်နှာ ဆရာတော် ဦးပဏ္ဍိတ၊ ငါးသိုင်းချောင်း ဆရာတော် ဦးဗုဒ္ဓပိယ အစရှိသော မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော် (၄၀၀) ကျော်တို့ ရိုသေစွာ လျှောက်ထားပါသည်။ 


     တောင်သာမြို့ ကျွန်းရွာတောရ ကျောင်းတိုက်ကြီး၌ ပရိယတ် ပဋိပတ်တရားတော်ကို ကိုယ်နှင့်အသက် မငဲ့ကွက်ပဲ ကြိုးစား အားထုတ်ကာ သဒ္ဒတ္ထသင်္ဂဟကျမ်း၊ ထေရီအပဒါန် မဟာအဋ္ဌကထာကျမ်း အစရှိသော ပါဠိဘာသာ ကျမ်းကြီး - ကျမ်းငယ် ပေါင်း (၂၀)ကျော် ဝိနည်းငါးကျမ်း အဋ္ဌကထာမဟာနိဿယကျမ်း, သဒ္ဒါကြီးနိဿယသစ်ကျမ်း, ရူပသိဒ္ဓိနိဿယကျမ်း, သဒ္ဒနီတိနိဿယကျမ်း အစရှိသော မြန်မာဘာသာ ကျမ်းပေါင်း(၂၀ )ကျော်၊ သာသနာ့မျက်မှန်ကျမ်း သာသနာ့တံခွန်ကျမ်း အစရှိသော ဝိနိစ္ဆယကျမ်း ပေါင်း (၄၀) ကျော်၊ တောင်သာ ဝိနိစ္ဆယဖြတ်ထုံး၊ ရေစကြို ဝိနိစ္ဆယဖြတ်ထုံး၊ မလှိုင် ဝိနိစ္ဆယဖြတ်ထုံး၊ စရပ်ကြီး ဝိနိစ္ဆယဖြတ်ထုံး၊ တံတား ဝိနိစ္ဆယဖြတ်ထုံး၊ ဝဲလောင် ဝိနိစ္ဆယဖြတ်ထုံး၊ အစရှိသော တရားသူကြီးတို့ ဖြတ်ထုံး ကျမ်းပေါင်း (၁၄) ကျမ်း အားဖြင့် ကျမ်းပေါင်း (၉၀) ကျော်၊ ဆယ် ကျောင်းရေး ပေ -အင်္ဂါ (၃၇၀) ကျော် စီရင်ရေးသားတော် မူသဖြင့်၊ မြန်မာနိုင်ငံတော်ကို အစပြု၍ ဇမ္ဗူဒီပါ တစ်ကျွန်းလုံး ပရိယတ် ပဋိပတ် ဂုဏ်ထူးဝိသေသ ကြီးမားတော်မူသဖြင့်၊ ကမ္ဘာအလုံး အလေးအမြတ် ပြုခြင်းကို ခံတော်ရသော၊ အင်္ဂလန်ပြည်ကြီးအရှင် ဂျော့ဘုရင်ဧကရာဇ် မင်းမြတ်သည် ကပ်လှူတော်မူအပ်သော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မြန်မာနိုင်ငံတော် ဘုရင်ခံမင်းမြတ်နှင့် မဟာ သံဃရာဇာ သာသနာပိုင် ဆရာတော်တို့က လှူဒါန်းချီးမြှင့်တော် မူအပ်သော လေးမြို့ဂိုဏ်းချုပ် ကျွန်းရွာတောရ ဆရာတော် ဟူသော ပထမဘွဲ့တံဆိပ်တော်၊ မြစ်ကွေ့ခရိုင် သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဟူသော တတိယ ဘွဲ့တံဆိပ်တော်အားဖြင့် ရေမြေကိုအစိုးရသော ဘုရင်မင်းတို့ ဘွဲ့တံဆိပ်တော် သုံးထပ်ရ မဟာဝေယျာကရဏိက တိပိဋကဓရ , နာနာဂန္ထကာရက သိက္ခာကာမ ခန္တီသောရစ္စ ယုတ္တမုတ္တဝါဒီ မဟာထေရ်ကြီး ဖြစ်တော်မူသော ကျမ်းဂန်တတ် ကျမ်းဂန်ပြု ကမ္ဘာကျော် ကျွန်းရွာတောရ ဆရာတော်ဘုရားကြီးဘုရား။ 


     ပုသိမ်ဒိစတြိတ် ငါးသိုင်းချောင်းမြို့နယ် ရင်းရှေရွာ၏အနီး ပေါ်တော်မူကျောင်းတိုက်တွင် ဝိသုံဂါမမြေစားခံ၍ ခဏ္ဍသိမ် သမုတ်မည်ရှိရာ ကွင်းစာရေး မောင်တင်ရှိန်သည် မဟာမတ္တမည်သော ရာဇာတွင် ပါဝင်သဖြင့် မောင်တင်ရှိန်ထံ အမိန်ခံ၍ သမုတ်မည်ရှိရာ အချို့ ဆရာတော်တို့က ရှေးအထက်ကပင် ကျောင်းဂရမ်မြေကို အစိုးရမင်းတို့က ခွဲဝေပြီးဖြစ်၍ ဝိသုံဂါမ အသီးဖြစ်လေပြီ။ ဒုတိယတစ်ဖန် ၁၂၈၄ -ခု၊ မင်းကိစ္စကို အထက်မှ အမိန့်ရသည့်အတိုင်း စီရင်ပိုင်းခြား ခွဲဝေပေးနိုင်သော မဟာမတ္တ အဝင်ဖြစ်သော ကွင်းစာရေး မောင်တင်ရှိန်ထံအမိန်ခံပြန်ပြီး ဖြစ်သဖြင့် ဝိသုံဂါမ သိမ်သမုတ်သင့်ကြောင်း၊ (သုံး) ဂိုဏ်းချုပ် ခင်မွန် ဆရာတော်ကြီးလည်း သိမ်မြေရှင် ဒါယကာ မောင်မွှေး၏မြေ၌ တိုက်သူကြီး မောင်ချစ်ဖိုးထံ ဝိသုံဂါမခံ၍ သိမ်သမုတ် ဖူးကြောင်း၊ ညောင်ကန်ဆရာတော် ဦးဗုဓ်လည်း ဝတ္ထုကံမြေ၌ ဝိသုံဂါမခံ၍ သိမ်သမုတ်ဖူးကြောင်း သာဓကဆောင်၍ ထိုသိမ် အပ်ကြောင်း ငြင်းခုံကြလေသည်။ အချို့သော ဆရာတော်တို့ကလည်း ဝိသုံဂါမ မြေစားမခံပဲ ၎င်းနယ်အတွင်း သံဃာဟူသမျှ မသိမ်းပဲ သမုတ်အပ်သော သိမ်သည် မအပ်။ ၎င်းအရပ်လေးမျက်နှာ စည်းကမ်းသတ်၍ ဤအရပ်အတွင်းရှိ မြေသည် ဝိသုံဂါမမြေ ဖြစ်စေ ဟူ၍လည်းကောင်း၊ သို့မဟုတ် အသီးသော ရွာသီး နယ်သီး ဖြစ်စေ ဟူ၍လည်းကောင်း၊ ရေမြေကို အစိုးရသောမင်းက ပေး အပ်သော မြေအရပ်သည်သာ ဝိသုံဂါမမြောက်ကြောင်း၊ ရွာနယ်အတွင်းရှိ သံဃာရှိသမျှ မသိမ်းပဲ သမုတ်နိုင်ကြောင်း ရှေးဆရာတော်ဘုရားကြီးတို့လည်း ဤသို့အာကာရနှင့်တကွ မြေပိုင်အစိုးရတို့က ပေးအပ်သောမြေ၌သာ သမုတ်ကြကြောင်း ငြင်းခုံကြလေသည်။ 


     ဤသို့ သူတဖုံ ငါတခြား ငြင်းခုံခြင်းများနေသော သိမ်ဝိဝါဒ အရာဌာန၌ ဆရာတော်သည် ပိဋကတ်ကျမ်းဂန်လည်း ဧကန် ဒိဋ္ဌ တတ်မြောက်တော်မူသည်။ ရှေးကျမ်းတတ် ဆရာတော်ဘုရားကြီးတို့ နည်းနာနယကိုလည်း လက်ဆုပ်လက်ကိုင် အထပ်ထပ် သူတပါးတို့ မတုပနိုင်လောက်အောင် ရတော်မူသည်။ ရှေးဆရာတော် ဘုရားကြီးတို့ သိမ်သမုတ်သည်ကိုလည်းကိုယ်တိုင်ကိုယ်ကြပ် တွေဖူးလှသည်၊ မိုင်းခိုင်း ကျီဝန် မဟာဝိသုဒ္ဓါရာမ မန်လည် စလင်း တကဲ့ပညာရှိ ပုဂ္ဂိုလ်ကျော်တို့၏ တပည့်ရင်းလည်းဖြစ်သည်၊ ပါဠိ , အဋ္ဌကထာ ဋီကာ ဂန္ထန္တရလည်း အောက် အထက်နိုင်ငံတွင် အစုံအလင်ဆုံး ပုဂ္ဂိုလ်ကျော်လည်း ဖြစ်သည်။ ယထာဝါဒီ တထာကာရီ ယထာကာရီ တထာဝါဒီ ယုတ္တမုတ္တဝါဒီ၊ သိက္ခာကာမ၊ ဝိနယဓရ၊ မဟာဝေယျာကရဏိက ပိဋကတ္တယဂုဏ် ပြည့်စုံလှသည်ဟု တစ်နိုင်ငံလုံး ချီးကျူးခြင်းကို ခံရသော ပုဂ္ဂိုလ်ကျော်ကြီး ဖြစ်ကြောင်း၊ တာဝတိံသာ အာသာဝတီနတ်ပန်း ကက္ကာရုနတ်ပန်းပမာ မွေးကြိုင်လှသော ဂုဏ်သတင်းကို ကြားရသည်နှင့် သက်တော် (၈၀ ) ကျော် သိက္ခာ (၆၀) ကျော် ဆရာတော်ကြီးတို့နှင့် တကွ အားပါးတရ မြတ်နိုး အားကိုးလှသဖြင့် ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရ စုံလင်စွာ အာစရိယဝါဒ စုံလင်စွာ သိမ်သမုတ်ပုံ နည်းမျိုးစုံလင်စွာ ရေးသား၍တပည့်တော်တို့ ပုသိမ်သာသနာတော်ကို ပြုစုချီးမြှင့်တော်မူရန် အလွန် လေးမြတ် ရိုသေစွာ သက္ကစ္စဂါရဝတရားဖြင့် တောင်းပန်ပါကြောင်း အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ လေးမြိုဂိုဏ်းချုပ် သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဟူသော ဘွဲ့တံဆိပ် သုံးထပ်ရတော်မူသော အတိပါကဋ ကျွန်းရွာတောရ ဆရာတော်ဘုရားကြီးဘုရား။ 

ဆရာတော် ဦးကုသလအမှူးရှိသော

ဆရာတော်ပေါင်းများစွာတို့လက်မှတ်

   ၁၂၉၂-ခု   တန်ဆောင်မုန်းလ



၃။ ပဋိညာဉ် ပြဆိုခန်း

သိမ်မျိုးစုံမဟာဋီကာကျမ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

     ပုသိမ်နယ် ငါးသိုင်းချောင်း ဆရာတော်ဘုရားကြီး အများတို့ လျှောက်လွှာအရသက်သက်ကို ဖြေဆိုခဲ့သော် ဒုတိယပါရာဇိကပါဠိတော်လာ ရာဇာဟူသော သရုပ်ပြမင်း (၇ ) ဦးကိုထုတ်၍ ယင်းမင်း (၇)ဦးတို့တွင်  

               ယမ္ပိ ဧကသ္မိံယေဝ ဂါမခေတ္တေ ဧကံ ပဒေသံ "အယံ 

     ဝိသုံ ဂါမော ဟောတူ" တိ ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ 

     ဒေတိ -

     ဟူသောမဟာဝါ အဋ္ဌကထာဝါကျ၌ ရာဇာအရ ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရစုံ အာစရိယဝါဒစုံပြ၍ မည်သည့်မင်းသာ ယူသင့်သောမင်းဖြစ်သည်၊ မည်သည့်မင်း မယူထိုက်ဟု ခိုင်ခိုင်မြဲမြဲ ဖြေဆိုလျှင်ပင် ပြီးစီးသကဲ့သို့ထင်၏။ သို့သော်လည်း ၎င်းသိမ်အရာမည်သည် ဤနေရာတစ်ခုသာ ခဲယဉ်းသည်မဟုတ်၊ အရာရာမှာပင် ခဲယဉ်းကြလေသည်။ သာသနာတော်၏ မူလ,ဘူတ အခြေအမြစ်လည်း ဖြစ်သည်။ ရှေးရှေးကပင် သူတဖုံ,ငါတခြား ဝါဒလည်းများပြားခဲ့သည်။ ပါဠိ,အဋ္ဌကထာ,ဋီကာ,ဂန္ထန္တရစုံ အာစရိယဝါဒစုံ သာဓက ခိုင်ခိုင်မြဲမြဲပြ၍ သူတပါးတို့ မလှုပ်ချောက်ချားနိုင်အောင် အကျယ်တဝင့် ရေးသားအပ်သော ဝိနိစ္ဆယလည်း မရှိသေးသလောက်ရှိသည်။ သိမ်အရာမသေချာ၍ အမှန်အကန်မသိပဲ ရမ်းကာသမ်းကာသမုတ်ကြ ဝတ်ကြေတမ်းကြေလုပ်ကြလျှင် သာသနာတော် အမြန်ပျက်စီးရာသည်။ မြန်မာဘုရင် ဘွဲ့တံဆိပ်တော်ရ အင်္ဂလိပ်ဘုရင် ဘွဲ့တံဆိပ်တော်ရ တကယ်တန်း ကျမ်းဂန်တတ် ဆရာတော်ကြီးတို့၏ အာစရိယလဒ္ဓေါပဒေသကို မမီလိုက်ကြသဖြင့် မရလိုက်ကြ မတွေ့လိုက်ရ မဖူးလိုက်ရ စာမသင်ကြားလိုက်ရသော ပုဂ္ဂိုလ်ပေါင်းလည်း အများရှိခဲ့သည်။ ထိုသို့သောအကြောင်းများကြောင့် ပေသလ ဘိက္ခု ဖာသုဝိဟာရတ္ထ၊ သဒ္ဓမ္မဋ္ဌိတတ္ထ၊ ဝိနယာနုဂ္ဂဟတ္ထ စသောအကျိုးငှာ အမြစ်အခြေများစွာနှင့်တကွ သိမ်နှင့် ပြုပုံ,သမုတ်ပုံ စသည်တို့ပါသော သိမ်မျိုးစုံမဟာဋီကာကျမ်းကို ရေးသားဖော်ပြလိုက်ပေအံ့သတည်း။

၄။ သိမ်အပြားကို ပြဆိုခန်း

     ဗဒ္ဓါဗဒ္ဓဝသေနေဝ သီမာ နာမ ဒွိဓာ မတာ ဟူသော(ဝိနယ ဝိနိစ္ဆယ အဋ္ဌကထာ၊ ၂၄၆။) သီမာ နာမေသာ ဗဒ္ဓသီမာ အဗဒ္ဓသီမာတိ ဒုဝိဓာ ဟောတိ - ဟူသော (ဝိနယ သင်္ဂဟအဋ္ဌကထာ၊ ၁၇၈။ ကင်္ခါအဋ္ဌကထာ၊ ဂ၇။) ကမ္မဝါစာယ ဗန္ဓတိ ဧတ္ထာတိ သီမာ (တောင်ဖီလာဆရာတော်ရေး သီမဝိနိစ္ဆယကျမ်း(ရူ)ချပ်) -


     တို့နှင့်အညီ ဂင်္ဂါသဲလုံးမက ပွင့်တော်မူကြကုန်ပြီးသော အတိတ်ဘုရားသခင်တို့ သာသနာတော်ကြီး၌လည်းကောင်း၊ ပစ္စုပ္ပန် ပွင့်တော်မူသော ငါတို့ဘုရားသခင် သာသနာတော်ကြီး၌လည်း ကောင်း၊ နောင် အနာဂတ်ပွင့်တော်မူလတ္တံ့ဖြစ်ကုန်သော ဘုရားသခင်တို့ သာသနာတော်ကြီး၌ လည်းကောင်း ဤသို့သော အတိတ် အနာဂတ် ပစ္စုပ္ပန် သာသနာတော်ကြီး သုံးရပ်လုံး၌ သိမ်မည်သည် ဗဒ္ဓသိမ် အဗဒ္ဓသိမ် ၂-မျိုးသာ ရှိကြောင်း ဇာတိကုလပုတ္တ၊ အာစာရကုလပုတ္တတို့ သိကြရာသည်။ 


ထိုနှစ်မျိုးတို့တွင် -

     အဗဒ္ဓါပိ တိဓာ မတာ၊ ဂါမတော ဥဒကုက္ခေပါ သတ္တဗ္ဘန္တရတောပိ စ - စသော (ဝိနယဝိနိစ္ဆယအဋ္ဌကထာ၊ ၂၄၆။) အဗဒ္ဓသီမာ ပန ဂါမသီမာ သတ္တဗ္ဘန္တရသီမာ ဥဒကုက္ခပသီမာတိ တိဝိဓာ - ဟူသော (ဝိနယသင်္ဂဟအဋ္ဌကထာ၊ ၁၉၄။ ကင်္ခါ အဋ္ဌကထာ၊ ၉၀။) 


     တို့နှင့်အညီ ဉတ္တိဒုတိယကမ္မဝါစာဖြင့် မသမုတ်အပ်၊ အပိုင်းအခြား မထားအပ်သေးသော အဗဒ္ဓသိမ်သည် ဂါမသိမ် သတ္တဗ္ဘန္တရသိမ် ဥဒကုက္ခေပသိမ်အားဖြင့် သုံးမျိုးသာရှိကြောင်း သိကြရာသည်။ ထိုသုံးပါးတို့တွင် ဂါမသိမ်သည် ပကတိဂါမသိမ် ဝိသုံဂါမသိမ်ဟု နှစ်မျိုးရှိ၏။



၅။ ပကတိဂါမသိမ်ကို ပြဆိုခန်း

ဂါမသိမ်အရကို - 

     အသမ္မတာယ ဘိက္ခဝေ သီမာယ အဋ္ဌပိတာယ ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ ယာ တဿ ဂါမဿ ဝါ ဂါမသီမာ၊ နိဂမဿ ဝါ နိဂမသီမာ၊ အယံ တတ္ထ သမာနသံဝါသာ ဧကုပေါသထာ။ (ဝိနည်းမဟာဝါ ပါဠိတော်၊ ၁၅ဝ။ )


အဋ္ဌပိတာယာတိ အပရိစ္ဆိန္နာယ။ 

(ဝိနည်းမဟာဝါအဋ္ဌကထာ၊ ၃၃၃။) 


တတ္ထ ဂါမပရိစ္ဆေဒေါ၊ ဂါမသီမာတိ ဝုစ္စတိ ဟူသော 

(ဝိနယ ဝိနိစ္ဆယအဋ္ဌကထာ၊ ၂၄၆။)


ယာဝတာ ဧကံ ဂါမခေတ္တံ, အယံ ဂါမသီမာ နာမ, ဂါမဂ္ဂဟဏေန စေတ္ထ နဂရမ္ပိ နိဂမမ္ပိ ဂဟိတမေဝ ဟောတိ။

(ဝိနယသင်္ဂဟအဋ္ဌကထာ၊ ၁၉၄။ ကင်္ခါအဋ္ဌကထာ၊ ၉ဝ။)


   ဂါမဂ္ဂဟဏေန စေတ္ထ နဂရမ္ပိ ဂဟိတမေဝ ဟောတိ။ 

(ဝိနည်းမဟာဝါ အဋ္ဌကထာ၊ ၃၃၃။) 


     ၎င်းသာဓကပါဌ်တို့တွင် ရဟန်းတို့ ဥတ္တိဒုတိယ ကမ္မဝါစာဖြင့် သံဃာသည် မသမုတ်သေးမီ၊ ဗဒ္ဓသိမ်ကဲ့သို့ မပိုင်းခြားအပ်သေးမီ၊ အကြင်ဂါမခေတ်တစ်ခုဟု ဆိုအပ်သော ရွာကိုလည်းကောင်း၊ အကြင် တစ်ခုသောနိဂမခေတ်ဟု ဆိုအပ်သော နိဂုံးကိုလည်းကောင်း၊ ရဟန်းသည် လျောင်း, ထိုင်, ရပ်, သွား လေးပါးသော ဣရိယာပုတ်ဖြင့် အမှီတကဲသဟဲပြု၍နေ၏။ တစ်ခုသော ဂါမခေတ်ဟု ဆိုအပ်သော ထိုရွာ၏ လည်းကောင်း၊ တစ်ခုသော နိဂမခေတ်ဟု ဆိုအပ်သော ထိုနိဂုံး၏လည်းကောင်း၊ ရွာနိဂုံးတစ်ပါးတို့နှင့် မရောမယှက် တစ်ခုသော ဂါမခေတ်ဟု ဆိုအပ်သော အကြင် ရွာနယ်နိမိတ် အပိုင်းအခြားသည်လည်းကောင်း၊ တစ်ခုသော နိဂမခေတ်ဟု ဆိုအပ်သော အကြင်နိဂုံး နယ်နိမိတ် အပိုင်းအခြားသည်လည်းကောင်း ရှိ၏။ ထိုရွာအပိုင်းအခြား နိဂုံးအပိုင်းအခြားသည် ထိုဂါမခေတ်တစ်ခုလုံးဟု ဆိုအပ်သော ဂါမ၊ နိဂမခေတ် တစ်ခုလုံးဟု ဆိုအပ်သော နိဂမတို့၌ တူသောကံကြီးကံငယ် တူသော ပေါင်းဖော်ရာရှိသော တူသော ဥပုသ်ပြုရာရှိသော သိမ်မည်သည် ဖြစ်၏။ (ဤကား ပါဠိတော်အနက်) 

     ထိုပါဠိရပ်၌ အသမ္မတာယဖြင့် သံဃာသည် ဥတ္တိဒုတိယ ကမ္မဝါစာဖြင့် မဖွဲ့ အပ်သော အဗဒ္ဓသိမ်၏ အဖြစ်ကိုပြသည်။ အဋ္ဌပိတာယဖြင့် ဗဒ္ဓသိမ်သည် ယုတ်သော အပိုင်းအခြားအားဖြင့် နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်မှ သိမ်မြောက်သည်။ လွန်သော အပိုင်းအခြားအားဖြင့် သုံးယူဇနာတိတိ သုံးယူဇနာအောက် မြောက်သည်၊ လွန်လျှင်မမြောက်။ ဂါမသိမ် စသည်တို့ကား ရေမြေကို အစိုးရသော မင်း၏အလိုအားဖြင့် ဖြစ်ရကား နှစ်ကျိပ်တစ်ယောက် မစည်းဝေးလောက်သည်ဖြစ်စေ၊ သုံးယူဇနာထက် လွန်သည်ဖြစ်စေ၊ ဂါမသိမ်စသည် ဖြစ်ကြောင်း ပြတော်မူသည်။ 


     ဂါမ-သဒ္ဒါဖြင့် တံတိုင်း,ဈေးနှစ်ပါးစုံရှိသော 

မြို့ကိုလည်းယူ၊ ပါရာဇိက ( ဋ္ဌ၊ဒု၊ ၂၀၉။) 

     အပါကာရပရိက္ခပေါ သအာပဏော နိဂမောတိ 

ဝေဒိတဗ္ဗော။ ပါရာဇိက ( ဋ္ဌ၊ ဒု၊ ၂၀၉။) 

     ဂါမသဒ္ဒါဖြင့် ဈေးသာရှိ၍ တံတိုင်းမရှိ၊ တံတိုင်းသာရှိ၍ ဈေး မရှိသော နိဂုံးကိုလည်းကောင်း၊ တံတိုင်း ဈေးနှစ်ပါးစုံရှိသော မြို့ကို လည်းကောင်း ယူ။ 

(ကင်္ခါအဋ္ဌကထာ၊ ၁၄၃။ ဝိနယ သင်္ဂဟ အဋ္ဌကထာ၊ ၁၈၅။) 


     ပိဏ္ဍတ္ထ - ရွာသီးနယ်သီး ပြုလုပ်နိုင်သော အာဏာ ဌာနန္တရကို ရသော မှူးမတ်တို့နှင့် တကွ ရေမြေကို အစိုးရ သော ဘုရင်မင်းတို့ ပိုင်းခြားအပ်သော ထိုထိုတိုင်းပြည်အတွင်း၌ သူကြီးတစ်ယောက်၊ သူကြီးတစ်ယောက် အုပ်စိုးရာဖြစ်သော အသီးအသီး သော ဂါမခေတ်, နိဂမခေတ်, နဂရခေတ် တစ်ခုစီ တစ်ခုစီသည် တစ်ခုတစ်ခုသော ဂါမခေတ် ရွာနယ်၊ နိဂမခေတ် နိဂုံးနယ်၊ နဂရခေတ် မြို့နယ်၌ သံဃာ့ကံ ပြုလိုသော် ထိုဂါမခေတ် နိဂမခေတ် နဂရခေတ်အတွင်း၌ ရှိသော သံဃာကိုသာ သိမ်း၍ မည်သည့်နေရာမဆို ဉတ္တိဒုတိယကံ ဉတ္တိစတုတ္ထကံ ဟုဆိုအပ်သော ကံကြီး၊ အပလောကနကံ, ဉတ္တိကံဟု ဆိုအပ်သော ကံငယ်တို့ကို ပြုအပ်၏။ (ဤကား ပါဠိ အဋ္ဌကထာ ဋီကာစုံလာ ပိဏ္ဍတ္ထအဓိပ္ပာယ် )



၆။ ပကတိဂါမသိမ် အဓိပ္ပာယ် ပြဆိုခန်း

     တတ္ထ ယတ္တကေ ပဒေသေ တဿ ဂါမဿ ဘောဇကာ ဗလိံ လဘန္တိ သော ပဒေသော အပ္ပေါ ဝါ ဟောတု မဟန္တော ဝါ ဂါမသီမာတွေဝ သင်္ချံ ဂစ္ဆတိ။ နဂရနိဂမသီမာသုပိ ဧသေဝ နယော။ (မဟာဝါအဋ္ဌကထာ၊ ၃၃၃။) (ဝိနယသင်္ဂဟ အဋ္ဌကထာ၊ ၁၉၄။) 


     တတ္ထ တေသု ဂါမနိဂမနဂရေသု ယတ္တကေ ပဒေသေ မယာ ဝုစ္စမာန နယေန ရာဇူဟိ အယံ ပဒေသော ဂါမော ဟောတူတိ ပရိစ္ဆိန္ဒိတွာ ပညတ္တေ ဌပိတေ ဂါမောတိ လဒ္ဓဝေါဟာရေ ဧကသ္မိံ ဂါမခေတ္တေ တဿ ဂါမဿ ဂါမဘောဇကာ တွံ ဣမံ ဂါမံ ဘုဉ္စာဟီတိ ဒိန္နဿ ဂါမဿ ဗလိံ သုင်္ကံ လဘန္တိ၊ သော ပဒေသော ယထာ ဗဒ္ဓသီမာ ဟေဋ္ဌိမပရိစ္ဆေဒေန ဧကဝီသတိယာ ဘိက္ခုနံ နိသီဒနပ္ပဟောနကေ ပဒေသေ သမ္မတာယေဝ သီမသင်္ချံ ဂစ္ဆတိ၊ န ပန တတော ဦနကေ ပဒေသေ။ ဥက္ကဋ္ဌ ပရိစ္ဆေဒေန တိယောဇနပရမေယေဝ ပဒေသေ၊ န တတော ဥတ္တရိ  ပဒေသေ။ န ဧဝံ ဂါမသီမာ အပ္ပေါ ဝါ ဟောတု မဟန္တော ဝါ၊ ဂါမသီမာတွေဝ သင်္ချံ ဂစ္ဆတီတိ အတ္ထယောဇနာ ကာတဗ္ဗာ။


     ဤအဋ္ဌကထာ စကားရပ်ဖြင့် နယ်သီး ရွာသီးခြင်းသာ ပမာဏမဟုတ်၊ အခွန်အတုတ် သီးခြင်းလည်း ပမာဏ အင်္ဂါလက္ခဏာတွင် ပါဝင်သကဲ့သို့ ပြသည်ဟု ယူရန်ရှိ၏။ သို့သော်လည်း ရွာသီး နယ်သီးအခြားဖြစ်က ရွာစားတို့ရအပ်သော အခွန် အတုတ်လည်း သီးခြားတော့သည်သာဟု နှလုံးသွင်းတော်မူ၍ အခွန်သီးခြင်းဖြင့် ရွာသီးကိုမှတ်၍ ပြတော်မူသောကြောင့် တတ္ထ ယတ္တကေ အစရှိသော ဝါကျကို အဋ္ဌကထာဆရာ မိန့်တော်မူသတည်း။ အခွန်အတုတ် သီးခြားမှ နယ်သီးခြားသည်ဟူသော အနက်ကိုကား မပြဟု ငါတို့ကျေးဇူးရှင် ပဏ္ဍိတဓဇ သိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု - မြန်မာဘုရင် ဘွဲ့တံဆိပ်တော်ရ မိုင်းခိုင်းဆရာတော် အမိန့်ရှိသတည်း။ ထိုစကား မှန်၏ ” 


     ဗလိံ လဘန္တီတိ ဣဒံ ယေဘုယျဝသေန ဝုတ္တံ၊ “အယံ ဂါမော ဧတ္တကော ကရီသဘာဂေါ”တိ အာဒိနာ ပန ရာဇပဏ္ဏေသု အာရောပိတေသု ဘူမိဘာဂေသု ယသ္မိံ ယသ္မိံ တဠာကမာတိကာသုသာနပဗ္ဗတာဒိကေ ပဒေသေ ဗလိံ န ဂဏှန္တိ၊ သောပိ ဂါမသီမာဧ၀။ ရာဇာဒီဟိ ပရိစ္စိန္နဘူမိဘာဂေါ ဟိ သဗ္ဗောဝ ဌပေတွာ နဒီလောဏိဇာတဿရေ ဂါမသီမာတိ ဝေဒိတဗ္ဗော။ တေနာဟ "ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတီ"တိ -


     အစရှိသော စကားကို (ဝိမတိဝိနောဒနီ၊ ဒု၊ ၁၅၇။ ဝိနယာလင်္ကာရဋီကာ၊ ပ၊ ၃၂၆။) တို့၌ ဖွင့်ဆိုတော်မူသတည်း။ 


ဝိနယ ဝိနိစ္ဆယဋီကာ၊ ဒု၊ ၁၇၉။ ၌လည်း -

     ဂါမပရိစ္ဆေဒေါတိ သဗ္ဗဒိသာသု သီမံ ပရိစ္ဆိန္ဒိတွာ “ဣမဿ ပဒေသဿ ဧတ္တကော ကရော”တိ ဧဝံ ကရေန နိယမိတော ဂါမပ္ပဒေသာ။ ယထာဟ “ယတ္တကေ ပဒေသေ တဿ ဂါမဿ ဘောဇကာ ဗလိံ ဟရန္တိ ၊ သော ပဒေသော အပ္ပေ ဝါ ဟောတု၊ မဟန္တော ဝါ။ “ဂါမသီမာ”တွေဝ သင်္ချံ ဂစ္ဆတိ” ဟု ဖွင့်ဆိုတော်မူသည်။


     ဤ ဋီကာ စကားရပ်တို့တွင် အဋ္ဌကထာ ဝိနိစ္ဆယဋီကာတို့၌ အခွန်အတုတ် ရရာအရပ်ဆိုသည်မှာ ယေဘုယျနည်းကို ရည်၍ ဆိုသည်။ ဤမျှလောက်သော ပယ်အဖို့သည် ဤရွာဖြစ်စေ -စသည်ဖြင့် မင်း၏ ကမ္ပည်းစာတင်ခဲ့သော မြေအဖို့ ဟူသမျှသည် တဘက် ဆည်ကန်, ရေမြောင်း, သင်းချိုင်း, တောင် စသည်ဖြစ်၍ အခွန်အတုတ် မရစေကာမူ ဂါမသိမ်သာ မည်သတည်း။



၇။ ပယ်အရ ပါဠိ အဋ္ဌကထာ ဋီကာစုံ ယူပုံပြခန်း 

     ဧတ္တကော ကရောတိ- စသော စကားကို ကရီသသဒ္ဒါ ပယ်ဟော ဖြစ်သည်ကို သိရာ၏။ ဝိနိစ္ဆယဋီကာ၌ ကရီသသဒ္ဒါကား ယခုကာလ ရှေးကပယ်ဖြင့် ပိုင်းခြားပေးပုံ ပယ်အရ ပိုင်းခြားသိသူ နည်းပါးလှ၍ ပယ်အရကို ရေးဦးအံ့။ 


          ဓနုပဉ္စသတံ ကောသော၊ ကရီသံ စတုရမ္ဗဏံ။

          အဗ္ဘန္တရံ တု ဟတ္ထာန၊ မဋ္ဌဝီသ ပမာဏတော။

               (အဘိဓာန် ဘူမိဝဂ်အဆုံး ဂါထာ၊ ၁၉၇။) 


     ကုလ,လေးတာ အပြန် (၅ဝဝ) ငါးရာကို တစ်ကောသ ခေါ်သည်။ လေးအမ္ဗဏ မျိုးကြဲလောက်သော အရပ်ကို (၁)ပယ်ခေါ်သည်။ (၂၈) တောင်ပမာဏကို (၁ )အဗ္ဘန္တရခေါ်သည်။ (ဤကားအနက်)



၈။ ကရီသဂုဠှတ္ထ ဋီကာပိုင်း

ဧကာဒသဒေါဏာ တု အမ္ဗဏံ။

   ( အဘိဓာန်စတုဗ္ဗဏ္ဏဝဂ်၊ ဂါထာနံပါတ် -၄၈၄။) 

တစ်ဆယ့်တစ်စိတ်ကား တစ်အမ္ဗဏမည်၏ ဆိုသည်။ 

ကုဍုဝေါ ပသတော ဧကော၊ ပတ္ထော တေ စတုရော သိယုံ။ စသော (အဘိဓာန် စတုဗ္ဗဏ္ဏဝဂ် ဂါထာနံပါတ်၊ ၄၈၂။) စသည်နှင့်အညီ - 


     တစ်လက်ဖက် တစ်လက်ဆွမ်းသည် ၁-ကုဍုံ။ 

            ၄-ကုဍုံ    =   ၁-စလယ်၊

           ၄-စလယ်  =   ၁-ပြည်၊ 

            ၄-ပြည်    =    ၁-စိတ်၊

            ၄-စိတ်     =   ၁-တင်း၊

            ၄-တင်း    =   ၁-တို့=ခါရီ၊

          ၂၀-ခါရီ      = ၁၂-ဝါဟ၊

         ၁၀-အမ္ဗဏ  =    ၁-ကုမ္ဘ၊

         ၁၁-စိတ်      =    ၁-အမ္ဗဏဆိုသည်။ 


     ဒိဝသပရိဗ္ဗယော ပဉ္စ ကဟာပဏမ္ဗဏာနိ နိဂစ္ဆန္တိ -  (သုတ်မဟာဝါ အဋ္ဌကထာစသည်၊ ၁၇၈။) 


     ကဟာပဏာနဉ္စ ပဉ္စ အမ္မဏာနိ ဒိဝသ ဝဠော နိက္ခမတိ။ ပ။ ဒသ အမ္မဏာနီ ဒိဝသဝဠဉ္ဇော နိက္ခမတိ။ ပ ။ ဝီသတိ အမ္မာနိ ဒိဝသဝဠဉ္ဇော နိက္ခတိ။ (ဓမ္မဟဒယဝိဘင်း အဋ္ဌကထာ၊၅၀၂။ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ ဒု၊ ၁၇၀။)

 

     ‘‘ဒွိကုမ္ဘံ သကဋံ။ ကုမ္ဘော ပန ဒသမ္ဗဏော’’တိ ဝဒန္တိ။ (သုတ်မဟာဝါဋီကာ၊ ၁၈၁။)

 

     ကုမ္ဘံ ဒသမ္ဗဏာနိ။ သဟဿ နာဠိယောတိ ကေစိ။ 

(သုတ်မဟာဝါဋီကာ၊ ၂၁၈။) 


     စတုဒေါဏံ အမ္ပဏံ၊ ဆဒေါဏန္တိ ဧကေ။ (ဓမ္မဟဒယဝိဘင်းမူလဋီကာ၊  ၂၃၂။) 


     ဤအဋ္ဌကထာတို့၌ ဧကသကဋနှင့် ဝီသတိ အမ္ဗဏ။ ဧကကုမ္ဗနှင့် ဒသမ္ဗဏတူကြောင်းသိရ၏။ ဒသင်္ဂုတ္တရအဋ္ဌကထာ၊ ဗြဟ္မသံယုတ်အဋ္ဌကထာ၊ သုတ္တနိပါတ်အဋ္ဌကထာတို့၌ တိလဝါဟောတိ တိလသကဋံ ဖွင့်သောကြောင့် သကဋနှင့် ဝါဟ တူကြောင်းသိရ၏။ သေယျထာပိ ဘိက္ခု၊ ဝီသတိခါရိကော ကောသလကော တိလဝါဟော-ဟု ဒသင်္ဂုတ္တရ သဂါထာဝဂ္ဂသံယုတ် သုတ္တနိပါတ်စသည်၌ ဟောတော်မူသဖြင့် ဧကဝါဟ ကသကမှာ ခါရီ (၂၀)အမ္မဏ (၂၀)ရှိကြောင်းသိရ၏။ သုတ်မဟာဝါဋီကာ၌ ဒွိကုမ္ဘနှင့် ဧကဝါဟ တူကြောင်းသိရ၏ ဧကကုမ္ဘ၊ ဒသခါရီ တူကြောင်းလည်း သိရ၏။ တစ်ကုမ္ဘ၌ ဆယ် အမ္ဗဏရှိသောကြောင့် အမ္မဏတစ်ခုနှင့် ခါရီတစ်ခု။ ဒေါဏ ၁၆-တူမျှ ကြောင်း သိရ၏။ ထိုကြောင့် ၎င်းအရှင်ဓမ္မပါလဆရာတော် စကားသည် ပါဠိအဋ္ဌကထာတို့နှင့် ညီညွတ်သည်သာတည်း။ 


     ဤစကားများကို ထောက်၍ တိကင်္ဂုတ္တရဋီကာ။ (ဒု၊ ၁၁၇။)၌ ဒသာဓိကံ နာဠိသဟဿံ ကုမ္ဘန္တိ ကေစိ ပဉ္စ အမ္ဗဏန္တိ အပရေ ဟု ဆိုသောစကားအရ ယင်း ကေစိဆရာ အပရေဆရာတို့စကားသည် ပါဠိအဋ္ဌကထာတို့နှင့် မညီသောကြောင့် မသင့်ကြောင်းသိရ၏။ 


     ၎င်းအဘိဓာန် စသည်တို့၌ ပတ္ထ သဒ္ဒါ -စလယ်ဟော၊ အာဠက ပြည်ဟော၊ ဒေါဏ -စိတ်ဟော၊ မာနိကာ -တင်း ဟော၊ ခါရီ -တို့ဟော၊ ဝါဟ -လှည်းဟော၊ နာဠိ -စလယ်ဟော ဖြစ်ကြောင်း သိရ၏။ ခတ္တိယမဟာသာလ အရာမှာ မဟာပရိနိဗ္ဗာနသုတ်အဋ္ဌကထာ စသည်၌ နေ့စဉ်သုံးစွဲအပ်သော ကျပ်ဒင်္ဂါးမှာ ဧကံ ကဟာပဏသကဋံ- ဟု လာ၏။ ဓမ္မဟဒယဝိဘင်းအဋ္ဌကထာ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာတို့၌ ဝီသတိ အမ္ဗဏာနိဟု လာ၏။ အမ္မဏ(၂၀)နှင့် တစ်လှည်းတူရမည်။ ဒွိကုမ္ဘံ သကဋံ ကုမ္ဘော ပန ဒသမ္ဗဏောတိ ၀ဒန္တိ - ဟူသော သုတ် မဟာဝါဋီကာ စကားနှင့်လည်းကောင်း၊ 


     ဝါဟော ပန ဝီသတိခါရီ၊ ခါရီသောဠသ ဒေါဏမတ္တာ။ ဒေါဏံ သောဠသ နာဠိယော၊ကုမ္ဘံဒသမ္ဗဏာနိ-(သုတ်မဟာဝါဋီကာ ၂၁ဂ။) နှင့် လည်းကောင်း တစ်သားတည်းကျ၏။ ထို့ကြောင့် ခါရီနှင့် အမ္ဗဏ တူကြောင်း အမှန်ဆုံးသိရ၏။ ဗြာဟ္မဏမဟာသာလတို့မှာ(သုတ်မဟာဝါ အဋ္ဌကထာ၁၇၈။) -စသည် ၌ ဧကော ကဟာပဏကုမ္ဘော နိဂစ္ဆတိ -ဟု လာ၏။ ဓမ္မဟဒယဝိဘင်းအဋ္ဌကထာ စသည်တို့မှာ ဒသမ္ဗဏာနိ-ဟု လာ၏။ ထိုဒသမ္မဏ, ဧကကုမ္မတူမျှကြောင်း သိရ၏၊ ဂဟပတိ မဟာသာလ၌ ရှေ့အဋ္ဌကထာမှာ ပဉ္စ ကဟာပဏမ္ဗဏာနိဟု လာ၏။ နောက်အဋ္ဌကထာတို့၌ ပဉ္စ အမ္ဗဏာနိ -ပင်လာ၏။ ထိုပါဠိအဋ္ဌကထာ ဋီကာအလုံးစုံပိဏ္ဍတ္ထ ယူသော် (၁၆)စိတ် သောဠသ ဒေါဏသည် တစ်ခါရီမည်၏။ တစ်အမ္မဏ မည်၏ လေးတင်းကို အမ္မဏခေါ် ကြောင်း အမှန်ဆုံးသိရာ၏။ (၁၆ ) တင်း မျိုးကြဲလောက်သော အရပ်ကို(၁) ပယ်။ (၁) ကရီသခေါ် ကြောင်း အမှန်ဆုံး သိနိုင်ကြရာသတည်း။ အဘိဓာန်မှာ အဋ္ဌကထာ,ဋီကာတို့နှင့် မညီ။ 

     ကရီသဂုဠှတ္ထဋီကာ သမတ္တာ။


၉။ ဂါမခေတ် ဂါမသိမ်ဖြစ်ကြောင်း ပြဆိုခန်း 

     ၎င်းဝိနိစ္ဆယဋီကာ စကားရပ်ဖြင့် ပါဠိအဋ္ဌကထာလာ နယ်သီးခြားပုံနှင့် အဋ္ဌကထာလာ အခွန်သီးခြားပုံကို စပ်၍ပြသတည်း။ ယင်းသို့ပြသော်လည်း နယ်သီးခြား ပြုလုပ်မှသာ ဂါမသိမ်ဖြစ်သောကြောင့် ပကတိဂါမသိမ်အတွင်း ဝိသုံဂါမရှိပုံကို ပြရာ အဋ္ဌကထာကြီး၌ အခွန်သီးကို နီတတ္ထပဓာနအားဖြင့် မပြမူ၍ နယ်သီးနယ်ခြားကိုသာ ပဓာနပြု၍ အဋ္ဌကထာဆရာတော် ပြတော်မူသတည်း။ ထို ကြောင့် အခွန်မသီးသော်လည်း နယ်သီးက တစ်ခုသော ဂါမသိမ် ဖြစ်ကြောင်းကို သိအပ်၏။ အခွန်သီးမှ နယ်သီးဖြစ်သည်။ တစ်ခုသော ဂါမသိမ်ဖြစ်သည်ဟု ပါဠိတော် အဋ္ဌကထာဋီကာတို့မှ အပြင်သို့ ထွက်သွားသော မဟာအမှားတော်ကြီးကို မယူမှားမိကြစေလင့်။ ထိုစကား မှန်၏။ ယတ္တကေ ပဒေသေ ဟူသော သံဝဏ္ဏေတဗ္ဗ အဋ္ဌကထာစကားရပ်ကို 


     အယံ ဂါမော ဧတ္တကော ကရီသဘာဂေါ ဟောတူတိအာဒိနာ ပန ရာဇပဏ္ဏေသု အာရောပိတေသု ဘူမိဘောဂေသု -


     ဟု ဖွင့်တော်မူသတည်း။ ဗလိံ လဘန္တိ- ဟူသော ကံကြိယာနှစ်ပါး ထားပုံကိုထောက်လျှင် အခွန်တောင်းခံသဖြင့် အခွန်ရရာ မြေအရပ်သာ ယတ္တကေ ပဒေသေ -အရယူသင့်ငြားသော်လည်း အခွန်တောင်းခံသဖြင့် အခွန်ရရာမြေ၊ အခွန် မတောင်းခံသဖြင့် အခွန်မရရာ တစ်ဘက်ဆည်ကန်မြေ, သုသာန်မြေ စသောမြေနှစ်ပါးလုံး နှစ်ပါးလုံးပင် ယတ္တကေ ပဒေသေ - အရ တစ်ခုသော ဂါမခေတ် ဂါမသိမ်ဖြစ်ကြောင်းကို ပြတော်မူသတည်း။ 


     ယင်းမြေနှစ်ရပ်တို့တွင် ယေဘုယျနည်းအားဖြင့် မျက်မှောက် ဒိဋ္ဌပစ္စက္ခအားဖြင့် အားလုံးသိဖြစ်သော အခွန်မကောက်ခံသဖြင့် အခွန်မရရာ မြေအရပ်ကို ယသ္မိံ ယသ္မိံ တဠာကမာတိကာ စသော နောက် ဝါကျစကားရပ်ဖြင့် ပြတော်မူသည်။ ယင်းသို့ ဖြစ်လျှင် အဋ္ဌကထာ၌ -


     ဗလိံ လဘန္တိ အယံ ပဒေသော ဂါသီမာတွေဝ သင်္ချံ ဂစ္ဆတိဟု အခွန်ရခြင်းကို အထူးပြု၍ ဆိုသောကြောင့် အခွန်မရသဖြင့် မတောင်းခံရသော တစ်ဘက်ဆည်ကန် သုသာန် စသော မြေအရပ်သည် ဂါမသိမ်မမည်ရာပါတကား။ အဘယ်ကြောင့်ဂါမအမည် ရှိသနည်းဟု ဂါခေတ်မည်ခြင်း၏ အရင်းမူလ ပဓာန အကြောင်းရင်းကို မမြင်နိုင်သော စောဒက ပုဂ္ဂိုလ်တို့၏ စောဒနာကြောင့် ရာဇာဒီဟိအစရှိသော ဝါကျကို မိန့်ဆိုပြန်သည်။



၁၀။ အဋ္ဌကထာ ဆရာတော်တို့ ရေးလိုရင်း အာဘောဂကို ပြခန်း 

     ဋီကာတို့အလို ပိဏ္ဍတ္ထကား အခွန်မရသော်လည်း ဤအရပ်သည် ဂါမဖြစ်စေဟု မင်း မှူးမတ် စသည်တို့ နယ်ပိုင်းခြားစဉ်ကပင် အခွန်မရရာ မြေအရပ်၏လည်း ဂါမ အမည်ရပြီး ဖြစ်သောကြောင့် ယင်းအခွန်မရရာ မြေအရပ်၏လည်း ဂါမသီမ ဝေါဟာရ ဖြစ်သည်ဟု ဆိုလိုသတည်း။ 


     ယင်းဋီကာဆရာတော်တို့ အာဘော်ကျ အဋ္ဌကထာရေးရသော် -


     ယတ္တကံ ပဒေသံ ဧတ္တကော ဘူမိဘာဂေါ ဂါမော ဟောတူတိ ရာဇာ ပရိစ္ဆိန္ဒတိ။ အယံ ပဒေသော အပ္ပါ ဝါ ဟောတု မဟန္တော ဝါ ဂါမသီမာတွေဝ သင်္ချံ ဂစ္ဆတိ၊ 


ဟု လိုရင်းမူလ ပါဒကဖြစ်သော အဋ္ဌကထာ ဆရာတော် အလိုတော်ကို မုချဆတ်ဆတ် နီတတ္ထ သိနိုင်ရာသတည်း။ 


     ထိုကြောင့် ယင်းမင်း ပိုင်းခြားက ပကတိဂါမ ဖြစ်၏ဟု မိမိဆို အပ်ပြီးသော သာဓျစကားကို ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ ဟူသော အဋ္ဌကထာ သာဓကစကားဖြင့် ပြီးစေသတည်း။ 


     ဝိနယဝိနိစ္ဆယဋီကာမှာလည်း အခွန်ကိုမစည်းကြပ်မီကာလ ရှေးအဖို့ကပင် အယံ ပဒေသော ဂါမာ ဟောတု မင်းစသည်တို့ ပိုင်းခြားကြောင်းကို သိအပ်၏။ ထိုစကားမှန်၏။ အခွန်သီး နယ်သီးနှစ်ရပ်တို့တွင် အခွန်မသီးမီ နယ်သီးကြောင်း၊ နယ်သီးဖြစ်စဉ်ကပင် တစ်ခုသော ဂါမခေတ် ဂါမသိမ်ဖြစ်ကြောင်းကို ပြတော်မူလိုသောကြောင့်ပင် ယတ္တကေ - စသော ရှေးအဋ္ဌကထာဝါကျကိုသာ သာဓက မမူ၊ ယမ္ပိ ဧကသ္မိံ - စသော နောက် အဋ္ဌကထာ ဝါကျကိုလည်း သာဓကမူသတည်း။ 


     ယင်းသို့ ပထမနယ်သီးပြီးနောက် ဒုတိယ အခွန်သီးသောအခါ ဤမင်းပိုင်းခြားအပ်သော အရပ်ကား ဤဂါမ၏ခေတ်ဟု အပိုင်းအခြား အများထင်ရှားသည်ကို နှလုံးထား၍ အဋ္ဌကထာ ဆရာတော်သည် ရွာစားတို့ အခွန်ရခြင်းဖြင့် ယေဘုယျနည်း မှတ်၍ ပြတော်မူသတည်းဟု မှတ်အပ်၏။



၁၁။ အခွန်သီးပမာဏမဖြစ်၊ နယ်သီးပမာဏဖြစ်ကြောင်း ပြဆိုခန်း

     ဤအရာ၌ တစ်ခုခုသော နယ်သီး နယ်ခြားရှိသော ရွာအများကို တစ်ဦးသော သူကြီးသာ ခိုင်စားရာ၌ ထိုသူကြီး တစ်ဦးပိုင်ရွာအများကို သံဃာကုန် သိမ်းရမည်၊ သိုမဟုတ် တစ်ခုခုသော ရွာ၏ မိမိတို့နယ်သီး ဂါမသီးဖြစ်၍ မိမိတို့သိမ်သမုတ်လိုရာ တစ်ခုသော ဂါမခေတ်အတွင်းရှိ သံဃာကို သိမ်းရမည်လော-ဟု ငါတို့ထံ ရှေးအခါက တောင်သာမြို့နယ် စရပ်ကြီးရွာ ဘုန်းကြီး အများတို့ လျှောက်ထားဖူးရာ သိမ်သမုတ်လိုသော ရွာခေတ် အတွင်းရှိ သံဃာကို သိမ်းရမည်။ တစ်ဦး သူကြီးပိုင်သည်ကို ပမာဏပြု၍ ၎င်းသူကြီးပိုင် ရွာအများရှိ သံဃာဟူသမျှ မသိမ်းရ။ သဗ္ဗညုမြတ်စွာဘုရားသခင်သည် နယ်သီးကိုသာ ပဓာနပြု၍ ဟောတော်မူသည်။ အခွန်သီးကို အရိပ်အမြွက်မျှ ဟောတော်မမူ။ ဝိသုံဂါမပြ အဋ္ဌကထာကြီးတို့၌ နယ်သီးကိုသာ ဖွင့်တော်မူသည်။ အခွန်သီးကို ဖွင့်တော်မမူ။ ဒုတိယဂါမပရိစ္ဆေဒကို အဋ္ဌကထာဆရာ ဗလိံ လဘန္တိ-ဟု အခွန်သီးမှုကို ဆိုပေသမှု အခွန်သီးက နယ်သီးကြောင်း ပြတော်မူလို၍သာဆိုသည်။ အခွန်သီးမှ ဂါမခေတ်ဖြစ်ကြောင်း အရိပ်အမြွက်မျှ မပြ။ မိုင်းခိုင်းဆရာတော်နှင့် ကျီဝန်ဆရာတော်တို့ မိန့်တော်မူကြသတည်း။       ။



၁၂။ အခွန်သီးပမာဏယူရာ၌ လဒ္ဓဒေါသ ထုတ်ပြခန်း 

     အကယ်၍ အခွန်သီးမှ ဂါမခေတ်တစ်ခု ဖြစ်သည်ဟူ၍လည်းကောင်း၊ အခွန်သီးခြင်း နယ်သီးခြင်း 

အင်္ဂါနှစ်ပါးစုံမှ ဂါမခေတ်တစ်ခု အယူတော်ရှိခဲ့မူ -

 

     အသမ္မတာယ ဘိက္ခဝေ သီမာယ အဋ္ဌပိတာယ ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ။ ယာ တဿ ဝါ ဂါမဿ ဂါမသီမာ၊ နိဂမဿ ဝါ နိဂမသီမာ။ အယံ တတ္ထ သမာနသံဝါသာ ဧကုပေါသထာ - 


ဟူသော ဝိနည်းမဟာဝါ ဥပေါသထက္ခန္ဓကပါဠိတော်(၁၅၀)နှင့် မညီ ထိုစကားမှန်၏။ ထိုပါဠိတော်၌ နယ်သီးမှုကိုသာ ဟောတော်မူသည်။ အခွန်သီးမှု အခွန်သီးမှ တစ်ခုသော ဂါမခေတ် ဂါမသိမ်ဖြစ်မှုကို အရိပ်အမြွက်မျှဟောတော်မမူ။ ပါဠိတော် နှင့် မညီရုံသာမကသေး -

 

     ယမ္ပိ ဧကသ္မိံယေဝ ဂါမခေတ္တ ဧကံ ပဒေသံ“အယံ ဝိသုံဂါမော ဟောတူ”တိ ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ၊ သောပိ ဝိသုံဂါမသီမာ ဟောတိယေဝ (ဝိနည်းမဟာဝါ၊ ဋ္ဌ၊ ၃၃၃။)


ဟူသော မိမိဆိုအပ်လတ္တံ့ စကားရပ်နှင့်လည်း ဆန့်ကျင်ရာသတည်း။ ထိုစကား မှန်၏။ ပကတိဂါမနှင့် ဝိသုံဂါမကား အကျဉ်းအကျယ် မျှသာ ထူးခြားသတည်း၊ ကြွင်းသော အရာတစ်ခုမျှ မထူးခြားချေ။ ထိုဝိသုံဂါမပြ ဝါကျ၌ - 


(က ) ဧကသ္မိံ ဂါမခေတ္တေ- ဖြင့် ဝိသုံဂါမဟူသော အကျဉ်းဂါမ၏တည်ရာ အကျယ် ပကတိဂါမဖြစ်စေ။


(ခ) ယမ္ပိ ဧကံ ပဒေသံ- ဖြင့် ထိုအကျယ်ဂါမ ခေတ်အတွင်းရှိ တစ်စိတ်သော မြေအရပ်ဖြစ်စေ။


(ဂ) အယံ ဝိသုံဂါမော ဟောတူတိ- ဟူသော အာကာရဖြင့် ယင်း အာကာရအတိုင်း ပါဠိဘာသာ မြန်မာဘာသာ တစ်ခုခုဖြင့် ပိုင်းခြားသည် ဖြစ်စေ။


(ဃ) သတ်မှတ်အပ်သော သူသည် ရေမြေကို အစိုးရသော ခတ္တိယမင်း၊ ထိုမင်းထံ နယ်သီး ရွာသီး ပြုနိုင်သော၊ အခွင့်အာဏာ ရာထူးဌာနန္တရ,ရ မင်းလည်းဖြစ်စေ။


     ဤအင်္ဂါ (၄)ပါး ပြည့်စုံမှ ဝိသုံဂါမ ဖြစ်ကြောင်း ပြတော်မူသည်။ ယင်းသို့ပြသဖြင့် ယင်း ဝိသုံဂါမပြ အဋ္ဌကထာ စကားရပ်မှာ နယ်သီးလျှင် ဝိသုံဂါမဖြစ်ကြောင်း ပြတော်မူသည်။ အခွန်သီးမှ ဝိသုံဂါမဖြစ်ကြောင်း ပြတော်မမူ။ အခွန်မသီးနိုင်၊ မသီးသော် လည်း နယ်သီးက မုချ ဝိသုံဂါမဖြစ်၏။ အကျဉ်းမြေအရပ် နယ်သီးက ဝိသုံဂါမ ဖြစ်ခဲ့ပါလျှင် အဘယ်မှာ အကျယ်မြေအရပ်မှာ နယ်သီးခြားပါက ပကတိဂါမ မဖြစ်ပဲ ရှိပါမည်နည်း။ 


     ရွာနယ်အသီးအခြားဖြစ်က အခွန်သီးခြား ဖြစ်သည်သာ နှလုံးပိုက်တော်မူ၍ အခွန်သီးခြင်းဖြင့် ရွာနယ်အသီးကို မှတ်၍ပြလိုသောကြောင့် တတ္ထ ယတ္တကေ-အစရှိသော စကားကို အဋ္ဌကထာဆရာ ဆိုတော်မူသတည်း။ အခွန်သီးခြားသော အရပ်ဟူသမျှသည် ရွာသီး,ရွာခြား နယ်သီး,နယ်ခြားဖြစ်၏ဟု အဋ္ဌကထာဆရာ ပြ၏ဟု မမှတ်မယူသာ။ ဤအဋ္ဌကထာနှင့် လျော်စ္စာသာ ဝိနိစ္ဆယဋီကာဆရာ မိန့်၏ဟု မှတ်ယူသင့်ကြောင်း ငါတို့ကျေးဇူးတော်ရှင် မိုင်းခိုင်းဆရာတော် မိန့်တော်မူ၏။ ငါတို့ကျေးဇူးတော်ရှင် သုဇာတာဘိ သိရီဓဇာဓိပတိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု ကျီဝန် ဆရာတော် ဘုရားသည်လည်း အခွန်သီးက ရွာသီး နယ်သီးမှာ ပါကဋဖြစ်၏ဟု ပြလိုသောကြောင့်သာ အာဗလိံ လဘန္တိ-ဟူသော စကားကို အဋ္ဌကထာ ဆရာဆိုတော်မူကြောင်း မိန့်တော်မူသတည်း။ ဤအတိုင်း ငါတို့ လည်း စရပ်ကြီး ဝိနိစ္ဆယကို ရေးသတည်း။      ။



၁၃။ ရာဇာဝိနိစ္ဆယ မဟာဋီကာ

     ဤပကတိဂါမ နိဂမ နဂရကို နယ်သီးနယ်ခြား ဖြစ်အောင် ပိုင်းခြားနိုင်သော ရာဇာအရ၊ နောက်ပြလတ္တံ့ ဝိသုံဂါမကို ပိုင်း ခြားနိုင်သော ရာဇာအရကို ဤဆိုအပ်လတ္တံ့သော ပါဠိ အဋ္ဌကထာ ဋီကာစကားရပ်တို့ဖြင့် ယုံမှားကင်းကွာ သိကြရာ၏။


     ရာဇာနော နာမ ပထဗျာရာဇာ ပဒေသရာဇာ မဏ္ဍလိကာ အန္တရဘောဂိကာ အက္ခဒဿာ မဟာမတ္တာ, ယေ ဝါ ပန ဆေဇ္ဇဘေဇ္ဇံ ကရောန္တာ အနုသာသန္တိ။ ဧတေ ရာဇာနော နာမ။ ( ပါရာဇိကပါဠိတော်၊ ၅၇။)


     ပထဗျာ ရာဇာတိ သကလပထဝိယာ ရာဇာ ဒီပစက္ကဝတ္တီ အသောကသဒိသော, ယော ဝါ ပနညောပိ ဧကဒီပေ ရာဇာ, သီဟဠရာဇသဒိသော။ ပဒေသရာဇာတိ ဧကဒီပဿ ပဒေသိဿရော, ဗိမ္ဗိသာရ-ပသေနဒိ-အာဒယော ဝိယ။ မဏ္ဍလိကာ နာမ ယေ ဒီပပဒေသေပိ ဧကမေကံ မဏ္ဍလံ ဘုဉ္ဇန္တိ။ အန္တရဘောဂိကာ နာမ ဒွိန္နံ ရာဇူနံ အန္တရာ ကတိပယဂါမသာမိကာ။ အက္ခဒဿာတိ ဓမ္မဝိနိစ္ဆနကာ, တေ ဓမ္မသဘာယံ နိသီဒိတွာ အပရာဓာနုရူပံ စောရာနံ ဟတ္ထပါဒစ္ဆေဇ္ဇာဒိံ အနုသာသန္တိ။ ယေ ပန ဌာနန္တရပ္ပတ္တာ အမစ္စာ ဝါ ရာဇကုမာရာ ဝါ ကတာပရာဓာ ဟောန္တိ, တေ ရညော အာရောစေန္တိ, ဂရုကံ ဌာနံ သယံ န ဝိနိစ္ဆိနန္တိ။ မဟာမတ္တာတိ ဌာနန္တရပ္ပတ္တာ မဟာအမစ္စာ၊ တေပိ တတ္ထ တတ္ထ ဂါမေ ဝါ နိဂမေ ဝါ နိသီဒိတွာ ရာဇကိစ္စံ ကရောန္တိ။ ယေ ဝါ ပနာတိ အညေပိ ယေ ရာဇကုလနိဿိတာ ဝါ သကိဿရိယနိဿိတာ ဝါ ဟုတွာ ဆေဇ္ဇဘေဇ္ဇံ အနုသာသန္တိ, သဗ္ဗေပိ တေ ဣမသ္မိံ အတ္ထေ ‘‘ရာဇာနော’’တိ ဒဿေတိ။ (ပါရာဇိကအဋ္ဌကထာ၊ ပ၊ ၂၆ဂ။) 


     အက္ခဒဿာတိ ဧတ္ထ အက္ခ-သဒ္ဒနေ ကိရ ဝိနိစ္ဆယသာလာ ဝုစ္စတိ။ တတ္ထ နိသီဒိတွာ ဝဇ္ဇာဝဇ္ဇံ ပဿန္တီတိ အက္ခဒဿာ ဝုစ္စန္တိ ဓမ္မဝိနိစ္ဆနကာ။ (သာရတ္ထဒီပနီ၊ ဒု၊ ၁၃၁။)


ဤပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ ပိဏ္ဍတ္ထကား -   

    (၁)စကြဝတေးမင်း သီရိဓမ္မာသောကမင်း သီဟိုဠ်မင်းတို့ကဲ့သို့ လေးကျွန်းလုံး တစ်ကျွန်းလုံးကို အစိုးရသော မင်းကို ပထဗျာရာဇာဆိုသည်။ 


     (၂) ဗိမ္ဗိသာရမင်း ပသေနဒီကောသလမင်းစသော မင်းတို့ကဲ့သို့ကျွန်း၏တစ်စိတ်တစ်ဒေသကို အစိုးရသော မင်းကို ပဒေသရာဇ်ဆိုသည်။


     (၃ ) ကျွန်း၏တစ်စိတ်မျှ၌ပင် တစ်စ-တစ်စွန်း -တစ်ဝန်း-တစ်လျားကို အစိုးရသော မင်းကို မဏ္ဍလိကာ မဏ္ဍလိဿရာမင်း ဆိုသည်။


     (၄) မင်းနှစ်ပါးတို့၏ အကြားတွင် တစ်ရွာ နှစ်ရွာ သုံးရွာ အစိုးရသော တိုင်းကြပ်ရွာစားမင်းကို အန္တရဘောဂိကာ ဆိုသည်။ 


     (၅) တရားသဘင်၌ စီရင်ဆုံးဖြတ်ရသော၊ ရာဇဝတ်ဘက် တရားသူကြီးကို အက္ခဒဿာ ဆိုသည်။ 


     (၆) ရွာနိဂုံးတို့၌ နေ၍ မင်းကိစ္စပြုရသော အမတ်ချုပ်ကြီးများကို မဟာမတ္တဆိုသည်။ 


     (၇) ဖြတ်ခြင်း ခွဲခြင်းစသည်ကို ပြု၍ ဆုံးမစီရင် ရသော မင်းကို သာမညမင်းဆိုသည်။ 


ဤဒုတိယပါရာဇိကအရာမှာ ခိုးသူသတ်ဖြတ် နှောင်ဖွဲ့သော အရာဖြစ်၍ မင်း (၇)ပါးလုံး ရာဇာအရ ယူရ၏။ 


     ထိုမင်းသည်လည်း မုဒ္ဓါဘိသိတ္တမင်း၊ သာမညမင်းဟူ၍ နှစ်မျိုးရှိ၏။ ရတနာအစု၌ဖြစ်စေ ရေသဖန်းအင်းပျဉ်၌ ဖြစ်စေ မဟာဇနကမင်းကဲ့သို့ မင်္ဂလာကျောက်ဖြာ အပြင်၌ ဖြစ်စေ နေ၍ ရှေးထုံးရှေးနည်းဖြင့် စီရင်ခြင်း၊ ရှေးထုံးရှေးလာ စကားကုန်ဆိုခြင်း၊ ဦးထိပ်၌ လက်ယာရစ်လည်သော ခရုသင်းကို လက်နှစ်ဖက်ဖြင့် ရိုသေစွာကိုင်၍ သွန်းလောင်းအပ်သော အဘိသိက်ရှိသော မင်းကို မုဒ္ဓါဘိသိတ္တမင်း ဆိုသည်။ အဘိသိက် မခံသော မင်းကို မင်းသာမည ရာဇ ခတ္တိယ ဆိုသည်။


     ရာဇာနာတိ အဘိသိတ္တာ။

(သုတ်ပါထေယျ လက္ခဏသုတ် အဋ္ဌကထာ၊ ၁၇။)


     ရာဇညောတိ အနဘိသိတ္တကရာဇာ။ 

(သုတ်မဟာဝါ အဋ္ဌကထာ ၃၉၇) 


     ကဿစိ ဒေတိ -၌ မုဒ္ဓါဘိသိက်ခံသော မင်းပေးမှ ဝိသုံဂါမ မြောက်သည်ဟု ဝိနယဂုဠှတ္ထဒီပနီ မည်သော ဝိနည်းဂဏ္ဌိပုဒ်၌ ဆိုသည်။ မုဒ္ဓါဘိသိက်မခံသော်လည်း သတ်ခြင်း ဖြတ်ခြင်းငှာ ပိုင်ထိုက်လျှင် ဝိသုံဂါမပေးထိုက်၏ဟု သီမဝိသောဓနီကျမ်း၌ ဆိုသည်။ 

ဆိုပြီး အဋ္ဌကထာများနှင့်- 


     မုဒ္ဓါဘိသိတ္တော ရာဇာတိ ကထိတော ဣတရော ပန 

ရာဇညော ခတ္တိယော စာတိ၊ ဝုတ္တော ခတ္တိယာတိကော။ 

(သဒ္ဒနီတိ ဓာတုမာလာ၊ ၄၆။) များကို ထောက်၍ ဝိနယ ဂုဠှတ္ထဒီပနီဆရာ ဆိုပုံရ၏။ ရေမြေကို အဘိသိက်မခံစေကာမူ အစိုးရ၍ မိမိပိုင်ဥစ္စာကို ပေးရာ၌ ဒါနမြောက်ရာသည်ကို နှလုံးပိုက်၍ သီမဝိသောဓနီဆရာ ဆိုပုံရ၏။ ဆိုအပ်ပြီးသော ပါရာဇိကဏ်ပါဠိ အဋ္ဌကထာတို့၌ အဘိသိက်ခံ, မခံ မင်းဟူသမျှကို မုချအားဖြင့် ရာဇာ သဒ္ဒါဟောသည်။ ထိုမင်းတို့၏ အမတ်ကြီးဖြစ်သော အက္ခဒဿ မဟာမတ္တတို့ကိုလည်းကောင်း၊ မင်း၏ မှူးမတ်မဟုတ်ပဲလျက် မင်းမျိုးကို မှီ၍ဖြစ်စေ၊ မိမိအစွမ်းကို မှီ၍ဖြစ်စေ သတ်ဖြတ်ဆုံးမနိုင်သော သူတို့ကို မင်းကဲ့သို့ သတ်ဖြတ် ဆုံးဖြတ်ပိုင်ဆိုင်ခြင်းကား မင်းမဟုတ်သော်လည်း မင်းကိစ္စကို ပြုရခြင်း၊ ပြီးစေခြင်း ရှိခြင်းကြောင့် ပရိယာယ်အားဖြင့် ရာဇာသဒ္ဒါဟောသည်ဟု သိနိုင်သည်။


     ဤပကတိဂါမ ဝိသုံဂါမအရာ၌ကား မိမိကောင်းမှု၏ အာနုဘော်ကြောင့် မင်းအဖြစ်ကို ပြုစွမ်းနိုင်သော ရေမြေကို အစိုးရသော မင်း။ ထိုမင်းထံမှ နယ်နိမိတ်ကို ပိုင်းခြားနိုင် ဂါမသီး, ရွာသီး, နယ်သီး, မြို့သီး ပြုနိုင်သော ဩဇာအာဏာထူး၊ ဌာနန္တရထူး ရရှိသော မှူးမတ်တို့သာ ရာဇာအရ ယူရသည်။ ထိုမင်း၊ မင်း၏ မှူးမတ်တို့ နယ်နိမိတ်သတ်မှတ်၍ ပိုင်းခြား၍ ပေးအပ်သော မြေအရပ်သည်သာ ပကတိဂါမသီး ဝိသုံဂါမသီး ဖြစ်နိုင်သည်။ နယ်သီး, နယ်ခြား, မြို့သီး, မြို့ခြားဖြစ်အောင် လုပ်နိုင်သော ဩဇာအာဏာ ရာထူး ဌာနန္တရထူး မရ မရှိသော နယ်ပိုင် မြို့အုပ် စသော မင်းတို့ကား ဤအရာ၌ ရာဇာအရ မယူရ။ ထိုရာထူး ဌာနန္တရ ရ,မရကို (၁၈၇၆)ခုနှစ်ထုတ် ဆာကြူလာ အမိန့်တော်ပြန်တမ်းဖြင့် သိရာ၏။ 


     အရေးပိုင်မင်းမှာ အခွန်တော် (၁၀၀) ထက် မပိုလျှင် မိမိ အမိန့်ဖြင့် မြေကိုပေးနိုင်ကြောင်း၊ မြေခွန်တော် (၁၀၀) အထက် (၂၀၀) တွင်းမှာ အခွန်ဌာနချုပ် ဝန်ကြီးက ပေးနိုင်ကြောင်း၊ မြေခွန်တော် (၂၀၀)ထက် ပိုမိုလျှင် အိန္ဒိယအစိုးရက ပေးနိုင်​ကြောင်း ၎င်းဆာကြူလာ အမိန့်တော်ပြန်တမ်းဖြင့် သိရာ၏။


     ရာဇာ နာမ ယော ကောစိ ရဇ္ဇံ ကာရေတိ။


     ရာဇဘောဂ္ဂေါ နာမ ယော ကောစိ ရညော 

ဘတ္တဝေတနာဟာရော။


     ဗြာဟ္မဏော နာမ ဇာတိယာ ဗြာဟ္မဏော။


     ဂဟပတိကော နာမ ဌပေတွာ ရာဇံ ရာဇဘောဂ္ဂံ 

ဗြာဟ္မဏံ အဝသေသော ဂဟပတိကော နာမ။

(ပါရာဇိကဏ်ပါဠိတော်၊ ၃၂၆။) 


     ရာဇာ နာမ ယတ္ထ ရာဇာ အနုသာသတိ၊ ရာဇာ 

အပလောကေတဗ္ဗော ။ပ။ ဂဏော နာမ ယတ္ထ ဂဏော 

အနုသာသတိ ဂဏော အပလောကေတဗ္ဗာ။ 

(ပါစိတ်ပါဠိတော်၊ ၂၉၂။) 


     ဤပါဠိတော်တို့၌ ရာဇသဒ္ဒါသည် ဘိသိက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ တိုင်းပြည် မြို့ရွာကို ဆုံးမစီရင်အုပ်ချုပ်သော မင်းဟူသမျှကို ဟောသည်။ ထိုနှစ်ရပ်တို့တွင် အကြင်သိက္ခာပုဒ်၌ အဘိသိက်ခံသော မင်းကိုသာ ရာဇသဒ္ဒါဟော၏။ ယင်းမင်းကိုသာ ယူရ၏။ ထိုရာဇသိက္ခာပုဒ်၌ မုဒ္ဓါဘိသိတ္တသဒ္ဒါ အထူးပြု၍ “ယော ပန ဘိက္ခု ရညော ခတ္တိယဿ မုဒ္ဓါဘိသိတ္တဿ ဟုဟောတော်မူသည်။ ယင်းပါဠိတော်၌ ခတ္တိယဿ ဟူသော ဝိသေသနဖြင့် မင်းမျိုးဖြစ်သောမင်း၊ မင်းမျိုးမဖြစ်သောမင်း နှစ်မျိုးရှိရာတွင် မင်းမျိုးဖြစ်သော မင်း၏ အိပ်ရာတိုက်ခန်းသို့ မပန်ကြားပဲ ဝင်သောရဟန်းမှာ ပါစိတ်အာပတ်သင့်သည်။ မင်းမျိုးမဖြစ်သော မင်း၏ အိပ်ရာတိုက်ခန်းသို့ မပန်ကြားပဲ ဝင်သောရဟန်းမှာ ပါစိတ်အာပတ် မသင့်ဟု ဟောတော်မူသည်။ ဗုဒ္ဓါဘိသိတ္တဿ- ဟူသော ဝိသေသနဖြင့် မုဒ္ဓါဘိသိက် ခံသောမင်း၊ မခံသောမင်း နှစ်မျိုးရှိရာတွင် မုဒ္ဓါဘိသိက်ခံသော မင်း၏ အိပ်ရာတိုက်ခန်းသို့ မပန်ကြားပဲ ဝင်သောရဟန်းမှာ ပါစိတ်အာပတ်သင့်သည်။ မုဒ္ဓါဘိသိက် မခံသောမင်း၏ အိပ်ရာတိုက်ခန်းသို့ မပန်ကြားဘဲ ဝင်သောရဟန်းမှာ ပါစိတ်အာပတ်မသင့်ဟု ဟောတော်မူသည်။ 


ထိုကြောင့် ၎င်းသိက္ခာပုဒ် အနာပတ္တိဝါရ (ပါစိတ်ပါဠိတော်၊ ၂၁ဝ။) ၌ 


     အနာပတ္တိ ပဋိသံဝိဒိတေ, န ခတ္တိယော ဟောတိ, န ခတ္တိယာဘိသေကေန အဘိသိတ္တော ဟောတိ-ဟု ဟောတော်မူသည်။


     ဤပါဠိအဋ္ဌကထာတို့၌ ရာဇသဒ္ဒါ ဘိသိက်ခံ မခံသော မင်းကို ဟောသည်မဟုတ်။ အဘိဓာန်မှာလည်း ရာဇာ ဘူပတိ စသော သဒ္ဒါတို့သည် ဘိသိက်ခံ,မခံသော မင်းသာမညကို ဟော ကြောင်း ရာဇည ခတ္တိယ-သဒ္ဒါ (၅)ပါးဖြင့် ဘိသိက်ခံသောမင်း ဝိသေသကို ဟောကြောင်း အဘိဓာန်ဋီကာ (၃၃၄-၅) ၌ 


     ဘူဘုဇန္တံ ရာဇသာမညေ ပဇ္ဇဒ္ဓံ မုဒ္ဓါဘိသိတ္တေ ဇာတိခတ္တိယေ-စသည်ဖြင့် ဖွင့်သတည်း။


     ယသ္မာ ပန အဘိသိတ္တဇညာ နာမ အဝဿံ အဋ္ဋကရဏေ နိသီဒိတဗ္ဗံ။ (သုတ္တနိပါတ်အဋ္ဌကထာ၊ ပ၊ ၅၃။) 


     ၎င်း၌ အဋ္ဋကရဏ - ဟူသည် တရားဆုံးဖြတ်ရာ လွှတ်တော် သဘင်ကို ဆိုသည်။ 


     အသာဟသန္တိ ဓမ္မိကဝိနိစ္ဆယေ ဌိတတ္ထာယဝေ သာဟသိက ကိရိယာယ ဝိရဟိတံ။ (သတ္တကနိပါတ် ကုက္ကုဇာတ် အဋ္ဌကထာ၊ တ၊ ၃၀၁။) 


     ဤအဋ္ဌကထာတို့ဖြင့် အဘိသိက်ခံသော မင်းတို့စသည် မစုံစမ်းမဆင်ခြင်ကြပဲ လျင်မြန်စွာ ပြုတတ်သော အလေ့မျိုးကို ကြဉ်ရှောင်ကြရာသည်။


      ဤပကတိဂါမသိမ် ဝိသုံဂါမသိမ်တို့၌ ရာဇာအရကား ရေမြေကို အစိုးရသော မင်း၊ ထိုမင်းထံမှ နယ်သီး ရွာသီး မြို့သီး ပြုနိုင်လောက်အောင် ဩဇာအာဏာထူး ဌာနန္တရထူး ရရှိသော ဘုရင်ခံမင်း ဌာနချုပ် ဝန်ရှင်တော်မင်းကြီး အရေးပိုင်မင်းတို့သာ ရာဇာအရ ယူသင့်သတည်း။ နယ်သီးနယ်ခြား ပြုနိုင်သော အာဏာထူး ဌာနန္တရထူး မရသော ဝန်ထောက် မြို့အုပ်, ပညာအုပ် ပညာဝန်ထောက် အင်စပိတ် ကွင်းစာရေး စသောသူတို့သည်ကား ဤအရာတွင် ရာဇာအရ မပါဝင်ကြောင်း ပါဠိ အဋ္ဌကထာ ဋီကာ အာဂုမ် ယုတ္တိ အမိန့်တော် ပြန်တမ်းတို့ကို ထောက်၍ သိနိုင်ရာသတည်း။ ထိုကြောင့် ထိုနယ်သီး နယ် ခြား ပြုလုပ်နိုင်သော အာဏာမရသော ပညာရေးဆိုင်ရာမင်း ဘဏ္ဍာရေးဆိုင်ရာမင်း စသော အစိုးရမင်းတို့သည် ၎င်းရာထူး ဌာနန္တရကို မရခဲ့သောကြောင့် ထိုမင်းတို့ ပိုင်းခြားကြသော်လည်း ပိုင်းခြားသည်မမည်။ ဂါမသီး၊ ရွာသီး၊ နယ်သီးမဖြစ်သဖြင့် ဝိသုံဂါမ ပကတိဂါမ မဖြစ်ဟု မုချဆတ်ဆတ် သိရာသတည်း။ 


     ထိုကြောင့် ဘိက္ခုနီ သံဃာဒိသေသသိက္ခာပုဒ်အဖွင့် 

(ပါစိတျာဒိ၊ အဋ္ဌကထာ၊ ဂ၊ ၁၈၃။) ၌ - 


      ဂဏံ ဝါတိ မလ္လဂဏဘဋိပုတ္တဂဏာဒိကံ။ ပူဂန္တိ ဓမ္မဂဏံ။ သေဏိန္တိ ဂန္ဓိကသေဏိဒုဿိကသေဏိအာဒိကံ။ ယတ္ထ ယတ္ထ ဟိ ရာဇာနော ဂဏာဒီနံ ဂါမနိဂမေ နိယျာတေန္တိ ‘‘တုမှေဝ ဧတ္ထ အနုသာသထာ’’တိ, တတ္ထ တတ္ထ တေ ဧဝ ဣဿရာ ဟောန္တိ။ တသ္မာ တေ သန္ဓာယ ဣဒံ ဝုတ္တံ -


ဟု ဖွင့်တော်မူသတည်း။ ဤအဋ္ဌကထာ စကားရပ်ဖြင့် ရွာနိဂုံးကို လွှဲအပ်သော အရာမှာ နယ်သီး၊ နယ်ခြား၊ အခွန်သီး၊ အခွန်ခြား ပြုလုပ်နိုင်အောင် လွှဲအပ်သော အခြင်းအရာ ပါရှိရကား ယင်းသို့သော မင်းကိုလည်း ရာဇာအရယူထိုက်ကြောင်း သာဓကမူထိုက်သတည်း။


     ထိုသို့ခင်းပြအပ်ပြီးသော ပါဠိ အဋ္ဌကထာစသည်တို့ကို ထောက်ထားသဖြင့် -


     ရာဇာတိ လဒ္ဓါဘိသေကပထဝိဿရခတ္တိယရာဇာ အဓိပ္ပေတော ဆေဇ္ဇဘေဇ္ဇရာဇာနော ပန အပ္ပမာဏာ။ ဣဓ နာဓိပ္ပေတာ - ဟူသော ဝိနယဂုဠှတ္ထဒီပနီစကားသည် ဥက္ကဋ္ဌနိဒ္ဒေသအားဖြင့် အနုတ္တရောပုရိသဒမ္မသာရထိ-ကဲ့သို့ ဆိုအပ်သော စကားဟု မှတ်အပ်၏။ 


     ပထဝိဿရော ရာဇာ "ဣမသ္မိံ ဂါမခေတ္တေ ဧတ္တကကရီသမတ္တော ပဒေသော ပုရိမဂါမတော ဝိသုံ ဂါမော ဟောတူ”တိ ပရိစ္ဆိန္ဒိတွာ ဒေတိ - 


     ဟူသော ဝိနယာလင်္ကာရဋီကာ(ပ၊ ၃၅၁။) စကားမှာလည်း မင်းထံမှ နယ်သီး၊ ရွာသီး၊ မြို့သီးဖြစ်အောင် ပိုင်းခြားနိုင်သော မှူးမတ်တို့ ပိုင်းခြားအပ်သော အရပ်လည်း မင်း၏အာဏာဖြင့် ပိုင်းခြားအပ်ခြင်းကြောင့် မင်းပိုင်းခြားသည်မည်သည်ကိုရည်၍ ဆိုတော်မူသတည်း ဟုမှတ်အပ်၏။ ထိုကြောင့် ဝိသုံဂါမပြ အဋ္ဌကထာကြီး၌လည်းကောင်း ဝိနယသင်္ဂဟအဋ္ဌကထာ၌ လည်းကောင်း ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ-ဟု ပရိစ္ဆိန္ဒန ကြိယာနှင့်တကွ မိန့်တော်မူသတည်း။ 


     ဣဓ ပန အတ္တနော ပုညာနုဘာဝေန ရဇ္ဇံ ကာရေတုံ သမတ္ထော ဧဝ ဘူမိသာမိကော ရာဇာ နာမာတိ အဓိပ္ပေတော။ သောယေဝ ဟိ ယထာဝုတ္တဂုဏသမ္ပန္နတ္တာ ဂါမေ ဝါ နဂရေ ဝါ ပရိစ္ဆိန္ဒိတွာ ပစ္စေကံ ကရောတိ န တဒညေ ရာဇာနော။ လဒ္ဓါဘိသေကာတိ ဣဒံ ဥက္ကဋ္ဌဒဿနံ၊ တေန အလဒ္ဓါဘိသေကရာဇာပိ အဓိပ္ပေတောတိ နိဒ္ဒိသတိ။ ပ ။ နနု စ သတိ ဒါတုံ အနုရူပေ ကာရဏေ ဘူမတ္ထိကဿ ယာစကဿ ဇနဿ တုမှေဝ ဧကသ္မိံယေဝ ဂါမခေတ္တ ယံ ကိဉ္စိ ပဒေသံ ဝိသုံဂါမံ ပရိစ္ဆိန္ဒိတွာ ဒေထာတိ ရညာ ပေသိတေဟိပိ အမစ္ဆေဟိ ပရိစ္ဆန္နီတပဒေသော ဝိသုံဂါမော သိယာ။ ဥဒါဟု အဋ္ဌကထာယံ ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတီတိ ဧတ္တကမေဝ ဝုတ္တတ္တာ နာတိ၊ န။ ရညာ ဟိ ဝုတ္တနယေန ပေသိတေဟိ အမစ္စေဟိ အယံ ဝိသုံဂါမော ဟောတူ တိ ပရိစ္ဆိန္ဒိတဘူမိဘာဂေါပိ ရာဇာယေဝ ပရိစ္ဆိန္ဒတီတိ ဝုစ္စတိ။ ရညောအာဏာယ ပရိစ္ဆိန္နတ္တာ။ (ဂါမသီမဝိနိစ္ဆယပါဌ်၊ ၂၁၇။) 


     လောကဝေါဟာရသင်္ကေတဝသေန စာယံ ပဒေသော ဣမဿ ဂါမဿ ပရိစ္ဆေဒေါတိ ဣဿရေဟိ ကတပရိစ္ဆိန္နမေဝ ပမာဏံ ဟောတိ။


     (သာသနာနှစ်(၂၁၁၈) နှစ်ထောင့်တစ်ရာ့တစ်ဆယ်ရှစ်ခုနှစ် ပြည်မြို့ အစိုးရသော သတိုးမင်းလက်ထက် သာဂရဗုဒ္ဓိမထေရ်သည် စီရင်အပ်သော သီမဝိသောဓနီပါဌ်။)



၁၄။ ရာဇာ ကဿစိ ဒေတိ-၌ ပုဗ္ဗကာလကြိယာ ပြဋ္ဌာန်းပုံ ပြဆိုခန်း

     ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ -၌ ပရိစ္ဆိန္ဒိတွာ - ဟူသော ပုဗ္ဗကာလကြိယာ၊ ဒေတိ -ဟူသော အပရကာလကြိယာ နှစ်ပါးတို့တွင် အဘယ်ကြိယာပြဋ္ဌာန်းသနည်း။ ဂဏဘောဇနံ နာမ ယတ္ထ စတ္တာရော ဘိက္ခု ပဉ္စန္နံ ဘောဇနာနံ အညတရေန ဘောဇနေန နိမန္တိတာ ဘုဉ္ဇန္တိ၊ ဧတံ ဂဏဘောဇနံ နာမ - ဟူသော ပါစိတ် ဂဏဘောဇန သိက္ခာပုဒ်၌ ခံယူခြင်းဟူသော ရှေ့ကြိယာ၊ ဘုဉ်းပေးခြင်းဟူသော နောက်ကြိယာတို့တွင် ခံယူခြင်း ရှေ့ ကြိယာသယ ပမာဏဖြစ်သည်၊ ဘုဉ်းပေးခြင်း ဟူသော နောက်ကြိယာ ပမာဏမဟုတ်။ ထိုကြောင့် ၎င်းအဋ္ဌကထာ၌ ပဋိဂ္ဂဟဏ မေဝ ပမာဏံ -ဟု ဖွင့်တော်မူသည်။ ထို့အတူ ပိုင်းခြားခြင်း ဟူသော ရှေ့ကြိယာ၊ ပေးခြင်းဟူသော နောက်​ကြိယာ နှစ်ပါးတို့တွင် ပိုင်းခြားခြင်း ဟူသော ရှေ့ကြိယာသာ ပမာဏဖြစ်သည်။ ပေးခြင်းဟူသော နောက်ကြိယာ ပမာဏမဟုတ်။ ထိုကြောင့် ဝိနယဝိနိစ္ဆယဋီကာ၌ သဗ္ဗဒိသာသု သီမံ ပရိစ္ဆိန္ဒိတွာ -အစရှိသော စကားကို ဆိုသတည်း။ ဝိမတိဝိနောဒနီဋီကာ ၌လည်း ပရိစ္ဆိန္န ဘူမိဘာဂေါ -ဟု ဆိုသတည်း။ နောက်ကြိယာ ပမာဏဖြစ်က ပရိစ္ဆိဒိန္နဘူမိဘာဂေါ -ဟု ဆိုရာသည်။ 


     ဝိနယဂုဠှတ္ထပကာသနီကျမ်းမှာလည်း ပရိစ္ဆိန္ဒိတွာတိ ကာရဏံ သောပီတိ ပရိစ္ဆိန္ဒိတပဒေသော ပိသဒ္ဒေါ ဟေဋ္ဌာပေက္ခက ပုဗ္ဗ ဂါမခေတ္တ ပဒေသောပိ အဘိနဝပရိစ္ဆိန္ဒိတပဒေသာပီတိ အတ္ထော။ အဘိနဝပရိစ္ဆိန္ဒနကာရဏာ - ဟု ဆိုသတည်း။ ယင်းတွင် ပရိစ္ဆိန္ဒိတွာတိ ကာရဏံ - ဖြင့် ပရိစ္ဆိန္ဒီတွာ- ပုဒ်သည် မင်း၏ အပိုင်းအခြားကို ပြုခြင်းသည်သာ ဆိုအပ်ပြီးသော မြေအဖို့၏ ဝိသုံဂါမ ဖြစ်ခြင်း အကြောင်းဟု ပြသည်။ ဤအရပ် သည် ဝိသုံဂါမ ဖြစ်စေဟူ၍ မင်းပိုင်းခြားခြင်းကြောင့်သာ ဝိသုံ. ဂါမ ဖြစ်သည်သာတည်း။ (ဤကား ပိဏ္ဍတ္ထ။) ထိုကြောင့် ပရိစ္ဆိန္ဒိတွာဟူသော ပုဒ်ကို အယံ ဝိသုံဂါမော ဟောတု -ဟူသော ပုဒ်နှင့်သာ စပ်သတည်း။ သောပိ၌ တဖြင့် မင်းပိုင်းခြားအပ်သော အရပ်ကို စွဲအပ်၏၊ မင်းပိုင်းခြား၍ ပေးအပ်သော အရပ်ကို မစွဲအပ်။       ။ 



၁၅။ ရာဇာအရပါဝင်-မပါဝင်မင်းတို့ကိုသိနိုင်ရန် အစိုးရပြန်တမ်းပြခန်း

     သိမ်မျိုးစုံဋီကာ ရေးသားရာ၌ အမြစ်အခြေနှင့်တကွ ဘုရင်ခံမင်းကြီး၊ ဝန်ရှင်တော်မင်းကြီး၊ အရေးပိုင်မင်းတို့မှ တပါး ဝန်ထောက်မင်း၊ မြို့အုပ်မင်းစသော အစိုးရမင်းတို့ပင် နယ်သီးနယ်ခြား မြို့သီးမြို့ခြား၊ လုပ်နိုင်စီမံနိုင်သော ဩဇာအာဏာဌာနန္တရ မရသည်အဖြစ်ကို ဤဆိုလတ္တံ့သော (ဆာကြူလာ) အမိန့်တော်များဖြင့် သိသာထင်ရှားလှ၏။ သိသာထင်ရှားအောင် (ဆာကြူလာ) အမိန့်တော်ပြန်တမ်းကို ထည့်သွင်း ဖော်ပြလိုက်ဦးအံ့။ 


     မြန်မာနိုင်ငံတွင် ဘုရင်ခံမင်း၊ အခွန်ဌာနချုပ်ဝန်ကြီး၊ အရေးပိုင်မင်းတို့ ဝိသုံဂါမမြေစား ပေးအပ်နိုင်သည့် အရာများကို ဆိုလတ္တံ့သော ဥပဒေများကို ထောက်ထား၍ သိလေ။


     ၁၈၇၆ -ခုနှစ်ထုတ် မြန်မာနိုင်ငံတော် အောက်ပိုင်းဆိုင်ရာ မြေယာနှင့် အခွန်တော် အက်ဥပဒေအရ ပြဋ္ဌာန်းပိုင်းခြားသည့် နည်းဥပဒေ၊ အခန်း (၆ )၊ ပုဒ်မ (၃၂) တွင် သာသနာရေး သာသနာမှုနှင့် ဆိုင်သည့် အဆောက်အအုံအတွက် မြေယာများကို (မြေခွန်တော် တစ်စုံတရာရှိလျှင်) မြေခွန်တော်လွတ် အရေးပိုင်က ပေးအပ်ချထားခွင့်ရသည်။


(က)၄င်းမြေတန်ဖိုးမှာ ငွေ(၁၀၀)ထက်မပိုလျှင် 

မိမိအမိန့်နှင့် ပေးအပ်ချထားခွင့်ရသည်။


(ခ) ၎င်း တန်ဖိုးမှာ ငွေ (၁ဝဝိ) ထက် ပိုမို၍ (၂ဝဝိ) ထက်မပိုလျှင် အခွန်ဌာနချုပ် ဝန်ကြီး အမိန့်တင်ရင် ခံယူ၍ ပေးအပ်ချထားခွင့်ရသည်။


     ယခု နည်းဥပဒေအလို့ငှာ မြေယာတန်ဖိုးကို တွက်စစ်ရာ တွင် ၎င်းမြေတွင် စိုက်ပျိုး လုပ်ကိုင်လျက်ရှိလျှင် စည်းကြပ်သည့်( သို့မဟုတ်) စည်းကြပ်မည့် မြေခွန်တော်ကို တစ်နှစ်တွက် စည်းကြပ်ရ အခွန်တော် (၂၅)ဆ နှုန်းရင်းပြုလုပ်တွက်စစ်ရမည်။ သို့မဟုတ် ၎င်းမြေမှာ အခွန်တော်စည်းကြပ်ရာ မထိုက်သက်လျှင် မြေတန်ဖိုး ပေါက်ရာဈေးနှုန်းအတိုင်း ဖြစ်စေရမည်။ 


    

 အဓိပ္ပါယ်ဖော်ပြချက်။    ။ယခု နည်းဥပဒေတွင် ရည်ညွှန်းသည့် နှုန်းရင်းပြုလုပ် တွက်စစ်ရမြေခွန်တော်မှာ အပိုင်ပတ္တာရသူ ထမ်းဆောင်စေရန် ရည်ရွယ်သည်မဟုတ်။ မြေခွန်တော်ကို နှုန်းရင်းပြုလုပ် တွက်စစ်ခြင်းသည် ၎င်းမြေယာ တန်ဖိုး စုစုပေါင်းကို ထောက်၍ ယခုဥပဒေအရ ချထားပိုင်ခွင့် ရသည့် အရာရှိတို့ ၎င်းအပိုင်ပတ္တာ ပေးအပ်ပိုင်ခွင့် ရှိမရှိကိုသာ ရှင်းလင်းသိသာရန် တွက်စစ်ခြင်းမျှသာ ဖြစ်သည်။ ။ 


(၃၃) မြေယာတန်ဖိုးမှာ ငွေ (၂ဝဝိ ) ထက် ပိုသည့်အချက် များတွင် အိန္ဒိယအစိုးရမင်းတို့ အမိန့်ကို နာခံရန်တင်ပို့ရမည်။ 


(၃၄) အပိုင်ပတ္တာ ပေးအပ်ချထားရင်း အကြောင်းအရာ 

များနှင့် သက်ဆိုင်သည့် သာသနာမှု အယူဝါဒမှာ မည်သို့ပင် ဖြစ်သော်လည်း နည်းဥပဒေ (၃၂) (၃၄) များနှင့် သက်ဆိုင်သည်။


     ဤပုဒ်မ စကားချက်အရ အဓိပ္ပာယ်မှာ လျှောက်ထားသူက ဘုရားကျွန်တော်မျိုး ကျောင်းဆောက်ရန် စာသင်ကျောင်း ဆောက်ရန် စသည်ဖြင့် လျှောက်စာတွင် ထည့်သွင်းလျှောက် ထားလျှင် ပေးအပ်သောမြေသည် လျှောက်စာပါစကား အတိုင်း ဘုရားမြေ၊ ကျောင်းမြေ စသည်သာ ဖြစ်သည်။ ထိုမြေ၌ သိမ်သမုတ်လျှင်အစိုးရမင်းက တားမြစ်ခြင်း မရှိသော်လည်း ဝိသုံဂါမသဘော သက်ဝင်အောင် ပေးအပ်မည်ဟူ၍ အစိုးရမင်းတို့ သဘောအလို ရည်ရွယ်ရင်းမရှိသောကြောင့် ဝိသုံဂါမမြေ မဖြစ်။ လျှောက်စာတွင် ဝိသုံဂါမ မြေစားရလိုကြောင်း ထည့်သွင်း လျှောက်ထားသော်သာလျှင် မြန်မာမင်းတို့လက်ထက် ဝိနည်းဒေသနာနှင့် အညီ ဖြစ်စေရမည်ဟူ၍ အစိုးရမင်းတို့ ရည်ရွယ်ရင်းရှိသောကြောင့် ဝိသုံဂါမ မြောက်သည်ဟူ၍မှတ်။ 


     ဤဆိုအပ်သော ဥပဒေများကို ထောက်ထား၍ အခွန်ဌာနချုပ်ဝန်ကြီး၊ အရေးပိုင်မင်းတို့သည် ပုဒ်မ (၃၄) အရ ဗုဒ္ဓဘာသာ သာသနာတော် ကျမ်းဂန်တို့၌ 

ဆိုသော ဝိသုံဂါမလက္ခဏာနှင့်အညီ ဝိသုံဂါမမြေစား 

ပေးပိုင်ခွင့်ရသည်ကို သိအပ်သည်။ 


     ၁၈၉၀-ပြည့်နှစ်အောက်တိုဘာလ သုံးရက်နေ့ လွှတ်တော်က အရပ်ရပ်ခရိုင် ဝန့်ရှင်တော်မင်းကြီးတို့ထံ ပေးမှာသည့် အခွန်တော်ဘက် (ဆာကြူလာ)မှာ စာနံပါတ်(၁၂၂-၇၂)တွင် ဝိသုံဂါမမြေစား ရလိုသူတို့က အရေးပိုင် ဝန့်ရှင်တော်မင်းကြီး အမိန့်တော်ကို ရလိုကြောင်းနှင့် လျှောက်ထားလျှင် လွှတ်တော်သို့ တင်ပို့ရမည့်အကြောင်းနှင့် ပေးမှာတော်မူသည်။ ၎င်း (ဆာကြူလာ)ခေါ် ပေးမှာစာသည် မြန်မာဘာသာပြန်ဆိုပြီးမရှိ။


     ၁၈၇၆-ခုနှစ်ထုတ် မြန်မာနိုင်ငံတော် အောက်ပိုင်းဆိုင်ရာ မြေ ယာနှင့် အခွန်တော် အက်ဥပဒေအရ ၁၈၉၇-ခု ဇူလိုင်လ (၂၂)ရက် နေ့စွဲနှင့် မြန်မာနိုင်ငံတော် အခွန်ဌာနချုပ် ဝန်ကြီးထုတ်ဆင့်သည့် အမိန့်ကြော်ငြာစာ နံပါတ်(၃၆)ပါ အခွန်တော် အရာရှိတို့ လိုက်နာရန် အမိန့်ဆင့်ဆိုချက် အခန်း(၁)  ပုဒ်မ(၄) တွင် - 


     ၁၈၇၆-ခုနှစ်ထုတ် မြေယာနှင့် အခွန်တော်အက်ဥပဒေနှင့် အညီ ပြဋ္ဌာန်းပိုင်းခြားသည့် နည်းဥပဒေအခန်း (၆ )သာသနာရေး သာသနာမှု အတွက်ဖြစ်စေ၊ အများပြည်သူတို့ ကိစ္စအတွက်ဖြစ်စေ၊ မြေကို အခွန်တော်လွတ် အပိုင်ပတ္တာ ပေးအပ်ချထား ခြင်းများမှာ ပူးတွဲပါ ပုံစံနံပါတ် (၂ ) အတိုင်း ဖြစ်စေရမည်။ မကြာ မကြာ ဖြစ်ပွားတတ်သည့် သာသနာမှု ပညာမှု နှစ်မျိုးလုံးနှင့် စပ်လျဉ်း၍ မြေကိုအလိုရှိသည့်အခါ ၎င်းအပိုင်ပတ္တာစာချုပ်တွင် ထည့်သွင်းရမည်။ သိမ်သမုတ်ရန် ဝိသုံဂါမမြေစား အသနားတော်ခံလိုကြောင်းနှင့် လျှောက်ထားသည့်အရာတွင် လျှောက်ထားသူက ဘုရင်ခံမင်း အမိန့်တော်ကို ရလိုလျှင်သာ ဘုရင်ခံမင်းက အထူးပုံထိုး၍ ထုတ်ပေးတော်မူမည်။ သည်ကဲ့သို့ ဝိသုံဂါမမြေ ရလိုကြောင်းကိုလည်း ရဟန်းသံဃာ မဟုတ်သူများတို့သာ ၎င်းလျှောက်လွှာ အသီးအသီးတွင် (ဂဲ )တန် ရုံးခွန်တော်တံဆိပ်ခေါင်းကပ်၍ တင်သွင်း လျှောက်ထားစေရမည်။ ၎င်း လျှောက်လွှာမျိုးကို တင်သွင်းသည့်အခါ ... 


