Skip to main content

ဝိနည်းငါးကျမ်းအရသာ (စတုတ္ထတွဲ)

ဝိနည်းငါးကျမ်းအရသာ (စတုတ္ထတွဲ)

မဟာဝါအရသာ

ညောင်လေးပင်တောရဆရာတော်

မာတိကာ

၃ - ဝဿူပနယိကက္ခန္ဓက

  • ဝါကပ်ရန် ခွင့်ပြုခြင်း၊ (ပုရိမဝါ၊ ပစ္ဆိမဝါ-နှစ်မျိုး။ မင်းတို့ အလိုသို့။ အဓမ္မိကဖြစ်လျှင် မလိုက်အပ်။ ပုရိမဝါ မကပ်ဖြစ်လျှင် ပစ္ဆိမဝါကပ်။)
  • တုံ သုံးချက်ဖြင့် ပင့်ခြင်း။ (ပြင်ပ၌ အဋ္ဌမအရုဏ် မတက်စေရ၊ သတ္တမ တက်စေ။)
  • တမန် ဝါရ-၁၇၂၄။ (သိက္ခာမာန် သာမဏေကို သံဃာဟု မသုံးစွဲ။ ဘိက္ခုနီတို့အား ဝစ္စကုဋိကို ဂဗ္ဘ ချခြင်းကြောင့်၊ ဇန္တာဃရကို ရေချိုးရာ ဆူညံသောကြောင့်။)
  • မပင့်သော်လည်း။ (ဘိက္ခုထံ အကြောင်းဆယ်ပါး စသည်။)
  • သံဃကိစ္စ စသည်။ (ပြန်လာစဉ် အရုဏ်တက်ခြင်း၊ ဆရာတားခြင်း။ ဝါပန်ခြင်း အာဘောဂ။)
  • ဝါဖျက်သင့်ကြောင်း အန္တရာယ် (ဘဏ္ဍာကို ယခင်ကျောင်းသို့ ပြန်ဆောင်၍ ဝေဖန်။ ဝါကပ်သောနေ့ အရုဏ် မတက်စေဘဲ နောက်၌ ခုနစ်ရက်အကြိမ် အရုဏ်တက်စေပြီးမှ သွား။)
  • သံဃ ဘေဒကြောင့်လည်း။ (ကွဲလုပြီကို ကွဲပြီဟု ဆို၏။ ဘိက္ခုနီသည်မခွဲနိုင်။ ခွဲနိုင်ကြောင်းသာ။)
  • နွားခြံ၊ လှည်း၊ လှေ၌ ဝါကပ်ခြင်း။ (ဣဓဝဿံ ဥပေမိ-ဟု ဝါကပ်ခြင်း။ ဣဓဝဿံ ဝသိဿာမိ-ဟု အာလယ ပြုခြင်း။ ရောက်ရာ၌ ပဝါရဏာပြု။ မီးရထား၊ မီးသင်္ဘော၌လည်း။)
  • ဝါမကပ်အပ် ခုနှစ်ရပ်။ (ဋင်္ကီတ ညောင်စောင်း။ နာလက ပဋိပဒါကျင့်သူလည်း အမိုးငါးပါး၊ တံခါးပိတ်ရှိသော ကျောင်း၌ ဝါကပ်အပ်၏။)
  • အဓမ္မိက ကတိကဝတ်။ (ဝါတွင်း ရှင်ပြုမပေးရ စသည်။)
  • ပဋိဿဝ သတ္တက လေးခု၊ (ဝါမကပ် ၂။ ငါပျက် ၃။ ခုနစ်ရက် အတွင်းပြန် ၁။ နဝမီမှသွား၍ မပြန်သော်လည်း ၁။ ပေါင်း သတ္တက ဖြစ်၏။ ဝတ္တု ၅၂။ ဂဋိဿ၀ ဒုက္ကဋ်၌ ပထမ ကတည်းက စိတ် မစင်ကြယ်လျှင် ပါစိတ်လည်း သင့်၏။ မေ့၍ ဝါမကပ်မိလည်း ပဝါရဏာ ပြုအပ်၏။ နဝမီ၌ လည်းကောင်း၊ ပဝါရဏာနေ့၌ လည်းကောင်း ကိစ္စမရှိဘဲ မသွားအပ်။)
  • လပြည့်နေ့ ဝါကျွတ်ဝါဒ။ (ပဝါရဏာအပြီး သွားအပ်၏ ဟူသော ဇီ,ဋီ ဝါဒကို ပယ်သည်။ လပြည့်နေ့ ဝါမကျွတ်သေး။ ဘုရားရှင်လပြည့်နေ့ နတ်ပြည်မှုဆင်းခြင်းကား မပညတ်မီ။)

၄ - ပဝါရဏာက္ခန္ဓက

  • ပဝါရဏာ ခွင့်ပြုခြင်း။ (မူဂဗ္ဗတ မကျင့်အပ်။ မူလ သိက္ခာဝဒတုဆိုသည်။ ဝဒနု္တ-အဓိပ္ပာယ်ထူး။ ပိုးမသေသော ရေအများ၌ မြက်မသေသော မြက်ထူ၍ စွန့်ကောင်း၏။)
  • ဆောင့်ကြောင့် ထိုင်ရခြင်း။
  • ပဝါရဏာနှစ်ပါး၊ ကံ လေးပါး။ (၁၄-ရက်၌ ပဝါရဏာပြု၍၊ ၁၅-ရက် ကာယ သာမဂ္ဂီ ပေးကုန်၏။ အဋ္ဌမီ၌ သွားကောင်း၏။)
  • ပဝါရဏာ ဆောင်ခြင်း၊ (ဆောင်သူကိုယ်စား ဖိတ်ခြင်း။)
  • ပဝါရဏာနေ့ လူဖမ်းခြင်း။
  • သံဃ၊ ဂဏ၊ ပုဂ္ဂလ။
  • ပဝါရဏာနေ့၌ အာပတ်။
  • အနာပတ္တိ ပန္နရသက။ (ထသွားပြီးမှ အနည်းငယ် ရောက်လာလျှင် အချို့ကို စည်းဝေးစေ၍ ဖိတ်အပ်၏။ ဥပတိဿ မထေရ်ကား အားလုံး ပြန်စည်းဝေးအပ်၏ဟု အကြောင်းပြသေးသည်။)
  • ဝဂ္ဂါ ဝဂ္ဂ သညီ ၁၅-ခု။
  • ဝေမထိက ၁၅-ခု။
  • ကုက္ကုစ္စ ၁၅-ခု။
  • ဘေဒါပုရေက္ခာရ ၁၅-ခု။
  • တိက် ခုနစ်ရာ။
  • နေ့ရက်ချင်း မတူ။ (ပုရိမ ပဝါရဏာအပြီး ပစ္ဆိမ ပါရိသုဒ္ဓိပြု။ တစ်ခုသော ဥပေါသ တဂ္ဂ၌ ဉာတ်နှစ်ခု မထားရ။)
  • အာသာရာဒိ ပဉ္စက လေးခု။
  • နာနာ သံဝါသက တိတ်လေးခု။
  • ခရီးသွား နဝက သုံးခု။
  • ဝဇ္ဇနီယ ပုဂ္ဂိုလ်များ။ (ဟောရာ၌ ဂဟဋ္ဌ-မပါ။)
  • မပြုအပ် နှစ်ခု။
  • ဒွေ၊ ဧ၊ သမာန ခွင့်ပြုခြင်း။
  • အာပတ်ရှိသူ။ (ထပန ခေတ်နှစ်မျိုး။)
  • ထားလျှင် မေးစစ်ရခြင်း။
  • အာပတ် အယူမတူ။
  • ရွံ့ရှားခြင်း သုံးပါး။
  • ပဝါရဏာနေ့ ရွှေ့ခြင်း။
  • ဂိလာနု စတုက္က။
  • ပဝါရဏာ သင်္ဂဟ။ (ဝတ္တု ၄၆။ ဖာသုဝိဟာရ ရလျှင် ပဝါရဏာ သင်္ဂဟပြု၊ သာမဂ္ဂီ၊ တိဏ၊ ပဝါရဏာ သင်္ဂဟ သုံးဌာန၌ ဆန္ဒပေးခြင်းကို ပယ်သည်။ ကိစ္စရှိသူ ပဝါရဏာပြု၍ သွားနိုင်သည်။ အာဂန္တု ကြီးအား မိမိနေရာကို မပေးဘဲ နေနိုင်သည်။)

၅ - ဓမ္မက္ခန္ဓက

  • သောဏ ရဟန်းပြုခြင်း။ (ဖဝါးမွေးနုပေါက်သူ။)
  • ဖဝါးနု ပေါက်ကွဲခြင်း။ (စောင်းပမာဖြင့် ရဟန္တာဖြစ်၏။)
  • လွှာချင်းဖိနပ် ခွင့်ပြုခြင်း။ (ရဟန္တ၁အဖြစ် လျှောက်ပုံကို ချီးမွမ်း၏။)

[ပယ်အပ်သော ဖိနပ်များ။]

  • အဆင်း ခုနစ်မျိုး
  • သည်းကြိုး အဆင်း ခုနစ်မျိုး။
  • ဖိနပ်ပုံစံ ဆယ်မျိုး၊ (နောက်ပိတ် စသည်။)
  • သားရေကွပ် ရှစ်မျိုး။
  • အထပ်ထပ် ဖိနပ်ဟောင်း။ (အဟောင်း ခွင့်ပြုသည်၊ အသစ် ခွင့်မပြုသေး။)
  • အရံတွင်း ဖိနပ် မစီးအပ်။
  • အရံတွင်း ဖိနပ်စီးခွင့်။ (မီးရှူး တောင်ဝှေးလည်း ခွင့်ပြုသည်။)
  • ပါဒုကာတို့ကို ပယ်ခြင်း။ (သုံးခုကိုသာ ခွင့်ပြုသည်။)
  • မြစ်ထဲ၌ နွားတို့ကို။ (တို့ခြင်း၊ ထုလ္လစ္စည်း။)
  • ဂိလာနအား ယာဉ်လေးမျိုး၊
  • ဥစ္စာသယန မဟာသယန ၁၉-မျိုး။
  • မဟာစမ္မ သုံးခုပယ်ခြင်း။
  • သားရေအခင်း အားလုံးပယ်ခြင်း။ (နွားငယ်သတ်၍ သားရေလှူသူ။)
  • ဂိဟိဝိကဋ
  • ရွာတွင်း ဖိနပ်စီးခြင်း။
  • ကုဋိကဏ္ဍ သောဏ။ (ပြိတ္တာ ဒုက္ခတို့ကို မြင်ရခြင်း။)
  • အခွင့်ငါးပါး တောင်းခြင်း။
  • မဇ္ဈိမ ဒေသနှင့် အခွင့်များ။ (အလား ငါးရပ်နှင့် ပဒေသပညတ် ၄။ လူသားရေ ဖိနပ် မအပ်။ မအပ်သော သားရေခင်း။ ဘူမတ္တ ရဏ-သေသန ပရိဘောဂကား အပ်၏။ သဗ္ဗတ္ထ ပညတ်တစ်ပါး။)

၆ - ဘေသဇ္ဇက္ခန္ဓက

  • လျက်ဖွယ်ဆေး ငါးပါး။
  • သားဆီ ငါးပါး။
  • အမြစ်ဆေး ဖန်သောဆေး။ (သစ်ခေါက်ပြုတ်) (အရွက်ဆေး၊ အသီးဆေး၊ အစေးဆေး။ ရှိန်းခို သုံးမျိုး၊ ချိပ်သုံးမျိုး၊ ဆားဆေး။)
  • ဝဲနာဆေး၊ ဆေးမှုန့်။
  • အာမက မံသ။ (ဩဒိဿ ခုနစ်ပါး။ ငါးချဉ် စသည်၊)
  • မျက်စဉ်းဆေး၊ (မျက်စဉ်းဘက်၊ ကျည်၊ အတံ၊ ထားစရာ။)
  • ဦးခေါင်းပူ-နှာဆး။ (ဆီလိမ်း၊ နှာနှပ်၊ အခိုးသောက်၊ အခိုးလိပ်၊ ပန်းတူ၊ အိတ်၊ ယမက နတ္တုကရဏီ၊ ယနေ့အကပ်ခံလျှင် ယနေ့ အပြစ်မရှိ၊ နောက်နေ့မှ သန္နိဓိ။)
  • လေနာရောဂါဆေး။ (သေထည့်သော ဆီချက်၊ ဆီဘူး သုံးမျိုး။)
  • လက် ခြေ လေရောဂါဆေး။ (ချွေးအောင်းခြင်း မျိုးစုံ။)
  • အဆစ်ကိုက် ရောဂါဆေး။ (သွေးထုတ်ခြင်း၊ တွင်စုတ်ခြင်း၊)
  • ခြေကွဲနာဆေး။
  • အိုင်းနာဆေး။ (မြုံလျှင် မှိုင်းတိုက်။)
  • မြွေဆိပ် ဖြေဆေး။ (ဆေးကြီးလေးပါး အကပ်မခံသော်လည်း။)
  • ခတ်ဆေး အဖြေ။ (ထွန်သွားကပ်မြေ ရေဖျော်တိုက်)
  • ဝမ်းကိုက်ဆေး။ (ထမင်းခြောက်ပြာရည်တိုက်၊)
  • ဖြော့တော့၊ နူစွပ်ဆေး။ (နွားကျင်စိမ် ဖန်ခါး၊ နံ့သာလိမ်း။)
  • သလိပ်ပန်းဆေး။ (ပဲနောက်ပြုတ်ရည်။)
  • လျက်ဖွယ်ဆေး အသက် ၇- ရက်။
  • ရှင်ကင်္ခါရေဝတ။ (တင်လဲခဲ၊ ပဲနောက်ဟင်း ကုက္ကုစ္စ။)
  • လောဏသောဝီရကဆေး
  • အန္တော ဝုတ္တ စသည်။ ( အန္တော ဝုတ္တ၊ အန္တော ပက္က၊ သာမံ ပက္က ဒုက္ကဋ် ၃။)
  • ပုနပါက။ (ကျက်ပြီးအစာကို နွှေးစားကောင်း၏။)
  • ခေတ္တအခွင့်ရှစ်ပါး။
  • မကပ္ပိရ-နှစ်မျိုး။
  • မြင်းသရိုက်နာ ဓားခွဲ ထုလ္လစ္စည်း။
  • အကပ္ပိယ မံသ ဆယ်ပါး။ (အစိတ္တက။)
  • ယာဂုအကျိုး ဆယ်ပါး။
  • ဘောဇ္ဇယာဂု အလှူဒေါသ။ ( ကုသိုလ်ရသည်ဟု ဟော၍ ဝမ်းမြောက်၏။)
  • တင်လဲ အလုံး၊ အရည်၊ (ဂီလာနအား တင်လဲလုံး။ အဂိလာနအား အရည်။)
  • ပါတလိမြို့သစ် တည်ခြင်း။ (ဂုဏ်ထူးသုံးပါး၊ အပြစ်သုံးပါးရှိ၏။)
  • ကောဋိဂါမ၌ ဥယျာဉ်အလှူ။ (လိစ္ဆဝီတို့ကို တာဝတိံသာနှင့် အတူရှုကြလော။ အမ္ဗကာ အဓိပ္ပါယ်။ ရှုခိုင်းခြင်း အကျိုး)
  • ဥဒ္ဒိဿမံသ သုံးမျိုး။ (သိသူမစားဘဲ မသိသူအား စားစေ၍ စားလျှင် နှစ်ဦးလုံး အာပတ်မရှိ။ သီဟအမတ်နှင့် နိဂဏ္ဍ။ ဘုရားဂုဏ်သည် စရိယဂုဏ်၊ သရီရဂုဏ်၊ ဂုဏဂုဏ်ဟု သုံးမျိုး။)
  • ခေတ္တအခွင့် ရှစ်ပါးပယ်ခြင်း။
  • ကပ္ပိယကုဋိ လေးလုံး။
  • မေဏ္ဍက သူဌေးဆွမ်းအလှူ။
  • ပါထေယျ ခွင့်ပြုခြင်း။ (လမ်း ရိက္ခာလောက်အောင် အလှူခံ။ ရွှေ ငွေကို ခွင့်မပြု။)
  • အဖျော်ရှစ်ပါး။ (ကောဏိယ ရသေ့သည် နေ့သာရသေ့။ ထန်းပင် ရွှေသီး၏၊ သေလပုဏ္ဏားနှင့် သုံးရာ ရဟန်းပြု။ ဆန်ဆေးရည်-မအပ်။)
  • ဟင်းရွက်ကျက်။ (ရောဇမလ္လာမင်းသားထံ မေတ္တာနှံ့ခြင်း။)
  • အကပ္ပိယ သမာဒါနနှင့် သင်ဓုန်း။ (သုဘဒ္ဒရဟန်းကြီး သားငယ် ကိုရင်တို့ကို လူတို့ထံ ခေါင်းရိတ် စေလွှတ်ခြင်း။ ဆတ္တာသည် ဖြစ်ဖူးသူသွားရာ သင်ဓုန်းမဆောင်အပ်။)
  • မြေဆီခ ဆယ်ဖို့တစ်ဖို့။
  • မဟာပဒေသ လေးပါး။
  • ကာလိက ရောနှောခြင်း။ (သတ္တာဟနှင့် ယာဝဇီ ရောရာ၌ ထူး၏။)

[ကပ္ပိယဘူမိ လေးပါးအကျယ်]

  • ဥဿာဝ နန္တိကာကုဋိ။ (ရဟန်းတစ်ပါးမျှ စကားဆုံးနှင့် တိုင်ကျညီ၊ မြေညီမှ မတက်သော အုတ်ကျောက်ကို မပြုအပ်။)
  • ဂေါနိသာဒိကာ ကုဋီ။ (ကျောင်းဝိုင်းအရံ ထက်ဝက်မရှိစေရ။)
  • ဂဟပတိ ကုဋိ။ (ကပ္ပိယကုဋိံ ဒေမ-ဟု လှူသော ကုဋိ။ ရဟန်း မဟုတ်သူ၏ ဂေဟတို့တည်း။ ဝါသာဂါရ မဟုတ်လျှင် ပဉ္စမီ ကပ္ပိယကုဋိ။)
  • သမ္မုတီကုဋိ
  • အကပ္ပိယ ကုဋိအပြစ်။ (အန္တော ဝုတ္တ စသော အပြစ်ရှိ၏။ မုခသန္နိဓိလည်း ခေါ်သည်။)
  • ကပ္ပိယကုဋိ ပျက်ပုံ။ (တံတိုင်းမျှ မကျန်လျှင်၊ ထက်ဝက်အထိ သာလျှင်၊ အမိုးမချန်ဘဲ ဖျက်လျှင် ပျက်၏။ တိုင်ငှား ကပ္ပိယ ကုက္ကိုပြုခြင်းသည် အပ်၏။)
  • ကပ္ပိယကုဋိ မရှိလျှင်။ (လူ သာမဏေ ဥစ္စာပြု၍ထား။)

[မဟာပဒေသ လေးပါးအကျယ်]

  • သီကြီး ကိုးလုံး။
  • အဖျော် အလျော်။ (သင်္ကန်း၊ စားခွက်၊ ထည့်ခွက်၊ ခါးပန်း၊ ထီး အလျော်။ ဧက ပဏ္ဏဆတ္တ။)

၇ - ကထိနက္ခန္ဓက

  • ကထိန် ခွင့်ပြုခြင်း။ (ကမ္မဝါစာဖတ်ရုံ-မဟာဝါကထိန်။)
  • အာနိသင်အကျယ်။ (မခင်းသူအား အာနိသင် လေးပါး။)
  • ကထိန်မဖြစ် ၂၄။
  • ကထိန်ဖြစ်ပုံ ၁၇။ (မလှူမီ ကျောင်းတွင်း မသွင်းရဟု ဝါဒပျက်။ ချုပ်ချုပ်သမျှဖြတ် ဟူသော ဝါဒလွန်။ ဆယ့်တစ်ခန်းထက် မလွန်ရဟူသော ဝါဒထူးတို့။)
  • ကထိန်ခင်းရာ ဌာနနှစ်ပါး။ (ကထိန်ကို မခင်းသူအပြစ်။)
  • မာတိကာ ရှစ်ပါးဖြင့် နှုတ်ခြင်း။
  • အန္တရုဗ္ဘာရ နုတ်ခြင်း။
  • မာတိကာဝါရ ၁၃၆။
  • ပလိဗောဓနှစ်ပါး။

[ကထိန်ခင်းပုံ-အကျယ် ဝိနိစ္ဆယ။]

  • ငါးပါးရှိမှခင်း။ (စတုဝဂ်ကံ-ငါးပါးရှိမှ ကမ္မဝါစာဖတ်။)
  • အာနိသင် ရသူများ။
  • ကထိန်ကျင့်ဝတ်။ (လှူသူမပေးလျှင် ပြောအပ်၏။)
  • ကထိန်နှစ်ဦးဆုံပုံ။ (အာနိသင် များရာဖြင့်။)
  • သံဃိကလှူခြင်းသာ လူ့ကိစ္စ။ (နယ်မလွန်စေနှင့်။)
  • ကထိန်သင်္ကန်း ပေးခြင်း။ (ဆေးရှိသူအား၊ မဓထရ်ကြီးအား။)
  • ဘုရားရှင် ကူညီခြင်း။
  • ပရိဝါနည်းခင်းသူ နှစ်ဦး၊ (ငါးပါးရှိမှဟု မပြ)
  • အရံသင်္ကန်းနှင့် ဝေဖန်ခြင်း။ (ဝါဆိုသင်္ကန်းနှင့် ဆက်။ မထေရ်ကြီးမှ စ။)

[မှတ်ဖွယ် အထူးထူး။]

  • ဝါဆိုသင်္ကန်းနှင့် ကထိန်သင်္ကန်း။ (တစ်ဝါတည်း ဝါဆိုသူ ကထိန်၊ တစ်ကျောင်းမှ လာဘ်အပြစ်၊ တစ်ပါးတည်း ကထိန် နှစ်ခု။ ဝါဆိုခေတ် တစ်ခုတည်း လာဘ်ကွဲ, ဥပစာကွဲ။ တခြား၌ ကထိန်ကပ်ပုံ။ သုတ္တန် သံဃိကနှင့် မတူ။ ပရိဝါမှ ကောက်နုတ်ချက်။ ဝိနည်းတုများ။)

၈ - စီဝရက္ခန္ဓက

  • ဆရာဇီဝက အကြောင်း၊
  • ပဇ္ဇောတမင်း။ (သီဝေယျက အဝတ်။ ဘုရားဆွမ်းတော်နှင့် ဘုရင်။)
  • တကာလှူ သင်္ကန်းခွင့်။ (ချည်ကော်ဇောနှင့် သားမွေးကော်ဇော။)
  • ဇာတိသင်္ကန်း ၆-ထည်။
  • ပံ့သကူ ရသင့်သူများ။
  • သင်္ကန်းခံယူသူ သမ္မုတိ။
  • သိမ်းဆည်းသူ သမ္မုတိ။
  • ဘဏ္ဍာတိုက် သမ္မုတိ။ (ကျောင်းလယ်၌သာ သမုတ်ရခြင်း။)
  • ဘဏ္ဍာတိုက်စိုး သမ္မုတိ။
  • မထစေအပ်သူ ၄-ယောက်။
  • သမ္မုခီဘူတ ဝေဖန်ခြင်း
  • သာမဏေတို့အား ထက်ဝက်။ (သံဃကိစ္စမပြုသော သာမဏေတို့အားသာ။)
  • အဖို့ ယူသွားလိုသူ။
  • ချို့ရာ ဖြည့်စွက်ရခြင်း။
  • ဆိုးရည် ခြောက်မျိုး၊ မအပ်ကိုး။
  • ဆိုးရည်ကျိုခြင်း။
  • သင်္ကန်းဆိုးခြင်း။
  • သင်္ကန်းပုံစံ လယ်ကန်သင်း။
  • တိစီဝရိက် ခွင့်ပြုခြင်း။ (ချမ်းအေးချိန် စုံစမ်း၍ ခွင့်ပြုသည်။)
  • အတိရေက ဝိကပ္ပနာ
  • လေးထပ်သင်္ကန်းနှင့် ဖာခြင်း။
  • ဝိသာခါ တောင်းဆုရှစ်ပါး။ (တောင်းကြောင်းနှင့် အာနိသင်။)
  • နိသီဒိုင် စသည် ခွင့်ပြုခြင်း။(သတိသမ္မဇညဖြင့် အိပ်သူ အကျိုး ငါးပါး။)
  • ဝိဿာသဂ္ဂါဟု အင်္ဂါငါးပါး၊ သုံးပါး၊ (လူပစ္စည်းကို ကျွမ်းတဝင် ယူခြင်း။)
  • ပရိက္ခာရ စောဠ
  • အဓိဋ္ဌာန်တင်ခွင့်။
  • အနားပတ်ခွင့်ပြုခြင်း။
  • သလင်းထောင်။ (လွန်စွာ တိမ်မြုပ်၏။)
  • သဒ္ဓါဒေယျ ဝိနိပါတ
  • ဒုကုဋ်ထားနိုင်ကြောင်း ငါးပါး။ (ကျောင်းလုံလျှင်ထား။)
  • မခင်းတစ်လ။ ခင်း ငါးလ။
  • တစ်ပါးတည်း ဝေယူနည်း။
  • ကျောင်းတစ်ပါးမှ မဆိုင်ပုံ။
  • ကျောင်းတစ်ပါးမှ ယူသူအဖြစ်။
  • နှစကျောင်း ဝါဆိုခြင်း။ (ဧကေသီမ၊ နာနာ လာဘ။ ကထိန်နှစ်ခု။)
  • ဂိလာန လုပ်ကျွေးရခြင်း။ (ဂိလာနအင်္ဂါ ၅၊ လုပ်ကျွေးသူ အင်္ဂါ ၅။)
  • လုပ်ကျွေးသူ ရထိုက်သောလာဘ်။
  • နဂ္ဂ ထုလ္လစ္စည်း
  • ထုလ္လစ္စည်း ရှစ်ထည်။ (ဒုက္ကဋ် လေးထည်။)
  • မအပ် ၁၄-ထည်။
  • ဝါကျွတ်၍ သင်္ကန်းမဖြစ်မီ။ (ဖဲသူ ၈ ယောက် ၇-ယောက် ရ၏။ လူထွက်သော ၁၆-ယောက် မရ။ နှစ်သင်းကွဲရာ၌ ဒက္ခိဏော ဒက။)
  • စေခိုင်းရာ၌ ဒေဟိ၊ ဒမ္မိ-ငါးဝါရစီ။ (ဒေဟိ၌ ခိုင်းသူပင် ပိုင်သေးသည်။ ဒမ္မိ၌ ခိုင်းသူ မပိုင်ပြီ။)

သင်္ကန်း-ဖြစ်ရာ မိတိကာ ရှစ်ပါး

  • ၁...သီမာယဒေတိ အကျယ်။ (သိမ် ၁၅-ပါး။)
  • ၂…ကတိကာယဒေတိ အကျယ်။
  • ၃... ဘိက္ခာ ပညာတိယာဒေတိ အကျယ်။
  • ၄.... သံဃဿဒေတိ အကျယ်။ (လာဘ်မခွဲဘဲ တစ်လုံးတည်း အများယူလျှင် ဒုဂ္ဂဟိတ။ တစ်ပါးတည်းယူလျှင် သုဂ္ဂဟိတ။ သို့သော် အစဉ်မတည်။)
  • ၅.... ဥဘတော သံဃဿဒေတိ အကျယ်။ (ဥဘတော သံဃဿ ဖြစ်လျှင် ထက်ဝက်ခွဲ။ ပုဂ္ဂိုလ်ကား သီးခြားတစ်ဘက်၌ သံဃာ မဟုတ်လျှင် ပုဂ္ဂိုလ် အရေအတွက်။ ပုဂ္ဂိုလ်ကား မသီးခြား။ ဗုဒ္ဓပ္ပ မုခ ဒါနပြုပုံ။ ဘုရားပစ္စည်း သုံးစွဲနည်း။ ဂိဟိကမ္မ မဖြစ်ခြင်း။)
  • ၆... ဝဿဝုတ္တ သံဃဿဒေတိ အကျယ်။
  • ၇… အာဒိဿဒေတိ အကျယ်။
  • ၈.... ပုဂ္ဂလဿဒေတိ အကျယ်။

၉ - စမ္ပေယျက္ခန္ဓက

  • မတရား နှင်ထုတ်မှု။ (အာဝါသိကကို နှင်သော အာဂန္တု၊ ဘုရားထံ ကန်တော့ခြင်း။)
  • ကံပျက် ၁၈-မျိုး။
  • ကံပျက် ၁၂-မျိုး။ (နှစ်ရပ်ပေါင်း ၃၀-မဖြစ်၊ ၂၅-ဖြစ်၏။)
  • ကံ ခြောက်ပါး ဝေဖန်ခြင်း။
  • ကံပြု သံဃာ ငါးမျိုး။
  • ပရိသ ဝိပတ္ထကံပျက် ၂၄-စီ၊ ၄-လီ။
  • ဝါသ်ကံတို့၌ ကံပျက် ၂၀။
  • တားခြင်းမမြောက် ၂၇-ယောက်၊ (တားသော်လည်း ကံပျက်။)
  • မထုတ်ထိုက်ဘဲ ထုတ်အပ်သူ။ (ကုလဒူသက မပြုဘဲ ပဗ္ဗာဇနီယ ထိုက်သူ။)
  • မသွင်းထိုက်ဘဲ သွင်းအပ်သူ။ (ဟတ္ထစ္ဆိန္န ၃၂-ကိုလျက် ရဟန်းဖြစ်။ ကန်း, အ, ပင်းသူ ရဟန်းဖြစ်သည် ရှင်မဖြစ်။)
  • ဥက္ခိတ္တက သတ္တက သုံးခု။ (အဓမ္မကံ ၂။ ဓမ္မကံ- ၁။)

[ရှင်ဥပါလိ လျှောက်ခန်း]

  • အဓမ္မ အဝိနယ ၁၅။ (ပုဂ္ဂိုလ်ကား ၁၆-ယောက်၊)
  • ဓမ္မဝိနယ ၁၆။ (ဒွိမူ အဓမ္မ ၁၂။ ဓမ္မ ၁၂။)
  • အဓမ္မ ၁၃-မူ x ၁၂ လီ ၁၅၆။
  • ကံပြုအပျက် ၁၇၅။
  • ကံငြိမ်း အပျက် ၁၇၅။
  • ကံပြု၌ ဓမ္မဝါဒီ ၁၇၅။
  • ကံငြိမ်း၌ ဓမ္မဝါဒီ ၁၇၅။

၁ဝ - ကောသမ္ဗကက္ခန္ဓက

  • သံဃာ နှစ်သင်းကွဲခြင်း။ (သန့်သက် ရေကြွင်းထားမိသော အာပတ်ကို အကြောင်းခံ၍ ကွဲသည်။)
  • နှစ်သင်းလုံးသို့သွား၍ ဆုံးမခြင်း။ (အာနိသင်ရှစ်ပါးမြင်လျှင် မနှင်အပ်။ သူတစ်ပါးကို ယုံကြည်၍လည်း ကုစားရာ၏။)
  • သံဝါသကဘုံ နှစ်မျိုးစီ။(ကိုယ်တိုင်ပြခြင်း၊ သံဃာကံဖြင့်ပြုခြင်း။)
  • (နေရာခြား၍ နေရခြင်း။ (မတရားမှုအခါ လက်တစ်လှမ်းခွါ၍ တရားမှုအခါ နေရာခြား၍။)
  • ဆိုင်းငံ့တော်မူပါ။ (အကျိုးလိုသော အဓမ္မဝါဒီ လျှောက်၏။)
  • ဒီဃီတိ ကောသလ ဇာတ်တော်။ (တိုင်းပြည်ကိုလု၍ မိဘကို သတ်သော်လည်း၊ အခွင့်သာသောအခါ လက်စားမချေ၊ တိုင်းပြည်ပြန်ရ၊ သမီးတော်လည်း ရ၏။)
  • ဗာလကလောဏရွာ ရင်ဘဂုထံ။ (ဆယ်ဂါထာဖြင့် ဟော၍ ရင်ဘဂုထံသို့ ကြွသည်။ ထိုဝါတွင်း၌ ဗုဒ္ဓဝေနေယျ မရှိခြင်း၊ ကြွခြင်းသည်ပင် ဆုံးမခြင်း၊ အလိုတော်ကိုသိ၍ သာဝကတို့ လိုက်မသွားကြ။)
  • ပါစိနဝံသ တောအုပ်သို့။ (ရှင်အနုရုဒ္ဓါ စသော သုံးပါးတို့နေရာ၌ ဘုရားရှင်ကို တောစောင့်တားသည်။ ရှင်အနုရုဒ္ဓါ မြင်၍ ကြိုဆိုသည်။ နေထိုင်ပုံကို မေးသည်။ တောစောင့်၏ နှလုံးသွင်း ဆန်းကြယ်ပုံ။ ဘုရားဟု မသိနိုင်ခြင်း အကြောင်း။)
  • ပလလည်း တောသို့။ (ပါရိလေယျက ရွာသားတို့ သစ်ရွက်မိုးကျောင်း ဆောက်လှူသည်။ တောဆင် စိတ်သည် ငါ၏စိတ်နှင့် တူသည်ဟု ဥဒါန်း။)
  • ပလလည်းမှ သာဝတ္ထိသို့။ (ကောသမ္ဗီပြည်သားတို့ ဆွမ်းမလှူကြ။)
  • ကောသမ္ဗီတို့ လာကုန်သတတ်။ (ငြိမ်းစေရန် လာကြသည်ကို ၁၂-ပါး လျှောက်၏။ ဓမ္မအတိုင်း တည်လော။ နှစ်ဘက်လုံးထံ တရားနာလော၊ အဓမ္မဝါဒီဘက်၌ တည်လော။)
  • ငြင်းခုံသူတို့နှင့်ကျောင်း၊ အာမိသ။ (ဆိတ်ငြိမ်သောကျောင်းပေး၊ အာမိသ အညီအမျှ။)
  • အညီအညွတ်ပြုခန်း။ (ကံငြိမ်းစေပြီးလျှင် ဝတ္ထုငြိမ်းစေခြင်းငှါ သာမဂ္ဂီပြု၍ ဥပုသ် ပြုရသည်။ နှင်သူတို့၏ ဆန္ဒကို သိပြီး၍ သွင်းသည်။)
  • ရှင်ဥပါလိ ဝိနည်းမေးခန်း။ (ကွဲကြောင်း ဝတ္တုကို မဆုံးဖြတ်ဘဲ သာမဂ္ဂီပြုလျှင် အသံသာရှိ အဓမ္မိကာ။ ဆုံးဖြတ်လျှင် ဓမ္မိကာ။)
  • ရှင်ဥပါလိ လျှောက် ဆယ်ဂါထာ။ (ချီးမြှေ၁က်ထိုက်သူ အကြောင်း။ တမန်အင်္ဂါ ရှစ်ပါးသရုပ်။)

ဝိနည်းငါးကျမ်းအရသာ (စတုတ္ထတွဲ)

မဟာဝါအရသာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၃။ ဝဿူပနာယိကက္ခန္ဓက

ဝါကပ်ရန် ခွင့်ပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း ကလန္ဒကနိဝါပ၌ နေတော်မူ၏။ ထိုအခါ ရဟန်းတို့အား ဝါကပ်ခြင်းကို မပညတ်သေး။ (ဝါ–ခွင့်မပြုသေး)။ ရဟန်းတို့သည် ဆောင်း၊ နွေ၊ မိုး ဥတု သုံးပါးလုံး လှည့်လည် သွားလာကုန်၏။ လူတို့သည် ကဲ့ရဲ့ကုန်၏။

အဘယ့်ကြောင့် ရဟန်းတို့သည် ဥတုသုံးပါးလုံး မြက် သစ်ပင်ငယ်တို့ကို နင်းချေလျက် တစ်ခုသော ဣန္ဒြေ ရှိသော အသက်ကို ညှဉ်းဆဲလျက် ပိုးကောင်ငယ်တို့ကို ပျက်စီးစေလျက် သွားလာကုန်ဘိသနည်း။ (သစ်ပင်၊ မြေကြီး- အသက်ရှိသည်ဟု စွဲလမ်းကုန်၏။) အညတိတ္ထိယတို့သော်မှလည်း မိုးအခါ ကိန်းအောင်းကုန် သေးသည်။ ငှက်တို့သော်မှလည်း အသိုက်ပြု၍ နေကုန်သေးသည်ဟု ကဲ့ရဲ့ကုန်၏။ ရဟန်းတို့ ကြား၍ ဘုရားရှင်အား လျှောက်ကုန်၏။ ထိုအခါ တရားဟော၍ ချစ်သားတို့၊ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။

ရဟန်းတို့အား - အဘယ်အခါ ဝါကပ်အပ်သနည်း-ဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ မိုးအခါ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏။

ဝါကပ်ခြင်းတို့သည် အဘယ်မျှတို့နည်းဟု အကြံဖြစ်ပြန်၏၊ ချစ်သားတို့ ဝါကပ်ခြင်း တို့သည် ပုရိမ ဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟု နှစ်မျိုး ဖြစ်ကုန်၏။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမ ဝါကပ်အပ်၏။ ဝါခေါင် လပြည့်ကျော် တစ်ရက်နေ့၌ ပစ္ဆိမဝါ ကပ်အပ်၏။ ချစ်သားတို့၊ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့ ဖြစ်ကုန်၏။

ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ဝါကပ်၍ ဝါတွင်း၌ လှည့်လည်ကုန်၏။ လူတို့သည် ရှေးအတူ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ဝါကပ်၍ ရှေ့သုံးလပတ်လုံး လည်းကောင်း၊ နောက် သုံးလပတ်လုံး လည်းကောင်း မနေမူ၍ ခရီး မဖဲအပ်၊ ဖဲငြားအံ့-ဒုက္ကဋ်။

ဆဗ္ဗဂ္ဂီတို့သည် ဝါကပ်ခြင်းငှါ အလိုမရှိကုန်။ ချစ်သားတို့၊ ဝါသို့ မကပ်အပ်သည် မဟုတ်၊ မကပ်ငြားအံ့ ဒုက္ကဋ်။

ဆဗ္ဗဂ္ဂီတို့သည် ဝါကပ်အံ့သောနေ့၌ ဝါမကပ်လိုကြသဖြင့် အားထုတ်၍ အာဝါသကို လွန်၍ သွားကုန်၏။ ချစ်သားတို့၊ ဝါကပ်အံ့သော နေ့၌ ဝါမကပ်လိုသဖြင့် အားထုတ်၍ အာဝါသကို မလွန်အပ်။ လွန်ငြားအံ့ ဒုက္ကဋ်။

ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် ဝါကို ငင်လိုသည်ဖြစ်၍ . ရဟန်းတို့ထံ-အရှင်ကောင်းတို့သည် လာလတ္တံ့သော ဇူဏှ၌ (ဝါ-နောက်လ၌) ဝါကပ်ကြမူ ကောင်းလေ ... ဟု တမန်စေလိုက်၏။ ချစ်သားတို့၊ မင်းတို့၏ အလိုသို့ လိုက်ခြင်းငှါ ခွင့်ပြု၏။

[မပညတ်သေး-ဟူသည် ခွင့်မပြုသေး။ ဝါ-မစီရင်သေး။ သင်္ကာပယိဿန္တိတိ အပ္ပေါဿုက္ကာနိ ဗဒ္ဓဝါသံ ဝသိဿန္တိ-ကြောင့်ကြမဲ့ အမြဲ ကိန်းအောင်း နေထိုင်ကုန်သေး၏။

မိုးအခါ၌ ဝါကပ်ခြင်းငှါ ဟူသည် ဝဿာန မည်သော သုံးလတို့ပတ်လုံး နေခြင်းသို့ ကပ်အပ်၏ ဟူသော အနက်တည်း။ ဝသူပနာယိကာ တိ ဝဿုပဂမနာနိ - ဝါကပ်ခြင်းတို့သည် အဘယ်မျှတို့နည်း။ အပရဇ္ဇု + ဂတာယ အဿာတိ အပရဇ္ဇုဂတာ - အထွက် တစ်ရက်ရှိသော ဝါဆိုလပြည့်ရှိ၏။ မာသော + ဂတာယ အဿာတိမာသဂတာ - တစ်လရှိသော ဝါဆိုလပြည့်ရ၏။

ထိုကြောင့် ဝါဆိုလပြည့်၏ အခြားမဲ့အတွက် တစ်ရက်၌ လည်းကောင်း၊ ထိုမှ တစ်လလွန်သော ဝါခေါင်လပြည့်ကျော် တစ်ရက်၌လည်းကောင်း၊ ကျောင်းကို သုတ်သင်၍ သောက်ရေ၊ သုံးရေ တည်ထား၍ ဘုရားရှိခိုးခြင်း စသော သာမိစိကမ္မကို ပြီးစေ၍ ... ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံဥပေမိ-ဟု တစ်ကြိမ် လည်းကောင်း၊ နှစ်ကြိမ် သုံးကြိမ် လည်းကောင်း နှုတ်မြွက်၍ ဝါကပ်၏။

(ဣမသ္မိံ ဝိဟာရေ၊ ဤ ကျောင်း၌ (အရံတွင်း၌ ဟူလို။)
ဣမံတေမာသံ၊ ဤ ဝါတွင်း သုံးလပတ်လုံး။
ဝဿံ၊ နေခြင်းသို့။
ဥပေမိ၊ ကပ်ပါ၏။
ဝါ- ဝဿံဥပေမိ၊ ဝါဆိုပါ၏။)။

ဖဲငြားအံ့ ဟူသည်၌ မငဲ့မကွက် သွားခြင်း၊ အရပ်တစ်ပါး၌ အရုဏ်တက်စေခြင်း၊ ဤနှစ်မျိုးဖြင့် ဖဲငြားအံ့။ အာပတ်ကို သိအပ်၏။

လွန်ငြားအံ့-ဟူသည်၌ ကျောင်း အရေအတွက်အားဖြင့် ကျောင်းတစ်ရာ၏ ဥပစာရသို့ ဝင်၍ လွန်သွားအံ့- အာပတ်တစ်ရာ ဖြစ်၏။ မိမိ၏ ကျောင်းဥပစာရကို လွန်၍ တစ်ပါးသော ကျောင်း၏ ဥပစာရသို့ မဝင်ဘဲ ပြန်လာအံ့-အာပတ် တစ်ခုသာတည်း။ အန္တရာယ် တစ်စုံတစ်ခုကြောင့် ပုရိမ ဝါမကပ်လျှင် ပစ္ဆိမ ဝါကပ်အပ်၏။

ဝါကို ငင်လိုသည်ဖြစ်၍-ဟူသည် မိုးဥတု ပထမလကို ငင်လို၏။ ဝါခေါင်လဟု မပြုဘဲ တစ်ဖန် ဝါဆိုလ ဟူ၍သာ ပြုလို၏ ဟူလို။

လာလတ္တံ့သော ဇူဏှ-ဟူသည် လာလတ္တံ့သော မာသ ဖြစ်၏။

အနုဇာနာမိ ဘိက္ခဝေ ရာဇူနံ အနုဝတ္တိတုံ - ဟူသည်၌ ဝါငင်ရာ၌ ရဟန်းတို့အား အနည်းငယ်မျှ ဂုဏ်ကျေးဇူး ဆုတ်ယုတ်ခြင်း မရှိသောကြောင့် အလိုသို့လိုက်ခြင်းငှါ ခွင့်ပြုသည်။ ထိုမှတစ်ပါးသော ဓမ္မိကကမ္မ၌လည်း အလိုသို့ လိုက်အပ်၏။ အဓမ္မိက၌ကား ဘယ်သူ၏ အလိုသို့မျှ မလိုက်အပ်။]

(သာဋီ ... အပရဇ္ဇု + ဂတာယ ... စသည်ဖြင့် ဘိန္နာဓိကရဏ ဗဟုဗ္ဗိဟိ သမာသ်ဟု ပြသည်။

အပရဇ္ဇု ဟူသည် ဝါဆိုလပြည့်မှ နောက် နေ့တည်း။ အထွက်တစ်ရက်နေ့ ဟူလို။

အဿာ-ဟူသည် ဝါဆိုလပြည့် အားတည်း။

မငဲ့မကွက် စသည်၌ မငဲ့ကွက်ခြင်းဖြင့် ဥပစာရကို လွန်အံ့-အာပတ်ကို သိအပ်၏။ ငဲ့ကွက်ခြင်းဖြင့် အရပ်တစ်ပါး၌ အရုဏ်တက်စေအံ့-အာပတ်ကို သိအပ်၏။

ဝိဋီ ... အပရသ္မိံ ဒီဝသေတိ ဒုတီယေပါဋိပဒ ဒိဝသေ - ဒုတိယ အထွက်တစ်ရက်၌ (ဝါ-လပြည့်ကျော် တစ်ရက်၌)။

အရပ်တစ်ပါး၌ အရုဏ်တက်စေခြင်း ဟူသည် ငဲ့ကွက်ခြင်းရှိလျက် အကြောင်းမဲ့သွား၍ အရပ် တစ်ပါး၌ အရုဏ်တက်စေခြင်းတည်း။

ဇီဋီ ... မဟာ အဋ္ဌကထာ၌လည်း သင်္ကာသယိဿန္တိ-ဟု ပါဌ်ရှိ၏။ ကျွန်းသားတို့သည် သင်္ကာပယိဿန္တိ-ဟု ရွတ်ဆိုကုန်သတတ်။

ဝါကပ်ခြင်းကို - ဣမံ တေမာသံ ဝဿံ ဥပေမိ-ဟု ဆို၍ ဝါကပ်၏။ ဝဿာနမာသတို့သည်လည်း လေးလတို့ ဖြစ်ကုန်၏။ ထို၌ ပထမ တေမာသ၊ ပစ္ဆိမ တေမာသ-ဟု တေမာသ နှစ်ခု ရှိ၏။ ထိုကြောင့် ကတိနုခေါ ဝဿူပနာယိကာ-ဟု ရဟန်းတို့အား အကြံဖြစ်သည်။

မငဲ့ကွက် သွားခြင်းကို ပဝါရဏာ မရောက်မီ ခုနစ်ရက်အတွင်းကို ရည်ဆိုသည်။ အရပ်တစ်ပါး၌ အရုဏ်တက်စေခြင်းကို ခုနစ်ရက်ထက် အလွန်ကို ရည်ဆိုသည်။ ထိုနှစ်ပါး၌လည်း ဝါဖြတ်ခြင်း အကြောင်း ကင်းလျှင် အာပတ်ကို သိအပ်၏။]

(ဝါဆိုစည်းကို မပြ။ ဥပစာရ သိမ် အပိုင်းအခြားအတိုင်း မှတ်အပ်၏။)

တုံ သုံးချက်ဖြင့် ပင့်ခြင်း

ထိုနောက် မြတ်စွာဘုရားသည် ရာဇဂြိုဟ်မှ သာဝတ္ထိသို့ကြွ၍ ဇေတဝန်ကျောင်း၌ နေ၏။ ထိုအခါ ကောသလဇနပုဒ်တို့၌ ဥဒေနမည်သော ဥပါသကာသည် သံဃာကို ရည်စူး၍ ကျောင်းဆောက်၏။ ထို ဥဒေနသည် ရဟန်းတို့ထံ တမန် စေလိုက်၏။

အာဂစ္ဆန္တု ဘဒန္တာ၊ ဣစ္ဆာမိ ဒါနဉ္စ ဒါတုံ ဓမ္မ သောတုံ ဘိက္ခု၊ စ ပဿိတုံ -အလှူ လှူခြင်းငှါ၊ တရားနာခြင်းငှါ၊ ရဟန်းတို့ကို ဖူးမြင်ခြင်းငှါ အလိုရှိပါသည်၊ ကြွလာကြပါစေသတည်း-ဟု စေလိုက်၏။ ရဟန်းတို့သည် ဒါယကာ၊ ဝါကပ်ပြီးလျှင် ခရီးမသွားရ-ဟု ဘုရားရှင် ပညတ်သည်။ ဝါတွင်းကို ဆိုင်းငံ့ဦး၊ ဝါကျွတ်လျှင် ကြွလာကုန်အံ့၊ အဆောတလျင် ကိစ္စရှိလျှင် ထိုအရပ်၌သာနေသော ရဟန်းတို့ထံ ကျောင်းကို တည်စေလော - ရေစက်ချလော ဟု ဆိုကုန်၏။

ဥဒေနသည် ကဲ့ရဲ့၏။ အဘယ်ကြောင့် အရှင်ကောင်းတို့သည် တမန်စေလျက် မကြွလာကုန်သနည်း။ ငါသည် လှူဒါန်းပြုစုသော သံဃ အလုပ်အကျွေး ဖြစ်ပါသည်ဟု ကဲ့ရဲ့သည်ကို ရဟန်းတို့ကြား၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ခုနစ်ယောက်သော သူတို့ထံ သတ္တာဟကရဏီယ - ခုနစ်ရက်အတွင်း ပြုဖွယ် ကိစ္စဖြင့်၊ တမန်စေလျှင် သွားခြင်းငှါ ခွင့်ပြု၏။ မစေလျှင် ခွင့်မပြုသည်သာတည်း။ ခုနစ်ရက်ကို ပြန်လာခြင်းကို ပြုအပ်၏။

ဘိက္ခု၊ ဘိက္ခုနီ၊ သိက္ခာမာန်၊ သာမဏေ၊ သာမဏေမ၊ ဥပါသကာ၊ ဥပါသိကာ - ဤ ခုနစ်ယောက်တို့ထံ သတ္တာဟကရဏီယဖြင့် တမန်စေလျှင် သွားခြင်းငှါ ခွင့်ပြု၏။ မစေလျှင် ခွင့်မပြု။ ခုနစ်ရက်ကို ပြန်လာခြင်းကို ပြုအပ်၏။ (ဝါ –ခုနစ်ရက် အတွင်း ပြန်လာအပ်၏။)

ဒါတုံ၊ သောတုံ၊ ပဿိတုံ၊ (၃)-ပင့်တုံ ဝါပန်ကောင်း။

[သတ္တာဟကရဏီယဖြင့် ဟူသည်၌ ခုနစ်ရက်အတွင်း ပြုအပ်သော ကိစ္စသည် သတ္တာဟကရဏီယ မည်၏။ ကရိုဏ်းဖြစ်သော ထိုကိစ္စဖြင့် (ဝါ-ထိုကိစ္စကို အကြောင်းပြု၍) သွားခြင်းငှါ ခွင့်ပြု၏ ဟူလို။

တမန်စေလျှင် သွားခြင်းငှါ ဟူသည် ဘိက္ခု စသော ဤ ခုနှစ်ယောက်တို့ တမန်စေလျှင်သာ သွားခြင်းငှါ ခွင့်ပြု၏ ဟူလို။

ခုနစ်ရက်ကို ပြန်လာခြင်းကို ပြုအပ်၏ ဟူသည် ခုနစ်ရက် အတွင်း၌သာ ပြန်လာအပ်၏။ အဋ္ဌမ အရုဏ်ကို ထိုပြင်ပ၌သာ မတက်စေအပ် ဟူလို။] (သတ္တမ အရုဏ်ကို ပြင်ပ၌ တက်စေအပ်၏။ သို့သော် ပြင်ပ၌ ခုနစ်အရုဏ် မဟုတ်၊ ပထမအရုဏ်ကို မသွားမီက တက်စေပြီးသောကြောင့်တည်း။)

(ဝိဋီ ... ပါဠိ၌ သတ္တာဟံ သန္နိဝတ္တော ကာတဗ္ဗော - ဟူသည် ခုနစ် ရက်လုံးကို ပြင်ပ၌သာ မလွန်စေမူ၍ ခုနစ်ရက်၏အဆုံး အဋ္ဌမ အရုဏ်တက်ချိန်ကို တစ်ဖန် ကျောင်း၌သာ ပြန်စပ်ခြင်းဖြင့် ခုနစ်ရက်ကို ကျောင်း၌ ပြန်လာခြင်းကို ပြုအပ်၏။ ခုနစ်ရက်အဆုံး ကာလကို သတ္တာဟသဒ္ဒါဖြင့် ဆိုသည်။ သတ္တာဟ ပရိယော သာနကာလော-ဟု ငဲ့၍ သန္နိဝတ္တော-ဟု ပုလ္လိုင်ဖြင့် ဟောသည်။)

တမန်ဝါရ ၁၇၂၄

ချစ်သားတို့၊ ဤသာသနာ၌ ဥပါသကာသည် (သံဃာကို ရည်စူး၍ ဝိဟာရော-ကျောင်းကို ပြုစေ၏။ ထိုဥပါသကာသည်) ရဟန်းတို့ထံ အာဂစ္ဆန္တုဘဒန္တာ၊ ဣစ္ဆာမိ ဒါနဉ္စ ဒါတုံ ဓမ္မဉ္စ သောတုံ ဘိက္ခူ စ ပဿိတုံ-ဟု တမန်စေအံ့။ ချစ်သားတို့ သတ္တာဟကရဏီယဖြင့် စေလျှင် သွားအပ်၏။ မစေလျှင် မသွားအပ်။ ခုနစ်ရက်ကို ပြန်လာခြင်းကို ပြုအပ်၏။

ဥပါသကာသည် သံဃာကိုရည်စူး၍ …

  • အဍ္ဎယောဂေါ-ဂဠုန်တောင် နှစ်ဘက်ချမိုးသော ကျောင်းကို၊
  • ပါသာဒေါ–ပြာသာဒ်ကို၊
  • ဟမ္မိယံ-ပြာသာဒ် ဦးပြည်းကို၊
  • ဂူဟာ- လိုဏ်ဥမင်ဂူကို (၅)။
  • ပရိဝဏံ- နေရာကျောင်းငယ်ကို၊
  • ကောဋ္ဌကာ-တံခါးမုခ်ကို၊
  • ဥပဌာနသာလာ – စည်းဝေးရာ စရပ်ကို၊
  • အဂ္ဂိသာလာ-မီးတင်းကုပ်ကို၊
  • ကပ္ပိယကုဋိ-ကပ္ပိယကုဋိ ကျောင်းကို (၅)။
  • ဝစ္စကုဋိ-ကျင်ကြီး အိမ်ကို၊
  • စင်္ကာမော-စင်္ကြံကို၊
  • စင်္ကမနသာလာ-စင်္ကြံအမိုးကို၊
  • ဥဒပါနော-ရေတွင်းကို၊
  • ဥဒပါနသာလာ – ရေတွင်း အမိုးကို (၅)။
  • ဇန္တာဃရံ – စရုံးအိမ်ကို၊
  • ဇန္တာဃရသာလာ-စရုံးအိမ် အမိုးကို၊
  • ပေါက္ခရဏီ-လေးထောင့်ကန်ကို၊
  • မဏ္ဍပေါ-မဏ္ဍပ်ကို၊
  • အာရမော-အရံကို။
  • အရာမဝတ္ထု−အရံရာကို (၆) ပြုစေ၏။

(တုံ သုံးချက်ဖြင့်) တမန်စေအံ့။ သတ္တာဟကရဏီယဖြင့် စေလျှင် သွားအပ်၏။ မစေလျှင် မသွားအပ်။ ခုနစ်ရက်ကို ပြန်လာခြင်းကို ပြုအပ်၏။ (၂၁-ဝါရ)။ ထိုအတူ ရဟန်းများစွာကို ရည်စူး၍၊ ရဟန်းတစ်ပါးကို ရည်စူး၍ ၂၁-ဝါရစီ ဖြစ်၏။ (ရဟန်းထံ ၆၃-ဝါရ။)

ဘိက္ခုနီ သံဃာကို ရည်စူး၍ (ဝစ္စကုဋိ၊ ဇန္တာဃာရ၊ ဇန္တဃရသာလာ ချန်၍) ၁၈–ဝါရ။ ဘိက္ခုနီ အများကို ရည်စူး၍၊ ဘိက္ခုနီတစ်ယောက်ကို ရည်စူး၍၊ ၁၈-ဝါရစီ ဖြစ်၏။ (ဘိက္ခုနီထံ ၅၄-ဝါရ)။ သိက္ခမာန် အများကို၊ တစ်ယောက်ကို ရည်စူး၍၊ ၁၈-ဝါရစီ ဖြစ်၏။ (သိက္ခမာန်ထံ ၃၆-ဝါရ)။ သာမဏေ အများကို၊ တစ်ယောက်ကို။ သာမဏေမ အများကို၊ တစ်ယောက်ကို ရည်စူး၍ ၁၈-ဝါရစီဖြစ်၏။ (သာမဏေထံ ၃၆။ သာမဏေမထံ ၃၆။ ပေါင်း ၁၆၂-ဝါရ။)

ဥပါသကာသည် မိမိတို့ အလို့ငှါ …

  • နိဝေသနံ−နေအိမ်ကို ဆောက်၏။ သယနိဃရံ-အိပ်ရာရှိသော တိုက်ခန်းကို၊ ဥဒေါသိတော-ဘဏ္ဍာတိုက်ကို၊ အဋ္ဋော-ပြအိုးကို၊ မာဠော-တန်ဆောင်းကို (၅)
  • အာပဏော-အိမ်ဈေးကို၊ အာပသာလာ-အိမ်ဈေး အမိုးကို၊ ပါသာဒေါဟမ္မိယံဂုဟာ (၅)
  • ပရိဝေဏံ-နေရာအိမ်ကို၊ ကောဋ္ဌကောဥပဋ္ဌာနသာလာအဂ္ဂိသာလာရသဝတီ-ထမင်းချက် စဖိုအိမ်ကို (၅)
  • စင်္ကမောစင်္ကမနသာလာဥဒပါနောဥဒပါနသာလာပေါက္ခရဏီ (၅)
  • မဏ္ဍပေါအာရမောအာရာမ ဝတ္ထုဝါရေယျံ၊ သားအား သမီးအား ထိမ်းမြားခြင်းကို ပြု၏(၅)
  • ဂိလာနော - နာ၏။ အဘိညာတံ သုတ္တန္တံ - ထင်ရှားသော သုတ္တန်ကို တတ်မြောက်၏။ သုတ္တန်မကွယ်မီ ကြွလာ၍ သင်ယူပါဟု စေလိုက်၏။
  • အညတရံကိစ္စံ - တစ်ပါးသော ပြုဖွယ်ကိစ္စ ရှိ၏။ (၃)

တမန်စေအံ့ …လ... ပြန်လာခြင်းကို ပြုအပ်၏။ ၂၈-ဝါရ ဖြစ်၏။

ဤသို့ ဥပါသကာ စေရာ၌ ၆၃+၁၆၂+၂၈-အားဖြင့် ၂၅၃-ဝါရ။

ဥပါသိကာမ စေရာ၌လည်း ထိုအတူ- ၆၃+၁၆၂+၂၈ အားဖြင့် ၂၃၅ ဝါရ ဖြစ်၏။

ဘိက္ခု စေရာ၌ ၆၃+၁၆၂ - မိမိအလို့ငှါ ဝိဟာရ စသော ၂၁-အားဖြင့် ၂၄၆ – ဝါရ၏။

ဘိက္ခုနီ စေရာ၌ ၆၃+၁၆၂- မိမိ အလို့ငှါ ဝိဟာရ စသော ၁၈-အားဖြင့် ၂၄၃-ဝါရ၊

သိက္ခမာန်စေရာ၌ ထိုအတူ- ၂၄၃။

သာမဏေမ စေရာ၌ ၂၄၃။

ဤသို့ ၁၇၂၄-ဝါရကို ဟောတော်မူ၏။

[ဘိက္ခုနီ သံဃာကို ရည်စူး၍မှစ၍ ဝစ္စကုဋိ၊ ဇန္တာဃရ၊ ဇန္တာဃရသာလာ ဤ သုံးခု ယုတ်လျော့၏။

ရသဝတီ ဟူသည် ဘတ္တဂေဟကို ဆိုသည်။

ဝါရေယျ-ထိမ်းမြားခြင်း၌ သူဘစ်ပါး၏ သတို့သမီးကို ဆောင်ယူခြင်းသည် အာဝါဟ မည်၏။ မိမိ၏ သတို့သမီးကို ပို့ခြင်းသည် ဝိဝါဟ မည်၏။

သုတ္တန်မကွယ်မီ ဟူသည် ဤ သုတ္တန် မပျက်မပျောက်မီ အတွင်းတည်း။

အညတရံကိစ္စ ဟူသော စကားဖြင့် ပြုဖွယ် ဟူသမျှကို ရေတွက်အပ်၏၊ အလုံးစုံသော ဝါရတို့၌လည်း ဣစ္ဆာမိ ဒါနဉ္စ ဒါတုံ ဓမ္မဉ္စသောတုံ ဘိက္ခူ စ ပဿိတုံ-ဟူသော ကပ္ပိယဝစနဖြင့် စေလျှင် သွားအပ်၏။ ထိုဝစနတို့၏ ဝေဝုစ်ပရိယာယ်ဖြင့် စေလျှင်လည်း သွားအပ်၏။

ပေယျာ လက္ကမ-အစဉ်ကား၊ ဥပါသကာသည် သံဃာကို ရည်စူး၍ ကျောင်း စသည်ကို ဆောက်၏။ ရဟန်း အများကို၊ တစ်ပါးကို၊ ဘိက္ခုနီ သံဃာကို၊ အများကို၊ တစ်ပါးကို။သိက္ခမာန် အများကို၊ တစ်ပါးကို။ သာမဏေ အများကို၊ တစ်ပါးကို။ သာမဏေမ အများကို၊ တစ်ပါးကို ရည်၍ ဆောက်၏။

မိမိအလို့ငှါ နိဝေသနကို ဆောက်၏ဟု ၁၃-ဌာန ဟောသကဲ့သို့ ဥပါသိကာသည်၊ ဘိက္ခုသည်၊ သိက္ခာမာန်သည်၊ သာမဏေသည်၊ သာမဏေမသည် သံဃာကို ရည်စူး၍ စသည်ဖြင့် ၁၃-ဌာနစီ ဟော၏။ ဤ ခုနစ်ယောက် အပြားရှိသော ကရဏီတို့၌ တမန့်စေလျှင် သွားအပ်၏။]

(သိက္ခမာန်၊ သာမဏေတို့၌ သံဃာဟု ဟောခြင်း မရှိ။)

(သာဋီ ... သုံးခု ယုတ်လျော့၏ ဟူသည် ဘိက္ခုနီတို့အား ဝစ္စကုဋိ စသည်တို့ ပယ်ခြင်းကြောင့် ယုတ်လျော့၏။

ဝါရေယျန္တိ အာဝါဟ ဝိဝါဟ မင်္ဂလံ။ သုတ္တန် ဟူသည် မိမိ လေ့လာသော သုတ္တန်ဖြစ်၏။

မပျက်မပျောက် ဟူသည် မကွယ်မီတည်း။

ဝိဋီ ... မပျက်မပျောက် ဟူသည် သူတစ်ပါးတို့ မလေ့လာခြင်းကြောင့် လည်းကောင်း၊ မိမိ သေလျှင် လည်းကောင်း ပျက်စီးလတ္တံ့၊)

(ဘိက္ခုနီက္ခန္ဓက၌ ဆဗ္ဗဂ္ဂီမ တို့သည် ဝစ္စကုဋိ၌ ဂဗ္ဘကို ချခြင်းကြောင့် လည်းကောင်း။ စရုံးအိမ်၌ ရေချိုးသော ဘိက္ခုနီတို့ အုတ်အုတ်ကျက်ကျက် ပြုသောကြောင့် လည်းကောင်း၊ ထို သုံးခုကို ပယ်သည်။)

မပင့်သော်လည်း

ထိုအခါ ရဟန်းတစ်ပါးသည် ဂိလာန ဖြစ်၏။ ရဟန်းတို့ထံ တမန်စေလိုက်၏။ အကျွန်ုပ်သည် ဂိလာန ဖြစ်၍ ရဟန်းတို့သည် ကြွလာကြစေသတည်း၊ ကြွလာခြင်းကို အလိုရှိ၏-ဟု စေလိုက်၏၊ ချစ်သားတို့၊ ဘိက္ခု၊ ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေ၊ သာမဏေရီ-ဤ ငါးယောက်တို့ထံ သတ္တာဟကရဏီယဖြင့် မစေသော်လည်း သွားခြင်းငှါ ခွင့်ပြု၏။ စေလျှင် ဆိုဖွယ်မရှိ။ ခုနစ်ရက်အတွင်း ဝါ-ခုနစ်ရက်ကာလကို ပြန်လာခြင်းကို ပြုအပ်၏။

ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းသည် ဂိလာနာဖြစ်၍ ကြွလာကြပါ-ဟု တမန်စေအံ့၊ သတ္တာဟ ကရဏီယဖြင့် မစေသော်လည်း သွားအပ်၏။ စေလျှင် ဆိုဖွယ်မရှိ။ ဂိလာနာဘတ်ကို ရှာအံ့၊ ဆေးကို ရှာအံ့၊ မေးမြန်းအံ့၊ ပြုစုအံ့ဟု သွား၍ ခုနစ်ရက်အတွင်း ပြန်လာအပ်၏။ ရဟန်းအား မမွေ့လျော်ခြင်း (ပျင်းရိခြင်း) ဖြစ်၍ တမန် စေအံ့- တရားဟောအံ့ဟု သွားအပ်၏။ ရဟန်းအား ကုက္ကုစ္စဖြစ်၍ တမန်စေအံ့၊ မှားသော အယူ ရှိသည်ဖြစ်၍ တမန်စေအံ့-တရားဟောအံ့ဟု သွားအပ်၏ (၄)။

ရဟန်းသည် ဂရုဓမ္မသို့ ရောက်သဖြင့် ပရိဝါသ်ထိုက်၍ တမန်စေအံ့၊ မူလာယ-အရှင်းသို့ ငင်ထိုက်၍ ... ။ မာနတ်ထိုက်၍ ...။ အဗ္ဗာန်ထိုက်၍ တမန်စေအံ့၊ ကံဆောင် ပေးမည်ဟု သွားအပ်၏ (၄)။

ရဟန်းအား တဇ္ဇနီယ စသော ကံပြုလို၍ တမန်စေအံ့-ကံမပြုရအောင်၊ ကံငယ်ပြုအောင် ပြုပေးမည်ဟု သွားအပ်၏။ ရဟန်းအား တဇ္ဇနီယ စသော ကံပြုပြီး၍ တမန်စေအံ့ ကံငြိမ်းအောင် ပြုပေးမည်ဟု သွားအပ်၏ (၂)။

ရဟန်းထံ အကြောင်းဆယ်ပါး။

ချစ်သားတို့၊ ဤ သာသနာ၌ ဘိက္ခုနီသည် ဂိလာနာဖြစ်၍၊ မမွေ့လျော် ဖြစ်၍၊ ကုက္ကုစ္စ ဖြစ်၍၊ အယူမှား၍ (၄)။

ဂရုဓမ္မသို့ ရောက်သဖြင့် မာနတ် ထိုက်၍၊ မူလာယပဋိကဿနထိုက်၍၊ အဗ္ဗာန် ထိုက်၍ (၃)။

ကံကြီး ပြုလို၍၊ ကံကြီး ပြုပြီး၍ တမန်စေအံ့- ဆောင်ရွက်ပေးမည်ဟု သွားအပ်၏ (၂)။

ဘိက္ခုနီထံ အကြောင်းကိုးပါး။

ဤ သာသနာ၌ သိက္ခမာန်သည် ဂိလာနာ ဖြစ်၍၊ မမွေ့လျော်၍၊ ကုက္ကုစ ဖြစ်၍၊ အယူမှား၍ (၄)။

သိက္ခာပျက်သဖြင့် သိက္ခာယူလို၍၊ ရဟန်း ပြုလို၍ တမန်စေအံ့ (၂)။

သိက္ခာမာန်ထံ အကြောင်း ခြောက်ပါး။

ဤ သာသနာ၌ သာမဏေသည် ဂိလာနာ ဖြစ်၍၊ ...လ... ၊ အယူ မှား၍ (၄)။

အသက်မေးလို၍၊ ရဟန်းပြုလို၍ တမန်စေအံ့ (၂)။

သာမဏေထံ အကြောင်းခြောက်ပါး။

ဤ သာသနာ၌ သာမဏေမသည် ဂိလာနာ ဖြစ်၍၊ ... လ... ၊ အယူ မှား၍ (၄)။

အသက်မေးလို၍၊ သိက္ခာယူ၍ တမန်စေအံ့၊ ဆောင်ရွက်ပေးမည်ဟု သွားအပ်၏။ မစေသော်လည်း သွားအပ်၏။ ခုနစ်ရက်အတွင်း ပြန်လာအပ်၏(၂)။

သာမဏေမထံ အကြောင်းခြောက်ပါး ဟောတော်မူ၏။

ထိုအခါ ရဟန်းတစ်ပါး၏ မိခင်သည် ဂီလာနာ ဖြစ်၏။ သားထံ ကြွလာပါဟု တမန်စေလိုက်၏။ ထိုအခါ ထိုရဟန်းအား ဤသို့ အကြံ ဖြစ်၏။ ခုနစ်ယောက်ထံ တမန်စေမှ သွားခြင်းငှါ၊ ငါးယောက်ထံ မစေသော်လည်း သွားခြင်းငှါ ပညတ်သည်။ ငါ၏ မိခင်သည်လည်း ဥပါသိကာ မဟုတ်၊ ဝါ-ဗုဒ္ဓဘာသာ မဟုတ်။ အဘယ်သို့ ကျင့်ရပါအံ့နည်းဟု ကြံ၍ လျှောက်၏။

ချစ်သားတို့ ဘိက္ခု၊ ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေ၊ သာမဏေမ (သီတင်းသုံးဖော် ငါးယောက်)။ မိခင်၊ ဖခင်- ဤ ခုနစ်ယောက်ထံ တမှန်မစေသော်လည်း ခုနစ်ရက်ကိစ္စဖြင့် သွားခြင်းငှါ ခွင့်ပြု၏။ စေသော် ဆိုဖွယ်မရှိ။ ခုနစ်ရက်အတွင်း ပြန်လာအပ်၏။

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်း၏ မိခင်သည် ဂိလာနာ ဖြစ်၍ တမန်စေအံ့၊ ဆေးဝါး ရှာဖွေ ပြုစုအံ့ဟု တမန်မစေသော်လည်း သွားအပ်၏ (၁) မိခင်ထံ အကြောင်းတစ်ပါး။

ရဟန်း၏ ဖခင်သည် ဂိလာန ဖြစ်၍ တမန်စေအံ့၊ ထိုအတူ သွားအပ်၏။ ခုနစ်ရက်အတွင်း ပြန်လာအပ်၏ (၁) ဖခင်ထံ အကြောင်းတစ်ပါး။

ချစ်သားတို့၊ ရဟန်း၏ ညီ အစ်ကိုသည်၊ အစ်မ နှမသည်၊ ဆွေမျိုးသည်။ ဘိက္ခု ဂတိက-ရဟန်းတို့ကိုမှီ၍ အတူနေသူသည် ဂိလာန ဖြစ်၍ တမန်စေအံ့၊ ခုနစ်ရက်ကိစ္စဖြင့် သွားအပ်၏။ မစေလျှင် မသွားအပ်။ ခုနစ်ရက်အတွင်း ပြန်လာအပ်၏။

သုံးဖော် (၅) မိ၊ ဘ (၂)-မပင့်ကြ-သွားရ အကြောင်းကြောင်း။

နာ၊ ပျင်း၊ ကုက်၊ ယူ (၄)၊ မာ၊ မူ၊ ဝါသ်၊ ဗ္ဘာန် (၄)၊ လို၊ ပြီးကံ (၂) ဆယ်တန် ဘိက္ခုကြောင်း။

နာ၊ ပျင်း၊ ကုက်၊ ယူ (၄)၊ မာ၊ မူ၊ အဗ္ဗာန် (၃)၊ လို၊ ပြီးကံ (၂) ကိုးတန် နီအကြောင်း။

နာ၊ ပျင်း၊ ကုက်၊ ယူ (၄)၊ ပျက်မူသိက္ခာ(၁)၊ သမ္ပဒါမျှ (၁) ခြောက်ခုရ- သိက္ခ-မာန်အကြောင်း။

နာ၊ ပျင်း၊ ကုက်၊ ယူ (၄)၊ မေးမူဝဿာ (၁) သမ္ပဒါမျှ (၁) ခြောက်ခုရ-သာမ-ဏေအကြောင်း။

နာ၊ ပျင်း၊ ကုက်၊ ယူ (၄)၊ မေးမူဝဿာ (၁) သိက္ခာယူမျှ (၁) ခြောက်ခုရ−သာမ-ဏေရီအကြောင်း။

မကျန်းမာကြ (၁)၊ မိနှင့် ဘ၊ သွားရ-တစ်အကြောင်း။

က္ခု-ဆယ်၊ နီ-ကိုး၊ သုံး-ခြောက်မျိုး၊ တစ်မျိုး-မိနှင့် ဘ။

[ဘိက္ခု၊ စသော သီတင်းသုံးဖော် ငါးယောက်ထံတွင် ဆွမ်းဆေး ရှာပေးအံ့၊ မေးမြန်းအံ့၊ လုပ်ကျွေးသမှု ပြုစုအံ့-အစရှိသော အကြောင်းဖြင့် မစေ မပင့်သော်လည်း သွားအပ်၏။ စေလျှင် ဆိုဖွယ်မရှိ သွားအပ်၏။

ဘိက္ခုသည် နာအံ့၊ ပျင်းရိအံ့၊ ကုက္ကုစ္စဖြစ်အံ့၊ အယူမှားအံ့၊ ပရိဝါသ် ထိုက်အံ့၊ မူလာယ ထိုက်အံ့၊ မာနတ် ထိုက်အံ့၊ အဗ္ဗာန် ထိုက်အံ့၊ သံဃာသည် ကံပြုလိုအံ့၊ သံဃာသည် ကံပြုပြီးဖြစ်အံ့-ဤအကြောင်း ဆယ်ပါးဖြင့် ဘိက္ခုထံ သွားအပ်၏။

ဘိက္ခုနီထံ ကိုးပါးဖြင့်။

သိက္ခမာန်ထံ အစလေးပါး၊ သိက္ခာပျက်၊ ရဟန်းပြုလိုဟူသော ခြောက်ပါးဖြင့်။

သာမဏေထံ အစ လေးပါး၊ အသက်မေးလို၊ ရဟန်းပြုလို-ခြောက်ပါးဖြင့်။

သာမဏေမထံ ရဟန်းပြုလိုပယ်၍ သိက္ခာယူလိုခြင်းနှင့်တကွ ငါးပါးဖြင့်။

အသက်မေးလို မကြဉ်သောကြောင့်၊ ခြောက်ပါးဖြင့် သွားအပ်၏။

(စာတို့၌ ပဉ္စဟိ-ဟု ရှိတတ်၏။ ပါဠိတော်နှင့် ညှိလျှင် ခြောက်ပါးဟု သိသာ၏၊)

နောက်၌ မိဘတို့ထံ ခွင့်ပြုရာ၌လည်း ဧသေဝနယော။ (ဤ၌လည်း ပါဠိတော် မကြည့်လျှင် သာမဏေနှင့် တူသည်ဟု ယူမိဖွယ်ရှိ၏။)

အန္ဓကဋ္ဌကထာ၌ကား မိဘတို့၏ အလုပ်အကျွေး ဉာတက၊ အညာတကတို့ထံလည်း မစေသော်လည်း သွားအပ်၏-ဟု ဆို၏။ ပါဠိ၊ အဋ္ဌကထာ၌ မဆိုသောကြောင့် မယူအပ်။

ဘိက္ခုဂတိက ဟူသည် တစ်ကျောင်းတည်း ဘိက္ခုတို့နှင့် အတူနေသူဖြစ်၏။

(သာဋီ ... ဘိက္ခု ဂတိကောတိ ဘိက္ခု နိဿိတကော - ဘိက္ခုတို့ကို မှီနေသူဖြစ်၏။ ဘိက္ခုတို့နှင့်အတူ နေသူဖြစ်၏။

ဝိဋီ ... အတူနေသူဖြစ်၏ ဟူသော စကားဖြင့် အနညဂတိက-ဟု ပြ၏။)

သံဃကိစ္စသည်

ထိုအခါ သံဃာ၏ ကျောင်းသည် ပြိုပျက်၏။ ဥပါသကာ တစ်ဦးသည် တော၌ သစ်ဘဏ္ဍာကို ဖြတ်စေ၍ ရဟန်းတို့ထံ တမန်စေလိုက်၏။ အရှင်ကောင်းတို့သည် ထိုသစ်ဘဏ္ဍာကို မဆောင်ယူစေလျှင် လှူပါမည်ဟု စေလိုက်၏။ ချစ်သားတို့၊ သံဃကိစ္စဖြင့် သွားခြင်းငှါ ခွင့်ပြု၏။ ခုနစ်ရက်အတွင်း ပြန်လာအပ်၏။

(ဥန္ဒြိယတီတိပလုဇ္ဇတိဘဏ္ဍန္တိဒဗ္ဗသမ္ဘာရဘဏ္ဍံအဝဟာပေယျုန္တိ အာဟရာပေယျုံဒဇ္ဇာဟန္တိ ဒဇ္ဇေအဟံ။ သံဃကိစ္စဖြင့် ဟူသည်၌ ဥပုသ် အိမ် စသော သေနာသနတို့၌လည်းကောင်း၊ စေတီထီး အကျည် ပွတ်တိုင် စသည်တို့၌ လည်းကောင်း ပြုဖွယ်ကိစ္စ ဖြစ်စေ၊ အယုတ်ဆုံး ရဟန်း၏ ပုဂ္ဂလိက သေနာသန ဖြစ်စေ သံဃကိစ္စသာတည်း။ ထိုသံသကိစ္စ ပြီးစေခြင်းငှါ သစ်သား စသည်ကို ဆောင်ယူခြင်း၊ လက်သမား စသည်တို့အား ရိက္ခာပေးခြင်းငှါ သွားအပ်၏။)

ပါဠိ မုတ္တက

ထာ … ဤ ဆိုလတ္တံ့ကား ပါဠိမုတ္တက ရတ္တိစ္ဆေဒ ဝိနိစ္ဆယ တည်း။ တရားနာခြင်းငှါ မပင့်ဖိတ်ဘဲ မသွားအပ်။

ကျောင်းတိုက်တစ်ခု၌ ဤမည်သောနေ့၌ စည်းဝေးအပ်၏-ဟု ကတိကဝတ် ရှေးဦးကပင် ပြုထားအံ့-ပင့်ဖိတ်ခြင်းသာ မည်၏။ သွားခြင်းငှါ အပ်၏။

ဘဏ္ဍကံဓောဝိဿာမိ - သင်္ကန်းဖွပ်အံ့ဟု သွားခြင်းငှါ မအပ်။ ဆရာ ဥပဇ္ဈာယ်တို့သည် စေခိုင်းကုန်အံ့။ (ဝါ-သင်္ကန်းဖွပ်ခြင်း စသည်ဖြင့် စေခိုင်းကုန်အံ့) သွားအပ်၏။

မဝေးလွန်းသော ကျောင်းဖြစ်၍ ယနေ့ သွားလျှင် ယနေ့ ပြန်ရောက်လိမ့်မည်ဟု (အားထုတ်သော်လည်း) ပြန်မရောက်နိုင်လျှင် အပ်၏။

ပါဠိသင်ခြင်း၊ အဋ္ဌကထာ မေးမြန်းခြင်း စသည် အလို့ငှါလည်း သွားခြင်းငှါ မရ။ ဆရာကို ဖူးမြော်အံ့ဟု သွားခြင်းငှါကား ရ၏။ ထိုရဟန်းကို ယနေ့ ပြန်မသွားနှင့်ဦးဟု ဆရာတားလျှင် အပ်၏။ အလုပ်အကျွေး၊ ဆွေမျိုး ဒါယကာတို့ကို ကြည့်ရှုခြင်းငှါ သွားခွင့် မရ။)

သံဃကိစ္စ၊ ကတိကပြုရာ၊ ဆရာ စေအပ်၊ ဖူးလိုလတ် (၄)။ လေးရပ် သွားထိုက်ကြောင်း။

(သာဋီ ... ခုနစ်ရက် ကိစ္စဖြင့် သွား၍ ပြင်ပ၌ အရုဏ်တက်စေခြင်းသည် ရတ္တိစ္ဆေဒ မည်၏။

မပင့်ဘဲ ဟူသည်၌ မပင့်ခြင်းကြောင့် သတ္တာဟကိစ္စ ဆောက်တည်၍ သွားသူအားလည်း ဝါပြတ်၏။ ဒုက္ကဋ်လည်း သင့်၏။

ဆိုပြီးသော ရတ္တိစ္ဆေဒ အကြောင်းကင်းလျက် ကျောင်းတစ်ပါး၌ နေ၍ ပြန်လာမည်ဟု သွားသူအားလည်း ဝဿစ္ဆေဒကို ဆိုကုန်၏။

သွားခြင်းငှါ အပ်၏ ဟူသည် ခုနစ်ရက်ကိစ္စဖြင့် သွားခြင်းငှါ အပ်၏။ ဤသို့ သွားသူသည်လည်း ဥပစာရ သိမ်တွင်း၌ တည်လျက်သာလျှင် “အန္တေသတ္တာဟေ အာဂစ္ဆိဿာမိ- ခုနစ်ရက်အတွင်း ပြန်လာမည်”- ဟု အဘောဂပြု၍ သွားအပ်၏။ အာဘောဂ မပြုဘဲ ဥပစာသိမ်ကို လွန်အံ့၊ ဆိန္နဝဿ ဝါပြတ်သာ ဖြစ်သည်ဟု ဆိုကုန်၏။

ဘဏ္ဍက ဟူသည်ကို စီဝရကို ရည်ဆိုသည်။

စေခိုင်းကုန်အံ့ ဟူသည် သင်္ကန်းဖွပ်ခြင်း စသော အမှုဖြင့် စေခိုင်းကုန်၏။

ပြန်မရောက်နိုင်လျှင် အပ်၏ ဟူသည်၌ ယနေ့ ပြန်လာအံ့ဟု အနီးကျောင်းသို့သွား၍ တစ်ဖန် ပြန်လာစဉ် ခရီးအကြား အရုဏ်တက်အံ့၊ ဝါမပတ်၊ ညဉ့်မပြတ် - ဝဿစ္ဆေဒလည်း မဖြစ်၊ ရတ္တိစ္ဆေဒ ဒုက္ကဋ်လည်း မရှိဟု ဆိုကုန်၏။

ဆရာကို ဖူးမြော်အံ့ ဟူသည်၌ ကျန်းမာသော ဆရာဥပဇ္ဈာယ်ကိုသော်လည်း ဖူးမြော်အံ့ဟု ခုနစ်ရက်ကိစ္စဖြင့် သွားခြင်းငှါ အပ်၏။ဤသို့ ခုနစ်ရက်ကိစ္စဖြင့် သွားသူကို ခုနစ်ရက်အတွင်း ပြန်လာလိုသောအခါ ဆရာသည် လည်းကောင်း၊ ဥပဇ္ဈာယ်သည် လည်းကောင်း၊ ယနေ့ မသွားနှင့်ဦးဟု ဆိုအံ့၊ အပ်၏။ ခုနစ်ရက် လွန်သော်လည်း အနာပတ္တိ ဟူလို။ ဝဿစ္ဆေဒကား ဖြစ်သည်သာတည်း။ ပြင်ပ၌ ခုနစ်ရက် လွန်ခြင်းကြောင့် တည်း။

ဝိဋီ ... သွားအပ်၏ ဟူသည် မစေသော်လည်း သံဃကိစ္စဖြင့် သွားအပ်၏။ ဤ၌လည်း ဥပါသကာ မဟုတ်သူ သော်လည်း သာသနာ အကြောင်း သိလို၍ တမန်စေလျှင် သဒ္ဓါတရား တိုးတက်ခြင်းကို မြော်မြင် သဖြင့်လည်း ခုနစ်ရက်ကိစ္စဖြင့် သွားခြင်းငှါ အပ်၏ဟု သိအပ်၏။

ရတ္တိစ္ဆေဒ ဝိနိစ္ဆယ ဟူသည် ခုနစ်ရက်ကိစ္စဖြင့် သွား၍ ပြင်ပ၌ အရုဏ်တက်စေခြင်း ဟူသော ရတ္တိစ္ဆေဒ၏ ဝိနိစ္ဆယတည်း။

သွားခြင်းငှါ အပ်၏ ဟူသည် ဥပစာရ သိမ်တွင်း၌ တည်လျက်သာ ခုနစ်ရက်ကိစ္စ အကြောင်းကို မှတ်၍ ဤအကြောင်းဖြင့် သွား၍ ခုနစ်ရက်အတွင်း ပြန်လာမည်ဟု အာဘောဂ ပြု၍ သွားခြင်းငှါ အပ်၏။ ရှေး၌ ဘာဘောဂ ပြုအပ်၍ သွားသော ခဏ၌ သတိမေ့လျက် သွားသော်လည်း ကိစ္စဖြင့် သွားခြင်းကြောင့် အပြစ် မရှိ။

အချင်းခပ်သိမ်း အာဘောဂ မပြုဘဲ သွားသူအား ဝဿစ္ဆေဒဟု ဆိုကုန်၏။ “အကြောင်းမရှိသော်လည်း ခုနစ်ရက်အတွင်း ပြန်လာမည်ဟု အာဘောဂဖြင့် သွား၍ ခုနစ်ရက်အတွင်း ပြန်လာအံ့၊ အာပတ်သာ သင့်သည်။ ခုနစ်ရက်အတွင်း ပြန်လာသောကြောင့် ဝဿစ္ဆေဒ မရှိ” ဟု ဆိုကုန်၏။ စူးစမ်း၍ ယူအပ်၏။

ဘဏ္ဍကသည် စီဝရဘဏ္ဍ ဖြစ်၏။

ပြန်မရောက်နိုင်လျှင် အပ်၏ ဟူသည် ထိုနေ့၌သာလျှင် ပြန်လာခြင်း၌ အားထုတ်ခြင်း ရှိသောကြောင့် ဝဿစ္ဆေဒလည်း မဖြစ်၊ အာပတ်လည်း မသင့် ဟူလို။

ဆရာကို ဟူသည် ကျန်းမာသော နိဿယာစရိယဓမ္မာစရိယကိုသော် လည်းတည်း။ ဥပသမ္ပဒါ စရိယဥပဇ္ဈာယတို့၌ ဆိုဖွယ်မရှိ။

တားလျှင် အပ်၏ ဟူသည်ကို ခုနစ်ရက် လွန်ခြင်းကြောင့် အာပတ်မရှိခြင်းကို ရည်ဆိုသည်။ ဝဿစ္ဆေဒကား ဖြစ်သည်သာတည်း။)

ဝါဖျက်သင့်ကြောင်း အန္တရာယ်

ထိုအခါ ကောသလ ဇနပုဒ်တို့၌ ဝါကပ်သော ရဟန်းတို့ကို ခြင်္သေ့ စသော သားရဲတို့ နှိပ်စက်ကုန်၏။ ဖမ်း၍ စားကုန်၏။ ထွက်ပြေးစေကုန်၏။ ဝါ-လိုက်ကုန်၏။ ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်သော ရဟန်းတို့ကို သားရဲတို့ နှိပ်စက်ကုန်အံ့၊ ဖမ်း၍ စားကုန်အံ့၊ လိုက်ကုန်အံ့။ ဤသည်ပင်လျှင် အန္တရာယ်ဟု ဖဲသွားအပ်၏။ ဝဿစ္ဆေဒဿ - ဝါဖြတ်သူအား (ဝါ-ဝဿစ္ဆေဒေ- ဝါဖြတ်ခြင်းကြောင့်၊ အဿ-ထိုရဟန်းအား) အနာပတ္တိ