(က) လျှောက်ထားသူအမည်နှင့် နေရပ်။


(ခ) လျှောက်တောင်းသည့် မြေချိန်ဧရိယာနှင့် အက်ဥပဒေ အရ ပြဋ္ဌာန်းပိုင်းခြားသည့် နည်းဥပဒေ (၂၅)နှင့်အညီ တွက်စစ်၍ရသည့် ၄င်းမြေတန်ဖိုး။


(ဂ) မြေတည်ရာ ရွာနှင့် ကွင်း။ 


(ဃ) ဝိသုံဂါမမြေ ပေးမည့်အရာကို သဘောမတူကြောင်းနှင့် လျှောက်ထားလိုသူတို့ လျှောက်ထားနိုင်ရန် ကြော်ငြာပြီးကြောင်း မပြီးကြောင်း။ 


(င) လျှောက်ထားတောင်းသည့် မြေမှာ ကျောင်းပရိဝုဏ် အတွင်းဖြစ်လျှင် ၎င်းကျောင်းအာရာမ်ပိုင် ဘုန်းတော်ကြီး ဘွဲ့အမည်နှင့်တကွ ၎င်းဘုန်းတော်ကြီးက သိမ်သမုတ်ရန် သဘောတူကြောင်း မတူကြောင်းများကို ဖော်ပြရမည် - 


ဟူ၍ ပါရှိသည်များကြောင့် မြန်မာနိုင်ငံတော် ဘုရင်ခံမင်းက ဝိသုံဂါမမြေစား အမိန့်တော်ကို ပေးအပ်နိုင်ကြောင်းကို သိလေ။ အခွန်ဌာနချုပ်ဝန်ကြီး ၊ အရေးပိုင်မင်းတို့ ဥပဒေအရ ပေးအပ်ပိုင်ခွင့်ရသည်ကို နှုတ်သိမ်းတားမြစ်ခြင်းမရှိ။ ဘုရင်ခံမင်းအမိန့်တော်ကို အလိုရှိသူတို့က တင်လျှောက်သည့်အခါတွင်သာ ဘုရင်ခံမင်းက အမိန့်တော်ထုတ်ပေးမည်ဟူ၍ ဆင့်ဆိုခြင်းမျှသာ ဟူ၍လည်းသိလေ။ 


     ဤသို့ခင်းပြအပ်ပြီးသော ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရတည်း ဟူသော အာဂုမ်တို့ဖြင့်လည်းကောင်း၊ ရှေ့နောက် အကျိုး အကြောင်း သဒ္ဒယုတ္တိ အတ္ထယုတ္တိ အမျိုးမျိုး ထောက်စာသဖြင့်လည်းကောင်း ဆိုအပ်ပြီသော (ဆာကြူ)အမိန့်တော် ပြန်တမ်းကြီးများကို ထောက်စာသဖြင့်လည်းကောင်း၊ သုတ်သီလက္ခန် 

အမ္မဋ္ဌသုတ် ပါဠိ,အဋ္ဌကထာ စသည်တို့၌ ပေါက္ခရသာတိပုဏ္ဏား၊ သောဏဒဏ္ဍပုဏ္ဏား၊ ရာဇညမင်းတို့အား ဗိမ္ဗိသာရမင်း၊ ပသေနဒီမင်း စသည်တို့က ဥက္ကဋ္ဌမြို့ စသည်ကိုလွှဲအပ်ပုံ၊ သုတ်ပါထေယျ စက္ကဝတ္တိသုတ်ပါဠိ အဋ္ဌကထာ စသည်တို့၌ လေးကျွန်းရှိ တိုင်းပြည်အသီးသီး မင်းအသီးသီးတို့က စကြာမင်းအား လွှဲအပ်ပုံ၊ ပကိဏ္ဏကနိပါတ်၌ တာဝတိံသာနတ်ပြည်မှ အနှစ်ခုနစ်ရာကျော်မှ လူ့ပြည်မိမိတိုင်းနိုင်ငံပြန်လာသော သာဓိနမင်းကြီးအား မိမိမြေးတော်ရှင်ဘုရင်က လွှဲအပ်ပုံများကို ထောက်စာသဖြင့် လည်းကောင်း၊ ပကတိဂါမသိမ် ဝိသုံဂါမသိမ် နှစ်ရပ်လုံးတို့၌ ရေမြေကိုအစိုးရသော မင်းက ပိုင်းခြားသည်ဖြစ်စေ၊ ထိုမင်းထံမှ ရွာသီး နယ်သီး မြို့သီး ပြသီး ပြုနိုင်လောက်သော သြဇာအာဏာ ရာထူးဌာနန္တရ ရသော မှူးမတ်စသည်တို့ကဖြစ်စေ ပိုင်းခြားမှသာ ပကတိဂါမ ဝိသုံဂါမဖြစ်သည်ကို သိအပ်၏။ ထိုနယ်သီးစသည် ပြုလုပ်နိုင်အောင် အာဏာမရသော နယ်ပိုင်ဝန်ထောက် မြို့အုပ်အစရှိသော တရားမဘက် ရာဇဝတ်ဘက် တရားသူကြီး၊ မြေတိုင်းအင်စပိတ်၊ ကွင်းစာရေး စသောသူတို့က ပိုင်းခြားသော်လည်း ပကတိဂါမ ဝိသုံဂါမ မဖြစ်။ ဆိုအပ်ပြီးသောမင်းနှင့် ဆိုအပ်ပြီးသော မှူးမတ်တို့သာ ရာဇအရ ယူရသတည်း။       ။

ရာဇမဟာဋီကာ သမတ္တာ။


၁၆။ ပကတိဂါမသိမ် အကျဉ်းချုပ်ပြခန်း 

     ဤသို့ ခင်းပြအပ်ပြီးသော ပါဠိ အဋ္ဌကထာဋီကာ စကားရပ်ဖြင့် ရေမြေကို အစိုးရသောမင်း၊ ထိုမင်းထံမှ နယ်သီး, ရွာသီး, မြို့သီး ဖြစ်အောင် ပိုင်းခြားနိုင်သော ရာထူးဌာနန္တရကို ရရှိသောမှူးမတ်တို့သည် ပိုင်းခြားအပ်သော သံဃာနေသောရွာ၏ ရွာတပါးနှင့် မရောယှက်သော နယ်နိမိတ်အပိုင်းအခြား အတွင်းအရပ်သည် ဂါမသိမ်မည်၏။ စျေးသာရှိ၍ တံတိုင်းမရှိ၊ တံတိုင်းသာရှိ၍ ဈေးမရှိသော နိဂုံးတစ်ခု၏ နိဂုံးတစ်ခုနှင့် မရောမယှက်သော နယ်နိမိတ်အပိုင်းအခြား အရပ်အတွင်းသည် နိဂမသိမ်မည်၏။ ဈေး, တံတိုင်း နှစ်ပါးစုံရှိသောမြို့တစ်ခု၏ တစ်ခုသောမြို့နှင့် မရောမယှက်သော နယ်နိမိတ် အရပ်အတွင်းသည် နဂရသိမ်မည်။ ဤကား အဓိပ္ပာယ် လိုရင်း အကျဉ်းချုပ်ပေတည်း။ သာဓက ပါဠိ အဋ္ဌကထာ ဋီကာ ရှေး၌ထုတ်ခဲ့ပြီ။ ၁၁၄၈ -ခုနှစ် အမရပူရမြို့တည် ဘိုးတော်ကြီးလက်ထက် မောင်းထောင်သာသနာပိုင် ဆရာတော်ကြီးသည် အမေး(ဂ)ချက်၊ အဖြေ (၈ )ချက် ထုတ်၍ (၂င်္ဂါ၊ ၅ံ) ရှိ ၆င်္ ရေး မောင်းထောင်ဖြတ်ထုံးကြီး ဇ ၊ ဇာ၊ ဇိ ၌ ပြတော်မူ၏။ ကျယ်အံ့စိုး၍ မရေးပြီ။   ။

     ပကတိဂါမသိမ်ဋီကာ ပြီး၏။

၁၇။ ဝိသုံဂါမကို သာဓကနှင့်ပြခန်း

     ဝိသုံဂါမသိမ်ဟူသည် တစ်ခုသောရွာ,နိဂုံး,မြို့နယ်ကြီး အတွင်း၌ တစ်ခုသော မြေအရပ်ကွက်ကို နယ်လေးရပ်တို့၌ သတ်မှတ်ပိုင်းခြား၍ ဤမြေအရပ်သည် ရွာသီး,နိဂုံးသီး,မြို့သီး,နယ်သီး ဖြစ်စေဟု ရေမြေကို အစိုးရသော မင်းကဖြစ်စေ၊ ထိုမင်းထံမှ ယင်းသို့ ပိုင်းခြား၍ ပေးနိုင်သော အာဏာ ဌာနန္တရကို ရရှိသော မှူးမတ်တို့ကဖြစ်စေ မြို့ ,နိဂုံး, ရွာ,နယ်သီး ပြုလုပ်ခဲ့သော် ထိုအရပ်ကွက်သည် အသီးသော ဂါမသိမ်တစ်ခုဖြစ်၏။ ပါဠိဘာသာအားဖြင့် ဝိသုံဂါမမြေခေါ်၏။ ဆိုအပ်ပြီးသော မင်းစိုးရာဇာတို့က မိမိတို့ပိုင်နယ်အတွင်း မည်သည့် နေရာမဆို၊ ဆိုအပ်ပြီးသော နည်းလမ်းအတိုင်း ပိုင်းခြားခဲ့လျှင် ဝိသုံဂါမဖြစ်သည်ချည်း။ 


     ဘိုးတော်ဘုရား လက်ထက်၌ ဆရာတော် ဦးဗုဓ်၏တိုက်က ဦးပဉ္စင်းတစ်ပါးကို မိဖုရားမယ်နုက ရဟန်းခံပုံကို သိမြင်လို၍ နန်းတော်တွင် ဝိသုံဂါမ,ခံစေပြီးလျှင် ရဟန်းခံဖူးကြောင်း ဆရာစဉ်ဆက် ကြားရဖူး၏။ သီပေါမင်းတရား လက်ထက်မှာလည်း ထို့အတူ နန်းတော်ပေါ်တွင် ဝိသုံဂါမ ခံစေပြီးလျှင် ရဟန်းခံဖူးကြောင်း၊ ထိုရဟန်းကို တို့ကိုယ်တိုင် တွေဖူး၏။ စံကျောင်း ဆရာတော်ဘုရားကြီး ရေးသားအပ်သော ထိုစာတမ်းသည် ငါတို့လက်တွင်ရှိ၏။ 


ထို့ကြောင့် ဝိနည်းမဟာဝါအဋ္ဌကထာ (၃၃၃) ၌ - 

     ယမ္ပိ ဧကသ္မိံယေဝ ဂါမခေတ္တေ ဧကံ ပဒေသံ ‘‘အယံ ဝိသုံ ဂါမော ဟောတူ’’တိ ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ, သောပိ ဝိသုံဂါမသီမာ ဟောတိယေဝ -ဟု မိန့်တော်မူသတည်း။



၁၈။ ဝိသုံဂါမသိမ် အင်္ဂါ (၄)ပါးကို ထုတ်ပြခန်း 

     ၎င်းအဋ္ဌကထာ စကားရပ်၌ ပိဏ္ဍတ္ထလိုရင်းထုတ်သော်။

(၁) ပကတိ ဂါမခေတ်လည်းဖြစ်စေ။

(၂) ထိုပကတိ ဂါမခေတ်အတွင်း တစ်စိတ်သော 

      မြေအရပ်လည်း ဖြစ်စေ။

(၃) အဋ္ဌကထာပြ အာကာရဖြင့် သတ်မှတ်ပိုင်းခြား

      သည်လည်း ဖြစ်စေ။

(၄) သတ်မှတ်ပိုင်းခြားသော သူသည် ရေမြေကို 

       အစိုးရသော မင်းလည်း ဖြစ်စေ။


     ဤအကြောင်း လေးပါးစုံလင်မှ ဝိသုံဂါမမြောက်၍ ဥပုသ် ပဝါရဏာစသော ကံကြီး ကံငယ် ပြုထိုက် ပြုကောင်းသည်။ ဤအဓိပ္ပာယ်ကိုပြသည်။ 


     ထိုအင်္ဂါလေးပါးတို့တွင် ပထမအင်္ဂါဖြင့် ဂါမခေတ်မှ ကင်းသော မြစ်,သမုဒ္ဒရာ,ဇာတဿရအိုင် စသည်တို့၌ 

မင်းတို့ပိုင်းခြား၍ ရွာသီး, နယ်သီး ပြုသော်လည်း ဝိသုံဂါမ မဖြစ်ဟု ပြသည်။


     ဒုတိယအင်္ဂါဖြင့် ပကတိဂါမခေတ်တစ်ခုလုံးကို ရှေးနည်းအတိုင်း ပြုသော်လည်း ဝိသုံဂါမ မဖြစ်ဟုပြသည်။


     တတိယအင်္ဂါဖြင့် ဤအရပ်ကွက်သည် ဘုရားမြေဖြစ်စေ၊ ကျောင်းမြေဖြစ်စေ၊ ဤသို့စသည်ဖြင့် အပိုင်းအခြားထား၍ လှူဒါန်းသော်လည်း ဝိသုံဂါမ  မဖြစ်ဟုပြသည်။


     စတုတ္ထအင်္ဂါဖြင့် မင်း နှင့် မင်းထံမှ ပိုင်းခြားခွင့် အာဏာရ မှူးမတ်တို့မှတပါး ပိုင်းခြားခွင့် အာဏာမရသော မှူးမတ်တို့ မိမိတို့အလျောက် ပိုင်းခြားသော်လည်း ဝိသုံဂါမ မဖြစ်ဟု ပြသည်။


     ဤအင်္ဂါလေးပါးတို့တွင် ပထမအင်္ဂါမှာ ဧကသ္မိံယေဝ ဂါမခေတ္တ-ကို သာဓကမူသည်။


     ဒုတိယအင်္ဂါမှာ ဧကံ ပဒေသံ ဟူသော ပရိစ္ဆိန္ဒိတဗ္ဗမြေပြ အဋ္ဌကထာကို သာဓကမူသည်။ 


     တတိယအင်္ဂါမှာ အယံ ဝိသုံဂါမာ ဟောတူတိ ပရိစ္ဆိန္ဒိတွာ ဟူသော အာကာရ အာကာရဝန္တပြ အဋ္ဌကထာကို သာဓကမူသည်။ 


     စတုတ္ထအင်္ဂါမှာ ရာဇာ - ဟူသော ရေမြေကို အစိုးရသောမင်းပြ အဋ္ဌကထာကို သာဓကမူသည်။


     ကဿစိ ဒေတိ-ကား ဗလိံ လဘန္တိ -ဟူသော အဋ္ဌကထာကဲ့သို့ ယေဘုယျနည်း ပြသတည်း၊ အင်္ဂါပြမဟုတ်။ အဘယ့်ကြောင့်နည်းဟူမူကား ဂဏဘောဇန သိက္ခာပုဒ်၌ ရှေးဖြစ်သော ပဋိဂ္ဂဟဏကြိယာ နောက်ဖြစ်သော ဘုဉ္ဇနကြိယာ နှစ်ပါးတို့တွင် ရှေးဖြစ်သော ပဋိဂ္ဂဟဏ ကြိယာသာ ပြဋ္ဌာန်းကြောင်း၊ ပဋိဂ္ဂဟဏမေဝ ပမာဏံ - ဟု ဆိုသဖြင့် သိရသကဲ့သို့ ဤဝိသုံဂါမ အရာမှာလည်း ပရိစ္ဆိန္ဒနကြိယာသာ ပမာဏဖြစ်သည်၊ နောက် ဒါနကြိယာ ပမာဏမဖြစ်။ ပါဠိတော်သွားကို နာနာပျော်လေ။ ဂါမ နိဂမ နဂရ, အပိုင်းအခြားအတိုင်း သိမ်ဖြစ်ပုံကို ပြတော်မူလို၍ ဝိမတိဝိနောဒနီ၌ ပရိစ္ဆိန္နဘူမိဘာဂေါ။ ဝိနယဝိနိစ္ဆယဋီကာ၌ သဗ္ဗဒိသာသု သီမံ ပရိစ္ဆိန္ဒိတွာ -စသော စကား။ ဝိနယဂုဠှတ္ထပကာသနီ၌ ပရိစ္ဆိန္ဒိတွာတိ ကာရဏံ စသောစကားကို မိန့်ဆိုကြသတည်း။ ထိုစကားရပ်တို့တွင် ပရိစ္ဆိန္ဒိတွာတိ ကာရဏံဖြင့် ပရိစ္ဆိန္ဒိတွာ- ပုဒ်သည်၊ မင်း၏အပိုင်းအခြားကို ပြုခြင်း သည်သာ ဆိုအပ်ပြီးသော မြေအဖို့၏ ဝိသုံဂါမ ဖြစ်ခြင်းအကြောင်းတည်း။ ဤအနက်ကို ပြသည်။ ဤအရပ်သည် ဝိသုံဂါမဖြစ်စေဟူ၍ မင်းပိုင်းခြားခြင်းကြောင့် ဝိသုံဂါမ ဖြစ်သည်သာတည်း။ ဤကား အဓိပ္ပာယ်။


     ထို့ကြောင့် ပရိစ္ဆိန္ဒိတွာ- ပါဌ်ကား ထိုနောက် ဝိသုံဂါမော ဟောတိယေဝ နှင့်လည်း အနက်အားဖြင့် စပ်သည်သာတည်း။ ပိုင်းခြား၍ မင်းပေးအပ်သောအရပ်သည် ဝိသုံဂါမဖြစ်၏။ ဤအဓိပ္ပာယ်ကို မယူအပ်၊ ယူခဲ့သော် ဆိုအပ်ပြီးသော သာဓကအရပ်ရပ်တို့နှင့် ဆန့်ကျင်သတည်း။ လာရင်း ပါဠိတော်နှင့်လည်း သဘောအားဖြင့် ဆန့်ကျင်ရာသတည်း။ ဤသို့သော အကြောင်းကြောင့် ဆိုအပ်ပြီးစကားသာ အင်္ဂါပြစကားဟု ပုံသေမှတ်အပ်၏။ သောပိ-ဟူသော နိယတ္တ ဝါစကပဒဖြင့်လည်း ပရိစ္ဆိန္ဒိတဗ္ဗ-ပဒေသကိုသာ စွဲအပ်သုံးသပ်အပ်သတည်း။ ဒါတဗ္ဗပဒေသ -ကို မစွဲအပ် မသုံးသပ်အပ်။ ဤဝိသုံဂါမပြ ဝါကျကို သာဓကပြု၍လည်းကောင်း၊ ခင်းပြအပ်ပြီးသော ဝိမတိဝိနောဒနီ၊ ဝိနိစ္ဆယဋီကာ၊ ဝိနယာလင်္ကာရဋီကာ၊ ဂုဠှတ္ထပကာသနီတို့ကို သာဓကပြု၍လည်းကောင်း ယတ္တကေ ပဒေသေ စသော အဋ္ဌကထာစကားရပ်၌ - 


     ယတ္တကံ ပဒေသံ ဧတ္တကော ဘူမိဘာဂေါ ဂါမော ဟောတူ တိ ရာဇာ ပရိစ္ဆိန္ဒတိ။ အယံ ပဒေသော အပ္ပေါ ဝါ ဟောတု၊ မဟန္တော ဝါ၊ ဂါမသီမာတွေဝ သင်္ချံ ဂစ္ဆတိ ဟု ဆိုလိုရင်း မူလပါဒက ဖြစ်သော အဋ္ဌကထာဆရာ အာဘော်ကို သိနိုင်ရသတည်း။ ထိုကြောင့် မင်းသည်လည်းကောင်း၊ မင်း မှနယ်သီးခြားပြုနိုင်သော အာဏာ ဌာနန္တရ ရ မှူးမတ်သည်လည်းကောင်း ပိုင်းခြားလျှင် ပကတိဂါမ ဖြစ်၏ဟူသော မိမိ၏ စကားကို သာဓကပြုကြရာ၌ - ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ - ပါဌ်ကို သာဓကပြုကြသတည်း။       ။




၁၉။ ဘုရားမြေ ၊ ကျောင်းမြေ ၊ ဝတ္ထုကံမြေများ ဝိသုံဂါမ,မဖြစ်ကြောင်း ပြဆိုခန်း

     ယင်းဝိသုံဂါမပေးရာ၌ ၎င်းအာကာရမပါလျှင် ဝိသုံဂါမ,မမြောက်၊ ထို့ကြောင့် ဘုရားမြေကျောင်းမြေများ ဝိသုံဂါမ,မဖြစ်။ ဖြစ်ကြောင်း ကျမ်းဂန်မရှိ။ ဝိသုံဂါမ မြေစား အသနားတော်မြတ် ခံစေဟုပေးရာ၌ “အယံ ပဒေသော ဝိသုံဂါမော ဟောတု" ဟူသော အာကာရပါဝင်သည်ဟု မိုင်းခိုင်းဆရာတော် မိန့်သည်ကိုသတိမူအပ်၏။ ဤကိုသတိမမူမိ၍ ဆရာတော် ဦးဗုဓ်သည် ဝတ္ထုကံမြေ၌ သိမ်အမိန့်မခံပဲ သိမ်သမုတ်ဖူးကြောင်း၊ ခင်မွန်ဆရာတော်ကြီးသည် တိုက်သူကြီးထံ သိမ်မိန့်ခံ၍ သိမ်သမုတ်ဖူးကြောင်း၊ ဤသို့စသည် ပညာရှိသတိဖြစ်ခဲဆိုသည်အလိုက် ပမာဒအားဖြင့် မှားယွင်းကြ၏။ ဗားကရာသာသနာပိုင်ဆရာတော် ဗန်းမော်ဆရာတော် ကျီဝန်ဆရာတော်တို့နှင့်တကွ ရှေးသုဓမ္မာ ဆရာတော်ကြီးများလည်း ၎င်းဝါဒကို မနှစ်သက်သဖြင့် အာကာရပါမှ ဝိသုံဂါမဖြစ်ကြောင်း မိန့်တော်မူကြ၏။ 


     အဋ္ဌကထာ ရှေ့ပကတိဂါမပြ ဗလိံ လဘန္တိ -ဟူရာမှာလည်း ဤသို့မင်းပိုင်းခြားသော် အခွန်မတောင်းမီကပင် ဂါမ,မည်ပြီး ရကား ဤဂါမသည် ဤမျှအတိုင်းအရှည်ရှိသော အခွန်အတုတ်သည် ဖြစ်စေဟု မင်း၏ကမ္ပည်း အက္ခရာစာတို့၌ ရေးတင်၍ ရွာစောင့် ရွာစားတို့ လစာရိက္ခာ ဌာနန္တရစသောအလို့ငှာ ပေး၍ မင်းပိုင်းခြားအပ်သော မြေ၌အခွန်အတုတ် တောင်းယူက မင်းတို့ပိုင်းခြားအပ်သော တစ်ခုသော ဂါမခေတ်၏အတွင်းဖြစ်သော ဤအရပ်သည် ဤရွာ၏ခေတ်ဟု တစ်ခုသောဂါမခေတ်ဟုဆိုအပ်သော ရွာအပိုင်းအခြား ထင်ရှားသည်ကို နှလုံးထားတော်မူ၍ အဋ္ဌကထာ၌ ရွာစားတို့၏ အခွန်ယူရခြင်းဖြင့် မှတ်၍ဆိုတော်မူသည်ဟု တစ်နည်းမှတ်အပ်သေး၏။ ယခုကာလ၌ ဘုရင်ခံမင်းထံမှာလည်းကောင်း၊ အရေးပိုင်ထံမှာလည်းကောင်း၊ ခရိုင်ဝန့်ရှင်တော်ထံမှာလည်းကောင်း သိမ်အမိန့်စာခံ၍သမုတ်ခြင်း၊ အမိန့်စာမခံမူ၍ နယ်သိမ်းသမုတ်ခြင်း နှစ်ရပ်တို့တွင် ဉတ်ကမ္မဝါစာ ရွတ်ဖတ်ခြင်း၊ သိမ်အမိန့်စာခံခြင်း နှစ်ရပ်လုံးပြုသဖြင့် ဒဠှီကမ္မဖြစ်ရကား ပထမနည်းသည်ကောင်းမြတ်၏။ ဒုတိယနည်းမှာ ငါတို့တပည့် သားမြေး စဉ်ဆက် မပြုလုပ်ကြရာ၊ ငါတို့ကျေးဇူးရှင် ဆရာတော်ဘုရားကြီးများမှာမူကား ငါတို့ကဲ့သို့ပင် မိမိ,မပိုင် သိမ်သမုတ်ရုံမျှဖြင့်ပင် အလေးပြု၍ ပင့်ဖိတ်ကြရာ၌ တစ်ပါးပုဂ္ဂိုလ်တို့နှင့် မဆန့်ကျင်စေပဲ အလိုက်သင့် သမုတ်ခဲ့တော်မူကြသတည်း ။မိမိပိုင်သိမ်သမုတ်ဖြစ်မူကား ပထမနည်းကိုသာ အသုံးပြုတော်မူကြသည်ကို ကိုယ်တိုင်သိရသတည်း။ ဤအချက်၌ ပြောစရာ ရေးစရာ အလွန်တရာများ၏ ။ သိုသော် ဤမျှဖြင့်ပင် ပညာရှိသူတော်ကောင်းတိုမှာ “ပညာရှိစကား မိုးကြိုးသွား၊ “မင်းဧကရာဇ်စကား တစ်ခွန်းထား” “ဘုရင်မှန်လျှင် မှန်မည်” သို့နည်းရရာပြီဖြစ်၍ အကျယ်တဝန့်မရေးပြီ။     ။




၂၀။ အင်္ဂလိပ်မင်းတို့ အနာဂတ် သိမ်အမိန့်ပေးခြင်း အပ်,မအပ် ပြဆိုခန်း

     တရပ်မှာလည်း ဘုရင်ခံမင်း သိမ်အမိန့်စာစသည်၌ သိမ်သမုတ်ခြင်းမှတပါး တခြားတစုံတရာ အသုံးပြုလျှင် သနားတော်မူရင်းအမိန့်တော်ကို နှုတ်သိမ်းစေ ဟူသောအဖျားသတ် စကားကို ထောက်၍ သိမ်သမုတ်ပြီးမှ ၎င်းမြေကို ဝိသုံဂါမမြေစားခံသူ ပိုင်ကြောင်း၊ သိမ်မသမုတ်မီ မပိုင်သေးကြောင်း၊ ယင်းမင်းပိုင်းခြား အပ်သောမြေသည် သိမ်သမုတ်မပြီးမီ ဝိသုံဂါမ,မဖြစ်၊ သိမ်သမုတ်ပြီးမှ ဖြစ်သတည်း။ 


     ဤသို့ အစ္ဆိန္ဒနသိက္ခာပုဒ် အဋ္ဌကထာ၊ ၎င်းအဖွင့် တေရသကဏ် ဋီကာတို့ကိုထောက်၍ ယူတော်မူကြသတည်း။ 


     ‘‘မမ သန္တိကေ ဥပဇ္ဈံ ဂဏှန္တဿေဝ ဒေမိ, အညတ္ထ ဂဏှန္တဿ န ဒေမိ။ ဝတ္တံ ကရောန္တဿေဝ ဒေမိ, အကရောန္တဿ န ဒေမိ, ဓမ္မံ ပရိယာပုဏန္တဿေဝ ဒေမိ, အပရိယာပုဏန္တဿ န ဒေမိ, အဝိဗ္ဘမန္တဿေဝ ဒေမိ, ဝိဗ္ဘမန္တဿ န ဒေမီ’’တိ ဧဝံ ပန ဒါတုံ န ဝဋ္ဋတိ, ဒဒတော ဒုက္ကဋံ။ အာဟရာပေတုံ ပန ဝဋ္ဋတိ။ စဇိတွာ ဒိန္နံ အစ္ဆိန္ဒိတွာ ဂဏှန္တော ဘဏ္ဍဂ္ဃေန ကာရေတဗ္ဗော"။ (ပါရာဇိက အဋ္ဌကထာ၊ ဒု၊ ၃၀၂။)


     အာဟရာပေတုံ ပန ဝဋ္ဋတီတိ ဧဝံ ဒိန္နံ ဘတိသဒိသတ္တာ အာဟရာပေတုံ ဝဋ္ဋတိ။ စဇိတွာ ဒိန္နန္တိ ဝုတ္တနယေန အဒတွာ အနပေက္ခေန ဟုတွာ တဿေဝ ဒိန္နံ။ ဘဏ္ဍဂ္ဃေန ကာရေတဗ္ဗောတိ သကသညာယ ဝိနာ ဂဏှန္တော ဘဏ္ဍံ အဂ္ဃါပေတွာ အာပတ္တိယာ ကာရေတဗ္ဗော။ 

     (သာရတ္ထ၊ ဒု၊ ၄၄၁။)




၂၁။ တေရသကဏ်ဋီကာ၌ပါဌသေသကြွင်းပုံကို ပြဆိုခန်း

     ၎င်းတေရသကဏ်ဋီကာ စကားရပ်၌ ဘတိသဒိသတ္တာ မူလ ဟိတ်ပြစကားနောင် ယာဝ ဥပဇ္ဈဂ္ဂဟဏာဒိကေ သဒ္ဓိဝိဟာရိကာ န ကရောန္တိ။ တာဝ ဒိန္နပတ္တစီဝရဿ ဥပဇ္ဈာယဿေဝ သန္တကတ္တာ-ဟူသော ဥပထမ္ဘကဟိတ်ကူ စကားကိုထည့်စွက်၍ သမ္ဗန်ရမည်။ ၎င်းအဋ္ဌကထာ ဋီကာစကား သာမညတို့ကိုထောက်မူ ၎င်းဆရာတော်များ အလိုဆန္ဒအတိုင်း ဟုတ်မှန်ရာ၏၊ သို့သော်ပညာရှိ သတိဖြစ်ခဲဆိုသည့်အတိုင်း ပညာကားရှိကြပါပေ၏၊ သတိချွတ်သဖြင့် ပမာဒလေခဟု ထင်မိသတည်း။ သိမ်သမုတ်ရန် အမိန့်စာခံရာ သိမ်သမုတ်ဖို့သာ ပေးသတည်း။ အခြားဖို့ပေးသည်မဟုတ်။ သိမ်သမုတ်လျှင် ပေးစဉ်ကပင် မြောက်၏၊ အခြားကိစ္စဆောင်လျှင် မမြောက်၊ ထို့ကြောင့် သာဓကမမြောက်ထင်သတည်း၊ ပေးပုံကို ကြပ်ကြပ်စဉ်းစားလေ။ 


     တနည်းအားဖြင့် ထိုစကားကို ချဲ့ဦးအံ့၊ ရဟန်းတို့အရာနှင့် လူတို့အရာသည် ခြားနားလှ၏၊ ရဟန်းတို့မှာ ကာယဒွါရ ၀စီဒွါရမှာ ပညတ်ပေ၏။ လူတို့မှာ မနောဒွါရပါ ပညတ်ပေ၏။ ရဟန်းတို့မှာ ဝိနည်းနှင့်ဆိုင်သည်။ လူတို့မှာ သုတ္တန်နှင့်ဆိုင်သည်။ ရဟန်းတို့မှာ အနာဂတ်ပေးခြင်း၊ စိတ်ဖြင့်ပေးခြင်း မမြောက်၊ လူတို့မှာ နှစ်ပါးလုံးမြောက်၏။ ဤသို့စသည် သတိထားသင့်လေသည်။ ယခု ပေးသူအစိုးရတို့က လူတို့ဖြစ်လေသည်။ ထို့ကြောင့် အနာဂတ် ပေးခြင်း စိတ်ဖြင့်ပေးခြင်းပင် မြောက်၍ သိမ်,မသမုတ်မီကပင် ဝိသုံဂါမမြောက်၏ဟု ဧကန္တနိဿံသယအားဖြင့် မှတ်အပ်၏။ ထို့ကြောင့် စူဠဝါအဋ္ဌကထာဘိက္ခုနီခန္ဓက (၁၃ဝ)၌ - 


     သစေ ဟိ ပဉ္စသု သဟဓမ္မိကေသု ယော ကောစိ ကာလံ ကရောန္တော ‘‘မမစ္စယေန မယှံ ပရိက္ခာရော ဥပဇ္ဈာယဿ ဟောတု, အာစရိယဿ ဟောတု, သဒ္ဓိဝိဟာရိကဿ ဟောတု, အန္တေဝါသိကဿ ဟောတု, မာတု ဟောတု, ပိတု ဟောတု, အညဿ ဝါ ယဿ ကဿစိ ဟောတူ’’တိ ဝဒတိ တေသံ န ဟောတိ, သံဃဿေဝ ဟောတိ။ န ဟိ ပဉ္စန္နံ သဟဓမ္မိကာနံ အစ္စယဒါနံ ရုဟတိ, ဂိဟီနံ ပန ရုဟတိ။


ဟု မိန့်တော်မူသည်။ ဤအဋ္ဌကထာ စကားရပ်ဖြင့် သိတင်းသုံးဖော် ငါးယောက်တို့တွင် တစ်ယောက်ယောက်သည် ငါသေသောအခါ၌ ငါပိုင်ပစ္စည်းများကို ဥပဇ္ဈာယ်စသည်တို့တွင် တစ်ဦးဦးအား ဖြစ်စေ,ရစေဟု ပေးခြင်းသည် အစ္စယဒါနမည်သည်။ အနာဂတ်ပေးခြင်း၊ အနေကန္တိက ပေးခြင်းလည်းမည်သည်။ ယင်းသို့ပေးခြင်းသည် မသေမီလည်းကောင်း၊ သေရာ

ကာလ၌လည်းကောင်း ပေးအပ်သောသူတို့အား မရောက်။ လူတို့သည် ယင်းကဲ့သို့ပေးမူကား မသေမီလည်းကောင်း၊ သေရာဌာန၌လည်းကောင်း ရောက်၏ဟု ပြတော်မူသတည်း။ ယင်းသို့ သီတင်းသုံးဖော် ငါးဦးတို့၏ အနာဂတ်ပေးခြင်းသာ ပေးအပ်သောသူအား မရောက်ကြောင်း၊ လူတို့၏ပေးခြင်းကား ပေးအပ်သောသူတို့အား ရောက်ကြောင်း အဋ္ဌကထာ၌ပင် လာပြီးဖြစ်သောကြောင့် အစိုးရမင်းဖြစ်သော လူတို့၏ သိမ်သမုတ်လျှင်ပေး၏။ တပါးကိစ္စပြုလျှင် မပေးဟုဆို၍ ပေးခြင်းသည် သိမ်သမုတ်သူမှာ ပေးရာကာလကပင် ပေးခြင်းမြောက်၏။ ဝိသုံဂါမ မြေစားခံသူပိုင်၏၊ တပါးသော ကိစ္စပြုသူမှာ ပေးခြင်းမမြောက်။ အစိုးရမင်းနှင့် မြေရှင်တို့ပင်ပိုင်၏။ ဤသို့ သံသယ ကင်းရှင်းစွာ သိမှတ်ကြရာသတည်း။     ။



၂၂။ နန်းတော်ပေါ် ဝိသုံဂါမပေးပုံ ပြခန်း 

      သက္ကရာဇ်(၁၂၄၆) ခုနှစ် ဝါတွင်း ရွှေနန်းတော်အတွင်း ရဟန်းတော်ပြုရာ ဝိသုံဂါမပေးပုံ။ 


     ယခုနှစ်ဝါတွင်း ရဟန်းတော်ပြုရာ ဝိသုံဂါမပေးရန် ဝိသုံဂါမ ပေးပုံကား - 


     ယမ္ပိ ဧကသ္မိံယေဝ ဂါမခေတ္တေ ဧကံ ပဒေသံ "အယံ ဝိသုံ ဂါမော ဟောတူ’’တိ ပရိစ္ဆိန္ဒိတွာ ရာဇာ ကဿစိ ဒေတိ  သောပိ ဝိသုံဂါမသီမာ ဟောတိယေဝ။  (ဝိနည်းမဟာဝါ၊ ဋ္ဌ၊ ၃၃၃။) 


     ဧကသ္မိံယေဝ ဂါမခေတ္တ၊ တစ်ခုတည်းသော ဂါမခေတ် ဂါမနယ် ဂါမသိမ်၌သာလျှင်။ ယမ္ပိ ဧကံ ပဒေသံ၊ အကြင်တစ်ခုသောအရပ်ကိုလည်း။ အယံ၊ ဤရေသေဌ်နင်း ပြည့်ရှင်မင်း အလိုရှိအပ်သော အရပ်ဌာန ပဒေသသည်။ ဝိသုံဂါမော၊ ဝိသုံဂါမသည်။ ဝါ၊ ရွာသီးရွာခြားသည်။ ဟောတု၊ ဖြစ်လော။ ဝါ၊ ဖြစ်စေ။ ဣတိ၊ ဤသို့။ ပရိစ္ဆိန္ဒိတွာ၊ အမိန့်တော်စကားတော်ဖြင့် ပိုင်းခြား၍။ ရာဇာ၊ ရေမြေသေဌ်နင်း ပြည့်ရှင်မင်းသည်။ ကဿစိ၊ တစ်စုံတစ်ယောက်သောသူအား။ ဒေတိ၊ ပေးတော်မူလေအံ့။ သောပိ ပဒေသာ၊ ထိုရေမြေသေဌ်နင်း ပြည့်ရှင်မင်း အလိုရှိအပ်သောအရပ်ဌာန ပဒေသသည်လည်း။ ဝိသုံ၊ အသီးအခြား။ ဂါမသီမာ၊ ဂါမသိမ်သည်။ ဝါ၊ ဂါမခေတ်သည်။ ဝါ၊ ဂါမနယ်သည်။ ဟောတိယေဝ၊ သုံးလူထွတ်ထား မြတ်စွာဘုရား အမိန့်တော် ကမ္မဝါစာနှင့် မရောယှက်ပဲ ရေမြေသေဌ်နင်း ပြည့်ရှင်မင်းတို့ အမိန့်တော်စကားဖြင့်သာလျှင် ဖြစ်သည်သာလျှင်တည်း။ 


     ဤသို့ ကင်္ခါဋီကာသစ် ဝိနည်းမဟာဝါ ဥပေါသထက္ခန္ဓက အဋ္ဌကထာလာသည့်အတိုင်း ရေမြေသေဌ်နင်း ပြည့်ရှင်မင်းသည် ငါအလိုတော်ရှိအပ်သော ဤမျှအတိုင်းအရှည်ရှိသော အရပ်ကို မှူးတော်မတ်တော် မည်သည့်သူအား အသီးအခြားဂါမအဖြစ်ဖြင့် ပေးသနားတော်မူသည်။ ဝိသုံဂါမမြေစား သနားတော်မြတ်ခံစေ။ ဤသို့ အလိုတော်ရှိရာ တစ်စုံတစ်ယောက်သော မိန်းမယောက်ျားအား ပေးသနားတော်မူလျှင်ပင် ဝိသုံဂါမပေးခြင်းကိစ္စ ပြည့်စုံ၏။ ရဟန်းခံခြင်းကိစ္စ ပြည့်စုံပြီးသည့်အခါ ဝိသုံဂါမမြေစား သနားတော်မြတ် ခံရသောသူက ထိုဝိသုံဂါမမြေအရပ်ကို ရေမြေသေဌ်နင်း ပြည့်ရှင်မင်းအား တဖန်ပြန်၍ ဆက်ပြန်လျှင် ဝိသုံဂါမကိစ္စ ငြိမ်းပြန်၏။ ဝိသုံဂါမမြေစား သနားတော်မြတ် ခံရသောသူက တဖန်မဆက်သော်လည်း ရေမြေသေဌ်နင်း ပြည့်ရှင်မင်းက သိမ်းယူလျှင်ပင် ဝိသုံဂါမကိစ္စ ငြိမ်းပြန်၏၊ ရဟန်းသံဃာတော်တို့ ကံကြီးကံငယ် ဆောင်ရွက်ခြင်းငှာ မထိုက်ပြီ၊ ပကတိအတိုင်း ဖြစ်လေပြန်၏။ 


     ရာဇူနံ ဣစ္ဆာဝသေန ပဝတ္တာ ဝိသုံဂါမသီမာ စ ဗဒ္ဓသီမာ ဝိယ သဗ္ဗကမ္မာရဟာ။ (ဝိနယာလင်္ကာရဋီကာ၊ ပ၊ ၃၄၉) 


     သုဒဿနဓဇ အတုလာဓိပတိသိရီပဝရ မဟာဓမ္မရာဇာဓိရာဇာဂရုတိ လဒ္ဓလဉ္ဇေန စံကျောင်းအာစရိယာသဘေန သယမေဝ တဒါ ရစိတော ဝိသုံဂါမဝိနိစ္ဆယော သမတ္တော။  

     အနာဂတဒါနဋီကာ သမတ္တာ။

     

     ဝိသုံဂါမဋီကာ သမတ္တာ။

၂၃။ သတ္တဗ္ဘန္တရသိမ် သာဓကစုံယူပုံပြခန်း

     လူတို့နေထိုင်ရာ မြို့ရွာနယ်မှ အလွတ်ဖြစ်၍ ဤအရပ်ကား မည်သည်မြို့, ရွာ, နိဂုံးနယ်ဖြစ်သည်ဟု ပြောဆိုရာမဟုတ်သော တောအရပ်, တောင်အရပ်များ၌ ရဟန်းသံဃာများ နေရာမှပြင်ပအရပ်လေးမျက်နှာတွင် အရှေ့မျက်နှာ (၁၉၆) တစ်ရာကိုးဆယ်ခြောက်တောင်၊ တောင်မျက်နှာ (၁၉၆) တစ်ရာကိုးဆယ့်ခြောက်တောင်၊ မြောက်မျက်နှာ (၁၉၆) တစ်ရာကိုးဆယ့်ခြောက်တောင်၊ အနောက်မျက်နှာ (၁၉၆) တစ်ရာကိုးဆယ့်ခြောက်တောင်၊ အတွင်းအရပ်သည် 

သတ္တဗ္ဘန္တရသိမ်မည်၏။ 


ထိုကြောင့် ဝိနည်းမဟာဝါ ပါဠိတော် (၁၅၀)၌ - 

     အဂါမကေ စေ ဘိက္ခဝေ အရညေ သမန္တာ သတ္တဗ္ဘန္တရာ။ အယံ တတ္ထ သမာနသံဝါသာ ဧကုပေါသထာ-ဟုဟောတော်မူသည်။ 


ဝိနည်းမဟာဝါအဋ္ဌကထာ(၃၃၃)၌လည်း -

     အဂါမကေ စေတိ ဂါမနိဂမနဂရသီမာဟိ အပရိစ္ဆိန္နေ အဋဝိပ္ပဒေသေ။ အထ ဝါ အဂါမကေ စေတိ ဝိဇ္ဈာဋဝိသဒိသေ အရညေ ဘိက္ခု ဝသတိ, အထဿ ဌိတောကာသတော သမန္တာ သတ္တဗ္ဘန္တရာ သမာနသံဝါသကသီမာတိ အတ္ထေ -ဟု ဖွင့်တော်မူသည်။ 


     ဤအဋ္ဌကထာ၌ ဒုတိယနည်းအလိုကား - ဟိမဝန္တာတောကြီးဝယ် အနာတတ်အိုင် တောင်မျက်နှာ ဆင်ခံတွင်းမှ ထွက်သော အာဝဋ္ဋဂင်္ဂါ၊ ကဏှဂင်္ဂါ၊ အာကာသဂင်္ဂါ၊ ဗဟလဂင်္ဂါ၊ ဥမင်္ဂဂင်္ဂါ၊ (မ ဋ္ဌ၊ ၃။ ၂၆။ အံ၊ ဋ္ဌ၊ ၃၊ ၂၇၄။) တို့တွင် ဥမင်္ဂဂင်္ဂါကို ကန့်လန့်ဆီး၍ ဂင်္ဂါ၊ ယမုနာ၊ အစီရဝတီ၊ မဟီ၊ သရဘူ ဟူသော မြစ်ကြီးငါးသွယ် ခွမြွာရာအစ ဝိဉ္ဈတောင်ကြီး၌တည်သော ဝိဉ္ဈတောကြီးပမာ လူတို့နေရာဟု မဆိုထိုက်သော အရပ်၌ သတ္တဗ္ဘန္တရသိမ်ကို ရအပ်သည်ဟုဆိုလိုသတည်း။


     ယင်းပါဠိ အဋ္ဌကထာတို့၌ သတ္တဗ္ဘန္တရဟူသော စကား၌ လူတို့(၂၈)တောင်ကို အဗ္ဘန္တရ တစ်ခုဆိုသည်။ အဗ္ဘန္တရ (၇)ခုသော် (၂၈) တောင် (၇) လီဖြစ်၍ (၁၉၆) တောင်ဖြစ်သတည်း။ အရှေ့၊ အနောက်၊ တောင်၊ မြောက် သူ့အတိုင်းတာလျှင် (၁၉၆) ၂-လီစီဖြစ်၍ (၃၉၂)တောင်ဖြစ်၏။ သံဃာစွန်းက တာရသည်၊ သံဃာ့အလယ်ကိုထောက်၍ မတာရ သံဃာတိုးပွားတိုင်းလည်း သိမ်တိုးပွား၏။ ထို့ကြောင့် ၎င်းမဟာဝါအဋ္ဌကထာ (၃၂၃)၌ - ဧကံ အဗ္ဘန္တရံ အဋ္ဌဝီသတိ ဟတ္ထပမာဏံ ဟောတိ ဟု မိန့်၏။ နိဿဂ္ဂိယပါစိတ် ဥဒေါသိတသိက္ခာပုဒ် ပါရာဇိက၊ ဋ္ဌ၊ ဒု (၂၃၅။)၌ကား- အဋ္ဌဝီသတိ 

ဟတ္ထံ ဟောတိဟုရှိ၏။ ၎င်း ဥဒေါသိတသိက္ခာပုဒ်အဋ္ဌကထာ ပါရာဇိက၊ ( ဋ္ဌ၊ ဒု၊ ၂၃၆။) ၌ ယတ္တကံ ဘိက္ခုသံဃော ၀ဍ္ဎတိ၊ သီမာပိ တတ္တကံ ဝဍ္ဎတိ - ဟု မိန့်တော်မူသတည်း။ 


ဝိနယဝိနိစ္ဆယ အဋ္ဌကထာ (၂၄၆) ၌လည်း -

          အဂါမကေ အရညေ တု, သတ္တေဝ'ဗ္ဘန္တရာ ပန၊

          သမန္တတော အယံ သီမာ, သတ္တဗ္ဘန္တရနာမိကာ။ 


          ဧကံ အဗ္ဘန္တရံ ဝုတ္တံ, အဋ္ဌဝီသတိဟတ္ထကံ၊

          ဂုဠုက္ခေပနယေနေဝ, ဥဒကုက္ခေပကာ မတာ။ 


          ဣမာ ဒွေ ပန သီမာယော, ဝဍ္ဎန္တိ ပရိသာဝသာ၊

          အဗ္ဘန္တရူဒကုက္ခေပါ, ဌိတောကာသာ ပရံ သိယုံ။

                                        ဟု ဖွင့်တော်မူ၏။      ။



၂၄။ သတ္တဗ္ဘန္တရသိမ်၌ ဝိမတိ ဝိနယာလင်္ကာရတို့ မသင့်ကြောင်းပြခန်း

     ယင်းတော၌ သတ္တဗ္ဘန္တရသိမ်နှစ်ခု သံဃာနှစ်ခု ကံပြုလိုသော် တစ်ခုသော သတ္တဗ္ဘန္တရသိမ်နှင့် တစ်ခုသောသတ္တဗ္ဘန္တရသိမ်အကြား သီမန္တရာဇ်အလို့ငှာ သတ္တဗ္ဘန္တရသိမ်တစ်ခုပင် ထားအပ်၏။ ထိုကြောင့် 


ဝိနည်းမဟာဝါအဋ္ဌကထာ ( ၃၃၃) ၌ -

     ဒွန္နံ သတ္တဗ္ဘန္တရာနံ အန္တရေ အညံ ဧကံ သတ္တဗ္ဘန္တရံ ဥပစာရတ္ထာယ ဌပေတဗ္ဗံ -


ဟုမိန့်အပ်၏။ ဝိမတိ၊ ဝိနယာလင်္ကာရတို့၌ သတ္တဗ္ဘန္တရသိမ်မှတပါး အရညသိမ်ရှိကြောင်းဆို၏၊ ထိုစကားမသင့်။


အကြောင်းကား -

     အယံ သီမာ တိစီဝရဝိပ္ပဝါသပရိဟရမ္ပိ လဘတိ-


ဟူသော ဝိနည်းမဟာဝါ အဋ္ဌကထာစကားဖြင့် သတ္တဗ္ဘန္တရသိမ်သာ တိစီဝရိတ် အစောင့်အရှောက် ရနိုင်သည်၊

 အရညသိမ်မှာ မရနိုင်။ 


     ထို့ကြောင့် သတ္တဗ္ဘန္တရသိမ်မှတပါး အရညသိမ်မရှိကြောင်း မုချဆတ်ဆတ် သိအပ်၏။ 


၂၅။ ဋီကာတို့၌သီမာပေက္ခဆိုသောစကား မသင့်ကြောင်း ပြခန်း 

      ၎င်းဋီကာတို့၌ သီမာပေက္ခရှိမှ သိမ်ဖြစ်ကြောင်းကို ဆိုကြ၏။ ထိုစကားလည်းမသင့်၊ အကြောင်းကား တိစိဝရိက်ဆောင်သော ရဟန်းသည် သီမာပေက္ခစိတ်မရှိပဲ သတ္တဗ္ဘန္တရအတွင်းထားလျှင် နိဿဂ္ဂိမထိုက်၊ ပြင်ပထားလျှင် နိဿဂ္ဂိထိုက်သောကြောင့်တည်း။ ဤစီဝရဝိပ္ပဝါသရက္ခဏဝိဓိကား - အဂါမက အရည၌ သတ္တဗ္ဘန္တရအပိုင်းအခြားကို ဟောတော်မူသောကြောင့် ကံပြုဆဲအခါ မဟုတ်စေကာမူ စီဝရဝိပ္ပဝါသရက္ခဏမှာ ၎င်းသတ္တဗ္ဘန္တရ အပိုင်းအခြားသည် အရုဏ်တက်ဆဲအခါ ရနိုင်၏။ ယင်းမှတပါး သတ္တဗ္ဘန္တရသိမ်အရာ ဥဒကုက္ခပသိမ် အရာတို့၌ ပါဠိတော်မှာ ကံကြီး ကံငယ် ပြုဆဲအခါဖြစ်၍ ဝဂ္ဂကမ္မကို စောင့်ရှောက်ခြင်းငှာ သင့်လျော်သောအခါ ဝဂ္ဂကမ္မကို စောင့်ရှောက်ခြင်းငှာ ယင်းအပိုင်းအခြားကို ထားတော်မူသောကြောင့် ကံပြုဆဲအခါ၌သာ သတ္တဗ္ဘန္တရ ဥဒကုက္ခေပသိမ်တို့ ဖြစ်ကြ၏။

 

ထိုကြောင့် ဝိနည်းမဟာဝါ၊ ၃၃၄ ၌ - 

     ဂစ္ဆန္တိယာ ပန နာဝါယ ကာတုံ န ဝဋ္ဋတိ။ ကသ္မာ? ဥဒကုက္ခေပမတ္တမေဝ ဟိ သီမာ, တံ နာဝါ သီဃမေဝ အတိက္ကာမေတိ။ ဧဝံ သတိ အညိဿာ သီမာယ ဉတ္တိ အညိဿာ အနုသာဝနာ ဟောတိ -


ဟု မိန့်တော်မူသတည်း။ ထိုစကားဖြင့် ရဟန်းရောက်ကာမျှဖြင့်လည်း ယင်းသိမ်အပိုင်းအခြားမဆိုင်။ သီမာပေက္ခစိတ် ရှိ,မရှိလည်း ယင်းအပိုင်းအခြားမဆိုင်။ ကံမပြုမီကာလ ကံပြုပြီးသည်မှ နောက်ကာလတို့၌လည်း ၎င်းသိမ်အပိုင်းအခြား မဆိုင်ကြောင်းကို ပြတော်မူ၏။ ထိုစကားမှန်၏။ သွားဆဲဖြစ်သော လှေ သင်္ဘော၌ ကံပြုခဲ့သော် ကံပြုဆဲ ဥဒကုက္ခေပ တစ်ခုစာမျှသာ သိမ်ဖြစ်သောကြောင့် တစ်ခုသောဥဒကုက္ခပ၌ ဉတ်၊ တစ်ခုသောဥဒကုက္ခေပ၌ ကမ္မဝါစာဖြစ်နေ၍ တစ်ခုသောကံမှာ သိမ်လည်းခြားနားလေသည်။ တစ်ခုသောကံကို အသီးအသီးသိမ်၌ တည်သောရဟန်းလည်း မပြုကောင်း၊ တစ်ခုသောသိမ်၌ တစ်ခုသောကံ မပြီးဆိုလျှင် ကမ္မဝါစာဝိပတ္တိလည်း ဖြစ်ရာသောကြောင့်တည်း။ အကယ်၍ ရဟန်းရောက်ရာ သီမာပေက္ခစိတ်ရှိရာ ၎င်းသိမ်အပိုင်းအခြား ဖြစ်မည်ဆိုလျှင် ၎င်းစကားကို အဋ္ဌကထာဆရာ မဆိုသင့်သော​ကြောင့်တည်း။       



၂၆။ သတ္တဗ္ဘန္တရ ဥဒကုက္ခေပတို့၌ ဥပစာရထားပုံ နာနာဝါဒစိစစ်ခန်း

ဝဇီရဗုဒ္ဓိဋီကာ(၄၅၈)၌လည်း-

     ယံ မဇ္ဈိမဿ ပုရိသဿ သမန္တာ ဥဒကုက္ခေပါတိ ပန ဧကိဿာ နဒိယာ စတုဝဂ္ဂါဒီနံ သံဃာနံ ဝိသုံ စတုဝဂ္ဂကရဏီယာဒိကမ္မကရဏကာလေ သီမာပရိစ္ဆေဒ ဒဿနတ္ထံ ဝုတ္တံ -


ဟု ကံပြုဆဲအခါသာ ဥဒကုက္ခေပသိမ် အပိုင်းအခြား

ဆိုင်ကြောင်း တိုက်ရိုက်ဆိုတော်မူ၏။


     သစေ ဒွေ သံဃာ ဝိသုံ ဝိနယကမ္မာနိ ကရောန္တိ, ဒွိန္နံ သတ္တဗ္ဘန္တရာနံ အန္တရေ အညံ ဧကံ သတ္တဗ္ဘန္တရံ ဥပစာရတ္ထာယ ဌပေတဗ္ဗံ။ ဝိနည်းမဟာဝါ၊ ဋ္ဌ၊ ၃၃၃။


     သစေ ပနေတ္ထ ဗဟူ ဘိက္ခူ ဝိသုံ ဝိသုံ ကမ္မံ ကရောန္တိ, သဗ္ဗေဟိ အတ္တနော စ အညေသဉ္စ ဥဒကုက္ခေပပရိစ္ဆေဒဿ အန္တရာ အညော ဥဒကုက္ခေပေါ သီမန္တရိကတ္ထာယ ဌပေတဗ္ဗော။ ဝိနည်းမဟာဝါ၊ဋ္ဌ၊ ၃၃၄။



      သြတိဏ္ဏ ကာရကေ သံဃေ၊ အန္တော နဇ္ဇာဒီနံ ပန၊ 

      ဥဒကုက္ခေပသီမာ သာ၊ လဗ္ဗတေန ပနညထာ။ 

      နဇ္ဇာဒယော အသီမာဝ၊ ဥဒကုက္ခေပနိဿယာ။

                       (သီမာလင်္ကာရအဋ္ဌကထာ(ဃ) ချပ် )


     စကားတို့ဖြင့် ကံပြုဆဲအခါမှာသာ ဥဒကုက္ခေပ 

တစ်ခုစာ အလယ်၌ သီမန္တရာဇ်အလိုငှာ ထားရကြောင်း

ဆိုသဖြင့် တတ္တကံယေဝ ပရိစ္ဆေဒံ အနတိက္ကမိတွာ 

ဌိတောပိ ကမ္မံ ကောပေတိ -


ဟူသော ကင်္ခါအဋ္ဌကထာ (၉၁)မှာ ဌိတောအရ ရဟန်းသည် ကံပြုဆဲရဟန်းဟု မုချသိနိုင်သတည်း။ ထို့ကြောင့် ကံပြုဆဲမဟုတ်သော သံဃာသည် ကံပြုဆဲသံဃာ၏၊ ဥဒကုက္ခေပ ပမာဏ၏၊ အပ၌ တစ်တောင်,တစ်ထွာခွာ၍ ရာထောင်မကဝန်းဝိုင်းနေသော်လည်း ကံမပျက်ဟု မုချသိရာ၏။ ကင်္ခါဋီကာဟောင်း၊ တေရသကဏ်ဋီကာ၊ ပါတိမောက္ခဂဏ္ဌီပုဒ် (ဍာ) ချပ်တို့၌ ဌိတောအရ ကံပြုဆဲသံဃာကိုသာ ယူ၏။ အလွန်သင့်မြတ်လှ၏။ ဤသတ္တဗ္ဘန္တရသိမ်သည် စီဝရဝိပ္ပဝါသရက္ခဏဝိဓိမှတပါး အလုံးစုံတူသည်သာ။ ထို့ကြောင့် သာဓက မူထိုက်လေသတည်း။ ကြွင်းသော ဝါဒတို့ကို အသီးအသီးထုတ်၍ ဆိုခဲ့သော် အလွန်ကျယ်ဝန်းမည်။ အကျိုးလည်း မထွန်းကားလှ၍ မဆိုလိုက်ပြီး။      


သတ္တဗ္ဘန္တရသီမဋီကာ သမတ္တာ။


၂၇။ ဥဒကုက္ခေပသိမ်ကို သာဓကနှင့်တကွ ပြခန်း

     တရားစောင့်သော မင်းတို့လက်ထက် လခွဲတစ်ကြိမ်၊ ဆယ်ရက် တစ်ကြိမ်၊ ငါးရက်တစ်ကြိမ် မိုးရွာသည်ဖြစ်၍ မိုးကောင်းသောအခါ မိုးလေးလပတ်လုံး ရေအယဉ်မပြတ်၊ ဒူးဝန်းနှစ်ဖက်၊ ချက် အဝန်းသုံးပါး ဖုံးလွှမ်း၍ ဝတ်အပ်သော သင်းပိုင်ကို ဝတ်၍ မချီ မကြွကူးသော ဘိက္ခုနီမ၏ သင်းပိုင်ကို ရေလက်နှစ်သစ်ခန့် စိုစွတ်နိုင်သော ရေရှိသော မြစ် သမုဒ္ဒရာ ဇာတဿရအိုင်တို့၌ ရဟန်းသံဃာများ နေရာမှ ပြင်ပလေးမျက်နှာ၊ အားအလတ်စား ရှိသောယောက်ျား အားအစွမ်းကုန်လွှဲသဖြင့် ရေကိုလည်းကောင်း သဲကိုလည်းကောင်း ပစ်၍ ထိုရေသဲတို့ ကျရာအရပ်အတွင်း ဟူသမျှသည် ဥဒကုက္ခပသိမ် မည်၏။ ထိုကြောင့်


 ဝိနည်း မဟာဝါပါဠိတော်(၁၅၀)၌ - 

     သဗ္ဗာ, ဘိက္ခဝေ, နဒီ အသီမာ၊ သဗ္ဗော သမုဒ္ဒေါ အသီမော၊ သဗ္ဗော ဇာတဿရော အသီမော။ နဒိယာ ဝါ, ဘိက္ခဝေ, သမုဒ္ဒေ ဝါ ဇာတဿရေ ဝါ ယံ မဇ္ဈိမဿ ပုရိသဿ သမန္တာ ဥဒကုက္ခေပါ, အယံ တတ္ထ သမာနသံဝါသာ ဧကုပေါသထာတိ -ဟု ဟောတော်မူသည်။ 


၎င်းအဋ္ဌကထာ(၃၃၃၊ ၄။) ၌လည်း -

     သဗ္ဗာ ဘိက္ခဝေ နဒီ အသီမာတိ ယာ ကာစိ နဒီလက္ခဏပ္ပတ္တာ နဒီ နိမိတ္တာနိ ကိတ္တေတွာ ‘‘ဧတံ ဗဒ္ဓသီမံ ကရောမာ’’တိ ကတာပိ အသီမာဝ ဟောတိ, သာ ပန အတ္တနော သဘာဝေနေဝ ဗဒ္ဓသီမာသဒိသာ, သဗ္ဗမေတ္ထ သံဃကမ္မံ ကာတုံ ဝဋ္ဋတိ -


ဟူ၍လည်းကောင်း


     ဧဝံ နဒီသမုဒ္ဒဇာတဿရာနံ ဗဒ္ဓသီမာဘာဝံ ပဋိက္ခိပိတွာ ပုန တတ္ထ အဗဒ္ဓသီမာပအစ္ဆေဒံ ဒဿေန္တော ‘‘နဒိယာ ဝါ ဘိက္ခဝေ’’တိအာဒိမာဟ။ တတ္ထ ယံ မဇ္ဈိမဿ ပုရိသဿ သမန္တာ ဥဒကုက္ခေပါတိ ယံ ဌာနံ မဇ္ဈိမဿ ပုရိသဿ သမန္တတော ဥဒကုက္ခေပေန ပရိစ္ဆိန္နံ။ ကထံ ပန ဥဒကံ ဥက္ခိပိတဗ္ဗံ? ယထာ အက္ခဓုတ္တာ ဒါရုဂုဠံ ခိပန္တိ, ဧဝံ ဥဒကံ ဝါ ဝါလိကံ ဝါ ဟတ္ထေန ဂဟေတွာ ထာမမဇ္ဈိမေန ပုရိသေန သဗ္ဗထာမေန ခိပိတဗ္ဗံ။ ယတ္ထ ဧဝံ ခိတ္တံ ဥဒကံ ဝါ ဝါလိကာ ဝါ ပတတိ, အယမေကော ဥဒကုက္ခေပေါ။ တဿ အန္တော ဟတ္ထပါသံ ဝိဇဟိတွာ ဌိတော ကမ္မံ ကောပေတိ။ ယာဝ ပရိသာ ဝဍ္ဎတိ, တာဝ သီမာပိ ဝဍ္ဎတိ။ ပရိသပရိယန္တတော ဥဒကုက္ခေပေါယေဝ ပမာဏံ -


ဟူ၍လည်းကောင်း


ဝိနယဝိနိစ္ဆယအဋ္ဌကထာ (၂၄၆)၌လည်း -

       ဇာတဿရေ သမုဒ္ဒေ ဝါ, နဒိယာ ဝါ သမန္တတော၊

      မဇ္ဈိမဿုဒကုက္ခေပေါ, ဥဒကုက္ခေပသညိတော။


      ဧကံ အဗ္ဘန္တရံ ဝုတ္တံ, အဋ္ဌဝီသတိဟတ္ထကံ၊

      ဂုဠုက္ခေပနယေနေဝ, ဥဒကုက္ခေပကာ မတာ။


ဟူ၍လည်းကောင်း မိန့်တော်မူသတည်း။



၂၈။ မြစ်,သမုဒ္ဒရာ, ဇာတဿရ(၃)ပါးအထူးပြခန်း

      မြစ် သမုဒ္ဒရာ, ဇာတဿရအိုင် သုံးပါးတို့၏ လက္ခဏာကား ဤသို့တည်း။ ဇာတဿရလက္ခဏာမှာ- 


     (၁) တစ်စုံတစ်ယောက်သော သတ္တဝါသည် 

မတူးမပြုပဲ အလိုအလျောက်လည်း ဖြစ်ရမည်။ 


     (၂) မြစ်၌လာသော လက္ခဏာအတိုင်း စတုမာသ မိုးလေးလမှာ ရေလည်း မပြတ်တည်ရမည်။ 


     ဤလက္ခဏာ နှစ်ပါးနှင့် ပြည့်စုံသော ထုံးအိုင်သည် ဥဒကုက္ခေပသိမ်၏ တည်ရာဖြစ်သော ထုံးအိုင်မည်၏။ မြစ် သမုဒ္ဒရာကို ဖျက်ခွဲ၍ ယင်းမြစ် သမုဒ္ဒရာမှ ထွက်စီးလာသော ရေဖြစ်စေကာမူ ဆိုအပ်ပြီးအတိုင်း မိုးလေးလအတွင်း ရေမပြတ်သော လက္ခဏာနှင့် ညီညွတ်ပါမူကား ယင်းသို့သော ထုံးအိုင်သည်လည်း ဥဒကုက္ခေပသိမ်၏ တည်ရာဖြစ်၏။ ထိုဇာတဿတရအိုင်မှာ အလိုလိုလည်းဖြစ်မည်။ မိုးလေးလလည်း ရေတည်ဖူးသည် ဖြစ်အံ့၊ မိုးမကောင်း၍ သဲသောင်ဖြစ်သော်လည်း ဘယ်နှစ်နှစ်ကြာကြာ ကံပြုကောင်း၏။ 


     ထိုသဲသောင် စသည်၌ ဗူး ဖရုံ စသည်စိုက်ပျိုး ရေတွင်းတူးလျှင် စိုက်ပျိုးသောနေရာ ဇာတဿရပျက်၏။  (ကင်္ခါအဋ္ဌကထာ၊ ၉၀။ မဟာဝါအဋ္ဌကထာ၊ ၃၃၃၊ ၃၃၇။ ဝိနယသင်္ဂဟအဋ္ဌကထာ၊ ၁၉၈။) 



၂၉။ ဇာတဿရ၌ နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်မှ အပ်သည်ဆိုရာ မသင့်ကြောင်း ပြခန်း

     ယင်း ဇာတဿရသည် အချို့သော ဆရာတော်ကြီးတို့က နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်အောင် ကျယ်ဝန်းမှ ဥဒကုက္ခေပသိမ်၏ တည်ရာဖြစ်သည်ဟု ယူတော်မူကြ၏။


      “အတိခုဒ္ဒကာ နာမ ယတ္ထ ဧကဝီသတိ ဘိက္ခူ နိသီဒိတုံ န သက္ကောန္တိ”ဟူသော (ကင်္ခါအဋ္ဌကထာ၊ ၈၇။ ဝိနယသင်္ဂဟ၊ ၁၇၈။)


     အတိခုဒ္ဒကသီမာ နာမ ယာ ဧကဝီသတိ ဘိက္ခူ န ဂဏှာတိ ဟူသော (ပရိဝါ အဋ္ဌကထာ။  ၂၄၈။) တို့ကို သာဓက မူကြ၏


     ထို စကားသည် ဗဒ္ဓသိမ်၌သာလာသည်၊ အဗဒ္ဓသိမ်၌ မလာ သောကြောင့် သာဓက သာဓျ-မတန်။ ထိုကြောင့် ဇာတဿရသိမ်၌ ဤစကားကို မမှတ်အပ်။ ဇာတဿရသိမ်မှာ တစ်ပါးတည်းနေထိုင် လောက်သော်လည်းကောင်း၊ မနေထိုင်လောက်၍ ခြေတစ်ချောင်းသာ ထားလောက်သော်လည်းကောင်း အဓိဋ္ဌာန်ဥပုသ်အားလျော်သည်နှင့် အပ်ရာသတည်း၊ ထိုစကားမှန်၏။ ဇာတသရသိမ်မှာ အကျဥ်း အကျယ်ပမာဏ ကျမ်းဂန်မလာ။ ဗဒ္ဓသိမ်၌သာလာ၍ ဇာတဿရသိမ်၌ မလာသော်လည်း ၎င်းပမာဏသည် ယင်းဇာတဿရမှာလည်း သိသင့်ပါ၏ဆိုငြားအံ့၊ အလေးပြု၍ ဆိုသင့်သော အရာဖြစ်၍ ယင်းသို့သောအိုင် မအပ်ဟု အဋ္ဌကထာဆရာ မိန့်ဆိုရာသတည်း။ မိန့်ဆိုလည်း မမိန့်ဆိုခဲ့။ 


     ထိုကြောင့် (၂၁) ယောက် မစည်းဝေးလောက်သော်လည်း ဇာတဿရအိုင်မှာ အပ်သတည်းဟု ပုံသေမှတ်အပ်၏။ ဤသို့ပင် ငါတို့ ကျေးဇူးတော်ရှင် စလင်းဆရာတော် ဘုရားကြီးနှင့် မိုင်းခိုင်းဆရာတော်ဘုရားကြီးတို့သည် စံကျောင်းဆရာတော်ဘုရားကြီး အမိန့်ရှိတော်မူဖူးကြောင်း၊ သင့်မြတ်ကြောင်း မိန့်တော်မူကြသတည်း။ 


ဇာတဿရ သီမဋီကာ သမတ္တာ။


၃ဝ။ ဥဒကုက္ခေပ၌ နာနာဝါဒ ဝိစာရဏကို ပြခန်း

     ထိုဇာတသာရအိုင်၌ ဥဒကုက္ခေပအဖြစ်ဖြင့် ကံ ရွက်ဆောင်လိုသော ရဟန်းတော်တို့သည် တပါးသော ဥဒကုက္ခေပသိမ်၌ ကံပြုဆဲ ရဟန်းတို့ဖြစ်လျှင် အကြားသီမန္တရာဇ်အကျိုးငှာ ဥဒကုက္ခေပစာ တစ်ခုထားရခြင်း၊ ကံပြုဆဲ သံဃာမရှိပဲ ပြင်ပရဟန်းရှိခဲ့လျှင် မိမိဥဒကုက္ခေပသိမ်မှ အပ၌နေစေခြင်း၊ ဂါမနှင့်မူကား မိမိနိဿယ မဟုတ်သောကြောင့် ထိုဥဒကုက္ခေပနှင့် ထိုဂါမမှာ တစ်ထွာ,တစ်တောင် ကွာစေခြင်း၊ ဂါမအတွင်းရှိသော ခဏ္ဍ,မဟာ,ဗဒ္ဓသိမ်တို့နှင့်မူကား ကြိုး ဝါး, နွယ် စသည်တို့ဖြင့် အယှက်အတင် မရှိစေခြင်း စသည်ဖြင့် ကံပြုကြကုန်ရာ၏။ အချို့ဆရာတော်တို့ကား ဥဒကုက္ခေပနှင့် ဂါမမှာဥဒကုက္ခေပတစ်ခု ကွားခြားရမည်ဟု၊ ဆုံးဖြတ်ကြ၏။ ပါဠိ အဋ္ဌကထာမရှိ၍ မသင့်။ 


ထို့ကြောင့် ဝိနည်းမဟာဝါ အဋ္ဌကထာ(၃၃၅ ) ၌- 

     အန္တောနဒိယံ ဗဒ္ဓအဋ္ဋကေပိ အန္တောနဒိယံ ဇာတရုက္ခေပိ ဌိတေဟိ ကာတုံ ဝဋ္ဋတိ။


     သစေ ပန ရုက္ခဿ သာခါ ဝါ တတော နိက္ခန္တပါရောဟော ဝါ ဗဟိနဒီတီရေ ဝိဟာရသီမာယ ဝါ ဂါမသီမာယ ဝါ ပတိဋ္ဌိတော, သီမံ ဝါ သောဓေတွာ သာခံ ဝါ ဆိန္ဒိတွာ ကမ္မံ ကာတဗ္ဗံ။


     သစေ အန္တောနဒိယံယေဝ သေတု ဝါ သေတုပါဒါ ဝါ, သေတုမှိ ဌိတေဟိ ကမ္မံ ကာတုံ ဝဋ္ဋတိ။ သစေ ပန သေတု ဝါ သေတုပါဒါ ဝါ ဗဟိတီရေ ပတိဋ္ဌိတာ, ကမ္မံ ကာတုံ န ဝဋ္ဋတိ, သီမံ သောဓေတွာ ကာတဗ္ဗံ။ 


     အစရှိသော စကားကို မိန့်တော်မူသတည်း။ ထိုစကားမှန်၏၊ ရေနှင့်ကမ်းအရပ်သည် ဘာမျှမဆိုင်လေ။ နဒီ သမုဒ္ဒ ဇာတဿရ တို့၌တည်သော လှေ သင်္ဘော စသည်တို့၌ ကြိုးလွန်စသည် ဂါမကို လည်းကောင်း ဗဒ္ဓကိုလည်းကောင်း သွား၍ချည်က ဂါမ ဗဒ္ဓတို့သာ ဖြစ်ကုန်သတည်း။ ရေနှင့်တကွ ရေ၌တည်သော ပစ္စည်းသည် ဂါမဗဒ္ဓတို့နှင့် မစပ်က မြစ် သမုဒ္ဒရာ ဇာတဿရ တစ်ခုခုသာ ကံပြုဆဲအခါ ဥဒကုက္ခေပသိမ်ဖြစ်၏၊ ဤသို့သော အဓိပ္ပာယ်အကျဉ်းကို သိအပ်၏။ ဋီကာတို့၌ တစ်မျိုးဖွင့်၏။ အဋ္ဌကထာသွားနှင့် မညီ၊ ကြပ်ကြပ်ဉာဏ်ကူ၍ ကြည့်ရှုကြလေ။     


     ၎င်းဥဒကုက္ခေပအရာမှာ ခင်မကန် ဆရာတော်ကြီးကား ဥဒကုက္ခေပနှင့်ဂါမမှာ လက်တစ်သစ်နှစ်သစ် ခြားစေကာမူအပ်ကြောင်း၊ သီမဝိနိစ္ဆယ တစ်ခု -ပါဠိဘာသာ မြန်မာနိဿယတစ်စုံရေး၏။ ထိုဝိနိစ္ဆယလည်း ငါတို့လက်တွင်ရှိ၏။ စလင်း ဦးကေတု၊ ကျီဝန်တို့က လက်တစ်သစ် နှစ်သစ်ခြားလျှင် အပ်ကြောင်း နှစ်သက်၏။ အဋ္ဌကထာ နှင့်ညီ၍ သင့်လှ၏။ ယင်းဥဒကုက္ခေပအရာ၌ ရေတစ်ကျ သဲတစ်ကျ ဟူရာမှာလည်း ရေတစ်ကျ သဲတစ်ကျ ပစ်နေဖွယ်မရှိ၊ သိမ်ပမာဏ ပြရုံသာတည်း၊ အချို့က ရေ သဲတစ်ခုခု ပစ်မှအပ်ကြောင်း ဆိုကြသေး၏၊ ပါဠိ အဋ္ဌကထာ မလာရကား မသင့်လေ။ ဂါမပဝေသန သိက္ခာပုဒ်၌ ထင်ရှားရှိသော ရဟန်းကို မပန်ကြားပဲ ရွာဝင်လျှင် ခဲတစ်ကျထိုက်ရာအရပ်ကို လွန်ကအာပတ်သင့်၏။ ခဲတစ်ကျ ချ မချကို မစောင့်လေ။ (ကျီဝန်မိန့်။) ပရိစ္ဆန္နံ - ပိုင်းခြားထိုက်။ (သဗ္ဗန်) ရေသဲ မပစ်ပဲ အပ်၏၊ (ကျီဝန်ဆရာတော် )။ သီမဝိသောဓနီ၌၊ ပစ်မှအပ်သည်ဆို၏ မသင့်၊ (ကျီဝန်)။ သို့သော် သိမ်ပမာဏသိအောင် ပစ်မှုကို မတားမြစ်ပေ။ ပစ်မှအပ်သည်ဟူ၍ အထင်မလွဲကြရာ။ ၎င်းဥဒကုက္ခေပသိမ်ခန်း၌ ပုရိသဿကို ဥဒကုက္ခေပ ၌သာစပ်ရမည်။ သမန္တတော မှာ မစပ်ရ။ သမန္တတော၏ သမ္ဗန်ကား သံဃာကံပြုလျှင် သံဃဿ၊ ဂိုဏ်းကံပြုလျှင် ဂဏဿ၊ ပုဂ္ဂိုလ်ကံပြုလျှင် ပုဂ္ဂလဿထည့်။  (ကျီဝန်)။



၃၁။ ဥဒကုက္ခေပ၌ ဝိမတိ ဝိနယာလင်္ကာရတို့ မသင့်ကြောင်း ပြခန်း

     ဝိမတိ ဝိနယာလင်္ကာရတို့၌ ဥဒကုက္ခေပသိမ်မှတပါး နဒီသိမ်၊ သမုဒ္ဒသိမ်၊ ဇာတဿရသိမ်၊ အသီးအခြား ရှိကြောင်းကို ဆိုကြသေး၏။ သဗ္ဗာ ဘိက္ခဝေ နဒီ အသီမာ -စသည်ဖြင့် ယင်း၏ ဗဒ္ဓသိမ်၊ အဗဒ္ဓသိမ်* အဖြစ်ကို နီတတ္ထ နေယျတ္ထအားဖြင့် ပယ်ပြီးဖြစ်ရကား အထူးရေးသားဖွယ်မရှိ။ သီမာပေက္ခစိတ်ရှိမှ ဥဒကုက္ခေပ သတ္တဗ္ဘန္တရသိမ် ဖြစ်ကြောင်းကိုလည်း ဆိုသေး၏။ ပါဠိ အဋ္ဌကထာ ဋီကာကြီးတို့၌ အရိပ်အမြွက်မျှမရှိ ငဲ့ကွက်မှုမရှိပဲ ကံပြုကလည်း ကံမြောက်ရကား မသင့်။ 


     ဤဥဒကုက္ခေပ သတ္တဗ္ဘန္တရသိမ်တို့၌ ဧရာမပညာရှိ ကျမ်းဂန်တတ် အကျော်ဆရာကော်ဘုရားများပင် ပမာဒလေခ များကြသတည်း။ ငါတို့ကား ဆရာတော်တို့ မျက်နှာကို မငဲ့။မြတ်စွာဘုရားသခင် မျက်နှာတော်ကိုသာ ငဲ့မျှော်၍လည်းကောင်း၊ မိမိပါရမီသမ္ဘာရ အလိုက် ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရများကို ကြည့်နိုင်သော ပညာရှိလက္ခဏာနှင့် အတော်အသင့် ပြည့်စုံ၍လည်းကောင်း၊ မှန်ကန်သောနည်းလမ်းကို လက်ဆုပ်လက်ကိုင်ရသဖြင့် လည်းကောင်း အမှန်ဆုံး နည်းလမ်းများကိုသာ ရေးသားလိုက်ရသတည်း။ 


        ဣမိနာ ပုညကမ္မေန၊ ပညာဝါဝ ဘဝါဘဝေ။ 

        ဟုတွာပိ ဒုက္ခက္ခန္ဓဿ၊ ခယံ ကရောမျနာဂတေ။ 

        ဥဒကုက္ခေပသီမဋီကာ သမတ္တာ။ 

              ဤမျှလောက်သော စကားစဉ်ဖြင့် ပါဠိ အဋ္ဌကထာ ဋီကာစုံ ရောစပ်၍ အဓိပ္ပာယ်အကျဉ်း လိုရင်းအချုပ်ဖြစ်သော အဗဒ္ဓသိမ် (၃)လုံးအဓိပ္ပာယ်မှာ လိုသေးသည်ဟူ၍ မရှိ၊ လိုရင်း သိသင့်သမျှ အကုန်ညှစ်ထုတ်၍ ရေးသားအပ်သတည်း။ 

        အဗဒ္ဓသီမဋီကာ သမတ္တာ။

                * ဗဒ္ဓသိမ်အဖြစ်ကိုသာ ပယ်သောကြောင့် ဤ၌ “အဗဒ္ဓသိမ်”စကားပိုသည်ဟု ယူဆ၏။ ဆရာတော်ကြီး ရေးခဲ့စဉ်က ပါဟန်မတူ။ (ဥဒကုက္ခေပကို သာဓက နှင့် ပြဆိုခန်း)-အဆုံးအဖြတ် နှင့် တိုက်ဆိုင်ကြည့်ပါ။ 



၃၂။ ဗဒ္ဓသိမ်(၂)မျိုးအထူး ပြခန်း

     ဗဒ္ဓသိမ်သည် မဟာသိမ်၊ ခဏ္ဍသိမ်ဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင်- 


     ဥက္ကဋ္ဌပရိစ္ဆေဒအားဖြင့် သုံးယူဇနာထက် မလွန်စေပဲ။ 


     သြမကအားဖြင့် နှစ်ဆယ့်တစ်ပါးသော သံဃာမစည်းဝေး လောက်အောင်လည်း မငယ်စေဘဲ။ 


     ကျောင်းတိုက်အများကိုလည်းကောင်း၊ ဂါမခေတ် နှစ်ခုသုံးခုကိုလည်းကောင်း သိမ်းချုပ်၍ တစ်ဆယ့်လေးပါးသော ဝိပတ္တိသိမ်တို့မှ ကင်းလွတ်စေလျှက်၊ နိမိတ္တသမ္ပတ္တိ၊ ပရိသာသမ္ပတ္တိ၊ ကမ္မဝါစာသမ္ပတ္တိဟူသော သမ္ပတ္တိသုံးပါး နှင့် ပြည့်စုံစွာ သမုတ်အပ်သော သိမ်ကြီးသည် မဟာသိမ်မည်၏။ ၎င်းမဟာသိမ်မှာ ခုဒ္ဒပမာဏ ကျမ်းဂန်မရှိ။


      မြတ်စွာဘုရား လက်ထက်တော်၌ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ရာဇဂြိုဟ်ပြည်၏အနီးရှိ တစ်ဆယ့်ရှစ်ရပ်သော ကျောင်းတိုက်ကြီးတို့ကိုခြုံ၍ မဟာသိမ်သမုတ်ကြောင်း၊ 


     သီဟိုဠ်ကျွန်း၌ အရှင်မဟိန္ဒမထေရ်သည် အနုရာဓမြို့ကို ခြုံ၍ မဟာသိမ်သမုတ်ကြောင်း ကျမ်းဂန်လာ၏။


     ရွာတစ်ခုလုံး ကျောင်းတိုက်တစ်ခုလုံးကို မခြုံမူ၍ ကျောင်းတိုက်တစ်ပိုင်း,တစ်စိတ်၊ ရွာတစ်ပိုင်း,တစ်စိတ် တစ်ထောင့် တစ်ကွက်၌ သမုတ်အပ်သော ဗဒ္ဓသိမ်ဖြစ်စေ၊ 


     သိမ်အတွင်း၌ အကျဉ်းအားဖြင့် ကမ္မာရဟ ပုဂ္ဂိုလ်နှင့်တကွ နှစ်ကျိပ်တစ်ပါး စည်းဝေးလောက်အောင် အကျယ်မှာတစ်ရာ တစ်ထောင် စည်းဝေးလောက်အောင် နိမိတ်စိုက်၍ ကွက်လပ်ချန်ထားပြီးလျှင် မဟာသိမ်မှ ရှေးဦးစွာလည်းကောင်း၊ နောက်မှလည်းကောင်း ဆိုအပ်ပြီးသော သမ္ပတ္တိသုံးပါးနှင့် ပြည့်စုံစွာ သမုတ်အပ်သော ဗဒ္ဓသိမ်ဖြစ်စေ ခဏ္ဍသိမ်မည်၏။


     ထိုခဏ္ဍသိမ်မှာ အကြီးပမာဏ ကျမ်းဂန်မရှိ။ ထိုခဏ္ဍသိမ်ကား မဟာသိမ်ကို ပိုင်းဖြတ်၍ သမုတ်သောကြောင့်လည်းကောင်း၊ ဂါမကို ပိုင်းဖြတ်၍ သမုတ်သောကြောင့် လည်းကောင်း ခဏ္ဍသိမ်မည်သည်။ 


     ခဏ္ဍသိမ်ထက် ကျယ်ဝန်းသောကြောင့် မဟာသိမ်ခေါ်သည်။ ထိုခဏ္ဍ,မဟာဟူသော သိမ်နှစ်လုံး၌ ပြိုးပြွမ်းသော ပကိဏ္ဏကအဓိပ္ပာယ်ကို ဤဆိုလတ္တံ့သောနည်းဖြင့် သိအပ်၏။    ။



၃၃။ ဝိပတ္တိသိမ် (၁၁)ပါး အဓိပ္ပာယ်ပြခန်း

     ပရိဝါပါဠိ(၃၈၁)၊ ၎င်းအဋ္ဌကထာ (၂၄၈) ကင်္ခါအဋ္ဌကထာ(၈၇) -စသည်တို့လာတိုင်း အကျဉ်းရေးအံ့။ 


     (၁) နှစ်ကျိပ်တစ်ပါး မစည်းဝေးလောက်၊ မထိုင်လောက်သည် ဖြစ်၍ အလွန်ငယ်သောသိမ်သည် အတိခုဒ္ဒကာသိမ်မည်၏။


     (၂) တစ်ဆံချည်ဖျားမျှဖြင့် သုံးယူဇနာထက် ကျယ်သည်ဖြစ်၍ အလွန်ကြီးသောသိမ်သည် အတိမဟတီသိမ်မည်၏။ 


     (၃) နောက်ဆုံးနိမိတ်နှင့် မစပ်သည်ဖြစ်၍ ကျိုးသော,ပြတ်သော နိမိတ်ရှိသော သိမ်သည်လည်းကောင်း၊ သုံးခု-လေးခု အစရှိကုန်သော နိမိတ်လောက်သော နိမိတ်တို့၏အကြား နိမိတ်မလောက် အခွံလျှင်အနှစ်ရှိသော ထန်း အုန်းစသော သစ်ပင်သစ်ငုတ် မြေပုံသဲပုံစသည်ကို ကြားနိမိတ်ပြု၍ သမုတ်အပ်သော သိမ်သည်လည်းကောင်း ခဏ္ဍနိမိတ္တာသိမ်မည်၏။ (ဤခဏ္ဍနိမိတ္တအရာ၌ ကင်္ခါဋီကာစကားကို မယူအပ်။ )


     (၄)တောင်ရိပ်တောရိပ် သစ်ပင်စသောအရိပ်ကို နိမိတ်ကြား၍ သမုတ်အပ်သော သိမ်သည် ဆာယာနိမိတ္တာသိမ်မည်၏။ 


     (၅) နိမိတ်လုံးလုံးမရှိဘဲ မကြားဘဲသမုတ်အပ်သော သိမ်သည် အနိမိတ္တာသိမ် မည်၏။ 


     (၆) သိမ်နိမိတ်တို့၏ ပြင်ပ၌နေလျက် သမုတ်အပ်သောသိမ်သည် ဗဟိသီမေ ဌိတာသမ္မာတာသိမ်မည်၏။ 


     (၇) မြစ်အပြင်၌ သမုတ်အပ်သော သိမ်သည် နဒီယာ သမ္မာတာသိမ်မည်၏။ 


     (၈) ဇာတဿရအိုင်အပြင်၌ သမုတ်အပ်သော သိမ်သည် ဇာတဿရေ သမ္မာတာသိမ်မည်၏။ 


     (၉) သမုဒ္ဒရာအပြင်၌ သမုတ်အပ်သော သိမ်သည်

သမုဒ္ဒေသမ္မတာသိမ်မည်၏။ 


     (၁၀) သိမ်ဟောင်းနှင့် နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သည်မှ ယုတ်လျော့၍ အနည်းငယ်ထပ်မိသည်တိုင်အောင် ရောစပ်၍သမုတ်အပ်သော သိမ်သည် သီမာယ သီမံ သမ္ဘိန္ဒန္တေန သမ္မတာသိမ်မည်၏။ 


     (၁၁) သိမ်ဟောင်းနှင့် နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သည်မှ ထိုထက်အလွန် ရောစပ်လွှမ်းမိုး၍ သမုတ်အပ်သော သိမ်သည် သီမာယ သီမံ အဇ္ဈောတ္ထရန္တေန သမ္မာတာသိမ်မည်၏။ 

     ဤကား ဝိပတ္တိသိမ် တစ်ဆယ့်တစ်ပါးတည်း။ 


      ယင်းဗဒ္ဓသိမ်နှစ်ပါး၌ နိမိတ္တသမ္ပတ္တိ၊ နိမိတ္တဝိပတ္တိ၊ ကမ္မဝါစာသမ္ပတ္တိ၊ ကမ္မဝါစာဝိပတ္တိ၊ ပရိသာသမ္ပတ္တိ၊ ပရိသာဝိပတ္တိအားဖြင့် သမ္ပတ္တိသုံပါး၊ ဝိပတ္တိသုံးပါးစီရှိရကား ခြောက်ပါး အပြားရှိ၏။ ထိုခြောက်ပါးတို့တွင် အတိခုဒ္ဒကာ၊ အတိမဟတီ၊ နဒိယာ သမ္မတာ၊ သမုဒ္ဒေ သမ္မတာ၊ ဇာတဿရေ သမ္မတာ၊ ၎င်း (၅ )လုံးမှာ ဝတ္ထုဝိပတ္တိသိမ်တွင် သွင်းအပ်၏။ ဆာယာနိမိတ္တာ၊ ခဏ္ဍနိမိတ္တာ၊ အနိမိတ္တာ၊ ၎င်း(၃)လုံးတို့မှာ နိမိတ္တဝိပတ္တိသိမ်တွင် သွင်းအပ်၏။ ဗဟိ သီမေ ဌိတာသမ္မတာကား ကမ္မဝါစာဝိပတ္တိတွင် သွင်းအပ်၏။




၃၄။ ပရိသာသမ္ပတ္တိသရုပ်ပြခန်း

ပရိသာဝိပ္ပတ္တိမှာ -


     (က) ကမ္မပတ္တသံဃာတို့၏ သိမ်အပြင် နှစ်တောင့်ထွာ ဟတ္ထပါသ်တွင်းသို့ မလာရောက်ခြင်း။ 


     (ခ) ဆန္ဒထိုက်ကုန်သော ရဟန်းတို့၏ ဆန္ဒကို မဆောင်ခြင်း။


     (ဂ) သိမ်သို့ရောက်၍ မျက်မှောက်ရှိကုန်သော ရဟန်းတို့၏ တားမြစ်ခြင်း။


     ဤကား ပရိသတ်အတွက် ဖြစ်သော ဝိပတ္တိသုံးပါးပင်တည်း၊ ကင်္ခါ၊ မဟာဝါ၊ ပရိဝါပါဠိ၊ အဋ္ဌကထာစသည်၊ လာသည်ချည်း။


ဥက္ခိတ္တက ပုဂ္ဂိုလ်(၃) ဦး

 

     (၁) အာပတ်ကိုမရှူခြင်းကြောင့် ဥက္ခိတ္တကကံပြုခံရသော အာပတ္တိ အဒဿန ဥက္ခိတ္တက ပုဂ္ဂိုလ်တစ်ဦး။


     (၂) အာပတ်ကို မကုစားခြင်းကြောင့် ဥက္ခိတ္တကကံ ပြုခံရသော အာပတ္တိ အပတိကမ္မ ဥက္ခိတ္တက ပုဂ္ဂိုလ်တစ်ဦး။


     (၃)ယုတ်မာသော အယူကို မစွန့်ခြင်းကြောင့် ဥက္ခိတ္တကကံ ပြုခံရသော ပါပဒိဋ္ဌိ အပ္ပဋိနိဿဂ္ဂ ဥက္ခိတ္တက ပုဂ္ဂိုလ်တစ်ဦး။ 


     ဤပုဂ္ဂိုလ်သုံးဦးသည် ကမ္မနာနာသံဝါသက ပုဂ္ဂိုလ်မည်၏။ ထိုပုဂ္ဂိုလ်သုံးဦးတို့၏ အလိုအယူကို ကြိုက်နှစ်သက်၍ အသင်းအပင်း ပြုလုပ်ကြသော ပုဂ္ဂိုလ်တို့သည် ဥက္ခိတ္တာနုဝတ္တက၊ လဒ္ဓိနာနာသံဝါသက ပုဂ္ဂိုလ်မည်ကုန်၏။ 


     ဥက္ခေပနီယကမ္မကတော ဥက္ခိတ္တကော နာမ, သော ကမ္မနာနာသံဝါသကော လဒ္ဓိနာနာသံဝါသကောတိ ဒုဝိဓော ဟောတိ။  (ပရိဝါ အဋ္ဌကထာ၊ ၁၅ဂ။) 


     ထိုသံဝါသက ရဟန်းခြောက်မျိုးကို တစ်မျိုးတည်းယူ၍ အန္တိမဝတ္ထုသို့ ရောက်သော ရဟန်းနှင့်တကွ ဤရဟန်း (၂) မျိုးသည် အပကတတ်ရဟန်းမည်ကုန်၏၊ ကြွင်းကုန်သော ရဟန်းတို့သည် ပကတတ်ရဟန်းမည်ကုန်၏။ 


     ထိုကြောင့် ပကတတ္တာ နာမ ပါရာဇိကံ အနာပန္နာ အနုက္ခိတ္တာ စ။ (ပဌမပါရာဇိက သာရတ္ထဒီပနီ၊ ဒု၊ ဂ၆။) 


     ပကတတ္တဿာတိ အဝိပန္နသီလဿ ပါရာဇိကံ အနဇ္ဈာပန္နဿ ။ (ဝိနည်းမဟာဝါ အဋ္ဌကထာ စမ္ပေယျခန္ဓက၊ ၄၂ဂ။) 


     စတုဝဂ္ဂကရဏေ ကမ္မ စတ္တာရော ပကတတ္တာ အနုက္ခိတ္တာ အနိဿာရိတာ ပရိသုဒ္ဓသီလာ။ 

(ပရိဝါကမ္မဝဂ္ဂအဋ္ဌကထာ၊ ၂၄၉။) တို့၌ ဖွင့်တော်မူသတည်း။


     ထို ပကတိသီလ ရှိကုန်သော ရဟန်းတို့သည် တစ်ခုသော နေရာတွင် နှစ်တောင်ထွာ ဟတ္ထပါသ်အတွင်း၌ စတုဝဂ်ဂိုဏ်း ပြည့်မလာလျှင် သိမ်၌ ပရိသာဝိပတ္တိဖြစ်၏။ စတုဝဂ်ဂိုဏ်း ပြည့်လာလျှင် ပရိသာသမ္ပတ္တိဖြစ်၏။ ထိုကြောင့် (ကင်္ခါဝိတရဏီ၊ ဂ၅။) ၌- 

     စတုဝဂ္ဂေန ဌပေတွာ ဥပသမ္ပဒပဝါရဏအဘဗ္ဘာနာနိ သဗ္ဗံ သံဃကမ္မံ ကာတုံ ဝဋ္ဋတိ- ဟု မိန့်တော်မူသတည်း။     


ပကတတ္တဋီကာ သမတ္တာ။

    

၃၅။ ဆန္ဒ ပါရိသုဒ္ဓိ ပဝါရဏာ ပေးပုံပြခန်း

     ပကတတ်ရဟန်း လေးပါးမှတပါး ထိုနေရာ၌ ကြွင်းကျန်သော ရဟန်းတို့သည် ထိုကံ၌ ဆန္ဒပေးထိုက်သော ရဟန်းတို့မည်ကုန်၏။ ထိုရဟန်းတို့၏ ဆန္ဒသည် ကံပြုသံဃာတို့၏ အထံသို့ မလာမရောက်ငြားအံ့၊ ဝဂ္ဂကံဖြစ်၍ ဝိပတ္တိဖြစ်၏။ လာရောက်ငြားအံ့၊ သမ္ပတ္တိဖြစ်၏။ ဟတ္ထပါသ်အတွင်းသို့ လာရောက်သည်ကို ကာယသာမဂ္ဂီ၊ ဟတ္ထပါသ်တွင်းသို့ မလာရောက်သော်လည်း ဆန္ဒပေးခြင်း၊ ပါရိသုဒ္ဓိပေးခြင်း၊ ပဝါရဏာ ပေးခြင်းတို့ဖြင့် နေသောရဟန်းတို့၏ ဆန္ဒပေးခြင်းစသည်ကို စိတ္တသာမဂ္ဂီ ဆိုသည်။ 


ဆန္ဒပေးလိုမူ -

     ဆန္ဒံ ဒမ္မိ၊ ဆန္ဒံ မေ ဟရ၊ ဆန္ဒံ မေ အာရောစေဟိ -


ဟု သုံးကြိမ်ဆို၍ ပေးရမည်။ ယင်း ဆန္ဒပေးမှုသည် ကိုယ့်တွက်မဟုတ်၊ သံဃာတွက်သာဖြစ်သည်။ ဆန္ဒမပေးဘဲ ထိုသိမ်မှ ဟတ္ထပါသ်ကင်း၍ နေလျှင် ထိုသံဃာတို့ ပြုအပ်သမျှ ကံသည် ဝဂ္ဂကံဖြစ်၍ ပျက်စီး၏။ ပါရိသုဒ္ဓိပေးခြင်းနှင့် ပဝါရဏာပေးခြင်းတို့မှာ မိမိဥပုသ် ပြုခြင်း ပဝါရဏာ ပြုခြင်းနှင့်တကွ သံဃာ့ကံအတွက်ပါ နှစ်မျိုးစုံ ကိစ္စပြီးစီး၏။


     ပါရိသုဒ္ဓိံ ဒမ္မိ၊ ပါရိသုဒ္ဓိံ မေ ဟရ၊ ပါရိသုဒ္ဓိံ မေ အာရောစေဟိ -


ဟု သုံးကြိမ်ဆို၍ ပါရိသုဒ္ဓိပေးလေ၊ ယူသောရဟန်းက အာမ ဘန္တေ ဆိုရမည်။ 


     ပဝါရဏာ ဒမ္မိ၊ ပဝါရဏာ မေ ဟရ၊ ပဝါရဏာ မေ အာရောစေဟိ၊ မမတ္ထာယ ပဝါရေဟိ-ဟု သုံးကြိမ်ဆို၍ ပေးရမည်။ အာမ ဘန္တေ - ဆိုပုံ ရှေးအတူ။ 


     ဆန္ဒစသည်ကို ယူသောရဟန်းသည် ထိုဆန္ဒစသည် ပေးလိုက်သော ရဟန်းထံမှ သွားသည်ရှိသော် သိမ်အပြင် သံဃာ့ဘောင် နှစ်တောင့်ထွာ ဟတ္ထပါသ်တွင်းသို့ရောက်ရာ။ ထိုဆန္ဒ-စသည်ကို သံဃာတော်တို့ထံ လျှောက်ထားရမည်။ 


လျှောက်ထားပုံကား -

     သီလဝံသနာမေန ဘိက္ခုနာ ဆန္ဒော ဒိန္နော - 

ဟူ၍လည်း ကောင်း၊ 


     သီလဝံသနာမေန ဘန္တေ ဘိက္ခုနာ ပါရိသုဒ္ဓိ ဒိန္နာ -

ဟူ၍ လည်းကောင်း 


     သုံးကြိမ်စီဆို၍ ဆန္ဒ , ပါရိသုဒ္ဓိတို့ကို လျှောက်ထားရမည်။ သံဃာတော်တို့ကလည်း သာဓု - ခေါ်ကြရသည်။ 


               ဆန္ဒ ပါရိသုဒ္ဓိ တို့ကို လျှောက်ထားပုံ ပြီး၏။


ဆန္ဒ၊ ပဝါရဏာ လျှောက်ထားပုံကား -

     သီလဝံသနာမေန ဘန္တေ ဘိက္ခုနာ ပဝါရဏာ ဒိန္နာ -


ဟု သုံးကြိမ်ဆို၍ လျှောက်ထားရမည်။ ဆန္ဒကား ရှေးအတိုင်း၊ ဤသို့လျှောက်ထားပြီးနောက် ပဝါရဏာယူလာသော ရဟန်းက ပဝါရဏာ ပေးလိုက်သော ရဟန်း၏ကိုယ်စား -


     သီလဝံသော ဘန္တေ ဘိက္ခု သံယံ ပဝါရေတိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ ၀ဒတု တံ သံဃော အနုကမ္မံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာတိ -


ဟု သုံးကြိမ်ဆို၍ ပြုရမည်။ သံဃာ့ဥပုသ်ကံဖြစ်လျှင် ဆန္ဒ, ပါရိသုဒ္ဓိစုံပေးခြင်း၊ သံဃပဝါရဏာကံမှာ ဆန္ဒ, ပဝါရဏာအစုံပေးခြင်းသည် သင့်မြတ်သည်။ ဤ ဆန္ဒဆောင်ခန်း၌ အချို့ဆရာတော်တို့က သံဃာစည်းဝေးပြီးနောက် တစ်ခုသော သိမ်အပြင် စသည်၌ သံဃာလေးပါး ငါးပါးစသည်ရှိပြီးမှ သံဃာ့ထံကသာ သွား၍ ဆန္ဒယူရမည်။ သံဃာ့ထံက သွား၍မယူ၊ သံဃာမစည်းဝေးမီ တစ်ခြားတစ်ပါးက ယူလာခဲ့လျှင် ဆန္ဒယူခြင်း လျှောက်ထားခြင်း မမြောက်၊ ကံပျက်၏ဟု ယူကြ၏။ အချို့သော ဆရာတော်တို့ကလည်း ဆန္ဒယူခြင်းမှာ သံဃာမစည်းဝေးမီက ယူလာသော်လည်း သုံးယူဇနာရှိသော သိမ်သမုတ်ခန်း စသည်တို့၌ သံဃာ့ထံက သွား၍ယူဖို့ ခဲယဉ်းသည်ကို ထောက်၍ ဆန္ဒယူခြင်း လျှောက်ထားခြင်း မြောက်၏၊ ကမ္မသမ္ပတ္တိ ဖြစ်၏ဟု ယူကြ၏။ 


ကင်္ခါဝိတရဏီ အဋ္ဌကထာ (၉၅) ၌--

     ဥပေါသထကရဏတ္ထံ သန္နိပတိတေ သံဃေ ဗဟိ ဥပေါသထံ ကတွာ အာဂတေန သန္နိပတိတဋ္ဌာနံ ဂန္တွာ ကာယသာမဂ္ဂိံအဒေန္တေန ဆန္ဒော ဒါတဗ္ဗော။ ယောပိ ဂိလာနော ဝါ ဟောတိ ကိစ္စပ္ပသုတော ဝါ, တေနာပိ ပါရိသုဒ္ဓိံ ဒေန္တေန ဆန္ဒောပိ ဒါတဗ္ဗော-


ဟု မိန့်ဆိုသောကြောင့် လည်းကောင်း၊ ဆန္ဒပေးခြင်း လျှောက်ထားခြင်းများသည် သံဃာ့ကံနှင့် စပ်သောအရာမှာသာ လာသောကြောင့်လည်းကောင်း၊ ဂရုက လဟုက နှစ်ဌာနတို့တွင် ဂရုကဖြစ်သောကြောင့်လည်းကောင်း၊ ဥပေါသထကရဏတ္ထံ - ပုဒ်ကို သန္နိ ပတိတေ-၌ စပ်ရသောကြောင့်လည်းကောင်း၊ သန္နိပတိတေ-ဟူသော ပုဒ်၌ တ,ပစ္စည်းသည် ဥပုသ်အိမ်သိမ်အပြင်၌ သံဃာဟော အတီတ,ဝါစကပုဒ်သာ ဖြစ်သင့်သောကြောင့်လည်းကောင်း၊ ဥပေါသထံ ကတွာ-ဟု သာမန်ဆိုသော်လည်း တစ်ပါးအခြားသော သိမ်ဟူသော အပဟော ဗဟိသဒ္ဒါ ပါဌသေသ ဖြစ်သင့်သောကြောင့်လည်းကောင်း၊ အာဂတေန-နောင် ဘိက္ခုနာ ပါဌ်ကြွင်းထည့်၍ ရဟန်းသည် တစ်စုံတစ်ခုသော အကြောင်းကြောင့် ကာယသာမဂ္ဂီကို မပေးနိုင်သော် ဆန္ဒပေးရမည် ဖြစ်သောကြောင့်လည်းကောင်း ပထမဝါဒသည် သင့်သကဲ့သို့ ထင်သတည်း။       ။


ဆန္ဒဒါနဋီကာ သမတ္တာ။ 



၃၆။ တားမြစ်မှု ပြခန်း

     သုဏာတု မေ အစရှိသည်ဖြင့် ဉတ်ကမ္မဝါစာ ရွတ်ဖတ်မှု၊ ကံ ပြုဆဲအခါ ထိုပရိသတ်တွင် ပါဝင်သော ရဟန်း တစ်ပါးပါးက ထိုထိုကံကို တားမြစ်ခဲ့သော် ဝိပတ္တိဖြစ်၏၊ တားမြစ်သူမရှိ ပြီးစီးသွားလျှင် သမ္ပတ္တိဖြစ်၏။ တားမြစ်ဆိုသည်မှာလည်း ဤကံကို မပြုကြပါလင့်၊ ပြု၍မတော်၊ မသင့်၊ ပြုသည်ကို ငါတို့မကြိုက်၊ ငါတို့ သဘောမတူ ငါတို့ သဘောမကျ၊ ဉတ်ကမ္မဝါစာ ရွတ်ဖတ်ပုံ ငါတို့ သဘောမကျ၊ ဤသို့စသော စကားဖြင့် တားမြစ်ခဲ့သော် ပြစ်တင်ကဲ့ရဲစကား ပြောဆိုခဲ့သော် အများကြားအောင် မပြော၊ မိမိအနီး၌ ရှိသောသူချင်းချင်း စကားပြောဆိုစေကာမူ ကောင်းသောစိတ်ဖြင့် ပြောသည်ဖြစ်စေ မကောင်းသော စိတ်ဖြင့် ပြောသည်ဖြစ်စေ ထိုပြုဆဲကံ ပျက်သည်သာ။ တားမြစ်ခြင်းနှင့် တိုက်ဆိုင်သော ဉတ်ကမ္မဝါ အကြိမ် အကုန်ပျက်၏။ ဆုံးအောင်ဖတ်၍ သွားသော်လည်း အကျိုးမရှိပြီ။ တားမြစ်သူနှင့် အကျိုးအကြောင်း ပြောဆိုပြီးမှ သုဏာတုက ပြန်၍ဖတ်ရမည်။ နှစ်ပါး သုံးပါး ပြိုင်တူ ယခုကာလကဲ့သို့ ဖတ်ရာ၌ တစ်ပါးပါးက နောက်ကျနေ၍ဖြစ်စေ၊ စာပျောက်နေ၍ဖြစ်စေ ရပ်ပါဦး ဆိုင်းပါဦး စသည်ဖြင့် ပြောဆိုသည်များပင် တားမြစ်ခြင်းပဋိက္ကောသနဖြစ်ကြောင်း စံကျောင်းဆရာတော်ဘုရားကြီး စသောဆရာတော်ကြီးများ ယူတော်မူကြ၏။ (မဟာဝါ စမ္ပေယျက္ခန္ဓက၊ စူဠဝါ သမထက္ခန္ဓက၊ ပရိဝါ ကမ္မက္ခန္ဓက၊ ကင်္ခါ၊ ဝိနယသင်္ဂဟ-ပါဠိ အဋ္ဌကထာ ဋီကာ လာသည်ချည်း။)                   

     ပဋိက္ကောသနဋီကာ သမတ္တာ။ 



၃၇။ ကျောက်နိမိတ် ပြခန်း

     ဥပသမ္ပဒါခန်း၌ ဝတ္ထုသမ္ပတ္တိ၊ ဉတ္တိသမ္ပတ္တိ၊ ကမ္မဝါစာသမ္ပတ္တိ၊ သီမာသမ္ပတ္တိ၊ ပရိသာသမ္ပတ္တိဟူ၍ ပဉ္စင်းအဖြစ်မြောက်ဖို့ရန် အင်္ဂါအကြောင်း ငါးပါးပင်ရှိ၏။ ဗျတိရေကနည်းအားဖြင့် ဝတ္ထုဝိပတ္တိစသည် ငါးပါးပင်ရှိ၏၊ သိမ်ခန်း၌ကား နိမိတ္တသမ္ပတ္တိ၊ ကမ္မဝါစာသမ္ပတ္တိ၊ ပရိသမ္ပတ္တိဟူ၍ သုံးပါးသာလာ၏။ သို့သော် ဉတ္တိသမ္ပတ္တိကို ကမ္မဝါစာသမ္ပတ္တိတွင် သွင်းရ၏။ ဝတ္ထုသမ္ပတ္တိကို နိမိတ္တ ကမ္မဝါစာသမ္ပတ္တိတွင် သွင်းရ၏။ ဤသို့ သိသင့်၏။ နိမိတ္တသမ္ပတ္တိ၌ မဟာဝါပါဠိတော် အဋ္ဌကထာ ကင်္ခါအဋ္ဌကထာ ဝိနယ သင်္ဂဟအဋ္ဌကထာ ဋီကာတို့နှင့်တကွ -


          ပဗ္ဗတံ ဝနံ ပါသာဏံ၊ ရုက္ခံ မဂ္ဂဉ္စ ဝမ္မိကံ။ 

          ဥဒကဉ္စ နဒိဉ္စာတိ၊ နိမိတ္တာနဋ္ဌ ဒီပယေ။ 


     ဝိနယ ဝိနိစ္ဆယအဋ္ဌကထာ (၂၄၇)- နှင့်အညီ  သိမ်နိမိတ် (ဂ)ပါးရှိ၏။ (ဂ)ပါးအရကား--


     တောင်နိမိတ်၊ ကျောက်နိမိတ်၊ တောနိမိတ်၊ သစ်ပင်နိမိတ်၊ ခရီးနိမိတ်၊ တောင်ပို့နိမိတ်၊ မြစ်နိမိတ်၊ ရေနိမိတ်ဟူ၍ (၈)ပါးတည်း။ ထို(ဂ)ပါးတို့တွင် ခုနစ်တောင်ထွာ ဆင်ကောင်ပမာဏရှိသော မြေတောင်သက်သက်ဖြစ်စေ ကျောက်တောင်သက်သက်ဖြစ်စေ နှစ်ပါးအရောတောင်ဖြစ်စေ တောင်နိမိတ်ကြားကောင်း၏။ ၄င်းဆင်ပမာဏအောက်ငယ်လျှင် တောင်နိမိတ် မကြားကောင်း။ ​ကျောက်နိမိတ်သာ ကြားရ၏။ ဆင်သည် အယုတ်ဆုံး ခုနစ်တောင်ထွာရှိ၏ဟု ဝဇိရဗုဒ္ဓိဋီကာ တေရသကဏ်ဋီကာတို့၌ မိန့်၏။ ကင်္ခါဋီကာသစ်၌ကား ခုနစ်တောင်သာ ဆင်ပမာဏဟု ဆို၏။ ၎င်းဝါဒ ဆရာတို့မယူကြ။                   

ပါသာဏနိမိတ္တဋီကာ သမတ္တာ။

၃၈။ ပိုလ်အရ နာနာဝါဒ ဝိစာရဏ ပြခန်း

     ဥက္ကဋ္ဌပရိစ္ဆေဒအားဖြင့် ခုနစ်တောင့်ထွာရှိသော ဆင်ပမာဏ အောက်ငယ်သော။ ဩမကပရိစ္ဆေဒအားဖြင့် (၄ိ)ကို တစ်ပိုလ် ဆိုသည်။ ၎င်းပိုလ်ပေါင်း (၃၂ )ပိုလ်။ မာဂဓကျပ် (၁၂၈ိ)၊ တစ်ရာနှစ်ဆယ့်ရှစ်ကျပ် အင်္ဂလိပ်ကျပ် ၁၅၁ိ ၊ ၇-ပဲနှင့် သုံးစိတ်နှစ်စိတ် မြန်မာကျပ်အားဖြင့် (၁၀၆ိ ၇ူး ​ေ၂ ွး )တစ်ပိဿာ၊ ခြောက်ကျပ်၊ ခုနစ်မူး၊ နှစ်ရွေးဖြင့် ချိန်အပ်သော ထိုတင်လဲခဲနှင့် သဏ္ဌာန်ပမာဏ တူမျှသော ကျောက်တုံးကျောက်ခဲသည်၊ သံမြှုပ်ခဲ,သံတွေခဲ စသည်ဖြင့်ပြီးသော ကျောက်ဖြစ်စေကာမူ ကျောက်နိမိတ်လောက်၏၊ ကျောက်နိမိတ် ကြားရ၏။ ထို(၃၂ )ပိုလ် တင်လဲခဲပမာဏ ယခုကာလ အယူဝါဒများ၏။ ပိုလ်အရကိုလည်း၊ ရှေးအခါက ဝါဒကွဲပြားကြ၏။ (၄ိ)=တစ်ပိုလ်ဟု ဆိုသောစကားသည် အသင့်ဆုံးဖြစ်၏။ ကြွင်းသောဝါဒများကား အာဂုံယုတ္တိမရှိ၊ ရမ်း၍ဆိုကြသော စကားချည်းသာ ဖြစ်ကြ၏။ ထို ကြောင့် အမရကောသ အဘိဓာန်၌ 


     ဂုဉ္ဇာပဉ္စာဒျမာသကော၊ တေ သောဠသက္ခော ကဿောထီ ပလံ ကဿ စတုတ္ထယံ ဟု မိန့်၏။ 


     ပဉ္စဂုဉ္ဇာ၊ ငါး,ချင်ရွေးတို့သည်။ အာဒျမာသကော၊ အာဒျမာသက မည်၏။ တေ သောဠသ၊ ထိုတစ်ဆယ့်ခြောက်ပဲတို့သည်။ အ​က္ခော၊ တစ်အက္ခ,တစ်ကျပ်,တစ်သစ်ဆိမ့်သီးမည်၏။ ဝါ၊ တစ်ကဿမည်၏။ အထီ၊ ပုံးလိင် နပုလ္လိင်တည်း။ ကဿ စတုတ္ထယံ၊ အက္ခလေးခုဟူသော လေးကျပ်သည်။ ပလံ၊ တစ်ပိုလ်မည်။


လီလာဝတီဂဏန်းကျမ်း၌လည်း -

     ဒသဍ္ဎဂုဉ္ဇံ ပ၀ဒန္တိ မာသံ၊ မာသဝှယေ သောဠသဘိ စ ကဿံ ကဿေ စတုဗ္ဘိ စ ပလံ တုလညာ -ဟု လာ၏။ 


     ဒသဍ္ဎဂုဉ္ဇံ၊ ငါး,ချင်ရွေးကို။ မာသံ၊ တစ်ပဲဟူ၍။ တုလညာ၊ ချိန်လိမ္မာသိ ပညာရှိတို့သည်။ ပ၀ဒန္တိ၊ မိန့်ဆိုကုန်၏။ သောဠသဘိ စ မာသဝှယေ၊ တစ်ဆယ့်ခြောက်ပဲတို့ဖြင့်။ ကဿံ၊ တစ်ကဿ-တစ်ကျပ်ဟူ၍။ ပဝဒန္တိ၊ မိန့်ဆိုကုန်၏။ စတုဗ္ဗိစ ကဿေ၊ လေးကဿ-လေးကျပ်တို့ဖြင့်။ ပလံ၊ တစ်ပိုလ်ဟူ၍။ ပဝဒန္တိ၊ မိန့်ဆိုကြကုန်၏။(ဤသို့အနက်သမ္ဗန်)


     ပလံ ကဿ စတုက္ကံ၊ တန္တု သတ္ထေ တောလစတုက္ကံ၊ ဝေဇ္ဇကေ အဋ္ဌတောလကံ၊ လောကိကေ သဋ္ဌရတ္တိ ဒွိမာသတော လတ္တယံ။ (ကပ္ပဒုမ။) 


     ယင်း ကပ္ပဒုမ၊ သဒ္ဓတ္ထထောမမဟာနိဓိ၊ မုတ္တာဝလိ၊ ဝါစပ္ပတိ အဘိဓာန်တို့၌လည်း ရွေးငါးရွေးကို တစ်ပဲ၊ တစ်ဆယ့်ခြောက်ပဲကို တစ်ကဿ,တစ်ကောလ,တစ်ကျပ်၊ ယင်းတစ်ကျပ်မှာ ရွေးပေါင်း ရှစ်ဆယ်၊ လေးကျပ်ကို တစ်ပိုလ်ဟု ပြကြ၏။ သင်္ချာပကာသကကျမ်း၌လည်း-


          မာဂဓိကတုလာယေဝ၊ ကလဉ္စံ ပဉ္စဝီသတိ။ 

          ခုဒ္ဒကဂုဉ္ဇကာနံ တံ၊ ဒွတ္တိံသကန္တိ အပရေ။ 


     မာဂဓိကတုလာယေဝ၊ မာဂဓချိန်ဖြင့်သာလျှင်။ ခုဒ္ဒကဂုဉ္ဇကာနံ၊ ရွေးငယ်တို့၏။ ပဉ္စဝီသတိ၊ နှစ်ဆယ့်ငါးရွေးသည်။ ကလဉ္စံ၊ တစ်,ကလဉ္စမည်၏။ တံ၊ ထိုကလဉ္စသည်။ ဒွတ္တိံသကံ၊ ရွေးငယ်သုံးဆယ်နှစ်ရွေးရှိ၏။ ဣတိ၊ ဤသို့။ အပရေ၊ တစ်ပါးကုန်သော ဆရာတို့သည်။ ဝဒန္တိ၊ ဆိုကြကုန်၏။


     ဤသို့ ကလဉ္ဇတစ်ခုသည် သုံးဆယ့်နှစ်ရွေးရှိကြောင်းပြ၏။   ကင်္ခါ ဋီကာသစ် (၁၃၉)၌ -


        ဧကပလံ နာမ ဒသကလဉ္ဇန္တိ ၀ဒန္တိ -


ဟု ဆို၏။ ကလဉ္ဇ ဆယ်ခုသည် တစ်ပိုလ်ဖြစ်၏ဟု ပြသဖြင့် ကလဉ္ဇ ဆယ်ခုသော် ရွေးပေါင်း (၃၂၀)ရှိ၏။ တစ်ကျပ်၏ ရွေးပေါင်း ရှစ်ဆယ်နှင့်စား။ လဒ်လေးကျပ်ရ၏။ လေးကျပ် တစ်ပိုလ်ဟု ဆိုသောကျမ်းဟူသမျှနှင့် ကင်္ခါဋီကာသစ်စကား တစ်ထပ်တည်းကျ၏။ ထို့ကြောင့် ကင်္ခါ ဋီကာသစ်၌ - ဒသ ကလဉ္ဇံ၊ ကလဉ္ဇ ဆယ်ခုသည်။ ဝါ၊ သုံးဆယ့်နှစ်ရွေးရှိသော ကလဉ္စတို့၏ ဆယ်ခုသည်။ ဧကပလံ နာမ၊ တစ်ပိုလ်မည်၏-ဟူ၍ အနက်ပေး။ 


     ရှေ့အခါ၌ မာဂဓကျပ် ပိုလ်စသည်ကို သေသေချာချာ သိနိုင်လောက်အောင်ပြသော သာသနာတော် ကျမ်းဂန် တိုက်ရိုက်မရှိ သေသေချာချာပြသော လောကီကျမ်းဂန်များလည်း မြန်မာနိုင်ငံသို့ မရောက်သေးသဖြင့် ကျမ်းဂန်တတ်အကျော် ဆရာတော်ဘုရားများပင် အနုမာနဉာဏ်ဖြင့် ရမ်းဆ၍ ယူတော်မူကြရသတည်း။ ယူတော်မူကြပုံကား ကင်္ခါနိဿယတစ်စောင်၌- ဧကံ ပလံ နာမ ဒသကလဉ္စံ -ဋီကာလာရကား ကျပ်(၁၀) တစ်ပိုလ်ဟု မှာထား၏။ ရွှေဥမင်ဆရာတော်ရေး ဝိနည်းမဟာဝါ အဋ္ဌကထာနိဿယ၌ တစ်ပိုလ်လျှင် ကျပ်(၄၀) သုံးဆယ့်နှစ်ပိုလ်သော် တစ်ဆယ့်နှစ်ပိဿာနှင့် အကျပ်ရှစ်ဆယ်ရှိ၏။ ဆရာတို့ကား ဒွတ္တိံသပလအရ သုံးဆယ့်နှစ်ပိဿာ နှင် နှင်ဟု မှာတော်မူ၏။ တစ်ပိဿာကို တစ်ပိုလ်ယူသည်။ အရှင်အရိယဝံသဓမ္မသေနာပတိ ရေးအပ်သော ဇာတ်ဝိသောဓန၌လည်း ကျပ်လေးဆယ်ကို တစ်ပိုလ်ဟူ၍ပင်ပြ၏။

တောင်ဖီလာရေး သီမဝိနိစ္ဆယ၌ကား ကျပ်(၁၀) တစ်ပိုလ်ယူ၏။ ငါတို့ကျေးဇူးရှင် ကျီဝန်ဆရာတော်ကား တစ်ပိုလ် ကျပ်တစ်ဆယ် ဆယ်ပိုလ် တစ်ပိဿာ (၃၂) ပိုလ်မှာ သုံးပိဿာ နှစ်ဆယ်ရ၏။ ဝိနည်းမဟာဝါ ဆင်တဲဂဏ္ဌီ၌လည်း ကလဉ္စတစ်ခု ကျပ် (၁ဝ)ဖြစ်၍ တစ်ပိုလ် တစ်ပိဿာ၊ (၃၂)ပိုလ်လျှင် (၃၂) ပိဿာရှိကြောင်းပြ၏။ 


     ဤသို့ စသည်ဖြင့် ထိုအခါ တောင်း,တင်း,ချင်ကွက်နှင့်တူသော ကျမ်းဂန်များ မတွေ့ရသည်အတွက် ဧရာမပညာရှင် ဘုန်းရှင် သမ္ဘာရှင်ကြီးတွေလျက် မှားမှားယွင်းယွင်း ရေးကြရသေးလေသည်။ ထိုသို့လျက် အမှားကြိုက်သော မန္ဒဗုဒ္ဓိတို့က ချင့်တောင်းဖြင့် မချိန်။ လက်ရမ်းဆ၍ ပေးအပ်သော ဆရာတို့ကို ထုတ်ပြ၍ သကဝါဒအားဖြင့် ယူကြတုန်းရှိသေးသည်ကား ဧရာမ အံ့ဩဖွယ်ရာကြီး ပါတကားဟု စဉ်းစားတိုင်း ရေးရေး ပေါ်လာလိမ့်မည်တည်း။ ဤသို့ပင် ငါတို့နှင့်တကွ အမှန်အကန် လိုလားကြသော ဇမ္ဗူဒီပါ တစ်ကျွန်းလုံးရှိ ပညာရှိ ပညာကျော် ကျမ်းဂန်တတ် ပုဂ္ဂိုလ်ကျော်ဟူသမျှတို့သည် ငါတို့ ကျေးဇူးတော်သခင် ထိပ်ခေါင်တင် ဖြစ်တော်မူသော ပဏ္ဍိတဓဇ သိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု မြန်မာရေမြေ့ရှင်၏ တတိယ ဘွဲ့တံဆိပ်တော်,ရ မိုင်းခိုင်းဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော ပလပတ္ထာဒိဝိနိစ္ဆယကို တွေ့ကြရ မြင်ကြရ ကြည့်ရှု ကြရသဖြင့် အမှန်အကန်ပင် ယူတော်မူကြလေကုန်သတည်း။ ဤကား ကျောက်နိမိတ် အကျဉ်းချုပ် လိုရင်းများပေတည်း။ 


ဒွတ္တိံသပလာဋီကာ သမတ္တာ။ 



၃၉။ တောနိမိတ်ကို ပြခန်း

     တောနိမိတ် ကြားရာ၌ စတုပဉ္စရုက္ခမတ္တမ္ပိ-မှာ စတုအရ လေးပင်ဖြစ်အံ့ အနှစ်ရှိသော သစ်ပင်ချည်းလေးပင်၊ ငါးပင်ဖြစ်အံ့ အနှစ်ရှိသောသစ်ပင်လေးပင်၊ အနှစ်မရှိသောသစ်ပင် တစ်ပင်၊ ဤသို့ စတုကို အန္တောသာရေဟိ ဝါ နှင့်စပ်။ ပဉ္စကို အန္တောသာရမိဿကေဟိ ဝါ နှင့်သာစပ်။ ဤသို့ အနှစ်ရှိလေးပင်၊ အနှစ်မရှိ တစ်ပင် အားဖြင့် ငါးပင်သော်လည်းကောင်း၊ အနှစ်ရှိချည်းလေးပင်သော်လည်းကောင်း ရှိသောတောကို တောနိမိတ်ကြားကောင်း၏။ သည်အောက် ယုတ်လျှင် မကြားရ။ (ကျီဝန်မိန့်။) 


     ဝဇိရဗုဒ္ဓိ ၌ကား အနှစ်ရှိ သစ်ပင်သုံးပင်၊ အနှစ်မရှိ သစ်ပင်နှစ်ပင်၊ ပေါင်းငါးပင်ရှိသောတောကို တောနိမိတ် ကြားကောင်း၏။ အနှစ်ရှိသော သစ်ပင်များသည်ကို လိုအပ်၏ဟု မိန့်ဆို၏။ ဝိမတိ ဝိနောဒနီ၊ ဝိနယာလင်္ကာရ ဋီကာတို့၌ကား စတု,ပဉ္စ ရုက္ခမတ္တမ္ပိ- ကို အနှစ်ရှိသော သစ်ပင်ကိုချည်း ယူရမည်ဟုဆို၏။ ကင်္ခါဋီကာသစ်၌ကား လေးပင်ဖြစ်ခဲ့လျှင် အနှစ်ရှိသုံးပင်၊ အနှစ်မရှိတစ်ပင်၊ ငါးပင်ဖြစ်အံ့ အနှစ်ရှိသုံးပင်၊ အနှစ်မရှိ နှစ်ပင်၊ ၎င်းကို တောနိမိတ်ကြားကောင်း၏ဟုဆို၏။ ဆိုအပ်ပြီးသောနည်းဖြင့် အဋ္ဌကထာဆရာ အာဘော်မကျရကား မသင့်သည်ချည်း မှတ်အပ်၏ဟု ငါတို့ကျေးဇူးတော်ရှင် ကျီဝန် ဆရာတော်ဘုရားကြီးသည် ငါတို့အား ၁၂၆၃-ခုနှစ်၊ ကင်္ခါပို့ချရာတွင် မိန့်တော်မူသတည်း။ 


     ဆိုအပ်ပြီးသော လက္ခဏာနှင့် ပြည့်စုံသော သစ်ပင်မျိုးသည် မညှိုးမနွမ်း စိမ်းစိမ်းစိုစိုရှိလျှက် အတွင်း၌ အနှစ်ရှိလတ္တံ့ ဖြစ်၍ မြေ၌ပကတိ တည်ဆဲဖြစ်မူ အစောက်လက်ရှစ်သစ်၊ လုံးပတ်သီဟိုဠ်ကညစ်ရိုး၊ ယိုးဒယားကညစ်ရိုး ပမာဏရှိပါမူ ထိုအခါကပင် တောနိမိတ် ကြားကောင်းလေပြီ။ သီဟိုဠ်ကညစ်ပုံသဏ္ဌာန်မှာ သီဟိုဠ်ကျွန်းက ပထမ ခင်မကန် ဆရာတော်ဘုရားကြီးထံ ကပ်ဆက် လိုက်သဖြင့် ထိုပုံသည် ငါတို့လက်တွင်ပင် ရှိသတည်း။ မောင်းထောင် သာသနာပိုင် ဦးဉေယျသည် ပရက္ကမကျောင်းတိုက်၌ သိမ် သမုတ်ရာ သစ်ပင်ကို ပင်စည်မှ ဖြတ်၍ ခေတ္တစိုက်ထားရာ မမေးမြန်းဘဲ သမုတ်ခဲ့ဖူးသတည်း။ နောက်မှ ထိုအကြောင်းကိုသိ၍ ပြန်၍သမုတ်ရဖူးကြောင်း ငါတို့ကျေးဇူးတော်ရှင် ကျီဝန်ဆရာတော် ဘုရားကြီး အမိန့်ရှိသည်ကို ထိုကင်္ခါသင်ကြားစဉ်ကပင် ကြားရဖူးသတည်း။ ပညာရှိ သတိဖြစ်ခဲ ဆိုသောစကား အလွန်မှန်၏။ သတိသမ္ပဇည ကြပ်ကြပ်ထား၍ ကာယကံမှု ၀စီကံမှုတို့ကို ကောင်းမွန်အောင် ပြုကြလေ။                  


ဝနနိမိတ္တဋီကာ သမတ္တာ။



၄၀။ ခရီးနိမိတ်၊ တောင်ပို့နိမိတ်၊ မြစ်နိမိတ်ပြခန်း

ခရီးနိမိတ် ပြခန်း 

     နှစ်ခု သုံးခုသော ဂါမခေတ်တို့သို့ ထုတ်ခြင်းပေါက်သွား၍ ခြေကုန်သည် လှည်းကုန်သည်တို့ သွားလာမြဲဖြစ်သော ခြေလမ်းခရီး၊ လှည်းလမ်းခရီးများကို ခရီး,နိမိတ် ကြားကောင်း၏။ လူတို့ မသွားလာလျှင် ခရီးနိမိတ် မကြားရတော့ပြီ။ လေးမျက်နှာရှိရာ တစ်ခုခုသာ ကြားရသည်။ 

     မဂ္ဂနိမိတ္တဋီကာ သမတ္တာ။ 


တောင်ပို့ နိမိတ် ပြခန်း

      ဩမက ပရိစ္ဆေဒအားဖြင့် အစောက် လက်ရှစ်သစ် နွားဦးချိုပမာဏ ရှိသော ထိုနေ့ပေါ်ခါစ တောင်ပို့ဖြစ်စေကာမူ တောင်ပို့နိမိတ် ကြားကောင်း၏။ ၄င်းအောက်ငယ်လျှင် တောင်ပို့နိမိတ်မကြားကောင်း၊ အကြီးပမာဏမှာမူ ဟိမဝန္တာတောင်လောက် ကြီးစေကာမူ တောင်ပို့ နိမိတ်ကြားကောင်း၏။ 

       ဝမ္မိကနိမိတ္တဋီကာ သမတ္တာ။ 

မြစ်နိမိတ် ပြခန်း

      မြစ်နိမိတ်၌ တရားစောင့်သော မင်းစိုးရာဇာတို့လက်ထက် လခွဲတစ်ကြိမ် ဆယ်ရက်တစ်ကြိမ် မိုးရွာသည်ဖြစ်၍ မိုးကောင်းသော ကာလဖြစ်ခြင်း၊ မိုးလေးလပတ်လုံး ထိုမြစ်၌ ရေအယဉ် မပြတ်ခြင်း၊ အဝန်းသုံးပါး ညီညွှတ်ခွာ သင်းပိုင်ကို ဝတ်သော ဘိက္ခုနီမ၏ သင်းပိုင် မပင့်မြှောက်ပဲ လက်တစ်သစ် နှစ်သစ်ခန့် စွတ်ခြင်း၊ ဤအင်္ဂါသုံးပါးနှင့် ညီသောမြစ်ကို မြစ်နိမိတ် ကြားကောင်း၏။ ထိုမှပြန်ဘက် ဗျတိရေက နည်းအားဖြင့် အင်္ဂါသုံးပါးတွင် တစ်ပါးပါး ပျက်ကွက်လျှင် မြစ်နိမိတ် မကြားကောင်း။                

      နဒီနိမိတ္တဋီကာ သမတ္တာ။ 

၄၁။ ရေနိမိတ် ပြခန်း

     ဌိတံ ပန (ပ) ပူရိတဥဒကမ္ပိ သစေ ယာဝ ကမ္မဝါစာပရိယောသာနာ တိဋ္ဌတိ, အပ္ပံ ဝါ ဟောတု ဗဟု ဝါ, ဝဋ္ဋတိ။ (ဝိနည်းမဟာဝါ အဋ္ဌကထာ ၃၂၂။) 


     နှင့်အညီ၊ လှေ,အိုးစရည်း စသည်မဟုတ်သောတွင်း,လေးထောင့်ကန်,တစ်ဘက်ဆည်ကန်,ဆားငံချောင်း, သမုဒ္ဒရာ စသည်တို့၌ မစီး,မသွားပဲ ငြိမ်သက်စွာ တည်သော ရေဖြစ်စေ၊ အယုတ်ဆုံးနိမိတ် ကြားအံ့သော ခဏ၌ မြေ၌တူးအပ်သော တွင်းငယ်၌ အိုးတို့ဖြင့် ထမ်းဆောင်ချီရွက်၍ ပြည့်စေ လောင်းစေအပ်သော ရေဖြစ်စေ။ နိမိတ်ကြားသည်မှ စ၍ ကမ္မဝါစာဆုံးသည်တိုင်အောင် တည်ပါမူ ရေနိမိတ်ကြားကောင်း၏။ လှေ,အိုးစရည်း စသည်တို့၌ တည်သောရေ စီးသွားသောရေ နိမိတ်ကြားသည်မှစ၍ ကမ္မဝါစာ ပြီးဆုံးအောင် မတည်သောရေကို ရေနိမိတ်မကြားရ။ ကြားသော်လည်း နိမိတ္တဝိပတ္တိဖြစ်၍ ကံပျက်၏။ မစီးသွားသော ရေမှာ ရေနိမိတ်၊ စီးသွားလျှင် မြစ်နိမိတ်။


ထို ကြောင့် - 

      ဥဒကနိမိတ္တေ – နိရုဒကေ ဌာနေ နာဝါယ ဝါ စာဋိအာဒီသု ဝါ ဥဒကံ ပူရေတွာ ဥဒကနိမိတ္တံ ကိတ္တေတုံ န ဝဋ္ဋတိ, ဘူမိဂတမေဝ ဝဋ္ဋတိ- 


     အစရှိသော စကားကို မဟာဝါအဋ္ဌကထာ(၃၂၂ )၌ မိန့်သတည်း။ ဤသို့အဋ္ဌကထာ သာမည လာသောကြောင့် ရေနိမိတ် ပြုလုပ်ရာဌာန မြေပွသည်နှင့် ရေမတည်နိုင်မည် စိုးရိမ်သဖြင့် နိမိတ်တွင်း ပတ်ပတ်လည် အောက်အပြင်တို့ကို မြေသရွတ် လိမ်းကျံခြင်းငှာ အပ်၏ဟု အချိုဆရာတော်ကြီးတို့ ယူကြ၏။ ယင်းသို့ လိမ်းကျံခဲ့သော် နာဝါစာဋိအလား ရှိသောကြောင့် ဘူမိဂတ ဖြစ်သော်လည်း မအပ်ဟု အချို့ဆရာတော်ကြီးများ ယူကြ၏။ ဒုတိယဝါဒသည် ဂရုက ဖြစ်ပေသောကြောင့် ဒုတိယဝါဒသာသင့်၏ဟု ငါတို့ စံကျောင်း ဆရာတော်ကြီး ယူသတည်း။ နိမိတ်မကြားမီ ရေကို မပြတ်လောင်း ရသတည်း။ နိမိတ် ကြားသောအခါ ဘယ်ရေက တည်မှန်းမသိနိုင် သောကြောင့် ရေသစ်မလောင်းရပြီ။ ယင်းနိမိတ်တို့ကိုကြားရာ တစ်ကြိမ်သာ ကြားသော်လည်း အပ်သည်။ မဟာဝါအဋ္ဌကထာ၊ ကင်္ခါဋီကာ၊ အန္ဓအဋ္ဌကထာတို့၌ကား သုံးကြိမ်လှည့်၍ ကြားရမည် ဆို၏။


     တိက္ခတ္တုံ သီမမဏ္ဍလံ သမ္ဗန္ဓန္တေန နိမိတ္တံ ကိတ္တေတဗ္ဗံ။ (ဝိနည်း မဟာဝါအဋ္ဌကထာ၊ ၃၁၈။)


     ခင်မကန် ဆရာတော်လည်း ၎င်းအဋ္ဌကထာသို့လိုက်၍ သုံးကြိမ် ကြားစေလိုသတည်း။ ယခု ငါတို့ကား ခုနစ်ကြိမ်ကြား သတည်း။ နိမိတ်ကြားရာ၌ နိမိတ်ရှိရာသို့ မသွားပဲ သိမ်လယ်ကနေ၍ကြားသော်လည်း အပ်၏။ 


       တံ တံ နိမိတ္တဋ္ဌာနံ အဂန္တွာပိ ဟိ ကိတ္တေတုံ ဝဋ္ဋတိ။ 

(ဝိမတိဝိနောဒနီ၊ ဒု၊ ၁၄၁။)


      ငါတို့ ကျေးဇူးရှင် မိုင်းခိုင်းဆရာတော်လည်း ဤသို့ပင် ကြားတော်မူသည်။ နိမိတ်ကြားသောအခါ ပါဠိဘာသာ မြန်မာဘာသာ စသော အမှတ်မရှိသော ဘာသာဖြင့် ကြားကောင်း၏။ ဝိနည်းဓိုရ်ကမေးလျှင်၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ နိမိတ်စောင့် ပုဂ္ဂိုလ်က ဖြေကောင်း၏။ 


     ဥပသမ္ပန္နော ဝါ အာစိက္ခတု အနုပသမ္ပန္နော ဝါ၊ ဝဋ္ဋတိယေဝ (ဝိနည်း မဟာဝါအဋ္ဌကထာ၊ ၃၁ဂ။)

     ဥဒကနိမိတ္တဋီကာ သမတ္တာ။

     

     အဋ္ဌနိမိတ္တဋီကာ သမတ္တာ။ 

၄၂။ ဝိသုံဂါမသိမ်အမိန့်စာခံပုံပြခန်း (ပုံစံ)



     


     ပရိသာသမ္မတ္တိယာ ယုတ္တာ နာမ သဗ္ဗန္တိမေန ပရိစ္ဆေဒေန စတူဟိ ဘိက္ခုဟိ သန္နိပတိတွာ။လ။ သမ္မတာ-

        ဟူသော ကင်္ခါဝိတရဏီ အဋ္ဌကထာ (၈၉)နှင့်အညီ သီမသမ္မုတိကံသည် စတုဝဂ္ဂကရဏီယကံ ဖြစ်၍ နောင်အရှည်သဖြင့် သာသနာတော်ထွန်းခြင်းကိုငဲ့ကွက်၍လည်းကောင်း၊ ဘုရား သာသနာကို ပူဇော်လို၍လည်းကောင်း ယခုကာလ သမုတ်အပ်သော ဗဒ္ဓသိမ်တို့ကဲ့သို့ သိမ်သမုတ်လိုသော ပညာရှိ သူတော်ကောင်းတို့သည် လိုက်နာ ကျင့်သုံးရန် ဝိသုံဂါမမြေ အမိန့်စာ ခံယူပုံကစ၍ သိမ်သမုတ် ပြီးသည်တိုင်အောင် ရှေးရိုးလမ်းကျ ငါတို့ကျေးဇူးရှင် ဆရာတော် ဘုရားကြီးများနှင့် တကွ ငါတို့ပါ အဆက်ဆက် သိမ်သမုတ်ပုံ နည်းလမ်းအတိုင်း ရေးလိုက်ပေအံ့။

        

ဝိသုံဂါမသိမ်အမိန့်စာခံပုံပြခန်း  (ပုံစံ)

     တောင်သာမြို့ ကျွန်းရွာကလေးနေ စာရေးကြီး မောင်ချစ်ပေါက တောင်သာမြို့အုပ်မင်း ရုံးတွင် လျှောက်ထားသည့် လျှောက်လွှာစာ လက်ခံ။


     တောင်သာမြို့ -မြို့အုပ်မင်း ရုံးတော် ၌ ( -----) ခု။

လျှောက်လွှာနံပါတ် ၊(------)


     ဘုရားကျွန်တော်မျိုး တောင်သာမြို့ ကျွန်းရွာကလေးရွာနေ စာရေးကြီး မောင်ချစ်ပေါ ရှိခိုး အစီရင်တော် ခံပါသည်။


     အကြောင်းမှာ ကျွန်တော်မျိုးတို့မှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့မျှမက ဂျော့ဘုရင် မင်းမြတ်ကြီး လှူဒါန်းအပ်သော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် နှင့် မဟာသံဃရာဇာ သာသနာပိုင် ဆရာတော်ဘုရားကြီးသည် ချီးမြှင့်အပ်သော ၄- မြို့ ဂိုဏ်းချုပ်၊ မြစ်ကွေ့ခရိုင် သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဟူသော ဘွဲ့တံဆိပ်တော်၊ ဤသုံးတန်သော ဘွဲ့တံဆိပ်ကို အလှူတော်ခံရသော ကျွန်းရွာတောရ ဆရာတော် ဦးအဂ္ဂဝံသပိုင် ကျောက်ဆောက်ကျွန်းရွာ ကျောင်းတိုက်ထဲတွင် အောက်ပုံစံပါ နယ်လေးရပ် သတ်မှတ်လျက်ရှိသော ကျောင်း,ဝတ္ထုကံ မြေပေါ်တွင် ရဟန်းသံဃာတော် အရှင်မြတ်များ ဥပုသ်သီတင်း လပြည့် လကွယ် စသော နေ့များ၌ ကျင့်သုံး ဆောက်တည် ကံကြီး ကံငယ် ပြုလုပ်ရန် သိမ်သမုတ် လှူဒါန်းလိုပါကြောင်း၊ အထက်ပါ ကျွန်းရွာတောရ ဆရာတော် ဦးအဂ္ဂဝံသကလည်း သဘောတူ ပါကြောင်း။ အဆိုပါ နယ် လေးရပ် သတ်မှတ်လျက်ရှိသော ဝတ္ထုကံ အလျား အနံလေး ထောင့် ပေ(၂၅) ပေခန့်ကို သာသနာမှု သာသနာရေးအတွက် ဝိသုံဂါမ မြေစား ပေးသနားတော် မူပါမည့်အကြောင်း၊ ဘုရင်ခံမင်း အမိန့်တော်ကို အလိုရှိပါကြောင်း ရှိခိုးအစီရင်တော်ခံပါသည်ဘုရား။                

 မောင်ချစ်ပေါ

ကျောက်ဆောက်ကျွန်းရွာ-စာရေးကြီး



၄၃။ အင်္ဂလိပ်မင်းတို့ ဝိသုံဂါမပေးပုံ ပြခန်း

     ယခု အင်္ဂလိပ် အစိုးရမင်းတို့ လက်ထက် ဘုရင်ခံမင်း လွှတ်တော်က ဝိသုံဂါမမြေစားပေးပုံ အမိန့်တော် -

      မြန်မာနိုင်ငံတော်ကိုစီရင်အုပ်ချုပ်တော်မူသောဘုရင်ခံမင်း

      တံဆိပ်တော်ပုံ သိမ်သမုတ်ရန် မြေပေးအမိန့်တော်

     မြင်းခြံဒိစတြိတ်စီရင်စု တောင်သာမြို့နယ် ကျောက်ဆောက် ကျွန်းရွာတိုက်တွင် အောက်ပါ နယ်နိမိတ်များ အတွင်း(၁၂ ဧက) ရှိမြေကို သိမ်သမုတ်ရန် မောင်ချစ်ပေါက ဝိသုံဂါမ မြေစား သနားခံစေ။


           နယ်နိမိတ်---------------------------- 


          မြောက်အလား----------------------


          တောင်အ လား----------------------


          အရှေ့အလား------------------------- 


          အနောက်အလား---------------------


     ၎င်း သနားတော် ခံရသည့်မြေတွင် သိမ်သမုတ်ခြင်းမှ တပါး၊ တခြား တစုံတရာ အသုံးပြုလျှင် သနားတော်မူရင်း အမိန့်တော်ကို နုတ်သိမ်းစေ။ 


မြန်မာနိုင်ငံတော်ကို စီရင်အုပ်ချုပ်တော်မူသော ဘုရင်ခံမင်း 

                         ရန်ကုန်မြို့။


၁၈၉----------ခု၊---------လ------------ရက်။


၁၂-----------ခု၊---------လ------------ရက်။


၄၄။ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော် သိမ်အမိန့်ပေးပုံ ၂-မျိုးပြခန်း

     ရတနာပူရ စတုတ္ထမြို့တည် မဟာဝိဇယရံသီ စေတီတော် ဒါယကာ ဘကြီးတော် ဖလ်နန်းရှင် မင်းတရား လက်ထက် ဝိသုံဂါမ မြေစား ပေးပုံ အမိန့် တော်။


     ပင်းတလဲမြို့ ကျေးစည်ကြီးဆွဲရွာ၊ ပတင်းရွာ ကျောင်းနေ ရှင်တေဇဝန္တ ရှင်ဝရမဉ္ဇူတို့က သံဃာတော်တို့ကံကြီးကံငယ်ဆောင်ရွက်ရန် သိမ်မရှိပါ။ စည်ကြီးဆွဲရွာ ဘုရားရှင်က-သည် ပတ်လည်တာ (၂ဝါ)စီ မြေရန်ကို စည်ကြီးဆွဲရွာ မြေတိုင်း ငရွဲကို ဝိသုံဂါမမြေစား သနားတော်မူ၍ သိမ်သမုတ်ပါရမည့် အကြောင်း ပတင်းရွာကျောင်းတိုက် အရှေ့ အနောက်တာ (၄ ဝါ)။ တောင်မြောက် (၅ဝါ) မြေအရံကိုလည်း ပတင်းရွာနေ ငနုကို ဝိသုံဂါမမြေစား သနားတော်မူ၍ သိမ်သမုတ် ပါရမည့်အကြောင်း မေတ္တာစာဆက်ချက်အတိုင်း စည်ကြီးဆွဲရွာ မြေတိုင်းငရွဲ၊ ပတင်းရွာနေ ငနုတို့ကို ဝိသုံဂါမမြေစား သနားတော်မူသည် သိမ်သမုတ်စေ။ 

     ၁၁၈၆-ခု၊ တန်ခူးလပြည့်ကျော်(၁၃)ရက်နေ့ပြန် အမိန့်တော်။

     ငကံပေး မယား မိရှုံးတို့က စစ်ကိုင်းမြို့အဝင် ငတေရော်ရွာ သူကြီးငတေ အုပ်ထိန်းသည့် မြေနယ်အတွင်း အရှေ့ အနောက် တောင် မြောက် စတုရန်းတာ (၁၀၀) မြေကို မြေ စား သနားတော်ခံ၍ သိမ်သမုတ်ပြီးလျှင် ပြာသာဒ် တည်လုပ်ပါရမည့် အ ကြောင်းနှင့် ရှိခိုးသံတော်ဦး တင်ချက်အတိုင်း သိမ်သမုတ်၍ ပြာသာဒ်တည်လုပ်စေ။ 

     ၁၁ဂ၆ -ခု နယုန်လဆန်း(၇)ရက်နေ့ပြန် အမိန့်တော်။



၄၅။ ပဉ္စမသံင်္ဂါယနာတင် မင်းတရား သိမ်အမိန့်ပေးပုံ ၂-မျိုး

     မန္တလေးမြို့တည် ပဉ္စမသံဂါယနာတင် မဟာလောကမာရဇိန် စေတီတော် ဒါယကာ ဘုရင်မင်းတုန်းမင်းတရား လက်ထက် ဝိသုံဂါမ မြေစားပေးပုံ အမိန့်တော်။ 


     မြောက်ထားဝယ်သွေးသောက်ကြီး ငသာမှန် သွေးသောက်သားတို့ ရှိခိုးသံတော်ဦး တင်ချက်အတိုင်း ရဟန်းသံဃာတော် တို့ ဥပုသ် ပဝါရဏာ ကံကြီးကံငယ် ဆောင်ရွက်ရန် စစ်ကိုင်းမြို့ စိရင်စုချ ထန်းတောရွာအနီး ကြက်ထောင့်ကန်တော် အနောက် တောင်ကြား ဝါးတောမရွာ ဂိုဏ်းအုပ်ဆရာ သီတင်းသုံးနေသည့် တောရကျောင်းတိုက် အတွင်းရှိမြေကို မြောက်ထားဝယ် သွေးသောက်ပြီး ငသာမန် သွေးသောက်သားတိုက ဝိသုံဂါမမြေစား သနားတော်မြတ်ခံ၍ ကုသိုလ်တော်ပွား ခဏ္ဍသိမ် သမုတ်လှူ ဒါန်းစေ ။ 

     ၁၂၂၈-ခု၊နယုန်လဆန်း(၂ )ရက်နေ့ပြန် အမိန့်တော်။

     

     ငရွှင် ရှိခိုးသံတော်ဦး တင်ချက်အတိုင်း ရဟန်းသံဃာတော်တို့ ဥပုသ် ပဝါရဏာ ကံကြီး ကံငယ် ဆောင်ရွက်ရန် ရွှေမြို့တော် ဆင်ခြေဖုံး အလောင်ကျွန်း ထားမကျကျေးရွာ ကျောင်းတိုက်အတွင်း စတုရန်း (၇ )တာစီ မြေကို ငရွှင်က ဝိသုံဂါမမြေစား သနားတော်မြတ်ခံ၍ ကုသိုလ်တော်ပွား ခဏ္ဍသိမ် သမုတ်လှူဒါန်းစေ။

     ၁၂၂၈-ခု ၊ နတ်တော်လဆန်း (၁၄)ရက်နေ့ပြန် အမိန့်တော်။



၄၆။ သီပေါမင်း သိမ်အမိန့်ပေးပုံ ၂-မျိုး

          ရတနာပုံ ဒုတိယမြို့တည် မာရ်အောင်ရတနာ စေတီတော်ဒါယကာ သီပေါဘုရင်မင်းမြတ်လက်ထက် ဝိသုံဂါမမြေစားပေးပုံ အမိန့်တော်။ 


     သုဓမ္မာ ဆရာတော်တို့ စာဆက်သွင်းချက်အတိုင်း ရဟန်း သံဃာတော်တို့ ဥပုသ် ပါရဏာ ကံကြီး ကံငယ် ဆောင်ရွက် ရန် ရွှေမြို့တော် တောင်ပြင် ဘုံကျော်ကျောင်းတိုက် မဟာရံ အတွင်း မြေကို အခွန်စာရေး မျိုးစည်သူကျော်ထင်က ဝိသုံဂါမ မြေစား သနားတော်ခံစေ။ 

     

     ၁၂၄၀-ခု၊ တန်ဆောင်မုန်းလပြည့်ကျော်(၇)ရက်နေ့ပြန် အမိန့်တော်။ 


     သုဓမ္မာဆရာတော် စာဆက်သွင်းချက်အတိုင်း ရဟန်း သံဃာတော်တို့ ဥပုသ် ပဝါရဏာ ကံကြီး ကံငယ်ဆောင်ရွက်ရန် တောင်တွင်းကြီးမြို့ စီရင်စု ခပေါင်းကုန်းရွာ ကျောင်းတိုက် အတွင်း စတုရန်း(၇)တာစီ မြေကို ငပေါ်လူက ဝိသုံဂါမမြေစား သနားတော်မြတ်ခံ၍ ခဏ္ဍသိမ်သမုတ် လှူဒါန်းစေ။

     ၁၂၄၁-ခု ၊ကဆုန်လဆန်း(၂ )ရက်နေ့ပြန် အမိန့်တော်

ဤသို့ သိမ်မိန့်ပေးရာ၌ -


      ယခုကာလ အင်္ဂလိပ်မင်းတို့ ပေးအပ်သော သိမ်အမိန့်လည်း၊ အပ်ပါ၏။ (ရွှေကျင်ဆရာတော် ဦးဇာဂရ၊ မိုင်းခိုင်းဆရာတော်။) 

     ဘုရင်ကိုယ်တိုင်ပေးခြင်း၊ ဘုရင်က မြေသီး၊ နယ်သီး၊ ရွာသီး ဖြစ်အောင် ပေးနိုင်သောအာဏာရရှိသော မှူးမတ်တို့ ပေးခြင်းနှစ်ရပ်လုံး ဝိသုံဂါမ မြောက်၏။ (ရွှေကျင်ဆရာတော်၊ မိုင်းခိုင်းဆရာတော်။)


     ဒုတိယမှူးမတ်မှာ ယခုကာလ အရေးပိုင် တိုင်ရုံယူ။

(မိုင်းခိုင်း။)


     ဗလိံ လဘန္တိ-လည်း ယေဘုယျ၊ ဝိမတိထောက်။ ပေးခြင်း,မပေးခြင်း ပဓာန မယူရ။ နယ်သီးဖြစ် မဖြစ် ပဓာန။ ထိုကြောင့် ရွာ နယ် အသီး အသီးကို သူကြီးတစ်ဦးတည်း အခွန်ရသော်လည်း ဂါမသီးဖြစ်ရကား အသီး အသီး ဂါမခေတ် တစ်ခုစီသာတည်း။ (မိုင်းခိုင်းဆရာတော် ဝါဒ။)


၄၇။ သိမ်သမုတ်ရာညောင်စောင်းကွက်သားပုံ စသည်ပြခန်း

     ဤသို့ သိမ်အမိန့်ရပြီးသောနေရာ၌ အာဒါသတလံ ဝိယ သမံ သုဒ္ဓံ ဝိမလံ ကတွာ အစရှိသည်ဖြင့် (ဝိနယာလင်္ကာရဋီကာ၊ ပ၊ ၃၅၉။) လာသည့်အတိုင်း -


(က) လေးမျက်နှာ ပတ်လည်တွင် ကြေးမုံပြင် ပုံသဏ္ဌာန် ကသိုဏ်းဝန်းဟန် ပမာဏ ကျနကောင်းမွန်စွာ ညီညွတ်ပြေပြစ် ချောမောအောင် ပြုပြင်သုတ်သင် ရှင်းလင်းရာသည်။


(ခ) ၎င်းနောက် -

     ယတ္ထ ပမာဏယုတ္တော မဉ္စော ဣတော စိတော စ နပရိဝတ္တန္တိ၊ အယံ ကုဋီတိ သင်္ချံ န ဂစ္ဆတိ၊ တသ္မာ အယမ္ပိ ဝဋ္ဋတိ။ မဟာပစ္စရိယံ ပန ပစ္ဆိမကောဋိယာ စတုဟတ္ထဝိတ္ထာရာ ဝုတ္တာ ဟူသော- (ကုဋိကာရ သိက္ခာပုဒ်အဖွင့်၊ ပါရာဇိကဏ်အဋ္ဌကထာ၊ ဒု၊ ၁၅၄။)


     ပမာဏယုတ္တော မဉ္စောတိ ပကတိဝိဒတ္ထိယာ နဝဝိဒတ္ထိပ္ပမာဏော မဉ္စော-ဟူသော၊ (သာရတ္ထဋီကာ၊ ဒု၊ ၃၃၄။) တို့နှင့်အညီ၊ အလျား (၄)တောင်ထွာ၊ အနံ (၂ )တောင်(၆) သစ် ပမာဏရှိသော ညောင်စောင်းကွက် ပြုရသည်။


(ဂ) ၎င်းနောက် ၎င်းညောင်စောင်းကွက် ထောင့်တစ်ခုခု၌ သိမ်ငုတ်တိုင်စိုက်သည်။ 


(ဃ) ၎င်းနောက် -

     သီမံ ဘိက္ခဝေ သမူဟနန္တေန ပဌမံ တိစီဝရေန အဝိပ္ပဝါသော သမူဟန္တဗ္ဗော၊ ပစ္ဆာ သမာနသံဝါသသီမာ သမူဟန္တဗ္ဗာ ဟူသော (ဝိနည်းမဟာဝါ ပါဠိတော်၊ ဥပေါသထက္ခန္ဓက၊ ၁၄၉။) 


     အန္တော စ ဗဟိ စ သမန္တာ လေဍ္ဍုပါတေ သဗ္ဗတ္ထ မဉ္စပ္ပမာဏေ ဩကာသေ နိရန္တရံ ဌတွာ ပဌမံ အဝိပ္ပဝါသသီမံ, တတော သမာနသံဝါသကသီမဉ္စ သမူဟနနဝသေန သီမာယ သမုဂ္ဃါတေ ကတေ- အစရှိသော (ဝိမတိဝိနောဒနီဋီကာ၊ ဒု၊ ၁၅၆။) 


     ဗဟိ သီမဋ္ဌာနမ္ပိ သမန္တတော ဧကမဉ္စကံ ဝါ ဒွိ တိမဉ္စကံ ဝါ ဂဟေတဗ္ဗံ-ဟူသော (ဝိနယာလင်္ကာရဋီကာ၊ ပ၊ ၃၅၉။) တို့နှင့်အညီ မိမိတို့နှင့် အဖော်သမဂ္ဂ သီတင်းသုံးဖော်တို့ကို ပင့်ဖိတ်၍လည်းကောင်း၊ မိမိ ကျောင်းတိုက်တွင် ရဟန်းသံဃာ များစွာရှိသည်ဖြစ်၍ ထိုမိမိကျောင်းတိုက်ရှိ သံဃာများကို ဉတ်ကမ္မဝါစာရွတ်ဖတ်မှု၌ ဌာန်ခုနစ်ပါး, ကရိုဏ်းလေးပါး ပယတ်လေးပါး, သိထိလ,ဓနိတ စသော ဗျဉ္ဇနဗုဒ္ဓိ ဆယ်ပါးတို့ကို ကျနစွာသင်ကြားလိမ္မာစေပြီးလျှင် မဉ္စပမာဏရှိသော အတွင်းအရပ်၌လည်းကောင်း၊ နိမိတ်ပြင်ပ တစ်,ညောင်စောင်းခန့် နှစ်ညောင်စောင်းခန့် အရပ်၌လည်းကောင်း၊ ဟတ္ထပါသ်ကို မစွန့်မူ၍ ထိုင်စေပြီးလျှင် အလယ်ကစ၍ တောင်အရပ် မြောက်အရပ် အရှေ့အရပ် အနောက်အရပ် စေ့အောင် တစ်နေရာတွင် တစ်ထိုင်တွင်း၌ သုံးပါး သုံးပါးစီတွဲ၍ သုံးကြိမ်စီ ဥတ္တိဒုတိယကမ္မဝါစာဖြင့် ရှေးဦးစွာ အဝိပ္ပဝါသသိမ်နုတ်။ ထိုနောင် သမာနသံဝါသကသိမ် နုတ်စေသည်။ 


          ဆ ပဉ္စ မတ္တေ ဘိက္ခူ ဂဟေတွာ-ဟူသော (ဝိမတိဝိနောဒနီဋီကာ၊ ဒု၊ ၁၅၆။) 


     ‘‘ဣဒါနိ သီမံ သမူဟနိဿာမာ’’တိ စတ္တာရော ဝါ တဒုတ္တရိ ဝါ သမာနသံဝါသကဘိက္ခူ ဂဟေတွာ ပဌမပန္တိယံ ပဌမကောဋ္ဌာသေ မဉ္စဋ္ဌာနေ ဌတွာ ပဌမံ အဝိပ္ပဝါသသီမာသမူဟနနကမ္မဝါစံ, တတော သမာနသံဝါသကသီမာသမူဟနနကမ္မဝါစံ သာဝေတွာ တသ္မိံ ကောဋ္ဌာသေယေဝ အညမညဿ ဌိတဋ္ဌာနံ ပရိဝတ္တေတွာ ပရိဝတ္တေတွာ တိက္ခတ္တုံ ဝါ သတ္တက္ခတ္တုံ ဝါ သမူဟနိတွာ-အစရှိသော (ဝိနယာလင်္ကာရဋီကာ၊ ပ၊ ၃၅၉။) 


တို့နှင့်အညီ ဝဂ္ဂကမ္မသင်္ကရဒေါသစသော အပြစ်ခပ်သိမ်း ကင်းလွတ် စေရန်ရည်သန်ပြီးလျှင် ပဌမပန္တိ ပဌမကောဋ္ဌာသ မဉ္စဋ္ဌာန၌ သမဂ္ဂရဟန်းအများတို့သည် ဟတ္ထပါသ်လည်း မကင်းစေရ တစ်ပါးသည်တစ်ပါးနှင့် သင်္ကန်းစွန်းစသည် မထိစပ်စေရ၊ ဝန်းဝိုင်းပြီးလျှင် လွတ်လပ်သော ညောင်စောင်းကွက် မရှိအောင် တစ်ခါထိုင် သုံးပါးသုံးပါးစီ နှစ်ကြိမ်ကျ ဉတ္တိဒုတိယကမ္မဝါစာဖြင့် ရှေးဦးစွာ အဝိပ္ပဝါသ သိမ်နုတ်။ ထို့နောက် သမာနသံဝါသကသိမ်နုတ်သည်။ 


ယင်းသို့ဖတ်သဖြင့် -

     သဗ္ဗာသု ပန္တီသု သဗ္ဗသ္မိံ ကောဋ္ဌာသေ ပရိက္ခိဏေ ဣဒံ သီမာ သမူဟနနကမ္မံ နိဋ္ဌိတံ နာမ ဟောတိ -ဟူသော (ဝိနယာလင်္ကာရဋီကာ၊ ပ၊ ၃၆ဝ။) နှင့်အညီ အထပ်ထပ် မနုတ်သော်လည်း သဗ္ဗပန္တိ သဗ္ဗကောဋ္ဌာသ တို့၌ တစ်ထပ်သာနှုတ်လျှင် သီမသမူဟနနကံ အလုံးစုံပြီးသည်မှန်စေကာမူ-


     သစေ ပန အက္ခရပရိဟီနံ ဝါ ပဒပရိဟီနံ ဝါ ဒုရုတ္တပဒံ ဝါဟောတိ, တဿ သောဓနတ္ထံ ပုနပ္ပုနံ ဝတ္တုံ ဝဋ္ဋတိ။ ဣဒံ အကုပ္ပကမ္မဿ ဒဠှီကမ္မံ ဟောတိ, ကုပ္ပကမ္မေ ကမ္မံ ဟုတွာ တိဋ္ဌတိ။


ဟူသော (ပရိဝါကမ္မဝဂ်အဖွင့်အဋ္ဌကထာ၊ ၂၄၃။) နှင့်အညီ၊ အက္ခရ ပရိဟီန, ပဒပရိဟီန, ဒုရုတ္တက္ခရ ,ဒုရုတ္တပဒတို့ကို သုတ်သင် ရှင်းလင်းစေခြင်းငှာ အထပ်ထပ်ရွတ်ဖတ်ခြင်းသည် သမ္မတ္တိကမ္မ၌ ဒဠှီကမ္မ အကုပ္ပ ဖြစ်ခြင်း၊ ကုပ္ပကမ္မ၌ ကံမြောက်ခြင်း အောင်ခြင်းအကျိုးရှိရကား 


ကြက်ခြေထောင့်တန်း ရင်ပေါင်တန်း လယ်လမ်းထောင့်ပဿာ။ 

ခရု,ပျားကြီး လယ်ဆုံစီး ပြင်စည်းငါးမျိုးလာ-


ဟူသော ပေါရာဏလင်္ကာနှင့်အညီ။ 


(၁) ကြက်ခြေခတ်ဖတ်ခြင်း။

(၂) ထောင့်တန်းဖတ်ခြင်း။ 

(၃) ရင်ပေါင်တန်းဖတ်ခြင်း။ 

(၄) ခရုပတ်ခွေဖတ်ခြင်း။ 

(၅) ပျားကြီးစွဲဖတ်ခြင်းတို့ဖြင့်

      တစ်ထိုင်တည်းတွင် 

သုံးပါး သုံးပါးစီ တစ်ကြိမ်ကျစီ ရှေးဦးစွာ အဝိပ္ပဝါသသီမသမူဟန။ ထို့နောင် သမာနသံဝါသကသီမသမူဟနန ဉတ္တိဒုတိယကမ္မဝါစာဖြင့် နုတ်သည်။ ထိုသို့ နုတ်ရာမှာလည်း-


      ‘‘ယဿာယသ္မတော ခမတိ ဧတိဿာ သီမာယ သမာနသံဝါသာယ ဧကူပေါသထာယ သမုဂ္ဃါတော, သော တုဏှဿာ’’တိ အန္ဓကပေါတ္ထကေ, သီဟဠပေါတ္ထကေသု စ ကေသုစိ ပါဌော အတ္ထိ။ ကေသုစိ ‘‘သမုဂ္ဃါတော ဧတိဿာ သီမာယာ’’တိ ပဌမံ လိခန္တိ, ကေသုစိ ‘‘ဧတိဿာ သီမာယ သမုဂ္ဃါတော’’တိ စ-ဟူသော (ဝဇီရဗုဒ္ဓိဋီကာ၊ ၄၅၇။) ၌ ပြအပ်သော သုံးဝါဒတို့တွင်-


     ဧတ္ထ ပန သမာနသံဝါသကသီမာသမူဟနနကမ္မဝါစာယ နိဗ္ဗိသေသနပါဌော ကတ္ထစိ ပေါတ္ထကေ ဒိဿတိ၊ သဝိသေ သနပါထောဝ သုန္နရတရော။ အက္ခရပရိဟီနေယေဝ ဒေါသော အက္ခရာဓိကေပိ နိဒ္ဒေသော ဧဝါတိ ဝေဒိတဗ္ဗံ-

     ဟူသော မောင်းထောင် သာသနာပိုင် စီရင်ရေးသားအပ်သော သီမဗန္ဓနကထာ ကျမ်းနှင့်အညီ သမူဟနေယျနောင် သမာနသံဝါသံ ဧကုပေါသထံ-ဟူသော ဝိသေသန နှစ်ပုဒ်တို့ကိုလည်း သွင်း၍ဖတ်ခြင်း၊ သမူဟနတိနောင် ယင်းဝိသေသန နှစ်ပုဒ်တို့ကို ထည့်၍ဖတ်ခြင်း၊ ဧတိဿ သီမာယနောင်လည်း သမာနသံဝါသာယ ဧကုပေါသထာယ- ဟူသော ဝိသေသန နှစ်ပုဒ်တို့ကို ထည့်၍ ဖတ်ခြင်း၊ သံဃေနနောင်လည်း သမာနသံဝါသာ ဧကုပေါသထာ- ဟူသော ဝိသေသနတို့ကို ထည့်၍ဖတ်ခြင်း- ဤသို့ လေးဌာနလုံး အပြည့်အစုံချည်းဖတ်၍နုတ်သည်။



၄၈။ သစေ ပန စသော အဋ္ဌကထာဝါကျ စံကျောင်းဆရာတော်ကြီး အနက်မှန်ပေးပုံ

     သစေ ပန အက္ခရပရိဟီနံ ဝါ ပဒပရိဟီနံ ဝါ ဒုရုတ္တပဒံ ဝါ ဟောတိ, တဿ သောဓနတ္ထံ ပုနပ္ပုနံ ဝတ္တုံ ဝဋ္ဋတိ။ ဣဒံ အကုပ္ပကမ္မဿ ဒဠှီကမ္မံ ဟောတိ, ကုပ္ပကမ္မေ ကမ္မံ ဟုတွာ တိဋ္ဌတိ။-ဟူသော (ပရိဝါ ကမ္မဝဂ် အဋ္ဌကထာ၊ ၂၄၃၊ ၂၄၄။)အဖွင့်ကို ထောက်ထားအပ်၏။ ဋီကာများ မဖွင့်ကြ။ 


၎င်းပရိဝါယောဇနာ (၆၃၅။) ၌လည်း -

     ယဒိ ပရိဝတ္တေတွာ ကတံ ဒဠှီကမ္မံ န ဟောတိ၊ ဧဝံ သတိ ဒဠှီကမ္ပတ္ထာယ ကိန္တိ ကာတဗ္ဗန္တိ အာဟ“သစေ ပနာ”တိအာဒိ တတ္ထ “အက္ခရပရိဟီနံ ဝါ ပဒပရိဟီနံ ဝါ”တိ ဣဒံ အက္ခရပဒါနံ ဂဠိတံ သန္ဓာယ ဝုတ္တံ။ “ဒုရုတ္တပဒံ ဝါ”တိ ဣဒံ သိထိလဓနိတာဒိ အပရိပုဏ္ဏံ သန္ဓာယ ဝုတ္တံ။ ဧတ္ထ “ဒုရုတ္တက္ခရံ ဝါ”တိ အဇ္ဈာဟရိတဗ္ဗံ။ ဣဒန္တိ ပုနပ္ပနံ ဝစနံ၊ ကမ္မံ ဟုတွာတိ သုကမ္မံ ဟုတွာ -


     ပန အနွယံ၊ အလျော်ကို။ မယံ၊ ငါတို့သည်။ ဝက္ခာမ၊ ဆိုကုန်အံ့။ (သစေ ပန ရှိသော်လည်း ရှေးမှာ သာမည ဝါကျမရှိ၍ ဝိသေသတ္ထ ဇောတက မဖြစ်။ ဗျတိရေက ဝါကျသာ ရှိရကား အနွယဇောတက ပဒသာ) ဥတ္တိကမ္မဝါစာဗ္ဘန္တရေ၊ ဉတ်ကမ္မဝါစာ အတွင်း၌။ အဝယဝဘာဝေန၊ အစိတ်၏အဖြစ်ဖြင့်။ ဌိတေ၊ တည်သော။ ယတ္ထ ယသ္မိံ ဝါကျေ အကြင်ဝါကျ၌။ (၆-ပုဒ်ထည့်)။ အက္ခရပရိဟီနံ ဝါ၊ အက္ခရာကိုမရွတ်ခြင်း မသုံးသပ်ခြင်း လျော့ကျခြင်း ဟူသော အက္ခရာ၏ ယုတ်လျော့ခြင်းသည်လည်းကောင်း။ ပဒပရိဟီနံ ဝါ၊ ပုဒ်ကိုမရွတ်ခြင်း မသုံးသပ်ခြင်း လျော့ကျခြင်းဟူသော ပုဒ်၏ယုတ်လျော့ခြင်းသည်လည်းကောင်း။ ဒုရုတ္တပဒံဝါ၊ ဌာန် ကရိုဏ်း ပယတ် ဗျဉ္ဇနဗုဒ္ဓိ မသေသပ် မကောင်းသဖြင့် ရွတ်ဆိုအပ်သော ပုဒ်သည်လည်းကောင်း။ သစေ ဟောတိ ရှိသည်ဖြစ်အံ့။ (ဟူ သတ္တာယံ )။ တဿ ဝါကျဿ၊ ထိုကျသော ပုဒ်အက္ခရာရှိသော ဝါကျ၊ မကောင်းသဖြင့် ရွတ်ဆိုအပ်သော ပုဒ်အက္ခရာရှိသော ဝါကျကို။ အက္ခရပရိဟီနာဒီနံ၊ အက္ခရာ ကျခြင်း စသည်တို့ကို (ထည့်)။ သောဓနတ္ထံ၊ သုတ်သင်ခြင်းအကျိုးငှာ။ ပုနပ္ပုနံ၊ အဖန်ဖန် အထပ်ထပ်။ ဝတ္တုံ၊ ရွတ်ဆိုခြင်း ဖတ်ခြင်းငှာ။ ဝဋ္ဋတိ၊ အပ်၏။ (တဿဖြင့် သုဏာတုက စ၍ ဉာတ်တစ်ခုလုံး ကမ္မဝါစာတစ်ကျမ်းလုံး မစွဲရဘူး။ ဉတ်ကမ္မဝါစာ အတွင်း၌ ရှိသော ဂဠိတက္ခရပဒ , ဒုရုတ္တက္ခရပဒ ရှိသောဝါကျကို စွဲရသည်။) ဣဒံ ပုနပ္ပုနံ ဝစနံ၊ ဤဂဠိတက္ခရပဒ ဒုရုတ္တက္ခရပဒ ရှိသော ဝါကျကိုသာ အထပ်ထပ် အဖန်ဖန် ရွတ်ဆိုခြင်းသည်။ အကုပ္ပ ကမ္မဿ၊ မပျက်မစီးသော ကံအား။ ဒဠှီကမ္မံ၊ မြဲမြံခိုင်ခန့်သော ကံသည်။ ဟောတိ၊ ဖြစ်၏။ ကုပ္ပ ကမ္မေ၊ ပျက်စီးသောကံ၌။ ကမ္မံ၊ အောင်မြင်ကောင်းမြတ်သော ကံသည်။ ဟုတွာ၊ ဖြစ်၍။ တိဋ္ဌတိ၊ တည်၏။


     ဤကား ငါတို့ကျေးဇူးရှင် ဆရာတော်ကြီး ၃-ပါးတို့၏ဆရာ စံကျောင်းဆရာတော်ဘုရားကြီး ပို့ချအပ်သော ပရိဝါ အဋ္ဌကထာ နိဿယတည်း။ ဤကား အကျဉ်းအားဖြင့် လိုရင်းသိနှင့်ရုံ ရေးသားအပ်သော သင်္ခေပသီမဋီကာ ဖြစ်သတည်း။



၄၉။ သိမ်နုတ် သိမ်သမုတ် ကမ္မဝါစာ ၄-မျိုးပြခန်း

🙏အဝိပ္ပဝါသသီမ သမူဟနနကမ္မဝါစာ🙏

     သုဏာတု မေ, ဘန္တေ, သံဃော။ ယော သော သံဃေန တိစီဝရေန အဝိပ္ပဝါသော သမ္မတော, ယဒိ သံဃဿ ပတ္တကလ္လံ, သံဃော တံ တိစီဝရေန အဝိပ္ပဝါသံ သမူဟနေယျ။ ဧသာ ဉတ္တိ။


     သုဏာတု မေ, ဘန္တေ, သံဃော။ ယော သော သံဃေန တိစီဝရေန အဝိပ္ပဝါသော သမ္မတော, သံဃော တံ တိစီဝရေန အဝိပ္ပဝါသံ သမူဟနတိ။ ယဿာယသ္မတော ခမတိ ဧတဿ တိစီဝရေန အဝိပ္ပဝါသဿ သမုဂ္ဃါတော, သော တုဏှဿ၊ ယဿ နက္ခမတိ, သော ဘာသေယျ။


     သမူဟတော သော သံဃေန တိစီဝရေန အဝိပ္ပဝါသော။ ခမတိ သံဃဿ, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမိ။


(ဝိနည်းမဟာဝါပါဠိတော် ဥပေါသထက္ခန္ဓက၊ ၁၄၉။ ဝိနယသင်္ဂဟ ဋ္ဌ၊ ၁၉၃။) 

      ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို သမုတ်ထားပြီးပါပြီ၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို နုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။


     "အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို သမုတ်ထားပြီးပါပြီ၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို နုတ်၏၊ သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်နုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထို အသျှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆို ရာ၏။


     "သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို နုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤ နှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်'။

     

🙏သမာနသံဝါသသီမ သမူဟနနကမ္မဝါစာ🙏 


     သုဏာတု မေ, ဘန္တေ, သံဃော။ ယာ သာ သံဃေန သီမာ သမ္မတာ သမာနသံဝါသာ ဧကုပေါသထာ, ယဒိ သံဃဿ ပတ္တကလ္လံ, သံဃော တံ သီမံ သမူဟနေယျ သမာနသံဝါသံ ဧကုပေါသထံ။ ဧသာ ဉတ္တိ။


     သုဏာတု မေ, ဘန္တေ, သံဃော။ ယာ သာ သံဃေန သီမာ သမ္မတာ သမာနသံဝါသာ ဧကုပေါသထာ, သံဃော တံ သီမံ သမူဟနတိ သမာနသံဝါသံ ဧကုပေါသထံ။ ယဿာယသ္မတော ခမတိ ဧတိဿာ သီမာယ သမာနသံဝါသာယ ဧကုပေါသထာယ သမုဂ္ဃါတော, သော တုဏှဿ၊ ယဿ နက္ခမတိ, သော ဘာသေယျ။ 


     သမူဟတာ သာ သီမာ သံဃေန သမာနသံဝါသာ ဧကုပေါသထာ။ ခမတိ သံဃဿ, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမိ။


(ဝိနည်းမဟာဝါပါဠိတော်၊ ဥပေါသထက္ခန္ဓက၊ ၁၄၉။ ဝိနယသင်္ဂဟ၊ ဋ္ဌ၊ ၁၉၃။) 



နိမိတ်ကြားရန်-


          ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ ?

               ဥဒကံ ဘန္တေ၊ 

                    ဣဒံ ဥဒကံ နိမိတ္တံ။ 

          ပုရတ္ထိမာယ အနုဒိသာယ, 


          ဒက္ခိဏာယ ဒိသာယ, 

          ဒက္ခိဏာယ အနုဒိသာယ, 


          ပစ္ဆိမာယ ဒိသာယ, 

          ပစ္ဆိမာယ အနုဒိသာယ, 


          ဥတ္တရာယ ဒိသာယ, 

          ဥတ္တရာယ အနုဒိသာယ 


          ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ ? 

               ဥဒကံ ဘန္တေ၊ 

                    ဣဒံ ဥဒကံ နိမိတ္တံ။

                            (ဝိနယသင်္ဂဟ၊ ဋ္ဌ၊ ၁၈ဝ။)

                            


🙏သမာနသံဝါသသီမာ သမ္မုတိကမ္မဝါစာ🙏

     သုဏာတု မေ, ဘန္တေ, သံဃော။ ယာဝတာ သမန္တာ နိမိတ္တာ ကိတ္တိတာ။ ယဒိ သံဃဿ ပတ္တကလ္လံ, သံဃော ဧတေဟိ နိမိတ္တေဟိ သီမံ သမ္မန္နေယျ သမာနသံဝါသံ ဧကုပေါသထံ။ ဧသာ ဉတ္တိ။


     သုဏာတု မေ, ဘန္တေ, သံဃော။ ယာဝတာ သမန္တာ နိမိတ္တာ ကိတ္တိတာ။ သံဃော ဧတေဟိ နိမိတ္တေဟိ သီမံ သမ္မန္နတိ သမာနသံဝါသံ ဧကုပေါသထံ။ ယဿာယသ္မတော ခမတိ ဧတေဟိ နိမိတ္တေဟိ သီမာယ သမ္မုတိ သမာနသံဝါသာယ ဧကုပေါသထာယ, သော တုဏှဿ၊ ယဿ နက္ခမတိ, သော ဘာသေယျ။ 


     သမ္မတာ သီမာ သံဃေန ဧတေဟိ နိမိတ္တေဟိ သမာနသံဝါသာ ဧကုပေါသထာ။ ခမတိ သံဃဿ, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမိ။


(ဝိနည်းမဟာဝါပါဠိတော်၊ ၁၄၄။ ဝိနယသင်္ဂဟ၊ ဋ္ဌ၊ ၁၈၄။)

     ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ထက်ဝန်း ကျင်မှ နိမိတ်တို့ကို ပြောကြားအပ်ပါပြီ၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤနိမိတ်တို့ဖြင့် အတူနေ အတူဥပုသ်ပြုရာ ဖြစ်သော သိမ်ကို သမုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။


     "အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ထက်ဝန်းကျင်မှ နိမိတ်တို့ကို ပြောကြားအပ်ပါပြီ၊ သံဃာသည် ဤနိမိတ်တို့ဖြင့် အတူနေ အတူဥပုသ်ပြုရာ ဖြစ်သော သိမ်ကို သမုတ်၏၊ ဤနိမိတ်တို့ဖြင့် အတူနေ အတူဥပုသ်ပြုရာ ဖြစ်သော သိမ်သမုတ်ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။


     "သံဃာသည် ဤနိမိတ်တို့ဖြင့် အတူနေ အတူဥပုသ်ပြုရာ ဖြစ်သော သိမ်ကို သမုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်'။

     

🙏အဝိပ္ပဝါသသီမာ သမ္မုတိကမ္မဝါစာ🙏

      ‘‘သုဏာတု မေ, ဘန္တေ, သံဃော။ ယာ သာ သံဃေန သီမာ သမ္မတာ သမာနသံဝါသာ ဧကုပေါသထာ ယဒိ သံဃဿ ပတ္တကလ္လံ, သံဃော တံ သီမံ တိစီဝရေန အဝိပ္ပဝါသံ သမ္မန္နေယျ, ဌပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ။ ဧသာ ဉတ္တိ။


     ‘‘သုဏာတု မေ, ဘန္တေ, သံဃော။ ယာ သာ သံဃေန သီမာ သမ္မတာ သမာနသံဝါသာ ဧကုပေါသထာ, သံဃော တံ သီမံ တိစီဝရေန အဝိပ္ပဝါသံ သမ္မန္နတိ, ဌပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ။ ယဿာယသ္မတော ခမတိ ဧတိဿာ သီမာယ တိစီဝရေန အဝိပ္ပဝါသာယ သမ္မုတိ, ဌပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ, သော တုဏှဿ၊ ယဿ နက္ခမတိ, သော ဘာသေယျ။ 


     သမ္မတာ သာ သီမာ သံဃေန တိစီဝရေန အဝိပ္ပဝါသာ, ဌပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ။ ခမတိ သံဃဿ, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမိ။


(ဝိနည်းမဟာဝါပါဠိတော်၊ ၁၄၈။ ဝိနယသင်္ဂ၊ ဋ္ဌ၊ ၁၈၅။)

     ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် အတူနေ အတူဥပုသ်ပြုရာဖြစ်သော သိမ်ကို သမုတ်အပ်ပြီ၊ အကယ်၍ သံဃာအား လျောက် ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို ရွာကိုလည်းကောင်း၊ ရွာ၏ ဥပစာကိုလည်းကောင်း ချန်ထား၍ သမုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။


     အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် အတူနေ အတူဥပုသ်ပြုရာဖြစ်သော သိမ်ကို သမုတ်အပ်ပြီ၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို ရွာကိုလည်းကောင်း၊ ရွာ၏ ဥပစာကိုလည်းကောင်း ချန်ထား၍ သမုတ်၏၊ သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော ရွာကိုလည်းကောင်း၊ ရွာ၏ ဥပစာ ကိုလည်းကောင်း ချန်ထား၍ 'အဝိပ္ပဝါသ' သိမ်သမုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။


     သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို ရွာကိုလည်းကောင်း၊ ရွာ၏ဥပစာကိုလည်းကောင်း ချန်ထား၍ သမုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်းရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်။

     သီမာခဏ္ဍက ကမ္မဝါစာ သမတ္တာ။

      🙏🙏🙏🙏🙏

ဆရာတော်ဘုရားကြီးစာမူတော်၌

ကမ္မဝါစာမြန်မာပြန်များမပါရှိထားပါ။

တစပ်ဆက်တည်းလေ့လာနိုင်ကြပါစေခြင်းအကျိုးငှာ 

ဆဋ္ဌမူမြန်မာပြန်မှ ကူးယူထည့်သွင်းဖော်ပြအပ်ပါသည်။


၅၀။ သိမ်နုတ် သမုတ်ရာ ၄-ပါး ၄-ပါးထက်အလွန် ကမ္မဝါ ဖတ်သင့် မဖတ်သင့်

     ဤသို့ ခင်းပြ အပ်ပြီးသော ပါဠိတော်သည် ဝိနည်းမဟာဝါ ပါဠိတော် ဖြစ်ကြောင်း၊ ၎င်းပါဠိတော်တွင် ပထမကား အဝိပ္ပဝါသ သိမ်နုတ်ကမ္မဝါစာ ဖြစ်ကြောင်း၊ ဒုတိယကား သမာနသံဝါသက သိမ်နုတ် 

ကမ္မဝါစာ ဖြစ်ကြောင်း၊ ၎င်းသိမ်နုတ် ကမ္မဝါစာနှစ်စောင်ကို မိမိသိမ်သမုတ်လိုရာ ဌာနနှင့်တကွ သိမ်နိမိတ်တိုင်ပြင်ဘက် (၄)တောင်ထွာ (၅)တောင်ခန့် သံဃာချင်း ဟတ္ထပါသ်စပ်အောင် ဖတ်ရသည်။ 


     ယင်းသို့ ဖတ်သောအခါ ရဟန်းချင်း မထိပါးစေရ အယုတ်ဆုံး သင်္ကန်းစွန်းချင်းမျှ မထိစေရ၊ စကားလည်း မပြောရ၊ နိမိတ္တသမ္ပတ္တိ၊ ပရိသာသမ္ပတ္တိ၊ ကမ္မဝါစာသမ္ပတ္တိ ဟူသော သမ္ပတ္တိသုံးပါး ညီညွတ်အောင် ဖတ်ရွတ်ရမည်။ 


     ယင်းသို့ ကမ္မဝါစာကို ( ၃ )ပါးပြိုင်၍ ဖတ်ရာ တစ်ပါးပါးကနောက်ကျ၍သော်လည်းကောင်း၊ စာပျောက်နေ၍သော်လည်းကောင်း၊ ရပ်ပါဦး ဆိုင်းပါဦး ဆိုခြင်းများလည်း တားမြစ်ခြင်း ပဋိက္ကောသန ဖြစ်သည်ဟု ငါတို့ကျေးဇူးရှင် ဆရာတော်ကြီး (၃) ပါးတို့၏ဆရာ ဖြစ်တော်မူသော စံကျောင်းဆရာတော်ဘုရားကြီး အမိန့်တော် ရှိကြောင်း ငါတို့ဆရာတော်များ မိန့်ကြ၏။ 


     ကံသည် နိဂ္ဂဟကံ ပဂ္ဂဟကံ နှစ်မျိုးရှိ၏၊ စူဠဝါပါဠိတော် သမထက္ခန္ဓကလာ ဥဗ္ဗာဟိကစသော ပဂ္ဂဟကံ ဥပသမ္ပဒါပဂ္ဂဟကံ မျိုးမှာ လေးပါး ငါးပါးစသည် ကံပြုကောင်းကြောင်း၊ နိဂ္ဂဟကံ သာလျှင် လေးပါး ငါးပါးစသည် မပြုကောင်းဟု ဒုတိယ သံဃဘေဒကသိက္ခာပုဒ်အဖွင့် သာရတ္ထဒီပနီဋီကာ ဝိမတိဋီကာတို့၌ ဖွင့်၏။ ဝဇိရဗုဒ္ဓိဋီကာမှာလည်း ရဟန်းလောင်း သုံးပါးထက် အလွန် မအပ်ကြောင်း၊ သံဃာသည် သံဃာအား ကံမပြုသင့်သည့် သာဓက တယော-ဟူ၍ ဘုရားသဗ္ဗညူ ပိုင်းခြားပြီးဖြစ်၍ သုံးပါးထက်အလွန် ရဟန်းမခံကောင်း။ (အရှင်အာနန္ဒာ၊ ဝဇိရဗုဒ္ဓိ ဋီကာဆရာ၊ ရှေးဂဏ္ဌိပုဒ်ဆရာ၊ အနု​ဂဏ္ဌိပုဒ်ဆရာ၊ အန္ဓကအဋ္ဌကထာ ဆရာ ၅-ဦးတို့ ဝါဒ) ဥဗ္ဗာဟိကကံကား အပလောကနကံ ဉတ္တိဒုတိယကံ နှစ်ပါးနှင့်သက်ဆိုင်ကြောင်း သမထက္ခန္ဓက စူဠဝါ အဋ္ဌကထာ လာ၏။ 


     ဉတ္တိဒုတိယေ စေ, ဘိက္ခဝေ, ကမ္မေ ယာဝတိကာ ဘိက္ခူ ကမ္မပ္ပတ္တာ တေ အနာဂတာ ဟောန္တိ, ဆန္ဒာရဟာနံ ဆန္ဒော အနာဟဋော ဟောတိ, သမ္မုခီဘူတာ ပဋိက္ကောသန္တိ – ဝဂ္ဂကမ္မံ။ (ဝိနည်းမဟာဝါ ပါဠိတော် စမ္ပေယျက္ခန္ဓက၊ ၄၃၇။) 


ဤသိမ်နုတ်ခန်း၌-

     ပရိသာသမ္ပတ္တိယာ ယုတ္တာ နာမ သဗ္ဗန္တိမေန ပရိစ္ဆေဒေန စတူဟိ ဘိက္ခူဟိ သန္နိပတိတွာ ယာဝတိကာ တသ္မိံ ဂါမခေတ္တေ ဗဒ္ဓသီမံ ဝါ နဒိသမုဒ္ဒဇာတဿရေ ဝါ အနောက္ကမိတွာ ဌိတာ ဘိက္ခူ, တေ သဗ္ဗေ ဟတ္ထပါသေ ဝါ ကတွာ ဆန္ဒံ ဝါ အာဟရိတွာ သမ္မတာ။


(ကင်္ခါ အဋ္ဌကထာ၊ ဂ၉။ ဝိနယသင်္ဂဟ အဋ္ဌကထာ၊ ၁၈၄။) 


     တို့နှင့် အညီ လေးပါး လေးပါးထက်အလွန် ရဟန်းတို့လာရောက်ခြင်း၊ ဆန္ဒထိုက်သူတို့ ဆန္ဒကို ထိုလေးပါးထက် အလွန်ဖြစ်လျှင် ဆောင်ခြင်း၊ နှစ်တောင်ထွာ ဟတ္ထပါသ်တွင်းရှိ ရဟန်းတို့ ဤကံ မပြုကြပါနှင့်ဟူ၍လည်းကောင်း၊ ပြု၍မတော် ဟူ၍လည်းကောင်း၊ ပြုသည်ကို ငါတို့မကြိုက် ဟူ၍လည်းကောင်း၊ ငါတို့ သဘောမတူ ဟူ၍လည်းကောင်း၊ ငါတို့သဘောမကျဟူ၍လည်းကောင်း၊ ကမ္မဝါစာဖတ်ပုံကို ငါတို့သဘောမကျဟူ၍လည်းကောင်း ဤသို့ အစရှိသည်ဖြင့် ဤသို့ တားမြစ် ကဲ့ရဲ့ပြစ်တင် စကားပြောဆို၊ အများကြားအောင် မပြောစေကာမူ မိမိအနီးရှိ ရဟန်းအချင်းချင်း တိုးတိုးစကား ပြောဆိုလျှင် ကောင်းသော စိတ်ဖြင့်ပြောဆိုသည်ဖြစ်စေ၊ မကောင်းသောစိတ်ဖြင့် ပြောဆိုသည်ဖြစ်စေ ထိုကံပျက်သည်ဟု စံကျောင်း ဆရာတော်ဘုရားကြီး အမိန့်ရှိကြောင်း ငါတို့ကျေးဇူးရှင် ကျီဝန်ဆရာတော် အမိန့်ရှိသည်။ ငါတို့လည်း ငယ်စဉ်က သတိမထားမိစဖူးဟု ၎င်းဆရာတော်ကြီး အမိန့်ရှိသည်၊ သတိရှိခဲ၏။ သတိရှိကြစေ။ 



၅၁။ သိမ်နုတ်သိမ်သမုတ် ဉတ်ကမ္မဝါစာ သုတ်သင်ခန်း

      သုဏာတူတိ ဣဒံ သဝနာဏတ္တိဝစနံ။ မေတိ ယော သာဝေတိ, တဿ အတ္တနိဒ္ဒေသဝစနံ။ ဘန္တေတိ သဂါရဝသပ္ပတိဿဝစနံ။ သံဃောတိ ပုဂ္ဂလသမူဟဝစနံ။ (ကင်္ခါအဋ္ဌကထာ၊ ၈၅။)


     သုဏာတု- သဒ္ဒါကား သိမ်နုတ်ကမ္မဝါစာကို ကြားခြင်း၌ မြတ်စွာဘုရား၏ တိုက်တွန်းခြင်းတည်းဟူသော အာဏတ္တိကို ဟောသောသဒ္ဒါတည်း။ မေ- သဒ္ဓါကား အကြင်ပုဂ္ဂိုလ်သည် သိမ်နုတ် ကမ္မဝါစာကို ကြားနာစေ၏၊ ရွတ်ဆို၏။ ယင်းသိမ်နုတ် ကမ္မဝါစာကို ကြားသောပုဂ္ဂိုလ် နာစေသောပုဂ္ဂိုလ်က မိမိကိုယ်ကို ညွှန်းကြောင်းဖြစ်သော သဒ္ဒါတည်း။ ဘန္တေ- သဒ္ဒါကား သုပ္ပဋိပန္နတာ စသောဂုဏ်အထူးနှင့် ယှဉ်ခြင်း ကြောင့် ဂါရဝဋ္ဌာန ပတိဿဋ္ဌာနဖြစ်သော သံဃာတော် အပေါင်းအား ရိုသေခြင်းနှင့်တကွ တုပ်ဝပ်ခြင်းနှင့်တကွ သိမ်နုတ်ကမ္မဝါစာကို ရွတ်ဆိုသောရဟန်း၏ ပြောဆိုကြောင်းဖြစ်သော သဒ္ဒါတည်း သံဃော- သဒ္ဒါကား ပုဂ္ဂိုလ်အပေါင်းကို ဟောသော သဒ္ဒါတည်း။ 


     သုဏာတုကို ရွတ်ဆိုသောအခါ သု-၏ ဌာန်, ကရိုဏ်း, ပယတ်, ဗျဉ္ဇနဗုဒ္ဓိ အပိုင်းအခြားကို သိရမည်။ သု- ၏ဌာန်ကား အထက်သွားစဉ် အတွင်းအရပ်ဟု ဆိုအပ်သော ဒန္တဌာန်တည်း။ သု- ၏ ကရိုဏ်းကား လျှာဖျား အရပ်ဟု ဆိုအပ်သော ဇိဝှဂ္ဂ ကရိုဏ်းတည်း။ သု- ၏ ပယတ်ကား သု-အက္ခရာ၏ ဌာန်ကရိုဏ်းကို ဖွင့်ခြင်းဟု ဆိုအပ်သော ဝိဝဋ ပယတ်တည်း။ 


     ဗျဉ္ဇနဗုဒ္ဓိ ဆယ်ပါးကား သိထိလ, ဓနိတ, နိဂ္ဂဟိတ, ဝိမုတ္တ, ဒီဃ, ရဿ, ဂရု, လဟု, သမ္ဗန္ဓ, ဝဝတ္ထိတတည်း။ အလျှော်အားဖြင့် သိထိလ, ဝိမုတ္တ, ရဿ , လဟု, ဝဝတ္ထိတတွင် ပါဝင်၏။ ဏာ-အက္ခရာကား လျှာထိပ် အာခေါင်အရပ်ဟု ဆိုအပ်သော မုဒ္ဓဌာန်။ လျှာဖျား၏ အနီးအပါးဖြစ်သော လျှာအရပ်ဟု ဆိုအပ်သော ဇိဝှေါပဂ္ဂကရိုဏ်းတည်း။ ထိ၍ ရွတ်ခြင်း ဖုဋ္ဌ ပယတ်တည်း။ သိထိလ, ဓနိတ, ဝိမုတ်ဖြစ်၍ ပြင်းပြင်းရွတ်မိသည် ဖြစ်စေ လျော့လျော့ရွတ်မိသည် ဖြစ်စေ ကံမပျက်။ (ငါတို့အလို။)


          သိထိလံ နာမ ပဉ္စသု၊ ဝဂ္ဂေသု ပထမ တတိယံ။ 

          ဓနိတံ နာမ တေသွေဝ ဒုတိယစတုတ္တံ။


    (ပရိဝါအဋ္ဌကထာ၊ ၂၄၇။ ဝိနယသင်္ဂဟ အဋ္ဌကထာ၊ ၃၉၇။) သဒ္ဒနီတိသုတ္တမာလာ (၇)။ ရူပသိဒ္ဓိ၊ နိရုတ္တိဒီပနီတို့၌ကား ၎င်း ပဉ္စမက္ခရာငါးလုံးနှင့် အဝဂ် (ဂ ) လုံးကို သိထိလတွင် ဖွင့်၏။ ဣတရေ သိထိလာနာမ ရူပသိဒ္ဓိ (၆) နိရုတ္တိဒီပနီ(၆)။ ၎င်းပဉ္စမက္ခရာ(၅ )လုံး စသည်ကို သိထိလဆိုသောကြောင့် ဓနိတ ပြင်းပြင်း ရွတ်မိလျှင် ကံ ပျက်လိမ့်မည်ဟု အဓိပ္ပာယ်ရောက်နေသည်။ 


     သိထိလေ ကတ္တဗ္ဗေ ဓနိတံ, ဓနိတေ ကတ္တဗ္ဗေ သိထိလံ, ဝိမုတ္တေ ကတ္တဗ္ဗေ နိဂ္ဂဟိတံ, နိဂ္ဂဟိတေ ကတ္တဗ္ဗေ ဝိမုတ္တန္တိ ဣမာနိ စတ္တာရိ ဗျဉ္ဇနာနိ အန္တောကမ္မဝါစာယ ကမ္မံ ဒူသေန္တိ။ 


     ပရိဝါကမ္မဝဂ် အဋ္ဌကထာ (၂၄၈။) ၌ ကံပျက်ကြောင်း လက္ခဏာ (၄)ပါးသာဆိုသောကြောင့် လည်းကောင်း။ တစ်စုံတစ်ခု ခိုင်မာယုံကြည် လောက်သော ပါဠိအဋ္ဌကထာစသည် သာဓက မရှိသောကြောင့် လည်းကောင်း မသင့်ဟု မှတ်ရာသတည်း။


     ထိုဏာ-အက္ခရာကား ဝိမုတ္တ, ဒီဃ, ဂရု, ဝဝတ္ထိတတွင် ပါဝင် သတည်း။ ဤအက္ခရာများ ရွတ်ဆိုသောအခါ ဌာန်, ကရိုဏ်း, ပယတ်, ဗျဉ္ဇနဗုဒ္ဓိ အပိုင်းအခြားကို အတတ်သိ၍ ရွတ်ဆိုရမည်။ သိုမဟုတ်က ဒန္တဌာန် စသည်၌ဖြစ်၍ သဘာဝနိရုတ္တိလက္ခဏာ ပျက်သောကြောင့် ကံပျက်မည်ဟု ဝိမတိဝိနောဒနီ၊ ဝိနယာလင်္ကာရတို့ ဆိုတိုင်း ယုံကြည်သင့်၏။ 


     တု-ကို ရွတ်သောအခါ ဒန္တဌာန်, ဇိဝှါဂ္ဂကရိုဏ်း, ဖုဋ္ဌပယက်, သိထိလ, ဝိမုတ္တ , ရသ, လဟု, ဝဝတ္ထိတတွင် ပါဝင်၏။ ထို့ကြောင့် ထို သုဏာတု-ကို ရွတ်သောအခါ ဏာ-၌ လျှာလိပ်ပြီးလျှင် ရကောက်တို့ ဌဝမ်းဘဲတို့ ရွတ်သကဲ့သို့ ရွတ်အပ်၏။ တု-ကို ရွတ်သောအခါ လျှာဖျားကို အထက်သွားစဉ် အတွင်းအရပ်ကို ထိခိုက်စေ၍ ဒန္တဌာန်သံပါအောင် ရွတ်အပ်၏။ မုဒ္ဓဌာန်သံပါသော် ဋသံလျင်းချိတ် ဋသံဖြစ်၍ ကံပျက်မည်။    ။





၅၂။ ဝိသဇ္ဇနီသံနှင့် မဖတ်အပ်၊ သက္ကတတွင် ဝင်ကြောင်းပြခန်း

     ဘန္တေ- ၌ ဘန်ကိုရွတ်သောအခါ ဘန်းဟု ဝိသဇ္ဇနီ-သံ မပါစေမူ၍ ဘ-၏ အထက်နှုတ်ခမ်း အောက်နှုတ်ခမ်းနှစ်ဖက်တွင် တစ်ဖက်ဖက်ဟု ဆိုအပ်သော ဩဋ္ဌဌာန်တစ်ခုကို ဌာန်ယူလျှင် တစ်ခုကို ကရိုဏ်းယူရသော သကဌာန-ကရိုဏ်းဟု ဆိုအပ်သော ဩဋ္ဌကရိုဏ်း, ဖုဋ္ဌပယတ်, ဓနိတ, ဝိမုတ္တ, ဒီဃ, ဂရု, ဝဝတ္ထိတတွင် ပါဝင်၏။ 


     တေ-ကို ရွတ်သောအခါ ဒန္တဌာန်, ဇိဝှါဂ္ဂကရိုဏ်း, ဖုဋ္ဌပယတ်, သိထိလ, ဝိမုတ္တ, ဒီဃ, ဂရု, ဝဝတ္ထိတတွင် ပါဝင်၏။ ဤသို့ ဌာန်, ကရိုဏ်း, ပယတ်, ဗျဉ္ဇနဗုဒ္ဓိတို့ကို အတတ်သိ၍ ရွတ်ရမည်။ ဘန်းတေ ဟု ဝိသဇ္ဇနီသံနှင့် ရွတ်လျှင် ကံပျက်၏ဟု ရှေးက ဆရာတော်ကြီး အဆက်ဆက်တို့ အယူတော်ရှိ၏။ တွံတေး ဂိုဏ်းအုပ်ဆရာတော် ဦးနာဂလည်း ပရိတ်ကြီးနိဿယ၌ ဝိသဇ္ဇနီသံပါလျှင် ကံပျက်ကြောင်း မိန့်ခဲ့၏။ 


     ‘‘န, ဘိက္ခဝေ, ဗုဒ္ဓဝစနံ ဆန္ဒသော အာရောပေတဗ္ဗံ။ ယော အာရောပေယျ, အာပတ္တိ ဒုက္ကဋဿ။ အနုဇာနာမိ, ဘိက္ခဝေ, သကာယ နိရုတ္တိယာ ဗုဒ္ဓဝစနံ ပရိယာပုဏိတုံ’’ (စူဝါပါဠိတော်-ခုဒ္ဒကဝတ္ထုက္ခက၊ ၂ဂ၀။)


     ကလျာဏဝါက္ကရဏာတိ မဓုရသဒ္ဒါ။ ဆန္ဒသော အာရောပေမာတိ ဝေဒံ ဝိယသက္ကတဘာသာယ ဝါစနာမဂ္ဂံ အာရောပေမ။ သကာယ နိရုတ္တိယာတိ ဧတ္ထ သကာ နိရုတ္တိ နာမ သမ္မာသမ္ဗုဒ္ဓေန ဝုတ္တပ္ပကာရော မာဂဓိကော ဝေါဟာရော။ (စူဠဝါအဋ္ဌကထာ၊ ၅၆။) သည်အရာ ဋီကာကြီးများမဖွင့်။ 


     သကာယ ပန မာဂဓိကာယ နိရုတ္တိယာ ပရိယာပုဏိတဗ္ဗံ။ (ဝိနယသင်္ဂဟ အဋ္ဌကထာ၊ ၄၄၇။)


     သဿ ဧသာတိ သကာ ဘဂဝတော ဝစနန္တျတ္ထေ။

(ဝိနယာလင်္ကာရဋီကာ။) 


     ဝေဒံ ဝိယာတိ သုတိံ ဝိယ။ ဝါစနာမဂ္ဂန္တိ ဝါစနာယ ဥပါယံ။ သကာတိ သမ္မာသမ္ဗုဒ္ဓသင်္ခါတဿ သဿ အတ္တနော ဧသာ သကာ။ တေန ဝုတ္တံ ‘‘သမ္မာသမ္ဗုဒ္ဓေနာ’’တိ။ သမ္မာသမ္ဗုဒ္ဓေန ဟိ မာဂဓနိရုတ္တိယာ ဧဝ ဓမ္မော ဘာသိတော, တသ္မာ သာ မာဂဓနိရုတ္တိ သကာ နာမာတိ ဝုစ္စတိ။ နိရုတ္တီတိ အတ္ထံ နီဟရိတွာ ဝုစ္စတေ ဣမာယ သဒ္ဒပညတ္တိယာတိ နိရုတ္တိ, ဝစဓာတုဿ ဝကာရဿ ဥကာရော, သဗ္ဗဝေါဟာရော လဗ္ဘတိ။ ဣဓ ပန ‘‘သကာယာ’’တိ ဝုတ္တတ္တာ မာဂဓဝေါဟာရော ဧဝ။ တေန ဝုတ္တံ ‘‘မာဂဓဝေါဟာရော’’တိ။ ‘‘သဘာဝနိရုတ္တီ’’တိပိ ပါဌော။ ဧဝဉှိ သတိ သဗ္ဗသတ္တာနံ သဘာဝေန ပဝတ္တာ မူလဘာသာ ဘူတာ မာဂဓနိရုတ္တိယေဝ။ (ပါစိတျာဒိ ယောဇနာ၊ ၄၆၅။) 


     ဤပါဠိ , အဋ္ဌကထာ ယောဇနာတို့ဖြင့် ဆန္ဒသော-

အရကားသက္ကတဘာသာပင်တည်း။ မာဂဓဘာသာဖြင့် ဟောတော်မူအပ်သော မြတ်စွာဘုရားစကားတော်ကို သက္ကတဘာသာသို့ မတင်အပ်ဟူသော အဓိပ္ပာယ်သည် ဥဇုကတ္ထ နိတတ္ထ ယထာရုတပင် ကျ၏။ ထိုဝိသဇ္ဇနီသံသည် မာဂဓဘာသာမှာ မရှိ၊ သက္ကတဘာသာ၌သာ အံ ဣတိ ဝိသဇ္ဇနီယံ-စသည်ရှိသဖြင့် ဝိသဇ္ဇနီသံသည်သက္ကတဘာသာ ဖြစ်ရာ၏။ သက္ကတဘာသာဖြစ်လျှင် မရွတ်အပ် မဖတ်အပ်သည်မှာ ထင်ရှားခဲ့၏။ ငါတို့ ကျေးဇူးရှင် အဆက် စံကျောင်း ဆရာတော်ဘုရာကြီးလည်း သကာယ နိရုတ္တိယာ-အရ မာဂဓဘာသာဟူ၍ပင် အနက်သမ္ဗန်တော်မူသတည်း။



၅၃။ ဗုဒ္ဓ ဝစနံ ဟူသော ကံနှင့် သကနိရုတ္တိ ကရိုဏ်းအထူးပြခန်း

     ထိုပါဠိတော်စသည်တို့တွင် ဗုဒ္ဓဝစနံ-ဟူသော ကံပုဒ်အရနှင့် သကာယနိရုတ္တိယာ-ဟူသော ကရိုဏ်းပုဒ်အရ ကွဲရန်လို၏။ ကံပုဒ်အရ ဗုဒ္ဓဝစနလာ ဗျဉ္ဇနဗုဒ္ဓိဆယ်ပါး ဌာန် ကရိုဏ်း ပယတ်တို့နှင့် ညီညွတ်စွာ ရွတ်ဆိုနိုင်ရာ ဖြစ်သော ပါဠိဘာသာဟု ခေါ်ဆိုအပ်သော ဗုဒ္ဓဝစန မာဂဓိယတည်း။ ယထာ ပါဠိယာ နိရုတ္တိံ သောဓေတွာ။ စသော ပရိဝါအဋ္ဌကထာ ကမ္မဝဂ် (၂၄၈)။ ပဗ္ဗဇ္ဇာယ ပန-အစရှိသော မဟာဝါအဋ္ဌကထာ (၂၅၀) တို့ကို သာဓကပြုအပ်၏။ ကြွင်းသော ဘာသာတို့မှာ ညီညွှတ်ဖို့ ခဲယဉ်း၏။ သကာယ နိရုတ္တိယာ-ဟူသော ကရိုဏ်းပုဒ်အရ မာဂဓတိုင်းနေသူ အရပ်သူ အရပ်သားတို့ သုံးစွဲရိုး ဒေသီ မာဂဓိယတည်း။ 


     ထို့ကြောင့် တေ သကာယ နိရုတ္တိယာ ဗုဒ္ဓဝစနံ ဒူသေန္တိ-ဟု ရှေ့၌ ဟောတော်မူသတည်း။ ဗုဒ္ဓဝစနမာဂဓိယ-ကို ဒေသီမာဂဓိယဖြင့်၊ ဖျက်ဆီးကြသည် ဆိုလိုသည်။


     အနုဇာနာမိ ဘိက္ခဝေ သကာယ နိရုတ္တိယာ ဗုဒ္ဓဝစနံ ပရိယာပုဏိတုံ၌ ဗုဒ္ဓဝစနမာဂဓိယ-ကို မဖျက်မဆီးပဲ အက္ခရာ အရေးအသားမပြောင်းပဲ မိမိတို့ဥစ္စာဖြစ်သော ဒေသီမာဂဓိယ-ဖြင့် သင်ကြားလေဟု ခွင့်ပြုတော်မူလေသတည်း။ 


      သကာ နိရုတ္တိ နာမ သမ္မာသမ္ဗုဒ္ဓေန ဝုတ္တပ္ပကာရော မာဂဓိကော ဝေါဟာရော-ဟူသော အဋ္ဌကထာ၌ ဗုဒ္ဓဝစန မာဂဓိယ နှင့် ဒေသီမာဂဓိယကား အလားတူဖြစ်၍ အနည်းငယ်သာ ကွဲသဖြင့်လည်းကောင်း၊ ထိုအခါ ထိုဒေသီမာဂဓိယ-ဖြင့် ဗုဒ္ဓဝစနမာဂဓိယ-ကို သင်ကြားခြင်း အလေ့အလာရှိရိုးဖြစ်၍လည်းကောင်း သကာယ နိရုတ္တိယာ ဗုဒ္ဓဝစနံ ပရိယာပုဏိတုံ-ဟု ဟောတော်မူသတည်း။ 


     ထို့ကြောင့် ထိုသကာယ နိရုတ္တိယာ-သည် ထိုလက်ထက် ထိုဝါစနာမဂ္ဂကိုသာရည်၍ ဟောတော်မူရကား ဥပလက္ခဏနည်းသာတည်း။ 


     မြန်မာဘာသာ ရှမ်းဘာသာ မွန်ဘာသာ တရုတ်ဘာသာ အင်္ဂလိပ်ဘာသာ စသည်ဖြင့် ထိုဗုဒ္ဓဝစန မာဂဓိယ-ကို မသင်အပ်ဟု တားမြစ်တော်မမူချေ။ ဗုဒ္ဓဝစနံ ဒူသေန္တိ။ ဗုဒ္ဓဝစနံ ဆန္ဒသော အာရောပေမ။ န ဘိက္ခဝေ ဗုဒ္ဓဝစနံ ဆန္ဒသော အာရောပေတဗ္ဗံ။ ဗုဒ္ဓဝစနံ ပရိယာပုဏိတုံ-ဟု အထပ်ထပ် ကံပုဒ် ဗုဒ္ဓဝစနဟု မပြောင်းမလဲပဲချည်း လာရကား ဗုဒ္ဓဝစနမာဂဓိယ-မှာ ဟောရင်းပါဠိမာဂဓဘာသာမပါပဲ မြန်မာဘာသာ သက်သက်၊ အင်္ဂလိပ်ဘာသာသက်သက်၊ ယိုးဒယားဘာသာ သက်သက်၊ ရှမ်းဘာသာ မွန်ဘာသာသက်သက် စသည်မပြန်ကောင်း။ ယခုအခါ ရှေးဆရာတော်ဘုရားကြီးများ ပါဠိ အဋ္ဌကထာ စသည် နိဿယ ရေးသားတော်မူကြသကဲ့သို့ ပါဠိတစ်ချက် မြန်မာဘာသာတစ်ချက် စသည်ဖြင့်သာ ပါဠိမာဂဓဘာသာရင်း မပျောက်ပျက်အောင် ပြန်ကောင်းသတည်းဟု ငါတို့ကျေးဇူးတော်ရှင် သခင်ထိပ်ခေါင်တင် ဖြစ်တော်မူသော မြန်မာဘုရင်မင်း ရာဇဂုရု ဘွဲ့တံဆိပ်တော်ရ အင်္ဂလိပ်ဘုရင်မင်း အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မရ ဆရာတော်ဘုရားကြီးများနှင့်တကွ ငါတို့ပါ အယူတော် ရှိကြသတည်း။ 



၅၄။ သက္ကတဘာသာနှင့် စပ်သဖြင့် တိရစ္ဆာန သရုပ်ပြခန်း

     "န, ဘိက္ခဝေ, တိရစ္ဆာနဝိဇ္ဇာ ပရိယာပုဏိတဗ္ဗာ။ ယော ပရိယာပုဏေယျ, အာပတ္တိ ဒုက္ကဋဿာ’’။ န ဘိက္ခဝေ တိရစ္ဆာနဝိဇ္ဇာ ဝါစေတဗ္ဗာ၊ ယော ဝါစေယျ၊ အာပတ္တိ ဒုက္ကဋဿ။ (စူဠဝါပါဠိတော်၊ ခုဒ္ဒကဝတ္ထုက္ခန္ဓက၊ ၂၈၁။) (ဤနေရာအဋ္ဌကထာမဖွင့်)


      ‘‘ယာ ပန ဘိက္ခုနီ တိရစ္ဆာနဝိဇ္ဇံ ပရိယာပုဏေယျ, ပါစိတ္တိယံ’’။

      ‘‘ယာ ပန ဘိက္ခုနီ တိရစ္ဆာနဝိဇ္ဇံ ဝါစေယျ, ပါစိတ္တိယံ’’။ (ဘိက္ခုနီ ပါစိတ် စိတ္တာဂါရဝဂ်။ နဝမ ဒသမသိက္ခာပုဒ်၊ ၄၀၂။) 


     တိရစ္ဆာနဝိဇ္ဇာ နာမ ယံ ကိဉ္စိ ဗာဟိရကံ အနတ္ထ သံဟိတံ။(၎င်းပဒဘာဇနီ၄၀၁)။ ဗာဟိရကံ အနတ္ထသံဟိတန္တိ ဟတ္ထိ အဿရထဓနုထရုသိပ္ပာအာထဗ္ဗဏခီလနဝသီကရဏသောသာပန - မန္တာဂဒပ္ပ ယောဂါဒိဘေဒံ ပရူပဃာတကရံ။ (ပါစိတျာဒိအဋ္ဌကထာ၊ ၂၁၅။) 


     တိရစ္ဆာနဝိဇ္ဇန္တိ ယံ ကိဉ္စိ ဗာဟိရကံ အနတ္ထသံဟိတံ ဟတ္ထိ အဿ (ပ ) ပရူပဃာတကရံ ဝိဇ္ဇံ။ ပရိယာပုဏေယျာတိ ဧတ္ထ ယဿ ကဿစိ “သန္တိကေ တံ ပဒါဒိဝသေန ပရိယာပုဏန္တိယာ ပဒဂဏနာယ စေဝ အက္ခရာဂဏနာယ စ ပါစိတ္တိယံ။ (ကင်္ခါအဋ္ဌကထာ၊ ၃၃၄။)


     န တိရစ္ဆာနဝိဇ္ဇာ ပရိယာပုဏိတဗ္ဗာတိ ဧတ္ထ တိရစ္ဆာနဝိဇ္ဇာ နာမ ယာ ကာစိ ဗာဟိရကာ အနတ္ထသဉှိတာ။ (ဝိနယာလင်္ကာရဋီကာ၊ ဒု၊ ၃၆၁။) 


     တိရစ္ဆာနကထံတိ သဂ္ဂမဂ္ဂဂမနေပိ တိရစ္ဆာနဘူတံ ရာဇကထာ ဒိမနေကဝိဓံ နိရတ္ထကကထံ။ (ဩဝါဒသိက္ခာပုဒ်ပါစိတ်အဋ္ဌကထာ၊ ၅၃။)


     တိရစ္ဆာနကထန္တိ အရိယမဂ္ဂဿ တိရစ္ဆာနဘူတံ ကထံ။ ရာဇကထန္တိ ရာဇပဋိသံယုတ္တံ ကထံ၊ စောရကထာဒီသုပိ ဧသေဝ နယော။ (ဝိကာလဂါမပ္ပဝေသနသိက္ခာပုဒ် ပါစိတျာဒိအဋ္ဌကထာ၊ ၁၅၃။)


     ဝတ္ထုဝိဇ္ဇာ ခတ္တဝိဇ္ဇာ (ပ ) မုဒ္ဒါ၊ ဂဏနာ၊ သင်္ခါနံ၊ ကာဝေယျံလောကာယကံ ဣတိ ဝါ၊ ဣတိ ဧဝရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝါ ပဋိဝိရကော သာမဏော ဂေါတမော။ (သုတ် သီလက္ခန်ဗြဟ္မာလသုတ်ပါဠိတော်၊ ၉၊ ၁ဝ။) 


     ဝတ္ထုဝိဇ္ဇာတိ ဃရဝတ္ထုအာရာမဝတ္ထာဒီနံ ဂုဏဒေါသသလ္လက္ခဏဝိဇ္ဇာ။ မတ္တိကာဒိဝိသေသံ ဒိသွာပိ ဟိ ဝိဇ္ဇံ ပရိဇပ္ပိတွာ ဟေဋ္ဌာ ပထဝိယံ တိံသရတနမတ္တေ, အာကာသေ စ အသီတိရတနမတ္တေ ပဒေသေ ဂုဏဒေါသံ ပဿန္တိ။(ပ  မုဒ္ဒါတိ ဟတ္ထမုဒ္ဒါ။ ဂဏနာ ဝုစ္စတိ အစ္ဆိဒ္ဒကဂဏနာ။ သင်္ခါနန္တိ သင်္ကလနသဋုပ္ပါဒနာဒိဝသေန ပိဏ္ဍဂဏနာ။ ယဿ သာ ပဂုဏာ ဟောတိ, သော ရုက္ခမ္ပိ ဒိသွာ ဧတ္တကာနိ ဧတ္ထ ပဏ္ဏာနီတိ ဇာနာတိ။ (သီလက္ခန်အဋ္ဌကထာ၊ ဂဂ၊ ၉၀။)


     အဗ္ဘိနော သတ္ထံ အဗ္ဘေယျံ။ မာသုရက္ခေန ကတော ဂန္ထော မာသုရက္ခော။ ရာဇူဟိ ပရိဘူတ္တံ သတ္ထံ ရာဇသတ္ထံ။ သဗ္ဗာနိပေတာနိ ခတ္တဝိဇ္ဇာပကရဏာနိ။ (သီလက္ခန်ဋီကာသစ်၊ ၁၊ ၃၇၁။) 


     ‘‘ဟတ္ထမုဒ္ဒါ နာမ အင်္ဂုလိပဗ္ဗေသု သညံ ဌပေတွာ ဂဏနာ’’တိ ဒဿိတာ။ ဂဏနာ ဝုစ္စတိ အစ္ဆိဒ္ဒကဂဏနာ ပရိသေသဉာယေန, သာ ပန ပါဒသိကမိလက္ခကာဒယော ဝိယ ‘‘ဧကံ ဒွေ’’တိအာဒိနာ နဝန္တဝိဓိနာ နိရန္တရဂဏနာ။ (သီလက္ခန်ဋီကာသစ်၊ ၁။ ၃၇၄။) 


     ကထံ ဟိ နာမ တုမှေ မောဃပုရိသာ (ပ) အနေကဝိဟိတ တိရစ္ဆာနကထံ ကထေဿထ၊ သေယျထိဒံ၊ ရာဇကထံ စောရကထံ။ပ။ ဣတိ ဘဝါဘဝကထံ ဣတိ ဝါ။ (ပါစိတ် ဂါမပ္ပဝေသန သိက္ခာပုဒ်ပါဠိတော်၊ ၂၁၄။ မဟာဝါ စမ္မက္ခန္ဓကပါဠိတော်၊ ၂၇၇။ ဒသင်္ဂုတ္တရပါဠိတော်၊ အံ၊ ၃။ ၃၅၈။) 


     အထ ဝါ ပါဠိယံ သရူပတော အနာဂတာပိ အရညပဗ္ဗတနဒီဒီပကထာ ဣတိ-သဒ္ဒေန သင်္ဂဟေတွာ ဆတ္တိံသ (ဗာတ္တိံသ) တိရစ္ဆာနကထာတိ ဝုစ္စတိ။ 

(ပါစိတ်သာရတ္ထဒီပနီဋီကာ ဂါမပ္ပဝေသနအဖွင့်။ သာရတ္ထ၊ ၃၊၁ဝဝ။) 


     အနိယျာနိကတ္တာ သဂ္ဂမောက္ခမဂ္ဂါနံ တိရစ္ဆာနဘူတာ ဟိ ကထာ တိရစ္ဆာနကထာ။ (သာရတ္ထ၃။ ၉၈။) 


      ‘‘ဘန္တေ, ဣမသ္မိံ သာသနေ ကတိ ဓုရာနီ’’တိ? ‘‘ဂန္ထဓုရံ, ဝိပဿနာဓုရန္တိ ဒွေယေဝ ဓုရာနိ ဘိက္ခူ’’တိ။ ‘‘ကတမံ ပန, ဘန္တေ, ဂန္ထဓုရံ, ကတမံ ဝိပဿနာဓုရ’’န္တိ? ‘‘အတ္တနော ပညာနုရူပေန ဧကံ ဝါ ဒွေ ဝါ နိကာယေ သကလံ ဝါ ပန တေပိဋကံ ဗုဒ္ဓဝစနံ ဥဂ္ဂဏှိတွာ တဿ ဓာရဏံ, ကထနံ, ဝါစနန္တိ ဣဒံ ဂန္ထဓုရံ နာမ, သလ္လဟုကဝုတ္တိနော ပန ပန္တသေနာသနာဘိရတဿ အတ္တဘာဝေ ခယဝယံ ပဋ္ဌပေတွာ သာတစ္စကိရိယဝသေန ဝိပဿနံ ဝဍ္ဎေတွာ အရဟတ္တဂ္ဂဟဏန္တိ ဣဒံ ဝိပဿနာဓုရံ နာမာ’’(ဓမ္မ၊ ဋ္ဌ၊ ၁၊ ၅။) 


     သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာ အနာထာ-စသည်ဖြင့် ဒသင်္ဂုတ္တရ ပါဠိတော် (၂၇၅)၌ နာထတရား(၁၀)ပါးကို ဟောတော်မူသည်။ 


     ဤပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရများ၌ ပိဏ္ဍတ္ထကောက်ယူလိုက်သော် ဝဋ်မှထွက်မြောက်ကြောင်း မဟုတ်သည့်အတွက် လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်တည်းဟူသော သဂ္ဂ၊ မဂ် ဖိုလ် နိဗ္ဗာန်တည်းဟူသော မောက္ခတို့မှ ဖီလာကန့်လန့်ဖြစ်သော ၃၆-ပါး၊ (၃၂)ပါးသော ရာဇကထာ စသော စကားမျိုးကို တိရစ္ဆာနကထာ ဆိုသည်။ (သာရတ္ထဋီကာ သီလက္ခန်ဋီကာတို့အလို။ )


     ထိုတိရစ္ဆာနကထာ ၃၆-ပါး၊ (၃၂)ပါးအဓိပ္ပာယ်ကို ညွှန်းပြအပ် ပြီးသော ပါဠိ အဋ္ဌကထာ ဋီကာတို့ လာတိုင်းယူအပ်၏။ 


     မဂ်ဖိုလ်မှ ဖီလာဖြစ်သော သာသနာတော်မှအပဖြစ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော အတတ်ကို တိရစ္ဆာန ဝိဇ္ဇာအတတ်ဆိုသည်။ ထိုတိရစ္ဆာန ဝိဇ္ဇာအတတ် အရကား ဆင်အတတ်၊ မြင်းအတတ် ရထားအတတ်၊ လေးအတတ်၊ ထား ဆောက်ချွတ်အတတ်၊ အာတပ္ပနဗေဒင်၌ စီရင်အပ်သောသူတို့၏ အဖျက်အဆီးကိုပြုသော မန္တရား၊ စူးထုတ် စူးရဲ နှက်၍ ပြုအပ်သော မန္တရား၊ ပြန်ကပ်မန္တရား၊ ကိုယ်လုံးချောက် တတ်စေအောင်ပြုသော မန္တရား၊ အဆိပ်နှင့်ယှဉ်သော ဆေးအတတ် စသည် အပြားရှိသော သူတပါးကို ညှဉ်းဆဲတတ်သော လောကီ လောကုတ္တရာ အကျိုးမရှိသော အတတ်မျိုးဟု ဥဒါန်းပါဠိတော်လာ အတတ်ကြီး(၁၂)ပါးတွင် တစ်စိတ်ကို ပဓာနထား၍ ဝိနည်းအဋ္ဌကထာတို့၌ ဖွင့်သည်။ 


     သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်၌လည်း အိမ်ရာ အရံရာ စသည်တို့၏ အကျိုးအပြစ်ကိုသိသော မြေကြန်အတတ်ဟူသော ဝတ္ထု ဝိဇ္ဇာအတတ်၊ မင်းမှုရေးရာကိုသိသော ခတ္တဝိဇ္ဇာအတတ်။ ပ။ မိန်းမတွက်,လက်ဆစ်ချိုးအတတ်ဟူသော မုဒ္ဒါအတတ်ဂဏန်းသင်္ချာချ၍ ရေတွက်ခြင်းဟူသော ဂဏန်းသင်္ချာအတတ်၊ အပေါင်းရေတွက်ခြင်း သင်္ခါအတတ် စသည်ကို မဂ်ဖိုလ်မှ ဖီလာဖြစ်သော တိရစ္ဆာနဝိဇ္ဇာ အတတ်ဟု ပါဠိအဋ္ဌကထာ ဋီကာတို့ လာလေသည်။ 


     မြေတိုင်းပညာ အတတ်ဟူသော ဝတ္ထုဝိဇ္ဇာ၊ ခတ္တဝိဇ္ဇာ၊ ကဏန်းသင်္ချာ အတတ်ဟူသော မုဒ္ဒါ ဂဏနာ သင်္ခါန အတတ်တို့သည် တိရစ္ဆာနဝိဇ္ဇာ အတတ်ဖြစ်၍ မဂ် ဖိုလ် နိဗ္ဗာန်ကို အလိုရှိ၍ ရှင်ရဟန်း ပြုလာကြသော ရဟန်းသာမဏေတို့နှင့်မဆိုင်၊ သာသနာတော်မှ အပြင် အလွတ်ကျသဖြင့်၊ ဗာဟိယကမ္မ အတတ်မျိုးဖြစ်ကြောင်း၊ ပါဠိ အဋ္ဌကထာ ဋီကာဂန္ထန္တရကို သင်ခြင်းစသော အမှုများသာ အတတ် အရာဌာန၌ အန္တကမ္မဖြစ်ကြောင်း ငါတို့ကျေးဇူးတော်ရှင် ဖြစ်သော ပဏ္ဍိတဓဇ သီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု မြန်မာဘုရင် တတိယတန်းဘွဲ့တံဆိပ်တော်ရ မိုင်းခိုင်းဆရာတော်ဘုရားကြီး အမိန့်တော်ရှိ သတည်း။ ထိုကြောင့် ထိုတိရစ္ဆာနဝိဇ္ဇာအတတ်မျိုးကို ရဟန်းသာမဏေတို့ မပို့ချ မသင်ကြားအပ်၊ ပိုချသင်ကြားက“ပဒေပဒေ အာပတ္တိ ပါစိတ္တိယဿ၊ အက္ခရက္ခရာယ အာပတ္တိ ပါစိတ္တိယဿ”ဟူသော ဘိက္ခုနီ၊ ပါစိတ် စိတ္တာဂါရဝဂ် ပဉ္စမ၊ နဝမ၊ ဒသမ ပရိယာပုဏန သိက္ခာပုဒ် ဝါစနသိက္ခာပုဒ်တို့၌ ဘုရားဟောတော်မူတိုင်း အက္ခရာတိုင်း အက္ခရာတိုင်း ပုဒ်တိုင်း ပုဒ်တိုင်း စကားတစ်ခွန်း တစ်ဝါကျတိုင်း တစ်ဝါကျတိုင်းစူဠဝါပါဠိတော်အရ ရဟန်းမှာ ဒုက္ကဋ်အာပတ် တစ်ချက်စီ တစ်ချက်စီ သာမဏေတို့မှာ ဒဏ်ထိုက်ရာသတည်း။           

     တိရစ္ဆာနဝိဇ္ဇာဋီကာ သမတ္တာ။ 



၅၅။ လောကာယတ သရုပ်ကိုပြခန်း

     "န, ဘိက္ခဝေ, လောကာယတံ ပရိယာပုဏိတဗ္ဗံ။ ယော ပရိယာပုဏေယျ, အာပတ္တိ ဒုက္ကဋဿာ’’


     "န, ဘိက္ခဝေ, လောကာယတံ ဝါစေတဗ္ဗံ။ ယော ဝါစေယျ, အာပတ္တိ ဒုက္ကဋဿာ’’။   ။ 

(စူဠဝါ ခုဒ္ဒကဝတ္ထုက္ခန္ဓက ပါဠိတော်၊ ၂၈ဝ။) 


     လောကာယတံ နာမ သဗ္ဗံ ဥစ္ဆိဋ္ဌံ, သဗ္ဗံ အနုစ္ဆိဋ္ဌံ, သေတော ကာကော, ကာဠော ဗကော၊ ဣမိနာ စ ဣမိနာ စ ကာရဏေနာတိ ဧဝမာဒိနိရတ္ထကကာရဏပဋိသံယုတ္တံ တိတ္ထိယသတ္ထံ။ (စူဠဝါ အဋ္ဌကထာ။) 


     သဒ္ဒနီတိဓာတုမာလာ(၆၆)၌ -လောကယတံ နာမ(ပ) တိတ္ထိယသတ္ထံ, ယံ လောကေ ‘‘ဝိတဏ္ဍသတ္ထ’’န္တိ ဝုစ္စတိ,ဟု လာ၏။ 


      "န, ဟိ ဘိက္ခဝေ, လောကာယတံ ပရိယာပုဏိတဗ္ဗံ, ယော ပရိယာပုဏေယျ, အာပတ္တိ ဒုက္ကဋဿာ’’တိ အာဒိဝစနတော လောကာယတသင်္ခါတံ ‘‘သဗ္ဗံ ဥစ္ဆိဋ္ဌံ, သဗ္ဗံ အနုစ္ဆိဋ္ဌံ, သေတော ကာကော, ကာဠော ဗကော ဣမိနာ စ ဣမိနာ စ ကာရဏေနာ’’တိ ဧဝမာဒိနိရတ္ထကကာရဏပဋိသံယုတ္တံ တိတ္ထိယသတ္ထံ နေဝ ပရိယာပုဏိတဗ္ဗံ, န ပရဿ ဝါစေတဗ္ဗံ။ 

(ဝိနယသင်္ဂဟ အဋ္ဌကထာ၊ ၄၄၇။)


     လောကာယတံ နာမ တိတ္ထိယသတ္ထန္တိ သမ္မန္ဓော ။ ဣမိနာဝ ကာရဏေနာတိ သေ တော ကာ ကော၊ ကသ္မာ? အဋ္ဌီနံ သေ တတ္တာ။ ရတ္တော ဗကော၊ ကသ္မာ လောဟိတဿ ရတ္တတ္တာ ဣတိ ဣမိနာ ဧဝ ကာရဏေန။ (ပါစိတျာဒိယောဇနာ၊ ၄၆၅။) 


     လောကိယန္တိ ပတိဋ္ဌဟန္တိ ပုညာပုညာနိ တဗ္ဗိပါကော စာတိ လောကော, သတ္တလောကော။ အာဘုသော ယတန္တိ ဝီရိယံ ကရောန္တိ ဧတ္ထာတိ အာယတံ, လောကဿ အာယတံ လောကာယတံ, သတ္တာနံ ဘုသော ဝီရိယကရဏဋ္ဌာနန္တျတ္ထော။ ကိံ တံ? တိတ္ထိယသတ္ထံ။ သဗ္ဗံ ဥစ္ဆိဋ္ဌံ, ကသ္မာ? သကုဏာဒီဟိ ပရိဘုတ္တပုဗ္ဗတ္တာ။ သဗ္ဗံ အနုစ္ဆိဋ္ဌံ ဣမဿ အဝသေသဘောဇနဿ ကေနစိ အပရိဘုတ္တပုဗ္ဗတ္တာ။ သေတော ကာကော အဋ္ဌိဿ သေတတ္တာ, ကာဠော ဗကော ပါဒဿ ကာဠတ္တာတိ။ နတ္ထိ အတ္ထော ဧတ္ထာတိ နိရတ္ထကံ, နိရတ္ထကမေဝ ကာရဏံ နိရတ္ထကကာရဏံ။ တေန ပဋိသံယုတ္တံ နိရတ္ထကကာရဏပဋိသံယုတ္တံ။ တရန္တိ ဧတ္ထာတိ တိတ္ထံ, ပဋ္ဋနံ။ တိတ္ထံ ဝိယာတိ တိတ္ထံ, လဒ္ဓိ, တံ ဧတေသံ အတ္ထီတိ တိတ္ထိယာ, ဝိပရီတဒဿနာ။ သာသန္တိ အတ္တနော သာဝကေ ဧတ္ထာတိ သတ္ထံ, တိတ္ထိယာနံ သတ္ထံ တိတ္ထိယသတ္ထံ။