မြွေကိုက်အံ့၊ လိုက်အံ့ ...။ ခိုးသူ လူယုတ်တို့ ရိုက်နှက်အံ့ ...။ ဘီလူးပူးဝင်အံ့၊ ညှဉ်းဆဲအံ့ ...။ ရွာမီးလောင်၍ ဆွမ်းပင်ပန်းအံ့ ...။ ကျောင်းမီးလောင်၍ ကျောင်းပင်ပန်းအံ့ ...။ ရွာရေမျော၍ ဆွမ်းပင်ပန်းအံ့ ...။ ကျောင်းရေမျော၍ ကျောင်းပင်ပန်းအံ့။ ဤသည်ပင်လျှင် အန္တရာယ် ဟု ဖဲသွားအပ်၏။ ဝါဖြတ်သူအား အနာပတ္တိ (ရှစ်ချက်)။

တစ်ခုသော အာဝါသ၌ ဝါကပ်သော ရဟန်းတို့၏ ရွာသည် ခိုးသူဘေးကြောင့် ပြောင်းရွှေ့သွား၏။ ချစ်သားတို့၊ ရွာရွှေ့သွားရာသို့ သွားခြင်းငှါ ခွင့်ပြု၏။ ရွာသည် နှစ်ဘို့ကွဲ၏။ ချစ်သားတို့၊ များရာသို့ သွားခြင်းငှါ ခွင့်ပြု၏။ များရာရွာသည် သဒ္ဓါသူ မရှိကုန်။ ချစ်သားတို့၊ သဒ္ဓါသူရှိရာသို့ သွားခြင်းငှါ ခွင့်ပြု၏ (သုံးချက်)။

အကောသလဇနပုဒ်တို့၌ တစ်ခုသော အာဝါသ၌ ဝါကပ်သော ရဟန်းတို့သည် ဆွမ်းပြည့်စုံစွာ မရကုန်။ ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်သူတို့သည် ဆွမ်းပြည့်စုံစွာ မရကုန်အံ့။ ဤသည်ပင် အန္တရာယ်ဟု ဖဲသွားအပ်၏။ ဝါဖြတ်သူအား အနာပတ္တိ။ ဆွမ်းပြည့်စုံစွာ ရသော်လည်း သပ္ပါယဘောဇဉ်ကို မရကုန်အံ့။ ဘောဇဉ်ရသော်လည်း သပ္ပါယဆေးကို မရကုန်အံ့။ ဆေးရသော်လည်း လျောက်ပတ်သော အလုပ်အကျွေးကို မရကုန်အံ့။ ဤသည်ပင် အန္တရာယ်ဟု ဖဲသွားအပ်၏။ ဝါဖြတ်သူအား နာပတ္တိ (လေးချက်)။

ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်သော ရဟန်းကို မိန်းမသည် ဖိတ်ကြားအံ့၊ အရှင်ဘုရား လာလော၊ ငွေကို ပေးမည်၊ ရွှေကို ပေးမည်၊ လယ်ကို၊ ယာကို၊ နွားလားကို၊ နွားမကို၊ ကျွန်ကို၊ ကျွန်မကို ပေးပါမည်။ မယားအလို့ငှါ သမီးကို ပေးမည်၊ အကျွန်ုပ်သည် အရှင်၏ မယားဖြစ်မည်၊ တစ်ပါးသော မယားကို ရှာပေးမည် ဟု ဖိတ်ကြားအံ့ – စိတ်သည် ဖောက်ပြန်လွယ်သည် သာသနာ၏ အန္တရာယ်ဖြစ်ရာ၏ဟု ဖဲသွားအပ်၏။ ဝါဖြတ်သူအား အနာပတ္တိ

ပြည့်တန်ဆာမသည်၊ အပျိုကြီးသည်၊ ပဏ္ဍုက်သည်၊ ဆွေမျိုးသည်၊ မင်းသည်၊ ခိုးသူသည်၊ သေသောက်ကြူး သည် ငွေကိုပေးမည် စသည်ဖြင့် ဖိတ်ကြားအံ့။ ….လ... ဖဲသွားအပ်၏။ ဝါဖြတ်သူအား အနာပတ္တိ

ချစ်သားတို့၊ ဝါကပ်သော ရဟန်းသည် အရှင်မရှိသော နိမိ-ရွှေအိုး ငွေအိုးကို မြင်အံ့။ စိတ်သည် ဖောက်ပြန်လွယ်သည်။ သာသနာ၏ အန္တရာယ် ဖြစ်ရာ၏ဟု ဖဲသွားအပ်၏။ ဝါဖြတ်သူအား အနာပတ္တိ

[ရွာရွှေ့သွားရာသို့ သွားခြင်းငှါ စသည်တို့၌ မဝေးလွန်းလျှင် ထိုရွာ၌ ဆွမ်းခံ၍ ကျောင်းသို့သာ ပြန်လာ၍ နေအပ်၏။ ဝေးလျှင် ခုနစ်ရက် တစ်ကြိမ် အရုဏ်ကို တက်စေအပ်၏။ မတက်နိုင်လျှင် ထိုရွာ၌သာ သဘာဂ ရဟန်းတို့၏ နေရာ၌ နေအပ်၏။ လူတို့သည် လှူမြဲတိုင်းသော သလာကာဘတ် စသည်တို့ကို လှူကုန်အံ့၊ ထိုကျောင်း၌ ငါတို့ မနေကြဟု ဆိုအပ်ကုန်၏။ ကျောင်းအား မလှူ၊ အရှင်တို့အား လှူပါသည်၊ နေလိုရာ နေ၍ ဘုဉ်းပေးကြပါဟုဆိုလျှင် ချမ်းသာသလို ဘုဉ်းပေးအပ်၏။ ထိုရဟန်းတို့အားသာ ထိုဆွမ်းရောက်၏။

“အရှင်တို့၏ နေရာ၌ ရောက်စေ၍ ဘုဉ်းပေးကြပါ”ဟုဆိုလျှင် နေရာသို့ဆောင်၍ ဝါစဉ်ဖြင့် ရောက်စေ၍ ဘုဉ်းပေးအပ်၏။ ပဝါရဏာပြုသောအခါ ဝဿာဝါသိက- ဝါဆိုသင်္ကန်းကို လှူကုန်အံ့၊ ခုနစ်ရက်တစ်ကြိမ် အရုဏ်တက်စေသူတို့သည် ခံယူအပ်၏။

ဝါပြတ်သူတို့ကား-“ထိုကျောင်း၌ ငါတို့ မနေကြ၊ ငါတို့ ဝါပြတ်ကုန်၏ဟု ဆိုကုန်အံ့။ အကျွန်ုပ်တို့၏ ကျောင်းကို ရောက်စေကုန်ပြီး သူတို့သည် ယူကြစေကုန်”ဟု ဆိုကုန်အံ့၊ ယူအပ်၏။ ယခင် ကျောင်း၌ စုဆောင်းထား အပ်သည်ဖြစ်၍ မပျက်အောင် ဤကျောင်းသို့ ယူခဲ့သော (ဝါ-ဝိဟာရမှ ပြင်ပရောက်ရာသို့ ဆောင်ခဲ့သော) သင်္ကန်း စသော ဝေဖန်အပ်သော ဘဏ္ဍာကိုကား (ပြင်ပ၌ မပန်ကြားအပ်)။ ထိုယခင် ကျောင်းသို့သာ သွား၍ ဝန်ကြား၍ ဝေဖန်အပ်၏။

ဣတောအယျာနံ စတ္တာရော ပစ္စယေဒေထ၊ ဤမှ ပစ္စည်းလေးပါးကို အရှင်တို့အား လှူကြလော-ဟု ကပ္ပိယကာရကတို့၏ လက်၌ လှူထားသော လယ်ယာ စသည်မှ ဖြစ်သော တတြုပ္ပါဒဘဏ္ဍာ၌လည်း သေဝနယော၊ သံဃိကဖြစ်၍ ဝေဖန်အပ်သော ဘဏ္ဍာသည် ကျောင်းတွင်း၊ ကျောင်းပ၌ တည်စေကာမူ၊ ကျောင်းပြင်၌ တည်သော ရဟန်းတို့အား ပန်ကြား၍ ဝေဖန်ခြင်းငှါ မအပ်။

ကျောင်းတွင်း ကျောင်းပ နှစ်ဌာန၌ တည်သော်လည်း ကျောင်းတွင်း၌ တည်သူတို့အား ပန်ကြား၍ ဝေဖန်ခြင်းငှါ အပ်သည်သာတည်း။ ထိုကြောင့် ယခင် ကျောင်းသို့သာ သွား၍ ဝေဖန်အပ်၏။]

(သာဋီ ... ဝေးလျှင် ခုနစ်ရက်တစ်ကြိမ် စသော စကားဖြင့် ဝါ၊ ဖြတ်ထိုက်ကြောင်း လုံလောက်သော်လည်း ခုနစ်ရက်ကိစ္စဖြင့် သွားခြင်းငှါ အပ်၏ဟုပြသည်။

ဝိဋီ ... သတ္တာဟ ဝါန အရုဏော ဥဋ္ဌာပေတဗ္ဗော - ခုနစ်ရက်တစ်ကြိမ် အရုဏ်ကို တက်စေအပ်၏ ဟူသည်၌ ပြင်ပ၌ ခြောက်ရက် လွန်စေ၍ သတ္တမနေ့ အရုဏ်မတက်မီ ဥပစာရ သိမ်တွင်းသို့ဝင်၍ အရုဏ်တက်စေ၍ နောက်နေ့၌ ခုနစ်ရက် ဆောက်တည်၍ သွားအပ်၏ ဟူသော အဓိပ္ပါယ်တည်း။

ကေစိတို့ကား သတ္တမနေ့၌ လာ၍ အရုဏ်မတက်စေဘဲ ထိုနေ့၌သော်လည်း သွားခြင်းငှါ အပ်သည်ဟု ဆိုကုန်၏၊ မယူအပ်၊ အရုဏော ဥဋ္ဌာပေတဗ္ဗောဟု ဆိုသည်။ ပါဠိတော်၌လည်း သတ္တာဟံ သန္နိဝတ္တော ကာတဗ္ဗော-ဟု ဟောသည်။ သတ္တမနေ့ အရုဏ်ပြန်တက်စေခြင်းကို ရည်ဟောသည်။ အရုဏ်မတက်စေဘဲ သွားလျှင် ပြင်ပ၌သာ ခုနစ်ရက်ကို လွန်စေသူဖြစ်၍ ဝါပြတ်သူသာ ဖြစ်လတ္တံ့။

ဝါကပ်ပြီးသူ ထိုနေ့ အရုဏ်မတက်ဖြစ်ဘဲ ကိစ္စဖြင့် ဖဲသွားခြင်းသည် ဝါကပ်ပြီးသော အခါမှစ၍ အမှတ်မရှိ ကာလ၌ အကြောင်းရှိလျှင် သွားခြင်းကို ခွင့်ပြုသောကြောင့် သင့်၏။ ခုနစ်ရက် အကြိမ်ဖြင့် ပြန်သွားသူအား အရုဏ်မတက်စေဘဲ ထိုနေ့ ဖဲသွားခြင်းကား မသင့်။

ပဝါရဏာ မတိုင်မီ နောက်ဆုံး သတ္တာဟ၌ ကိစ္စဖြင့် ဖဲသွားသူ ပြန်မလာခြင်းကို ခွင့်ပြုသော်လည်း၊ ရှေး သတ္တာဟတို့၌ မအပ်။ ပထမ သတ္တာဟ၌ အရုဏ်မတက်စေဘဲ သွားခြင်းကို ခွင့်ပြုသော်လည်း နောက် သတ္တာဟတို့၌ မအပ်-ဟု ဆုံးဖြတ်အပ်၏။)

သံဃဘေဒကြောင့်လည်း

ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်သော ရဟန်းသည် ရဟန်းများစွာ သံဃာ ကွဲအောင် အားထုတ်ကြသည်ကို မြင်အံ့။ သံဃာကွဲခြင်းသည် ဝန်လေးလှ၏။ ငါ မျက်မှောက်ရှိစဉ် မကွဲပါစေလင့်ဟု ဖဲသွားအပ်၏။ ဝါဖြတ် သူအား အနာပတ္တိ။ ထိုအတူကြားအံ့-ဖဲသွားအပ်၏။ အနာပတ္တိ (နှစ်ချက်)။

ဤမည်သော ကျောင်း၌ သံဃာကွဲအောင် အားထုတ်ကြသည်ဟု ကြားအံ့၊ ထိုရဟန်းတို့သည် ငါ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ ငါ့စကားကို နားထောင်ကုန်လတ္တံ့ဟု သိအံ့- ဖဲ့သွားအပ်၏၊ အနာပတ္တိ။ ငါ၏ မိတ်ဆွေကား မဟုတ်၊ ငါ၏ မိတ်ဆွေ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ နားထောင်ကုန်လတ္တံ့ ဟု သိအံ့ ဖဲသွားအပ်၏။ အနာပတ္တိ (၂)

ဘိန္နော – ကွဲပြီ (ဝါ-ကွဲလုပြီ) - ဟု ကြားအံ့၊ မိတ်ဆွေ ဖြစ်ကုန်၏။ နားထောင်ကုန် လတ္တံ့ဟု သိအံ့။ မိတ်ဆွေ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ နားထောင်ကုန်လတ္တံ့ ဟု သိအံ့။ ဖဲသွားအပ်၏၊ အနာပတ္တိ(၂)။

ဘိက္ခုနီတို့သည် သံဃာကွဲ အောင် အားထုတ်ကြသည်ဟု ကြားအံ့၊ ထိုဘိက္ခုနီတို့သည် ငါ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ ငါ၏ မိတ်ဆွေ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ နားထောင်ကုန်လတ္တံ့ ဟု သိအံ့၊ ဖဲသွားအပ်၏။ အနာပတ္တိ (၂)။

ဘိန္နော-ကွဲပြီ။ (ဝါ-ကွဲလုပြီ)-ဟု ကြားအံ့။ မိတ်ဆွေ။ မိတ်ဆွေ၏ မိတ်ဆွေတို့ ဖြစ်ကုန်၏။ နားထောင်ကုန် လတ္တံ့ဟု သိအံ့၊ ဖဲသွားအပ်၏၊ ဝါဖြတ်သူအား အနာပတ္တိ (၂)။

[ဘိန္နော-ဟု ဆိုရာ၌ ကွဲပြီးမှ သွားလျှင် ပြုဖွယ်မရှိ။ ကွဲလတ္တံ့ ဟု တွေးတောဖွယ် ရှိသည်ကို ရည်ဆိုသည်။ ဘိက္ခုနီတို့ အားထုတ်ခြင်းကြောင့် ဘိန္နောဟု ဆိုရာ၌ ဘိက္ခုနီတို့ကြောင့် မကွဲ။ ဘိက္ခုနီတို့သည် သံဃာကို မခွဲနိုင်။ ဘိက္ခုနီတို့၏ အားပေးသည်ကို မှီ၍ သံဃာကို ခွဲကုန်ရာ၏ဟု တွေးတောဖွယ်ကို ရည်ဆိုသည်၊]

နွားခြံ၊ လှည်း၊ လှေ၌ ဝါကပ်ခြင်း

ထိုအခါ ရဟန်းတစ်ပါးသည် ဝဇေ-နွားခြံ၌ ဝါကပ်လို၏။ မြတ်စွာဘုရားအား လျှောက်၏၊ ချစ်သားတို့၊ နွားခြံ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏။
နွားခြံသည် ရွှေ့ပြောင်း၏။ ချစ်သားတို့၊ နွားခြံရွှေ့ရာသို့ လိုက်သွားခြင်းငှါ ခွင့်ပြု၏။

ရဟန်းတစ်ပါးသည် ဝါဆိုချိန် နီးသောအခါ သတ္တေန-လှည်းကုန်သည်ဖြင့် သွားလို၏။ ချစ်သားတို့၊ လှည်း ကုန်သည်၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏။
ရဟန်းတစ်ပါးသည် ဝါဆိုချိန် နီးသောအခါ နာဝါယ-လှေဖြင့် သွားလို၏။ ချစ်သားတို့၊ လှေ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏။

[ဝဇ ဟူသည် နွားကျောင်းသားတို့၏ နေရာဖြစ်၏။

နွားခြံ ရွှေ့ရာဟူသည်၌ နွားခြံနှင့်အတူ သွားသူအား ဝါဖြတ်ခြင်းကြောင့် အနာပတ္တိ

လှည်းကုန်သည်၌ ဝါကပ်ခြင်းငှါ ဟူသည်၌ ဝါဆိုအံ့သော နေ့၌ “ဒါယကာတို့ ကျောင်းငယ်ကို ရခြင်းငှါ သင့်၏”ဟု ဆိုအပ်၏။ ပြုပေးလျှင် ထိုကျောင်းငယ်၌ ဝင်၍၊ ဣဓဝဿံ ဥပေမိ-ဟု သုံးကြိမ် ဆိုအပ်၏။ ပြုမပေးလျှင် စရပ်အသွင်တည်သော လှည်းအောက်၌ ဝါကပ်၏။ ထိုမျှ မရလျှင် လှည်းကုန်သည်၌ ဝါမကပ်အပ်၊ ဣဓဝ ပသိဿာမိ-ဟု စိတ်ဖြစ်ခြင်းမျှ အာလယ ပြုအပ်၏။

လှည်းကုန်သည်သည် ခရီးသွားစဉ်သာလျှင် ပဝါရဏာနေ့ ဖြစ်အံ့၊ ထို၌သာ ပဝါရဏာ ပြုအပ်၏။ လှည်းကုန်သည်သည် ဝါတွင်း၌ပင် ရဟန်း လိုရာအရပ်သို့ ရောက်၍ လွန်သွားအံ့၊ လိုရာအရပ်၌နေ၍ ထို၌ရှိသော ရဟန်းတို့နှင့်အတူ ပဝါရဏာ ပြုအပ်၏။

လှည်းကုန်သည်သည် ဝါတွင်း၌ပင် အကြား ရွာတစ်ခု၌တည်အံ့၊ လှည်းခေါင်းကွဲ၍ တခြားစီသော်လည်း ဖြစ်အံ့၊ ထိုရွာ၌သာ ရဟန်းတို့နှင့်အတူ နေ၍ ပဝါရဏာ ပြုအပ်၏။ ပဝါရဏာ မပြုဘဲ ထိုရွာမှ တစ်ပါးသို့ မသွားအပ်။

လှေ၌ ဝါကပ်သော ရဟန်းသည်လည်း ကျောင်းငယ်၌သာ ဝါကပ်အပ်၏။ ရှာ၍မရလျှင် စိတ်ဖြစ်ခြင်းမျှ အာလယ ပြုအပ်၏။ ဝါတွင်း၌ လှေသည် သမုဒြာ၌သာ ဖြစ်အံ့၊ ထို၌သာ ပဝါရဏာ ပြုအပ်၏။ လှေသည် ကမ်းသို့ဆိုက်အံ့။ ရဟန်းကား ထိုထက်အလွန် သွားလိုအံ့၊ မသွားအပ်၊ လှေဆိုက်ရာ၌သာနေ၍ ရဟန်းတို့နှင့်အတူ ပဝါရဏာ ပြုအပ်၏။

လှေသည် ကမ်းစဉ်လျှောက်၍ အရပ်တစ်ပါးသို့ သွားလိုအံ့၊ ရဟန်းကား ရှေးဦးစွာရောက်သော ရွာ၌သာ နေလိုအံ့။ လှေသွားစေကာမူ ထိုရဟန်းသည် ထိုရွာ၌သာ နေ၍ ရဟန်းတို့နှင့်အတူ ပဝါရဏာ ပြုအပ်၏။

ဤသို့ နွားခြံ၊ လှည်း၊ လှေ သုံးဌာနတို့၌ ဝဿစ္ဆေဒ အာပတ်မရှိ၊ ပဝါရဏာ ပြုခြင်းငှါလည်း ရ၏၊ ရှေး၌ သားရဲနှိပ်စက်ခြင်း အစ၊ သံဃဘေဒ အဆုံးရှိသော ဝတ္ထုတို့၌ အနာပတ္တိသာ ဖြစ်သည်။ ပဝါရဏာပြုခြင်းငှါ မရ။

(ယခုအခါ မီးရထား၊ သင်္ဘောဖြင့် ခရီးသွားစဉ် ဝါကပ်ရန် နေ့ကြုံအံ့။ ထို၌ပင် ဝါကပ်အပ်ကြောင်း ထိုနေရာ၌ ထင်ရှား၏။ သင့်အောင်ယူလော။)

(သာဋီ … ဣဓဝဿံ ဥပေမိ-ဟု သုံးကြိမ်ဆိုအပ်၏-ဟူသည် လှည်းကုန်သည်သည် ဝိဟာရ မဟုတ်သောကြောင့် ဣမသ္မိံ ဝိဟာရေ-ဟု မဆိုဘဲ ဣဓဝဿံ ဥပေမိ-ဟူ၍မျှ ဆိုအပ်၏။

လှည်းကုန်သည်၌ ဝါမကပ်ရ ဟူသည် ကျောင်းငယ်စသည် မရှိရာ၌ ဣဓဝဿံ ဥပေမိ-ဟု မြွက်ဆို၍ ဝါမကပ်အပ်။ အာလယ ပြုခြင်းမျှသာ အပ်၏ ဟူသော အဓိပ္ပာယ်တည်း။

ဝိပ္ပကိရတီတိ ဝိသုံ ဝိသုံဂစ္ဆတိ-လှည်းခေါင်းကွဲ၍ အသီးသီးသွား၏။

သုံးဌာနတို့၌ ဝဿစ္ဆေဒ အာပတ် မရှိ ဟူသည် ထိုသူတို့နှင့်အတူ သွားသူအားသာ အာပတ်မရှိ၊ ခွဲ၍ သွားလျှင်ကား အာပတ်သာတည်း။ ပဝါရဏာ ပြုခြင်းငှါလည်း မရ။

ဝိဋီ ... ဝါမကပ်အပ် ဟူသည် ကျောင်းငယ် စသည် မရှိသဖြင့် ဣဓဝဿံ ဥပေမိ-ဟု မြွက်ဆို၍ ဝါမကပ်အပ်။

ဇီဋီ ... နွားခြံနှင့်အတူ သွားသူအား ဝါဖြတ်ခြင်းကြောင့် အနာပတ္တိ ဟူသည် ဝဿစ္ဆေဒ မဖြစ်ဟူသော အဓိပ္ပါယ် ဖြစ်သတတ်။

သတ္ထသည် ဝိဟာရ မဟုတ်သောကြောင့် ဣမသ္မိံ ဝိဟာရေ-ဟု မဆိုဘဲ ဣမဝဿံ ဥပေမိ ဟူ၍မျှ ဆိုအပ်၏။

ဝါမကပ်ဟူသည် သတ္ထုဣမသ္မိံ ဝိဟာရေဟူ၍ လည်းကောင်း၊ ဣဓဝဿံ ဟူ၍ လည်းကောင်း မကပ်အပ်၊ အာလယ ပြုခြင်းမျှဖြင့်သာ အပ်၏ဟူသော အဓိပ္ပာယ်တည်း၊

အဋ္ဌကထာ၌ ရှေ့နောက် မဆန့်ကျင်အောင် ဤသို့ အဓိပ္ပါယ်ကို သိအပ်၏။ ရပ်ဆဲလှည်းဖြစ်လျှင် ကျောင်းငယ်၌ ဣဓဝဿံ ဥပေမိ-ဟု ဆို၍ ဝါကပ်အပ်၏။ သွားဆဲလှည်းဖြစ်လျှင် ကျောင်းငယ် မရှိသောကြောင့် ပါ မကပ်အပ်။ ထမ်းစင်သော် လည်းကောင်း၊ လှည်းတိုက်ခန်းသော် လည်းကောင်း ရှိလျှင် အပ်၏။ နွားခြံ၌လည်း ထိုအတူတည်း။ စသည် ... )

ဝါမကပ်အပ် ခုနစ်ရပ်

ထိုအခါ ရဟန်းတို့သည် ရုက္ခသုသိရေ-သစ်ခေါင်း၌ ဝါကပ်ကုန်၏။ ပိံသာစိလ္လိကာ- မြေဘုတ် ဘီလူးကလေး ကဲ့သို့ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ သစ်ခေါင်း၌ ဝါမကပ်အပ်-ဒုက္ကဋ်

ရဟန်းတို့သည် ရုက္ခဝိဋဘိယာ-သစ်ခွ၌ ဝါကပ်ကုန်၏။ မိဂလုဒ္ဒက-မုဆိုးတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

အဇ္ဈောကာသေ-လွင်တီးခေါင်၌ ဝါကပ်ကုန်၏။
မိုးရွာသောအခါ သစ်ပင်အောက်၊ တံစက်မြိတ်တွင်းသို့ ပြေးဝင်ကုန်၏။
အသေနာသနီကာ ကျောင်းမရှိဘဲ ဝါကပ်ကုန်၏။ အအေးအပူဖြင့် ပင်ပန်းကုန်၏။

ဆဝကုဋိကာယ-သူကောင်ဖုတ်ရာတဲ၌ (ဝါ- ခြေရှည်ညောင်စောင်း၌) ဝါကပ်ကုန်၏။ ဆဝဍာဟက-သူကောင်ဖုတ်သူကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

ဆတ္တေ-ထီး၌ ဝါကပ်ကုန်၏။ နွားကျောင်းသားတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

စာဋိယာ-အိုးစရည်း၌ ဝါကပ်ကုန်၏။ တိတ္ထိတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

ချစ်သားတို့၊ သစ်ခွ၌ ဝါမကပ်အပ်။ လွင်တီးခေါင်၌ ဝါမကပ်အပ်။ ကျောင်းမရှိဘဲ ဝါမကပ်အပ်။ သူကောင်ဖုတ်ရာတဲ၌ ဝါမကပ်အပ်။ ထီး၌ ဝါမကပ်အပ်၊ အိုးစရည်း၌ ဝါမကပ်အပ်။ ဒုက္ကဋ်

[သစ်ခေါင်းဟူသည် သစ်ခေါင်းသက်သက်၌သာ မအပ်။ ကြီးသော သစ်ခေါင်း၏ အတွင်း၌ ပျဉ်မိုးကျောင်းပြု၍ ဝင်စရာ တံခါးတပ်၍ ဝါ ကပ်လျှင် အပ်၏။ သစ်ပင်ကိုဖြတ်၍ သစ်ငုတ်အထက်၌ ပျဉ်မိုးကျောင်း ပြုလျှင်လည်း အပ်သည်သာတည်း။

သစ်ခွ၌လည်း သက်သက်မအပ်။ သစ်ခွကြီး၌ စင်ငြမ်းဖွဲ့၍ ပျဉ်မိုးကျောင်းပြု၍ ဝါကပ်အပ်၏။

ကျောင်း မရှိဘဲ-ဟူသည် အမိုးငါးပါး တစ်ပါးပါးမိုးသော တံခါးအဖွဲ့တပ်သော ကျောင်းမရှိသော ရဟန်းသည် ဝါမကပ်အပ်။

သူကောင်ဖုတ်ရာတဲ၌ ဋင်္ကီတ ညောင်စောင်း စသည်သည် ဆဝကုဋိ-သူကောင်ဖုတ်ရာတဲ မည်၏။ ထို၌ ပါမကပ်အပ်။

သုသာန်၌ တစ်ပါးသော ကျောင်းငယ်ပြု၍ ဝါကပ်ခြင်းငှါ အပ်၏။ ထီး၌လည်း တိုင်လေးတိုင်ထက် ထီးကိုထား၍ အမိုးအကာပြု၍ ဝါကပ်ခြင်းငှါ အပ်၏၊ ဆတ္တကုဋိကာ-ထီးကျောင်း မည်၏။ အိုးစရည်း၌လည်း ကြီးစွာသော အိုးခင်းဖြင့် ထီး၌ကဲ့သို့ ကျောင်းငယ် ပြု၍ ဝါကပ်လျှင်အပ်၏။]

(သာဋီ ... ပိသာစာ ဧဝ ပိသာစိလ္လိကာပိသာစ ဒါရကာတိ ပိဝ ဒန္တံ။ ဝင်စရာ တံခါးတပ်၍-ဟူသည် တံခါးရွက် အပိတ်ရှိအောင်သာလျှင် ယှဉ်စေ၍တည်း။

အမိုး ငါးပါးဟူသည် ဘိဏ-မြက်သက်ကယ်၊ ပဏ္ဏ-သစ်ရွက်၊ ဣဋ္ဌက-အုတ်၊ သီလာ-ကျောက်၊ သုဓာ-အင်္ဂတေ ဟူသော အမိုး ငါးပါးဖြစ်၏။ အမိုး ငါးပါးကိုလည်း ယေဘုယျအားဖြင့် ဆိုသည်။ ပျဉ်မိုးကျောင်းလည်း ဝါကပ်အပ်သောကြောင့်တည်း။)

အုတ်၊ ကျောက်၊ သစ်ရွက် (၃)၊ င်္ဂတေ၊ မြက် (၂)၊ ငါးချက် အမိုးလာ။

ကျောင်းမရှိသူအား နှုတ်မြွက်၍ ဝါကပ်ခြင်းကို ပယ်သည်။ အာလယ ပြုခြင်းဖြင့် ဝါကပ်ခြင်းကို မပယ်အပ်ဟု ဆိုကုန်၏။ နွားခြံ လှေ လှည်းမှ တစ်ပါးသော နေရာ၌ ကျောင်းမရှိလျှင် အာလယ ပြုခြင်း မအပ် ဟု ငါတို့ နှစ်သက်၏။

နာလက ပဋိပဒါ ကျင့်သူသော်လည်း အမိုး၊ တံခါးဖွဲ့ရှိသော ကျောင်း၌သာ ဝါကပ်အပ်၏။ ဝါကပ်ချိန် နီး၍ ကျောင်းမရှိလျှင် လက်အမှုရှာ၍၊ ၎င်းကိုယ်တိုင် ၎င်းဆောက်လုပ်အပ်၏။ ကျောင်းရှိဘဲ ဝါမကပ်အပ်ဟု ဒုတိယ ပါရာဇိက အဖွင့်၌ မြဲစွာ ဆိုသောကြောင့်တည်း။

ဋင်္ကီတ ညောင်စောင်း-ဟူသည် ရှည်သော ညောင်စောင်း- အခြေ၌ အလယ်၌ထွင်း၍ အပေါင်သွင်းသော ညောင်စောင်း ဖြစ်၏။ အောက်အထက်ဟု မရှိ၊ လှန်၍ခင်းလည်း ထိုအသိုင်းသာဖြစ်၏၊ သုသာန်၌၊ နတ်ကွန်း၌ ထားကုန်၏။ ကျောက်လေးခု အထက်၌ ကျောက်ခင်း၍ပြုသော အိမ်ကိုလည်း ဋင်္ကီတ ညောင်စောင်းဟု ဆိုအပ်၏။

ဝိဋီ ... ဝါမကပ်အပ်-ဟူသည် ကျောင်းမရှိသဖြင့် ဣဓဝဿံ ဥပေမိ-ဟု ဝစီဘေဒ ပြု၍ ဝါမကပ်အပ်။ ပါဠိ၌ ပိသာစိလ္လိကာသည် ပိသာစ ဒါရကာ တို့တည်း။

ဝင်စရာ တံခါးတပ်၍ ဟူသည် တံခါးရွက်နှင့်တကွ တံခါး ရှိအောင် ပြု၍တည်း။

သစ်ပတ်ကိုဖြတ်၍ ဟူသည် သစ်ခေါင်းနေရာ၏ အထက်အဖို့ကို ဖြတ်၍။

သစ်ငုတ်အထက်၌ ဟူသည် သစ်ခေါင်းရှိသော သစ်ငုတ်၏ အထက်၌။

ဋင်္ကီတ ညောင်စောင်း ဟူသည် ရှည်သော ညောင်စောင်းအခြေ၌ ထွင်း၍ အပေါင်သွင်းပြု၏။ အောက် အထက် ပြန်၍ ခင်းလည်း ရှေးအတိုင်းသာတည်း။ သုသာန်၌ နတ်ကွန်းတို့၌ ထားကုန်၏။ ကျောက်လေးခု အထက်၌ ကျောက်ပျဉ်ခင်း၍ပြုသော အိမ်ကိုလည်း ဋင်္ကီတ ညောင်စောင်းဟု ဆိုအပ်၏။)

အဓမ္မိက ကတိကာဝတ်

ထိုအခါ သာဝတ္ထိ၌ သံဃာသည် ဝါတွင်း၌ ရှင်ပြု မပေးအပ်ဟု ကတိကာဝတ် ပြုထား၏။ ဝိသာခါ၏ မြေးသည် ရဟန်းတို့ထံ ချဉ်းကပ်၍ ရှင်အဖြစ်ကို တောင်းပန်လတ်သော် ဝါဆိုကြသေးသည်၊ ဆိုင်းဦး၊ ဝါကျွတ်မှ ရှင်ပြုပေးကုန်လတ္တံ့ဟု ဆိုကုန်၏။

ဝါကျွတ်၍ ရှင်လာပြုလောဟု ခေါ်လတ်သော် ယခု မပြုလိုတော့ပြီဟု ဆို၏။ အဘယ်ကြောင့် ဤသို့ ကတိကာဝတ် ပြုကြသနည်း၊ တရားမကျင့်ကောင်းသောအခါ ရှိသေးသလောဟု ဝိသာခါ ကဲ့ရဲ့၏၊ ချစ်သားတို့၊ ဝါတွင်း ရှင်မပြုပေးအပ်ဟု ဤသို့သော ကတိကာဝတ်ကို မပြုအပ်။ ဒုက္ကဋ်

[ဤသို့သော ကတိကာဝတ် ဟူသည်၌ ဤသို့သော တစ်ပါးသော အဓမ္မိက ကတိကာဝတ်ကိုလည်း မပြုအပ်ဟူလို။ ထို၏ လက္ခဏာကို မဟာဝိဘင်း၌ ဆိုအပ်ပြီ။]

(ဇီဋီ ... မဟာဝိဘင်း၌ ဆိုအပ်ပြီ-ဟူသည်၌ ဤကား အန္ဓကဋ္ဌကထာ စကားတည်း။ တစ်ဆယ့်ငါးနှစ်အောက် သာမဏေ ဤကျောင်း၌ မနေအပ်။ ပံသုကူသင်္ကန်း ရှာဖွေရန် မလှည့်လည်အပ်။ တစ်ပါးသော ကျောင်း၌ မစားအပ်။ သူတစ်ပါး၏ ပစ္စည်းကို မသုံးဆောင်အပ်၊ အချင်းချင်း စကားမပြောရ မသရဇ္ဈာယ်အပ် စသည်တည်း။

သာဋီ ... မဟာဝိဘင်း၌ ဆိုအပ်ပြီ-ဟူသည် စတုက္က ပါရာဇိက အဖွင့်၌ ဤကျောင်းမှ ရှေးဦးစွာ ဖဲသွားသူကို ရဟန္တာဟု သိကုန်အံ့ စသည်၌ပြသော အဓမ္မိကဝတ်တည်း၊ နောက်၌လည်း အဓမ္မိက ကတိကာဝတ်သည် ထင်စွာ ဖြစ်လတ္တံ့သာတည်း။
ဝိဋီ ... သာဋီ ... ... ထက် မထူး။)

ပဋိဿဝသတ္တက လေးခု

ထိုအခါ ရှင်ဥပနန္ဒသည် ပဿေနဒီ ကောသလမင်းထံ ပုရိမဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ထိုကျောင်းသို့ သွားသောအခါ၊ ခရီးအကြား၌ သင်္ကန်းပေါများသော (နာနာသီမာ ဖြစ်သော) အာဝါသ နှစ်ခုကို မြင်၍ ဤ အာဝါသ နှစ်ခု၌ ဝါကပ်ရမူ သင်္ကန်းများစွာ ရလတ္တံ့ဟု အကြံ ဖြစ်၍ ထို အာဝါသ နှစ်ခုတို့၌ ဝါကပ်လေ၏။ မင်းကြီး ကဲ့ရဲ့၏။ ရှင်ဥပနန္ဒသည် အဘယ်ကြောင့် ဝန်ခံ၍ ချွတ်စေဘိသနည်း။ မြတ်စွာဘုရားသည် မုသာဝါဒါကို များစွာ ကဲ့ရဲ့သည် မဟုတ်လော၊ မုသာဝါဒါ ဝေရမဏိကို ချီးမွမ်းသည် မဟုတ်လေ-ဟု ကဲ့ရဲ့၏။

မြတ်စွာဘုရားသည် များစွာ ကဲ့ရဲ့၍ ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းသည် ပုရိမဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ... လ ... ထို အာဝါသ နှစ်ခုတို့၌ ဝါကပ်အံ့ (ဝါ- ဥပစာရ သိမ်အသီးသီးဖြစ်သော ထို အာဝါသ နှစ်ခုတို့၌ ဝါကပ်အံ့) ချစ်သားတို့၊ ထို ရဟန်းအား ပုရိမဝါလည်း မထင်။ ဝန်ခံခြင်းကြောင့်လည်း ဒုက္ကဋ်

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် ပုရိမဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ထိုကျောင်းသို့ သွားလတ်သော် အပ၌ ဥပုသ် ပြု၏။ အထွက်တစ်ရက်၌ ထိုကျောင်းသို့ ချဉ်းကပ်၏။ နေရာယူ၏၊ သောက်ရေ သုံးရေ တည်ထား၏၊ နေရာကျောင်းငယ်ကို တံမြက်စည်း လှည်း၏။ ထိုနေ့၌ပင် ကိစ္စမရှိဘဲ ဖဲသွားအံ့။ ချစ်သားတို့၊ ထိုရဟန်းအား ပုရိမဝါလည်း မထင်။ ဝန်ခံခြင်း ပဋိဿဝ ကြောင့်လည်း ဒုက္ကဋ်

ချစ်သားတို့ ...လ… တံမြက်လှည်း၏။ ထိုနေ့၌ပင် ကိစ္စဖြင့် ဖဲသွားအံ့။ ပုရိမဝါလည်း မထင်၊ ပဋိဿဝ ဒုက္ကဋ် (ဝါမကပ် နှစ်ဝါရ)။

နှစ်ရက် သုံးရက် နေ၍ ကိစ္စမရှိဘဲ ဖဲသွားအံ့ ... ။ နှစ်ရက် သုံးရက် နေ၍ ကိစ္စဖြင့် ဖဲသွားအံ့။ နှစ်ရက် သုံးရက် နေ၍ ခုနစ်ရက် ကိစ္စဖြင့် (ဝါ-ဝါပန်၍) ဖဲသွား၍ အပ၌ ခုနစ်ရက်ကို လွန်စေအံ့၊ ပုရိမဝါလည်း မထင်၊ ပဋိဿဝ ဒုက္ကဋ် (ဝါပျက် သုံးဝါရ)။

နှစ်ရက် သုံးရက် နေ၍ ခုနစ်ရက်ကိစ္စဖြင့် ဖဲသွားအံ့၊ ခုနစ်ရက်တွင်း ပြန်လာလျှင်-ပုရိမဝါ ထင်၏။ ပဋိဿဝ အနာပတ္တိ။ တံမြက်လှည်း၏။ ပဝါရဏာ မတိုင်မီ ခုနစ်ရက်၌ ကိစ္စဖြင့် ဖဲသွားအံ့။ ချစ်သားတို့၊ ထိုရဟန်းသည် ထို အာဝါသသို့ ပြန်၍ လာသော်လည်းကောင်း၊ မလာသော်လည်းကောင်း ပုရိမဝါ ထင်၏။ ပဋိဿဝ အနာပတ္တိ (အပြစ်ကင်း နှစ်ဝါရ)

ဤကား အပ ဥပုသ်ပြု-ခုနှစ်ဝါရတည်း။

ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းသည် ပုရိမဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ထိုကျောင်းသို့သွား၍ ဥပုသ် ပြု၏။ အထွက် တစ်ရက်၌ ထိုကျောင်းသို့ ချဉ်းကပ်၏။ …..လ…... ထိုနေ့၌ပင် ကိစ္စမရှိဘဲ ဖဲသွားအံ့၊ ကိစ္စဖြင့် ဖဲသွားအံ့။ နှစ်ရက် သုံးရက် နေ၍ ကိစ္စ မရှိဘဲ ဖဲသွားအံ့၊ ကိစ္စဖြင့် ဖဲသွားအံ့၊ ခုနစ်ရက် ကိစ္စဖြင့် ဖဲသွား၍ အပ၌ ခုနစ်ရက်ကို လွန်စေအံ့။ ပူရိမဝါ မထင်၊ ပဋိဿဝ ဒုက္ကဋ်-(ဝါမကပ်၊ ဝါပျက်-ငါးဝါရ)။

ခုနစ်ရက် ကိစ္စဖြင့် ဖဲသွား၍ ခုနစ်ရက်တွင်း ပြန်လာအံ့၊ ပဝါရဏာ မတိုင်မီ ခုနစ်ရက်၌ ကိစ္စဖြင့် ဖဲသွားအံ့၊ ပြန်၍ လာသော်လည်းကောင်း၊ မလာသော်လည်းကောင်း၊ ပုရိမဝါ ထင်၏။ ပဋိဿဝ အနာပတ္တိ

ဤကား ထိုကျောင်းတွင်းသို့ သွား၍ ဥပုသ်ပြု ခုနစ်ဝါရတည်း။

ချစ်သားတို့၊ ပစ္ဆိမ ဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ထိုကျောင်းသို့ သွားလတ်သော် အပ၌ ဥပုသ် ပြု၏။ ….. ဝါပျက်၊ ဒုက္ကဋ် ငါး။ အနာပတ္တိ နှစ်။ ပေါင်း ခုနစ်။

ချစ်သားတို့၊ ပစ္ဆိမ ဝါအတွက် ဝါဆိုခြင်းကို ဝန်ခံ၏။ ထိုကျောင်း သို့သွား၍ ဥပုသ် ပြု၏။ ... ပဋိဿ၀ ဒုက္ကဋ် ငါး။ အနာပတ္တိ-နှစ်။ ပေါင်း ခုနစ်။ တန်ဆောင်မုန်းလပြည့် မတိုင်မီ ခုနစ်ရက်၌ ကိစ္စဖြင့် ဖဲသွားအံ့-ဟု နောက်ဆုံး ဝါရသာ ထူးသည်။

ဝသူပနာယိက္ခန္ဓကော တတိယော။ ဤ ခန္ဓက၌ ဝတ္ထု ၅၂။

[ပဋိဿဝကြောင့်လည်း ဒုက္ကဋ် ဟူသည်၌ - ဣမံ သေမာသံ ဣဓ ဝဿံ ဝသထ-ဟူသည်ကို ဝန်ခံခြင်းကြောင့်သာ မဟုတ်သေး။ ဤသုံးလလုံး ဆွမ်းခံတော်မူပါ။ ငါတို့ နှစ်ပါး ဤ၌ ဝါဆိုကုန်အံ့၊ အတူ စာသင်ကုန်အံ့-စသည်ဖြင့် ထိုထိုတို့ကို ဝန်ခံခြင်းကြောင့်လည်း ဒုက္ကဋ်တည်း။

ထိုသည်လည်း ပထမ၌ စိတ်စင်ကြယ်လျက် နောက်မှ ချွတ်ခြင်းကြောင့် ဖြစ်သည်။ ပထမ ကတည်းက စိတ်မစင်ကြယ်သူလျှင် ပဋိဿဝကြောင့် ပါစိတ်။ ချွတ်စေခြင်းကြောင့် ဒုက္ကဋ်- ပါစိတ် ဒုက္ကဋ် နှစ်ချက်။

ထိုနေ့၌ပင် ကိစ္စမရှိဘဲ စသည်တို့၌ ဝါမကပ်ဘဲ ဖဲအံ့၊ ဝါကပ်သော်လည်း ခုနစ်ရက်ကို ပြင်ပ၌ လွန်စေအံ့၊ ပုရိမဝါလည်း မထင်။ ပဋိဿဝကြောင့်လည်း အာပတ်တည်း။ ဝါကပ်ပြီးမူကား အရုဏ်မတက်စေဘဲ ထိုနေ့၌သာ သတ္တာဟ ကိစ္စဖြင့် ဖဲသော်လည်း၊ ခုနစ်ရက်အတွင်း ပြန်လာလျှင် အနာပတ္တိ။ နှစ်ရက် သုံးရက် နေ၍ ခုနစ်ရက်တွင်း ပြန်လာသူအား ဆိုဖွယ်မရှိ။

ဣဓ ဝသိဿာမိ-ဟု အာလယ ရှိအံ့။ သတိမေ့၍ (နှုတ်မြွက်ကာ) ငါမကပ်မိအံ့၊ ဟူသော သေနာသနသည် သုဂ္ဂဟိတ-အပြစ်မရှိ၊ ဝါပျက်သူ မဖြစ်၊ ပဝါရဏာ ပြုခြင်းငှါ ရသည်သာတည်း။

ပဝါရဏာ မတိုင်မီ ခုနစ်ရက်-ဟု ဆိုရာ၌ လဆန်းကိုးရက် နဝမီမှစ၍ သွားခြင်းငှါ အပ်၏။ အာဂစ္ဆတု ဝါမာဝါ အနာပတ္တိ။]

(သာဋီ ... ဥပစာ သိမ်အသီးသီး၌ တည်သော အာဝါသ နှစ်ခုတို့၌ ဝါကပ်သူအား ဒုတိယကျောင်း၌ နေမည်ဟု စိတ်ဖြစ်သောအခါ ပထမကျောင်း ယူခြင်းသည် ငြိမ်း၏။ တစ်ဖန် ပထမကျောင်း၌သာ နေမည်ဟူ စိတ်ဖြစ်သောအခါ ဒုတိယ ယူခြင်းသည် ငြိမ်း၏။ ထိုကြောင့် “ထိုရဟန်းအား ပုရိမဝါလည်း မထင်” ဟု ဟောသည်။ ဝန်ခံခြင်းကို ချွတ်ယွင်းစေခြင်းကြောင့်ဖြစ်သော ဒုက္ကဋ်ကိုလည်း ဝန်ခံခြင်းရှိမှ ဖြစ်သော ကြောင့် “ပဋိဿဝကြောင့် ဒုက္ကဋ်”ဟု ဟောသည်။

နောက် နှစ်ဝါရ၌ ခုနှစ်ရက် ကိစ္စဖြင့် ဖဲသွားအံ့-ဟု ဟောရာ၌ ခုနစ်ရက်လွန်လျှင် “ထိုရဟန်းသည် ထိုခုနစ်ရက်ကို အပ၌ လွန်စေသည်” ဟု ဆိုနိုင်သည်။

ခုနစ်ရက် ကိစ္စဖြင့်ဟု မဟောဘဲ “ကိစ္စဖြင့် ဖဲသွားအံ့”ဟု ဟောရာ၌ “ခုနစ်ရက်ကို အပ၌ လွန်စေသူ”ဟု ဆိုခြင်းငှါ မတတ်ကောင်း။ ဤ ခုနစ်ဝါရတို့တွင် အစ လေးဝါရကို အပြီး ဖဲသွားခြင်းကို ရည်ဟောသည်။ ထိုတွင်လည်း ရှေး နှစ်ဝါရ- ဝါမကပ်၊ နောက် နှစ်ဝါရ ဝါကပ်၏။ ထိုနောက် နှစ်ဝါရကို ငဲ့လျက် ဖဲသွားခြင်းကို ရည်ဟောသည်။ ထိုတွင်လည်း ပထမဝါရ ရက်လွန်၍ ဝါပြတ်သည်။ ဒုတိယဝါရ ရက်မလွန်၍ ဝါမပြတ်။ နောက်ဆုံး ဝါရကို နဝမီမှစ၍ သွားလျှင် အပ၌ ရက်လွန်သော်လည်း ဝါမပြတ်ဟု ပြခြင်းငှါ ဟောသည်။

အကရဏီယော ပက္ကမတိ-ဟု နောက်ထပ် မဟောသောကြောင့် နဝမီမှ သွားသူလည်း ကိစ္စရှိမှ သွားအပ်၏။ ကိစ္စမရှိလျှင် မသွားအပ်။ ပထမ ခုနစ်ဝါရသည် ပြင်ပ၌ ဥပုသ်ပြုသူ အစွမ်းဖြင့် လာ၏။ ဒုတိယ ခုနစ်ဝါရသည် ကျောင်းတွင်းသို့ သွား၍ ဥပုသ်ပြုသူ အစွမ်းဖြင့် လာ၏။ ဤသို့ ပုရိမဝါ စွမ်းဖြင့် ၁၄-ဝါခုကို ဟော၏။ ထိုနောက် ပစ္ဆိမ ဝါစွမ်းဖြင့် ထို ၁၄-ဝါရကိုသာ ဟော၏။ ဤသို့ အထူးကို သိအပ်၏။ ဤ ဝါရအားလုံးဖြင့် ဟောသော ဟောသော အနက်ကို ပေါင်းခြင်းငှါ- “ထိုနေ့၌ပင် ကိစ္စမရှိဘဲ စသည်တို့၌” စသည်ဖြင့် အဋ္ဌကထာ အားထုတ်သည်။

ဆိုဖွယ်မရှိ-ဟူသည် ဝါကပ်၍ နှစ်ရက် သုံးရက် နေ၍ ခုနစ်ရက် ကိစ္စဖြင့် သွား၍ ခုနှစ်ရက်အတွင်း ပြန်လာသူအား ဆိုဖွယ်မရှိ။ ကထာဧဝ နတ္ထိ ဟူလို။

သတိမေ့၍ ဟူသည် ဣမသ္မိံ ဝိဟာရေ စသည်ဖြင့် နှုတ်မြွက်၍ ဝါမကပ်မိသူ ဖြစ်၏။

တန်ဆောင်မုန်းလပြည့်ကို ကုမုဒ ကြာပွင့်ချိန် ဖြစ်သောကြောင့် ကောမုဒီဟု ခေါ်သည်။ ကုမုဒါနိ ဧတ္ထအတ္တိ ကောမုဒီ။ မိုးလေးလအဆုံး ဖြစ်သောကြောင့် စာတုမာသိနီ ဟူ၍လည်း ခေါ်သည်။

ဝိဋီ ... ဥပစာရ သိမ်အသီးသီး၌ တည်သော အာဝါသ နှစ်ခုတို့၌ ဝါကပ်သူအား ဒုတိယကျောင်း၌ နေမည်ဟု ဥပစာရမှ ထွက်ကာမျှ၌ ပထမ သေနာသနဂ္ဂါဟသည် ငြိမ်း၏။ ထိုကြောင့် ပါဠိတော်၌ ပုရိမဝါလည်း မထင်ဟု ပထမ သေနာသနဂ္ဂါဟကို ရည်၍ ဟောသည်။ ဒုတိယ သေနာသနတို့ ယူလျှင်ကား ပုရိမဝါသည် ထင်သေး၏။ ထို၌သာ သုံးလနေလျှင် ပုရိမ ဝါကျွတ်သူသာ ဖြစ်၏။ ထိုကျောင်းမှ တစ်ဖန် ဒုတိယနေ့ စသည်တို့၌ “ပထမကျောင်း၌ နေမည်”ဟု ဥပစာရ သိမ်လွန်လျှင် ပုရိမဝါလည်း မထင်ဟု မှတ်အပ်၏။

ပါဠိတော်၌ ပဝါရဏာ မတိုင်မီ ခုနစ်ရက်၌ ကိစ္စဖြင့် ဖဲသွားအံ့ ဟူသောကြောင့် ပဝါရဏာနေ့၌သော်လည်း ခုနှစ်ရက် ကိစ္စကင်း၍ သွားခြင်းငှါ မအပ်ဟု သိအပ်၏။ တန်ဆောင်မုန်း လပြည့်ကို ကောမုဒီစာတုမာသိနီဟု ဆိုအပ်၏။

ဇီဋီ ... ပဝါရဏာ ပြုပြီးလျှင် သွားခြင်းငှါ အပ်၏။ ပဝါရဏာသည် ထိုနေ့ကို မီသောကြောင့်တည်း။) (ဇီဋီ-ထူး၏။)

လပြည့်နေ့ ဝါကျွတ် ဝါဒ

(ဒုတိယ ပါရာဇိကဋ္ဌကထာ ... ပုရိမ ဝါ ကပ်သူတို့သည် မဟာ ပဝါရဏာ ပြုပြီးလျှင် အထွက်တစ်ရက်နေ့မှစ၍ ဝါကျွတ်ကုန်၏။

၎င်းအဖွင့် သာဋီ ... ဝါကျွတ်သူတို့အား ပဝါရဏာ ခွင့်ပြုသော ပါဠိစွမ်းဖြင့် ပဝါရဏာ မပြုသေးသော်လည်း ပဝါရဏာနေ့ အရုဏ်မတက်မီမှစ၍ ဝါကျွတ်ပြီဟု ဆိုသင့်၏။ ဣမံ တေမာသံ ဝဿံ ဥပေမိ-ဟူသော ပါဠိစွမ်းဖြင့်ကား ပဝါရဏာနေ့သည် သုံးလအတွင်းဖြစ်၍ ပဝါရဏာ မပြုမီ ဝါဆိုဆဲတို့ မည်ကုန်၏။ ထိုနေ့သည် ဝုတ္တာ ဝုတ္တ - ဝါ မကျွတ်တကျွတ်နေ့ဟု ဆိုအပ်၏။

ဝါကျွတ်သူတို့အား ကထိန်ခင်းခွင့်ပြုသော ပါဠိစွမ်းဖြင့်လည်း လပြည့်နေ့ ပဝါရဏာ ပြုသူတို့သည် ကထိန်ခင်း ကောင်းသော လပြည့်ကျော် တစ်ရက်မှ စ၍သာ ဝါကျွတ်ကုန်၏ဟု မုချ ဆိုအပ်ကုန်၏။

၎င်းအဖွင့် ဝိဋီ ... အထွက်တစ်ရက်မှစ၍ ဝါကျွတ်ကုန်၏ဟု ဋ္ဌကထာ ဆိုသောကြောင့် လပြည့်နေ့၌ ပဝါရဏာ ပြုပြီးသော်လည်း ခုနစ်ရက် ကိစ္စအကြောင်းရှိမှ သွားအပ်၏။ အကြောင်းမဲ့ သွားလျှင် ဝါပြတ်၏။ ဒုက္ကဋ် သင့်၏။

နဘိက္ခဝေ စဿံ ဥပရန္တွာ ပုရိမ ဝါတေမာသံ ပစ္ဆိမံ ဝါတေမာသံ အဝသိတွာ စာရိကာ ပက္ကမိ တဗ္ဗာ-ဟူ၍လည်းကောင်း။ ဣဓေဝစ ဝဿံဝုတ္တာ တေမာ သစ္စယေန ...လ... ပက္ကမိံသု - ဟူ၍လည်းကောင်း ဟောသည်။ ပဝါရဏာနေ့သည်လည်း ထို ဧတမာသ၌အတွင်း ဝင်သည်သာတည်း။

ဆရာအချို့ကား- အနုဇာနာမိ ဘိက္ခဝေ ဝဿံဝုတ္ထာနံ တိဟိဋ္ဌာနေဟိ ပဝါရေတုံ- ဟု ပဝါရဏာ မပြုမီကပင် ဝါကျွတ်ခြင်းကို ဟောသည်။ ထိုနေ့၌ အကြောင်းမဲ့လည်း သွားခြင်းငှါ အပ်သည်ဟု ဆိုကုန်၏။ ထို ဆရာတို့၏ ဝါဒမျှသာတည်း။

ဝါကျွတ်သူတို့အား ပဝါရဏာ ခွင့်ပြုခြင်းကို ဝါမကပ်၊ ဝါပြတ်တို့အား တားလို၍ ခွင့်ပြုသည်။ ခရီး သွားကောင်း၏ဟု ပြလို၍ မဟုတ်။ ဝါမပျက်သူတို့၏ ပဝါရဏာကို ဤနေ့၌ ပြုအပ်၏။

ပဝါရဏာကံကို စွဲ၍ ရက် အလွန် အယုတ် အနည်းငယ်ကို မရေတွက်ဘဲ “ဝါကျွတ်သော ရဟန်းတို့”ဟု ပရိယာယ်ဖြင့် ဆိုအပ်ကုန်၏။ ကထိန ကံကို စွဲ၍ မဆိုအပ်ကုန်။ သုံးလ မပြည့်သေးသောကြောင့်တည်း။

ဒုက အင်္ဂုတ္တိုရ် ဋ္ဌကထာ ... မြတ်စွာဘုရားသည် တာဝတိံသာမှ သီတင်းကျွတ်လပြည့်နေ့ ကြွခြင်းခြင်းကား သိက္ခာပုဒ် မပညတ်သေးမီ ဖြစ်၏။ ပထမ ဗောဓိနှစ် ၂ဝ-အတွင်း ဝါကပ်ခြင်းကို မပညတ်သေး။ မပညတ် သော်လည်း သာဝကတို့ကိုသာ ပညတ်သည်။ ဓမ္မိဿရ ဓမ္မဿာမိ ဘုရားရှင်အား ဆိုဖွယ်အကြောင်း မရှိ။)

ဝဿူပနယိကက္ခန္ဓက ပြီး၏။

ပဝါရဏာက္ခန္ဓက

ပဝါရဏာ ခွင့်ပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ များစွာသော အဆွေခင်ပွန်း ရဟန်းတို့သည် ကောသလဇနပုဒ် တစ်ခုသော အာဝါသ၌ ဝါကပ်ကုန်၏။ အဘယ် အကြောင်းဖြင့် ညီညွတ်စွာ မပင်မပန်း နေကုန်ရအံ့နည်းဟု ကြံ၍ ငါတို့သည် အချင်းချင်း စကား မပြောကုန်အံ့၊ ဆွမ်းခံရွာမှ ရှေးဦးစွာ ပြန်လာသူသည် နေရာခင်းခြင်း၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် စသည် ထားခြင်း၊ (ဆွမ်းပိုထည့်စရာ) ဆွမ်းတောင်းကို ရေဆေး၍ ထားခြင်း၊ သောက်ရေ သုံးရေ တည်ထားခြင်း ပြုအံ့။

နောက်မှ ရောက်သူသည် ဆွမ်းအပိုရှိ၍ စားလိုလျှင် စားခြင်း၊ မစားလိုလျှင် (ပျက်စီးကောင်းသော)မြက် သစ်ပင် မရှိရာ၌ (သေလောက်သော) ပိုးမရှိရာ ရေ၌ စွန့်ခြင်း၊ နေရာသိမ်းခြင်း၊ ခြေဆေးရေ စသည် သိမ်းခြင်း၊ ဆွမ်းဆေး၍ သိမ်းခြင်း၊ သောက်ရေ သုံးရေ သိမ်းခြင်း၊ တံမြက်လှည်းခြင်း ပြုအံ့၊ သောက်အိုး၊ သုံးအိုး၊ ဝစ္စကုဋီအိုး ရေမရှိလျှင် မြင်သူ ခပ်ထည့်အံ့၊ မနိူင်သောဝန်ဖြစ်လျှင် အဖော်ကို လက်ယပ်ခေါ်၍ လက်ချင်းယှက်၍ ပွေ့ချီအံ့၊ ထိုအကြောင်းကြောင့် စကား မပြောအံ့၊ ညီညွတ်စွာ မပင်မပန်း နေရကုန်လတ္တံ့ ဟု ကြံ၍ ထိုရဟန်းတို့သည် အချင်းချင်း စကားမပြောဘဲ နေကုန်၏။

ဝါကျွတ်သော ရဟန်းတို့၏ ဘုရားဖူး ချဉ်းကပ်ခြင်းသည် အလေ့တည်း။ ထိုအခါ ထိုရဟန်းတို့သည် ဝါကျွတ်၍ သုံးလလွန်သောအခါ အိပ်ရာ နေရာ သိမ်းဆည်း၍ သပိတ် သင်္ကန်းဖြင့် ဘုရားရှင်ထံ ချဉ်းကပ်၍ ရှိခိုး၍ နေကုန်၏၊ အာဂန္တုတို့နှင့် ဝမ်းမြောက် ဝမ်းသာ ပြောဆိုခြင်းသည်၊ ဘုရားရှင်တို့၏ အလေ့ဓမ္မတာတည်း။

ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ချစ်သားတို့၊ ခန့်ကျန်း၏လော၊ မျှတ၏လော။ ညီညွှတ်စွာ မပင်မပန်း နေကြရ၏ လောဟု မိန့်တော်မူ၏။ ခန့်ကျန်းပါ၏၊ မျှတပါ၏။ ညီညွတ်စွာ မပင်မပန်း နေကြရပါ၏ ဟု လျှောက်ကုန်၏။

ဘုရားရှင်တို့သည် သိကုန်သော်လည်း ကာလသိ၍ အကျိုး ရှိလျှင် မေးကုန်၏။ အကျိုးမရှိလျှင် မမေးကုန်၊ တရားဟောအံ့၊ သိက္ခာပုဒ် ပညတ်အံ့-ဟူသော အကြောင်းနှစ်ပါးဖြင့် မေးကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ချစ်သားတို့၊ သင်တို့သည် အဘယ်သို့ပြု၍ ညီညွတ်စွာ မပင်မပန်း နေကြကုန်သနည်းဟု မေးတော်မူ၏။ ထိုရဟန်း တို့သည် မိမိတို့ ကြံ၍ နေပုံ အလုံးစုံကို လျှောက်ကြားကုန်၏။

ချစ်သားတို့၊ ပုရိသတို့သည် မချမ်းသာသော နေခြင်းကို၊ ကျွဲနွားတို့၏ နေခြင်းကို၊ ရန်သူတို့၏ နေခြင်းကိုသာ နေ၍ ညီညွတ်စွာ နေကြရပါသည် ဟု ဝန်ခံကုန်၏။ တိတ္ထိတို့ ဆောက်တည်သော မုဂဗ္ဗတံ - သူအ, တို့၏ အကျင့်ကို အဘယ်ကြောင့် ဆောက်တည်ကြသနည်း ဟု ကဲ့ရဲ့၍ တရား ဟော၍ ချစ်သားတို့၊ တိတ္ထိတို့ ဆောက်တည်သော သူတို့၏ အကျင့်ကို မဆောက်တည်အံ့။ ဆောက်တည်ငြားအံ့-ဒုက္ကဋ်

ချစ်သားတို့၊ ဝါကျွတ်သော ရဟန်းတို့အား ဒိဋ္ဌ၊ သုတ၊ ပရိသင်္ကီတ -သုံးဌာနတို့ဖြင့် ဖိတ်ကြား ခြင်းငှါ ခွင့်ပြု၏။ ထိုဖိတ်ကြားခြင်းသည် အချင်းချင်း (ပြောဆိုခြင်းငှါ) လျော်ခြင်း၊ အာပတ်မှ ထခြင်း၊ ဝိနည်း ရှေးရှုခြင်းတို့သည် ဖြစ်လတ္တံ့။

ဖိတ်ကြားပုံကား- ဗျတ္တပဋိဗလ ရဟန်းသည် သံဃာကို ..

သုဏာတု မေ ဘန္တေ သံဃော။ အဇ္ဇ ပဝါရဏာ ( ... )။
ယဒိသံဃဿ ပတ္တကလ္လံ၊ သံဃော ( ... ) ပဝါရေယျ ...

ယနေ့ ပဝါရဏာနေ့ ဖြစ်သည်၊ သံဃာသည် ဖိတ်ကြားရာ၏-ဟု သိစေအပ်၏။ မထေရ်ကြီးသည် ပခုံးတစ်ဘက်၌ စမ္ပယ်တင်၍ ဆောင့်ကြောင့် ထိုင်၍ လက်အုပ်ချီ၍။

သံဃံ အာဝုသော ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ။

ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ ပဿန္တော ပဋိကရိဿာမိ။

ဒုတိယမ္ပိ အာဝုသော သံဃံ ပဝါရေမိ ...

စသည်ဖြင့် သုံးကြိမ် ဆိုအပ်၏။ သီတင်းငယ်သည် စမ္ပယ်တင် ဆောင့်ကြောင့် လက်အုပ်ချီ၍၊ သံဃံ ဘန္တေ ပဝါရေမိ ... စသည်ဖြင့် သုံးကြိမ် ဆိုအပ်၏။

(ဘန္တေ၊ အရှင်ဘုရားတို့။
သံဃံ၊ သံဃာတော်မြတ် အပေါင်းကို။
ဒိဋ္ဌေန ဝါ၊ မြင်ခြင်းဖြင့် လည်းကောင်း။
သုတေန ဝါ၊ ကြားခြင်းဖြင့်လည်းကောင်း။
ပရိသင်္ကာယ ဝါ၊ ရွံရှား ကွေးတောခြင်းဖြင့် လည်းကောင်း။
ပဝါရေမိ၊ သုံးဌာနဖြင့် ဖိတ်ကြားပါ၏။
အာယသ္မန္တော၊ သံဃာ၌ ပါဝင်သော အရှင်တို့သည်။
မံ၊ အကျွန်ုပ်ကို။
အနုကမ္ပံ၊ အစဉ် သနားခြင်းကို။
ဥပါဒါယ၊ စွဲ၍။
ဝဒန္တု၊ သုံးဌာနဖြင့် မိန့်ဆိုကြပါစေသတည်း။
ပဿန္တော၊ အပြစ်ကိုမြင်သော အကျွန်ုပ်သည်။
ပဋိကရိဿာမိ၊ ကုစားပါအံ့။)

[အချင်းချင်း စကားမပြောကုန်အံ့ ဟူရာ၌ ပထမ စကားသည် အာလာပ။ နောက်စကားသည် သလ္လာပ မည်၏။

ဟတ္ထဝိလင်္ဃက - ဟတ္ထုက္ခပက-လက်ဖြင့် ပွေ့ချီ မြှေ၁က်တင်ခြင်း။ ပသူနံဝိယ သံဝါသံ- ပသူ သံဝါသံ-ကျွဲ၊ နွား တို့၏ကဲ့သို့ နေခြင်းကို။ ထိုတို့၏ နေခြင်းကား မိမိအား ဖြစ်သော သုခ ဒုက္ခကို အချင်းချင်း မပြောကုန်။ စေ့စပ် ညီညွတ်ခြင်း ပဋိသန္ဓာရကို မပြုကုန်။ ထိုအတူ နေသောကြောင့် ထိုရဟန်းတို့ကို ကျွဲ နွား တို့၏ နေခြင်းရှိသူတို့ဟု ဆိုအပ်ကုန်၏။

ဧသနယော သဗ္ဗတ္တမုဂဗ္ဗတ ဟူသည် “ဤ ဝါတွင်း သုံးလပတ်လုံး စကားမပြောအပ်” ဤသို့သော အကျင့်ဆောက်တည်ခြင်းကို မပြုအပ်။ အဓမ္မကတိကာဝတ် ဖြစ်သည်။

အချင်းချင်း လျော်ခြင်းဟူသည် အချင်းချင်း ပြောဆိုခြင်းငှါ လျော်သော ဖိတ်ကြားခြင်း၏ အဖြစ်တည်း။ ဝဒန္တု မံ-ဟု ဖိတ်ကြားမှ ပြောဆိုခြင်းငှါ တတ်နိုင်သည်။ သင့်လျော်သည်။ မဖိတ်သူကို ပြောဆိုခြင်းငှါ မလျော်။

အာပတ်မှ ထခြင်း ဝိနည်းရှေးရှုခြင်း ဟူသည် အာပတ် တို့မှ ထနိုင်ကြောင်း ဖိတ်ကြားခြင်း။ ဝိနည်းကို ရှေ့၌ထား၍ ကျင့်နိုင်ကြောင်း ဖိတ်ကြားခြင်းတည်း။ ဝဒန္တု မံဟု ဖိတ်ကြားသူသည် အာပတ် တို့မှ ထနိုင်လတ္တံ့ ဟူ၍လည်းကောင်း၊ ဝိနည်းကို ရှေ့၌ထား၍ နေနိုင်လတ္တံ့ ဟူ၍လည်းကောင်း ဆိုအပ်သူဖြစ်၏။

သုဏာသု မေ ဘန္တေ သံဃော။ ...လ... ။ သံဃော ပဝါရေယျ-ဟူသော ဤဉာတ်သည် သဗ္ဗသင်္ဂါဟိကာ ဉာတ်မည်၏။ တေဝါစိက - သုံးကြိမ် ဖိတ်ခြင်းကို လည်းကောင်း၊ ဒွေဝါစိက- နှစ်ကြိမ် ဖိတ်ခြင်းကို လည်းကောင်း၊ ဧကဝါစိက-တစ်ကြိမ် ဖိတ်ခြင်းကို လည်းကောင်း ဖိတ်ခြင်းငှါ အပ်၏။ သမာနာဝဿိက - ဝါတူပေါင်း၍ ဖိတ်ခြင်းကား မအပ်။

တေဝါစိကံ ပဝါရေယျ-ဟုဉာတ်ထားလျှင် တေဝါစိကသာ အပ်သည်။ အကြွင်း သုံးခု မအပ်။ ဒွေဝါစိကံ ပဝါရေယျ-ဟု ဉာတ်ထားအံ့၊ ဒွေတေ-နှစ်ခု အပ်သည်။ ကြွင်းနှစ်ခု မအပ်။ ဧကဝါစိကံ ပဝါရေယျ -ဟု ဉာတ်ထားအံ့-ဒွေတေ- သုံးခုအပ်သည်။ ကြွင်း တစ်ခု မအပ်။ သမန ဝဿိကံ ပဝါရေယျ-ဟု ဉာတ်ထားအံ့ ... သမာနဒွေတေ-လေးခုလုံး အပ်သည်။]

(ဇီဋီ ... သံဃံ အာဝုသော ပဝါရေမိ-ဟု ဖိတ်သောကြောင့် နောက်၌လည်း ဝဒတု မံ သံဃော-ဟု ဆိုအပ်သကဲ့သို့ ထင်၏။ အဓိပ္ပါယ်ကား ငါသည် သံဃာကို ဖိတ်၏။ ထိုကြောင့် သံဃာ၌ အကြုံးဝင်သော ကြီး ငယ် အထူးမရှိ၊ အရှင်အားလုံးတို့သည်လည်း ငါ့ကို ပြောဆိုကြစေ ကုန်သတည်း။ (သံဃာကို ဖိတ်စေကာမူ ပြောစရာရှိလျှင် သံဃာ မပြည့်သော်လည်း အရှင်တို့ ပြောကြပါ ဟူလို။ မူလ သိက္ခာ တစ်ကျမ်း၌သာ- ဝဒတု မံ သံဃော-ဟု ဆိုသည်။)။

သာဋီ ... အာဒိတော လာပေါအာလာပေါ-အစစွာဆိုသော စကား။

သမံလာပေါ-သလ္လာပေါ-စကားတုံ့ဖြင့် ညီအောင်ပြန်ဆိုသော စကား။

ပိဏ္ဍာယ ပဋိက္ကမေယျ-သည် ဂါမေ ပိဏ္ဍာယ စရိတွာ ပစ္ဆာဂစ္ဆေယျတည်း။

အဝက္ကရ ပါတိံ-ဆွမ်းတောင်းကို ဟူသည် ပိုသောဆွမ်းကို ဖယ်ထားခြင်းငှါ သမုဂ္ဂပါတိကို ရေဆေး၍ ထားခြင်းတည်း။

သမုဂ္ဂပါတိ-သည် သမုဂ္ဂ ပုဋသဒိသာ ပါတိ ဖြစ်၏။

မြက် သစ်ပင် မရှိရာ-ဟူသည် ဆွမ်းသွန်ခြင်းဖြင့် မပျက်စီးနိုင်သော မြက်တို့၏ မရှိရာတည်း။ မြက် မရှိရာကိုလည်းကောင်း၊ ဆွမ်းသွန်ခြင်းဖြင့် မပျက်စီးနိုင်သော မြက်ချုံ ရှုပ်ရာကိုလည်းကောင်း ယူအပ်၏။ ဘူတဂါမ သိက္ခာပုဒ်-မပျက်စေခြင်းငှါတည်း။

ပိုး မရှိရာဟူသည် ဆွမ်းသွန်ခြင်းဖြင့် သေနိုင်သော ပိုးမှ ကင်းသော များသော ရေဖြစ်၏။ ရေနည်းလျှင် ပိုးကောင်ငယ် သေနိုင်သည်။ သတ္တဝါတို့ကို စောင့်ရှောက်ခြင်းငှါတည်း။ ဩပိလာ ပေယျာတိ နိဗ္ဗုဇ္ဇာပေယျ-ဆွမ်းသွန်ငြားအံ့။ ဝစ္စဃဋသည် အာစမနကုမ္ဘိ - ဝစ္စကုဋိ၌ သန့်သက်အိုးတည်း။

အဝိသယှ ဟူသည် မချီနိုင်သော လေးလံသော ဝန်တည်း။ ဟတ္ထ ဝိကာရေန - လက်သညာဖြင့် အဖော်ကို ခေါ်၍ ဟတ္ထ ဝိလင်္ဃ ကေန-လက်တို့ဖြင့် ချီးမြှေ၁က်ခြင်းဖြင့်၊ ဝါ-နေရာတစ်ပါးသို့ ရောက်စေကြောင်း လက်အပေါင်းဖြင့်။ အချင်းချင်း တွဲယှက်သော လက်ဖြင့် ဟူလို။ လူနှစ်ယောက် လက်ချင်းယှက်၍ လက်နှစ်ခုတို့၌ ထား၍ ချီ, မခြင်းသည် ဟတ္ထ ဝိလင်္ဃ ကေန ဥပဌာ ပေတိ မည်၏။

ဝိဋီ ... ထိုထက် မထူး။)

ဆောင့်ကြောင့် ထိုင်ရခြင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် မထေရ်ကြီးများ ဆောင့်ကြောင့်ထိုင်လျက် ပဝါရဏာ ဖိတ်ကြားစဉ် နေရာတို့၌ နေကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ မထေရ်ကြီးများ ဆောင့်ကြောင့်ထိုင်လျက် ဖိတ်ကြားစဉ် နေရာတို့၌ မနေအပ်- ဒုက္ကဋ်။ ချစ်သားတို့၊ အလုံးစုံသော ရဟန်းတို့သည်သာလျှင် ဆောင့်ကြောင့် ထိုင်လျက် ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏။

မထေရ်ကြီး တစ်ပါးသည် အိုမင်း အားနည်း၏။ ရဟန်းအားလုံး ဖိတ်ကြားသည်တိုင်အောင် ဆောင့်ကြောင့် ထိုင်လျက် စောင့်နေစဉ် မိန်းမော၍ လဲကျသွား၏။ ချစ်သားတို့၊ ဟဒမန္တရာ-မိမိ ဖိတ်ကြားသော ကာလ အတွင်း ဆောင့်ကြောင့် ထိုင်ခြင်းငှါ။ ဖိတ်ကြားပြီးလျှင် နေရာ၌ ထိုင်ခြင်းငှါ ခွင့်ပြု၏။

[အစ္ဆန္တီတိ နိသိန္နာဝ ဟောန္တိ။ နဥဋ္ဌ ဟန္တိ - ထိုင်လျက်သာ ဖြစ်ကုန်၏။ မထကုန်။
တဒမန္တရာတိ တဒန္တရာ၊ တာဝတကံ ကာလန္တိ အတ္ထော။ မိမိ ဖိတ်ကြားသော ထိုကာလအတွင်း၌ ဟူလို။]

ပဝါရဏာ နှစ်ပါး၊ ကံ လေးပါး

ထိုအခါ ရဟန်းတို့အား ပဝါရဏာတို့သည် အဘယ်မျှတို့နည်းဟု အကြံ ဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ပဝါရဏာတို့သည် စာတုဒ္ဒသိကာ၊ ပန္နရသိကာ-ဟု နှစ်မျိုးရှိကုန်၏။

ပဝါရဏာ ကံတို့သည် လေးပါး ဖြစ်ကုန်၏။ အဓမ္မ ဝဂ္ဂကံ၊ အဓမ္မ သမဂ္ဂကံ၊ ဓမ္မ ဝဂ္ဂကံ၊ ဓမ္မ သမဂ္ဂကံ

ချစ်သားတို့၊ ထိုလေးပါးတို့တွင် အဓမ္မ ဝဂ္ဂကံ စသော သုံးပါးကို မပြုအပ်။ ငါဘုရားခွင့်မပြု။ ဓမ္မ သမဂ္ဂကံ ကိုသာ ပြုအပ်၏။ ငါဘုရား ခွင့်ပြု၏။ ထိုကြောင့် ဓမ္မ သမဂ္ဂ ပဝါရဏာကံကို ပြုပါကုန့်အံ့ဟု ကျင့်အပ်၏။

[ပဝါရဏာ နှစ်မျိုးဟူသည်၌ တစ်ဆယ့်လေးရက်၌ အဇ္ဇ ပဝါရဏာ စာတုဒ္ဒသီ-ဟူ၍လည်းကောင်း၊ တစ်ဆယ့်ငါးရက်၌ အဇ္ဇ ပဝါရဏာ ပန္နရသီ ဟူ၍ လည်းကောင်း၊ ပုဗ္ဗကိစ္စကို ပြုအပ်၏။ ကံလေးပါးတို့တွင် တစ်ခုသော ကျောင်း၌ ရဟန်းငါးပါး နေသောအခါ တစ်ပါး၏ ပဝါရဏာကို ဆောင်၍ လေးပါး ဂဏဉာတ်ထား၍ ပဝါရဏာ ပြုကုန်အံ့။ လေးပါး သုံးပါးတို့တွင် တစ်ပါး၏ ပဝါရဏာကို ဆောင်၍ သုံးပါး၊ နှစ်ပါး သံဃဉာတ်ထား၍ ပြုကုန်အံ့၊ အဓမ္မ ဝဂ္ဂကံ မည်၏။

ငါးပါးလုံး တစ်ပေါင်းတည်းစည်းဝေး၍ ဂဏဉာတ်ထား၍ ပြုကုန်အံ့။ လေးပါး၊ သုံးပါး၊ နှစ်ပါး စည်းဝေး၍ သံဃဉာတ်ထား၍ ပြုကုန်အံ့၊ အဓမ္မ သမဂ္ဂကံ မည်၏။

ငါးပါးတို့တွင် တစ်ပါး၏ ပဝါရဏာကို ဆောင်၍ လေးပါး သံဃာဉာတ်ထား၍ ပြုကုန်အံ့။ လေးပါး သုံးပါးတို့တွင် တစ်ပါး၏ ပဝါရဏာကို ဆောင်၍ သုံးပါး၊ နှစ်ပါး ဂဏဉာတ်ထား၍ ပြုကုန်အံ့၊ ဓမ္မ ဝဂ္ဂကံ မည်၏။

ငါးပါး တစ်ပေါင်းတည်း စည်းဝေး၍ သံဃဉာတ်ထား၍ ပြုကုန်အံ့။ လေးပါး၊ သုံးပါး-ဂဏဉာတ်ထား၍ ပြုကုန်အံ့။ နှစ်ပါး အချင်းချင်း ဖိတ်ကြားကုန်အံ့။ တစ်ပါးတည်း နေသူ အဓိဋ္ဌာန် ပဝါရဏာပြုအံ့-ဓမ္မ သမဂ္ဂ ပဝါရဏာကံ မည်၏။]

(ဇီဋီ ... ပဝါရဏာ နှစ်မျိုးဟု ဆိုရာ၌ ထိုသို့သော ကိစ္စရှိလျှင် အမှတ်မရှိ တစ်နေ့နေ့၌ ပဝါရဏာ ပြုခြင်းငှါ အပ်၏။ ထိုကြောင့် မဟာဝိဟာရ၌ ရဟန်းတို့သည် ၁၄-ရက်၌ ပဝါရဏာ ပြု၍ ၁၅-ရက်၌ ကာယသာမဂ္ဂီကို ယခုလည်း ပေးကုန်၏။

စေတိယဂိရိ ပူဇော်ပွဲ ဖူးမြော်ခြင်းငှါလည်း အဋ္ဌမိယံ-ရစ်ရက်နေ့၌ သွားကုန်၏၊ ထို အဋ္ဌမီ၌ သွားခြင်းသည် လည်း ၁၄-ရက်၌ ပဝါရဏာ ပြုလိုသူတို့အားသာ ဖြစ်၏။ သတ္တာဟာ နာဂတာယ ပဝါရဏာယ သကရဏီယော ပက္ကမတိ အနာပတ္တိ-ဟု ဟောသောကြောင့် ဤ အလေ့ အာစိဏ္ဏ ဖြစ်၏။

သာဋီ ... ပဝါရဏာ နှစ်မျိုး ဟု ဆိုရာ၌၊ ပုရိမ ဝါကျွတ်တို့အား သီတင်းကျွတ်လပြည့် လည်းကောင်း၊ ငြင်းခုံသူတို့ နှောင့်ယှက်၍ ပဝါရဏာဝင်လျှင် လကွယ် ၁၄-ရက် လည်းကောင်း၊ တန်ဆောင်မုန်းလပြည့် လည်းကောင်း (သုံးနေ့) ပစ္ဆိမ ဝါကျွတ်တို့အား တန်ဆောင်မုန်းလပြည့် လည်းကောင်း (တစ်နေ့) ဤသို့ ပဝါရဏာနေ့ သုံးနေ့တို့ကို ပကတိ စာရိတ္တစွမ်းဖြင့် သိအပ်ကုန်၏။

အကြောင်းရှိလျှင် ထိုလပြည့် နှစ်ခုတို့၏ ရှေ့အဖိတ် ၁၄-ရက်တို့၌လည်း ပဝါရဏာ ပြုအပ်၏။ ထိုကြောင့်-မဟာဝိဟာရ၌ ရဟန်းတို့သည် ၁၄-ရက်၌ ပဝါရဏာပြု၍ ၁၅-ရက်၌ ကာယသာမဂ္ဂီကို ပေးကုန်၏။ စေတိယဂိရိ ပူဇော်ပွဲ ဖူးမြော်ခြင်းငှါလည်း အဋ္ဌမီ၍ သွားကုန်၏။ ထို အဋ္ဌမီ၌ သွားခြင်းသည် လည်း ၁၄-ရက်၌ ပဝါရဏာ ပြုသူတို့အားသာတည်း။)

ပဝါရဏာ ဆောင်ခြင်း

အခါတစ်ပါး မြတ်စွာဘုရားသည် ရဟန်းတို့ကို ချစ်သားတို့၊ စည်းဝေးကြလော၊ သံဃာသည် ပဝါရဏာကံကို ပြုလတ္တံ့ - ဟု မိန့်တော်မူ၏။ ရဟန်း တစ်ပါးက မြတ်စွာဘုရား ရဟန်း ဂိလာန ရှိပါသည်။ ထိုရဟန်းသည် မလာနိုင်ပါဟု လျှောက်၏၊ ချစ်သားတို့၊ ဂိလာန ရဟန်းသည် ပဝါရဏာကို ပေးခြင်းငှါ ခွင့်ပြု၏။

ထိုဂိလာနသည် ရဟန်းတစ်ပါးထံ ချဉ်းကပ်၍ စမ္ပယ်တင် ဆောင့်ကြောင့် လက်အုပ်ချီ၍ - ပဝါရဏံ ဒမ္ပိ၊ ပဝါရဏံ မေဟရ၊ ပဝါရဏံ မေ အာရောစေဟိ။ မ မတ္ထာယ ပဝါရေဟိ- ဟု ဆိုအပ်၏။ ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ ကိုယ် နှုတ်ဖြင့် သိစေအံ့၊ ပေးအပ်သော ပဝါရဏာ ဖြစ်၏။ မသိစေအံ့ ပေးအပ်သော ပဝါရဏာ မဖြစ်။

ဤသို့ မရငြားအံ့-ထို ဂိလာနကို ညောင်စောင်း၊ အင်းပျဉ်ဖြင့် သံဃာ့အလယ်သို့ ဆောင်၍ ပဝါရဏာ ပြုအပ်၏။ အလုပ်အကျွေးတို့က ရောဂါတိုးလိမ့်မည်ဟု ဆိုအံ့၊ ဂိလာနကို မရွှေ့အပ်။ သံဃာသည် ထိုနေရာသို့ သွား၍ ပဝါရဏာ ပြုအပ်၏။ ချစ်သားတို့၊ ဝဂ္ဂ ဖြစ်သော သံဃာသည် ပဝါရဏာ မပြုအပ်- ဒုက္ကဋ်

ချစ်သားတို့၊ ပဝါရဏာဆောင်သော ရဟန်းသည် ပဝါရဏာ ကို ပေးလတ်သော် ဝါ၊ ပေးအပ်သော ပဝါရဏာဖြင့် ထိုအရပ်၌သာလျှင် ဖဲသွားအံ့၊ တစ်ပါးသော ရဟန်းအား ပဝါရဏာကို (တစ်ဖန် ထပ်၍) ပေးအပ်၏။ ထွက်အံ့၊ သေအံ့၊ သာမဏေဟု ဝန်ခံအံ့၊ သိက္ခာ ချသူ၊ အန္တိမသို့ ရောက်သူ၊ ရူးသူ၊ စိတ်ပျံ့လွင့်သူ၊ ဝေဒနာ နှိပ်စက်သူဟု ဝန်ခံအံ့ (၉)၊ ဥက္ခိတ္တက သုံးယောက် (၃)၊ ပဏ်၊ တေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနိန်၊ ဒုသံ၊ ဥဘတောဟု ဝန်ခံအံ့ (၁၁)၊ တစ်ပါးသော ရဟန်းအား ထပ်ပေးအပ်၏။ (ထပ်ပေး ၂၃)။

ချစ်သားတို့၊ ပဝါရဏာ ဆောင်သော ရဟန်းသည် ပေးအပ်သော ပဝါရဏာဖြင့် ခရီးအကြား ဖဲသွားအံ့။ ...လ... ဥဘတောဟု ဝန်ခံအံ့။ ဆောင်အပ်သော ပဝါရဏာ ဖြစ်၏။ (ဆောင်အပ် ၂၃)။

သံဃာသို့ ရောက်ပြီးမှ အိပ်ပျော်၍၊ မေ့၍၊ သမာပတ် ဝင်စား၍ မလျှောက်ကြားအံ့၊ ဆောင်အပ်သော ပဝါရဏာ ဖြစ်၏။ ဆောင်သူအား အနာပတ္တိ (အနာပတ္တိ ၃)။

သံဃာသို့ ရောက်ပြီးမှ အားထုတ်၍ မလျှောက်ကြားအံ့၊ ဆောင်အပ်သော ပဝါရဏာ ဖြစ်၏။ ဆောင်သူအား ဒုက္ကဋ်။ (ဒုက္ကဋ် ၁)။

ချစ်သားတို့၊ ပဝါ ရဏာနေ့၌ ပဝါရဏာပေးသော ရဟန်းသည် ဆန္ဒကိုလည်း ပေးခြင်းငှါ ခွင့်ပြု၏။ သံဃာ၌ ပြုဖွယ်ကံသည် (ဝါ-ကံတို့သည်) ရှိကုန်၏။

[ပေးအပ်သော ပဝါရဏာ ဖြစ်၏ ဟူရာ၌ ဤသို့ ပေးပြီးသောအခါ ပဝါရဏာ ဆောင်သူသည် သံဃာသို့ ချဉ်းကပ်၍ ဤသို့ ဖိတ်ကြားအပ်အံ့ ... တိဿော ဘန္တေ ဘိက္ခု သံဃံ ပဝါရေတိ - ဒိဋ္ဌေန ဝါ၊ သုတေန ဝါ၊ ပရိသင်္ကာယ ဝါ-ဝဒတုတံ ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ ပဿန္တော ပဋိကရိဿတိ-ဟု သုံးကြိမ် ဖိတ်ကြားအပ်၏။ (ပဝါရဏာ ပေးသူသည်) သီတင်းကြီးသူ ဖြစ်အံ့၊ အာယသ္မာ ဘန္တေ တိသော- ဟု ဆိုအပ်၏။ ဤသို့လျှင် ထိုဆောင်သူသည် ထိုပေးသူ၏ အလို့ငှါ ဖိတ်ကြားခြင်းသည် ဖြစ်၏။

ဆန္ဒကိုလည်း ပေးခြင်းငှါ စသည်၌ ဆန္ဒ ဒါနကို ဥပေါသထက္ခန္ဓက၌ ဆိုပြီးပြီ။ ဤ၌လည်း ဆန္ဒဒါနသည် ကြွင်းကံ အလို့ငှါ ဖြစ်၏။ ထိုကြောင့် ပဝါရဏာနှင့် ဆန္ဒကို ပေးလျှင် ဆောင်အပ်သော ပဝါရဏာဖြင့် ထိုပေးသော ရဟန်းသည် လည်းကောင်း၊ သံဃာသည် လည်းကောင်း ပဝါရဏာကိစ္စပြီး၏။

ပဝါရဏာကိုသာ ပေးလျှင် ထိုသူအတွက် လျှောက်ကြားခြင်း၊ သံဃာ ဖိတ်ကြားခြင်း ပြီးသောအခါ အားလုံး ပဝါရဏာ ကိစ္စပြီး၏။ တစ်ပါးသော ကံပြုလျှင် ပျက်၏။

ဆန္ဒကိုသာပေးလျှင် သံဃာ၏ ပဝါရဏာသည် လည်းကောင်း၊ ကြွင်းသော ကံတို့သည် လည်းကောင်း မပျက်ကုန်။ ထိုရဟန်း၏ ပဝါရဏာကိစ္စမပြီး။

ပဝါရဏာနေ့၌ ပြင်ပ သိမ်၌ ပဝါရဏာ အဓိဋ္ဌာန် ပြု၍လာသော ရဟန်းသည်လည်း ဆန္ဒကို ပေးအပ်၏။ ထိုသို့ပေးခြင်းဖြင့် သံဃာ၏ ပဝါရဏာကံသည် မပျက်။]

(ဝိဋီ ... ဧဝဥှိတေန တဿတ္ထာယ ပဝါရိတံ ဟောတိ - ဟူရာ၌ ထို ဆောင်သူသည် ထိုပေးသူ၏ အလို့ငှါ မဖိတ်ကြားဘဲ နေသော်လည်း ဆောင်သူ သံဃာ့ထံ ရောက်ကာမျှဖြင့် သံဃ ပဝါရဏာကံသည် သမဂ္ဂ ကံသာ ဖြစ်၏။)

ပဝါရဏာနေ့ လူဖမ်းခြင်း

ထိုအခါ ရဟန်းတစ်ပါးကို ပဝါရဏာနေ့၌ ဆွေမျိုးတို့သည် ဖမ်းကုန်၏။ ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းကို ပဝါရဏာနေ့၌ ဆွေမျိုးတို့ ဖမ်းကုန်အံ့၊ ထို ဆွေမျိုးတို့ကို ဤသို့ ဆိုအပ်၏။ ဒါယကာတို့၊ သင်တို့သည် ဤ ရဟန်း ပဝါရဏာ ပြုသည်တိုင်အောင် ခေတ္တ လွှတ်ကြလော-ဟု ဆိုအပ်၏။ ရလျှင် အပြစ်မရှိ။

မရလျှင်- ဤရဟန်း ပဝါရဏာ ပေးသည် တိုင်အောင် ခေတ္တ တစ်နေရာ၌ နေကြလော-ဟု ဆိုအပ်၏။

မရလျှင် သံဃာ ပဝါရဏာ ကံပြုသည်တိုင်အောင် ဤ ရဟန်းကို သိမ်ပသို့ ခေတ္တဆောင်ကြလော- ဟု ဆိုအပ်၏။

မရငြားအံ့၊ ချစ်သားတို့၊ ဝဂ္ဂ ဖြစ်သော သံဃာသည် ပဝါရဏာ မပြုအပ်-ဒုက္ကဋ် (လေးမျိုး)။

ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းကို ပဝါရဏာနေ့၌ မင်းတို့သည် ဖမ်းကုန်အံ့။ ခိုးသူတို့သည် သေသောက်ကြူးတို့သည်၊ ရဟန်း ရန်သူတို့သည် ဖမ်းကုန်အံ့။ ဤအတူ လေးမျိုးစီ။

သံဃ၊ ဂဏ၊ ပုဂ္ဂလ

ထိုအခါ တစ်ခုသော အာဝါသ၌ ပဝါရဏာနေ့၌ ရဟန်း ငါးပါး နေကုန်၏။ ငါတို့ ငါးပါး အဘယ်သို့ ပဝါရဏာ ပြုအပ်မည်နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ငါးပါးတို့အား သံဃာ၌ ပဝါရဏာ ပြုခြင်းငှါ ခွင့်ပြု၏။

တစ်ခုသော အာဝါသ၌ လေးပါးနေကုန်၏၊ အကြံဖြစ်၏၊ ချစ်သားတို့၊ လေးပါးတို့အား အချင်းချင်း ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏။ ပြုပုံကား ဗျတ္တ ပဋိဗလသည် ထိုရဟန်းတို့ကို သိစေအပ်ကုန်။

သုန္တု မေ အာယသ္မန္တေ၊ အဇ္ဇ ပဝါရဏာ (ပန္နရသီ)။
ယဒါယသ္မန္တာန ပတ္တကလ္လံ၊ မယံ အညမညံ (တေဝါစိကံ) ပဝါရေယျာမ။

ဤသို့ သိစေအပ်ကုန်၏။ မထေရ်ကြီးသည် ပခုံးတစ်ဘက် စမ္ပယ်တင် ဆောင့်ကြောင့် လက်အုပ်ချီလျက် ထို ရဟန်းတို့ကို ဤသို့ ဆိုအပ်၏။

အဟံ အာရသော အာယသ္မန္တေ ပဝါရေမိ-ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ--
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ
(သုံးကြိမ်)။

သီတင်းငယ်သည် စမ္ပယ်တင် ...လ... လက်အုပ်ချီလျက် ...