(ဝိနယာလင်္ကာရ ဋီကာ၊ ဒု၊၃၆၁။) 


     လောကယတံ န ဝါစေယျ။ လောကာယတံ နာမ ဝိတဏ္ဍ သတ္ထံ။ (ခုဒ္ဒသိက္ခာပါဌ၊၃ဂ။) (ခုဒ္ဒသိက္ခာဋီကာဟောင်း၊ ၁၈၈။)


     လောကာယတန္တိ နိရတ္ထကကာရဏပ္ပဋိသံယုတ္တံ တိတ္ထိယသတ္ထံ။တိရစ္ဆာနဝိဇ္ဇာ စ ဣမိနာဝ ဥပလက္ခိတာ။ (ခုဒ္ဒသိက္ခာ ဋီကာသစ်၊ ဂ၊ ၃၉၉။) 



     လောကာယတ တိရစ္ဆာနဝိဇ္ဇာတိ စ ရာဂဒေါသမောဟဝဍ္ဎာနိ ဗုဒ္ဓါဒီဂရဟိတာ သဂ္ဂမောက္ခာနံ တိရော တိရိယတော​ အဉ္စိတာ ဂတာ ပဝတ္တာ ကဗ္ဗနာဋကာဒိကာ သဗ္ဗာပိ ဝိဇ္ဇာ အနုလောမ ဝသေန ဝါ ဝိနယပရိယာယံ ပတွာ ဂရုကေ ဌာတဗ္ဗန္တိ ဝိနယယုတ္တိတောပိ သင်္ဂဟိတာတိ ဝေဒိတဗ္ဗာ၊ ဧဝဉ္စ နော ဂရူနာမုပဒေသော။ (ခုဒ္ဒသိက္ခာ ဋီကာသစ်၊ ၃၉၉။)


     အာယတိံ ဟိတံ တေန လောကော န ယတတိ န ဤဟတီတိ လောကယတံ၊ ကိံ တံ ဝိတဏ္ဍသတ္ထံ။   ။

(သဒ္ဒနီတိ ဓာတုမာလာ၊ ၆၆။)


      "လောကာယတသိပ္ပန္တိ ‘ကာကော သေတော, အဋ္ဌီနံ သေတတ္တာ, ဗလာကာ ရတ္တာ, လောဟိတဿ ရတ္တတ္တာ’တိ ဧဝမာဒိနယပ္ပဝတ္တံ ပရလောကနိဗ္ဗာနာနံ ပဋိသေဓကံ ဝိတဏ္ဍသတ္ထသိပ္ပ’’န္တိ။ (သဒ္ဒနီတိဓာတုမာလာ၊ ၆၆။) 


     ဝိတဏ္ဍသတ္ထ ဝိညေယျံ၊ ယံ တံ လောကာယတံ ဣတိ။ (အဘိဓာန် ဂါထာ၊ ၁၁၂။) 


     အညမညဝိရုဒ္ဓံ, သဂ္ဂမောက္ခဝိရုဒ္ဓံ ဝါ တနောန္တိ ဧတ္ထာတိ ဝိတဏ္ဍော, ဍော, ဏတ္တံ, ဝိရုဒ္ဓေန ဝါ ဝါဒဒဏ္ဍေန တာဠေန္တိ ဧတ္ထ ဝါဒိနောတိ ဝိတဏ္ဍော, တဍိ တာဠနေ, အဒေသမ္ပိ ဟိ ယံ နိဿာယ ဝါဒီနံ ဝါဒေါ ပဝတ္တော, တံ တေသံ ဒေသတောပိ ဥပစာရဝသေန ဝုစ္စတိ,လောကာတိ ဗာလလောကာ, တေ ဧတ္ထ အာယတန္တိ ဥဿဟန္တိ ဝါယမန္တိ ဝါဒဿာဒေနာတိ လောကာယတံ, (အဘိဓာန်ဋီကာ။) 


     လောကာယတမဟာပုရိသလက္ခဏေသု အနဝယော။ (သီလက္ခန်ပါဠိတော်၊ အမ္ဗဋ္ဌသုတ်ဂ၂။ သောဏဒန္တသုတ်၊ ၁၀၆။ ကူဋဒဏ္ဍသုတ်၊ ၁၂၂။ တိကင်္ဂုတ္တရပါဠိတော်၊ ၁၆၃။ သုတ္တနိပါတ်ပါဠိ သေလသုတ်၊ ၃၆၅။) 


     လောကာယတံ ဝုစ္စတိ ဝိတဏ္ဍဝါဒသတ္ထံ။ 

(သီလက္ခန် အဋ္ဌကထာစသည်၊ ၂၂၀။) 


     အာယတိံ ဟိတံ တေန လောကော န ယတတိ န ဤဟတီတိ လောကာယတံ။ တဉှိဂန္ထံ နိဿာယ သတ္တာ ပုညကြိယာယ၊ စိတ္တမ္ပိ န ဥပ္ပါဒေန္တိ။ (သီလက္ခန္ဓဝဂ္ဂ ဋီကာစသည်၊ ၂၉၂။)


     အထ ခေါ ဒွေ လောကာယတိကာ ဗြာဟ္မဏာ ယေန ဘဂဝါ တေနုပသင်္ကမိံသု။ (နဝင်္ဂုတ္တိုရ် ပါဠိတော်၊ ၂၂၅။) 


     လောကာယတိကာတိ လောကယတဝါဒကာ။ 

(အင်္ဂုတ္တိုရ်အဋ္ဌကထာ၊ တ၊ ၂၈၀။)


     လောကာကာယတဝါဒကာတိ အာယတိံ ဟိတံ(ပ ) န ဥပ္ပါဒေန္တိ။တံ ဝဒန္တီတိ လောကယတဝါဒကာ။ (နဝင်္ဂုတ္ထိုရ်ဋီကာ၊ ၃၀၀။)


     လောကာယတိကော ဗြာဟ္မဏော ယေန ဘဂဝါ(ပ)ဧကမန္တံ နိသိန္နော ခေါ လောကာယတိကော ဗြာဟ္မဏော။ (နိဒါနဝဂ္ဂသံယုတ် ပါဠိတော်၊၃ဝ၄။)


     လောကာယတိကောတိ ဝိတဏ္ဍသတ္ထေ လောကာယတေ ကတပရိစယော။ လောကာယတန္တိ စ လောကဿေဝ အာယတံ ဗာလပုထုဇ္ဇနလောကဿ အာယတံ။  (နိဒါနဝဂ္ဂ သံယုတ်အဋ္ဌကထာ၊ ၇၀။)


     အာယတိံ ဟိတံ တေန လောကော န ယတတိ န ဤဟတီတိ လောကာယတံ။ န ဟိ တံ လဒ္ဓိံ နိဿာယ သတ္တာ ပုညကိရိယာယ စိတ္တမ္ပိ ဥပ္ပါဒေန္တိ, ကုတော ပယောဂေါ, တံ ဧတဿ အတ္ထိ, တတ္ထ ဝါ နိယုတ္တောတိ လောကာယတိကော။ (သံယုတ်ဋီကာ၊ ဒု၊ ၈၉။)


     န သေဝ လောကာယတိကံ၊ နေတံ ပညာယ ဝဍ္ဎနံ။ 

(ဝိဓူရဇာတ်ပါဠိတော်။ ဇာ၊ ၂၊၂၈၇။) 


     လောကာယတိကန္တိ အနတ္ထနိဿိတံ သဂ္ဂမဂ္ဂါနံ အဒါယကံ အနိယျာနိကံ ဝိတဏ္ဍသလ္လာပံ လောကာယတိကဝါဒံ န သေဝေယျ။ နေတံ ပညာယ ဝဍ္ဎနန္တိ န ဟိ ဧတံ လောကာယတိကံ ပညာယ ဝဍ္ဎနံ။  (ဝိဓူရဇာတ် အဋ္ဌကထာ။ ဇာ၊ ၇၊ ၁၈၉။) 


     ဥဒါန်းပါဠိတော် တတိယနန္ဒဝဂ် (၁၁၃) နံပါတ်၌ တတ္ထေကစ္စေ ဧဝမာဟံသု – ‘‘ဟတ္ထိသိပ္ပံ သိပ္ပါနံ အဂ္ဂ’’န္တိ-အစရှိသည်ဖြင့် အတတ်မျိုး (၁၂)ပါးကို ဟော တော်မူရာ-


     "အဿသိပ္ပ ရထသိပ္ပ၊ ဓနုသိပ္ပ၊ ထရုသိပ္ပ၊ မုဒ္ဓါသိပ္ပ၊ ဂဏနသိပ္ပ သင်္ခါနသိပ္ပ၊လေခါသိပ္ပ၊ ကာဝေယျသိပ္ပ၊ လောကာယတသိပ္ပ၊ ခတ္တဝိဇ္ဇာသိပ္ပ”ဟု လာ၏။ 


     ထိုပါဠိတော်ကို သာဓကပြု၍ ဝိနည်းအဋ္ဌကထာကြီး အဋ္ဌကထာငယ်တို့၌ တိရစ္ဆာနဝိဇ္ဇာသရုပ်ကို တစ်စိတ်အားဖြင့် ပြတော်မူ ၏။ ထို့ကြောင့် ဝိနည်း အဋ္ဌကထာလာ သိပ္ပသာ မအပ်သည်မဟုတ်၊ သုတ္တန်လာ တိရစ္ဆာနဝိဇ္ဇာ အတတ်မျိုး ဟူသမျှလည်း မအပ်ကြောင်း ပြတော်မူခြင်း ကိစ္စပြီး၏။ 


     ဤ၌ လောကာယတသိပ္ပံ သိပ္ပါနံ အဂ္ဂန္တိ-ဟု ဟောတော်မူ၏၊ ဤ လောကာယတအရာ၌ တစ်ခုတစ်ခုသော ပါဠိ အဋ္ဌကထာ ဋီကာတို့၏ အဓိပ္ပာယ် ပိဏ္ဍတ္ထကို ကျယ်ဝန်းအံ့စိုး၍ မပြနိုင်တော့ချေ။ 


     လောကာယတသိပ္ပန္တိ “ကာကော သေတော အဋ္ဌိနံ သေတတ္တာ ဗလာကာ ရတ္တာ လောဟိတဿ ရတ္တတ္တာ”တိ ဧမာဒိနယပ္ပဝတ္တံပရ လောကနိဗ္ဗာနာနံ ပဋိသေဓကံ ဝိတဏ္ဍသတ္ထသိပ္ပံ။(ဥဒါန်းအဋ္ဌကထာ ၊၁၈၅။) 


     "န ခွေတံ, ဘိက္ခဝေ, တုမှာကံ ပတိရူပံ ကုလပုတ္တာနံ သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာနံ ယံ တုမှေ ဧဝရူပိံ ကထံ ကထေယျာထ။ သန္နိပတိတာနံ ဝေါ, ဘိက္ခဝေ, ဒွယံ ကရဏီယံ – ဓမ္မီ ဝါ ကထာ အရိယော ဝါ တုဏှီဘာဝေါ’’တိ။ (ဥဒါန်းပါဠိတော်၊ ၁၁၄။) 


     ဤပါဠိတော်ဖြင့် သုတ္တန် တိရစ္ဆာနဝိဇ္ဇာအတတ်လည်း မအပ်ကြောင်း တိုက်ရိုက် နီတတ္ထ ဟောတော်မူသည်။ ထိုလောကာယတ အရာဝယ် ခင်းပြအပ်ပြီးသော ပါဠိတော် အဋ္ဌကထာ ဋီကာ အလုံးစုံ ပိဏ္ဍတ္တလိုရင်း အကျဉ်းချုပ်ယူရသော် လူပြည် နတ်ပြည် ဗြဟ္မာပြည် တည်းဟူသော သဂ္ဂ မဂ် ဖိုလ် နိဗ္ဗာန် တည်းဟူသော မောက္ခကို မပေးတတ်၊ တားမြစ်တတ်သော ကုသိုလ်ကောင်းမှုပြုခြင်းငှာ စိတ်မျှ မဖြစ်စေတတ်သော ကျမ်း ဟူသမျှကို လောကာယတကျမ်းဆိုလို ကြောင်း သိရာ၏။ 


     ထိုကြောင့် ဗုဒ္ဓဘာသာ ပါဠိအဋ္ဌကထာ ဋီကာတို့၌ လောကာယတ ကျမ်းအရ မည်သည့်ဆရာသည် ရေးအပ်သော မည်သည့်ကျမ်းကို လောကာယတကျမ်း ဆိုသည်ဟု ဝိသေသ သရူပတ္ထကို ထုတ်၍ပြတော်မမူကြ၊ တိတ္ထိယသတ္ထံဟူ၍လည်းကောင်း၊ ဝိတဏ္ဍဝါဒီသတ္တံ ဟူ၍လည်းကောင်း သာမညသရူပတ္ထကိုသာ ပြတော်မူကြ၏။ ထိုစကားအရ မိစ္ဆာအယူရှိကုန်သော သူတို့၏ တမလွန်လောက နိဗ္ဗာန်တို့ကို တားမြစ်တတ်သော ကမလွန်လောက မယုံကြည်သူ နိဗ္ဗာန်ကို မယုံကြည်သူပုဂ္ဂိုလ်တို့ စီရင်အပ်သော ပစ္စက္ခကျိုးပြသော ကျမ်းကို လောကာယတကျမ်းခေါ်သည်ဟု သိရ၏။ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိ အယူရှိသူတို့နှင့် ဆန့်ကျင်သူတို့၏ ကျမ်းဟူ၍လည်း သိရ၏။


     "ခတ္တဝိဇ္ဇဝါဒိံ အာမန္တေတွာ ‘‘တွံ, အာဝုသော, ‘မာတာပိတရောပိ မာရေတွာ အတ္တနော အတ္ထော ကာတဗ္ဗော’တိ ဣမံ လဒ္ဓိံ ဥက္ခိပိတွာ ဝိစရန္တော ကသ္မာ မံ ပရိဟသသီ’’တိ ဝတွာ အာဟ –


     ‘‘အာဟု ခတ္တဝိဒါ လောကေ, ဗာလာ ပဏ္ဍိတမာနိနော၊ မာတရံ ပိတရံ ဟညေ, အထော ဇေဋ္ဌမ္ပိ ဘာတရံ၊ ဟနေယျ ပုတ္တဒါရေ စ, အတ္ထော စေ တာဒိသော သိယာ’’တိ။


     ပဏ္ဏာသနိပါတ် မဟာဗောဓိဇာတ် အဋ္ဌကထာ (ဇာ၊ ဋ္ဌ၊ ၅၊၂၅၃။) နှင့်အညီ ပစ္စုပ္ပန် ကိုယ်ကျိုးသက်သက်ရှိသော အယူမျိုးယူသောသူ၏ ကျမ်းဟုသိရ၏။ လောကီဗျာကရုဏ်းတတ် ပညဝန်ပုဂ္ဂိုလ်တို့ကား စာရဘာက စသောဆရာတို့ စီရင်အပ်သော ကျမ်းမျိုးကိုဆိုသည်ဟု ယူကြ၏။ ထိုစကားလည်း မှန်ပေ၏။ ယခုကာလ အင်္ဂလိပ်စာမျိုးသည် လောကာယတကျမ်းတွင် ပါဝင်သည်မှာ ခင်းအပ်ပြီးသော ပါဠိ အဋ္ဌကထာ စသည်ကို ထောက်သဖြင့် မချွတ်မုချ နီတတ္ထ ဒိဋ္ဌ ပစ္စက္ခသိရ၏။ ထို့ကြောင့် ဥဒါန်းပါဠိတော် နှင့် အဋ္ဌကထာ ကြီး ငယ် စသည်တို့၌ တိရစ္ဆာနဝိဇ္ဇာ အတတ်နှင့် လောကာယတ အတတ်မျိုး မသင်ကြား မပို့ချအပ်ကြောင်း တိုက်ရိုက်လာနေပြီ ဖြစ်ရကား အထူး ကြံဆဖွယ် နေယျတ္ထ ဝင်္ကတ္ထ ဥပစာရတ္ထ သာမတ္ထိယ-ပြု ယူနိုင်ဖွယ်မရှိ။ 


     ငါတို့ကျေးဇူးတော် သခင် ထိပ်ခေါင်တင် ဖြစ်တော်မူသော ပဏ္ဍိတဓဇသိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ မိုင်းခိုင်းဆရာတော်ဘုရားကြီးလည်း ဝိနည်းအဋ္ဌကထာကြီး ငယ်တို့၌ ဗာဟိရကံ အနတ္ထသံဟိတန္တိ ဟတ္ထိ အဿ (ပ) ပရူပဃာတကရံ-ဟု ဖွင့်ပြသည်မှာ ပြဆိုအပ်ပြီးသော သုတ်သီလက္ခန် ပါဠိတော် စသည်၌ကဲ့သို့ ပစ္စည်းလာဘ်လာဘ ရလိုခြင်း မိစ္ဆာဇီဝသဘောကို မရည်စူးသော်လည်း အချင်းခပ်သိမ်း မအပ်သော အတတ်ကို ပြလိုသည် ဖြစ်၍လည်းကောင်း၊ အနာပတ္တိဝါရ -၌ လာသော ပရူပဃာတ မဟုတ်သော အတ္ထသံဟိတ-အတတ်တို့မှ အထူးထင်ရှား စေလိုသည်ဖြစ်၍ လည်းကောင်း၊ သူတပါးတို့ကို ညှင်းဆဲနှိပ်စက်တတ်သော ဆင်စီးခြင်း မြင်းစီးခြင်း အတတ်စသည်ကို ဖွင့်ပြသည်ဟု ယူအပ်၏။ ဗာဟိရက အနတ္ထသံဟိတ အတတ်ပင် ဖြစ်သော်လည်း ပရူပဃာတမဟုတ်သော အတတ်ကို ရဟန်းတို့ သင်ကြား ပို့ချအပ်၏ဟုပြလို၍ ဖွင့်ပြသည်ဟု မယူအပ်၊ထို့ကြောင့် ပရူပဃာတကပင် မဟုတ်သော်လည်း လောကာယတအတတ် မအပ်ကြောင်း ခုဒ္ဒကဝတ္ထုက္ခန္ဓက စူဠဝါပါဠိတော်၌-


     န ဘိက္ခဝေ လောကာယတံ ပရိယာပုဏိတဗ္ဗံ၊ ယော ပရိယာပုဏေယျ၊ အာပတ္တိ ဒုက္ကဋဿ -ဟု ပညတ်တော်မူသည်။ 


     ဗာဟိရက အတတ်ပညာ မအပ်ကြောင်းသိရန် အကြောင်းတပါး ရှိသေး၏။ စသည်ဖြင့် ပါစိတ်ပါဠိတော် မဟာဝါပါဠိတော် ဒသင်္ဂုတ္တိုရ်ပါဠိတော် စသည်လာ တိရစ္ဆာနကထာ (၃၂) ပါး မအပ်ကြောင်း ပြပြီးလျှင် မြတ်စွာဘုရား ကဲ့ရဲ့စက်ဆုပ်တားမြစ်တော် မူအပ်သော ပစ္စည်းရအောင် ရည်ရွယ်ပြုလုပ်ခြင်း မိစ္ဆာဇီဝ ငဲ့သည့်ဖြစ်စေ၊ မငဲ့သည်ဖြစ်စေ၊ ရဟန်းသာမဏေတို့အား ပြောဆိုပို့ချသင်ကြားခြင်းငှာ မအပ်ကြောင်း အမိန့်ရှိတော်မူသတည်း။ 


     ဗုဒ္ဓဘာသာ သာသနာ ကျမ်းဂန် အရေးအရာနှင့် စပ်သဖြင့် ဟုတ်မှန်ရာ သိရှိမှတ်သားလို ကျင့်ကြံလိုသော ပုဂ္ဂိုလ်တို့မှာ အရေးအရာနှင့်စပ်ရာ ဟုတ်မှန်ရာ သိရှိမှတ်သား ကျင့်ကြံရန် စင်စစ် အရေးအရာရှိလျှင် (တရားကျမ်းဂန်သာလျှင် ပမာဏ ဖြစ်သည်) အရိုးအစဉ် လက်သုံး ထုံးပဝေဏီကျ နည်းလမ်းအတိုင်းရှေးဆရာတော်၀ဘုရားကြီးတို့ နည်းနာကို မှီငြမ်းကြီးသဖွယ် လိုက်နာယူသုံး မှီခိုကြရသည်။ ထိုတရားကျမ်းဂန်အရာတွင် မြင်မြင်ဝါးဝါးသော ပုဂ္ဂိုလ်တို့ တရားကျမ်းဂန်ကို ဆုံးဖြတ်နိုင်သည်မဟုတ်၊ ကိုယ်နှင့် အသက်ကို ပမာဏ မပြုပဲ ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရ အစုံအလင် ကြည့်ရှုကာ လက်ဆုပ်လက်ကိုင်ရပြီးသော အာစရိယဝါဒအမျိုးမျိုးဖြင့် ကြံစည်နှိုင်းဆ,ကာ ရှေ့,နောက် တစ်ကျမ်းနှင့်တစ်ကျမ်း ညှိနှိုင်းတိုင်းထွာကာ ရင့်သော ဉာဏ်ပညာဖြင့် ထုံအပ်ဆည်းပူးအပ် ပြီးသော ပညာဉာဏ်ရှိ ကဝိ ကဝိန် သုခမိန်ပုဂ္ဂိုလ်ကျော် ပုဂ္ဂိုလ်မြတ်တို့၏ အရာသာဖြစ်သည်ကို သိရာသည်။ ဤတွင်၍ အကျဉ်းသင်္ခေပအားဖြင့် ယထာဘူတ ကျနစွာသိမြင်လိုသူ ကျင့်လိုသူတို့အကျိုးငှာ စကားစပ်လျဉ်းသဖြင့် ရေးသားအပ်သတည်း။ 

     လောကာယတဋီကာ ပြီး၏။



၅၆။ သံဃ-သင်္ဃစိစစ်ခန်း

     သံဃော-ဟု နိဂ္ဂဟိတန္တနှင့်သာ ဖတ်ရမည်။ သင်္ဃော-ဟု ဝဂ္ဂန္တနှင့် မဖတ်သင့်။ 


     သံဃောတိ ဧတ္ထ သံဃောတိဝဂ္ဂန္တသဟိတဝသေန ဝါ သံဃောတိ နိဂ္ဂဟိတန္တသဟိတဝသေန ဝါ ဒွိဓာပိ ပဌန္တိ လိခန္တိ။ တေသု ဝဂ္ဂန္တသဟိတပဒံ နာဓိပ္ပေတံ။ အနုသာဝနေ သနိဂ္ဂဟိတပဒဿေဝ ဒိဋ္ဌတ္တာ သံဃောတိပဒမေဝ လိခိတဗ္ဗံ။ (ပါတိမောက္ခလေခနယ။) 


     ဘိက္ခု သင်္ဃောတိ ဝဂ္ဂန္တသဟိတပဒံ ဗဟူသု ပေါတ္ထကေသု ဒိဿတိ။ ကမ္မဝါစာယံ ပန နိဂ္ဂဟိတပဒဿေဝ ဒိဋ္ဌတ္တာ တမေဝ ဂဟေတဗ္ဗံ၊ နိရုတ္တိကောသလ္လပ္ပတ္တေဟိ ပဘိန္နပဋိသမ္ဘိဒေဟိ ခီဏာသဝေဟိ သုသောဓိတတ္တာ။ တတောဝ သံဃာဒိသေသောတိ ပဒံ သနိဂ္ဂဟိတန္တမေဝ သမ္ဘဝဟိ။ (ပါတိမောက္ခဝိသောဓန။) 


     ဤ၌ ကာရီကာရိယ ဖြစ်သင့်သော်လည်း ဝဂ္ဂနွံ ဝါ ဝဂ္ဂေသုတ်၏ မူလပြယုဂ်မဖြစ်သင့်၊ ကိံပြယုဂ်သာ ဖြစ်သင့်သည်ဟု ဆိုလိုသတည်း။ 


     ယထာပါဠိယာ နိရုတ္တိံ သောဓေတွာ ဒသဝိဓာယ ဗျဉ္ဇနနိရုတ္တိယာ ဝုတ္တဒေါသေ ပရိဟရန္တေန ကမ္မဝါစာ ကာတဗ္ဗာ။ ဣတရထာ ဟိ သာဝနံ ဟာပေတိ နာမ။ (ကမ္မဝဂ် ပရိဝါ အဋ္ဌကထာ၊ ၂၄၈။ ဝိနယင်္ဂဟဋ္ဌကထာ၊ ၃၉၈။) 


     ဧဝံ ယထာဌာနေ တံ တဒေဝ အက္ခရံ ဘာသန္တေန အနုက္ကမာဂတံ ပဝေဏိံ အဝိနာသေန္တေန ကမ္မဝါစာ ကာတဗ္ဗာ။ (ပရိဝါ အဋ္ဌကထာ၊ ၂၄၈။ ဝိနယင်္ဂဟအဋ္ဌကထာ၊ ၃၉၈။) 


     ပဗ္ဗဇ္ဇာယ ပန ဣမာနိ တီဏိ သရဏာနိ ဗု-ကာရ ဓ-ကာရာဒီနံ ဗျဉ္ဇနာနံ ဌာနကရဏသမ္ပဒံ အဟာပေန္တေန အာစရိယေနပိ အန္တေဝါသိကေနပိ ဝတ္တဗ္ဗာနိ။ သစေ အာစရိယော ဝတ္တုံ သက္ကောတိ, အန္တေဝါသိကော န သက္ကောတိ, အန္တေဝါသိကော ဝါ သက္ကောတိ, အာစရိယော န သက္ကောတိ, ဥဘောပိ ဝါ န သက္ကောန္တိ, န ဝဋ္ဋတိ။ သစေ ပန ဥဘောပိ သက္ကောန္တိ, ဝဋ္ဋတိ။ (မဟာဝါအဋ္ဌကထာ မဟာခန္ဓက၊ ၂၅၀။) 


     ဤအဋ္ဌကထာတို့တွင် မဟာဝါအဋ္ဌကထာ၌ သရဏဂုံအရာမှာ ဌာန်,ကရိုဏ်း,ပယတ် ကျနမှန်ကန်စွာ ရွတ်ဆိုရမည် လာသတည်း။ ပရိဝါ အဋ္ဌကထာ၌ ဗျဉ္ဇနဗုဒ္ဓိဆယ်ပါး ညီညွတ်မှန်ကန်စွာ ရွတ်ဆိုရမည် လာသတည်း။ ပရိဝါကမ္မဝဂ်၊ သာရတ္ထဒီပနီဋီကာ၌ ဗျဉ္ဇနဗုဒ္ဓိအရာမှာ သိထိလ ဓနိတ စသည်နှင့်စပ်လျက် ဖွင့်ရကား သရဏဂုံအရာ၌လည်း ဗျဉ္ဇနဗုဒ္ဓိကို ယူအပ်၏။ ပေါ့သော သရဏဂုံအရာ၌ ဌာန်,ကရိုဏ်း,ပယတ်ကို ဆိုခဲ့သဖြင့် လေးသောကံအရာ၌ မဆိုသော်လည်း ကံကြီး ကံငယ်မှာလည်း ဌာန်,ကရိုဏ်း,ပယတ်ကို ယူရမည်ဟု ငါတို့ကျေးဇူးရှင် ကျမ်းပြုကျမ်းတတ် ဧတဒဂ်ရ စလင်း ဆရာတော်ဘုရားကြီး မိန့်သတည်း။

     သံဃပဒဋီကာပြီး၏။



၅၇။ အဝိပ္ပဝါသပဒ စိစစ်ခန်း

တိစီဝရေန အဝိပ္ပဝါသော၌ -

      စီယတီတိ စီဝရံ, စယံ သဉ္စယံ ကရီယတီတိ အတ္ထော, အရိယဒ္ဓဇော ဝတ္ထဝိသေသော။ ဣဓ ပန တိစီဝရာဓိဋ္ဌာနေန အဓိဋ္ဌဟိတွာ ဓာရိတံ စီဝရတ္တယမေဝ။ 


     ဝသနံ ဝါသော, ဝိနာ ဝါသော ဝိနာဝါသော, စီဝရေန ဝိနာဝါသော စီဝရဝိနာဝါသော, ‘‘စီဝရဝိပ္ပဝါသော’’တိ ဝတ္တဗ္ဗေ ဝတ္တိစ္ဆာဝသေန, ဂါထာပါဒပူရဏတ္ထာယ ဝါ အလုတ္တသမာသံ ကတွာ ဧဝံ ဝုတ္တန္တိ ဒဋ္ဌဗ္ဗံ။ (ဝိနယာလင်္ကာရဋီကာ၊ ပ၊ ၁၀၆။) 


နှင့်အညီ ဝိပ္ပဝါသောနှင့် ဝိနာဝါသောကား အနက်တူဖြစ်ကြောင်း ပြတော်မူသည်။ ယင်းဖြင့် ဝသနံ ဝါ သော၊ ဝါ သောဧဝ ပဝါသော၊ အဝဓာရဏ၊ ကမ္မဓာရည်း သမာသ်ကိုလည်းကောင်း၊ န ဝိပ္ပါဝါသော အဝိပ္ပဝါသော-ဟူသော ဒိဂုသမာသ်ကို လည်းကောင်း အဝိပ္ပဝါသော ဟူ၍လည်းကောင်း၊ အဝိပ်-ပဝါသောဟူ၍လည်းကောင်း ရွတ်ဖတ်ခြင်းငှာ သင့်သည်ကို ပြတော်မူသတည်း။ 

တိစီဝရေန အဝိပ္ပဝါသ ဋီကာပြီး၏။ 


၅၈။ သမ္မတောပုဒ် စိစစ်ခန်း

     သမ္မတော- ဟူသောပုဒ်မှာ (မ္မ) နှစ်လုံးဆင့်နှင့် (န) မပါပဲ သမ္မတောဟူ၍လည်းကောင်း၊ သမ္မန္နိတောဟု (မ္မ)  နှစ်လုံးဆင့် (န္န) နှစ်လုံးဆင့်နှင့်လည်းကောင်း၊ (မ္မ) နှစ်လုံးဆင့် (န)တစ်လုံးနှင့် သမ္မနိတော ဟူ၍လည်းကောင်း၊ ဝဂ္ဂန္တမပြုပဲ နိဂ္ဂဟိတန္တနှင့် သံမတော၊ သံမန္နိတော၊ သံမနိတော ဟူ၍လည်းကောင်း၊ နိဂ္ဂဟိတန္တ ဝဂ္ဂန္တတို့မပါဘဲ သမတော၊ သမန္နိတော၊ သမနိတော ဟူ၍လည်းကောင်း၊ ကျောက်စာ ပေစာ စာအုပ်တို့၌ စာအမျိုးမျိုးရှိ၏။ 


     ဤသို့ကွဲပြားရာမှာ မောဂ္ဂလာန်၊ ရူပသိဒ္ဓိ၊ သဒ္ဒနီတိ၊ အဘိဓာန် ဋီကာစသည်တို့နှင့် ကစ္စည်းကျမ်း နျာသကျမ်း စသည်တို့၌ ရုပ်ပြီးပုံကို သာဓကပြု၍ အမှန်အကန် သိကြရာသည်။ 


     မန-ဉာဏေ သံပုဗ္ဗော၊ ဘုဓဂမာဒိဋ္ဌေ၊ ကတ္တရီတိ "တ"ပစ္စယေ၊ သမ္ပတ္တေ ဣမိနာ ကမ္မနိ "တ"ပစ္စယော၊ ဂမခနာတိ အာဒိနာ ဓာတွန္တ လောပေါ၊ ရညာ သမ္မတောဟု ရူပသိဒ္ဓိသုတ် ၆၃၅၌ မိန့်သော ကြောင့်လည်းကောင်း၊ ဟနိတုံ သရိတော ဟတော သတော ဟု တစ်ခုသော ရုပ်ကိုပင် မူလပြယုဂ် ကိံ ပြယုဂ်အဖြစ်ဖြင့် သဒ္ဒနီတိ၌ ထုတ်ဆိုသောကြောင့်လည်းကောင်း၊ ကစ္စည်းကျမ်း၌ ဂမိတော သရိတော မူလပြယုဂ်၊ ဂတော သတော ကိံ ပြယုဂ်ဟု နမကာရာနမန္တာနံ နိယုတ္တတမှိ သုတ်၌ တစ်ခုသောရုပ်ကို မူလပြယုဂ် ကိံ ပြယုဂ်ထုတ်သည်ကို ဒိဋ္ဌတွေ့မြင်သောကြောင့်လည်းကောင်း၊ နမကာရာနမန္တာနံနိယုတ္တတမှိ ဟူသောသုတ်၌ သမ္မနိတော၊ သမန္နိတောမူလပြယုဂ်၊ သမ္မတော ကိံ ပြယုဂ်ဖြစ်သင့်သည်မှာ သဒ္ဒသတ္ထဝိဒူ မှန်က သိနိုင်ရာသောကြောင့်လည်းကောင်း၊ ဝ၀တ္ထိတဝိဘာသတ္ထောယံ ဝါသဒ္ဓေါ တေန တဏှင်္ကရော၊ ရဏဉ္ဇဟော၊ သဏ္ဍိတော၊ဇုတိန္ဓရော၊ သမ္မတောတိ အာဒီသု နိစ္စံ-ဟု ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်အဖွင့် ရူပသိဒ္ဓိ၌လာသောကြောင့် လည်းကောင်း သမ္မတောမှာ သံရှေးရှိသော မနဓာတ် တပစ္စည်း ဓာတွန် "န" ကိုချေ၊ သထက်၌ နိဂ္ဂဟိတ်ကို အမြဲဝဂ္ဂန္တ "မ"ပြု၍ အမြဲဝဂ္ဂန္တ"မ"နှင့် ကိံ ပြယုဂ်ဖြစ်သင့်သော သမ္မတော ရုပ်ပြီးပုံကို ရူပသိဒ္ဓိ၌ နီတတ္ထ ဥဇုကတ္ထ မုချတ္ထ ပြသောကြောင့် သိမ်နုတ်ဉတ် ကမ္မဝါစာနိဂုံးတို့၌ သမ္မတောဟု ဝဂ္ဂန္တ "မ" သံယုဂ်နှင့် ဓာတွန်ကျေလျှက်လည်းကောင်း၊ ဓာတွန် မကျေပဲ သမနိတော ဟူ၍လည်းကောင်း၊ စီဝရစေတာပန္နံ ပုဒ်ကဲ့သို့ ဓာတွန်မကျေပဲ "န" လာ၍ "မ္မ" သံယုတ် "န္န" သံယုတ်တို့နှင့် တကွ သမ္မန္နိတောဟူ၍ လည်းကောင်း၊ ရူပသိဒ္ဓိမှ တပါးသော ကစ္စည်းကျမ်း စသည်တို့၌ သမ္မတော,ပုဒ် စသည်မှာ နိစ္စဝိဓိအဖြစ်ဖြင့်"မ"လာသည်ဖြစ်၍ အနိစ္စဝိဓိလည်း ဖြစ်ရာသောကြောင့် သံမတော သံမန္နိတော-ဟူ၍လည်းကောင်း သံမနိတော ဟူ၍လည်းကောင်း၊ ဗျဉ္စနေစသုတ်၏ အစီအရင်လည်း ဖြစ်သင့်သည်ကိုထောက်၍ သမတော သမန္နိတော သမနိတော ဟူ၍လည်းကောင်း၊ ရှိသင့် ဖတ်သင့်သည်ကို သိအပ်၏-ဟု သုဒသနဓဇအတုလဓိပတိ သီရိပဝရ မဟာဓမ္မရာဇာဓိ ရာဇဂုရု ပဉ္စမ ဘွဲ့တံဆိပ်တော်ရ ကျမ်းတတ်ကျမ်းပြု ကမ္ဘာကျော် စံကျောင်းဆရာတော်ဘုရားကြီး အမိန့်တော်ရှိသတည်း။ ထို့ ကြောင့် ဤသမ္မတောအရာ၌ သိမ်နုတ်ဥတ်ကမ္မဝါအရာမှာ (၉) ကြိမ်ပြင်၍ ဖတ်တော်မူ သတည်း။ ထို စံကျောင်းဆရာတော်ဘုရားကြီး သိမ်နုတ်သိမ်သမုတ်ပုံ စာတန်းသည် ငါတို့နှင့်တကွ ငါတို့ တပည့် သားမြေး အစဉ်အဆက် လက်ထဲတွင် အမြဲလက်ကိုင်ရှိသတည်း။ 





၅၉။ အက္ခရာ တစ်လုံးပြင်တိုင်း အစကစ၍ ဖတ်သင့်သည် ပြင်လိုသော ဝါကျတွင်ဖတ်သင့်သည် စိစစ်ခန်း

     သစေ ပန အက္ခရပရိဟီနံ ဝါ ပဒပရိဟီနံ ဝါ ဒုရုတ္တပဒံ ဝါ ဟောတိ, တဿ သောဓနတ္ထံ ပုနပ္ပုနံ ဝတ္တုံ ဝဋ္ဋတိ။ ဣဒံ အကုပ္ပကမ္မဿ ဒဠှီကမ္မံ ဟောတိ, ကုပ္ပကမ္မေ ကမ္မံ ဟုတွာ တိဋ္ဌတိ။ (ပရိဝါအဋ္ဌကထာ၊ ၂၄၃၊ ၂၄၄။) 


     ယဒိ ပရိဝတ္တေတွာ ကတံ ဒိဠှီကမ္မံ န ဟောတိ၊ ဧဝံ သတိ ဒဠှီကမ္မတ္ထာယ ကိန္တိ ကာတဗ္ဗန္တိ အာဟ“သစေ ပနာတိ” အာဒိ တတ္ထ “အက္ခရပရိဟိနံ ဝါ ပဒပရိဟီနံ ဝါ”တိ ဣဒံ အက္ခရပဒါနံ ဂဠိတံ သန္ဓာယ ဝုတ္တံ။ “ဒုရုတ္တပဒံ ဝါ”တိ ဣဒံ သိထိလဓနိတာဒိ အပရိပုဏ္ဏံ သန္ဓာယ ဝုတ္တံ။ ဧတ္ထ "ဒုရုတ္တက္ခရံ ဝါ" တိ အဇ္ဈာဟရိတဗ္ဗံ ဣဒန္တိ ပုနပ္ပုနံ ဝစနံ ကမ္မံ ဟုတွာတိ သုကမ္မံ ဟုတွာ။ 

(ပရိဝါ ကမ္မဝဂ် ပါစိတျာဒိ ယောဇနာ၊ ၆၃၅။)


     ဤ၌ သမ္မတော စသောပုဒ်ကို (၉) ကြိမ်ဖတ်ရာ စံကျောင်း ဆရာတော်ဘုရားကြီး၊ စလင်းဆရာတော်ဘုရားကြီး၊ မိုင်းခိုင်းဆရာတော်ဘုရားကြီး၊ ရွှေရေးဆောင်ဆရာတော်ဘုရားကြီး၊ ကျီဝန်ဆရာတော်ဘုရားကြီး၊ ဆရာတော်ဦးရန်ကုန်၊ မော်လူးသိမ်သမုတ်စဉ် မန်လည်ဆရာတော်ဘုရားကြီး၊ မဟာဝိသုဒ္ဓါရာမဆရာတော်ဘုရားကြီး၊ ဝဇီရာရာမဆရာတော်ဘုရားကြီး၊ အဂ္ဂမဟာပဏ္ဍိတ ထိန်တောဆရာတော်ဘုရားကြီး၊ ကသာဆရာတော်ဘုရားကြီး၊ စကုဆရာတော်ဘုရားကြီး၊ မှန်ကင်း တော်ဘုရားကြီး၊ မင်းရွာဆရာတော်ဘုရားကြီး၊ ကိုင်းဆရာတော်ဘုရားကြီး၊ ရွှေရေးဆောင်ဆရာတော်ဘုရားကြီး အစရှိသော ပိဋကတ်ကျမ်းဂန်၌ နေမြင်,လမြင် ကျော်စောထင်ရှားသော ဆရာတော်ဘုရားကြီးတို့သည် အက္ခပရိဟီန ပဒပရိဟီန ဒုရုတ္တပဒ ဒုရုတ္တက္ခရ ဖြစ်မည်ထင်သော ပုဒ်အက္ခရာ ဝါကျတို့ကို အထပ်ထပ်ပြင်၍ ဖတ်တော်မူကြသတည်။ သုဏာတု-ကစ၍ တစ်ခါပြင် တစ်ခါပြန်၍,ပြန်၍ ဖတ်တော်မမူကြ။ 

  

     (က) ယခုခေတ် ဆရာတို့ကား တစ်ပုဒ်ပြင်လိုလျှင် ပြင်လိုတိုင်းပြင်လိုတိုင်း သုဏာတု မေ က၍တစ်ခေါက် စီ အဆုံးတိုင်ဖတ်မှအပ်သတည်းဟု ပြောဆိုကြကုန်၏။ ဖတ်ရွတ်သည်ကိုလည်း ငါတို့ဆတ်ဆတ် ကြားဖူး၏။ တစ်လုံးပြင်လိုလျှင် အစကစ၍ ဖတ်ခြင်းသာ သင့်သတည်းဟု ပြောဆိုကြကုန်၏။ ဘယ်ပါဠိ အဋ္ဌကထာဋီကာ ဂန္တန္တရ သာဓကရှိသည်ကိုကား ပြတော်မမူ။ ထိုသူတို့ကား များစွာလည်း မပြင်ကြ၊ စဉ်းစားခဲ့သော် ၎င်းခင်းပြအပ်ပြီး ပရိဝါအဋ္ဌကထာ၌ ဟဿ၌ တ-သဒ္ဒါဖြင့် အက္ခရပရိဟီန ပဒပရိဟီန ဒုရုတ္တက္ခရ, ဒုရုတ္တပဒရှိသော ဝါကျကို စွဲရသတည်း။ ကြွင်းသော ပရိပုဏ္ဏပဒ, အက္ခရ, သုဝုတ္တက္ခရ, သုဝုတ္တပဒ ရှိသော ဝါကျကိုမစွဲရ။ ထို အက္ခရပရိဟီန, ပဒပရိဟီန ဒုရုတ္တက္ခရ ဒုရုတ္တပဒတို့ကို သုတ်သင်ခြင်းငှာ ယင်းတို့ရှိရာဝါကျကို အထပ်ထပ် ရွတ်ဆိုရမည် ဟူလိုသတည်း။


     ဣဒံ-၌ ဣမ သဒ္ဒါဖြင့်၊ ပုနပ္ပုနံ ဝတ္တုံကိုပင်ပြင်၍ ဣဒ ပုနပ္ပုနံ ဝစနံ-ဟု ယောဇနာ ဆရာစွဲသတည်း။ ထိုလေးပါးတို့တွင် အက္ခရပရိဟီန ပဒပရိဟီန ဆိုသည်ကား အက္ခရ ပဒ ကျသည်ကိုဆိုသတည်း။ ဒုရုတ္တက္ခရ ဒုရုတ္တပဒဆိုသည်ကား ပုဒ်အက္ခရာတို့ကို သိထိလ ဓနီတ စသော ဗျဉ္ဇနဗုဒ္ဓိ-ဆယ်ပါး ဌာန် ကရိုဏ်း ပယတ် မပြည့်စုံသည်ကို ဆိုသတည်း။ 


     တဿ သောဓနတ္ထံ ပုနပ္ပုနံ ဝတ္တုံ ဝဋ္ဋတိ -၌ ထို လေးဌာနတို့ကို သုတ်သင်ခြင်းငှာ ဉတ်ကမ္မဝါစာကို အစကစ၍ အထပ်ထပ် ဖတ်ခြင်းငှာ သင့်သတည်း-ဟု ဝတ္တုံ၏ကံကို သဗ္ဗံဉတ္တိကမ္မဝါစံ- ဟု ထည့်လိုပုံရသည်။ ရှေးဆရာတော်ဘုရားကြီးတို့ကား ယတ္ထ ဝါကျေ၊ တဿ ဝါကျဿ ပုနပ္ပုနံ ဝတ္တုံ ဝဋ္ဋတိ- စပ်လိုသတည်း။ 


     အဓိပ္ပာယ်ကား ထိုထိုပရိဟီန ပဒက္ခရ ဒုရုတ္တပဒက္ခရ- ရှိမည်ထင်ရာ ဝါကျပဒများကိုသာ အထပ်ထပ် ဖတ်ရမည် မိန့်တော်မူသတည်း။ သောဓနတ္ထံ၏ ကံမှာ အက္ခရပရိဟီနာဒီနံ-ဟု ဆဋ္ဌီကံထည့်လေ.. ဤသို့အားဖြင့် အက္ခရာပုဒ်တစ်လုံး တစ်ပါဒပြင်လိုလျှင် အစဆုံးဉတ်ကစ၍ အဆုံးတိုင် တစ်ခေါက်စီသာ ဖတ်ရမည်။ ပရိဟီနဒုရုတ္တ ဖြစ်မည်ထင်သော ဝါကျပဒတွင်သာ ထပ်၍မဖတ်ရ။  (ဆရာအချို့ တစ်ဝါဒ။)


     (ခ) ဉတ်အစ သုဏာတုက စ၍ အဆုံးတိုင် ဖတ်ဖွယ်မရှိ။ ပရိ ဟိနဒုရုတ္တဖြစ်မည်ထင်သော ပဒဝါကျတို့ကို ထပ်၍ဖတ်ရမည်။ သုဏာတုကစ၍ အဆုံးတိုင်အက္ခရာတစ်လုံးပြင်လိုတိုင်း ဖတ်ရမည် မဟုတ်ဟူသော ကမ္ဘာစဉ်,သာသနာစဉ် လာသော အာစရိယပရမ္ပရ ပေါရာဏ ပဝေဏီ ရှေးရှေးပညာရှိ ဧတဒဂ်ရဆရာတော်ကြီးဟူသမျှတို့ တစ်ဝါဒဟူ၍ ဝါဒနှစ်ပါးကွဲပြားရာသတိရွှေသွား သမာဓိမြဲမြဲမြံမြံလက်ကိုင်ထား၍ သမ္ပဇညတရားဖြင့် နှစ် လ ရက်ပေါင်းများစွာစဉ်းစား ဆင်ခြင်သော်-


     ဤသို့ ရှေးဆရာတော် ဘုရားကြီးတို့ ပရိဟီန ဒုရုတ္တ ဖြစ်မည် ထင်သော အက္ခရာ ပဒဝါကျတို့ကိုသာ ပြင်၍ဖတ်ရာ၌ ထိုထိုပရိဟီန ဒုရုတ္တပဒ အက္ခရာတို့ ပရိပုဏ္ဏဖြစ် မဖြစ်။ ကံအောင် မအောင် စဉ်းစားရာ၏။ အစသုဏာတု ကစ၍ မဖတ်သော ကြောင့် ပရိပုဏ္ဏမဖြစ်နိုင် ကံမအောင်နိုင်ဟု တစ်စုံတစ်ခု ယုတ္တိ အာဂုံပြ၍ တစ်စုံတစ်ယောက်သော ဝိတဏ္ဍဝါဒီ ပဏ္ဍိတမာနီတို့ဆိုနိုင် ပြောနိုင်ခွင့်မရှိ။


     ဝဏ္ဏိတံ နိပ္ပပဉ္စံဝ၊ ကိလမထပဟာယိနာ။ 

     တတော တဿာ သာသနမှိ၊ ပပဉ္စော ကိလမော န ဟိ။


ဟူသော စာတတ်နောက်ဆုံးပိတ်ဟု ခေါ်ဝေါ်ကြသော ဆရာတော် ဦးဗုဓ်ဂါထာနှင့်အညီ ကိုယ်၏ပင်ပန်းခြင်းကို ပယ်ပြီးသော မြတ်စွာဘုရားသည် ကြာမြင့်စွာ ကျယ်ပွားခြင်း မရှိသည်ကိုသာ ချီးမွမ်းတော်မူအပ်၏။ 


     ထို့ကြောင့် အကျယ်မလိုက် အကျဉ်းကြိုက်တော်မူသော မြတ်စွာဘုရား သာသနာတော်၌ အစမှစ၍ အဆုံးတိုင် တစ်လုံးပြင်တိုင်းဖတ်သဖြင့် ကြာမြင့်အောင် ပြုခြင်း၊ တစ်လုံးတစ်လုံးပြင်လိုတိုင်း အစကအဆုံးတိုင် ဖတ်ရသဖြင့် ပင်ပမ်းအောင်ပြုခြင်းသည် မသင့်သည်သာတည်း။ ယင်းသို့ အကြောင်းအကျိုးပြလျက် တစ်ကြိမ်တည်း၌ ပရိဟီန ဒုရုတ္တ ဖြစ်သင့်ရာ ပဒဝါကျတွင်သာ အထပ်ထပ် မဖတ်သင့်။ တစ်လုံးတစ်လုံးပြင်၍ ဖတ်လိုလျှင် တစ်ခေါက်တစ်ကြိမ်စီ ဆုံးအောင်ဖတ်ပြီးမှသာ တခြားပြင်လိုသော ပဒဝါကျများကို မရောမယှက် သက်သက် တစ်ခေါက်တစ်ကြိမ် ဖတ်မှ သင့်သည်။ တစ်ကြိမ်တည်း ပရိဟီန ဒုရုတ္တ ဖြစ်လောက်ရာတွင် အထပ်ထပ်ဖတ်က ပရိပုဏ္ဏမဖြစ်။ ကံမအောင်ဟု ဆိုငြားအံ့ ရှေးရှေး ကျေးဇူးရှင် ဆရာတော် အဆက်ဆက်တို့ပင် ဤကဲ့သို့ချည်း ဖတ်လာသည်ကား မည်သူမျှ မငြင်းနိုင်။ ရှေးရှေး ဆရာတော်ကြီးများ သမုတ်အပ်သော သိမ်များလည်း ပရိဟိန ဒုရုတ္တ အတွက် မအောင်လျှင် ထိုသိမ်၌ ရဟန်းခံသော ရဟန်းများလည်း သီမဝိပတ္တိဖြစ်၍ ရဟန်းမဖြစ်ရာ။ ထိုရဟန်းတို့ သမုတ်အပ်သော သိမ်ဟူသမျှလည်းမအောင်ရာ။ ဤသို့စသည် လဒ္ဓဒေါသ များစွာရှိ ကြောင်းကို နားလည်အောင် ပြောကြားအပ်၏။ 


     သမ္မနိတော သမ္မနိတာ စသောပုဒ်တို့၌ မ္မ,ဒွေးဘော်နောင် ဒန္တဇ န္န,ဒွေးတော်နှင့် မရှိသင့်။ သာသနာတော်ကျမ်း လောကီသက္ကတကျမ်းတို့၌ မ္မ,ဒွေးဘော်နောင် ဒန္တဇ"န္န"ဒွေးဘော်နှင့် ရှိသင့်ကြောင်း မဆိုသောကြောင့်တည်းဟု ဆိုကြ၏။ ထိုပုဒ်မှာ မှန်၏၊ သမ္မဋိစ္ဆန္နံ၊ စီဝရစေတာပန္နံ- စသောပုဒ်၌ကား ပဒဓါတ် နောက် န္န,ဒွေးဘော်ရှိသည်ကို ထောက်၍လည်းကောင်း၊ ဓာတွန် န,အက္ခရာကို မချေပဲ န, အက္ခရာ တစ်လုံး ဒွေးတော်ဆောင်၍ နကာရာဂမံ ကတွာ စီဝရစေတာပန္နန္တိ၊ ဝုတ္တံ စီဝရစေတာ ပနန္တိပိ ပဌန္တိ။ (သာရတ္ထဒီပနီစသည်) သမ္မနေယျာမာတိသမနုဇာနေယျာမ (ဝိသုဒ္ဓိမဂ်မဟာဋီကာ။)ကို ထောက်၍ လည်းကောင်း၊ ပေစာ ဝတ်လဲကမ္မဝါစာတို့၌ မျက်မြင်တွေ့ရ၍လည်းကောင်း မ္မ,သံယုဂ်န,သံယုဂ်တို့ကိုမဖျက်ပဲ သမ္မန္နိတော သမ္မန္နိတာ ရှိသင့်ကြောင်း ငါတို့ကျေးဇူးရှင် စလင်းဆရာတော်ဘုရားကြီး၊ မဟာဝိသုဒ္ဓါရာမဆရာတော်ဘုရားကြီး အစရှိသော ဆရာတော်များ မိန့်ကြ၏။ 

     သမ္မတောပဒဋီကာ ပြီး၏။


၆၀။ သမုဟနေယျပဒ ဝိစာရဏခန်း

     သမုဟနေယျ-ဟူသောပုဒ်၌ သံရှေး ဥ,ရှေးရှိသော ဟန ဓာတ် ဧယျဝိဘတ်၊ အ,ပစ္စည်း။ ဟန ဟိံ သာဂတီသု။ ဟန ဟိံသာယံ (ဓာတုမာလာ)။ ဟနော ဘူ ဟိံ သာ ဂတျံ၊ ဥဂ္ဃါတေ သံ တု သံယတေ (ဓာတွတ္ထသင်္ဂဟ)၊ ဘူဝါဒိဟနဓာတ်သည် သတ်ပုတ်ညှင်းဆဲခြင်း သွားခြင်း အနက်ဟော။ ဥ, ရှေးရှိသော ဟန ဓာတ်ဖြစ်မူ နုတ်ပယ် ဖျက်ဆီးခြင်း အနက်ဟော။ သံ ရှေးရှိသော ဟနဓာတ် ဖြစ်မူ ပေါင်းစုခြင်းအနက်ဟော။ သံ ကား သမ္မာ အနက်ဟော။ ဥ,ကား ဝိယောဂ ဟု ဆိုအပ်သော အဘာဝ အနက်ဟောတည်း။ ဟန ဓာတ်လည်း ဟိံ သာ အနက်ဟောတည်း။ ထိုကြောင့် သမုဟနေယျ၊ ကောင်းစွာ အဝိပ္ပဝါသသိမ်ကို ကင်းစေခြင်းဟုဆိုအပ်သော မရှိစေခြင်းဖြင့် ဖျက်ဆီးရာ၏ဟု အနက်ပေး။ ဟန ဓာတ်ဖြင့်ပြီးသည်ကိုကား ဥဟစ္စ မနေဇာတိ ဧတေ တဏှာဧဇာယ အဘာဝေန အနေဇာ ဘိက္ခူ၊ ဣန္ဒခီလံ ဥဟစ္စ သမူဟနိတွာ ဟူသော သုတ်မဟာဝါ အဋ္ဌကထာ၊ မဟာသမယသုတ် (၂၇၄) အဖွင့်ကို ထောက်၍ သိအပ်၏။ ဤ၌ ဥဟစ္စပုဒ်မှာ ဥရှေးရှိသော ဟန ဓါတ်၊ တွာ ပစ္စည်းဖြင့် ပြီးသည်။ ဥ ကို ဦဒီဃပြု၍ သံဝဏ္ဏနာမှာ သမူဟနိတွာရှိသည် ။


     သဒ္ဒနီတိ တဒ္ဓိတ်ကုန်ခါနီး၌ မေဇ္ဈေဝီပရိတော၊ သမုဟတော ဣစ္စာ ဒိ ဟု ထုတ်၏ ။ ဤများကို ထောက်သော် သမူဟနေယျ၊ သမုဟနတိ သမုဟတော-ဟု အဝိပ္ပဝါသသိမ်နုတ် ကမ္မဝါစာ၌ ရဿနှင့် ရှိသင့်၏။ သမာနသံဝါသက သိမ်နုတ် ကမ္မဝါစာ၌လည်း သမုဟနေယျ သမုဟနတိ၊ သမူဟတာ-ဟု မုဝယ် ရဿနှင့် ရှိသင့်ရာ၏။ သို့သော်လည်း ယခုအခါ ပေစာ စာအုပ် ဟူသမျှတို့၌ သမူဟနေယျ - စသည်ဖြင့် မ,၌ ဦဒီဃနှင့်ချည်း တွေ့မြင်ရသောကြောင့် လည်းကောင်း၊ ကံပျက် အင်္ဂါတွင် မပါဝင်သောကြောင့်လည်းကောင်း၊ မျာယံ - ဟူသော ပုဒ်၌ ဧကို ယပြုသော် ကျေသောအရာ၌ တည်သောကြောင့် အယံ -၌ အ ကို အာဒီဃပြုရသကဲ့သို့ သံ၌ နိဂ္ဂဟိတ်ကို "မ"ပြုသော် နိဂ္ဂဟိတ် ကျေရာ၌ တည်ရကား နောက် ဥ ကို ဦ ဒီဃပြုသော် သမူဟနေယျ စသော ဒီဃနှင့်ရှိသောပုဒ်လည်း သင့်ရာသောကြောင့်လည်းကောင်း ဒီဃနှင့် သမူဟနေယျ စသည် မရှိသင့်၊ ဥ ရဿနှင့် သမုဟနေယျ စသောပုဒ်သာ ရှိသင့်သတည်းဟု မဆိုနိုင်ချေ။ ။ 


ယင်း သမုဟနေယျ ဟူသောပုဒ်၌-

     ကွစိ သညောဂပုဗ္ဗာ ဧကာရောကာရာ ရဿာဝ ဝုစ္စန္တေ။(ရူပသိဒ္ဓိ၊ ဗာလာဝတာရ။) 


     ကွစိ သညောဂပုဗ္ဗာ ဧကာရောကာရာ ရဿာဝ ဝတ္တဗ္ဗာ ဧတ္ထ သေယျော သြဋ္ဌော သောတ္ထိ ကွစိတံ ကိံ မဉ္စေ တွံ နိက္ခနံ ဝနေ ပုတ္တော တျာဟံ မဟာရာဇ။ (သဒ္ဒနီတိ သုက္ကမာလာ၊ ဂ။) 


     တတ္ထ ဧတ ဩတ ဣတိ ဒွေ ဧကပဒသံယောဂေ ပရေ ကွစိ လဗ္ဘန္တိ။ ဧဋ္ဌိ၊ သေဋ္ဌော၊ သြဋ္ဌော၊ သောတ္ထိ။


     ဧကပဒသံယောဂေတိ ကိံ? ပဒန္တရသံယောဂေ ပရေ ရဿာ မာ ဟောန္တူတိ။ မံ စေ တွံ နိခဏံ ဝနေ, ပုတ္တော တျာဟံ မဟာရာဇ။


     ကွစီတိ ကိံ? ဧကပဒသံယောဂေပိ ဝဂ္ဂန္တေသု ဝါ ယ, ရ, လ, ဝေသု ဝါ ပရေသု ရဿာ မာ ဟောန္တူတိ။ ဧန္တိ, သေန္တိ, ဧယျ, ဘာသေယျ, မေဏ္ဍော, သောဏ္ဍော။  (နိရုတ္တိဒီပနီ၊ ၃။) 


     ဧတေသု ဧတ် ဩတ် သံယောဂတော ပုဗ္ဗာဝ ဒိဿန္တိ၊ တေန၊ ကွတ္ထော ရဿော ဝေစ္စာဒိ။  (ဝုတ္တိမောဂ္ဂလာန်။) 


     ပုဗ္ဗောရဿော အအာဒိသွာဒီဘူတေသု ဒသသု ယေ ယေ ဒွေ ဒွေသဝဏ္ဏ တေသု ယော ယော ပုဗ္ဗော သော သော ရဿသညော ဟောတိ၊ ယထာ အ ဣ ဥ ဧတ်၊ ဩတ်။  (မူလမောဂ္ဂလာန် ) 


     ဤသို့စသော သာဓက အရပ်ရပ်ကို ခိုင်ခိုင်မြဲမြဲ ထောက်ထား၍ မောဂ္ဂလာန်၌ ဧတ် ရဿ ဧဒီဃတစ်စုံ၊ ဩတ်ရဿ၊ ဩဒီဃတစ်စုံ၊ ဤသို့လာသည်။ ဤသို့လာရာ၌ သံယုဂ်မှ ရှေးဖြစ်ကုန်သော ဧဒီဃ ဩဒီသ တို့ကို ရဿကဲ့သို့ ရွတ်ဆိုအပ်ကုန်၏ဟု ဆိုသည်ကား- 


     (က) သက္ကတကျမ်း၌ ရှိ,သရကဲ့သို့ အောက်မြစ်သံနှင့် ရွတ်ရမည် ဟု စာတတ်အကျော် ဆရာတော် ဦးဗုဓ်မိန့်တော်မူ၏။ ထိုကို သာဓကပြု၍ သမုဟနေ့၊ သော ဘာသေ့ယျ၊ ဥပါသမ္မာဒေ့ယျ -စသည်ဖြင့် မြန်မာနိုင်ငံ သုဓမ္မာဂိုဏ်းဝင် ရွှေကျင်ဂိုဏ်းဝင် ကျမ်းဂန်တတ် ဧတဒဂ်ရ ကမ္ဘာကျော် ဘွဲ့တံဆိပ်တော်ရ ဆရာတော်များပင် ဖတ်ရိုးပြုတော် မူကြ၏။


     (ခ) မောဂ္ဂလာန်ကျမ်း၌၊ သေဋ္ဌိ၊ သောတ္ထိ -အစရှိသော ပုဒ်များ ကဲ့သို့ ဧတ်ရဿ ဩတ်၏ရဿတို့သာရှိသည်။ အေ့ ဟု ဖတ်ရသော၊ ဧ့ ရဿ။ အော့ဟု ဖတ်ရသော၊ သြ့ရဿ မရှိ။ ထို့ကြောင့်သမုဟနေတ်ယ၊ သောဘာသေတ်ယ၊ ဥပသမ္ပာဒေတ်ယ-စသည်၌ ယသံယုဂ် ရှေ့ကျသော သေကို သေတ်ဟု ဖတ်ရမည်ဟု မိန့်တော်မူ၏။


     (ဂ) ရဿကဲ့သို့ သံယုဂ်ရှေ့ ဧဒီဃ ဩဒီဃတို့ကို ရွတ်ဖတ်ဧ,နောက်မှက,သံယုဂ်၊တ,သံယုဂ်၊ပ,သံယုဂ်၊သ,သံယုဂ် ရှိလျှင် စ,သတ်ကဲ့သို့ ဧတ် - သံ။ ဩနောက်မှ ရှိလျှင် ဝဆွဲတ,သတ်ကဲ့သို့ ဩတ်သံဖြစ်၍၊ ဧက္က၊ သေဋ္ဌိ၊ သောတ္ထိ အစရှိသည်-စ,သတ်သံကဲ့သို့ ထွက်ရကား -ယထာ ပါဠိယာ နိရုတ္တိံ သောဒေတွာ၊ ဒသဝိဓာယ ဗျဉ္စနနိရုတ္တိယာ ဝုတ္တဒေါသေ ပရိဟရန္တေန ကမ္မဝါစာ ကာတဗ္ဗာ၊ ဣတရထာ ဟိ သာဝနံ ဟာပေတိ နာမ။ (ကမ္မဝဂ်ဖွင့်၊ ပရိဝါ အဋ္ဌကထာ။) အနုက္ကမာဂတံ ပဝေဏိံအဝိနာသေန္တေန ကမ္မဝါစာ ကာတဗ္ဗာ။ (၎င်းအဋ္ဌကထာ )တို့နှင့်အညီ ရှေးရှေး အရိယာ သူတော်ကောင်းတို့ ဖတ်ရိုး ဖတ်စဉ် ပဝေဏီကို မပျက်စီးစေပဲ ကမ္မဝါစာကို ဖတ်ရမည်လာသောကြောင့် သမုဟနေစ်ယ၊ သောဘာသစ်ယ၊ ဥပသမ္ပာဒေစ်ယျ-အစရှိသည်ဖြင့် စသတ်သံ ဆရာတော်တို့ ဖတ်ရွတ်ကြသတည်း။ 


     (ဃ) ယ,သတ်၌ ဒိယျတိ၊ သုယျတိ၊ မိယျဘိ၊ ဘိယျော ၊ဥယျုတ္တံစသည်၌ န,သတ်သံ ဖတ်ရိုးရှိသကဲ့သို့လည်းကောင်း၊ လ,သတ်၌ ပတ္တကလ္လံ မလ္လော၊ မလ္လဿ စသည်၌ န,သတ်သံဖတ်ရသကဲ့သို့လည်းကောင်း၊ ဏ,သတ် ၌ မေဏ္ဍက န,သတ်၌ ပူရေန္တံ၊ ဒေန္တံ၊ အာနေဉ္ဇ၊ ပူရေန္တိ၊ ကရောန္တိ၊ ကရောန္တံ၊ ဝိနာသမေန္တု-စသည်၌ ကဏ္ဌဇ၊ ပဉ္စမ င,သတ်သံ ဖတ်ရိုးရှိသကဲ့သို့လည်းကောင်း၊ သမုဟနင်ယ၊ သောဘာသင်ယ၊ ဥပသမ္ပာဒင်ယျ -စသည်ဖြင့် ကဏ္ဌဇ ပဉ္စမက္ခရာ င,သတ် အင်ကာရန်နှင့်လည်း ဖတ်တော်မူကြသတည်း။ 


     (င) မင်္ဂလာအနက်ဟော သေယျ သဒ္ဒါကို "ရပ်သင်ကလည်၊ မြေကြီးသေည်၌"- ဟူသောလင်္ကာ ၊ဇေယျသူရသဒ္ဒါကို စည်သူဟူသော ရှေးဝေါဟာရ၊ အာဇာနေယျ သဒ္ဒါကို အာဇာနည်ဟူသော ရှေးဝေါဟာရ စသည်တို့၌ "ယ" သံယုဂ်သံကို ညကြီးသတ် အည်ကာရန်ဖြင့် ဖတ်ရိုးဖတ်ထုံးရှိသကဲ့သို့ သမုဟနည်ယ၊ သောဘာသည်ယ၊ ဥပသမ္မာဒည်ယ၊ စသည်ဖြင့် အည်ကာရန်နှင့်လည်း ဖတ်တော်မူကြသတည်း။ 


     (စ) သံယုဂ်၏ ရှေးဖြစ်ကုန်သော ဧအက္ခရာ ဩအက္ခရာတို့ကို ရဿကဲ့သို့ ရွတ်ဆိုအပ်၏ဟုဆိုရာ၌ "အ'သည် အာ၏ ဝုဒ္ဓိ ဒီဃ ဤ "ဧ"သည် ဣ,၏ ဝုဒ္ဓိ ဒီဃ၊ ဥ,ဩ,သည် ဥ,၏ ဝုဒ္ဓိဒီဃ-ဟု သဒ္ဒါ ဗျာကရုဏ်းကျမ်းတို့၌ လာရကား ဧ,၏ရဿ။ ဣ,ဩ,၏ရဿ ဥ,ဖြစ်၍ သမုဟနိန်ယျ၊ သောဘာသိန်ယျ၊ ဥပသမ္ပာဒိန်ယျ-စသည်ဖြင့် န,သတ်သံကဲ့သို့ ရွတ်ဖတ်ရမည်ဟု မိန့်ဆိုကြကုန်၏။ 


     (ဆ) အယျာယော၊ ကယျတိ၊ ဒယှတိ စသော ပြယုဂ်၌ ယသတ် သံထွက်သကဲ့သို့ သမုဟနယ်ယ ၊ သောဘာသယ်ယ၊ ဥပသမ္ပာဒယ်ယျ ဟု ဧ,ကို သံယုဂ်အတွက် ဖျောက်၍လည်း ရွတ်ဖတ်တော်မူကြ၏။ 


     (ဇ) အနုက္ကမာဂတံ ပဝေဏိံ အဝိနာသေန္တေန-အရ ရှေးရှေး ဆရာတော်ဘုရားကြီးတို့ ဖတ်ရိုးဖတ်စဉ် ပေါရာဏပဝေဏီအာဂတ ဥစ္စာရဏနည်းကို မပျက်စေရ၊ ကမ္မဝါစာဖတ်ရမည်ဟု ပရိဝါ ကမ္မဝဂ် အဋ္ဌကထာ လာသောကြောင့် သမုဟနေယျ-စသောပြယုဂ်၌ ဗျဉ္ဇနမိဿက ဧ,သရကို ဧ,ဒီဃအတိုင်းထား၍ သံယုဂ် ယ,တစ်လုံးကို ချေ၍ သမုဟနေယ၊ သောဘာသေယ၊ ဥပသမ္ပာဒေယ -စသည်ဖြင့်လည်း ရှေး ဆရာတော်ကြီးတို့ ဖတ်တော်မူကြသတည်း။ ဤသို့အားဖြင့်-


        (၁) အောက်မြစ်နှင့် သမုဟနေ့ယျဟူ၍လည်းကောင်း၊

        (၂) တ,သတ်သံနှင့် သမုဟနေတ်ယ ဟူ၍လည်းကောင်း၊

        (၃) စ,သတ်သံနှင့် သမုဟနစ်ယ ဟူ၍လည်းကောင်း၊ 

        (၄) င,သဘ်သံနှင့် သမုဟနင်ယ ဟူ၍လည်းကောင်း၊ 

        (၅) ည,ကြီးသတ်သံနှင့် သမုဟနည်ယျ ဟူ၍လည်းကောင်း၊ 

        (၆) ဝိပရိတ် ဣရဿဟူ၍ နသတ်သံနှင့် သမုဟနိန်ယ ဟူ၍လည်းကောင်း၊ 

        (၇) ယသတ်သံနှင့် သမုဟနယ်ယ ဟူ၍လည်းကောင်း၊ 

        (ဂ) သံယုဂ် ယတလုံးဖျောက်၍ သမုဟနေယ ဟူ၍လည်းကောင်း ဖတ်တော်မူရိုး ( ဂ )မျိုးပြားသတည်း။ 


     ထိုတွင် ပထမဝါဒကို ဆရာတော်ဦးဗုမ်၊ စံကျောင်းဆရာတော်၊ စလင်းဆရာတော်၊ မိုင်းခိုင်းဆရာတော်၊ ရွှေကျင်ဆရာတော်၊ လယ်တီဆရာတော် စသောရှေးရှေးဆရာတော်ကြီးတို့ ဖတ်ရိုးပြုတော်မူကြကြောင်း၊ ထိုဝါဒ၌ အထောက်အထားမရချေ ဟု အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ၄-မြို့ဂိုဏ်းချုပ် ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီး မိန့်တော်မူ၏။ 


     ထို မန်လည်ဆရာတော် ဘုရားကြီးကား တ,သတ်သံနှင့် သမုဟနေတ်ယ ဟူ၍လည်းကောင်း၊ ည,ကြီးသတ်သံနှင့် သမုဟနည်ယ ဟူ၍လည်းကောင်း၊ "စ"သတ်သံနှင့် သမုဟနစ်ယ ဟူ၍လည်းကောင်း၊ ဖတ်ရွတ်တော်မူသည်ကို နှစ်သက်တော်မူ၏။ ထိုတွင်လည်း ဒုတိယဝါဒကို သာ၍ပင်နှစ်သက်တော်မူ၏။


     စံကျောင်းဆရာတော် စသောဆရာတော်တို့ကား ပထမဝါဒ ဒုတိယဝါဒ တတိယဝါဒ အဋ္ဌမဝါဒတို့ကို ရဟန်းခံကိစ္စများ၌ မိမိတပည့် သားမြေး ရဟန်းလောင်းကိစ္စတွင် ကြွင်းသောဝါဒများကို သိမ်နုတ် သိမ်သမုတ်ကိစ္စများ၌ သုံးရိုးပြုတော်မူ၏။ 


     မဟာဝိသုဒ္ဓါရာမ ဆရာတော်၊ ဝဇီရာရာမဆရာတော်၊ စကုဆရာတော်၊ မှန်ကင်းဆရာတော်တို့ကား ပထမဝါဒ ဒုတိယဝါဒ တတိယဝါဒ အဋ္ဌမဝါဒတို့ကိုပင် များစွာနှစ်သက်တော်မူ၏။ 


     မိုးနံကုန်း ဆရာတော်ကား ပထမဝါဒ ပဉ္စမဝါဒ အဋ္ဌမဝါဒတို့ကို နှစ်သက်တော်မူ၏။ တတိယဝါဒကိုကား နှစ်သက်တော်မမူ။ သမုဟနေးယျ ဟူသော ဝိသဇ္ဇနီသံကိုလည်း ခွင့်ပြု၏။ 


     ဘုရားကြီး ဆရာတော်ကား စတုတ္ထဝါဒ အဋ္ဌမဝါဒကို နှစ်သက်တော်မူ၏။


     လယ်တီဆရာတော် ဘုရားကြီးကား ပထမဝါဒနှင့် ဒုတိယဝါဒ တို့ကို နှစ်သက်တော်မူ၏။ အဋ္ဌမဝါဒနှင့် ဝိသဇ္ဇနီသံ ဝါဒကိုကား။ ပယ်တော်မူ၏။ 


     ဤသို့စသည်ဖြင့် ဝါဒအမျိုးမျိုး ကွဲပြား၏။ သို့သော်လည်း ရှေးရိုးအစဉ်အလာအတိုင်း ပေါရာဏ ပဝေဏီ ရွတ်ဖတ်ရိုးထုံးစံကြီးတွေ သာဓကအသီးသီး ရှိပေသဖြင့် အဋ္ဌကထာ ဋီကာလာပုံနှင့် မဆန့်ကျင်ရကား ဘယ်ဝါဒမသင့်ဟု ဆိုခြင်းငှာ မတတ်ကောင်းပေ။ 


     သာသနာ အဓွန့်ရှည်ကြာစွာ လာခဲ့သည်ဖြစ်၍လည်း မည်သည့်ဝါဒသာ သင့်သည်ဟု ဆုံးဖြတ်ချက်မချနိုင်ချေ။ ထို့ကြောင့် မိမိတို့ အာစရိယပရမ္ပရအားဖြင့် ဆင်းသက်၍ လာခဲ့တိုင်း သိမ်သမုတ်ပွဲ ရဟန်းခံပွဲတို့မှာ သာသနာတော်ကြီးကို ဝိုင်း၍ ကူညီကြရန် မည်သည့် ဝါဒသာ ကောင်း၍ မည်သည့်ဝါဒ မသင့်ဟု မဆိုကြရန်၊ ရှေး ဆရာတော်ကြီးများ အမိန့်တော်ရှိသည်ကို အထပ်ထပ်ကြားခဲ့ရသတည်း။ 


     အချို့ကား တစ်သံတည်းကျအောင် ဖတ်ကြရလျှင် မကောင်းလား ဟု ငါတို့ကိုမေးမြန်းရာ မည်သည့်ဝါဒသာ ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရနှင့် ညီညွတ်သည်၊ ရှေးရှေးပေါရာဏ ပဝေဏီ ဖတ်ရိုးအစဉ် ကျပါသည်ဟု ဝန်ခံနိုင်ပါမူ ကောင်းပါ၏ဟု ပြန်လျှောက်သဖြင့် ဝန်မခံဝံ့သောကြောင့် ရှေးကဆရာတော်ကြီးများထံက ဟတ္ထမုဋ္ဌိနယအတိုင်း ဖတ်ရွတ်ခဲ့ကြရဖူးသတည်း။ 


     ဤသမုဟနေယျစသော ဧယျဝိဘတ်အဆုံးရှိသော ဉတ်ကမ္မဝါစာတို့၌ စံကျောင်းဆရာတော်၊ စလင်းဆရာတော်၊ မိုင်းခိုင်းဆရာတော်၊ ရွှေရေးဆောင်ဆရာတော် စသော ဆရာတော်ကြီးတို့ (ဂ) ချက် ပြင်၍ ပြင်၍ ဖတ်ရိုးရှိသည်အတိုင်း လဇ္ဇီပေသလ သိက္ခာကာမ အာစရိယဟတ္ထမုဋ္ဌိ နယဂ္ဂါဟကပုဂ္ဂိုလ်တို့ နည်းယူ၍ ဖတ်ကြရာသတည်း။

     သမုဟနေယျပဒဋီကာ သမတ္တာ။ 


၆၁။ ဧသာ ဉတ္တိ ဝိစာရဏခန်း

     ဧသာ ဉတ္တိ ဟူသော ပုဒ်၌ ဧသာ ဉတ္တီတိ သံဃော ဉာပေတဗ္ဗောတိ ဝုတ္တဉာပနာ ဧသာ-ဟု ဝိမတိဝိနောဒနီ (ဒု၊ ၁၃၇။) ဝိနယာလင်္ကာရ(ပ၊ ၂၈၈။)တို့၌ ကာရိတန္တောဂတဉာဓာတ် တိပစ္စည်းဖြင့် ဗုဇ္ဈနတ္ထဖွင့်သောကြောင့် ဉာတ္တိ၌ ဉာမှာ အာဒီဃနှင့် ရှိသင့်သတည်း။

     သော ဉတ္တိ ဋီကာ ပြီး၏။



၆၂။ သမူဟနတိ ဝိစာရဏခန်း

     သမူဟနတိ -စသော ပုဒ်တို့မှာ သီဟိုဠ်မူ၌ သံဃောတိ တိစီဝရေန အဝိပ္ပဝါသံ သမူဟန္တိ-ဟု မု,မှာ ဦ,ဒီဃနှင့် န,အက္ခရာကို တိ,အက္ခရာနှင့် ယှဥ်စပ်လျှက်ရှိ၏။ သံ,ရှေးရှိသော ဦဟ,ဓာတ်ဖြင့် ပြီးသောရုပ်၏ တိဝိဘတ်ဖြင့် မပြီးသည်တစ်ကြောင်း၊ သမုဟတော သမုဟတာဟူသော ဣ အာဂုံ ကင်းသော ပါဌ်တစ်ပါးတို့နှင့် တိုက်မဆိုင်သည် တစ်ကြောင်း၊ သဒ္ဒယုတ္တိ မရှိသည်တစ်ကြောင်း၊ ကြံစည်ခြင်း ရုံးစုခြင်းဟု ဆိုအပ်သော ဦဟဓာတ်နက်အရာမဟုတ်ရကား အတ္ထယုတ္တိ မရှိသည် တစ်ကြောင်းများကြောင့် သံရှေးရှိသော ဦဟဓာတ်မဖြစ်သင့်။ ဦ,ဒီဃဖြစ်နေသည်တစ်ကြောင်း။ သမုပစိတံ စသည်ကဲ့သို့ ဥ,ရဿဖြင့်ပြီးသည် တစ်ကြောင်းများကြောင့် သံရှေး,ဥရှေးရှိသော ဟနဓာတ်ဖြင့်လည်း မပြီးရကား ဤသို့ သမူဟန္တိ-ဟုရှိခြင်းသည် မကောင်း။ သံ,ရှေး ဥ,ရှေးရှိသော ဟနဓာတ် ဟိံသတ္ထဖြစ်၍ သမုဟနတိ -ဟု ဓာတွန်မကျေပဲ ဥရဿနှင့်ရှိခြင်းသာ ကောင်းသတည်း။ ရှေ့သမုဟနေယျပုဒ်၏ ဝိနိစ္ဆယမှာ ရှုရာ၏။

     သမူဟနတိဋီကာ ပြီး၏ ။ 



၆၃။ ခမတိပုဒ် ကတ္တူရုပ် ကမ္မရုပ် သင့်,မသင့် သာဓကခိုင်မြဲစွာပြခန်း

     ယဿာယသ္မတော ခမတိဟူသော ပုဒ်၌ ယထာဘူတ ကျန မှန်ကန်စွာ သိရန်ကား ယဿ အာယသ္မတော၊ အား၊ တိစီဝရေန၊ နှင့် ဧတဿ အဓိပ္ပဝါသဿ၊ ကို။ သမုဂ္ဃါတော၊ ဖျက်ဆီးနုတ်ပယ်ခြင်းသည်။ ခမတိ၊ နှစ်သက်၏-ပေး။


     ရုစ ရောစနေ၊ ရောစနံ ရုစိ။ ဘတ္တံ မေ ရုစ္စတိ ဘတ္တမ္ပိ တဿ န ရုစ္စတိ။ ပဗ္ဗဇ္ဇာ မမ ရုစ္စတိ။(သဒ္ဒနီတိဓာတုမာလာ၊ ဒိဝါဒိဂဏိကဓာတ်၊ ၂၂၂)


     ခမူ သဟနေ။ ခမတိ၊ ခန္တိ၊ ခမော၊ ခမနံ။ 

(သဒ္ဒနီတိဓာတုမာလာ၊ မကာရန္တဓာတ်၊ ၁၃၃။) 


     ယဿ ဝါ ဒါတုကာမော, ယဿ ဝါ ရုစ္စတိ, ယဿ ဝါ ခမတိ, ယဿ ဝါ ဓာရယတေ၊ တံ ကာရကံ သမ္ပဒါနသညံ ဟောတိ၊(ပ)တဿ ပုရိသဿ ဘတ္တံ ရုစ္စတိ၊ ဂမနံ မယှံ ရုစ္စတိ။ မာ အာယသ္မန္တာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ။ (သဒ္ဒနီတိကာရက၊ သုတ္တမာလာ၊ ၁၂၀။) 


     ခမတီတိ ရုစ္စတိ

(ကာရက ရူပသိဒ္ဓိဋီကာ၊ မဟာဝါ ဝိမတိဋီကာ၊ ဝိနယာလင်္ကာရ ဋီကာ။) 


     ရောစနာဒီသု ပန သမဏဿ ရောစတေ သစ္စံ မာယသ္မန္တာနမ္ပိသံဃဘေဒေါ ရုစ္စိတ္ထ ယဿာယသ္မတော 

ခမတိ။ (ကာရက ရူပသိဒ္ဓိ။) 


     ရောစတေ ရုစ္စတိ။ ခမတိတိ ရုစ္စတိ။  (ကာရက၊ ရူပသိဒ္ဓိဋီကာ။) 


     တာဒျတ္တျေ။ ကဿ သာဒုံ န ရုစ္စတိ မာယသ္မန္တာနမ္ပိ သံ ဘေဒေါ ရုစ္စတ္ထ၊ ခမတိ သံဃဿ ဘတ္တမဿ နစ္ဆာဒေသီတိ ဆဋ္ဌီသမ္မန္ဓဝစနိစ္ဆာယံ၊ န စေဝံ ဝိရောဓော သိယာ သဒိသရူပတ္တာ ဧဝံဝိဒေသု စ သမ္မန္ဓဿ သဒ္ဓိကာနုမတတ္တာ၊ ကဿ ဝါ တွံ ဓမ္မံ ရောစေသီတိ အတ္ထမတ္တေ ပထမာ။  (မောဂ္ဂလာန်၊ သျာဒိကဏ္ဍ ၂၅-သုတ် ။) 


     သမ္ပဒါနေ စတုတ္ထီ။ ပ ။ သမဏဿ ရောစတေ သစ္စံ။ (ဗာလာဝတာရ )


     သမဏဿ ရောစတေ သစ္စန္တိ ပိတိကရဏတ္ထေ ဣဟ ရောစနေသစ္စံ ကတ္တုတ္တမုပဂစ္ဆတိ၊ သော အညကတ္တာတိပိ ဝုစ္စတိ၊ အည ကတ္တုကောဘိလာသော ရုစီတိ။ ဧဝံ ယဿာ ယသ္မတော ခမတိ ဣစ္စာဒီသု။ မာယသန္တာနမ္ပိ သံဃဘေဒေါ ရုစိတ္ထ၊ န မေ ရုစ္စတိ၊ ဣစ္ဆာဒီသု သံဃဘေဒသဒ္ဒါဒယော အညကတ္တုတ္တံ ဥပေန္တိ။တထာ စ ရောစနာဒိကြိယံ အာယသ္မန္တာဒီသု ဝတ္တတိ။ (ပ) ရညော သီလာဃတေ ရညော ဥပတိဋ္ဌတေ ဣစ္စာဒီသု စ ဆဋ္ဌီတိ မောဂ္ဂလာနာ စရိယဿ မတိဓာရဏာဒီသု နိမိတ္တံ သမ္ပဒါနန္တိ ဗဟူဟိ အာစရိယေဟိ ဣစ္ဆိတံ။ 

(ကာရက ဗာလာဝတာရဋီကာ)



     ကြိယာသမ္ပဋိစ္ဆကံ နာနာကြိယာဝသေန ဗဟုဝိဓံ။

တတ္ထ ရောစနကြိယာယောဂေ –

     တဉ္စ အမှာကံ ရုစ္စတိ စေဝ ခမတိ စ ပဗ္ဗဇ္ဇာ မမ ရုစ္စတိ ကဿ သာဒုံ န ရုစ္စတိ, န မေ ရုစ္စတိ ဘဒ္ဒန္တေ, ဥလူကဿာဘိသေစနံ။ ဂမနံ မယှံ ရုစ္စတိ, မာယသ္မန္တာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ  ယဿာယသ္မတော န ခမတိ, ခမတိ သံဃဿ ဘတ္တံ မယှံ ဆာဒေတိ, ဘတ္တမဿ နစ္ဆာဒေတိ တေသံ ဘိက္ခူနံ လူခါနိ ဘောဇနာနိ နစ္ဆာဒေန္တိ။ တတ္ထ ‘ဆာဒေတီ’တိ ဣစ္ဆံ ဥပ္ပာဒေတီတိ အတ္ထော။

(ကာရကနိရုတ္တိဒီပနီ၊ ၁၈၄ ။) 


     ခမု ခန္တိယံ၊ ခမတိ၊ ခမော၊ ခန္တိ။ 

(ဓာတွတ္ထသင်္ဂဟ၊ ဘူဝါဒိဂဏိကဓာတ်။) 


     နစ္စာဒေယျာတိ န ရုစ္ဆေယျ။ (သီလက္ခန် အဋ္ဌကထာ၊ ၁၉၀။ )


      ‘‘ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသံဃဿ ဒါနံ ဒေတိ။ တဿ ပုရိသဿ ဘတ္တံ န ရုစ္စတိ။ သမဏဿ ရောစတေ သစ္စံ, ဗုဒ္ဓဿ ဆတ္တံ ဓာရေတိ, ဗုဒ္ဓဿ သိလာဃတေ’’တိအာဒိနာ အာယာဒေသဝိဝဇ္ဇိတော သဒ္ဒရစနာဝိသေသော ဒိဿတိ။ ဧဝံ ဒါနရောစနာဒီသု ဗဟူသု သမ္ပဒါနဝိသယေသု စတုတ္ထေကဝစနဿ အာယာဒေသသဟိတံ ရူပံ န ဒိဿတိ။ (သဒ္ဒနီတိပဒမာလာ၊ ၁၇၆။) 


     ဥဘယံ မေ န ခမတိ ။ ဥဘယံ မေ န ရုစ္စတိ။

(ဒုကနိပါတ် ဂဟပတိဇာတ်၊ ဇာ၊ ၁၊၅၂။ )


     န မေ ရုစ္စတိ ဘဒ္ဒံ ဝေါ၊ ဥလူကဿာဘိသေစနံ။ 

( တိကနိပါတ် ဥလူကဇာတ်၊ ဇာ၊ ၁၊ ၇၉။)


     န မေ ရုစ္စိ မိဂါလောပ၊ ယဿ တေ တာဒိသီ ဂတိ။ 

(ဆက္ကနိပါတ် မိဂလောပဇာတ်၊ ဇာ၊ ၁၊ ၁၄၁) 


     ယင်းသို့ ထုတ်ပြအပ်ပြီးသော ပါဠိ အဋ္ဌကထာ ဋီကာ ဂန္တန္တရ သာဓကတို့တွင် ယဿ ဒါတုကာမော ရောစတေ ဓာရယတေ ဝါတံ သမ္ပဒါနံ- ဟူသော သုတ်တွင် ကစ္စည်း ရူပသိဒ္ဓိ သဒ္ဒနီတိ ဗာလာဝတာရ နျာသ နိဒ္ဒေသ ကစ္စာယန ဝဏ္ဏနာကျမ်းတို့၌ သမဏဿ ရောစတေ သစ္စံ-စသော ပါဌ်တို့ကို သမ္ပဒါန်အရ ထုတ်ကြသည်။ သဒ္ဒနီတိ သုတ္တမာလာ နိရုတ္တိဒီပနီတို့မှာ ရုစ္စတိပုဒ် ခမတိဝုဒ် ရုဇ္ဈိတ္ထပုဒ်တို့ကို ထုတ်တော်မူသည်။ သဒ္ဒနီတိ ဓာတုမာလာ၌ ဘူဝါဒီဂိုဏ်း ကတ္တုရုပ်အရာမှာ ခမတိပုဒ်ကို ထုတ်ပြသည်၊ ဒိဝါဒီဂိုဏ်း ကတ္တုရုပ်အရာမှာ သဒ္ဒနီတိ ဓာတုမာလာ၌ ဘတ္တံ မေ ရုစ္စတိ ဘတ္တမ္ပိ တဿ န ရုစ္စတိ ပဗ္ဗဇ္ဇာ မမ ရုစ္စတိ-ဟု ထုတ်ပြသည် ။ 


     ကာရက ရူပသိဒ္ဓိ၌လည်း မာယသ္မန္တာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ၊ ယသာယသ္မာတော ခမတိကိုပင် ထုတ်တော်မူသည်။ ရူပသိဒ္ဓိဋီကာမှာလည်း ရောစတေ-ဟူသော သံဝဏ္ဏေတဗ္ဗ ကတ္တုရုပ်ကိုရုစ္စတိ-ဟု ဖွင့်သည်။ ရုစ္စတိ-ဟူသော ပုဒ်သည် ကမ္မရုပ်ဖြစ်က ဧကန္တကတ္ထုရုပ် ဖြစ်သော ရောစတေဟူသော သံဝဏ္ဏေတဗ္ဗကို ကမ္မရုပ်ဖြင့် မဖွင့်သင့်။


     ယင်းသို့ ဖွင့်သဖြင့်လည်း ရုစ္စတိ ဟူသော သံဝဏ္ဏနာ၏ ကတ္တု ရုပ် ဖြစ်ကြောင်း အာစရိယပရမ္ပရအားဖြင့် တကယ့်ပညာရှိ အဆက်မှလာသော ပညာရှိတိုင်း သိနိုင်ကြသည်။ 


     ဘူဝါဒီဂိုဏ်း ကတ္တုရုပ်အရာမှာ သဒ္ဒနီတိဓာတုမာလာ ဆရာတော်ထုတ်အပ်သော ခမတိပုဒ်ကို မဟာဝါ ဝိမတိဋီကာ ကာရက ရူပသိဒ္ဓိဋီကာတို့၌ ခမတီတိ ရုစ္စတိ-ဟုဖွင့်တော်မူကြ၏။ ယင်းဋီကာတို့၌လည်း ရုစ္စတိ ဟူသောပုဒ်သည် ကမ္မရုပ်ဖြစ်အံ့၊ ဧကန္တကတ္တုရုပ်ဖြစ်သော ခမတိဟူသော သံဝဏ္ဏေတဗ္ဗကို ယင်း ရုစ္စတိ-ပုဒ်ဖြင့် မဖွင့်သင့်။ ထို့ကြောင့် ယင်းအဖွင့်ဖြင့်လည်း ရုစ္စတိ-ပုဒ်၏၊ ကတ္တုရုပ်အဖြစ်သည် အလွန်ထင်ရှားခဲ့၏။ ဝုတ္တိမောဂ္ဂလ္လာန်ကျမ်းမှာလည်း သမ္ပဒါန်အရာမှာပင် ၎င်းရုစ္စတိ၊ ရုစ္စိတ္ထ ခမတိ၊ ဆာဒေတိ၊ တို့ကို ထုတ်ပြ၏။ ဆဋ္ဌိ ယူသော်လည်း ရုပ်ချင်းတူသည် တစ်ကြောင်း၊ သဒ္ဒါဆရာကို ခွင့်ပြုသည် တစ်ကြောင်းများကြောင့် ပါဠိ အဋ္ဌကထာစသည့် မဆန့်ကျင်ကြောင်း တစ်ခွန်းထွက်၍ဆို၏။ သမ္ပဒါန်အဖြစ်ကို ပယ်၍မဆို၊ သမ္ပဒါန်ဖြစ်ကလည်း ယင်းပုဒ်တို့၏ ကတ္တုရုပ်အဖြစ်ကို ဆိုလျက်ပင်ရှိခဲ့၏။ ၎င်းကျမ်းဆရာ တစ်ဦးအလို ပါဠိအဋ္ဌကထာစသည် ဆန့်ကျင်မဆန့်ကျင်၊ သဒ္ဒါဆရာတို့ ခွင့်ပြုမပြု၊ ရုပ်တူမတူ၊ ရွှေနောက်ထုတ်ပြအပ်ပြီး ထုတ်ပြအပ်လတ္တံ့ သဒ္ဒါဗျာကရုဏ်း အစောင်စောင်၊ ပါဠိ အဋ္ဌကထာ စသည်သာဓကများကို ထောက်ထား၍ သိနိုင်ကြရာသည်။ 


     ငါတို့ကား သူတပါးတို့နှင့် ဆန့်ကျင်ခြင်းအလိုမရှိ၊ သာသနာတော် ကျေးဇူးများလောက်အောင် အမှန်အကန် ရှေးကပညာရှိကြီးများ သိကြသကဲ့သို့ သိကြရအောင်သာ ကျမ်းဂန်အမျိုးမျိုးလာပုံနှင့်တကွ အာစရိယဝါဒ အမျိုးမျိုးတို့ကို သေသေချာချာ အမှန်သိလိုသူတို့ အကျိုးငှာ ထုတ်ပြ၍ ခိုင်မြဲစွာ ရေးသားသတည်း။ 


     ဤသို့ ဗျာကရုဏ်း အရပ်ရပ် ဟူသည် ဘုရားမပွင့်မီကပင် ဈာန လာဘီ ဇော်ဂျီတွင်ရ အဋ္ဌက ဝါမက စသော ရသေ့ ဆယ်ဦးတို့ ကဿပ မြတ်စွာဘုရား ဟောထားအပ်သော ဒေသနာတော်နှင့် ညီညွတ်စွာ နှီးနှော၍ ပြုစုကြောင်း လာသည်နှင့် ကျမ်းဟောင်းတို့ကို အမှီပြု၍ ရေးသားအပ်သည်ဖြစ်ရကား ဘုရားမပွင့်မီကပင် ယင်း ခမတိ-ပုဒ်၊ ရုစ္စတိ-ပုဒ် စသည်တို့ ကတ္တုရုပ် ဖြစ်ကြောင်း သိနိုင်သည်။ ယင်းများကို မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ရှေ့နောက် လှမ်း၍ကြည့်ရှုခဲ့သော် ၎င်းပုဒ်တို့မှာ ကမ္မရုပ်ဟု ပုဗ္ဗဝေါဟာရ ပုဗ္ဗသင်္ကေတပင်မရှိခဲ့၊ ဝေါဟာရ ဝိသယော သဒ္ဒေါ-ဟူသည်နှင့်အညီ ဝေါဟာရရှိမှလည်း သဒ္ဒါဖြစ်နိုင်မည်။


     သာသနာတော် လွန်စွာထွန်းကားခဲ့သော သီဟိုဠ်ကျွန်းမှာလည်း ဆဋ္ဌီကတ္တား သင့်သေးကြောင်း မောဂ္ဂလာန် တစ်ဦးသာဆိုသည်။ ဆရာတော်ပေါင်းများစ္စာတို့ သမ္မဒါန်သာ အယူရှိကြောင်း ဗာလာဝတာရ ဋီကာဆိုသဖြင့်လည်း သီဟိုဠ်ကျွန်းမှာပင် ရှေးအဆက်ဆက် နောက်အဆက်ဆက်တို့ မောဂ္ဂလာန် စကားကို အလေးမပြုကြ။ ကြွင်းသော,ကစ္စည်း, ရူပသိဒ္ဓိ,သဒ္ဒနီတိ,ဗာလာဝတာရ စသော ဆရာတို့စကားနှင့် ပါဠိအဋ္ဌကထာဋီကာ စကားတို့သာ အလေးပြုကြ ယူကြကြောင်း ထင်ရှားလေသတည်း။ 


     ဤကား သဒ္ဒါ ဗျာကရုဏ်းကျမ်း အရပ်ရပ်တို့၌ ခမတိ-ပုဒ် ရုစ္စတိ ပုဒ်တို့ ကတ္တုရုပ်သာ လာရှိကြောင်း၊ ကမ္မရုပ် မလာမရှိကြောင်း၊ ထို့ကြောင့် သဒ္ဒါကျမ်းဆရာတို့ အလိုအားဖြင့် ခမတိ-ဟူ၍ "မ"သံယုဂ်မဲ့ သာရှိသင့်ကြောင်း၊ "မ"သံယုဂ်နှင့်တကွ ခမ္မတိ -ဟု မရှိသင့်ကြောင်း သေသေချာချာ လက်ညှိုးညွှန်၍ ပြဆိုချက်ပြီး၏ ။



၆၄။ ပါဠိ အဋ္ဌကထာ ဋီကာတို့အလို ခမတိပုဒ် ကတ္တုရုပ် ဖြစ်ကြောင်း

     ယဿာယသ္မတော ခမတိ။ (ဝိနည်းပါဠိတော်အရပ်ရပ်။) ခမတီတိ ရုစ္စတိ။ (မဟာဝါ ဝိမတိဋီကာ၊ ဒု၊ ၁၃၇။) အမှာကံ ပေတံ ခမတိ။ (ဘေဒါနုဝတ္တကသိက္ခာပုဒ်၊ ပါရာဇိကဏ်ပါဠိတော်၊ ၂၆၇။) အမှာကမ္ပေတံ ခမတီတိ ယံ သော ကရောတိ၊ ဧတံ အမှာကမ္ပိ ရုစ္စတိ။ (ပါရာဇိကဏ်အဋ္ဌကထာ၊ ဒု ၁၉၆။ ကင်္ခါအဋ္ဌကထာ။ ၁၄ ၂။) ဤ၌ ခမတိကို ရုစ္စတိ ဖွင့်သည်။


     အပ္ပဋိက္ကောသနာတိ ‘‘န မေတံ ခမတိ, မာ ဧဝံ ကရောထာ’’တိ အပ္ပဋိသေဓနာ။ (ပရိဝါ အဋ္ဌကထာ၊ ၁၉၉။) 


     သစေ ရုစ္စတိ၊ သတ္ထာ သယမေဝ ဝက္ခတီတိ။ (အာနန္ဒတ္ထေရ အပဒါန် အဋ္ဌကထာ၊ ပ၊ ၃၄၉။) 


     တသ္မာ နေတံ မယှံ ရုစ္စတိ။ (ဧကင်္ဂုတ္တရ အဋ္ဌကထာ၊ ၁၁၁။) 


     နစ္ဆာဒေယာတိ နရုစ္ဆေယျ။ (သီလက္ခန်အဋ္ဌကထာ၊ ၁၉၀။) 


     ဤအဋ္ဌကထာများ၌ သတ္ထာဟူသော ပထမ ဝုတ္တကတ္တား ဧတံ ဟူသော အဝုတ္တဒုတိယာကံ၊ နစ္ဆာဒေယျ- ဟူသော ဧကန္တကတ္တု ရူပ သံဝဏ္ဏေတဗ္ဗတို့ကို ကြပ်ကြပ် မြော်လိုက်ပါ။ အဋ္ဌကထာကြီးကပင် ခမတိကို ရုစ္စတိ ဖွင့်သည်ကို သတိပြုပါ။


     တေသံ တေ ဓမ္မာ။ ပ။ န နိဇ္ဈာနံ ခမန္တိ။ (မူလပဏ္ဏာသ ပါဠိတော်၊ ၁၈၆။ ပါရာဇိကဏ် အဋ္ဌကထာ၊ ပ၊ ၁၉။ သီလက္ခန်အဋ္ဌက်ထာ၊ ၂၂။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၂၄။) 


     နိဇ္ဈာနပညံ နက္ခမန္တိ။ ( မူလဋီကာ။ သာရတ္ထဒီပနီစသော၊ ဋီကာကြီးငယ်၊ မ၊ ဋ္ဌ၊ ၂။ ၁၃။ သာရတ္ထ၊ ၁၊ ၈၃၊ ဒီ၊ ဋီ၊ ၁၊ ၃၁။ သီ၊ ဋီ၊ သစ်၊ ၁၊ ၁၁၂၊ မ၊ ဋီ၊ ၂။ဂ၇။ မူလ။ ဋီ၊ ၁၊ ၂၂။) 


     ၎င်း သာဓကများ၌ တေ ဓမ္မာ ဟူသော ပထမာဝုတ္တ ကတ္တားကို ငဲ့၍ န ခမန္တိ-ဟု ဗဟုဝုစ်ကြိယာထားပုံ၊ နိဇ္ဇာနံ-ဟု ဒုတိယာအဝုတ္တကံထားပုံ- နိဇ္ဈာနံ-ဟူသော သံဝဏ္ဏတဗ္ဗကို နိဇ္ဈာနပညံ ဟု အဝုတ္တ ဒုတိယာကံ သံဝဏ္ဏနာမူသဖြင့် သဗ္ဗညုမြတ်စွာဘုရား ထင်ရှားရှိစဉ်ကစ၍ အဋ္ဌကထာဆရာ -မူလဋီကာ စသော ဋီကာကျမ်းပြုဆရာ အလုံးစုံတို့ လက်ထက်တိုင်း ခမတိ-ပုဒ်၏ ကတ္တုရုပ် ယူကြကြောင်း ကောင်းကင်အပြင်၌ နေလပမာ ထင်ရှားခဲ့လေသည်။


     ဘတ္တမဿ နစ္ဆာဒေတိ၊ (ခုဒ္ဒကံဝတ္ထု ခန္ဓက စူဠဝါပါဠိတော်၊ ၂၇၈။) နစ္ဆာဒေတီတိ န ရုစ္စတိ။ (၎င်းစူဠဝါအဋ္ဌကထာ၊ ၅၆။) အထ ပန ‘‘ဝိနိစ္ဆိနထ တာဝ, ဘန္တေ, သစေ အမှာကံ ခမိဿတိ, ဂဏှိဿာမာ’’တိ ဝဒန္တိ။ (ပါရာဇိကဏ် အဋ္ဌကထာ၊ ဒု၊ ၁၇၅)


     ခမတီတီ ရုစ္စတိ။ (တိကင်္ဂုတ္တရ အဋ္ဌကထာ၊ ဒု၊ ၈၈၊ ၃၂၆။)


     ရုစ္စတီတိ တေ စိတ္တဿ အဘိရုစိဥပ္ပါဒကော ကတမောတိ ပုစ္ဆတိ။ (အင်္ဂုတ္တိုရ်ဋီကာ၊ ဒု၊ ၉ဝ။)


     ဤသာဓကများ၌ ဆဒ သံဝရဏေ။ ဂေဟံ ဆာဒေတိ၊ ဆာဒယတိ၊ ဒေါသံ၊ ဆာဒေတိ၊ စုရာဒိဂဏိကဓာတ်၊ ကတ္တုရုပ်အရာ ထုတ်ပြသော။ (သဒ္ဒနီတိ ဓာတုမာလာ၊ ၃၁၂။) ဆဒ အပဝါရဏေ၊ ဆာဒေဟိ၊ ဆာဒယတိ၊ စုရာဒိဂဏိကဓာတ် ကတ္ထုရုပ်အရာထုတ်ပြသော။ (သဒ္ဒနီတိ ဓာတုမာလာ၊ ၃၁၄။) ဆဒ သံဝရဦဇနေ၊ ဂေဟံ ဆဒတိ ဆာဒေတိ ဘူဝါဒိ စုရာဒိ၊ ဂဏိကဓာတ်၌ပြသော၊( ဓာတွတ္ထသင်္ဂဟ။) ဦဇော ဇီဝနဗလေသု။ (၎င်း) ဆဒီ ဣစ္ဆာယံ၊ ပုရိသဿ ဘတ္တံ ဆာဒေတိ၊ ရုစ္စတီတိ အတ္ထော။ ပုရိသဿ ဘတ္တံ ဆာဒယမာနံ တိဋ္ဌတိ။ စုရာဒိဂဏိကဓာတ်အရာ ဓာတွတ္ထသင်္ဂဟ ဓာတုမာလာတိုနှင့်အညီ ဆာဒေတိ -ဟူသော သုဒ္ဓ ကတ္တုရုပ် သံဝဏ္ဏေတဗ္ဗကို ရုစ္စတိ -ဟု အဋ္ဌကထာဖွင့်သောကြောင့် ယင်း ရုစ္စတိ- ပုဒ်၏ကတ္တုရုပ်အဖြစ်သည် အလွန် ထင်ရှားခဲ့၏။ ခမတိ-ကို ရုစ္စတိ ဖွင့်ရာမှာ ဝိမတိဋီကာ ကာရက ရူပသိဒ္ဓိဋီကာ ဆရာတို့သည် ပါရာဇိကဏ်အဋ္ဌကထာကြီး စသည်ကိုမှီ၍ ဖွင့်ရာကား အဋ္ဌကထာ ဝါဒပင်တည်း။ 


     ဤအဋ္ဌကထာ ဋီကာကျမ်းပေါင်းများစွာတို့၌ သံဝဏ္ဏေတဗ္ဗ၊ သံဝဏ္ဏနာဖွင့်ပုံ နည်းမျိုးစုံကို တိပိဋကဓရ လဒ္ဓလဉ္ဆန သီလ သမာဓိ ပညာဝန္တ စသော ဂုဏ်ပေါင်း ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော ဆရာတော်ကြီးတို့ထံမှ ဟတ္ထမုတ္တိနယ မကျန် နည်းမျိုးစုံရ၍ ယူနည်း,ဆနည်း ကြံနည်း,စည်နည်း စသည်တို့ဖြင့် စဉ်းစားခဲ့ပါသော် သဗ္ဗညု မြတ်စွာဘုရား ထင်ရှားရှိတော်မူစဉ်က အဋ္ဌကထာ ဋီကာဟောင်း ဋီကာသစ်တို့ လက်ထက်တော်တိုင် ၎င်းခမ,ရုစ္စတိ- ပုဒ်တို့၏ သုဒ္ဓ ကတ္တုရုပ်အဖြစ် ယူကြ ပြောကြ ရွတ်ကြ ဖတ်ကြသည်မှာ နေ လ အသွင် ထင်ရှားခဲ့၏။ ထို့ကြောင့် ရှေးရှေး အဋ္ဌကထာ ဋီကာ ကြီးငယ်တို့ အလိုတော်အားဖြင့် ယင်းပုဒ်တို့ ကမ္မရုပ် ဖြစ်မဖြစ်မှာ လျဉ်းပါးဖွယ်မရှိချေ။ 


     ဤကား ပါဠိ အဋ္ဌကထာ ဋီကာကြီးငယ်တို့ အလိုအားဖြင့် ခမတို့ ရုစ္စတိ-ပုဒ်တို့၏ သုဒ္ဓကတ္တုရုပ် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ပြီး၏။ 



၆၅။ ခမတိကတ္တုရုပ် မိုင်းခိုင်းဆရာတော်ဝိနိစ္ဆယ

     ပဏ္ဍိတဓဇသိရီပဝရ မဟာဓမ္မရာဇဓိရာဇဂုရု မြန်မာဘုရင်ဘွဲ့တံဆိပ်တော်ရ ငါတို့အရှင် ကျေးဇူးရှင် ထိပ်ခေါင်တင် ဖြစ်တော်မူသော မိုင်းခိုင်းဆရာတော်ဘုရားကြီးသည် အမှာကံ ပေတံ ခမတီတိ ယံ သော ကရောတိ၊ ဧတံ အမှာကမ္ပိ ရုစ္စတိ-ဟူသော ပါရာဇိကဏ် အဋ္ဌကထာ၊ ကင်္ခါ အဋ္ဌကထာ၊ ခမတီတိ ရုစ္စတိဟူသော တိကင်္ဂုတ္တရ အဋ္ဌကထာ၊ မဟာဝါ ဝိမတိဋီကာ၊ ကာရက ရူပသိဒ္ဓိဋီကာ စသည်တို့ကို ထောက်၍ ရုစ္စတိ အနက်ရှိကြောင်း။


     ရုစ၊ ရောစနေ၊ ရောစနံ၊ ရုစိ။ ဘတ္တံ၊ မေ၊ ရုစ္စတိ၊ ဘတ္တမ္ပိ၊ တဿ၊ နရုစ္စတိ။ ပဗ္ဗဇ္ဇာ၊ မမ၊ ရုစ္စတိ၊ ဟူသော သဒ္ဒနီတိဓာတုမာလာ၌ ဒိဝါဂိုဏ်း သုဒ္ဓကတ္တုရုပ်အရာ၌သာ လာသည်ကို ထောက်၍ ယင်းရုစ္စတိ-ပုဒ်၏ သုဒ္ဓကတ္တုရုပ်သာ ဖြစ်ကြောင်း၊ ယင်းသို့ ပြသဖြင့် ဘာဝကမ္မေသုယော-ဖြင့် ကံအနက်၌ သက်သော"ယ"ပစ္စည်းဖြင့် ပြီးသော ရုစ္စတိပုဒ်မဟုတ်၊ ဒိဝါဒိတော ယော- ဖြင့် ကတ္တားအနက်၌ သက်သော "ယ"ပစ္စည်းဖြင့် ရုစ္စတိ-ပုဒ်ဖြစ်ကြောင်း၊ 


     ယင်း ရုစဓာတ်၏ အနက်မှာလည်း ဆဒီ၊ ဣစ္ဆာယံ၊ ပုရိသဿ၊ ဘတ္တံ၊ ဆာဒေတိ၊ အာဒယတိ၊ ရုစ္စတီတိ၊ အတ္တော -ဟူသော သဒ္ဒနီတိ ဓာတုမာလာ၌ စုရာဒိ ဂဏိကဓာတ် သုဒ္ဓကတ္တုရုပ် အရာမှာ ဖွင့်ပြသည်နှင့်အညီ လည်းကောင်း၊ နစ္ဆာဒေယျာတိ န ရုစ္ဆေယျ။ (သီလက္ခန် အဋ္ဌကထာ။) တာနိပိ နစ္ဆာဒေန္တိ။ (မဟာဝါပါဠိတော်။) နစ္ဆာဒေန္တီတိ ရုစိံ န ဥပ္ပါဒေန္တိ။ (သာရတ္ထဋီကာ)တို့နှင့်အညီ လည်းကောင်း၊ နှစ်သက်ခြင်း၊ နှစ်သက်ခြင်းကို ဖြစ်စေခြင်း၊ အလိုရှိခြင်း၊ အလိုရှိခြင်းကို ဖြစ်စေခြင်း၊ ဣစ္ဆာအနက် ရှိ ကြောင်းကို သိအပ်၏။ 