အဟံ ဘန္တေ အာယသ္မန္တေ ပဝါရေမိ-ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ-ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ (သုံးကြိမ်)။

တစ်ခုသော အာဝါသ၌ သုံးပါးနေကုန်၏။ ချစ်သားတို့၊ သုံးပါးတို့အား အချင်းချင်း ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏။ ဗျတ္တသည် ဤသို့ သိအပ်ကုန်၏။

သုဏန္တု မေ အာယသ္မန္တာ။ အဇ္ဇ ပဝါရဏာ (ပန္နရသိ)။
ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ မယံ အညမညံ (တေဝါစိကံ) ပဝါရေယျာမ။

မထေရ်ကြီးသည် စမ္ပယ်တင် ….လ... လက်အုပ်ချီလျက် ...

အဟံ အာရသော အာယသ္မန္တေ ပဝါရေမိ - ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာရ ဝါ ဝဒန္တု မံ အာယသ္မန္တာ အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ (သုံးကြိမ်)။

သီတင်းငယ်သည် စမ္ပယ်တင် ...လ… လက်အုပ်ချီလျက် ...

အဟံ ဘန္တေ အာယသ္မန္တေ ပဝါရေမိ ...လ… ပဋိကရိဿာမိ (သုံးကြိမ်)။

တစ်ခုသော အာဝါသ၌ နှစ်ပါး နေကုန်၏။ ချစ်သားတို့၊ နှစ်ပါးတို့အား (ဉာတ် မထားဘဲ) အချင်းချင်း ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏။ မထေရ်ကြီးသည် စမ္ပယ်တင် ...လ... လက်အုပ်ချီလျက် ...

အဟံ အာရသော အာယသ္မန္တံ ပဝါရေမိ-ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ ဝဒတု မံ အာယသ္မာ အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ (သုံးကြိမ်)။

သီတင်းငယ်သည် စမ္ပယ်တင် ...လ… လက်အုပ်ချီလျက်..

အဟံ ဘန္တေ အာယံသ္မန္တံ ပဝါရေမိ ...လ… ပဋိကရိဿာမိ (သုံးကြိမ်)။

(တစ်ပါးထံ-သ္မာ၊ နှစ်ပါးထံ−န္တာ။ သုံးပါးထံ-န္တော။ လေးပါးထံ-ဃော။)

တစ်ခုသော အာဝါသ၌ ရဟန်းတစ်ပါး နေ၏။ အကြံဖြစ်၍ လျှောက်၏။ ချစ်သားတို့၊ ပဝါရဏာနေ့၌ တစ်ပါးတည်း နေအံ့၊ ထိုရဟန်းသည် ရဟန်းတို့ သက်ဝင်စရာ စရပ်၊ မဏ္ဍပ်၊ သစ်ပင်ရင်း၌ တံမြက်လှည်း၍ လာက်ရေ သုံးရေ တည်ထား၍ နေရာခင်း၍ မီးထွန်း၍ နေအပ်၏။ တစ်ပါးသော ရဟန်းများ ရောက်လာ ကုန်အံ့၊ ထိုရဟန်းတို့နှင့်အတူ ပဝါရဏာ ပြုအပ်၏။ မရောက်လာကုန်အံ့။

အဇ္ဇ မေ ပဝါရဏာ။ (ပန္နရသီ အဓိဋ္ဌာမိ)။

ဤသို့ အဓိဋ္ဌာန် ပြုအပ်၏။ အဓိဋ္ဌာန် မပြုအံ့-ဒုက္ကဋ်

ချစ်သားတို့၊ ငါးပါးနေရာ၌ တစ်ပါး၏ ပဝါရဏာကို ဆောင်၍ လေးပါး သံဃ ပဝါရဏာ မပြုအပ်- ဒုက္ကဋ်

လေးပါးနေရာ၌ တစ်ပါး၏ ပဝါရဏာကို ဆောင်၍ သုံးပါး အချင်းချင်း မဖိတ်ကြားအပ်။ ဒုက္ကဋ်

သုံးပါး နေရာ၌ တစ်ပါး၏ ပဝါရဏာကို ဆောင်၍ နှစ်ပါး အချင်းချင်း မဖိတ်ကြားအပ်။ ဒုက္ကဋ်

နှစ်ပါးနေရာ၌ တစ်ပါး၏ ပဝါရဏာကို ဆောင်၍ တစ်ပါးတည်း အဓိဋ္ဌာန် မပြုအပ်။ ဒုက္ကဋ်

[အဇ္ဇ မေ ပဝါရဏာ-ဟု ဟောရာ၌ ၁၄-ရက် ဖြစ်အံ့။ အဇ္ဇ မေ ပဝါရဏာ စာတုဒ္ဒသီ-ဟု၊ ၂၅-ရက် ဖြစ်အံ့။ အဇ္ဇ မေ ပဝါရဏာ ပန္နရသီ-ဟု အဓိဋ္ဌာန် ပြုအပ်၏။]

(ကင်္ခါ အလိုအားဖြင့် အဓိဋ္ဌာမိ-ဟု ထည့်၍ ဆိုအပ်၏။)

(ဇီဋီ ... အဓိဋ္ဌာန် မပြုအံ့-ဒုက္ကဋ်ဟု တစ်ပါးတည်းအား ဟောသော ဒုက္ကဋ်ကို ထိုတစ်ပါးတည်းအားသာ ဟောသော ပုဗ္ဗကိစ္စသို့ လည်းကောင်း၊ သံဃ ဂဏတို့၏ ပဝါရဏာနှင့် ပုဗ္ဗကိစ္စတို့သို့လည်းကောင်း ဆောင်အပ်၏။)

ပဝါရဏာနေ့၌ အာပတ်

ထိုအခါ ရဟန်းတစ်ပါးလည် ပဝါရဏာနေ့၌ အာပတ်သို့ရောက်၏။ နသာ ပတ္တိကေန ပဝါရေ တဗ္ဗံ-ဟု ပညတ်သည်။ (နောက်၌ ပညတ်ခြင်း ထင်ရှားလတ္တံ့။) အဘယ်သို့ ပြုရပါအံ့နည်းဟု အကြံဖြစ်၍ လျှောက်၏။ ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းသည် ပဝါရဏာနေ့၌ အာပတ်သို့ ရောက်အံ့၊ ရဟန်း တစ်ပါးထံ ချဉ်းကပ်၍ စမ္ပယ်တင် ဆောင့်ကြောင့်ထိုင် လက်အုပ်ချီလျက် -- အဟံ အာရသော ဣတ္တန္နာ မံ အာပတ္တိံ အာပန္နော။ တံ ပဋိဒေသမိ- ဟု ဒေသနာ ကြားအပ်၏။ ထိုရဟန်းသည် ပဿတိ-ဟု မေးအပ်၏။ အာမ ပဿာမိ-ဟု ဝန်ခံအပ်၏။ အာယတိံ သံဝရေယျာသိ-ဟု ဝန်ခံတိုင်း ပြုအပ်၏။

ချစ်သားတို့၊ အာပတ်၌ ယုံမှားရှိအံ့။ ရဟန်း တစ်ပါးထံ လက်အုပ်ချီလျက်၊ ဤမည်သော အာပတ်၌ ယုံမှား၏။ ယုံမှား ကင်းသောအခါ ကုစားပါအံ့-ဟု ဆို၍ ပဝါရဏာ ပြုအပ်၏။ ထို အကြောင်းကြောင့် ပဝါရဏာ၏ အန္တရာယ်ကို မပြုအပ်။

ရဟန်း တစ်ပါးသည် ပဝါရဏာ ပြုစဉ် အာပတ်ကို သတိရ၏။ အဘယ်သို့ ပြုရအံ့နည်းဟု အကြံဖြစ်၏၊ ချစ်သားတို့၊ ပဝါရဏာ ပြုစဉ် အာပတ်ကို သတိရအံ့။ အနီး ရဟန်းကို-ငါသည် ဤမည်သော အာပတ်သို့ ရောက်၏။ ဤ နေရာမှ ထသောအခါ ကုစားပါမည်ဟု ဆို၍ ပဝါရဏာ ပြုအပ်၏။ အန္တရာယ် မပြုအပ်။ ချစ်သားတို့၊ အာပတ်၌ ယုံမှား ရှိအံ့။ အနီး ရဟန်းကို-ဤမည်သော အာပတ်၌ ယုံမှား၏။ ယုံမှား ကင်းသောအခါ ကုစား ပါအံ့-ဟု ဆို၍ ပဝါရဏာ ပြုအပ်၏။ အန္တရာယ် မပြုအပ်။

တစ်ခုသော အာဝါသ၌ ပဝါရဏာနေ့၌ သံဃာအားလုံးသည် သဘာဂ အာပတ်သို့ ရောက်၏။ အဘယ်သို့ ပြုရပါအံ့နည်းဟု အကြံဖြစ်၏။ ချစ်သားတို့၊ ပဝါရဏာ နေ့၌ သံဃာအားလုံး သဘာဂ အာပတ်သို့ ရောက်အံ့၊ ထိုရဟန်းတို့သည် ရဟန်း တစ်ပါးကို အနီး ကျောင်းသို့ နေ့ချင်း ပြန်စေလွှတ်အပ်၏။ ငါ့ရှင်၊ သွားချေ၊ ထို အာပတ်ကို ကုစား၍ လာလော။ ငါတို့သည် သင့်ထံ၌ ထိုအာပတ်ကို ကုစားကုန်အံ့-ဟု စေလွှတ်အပ်၏။

ဤသို့ မရလျှင် ဗျတ္တ ရဟန်းသည် သုဏာသု မေ-စသော ဉာတ်ဖြင့် စင်ကြယ်သော ရဟန်းကို မြင်သောအခါ ကုစားအံ့ဟု သံဃာကို သိစေ၍ ပဝါရဏာ ပြုအပ်၏။ အန္တရာယ် မပြုအပ်။

သဘာဂ အာပတ်၌ ယုံမှား ရှိအံ့-ယုံမှား ကင်းသောအခါ ကုစားအံ့ဟု သံဃာကို သိစေ၍ သံဃာကို သိစေ၍ ပဝါရဏာ ပြုအပ်၏။ အန္တရာယ် မပြုအပ်။

အနာပတ္တိ ပန္နရသက

ထိုအခါ တစ်ခုသော အာဝါသ၌ ပဝါရဏာနေ့၌ ငါးပါး၊ ငါးပါးထက် အလွန် အာဝါသိကာတို့သည် စည်းဝေးကုန်၏။ မရောက်လာသေးသော အာဝါသတို့ ရှိသည်ကို မသိကုန်။ ဓမ္မသညာ ဝိနယသညာ သမဂ္ဂသညာဖြင့် ဝဂ်ဖြစ်လျက် ပဝါရဏာ ပြုကုန်၏။ ပဝါရဏာ ပြုစဉ် ထိုအာဝါသတို့သည် များစွာ ရောက်လာကုန်၏။ မြတ်စွာဘုရားအား လျှောက်ကုန်၏။

ချစ်သားတို့၊ ဤ သာသနာ၌ ပဝါရဏာ နေ့၌ ငါးပါး၊ ငါးပါးထက် အလွန် အာဝါသိကတို့သည် ...လ... ပဝါရဏာ ပြုစဉ် အာဝါသိကတို့သည် များစ္စာ ရောက်လာကုန်အံ့။ တစ်ဖန် ပြန်၍ ပဝါရဏာ ပြုအပ်၏။ ပြုသူတို့အား အနာပတ္တိ

ချစ်သားတို့ ...လ... အညီအမျှ ရောက်လာကုန်အံ့၊ ဖိတ်ကြားပြီးခြင်းသည် သုပဝါရိတာ ဖြစ်၏။ အပြစ် မရှိ။ ကြွင်းသူတို့ ဖိတ်ကြားအပ်၏။ ဖိတ်ကြားပြီးသူတို့အား အနာပတ္တိ

ချစ်သားတို့၊ ...လ… အနည်းငယ် ရောက်လာကုန်အံ့။ ပြီးခြင်းသည် သုပဝါရိတာ။ ကြွင်းသူတို့ ဖိတ်အပ်။ ဖိတ်ပြီး သူတို့အား အနာပတ္တိ (တိက်တစ်ခု)။

ဖိတ်ကြားပြီးကာမျှ၌ ရောက်လာကုန်အံ့၊ များလျှင် ပြန်ပြုအပ်၏။ တူလျှင်၊ နည်းလျှင် ဖိတ်ပြီးသူတို့ထံ ဖိတ်အပ်၏။ ဖိတ်ပြီးသူတို့အား အနာပတ္တိ (တိက်တစ်ခု)။

ဖိတ်ကြားပြီး ဤပရိသတ် မထမီ ရောက်လာကုန်အံ့။ များလျှင် ပြန်ပြုအပ်၏။ တူလျှင် နည်းလျှင် ဖိတ်ပြီးသူတို့ထံ ဖိတ်အပ်၏။ ဖိတ်ပြီးသူတို့အား အနာပတ္တိ (တိက်တစ်ခု)။

ဖိတ်ကြားပြီး၍ ပရိသတ်အချို့ ထမှ ရောက်လာ ကုန်အံ့။ ....ထိုအတူ (တိက်တစ်ခု)။

ဖိတ်ကြားပြီး၍ ပရိသတ်အားလုံး ထကုန်မှ ရောက်လာကုန်အံ့။ ... ထိုအတူ (တိက်တစ်ခု)။

အနာပတ္တိ ပန္နာရသက ပြီး၏။ (တိက် ငါးခု)။

[များစွာ ရောက်လာကုန်အံ့၊ တစ်ဖန် ပြန်၍ ပဝါရဏာ ပြုအပ်၏ ဟူသည် တစ်ဖန် ပုဗ္ဗကိစ္စကို ပြု၍ ဉာတ်ကိုထား၍ သံဃ မထေရ်မှ စ၍ တစ်ဖန် ဖိတ်ကြားအပ်၏။ အကြွင်းကို ဥပေါသထက္ခန္ဓက၌ ဆိုပြီးသော နည်းဖြင့် သိအပ်၏။]

(သာဋီ ... ဖိတ်ကြားပြီးကာမျှ၌ ဟူသည် ဖိတ်ကြားခြင်း၏ အခြား၌တည်း။

ပရိသတ် မထမီ ဟူသည် ဖိတ်ကြားပြီးနောက် အချင်းချင်း စကားပြောနေကြစဉ်တည်း။

အချို့ ထမှ ဟူသည် အချို့ ထိုင်မြဲတိုင်း၊ အချို့ မိမိနေရာသို့ သွားကြသော အခါတည်း။

ပြန်ပြု ဟူသည် (အချို့ ထသွားမှ အများရောက်လာ၍ ပြန်ပြုရသောအခါ) တစ်ဖန်လည်း အားလုံး အညီအညွတ်လာ၍ ဖိတ်ကြားအပ်၏။ အတူ ရောက်လာ၍ ဖိတ်ပြီးသူတို့ထံ ဖိတ်ရာ၌ သွားသူတို့ကို မဆောင်ဘဲ နေသူတို့၏ အထံ၌သာ ဖိတ်အပ်၏။

အားလုံး ထကုန်မှ အတူရောက်လာ၍ ဖိတ်ပြီးသူတို့ထံ ဖိတ်ရာ၌ အားလုံးကို မတတ်နိုင်အံ့။ အချို့ကို စည်းဝေးစေ၍ ဖိတ်ခြင်းငှါ အပ်၏။ ဉာတ်ထား၍ ပြုအပ်သော သံဃကံ မဟုတ်သောကြောင့် ဝဂ္ဂ မဖြစ်။ ဥပေါသထေပိ ဧသေဝနယော

ဝိဋီ ... မဖွင့်။

ဇီဋီ ... အတူ ရောက်လာ၍ ဖိတ်ပြီးသူတို့ထံ ဖိတ်အပ်ရာ၌ အချို့ ထသွားသူတို့ကို မဆောင်မူ၍ ထိုင်နေသူတို့ထံ၌သာ ဖိတ်အပ်၏။ ဥပေါသထက္ခန္ဓက ၌လည်း ဤအတူတည်း။ အားလုံး ထကုန်မှ အတူရောက်လာသူတို့သည် အားလုံးကို မတတ်နိုင်လျှင် အချို့ကို စည်းဝေးစေ၍ ဖိတ်ခြင်းငှါ အပ်၏။ ဉာတ်ထား၍ ပြုအပ်သော သံဃကံ မဟုတ်သောကြောင့် ဝဂ္ဂ မဖြစ်ဟု ဆိုကုန်၏။

ဤ၌ ဥပတိဿ မထေရ်သည် ... အချို့ ဖြစ်စေ၊ အားလုံး ဖြစ်စေ ထသွားသူ အားလုံးတို့ကို ထို စည်းဝေးစေ၍ ဉာတ်မထားဘဲ သက်သက် ဖိတ်အပ်၏။ အချို့ကို စည်းဝေးစေ၍ ဖိတ်ခြင်းငှါ မအပ်။ သံဃံ ဘန္တေ ပဝါရေမိ- ဟု ဟောသောကြောင့်တည်း။ စည်းဝေးသူ အားလုံးလည်း နောင် ဒိဋ္ဌ စသည်ကို ပြောဆိုနိုင်ကြသည်။ သမဂ္ဂတို့၏ ပဝါရဏာကို ပညတ်သည်။ အဋ္ဌကထာ၌ ခွင့်ပြုခြင်း မရှိ စသည်ဖြင့် ဆို၏။)

ဝဂ္ဂါ ဝဂ္ဂ သညီ ၁၅-ခု

ချစ်သားတို့၊ ပဝါရဏာ နေ့၌ ငါးပါး၊ ငါးပါးထက် အလွန် အာဝါသိက တို့သည် စည်းဝေးကုန်၏။ မရောက်လာ သေးသော အာဝါသိကတို့ ရှိသည်ကို သိကုန်၏။ ဓမ္မသညာ ဝိနယသညာ ဝဂ္ဂသညာဖြင့် ဝဂ်ဖြစ်လျက် ပဝါရဏာ ပြုကုန်၏။ ပဝါရဏာ ပြုစဉ် ထို အာဝါသိကာတို့သည် များစွာ ရောက်လာ ကုန်အံ့။ တစ်ဖန် ပြန်၍ ပဝါရဏာ ပြုအပ်၏။ ပြုသူတို့အား ဒုက္ကဋ်

အညီ အမျှ ရောက်လာ ကုန်အံ့၊ ပြီးခြင်းသည် သုပဝါရိတာ ဖြစ်၏။ ကြွင်းသူတို့ ဖိတ်အပ်၏။ ဖိတ်ပြီး သူတို့အား ဒုက္ကဋ်။ အနည်းငယ် ရောက်လာကုန်အံ့၊ ပြီးခြင်းသည် သုပရိတာ ဖြစ်၏။ ကြွင်းသူတို့ ဖိတ်အပ်၏။ ပြီးသူတို့အား ဒုက္ကဋ် (တိက်တစ်ခု)။

ဖိတ်ကြားပြီးကာမျှ၌ ရောက်လာကုန်အံ့။ များလျှင် ပြန်ပြု၊ တူလျှင်၊ နည်းလျှင် သုပရိတာ။ ကြွင်းသူတို့ ဖိတ်အပ်၏၊ ဖိတ်ပြီးသူတို့အား ဒုက္ကဋ်(၃)။ ဖိတ်ကြားပြီး၍ ပရိသတ် မထမီ ရောက်လာ ကုန်အံ့ (၃)။ အချို့ ထမှ ရောက်လာကုန်အံ့ (၃)။ အားလုံး ထမှ ရောက်လာ ကုန်အံ့ (၃)။

ဝဂ္ဂါ ဝဂ္ဂ သညီ ပန္နရသက ပြီး၏။

ဝေမတိက ၁၅-ခု

ချစ်သားတို့၊ ပဝါရဏာနေ့၌ ...လ... .စည်းဝေးကုန်၏။ မရောက်လာသေးသော အာဝါသိကတို့ ရှိသည်ကို သိလျက် ပဝါရဏာ ပြုခြင်းငှါ အပ်မည်လော၊ မအပ်မည်လော ဟု ယုံမှားလျက် ပဝါရဏာ ပြုကုန်၏။ ပြုစဉ် ... ပြီးကာမျှ ... မထမီ ... ။ အချို့ ထမှ ... အားလုံးထမှ ရောက်လာကုန်အံ့။ များ၊ တူ၊ နည်း သုံးဝါ ရစီ။ ပြုပြီးသူတို့အား ဒုက္ကဋ်

ဝေမတိက ပန္နရသက ပြီး၏။

ကုက္ကုစ္စ ၁၅-ခု

ချစ်သားတို့၊ ပဝါရဏာ နေ့၌ ...လ... .စည်းဝေးကုန်၏။ မရောက်လာသေးသူ ရှိသည်ကို သိလျက် ငါတို့အား ပဝါရဏာ ပြုခြင်းငှါ အပ်သည်သာတည်း။ မအပ်သည် မဟုတ်ဟု ကုက္ကုစ္စ နှိပ်စက်လျက် ပဝါရဏာ ပြုကုန်၏။ ပြုစဉ်၊ ပြုပြီး၊ မထ၊ အချို့ထ၊ အားလုံးထ သုံးဝါရစီ၊ ပြုပြီးသူတို့အား ဒုက္ကဋ်

ကုက္ကုစ္စ ပကတ ပန္နရသက ပြီး၏။

ဘေဒပုရေက္ခာရ ၁၅-ခု

ချစ်သားတို့၊ ပဝါရဏာ နေ့၌ ...လ... သိလျက် မရောက်လာသူတို့သည် ပျောက်ကြစေ၊ ပျက်ကြစေ၊ ထိုသူတို့ဖြင့် အကျိုး မရှိဟု ကွဲပြားခြင်းကို ရှေးရှုလျက် ပဝါရဏာ ပြုကုန်၏။ ပြုစဉ်၊ ပြုပြီး၊ မထ၊ အချို့ထ။ အားလုံးထ − သုံးဝါရစီ။ ပြုပြီး သူတို့အား ထုလ္လစည်း

ဘေဒပုရေက္ခာရ ပန္နရသက ပြီး၏။ ။၂၅-တိက် ပြီး၏။

တိက် ခုနစ်ရာ

ချစ်သားတို့၊ ပဝါရဏာနေ့၌ အာဝါသိကတို့သည် တစ်ပါးသော အာဝါသိကတို့ သိမ်ထဲ ဝင်လာဆဲဟု သိလျက် စသည်ဖြင့် တိက် ခုနစ်ရာကို ဟောတော်မူ၏။

ရှေးဦးစွာ အာဝါသိကနှင့် အာဝါသိက၌ မရောက်လာကြသေးသည်ကို မသိ စသည်ဖြင့် ၂၅-တိက်။
သိမ်ထဲသို့ ဝင်လာကုန်ဆဲဟု သိလျက် ၂၅-တိက်၊
ဝင်လာပြီးကို မြင်လျက် ၂၅-တိက်။
ဝင်လာဆဲဟု ကြား၍ ၂၅-တိက်။
ဝင်လာပြီဟု ကြားလျက် ၂၅-တိက်။
ဤသို့ ၂၅ x ခုနစ်လီ ၁၇၅ တိက် ဖြစ်၏။

ထိုအတူ အာဝါသိကနှင့် အာဂန္တု ၁၇၅-တိက်။
အာဂန္တုနှင့် အာဝါသိက ၁၇၅-တိက်။
အာဂန္တု နှင့် အာဂန္တု ၁၇၅-တိက်။
ဤသို့ လေးလီ ပေယျာလမုခ အားဖြင့် တိက် ၇ဝဝ ကို ဟောတော်မူသည်။

နေ့ရက်ချင်း မတူ

ချစ်သားတို့၊ ဤ သာသနာ၌ အာဝါသိကတို့အား ၁၄-ရက်နေ့။ အာဂန္တုတို့အား ၁၅-ရက်နေ့ ဖြစ်အံ့၊ အာဝါသိက များလျှင် အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏။ တူမျှလျှင် အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏။ အာဂန္တု များလျှင် အာဝါသိကတို့သည် အာဂန္တုတို့သို့ လိုက်အပ်၏ (၃)။

အာဝါသိက ၁၅-ရက်။ အာဂန္တု ၁၄ ရက် ဖြစ်အံ့။ အာဝါသိက များလျှင်၊ တူလျှင် အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏။ အာဂန္တု များလျှင် အာဝါသိကတို့သည် အာဂန္တုတို့သို့ လိုက်အပ်၏ (၃)။

အာဝါသိက အထွက်တစ်ရက်။ အာဂန္တု ၁၅-ရက် ဖြစ်အံ့၊ အာဝါသိက များလျှင်၊ တူလျှင် အာဝါသိကတို့သည် အာဂန္တုအား သာမဂ္ဂီ မပေးလိုလျှင် မပေးအပ်။ အာဂန္တုတို့သည် သိမ်ပသို့ သွား၍ ပဝါရဏာ ပြုအပ်၏။ အာဂန္တု များလျှင် အာဝါသိကတို့သည် သာမဂ္ဂီကို ပေးအပ်၏။ မပေးလျှင် သိမ်ပသို့ သွားအပ်၏ (၃)။

အာဝါသိက ၁၅-ရက်။ အာဂန္တု အထွက်တစ်ရက် ဖြစ်အံ့၊ အာဝါသိက များလျှင်၊ တူလျှင် အာဂန္တုတို့သည် အာဝါသိကတို့အား သာမဂ္ဂီကို ပေးအပ်၏။ သိမ်ပသို့သော်လည်း သွားအပ်၏။ အာဂန္တု များလျှင် အာဝါသိကတို့အား သာမဂ္ဂီ မပေးလိုလျှင် မပေးအပ်။ အာဝါသိကတို့သည် သိမ်ပသို့ သွား၍ ပဝါရဏာ ပြုအပ်၏ (၃)။

[အာဂန္တုတို့သည် အာဝါသိကတို့သို့ လိုက်အပ်၏ ဟူသည်-အဇ္ဇ ပဝါရဏာ စတုဒ္ဒသီ-ဟူ၍သာ ပုဗ္ဗကိစ္စကို ပြုအပ်၏။ ပဏရသိက ဝါရေပိ ဧသေဝနယော။ ။ အာဝါသိကတို့သည် သိမ်ပသို့ သွား၍ ပဝါရဏာ ပြုအပ်၏-ဟူသော အဆုံး ဝါရ၌ ဤကား ပါဠိ မုတ္တက ဝိနိစ္ဆယတည်း။]

ပါဠိ မုတ္တက

ပုရိမ ဝါ၌ ငါးပါး၊ ပစ္ဆိမ ဝါ၌လည်း ငါးပါးဝါ ကပ်အံ့။ ပုရိမ ငါးပါးတို့သည် ဉာတ်ထား၍ ပဝါရဏာ ပြုပြီးသောအခါ ပစ္ဆိမ ငါးပါးသည် ထိုတို့၏ အထံ၌ ပါရိသုဒ္ဓိ ဥပုသ် ပြုအပ်၏။ တစ်ခုသော ဥပေါသထ၌ (ဝါ- ဥပုသ် ပြုရာ တစ်နေရာ၌) နှစ်ခုသော ဉာတ်တို့ကို မထားအပ်ကုန်။

ပစ္ဆိမ ဝါကပ် လေးပါး၊ သုံးပါး၊ နှစ်ပါး၊ တစ်ပါး ဖြစ်အံ့-ဧသေဝနယော

ပုရိမ လေးပါး၊ ပစ္ဆိမ လေးပါး၊ သုံးပါး၊ နှစ်ပါး၊ တစ်ပါး ဖြစ်ရာ၌လည်း ဧသေဝနယော

ပုရိမ သုံးပါး၊ ပစ္ဆိမ သုံးပါး၊ နှစ်ပါး၊ တစ်ပါး ဖြစ်ရာ၌လည်း ဧသေဝနယော

လက္ခဏာကား-ပစ္ဆိမ ဝါကပ်သူ နည်းအံ့၊ တူအံ့။ သံဃပဝါရဏာ အလို့ငှါ ဂိုဏ်းလည်း ပြည့်အံ့-သံဃ ပဝါရဏာစွမ်းဖြင့် ဉာတ်ကို ထားအပ်၏တည်း။

ပုရိမ သုံးပါး၊ ပစ္ဆိမ တစ်ပါး ဖြစ်အံ့- ထိုလေးပါးတို့အား သံဃဉာတ်ထား၍ ပဝါရဏာ မပြုအပ်။ ဂဏဉာတ် အလို့ငှါ ဂိုဏ်း ပြည့်သောကြောင့် ဂဏဉာတ်ထား၍ ပုရိမတို့ ပဝါရဏာ ပြုအပ်၏။ ကျန် တစ်ပါးသည် ထိုသူတို့ထံ ပါရိသုဒ္ဓိ ဥပုသ် ပြုအပ်၏။ ပုရိမ နှစ်ပါး၊ ပစ္ဆိမ နှစ်ပါး၊ တစ်ပါး ဖြစ်အံ့ ဧသေဝနယော

ပုရိမတစ်ပါး၊ ပစ္ဆိမ တစ်ပါး ဖြစ်အံ့၊ တစ်ပါးသည် တစ်ပါးထံ ပဝါရဏာ ဖိတ်ကြားအပ်၏။ တစ်ပါးသည် ပါရိသုဒ္ဓိ ပြုအပ်၏။ ပုရိမ ဝါကပ်သူတို့ထက် ပစ္ဆိမ ဝါကပ်သူသည် တစ်ပါးမျှဖြင့်လည်း ပိုလွန်ကုန်အံ့၊ ရှေးဦးစွာ ပါဘိမောက် ပြ၍ နောက်၌ နည်းသူတို့သည် ထိုသူတို့ထံ ဖိတ်ကြားအပ်၏။

တန်ဆောင်မုန်း လပြည့် ပဝါရဏာ၌ကား ပုရိမ ဝါကျွတ်တို့ထက် ပစ္ဆိမ ဝါကပ်တို့သည် များကုန်အံ့၊ အတူသော်လည်း ဖြစ်ကုန်အံ့၊ ပဝါရဏာ ဉာတ်ကိုထား၍ ဖိတ်ကြားအပ်၏။ ပဝါရဏာ ပြုပြီးမှ ကျန်သူတို့သည် ပါရိသုဒ္ဓိ ဥပုသ် ပြုအပ်၏။ ပုရိမ ဝါကျွတ်များ၍ ပစ္ဆိမ ဝါကပ်နည်းအံ့၊ တစ်ပါးတည်း သော်လည်း ဖြစ်အံ့၊ ပါတိမောက် ပြပြီးမှ ထိုသူတို့ထံ ပစ္ဆိမ ဝါကပ်သူသည် ဖိတ်ကြားအပ်၏။]

(ဇီဋီ ... နည်းသူတို့သည် ထိုဥပုသ် ပြုပြီးသူတို့ထံ ဉာတ်မထားမူ၍သာ ပဝါရဏာ ဖိတ်ကြားအပ်၏၊ အာဂန္တုတို့ မည်သည် နဝမီမှ စ၍ ရောက်လာ သူတို့သော် လည်းကောင်း၊ နွားခြံ လှည်း လှေ တို့၌ ဝါတွင်းနေပြီးသူသော် လည်းကောင်း ဖြစ်ကုန်၏။)

အာကာရာဒိ ပဉ္စက လေးခု

ချစ်သားတို့၊ ဤသာသနာ၌ အာဂန္တုတို့သည် အာဝါသိကတို့၏ အာကာရ၊ လိင်္ဂ၊ နိမိတ္တ၊ ဥဒ္ဒေသ မည်သော ကောင်းစွာထားသောကြောင့် ညောင်စောင်း အင်းပျဉ် စသည်ကို မြင်လျက် အာဝါသိကတို့ ရှိသလော၊ မရှိ သလောဟု ယုံမှားလျက် မရှာဖွေဘဲ ပဝါရဏာ ပြုကုန်အံ့ - ဒုက္ကဋ်။ ရှာဖွေ၍ မမြင်၍ ပြုကုန်အံ့-တုလ္လစည်း(ငါး ဝါရ)။

ချစ်သားတို့၊ အာဂန္တုတို့သည် အာဝါသိကတို့၏ အာကာရ၊ ...လ... မည်သော စင်္ကြံ သွားသံ၊ သရဇ္ဈ၁ယ်သံ စသည်ကို ကြားလျက် ရှိ-မရှိ ယုံမှားလျက် မရှာဖွေဘဲ၊ စသည်ဖြင့် ပဝါရဏာ ပြုကုန်အံ့ ... ဒုက္ကဋ်အနာပတ္တိအနာပတ္တိဒုက္ကဋ်တုလ္လစ္စည်း (ငါးဝါရ)။

ချစ်သားတို့၊ အာဝါသိကတို့သည် အာဂန္တုတို့၏ အာကာရ စသည် မည်သော မသိအပ်သော သပိတ် သင်္ကန်း စသည်ကို မြင်လျက် အာဂန္တု ရှိ-မရှိ ယုံမှားလျက် မရှာဖွေဘဲ စသည် ဖြင့် ... (ငါး ဝါရ)။

အာဝါသိကတို့သည် အာဂန္တုတို့၏ အာကာရ စသည် မည်သော ခြေသံ၊ ဖိနပ်သံ စသည်ကို ကြားလျက် ယုံမှားလျက် ... (ငါးဝါရ)။

နာနာသံဝါသက တိက် လေးခု

ချစ်သားတို့၊ ဤ သာသနာ၌ အာဂန္တုတို့သည် နာနာသံဝါသက အာဝါသိကတို့ကို မြင်၍ သမာနသံဝါသက ဟု အယူရှိ၍ မမေးဘဲ အတူ ပဝါရဏာ ပြုကုန်အံ့−အနာပတ္တိ။ မေး၍ နာဘိဝိတရန္တိ- အယူမစွန့်စေကြကုန်ဘဲ၊ အတူ ပဝါရဏာ ပြုကုန်အံ့-ဒုက္ကဋ်။ သီးခြား ပဝါရဏာ ပြုကုန်အံ့ - အနာပတ္တိ (သုံးဝါရ)။

အာဂန္တု တို့သည် သမာန သံဝါသက အာဝါသိက တို့ကို မြင်၍ နာနာ သံဝါသကဟု အယူ ရှိ၍ မပေးဘဲ အတူ ပြုကုန်အံ့-ဒုက္ကဋ်။ မပေး၍ အဘိဝိတရန္တိ - သမာနသံဝါသက အဖြစ်ကို ဆုံးဖြတ်ကုန်၏။ ဆုံးဖြတ်၍ သီးခြားပြုကုန်အံ့-ဒုက္ကဋ်။ အတူ ပြုကုန်အံ့- အနာပတ္တိ (၃)။

ချစ်သားတို့၊ အာဝါသိကတို့သည် နာနာ သံဝါသက အာဂန္တု တို့ကို မြင်၍ သမနသံဝါသကဟု အယူရှိ၍ မပေးဘဲ အတူ ပြန်ကုန်အံ့၊ အနာပတ္တိ။ မေး၍ မစ္စန့်စေမူ၍ အတူ ပြန်ကုန်အံ့ - ဒုက္ကဋ်။ သီးခြား ပြုကုန်အံ့-အနာပတ္တိ (၃)။

အာဝါသိက တို့သည် သမာန သံဝါသက အာဂန္တု တို့ကို မြင်၍ နာနာ-ဟု အယူရှိ၍ မမေးဘဲ အတူ ပြန်ကုန်အံ့-ဒုက္ကဋ်။ မေး၍ သမာန ဟု ဆုံးဖြတ်ပြီး၍ သီးခြား ပြုကုန့်အံ့ ဒုက္ကဋ်။ အတူ ပြုကုန်အံ့- အနာပတ္တိ (၃)။

ခရီးသွား နဝက သုံးခု

ချစ်သားတို့၊ ဤသာသနာ၌ ပဝါရဏာနေ့၌ ရဟန်းရှိသော အာဝါသမှ ရဟန်းမရှိသော အာဝါသသို့ သံဃာ ကြဉ်၍၊ အန္တရာယ် ကြဉ်၍ မသွားအပ်၊ ထိုအတူ ကြဉ်၍ ရဟန်းမရှိသော အနာဝါသသို့ မသွားအပ်။ ရဟန်း မရှိသော အာဝါသ အနာဝါသသို့ မသွားအပ်(၃)။

ရဟန်း ရှိသော အနာဝါသမှ ထိုအတူ (၃)။

ရဟန်းရှိသော အာဝါသ အနာဝါသမှ ... (၃-နဝက တစ်ခု)။

ရဟန်း ရှိသော အာဝါသ စသည်မှ နာနာသံဝါသက ရဟန်းရှိသော အာဝါသ စသည်တို့ သံဃာကြဉ်၍၊ အန္တရာယ်ကြဉ်၍ မသွားအပ် (နဝက တစ်ခု)။

ရဟန်း ရှိသော အာဝါသ စသည်မှ သမာန သံဝါသက ရဟန်း ရှိသော အာဝါသ စသည်တို့ ယနေ့ ရောက် နိုင်သည်ဟု သိလျှင် သွားအပ်၏ (နဝက တစ်ခု)။

ဝဇ္ဇနိယ ပုဂ္ဂိုလ်များ

ချစ်သားတို့၊ ဘိက္ခုနီ ရှိသော ပရိသတ်၌ ပဝါရဏာ မပြုအပ်-ဒုက္ကဋ်။ သိက္ခမာန်၊ သာမဏေ၊ သာမဏေမ၊ သိက္ခာချသူ၊ အန္တိမ ဝတ္ထု ရောက်သူရှိသော ပရိသတ်၌ ဝါရဏာ မပြုအပ် - ဒုက္ကဋ်။ မစွန့်၊ မကူ၊ ပြစ်မရှု - သုံးခု ဥက္ခိတ္တာ ရှိသော ပရိသတ်၌ ပဝါရဏာ မပြုအပ် - ယထာဓမ္မ ပြုစေအပ်၏။ (ဝါ- ပါစိတ်)။

ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနန်၊ ဒူသံ၊ ဥဘော ရှိသော ရိသတ်၌ ပဝါရဏာ မပြုအပ်- ဒုက္ကဋ်

(ဥပေါသထက္ခန္ဓက တစ်နေရာ၌ ရှင်ဒေဝဒတ်-လူ ရှိသော ပရိသတ်၌ ပါတိမောက် ပြခြင်းကြောင့်၊ ဂဟဋ္ဌရှိသော ပရိသတ်၌ ပါတိမောက် မပြအပ် ဒုက္ကဋ် ဟု ပညတ်သည်ကို မြင်ရ၏။ ဤ ခန္ဓက၌ မမြင်သော်လည်း သိသာ၏။)

မပြုအပ် နှစ်ခု

ချစ်သားတို့၊ ပါရိဝါသိက ပဝါရဏာ ဒါနေန- သိုးလေပြီးသော ပဝါရဏာ ပေးခြင်းဖြင့် မထသော ပရိသတ်ကို ကြဉ်၍ (ဝါ-ပရိသတ် ထပြီးနောက်) ပဝါရဏာ မပြုအပ်။ ချစ်သားတို့၊ ပဝါရဏာနေ့မှ တစ်ပါးသော နေ့၌လည်း သံဃ သာမဂ္ဂီကို ကြဉ်၍ ပဝါရဏာ မပြုအပ်။

[သံဃ သာမဂ္ဂီကို ကြဉ်၍ ဟူသည်၌ ကောသမ္ဗက သာမဂ္ဂီနှင့် တူသော သမဂ္ဂီကိုသာ သိအပ်၏။

အဇ္ဇ ပဝါရဏာ သာမဂ္ဂီ-ဟု ပုဗ္ဗကိစ္စ ပြု အပ်၏။ အနည်းငယ်သော အကြောင်းကြောင့် ပဝါရဏာကို ရပ်ထား၍ ညီညွတ်သော သူတို့ကား ပဝါရဏာ နေ့၌သာ ပဝါရဏာ ပြုအပ်၏။ သာမဂ္ဂီ ပဝါရဏာကို သီတင်းကျွတ် လပြည့်ကျော် တစ်ရက်မှ စ၍ တန်ဆောင်မုန်း လပြည့်အတွင်း၌ ထိုမှ ရှေး၌ လည်းကောင်း၊ နောက်၌ လည်းကောင်း ပြုလျှင် မအပ်။]

ဒွေ၊ ဧ၊ သမာန-ခွင့်ပြုခြင်း

ထိုအခါ ကောသလ ဇနပုဒ် တစ်ခုသော အာဝါသ၌ ပဝါရဏာနေ့၌ သဝရဘယ - တောနေ လူရိုင်းဘေး ဖြစ်၏။ ရဟန်းတို့သည် တေဝါစိကံ- သုံးကြိမ် ဖိတ်ကြားခြင်းကို ဖိတ်ခြင်းငှါ မတတ်နိုင်ကုန်။

ချစ်သားတို့၊ ဒွေဝါစိကံ နှစ်ကြိမ် ဖိတ်ကြားခြင်းကို ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏၊ လွန်ကဲစွာ လူရိုင်းဘေး ဖြစ်၏၊ နှစ်ကြိမ် ဖိတ်ခြင်းငှါ မတတ်နိုင်ကုန်၊

ချစ်သားတို့၊ ဧကဝါစိကံ-တစ်ကြိမ် ဖိတ်ကြားခြင်းကို ဖိတ်ကြားခြင်းငှါ ခွင့်ပြု၏။ လွန်ကဲစွာ ဖြစ်ပြန်၏။ တစ်ကြိမ်မျှ မတတ်နိုင်ကုန်။

ချစ်သားတို့၊ သမာနဝဿိကံ- ဝါတူပေါင်း၍ ဖိတ်ကြားခြင်းကို ဖိတ်ခြင်းငှါ ခွင့်ပြု၏။ ထိုအခါ တစ်ခုသော အာဝါသ၌ ပဝါရဏာ နေ့၌ လူတို့ အလှူလှူခြင်း တို့ကြောင့် ညဉ့်အချိန် များစွာကုန်၏။ သံဃာသည် တေဝါစိက ဖိတ်လျှင် မပြီးမီ မိုးလင်းလတ္တံ့၊ အဘယ်သို့ ပြုရအံ့နည်းဟု လျှောက်ကုန်၏။ ချစ်သားတို့၊ ဤ သာသနာ၌ ပဝါရဏာ နေ့၌ လူတို့ အလှူလှူခြင်း တို့ကြောင့် ညဉ့်အချိန် များစွာကုန်၍ တေဝါစိက ဖိတ်စဉ် မိုးလင်းလတ္တံ့ ဟု သိအံ့-ဗျတ္တသည် သံဃာကို …

သုဏာတု မေ ဘန္တေ သံဃော။ ...လ... ။ ယဒိ သံဃဿ ပတ္တကလ္လံ-ဟု သိအံ့– ဗျတ္တသည် သံဃာကို သုဏာတု မေ ဘန္တေ သံဃော။ ...လ... ။ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဒွေဝါစိကံ ဧက ဝါစိကံ သမာန ဝဿိကံ ပဝါရေ ... ဟု သိစေအပ်၏။ ဝါ-လူတို့ အလှူလှူခြင်း တို့ကြောင့် ညဉ့်အချိန် ကုန်ပြီ။ တေဝါစိက ဖိတ်လျှင် မိုးလင်းလတ္တံ့။ ဒွေ၊ ဧ၊ သမာန ဝဿိကံ-ဖိတ်ခြင်းကို ဖိတ်ရာ၏ ဟု သိစေအပ်၏။

ချစ်သားတို့၊ ပဝါရဏာနေ့၌ တရားစကား ပြောခြင်း၊ သုတ္တန် ညှိရွတ်ခြင်း၊ ဝိနည်း ဆုံးဖြတ်ခြင်း၊ တရား ဆွေးနွေးခြင်း၊ ငြင်းခုံခြင်း တို့ကြောင့် ညဉ့်အချိန် များစွာကုန်၍ တေဝါစိက ဖိတ်စဉ် မိုးလင်းလတ္တံ့ဟု သိအံ့-ဗျတ္တသည် သံဃာကို သုဏာတု မေ စသည်ဖြင့် သိစေအပ်၏။ ဝါ-တရားစကား ပြောခြင်း၊ ငြင်းခုံခြင်း တို့ကြောင့် ညဉ့်အချိန် ကုန်ပြီး တေဝါစိက ဖိတ်လျှင် မိုးလင်းလတ္တံ့။ ဒွေ၊ ဧ၊ သမာန ဖိတ်ရာ၏ ဟု သိစေအပ်၏။

ထိုအခါ ကောသလ ဇနပုဒ် တစ်ခုသော အာဝါသ၌ ပဝါရဏာနေ့၌ ရဟန်း သံဃာသည် များစွာ စည်းဝေး၏။ မိုးမစွတ်သော နေရာသည် နည်း၏။ မိုးကြီးသည်လည်း တက်၏။ တေဝါစိက ဖိတ်စဉ် မိုးမိလတ္တံ့၊ အဘယ်သို့ ပြုရအံ့နည်းဟု လျှောက်ကုန်၏။ ချစ်သားတို့၊ မိုးမိလတ္တံ့ဟု သိအံ့- ဗျတ္တသည် သံဃာကို သုဏာတု မေ စသည်ဖြင့်၊ မိုးမိလတ္တံ့။ ဒွေ၊ သမာန ဖိတ်ရာ၏ - ဟု သိစေအပ်၏။

ချစ်သားတို့၊ ပဝါရဏာနေ့၌ မင်းအန္တရာယ် ဖြစ်အံ့၊ ခိုးသူ၊ မီး၊ ရေ၊ လူ၊ ဘီလူး၊ သားရဲ၊ မြွေ၊ အသက်၊ သာသနာ အန္တရာယ်ဟု (အန္တရာယ် ဆယ်ပါး) ဖြစ်အံ့--ဖိတ်စဉ် အန္တရာယ် ဖြစ်လတ္တံ့ ဟု သိအံ့။ ဗျတ္တသည် သံဃာကို သုဏာတု မေ စသည်ဖြင့် အန္တရာယ် ဖြစ်သတ္တံ့၊ ဒွေ၊ ဧ၊ သမာန ဖိတ်ရာ၏ ဟု သိစေအပ်၏။

[ဒွေ ဝါစိက ဖိတ်ခြင်းငှါ ခွင့်ပြုရာ၌ ဉာတ်ထားသူသည်လည်း - ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃေ ဝါစိကံ ပဝါရေယျ ဟု ဆိုအပ်၏။ ဧက ဝါစိက၌ ဧကဝါစိကံ ပဝါရေယျ ဟု။ သမာန ဝဿိက၌လည်း သမာနဝဿိကံ ပဝါရေယျ” ဟုဆိုအပ်၏။ ဤ၌ ဝါတူသူတို့သည် များကုန်သော်လည်း တစ်ပေါင်းတည်း ဖိတ်ခြင်းငှါ ရကုန်၏ ]

(ဝိဋီ ... ဝါတူသူတို့ စသည်၌ တစ်နှစ်တည်း ရဟန်း ဖြစ်ခြင်းကြောင့် ရဟန်း ဝါတူသူတို့သည် အားလုံး တစ်ပေါင်းတည်း ဖိတ်ခြင်းငှါ ရကုန် ၏-ဟူသော အနက်တည်း။)

အာပတ် ရှိသူ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် အာပတ် ရှိကုန်လျက် ဖိတ်ကြားကုန်၏။ ချစ်သားတို့၊ အာပတ် ရှိသူသည် ပဝါရဏာ မဖိတ်ကြားအပ်-ဒုက္ကဋ်။ ချစ်သားတို့၊ အာပတ်ရှိလျက် ဖိတ်ကြားသူအား အခွင့်တောင်း၍ အာပတ်ဖြင့် စောဒနာခြင်းငှါ ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် ခွင့်တောင်းသောအခါတွင် ခွင့်ပေးခြင်းငှါ အလို မရှိကုန်၊ ချစ်သားတို့၊ ခွင့်မပေးသူအား ပဝါရဏာကို ထားခြင်းငှါ ခွင့်ပြု၏။

ထားပုံကား စာတုဒ္ဒသီ၊ ပန္နရသီ ပဝါရဏာနေ့၌ ထိုပုဂ္ဂိုလ် မျက်မှောက်ရှိစဉ် သံဃာ အလယ်၌ သုဏာတု မေ ဘန္တေ သံဃော၊ ဣတ္ထန္နာ မော ပုဂ္ဂလာ သာပတ္တိ ကော၊ တဿ ပဝါရနံ ဋ္ဌပေမိ နတသ္မိံ သံမုခိဘုတေ ပဝါရေ တဗ္ဗံ-ဟု မြွက်ဆိုအပ်၏။ ဤသို့ဆိုလျှင် ပဝါရဏာ ထားခြင်းဖြစ်၏။။

ဆဗ္ဗဂ္ဂီတို့သည် ငါတို့အား ပဝါရဏာ မထားမီဟု ကြိုတင်၍ အာပတ် မရှိ စင်ကြယ်သော ရဟန်းတို့အား အကြောင်းမဲ့ ပဝါရဏာ ထားကုန်၏။ ပဝါရဏာ ပြုပြီး သူတို့အားလည်း ပဝါရဏာ ထားကုန်၏။ ချစ်သားတို့၊ အာပတ် မရှိ စင်ကြယ်သော ရဟန်းတို့အား အကြောင်းမဲ့ ပဝါရဏာ မထားအပ်-ဒုက္ကဋ်။ ချစ်သားတို့၊ ပဝါရဏာ ပြုပြီး သူ့တို့အား ပဝါရဏာ မထားအပ်- ဒုက္ကဋ်

ချစ်သားတို့၊ တေ ဝါစိက၊ ဒွေ ဝါစိက၊ ဧက ဝါစိက၊ သမန ဝဿိက-ဖိတ်ခြင်းငှါ ရွတ်ဆိုပြီးသောအခါ ထားအံ့၊ ပဝါရဏာ ထားခြင်း မဖြစ်။ ရွတ်ဆို၍ မပြီးမီ ထားအံ့-ပဝါရဏာ ထားခြင်း ဖြစ်၏။

[ရွတ်ဆို၍ မပြီးမီ ဟူသည် ပဝါရဏာ ထားခြင်းသည် သဗ္ဗသင်္ဂါဟိက ထားခြင်း၊ ပုဂ္ဂလိက ထားခြင်းဟု နှစ်မျိုးရှိ၏။

သဗ္ဗသင်္ဂါဟိက ထားခြင်း၌ သုဏာတု မေ ဘန္တေ သံဃာ။ ...လ... ။သံဃော တေဝါစိကံ ပဝါရေ..ဟူ သု-အက္ခရာမှ ရေ-အက္ခရာ အထိသည် ရွတ်ဆို၍ မပြီးသေးသည်သာ ဖြစ်၏။ ဤ အတွင်း တစ်ခုသော ပုဒ်၌ သော်လည်း ထားလျှင် ပဝါရဏာထားခြင်း ဖြစ်၏။ ယျ-အက္ခရာသို့ ရောက်လျှင် ရွတ်ဆို၍ ပြီးခြင်းဖြစ်၏။ ထိုအခါမှ စ၍ ထားလျှင် ပဝါရဏာ ထားခြင်း မဖြစ်။

ပုဂ္ဂလိက ထားခြင်း၌- သံဃံ ဘန္တေ ပဝါရေမိ။ ...လ... ။ တတိယမ္ပိ ဘန္တေ သံဃံ ပဝါရေမိ၊ ဒိဋ္ဌေန ဝါ ...လ...။ ပဿန္တော - ဟု သံ အက္ခရာမှ နောက်ဆုံး ဋိ--အက္ခရာ အထိသည် မပြီးသေးသည် ဖြစ်၏။ ဤအတွင်း တစ်ခုသော ပုဒ်၌သော်လည်း ထားလျှင် ပဝါရဏာထားခြင်း ဖြစ်၏။ ကရိဿာမိ- ဟု ဆိုလျှင် ပြီးခြင်းဖြစ်၏ ကရိဿာမိ-ပုဒ် ရောက်မှ ထားလျှင် ထားခြင်း မဖြစ်။ ဒွေ၊ ဧ၊ သမာန ဝဿိက တို့၌လည်း ဧသန ယော။ ထို ပဝါရဏာ တို့၌လည်း ဋိ-အက္ခရာ အဆုံးအထိ သာလျှင် ထပန ခေတ် မည်၏။]

ထားလျှင် မေးစစ်ရခြင်း

ချစ်သားတို့၊ ဤသာသနာ၌ ပဝါရဏာနေ့၌ ရဟန်းသည်၊ ရဟန်းအား ပဝါရဏာကို ထားအံ့။ ထို ထားသော ရဟန်းကို တစ်ပါးသော ရဟန်းတို့သည်၊ ဤ အရှင်သည် ကိုယ်ကျင့် မစင်ကြယ်၊ နှုတ်ကျင့် မစင်ကြယ်၊ အသက်မွေး မစင်ကြယ်၊ ဗာလ အဗျတ္တ ဖြစ်၏။ မေးစစ်အပ်သောအခါ အဖြေကို ပေးခြင်းငှါ မစွမ်းနိုင်ဟု သိကုန်အံ့။ ရဟန်း-သင်၏ စကား မသင့်၊ ငြင်းခုံခြင်း စသည်ကို မပြုနှင့်ဟု နှိပ်၍ သံဃာသည် ပဝါရဏာ ပြုအပ်၏။

ချစ်သားတို့ ... ဤအရှင်သည် ကိုယ်အကျင့် စင်ကြယ်၏။ နှုတ်ကျင့် မစင်ကြယ်သူ စသည် ဖြစ်အံ့။ ကိုယ်ကျင့် နှုတ်ကျင့် နှစ်ပါးသာ စင်ကြယ်၏။ အသက်မွေး မစင်ကြယ် စသည် ဖြစ်အံ့ ...။ ကိုယ် နှုတ် အသက်မွေး သုံးပါး စင်ကြယ်၏။ ပဏ္ဍိတ ဗျတ္တ ဖြစ်၏။ မေးစစ်သောအခါ အဖြေကို ပေးခြင်းငှါ စွမ်းနိုင်၏ ဟု သိကုန်အံ့။ ဤသို့ ဆိုအပ်၏၊ ငါ့ရှင် သင်သည် ဤ ရဟန်းအား ပဝါရဏာကို ထား၏။ ကိမှီနံဋ္ဌပေတိ - အဘယ် အကြောင်းကြောင့် ထားသနည်း၊ သီလ ဝိတ္တိကြောင့်လော၊ အာစာရ ဝိပတ္တိကြောင့်လော၊ ဒိဋ္ဌိ ဝိပတ္တိကြောင့် လော-ဟု ဆိုအပ်၏။ (အာဇိဝ မပါ)။

သီလ ဝိပတ္တိကြောင့်၊ အာစာရ ဝိပတ္တိကြောင့်၊ ဒိဋ္ဌိ ဝိပတ္တိကြောင့် ဟု ဆိုအံ့။ အရှင်သည် သီလ ဝိပတ္တိကို သိသလော၊ အာစာရ ဝိပတ္တိကို သိသလော၊ ဒိဋ္ဌိ ဝိပတ္တိကို သိသလော-ဟု မေးစစ်အပ်၏။ သိပါ၏ဟု ဖြေလျှင် ငါ့ရှင်၊ သီလ ဝိပတ္တိသည် အဘယ်နည်း၊ အာစာရ ဝိပတ္တိသည် ... ဒိဋ္ဌိ ဝိပတ္တိသည် အဘယ်နည်း ဟု မေးအပ်၏။

ပါရာဇိက၊ သံဃာ ဒိသိသ်သည် သီလ ဝိပတ္တိ။ ထုလ္လစ္စည်း စသော ငါးပါးသည် အာစာရ ဝိပတ္တိ။ မိစ္ဆာဒိဋ္ဌိနှင့် အန္တဂ္ဂါဟိကာ ဒိဋ္ဌိသည် ဒိဋ္ဌိ ဝိပတ္တိဟု ဖြေလျှင် ငါ့ရှင် သင်သည် ဤ ရဟန်းအား ပဝါရဏာကို ထား၏။ ထိုပဝါရဏာကို ဒိဋ္ဌိဖြင့် ထားသလော၊ သုတဖြင့်လော၊ ပရိသင်္ကာဖြင့် လောဟု မေးစစ်အပ်၏။ (ပုစ္ဆာ လေးခု)။

ဒိဋ္ဌိဖြင့် ထားပါ၏။ သုတဖြင့်…။ ပရိသင်္ကာဖြင့် ထားပါ၏ဟု ဖြေလျှင် သင်သည် ဒိဋ္ဌဖြင့် ဤရဟန်းအား ပဝါရဏာကို ထားပြီ။ တိံတေ ဒိဋ္ဌံ-အဘယ်ကို မြင်သနည်း။ ကိန္တိတေ ဒိဋ္ဌံ-အဘယ်သို့ မြင်သနည်း။ ကဒါတေ ဒိဋ္ဌံ- အဘယ်အခါ မြင်သနည်း။ ကတ္တတေ ဒိဋ္ဌံ- အဘယ် အရပ်၌ မြင်နည်း။ (၄)။

ပါရာဇိကသို့ ရောက်သည်ကို မြင်သလော။ ....လ... ဒုဗ္ဘသီသို့ ရောက်သည်ကို မြင်သလော (၁)။

သင်သည် အဘယ် အရပ်၌နည်း၊ ဤရဟန်းသည် အဘယ်အရပ်၌နည်း။ သင်သည် ဘယ်လို ပြုနေသနည်း၊ ဤရဟန်းသည် အဘယ်ကို ပြုနေသနည်း (၄)ဟု မေးစစ်အပ်၏။ (ကိုးပုစ္ဆာ)။

ဒိဋ္ဌဖြင့် မဟုတ်၊ သုတဖြင့် ထားပါသည်ဟု ဖြေလျှင် ကိန္တေ သုတံ - အဘယ်ကို ကြားသနည်း။ ကတ္ထ .. ဘယ်ရပ်၌ ကြားသနည်း(၄)

ပါရာဇိကသို့ ရောက်သည်ဟု ကြားသလော၊ ...လ... ဒုဗ္ဘသီသို့ ရောက်သည်ဟု ကြားသလော (၁)။

ရဟန်း၏ စကားကို ကြားသလော၊ ဘိက္ခု၊ သိက္ခမာန်၊ သာမေဏ၊ သမဏမ၊ ဥပသကာ၊ ဥပါသိကာ၊ မင်း၊ အမတ်၊ တိတ္ထိ၊ တိတ္တိ သာဝက တို့၏ စကားကို ကြားသလောဟု မေးစစ်အပ်၏။ (ခြောက် ပုစ္ဆာ)။

သုတဖြင့် မဟုတ်၊ ပရိသင်္ကာဖြင့် ထားပါသည်ဟု ဖြေလျှင် ကိံ ပရိသင်္ကာသိ- အဘယ်ကို ရွံ့ရှားသနည်း။ အဘယ်သို့ ... အဘယ်အခါ ... ။ အဘယ် အရပ်၌ ရွံ့ရှားသနည်း (၄)။

ပါရာဇိကသို့ ရောက်သည်ဟု ရွံ့ရှားသလော။ ... လ ... ဒုဗ္ဘသီသို့ ရောက်သည်ဟု ရွံ့ရှားသလော (၁)။

ရဟန်း၏ စကားကို ရွံ့ရှားသလော။ ဘိက္ခုနီ စသည်တို့၏ စကားကို ကြား၍ ရွံ့ရှားသလော(၁) ဟု မေးစစ်အပ်၏။ (ခြောက် ပုစ္ဆာ)။

ပရိသင်္ကာဖြင့် မဟုတ်၊ အဘယ် အကြောင်းဖြင့် ပဝါရဏာ ထားသည် ဟူ၍ မသိပါဟု ဖြေဆိုအံ့။ ချစ်သားတို့၊ ထို စောဒကသည် အနုယော ဂေန - မေးစစ်သည်ကို ဖြေဆိုခြင်းဖြင့် ပညာရှိ သီတင်းသုံးဖော်တို့၏ စိတ်ကို နှစ်သက်စေသူ မဖြစ်အံ့၊ စုဒိတကို - အန နုဝါဒ-မစွပ်စွဲအပ်သူဟု ဆိုခြင်းငှါ ထိုက်၏။ ချစ်သားတို့၊ ထို စောဒကသည် မေးစစ်သည်ကို ဖြေဆိုခြင်းဖြင့် ပညာရှိ သီတင်းသုံးဖော် တို့၏ စိတ်ကို နှစ်သက်စေသူ ဖြစ်အံ့။ စုဒိတကို သာနုဝါဒ- စွပ်စွဲအပ်သူဟု ဆိုခြင်းငှါ ထိုက်၏ (၂)။

ချစ်သားတို့၊ ထိုစောဒကသည် အရင်းမရှိသော ပါရာဇိကဖြင့် စွပ်စွဲခြင်းကို ဝန်ခံအံ့၊ သံဃာဒိသိသ်သို့တင်၍ သံဃာသည် ပဝါရဏာ ပြုအပ်၏။ အရင်း မရှိသော သံဃာဒိသိသ်ဖြင့် စွပ်စွဲခြင်းကို ဝန်ခံအံ့၊ ယထာ ဓမ္မ ပြုစေ၍ သံဃာသည် ပဝါရဏာ ပြုအပ်၏။ အရင်း မရှိသော ထုလ္လစ္စည်းဖြင့်၊ ...လ... ဒုဗ္ဘာသီဖြင့် စွပ်စွဲခြင်းကို ဝန်ခံအံ့၊ ယထာ ဓမ္မ ပြုစေ၍ သံဃာသည် ပဝါရဏာ ပြုအပ်၏ (၇)။

ချစ်သားတို့၊ ထို စုဒိတသည် ပါရာဇိကသို့ ရောက်သည်ဟု ဝန်ခံအံ့။ ဖျက်ဆီး၍ သံဃာသည် ပဝါရဏာ ပြုအပ်၏၊ သံဃာဒိသိသ် ရောက်သည်ဟု ဝန်ခံအံ့ - သံဃာဒိသိသ်သို့ တင်၍ ပဝါရဏာ ပြုအပ်၏။ ထုလ္လစ္စည်းသို့ ...လ... ဒုဗ္ဘာသီသို့ ရောက်သည်ဟု ဝန်ခံအံ့၊ ယထာ ဓမ္မ ပြုစေ၍ ပဝါရဏာ ပြုအပ်၏ (၇)။

[မေးစစ်အပ်သောအခါ ဟူသည် ကိမှီနံထပေသိ ... စသည်ဖြင့် နောက်၌ ဆိုအပ်သော နည်းဖြင့် မေးစစ်သော အခါတည်း။

နှိပ်သည် ဟူသည် - အလံ ဘိက္ခု မာ ဘဏ္ဍနံ-စသော စကားတို့ကို ဆို၍တည်း။ စကားဖြင့် နှိပ်ခြင်းကို အလိုရှိအပ်၏။

စွပ်စွဲခြင်းကို ဝန်ခံအံ့ ဟူသည် အမူလက ပါရာဇိကဖြင့် ဤရဟန်းကို ငါစွပ်စွဲ၏ဟု ဝန်ခံခြင်းတည်း။

ယထာဓမ္မ ဟူသည် သံဃာဒိသိသ်ဖြင့် စွပ်စွဲရာ၌ ပါစိတ်။ တစ်ပါးတို့ဖြင့် စွပ်စွဲရာ၌- ဒုက္ကဋ်

ဖျက်ဆီး၍ ဟူသည် လိင်္ဂနာသနာဖြင့် အသွင် ဖျက်၍တည်း။]

(ဋီတို့ ... ပါဠိ၌ မိစ္ဆာဒိဋ္ဌိ ဟူသည် နတ္တိ ဒိန္နံ အလှူအကျိုး မရှိသော နည်းဖြင့် ဖြစ်သော ဒသဝတ္တုကာ ဒိဋ္ဌိတည်း၊

အန္တအဂ္ဂါဟိတာ ဒိဋ္ဌိ ဟူသည် ဟောတိ တထာဂတော ပရမ္မရဏာ - သေပြီးနောက် သတ္တဝါ ဖြစ်၏။ သတ္တဝါ မဖြစ် စသော နည်းဖြင့် သဿတ အစွန်း၊ ဥစ္ဆေဒ အစွန်းကို ယူခြင်းတည်း။)

အာပတ် အယူမတူ

ချစ်သားတို့၊ ဤ သာသနာ၌ ပဝါရဏာ နေ့၌ ရဟန်းသည် ထုလ္လစ္စည်းသို့ ရောက်အံ့၊ အချို့သော ရဟန်းတို့သည် ထုလ္လစ္စည်းဟု အယူရှိကုန်အံ့။ အချို့ သံဃာဒိသိသ်ဟု အယူရှိကုန်အံ့။ ထုလ္လစ္စည်း အယူရှိသူတို့သည် ထို ရဟန်းကို တစ်နေရာသို့ ဆောင်၍ ယထာ ဓမ္မ ကုစားစေ၍၊ သံဃာသို့ ချဉ်းကပ်၍ ငါ့ရှင်တို့၊ ထို အာပတ်သို့ ရောက်သော ရဟန်းကို ယထာဓမ္မ ကုစားစေအပ်ပြီ။ သံဃာအား ပတ္တကလ္လကံ ဖြစ်အံ့၊ သံဃာသည် ပဝါရဏာ ပြုရာ၏-ဟု ဆိုအပ် ၏။

ထုလ္လစ္စည်းသို့ ရောက်သည်ကို အချို့ ထုလ္လစ္စည်း၊ အချို့ ပါစိတ်ဟု အယူရှိကုန်အံ့ ... ။ အချို့ ထုလ္လစ္စည်း၊ အချို့ ပါဋိဒေသနီဟု ... ။ အချို့ ဒုက္ကဋ်ဟု ... ။ အချို့ ဒုဗ္ဘာသီဟု အယူရှိကုန်အံ့။ ထုလ္လစ္စည်းဟု အယူရှိသူတို့သည် ထို ရဟန်းကို တစ်နေရာသို့ ဆောင်၍ ယထာ ဓမ္မ ကုစားစေ၍ သံဃာသို့ ချဉ်းကပ်၍ ငါ့ရှင်တို့၊ ထို အာပတ်သို့ ရောက်သော ရဟန်းကို ယထာ ဓမ္မ ကုစားစေအပ်ပြီ။ သံဃာအား ပတ္တကလ္လကံ ဖြစ်အံ့၊ သံဃာသည် ပဝါရဏာ ပြုရာ-ဟု ဆိုအပ်၏။ (ငါးဝါရ)။

ပါစိတ်သို့ ရောက်သည်ကို၊ ပါဋိ ဒေသနိသို့၊ ဒုက္ကဋ်သို့၊ ဒုဗ္ဘာသီသို့ ရောက်သည်ကို အချို့ သံဃာဒိသိသ်၊ အချို့ ဒုဗ္ဗသီဟု အယူရှိကုန်အံ့-(ငါးဝါရစီ၊ ငါးxငါးလီ ၂၅-ဝါရ။)

[ထို အာပတ်သို့ ရောက်သော ရဟန်းကို ယထာဓမ္မ ကုစားစေအပ်ပြီ-ဟူ၍မျှ ဆို၍ ပဝါရဏာ ပြုကြပါ-ဟု ဆိုအပ်၏။ ဤမည်သော အာပတ် ဟူ၍ကား မဆိုအပ်။ ဤသို့ ဆိုလျှင် ငြင်းခုံကြောင်း ဖြစ်သည်။]

ရွံရှားခြင်း သုံးပါး

ချစ်သားတို့၊ ဤ သာသနာ၌ ပဝါရဏာ နေ့၌ ရဟန်းသည် သံဃာ အလယ်၌ ဆိုငြားအံ့ - အရှင်တို့ သံဃာသည် နာတော်မူလော၊ ဤဝတ္တုသည် ထင်ရှား၏။ ပုဂ္ဂိုလ်သည် မထင်ရှား။ သံဃာအား ပတ္တကလ္လကံ ဖြစ်အံ့၊ ဝတ္တုကို ထား၍ သံဃာသည် ပဝါရဏာ ပြုရာ-ဟု ဆိုငြားအံ့၊ ထို ရဟန်းကို ငါ့ရှင်၊ မြတ်စွာဘုရားသည် စင်ကြယ်သူတို့၏ ပဝါရဏာကို ပညတ်သည်။ ဝတ္တု ထင်ရှား၍ ပုဂ္ဂိုလ် မထင်ရှားလျှင် ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလေ။ [ဝါ-ဤ ဝတ္ထုဖြင့်  တွေးတောဖွယ် ပုဂ္ဂိုလ်ကို ညွှန်ပြလော]-ဟု ဆိုအပ်၏။

ချစ်သားတို့၊ ရဟန်းသည် သံဃာအလယ်၌ ... အရှင်တို့ ပုဂ္ဂိုလ်သည် ထင်ရှား၏။ ဝတ္ထုသည် မထင်ရှား။ ပတ္တကလ္လ ဖြစ်အံ့၊ ပုဂ္ဂိုလ်ကို ထား၍ သံဃာသည် ပဝါရဏာ ပြုရာ၏ဟု ဆိုငြားအံ့။ ငါ့ရှင်၊ သမဂ္ဂတို့၏ ပဝါရဏာကို ပညတ်သည်။ ပုဂ္ဂိုလ် ထင်ရှား၍ ဝတ္တု မထင်ရှားလျှင် ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလော။ [ဝါ-ထိုပုဂ္ဂိုလ်၏ အပြစ်ကို ညွှန်ပြလော] ဟု ဆိုအပ်၏။ 

ချစ်သားတို့၊ ရဟန်းသည် သံဃာ့အလယ်၌ ... အရှင်တို့ ဝတ္တုသည် လည်းကောင်း၊ ပုဂ္ဂိုလ်ကို လည်းကောင်း ထား၍ သံဃာသည် ပဝါရဏာ ပြုရာ၏-ဟု ဆိုငြားအံ့။ ငါ့ရှင်၊ စင်ကြယ်သူတို့၏ သမဂ္ဂတို့၏ ပဝါရဏာကို ပညတ်သည်။ ဝတ္တု ပုဂ္ဂိုလ် ထင်ရှားလျှင် ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလော။ [ဝါ-ထို ဝတ္ထုဖြင့် တွေးတောအပ်သော ပုဂ္ဂိုလ်ကို ဆိုလော] ဟု ဆိုအပ်၏။ (သုံးဝါရ)။

ချစ်သားတို့၊ ပဝါရဏာ၏ ရှေ့၌ ဝတ္ထု ထင်ရှား၍ နောက်၌ ပုဂ္ဂိုလ် ထင်ရှားအံ့ (စောဒနာ စကား) ဆိုခြင်းငှါ ထိုက်၏။ ပဝါရဏာ၏ ရှေ့၌ ဝတ္ထုသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း ထင်ရှားအံ့။ ပဝါရဏာပြီးသောအခါ ထို အဆုံးအဖြတ်ကို လှုပ် ချောက်ချားငြားအံ့-ဥက္ကောဋနက ပါစိတ် (သုံးဝါရ)။

[ဝတ္တုသည် ထင်ရှား။ ပုဂ္ဂိုလ်သည် မထင်ရှား- ဟူသည်၌ ခိုးသူတို့သည် တောကျောင်း ရေကန်၌ ငါးဖမ်း၍ ချက်စားသွားသဖြင့် လည်းကောင်း၊ အရံတွင်း၌ သေသောက်ကြူးသူတို့ ပြုသဖြင့် လည်းကောင်း၊ ဖောက်ပြန်မှု တစ်စုံတစ်ခုကို မြင်၍၊ ရဟန်းပြုသော အမှုဖြစ်ရာဟု မှတ်ထင်၍ ဤသို့ ဆိုသည်။ 

ဝတ္ထုကို ထား၍ ဟူသည် ထိုပုဂ္ဂိုလ်ကို သိသော စောဒနာ ကုန်အံ့၊ ယခုကား သံဃာသည် ပဝါရဏာ ပြုစေသတည်း ဟူသော အနက်တည်း။

ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလော ဟူသည် ဤဝတ္တုဖြင့် တစ်စုံတစ်ယောက်ကို သင် တွေးတောသည် ဖြစ်အံ့၊ ယခုပင် ထိုသူကို ညွှန်ပြ ပါလော ဟူသော အနက်တည်း။ အကယ်၍ ညွှန်ပြအံ့၊ ထိုသူကို မေးစစ်၍ ပဝါရဏာ ပြုအပ်၏။ မညွှန်ပြအံ့၊ စူးစမ်း၍ ငါတို့ သိရကုန်အံ့-ဟု ဆို၍ ပဝါရဏာ ပြုအပ်၏။ 

ပုဂ္ဂိုလ်သည် ထင်ရှား၏။ ဝတ္တု မထင်ရှား-ဟူရာ၌ ရဟန်းတစ်ပါးသည် ပန်းနံ့သာ၊ နံ့သာ ပျောင်းတို့ဖြင့် စေတီကို ပူဇော်သဖြင့် လည်းကောင်း၊ အရိဋ္ဌဆေး သောက်သဖြင့် လည်းကောင်း၊ ထိုအား လျော်သော ကိုယ်နံ့ ဖြစ်သည်ကို ရည်၍ “ဤရဟန်းအာ၊ ကိုယ်နံ့ ဤသို့”- ဝတ္ထုကို ပြ၍ ဆိုသည်။ 

ပုဂ္ဂိုလ်ကို ထား၍ ဟူသည် ထိုပုဂ္ဂိုလ်ကို ဖယ်ထား၍ သံဃာသည် ပဝါရဏာ ပြုစေသတည်း။ 

ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလောဟူသည် သင် ဖယ်ထားစေအပ်သော ပုဂ္ဂိုလ်၏ အပြစ်ကို ယခု ဆိုလော-ဟူသော အနက်တည်း။ အကယ်၍-ဤကား ဤသူ၏ အပြစ်ဟု ဆိုအံ့၊ ထိုပုဂ္ဂိုလ်ကို သုတ်သင်၍ ပဝါရဏာ ပြုအပ်၏။ မသိပါဟု ဆိုအံ့၊ စူးစမ်း၍ ငါတို့ သိရကုန်အံ့-ဟု ဆို၍ ပဝါရဏာ ပြုအပ်၏။

ဂတ္တုသည် လည်းသောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း၊ ထင်ရှား၏ ဟူသည်၌ ခိုးသူတို့ ငါးဖမ်း၍ ချက်စားရာ ဌာနကို လည်းကောင်း၊ နံ့သာ စသည်ဖြင့် ရေချိုးရာဌာနကို လည်းကောင်း မြင်၍၊ ရဟန်း၏ အမှုဟု ထင်၍ ဤသို့ ဆိုသည်။ 

ယခုပင် ထိုပုဂ္ဂိုလ်ကို ဆိုလော ဟူသည်၊ ထိုဝတ္တုဖြင့် တွေးတောအပ်သော ပုဂ္ဂိုလ်ကို ယခုပင် ဆိုလော-- ဟူသော အနက်တည်း။ ဤနှစ်ပါးစုံကိုလည်း မြင်လျှင် မြင်သောကာလမှ စ၍ ဆုံးဖြတ်၍သာ ပဝါရဏာ ပြုအပ်၏။

ဆိုခြင်းငှါ ထိုက်၏  ဟူသည် - စောဒနာခြင်းငှါ ထိုက်၏။ စောဒနာခြင်းငှါ အပ်၏ ဟူသော အနက်တည်း။ ပဝါရဏာမှ ရှေ့၌ မဆုံးဖြတ်ရသေးသောကြောင့် လည်းကောင်း၊ နောက်၌ မြင်၍ စောဒနာသောကြောင့် လည်းကောင်း၊ စောဒနာခြင်းငှါ အပ်၏ ဟူလို။ 

ဥက္ကောဋနက ပါစိတ် ဟူသည် ဤနှစ်ပါးစုံကို ပဝါရဏာမှ ရှေ့၌ မြင်၍ ဆုံးဖြတ်၍သာ ပဝါရဏာ ပြုကုန်အံ့။ ထိုကြောင့် တစ်ဖန် ထို လှုပ်ချောက်ချားသူအား အာပတ်ဖြစ်၏။]

(ဇီဋီ ... စူးစမ်း၍ ငါတို့ သိရကုန်အံ့ဟု ဆို၍၊ ထိုသူနှင့်အတူ ပဝါရဏာ ပြုအပ်၏။ 

ဝိဋီ ... ဝတ္တုကိုပြ၍ ဟူသည်ကို ပုဂ္ဂိုလ်၌ ပရိသင်္ကာ ဖြစ်ကြောင်း ဝတ္ထုမျှကိုသာ ရည်ဆိုသည်။ မထင်ရှားသော ဝတ္တုကို ရည်ဆိုသည်။ ပုဂ္ဂိုလ်ကို ရည်ဆိုသည် မဟုတ်။ ထိုပုဂ္ဂိုလ်၏ နေရာ၌ ရေကန်မှ ငါးဖမ်း၍ ချက်စားခြင်း စသည် ထင်လျှင် ဝတ္တုသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း ထင်ရှား၏ဟု ဆိုအပ်ရာ၏။ 

ဝတ္တုသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း ထင်ရှား၏ဟု ဆိုရာ၌ ရဟန်း၏ ကိုယ်၌ မာလာဂန္ဓကို လည်းကောင်း၊ အရိဋ္ဌ ဆေးနံ့ကို လည်းကောင်း မြင်သိ၍ ဆိုသည်ဟု မှတ်အပ်၏။)

ပဝါရဏာနေ့ ရွှေ့ခြင်း

ထိုအခါ များစွာသော အဆွေခင်ပွန်းတို့သည် ကောသလ ဇနပုဒ် တစ်ခုသော အာဝါသ၌ ဝါကပ်ကုန်၏။ ထိုရဟန်းတို့၏ အနီး၌ ဝိပါဒါ ဓိကရုဏ်း ပြုတတ်သော ရဟန်းတို့သည် “ငါတို့သည်၊ ထိုရဟန်းတို့ ဝါကျွတ်၍၊ ပဝါရဏာ ပြုရာ၌ ပဝါရဏာ ထားကုန်အံ့”ဟု ဝါကပ်ကုန်၏။ ထိုရဟန်းတို့သည် ထိုအကြောင်းကို ကြား၍၊ အဘယ်သို့ ပြုရပါအံ့နည်းဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ 

ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်ရာ အနီး၌ အဓိကရုဏ်း ပြုတတ်သူတို့သည် ပဝါရဏာ ထားကုန်အံ့ဟု ဝါကပ်ကုန်အံ့။ ချစ်သားတို့၊ ထိုရဟန်းတို့သည် “အဘယ်သို့လျှင် ငါတို့သည်၊ ထိုရဟန်း တို့ထက် ရှေးဦးစွာ ပပါရဏာ ပြုကုန်ရအံ့နည်း”ဟု နှစ်ခု သုံးခုသော ဥပုသ်တို့ကို စာတုဒ္ဒသီ ပြုခြင်းငှါ ခွင့်ပြု၏ (၁)။ 

ချစ်သားတို့၊ ထိုအဓိကရုဏ်း ပြုသူတို့ လာသောအခါ အာဝါသိကတို့သည် လျင်စွာ စည်းဝေး၍ ပဝါရဏာ ပြုအပ်၏။ ပဝါရဏာပြုပြီးလျှင် ငါ့ရှင်တို့၊ ငါတို့သည် ပဝါရဏာ ပြုပြီးကုန်ပြီ။ အရှင်တို့ ပြုလိုရာ ပြုကြလော-ဟု ဆိုအပ်ကုန်၏ (၂)။ 

ချစ်သားတို့၊ ထိုအဓိကရုဏ်း ပြုသူတို့သည် အစီအရင် မပြုဘဲ (မသိအောင်) ရောက်လာကုန်အံ့၊ နေရာပေးခြင်း၊ ခရီးဦး ကြိုဆိုခြင်း၊ သောက်ရေ ပန်ကြားခြင်း စသည်တို့ကို ပြု၍ ထို ရဟန်းတို့ကို သံဝိက္ခိတွာ တွေဝေအောင် ပြု၍ သိမ်ပသို့ သွား၍ ပဝါရဏာ ပြုအပ်၏။ ပဝါရဏာ ပြုပြီးလျှင် ငါ့ရှင်တို့၊ ငါတို့သည် ပဝါရဏာ ပြပြီးကုန်ပြီ၊ အရှင်တို့ ပြုလိုရာ ပြုကြလော ဟု ဆိုအပ်၏။ 

ဤသို့ ရလျှင်ကောင်း၏။ မရလျှင် အာဝါသိက ဗျတ္တ ရဟန်းသည် အာဝါသိကတို့ကို ... သုဏန္တု မေ အာယသ္မန္တော - စသော ဉာတ်ဖြင့် သိစေအပ်ကုန်၏။ ဝါ-ယနေ့ ဥပုသ် ပြုကုန်ရာ၏။ ပါတိမောက် ပြကုန်ရာ၏။ အာဂ မေ ကာဋ္ဌေ -လာလတ္တံသော လကွယ်နေ့၌ ပဝါရဏာ ပြုကုန်ရာ၏ဟု သိစေအပ်ကုန်၏ (၃)။ 

ချစ်သားတို့၊ ထိုအဓိကရုဏ်း ပြုသူတို့သည် အာဝါသိကတို့ကို ငါ့ရှင်တို့၊ ယခုပင် ငါတို့ထံ ပဝါရဏာ ပြုကြလောဟု ဆိုကုန်အံ့။ ငါရှင်တို့၊ သင်တို့သည် ငါတို့၏ ပဝါရဏာ၌ အစိုးမရကုန်၊ ငါတို့ မပြုကုန်သေး ဟု ဆိုအပ်ကုန်၏ (၄)။ 

ချစ်သားတို့၊ ထို အဓိကရုဏ်း ပြုသူတို့သည် ထိုလကွယ်တိုင်အောင် ဆိုင်းငံ့၍ နေကုန်အံ့၊ အာဝါသိက ဗျတ္တသည် အာဝါသိကတို့ကို-သုဂန္တု မေ အာယသ္မန္တော- စသည်ဖြင့်၊ ယနေ့ ဥပုသ် ပြုကုန်ရာ၏။။ အာဂ မေ ဇုဏှေ-လာလတ္တံ့သော တန်ဆောင်မုန်း လပြည့်၌ ပဝါရဏာ ပြုကုန်ရာ၏ဟု သိစအပ်ကုန်၏ (၅)။ 

ချစ်သားတို့၊ ထို အဓိကရုဏ်း ပြုသူတို့သည် အာဝါသိကတို့ကို ငါ့ရှင်တို့၊ ယခုပင် ငါတို့ထံ ပဝါရဏာ ပြုကြလော-ဟု ဆိုကုန်အံ့။ ငါ့ရှင်တို့၊ သင်တို့သည် ငါတို့၏ ပဝါရဏာ၌ အစိုးရမကုန် ငါတို့ မပြုကုန်သေးဟု ဆိုအပ်ကုန်၏ (၆)။ 

ချစ်သားတို့၊ ထို အဓိကရုဏ်း ပြုသူတို့သည် ထို လပြည့်တိုင်အောင် ဆိုင်းငံ့၍ နေကုန်အံ့၊ ချစ်သားတို့၊ ထို ရဟန်း အားလုံးတို့သည်ပင် တန်ဆောင်မုန်း လပြည့်၌ အလိုမရှိသော်လည်း ပဝါရဏာ ပြုအပ်၏ (၇)။

[နှစ်ခု သုံးခုသော ဥပုသ် တို့ကို စာတုဒ္ဒသီ ပြုခြင်းငှါ-ဟူသည်၌ စတုတ္ထ၊ ပဉ္စမ ဖြစ်သော တော်သလင်း လပြည့်၊ လကွယ် နှစ်ခု၊ တတိယ ဖြစ်သော ဝါခေါင်လကွယ်ကား ပကတိ စာတုဒ္ဒသီ။ ထိုကြောင့် တတိယ၊ စတုတ္ထ ဖြစ်စေ။ တတိယ၊ စတုတ္ထ၊ ပဉ္စမ ဖြစ်စေ-နှစ်ခု၊ သုံးခု တို့ကို စတုဒ္ဒသီ ပြုအပ်ကုန်၏၊ စတုတ္ထ ဥပုသ်ပြီးမှ သတင်းကြားလျှင် ပဉ္စမကို စာတုဒ္ဒသီ ပြုအပ်၏။ ဤသို့လည်း စာတုဒ္ဒသီ နှစ်ခုဖြစ်၏။ 

ဤသို့ပြုသော အာဝါသိကတို့သည်၊ အဓိကရုဏ်း ပြုသူတို့၏ ၁၃-ရက်၌ လည်းကောင်း၊ ၁၄-ရက်၌ လည်းကောင်း၊ ပန္နရသီ ပဝါရဏာ ပြုနိုင်ကုန်လတ္တံ့။ ဤသို့ ပြုကုန်သော်လည်း သိမ်ပ၌ သာမဏေတို့ကို ထား၍ ထိုသူတို့ လာကုန်၏- ဟု ကြားလျှင်၊ လျင်စွာ လျင်စွာ စည်းဝေး၍ ပဝါရဏာ ပြုအပ်၏။ ဤ အနက်ကို ပြခြင်းငှါ-ပြုလိုရာ ပြုကြလောဟု ဆိုအပ်ကုန်၏- ဟူ၍ မိန့်ဆိုသည်။ 

အစီရင် မပြုဘဲ ဟူသည် အစီရင် ကင်း၏၊ လာခြင်းကို သိအောင် အစီအရင် မပြု။ မသိအောင်ပြု၍ ဟူလို။ 

သံဝိက္ခိတွာ ဟူသည် ပင်ပန်းလာကြသလော၊ ခေတ္တ အပန်းဖြေကြပါဦး-ဟူသော အနက်တည်း။

မရလျှင် ဟူသည် သိမ်ပသို့ သွားခြင်းငှါ မရ၊ အဓိကရုဏ်း ပြုသူတို့၏ သာမဏေ၊ ရဟန်းငယ်တို့သည် မပြတ် လိုက်ကုန်၏တည်း။ 

အာဂ မေ ဇုဏှေ ဟူသည် ရည်စူး၍ ဉာတ်ထားသော တန်ဆောင်မုန်း လပြည့်၌ အလိုမရှိသော်လည်း၊ ပဝါရဏာ ပြုအပ်၏၊ မချွတ် ပြုအပ်၏။ ထိုနေ့ကို လွန်၍ ပဝါရဏာ ပြုခြင်းငှါ မရအပ်သောကြောင့်တည်း။]

(သာဋီ ...  သတင်းကြားလျှင် ဟူသည် စတုတ္ထ ပန္နရသီ ဥပုသ် ပြုပြီးမှ ငါတို့၏ ပဝါရဏာကို ထားကုန်လတ္တံ့-ဟု ကြားခြင်းတည်း။ စာတုဒ္ဒသီ နှစ်ခု ဟူသည် တတိယနှင့် ပဉ္စမ နှစ်ခုဖြစ်၏။

ဝိဋီ စာတုဒ္ဒသီ နှစ်ခု ဟူသည် တတိယ ပက္ခ၌ စာတုဒ္ဒသီနှင့် နှစ်ခုဖြစ်၏။ အဓိကရုဏ်း ပြုသူတို့၏ ၁၂-ရက်၌ လည်းကောင်း၊ ၁၄-ရက်၌ လည်းကောင်း ပန္နရသီ ပဝါရဏာ ပြုနိုင်ကုန်လတ္တံ-ဟူသော စကားဖြင့် မိမိ ဥပုသ် ပြုသော နေ့မှစ၍ ရဟန်းတို့အား ၁၄-ရက်၊ ၁၅-ရက် ဟူသော ဝေါဟာရသည် ဖြစ်၏။ စန္ဒဂတိ သိဒ္ဓိယာ - လသွားခြင်းဖြင့် ပြီးသော တိတိ စွမ်းဖြင့် မဖြစ်ဟု ပြသည်။ 

အနုဇာနာမိ ဘိက္ခဝေ ရာဇူနံ အနုဝတ္တိတုံ-ဟု ဟောသောကြောင့် လောကိယ တိတီ-လောကီ နေ့ရက်သို့ လိုက်သော်လည်း မိမိ ဥပုသ် အစဉ်ဖြင့် ၁၄ ရက်ကို ၁၅-ရက်၊ ၁၅- ရက်ကို ၁၄-ရက် ပြု၍သာ လိုက်အပ်၏။ ၁၆-ရက်၊ ၁၃-ရက်ကို ဥပုသ်နေ့ ပြုပြင်ဖြင့် မလိုက်အပ်။ ထိုကြောင့် နှစ်ခု သုံးခုသောဥပုသ် တို့ကို စာတုဒ္ဒသီ ပြုခြင်းငှါဟု ဟောသည်။ ဤသို့ မဟုတ်လျှင်- ၁၂-ရက်၊ ၁၃- ရက်၌ ဥပုသ် ပြုအပ်၏။ သကိံ ပက္ခဿ စာတုဒ္ဒသေ ပန္နရသေ ဝါ-စသည်ကိုလည်း ဥပုသ် ပြစဉ်ဖြင့်သာ ဟောသည်။ တိတိစဉ်ဖြင့် မဟောဟု ယူအပ်၏။)

ဂိလာန စတုတ္တ

ချစ်သားတို့၊ ထိုရဟန်း အားလုံးတို့သည်ပင် ပဝါရဏာ ပြုသောအခါ (ဝါ-တန်ဆောင်မုန်း လပြည့်၌ ပြုသောအခါ) ဂိလာနသည် အဂိလာနအား ပဝါရဏာ ထားအံ့၊ ဂိလာနကို ဤသို့ ဆိုအပ်၏။အရှင်ဂိလာန ဖြစ်၏။ ဂိလာနော စ အနနုယောဂက္ခယော- စီစစ်ခြင်းငှါ မခန့်သူဟု-ဘုရား ဟောသည်။ ငါ့ရှင်၊ ရောဂါကင်းအောင် ဆိုင်းဦး၊ ရောဂါကင်းသောအခါ အလိုရှိလျှင် စောဒနာ ရလတ္တံ့-ဟု ဆိုအပ်၏။ ဤသို့ ဆိုလျက် စောဒနာငြားအံ့ - အနာဒရိယ ပါစိတ်။ 

ချစ်သားတို့၊ ထိုသို့ ရဟန်း အားလုံး ပဝါရဏာ ပြုသောအခါ အဂိလာန သည် ဂိလာနအား ပဝါရဏာ ထားအံ့၊ အဂိလာနကို ဤသို့ ဆိုအပ်၏။ ငါ့ရှင်၊ ဤ ရဟန်းသည် ဂီလာန ဖြစ်၏။ မခန့်သူဟု ဟောသည်။ ရောဂါ မင်းအောင် ဆိုင်းဦး၊ စောဒနာ ရလတ္တံ့ ဟု ဆိုအပ်၏။ ဤသို့ ဆိုလျက် စောဒနာငြားအံ့ - အနာဒရိယ ပါစိတ်

ချစ်သားတို့ ...  ဂိလာနသည် အဂိလာနအား ပဝါရဏာ ထားအံ့။ ...  ထိုအတူတည်း။ 

ချစ်သားတို့၊ အဂိလာနသည် အဂိလာနအား ပဝါရဏာ ထားအံ့။ … သံဃာသည် နှစ်ဦးလုံးကို မေးစစ်၍ ဆုံးဖြတ်၍ ယထာ ဓမ္မ ကုစားစေ၍ သံဃာသည် ပဝါရဏာ ပြုအပ်၏။

[ပဝါရဏာ ပြုသောအခါ ဟူသည် ဤသို့ တန်ဆောင်မုန်းလပြည့်နေ့၌ ပဝါရဏာ ပြုသောအခါဘည်း။]

ပဝါရဏာ သင်္ဂဟ

ထိုအခါ များစွာသော အဆွေခင်ပွန်း ရဟန်းတို့သည်၊ ကောသလဇနပုဒ် တစ်ခုသော အာဝါသ၌ ဝါကပ်ကုန်၏။ အညီအညွတ် နေကြသဖြင့်၊ ထိုရဟန်းတို့အား ဖာသု ပိဟာရကို (ဝါ-နုသော သမထ ဝိပဿနာကို) ရအပ်၏။ ထိုအခါ အကြံ ဖြစ်၏။ ယခု ငါတို့ ပဝါရဏာ ပြုကြလျှင် အချို့ ခရီးသွားကုန်ရာ၏။ (အာဂန္တုကြီး ရောက်လာလျှင် နေရာ ဖယ်ပေးကုန်ရာ၏။) ဤသို့ဖြစ်လျှင် ငါတို့သည် ဖာသု ဝိဟာရမှ အပ ဖြစ်ကုန်လတ္တံ့။ အဘယ်သို့ ပြုရအံ့နည်း- အကြံဖြစ်၍ လျှောက်ကုန်၏။ 

ချစ်သားတို့၊ ဤသာသနာ၌ ဝါကပ်၍ ဖာသု ဝိဟာရ ရ၍ ပဝါရဏာ ပြုလျှင် အချို့ ခရီးသွားကုန်ရာ သောကြောင့် ဖာသု ဝိဟာရမှ အပ ဖြစ်ကုန်လတ္တံ့ဟု အကြံဖြစ်အံ့။ ချစ်သားတို့၊ ထိုရဟန်းတို့သည် ပဝါရဏာ သင်္ဂဟကို ပြုခြင်းငှါ ခွင့်ပြု၏၊ 

ပြုပုံကား- ရဟန်းအားလုံး တစ်ပေါင်းတည်း စည်းဝေးအပ်၏။ စည်းဝေး၍ ဗျတ္တ ရဟန်းသည် သံဃာကို ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ (ဝါ-သံဃာသည် ပဝါရဏာ သင်္ဂဟကို ပြုရာ၏။ ယခု ဥပုသ် ပြုရာ၏။ လာလတ္တံ့သော တန်ဆောင်မုန်းလပြည့်၌ ပဝါရဏာ ပြုလတ္တံ့ဟု ပဝါရဏာ သင်္ဂဟကို ပြု၏။ ပြုပြီ-ဟု သိစေအပ်၏။) ချစ်သားတို့၊ ပဝါရဏာ သင်္ဂဟ ပြုပြီးသောအခါ ရဟန်းသည် ကိစ္စရှိ၍ ခရီးသွားလိုသည်ဟု ဆိုအံ့၊ ကောင်းပြီ၊ ပဝါရဏာပြု၍ သွားလော-ဟု ဆိုအပ်၏။

ချစ်သားတို့၊ ထိုခရီးသွားလိုသော ရဟန်းသည် ပဝါရဏာပြုသော အခါ တစ်ပါးသော ရဟန်းအား ပဝါရဏာ ထားအံ့။ ငါ့ရှင်၊ သင်သည် ငါ၏ ပဝါရဏာကို အစိုးမရ။ ငါ ပဝါရဏာ မပြုသေးဟု ဆိုအပ်၏။ 

ချစ်သားတို့၊ ထိုရဟန်းအား တစ်ပါးသော ရဟန်းသည် ပဝါရဏာ ထားအံ့၊ သံဃာသည် နှစ်ဦးလုံးကို မေးစစ်၍ ဆုံးဖြတ်၍ ယထာ ဓမ္မ ကုစားစေအပ်၏။ 

ချစ်သားတို့၊ ထိုခရီးသွားသော ရဟန်းသည် တန်ဆောင်မုန်း လပြည့်အတွင်း ပြန်ရောက်၍ ထိုရဟန်းတို့ ပဝါရဏာ ပြုသောအခါ ရဟန်း တစ်ပါးသည် ထိုရဟန်းအား ပဝါရဏာ ထားအံ့၊ ငါ့ရှင်၊ သင် အစိုးမရ၊ ငါပဝါရဏာ ပြုပြီးပြီဟု ဆိုအပ်၏။

ထိုခရီးပြန် ရဟန်းသည် တစ်ပါးသော ရဟန်းအား ပဝါရဏာ ထားအံ့၊ သံဃာသည် နှစ်ဦးလုံး မေးစစ်၍ ဆုံးဖြတ်၍ ယထာ ဓမ္မ ကုစားစေ၍ သံဃာသည် ပဝါရဏာ ပြုအပ်၏။

ဤ ခန္ဓက၌ ဝတ္ထု ၄၆-ဝတ္တု။

[ဖာသု ဝိဟာရ ဟူသည် နုသော သမထ၊ နုသော ဝိပဿနာ- တစ်ခုခုတည်း။ 

အပ ဖြစ်ကုန်လတ္တံ့ ဟူသည် ညဉ့်နေရာ၊ နေ့နေရာ စသည် အမြဲမရှိသဖြင့် ဘာဝနာ အားထုတ်ခြင်းကို ပြည့်စုံစေခြင်းငှါ မတတ်နိုင် သောကြောင့် အပ ဖြစ်ကုန်လတ္တံ့။ အားလုံး တစ်ပေါင်းတည်း စည်းဝေးအပ်၏ ဟူသော စကားဖြင့် ဆန္ဒ ပေးခြင်းကို ပယ်တော်မူသည်။ 

ကွဲသော သံဃာ၏ သမဂ္ဂ ပြုသောအခါ၊ တိဏဝတ္တာရ သမထအခါ၊ ဤ ပဝါရဏာသင်္ဂဟ အခါ-ဟူသော သုံးခုသော ဌာနတို့၌ ဆန္ဒပေးခြင်းငှါ မအပ်သောကြောင့်တည်း။ ဤ ပဝါရဏာ သင်္ဂဟ မည်သည်ကိုလည်း ကမ္မဋ္ဌာန်း စွန့်ထားသူ၊ သမထ ဝိပဿနာအား စွမ်းရောက်သူ၊ သောတာပန် စသည်တို့အား မပေးအပ်။ နုသော သမထ ဝိပဿနာ ရသူတို့အား - အားလုံး ဖြစ်စေ၊ ထက်ဝက် ဖြစ်စေ၊ တစ်ပါးတည်း ဖြစ်စေ၊ တစ်ပါးတည်း၏ အစွမ်းဖြင့်လည်း ပေးအပ်သည်သာတည်း။

ပဝါရဏာသင်္ဂဟကို ပေးအပ်သည်ရှိသော် ဝါတွင်း၌ ရအပ်သော အစောင့်အရှောက်သာဖြစ်၏။ အာဂန္တု တို့သည် ထိုရဟန်းတို့၏ သေနာသနကို ယူခြင်းငှါ မရကုန်။ ထိုရဟန်းတို့သည်လည်း ဝါပြတ်သူတို့ မဖြစ်ထိုက်။ အခြား၌လည်း ပဝါရဏာပြု၍ ဖဲသွားခြင်းငှါ ရကုန်၏။

(သာဋီ ... ဤ ပဝါရဏာ သင်္ဂဟကို တစ်ပါးတည်းအား ပေးသော်လည်း၊ အားလုံးတို့အား ပေးခြင်းသာ ဖြစ်၏။ ထိုကြောင့် တစ်ပါးတည်း၏ အစွမ်းဖြင့်လည်း-- ဟု ဆိုသည်။ 

အာဂန္တု တို့သည် စသည်၌ ဝါ-၆၀- ရသော ရဟန်းတို့ လာကုန်သော်လည်း၊ ထို ရဟန်းတို့၏ သေနာသနကို ယူခြင်းငှါ မရကုန်။ 

အကြား၌လည်း စသည်၌ ပဝါရဏာ သင်္ဂဟပြုလျှင် အကြား၌ ဖဲသွားလိုသူတို့သည် သံဃာကို စည်းဝေးစေ၍ ပဝါရဏာ ပြုခြင်းငှါ ရကုန်၏။

ဝိဋီ ... အကြား၌ စသော စကားဖြင့် ပဝါရဏာ သင်္ဂဟပြုလျှင် အကြား၌ ဖဲသွားလိုသူတို့သည် သံဃာကို စည်းဝေးစေ၍ ပဝါရဏာပြုခြင်းငှါ ရကုန်၏ဟု ပြသည်။)

ပဝါရဏာက္ခန္ဓက ပြီး၏။

၅။ စမ္မက္ခန္ဓက

သောဏ ရဟန်းပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူ၏။ ထိုအခါ ဗိမ္ဗိသာရ မင်းကြီးသည် ရွာပေါင်း ရှစ်သောင်း အစည်းအဝေး ပြုစေ၍ စမ္ပာ၌ နေသော ကောဋိပိသအနွယ် သူဌေးသား သောဏထံသို့ - သောဏ လာစေသတည်း-ဟု တမန်စေလိုက်၏။ ထိုအခါ သောဏ၏ မိဘတို့သည် သောဏကို ချစ်သား၊ သင်၏ ဖဝါးတို့၌ပေါက်သော မွေးနုတို့ကို မင်းကြီး ရှုစားလို၍ခေါ်သည်။ မင်းကြီးဘက် ခြေမဆင်းဘဲ မြင်နိုင်အောင် ရှေ့တော်၌ တင်ပျဉ်ခွေ၍ ထိုင်လော-ဟု ဆို၏။

သောနသည် ထမ်းစင်ဖြင့် သွား၍ မင်းကြီးကို ရှိခိုး၍ တင်ပျဉ်ခွေ၍ ထိုင်၏။ မင်းကြီးသည် နီမြန်းသော ဖဝါးပြင် တို့၌ မျက်စဉ်းညိုရောင်ရှိသော မွေးနုတို့ကို မြင်ပြီးလျှင်၊ ရွာသားတို့အား မျက်မှောက် အကျိုးရှိရာ ဆုံးမ၍ တမလွန် အကျိုးရှိအောင် ဘုရားရှင်ထံ ဆည်းကပ်ကြလောဟု မိန့်ဆို၏။ ရွာသားတို့သည် ဂိဇ္ဈကုဋ်တောင်သို့ သွား၍ အလုပ်အကျွေး ရှင်သာဂတအား ဘုရားဖူးလိုကြောင်း လျှောက်ကုန်၏။ ရှင်သာဂတသည် ရွာသားတို့၏ မျက်မှောက်၌ ပါဋိကာယဝ စောင်းတန်းဦး၌ ခင်းသော လခြမ်းသဏ္ဌ၁န် ကျောက်ဖျာ၌ ငုပ်၍ ဘုရားရှင်ထံ ပေါ်၍ လျှောက်၏။ 

မြတ်စွာဘုရား ကြွလာသောအခါ ရွာသားတို့သည်။ ဘုရားရှင်ကို ရှိခိုး၍ ရင်သာဂတ ထံ၌သာ စိတ်ညွှတ်ကုန်၏။ ဘုရားရှင်သိ၍ ချစ်သား သာဂတ၊ ထိုထက်အလွန် တန်ခိုးပြဦးလောဟု မိန့်တော်မူ၏။ ရှင်သာဂတသည် ကောင်းကင်၌ သွား ရပ် ထိုင် လျောင်၊ခြင်း၊ အခိုး အလျှံ လွှတ်ခြင်း၊ ကွယ်ပျောက်ခြင်း စသည်ဖြင့် တန်ခိုးပြပြီးလျှင် ခြေတော်ရင်း၌ ဝပ်စင်းလျက် မြတ်စွာဘုရားသည် အကျွန်ု၏ ဆရာ၊ အကျွန်ုပ်သည် တပည့် သာဝက ဖြစ်ပါသည်ဟု လျှောက်၏။ 

ရွာသားတို့သည် လွန်စွာ အံ့ဩကုန်၏၊ တပည့်ပင် ဤမျှ တန်ခိုးကြီးသည်။ ဆရာကား ဆိုဖွယ်မရှိဟု ဘုရားထံသို့ စိတ်ညွှတ်ကုန်၏။ ထိုအခါ ဘုရားရှင် တရားဟောသဖြင့် ရှစ်သောင်းသော ရွာသားတို့သည် မဂ် ဖိုလ် ရ၍ ဥပါသကာအဖြစ်ကို ဝန်ခံကုန်၏။ သောဏ သတို့သားကား တရားတော်ကို ကျင့်လိုသဖြင့် ဘုရားရှင်ထံ ရဟန်းပြု၏။

[သောဏ ဟူသည် အမည်။ ကောဠိဝီသ ဟူသည် အနွယ် ဖြစ်၏။ ဖဝါး မွေးနုပေါက်ခြင်းကား နီမြန်းသော ဖဝါးအပြင်၌ ကံသည် ဆန်းကြယ်အောင် ပြုအပ်သောကြောင့် မျက်စဉ်းညိုရောင် မွေးနုတို့သည် ဖြစ်ပေါ်ကုန်၏။ သောဏသည် ရှေး၌ ရှစ်သောင်းသော လူတို့၏ အကြီးအမှူး ဖြစ်၍ ထိုသူတို့နှင့်အတူ ပစ္စေကဗုဒ္ဓါအား သစ်ရွက်မိုးကျောင်း ဆောက်လှူ၍ မိမိ၏ အသရေဆောင် သားမွှေးစုလျားကို ခြေသုတ်ပြု၍ ထား၏။ ထိုသူ အားလုံးတို့သည်လည်း သုံးလပတ်လုံး ပစ္စေကဗုဒ္ဓါကို ခစား လုပ်ကျွေးကုန်၏။ ဤကား သောဏ၏ လည်းကောင်း၊ ထိုသူတို့၏ လည်းကောင်း ရှေးကောင်းမှုတည်း။ 

မင်းကြီးသည် ဖဝါးမွေးနု ရှုစားလိုခြင်းဖြင့် ကိစ္စတစ်ပါး ရှိသကဲ့သို့ သောဏ  လာဝံ့အောင် ရှစ်သောင်း အစည်းအဝေး ပြုသည်။ မျက်မှောက် အကျိုးရှိရာ စသည်၌ လယ်ထွန်ခြင်း၊ ကုန်သွယ်ခြင်း စသည်တို့ကို တရားသဖြင့် ပြုရမည်၊ မိဘကို ကောင်းစွာ လုပ်ကျွေးရမည်-စသည်ဖြင့် လောက အကျိုးတို့ကို ဆုံးမ၏။ ငါတို့၏ ဘုရားရှင်သည် သင်တို့ကို တမလွန်အကျိုးတို့ကို ဆုံးမလတ္တံ့ -ဟု စေလွှတ်၏။ 

ပါဋိကာ ဟူသည် စောင်းတန်း (လှေကား) အောက်၌ လခြမ်းသဏ္ဌာန် ကျောက်- အဍ္ဎစန္ဒ ပါသာဏ ဖြစ်၏။ 

စိတ်ညွတ်ကုန်၏ ဟူသည် ပသာဒစွမ်းဖြင့် ဖန်ဖန် နှလုံးသွင်းကုန်၏။]

(ဇီဋီ ...  ဂါမပမုခရွာ၌ ကြီးကဲသူတို့သည် ဂါမိက ရွာသားတို့ မည်ကုန်၏။ ထိုသူတို့၏ ရှစ်သောင်းတည်း ကံ ဆန်းကြယ်အောင် ပြုခြင်းကို ဥပစာဖြင့် ဆိုသည်။ ကံ အကြောင်းခံသော ဥတုကြောင့် ဖြစ်သော ကမ္မ ပစ္စယ ဥတုသမုဋ္ဌာန တို့ကြောင့် မွေးနုတို့၏ မျက်စဉ်းညိုရောင် ရှိခြင်းတည်း။ 

(သာဋီ ... ဥဏ္ဏ ပဝါရဝါဏန္တိ ဥဏ္ဏာမယံ ပဝါရဏံ-သားမွေးဖြင့် ပြီးသော စုလျား၊) 

ဝိဋီ ... သားမွေးစုလျား ဟူသည် နှစ်ဘက်အမွေး ထွက်စေလျက်ပြုသော သားမွေးဖြင့် ပြီးသော စုလျားတည်း။ နှစ်ဘက် ကပ္ပါသပိစု- ဝါဂွမ်းမွေး ထွက်စေလျက် ယက်သော စုလျားလည်း ရှိ၏။ ဤ၌ကား ဝါဂွမ်း မဟုတ်၊ သားမွေးတည်း။ 

အဍ္ဎစန္ဒ ပါသာဏ ဟူသည် စောင်းတန်းအောက်၌ ထက်ဝက်ကို အတွင်း၌ သွင်းထားသော လခြမ်း သဏ္ဌ၁န် ကျောက်ဖြစ်၏။)

ဖဝါးနု ပေါက်ကွဲခြင်း

ရဟန်းပြု၍ မကြာမီ အရှင်သောဏသည် သီတဝန-ယင်းတိုက်တော၌နေ၏။ လွန်စွာ အားထုတ်၏။ စင်္ကြံ သွား၏၊ (ခြေနာလျှင် ဒူးဖြင့်သွား၏။) ခြေတို့သည် ပေါက်ကွဲကုန်၏။ စင်္ကြံ တစ်ခုလုံး နွားသတ်ရာကဲ့သို့ သွေးအလိမ်းလိမ်း ဖြစ်၏။ထိုအခါ ဤသို့ အကြံဖြစ်၏။ လွန်စွာ အားထုတ်ကြသော သာဝက တို့တွင် ငါသည် ပါဝင်လျက် အာသဝတို့မှ ငါ၏ စိတ်မလွတ်။ လူထွက်၍ စည်းစိမ်ခံစားလျက် ကုသိုလ်ပြုရမှု ကောင်းလေစွ။ ဤသို့ ကြံသည်ကို ဘုရားရှင် သိ၍ ဂိဇ္ဈကုဋ်တောင်ပေါ်မှ တန်ခိုးဖြင့် ကြွလာပြီးလျှင်၊ ရဟန်း များစွာတို့နှင့် လှည့်လည်လျက် စင်္ကြံသို့ ချဉ်းကပ်၍ သွေးအလိမ်းလိမ်း ဖြစ်သည်ကို မြင်၍ အဘယ်သူ၏ စင်္ကြံနည်းဟု မေး၏။ ရဟန်းတို့သည် ထို အကြောင်းကို လျှောက်ကုန်၏။ 

မြတ်စွာဘုရားသည် ရှင်သောဏ၏ ကျောင်းသို့ ကြွ၍၊ လူထွက်အံ့ဟု ကြံသည် မဟုတ်လောဟု မေ၊၍ ဧဝံ ဘန္တေဟု ဝန်ခံသောအခါ ချစ်သား သောဏ၊ သင်သည် ရှေး လူဖြစ်စဉ် စောင်းအတတ်၌ လိမ္မာ သလော။ လိမ္မာပါသည် ဘုရား။ စောင်းကြိုး တင်းလွန်းလျှင် အသံ ပြည့်စုံသလော၊ မပြည့်စုံပါ။ လျော့လွန်းလျှင် အသံ ပြည့်စုံသလော။ မပြည့်စုံပါ။ မတင်း မလျော့ ညီမျှလျှင် ပြည့်စုံသလော။ ပြည့်စုံပါသည် ဘုရား။ 

ချစ်သား သောဏ၊ ဤအတူ ဝီရိယ လွန်လျှင် ဥဒ္ဓစ္စ-ပျံ့လွင့်ခြင်းငှါ ဖြစ်၏။ ဝီရိယ လျော့လျှင် ကောသဇ္ဇ-ပျင်းရိခြင်းငှါ ဖြစ်၏။ ထိုကြောင့် ဝီရိယ သမထကို ဆောက်တည်လော။ ဣန္ဒြေငါးပါး ညီမျှခြင်းကို သိလော။ အာရုံ နိမိတ်ကို ယူလောဟု မိန့်တော်မူ၏။ ဧဝံ ဘန္တေ-ဟု ဝန်ခံ၏။ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်သို့ တန်ခိုးဖြင့် ပြန်ကြွတော်မူ၏။ ထိုနောက် ရှင်သောဏသည်၊ ဘုရားရှင် ဩဝါဒနှင့်အညီ အားထုတ်သဖြင့် မကြာမီ ရဟန္တာ အဖြစ်သို့ ရောက်၏။

[ဝီရိယ သမထ ဆောက်တည် ဟူသည် ဝီရိယကို သမထနှင့် ညီအောင် ယှဉ်တွဲခြင်းတည်း။ 

ဣန္ဒြေငါးပါး ညီမျှခြင်း ဟူသည် ဣန္ဒြေ ငါးပါးတို့တွင် သဒ္ဓါကို ပညာနှင့်၊ ပညာကိုလည်း သဒ္ဓါနှင့်၊ ဝီရိယကို သမာဓိနှင့်၊ သမာဓိကိုလည်း ဝီရိယနှင့်ယှဉ်ခံစလျက် ဣန္ဒြေတို့၏ ညီမျှခြင်းကို ထိုးထွင်းလော။ (သတိကား လွန်သည် မရှိ၊ ထားတိုင်း ညီမျှ၏။) 

နိမိတ်ကို ယူလော ဟူသည် ထို သမထ ညီမျှသောအခါ မှန်၌ မျက်နှာရိပ် ထင်သကဲ့သို့ ထင်သော သမထ နိမိတ်၊ ဝိပဿနာနိမိတ်၊ မဂ် နိမိတ်၊ ဖိုလ် နိမိတ်ကို ယူလော၊ ဖြစ်စေလော။

(သာဋီ ... ယင်းတိုက်တော၌ စင်္ကြံ ငါးရာရှိ၏။ ရှင်သောဏသည် မိမိ အားလျော်သော စင်္ကြံကို ယူ၍ လွန်စွာ အားထုတ်၏။ ခြေကွဲသောအခါ ဒူးဖြင့် စင်္ကြံသွား၏။ ဒူးနှင့် လက်ဖဝါးတို့လည်း ပေါက်ကွဲကုန်၏။ ဤသို့ အားထုတ်လျက် အရိပ်အရောင် နိမိတ်မျှ မထင်သဖြင့်၊ စင်္ကြံဦး ကျောက်ဖျာ၌ ထိုင်လျက် အကြံဖြစ်၏။  ငါသည် ဥဂ္ဃါဋိတညူ၊ ဝိပဉ္စိတညူ၊ နေယျ တစ်ယောက်ယောက်ဖြစ်လျှင် ငါ၏ စိတ်သည် အာသဝမှ မလွတ်မရှိ လွတ်ရာ၏။ မချွတ် ပဒပရမ ပုဂ္ဂိုလ် ဖြစ်၍ မလွတ်ဟု ဆုံးဖြတ်၍ လူထွက်အံ့ဟု ကြံသည်။ 

မြတ်စွာဘုရားသည် စိတ်ကြံကိုသိ၍ အကြံခိုးထုပ်နှင့် တကွ ဖမ်း၍ စောင်းပမာ ဟောမည်ဟု ထင်စွာ ဖြစ်လာ၏။ ကမ္မဋ္ဌာန်း စီးဖြန်းသော ရဟန်းတို့သည် မိမိနေရာသို့ ဆုံးမခြင်းငှါ ဘုရားရှင် ကြွလာလျှင် ထိုင်စရာနေရာကို ခင်းထား၍သာ စီးဖြန်းကြ၏။ အယုတ်ဆုံး သစ်ရွက် ခင်း၍ အထက်၌ သင်္ကန်းကို သော်လည်း ခင်းထားကုန်၏။ 

ထိုနေရာ၌ ဘုရားရှင်ထိုင်၍ မိမိ နားလည်ရာ၌ ဟောလျှင် လျင်စွာ သိလတ္တံ့ ဟု စောင်း ပမာ တရားကို ဟောသည်။ ဣန္ဒြေငါးပါးတို့တွင် သတိသည် အချိန် ကာလတိုင်း လိုအပ်သော သဗ္ဗတ္တိကာ ဖြစ်၏။ အခါခပ်သိမ်း အားကောင်းမှ သင့်လျော်သည်။ မဂ် နိမိတ်၊ ဖိုလ် နိမိတ်ကို ယူလော- ဟု အရတ္တဖိုလ်၌ ထည့်သွင်း၍ ကမ္မဋ္ဌာန်းကို ဟောတော်မူ၏။ 

ဝိဋီ  ...  အရတ္တဖိုလ် အဆုံး ရှိသော ကမ္မဋ္ဌာန်းကို ဟောသည်။ 

ဇီဋီ  ... ရဟန်း များစွာတို့နှင့် လှည့်လည်ခြင်းသည် ရှင်သောဏ၏ ဝီရိယကို ပြ၍ ဝီရိယ အားမထုတ်သူတို့ကို သံဝေဂဉာဏ် ဖြစ်စေခြင်းငှါတည်း။ ဝါ- ဤသို့ နူးညံ့သူတို့၏ ဖဝါးကို စောင့်ရှောက်ခြင်းငှါ ဖိနပ်ကို ခွင့်ပြုအပ်၏ဟု ပြခြင်းငှါတည်း။ 

နိမိတ်ကို ယူလော ဟူသည် ထို ဣန္ဒြေတို့၏ အခြင်းအရာဟု မှတ်သားလော။)

လျှာချင်း-ဖိနပ် ခွင့်ပြုခြင်း

ထိုအခါ သောဏသည် ဘုရားရှင်ထံ ချဉ်းကပ်၍ အရဟတ္တဖိုလ်ကို လျှောက်ကြား၏။ မြတ်စွာဘုရား ရဟန္တာ အဖြစ်သို့ ရောက်သောသူသည် နေက္ခမ္မာဝိမုတ္တ စသော ခြောက်ဌာနကို ထိုးထွင်း၍ မျက်မှောက်ပြုပါသည်။ အချို့ကား မထိုးထွင်းဘဲ သဒ္ဓါမျှကိုမှီ၍ နေက္ခမ္မ မည်သော အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မျက်မှောက်ပြုနိုင်သည်ဟု ကြံစည်ရာ၏။ 

အချို့ကား လာဘ်ကျော်စောခြင်းကို တောင့်တ၍ ပဝိဝေက မည်သော အရဟတ္တဖိုလ်ကို၊ သီလဗ္ဗတပ ရာမာသကို ယုံကြည်၍ အဗျာပဇ္ဇ မည်သော အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မျက်မှောက် ပြုနိုင်သည်ဟု ကြံစည်ရာ၏။ 

ဤသို့ မဟုတ်နိုင်ပါ။ ရဟန္တာ အဖြစ်သို့ ရောက်သော သူသည်၊ ရာဂ ဒေါသ မောဟတို့မှ လွတ်ကင်းခြင်း ကြောင့်၊ ရာဂ စသည်မှ လွတ်သော နေက္ခမ္မ မည်သော အရဟတ္တဖိုလ်ကို ... ။ ပဝိဝေက၊ အဗျာပဇ္ဇ၊ ဥပါနက္ခယ၊ တဏှာက္ခယ၊ အသမ္မောဟ မည်သော အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မျက်မှောက်ပြုနိုင်ပါသည်။ ထိုသို့သော ရဟန္တာအား ရူပါရုံ စသော အာရုံများစွာကြောင့် မတုန်လှုပ်ပါ။ တခဲနက် ကျောက်တောင်သည် လေးမျက်နှာမှ လေတို့ကြောင့် မတုန်လှုပ် သကဲ့သို့ပါတည်းဟု လျှောက်ကြား၏။ 

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ချစ်သားတို့၊ ကုလပုတ္တတို့သည် ဤသို့လျှင် အရဟတ္တဖိုလ်ကို မိမိတို့ တိုက်ရိုက်မဆောင်ဘဲ အနက်ပြည့်စုံစွာ လျှောက်ကြားကုန်၏။ အချို့သော မောဃ ပုရိသတို့သည် ရယ်ဖွယ်ကဲ့သို့ (ထင်ရှားမရှိဘဲ ရှိဟန်ပြု၍) ပြောကြား၍ နောက်၌ ပင်ပန်းခြင်းသို့ ရောက်ကုန်၏-ဟု မိန့်တော်မူ၍၊ ချစ်သား သောဏ၊ သင်သည် နူးညံ့သူ ဖြစ်၏။ သင်အား ဧကေပလာသိက ဥပါဟန-လွှာချင်း ဖိနပ်ကို ခွင့်ပြု၏ ဟု မိန့်တော်မူ၏။ 

မြတ်စွာဘုရား၊ အကျွန်ုပ်သည် ရွှေ ငွေ ဝါဟ ရှစ်ဆယ်ကို လည်းကောင်း၊ ခုနှစ်အုပ်သော ဆင်အုပ်ကို လည်းကောင်း စွန့်၍ ရဟန်းပြုပါသည်၊ ထိုသို့ဖြစ်လျက် လွှာချင်း ဖိနပ်ကို စုံမက်သည်ဟု ပြောစရာ ဖြစ်ပါလိမ့်မည်။ ရဟန်း သံဃာအား ခွင့်ပြုပါမှ သုံးဆောင်ပါမည်ဟု လျှောက်၏။ 

ထိုအခါ ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့၊ တစ်ထပ်သော လျှာချင်း ဖိနပ်ကို ခွင့်ပြု၏။ ချစ်သားတို့၊ ဒိဂုဏ-နှစ်ထပ်သော၊ တိဂုဏ- သုံးထပ်သော၊ ဂဏံဂဏု ပါဟန = အထပ်ထပ်သော ဖိနပ်ကို မဆောင်အပ်-ဒုက္ကဋ်။

[ဧက ပလာသိကသည်၊ ဧကပဋလ-တစ်ထပ် ဖိနပ် ဖြစ်၏။ 

ဝါဟ ရှစ်ဆယ် ဟူသည်၌ လှည်းနှစ်စီးတိုက်ဝန်သည် တစ်ဝါဟ ဖြစ်၏။ 

ဆင်အုပ် ဟူသည်၌ ဆင်မ ခြောက်ကောင်နှင့် ဆင်ပြောင် တစ်စီးသည် ဆင်အုပ် တစ်အုပ် ဖြစ်၏။ 

နိဂုဏသည် ဒွိပဋလ-နှစ်ထပ် ဖိနပ်။ 

တိဂုဏသည် တိပဋလ-သုံးထပ် ဖိနပ်ဖြစ်၏။ 

ဂဏင်္ဂဏုပဟနာကို လေးထပ်မှ စ၍ ဆိုအပ်၏။]

ပယ်အပ်သော ဖိနပ်များ

အဆင်း ခုနစ်မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သဗ္ဗနီလိကာ – အလုံးစုံ ညိုသော ဖိနပ်တို့ကို ဆောင်ကုန်၏။ အလုံးစုံ ပီတိကာ- ရွှေသော၊ လောဟိတိကာ-နီသော၊ ပဉ္ဇဋ္ဌိကာ- မောင်းသော၊ တဏှာ-မည်းသော၊ မဟာရင်္ဂရတ္တာ-မဟာရင်္ဂ ဆိုးသော။ မဟာနမရတ္တာ- မဟာ နာမဆိုးသော ဖိနပ် တို့ကို ဆောင်ကုန်၏။ ကာမ ဘောဂီတို့ ကဲ့သို့ဟု လူတို့ ကဲ့ရဲ့ကုန်၏။ 

ချစ်သားတို့၊ အလုံးစုံ ညိုသော၊ ရွှေသော၊ နီသော၊ မောင်းသော၊ မည်းသော၊ မဟာရင်္ဂ ဆိုးသော၊ မဟာနာမဆိုးသော ဖိနပ်ကို မဆောင်အပ်-ဒုက္ကဋ်။ (သင်္ကန်း၌လည်း ဤအဆင်းတို့ မအပ်ကုန်။)

[သဗ္ဗာဝ နီလိကာ-သဗ္ဗ နီလိကာ၊ ဧသ န ယော သဗ္ဗတ္တ။ 

ညိုသော ဖိနပ်သည် ဥမ္မာရ ပုပ္ဖဝဏ္ဏ-အောက်မည်း ညိုပွင့်၊ အဆင်းရှိ၏။ 

ရွှေသော ဖိနပ်သည် ကဏိကာရ-မဟာလှေကားပွင့် အဆင်းရှိ၏။ 

အနီသည် ဇယသုမန-လယ် ခေါင်ရန်းပွင့် အဆင်းရှိ၏။

အမောင်းသည် မဉ္ဇဋ္ဌိဝဏ္ဏာ- ထန်းကျင့်- ဝါ- တိန်းညက် အဆင်းရှိ၏။ 

အမည်းသည် အဒ္ဒါရိဋ္ဌက-ပတီးနက်သီး-ဝါ-မျောက်မင်းသွေးခဲသီး အဆင်းရှိ၏။ 

မဟာရင်္ဂ ရတ္တာသည်၊ သတပဒိပိဋ္ဌိက ဝဏ္ဏာ -ကင်းခြေများကျောက်ကုန်း အဆင်းရှိ၏။

မဟာနာမ ရတ္တာသည်၊ သမ္ဘိန္နစဏ္ဏာ-ရောသော အဆင်းရှိ၏။ 

ပဏ္ဍုပလာသ-ဖက်ရွက်လျော် အဆင်းရှိ၏။ 

ကုရုန္ဒီ၌ ပဒုမဝဏ္ဏာ-ပဒုမ္မာပွင့် အဆင်းရှိသည်ဟု ဆို၏။ 

ထိုဖိနပ်မျိုး တစ်ခုခုရလျှင် ဆေးဆိုးအဆင်းကို အဝတ်ကြမ်းဖြင့် ပွတ်တိုက်ဖျက်ဆီး၍ ဆောင်လျှင် အပ်၏။ အနည်းငယ် ပျက်လျှင်လည်း အပ်သည်သာတည်း။]

(သာဋီ  ... အဒ္ဒါရိဋ္ဌကသည် အဘိန ဝါရိဋ္ဌ ဖလဝဏ္ဏာ - အသစ်စက်စက် ပုတီးနက်သီး အဆင်းရှိ၏။ ရေစွတ်သော ကာကပတ္တ-ကျီးတောင် အဆင်း ရှိသည်ဟူ၍လည်း ဆိုကုန်၏။၊ 

ဝိဋီ ... အဒ္ဒါနိဋ္ဌကသည် အလ္လာရိဋ္ဌ ဖလဝဏ္ဏာ-စိုသော ပုတီးနက်သီး အဆင်းရှိ၏။ ရေစွတ်သော ကျီးတောင် အဆင်းရှိသည်ဟူ၍လည်း ဆိုကုန်၏။ 

ဆေးဆိုးအဆင်း ဟူသည် လိမ်းကျံသော အညို စသော အဆင်းတည်း။ ထိုအဆင်းသည် အဝတ်ဖြင့် ပွတ်လျှင် ကင်း၏။ သားရေ၏ အနံ့ဆိုးကို ပယ်ခြင်းငှါ အမည်း အနီ စသည် ဆိုးသဖြင့် ဖြစ်သော အဆင်းကို အဝတ် စသည်ဖြင့် ပယ်ခြင်းငှါ မတတ် နိုင်လျှင် စမ္မ ဂတိက-သားရေ အလားသာရှိသောကြောင့် အပ်သည်ဟု မှတ်အပ်၏။)  

(ဖြူသော ဖိနပ်လည်း မအပ်ဟု ခုဒ္ဒသိက္ခာ၌ ဆိုသည်။ ၎င်း ဋီကာ၌ မအပ်သည် အားလျော်သောကြောင့်ဟု ဆိုသည်။)

သည်းကြိုးအဆင်း ခုနစ်မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီ တို့သည် နီလက ဝဒ္ဓိကာ- ညိုသော အသည်းတပ်သော ဖိနပ်တို့ကို၊ ရွှေ၊ နီ၊ မောင်း၊ မည်း၊ မဟာရင်္ဂဆိုး၊ မဟာနာမဆိုး အသည်းတပ်သော ဖိနပ်တို့ကို ဆောင်ကုန်၏။ ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့၊ ညိုသော အသည်းတပ်သော၊ ...လ...၊ မဟာနာမဆိုး အသည်းတပ်သော ဖိနပ်ကို မဆောင်အပ်-ဒုက္ကဋ်။

[နီလဝဒ္ဓိကာဟူသည် သည်းကြိုးသာလျှင် ညို၏။ ဧသနယော သဗ္ဗတ္တ။ ဤ သည်းကြိုးတို့ကိုလည်း အဆင်းပျက်အောင် ပြု၍ ဆောင်အပ်ကုန်၏။]

ဖိနပ်ပုံစံ ဆယ်မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီသည် --
၁။ ခလ္လက ဗန္ဓာ-ဖနောင့်ဖုံးတပ်သော ဖိနပ်တို့ကို (ဝါ၊ နောက်ပိတ်တို့ကို) ဆောင်ကုန်၏။ 
၂။ ပုဋ ဗန္ဓာ - သလုံးတိုင်အောင် ဖုံးသော ဖိနပ် (ဝါ-ဘွတ် ဖိနပ်) တို့ကို၊ 
၃။ ပလိဂုဏ္ဍိမာ - ဖမိုးဖုံး တပ်သော ဖိနပ် (ဝါ-ရှေ့ထိုး) တို့ကို၊ 
၄။ တူလ ပုဏ္ဏိကာ-လဲသွတ်သော ဖိနပ်၊ 
၅။ တိတ္တိရ ပတ္တိကာ - ခါတောင်အလား အသည်းပြောက်ကျားသော ဖိနပ်၊
၆။ မေဏ္ဍဝိသာဏ ဝကဒ္ဓိကာ-ဆိတ်ကုလား ဦးချို သဏ္ဌာန့် အသည်းတပ်သော ဖိနပ်။ 
၇။ အဇဝိသာဏ ဝဒ္ဓိကာ-ဆိတ် မြန်မာ ဦးချိုသဏ္ဌာန် အသည်းတပ်သော ဖိနပ်၊ 
၈။ ဝိစ္ဆိကာဠိကာ-ကင်းမြီးကောက် လက်မသဏ္ဌာန် အသည်းတပ်သော ဖိနပ်၊
၉။ မောရပိဉ္ဆ ပရိသိဗ္ဗိတာ- ဥဒေါင်းမြီးဖြင့် ချုပ်သော ဖိနပ်။ 
၁၀။ စိတြာ-သည်းကြိုး ဆန်းကြယ်သော ဖိနပ်တို့ကို ဆောင်ကုန်၏။ 

ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ဖနောင့်ဖုံးတပ်သော ဖိနပ် ...လ... ။ သည်းကြိုးဆန်းကြယ်သော ဖိနပ်ကို မဆောင်အပ်-ဒုက္ကဋ်။ (ဆယ်မျိုး)

[ခလ္လက ဗဒ္ဓါ ဟူသည် ဖနောင့်ပိတ်ခြင်းငှါ အောက်ခုံအပြင်၌ ခလ္လကံ-အပိတ်ကို၊ ဗန္ဓိတွာ-ဖွဲ့၍၊ ကထာ- ပြုသော ဖိနပ်ဖြစ်၏။ 

ပုဋဗဒ္ဓါ ဟူသည် ယောနက ဥပါဟနာ – ပန်းသေး ခြေထုပ် ဖိနပ် ဖြစ်၏။ မြင်းခေါင်းတိုင်အောင် ခြေတစ်ခုလုံး ဖုံး၏၊ သလုံးကို မဖုံး။ 

တူလ ပုဏ္ဏိကာ ဟူသည် လဲဝါဂွမ်းဖြင့် ပြည့်စေ၍ ပြု၏။ 

တိတ္တိရ ပတ္တိ ဟူသည်-ခါတောင် နှင့်တူသော ပြောက်ကျား ဆန်းကြယ်သော အသည်းရှိ၏။ 

မေဏ္ဍဝိသာဏ ဂဒ္ဓိကာ ဟူသည်  ကဏ္ဏိကဋ္ဌာန-ခြေစွပ်ရာ အချက်ဌာန၌ ဆိတ်ကုလား ဦးချိုသဏ္ဌာန် အသည်းတို့ကို တပ်၍ ပြု၏။ အဇဝိသာဏ ဝဒ္ဓိက စသည်တို့၌လည်း ဧသေ ဝနယောဝိစ္ဆိကာဠိကာ ကိုလည်း ခြေစွပ်ရာ၌သာ ကင်းမြီးကောက် လက်မသဏ္ဌာန် အသည်းတို့ကို တပ်၏။ 

မောရပိစ္ဆ ပရိသိဗ္ဗိတာ ဟူသည် အောက်ခုံအပြင်တို့၌ လည်းကောင်း၊ အသည်းတို့၌ လည်းကောင်း ချည်နှင့်တူသော ဥဒေါင်းမြီးရင်းတို့ဖြင့် ချုပ်၏။ 

စိတြာ ဟူသည် ဝိစိတြာ- ဆန်းကြယ်သော ဖိနပ် ဖြစ်၏။ 

ထိုဖိနပ်မျိုး တစ်ခုခုရလျှင် ဖနောင့်ဖုံး စသည်တို့ကို ပယ်၍ သုံးဆောင်လျှင် အပ်၏။ ဖနောင့်ဖုံး စသည် ရှိလျက် သုံးဆောင်သူအား- ဒုက္ကဋ်]

(ဇီဋီ ... ဖနောင့်ဖုံး စသည်တို့ကို ပယ်၍ ဟု ဟောသောကြောင့် နှစ်ပေါက် သုံးပေါက် ပြု၍ ဖျက်၍ သုံးဆောင်အပ်၏ ဟူသော ဝါဒကို မယူအပ်။ 

ဝိဋီ ... ခလ္လက ဟူသည် ဖနောင့်အားလုံးကိုပိတ်သော သားရေ ဖြစ်၏။ မလျှောစိမ့်သောငှါ ဖနောင့်အထက် အဖို့၌ မပိတ်ဘဲ တင်သော အဖွဲ့မျှသည် အပ်၏။ 

ဝိစိတြာ ဟူသည်ကို သဏ္ဌာန် ဆန်းကြယ်သော သည်းကြိုးတပ် ဖိနပ်ကို ယူအပ်၏။ အဆင်း ဆန်းကြယ် မဟုတ်။ အားလုံး ပယ်အပ်သော နောက်ပိတ် စသည်တို့၌ ဝင်သောကြောင့်တည်း။)

သားရေကွပ် ရှစ်မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သီဟစမ္မ ပရိက္ခဋာ- ခြင်္သေ့ရေဖြင့် အနားကွပ်သော ဖိနပ်တို့ကို ဆောင်ကုန်၏။ ဗျဂ္ဃ-ကျားရေကွပ်၊ ဒီပိ-သစ်ရေကွပ်၊ အဇိန--သစ်နက်ရေကွပ်၊ ဥဒ္ဒ-ဖျံရေကွပ်၊ မဉ္ဇာရိ-ကြောင်ရေကွပ်၊ ကာဠက ရှဉ့်နက်ရေကွပ်၊ လုဝက-ရှူးပျံရေကွပ် ဖိနပ်တို့ကို ဆောင်ကုန်၏။ ကာမဘောဂီ ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ခြင်္သေ့ရေကပ်သော ဖိနပ်၊ ….လ...၊ ရှူးပျံရေ ကွပ်သော ဖိနပ်ကို မဆောင်အပ်- ဒုက္ကဋ် (ရှစ်မျိုး)။

[သီဟစမ္မ ပရိက္ခဋာ မည်သည် အစွန်းတို့၌ သင်္ကန်း အနားပတ်ကဲ့သို့ ခြင်္သေ့ရေကို ကွပ်၍ပြုသော ဖိနပ်တည်း။ လုဝက ဟူသည် ပက္ခဗိဠာလ-ရှူးပျံ ဖြစ်၏။ ရှူးပျံရေဖြင့် ကွပ်သော ဖိနပ်ဖြစ်၏။ ဤ ဖိနပ်မျိုး တစ်ခုခုရလျှင် ထို သားရေကို ပယ်၍ ဆောင်အပ်၏။]

(ပက္ခိ-အတောင်ရှိသော၊ ဗိဠာလ-ကြောင်၊ ကြောင်အတောင် တပ်ထားသည်နှင့် တူ၏ ဟူလို။)

(ဝိဋီ ... ကြောင်နှင့်တူသော နှုတ်သီးရှိသောကြောင့် မဟာဥလူက (ခင်ပုပ်ကြီး) ကို ပက္ခိဗိဠာလ-ဟု ဆိုသည်။ ၎င်းတို့၏ သားရေမည်သည် ပက္ခလောမ မေဝ-တောင်ပန်မွေးသာ ဖြစ်၏။)

အထပ်ထပ် ဖိနပ်ဟောင်း

အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်သို့ နောက်ပါ ရဟန်းတစ်ပါးနှင့် ဆွမ်းခံ ဝင်၏။ ထိုရဟန်းသည် ခြေခွင်လျက် နောက်တော်မူ လိုက်သည်ကို အထပ်ထပ်သော ဖိနပ်စီးလာသော ဥပါသကာ တစ်ယောက်သည် မြင်၍၊ ဖိနပ် ချွတ်၍ ရှိခိုးပြီးလျှင် ထိုရဟန်းကို အဘယ်ကြောင့် ခြေခွင်ပါသနည်းဟု မေး၏။ ခြေကွဲသောကြောင့်ဟု ဆိုလတ်သော်၊ ဤ ဖိနပ်ကို ခံတော်မူပါဟု လျှောက်၏။

ဒါယကာ၊ အထပ်ထပ်သော ဖိနပ်ကို ဘုရားရှင် ပယ်တော် မူသည်ဟု ဆိုလတ်သော်၊ ချစ်သား ရဟန်း၊ ထိုဖိနပ်တို့ကို အလှူခံလောဟု မိန့်တော်မူ၏။ ထိုနောက် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့၊ ဩမုက္က - ချွတ်ပယ်ပြီးသော အထပ်ထပ် ဖိနပ်ဟောင်းကို ခွင့်ပြု၏။ ချစ်သားတို့၊ နဝ-အသစ်ဖြစ်သော အထပ်ထပ် ဖိနပ်ကို မဆောင်အပ်-ဒုက္ကဋ်

[ဩမုက္ကန္တိ ပဋိမုဉ္ဇိတွာ အပနီတံ-စီးပြီး၍ ပယ်သော ဖိနပ်ဟောင်း။
နဝါတိ အပရိဘုတ္တာ-မသုံးသေးသော ဖိနပ်သစ်၊]

(တစ်ကြိမ်မျှ ခြေသွင်းပြီးလျှင် ဖိနပ်ဟောင်း မည်၏ ဟူလို။)

အရံတွင်း ဖိနပ်မစီးရ

ထိုအခါ မြတ်စွာဘုရားသည် လွင်တီးခေါင်၌ ဖိနပ်မစီးဘဲ စင်္ကြံကြွ၏။ မထေရ်တို့လည်း ဘုရားရှင် မစီးဟု ဖိနပ်မစီးဘဲ စင်္ကြံကြွကုန်၏။ ဆဗ္ဗဂ္ဂီတို့သည် ဖိနပ်စီးလျက် စင်္ကြံကြွကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကြကုန်၏၊ ချစ်သားတို့၊ လူတို့သော်မှလည်း အသက်မွေးကြောင်း အတတ်ပညာကြောင့် ဆရာတို့၌ အလေးပြုကြသေးသည်။

သင်တို့သည် ကောင်းစွာ ဟောကြားအပ်သော ဤ ဓမ္မဝိနယ၌ ရဟန်း ပြုကုန်၏။ ဆရာ၊ ဆရာအရွယ်၊ ဥပဇ္ဈာယ်၊ ဥပဇ္ဈာယ် အရွယ်တို့၌ အလေးပြုကြကုန်ရာ၏။ ထိုအလေးပြုခြင်းကို တင့်တယ်အောင် သုတ်သင် ကုန်ရာ၏။ မကြည်ညိုဖွယ် ဖြစ်သည်ဟု ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့၊ ဆရာ၊ ဆရာအရွယ်၊ ဥပဇ္ဈာယ်၊ ဥပဇ္ဈာယ်အရွယ် ဖိနပ်မစီးဘဲ သွားသောအခါ ဖိနပ်စီးလျက် မသွားအပ်-ဒုက္ကဋ်၊ ချစ်သားတို့၊ အဇ္ဈာရာမ– အရံတွင်း၌ ဖိနပ်မစီးအပ်- ဒုက္ကဋ်

[အသက်မွေးကြောင်း ဟူသည် အကြင် သိပ္ပဖြင့် အသက်မွေးကုန်၏။ ထိုသိပ္ပ၏ အကြောင်းကြောင့်တည်း။ ဆရာ စသည်တို့၌ ပဗ္ဗဇ္ဇာ စရိယ -ရှင်ပြုပေးသော သရဏဂုံဆရာ၊ ဥပသမ္ပဒါ စရိယ-ရဟန်း ပြုပေးသော ကမ္မဝါစာဆရာ၊ နိဿယာ စရိယ -မှီခို၍နေရာ နိဿယည်း ဆရာ၊ ဥဒ္ဒေသာ စရိယ - စာသင်ပေးသော စာချဆရာ - ဤလေးပါးသည် အာစရိယ-ဆရာမည်၏။

ဝါ မရသူ၊ တစ်ဝါ၊ နှစ်ဝါ၊ သုံးဝါ၊ လေးဝါ ရသူ (ငါးယောက်) တို့အား မိမိထက် ခြောက်ဝါကြီးသူသည် အာစရိယ မတ္တ- ဆရာအရွယ် မည်၏။ မိမိ လေးဝါ ရသောအခါ ခြောက်ဝါကြီးသူသည် ဆယ်ဝါရှိသူ ဖြစ်၍ မှီခိုရသောကြောင့်တည်း။ ဥပဇ္ဈာယ်၏ မြင်ဖူး သုံးဆောင်ဖူးသော အဖော်ရဟန်းတို့သည် လည်းကောင်း၊ မိမိထက် ဆယ်ဝါကြီးသော ရဟန်းတို့သည် လည်းကောင်း ဥပဇ္ဈာယမတ္တ - ဥပဇ္ဈာယ် အရွယ်တို့ မည်ကုန်၏။ ဤမျှသော ရဟန်းတို့ ဖိနပ်မစီးဘဲ စင်္ကြံသွားသော အခါ ဖိနပ်စီး၍ သွားသူအား အာပတ်တည်း။]

(သာဋီ ... အဘိဇီဝန္တိ ဧတေနာတိ အဘိဇီဝနိကံ - အသက်မွေးကြောင်း သိပ္ပ ရ၏။)

(ဆရာမြတ်တို့ အဆိုအမိန့်ကား-မထေရ်ကြီးများ ဖိနပ်စီးစဉ် မိမိ စီးအံ့- အပြစ်မရှိ။ ဒဿနုပစာရကို လွှတ်၍ စီးလျှင်လည်း အပြစ်မရှိ။ ဒဿနုပစာရကား ၁၂-တောင်၊ ပကတိ ၁၈-တောင် ဖြစ်၏။ သို့ရာတွင် ရိုသေသမှု အလေးပြုနိုင်တိုင်း တင့်တယ်၏။)

အရံတွင်း ဖိနပ်စီးခွင့်

ထိုအခါ ရဟန်းတစ်ပါး ပါဒခိလာ ဗာဓ- ခြေအသားစွန်း ထွက်သော အနာဖြစ်၏။ ချီပွေ့၍ ကျင်ကြီး ကျင်ငယ် စွန့်စေကုန်၏။ ဘုရားရှင်သည် တရားဟော၍ ချစ်သားတို့၊ ခြေနာသူ၊ ခြေကွဲသူ၊ ခြေအသားစွန်း ထွက်သူတို့အား ဖိနပ်စီးခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့သည် မဆေးသော ခြေတို့ဖြင့် မဉ္စ၊ ပီဋ္ဌသို့ တက်ကုန်၏။ စီဝရသည် လည်းကောင်း၊ သေနာသနသည် လည်းကောင်း ပျက်စီး၏။ ချစ်သားတို့၊ ညောင်စောင်း၊ အင်းပျဉ်သို့ တက်အံ့ ဟူသောအခါ၌ ဖိနပ်စီးခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့သည် ဥပုသ် ပြုရာသို့၊ စည်းဝေးပြုရာသို့ သွားကြသောအခါ အမိုက်မှောင်၌ သစ်ငုတ်ကို၊ ဆူးကို တိုက်မိ နင်းမိ၍ ခြေနာကုန်၏။ ချစ်သားတို့၊ အရံတွင်း၌ ဖိနပ် စီးခြင်းငှါ လည်းကောင်း၊ ဥက္ကာ-မီးရှူးကို၊ ပဒီပ- ဆီမီးကို၊ ကတ္တရ ဒဏ္ဍ-သူအိုကိုင် တောင်ဝှေးကို လည်းကောင်း ခွင့်ပြု၏။

[ပါဒခိလာဗာ ဓောနာမ ပါဒတောခိလာသ ဒိသံမံ သံနိက္ခန္တံ ဟောတိ-ခြေမှ ငုတ်စွန်းအလား အသားထွက်၏။]

(ဆရာမြတ်တို့ အဆိုအမိန့်ကား- ရိုသေသမှု ပြုနိုင်တိုင်း တင့်တယ်၏။ ယခု ဖိနပ်စီးခြင်းငှါ ခွင့်ပြုသော အဇ္ဈာရာမသည် ဘုရားရှင်နှင့်တကွ သာဝကတို့ သီတင်းသုံးရာ အရံဖြစ်၏။ သက်တော်ထင်ရှား ဘုရား၏ သီတင်းသုံးရာ ကျောင်းသည် စေတီထိုက်၏။ ဓာတ်တော်တည်ရာ အုတ် ကျောက် အစုပုံသည်ပင် စေတီ ထိုက်သေး၏။ ထိုကြောင့် စေတီ အိမ်အနီး၌ ခွင့်ပြုခြင်းပင်တည်း။ စေတီယင်္ဂဏ ဖြစ်သော နေရာ၌ တားမြစ်ခြင်းကား ကျမ်းဂန်တို့၌ ထင်ရှားလှ၏။)

ပါဒုကာတို့ကို ပယ်ခြင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် နံနက်စောစော ထ၍ ကဋ္ဌပါဒုကာ- သစ်သား ခြေနင်းတို့ကို (ဝါ- ခုံဖိနပ်တို့ကို) စီး၍ လွင်တီးခေါင်၍ ကျယ်စွာ ခတ်ခတ်သံပြု၍ ရာဇကထာ၊ စောရကထာ စသော တိရစ္ဆာနကထာ တို့ကို ပြောဆိုလျက် စင်္ကြံသွားကုန်၏။ ပိုးကောင်ငယ်တို့ကို နင်း၍ သေစေကုန်၏။ ရဟန်းတို့ကိုလည်း သမာဓိမှ ရွေ့လျောစေကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ သစ်သားခြေနင်း မဆောင်အပ်- ဒုက္ကဋ်

ထိုနောက် မြတ်စွာဘုရားသည်၊ ရာဇဂြိုဟ်မှ ဗာရာဏသီသို့ ကြွ၍ ဣတိပတန မိဂဒါဝုန်၌ နေတော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် သစ်သားခြေနင်းကို ဘုရားရှင်ပယ်သည်ဟု ထန်းပင်ငယ်တို့ကို ဖြတ်စေ၍ တာလပတ္တ ပါဒုကာ-ထန်းပတ် ခြေနင်းတို့ကို ဆောင်ကုန်၏။ ထန်းပင်ငယ်တို့ ညှိုးနွမ်းကုန်၏။ သတ္တဝါ အသက်ကို ညှဉ်းဆဲသည်ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ထန်းပက် ခြေနင်းကို မဆောင်အပ်-ဒုက္ကဋ်

ဆဗ္ဗဂ္ဂီတို့သည့် ထန်းပတ်ခြေနင်းကို ပယ်သည်ဟု ဝါးပင်ငယ်ကို့ကို ဖြတ်စေ၍၊ ဝေဠုပတ္တ ပါဒုကာ- ဝါးပတ်ခြေနင်းတို့ကို ဆောင်ကုန်၏။ လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ဝါးပတ်ခြေနင်းကို မဆောင်အပ်- ဒုက္ကဋ်

ထိုနောက် မြတ်စွာဘုရားသည် ဗာရာဏသီမှ ဘဒ္ဒိယမြို့သို့ ကြွ၍ မုလေးတော၌ နေတော်မူ၏။ ထိုအခါ ဘဒ္ဒိယမြို့သား ရဟန်းတို့သည် များစွာ ခြေနင်းတန်ဆာ ဆင်ကုန်၏။ တိဏ ပါဒုကာ-မြက်ခြေနင်း၊ မုဉ္ဇ- ဖြူဆံ မြက်ခြေနင်း၊ ပဗ္ဗဇ-ပြိတ်မြက်၊ ဟိန္တာလ-ဓနုန်းရွက်-ဝါ-သင်ပေါင်းရွက်။ ကမလ-တောင်ကြာမြက်၊ ကမ္ဗလ-သားမွေး ခြေနင်းတို့ကို ပြုကုန်၏။ ပြုစေကုန်၏။ စာသင်ခြင်း၊ မေးမြန်းခြင်း၊ သီလ၊ သမာဓိ၊ ပညာ အားထုတ်ခြင်း ဆိတ်ကုန်၏။ လူတို့ ကဲ့ရဲ့ကုန်၏။

ချစ်သားတို့၊ မြက် ခြေနင်း။ ....လ... ၊ သားမွေးခြေနင်း။ ရွှေခြေနင်း၊ ငွေ၊ ပတ္တမြား၊ ကြောင်မျက်ရွဲ၊ ဖန်၊ ကြေးဖြူ၊ စဥ့်၊ သလွှဲစင်၊ သလွဲစင်၊ ကြေးနီ ခြေနင်းတို့ကို မဆောင်အပ်- ဒုက္ကဋ်

ချစ်သားတို့၊ သံကမနီယာ ပါဒုကာ - မရွှေ့ပြောင်းနိုင်သော ခြေနင်း တစ်ခုခုကို မဆောင်အပ်-ဒုက္ကဋ်

ချစ်သားတို့၊
ဓုဝဋ္ဌာ နိယ-အမြဲတည်သော။
အသံကမ နီယ-မရွှေ့ပြောင်းနိုင်သော ခြေနင်း သုံးမျိုးတို့ကို ခွင့်ပြု၏။
ဝစ္စပါဒုကံ-ကျင်ကြီးအိမ် ခြေနင်းကို
ပဿာဝ ပါဒုကံ-ကျင်ငယ်အိမ် ခြေနင်းကို၊
အာစာမန ပါဒုကံ-သန့်သက်အိမ် ခြေနင်းကို ခွင့်ပြု၏။

[တိဏ ပါဒုကာ ဟူသည် အမှတ်မရှိသော မြက်တစ်ခုခုဖြင့် ပြုသော ခြေနင်း ဖြစ်၏။ ဟိန္တာလသည် ခဇ္ဈရိ ပတ္တ- သင်ပေါင်းရွက် - ဝါ- စွန်ပလွန်ရွက်ဖြင့် ပြုသော ခြေနင်းတည်း။ ဟိန္တာလ ပတ္တဖြင့်လည်း မအပ် သည်သာတည်း။

ကမလ ဟူသည် ကမလ တိဏ မည်သော မြက်သည် ရှိ၏။ ထို မြက်ဖြင့်ပြုသော ခြေနင်း ဖြစ်၏။ ဥသီရ - ပန်းရင်း မြက်ခြေနင်း ဟူ၍လည်း ဆိုကုန်၏။

ကမ္ဗလ ပါဒုက္ခသည် ဥက္ကာ-သားမွေးတို့ဖြင့် ပြုသော ခြေနင်း ဖြစ်၏။

အသင်္ကမနိယ ဟူသည်၊ မြေ၌ ကောင်းစွာ မလှုပ်မရှား တည်၏။ ရွှေ့ပြောင်းနိုင်သည် မဟုတ်။]

(သာဋီ ... ဥဏ္ဏာတို့ဖြင့် ဟူသည် သားမွေး ကမ္ဗလာ တို့ဖြင့်-ဝါ- သားမွေးတို့ဖြင့်သာ ပြုသော ခြေနင်းတည်း။

ဝိဋီ … ဥဏ္ဏာတို့ဖြင့် ဟူသည်၌ ဥဏ္ဏာမယ ကမ္ဗလာ တို့ဖြင့် ပြုသော ခြေနင်းကို ရေတွက်အပ်၏။)

(ပါဒုကာ-ခြေနင်းတို့ကို ပြရာ၌ သားရေ မပါဘဲ၊ ဥပါဟနာ-ဖိနပ်တို့ကိုပြရာ၌ သားရေ တစ်မျိုးကိုသာ ပြသည်။ သားရေအား အလျော်ကိုပင် မပြ။ လူ သားရေလည်း မအပ်။ အောက်ခုံတစ်ပြင်လုံး ရော်ဘာ ခံသောဖိနပ်ကို လည်းကောင်း၊ စက္ကူခံသော ဖိနပ်ကို လည်းကောင်း လျော်သည်ဟု ဆိုသင့်မည်လော။ အလေးပြုကာ ဆင်ခြင်ရာ၏။)

မြစ်ထဲ၌ နွားတို့ကို

ထိုနောက် မြတ်စွာဘုရားသည် ဘဒ္ဒိယမှ သာဝတ္ထိသို့ ကြွ၍ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် အစီရဝတီမြစ်၌ ကူးသော နွားတို့၏ ဦးချိုတို့၌လည်း ကိုင်ကုန်၏။ နားရွက်၊ လည်ပင်း၊ အမြီး တို့၌လည်း ကိုင်ကုန်၏။ ကျောက်ကုန်းတို့လည်း တက်စီးကုန်၏။ တပ်သောစိတ်ဖြင့်လည်း အင်္ဂါဇာတ်ကို တို့ကုန်၏။ နွားငယ်ကိုလည်း ရေနစ်စေ၍ သေစေကုန်၏။ လူတို့ ကဲ့ရဲ့ကုန်၏။

ချစ်သားတို့၊ နွားမတို့၏ ဦးချိုတို့၌ မကိုင်အပ်၊ နားရွက်၊ လည်ပင်း၊ အမြီးတို့၌ မကိုင်အပ်၊ ကျောက်ကုန်းသို့ တက်မစီးအပ်- ဒုက္ကဋ်။ တပ်သောစိတ်ဖြင့် အင်္ဂါဇာတ်ကို မတို့အပ်-ထုလ္လစ္စည်း၊ နွားငယ်ကို မသေစေအပ်-ယထာ ဓမ္မ ကုစားစေအပ်၏။ (ဝါ-ပါစိတ်)။

[တို့ကုန်၏ ဟူသည် အင်္ဂါဇတ်ဖြင့်သာ အင်္ဂါဇာတ်ကို တို့ကုန်၏။

ရေနစ်စေ၍ ဟူသည် ရေထဲ၌ မြဲစွာကိုင်၍ သေစေကုန်၏။]

(သာဋီ ... မောက္ခာဓိပ္ပါယေန - ဘေးရန်မှ လွတ်လိုသဖြင့် ဦးချိုတို့၌ ကိုင်အပ်၏ဟု ဂဏ္ဍိတို့၌ ဆိုသည်)။

ပထမ ပါရာဇိကဋ္ဌကာ၌ ထုန ရာဂဖြင့် ဣတ္ထိ၏ နိမိတ်ကို မဝင်စေဘဲ နိမိတ်ဖြင့် တို့အံ့-ထုလ္လစ္စည်း

မဟာ အဋ္ဌကထာ၌ကား ဣတ္တိ၏ နိမိတ်ကို မေထုန ရာဂဖြင့် မုခဖြင့် တို့အံ့- ထုလ္လစ္စည်းဟု ဆို၏။ ထို၌ နိမိတ္တ မုခကို မုခဟု အလိုရှိအပ်၏။ ပကတိ မုခဖြင့်သာ တို့ခြင်းကိုရည်၍ ရုန့်ရင်းမှုဖြစ်သောကြောင့် ထုလ္လစ္စည်း-ဟု ဆိုကုန်။

ကာယသံသဂ္ဂ ရာဂဖြင့်ကား ပကတိ မုခဖြင့် လည်းကောင်း၊ နိမိတ္တ မုခဖြင့် လည်းကောင်း၊ ဣတ္ထိ နိမိတ်ကို တို့အံ့-သံဃာ ဒိသိသ်

တိရစ္ဆာန်မ၏ ပဿာဝ မဂ်ကို နိမိတ္တ မုခဖြင့် တို့အံ့ ထုလ္လစ္စည်း။ ကာယသံသဂ္ဂ ရာဂဖြင့် ဒုက္ကဋ်။)

ဂိလာနအား ယာဉ်လေးမျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် နွားမ က၍ ယောက်ျ၁းမောင်းသော ယာဉ်၊ နွားထီး က၍ မိန်းမ မောင်းသော ယာဉ်ဖြင့် သွားကုန်၏။ ဂင်္ဂါပွဲ မဟီပွဲ သွားသူတို့ ကဲ့သို့ဟု လူတို့ ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့၊ ယာဉ်ဖြင့် မသွားအပ်- ဒုက္ကဋ်

ရဟန်းတစ်ပါးသည် ကောသလ ဇနပုဒ်တို့၌ သာဝတ္ထိသို့ ဘုရားဖူးအသွား ခရီးအကြား၌ ဂိလာန ဖြစ်၍၊ သစ်ပင်အောက်၌ ထိုင်နေ၏။ လူတို့မြင်၍ ယာဉ်ပေါ်သို့ တက်ပါဟု ဆိုကုန်၏။ ဘုရားရှင် ပယ်သည်ဟု မတက်ဘဲ နေ၏။ သာဝတ္ထိသို့ ရောက်သောအခါ ရဟန်းတို့အား ထိုအကြောင်းကို ပြောပြ၏။ ချစ်သားတို့၊ ဂိလာနအား ယာဉ်ကို ခွင့်ပြု၏။

ထိုအခါ ရဟန်းတို့အား အမ ကသော ယာဉ်လော၊ အဖို ကသော ယာဉ်သောဟု အကြံဖြစ်၏။ ချစ်သားတို့၊ ပုရိသ ယုတ္တ-အဖို ကသော ယာဉ်ကို၊ ဟတ္တ ဝဋ္ဋက - လက်ဆွဲယာဉ်ကို ခွင့်ပြု၏။

ရဟန်း တစ်ပါးအား ယာနုဂ္ဃါ တေန-ယာဉ်တောက်သဖြင့် မချမ်းမသာ ပြင်းစွာ ဖြစ်၏။ ချစ်သားတို့၊ သိဝိကာ-ထမ်းစင်ကို၊ ပါဋင်္ကီ -ပုဆိုးသန်လျဉ်းကို ခွင့်ပြု၏။

[ဣတ္တိယုတ္တေနာတိ ဓေနုယုတ္တေန-နွားမ ကသော ယာဉ်ဖြင့်၊
ပုရိသန္တ ရေနာတိ ပုရိသ သာရထိနာ-ယောက်ျား မောင်းသော ယာဉ်ဖြင့်၊
ပုရိသ ယုတ္တေနာတိ ဂေါဏ ယုတ္တေန–န္နားထီး ကသော ယာဉ်ဖြင့်၊
ဣတ္တန္တရေ နာတိ တုတ္တိသာရထိနာ-မိန်းမမောင်းသော ယာဉ်ဖြင့်၊
ခွင့်ပြုရာ၌ ပုရိသ ယုတ္တသည် မိန်းမ မောင်းသော်လည်းကောင်း၊ ယောကျ်ား မောင်းသော် လည်းကောင်း အပ်၏။

ဟတ္ထဝဋ္ဋကသည် မိန်းမတို့ ဆွဲသော်လည်းကောင်း၊ ယောက်ျားတို့ ဆွဲသော်လည်းကောင်း အပ်၏။

ယာနုဂ္ဃါတ ဟူသည် ယာဉ်စီးသူအား တစ်ကိုယ်လုံးလှုပ်၏။ ထို လှုပ်ခြင်းကြောင့်တည်း သီရိကန္တိ ပိဋ္ဌက သိဝိကံ-နေရာ အင်းပျဉ်ရှိသော ထမ်းစင်ကို။ ပါဋင်္ကီန္တိဝံသေ လဂ္ဂေ တာ ကတံပဋ ပေါဋလိကံ - ဝါး၌ဆွဲသော အဝတ်သန်လျဉ်းကို။]

(သာဋီ ... ပုရိသယုတ္တ တစ်ခု၊ ဟတ္ထဝဋ္ဋက တစ်ခု၊ ပိဋ္ဌက သိပိကန္တိ ပိဋ္ဌက ယာန တင်ခုပါဋင်္ကီတိ အန္ဒောလိကာ တစ်ခု။

ဝိဋီ ... ဂင်္ဂါပွဲ မဟီပွဲ၌ မိန်းမ ယောက်ျား များစွာတို့သည် ယာဉ်တို့ဖြင့် ရေကစား သွားကုန်၏။

ပိဋ္ဌသိဝိကသည် ပျဉ်ပြား စသည်ဖြင့် ပြုသော ပိဋ္ဌကယာန ဖြစ်၏။

ပဋပေါဋလိကသည် အန္တောလိကာ ဖြစ်၏။

ယာဉ်အားလုံးကို ဖိနပ်ဖြင့် သော်လည်း မသွားနိုင်သော ဂိလာနအား ခွင့်ပြု၏။)

(ဘိက္ခုနီ ဝိဘင်း၌ - ယာဉ်ဟူသည် ဝယံှ-ပေါင်းချုပ်။ ရထော-ရထား။ သကဋံ-လှည်း၊ သန္ဒမာနိကာ-သန်လျဉ်း။ ဝိသိကာ-ထမ်းစင်။ ပါဋင်္ကီ-ပုဆိုးသန်လျဉ်း- ဤသို့ ခြောက်မျိုး ဟော၏။

ဤ၌ အဖို ကသော ယာဉ်၊ လက်ဆွဲယာဉ်၊ ထန်းစင်၊ သန်လျဉ်း - ဟု လေးမျိုး ဟော၏၊)

ဥစ္စာ သယန မဟာ သယန ၁၉-မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ဥစ္စာသယန မဟာသယန တို့ကို (ဝါ-မြင့်သောနေရာ မြတ်သောနေရာ တို့ကို) ဆောင်ကုန်၏။ ၎င်းတို့ကား …

အာသန္ဒီ - အခြေရည်သော ညောင်စောင်း အင်းပျဉ် - (တစ်ဘက်ရှည်)။
ပလင်္က- အခြေ၌ သားရဲရုပ်ရှိသော ပလ္လင်။
ဂေါနက-မွေးရှည် (ချည်) ကော်ဇောကြီး။
စိတ္တက-ဆန်းကြယ်သော သားမွေးရက် အခင်း။
ပဋိက- ဖြူသော သားမွေးရက် အခင်း (၅)။

ပဋလိက- တစ်ခဲနက် ပန်းပွင့်ဖြင့် နီသော သားမွေးရက် အခင်း။
တူလိက-လဲသွတ်သော ဘုံလျှိုမွေ့ရာ အခင်း။
ဝိကဘိက-ခြင်္သေ့ရုပ် စသည်ဖြင့် ဆန်းကြယ်သော သားမွေးရက် အခင်း။
ဥဒ္ဒလောမီ-တစ်ဘက်စွန်း အမွေးအဆာ ထွက်သော သားမွေးရက် အခင်း။
ဧကန္တ လောမီ-နှစ်ဘက်စွန်း အမွေးအဆာထွက်သော သားမွေးရက် အခင်း (၅)။

ကဋ္ဋိဿ-ရတနာချည်ဖြင့် ချုပ်သော ပိုးချည်အကြား ရွှေချည်ဖြင့် သွင်းရက်သော အခင်း။
ကောသေယျ -ရတနာချည်ဖြင့် ချုပ်သော ပိုးချည်အခင်း။
ကုတ္တက - တစ်ကျိပ်ခြောက်ယောက် ရပ်၍ ကလောက်သော သားမွေးရက် အခင်း။
ဟတ္တတ္တရ- ဆင်ကုန်းနှီး။
အဿတ္တရ -မြင်းကုန်းနှီး (၅)။

ရတ္ထရ-ရထားခင်းနှီး။
အဇိနပ္ပဝေဏိ - နှစ်ထပ် သုံးထပ် ချုပ်သော သစ်နက်ရေ အခင်းနု။
ကဒလိမိဂ ပဝရ ပစ္စတ္ထရဏ- ဝံပိုင်ရေဖြင့် ပြုသော အဖိုးတန်အခင်း။
သဥတ္တရစ္ဆဒ-ဥဘတော လောဟိတ ကုပဓာန - အထက်ဗိတာန်နီနှင့် တကွသော နီသော ခြေအုံး ခေါင်းအုံး နှစ်ခုရှိသော အခင်း(၄)။

ဤ တစ်ဆယ့်ကိုးမျိုးတို့ကို ဆောင်ကုန်၏။ ကာမဘောဂီဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ဥစ္စာသယန မဟာသယန တို့ကို ဝါ- အာသန္ဒီ စသည်တို့ကို မဆောင်အပ်- ဒုက္ကဋ်

[ဥစ္စာ သယနသည် ပမာဏလွန်သော ညောင်စောင်းတည်း။

မဟာ သယနသည် မအပ်သော အခင်းတည်း။

အာသန္ဒီသည် ပမာဏ လွန်သော နေရာ။

ပလ္လင်္ကသည် အခြေတို့၌ သားရဲရုပ် တပ်သော ပလ္လင်။

ဂေါနက လည်ရှည်သော အမွေးရှိသော ကောဇောကြီး၊ အမွေး လေးသစ်ထက် လွန်သတတ်။

စိတ္တကသည် ရက်ခြင်းဖြင့် ဆန်းကြယ်သော သားမွေး အခင်း။

ပဋိကာသည် သားမွေးဖြင့် ပြုသော ဖြူသော အခင်း။

ပဋလိကာ သည် တစ်ခဲနက် ပန်းပွင့်ရှိသော သားမွေးဖြင့် ပြုသော (နီသော) အခင်း။ သျှိသျှားသီးကဲ့သို့ ရက်သော ပုဆိုးဟူသည်လည်း ဆိုအပ်၏။

တူလိကာ သည် ပကတိ လဲအခင်းသာတည်း။

ဝိကတိကာသည် ခြင်္သေ့ရုပ်၊ ကျားရုပ် စသည်ဖြင့် ဆန်းကြယ်သော သားမွေးဖြင့် ပြုသော အခင်း။

ဥဒ္ဒိလောမီ သည် တစ်ဘက်မှ တက်သော အမွေးရှိသော သားမွေးဖြင့် ပြုသော အခင်း။

ဧကန္တလောမီသည် နှစ်ဘက်မှ တက်သော အမွေးရှိသော သားမွေးဖြင့် ပြုသော အခင်း။

ကဋ္ဋိဿ သည် ရတနာချည်ဖြင့် ချုပ်၍- ကောသေယျ ကဋ္ဋိ သမယ-ပိုးချည်အကြား ရွှေချည်သွင်း၍ ပြုသော အခင်း။

ကောသေယျသည် ရတနာချည်ဖြင့် ချုပ်သော ပိုးချည်ဖြင့် ပြုသော အခင်းဖြစ်၏။ ပိုးချည်သက်သက်ကား အပ်၏။

ကုတ္တကသည် တစ်ကျိပ်ခြောက်ယောက်သော ကချေသည်မတို့ ရပ်၍ ကလောက်သော သားမွေးဖြင့် ပြုသော အခင်း။

ဟတ္တတ္တရအဿတ္တရသည် ဆင်ကျောက်ကုန်း၊ မြင်းကျောက်ကုန်း တို့၌ ခင်းသော အခင်းသာတည်း။

ရထတ္တရလည်း ဧသေဝနသောအဇိနပ္ပဝေဏီသည် သစ်နက်ရောင်တို့ဖြင့် ညောင်စောင်းအနေ ချုပ်သော အခင်းနု။

ကဒလီမိဂ ပဝရ ပစ္စတ္တရသည် ဝံပိုင်ရေဖြင့် ဖြူသော ကောင်းမြတ်သော အခင်းတည်း။ ထိုအခင်းကို အဝတ်ဖြူ၏ အထက်၌ ဝံပိုင်ရေကိုဖြန့်၍ ချုပ်၍ ပြုကုန်သတတ်။

သဥတ္တရစ္ဆဒသည် သဟဥတ္တရရစ္ဆဒနေန တည်း။

ဥပရိဗန္ဓေန ရတ္တဝိတာနေန သဒ္ဓိန္တိအတ္ထော -အထက်၌ ဖွဲ့သော နီသော မျက်နှာကြက်နှင့်တကွ ဟူသော အနက်တည်း။ ဖြူသော မျက်နှာကြက် ဖြစ်သော်လည်း၊ အောက်၌ အကပ္ပိယ အခင်းရှိလျှင် မအပ်၊ မရှိလျှင်ကား အပ်၏။

ဥဘတော လောဟိတကူ ပဓာနသည် ခေါင်းအုံး ခြေအုံးဟု ညောင်စောင်း၏ နှစ်ဘက်၌ နီသောအုံး ဖြစ်၏။ မအပ်။ တစ်ခုတည်းသော အုံးသာ ဖြစ်အံ့ နှစ်ဘက်တို့၌ အနီ၊ ပဒုမ္မာ အဆင်း၊ အဆန်းတကြယ် ဖြစ်စေ ပမာဏ ယုတ္တဖြစ်လျှင် အပ်၏။ ကြီးသော အုံးကိုကား ပယ်အပ်၏။]

(သေနာသနက္ခန္ဓက၌ - လေးထောင့် ညီသော အာသန္ဓိသည် ပမာဏ လွန်သော်လည်း အပ်၏။ တစ်ဘက်ရှည်လျှင် အခြေဖြတ်အပ်၏။