     ခမတိ -ပုဒ်မှာလည်း ခမု၊ ခန္တိယံ၊ ခမတိ၊ ခမော၊ ခန္တိ -ဟု သဒ္ဒနီတိ ဓာတုမာလာ၌ ဘူဝါဒီဂိုဏ်း သုဒ္ဓကတ္တု ရုပ်အရာမှာသာ ထုတ်ပြသဖြင့် ၎င်းခမတိ-ပုဒ်၏၊ သုဒ္ဓကတ္တုရုပ်သာဖြစ်ကြောင်း - သိအပ်၏၊ မိန့်တော်မူသတည်း။ 



၆၆။ ခမတိကတ္တုရုပ် မဟာဝိသုဒ္ဓါရုံဆရာတော်ဝိနိစ္ဆယ

     ဝိသုဒ္ဓါစာရ ကဝိဓဇမဟာဓမ္မရာဇဂုရု ပထမ ဘွဲ့တံဆိပ်တော်။ ဝိသုဒ္ဓါစာရ ကဝိဓဇာဓိပတိပဝရမဟာဓမ္မရာဇာဓိရာဇဂုရု၊ ဒုတိယ ဘွဲ့တံဆိပ်တော်။ အဂ္ဂမဟာပဏ္ဍိတ-ဟူသော တတိယဘွဲ့တံဆိပ်တော်။ မြန်မာဘုရင် အင်္ဂလိပ်ဘုရင်တို့ ဘွဲ့တံဆိပ်တော် (၃) ထပ်ရ ငါတို့ကျေးဇူးတော်ရှင် မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးသည် န ရုစ္စတိ မမြိန်ရှက် မသက်ဝင်။ မာ ရုစ္စိတ္ထ-မမြိန်ရှက် မသက်ဝင်သင့်၊ ခမတိ မြိန်ရှက်သက်ဝင်၏၊ အချို (မ ) ဒွေးဘော်နှင့် ကံဟောယူကြသည်။ ဝိနည်းယောဇနာ၌ (မ) တစ်လုံးဖြစ်၍ ကတ္တု ရုပ်နှင့် တူသော ကမ္မရုပ်ဟူ၏။ တေသံ တေဓမ္မာ န နိဇ္ဈာနံ ခမန္တိ။ (အဋ္ဌကထာကြီးများ) နိဇ္ဈာနံ ပညံ န ခမန္တိ။ (မူလဋီကာ) စသည်တို့နှင့်အညီ ကတ္တုရုပ် ကတ္တားအနက်သာ ကောင်းသည်ဟု မိန့်တော်မူသတည်း။ 



၆၇။ ခမတိကတ္တုရုပ် ဝဇိရာရာမဆရာတော် ဝိနိစ္ဆယ

     ပညာသိရီသဒ္ဓမ္မ ကဝိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု မြန်မာဘုရင် ဘွဲ့ တံဆိပ်တော်ရ ဝဇီရာရာမဆရာတော်ဘုရားကြီးသည် ခမတီတိရုစ္စတိ -ဟု မဟာဝါ ဝိမတိဝိနောဒနီဋီကာ ဖွင့်သောကြောင့် ယင်းခမတိပုဒ်ကို ခမ္မတိဟု (မ) ဒွေးတော်နှင့် မရွတ်လင့်။ ခမတိ - ဟူသော သံဝဏ္ဏေတဗ္ဗ၏ သံဝဏ္ဏနာဖြစ်သော ရုစ္စတိ ပုဒ်ကို အချို့ ဆရာတို့ ကမ္မရုပ် အနက်ယောဇနာကြသည်။ သဒ္ဒနီတိဓာတုမာလာ ဒိဝါဒိဂိုဏ်း သုဒ္ဓကတ္တုရုပ်အရာမှာ ဘတ္တံ မေ ရုစ္စတိ၊ ပဗ္ဗဇ္ဇာ၊ မမ ရုစ္စတိ-ဟု တိုက်ရိုက်ပင် ထုတ်တော်မူသောကြောင့် ယင်းရုစ္စတိပုဒ်ကား ကမ္မရုပ်မဟုတ် ကတ္ထုရုပ်သာဖြစ်သည်။ 


     ရူပသိဒ္ဓိဋီကာ -ယဿ ဒါတုကာမော ရောစတေ-စသောသုတ်၌ ရောစတေ ဟူသော ကတ္တုရုပ်ကို ရောစတေ ရုစ္စတိ ဖွင့်သည်။ ယင်းဋီကာ၌ ရုစ္စတိ-ပုဒ်သည် ကမ္မရုပ်ဖြစ်မူ ဧကန္တ ကတ္တုရုပ်ဖြစ်သော ရောစတေဟူသော သံဝဏ္ဏေတဗ္ဗကို ကမ္မဝါစကပုဒ်ဖြင့် မဖွင့်သင့်။ ထို့ကြောင့် ယင်းသံဝဏ္ဏနာဖြင့် ရုစ္စတိ-ပုဒ်၏ ကတ္တုရုပ်အဖြစ် အလွန်ထင်ရှားလှသည်။ ခမတိ-ဟူသော သံဝဏ္ဏေတဗ္ဗ၏ သံဝဏ္ဏနာဖြစ်သော ရုစ္စတိပုဒ် ကတ္တုရုပ်ဖြစ်မူ သံဝဏ္ဏေတဗ္ဗ ခမတိပုဒ်၏ ကတ္တုရုပ်အဖြစ်ကို မချွတ်မုချ နိဿံသယ မှတ်သင့်တော့သည်သား၊ ထို့ကြောင့် မြန်မာ,သီဟိုဠ်,ယိုးဒယား ကမ္မဝါ ပါဠိစသည်တို့၌ ခမတိ-ဟု ဒွေးတော်မဲ့ချည်းသာ တညီတညွတ်တည်းရှိကြသည်။


     ယဿာယသ္မတော-ပုဒ် သံဃဿ-ပုဒ်တို့မှာ ကတွတ္ထ၌ ဆဋ္ဌိဝိဘတ်မဟုတ်။ ရူပသိဒ္ဓိ သဒ္ဒနီတိစသော ကျမ်းတို့၌ သမ္ပဒါန်အရာမှာ မာယသ္မန္တာနမ္ပိ သံဃ ဘေဒေါ ရုစ္စိတ္ထ၊ ခမတိ သံဃဿ -ဟု ပြယုဂ်တိုက်ရိုက် ထုတ်တော်မူကြသောကြောင့် သမ္မဒါနတ္ထ၌ စတုတ္ထီသာ။ ယင်း ခမတိပုဒ်၊ ရုစ္စတိပုဒ်တို့မှာ အနက်အားဖြင့် ကံအရိပ်အရောင် ကာရိုက်အရိပ်အရောင် ထင်သော်လည်း ကမ္မရုပ် ဟေတုကတ္တုရုပ်မဟုတ်။ သုဒ္ဓကတ္တု ရုပ်သာ မှတ်ရမည်။ ယဿယသ္မတော၊ အကြင်အရှင်အား။ ကရဏံ၊ ပြုခြင်းသည်။ ခမတိ၊ နှစ်သက်၏၊ ဝါ၊ နှစ်သက်စေ၏။ ယဿာယသ္မတော၊ အကြင်အရှင်အား။ နက္ခမတိ၊ မနှစ်သက်၊ ဝါ၊ မနှစ်သက်စေ-ဟု အနက် ယောဇနာတော်မူ၏။ 



၆၈။ ခမတိကတ္တုရုပ် မန်လည်ဆရာတော် ဝိနိစ္ဆယ

     အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ၄-မြို့ဂိုဏ်းချုပ် ငါတို့ကျေးဇူးရှင် ဆရာတော်သခင် ထိပ်ခေါင်တင် ဖြစ်တော်မူသော မန်လည်ဆရာတော်ဘုရားကြီးသည် ရူပသိဒ္ဓိ စသည်တို့၌ ရောစတေ-ကို နှစ်သက်ခြင်းအနက် ပေးလိုသည် သဒ္ဒနီတိမှာ တင့်တယ်ခြင်း အနက်လည်းပေးလိုသည်။ နှစ်သက်ခြင်းအနက်ရှိသော ရုစဓာတ်သည် တပါးသော ကတ္တားရှိသော အလိုဟူသော အညကတ္တုကအဘိလာသ တည်း။ ယင်းအလိုဟူသည်ကား နှစ်သက်ဖွယ်ရှိသည် နှစ်သက်စရာ ဖြစ်တတ်သည် ဟူလိုသတည်း။ 


     သမဏဿ ရောစတေ သစ္စံ-၌ သစ္စံသည် နှစ်သက်ဖွယ်နှစ်သက်စရာ ဖြစ်တတ်သည်ရှိသော်၊ သမဏကို နှစ်သက်စေ၏၊ သမဏသည် နှစ်သက်တက်သော ကတ္တားတပါးဖြစ်၏။ ယင်းနှစ်သက်စေအပ်သော သမဏဟူသော ကတ္တားတပါးသည် သမ္ပဒါန်မည်၏။ ဤသို့ပင် သိဒ္ဓန္တ စန္ဒြိကာ၊ သိဒ္ဓန္တကောမုဒိဋီကာ အာသုဗောဓဗျာကရုဏ်း စသည်တို့၌ ဆိုကုန်၏။ ဤသစ္စံဟူသော ပုဒ်သည် သုဒ္ဓကတ္တုသာဖြစ်၏။ အနက်ကား ကာရိုက်အနက် ကံအနက်နှင့်တူ၏။ တူသော်လည်းမဟုတ် သုဒ္ဓကတ္တားအနက်သာတည်း။ ဤအရာကို အလွန်သတိမူခဲကုန်၏။ 


     ဤအတူ ယဿာယသ္မတော ခမတိ နာဂဿ ဥပသမ္ပဒါ၊ န မေ တံ ရုစ္စတိ၊ အမှာကံ ပေတံ ခမတိ-စသည်တို့၌လည်း ခမတိ ရုစ္စတိပုဒ်တို့သည် အညကတ္တုကာဘိလာသ ကတ္တုရုပ်မျိုး ဖြစ်ကုန်၏။ ကမ္မရုပ်မဟုတ်ကုန်။ သို့ဖြစ်၍ ထိုထိုကမ္မဝါစာ ပါဠိတို့၌ (ခမ္မတိ) ဟု (မ) ဒွေး ဘော်နှင့် မရှိကုန်။ ထို့ကြောင့် ခမတိ ရုစ္စတိပုဒ်တို့ကို ကမ္မတ္ထအနက်ပေးကုန် ကြံတော်မူကုန်သော ဆရာတို့ဝါဒကို လျစ်လျူ ရှုအပ်သတည်း။ သိခဲ့၏။ ပေးအပ်သော သင်္ကန်းစသော ဝတ္ထုကို ခံသော သမဏသည်လည်းကောင်း၊ နှစ်သက်စေခြင်း ကြိယာကို ခံသော သမဏသည်လည်းကောင်း၊ သမ္ပဒါန ကာရက မည်၏ ဟူ၍ သမ္ပဒါန် လက္ခဏာကို အကျဉ်းသိလေ။ 


"ဝတ္ထုကြိယာ၊ ခံသည်မှာ၊ မှတ်ပါသမ္ပဒါန်၏သဘောတည်း"။ 


"ကံရှိဓာတ်မှာ၊ ဝတ္ထုသာ၊ ကံမဲ့ဓာတ်မှာ၊ ကြိယာ ၊နှစ်ဖြာခံခြင်း အထူးတည်း"။ 



၆၉။ ခမတိကတ္တုရုပ် လယ်တီဆရာတော်ဝိနိစ္ဆယ

     အဂ္ဂမဟာပဏ္ဍိတ-ဟူသော ပထမဘွဲ့တံဆိပ်တော်။ ပိဋကတ္တယပါရဂူ - ဟူသော ဒုတိယဘွဲ့တံဆိပ်တော်။ ဘွဲ့တံဆိပ်တော် နှစ်ထပ်ရ လယ်တီဆရာတော်ဘုရားကြီးသည် နက္ခမတိ၊ န ခမတိ နှစ်ချက်သင့်၊ (ဝိမတိဋီကာ) မဗျည်း၌ကား ကမ္မရုပ်ဖြစ်ခဲ့၍ ဒွေးဘော်နှင့် လိုသည်ဟုဆိုကုန်၏။ အရပ်ရပ်သော ကမ္မဝါစာတို့၌ လည်းကောင်း ဝိနည်းပါဠိတော် သုတ္တန်ပါဠိတော်တို့၌လည်းကောင်း ဒွေးဘော်နှင့် မမြင်ဖူးရ၊ သေက္ခာ သေခါ-စသည်ဖြင့် ခဗျည်းနှင့် ယှဉ်ရာတို့၌ ရုပ်ဆန်း ရုပ်ပြား အလွန်များလှချေသောကြောင့် (မ) တစ်လုံးရှိသော ပါဌ်သည်သာ အစဉ်အလာ ဖြစ်ရာသည် (မ) နှစ်လုံး ဖတ်သော်လည်း အပြစ်ဆိုဖွယ် မရှိလှ။ )


    ကြိယာသမ္ပဋိစ္ဆကံ နာနာကြိယာဝသေန ဗဟုဝိဓံ။ တတ္ထ ရောစနကြိယာယောဂေ -တဉ္စ အမှာကံ ရုစ္စတိ စေဝ ခမတိ စ ပဗ္ဗဇ္ဇာ မမ ရုစ္စတိ ကဿ သာဒုံ န ရုစ္စတိ, န မေ ရုစ္စတိ ဘဒ္ဒန္တေ, ဥလူကဿာဘိသေစနံ။ ဂမနံ မယှံ ရုစ္စတိ, မာယသ္မန္တာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ ယဿာယသ္မတော န ခမတိ, ခမတိ သံဃဿ ဘတ္တံ မယှံ ဆာဒေတိ, ဘတ္တမဿ နစ္ဆာဒေတိ တေသံ ဘိက္ခူနံ လူခါနိ ဘောဇနာနိ နစ္ဆာဒေန္တိ။ တတ္ထ ‘ဆာဒေတီ’တိ ဣစ္ဆံ ဥပ္ပာဒေတီတိ အတ္ထော။

(ကာရကနိရုတ္တိဒီပနီ၊ ၁၈၄၊ ၁၈၅။) 


     ဤနိရုတ္တိဒီပနီ၌ ဆဋ္ဌိကတ္တားမဆို သမ္ပဒါန်သာ ဆိုရကား ခမတိ ကတ္တုရုပ်သာဟု ပြတော်မူ၏။ ဤသို့စသည် ခမတိပုဒ် ရုစ္စတိပုဒ်တို့၏ သုဒ္ဓကတ္တုရုပ်အဖြစ်ကို ဆုံးဖြတ်သော ဆရာတော်တို့ ဝိနိစ္ဆယကား များပြားလှ၏။ ကျမ်းကျယ်အံ့စိုး၍ ရှိသမျှတွေ့သမျှ မထုတ်တော့ပြီ။


     ဤသို့ သီလဝန် ဂုဏဝန် ပညာဝန်အကျော် ရေမြေအရှင် ဘုရင်မင်းတို့ ဘွဲ့တံဆိပ်တော်ရ ဆရာတော်တို့ ဝိနိစ္ဆယဖြင့် ခမတိ ရုစ္စတိ ပုဒ်တို့၏ ကတ္တုရုပ်အဖြစ်ကို ပြဆိုချက်ကားပြီး၏။


 

၇ဝ။ နောက်ဖြစ်ကျမ်းတို့အဆို ခမတိကမ္မရုပ်

     ယခုအခါ ရှေးစကားရပ်တို့၌ ရှုပ်ထွေး ကျယ်ပွားအံ့စိုး၍ မထည့်မသွင်းပဲ ရှောင်လွှဲချန်လှပ်ခဲ့သော ယောဇနာ၊ ပါတိမောက္ခပဒတ္ထအနုဝဏ္ဏနာ၊ ပါတိမောက္ခလေခနယ၊ ပါတိမောက္ခဝိသောဓန စသော နောက်နောက်ဖြစ် ကျမ်းတို့၌ဖွင့်ဆိုအပ်သော စကားရပ်များကို စီစဉ်ပေါင်းစု၍ စိစစ်ရာဖြစ်သော နာနာဂန္တဝိစာရဏ အခန်းကို ပြဆိုပေအံ့။ 


     အပ္ပဋိက္ကောသနာတိ န မေတံ ခမတိ၊ မာ ဧဝံ ကရောထာတိ အပ္ပဋိသေဓနာ။ (ပရိဝါအဋ္ဌကထာ၊ ၁၉၉။) 


     ဧတန္တိကမ္မံ၊ မေတိ မယှံ။ ခမူဓာတုပယောဂေ သမ္မဒါနတ္ထေသမ္ပဒါနဝစနံ။ အထ ဝါ မေတိ မယာ။ ကတွတ္ထေ ကရဏဝစနံ သာမိဝစနံ ဝါ။ ခမတီတိ ကတ္တု ရူပသဒိသံ ကမ္မရူပံ။ ရူပံဟိ 

ကတ္တု ရူပ သဒိသံ ကမ္မရူပံ၊ "ခမတိ သံဃဿာ”တိ အာဒီသု ဝိယ။ ကမ္မရူပသဒိသံ ကတ္တု ရူပံ“ဥပါသကော သီလံ သမာဒိယတီ” တိ အာဒီသု ဝိယ။ ဧတ္ထ ကမ္မတ္ထေ ပဝတ္တော ယပစ္စယော လောပေါတိ ဒဋ္ဌဗ္ဗံ။ (အဓိကရဏဘေဒ ပရိဝါ ယောဇနာ၊ ၅၉၉၊ ၆၀၀။) 


     အမှာကံ ပေတံ ခေမတိ။ (ပါရာဇိကဏ်ဘေဒါနုဝတ္တကသိက္ခာပုဒ် ပါဠိတော်)


     အမှာကံ ဧတံ ခမုဓာတုယောဂတော ကတွတ္ထေ ဆဋ္ဌီဝစနံ။ အပိသဒ္ဒါ သမ္ဗိဏ္ဍနတ္ထော။ ခမတိ ဣဒံ ကမ္မတ္ထ ဝါစကံ အာချာတပဒံ အာယသ္မန္တာနံ အာယသ္မန္တေဟိပိ သံဃဘေဒေါ မာ ရုစ္စိတ္ထ မာ ရုစ္စိတဗ္ဗော။ မာယသ္မန္တနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထာတိ ပါဌေ အာယသ္မန္တာနန္တိ ပဒဿ အဝုတ္တကတွတ္ထ ဝါစကဘာဝေါ စ ရုစ္စိတ္ထာတိ

ပဒဿ ကမ္မတ္ထဝါစကဘာဝေါ စ သံဃဘေဒေါတိ ဝုတ္တကမ္မပဒေန ဝိညာယတိ။ (ပါတိမောက္ခပဒတ္ထအနုဝဏ္ဏနာပါဌ်) 


     ဧတန္တိ ကမ္မံ၊ အမှာကန္တိ အမှေဟိ ကတ္တုဘူတေဟိ။ ရုစဓာတုယောဂေ ဟိ ကတ္တရိ ဆဋ္ဌီ။ အာစရိယေဟိပိ တောသနတ္ထဝါစကာနံ ခမုဓာတုရုစဓာတူနံ ကမ္မဝါစကပစ္စယယောဂေ သတိယေဘုယျေန ကတွတ္ထေ ဆဋ္ဌီ ဘဝတိ။ တံ ယထာ ယဿာယသ္မတော ခမတိ ဣတ္ထန္ဓာမဿ ဥပသမ္ပဒါ။ ယဿ နက္ခမတိ သောဘာသေယျ။ မာယသ္မန္တာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ ထေရဿ ပတ္တော နရုစ္စတီတိ ဝုတ္တံ။ အပိသဒ္ဒါ သမ္ဗိဏ္ဍနတ္ထော။ ခမတီတိ ကမ္မရူပံ ခမုဓာတု ရုစနတ္ထဝါစကာ။ တေနာဟ ရုစ္စတီတိ။ တောသီယတီတိ အတ္ထော။ (ကင်္ခါယောဇနာ မဟာဋီကာ ဘေဒါနုဝတ္တကသိက္ခာပုဒ်။) 


     ခမ သဟနေ၊ ဒိဝါဒိ ပရဿပဒေ ကတ္တရိ ခမျတိ။ ခမ သဟနေ။ သွာဒိ။ အတ္တာပဒိကတ္တရိ၊ ခမတေ။ ကတ္တရိ ခမျတေ။ ဘာဝေ၊ ခမျတေ။ (ဓာတုရူပါဒါသသဒ္ဒါကျမ်း။) 


     ကဿ သာဒုံ န ရုစ္စတိ။ မာယသန္တာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ။ ခမတိ သံဃဿ၊ ဘတ္တမဿ နစ္ဆာဒေသီတိ ဆဋ္ဌိ သမ္ဗန္ဓဝစနိစ္ဆာယံ၊ န စေဝံ ဝိရောဓော သိယာ သဒိသရူပတ္တာ၊ ဧဝံဝိဒေသု စ သမ္ဗန္ဓဿ သဒ္ဓိကာနုမတတ္တာ။ (ဝုတ္တိ မောဂ္ဂလာန်၊ ၉၄။)


     ဤမောဂ္ဂလာန်အလို-ဆဋ္ဌီကတ္တား ဝုတ္တပထမာကံ ပေးပြီးလျှင် ယင်းပြယုဂ်တို့၌ သက်သော ဆဋ္ဌီဝိဘတ်ကား စတုတ္ထီ,ဆဋ္ဌီရုပ်တို့မှာ တူသော ရုပ်ရှိသည်တကြောင်း၊ ယင်းပြယုဂ်တို့၌ ကြိယာနှင့်ကတ္တား အဖြစ်ဖြင့် စပ်အပ်သော ဆဋ္ဌီကတ္တားကို သဒ္ဒါကျမ်းဆရာတို့ ခွင့်ပြုအပ်သည် တကြောင်းများကြောင့် ကြိယာနှင့်ကတ္တားအဖြစ်ဖြင့် စပ်အပ်သော ဆဋ္ဌီကတ္တားကို ဆိုလိုသည် ရှိသော် အာဂုံပါဠိနှင့် ဆန့်ကျင်ခြင်းမဖြစ်-ဆိုလိုသတည်း။ ဤမောဂ္ဂလာန်၌၊ ဆဋ္ဌီကတ္တားကိုလည်း ခွင့်ပြုချက်နှင့်တကွ ကင်္ခါ ယောဇနာ၊ ပါတိမောက္ခအနုပဒတ္ထ ဝဏ္ဏနာ၊ ပရိဝါယောဇနာ၊ ဓာတုရူပါဒါသ ကျမ်းဆရာတို့အလိုအားဖြင့် ယဿာယသ္မတော ခမတိ ဣတ္ထန္နာမဿ ဥပသမ္ပဒါ-စသည်၌ ယဿာယသ္မတောကား ဆဋ္ဌီကတ္တားတည်း။ ဥပသမ္ပဒါကား ဝုတ္တပထမာကံတည်း။ ခမတိကား ကမ္မရုပ်တည်းဟု ဆိုလိုသတည်း။ 



၇၁။ ခမတိကတ္တုရုပ် ပါဠိတော်ကြီး

          ငါတို့ကား သဗ္ဗညု မြတ်စွာဘုရား သာသနာတော်၌ သဒ္ဓါ၍ ရဟန်းပြုလာသော သကျပုတ္တိယ သာကီဝင် သားတော်ရဟန်းများဖြစ်၍ အမှန်အကန် ယထာဘူတ ကျကျနန သိမြင်ကြရန်လို၏။ အတ္တုက္ကံသန ပရ၀မ္ဘနစသော အကုသိုလ်ဓမ္မနှင့် မစပ်သင့်ချေ။ မိမိတတ်အားသမျှ ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရတို့နှင့်တကွ သဒ္ဒါ ဗျာကရုဏ်း အရပ်ရပ်တို့နှင့် စပ်ဟပ်နှီးနှော ၍ သင့်မသင့် ချင့်ချိန်ခဲ့ပါသော် ပါဠိတော် အဋ္ဌကထာ စသည်တို့တွင် ပါဠိတော်သည် ဗလဝ ဖြစ်၏။ ပါဠိတော်အောက် ရှေးအဋ္ဌကထာကြီးများ ရှေးဋီကာကြီးများ နောက်အဋ္ဌကထာ နောက်ဋီကာများ နောက်ဂန္ထန္တရများ အဆင့်ဆင့် ဗလဝဖြစ်၏။


     သက္ကရာဇ် ၁၀၀၂-ခု၊ သီတင်းကျွတ်လဆန်း ၁၀-ရက်၊ တနင်္ဂနွေနေ့ သာလွန်မင်းတရား အမေး၊ တောင်ဖီလာဆရာတော် အဖြေ၌ ပါဠိတော် အနက်အဓိပ္ပာယ်ကို အဋ္ဌကထာဖြင့် သိရသည်။ အဋ္ဌာကထာ အနက်အဓိပ္ပာယ်ကို ဋီကာကိုမှီ၍ သိရသည် ။ပ ။ အဘိဓမ္မာဋီကာကို ကျမ်းတတ်တကာတို့ အလွန်ယုံကြည်လှသည်ဟု မိန့်တော်မူ၏။ 


     ဗားကရာ သာသနာပိုင် ဖြတ်ထုံး၌လည်း ပါဠိတော်သာ မူလရင်း ဖြစ်သည်။ ပါဠိတော်မှ အဋ္ဌကထာထွက်သည် စသည်ဖြင့် မိန့်တော်မူသည်။ ဗျာကရုဏ်းတွင်လည်း မောဂ္ဂလ္လာန် ရူပသိဒ္ဓိ သဒ္ဒနီတိ ဗာလာဝတာရ စသည် ဗလဝဖြစ်၏။ ၎င်းတို့ထက် ပါဠိတော်စသည် ဗလဝဖြစ်၏။ ရူပသိဒ္ဓိ ၎င်းဋီကာ,သဒ္ဒနီတိ ၎င်းဋီကာ, ဗာလာဝတာရ ၎င်းဋီကာဟောင်း ဋီကာသစ် ဝိမတိ ဝိနယာလင်္ကာရဋီကာ စသောကျမ်းတို့၌ ဘတ္တံ မေ ရုစ္စတိ၊ ဘတ္တမ္ပိ တဿ န ရုစ္စတိ။ ပဗ္ဗဇ္ဇာ မမ ရုစ္စတိ။ ဂမနံ မယှံ ရုစ္စတိ။ မာယသ္မန္တာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ။ ယဿာယသ္မာတော ခမတိ- စသော ဝါကျတို့ကို သမ္မဒါနတ္ထစတုတ္ထီ။ ပထမာကတ္တားချည်းဖွင့်ကြသောကြောင့် ခမတိပုဒ်၏ ကတ္တုရုပ်အဖြစ်သည် နေလအသွင် ထင်ရှားခဲ့၏။ မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းခုံနိုင်သည်မရှိနိုင်၊ ဝုတ္တိမောဂ္ဂလ္လာန် အလိုအားဖြင့်လည်း ၎င်းပထမာကတ္တားနှင့် သမ္ပဒါနတ္ထ စတုတ္ထီဖြစ်၍ ခမတိပုဒ်၏ ကတ္တု ရုပ်ဖြစ်ကြောင်း မူလရင်း ခွင့်ပြုပြီး ရှိခဲ့ကြောင်း ၎င်းကျမ်းကြည့်သူတိုင်းသိနိုင်ကြပြီးရှိ၏။ ဤသို့ သူတပုံငါတခြား ငြင်းခုံဖွယ် ထွက်နေ၏။ ဆရာတော်ဦးဗုဓ်လည်း စုရာဒိဂိုဏ်း ကတ္တုရုပ်၊ ဆဒီဓာတ်အရာ၌ ရုစ္စတိကို ကတ္တားအနက်သမ္ဗန်၍ ကြွင်းသောအရာမှာ ကမ္မရုပ်သမ္ဗန်သည် များခဲ့၏။


     ယင်းသို့ ခမတိပုဒ်၏ ကတ္တုရုပ် ကမ္မရုပ်ငြင်းခုံကြရာ၌ ပထမတန်း အခိုင်မာဆုံး အမြဲမြံဆုံး ပါဠိတော်ကြီးများနှင့် အဋ္ဌကထာကြီးများ ဋီကာကြီးများ သာဓကလို၏။ ၎င်းတို့တိုက်ရိုက် ထုတ်ပြနိုင်ပေလျှင် မည်သည့် ဗုဒ္ဓဘာသာ လဇ္ဇီပေသလ သိက္ခာကာမ ကျမ်းဂန်တတ်တို့မျှ မငြင်းနိုင်တော့ချေ။ 



၇၂။ မူလပဏ္ဏာသပါဠိတော်စသည် ခမတိကတ္တုရုပ်

တေ တံ ဓမ္မံ ပရိယာပုဏိတွာ တေသံ ဓမ္မာနံ ပညာယ ဧတ္ထံ န ဥပပရိက္ခန္တိ တေသံ တေ ဓမ္မာ ပညာယ အတ္ထံ အနုပပရိက္ခတံ န နိဇ္ဈာနံ ခမန္တိ။ (မူလပဏ္ဏာသ ဩပမ္မဝဂ် အလဂဒ္ဓူပမသုတ် ပါဠိတော်၊ ၁ဂ၆။)


     တေသံ မောဃပုရိသာနံ-တို့၏၊ ပညာယ အတ္ထံ အနုပပရိက္ခကံ- အနုပပရိက္ခန္တတ္တာ၊ အထဝါ၊ ပညာယ။ ပ ။ အနုပပရိက္ခတံ အနုပပရိက္ခန္တာနံ တေသံ မောဃပုရိသာနံ၊ တို့၏။ တေ ဓမ္မာ နစ္ဈာနံ နိဇ္ဈာနကာရဏံ ပညံ န ခမန္တိ။ န ရောစေန္တိ၊ မနှစ်သက်ကုန်။ 


     ဤပါဠိတော်၌ ခမန္တိ -ဟူသာ ဗဟုဝုစ်ကြိယာ၏ ကတ္တားကို-တေဓမ္မာဟု ဝုတ္တကတ္တား အဖြစ်ဖြင့် ခမုဓာတ်၏ကံကို နိဇ္ဈာနံ ဟု ဧကဝုစ် အဝုတ္တကံ အဖြစ်ဖြင့် ထားသောကြောင့် သဗ္ဗညု မြတ်စွာဘုရား အလိုတော်အားဖြင့် ခမန္တိ-ဟူသောပုဒ်၏ သုဒ္ဓကတ္တုရုပ်အဖြစ်မှာ နေလ,အသွင် ထင်ရှားခဲ့ပြီ။ တစ်စုံတစ်ယောက်သောသူမျှ မငြင်းခုံနိုင်။ 


     တေသံ တေ ဓမ္မာ န နိဇ္ဈာနံ ခမန္တိ။ (ပါရာဇိကဏ်၊ အဋ္ဌကထာ၊ သီလက္ခန် အဋ္ဌကထာ၊ အဋ္ဌသာလိနီ အဋ္ဌကထာ၊) နိဇ္ဈာန ပညံ န ခမန္တိ။ (သာရတ္ထဒီပနီဋီကာ၊ သီလက္ခန်ဋီကာ၊ မူလပဏ္ဏာသဋီကာ၊ မူလဋီကာ။) ဘတ္တမဿနဇ္ဈာဒေတိ။ (ခုဒ္ဒကဝတ္ထုက္ခန္ဓက စူဠဝါ ပါဠိတော်။) နဇ္ဈာဒေတီတိ န ရုစ္စတိ။ (စူဠဝါအဋ္ဌကထာ။) အပ္ပဋိက္ကောသနာတိ န မေတံ ခမတိ။ မာ ဧဝံ ကရောထာ တိ အပ္ပဋိသေဓနာ။ (ပရိဝါအဋ္ဌကထာ၊ ၉၉။) သစေ ရုစ္စတိ သတ္ထာ သယမေဝ ဝက္ခတီတိ။ (အာနန္ဒတ္ထေရအပဒါန် အဋ္ဌကထာ၊ ၁၊ ၃၄၉။ ) တသ္မာ နေတံ မယှံ ရုစ္စတိ။ ( ဧကင်္ဂုတ္တရအဋ္ဌကထာ။) နစ္စာ ဒေယျာတိ န ရုစ္စေယျ။ (သီလက္ခန်အဋ္ဌကထာ၊ ၁၉၀။) 


     ဤအဋ္ဌကထာများ၌ သတ္ထာ - ဟူသော ပထမာဝုတ္တကတ္တား၊ ဧတံ ဟူသော အဝုတ္တ ဒုတိယာကံ၊ နစ္ဆာဒေယျ-ဟူသော ဧကန္တ ကတ္တုရူပ သံဝဏ္ဏေတဗ္ဗကို န ရုစ္စေယျ-ဟု သံဝဏ္ဏမူသည်များကို ကြပ်ကြပ်မြော်တော်မူကြပါ။ ဧကန္တ ကတ္တုရူပ သံဝဏ္ဏေတဗ္ဗကို ကမ္မရုပ်ဖြင့် ဘယ်အခါကာလမှ မဖွင့်သင့်။


     အထ ပန ဝိနိစ္ဆိနထ တာဝ ဘန္တေ သစေ အမှာကံ ခမိဿတိ ဂဏှိဿာမာတိ ၀ဒန္တိ။ ( ပါရာဇိကဏ်၊ ဋ္ဌ၊ ဒု၊ ၁၇၅။ ) ခမတီတိ ရုစ္စတိ။ ( တိကင်္ဂုတ္တရအဋ္ဌကထာ၊ ဒု ၊ ဂဂ။ ) ရုစ္စတီတိ တေ စိတ္တဿ အဘိရုစိဥပ္ပါဒကော ကတမောတိ ပုစ္ဆတိ။ (တိကင်္ဂုတ္တရဋီကာ၊ ၉၀။) 


     ဇာတ်ပါဠိတော် အဋ္ဌကထာစသည် သာဓကထုတ်ပြစရာ များစွာရှိသေး၏။ ဤမျှလောက်သော စကားရပ်ဖြင့် ခမတိ-ဟူသော ဧကန္တ၊ ကတ္တုရူပပဒကို ရုစ္စတိ-ဟု ဖွင့်သောကြောင့် ၎င်းရုစ္စတိပုဒ်၏ ဧကန္တ ကတ္တုရူပဖြစ်ကြောင်း ပညာရှိတိုင်းသိနိုင်ရာပြီ။


     ဤသို့အားဖြင့် သဗ္ဗညုမြတ်စွာဘုရားဟော ပါဠိတော်ကြီး မဟာအဋ္ဌကထာကြီး အစရှိသော ရှေးရှေးကျမ်းဂန်ကြီးဟူသမျှ ခမတိပုဒ် ကတ္တုရုပ်ဖြစ်ကြောင်း နေလအသွင်ထင်ရှားနေပြီးဖြစ်၍ ခမတိသမ္ဗန္ဓ သာသနာတော်ကြီးသည် ဤသိမ်မျိုးစုံ မဟာဋီကာ တွေ့ကြရသည့် နေ့မှစ၍-


     အန္ဓကာရေတိ ကာဠပက္ခစတုဒ္ဒသီအဍ္ဎရတ္တဃနဝနသဏ္ဍမေ ဃပဋလေဟိ စတုရင်္ဂေ တမတိ။ 


     ဟူသော ပါရာဇိကဏ် အဋ္ဌကထာ (ပ၊ ၁၄ဝ။) စသည်နှင့်အညီ လကွယ်သန်းခေါင် တိမ်တောင်တောအုပ် အမိုက်မှောင်ကြီးလေးပါးမှ ကင်းပြုတ်သောအခါသမယ ကြုံကြိုက်သဖြင့် လဆန်း(၁၂)ရက်နေ့ သန်းခေါင်အခါ လွန်မင်းစွာ တောက်ပသော ရွှေလမင်းကြီးပမာ ယုံမှားသံသယကင်းကွာ ယထာဘူတ ကျနမှန်ကန်စွာ သိနိုင်ကြရာပြီး ရှိသတည်း။ 

     ဂမ္ဘီရတ္ထ ခမတိပဒ မဟာဋီကာ သမတ္တာ။


၇၃။ သမုဂ္ဃါတ ဝိစာရဏပြခန်း


သမုဂ္ဃါတော၌ -

     ဟနော ဘူ ဟိံ သာဂတျံဥ ဥဂ္ဃါတေ သံတု သံဟတေ -ဟူသော၊ (ဓာတွတ္ထသင်္ဂဟနှင့် အညီ) သံ,ရှေး ဥ,ရှေးရှိသော ဟန ဓာတ်ဖြစ်၍ နုတ်ပယ်ဖျက်ဆီးခြင်း ဥဂ္ဃါတန အနက်ဟောတည်း။ ဟနဿဃာတော-ဖြင့် ဟနကို ဃာတပြု ပြီး၏။ 

     သမုဂ္ဃါတဋီကာ သမတ္တာ။

၇၄။ ကမ္မဝါစာအဆုံး နာနာဝါဒဝိစာရဏ ပြခန်း

     ငါတို့စာသင်သားအဖြစ်ဖြင့် မန္တလေးရတနာပုံ ရွှေရေးဆောင် တိုက်၌ စာပေသင်ကြားနေစဉ် ကမ္မဝါစာ ဘယ်မှာဆုံးသနည်းဟု စာသင်သား သံဃာတော်တို့က ငါတို့ကျေးဇူးရှင် မိုင်းခိုင်းဆရာတော် နှင့် ငါတို့ကျေးဇူးရှင် ကျီဝန်ဆရာတော်တို့ထံ လျှောက်ထား မေးမြန်းကြရာ ကျီဝန်ဆရာတော်က သောဘာသေယျ-တွင် ကမ္မဝါစာ ပြီးဆုံးကြောင်း အမိန့်ရှိလိုက်၏။ 


     မိုင်းခိုင်းဆရာတော်ထံ လျှောက်ထားပြန်ရာ ဧဝမေတံ ဓာရယာမိကျမှ ဆုံးကြောင်း အမိန့်တော်ရှိ၏။ 


အထောက်ပေးကြရာ -

     ပစ္ဆာ ဝါ ဉတ္တိံ ဌပေတီတိ ပဌမံ ကမ္မဝါစာယ အနုဿာဝနကမ္မံ ကတွာ ‘‘ဧသာ ဉတ္တီ’’တိ ဝတွာ ‘‘ခမတိ သံဃဿ တသ္မာ တုဏှီ ဧဝမေတံ ဓာရယာမီ’’တိ ဝဒတိ၊ ဧဝံ ပစ္ဆာ ဉတ္တိံ ဌပေတိ။ ဟူသော (ပရိဝါအဋ္ဌကထာ ၊၂၄၆။ ဝိနယသင်္ဂဟအဋ္ဌကထာ၊ ၃၉၆။) အဖွင့်ကိုပြ၍ ၎င်းကျမှဆုံးကြောင်း မိန့်တော်မူ၏။ 


ပရိဝါအဋ္ဌကထာ(၁၈၅)၌လည်း - 

     ကမ္မဝါစာ ပရိယောသာနန္တိ ‘‘ကတံ သံဃေန ဣတ္ထန္နာမဿ ဘိက္ခုနော တဇ္ဇနီယကမ္မံ, ခမတိ သံဃဿ, တသ္မာ တုဏှီ, ဧဝမေတံ ဓာရယာမီ’’တိ ဧဝံ တဿာ တဿာ ကမ္မဝါစာယ အဝသာနဝစနံ ပရိယောသာနံ၊ ဟု ဖွင့်တော်မူ၏။


စူဠဝါ သမုစ္စယက္ခန္ဓက သာရတ္ထဋီကာ၊ (တ၊ ၃၇၂။) မှာလည်း -

     တဒနုရူပံ ကမ္မဝါစံ ကတွာ မာနတ္တံ ဒါတဗ္ဗန္တိ –‘‘သုဏာတု မေ,(ပ) ခမတိ သံဃဿ, တသ္မာ တုဏှီ။ ဧဝမေတံ ဓာရယာမီတိ ဧဝံ ကမ္မဝါစံ ကတွာ မာနတ္တံ ဒါတဗ္ဗံ။ ဟု ဧဝမေတံ ဓာရယာမိ-တွင် ကမ္မဝါစာဆုံး ကြောင်းလာ၏။ 


     ငါတို့ကျေးဇူးရှင် ကျီဝန် ဆရာတော်နှင့် ဗန်းမော် ဆရာတော်တို့ကား သံဃာဒိသေသ် ကုလဒူသက သိက္ခာပုဒ်ဖွင့် အဋ္ဌကထာ၌ အယူကို မစွန့်သော ရဟန်းမှာ ဉတ်ဆုံးလျှင် ဒုက္ကဋ်အာပတ်သင့်ကြောင်း၊ ကမ္မဝါစာ နှစ်ကြိမ်အဆုံးတွင် ထုလ္လစဉ်း အာပတ်သင့်ကြောင်း၊ တတိယ သော ဘာသေယျတွင် ယျ -အက္ခရာကျလျှင် သံဃာဒိသေသ် အာပတ်သင့်ကြောင်း

မိန့်ဆိုသောကြောင့် သော ဘာသေယျ တွင် ယျ အက္ခရာကျလျှင် ကမ္မဝါစာဆုံးကြောင်း မိန့်ဆိုကြသည်။ 


     ငါတို့ကျေးဇူးရှင် မိုင်းခိုင်း ဆရာတော်ကား ပရိဝါအဋ္ဌကထာ ဝိနယသင်္ဂဟ အဋ္ဌကထာ၊ စူဠဝါ သမုစ္စယဖွင့်၊ သာရတ္ထဒီပနီဋီကာ တို့၌ မာရယာမိ -တွင် ကမ္မဝါစာဆုံးကြောင်း မိန့်ကြသောကြောင့်၊ သော ဘာသေယျ-တွင် ယျ-အက္ခရာမှာ သံဃာဒိသေသ် အာပတ်သင့်သည်ဆိုရာမှာ အာပတ်သင့်ရာကာလကိုသာ ပြတော်မူသည်။ ကမ္မဝါစာ အဆုံးကို ပြသော စကားမဟုတ်၊ ထို့ကြောင့် ဧဝမေတံ ဓာရယာမိ-တွင် မိ-အက္ခရာကျမှ ကမ္မဝါစာဆုံးကြောင်း ဧကန်မှတ်အပ်၏ဟု မိန့်တော်မူသတည်း။ 


     သိမ်ကုန်းဆရာတော် ဦးနာရဒကား ကမ္မဝါစာနိဂုံးများကို ဗျဉ္ဇန ဗုဒ္ဓိနှင့် ညီစွာ ဖတ်ရမည်။ အပိုထင်၍ ဗျဉ္ဇနဗုဒ္ဓိနှင့် ညီစွာ မဖတ်လျှင် ကံပျက်သည်ဟု မိန့်တော်မူသည်။ ထိုဆရာတော်လည်း မိ -တွင် ကမ္မဝါစာဆုံးကြောင်း မိန့်တော်မူ၏။ 



၇၅။ တိရစ္ဆာနဂတအရပြခန်း

     ထိုသိမ်သမုတ်ရာတွင် ခွေး ဝက် စသော တိရစ္ဆာန်များ ဟတ္ထပါသ်တွင်း ပါသင့် မပါသင့်ကို ကျီဝန်ဆရာတော်နှင့် မိုင်းခိုင်းဆရာတော်တို့ ဝါဒကွဲပြား၏။ 


     မိုင်းခိုင်းက ခွေး ဝက် နွား မြင်း စသောတိရစ္ဆာန်နှင့်တကွ နဂါး ဂဠုန်စသော သတ္တဝါဟူသမျှ တိရစ္ဆာနအရယူ၍ ဟတ္ထပါသ်တွင်း မပါသင့်ဟု မိန့်တော်မူ၏။ 


     ကျီဝန်ဆရာတော်က မြတ်စွာဘုရားသည် မြစ် သမုဒ္ဒရာ ဇာတဿရတို့၌လည်း ဥဒကုက္ခေပကို ခွင့်ပြုတော်မူ၏။ ယင်းဥဒကုက္ခေပ၌ ယင် ခြင် ပျား ပိတုန်း ဖြုတ် ပရွက် စသည်တို့ထက် ကြီးသော ငါးစသော သတ္တဝါနှင့်ဘယ်အခါမှ မကင်းနိုင်။ ယင်း ငါးတို့ကိုလည်း တိရစ္ဆာနဂတ ယူရလျှင် ဒုက္ကဋ်သင့်ဖို့ရာ အမြဲရှိနေသဖြင့် ယင်းဥဒကုက္ခပကို မြတ်စွာဘုရားခွင့်မပြုရာ။ ထို့ ကြောင့် ရဟန်းမခံထိုက်သော နဂါး ဂဠုန် စသော သတ္တဝါတို့ကိုသာ တိရစ္ဆာနဂတယူရမည် မြစ်တော်မူရင်း ပါဠိတော်နှင့်လည်း ညီညွတ်သည်။


     ရှေးအခါ တော တောင် အမြဲနေသော အရညဝါသီ ကျမ်းဂန်တတ် ပုဂ္ဂိုလ်ကျော်တစ်ပါးသည် ရွှေမြို့တော်သို့ ရောက်လာရာ ခွေး တစ်ကောင်ပါလာသဖြင့် ဥပုသ်နေ့ ကြုံကြိုက်သောကြောင့် ဥပုသ်ပြုရာ သံဃာ့ဘောင်သိမ်တွင်းသို့ ဝင်လာရာ ခွေးလည်း လိုက်လာရာ ခွေးကို မောင်းပစ်ပါ၊ ခွေး ဟတ္ထပါသ်တွင်း မပါကောင်းဟု ရဟန်းတစ်ပါးဆိုသည်ရှိသော်၊ သည်မျှလောက် ပိဋကတ်ကျမ်ဂန် မလိမ္မာသော ရဟန်းများနှင့် ငါ ကံအတူ မဆောင်လိုဟု သိမ်မှထွက်ပြီးလျှင် တခြားတိုက်မှာမှ ဥပုသ်ပြုသော ရဟန်းဝတ္ထုကို ထုတ်၍ ဟတ္ထပါသ်တွင် နွား မြင်း စသော တိရစ္ဆာန်ပါသော်လည်း အပ်သည်သာတည်း ဟု မိန့်တော်မူ၏။ ဆင်ခြင်၍ ယူကြလေတော့၊ ပညာဉာဏ်ရှိသူမှန်က ဤမျှလောက် အာစရိယဝါဒများကို ထုတ်ပြသဖြင့် အမှန်သိနိုင်လောက်ပြီ။



၇၆။ တုဏှီပဒဝိစာရဏပြခန်း

     တသ္မာ တုဏှီ-ဟု ဤဒီဃနှင့်လည်းကောင်း၊ တုဏှိဟု ဣရဿနှင့်လည်းကောင်း၊ ပေစာ ဝတ်လဲကမ္မဝါစာတို့၌ အမျိုးမျိုးရှိ၏။ 


     ဒီဃေ ဝတ္တဗ္ဗေ ရဿန္တိ "သော တုဏှီ အဿာ”တိ ဝတ္တဗ္ဗေ သော တုဏှိ အဿာတိ ဝစနံ။ (ကမ္မဝဂ်ဖွင့် ဝဇိရဗုဒ္ဓိဋီကာ၊ ၅၇၉။) 


     သရာပကတိ ဗျဉ္ဇနေ သရာ ခေါ ဗျဉ္ဇနေ ပရေ ပကတိ ရူပါ ဟောန္တီတိ ယေဘုယျေန ဒိဃရဿလောပေဟိ ဝိကာရာဘာဝေါ။ယထာ-ပစ္စယော။ ပ။ ဝေဒနာက္ခန္ဓော။ ပ။ ဒီယတိ၊ တုဏှီဘူတော၊(သန္ဓိရူပသိဒ္ဓိ၊ ၂၄။) 


     တုဏှီ အဘာသနေ။ (နာမ်ရူပသိဒ္ဓိ။) တုဏှီ မောနေ။ (အဘိဓာန်အဗျယဝဂ်။) တုဏှီတိ စ အကထနတ္ထေ နိပါတော အကထနကော အဿ ဘဝေယျာတိ အတ္ထော။ (ဝိမတိဝိနောဒနီဋီကာ၊ ဒု၊ ၁၃၇။) ဝဝတ္ထိတန္တိ ယံ ပရပဒေန အသမ္ဗန္ဓံ ကတွာ ဝိစ္ဆိန္ဒိတွာ တုဏှီ အဿာတိ ဝါ တုဏှ အဿာတိ ဝါ ဝုစ္စတိ။ (ပရိဝါကမ္မဝဂ် အဋ္ဌကထာ၊ ၂၄၇။) 


     ဤအဋ္ဌကထာ,ဋီကာ ဂန္ထန္တရတို့ အလိုအားဖြင့် တုဏှီ- ဟု ဤ ဒီဃနှင့် ပုဒ်ရင်းကာရိယဖြစ်ကြောင်း သိရ၏။ ယင်းတုဏှီပုဒ်သည် “နိန္ဒန္တိ တုဏှိမာသီနန္တိ ကိံ ဧသော မူဂေါ ဝိယ ဗဓိရော ဝိယ ကိံစိ အဇာနန္တော ဝိယ တုဏှီ ဟုတွာ နိသိန္နောတိ နိန္ဒန္တိ" (ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၂၁၁။ အတုလျဝတ္ထု။) ဤ တသ္မာ တုဏှီ-စသော ပါဌ်တို့၌ ဧကဝုစ်အဆုံးရှိ၏။ အရိယော ဝါ တုဏှိဘာဝေါ နာတိမညိတဗ္ဗောတိ အရိယာ တုဏှီ နိသီဒန္တာ န ဗာလပုထုဇ္ဇနာ ဝိယ နိသီဒန္တိ။ (ပရိဝါစူဠသင်္ဂါမဖွင့်အဋ္ဌကထာ၊ ၂၀၅။) တုဏှီ နိသီဒန္တိ၊ (မဟာဝါဥပေါသထက္ခန္ဓကပါဠိတော်၊ ၁၄၀။) ယင်း ပါဠိအဋ္ဌကထာတို့၌ တုဏှီပုဒ်၏ ဗဟုဝုစ် အဆုံးရှိသည်ကို သိအပ်၏။ 


     ဤသို့တစ်ပုဒ်တည်းဖြစ်လျက် ဧကဝုစ် ဗဟုဝုစ် အဆုံးရှိသောကြောင့် “အတ္တီတိ ဝစနဝိပလ္လာသဝသေန ဝုတ္တံ။ နိပါတပဒံ ဝါ ဧတံ။ တသ္မာ တီသုပိ သင်္ခါသု တဒေဝဿ ရူပံ၊ တေနာဟ သံဝိဇ္ဇန္တီတိ"။ (ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ ၂၂၉။) မိန့်သောကြောင့် ယင်းတုဏှီပုဒ် နိပါတ်ဖြစ်ကြောင်း နိဿံသယအားဖြင့် သိအပ်၏။ ယင်း တုဏှီပုဒ် နာမ်ပုဒ်ဖြစ်အံ့ ဒဏ္ဍီသဒ္ဒါ၌ ဒဏ္ဍီ ဒဏ္ဍိ ဒဏ္ဍိနောစသည်ဖြင့် ပဒမာလာ အစဉ်ရှိသကဲ့သို့ တုဏှီ တုဏှိ တုဏှိနော စသည်ဖြင့် ပဒမာလာ အစဉ်ရှိရာ၏။ မရှိခဲ့။ တစ်ပုဒ်တည်း ဖြစ်လျက် ဧကဝုစ် ဗဟုဝုစ်အဆုံးရှိက နိပါတ်ပုဒ် ဖြစ်ကြောင်းကား -


     ဧတ္ထ သမ္မ သမ္မာ မာရိသ မာရိသာတိ ပဌမာဝိဘတ္တိယုတ္တာနံ ဧကဝစနပုထု ဝစနန္တာနံ အာမန္တနပဒါနံ ဒိဋ္ဌတ္တာ, ဒုတိယာတတိယာဒိ ဝိဘတ္တိယုတ္တဘာဝေန တေသံ ပဒါနံ အဒိဋ္ဌတ္တာ စ တာနိ ပဒါနိ နိပါတပဒေသုသင်္ဂဟံ ဂစ္ဆန္တီတိ ဝေဒိတဗ္ဗာနိ။ (သဒ္ဒနီတိ သုတ္တမာလာ၊ စတုပဒဝိဘာဂ၊ ၃၈၁။) ထောက်ထား၍ သိအပ်၏။


     မောနံ အဘာသနံ တုဏှီဘာဝေါ။ (အဘိဓာန်စာကိုယ်၊ ၄၂၉၊ ဂါထာ။) မောနေ အဘာသနေ တုဏှီဘူတော ဥဒိက္ခေယျ၊ နိန္ဒန္တိတုဏှီမာသိနန္တိအာဒီသု ဒိဿတိ။ တုဟ အဒနေ၊ ဏပစ္စယော ဟ လောပေါ စ တုဏှော မောနမေတဿတ္ထီတိ တုဏှီ။ တဿ ဘာဝေါ တုဏှီဘာဝေါ၊ အထ ဝါ တောဟတီတိ တုဏှီ တုဟ အဒနေ၊ အဒနံ၊ ဟိံသာ၊ ဏီပစ္စယော၊ ဝဏ္ဏဝိပရိယာယော၊ တုဏှီ ဘဝနံ ဝါ တုဏှီဘာဝေါ။ တုဏှီတိ နိပါတော။ (အဘိဓာန်ဋီကာ၊ ၂၉၆။ အဘိဓာနပ္ပဒီပိကာသူစိ) 


     ယင်းတုဏှီကား ဒီဃပုဒ်ရင်း ကာရိယဟု သိရသတည်း။ သို့သော် ၎င်းအဘိဓာန်ဋီကာအလို နယန္တရအားဖြင့် တဒ္ဓိတန္တ, ကိတန္တ နာမ်ပုဒ်ဟု ဆိုလိုသတည်း။ ဤသို့လျှင် ရှေးရှေးဆရာတော်ကြီး အဆက်ဆက်တို့ အလိုအားဖြင့် တုဏှီ -ဟု ဒီဃပုဒ်ရင်းဖြစ်သည်ကို ဧကန်သိရ၏။ 


     တုဏှီတိ အကထနတ္ထေ နိပါတော။ တုဏှီတိ ပဒံ ဘိက္ခုနာတိ ပဒဿ ဝိသေသနံ။ တုဏှီ ဣတိ ဌိတံ ကတ္တရိစာတိသုတ္တေန နာဝိဘတ္တိ သဗ္ဗာသမာတျာဓိနာ လောပေါ။ (ပါတိမောက္ခဂဏ္ဌီပါဌ် ။) 


     တုဏှိ ဘဝိတဗ္ဗန္တိ ဧတ္ထ တုဏှီ ဣတိ ဒီဃသရန္တဝသေန ဝါ တုဏှိ ဣတိ ရဿသရန္တ၀သေန ဝါ ဒွိဓာပိ ပဋ္ဌန္တိ လိခန္တိ စ၊ တေသု ယဒိ တုဏှိသဒ္ဒေါ ပါတိမောက္ခဂဏ္ဌိပဒေ ဝုတ္တနယေန အကထနတ္ထေ နိပါတော သိယာ။ ဒွိဓာပိ ယုဇ္ဇေယျ။ ယဒိပိ အဘိဓာနပ္ပဒီပိကာဋီကာယံ တုဏှော မောနမေတဿ အတ္ထီတိ တုဏှီ။ ပ။ ဝဏ္ဏဝိပရိယာယောတိ ဝုတ္တနယေန တဒ္ဓိတပဒံ ကိတပဒဉ္စ သိယာဒီဃသရန္တမေဝ ယုဇ္ဇေယျ တဉ္စ တုဏှီ အဟော သီတျာဒီသုဝိယ ကတ္တုဝါစက ကြိယာပေက္ခေယေဝ၊ ကမ္မဝါစကာဒိ ကြိယာပေက္ခေ ပန သတိ ကတ္တရိ နာဝိဘတ္တိလောပဿ အသမ္ဘဝတော မုနိတျာဒီသု ယထာရုတဒိဋ္ဌပဒေသု ဝိယ တုဏှိနာ ပဒေနာလောပံ ကတွာ တုဏှိဣတိ ရဿသရန္တမ္ပိ သမ္ဘဝတိ။ တသ္မာ ဣဓ ဘဝိတဗ္ဗန္တိ ပဒဿ ဘာဝဝါစကတ္တာ အမှေဟိ ရဿသရန္တမေဝ လိခိတံ။ (ပါတိမောက္ခလေခနယ ) 


     ဤနောက်ဖြစ် ကျမ်းတို့အလို ရဿနှင့် တုဏှိလည်း ရှိသင့်ရာ၏။ ထို့ကြောင့် ငါတို့ စံကျောင်းဆက် ဆရာတော်ကြီးတို့သည် ဥပသမ္ပဒါ ကမ္မဝါစာ၌ တုဏှီဟုဖတ်ပြီးလျှင် သိမ်သမုတ်ခန်း၌ တုဏှီဟု ဤဒီသနှင့်လည်းကောင်း၊ တုဏှိဟုဣရဿနှင့် လည်းကောင်း ဖတ်တော်မူရိုး ရှိသတည်း။ 


     ခမတိ သံဃဿ ဣတ္ထန္နာမဿ ဥပသမ္ပဒါတိ ပကတေန သမ္ဗန္ဓော။ တတ္ထ ကာရဏမာဟ ‘‘တသ္မာ တုဏှီ’’တိ။ တတ္ထ ‘‘အာသီ’’တိ သေသော။ ယသ္မာ ‘‘ယဿ နက္ခမတိ, သော ဘာသေယျာ’’တိ တိက္ခတ္တုံ ဝုစ္စမာနောပိ သံဃော တုဏှီ နိရဝေါ အဟောသိ, တသ္မာ ခမတိ သံဃဿာတိ အတ္ထော။  (ဝိမတိဝိနောဒနီဋီကာ၊ ဒု၊ ၁၃၇။) 


     ဤဋီကာ၌ ပကတေန၊ ပြဋ္ဌာန်းသည် အဖြစ်ဖြင့် ပြုအပ်သော ဥပသမ္ပဒါဟူသော ပုဒ်နှင့်။ ဝါ၊ အလွန်ထင်ရှားသော ဥပသမ္ပဒါ ဟူသောပုဒ်နှင့်၊ ဟု အနက်ပေး။ ၎င်းဝိမတိ ဆရာသည် “ပကတတ္ထပဋိနိဒ္ဒေ သော တ-သဒ္ဒေါတိ။ ပ။ ပကတော အဓိကတော သုပါကဋော စ"။ ပရိဝါ သာရတ္ထဒီပနီ ဋီကာ (တ၊ ၄၅၅။) ကို မှီ၍ရေးသည်။ သာရတ္ထဒီပနီ ဆရာလည်း သီလက္ခန်ဋီကာ ဗြဟ္မဇာလသုတ်ဖွင့် မဇ္ဈိမပဏ္ဏာသဋီကာ အဋ္ဌကနာဂရ သုတ်ဖွင့်တို့ကို မှီ၍ရေးသည်။ 


     ဤဝိမတိဋီကာ၌ ယသ္မာ အဟောသိစပ်။ ယင်းဋီကာအလို ခမတိ သံဃဿနောင် ပိုဒ်သေးတစ်ခုခတ်၊ တသ္မာနောင်လည်း ပိုဒ်သေးတစ်ခု ခတ်၊ တုဏှီနောင်လည်း ပိုဒ်သေးတစ်ခုခတ်။ ပိုဒ်သေးခတ်တိုင်း စဉ်းငယ်ရပ်ပြီးမှ တုဏှီကိုရွတ်။ 


     ဇနသင်္ဂဟတ္ထံ ဓမ္မကထာ နာမ ကာတဗ္ဗာယေဝါတိ အဋ္ဌကထာစရိယာ ၀ဒန္တိ။ ဓမ္မကထာ ဟိ ကမ္မဋ္ဌာနဝိနိမုတ္တာ နာမ နတ္ထိ။ တသ္မာ။ (သမ္မောဟဝိနောဒနီ ဈာနဝိဘင်း၊ ၃၃၄။) တသ္မာ တိ ဧတဿ “ဓမ္မကထာကထေတဗ္ဗာယေဝါတိ ဝဒန္တီ”တိ ဧတေန သမ္ဗန္ဓော။( မူလဋီကာ၊ ၂၊ ၁၈၁။) 


     ယင်း၌ တသ္မာ-ကို ရှေ့ကာတဗ္ဗာယေဝ-ပြန်စပ်ရကား တသ္မာ နောင် ပိုဒ်သေးခတ်။ 


     တံ သုဏာထ သမာဟိတာ။ ဝုတ္တဉှေတံ ပုဗ္ဗာစရိယေဟိ-


     “ယော ကောစိ မံ။ ပ။ ဂစ္ဆေ”တိ ( ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ဒု၊၁၅၄။) 


     ဤ၌ တသ္မာ-အနက်ရှိသော ဣတိ ကို သုဏာထ-ပြန်စပ်ရသဖြင့် -ဣတိနောင် ပိုဒ်သေးခတ်။ တသ္မာ သည် ခမတိ၏ အ ကြောင်းဟု ဝိမတိ ဆိုရာ၌ ဇနက သမ္ပာပက, ဉာပက အကြောင်းသုံးပါးတို့တွင် ဉာပက ဖြစ်ရကား ခမတိ-နောင် ဇာနာမိ -ဟု ထည့်လေ။ 

     တုဏှီပဒ မဟာဋီကာ သမတ္တာ။

          ယင်းအဝိပ္ပဝါသ သိမ်နုတ် ကမ္မဝါစာမှာ ဘုရားလက်ထက်ကစ၍ ယနေ့တိုင် အကွဲအပြားမရှိ။ ပါဠိ အဋ္ဌကထာ ဋီကာဂန္ထန္တရစုံ ပြည့်စုံစွာ ရှိရကား တစ်စုံတစ်ခု သံသယဖြစ်ဖွယ် မရှိလေ။

          အဝိပ္ပဝါသ သီမာ သမုဟနနဝိစာရဏဋီကာ သမတ္တာ။



၇၇။ ကမ္မဝါစာ ပြည့်စုံ မပြည့်စုံ စိစစ်ခန်း

     သမာနသံဝါသက သိမ်နုတ်ကမ္မဝါစာ၌ မူကား ဉတ်၌ တံ သီမံ သမုဟနေယျ-နောက် သမာနသံဝါသံ ဧကုပေါသထံ ဟူသော ဝိသေသနပုဒ်ပါ မပါနှစ်မျိုးရှိ၏။ ကမ္မဝါစာ၌ တံ သီမံ သမုဟနတိ -နောက်လည်း သမာနသံဝါသံ ဧကူပေါသထံ-ပုဒ်ပါ မပါ နှစ်မျိုးပင်ရှိ၏။ ဧတိဿာ သီမာယ-နောက်လည်း သမာနသံဝါသာယ ဧကူပေါသထာယ-ပုဒ်ပါ မပါ နှစ်မျိုးရှိ၏။ သာ သီမာ သံဃေနနောက်လည်း သမာနသံဝါသာ ဧကူပေါသထာ ဟူသော ဝိသေသန နှစ်ပုဒ် ပါ မပါ နှစ်မျိုးရှိ၏။ ဤသို့ (၄) ဌာနပင် ပါ မပါ သီဟိုဠ်ကျွန်းကစ၍ ယခု ကာလတိုင် ပေစာ၊ ရွှေကမ္မဝါစာ၊ မင်စာတို့၌ အမျိုးမျိုးရှိ၏။ 


     "ယဿာယသ္မတော ခမတိ ဧတိဿာ သီမာယ သမာနသံဝါသာယ ဧကူပေါသထာယ သမုဂ္ဃါတော၊ သော တုဏှဿာ”တိ အန္ဓက ပေါတ္ထကေ သီဟဠပေါတ္ထကေသု စ ကေသုစိ ပါဌော အတ္ထိ။ ကေသုစိ "သမုဂ္ဃါတော ဧတိဿာ သီမာယာ"တိ ပဌမံ လိခန္တိ ကေသုစိ "ဧတိဿာ သီမာယ သမုဂ္ဃါတောတိ”စ။ (မဟာဝါဥပေါသထက္ခန္ဓက ဝဇိရဗုဒ္ဓိဋီကာ၊ ၄၅၇။) 


     ဤဋီကာ၌ ၎င်းဝိသေသနနှစ်ပုဒ် ပါ မပါကိုသာဆို၏။ မရွတ်ဖတ်ရာ၌ အပြစ်ကိုမဆို။


     အမရပူရမြို့တည် နန်းတည် ဘိုးတော် မင်းတရားလက်ထက် မောင်းထောင်သာသနာပိုင် ဆရာတော် ရေးသားအပ်သော သီမဗန္ဓန ကထာကျမ်း၌ကား-


     ဧတ္ထ ပန သမာနသံဝါသကသီမာယ သမုဟနနကမ္မဝါစာယံ နိဗ္ဗိသေသနပါဌော ကတ္တစိပေါတ္ထကေ ဒိဿတိ၊ သဝိသေသန ပါဌောဝ သုန္ဒရတရော၊ အက္ခရပရိဟီနေယေဝ ဟိ သဒေါသော။ အက္ခရာဒိကေပိ နိဒ္ဒေါသောယေဝါတိ ဝေဒိတဗ္ဗံ။


     ဟု ဝိသေသန နှစ်ပုဒ်ပါမှသင့်ကြောင်း မိန့်၏။ ငါတို့အဘိုးစံကျောင်းဆရာတော်၊ ပြည်ဆရာတော်၊ ရတနာပုရ စတုတ္ထမြို့တည် ဖန်နန်းရှင် မင်းတရားလက်ထက် ဩဘာသဓဇ မဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဇာတ်ကြီးဆယ်စောင်ဝတ္ထု စသည်ရေး မြစ်ကွေ့ခုနစ်ဂိုဏ်းချုပ် ဆရာတော်တို့လည်း ဝိသေသန နှစ်ပုဒ်ထည့်၍ အမြဲဖတ်မူကြသတည်း။



၇၈။ သီမာပဒ ဝိစာရဏခန်း

     ယင်း သမာနသံဝါသက သိမ်နုတ်ကမ္မဝါစာ၌ -

သိ ဗန္ဓနေ သိယတီတိ သီမာ ဒီဃော-(ကိတ်ရူပသိဒ္ဓိ၊) ကစ္စာယန ဝဏ္ဏနာ၊ မောဂ္ဂလာန်ဆရာတို့အလို သီမာ၌သီ၌ ဤဒီဃ၊ သိဗန္ဓနေ၊ (နျာသ။) ၎င်းဆရာအလို ဒီဃအပြု မပါသော ကြောင့် သိ မာဟု အစ-သိ၌ ဣရသနှင့် လိုသကဲ့သို့ရှိ၏။ သီ ဗန္ဓနေ၊ မော၊ သီယတေ၊ သမဂ္ဂန သံဃေန ကမ္မဝါစာယ ဗန္ဒိယတေတိ သီမာ၊ 


        (သီဓာတ် ဗန္ဓနတ္ထ-အဘိဓာနပ္ပဒီပိကာသူစိ)


     ဦးခေါင်းဟော၊ သလွဲမြည်း ခဲပုပ်ဟောသီသ၊ သိမ်ဟော သီမ(၃) ပုဒ်တို့၌ ဒီဃ-ဟု မဟာဝိသုဒ္ဓါရာမ ဆရာတော် ဘုရားကြီးအမိန့်ရှိ၏။ အချိုကား နျာသ , သဒ္ဒနီတိတို့၌ ဒီဃအပြု အသီးမဆိုသောကြောင့် ရဿလည်း သင့်၏ဟု ဆိုကြကုန်၏။ ရှေးရှေးလောကီကျမ်းတို့ကပင် ဤဒီဃနှင့် သီမာပုဒ်ပြီး ဆိုသောကြောင့် မဆိုသင့်လေပြီ။ 

     သီမာပဒဋီကာ ပြီး၏



၇၉။ ဧကူပေါသထ ဝိစာရဏခန်း

     ဧကူပေါသထာ-ဟူသော ပုဒ်၌ ဝသ နိဝါသေ။ (ဓာတ်ကျမ်း) ရူပသိဒ္ဓိ ဒီဃံ-သုတ်၏ အဖွင့်၌ ကမ္မူပနိဿယော၊ ကို ထုတ်ပြသောကြောင့် ယင်းနှင့်အလားတူရကား ဧကူပေါသထာ ဧကူပေါသထံ ဧကူပေါသထာယ-ဟု ဦဒီဃနှင့် ရှိသင့်၏။ အဇ္ဇုပေါသထောတိ အဇ္ဇ ဥပေါသထဒိဝသော၊ ကင်္ခါအဋ္ဌကထာ၌ စာဟူသမျှ ဥရဿနှင့်ချည်း ရှိသည်ထောက်ပြန်သော် ဧကုပေါသထာ စသည်ဖြင့် ဥရဿနှင့်လည်း ရှိသင့်ကြောင်းသိရ၏။


     ဣတိ သိထိလေ ကတ္တဗ္ဗေ ဓနိတံ, ဓနိတေ ကတ္တဗ္ဗေ သိထိလံ, ဝိမုတ္တေ ကတ္တဗ္ဗေ နိဂ္ဂဟိတံ, နိဂ္ဂဟိတေ ကတ္တဗ္ဗေ ဝိမုတ္တန္တိ ဣမာနိ စတ္တာရိ ဗျဉ္ဇနာနိ အန္တောကမ္မဝါစာယ ကမ္မံ ဒူသေန္တိ။ 


     ပရိဝါ ကမ္မဝဂ် အဋ္ဌကထာ၊ (၂၄၈)၌ ကံပျက်အင်္ဂါ(၄)ပါးတွင် မပါဝင်ရကား ဒီဃ,ရဿ နှစ်မျိုးပင် ဖတ်တော်မူကြသတည်း။ ယင်း၌ ဒန္တဇစတုတ္ထက္ခရာ ဓအောက်ချိုက်နှင့် ဧကူပေါသဓာစသည်ဖြင့် အချို့ဖတ်ကြ၏။ 


     ထပ ထပနေ၊ ထပေတိ။ ပ။ ဝဝဋ္ဌပေတိ၊ ဝေါဋ္ဌဗ္ဗနံ။ ပ။ ဧတ္ထ ပုရိမေ သရာလောပေါ၊ ထဿ ဌတ္တံ၊ ဝိသဒိသဘာဝေန ဒွိတ္တဉ္စ။


     ပစ္ဆိမေ ပန သရလောပေါ၊ အဝဿ ဩကာရတ္တံ ထဿ ဌတ္တံ၊ ပဿ ဝတ္တံ ဝဿ ဒွိတ္တံ။ ဝကာရဒွယဿ စ ဗကာရဒွယံ ဘဝတိ- ဟု သဒ္ဒနီတိ စုရာဒိဂဏိကဓာတ် လာသကဲ့သို့လည်းကောင်း၊


     နာထဓာတုယာစနေ။ ပ။ သဒ္ဒသတ္ထဝိဒူ ပန တေသု စတူသု အတ္ထေသု နာထ နာဓ ဣတိ ဓာတုဒွယံ ပဌန္တိ။ 


ဟု နာထဓာတ်အရာ၌ ကာရီကာရိယပြောင်းပုံ လာသကဲ့သို့လည်းကောင်း ဝသဓာတ်အရာ၌ မ,လာရကား ငါတို့ စံကျောင်းဆက် ဆရာတော်ကြီးများ ဖတ်ရိုးမပြုကြချေ။ 

ဧကူပေါသထဋီကာ ပြီး၏။



၈၀။ ပဒပရိဟီနဋီကာ ပြခန်း

     ဤသမာန သံဝါသက သိမ်နုတ်ခန်း၌ ရှေး၌ဆိုအပ်ပြီးရကား ဆိုဖွယ်မရှိပြီ။ သိမ်နုတ်အဝိပ္ပဝါသ ကမ္မဝါစာ၊ သမာနသံဝါသ ကမ္မဝါစာနှစ်ရပ်တို့တွင် အဝိပ္ပဝါသမှာ ပရိပုဏ္ဏကမ္မဝါစာဖြစ်၍ ရေးဖွယ်မရှိ။ သမာနသံဝါသ ကမ္မဝါစာ၌ကား ဉတ်မှာ သမုဟနေယျ ကမ္မဝါစာ၌ သမုဟနတိ၊ ဧတိဿာ သီမာယ၊ နိဂုံး၌ သံဃေန၊ ၎င်းပုဒ်လေးခုတို့နောင် သမာနသံဝါသံ ဧကူပေါသထံ-စသော ဝိသေသန နှစ်ပုဒ်စီတို့သည် အချို့ကမ္မဝါစာတို့၌သာရှိ၍ အချို့သော ကမ္မဝါစာတို့၌ မရှိကုန်။ ငါတို့ရှေးက ခင်းအပ်ပြီးသော ဝဇိရဗုဒ္ဓိဋီကာ သီမာဗန္ဓနကထာတို့ မိန့်ဆိုတိုင်း သီဟိုဠ်ကျွန်းကစ၍ပင် ကွဲပြားခဲ့ပုံရသည်။ ငါတို့လက်ထက်မှာလည်း အချို့သော ပေစာ ရွှေစာ ကမ္မဝါစာ မင်စာတို့မှာသာ ရှိ၍ အချို့မရှိ၊ သို့သော်လည်း ငါတို့ ရေးသားခဲ့အပ်ပြီးသော နည်းအတိုင်း ရှိခြင်းသာ ကောင်းမြတ်သည်နှင့် အပြည့်အစုံပင် ငါတို့ဖတ်ရိုးရှိသတည်း။ 


     ယောပိ ဉတ္တိဒုတိယကမ္မေ ဧကံ ဉတ္တိံ ဌပေတွာ ဧကံ ကမ္မဝါစံ အနုဿာဝေန္တော အက္ခရံ ဝါ ဆဍ္ဍေတိ၊ ပဒံ ဝါ ဒုရုတ္တံ ကရောတိ၊ အယမ္ပိ အနုဿာဝနံ ဟာပေတိယေဝ။ (ပရိဝါကမ္မဝဂ်အဋ္ဌကထာ ၊၂၄၆။) 

     ပဒပရိဟီနဋီကာ ပြီး၏။ 



၈၁။ ဉတ္တိဒေါသ ဝိစာရဏခန်း

     ဉတ္တိသမ္ပတ္တိ အနုဿာဝနသမ္ပတ္တိတို့၌ ဉတ္တိဒေါသငါးပါး၊ အနုဿာဝနငါးပါးတို့တွင် ဉတ္တိဒေါသငါးပါးကား။ ဉတ်ရွတ်ဖတ်စဉ်အခါ -


(၁) ဝတ္ထုအပရာမသန၊ 

(၂) သံဃအပရာမသန၊ 

(၃) ပုဂ္ဂလအပရာမသန 

(၄) ဉတ္တိအပရာမသန၊ 

(၅) ပစ္ဆာဉတ္တိတ္ထပန-အားဖြင့် ငါးပါးတည်း။ 


ဥပသမ္ပဒါအခန်း၌ -

     အယံ နာဂေါ-စသည်ဖြင့် ပဉ္စင်းလောင်းဟောသဒ္ဒါကို မကြားမရွတ်ဖတ်ပဲ ချန်ထားခဲ့လျှင် ဝတ္ထုအပရာမသနမည်၏။


သုဏာတု မေ ဘန္တေ သံဃော-၌ 

     သံဃောကို မရွတ်ဖတ်ပဲ

သုဏာတု မေ ဘန္တေ -တွင် ရွတ်ဖတ်၍ အယံ နာဂေါစသည်ကို ရွတ်ဖတ်လျှင် သံဃအပရာမသနမည်၏။ 


အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခာ -ဟု 

     ဥပဇ္ဈာယ်ဟော ပုဒ်တို့ကို မရွတ်ဖတ်ပဲ ချန်ထားခဲ့လျှင် ပုဂ္ဂလအပရာမသနမည်၏။


သုဏာတု -ကစ၍ ဧသာ ဉတ္တိ -တိုင် 

     ဉတ်ကိုလုံးလုံးမရွတ်ဖတ်ပဲ ချန်ထားခဲ့လျှင် ဉတ္တိအပရာမသနမည်၏။ 


ဉတ်ကို ရှေးဦးစွာ မရွတ်ဖတ်ပဲ ကမ္မဝါစာကို ရွတ်ဖတ်ပြီးလျှင် ယင်းနောက်မှ ဧသာ ဉတ္တိ -ဟု ဆို၍ 

     ယင်းနောက် ခမတိ သံဃဿ ဆို၍ဥတ်ကိုကြားခြင်းသည် ပစ္စာဉတ္တိတ္ထပနမည်၏။


     ဤသို့ ဉတ်၌အပြစ်ငါးပါးကို သိအပ်၏။ ၎င်းအတိုင်းမဟုတ်ပဲ ကမ္မဝါစာကုန် ရှေးဦးစွာဖတ်၍ နောက်ဆုံး၌ ဉတ်ကုန် ရွတ်ဖတ်လျှင်လည်း ပစ္ဆာဉတ္တိတ္ထပနပင်တည်း။ 


     ယင်း ငါးပါးသော ဉတ်၌ အပြစ်လွတ်လျှင် ဉတ္တိသမ္ပတ္တိဖြစ်၍ ကံမြောက်၏။ 


     ဉတ္တိံ န ပရာမသတီတိ သဗ္ဗေန သဗ္ဗံ ဉတ္တိံ နပရာမသတိ။ ပ။ ပဉ္စဟာကာရေဟိ ဉတ္တိတော ကမ္မာနိ ဝိပဇ္ဇန္တိ။ (ပရိဝါကမ္မဝဂ်အဋ္ဌကထာ၊ ၂၄၆။) 

     ဤကား အကျဉ်းအားဖြင့် ရေးသားအပ်သော 

     ဉတ္တိဒေါသဋီကာ ပြီး၏။ 



၈၂။ ကမ္မဝါစာဒေါသ ဝိစာရဏခန်း

အနုဿာဝနဒေါသ ငါးပါးကား -

(၁) ဝတ္ထုအပရာမသန၊

(၂) သံဃအပရာမသန၊ 

(၃) ပုဂ္ဂလအပရာမသန၊ 

(၄) သာဝနဟာပန၊ 

(၅) အကာလသာဝန အားဖြင့် ငါးပါးဖြစ်သတည်း။


     ထိုငါးပါးတို့တွင် ဝတ္ထု,သံဃ,ပုဂ္ဂလ,အပရာမသနသုံးပါးတို့မှာ ဉတ္တိဒေါသ၌ ဆိုအပ်ပြီးသော နည်းအတိုင်းပင်တည်း။ 


     အထူးမှာ ဥပသမ္ပဒါခန်း၌ ကမ္မဝါစာ သုံးကြိမ်တွင် ဘယ်အကြိမ်မှာပင် မသုံးသပ်မိသည်ဖြစ်စေ အကုန်ကံပျက်၏။ ကမ္မဝါစာကို လုံးလုံးမရွတ်ပဲ ဉတ်ကိုပင် လေးကြိမ်တိုင် ရွတ်ဖတ်ခြင်းသည်လည်းကောင်း၊ ကမ္မဝါစာအတွင်းရှိသော အစိတ်၏အဖြစ်ဖြင့် တည်သောအက္ခရာကို လည်းကောင်း ပုဒ်ကိုလည်းကောင်း မရွတ်ဆိုခြင်းသည်လည်းကောင်း ဌာန်ကရိုဏ်း ပယတ် ဗျဉ္ဇနဗုဒ္ဓိဆယ်ပါး မပြည့်စုံပဲ ရွတ်ဆိုခြင်းဟူသော ကမ္မဝါစာကို မကောင်းသဖြင့် ရွတ်ဆိုခြင်းသည်လည်းကောင်း ကမ္မဝါစာကို ယုတ်စေခြင်း ကမ္မဝါစာ၏ ယုတ်ခြင်းဟူသော သာဝနာယဟာပနမည်၏။ ဉတ်ကို ရှေးဦးရွတ်ဖတ်ရမည်ဖြစ်လျက် ဉတ်ကို ရှေးဦးစွာ မရွတ်ဖတ်ပဲ ကမ္မဝါစာကို ရှေးဦးစွာ ရွတ်ဖတ်ခြင်းသည်လည်းကောင်း၊ ကမ္မဝါစာကို ရှေးဦးစွာရွတ်ဖတ်ပြီးနောက်မှ ဉတ်ကိုရွတ်ဖတ်ခြင်းသည်လည်းကောင်း အကာလသာဝနမည်၏။


     ဧဝံ ပန နေသံ အပရာမသနံ ဟောတိ ။ပ ။ ဉတ္တိစတုတ္ထကမ္မေ ပန ဧကံ ဉတ္တိံ ဌပေတွာ သကိမေဝ ဝါ ဒွိက္ခတ္တုံ ဝါ ကမ္မဝါစာယ အနုဿာဝနံ ကရောန္တောပိ အက္ခရံ ဝါ ပဒံ ဝါ ဆဍ္ဍေန္တောပိ ဒုရုတ္တံ ကရောန္တောပိ အနုဿာဝနံ ဟာပေတိယေဝ။ (ပရိဝါကမ္မဝဂ် အဋ္ဌကထာ၊ ၂၄၆။) 


ဤသို့သော အနုဿာဝနဒေါသငါးပါးမှ လွတ်သောကံသည် အနုဿာဝနသမ္ပတ္တိမည်၏။ ဤ၌အနုဿာဝနမှာသာ အနုစ္စာရဏ ဒုရုစ္စာရဏတို့ကို ဆိုသော်လည်း ဉတ်မှာလည်း ဤနည်းအတိုင်း ယူရမည်ဟု ကျေးဇူးရှင်ဆရာတော်များ သာမညယူတော်မူ၏။ ငါတို့ကား ဉတ္တိ အပရာမသနတွင် ယင်းအနုစ္စာရဏ ဒုရုစ္စာရဏတို့ကို သွင်းသင့်မည်ထင်၏။ ယခုကာလ၌ ယင်းဒုရုစ္စာရဏကား ပွဲတိုင်းလိုပင် တွေ့ရချေ၏။

အနုဿာဝနဒေါသဋီကာ ပြီး၏ ။



၈၃။ ကမ္မဝါစာဝသာန စိစစ်ခန်း

     ယင်းအဝိပ္ပဝါသသီမာ သမုဟနနကမ္မဝါစာ၊ သမာနသံဝါသက သမုဟနနကမ္မဝါစာတို့၌ ကမ္မဝါစာအဘယ်မှာဆုံးသနည်း။ သောဘာသေယျ -တွင် ဆုံးသလော။ ဧ၀မေတံ ဓာရယာမိ -တွင် ဆုံးသလောဟု ပုစ္ဆာထုတ်ဖွယ်ရှိ၏။ 


     သံဃာဒိသေသ် ကုလဒူသက သိက္ခာပုဒ်၌ အယူကိုမစွန့်သောရဟန်းမှာ ဉတ်ဆုံးလျှင် ဒုက္ကဋ်အာပတ်သင့်သည်။ ကမ္မဝါစာနှစ်ကြိမ်ဆုံးလျှင် ထုလ္လစ္စည်းအာပတ်သင့်သည်။ သော ဘာသေယျ-၌ ယျအက္ခရာဆုံးလျှင် သံဃာဒိသေသ် အာပတ်သင့်သည်။ ၎င်းအဋ္ဌကထာကိုထောက်၍ ဗန်းမော်ဆရာတော် ကျေးဇူးရှင် ကျီဝန်ဆရာတော် ဘုရားကြီးတို့သည် သော ဘာသေယျတွင် ယျ အက္ခရာမှာ ကမ္မဝါစာဆုံး၏ ယူတော်မူကြသည်။ 


     ငါတို့ကျေးဇူးရှင် မိုင်းခိုင်ဆရာတော်ဘုရားကြီးကား “တသ္မာ တုဏှီ ဧ၀မေတံ ဓာရယာမီတိ ကမ္မဝါစံ ကတွာ"ဟူ၍ စူဠဝါ သမုစ္စယခန္ဓကတွင် သာရတ္ထဒီပနီဋီကာ၌ မိန့်ဆိုသောကြောင့်လည်းကောင်း၊ ပရိဝါ ကမ္မဝဂ် အဋ္ဌကထာ၊ ပရိဝါ ဂါထာ သင်္ဂဏိကဖွင့် အဋ္ဌကထာ၌လည်း “ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမီတိ ဝဒတိ-ဟူ၍ ဓာရယာမိ” အဆုံးရှိသည်ကို ဆိုသောကြောင့်လည်းကောင်း၊ သော ဘာသေယျ၌ ယျ အက္ခရာဆုံးလျှင် သံဃာဒိသေသ် သင့်၏ဆိုသောစကားသည် ကမ္မဝါစာဆုံးရာကို ပြသောစကားမဟုတ်၊ အာပတ်သင့်ရာ အခါကာလကိုသာ ပြသောစကား ဖြစ်သောကြောင့်လည်းကောင်း ဓာရယာမိတွင် မိအက္ခရာဆုံးမှ ကမ္မဝါစာဆုံးသည်ဟု အမိန့်တော်ရှိသတည်း။ (ပဇ္ဇုန္နဂတိကနည်း။) 


     ထိုစကားနှစ်ရပ်တို့တွင် ဒုတိယစကားသည်သင့်၏။ ပါတိမောက္ခတ္ထ ပနက္ခန္ဓက၌ ပါတိမောက်ကို တန့်စေရာ သုဏာတု-ကစ၍ ဥပေါသထံ ကရေယျ -တွင် ယျအက္ခရာ မရောက်မီ ရေအက္ခရာနှင့်တကွ သုဏာတုတိုင် အတွင်းတွင်တားမြစ်မှ၊ ပါတိမောက်တန့်သည် မည်ကြောင်း၊ ယျတိုင်လျှင် တန့်သော်လည်း တန့်သည် မမည်ကြောင်း ​ပြသောအဋ္ဌကထာစကားသည် ပါတိမောက်တန့်ရာ ခေတ်ကိုပြသော စကားသာတည်း၊ ဥတ်ပြီးဆုံးရာ ကာလကိုပြသော စကားဟုမယူရသကဲ့သို့ ဤမှာလည်း ထို့အတူ ယူသင့်သောကြောင့်တည်း။ ပါတိမောက် ပြရာ နိဒါနုဒ္ဒေသမှာလည်း မိမိသန္တာန်မှာ သင့်ပြီးသော အာပတ်ထင်ရှားရှိလျက် ဥပုသ်မပြုမီ ထင်စွာမပြု၊ သူတပါး မပြောဆိုခဲ့သော် တတ္ထာယသ္မန္တေ ပုစ္ဆာမိ၊ ကစ္ဆိတ္ထ ပရိသုဒ္ဓါ-စသောဝါကျ၌ တတိယမ္ပိ ပုစ္ဆာမိ၊ ကစ္စိတ္ထ ပရိသုဒ္ဓါ၊ ပရိသုဒ္ဓေတ္ထာယသ္မန္တော တသ္မာ တုဏှီ။ ဧဝ မေတံ ဓာရယာမိ - ဟူသော ဝါကျ၌ မိဟူသော အက္ခရာအဆုံး၌ သမ္ပဇာနမုသာဝါဒ ဒုက္ကဋ်အာပတ်ထပ်၍ သင့်သတည်း။ 


     ထိုစကားမှန်၏။ ဥပေါသထဉတ်မှာ ပါတိမောက္ခံ  ဥဒ္ဒိသေယျ ဟူသောဝါကျကို မရွတ်ဖတ်ပဲ  အင်္ဂါသုံးပါးမစုံနိုင်။ 

အင်္ဂါသုံးပါးအရကား – 


(၁) ပန္နရသော၊ 

(၂) သံဃော ဥပေါသထံ ကရေယျ၊

(၃) ပါတိမောက္ခံ ဥဒ္ဒိသေယျ - ပင်တည်း။ 


ထို့ကြောင့် ကင်္ခါ အဋ္ဌကထာ၌ -

     ဒိဝသဝသေန ပန္နရသိကော၊ ကာရကဝသေန သံဃုပေါသ ထော၊ ကတ္တဗ္ဗာကာရဝသေန သုတ္တုဒ္ဒေသောတိ ဧဝံ တိလက္ခဏ သမ္ပန္နော ဥပေါသထော ဣဓ နိဒ္ဒိဋ္ဌောတိ ဝေဒိတဗ္ဗော-ဟု မိန့်သတည်း။ 

ကမ္မဝါစာဝသာနဋီကာ ပြီး၏။ 



၈၄။ သိမ်နုတ်ခန်း၌ ဝဂ္ဂကမ္မဖြစ် မဖြစ်

     ယင်းသို့ အကြိမ်ကြိမ် အထပ်ထပ် သိမ်ကိုနုတ်ရာ သိမ်တွင်း၌ တစ်ပါးနှင့်တစ်ပါး ဟတ္ထပါသ်ကိုလည်း မစွန့်ရ။ ညောင်စောင်းကွက်ကို ချည်မျှင်ဖြင့်လည်း မတန်းရ။ အထက်က မဏ္ဍပ်စသည်ဆောက်၍ မမိုးရ။ အောက်က ဖျာ သင်ဖြူးစသည်လည်း မခင်းရ။ မိုးလိုလျှင် တစ်ပင်တိုင် ထီးဖြူရုံဆောက်၍ မိုးရသတည်း။ ခင်းလိုလျှင်လည်း တစ်ပါးထိုင်လောက်စာသာ ခင်းရသတည်း။ ဤသို့ပြုလျှင် နှစ်လုံး,သုံးလုံး,လေးလုံး ကုန်သော သိမ်တို့၏ သမ္ဘေဒအဇ္ဈောတ္ထဏသင်္ကရဒေါသများကို ပယ်နိုင်သတည်း။ 


     နုတ်သောအခါလည်း သံဃာသိမ်းရသည်။ ဤကား ငါတို့ ကျေးဇူးရှင် မိုင်းခိုင်းဆရာတော်ဘုရားကြီး စီမံပုံတည်း။ 


     ဝိနယာလင်္ကာရဋီကာ၌လည်း နုတ်သောအခါ သံဃာသိမ်းရမည်ဟုမိန့်၏။ အဋ္ဌကထာ၌ကား သမုတ်သောအခါသာ သံဃာသိမ်းရပုံလာသည်။ နုတ်သောအခါ သံဃာသိမ်းရပုံမလာ။ သို့သော် စဉ်းစားဖွယ်ရှိ၏။ သိမ်သမုတ်လိုသော နေရာနှင့် ထိုရဟန်းတို့ နေသောနေရာသည် ခဏ္ဍသိမ်အသီးသီး ဖြစ်သော်လည်းကောင်း၊ သိမ်သမုတ်သော နေရာက ဝိသုံဂါမဖြစ်၍ ထိုရဟန်းတို့ နေရာက ပကတိဂါမ ဖြစ်သော် လည်းကောင်း မသိမ်းသော်လည်း အပြစ်မရှိ။ ထိုသိမ်သမုတ်ရာ နေရာနှင့် ထိုရဟန်းတို့ နေရာသည် ရှေးကသမုတ်အပ်ပြီး မဟာသိမ်ဟောင်းကြီး ဖြစ်ခဲ့ပါသော် တစ်ခုသောနေရာ၌ ရဟန်းတို့စုဝေး၍ အကြိမ်ပေါင်း ရာထောင်မက နုတ်ပါငြားသော်လည်း ထိုမဟာသိမ်တစ်စိတ်၌ ဟတ္ထပါသ်တွင် မပါပဲနေသော ရဟန်းတွေအတွက် ဝဂ္ဂကမ္မဖြစ်နေသောကြောင့် ထိုသိမ်မကျွတ်၊ ပင်ပန်းရုံသာ ရှိရာသတည်း။ သာသနာလည်း အဓွန့်ရှည်ကြာရလှပြီး ဖြစ်၍ ဤနေရာမှာ သိမ်ဟောင်းရှိ၏ မရှိဟု အတတ်မသိနိုင်ရှိ၏။ ထို့ကြောင့် သိမ်းခြင်း၊ ဆန္ဒတောင်းခြင်း၊ ဟတ္ထပါသ်ပင့်ဆောင်ခြင်း၊ သိမ်မှထွက်စေခြင်း၊ ဗဒ္ဓသိမ်သို့သွင်းခြင်း နေစေခြင်းများသာ သင့်မြတ်ရာသတည်း။ ( မိုင်းခိုင်းဆရာတော်။)


        သီမာသမ္မုတိယံယေဝ၊ ဝဂ္ဂကမ္မံ ၀ဒန္တိ တေ။ 

        သမူဟနေပိ ဂဏှေယျ၊ ယုတ္တဝါဒီတိ နော မတိ။

        သိမ်နုတ်ခန်း ဋီကာ သမတ္တာ။ 



၈၅။ အုတ်တိုက်ကျောင်းစသည်ဆောက်ပြီး သိမ်သမုတ်သင့်မသင့်

ယခုကာလ အချို့သော ဆရာတော်တို့သည် - 

     သစေ ဧကယောဇနဒွိယောဇနပ္ပမာဏံ သဗ္ဗံ ပဗ္ဗတံ အန္တော ကတ္တုကာမာ ဟောန္တိ၊ ပဗ္ဗတဿ ပရတော ဘူမိယံ ဇာတရုက္ခ ဝမ္မိကာဒီနိ နိမိတ္တာနိ ကိတ္တေတဗ္ဗာနိ။ 


     ဟူသော မဟာဝါဥပေါသထက္ခန္ဓကအဋ္ဌကထာ (၃၁၉)ကို ထောက်၍ ဆောက်ပြီး အုတ်တိုက်ကြီးများကိုလည်းကောင်း၊ ကျောင်းကြီးများကိုလည်းကောင်း သိမ်း၍ သိမ်နုတ် သိမ်သမုတ် ကိစ္စပြုကြလေကုန်ပြီ၊ အချို့လည်း သိမ်သမုတ်ပြီးနောက်မှ နိမိတ်ပြင်ဘက် ကျောင်းကိုချဲ့၍ တစ်သိမ်တည်း လုပ်ကြလေကုန်ပြီ။ ရှေးကသမုတ်ပြီး ဗဒ္ဓသိမ်မရှိသော နေရာချည်းဖြစ်ခဲ့မူ သင့်ရာ၏။ 


ထိုတောင်မှာလည်း တောင်နိမိတ်ကြားခန်း၌ -

     သစေ ပဗ္ဗတဿ တတိယဘာဂံ ဝါ ဥပဍ္ဎံ ဝါ အန္တောသီမာယ ကတ္တုကာမာ ဟောန္တိ။ ပ။ ကိတ္တေတဗ္ဗံ-


     ဟူသော ရှေးဝါကျများကို ထောက်ပြန်သော် ထိုတောင်တစ်စိတ်ကို ဗဒ္ဓသိမ်တစ်ခုတွင် သွင်း၍သမုတ်နိုင်က ကြွင်းတစ်စိတ်ကိုလည်း ဗဒ္ဓသိမ်တစ်ခုတွင်းသို့ သွင်း၍သမုတ်နိုင်သည်မှာ ဒိဋ္ဌလောက် သိမြင်နိုင်ရာ၏။ ယင်းသို့ ဗဒ္ဓသိမ်နှစ်လုံး မရှိရာ၌ သင့်ရာ၏။ ရှိရာ၌မူ မသင့်ရာ။ ယခုကာလ ညောင်စောင်းကွက်စသည် သား၍သိမ်သမုတ်ခြင်းလည်း အကျိုးမရှိရာ။ သာသနာအဓွန့်ကာလ ရှည်လျားပြီးဖြစ်၍ ဗဒ္ဓသိမ်ရှိ,မရှိ သိဖို့ရန်ခဲယဉ်းကြသည်သာတည်း။ 


     တသ္မိံ ဝိဟာရေ ခဏ္ဍသီမာယ, မဟာသီမာယပိ ဝါ ဝိဇ္ဇမာနတ္တေ သတိ အဝဿံ ဧကသ္မိံ မဉ္စဋ္ဌာနေ တာသံ မဇ္ဈဂတာ တေ ဘိက္ခူ တာ သမူဟနေယျုံ, တတော ဂါမသီမာ ဧဝ အဝသိဿေယျ။ န ဟေတ္ထ သီမာယ, တပ္ပရိစ္ဆေဒဿ ဝါ ဇာနနံ အင်္ဂံ။ သီမာယ ပန အန္တောဌာနံ, ‘‘သမူဟနိဿာမာ’’တိ ကမ္မဝါစာယ ကရဏဉ္စေတ္ထ အင်္ဂံ။ ပ။ တံ ယုတ္တံ ဝိယ ဒိဿတိ။ (ဝိမတိဝိနောဒနီဋီကာ၊ ဒု၊ ၁၅၆။) 


     တောင်ဖီလာဆရာတော်ရေး ဝိနယာလင်္ကာရဋီကာ (ပ၊ ၃၂၅။) တို့လာတိုင်း ရှေးဆရာတော်ကြီးတို့ သိမ်နုတ် သိမ်သမုတ်တော်မူသည်ကိုသာ ဒိဋ္ဌာနုဂတိသို့လိုက်၍ ကျင့်တော်မူကြရာသတည်း။ 


     အလွန်လည်းပေါ့၊ ရှေးက တကယ့်ကျမ်းဂန်တတ် ဆရာတော်ကြီးများ အသုံးမပြုသောနည်းကို အကောင်းကြီးထင်၍ မလိုက်ကြရာ။ သာသနာအဓွန့်ရှည်လှလေပြီ၊ လဇ္ဇီပေသလ သိက္ခာကာမပုဂ္ဂိုလ်ကျော်တို့။ 



၈၆။ ဝိနယဓရအင်္ဂါလက္ခဏာကို ပြဆိုခန်း

     ဥပဇ္ဈာယာစရိယ နိဿယာစရိယ ဟူသော ပရိသုပဋ္ဌာပကအင်္ဂါ၊ ဘိက္ခုနောဝါဒကာစရိယအင်္ဂါ၊ နိဿယမုစ္စက အင်္ဂါတို့တွင် ဥပဇ္ဈာယာစရိယ နိဿယာစရိယအင်္ဂါမှာ -


(က) ဥဘတောဝိဘင်းကို နှုတ်တက်ရွရွ ဝါစုဂ္ဂတ ရသည်ဖြစ်၍ ဗဟုဿုတအင်္ဂါနှင့် ပြည့်စုံခြင်း၊ 


(ခ) ထိုဥဘတောဝိဘင်းဖြင့် သိအပ်သော အာပတ္တိ အနာပတ္တိ လဟုက ဂရုက စသည်ကို သိခြင်းဟူသော ပညဝန္တ အင်္ဂါနှင့် ပြည့်စုံခြင်း၊ 


(ဂ) ဥဘတောဝိဘင်းဖြင့် သိအပ်သော အာပတ္တိဝါရကိုသိခြင်း၊ 


(ဃ) ဥဘတောဝိဘင်းဖြင့် သိအပ်သော အနာပတ္တိဝါရကို သိခြင်း၊


(င) ဥဘတောဝိဘင်းဖြင့် သိအပ်သော လဟုကပဉ္စအာပတ္တိဝါရကို သိခြင်း၊ 


(စ) ဥဘတောဝိဘင်းဖြင့် သိအပ်သော ဂရုကဒွိအာပတ္တိဝါရကို သိခြင်း၊ 


(ဆ) ဥဘတောဝိဘင်းဖြင့် သိအပ်သော အာပတ်မှ ထမြောက်ကြောင်း ဖြစ်သော ဒေသနာဂါမ် ဝုဋ္ဌာနဂါမ်အခြင်းအရာကိုသိခြင်း၊


(ဇ) ဥဘတောဝိဘင်းကို နှုတ်တက်ရွရွဝါစုဂ္ဂတရခြင်း၊ 


(ဈ) ဖြစ်လာတိုင်းသော မိစ္ဆာအယူကို ကင်းခြင်း ကင်းစေခြင်းငှာ စွမ်းနိုင်ခြင်း၊ 


(ည) ဖြစ်လာတိုင်းသော ယုံမှားသံသယ ဝေမတိက ကုက္ကုစ္စကို ဖျောက်ခြင်း ဖျောက်စေခြင်းငှာ စွမ်းနိုင်ခြင်း၊ 


(ဋ) အချင်းချင်း ရောယှက်ခြင်းကင်းသော ဝိနည်းပိဋကတ်၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊ 


( ဌ ) အချင်းချင်းရောယှက်ခြင်းကင်းသော အဘိဓမ္မာနာမ်ရုပ် အပိုင်းအခြား၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊


(ဍ) ဥဘတောဝိဘင်း၌ အကျုံးဝင်သော အာဒိဗြဟ္မစရိယက သီလသိက္ခာ၌ ကျင့်စေခြင်းငှာ စွမ်းနိုင်ခြင်း၊ 


( ဎ) မဟာဝါခန္ဓက စူဠဝါခန္ဓက၌ အကျုံးဝင်သော အာဘိသမာစရိယကသီလ သိက္ခာ၌ ကျင့်စေခြင်းငှာ စွမ်းနိုင်ခြင်း၊ 


(ဏ) ပဉ္စင်းခံသည်မှစ၍ ဆယ်နှစ်လုံးလုံး ပြည့်ခြင်း၊ 


     ဤအင်္ဂါ ၁၅-ပါးနှင့် ပြည်စုံသော ပုဂ္ဂိုလ်သည် ဥပဇ္ဈာယ်လုပ်ထိုက်၏။ ဥပဇ္ဈာယ်ပေးထိုက်၏။ နိဿယည်းပေးထိုက်၏။ နိဿယည်းဆရာ လုပ်ထိုက်၏။ ဝိနယဓရ ဒိသာပါမောက္ခ ဖြစ်၏။ စံကျောင်းဆရာတော် ဘုရားကြီး ဝိနည်းဓိုရ်အင်္ဂါ။ (ပရိဝါသတ္တက၊ ဒသက။) 




၈၇။ အထောက်သာဓကများကား -

အထောက်သာဓကများကား -

     အနုဇာနာမိ, ဘိက္ခဝေ, ဒသဝဿေန ဝါ အတိရေကဒသဝဿေန ဝါ ဥပသမ္ပာဒေတုံ။အနုဇာနာမိ, ဘိက္ခဝေ, ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန ဒသဝဿေန ဝါ အတိရေကဒသဝဿေန ဝါ။ (ဝိနည်းမဟာဝါပါဠိတော်၊ မဟာခန္ဓက ရာဓဗြာဟ္မဏဝတ္ထု၊ ၇၅။)


     အနုဇာနာမိ, ဘိက္ခဝေ, ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန ဒသဝဿေန ဝါ အတိရေကဒသဝဿေန ဝါ နိဿယံ ဒါတုံ။(မဟာဝါပါဠိတော်၊ မဟာခန္ဓကဗာလ အဗျတ္တဝတ္ထု၊ ဂ၉။) 


     ပဉ္စဟိ, ဘိက္ခဝေ, အင်္ဂေဟိ သမန္နာဂတေန ဘိက္ခုနာ ဥပသမ္ပာဒေတဗ္ဗံ, နိဿယော ဒါတဗ္ဗော, သာမဏေရော ဥပဋ္ဌာပေတဗ္ဗော။ အသေက္ခေန သီလက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန သမာဓိက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန ပညာက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန ဝိမုတ္တိက္ခန္ဓေန သမန္နာဂတော ဟောတိ, အသေက္ခေန ဝိမုတ္တိဉာဏဒဿနက္ခန္ဓေန သမန္နာဂတော ဟောတိ – ဣမေဟိ ခေါ, ဘိက္ခဝေ, ပဉ္စဟင်္ဂေဟိ သမန္နာဂတေန ဘိက္ခုနာ ဥပသမ္ပာဒေတဗ္ဗံ, နိဿယော ဒါတဗ္ဗော, သာမဏေရော ဥပဋ္ဌာပေတဗ္ဗော။(ဝိနည်းမဟာဝါ ပါဠိတော်၊ မဟာခန္ဓက ဥပဇ္ဈာယာစရိယ အင်္ဂါလက္ခဏာပြ၊ ၉၀။ ပရိဝါပါဠိတော်၊ ဆက္က၊ ၂၃၇။) 


ထို့အတူ -

     ဝိနည်းမဟာဝါပါဠိတော် မဟာခန္ဓက၊ (၉၁) အစက စ၍ ပဉ္စက (၁)ခု၊ 


     သဒ္ဓေါ ဟောတိ၊ ဟိရိမာ ဟောတိ၊ သြတ္တပ္ပီ ဟောတိ၊ အာရဒ္ဓဝီရိယော ဟောတိ၊ ဥပဋ္ဌိတဿတိ ဟောတိ၊ စသည်ဖြင့် ပဉ္စက (၁ ) ခု၊


     န အဓိသီလေ သီလဝိပန္နော ဟောတိ၊ အစရှိသည်ဖြင့် ပဉ္စက(၁) ခု၊ 


     ပဋိဗလော ဟောတိ အန္တေဝါသိံ ဝါ သဒ္ဓိဝိဟာရိံ ဝါ ဂိလာနံ ဥပဋ္ဌာတုံ ဝါ ဥပဋ္ဌာပေတုံ ဝါ၊ စသည်ဖြင့် ပဉ္စက (၁) ခု၊ 


     ပဋိဗလော ဟောတိ။ ပ။ အာဘိသမာစရိယကာယ သိက္ခာယ သိက္ခာပေတုံ၊ အာဒိဗြဟ္မစရိယကာယ သိက္ခာရ ဝိနေတုံ၊စသည်ဖြင့်၊ ပဉ္စက (၁) ခု၊ 


     အာပတ္တိံ ဇာနာတိ။ ပ။ ဥဘယာနိ ခေါ ပနဿ ပါတိမောက္ခာနိ ဝိတ္ထာရေန သွာဂတာနိ ဟောန္တိ၊ အစရှိသည်ဖြင့် ပဉ္စက (၁) ခု၊


     အာပတ္တိံ ဇာနာတိ။ ပ။ ဒသဝဿော ဝါ ဟောတိ အတိရေက ဒသဝဿော ဝါ။ စသည်ဖြင့် ပဉ္စက (၁) ခု၊ 


     ဤသို့အားဖြင့် ဥပဇ္ဈာယာ စရိယအင်္ဂါ၊ နိဿယာ စရိယအင်္ဂါ၊ ပရိသုပဋ္ဌာပကအင်္ဂါ သုက္ခပက္ခပဉ္စက (၈)ခု၊ ကဏှပက္ခပဉ္စက (၈)ခု၊ သဗ္ဗညု မြတ်စွာဘုရား ဟောတော်မူသည်။ 


     မဟာဝါ အဋ္ဌကထာ (၂၇ဝ)။ ဝိနယသင်္ဂဟ အဋ္ဌကထာ (၁၆၇)။ လာတိုင်း ယင်းသို့ ဟောတော်မူရာမှာလည်း အနုဇာနာမိ ဘိက္ခဝေ ဗျတ္တန ဘိက္ခုနာ - စသည်ဖြင့် အကျဉ်းဟောအပ်ပြီးသော ဥပဇ္ဈာယ်ဆရာ အင်္ဂါလက္ခဏာကို အကျယ်ပြတော်မူခြင်းငှာ ဟောတော်မူသည်။ ယင်းသို့ ဟောရာမှာလည်း အချို့ အာပတ္တိအင်္ဂါ၊ အချို့အယုတ္တအင်္ဂါများကို ပေါင်း၍ဟောတော်မူသည်။ ထို့ကြောင့် ပဉ္စက (ဂ ) ခုဖြစ်၍ ဥပဇ္ဈာယ်ဆရာ နိဿယည်းဆရာ ပရိသုပဋ္ဌာပကအင်္ဂါ၊ ဝိနယဓရအင်္ဂါမှာ အင်္ဂါ (၅) ခု (၈)လီ (၄၀) မရနိုင်။


     အယုတ္တ အင်္ဂါအားဖြင့် ပြအပ်သော ပထမ ပဉ္စက၊ ဒုတိယ ပဉ္စက၊ တတိယ ပဉ္စကအားဖြင့် အင်္ဂါ (၁၅ )ပါး၊ 


     စတုတ္ထ ပဉ္စက၌ ပထမ၊ ဒုတိယ၊ တတိယ ပဒ အားဖြင့် (၃) ပါး၊ 


     ပဉ္စမ ပဉ္စက၌ ပထမ၊ ဒုတိယ ပဒ အားဖြင့် (၂) ပါး၊ ပေါင်း အင်္ဂါ (၂၀ ) တို့ကား အယုတ္တ အင်္ဂါအားဖြင့် ဟောတော်မူသည်။ အာပတ်အင်္ဂါအားဖြင့် မဟော။ ထို့ ကြောင့် ဝိနယဓရအင်္ဂါ၊ဥပဇ္ဈာယ်ဆရာ၊ နိဿယည်းဆရာအင်္ဂါ၊ ပရိသုပဋ္ဌာပကဆရာ အင်္ဂါ (၂၀)သာ ရှိသတည်းဟု ဧကန်သိအပ်၏။


     (၂၀) အရကား- ဆဋ္ဌ ပဉ္စက၊ သတ္တမ ပဉ္စက၊ အဋ္ဌမ ပဉ္စက အား ဖြင့် (၁၅) ပါး။ စတုတ္ထ ပဉ္စက၌ ဗဟုဿုတော ဟောတိ (၁) ပညဝါ ဟောတိ (၁)။ ပေါင်း စတုတ္ထပဒ ပဉ္စမပဒအားဖြင့် (၂) ပါး။


      ပဉ္စမ ပဉ္စက၌ ပဋိဗလော ဟောဘိ၊ ဥပ္ပန္နံ ကုက္ကုစ္စံ ဝိနောဒေတုံ။ (၁) အာပတ္တိံ ဇာနာတိ။ (၁)အာပတ္တိယာ ဝုဋ္ဌာနံ ဇာနာတိ။ (၁) ပေါင်း တတိယပဒ၊ စတုတ္ထပဒ၊ ပဉ္စမပဒအားဖြင့် (၃) ပါး။


     ဤသို့ ရှေ့ (၁၅ ) ပါး၊ နောက် (၅) ပါးအားဖြင့် ဝိနယဓရအင်္ဂါ (၂၀) ဖြစ်သတည်းဟု သိအပ်၏။ ထို့ကြောင့် ဝိနည်းမဟာဝါ အဋ္ဌကထာ (၂၇၂) ဝိနယသင်္ဂဟ အဋ္ဌကထာ နိဿယကထာ (၁၆၈) တို့၌ - 


     ဣတိ အာဒိတော တယော ပဉ္စကာ, စတုတ္ထေ တီဏိ ပဒါနိ, ပဉ္စမေ ဒွေ ပဒါနီတိ သဗ္ဗေပိ စတ္တာရော ပဉ္စကာ အယုတ္တဝသေန ဝုတ္တာ။ စတုတ္ထပဉ္စကေ ဒွေ ပဒါနိ, ပဉ္စမေ တီဏိ, ဆဋ္ဌသတ္တမအဋ္ဌမာ တယော ပဉ္စကာတိ သဗ္ဗေပိ စတ္တာရော ပဉ္စကာ အာပတ္တိအင်္ဂဝသေန ဝုတ္တာ-ဟု မိန့်တော်မူသတည်း။ 