ခေါင်းအုံးပမာဏကား- အနံ သုံးမြှောင့်တွင် နှစ်မြှောင့်အကြား တစ်ထွာ လေးသစ်။ အလယ်နေရာ - တောင်ဆုပ်။ အလျား-တစ်တောင့်ထွာ၊ ဝါ- နှစ်တောင်။ မာသူအား ခေါင်းအုံး၊ ခြေအုံး နှစ်ခုသာ အပ်သည်။ နာသူအား ခေါင်းအုံးများအထက် အဝတ်ခင်း၍ အိပ်အပ်၏။

သဥတ္တရစ္ဆဇနှင့် ဥဘတော လောဟိဘကူ ပဓာနသည် တစ်ခုစီကဲ့သို့ ပြသော်လည်း ခုဒ္ဒ သိက္ခာ ဋီကာသစ်၌ ဝိသေသန၊ ဝိသေယျ အဖြစ်ဖြင့် တစ်ခုတည်း ပြု၍ ပြသည်။)

(သာဋီ ... သားရဲရုပ် ဟူသည် မရွှေ့ပြောင်းနိုင်သော အရုပ်တို့တည်း။ မအပ်သော အရုပ်ရှိသော ညောင်စောင်းသည် ပလ္လင်္က ဟု သာရသမသ၌ ဆို၏။ ဂေါနကသည် အမွေး လေးသစ်ထက် ရှည်သော မည်းသော ကော်ဇောတည်း။ လေးသစ်အောက်ဖြစ်လျှင် အပ်သည်ဟု ဆိုကုန်၏။

(ဤ ကော်ဇော တစ်ခု၌သာ ဥဏ္ဏာမယ-သားမွေးဟု မပြသောကြောင့် ချည်ကော်ဇောဟု သိအပ်၏။)

စိတ္တကသည် နံရံပေါက် စသည်ဖြင့် ဆန်းကြယ်သော သားမွေးအခင်းတည်း။ ပဋလိကာ၌ တစ်ခဲနက် ပန်းပွင့်ရှိသော သားမွေးအခင်းတည်း။

ပကတိ လဲအခင်းသည် သစ်ပင်လဲ၊ နွယ်လဲ၊ မြက်လဲ- သုံးမျိုး တစ်မျိုးမျိုးဖြင့် ပြည့်၏၊

ဥဒ္ဒလောမီသည် နှစ်ဘက်အဆာ သားမွေးရှိသည်။ ဧကန္တလောမီသည် တစ်ဘက်အဆာ သားမွေးရှိသည်ဟု ဒီဃနိကာယ် ဋ္ဌကထာ၌ ဆို၏။

သာရ သမာသ၌ ဥဒ္ဒလောမီသည် တစ်ဘက်မှ ထွက်သော ပန်းပွင့် အဆာရှိ၏။ ဧကန္တလောမီသည် နှစ်ဘက်မှ ထွက်သော ပန်းပွင့်အဆာ ရှိ၏ဟု ဆို၏။

ကဋ္ဋိဿကောသေယျ ကဋ္ဋိသမယသည် ကောသေယျ-ပိုးချည်။ ကသဋ-ရွှေချည်တို့ဖြင့် ပြုသည်ဟု အာစရိယ ဓမ္မပါလ မထေရ် ဆို၏။

ပိုးချည် သက်သက် ဟူသည် ရတနာ ချည်ဖြင့် ချုပ်ခြင်းမှ ကင်း၏။

အဇိနပ္ပဝေဏီ သစ်နက်ရေသည် နူးညံ့၏။ နှစ်ထပ် သုံးထပ် ပြု၍ ချုပ်ကုန်၏။ ထိုကြောင့် အဇိနပ္ပ ဝေဏီဟု ဆိုသည်။

ဥတ္တရစ္ဆဒသည် မျက်နှာကြက် ဖြစ်၏။ နီသည်ကို ဤ၌ ယူအပ်၏။

နီသော မျက်နှာကြက်တို့၌လည်း ကာသာဝသည် အပ်၏၊ ဝက်ပန်း စသည် ဆိုးလျှင် မအပ်ဟု ဂဏ္ဍိတို့၌ ဆို၏။

ကြီးသော အုံးဟူသည် ပမာဏ လွန်သော အုံးတည်း။

ဒီဃနိကာယ်ဋ္ဌကထာ၌ ဂဟဋ္ဌတို့ကိုငဲ့၍ သာမည မဆိုသော်လည်း သေနာသနက္ခန္ဓက အဖွင့်၌ အဂိလာနအား ခေါင်းအုံး၊ ခြေအုံး -နှစ်ခုသာ အပ်သည်။ ဂီလာနအား ခေါင်းအုံးခင်း၍ အထက်၌ အခင်းခင်း၍ အိပ်ခြင်းငှါလည်း အပ်သည်ဟု ဆို၏။

ဝိဋီ ... သားရဲရုပ်သည် အဟာရီမဝါဠ ရူပ ဖြစ်၏၊ အမွေး လေးသစ်အောက် ယုတ်လျှင် ဥဒ္ဒလောမီ စသည်တို့၌ ဝင်ကုန်သတတ်။

စိတ္တကသည် အဆင်းအမျိုးမျိုး သားမွေးချည်တို့ဖြင့် နံရံပေါက် စသည်ဖြင့် ရက်၍ ဆန်းကြယ်အောင် ပြုသော အခင်းတည်း။

တစ်ခဲနက် ပန်းပွင့်ရှိသော ဟူသည် ဗဟလ ရာဂေါ- အလွန် နီ၏၊

ပကတိ လဲအခင်း ဟူသည် လဲပြည့်သော ဘုံလျှိုမွေ့ရာတည်း။

ဝိကတိကာသည် ခြင်္သေ့ရုပ် စသည် စွမ်းဖြင့် ရတန စိတြကိုသာ ယူအပ်၏။

ဝကာသေယျာ ကဋ္ဋိ အမယ ဟူသည် ကောသိယ သုတ္တတို့၏ အကြား၌ သုဝဏ္ဏ မယ သုတ္တတို့ကို သွင်း၍ ရက်သော အခင်းတည်း။ သုဝဏ္ဏ သုတ္တကို ကဋ္ဋီတ ဟူ၍ လည်းကောင်း၊ ကဿဋ ဟူ၍ လည်းကောင်း ဆိုအပ်၏။ ထိုကြောင့် ကောသေယျ ကဿဋ မယ-ဟု အာစရိယ ဓမ္မပါလ မထေရ် ဆိုသည်ဟု ဆိုကုန်၏။

ရတန ပဋိသိဗ္ဗိကန္တိ သုဝဏ္ဏ လိတ္တံသုဒ္ဓကော သေယျန္တိ ရတန ပဋိသိဗ္ဗန ရဟိတံ။ သစ်နက်ရေသည် အလွန် နူးညံ့၏။ နှစ်ထပ် သုံးထပ် ပြု၍ ချုပ်ကုန်၏။ ထိုကြောင့် အဇိနပ္ပ ဝေဏီဟု ဆိုသည်။

နီသော မျက်နှာကြက် ဟူသည် အလုံးစုံ နီ၏။ မအပ်။ အဆင်းအမျိုးမျိုးဖြင့် အရုပ်ဆန်းကြယ်၊ ဆေးရေး ဆန်းကြယ်လျှင် အပ်၏။

နီသောအုံး နှစ်ခု၌လည်း ဧသေဝနယော။ အဆန်းတကြယ် ဖြစ်စေဟူသည်ကို အချင်း ခပ်သိမ်း အပ်သောကြောင့် ဆိုသည်။ အုံးနှစ်ခုတို့၌ မအပ်သောကြောင့် ဆိုသည် မဟုတ်။ လောဟိတသည် စိတ္တ မဖြစ်။ ပဋလိကာ အခင်းဖြင့် စိတ္တက အခင်းကို မရေတွက်အပ်၊ တခြားစီတည်း။

ကသာဝသည် လောဟိတ မဟုတ်သောကြောင့် မျက်နှာကြက်၌လည်းကောင်း၊ အုံးနှစ်ခု၌ လည်းကောင်း အပ်၏။ ပမာဏ ယုတ္တ ဖြစ်လျှင် အပ်၏ ဟူသည်ကို ပမာဏ လွန်သော အုံးကို ပယ်ခြင်းကို ပြခြင်းငှါ ဆိုသည်၊ ဥစ္စာသယန မဟာသယန ဖြစ်သည်ဟု ပြခြင်းငှါ ဆိုသည် မဟုတ်။ ထို အုံးသည် ဥပုသ်သည် လူတို့အား အပ်၏။ ဥစ္စာသယန မဟာသယနသာ ဥပုသ်စောင့်သောအခါ လူတို့အား မအပ်။

ဒီဃနီကာယ်ဋ္ဌကထာ စသည်တို့၌ တူလိက ဖယ်ထား၍ ဂေါနက စသော အားလုံးတို့သည် ရတန ပဋိသိဗ္ဗိတာ နိဝဋ္ဋန္တိ-စသည်ကို ဆို၏။ ဝိနည်း အဋ္ဌကထာ၌သာလျှင် ကပ္ပိယ အကပ္ပိယ အဖြစ်၌ ပမာဏဟု ယူအပ်၏။)

(တစ်ခုစီတို့ကား-ခြေရှည် ၁။ ပလ္လင် ၁။ မွေးရှည် ၁။ လဲသွတ် ၁။ မျက်နှာကြက်နီ ခြေအုံး ခေါင်းအုံးနီ ၁ -ဤငါးခု ဖြစ်၏။

ရွှေချည် သွင်းရက်၊ ရွှေချည်ချုပ်-ပိုးအခင်း ရတနာ နှစ်ခုဖြစ်၏။

သစ်နက်ရေ၊ ဝံပိုင်ရေ-သားရေခင်း နှစ်ခုဖြစ်၏။

ကုန်းနှီးကား သုံးခုဖြစ်၏။

ကြွင်းခုနစ်ခုကား သားမွေးအခင်း ခုနစ်ခုဖြစ်၏။

ပလ္လင်၊ ခြေရှည်၊ လဲ၊ မွေးရည်၊ နီနီ (၅)-တစ်ခုချင်း၊
ကုန်းနှီး သုံးဖြာ၊ ရတနာ နှစ်၊ သားရေ နှစ်၊ ခုနစ်- သားမွေးခင်း (၁၄)။
နေရာမြင့်မြတ်-ဆယ့်ကိုးရပ်- မအပ် ပယ်လေခြင်း။

သားမွေး ခုနစ်ခုကား - စိတ္တက-ဆန်းကြယ်၊ ပဋိက-ဖြူ၊ ပဋလိက-နီ။ ဝိကတိက-အရုပ်ရှိ။ ဥဒ္ဒ လောမီ-တစ်ဘက်မွေး။ ဧကန္တ လောမီ- နှစ်ဘက်မွေး။ ကုတ္တက - တစ်ကျိပ်ခြောက် ကလောက် - ဤသို့ ခုနစ်ခု ဖြစ်၏။
- တစ်ဘက်၊ နှစ်ဘက်မှ (၂)၊ ဆယ့်ခြောက် က (၁)၊ ဆန်းလှ၊ ရုပ်၊ ဖြူ၊ နီ (၄)။

ခြေရှည်လျှင် ရှစ်သစ်မလွန်အောင် ဖြတ်၍၊ ပလ္လင်ကို အရုပ်ဖြုတ်၍၊ လဲသွတ်ကို လဲထုတ်၍၊ ကြွင်း ၁၆-ကို ညောင်စောင်း အင်းပျဉ်၌ မခင်းဘဲ မြေ၌၊ ကြမ်း၌ ခင်း၍ ထိုင်လျှင်၊ အိပ်လျှင် အပ်၏။ သံဃိက အခင်းများ ဖြစ်လျှင် မိမိ၏ ကပ္ပိယ အခင်း ထပ်ခင်း၍ သုံးအပ်၏။)

မဟာစမ္မ သုံးခုပယ်ခြင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ဥစ္စာသယန မဟာသယန တို့ကို ဘုရားရှင် ပယ်သည်ဟု သီဟ စမ္မ-ခြင်္သေ့ရေ၊ ဗျဂ္ဃ-ကျားရေ၊ ဒီပိ-သစ်ရေ-ဟူသော မဟာစမ္မ တို့ကို ဆောင်ကုန်၏။ မဉ္စ၊ ပီဌတို့၏ ပမာဏဖြင့် ဖြတ်၍ အတွင်းအပ၌ ခင်းကုန်၏။ ကာမဘောဂီဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ခြင်္သေ့ရေ၊ ကျားရေ၊ သစ်ရေ ဟူသော မဟာစမ္မကို မဆောင်အပ်-ဒုက္ကဋ်။ (သုံးမျိုး။)

သားရေအခင်းအားလုံး ပယ်ခြင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် မဟာစမ္မကို ပယ်သည်ဟု ဂေါဓမ္မ-နွားရေကို ဆောင်ကုန်၏။ မဉ္စပိဋ္ဌ အတွင်း အပ၌ ဖြတ်၍ ခင်းကုန်၏။ ပါပ ဘိက္ခု တစ်ဦးလည်း ပါပ- ဥပါသက တစ်ယောက်ထံ ချဉ်းကပ်၍ သစ်ငယ်အလား ပြောက်ကျား ဆန်းကြယ်သော နွားငယ်ကို မြင်၍ တစိမ့်စိမ့် ကြည့်၏။ အဘယ်ကြောင့် တစိမ့်စိမ့် ကြည့်သနည်းဟု မေးလတ်သော်၊ ဤ နွားငယ်၏ သားရေဖြင့် အလိုရှိသည်ဟု ဆို၏။

ပါပု ပါသကသည် နွားငယ်ကိုသတ်၍ သားရေခွါ၍ လှူလိုက်၏။ ထိုသားရေကို သင်္ကန်းဖြင့် ဖုံး၍ ယူသွားသော အခါ နွားမကြီသည် သားငယ်၌ စုံမက်ခြင်းဖြင့် ပါပ ဘိက္ခု နောက်သို့ တကောက်ကောက် လိုက်၏။ ရဟန်းတို့မြင်၍ ငါ့ရှင်၊ အဘယ်ကြောင့် သင်၏ နောက်သို့ နွားမ တကောက်ကောက် လိုက်သနည်းဟု မေးကုန်၏။ အဘယ်ကြောင့် လိုက်သည် မသိပါဟု ဆို၏။ သင်၏ သင်္ကန်း အဘယ်သို့ ဖြစ်လာသနည်းဟု သွေးလိမ်းကပ်သည်ကို မေးကြသောအခါ အကြောင်းကို ပြောပြ၏။

ပါဏာတိပါတကို ဆောက်တည်စေသလောဟု မေး၍ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ပါဏာတိပါတ၌ မဆောက်တည်စေအပ်။ ယထာ ဓမ္မ ကုစားစေအပ်၏။ ချစ်သားတို့၊ နွားသားရေကို မဆောင်အပ် ဒုက္ကဋ်။ ချစ်သားတို့၊ တစ်ခုတစ်ခုသော သားရေကို မဆောင်အပ်− ဒုက္ကဋ်

ဂိဟိ ဝိဋက

ထိုအခါ လူတို့သည် မဉ္စ၊ ပီဌ တို့ကို သားရေဖြင့် မြှေးယှက်ကုန်၏။ ကြက်ကုန်၏။ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ မထိုင်ကုန်။ ချစ်သားတို့၊ ဂိဟိဝိကဋ - လူတို့ပြောသော အခင်းကို ထိုင်ခြင်းငှါ ခွင့်ပြု၏။ အိပ်ခြင်းငှါ ခွင့်ပြု။

ထိုအခါ ဝိဟာရတို့ကို စမ္မ ဝဒ္ဓ- သားရေကြိုးဖြင့် ဩဂုမ္ဖိယန္တိ-ဖွဲ့ကုန်၏။ ရဟန်းတို့ မထိုင်ကုန်၊ ချစ်သားတို့၊ အဖွဲ့မျှကို အဘိနိသီဒိတုံ-မှီ၍ထိုင်ခြင်ခြင်းငှါ ခွင့်ပြု၏။

[ဩဂုမ္ဖိယန္တိ ဟူသည် နံရံ လက်ထောက် စသည်တို့၌ ရစ်၍ ဖွဲ့ကုန်၏။ အဘိနိသီဒိတုန္တိ အဘိနိဿယ နိသီဒိတုံ။ မှီရာပြု၍ ထိုင်ခြင်းငှါ ဟူလို။]

(ဋီတို့ ... အဘိနိဿာယာတိ အပ ဿာယ-မှီ၍ ထိုင်ခြင်းငှါ။)

ရွာတွင်း ဖိနပ်စီးခြင်း

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ဖိနပ်စီး၍ ရွာတွင်၊သို့ ဝင်ကုန်၏။ ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ဖိနပ်စီး၍ ရွာတွင်းသို့ မဝင်အပ်-ဒုက္ကဋ်

ရဟန်းတစ်ပါးသည် ဂိလာန ဖြစ်၏။ ဖိနပ်နှင့်ကင်း၍ ရွာတွင်းသို့ ဝင်ခြင်းငှါ မတတ်နိုင်။ ချစ်သားတို့၊ ဂီလာန ရဟန်းသည် ဖိနပ်စီး၍ ရွာတွင်းသို့ ဝင်ခြင်းငှါ ခွင့်ပြု၏။

[ဤဂိလာန မည်သည် ဖိနပ်မပါဘဲ ရွာသို့ ဝင်ခြင်းငှါ မတတ်နိုင်သူတည်း။]

ကုဋိကဏ္ဏ သောဏ

ထိုအခါ အရှင်မဟာကစ္စည်းသည် အဝန္တိတိုင်း ကုရုရဃရမြို့ ပပတက တောင်၌ နေ၏။ ထိုအခါ ကုဋိကဏ္ဏ ဖြစ်သော- သောဏ ဥပါသကာသည် အရှင်မဟာကစ္စည်းထံ တရားကျင့်လို၍ ရဟန်းပြုရန် တောင်းပန်၏။ ဒါယကာ၊ သာသနာ အကျင့်ကို တစ်သက်လုံး ကျင့်ခြင်းငှါ မလွယ်၊ လူ့ ဘောင်၌သာ နေ၍ သင့်သောအခါ အားထုတ်လောဟု ဆိုသဖြင့် ရဟန်းပြုလိုသောစိတ် ငြိမ်းသွား၏။ ဒုတိယအကြိမ်၌လည်း ထိုနည်းဖြင့် ငြိမ်းပြန်၏။ တတိယ-အကြိမ်၌ကား ရှင်အဖြစ်ကို ရ၏။ အဝန္တိ ဒက္ခိဏာပထသည် ရဟန်း နည်းပါး၏။ သုံးနှစ်လွန်မှ ရဟန်း ဆယ်ပါးပြည့်အောင် ဆင်းရဲစွာ စုဆောင်း၍ ရဟန်း ပြုပေးရ၏။

[ကုရုရဃရသည် မြို့ဖြစ်၏။ ဆွမ်းခံရွာတည်း။

ပပတကသည် ပပတ မည်သော တော၌ဖြစ်၏။ နေရာ ဌာနတည်း။

သောဏသည် အမည် ဖြစ်၏။ တစ်ကုဋေတန်သော နားတန်ဆာ ဆောင်သောကြောင့် ကုဋိကဏ္ဏ ဟုဆိုသည်။ ကောဋိကဏ္ဏ ဟူလို။

သင့်သောအခါ ဟူသည် ဥပုသ် ကာလနှင့် ယှဉ်သော အခါတည်း။ ဥပုသ်စောင့်သောအခါ ဟူလို။]

(သာဋီ ... ပပါတ တောင်၊ ပဝတ္တ တောင် ဟူ၍လည်း ဆိုကုန်၏၊ အမည်အားဖြင့် သောဏ။ သရဏဂုံသုံးပါးဖြင့် ဥပါသကာ အဖြစ်ကို ပြောကြားသောကြောင့် ဥပါသကာ။ တစ်ကုဋေတန်သော နားတန်ဆာ မဆာင်သောကြောင့် ကောဋိကဏ္ဏဟု ဆိုလိုလျက် ကုဋိကဏ္ဏဟု ထင်ရှား၏။ ဖဝါးမွေးနု ပေါက်သော သောဏ မဟုတ် ဟူလို။ အရှင်မဟာကစ္စည်းထံ ကရားနာရ၍ သာသာနာ၌ လွန်စွာ ကြည်ညိုသဖြင့် အရိပ်ရေ ပြည့်စုံသော ပါပတတောင်၌ ကျောင်းဆောက်၍ ပစ္စည်းလေးပါး လုပ်ကျွေးသူဖြစ်၏။

ရံခါ ချဉ်းကပ်သောအခါ တရားနာရ၍ သံဝေဂဉာဏ် ရ၍ တရားကျင့်လိုခြင်း ထက်သန်၏။ အခါတစ်ပါး ဥဇ္ဇေနီတို့ ကုန်သွယ်ရန် အသွားခရီး အကြား တောအုပ်၌ ကုန်သည်များစွာဖြင့် အိပ်စရာ ကျဉ်းမြောင်း သောကြောင့် တစ်ယောက်တည်း ခွဲအိပ်စဉ် အိပ်ပျော်၍ ကျန်ရစ်၏။ မိုးလင်း၍ လျင်စွာ လိုက်သွားသောအခါ ညောင်ပင် တစ်ပင်၌ ပြိတ္တာကို မြင်၏။ ကြီးသောကိုယ် ရှိ၏၊ အမြင်ဆိုးဝါး၏။ အရိုးမှ လွတ်သော မိမိ အသားကို မိမိစား၏။

သင် အဘယ်သူနည်း၊ အရှင် အကျွန်ုပ်ကား ပြိတ္တာ ဖြစ်ပါသည်။ အဘယ်ကြောင့် ဤသို့ ပြုနေသနည်း။ အကျွန်ုပ်သည် ရှေးဘဝ၌ ဘာရုဂစ္ဆမြို့သား ကုန်သည် ဖြစ်၍၊ သူတစ်ပါး ပစ္စည်းကို စဉ်းလဲ လှည့်စားခဲ့၏။ ရဟန်းတို့ကိုလည်း ဆွမ်းခံကြွလာသောအခါ ကိုယ်အသား ကိုယ် စားကြလော့ဟု ဆဲရေးခဲ့၏။ ထိုကံကြောင့် ဤဒုက္ခကို ခံစားရပါသည်ဟု ဆို၏။ ထိုအခါ သောဏသည် ကြီးစွာသော သံဝေဂ ဉာဏ်ကို ရ၏။

ထိုနောက် ခရီးသွားစဉ် ပြိတ္တာငယ် နှစ်ယောက်ကို မြင်ပြန်၏။ ခံတွင်းမှ သွေးနက် ယိုစီးကုန်၏။ အကြောင်း မေးလတ်သော် မိခင်သည် ရဟန်းတို့အား ဆွမ်းလုပ်ကျွေးသည်ကို မကြည်ဖြူ သဖြင့် မိခင်လှူသော အစာကို စားသော ရဟန်းတို့အား ခံတွင်းမှ သွေးနက် အန်ထွက်ပါစေဟု ဆဲဆိုမိ ကုန်၏။ ထိုကံကြောင့် ငရဲ၌ ကျက်၍ ဝိပါက်ကြွင်းဖြင့် ပြိတ္တာ ဖြစ်၍ ဤ ဒုက္ခသို့ ခံစားကြရကုန်၏ဟု ဆိုသော်၊ သောဏသည် အလွန်အကဲ သံဝေဂ ဉာဏ်ကို ရပြန်၏။

ဥဇ္ဇေနီမှ ပြန်သောအခါ မဟာကစ္စည်းထံ ထိုအကြောင်း လျှောက်ကြား၍ ရဟန်းပြုရန် တောင်းပန်၏။ မထေရ်သည် ဤဒါယကာကား ဉာဏ်မရင့်သေး၊ ကာမဂုဏ် မစွန့်နိုင်သေးဟု ဉာဏ်ရင့်ချိန် စောင့်ဆိုင်းလျက် ရဟန်း အဖြစ် ခဲယဉ်းပုံကို ပြော၍ တားမြစ်တော်မူ၏။ သုံးကြိမ်မြောက်၍ ရှင်ပြုပေး၏။

ပစ္စန္တရာဇ်၌ ရဟန်း နည်းသောကြောင့် အကြိမ်ကြိမ် ပင့်ဆောင်သော်လည်း နောက် ရဟန်းများ မရောက်မီ ယခင် ရောက်နှင့်သော ရဟန်းများ ကိစ္စအားလျော်စွာ ဖဲသွားသဖြင့်၊ သုံးနှစ် လွန်မှ ဆယ်ပါးစုမိ၍ ရဟန်း ပြုပေးရလေ၏။)

အခွင့်ငါးပါး တောင်းခြင်း

ထိုနောက် ရှင်သောဏ ရဟန်း အဖြစ် ရ၍ ဝါကျွတ်သောအခါ၊ ငါသည် ဘုရားရှင်ကို ဤသို့ ဤသို့ဟု ကြားရဖူးသည်သာတည်း၊ မျက်မှောက် ထင်ထင် မဖူးမြင်ရသေး။ ဥပဇ္ဈာယ်ဆရာ ခွင့်ပြုလျှင် ဘုရားဖူး သွားမည်ဟု ကြံ၍ အရှင်မဟာကစ္စည်းအား လျှောက်ကြား၏။

ငါ့ရှင် သောဏ၊ သာဓု သာဓု၊ ဘုရားဖူးခြင်းငှါ သွားလော၊ ငါ၏ စကားဖြင့် ဤသို့ လျှောက်ကြားလော။ မြတ်စွာဘုရား၊ အကျွန်ုပ်၏ ဥပဇ္ဈာယ် အရှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပါသည်။

အဝန္တိတိုင်း ဒက္ခိဏာ ပထ၌ ရဟန်း နည်းသောကြောင့် ရဟန်း ပြုပေးရန် ရဟန်း ဆယ်ပါးကို သုံးနှစ်ကျော် စုဆောင်းရပါသည်။ ဒက္ခိဏာ ပထ၌ ရဟန်း အနည်းငယ်ဖြင့် ရဟန်း ပြုပေးနိုင်ရန် ခွင့်ပြုတော်မူပါ။

ဒက္ခိဏာ ပထ၌ မြေသည် မည်းနက်၍ ညီညွတ်ခြင်း မရှိ၊ နွားခွါရာတို့ဖြင့် ကြမ်းလှပါသည်။ အထပ်ထပ်သော ဖိနပ်ကို ခွင့်ပြုတော်မူပါ။

ဒက္ခိဏာ ပထ၌ လူတို့သည် ရေချိုးခြင်းကို အလေးပြုကြပါသည်။ မပြတ် ရေချိုးခြင်းကို ခွင့်ပြုတော်မူပါ။

ဒက္ခိဏ ပထ၌ သိုးရေ၊ ဆိတ်ရေ၊ သခင်ရေတို့ကို အခင်းပြုကြပါသည်။ မဇ္ဈိမဒေသ၌ ရေဂူ-ပြိန်းမြက် ဖျာကြမ်း၊ မောရဂူ-မြားမြက် ဖျာနု၊ မဇ္ဇာရူ-သင်ဖြူး၊ ဇန္တူ-ပိတ်မြက် ဖျာစိမ်းတို့ကို ခင်းသကဲ့သို့ သားရေတို့ကို ခင်းကြပါသည်။ သားရေအခင်းတို့ကို ခွင့်ပြုတော်မူပါ။

ယခုအခါ လူတို့သည် ဥပစာရ သိမ်ပသို့ ရောက်နေသော ရဟန်းတို့အား သင်္ကန်း လှူကုန်၏။ ထိုရဟန်းတို့ ရောက်လာသောအခါ (ဆယ်ရက် လွန်သဖြင့်) နိဿဂ္ဂိ မဖြစ်ပါစေလင့်-ဟု မခံယူကြကုန်။ သင်္ကန်း၌ ပရိယာယ် တစ်ခုကို မိန့်တော်မူပါ-ဤသို့ လျှောက်ကြားလောဟု မိန့်တော်မူ၏။

အရှင်သောဏသည် ဧဝံ ဘန္တေ-ဟုဝန်ခံ၍ ဘုရားရှင်ထံ ရောက်လတ်သော်၊ ဘုရားရှင်သီတင်းသုံးရာ ကျောင်းတော်၌ အိပ်ရာ နေရာရ၏။ မြတ်စွာဘုရားသည် နံနက် စောစော၌ ချစ်သား သောဏ၊ တရားဟောခြင်းငှါ သင်၏ ဉာဏ်၌ ထင်စေလော့ဟု တိုက်တွန်းသဖြင့် အဋ္ဌကဝဂ် သုတ်တို့ကို အသံထုတ်၍ ရွတ်ဆို၏။

ချစ်သား သောဏ၊ ကောင်းပေစွ ကောင်းပေစွ၊ သန့်ရှင်း ပီသ ပြတ်သားစွာ သင်ယူအပ်ပေသည်ဟု ချီးမွမ်း၍၊ ယခု ဝါ အဘယ်မျှ ရှိပြီနည်းဟု မေး၏။ တစ်ဝါ ရှိပါပြီဘုရား။ အဘယ်ကြောင့် ဤမျှ ကြာမြင့်ရသနည်း။ ကာမ ဂုဏ်၌ အပြစ်မြင်ခြင်း နောက်ကျသောကြောင့်ပါဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် လောကီပြစ်မြင် နိဗ္ဗာန်ထင်မှ အပျော်အရွှင် လွတ်နိုင်ပေသည် ... ဟု ဥဒါန်း ကျူးတော်မူ၏။ ထိုအခါ ရှင်သောဏသည် ဆရာ မှာလိုက်သော အခွင့် ငါးပါးတို့ကို လျှောက်ကြား၏။

[နွားခွါရာမြေ၌ လွှာချင်း ဖိနပ်တို့သည် စောင့်ရှောက်ခြင်းငှါ မဟုတ်နိုင်ကုန်။ ဤမျှ ကြမ်းသော မြေတို့ ဖြစ်ကုန်၏။

ဧရဂူသည် ဧရက တိဏ ဖြစ်၏၊ ကြမ်း၏။

မောရဂူသည် အဖျားနီသော အတွေ့နူးညံ့သော မြှားမြက် ဖြစ်၏။ ထိုမြားမြက်ဖြင့် ပြုသော တဋ္ဋိက သင်ဖြူးသည် အိပ်၍ ထကာမျှ၌ ဖောင်းကြွလျက် တည်၏။

မဇ္ဇာရု-သင်မြက်ဖြင့် ပုဆိုးတို့ကို လည်း ပြုကုန်၏။

ဇန္တု ... ပိတ်မြက်သည် မြအဆင်း ရှိ၏။]

[သာဋီ ... အရှင်သောဏသည် ပုထုဇဉ် သဒ္ဓါဖြင့်သာ ဘုရားဖူးလို၏၊ နောက်၌ ဘုရားရှင် တိုက်တွန်းသဖြင့် ၁၆-ခုသော အဋ္ဌကဝဂ် သုတ်တို့ကို ဟောသည် အဆုံး၌ ဝိပဿနာဖြစ်စေ၍ အရဟတ္တဖိုလ်သို့ ရောက်၏။ အဋ္ဌကဝဂ် သုတ်တို့ ဟူသည် (သုတ္တနိပါတ်) အဋ္ဌကဝဂ် ဖြစ်သော ကာမသုတ် စသော ၃၆-သုတ်တို့တည်း။ သန့်ရှင်းပီသ ပြတ်သားစွာ ဟောသောကြောင့် ကလျာဏ ဝက္ကရဏ ဧတဒဂ်၌ ထားတော်မူသည်။

ဝါ အဘယ်မျှ ရှိပြီနည်းဟု မေးခြင်းကား- မဇ္ဈိမ အရွယ် တတိယအဖို့ (၅၅-နှစ်ခန့်)၌ တည်၍ စိရတရ ပဗ္ဗဇ္ဇိတကဲ့သို့ အသွင်အပြင် ပြည့်စုံသည်ကိုရည်၍ မေးသည်ဟု ကေစိတို့ ဆိုကုန်၏။ အကြောင်း မဟုတ်။ ဤမျှ ကာလပတ်လုံး အဘယ်ကြောင့် မေ့နေရသနည်းဟု စိစစ်လို၍ မေးသည်။

ဝိဋီ ... အဋ္ဌကဝဂ် သုတ်တို့ - ဟူသည် သုတ္တနိပါတ်၌ အဋ္ဌကဝဂ်ဖြစ်သော ၁၆- သုတ်တို့တည်း။ ရှင်သောဏသည် မဇ္ဈိမအရွယ်၌ ရဟန်း ပြုသတတ်။ ထိုကြောင့် ရဟန်းမပြုဘဲ အိမ်၌ ကြာကြာနေကြောင်းကို မေးတော်မူသည်။)

မဇ္ဈိမဒေသနှင့် အခွင့်များ

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့၊ အဝန္တိ ဒက္ခိဏာ ပထသည် ရဟန်း နည်း၏။ မြေကြမ်း၏။ ရေချိုးခြင်း အလေး ပြုကြ၏။ သားရေအခင်း ခင်းကုန်၏။ ချစ်သားတို့၊ ပစ္စန္တရာဇ် ဇနပုဒ်တို့၌ ဝိနည်းဓိုရ် ပဉ္စမ ရှိသော ရဟန်း အပေါင်းဖြင့် ဥပသမ္ပဒကံကို ခွင့်ပြု၏။

ပစ္စန္တရာဇ် ဇနပုဒ်တို့ကား - အရှေ့လားသော် ဂဇင်္ဂလ နိဂုံး၏ ပြင်ဘက် အင်ကြင်းပင်ကြီး။ အရှေ့တောင် လားသော် သလ္လဝတီမြစ်။ တောင်လားသော် သေတကဏ္ဏိကနိဂုံး။ အနောက်လားသော် ထူနီ ပုဏ္ဏားရွာ။ မြောက်လားသော် ဥသိရဒ္ဓဇတောင်။ ဤ အလား ငါးရပ်မှ ပြင်ပသည် ပစ္စန္တရာဇ် ဇနပုဒ်တို့ ဖြစ်ကုန်၏။ အတွင်းသည် မဇ္ဈေ-မဇ္ဈိမ ဒေသတည်း။

ချစ်သားတို့၊ ဤသို့သော ပစ္စန္တရာဇ်တို့၌ ဝိနယဓရ ပဉ္စမဂဏဖြင့် ဥပသမ္ပဒကံကို ခွင့်ပြု၏။ ချစ်သားတို့၊ ဤသို့သော ပစ္စန္တရာဇ်တို့၌ အထပ်ထပ် ဖိနပ်ကို ခွင့်ပြု၏။ အမြဲ ရေချိုးခြင်းကို ခွင့်ပြု၏။ သိုးရေ၊ ဆိတ်ရေ၊ သမင်ရေ အခင်းကို ခွင့်ပြု၏။ (ဤကား ပဒေသ ပညတ်လေးပါးတည်း။)

ချစ်သားတို့၊ လူတို့သည် ဥပစာရ သိမ်ပသို့ ရောက်နေသော ရဟန်းအား သင်္ကန်း လှူကုန်၏။ ချစ်သားတို့၊ သာယာလက်ခံခြင်းငှါ ခွင့်ပြု၏။ လက်သို့ မရောက်မီရက် ရေတွက်ခြင်းငှါ မလောက်ဟု ခွင့်ပြု၏။ (သဗ္ဗတ္ထ ပညတ် တစ်ပါး)။

ဤ ခန္ဓက၌ ဝတ္တု ၆၃။

[ဝိနည်းဓိုရ် ပဉ္စမ ဟူသည် ကမ္မဝါစာ ဆရာနှင့်တကွ ငါးပါး အပေါင်းတည်း။ (ကမ္မဝါစာဆရာကို ဝိနယဓရ-ဟု ဆိုသည်။)

အထပ်ထပ် ဖိနပ်၌ မနုဿ ဓမ္မ-လူ သားရေကို ဖယ်ထား၍ အမှတ်မရှိ သားရေ ဟူသမျှဖြင့် ဥပါဟနာ-ဖိနပ်သည် အပ်၏။ ဥပါဟန ကောသက-ဖိနပ်အိတ်။ သတ္တ ကောသက-ထားငယ်အိတ်။ ကုဉ္စိကာ ကောသက -သံကောက်အိတ်တို့၌လည်း ဧသေ ဝနယော။

သားရေ အခင်း၌ သိုးရေ၊ ဆိတ်ရေ ဟူသမျှကို ခင်း၍ ထိုင်ခြင်း၊ အိပ်ခြင်းငှါ အပ်၏။

မိဂစမ္မ -သမင်ရေ ဟူသည်ကား ဧဏိမိဂ-ဧဏိ မည်သော သား။ ဝါတမိက-သမင်ပျံ၊ ပသဒမိပ-ချေ။ ကုရုင်္ဂမိဂ-ဆတ်။ မိဂ မာတုက-စိုင်၊ ဝါ-အောက်မား။ ရောဟိတ မိဂ-သမင်ပါး၊ ဤ မိဂတို့၏သာလျှင် သားရေတို့သည် အပ်ကုန်၏။]

မအပ်သော သားရေ

[မက္ကဋ-မျောက်၊ ကာဠသီဟ-ဝံနက် (ဝါ- မျောက်ညို)၊ သရဘ-သရာဘ မည်သော သား၊ ကဒလိ မိဂ-ဝံပိုင်၊ ဝါဠမိဂ-ခြင်္သေ့ သစ် ကျား ဝံ အောင်း ဟူသော သားရဲ၊ ထိုသတ္တဝါတို့၏ သားရေသည် မအပ်။

ဝါဠမိဂ ဟူသည် သီဟဗျဂ္ဃ အာတရစ္ဆ တို့တည်း။ သားရေ အပ်သည်ဟု ဆိုအပ်သည်မှ ကြွင်းသော နွား၊ ကျွဲ၊ ယုန်၊ ကြောင် စသည်တို့ကို သော်လည်း ဤ ဝါဠမိဂ ဟူ၍ သိအပ်ကုန်၏။ ထိုသားရေအားလုံး မအပ်။]

သဗ္ဗတ္ထ ပညတ်တစ်ပါး

[လက်သို့ မရောက်မီ ဟူသည်၌ အကြင် ရွေ့လောက် ယူလာ၍ မလှူသေး၊ အရှင်တို့အား သင်္ကန်း ဖြစ်သည်ဟု စေ၍ မပြောကြားသေး။ ထိုရွေ့လောက် ကာလပတ်လုံး ရေတွက်ခြင်းသို့ မရောက်။ အဓိဋ္ဌာန် မတင်ဘဲ အပ်၏၊ အဓိဋ္ဌာန် တင်အပ်သည်ဟု ရေတွက်ခြင်းသို့ မရောက် ဟူလို။ အကြင် အခါ ယူလာ၍ လှူ၏။ ဖြစ်သည် ဟူ၍သော်လည်း ကြား၏။ ထိုအခါမှစ၍ ဆယ်ရက် အစောင့်အရှောက် ရ၏။]

[သာဋီ ... ကာဠသီဟသည် ကာဠမုခဝါနရ ဇာတိ

ဝိဋီ ... ကာဠသီ ဟောတိ ကာဠမုခဝါနရ ဇာတိ ... မျက်နှာမည်းသော မျောက်မျိုး တည်း။

သားရေသည် မအပ်ဟူသည် ထိုင်စရာ အခင်းပြုလျှင် မအပ်။ ဘုမတ္တရဏ စသည်စွမ်းဖြင့် သေနာသန ပရိဘောဂသည် အပ်သည်သာတည်း။

ဇီဋီ ... မိဂ မာတုကဝါတမိဂသည် ထိုတို့၏ အမည်ဖြစ်၏။ ကဠသီ ဟောတိ ကာဠမု ခေါကပိ -မျက်နှာမည်းသော မျောက်တည်း။

သားရေသည် မအပ်ဟူသည် သားရေအပ်ကြောင်း နည်းသည် နောက်၌ ထင်ရှားလတ္တံ့။ မိမိ၏ ပုဂ္ဂလိက စွမ်းဖြင့် ဆောင်ခြင်းကို ပယ်အပ်၏။ နဘိက္ခဝေ ကိဉ္စိ စမ္မံဓာရေ တဗ္ဗံ - ဤမျှဖြင့် ပြီးသော်လည်း နဘိက္ခဝေ ဂေါစမ္မံ ဟူသည်ကို နောက် ပစ္စန္တရာဇ်၌ သားရေခင်းခွင့် ပြုရာ၌ ခွင့်ပြုလေသလော ဟု လျဉ်းပါးဖွယ် ဘေးကြောင့် ဆိုသည်ဟု မှတ်အပ်၏။)

(သားရေမှ တစ်ပါးဖြင့် ပြုလျှင် ပါဒုကာ-မအပ်။ လူသားရေမှ တစ်ပါးသော သားရေဖြင့် ပြုလျှင် ဥပါဟနာ-အပ်၏။ ရှေးမထေရ်တို့သည် ဖိနပ်၌ စက္ကူ၊ အဝတ်၊ သစ်ရွက်တို့ ရှိသည်ကိုရလျှင် ခွါ၍ ပယ်စွန့်၍ သုံးဆောင်ကုန်၏။ ရော်ဘာခေါ် ကြက်ပေါင်စေးခံ တို့ကို သားရေအား လျော်သည်ဟု အချို့ ယူကုန်၏။ သားရေမှ တစ်ပါး အလျော်ကို မပြသောကြောင့် မူအပ်ဟု အချို့ ယူကုန်၏။ တစ်ပြင်လုံး မဟုတ်ဘဲ ထိုထို နေရာ၌ ခိုင်အောင်ပြုခြင်းကိုကား အပြစ်မဆိုကုန်၊)

ဓမ္မက္ခန္ဓက ပြီး၏။

၆ - ဘေသဇ္ဇက္ခန္ဓက

လျက်ဖွယ်ဆေး ငါးပါး

ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ ရဟန်းတို့အား သာရဒိက-သရဒဥတု အနာနှိပ်စက်သဖြင့်၊ ယာဂုသောက် လည်း အန်၊ ဆွမ်းစားလည်း အန်သောကြောင့် ပိန်ချုံးကုန်၏။

ဘုရားရှင် မြင်၍ ဆေးလည်းဖြစ်၊ အာဟာရလည်း ဖြစ်သော ဆေးငါးပါးကို ခွင့်ပြုအံ့ဟု ကြံ၍ တရားဟောပြီးလျှင် ချစ်သားတို့၊ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်လဲ အားဖြင့် ဆေးငါးပါးတို့ကို နံနက် အကပ်ခံ၍ နံနက် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏ ဟု မိန့်တော်မူ၏။

ထော၊ ဦး၊ ဆီ၊ ပျား(၄)၊
တင်လဲအား(၁) - ငါးပါး လျက်ဖွယ်ဆေး။

ရဟန်းတို့သည် သိမ်မွေ့သော ထိုဆေး ငါးပါးဖြင့် အစာမကြေသော ရောဂါတိုး၍ အထူး ပိန်ချုံးကုန်၏။ ချစ်သားတို့၊ ထိုဆေး ငါးပါးတို့ကို အကပ်ခံ၍ နံနက်၌လည်းကောင်း၊ နေလွဲ၍လည်းကောင်း သုံးဆောင်ခြင်းငှါ ပြု၏။

[သာရဒိကသည် သရဒကာလ၌ ဖြစ်သောကြောင့် ပိတ္တာ ဗာဓ- သည်းခြေနာတည်း။ ထိုကာလ၌ မိုးစွက်ခြင်း၊ ရွံ့ညွှန် နင်း၍၊ အကြား အကြား၌ နေပူပြင်းခြင်းတို့ကြောင့် သည်းခြေသည် အူတွင်းသို့ ရောက်၏။

အစာမကြေ ဟူသည် ဝါတရောဂ- လေရောဂါကို ငြိမ်းစေခြင်းငှါ မတတ်နိုင်။ သေနေ သိတာ နီတိသိ နိဒ္ဓါနိ-သိမ်မွေ့ကုန်၏။ ဘတ္တစ္ဆန္ဒက-အစာ မစားလိုသော ရောဂါတိုး၏။]

(တော်သလင်းလဆုတ်မှ တန်ဆောင်မုန်း လပြည့်ထိ နှစ်လသည် သရဒ ဥတု မည်၏။)

(ဝိဋီ ... သည်းခြေသည် အူတွင်းသို့ ရောက်၏-ဟူသည် ပြင်ပကိုယ်လုံးနှံ့ တည်သော အဗဒ္ဓ သည်းခြေသည် အူတွင်းသို့ ဝင်ရောက်၏။ သည်းခြေ ပျက်၏ ဟူလို။ နစ္ဆာဒေန္တိတိ ရုစိံ န ဥပ္ပါဒေန္တိ - စားခြင်းငှါ အလိုကို မဖြစ်စေကုန်။)

(ထောပတ် စသော ဆေး ငါးပါးသည် နံနက် အကပ်ခံလျှင် ထိုနေ့ နံနက်၌ အာမိသနှင့်လည်း အပ်၏။ နေလွဲမှ စ၍ ခုနစ်ရက်လုံး အာမိသကင်းမှ အပ်သည်။ နေလွဲ အကပ်ခံလျှင် ခုနစ်ရက်လုံး အာမိသကင်းမှ အပ်သည်။ ခွက်၌ လည်းကောင်း ခံတွင်း၌ လည်းကောင်း အမိသ မရောအပ်။)

သားဆီ ငါးပါး

ထိုအခါ ဂိလာန ရဟန်းတို့အား သားဆီဆေးဖြင့် အလိုရှိ၏။ ချစ်သားတို့၊ သားဆီ ဆေးတို့ကို ခွင့်ပြု၏။ အစ္ဆဝသံ-ဝံဆီကို၊ မစ္ဆဝသံ - ငါးဆီကို၊ သုသုမာရဝသံ-သမုဒြာ ငါးဆီကို၊ သူကရဝသံ-ဝက်ဆီကို။ ဂဒြဘဝသံ-မြဲဆီကို ခွင့်ပြု၏။ နံနက် အကပ်ခံ၍ နံနက် ချက်၍ ဆီအဖြစ်ဖြင့် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။

ချစ်သားတို့၊ နေလွဲ အကပ်ခံ၊ နေလွဲ ချက်၊ နေလွဲ စစ်၍ သုံးဆောင်အံ့။ ဒုက္ကဋ်။ သုံးခု။

နံနက် အကပ်ခံ၊ နေလွဲ ချက်၊ နေလွဲ စစ်၍ သုံးဆောင်အံ့- ဒုက္ကဋ် နှစ်ခု။

နံနက် အကပ်ခံ၊ နံနက် ချက်၊ နေလွဲ စစ်၍ သုံးဆောင်အံ့- ဒုက္ကဋ်။

နံနက် အကပ်ခံ၊ နံနက် ချက်၊ နံနက် စစ်၍ သုံးဆောင်အံ့- အနာပတ္တိ (လေးဝါရ)။

[ဝံဆီ စသည်ကို နိဿဂ္ဂိ အဖွင့်၌ ဆုံးဖြတ်သည်။

နံနက် အကပ်ခံ စသည်၌ မွန်းတည့်မလွန်မီ အကပ်ခံ၍ နိပက္ကံ-ပစိတွာ-ချက်၍၊ သံသဋ္ဌံ ပရိဿာဝေတွာ-စစ်၍ ဟူသော အနက်တည်း။

ဆီအဖြစ်ဖြင့် ဟူသည် သတ္တာဟ ကာလိက ဆီကို သုံးဆောင်ခြင်းဖြင့် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။]

(သာဋီ ... သုသုကာသည် သမုဒြာ၌ ဖြစ်သောငါးတစ်မျိုး။ ကုမ္ဘိလ- လပိုင် ဟူ၍လည်း ဆိုကုန်၏။

သံသဋ္ဌန္တိ ပရိဿဝိတံ−စစ်၍၊ ဆီအဖြစ်ဖြင့် ဟူသည်ကို သတ္တာဟ ကာလိက ပရိဘောဂကို ရည်ဆိုသည်။

ဝိဋီ ... ထို အတူတည်း။)

(အပ္ပိယ မံသမှ ဝံဆီကို ခွင့်ပြုသည်။ အဆီ၌ လူဆီ-မနုဿဝသာ တစ်မျိုးသာ မအပ်။)

အမြစ်ဆေး

ထိုအခါ ဂိလာနတို့အား အမြစ်ဆေး အလိုရှိ၏။ ချစ်သားတို့၊ ဟလိဒ္ဒိ-နနွင်း၊ သိင်္ဂီဝေရ-ချင်း၊ ဝစ-လင်းနေ၊ ဝစ္စတ္တံ (သေတဝစ) - ဆိတ်ဖူး၊ အတိဝိသ−ဓိဝုတ်၊ ကဋုက ရောဟိဏီ-ကုလားဆောင်း မေးခါး။ ဥသီရ-ပန်းရင်း။ ဘဒ္ဒမုတ္တက- နွား မြေရင်း။ ထိုမှတစ်ပါး ခဲဖွယ်ဘောဇဉ် အကျိုးမပြီးသော အမြစ် ဟူသမျှ - ထိုအမြစ် ဆေးတို့ကို အကပ်ခံ၍ ယာဝဇီဝံ-တစ်သက်လုံး ဆောင်ခြင်းငှါ အကြောင်းရှိလျှင် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ အကြောင်းမရှိဘဲ သုံးဆောင်အံ့ ဒုက္ကဋ်။

ဂိလာနတို့အား မူလ ဘေသဇ္ဇပိဋ္ဌ-အမြစ်ဆေး အမှုန့် အလိုရှိ၏၊ ချစ်သားတို့၊ နိသဒံ-ကျောက်ပျဉ်ကို၊ နိသဒ ပေါတကံ- ကျောက်သားကို ခွင့်ပြု၏။

[အမြစ်ဆေး စသော ဝိနိစ္ဆယကို ဝိကာလ ဘောဇန ပါစိတ်၌ ဖွင့်သည်။ ဝစတ္တန္တိ သေတဝစံ - လင်းဖြူ၊ ဝါ-ဆိတ်ဖူး။

နိသဒနိသဒ ပေါသတသည် ပိသန သိတာ-ကြိတ်စရာ ကျောက်၊ ပိသန ပေါတက- ကြိတ်စရာ ကျောက်လုံးတည်း။]

(သာဋီ ... ပိဋ္ဌေဟီတိ ပိသိတေဟိ- ကြိတ်ချေအပ်သော အမြစ်ဆေး တို့ဖြင့် အလိုရှိ၏။

ဝိဋီ ... ထိုအတူတည်း။

ဇီဋီ ... ပိဋ္ဌေဟီတိ ပိသီတတေ လေဟိ- ကြိတ်သော အဆီတို့ဖြင့်။) အနာအကြောင်း ရှိလျှင် ဂိလာနအား၊ ဆာခြင်း အကြောင်းရှိလျှင် အဂိလာနအား ပစ္စဝေက္ခဏာ ဆင်ခြင်၍ စားအပ်၏။ အကြောင်းရှိသော်လည်း မဆင်ခြင်ဘဲ စားလျှင် ဝိကာလ ဘောဇန အန္တရာပတ် ဒုက္ကဋ် တည်း၊

ဖန်သော ဆေး

ထိုအခါ ဂိလာနတို့အား အဖန်ဆေး အလိုရှိ၏။ ချစ်သားတို့၊ နိမ္ဗကသာ၀ - တမာဖန်၊ ကဋဇ - လက်ထုတ်ဖန်၊ ဖဂ္ဂဝ-ခွေးတောက်ဖန်၊ နက္ကမာလ(ကရဉ္ဇ)-သင်းဝင်ဖန်၊ ထိုမှတစ်ပါး အာဟာရ ကိစ္စ မပြီးသော ဖန် ဟူသမျှ။ ထိုအဖန် ဆေးတို့ကို အကပ်ခံ၍ တစ်သက်လုံး ဆောင်ခြင်းငှါ အကြောင်းရှိလျှင် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ အကြောင်း မရှိဘဲ သုံးဆောင်အံ့ ဒုက္ကဋ်။

[ဖဂ္ဂဝသည် လတာဇာတိ-နွယ်မျိုး။ နတ္တမာလန္တိကရဉ္ဇံ။]

(ဝိဋီ ... ကသာဝ ဟူသည် သစ်ခေါက် စသည်တို့ကို ရေ၌ ပူစေ၍ ယူသော ဦသရ-ဖန်သော အရည်ဖြစ်၏။)

အရွက်ဆေး

ထိုအခါ ဂိလာနတို့အား သစ်ရွက်ဆေး အလိုရှိ၏။ ချစ်သားတို့၊ နိမ္ဗပဏ္ဏ-တမာရွက်၊ ကုဋဇ-လက်ထုတ်ရွက်၊ ပဋောလ-ဗြူးတားရွက်၊ တုလတိ-ရုံးရွက်၊ ကပ္ပါသ-ဝါရွက်၊ ထိုမှတစ်ပါး အာဟာရ ကိစ္စမပြီးသော သစ်ရွက် ဟူသမျှ- ထိုသစ်ရွက်ဆေး ကိုကို အကပ်ခံ၍ တစ်သက်လုံး ... ။

အသီးဆေး

ထိုအခါ ဂိလာနတို့အား သစ်သီးဆေး အလိုရှိ၏။ ချစ်သားတို့၊ ဗိဠင်္ဂ-အိပ်မွေ့သီး၊ ပိမ္ဖလိ- ပိတ်ချင်းသီး၊ မရိစ–ငရုတ်--ငရုတ်ကောင်းသီး၊ ဟရီဋက-သဖန်းခါးသီး၊ ဝိဘေဒက-သစ်ဆိမ့်သီး၊ အာမလက-သျှိသျှားသီး၊ တောဋ္ဌဖလ-သမင်စာသီး၊ ထိုမှ တစ်ပါး အာဟာရ ကိစ္စမပြီးသော သစ်သီး ဟူသမျှ ... တစ်သက်လုံး။

အစေးဆေး

ထိုအခါ ဂိလာနတို့အား ဇတု- အစေးဆေး အလိုရှိ၏။ ချစ်သားတို့၊ ဟိင်္ဂု -ပင်ယို ရှိန်းခိုစေး၊ ဟိင်္ဂု ဇတု-ရိုးရွက် ချက် ရှိန်းခိုစေး၊ ဟိင်္ဂု သိပါဋိက-ရွက်ချိန် ရှိန်းခိုစေး၊ တက-ညွှန့်ဖျားထွက် ရှိန်းခိုစေး၊ တက ပတ္တိ- ရွက်ထွက် ရှိန်းခိုစေး၊ တက ပဏ္ဏိ-ရွက်ရင့် ပေါင်းပြုသော ရှိန်းခိုစေး၊ ဝါ-ရိုးထွက် ရှိန်းခိုစေး၊ သဇ္ဇုလသ-- ပွဲလျက်စေး။ ထိုမှတစ်ပါး အာဟာရ ကိစ္စ မပြီးသော အစေး ဟူသမျှ ... တစ်သက်လုံး။

[ဟိင်္ဂုဟိင်္ဂု ဇတုဟိင်္ဂုသိပါဋိတ- သုံးမျိုးသည်၊ ဟိင်္ဂု ဇာတိ- ရှိန်းခိုမျိုးသာတည်း။
တကတက ပတ္တိတက ပဏ္ဏိ-သုံးမျိုးသည် လာခါ ဇာတိ-ချိပ်မျိုး။]

ဆားဆေး

ထိုအခါ ဂိလာနတို့အား လောဏ-ဆားဆေး အလိုရှိ၏၊ ချစ်သားတို့၊ သာမုဒ္ဒ-ပင်လယ်ဆား၊ ကာဠ လောဏ-ပကတိဆား၊ သိန္ဓဝ-သိန္ဓော၊ ဥဗ္ဘိဒ-မြေပေါက်ဆား။ ဗိလ-ချက်ဆား။ ထိုမှတစ်ပါး အာဟာရကိစ္စမပြီးသော ဆား ဟူသမျှ ... တစ်သက်လုံး..

[သာမုဒ္ဒသည် သမုဒြာကမ်း၌ သဲကဲ့သို့ တည်၏။
ကာဠ လောဏသည် ပကတိ လောဏ။
သိန္ဓဝသည် ဖြူ၏။ တောင်၌ ပေါက်၏။
ဥဗ္လိဒ သည် မြေမှ အညှောက်ပေါက်၏။
ဗိလသည် အဆောက်အဦတို့နှင့်တကွ ချက်သော ဆားဖြစ်၏။ နီ၏။]

သာဋီ ... ဥဗ္ဘိဒံနာမ ဦသရ ပံသုမယံ

ဝိဋီ ... ဥဗ္ဘိဒန္တိ ဥသဒ ပံသု မယံ - ဆပ်ပြာ မြေဖြင့်ပြုသော ဆား။
လောဏ ဗိလန္တိ လောဏ ဝိသေသော-ဆားထူး။)

ဝဲနာဆေး၊ ဆေးမှုန့်

ထိုအခါ အာနန္ဒာ၏ ဥပဇ္ဈာယ် ရှင်ဗေလဋ္ဌ သီသအား ထုလ္လကစ္ဆ-ဝဲကြီးနာ စွဲကပ်၏။အနာစေးဖြင့် သင်္ကန်းတို့ ကိုယ်တို့ ကယ်ကုန်၏။ ရေဆွတ်ခွါရ၏။

ချစ်သားတို့၊ ကဏ္ဍုဝါ-ယားနာ၊ ပိဠကာ-အိုင်းနာ၊ အဿာဝေါ-အရည်အရွှဲ ယိုသော အနာ- ထုလ္လကစ္ဆာ ဗာဓော-ဝဲကြီးနာရှိသူအား လည်းကောင်း၊ ကိုယ်နံ့ မကောင်းသူအား လည်းကောင်း စုဏ္ဏ-အမှုန့်ဆေးတို့ကို ခွင့်ပြု၏။ အနာ မရှိသူအား ဆကဏ-နွားချေးခြောက်၊ မတ္တိက- မြေညက်ခဲ၊ ရဇန နိပက္က-- ဆိုးရည်ဖတ်ကို ခွင့်ပြု၏။

ချစ်သားတို့၊ ဥဒုက္ခလ-ဆုံ၊ မုသလ- ကျည်ပွေ့ကို ခွင့်ပြု၏။ ဂိလာနတို့အား စာလိက-ဆင့်သော ဆေးမှုန့် အလိုရှိ၏။ ချစ်သားတို့၊ စုဏ္ဏ စာလိန-ဆင့်သော ဆေးမှုန့်ကို ခွင့်ပြု၏။

သဏှ- သိမ်မွေ့သော ဆေးမှုန့် အလိုရှိ၏။ ချစ်သားတို့၊ ဒုဿ စာလိန - အဝတ်ဖြင့် ဆင့်သော ဆေးမှုန့်ကို ခွင့်ပြု၏။

[ကိုယ်နံ့ မကောင်း ဟူသည် အချို့အား မြင်း စသည်တို့၏ အနံ့ကဲ့သို့ ကိုယ်နံ့ ဖြစ်၏။ ထိုသူအားလည်း သိရီသ- ကုက္ကို၊ ကောသုမ္ဘ- ဝတ်ပန်း စသော အမှုန့်၊ နံ့သာမှုန့်တို့လည်း အပ်ကုန်၏။

ဆကဏန္တိ ဂေါမယံရဇနနိ ပက္ကန္တိ ရဇနက သဋံ -ဆိုးရည်ကျိုပြီးသော အဖတ်မှုန့်တည်း။

ပါကတိက စုဏ္ဏကိုသော်လည်း ထောင်း၍ ရေဆွတ်၍ ရေချိုးခြင်းငှါ အပ်၏၊ ရာဇနနိ ပက္က မည်သည်သာ တည်း။]

(သာဋီ ... ဆကဏကန္တိ ဂေါမယံပါကဟိတ စုဏ္ဏသည် မကျိုသော ကသာဝ အမှုန့်တည်း။ ထိုကြောင့် နံ့သာမှုန့်ဖယ်၍ အားလုံးအပ်သည်ဟု ဆိုကုန်၏။

ဝိဋီ ... ဆကဏန္တိ ဂေါမယံ-န္နားချေး။ ပကတိ စုဏ္ဏသည် အဝက္ကသာဝ စုဏ္ဏတည်း။ ဂန္ဓ စုဏ္ဏကား မအပ်။
ပါဠိ၌ စုဏ္ဏ စာလိနိသည် ဆုံ၌ ထောင်းသော အမှုန့်ကို ဆင့်ခြင်းတည်း။)

အာမသ မံသ

ထိုအခါ ရဟန်းတစ်ပါးအား အမနုဿိကာ ဗာဓ- ဘီလူးဖမ်းသော အနာဖြစ်၏။ စောင့်ရှောက်၍ မရ၊ ဝက်သားဆိုင်သို့ သွား၍ အာမက မံသ-အသားစိမ်းကို စား၏။ အာမက မလာဟိတ-သွေးစိမ်းကို သောက်၏။ ထိုအခါ အနာငြိမ်း၏။

ချစ်သားတို့၊ အမနုဿိကာ ဗာဓ ကြောင့်၊ အာမက မံသကို လည်းကောင်း၊ အာမက မလာဟိတကို လည်းကောင်း၊ ခွင့်ပြု၏။

[အသားစိမ်း၊ အသွေးစိမ်းကို ရဟန်းသည် မစား၊ မသောက်။ ဘီလူးသည် စားသောက်၍ ထွက်သွား၏။ ထိုကြောင့် အနာငြိမ်း၏ဟု ဆိုသည်။]

ဩဒိဿ ခုနစ်ပါး

(ဘေသဇ္ဇ သိက္ခာပုဒ် အဖွင့်၌ ဩဒိဿ ခုနစ်ပါး ပြသည်။ ဘီလူးဖမ်းသော အနာရှိသူအား သွေးစိမ်း၊ သားစိမ်း ခွင့်ပြုခြင်းသည် ဗျာဓိ ဩဒိဿ မည်၏။ နေလွဲ၌လည်း အပ်သည်။ အကပ္ပိယ မံသ ဆယ်ပါးလည်း အပ်သည်။ တစ်ပါးသော ရဟန်းအား မအပ်။

စားမြုံ့ ပြန်တတ်သော ရဟန်းအား စားမြုံ့ ပြန်ခွင့် ပြုခြင်းသည် ပုဂ္ဂလော ဒိဿ

မြွေခဲသောအခါ မဟာဝိကဋဆေး (ဝိရူပ ဆေး) လေးပါးကို အကပ်မခံသော်လည်း စားခွင့် ပြုခြင်းသည် ကာလော ဒိဿ ...။

ဂဏဘောဇန သမယ စသော ထိုထို သမယ၌ အနာပတ္တိဟု ခွင့်ပြုခြင်းသည် သမယော ဒိဿ ...။

ပစ္စန္တရာဇ်၌ ငါးပါးဖြင့် ဥပသမ္ပဒကံ စသည် ခွင့်ပြုခြင်းသည် ဒေသော ဒိဿ

လူဆီမှ တစ်ပါး သားဆီ ဟူသမျှကို သတ္တာဟ ကာလိက တေလ အဖြစ်ဖြင့် ခွင့်ပြုခြင်းသည် ဝသော ဒိဿ ...။

ထောပတ် စသော ငါးမျိုးကို အာဟာရ ကိစ္စပြီးလျက် သတ္တာဟ ကာလိက ဆေးအဖြစ်ဖြင့် ခွင့်ပြုခြင်းသည် ဘေသဇ္ဇော ဒိဿ မည်၏။

ဗျာဓိ၊ ပုဂ္ဂလာ (၂) ကာလာ၊ သမယော (၂)၊ ဒေါသော၊ ဝသ (၂)၊ ဘေသဇ္ဇ (၁)-သတ္တ ဩဒိဿ

ပုရိသတို့သည် ဘိက္ခုနီတို့ကို ခြေ၌ဆုပ်ကိုင်၍ ရှိခိုးခြင်း၊ ဆံရိတ်ခြင်း၊ အနာ ဆေးကုခြင်းတို့ကို ပြုကုန်အံ့၊ ဘိက္ခုနီ တို့အား သာယာသော်လည်း အနာပတ္တိ။ သြဒိဿ အနုညာတ ဖြစ်၍ အပ်သည်ဟု အဋ္ဌကထာ တို့၌ ဆို၏။ ထို့ပြင် ထိုထိုနေရာ၌ ဩဒိဿ အနုညာတတို့ ရှိကုန်သေး၏။ ဘေသဇ္ဇ သိက္ခာပုဒ်၌ကား ခုနစ်ပါးမျှသာ ပြသည်။)

ငါးချဉ် စသည်

(ငါး၊ အမဲ၊ ပုစွန် တို့ကို နုပ်နုပ်စင်း၍ ထမင်းဖြင့် နယ်၍ တညဥ့် နှစ်ညဥ့် သိပ်၍ ငါးချဉ်၊ အမဲချဉ်၊ ပုစွန်ချဉ်ဟု-ဆီ၊ ငရုတ်၊ ကြက်သွန်တို့နှင့် မြိန်မြတ်စွာ လူအချို့ စားကုန်၏။ ရဟန်းတို့အားလည်း လှူကုန်၏။ အချို့ သုံးဆောင်ကုန်၏။ အချို့ကား အာမက မံသဟု မသုံးဆောင်ကြကုန်။ ကိုယ်တိုင်ချက်လျှင် သာမံမတ္တ အပြစ်လည်း မလွတ်နိုင်ဟု ဆိုကုန်၏။

ဂရုကလဟု ကေသု-စသည်ဖြင့်လည်း ဉာဏ်အခွင့်ကို ပိတ်ဆို့လျက် ပြီးလွယ်အောင် ဆိုတတ်ကုန်၏။ ဉာဏ်စီစစ်လျှင်ကား-အသားစိမ်း ခေါက်ခေါက်ဖြင့် စိမ်သော လောဏ လောဝီရက ဆေးကို တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်ခန့် စိမ်သောအခါ ဂိလာနအား လေနာ ပျောက်ဆေး၊ အဂိလာနအား ရေရော၍ အဖျော်ဟု ခွင့်ပြုခြင်းဖြင့် နေ့ရက် အချိန် ကာလတိုင်း အစိမ်းမှ အကျက်သို့ အဖျာ်သို့ပင် ကာလိက ရွှေ့ပြောင်းပုံကို လည်းကောင်း၊ မြက်မီးရှူးလက်မှ ကျရာ မြေ၌ ထင်းပုံ၍ ထည့်ကောင်းခြင်း၊ အပူငွေ့ရောက်ရာ မြေကို ဖျက်ဆီးကောင်းခြင်း တို့ကို ဋ္ဌကထာ ဆိုခြင်းဖြင့် ဇာတ ပထဝီသည် အဇာတ ပထဝီ မြေကျက် ဖြစ်လွယ်ပုံကို လည်းကောင်း သိအပ်၏။

ထိုကြောင့် ထိုအစာသည် အစိမ်းခေါက်ခေါက် အာမက မံသ မဟုတ်၊ မနပ်တစ်နပ် အသားဟင်း၊ မကျက်တကျက် ဘဲဥကြော်အလားသာ ဖြစ်၏။ သပိတ်၌ မနပ်သောဆွမ်းကို အငွေ့ဖြင့် နပ်အောင်ဖုံးလျှင်သာ သာမံပက္က အပြစ်မလွတ်။ နို့ရက်တက်တို့ကား တစ်ကြိမ် ဆူလျှင် မီးထိုးကောင်းပြီ ဋ္ဌကသာ ဆိုခြင်းကြောင့် ထိုအစာသည် သာမံပက္က အပြစ်မလွတ်။ မနပ်တစ်နပ် ဘဲဥကြော်လည်း သာမံပတ္တ အပြစ် မလွတ်၊ အာမက ကံသ အဖြစ်မှကား လွတ်သည်၊ ဘီလူးပူး၍ စားသော အစိမ်းခေါက် မဟုတ် ဟူ၍သာ ဆုံးဖြတ်အပ်၏။ သို့ရာတွင် သံသယ မကင်းသူအား အပ်သည်၌ပင်။ ဒုက္ကဋ် သင့်ခြင်းကိုလည်း သတ်ပြုအပ်ပေ၏။ ဂရုကလဟု ကေတုကို ဖြည်းဖြည်းစဉ်းစား၍ ဆိုသင့်၏။)

မျက်စဉ်းဆေး

ထိုအခါ ရဟန်းတစ်ပါးအား မျက်စိ ရောဂါဖြစ်၏။ ချီပွေ့၍ ကျင်ကြီး ကျင်ငယ် စွန့်စေရ၏။ ချစ်သားတို့၊ အဉ္ဇန-မျက်စဉ်း သာမန်၊ ကာဠဉ္ဇန - မည်းသော မျက်စဉ်း၊ ရသဉ္ဇန - ဆေး ထူးထူးဖြင့် ပြုသော မျက်စဉ်း၊ သောတဉ္ဇန - ရေယဉ် မျက်စဉ်း၊ ဂေရုက - ဂွေ့မျက်စဉ်း၊ ကပလ္လ - မင်သေ မျက်စဉ်း တို့ကို ခွင့်ပြု၏။

အဉ္ဇနုပ ပိသန - မျက်စဉ်းနှင့် ကြိတ်စရာဆေး အလိုရှိကုန်၏။ ချစ်သားတို့၊ စန္ဒန-စန္ဒကူး၊ တဂရ- ထောင်ဇလပ်၊ ကာလာနုသာရိ- အကျော်၊ ကာလိသ - ကရမက်၊ ဘဒ္ဒပုတ္တက - နွားမြေရင်း တို့ကို ခွင့်ပြု၏။

ရဟန်းတို့သည် မျက်စဉ်းမှုန့်ညက် တို့ကို ခွက်ငယ်တို့၌ ထားကုန်၏။ မြက်မှုန့် ခြေမှုန့် ပြွမ်း၏။ ချစ်သားတို့၊ အဉ္ဇနီ – မျက်မျဉ်းကျည် (မျက်စဉ်းကျည်တောက်ဘူး)ကို ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် ရွှေငွေဖြင့် ပြုသော မျက်စဉ်းကျည် အယုတ်အမြတ် တို့ကို ဆောင်ကုန်၏။

ချစ်သားတို့၊ မျက်စဉ်းကျည် ယုတ်မြတ် မဆောင်အပ်။ ဒုက္ကဋ်။ ချစ်သားတို့၊ အဋ္ဌိမယ-အရိုးဖြင့် ပြီးသော မျက်စဉ်းကျည်၊ ဒန္တ-ဆင်စွယ်၊ ဝိသာဏ−သားချို၊ နဠ-ကျူ၊ ဝေဠ-ဝါး၊ ကဋ္ဌ-သစ်သား၊ ဇတု-ချိပ်၊ ဖလ-သစ်သီး၊ လောဟ-သံ၊ သင်္ခနာဘိ-ခရုချက်၊ ဝါ-ခရုခွံဖြင့် ပြီးသော မျက်စဉ်းကျည်ကို ခွင့်ပြု၏။

မျက်စဉ်းကျည် အဖုံးမရှိ၍ မြူကျ၏။ ချစ်သားတို့၊ အပိဓာန-အဖုံးကို ခွင့်ပြု၏။ အဖုံးလွတ်ကျ၏။ ချစ်သားတို့၊ ကြိုးချည်၍ မျက်စဉ်းကျည်၌ ဖွဲ့ခြင်းငှါ ခွင့်ပြု၏။၊ မျက်စဉ်းကျည် လွတ်ကျ၏။ ဝါ-ကွဲ၏။ ချစ်သားတို့၊ ကြိုးဖြင့် ချည်ခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့သည် လက်ချောင်းဖြင့် မျက်စဉ်းခတ်၍ မျက်စိ နာကျင်၏။ ချစ်သားတို့၊ အဉ္ဇနိ သလာက - မျက်စဉ်းတံကို ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် ရွှေငွေဖြင့် မျက်စဉ်းတံ ယုတ်မြတ် ဆောင်ကုန်၏။ ကာမဘောဂီဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ မျက်စဉ်းတံ ယုတ်မြတ် မဆောင်အပ်- ဒုက္ကဋ်။ ချစ်သားတို့၊ အဋ္ဌိမယ ...လ... သင်္ခနာဘိမယကို ခွင့်ပြု၏။

မျက်စဉ်းတံ မြေသို့ကျ၍ ကြမ်း၏။ ချစ်သားတို့၊ သလာကဋ္ဌာနိယ-မျက်စဉ်တံ ထားစရာကို ခွင့်ပြု၏။

ရဟန်းတို့သည် မျက်စဉ်းကျည်၊ မျက်စဉ်းတံကို လက်ဖြင့် ဆောင်ကုန်၏။ ချစ်သားတို့၊ အဉ္ဇနိထဝိက-မျက်စဉ်းအိတ်တို့ ခွင့်ပြု၏။

အံသဗဒ္ဓက - ပခုံးဖွဲ့ မရှိ။ ချစ်သားတို့၊ ပခုံးဖွဲ့ကြိုးကို၊ ချည်စရာ ကြိုးကို ခွင့်ပြု၏။

[အဉ္ဇနသည် အားလုံး သိမ်းကျုံးသော စကား ဖြစ်၏။

ကာနဠဉ္ဇန သည် မြစ်ရေအယဉ် စသည်တို့၌ ဖြစ်သော မျက်စဉ်းတည်း။

ဂေရုကော နာမ သုဝဏ္ဏ ဂေရုကော-အဆင်းရွှေသော ဂွေ့သင်္ဘောတည်း။

ကပလ္လ သည် မီးလျှံမှ ဟူသော မင်တည်း။

အဉ္ဇနုပ ပိသနသည် မျက်စဉ်းနှင့်အတူ တကွ ကြိတ်စရာတည်း။ အဉ္ဇနုပ ပိသန တစ်စုံတစ်ခုသည် မအပ်သည် မရှိ။

စန္ဒနသည် စန္ဒကူးနီ စသည် အားလုံးတည်း။ တဂရ စသည် ထင်ရှား၏။ တစ်ပါးသော နီလုပ္ပလ-ကြာညို စသည်တို့လည်း အပ်ကုန်၏။

အဋ္ဌိမယသည် လူရိုးမှ တစ်ပါး အရိုး ဟူသမျှတည်း။

ဒန္တသည် ဆင်စွယ် စသော အစွယ်အားလုံးတည်း။

ဝိသာဏ၌လည်း မအပ် မည်သည် မရှိ။ နဠ စသည် တို့အား ဧကန္တ ကပ္ပိယတို့ သာတည်း။

သလာကဋ္ဌာနိယ သည် မျက်စဉ်းတံ ကို ထည့်ထားစရာ အခေါင်းရှိသော အတံဖြစ်စေ၊ အိတ်ဖြစ်စေ ခွင့်ပြု၏ ဟူလို။

အံသဗဒ္ဓကသည် မျက်စဉ်းအိတ်၌ တပ်စရာ ပခုံးဖွဲ့ ကြိုးတည်း။]

(သာဋီ ... သုဝဏ္ဏ ဂေရုကောတိ သုဝဏ္ဏ ထုတ္ထာဒိအဉ္ဇနုပ ပိသန သည် မျက်စဉ်း အလို့ငှါ ကြိတ်အပ်သော အမှုန့်မျိုးတည်း။

ဝိဋီ ... သုဝဏ္ဏ ဂေရုကန္တိ သုဝဏ္ဏ တုဋ္ဌာဒိ။ ပါဠိ၌ အဉ္ဇနုပ ပိသနသည် မျက်စဉ်း၌ ထည့်ခြင်းငှါ ကြိတ်အုပ်သောဆေး။

ဇီဋီ ... နာနာသမ္ဘာရတို့ဖြင့်ဟူသည် အထူးထူးသော ဆေးတို့ဖြင့် ပြုသော မျက်စဉ်း။)

ဦးခေါင်းပူ-နှာစေး

ထိုအခါ ပိလိန္ဒဝစ္ဆာအား သီတာဘိတာပ- ဦးခေါင်းပူ-ဦးယည်းနာ ဖြစ်၏။

ချစ်သားတို့၊ မုဒ္ဓနိတေလက- ခေါင်းလိမ်းဆီကို ခွင့်ပြု၏။ မသက်သာ။

ချစ်သားတို့၊ နတ္ထုကမ္မ -နှာနှပ်ခြင်းကို ခွင့်ပြု၏ နှာနှပ်ဆေးရည် လျောကျ၏။

ချစ်သားတို့ နတ္တု ကရုဏိ-နှာနှပ်တံကို ခွင့်ပြု၏။

ဆဗ္ဗဂ္ဂီတို့သည် ရွှေငွေဖြင့် နှာနှပ်တံ ယုတ်မြတ် ဆောင်ကုန်၏။ ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ နှာနှပ်တံယုတ်မြတ် မဆောင်အပ်-ဒုက္ကဋ်။

ချစ်သားတို့၊ အဋ္ဌိမယ၊ ...လ… သင်္ခနာဘိမယကို ခွင့်ပြု၏။

နှာနှပ်ဆေးကို မညီမညွတ် (တစ်ဘက်စီ) လောင်းထည့်ကုန်၏။

ချစ်သားတို့၊ ယမက နတ္တုကရဏိ-နှစ်မြွှာ ညီသော နှာနှပ်တံကို ခွင့်ပြု၏။ ဦးခေါင်းပူ မသက်သာ။

ချစ်သားတို့၊ ဓူမံ ပါတုံ--အခိုးကို သောက်ခြင်းငှါ ခွင့်ပြု၏။ ဝဋ္ဋိ-အခိုးလိပ်ကို သွင်း၍ ငုံ၍ သောက်ကုန်၏။ လည်ချောင်း ပူ၏။

ချစ်သားတို့၊ ဓူမ နေတ္တ-အခိုး သောက်စရာ ပန်းတူကို (ဝါ-စွပ်တံ ဆေးတံကို)ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် ရွှေငွေဖြင့် ဓူမ နေတ္တ ယုတ်မြတ် ဆောင်ကုန်၏။

ချစ်သားတို့၊ ဓူမ နေတ္တ ယုတ်မြတ် မဆောင်အပ်။ ဒုက္ကဋ်။

ချစ်သားတို့၊ အဋ္ဌိမယ၊ ...လ...၊ သင်္ခနာဘိမယကို ခွင့်ပြု၏။ ဓူမ နေတ္တ- အခိုးတံ အပိတ်မရှိ၊ ပိုးကောင် ဝင်၏။

ချစ်သားတို့၊ အပိတ်ကို ခွင့်ပြု၏။ ...

ဓူမ နေတ္တ ထိဝိက - အခိုးတံ အိတ်ကို ခွင့်ပြု၏။ တင်ဘက်ပွန်းကုန်၏။ ...

ယမက ထဝိက - နှစ်မြွှာစုံ အိတ်ကို ခွင့်ပြု၏။ ...

ပခုံးဖွဲ့ကို၊ ချည်ရာ ကြိုးကို ခွင့်ပြု၏။

[ယမက နတ္တုကရဏီသည် နှစ်ဘက်လုံးအညီ ဝင်နိုင်သော ပြွန်ငယ် နှစ်ခုတို့ဖြင့် ပြုသော တစ်ခုတည်းသော နှာနှပ်တံ ဖြစ်၏။]

(ဘိက္ခု ဓူမ ဝဋ္ဋိံ ပဋိဂ္ဂ ဟေတွာ ဓူမံ ဝိပတိ၊ မုခဉ္ဇကဏ္ဌော စ မနောသိလာယ လိတ္တောဝိယ ဟောတိ၊ ယာဝကာလိကံ ဘုဉ္ဇိတုံ ဝဋ္ဋတိ၊ ယာဝကာလိ ကေန ယာဝဇီဝိက သံသဂ္ဂေ ဒေါသောနတ္တိ

ဘုဉ္ဇိတံ ဝဋ္ဋတီတိ ဓူမ ဝဋ္ဋိယာတဒဟု ပဋိဂ္ဂဟဏတ္တာ ဝုတ္တံ။ ဤကား ဒဏ္ဍ ပေါဏ မှတည်း။

ဆေးလိပ်သောက်ပြီး ချေးကပ်သော ခံတွင်းဖြင့် ဆွမ်းစားရာ၌ ယာဝကာယာဝဇီ နှစ်ခုရောသော်လည်း သန္နိဓိ မဖြစ်ခြင်းကား ယနေ့ အကပ်ခံချည်းသာ ဖြစ်သောကြောင့်တည်း။

ရှေးနေ့က အကပ်ခံသော ဆေးလိပ်ဖြစ်လျှင် ထိုအပြစ် မလွတ်။ မုခသန္နိဓိ ဒုက္ကဋ် တည်း။ ယမ္ပိသတ္တ ကေန ဥစ္ဆုအာဒီသု ဖလိတေသု မလံ ပညာ ယတိ၊ ဧတံန၀ သမုဋ္ဌိတံ နာမ၊ ပဋိဂ္ဂ ဟေတွာ ပရိဘုဉ္ဇိတဗ္ဗံ

နဝသမုဋ္ဌိတန္တိ ဧတေ နေ၀ ဥစ္ဆုအာဒီသု အဘိနဝလဂ္ဂတ္တာ အဗ္ဗောဟာရိကံ န ဟောတီတိ ဒဿေလိ

ဆေးလိပ်သောက်၍ ကပ်သော ဆေးချေးသည်၊ ကြံခွဲရာ၌ နဝသမုဋ္ဌိတ ဖြစ်လျှင်၊ တစ်ဖန် အကပ်ခံအပ်သကဲ့သို့ သောန၀ သမုဋ္ဌိ တစ်မျိုး မဟုတ်။ အကပ်မပျက်၊ ယနေ့ ယာဝကာနှင့် ရောလျှင် အပြစ် မရှိ။ နက်ဖြန် သန္နိမိ ဖြစ်၏။ နက်ဖြန်မှ စ၍ ရောလျှင် အပြစ် ရှိ၏။

သိတိလောဟိပရိဗ္ဗဇော၊ ဘိယျောအာကိရတေရဇံ။ ဤကား ကုလပုတ္တတို့အတွက် ညွှန်ကြားချက်တည်း။ ယနေ့ အပြစ်မရှိဟု ဆိုကာမျှဖြင့် လျော့လျော့ ကျင့်လျှင် မြူပြွမ်း၏။ ထွက်မြောက်ကြောင်း မဖြစ်။ နက်ဖြန် စသည်လည်း ရှိသေး၏။)

လေနာရောဂါဆေး

ထိုအခါ ရှင်ပိလိန္ဒဝစ္ဆအား ဝါတာဗာဓ−လေနာ ဖြစ်၏။ ဆေးသမားတို့သည် ဆီကိုချက်ရမည်ဟု ဆိုကုန်၏။ ချစ်သားတို့၊ ထိုဆီချက်၌ သေကို ထည့်ခြင်းငှါ ခွင့်ပြု၏။

ဆဗ္ဗဂ္ဂီတို့သည် သေများစွာ ထည့်၍ ချက်သောက်၍ မူးယစ်ကုန်၏။ ချစ်သားတို့၊ သေများစွာ ထည့်သော ဆီကို မသောက်အပ်-ယထာဓမ္မ ပြုစေအပ်၏။ ချစ်သားတို့၊ သေ၏ အဆင်း၊ အနံ့၊ အရသာ မထင်အောင် သေထည့်သော ဆီကို သောက်ခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့အား သေများစွာ ထည့်သော ဆီချက်သည် များစွာရှိ၏။ ချစ်သားတို့၊ အဗ္ဘဉ္ဇန- ကိုယ်လိမ်းဆီဟု ဆောက်တည်ထားခြင်းငှါ ခွင့်ပြု၏။

ရှင်ပိလိန္ဒဝစ္ဆ အား ဆီချက်များစွာ ရှိ၏။ ဆီခွက် မရှိ။ ချစ်သားတို့၊ တုမ္ဗ-သုံးမျိုးကို ခွင့်ပြု၏။ လောဟ တုမ္ဗ- ကြေးဘူးကို၊ ဝါ-သံဘူးကို၊ ကဋ္ဌ တုမ္ဗ- သစ်ခွက် ဘူးကို၊ ဖလ တုမ္ဗ-ဘူးသီး စသော သစ်သီးဘူးကို ခွင့်ပြု၏။

[တေလ ပါက၌ အမှတ်မရှိ ဆေးထည့်သော ဆီချက် ဟူသမျှကို ခွင့်ပြုသည်သာတည်း။

အတိက္ခိတ္တမဇ္ဇာနီတိ အဘိဝိယ ခိတ္တမဇ္ဇာနိ-များစွာသော သေကို ထည့်၍ ချက်သော ဆီတို့ ဟူလို။]

လက် ခြေ လေရောဂါဆေး

ထိုအခါ ရှင်ပိလိန္ဒဝစ္ဆအား အင်္ဂဝါတ- လက် ခြေ လေထိုးကျင်သော အနာ ဖြစ်၏။ ချစ်သားတို့၊ သေဒကမ္မ - ချွေးအောင်းခြင်းကို ခွင့်ပြု၏။ မသက်သာ။

ချစ်သားတို့၊ သမ္ဘာရသေဒ- သစ်ရွက်ထူးထူ ဖြင့် ချွေးအောင်း ခြင်းကို ခွင့်ပြု၏။ ... မဟာသေဒ- တွင်း၌ မီးခဲ ထည့်အောင်းခြင်းကို ..... ဘဝေါဒက-သစ်ရွက်ပြုတ်ရည် လောင်း၍ အောင်းခြင်းကို ... ။ ဥဒက ကောဋ္ဌက- ရေချိုးအိမ်၌ အောင်းခြင်းကို ခွင့်ပြု၏။

[အင်္ဂဝါတသည် လက် ခြေ၌ လေဖြစ်၏။

သမ္ဘာရ သေဒသည် အထူးထူးသော သစ်ရွက်မျိုးဖြင့် ချွေးအောင်းခြင်းတည်း။

မဟာသေန္တိဒ မဟန္တံ သေဒံ-တစ်ရပ်တစ်သူမျှ တွင်းကို မီးခဲပြည့်စေ၍ မြေမှုန့် သဲ စသည် ဖြင့် ဖုံး၍ အထူးထူး လေဆောင်သော သစ်ရွက်တို့ကို ခင်း၍ ဆီလိမ်းသော ကိုယ်ဖြင့် ထို၌ အိပ်၍ တပြောင်းပြန်ပြန် ကိုယ်ကို ချွေးအောင်းခြင်းငှါ ခွင့်ပြု၏ ဟူလို။

ဘဂေါဒကသည် သစ်ရွက် အထူးထူးဖြင့် ကျိုသော ရေတည်း။ ထိုသစ်ရွက်တို့ဖြင့် လည်းကောင်း၊ ထိုရေဖြင့် လည်းကောင်း မလာင်း၍ လောင်း၍ ချွေးအောင်းအပ်၏။

ဥဒကကောဋ္ဌကသည် ရေချိုး အုံ၌ ရေနွေးအိုးထား၍ ထို၌ ဝင်၍ ချွေးအောင်းမှု ပြုခြင်းတည်း။]

အဆစ်ကိုက် ရောဂါဆေး

ထိုအခါ ရှင်ပိလိန္ဒဝစ္ဆအား ပဗ္ဗဝါတ- အဆစ်ကိုက်သော လေရောဂါ ဖြစ်၏။ ချစ်သားတို့၊ သွေးကို ထုတ်ခြင်းငှါ ခွင့်ပြု၏။ မသက်သာ။ ချစ်သားတို့၊ သွေးကိုထုတ်၍ သားချိုဖြင့် ယူစေခြင်းငှါ ခွင့်ပြု၏။

[ပဗ္ဗဝါတသည် ထိုထို အဆစ်၌ လေသည် ထိုး၏။

သွေးကို ထုက်ခြင်းငှါ ဟူသည် ဓားငယ်ဖြင့် သွေးကို ထုတ်ခြင်းငှါတည်း။]

(အဆစ်ကိုက်ခြင်းသည် စရည်းနာ ဟူ၏။

ဓားငယ်ဖြင့် သွေးထုတ်ခြင်းသည် စိန်ပေါက်သည် ဟူ၏။

သားချိုဖြင့် ယူစေခြင်းသည် တွင်စုတ်ခြင်း ဟူ၏။)

ခြေကွဲနာဆေး

ထိုအခါ ပိလိန္ဒဝစ္ဆအား ခြေတို့သည် ကွဲကုန်၏။ ချစ်သားတို့၊ ပါဒဗ္ဘဉ္ဇန-ခြေနယ်ဆီကို ခွင့်ပြု၏။ မသက်သာ။ ချစ်သားတို့၊ ပဇ္ဇ - ခြေအားလျော်သော ဆေးကို စီမံခြင်းငှါ ခွင့်ပြု၏။

[ပဇ္ဇကို စီမံခြင်း-ဟူသည် ခြေကွဲပျောက်ကြောင်း ဆေးကို စီမံခြင်းတည်း။ အုန်းသီး စသည်တို့၌ ဆေးအထူးထူး ထည့်၍ ပဗ္ဗကို စီမံခြင်းတည်း။ ခြေတို့အား သပ္ပါယ ဖြစ်သော ဆေးကို ချက်ခြင်း ဟူလို။]

(ပါဒါနံ- သပ္ပါယံ–ပဇ္ဇံ ဟု သပ္ပါယတဒ္ဓိတ်ပြု။)

အိုင်းနာဆေး

ထိုအခါ ရဟန်းတစ်ပါးအား ဂဏ္ဍာဗာဓ-အိုင်းနာ ဖြစ်၏။ ချစ်သားတို့၊ သတ္တံကမ္မ-ဓားခွဲခြင်းကို ခွင့်ပြု၏။

ကသာဝေါဒက - ဖန်ရည်ဖြင့် အလိုရှိသည်။ ချစ်သားတို့၊ ဖန်ရည်ကို ခွင့်ပြု၏။

တိလကက္က - နှမ်းမှုန့် အလိုရှိ၏။ နှမ်းမှုန့်ကို ခွင့်ပြု၏။

ကဗဠိက- ဆေးအုံခြင်း အလိုရှိ၏။ ... ဆေးအုံခြင်းကို ခွင့်ပြု၏။

ဝဏဗန္ဓန စောဠ-အမာကို ဖွဲ့သော အဝတ် အလိုရှိ၏။ ... အမာဖွဲ့သော အဝတ်ကို ခွင့်ပြု၏။

အနာသည် ယား၏။ ... သာသပ ကုတ္တ - မုန်ညင်းမှုန့်ဖြင့် ဖြူးခြင်းငှါ ခွင့်ပြု၏။

အနာသည် မြုံ၏။ ... ဓူမ- အခိုးတိုက်ခြင်းငှါ ခွင့်ပြု၏။

အသားပို ထွက်၏။ ... လောဏ သက္ခရိကာ-သင်ဓုန်းဓားဖြင့် ဖြတ်ခြင်းငှါ ခွင့်ပြု၏။

အနာသည် အသားနု မတက်။ ... ဝဏတေလ - အနာလိမ်းဆီကို ခွင့်ပြု၏။

ဆီသည် လျှောကျ၏။ ... ဝိကာသီက - ဆီထိန်း အဝတ်ကို လည်းကောင်း၊ ဝဏ ပဋိကမ္မ - အနာဆေးကုခြင်း ဟုသမျှကို လည်းကောင်း ခွင့်ပြု၏။

[တိလကက္ကသည် ပိဋ္ဌတိလ-မုန့်ညက် ဖြစ်သော နှမ်းတည်း။

ကဗဠိကသည် အမာဝ၌ သတ္တုပိဏ္ဍ-မုန့်ညက်စိုင် ထည့်ခြင်း၊ အုံခြင်းတည်း။ (ထမင်း ဆုပ်လည်း အုံကုန်၏။)

သာသပ ကုဋ္ဋသည် သာသပ ပိဋ္ဌ - မုန်ညင်းမှုန့်တည်း။

အသားပိုသည် မယ်နစွန်းကဲ့သို့ ထွက်သော အသားတည်း။

လောဏ သက္ခရိကာသည်၊ ခုရ-သင်ဓုန်းတည်း။

ဝိကာသိကန္တိ တေလ ရုန္ဓ န ပိလောတိကံ-ဆီကို တားသော အဝတ်တည်း။

ဝဏ ပဋိကမ္မသည် အမှတ်မရှိ အနာဆေးကုခြင်း အားလုံးတည်း။]

(ဝိဋီ ... ကဗဠိကာတိ ဥပါဟ န ဘေသဇ္ဇံ--ကပ်၍ တားမြစ်သောဆေး။)

မြွေဆိပ် ဖြေဆေး

ထိုအခါ ရဟန်းတစ်ပါးကို မြွေခဲ၏။ ချစ်သားတို့၊ မဟဝိဋက - ဆေးကြီး လေးမျိုးကို ယူခြင်းငှါ ခွင့်ပြု၏။ ဂူထ- ကျင်ကြီး၊ မုတ္တ-ကျင်ငယ်၊ ဆာရိတ-ပြာ၊ မတ္တိက-မြေ။ အကပ်ခံအပ် သလော၊ မခံအပ် သလောဟု ရဟန်းတို့အား အကြံဖြစ်၏။ ချစ်သားတို့၊ ကပ္ပိယ ကာရက ရှိလျှင် အကပ်ခြံခင်းငှါ၊ မရှိလျှင် သာမံ ဂဟေတွာ - ကိုယ်တိုင်ယူ၍ စားခြင်းငှါ ခွင့်ပြု၏။

ရဟန်းတစ်ပါး - အဆိပ် သောက်မိ၏။ ချပ်သားတို့၊ ကျင်ကြီးကို ရေဖျော်၍ တိုက်ခြင်းငှါ ခွင့်ပြု၏။ ... ချစ်သားတို့၊ ပြုစဉ် ယူသော ကျင်ကြီးသည် အကပ်ခံပြီး ဖြစ်၏။ တစ်ဖန် အကပ်မခံအပ်ဟု ခွင့်ပြု၏။

[သာမံ ယေဝဂ ဟေတွာ ဟူသည် မြွေခဲသူသာ မဟုတ်၊ တစ်ပါးသော အဆိပ်ရှိ သတ္တဝါ ခဲသော်လည်း၊ ကိုယ်တိုင် ယူစားအပ်၏။ တစ်ပါးသော အကြောင်းကြောင့်ကား အကပ်ခံမှ အပ်သည်။ ပြုစဉ် ယူသော ဟူသည်၌ မြေသို့ရောက်လျှင် အကပ်ခံအပ်၏။ မရောက်မီ ယူခြင်းငှါကား အပ်၏။]

(သာဋီ ... သာမံ ဟေတွာ ဟူသည်၌ မြွေခဲသူအတွက် တစ်ပါးသော ရဟန်းယူခြင်းလည်း ကိုယ်တိုင် ယူခြင်းသာ မည်၏။)

(ရှိသော ကပ္ပိယသည် စကား မလိုက်နာအံ့ - မရှိသည် မည်၏။

ပြာမရှိလျှင် သစ်ကိုင်းခြောက်ကို ပြာချအပ်၏။

အခြောက် မရှိလျှင် သစ်ပင်စိုကို ဖြတ်၍လည်း ပြုအပ်၏။

မဟာဝိကဋ္ဌ လေးပါးသည် ကာလော ဒိဿ မည်၏။ ဝိရူပ ဆေးကြီးတည်း။)

ဝတ်ဆေး အဖြေ

ထိုအခါ ရဟန်း တစ်ပါးအား ဃရုဒိန္နကာဗာဓ - မိန်းမပေးသော ဆေးကြောင့် အနာရောဂါ ဖြစ်၏။ ချစ်သားတို့ သီတာလောဠိ- ထွန်သွားကပ်သော မြေကို ရေဖျော်၍ တိုက်ခြင်းငှါ ခွင့်ပြု၏။

[ဃရဒိန္နကာဗာဓသည် အလိုအတိုင်း ပြုအောင်တိုက်သော ဆေးကြောင့် ဖြစ်သော ရောဂါတည်း။

သီတာလောဠိ ဟူသည် ထွန်ဖြင့် လယ်ထွန်သူ၏ ထွန်သွား၌ ကပ်သော မြေကို ရေဖြင့် မွှေနှောက် ချောက်ချား၍ တိုက်ခြင်းငှါ ခွင့်ပြု၏ ဟူလို။]

(သာဋီ ... ဃရဒိန္နကာဗာဓသည် အလိုအတိုင်းပြုအောင် ဃရဏီ- အိမ်ရှင်မ ပေးသော ဆေးကြောင့်ဖြစ်သော အနာတည်း။ ဃရသဒ္ဓါသည် ဃရဏီ၌ အထူး မရှိခြင်းဖြင့် ဖြစ်၏။

ဝိဋီ ... ဝသီကရဏ ဘေသဇ္ဇ ချစ်ကျွမ်းဝင်အောင် ပြုသော ခတ်ဆေးကြောင့် ဖြစ်သော အနာတည်း။)

ဝမ်းကိုက်ဆေး

ထိုအခါ ရဟန်း တစ်ပါးသည် ဒုဋ္ဌဂဟဏိကော- ဝမ်းမီးပျက်၏။ (ဝါ-ဝမ်းကျစ်၏၊ ဝမ်းကိုက်၏။) ချစ်သားတို့၊ အာမိသခါရ - ထမင်းခြောက် ပြာရည်ကို တိုက်ခြင်းငှါ ခွင့်ပြု၏။

[ဒုဋ္ဌ ဂတဏိကောတိ ဝိပန္န ဂဟဏီကော - ပျက်သော ဝမ်းမီးရှိ၏။ ဆင်းရဲစွာ ကျင်ကြီး စွန့်ရ၏။ ဟူသော အနက်တည်း။

အာမိသခါရ ဟူသည် ထမင်းခြောက်ကို မီးဖုတ်၍ ထိုပြာမှ ယိုစေအပ်သော ခါရောဒက-ပြာရည်တည်း။]

(ဝိဋီ ... ယိုစေအပ်သော ဟူသည် ရိဿာဝန-ရေစစ်ပဝါ၌ ထို ပြာကိုထည့်၍ ရေလောင်းသည် ရှိသော် ထိုပြာမှ အောက်၌ ယိုသော ခါရောဒက ဖြစ်၏။

ဖြော့တော့၊ နူစွပ်ဆေး

ထိုအခါ ရဟန်းတစ်ပါးအား ပဏ္ဍုရောဂါ ဗာဓ - ဖြော့တော့ ကြုံလှီသော ရောဂါဖြစ်၏။ ချစ်သားတို့၊ မုတ္တ ဟရီဋက-နွားကျင်ဖြင့် စိမ်သော ဖန်းခါးရည်ကို တိုက်ခြင်းငှါ ခွင့်ပြု၏။

ရဟန်း တစ်ပါးအား ဆဝိဒေါသာ ဗာဒ - နူစွပ်အနာ ဖြစ်၏။ ချစ်သားတို့၊ ဂန္ဓာလေပ - နံ့သာလိမ်းခြင်းကို ခွင့်ပြု၏။

[မုတ္တ ဟရိဋကန္တိ ဂေါမုတ္တ ပရိဟာဝိတံ ဟရီဋကံ – နွားကျင်ငယ်ဖြင့် ထုံသော ဖန်းခါးတည်း။]

သလိပ်ပန်းဆေး

ထိုအခါ ရဟန်းတစ်ပါးသည် အဘိသန္နကာယော- သလိပ် စသော ဒေါသများသော ကိုယ်ရှိ၏။ ချစ်သားတို့၊ ဝိရေစန-ဝမ်းလျှောဆေးကို သောက်ခြင်းငှါ ခွင့်ပြု၏။

အစ္ဆကဉ္ဇိယ စသည်တို့ဖြင့် အလိုရှိ၏။

ချစ်သားတို့၊ အစ္ဆကဉ္ဇိယ - ကြည်သော ပအုံးရည်ကို ခွင့်ပြု၏။
... အကဋယူသ-မစစ်သော ပဲနောက်ပြုတ်ရည်ကို ... ။
... ကဋာကဋ - အနည်းငယ်စစ်သော ပဲနောက်ပြုတ်ရည်ကို..။
... ပဋိစ္ဆာဒနီယ- အသားဟင်းရည်ကို ခွင့်ပြု၏။

[အဘိသန္နကာ ယောတိ ဥဿန္န ဒေါသ ကာယော-သလိပ် သည်းခြေ စသည် အပြစ်များသော ကိုယ်ရှိ၏။

အစ္ဆကဉ္ဇိယ သည် ဆန်ဆေးရေမျှ တည်း။

အကဋယူသ သည် အသိနိဒ္ဓ ပုဂ္ဂပစိတ ပါနီယ - မစစ်ဘဲ သောက်စရာ ပဲနောက်ကျက်ရည်တည်း။ ကဋာကဋကား အနည်းငယ် စစ်၏။

ပဋိစ္ဆာဒနီယကား မံသ ရသ ဖြစ်၏။]

(သာဋီ ... အကတယူသ သည် မပြုပြင်သော မုဂ္ဂယူသ ဖြစ်၏။

ကဋာကဋသည် ပဲနောက်တို့ကို ချက်၍ မလှုပ်စေဘဲ စစ်သော မုဂ္ဂယူသ-ဟု ဂဏ္ဍိ တို့၌ ဆို၏။

ဇီဋီ ... ထိုအတိုင်းပင်တည်း။)

လျက်ဖွယ်ဆေး အသက် ၇-ရက်

ထိုအခါ ရှင်ပိလိန္ဒဝစ္ဆသည် ရာဇဂြိုဟ်၌ လိုဏ်ပြုရန် တောင်ဝှမ်းကို သုတ်သင်၏။ ဗိမ္ဗိသာရမင်းကြီး မြင်၍ (စေခိုင်းစရာ) အရံစောင့် ငါးရာလှူ၏။ တစ်ရွာ သီးခြား ဖြစ်၏။ ထိုရွာ၌ ပွဲသဘင်နေ့တွင် သတို့သမီး တစ်ယောက်သည် အဆင်တန်ဆာ မရှိ၍ ငို၏။ ရင်ပိလိန္ဒဝစ္ဆ မြင်လတ်သော် မြက်ဖြင့် ပြုသော ဆံပင်စွပ်စရာ ခွေကရွတ်ကို ဦးခေါင်း၌ စွပ်လောဟု ဆို၏။ အလွန်လှသော ရွှေပန်းခိုင် ဖြစ်၏။

လူတို့ မြင်လတ်သော် ခိုးသူဟု ဖမ်း၍ နန်းတော်သို့ ပို့ကုန်၏။ ရှင်ပိလိန္ဒဝစ္ဆသည် နန်းတော် ကြွသွား၍ နန်းတော် တစ်ခုလုံး ရွှေအတိ ဖြစ်စေသတည်း ဟု ဓိဋ္ဌာန်၍ မြတ်သော မင်းကြီး၊ ဤမျှများသော ရွှေကို အဘယ်မှ ရသနည်းဟု မေး၏။ အရှင်ဘုရား၊ သိပါပြီ၊ အရှင်မြတ်၏ တန်ခိုးတော်ပါဘုရား ဆို၍ အရံစောင့်ကို လွှတ်လိုက်၏။

လူတို့သည် လွန်စွာ အံ့ဩ၍ မထေရ်အား ထောပတ်စသော ဆေးငါးပါးကို လှူကုန်၏။ ပင်ကိုအားဖြင့်လည်း ဆေးငါးပါး ရလေ့ရှိ၏။ ရသမျှကို (တပည့် ရဟန်း) ပရိသတ်၌ စွန့်၏။ ပရိသတ်သည် ပစ္စည်း လောဘဖြင့် အိုးကြီး အိုးငယ် စသည်တို့၌ ထည့်၍ သိုမှီးကုန်၏။ လူတို့ မြင်လတ်သော် ဤရဟန်းတို့သည် အတွင်း၌ ကျီရှိ၏။ မင်းကြီးကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။

ချစ်သားတို့၊ ဂီလာနတို့အတွက် လျက်ဖွယ် ဆေးတို့သည် - ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်လဲ-ဟု ငါးမျိုးရှိကုန်၏။ ထို လျက်ဖွယ် ဆေးတို့ကို အကပ်ခံ၍ ခုနစ်ရက် ကာလပတ်လုံး သိုမှီး၍ သုံးဆောင်အပ်၏။ ခုနစ်ရက်ကို လွန်စေသူအား ယထာဓမ္မ ဆုံးဖြတ်စေ၏။ (ဝါ-နိဿဂ္ဂိ ပါစိတ်)။

ထော၊ ဦး၊ ဆီ၊ ပျား (၄)၊
တင်လဲအား (၁)-ငါးပါး လျက်ဖွယ်ဆေး။

ရှင်ကင်္ခါရေဝတ

ထိုအခါ မြတ်စွာဘုရားသည်၊ သာဝတ္ထိမှ ရာဇဂြိုဟ်သို့ ခရီးကြွတော်မူ၏။ ရှင်ကင်္ခါရေဝတသည် ခရီး အကြား၌ ဂုဠကရဏ-တင်လဲခဲ လုပ်ရာသို့ ဝင်၍ တင်လဲ၌ ပိဋ္ဌ-မုန့်ညက်ကို လည်းကောင်း၊ ဆာရိက-ဖွဲနုကို လည်းကောင်း ထည့်သည်ကို မြင်ရ၍ တင်လဲခဲသည် အာမိသရောသည်၊ နေလွဲ မစားအပ်ဟု ကုက္ကုစ္စ ရှိ၏။ မိမိလည်း မစား၊ ပရိသတ်လည်း မစား၊ စကားလိုက်နာသူတို့လည်း မစားကြ။ ဘုရားရှင်အား ထိုအကြောင်းကို လျှောက်ကုန်၏။

ချစ်သားတို့၊ တင်လဲခဲ၌ မု့န်ညက်၊ ဖွဲနုတို့ကို အဘယ်အကျိုးငှါ ထည့်ကြသနည်း။ ခက်မာစေခြင်း ငှါပါဘုရား။ ချစ်သားတို့၊ ခက်မာစေခြင်းငှါ ထည့်လျှင် တင်လဲခဲသာ မည်၏။ ချစ်သားတို့၊ အလိုရှိတိုင်း တင်လဲခဲကို သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။

ရှင်ကင်္ခါရေဝတ သည် ခရီးအကြား မစင်ပုံ၌ ပဲနောက် ပေါက်သည်တို့ မြင်၍ ပဲနောက်သည် မအပ်၊ ချက်ပြီးသော်လည်း ပေါက်သည်ဟု ကုက္ကုစ္စ ရှိ၏။ မိမိ၊ ပရိသတ်၊ လိုက်နာသူတို့ မစားကုန်။ ချစ်သားတို့ ချက်ပြီးသော်လည်း ပဲနောက်တို့သည် ပေါက်ကုန်အံ့၊ ချစ်သားတို့၊ အလိုရှိတိုင်း ပဲနောက်ကို စားခြင်းငှါ ခွင့်ပြု၏။

[ချက်ပြီး ပဲနောက် ပေါက်စေကာမူ အလိုရှိတိုင်း စားအပ်၏။ ချက်ပြီးခြင်းကြောင့် ကပ္ပိယတို့သာ ဖြစ်ကုန်၏။]

(သာဋီ၊ ဝိဋီ ... ဂုဠကရဏန္တိ ဂုဠကရဏဋ္ဌာနံဥစ္ဆုသာလာ -ကြံတင်းကုပ် ဟူလို။)

(ဤ မထေရ်၏ အမည်ရင်းကား ရေဝတ၊ ဝိနယ ကုက္ကစ္စ ကြီးသောကြောင့် ကင်္ခါရေဝတဟု ထင်ရှား၏။ ဈာန် ဝင်စား၌ ဧတဒဂ်ရ ရဟန္တာတည်း။ အကုသိုလ် ကုက္ကုစ္စ မဟုတ်။ ထိုကုက္ကုစ္စကား ပြုမိလည်း ပူ၊ မပြုမိလည်း ပူ-သူ့ကျွန်ခံရသူနှင့် တူ၏။

လောဏ - သောဝီရက ဆေး

ထိုအခါ ရဟန်း တစ်ပါးအား ဥဒရဝါတာ ဗာဓ−ဝမ်း၌ လေနာဖြစ်၏။ လောဏ သောဝီရက ဆေးကို သောက်၏။ ထိုလေနာ ငြိမ်း၏။ ချစ်သားတို့၊ ဂိလာနအား လောဏ သောဝီရက ဆေးကို ခွင့်ပြု၏။ အဂိလာနအား ရေရော၍ အဖျော်အဖြစ်ဖြင့် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။

(တတိယ ပါရာဇိက၌ ... ဖန်းခါး၊ သျှိသျှား၊ သစ်သိမ့် – ဖန်ရည်တို့ လည်းကောင်း၊ စပါးမျိုး အားလုံး လည်းကောင်း၊ ပဲမျိုး အားလုံးလည်းကောင်း၊ စပါးမျိုး ခုနှစ်မျိုးတို့၏ ထမင်း လည်းကောင်း၊ ငှက်ပျောသီး စသော သစ်သီးအားလုံး လည်းကောင်း၊ ကြိမ်၊ ဆတ်သွား၊ သင်ပေါင်း - အညှောက် စသော အညှောက်အားလုံး လည်းကောင်း၊ ငါး၊ အမဲ-အတုံးအပိုင်းတို့ လည်းကောင်း၊ များစွာသော ပျား၊ တင်လဲ၊ သိန္ဓော၊ ဆား၊ တြိကဋုတ် စသော ဆေးတို့ လည်းကောင်း - ဤသို့ အားလုံးကို အိုးကြီး၌ ထည့်၍ အိုးအဝကို လိမ်းကျံ၍ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် ထားကြ၏။

ထိုဆေးရည်သည် ရင့်ကျက်၍ သပြေသီး အဆင်း ရှိ၏။ လေနာ၊ ချောင်းဆိုး၊ နူနာ၊ ဖြော့တော့နာ၊ မြင်းသရိုက်နာ စသော အနာတို့ကို နိုင်သော ဆေးဖြစ်၏။ ဆီပျား ဆိမ့်အိမ် စားသူတို့အတွက် အဖျော်ထူး၊ အစာကြေဆေး ပြိုင်ဘက် အတုမရှိ၊ နေလွဲ အပ်၏။ ဂီလာနအား ပကတိအတိုင်း အဂိလာနအား ရေရော၍ အဖျော်အဖြစ်ဖြင့် အပ်၏။ အသားစိမ်းအဖြစ်မှ ယာမ သတ္တာဟ အဖြစ်သို့ ရောက်၏။)

အန္တော ဝုတ္ထ စသည်

မြတ်စွာဘုရားသည် ခရီးကြွ၍ ရာဇဂြိုဟ်သို့ ရောက်၍ ဝေဠုဝန်ကျောင်း၌ နေတာ်မူ၏။ ထိုအခါ မြတ်စွာဘုရားအား ဝမ်း၌ လေနာ နှိပ်စက်၏။ ရှင်အာနန္ဒာသည် တေကဋုလ ယာဂုဖြင့် ချမ်းသာဖူးသည်ဟု ကိုယ်တိုင် နှမ်း၊ ဆန်၊ ပဲနောက်ကို တောင်းခံ၍ ကျောင်းတွင်း၌ သိုမှီး၍ ကျောင်းတွင်း၌ ကိုယ်တိုင်ချက်၍ ဆက်ကပ်၏။

မြတ်စွာဘုရားသည် တရားဟောအံ့၊ သိက္ခာပုဒ် ပညတ်အံ့ ဟူသော အကြောင်းနှစ်ပါးဖြင့် ဤယာဂု အဘယ်မှ ရသနည်းဟု သိလျက် မေးတော်မူ၏။ ထိုအကြောင်းကို လျှောက်လတ်သော် အာနန္ဒာ၊ မလျာက်ပတ်၊ ရဟန်း အလုပ်မဟုတ်။ အဘယ်ကြောင့် ဤသို့ ပြုရသနည်း။ အာနန္ဒာ အန္တော ဝုတ္တ-ကျောင်းတွင်း၌ သိုမှီးသော အစာသည် မအပ်။ အန္တော ပက္က- ကျောင်းတွင်း၌ ချက်သော အစာသည် မအပ်။ သာမံ ပက္က- ရဟန်း ကိုယ်တိုင် ချက်သော အစာသည် မအပ်-စသည်ဖြင့် ကဲ့ရဲ့၍ ရဟန်းတို့တို့ တရားဟော၍ -

ချစ်သားတို့၊ အန္တော ဝုတ္တ၊ အန္တော ပက္က၊ သာမံ ပက္ကကို မစားအပ်။ ဒုက္ကဋ်။

အန္တော ဝုတ္တ၊ အန္တေ ပက္က၊ သာမံ ပက္ကကို စားအံ့- ဒုက္ကဋ် သုံးခု။

အန္တော ဝုတ္တအန္တော ပက္က ဖြစ်၍ အည ပက္က- သူတစ်ပါး ချက်သည်ကို စားအံ့- ဒုက္ကဋ် နှစ်။

အန္တောဝုတ္တ ဖြစ်၍ ဗဟိ ပက္က -ပြင်ပ၌ ချက်သော သာမံ ပက္ကကို စားအံ့-ဒုက္ကဋ် နှစ်ခု။

ဗဟိ ဝုတ္တ ပြင်ပ၌ သိုမှီးသော အန္တော ပက္က၊ သာမံ ပက္ကကို စားအံ့-ဒုက္ကဋ် နှစ်ခု။

အန္တောဝုတ္တဗဟိ ပက္က အည ပက္ကကို စားအံ့ ဒုက္ကဋ်။

ဗဟိ ဝုတ္တ၊ အန္တော ပက္က၊ အည ပုက္ကကို စားအံ့- ဒုက္ကဋ်။

ဗဟိ ဝုတ္တ၊ ဗဟိ ပက္က၊ သာမံ ပက္ကကို စားအံ့ ဒုက္ကဋ်။

ဗဟိ ဝုတ္တ၊ ဗဟိ ပက္က၊ အည ပက္ကကို စားအံ့-အနာပတ္တိ။

[အန္တော ဝုတ္တ ဟူသည် အပ္ပိယ ကုဋိ၌ သိုမှီးသော အစာဖြစ်၏။

သာမံ ပက္က ဟူသည်၌ အာမိသ ဟူသမျှကို ရဟန်းချက်ခြင်းငှါ မအပ်။

ပူသော ယာဂု၌ ရုံးရွက်၊ ချင်းစိမ်း၊ ဆားကို ထည့်ပေးကုန်အံ့၊ ထိုကိုလည်း လှုပ်စေခြင်းငှါ မအပ်။ ယာဂု အပူအေးစေအံ့ဟု လှုပ်ခြင်းငှါကား အပ်၏။

ဥတ္တုဏ္ဍုလ ဘတ္တ-မနပ်သော ဆွမ်းကိုရလျှင်လည်း (နပ်အောင်ဟု) ဖုံးခြင်းငှါ မအပ်။ လူတို့ ဖုံးလျက် လှုပ်လျှင် အပ်၏။ ဆွမ်း အပူ မအေးပါစေလင့် ဟု ဖုံးခြင်းငှါကား အပ်၏။]

ပုန ပါက

ထိုအခါ ရဟန်းတို့သည် ကိုယ်တိုင်ချက်ခြင်းကို ဘုရားရှင် ပယ်သည်ဟု ပုန ပါက - တစ်ဖန် ချက်ခြင်း၌ ကုက္ကုစ္စ ဖြစ်ကုန်၏။ ချစ်သားတို့၊ ပုန ပါကကို ချက်ခြင်းငှါ ခွင့်ပြု၏။

[နို့, ရက်တက် စသည်တို့၌ တစ်ကြိမ် ဆူပြီးလျှင် မီးထည့်ခြင်းငှါ အပ်၏။ ပုန ပါကကို ခွင့်ပြုသောကြောင့် တည်း။]

(ဇီဋီ ... သာမံ ပက္က။ ကိုယ်တိုင် ချက်ခြင်း၊ သမ ပက္က- သင့်ရုံ ကျက်ခြင်း-ဟု နှစ်မျိုးကဲ့သို့ ပြသည်။ ထိုကြောင့် နို့စသည်တို့၌ ဥဏှ မတ္တ- ပူရုံမျှသည်သာလျှင် ပါက-အကျက်ဖြစ်၏။ မနပ်သော ဆွမ်း စသည်တို့နှင့် မတူကုန်။)

ခေတ္တ အခွင့်ရှစ်ပါး

ထိုအခါ ရာဇဂြိုဟ်သည် ဒုဗ္ဘိက္ခ ဖြစ်၏။ လူတို့သည် ဆား၊ ဆီ၊ ဆန်၊ ခဲဖွယ်တို့ကို အရံသို့ ဆောင်ပို့ကုန်၏။ ထိုတို့ကို ပြင်ပ၌ ထားကြသဖြင့် ဥက္ကပိဏ္ဍက-ကြောင် ကြွက် စသည်တို့ ခဲကုန်၏။ ခိုးသူတို့လည်း ဆောင်ကုန်၏။ ချစ်သားတို့၊ ကျောင်းတွင်း၌ ထားခြင်းငှါ အန္တော ဝုတ္တကို ခွင့်ပြု၏။

အတွင်း၌ ထား၍ ပြင်ပ၌ ချက်စေအပ်၏။ ဒမက-စားကြွင်းစားတို့ ဝိုင်းရံသဖြင့် ရွံ့ရှား တွေးတောလျက် စားရကုန်၏။ ချစ်သားတို့၊ အတွင်း၌ ချက်ခြင်းငှါ အန္တော ပက္ကကို ခွင့်ပြု၏။

ဒုဗ္ဘိက္ခ အခါ ကပ္ပိယကာရကတို့သည် များစွာ ယူ၍ ရဟန်းတို့အား အနည်းငယ် ပေးကုန်၏။ ချစ်သားတို့၊ ကိုယ်တိုင် ချက်ခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့ အန္တော ဝုတ္တ၊ အန္တော ပက္က၊ သာမံ ပက္ကကို ခွင့်ပြု၏။(သုံးခု)။

[ဥက္က ပိဏ္ဍက ဟူသည် ဗိဠာရ မူသိက ဂေါဓာ မင်္ဂုသ-ကြောင်၊ ကြွက်၊ ဖွတ်၊ မြွေပါ တို့တည်း။ ဒမကာတိ ပိဃာသာဒါ- စားကြွင်းစားတို့တည်း။]

(သာဋီ၊ ဝိဋီ ... အဝိဿဋ္ဌာတိသာသင်္ကာ- ရွံ့ရှား တွေးတောကုန်လျက်။)

ကာသိတိုင်းမှ ဝါကျွတ်သော ရဟန်းများစွာတို့သည်၊ ရာဇဂြိုဟ်သို့ ဘုရားဖူးအသွား ခရီးအကြား၌ ဘောဇဉ် ပြည့်စုံစွာ မရကုန်၊ သစ်သီး ခဲဖွယ် ပေါများလျက် ကပ္ပိယ ကာရကလည်း မရှိသဖြင့်၊ ပင်ပန်းစွာ ဘုရားရှင်ထံ ရောက်လာကုန်၏။ ထိုအကြောင်းကို မေး၍ ချစ်သားတို့၊ သစ်သီး ခဲဖွယ်ကို မြင်ရာ၌ ကပ္ပိယ ကာရက မရှိအံ့။ ကိုယ်တိုင် ကောက်ယူ၍ ကပ္ပိယ ကာရကကို မြင်၍ မြေ၌ချ၍ ကပ်စေ၍ သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ ဥဂ္ဂဟိက- ကောက်ယူသော အကပ်ပျက်ကို အကပ်ခံခြင်းငှါ ခွင့်ပြု၏။ (တစ်ခု)။

ပုဏ္ဏား တစ်ယောက်သည် နှမ်းသစ်၊ ပျားရည်သစ် ရ၍ ဗုဒ္ဓံ ပမုခ သံဃာအား လှူမည်ဟု ဘုရားရှင်ကို ပင့်၍ ဆွမ်းကျွေး၏။ ဘုရားရှင် ဆွမ်းဘုဉ်းပေး၍ တရားဟော၍ ပြန်ကြွသွားမှ သတိရ၍ နှမ်းသစ်၊ ပျားရည်သစ် တို့ကို ကျောင်းသို့ ယူသွား၍ မြတ်စွာဘုရား အလှူခံတော်မူပါဟု လျှောက်၏။ ရဟန်းတို့အား လှူလောဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ဒုဗ္ဘိက္ခ အခါ အနည်းငယ်မျှ ယူ၍ တန်ပြီဟု တားကုန်၏။ မျှလောက်ပြီ စသည်ဖြင့် ဆင်ခြင်၍လည်း ပယ်ကုန်၏။

ထိုသို့ သံဃာအားလုံး (တားခြင်းဖြင့်) ပဝါရိတ် သင့်၍ ကုက္ကုစ္စ ဖြစ်၍ အလှူမခံကုန်။ ချစ်သားတို့၊ အလှူခံ ကြလော၊ သုံးဆောင်ကြလော။ ချစ်သားတို့၊ တတော နိဟတံ-ထို ဆွမ်းပင့်ကျွေးကျွေးရာမှ ဆောင်သော အစာကို ပဝါရိတ် သင့်သူသည် အထိရိက် ဝိနည်းကံ မပြုဘဲ သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ (တစ်ခု)။

ရှင်ဥပနန္ဒ၏ ဒါယကာသည် သံဃာအလို့ငှါ ခဲဖွယ်ကို ရှင်ဥပနန္ဒအား ပြ၍ သံဃာအား လှူရမည်ဟု စေလိုက်၏။ ရှင်ဥပနန္ဒသည် ရွာသို့ ဆွမ်းခံဝင်နေ၏။ ချစ်သားတို့၊ အကပ်ခံ၍ ရှင်ဥပနန္ဒ လာသည်တိုင်အောင် ထားကြလောဟု မိန့်တော်မူ၏။ ရှင်ဥပနန္ဒသည် နေမြင့်မှ ပြန်လာ၏။ ရဟန်းတို့သည် ဒုဗ္ဘိက္ခ အခါ အနည်းငယ်မျှလည်း ထားကုန်၏။ ဆင်ခြင်၍လည်း ပယ်ကုန်၏။ သံဃာအားလုံးသည် ပဝါရိတ် သင့်၍ ကုက္ကုစ္စ ဖြစ်၍ အလှူမခံကုန်။ ချစ်သားတို့၊ အလှူခံကြလော၊ သုံးဆောင်ကြလော။ ချစ်သားတို့၊ ပုရေဘတ္တ ပဋိဂ္ဂဟိတ-နံနက် အကပ်ခံအပ်သည်ကို ပဝါရိတ် သင့်သူသည် အတိရိတ် ဝိနည်းကံ မပြုဘဲ သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ (တစ်ခု)။

မြတ်စွာဘုရားသည်၊ ရာဇဂြိုဟ်မှ သာဝတ္ထိသို့ ကြွ၍ တဖန် ကျောင်း၌ နေတော်မူသောအခါ ရှင်သာရိပုတြာအား ကာယဍ္ဍာဟ ကိုယ်ပူနာ ဖြစ်၏။ ရှင်မောဂ္ဂလာန်သည် မေးမြန်း၍ ဘိသ-ကြာစွယ်၊ မုဠာလိက-ကြာရင်းတို့ဖြင့် ချမ်းသာဖူးသည်ဟု သိ၍၊ မန္ဒာကိနီအိုင်သို့ တန်ခိုးဖြင့် ကြွသွား၏။ ဆင်တစ်စီးသည် ကြွတော်မူပါဟု ပင့်၍ အဘယ်ဖြင့် အလိုရှိပါသနည်းဟု မေး၍ အကြောင်း သိလတ်သော် ဆင်တစ်စီးကို အချင်း၊ အရှင်မြတ်အား ကြာစွယ် ကြာရင်းတို့ကို လိုသလောက် လှူလော ဟု စေခိုင်း၏။ ထိုဆင်သည် မန္ဒာကိနီအိုင်သို့ ဆင်း၍ ကြာစွယ် ကြာရင်း တို့ကို နှုတ်၍ ကောင်းစွာ ဆေးကြော၍ အထုပ်ဖွဲ့၍ ဇေတဝန်ကျောင်းသို့ လိုက်ပို့၍ ရှင်မောဂ္ဂလာန်အား အကပ်ခံစေ၍၊ မန္ဒာကိနီသို့ ပြန်သွား၏။

ရှင်သာရိပုတြာသည် ကြာစွယ် ကြာရင်း ဘုဉ်းပေး၍ ကိုယ်ပူနာ ငြိမ်း၏။ ကြာစွယ်ကြာရင်း များစွာ ကြွင်းကျန်၏၊ ရဟန်းတို့သည် ဒုဗ္ဘိက္ခအခါ အနည်းငယ်မျှ၌လည်း ထားကုန်၏။ ဆင်ခြင်၍လည်း ပယ်ကုန်၏။ ပဝါရိတ် သင့်၍ ကုက္ကုစ္စ ဖြစ်၍ မခံယူကုန်။ ချစ်သားတို့၊ ခံယူကြလော၊ သုံးဆောင်ကြလော။ ချစ်သားတို့၊ ဝနဋ္ဌ- တောဖြစ် အစာ၊ ပေါက္ခရဋ္ဌ- ကြာကန်ဖြစ် အစာကို ပဝါရိတ် သင့်သူသည် အတိရိတ် ဝိနည်းကံ မပြုဘဲ သုံးဆောင် ခြင်းငှါ ခွင့်ပြု၏။ (နှစ်ခု)

[ဝနဋ္ဌ-သည် ဝနေဇာတံပေါက္ခရဋ္ဌ-သည် ပဒုမိနိဂစ္ဆေဇာတံ- ကြာရုံ၌ ဖြစ်၏ ]

(ဒုဗ္ဘိက္ခအခါ အတ္တော ဝုတ္တ၊ အန္တော ပက္က၊ သာမံ ပက္က၊ ဥဂ္ဂဟိတ ပဂ္ဂဟဏ (၄)
တတော နိဟတ၊ ပုရေဘတ္တ ပဋိဂ္ဂ ဟိတ၊ ဝနဋ္ဌ၊ ပေါက္ခရဋ္ဌ (၄)
ဤရှစ်ပါးကို ခွင့်ပြုထားသည်။
နောက်၌ ရှေးလေးခု ဒုက္ကဋ်၊ နောက် လေးခု ပါစိတ်ဟု ပယ်လတ္တံ့။)

မကပ္ပိရ နှစ်မျိုး

ထိုအခါ သာဝတ္ထိ၌ သစ်သီးခဲဖွယ် များစွာ ဖြစ်၏။ ကပ္ပိယ ကာရက မရှိ၊ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ သစ်သီးကို မစားကုန်။ ချစ်သားတို့၊ အဗီဇ-မျိုးမကောင်းသော သစ်သီးကို၊ နိပ္ပဋ္ဋ ဗီဇ-မျိုးစေ့ထုတ်အပ်သော သစ်သီးကို မကပ္ပိမူ၍ သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။

[အဗီဇန္တိတ ရုဏဖလံ-အညှောက်ကို မဖြစ်စေနိုင်သော အသီးနု။
နိပ္ပဋ္ဋဗီဇ ဟူသည် မျိုးစေ့ကို ထုတ်ပယ်၍ စားအပ်သော သရက် ပိန္နဲ စသည်တည်း။]

မြင်းသရိုက်နာ ဓားခွဲ ထုလ္လစ္စည်း

ထိုအခါ မြတ်စွာဘုရားသည်၊ သာဝတ္ထိမှ ရာဇဂြိုဟ်သို့ ကြွ၍ ဝေဠုဝန် ကလန္ဒက နိဝါပ၌ နေတော်မူ၏။ ထိုအခါ ရဟန်းတစ်ပါးအား ဘဂန္ဒလ-မြင်းသရိုက် သွေးကျနာ ဖြစ်၏။ အာကာသ ဂေါတ္တ မည်သော ဆေးဆရာသည် သတ္တကမ္မ-ဓားခွဲခြင်းကို ပြု၏။ ဘုရားရှင် ကျောင်းလှည့်လည်၍ ထိုကျောင်းသို့ ရောက်လတ်သော် ဆေးဆရာသည် မြင်၍၊ အရှင် ဂေါတမသည် ကြွလာတော်မူပါ၊ ဤရဟန်း၏ ဝစ္စမဂ်ကို ရှုတော်မူပါ၊ ဖွတ် ခံတွင်းကဲ့သို့ဟု ဆို၏။ မောဃပုရိသသည် ငါ့ကို ပြက်ရယ်ပြုသည်ဟု ပြန်ကြွ၍ ရဟန်းတို့ကို မေး၍ အဘယ်ကြောင့် ဤသို့ ပြုစေသနည်း။ ကျဉ်းမြောင်းရာ အရပ်၌ အရည်သည် နူးညံ့၏။ အနာသည် ဒုရောပယော- ပျောက်ခဲ၏။ ဓားအခွဲ ခက်၏။ မလျောက်ပတ်ဟု ကဲ့ရဲ့၍ ချစ်သားတို့၊ ကျဉ်းမြောင်းရာ အရပ်၌ ဓားခွဲခြင်း မပြုအပ်-ထုလ္လစ္စည်း

ဆဗ္ဗဂ္ဂီ တို့သည် ဓားခွဲခြင်းကို ပယ်တော်မူသည်ဟု ဝတ္တိကမ္မ-ကျပ်ထုပ်ထိုးခြင်းကို ပြုစေကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ကျဉ်းမြောင်းရာ အရပ်၏ ဝန်းကျင်နှစ်သစ်၌ ဓားခွဲခြင်း၊ ကျပ်ထုပ်ထိုးခြင်းကို မပြုစေအပ်- ထုလ္လစ္စည်း

[ဒုရောပယသည် အသားနု တက်ခဲ၏။ ပကတိအတိုင်း ဖြစ်ခဲ၏ ဟူလို။
ဓား အခွဲခက်၏ ဟူသည် ကျဉ်းမြောင်းရာ အရပ်၌ ခဲယဉ်းစွာ ဓားကို ဆောင်ရာ၏။
သတ္တကမ္မ ဟူသည် ပိုင်းခြားအပ်သော အရပ်၌ အမှတ်မရှိ ဓား၊ အပ်၊ ဆူး၊ စူး၊ ကျောက်စောင်း၊ လက်သည်း တစ်ခုခုဖြင့် ဖြတ်ခြင်း၊ ခွဲခြင်း၊ ခြစ်ခြင်းကို မပြုအပ်။ ဤ အားလုံးသည် သတ္တကမ္မသာ ဖြစ်၏။
ဝတ္တိကမ္မ ဟူသည် အမှတ်မရှိ သားရေ၊ အဝတ် တစ်ခုခုဖြင့် ဝတ္ထိ ပိဠန-ကျပ်ထုပ်ထိုး ဖိနှိပ်ခြင်းကို မပြုအပ်။ ဤအားလုံးသည် ဝတ္တိကမ္မသာ ဖြစ်၏။ ဝန်းကျင် နှစ်သစ် ဟူသည်ကိုလည်း သတ္တကမ္မကိုသာ ရည်ဆိုသည်။ ဝတ္တိကမ္မကိုကား ကျဉ်းမြောင်းရာ အရပ်၌သာ ပယ်သည်။ ထိုကျဉ်းမြောင်းရာ အရပ်၌ကား ခါရ၊ ပြာရည် လောင်းခြင်းငှါ လည်းကောင်း၊ ကြိုးငယ် တစ်ခုခုဖြင့် စည်းခြင်းငှါ လည်းကောင်း အပ်၏။ ပြာရည်လောင်းခြင်း၊ ကြိုးစည်းခြင်းဖြင့် ပြတ်အံ့- အပြစ်မရှိ။ (ဘင်ထွက်ခြင်း၊ လိပ်ခေါင်း ထွက်ခြင်းကို ရည်ဆိုခြင်းတည်း။)
အဏ္ဍ ဝုဍ္ဎိ-မုတ်ရောဂါ၌လည်း ဓားခွဲခြင်း မအပ်။ ရောဂါကင်းအောင် ခွဲ၍ ဗီဇကို မထုတ်အပ်။ မီးကင်ခြင်း ဆေးလိမ်းခြင်းတို့၌ ပယ်ခြင်းရှိ။ ဝစ္စ မဂ်၌ ဘေဘဇ္ဇမက္ခိ-ဆေးလိမ်းခြင်း၊ အာဒါန ဝဋ္ဋိ-ပုဆိုး ကျစ်သွင်းခြင်း၊ ဝေဠုနာ ဠိကာ ... ဝါးကျည်တောက်ငယ်ဖြင့် ပြာရည်သွင်းခြင်း ဆီလောင်းခြင်းတို့သည် အပ်ကုန်သည်သာ တည်း။]

ဝိဋီ ... ဝတ္တိ ပိဠန ဟူသည် ကျပ်ထုပ်၌ရှိသော ဆီ စသည်ကို ကိုယ်တွင်း ရောက်အောင် လက်ဖြင့် ကျပ်ထုပ်ကို နှိပ်ခြင်းတည်း။

သမ္ဗာဓ နေရာ၌ သက္ကကမ္မ၊ ဝတ္တိ ကမ္မတို့ကိုသာ ပယ်ခြင်းကြောင့်၊ အဟန ကမ္မ – မီးကင်ခြင်းသည် အပ်၏။

သာဋီ ... ထိုထက် မထူး။

ဇီဋီ ... သမ္ဗာ စသည် ဝစ္စမဂ် ဖြစ်၏။ ဘိက္ခုနီ၏ ပသာဝ မဂ်လည်း သမ္ဗာဓ ပင်တည်း။

အဏ္ဍဝုဍ္ဎိ သည် ဝါတဏ္ဍက-လေဥ ဖြစ်၏။ အာဒါန ဝဋ္ဋတိ အာဟန ဝတ္တိ။)

အကပ္ပိယ မံသဆယ်ပါး

ထိုအခါ မြတ်စွာဘုရားသည်၊ ရာဇဂြိုဟ်မှ ဗာရာဏသီသို့ ကြွ၍ ဣတိပတန မိဂဒါဝုန်၌ နေတော်မူ၏။ ဗာရာဏသီ၌ သုပ္ပိယ ဥပါသကာနှင့် သုပ္ပိယာ ဥပါသိကာ တို့သည် နှစ်ယောက်လုံး သံဃာ့ အလုပ်အကျွေး ဒါယကာတို့ ဖြစ်ကုန်၏။ သုပ္ပိယာသည် အရံသို့သွား၍ တစ်ကျောင်းမှ တစ်ကျောင်း ဂိလာနတို့ကို မေးမြန်းလေ့ရှိ၏။

ထိုအခါ ရဟန်းတစ်ပါးသည်၊ ဝိရေစန- ဝမ်းနှုတ်ဆေးကို သောက်၍၊ ပဋိစ္ဆာ ဒနိယ-အသားဟင်းရည်ဖြင့် အလိုရှိသည်ဟု ဆို၏။ ကောင်းပါပြီ၊ ပို့လိုက်ပါမည်ဟု အိမ်ပြန်၍ ပဝတ္တ မံသ-ဈေးပေါ်သားကို ရှာစေ၏။ သားငါး မပေါ်စေရသော (မာဃာတ) နေ့ဖြစ်၍၊ တစ်မြို့လုံး ရှာ၍မရ။ ထိုအခါ သုပ္ပိယာသည် ပေါတ္ထနိက-သားလှီးဓားကိုယူ၍ ပေါင်သားကို လှီး၍ ကျွန်မကို ချက်ခိုင်း၍ ပို့စေ၍ ပေါင်ကို အဝတ်စည်း၍ အခန်းတွင်း၌ အိပ်နေ၏။

ဥပါသကာသည် ထိုအကြောင်း သိလတ်သော် သုပ္ပိယာ၏ သဒ္ဓါတရားကို ဝမ်းမြောက်စွာ အံ့သြ၍ မြတ်စွာ ဘုရားထံ ချဉ်းကပ်၍ နက်ဖြန် ဆွမ်းဘုဉ်းပေး ကြွတော်မူပါဟု လျှောက်၏။ မြတ်စွာဘုရားသည် ကြွလာ၍ သုပ္ပိယာကို မမြင်သဖြင့် သုပ္ပိယာ အဘယ်မှာနည်းဟု မေး၏။ နေထိုင်မကောင်းပါဘုရား။ လာစေလော၊ မလာနိုင်ပါဘုရား။ ချီပွေ့၍သော်လည်း ဆောင်ခဲ့လောဟု မိန့်တော်မူ၏။

ဥပါသကာ ချီပွေ့၍ လာသောဏခါ သုပ္ပိယာသည် ဘုရားရှင်ကို မြင်သည်နှင့် တစ်ပြိုင်နက် အသားနုတက်၍ အနာပျောက်၍ ဝမ်းမြောက်စွာ ဆွမ်းကပ်၏။ မြတ်စွာဘုရာသည်၊ တရားဟော၍ ပြန်ကြွ၍ ထိုရဟန်းကို ချစ်သား၊ သုပ္ပိယာသည် အသားကို ပို့လိုက်သလော။ ပို့လိုက်ပါသည်ဘုရား၊ သုံးဆောင် ပြီးပြီလော၊ ပြီးပါပြီ ဘုရား။ စူးစမ်းသလော၊ မစူးစမ်းမိပါ ဘုရား။ အဘယ်ကြောင့် မစူးစမ်းသနည်း။ လူသားကို သင်စားမိပြီဟု ကဲ့ရဲ့၍ ချစ်သားတို့၊ မနုဿ မံသ-လူသားကို မစားအပ် - ထုလ္လစ္စည်း။ ချစ်သားတို့၊ မစူးစမ်းဘဲ အသားကို မစားအပ် - ဒုက္ကဋ်

[ပဝတ္တံ မံသန္တိ မတဿ မံသံ- အသေကောင်၏ အသား။
မာဃာတနေ့ ဟူသည် ထိုနေ့၌ သတ်ဖြတ်ခွင့် မရ၊
ပေါတ္တနိ ကန္တိ မံသစ္ဆေဒန သတ္တတံ -အသားကို လှီးဖြတ်သော ဓား။
ပဋိဝေက္ခိတိ မံသိ- စူးစမ်းသလော။ မေးမြန်းသလော ဟူလို။ ဤမည်သော အသားဟုသိလျှင် မေးဖွယ် မရှိ။ မသိလျှင်ကား မေး၍သာ စားအပ်၏။]

(သာဋီ ... မာဃာတ ဟူသည်၊ မာဃာတေထ ပါဏိနော-သတ္တဝါတို့ကို မသတ်ကြရဟု ကြွေးကြော်သော နေ့တည်း။)

ထိုအခါ မင်းကြီး၏ ဆင်တို့သည် သေကုန်၏။ လူတို့သည် ဒုဗ္ဘိက္ခ အခါ ဆင်သားစားကုန်၏။ ရဟန်းအားလည်း လှူ၍၊ ရဟန်းစားကုန်၏။ ဆင်သည် မင်းအင်္ဂါ ဖြစ်၏။ မင်းကြီးသိလျှင် နှလုံး မသာမယာ ဖြစ်ရာ၏ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ဟတ္တိ မံသ-ဆင်သားကို မစားအပ် ... ဒုက္ကဋ်

မင်းကြီး၏ မြင်းတို့သည် သေကုန်၏။ အဿမံသ - မြင်းသားကို မစားအပ်-ဒုက္ကဋ်

လူတို့သည် ဒုဗ္ဘိက္ခအခါ ခွေးသား စားကုန်၏။ ရဟန်းတို့အားလည်း ...လ... စားကုန်၏။ ရွံဖွယ်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ သုနခ မံသ - ခွေးသားကို မစားအပ်-ဒုက္ကဋ်

လူတို့သည် ဒုဗ္ဘိက္ခအခါ မြွေသား စားကုန်၏။ ရဟန်းတို့အားလည်း ...လ... စားကုန်၏။ ရွံဖွယ်ဟု ကဲ့ရဲ့ကုန်၏။ သုပဿ မည်သော နဂါးမင်းသည်လည်း မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရား မသဒ္ဓါသော နဂါးတို့သည် ရဟန်းတို့ကို ညှဉ်းဆဲကုန်ရာ၏။ မြွေသား မစားကြမူ ကောင်းပါသည်။ လျှောက်၏။ ချစ်သားတို့၊ အဟိ မံသ - မြွေသားကို မစားအပ်- ဒုက္ကဋ်

[သုနခ မံသအရညကောက တောခွေးသည် သုနခနှင့် တူ၏။ တောခွေးတို့၏ အသားသည် အပ်၏။ ရွာ ခွေးထီး၊ မနှင့် တောခွေးထီး၊ မစပ်သော ခွေး ဗန္ဓတ်၏ အသားသည် မအပ်၊ နှစ်ဘက်လုံးသို့ သက်ဝင်၏။

အဟိ မံသ သည် အမှတ်မရှိ အခြေမရှိသော ကျောက်ရှည်မျိုး၏ အသား ဖြစ်၏။ မအပ်။]

ထိုအခါ မုဆိုးတို့သည် ခြင်္သေ့ကို သတ်၍ အသားစားကုန်၏။ ရဟန်းတို့အားလည်း လှူ၍ စား၍ တော၌ နေကြ၏။ ခြင်္သေ့တို့သည် ခြင်္သေ့သား အနံ့ဖြင့် ရဟန်းတို့ကို လိုက်ကုန်၏။ ချစ်သားတို့၊ သီဟ မံသ - ခြင်္သေ့ သားကို မစားအပ်-ဒုက္ကဋ်

မုဆိုးတို့သည် ကျားကို၊ သစ်ကို၊ ဝံကို၊ အောင်းကို သတ်၍ စားကုန်၏။ ရဟန်းတို့အားလည်း ...လ... လိုက် ကုန်၏။ ချစ်သားတို့၊ ဗျဂ္ဃ မံသ-ကျားသားကို၊ ဒီပိ မံသ-သစ်သားကို၊ အစ္ဆ မံသ-ဝံသားကို။ တရစ္ဆ မံသ- အောင်းသားကို မစားအပ်- ဒုက္ကဋ်

[ဤ အသားတို့တွင် လူသားကို ဇာတ်တူချင်း ဖြစ်သောကြောင့် ပယ်သည်။ ဆင်သား၊ မြင်းသားကို မင်း၏ အင်္ဂါဖြစ်သောကြောင့်၊ ခွေးသား၊ မြွေသားကို အံ့ဖွယ်ဖြစ်သောကြောင့်။ ခြင်္သေ့သား စသော ငါးခုကို မိမိ ဘေးရန် မဖြစ်စေခြင်းငှါ ပယ်သည်။

လူမှာ (၁)-ဇာတ်ချင်း-ထုလ္လစ္စည်းတည်း။
မြင်းနှင့်၊ ဆင်မှာ (၂)- မင်းအင်္ဂါ ဖြစ်၏။
သစ်၊ ကျား လည်းကောင်း၊ ဝံ၊ အောင်း၊ ခြင်္သေ့ (၅)- ဘေးရန်တွေ့တတ်။
ရွံအပ်-ခွေး၊ မြွေ (၂)-ဒုက္ကဋ် ပေ - ဆယ်ထွေ မအပ် အသားတည်း။

[ဤဆယ်မျိုး၏ မံသ-အသား၊ အဋ္ဌိ-အရိုး၊ လောဟိတ-သွေး၊ စမ္မ-သားရေ၊ လောမ-အမွေး၊ ဤ အလုံးစုံသည်လည်း မအပ်၊ သိ၍ လည်းကောင်း၊ မသိ၍ လည်းကောင်း စားသူအား အာပတ်သာတည်း။ သိသောအခါ ဒေသနာ ကြားအပ်၏။ မမေးဘဲ စားအံ့ဟု အကပ်ခံလျှင် ဒုက္ကဋ်။ မေး၍ စားအံ့ဟု အကပ်ခံလျှင် အနာပတ္တိ

ဥဒ္ဒိသ မံသ-ကိုကား သိလျက် စားသူအားသာ အာပတ်၊ စားပြီးမှ သိသူကို အာပတ်ဖြင့် မဆုံးဖြတ်အပ်။]

(ဇီဋီ ... သီဟဠ ဋ္ဌကထာ၌ လူ၏ အသား၊ ဆံပင်၊ လက်သည်း၊ ခြေသည်း၊ အရိုး၊ သွေးတို့၌လည်း ထုလ္လစ္စည်းသာဟု ဆို၏။ ဤစကားဖြင့်- အဋ္ဌိပိ လောဟိတံ စမ္မံ၊ လောမံ တေသံ နကပ္ပတိ ... ဟူသော ခုဒ္ဒသိက္ခာ ဂါထာပုဒ်၏ အနက်အဓိပ္ပါယ်သည် သိလွယ်၏။

အကပ်ခံလျှင် ဟူသည်၌ အနာဒရိယ ဒုက္ကဋ်ကို ဆိုအပ်၏။

ဥဒက မနုဿ စသည်၏ အသားလည်း မအပ်ဟု ဆိုကုန်၏။

နဂါးမင်းဆိုသော အပြစ်ရှိသော်လည်း ကဲ့ရဲ့ခြင်းမှ လိုက်သည်ကိုသာ ယူ၍ ရွံဖွယ်ဟု ဆိုသည်။)

(အသား၊ ရိုး၊ သွေး၊ ရေ၊ မွှေးတို့ မအပ်သော်လည်း၊ မီးကျွမ်းအောင် ပြာချ၍ စားလျှင် အပ်၏။ အဆီ၌ လူဆီတစ်ခုသာ မအပ်၊ နို့ရည် စသည်ကား အားလုံးအပ်၏။)

ယာဂုအကျိုးဆယ်ပါး

ထိုအခါ မြတ်စွာဘုရားသည် ဗာရာဏသီမှ အန္ဓကဝိန္ဒသို့ ရဟန်း ၁၂၅၀-နှင့် ဒေသ စာရီ ကြွတော်မူ၏။ ဇနပုဒ် သားတို့သည် ဆား၊ ဆီ၊ ဆန်၊ ခဲဖွယ် တို့ကို လှည်းများစွာတင်၍ ဗုဒ္ဓ ပမုခ သံဃာအား အလှည့်ကျ ဆွမ်းကပ်မည်ဟု လိုက်ကုန်၏။ စားကြွင်းစား ငါးရာတို့လည်း လိုက်ကုန်၏။ အန္ဓကဝိန္ဒသို့ ရောက်သောအခါ ပုဏ္ဏားတစ်ဦး အလှည့်မရသဖြင့် ငါအား နှစ်လလွန်ပြီ၊ ငါတစ်ယောက်တည်း ဖြစ်သည်။ အိမ်ကိစ္စလည်း များသည်၊ သံဃာများ ဆွမ်းစားရာ၌ ယာဂုကို လည်းကောင်း၊ မဓု ဂေါဠက-မုန့်ချိုကို လည်းကောင်း မမြင်ဟု ရှင်အာနန္ဒာထံ ချဉ်းကပ်၍ ဘုရားရှင် အလှူခံပါမည်လောဟု လျှောက်၏။

ဘုရားရှင်အား ရှင်အာနန္ဒာ လျှောက်၍ အခွင့်ရသောအခါ၊ ထို နှစ်မျိုးကို စီရင်၍ ဆက်ကပ်၏။ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ အလှူမခံကုန်။ ချစ်သားတို့၊ အလှူ ခံကြလော၊ သုံးဆောင်ကြလောဟု မိန့်တော်မူ၏။ ဆွမ်းကိစ္စ ပြီးသောအခါ၊ ပုဏ္ဏားအား တရား ဟော၏။ ဒါယကာ ပုဏ္ဏား ယာဂု၌ အာနိသင် ဆယ်ပါး ရှိ၏။

ယာဂုကို လှူသူသည် အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန - ငါးပါးကို လှူသူ ဖြစ်၏။ သောက်အပ်သော ယာဂုသည် ဆာခြင်းကို ပယ်ဖျောက်၏။ ရေငတ်ခြင်းကို ပယ်ဖျောက်၏။ လေတို့ လျော်စေ၏။ (ဝါ- လေစုန်စေ၏။) အစာအိမ်ကို စင်ကြယ်စေ၏။ (အစာဟောင်း စင်ကြယ်၏)။ အစာသစ်ကို ကြေကျက်စေ၏။ ဤသို့ ယာဂုံအကျိုး ဆယ်ပါးကို ဟော၍ ချစ်သားတို့၊ ယာဂုကို လည်းကောင်း၊ မဓု ဂေါဠကကို လည်းကောင်း ခွင့်ပြု၏။

[ဧကတ္တကောတိ ဧကကော-ငါ တစ်ယောက်တည်း၊ အဖော်မရှိ ဟူလို။
ထိုပုဏ္ဏားသည် ယာဂုနှင့် မဓု ဂေါဠကကို တစ်သိန်းကုန်ခံ၍ စီရင်စေ၏။]

(သာဋီ ... မဓု ဂေါဠကန္တိ သက္ကရာ ဒိသံယုတ္တပုဝံ -သကာ စသည်နှင့် ယှဉ်သော မုန့်။

အာယုသည် အာယုဒါန-အသက် အလှူ၊ ဝဏ္ဏသည် ကိုယ်အဆင်း။ သုခသည် ကိုယ်ချမ်းသာ စိတ်ချမ်းသာ၊ ဗလသည် သရိရထာမ- ကိုယ်၏ အား။

ပဋိဘာနသည် ယုတ္တမုတ္ထ ပဋိဘာန-သင့်သည်ကို မတပ်မငြိ မြင်သိသောဉာဏ် ထက်မြက်ခြင်း။

လေကို လျော်စေ၏ ဟူသည် လေကို လျော်စေလျက် ဆောင်၏။

အစာအိမ်ကို စင်ကြယ်စေ၏ ဟူသည် ဓမနိ- အကြောတို့ကို စင်ကြယ်အောင် ပြု၏။

အစာသစ်ကို ဟူသည် အစာသစ် အကြွင်းအကျန် ရှိအံ့၊ ကြေစေလျက်စေ၏။ အနုပဝစ္ဆတီတိ ဒေတိ။)

ဟောဇ္ဇ ယာဂု အလှူရှင် ဒေါသ

လူတို့သည် ယာဂုနှင့် မုန့်ချိုကို ဘုရားရှင် ခွင့်ပြုသည်ဟု နံနက် စောစော၌ ဘောဇ္ဇယာဂု - လက်ကော်ရသော ယာဂုကို လည်းကောင်း၊ မုန့်ချိုကို လည်းကောင်း လှူကုန်၏။ ရဟန်းတို့သည် ထိုအစာဖြင့် ဆွမ်း မစားနိုင်ကြကုန်။ ထိုအခါ တရုဏ ပသန္န - နုသော ကြည်ညိုခြင်းရှိသော အမတ် တစ်ယောက်သည် ဘုရား အမှူးရှိသော သံဃာအား ပင့်ထား၍ မံသ ပါတိ-အသားဟင်းခွက် ၁၂၅၀-ကို တစ်ပါးတစ်ခွက်ကျ ရည်မှန်း၍ ဆွမ်းလုပ်ကျွေး၏။

ရဟန်းတို့သည် ဒါယကာ အနည်းငယ်သာ လှူပါ၊ နံနက် စောစော၌ ဘောဇ္ဇ ယာဂုနှင့် မုန့်ချိုတို့ကို စားထားကြသည်ဟု ဆိုကုန်၏။ ငါပင့်ထားလျက် အဘယ်ကြောင့် သူတစ်ပါး၏ ဘောဇ္ဇ ယာဂုကို စားကြသနည်းဟု ကဲ့ရဲ့၍ အမျက်ထွက်၍ ရဟန်းတို့၏ သပိတ်၌ အပြည့်ထည့်၍ စားချင်စားကြ၊ ယူချင် ယူသွားကြဟု ဆို၏။ မြတ်စွာဘုရား သည် ဆွမ်းကိစ္စအပြီး တရားဟော၍ ကြွသွား၏။

ထိုနောက် အမတ်သည် နှလုံး မသာမယာဖြစ်၍ လိုက်သွားပြီးလျှင် မြတ်စွာဘုရား၊ တပည့်တာ်မှာ ဤသို့ ဤသို့ ပြုမိပါပြီ၊ ကုသိုလ် ဖြစ်မည်လော၊ အကုသိုလ် ဖြစ်မည် လောဟု လျှောက်၏။ ဒါယကာ၊ သင်သည် နက်ဖြန် ဆွမ်းကျွေးအံ့ဟု ပင့်သောအခါမှစ၍ ထိုအဖို့ဖြင့် ကုသိုလ်များစွာ ဖြစ်ပြီ။ ရဟန်းတစ်ပါး တစ်ပါးသည် သင်၏ ဆွမ်းလုံးတစ်လုံး တစ်လုံးကို ခံယူသောအဖို့ဖြင့် ကုသိုလ်များစွာ ဖြစ်ပြီ။ နတ်ပြည်ကို ရအပ်ပေပြီဟု မိန့်တော်မူ၏။ ထိုအခါမှ ဝမ်းမြောက်၍ ရွှင်လန်းစွာ ပြန်သွား၏။

မြတ်စွာဘုရားသည် ရဟန်းတို့ကို များစွာ ကဲ့ရဲ့၍ ချစ်သားတို့၊ တစ်ပါးသော အရပ်၌ ပင့်ဖိတ်အပ်သော ရဟန်းသည် သူတစ်ပါး၏ ဘေဇ္ဇ ယာဂုကို မသုံးဆောင်အပ်။ ယထာဓမ္မ ပြုစေအပ်၏။

[ဘောဇ္ဇယာဂုသည် ပဝါရိတ်ကို ဖြစ်စေနိုင်၏။ ယဒဂ္ဂေ နာတိယံ အာဒိံ ကတွာ

နတ်ပြည်ကို ဟူသည် နတ်ပြည်၌ဖြစ်ကြောင်း ကုသိုလ်ကို ဆည်းပူးအပ်ပြီ ဟူလို။

ယထာဓမ္မသည် ပရမ္ပရ ဘောဇန ပါစိတ်ဖြင့် ကုစားစေအပ်၏။ ဘောဇ္ဇ ယာဂုသည် ပဝါရဏာ ဖြစ်စေသောကြောင့်တည်း။]

(သာဋီပရမ္ပရ ဘောဇန ဟူသည် ဘောဇဉ် ငါးပါး တစ်ပါးပါး ဖြင့် ဖိတ်သူ၏ ဘောဇဉ်ကို ဖယ်ထား၍၊ ထိုမှတစ်ပါး ဘောဇဉ် တစ်ပါးပါး စားသူအားဖြစ်သည်။ ဤ ရဟန်းတို့ကား ဘောဇ္ဇယာဂုကို စားကြသည်။ ဘောဇဉ် တစ်ပါးပါး မဟုတ်ဟု စောဒနာဖွယ် ရှိသောကြောင့် “ဘောဇ္ဇ ယာဂုသည် ပဝါရဏာ ဖြစ်စေသောကြောင့်” ဟု ဆိုသည်။ ဘောဇဉ် တစ်ပါးပါးကို ပယ်သူအား ဟောသော ပဝါရဏာသည် ဘောဇ္ဇယာဂုကို ပယ်သူအားလည်း ဖြစ်သည်သာတည်း။ ဘောဇ္ဇယာဂုသည် ဩဒန အလား ရှိ၏ ဟူလို။

ဝိဋီသဂ္ဂါတေ အာရဒ္ဓါတိ တယာဒေဝ လောကာ အာရာဓိတာ-နတ်ပြည်တို့တို့ သင်ရပြီ။)

(လက်ကော်မရသော ယာဂုကျဲနှင့် ဘောဇဉ် မဟုတ်သော အစာသည် ပရမ္ပရ ဘောဇနလည်း မဖြစ်။ ပဝါရဏာလည်း မဖြစ်။)

တင်လဲ အလုံး၊ အရည်

ထိုအခါ မြတ်စွာဘုရားသည် အန္ဓကဝိန္ဒ၌ မွေ့လျော်သလောက် နေ၍ ရာဇဂြိုဟ်သို့ ရဟန်း ၁၂၅၀-နှင့် ကြွတော်မူ၏။ ဗေလဋ္ဌကစ္စာနသည် တင်လဲအိုး ငါးရာတင်၍ ရာဇဂြိုဟ်မှ အန္ဓကဝိန္ဒသို့ ခရီးရည် အသွား၊ ဘုရားရှင်ကို မြင်၍ ရှိခိုး၍ တင်လဲအိုး တစ်ပါး တစ်လုံးကျ လှူလိုပါသည်ဟု လျှောက်၏။ ကစ္စာန၊ တင်လဲအိုး တစ်ခုကိုသာ ယူခဲ့လောဟု မိန့်တော်မူ၏။ ယူလာ သောအခါ ရဟန်းတို့အား လှူလောဟု မိန့်တော်မူ၏။ လှူပြီး၍ များစွာ ကျန်ပါသေးသည်ဟု လျှောက်လတ်သော် အလိုရှိတိုင်း လှူဦးလောဟု မိန့်တော်မူ၏။ ထိုနောက် များစွာ ကျန်ပါသေးသည်ဟု လျှောက်လတ်သော် ရောင့်ရဲအောင် လှူဦးလော (သုံးကြိမ်)။

ထိုနောက်များစွာ ကျန်ပါသေးသည်ဟု လျှောက်လတ်သော် စားကြွင်းစာကျန်တို့အား လှူလော၊ တစ်ဖန် ရောင့်ရဲအောင် လှူလော (ပေါင်း ခြောက်ကြိမ်)။ ထိုနောက် များစွာ ကျန်ပါသေးသည်ဟု လျှောက်လတ်သော် ကစ္စာန ထိုကျန်သော တင်လဲကို စားလျှင် ဘုရားရှင်နှင့် သာဝကတို့မှတစ်ပါး အစာကြေနိုင်အံ့သော သူကို မမြင်၊ မြက်သစ်ပင် မရှိရာ၌ စွန့်လော၊ ပိုးမရှိသော ရေ၌ မျှောလောဟု မိန့်ဆို၏။

ရေ၌ မျှောသောအခါ တင်လဲအပေါင်းသည် သံတွေပူကဲ့သို့ တရှဲရှဲမြည်လျက် အခိုးလွှတ်၏။ ထို့နောက် တရားဟောသဖြင့် ဗေလဋ္ဌ ကစ္စာနသည် မဂ်ဖိုလ်ရ၍ သရဏဂုံ ဆောက်တည်၏။ ထိုနောက် မြတ်စွာ ဘုရားသည် ရာဇဂြိုဟ်သို့ ကြွ၍ ဝေဠုဝန်၌ နေတော်မူ၏။ ထိုအခါ ရာဇဂြိုဟ်၌ တင်လဲများစွာ ဖြစ်၏။ ရဟန်းတို့သည် ဂိလာနအားသာ တင်လဲ ခွင့်ပြုသည်ဟု ကုက္ကုစ္စ ဖြစ်၍ တင်လဲကို မစားကုန်။ ချစ်သားတို့၊ ဂိလာနအား ဂုဠ-တင်လဲ(လုံး)ကို၊ အဂိလာနအား ဂူဠောဒက-တင်လဲ အရည်ကို ခွင့်ပြု၏။

[ထိုကြွင်းကျန်သော တင်လဲ အပေါင်း၌ နတ်တို့သည် သိမ်မွေ့သော ဩဇာကို ထည့်ကုန်၏။ တစ်ပါးသောသူ စားလျှင် အစာကြေခြင်းသို့ မရောက်၊ ထိုကြောင့် မိန့်ဆိုသည်။ ဂိလာနအား ဂူဠဟူသည် ထိုသို့သော အနာဖြင့် ဂီလာနဖြစ်သူအား နေလွဲသောအခါ ဂူဠ- တင်လဲလုံးကို ခွင့်ပြု၏ ဟူလို။]

(သာဋီ ... သိမ်မွေ့သော ဩဇာကို ဟူသည် မြတ်စွာဘုရား ဘုဉ်းပေး လတ္တံ့ ဟု မှတ်ထင်၍ ထည့်ကုန်၏။

ဇီဋီ ... ဂိလာနသည် အကြောင်း ရှိလျှင် ဂူဠကို စားအပ်၏၊ ဂူဠောဒကကို အကြောင်းမရှိသော်လည်း သောက်အပ်၏ဟု အနက်ထူးကို သိအပ်၏။

ဂူဠောဒကသည် ရေနှင့် ရောသောကြောင့် သတ္တာဟ ကာလိက အဖြစ်ကို စွန့်၍ ယာဝဇီဝိတ ရေအလားတူ ဖြစ်၏။ ဩဒိဿ အနုညာတ ဖြစ်ခြင်းကြောင့် ပစ္စဝေက္ခဏာ မဆင်ခြင်လျှင် အပြစ် မရှိဟု ဆိုကုန်၏။ အကပ်မခံဘဲ ရေအလားတူ သောက်အပ်သည် မဟုတ်သောကြောင့် စူးစမ်း၍ ယူအပ်၏ဟု ဂဏ္ဍိ တစ်ခု၌ ဆိုသည်။)

(ရေကို သောက်ချိုး ဖွပ်လျှော် သုံးဆောင်ခြင်းတို့၌လည်း ဆေးအဖြစ်ဖြင့် ဆင်ခြင်ရမည်ဟု ဝိသုဒ္ဓိမဂ် ပစ္စယသန္နိဿိတ သီလ၌ ဆို၏။)

ပါဋလိ၌ မြို့သစ်တည်ခြင်း

ထိုအခါ မြတ်စွာဘုရားသည်၊ ရာဇဂြိုဟ်မှ ပါဋလိရွာသို့ ရဟန်း ၁၂၅၀-တို့နှင့် ကြွတော်မူ၏။ ပါဋလိရွာနေ ဥပါသကာတို့သည် ဧည့်သည်တို့ တည်းခိုရာ အိမ်သစ်ကြီး၌ နေရာခင်း၍ ပင့်ဆောင်ကုန်၏။ မြတ်စွာဘုရားသည် အိမ်သစ်ကြီး၌ အလယ်တိုင်ကို မှီ၍ အရှေ့ဘက်လှည့်၍ ထိုင်တော်မူ၏၊ ရဟန်းတို့သည် အနောက်ဘက် နံရံမှီ၍ အရှေ့ဘက် ဘုရားရှင်သို့ ဦးညွတ်၍ ထိုင်ကုန်၏။ ပါဋလိ ရွာသားတို့သည် အရှေ့ဘက် နံရံမှီ၍ အနောက်ဘက် ဘုရားရှင်သို့ ဦးညွတ်၍ ထိုင်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဒါယကာတို့ သီလ မရှိသူအား စည်းစိမ် ဆုတ်ယုတ်ခြင်း၊ မကောင်းသတင်း ကျော်စောခြင်း၊ ပရိသတ်၌ မရဲရင့်ခြင်း၊ တွေဝေစွာ သေရခြင်း၊ အပါယ်လားခြင်း- အပြစ် ငါးပါးရှိ၏။ သီလရှိသူအား ထိုမှပြန်၍ အကျိုး ငါးပါးရှိ၏ဟု တရားဟော၍ သုည ဂါရ-ဆိတ်ငြိမ်ရာသို့ (ဝါ-စတုတ္ထဈာန်သို့) သက်ဝင်တော် မူ၏။

ထိုအခါ၌ သုနိဓ၊ ဝဿကာရ-ဟူသော မဂဓ အမတ်တို့သည် ဝဇ္ဇီမင်းတို့၏ အခွန်ကို တားခြင်းငှါ ပါဋလိ၌ မြို့တည်ကုန်၏။ နတ်တို့ ကူညီသည်ကို မြင်တော်မူ၍ ချစ်သားအာနန္ဒာ၊ ဤမြို့သစ်ကို တာဝတိံသာ နတ်တို့နှင့် တိုင်ပင်၍ တည်သကဲ့သို့ ဖြစ်သည်ကို ငါဘုရား မြင်တော်မူ၏။ သူတော်ကောင်းတို့ သက်ဝင်ရာ၊ ကုန်သည်တို့ ရောင်းဝယ်ရာ၊ ဥစ္စာထုပ် ဖြေရာ ပါဋလိပုတ်မြို့ကြီး ဖြစ်လတ္တံ့။ အန္တရာယ်ကား မီးဘေး၊ ရေဘေး၊ အချင်းချင်း စိတ်ဝမ်းကွဲသော ဘေးအားဖြင့် ဘေးသုံးပါး ဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။

မြို့သစ်တည်သော အမတ်တို့သည် ပင့်၍ ဆွမ်းကပ်သောအခါ ဒါယကာတို့၊ ပညာရှိသူသည် နေရာသစ် တည်ရာ၌ သီလရှိသူတို့ကို ကျွေးမွေး၍ နတ်တို့အား အမျှပေးဝေရာ၏။ နတ်တို့ စောင့်ရှောက်၍ ကောင်းသော အာရုံတို့ကို ရ၏ ဟု ဟော၏။ ကြွသောအခါ ဘုရားရှင် ထွက်တော်မူသော တံခါးကို ဂေါတမ တံခါးမဟု မှည့်ကုန်၏။ ဂင်္ဂါမြစ် ကူးသောဆိပ်ကိုလည်း ဂေါတမဆိပ်ဟု မှည့်လို၍ အမှတ်တို့ လိုက်ကုန်၏။ ဂင်္ဂါမြစ်၌ ရေပြည့်သဖြင့် လူတို့သည် လှေ၊ သစ်ဖောင်၊ ဝါးဖောင်ကို ရှာကုန်၏။

မြတ်စွာဘုရားသည် ကွေးသောလက် ဆန့်သကဲ့သို့ ရဟန်း သံဃာနှင့်တကွ ဟိုမှာဘက်ကမ်း၌ တည်တော်မူလေ၏။ (ဆိပ်အမည် မမှည့်ကြရ။) ထိုအခါ မြတ်စွာဘုရားသည် လူအပေါင်းသည် မြစ်ကို ဖောင်ဖွဲ့၍ ကူး၏။ ပညာရှိတို့ကား တဏှာမြစ်ကို ကိလောညွှန် မကပ်စေဘဲ မဂ္ဂင်တံတားခင်း၍ ကူးကုန်၏-ဟု ဥဒါန်းကျူးတော်မူ၏။

(သာဋီ ... ပါဋလိသို့ ဘုရားရှင် ဝင်ပုံ ခမ်းနား ကြီးကျယ်စွာ ဆို၏။ ကျောင်းနေရာ အလှူအကျိုးကိုလည်း များစွာပြ၏။)

ကောဋိ ဂါမ၌ ဥယျာဉ်အလှူ

ထိုအခါ မြတ်စွာဘုရားသည် ကောဋိဂါမသို့ ရောက်၍ ကောတိဂါမ၌ နေတော်မူ၏။ ရဟန်းတို့ကို ချစ်သားတို့၊ သစ္စာလေးပါး မသိခြင်းကြောင့် သင်တို့ ငါတို့ သံသရာရှည်လျားစွာ ကျင်လည်ကြရပြီ။ သိပြီးသောအခါ တဏှာပြတ်၍ ဘဝသစ် တစ်ဖန် မရှိပြီဟု မိန့်တော်မူ၏။ ထိုအခါ အမ္ဗပါလီ ပြည့်တန်ဆာမသည် ဘုရားရှင် ကြွလာသည်ကိုကြား၍ ကောင်းနိုးရာရာ ယာဉ်တို့ဖြင့် ဝေသာလီမှ ထွက်ခဲ့၍၊ ဘုရားရှင်ကို ဖူးမျှော်၍ တရားနာ၍ ဆွမ်းစားပင့်၏။

ဝေသာလီပြည် လိစ္ဆဝီ မင်းတို့သည် ဘုရားရှင် ကောဋိဒါပသို့ ရောက်ပြီဟု ညို၊ ရွှေ၊ နီ၊ ဖြူ တန်ဆာ အမျိုးမျိုးဖြင့် ကောင်းနိုး ရာရာ ယာဉ်တို့ စီး၍ ဘုရားဖူးသွားကုန်၏။ အမ္ဗပါလီသည် လိစ္ဆဝီ မင်းသားငယ်တို့၏ ရထားစွန်းကို မိမိ ရထားစွန်းဖြင့် ထိခိုက်စေ၍ အရှင့်သားတို့၊ ဘုရားအမှူးရှိသော သံဃာကို နက်ဖြန်အတွက် ဆွမ်းစားပင့်ခဲ့ပြီ ဟု ဆို၏။

ဟယ် အမ္ဗပါလီ၊ ထိုဆွမ်းကို ငါတို့အား တစ်သိန်းဖြင့် ပေးလောဟု ဆိုလတ်သော် ဝေသာလီတစ်ပြည်လုံး ပေးသော်လည်း ငါ မပေးပြီဟု ဆို၏။ လိစ္ဆဝီတို့သည် ငါတို့ကို အမ္ဗပါလီသည် နိုင်ချေပြီဟု လက်ချောင်း ခါကုန်၏။ လိစ္ဆဝီမင်းများ ဘုရားရှင်အနီးသို့ ရောက်သောအခါ၊ ချစ်သားတို့ တာဝတိံသာ နတ်တို့ကို မမြင်ဖူးလျှင် ဤ လိစ္ဆဝီ ပရိသတ်ကို အတူ ပြု၍ ကြည့်ရှုကြလောဟု မိန့်တော်မူ၏။

လိစ္ဆဝီတို့ ဘုရားဖူး၍ တရားနာ၍ ဆွမ်းစားပင့်သောအခါ အမ္ပပါလီ၏ ဆွမ်းကို လက်ခံထားပြီဟု မိန့်တော်မူ၏။ အမ္ဗပါလီသည် ငါတို့ကို နိုင်ချေပြီဟု လက်ချောင်း ခါကုန်၏။ ထိုနောက် မြတ်စွာဘုရားသည် ကောဋိဂါမမှ ဉာတိတရွာသို့ ကြွ၍ အုတ်တိုက်၌ နေ၍ နံနက်၌ အမ္ဗပါလီအိမ် ကြွ၍ ဆွမ်းဘုဉ်းပေး၏။

ဆွမ်းကိစ္စပြီးသောအခါ အမ္ဗပါလီသည် မြတ်စွာဘုရား၊ ဤ သရက်ဥယျာဉ်ကို ဗုဒ္ဓပ္ပမုခ ဘိက္ခု သံဃာအား လှူပါ၏-ဟု လျှောက်၏။ မြတ်စွာဘုရားသည် အာရာမကို အလှူခံတော်မူ၏။ ထိုနောက် တရားဟော၍ မဟာဝုန်သို့ ချဉ်းကပ်၍ ဝေသာလီပြည် မဟာဝုန်ကုဋာဂါရသာလ၌ နေတော်မူ၏။

[အမ္ဗကာ ဟူသည် ကုတ္တိကာ တည်း။
အတူပြု၍ ဟူသည် ဤ လိစ္ဆဝီ ပရိသတ်ကို သင်တို့၏ စိတ်ဖြင့် တာဝတိံသာနှင့် တူသော ပရိသတ် ဟု ဆောင်ကြလော၊ အတူပြု၍ ကြည့်ရှုကြလော ဟူလို။]

(သာဋီ ... အမ္ဗကာ ဟူသည် မာတုဂါမ တည်း။ အမ္ဗကာ၊ မာတုဂါမ၊ ဇနနိကာ-ဟူသော အမည်သည် ဣတ္တိတို့၌ တင်စားသော ဝစနတည်း။ (အမေ သဘောရှိသူ ဟူလို။) များစွာသော ပါဠိတို့၌ စက္ခု စသည်တို့၌ ရူပါရုံ စသည်တို့၌ နိမိတ်ယူခြင်းကို တားတော်မူလျက် ဤ၌ အကြိမ်ကြိမ် ကြည့်ခိုင်းခြင်းကား ရဟန်းတို့၏ အကျိုးငှါတည်း။ လုံ့လလျော့သော ရဟန်းတို့ကို နတ်စည်းစိမ်ပြ၍ ရဟန်းတရား အားထုတ်စိမ့်သောငှါ လည်းကောင်း၊ အနိစ္စ လက္ခဏာ ထင်ရှားစေခြင်းငှါ လည်းကောင်း၊ ကြည့်ခိုင်းတော်မူသည်။ မကြာမီ ဤ မင်းသားတို့သည် အဇာတသတ် လက်ချက်ကြောင့် ပျက်စီးခြင်းသို့ ရောက်ကုန်လတ္တံ့။ ထိုအခါ အနိစ္စ လက္ခဏာ ပွား၍ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ကုန်လတ္တံ့ဟု အနိစ္စ လက္ခဏာ ထင်အောင် မိန့်ဆိုသည်။

ဝိဋီ ... ထိုထက်မထူး။)။

ဥဒ္ဒိသ မံသ သုံးမျိုး

ထိုအခါ အလွန်ထင်ရှားသော လိစ္ဆဝီမင်းတို့သည် မင်းကိစ္စ ဆောင်ရွက်ရာ သန္ဓာဂါရ၌ စည်းဝေး၍ ဘုရား၊ တရား၊ သံဃာ၏ ဂုဏ်ကျေးဇူးကို ပြောဆိုကုန်၏။ နိဂဏ္ဍတို့၏ တပည့် သီဟ စစ်သူကြီးသည် ထိုစကားကိုကြား၍ ဘုရားဖူး သွားလို၍ ပန်ကြား၏။

သီဟ၊ သင်သည် ကြိယဝါဒ ဖြစ်၏။ ရဟန်း ဂေါတမကား အကြိယ ဝါဒတည်း။ အဘယ်ကြောင့် သွားလိုသနည်းဟု ဆိုသဖြင့်၊ ဘုရားဖူးလိုသောစိတ် ငြိမ်းသွား၏။ နှစ်ကြိမ်မြောက်၌ ထိုအတူ ငြိမ်းပြန်၏။ သုံးကြိမ်မြောက်၌ကား မပန်ကြားဘဲ ရထားငါးရာဖြင့် အထင်အရှား သွား၍ ရှိခိုး၍ ဤသို့ လျှောက်၏။

မြတ်စွာဘုရားသည် အကြိယ ဝါဒ ဖြစ်သည်ဟု ကြားရပါသည်၊ ဟုတ်ပါသလော။ သီဟ၊ ငါသည် ပရိယာယ်အားဖြင့် အကြိယ ဝါဒ ဖြစ်၏။ ကြိယ ဝါဒလည်း ဖြစ်၏။ ဥစ္ဆေဒ ဝါဒ၊ ဇေဂုစ္ဆိ၊ ဝေနယိက၊ တပဿိ၊ အပ ဂဗ္ဘ၊ အဿတ္တ လည်း ဖြစ်၏။

ပရိယာယ်ကား - ဒုစရိုက် မပြုခြင်းငှါ ငါဟော၏။ ထိုနည်းဖြင့် ငါသည် အကြိယ ဝါဒ ဖြစ်၏။ သုစရိုက်ပြုခြင်းငှါ ငါဟော၏။ ထိုနည်းဖြင့် ကြိယ ဝါဒ ဖြစ်၏။ ရာဂတို့ကို ဖြတ်ခြင်းငှါ ဟော၏။ ထိုနည်းဖြင့် ဥစ္ဆေဒ ဝါဒ။ ဒုစရိုက်ကို စက်ဆုပ်၏၊ ထိုနည်းဖြင့် ဇေဂုစ္ဆိ။ ရာဂတို့ကို ပယ်ဖျောက်ခြင်းငှါ ဟော၏။ ထိုနည်းဖြင့် ဝေနယိကတပနိယ မည်သော အကုသိုလ်ပူကို ဖြတ်ခြင်းငှါ ဟော၏။ ထိုနည်းဖြင့် တပဿိ၊ နောင်တစ်ဖန် ပဋိသန္ဓေနေခြင်းကို ပယ်ပြီးပြီ၊ ထိုနည်းဖြင့် အပဂဗ္ဘ၊ သီဟ၊ ငါသည် သက်သာရာ မဂ်ဖိုလ်ဖြင့် လွန်စွာ သက်သာပြီ၊ သက်သာခြင်းငှါ တရားဟော၏။ ထိုနည်းဖြင့် ငါသည် အဿတ္တ ဖြစ်၏ဟု ရှစ်မျိုး မိန့်တော်မူ၏။