     ထိုအဋ္ဌကထာ ၌-စတုတ္တေ ပဉ္စကေ ဒွေ ပဒါနိ ပဉ္စမေ တီဏိ သတ္တမ အဋ္ဌမာ သရုပ်ကိုလည်း -


     ဣမသ္မိံ ပဉ္စကေ ပစ္ဆိမာနိ ဒွေ အာပတ္တိအင်္ဂဝသေန ဝုတ္တာနိ။ ဣမသ္မိံ ပဉ္စကေ ပစ္ဆိမာနိ တီဏိ အာပတ္တိအင်္ဂဝသေန ဝုတ္တာနိ။ ဟု ရှေ့၌ဖွင့်အပ်ပြီးသည်ကို ထောက်၍ သိနိုင်ရာ၏။ ဝိနယာ လင်္ကာရဋီကာ၊ (ပ၊ ၂၉၃။) ၌ သရုပ်ကိုဖွင့်၏။ ကျယ်အံ့စိုး၍ မရေးသားပြီ။ အလိုရှိလျှင် ၎င်းကိုကြည့်ကြလေ။ န ဥပသမ္ပဒေတဗ္ဗန္တိ ဥပဇ္ဈာယေန ဟုတွာ န ဥပသမ္ပာဒေတဗ္ဗံ။ န နိဿယော ဒါတဗ္ဗောတိ အာစရိယေန ဟုတွာ နိဿယော န ဒါတဗ္ဗော။ (မဟာဝါအဋ္ဌကထာ၊ ၂၇၁။ စူဠဝါအဋ္ဌကထာ၊ ၈၁)


ဤပါဠိတော်တို့၌ ဗျတ္တနှင့် ပဋိဗလတို့ အထူးကား -


     ဗျတ္တော နာမ ယဿ သာဋ္ဌကထံ ဝိနယပိဋကံ ဝါစုဂ္ဂတံ ပဝတ္တတိ, တသ္မိံ အသတိ ယဿ အန္တမသော ဣဒံ ဉတ္တိစတုတ္ထကမ္မဝါစာမတ္တမ္ပိ သုဂ္ဂဟိတံ ဟောတိ, ဝါစုဂ္ဂတံ ပဝတ္တတိ, အယမ္ပိ ဣမသ္မိံ အတ္ထေ ဗျတ္တော။ ယော ပန ကာသသောသသေမှာဒိနာ ဝါ ဂေလညေန ဩဋ္ဌဒန္တဇိဝှါဒီနံ ဝါ အသမ္ပတ္တိယာ ပရိယတ္တိယံ ဝါ အကတပရိစယတ္တာ န သက္ကောတိ ပရိမဏ္ဍလေဟိ ပဒဗျဉ္ဇနေဟိ ကမ္မဝါစံ သာဝေတုံ, ဗျဉ္ဇနံ ဝါ ပဒံ ဝါ ဟာပေတိ, အညထာ ဝါ ဝတ္တဗ္ဗံ အညထာ ဝဒတိ, အယံ အပ္ပဋိဗလော။ တဗ္ဗိပရီတော ဣမသ္မိံ အတ္ထေ ‘‘ပဋိဗလော’’တိ ဝေဒိတဗ္ဗော။ သံဃော ဉာပေတဗ္ဗောတိ သံဃော ဇာနာပေတဗ္ဗော။  (မဟာဝါ မဟာခန္ဓက ရာဓဗြာဟ္မဏ ဝတ္ထုဖွင့် အဋ္ဌကထာ၊၂၆၄။) 


     ဝိနည်းအဋ္ဌကထာနှင့်တကွ ဝိနည်းပိဋကတ်ကို နှုတ်တက်ရခြင်း၊ သို့မဟုတ်စွမ်းနိုင်ခြင်း၊ ဉတ္တိစတုတ္ထကမ္မဝါစာ အာဂုံနှုတ်တက်ရသည်ကို ဝါစုဂ္ဂတ၊ ဌာန်ကရိုဏ်း ပယတ် ဗျဉ္ဇနဗုဒ္ဓိ၊အစီအရင်နှင့်တကွ တတ်သိလိမ္မာသော ဆရာထံ ကျကျနန ဖတ်နည်း ရသည်ကို သုဂ္ဂဟိတ ဆိုသည်။ ဤကား ဗျတ္တ။


     ရောဂါရှိ၍ မတတ်နိုင်သူ၊ နှုတ်လျှာလူတန်း မစေ့သောသူ၊ ပိဋကတ် ကျမ်းဂန်၌ အလေ့အလာအကြား နည်းပါးသောသူကို အပ္ပဋိဗလ၊ သလိပ်ရောဂါစသည် ကင်းရှင်း၊ သွား နှုတ်ခမ်း လျှာစသည် လူတန်းစေ့၊ ပိဋကတ် သင်ကြားကြည့်ရှု ပိုချအားရှိသူ (၃)ပါး၊ ပဋိဗလ။ ဤကား ပဋိဗလ။


     ဤကား ဗျတ္တ ပဋိဗလ နှစ်ပါးအထူးတည်း။ နောက်အဋ္ဌကထာ ကြီး၊ ဝိနယသင်္ဂဟအဋ္ဌကထာ၌ တစ်မျိုးဖွင့်သေး၏။ (ရှုလေ)


     ဥပဇ္ဈာယ် နိဿယည်း ပရိသုပဋ္ဌာပက ဆရာအင်္ဂါ။ ဝိနယဓရ အင်္ဂါပြရာ ပါစိတ်ပါဠိတော် တတိယဩဝါဒဝဂ်၊ ပဌမဩဝါဒသိက္ခာပုဒ် အဋ္ဌကထာ (၅၅) ၌ - 


     ပရိသုပဋ္ဌာပကေန ဥပသမ္ပဒါယ ဒသဝဿေန သဗ္ဗန္တိမေန ပရိစ္ဆေဒေန ပရိသံ အဘိဝိနယေ ဝိနေတုံ ဒွေ ဝိဘင်္ဂါ ပဂုဏာ ဝါစုဂ္ဂတာ ကာတဗ္ဗာ, အသက္ကောန္တေန တီဟိ ဇနေဟိ သဒ္ဓိံ ပရိဝတ္တနက္ခမာ ကာတဗ္ဗာ, ကမ္မာကမ္မဉ္စ ခန္ဓကဝတ္တဉ္စ ဥဂ္ဂဟေတဗ္ဗံ။ ပရိသာယ ပန အဘိဓမ္မေ ဝိနယနတ္ထံ သစေ မဇ္ဈိမဘာဏကော ဟောတိ မူလပဏ္ဏာသကော ဥဂ္ဂဟေတဗ္ဗော, ဒီဃဘာဏကေန မဟာဝဂ္ဂေ။ ပ။ ယေန ပန သုတ္တန္တတော ဝိနယတော စ ဝုတ္တပ္ပမာဏော ဂန္ထော ဥဂ္ဂဟိတော, အယံ ပရိသုပဋ္ဌာပကော ဗဟုဿုတော ဟောတိ ဒိသာပါမောက္ခော ယေနကာမင်္ဂမော, ပရိသံ ဥပဋ္ဌာပေတုံ လဘတိ။ ဟု ဖွင့်တော်မူသတည်း။ 


     ဝိနယသင်္ဂဟအဋ္ဌကထာ(၁၆၄ ) ၌ကား အဆုံး လဘတိ-နောက်၌ အယံ ဣမသ္မိံ အတ္ထေ ဗျတ္တောတိ အဓိပ္ပေတော။ 


    ဘယော ပန အန္တေဝါသိနော ဝါ သဒ္ဓိဝိဟာရိကဿ ဝါ ဂိလာနဿ သက္ကောတိ ဥပဋ္ဌာနာဒီနိ ကာတုံ အယံ ဣဓ“ပဋိဗလော” တိ အဓိပ္ပေတော။ 


ဟူသော ဝါကျပါ၏၊ ကြွင်းအဋ္ဌကထာကြီးနောက်၌ ပါ၏။


     ဒိသာပါမောက္ခဆိုသည်ကား- ဝိနည်းအရာ၌ ဒိသာပါမောက္ခကြီး ဝိနည်းဓိုရ်ကြီး, ဂိုဏ်းချုပ် ဂိုဏ်းအုပ်, ဂိုဏ်းထောက်ကြီး၊ ဖြစ်၏ဆိုလိုသည်။ 


     ဤပါဠိအဋ္ဌကထာအတိုင်း ဝိနယဓရအင်္ဂါယူသော် -

၁။ ဥဘတောဝိဘင်းအနက် အဓိပ္ပာယ်ထင်ခြင်း၊ သို့မဟုတ် နှုတ်တက်ရွရွ ဝါစုဂ္ဂတ ရသည်ဖြစ်၍ ဗဟုဿုတအင်္ဂါနှင့် ပြည့်စုံခြင်း။ 


၂။ ထိုဥဘတောဘင်းဖြင့် သိအပ်သော အာပတ္တိစသည်ကို သိခြင်းဟု ဆိုအပ်သော ပည၀န္တအင်္ဂါနှင့် ပြည့်စုံခြင်း။ 


၃။ ဖြစ်လာတိုင်းသော ယုံမှားသံသယ ဝေမတိကကုက္ကုစ္စကိုဖျောက်ခြင်း, ဖျောက်စေခြင်းငှာ စွမ်းနိုင်ခြင်း။ 


၄။ အာပတ္တိဝါရကို သိခြင်း။ 


၅။ အာပတ်မှ ထမြောက်ကြောင်း ဒေသနာဂါမ်,ဝုဋ္ဌာနဂါမ် အခြင်းအရာကို သိခြင်း။ 


၆။ မဟာဝါခန္ဓက စူဠဝါခန္ဓက၌ အကျုံးဝင်သော အာဘိသမာ စရိယက သီလသိက္ခာ၌ ကျင့်စေခြင်းငှာ စွမ်းနိုင်ခြင်း၊ 


၇။ ဥဘတောဝိဘင်း၌ အကျုံးဝင်သော အာဒိဗြဟ္မစရိယက သီလသိက္ခာ ကျင့်စေခြင်းငှာ စွမ်းနိုင်ခြင်း။ 


ဂ။ အချင်းချင်း ရောယှက်ခြင်းကင်းသော အဘိဓမ္မာ နာမ်ရုပ် အပိုင်းအခြား၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း။ 


၉။ အချင်းချင်း ရောယှက်ခြင်းကင်းသော ဝိနည်းပိဋကတ်၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း။


၁၀။ ဖြစ်လာတိုင်းသော မိစ္ဆာအယူကို ကင်းခြင်း ကင်းစေခြင်းငှာ စွမ်းနိုင်ခြင်း။ 


၁၁။အာပတ္တိဝါရကို သိခြင်း။ 


၁၂။ အနာပတ္တိဝါရကို သိခြင်း။ 


၁၃။ လဟုကအာပတ္တိဝါရကို သိခြင်း။ 


၁၄။ ဂရုကအာပတ္တိဝါရကို သိခြင်း။ 


၁၅။ ဥဘတောဝိဘင်းကို နှုတ်တက်ရွရွ ဝါစုဂ္ဂတ ရခြင်း။ 


၁၆။ အာပတ္တိဝါရကို သိခြင်း။ 


၁၇။ အနာပတ္တိဝါရကို သိခြင်း။ 


၁၈။ လဟုကအာပတ္တိဝါရကို သိခြင်း။ 


၁၉။ ဂရုကအာပတ္တိဝါရကို သိခြင်း။ 


၂၀။ ပဉ္စင်းခံသည့်နေ့မှစ၍ ဆယ်နှစ်လုံးလုံး ပြည့်ခြင်း။ 


     ဤသို့အားဖြင့် ဝိနယဓရ အင်္ဂါလက္ခဏာ,ဥပဇ္ဈာယ်ဆရာအင်္ဂါ, နိဿယည်းဆရာအင်္ဂါ, ပရိသုပဋ္ဌာပက ဆရာအင်္ဂါ ပါဠိ အဋ္ဌကထာတို့၌ (၂၀)လာရခြင်းဖြစ်ပေသည်။ 


ထို(၂၀)တို့တွင် -

၄။ ၁၁။ ၁၆။ အင်္ဂါတို့မှာ တူ ၍(၁)ပါးသာယူ။ 

၁၂။ ၁၇။ တို့မှာ လည်းတူ၍(၁)ပါး သာယူ။ 

၁၃။ ၁ဂ။ တို့မှာ တူ၍ (၁) ပါးသာယူ။ 

၁၄။ ၁၉။ တို့မှာ တူ၍ (၁)ပါးသာယူ။


     ဤသို့ အဂ္ဂဟိတဂဟဏနည်းအားဖြင့် ဝိနည်းဓိုရ် အင်္ဂါ (၁၅) ပါး ရှိကြောင်းကို ယုံမှားသံသယ ကင်းကင်းကြီး သိနိုင်ရာ၏။ ငါတို့ကျေးဇူးရှင် မဟာဝိသုဒ္ဓါရာမ ဆရာတော်ကြီးကား -

“ဆယ်ဝါ ပြည့်တင်း၊ ဝိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကပုဒ်၊ နာမ်ရုပ်ပိုင်ပိုင်၊ ဟောပြနိုင်၊ ကျောင်းထိုင်းငါးအင်္ဂါ” ဟု ပါဠိ အဋ္ဌကထာ အကျဉ်းချုံး၍ ဝိနယကောသလ္လ၌ ပြတော်မူ၏။ 


ရာဇိကဏ်အဋ္ဌကထာ ပထမပါရာဇိကအဖွင့် (၁၉၅ )၌ -

၁။ ဝိနည်းပိဋကတ်ဟူသော သုတ္တ၊ 


၂။ မဟာပဒေသလေးပါးဟူသော သုတ္တာနုလောမ၊


၃။ သံဂါယနာသုံးတန်တင်အပ်သော ပါဠိမုတ္တကဝိနိစ္ဆယ၊ အဋ္ဌကထာဟူသော အာစရိယဝါဒ 


၄။ ပိဋကသုံးပုံအဋ္ဌကထာ၌လာသော ထေရဝါဒ ဟူသော အတ္တနောမတိ အားဖြင့် (၄ ) ပါးသော ဝိနယကို ဝိနယဓရတို့ သိရမည်ဟု လာသည်။


     တသ္မိံ ပန သိက္ခာပဒေ စ သိက္ခာပဒဝိဘင်္ဂေ စ သကလေ စ ဝိနယဝိနိစ္ဆယေ ကောသလ္လံ ပတ္ထာယန္တေန စတုဗ္ဗိဓော ဝိနယော ဇာနိတဗ္ဗော။ 


        စတုဗ္ဗိတံ ဟိ ဝိနယံ၊ မဟာထေရာ မဟိဒ္ဓိကာ။ 

        နီဟရိတွာ ပကာသေနံ၊ ဓမ္မသင်္ဂဟကာ ပုရာ။


     စသည်ဖြင့် လာသည်။ ဤမှတပါး ပါရာဇိကဏ် အဋ္ဌကထာ ပထမ သိက္ခာပုဒ်ဖွင့် (၁၉၉)၌ -


၁။ အလုံးစုံသော ဝိနယပိဋကကို နှုတ်တက်ရွရွ ဝါစုဂ္ဂတ ရ၍ ပါဠိအားဖြင့်လည်းကောင်း၊ အဋ္ဌကထာအားဖြင့်လည်းကောင်း ကောင်းစွာ ဆုံးဖြတ်နိုင်ခြင်းအင်္ဂါတစ်ပါး၊


၂။ ဝိနည်းအကျင့် သီလသိက္ခာ၌ လဇ္ဇီပုဂ္ဂိုလ်အဖြစ်ဖြင့် တည်၍ ပါဠိ အဋ္ဌကထာတို့၌ အောက်,အထက် ရှေ့နောက် မတွန့်တိုခြင်း အင်္ဂတစ်ပါး၊ 


၃။ မိမိကို အစပြု၍ ဆရာအစဉ်ကို အနည်းဆုံး နှစ်ဆက် သုံးဆက် သိခြင်းအင်္ဂါတစ်ပါး 


ဤအင်္ဂါသုံးပါးနှင့် ဝိနည်းဓိုရ်မှန်သမျှ ပြည့်စုံရမည်ဟု လာသည်။ 


     ဣမဉ္စ ပန စတုဗ္ဗိဓံ ဝိနယံ ဉတွာပိ ဝိနယဓရေန ပုဂ္ဂလေန တိလက္ခဏသမန္နာဂတေန ဘဝိတဗ္ဗံ။ တီဏိ ဟိ ဝိနယဓရဿ လက္ခဏာနိ ဣစ္ဆိတဗ္ဗာနိ။ ကတမာနိ တီဏိ? ‘‘သုတ္တဉ္စဿ သွာဂတံ ဟောတိ သုပ္ပဝတ္တိ သုဝိနိစ္ဆိတံ သုတ္တတော အနုဗျဉ္ဇနတော’’တိ ဣဒမေကံ လက္ခဏံ။ ‘‘ဝိနယေ ခေါ ပန ဌိတော ဟောတိ အသံဟီရော’’တိ ဣဒံ ဒုတိယံ။ ‘‘အာစရိယပရမ္ပရာ ခေါ ပနဿ သုဂ္ဂဟိတာ ဟောတိ သုမနသိကတာ သူပဓာရိတာ’’တိ ဣဒံ တတိယံ။


     ပထမပါရာဇိကအဖွင့် (၁၉၉ )။ ပရိဝါအတ္တာဒါနဝဂ် စသည်ကိုထောက်၍ဖွင့်သည်။


ပရိဝါပါဠိတော် ပဉ္စက(၂၃၁)၌ ပဏ္ဍိတဝိနယဓရအင်္ဂါမှာ - 


၁။ မိမိ ပြောဆိုအပ်သော စကား၏ အပိုင်းအခြားကို တတ်သိ ယူဆနိုင်ခြင်း၊ 


၂။ သူတပါး ပြောဆိုအပ်သော စကား၏ အပိုင်းအခြားကို တတ်သိယူဆနိုင်ခြင်း၊ 


၃။ မိမိစကား အပိုင်းအခြားကိုသိ၍ ဟုတ်မှန်သော ဝတ္ထုဖြင့် ဆုံးဖြတ်နိုင်ခြင်း၊ 


၄။ သူတပါးစကား အပိုင်းအခြားကိုသိ၍ ဟုတ်မှန်သော ဝတ္ထု ဖြင့် ဆုံးဖြတ်နိုင်ခြင်း၊ 


၅။ လဇ္ဇီစုတိတက၏ ဝန်ခံခြင်းဖြင့် ဆုံးဖြတ်နိုင်ခြင်း - 

အားဖြင့် အင်္ဂါ (၅) ပါးလာ၏။ 


၎င်း၌ပင် -

၁။ အာပတ္တိဝါရကို သိခြင်း။ 


၂။ အာပတ်၏အကြောင်း ကိုယ် နှုတ်ဟူသော မူလကို သိခြင်း၊


၃။ အာပတ်၏ဖြစ်ကြောင်း ဝတ္ထုသမုဋ္ဌာန် (၆) ပါးကို သိခြင်း၊


၄။ အာပတ်၏ချုပ်ကြောင်း ဒေသနာဂါမ် ဝုဋ္ဌာနဂါမ်ကို သိခြင်း၊ 


(၅) အာပတ်၏ ချုပ်ခြင်းသို့ ရောက်ကြောင်း သမထ (၇) ကိုသိခြင်း - ဤသို့ ပဏ္ဍိတဝိနယဓရလက္ခဏာ (၅ ) ပါးလာ၏။ 


၎င်းပါဠိတော် (၂၃၂) ၌- 

၁။ အဓိကရုဏ်း (၄) ပါးကိုသိခြင်း၊ 


၂။ အဓိကရုဏ်း၏ (၃၃ )ပါးသော မူလကိုသိခြင်း၊


၃။ အဓိကရုဏ်းဖြစ်ကြောင်း သမုဋ္ဌာန် (၃၃)ပါးကိုသိခြင်း၊ 


၄။ အမိကရုဏ်းချုပ်ကြောင်း ဟုတ်မှန်သော ဝတ္ထုဟူသော၊ ဓမ္မစောဒနာ သာရဏာ ဝိနည်းဟုဆိုအပ်သော ဝိနယ၊ ဉတ်နှင့် ပြည့်စုံခြင်း ကမ္မဝါစာနှင့် ပြည့်စုံခြင်းဟူသော သတ္ထုသာသန ကို သိခြင်း၊ 


၅။ အဓိကရုဏ်းချုပ်ခြင်းသို့ ရောက်ကြောင်း သမထ (၇)ပါးကို သိခြင်း ဤသို့အားဖြင့် (၅)ပါး လာ၏။ 


     ဓမ္မေနာတိ ဘူတေန ဝတ္ထုနာ။  ဝိနယေနာတိ စောဒေတွာ သာရေတွာ။  သတ္ထုသာသနေနာတိ ဉတ္တိသမ္ပဒါယ စေဝ အနုဿာဝနသမ္ပဒါယ စ။ (ဘိက္ခုနီ တတိယ ပါရာဇိကဖွင့် အဋ္ဌကထာ၊ ၁၇၇။ မဟာဝါ၊ စမ္ပေယျက္ခန္ဓကဖွင့် ၄ ၂၇။ ၊ပရိဝါ စောဒနာကဏ္ဍကဖွင့်၊ ၂၀၃။) 


၁။ အာပတ် (၇) ပုံ၏ ဝတ္ထုကို သိခြင်း၊


၂။ အာပတ် (၇)ပုံ ပညတ်ရာဌာန နိဒါန်းကို သိခြင်း၊


၃။ ထိုထို သိက္ခာပုဒ်၌ ပထမ ပညတ်ကို သိခြင်း၊ 


၄။ အနုပညတ်ကို သိခြင်း၊ 


၅။ စောဒက စုဒိတကတို့ ဆိုအပ်သော စကားအစဉ် အဆုံးအဖြတ်အစဉ်ဖြင့် မေထုန်စသော ဝီတိက္ကမဝတ္ထုကို သိခြင်း - အားဖြင့် ဝိနယဓရအင်္ဂါ (၅) ပါးလာ၏။


၁။ အချင်းခပ်သိမ်း ဉတ်ကိုသိခြင်း၊ 


၂။ ဉတ်၏ ကံကိစ္စကို သိခြင်း၊ 


၃။ ရှေး၌ဆိုအပ်သော စကား၊ ဉတ်ထားမှု၌ လိမ္မာခြင်း၊ 


၄။ နောက်၌ဆိုအပ်သောစကား၌ လိမ္မာခြင်း၊ 


၅။ တိုက်တွန်းတောင်းပန်မှ ဆိုရ၏ဟု ကာလကို သိခြင်းအားဖြင့် (၅) ပါး၏။ 


၁။ အာပတ်သင့်မှု မသင့်မှုကို သိခြင်း၊ 


၂။ ဂရုက လဟုက အာပတ်ကိုသိခြင်း၊ 


၃။ သာဝသေသ အနဝသေသ အာပတ်ကို သိခြင်း၊ 


၄။ ဒုဋ္ဌုလ္လ အဒုဋ္ဌုလ္လ အာပတ်ကို သိခြင်း၊ 


၅။ ဆရာအဆက်ဆက်မှ ကောင်းစွာသင်ယူအပ် နှလုံးသွင်းအပ် ဆောင်အပ်ခြင်း အားဖြင့် (၅)ပါးလာ၏။ 


     ဤသတ္တမ-ပဉ္စက၌ ပဌမ ဒုတိယ တတိယ စတုတ္ထတို့မှာ တူ၏။ ပဉ္စမအင်္ဂါမှာ ပါတိမောက်နှစ်စောင်တို့သည် အကျယ်ဥဘတော ဝိဘင်းအားဖြင့် နှုတ်၌အာဂုံ ကောင်းစွာ ဝေဖန်အပ်ကုန် ပါဠိ အဋ္ဌကထာအားဖြင့် ကောင်းစွာဆုံးဖြတ်နိုင်ခြင်းနှင့်တကွ အင်္ဂါ(၅ ) ပါးလာ၏။ 


     အဋ္ဌမဝိနယဓရ ပဉ္စက၌ ရှေ့ (၄)ပါးတူ၏။ အဓိကရုဏ်း၌ ဆုံး ဖြတ်ခြင်း၌ လိမ္မာခြင်းထည့် (၅)ပါးလာ၏။ ဤသို့ ဧကုတ္တရိကနယ ပဉ္စက၌ ဝိနယဓရပဏ္ဍိတပြ သုက္ကပက္ခပဉ္စက (ဂ)ပါးလာ၏။


     ဆက္ကမှာလည်း ရှေးမဟာဝါပါဠိတော်နှင့် ထပ်တူ ဆက္က (၇)ပါး လာ၏။ သတ္တကမှာကား-အာပတ္တိ အနာပတ္တိ လဟုက ဂရုကအာပတ်သိမှု (၄) ပါး မူလတည်ပြီးလျှင် သီလရှိသည်ဖြစ်၍ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသည်ဖြစ်၍ ကာယိကအာစာရ,ဝါစသိကအာစာရ, ကာယိကဝါစသိကအာစာရ, ဥပနိဿရဂေါစရ,အာရက္ခဂေါစရ,ဥပနိဗန္ဓဂေါစရ,နှင့် ပြည့်စုံသည်ဖြစ်၍ ငယ်သော အတိုင်းအရှည်ရှိသော အသဉ္စိစ္စအာပန္န သေခိယအကုသလစိတ္တုပ္ပါဒ် စသော အပြစ်တို့၌ ဘေးကိုရှုသည်ဖြစ်၍ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်ခြင်း ဈာန် (၄) ပါးကို မငြိုမငြင် မပင်မပန်းရခြင်း၊ အဝိဇ္ဇာ ရာဂတို့မှ လွတ်သော အရဟတ္တဖိုလ်နှင့် ယှဉ်သော သမာဓိ သမထဝိပသနာကို မျက်မှောက်သိ၍ ပြည့်စုံစေ၍ နေခြင်း။ ၎င်း (၃) ပါးကိုထည့်၍ သတ္တကတစ်ပါး။ 


     ဒုတိယ သတ္တက၌ အကြားအမြင် များအောင် ဆည်းပူးခြင်းကို ပဉ္စမ သီလဝါကို နုတ်၍ ၎င်းအရာ၌ ထည့်၍ သတ္တက (၁) ပါး၊ 


     တတိယ ဝိနယဓရ သတ္တက၌ ပဉ္စမအင်္ဂါမှာ ဒွေမာတိကာနှစ် စောင်ကို အကျယ်ဖြစ်သော ဥဘတောဝိဘင်းအားဖြင့် နှုတ်၌လာခြင်း ကိုထည့်၍ သတ္တက (၁) ပါးလာသည်။ 


     စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌ၊ သတ္တမ၊ အဋ္ဌမ၊ နဝမ တို့မှာ အဘိညာဉ် (၅) ပါးကို အသီးသီးထည့်၍ သတ္တက (၇) ပါး လာသည် 


     အဋ္ဌက၊ နဝကတို့မှာ ဝိနယဓရအင်္ဂါ မလာ။ 


     ဒသက (၂၄၆။ ) ကစ၍ ပဉ္စက နှစ်ခုပေါင်း၍ ဒသက (၄) ခုလာသည်။ ရှေး၌ပါပြီးသော အင်္ဂါများချည်းပင်။ အထူးမပါ။ထိုတွင် အဂ္ဂမဟာပဏ္ဍိတ ဟူသော ပထမ ဘွဲ့တံဆိပ်တော်၊ ပိဋကတ္တယပါရဂူ ဟူသော ဒုတိယဘွဲ့တံဆိပ်တော် နှစ်ထပ်ရ၊ ကျမ်းဂန်တတ် ကျမ်းဂန်ပြု ကမ္ဘာကျော် လယ်တီဆရာတော် ဘုရားကြီးသည် ဥပဇ္ဈာယာစရိယအင်္ဂါ၊ နိဿယာစရိယအင်္ဂါ၊ ပရိသုပတ္ထာပကအင်္ဂါ များကိုပင် ဝိနယဓရအင်္ဂါ လက္ခဏာဟု မိန့်တော်မူသတည်း။ 


ထို့ကြောင့် ၎င်းဆရာတော် ဘုရားကြီး ရေးသားအပ်သော ဝိနယသံခိပ်ကျမ်း၌ -


၁။ ဆယ်ဝါရလျှင်း၊ ဝိဘင်းနှစ်ဖြာ၊ နှုတ်တက်စွာ၊ ကမ္မာကမ္မသိ။


၂။ ဝတ်ခန္ဓက၊ ကျေပွန်က၊ မြောက်ထဥပဇ္ဈိ။ 


၃။ နိဿယည်းဆရာ၊ ဥပဇ္ဈာ၊ အင်္ဂါထူးမရှိ။ 


၄။ ဝိနယဓရ၊ ပါမောက္ခ၊ ဂဏဓိပတိ။ 


၅။ ရှင်ပြုတစ်တန်၊ ရဟန်းခံနှင့်၊ ကံငယ်ကံကြီး၊ ဝိနည်းအရာရာ၊ အဖြာဖြာ၊ သူသာစိုးရဘိ။ 


၆။ ရှင်ရဟန်းမွေး၊ ပြုစုရေး၊ လုပ်ကျွေးခံထိုက်၏။ - 


ဟူ၍ ကဗျာသံပေါက် (၆) ခု ရေးသားတော်မူသတည်း။ 


     သုဒဿနဝရ ဓမ္မဿာမိ မဟာဓမ္မရာဇာဓိရာဇဂုရု မြန်မာဘုရင်မင်း ပထမဘွဲ့တံဆိပ်တော်၊ သုဒဿနဓဇ အတုလဓိပတိ သီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု- ဟူသော မြန်မာဘုရင်မင်းမြတ် ဒုတိယ ဘွဲ့တံဆိပ်တော်နှစ်ထပ်ရ၊ ကျမ်းတတ် ကျမ်းပြု ကမ္ဘာကျော် စံကျောင်းဆရာတော် ဘုရားကြီးလည်း ဥပဇ္ဈာယ်ဆရာ၊ နိဿယည်းဆရာ၊ ပရိသုပဋ္ဌာပကဆရာ၊ အင်္ဂါလက္ခဏာ(၁၅) ပါးကိုပင် ဝိနယဓရလက္ခဏာ ဟု ယူတော်မူ၏။ ထို့ကြောင့် ထိုဆရာတော်ဘုရားကြီး စီရင်အပ်သော ဝတ္တက္ခန္ဓက နိဿယ၌


     ဥပဇ္ဈာယ်ဆရာ၊ နိဿယည်းဆရာတို့၏ ဂုဏ်ကို နောက်,နောက်ဥပဇ္ဈာယ်ဆရာ၊ နိဿယည်းဆရာ ပြုလုပ်လိုသော ပရိသုပဋ္ဌာပက ဗဟုဿုတ လဇ္ဇီပေသလ သိက္ခာကာမ ဝိနယဓရ ပုဂ္ဂိုလ်တို့ အတတ် နီတတ္ထသတုပ္ပါဒ စိန္တာမယဉာဏ် ဖြစ်စေခြင်းငှာ ပါဠိ အဋ္ဌကထာ ဋီကာလာတိုင်း ညှိနှိုင်းတိုင်းထွာ၍ ၎င်းတို့၏ ဂုဏ်သကတ်ကို အတတ်နီတတ္ထ ပြဆိုလိုက်အံ့ဟု မိန့်တော်မူသတည်း။ 


     ထိုစကားမှန်၏။ ပရိသုပဋ္ဌာပကနှင့် ဝိနယဓရကို အရတူပင်မိန့်တော်မူသည်ကိုထောက်ထားအပ်၏။ ထိုဆရာတော်တို့၏ စကားသည်— 


     အယံ ပရိသုပဋ္ဌာကော ဗဟုဿုတော ဟောတိ ဒိသာပါမောက္ခော ယေနကာမံဂမော၊ ပရိသံ ဥပဋ္ဌာပေတုံ လဘတိ။ ဟူသော ဩဝါဒသိက္ခာပုဒ်ဖွင့် (ဝိ၊ ဋ္ဌ၊ ၃၊ ၅၅) ဝိနယသင်္ဂဟ အဋ္ဌကထာ(၁၆၄)တို့နှင့် ညီညွှတ်လှ၏။ ပရိသုပဋ္ဌာပကဗဟုဿုတ ရဟန်းအင်္ဂါ(၁၅)ပါးနှင့် ပြည့်စုံလျှင် အရပ်(၄)မျက်နှာ၌ နေသော ရဟန်းတို့၏ ဝိနည်းအရာမှာ ပါမောက္ခအကြီးအမှူးဖြစ်ပြီ၊ အလိုရှိရာသွားလျက် ပရိသတ်မွေးမြူအပ်ပြီဟု ဖွင့်၏။ 

ထိုဆရာတော်ဘုရားကြီးတို့သည် ဥပဇ္ဈာယာစရိယအင်္ဂါနှင့် ဝိနယဓရအင်္ဂါမှာ ပဓာနလိုရင်း အင်္ဂါ တူမျှသည်ကို ရည်၍ မိန့်တော်မူသည်ဟု မှတ်အပ်၏။ နောက်ပြလတ္တံ့ သာဓကများနှင့် စပ်ကြည့်။ 


     အယံ နိဿယော နာမ ကေန ဒါတဗ္ဗော, ကေန န ဒါတဗ္ဗော, (ပ)ယော ဗျတ္တော ဟောတိ ပဋိဗလော ဥပသမ္ပဒါယ ဒသဝဿော ဝါ အတိရေကဒသဝဿော ဝါ, တေန ဒါတဗ္ဗော, ဣတရေန န ဒါတဗ္ဗော။ သစေ ဒေတိ, ဒုက္ကဋံ အာပဇ္ဇတိ။


    ဘဧတ္ထ စ ‘‘ဗျတ္တော’’တိ ဣမိနာ ပရိသုပဋ္ဌာပကဗဟုဿုတော ဝေဒိတဗ္ဗော။ (ဝိနယသင်္ဂဟ အဋ္ဌကထာ ၊ ၁၆၄။) 


ယင်းအဋ္ဌကထာစကားသည် - 


     ဣတော ပဋ္ဌာယ စ ပန ယတ္ထ ယတ္ထ နကာရေန ပဋိသေဓေါ ကရိယတိ။ သဗ္ဗတ္ထ ဒုက္ကဋ္ဌာပတ္တိ ဝေဒိတဗ္ဗာ။ အယံ ဟိ ခန္ဓကဓမ္မတာ။ 


     မဟာဝါခန္ဓက ဥပဇ္ဈာယဝတ္တကထာဖွင့် အဋ္ဌကထာ (၂၅၉) နှင့် ညီ၏။ ချင့်ချိန်စဉ်းစားရန်ကား- ဥပဇ္ဈာယ်ဆရာအင်္ဂါ၊ နိဿယာစရိယ အင်္ဂါတို့နှင့် ပရိသုပဋ္ဌာပကအင်္ဂါ တူမျှကြောင်း မဟာဝါ အဋ္ဌကထာ ဝိနယသင်္ဂဟအဋ္ဌကထာ၌ သံဝဏ္ဏေတဗ္ဗ ပါဠိတော်နှင့် သံဝဏ္ဏနာ အဋ္ဌကထာစပ်၍ ဖွင့်သောကြောင့် သိရ၏။ ထိုအင်္ဂါပြပါဠိတော်၌ အင်္ဂါ-၄ဝ ပဉ္စက (ဂ) ခုလာသော်လည်း။ ဗုဒ္ဓမတ္တညူဖြစ်သော အဋ္ဌကထာကြီးနှင့် ဝိနယသင်္ဂဟအဋ္ဌကထာတို့၌ အယုတ္တအင်္ဂါ၊ အာပတ္တိအင်္ဂါ (၂)မျိုးခွဲပြီးလျှင် အယုတ္တအင်္ဂါပြ (၂၀) ကိုပယ်၍ အာပတ္တိအင်္ဂါပြ (၂၀) သာ ၎င်းအင်္ဂါပြဖြစ်ကြောင်း နီတတ္ထ ယထာရုတအားဖြင့် အဋ္ဌကထာကြီး ဝိနယသင်္ဂဟအဋ္ဌကထာတို့၌ ပြ၏။ ၎င်း(၂၀ )တွင် တူရာပေါင်း၍ အင်္ဂါ (၁၅)ပါးရှိကြောင်း စံကျောင်းဆရာတော်ဘုရားကြီးက ၎င်းရေးနိဿယ၌ ပြတော်မူ၏။ 


     ဘိက္ခုနော ဝါဒက ဗသုဿုတ အင်္ဂါ၊ ဩဝါဒ သိက္ခာပုဒ် ပါဠိ အဋ္ဌကထာ ဋီကာတို့ကို အကျဉ်းချုံး၍ - 


      ‘‘သီလဝါ’’တိအာဒိ ဧကမင်္ဂံ, ‘‘ဗဟုဿုတော ဟောတီ’’တိအာဒိ ဒုတိယံ, ‘‘ဥဘယာနိ ခေါ ပနဿာ’’တိအာဒိ တတိယံ, ‘‘ကလျာဏဝါစော ဟောတိ ကလျာဏဝါက္ကရဏော’’တိ စတုတ္ထံ, ‘‘ယေဘုယျေန ဘိက္ခုနီနံ ပိယော ဟောတိ မနာပေါ’’တိ ပဉ္စမံ, ‘‘ပဋိဗလော ဟောတိ ဘိက္ခုနိယော ဩဝဒိတု’’န္တိ ဆဋ္ဌံ, ‘‘န ခေါ ပနေတ’’န္တိအာဒိ သတ္တမံ, ‘‘ဝီသတိဝဿော’’တိအာဒိ အဋ္ဌမန္တိ ဝေဒိတဗ္ဗံ။ (ဩဝါဒသိက္ခာပုဒ် ပါစိတျာဒိ အဋ္ဌကထာ၊ ၅၇။) 


     သီလံ သုတဉ္စ သွာဂတံ၊ ဝါစော ပိယော ပဋိဗလော။

နဇ္ဈာပန္နော ဝီသာဓိကော၊ ဘိက္ခုနောဝါဒကင်္ဂိမေ။ 

(ဆရာတော်ဦးဗုမ် ပါတိမောက်နိသျ။) 


ငါးဝါရရေး၊ ဒွေးမာတိကာ၊ ကမ္မာကမ္မ၊ အင်သုံးဝ၊ နိဿယမုစ္စကာ။ 


      သုတ္တန္တာစတုဗ္ဘာဏဝါ၊ ပဉ္စဝဿေန မာတိကာ။

      အမ္ဗ​ဋ္ဌောဝ ကထာမဂ္ဂေါ၊ တိဿောစ အနုမောဒနာ။

(ဝိနယကောသလ္လကျမ်း။) 


     ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပရိပုစ္ဆာမိ။ ။

(ပါတိမောက်ပါဠိတော် )


     ယာ၀။ ပ။ ပရိပုစ္ဆာမီတိ ပဏ္ဍိတံ ဗျတ္တံ မေဓာဝိံ ဗဟုဿုတံ ဓမ္မကထိကံ ပရိပုစ္ဆာမီတိ ဘဏတိ။ (ဘိက္ခုပါစိတ် သဟဓမ္မိကသိက္ခာပုဒ်ပါဠိတော်၊ ၁ဂ၆။) 


    လအနုဇာနာမိ ဘိက္ခဝေ ဗျတ္တေန ဘိက္ခုနာတိအာဒိမှိ ဗျတ္တော ပုဗ္ဗေ ဘိက္ခုနောဝါဒကဝဏ္ဏနာယံ ဝုတ္တလက္ခဏောယေဝ။ (မဟာဝါခန္ဓက အဋ္ဌကထာ၊ ၂၆၆။) 


     ဤပါဠိအဋ္ဌကထာများကို ထောက်သော် ဥဘတော ဝိဘင်းကို အနက်အဓိပ္ပာယ်ထင်မြင် နှုတ်တက်ရွရွ ဝါစုဂ္ဂတ ရခြင်း ဗဟုဿုတ အင်္ဂါ၊ ကံကြီး,ကံငယ် ဝတ်ကြီး,ဝတ်ငယ် စသည်နှင့် ပြည့်စုံလျှင် ဝိနယဓရ အင်္ဂါမြောက်၏ဟု ယူရန်ရှိသည်။


     ‘‘ဒသဟင်္ဂေဟိ သမန္နာဂတော ဘိက္ခု ဥဗ္ဗာဟိကာယ သမ္မန္နိတဗ္ဗော – သီလဝါ ဟောတိ, ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ အာစာရဂေါစရသမ္ပန္နော အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု၊ ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော, ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ, တထာရူပဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ, ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ၊ ဥဘယာနိ ခေါ ပနဿ ပါတိမောက္ခာနိ ဝိတ္ထာရေန သွာဂတာနိ ဟောန္တိ သုဝိဘတ္တာနိ သုပ္ပဝတ္တီနိ သုဝိနိစ္ဆိတာနိ သုတ္တသော အနုဗျဉ္ဇနသော၊ ဝိနယေ ခေါ ပန ဌိတော ဟောတိ အသံဟီရော၊ ပဋိဗလော ဟောတိ ဥဘော အတ္ထပစ္စတ္ထိကေ အဿာသေတုံ သညာပေတုံ နိဇ္ဈာပေတုံ ပေက္ခေတုံ ပသာဒေတုံ၊ အဓိကရဏသမုပ္ပါဒဝူပသမနကုသလော ဟောတိ၊ အဓိကရဏံ ဇာနာတိ၊ အဓိကရဏသမုဒယံ ဇာနာတိ၊ အဓိကရဏနိရောဓံ ဇာနာတိ၊ အဓိကရဏနိရောဓဂါမိနိပဋိပဒံ ဇာနာတိ။ အနုဇာနာမိ, ဘိက္ခဝေ, ဣမေဟိ ဒသဟင်္ဂေဟိ သမန္နာဂတံ ဘိက္ခုံ ဥဗ္ဗာဟိကာယ သမ္မန္နိတုံ။ (စူဠဝါပါဠိတော် စတုတ္ထသမထက္ခန္ဓက၊ ၂၂၃။) 


     ၎င်းပါဠိတော်လာစကားရပ်နှင့် ပါစိတ်ပါဠိတော်ဩဝါဒဝဂ်(၇၃) လာ ဘိက္ခုနောဝါဒက ဗဟုဿုတအင်္ဂါနှင့် သီလဝါ-အစ အနုဗျဉ္ဇန သော တိုင်တူ၏။ ၎င်းအတူစကားမှာ သီလဝါ-အစ သိက္ခာပဒေသုတိုင် သီလ ရှိခြင်း အင်္ဂါ (၁)ပါးသာတည်း။ (အောက်ကဖွင့်ပြီး ဖြစ်၍ ဤမှာ မဖွင့်) 


     သီလဝါတိအာဒိ ဧကမင်္ဂံ။ (ပါစိတ်အဋ္ဌကထာ၊ ၅၇။) 


     ဗဟုသုတော-အစ သုတသန္တိစယောတိုင် အကြားအမြင်များခြင်း အင်္ဂါ (၁)ပါးသာ။ 


     ဗဟုသုဿုတောဟောတီတိအာဒိ ဒုတိယံ။ (ပါစိတျာဒိအဋ္ဌကထာ၊ ၅၇။ ပင်ထောက်) 


     ဥဘယာနိ-အစ-အနုဗျဉ္ဇနသောတိုင်- ဥဘတောဝိဘင်းနှင့်တကွ ပါတိမောက် နှစ်စောင်ရခြင်း၊ သို့မဟုတ်၊ ဋီကာအလို အနက်အဓိပ္ပါယ် ထင်မြင်ခြင်း အင်္ဂါ (၁)ပါးသာ။ ဤသို့ အင်္ဂါ (၃) ပါး တူသတည်း။ ၎င်းအဖွင့်မှာ ပါစိတ်ဩဝါဒ သိက္ခာပုဒ်အဖွင့် (၅၆) စသည်ရှု။ သည်မှာ မဖွင့်။ 


     ဝိနည်းအကျင့်၌ လဇ္ဇီအဖြစ်ဖြင့် တည်လျက် ဝိနည်းပါဠိ အဋ္ဌ ကထာ လိမ္မာကျွမ်းကျင်ခြင်း စတုတ္ထအင်္ဂါ၊ ၎င်းမှာ ပါရာဇိကဏ် ပထမပါရာဇိကဖွင့် (၁၉၉)ရှု။ 


     အတ္ထပစ္စတ္ထိက သာသနပစ္စတ္ထိက နှစ်ဦးတို့ကို အကြောင်းနှင့်တကွ ကြေနပ်လောက်အောင် ကြည့်စေ ရှုစေ။ ကြည့်စေခြင်းငှာ စွမ်းနိုင်ခြင်း ပဉ္စမအင်္ဂါ(၁)ပါး။ ဤကား ငါတို့အလို ပါစိတ်ဝိလေခန သိက္ခာပုဒ် အဋ္ဌကထာ။ (၁၄၁)ကိုထောက်သည်။


     ပစ္စည်းလေးပါးကြောင့် ရန်သူဖြစ်သော ရဟန်းဟူသည် ပရိဝါ အဋ္ဌကထာအဓိကရဏဘေဒဖွင့် (၁၉၄) အဋ္ဌကထာနှင့်ညီသည်။ အဓိကရုဏ်းဖြစ်ခြင်းကို ငြိမ်းစေခြင်း၌ လိမ္မာခြင်း ဆဋ္ဌအင်္ဂါ။ (စူဠဝါပါဠိတော်သမထက္ခန္ဓက၊ ၂၂၃)


     ပရိဝါ၊ အဓိကရဏဘေဒ (၂၆၄) လာ အဓိကရုဏ်းလေးပါးကို သိခြင်း သတ္တမအင်္ဂါ၊


     အဓိကရုဏ်းဖြစ်ကြောင်း (၃၃)ပါးကို သိခြင်း အဋ္ဌမအင်္ဂါ။ အဓိကရုဏ်းချုပ်ခြင်း, ဓမ္မ, ဝိနယ, သတ္တု သာသနကို သိခြင်း နဝမအင်္ဂါ။ 


     အဓိကရုဏ်း ချုပ်ခြင်းသို့ ရောက်ကြောင်း သမထ (၇) ပါးကို သိခြင်း ဒသမအင်္ဂါအားဖြင့် ဝိနယဓရအင်္ဂါ (၁၀)ပါး လာသည်။ လေးပါးအဓိပ္ပါယ်ကို ပရိဝါပဉ္စကလာ ပါဠိ အဋ္ဌကထာကို သာဓက ပြုသည်။


     မဟုတ်မလျား တားမြစ်ခြင်းရှိသောကြောင့် နှစ်ပါးသုံးပါးသော ရဟန်းတို့ ရွေးကောက်၍ ဆုံးဖြတ်ကြောင်းဖြစ်သော ဥဗ္ဗာဟိကကမ္မဝါစာကို ဥဗ္ဗာဟိကာယ အရယူ။ 


     ထိုဝိနယဓရအင်္ဂါကို ဂါထာစီကုံး၍ နောက်သားတို့ မှတ်သားရန် ရေးလိုက်အံ့ - 


        သီလံ သုတဉ္စ သွာဂတံ၊ လဇ္ဇီ သမော ပဋိဗ္ဗလော။

        ဓိကရဏံ သမုဒယံ၊ နိရောဓံ ဂါမိနီ ဒသ။

        ဝိနယဓရအင်္ဂါနိ၊ ဝုတ္တာနာဒိစ္စဗန္ဓုနာတိ။ 


     သီလံ၊ သီလရှိခြင်းလည်းကောင်း။ သုတံ၊ အကြားအမြင်များခြင်း လည်းကောင်း။ သွာဂတံ၊ ဥဘတောဝိဘင်းကို နှုတ်၌ရခြင်း အနက်အဓိပ္ပာယ် ထင်မြင်ခြင်းလည်းကောင်း။ လဇ္ဇီ၊ဝိနည်းအကျင့်၌ လဇ္ဇီအဖြစ်ဖြင့် တည်ခြင်းလည်းကောင်း။ သမော၊ အဓိကရုဏ်းဖြစ်မှုကို ငြိမ်းစေခြင်း၌ လိမ္မာခြင်းလည်းကောင်း။ ပဋိဗ္ဗလော၊ သင်္ကန်းစသော ပစ္စည်းအတွက် ရန်သူရဟန်းတို့ကို ကျေနပ်အောင် ပြောဆိုခြင်း၌ စွမ်းနိုင်ခြင်းလည်းကောင်း။ အဓိကရဏံ၊ ဓမ္မ အဓမ္မ-စသည် ငြင်းခုံခြင်း ဝိဝါဒါဓိကရုဏ်း၊ သီလပျက်စီးခြင်း အကျင့်ပျက်စီးခြင်း, အယူပျက်စီးခြင်း အသက်မွေးမှုပျက်စီးခြင်းဖြင့် စွပ်စွဲခြင်း အနုဝါဒါဓိကရုဏ်း၊ အာပတ် (၇) ပုံသင့်မှု အာပတ္တာဓိကရုဏ်း၊ ကံကြီး ကံငယ် ဟူသော ကိစ္စာဓိကရုဏ်းအားဖြင့် (၄) ပါးသော အဓိကရုဏ်းကို သိခြင်းလည်းကောင်း။ သမုဒယံ၊ အဓိကရုဏ်းဖြစ်ကြောင်း သမုဋ္ဌာန် (၃၃ ) ပါးကို သိခြင်းလည်းကောင်း။ နိရောဓံ၊ အဓိကရုဏ်းချုပ်ကြောင်း ဓမ္မ ဝိနယ သတ္ထုသာသနကို သိခြင်းလည်းကောင်း။ ဂါမိနီ၊ အဓိကရုဏ်း ချုပ်ခြင်းသို့ ရောက်ကြောင်း အကျင့် သမထ (၇)ပါးကို သိခြင်းလည်းကောင်း။ ဣတိ-ဣမိနာ ပဘေဒေန၊ ဤသို့သော အပြားအားဖြင့်။ ဒသ၊ ဆယ်ပါးကုန်သော။ ဝိနယဓရအင်္ဂါနိ ဝိနည်းကို ဆောင်သော ရဟန်း၏ အင်္ဂါတို့ကို။ အာဒိစ္စဗန္ဓုနာ၊ နေ မင်း၏အဆွေ မြတ်စွာဘုရားသည်။ ဝုတ္တာနိ၊ ပဓာနအားဖြင့် စူဠဝါ သမထက္ခန္ဓက၌ ဟောတော်မူအပ်ကုန်၏။ 


     ပရိဝါ ပါဠိတော် ဝေါဟာရဝဂ် အတ္တာဒါနဝဂ် စသည်၌လာသော ဝိနယဓရအင်္ဂါများလည်း ယခင်ပြအပ်ပြီးသော ဝိနယဓရ အင်္ဂါများတွင် ပါဝင်ကြ၍ အသီးမဆိုလိုက်ပြီ။

     ဝိနယဓရ အင်္ဂါဝိနိစ္ဆယ ပြီး၏။



၈၈။ အဓိကရုဏ်း ၄-ပါး ပြခန်း

     ဤနေရာ၌ ဝိနည်းဓိုရ်နှင့်စပ်သော အရာဖြစ်၍ 

(က) အဓိကရုဏ်း (၄) ပါးကိုလည်း သိသင့်သည်။

(ခ) သမထ (၇)ပါးကိုလည်း သိသင့်သည်။

(ဂ) သမ္မုခါ (၄)ပါးကိုလည်း သိသင့်သည်။


(က) အဓိကရုဏ်းကား 

     စတ္တာရိမာနိ ဘိက္ခဝေ အဓိကရဏာနိ ဝိဝါဒါဓိကရဏံ အနုဝါဒါဓိကရဏံ အာပတ္တာဓိကရဏံ ကိစ္စာဓိကရဏံ၊ ဟူသော စူဠဝါ သမထက္ခန္ဓက (၂၁၁) ပရိဝါ-အဓိကရဏဘေဒ (၂၆၄) တို့နှင့် အညီ သမထတို့တည်ရာ ဖြစ်ရာ အဓိကရုဏ်းဟူသည် (၄) ပါးရှိ၏။ ထို (၄)ပါးတို့တွင်-


၁။ ဓမ္မ အဓမ္မ စသည်ဖြင့် ငြင်းခုံခြင်းကို ဝိဝါဒါဓိကရုဏ်းဆိုသည်။ 


၂။ သီလ အကျင့် အယူ အသက်မွေးမှု ပျက်စီးခြင်းဖြင့် ဆဲရေး ခြင်း စောဒနာခြင်းဟု ဆိုအပ်သော စွပ်စွဲခြင်းကို အနုဝါဒါဓိကရုဏ်း ဆိုသည်။ 


၃။ ငါးပါးသော အာပတ်အစု၊ ခုနစ်ပါးသော အာပတ်အစုကို အာပတ္တာဓိကရုဏ်းဆိုသည်။ 


၄။ အပလောကနကံ စသော ကံ (၄)ပါးတို့တွင် တစ်ပါးပါး သော ကံပြုခြင်းကို ကိစ္စာဓိကရုဏ်းဆိုသည်။ 


     ထို့ကြောင့်။        ။ ဣဓ ဘိက္ခဝေ ဘိက္ခု ဘိက္ခုံ ဝိဝဒန္တိ ဓမ္မောတိဝါ အဓမ္မောတိဝါ-စသည်ဖြင့် စူဠဝါပါဠိတော် သမထက္ခန္ စသည်၌ ဟောတော်မူအပ်ပြီ။ ကင်္ခါအဋ္ဌကထာ စသည်မှာလည်း အဓိကရဏ သရုပ်ကို ဖွင့်အပ်ပြီး။



၈၉။ သမထ (၇)ပါး ပြခန်း

(ခ) သမထ (၇) ပါးကား = 

      ၁။ သမ္မုခါဝိနယသမထ။ 

      ၂။ သတိဝိနယသမထ။

      ၃။ အမူဠှဝိနယသမထ။

      ၄။ ပဋိညာတကရဏသမထ။

      ၅။ ယေဘုယျသိကာသမထ။ 

      ၆။ တဿပါပိယသိကာသမထ။

      ၇။ တိဏဝတ္ထာရကသမထ။ ဟူ၍ (၇)ပါးရှိ၏။ 


ထို့ကြောင့် ပါစိတ်ပါဠိတော် (၂၇၂) ၌ -

     ဥပ္ပန္နုပ္ပန္နာနံ အဓိကရဏာနံ သမထာယ ဝူပသမာယ သမ္မုခါဝိနယော ဒါတဗ္ဗော, သတိဝိနယော ဒါတဗ္ဗော, အမူဠှဝိနယော ဒါတဗ္ဗော, ပဋိညာယ ကာရေတဗ္ဗံ, ယေဘုယျသိကာ, တဿပါပိယသိကာ, တိဏဝတ္ထာရကောတိ။ဟု ဟောတော်မူသည်။ 



၉၀။ သမ္မုခတော ၄-ပါး ပြခန်း

(ဂ) သမ္မုခတာလည်း - 

      ၁။ သံဃသမ္မုခတာ။ 

      ၂။ ဓမ္မသမ္မုခတာ။ 

      ၃။ ဝိနယသမ္မုခတာ။ 

      ၄။ ပုဂ္ဂလသမ္မုခတာ။ 

အားဖြင့် (၄) ပါးရှိ၏။ 


ထို့ကြောင့် စူဠဝါပါဠိ သမထက္ခန္ဓက (၂၂၃) ၌ - 

     ကိဉ္စ တတ္ထ သမ္မုခါဝိနယသ္မိံ၊ သံဃသမ္မုခတာ၊ ဓမ္မသမ္မုခတာ၊ ဝိနယသမ္မုခတာ၊ ပုဂ္ဂလသမ္မုခတာ-စသည်ဖြင့် ဟောတော်မူသည်။


၁။ သံဃာညီညွှတ်သည် အစွမ်းအားဖြင့် ကာရက သံဃာ၏ မျက်မှောက်၏ အဖြစ်ကို သံဃသမ္မုခတာ ဆိုသည်။ 


၂။ ငြိမ်းစေအပ်သော ဟုတ်မှန်သော ဝတ္ထု၏ မျက်မှောက်၏ အဖြစ်ကို ဓမ္မသမ္မုခတာ ဆိုသည်။ 

ဓမ္မသဒ္ဒါကား သစ္စတ္ထ၊

"ဘူတေန ဝတ္ထုနာ” တိ ဣမိနာ ဓမ္မသဒ္ဒဿသစ္စတ္ထံ ဒ​ဿေတိ။ (မဟာဝါ ယောဇနာ၊ ၃၉၅။) 


၃။ အကြင်ဝိနယ သတ္ထုသာသနဖြင့် ထိုအဓိကရုဏ်းသည်ငြိမ်း၏။ ထိုအဓိကရုဏ်းငြိမ်းကြောင်း ဝိနယ သတ္ထုသာသန၏ မျက်မှောက်၏ အဖြစ်သည် ဝိနယသမ္မုခတာ မည်၏။ 

(ယေန ဓမ္မေန စသည်ထောက်) 


၄။ ဝိဝါဒဟု ဆိုအပ်သော အကြောင်းကိစ္စ၌ ဆန့်ကျင့်ဘက်ကို အလိုရှိကုန်သော တရားလို တရားခံ (တနည်း) စောဒက စုဒိတကတို့၏ မျက်မှောက်၏အဖြစ်ကို ပုဂ္ဂလသမ္မုခတာ ဆိုသည်။ 


ဟုတ်မှန်သော ဝတ္ထုကို ဓမ္မဆိုသည်။ 


စောဒနာ သာရဏာဝိနည်းကို ဝိနယဆိုသည်။ 


ကမ္မပတ္တ ရဟန်းတို့ ဟတ္ထပါသ်သို့ရောက်ခြင်း၊ ဆန္ဒာရဟပုဂ္ဂိုလ်တို့ ဆန္ဒကိုဆောင်ခြင်း၊ မျက်မှောက်ရောက်သော ရဟန်း၏ မတားမြစ်ခြင်း ဤ (၃) ပါးနှင့် ပြည့်စုံသော ကာရကကံပြု သံဃာကို သံဃာဆိုသည်။ 


စောဒက စုဒိတက ကံပြုခံရသော ရဟန်းကို ပုဂ္ဂလဆိုသည်။


၎င်း (၄) ပါး မျက်မှောက်ကို သမ္မခါဆိုသည်။


ထို့ ကြောင့် စူဠဝါပါဠိ သမထက္ခန္ဓက (၂၂၀၊ ၁) ၌ - 


     ယာဝတိကာ ဘိက္ခု ကမ္မပ္ပတ္တာ။ (ပ) အယံ တတ္ထ ပုဂ္ဂလသမ္မုခတာ။ ဟု ဟောတော်မူသတည်း။ 


     ကင်္ခါ အဋ္ဌကထာ (၂၈၉)။ သာရတ္ထဒီပနီဋီကာ (တ၊ ၄၉၂) ၌ လည်း ၎င်းပါဠိတော်အတူပင်။ 


     ဘူတေန ဝတ္ထုနာ ကတံ ဓမ္မန ကတံ နာမ ဟောတိ။

ဝိနယောတိ စောဒနာ စ သာရဏာ စ။ သတ္ထု သာသနန္တိ ဉတ္တိ သမ္ပဒါ အနုဿာဝဏ သမ္ပဒါ စ။ (မဟာဝါ စမ္ပေယျက္ခန္ဓက အဋ္ဌကထာ၊ ၄၂၇။)


     အဘူတဝတ္ထုဝသေန အဓမ္မကမ္မံ ဘူတဝတ္ထုဝသေန ဓမ္မကမ္မဉ္စ။ (မဟာဝါအဋ္ဌကထာ၊ ၄၂၉။) 


     ဘူတေန ဝတ္ထုနာ စောဒေတွာ သာရေတွာ ယထာပဋိညာယ ကာတဗ္ဗံ ကမ္မံ ဓမ္မော နာမ၊ အဘူတေန ဝတ္ထုနာ အစောဒေတွာ အသာရေတွာ အပဋိညာယ ကာတဗ္ဗံ ကမ္မံ အဓမ္မော နာမ။ (စူဠဝါ သံဃဘေဒကအဖွင့် အဋ္ဌကထာ၊ ၁၁၄။) 


     ဓမ္မောတိ ဘူတံ ဝတ္ထု။ ဝိနယောတိ စောဒနာ စေဝ သာရဏာ စ။ သတ္ထုသာသနန္တိ ဉာတ္တိ သမ္ပဒါ စေဝ အနုဿာဝနသမ္ပဒါ စ။ ဧတေန ဟိ ဓမ္မေန စ ဝိနယေန စ သတ္တု သာသနေန စ အဓိကရဏံ ဝူပသမတိ။ (ပရိဝါ အဋ္ဌကထာ စောဒနာကဏ္ဍ၊ ၂၀၃၊ ၄။ ပရိဝါ သာရတ္ထဒီပနီ၊ တ၊ ၄၉ ၂။ ဝိနယသင်္ဂဟ၊ ဋ္ဌ၊ ၃၁၁။)

     သမ္မုခတာ( ၄) ပါး ပြီး၏။



၉၁။ သမထ (၇)ပါး အဓိပ္ပါယ်

၁။ သံဃာ,ဓမ္မ,ဝိနယ,ပုဂ္ဂလတို့ မျက်မှောက်၌ ပေးအပ်သောဝိနည်းကံကို သမ္မုခါဝိနယသမထ ဆိုသည်။ 


၂။ အောက်မေ့ခြင်းသတိကိုမှီ၍ ပေးအပ်သော ဉတ္တိစတုတ္ထ ဝိနည်းကံကို သတိဝိနယသမထ ဆိုသည်။ သတိပြန့်ပြောသောရဟန္တာအား ပေးအပ်သော ဝိနည်းဆိုလိုသည်။ 


၃။ မတွေဝေသော ရဟန်းအား ပေးအပ်သော ဉတ္တိစတုတ္ထ ဝိနည်းကံကို အမူဠှဝိနယသမထ ဆိုသည်။ ရူးသောရဟန်း အား ပေးအပ်သည် ဆိုလိုသည်။ 


၄။ ပဿသိ အာဝုသော တာ အာပတ္တိယော ဟု ဆိုအပ်သည် ရှိသော် အာမ ဘန္တေ ပဿာမိ ဟု ဝန်ခံခြင်းဖြင့် အာယတိံ သံဝရေယျာသိ ဟု ဆုံးဖြတ်အပ်သော သမထ ကို ပဋိညာ ကရဏသမထဆိုသည်။ 


၅။ ဓမ္မဝါဒီ များရာသို့လိုက်၍ ပြုစေအပ်သော သမထကိုယေဘုယျသိကာ သမထဆိုသည်။ 


၆။ ဥပဝါဠရဟန်းကဲ့သို့ ယုတ်မာသော ပုဂ္ဂိုလ်အား ပြုအပ် သော ဉတ္တိစတုတ္တကံကို တဿပါပိယသိကာ သမထဆိုသည်။ 


၇။ မစင် ကျင်ငယ်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့ ပြုအပ်သော သမထကို တိဏဝတ္ထာရက သမထဆိုသည်။ စူဠဝါ သမထက္ခန္ဓက၊ ပါဠိ အဋ္ဌကထာ ဋီကာ ထောက်။      

ဤကားသမထ (၇)ပါး ပြဆိုချက်ပြီး၏။



၉၂။ သမထနှင့် အဓိကရုဏ်း တိုက်ဆိုင်ပြခန်း

     ထို အဓိကရုဏ်း(၄)ပါးတို့တွင် ဝိဝါဒါဓိကရုဏ်းမှာ -

၁။ သမ္မုခါဝိနယသမထ နှင့် ယေဘုယျသိကာသမထ ဆိုင်သည်။ 


     အနုဝါဒါဓိကရုဏ်းမှာ -

၂။ သမ္မုခါဝိနယသမထ၊ သတိဝိနယသမထ၊ အမူဠှဝိနယသမထ၊ တဿပါပိယသိကသမထ၊ ဤသမထ(၄)ပါးဖြင့် ငြိမ်းစေနိုင်သည်။ ကြွင်းသမထ (၃) ပါးမဆိုင်။ 


     အာပတ္တာဓိကရုဏ်းမှာ -

၃။ သမ္မုခါဝိနယသမထ၊ ပဋိညာတကရဏသမထ၊ တိဏဝတ္ထာရကသမထ၊ ဤ သမထ (၃)ပါးဖြင့် ငြိမ်းစေနိုင်သည်။ ကြွင်းသမထ (၄) ပါးမဆိုင်။ 


     ကိစ္စာဓိကရုဏ်းမှာ - 

၄။ သမ္မုခါဝိနယသမထ တစ်ခုသာ ငြိမ်းစေနိုင်သည်။ ကြွင်းသမထ (၆) ပါးမဆိုင်။


     ဝိဝါဒါဓိကရဏံ ဒွီဟိ သမထေဟိ သမ္မတိ သမ္မုခါဝိနယေန စ ယေဘုယျသိကာယ စ။(စူဠဝါ သမထက္ခန္ဓက ပါဠိတော် ၂၂၀။)


     အနုဝါဒါဓိကရဏံ စတူဟိ သမထေဟိ သမ္မတိ သမ္မုခါဝိနယေန စ သတိဝိနယေန စ အမူဠှဝိနယေန စ တဿပါပိယသိကာယ စ။ (စူဠ၀ါ ပါဠိတော်၊ ၂၂၉။)


     အာပတ္တာဓိကရဏံ တီဟိ သမထေဟိ သမ္မတိ သမ္မုခါဝိနယေန စ ပဋိညာတကရဏေန စ တိဏဝတ္ထာရကေန စ။ (စူဠဝါပါဠိတော်၊ ၂၃၃။)


     ကိစ္စာဓိကရဏံ ဧကေန သမထေန သမ္မတိ သမ္မုခါဝိနယေန။ (စူဠဝါပါဠိတော်၊ ၂၃၈) (ကင်္ခါအဋ္ဌကထာ၊၂၈၉၊ ၂၉၁။) 


     တစ်ဦးက-ဓမ္မတည်း၊ တစ်ဦးက-အဓမ္မတည်း။ ဤသို့ ဝိနယ အဝိနယ တထာဂတ ဘာသိတ လပိတ အဘာသိတ အလပိတ၊ တထာဂတ အာစိဏ္ဏ,အနာစိဏ္ဏ၊ တထာဂတပညတ္တ, အပညတ္တ၊ အာပတ္တိ,အနာပတ္တိ၊ လဟုကအာပတ္တိ ဂရုကအာပတ္တိ၊ သာဝသေသအာပတ္တိ အနဝသေသအာပတ္တိ၊ ဒုဋ္ဌုလ္လာပတ္တိ အဒုဋ္ဌုလ္လာပတ္တိဟူသော စူဠဝါပါဠိ (၂၁၁၊ ၂) လာ ဘေဒကရဝတ္ထု (၁၈ ) ပါးဖြင့် ငြင်းခုံရာတွင် - 


     ၁။ အဓိကရုဏ်းဖြစ်ရာ ကျောင်းတိုက်၌ပင် တိုက်ရှိရဟန်းတို့ စည်းဝေး၍ ပါဠိမုတ္တကဝိနိစ္ဆဖြင့် ငြိမ်းစေခြင်းတစ်ရပ်။ 


     ၂။ တပါးသောကျောင်းတိုက်၌ အဓိကရုဏ်းငြိမ်းစေခြင်းငှာ စွဲဆိုလျှောက်ထားပြောကြားလို၍ သွားကြစဉ် လမ်းခရီးအကြားမှာ အချင်းချင်း ပြောဆိုကျေနပ်၍ ငြိမ်းခြင်း၊ တပါးရဟန်းတို့ ရှုကြည့်စေ၍ ငြိမ်းခြင်းတစ်ရပ်။ 


     ၃။ ရည်မှန်းတိုင်းသွား၍ တပါးကျောင်းတိုက်ရောက်၍ ထို အဓိကရုဏ်းကို ထိုတိုက်တွင်းရှိ သံဃာအား အပ်နှင်းသဖြင့် ထိုတပါးတိုက် သံဃာကို ဆုံးဖြတ်စေ၍ ငြိမ်းခြင်းတစ်ရပ်။ 

၉၃။ ဥဗ္ဗာဟိကကမ္မဝါစာဖြင့် ဝိနည်းဓိုရ်မြှောက်၍ ဆုံးဖြတ်စေပုံ

     ၄။ ယင်းသို့ သံဃာမငြိမ်းနိုင်ပြန်လျှင် ထိုရောက်ရာကျောင်း တိုက်၌ သံဃာမှ ထုတ်ယူခြင်း ဥဗ္ဗာဟိက ဉတ္တိကမ္မဝါစာဖြင့် ရောက်လာသော အဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ သီလရှိခြင်း၊ ဥဘတောဝိဘင်းကိုဆောင်ခြင်း၊ အကြားအမြင်များခြင်း စသော စူဠဝါသမထက္ခန္ဓကလာ ဝိနည်းဓိုရ်အင်္ဂါ(၁၀)ပါးနှင့် ပြည့်စုံသော ရဟန်းများကို အပလောကနကံ ဉတ္တိဒုတိယကမ္မဝါစာတစ်ခုခုဖြင့် သမုတ်အပ်၏။ ထိုသံဃသမ္မုတိရ ရဟန်းဆုံးဖြတ်သောအားဖြင့် ငြိမ်းစေရာ၏။ ၎င်း သမုတ်ပုံ ဉတ္တိ ဒုတိယကမ္မဝါစာကား စူဠဝါသမထက္ခန္ဓက (၂၂၄-၅)၌။ ၎င်းဥဗ္ဗာဟိကဉတ္တိဒုတိယ ကမ္မဝါစာမှာ ဗဟုဝုစ်ကြိယာ ဖတ်နည်းလာ၏။ သမ္မုတိပေးရာ ရဟန်းအများပင် ဝိနည်းဓိုရ်သင့်၏။ စောဒက စုဒိတကလည်း ရဟန်းလေးပါး၊ လေးပါးထက် အလွန် ရကြောင်း ပဂ္ဂဟကံဖြစ်ကြောင်း၊ ဘေဒါနုဝတ္တကသိက္ခာပုဒ်ဖွင့် သာရတ္ထဒီပနီဋီကာ ဝိမတိဝိနောဒနီဋီကာတို့၌ဖွင့်၏။ ဝဇီရမဖွင့်။ 


     ယင်း ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် သမ္မုတိရသော ရဟန်းတို့ဆုံးဖြတ်၍ ယင်းအဓိကရုဏ်း ငြိမ်းစေရာ၏။ ယင်းသို့ ငြိမ်းစေရာ၌ ကာရက သံဃာ၏ မျက်မှောက်ဖြစ်ခြင်း သံဃသမ္မုခတာ၊ ဟုတ်မှန်သော ဝတ္ထု၏မျက်မှောက်ဖြစ်ခြင်း ဓမ္မသမ္မုမာ၊ စောဒနာသာရဏာ ဝိနည်း၏ မျက်မှောက်ဖြစ်ခြင်း ဝိနယသမ္မုခကာ။ ငြင်းခုံသော စောဒက စုဒိတက၏ မျက်မှောက်ဖြစ်ခြင်း ပုဂ္ဂလသမ္မုခတာ (၄)ပါးတို့တွင် ယင်းဥဗ္ဗာဟိက ကမ္မဝါစာဖြင့် သမုတ်အပ်ပြီး ဝိနယဓရတို့ ဆုံးဖြတ်ရာ ငြိမ်းခြင်း၌ သံဃသမ္မုခတာယုတ်လျော့သည်။ ဥဗ္ဗာဟိကာယ ဝူပသမနေ ပနေတ္ထ သံဃသမုခတာ ပရိဟာယတိ။ (ကင်္ခါအဋ္ဌကထာ၊ ၂၈၉။)




၉၄။ ဗာလပုဂ္ဂိုလ်တို့နှောက်ယှက်လျင် နှင်ထုတ်၍ ယေဘုယျသိကာ သမထဖြင့်ဆုံးဖြတ်စေရပုံ

     ယင်းသို့ သမ္မုတိရ ရဟန်းတို့ ဆုံးဖြတ်ရာ ဝိနည်းဓိုရ်အင်္ဂါ မပြည့်စုံသော ရဟန်းတားမြစ်အံ့၊ ထိုရဟန်းကို ဉတ်ထား၍ သံဃာမှ အပထုတ်ပြီးလျှင် ကြွင်းသော သံဃာဆုံးဖြတ်ရာ၏။ ဤသို့ငြိမ်းစေခြင်းလည်း သမ္မုခါဝိနယသမထပင်တည်း။ 


     ယင်းသို့မှ သမ္မုတိရ ရဟန်းတို့ မငြိမ်းစေနိုင်သဖြင့် ထိုအဓိကရုဏ်းကို သံဃာထံ ပြန်အပ်ပြန်အံ့ ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိ ဘယာဂတိမရှိအံ့၊ စာရေးတံယူအပ်ပြီး မယူအပ်သေး သိခြင်းအင်္ဂါ (၅)ပါးနှင့် ပြည့်စုံသော ရဟန်းကို စာရေးတံကို ယူစေတတ်သော ရဟန်းဟူ၍ ဉတ္တိဒုတိယကမ္မဝါစာဖြင့် သမုတ်ရာ၏။ ထိုသမ္မုတိရ သလာကဂ္ဂါဟာပက ရဟန်းသည် စည်းဝေးသော ပရိသတ်၌ ဓမ္မဝါဒီ ရဟန်းများ အောင် - 


     (က) အလဇ္ဇီများလျှင် လျှို့ ဝှက်၍ စာရေးတံယူစေခြင်း ဂုဠှက စာရေးတံ။ 


     (ခ) လဇ္ဇီများလျှင် ဖွင့်ပြ၍ စာရေးတံယူစေခြင်း ဝိဝဋက စာရေးတံ။ 


     (ဂ) ဗာလများလျှင် မိမိနား၌ တီးတိုးစကားပြောကြား၍ စာရေးတံ ယူစေခြင်း သကဏ္ဏဇပ္ပက စာရေးတံ။ 


(၃ ) ပါးတို့တွင် တစ်ပါးပါးဖြင့် စာရေးတံ ယူစေပြီးလျှင် ဓမ္မဝါဒီ ရဟန်းများသောကြောင့် ယင်းဓမ္မဝါဒီရဟန်း ပြောဆိုတိုင်း ယင်းအဓိကရုဏ်းကို ငြိမ်းစေရာ၏။ ယင်းသို့ ငြိမ်းစေရာ၌ သမ္မုခါဝိနယသမထ၊ ယေဘုယျသိကာသမထ နှစ်မျိုးဖြင့် ငြိမ်းစေသည်မည်၏။


     ဤသို့ ဝိဝါဒါဓိကရုဏ်းကို သမ္မုခါဝိနယသမထ၊ ယေဘုယျသိကာသမထဖြင့် ငြိမ်းစေပုံ (၅) နည်းပြီး၏။ 



၉၅။ အနုဝါဒါဓိကရုဏ်းနှင့် သမထ ၄-ပါးသာ ဆိုင်ကြောင်း

     အနုဝါဒါဓိကရုဏ်းကို သမ္မုခါ၊ သတိ၊ အမူဠှ၊ တဿပါပိယသိကာ၊ သမထ (၄)ပါးဖြင့် ငြိမ်းစေပုံကား -


     ၁။ စောဒက စုဒိတကတို့၏ စကားကို ကြားနာပြီးလျှင် အာပတ် တစ်စုံတစ်ခု မထင်အံ့ အချင်းချင်း ကန်တော့စေပြီးလျှင် ငြိမ်းစေအပ်၏။ အာပတ်သင့်သည်ထင်အံ့ မည်သည့်အာပတ်သင့်သည်၊ ဒေသနာ ကြားစေ၊ ဝုဋ္ဌာနကံပြုစေ၊ ဆုံးဖြတ်၍ ငြိမ်းစေရာ၏။ သမ္မုခါဝိနယသမထပင်တည်း။ ။ 


     ၂။ ရဟန္တာအား အမူလကသီလဝိပတ္တိဖြင့် စောဒနာခဲ့သော် ထို ရဟန္တာက သတိဝိနည်းကို တောင်းပန်ခဲ့သော် စူဠဝါ သမထက္ခန္ဓက (၂၂၉ ) သတိဝိနယ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ထိုရဟန္တာ အားပေး၍ ထိုအနုဝါဒါဓိကရုဏ်း ငြိမ်း၏။ သတိဝိနည်းကိုပေးပြီးက ထိုစုဒိတက ရဟန္တာ၌ နောင် မည်သည်ပုဂ္ဂိုလ်မှ မစောဒနာနိုင်ပြီ။ (ဤကား သတိဝိနယသမထ၊ သမ္မုခါဝိနယသမထဖြင့် ငြိမ်းစေပုံတည်း။) 


     ၃။ ရူးသောကြောင့် ရဟန်းတို့ အမူအရာမဟုတ်သော လွန်ကျူးမှုကို ပြုသဖြင့် စောဒနာရာ ရူးသောကြောင့် လွန်ကျူးမှုကို ပြုမိပါသည်ဟု ဆိုပါလျက် နောက်ထပ်စောဒနာငြားအံ့ နောင်တစ်စုံတစ်ယောက် မစောဒနာနိုင်ရန် အမူဠှဝိနည်းကို ရူးသောရဟန်းက တောင်းသဖြင့် သံဃာက အမူဠှဝိနယ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် စူဠဝါသမထက္ခန္ဓက(၂၃၁) လာတိုင်း ပေးသဖြင့် ယင်းအနုဝါဒါဓိကရုဏ်းသည် သမ္မုခါဝိနယသမထ၊ အမူဠှဝိနယသမထဖြင့် ငြိမ်းသည်မည်၏။ (ယင်းအမူဠှဝိနည်းပေးပြီးနောက် တစ်စုံတစ်ယောက် မစောဒနာနိုင်။) 


     ၄။ ပါရာဇိကဖြင့်လည်းကောင်း၊ ယင်း၏ အနီး ဒုက္ကဋ် ထုလ္လစ္စဉ်း ဖြင့်လည်းကောင်း စောဒနာရာ ဝိနယဓရက မေးသည်ကို မဖြေပဲ တစ်ပါးသောအကြောင်းစကားဖြင့် တစ်ပါးသောအကြောင်းစကားကို ပြောဆိုဖုံးလွှမ်း စကားမပြော တုဏှိဘောနေ၍ သံဃာညှဉ်းဆဲလေရာ ယုတ်မာသော အကျင့်များလေရကား ပါရာဇိက မကျသေးအံ့ သံဃာ့ ဘောင်သို့ သွင်းရဦးမည်။ ပါရာဇိကကျအံ့ အသွင်ကိုဖျက် လူထွက်လိမ့်မည် သံဃာက မှတ်ထင်သဖြင့် စူဠဝါ သမထက္ခန္ဓက (၂၃၃) လာတိုင်း၊ တဿပါပိယသိကာ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ယင်းကံပြု သဖြင့် ငြိမ်း၏။ (သမ္မုခါဝိနယသမထ၊ တဿပါပိယသိကာသမထဖြင့် အနုဝါဒါဓိကရုဏ်းငြိမ်း၏။) 



၉၆။ အာပတ္တာဓိကရုဏ်းနှင့် သမထ ၃-ပါးသာ ဆိုင်ကြောင်း

     အာပတ္တာဓိကရုဏ်းကို သမ္မုခါ,ပဋိညာတ,တိဏဝတ္ထာရက သမထ (၃) ခုဖြင့် ငြိမ်းစေ၏ ဟောရာ၊ သမ္မုခါ သက်သက်ဖြင့် ငြိမ်းစေခြင်းမရှိ။ ရဟန်းတစ်ပါးထံဖြစ်စေ သံဃာအလယ် ဂိုဏ်းအလယ်မှာ ဖြစ်စေ ထုလ္လစ္စဉ်းစသော လဟုကအာပတ် (၅ )ပုံကို ဒေသနာကြားခဲ့သော် ဒေသနာကြားတတ်သောရဟန်း၊ ကြားရာဖြစ်သောရဟန်း (၂) ဦး၏မျက်မှောက်ကို ပုဂ္ဂလသမ္မုခတာဆိုသည်။ ဓမ္မသမ္မုခတာ၊ ဝိနယသမ္မုခတာ၊ သံဃသမ္မုခတာ ထင်ရှားပြီ။ ဂိုဏ်းပုဂ္ဂိုလ်ထံ ကြားရာ သံဃသမ္မုခတာ-မပါ။ 


     အာမ ဘန္တေ ပဿာမိဟု ဝန်ခံခြင်းဖြင့် အာယတိံ အာဝုသော သံဝရေယျာသိ-ဟု ပြုခြင်းကို ပဋိညာတကရဏသမထ ဆိုသည်။


     သံဃာဒိသေသ် အာပတ်၌ ပရိဝါသ်၊ မာနတ်၊ အဗ္ဗာန် တောင်း ခြင်းကို ပဋိညာဆိုသည်။ 


     ယင်းတို့ကို ပေးခြင်းကို ပဋိညာတကရဏ ဆိုသည်။ 


     နှစ်သင်း နှစ်ပက္ခ ကွဲနေသော ရဟန်းတို့သည် ရဟန်းတို့အား မလျော်သော လွန်ကျူးမှုကို ပြုကြပြီးနောက် လဇ္ဇီသဘော သက်ဝင် လာကြသဖြင့် အချင်းချင်း ဒေသနာကြား၍သာ စင်ကြယ်စေမည်ဆိုလျှင် ထိုအဓိကရုဏ်းသည် ကြမ်းတမ်းခြင်း ရဲစွမ်းခြင်းငှာ မချွတ်ဧကန် ဖြစ်ရာသည်။ သိယာတိ အဝဿံ၊ (သာရတ္ထဒီပနီ ဋီကာ)


     ဤသို့ အချင်းချင်း ဒေသနာကြား၍ အာပတ်ကိုထအောင် ကုစားခြင်း၌ အပြစ်ကိုမြင်သဖြင့် သမ္မုခါဝိနယသမထဖြင့် လည်းကောင်း၊ စူဠဝါ သမထက္ခန္ဓက (၂၃၆-၇)လာ တိဏဝတ္ထာရက ဉတ္တိစတုတ္ထကမ္မဝါစာဖြင့်လည်းကောင်း ငြိမ်းစေ၏။


     ယင်းသို့ တိဏဝတ္ထာရက ကံကိုပြုရာ၌ ရုန့်ရင်းသော ပါရာဇိကအာပတ်၊ သံဃာဒိသေသ်အာပတ်၊ လူတို့နှင့်စပ်၍ သင့်စကောင်းသော ခုံသန ဝမ္ဘန ဓမ္မိကပဋိဿဝ ဒုက္ကဋ်၊ ၎င်း (၃) မျိုးမှတပါး ဟတ္ထပါသ်သို့ကပ်သော ရဟန်းဟူသမျှတို့မှာ ငါသည် ဤကံကို မနှစ်သက်ဟု ဒိဋ္ဌာဝိကမ္မ အယူကိုထင်စွာ ပြုခြင်းကို မပြုပါမူ ယင်းသံဃာ အစည်းအဝေး၌ အိပ်ပျော်နေသော ရဟန်းပင် ဖြစ်စေကာမူ အာပတ်ဟူသမျှထသတည်း။ (ဤသို့ အာပတ္တာဓိကရုဏ်းသည် သမထ (၃) ပါးဖြင့် ငြိမ်းသတည်း။)



၉၇။ ကိစ္စာဓိကရုဏ်းနှင့် သမထ (၁) ပါးသာ ဆိုင်ကြောင်း

     ကိစ္စာဓိကရုဏ်းသည် သမ္မုခါဝိနယသမထ တစ်ခုဖြင့်သာ ထ,သတည်း။ ဤအဓိပ္ပာယ်ကို စူဠဝါ သမထက္ခန္ဓက ပါဠိတော်လာ သဗ္ဗညုဘုရား စကားတော်ဖြင့်လည်းကောင်း၊ ၎င်းအဋ္ဌကထာ,ဋီကာ စကားဖြင့်လည်းကောင်း၊ ကင်္ခါဝိတရဏီအဋ္ဌကထာလာ စကားဖြင့်လည်းကောင်း၊ ဤမှတပါးသော ပါဠိ အဋ္ဌကထာ ဋီကာ ကြီး ငယ် တို့ဖြင့်လည်းကောင်း သိကြရာသတည်း။ 



၉၈။ သမထ ၇-ပါး ဝစနတ္ထ အရကောက်ပုံ

     (က) ပရမ္မုခံ ဝိနေတိ ဝိနာသေတီတိ ဝိနယော, ပရမ္မုခံ ဝိနေတိ ဝိနာသေတိ အနေနာတိ ဝါ ဝိနယော, ဝိနယကမ္မံ။ သံဃဓမ္မဝိနယပုဂ္ဂလသမ္မုခါနံ ဒါတဗ္ဗော ဝိနယော သမ္မုခါဝိနယော။ (စူဠဝါသမထက္ခန္ဓက ယောဇနာ၊ ၄၃၈။) 


     အဓိကရဏာနိ သမေတိ ဝူပသမေတီတိ သမထော။ သမ္မုခါ ဝိနယော ဧဝ သမထော သမ္မုခါဝိနယသမထော။ အဓိကရဏာနိ သမေန္တိ ဝူပသမေန္တိတိ အဓိကရဏသမထာ။ (ကင်္ခါ၊ ၂၈၉။) 


     (ခ) သရတီတိ သတိ၊ သရန္တိ ဧတာယာတိ ဝါ သတိ၊ သရဏမတ္တံ ဝါ သတိ။ စောဒနာဒိအသာရုပ္ပေ၊ ဝိနေတိ ဝိနာသေတီတိ ဝိနယော, ဝိနေတိ ဝိနာသေတိ အနေနာတိ ဝါ ဝိနယော, ဝိနယကမ္မံ။ သတိဝေပုလ္လပတ္တဿ ဒါတဗ္ဗော ဝိနယော သတိဝိနယော၊

သတိံ နိဿာယ ဒါတဗ္ဗော ဝိနယော သတိဝိနယော၊ သတိဝိနယော ဧဝ သမထော တထာ။ (ပရိဝါယောဇနာတစိတ်၊ ၄၃၉။)


     (ဂ) စောဒကဿ ကထံ ဝိနေတိ ဝိနာသေတီတိ ဝိနယော, စောဒကဿ ကထံ ဝိနေတိ ဝိနာသေတိ အနေနာတိ ဝါ ဝိနယော။ ပဌမံ မူဠှဘာဝံ ဥပဂန္တွာ ပစ္ဆာ အမူဠှဿ ဒါတဗ္ဗော ဝိနယော အမူဠှဝိနယော။ အမူဠှဝိနယော ဧဝ သမထော တထာ။ (စူဠဝါယောဇနာ၊ ၄၃၉။) 


     (ဃ) ပဋိဇာနိယတေ ပဋိညာ၊ ပဋိဇာနနံ ဝါ ပဋိညာ၊ ပဋိညာယကရဏံ ပဋိညာတကရဏံ၊ တံ ဧဝ သမထော တထာ။ (စူဠဝါ ယောဇနာ၊ ၄၃၉။) 


     (င) ယေဘုယျသဒ္ဒါကား ဗဟုလတ္ထဝါစက။ ဓမ္မဝါဒီနံ ယေဘုယျေန ပဝတ္တာ ယေဘုယျသိကာ။ ဓမ္မဝါဒီနံ ယေဘုယျတာ သမ္ပာဒိကာ ကိရိယာ။ ဓမ္မဝါဒီတို့ များသည်၏ အဖြစ်ကို ပြီးစေခြင်း ကြိယာ အရကောက်။ (တနည်းကား) ဓမ္မဝါဒီနံ ယေဘုယျဘာဝံ သမ္ပာဒိကာ ကိရိယာ ယေဘုယျသိကာ- ဟူသည်နှင့်အညီ များသော ဓမ္မဝါဒီတို့ရှိရာ ကိရိယာကို အရကောက်။ ဣသိကပစ္စည်းကို ဝိသေသအနက်၌ သက်၍ ယေဘုယျသိကာ ဆိုအပ်လျက် တေသုဝုဒ္ဓိ -စသောသုတ်ဖြင့် ဣကိုအပြု၍ (အ)တစ်လုံးကို ချေ၍ ယေဘုယျသိကာ ပြီးစေ။ အနုဇာနာမိ ဘိက္ခဝေ ဧဝရူပံ အဓိကရဏံ ယေဘုယျသိကာယ ဝူပသမေတုံ။ (စူဠဝါသမထက္ခန္ဓက၊ ၂ဝ၄။)



     ယဿာ ကိရိယာယ ဓမ္မဝါဒိနော ဗဟုတရာ ဧသာ ယေဘုယျသိကာ နာမ။ (စူဠဝါ အဋ္ဌကထာ၊ ၃၇။) 


     ယေဘုယျေန ပဝတ္တာ ယေဘုယျသိကာ, ဓမ္မဝါဒီနံ ယေဘုယျတာသမ္ပာဒိကာ ကိရိယာတိ ဒဿေန္တော အာဟ ‘‘ယဿာ ကိရိယာယာ’’တိအာဒိ။ တတ္ထ ယဿာ ကိရိယာယာတိ ယဿာ ယေဘုယျတာသမ္ပာဒိကာယ ကိရိယာယ။ ဧသာတိ ယေဘုယျတာသမ္ပာဒိကာ ကိရိယာ။ (စူဠဝါ ယောဇနာ၊ ၄၃၉။) 


     အင်္ဂါနှင့် ပြည့်စုံသော ရဟန်းကို သလာကဂ္ဂါဟာပက ရဟန်းဟု ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် သမုတ်ပြီးလျှင် ယင်းသမ္မုတိရရဟန်းက စာရေးတံ (၃ )ခု တစ်ခုခုယူစေပြီးနောက် သံဃာ့အစည်းအဝေး၌ ဓမ္မဝါဒီများသဖြင့် ယင်းဓမ္မဝါဒီတို့ ပြောဆိုအပ်သောစကားဖြင့် ငြိမ်းစေခြင်းဟူသော ယေဘုယျသိကကံကို ပြုခြင်းကြိယာ အရကောက်။ ယေဘုယျသိကာ ဧဝ သမထော တထာ။ 


     ပါပါနံ ဝိသေသေန အတိသယေန ပါပေါတိ ပါပိယော။တဿ ပါပိယဿ ကတ္တဗ္ဗံ တဿပါပိယသိကံ, တမေဝ ကမ္မံ တဿပါပိယသိကကမ္မံ။ (စူဠဝါ ယောဇနာ၊ ၄၄၁။)


     တဿ ပါပိယဿ ဥပဝါဠဘိက္ခု သဒိသဿ ပုဂ္ဂလဿ ကတာ တဿပါပိယသိကာ။ 


     လွန်ကျူးမှုများသော ရဟန်းအား ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် တဿပါပိယသိက ကံပြုခြင်းကြိယာအရကောက်။ တဿပါပိယသိကာ ဧဝ သမထော တထာ။ (တဿပါပိယျသိကာ သမထဟု ယျဒွေဘော်နှင့် မရှိသင့်။)


     (ဆ) တိဏေဟိ အဝတ္ထရိတဗ္ဗန္တိ တိဏဝတ္ထာရံ။ မစင် ကျင်ငယ် ကို ရ၏။ တိဏဝတ္ထာရမိဝ တိဏဝတ္ထာရကံ။ (ပါစိတျာဒိယောဇနာ၊ ၄၄၁) သဒိသအနက် ဥပမာအနက်၌ ကပစ္စည်းသက်။ (တနည်းကား ) တိဏေဟိ အဝတ္ထရိတဗ္ဗန္တိ တိဏဝတ္ထာရကံ၊ အနတ္ထက-က။ တိဏဝတ္ထာရမိဝါတိ တိဏဝတ္ထာရကော။ ဥပမာအနက် က ပစ္စည်း။ 


     အဓိကရုဏ်းမုချအရကောက်၊ သမထကို ဖလူပစာအရကောက်။ သမထခုနစ်ပါး ဝစနတ္ထသရူပတ္ထ အရကောက် သိနိုင်ခဲသည်ဖြစ်၍ အများတို့ သိနိုင်ရန် ထုတ်ပြလိုက်သတည်း။

     သမထခုနစ်ပါး ဝစနတ္ထပြီး၏။ 



၉၉။ အဓိကရုဏ်း (၄)ပါး ဝစနတ္ထာရကောက်

     (က) ဝိဒဝန္တိ အနေနာတိ ဝိဝါဒေါ၊ သမထေဟိ အဓိကရိယတိ၊ ဝူပသမိယတီတိ အဓိကရဏံ။ ဝိဝါဒေါ ဧဝ အဓိကရဏံ ဝိဝါဒါဓိကရဏံ ပြု။ ထို့ကြောင့်- ယေန ဝိဝဒန္တိ၊ သော စိတ္တုပ္ပါဒေါ ဝိဝါဒေါ။ သမထေဟိ စ အဓိကရဏီယတာယ အဓိကရဏန္တိ။ (စူဠဝါသမထက္ခန္ဓက အဋ္ဌကထာ၊ ၄၀။) 


     သမထေဟိ အဓိကရဏိယတာ -

ဟု မိန့်၏။ (ပါရာဇိကဏ်အဋ္ဌကထာ၊ ပရိဝါယောဇနာ)


     (ခ) အနုဒ္ဓံသနေန ၀ဒန္တိ အနေန စိတ္တုပ္ပါဒေနာတိ အနုဝါဒေါ။ အနုဝါဒေါ ဧဝ အဓိကရဏံ တထာ - ပြု။ ထို့ကြောင့် ပဌမ ဒုဋ္ဌဒေါသ သိက္ခာပုဒ်အဖွင့်၌ - စတဿော ဝိပတ္တိယော နိဿာယ ဥပ္ပန္နော။ အနုဝါဒါဓိကရဏံ-ဟု မိန့်သည်။


     (ဂ) အာပဇ္ဇိတဗ္ဗာတိ အာပတ္တိ၊ အာပဇ္ဇိယတေတိ ဝါ အာပတ္တိ၊ အာပတ္တိ ဧ၀ အဓိကရဏံ တထာ၊ ထိုကြောင့် ၎င်းအဋ္ဌကထာ အာပတ္တိယေဝ အာပတ္တာဓိကရဏံ - ဟု မိန့်၏။


     သတ္တ အာပတ္တိယော သတ္တ အာပတ္တိက္ခန္ဓာတိ အာပဇ္ဇိတဗ္ဗတော အာပတ္တိယော၊ ရာသဋ္ဌေန ခန္ဓာတိ ဧဝံ ဒွေယေဝ နာမာနိ ဟောန္တိ။ (ပရိဝါအဋ္ဌကထာ ဒုကဖွင့်၊ ၁၆၁။) 


     အာပဇ္ဇိတဗ္ဗတောတိ အာပဇ္ဇိတဗ္ဗဘာဝတော။ ဣမိနာ ပုဂ္ဂလေန ဆဟိ သမုဋ္ဌာနေဟိ အာပဇ္ဇိတဗ္ဗာတိ အာပတ္တိယောတိ ၀စနတ္ထံ ဒဿတိ။ (ပရိဝါ ယောဇနာ ၊၅၆ဂ။ ) 


      (ဃ) ကတ္တဗ္ဗန္တိ ကိစ္စံ၊ ကိစ္စံယေဝ အဓိကရဏံ ကိစ္စာဓိကရဏံ - ပြု။ စတုဗ္ဗိဓံ သံဃကိစ္စံ ကိစ္စာဓိကရဏံ။ (ပါရာဇိကဏ် အဋ္ဌကထာ ) 


     ကတ္တဗ္ဗန္တိ ကိစ္စံ၊ ကရဏိယန္တိ ဝုတ္တေယေဝ သံဃကမ္မဿ လဘနတော တာပစ္စယော သွတ္ထော ဘဝေယျ၊ (စူဠဝါယောဇနာ၊ ၄၄၃။) ကိစ္စမေဝ ဗျဉ္ဇနဝဍ္ဎနဝသေန ကိစ္စယန္တိ ဝုတ္တံ။ (ပရိဝါယောဇနာ၊ ၅၉၈။) 

     အဓိကရုဏ်းလေးပါး ဝစနတ္ထပြီး၏။ 



၁၀၀။ သမ္မုခတာ ၄-ပါး ဝစနတ္ထ အရကောက်ပြခန်း

     (က) အညမညဿ မုခေ သံဝိဇ္ဇမာနော,သန္နိပတိတော ဝါ သမုခေါ။ (ဝိနည်းမဟာဝါယောဇနာ၊ ၃၇၆။)


     သမ္မုခဿ ဘာဝေါ သမ္မုခတာ။ သံဃဿ သမ္မုခတာ တထာ။


     (ခ) ဓမ္မဿ သမ္မုခတာ ဓမ္မသမ္မုခတာ။ 


     (ဂ) ဝိနယဿ သမ္မုခတာ ဝိနယသမ္မုခဏာ။ 


     (ဃ) ပုဂ္ဂလဿ သမ္မုခတာ ပုဂ္ဂလသမ္မုခတာ။ ဆဋ္ဌီတပ္ပုရိသ် သမာသ်ပြု။ ထို့ကြောင့် ကင်္ခါအဋ္ဌကထာ (၂၈၉)၌ -ကာရကသံဃဿ သံဃသာမဂ္ဂီဝသေန သမ္မုခီဘာဝေါ သံဃသမ္မုခတာ၊ သမေတဗ္ဗဿ ဝတ္ထုနော ဘူတတာ ဓမ္မသမ္မုခတာ၊ ယထာ တံ သမေတဗ္ဗံ၊ တထေဝဿ သမနံ ဝိနယသမ္မုခတာ၊ ယော စ ဝိဝဒတိ၊ ယေန စ ဝိဝဒတိ၊ တေသံ ဥဘိန္နံဧတ္တပစ္စတ္ထိကာနံ သမ္မုခီဘာဝေါ ပုဂ္ဂလသမ္မုခတာ-ဟု ဖွင့်သည်။ ထိုစကားကို ကင်္ခါအဋ္ဌကထာ ဆရာရေးသည်မှာ စူဠဝါသမထက္ခန္ဓက (၂၂၀)၌ သံဃသမ္မုခတာ စသောစကားကို မြော်ထောက်၍ ရေးသတည်း။

     သမ္မုခတာ (၄) ပါး ၀စနတ္ထပြီး၏။



၁၀၁။ ကံ ၄-ပါး ဝစနတ္ထ အရကောက်ပြခန်း

     (က) အပလောကေတိ အာပုစ္ဆတိ အနေနာတိ အပလောကနံ၊ အပလောကနမေဝ ကမ္မံ အပလောကနကမ္မံ။ 


     (ခ) သုဏာတု မေတိအာဒိနာ သံဃဂဏပုဂ္ဂလေ ဉာပေတိ၊ ဧတာယာတိ ဉတ္တိ သာယေဝ ကမ္မံ ဉတ္တိကမ္မံ။


     (ဂ) ဉတ္တိယေဝ ဒုတိယံ ဉတ္တိဒုတိယံ၊ တမေဝ ကမ္မံ ဉတ္တိ ဒုတိယကမ္မံ။ ဧတ္ထ ကိဉ္စာပိ ဉတ္တိ ပဌမံ ဌပိတာ,ကမ္မဝါစာယေဝ ဒုတိယာ ဟောတိ။ ဖဿပဉ္စမာတိ အာဒီသု ဝိယ ပန ပဋိလောမဝသေန ဝေါဟာရံ ကတွာ ဉတ္တိ ဒုတိယာတိ ဝုတ္တံ။


     (ဃ) ဉတ္တိယေဝ စတုတ္ထံ ဉတ္တိစတုတ္ထံ၊ တမေဝ ကမ္မံ ဉတ္တိစတုတ္ထ ကမ္မံ-ပြု။ ထို့ကြောင့် သမထက္ခန္ဓကစူဠဝါယောဇနာ၌ ဧသေဝ နယော ဉတ္တိစတုတ္ထကမ္မေပိ -ဟု ဖွင့်၏ ။ (စူဠဝါသမထက္ခန္ဓကယောဇနာ၊ ၄၄၃-၄။)

     ကံ ၄-ပါး ဝစနတ္ထ ပြီး၏



၁၀၂။ ကံ ၇-ပါး ဝစနတ္ထ အရကောက်ပြခန်း

(၁) တဇ္ဇနီယကံ။ 

(၂) နိယသကံ။ 

(၃) ပဗ္ဗာဇနိယကံ။ 

(၄) ပဋိသာရဏီယကံ။ 

(၅ ) အာပတ္တိအဒဿနဥက္ခေပနီယကံ။

(၆) အာပတ္တိအပဋိကမ္မဥက္ခေပနီယကံ။ 

(၇) ပါပိကဒိဋ္ဌိအပ္ပဋိနိဿဂ္ဂဥက္ခေပနီယကံ - အားဖြင့် ကံခုနစ်ပါးရှိ၏။


     တဇ္ဇီယတိ အနေန ဝိနယကမ္မေနာတိ တဇ္ဇနီယံ တမေဝ ကမ္မံ တဇ္ဇနီယကမ္မံ။ တဇ္ဇဓာတ်-အနီယပစ္စည်း၊ ခြိမ်းခြောက်ကြောင်း ကံကိုအရကောက်။


     ‘‘နိဿာယ တေ ဝတ္ထဗ္ဗ’’န္တိ နိယဿီယတိ ဗာလော ဘဇာပီယတိ အနေန ဝိနယကမ္မေနာတိ နိယဿံ, ဒိဝါဒိဂဏိကတ္တာ သကာရဿ ဒွေဘာဝေါ ဟောတိ ‘‘နဿံ ဝဿ’’န္တိအာဒီသု ဝိယ, နိယဿမေဝ ကမ္မံ နိယဿကမ္မံ။ (စူဠဝါ ယာဇနာ၊ ၄၁၁။) 


     ယသု- ဓာတ်၊ အားထုတ်ခြင်း ပယတနအနက်ဟော။ ဗာလကိုဆည်းကပ်ကြောင်း ဝိနည်းကံကိုကောက်။ ယဿတိ ဘဇာပေတိ ဗာလံ ယေန ကမ္မေနာတိ နိယသကမ္မံ (ဓာတ္ထသင်္ဂဟ။ ) ဘူဝါဒိ ဒိဝါဒိ ဖြစ်၍ သံယုဂ်မဲ့လည်းသင့်၏။ 


     ပဋိမုခံ အတ္တနော ဒေါသံ သရာပေတဗ္ဗံ အနေန ဝိနယကမ္မေနာတိ ပဋိသာရဏီယံ၊ တမေဝ ကမ္မံ ပဋိသာရဏီယကမ္မံ။ (စူဠဝါယောဇနာ၊ ၄၁၄။) 


     ပဋိရှေးရှိသော -သရဓာတ် အနီယပစ္စည်း။ မိမိအပြစ်ကို ရှေးရှု အောက်မေ့အပ်ကြောင်း ဝိနည်းကံကို အရကောက်။ 


     ဂါမာဒိတော ပဗ္ဗာဇိယတိ အနေန ဝိနယကမ္မေနာတိ ပဗ္ဗာဇနီယံ၊ တမေဝ ကမ္မံ ပဗ္ဗာဇနီယကမ္မံ။ (စူဠဝါယောဇနာ၊ ၄၁၁။)


     (ဝိနည်းကံအရ ဉတ္တိစတုတ္ထကမ္မဝါစာ စူဠဝါအစ ကမ္မက္ခန္ဓက ရှိလေပြီ) ပရှေးရှိသော ဝဇဓာတ်၊ အနီယပစ္စည်း။ ရွာ-ကျောင်း စသည်မှ နှင်ထုတ်အပ်ကြောင်း ဝိနည်းကံ အရကောက်။ ငြင်းခုံခြင်းကို ပြုတတ်သော ဗာလ အဗျတ္တ အာပတ္တိဗဟုလ ရဟန်းအား တဇ္ဇနီယကံ ပြုအပ်သည်။ 


     မပြတ်အာပတ်သင့်သော ရဟန်းအား နိယသကံကို ပြုအပ်သည်။ 


     ဂိဟိအလာဘ စသည်ပြုသောရဟန်းအား ပဋိသာရဏီယကံကို ပြုအပ်သည်။ 


     ကုလဒူသကကံစသည် ပြုသောရဟန်းအား ပဗ္ဗာဇနီယကံကို ပြုအပ်သည်။ 


     တဇ္ဇနီယဿ ဟိ ဝိသေသေန ဘဏ္ဍနကာရကတ္တံ အင်္ဂံ, နိယဿဿ အဘိဏှာပတ္တိကတ္တံ, ပဗ္ဗာဇနီယဿ ကုလဒူသကတ္တံ ဝုတ္တံ။ 


     ပဉ္စန္နံ ဘိက္ခဝေတိအာဒိ ဧကင်္ဂေနပိ ကမ္မာရဟဘာဝဒဿနတ္ထံ ဝုတ္တံ။ (စူဠဝါအဋ္ဌကထာ၊ ၂။ ၄။) 


     ဤတွင်၍“အစိန္တယော ဟိ ပါဠိနယော ” ဟူသည်နှင့်အညီ သမထခုနစ်ပါး၊ သမ္မုခတာလေးပါး၊ အဓိကရုဏ်းလေးပါး၊ ကံခုနစ်ပါး၊ ကံလေးပါးတို့၏ သဒ္ဒနယ၊ အတ္ထနယ၊ အဓိပ္ပာယနယတို့သည် အလွန်သိရန် ခဲယဉ်းကြသည်ဖြစ်၍ လဇ္ဇီပေသလ သိက္ခာကာမ ဝိနယဓရတို့ အလွယ်တကူ တစ်ကျမ်းကို ကြည့်ရုံမျှဖြင့် အလုံးစုံသိမြင်နိုင်ရန် သိမြင်၍ သာသနာတော် အလွန်ကျေးဇူးများရန် ထုတ်ပြအပ်သတည်း။ 

     ဤတွင်၌ ပကိဏ္ဏကဝိနိစ္ဆယ ဋီကာပြီး၏။



၁၀၃။ သိမ်သမုတ်ခန်း နည်းမျိုးစုံ

     အကြိမ်ကြိမ် အထပ်ထပ် အနီးအပါးရှိ မိမိသမဂ္ဂသံဃာများနှင့် နုတ်ပြီးနောက် သီမာဗန္ဓနခန်းကို ဆောင်ရွက်လိုသောပညာရှိသူတော်ကောင်းများသည် ကျမ်းဂန်လည်းတတ် အာစရိယ လဒ္ဓေါပဒေသလည်း ကောင်းမွန်စွာရ၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်ကျော်ကြီးများ ပြုလုပ်သည်ကို ကိုယ်တိုင်တွေဖူး ကြုံဖူးသော ဆရာတော်ကြီးများကို ရွေးချယ်၍ ပင့်ဖိတ်ရာ၏။ ပင့်ဖိတ်သော သံဃာများလည်း အထက်ပါ အင်္ဂါများနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကျော်ကြီးတွေ အများပါစေရာ၏။ တစ်ကျိပ်ငါး နှစ်ကျိပ်အောက် မနည်းပင့်ဖိတ်ရ၏။ ထိုပုဂ္ဂိုလ်ကျော်ကြီးတွေ ရောက်သောအခါလည်း ထိုသိမ်နုတ်ပြီးနေရာကို အနည်းဆုံး ကိုးကြိမ်၊ ဆယ်ကြိမ်အောက်မနည်း ထပ်၍နုတ်ရာ၏။ ထိုသို့ နုတ်ပြီးမှ ဒိသာစာရိကဘိက္ခူနံ နိဿဉ္စာရသမယေ -ဟု အဋ္ဌကထာ လာတိုင်း ညဉ့် (ဂ) နာရီ (၉) နာရီတွင် ရဟန်းတို့ အသွား အလာနည်းပါး၍ သမုတ်ခြင်း ကောင်းလှ၏။ 


     ဝိသုံဂါမရပြီးသော်လည်း နယ်ကိုစောင့်၍ သမုတ်လျှင် သာ၍ ကောင်း၏။ 


     ထိုဆရာတော်ကြီးတို့သည် ဝိသုံဂါမ မြေစားရပြီးသော နေရာ၌ မိမိမရောက်မီ သံဃာလေးငါးခြောက်ပါး ဟတ္ထပါသ် မစွန့်ပဲ ထိုင်စေပြီးလျှင် အနီးအနားရှိ ဂိလာန ကိစ္စပသုတ စသော ကာယသာမဂ္ဂီ ပေးခွင့်မရသော ရဟန်းတော်များထံ ဆန္ဒတောင်းလွှတ်ခြင်း၊ နယ်နိမိတ်စောင့် ပုဂ္ဂိုလ်များကိုလွှတ်ခြင်း စသောကိစ္စတို့ကို ပြုပြီးနောက် ဆန္ဒဆောင်ယူသော ရဟန်းများပြန်လာချိန်ကို ထောက်ဆ၍ ထိုသီမာမဏ္ဍလသို့ ကြွသွားရာ၏။


      ဤသို့ သံဃာစည်းဝေးပြီးမှ ဆန္ဒကိုယူစေခြင်းသည် ဂရုဖြစ်ပေ သတည်း။ ဆန္ဒဟူသည် သံဃာကံနှင့်လည်း ဆိုင်သတည်း။ သို့သော် ဆန္ဒယူသွားသောအခါ သိမ်သမုတ်မည့်နေရာ၌ ဟတ္ထပါသ်ကိုမစွန့်ပဲ အနည်းဆုံး လေးပါး ငါးပါး ရှိရာ၏။ တစ်ပါးပုဂ္ဂိုလ်ကြွလာ၍ လေးပါး ငါးပါး ဟတ္ထပါသ်တွင် ရှိမှပင် ကြွင်းသောရဟန်းတို့ ကြွသွားခွင့်ရသည်ကို သတိပြုရာ၏။ ထိုနောင်ဆန္ဒဆောင်ယူသွားသော ရဟန်းတို့ ပြန်ရောက်လျှင် ထိုဆန္ဒကို ထိုသီမာမဏ္ဍလတွင် ရှိနေသော သံဃာထံ ပြောဆိုရာ၏။ တပါးသော ပုဂ္ဂိုလ်တိုထံ မပြောဆိုရာ။ ထိုဆန္ဒယူသော ရဟန်းတို့က သံဃာ့ထံ ဆန္ဒမပြောကြားမီ တပါးသောပုဂ္ဂိုလ်ထံ မသွားရာ။


     ယင်းသို့ ဆန္ဒဆောင်ယူခြင်း၊ သံဃာစည်းဝေးခြင်း၊ ကိစ္စပြီးပြီး နောက် သိမ်သမုတ်လုကာနီးလျှင် ယခုအခါ သိမ်သမုတ်တော့မည်ကိုသိရန်၊ အားစိုက်၍ နယ်စောင့်ရန်၊ သိမ်တွင်းနေ ရဟန်းတို့ကြားရန် အမြောက် သေနတ် ကြေးစည် ခေါင်းလောင်း ကုလားတက် ဗျောက် စသည် တစ်ခုခုကို အမှတ်ပြုထားရင်းအတိုင်း ပစ်ဖောက် တီးခေါက်ရ၏။ 