ထိုအခါ သီဟ စစ်သူကြီးသည် ဤသို့ နားတော် လျှောက်၏။ မြတ်စွာဘုရား လွန်စွာ နှစ်သက်ဖွယ် ရှိပေစွ၊ ဤနေ့မှစ၍ တစ်ဆက်လုံး ဆည်းကပ်သော ဥပါသကာ ဟူ၍ အကျွန်ုပ်ကို မှတ်တော်မူပါ ဘုရား။ သီဟ၊ စူးစမ်း၍ ပြုလော၊ သင်သို့သော ထင်ရှားသူ၏ စူးစမ်း၍ ပြုခြင်းသည် ကောင်း၏၊

မြတ်စွာဘုရား ဤစကားဖြင့် လွန်စွာ နှစ်သက်ပါသည်။ တစ်ပါးသော တိတ္တိတို့သည် အကျွန်ုပ်ကဲ့သို့သော တပည့်တကာကိုရလျှင် ဝေသာလီ တစ်ပြည်လုံး၌ သီဟသည်၊ ငါ့တပည့်ဟု တံခွန် လွှင့်ကုန်ရာ၏။ နှစ်ကြိမ်မြောက် ဥပါသကာ ဟူ၍ မှတ်တော်မူပါဘုရား။ သီဟ၊ သင့်အိမ်သည် နိဂဏ္ဌတို့၏ ရေတွင်းသဖွယ် ဖြစ်၏။ ထို နိဂဏ္ဌတို့အား ရောက်လာလျှင် ဆွမ်းလှူထိုက်သည်ဟု အောက်မေ့လော။

မြတ်စွာဘုရား ဤ စကားဖြင့် အလွန်အကဲ နှစ်သက်ပါသည်။ ရှေးက ကြားဖူးသည်မှာ ရဟန်း ဂေါတမသည် ငါအား ငါ့သာဝကအားသာ လှူကြ၊ သူတစ်ပါးအား မလှူကြနှင့် အကျိုးမကြီးဟု ဟောသည်ဟူ၍ ကြားဖူးပါသည်။ ယခုမှာမူ နိဂဏ္ဍတို့အားလည်း လှူခြင်းကို တိုက်တွန်းတော်မူ၏။ သို့ရာတွင် ဤ လှူခြင်း၌ ကာလကို (အဂ္ဂဒက္ခိဏေယျ ဖြစ်၊ မဖြစ်ကို) အကျွန်ုပ်တို့ သိကုန်လတ္တံ့၊၊ သုံးကြိမ်မြောက် ဥပါသကာ ဟူ၍ မှတ်တော်မူပါ ဘုရားဟု လျှောက်၏။

ထိုနောက် ဒါနကထာ စသည်ကို နာရ၍ နက်ဖြန် ရဟန်း သံဃာနှင့်တကွ ဆွမ်းစားကြွတော်မူပါဟု လျှောက်၍ ဖဲသွားပြီးလျှင်၊ လူ တစ်ယောက်ကို ပဝတ္တ မံသကို သိလောဟု ရှာစေ၍ ဆွမ်းစီမံ၏။ နံနက်၌ ဘုရားရှင် ကြွလာ၍ ထိုင်နေသောအခါ နိဂဏ္ဍတို့သည် ဝေသာလီ လမ်းမတို့၌ လက်တို့ကို မြှောက်လျက် ကြွေးကြော်ကုန်၏။

ယနေ့ သီဟ စစ်သူကြီးသည် ဆူဖြိုးသော သားကောင် (နွား၊ ကျွဲ၊ ဝက်) တို့ကို သတ်၍ ရဟန်း ဂေါတမအား ဆွမ်းစီမံသည်၊ ရဟန်း ဂေါတမသည် ပဋိစ္စကမ္မံ - မိမိကို စွဲ၍ ပြုသော ဥဒ္ဒိသ မံသကို စားသည်ဟု ကြွေးကြော်ကုန်၏။ ထိုအခါ တစ်ယောက်သည် သီဟ စစ်သူကြီးအား နားရင်းကပ်၍ ထိုအကြောင်းကို ပြော၏။

အမောင်၊ ထိုအရှင် နိဂဏ္ဍတို့သည် ဘုရား တရား သံဃာကို ကဲ့ရဲ့ ကြသည်မှာ ကြာပြီ၊ မဟုတ်မမှန် စွပ်စွဲသော ထိုအရှင်တို့သည် နဇိရိဒန္တိ- မဆွေးရိကုန်။ ငါတို့သည် အသက်ငဲ့၍ပင် သူတစ်ပါး အသက်ကို မသတ်ကြကုန်ဟု ဆို၏။

မြတ်စွာဘုရားသည် ဆွမ်းစား၍ တရားဟော၍ ကြွသွားပြီးလျှင် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့၊ ဥဒ္ဒိဿ မံသကို သိလျက် မစားအပ်-ဒုက္ကဋ်၊ ချစ်သားတို့၊ မမြင်အပ်၊ မကြားအပ်၊ မရွံရှားအပ်- (ဝါ-မတွေးထင်အပ်သော) အစွန်းသုံးပါး လွတ်သော မစ္ဆ၊ မံသ-ငါး၊ အမဲကို ခွင့်ပြု၏။

ရည်၍ သတ်ငြား-ထင်၊ မြင်၊ ကြား (၃) -သုံးပါး မံသ၊ သစိတ္တက

[စူးစမ်း၍ ဟူသည် လျော်စွာ သိအောင်ပြု၍ ကြံစည်၍ နှိုင်းချိန်၍ ပြုအပ်သည်ကို ပြုလော-ဟု ဆိုလိုသည်။

တံခွန်လွှင့် ဟူသည် အလံထူ မြှောက်၍ မြို့၌ ကြွေးကြော်ကာ လှည့်ကုန်ရာ၏။ ဤသို့ပြုလျှင် ငါတို့၏ မြင့်မြတ်ခြင်းသည် ဖြစ်လတ္တံ့ -ဟူသော အကြောင်းကြောင့်တည်း။

ရေတွင်း သဖွယ် ဟူသည် ကောင်းစွာ ပြုပြင်ထားသော ရေတွင်းကဲ့သို့ တည်သော အိမ်ဖြစ်၏။

လှူထိုက်သည်ဟု အောက်မေ့လော ဟူသည် ဤသူတို့အား အလှူကို မဖြတ်နှင့်၊ ရောက်လာလျှင် လှူအပ်သည်သာတည်း ဟု ဆုံးမ၏။

ဥဒ္ဒိဿကန္တိ ဥဒ္ဒိဿိတွာ ကတံ - ရည်၍ပြုသော အသား။ ပဋိစ္စကမ္မန္တိ အတ္တာနံ ပဋိစ္စကတန္တိ အတ္ထော - မိမိကို စွဲပြုသော အသား ဟူလို။ တစ်နည်း နိမိတ္တကမ္မ ဟူသော ပဋိစ္စကမ္မ ရှိသော အသားတည်း။ ဤသို့သော အသားကို စားသူလည်း ထိုကံ၏ အမွေခံယူသူ ဖြစ်၏။ သတ်သူအားကဲ့သို့ စားသူ အားလည်း ပါဏာတိပါတကံ ထိုက်၏ ဟူလို။

ဇိရိဒန္တိ တိဇိရန္တိ။ စွပ်စွဲခြင်းတို့သည် မဆွေးရိကုန်၊ စွပ်စွဲခြင်း၏ အဆုံးသို့ မရောက် ဟူလို။

အစွန်း သုံးပါး လွတ်ခြင်းကို သံဃဘေဒ၌ ဆိုအပ်ပြီ။]

(ဝိဋီ ... သန္ဓာဂါရ ဟူသည် ရာဇကိစ္စ ဆောင်ရွက်ရန် အကြား အပေါက် မရှိအောင် ပြု၍ စီမံခြင်းငှါ ပြုသော မဟာသဘင်ဖြစ်၏။

နိမိတ္တကမ္မ ဟူသည် စားခြင်းအကြောင်းဖြင့် ဖြစ်သော ပါဏာတိပါတ ကံတည်း။

သာဋီ ... သန္ဓာဂါရ ဟူသည် လူတို့ အပန်းဖြေ နားစရာ ပြုသော အိမ်ဖြစ်၏။ မြို့အလယ်၌ အရပ် လေးမျက်နှာမှ မြင်နိုင်၏။ ရာဇ ကိစ္စဆောင်ရွက်ရန် အိမ်ကိုလည်း သန္ဓဂါရဟု ဆိုကုန်၏။ ထို၌ တိုင်၍ လိစ္ဆဝီမင်းတို့သည် ရာဇ ကိစ္စကို စီမံကုန်၏။ ရာဇကိစ္စ၊ လောက ကိစ္စ စီမံပြီးလျှင် ပညာရှိ အရိယာဖြစ်သော မင်းတို့သည် ရတနာသုံးပါး ဂုဏ်ကို ပြောဆိုကြ၏။

ဘုရားဂုဏ်သည် စရိယဂုဏ်၊ သရိရဂုဏ်၊ ဂုဏဂုဏ် ဟု သုံးမျိုး ရှိ၏။ စရိယဂုဏ်ကို ပြောဆိုပုံကား- မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပတ်လုံး ဥပပါရမီ၊ ပရမတ္တ ပါရမီ အားဖြင့် အပြား သုံးဆယ်ကို လည်းကောင်း၊ ဉာတတ္ထ စသော စရိယ သုံးပါး၊ စွန့်ခြင်းကြီး ငါးပါးတို့ကို လည်းကောင်း ထိပ်ဆုံးရောက် ဖြည့်ကျင့်ခြင်းဖြင့် လည်းကောင်း၊ ငါးရာ့ငါးဆယ် ဖာတ်တော်တို့ဖြင့် လည်းကောင်း၊ တုသိတာဘုံ တိုင်အောင် (စရိယဂုဏ်) ပြောဆိုကုန်၏။

တရားဂုဏ်ကို နိကာယ် ငါးရပ်၊ ပိဋကတ် သုံးပုံ၊ ဓမ္မက္ခန္ဓာအစုံ ရှစ်သောင်း လေးထောင် စသော အဖို့အစု အားဖြင့် ပြောဆိုကုန်၏။

သံဃဂုဏ်ကို တရားတော် နာရ၍ စည်းစိမ် ဆွေမျိုးစွန့်၍ မင်း၊ အိမ်ရှေ့၊ သူဌေး၊ ဘဏ္ဍာစိုး စသော ဌာနန္တရတို့ကို မရေတွက်ဘဲ ဘုရားရှင် သာသနာ၌ ရဟန်း ပြုကြ၏။ ထီးဖြူ စွန့်၍ ရဟန်း ပြုသော ဘဒ္ဒိယ၊ မဟာကပ္ပိန၊ ပုက္ကုသာတိ စသော မင်းရဟန်း ရှစ်သောင်းခန့်၊ ယသ၊ သောဏ၊ ရဋ္ဌပါဠ စသော သူဌေးရဟန်း အပိုင်းအခြား မရှိ စသည်ဖြင့် ပြောဆိုကုန်၏။

ဝေသာလီ၌ ခုနစ်ထောင် ခုနစ်ရာ ခုနစ် (၇၇၀၇) ဦးသော မင်းတို့သည်၊ လူအားလုံး၏ စိတ်ကို ယူ၍ တိုင်းပြည်ကို စီမံခြင်းငှါ စွမ်းနိုင်သူကို ရွေးချယ်သောအခါ သီဟမင်းသားကို ဤသူ တတ်နိုင်လတ္တံ့ ဆုံးဖြတ်၍၊ ကမ္ဗလာနီ မြှေးယှက်သော စစ်သူကြီးဆောင်းထီးကို အပ်နှင်းကုန်၏။ ထိုသီဟ စစ်သူကြီးသည် နာဋပုတ္တ နိဂဏ္ဌ၏ ပစ္စည်းလေးပါး ဒါယကာဖြစ်၏။ ဇမ္ဗူဒိပ် အပြင်၌ နာဠန္ဒ၌ ဥပါလိ သူကြွယ်၊ ကပိလဝတ်၌ ဝပ္ပသာကီဝင် မင်း၊ ဝေသာလီ၌ သီဟစစ်သူကြီးဟု နိဂဏ္ဌ တပည့်ကြီး သုံးဦးရှိ၏။

သန္ဓာဂါရ၌ တစ်ပါးသော မင်းတို့၏ နေရာကို ပရိသတ် အကြား၌ ခင်းကုန်၏။ သီဟစစ်သူကြီး၏ နေရာကား အလယ်ဌာန၌ ဖြစ်၏။ ရာဇာသန နေရာမြတ်၌ ထိုင်ရ၏။ ဂုဏ်တော် ပြောသံကြားရသောအခါ၊ ဤသူတို့သည် အမှတ်မရှိ သေး နုပ်သူကို ဤမျှ မချီးမွမ်းတန်ရာ၊ စင်စစ်ဟု ယုံမှားကင်း၍ ဘုရားဖူး သွားလိုသူဖြစ်၏။

နာဋပုတ္တကား ရှေးမဆွကပင် ရဟန်း ဂေါတမထံ ချဉ်းကပ်မည်ကို စိုးရိမ်သဖြင့် ဤသို့ ပြောထား၏။ စစ်သူကြီး၊ လောက၌ ငါဘုရားဟုဆိုသူ များလှကုန်၏။ အသင် ချဉ်းကပ်လိုလျှင် ငါ့ကို ပန်ကြားလော။ ငါသည် သင့်အား သင့်ရာ၌သာ စေလွှတ်လို၏။ မသင့်ရာမှ တားလို၏ဟု ပြောထားသည်ကို သတိရ၍ လွှတ်လျှင် သွားမည်၊ မလွှတ်လျှင် မသွားဟု ကြံ၍ နာဋပုတ္တထံ ချဉ်းကပ်၏။

သီဟစစ်သူကြီး၏ စကားကို ကြားသောအခါ နာဋပုတ္တသည် တောင်ကြီးဖိသကဲ့သို့ ဗလဝ သောကဖြင့် ငါ အလိုမရှိရာသို့သာ သွားချင်ဘိသည်ဟု ကြံ၍ သီဟ သင်သည် ကြိယဝါဒ ဖြစ်၏ စသည်ကို ဆို၏။ သွားသော နွားကို နှုတ်သီးပိတ် ရိုက်သကဲ့သို့ မီးလျှံကို ငြိမ်းစေသကဲ့သို့ ဆွမ်းပြည့်သော သပိတ်ကို မှောက်သူကဲ့သို့ သီဟအား ဖြစ်သော ပီတိကို ပျက်အောင်ဆို၏။

ဒုတိယအကြိမ်၌ ဘုရားဂုဏ်ကို ဆိုသော မင်းသည် တုတိတာဘုံမှ စ၍ ဗောဓိပလ္လင်တိုင်အောင် မြတ်စွာဘုရား၏ ဖဝါးမှ ဆံဖျားအထိ ပိုင်းခြား၍ ၃၂-ပါးသော လက္ခဏာကြီး၊ ရှစ်ဆယ်သော လက္ခဏာငယ်၊ တစ်လံသော ရောင်ခြည်တော်စွမ်းဖြင့် သရီရ ဂုဏ်ကို ဆိုကုန်၏။ တရားဂုဏ်ကို ပုဒ်အက္ခရာ၌ပင် ချွတ်ယွင်းခြင်း မရှိ၊ ကောင်းစွာ ဟောအပ်သော တရားစွမ်းဖြင့် ဆိုကုန်၏၊

သံဃာ့ဂုဏ်ကို စည်းစိမ်ကြီးစွာ စွန့်၍ ရဟန်း ပြုသူတို့သည် မပျင်းမရိ ဓုတင် တေရသဖြင့် ခြိုးခြံကုန်၏။ အနုပဿနာ ခုနစ်ပါး အားထုတ်ကုန်၏။ ၃၈-ပါးသော အာရုံသမာပတ် ဝင်စားကုန်၏ ဟု ပဋိပဒါ စွမ်းဖြင့် ဆိုကုန်၏။

တတိယအကြိမ်၌ ဣတိပိ သောဘဂဝါ စသော၊ သွာက္ခာတော စသော၊ သုပ္ပဋိပန္နော စသော သုတ္တန်နည်းဖြင့် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ် (ဂုဏဂုဏ်) တို့ကို ဆိုကုန့်၏။ ထိုအခါ သီဟစစ်သူကြီးသည် ဤသို့ ကြံ၏။ ဤလိစ္ဆဝီမင်းတို့အား တတိယနေ့မှစ၍ ဘုရား တရား သံဃာ ဂုဏ်ကို မိန့်ဆိုကြသည်မှာ ခံတွင်းမဆန့်၊ ယခုဖြစ်သော ပီတိကို ငါမစွန့်မူ၍ ယနေ့ပင် ဘုရားဖူးသွားပေအံ့၊ နိဂဏ္ဌတို့အား ပန်ခြင်းဖြင့် အကျိုး မရှိဟုကြံ၏။

နွေအခါ ပထမရွာသော မိုးသည် အနည်းငယ်စီး၍ ခန်း၏။ ဒုတိယ မိုးကြီးသည် စီး၍ သဲပုံ၌ ပျောက်၏။ တတိယမိုးကြီးကား အမှိုက်နှင့်တကွ သဲပုံတို့ကို ဖျက်၍ သမုဒ္ဓရာသို့ စီးဝင်သကဲ့သို့ ငါဘုရားဖူး သွားလိုသည်မှာ ကြာပြီ။ မထင်မရှား သွားခြင်းဖြင့် မသင့်ဟု ကြံ၍ ဘုရားဖူးသွားလိုလျှင် ဘယ်သူမဆို ထွက်ကြလောဟု ကြွေးကြော်၍ ရထားငါးရာ ပရိသတ်ကြီးစွာဖြင့် ပန်းနံ့သာ အခိုးအထုံ လက်စွဲစေလျက် နေ့လယ်ကြောင်တောင် မွန်းတည့်သာသာတွင် သီဟ စစ်သူကြီး ဘုရားဖူးထွက်၏။

အရံတွင်းသို့ ရောက်သောအခါ၊ အဝေးမှပင် လက္ခဏာကြီးငယ် ရောင်ခြည်တော် ခြောက်သွယ်ဖြင့် တင့်တယ်စွာ မြင်ရသောအခါ ဤသို့သော ဘုရားမြတ်ကို အနီးတွင်ရှိလျက် ကာလ ဤမျှကြာအောင် ငါ မဖူးရ၊ လှည့်စားခံရလေစွ၊ အရ မတော်လေစွဟု အကြံဖြစ်၍၊ ရွှေအိုးတွေ့သော သူဆင်းရဲကဲ့သို့ လွန်ကဲသော ပီတိ ပါမောဇ္ဇဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။

မြတ်စွာဘုရားသည် အကြိယာဝါဒ စသော ရှစ်ပါးသော အင်္ဂါတို့ဖြင့် သီဟ စစ်သူကြီးအား တရားဟော၏။

လွန်စွာ သက်သာပြီ ဟူသည် လေးပါးသော မဂ်၊ ဖိုလ် ဟူသော မြတ်သော သက်သာခြင်းတည်း။

စူးစမ်း ဟူသည် အသို့နည်း၊ ဤသီဟသည် ဘုရားကိုလည်းကောင်း၊ နိဂဏ္ဌကို လည်းကောင်း မြင်တိုင်း ဆည်းကပ်သည်ဟု ကဲ့ရဲ့ခြင်း ဖြစ်တတ်၏။ ထိုကြောင့် သင်သို့သော သူတို့အား စူးစမ်းနှိုင်းချိန်ခြင်းသည် ကောင်း၏။

တံခွန် လွှင့်ရာ၌ ဆည်းကပ်ခြင်း၌ စိတ်ပျက်၍ နောက်ဆုတ်လိုသောအခါ ငါ ဆည်းကပ်ခြင်းကို အများ သိကြသည်။ ယခုမှ နောက်ဆုတ်ခြင်းငှါ ဆင်းရဲလှ၏ဟု နောက်မဆုတ်နိုင်အောင် တံခွန် လွှင့်ကုန်ရာ၏။

ရှေးအခါ၌ ရောက်လာသူတို့အား “နတ္ထိ-မရှိ”ဟု မဆိုဘဲ လှူပြီ။ ယခု ငါ့ကို ဆည်းကပ်ခြင်း မျှဖြင့် အလှူ မဖြတ်လင့်၊ ရောက်လာသူတို့အား လှူအပ်သည်သာဟု ဩဝါဒ ပြု၏။ ရှေးက ကြားဖူးသည်၌ အဘယ်မှ ကြားသနည်း၊ နိဂဏ္ဌတို့ ထံမှတည်း။ နိဂဏ္ဌတို့သည် ဤသို့ ထင်စွာ ပြုကုန်၏-ငါတို့သည် ဘယ်သူအား မဆို ရောက်လာလျှင် လှူအပ်၏ဟု ဟောကြသည်။ ရဟန်း ဂေါတမကား-ငါအားသာ လှူကြ၊ ငါ၏ သာဝကအားသာ လှူကြ၊ သူတစ်ပါးအား လှူလျှင် အကျိုးမရှိ စသည်ဖြင့် ဟောသည်ကို ထင်စွာပြကုန်၏။ ထိုကို ရည်ဆိုသည်။

ပဝတ္တမံသ ဟူသည် ပကတိအားဖြင့် ဖြစ်သော ကပ္ပိယ မံသ ဖြစ်၏။ ပဋိစ္စကမံဖုသတိကို ပါဋ္ဌသေသနှင့်လည်း သိအပ်၏။ ထိုကံသည် ရောက်၏ ဟူလို။ ထို အကုသိုလ်သည် လှူသူအား တစ်ဝက်၊ အလှူခံသူအား တစ်ဝက် ဟု နိဂဏ္ဌတို့ အယူရှိ၏။ ဇိရန္တိကို လဇ္ဇန အနက် ၌လည်း သိအပ်၏။ စွပ်စွဲသူတို့ မရှက်ကုန် ဟူလို။)

(သံဃဘေဒ၌ အမြွက်ကား - ရဟန်းတို့ အလို့ငှါ သတ်အပ်သည် မဟုတ်ပါမှ။ ရဟန်းတို့ အလို့ငှါ လည်းကောင်း၊ မင်္ဂလာ အလို့ငှါ လည်းကောင်းဟု သတ်လျှင်လည်း ဥဒ္ဒိဿ မံသ ပင်တည်း။ မြင်သူ ကြားသူ ထင်သူသည် သိလျက် အလှူခံ၍ မိမိမစားဘဲ မသိသူကို ကျွေးအံ့၊ စားလျှင် မသိသူအား အနာပတ္တိ။ သိလျက် မစားသူအားလည်း အနာပတ္တိ၊ နှစ်ဦးလုံး အာပတ်မှ လွတ်၏)

ခေတ္တ အခွင့်ရှစ်ပါး ပယ်ခြင်း

ထိုအခါ ဝေသာလီပြည်သည် ဆွမ်း ရလွယ်၏။ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်စဉ် ဒုဗ္ဘိက္ခအခါ အခွင့်ပြုထားသော အန္တော ဝုတ္တ စသည်တို့ကို ယနေ့ထိ ရဟန်းတို့ သုံးဆောင်ကြသည်ကို အကြံဖြစ်၍၊ ရှင်အာနန္ဒာကို ယနေ့ထိ သုံးဆောင်ကြသလောဟု မေး၍၊ ရဟန်းတို့ကို တရားဟောပြီးလျှင် ချစ်သားတို့၊ ဒုဗ္ဘိက္ခအခါ ငါဘုရား ခွင့်ပြုထားသော အန္တော ဝုတ္တ စသော ရှစ်ပါးကို ယနေ့ကို အစပြု၍ ငါဘုရား ပယ်တော် မူ၏။

ချစ်သားတို့၊ အန္တော ဝုတ္တ၊ အန္တော ပက္က၊ သာမံ ပက္က၊ ဥဋ္ဌဟိတ ပဋိဂ္ဂဟိတကို မသုံးဆောင်အပ်-ဒုက္ကဋ်

ချစ်သားတို့၊ တတော နီဟဋ၊ ပုရေဘတ္တ ပဋိဂ္ဂဟိတ၊ စနဋ္ဌ၊ ပေါက္ခရဋ္ဌကို ပဝါရိတ်သင့်သူသည် အတိရိတ် ဝိနည်းကံ မပြုဘဲ မသုံးဆောင်အပ်။ ယထာဓမ္မ ပြုစေအပ်၏။ (ဝါ- ပါစိတ်။)

ကပ္ပိယ ကုဋီလေးလုံး

ထိုအခါ ဇနပုဒ် နေသူတို့သည် ဆား၊ ဆီ၊ ဆန်၊ ခဲဖွယ် များစွာ လှည်းတို့၌ တင်၍ အရံပ တံခါး မုခ်အနီး လှည်းဝိုင်း၍ အလှည့်ရသောအခါ ဆွမ်းကျွေးမည်ဟု နေကုန်၏။ ကြီးစွာသော မိုးသည်လည်း တက်လာ၏။ ထိုအခါ ရှင်အာနန္ဒာထံ ချဉ်းကပ်၍ အဘယ်သို့ ပြုရပါအံ့နည်းဟု လျှောက်၏။ ရှင်အာနန္ဒာသည် ဘုရားရှင်အား ထိုအကြောင်းကို လျှောက်၏။

ချစ်သား--အာနန္ဒာ၊ ထိုသို့ ဖြစ်လျှင် သံဃာသည် အစွန်ဖြစ်သော ကျောင်းကို ကပ္ပိယ ဘူမိကို သမုတ်၍ နေစေလော။ သံဃာသည် အလိုရှိရာ တစ်ကျောင်းကျောင်းကို ဖြစ်စေ သမုတ်၍ နေစေလော။

သမုတ်ပုံကား ဗျတ္တ ပဋိဗလ ရဟန်းသည် သံဃာကို ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ ဝါ- ဤအမည်ရှိသော ကျောင်းကို ကပ္ပိယ ဘူမိကို သမုတ်ရာ၏။ သမုတ်၏။ သုတ်ပြီဟု သိစေအပ်၏။

လူတို့သည် ထိုသမုတ်သော ကပ္ပိယ ဘူမိ၌ ယာဂု ထမင်းဟင်း ချက်ကုန်၏။ အမဲသား စဉ်းကုန်၏။ ထင်းခွဲ ကုန်၏။ ကျီးအာသံကဲ့သို့ အသံကျယ်စွာ ဘုရားရှင်ကြား၍ မေးမြန်း၍၊ ချစ်သားတို့၊ သမ္မုတိ ကပ္ပိယ ဘူမိကို မသုံးဆောင်အပ်-ဒုက္ကဋ်။ ချစ်သားတို့၊ သုံးခုသော ကပ္ပိယ ဘူမိတို့ကို ဥဿာပ နန္တိက ဂေါနိသာ ဒိက၊ ဂဟပတိကို ခွင့်ပြု၏။

ထိုအခါ အရှင်ယသောဇ သည် ဂိလာနဖြစ်၍ ယူလာသော ဆေးတို့ကို ပြင်ပ၌ ထားကုန်၏။ ကြောင် ကြွက် စသည်တို့ ခဲကုန်၏။ ခိုးသူတို့လည်း ဆောင်ကုန်၏။ ချစ်သားတို့၊ သမ္မုတိ ကပ္ပိယ ဘူမိကို သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ လေးခု သော ကပ္ပိယ ဘူမိတို့ကို ဥဿာဝ နန္တိက၊ ဂေါနိသာ ဒိက၊ ဂဟပတိ၊ သမ္မုတိကို ခွင့်ပြု၏။

[မဟာရာမကောဋ္ဌကေတိ ဗဟာရာမက သမိပေ - အရံပ တံခါးမုခ် အနီး၌။ သကဋ ပရိဝတ္တကံ-လှည်းတို့ဖြင့် အရံကို ကဲ့သို့ပြု၍ နေကုန်၏။

အစွန်ဖြစ်သော ဟူသည် အဘိလာပ မတ္တ (ဒေသနာ မတ္တ)ဖြစ်၏။

သံဃာ အလိုရှိရာဟု ဟောသောကြောင့်၊ ဓုရဝိဟာရ- အလယ် ကျောင်းမကိုသော်လည်း သမုတ်ခြင်းငှါ အပ်၏။ ကမ္မဝါစာ မဖတ်ဘဲ အပလောကန ဖြင့်လည်း အပ်သည်သာတည်း။

ကျီးအာသံ ဟူသည် အနုပ္ပဂေ ယေဝ-နံနက် စောစော၌သာလျှင် အာမိသ ခဲခြင်းငှါ ဝင်လာသော ကျီးတို့၏ ဩရ၀ သဒ္ဒ - ကျယ်သော များသော အသံတည်း။ ယသောဇသည် ကပိလသုတ် အဆုံး၌ ရဟန်းပြုသူ ငါးရာတို့၏ အဂ္ဂ ပုရိသ ဖြစ်၏။]

(သာဋီ ... အဘိလာပ မတ္တန္တိ ဒေသနာ မတ္တံအနုနေဂ ယေဝါတိ ပါတော ယေဝဩရဝ သဒ္ဒန္တိ မဟာသဒ္ဒံ။)

(ကပ္ပိယ ဘူမိ လေးပါး အကျယ်ကို နောက်၌ ဆိုအံ့။)

မေဏ္ဍက သူဌေးဆွမ်း အလှူ

ထိုအခါ ဘဒ္ဒိယမြို့၌ မေဏ္ဍက သူဌေးကြီးသည် နေ၏။ ဦးခေါင်းကို ရေဆေး၍ စပါးကျည်ကို တံမြက်လှည်းစေ၍ တံခါးအနီးထိုင်အံ့၊ စပါးမိုးကျည်အပြည့် ရွာစေသော ဘုန်းကံရှိ၏။ သူဌေးကတော်သည် တစ်ပြည်ဝင် ထမင်းအိုး တစ်ခု၊ ဟင်းအိုး တစ်ခု အနီး၌ ထိုင်၍ ကျွန် အမှုလုပ်တို့ကို ကျွေးမွေးအံ့၊ မထမချင်း မကုန်။

သားသည် ငွေတစ်ထောင်ထုပ်ကိုကိုင်၍ ကျွန်အမှုလုပ်တို့အား ခြောက်လစာ ရိက္ခာပေးအံ့၊ လက်၌ တည်သမျှ မကုန်။

ချွေးမသည် လေးစိတ်ဝင် စပါးတောင်းအနီး၌ နေ၍၊ ကျွန် အမှုလုပ်တို့အား ခြောက်လစာ ရိက္ခာပေးအံ့၊ မထမချင်း မကုန်။

ကျွန်သည် တစ်ခုသော ထွန်ဖြင့် လယ်ထွန်အံ့၊ ထွန်ရေး ခုနစ်ကြောင်း ထင်၏။

ဤသို့ ဘုန်းကံ အသီးသီး ရှိကြ၏။ ဗိမ္ဗိသာရမင်းကြီးသည်၊ ငါ၏နိုင်ငံ ဘဒ္ဒိယမြို့၌ ဤသို့သော သူဌေးကြီး ရှိသည်ဟု ကြား၍ အမတ်တစ်ယောက်ကို စစ်အင်္ဂါ လေးပါးနှင့် စေလွှတ်၍ စုံစမ်းစေ၏။ အမတ်သည် သွားရောက်၍ တစ်ခုစီ မျက်မြင်ကိုယ်တွေ့ ကြည့်ရှုပြီးလျှင် ထိုအကြောင်း မင်းကြီးအား ပြန်၍ သံတော်ဦး တင်၏။ ထိုအခါ မြတ်စွာဘုရားသည် ဝေသာလီမှ ဘဒ္ဒိယမြို့သို့ ရဟန်း ၁၂၅ဝ-နှင့် ကြွ၍ မုလေးတော၌ နေတော်မူ၏။ မေဏ္ဍက သူဌေးကြီးသည် ဘုရားရှင်၏ ဂုဏ်တော်တို့ကို ကြား၍ ကောင်းနိုးရာရာ ယာဉ်တို့ဖြင့် ဘုရားဖူး ထွက်၏။ များစ္စာသော တိတ္တိတို့သည် မြင်၍ သူဌေးကြီး၊ သင်သည် ကြိယဝါဒ ဖြစ်၏။ ရဟန်း ဂေါတမသည် အကြိယ ဝါဒ ဖြစ်၏။ အဘယ်ကြောင့် သွားရသနည်းဟု ဆိုလတ်သော် ဤတိတ္တိတို့ ညူစူ သလောက် ထိုဘုရားသည် အရဟံ သမ္မာ သမ္ဗုဒ္ဓ စင်စစ် ဖြစ်ပေလတ္တံ့ ဟု ကြံစည်၍၊ ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုး၍ ထိုင်၏။

တရားနာပြီးသောအခါ ဥပါသကာ အဖြစ်ကို ဝန်ခံ၍ နက်ဖြန် အလို့ငှါ ဆွမ်းကို လက်ခံတော်မူပါ ဟု လျှောက်၏။ နောက်နေ့၌ ဆွမ်းကိစ္စပြီးသောအခါ တစ်အိမ်သားလုံး ဥပါသကာ အဖြစ်ကို ဝန်ခံ၍ ဘဒ္ဒိယမြို့၌ နေသမျှ ဗုဒ္ဓပ္ပမုခ သံဃာအား ဓူဝဘတ္တ အမြဲ ဆွမ်းဝတ်ဖြင့် လှူလိုပါသည်ဟု လျှောက်၏။ ထိုအခါ တရားဟော၍ ဖဲသွား၏။

ပါထေယျ ခွင့်ပြုခြင်း

ထိုနောက် မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့၌ မွေ့လျော်သလောက် နေ၍ သူဌေးကြီးကို မပြောကြားဘဲ အင်္ဂုတ္တရာပသို့ ကြွတော်မူ၏။ သူဌေးကြီး သိလတ်သော် ဆား၊ ဆီ၊ ခဲဖွယ် များစွာ လှည်းတို့၌ တင်ယူစေ၍ နွားမ ၁၂၅ဝ --တို့ကိုလည်း ယူစေ၍ မီရာ၌ ဆွမ်းကပ်မည်ဟု လိုက်သွား၍ တစ်ပါးလျှင် နွားမ တစ်ကောင်ကျ နို့သစ်နှင့် ဆွမ်းကပ်၏။ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ နို့ကို အလှူမခံကုန်။ ချစ်သားတို့၊ အလှူ ခံကြလော၊ သုံးဆောင်ကြလော။

ထိုနောက် သူဌေးကြီးသည် မြတ်စွာဘုရား၊ ခရီးအကြား၌ ဆွမ်းခဲယဉ်းပါသည်။ ပါထေယျ-လမ်းစာ ရိက္ခာထို ရဟန်းတို့အား ခွင့်ပြုတော်မူပါဟု လျှောက်၏။ ချစ်သားတို့၊ ပဉ္စဂေါ ရသ- နွားနို့အရသာ ငါးပါးကို ခိရ- နို့၊ ဒမိ-နို့ဆမ်း၊ တတ္တ-ရက်တက်၊ နဝနီတ-ဆီဦး၊ သပ္ပိ- ထောပတ်ကို ခွင့်ပြု၏။

ချစ်သားတို့၊ ရေအစာ ခေါင်းပါးသော ခရီးခဲတို့သည် ရှိကုန်၏။ ရိက္ခာမပါလျှင် သွားခြင်းငှါ မလွယ်။ ချစ်သားတို့၊ လမ်းစာ ရိက္ခာကို ဆန်၊ ပဲနောက်၊ ပဲကြီး၊ ဆား၊ တင်လဲ၊ ဆီ၊ ထောပတ် အလိုရှိရာ ရှာဖွေခြင်းငှါ ခွင့်ပြု၏။

ချစ်သားတို့၊ သဒ္ဓါသော လူတို့သည် ကပ္ပိယကာရကတို့၏ လက်၌ ရွှေ ငွေကို ဤ ရွှေ ငွေဖြင့် အရှင်ကောင်းအား အပ်သည်ကို လှူကြဟု အပ်နှံကုန်၏။ ချစ်သားတို့၊ တတော ကပ္ပိယ- ထို ရွှေငွေမှ ဖြစ်သော အပ်သည်ကို သာယာခြင်းငှါ ခွင့်ပြု၏။

ချစ်သားတို့၊ တစ်စုံ တစ်ခုသော ပရိယာယ်ဖြင့် ရွှေငွေကို သာယာအပ်၏။ ရှာဖွေအပ်၏-ဟု ငါ ဘုရား မဟောဆိုသည်သာတည်းဟု မိန့်တော်မူ၏။

[ပဉ္စဂေါရသ ဟူသည်၌ ဤ ငါးပါးသော နွားတို့ အရသာတို့ကို သီးခြား သုံးဆောင်ခြင်းဖြင့် သုံးဆောင်ခြင်းငှါ ခွင့်ပြု၏-ဟူလို။

ပါထေယျ ဟူသည်၌ အချို့ ကိုယ်တိုင်သိ၍ လှူကုန်အံ့-အပြစ်မရှိ။ မလှူကုန်အံ့- မဆွေမျိုးတော်သူ၊ ဖိတ်ကြားသူထံမှ လည်းကောင်း၊ ဆွမ်းခံဝတ်ဖြင့် လည်းကောင်း ရှာအပ်၏။ မရလျှင် အမျိုး မတော်သူ၊ မဖိတ်ကြားသူထံမှ တောင်း၍လည်း ယူအပ်၏။ တစ်ရက် ခရီး၌ တစ်ရက်စာ ရှာအပ်၏။ ခရီး ရှည်၌ လုံလောက်အောင် ရှာအပ်၏။]

(ရွှေ ငွေ အပ်နှံရာ၌ ကပ္ပိယ ညွှန်းပါဟု လျှောက်၍ ရဟန်း ညွှန်းငသာ ကပ္ပိယဖြစ်အံ့-ခြောက်ကြိမ်အထိ တောင်းအပ်၏၊ ငွေကျန်သေးလျှင် အလှူရှင်အား အကြောင်းကြားအပ်၏။ ဤကပ္ပိယထံ တောင်းပါဟု တကာ ညွှန်းသော ကပ္ပိယ ဖြစ်အံ့ အကြိမ် ပိုင်းခြား မရှိ တောင်းအပ်၏။ ငွေကျန်ကို အလှူရှင်အား အကြောင်းမကြားလည်း အပြစ်မရှိ။ ဘယ်သူမှ မညွှန်းဘဲ လက်ခံထားသော ကပ္ပိယ ဖြစ်အံ့--မတောင်းအပ်-စသည်ဖြင့် ကပ္ပိယတစ်ကျိပ်ကို ရာဇ သိက္ခာပုဒ်၌ ဆိုသည်။
ရွှေငွေ ပိုက်ဆံကို တောင်းအပ်သောနည်း မရှိ。
အပ်သောပစ္စည်းကိုသာ တောင်းအပ်၏。
ငွေကို ဆွမ်းဆန်တော်ဟု အချို့ ဆိုခြင်းကား ဝိနည်းတု၊ ဝိနည်းပျက်သာတည်း။)

အဖျော် ရှစ်ပါး

ထိုနောက် မြတ်စွာဘုရားသည်၊ ခရီးစဉ်ဖြင့် အာပဏ နိဂုံးသို့ ရောက်သောအခါ ကေဏိယ ရသေ့သည်၊ ဝိကာလဘောဇန ကြဉ်သော အဋ္ဌက၊ ဝါမက ဝါမ ဒေ၀ - စသော ရှေး ရသေ့တို့သည် အဖျော်ကို သုံးဆောင်ကုန်၏။ ရဟန်း ဂေါတမလည်း သုံးဆောင်ထိုက်သည်ဟု အဖျော်ကို စီမံ၍ ထမ်းပိုးတို့ဖြင့် ယူလာ၍ အလှူ ခံတော်မူပါဟု လျှောက်၏။ ရဟန်းတို့အား လှူသောအခါ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ မခံယူကုန်။ ချစ်သားတို့၊ အလှူခံကြလော၊ သုံးဆောင် ကြလောဟု မိန့်တော်မူ၏။

ကေဏိယ ရသေ့သည် အဖျော်လှူ၍ တရား နာပြီးသောအခါ ဆွမ်းစားပင့်၏။ ကေဏိယ၊ ရဟန်း သံဃာသည် များ၏။ သင်လည်း ဗြာဟ္မဏတို့၌ ကြည်ညိုသူဖြစ်၏-ဟု မိန့်လတ်သော် မြတ်စွာဘုရား၊ ဤအတိုင်း ဟုတ်သော်လည်း နက်ဖြန် ဆွမ်းအလှူခံတော်မူပါဟု နှစ်ကြိမ်၊ သုံးကြိမ်တိုင် ပင့်၏။ လက်ခံတော်မူ၏။

ကေဏီယ ပြန်သွားသောအခါ တရားဟော၍ ချစ်သားတို့၊ ရှစ်မျိုးသော အဖျော်တို့ကို-

  1. အမ္ဗပါန-သရက်သီး အဖျော်။
  2. ကမ္ဗု-သပြေသီး အဖျော်။
  3. စောစ-တောငှက်ပျောသီး အဖျော်။
  4. မောစ-အိမ် ငှက်ပျောသီး အဖျော်။
  5. မဓုက-သစ်မည်စည်သီး အဖျော် (ဝါ-တရော်သီး အဖျော်)။
  6. မုဒ္ဒိကာ-မုဒရက်သီး (ဝါ– သပျစ်သီး) အဖျော်။
  7. သာလူက-ကြာစွယ် ကြာဥ အဖျော်။
  8. ဖာရုသက-ဖက်သက်သီး အဖျော်ကို ခွင့်ပြု၏။

ချစ်သားတို့၊ ဓညဖလ ရသ-စပါးသီး အရည်ကို ထား၍ အလုံးစုံသော သစ်သီးရည်ကို ခွင့်ပြု၏။

ချစ်သားတို့၊ ဍာကရသ- ဟင်းရွက်ကျက်ရည်ကို ထား၍ အလုံးစုံသော သစ်ရွက်ရည်ကို ... ။

မဓုက ပုပ္ဖ ရသ--သစ်မည်စည် ပွင့်ရည်ကို ထား၍ အလုံးစုံသော အပွင့်ရည်ကို ခွင့်ပြု၏။

ဥစ္ဆု ရသ-ကြံရည်ကို ခွင့်ပြု၏။

ထိုနောက် နံနက် ကေဏိယ ရသေ့၏ ကျောင်းသင်ခန်း၌ ဆွမ်းဘုဉ်းပေး၏။ ဆွမ်းကိစ္စ ပြီးသောအခါ အဂ္ဂိဟုတ္တ၊ မုခါယညာ-စသော ဂါထာဖြင့် တရားဟော၏။

အလှူသည် မီးပူဇော်ခြင်း ဟူသော ပဓာန မုခ ရှိ၏။
သာဝိတ္တိသည် ဝေဒ ဆန်းကျမ်း၏ ရွတ်ဆိုခြင်း အစ မုခ ရှိ၏။
မင်းသည် လူတို့၏ အကြီးအမြတ် မုခတည်း။
သမုဒြာသည် မြစ်တို့၏ စီးဝင်ရာ မုခတည်း။
လမင်းသည် နက္ခတ်တို့၏ သိကြောင်း မုခ၊ အတောက်ပဆုံး မုခ၊ အချမ်းအေးဆုံး မုခတည်း။
နေမင်းသည် အလင်းရောင်တို့၏ အကြီးဆုံး မုခတည်း။
သံဃာသည် အလှူရှင် ကုသိုလ်ရှင် တို့၏ အတုမရှိ ကုသိုလ်ဖြစ်ကြောင်း မုခတည်း-ဟု တရားဟော၍ ဖဲသွား၏။

[ထမ်းပိုးတို့ဖြင့် ဟူသည် ငါးရာသော ထမ်းပိုးတို့ဖြင့် ဗဒရပါန - ဆီးသီးအဖျော်အိုး တစ်ထောင်ကို ယူလာသည်တည်း။

တရားဟော၍ ဟူသည် ချစ်သားတို့၊ အဖျော်ကို သင်တို့ မသောက်ခြင်းသည် ကောင်း၏။ ရဟန်း ဂေါတမ၏ တပည့်တို့သည် ပစ္စည်းစုံမက်သည်ဟု မဆိုနိုင်ကြပြီ။ ငါ၌ အလေးပြုကြပေပြီ။ သင်တို့၌လည်း ငါ၏ ဂါရဝကို ဖြစ်စေအပ်ပြီ။ ဤအကြောင်းဖြင့် ငါဘုရား လွန်စွာ စိတ်ကြည်လင်သည် စသည်ဖြင့် ဟော၍ အဖျော်ရှစ်မျိုးကို ခွင့်ပြုတော်မူသည်။

အမ္ဗပါန ဟူသည် သရက်သီး အစိမ်းဖြင့် လည်းကောင်း၊ အမှည့်ဖြင့် လည်းကောင်း ပြုသော အဖျော် တည်း။ သရက်သီးစိမ်းကိုခွဲ၍ ရေ၌ထည့်၍ နေပူ၌ နေချက်ချက်၍ စစ်၍ ယနေ့ အကပ်ခံသော ပျား၊ သကာ၊ ပရုတ်- စသည် ရော၍ ပြုအပ်၏။ ဤသို့ ကိုယ်တိုင်ပြုလျှင် နံနက်၌သာ အပ်သည်။ လူ သာမဏေတို့ ပြုပေးအံ့-နံနက် အကပ်ခံလျှင် နံနက်၌ အာမိသနှင့်တကွလည်း အပ်၏။ နေလွဲသောအခါ အာမိသကင်းသော သုံးဆောင်ခြင်းဖြင့် အရုဏ်တက်အထိ ကပ်၏။ အဖျော်အာလုံး၌ ဤနည်းတည်း။

ဇမ္ဗုကား သပြေသီးဖြင့် ပြုသော အဖျော်တည်း။

စောစ ကား အစေ့ရှိသော ငှက်ပျောသီးဖြင့် ပြု၏။

မဓုက ကား- သစ်မည်စည်သီး ပင်ကိုရည်ဖြင့် ပြု၏၊ ရေရောမှ အပ်သည်။ ပင်ကိုသက်သက် မအပ်။

မုဒ္ဒိကာ ကား- မုဒရက်လည်း မည်သော သပျစ်သီးကို ရေ၌ နယ်၍ အမ္ဗပါန ကဲ့သို့ပြုသော အဖျော်တည်း။

သာလူက ကား -ကြာနီ ကြာညို စသည်တို့၏ ကြာစွယ်၊ ကြာဥတို့ကို နယ်၍ပြု၏။

ဖာရုသက ကား ဖက်သက်သီး တို့ဖြင့် အမ္ဗပါနကဲ့သို့ ပြု၏။

ဤအဖျော် ရှစ်မျိုးတို့သည် အေးသည် ဖြစ်စေ၊ နေချက်ဖြစ်စေ အပ်ကုန်၏။ မီးချက် မအပ်ကုန်။

ဓညဖလ ရသသည် စပါး ခုနစ်မျိုးတို့၏ အသီးရည် ဖြစ်၏။

ဍာကရသန္တိ ပက္ကဍ္ဍာကရသံ၊ ယာဝကာလိက သစ်ရွက်တို့၏ အရည်သည် နံနက်၌သာ အပ်၏။ ယာဝဇိဝိက တို့ကို အကပ်ခံထားသော ထောပတ် စသည်တို့နှင့်တကွ ချက်လျှင် ခုနစ်ရက် အပ်၏။

(ဤစကားဖြင့် အကပ် မခံသော ထောပတ် စသည်တို့နှင့်တကွ ယာဝဇိကို ချက်လျှင် အကပ်ခံသော နေ့မှစ၍ ခုနစ်ရက် အပ်သည်ဟု ပြသည်။)

ရေသက်သက်နှင့် ချက်လျှင် တစ်သက်လုံးပင် အပ်၏။ နို့စသည်နှင့် ချက်လျှင် မအပ်။ (နို့၌ သာမံ ပက္က ဖြစ်သောကြောင့်တည်း။)

သူတစ်ပါး ချက်လျှင်လည်း ဟင်းရွက် ကျက်ရည်ဟု ရေတွက်ခြင်းသို့ ရောက်၏ (နေလွဲ မအပ်)။

ကုရုန္ဒိ၌ ယာဝကာလိက သစ်ရွက် တို့ကိုသော်လည်း ရေအေးဖြင့် နယ်၍ပြုသော အရည်သည် လည်း ကောင်း၊ နေချက်အရည်သည် လည်းကောင်း အပ်သည်ဟု ဆို၏၊ မဓုကပုပ္ဖ ရသ-သစ်မည်စည်ပွင့်ရည်သည် မီးချက်၊ နေချက် နှစ်မျိုးလုံး နေလွဲမအပ်။

ထိုအရည်ကို သေပြုလျှင် နံနက်၌လည်း အစကတည်းက မအပ်, သစ်မည်စည်ပွင့် အစိုဖြင့်၊ အခြောက်ဖြင့်၊ မီးလှော်ဖြင့် သေမပြုဘဲ တင်လဲပြုလျှင် နံနက် အပ်၏။ ကြံရည်သည် အဖတ်မပါလျှင် နေလွှဲအပ်၏။

ဤသို့ အဖျော်တို့ကို ခွင့်ပြုစဉ် (သီးရည်၊ ရွက်ရှည်၊ ပွင့်ရည်၊ ကြံရည်- ဟူသော) အရည်လေးမျိုးကိုလည်း ခွင့်ပြုတော်မူ၏။]

(ဇီဋီ ... ကိုယ်တိုင် အကပ်ခံအပ်သည်ကို နံနက်၌သာလျှင် စွန့်၍ သာမဏေတို့ အဖျော်ပြုပေးလျှင် နံနက်၌သာ အပ်၏၊ ဝတ္ထုနှင့်တကွ အကပ်ခံခြင်းကြောင့် နေလွဲ မအပ်ဟု ဆိုကုန်၏။

သာလူကာသည် ကန္ဒာ- ကြာဥတို့ ဖြစ်ကုန်၏။

ဖာရုသ ကန္တိ ဂေါလ္လဝိသယေ ဧကောရုက္ခောတိ စလိခိတံပက္က ဍာက ရသ-ဟု အထူးပြုသောကြောင့် အပက္ကသည် အပ်၏ဟု ဆိုအပ်၏။ ကုရုန္ဒီ စကားဖြင့် ထင်ရှား၏။ ဆန်ဆေးရည်သည်လည်း ဓည ရသသာတည်း။

အဖတ်မပါသော ကြံရည်သည် သတ္တာဟ ကာလိက ဖြစ်၏။

သာဋီ ... အာပဏသည် နိဂုံးဖြစ်၏။ အာပဏ မည်သော ဈေးဆိုင် နှစ်သောင်း ရှိသောကြောင့် နိဂုံးဟု တွင်သည်။ ထိုနိဂုံးအနီး မြစ်ကမ်းနား အရိပ်ကောင်းသော တောအုပ်၌ ဘုရားရှင်နေ၏။

ကေဏိယသည် ဆံကျစ်ထုံး ရသေ့၊ ဗြာဟ္မဏ မဟာသာလ ဖြစ်၏။ ဥစ္စာ စောင့်ရှောက်ခြင်းငှါ ရသေ့ပြု၍ မင်းအား လက်ဆောင်ပေး၍ မြေကွက် တစ်ခု၌ ကျောင်းသင်ခန်းဆောက်၍ လှည်းငါးရာဖြင့် ကုန်သွယ်လျက် အမျိုးသား တစ်ထောင်၏ မှီခိုရာဖြစ်၏။ ထိုကျောင်းသင်ခန်း၌ ထန်းပင် တစ်ပင်သည် နေ့စဉ် ရွှေအတိပြီးသော အသီးတစ်လုံး ကြွေသည်ဟု ဆိုကုန်၏။ နေ့အခါ ဆံကျစ် ရသေ့၊ ညဥ့်အခါ ကာမစည်းစိမ် ခံစား၏။

အဖျော်ကို စီမံ၍ဟူသည် ထောပတ်၊ ပျား၊ သကာ စသည်တို့နှင့် လည်းကောင်း၊ ငရုတ်တို့နှင့် လည်းကောင်း၊ ကောင်းသော အဖျော်ကို စီမံ၍တည်း။

ကေဏိယ၊ ရဟန်း သံဃာ များ၏ဟု အဘယ်ကြောင့် အကြိမ်ကြိမ် ပယ်သနည်း။ တိတ္ထိတို့သည် ပယ်ခြင်းကို ကြည်ညိုကုန်၏။ အလို နည်းလေစွ၊ ပင့်ဖိတ်သည်ကိုပင် မသာယာဟု ကြည်ညိုခြင်းကြောင့်ဟု ကေစိတို့ ဆိုကုန်၏။ အကြောင်း မဟုတ်။ ဘုရားရှင်တို့အား ပစ္စည်းကြောင့် အံ့ဖွယ်စဉ်းလဲ ပြုခြင်းမရှိ၊ နက်ဖြန်၌ သေလပုဏ္ဏားသည် လူသုံးရာနှင့် ရဟန်းပြုလတ္တံ့။

ရဟန်းတို့ကိုလည်း အရပ်တစ်ပါးသို့ စေလွှတ်ခြင်းငှါ မသင့်။ အားလုံးသွားလျှင် ဆွမ်း မလောက်သဖြင့်၊ ဆွမ်းခံလှည့်အံ့၊ ကေဏိယကို အကြိမ်ကြိမ်ပင့်ပြီး- မျှအောင် မကျွေးဟု လူတို့ကဲ့ရဲ့လိမ့်မည်။ ပယ်သောအခါ သင်လည်း ဗြာဟ္မဏတို့၌ ကြည်ညိုသူဖြစ်၏ဟု ဗြာဟ္မဏတို့၏ အမည်ကို ရဟန်းဂေါတမ အကြိမ်ကြိမ် ဆိုသည်ဟူ၍ ကြံပြီးလျှင် ဗြာဟ္မဏတို့ကိုလည်း သီးခြား ဖိတ်လတ္တံ့။ ထိုဖိတ်အပ်သော ဗြာဟ္မဏတို့သည် ရဟန်းဖြစ်၍ စားကုန်လတ္တံ့ ဤသို့လျှင် ကေဏိယ၏ သဒ္ဓါတရားသည် အစောင့်အရှောက်ခံရလတ္တံ့ဟု အကြိမ်ကြိမ် ပယ်တော်မူသည်။

စပါးသီးအရည်ကို ထား၍ဟူသည်၌ ဆန်ဆေးရည်သည်လည်း ဓညရသ သာတည်း ဟု ဆိုကုန်၏။

အဖတ် မပါသော ကြံရည်ကို သတ္တာဟ ကာလိကဟု သိအပ်၏။

ဝိဋီ ... ကေဏိယ ရသေ့သည် ဆံကျစ်ထုံး ရသေ့အသွင် ဆောင်သူ၊ ယညယုတ္တ ဖြစ်၍ လူအပေါင်း ပူဇော်အပ်သော ဗြာဟ္မဏတည်း။

ယာဝ ကာလိက သစ်ရွက်တို့၏ ဟူသည်ကို အကျက်တို့ကို ရည်ဆိုသည်။ အစိမ်းရွက်တို့ကို လူ သာမဏေတို့ ရေအေး၌ နယ်၍ စစ်ပေးသော အဖျော်သည် နေလွဲ၌လည်း အပ်သည်သာတည်း။ ဤအနက်ကို မဟာအဋ္ဌကထာ၌ သရုပ်အားဖြင့် မဆိုသောကြောင့် ကုရုန္ဒိ၌-စသည်ကို ဆိုသည်။

အဖတ်မပါသော ကြံရည်ကို သောက်အပ်သော အဖျော်အဖြစ်ဖြင့် တူသောကြောင့် ယာမ ကာလိက ကထာ၌ ဆိုသည်။ ကြံရည်ကိုကား သတ္တာဟ ကာလိကဟု ယူအပ်၏။

အရည်လေးမျိုး ဟူသည်၊ ဖလ၊ ပတ္တ၊ ပုပ္ဖ၊ ဥစ္ဆုရသ ဖြစ်၏။)

(သုတ္တနိပါတ် ဋ္ဌကထာ၌ ... လူသုံးရာ ဘုရားရှင်ထံ ရောက်လာ၍ ဧဟိဘိက္ခု ရဟန်းတို့ ဖြစ်၍၊ ကေဏိယ ဆွမ်းကို သံဃာ ၁၅၅ဝ နှင့် ဘုဉ်းပေးသည်ဟု ဆို၏။)

ဟင်းရွက်ကျက်

ထိုနောက် မြတ်စွာဘုရားသည် အာပန နိဂုံးမှ ကုသိနာရုံပြည်သို့ ရဟန်း ၁၂၅၀-နှင့် ကြွတော်မူ၏။ ကုသိနာရုံပြည်၌ မလ္လာမင်းတို့သည် ဘုရားရှင်အား မကြိုဆိုသူ ဒဏ်ငါးရာဟု ကတိကဝတ်ပြု၍ ကြိုဆိုကုန်၏။ ထိုအခါ ရောဇ မလ္လာ မင်းသားသည် ရှင်အာနန္ဒာ၏ သူငယ်ချင်း ဖြစ်၏။ ရောဇသည် ဘုရားကြိုဆို၍ ရှင်အာနန္ဒထံ ချဉ်းကပ်သောအခါ ဒါယကာ ရောဇ၊ ဘုရားအား ကြိုဆိုခြင်းသည် ကောင်းလှပေသည်ဟု ဆို၏။

အရှင်ဘုရား၊ အကျွန်ုပ်သည် ဘုရား တရား သံဃာအား မြတ်နိုးသည် မဟုတ်၊ ဒဏ်ငါးရာကြောက်၍ဟု ဆိုလတ်သော် ရှင်အာနန္ဒာသည် စိတ်နှလုံး မသာမယာ ဖြစ်၍၊ ဘုရားရှင်ထံ ချဉ်းကပ်၍ ရောဇမင်းသား သာသနာ၌ ကြည်ညိုအောင် ပြုတော်မူပါဟု လျှောက်၏။

မြတ်စွာဘုရားသည် ရောဇကို မေတ္တာနှံ့စေလျက် ကျောင်းတွင်းသို့ ဝင်တော်မူ၏။ ထိုအခါ ရောဇသည် သားပျောက်ရှာသော နွားမ ကဲ့သို့ တစ်ကျောင်းမှ တစ်ကျောင်း ချဉ်းကပ်၍ မြတ်စွာဘုရား အဘယ်မှာနည်း၊ ဖူးမြော်လိုပါသည်ဟု ဆို၏။

ဘုရားရှင် သီတင်းသုံးရာ ကျောင်းသို့ရောက်သောအခါ ချောင်းဟန့်၍ တံခါးကို ခေါက်၏။ မြတ်စွာဘုရားသည် တံခါးဖွင့်ပေး၏။ ရောဇသည် ဘုရားဖူး၍ တရားနာပြီးသောအခါ မြတ်စွာဘုရား၊ အရှင်ကောင်းတို့သည် ကျွန်ုပ်၏ ပစ္စည်းလေးပါးကိုသာ ခံယူကြပါစေ၊ တစ်ပါးသူထံ မခံယူကြပါစေနှင့်ဟု လျှောက်၏။ ရောဇ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသူတို့သည် သင်ကဲ့သို့ချည်း ကြံကုန်၏။ သင့်ထံ၌ လည်းကောင်း၊ သူတစ်ပါးထံ၌ လည်းကောင်း ခံယူကုန်လတ္တံ့ ဟု မိန့်တော်မူ၏။ ထိုအခါ အလှည့်ဖြင့် ဆွမ်းကျွေးကြ၏။

ရောဇသည် မိမိအလှည့် မရသဖြင့်၊ ဆွမ်းစားရာ၌ ကြည့်ပြီးလျှင် ဍာကံ-ဟင်းရွက်ကျက်၊ ပိဋ္ဌ ခါဒနိယ-မုန့်ညက် ခဲဖွယ်တို့ကို မမြင်သဖြင့် လှူလိုပါသည်ဟု ရှင်အာနန္ဒာအား လျှောက်၏။ အခွင့်ရသောအခါ များစွာ စီမံ၍ လှူ၏။ ရဟန်းတို့သည် ကုက္ကုစ္စ ဖြစ်၍ အလှူမခံကုန်။ ချစ်သားတို့၊ အလုံးစုံသော ဟင်းရွက်ကျက်ကို လည်းကောင်း၊ မုန့်ညက် ခဲဖွယ်ကို လည်းကောင်း ခွင့်ပြု၏။

[ဍာက ဟူသည် ထောပတ် စသည်တို့နှင့် အကျက်၊ အစိမ်းအားလုံး ဖြစ်၏။

ပိဋ္ဌ ခါဒနိယသည် ပိဋ္ဌမယ ခါဒနိယ ဖြစ်၏။

ရောဇသည် ဤနှစ်မျိုးကို တစ်သိန်းကုန်ခံ၍ စီရင်စေသတတ်။]

(သာဋီ ... ရောဇသည် ဘုရားသီတင်းသုံးရာ ဂန္ဓကုဋိသို့ တစ်ဖဝါးချင်း ဖြည်းဖြည်း တံမြက်လှည်းထားသော သဲအပြင်ကို မပျက်စေဘဲ သွား၍၊ ချောင်းဟန့်၍ သံကောက်ပေါက်အနီး၌ တံခါးကို လက်သည်းဖျားဖြင့် စဉ်းငယ်ခေါက်၏။ နတ်တို့သည် အလွန်မြင့်လွန်းစွာ တံခါးကို ခေါက်ကုန်၏။ တိရစ္ဆာန်တို့သည် နိမ့်လွန်းစွာ ခေါက်ကုန်၏။ လူတို့သည် ထိုသို့မခေါက်ဘဲ အလယ်သံကောက်ပေါက် အနီး၌ ခေါက်ကုန်၏။ ဤကား တံခါးခေါက်ခြင်း ကျင့်ဝတ်တည်းဟု ဆိုကုန်၏။

တံခါးဖွင့်ပေး၏ ဟူသည် မြတ်စွာဘုရား ကိုယ်တော်တိုင် ထ၍ ဖွင့်သည် မဟုတ်။ ပွင့်စေသတည်းဟု လက်တော်ကို ဆန့်တန်းတော်မူ၏။ ဘဝများစွာတို့၌ အလှူဒါနကို ကိုယ်တိုင်သာလျှင် တံခါးကို ဖွင့်ခဲ့ပြီး ဖြစ်ခဲ့၏။ ဘုရားရှင်၏ စိတ်တော်ဖြင့် ပွင့်သောကြောင့် တံခါးဖွင့်ပေး၏ဟု ဆိုသည်။)

အကပ္ပိယ သမာဒါနနှင့် သင်ဓုန်း

ထိုနောက် မြတ်စွာဘုရားသည် ကုသိနာရုံမှ အာတုမမြို့သို့ ရဟန်း ၁၂၅၀-နှင့် ကြွတော်မူ၏။ အာတုမမြို့၌ နေသော ဆတ္တာသည် ဖြစ်ဖူးသော ဝုဍ္ဎ ပဗ္ဗဇိတ-ရဟန်းကြီး သုဘဒ္ဒသည်၊ ဘုရားရှင် အာတုမမြို့သို့ ကြွလာသည်ဟု ကြား၍ သားငယ်နှစ်ယောက်ကို ချစ်သားတို့၊ သင်တို့သည် သင်ဓုန်း ဘဏ္ဍာယူ၍ နာဠိ-ကျည်တောက်၊ အာဝါပက-လွယ်အိတ်တို့ဖြင့် အိမ်ပေါက်စေ့ - ဆား၊ ဆီ၊ ဆန်၊ ခဲဖွယ် ဆောင်ကြလော၊ မြတ်စွာဘုရားအား ယာဂုသောက်ဖွယ် လှူကုန်အံ့ဟု စေလွှတ်၏။

လူတို့သည် သားငယ် နှစ်ယောက်ကို မြင်လျှင် ခေါင်းမရိတ်လိုသော်လည်း ရိတ်စေ၍ များစွာ ပေးကုန်၏၊ မြတ်စွာဘုရားသည် အာတုမသို့ရောက်၍ ဘူသာဂါရ - ကောက်ရိုးပုံ မဏ္ဍပ်၌ နေတော်မူ၏။ ထိုညဥ့် လွန်သောအခါ ရဟန်းကြီး သုဒ္ဒသည် ယာဂု များစွာစီမံ၍ မြတ်စွာဘုရားအား ကပ်လှူ၏၊ အဘယ်မှ ယာဂု ရသနည်းဟု မေးလတ်သော် ထိုအကြောင်းကို လျှောက်၏။ များစွာ ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့၊ ပဗ္ဗဇိတကို မအပ်သည်၌ မဆောက်တည်စေအပ် (ဝါ- မတိုက်တွန်းအပ်)- ဒုက္ကဋ်။ ချစ်သားတို့၊ ဆတ္တာသည် ဖြစ်ဖူးသော ရဟန်းသည် ခုရဘဏ္ဍ - သင်ဓုန်းဘဏ္ဍာကို သွားလေရာ မဆောင်အပ်- ဒုက္ကဋ်။

[သားငယ်နှစ်ယောက်သည် ချိုသာသော စကားရှိ၏။ ခေါင်းရိတ် အတတ်၌ လိမ္မာ၏။

အာဝါသက ဟူသည် အာဝပန္တိ-ပက္ခိပန္တိ ဧတ္တာတိ အာဝါပကော - ရတိုင်း ရတိုင်း တည့်စရာအိတ်တည်း။

ဆတ္တာသည် ဖြစ်ဖူးသော ရဟန်းသည် သင်ဓုန်းဘဏ္ဍာကို ယူဆောင်ခြင်းငှါ သာမအပ်။ သူတစ်ပါး၏ ဥစ္စာဖြင့်ကား ဆံရိတ်ပေးခြင်းငှါ အပ်၏။ အခယူရိတ်လျှင် မအပ်၊ ဆတ္တာသည် မဖြစ်ဖူးသူအား သွားရာယူဆောင်ခြင်းငှါ လည်းကောင်း၊ သူတပါးဥစ္စာကို ယူ၍ ရိတ်ပေးခြင်းငှါ လည်းကောင်း အပ်၏။]

(ဇီဋီ ... ပဗ္ဗဇိတကို မအပ်သည်၌ မဆောက်တည်စေအပ်ဟု ဟောသောကြောင့် အနုပ သမ္ပန္နကိုလည်း ဆယ်ပါးသော သိက္ခာပုဒ်တို့၌ လည်းကောင်း ရဟန်းကို မအပ်သော သိက္ခာပုဒ်တို့၌ လည်းကောင်း မတိုက်တွန်းအပ် ဟူလို။

သာဋီ ... ဝုဍ္ဎ ပဗ္ဗဇိတသည် သုဘဒ္ဒ ဖြစ်၏။ ကြီးမှ ရဟန်း ပြု၏။ သားငယ်နှစ်ယောက် ဟူသည် သာမဏေရ ဘုံ၌တည်သော သားနှစ်ယောက် ဖြစ်၏။

အာဝါပကသည် ထဝိကာ ဖြစ်၏။

လူတို့သည် ထိုသားငယ်တို့ကို မြင်လျှင် ခေါင်းရိတ်ခိုင်း၍ ဘာများယူလိုကြသလဲ ချစ်သားတို့ဟု မေးကုန်၏။ တခြားဖြင့် အလိုမရှိပါ၊ ဖခင်သည် ဘုရားရှင် ကြွလာသောအခါ ယာဂု လှူလိုသည်ဟု ဆိုသဖြင့်၊ မယူနိုင်အောင် ပေးလှူကုန်၏။ လူတို့ကို ပို့စေကုန်၏။

ဘူသာဂါရ ဟူသည် ကြီးစွာသော ကောက်ရိုးပုံကြီးကို အတွင်းမှ ကောက်ရိုးဆွဲထုတ်၍ စရပ်အသွင် ရဟန်းတို့ နေချင်အောင် ပြုထား၏။ သုဘဒ္ဒ ရဟန်းကြီးသည် ညချမ်း၌ ရွာတံခါးသို့ သွား၍ လူ့တို့ကိုခေါ်၍ လက်အမှုတောင်း၍ မည်းသော သင်္ကန်း တစ်ထည်ဝတ်၊ တစ်ထည်ရုံလျက် ဘောဇ္ဇ ယာဂု၊ မဓုဂေါဠကတို့ကို တစ်သိန်းဖိုး ကုန်စေလျှက် တစ်ညဥ့်လုံး စီရင်၏။

ထိုဘောဇ္ဇ ယာဂုကို ရှေးဦးစွာ စား၍ သောက်ရ၏။ ထောပတ် ပျား တင်လဲ ငါး အမဲ ပန်းပွင့်ရည်၊ သစ်သီးရည် စသောခဲဖွယ်ကောင်းတို့ ထည့်၏။ ခေါင်းလိမ်းဆီ ပြုနိုင်အောင် ကောင်း သော အနံ့ရှိ၏။

မြတ်စွာဘုရားသည် နံနက်၌ ကိုယ်လက်သုတ်သင်၍ ရဟန်း သံဃာ ခြံရံလျက် အာတုမသို့ ဆွမ်းခံထွက်၏။ ထိုအခါ သုဘဒ္ဓသည် ဝတ်ရုံမြဲတိုင်း မည်းသော သင်္ကန်းတို့ဖြင့် လက်တစ်ဘက်၌ ယောက်မ ယောက်ချို ကိုင်လျက် ဗြဟ္မာကဲ့သို့ လက်ယာဒူးဝန်း မြေ၌ထောက်၍ ရှိခိုး၍ အကျွန်ုပ်၏ ယာဂုကို အလှူခံတော်မူပါဟု လျှောက်၏။ အကြွင်း ပေါ်လွင်ပြီ။)

မြေဆီခ ဆယ်ဖို့တစ်ဖို့

ထိုနောက် မြတ်စွာဘုရားသည် အာတုမှ သာဝတ္ထိသို့ ကြွ၍ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ သာဝတ္ထိ၌ ဖလခါဒနိယ- သစ်သီး ခဲဖွယ်များစွာ ဖြစ်၏။ ရဟန်းတို့အား ဘုရားရှင် ခွင့်ပြုသလော၊ မပြုသလောဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ သစ်သီး ခဲဖွယ်ကို ခွင့်ပြု၏။

ထိုအခါ သံဃိက မျိုးစေ့တို့ကို ပုဂ္ဂလိက မြေ၌၊ ပုဂ္ဂလိက မျိုးစေ့တို့ကို သံဃိက မြေ၌ စိုက်ကုန်၏။ ချစ်သားတို့၊ သံဃိက မျိုးစေ့တို့ကို ပုဂ္ဂလိက မြေ၌စိုက်လျှင် ဘာဂကို (ဝါ-- ဆယ်ဖို့တစ်ဖို့) ပေး၍ သုံးဆောင်အပ်ကုန်၏။ ချစ်သား၊ ပုဂ္ဂလိက မျိုးစေ့တို့ကို သံဃိကမြေ၌ စိုက်လျှင် ဘာဂကို ပေး၍ သုံးဆောင်အပ်ကုန်၏။

[ဘာဂကို ပေး၍ ဟူသည် ဒသ ဘာဂကို ပေး၍။ ဣဒံကိရ ဇမ္ဗူ ဒီပေ ပေါရာဏက စာရိတ္တံ။ ဇမ္ဗူဒိပ် ရှေးထုံးစံတည်း။ ထိုကြောင့် ဆယ်စု ပြု၍၊ တစ်စုကို မြေရှင်တို့အား ပေးအပ်၏။]

(သာဋီ ... ဒသဘာဂံ ဒတွာတိ ဒသမဘာဂံ ဒတွာ။)

မဟာပဒေသ လေးမျိုး

ထိုအခါ ရဟန်းတို့အား အရာရာ၌ ဘုရားရှင် ခွင့်ပြုသလော၊ မပြုသလောဟု ကုက္ကုစ္စဖြစ်၍ လျှောက်ကုန်၏။

ချစ်သားတို့၊ ဣဒံန ကပ္ပတိ-ဟု ငါဘုရား မပယ်အပ်သေး သော်လည်း၊ မအပ်သည်ကို လျော်အံ့။ အပ်သည်ကို တားအံ့၊ ထိုအမှုသည် သင် ချစ်သားတို့အား မအပ်။

ချစ်သားတို့၊ ငါဘုရား မပယ်သေးသော်လည်း အပ်သည်ကို လျော်စေအံ့၊ မအပ်သည်ကို တားအံ့၊ ထိုအမှုသည် သင်တို့အား အပ်၏။

ချစ်သားတို့၊ ဣဒံ ကပ္ပတိ-ဟု ငါဘုရား ခွင့်မပြုသေးသော်လည်း မအပ်သည်ကို လျှော်စေအံ့၊ အပ်သည်ကို တားအံ့၊ မအပ်။

ချစ်သားတို့၊ ငါဘုရား ခွင့်မပြုသေးသော်လည်း အပ်သည်ကို လျော်စေအံ့၊ မအပ်သည်ကို တားအံ့၊ အပ်၏။

[ဣဒံန ကပ္ပတိ စသည်ဖြင့် ဤလေးပါးသော မဟာပဒေသ တို့ကို မြတ်စွာဘုရားသည်၊ ရဟန်းတို့အား နည်းယူနိုင်ခြင်းငှါ မိန့်တော်မူ၏။]

မဟာပဒေသ လေးပါးအကျယ်ကို နောက်၌ ဆိုအံ့။

ကာလိက ရောနှောခြင်း

ထိုအခါ ရဟန်းတို့အား ဤသို့ အကြံဖြစ်၏။ ယာဝ ကာလိကနှင့် ယာမ ကာလိကသည် အပ်မည်လော၊ မအပ်မည်လော။ ယာဝနှင့် သုတ္တာဟသည် ... ။ ယာဝနှင့် ယာဝဇီသည် အပ်မည်လော၊ မအပ်မည်လော(၃)၊

ယာမနှင့်သတ္တာဟသည်။ ယာမနှင့် ယာဝဇီသည် ... (၂)။

သတ္တာဟနှင့် ယာဝ ဇီဝကသည် အပ်မည်လော၊ မအပ်မည်လော (၁)

ဤသို့ ခြောက်မျိုး အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ယာဝနှင့် တဒဟု ပဋိဂ္ဂဟိတံ - ထိုနေ့ အကပ်ခံသော ယာမသည်၊ သတ္တာဟသည်၊ ယာဝဇီသည် နံနက်၌ အပ်၏။ နေလွဲ မအပ် (၃)။

ချစ်သားတို့၊ ယာမနှင့် တဒဟု ပဋိဂ္ဂဟိတံ - ထိုနေ့ အကပ်ခံသော သတ္တာဟသည်၊ ယာဝဇီသည် ယာမ - အရုဏ်အတွင်း၌ အပ်၏။ ယာမ လွန်လျှင် မအပ် (၂)။

ချစ်သားတို့၊ သတ္တာဟ ကာလိကနှင့် ပဋိဂ္ဂဟိတံ- အကပ်ခံသော ယာဝဇီဝိတသည် ခုနစ်ရက် အပ်၏။ ခုနစ်ရက် လွန်လျှင် မအပ်။

ဤခန္ဓက၌ ဝတ္တု ၁ဝ၆-ဖြစ်၏။ (နောက်ဆုံး ဝါရ၌ တဒဟု-မပါ။)

[ထိုနေ့ အကပ်ခံ ...လ… နံနက်၌ အပ်၏-စသော အလုံးစုံကို သမ္ဘိန္န ရသ - အရသာ ရောသည်ကို ရည်ဆိုသည်၊ ထင်ရှားစေဦးအံ့၊ ဆလ္လိ-အဆန်အသားကို မပယ်ဘဲ အုန်းသီးနှင့်တကွ အဖျော်ကို အကပ်ခံအံ့ (ဝါ- အုန်းသီးခြမ်းဖြင့် ထည့်၍ အကပ်ခံအံ့ - အရသာ မရောသောကြောင့်) အုန်းသီးပယ်၍ အဖျော်သည် နေလွဲ၍လည်း အပ်၏။

အထက်၌ ထောပတ် အစိုင်အခဲကိုထား၍ အေးသော နို့ဃနာကို လှူကုန်အံ့၊ နို့ဃနာနှင့် မရောသော ထောပတ်ကို ပယ်ယူလျှင် ခုနစ်ရက် သုံးဆောင်ခြင်းငှါ အပ်၏။

တစ်ခဲနက် ပျား၊ တင်လဲ စသည်တို့၌လည်း ဧသေဝနယောတက္ကောလ- ကရဝေးသီး။ ဇာတိဖလ--ဇာတိပ္ဖိုလ်သီး တို့ဖြင့် တန်ဆာဆင်၍ ဆွမ်းကို လှူကုန်အံ့၊ ထုတ်ယူ၍ ရေဆေး၍ တစ်သက်လုံး စားအပ်ကုန်၏။

ယာဂု၌ ထည့်လှူသော ချင်းတက် စသည်၊ ဆီ၌ ထည့်လှူသော လဋ္ဌိမဓုက - နွယ်ချို စသည်တို့၌လည်း ဧသေဝနယော

အရသာ မရောသမျှကို တစ်ပေါင်းတည်း အကပ်ခံသော်လည်း စင်အောင် ဆေးကြောသုတ်သင်ပြီးလျှင် ထို၏ ထို၏ ကာလစွမ်းဖြင့် စားအပ်၏။ သမ္ဘိန္န ရသဖြစ်အံ့၊ သံသဋ္ဌ ဖြစ်အံ့၊ ထိုသို့ အရသာရောလျှင် မအပ်။

ယာဝ ကာလိကသည် မိမိနှင့် သမ္ဘိန္န ရသ ဖြစ်သော ယာမကာ စသော သုံးပါးတို့ မိမိသဘောသို့ ဆောင်၏။ ယာမကာသည် သတ္တာဟ စသော နှစ်ပါးကို ... ။ သတ္တာဟသည်လည်း မိမိနှင့် သံသဋ္ဌ ဖြစ်သော ယာဝဇီကို မိမိသဘောသို့သာ ဆောင်၏။

ထိုကြောင့် ထိုနေ့ အကပ်ခံနှင့် (ဝါ- သတ္တာဟ ကာလိကနှင့်) တကွ ထိုနေ့ အကပ်ခံသော ယာဝဇီသည် လည်းကောင်း၊ ရှေးရှေးနေ့တို့၌ အကပ်ခံသော ယာဝဇီသည် လည်းကောင်း၊ ခုနစ်ရက် အပ်၏။

နှစ်ရက်ကပ်ပြီးရှိသော သတ္တာဟ နှင့် ခြောက်ရက်၊ သုံးရက်ရှိနှင့် ငါးရက်။ ... လ ...ခုနစ်ရက်ရှိနှင့် (ရောလျှင်) ထိုနေ့၌သာ အပ်သည်ဟု သိအပ်၏။

အထူးကို ဆိုဦးအံ့၊ ထိုကြောင့်သာလျှင် နောက်ဆုံး ဝါရ၌ ယာဝဇီကို တဒ-ဟု ပဋိဂ္ဂဟိတံ-ဟု မဟောဘဲ ပဋိဂ္ဂဟိတံ ဟောသည်။ (တဒတု-မပါ)။ ဤ၌ ကာလ၊ ယာမ၊ သတ္တာဟ လွန်သောအခါတို့၌ ဝိကာလ ဘောဇန၊ သန္နိဓိ၊ ဘေသဇ္ဇ သိက္ခာပုဒ်တို့ဖြင့် (အသီးသီး) အာပတ်တို့ကို သိအပ်ကုန်၏။ ဤ ကာလိက လေးပါးတို့တွင် ယာဝ၊ ယာမ-နှစ်ပါးသာ အန္တောဂုတ္တကလည်း ဖြစ်၏။ သန္နိဓိ ကာရကလည်း ဖြစ်၏။ သတ္တာဟ၊ ယာဝဇီ-နှစ်ပါးကား အကပ္ပိယကုဋိ၌ ထားခြင်းငှါလည်း အပ်၏။ သန္နိဓိ ကိုလည်း မဖြစ်စေနိုင်။]

(သာဋီ ... သမ္ဘိန္န ရသန္တိ သမ္မိဿိတရသံ။ အမ္ဗပါန စသော အဖျော်ကို (အုန်းသီးခြမ်းဖြင့်) အကပ်ခံအံ့၊ အသမ္ဘိန္န ရသဖြစ်သောကြောင့် နေလွဲ၌လည်း အပ်၏။

ထိုနေ့ အကပ်ခံနှင့် ဟူသည် ထိုနေ့ အကပ်ခံသော သတ္တာဟ ကာလိကနှင့်တည်း။

ဝိဋီ ... သမ္ဘိန္န ရသန္တိ မိဿိဘူတ ရသံ။)

ဆရာမြတ်တို့ ဝါဒ

အကပ်ခံပြီးသော သတ္တာဟနှင့် ယာဝဇီ ရောရာ၌ သတ္တာဟ၏ ရက်ကြွင်းပတ်လုံး အပ်သည်ဟု ပြသည်။ ထိုကြောင့် အကပ်မခံသေးသော သတ္တာဟနှင့် ရောလျှင် အကပ်ခံသောနေ့မှ စ၍ ခုနစ်ရက် အပ်၏။ ယာဝဇီ၏ အကပ်ခံပြီးရက်ကို မငဲ့ရ။ အကြောင်းကား ယာဝဇီ နှင့် သတ္တာဟ ရောရာ၌ သန္နိဓိ မဖြစ်ခြင်းကြောင့်တည်း။

ကပ္ပိယဘူမိ လေးပါး အကျယ်

ချစ်သားတို့၊ ဥဿာဝနန္တိက၊ ဂေါနိသာ ဒိက၊ ဂဟပတိ၊ သမ္မုတိ- ဟု ကပ္ပိယ ဘူမိလေးခုကို ခွင့်ပြု၏။ (ထိုသို့၌ ရဟန်း ဥစ္စာ ယာဝ၊ ယာမကို ညဥ့်သိပ် သိုမှီးခြင်း၊ ချက်ပြုတ်ခြင်းငှါ အပ်၏။ ထိုမှတစ်ပါးသော ဝါသာဂါရ - နေရာကျောင်းတို့၌ သဟသေယျ လောက်ရာ၌ သိုမှီးလျှင် အန္တော ဝုတ္တ အပြစ်။ ချက်ပြုတ်လျှင် အန္တော ပက္က အပြစ်ရှိ၏။ မစားအပ်။

ဝါသာဂါရ မဟုတ်လျှင် ပဉ္စမီ ကပ္ပိယ ကုဋိ မည်၏။ သတ္တာဟ၊ ယာဝဇီ နှစ်ပါး သက်သက်၌ကား အန္တောဝုတ္တ၊ အန္တော ပက္က အပြစ်မရှိ၊ သာမံ ပက္က အဖြစ်လည်း မရှိ။ သိုမှီး၍ ချက်၍ ယာဝ၊ ယာမနှင့် ရောလျှင်ကား မအပ်။)

ဥဿာဝနန္တိကာ ကုဋိ

[ဥဿာဝနန္တိက ကုဋိ ပြုပုံကား - တိုင်ထူသော ကျောင်း၏ လည်းကောင်း၊ နံရံ အခြေစိုက်သော ကျောင်း၏ လည်းကောင်း၊ အောက်ခံ အုတ်ကျောက်သည် ဘူမိဂတိက- မြေအလား ဖြစ်၏။ ရှေးဦးစွာ ချသောတိုင်ကို၊ ဝါ-ရှေး ဦးစွာ ချသော နံရံ အခြေကို ရဟန်းအများ ချီ၍-ကပ္ပိယ ကုဋိံ ကရောမ၊ ကပ္ပိယ ကုဋိံ ကရာမ-ဟု ဆို၍ တည်စေအပ်၏။ လူတို့ချီလျှင် သုံးသပ်၍ လည်းကောင်း၊ ကိုယ်တိုင်ချီ၍ လည်းကောင်း တည်စေအပ်၏။

ကုရုန္ဒီ၊ မဟာပစ္စရီ တို့၌ - ကပ္ပိယကုဋိ၊ ကပ္ပိယ ကုဋိဟု ဆို၍ တည်စေရမည်ဟုဆို၏။ အန္ဓကဋ္ဌကထာ၌ သံဃဿ ကပ္ပိယ ကုဋိံ အဓိဋ္ဌာမိ-ဟု ဆို၏။ ရှေးနည်းလည်း အပြစ်မရှိ။ အဋ္ဌကထာအားလုံး ဆက်ဆံသော လက္ခဏာကား တိုင်တည်ခြင်း၊ စကားဆုံးခြင်း - နှစ်ခုပြိုင်လျှင် အပ်၏။ စကားမဆုံးမှီ တိုင်တည်အံ့၊ တိုင်မတည်မီ စကားဆုံးအံ့- ကပ္ပိယ ကုဋိ မဖြစ်။

ထိုကြောင့် မဟာပစ္စရီ၌ အများချီ၍ ဆိုအပ်၏။ တစ်ပါးပါး၏ စကားပြီးဆုံးခြင်းနှင့် တိုင်တည်ခြင်းသည် မချွတ် တစ်ပြိုင်တည်း ဖြစ်လတ္တံ့ ဟု ဆို၏။ အုတ်၊ ကျောက်၊ မြေနံရံတက်သော ကျောင်းဖြစ်အံ့၊ အောက်၌ စယ-အကျည်မြင့်ကို စီ၍လည်းကောင်း၊ မစီမူ၍ လည်းကောင်း၊ နံရံတက်လိုသောအခါ အလုံးစုံ တို့၏ ရှေးဦးစွာဖြစ်သော အုတ်၊ ကျောက်၊ မြေစိုင်ကိုကိုင်၍ ကပ္ပိယကုဋိံ ကရာမဟု ဆို၍ ကပ္ပိယ၏ ကုဋိ ပြုအပ်၏။

ရှေးဦးစွာသော အုတ်စသည်တို့၏ အောက်၌ (ဝါ- မြေပြင်ညီ အောက်၌ မြုပ်သော အုတ်) စသည်တို့ကို ပြုခြင်းငှါ မအပ်ကုန်။ တိုင်တို့ကား အထက်သို့ တက်သောကြောင့် ပြုခြင်းငှါ အပ်ကုန်၏။ အန္ဓက ဋ္ဌကထာ၌ လေးထောင့်လုံး အဓိဋ္ဌာန်အပ်၏ဟု ဆို၏။ လေးထောင့်လုံး မပြုသော်လည်း အပြစ်မရှိ။]

(ဇီဋီ ... ရဟန်းအများ ချီ၍ ဟူသည်၌ တစ်ပါးတည်းဖြင့်လည်း အပ်၏။

သုံးသပ်၍ဟု ဆိုသောကြောင့် မသုံးသပ်လျှင် မအပ်။ စသည်။

သာဋီ ... လက္ခဏာ ဟူသည် အလုံးစုံသော အဋ္ဌကထာတို့၌ ဆိုသော ဥဿာ၀ နန္တိကာ ကုဋိ ပြုခြင်း၌ လက္ခဏာတည်း။

အောက်၌ ဟူသည် နံရံ၏ ပထမ အုတ် စသည်တို့၏ အောက်ခြေ၌ ထားသော အုတ် စသည်သည်၊ ဘူမိဂတိက ဖြစ်သောကြောင့် ကပ္ပိယ ကုဋိံ ကရောမဟု ဆို၍ တည်စေခြင်းငှါ မအပ်။ ယင်းသို့ဖြစ်လျှင် မြေတူးစိုက်သော တိုင်ကို အဘယ်ကြောင့် ထိုသို့ဆို၍ တည်စေသနည်းဟု မေးဖွယ်ရှိ၏။ ထိုကြောင့် တိုင်တို့ကား ... စသည်ကို ဆိုသည်။