၁၀၄။ သိမ်နိမိတ်ကြားပုံ

     ထို့နောင် သိမ်သမုတ်မည့် သံဃာအများတွင် ဗဟုဿုတပညဝန္တ ပိဋကတ္တယပါရဂူဂုဏ်၊ အာစရိယလဒ္ဓေါပဒေသဂုဏ်၊ သီမာဗန္ဓန ဟတ္တမုဋ္ဌိဂုဏ်ထူးရှိလှသော သက်တော် သိက္ခာတော် အကြီးဆုံးသော မဟာထေရ်ကြီးတစ်ပါးက ပဌမံ နိမိတ္တာ ကိတ္တေတဗ္ဗာ -အစရှိသော မဟာဝါ ပါဠိတော်စကားအရ အရှေ့မျက်နှာရှိ နိမိတ်စောင့်ပုဂ္ဂိုလ် အနီးသွား၍ လည်းကောင်း၊ မိမိနေရာ သံဃာအလယ်က နေ၍လည်းကောင်း “ ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ” ဟု ပါဠိဘာသာဖြင့် မေးသောအခါ- နိမိတ်စောင့်ပုဂ္ဂိုလ်က နိမိတ်ရှိရာ အရပ်၌ဖြစ်စေ သိမ်တွင်း သံဃာ့အလယ်၌နေ၍ ဖြစ်စေ၊ “ဥဒကံ ဘန္တ”ဟု ပါဠိဘာသာဖြင့် ဖြေကြားအပ်၏။ ထို့နောင် ဝိနည်းဓိုရ်ပုဂ္ဂိုလ်က ဟတ္ထပါသ်တွင်းဖြစ်လျှင် “ဣဒံ ဥဒကံ နိမိတ္တံ"ဟု ပါဠိဘာသာဖြင့် တဖန်ကြားအပ်၏။ (ဤကား မဂဓဘာသာဖြင့် ကြားပုံတည်း။) 


     ထို့နောင်ဝိနည်းဓိုရ်ပုဂ္ဂိုလ်က“ပုရတ္ထိမာယ၊ ယခုသမုတ်အပ်လတ္တံ့ သော ဤသိမ်၏ အရှေ့ဖြစ်သော။ ဒိသာယ၊ အရပ်မျက်နှာ၌။ ကိံ နိမိတ္တံ။ တောင်, ကျောက်, တော, သစ်, မဂ်, ဝမ်, ရေ, မြစ်အားဖြင့် ရှစ်ပါးကုန်သော နိမိတ်တို့တွင် အဘယ်နိမိတ်နည်း”ဟု မိဿကအားဖြင့် မေးအပ်၏။ 


      နိမိတ်စောင့်ပုဂ္ဂိုလ်က-“ဘန္တေ၊ အရှင်ဘုရား။ ပုရတ္ထိမာယ၊ ယခုသမုတ်အပ်လတ္တံ့ သော ဤသိမ်၏ အရှေ့ဖြစ်သော။ ဒိသာယ၊ အရပ်မျက်နှာ၌။ (လိုက်စပ်သည်) ဥဒကံ၊ ရှစ်ပါးသော နိမိတ်တို့တွင် ရေ နိမိတ်ပါဘုရား”ဟု ဖြေကြားအပ်၏။ 


     ထို့နောင် ဝိနည်းဓိုရ်ပုဂ္ဂိုလ်က ဟတ္ထပါသ်တွင်းဖြစ်လျှင် “ဣဒံဥဒကံ၊ ဤရေသည်။ ပုရတ္ထိမာယ၊ ယခုသမုတ်အပ်လတ္တံ့ သော ဤသိမ်၏ အရှေ့ဖြစ်သော။ ဒိသာယ၊ အရပ်မျက်နှာ၌။ (နှစ်ပုဒ်လိုက်စပ်သည်) နိမိတ္တံ၊ နိမိတ်တည်း”ဟု တဖန်ကြားအပ်၏။ (ဤကား မိဿကအားဖြင့် နိမိတ်ကြားပုံတည်း။


     ထို့ နောင် ဝိနည်းဓိုရ်ပုဂ္ဂိုလ်က“ယခု သမုတ်အပ်လတ္တံ့ ဤသိမ်၏ အရှေ့အရပ်မျက်နှာ၌ ရှစ်ပါးသော နိမိတ်တို့တွင် အဘယ်နိမိတ်နည်း” ဟု မြန်မာဘာသာအားဖြင့် မေးအပ်၏။ 


     ထို့နောင် နိမိတ်စောင့် ပုဂ္ဂိုလ်က“ယခု သမုတ်အပ်လတ္တံ့ ဤသိမ်၏ အရှေ့အရပ် မျက်နှာ၌ ရှစ်ပါးသော နိမိတ်တို့တွင် ရေနိမိတ်ပါ ဘုရား”ဟု မြန်မာဘာသာအားဖြင့် ဖြေကြားအပ်၏။ 


     ထို့နောင်ဝိနည်းမိုရ်ပုဂ္ဂိုလ်က“ဤရေသည် ယခုသမုတ်အပ်လတ္တံ့ ဤသိမ်၏ အရှေ့အရပ်မျက်နှာ၌ နိမိတ်တည်း” ဟု မြန်မာဘာသာ အားဖြင့် တဖန်ကြားအပ်၏ (ဤကား မြန်မာဘာသာအားဖြင့် နိမိတ်ကြားပုံတည်း။) 


     ထို့နောင် လက်ယာရစ် အရှေ့တောင်ထောင့် မျက်နှာသို့ သွား၍ လည်းကောင်း၊ သိမ်တွင်း သံဃာအလယ်၌နေ၍ လည်းကောင်း ဝိနည်းဓိုရ်ပုဂ္ဂိုလ်က “ပုရတ္ထိမာယ အနုဒိသာယ ကိံ နိမိတ္တံ"ဟု မေး၊ နိမိတ်စောင့်ပုဂ္ဂိုလ်က“ဥဒကံ ဘန္တေ ”ဟု ဖြေကြား၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်က “ဣဒံ ဥဒကံ နိမိတ္တံ။ ဧတံ ဥဒကံ နိမိတ္တံ"ဟု ရှေ့အတိုင်း လျော်ရာတဖန်ကြား။ (မိဿက မြန်မာ ကြားပုံကို ရှေ့နည်းမှီ၍ သိလေ။) 


     ထို့နောင် ဝိနည်းဓိုရ်က တောင်အရပ်ကို ငဲ့၍ “ဒက္ခိဏာယ ဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ"ဟု ဖြေ။ ဝိနည်းဓိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ”။ "ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။ 


     ထို့နောင် အနောက်တောင်ထောင့်ကို မျက်နှာမူ၍ ဝိနည်းဓိုရ်က “ဒက္ခိဏာယ အနုဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ့”ဟု တဖန်ကြား။


      ထို့နောင် အနောက်အရပ်ကို ငဲ့၍ ဝိနည်းဓိုရ်က “ပစ္ဆိမာယ ဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။


     ထို့နောင် အနောက်မြောက်ထောင့်အရပ်ကို ငဲ့၍ ဝိနည်းဓိုရ်က “ပစ္ဆိမာယ အနုဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။


     ထို့နောင် မြောက်အရပ်ကို ငဲ့၍ ဝိနည်းဓိုရ်က “ဥတ္တရာယ ဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။


     ထို့နောင် အရှေ့မြောက်အရပ်ကို ငဲ့၍ ဝိနည်းဓိုရ်က “ဥတ္တရာယ အနုဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။


     ထို့နောင် အရှေ့အရပ်ကို ငဲ့၍ ဝိနည်းဓိုရ်က “ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ" ဟုမေး၊ နိမိတ်စောင့်က "ဥဒကံ ဘန္တေ" ဟု ဖြေ။ ဝိနည်းမိုရ်က “ဣဒံ ဥဒကံ နိမိတ္တံ"။ “ဧတံ ဥဒကံ နိမိတ္တံ"ဟု တဖန်ကြား။


     ဤသို့ပဌမဆုံးကြားသော နိမိတ်ကို အဆုံးသတ် ထပ်၍မကြားခဲ့လျှင် ခဏ္ဍနိမိတ္တာသိမ်ဖြစ်၍ နိမိတ္တဝိပတ္တိဖြစ်ရကား ကံပျက်၏။ (ဤကား နိမိတ် ရှစ်ပါးထား၍ ငါတို့ကျေးဇူးရှင် မိုင်းခိုင်းဆရာတော်ဘုရားကြီး စသော ဆရာတော်ဘုရားကြီးတို့ နိမိတ်ကြားပုံတည်း)



     ဤသို့ ကြားခြင်းသည် ဥပလက္ခဏနည်း နိဒဿနနည်းရေးသည်။ တီဏိ ပန အာဒိံ ကတွာ ဝုတ္တပကာရာနံ နိမိတ္တာနံ သတေနာပိ ဗဒ္ဓါ ဟောတိ-စသော အဋ္ဌကထာနှင့်အညီ ဤ နိမိတ်ရှစ်ပါးလုံး မထားပဲ အယုတ်ဆုံး သုံးလုံး၊ လေးလုံးသော်လည်းကောင်း၊ အများအားဖြင့် အရာမကသော်လည်းကောင်း နိမိတ်ထား၍ ကြားကောင်း၏။ 


     ခင်မကန်ဆရာတော်ဘုရားကြီးကား သိမ်သမုတ်ရာ သုံးပတ် သာလှည့်၍ ကြားသည်။ ယခု တို့လက်ထက်မူကား ရံခါ ခုနစ်ကြိမ် ကြား၏၊ ရံခါ ကိုးကြိမ် ကြား၏။ ငါတို့ သာသနဇောတိကာရာမ သိမ်ကို သမုတ်စဉ်က ကိုးကြိမ်ပင် ကြားသတည်း။ ယင်းသို့ ကိုးကြိမ်ကြားခြင်းသည် “ နိမိတ္တာနိ သကိံ ကိတ္တိတာနိပိ ကိတ္တိတာနေဝ ဟောန္တိ” အစရှိသော မဟာဝါ အဋ္ဌကထာနှင့်အညီ တစ်ကြိမ်သာ ကြားသော်လည်း အပ်၏ဟု ဆိုသော စကားနှင့် လွန်လွန်းသကဲ့သို့ ရှိ၏။ သို့သော် ဤသီမာဗန္ဓနခန်း၌ နိမိတ္တဝိပတ္တိသည် အင်္ဂါတစ်ပါး ပါနေရကား၊ ဒဠှီကမ္မထိရဘာဝ , သုကမ္မဖြစ်ခြင်း အကျိုးရှိရကား များ၍မလွန်နိုင်၊ ထာဝရကံကြီး ဖြစ်ပေသည်ဟု သဘောရ၍ ဤသို့ကြားသည်ဟုမှတ်လေ။


     ဝိမတိဝိနောဒနီ၌ လှည့်ပတ်၍ ကြားမှမဟုတ်။ တစ်ခုသော သံဃာ့အလယ်က လည်၍ကြားသော်လည်း ကောင်းပါ၏။ မဟာ သိမ် သမုတ်သောအခါ လှည့်ပတ်၍ မကြားနိုင်။ တစ်ခုသော နေရာကနေ၍ ကြားရသည်ကို ထောက်ရမည်ဟုဆို၏။ သင့်ပါ၏။ နိမိတ်ကြားရာ ဟတ္ထပါသ်တွင်းဖြစ်လျှင်“ဧတံ ဥဒကံ နိမိတ္တံ"ဟု မဆိုရ “ဣဒံ ဥဒကံ နိမိတ္တံ"သာဆိုရမည်။ ပဉ္စင်းခံရာ၌ ဟတ္ထပါသ်တွင်း ရဟန်းလောင်းရှိရာ “အယံ နာဂေါ" (၁၂) တောင်ဝေး၍ ဟတ္ထပါသ်အတွင်း မရှိသောအခါ၊ “အယံ နာဂေါ”မပါသည်ကိုလည်းကောင်း၊ အဓိဋ္ဌာန်တင်ရာ ဟတ္ထပါသ်တွင်းမှာ “ဣမံ စီဝရံ” ဟတ္ထပါသ်တွင်း မဟုတ်ခဲ့လျှင် “ဧတံ စီဝရံ”ဆို၍ အဓိဋ္ဌာန်တင်ရသည်ကိုလည်းကောင်း ထောက်ရသည်ဟု ရှေးဆရာတော်ဘုရားကြီးများ မိန့်ကြ၏။


     ဣမ -သဒ္ဒါပါလျှင် အနီး။ ဧတ -သဒ္ဒါပါလျှင် မနီးမဝေး၊ တ-သဒ္ဒါ ပါလျှင် အဝေးဟုဆိုသော သဒ္ဒါဆရာတို့ စကားသည် နေရာဌာနတိုင်း မဟုတ်ပေရာ။ သိမ်နုတ်ကမ္မဝါစာ စသည်တို့၌ ထိုသိမ်ပေါ်မှာ တည်နေလျက်“တံ သီမံ သမုဟနေယျ”ဟု ဘုရားဟောတော်မူချေသည် ။ “ဣဒံ ဥဒကံ နိမိတ္တံ” ဆိုကြခြင်းသည် မကြာမြင့်သေး။ ရှေးကဆရာတော်ကြီးများ “ဧတံ ဥဒကံ နိမိတ္တံ” ချည်းဆိုကြသည် ဟူ၍လည်း ဆရာတော်ကြီးများ မိန့်ကြ၏။ ယုတ္တိ အာဂုံ နှစ်မျိုးလုံး ရှိကြပေသည်ချည်း ဖြစ်သည်။ သို့သော် ငါတို့အထက်က သိမ်နိမိတ်ကြားနည်း ရေးခဲ့သည်မှာ ကျေးဇူးရှင်ဆရာတော်ကြီးများ နိမိတ်ကြားပုံကို ကိုယ်တိုင်လက်တွေ့ဖြစ်၍ သဘောလည်း သင့်လှသည်နှင့် နောက်သားတို့ နယဂ္ဂါဟပြုရန် ရေးလိုက်သည်။ (ဤသို့သာ မှန်သည်ဟု ("လိပ်ခဲတင်းလင်း" မဆိုလို။) 


     သိမ်နိမိတ်ကြားရာ၌ ယာယ ကာယစိ ဘာသာယ -ဟု ဆိုသော ကြောင့် မဂဓဘာသာသက်သက် မြန်မာဘာသာသက်သက် ကြားခြင်းသာ ကောင်း၏။ မိဿက -ကြားခြင်းကား မကောင်းဟု ပထမစလင်း ဆရာတော် ဦးကလျာဏ မိန့်ဖူးကြောင်း ကျေးဇူးရှင် ကျီဝန်ဆရာတော် မိန့်ဖူး၏။ သို့သော် ငါတို့ကျေးဇူးရှင် ဆရာတော်များကား မိဿက-ကြားသည်ကို ထောက်၍ ၎င်းစလင်းဆရာတော်ကြီး စကားကို အားရနှစ်သက်ပုံ မရလေ။


     ဤနိမိတ်ကြားခန်း၌ အဘယ်အရပ်ကမဆို စ၍ကြားကောင်း၏။ ယခုရေးခဲ့သည်ကား ကျေးဇူးရှင် ဆရာတော်ကြီးများ ကြားပုံထုံးကိုသာ ရေးသည်။ သိမ်နိမိတ်မေးမြန်းရာ၌ ဝိနည်းဓိုရ် ရဟန်းသာ မေးမြန်းရသည်။ သိမ်တွင်းကလည်း နေရမည်။ နိမိတ်စောင့်ပုဂ္ဂိုလ် မှာ လူဖြစ်စေ ရဟန်းဖြစ်စေ သာမဏေဖြစ်စေ ဖြေကြားခြင်းငှာ အပ်ကြောင်း မဟာဝါအဋ္ဌကထာ သာဓက ပြခဲ့ပြီ။ ယင်းနိမိတ်စောင့် ပုဂ္ဂိုလ်မှာ သိမ်တွင်းက နေသည်ဖြစ်စေ သိမ်ပက နေသည်ဖြစ်စေ အပ်ပါ၏။ အချို့သောနေရာ၌ သိမ်နိမိတ်ကြားပုံ မဂဓဘာသာ သက်သက်ချည်း ရေးခဲ့၏။ မိသာက ဘာသာ၊ မြန်မာဘာသာ ပြန်၍ ကြားပုံကို ပထမနည်းအတိုင်း ချဲ့ထွင်၍ သိရာ၏။ 


     ကြွင်းသော ကျောက်နိမိတ်စသည် ကြားပုံတို့ကိုလည်း ဉာဏ်ဖြင့်စိတ်ဖြာ၍ နိမိတ်ကိုထောက်၍ ပါဠိ မြန်မာ ပြန်ဆို၍ ကြားကြရာ၏။ ဤ၌ကား အများလုပ်ထုံးကိုသာ သာသနာစဉ်လိုလားလျက် ဆရာတော်ကြီးတို့၏ သိမ်သမုတ်ပုံကို မတွေ့ရသောကြောင့် လည်းကောင်း၊ တွေ့ရသော်လည်း မမှတ်မိသောကြောင့် လည်းကောင်း ကျကျနန လိုလားသော သူတော်ကောင်းပညာရှိနောက်သားတို့ ဤအလုပ်ကို တွေ့ရလျှင် မလုပ်တတ်သည်မရှိရအောင် သာသနာကျေးဇူးပြုလို ထွန်းကားစေလိုလှသဖြင့် ခပ်ကျယ်ကျယ်ရေးသားလိုက်သည်။


     အမှန်လိုလား ရှေးနည်းများကို လိုက်စား၍ သာသနာချီးမြှောက်လိုသော စိတ်ကောင်း သဘောကောင်း မွေးမြူမိသော ပုဂ္ဂိုလ်တို့မှာ ဘယ်မျှကျေးဇူးများမည်ကို မနှိုင်းဆနိုင်အောင် ရှိပေရာသည်။ မိမိ သံသယ ရှိသောအရာ လိုလားနေသောအရာ တစ်ခုသော်လည်းကောင်း တစ်ဝါကျသော် လည်းကောင်း၊ စကားတစ်ခွန်းသော် လည်းကောင်းသိရလျှင်ပင် ငါတို့မှာ ကျမ်းရေးကျိုး နပ်လောက်လေပြီ။ အများသူတပါး သံသယဖျောက်နိုင်ပါမူကား ဆိုဖွယ်ရာ မရှိတော့ချေ။ 


     ငါတို့ရေးသားသော ကျမ်းများမူကား ဘယ်ဝါဒကိုမှ အမှန်ချည်းလည်းမယူ၊ အမှားချည်းလည်းမယူ၊ ကိုယ်ပိုင်ဉာဏ်ဖြင့် ပါဠိအဋ္ဌကထာ ဋီကာရှေ့နောက် ညှိနှိုင်း၍လည်းကောင်း၊ ဆရာတော်ကြီးများဝါဒကို အသီးသီး လက်ပေါ်တင်ထား ပတ္တမြားကဲ့သို့ စေ့စေ့စပ်စပ် တိုင်းထွာနှိုင်းဆ၍လည်းကောင်း ရေးသည်ကို စာသွားကိုကြည့်သဖြင့် ပညာရှိတို့ သိနိုင်လိမ့်မည်။ ဝိနည်းအဋ္ဌကထာကြီးရေးနည်း။ ကင်္ခါဝိတရဏီ အဋ္ဌ ကထာရေးနည်း ဟူ၍နှစ်မျိုးရှိရာ ကင်္ခါဝိတရဏီ အဋ္ဌကထာရေးနည်း ရေးသည်ကို သိနိုင်ရာသည်။ 

     နိမိတ်ကြား ဋီကာပြီး၏။ 



၁၀၅။ တိယောဇနပရမ သိမ်တော်ကြီးအကြောင်း

     အနုဇာနာမိ ဘိက္ခဝေ တိယောဇနပရမံ သီမံ သမ္မန္နိတုံ-ဟု မဟာဝါ ဥပေါသထက္ခန္ဓက၌ သဗ္ဗညုမြတ်စွာဘုရား အခွင့်ပြုတော်မူတိုင်း အရှင်သာရိပုတ္တရာသည် ရာဇဂြိုဟ်ပြည်ကို ဝန်းရံ၍ တည်သော တစ်ဆယ့်ရှစ်ရပ်သော ကျောင်းတိုက်ကြီးတို့ကို တစ်သိမ်တည်းဖြစ်အောင် "တိယောဇနပရမသိမ်တော်ကြီး” ကို သမုတ်တော်မူသည်။ ထို ကြောင့် “ဓမ္မသေနာပတိနာ နေသံ သီမာ ဗဒ္ဓါ" ဟု အဋ္ဌကထာ၌ မိန့်တော်မူသတည်း။

၁၀၆။ ရေနိမိတ်မှာ သမာနသံဝါသကသိမ် သမုတ်ပြီးရုံတည်က အပ်,မအပ် ပြခန်း


     ယင်းသို့ ဗဒ္ဓ ခဏ္ဍသိမ် မဟာသိမ် သမုတ်ရာ၌ သမာနသံဝါသကသိမ်၊ အဝိပ္ပဝါသသိမ် နှစ်မျိုးရှိရာ -


     ကမ္မဝါစာပရိယောသာနေ နိမိတ္တာနံ အန္တော သီမာ ဟောတိ၊ နိမိတ္တာနိ သီမတော ဗဟိ ဟောန္တိ။ (မဟာဝါ အဋ္ဌကထာ၊ ၃၁ဂ။) 


     ပူရိတဥဒကမ္မိ သစေ ယာဝ ကမ္မဝါစာပရိယောသနာ တိဋ္ဌတိ အပ္ပံ ဝါ ဟောတု ဗဟု ဝါ၊ ဝဋ္ဋတိ။ (မဟာဝါအဋ္ဌကထာ ၊၃၂၂။) 


     ကမ္မဝါစာ ပရိယေသာနေယေဝ နိမိတ္တာနိ ဗဟိ ကတွာ ဟေဋ္ဌ ပထဝိသန္ဓာရကံ ဥဒကံ ပရိယန္တံ ကတွာ သီမာ ဂတာ ဟောတိ။ (မဟာဝါအဋ္ဌကထာ၊ ၃၂၃။) 


     ဣမံ ပန သမာနသံဝါသကသီမံ သမ္မန္နန္တေဟိ ပဗ္ဗဇ္ဇုပသမ္ပဒါဒီနံ သံဃကမ္မာနံ သုခကရဏတ္ထံ ပဌမံ ခဏ္ဍသီမာ ဗန္ဓိတဗ္ဗာ။ တံ ပန ဗန္ဓန္တေဟိ ဝတ္တံ ဇာနိတဗ္ဗံ။ သစေ ဟိ ဗောဓိစေတိယဘတ္တသာလာဒီနိ သဗ္ဗဝတ္ထူနိ ပတိဋ္ဌာပေတွာ ကတဝိဟာရေ ဗန္ဓန္တိ, ဝိဟာရမဇ္ဈေ ဗဟူနံ သမောသရဏဋ္ဌာနေ အဗန္ဓိတွာ ဝိဟာရပစ္စန္တေ ဝိဝိတ္တောကာသေ ဗန္ဓိတဗ္ဗာ။ အကတဝိဟာရေ ဗန္ဓန္တေဟိ ဗောဓိစေတိယာဒီနံ သဗ္ဗဝတ္ထူနံ ဌာနံ သလ္လက္ခေတွာ ယထာ ပတိဋ္ဌိတေသု ဝတ္ထူသု ဝိဟာရပစ္စန္တေ ဝိဝိတ္တောကာသေ ဟောတိ, ဧဝံ ဗန္ဓိတဗ္ဗာ။ သာ ဟေဋ္ဌိမပရိစ္ဆေဒေန သစေ ဧကဝီသတိ ဘိက္ခူ ဂဏှာတိ, ဝဋ္ဋတိ။ တတော ဩရံ န ဝဋ္ဋတိ(ပ)သမန္တာ ‘‘ဧသော ပါသာဏော နိမိတ္တ’’န္တိ ဧဝံ နိမိတ္တာနိ ကိတ္တေတွာ ကမ္မဝါစာယ သီမာ သမ္မန္နိတဗ္ဗာ။ အထ တဿာ ဧဝ ဒဠှီကမ္မတ္ထံ အဝိပ္ပဝါသကမ္မဝါစာ ကာတဗ္ဗာ။ (မဟာဝါ အဋ္ဌကထာ၊ ဥပေါသထက္ခန္ဓက၊ ၃၂၃။)


     ဣတိ ဘိက္ခူနံ အဝိပ္ပဝါသသီမာ ဂါမဉ္စ ဂါမူပစာရဉ္စ န ဩတ္ထရတိ, သမာနသံဝါသကသီမာဝ ဩတ္ထရတိ။ သမာနသံဝါသကသီမာ စေတ္ထ အတ္တနော ဓမ္မတာယ ဂစ္ဆတိ။ အဝိပ္ပဝါသသီမာ ပန ယတ္ထ သမာနသံဝါသကသီမာ, တတ္ထေဝ ဂစ္ဆတိ။ န ဟိ တဿာ ဝိသုံ နိမိတ္တကိတ္တနံ အတ္ထိ။ (မဟာဝါအဋ္ဌကထာ၊ ၃၃၂။) 


     ၎င်းအဋ္ဌကထာတို့ကို ထောက်သော် ရေနိမိတ်ထား၍ ကြားရာ သမာနသံဝါသက သိမ်သမုတ်ခြင်း မပြီးမီသာ ရေရှိရန်လိုသည်။ အဝိပ္ပဝါသ သိမ်သမုတ်ရာမှာ ရေမရှိသော်လည်း အပ်၏ဟု ယူရန်ရှိ၏။ ဤအဋ္ဌကထာတို့၌ သမာနသံဝါသက အရာ၌သာ ၎င်းနိမိတ်လာသည်။ အဝိပ္ပဝါသိမ် အရာ၌ မလာသောကြောင့် အပ်၏ဟု ထင်သတည်း။ 


     သို့သော်လည်း ကျေးဇူးရှင် ဆရာတော်ကြီး အဆက်ဆက်တို့ပင် အဝိပ္ပဝါသ သိမ်နိမိတ် သိမ်သမုတ်ပြီးအောင် ရေရှိရမည်ဟု ယူကြသည်တစ်ကြောင်း၊ အဝိပ္ပဝါသသိမ်အတွက် နိမိတ်သီးမထားရခြင်း အကြောင်းကိုသာ ပြ၍၊ အနိမိတ္တ သိမ်ဖြစ်ရာသည်တစ်ကြောင်း၊ ဂရုကလဟုကေသု ဂရုကေ ဌာတဗ္ဗန္တိ ဧတံ ဝိနယာလက္ခဏံ-ဟု ပါစိတ်အဋ္ဌကထာဘူတဂါမဝဂ်ဖွင့် (၂၉) နံပါတ်နှင့်အညီ၊ ဂရုက၊ လဟုက နှစ်ဌာနတို့တွင် ဂရုက၌ တည်ခြင်းသည် ဝိနည်း လက္ခဏာဟု အဋ္ဌကထာပြတိုင်း ဂရုက၌ တည်ခြင်းသာ သင့်မြတ်ရာသောကြောင့် လည်းကောင်း၊ ရှေးရှေး ကျမ်းဂန်တတ်အကျော် သိက္ခာကာမ ဝိနယဓရ ဆရာတော်ကြီး အဆက်ဆက်တို့သည် ငါတို့မျက်မှောက် ဒိဋ္ဌပစ္စက္ခပင် အဝိပ္ပဝါသသိမ်သမုတ်ပြီး ရေ- ဘယ်နှစ်သစ် ရှိသေးသနည်းအကြည့်ခိုင်းသည်ကို တွေ့ရ၍ ရေတည်နေမှ အပ်ကြောင်း မိန့်တော်မူကြသောကြောင့်လည်းကောင်း၊ ငါတို့ရဟန်း (၅ )ဝါရစဉ် သိမ်နိမိတ် ကြားပြီးနောက်မှ ညောင်လေးပင် ဘိုးတုတ်ဖြူစုကျောင်း ဦးစန္ဒောဘာသ သိမ်သမုတ်လို၍ နိမိတ်ကြားစဉ် လူအများ ရေလောင်းနေရာ ကမ္မဝါစာ ဆုံးသည်တိုင် ဘယ်ရေက တည်မှန်းမသိ၍ မလောင်းကောင်းဟု သင်္ဂဇာဆရာတော်၊ စလင်းဆရာတော် ဦးကေတု တပည့် သခွတ်ပင် ဆရာတော်ကြီးတားမြစ်သည်ကို ကိုယ်တိုင်တွေ့ဖူးသောကြောင့် လည်းကောင်း၊ အဝိပ္ပဝါသသီမာ ကမ္မဝါစာဆုံးသည် တိုင်အောင် ရေတည်မှအပ်ကြောင်း နိဿံသယအားဖြင့် သိအပ်၏။ 


     မြစ်ကွေ့မြို့ ခုနစ်ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးလည်း စလင်းမြို့ ကျွဲထိရွာ လေသာတိုက် သိမ်သမုတ်ရာ သိမ်နိမိတ်မကြားမှီသာ ရေလောင်းစေတော်မူဘိသတည်း။ 



၁၀၇။ ဝတ္ထုကံမြေ ဝိသုံဂါမဖြစ်မဖြစ်

     ဆရာတော် ဦးဗုဓ်သည် ဘုရားတည်ရန်၊ ကျောင်းတည်ရန်၊ စရပ်တည်ရန် စသည်ဖြင့် ဘုရင်မင်းက ပေးအပ်သော ဝတ္ထုကံမြေများ ဥပစာရမြေများလည်း ဝိသုံဂါမ,ဖြစ်ကြောင်း မိန့်သဖြင့် မြင်းခြံမြို့ မင်းကျောင်းဆရာတော် ဦးဘဲက သဲအင်းသာသနာပိုင်ထံ အပ်မအပ်လျှောက်ထားရာ လာဘသိမ် ဝတ္ထု ကံမြေဖြစ်၍ မကောင်းဟု သဲအင်း သာသနာပိုင်ဆရာတော် အမိန့်ရှိကြောင်း၊ ကျီဝန်ဆရာတော်ထံ ငါတို့ ကင်္ခါသင်ကြားစဉ် ၁၂၆၃-ခု တော်သလင်းလဆန်း (၅) ရက်နေ့ မိန့်တော်မူ၏။ အောင်မြေရွှေဘုံဆရာတော်က သာဓုခေါ် ကြောင်းလည်း မိန့်၏။ ကျီဝန်ဆရာတော်၊ နန်းဦးဆရာတော်၊ သံယုတ်ဆရာတော်တို့လည်း မအပ်ကြောင်းယူ၏။


     ဝိသုံဂါမ ပေးရာမှာလည်း ပထမသူကြီးအားပင် ထပ်၍ပေးသောအရာ မအပ်ကြောင်း ကျီဝန်ဆရာတော်၊ အောင်မြေရွှေဘုံဆရာတော်၊ မင်းကျောင်းဆရာတော် ဦးဘဲတို့ အမိန့်တော်ရှိကြ၏။ 


     ရွာကိုအတွင်းပြု၍ သမာနသံဝါသကသိမ် သမုတ်ခဲ့လျှင် သက်၏၊ အပ်၏။ ယင်း သက်ပြီး သမာနသံဝါသကသိမ်၌ ထပ်၍ အဝိပ္ပဝါသသိမ်သမုတ်ခဲ့လျှင် အဝိပ္ပဝါသလည်း သက်၏။ အပ်၏။ သမာနသံဝါသက မသမုတ်ပဲ ရွာတွင်း အဝိပ္ပဝါသ ပထမသမုတ်လျှင် မသက် မအပ်။ ရွာတွင်းဖြစ်လျှင် ဝိသုံဂါမမြေစားခံရာမှာ ရွာသီးဖြစ်သောကြောင့် တပါးသံဃာမသိမ်းပဲအပ်၏။ ဝိသုံဂါမ မခံခဲ့လျှင် ကြံရန်ရှိ၏။ ၄င်းမှာ ဓမ္မာရုံစံကျောင်းတိုက်သိမ်ဟု ကျီဝန်ဆရာတော်မိန့်၏။ 


     ဂါမခေတ်နှစ်ခုအကြား ဂါမခေတ်နှစ်ခု တစ်စိတ်စီသိမ်း၍ သမုတ်လိုရာ သမာနသံဝါသကသိမ် သမုတ်စဉ် ဂါမခေတ်တစ်ခု၌ ရဟန်းအလုံးစုံနေ၍ ဂါမခေတ်တစ်ခု၌ နိမိတ်သာထား၍ သမုတ်လျှင် နိမိတ်သာထားသည်ဘက် သံဃာမသိမ်းရ။ ထိုင်၍သမုတ်သည်ဘက် ဂါမခေတ်ရှိ သံဃာသာသိမ်းရသည်။ အဝိပ္ပါဝါသသမုတ်လျှင် ဟိုဘက်သည်ဘက် နိမိတ်တွင်းရှိ သံဃာသိမ်းမှ အပ်သည်။ သတိရှိခဲ၏။ 



၁၀၈။ သိမ်သမုတ်ရာ (၄)ပါးထက်အလွန် ကမ္မဝါစာဖတ်သင့် မဖတ်သင့်

     ကမ္မဝါဖတ်ရာ လေးပါး၊ လေးပါးထက်အလွန် အပ် မအပ် ဆင်ခြင်ရာ၏။ 


     အနုဇာနာမိ ဘိက္ခဝေ ဒွေ တယော ဧကာနုဿာဝနေကာတုံ၊ တဉ္စ ဧကေန ဥပဇ္ဈာယေန၊ နတွေဝ နာနုပဇ္ဈာယေန။(မဟာဝါ ပါဠိတော် ၁၂၉။)


     သစေ ပန နာနာစရိယာ နာနုပဇ္ဈာယာ ဟောန္တိ, တိဿတ္ထေရော သုမနတ္ထေရဿ သဒ္ဓိဝိဟာရိကံ, သုမနတ္ထေရော တိဿတ္ထေရဿ သဒ္ဓိဝိဟာရိကံ အနုဿာဝေတိ, အညမညဉ္စ ဂဏပူရကာ ဟောန္တိ, ဝဋ္ဋတိ။ (မဟာဝါအဋ္ဌကထာ၊ ၃၁၅။) 


     ကမ္မဝါစာဆရာ တစ်ပါး၊ ဥပဇ္ဈာယ် အများ၊ ပဉ္စင်းလောင်း နှစ်ပါး သုံးပါး တစ်ပြိုင်နက် ကမ္မငါစာ ရွတ်ဖတ်ခြင်းကိုသာ ပယ်တော်မူသည် ဥပဇ္ဈာယ် နှစ်ပါး။ ပဉ္စင်းလောင်း နှစ်ပါး၊ သုံးပါး၊ ဥပဇ္ဈာယ် သုံးပါး၊ ပဉ္စင်းလောင်း သုံးပါး၊ နှစ်ပါး၊ ကမ္မဝါစာဆရာ သုံးပါး ဖတ်ရွတ်အပ်၏။ ဥပဇ္ဈာယ်များခြင်းကြောင့် ကမ္မဝါစာဆရာ ဥပဇ္ဈာယ်အောက် ယုတ်လျှင် မအပ်ဟု ပယ်တော်မူရင်း ခွင့်ပြုတော်မူရင်းကို သိအပ်၏။ နာနုပဇ္ဈာယ ဧကာစရိယ - ပဉ္စင်းခံခြင်းကိုသာ ပယ်တော်မူသည်။ (စံကျောင်းဆရာတော်ဘုရားကြီး) 


     ရဟန်းလောင်း (၃)ပါးထက် လွန်လျှင်မအပ်။ (ဝဇိရဗုဒ္ဓိဋီကာဆရာ၊ ရှေးဂဏ္ဌီပုဒ်ဆရာ၊ အရှင်အာနန္ဒာ၊ အနုဂဏ္ဌီပုဒ်ဆရာ၊ အန္ဓကအဋ္ဌကထာဆရာ ၅-ဦးတို့ဝါဒ) 


     နိဂ္ဂဟကံ,ပဂ္ဂဟကံ နှစ်ပါးတို့တွင် ဥပသမ္ပဒါစသော ကံသည် ပဂ္ဂဟကံဖြစ်၍ ဒုတိယသံဃဘေဒသိက္ခာပုဒ်ဖွင့် သာရတ္ထဒီပနီဋီကာ၊ ၎င်း ဝိမတိဋီကာတို့နှင့် ညှိသော် ရဟန်းလောင်း (၄)ပါးထက်အလွန် အပ်ဖို့ရာရှိ၏။ ပဂ္ဂဟကံဖြစ်သော စူဠဝါ သမထက္ခန္ဓက ဥဗ္ဗာဟိကကံ စသည်၌ လေးပါး,လေးပါးစသော ရဟန်းတို့ကို ကံပြုကောင်းသတည်း။ သို့သော် ဒွေတယော အရ ရဟန်းလောင်းပင် ဖြစ်၍ ပါဠိတော် အဋ္ဌကထာ စသည်လာပြီးရကား မပြုကောင်းဟု မှတ်အပ်၏။ လေးပါး ငါးပါးစသည် ကမ္မဝါဖတ်ရာ မြစ်ပယ်ချက်မရှိသောကြေင့် အပ်၏ဟုယူဖွယ်ရှိ၏။ သို့သော် ဤသို့ရဟန်းမခံကြလင့်ဟု စလင်းဆရာတော် မိန့်၏။ 


     ၎င်း ပါဠိ အဋ္ဌကထာစသည်ထောက်၍ မအပ်ဟု အချို့ဆရာတို့ မိန့်ကြ၏၊ရဟန်းလောင်း(၃ )ပါးထက်အလွန် ကမ္မဝါစာဆရာ (၃)ပါးထက်အလွန် အပ်မအပ်ရှိသကဲ့သို့ သာမဏေအများ ရှင်ပြုစေရာ ပုဂ္ဂိုလ်ပြုအပ်သော ကံဖြစ်၍လည်းကောင်း၊ အပိုင်းအခြားထား၍ မဟောသောကြောင့်လည်းကောင်း၊ ဥဘတောသုဒ္ဓိဖြစ်သောကြောင့် လည်းကောင်း အပ်၏။ သာမဏေမှာ မ,ကာရန္တကို သံဂါယနာတင် ဆရာတို့ ခွင့်ပြုသော်လည်း ရဟန်းတို့မှာ ခွင့်ပြုချက်မရှိသောကြောင့် ဝဇိရဗုဒ္ဓိစကားမသင့်။ မကာရန္တ ရဟန်းတို့မှာ မအပ်။ (စံကျောင်းဆရာတော်ဘုရားကြီးမိန့်) 



၁၀၉။ ယခုကာလ ဒွန်တွဲကမ္မဝါစာဖတ်ပုံ အပ် မအပ်

     ဒွန်တွဲကမ္မဝါစာ ဖတ်ရာ၌ ဗုဒ္ဓရက္ခိတော စ ဓမ္မရက္ခိတော စ သံဃရက္ခိတော ၈ အာယသ္မတော သာရိပုတ္တဿ ဥပသမ္ပဒါပေက္ခော စသော ဝိနယဝိနိစ္ဆယဋီကာ (ဒု၊ ၁၇၄။)၌ အယံ သဒ္ဒါ, မပါ။ ဒဗ္ဗဝါစက,နောင် စ-ထိုင်၏။ 


     ဝိမတိဝိနောဒနီ (ဒု၊ ၁၃၁။) ၌ကား - အယံ ဗုဒ္ဓရက္ခိတော စ အယံ ဓမ္မရက္ခိတော စ အာယသ္မာတော သံဃရက္ခိတဿ ဥပသမ္ပဒါပေက္ခော စသည်ဖြင့် အစ၌ အယံသဒ္ဒါနှင့်တကွ ဒဗ္ဗဝါစကနောင် စ-ထိုင်၍ ဧကဝုစ်ဖတ်နည်းလာ၏။ ထိုဧကဝုစ်ဖတ်နည်းသည် ပါရာဇိကဏ်ပါဠိတော်၊ ဘေဒါနုဝတ္တကသိက္ခာပုဒ်လာ ဒွန်ကမ္မဝါစာ ဗဟုဝုစ်ဖတ်နည်းနှင့် လည်းကောင်း၊ ဘိက္ခုနီဝိဘင်း နဝမသံဃာဒိသေသသိက္ခာပုဒ်လာ ဒွန်ကမ္မဝါစာ ဗဟုဝုစ်ဖတ်နည်းနှင့် လည်းကောင်း၊ စူဠဝါသမထက္ခန္ဓက ဥဗ္ဗာဟိက ဒွန်တွဲကမ္မဝါစာ ဗဟုဝုစ်ဖတ်နည်းနှင့်လည်းကောင်း မညီသောကြောင့် စိတ်ချလက်ချ ယုံကြည်လောက်သည်မဟုတ်ကြ။ ဉတ်ကမ္မဝါစာ ဝိနည်းအရာ သာဓကခိုင်မြဲစွာ ပါဠိ အဋ္ဌကထာ တိုက်ရိုက်ရှိမှပင် ယုံကြည်လောက်ရာသည်။ ထို့ကြောင့် ဘုရားသဗ္ဗညုဟော ပါဠိတော်တို့ကို အထပ်ထပ်ကြည့်ရှုဖတ်ကြရာသတည်း။ 



၁၁၀။ ကျွန်းရွာတောရဆရာတော် သိမ်သမုတ်ကမ္မဝါစာဖတ်နည်း

     သမ္မတော၊ သမ္မနိတော၊ သမ္မန္နိတော၊ သံမတော၊ သံမနိတော၊ သံမန္နိတော၊ သမတော၊ သမနိတော သမန္နိတော။ (၉) ကြိမ်ပြင်။ မန-ဗောဓနေ၊ မသတ်မှာပိတ်။ 


     သမုဟနေယျ၊ သမုဟနေ့ယ၊ သမုဟနေတ်ယ၊ သမုယနေစ်ယ၊ သမုဟနင်ယ၊ သမုဟနည်ယ၊ သမုဟနယ်ယ၊ သမုဟနိန်ယ၊ (ဂ ကြိမ်ပြင်။ (သောဘာသေယျ-စသည်နည်းတူ) ဟန-ဥဂ္ဃါတေ။


     နက္ခမတိ၊ နက္ခမ္မတိ၊ နခမတိ၊ နခမ္မတိ 

(၄)ကြိမ်ပြင်။ ခမု -ခန္တိယံ။ 


     ထပေတွာ၊ ထပေတ်တွာ၊ ထပေ့တွာ၊ ထပစ်တွာ၊ ဌပေတွာ၊ ဌပေတ်တွာ၊ ဌပေ့တွာ၊ ဌပစ်တွာ၊ (ဂ) ကြိမ်ပြင်။ ကာရီ၊ ကာရိယ။ထပ၊ ထပနေ။ တဝါဟု မဖတ်ရ။ 


     ဂါမဉ္စ၊ ဂါမင်စ၊ ဂါမည်စ၊ ဂါမံစ၊ ဂါမူပစာရဥ်စ၊ ဂါမူပစာရင်၊ ဂါမူပစာရည်စ၊ ဂါမူပစာရံစ။


     ထပေတွာ-၌ လျှာတန်းတန်းထား။ ဌပေတွာ၌ လျာလိပ် (အထူး) 


     သုဏာတု ၌ သု-မှာ လျှာတန်းတန်းထား။ လျာကိုပြင်မထုတ် လင့်။ ဏာ-၌ လျှာကိုလိပ်၍ အထက်ထိုးမိစေ။ မပြင်းစေလင့်။ တု-၌ လျှာတန်းတန်းထား။ ဖြတ်။ မေ-နှင့်မပေါင်းလင့်။ ဘန္တေ-၌ ဝိသဇ္ဇနီသံ မပါစေလင့်။ တေ-၌ လျှာတန်းတန်းထား။ သံ-၌ လျှာတန်းတန်းထား။ ခံတွင်းပိတ်။ နှာခေါင်းလွှမ်းမိုးအောင်ရွတ်။ မပြင်းစေလင့်။ အဝိပ္ပဝါသော-ဟု ပ,မှာ ဖြတ်ရွတ်။ ပဝါသော-ဟု မရွတ်လင့်။ 


     ကလ္လံ-၌ နသတ်သံပါအောင်၊ လံ-၌ လျှာတန်းတန်းထား လိပ်၍ အထက်မထိုးလင့်။ ခံတွင်းပိတ်၊ နှာခေါင်းသံပါစေ။ 


     သမုဟနေယ-၌ သံရှေး-ဥရှေးရှိသော ဟနဓာတ်ဖြစ်၍၊ မုမှာ ဒီဃမဟုတ်။ အဝိပ္ပဝါသံ-မှာ လျှာတန်းတန်းထား။ ခံတွင်းပိတ် နှာခေါင်းသံပါစေ။ ဗိန္ဓုပေါက်ပါတိုင်း သတိကြီးစွာထား။ တုဏှဿ-လျှာလိပ် အထက်ထိုး။ တုဏှီ -၌ လည်း ဤနည်း။


     တုဏှိ-တုဏှီ။ သိမာ-သီမာ။ ဧကုပေါသထာ-ကူပေါသထာ-စသော ဒီဃ, ရဿ အနုရူပအရာ။ ဂရု,လဟု အနုရူပအရာ။ သမ္ဗန္ဓ ဝဝတ္ထိက အနုရူပအရာ။ ယင်း(၆)ဌာနတို့၌ ကံမပျက်ဟု ပရိဝါအဋ္ဌကထာဆို၏။ ယင်း (၆)ဌာနတို့ပင်သော်လည်း အနနုရူပအရာမှာ သဘာဝနိရုတ္တိ လက္ခဏာပျက်၍ ကံပျက်ကြောင်း ဝိမတိ၊ ဝိနယာလင်္ကာရတို့၌ ဆို၏။ 


     ယထာ ပါဠိယာ နိရုတ္တိံ သောဓေတွာ ။ပ။ ကမ္မဝါစာ ကာတဗ္ဗာ။ ဣတရထာ ဟိ သာဝနံ ဟာပေတိ နာမ။


     အနုက္ကမာဂတံ ပဝေဏိံ အဝိနာသေန္တေန ကမ္မဝါစာ ကာတဗ္ဗာ။(ပရိဝါအဋ္ဌကထာ -ကမ္မဝဂ်အဖွင့်၊ ၂၄၈။ ထောက်။) 


     ဒုတိယမ္ပိ၊ တတိယမ္ပိ စသော ဝါကျတို့သည် သုဏာတုစသော နောက်ဝါကျနှင့်သာ စပ်ရကား သော ဘာသေယျ -တွင် ဖြတ်ပြီးမှ ဒုတိယမ္ပိ-စသည်ကောက်၊ သုဏာတု-စသည်ကို တစ်တန်းတည်းကောက်။ ဒုတိယမ္ပိ,တတိယမ္ပိ-၌ နိဂ္ဂဟိတန္တမှာ ခံတွင်းပိတ်။ နှာခေါင်းသံ ဟိန်းစေ။ မကာရန္တမှာ နှုတ်ခမ်းတွင် ထိစေ၍ဖတ်။ 


     သုဏာတု၊ ပရိပုဏ္ဏဿ၊ သော တုဏှဿ၊ သ္မာ တုဏှီ စသည်-ဏ လျှာလိပ်၊ အထက်လျှာထိုးရွတ်။ သတ်ရှိခဲစွ။ လျှာအထက်မထိုး တန်းတန်းထားရွတ်က ကံပျက်မည်။ ကြွင်းအက္ခရာ ဤနည်းချည်း။ မသိပဲနှင့်ရွတ်က သာသနာဖျက်။

     ကျွန်းရွာတောရဆရာတော်သည် ကျေးဇူးရှင် စလင်းဆရာတော်၊ မိုင်းခိုင်းဆရာတော်၊ ရွှေရေးဆောင်ဆရာတော်၊ မဟာဝိသုဒ္ဓါရာမဆရာတော်၊ မန်လည် ဆရာတော်တို့ ထံမှကိုယ်တိုင်ကိုယ်ကြပ် လိုက်နာအပ်သော၊ သီမာသမ္မုတိကံများကို ဆောင်ရွက်စဉ် မှတ်ထားအပ်သော ထိုထိုစာတမ်းမှ ထုတ်နုတ်၍ သဘောသက်ရာ ရေးအပ်သော ကမ္မဝါစာ ဥစ္စာရဏနယဒါနဒီပနီစာတမ်းကား- ၁၂၈၄-ခု ဝါဆို လဆန်း(၃ ) ရက် တနင်္ဂနွေနေ့ ညနေ (၄) နာရီအချိန်တွင် ပြီး အောင်မြင်သတည်း။



၁၁၁။ စံကျောင်းဆရာတော်ဘုရားကြီး သိမ်ကမ္မဝါစာဖတ်ပုံနည်း

သမ္မတော

သံမတော

သမတော 

သမ္မနိတော 

သံမနိတော 

သမနိတော 

သမ္မန္နိတော

သံမန္နိတော 

သမန္နိတော(၉) ကြိမ် ဖတ် (မန-ဗောဓနေ)။


သမုဟနေယ 

သမုဟနေ့ယ 

သမုဟနေတ်ယ 

သမုဟနှစ်ယ 

သမုဟနင်ယ 

သမုဟနည်ယ 

သမုဟနယ်ယ 

သမုဟနိန်ယ ဥရဿနှင့် (ဂ)ကြိမ်ဖတ် 


သမူဟနေယ-စသည် ဒီဃနှင့် (ဂ)ကြိမ်ဖတ် (ဟန-ဥဂ္ဃါတေ)


သော ဘာသေယျ စသည် ထို့အတူ (ဂ )ကြိမ်ဖတ်။ 


သမုဟနတိ

သမူဟနတိ (၂) ကြိမ်ဖတ်။


ခမတိ 

ခမ္မတိ (၂ ) ကြိမ်ဖတ်။ 


နက္ခမတိ 

နက္ခမ္မတိ 

နခမတိ

နခမ္မတိ(၄) ကြိမ်ဖတ်။ 


တုဏှီ

တုဏှိ (၂) ကြိမ်ဖတ်။


သမ္မတာ စသည် -ရှေးနည်းတူ (၉) ကြိမ်ဖတ်။ 


ဧကူပေါသထာ

ဧကုပေါသထာ (၂) ကြိမ်ဖတ်။ 


ဧကူပေါသထံ 

ဧကူပေါသထာယ စသည်အတူ 

သိမ်နုတ်ကမ္မဝါစာ (၂) စောင်ဖတ်ပုံပြီး၏။ 


သမ္မနေယျ-မ္မသံယုဂ်-နသံယုဂ်မဲ့နှင့် (၈) ကြိမ်ဖတ်။ 


သမ္မန္နေယျ-မ္မသံယုဂ်-န္နသံယုဂ် နှင့် (၈) ကြိမ်ဖတ်။ 


သံမနေယျ -သံ၌ နိဂ္ဂဟိတ်နှင့် 

မသံယုဂ်မဲ့ နသံယုဂ်မဲ့နှင့်။ (ဂ) ကြိမ်ဖတ် 


သံမန္နေယျ-သံ၌ နိဂ္ဂဟိတ်၊

မသံယုဂ်မဲ့၊ န္နသံယုဂ်နှင့် (၈) ကြိမ်ဖတ်။ 


သံမံနေယျ၊ သထက် မထက် နိဂ္ဂဟိတ်နှင့် (ဂ) ကြိမ်ဖတ်။ 


သမ္မနတိ (မသံယုဂ်) (နသံယုဂ်မဲ့) 

သမ္မန္နတိ 

သံမနတိ 

သံမန္နတိ 

သံမံနတိ

သမနတိ (၆) ကြိမ်ဖတ်။ 

သံပုဗ္ဗမန-ဗောဓနေ-သိခြင်း၊ 


သမ္မုတိ (မကာရန္တ) 

သံမုတိ (နိဂ္ဂဟိတန္တ။ (၂) ကြိမ်ဖတ်။ 

သံပုဗ္ဗမု-ဗန္ဓနေ။ 


သီမာ။ ဒီဃ 

သိမာ။ ရဿ(၂) ကြိမ်ဖတ်။ သိ-ဗန္ဓနေ-ဒီဃော။


ဂါမဉ္စ

ဂါမူပစာရဉ္စ

ဂါမံစ

ဂါမူပစာရံစ

ဂါမင်စ

ဂါမူပစာရင်စ 

ဂါမည်စ

ဂါမူပစာရည်စ၊ 

ဉ ဝဂ္ဂန္တ၊ နိဂ္ဂဟိတန္တ၊ င ဝဂ္ဂန္တ၊

ည ဝဂ္ဂန္တ (၈) ကြိမ်ဖတ်။


ထပေတွာ

ထပေ့တွာ

ထပေတ်တွာ

ထပေစ်တွာ

ဒန္တဇ ဒုတိယ ထနှင့် (၄) ကြိမ်ဖတ်။

ထပ-ထပနေ။ 


ဌပေတွာ 

ဌပေ့တွာ

ဌပေတ်တွာ

ဌပေစ်တွာ။ 

(မုဒ္ဓဇ ဒုတိယဌဝမ်းဘဲနှင့် (၄) ကြိမ်ဖတ်။ 

ထဿ ဌတ္တံ, ပဿ ဝဿံ,

ဝဿ ဒွိတ္တံ, ဝကာရဒွယဿ

ဗကာရဒွယံ ဘဝတိ၊ ဝေါဋ္ဌဗ္ဗနံ။ 

သဒ္ဒနီတိထောက်။ ဓပေတွာ ကား သာဓကမရှိ မဖတ်ရ။ 

ဧကူပေါသဓာ=ထို့အတူ သာဓကမရှိ မဖတ်ရ။ 

     ၁၂၄၆-ခု ဝါတွင်း သုဒသနဓဇ အတုလဓိပတိ သိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု-ဘွဲ့တံဆိပ်တော်ရ စံကျောင်းဆရာတော် ဘုရားကြီး သိမ်သမုတ်ခန်း နည်းနယကို ယခုကာလ တွေ့ရသူနည်းပါးလှသဖြင့် ပျောက်ကွယ်မည်စိုး၍ ထည့်သွင်းလိုက်သည်။ သာသနပိုင် ဦးယျလည်း ဤအတိုင်း ဖတ်သည်ဟု ဆရာတော်ကြီးများ မိန့်ဖူး၏။ 



၁၁၂။ ဗျတ္တပဋိဗလရွေးချယ်ခန်း

     ထို့နောင် ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန သံဃော ဉာပေတဗ္ဗော ဟူသော ဝိနည်းမဟာဝါပါဠိတော်။ 


     သီမံ ဘိက္ခဝေ သမ္မန္နန္တေန ပဌမံ သမာနသံဝါသကသီမာ သမ္မန္နိတဗ္ဗာ-ဟူသော ဝိနည်းမဟာဝါပါဠိတော်။ 


     နိမိတ္တာနိ ကိတ္တေတွာ ဟတ္ထပါသံ အဝိဇဟန္တေဟိ ကမ္မဝါစာယ သမာနသံဝါသကသီမံ သမ္မန္နိတွာ-ဟူသော ၎င်းအဋ္ဌကထာတို့နှင့်အညီ ဝိနည်းအဋ္ဌကထာနှင့်တကွ ဝိနည်းပိဋက၌ ဌာန်ကရိုဏ်း ပယတ် ဗျဉ္ဇနဗုဒ္ဓိဆယ်ပါး အစီအရင်နှင့်တကွ ကျကျနန ဖတ်နည်းရသော ဝိနယဓရပုဂ္ဂိုလ်၊ အယုတ်ဆုံး ဥတ်ကမ္မဝါစာတို့၌ပါသော ပုဒ် ပါဌ် အက္ခရာ ဝါကျတို့ကို ရပြီးနှင့် မခြားနား၊ ညက်ညက်ညောညော သွားအောင် နှုတ်တက်သော ဝိနယဓရပုဂ္ဂိုလ်၊ ဤအင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဗျတ္တပုဂ္ဂိုလ်ဆိုသည်။ ဤဗျတ္တ - ဟူသောပါဌ်ဖြင့် ဗျတ္တအင်္ဂါနှင့် မပြည့်စုံပဲ ကြားဖူးနားဝရှိရုံမျှနှင့် ဉတ်ကမ္မဝါစာ မရွတ်ဖတ်ထိုက်ဟု ပြတော်မူသည်။ 


     ထို့ကြောင့် ဝိနည်းမဟာဝါ အဋ္ဌကထာ၌- ဗျတ္တော နာမ ယဿ သာဋ္ဌကထံ ဝိနယပိဋကံ ဝါစုဂ္ဂတံ ပဝတ္တတိ-အစရှိသော စကားကို မိန့်ဆိုတော်မူသတည်း။ 


     သလိပ်ရောဂါစသည် ကင်းရှင်းခြင်း၊ သွား,နှုတ်ခမ်း,လျှာစသည်တို့လည်း လူတန်းစေ့ ပြည့်စုံခြင်း အဋ္ဌကထာနှင့်တကွသော ပိဋကသုံးပုံ သင်ကြားကြည့်ရှု ပိုချမှု အားကောင်းခြင်း ဤအင်္ဂါသုံးပါးနှင့်ပြည့်စုံသော ဗဟုဿုတ အဂိလာန ပရိပုဏ္ဏင်္ဂပုဂ္ဂိုလ်ကို ပဋိဗလ ပုဂ္ဂိုလ်ဆိုသည်။ ထို့ကြောင့် ဝိနည်းမဟာဝါအဋ္ဌကထာ၊ ၂၆၄၊ ၅ ၌ -


     ယော ပန ကာသသောသသေမှာဒိနာ ဝါ ဂေလညေန ဩဋ္ဌဒန္တဇိဝှါဒီနံ ဝါ အသမ္ပတ္တိယာ ပရိယတ္တိယံ ဝါ အကတပရိစယတ္တာ န သက္ကောတိ ပရိမဏ္ဍလေဟိ ပဒဗျဉ္ဇနေဟိ ကမ္မဝါစံ သာဝေတုံ, ဗျဉ္ဇနံ ဝါ ပဒံ ဝါ ဟာပေတိ, အညထာ ဝါ ဝတ္တဗ္ဗံ အညထာ ဝဒတိ, အယံ အပ္ပဋိဗလော။ တဗ္ဗိပရီတော ဣမသ္မိံ အတ္ထေ ‘‘ပဋိဗလော’’တိ ဝေဒိတဗ္ဗေ။ ဟု မိန့်အပ်၏။



၁၁၃။ ဝိနယဓရ လုပ်လိုသူတို့ ဗဟုသုတဂန္တန္တရစုံ လေ့လာရပုံ ပြခန်း

     ထိုဗျတ္တ,ပဋိဗလ အင်္ဂါနှင့်တကွ ရတ္တညု မဟာဝေယျာကရဏိက ပိဋကတ္တယပါရဂူဂုဏ်နှင့် ပြည့်စုံစေနိုင်ရေးအတွက် သာရတ္ထဒီပနီဋီကာ၊ ဝဇိရဗုဒ္ဓိ၊ ဝိမတိဝိနောဒနီ၊ ပါရာဇိကဏ်၊ ပါစိတျာဒိယောဇနာ၊ ဆင်တဲဝိနည်းဂဏ္ဌိ၊ စလင်းဝိနည်းဂဏ္ဌိ၊ ဘုရားကြီးဝိနည်းဂဏ္ဌိ၊ မောင်းထောင်ဝိနည်းဂဏ္ဌိ၊ ပြည်ဝိနည်းဂဏ္ဌိ၊ ဝိနယသာရဂဏ္ဌိ၊ တောင်ဖီလာဖြတ်ထုံး၊ တောင်းတွင်းဖြတ်ထုံး၊ မောင်းထောင်ဖြတ်ထုံး-စသည်တို့နှင့်တကွ။ 


     ပါတိမောက္ခဂဏ္ဌိပုဒ်၊ ပါတိမောက္ခလေခနယ၊ ပါတိမောက္ခဝိသောဓန၊ ပါတိမောက္ခအနုပဒတ္ထဝဏ္ဏနာ၊ ခင်မကန်သီမာဝိနိစ္ဆယ၊ မောင်းထောင်သီမာဝိနိစ္ဆယ၊ မိုင်းခိုင်းဝိနည်းဂဏ္ဌိ၊ ဇာတ်ပါဠိတော်ဂဏ္ဌိ၊ ဇာတ်အဋ္ဌကထာဂဏ္ဌိ၊ ပဋ္ဌာနသာရဒီပနီ၊ ဒိဋ္ဌိဘေဒပကာသနီ၊ နဋ္ဌပကာသနီ၊ သီရိမဟာမာယာဝတ္ထုပါဌ်၊ သီဟဠဝတ္ထုပါဠ်၊ ဒသဝတ္ထုပါဌ်၊ အနာဂတဝင်၊ ဗောဓိဝင်၊ ဒီပဝင်၊ ထူပဝင်၊ ပါဠိ အဋ္ဌကထာ စသည်တို့နှင့်တကွ၊ ဝိနိစ္ဆယ အဋ္ဌကထာ၊ ဋီကာ၊ ဥတ္တရဝိနိစ္ဆယ အဋ္ဌကထာ၊ ဋီကာ၊ ဝိနယသင်္ဂဟအဋ္ဌကထာ၊ ဋီကာဟောင်း၊ ဝိနယာလင်္ကာရ ဋီကာဟောင်း,သစ်၊ ယောဇနာဟောင်း,သစ်တို့နှင့်တကွ။


     ခုဒ္ဒသိက္ခာအဋ္ဌကထာ၊ ဋီကာဟောင်း,သစ်၊ မူလသိက္ခာ အဋ္ဌကထာ၊ သီမာလင်္ကာရ အဋ္ဌကထာ ဋီကာ၊ သီလာဝဟ အဋ္ဌကထာ၊ သိက္ခာပဒဝလဉ္ဇန အဋ္ဌကထာ၊ ဝိနယ သင်္ခေပ အဋ္ဌကထာ၊ ဂုဠှတ္ထပကာသနီ၊ သီမာဝိသောဓနီ၊ သီမာဗန္ဓနီ၊ ကင်္ခါအဋ္ဌကထာ၊ ဋီကာဟောင်း ဋီကာသစ်၊ ကင်္ခါဂဏ္ဌိ၊ ဝိနည်းငါးကျမ်း အဋ္ဌကထာနှင့် ဝိနည်းငါးကျမ်း ပါဠိတော် ရင်းကုန်၊ ပါဠိတော်စစ်ကုန်။ 


     မူလဋီကာ၊ အနုဋီကာ၊ မဓုဋီကာ၊ မဏိဒီပ၊ ဂုဠှတ္ထကျဉ်း၊ ဂုဠတ္ထကျယ်၊ စုဒ္ဒသရပ်၊ သောဠသရပ်၊ တိံသရပ်၊ စန္ဒသူရိယဒီပနီ၊လောကဒီပနီ၊ ဝီသတိဝဏ္ဏနာ၊ ဝိဝိဒနယဒီပနီ၊ အဋ္ဌသာလိနီပိုင်တောင်း၊ မူလဋီကာမိန့်တောင်း၊ အနုဋီကာမိန့်တောင်း၊ ကျော်အောင်စံထား အဋ္ဌသာလိနီဂဏ္ဌိ၊ မင်ခင်းဂဏ္ဌိ၊ မြို့ပြင်ကြီးဂဏ္ဌိ၊ ယောဇနာ၊ အဋ္ဌသာလိနီနှင့်တကွ ဓမ္မသင်္ဂဏီပါဠိတော်ကုန်။


     မူလ၊ အနု၊ မဓု၊ ဝိဝိဓနယဒီပနိ၊ သမ္မောဂဏ္ဌိ၊ ယောဇနာ၊ သမ္မောဟဝိနောဒနီအဋ္ဌကထာနှင့်တကွ ဝိဘင်းပါဠိတော်ကုန်။


     မူလ -အနု-မဓု-ဝိဝိဓနယဒီပနီ၊ ဓာတုကထာမူလဋီကာဂဏ္ဌိ၊ ပဉ္စပကြိုဏ် အဋ္ဌကထာနှင့်တကွ ဓာတုကထာစသော ပါဠိတော်ကုန်။ 


     ဋီကာဟောင်းသစ်၊ သီလက္ခန်ပါဠိတော်ဂဏ္ဌိ၊ အဋ္ဌကထာဂဏ္ဌိ၊ သီလက္ခန်အဋ္ဌကထာနှင့်တကွ သီလက္ခန်ပါဠိတော် အဋ္ဌကထာ ဋီကာ ဂဏ္ဌိနှင့်တကွ သုတ်မဟာဝါပါဠိတော် အဋ္ဌကထာ ဋီကာ ဂဏ္ဌိနှင့်တကွ သုတ်ပါထေယျပါဠိတော် အဋ္ဌကထာ ဋီကာ ဂဏ္ဌိနှင့်တကွ။


     အဋ္ဌကထာ ဋီကာနှင့် ပဏ္ဏာသသုံးကျမ်း၊ အဋ္ဌကထာဋီကာနှင့်တကွ သံယုတ် ငါးကျမ်း၊ အဋ္ဌကထာ ဋီကာနှင့်တကွ အင်္ဂုတ္တိုရ်ဆယ့်တစ်ကျမ်း၊ ခုဒ္ဒကပါဌဋီကာ၊ ဓမ္မပဒဋီကာ၊ ပါဌဇာတ် ဋီကာ၊ ဇာတ်မဟာဋီကာသစ် ၂-ထုပ်၊ ဗုဒ္ဓဝင်ဋီကာ၊ နေတ္တိဋီကာဟောင်း ဋီကာသစ်၊ ပဋိသမ္ဘိဒါမဂ်ဂဏ္ဌိပုဒ်၊ အဋ္ဌကထာတို့နှင့်တကွ အဋ္ဌကထာမရှိသော ထေရီအပဒါန်၊ မိလိန္ဒပဉှာတို့မှတပါး၊ ခုဒ္ဒကနိကာယ် (၁၉)ကျမ်း ပါဠိတော် အဋ္ဌကထာနှင့်တကွ သုတ္တသင်္ဂဟပါဠိတော်၊ သာရတ္ထသင်္ဂဟအဋ္ဌကထာ၊ ဥပါသကာလင်္ကာရ၊ ထေရီအပဒါန်ပါဠိတော်၊ မိလိန္ဒပဉှာပါဠိတော်ကုန်။


     နျာသ၊ ရူပသိဒ္ဓိ၊ သဒ္ဒနီတိ၊ မောဂ္ဂလာန်၊ ဗာလာဝတာရ၊ ကစ္စာယဝဏ္ဏနာ၊ နိဒ္ဒေသ-နိရုတ္တိဒီပနီတို့နှင့်တကွ၊ အရပ်ရပ်သော မာဂဓ ဗျာကရုဏ်းကျမ်းတို့၌လည်းကောင်း တပါးသော ကျမ်းငယ်ပေါင်း ဝိနိစ္ဆယပေါင်းများစွာ မိမိလက်ရှိ ဂန္ထန္တရတို့၌လည်းကောင်း တစ်လုံး တစ်ပါဒမကျန် အချို့ခေါက်ပေါင်းများစွာ သာမဏေဝါ(၁၀) ရဟန်းဝါ (၃၆)ဝါ၊ ပေါင်း (၄၆) ဝါလုံးလုံး ပစ္စယာမိသတဏှာကို သိမ်းဆည်းနိုင်သမျှ သိမ်းဆည်းပြီးလျှင် ကိုယ်နှင့်အသက်ကို ပမာဏမထား လေ့လာခဲ့ဖူးသော ဗဟုသုတ ပိဋကတ္တယပါရဂူဂုဏ်၊


     ပဋိပတ္တိသာသနာ ခြောက်ပါးလုံး လေ့လာ ပွားများခဲ့ဖူးသော၊ ပဋိပတ္တိ သမာစာရဂုဏ်၊ 


     သင်ရိုးအဋ္ဌကထာကြီးသုံးကျမ်းနှင့်တကွ သင်ရိုးသဒ္ဒါ၊ အဘိဓမ္မာ၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ ညဝါစသော ကျမ်းဂန်တို့၌ အောင်မြင်ဖူး၍ ပြည်ပိုင်အစိုးရမင်းတို့ မြန်မာနိုင်ငံအသင်းတို့က ချီးမြှင့်အပ်သော လက်မှတ်အများရသော မဟာလဒ္ဓလဉ္ဆနဂုဏ်၊


     ဂျော့ဘုရင်မင်းမြတ်ကိုယ်စား အိန္ဒိယဘုရင်ခံချုပ်မင်း မြန်မာ နိုင်ငံဘုရင်ခံမင်းတို့ လှူဒါန်းအပ်သော အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ မဟာသံဃရာဇာ သာသနာပိုင်ဆရာတော်ဘုရားကြီးသည် ပရိယတ္တိ ပဋိပတ္တိဂုဏ်၊ ဇမ္ဗူကျွန်းကုန်ကျော်ကြားထင်ရှားပြီးသော ကိတ္တိသဒ္ဒရှိလေသည်နှင့် (၄ ) မြို့အတွင်းရှိ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်၊ ဂိုဏ်းသံဃာများ၊ အုပ်ချုပ်စီမံ ဆုံးမသြဝါဒပေးရန်၊ ချီးမြှင့်တော်မူအပ်သော(၄)မြို့ဂိုဏ်းချုပ် ကျွန်းရွာတောရဆရာတော်ဟူသော ဘွဲ့တံဆိပ်တော်၊ မြစ်ကွေခရိုင် သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဟူသော တတိယဘွဲ့တံဆိပ်တော်၊ 



၁၁၄။ သမာနသံဝါသက သိမ်သမုတ်ပုံပြခန်း

     ဤသို့စသော ဂုဏ်တော်များတွိ၏ တည်ရာဖြစ်သော မိုင်းခိုင်းဆရာတော်၊ ကျီဝန်ဆရာတော်၊ ရွှေရေးဆောင်ဆရာတော်၊ ဆရာတော် ဦးရန်ကုန်၊ မဟာဝိသုဒ္ဓါရာမဆရာတော်၊ မန်လည်ဆရာတော်၊ စလင်းဆရာတော်၊ ပုဂံအတွင်းဝန် သုဓမ္မာဆရာတော်၊ မင်းရွာဆရာတော် စသောဆရာတော်တို့၏သဒ္ဓိဝိဟာရိက အန္တေဝါသိကတပည့်။ (၄ ) မြို့ ဂိုဏ်းချုပ်-သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဘုရားကြီးသည် အဝိပ္ပဝါသကမ္မဝါစာမဖတ်ပဲ ဌာန်ကရိုဏ်း ပယတ်၊ ဗုဒ္ဓနဗုဒ္ဓိဆယ်ပါး ကျနပီပြင်စွာ သမာနသံဝါသက ကမ္မဝါစာကို ကျောက်ဆောက်ဂိုဏ်းအုပ် ဆည်ကုန်းဆရာတော်ကြီး၊ တောင်သာဂိုဏ်းအုပ် မြင်းတည်းဆရာတော်ဘုရားကြီးတို့ ပထမအကြိမ်ဖတ်တော်မူကြသတည်း။ 


     ထိုနောင် ပါဠိမြန်မာဝိနိစ္ဆယကျမ်းဂန်တို့၌ လေ့လာပြီးသော သီလ သမာဓိ ပညဝန္တ သပ္ပုရိသအင်္ဂါ ပြည့်စုံစွာသော ရေစကြိုမြို့ နဂါးရုံဆရာတော်ဘုရားသည် တစ်ပါးတည်း ထိုအတူ ဒုတိယအကြိမ် ဖတ်တော်မူသတည်း။


     ၎င်းနောက် ၄င်းဂုဏ်နှင့် ပြည့်စုံတော်မူသော ဟင်္သာတမြို့ ဓမ္မိကာရုံဆရာတော်ဘုရားသည် ထိုအတူ တတိယအကြိမ် ဖတ်တော်မူသတည်း။ 


     ထိုနောက် ထိုဂုဏ်လေးပါးနှင့် ပြည့်စုံတော်မူသော ရန်ကုန်မြို့ ဗင်္ဂလားတိုက် စကားဝါပင်ကျောင်းကြီး ဆရာတော်ဘုရားကြီးသည် ထိုအတူ စတုတ္ထအကြိမ် ဖတ်တော်မူသတည်း။ ထိုနောင် ထိုဂုဏ်လေးပါးနှင့် ပြည့်စုံတော်မူသော မဘဲဆရာတော် ပုသိမ်ဆရာတော်ဘုရားတို့သည် ပဉ္စမအကြိမ် ဖတ်တော်မူသတည်း။ 


     ထိုနောင် မဟာဓမ္မိကာရာမတိုက် ကျွန်းရွာကလေး ဆရာတော် ဝေဇယန္တာဆရာတော်၊ ကျွန်းရွာတောရ တိုက်အုပ် ဆရာတော်ဘုရားတို့သည် ဆဋ္ဌမအကြိမ် ဖတ်တော်မူကြသတည်း။ 


     ထိုနောင် ဟင်္သာတ ကျွန်းကုန်းဆရာတော်၊ ညောင်လေးပင် ဆရာတော်၊ ခံပင်ရွာဆရာတော်ဘုရားတို့သည် သတ္တမအကြိမ် ဖက်တော်မူသည်။ 


     ထိုနောင် တောင်တွင်းကြီးဆရာတော်၊ မြင်းခြံတပ်ကုန်း ဆရာတော်၊ မြင်းတည်းဆရာတော် တို့သည် အဋ္ဌမအကြိမ် ဖတ်တော်မူသည်။


     ထိုနောင် ထန်းပင်ကျန်ဆရာတော်၊ ပြည်ဆရာတော်၊ ပုသိမ်ဆရာတော်တို့သည် နဝမအကြိမ် ဖတ်တော်မူသည်။



၁၁၅။ အဝိပ္ပဝါသ သိမ်သမုတ်ပုံကို ပြခန်း

     ဤသို့ သမာနသံဝါသကသီမာ သမ္မုတိကံကို ကိုးကြိမ်ဖတ်တော်မူသတည်း။ ထိုနောင် ဆိုအပ်ပြီးသောဂုဏ်နှင့် ပြည့်စုံတော်မူသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိတ်တော်၊ (၄) မြို့ ဂိုဏ်းချုပ် သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဟူသော ဘွဲ့တံဆိပ်တော်သုံးတန် အလှူတော်ခံရသော (၄)မြို့ ဂိုဏ်းချုပ် သုဓမ္မာဝင် ကျွန်းရွာတောရဆရာတော်၊ ကျောက်ဆောက်-တိုက်အုပ်ဆရာတော်၊ တောင်သာဂိုဏ်းအုပ်ဆရာတော်တို့သည် ပစ္ဆာ တိစီဝရေန အဝိပ္ပဝါသော သမ္မန္နိတဗ္ဗော -ဟူသော ဝိနည်းမဟာဝါပါဠိတော်။ တဿာ ဒဠှီကမ္မတ္ထံ အဝိပ္ပဝါသကမ္မဝါစာပိ ကာတဗ္ဗာ-ဟူသော ၎င်းအဋ္ဌကထာတို့နှင့်အညီ အဝိပ္ပဝါသ သီမာသမ္မုတိ ကမ္မဝါစာကို သုံးကြိမ်ဖတ်တော်မူကြသတည်း။ 


     ထိုနောင် ရေစကြိုဆရာတော်၊ ဗင်္ဂလားဆရာတော်၊ ဟင်္သာတဆရာတော်တို့သည် ဒုတိယအကြိမ်၊


     တပ်ကုန်းဆရာတော်၊ ကျွန်းရွာဆရာတော် ဝေဇယန္တာဆရာတော်တို့သည် တတိယအကြိမ်၊ 


     တိုက်အုပ်ဆရာတော်၊ မြင်းတည်းဆရာတော်၊ တောင်တွင်းကြီးဆရာတော်တို့သည် စတုတ္ထအကြိမ်၊ 


     ညောင်လေးပင်ဆရာတော်၊ထန်းပင်ကျန်ဆရာတော်၊ ကျွန်းကုန်း ဆရာတော်တို့သည် ပဉ္စမအကြိမ်၊ အဝိပ္ပဝါသကမ္မဝါစာဖြင့် တဖန် သမုတ်တော်မူကြသတည်း။



၁၁၆။ သမာနသံဝါသက အဝိပ္ပဝါသသိမ်သမုတ်ကမ္မဝါ၌(သာ) ပါ မပါ နှစ်မျိုးရှိရာ−ပါမှ သင့်ကြောင်း ပြခန်း

     ဤသို့ဖတ်ရာ၌ သမာနသံဝါသကသိမ် သမုတ်ခန်း၌ နိဂုံးမှာ သမ္မတာ-နောင် သာ-ဟူသော သဗ္ဗနာမ်ပုဒ်-အချို့က မပါ။ အဝိပ္ပဝါသသိမ် သမုတ်ခန်း၌လည်း သမ္မတာ-နောင် သာ-မပါပဲ ရှိတတ်၏၊ သိမ်နုတ် ကမ္မဝါစာတို့၌ သော-ဟူ၍လည်းကောင်း၊ သာ-ဟူ၍ လည်းကောင်း ပါသောကြောင့် လည်းကောင်း၊ အက္ခရပရိဟီန ဖြစ်ရာ၌သာ အပြစ်ရှိ၍ ပိုရာ၌ အပြစ်မရှိကြောင်း သာဓကထုတ်ပြီး ရှိသောကြောင့်လည်းကောင်း ငါတို့စံကျောင်းဆက် ဆရာစဉ်ဟူသမျှ မပါလျှင်ထည့်၍ ဖတ်ရိုးပြုတော်မူကြသတည်း။ ငါတို့ကျေးဇူးရှင် မဟာဝိသုဒ္ဓါရာမဆရာတော်ကြီး၏ သမာနသံဝါသကသိမ်သမုတ်ခန်း နိဂုံး၌ သာ-မပါ၊ အဝိပ္ပဝါသသိမ်သမုတ်ခန်းနိဂုံး၌မူ သာ-သဒ္ဒါ ပါသတည်း။ 


     ၎င်းဆရာတော်ကြီး ပြင်ဆင်အပ်သော မဟာဝါ ပါဠိတော်၌မူ သာ- သဒ္ဒါနှစ်ချက်ပင် ပါသတည်း။ သာ-ရှေးစာ၌မူ ရှေး၌မပါ။နောက်၌ပါသတည်း။ ဆိုအပ်ပြီး အကြောင်းများကြောင့် ပါသည်သာကောင်းသတည်းဟု စံကျောင်းဆက်တို့ ယူပုံကို ပြဆိုချက်တည်း။ ကမ္မဝါစာဖတ်ရာ၌ မောင်းထောင် သာသနာပိုင် ဆရာတော်လည်း အထူးထူးအပြားပြား ဖတ်ကြောင်း။ ဆရာတော် ဦးဗုဓ်နှင့် စကားများ၍ ဦးဗုဓ်တခြားပင့်သွားရကြောင်း၊ ဒုတိယမောင်းထောင် သာသနာပိုင် ဦးဉေယျလည်း အထူးထူးအပြားပြားဖတ်ကြောင်း။ ခင်မကန်ဆရာတော်က ဘုရားမြတ်စွာ အတော်မောရှာမှာပဲဟု မိန့်ကြောင်း အဆင့်ဆင့် ဆရာတော်ကြီးများ မိန့်၏။


     ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် အကြိမ်ကြိမ် အထပ်ထပ် ဉတ္တိ ဒုတိယကမ္မဝါစာဖြင့် ဘုရင်ခံမင်းထံမှ ဝိသုံဂါမ-ရပြီးသော ကျောက်ဆောက်မြို့ ကျွန်းရွာ မဟာဓမ္မိကာရာမကျောင်းတိုက်ကြီး အရှေ့တောင်ထောင့်အရပ် အလျား အနံ အတောင် (၂၀) စီရှိသော သာသန ဇောတိကာ ခဏ္ဍသိမ်သည် ၁၂၈၂-ခု တန်ခူးလဆန်း(၁၂ ) ရက်နေ့ ည (၁၁) နာရီ အချိန်တွင် သဗ္ဗမင်္ဂလာ ဩဘာတံဆိပ် ခပ်နှိပ်ပြီးသောအသွင်၊ စည်မောင်းပတ်သာ၊ မင်္ဂလာစည်တော်ရွမ်း၍ နှစ်သိမ့်စေရာ ပြီးဆုံးသတည်း။ ထိုသို့ပြီးဆုံးသောအခါ-


     ကမ္မဝါစာပရိယာသာနေ နိမိတ္တာနံ အန္တော သီမာ ဟောတိ၊ နိမိတ္တာနိ သီမတော ဗဟိ ဟောန္တိ - ဟူသော မဟာဝါအဋ္ဌကထာ။ 


     ကမ္မဝါစာပရိယောသာနေ ယေဝ နိမိတ္တာနိ ဗဟိ ကတွာ ဟေဋ္ဌာပထဝီသန္ဓာရကံ ဥဒကံ ပရိယန္တံ ကတွာ သီမာ ဂတာ ဟောတိ-ဟူသော ၎င်းအဋ္ဌကထာ။ 


     သမာနသံဝါသကကမ္မဝါစာပရိယောသာနေယေဝ နိမိတ္တာနိ ဗဟိ ကတွာ နိမိတ္တာနံ အန္တောပမာဏေနေဝ သမာနသံဝါသကသီမာ စတုနဟုတာဓိကဒွိလက္ခယောဇနပုထုလံ မဟာပထဝိံ ဝိနိဝိဇ္ဈိတွာ ပထဝီသန္ဓာရကဥဒကံ ပရိယန္တံ ကတွာ ဂတာ။  အစရှိသော ဝိနယာလင်္ကာရဋီကာ (ပ၊ ၃၇၂။) တို့နှင့်အညီ အခေါင်းရှိသောအရပ်ကို ချန်လှပ်၍ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီရွှံမြေ ကျောက်မြေကို အကုန်နှံ့၍ သက်ဝင်ပြီး နောက် အောင်မြင်ပြီးစီးခြင်းသို့ ရောက်သတည်း။


     ထိုအခါ သီမာသမ္မုတိကံ စီမံမင်္ဂလာ ပြီးစီးသောအခါ များစွာ သောင်းသောင်း လူအပေါင်းတို့သည် ကောင်းချီးသြဘာ ထောမနာဖြင့် ကောလာဟလဖြစ်စေရန် ရည်သန်ပြီးလျင်သေနတ်အများဖောက်ခြင်း၊ ကြေးစည်ခေါင်းလောင်း ကျောက်စည် တီးခတ်ခြင်းတို့ကို နှစ်သိမ့်အားရစွာ ပြု၍ပြီးသတည်း။ ထိုနောင် ဆင်ယင် ကျင်းပအပ်သော မင်္ဂလာမဏ္ဍပ်၌ သီမာသမ္မုတိကံကို ဆောင်ရွက်သော ရဟန်းတော်ကုန်ပင့်ဖိတ်၍ သိမ်ဒါယကာ ဒါယိကာမများနှင့် တကွ၊ ရွာအနီးရှိပင့်ဖိတ်ရာပါ ဒါယကာ ဒါယိကာမတို့သည် သိမ်ရေစက်ချ အထူးထူးသော ဒါတဗ္ဗဝတ္ထုတို့ကို သရဏဂုံ ငါးပါးသီလ ယူပြီးလျှင် ကျွန်းရွာတောရ ဆရာတော်ဘုရားကြီး ရေစက်ချ၊ ဆုတောင်း၊ အမျှဝေ သက်သေထားခြင်းကို ပြုစေသတည်း။ 

ထိုနောင် ဗင်္ဂလားဆရာတော် ဘုရားသည် သိမ်တရားဟော၍ အပြီးသို့ရောက်သတည်း။ 


     ဤကား အများသော ပညာရှိတို့ နည်းနာနယ ယူကြစေရန် ရည်သန်ပြီးလျှင် ငါတို့ မဟာဇောတိကာ သိမ်သမုတ်ခန်းကို ရေးသားအပ်ပြီး စာတမ်းကျောက်စာကို ထည့်သွင်းဖော်ပြလိုက်သတည်း။

     သိမ်သမုတ်ပုံ နည်းမျိုးစုံဋီကာပြီး၏ ။ 



၁၁၇။ သိမ်အောင်ကျောက်စာပါဌ် နိဿယ

မဟာဓမ္မိကာရာမကိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘွဲ့တံဆိပ်တော်ရ

သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ကြီးရေး

သိမ်အောင်စာ

၁။ အနန္တလောကဓာတုမှိ၊ လဒ္ဓါလောကော မပာာဇနော၊ 

    ရဝိန္ဒောဘာယ ယံ ဇနော၊ ဇိနောဘာယ ယထာ တထာ။


၂၊ သုဒ္ဓါ လောကော သုဒ္ဓါသယော၊ အာဟစ္စ ဇိနသာသနေ။ 

    သဒ္ဓေယျာ စလသဒ္ဓါယ၊ မဟာဇနော သုသဏ္ဌိတော။ 


၃။ သမ္မာဒိဋ္ဌိကုလေ ဇာတော၊ ဇနော အစလသဒ္ဓယာ။

    သဒ္ဓမ္မဇောတိကာမော စ၊ သမ္ပန္နဟဒယော သဒါ။ 


၄။ တေဟာနုဂ္ဂဟိတဘာဝေန၊ ဂဏပါမောက္ခေဟိ တီဟိ စ။ 

    ဝိနယဒ္ဓရတ္ထေရေဟိ၊ ဝိညူပသတ္ထသီလိဟိ။ 


၅။ သဒ္ဓိံ တာလီသဘိက္ခုဟိ၊ မဟာဓမ္မိကရာမိကေ။ 

    သုလဒ္ဓဝိသုံ ဂါမမှိ၊ အင်္ဂလိဿရာန သန္တိကာ။


၆။ ဝေဒဂုဏယာမမ္ဗုဓိံ၊ သမ္ပတ္တေ ဇိနသာသနေ။ 

    ဒွါသီတာဓိကံ သက္ကေ စ၊ ဒွိသတေက သဟဿိကံ။ 


၇။ စိတြမာသဿ ဒွါဒသေ၊ သူရိယေ ဒသဃဏ္ဍိကေ။ 

    ဝိနယဿာနုလောမေန၊ အယံ သီမာ သုဗန္ဓိတာ။ 


(သာသနဝိသောဓနီ မဟာဇောတိကာ သီမာ ယံ သညာ။) 


သိမ်အောင်ကျောက်စာနိဿယ

     ၁။ အနန္တလောကဓာတုမှိ၊ အဆုံးမသတ် ခပ်သိမ်းသော လောကဓာတ်၌။ မဟာဇနော၊ သတ္တဝါသူ မျိုးဗိုလ်လူသည်။ ရဝိန္ဓောဘာယ၊ လရောင် နေရောင်ဖြင့်။ လဒ္ဓါလောကော၊ ကောင်းစွာရအပ်သော အလင်းရှိသည်သာလျှင်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထို့အတူ။ အယံဇနောပိ၊ ဤကျွန်းရွာသူ ကျွန်းရွာသား အပေါင်းသည်လည်း။ ဇိနောဘာယ၊မြတ်စွာဘုရား၏ အဆုံးအမတော်တည်းဟူသော ပရိယတ္တိ ပဋိပတ္တိသာသနာရောင်ဖြင့်။ လဒ္ဓလောကော၊ ကောင်းစွာ ရအပ်သော ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် အလင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ 


     ၂။ မဟာဇနော၊ ကျွန်းရွာသူ ကျွန်းရွာသားအပေါင်းသည်။ သုဒ္ဓါလောကော ၊ စင်ကြယ်သော သမ္မာဒိဋ္ဌိ ဉာဏ်အလင်းရှိသည့်အဖြစ်ကြောင့်။ သုဒ္ဓါသယော၊ စင်ကြယ်သော ဉာဏာသယ ရှိသည်အဖြစ်ကြောင့်။ ဇိနသာသနေ၊ ငါးမာရ်အောင်မြင် ဘုရားရှင်၏ သာသနာတွင်း၌။ အာဟစ္စ၊ ကိုယ်ရောစိတ်လိုက် လွန်စွာထိခိုက်၍။ သဒ္ဓေယျ၊ ရတနာသုံးတန် ကံနှင့်ကံကျိုး ငါးပါးသော သဒ္ဓေယျမျိုး၌။ အစလသဒ္ဓါယ၊ သောတာပန်အလား မတုန်မလှုပ်သော သဒ္ဓါတရားဖြင့်။ သုသဏ္ဌိတော၊ မြဲမြံခိုင်ခန့် ကြံ့ကြံ့မတိမ်း မယိမ်းမယိုင် တည်သည်။ ဟောတိ၊ ဖြစ်၏။ 


     ၃။ သမ္မာဒိဋ္ဌိကုလေ၊ ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိအမျိုး၌။ ဇာတော ရှေးပါရမီ စုံညီတုံငြား ဖြစ်ပွားသော၊ ဇနော ကျောင်းတိုက်ဒါယကာ ဘုန်းကြီးဘ-ရွာအုပ် ဦးလူပုံအမှူးရှိသော ကျွန်းရွာသူ ကျွန်းရွာသား အပေါင်းသည်။ အစလသဒ္ဓါယ၊ သောတာပန်အလား မတုန်မလှုပ်သော သဒ္ဓါတရားဖြင့်။ သဒါ၊အခါခပ်သိမ်း။ သမ္ပန္နဟဒယော၊ ပြည့်စုံသော စိတ်နှလုံးရှိသည်။ ဟောတိ၊ ဖြစ်၏။ 


     ၄။ တေဟိ၊ ထိုကျွန်းရွာသူ ကျွန်းရွာသား အပေါင်းတို့သည်။ အနုဂ္ဂဟိတဘာဝေန၊ ချီးမြှောက်ပင့်ဆောင်အပ်သည်၏အဖြစ် ကြောင့်။ ဂဏပါမောက္ခဟိ ၊ ဂိုဏ်းစီးနာယက ဂဏပါမောက္ခ ဖြစ်ကုန်သော။ ဝိညူပသတ္ထသီလီဟိ၊ ပညာရှိသူ ရှင်လူခပ်သိမ်းတို့ ချီးမွမ်းအပ်သော အလေ့အကျင့် သီလရှိကုန်သော။ တီဟိ၊ သုံးပါးကုန်သော။ ဝိနယဒ္ဓရထေရေဟိ၊ ဝိနည်းဓိုရ်မဟာထေရ်မြတ်ဖြစ်ကုန်သော ကျောက်ဆောက် ဂိုဏ်းအုပ် ဆည်ကုန်းဆရာတော်ဘုရားကြီး၊ တောင်သာဂိုဏ်းအုပ် မြင်းတည်း ဆရာတော်ဘုရားကြီး၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မြစ်ကွေ့ခရိုင် သုဓမ္မာဝင် ကျွန်းရွာတောရ-ဆရာတော် ဘုရားကြီးတို့သည်။ 


     ၅။ တာလီသဘိက္ခုဟိ၊ ကျောက်ဆောက်ဂိုဏ်းထောက် ကျွန်းရွာဆရာတော်၊ တောင်သာဂိုဏ်းထောက်-ဝေဇယန္တာဆရာတော်၊ကျွန်းရွာတောရ တိုက်အုပ်ဆရာတော် အစရှိကုန်သော လေးကျိပ်ကျော်ကုန်သော ဆရာတော် သံဃာတော်ရဟန်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ မဟာဓမ္မိကာရာမိကေ၊ ကျောက်ဆောက်ကျွန်းရွာ၊မဟာမ္မိကာရာမ ကျောင်းတိုက်ကြီးအတွင်း၌။ အင်္ဂလိဿရာနံ၊ မြန်မာနိုင်ငံတော်ကို စီရင်အုပ်ချုပ်တော်မူသော ဘုရင်ခံမင်းမြတ် (ဆာချား-လ်-အင်း-နစ်) ဟူသော အင်္ဂလိပ်အစိုးရမင်းတို့၏။ သန္တိကာ၊ အထံမှ။ သုလဒ္ဓဝိသုံဂါမမှိ၊ ကောင်းမွန်စွာ ရအပ်ပြီးသော ဝိသုံဂါမမြေအရပ်၌။ 


     ၆။ ဇိနသာသနေ၊ မြတ်ဘုရားသာသနာတော်နှစ်သည်။ဝေဒဂုဏယာမမ္ဗုဓိံ၊ (၂၄၆၄) ခုသို့။ သမ္ပတ္တေ၊ ရောက်လတ်သော်။ သက္ကေစ၊ မြန်မာဝေါဟာ ကောဇာသက္ကရာဇ်သည်လည်း။ ဒွါသီတာဓိကံ၊ (ဂ၂)ခု အလွန်ရှိသော။ ဒွိသတေကသဟဿိကံ၊ တစ်ထောင့်နှစ်ရာရှိသော နှစ်ပေါင်းသို့။ သမ္ပတ္တေ၊ ရောက်လတ်သော်။ 



     ၇။ စိတြမာသဿ၊ တန်ခူးလ၏။ ဒွါဒသေ၊ တစ်ဆယ့်နှစ်ရက်မြောက်သောနေ့၌။ ရဝိဝါရေ၊ တနင်္ဂနွေနေ့၌။ ဒသဃဏ္ဍိကေ၊ ဆယ်နာရီအချိန်၌။ ဝိနယဿ၊ ဝိနည်းပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရ သီမာဝိနိစ္ဆယစသော ဝိနည်းပိဋကအား။ အနုလောမေန၊ လျော်သောအားဖြင့်။ အယံ သီမာ၊ ဤသာသနာဇောတိကာမည်သော ခဏ္ဍသိမ်ကို။ သုဗန္နိတာ၊ ကောင်းမွန်လှစွာ ပုဗ္ဗာစရိယ နည်းစုံပြ၍ ဉတ္တိဒုတိယ ကမ္မဝါစာဖြင့် သေချာမယုတ် သမုတ်ဖွဲ့ထားအပ်သတည်း။ 



၁၁၈။ ပုရတ္ထိမ ဋီကာ

     ဤသိမ်သမုတ်ခန်း၌ နိမိတ်ကြားရာမှာ အချို့ဆရာတော်တို့က ပူရတ္တိမာယ ဒိသာယ -ဟု ပူ၌ ဒီဃနှင့်။ ရတ္တိမာယ၌-တဝမ်းပူနှစ်လုံးဆင့်နှင့် နိမိတ်ကြားကြ၏။ အချို့ဆရာတော်ကြီးတို့ကလည်း ပုရတ္ထိမာယ-ဟု ပု၌ ဥရဿ။ ရတ္ထိမ-၌ ဒန္တဇ ပထမ တ၊ ဒုတိယ-ထသံယုဂ်နှင့်။ ပုရတ္ထိမာယ-ဟု ဖတ်တော်မူကြ၏။ ထိုနှစ်ဝါဒတို့တွင် ပထမဆရာတော်တို့ အလိုအားဖြင့် ပူရ-ပုဒ်၊ တိမပစ္စည်း ကြံတော်မူကြ၏။ ဒုတိယ ဆရာတော်တို့ အလိုအားဖြင့် ပုရတ္ထပုဒ်၊ ဏိမပစ္စည်း ယူတော်မူကြ၏။ အဘိဓာန်အဗျယဝဂ်၌ ပုရတ္ထာ ပဌမေ ပျထ-ဟု လာ၏။ ၄င်း၌ ပု-၌ ဥရဿ။ ရတ္ထ-၌ ဒန္တဇ ပထမ တဝမ်းပူ။ ဒုတိယ ထဆင်ထူး လာ၏။ ဤသို့လာရှိသည်မှာ တဝမ်းပူ,ထဆင်ထူးဟု သိကြောင်း သာဓက မဂဓဘာသာမှာ မရှိဟုဆိုစေကာမူ -


     ဝသ အစ္ဆာဒနေ နိဝသီယိတ္ထာတိ နိဝတ္တံ ဝတ္ထံ။ ကွစိဓာတူတိအာဒီနာ သ္တကာရသံယောဂဿ တ္တတ္တံ၊ ဧဝံ နိဝတ္ထဗ္ဗံ။(ကိတ်ရူပသိဒ္ဓိ။) 


     ပုရတ္ထိမော စ သော ကာယော စာတိ ပုရတ္ထိမကာယော။ (သမာသ်ရူပသိဒ္ဓိ)


     ပုရတ္ထံ ဘဝေါ ပုရတ္ထိမော။ ပုရတ္ထိမကာယော၊ ပုဗ္ဗကာယော (၎င်းရူပသိဒ္ဓိဋီကာ။) 


     ပုရတ္ထံ၊ ရှေး၌။ ဘဝေါ၊ တည်း။ ပုရတ္ထိမော၊ သည်။ 

(၎င်းဋီကာနိဿယ။) 


     ပုရတ္ထာသဒ္ဒေါ ပါစိယံ ဒိသာယံ ဣစ္စတ္ထေ ပုရတ္ထေ ဝက္ခမာနေ အဂ္ဂတော သမုဒ္ဓေ ဣစ္စတ္ထေ စ ပဌမေပိ အာဒိမှိ ဝတ္တတိ။ (အဘိဓာန်ဋီကာ ။) 


     သက္ကတကျမ်းဂန်တို့၌ အရပ်စသော အနက်ကိုဟောရာ ပုရသ္တ ပုဒ် လာရှိ၏။ ဒန္တဇ-သ၊ ဒန္တဇပဌမက္ခရာ တ -ဝမ်းပူနှင့်၊ သ္တ-သံယုဂ်ကို ဒန္တဇပဌမက္ခရာ တဝမ်းပူ ဒုတိယက္ခရာ ထဆင်ထူးနှင့်၊ တ္ထ -သံယုဂ်ပြု၍၊ နိဝတ္ထံ-ပုဒ်-ရုပ်ပြီးကြောင်း ရူပသိဒ္ဓိ၌လာသည်။ သက္ကတ ထောမမဟာနီဓိကျမ်း၌လည်း ပုရသ္တ၊ အဓျ ပုဝီဂ့ဗ္ဒသျာတေီ၊ အဂြတဣတျတေီစ၊ ဟုလာရှိ၏။ပုရသ္တ၊ ပုရသ္တသဒ္ဒါသည်။ အဓျ၊ နိပါတ်ပုဒ်သာတည်း။ပုရအဿာတိ၊ ပုရအဿဟူသော ပုဒ်တို့တွင်။ ပုရဒေသော၊ ပုရသဒ္ဒါကို ပုရပြု။ ပုရသ္တ၊ ပုရသ္တသဒ္ဒါသည်။ ဒိဒေိဂ့ကာလဋ္ဌိတေ၊ အရှေ့အရပ်ဟူသောအနက်၌လည်းကောင်း။ ပြထမာပဉ္စမီသတ္တမျန္တဿ၊ ပဌမာ ပဉ္စမီ သတ္တမီဝိဘတ် အဆုံးရှိသော ပုရသဒ္ဒဿ၊ ပုရသဒ္ဒါ၏။ အတ္ထေ၊အနက်၌လည်းကောင်း။ အဂ္ဂတဣတျတ္ထေစ၊ အဖျားဟူသော အနက်၌လည်းကောင်း။ သိယာ၊ ဖြစ်၏။ (၎င်းနိဿယ)


     ၎င်းထောမ မဟာနိဓိ-ကို ထောက်သော် သက္ကတ-လာ၊ ပုရသ္တကို မာဂဓ၌ ပုရတ္ထ-ဟု ဒန္တဇ ပဌမအက္ခရာ တဝမ်းပူ၊ ဒုတိယက္ခရာ ထဆင်ထူး၊ သံယုဂ်နှင့် ပြန်ဆိုသင့်သည်။ ပုရတ္ထံ ဘဝေါ ပုရတ္ထိမောဟူသော ရူပသိဒ္ဓိဋီကာကို ထောက်ပြန်လျှင်လည်း ပုရတ္ထိမော ရှိသင့်သည်ကို အမှန်သိနိုင်သည့်ပြင် ဤ၌ ဒိသာယ-ကို ငဲ့၍ ပုရတ္ထိမာယ-ဟု ဣတ္ထိလိင်ရှိသည်ကို ယုံမှားမရှိသိနိုင်၏။ ထို့ ကြောင့် ပုရတ္ထိမာယ- ဟု ပု-၌ ဥရဿနှင့် တ္ထိမာယ၌ ဒန္တဇ ပဌမက္ခရာ တဝမ်းပူ၊ ဒုတိယက္ခရာ ထဆင်ထူးနှင့်၊ သံယုဂ်တွဲ၍ ပုရတ္ထိမာယပုဒ် အမှန်ဖြစ်ကြောင်းကို ဧကန်ဒိဋ္ဌ သိကြရာသတည်း။ 


     ထို့ကြောင့် ငါတို့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးနှင့် ငါတို့သည်၊ ပုရတ္ထိမာယ-ဟု ဥရဿ ဒန္တဇ ပဌမက္ခရာ ဒုတိယက္ခရာ သံယုဂ်နှင့် အမြဲနိမိတ်ကြားခြင်းကို ပြုကြသတည်း။ 

     ပုရတ္ထိမပဒ ဋီကာ ပြီး၏။ 



၁၁၉။ ယာဝတာတျာဒိ ဋီကာ

     ယာဝတာ-ဟူသောပုဒ်၌ ယာ၀-တာ-ဟူ၍ လည်းကောင်း၊ ယာဝတာ-ဟူ၍ လည်းကောင်း၊ ယာဝနှင့် တာ-ကို ခွဲ၍လည်းကောင်း၊ တစ်ပေါင်းတည်းလည်းကောင်း ဖတ်ကြ၏။


     ကိံယတေ တတော ပရိမာဏတ္ထေ တ္တက ဝန္တု ပစ္စယာ-အစရှိ သောစကားကို တဒ္ဓိတ်ရူပသိဒ္ဓိ၌ ဆိုသောကြောင့် ယာဝတာ-ဟူ၍ ယာ-တွင် စဉ်းငယ်ရပ်ပြီးလျှင် ၀-နှင့် တာ-ကို တွဲ၍ ဖတ်ခြင်းသည် သင့်မြတ်၏။


     သမန္တာ-နောင် နိမိတ္တာ-ကိုလည်း နိ -၌ ဣသရကို ဖျောက်၍ နမိတ္တာ-ဟု ဖတ်ကြ၏။ အက္ခရပရိဟီနဖြစ်၍ ကံပျက်မည်။ အထောက် ကား ရှေး၌ ရှိပြီ။ 


     ကိတ္တိတာ၌-ကိတ္တဓာတု စု သံသဒ္ဒေ-ဟု ဓာတွတ္ထသင်္ဂဟ-လာရကား နှစ်သိမ့်စေလိုသဖြင့် ကောင်းစွာပြောဆိုခြင်း သံသဒ္ဒ-အနက် ဟောသတည်း။ သဒ္ဒနီတိ၌ သံသဒ္ဒနေ-ရှိခြင်း နိဿယ၌ တိုင်ပင်ခြင်း အနက်ပေးခြင်းတို့ကား ပါဌ်ပျက်အနက်ပျက်တို့သာတည်း။ 


     ဤသမာနသံဝါသကသီမာသမ္မုတိ နိဂုံး၌ သမ္မတာ သီမာသံဃေန -ဟု အချို့သော ပေစာ-မင်စာ-ဝတ်လဲကမ္မဝါစာ-ရွှေစာ-ဘုတ်အုပ်စာတို့၌ သာ-ဟူသော နိယတဝါစကပဒ -မပါပဲ ရှိ၏။ ဆိုအပ်ပြီးသော နည်းဖြင့် အက္ခရပရိဟီနအတွက် ကံပျက်စရာ ရှိသောကြောင့် မပါသောအချို့ ငါတို့စာဟူသမျှ ထည့်၍ထားခြင်း၊ ထည့်၍ဖတ်ခြင်းတို့ကို အမြဲပြုသတည်း။ 


     သမ္မုတိ-၌ -

     မု- ဗန္ဓနေ၊ ကီ။

(ဓာတွတ္ထသင်္ဂဟ)


     မူ-ဗန္ဓနေ။

(ဓာတုမာလာ) 


     သမ္မုတီတိအာဒိသု သံပုဗ္ဗ မု-ဓာတု သမ္မနနေ ဟောတိ။ 

(ဧကက္ခရကောသဋီကာ။) 


     သမ္မတောတိအာဒီသု နိစ္စံ။ 


     သံရှေးရှိသော မုဓါတ်၊ တိပစ္စည်း။ သ-ထက် နိဂ္ဂဟိတ်ကို အမြဲ ဝဂ္ဂန္တ မ-ပြု၍ သမ္မုတိ-ပြီးသည်။ ရှေးကနည်းယူဖတ်။ သမ္မုတိ ကောင်းစွာဖွဲ့ခြင်းကို (သဒ္ဒတ္တ)။ သမုတ်ခြင်းကို (အဓိပ္ပါယတ္ထ) ပေး။



၁၂၀။ ထပေတွာဒိ ဋီကာ

     ထပေတွာ-ဟူသောပုဒ်၌-ထပေါ စု ထပေန-ဟု ဓာတွတ္ထသင်္ဂဟ လာရကား ဒန္တဇ ဒုတိယက္ခရာ ထဆင်ထူးနှင့် ထပေတွာသာ အမှန်တည်း။ မုဒ္ဓဇ ဒုတိယက္ခရာ ဌဝမ်းဘဲနှင့် ဌပေတွာ ဟူ၍လည်းကောင်း၊ ဒန္တဇ စတုတ္ထက္ခရာ ဓအောက်ချိုက်နှင့် ဓပေတွာ-ဟူ၍လည်းကောင်း ရှိကြသည်ကား ပါဌ်ပျက်ချည်းဟု ဆိုရန်ရှိ၏။ သဒ္ဒနီတိ ဓာတုမာလာ၌လည်း မုဒ္ဓဇ ဒုတိယက္ခရာ ဌဝမ်းဘဲနှင့် ဌပဓာတ် မလာ၊ ဩပ ထပ ထပနေ-ဟု ဒန္တဇ ဒုတိယက္ခရာ ထဆင်ထူးနှင့် ထပဓာတ်သာ လာ သတည်း။ 


     သို့သော်လည်း ဝေါဋ္ဌဗ္ဗနံ-ဟူသောပုဒ်ကို ဝိ အဝ ထပန ပုဒ်ဖြတ်ပြီးလျှင် ဝိ၌ ဣ-ကိုချေ။ အဝကို-သြပြု။ ကပ်။ ထဆင်ထူးကို ဌဝမ်းဘဲပြု။ ဒွေဘော်ပြု။ ပ-စောက်ကို ဗ-ထက်ချိုက်ပြု။ ဒွေဘော်ပြု၍ ဝေါဋ္ဌဗ္ဗနံ ပုဒ်ပြီးကြောင်းကို ဆိုသောကြောင့် ဌပေတွာ-ဟု မုဒ္ဓဇ ဒုတိယ ဌဝမ်းဘဲနှင့်လည်း ဖတ်ရိုးပြုကြသတည်း။ နာထ နာဓ၊ ပြန်သည်ကို ထောက်သဖြင့်လည်းကောင်း၊ ဓပေတွာဟူ၍လည်း ဖတ်ကြသတည်း၊ ငါတို့ကား နာထဓါတ် နာဓဓာတ်၊ အသီးဓာတ်ရှိသကဲ့သို့ ထပဓာတ် ဓပဓာတ်ဟူ၍ အသီးမလာသောကြောင့် ဗျာပါရလွန်သည်ဟူ၍ မှတ်ထင်သတည်း။ 


     တွာပစ္စည်းကိုလည်း အချို့ ဆရာတို့ တဝါ-ဟုခွဲ၍ အများဖတ်ကြသတည်း။ ငါတို့ကျေးဇူးရှင် ဆရာတော်ကြီးတို့ကား တွာ-ဟူ၍ တွာပစ္စည်းအနေနှင့် ပေါင်း၍ဖတ်ရိုးသာ ရှိသတည်း။ ထ,ပေ,တွာ,ဟု 

ထ တစ်ပုဒ်၊ ပေ တစ်ပုဒ်၊ တွာ တစ်ပုဒ်ခွဲ၍လည်းကောင်း၊ ထပေ့ တွာ-ဟူ၍ ပေနောင် သံယုဂ်အတွက် အောက်မြစ်သံဖြင့်လည်းကောင်း၊


     ယထာ ဌာနေ တံ တဒေဝ အက္ခရံ ဘာသန္တေန အနုက္ကမာဂတံ ပဝေဏိံ အဝိနာသေန္တေန ကမ္မဝါစာ ကာတဗ္ဗာ -ဟူ၍လည်းကောင်း၊ 


     ယထာ ပါဠိယာ နိရုတ္တိံ သောဓေတွာ ဒသဝိဓာယ ဗျဉ္ဇနနိရုတ္တိယာ ဝုတ္တဒေါသေ ပရိဟရန္တေန ကမ္မဝါစာ ကာတဗ္ဗာ။ ဣတရထာ ဟိ သာဝနံ ဟာပေတိ နာမ-

ဟူ၍လည်းကောင်း၊ ပရိဝါ-ကမ္မဝဂ် အဖွင့် အဋ္ဌကထာလာသောကြောင့် ယခုကာလ နှုတ်တက်စဉ်အတိုင်း၊ ထပေတ် တွာ-ဟူ၍ တသတ် သံဖြင့်လည်းကောင်း၊ ထပေစ်တွာ-ဟူ၍ စသတ်သံဖြင့်လည်းကောင်း၊ ထပေတ်တဝါ-ဟူ၍ အများအတိုင်းလည်းကောင်း၊ ငါးမျိုးပင် ဖတ်သတည်း။ မုဒ္ဓဇ ဒုတိယက္ခရာဌဝမ်းဘဲနှင့် ဖတ်ရာ၌လည်း ရှေ့အတူ ငါးချက်စီပင် ဖတ်သတည်း။ ဒန္တဇ စတုတ္ထက္ခရာ ဓအောက်ချိုက်နှင့် ဖတ်ရာ၌လည်း ရှေးအတူ ငါးချက်ပင် ဖတ်သတည်း။ ဤသို့ တဆယ် ငါးကြိမ်ဖတ်သတည်း။ 


     ဂါမဉ္စ ဂါမူပစာရဉ္စ ၌ ဂါမံ စ-ဂါမူပစာရံ စ အချို့ ဆရာတို့-နိဂ္ဂဟိ တန္တနှင့်ဖတ်သည်။ ဂါမင်စ-ဂါမူပစာရင်စ အချို့ဆရာကို ငသတ်သံဖြင့် ဖတ်သည်။ ဂါမည်စ-ဂါမူပစာရည်စ -ဟု အချို့ဆရာတို့ ညသတ်သံနှင့် ဖတ်သည်။ ၎င်းသုံးချက်လုံးတို့၌ အချို့ ဆရာတို့ ဂါမူ-ဟု ဦဒီဃနှင့် ဖတ်သည်။ အချို့ဆရာဟို ဂါမု-ဟု ဥရဿနှင့် ဖတ်သည်။ 


     ဤသို့ နာနာဝါဒဖြစ်ရာ၌ သိထိလနှင့် ဓနိတ တစ်စုံ၊ နိဂ္ဂဟိတနှင့် ဝိမုတ္တ တစ်စုံ။ ၎င်းအက္ခရာ လေးမျိုးတို့သည် အချင်းချင်းပြောင်းလဲရာ ကံပျက်၏။


     ဒီဃနှင့် ရဿတစ်စုံ၊ ဂရုနှင့် လဟု တစ်စုံ၊ သမ္ဗန္ဓနှင့် ဝဝတ္ထိတ တစ်စုံ၊ ဤအက္ခရာခြောက်ခုတို့သည် အချင်းချင်း ပြောင်းလဲသော်လည်း ကံမပျက်။ 


ထိုကြောင့် ပရိဝါအဋ္ဌကထာ၌ - 

     သိထိလေ ကတ္တဗ္ဗေ ဓနိတံ,ဓနိတေ ကတ္တဗ္ဗေ သိထိလံ ဝိမုတ္တေ ကတ္တဗ္ဗေ နိဂ္ဂဟိတံ နိဂ္ဂဟိတေ ကတ္တဗ္ဗေ ဝိမုတ္တန္တိ ဣမာနိ စတ္တာရိ ဗျဉ္ဇနာနိ အန္တောကမ္မဝါစာယ ကမ္မံ ဒူသေန္တိ။ 


     ဣတရေသု ပန ဒီဃရဿဒီသု ဆသု ဗျဉ္ဇနေသု ဒီဃဋ္ဌာနေ ဒီဃမေဝ ရဿဋ္ဌာနေ စ ရဿမေဝါတိ (ပ)။ ဧဝံဝုတ္တေပိ ကမ္မဝါစာ န ကုပ္ပတိ။ ဣမာနိ ဟိ ဆ ဗျဉ္ဇနာနိကမ္မံ န ကောပေန္တိ- ဟု မိန့်အပ်၏။


     ဒီဃ ရဿ စသည်ရွတ်ရာ ကံမပျက်ဆိုရာမှာ အနုရူပဌာနကိုသာ ရည်သည်။ အနနုရူပဌာနဖြစ်ပါမူကား သဘာဝနိရုတ္တိလက္ခဏာ ပျက်သောကြောင့် ကံပျက်၏။ 


ထိုကြောင့် ပရိဝါ ဝိမတိဝိနောဒနီ၊ ဒု၊ ၃၁၅။ ၌ -

     တ-ကာရဿ ထ-ကာရံ အကတွာ ဝဂ္ဂန္တရေ သိထိလမေဝ ကတွာ ‘‘သုဏာဋု မေ’’တိအာဒိံ ဝဒန္တောပိ ဒုရုတ္တံ ကရောတိယေဝ ဌပေတွာ အနုရူပံ အာဒေသံ။ ယဉှိ ‘‘သစ္စိကတ္ထပရမတ္ထေနာ’’တိ ဝတ္တဗ္ဗေ ‘‘သစ္စိကဋ္ဌပရမဋ္ဌေနာ’’တိ စ ‘‘အတ္ထကထာ’’တိ ဝတ္တဗ္ဗေ ‘‘အဋ္ဌကထာ’’တိ စ တတ္ထ တတ္ထ ဝုစ္စတိ, တာဒိသံ ပါဠိအဋ္ဌကထာသု ဒိဋ္ဌပယောဂံ, တဒနုရူပဉ္စ ဝတ္တုံ ဝဋ္ဋတိ, တတော အညံ န ဝဋ္ဋတိ။ တေနာဟ ‘‘အနုက္ကမာဂတံ ပဝေဏိံ အဝိနာသေန္တေနာ’’တိအာဒိ။


     ဒီဃေ ဝတ္တဗ္ဗေ ရဿန္တိအာဒီသု ‘‘ဘိက္ခူန’’န္တိ ဝတ္တဗ္ဗေ ‘‘ဘိက္ခုန’’န္တိ ဝါ ‘‘ဗဟူသူ’’တိ ဝတ္တဗ္ဗေ ‘‘ဗဟုသူ’’တိ ဝါ ‘‘နက္ခမတီ’’တိ ဝတ္တဗ္ဗေ ‘‘န ခမတီ’’တိ ဝါ ‘‘ဥပသမ္ပဒါပေက္ခော’’တိ ဝတ္တဗ္ဗေ ‘‘ဥပသမ္ပဒါပေခေါ’’တိ ဝါ ဧဝံ အနုရူပဋ္ဌာနေသု ဧဝ ဒီဃရဿာဒိ ရဿဒီဃာဒိဝသေန ပရိဝတ္တေတုံ ဝဋ္ဋတိ, န ပန ‘‘နာဂေါ’’တိ ဝတ္တဗ္ဗေ ‘‘နဂေါ’’တိ ဝါ ‘‘သံဃော’’တိ ဝတ္တဗ္ဗေ ‘‘သဃော’’တိ ဝါ ‘‘တိဿော’’တိ ဝတ္တဗ္ဗေ ‘‘တိသော’’တိ ဝါ ‘‘ယာစတီ’’တိ ဝတ္တဗ္ဗေ ‘‘ယာစန္တီ’’တိ ဝါ ဧဝံ အနနုရူပဋ္ဌာနေသု ဝတ္တုံ။ သမ္ဗန္ဓံ, ပန ဝဝတ္ထာနဉ္စ သဗ္ဗထာပိ ဝဋ္ဋတီတိ ဂဟေတဗ္ဗံ - ဟု ဖွင့်တော်မူ၏။ ဝိနယာလင်္ကာရ၌လည်း ဤအတူဖွင့်၏။


     ဤ၌ ဂါမင်စ -ဟု ဟောရင်းဖြစ်လျက် ဂါမံစ -ဟု ရွတ်မူ၊ ဝိမုတ္တကို နိဂ္ဂဟိတရွတ်ရာကျသောကြောင့် ကံပျက်မည်။ ထိုအတူ ဂါမံစ ဟောရင်းဖြစ်ခဲ့သော်၊ ဂါမင်စ-ရွတ်မူ နိဂ္ဂဟိတကို ဝိမုတ္တရွတ်ရာကျသောကြောင့် ကံပျက်မည်။ ဂါမဉ္စ-စသည်၌ နောက်၌​စ-ဝဂ်နှောင်းသောကြောင့် ဉ-ဝဂ္ဂန္တသာ ရောက်ရမည်။ ဝဂ်တစ်ပါး င-ကာရန္တမရောက်နိုင်ကြောင်း (နျာသ ရူပသိဒ္ဓိ သဒ္ဒနီတိ) စသည် ဆိုကြသည်။ 


အချို့ ဆရာတို့က -

     နိဂ္ဂဟိတံ နာသိကဋ္ဌနဇံ င-ဉ-ဏ-န- မာ 

သကဋ္ဌာနိကာ၊ နာသိကဋ္ဌာနိကာ စ-

ဟု ရူပသိဒ္ဓိစသည် ဆိုသောကြောင့် ကာရီ ကာရိယ ဖြစ်ရကား နိဂ္ဂဟိတ်နှင့်ရွတ်လျှင် မည်သူမျှ ကြားမဝင်နိုင်၊ ကံမပျက်ဆိုကြ၏။ 


     အထက်ပါ ကမ္မဝါစာ အရာ၌ သဒ္ဒါဆရာတို့က ကံပျက်မှုကို မတားမြစ်နိုင်ရကား စကားရရုံသာ။ ယုံကြည်သင့် မှတ်နာသင့်သော စကားမဟုတ် ။ ဤစကားကို အမှန်စဉ်းစားစေလို၍ ရေးသည်၊ တပါးပုဂ္ဂိုလ်တို့ စကားကို ဖျက်လို၍မရေး။ 


     ထိုကြောင့် ငါတို့ကျေးဇူးရှင် ဆရာတော်ဘုရားကြီးများနှင့် တကွ ငါတို့သည် ဂါမဉ္စ ဂါမူပစာရဉ္စ -ဟု ဉမြီးတိုငဲ့၍လည်းကောင်း၊ ဂါမင်စ ဂါမူပစာရင်စဟု ယခုအသံထက်၊ င-သတ်သံသို့လိုက်၌လည်းကောင်း ဂါမည်စ ဂါမူပစာရည်စ ဟု သဒ္ဒါဆရာတို့ဖွင့်သော စဝဂ္ဂပရ-ညန္တကို ငဲ့၍ လည်းကောင်း၊ ဂါမံစ ဂါမူပစာရံစ-ဟု နိဂ္ဂဟိတန္တနှင့်လည်း ကောင်း၊ ဦဒီဃနှင့် ရှစ်ကြိမ်၊ ဥရဿနှင့် ရှစ်ကြိမ်၊ ပေါင်း(၁၆ )ကြိမ် ဖတ်ရိုးပြုတော်မူကြသတည်း။ (ဒီဃရဿဋီကာမှာ ဧကုပေါသထာ၌ ရေးခဲ့ပြီ။) 


     ဧသာ ဉတ္တိ-၌ အချို့ စာမှာ ဉာ၌ အာဒီဃနှင့် ရှိ၏။ အချို့ စာ မှာ ဉ၌ အရဿနှင့် ရှိ၏။ ဧသာ ဉတ္တီတိ သံဃော ဉာပေ တဗ္ဗောတိ ဝုတ္တ ဉာပနံ ဧသာ-ဟူသော ဝိနယာလင်္ကာရဋီကာကို ထောက်လျှင် ဉပ ဓာတ်မဟုတ်၊ ဉာဓာတ်ဖြစ်ကြောင်း သိရ၏။ ဉာပနံ-ဖွင့်သောကြောင့် ဏာပေပစ္စည်း ကြေသည်ကိုလည်း သိရ၏။

ထိုကြောင့် ဉာ၌ ဒီဃနှင့် ရှိခြင်းသည် သင့်မြတ်၏။ သံယုဂ်ရှိသော်လည်း ရဿမပြုရာ။ ယထာက္ကမံ ဒီယျတိ-စသော ပုဒ်များကဲ့သို့တည်း။



၁၂၁။ ဂါမ,ဂါပစာရ ယူပုံဋီကာ

     ဂါမဉ္စ ဂါမူပစာရဉ္စ-၌ အိမ်နှင့်တကွ အိမ်စည်းရိုး အတွင်းအရပ် သည် ဂါမမည်၏။ ရွာမှာ အရံရှိလျှင် အရံကို ဂါမူပစာရ၊ အရံမရှိလျှင် အရံထိုက်ရာ အရပ်၏အတွင်းကို ဂါမ။ အရံထိုက်ရာအရပ်ကို ဂါမူပစာရယူ။ စလင်းဆရာတော်,ကျီဝန်ဆရာတော် တို့မိန့်သည်။ အဒိန္နာဒါန် သိက္ခာပုဒ်မှာကဲ့သို့ ဂါမ ဂါမူပစာရမျိုးမဟုတ်။ ဂါမောယေဝ ဥပစာရော ပါမူပစာရော၊ အဝဓာရဏ ကမ္မဓာရည်းသမာသ်ပြု။ ထိုကြောင့် ဥပေါသထက္ခန္ဓက ဝဇိရဗုဒ္ဓိဋီကာ၌ အန္တရဃရသင်္ခါတံ ဂါမဉ္စ ဂါမူပစာရဉ္စ-ဟု ဖွင့်ဆိုသည်။ အန္တရဃရသင်္ခါတံ-ကို ဂါမ မှာစပ်။ ဂါမူပစာရံ-မှာ မစပ်ရ။ ဆိုလိုရင်းကား -


     အန္တရဃရသင်္ခါ တံ ဂါမဉ္စ၊ ဂါမဿ ပရိက္ခေပသင်္ခါတံ ဂါမူပစာရဉ္စ၊ အထ ဝါ ပရိက္ခေပါရဟဿ အန္တရသင်္ခါတံ ဂါမဉ္စ၊ ပရိက္ခေပါရဟသင်္ခါတံ ဂါမူပစာရဉ္စ ထပေတွာတိ ဧတ္ထယောဇနာ - ဟု ရေးလိုသည်။ 


     မန္တလေးရတနာပုံ ပဉ္စမသင်္ဂါယနာတင် မင်းတုံးမင်းတရားကြီး လက်ထက် စလင်းဆရာတော် ဦးကလျာဏက ဆင်တဲ ဆရာတော်အား ဂါမ၊ ဂါမူပစာရ၊ ဘယ်နဲ့တုံး။ မြို့ပဲ သိမ်သမုတ်ခဲ့ပါမယ်။ ရွာ,ရွာ၏ ဥပစာ ဘယ်နဲ့ထားမတုန်းဟု မေးမြန်းဖူးကြောင်း ကျီဝန်ဆရာတော် မိန့်ဖူး၏၊ ကေစိတို့ကား အရံရှိရာ ရွာကိုရည်၍ ဂါမကိုဟောသည်။ အရံမရှိရွာကိုရည်၍ ဂါမူပစာရကို ဟောသည်ဟု ဆိုကြ၏။ အဋ္ဌကထာနှင့် ဆန့်ကျင်ကြောင်း ဝဇိရဗုဒ္ဓိ၌ ပယ်၏။ ရှမ်းကလေးကျွန်းဆရာတော်ကား ရွာပါမှ ဝိသုံဂါမဖြစ်သည်။ မပါမဖြစ်ဟု ယူ၍ ရွာပါဝိသုံဂါမခံ၍ သမုတ်၏။ ရွှေကျင် မဟာဝိသုဒ္ဓါရာမတို့ပင် သဘောမကျ။ရွာကို အတွင်းပြု၍ အဝိပ္ပဝါသသိမ် သမုတ်ခဲ့လျှင် ၎င်းမသက်။ သမာနသံဝါသ ကမ္မဝါစာကား အလုံးစုံသက်၏။ အဓိပ္ပ ဝါသကား သမုတ်ပြီး သမနသံဝါသ သိမ်ပေါ်မှာ ဂါမ ဂါမူပစာရရှိသော်လည်းသက်၏။ ကျီဝန်ဆရာတော်၊ မိုင်းခိုင်းဆရာတော်တို့ မိန့်၏။ 


     ဤကား သိမ်ငါးလုံးတို့၌ သိသင့်သိထိုက်သော အရာဟူသမျှ အကျဉ်းချုပ်သွင်း၍ ရေးသားအပ်သော သိမ်ဋီကာ ပြီး၏။



၁၂၂။ ဗျဉ္ဇနဗုဒ္ဓိ ဋီကာ

     ဤသိမ်သမုတ်ခန်း ရဟန်းခံခန်း စသည်တို့၌ ဉတ်ကမ္မဝါစာ ဖတ်ရွတ်လိုသော ပုဂ္ဂိုလ်တို့သည် ဌာန်ခုနစ်ပါးကိုလည်းကောင်း၊ ကရိုဏ်းလေးပါးကိုလည်းကောင်း၊ ပယတ်လေးပါးကိုလည်းကောင်း၊ ဗျဥနဗုဒ္ဓိ ဆယ်ပါးကိုလည်းကောင်း၊ တတ်အပ်ကျသိအောင် နှုတ် လျှာ ကျိုး အောင် လေ့လာပြီးမှ ပရိသတ်အတွင်း ကမ္မဝါစာဖတ်ရာ၏။ ဌာန် ကရိုဏ်း စသည် အချိုးမကျပဲ သံဃာ့အလယ်ဝင်၍ ကမ္မဝါစာ ဖတ် ရွတ်သော် ဖျက်ဆီးလိုသော စေတနာမရှိသော်လည်း သာသနာပျက်စီးမည်။ 


     ဌာန်ခုနစ်ပါး၌ မုဒ္ဓဇပဌမ ဋနှင့် ဒန္တဇ တဝမ်းပူ၊ မုဒ္ဓဇ ဒုတိယ ဌဝမ်းဘဲနှင့် ဒန္တဇဒုတိယ ထဆင်ထူး။ မုဒ္ဓဇ တတိယ ဍရင်ကောက်နှင့် ဒန္တဇတတိယ ဒ-ထွေး၊ မုဒ္ဓဇ စတုတ္ထ ဎ-ရေမှုတ်နှင့် ဒန္တဇ စတုတ္ထ ဓအောက်ချိုက်၊ မုဒ္ဓဇ ပဉ္စမ ဏ-ကြီးနှင့် ဒန္တဇ ပဉ္စမ နငယ်တို့ကား ကွဲအောင်ရွတ်ရန် ခဲယဉ်းကြ၏။ ကွဲအောင် မရွတ်လျှင် သုဏာတုနှင့်ပင် ကံပျက်စီးတော့မည်ကား မလွဲတော့ချေ၊ ကံပျက်ကြောင်းကို ဆိုအပ်ပြီးသော အဋ္ဌကထာ

ဝိမတိဝိနောဒနီ၊ ဝိနယာလင်္ကာရတို့ကို ထောက်၍ သိနိုင်ရာသည်။ 


     မုဒ္ဓဇ အက္ခရာများကို ရွတ်ဆိုသော် လျှာကို အထက်သို့လိပ်၍ ရကောက်ကိုရွတ်သကဲ့သို့ ရွတ်ရာသည်။


     ဒန္တဇအက္ခရာများကို ရွတ်လိုသော် လျှာကိုတန်းတန်းမတ်မတ် ထား၍ လျှာဖျားကို အသက်သွားစဉ် အတွင်းအရပ်ကို နာနာထိအောင် သတိထား၍ ရွတ်ဖတ်ရာသည်။


     သိထိလအက္ခရာကား ပဌမက္ခရာငါးလုံးနှင့် တတိယက္ခရာ ငါးလုံးအားဖြင့် ပေါင်း ဆယ်လုံးတို့တည်း။ က-စ-ဋ-တ-ပ။ ဂ-ဇ-ဍ-ဒ-ဗ အားဖြင့် ပေါင်း ဆယ်လုံးတို့တည်း။ ဓနိတအက္ခရာကား ဒုတိယက္ခရာ ငါးလုံးနှင့် စတုတ္ထက္ခရာငါးလုံး၊ ပေါင်း ဆယ်လုံးတည်း။ ခ-ဆ-ဌ-ထ-ဖ၊ ဃ-ဈ-ဎ-ဓ-ဘ-အားဖြင့် ပေါင်းဆယ်လုံးတို့တည်း။ 


     ထိုကြောင့် ပရိဝါအဋ္ဌကထာ၊ ဝိနယသင်္ဂဟအဋ္ဌကထာတို့၌ - သိထိလံ နာမ ပဉ္စသု ဝဂ္ဂေသု ပဌမတတိယံ၊ ဓနိတံ နာမ တေသွေဝ ဒုတိယစတုတ္ထံ -ဟု မိန့်အပ်၏။ သဒ္ဒနီတိ သုတ္တမာလာ၌လည်း ဤအတူပင်တည်း။ 


     ပဉ္စမက္ခရာ ငါးလုံးနှင့် အဝဂ်ရှစ်လုံးအားဖြင့် တစ်ဆယ့်သုံးလုံးသော အက္ခရာတို့သည်ကား သိထိလ ဓနိတ ဥဘယမုတ္တကတည်း။ ထို့ကြောင့် ထိုအက္ခရာတစ်ဆယ့်သုံးလုံးကို ပြင်းပြင်းရွတ်သည်ဖြစ်စေ လျော့လျော့ ရွတ်သည်ဖြစ်စေ ကံမပျက်။ ဤကား ငါတို့အလိုတည်း။ 


     ရူပသိဒ္ဓိ စသည်တို့၌ကား ၎င်းအက္ခရာ တစ်ဆယ့်သုံးလုံးကို သိထိလတွင် ထည့်သွင်း၏။ ထိုကြောင့် ၎င်းကျမ်းတို့၌ - “ဝဂ္ဂဒုတိယစတုတ္တာ ဓနိတာပိ ဝုစ္စန္တိ၊ ဣတရေ သိထိလာတိ”ဟု ဖွင့်၏။ နိရုတ္တိဒီပနီ၌လည်း ထို့အတူပင်တည်း။ ၎င်းအက္ခရာ တစ်ဆယ့်သုံးလုံးကို ပြင်းပြင်းရွတ်မိသော် ကံပျက်၏- အဓိပ္ပာယ် ကျသောကြောင့်လည်းကောင်း၊ အဋ္ဌကထာ ဋီကာကြီးတို့၌ ကံပျက်လက္ခဏာကို မဆိုသောကြောင့်လည်း ကောင်း မသင့်ဟု မှတ်အပ်၏။ ထိုကြောင့် ၎င်းအက္ခရာ တစ်ဆယ့်သုံးလုံးကို ပြင်းပြင်းရွတ်သည်ဖြစ်စေ လျော့လျော့ရွတ်သည်ဖြစ်စေ ကံမပျက်။ နော တက္ကော။



၁၂၃။ ဓနိတ-နှုတ်မပြင်းပဲမရွတ်သင့်ကြောင်းသာဓက

     သိထိလ ဓနိတ အရာမှာလည်း သဘာဝသိဒ္ဓ အသံမျိုးယူ၍ ဓနိတအက္ခရာများကို နှုတ်ကမပြင်းပဲ သိထိလကဲ့သို့ ဖတ်ကြသည်ကို တွေရ၏။ ထိုသို့ ယူကြ ရွတ်ကြခြင်းသည် မသင့်။ ထိုကြောင့် ပုဂံမြို့ နန္ဒာမည်သော ကျောင်းတိုက်ကြီး၌ သီတင်းသုံးသော ဓမ္မသေနာပတိထေရ် စီရင်အပ်သော ကာရိကာကျမ်း၌ -

သိထိလေန အဂဠှေန၊ အထဒ္ဓေနေ၀ သဗ္ဗဒါ။ 

ဝစီပရောဂမုဒုနာ၊ ဝတ္တဗ္ဗေက္ခရာဘာဝတော - ဟု မိန့်၏။ 


     ထို စကားဖြင့် နှုတ်ဖြင့် ပြင်းပြင်းရွတ်အပ်သော အက္ခရာကို ဓနိတ ဆိုသည်။ နှုတ်ဖြင့် လျော့လျော့ ရွတ်အပ်သော အက္ခရာကို သိထိလ ဆိုသည်ဟု သေချာစွာ မှတ်အပ်၏။ နိရုတ္တိဒီပနီ၌လည်း ၎င်းနည်းအတိုင်း ဝစီပယောဂသိဒ္ဓ အသံဖြစ်ကြောင်း မိန့်ဆို၏။ ငါတို့ကျေးဇူးရှင် မဟာဝိသုဒ္ဓါရာမဆရာတော်ဘုရားကြီးလည်း ဃောသ အဃောသ တို့မှာ သဘာဝသိဒ္ဓ အသံဖြစ်ကြောင်း။ သိထိလ ဓနိတမှာ ပယောဂသိဒ္ဓအသံဖြစ်ကြောင်း မိန့်တော်မူ၏။ 


     ထိုသို့ ဌာန်ကရိုဏ်းတို့မှ ဖြစ်သော အသံနှင့်တကွသော လေကို ခံတွင်းပေါက်မှ အပသို့ မလွှတ်မူ၍ ခံတွင်းကိုပိတ်၍ နှာခေါင်းမှ ထွက်စေအပ်သော လေရှိသောဗိန္ဒုကို နိဂ္ဂဟိတ်ဆိုသည်။ ထိုကြောင့် ပရိဝါအဋ္ဌကထာ၌ - နိဂ္ဂဟိတန္တိ ယံ ကရဏာနိ နိဂ္ဂဟေတွာ အဝိဿ​ဇ္ဇေတွာ အဝိဝဋေန သုခေန သာနုနာသိကံ ကတွာ ဝတ္တဗ္ဗံ- ဟု မိန့်၏။


     ယင်းအဋ္ဌကထာ၌ နိဂ္ဂဟေတွာ-ကို အဝိဿဇ္ဇေတွာ ဖွင့်သည်။ အဝိဿဇ္ဇေတွာ-ကို အဝိဝဋေန မုခေန သာနုနာသိကံ ကတွာ-ဟု ဖွင့်သည်။ နိဂ္ဂဟိတ်သည် ရဿသုံလုံးကိုလည်းကောင်း၊ ယင်းနှင့်ယှဉ်သော ဗျည်းသုံးဆယ့်နှစ်လုံးကိုလည်းကောင်း မှီရကား ဌာန်ကရိုဏ်းကုန် ဆက်ဆံသတည်း။ ထိုကြောင့် ဌာန်ကရိုဏ်းကုန် ယူစေလို၍ ကရဏာနိ-ဟု ဗဟုဝုစ်နှင့် ဖွင့်ဆိုသတည်း။


     အဝိဿဇ္ဇေတွာ-ဆိုသည်မှာလည်း အပဖြစ်သော ခံတွင်းပေါက်သို့ အသံထွက်၍ မသွားအောင် မလွှတ်ပဲ ရွတ်ရမည်ဆိုလိုသည်။ ခံတွင်းပေါက်ကို ပိတ်မှပင် နှာခေါင်းပေါက်သို့ လေသွားသည်။နှာခေါင်းပေါက်သို့ လေသွားမှလည်း နာသိကဌာန်သို့ ရောက်သည်။ နှုတ်ခမ်းကို မပိတ်မူ၍ နှုတ်ခမ်းပေါက်မှ လေလွတ်၍ ရွတ်အပ်သော အက္ခရာကို ဝိမုတ္တ-ဆိုသည်။ ထိုကြောင့် ပရိဝါ အဋ္ဌကထာ၌ - 


     ဝိမုတ္တန္တိ ယံ ကရဏာနိ အနိဂ္ဂဟေတွာ ဝိဿဇ္ဇေတွာ ဝိဝဋေန မုခေန အနုနာသိကံ အကတွာ ဝတ္တဗ္ဗံ -ဟု မိန့်ဆိုသတည်း။ နိဂ္ဂဟိတ်နှင့် မယှဉ်သော ကြွင်းသောအက္ခရာစုကို ဝိမုတ္တဆိုသတည်း။


     သက်သက်သော ဒီဃသရစု၊ ဒီဃနှင့်ယှဥ်သော၊ ဗျည်းစုကိုဒီဃ-ဆိုသတည်း။ သက်သက်သော ရဿသရစု၊ ယင်းရဿနှင့် ယှဉ်သော ဗျည်းစုကို ရဿဆိုသတည်း။ ဆိုအပ်ပြီးသော ဒီဃ နှစ်မျိုး၊ သံယုဂ် နှောင်းသော ရဿမျိုး၊ နိဂ္ဂဟိတ်နှောင်းသော ရဿမျိုးကို ဂရု ဆိုသတည်း။ ဆိုအပ်ပြီးသော ရသနှစ်မျိုး၊ သံယုဂ်မှလည်းကောင်း၊ နိဂ္ဂဟိတ်မှလည်းကောင်း ကင်းသော ရဿမျိုးကို လဟုဆိုသတည်း။

ရှေ့ပုဒ် နောက်ပုဒ် သန္ဓိစပ်၍ ရွတ်ဆိုအပ်သော အက္ခရာစုကို သမ္ဗန္ဓ ဆိုသတည်း။ ရှေ့ပုဒ် နောက်ပုဒ် သန္ဓိမစပ် ပုဒ်ဖြတ်၍ ရွတ်ဆိုအပ်သော အက္ခရာစုကို ဝဝတ္ထိတ ဆိုသတည်း။



၁၂၄။ ထပေတဝါ မဖတ်သင့်ကြောင်းဋီကာ

     ယသ္မာ,တသ္မာစသည် ယသ္မိံ,တသ္မိံစသည်,သ္မာသ္မိံစသော ဝိဘတ်၊ သံယုဂ် စသည် နှောင်းရာ၌နောက်က သံယုဂ်ကို မငဲ့ပဲ ယသ္မာ တသ္မာ၊ တသ္မာ,တုဏှီ-စသည် ဖတ်သော အချို့ဆရာတော်ကြီး တွေ့ရ ကြားရဖူး၏။ နောက် မန္ဒဗုဒ္ဓိသမားကလေးတို့ကလည်း ၎င်းအတိုင်း အမှန်မှတ်၍ အတုလိုက်၍ ဖတ်သည်ကို ကြားရဖူး၏။ 


     ဂရုကန္တိ ဒီဃမေဝ, ယံ ဝါ အာယသ္မတော ဗုဒ္ဓရက္ခိတတ္ထေရဿ ယဿ နက္ခမတီတိ ဧဝံ သံယောဂပရံ ကတွာ ဝုစ္စတိ ဟူသော ပရိဝါ အဋ္ဌကထာကို ထောက်၍လည်းကောင်း၊ 


     ဒီဃော ဂရု အာ၊ ဤ၊ ဦ၊ ဘူ၊ ဓီ၊ မာ။ သယောဂပရော စ၊ ဝတွာဂန္တွာ၊ ယဿ နက္ခမတိ -ဟူသော သဒ္ဒနီတိကို ထောက်၍လည်းကောင်း၊ ပါရာဇိကဏ်အဋ္ဌကထာအစ ပဏာမ ပဉ္စမဂါထာ၌ - 


     ယသ္မိံ ဌိတေ သာသနမဋ္ဌိတဿ။ ပတိဋ္ဌိတံ ဟောတိ သုသဏ္ဌိတဿ - ဟု ဣန္ဒဝဇိရာ၊ ဥပေန္ဒဝဇီရာရော၍ဖွဲ့အပ်သော ဥပဇာတိဂါထာ အဖြစ်ဖြင့် အဋ္ဌကထာရေးသောကြောင့် လည်းကောင်း၊အဋ္ဌမဂါထာစတုတ္ထ ပါဒ၌ - ဒီပန္တရေ ဘိက္ခုဇနဿ ယသ္မာဟု ဣန္ဒဝဇိရာဂါထာပါဒ၊ ယသ်သ္မာဟု ဖတ်ရန် ဂရုရေးသောကြောင့်လည်းကောင်း၊ နဝမဂါထာအစပါဒ၌ တသ္မာ ဣမံ ပါဠိနယာနုရူပံ -ဟု ဣန္ဒဝဇိရာဂါထာပါဒ အဖြစ်ဖြင့် ရေးသောကြောင့်လည်းကောင်း - ဤသို့စသည် ပါဠိအဋ္ဌကထာ ဋီကာ စသည် အရာမကသောကျမ်းတို့၌ ယသ္မာ၊ တသ္မာ၊ ကတွာ စသောပုဒ်တို့မှာ ဒီဃ ဂရုအဖြစ်ဖြင့်သာ ဟောတော်မူ ရေး တော်ရကား သတိသမ္မောသအားဖြင့် ရေးကြ ဖတ်ကြသည်သာတည်း။ 


     အက္ခရာဆင့်ပုံသည် ဝဂ်တူ အက္ခရာဆင့်၊ ဝဂ်မတူ အက္ခရာဆင့် နှစ်မျိုးရှိသတည်း။ ဝဂ်တူအက္ခရာဆင့်မှာ သတ္တာ - စသည်တည်း။ ဝဂ်မတူအက္ခရာဆင့်မှာ ယသ္မာ တသ္မာ -စသည်တည်း။ ဝဂ်တူအက္ခရာဆင့်မှာ အထက်စာလုံးသံ မထွက်စေရာ။ ဝဂ်မတူ အက္ခရာဆင့်မှာ အထက်စာလုံးအက္ခရာ အသံကို ထွက်စေရမည်။ မှီရာသရမှာမူ အောက်အက္ခရာ၏ မှီရာသရဟုယူ။ ထို့​ကြောင့် မှီရာအာသရသံကို အောက်အက္ခရာမှာသာ ထွက်စေရသတည်း။ တသ္မာ -ကို ဖတ်စမ်းအပ်၏။ ထိုကြောင့် အနုက္ကမာဂတံ ပဝေဏိံ အဝိနာသေန္တေန-စသည် ပရိဝါ အဋ္ဌကထာဆိုသတည်း။ 


     ကတွာ၊ ဥက္လာပေါ၊ စသည်တို့တည်း။ ငါတို့ လက်ထက်၌ ပညာရှိ တံခွန်ထူ ပုဂ္ဂိုလ်ကြီးများထံ တပည့်ဝတ်ငါးပါးဖြင့် ပြည့်စုံစွာ မနေရဖူးသော ပုဂ္ဂိုလ်တို့သည်များသောအားဖြင့် ပေါ့လျော့သည်များ၏။ သိမ်သမုတ်ပွဲ၊ ရဟန်းခံပွဲစသော ကံကြီးကံငယ်ပွဲဟူသမျှ၌ပင် ဝိသဇ္ဇနီသံ ဈေးကောင်းသည်ကို သိရသည်များ၏။ ထိုဝိသဇ္ဇနီသံများဖြင့် သရဏဂုံပေးလျှင် သရဏဂုံမမြောက် ရဟန်းခံလျှင်မဖြစ်ဟု ပညာရှိအကျော် ဆရာတော်ကြီးများ မိန့်သံကိုနားဆတ်ဆတ် ကြားရဖူး၏။ ထို ကြောင့် “ဘန်တေ”ကို “ဘန်းတေ” ၊ “အဟံ” ကို“အဟန်း” "သော ဘာသေယျ”ကို "သော ဘာသေးယျ” “ဧ၀မေတံ”ကို "ဧးဝမေတံ” စသည်ရွတ်မူ ကံပျက်၏ဟု ရှေးဆရာတော်ကြီးများ အယူရှိကြောင်းကို သိအပ်၏။ 


     ဤသို့ အစမှစ၍ ယခုဝါကျတိုင် ရေးသားလိုက်ရသည်ကား . အတ္တုက္ကံသနလည်း မရှိ၊ ပရ၀မ္ဘနလည်းမရှိ၊ ဤစာကို ရှေးဘုန်း ရှေးကံ ပါရမီသန်၍ ကြည့်ရှုရသူများမှာ ကျကျနန မှန်မှန်ကန်ကန် ထိထိမိမိ ရှေးဆရာတော်များ ယူပုံဆပုံ လုပ်ပုံ ကိုင်ပုံ စသည်ကို ကိုယ်တွေကဲ့သို့ နည်းနာနယပေါင်း အနန္တတွေ့ရ သိရအောင် ရေးသားအပ်သော ဋီကာစာတမ်းမျှသာ ဖြစ်သတည်း။ 

၁၂၅။ သတ္တဗ္ဘန္တရ.ဥဒကုက္ခေပတို့၌ ဥပစာရ ထားပုံ ဋီကာ

     သင်္ကရဒေါသ၊ သမ္ဘေဒဒေါသ၊ အဇ္ဈောတ္ထရဏဒေါသ၊ သုံးပါးကို ထင်ရှားအောင် ရေးဦးအံ့၊ မြစ် သမုဒ္ဓရာ ဇာတဿရအိုင်တို့၌ ဥဒကုက္ခေပအဖြစ်ဖြင့် ကံပြုလိုသော ရဟန်းတို့မှာ သံဃာနှစ်သင်း တစ်ပြိုင်နက် ကံပြုလိုအံ့။ ပဌမ ဥဒကုက္ခေပ၊ ဒုတိယ ဥဒကုက္ခေပ၊ တတိယ ဥဒကုက္ခေပ-ဟူ၍ ဥဒကုက္ခေပ သုံးခုစာ ထားပြီးလျှင် ပဌမ ဥဒကုက္ခေပ၌ သံဃာတစ်သင်း ကံပြုရာ၏၊ ဒုတိယ ဥဒကုက္ခေပကို ဥပစာရအလို့ငှာ ထားအပ်၏၊ တတိယ ဥဒကုက္ခေပ၌ ဒုတိယသံဃာတစ်သင်း ကံပြုရာ၏၊ ထိုကြောင့် ဝိနည်းမဟာဝါအဋ္ဌကထာ ဥပေါသထက္ခန္ဓကအဖွင့် နှာ (၃၃၄)၌ သစေ ပနေတ္ထ ဗဟူ ဘိက္ခူ ဝိသုံ ဝိသုံ ကမ္မံ ကရောန္တိ, သဗ္ဗေဟိ အတ္တနော စ အညေသဉ္စ ဥဒကုက္ခေပပရိစ္ဆေဒဿ အန္တရာ အညော ဥဒကုက္ခေပေါ သီမန္တရိကတ္ထာယ ဌပေတဗ္ဗော - ဟု ဖွင့်တော်မူ၏။ ကင်္ခါဝိကရဏီအဋ္ဌကထာ နှာ (၉၁) ၌လည်း- သစေ ပန ဒွေ သံဃာ ဝိသုံ ဝိသုံ ဥပေါသထာဒိကမ္မံ ကရောန္တိ, ဒွိန္နံ ဥဒကုက္ခေပါနံ အန္တရေ အညော ဧကော ဥဒကုက္ခေပေါ ဥပစာရတ္ထာယ ဌပေတဗ္ဗော။ အယဉှိ သတ္တဗ္ဘန္တရသီမာ စ ဥဒကုက္ခေပသီမာ စ ဘိက္ခူနံ ဌိတောကာသတော ပဋ္ဌာယ လဗ္ဘတိ။ ပရိစ္ဆေဒဗ္ဘန္တရေ ဟတ္ထပါသံ ဝိဇဟိတွာ ဌိတောပိ ပရိစ္ဆေဒတော ဗဟိ အညံ တတ္တကံယေဝ ပရိစ္ဆေဒံ အနတိက္ကမိတွာ ဌိတောပိ ကမ္မံ ကောပေတိ, ဣဒံ သဗ္ဗအဋ္ဌကထာသု သန္နိဋ္ဌာနံ။ ဟု ဖွင့်တော်မူ၏။ 


     ထို ဝါကျတို့တွင် ကင်္ခါအဋ္ဌကထာ၌၊ ပရိစ္ဆေဒတော ဗဟိ အညံ အစ ဌိတောပိ -တိုင်အောင်သောစကားကို သာရတ္ထဒီပနီဋီကာ ပယ်သည်၊ မပယ်သင့်ချေ။ ဆိုအပ်ပြီးသော ပဌမ ဥဒကုက္ခေပ၌ သံဃာတစ်သင်း ကံပြုဆဲ။ ဒုတိယ ဥဒကုက္ခေပ-တစ်ခုစာကို မလွန်မူ၍ ကံပြုဆဲ၊ နှစ်ခုပြိုင် ကံပြုကြလျှင် ဒုတိယ ဥဒကုက္ခပကို-မလွန်က ပရိသတ်တိုးပွားခြင်း၊ သိမ်နယ်တိုးပွားခြင်းတို့ဖြင့် ကမ္မကောပ ပသင်္က ဖြစ်ရာသောကြောင့် ဆိုပေသည်။ ထိုကြောင့် ဒုတိယဌိတောပိ-အရ ကံပြီဆဲ သံဃာကိုသာ ယူရသည်။ ကံပြုဆဲမဟုတ်သော ရေချိုးခြင်း စသော အကြောင်းကြောင့် လာသောရဟန်းကို မယူရ။ ဤသို့ကင်္ခါအဋ္ဌကထာ၌ယူလျှင် မဟာဝါ အဋ္ဌကထာနှင့် တစ်ထပ်တည်းကျသောကြောင့် မသင့်မဟုတ်၊ သင့်သည်သာ။ ကင်္ခါဋီကာဟောင်းနှင့် သာရတ္ထဒီပနီဋီကာ ဒုတိယကြံနည်းသည် သင့်၏။ ထိုဝါကျတို့၌ ကံပြုဆဲ သံဃာနှင့် စပ်၍လာ၏။ ကံပြုဆဲဟုတ် မဟုတ် သံဃာနှင့်မဆိုင်၊ ငါတို့ကျေးဇူးရှင် ကျီဝန်ဆရာတော်လည်း ပဌမဥဒကုက္ခေပမှတပါး ဒုတိယ ဥဒကုက္ခေပ မလွန်မူ ဤကံပြုဆဲ ရဟန်းလည်း ကံပျက်စေ၏ဟု မိန့်တော်မူ၏။ သင့်လှပေသည်သာ။ ၎င်းဒုတိယ ဌိတောပိ – ၌ ပိသဒ္ဒါဖြင့်ပဌမဝါကျ၌ ပဌမဥဒကုက္ခေပ၌ ဟတ္ထပါသ်ကိုစွန့်၍ နေသောရဟန်း ကံပျက်စေသည်ဟု ပေါင်းသည်။ ( အဋ္ဌကထာအာဘော်။) 


     ဝိမတိအပရေဝါဒမှာ ကံပြုသောရဟန်း ဟုတ်မဟုတ်ကို ယူ၏။ ကံပြုဆဲသံဃာနှင့် စပ်ဆိုင်လျက် ဆိုရာဖြစ်၍ အဋ္ဌကထာနှင့်ပင် မညီရကား မသင့်။ 


     ဝိမတိ ဝိနယာလင်္ကာရတို့၌ ဥဒကုက္ခေပ သုံးပါးရှိရာ ဒုတိယ ဥဒကုက္ခေပ ဥပစာရရှိလျှင် ကံပျက်၏ဟုဆို၏။ ကံပြုဆဲ သံဃာနှစ်သင်းဖြစ်လျှင် မှန်ပေရာ၏။ ဒုတိယဥဒကုက္ခေပရှိ ရဟန်း ကံပြုဆဲမဟုတ်လျှင် မသင့်။ ဤ၌ -


     (၁) သီမာပေက္ခစိတ်ရှိမှ ဥဒကုက္ခေပသိမ်ဖြစ်၏။ တစ်ဝါဒ။ 


     (၂) ကံပြုဟုတ်မဟုတ် ရေတွင် ရဟန်းဆင်းလျှင် သိမ်ဖြစ်၏။ တစ်ဝါဒ။ 


     (၃) ရေတစ်ကျ သဲတစ်ကျမှ သိမ်ဖြစ်သည်။ တစ်ဝါဒ။ 


     (၄)အလိုလို ဘုရားခွင့်ပြုသည်မှစ၍ အမြဲဥဒကုက္ခေပ တစ်ခုစာစီ သိမ်ဖြစ်နေ၏။ တစ်ဝါဒ။ 


     (၅)ဝဂ္ဂကမ္မမှုကို စောင့်ရှောက်မှုနှင့် စပ်၍ ဟောတော်မူသော ကြောင့် ကံပြုဆဲမှ သိမ်ဖြစ်၏။ တစ်ဝါဒ။ 


     (၆) မြစ်ထဲ၌ ကံဆောင်မည်ဆင်းလျှင် ဤနေရာသိမ်ပဲဟု နှလုံးသွင်းလျှင် သိမ်ဖြစ်၏။ တစ်ဝါဒ။ 


     ထို (၆)ဝါဒတို့တွင် ပဌမဝါဒကား ဝိမတိ ဝိနယာလင်္ကာရတို့ ဝါဒ ဖြစ်သည်။ 


     ဒုတိယဝါဒကား ဝိမတိလာ အပရေဝါဒ ငါတို့ကျေးဇူးရှင် မဟာဝိသုဒ္ဓါရာမ ဆရာတော်တို့ ဝါဒ။


     တတိယဝါဒကား သီဟိုဠ်ကျွန်းရေး သီမာဝိနိစ္ဆယကျမ်း။ ပြည်မြို့ရေး သီမာဝိသောဓနီဆရာတို့ ဝါဒတည်း။ 


     စတုတ္ထဝါဒကား တိပိဋကပကိဏ္ဏကဒီပနီလာ ဝါဒ။ 


     ပဉ္စမဝါဒကား ဝဇိရဗုဒ္ဓိလာ အာစရိယဝါဒ။ 


     ဆဋ္ဌမဝါဒကား ကျေးဇူးရှင် ကျီဝန်ဆရာတော် နှင့် ဗန်းမော်ဆရာတော်တို့ ဝါဒ။ 


     ဤသို့ ဝါဒခြောက်မျိုး ကွဲပြား၏။ 


     ထိုသို့ကွဲပြားရာ ပဌမဝါဒမှာ ပါဠိ အဋ္ဌကထာ ဋီကာတို့၌ သီမာ ပေက္ခ အရိပ်မထင်။ လှေသွားဆဲ ကံပြုဆဲ ကံပြုရာ သီမာပေက္ခစိတ် မရှိနိုင်၍ အဋ္ဌကထာနှင့်မညီ။ 


     ဒုတိယဝါဒမှာ တတ္တကံယေဝ ပရိစ္ဆေဒံ -စသည်၌ ကံပြုဆဲ သံဃာ ကိုသာ အဋ္ဌကထာဆရာတို့ ဆိုသောကြောင့် လည်းကောင်း၊ ပါဠိအဋ္ဌကထာတို့၌ ဝဂ္ဂကမ္မနှင့်စပ်၍ ကံပြုဆဲသံဃာသာ လာသောကြောင့် လည်းကောင်း၊ ပါဠိအဋ္ဌကထာတို့နှင့်မညီ။ 


     တတိယဝါဒ၌ ဥဒကံ ဥက္ခိပိတွာ ခိပတိ ဧတ္ထာတိ ဥဒကုက္ခေပေါ-ဟု သတ္တမီ ဗဟုဗ္ဗီဟိ သမာသ်ပြု၌ ပရိစ္ဆိန္နံကို ပရိစ္ဆန္ဒိတုံ အရဟတိ ဖွင့်ရမည်။ ဋီကာတို့ကား မဖွင့်၊ ဤစကားဖြင့် ပိုင်းခြားထိုက်ရာ အရပ်အတွင်းသည် ဥဒကုက္ခေပသိမ် ဖြစ်၏။ ရေတစ်ကျ သဲတစ်ကျ ချမှ သိမ်ဖြစ်သည်မဟုတ်ရကား မသင့်။ ဂါမပဝေသန သိက္ခာပုဒ်ကိုလည်းထောက်ဟု ကျီဝန်ဆရာတော် မိန့်၏။


     သာသနာပိုင်ဆရာတော် ဦးဉေယျသည်လည်း အောက်နိုင်ငံသို့ သိမ်သမုတ်ကြွစဉ် မြစ်တစ်ခု၌ ဥပုသ်ပြုမည် စုဝေးရာ ဆရာတော်တစ်ပါးက ရေဖြင့်ပိုင်းခြားသည်ကို မြင်တော်မူသဖြင့် ငေါက်ငန်းကြောင်း၊ ရေသဲပစ်ချမှ ဥဒကုက္ခေပသိမ် ဖြစ်သည်ဟု မိစ္ဆာဝါဒ မဖြစ်ရမည်အကြောင်း မိန့်သည်ဟု ကျီဝန်ဆရာတော် မိန့်ဖူး၏။ 


     စတုတ္ထဝါဒမှာလည်း ဤသို့ ယူရာယူကြောင်း ပါဠိအဋ္ဌကထာ ဋီကာ အာဂုံယုတ္တိမရှိ။ ပါဠိတော်ရင်းမှာလည်း ကံပြုမှုနှင့်စပ်၍ လာရကား ပါဠိ အဋ္ဌကထာ ဋီကာတို့လာပုံနှင့် မညီ။ 


     ဆဋ္ဌမဝါဒမှာလည်း ပါဠိ အဋ္ဌကထာ အရိပ်အမြွက်မျှမထင် ယုတ္တိလည်းမရှိရကား အတ္တနောပတိမျှသာ။ 


     ပဉ္စမဝါဒသည်သာ ယုတ္တိတည်း။ အကြောင်းကား ပါဠိတော်ရင်း မှာ ကံကြီးကံငယ် ပြုဆဲအခါဖြစ်၍ ဝဂ္ဂကမ္မကို စောင့်ရှောက်စေခြင်းငှာ အပိုင်းအခြားထားကာမျှ ပညတ်တော်မူကာမျှ ဖြစ်သောကြောင့် လည်းကောင်း၊ အဋ္ဌကထာ အရပ်ရပ်၌ ကံပြုဆဲသံဃာသာ လာသောကြောင့်လည်းကောင်း၊ ဝဇီရဗုဒ္ဓိဋီကာနှင့် ညီသောကြောင့်လည်းကောင်းတည်း။



၁၂၆။ ဥဒကုက္ခေပဒအဇ္ဈောတ္ထရဏာဒိဋီကာ

     ထို ဥဒကုက္ခေပသိမ်၌ ကံပြုဆဲ သံဃာနှစ်သင်းတို့သည် ဒုတိယ ဥဒကုက္ခေပ-တစ်ခုစာကို မလွန်မူ၍ ကံပြုခဲ့သော် နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သည်မှစ၍ ယင်းထက်အလွန် သိမ်နယ်ချင်း ထပ်မိခဲ့သော် အဇ္ဈောတ္ထရဏ ဒေါသ -ဖြစ်၏။ နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်သည်မှ အောက်လျှော့၍ လက်တစ်သစ်,နှစ်သစ်မျှ သိမ်နယ်ချင်း ထပ်မိငြားအံ့ သမ္ဘေဒဒေါသသင့်၏။ သိမ်နယ်တွင်း ပေါက်ရောက်သော သစ်ပင် ချုံ နွယ် စသည် ကူးယှက် ထိပါးခဲ့သော် သင်္ကရဒေါသ -သင့်၏။ ထိုကြောင့် ဧကဝီသတိ ဘိက္ခူ၊ နိသီဒိတုံ သက္ကောန္တိ-ဟူ၍လည်းကောင်း၊ အတ္တနော သီမာယ ပရေသံ သီမံ သမ္ဘိန္ဒတိ-ဟူ၍လည်းကောင်း၊ အတ္တနော သီမာယ ပရေသံ သီမံ  အဇ္ဗေတ္ထရတိ-ဟူ၍လည်းကောင်း၊ ပရိဝါ အဋ္ဌကထာ စသည်၌ မိန့်သတည်း။ 


     ဥပေါသထက္ခန္ဓက အဋ္ဌကထာ၊ နှာ (၃၃၇) ၌လည်း -


     သီမာယ သီမံ သမ္ဘိန္ဒန္တီတိ အတ္တနော သီမာယ ပရေသံ ဗဒ္ဓသီမံ သမ္ဘိန္ဒန္တိ။ ပ။  ဧကရုက္ခောပိ စ ဒွိန္နံ သီမာနံ နိမိတ္တံ ဟောတိ, သော ပန ဝဍ္ဎန္တော သီမာသင်္ကရံ ကရောတိ, တသ္မာ န ကာတဗ္ဗော။ ဟု မိန့်သတည်း။ 


     ဗဒ္ဓသိမ်၌ နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်မှ အပ်သည်။ နဒီ,ဇာတဿရတို့၌ကား နှစ်ကျိပ်တစ်ယောက် မစည်းဝေးလောက်စေကာမူ ဥဒကုက္ခေပ အဖြစ်ဖြင့် အပ်၏။ ( စံကျောင်းဆရာတော်ဘုရားကြီး ဝါဒ။) ဝိမတိဝိနောဒနီ၊ ဝိနယာလင်္ကာရတို့၌ ရဟန်းလေးပါး စည်းဝေးလောက်သည်ကစ၍ ၎င်းထက်လွန်အောင် သိမ်နယ်ခြင်းထပ်လျှင် အာဇ္ဈောတ္ထရဏ၊ ၎င်းအောက် အယုတ် သိမ်နယ်ချင်းထပ်မိလျှင် သမ္ဘေဒ -ဟု အထူးကို ဆို၏။ သံဃာ့ကံ၌ အယုတ်ဆုံး သံဃာ့ကံမှာ ရဟန်းလေးပါး ရှိရသည်ကို နှလုံးပိုက်၍ ရေးဟန်တူလေသည်။ ကံပြုရာဌာန ကံပြုရဟန်းဌာနီကို ပိုင်းခြားရာတွင် ဌာနကိုပိုင်းခြားရာ ဖြစ်သည်။ သိမ်အရာလည်း ဖြစ်သည်။ ထို့ကြောင့် သိမ်အရာ သာဓကရသောဝါဒ -က သင့်မြတ်ရန် အကြောင်းရှိသည်။ ဤကား ငါတို့ စံကျောင်းဆက် ဆရာတော်ဘုရားကြီးများ အယူဝါဒပေတည်း။ 


     ဥဒကုက္ခေပ ဥဒကုက္ခေပချင်းမှာ ဆိုအပ်ပြီး အပြစ်သုံးပါးလုံးရနိုင်သည်။ သတ္တဗ္ဘန္တရနှင့် ဥဒကုက္ခေပမှာမူ တည်ရာဌာနချင်းကွဲပြားသည်ဖြစ်၍ အဇ္ဈောတ္ထရဏ သမ္ဘေဒ ဒေါသနှစ်ပါး မရနိုင်။ သစ်ပင် ချုံနွယ်စသည် ကူးယှက်ခြင်း သင်္ကရဒေါသသာ ရနိုင်သည်။ ဂါမနှင့် ဥဒကုက္ခေပလည်း အဇ္ဈောတ္ထရဏ သမ္ဘေဒ ဒေါသမရှိနိုင်။ ဆိုအပ်ပြီးသော သစ်ပင် ချုံ နွယ် ကြိုး ဝါး စသည် ကူးယှက်မှု သင်္ကရဒေါသသာ ရှိနိုင်သည်။ ဂါမနှင့် ဥဒကုက္ခေပ -မှာ လက်တစ်သစ်,နှစ်သစ် ကွာခြားသော်လည်း သင်္ကရမှုမရှိလျှင် ကံမြောက်၏။ ဥဒကုက္ခေပ -တစ်ခုစာ ထားဖို့မရှိ။ ထို့ ကြောင့် ဂါမနှင့် ဥဒကုက္ခေပအကြား ဥဒကုက္ခေပ တစ်ခုစာ ထားရမည်ဆိုသော ကျမ်းဆရာတို့ ဝါဒဟူသမျှကို မမှတ်သင့်။ သာဓက ရှေး၌ ဆိုအပ်ပြီ။ 


     ထို့ ကြောင့် ဥဒကုက္ခေပသိမ်၌ သံဃာနှစ်သင်း ကံပြုခဲ့သော်။ အကြား အတောင်တစ်ရာအောက် မနည်းကွာခြားစေ၍ ကံနှစ်ခုပြုရာ၏။ အကြောင်းကား ဥဒကုက္ခေပသိမ်သည် သံဃာပွားတိုင်းလည်း သိမ်နယ်ပွား၏။ သိမ်နယ်နိမိတ်ကို အမှန်အကန်သိဖို့ရန် ခဲယဉ်း၏။ ကျယ်လျှင် ဂရုဖြစ်ရကား မလွန်နိုင်၊ အောက်အရပ်ဒေသများ၌ အချို့မှာ ဤအရာသဘောမသက်ဝင်နိုင်၍ သိမ်ငြမ်းဆောက်မှု ခဲယဉ်းလျက်ရှိသည်ကို တွေ့ခဲ့ရဖူး၏။

     ဥဒကုက္ခေပ အဇ္ဈောတ္ထရဏာဒိဋီကာ ပြီး၏။



၁၂၇။ သတ္တဗ္ဘန္တရာဇ္ဈောတ္ထရဏာဒိဋီကာ

     တစ်ဘက်တစ်ဘက်အဖို့မှာ အတောင် (၁၉၆)တောင်၊ တစ်ရာ့ကိုးဆယ် ခြောက်တောင်ရှိ၍ ထုတ်ချင်းပေါက် (၃၉၂) တောင် သုံးရာကိုးဆယ်နှစ်တောင်ရှိသော သတ္တဗ္ဘန္တရသိမ်၌ ပဌမသတ္တဗ္ဘန္တရ။ ဒုတိယသတ္တဗ္ဘန္တရ။ တတိယသတ္တဗ္ဘန္တရ။ ခွဲခြားပြီးလျှင် ပဌမသတ္တဗ္ဘန္တရမှာ ကံပြုဆဲသံဃာ၊ ဒုတိယသတ္တဗ္ဘန္တရမှာ ဥပစာရ၊ တတိယသတ္တဗ္ဘန္တရမှာ ကံပြုဆဲသံဃာ။ ဤသို့ ကံပြုဆဲသံဃာ နှစ်သင်းဖြစ်ခဲ့သော် ဒုတိယသတ္တဗ္ဘန္တရကို မလွန်မူ၍တည်သော ကံပြုဆဲသံဃာသည်လည်းကောင်း၊ ပဌမသတ္တဗ္ဘန္တရမှာပင် ဟတ္ထပါသ်ကိုစွန့်၍ တည်သော ရဟန်များသည်လည်းကောင်း ကံကိုပျက်စေနိုင်၏။ 


     ရှေးဥဒကုက္ခေပသိမ်၌ ဆိုအပ်ပြီးသော နည်းအတိုင်းသိလေ။ အဇ္ဈောတ္ထရဏ-သမ္ဘေဒ သင်္ကရဒေါသတို့ကိုလည်း ရှေးအတိုင်း ဆ၍သိလေ။ 


     ထို သတ္တဗ္ဘန္တရသိမ်မှာ သံဃာနှစ်သင်း ကံပြုလိုလျှင် တစ်ခုနှင့် တစ်ခုအကြား၊ အတောင်လေးရာအောက် မနည်းကွာခြားမှ ကံပြုရာ၏။ ထိုဒေါသသုံးပါးတို့တွင် တစ်ပါးပါးမကင်းသော သိမ်၌ ကံနှစ်ခု တစ်ပြိုင်နက်ပြုလျှင် နှစ်ခုလုံးပျက်၏။ ရှေ့နောက်ကျလျှင် နောက်သိမ်ပျက်၏။ ဂါမ ဥဒကုက္ခေပတို့နှင့်သတ္တဗ္ဘန္တရမှာ ဥဒကုက္ခေပ နည်းအတိုင်းသိလေ 

     သတ္တဗ္ဘန္တရအဇ္ဈောတ္ထရဏာဒိဋီကာ ပြီး၏။



၁၂၈။ ဗဒ္ဓအဇ္ဈောတ္ထရဏာဒိဋီကာ

      ဂါမနှင့် ဗဒ္ဓသိမ်ဖြစ်သော ခဏ္ဍသိမ် မဟာသိမ်တို့မှာ နိဿယ နိဿိတဖြစ်သောကြောင့် အဇ္ဈောတ္ထရဏ -သမ္ဘေဒ-သင်္ကရဒေါသ သုံးပါးလုံးမရှိ။ ထို့ကြောင့် မဟာဝါအဋ္ဌကထာနှာ (၃၂၅)၌ ဟေဋ္ဌာ ပါသာဒေ ကိတ္တေန္တေဟိပိ ဘိတ္တိ စ ရုက္ခထမ္ဘာ စ န ကိတ္တေတဗ္ဗာ -အစ ရှိသော စကားကိုမိန့်သတည်း၊ ဗဒ္ဓချင်းသင်္ကရဒေါသစသည်ရှိသော်လည်း တစ်ဘက်ဘက်၌ တည်၍ တစ်ခုတည်းစည်းဝေး၍ နုတ်လျှင် ဝဂ်မဖြစ် ကျွတ်၏။ သီမာမာဠကေ -စသော အဋ္ဌကထာ၊ သာရတ္ထဒီပနီဋီကာထောက်။


     သတ္တဗ္ဘန္တရသိမ်နှင့် ဗဒ္ဓသိမ်ရောယှက်ရာ၌လည်းကောင်း၊ ဗဒ္ဓသိမ် နှင့် သတ္တဗ္ဘန္တရသိမ် ရောယှက်ရာ၌လည်းကောင်း၊ ဗဒ္ဓသိမ်နှင့် ဥဒကုက္ခေပသိမ် ရောယှက်ရာ၌လည်းကောင်း အဇ္ဈောတ္ထရဏ သမ္ဘေဒ သင်္ကရ - ဒေါသသုံးပါးလုံး သင့်ရာ၏။


     ထိုစကားကို ချဲ့ဦးအံ့-သတ္တဗ္ဘန္တရသိမ်အဖြစ်ဖြင့် တစ်သင်းသော သံဃာ ကံပြုနေဆဲအခါ အတောင်လေးရာအတွင်း ဌာနလောက်က ထိုသတ္တဗ္ဘန္တရသိမ်ကိုလွှမ်းမိုး၍ ရောစပ်၍လည်းကောင်း၊ သစ်ပင် စသည်ရောစပ်၍လည်းကောင်း ဗဒ္ဓသိမ် သမုတ်ခဲ့သော် ၎င်းသုံးပါး သော ဒေါသအတွက် ထိုဗဒ္ဓသိမ်ပျက်၏။ ရှေးအခါ ဗဒ္ဓသိမ်သမုတ်ခဲ့ဖူးသော ရွာ,နိဂုံး,မြို့ ,ဇနပုဒ်သည် နောင်အခါ ပျက်စီး၍ တောနယ် ဖြစ်လေ၏။ ထိုဗဒ္ဓသိမ်ရှိဖူးရာ သတ္တဗ္ဘန္တရ သိမ်အဖြစ်ဖြင့် ကံပြုရာ၌လည်း ထိုသုံးပါးသော ဒေါသအတွက် သတ္တဗ္ဘန္တရကံ ပျက်ရာ၏။ ယင်းတို့၌ သင်္ကရဒေါသမှာ ဗဒ္ဓသိမ် ဟောင်း၍ သံဃာရှိလျက် မသိမ်းသော်သာ ပျက်ရာ၏။

     သတ္တဗ္ဘန္တရဗဒ္ဓအဇ္ဈောတ္ထရဏာဒိဋီကာ ပြီး၏။


၁၂၉။ အတိဂမ္ဘီရသင်္ကရ ဒေါသဋီကာ

     ဥဒကုက္ခေပမှာလည်း ဗဒ္ဓသိမ်သည် ရေလွှမ်းမိုး၍ ကမ်းပြိုသဖြင့် မြစ်ဖြစ်၍သွားရာ၌ မြစ်ပြင်မှာ ဥဒကုက္ခပသိမ်အဖြစ်ဖြင့် ကံပြုကြရာ ဥဒကုက္ခေပ အပိုင်းအခြားသည် ဗဒ္ဓသိမ် အရပ်ကို လွှမ်းမိုးခြင်း၊ ရောစပ်ခြင်း၊ ထိုဗဒ္ဓသိမ်အရပ်၌ ကျောက်ချ၍ ထိုးဝါးစိုက်၍ ပြင်ပ၌ ကံပြုခြင်း စသည်ဖြင့် အပြစ်သုံးပါးကြောင့် ဥဒကုက္ခေပ၌ ကံပျက်ရာ၏။ ထိုဒေါသသုံးပါးတို့တွင် သင်္ကရဒေါသ၌ မှတ်ဖွယ်ရာကား - 


     သီမာမာဠကေ ဝဋရုက္ခော ဟောတိ, တဿ သာခါ ဝါ တတော နိဂ္ဂတပါရောဟော ဝါ မဟာသီမာယ ပထဝိတလံ ဝါ တတ္ထဇာတရုက္ခာဒီနိ ဝါ အာဟစ္စ တိဋ္ဌတိ, မဟာသီမံ သောဓေတွာ ဝါ ကမ္မံ ကာတဗ္ဗံ, တေ ဝါ သာခါပါရောဟာ ဆိန္ဒိတွာ ဗဟိဋ္ဌကာ ကာတဗ္ဗာ။  (ဝိနည်းမဟာဝါအဋ္ဌကထာ၊ ၃၂၇။) 


     အဓိပ္ပာယ်အကျဉ်းကား ခဏ္ဍသိမ် မဟာသိမ်နှစ်ခုလုံး၌ ထောက်၍တည်သော သစ်ပင်ရှိရာ၏။ ခဏ္ဍသိမ်၌ ကံပြုလိုလျှင် မဟာသိမ်၌ ရှိသောရဟန်းတို့ကို ဟတ္ထပါသ်သို့ ဆောင်ခြင်း၊ ထိုရဟန်းတို့၏ ဆန္ဒကိုဆောင်ခြင်း၊ ထိုရဟန်းတို့ကို သိမ်ပသို့ ထွက်စေခြင်း၊ ကူးယှက်သော အကိုင်းအခက်တို့ကို ဖြတ်တောက်ခြင်းဖြင့် သုတ်သင်၍ ကံပြုရာ၏ ဆိုလိုသည်။ 


     ခဏ္ဍသိမ်၌ ကံပြုလိုသဖြင့် မဟာသိမ်၌ရှိသော ရဟန်းတို့ကို ဟတ္ထပါသ်သို့ ဆောင်ခြင်းဖြင့် သုတ်သင်ရမည် ဆိုသည်မှာ ဂရုကအရာ၌ တည်သောအားဖြင့် ဆိုခြင်းဖြစ်သည်။ စင်စစ်အမှန် နေရာကျကား သစ်ပင်သစ်ကိုင်းတို့၌ ကိုင်သော ရဟန်းတို့ကိုသာ ဆောင်ရမည်။ မကိုင်ပဲ သိမ်အပြင်မှာ တည်သော ရဟန်းတို့ကို ဟတ္ထပါသ်သို့ ဆောင်ဖွယ်မရှိဟု ကေစိဆရာတို့ ဆိုကြောင်းကို ဝိမတိဝိနောဒနီ ဝိနယာလင်္ကာရတို့၌ ပြ၏။ သာရတ္ထဒီပနီ ဋီကာ၌လည်း ထိုမဟာသိမ်၌တည်သော ရဟန်းတို့သည် ထိုညောင်ပင်၏ အကိုင်းအခက် မြစ်ပျဉ်းတို့ကို မကိုင်ပဲတည်ခြင်းကိုပင် မဟာသီမသောဓန-ဟုဂဏ္ဌိပုဒ်တို့၌ ယူကြောင်းကို ပြ၏။ 




၁၃၀။ ကေစိဝါဒါဘောဂဋီကာ

     ထိုဆရာတို့၏အာဘော်ကား ခဏ္ဍသိမ်သည် သစ်ပင်သို့ လျှောက်၍ မဟာသိမ်သို့ သက်သည်မဟုတ်။ မဟာသိမ်သည်လည်း သစ်ပင်သို့လျှောက်၍ ခဏ္ဍသိမ်သို့ သက်သည်မဟုတ်။ ထိုကြောင့် သိမ်ချင်းချင်း မစပ်။ စင်စစ်ကား သစ်ပင်,သစ်ကိုင်း ၌ ကိုင်တွယ်သုံးသပ်သော ရဟန်းသာ သီမဋ္ဌကဖြစ်၍ ခဏ္ဍသိမ် မဟာသိမ်တို့၌ တည်သည်မည်သည်၊ သိမ်အပြင်မှာ တည်သော ရဟန်းတို့ကား သစ်ပင်သစ်ကိုင်းတို့၌ တည်သည် မမည်ကုန်။ ထိုကြောင့် သိမ်တပါး၌ တည်သည်လည်း မမည်။ ထိုကြောင့် သိမ်အပြင်၌ တည်သော ရဟန်းတို့ကို ပင့်ဆောင်ဖွယ်၊ ဟတ္ထပါသ်သွင်းဖွယ်မရှိ။ ဤကား ၎င်းဆရာတို့၏ အာဘောဂ။



၁၃၁။ ကေစိဝါဒသင့်ကြောင်း အတိဂမ္ဘီရတ္ထဋီကာ။

ထိုဆရာတို့၏ စကားသည် - 

     ဗဇ္ဈမာနာ ဧဝ ဟိ သီမာ ပမာဏရဟိတံ ပဒေသံ န ဩတရတိ။ ဗဒ္ဓသီမာယ ဇာတံ ယံကိဉ္စိ ယတ္ထ ကတ္ထစိ ဧကသမ္ဗဒ္ဓေန ဂတံ သီမာသင်္ချမေဝ ဂစ္ဆတီတိ။


     ဟူသော မဟာဝါ ဥပေါသထက္ခန္ဓက ဖွင့် အဋ္ဌကထာ (၃၂၇) နှင့် ညီ၏။ ထိုစကား မှန်၏။ သစ်ပင်သစ်ကိုင်းသို့ လျှောက်၍ သက်သော်သာ သိမ်ချင်းစပ်မည်။ တစ်သိမ်တည်း တည်သည် မည်သည်ဖြစ်၍ ယင်းသိမ်အပြင်၌ရှိသော ရဟန်းတို့ကို ဟတ္ထပါသ်သို့ ဆောင်ရန်ရှိသည်။ မစပ်က ဆောင်ဖွယ်ရှိ။ သိမဋ္ဌကဖြစ်သော သစ်ပင်သစ်ကိုင်းတို့၌ ကိုင်တွယ်သော ရဟန်းတို့ကိုသာ တစ်ပါးသောသိမ်၌ တည်သည်မည်သောကြောင့် ဟတ္ထပါသ်သို့ ဆောင်ဖွယ်ရှိသည်။ ဝိမတိဝိနောဒနီ ဝိနယာလင်္ကာရတို့၌ကား ဆိုအပ်ပြီး အဋ္ဌကထာနှင့် မညီသောကြောင့် မအပ်ဟု ပယ်၏။ ယင်းသို့ပယ်သော်လည်း ဆိုအပ်ပြီးသောနည်းဖြင့် အဋ္ဌကထာနှင့် ညီရကား ထိုကေစိဝါဒ ဂဏ္ဌိပုဒ်တို့၏ဝါဒသည် အသင့်ပင်တည်း။ 


     လိုရင်းပိဏ္ဍတ္ထအဓိပ္ပာယ်ကား ဂါမ၌ပေါက်သော သစ်ပင်သည် ဗဒ္ဓသိမ်၌တည်ခဲ့သော် ယင်း သစ်ပင်သည် ဗဒ္ဓမထောက်မီ ဂါမဋ္ဌ၊ ဗဒ္ဓထောက်သော် ဗဒ္ဓသီမဋ္ဌဖြစ်၍ သစ်ပင်သို့ လျှောက်၍ သစ်ပင်ရင်း တိုင်အောင် ဗဒ္ဓသိမ်ဖြစ်၏။ ဂါမသီမဋ္ဌမဟုတ်ပြီ။ ဗဒ္ဓသိမ်နှစ်လုံးတို့၏ အကြား ဂါမ၌ပေါက်သော သစ်ပင်သည် ဗဒ္ဓသိမ်နှစ်လုံးစလုံး ထောက်တည်အံ့၊ ယင်းသစ်ပင်သည် ဗဒ္ဓမထောက်မီ ဂါမသီမဋ္ဌ၊ ဗဒ္ဓထောက်လျှင် ဗဒ္ဓသိမဋ္ဌ၊ထို့ကြောင့် သစ်ပင်ရင်းမြေတိုင်အောင် ဗဒ္ဓသိမ်ဖြစ်၏။ ဂါမသီမဋ္ဌ မဟုက်ပြီ။ ဗဒ္ဓသိမ်၌ ပေါက်သော သစ်ပင်သည် ဂါမသိမ်၌ တည်ရာ၊ ဗဒ္ဓသိမ်ဂါမသိမ်တို့၌ ကြိုးနွယ် သစ်တုံးစသည် ကူးယှက်ရာတို့၌ ဤနည်းကိုမှီ၍ သိအပ်၏။ 


     ဤသို့သော အကျိုးအကြောင်း အာဂုံယုတ္တိကို သိမ်သမုတ်ခန်း သိမ်မသမုတ်မီ ဂါမခန်းတို့ကို ထောက်၍ သိနိုင်၏။ ဗဒ္ဓသိမ်၌ ဖီလာဖြတ်၍ သွားသော ကြေးနန်းကြိုး ကြေးနန်းတိုင် စသည်တို့သည် ဗဒ္ဓသီမဋ္ဌဖြစ်၍ မြေသို့ရောက်အောင် ဗဒ္ဓသိမဋ္ဌဖြစ်ကုန်၏။ ဗဒ္ဓသိမ် ဖြတ်၍မသွား၊ ဂါမချင်းသာ ဖြတ်၍သွားအံ့၊ ဂါမချင်းချင်း သင်္ကရ ဒေါသမရှိဖြစ်၍၊ ထိုကြေးနန်းတိုင် ကြေးနန်းကြိုးများသည် မိမိတို့ ဂါမခေတ်၌သာ မိမိတို့ ဂါမသိမ်ဖြစ်နိုင်၏။ တစ်ဂါမနှင့် တစ်ဂါမကူးယှက်ခြင်းအတွက် သင်္ကရဒေါသ မရှိနိုင်၊ ထိုကြောင့် ကြေးနန်းကြိုး ကြေးနန်းတိုင်ဖြတ်၍သွားသော ဂါမသိမ်တို့၌ သိမ်သမုတ်လိုသော ရဟန်းတို့သည် အသီးအခြား ဝိသုံဂါမ ခံနေဖွယ်မရှိ။ ဂါမခေတ် စသည်ကို စောင့်ရှောက်၍သာ သမုတ်နိုင်သည် ဆိုဖွယ်ရှိ၏။ 


     ထိုကြေးနန်းကြိုး ကြေးနန်းတိုင်တို့သည် အဝေးကလာရသည် ဖြစ်၍ ဗဒ္ဓသိမ်မထောက်ဘဲ လာမည်ခဲယဥ်း၏။ သံသယကင်းဖို့ ခဲယဉ်း၏ ဆိုငြားအံ့၊ ယင်းသို့လည်း မခဲယဉ်းကြလေ။ ထိုကြေးနန်းကြိုး ကြေးနန်းတိုင်စသည်တို့ကို ရဟန်းတို့ မကိုင်တွယ် မသုံးသပ်လျင် ကိစ္စပြီးစီးရာ၏။ သိမ်သမုတ်ရာဌန၌ မကိုင်တွယ် မသုံးသပ်ပဲ နေနိုင်ပါ၏ ဟု ဖြေဖွယ်ရှိ၏။ အခြားတပါးအရပ်က များစွာသော အရပ်ခပ်သိမ်း သွားသည်ဖြစ်၍ ထိုထိုအရပ်က ရဟန်းသံဃာတော်များ ထိုကြေးနန်းတိုင် ကြေးနန်းကြိုးများ ကိုင်တွယ်ဆဲရဟန်းသည် ထိုသိမ်သမုတ်ဆဲ အခါ မရှိဟု ဆိုနိုင်မည်လောဟု မေးဖွယ်ရှိ၏။ ဂါမတွင်ထောက်၍တည်သော ကြေးနန်းကြိုး ကြေးနန်းတိုင်တို့မှာ မိမိတို့ဂါမဘက်၌သာ မိမိတို့ ဂါမသိမ်ဖြစ်၍ မိမိတို့ဂါမဘက်၌ ရဟန်းတစ်ရာ ကိုင်တွယ်သော်လည်း တပါးဂါမတွင်းရှိ သိမ်ကို မဖျက်ဆီးနိုင်၊ တပါးသော ဂါမဘက်က ဗဒ္ဓသီမဋ္ဌ၊ မိမိတို့ဂါမဘက်က ဂါမဖြစ်ရာမှာ သံသယရှိဖွယ်မဖြစ်၊ မကိုင်တွယ်လျင် ကိစ္စချောနိုင်၏။ တပါးသော ဂါမဘက်က ဂါမ၊ မိမိတို့ ဂါမဘက်က ဗဒ္ဓသီမဋ္ဌ ဖြစ်ရာမှာလည်း မကိုင်တွယ်လျှင် ကံမပျက်နိုင်။


     တပါးသော ဂါမဘက်ကလည်း ဗဒ္ဓသိမဋ္ဌ၊ မိမိတို့ သိမ်နုတ်မည် သမုတ်မည်နေရာကလည်း ဗဒ္ဓသိမဋ္ဌဖြစ်ပါမူကား ကိုင်တွယ်မှုလည်း တဘက်က ရှိပါမူကား သံသယကင်းနိုင်ဖို့ မမြင်။ 


     ထိုကြောင့် ဤသို့ ကြေးနန်းကြိုးကြေးနန်းတိုင် ဖြတ်သွားရာ အရပ်၌ သမုတ်လိုပါမူကား ဝိသုံဂါမခံ၍ သမုတ်ခြင်းသာ သင့်မြတ်ရာ သတည်း။ 



၁၃၂။ ဝိမတိ ဝိနယာလင်္ကာရတို့ မသင့်ကြောင်းဋီကာ

     ဝိမတိ ဝိနယာလင်္ကာရတို့၌ ဂါမ၌ပေါက်သော သစ်ပင်၊ ဗဒ္ဓ၌ ထောက်သော်လည်း ဂါမအရင်းရှိ၍ ဂါမပင်။ ဂါမ,ဗဒ္ဓတို့၌ ဖြတ်၍တည်သော သစ်ပင် နွယ် ကြေးနန်းကြိုး စသည်တို့မှာ မိမိတို့ဘက်၌ မိမိတို့ သိမ်မည်၏ ဟု ဆိုတော်မူကြ၏။ အာဂုံ ယုတ္တိမရှိသောကြောင့် ဆရာတော်ကြီးများ နှစ်သက်တော်မမူကြကုန်။ 



၁၃၃။ သင်္ကရဒေါသအတိဂမ္ဘီရဋီကာ

     ခဏ္ဍသိမ် မဟာသိမ်တို့ကြား၌ စိုက်ထားအပ်သော သီမန္တရိက်၌ ရှိသော ရဟန်းသည် ခဏ္ဍသိမ် မဟာသိမ်တို့မှာ ကမ္မဝါစာဖြင့် ဖွဲ့အပ်သော ကပ္ပိယဘူမိ-ဖြစ်သည်နှင့် ၎င်းတို့၌ ကံကိုမဖျက်ဆီးနိုင်သော်လည်း မိမိတည်ရာ ဂါမခေတ်၌ ကံပြုသော ရဟန်းတို့၏ကံကို ဖျက်ဆီးနိုင်သည်။ ထိုကြောင့် မဟာဝါ အဋ္ဌကထာ (၃၂၄။)၌ -


     ဂါမခေတ္တေ ဌတွာ ကမ္မံ ကရောန္တာနံ ပန သီမန္တရိကာယ ဌိတာကောပေန္တိ -ဟု မိန့်အပ်ကုန်၏။



     ဥဒကုက္ခေပသိမ်၌ တစ်ဘက်မှ တစ်ဘက်တွင် သစ်ပင်ထောက်မှာ ဗဒ္ဓသိမ်နည်းတူ။ 


     နဒီနှင့် ဂါမ ဗဒ္ဓတို့စပ်သော အရာ၌ ရေ-ကမ်းနှစ်ရပ် စပ်၍ တည်သော သစ်ပင် သစ်တုံး တံတား ကြိုးနွယ် စသည်တို့၏ ရေမှ အထက်၌တည်သော အဖို့သည် ဂါမနှင့်စပ်အံ့၊ ဂါမသာ ဖြစ်၏။ ဗဒ္ဓနှင့်စပ်အံ့၊ ဗဒ္ဓသက်သက်သာ ဖြစ်၏။ နဒီနှင့်မရော။ ထို့ ကြောင့် ၎င်းအဋ္ဌကထာ (၃၃၅။) ၌ -


     ဗဟိ နဒီတီရေ ဇာတရုက္ခဿ အန္တောနဒိယံ ပဝိဋ္ဌသာခါယ ဝါ ပရောဟေ ဝါ နာဝံ ဗန္ဓိတွာ ကမ္မံ ကာတုံ န ဝဋ္ဋတိ- ဟု မိန့်၏။ ထိုစကားရပ်ဖြင့် ရေ ရေလွှမ်းရာ အရပ်သည် ကမ်းနှင့် မစပ်ပြီး ရေအရပ်၌ တည်သောသစ်ပင်၊ တံတား စသည် မြစ်သမုဒ္ဒရာ ဇာတဿရဖြစ်ကြောင်း ကမ်းနှင့် စပ်၍တည်သော ဝတ္ထုဟူသမျှသည် ဂါမ ဗဒ္ဓ ဖြစ်ကြောင်း ပြတော်မူသည်။ 


     ထိုကြောင့် ရေ၌တည်သော လှေ စသည်ကို ကြိုးလွန်စသည်တို့ဖြင့် ကမ်းတွင် တစ်ခုခု၌ ဖွဲ့ချည်အံ့၊ ဗဒ္ဓချင်း ဥဒကုက္ခေပချင်းစပ်ရာ၌ တစ်သိမ်တည်းစပ်၏-ဟု ဆိုရသကဲ့သို့ မဆိုသင့်။ လှေတိုင်အောင်သော အရပ်သည် ဂါမ၌ ဖွဲ့ချည်အံ့၊ ဂါမသာ။ ဗဒ္ဓ၌ဖွဲ့ချည်အံ့ ဗဒ္ဓသာ သက်သက်ဖြစ်၏။ ဋီကာတို့၌မူ ဗဒ္ဓချင်း ဥဒကုက္ခေပချင်း စပ်သကဲ့သို့ တစ်သိမ်တည်းစပ်၏ဟု ဆို၏။ အဋ္ဌကထာနှင့်မညီ။


     ထိုကြောင့် ရေ-ကမ်း နှစ်ရပ် စပ်၍တည်သော သစ်ပင် သစ်တုံး တံတားတို့၏ အနီး၌ ကံပြုအံ့၊ ကမ်း၏အနီး၌ ကံပြုသော ရဟန်း၏သိမ်သည် ကမ်းထက်သို့ တစ်ဆံချည်ဖျားမျှ မတက် သက်သက်ရေ၌သာ တည်သည်။ ထို့ကြောင့်-ရေကမ်းနှစ်ရပ် စပ်၍တည်သော သစ်,စသည်တို့၏အနီးတွင် ကံပြုရာ၌ ရေမှပေါ်နေသော သစ်ပင် သစ်တုံး တံတားတိုင်ကို မထိမကိုင်အံ့။ ထိုရေပေါ်၌ တင်သောသစ်ပင် စသည်တို့ကြောင့် သင်္ကရဒေါသ-ဖြစ်လေသလောဟု ယုံမှားသင်္ကာဘွယ်မရှိ။ 


ထိုကြောင့် ၄င်းအဋ္ဌကထာ၌ -


     အန္တောနဒိယံ ဗဒ္ဓအဋ္ဋကေပိ အန္တောနဒိယံ ဇာတရုက္ခေပိ ဌိတေဟိ ကာတုံ ဝဋ္ဋတိ။ သစေ ပန ရုက္ခဿ သာခါ ဝါ တတော နိက္ခန္တပါရောဟော ဝါ ဗဟိနဒီတီရေ ဝိဟာရသီမာယ ဝါ ဂါမသီမာယ ဝါ ပတိဋ္ဌိတော, သီမံ ဝါ သောဓေတွာ သာခံ ဝါ ဆိန္ဒိတွာ ကမ္မံ ကာတဗ္ဗံ -ဟူ၍ လည်းကောင်း။ သစေ အန္တောနဒိယံယေဝ သေတု ဝါ သေတုပါဒါ ဝါ, သေတုမှိ ဌိတေဟိ ကမ္မံ ကာတုံ ဝဋ္ဋတိ။ သီမံ သောဓေတွာ ကာတဗ္ဗံ။ အထ သေတုပါဒါ အန္တော, သေတု ပန ဥဘိန္နမ္ပိ တီရာနံ ဥပရိအာကာသေ ဌိတော, ဝဋ္ဋတိ။ (မဟာဝါအဋ္ဌကထာ၊ ၃၃၅။) ဟူ၍ ၄င်းဘွင့်သတည်း။ 


ထိုစကားမှန်၏ -


     မြစ်တွင်း၌တည်သော ငြမ်း သစ်ပင် တံတားတို့သည် ဂါမ ဗဒ္ဓတို့နှင့် တစ်စုံတစ်ခုသော ဝတ္ထုနှင့်စပ်သော်သာ သင်္ကရဒေါသဖြစ်ကြောင်းကို ပြတော်မူသည်။ သစ်ပင်စသော အချို့သော ဂါမ ဗဒ္ဓသိမ်တို့၏ အနီး၌တည်ရုံမျှဖြင့် သင်္ကရဒေါသဖြစ်ကြောင်း ပြတော်မမူ။ ထိုကြောင့် ရေမှပေါ်လာသော အရပ်နှင့် မစပ်မထိက၊ သင်္ကရဒေါသမရှိဟု နိဿံသယအားဖြင့် မှတ်အပ်၏။ 



၁၃၄။ သင်္ကရဒေါသ နာနာဝါဒ ဝိစာရဏဋီကာ

     ဝိမတိဝိနောဒနီ၌ကား ယင်းဆိုအပ်ကုန်သော သစ်စသည်တို့၏ အနီး၌ကံပြုက သင်္ကရဒေါသဖြစ်ကြောင်း ဆိုတော်မူ၏။သာသနာပိုင် ဦးဉေယျသည် ၄င်းဝိမတိအတိုင်း ယူ၏။ ရွှေကျင်ဆရာတော်ကြီးလည်း ၄င်းဝိမတိအတိုင်းယူ၏။ သီဟိုဠ်ကျွန်း ကလျာဏီသိမ် တံတားနှင့်စပ်၍ သီဟိုဠ်ကျွန်းက မြန်မာနိုင်ငံ ပညာရှိများထံ လျှောက်ထားရာ ၁၂၀၇-ခုနှစ်လောက်တွင် သာသနာပိုင် ဦးဉေယျက ၄င်းဝိမတိကို ကိုးကား၍ ၄င်းသိမ်မအပ်ကြောင်း ဝိနိစ္ဆယ ပါဠိဘာသာဖြင့် ရေးပေးလိုက်၏။ ၄င်းနောက် ခင်မကန်ဆရာတော်ထံ လျှောက်ထားရာ ရှေးအတိုင်း အဋ္ဌကထာများကို ထောက်ထား၍ ဝိမတိကိုပယ်ပြီးလျှင် ၄င်းသိမ်အပ်ကြောင်းကို ပါဠိဘာသာဖြင့် ရေးပေးပြန်၏။ ၄င်းနောက် ရွှေကျင်ဆရာတော်ကြီးများထံ လျှောက်ထားရာ ဝိမတိ-သာသနာပိုင် ဦးဉေယျအတိုင်း ထိုသိမ်မအပ်ကြောင်း ရေးပြန်၏။ ၁၂၂၇-ခု သီတင်းကျွတ်လတွင် သာသနာပိုင် ဦးဉေယျ ပြန်တော်မူသည်။ ၄င်းနှစ်တွင် ခင်မကန်ဆရာတော် ပြန်တော်မူသည်။ စလင်းဆရာတော် ဦးကေတု၊ ကျေးဇူးရှင် ကျီဝန်ဆရာတော်တို့ကား ခင်မကန်အတိုင်းယူ၏။ ပဌမ စလင်းဦးကလျာဏ ကျေးဇူးရှင် မိုင်းခိုင်းဆရာတော် စလင်းဆရာတော်တို့ကား ဦးဉေယျအတိုင်းယူ၏။ 


     ဤသို့ ကျေးဇူးရှင်ဆရာတော်ကြီးများပင် ဝါဒကွဲပြားသော်လည်း ငါတို့သည် မြတ်စွာဘုရား သာသနာတော်ကို ချီးမြှောက်လို၍လည်းကောင်း၊ မြတ်စွာဘုရားကို ပူဇော်လို၍လည်းကောင်း ရဟန်းခံလာသည်ဖြစ်ရကား ဆရာသမားတို့မျက်နှာကို မငဲ့သင့်ပြီ။ နောက်သားတို့လည်း အမှန်အကန် သိရသဖြင့် များစွာ အကျိုးရှိရကား အာဂုံခိုင်မာ မခိုင်မာ၊ သဘောယုတ္တိ ရှိ မရှိကို ဉာဏ်စွမ်းကုန် ထုတ်လျှက် ကြည့်ခဲ့သော် ခင်မကန်ဆရာတော်ဝါဒသည် ပါဠိ အဋ္ဌကထာနှင့်အလွန်တရာ ညီညွတ်ရကား သင့်သည် ဧကန္တပင်ဟု ငါတို့ယူသတည်း။



၁၃၅။ ရေနိမိတ်၌ နာနာဝါဒ ဝိစာရဏဋီကာ

     မစီးပဲတောင့်၍ တည်ရာအရပ်တိုင်အောင် နဒီသိမ်ပျက်သည်။ တောင့်၍တည်သော အရပ်တိုင်အောင် ဇာတဿရသိမ် ပျက်သည်။ စီးသွားသောအရပ်သာ နဒီသိမ်မြောက်သည်။ တောင့်၍ တည်ရာမဟုတ်သော အရပ်သာ ဇာတသာရသိမ်မြောက်သည်။ ဤ၌ နဒီသိမ် ဇာတဿရသိမ် ဆိုခဲ့ရာ၌ ဥဒကုက္ခေပ၏တည်ရာ လက္ခဏာနှင့် ပြည့်စုံသော မြစ် ထုံးအိုင် တို့ကိုယူ၊ သိမ်အသီး ရှိသည်ဟု မိစ္ဆာဝါဒ မဖြစ်စေလင့်။ 


     ရေနိမိတ် ပြုခြင်းငှာ တွင်းတူးရာ၌ တူးပေါက်ကို ပိတ်သော်လည်း တစ်ဘက်ဆည်ကန်၌ ရေကဲ့သို့ ၎င်းတွင်း၌ ရေကို နိမိတ်ပြုခြင်းငှာ အပ်၏ဟု အချို့ဆရာတို့ ယူတော်မူကြ၏။ တစ်ဘက်ဆည်ကန် ဆည်းသောအခါကဲ့သို့ ရရာမြေဖြင့် တူးပေါက်ပိတ်၍ ရေတည်လျှင် အပြစ်မရှိရာ။ သို့မဟုတ် စေး သောရွှံ့ညွှန်ဖြင့် ပိတ်ဆို့လိမ်းကျံက စင်စစ် အိုးနှင့်အလားတူရကား အပ်မည်မဟုတ်။ 


ထို့ ကြောင့် ၎င်းအဋ္ဌကထာ၊ (၃၂၂) ၌ -


      နိရုဒကေ ဌာနေ နာဝါယ ဝါ စာဋိအာဒီသု ဝါ ဥဒကံ ပူရေတွာ ဥဒကနိမိတ္တံ ကိတ္တေတုံ န ဝဋ္ဋတိ, ဘူမိဂတမေဝ ဝဋ္ဋတိ -ဟု မိန်တော်မူသတည်း။


     နိမိတ်ကြားပြီးနောက် ရေထပ်၍မလောင်းကောင်း။ (မိုင်းခိုင်း) ယခုကာလ ရေနိမိတ်လောင်းဖို့ တွင်းတူးရာ မပြုမပြင် ဖြည်းညှင်းသာယာစွာ တူးကြရ၏။ မပြုမပြင်ရဟု အရေးယူကြ၏။ 


     သို့သော်လည်း ဘာဇနဂတံ ဝါ-လာသော ကင်္ခါ အဋ္ဌကထာစကားနှင့် ဌိတံ ပန-စသော မဟာဝါအဋ္ဌကထာ၊ ကင်္ခါဋီကာသစ်တို့စကားကို ထောက်သော် နိမိတ်တွင် ရေကြာရှည်တည်အောင် ပြုပြင်လိမ်းကျံ ပါသော်လည်း အပြစ်မတင်ဟု ငါတို့ကျေးဇူးရှင် မိုင်းခိုင်းဆရာတော် မိန့်ဖူး၏။ သို့သော် ဆိုအပ်ပြီးသောနည်းဖြင့် ငါတို့ ရှေးကရေးသား ခဲ့သည့်အတိုင်း အလွန်အလေးပြုသင့်သော နိမိတ္တသမ္ပတ္တိအရာကြီး ဖြစ်သည်နှင့် ဂရု ဖြစ်နိုင်သည်သာ အကောင်းဆုံးတည်းဟု သဘောရသတည်း။ စံကျောင်းဆရာတော်ဘုရားကြီးကား ရေတည်အောင် မြေလိမ်းကျံလျှင် မအပ်ဟု မိန့်တော်မူ၏။



၁၃၆။ သစ်ပင်နိမိတ်၌ နာနာဝါဒ ဝိစာရဏဋီကာ

     သစ်ပင်နိမိတ် ကြားရာ၌လည်း အစောက်လက်ရှစ်သစ်။လုံးပတ် သီဟိုဠ်ကညစ်ရိုး ပမာဏရှိ၍ မြေ၌တည်ခြင်း၊ စိမ်းစိုခြင်း၊ အတွင်း၌ အနှစ်ရှိလတ္တံ့ ဖြစ်ခြင်း၊ ဤအင်္ဂါများနှင့် ပြည့်စုံသော သစ်ပင်ဖြစ်ခဲ့မူ သစ်ပင်နိမိတ် ကြားကောင်း၏။(အဋ္ဌကထာများ အဆို) နိမိတ်ကြားလုကာနီးမှ တခြားက သစ်ပင်ရွှေ့ခဲ့သော်လည်း နိမိတ်လောက်သော သစ်ပင်ဖြစ်ခဲ့မူ သစ်ပင် နိမိတ် ကြားအပ်၏။


     အကိုင်းအခက်သစ် ထွက်မှမဟုတ်။ ထိုကြောင့် မဟာဝါ အဋ္ဌကထာ ကင်္ခါဋီကာသစ်တို့၌ နဝမူလသာခါနိဂ္ဂမနံ အကာရဏံ -ဟု မိန့်၏။ 


     သာသနာပိုင် ဦးဉေယျတပည့် ပရက္ကမဆရာတော်သည် သာသနာပိုင်ကို ပရက္ကမချောင် သိမ်သမုတ်ပင့်၍ ပင်စည်ကို ဖြတ်၍ စိုက်ပြီးလျှင် နိမိတ်ပြု၍ သိမ်သမုတ်ခဲ့၏။ နောက်မှသိ၍ပြန်သမုတ်ရကြောင်း ကျီဝန်ဆရာတော် မိန့်၏။ 


     ဤသို့ မိန့်သည်၊ ပြန်သမုတ်သည်ကို ထောက်သော် ယင်းကဲ့သို့ ပင်စည်ကို ဖြတ်၍စိုက်ပြီး သိမ်နိမိတ် မကြားကောင်းဟု အဓိပ္ပာယ်ရောက်သည်။ သို့သော်လည်း ဋီကာသစ်၊ ၎င်းမဟာဝါ ဥပေါသထက္ခန္ဓက၌ လည်းကောင်း၊ ခန္ဒံ ဆိန္ဒိတွာ ရောပိတေ ပန ဧတံ ယုဇ္ဇတိ- ဟူသော စကားကို ထောက်လျှင် အပ်သည်ဟု မှတ်ရမည်။ ခဲယဉ်း၏။ ကြံကြလေဦးဟု ကျေးဇူးရှင် ကျီဝန်ဆရာတော် မိန့်ဖူး၏။ 


ထို စကားကို စဉ်းစားသော် -


     ရုက္ခနိမိတ္တေ – တစသာရော တာလနာဠိကေရာဒိရုက္ခော န ဝဋ္ဋတိ, အန္တောသာရော ဇီဝမာနကော အန္တမသော ဥဗ္ဗေဓတော အဋ္ဌင်္ဂုလော ပရိဏာဟတော သူစိဒဏ္ဍကပ္ပမာဏောပိ ဝဋ္ဋတိ, တတော ဩရံ န ဝဋ္ဋတိ, ပရံ ဒွါဒသယောဇနော သုပ္ပတိဋ္ဌိတနိဂြောဓောပိ ဝဋ္ဋတိ။ ဝံသနဠကသရာဝါဒီသု ဗီဇံ ရောပေတွာ ဝဍ္ဎာပိတော ပမာဏုပဂေါပိ န ဝဋ္ဋတိ။ တတော အပနေတွာ ပန တင်္ခဏမ္ပိ ဘူမိယံ ရောပေတွာ ကောဋ္ဌကံ ကတွာ ဥဒကံ အာသိဉ္စိတွာ ကိတ္တေတုံ ဝဋ္ဋတိ။ နဝမူလသာခါနိဂ္ဂမနံ အကာရဏံ။ ခန္ဓံ ဆိန္ဒိတွာ ရောပိတေ ပန ဧတံ ယုဇ္ဇတိ -ဟု ဝိနည်း မဟာဝါ အဋ္ဌကထာ (၃၂၀။)၌ လာသည်။


     ဤသို့လာရာတွင် ပဌမဝါကျဖြင့် အသားတည်းဟူသော အနှစ် မရှိသော သစ်ပင်မျိုးကို ပယ်တော်မူသည်။ 


     ဒုတိယဝါကျဖြင့် အတွင်း၌ အနှစ်ရှိဆဲ ရှိလတ္တံ့ သစ်ပင်မျိုးဖြစ်ခြင်း၊ ရွှင်လန်းစိမ်းစိုခြင်း၊ အစောက်လက်ရှစ်သစ်ရှိခြင်း၊ လုံးပတ် သီဟိုဠ် ကညစ်ရိုး ပမာဏ (ဝါ) လက်ပွတ်စူးရိုး ပမာဏ၊ (ဝါ) ဒူးလေးမြားတံ ပမာဏ၊ (ဝါ) ယိုးဒယားကညစ်ရိုး ပမာဏရှိခြင်း၊ အင်္ဂါလေးပါးကို ပြတော်မူသည်။ 


     စတုတ္ထဝါကျဖြင့် ၎င်းအင်္ဂါလေးပါးတို့တွင် အစောက် လက်ရှစ် သစ်၊ လုံးပတ် သီဟိုဠ်ကညစ်ရိုး ပမာဏအောက် ငယ်လျှင် မအပ်ကြောင်း ပြတော်မူသည်။ 


     သတ္တမဝါကျဖြင့် ၎င်းစိုက်ပျိုးထားရာမှ မြေ၌ရွေ့စိုက်လျှင် အခက် အညွှန့်မပေါက်စေကာမူ အပ်ကြောင်းကို ပြတော်မူသည်။ 


     အဋ္ဌမဝါကျဖြင့် ယင်းသတ္တမ ဝါကျက ထွက်လာသော စကားဖြစ်ရကား ပင်စည်ကိုဖြတ်၍ စိုက်သော် ဆိုအပ်ပြီးသော အင်္ဂါများနှင့် ပြည့်စုံစေကာမူ အမြစ်သစ် အကိုင်းအခက်သစ် ပေါက်မှအပ်ကြောင်း ပြတော်မူသည်။ 


     ဤသို့ အဋ္ဌကထာ ဋီကာသွားနှင့်တကွ ၎င်းတို့ အာဘော်တော် များကို ဒိဋ္ဌမျက်မြင်လောက် သိရပြီးနောက် ပင်စည်ကိုဖြတ်၍ စိုက်ပြီးလျှင် အသစ် အမြစ် အကိုင်းအခက် ထွက်မှပင် အပ်ကြောင်းကို သိနိုင်ရကား သာသနာပိုင်ဆရာတော် ဦးဉေယျ ပြန်၍ သမုတ်ခြင်းသည် ကောင်းမြတ်ပေရာ၏။ အကြောင်းကား အနှစ်ရှိသော သစ်မျိုးမှာ စိုက်လျှင်စိုက်ခြင်း အမြန် အကိုင်းသစ်ပေါက်ရန် ခဲယဉ်းလှသောကြောင့်တည်း။ (အယံ အမှာကံ ခန္တိ။ )


     နိမိတ်ကြားရာ၌ မေးသူ ဖြေသူ အတွင်းအပြင် နေချင်ရာက နေ၍ မေးနိုင် ဖြေနိုင်သည်။ကမ္မဝါစာမှာမူ အတွင်းကသာနေ၍ ဖတ်ရမည်။ ဋီကာသစ် ဖွင့်၏။ 



၁၃၇။ ခဏ္ဍနိမိတ်၌ ကင်္ခါဋီကာဝါဒမသင့်ကြောင်း ဋီကာ

     ခဏ္ဍနိမိတ္တ သိမ်အရာ၌ သုံးပါးသော နိမိတ်တို့ကို အစပြု၍ ရာ ထောင်မက များစွာသော နိမိတ်တို့ကို ခွင့်ပြုတိုင်း အစဉ်အတိုင်း ကြားပြီးလျှင် ရှေးဦးစွာ ကြားအပ်ပြီးသော ပဌမနိမိတ်ကို တဖန် ထပ်၍မကြားပဲ အကြားပြတ်စေ၍ သမုတ်အပ်သော သိမ်သာ ခဏ္ဍနိမိတ္တာ သိမ်မည်သည်မဟုတ်၊ သုံးခုလေးခုအစရှိသော နိမိတ်လောက်သော နိမိတ်တို့၏အကြား၌ နိမိတ်ကြားခြင်း မလောက်သော အခွံလျှင်အနှစ်ရှိသော ထန်း အုန်း စသော သစ်ပင် သစ်ငုတ် မြေပုံ သဲပုံတို့တွင် တစ်ပုံပုံကို လောက်သော နိမိတ်တို့၏ အကြား၌ နိမိတ်တစ်ခု ပြု၍,ကြား၍ သမုတ်အပ်သော သိမ်သည်လည်း ခဏ္ဍနိမိတ္တာသိမ်သာ မည်၏။ 


ဤကား ကင်္ခါအဋ္ဌကထာ၏ ယထာဘူတ အဓိပ္ပာယ်တည်း။ 


     ကင်္ခါဋီကာသစ်မှာမူကား နိမိတ်သုံးလုံးထား၍ ကြားလျှင် အကြား၌ နိမိတ်မလောက်သော သစ်ပင်စသည်ကိုထား၍ ကြားသော်လည်း ခဏ္ဌနိမိတ္တာသိမ်မဖြစ်၊ သိမ်အောင်၏။ အကြောင်းကား နိမိတ်လောက်သော နိမိတ်သုံးခု ရှိသောကြောင့်တည်း။ အဋ္ဌကထာတို့၌ကား သာမန်သာဆို၏။ ငါကဲ့သို့ ဝိသေသ မဆို။ ရိုကြောင့် ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍ ယူအပ်၏ -ဟု မိန့်ဆို၏။ ၎င်းဋီကာသစ်ဆရာသည် အန္တာပိ -စသော ဝါကျ၌ အန္တာပုဒ်၏သမ္ဗန်ကို ဒိန္နံ မိတ္တူပဂနိမိတ္တာနံ-ဟု ခံလိုရိပ်ရှိ၏။ တိဏ္ဏံ နိမိတ္တူပဂနိမိတ္တာနံ-ဟု သမ္ဗန်ခံမှ သင့်သတည်းဟု ကျီဝန်ဆရာတော် မိန့်၏။ စံကျောင်းဆရာတော်ကြီး စလင်းဆရာတော်ကြီးတို့ကား ကင်္ခါဋီကာသစ်စကား အဋ္ဌကထာနှင့် မညီ၍ ဆင်ခြင်ရန်ရှိသည်ဟု မိန့်တော်မူကြ၏။ 



၁၃၈။ သိမ်ကျောင်းနှင့်လှေကား စပ်၍ ထားသင့် မထားသင့်

     ယခုကာလ အချို့သော ဆရာတော်ကြီးတို့ကား ဂါမဗဒ္ဓစပ်၍ အပြစ်မရှိကြောင်း ကျမ်းဂန်လာသည်နှင့် သမုတ်အပ်ပြီး သိမ်ပေါ်၌ ဆောက်ထားအပ်သော ကျောင်းစသည်နှင့် သီမန္တရိက်နှင့်တကွ သီမန္တရိက်ပြင်ပရှိသော ကျောင်းလှေကား စသည်တို့ကို စပ်၍ထားကြကုန်၏။ နိမိတ်ပ သီမန္တရိက်နှင့် ပြင်ပအရပ်သည် ဂါမ ဧကန်စင်စစ် ဖြစ်ပါမူကား သံသယမရှိသင့်။ ၎င်းနှစ်ရပ်လုံး ဗဒ္ဓသိမ်ဖြစ်ခဲ့ပါသော် ထိ၍တည်သော် မအပ်ရာ။ 


ထို့ ကြောင့် ဝိမတိဝိနောဒနီ ဋီကာ၊ (ဒု၊ ၁၄၉။) ၌ -


      ဗဇ္ဈမာနက္ခဏေပိ တာသံ ရုက္ခာဒိသမ္ဗန္ဓေ သတိ တာ ဗန္ဓိတုံ န ဝဋ္ဋတိ -ဟု ဖွင့်တော်မူသတည်း။ 



၁၃၉။ သိမ်နုတ်ရာ၌ သတိပြုဖွယ်

     သမုတ်အပ်လတ္တံ့သော သိမ်နိမိတ်အတွင်းသို့ ဗဒ္ဓသိမ်ဟောင်း သည် တစ်တောင် တစ်ထွာ တစ်လက်သစ်အားဖြင့်သာလျှင် အပ၌ဝင်၍တည်ခဲ့သော် နိမိတ်ပ ၄-၅-၆-တောင် ကွာလှမ်း သော အရပ်တို့၌ လေးမျက်နှာပတ်လည် နုတ်ပြီးမှ သမုတ်ခြင်းသည်ကောင်း၏။ မနုတ်လျှင် မကောင်း။ 


     ထို့ ကြောင့် ဝိမတိဝိနောဒနီ၌-ဝိဟာရ ပရိက္ခေပဿ အန္တော အစရှိသော စကားကို မိန့်သတည်း။ ထိုစကား၌ သိမ်ဟောင်း ရှိမရှိ သိမှု မလိုလှ၊ တစ်ပါးနှင့်တစ်ပါး ဟတ္ထပါသ်ကို မစွန့်စေပဲ သင်္ကန်းစွန်းချင်းမျှလည်း မထိစေပဲ သိမ်တွင်းရှိ ရဟန်းများလည်း မကျန်စေပဲ သိမ်တွင်းသိမ်ပြင် ကူးယှက်သော ဝတ္ထုများလည်း မရှိစေပဲ၊ သိမ်နုတ် ကမ္မဝါစာ၊ သိမ်သမုတ်ကမ္မဝါစာတို့ကို ရွတ်ဖတ်သော် ထိုသိမ်ဟောင်း ရှိရာအရပ်၌ သံဃာနှင့်ကမ္မဝါစာကျလျှင် ထိုသိမ်ဟောင်း၌ ဝဂ္ဂကမ္မပြုသော ရဟန်းလည်းမရှိလျှင် ဘယ်မျှကျယ်သော်လည်း တစ်သိမ်လုံး တစ်ပြိုင်နက် ကျွတ်၏။ သိမ်အပြင် အရပ်သည် ဗဒ္ဓသိမ်ဟောင်းရှိခဲ့သော် ထိုသိမ်ဟောင်း၌ ရှိနေသော ရဟန်းကို မသိမ်းမိလျှင် ကံပျက်၏။ သတိပြုရာ၏။ ယခုကာလ၌ ခြေရာချင်း စပ်မိလောက်အောင်ပင် နုတ်ကြ၏။ သို့သော် ခြေရာချင်းစပ်မိလောက်အောင်သာ ဗဒ္ဓသိမ်ဟောင်း တည်ရှိသည်မဟုတ်၊ ညောင်စောင်းရာ ပမာဏ စသည်ဖြင့် လေးမျက်နှာ စပ်မိအောင်နုတ်လျှင် သင့်တော်လောက်ပြီ။ သို့သော် ဒဠှီကမ္မ သုကမ္မ စသည်ဖြစ်ခြင်းအကျိုးရှိသည်ဖြစ်၍လည်းကောင်း၊ ထာဝရသာသန ပဘိဋ္ဌာန သာသနမူလဘူတ ကံကြီးဖြစ်၍လည်းကောင်း ဤသို့ ဆရာစဉ် သမားစဉ် ရွတ်ဖတ်ကြသည်ကို အပြစ်မတင်အပ်။ 

     အဇ္ဈောတ္ထရဏာဒိဋီကာ ပြီး၏။ 

ဤတွင်၍ သိမ်မျိုးစုံမဟာဋီကာကျမ်းကြီး ပြီး၏။



၁၄၀။ သိမ်မျိုးစုံမဟာဋီကာ မြန်မာနိဂုံး


     မဟာသုဒဿနမြို့ကြီး၏ အရှေ့မျက်နှာ ယူဇနာနှစ်ဆယ်ကွာ ခြားသော အရပ်၌ အလျားအနံ ယူဇနာတစ်ရာရှိသော စိတ္တလတာ ဥယျာဉ်ကြီးအတွင်း အနှစ်တစ်ထောင်မှ တစ်ကြိမ်သီး သော နွယ် အရသာ စားလိုသော နတ်တို့ အနှစ်တစ်ရာကပင် ကပ်နှင့်ရသော အာသာဝတီ နွယ်ပင်ကြီးမှ နွယ်သီးအရသာကို စားရကုန်သော တာဝတိံသာ နတ်အပေါင်းတို့သည် မွန်မြတ်လှစွာသော အရသာဖြင့် ယစ်မူးမေ့လျော့ကုန်သည်ဖြစ်၍ လေးလတိုင်မှ အယစ်အမူး ပြေကြသဖြင့် သတိရကြကုန်သကဲ့သို့ -


     ပါဠိတော်မှ ထွက်သော အနက်အဓိပ္ပာယ် အမျိုးမျိုး။


     အဋ္ဌကထာမျိုးစုံမှ ထွက်သော အနက်အဓိပ္ပာယ် အမျိုးမျိုး၊ 


     ဋီကာမျိုးစုံမှ ထွက်သော အနက်အဓိပ္ပာယ် အမျိုးမျိုး။ 


     ဂန္ထန္တရမျိုးစုံမှ ထွက်သော အနက်အဓိပ္ပာယ် အမျိုးမျိုး။ 


     ရှေးရှေးသော ကျမ်းဂန်တတ်အကျော် ဆရာတော်ဘုရားကြီး တို့၏ ယူဆအပ်သော အနက်အဓိပ္ပာယ် အမျိုးမျိုး။ 


     အထူးထူးသော ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရ အာစရိယဝါဒတို့မှ ဉာဏ်စွမ်းရှိသမျှ အသားကုန်ထွက်အောင် ထုတ်ဖော်ဝေဖန် စိစစ်ပုံ။ 


     နာနာဂန္ထ နာနာဝါဒ ဝိစာရဏအမျိုးမျိုးတို့ဖြင့် သဗ္ဗညုမြတ်စွာ ဘုရား မျက်နှာတော်၊ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာတော်ကြီး မျက်နှာတော်များကို ငဲ့ကွက်၍ ကိုယ်၏ပင်ပန်းခြင်း၊ စိတ်၏ပင်ပန်းခြင်းကို အလေးမပြုပဲ၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၄-မြို့ဂိုဏ်းချုပ်၊ သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဟူသော ဘွဲ့တံဆိပ်တော်၊ ဤဘွဲ့တံဆိပ်တော် ၃-တန်ကို ပရိယတ်ဂုဏ်၊ ပဋိပတ်ဂုဏ်သက်သက်ကြောင့် အလှူတော်ခံရသော၊ ၄-မြိုဂိုဏ်းချုပ် သုဓမ္မာဝင် ကျွန်းရွာတောရ ဆရာတော်ဘွဲ့ခံ ငါသည် ရေးသားစီမံအပ်သော သိမ်မျိုးစုံမဟာဋီကာကျမ်းကြီးသည် တောင်ဇမ္ဗုဒီပါ ကျွန်းကြီးတစ်ခုလုံး၌ ကမ္ဘာဦးအခါ အရသာမျိုးစုံ ရတနာမျိုးစုံ ဝတ္ထုမျိုးစုံ လိုရာပြီးစေနိုင်သော ပဒေသာပင်ကြီးပမာ သိမ်အရာ ခက်ခဲနက်နဲခြင်းရှိလေသမျှ လိုရာမတ ရနိုင် ယူဆနိုင်ကြသဖြင့် ပညာရှိသူတော်စွာတို့မှာ နမူနာ ပုံစံကြီးတစ်ခု ဖြစ်ရစ်ပေလိမ့်သတည်း။ 

     သိမ်မျိုးစုံမဟာဋီကာ မြန်မာနိဂုံး ပြီး၏။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