ဝိဋီ ... စယန္တိ အဓိဋ္ဌာန ဥစ္စဝတ္တုံ - တည်ရာမြင့်သော အကျည်ကို ဖွဲ့၍၊ ဝါ-စီ၍တည်း။ တိုင်တို့ကား အထက်သို့တက်သောကြောင့် စသော စကားဖြင့် အုတ်၊ ကျောက် တို့သည် အောက်၌ တည်စေအပ်ကုန် သော်လည်း စယမှ လည်းကောင်း၊ ဘူမိမှ လည်းကောင်း တစ်သစ်မျှ တက်လျက် တည်ကုန်အံ့ (ကပ္ပိယ ကုဋိံ ကရောမဟု ဆို၍ တည်စေခြင်းငှါ) အပ်သည်၏ အဖြစ် ထင်ရှား၏။)

(ဥ-တိုင်တည်ခြင်း + သဝန-ဆိုခြင်း၊ အန္တိကာ-ပြိုင်တူအဆုံးရှိသော + ကုဋိ-နေရာ ဝါသာဂါရ ကျောင်း။

တိုင်ကြီး၍ မနိုင်လျှင် တိုင်ငယ် တိုင်ငှားကို ကပ္ပိယ ကုဋိံ ကရာမဟု ဆို၍ တည်စေ၍၊ တစ်ပါးသော တိုင်တစ်လုံး နှစ်လုံး ထူပြီး တွဲပြီးသောအခါ တိုင်ငှားကို နှုတ်ပစ်အပ်၏ဟု ဆရာမြတ်တို့ ပြကုန်၏။ ကုဋိပျက်ခြင်း ပြရာနှင့် ညှိယူအပ်၏။)

ဂေါနိသာဒိကာ ကုဋိ

[ဂေါနိသာဒိကာသည် အာရာမ၊ ဝိဟာရ--ဟု နှစ်မျိုးရှိ၏။ အာရာမသည် လည်းကောင်း၊ သေနာသနသည် လည်းကောင်း၊ အကာမရှိအံ့- အာရာမ ဂေါရိသာဒိကာ မည်၏။ အာရာမ အကာမရှိဘဲ သေနာသနသာ အချို့ဖြစ်စေ၊ အားလုံး ဖြစ်စေ အကာရှိအံ့- ဝိဟာရ ဂေါနိသာဒိကာ မည်၏။ နှစ်မျိုးလုံး၌လည်း အာရာမ၏ အကာမရှိခြင်းသာလျှင် ပမာဏဖြစ်၏။

အာရာမသည် ထက်ဝက် ဖြစ်စေ၊ အများဖြစ်စေ အကာရှိအံ့-အကာရှိသည်သာ မည်၏ဟု ကုရုန္ဒီ၊ မဟာပစ္စရီ တို့၌ ဆို၏။ ထိုကြောင့် အာရာမ ထက်ဝက်အကာရှိလျှင် ကပ္ပိယ ကုဋိ (တစ်ခုခုကို) ရခြင်းငှါ သင့်၏။]

(ဇီဋီ ... ကပ္ပိယကုဋိ (တစ်ခုခုကို) ရခြင်းငှါ ပုနကာ တဗ္ဗတိ အတ္ထော

ဝိဋီ ... အာရာမ ဟူသည် ဥပစာရ သိမ်ဖြင့် ပိုင်းခြားသော ဝိဟာရ အားလုံးတည်း။

သေနာသန ဟူသည် ဝိဟာရ၏ အတွင်း၌ မြက်မိုးကျောင်းငယ် စသော သံဃာနေသော ဂေဟတို့တည်း။

ဝိဟာရ ဂေါနိသာဒိယာ မည်၏ ဟူသည် သေနာသန ဂေါနိသာဒိကာ တည်း။ သေနာသနတို့ အကာ ရှိသော်လည်း၊ အာရာမ အကာမရှိခြင်းဖြင့် ဂေါနိသာဒိကာဟု ဆိုအပ်ကုန်၏။

ထက်ဝက်ဟု ဆိုခြင်းဖြင့် ထက်ဝက်မပြည့်လျှင် အကာ မရှိမည်၏ဟု ပြသည်။ ထက်ဝက်ဖြစ်စေ အကာရှိရာ၌ ဂေါနိသာဒိ မဖြစ်သောကြောင့် ကြွင်းသော ကပ္ပိယကုဋိ သုံးခုတို့တွင် တစ်ခုခုကို ပြုအပ်၏။)

(ဂေါ- နွားတို့၏ + နိသာဒ- ဝင်၍ နေခြင်းငှါ + ဣက- ထိုက် သကဲ့သို့သော ကုဋိ။)

ဂဟပတိ ကုဋိ

[ဂဟပတိ ဟူသည် လူတို့သည် အာဝါသကို ပြု၍ ကပ္ပိယကုဋိံ ဒေမ၊ ပရိဘုဉ္စထ-ဟု ဆိုကုန်အံ့။ ဤကုဋိသည် ဂဟပတိ မည်၏။ ကပ္ပိကကုဋိံ ကာတုံဒေမ-ဟု ဆိုလျှင်လည်း အပ်သည်သာတည်း။

အန္ဓက ဋ္ဌကထာ၌ ရဟန်းကို ထား၍ ကြွင်း သီတင်း သုံးဖော်တို့၏ လည်းကောင်း၊ အလုံးစုံသော နတ်လူတို့၏ လည်းကောင်း၊ လက်မှ ခံယူခြင်းသည် လည်းကောင်း၊ သန္နိဓိသည် လည်းကောင်း၊ အန္တော ဝုတ္တသည် လည်းကောင်း၊ ထိုသူတို့၏ ဥစ္စာသည် ရဟန်းအား အပ်၏။ ထိုကြောင့် ထိုသူတို့၏ အိမ်သည် လည်းကောင်း၊ ထိုသူတို့ လှူသော ကပ္ပိယကုဋိသည် လည်းကောင်း ဂဟပတိ ကုဋိမည်၏ဟု ဆို၏။

တစ်ဖန်လည်း ဆိုသေး၏။ ဘိက္ခု သံဃာ၏ ဝိဟာရကိုထား၍ ဘိက္ခုနိကျောင်း၊ အရံစောင့် ကပ္ပိယ၏ အိမ်၊ တိတ္တိကျောင်း၊ နတ်နဂါး ဗြဟ္မာတို့၏ ဗိမာန်ဖြစ်စေ ကပ္ပိယကုဋိ မည်၏ဟု ဆို၏။ သု ဝုတ္တ ဖြစ်၏။ သံဃ သန္တက၊ ဘိက္ခု သန္တက ဂေဟသည်သာလျှင် ဂဟပတိကုဋိ မဖြစ်။]

(ဇီဋီ ... ကပ္ပိယကုဋိံ ယာတုံဒေမ ဟူသည်၌ ကပ္ပိယကုဋိ ကိစ္စံကာတုံ- ဟူသော အဓိပ္ပါယ်တည်း။

ဘောဇန သာလာကား သေနာသန ဖြစ်သောကြောင့် ကပ္ပိယကုဋိ ပြုအပ်၏-ဟု အပရေတို့ ဆိုကုန်၏။ မပြု သော်လည်း အပ်၏ဟု ဆိုအပ်၏။

သာဋီ ... သံဃ သန္တက၊ ဘိက္ခု သန္တက ဂေဟ-ဟူသည် ဝါသတ္တာယ-နေခြင်းအကျိုးငှါ ပြုသော သံဃိက သေနာသန၊ ပုဂ္ဂလိက သေနာသန ဖြစ်၏။

ဝိဋီ ... ထိုသူတို့၏ အိမ် ဟူသည်၌ ရဟန်းတို့၏ နေခြင်းငှါပြုသော ဝါသာဂါရ ဖြစ်သော်လည်း မလှူမချင်း လူတို့၏ ဥစ္စာသာ ဖြစ်လတ္တံ့ ဟု မှတ်အပ်၏။

ဝိဟာရကို ထား၍ဟူသည် ဥပသမ္ပန္နတို့ နေစရာပြုသော ဂေဟကို ထား၍ ဟူလို။ ဂေဟန္တိ နိဝါသ ဂေဟံ။ ထိုမှတစ်ပါး ဥပေါသထာဂါရ စသော အနိဝါသ ဂေဟသည် လေးပါးသော ကပ္ပိယဘူမိမှ လွတ်သော ပဉ္စမီ ကပ္ပိယ ဘူမိ ဖြစ်၏။

ထိုသို့သော ဂေဟသည် သံဃ သန္တက ဖြစ်သော် လည်းကောင်း၊ ကောင်းစွာ ကာရံအပ်သော အာရမ ရှိသော်လည်းကောင်း၊ အမ္ဘောကာသ-လွင်တီးခေါင်၌ ကဲ့သို့ အန္တောဝုတ္တ စသော အပြစ်မရှိ။ အမှတ်မရှိ မိုးကာအပ်သော သဟသေယျ လောက်သော ဘိက္ခု သံဃာ၏ နိဝါသ ဂေဟအန္တောဝုတ္တ စသော အပြစ်ရှိသည်။ န အညတ္တ။)

(ဂဟပတိ-လူတို့ ဥစ္စာဖြစ်သော ကုဋိ။ ဝါ ... ကပ္ပိယ ကုဋိ ဟုဆို၍ လူတို့ လှူသော ကုဋိ။)

သမ္မုတိ ကုဋိ

[သမ္မုတိကာ မည်သည် ကမ္မဝါစာ ဖတ်၍ပြုသော ကုဋိတည်း။]

(သမ္မုတိ – သမုတ်ခြင်းဖြင့် အပ်သော ကုဋိသည် သမ္မုတိ ကုဋိ မည်၏။ ထိုကျောင်း၏ တည်ရာ ဗဒ္ဓ သိမ်၊ အဗဒ္ဓ သိမ်၌ သံဃာကို ဟတ္တပါသ် ဆောင်၍၊ ဆန္ဒသော်လည်း ဆောင်၍ ကျောင်း၏ ဟတ္တပါသ်၌၊ ဝါ- ကျောင်းပေါ်၌ ဉာတ္တိ ဒုတိယကံဖြင့် လည်းကောင်း၊ အပလောကန ကံဖြင့် လည်းကောင်း သမုတ်အပ်၏။

အချို့ကား ဤ ဉာတ္တိဒုတိယ ကမ္မဝါစာအယံ နာ ဂေါ ကဲ့သို့ ဣမ သဒ္ဓါဖြင့် မဟောသောကြောင့် သိမ် တစ်ပါး၌ နေ၍ မျက်ကွယ်လည်း သမုတ်နိုင်သည်ဟု. ဆိုကုန်၏။ မသင့်။ မျက်ကွယ် ကံ ရှစ်ပါး၌ ဤကံ မပါ။ သိမ်သမုတ် ကမ္မဝါစာ၌လည်း ဣမ သဒ္ဒါဖြင့် မဟော၊ သိမ်ပ၌ တည်၍ သမုတ်လျှင် ဝိပတ္တိသိမ် ဖြစ်သည်။)

အကပ္ပိယကုဋိ အပြစ်

[ဤလေးခုသော ကပ္ပိယ ဘူမိတို့၌ သိုမှီးသော အာမိသ ဟူသမျှသည် အန္တောဝုတ္တ မဖြစ်။ (ဤ၌ ချက်ပြုတ်လျှင်လည်း အန္တောပက္က အပြစ်မရှိ။) ဘိက္ခု၊ ဘိက္ခုနီ တို့အား အန္တောဝုတ္တ၊ အန္တောပက္က လွတ်စေခြင်းငှါ ကပ္ပိယကုဋိတို့ကို ခွင့်ပြုတော် မူသည်။

အကပ္ပိယ ဘူမိသဟသေယျ လောက်ရာ ဂေဟ၌ သိုမှီးအံ့၊ သံဃိက၊ ပုဂ္ဂလိက-ဘိက္ခု၊ ဘိက္ခုနီ၏ ဥစ္စာကို တစ်ညဥ့်မျှသော်လည်း ထားအံ့၊ အန္တောဝုတ္တ ဖြစ်၏။ ထို၌ ချက်ပြုတ်လျှင်လည်း အန္တောပက္က မည်၏။ မစားအပ်။ သတ္တာဟ ကာလိက၊ ယာဝဇီဝိကတို့ကား အပ်ကုန်၏။

ဝိနိစ္ဆယကား-သာမဏေသည် ရဟန်း၏ ဆန် စသော အာမိသကို ယူလာ၍ ကပ္ပိယကုဋိ၌ ထား၍ နောက်နေ့၌ ချက်ပေးအံ့၊ အန္တောဝုတ္တ မဖြစ်။ ထို အစာ၌ အကပ္ပိယကုဋိတွင် ထားသော ထောပတ် စသည်ကို ထည့်ပေးအံ့၊ မုခ သန္နိဓိ ဖြစ်၏။ မဟာပစ္စရီ၌ အန္တောဝုတ္တဟု ဆို၏။ အမည်မျှ ထူးသည်။

ရဟန်းသည် ကပ္ပိယကုဋိ၌ ထားသော ထောပတ်ကိုလည်းကောင်း၊ ယာဝ ဇီဝိက သစ်ရွက်ကို လည်းကောင်း၊ တစ်ပေါင်းတည်း ချက်စားအံ့၊ ခုနစ်ရက်လုံး အာမိသကင်းလျှင် အပ်၏။ အာမိသနှင့် ရောစားအံ့၊ အန္တောဝုတ္တလည်း ဖြစ်၏။ သာမံပါကလည်း ဖြစ်၏။ ဤနည်းဖြင့် အလုံးစုံသော ရောနှောခြင်းတို့ကို သိအပ်ကုန်၏။]

(ဇီဋီ ... မုခသန္နိဓိ ဟူသည် စားသောအခါ သန္နိဓိ ဖြစ်၍၊ မုခသန္နိဓိ အမည်ရ၏။ သန္နိဓိ ဖြစ်လျှင် ပါစိတ် ဖြစ်ရာ၏။ မုသန္နိဓိကား ဒုက္ကဋ်။

သာဋီ ... မုခသန္နိဓိ ဟူသော စကားဖြင့် အန္တောဝုတ္တ ဒုက္ကဋ်ကိုသာ ပြသည်။

ဝိဋီ ... သံဃိက၊ ပုဂ္ဂလိက - ဟူသည်ကို သာမညအားဖြင့် ဆိုသော်လည်း ဘိက္ခုတို့၏ သံဃိက၊ ပုဂ္ဂလိကသည်လည်း ဘိက္ခုနီတို့အား ဂိဟိသန္တက အရာ၌တည်၏။ ဘိက္ခုနီတို့၏ သံဃိက၊ ပုဂ္ဂလိက သည်လည်း ဘိက္ခုတို့အား ဂိဟိသန္တက အရာ၌ တည်၏ဟု သိအပ်၏။

မုခသန္နိဓိ ဟူသည်ကား အတွင်း၌ သိုမှီးခြင်း အပြစ်ဟူသော အန္တောဝုတ္တသည် ခံတွင်း၌ သွင်းခြင်း အကြောင်းရှိသော အာပတ်ကို ပြု၏။ နာညထာ။ ထိုကြောင့် မုခသန္နိဓိဟု ဆိုသည်။)

(ဆရာမြတ်တို့ ဝါဒ ... အန္တောဝုတ္တ ဖြစ်ကာမျှဖြင့် အာပတ်မသင့်၊ မုခ၌ + ထားမှ အာပတ်သင့်သောကြောင့် မုခ+သန္နိဓိ မည်၏။ ကပ်ပြီး ညဥ့်လွန်သော သန္နိဓိ မဟုတ်။)

ကပ္ပိယကုဋိ ပျက်ပုံ

[ဤကပ္ပိယကုဋိတို့သည် အဘယ်အခါ မိမိသဘော စွန့်၍ ပျက်ကုန်သနည်း ဟူမူ ဥဿာဝနန်သည် တိုင်စိုက်ပြုလျှင် တိုင်အားလုံး ပယ်သောအခါ၊ နံရံ အခြေစိုက်ပြုလျှင် နံရံ အခြေအားလုံး ပယ်သောအခါ ပျက်၏။ တိုင်တို့ကို၊ နံရံအခြေတို့ကို လဲအံ့၊ တည်လျက်ရှိသော ထိုထိုတိုင် နံရံအခြေတို့၌ တည်နေ၏။ အလုံးစုံ လဲသော်လည်း မပျက်။

အုတ် စသည်တို့ဖြင့် ပြုလျှင် မြင့်သော အကျည်-စယ၏ အထက်၌ နံရံအလို့ငှါ ထားသော အုတ်၊ ကျောက်၊ မြေစိုင်မျှမကျန်အောဂ် ဖျက်သောအခါ၌ ပျက်သည်သာတည်း။

ကပ္ပိယကုဋိံ ကလောမ-ဟု ဆောက်တည်သော အုတ် စသည်တို့ကို ပယ်ပြီးသော်လည်း၊ တစ်ပါးသေ အုတ် စသည်တို့ တည်သေးလျှင် (မြေညီပြင်မှ တက်၍ တည်သေးလျှင်) ဥဿာဝနန် မပျက်သေးသည်သာတည်း။

ဂေါနိသာကား တံတိုင်း စသည်ဖြင့် ကာလျှင် ပျက်၏။ တစ်ဖန် ထိုအာရာမ၌ ကပ္ပိယကုဋိ ရသင့်၏။ တစ်ဖန်လည်း တံတိုင်း စသည်ကို ထိုထိုနေရာမှ နွားဝင်နိုင်အောင် ဖျက်၍ ပျက်ကုန်အံ့၊ တစ်ဖန် ကပ္ပိယကုဋိဖြစ်၏။။

ဂဟပတိ၊ သမ္မုတိ နှစ်ခုကား ဂေါပါနသိ - အခြင်မှ ထား၍ အမိုးအာလုံး ပျက်လျှင် ပျက်ကုန်၏။ အခြင်ထက်၌ ပက္ခပါသက မဏ္ဍလ - ပိတုန်းပိတ် ခေါင်အုပ် (ဝမ်းဘဲတောင် ခေါင်ဖုံး) တစ်ခုမျှ ကျန်ရှိသေးအံ့။ (မပျက်သေး) စောင့်သေး၏။]

(ဝိဋီ ... ပျက်ကုန်အံ့ ဟူသည် ထက်ဝက်ထက် အလွန် ကျိုးပေါက် ပျက်စီးကုန်အံ့တည်း။

အမိုးအားလုံး ပျက်စီးလျှင် ဟူသည် မြက်သစ်ရွက် စသည်ဖြင့် မိုးလုံအောင် ပြုသော အမိုးပျက်လျှင်တည်း။ အခြင်တို့၏အထက် နွယ်တို့ဖြင့်ဖွဲ့သော အတံတို့ တည်သော်လည်း ပျက်ကုန်သည်သာတည်း။

ပက္ခပါသက မဏ္ဍလ ဟူသည်ကို တစ်ခုသော နံပါး၌ သုံးခုသော အခြင်တို့၏ အထက်၌တည်သော မြက်သစ်ရွက် စသော အမိုးကို ဆိုသည်။)

(အာစရိယ ဝါဒ ... လဲလှယ်ပြီးသော တိုင်တို့၌ ဥဿာဝနန် တည်ရုံမျှ မကသေး၊ နောက်ဆက်တွဲ၍ ဆောက်သော ကျောင်းတို့၏လည်း တိုင် ဟူသမျှ၌ လျှောက်၍တည်၏။ တိုင်တစ်လုံးမျှ မတ်တတ် ကျန်သည်တိုင်အောင် မပျက်။ ထိုကြောင့် တိုင်ငှား ပေါ့ပေါ့ပါးပါးကို ကပ္ပိယကုဋိ ပြုရန် နည်းပေးခြင်းသည် သင့်မြတ်လှ၏။ ဂဟပတိ၊ သမ္မုတိ နှစ်ခု၌ အသစ်မိုးရန် အဟောင်းဖျက်သောအခါ အနည်းငယ် ချန်၍ ဖျက်အပ်၏။ အနည်းငယ် အသစ်မိုးပြီးသောအခါ ထို ချန်ထားသည်ကို ဖျက်အပ်၏။)

ဥဿာဝနန် (၁)၊ တိုင်ခြွေရံ-မကျန် အားလုံး-ပျက်၊
ဂေါနိသာဒိ (၁)၊ ကာရံမိ-ပျက်၏-ပြည့် ထက်ဝက်။
ဂဟပတိ၊ သမ္မုတိ (၂)၊ မရှိ အမိုး-ပျက်။
ဝါသာဂါရ-မဟုတ်က-ပဉ္စမီ-မပျက်။

ကပ္ပိယကုဋိ မရှိလျှင်

ကပ္ပိယဘူမိ လေးခု တစ်ခုမျှ မရှိသော ကျောင်း၌ အဘယ်သို့ ပြုကျင့်အပ်သနည်း။ လူ သာမဏေအား ပေး၍ လူ သာမဏေ၏ ဥစ္စာပြု၍ သုံးဆောင်အပ်၏၊ ဝတ္တုဖြင့် သိအပ်၏။ ဝိနည်းဓိုရ် အကြီးအကဲ ကရဝိကတိဿ မထေရ်သည် မဟာသီဝ မထေရ်၏ အထံ၌ ထောပတ်အိုးကိုမြင်၍ အဘယ်ပါနည်းဟု မေး၏။ ငါ့ရှင်၊ ခေါင်းပါးသောနေ့၌ ထောပတ်နှင့် စားခြင်းငှါ ထောပတ်အိုး ဆောင်ထားသည်ဟု ဆို၏။

အရှင်ဘုရား၊ မအပ်ပါ ဘုရားဟု ဆိုလတ်သော် နောက်နေ့၌ ပမုခ-ကျောင်းဦး၌ ထားစေ၏။ တိဿမထေရ်သည် တစ်နေ့၌ ရောက်လာ၍ မြင်၍ မေးပြီးလျှင် အရှင်ဘုရား၊ သဟသေယျ-လောက်ရာ၌ ထားခြင်းငှါ မအပ်ပါဟု ဆို၏။ နောက်နေ့၌ မထေရ်သည် ပြင်ပသို့ ထုတ်၍ ထားစေ၏။ ခိုးသူတို့ ဆောင်ကုန်၏။

နောက်တစ်နေ့၌ တိဿမထေရ် ရောက်လာသောအခါ ငါ့ရှင်၊ မအပ်ဟု သင်ဆိုသော ထောပတ်အိုးကို ပြင်ပ၌ထားရာ ခိုးသူတို့ ဆောင်သွားပြီဟု ဆို၏။ ထိုအခါ အရှင်ဘုရား၊ လူ သာမဏေအား ပေးအပ်သည် မဟုတ်ပါလော၊ လူ သာမဏေအား ပေး၍ လူ သာမဏေ၏ ဥစ္စာပြု၍ သုံးဆောင်ခြင်းငှါ အပ်ပါသည်ဟု ဆို၏။]

(ဇီဋီ ... လူ သာမဏေ၏ ဥစ္စာပြု၍ဟု ဆိုသောကြောင့် မငဲ့မကွက် စွန့်ခြင်းကို အလိုမရှိအပ်။ သင်္ကန်း ဝိကပ္ပန၌ ကဲ့သို့ ကပ္ပိယ မတ္တကို သိအပ်၏ ဟု အချို့ ဆိုကုန်၏။

ဝိဋီ ... လူ သာမဏေအား ပေးအပ်သည် မဟုတ်လော စသည်ဖြင့် အကပ္ပိယကုဋီ၌ ဆိုသော်လည်း လူ သာမဏေအား ပေးလျှင် ကပ္ပိယ ဖြစ်၏။ ဤ၌ ငဲ့ခြင်းနှင့်တကွ ပေးခြင်းသည်လည်း အပ်၏။ ပဋိဂ္ဂဟဏ-အကပ်ခံခြင်းကဲ့သို့ မဟုတ်ဟု ပြသည်။)

မဟာပဒေသ လေးပါးအကျယ်

သီးကြီးကိုးလုံး

[ယံ ဘိက္ခဝေ မယာ ဣဒံ န ကပ္ပတိ - စသည်ဖြင့် မဟာပဒေသ လေးပါးကို ရဟန်းတို့၏ နယဂ္ဂဟဏ အကျိုးငှါ မြတ်စွာဘုရား မိန့်တော်မူသည်။ သင်္ဂါယနာတင် မထေရ်သည် ပါဠိကို ကိုင်၍ စူးစမ်းဆင်ခြင်သောအခါ ဤသို့သော အနက်ကို မြင်တော်မူကုန်၏။

ထပေတွာ ဓည ဖလ ရသံ-ဟူသည်၌ စပါး ခုနစ်မျိုး၏ အရည်တို့သည် နေလွဲမအပ်ဟု ပယ်အပ်သည်တို့ ဖြစ်ကုန်၏။

တာလ-ထန်း၊ နာဠိကေရ-အုန်း။ ပသန-အိမ် ပိန္နဲ၊ လဗုဇ-တောင် ပိန္နဲ၊ အလာဗု-ဘူး၊ ကုမ္ဘဏ္ဍ-ဖရုံ၊ ပုဿဖလ-သခွား ငဆစ်၊ တိပုသမလ−သခွား ငပြုတ်၊ ဧဠာဠုက-သခွါး ငကြောင်၊ ဤ နဝမဟာဖလ-သီးကြီး ကိုးမျိုးနှင့် အပရဏ္ဏ ပဲမျိုး အားလုံးသည် ဓညဂတိက-စပါးအလားသာ ဖြစ်ကုန်၏။ ထိုအားလုံးကို မပယ်သော်လည်း စင်စစ် အကပ္ပိယကို လျော်စေ၏။ ထိုကြောင့် နေလွဲသောအခါ မအပ်။]

(သာဋီ ... ပရိမဒ္ဒန္တာတိ ဥပ ပရိက္ခန္တာ - စူးစမ်းကြသည်ရှိသော်။
ဝိဋီ ... အတူ။)

ထန်း၊ အုန်း-နှစ်တွဲ (၂)၊ ပိန္နဲ-နှစ်စုံ (၂)၊ ဘူး၊ ဖရုံ (၂)၊ မှတ်တုံ သုံး သခွား (၃)။

(နှစ်တွဲ၊ နှစ်စုံ ဟူသည်၌ တစ်တွဲ၊ တစ်စုံသည် အနည်းဆုံး နှစ်ခု ရှိသည် စသည်ဖြင့် ယူလျှင်လည်း ယူသင့်၏။ သို့ရာတွင် လိုရာ အဓိပ္ပါယ်သို့ မရောက်၊ စိတ်ဖြောင့်မှ လိုရာရောက်နိုင်သည်။ နှစ်ခုကို တွဲသော၊ နှစ်ခု၏ အစုံဖြစ်သောဟု ယူလျှင်ကား လိုရာသို့ ရောက်နိုင်၏။)

အဖျော် အလျော်

ရှစ်ပါးသော အဖျော်တို့ကို ခွင့်ပြုအပ်ကုန်၏။ ဝေတ္တ-ကြိမ်၊ တိန္တိဏိက-မကျည်း၊ မထုလုင်္ဂ-ရှောက်၊ ကပိတ္တ-သီး၊ ကောသမ္ဗ-ကြို၊ ကရမန္ဒ–ခံ- စသော အသီးငယ်- ခုဒ္ဒက ဖလ၏ အဖျော်တို့သည်၊ အဋ္ဌပါန ဂတိကတို့သာ ဖြစ်ကုန်၏။ ခွင့်မပြု အပ်ကုန်သော်လည်း စင်စစ် ကပ္ပိယကို လျော်စေကုန်၏။ ထိုကြောင့် အပ်ကုန်၏။

ကုရုန္ဒီ၌ အနုလောမနှင့်တကွ ဓည ဖလ ရသကို ထား၍ တစ်ပါးသော ဖလ ပါန မည်သည် အကပ္ပိယ မရှိ၊ အားလုံး ယာမကာလိကသာ-ဟု ဆိုသည်။]

သပြေ၊ သရက် (၂)၊ နွယ် သပြက် (၁)၊
ဖက်သက်၊ သစ်မည်စည် (၂)၊ တော၊ အိမ်-ငှက်ပျော (၂)၊
ကြာစွယ်နှော (၁) မှတ်လော ရှစ်ဖျော်ရည်။

ရေအေး၊ နေချက် (၂) - သောက်အပ်လျက်၊ မီးချက် (၁)- မအပ်ပြီ။

ရှောက်၊ မန်ကျည်း စ (အများ) နုလောမ-လျော်လှ အဖျော်ရည်။

သင်္ကန်း အလျော်

[မြတ်စွာဘုရားသည် ခြောက်ထည်သော သင်္ကန်းကို ခွင့်ပြု၏။ သင်္ဂါယနာတင် မထေရ်တို့သည် ထို အားလျော်သော ဒုကုလ- (ဘွဲ့ဖြူ)၊ ပတ္တုဏ္ဏစိန ပဋ္ဋသောမာရ ပဋ္ဋဣဒ္ဓိ မယိကဒေဝ ဒတ္တိယ-ဟု အနုလောမ ခြောက်ထည်ကိုလည်း ခွင့်ပြုကုန်၏။

ထိုတွင် ပတ္တုဏ္ဏသည် ပတ္တုဏ္ဏ ဒေသ၌ ပိုးကောင်တို့မှ ဖြစ်သော အဝတ်ဖြစ်၏။ ပဋ နှစ်ခုကို ဒေသ အမည်ဖြင့်သာ ဆိုသည်။ ဤ သုံးထည်သည် ကောသေယျအား လျော်၏။

ဒုကုလသည် သာဏအား လျော်၏။

ကြွင်း နှစ်ထည်သည် ကပ္ပါသိကအား လည်းကောင်း၊ အလုံးစုံတို့အား လည်းကောင်း လျော်၏။]

(သာဋီ ... ပတ္တုဏ္ဏ ဒေသဖြစ် အဝတ်သည် ကောသေယျ ဝိသေသ- ပိုး အထူးတည်း။ စိန ဒေသသောမာရ ဒေသ၌ဖြစ်သော အဝတ်နှင့် ဤ သုံးထည်သည် ပိုးကောင်တို့ ပြုသော ချည်ဖြင့် ဖြစ်သောကြောင့် ကောသေယျအား လျော်၏။

ဣဒ္ဓိ မယိကသည် ဧဟိ ဘိက္ခုတို့အား ပုညိဒ္ဓိဖြင့် ဖြစ်သော သင်္ကန်းတည်း။

ခေါမ စသည်တို့တွင် တစ်ခုခု ဖြစ်သောကြောင့် ထို အားလုံးတို့အားသာ လျော်၏။

နတ်လှူသော သင်္ကန်းသည် ဝေဒ ဒတ္တိယ မည်၏။ အနုရုဒ္ဓါ မထေရ်အား ဇာလိနီ နတ်သမီး လှူသော အဝတ်ကဲ့သို့ ကပ္ပရုက္ခ - ပဒေသာပင်၌ ဖြစ်၍ ခေါမ စသည်တို့အားသာ လျော်၏။

ဒေသ အမည်ဖြင့် ဟူသည် သရုပ်ပြသော ပုဒ်သာတည်း၊ အနက်တစ်ပါးကို နစ်စေသော ပုဒ် မဟုတ်။

ပတ္တုဏ္ဏကိုလည်း ဒေသ အမည်ဖြင့်သာ ဆိုသောကြောင့်တည်း။)

ခေါမ၊ ဝါချည် (၂) ပိုးချည်၊ သားမွေး (၂)၊
လျော်ထွေး ပိုက်ဆံ (၁) ငါးတန် ရောဘိ (၁)-
ခြောက်ခုရှိ-ဇာတိ သင်္ကန်းတည်း။

ဘွဲ့ဖြူ၊ ပတ္တုဏ္ဏ (၂)၊ သောမာရ (၁)၊ စိန၊ တန်ခိုး၊ နတ် (၃)။
ဇာတ်အား လျော်မှု-ဤ ခြောက်ခု-အနုလောမ မှတ်။

စားခွက် အလျော်

မြတ်စွာဘုရားသည် သပိတ် ၁၁-လုံးတို့ကို ပယ်၍ လောဟ ပတ္တမတ္တိကာ ပတ္တ ဟု နှစ်လုံးခွင့်ပြု၏။

လောဟ-သံခွက်၊ မတ္တိကာ-မြေခွက်၊ တမ္ဗ-ကြေးနီခွက်-ဟု ထာလက သုံးခုသည် ထိုပတ္တ နှစ်လုံးတို့အား လျော်၏။]

သံ၊ ကြေးနီ၊ မြေ (၃)-ခွက် သုံးထွေ-စားလေ အပ်ပေသည်။

ထည့်ခွက် အလျော်

[မြတ်စွာဘုရားသည် တုမ္ဗ သုံးခုတို့ကို လောဟ- ကြေးဘူး သံဘူး၊ ကဋ္ဌ-သစ်သားဘူး၊ ဖလ - ဗူးသီး စသော သစ်သီးဘူးဟု ခွင့်ပြု၏။

ကုဏ္ဍိကာ-ကရား၊ ကဉ္စနက- ခွက် အင်တုံ၊ ဥဒက တုမ္ဗ- ရေခပ်အိုးတို့သည်လည်း တုမ္ဗ တို့အား လျော် ကုန်၏။

ကုရုန္ဒီ၌ ပါနီယ သင်္ခ-ရေသောက်စရာ ခရုသင်းခွက်၊ ပါနီယသ ရာဝက-ရေသောက်စရာ ခွက်ငယ်တို့သည် တုမ္ဗတို့အား လျော်ကုန်၏ဟု ယို၏။]

(သာဋီ ... တုမ္ဗာတိ ဘာဇနာနိဖလတုမ္ဗောတိ လာဗုအာဒိဥဒက ကုမ္ဗောတိ ဥဒကုက္ခိပန ကုဋကော

ဝိဋီ ... ဥဒက တုမ္ဗောတိ ဥဒက ဃဋော။)

ခါးပန်း အလျော်

[ပဋ္ဋိကာ-ခါးပန်းပြား၊ သုကရန္တ – ဆောက်လုံး ခါးပန်း၊ ဝါ၊ ဝက်အူသဏ္ဌာန် အခေါင်းရှိသော ခါးပန်း - ဤ ကာယ ဗန္ဓန နှစ်ခုကို ခွင့်ပြု၏။ ဒုဿပဋ္ဋ- အဝတ်ပြားဖြင့် ပြုသော ခါးပန်း။ ရဇ္ဇုက-ကြိုးငယ်ဖြင့် ပြုသော ခါးပန်း တို့သည် ထိုသို့အား လျော်ကုန်၏။]

ထီး အလျော်

[သေတစ္ဆတ္တ၊ ထီးဖြူ၊ ကိလဉ္ဇဆတ္တ - နှီးဖြင့် ရက်သော ထီး၊ ပဏ္ဏစ္ဆတ္တ - သစ်ရွက်ထီး - ဟု ဆတ္တ သုံးမျိုး ခွင့်ပြု၏။

ဧက ပဏ္ဏဆတ္တ-သစ်ရွက် တစ်ခုတည်းဖြင့် ပြုသော ထီးသည် ထိုသို့အားသာ လျော်၏။

ဤနည်းဖြင့် ပါဠိဋ္ဌကထာရှု၍ အပ်၊ မအပ်၏ အနုလောမတို့ကို သိအပ်ကုန်၏။]

(သာဋီ ... ၊ ဝိဋီ ... ကိလဉ္ဇ ဆတ္ထန္တိ ဝေဠုဝိလီ ဝေဟိ ပါယိတွာ ကတ ဆတ္တံ။ နှီးဖြင့်ရက်၍ ပြုသော ထီး။)

ဘေသဇ္ဇက္ခန္ဓက ပြီး၏။
၇။ ကထိနက္ခန္ဓက

ကထိန်ခွင့်ပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ သုံးကျိပ်မျှသော ပါဝေယျက ရဟန်းတို့သည် အလုံးစုံ အာရညကင်ပိဏ္ဍပါတ်ပုံသုကုတေစီဝရိက် ဓူတင်ဆောင်တို့ ဖြစ်ကုန်၏။

သာဝတ္ထိသို့ ဘုရားဖူးရန် လာကြရာ ဝါဆိုချိန်နီး၍ ခရီးအကြား သာကေတပြည်၌ ဝါကပ်ကုန်၏။ ဤမှ ခြောက်ယူဇနာတွင် ဘုရားရှင် နေ၏။ နီးလျက် ငါတို့ ဖူးခွင့်မရကုန်ဟု ပျင်းရိစွာ ဝါကပ်ရကုန်၏။ ဝါကျွတ်သောအခါ ပဝါရဏာ ပြု၍ မိုးရွာ ရေလွှမ်း ရွှံ့ညွှန်ပြွမ်းသော ခရီးကြမ်း၌ ရေပြည့်သော သင်္ကန်းတို့ဖြင့် ပင်ပန်းစွာ ဘုရားရှင်ထံ ရောက်လာ၍ သင့်ရာ နေရာ တစ်ခု၌ ထိုင်ကုန်၏။

ဘုရားရှင်တို့ ဓမ္မတာ အာဂန္တုတို့နှင့် ဝမ်းမြောက်စွာ ပြောဆိုခြင်းဖြင့် ချစ်သားတို့၊ ခန့်ကျန်း၏လော၊ မျှတ၏လော၊ အညီအညွတ် ချမ်းသာစွာ ဝါကပ်ကြရ၏လော၊ ဆွမ်းဖြင့် ပင်ပန်းခြင်း ကင်းကြ၏လော-ဟု မိန့်တော်မူ၏။

မြတ်စွာဘုရား၊ ခန့်ကျန်း မျှတ ညီညွတ်ကြပါ၏။ ဆွမ်းဖြင့် ပင်ပန်းခြင်း မရှိပါ၊ ဝါဆိုချိန်နီး၍ ခရီးအကြား သာကေတ ပြည်တွင် ပျင်းရိစွာ ဝါကပ်ကြရပါသည်။ ရေလွှမ်းသော ခရီးကြမ်း စိုရွှဲသော သင်္ကန်းဖြင့် ပင်ပန်းစွာ လာရပါသည်ဟု လျှောက်ကုန်၏။

ထိုအခါ တရားဟောပြီးလျှင် ရဟန်းတို့ကို ချစ်သားတို့၊ ဝါကျွတ်သော ရဟန်းတို့အား ကထိန်ကို ခင်းခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ ကထိန်ခင်းသော ရဟန်းတို့အား ငါးပါးသော အာနိသင်တို့သည် အနာမန္တ စာရအသမာဒါန စာရဂဏ ဘောဇနယာဝ ဒတ္တစီဝရယောစ တတ္တစီ ရုပ္ပါဒ-ဟု အပ်ကုန်လတ္တံ့။

ခင်းပုံကား ဗျတ္တပဋိဗလ ရဟန်းသည် သံဃာကို သုဏာတု မေ ...လ... ဓာရယာမိ-ဟု သိစေအပ်၏။ ဝါ-သံဃာအား ကထိန ဒုဿ ဖြစ်သည်။ သံဃာသည် ဤမည်သော ရဟန်းအား ကထိန်ခင်းခြင်းငှါ ပေးရာ၏။ ပေး၏။ ပေးပြီ-ဟု ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။

ချစ်သားတို့၊ ဤသည်လျှင် ကထိန်ခင်းခြင်း ဖြစ်၏ဟု မိန့်တော်မူ၏။ (ကမ္မဝါစာ ဖတ်ခြင်း မျှသာ။)

[ပါဝေယျက ဟူသည် ပါဝေယျတိုင်း၌ နေသူတို့တည်း။ ပါဝေယျ မည်သည် ကောသ၌ အနောက်ပိုင်း တိုင်းပြည် ဖြစ်၏။ လောသလမင်း၏ အတူမိပြား ညီနောင် ဘဒ္ဒဝဂ္ဂီ မထေရ်တို့တည်း။ ထိုမထေရ်တို့တွင် အကြီးဆုံး အနာဂါမ်၊ အငယ်ဆုံး သောတာပန် ဖြစ်၍၊ ရဟန္တာ မရှိ၊ ပုထုဇဉ် မရှိ။ အာရညကင် စသည်ကို အဦး ပဓာနပြု၍ ဆိုသည်။ ဓုတင် ၁၃ - ပါးလုံး ဆောင်ကုန်၏။

ခရီးသည် ချိုင်း၊ ကုန်း ရေတစ်ပြင်တည်း ဖြစ်၍ နင်းရာ၌ ရွှံ့ညွှန်သည် တင်ပါးထိအောင် တက်၏။ သင်္ကန်းတို့သည် တစ်ခဲနက် ထူသောကြောင့် ကျသော ရေသည် ထမင်းထုပ် ဖွဲ့သကဲ့သို့ ယိုစီးခြင်း မရှိ။ ဝါကပ်ရာ၌ အာဂန္တုက ဌာန ဖြစ်၍ သေနာသနအားဖြင့် မပြည့်စုံခြင်းကြောင့် လည်းကောင်း၊ ဘုရားဖူးခွင့် မရခြင်းကြောင့် လည်းကောင်း၊ ပျင်းရိကုန်၏၊ ထိုကြောင့် ချမ်းသာစွာ နေကြရပါသည်ဟု မလျှောက်ကုန်။

တရားဟောရာ၌ ထိုရဟန်းတို့အား အနမ တဂ္ဂိယ ကထာကို ဟော၏။ အဆုံး၌ အားလုံး ရဟန္တာဖြစ်၍ ထိုင်ရာဌာနမှသာလျှင် ကောင်းကင်သို့ တက်၍ ပြန်သွားကြကုန်၏။

ထိုနောက် မြတ်စွာဘုရားသည် “ကထိန်ခင်းခြင်း ခွင့်ပြုလျှင် ဒုက္ကဋ် သင်္ကန်း တစ်ထည်ကိုထား၍ သင်းပိုင် ကိုယ်ရုံမျှဖြင့် မပင်မပန်း လာနိုင်ကုန်ရာ၏။ ကထိန်ခင်းခြင်းကို ဘုရားရှင်တိုင်းလည်း ခွင့်ပြုသည်”ဟု ကြံပြီးလျှင် ရဟန်းတို့ကို ခေါ်၍ ကထိန်ကို ခွင့်ပြုတော်မူ၏။ ဝေါ ... အနက်မဲ့။ ဝါ-ဆဋ္ဌိ အနက်။]

(ဇီ၊ သာ၊ ဝိ-ဋီ ... ကထိနသည် အာနိသင် ငါးပါးတို့ကို အတွင်း သွင်းနိုင်သောကြောင့် ထိရ-မြဲမြံခိုင်ခံ့၏-ဟူသော အနက်တည်း။

ဝေါဆဋ္ဌိ အနက်ကား ကထိန်ခင်းသော သင်တို့၏၊ ဝါ၊ သင်တို့အား ဖြစ်လတ္တံ့။ သင်တို့အားသာ မဟုတ်သေး၊ တစ်ပါးသော ကထိန်ခင်းသူတို့အားလည်း ဖြစ်လတ္တံ့ ဟူလို။)

အနာမန္တ၊၊ အ သ-မာဒါ၊ ယာဝါ၊ ဂဏ၊ ယောတတ္ထ (၅) -ပဉ္စ အာနိသင်။

အာနိသင် အကျယ်

[အနာမန္တ စာရ ဟူသည် ကထိန် မနှုတ်မချင်း မပန်ကြားဘဲ လှည့်လည်ခြင်းသည် အပ်လတ္တံ့။ စာရိတ္တ သိက္ခာပုဒ်ဖြင့် အနာပတ္တိ ဖြစ်လတ္တံ့ ဟူလို။ (ထမင်း၊ ငါး၊ မုန့်နှစ်ပါး- ငါးပါးသော ဘောဇဉ် အမည်ဖြင့် ဖိတ်အပ်သော ရဟန်းသည် ထင်ရှားရှိသော ရဟန်းကို မပန်ဘဲ အိမ်တစ်ပါးသို့ လှည့်လည်းအံ့-ပါစိတ်- ဟူသော စာရိတ္တ သိက္ခာပုဒ်ဖြင့် အာပတ်မသင့် ဟူလို။)

အသမာဒါန စာရ ဟူသည် တိစီဝရိက်ကို မယူဘဲ သွားခြင်းတည်း။ သင်္ကန်းနှင့် ကင်းခြင်းသည် အပ်လတ္တံ့။ အမည်ဖြင့် အဓိဋ္ဌာန် တင်အပ်သော တိစီဝရိက်ကိုနှင့် တစ်ညဥ့်မျှ အရုဏ်ကင်းအံ့၊ ဘိက္ခု သမ္မုတိကို ကြည့်၍ နိဿဂ္ဂိ ပါစိတ်- ဟူသော ဥဒေါသိတ သိက္ခာပုဒ်ဖြင့် အာပတ်မသင့် ဟူလို။

ဂဏ ဘောဇန ဟူသည် ဂဏ ဘောဇဉ်သည်လည်း အပ်လတ္တံ့။ (ဘောဇဉ် ငါးပါး အမည်ဖြင့် ဖိတ်ရာ၌ လေးပါး၊ လေးပါးထက်အလွန် တစ်ပေါင်းတည်းခံ၍ စားခြင်းကြောင့် သမယ ခုနစ်ပါးကြဉ်၍ ပါစိတ် ဟူသော သိက္ခာပုဒ်ဖြင့် အာပတ်မသင့် ဟူလို။)

ယာဝဒတ္တ စီဝရ ဟူသည် အကြင်မျှ သင်္ကန်းဖြင့် အလိုရှိ၏။ ထိုမျှ အဓိဋ္ဌာန် မတင်ဘဲ၊ ဝိကပ္ပနာ မပြုဘဲ အပ်လတ္တံ ဟူသော အနက်တည်း။ (အဓိဋ္ဌာန် ဝိပ္ပနာ ပြုသည်မှ ပိုသော သင်္ကန်းကို ဆယ်ရက်ကို လွန်စေသူအား နိဿဂ္ဂ ပါစိတ် - ဟူသော သိက္ခာပုဒ်ဖြင့် အာပတ်မသင့် ဟူလို။)

ယော စ တတ္တ စီဝရုပ္ပါဒ ဟူသည် ထိုကထိန်ခင်းသော ဥပစာရ သိမ်၌ (ဝါ-ဝါဆို ခေတ်တွင်း ကျောင်းဝိုင်း၌) ပျံလွန်သော ရဟန်း၏ မတက စီဝရသည် လည်းကောင်း၊ သံဃာကို ရည်လှူသော သင်္ကန်းသည် လည်းကောင်း၊ သံဃိက တတြုပ္ပါဒဖြင့် ဆောင်သော သင်္ကန်းသည် လည်းကောင်း အမှတ်မရှိဖြစ်သော သံဃိက သင်္ကန်းသည် ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်လတ္တံ့ ဟူသော အနက်တည်း။]

(သာဋီ ... မပန်ကြားဘဲ လှည့်လည် ဟူသည် စာရိတ္တ သိက္ခာပုဒ်၌ ဆိုသောနည်းဖြင့် မပန်ကြားဘဲ အိမ်တစ်ပါးတို့၌ လှည့်လည်ခြင်းတည်း။

မတက စီဝရန္တိ မတကဿ သန္ထကံ စီဝရံတတြုပ္ပါဒဖြင့် ဆောင်သော ဟူသည် ဝိဟာရ သန္တက ဖြစ်သော လယ်ယာ စသည်ဖြင့် ဆောင်အပ်သော သင်္ကန်းတည်း။)

(ပုရိမဝါမှ ထသူတို့အား ကထိန်မခင်းသော်လည်း၊ စီဝရ မာသ- တန်ဆောင်မုန်းလပြည့်အတွင်း အသမာဒါ စာရ ချန်၍ အာနိသင် လေးပါး ရကုန်၏။ အသမာဒါနစာရ မရသောကြောင့်သာ ပါဝေယျက ရဟန်းတို့သည် သင်္ကန်းတို့ကို ယူလျက် ဘုရားရှင်ထံ ချဉ်းကပ်ကြသည်ဟု ကင်္ခါ ဋီကာသစ် ဆို၏။

ဝါကျွတ်ပြီး၍ တန်ဆောင်မုန်းလပြည့်ထိ တောကျောင်း၌ နေသူတို့အား ခြောက်ညဥ့်ထက်အလွန် တိစီဝရိက် ညဥ့်ကင်းအံ့၊ ဘိက္ခု သမ္မုတိကြဉ်၍ နိဿဂ္ဂိ ပါစိတ် ဟူသော သိက္ခာပုဒ်ဖြင့် ထို စီဝရ မာသအတွင်း အသမာဒါနစာရ မရခြင်း ထင်ရှား၏။

ကထိန်ခင်းသူ အကျိုးငါးပါး၊ မခင်းသူ လေးပါးအပြင် ပရမ္ပရ ဘောဇန အကျိုးလည်း ရသေး၏။ ဘောဇဉ် အမည်ဖြင့် ဖိတ်သူ၏ ဘောဇဉ်မှတစ်ပါး နောက်မှု ဖိတ်သူ၏ ဘောဇဉ်ကို စားခြင်းသည် အပ်လတ္တံ့။ ပရမ္ပရ ဘောဇဉ် စားခြင်းကြောင့် အခါကိုကြဉ်၍၊ ပါစိတ် ဟူသော သိက္ခာပုဒ်ဖြင့် အာပတ် မသင့် ဟူလို၊ ဤအကျိုးကို ဂဏ ဘောဇန၌ ပေါင်း၍ မိန့်သည် ဟူ၍လည်း ဆိုကုန်၏။

အချို့ကား စာရိတ္တ သိက္ခာပုဒ်ဖြင့် အနာပတ္တိကို- “မပန်ကြားဘဲ နေလွဲ ရွာဝင်လည်း အနာပတ္တိ” ဟု ဝိကာလ ဂါမပ္ပ ဝေသန သိက္ခာပုဒ်ဖြင့် ရောယှက်တိမ်းပါး စေကုန်၏။

အနာ မန္တ၊ ဂဏဘောဇနသည် ပိဏ္ဍပါတ် ဓုတင်ဆောင်တို့အား အမြဲစွန့်ပစ်ထားသော အကျိုး၊ တစ်ပါးသော ရဟန်းတို့အား ထူးသောအကျိုး၊

အသမာဒါနသည် တိစီဝရိက် အဓိဋ္ဌာန် တင်ဆောင်သော ဥဒေါသိတ သိက္ခာပုဒ် ကျင့်သူတို့အား ထူးသော အာဝေဏိက အကျိုး၊ တစ်ပါးသော ရဟန်းတို့အား မထူးသော-ပါ- အကျိုး မရှိသော အကျိုး။

ယော စ တတ္ထသည် ပံသုကူ ဓုတင်ဆောင်တို့အာ၊ စွန့်ထားသော အကျိုး။ တစ်ပါးသော ရဟန်းတို့အား ထူးသော အကျိုး။

ယာဝဒတ္တသည် တိစီဝရိက် ဓုတင်ဆောင်၊ မဆောင်ထိုက်သည် အလျောက် ထူးသော အကျိုး၊)

ကထိန်ခင်းပုံကို နောက်၌ ကျယ်ဆိုအံ့။

ကထိန် မဖြစ် ၂၄

ဧ၀ အနတ္တတ၊ ချစ်သားတို့ အဘယ်သို့လျှင် ကထိန်သည် အနတ္တတ မခင်းအပ်သည် ဖြစ်သနည်း။

ဥလ္လိခိတ မတ္တေန-ပမာဏ ယူကာမျှဖြင့်၊ ဝါ--ရေးခြစ်ကာမျှဖြင့် ကထိန် သည် အတ္တတ-ခင်းအပ်သည် မဖြစ်။ မောဝန မတ္တေန- ဖွပ်ကာမျှဖြင့်။ စီဝရ ဝိစာရဏ-သင်္ကန်းအခန်း စီရင်ကာမျှဖြင့်။ ဆေဒန-ဖြတ်ကာမျှဖြင့်။ ဗန္ဓန-တည်းစပ်ဖွဲ့ကာမျှဖြင့် (၅)။

ဩဝဋ္ဋိယ ကရဏ-အလျား ချုပ်ကာမျှဖြင့် (ဝါ-လုံး၍ ချုပ်ကာမျှဖြင့်)။ ကဏ္ဍုသ ကရဏ-တလုပ်အုပ်ခြင်း ပြုကာမျှဖြင့်။ ဒဠှီကမ္မ ကရုဏ-မြဲအောင် ပြုခြင်း-ဝါ-နှစ်လွှာစပ်ခြင်း ပြုကာမျှဖြင့်။ အနုဝါတ ကရဏ - အလျား အနားပတ်တင်ကာမျှဖြင့်။ ပရိဘဏ္ဍ ကရဏ-အနံ အနားပတ်တင်ကာမျှဖြင့် ... (၅)။

ဩဝဒေယျ ကရဏ-သလင်းထောင်ထားကာမျှဖြင့်။ ကမ္ဗလ မတ္တေန - တစ်ကြိမ်သာ ဆိုးရုံမျှဖြင့်။ နိမိတ္တကတ-နိမိတ် ပြု၍ရသော အဝတ်ဖြင့်။ ပရိကထာကတ- ပရိယာယ် ဆို၍ရသော အဝတ်ဖြင့်။ ကုက္ကုကတ - အခိုက်အတန့် ငှားသော အဝတ်ဖြင့် ... (၅)။

သန္နိမိကတ- သိမ်းထားသော သင်္ကန်းဖြင့်၊ ဝါ- သိုးသော အဝတ်သင်္ကန်းဖြင့်။ နိဿဂ္ဂိယ-ညဥ့်ကို စွန့်သော-ဝါ-ပြုစဉ် အရုဏ်တက်သော သင်္ကန်းဖြင့်။ အကပ္ပကတ-ကပ္ပဗိန္ဒု မထိုးသော သင်္ကန်းဖြင့် ... (၃)။

အညတြသံဃာတိယာ- ဒုက္ကဋ်မှ တစ်ပါးဖြင့်။ အညတြ ဥတ္တရာ သင်္ဂေန -ကိုယ်ရုံမှ တစ်ပါးဖြင့်။ အညတြ အန္တရဝါသကေန - သင်းပိုင်မှ တစ်ပါးဖြင့်။ အညတြ ပဉ္စကေန-ငါးခန်း ငါးခန်းထက်လွန်သော ထိုနေ့ဖြတ်သော အိမ်ကြီး အိမ်ငယ်နှင့် တကွသော သင်္ကန်းမှ တစ်ပါးသော သင်္ကန်းဖြင့် ကထိန်သည် အတ္တတ မဖြစ်။ အညတြ ပုဂ္ဂလဿ အတ္တာရာ- ပုဂ္ဂိုလ်၏ ခင်းခြင်းကိုကြဉ်၍ အတ္တတ မဖြစ်။ နိဿိမဋ္ဌ အနုမောဒနာ- ကောင်းစွာ ခင်းသော်လည်း ဥပစာရ သိမ်ပ၌တည်၍ အနုမောဒနာ ပြုအံ့။ ဤသို့လည်း ကထိန်သည် အတ္တတ မဖြစ် ... (၆)။

[ကထိန်ခင်း အစီအရင်ကို အကျယ်ပြလို၍ မပြုအပ်သော မဟာ ဘူမိက-အရာကျယ်-ဖြစ်သော အနတ္ထတ လက္ခဏာကို ရှေးဦးစွာ ၂၄ ပါးသော ခြင်းရာဖြင့်၊ ထိုနောက် အတ္ထတ လက္ခဏာကို ၁၇-ပါးသော ခြင်းရာဖြင့် ပြသည်။ ပရိဝါ၌လည်း ဤလက္ခဏာကို ဆိုသည်။

ထိုတွင် ဥလ္လိခိတ မတ္တ ဟူသည် အလျားမှ လည်းကောင်း၊ အနံမှ လည်းကောင်း ပမာဏ ယူခြင်းမျှတည်း၊ ပမာဏ ယူသူသည်၊ ထိုထိုနေရာ မှတ်သားခြင်းငှါ လက်သည်း စသည်ဖြင့် ပိုင်းခြားပြ၍ ရေးခြစ်သည်။ နဖူး စသည်၌သော်လည်း တိုက်ပွတ်သည်၊ ထိုကြောင့် ပမာဏ ယူခြင်းကို ဥလ္လိခိတ - ရေးခြစ်ခြင်းဟု ဆိုသည်။

ဓောဝန မတ္တ ဟူသည် ကထိန ဒုဿကို ဖွပ်လျှော်ကာမျှတည်း။ စီဝရ ဝိစာရဏ ဟူသည် ၅-ခန်း၊ ၇-ခန်း၊ ၉-ခန်း၊ ၁၁-ခန်း ဖြစ်စေဟု စီရင်ကာမျှတည်း။

ဆေဒနသည် စီရင်တိုင်း အဝတ်ကို ဖြတ်ခြင်းတည်း။

ဗန္ဓန သည် တည်းစပ်ချည်တင်ခြင်းတည်း။

ဩဝဋိယ ကရဏသည် တည်းစပ်ချည်သို့ လျှောက်၍ အရှည်ချုပ်ခြင်း၊ ဝါ-လည်းဆည်ချုပ်ခြင်းတည်း။

ကဏ္ဍုသ ကရဏသည် မုဒ္ဓိယပတ္တ ဗန္ဓန-တလုပ်အုပ်ခြင်းတည်း။

ဒဠှီကမ္မ ကရဏသည် နှစ်ခုသော စိမိလိကာ- အလွှာတို့ကို စပ်၍ ချုပ်ခြင်းတည်း။ တစ်နည်းကား--ပထမ စိမိလိကာ-မိမိ၏ ပကတိ ပုဆိုးလွှာကို စပ်၍ထားပြီးလျှင်၊ ကထိန် ပုဆိုးကို ထို၏ ကုစ္ဆိ စိမိလိကံ ကတွာ- အတွင်းလွှာပြု၍ ချုပ်ခြင်းတည်း။ ။ မဟာပစ္စရီ၌ ပကတိ စီဝရ အဟောင်းအား ဥပဿယ ဒါန-အမှီပေးခြင်းဟု ဆို၏။ ။ ကုရုန္ဒီ၌ကား ပကတိ ပတ္တ ဂန္ဓ စီဝရ-ပကတိ တလုပ်အုပ်၍ ချုပ်သော သင်္ကန်းဟောင်းကို နှစ်ထပ် ပြုခြင်းငှါ အတွင်းလွှးပြု၍ ကပ်ခြင်းဟု ဆို၏။

အနုဝါတ ကရဏ ဟူသည် ပိဋ္ဌိ အနုဝါတာ ရောပန-အလျား အနားပတ်တင်ခြင်းတည်း။

ပရိဘဏ္ဍ ကဏဟူသည် ကုစ္ဆိ အနုဝါတာ ရောပန-အနံ အနားပတ်တင်ခြင်းတည်း။

ဩဝဒေယျ ကရဏ ဟူသည် အာဂန္တုက ပတ္တာ ရောပန - သလင်းထောင် တင်ခြင်းတည်း။ တစ်နည်းကား ကထိန်သင်္ကန်းမှ ပတ္တ-အပြားကို ယူ၍ နှစ်ပါးသော အကထိန စီဝရ၌ အပြားကို တင်ခြင်းတည်း။

ကမ္ဗလ မတ္တ သည် တစ်ကြိမ်မျှ ဆိုးရည်၌ ထည့်သော ဆင်စွယ်ရောင်၊ ဝါ-ဖက်ရွက်လျော်ရောင် သင်္ကန်းတည်း။ တစ်ကြိမ် နှစ်ကြိမ်မျှ ဆိုးသော်လည်း (သမဏ) သာရုပ္ပ ဖြစ်လျှင်ကား အပ်၏။

နိမိတ္တကတသည် ဤပုဆိုးဖြင့် ကထိန်ခင်း ကုန်အံ့ဟု နိမိတ်ပြုသော သင်္ကန်းတည်း။ အဋ္ဌကထာတို့၌ကား ဤပုဆိုးသည် ကောင်း၏။ ကထိန်ခင်းခြင်းငှါ တတ်နိုင်၏ဟု ဆိုသည်။

ပရိက ထာကတသည် ကထိန်ကို လှူသင့်၏။ လွန်စွာ ကုသိုလ်ကို ပွားသည်ဟု ပရိယာယ် စကားဖြင့် ဖြစ်စေအပ်သော သင်္ကန်းတည်း။

ကသိန်မည်သည် အတိ ဥက္ကဋ္ဌ ဖြစ်မှ အပ်သည်။ မိခင်ကိုသော်လည်း သိစေခြင်းငှါ မအပ်။ ကောင်းကင်မှ ကျသကဲ့သို့သာ အပ်သည်ဟု သိအပ်၏။

ကုက္ကုကတသည် တာဝ ကာလိက သင်္ကန်းတည်း။

သန္နိဓိကတ ဟူသည်၌ ကရဏ သန္နိဓိနိစယ သန္နိဓိ ဟု နှစ်မျိုးရှိ၏။ ထိုနေ့၌ မပြုဘဲ သိမ်းထား၍ နောက်မှ ပြုလျှင် ကရဏ သန္နိဓိ မည်၏။ သံဃာသည် ယနေ့ ကထိန်သင်္ကန်းရလျက်၊ နောက်နေ့မှ ပေးခြင်းသည် နိစယ သန္နိဓိ မည်၏။

နိဿဂ္ဂိယသည် ရတ္တိ နိဿဂ္ဂိယ- ညဥ့်ကို စွန့်၏။ ပြုစဉ် အရုဏ်တက်သည်ဟု ပရိဝါ၌လည်း ဆို၏။

အကပ္ပကတသည် အနာဒိန္န ကပ္ပဗိန္ဒု မထိုးသော သင်္ကန်းတည်း၊ အညတြ သံဃာဋိယာ စသည်တို့၌ ဒုက္ကဋ်၊ ကိုယ်ရုံ၊ သင်းပိုင် တို့ကိုထား၍ တစ်ပါး သော အိပ်ရာခင်း စသည်ဖြင့် ခင်းသော်လည်း၊ အတ္တတ မဖြစ်၊ အညတြ ပဉ္စကေ၌ ငါးခန်း၊ ငါးခန်းထက် အလွန်ပြု၍ မဟာ မဏ္ဍလအဍ္ဎ မဏ္ဍလတို့ကိုပြ၍ ပြုသော သင်္ကန်းဖြင့်သာ အပ်သည်။

ဤသို့ပြုလျှင် သမဏ္ဍလီကထာ အိမ်ကြီး အိမ်ငယ်နှင့်တကွ ပြုခြင်းဖြစ်၏။ ထိုကိုထား၍ မဖြတ်သော သင်္ကန်း၊ နှစ်ခန်း သုံးခန်း လေးခန်းရှိသော သင်္ကန်းတို့ဖြင့် မအပ်။

အညတြ ပုဂ္ဂလဿ အတ္တရာ ဟူသည် ပုဂ္ဂိုလ်၏ အခင်းကို ထား၍ သံဃာ၏ အခင်း၊ ဂိုဏ်း၏ အခင်းဖြင့် အတ္တတ မဖြစ်။

နိဿိမဋ္ဌ အနုမောဒနာကား-ဥပစာရ သိမ်ပ၌ (ဝါ- ဝါဆိုခေတ် ပြင်ပ၌) တည်၍ အနုမောဒနာ ပြုအံ့-အတ္တတ မဖြစ်။]

(သာဋီ ... မဟာဘူမိကန္တိ မဟာဝိသယ၊ ၂၄-ပါး ခြင်းရာဖြင့် အလွန်ကျယ်သည်ဟု ဆိုလို၏။ ပဉ္စကန္တိ ပဉ္စခဏ္ဍံ-ငါးခန်းတည်း၊ သတ္တကံနဝကံဧကာ ဒသကံ -တို့၌လည်း၊ ဧသ န ယော

ပထမ စိမိလိကာ ဟူသည် ကထိန် အဝတ်မဟုတ်၊ မိမိ၏ ပကတိ စိမိလိကာတည်း။ ကုစ္ဆိ စိမိလိကံ ကတွာ-စသည်သည် ထိရဇိဏ္ဏ-ခိုင်သော မခိုင်သော အလွှာတို့ကို တစ်ပေါင်းတည်း ပြု၍ ချုပ်ခြင်းဟု ဂဏ္ဌိတို့၌ ဆိုသည်။ မဟာပစ္စရီ၌ လည်းကောင်း၊ ကုရုန္ဒီ၌ လည်းကောင်း ဆိုသော စကားကို ညွှန်းပြခြင်းသည် သဒ္ဓါသာ ထူးသည်၊ အနက် မထူးဟု ပြခြင်းငှါ ဟူ၍ ဆိုကုန်၏။

ပိဋ္ဌိ အနုဝါတာ ရောပန ဟူသည် ဒိဃတော အနုဝါတဿ အာရောပန မတ္တ တည်း။

ကုစ္ဆိ အနုဝါတာ ရောပနကား ပုထုလတော အနုဝါတဿ အာရောပန မတ္တ တည်း။

သာရုပ္ပ ဟူသည် သမဏသာရုပ္ပ တည်း။

ရတ္တိ နိဿဂ္ဂိယသည် ရတ္တိ အဘိက္ကန္တတည်း၊၊

ဝိဋီ ... ထိုထက် မထူး။

ဇီဋီ ... ဒီဃ သိဗ္ဗိတ-အရှည်ချုပ်ခြင်း ဟူသည် ပစ္ဆာကတ သိဗ္ဗန တည်း။ ဩဝဋ္ဋိတွာ (လုံး၍)၊ သိဗ္ဗ နံ ဝါတိလိခိတံကဏ္ဍုသ သည် ပုဗ္ဗ ဗန္ဓန တည်း။

ပဌမံ စိမိလိကာ-တို့ကို စပ်၍ ထားပြီးလျှင် ဟူသည်၌-ကထိန ဒုဿ ဒုဗ္ဗလကို မိမိ၏ ပကတိ ဒုဿဗလဝနှင့် စပ်၍ နှစ်ထပ်ချုပ်လိုလျှင် ပကတိ ဒုဿကလည်း ကြီးခဲ့လျှင် ရှေးဦးစွာ ထိုပဏာမအား လျော်အောင် ဗန္ဓ ကဏ္ဍုသ တို့ကို စပ်၍ ကြိုးတို့ဖြင့် ဖွဲ့ချုပ်၍ ပြုထားအပ်၏ ဟူသော အဓိပ္ပါယ်တည်း။

ကထိန စီဝရသည် ငယ်၏၊ နည်း၏။ ထိုကြောင့် ရှေးဦးစွာ ဖွဲ့ထားသော ဗဒ္ဓဒုဿသည် ကုစ္ဆိ စီမိလိကာ ဖြစ်၏။ မဟာပစ္စရီ၌ လည်းကောင်း ...လ.. အနက် မထူးဟု ပြခြင်းငှါတည်း။

ဤဖြင့် အဘယ်ကို ပြသနည်း ဟူမူ .. “ထိုသို့ပြုသော ဒုပဋ္ဋ စီဝရသည် ပကတိ ကြီး၍ ပကတိ စီဝရသာ မည်၏ ကထိန စီဝရ မမည်။”ဟု ဆိုငြားအံ့၊ ဤသို့ မမှတ်အပ်။

ဤသို့ ကုစ္ဆိ စိမိလိက အဖြစ်ဖြင့် တည်သော်လည်း ကထိန စီဝရ ဖြစ်၏။ ကြီးသော်လည်း ထိုပကတိ စီဝရသည် မိမိ၏ ကထိန စီဝရသတည်း-ဟု ပြသည်။

အယုတ်ဆုံး ငါးခန်း အလိုရှိအပ်သောကြောင့် ကထိန ဒုဿကို ခန်းကြီး ခန်းငယ် များစွာဖြတ်၍ ချုပ်လိုသော သူသည် ကထိန်သင်္ကန်းမှ ပဋ္ဋ-အပြားကို ယူ၍ တစ်ပါးသော ကထိနစီဝရပဋ္ဋကို တင်သည်။ တစ်နည်း-ကထိန ဒုဿ များစွာ အငယ်၊ အကြီး တို့ကို လှူရာမှ ပဋ္ဋကို ယူ၍ တစ်ပါးသော သင်္ကန်း၌ တင်သည်။

ပံ့သကူ ကထိန ဒုဿကို ဝိကပ္ပနာ မလောက်လျှင် လှူအပ်သလော။ စီဝရ မဟုတ်သောကြောင့် မအပ်၊ ကမ္မဝါစာ မရောက်ဟု အချို့ကို ဆိုကုန်၏။ ပံ့သကူဖြင့် ကထိန်ခင်း အပ်၏ဟု နည်းပေးသောကြောင့် လည်းကောင်း။ ကုစ္ဆိ စိမိလိကာ အဖြစ်ဖြင့် တည်သော ကထိန ဒုဿကို မိမိသဘောဖြင့် အဓိဋ္ဌာန် မလောက်သော်လည်း၊ ပုရာဏ စီဝရ အဖြစ်ဖြင့်သာ အဓိဋ္ဌာန် လောက်လျှင်၊ ကထိန စီဝရ အဖြစ်ကို ဋ္ဌကထာ ခွင့်ပြုခြင်းကြောင့် လည်းကောင်း၊ ငယ်သော်လည်း လှူအပ်၏။

ကထိန်ခင်းသူသည် စပ်၍ ကထိန စီဝရ ပြုလတ္တံ့ ဟု အချို့ ဆိုကုန်၏။ ယုတ္တတရံဂဟေ တဗ္ဗံနိဒယ သန္နိဓိသည် သံဃာနှင့် စပ်၏။ ညဥ့်လွန်သည်ကို စွန့်အပ်သောကြောင့် နိဿဂ္ဂိဟု ဆိုသည်။ သံဃာသည် ခင်းသူအား ကမ္မဝါစာဖတ်၍ ပေးလတ်သော် ထိုနေ့၌သာလျှင် ဖြတ်၍ အခန်းနှင့်တကွ ပြုအပ်၏။ ခုနစ်ပါးသော ပုဗ္ဗ ကရဏကို ပြုအပ်၏။ ပြုပြီးသော သင်္ကန်းကိုသာ ဒါယကာသည် သံဃာအား လှူအံ့-လက်ခံ၍ ကမ္ပဝါစာဖြင့် ပေးအပ်၏။ ခင်းသူသည်လည်း ထိုသိမ်အပြင်၌သာ အဓိဋ္ဌာန်တင်၍ ခင်း၍ သံဃာကို အနုမောဒနာ ပြုစေအပ်၏ ... စသည်။)

(ကထိန်သင်္ကန်းကို လှူသောနေ့မတိုင်မီ ကျောင်းတွင်း မသွင်းအပ်ဟု ဝိနည်းပြင်ပမှ လူတို့ပြောသည်ကို ဝိနည်းအတွင်း၌ အချို့ ရဟန်းများ ယုံကြည်ခြင်းသည် ရှက်ဖွယ်တည်း။ ကျောင်းတွင်း သွင်းသော်လည်း မလှူသေးလျှင် ရဟန်း သံဃာနှင့် မဆိုင်။ ကထိန်မဟုတ်ဘဲ သာမန် လှူလျှင်လည်း သန္နိဓိနှင့် မဆိုင်၊ ဘယ်ခါမှ မသိုးနိုင်။ ကထိန်အဖြစ်ဖြင့် လှူသောနေ့၌ မခင်းလျှင် သင်္ကန်းသိုးသည် မည်၏။ ထိုသိုးသော သင်္ကန်းဖြင့် ကထိန် မခင်းအပ်။ ရက်များစွာ သိုမှီးထားသော သင်္ကန်းဖြင့် ရဟန်းက ကထိန်လှူလျှင် အပ်သည်ဟု ထင်ရှားပြီ။

အိမ်ကြီး အိမ်ငယ် မြောင်းတလုပ်က စ၍ ချုပ်ချုပ်သမျှ အကုန်ဖြတ်မှ ကထိန်အပ်သည်။ ငါးခန်း၊ ခုနစ်ခန်း ဖြတ်ကာမျှဖြင့် မအပ်ဟု အချို့ ဆိုကုန်၏။ မြောင်းတလုပ်ထားပုံ၊ အခန်း ဖွဲ့ပုံ၊ ဖြတ်ပုံ၊ ချုပ်ပုံသည် သင်္ကန်း ဟူသမျှ၌ အတူတူ သာတည်း။ ကထိန်သင်္ကန်း၌ဟု ထူးခြားခြင်း မရှိ။

တဆယ့်တစ်ခန်း ထက်လွန်သော သင်္ကန်းကျမ်း၌ မလာသောကြောင့် မအပ်ဟု အချို့ ဆိုကုန်၏။ ကျမ်း၌ မလာခြင်းသည် မှန်၏၊ မအပ်သည်ကို ဝန်မခံနိုင်ကြကုန်။

မြောင်းတလုပ်တို့မှာ အနံလေးသစ်အောက် မငယ်မှ အပ်သည်ဟု အချို့ ဆိုကုန်၏။ ပံ့သကူ သင်္ကန်းတို့၌ လေးသစ်အောက် ငယ်သော အဝတ်စုတ်တို့ဖြင့်လည်း ချုပ်စပ်ရခြင်း ထင်ရှားလှ၏။ ထိုကြောင့် အခန်းလည်း ဝတ်ရုံလောက်အောင် များရမည်သာတည်း၊ လေးသစ်အောက် အဝက်စုတ်ဖြင့် ၁၁- ခန်းသာ ချုပ်ရလျှင် ထိုသင်္ကန်းကို ဝတ်နိုင်သူ မရှိ။ လေးသစ်ရှိဖြင့် ၁၁-ခန်းချုပ်လျှင်လည်း ဝတ်ရုံခြင်းငှါ မလောက်နိုင်။)

ကထိန်ခင်းရာဌာန နှစ်ပါး

လင်္ကာကား သုဏာတု မေ ဘန္တေ သံဃော စသော ဉာတ္တိ ဒုတိယကံဖြင့် သင်္ကန်းပေးခြင်းသည်ပင် ကထိန်ခင်းဖြစ်သည်ဟု မဟာဝါ ပါဠိတော်၌ ဆိုသည်။ ထိုခင်းခြင်းသည် သံဃကံ ဖြစ်သည်၊ ကံဆောင်ရာ ဗန္ဓ သိမ်အဗန္ဓ သိမ်၌သာ အပ်၏။ အတ္ထတံ ဘန္တေ စသော ကထိန်ခင်းခြင်းသည် ပုဂ္ဂိုလ်၏ ကံဖြစ်သည်။ ထိုကို ဝါဆိုခေတ်ဖြစ်သော ဥပစာရ သိမ်၌ ပြုအပ်၏။)

ကထိန်ကို မခင်းသူ အပြစ်

(တရားနှင့် အညီရသော ကထိန်သင်္ကန်းကို သန္နိဓိနိဿဂ္ဂိယအကပ္ပကတ - စသည်ဖြင့် ခင်းလျှင် ကထိန် မခင်းအပ်သည် မည်၏။ အာနိသင် ငါးပါး မရထိုက်။ ဤကား အပြစ်တည်း။ စေတနာနှင့်တကူ မခင်းဘဲ ထားလျှင်လည်း ထို အပြစ်သာတည်း။

သံဃာအား ပြန်ပေးရမည်ဟု မဆိုထိုက်။ သံဃာသည် ထိုရဟန်းအား ကထိန်ခင်းခြင်းငှါ ပေးပြီးပြီ။ မခင်းသော်လည်း၊ ပေးစဉ်က ပုဂ္ဂလိက ဖြစ်သွားပြီ “အလွဲသုံးစားသည် ပါရာဇိက” ဟု အချို့ နှုတ်လွန် တတ်၏။ အလွဲသုံးစားသောကြောင့် အာနိသင် ငါးပါးမှ အပ ဖြစ်သည်ဟု ဆိုလျှင် ဆိုသင့်၏။ ကောင်းစွာ ပေးသည်ကို ယူမိသူအား ပါရာဇိက မရှိ၊)

မာတိကာ ရှစ်ပါးဖြင့် နုတ်ခြင်း

ချစ်သားတို့၊ အဘယ်သို့လျှင် ကထိန်သည် နုတ်အပ်သော ကထိန် ဖြစ်သနည်း။ ချစ်သားတို့၊ ကထိန်နုတ်ခြင်းငှါ မာတိကာ တို့သည် ဤရှစ်ပါး တို့တည်း။

  1. ပက္ကမ နန္တိကာ-ဖဲခြင်း အဆုံးရှိသော နုတ်ခြင်း၊
  2. နိဋ္ဌာ နန္တိကာ - ပြီးခြင်း အဆုံးရှိသော နုတ်ခြင်း၊
  3. သန္နိဋ္ဌာ နန္တိကာ- ဆုံးဖြတ်ခြင်း အဆုံးရှိသော နုတ်ခြင်း၊
  4. နာသ နန္တိကာ-ပျက်ခြင်း အဆုံးရှိသော နုတ်ခြင်း၊
  5. သာ နန္တိကာ-ကြားခြင်း အဆုံးရှိသော နုတ်ခြင်း။
  6. အာသာ ဝစ္ဆေဒိကာ- အာသာ ပြတ်ခြင်းရှိသော နုတ်ခြင်း၊
  7. သီမာ တိက္ကန္တိကာ-ကာလ အပိုင်း အခြား လွန်ခြင်းရှိသောနုတ်ခြင်း၊
  8. သဟုဗ္ဘာရာ-ရဟန်းတို့နှင့် အတူတကွ နုတ်ခြင်း-

ဤသို့ ရှစ်ပါးတည်း။

ပက်၊ နိဋ္ဌသန်၊ နာ (၄)၊ သ၊ အာသာ (၂)၊ သီမာ၊ သဟုဗ္ဘာရ် (၂)။

[ကထိနတ္တာရကို ပြပြီး၍၊ ယခုအခါ ဥဗ္ဘာရကို ပြတော်မူသည်။ မာတိကာ တိမာတရော-ဖြစ်စေသော မိခင်သဖွယ် ဟူလို။ ကထိန်နုတ်ခြင်းကို ဤရှစ်ပါးတို့သည် ဖြစ်စေကုန်၏။ ထိုတွင် ပက္ကမ နံ အန္တော အဿာတိ ပက္ကမ နန္တိကာ-ဖဲခြင်း အဆုံးရှိသောကြောင့် ပက္ကမ နန္တိကာ မည်၏။ အကြွင်း ဤအတူ သိအပ်၏။]

(ဝိဋီ … မာတာပိယာတိ မာတိကာဣဝ နက်က ပစ္စည်းအဿာတိ ဧတိဿာ မာတိကာယ၊ ဖဲခြင်း အဆုံးရှိသော ကထိနုဗ္ဘာရ သည်သာလျှင် သကံ အတ္တနာ ဥပ္ပဇ္ဇတိ ဟူသကဲ့သို့ အဘေဒူပစာဖြင့် မာတိကာဟု ဆိုသည်။

ဖဲခြင်း၏ အဆုံး၌ ဥဗ္ဘာရ ဖြစ်၏။ ထိုမှလွတ်သော မာတိကာ မရှိ။ ထိုကို ပြသော ပါဠိ-အစဉ်ကိုလည်း မာတိကာဟု ဆိုသင့်၏၊ ပက္ကမ နန္တိ တုဗ္ဘာရကို ပြခြင်းဖြင့်သာ ထိုမာတိကာကို ပက္ကမ နန္တိကာ-ဟုဆိုသည်။ ဧသေဝန ယော ဧသ သေသုပိ

ဇီဋီ ... ကထိန် နုတ်ခြင်း ဟူသည် ကထိန်ခင်းခြင်း၏ ငြိမ်းခြင်းတည်း။ မဖြစ်ခြင်း ဟူလို။ အဘယ် အကျိုးငှါ နုတ်ခြင်းကို ပြသနည်း ဟူမူ-အနာပတ္တိ ကာလအဆုံးကို ပြခြင်းဖြင့်၊ စောင့်စည်းခြင်းငှါတည်း။

စီဝရ ကာလ ဟူသည် ကထိန် မခင်းလျှင် မိုးဥတု နောက်ဆုံး တစ်လ။ ခင်းလျှင် ငါးလ ဝိဘင်း၌ ဟောသောကြောင့် အကြား၌ ပက္ကမ နန္တိကာ စသည်ဖြင့် နုတ်သော်လည်း၊ ငါးလတို့၌ အနာပတ္တိသာဟု အယူမှားလျှင် အာပတ်သို့ ရောက်၏။ ဤမှ တစ်ပါးသော ရဟန်းတို့အားလည်း လာဘန္တရာယ်ကို ပြု၏။ ထိုကြောင့် မိန့်သည်ဟု သိအပ်၏။)

ပက္ကမ နန္တိကာ

ကထိန်ခင်းပြီးသော ရဟန်းသည် ကတ စီဝရ-ပြုပြီးသော သင်္ကန်းကို ယူ၍ မပြန်လာတော့အံ့ဟု ဖဲသွားအံ့၊ ထိုရဟန်းအား ပက္ကမ နန္တိက ကထိန်နုတ်ခြင်း ဖြစ်၏။

[န ပစ္စေဿန္တိ န ပုန အာဂမိဿံ ... တစ်ဖန် မလာတော့အံ့။ ဤ ပက္ကမ နန္တိက နုတ်ခြင်း၌ ရှေးဦးစွာ စီဝရ ပလိဗောဓ ပြတ်၏။ နောက်မှ အာဝါတ ပလိဗောဓ ပြတ်သည်။ ဤသို့ ဖဲသူအား စီဝရ ပလိဗောဓသည် ဥပစာရ သိမ်တွင်း၌သာ ပြတ်သည်။ အာဝါသ ပလိဗောဓသည် ဥပစာရ သိမ်လွန်သောအခါ ပြတ်သည်။ ပရိဝါ၌လည်း ပက္ကမ နန္တိကော-ဟူသော ဂါထာကို ဆို၏။ စီ-ရှေးဦးပြတ်၊ အာ-နောက်ပြတ် ဟူလို။]

(ဝိဋီ ... ပက္ကမနကို ဥပစာရ သိမ်ကို လွန်ခြင်းဟု မှတ်အပ်၏။

န ပုန အာဂမိဿံ ဟူသည် အာဝါသ ပလိဗောဓ ပြတ်ကြောင်းကို ပြသော စကားတည်း။ စီဝရ မာသ ငါးလတို့၌ အဘယ်အခါမဆို န ပစ္စေဿံ- ဟူသော စိတ်ဖြင့် ဥပစာရ သိမ်ကို လွန်သောအခါ အာဝါသ ပလိဗောဓ ပြတ်၏။ ပစ္စေဿံ- ဟူသော စိတ်ဖြင့် ဥပစာရ ပြင်ပသို့ ရောက်သူအားကား အမှတ်မရှိ နေရာ၌ န ပစ္စေဿံ- ဟူသောစိတ် ဖြစ်ကာမျှ၌ ပြတ်၏။

ရှေးဦးစွာ စီဝရ ပလိဗောဓ ပြတ်၏ ဟူသည်ကို မပြန်လာတော့အံ့ဟု ဖဲသည်မှ ရှေးဦး ကပင်လျှင် စီဝရ၏ ပြီးစီးခြင်းကြောင့်တည်း။

ချဲ့ဦးအံ့၊ ခင်းအပ်သော ကထိန် ရှိသော ရဟန်းအား သံဃာမှ လည်းကောင်း၊ ဒါယကာထံမှ လည်းကောင်း စီဝရ လဘိသာမိ - သင်္ကန်းရဦးအံ့ဟု စီဝရအာသာသည် ဖြစ်အံ့။ ရသော အဝတ်တို့ကို ဆိန္ဒိတွာ ကရိဿာမိ - ဒုက္ကဋ် စသည် အဖြစ်ဖြင့် ဖြတ်၍ ပြုလုပ်အံ့ဟု ကရဏိစ္ဆာသည်လည်း ဖြစ်အံ့၊ ထိုမျှ ပတ်လုံး စီဝရ ပလိဗောဓ မပြတ်သည်သာတည်း။

အကြင်အခါ မြှေ၁်လင့်ရာမှ မရ၍ စီဝရအာသာသည် ကင်းအံ့၊ ရသောအဝတ်တို့၏ ပြီးစီးခြင်း၊ ပျောက်ပျက်ခြင်း စသည်တို့ကြောင့် လည်းကောင်း၊ စီဝရ၌ ငဲ့ကွက်ခြင်း မရှိသောကြောင့် လည်းကောင်း၊ ကရဏိစ္ဆာသည်လည်း ကင်းအံ့။ ထိုအခါ စီဂရ ပလိဗောဓ ပြတ်၏။

ဤ မာတိကာ၌ ကတ စီဝရကို ယူ၍ – ဟူသော စကားဖြင့် စီဝရ ပရိဗောဓ ပြတ်ခြင်းကို ပြသည်။ ဤနည်းဖြင့် အထက် မာတိကာတို့၌ ပါဠိတော် စကားကို မှီ၍ ပလိဗောဓု နှစ်ပါးတို့၏ ရှေ့ပြတ်၊ နောက်ပြတ်ကို ဆိုသည်ဟု မှတ်အပ်၏။ ပလိဗောဓ နှစ်ပါးလုံးပြတ်မှသာ ကထိန်နုတ်ခြင်း ဖြစ်သည်။ တစ်ပါးပါး ပြတ်ခြင်းဖြင့် မနုတ်သေး။ ထိုနှစ်ပါးတို့၏ ရှေ့နောက် ပြတ်ပုံ၊ ပြိုင်တူ ပြတ်ပုံကို ပြခြင်းငှါ ဤ မာတိကာ ရှစ်ပါးကို ဟောတော်မူသည်ဟု သိအပ်၏။

ဥပစာရ သိမ်တွင်း၌သာ ဟူသည်ကို သင်္ကန်းပြီးသော ခဏ၌သာ ပြတ်သောကြောင့် ဆိုသည်။)

နိဋ္ဌာ နန္တိကာ

ကထိန် ခင်းပြီးသော ရဟန်းသည် စီဝရကို ယူ၍ (ကတ စီဝရ မဟုတ်ဟု သတိပြု။) ဖဲသွားအံ့၊ အပသို့ ရောက်သောအခါ ဤ၌ပင် ဤစီဝရကို ပြုအံ့၊ မပြန်တော့အံ့-ဟု အကြံ ဖြစ်၍ ပြီးအောင် ပြုအံ့။ ထိုရဟန်းအား နိဋ္ဌာ နန္တိက ကထိန် နုတ်ခြင်း ဖြစ်၏။

[စီဝရ ဟူသည် အကတ စီဝရ-မပြုရသေးသော သင်္ကန်းလျာကို ယူ၍တည်း။

အပသို့ ရောက်သောအခါ ဟူသည် တစ်ပါးသော အနီး ကျောင်းသို့ ရောက်သော အခါတည်း။ ထိုကျောင်း၌ နေရာ ချမ်းသာခြင်း၊ အဖော်ပြည့်စုံခြင်းကြောင့် အကြံဖြစ်သည်။ ဤနိဋ္ဌာနန္တိကအာဝါသ ပလိဗောဓသည် ရှေးဦးစွာ မပြန်အံ့ဟု စိတ်ဖြစ်ကာမျှ၌သာ ပြတ်သည်။ ပရိဝါ၌လည်း နိဋ္ဌာ နန္တိကော-ဟူသော ဂါထာကို ဆို၏။ အာ-ရှေးဦး ပြတ်၊ သင်္ကန်းပြီးမှ စီ-ပြတ် ဟူလို။ ဤနည်းဖြင့် ကြွင်းသော မာတိကာ တို့ကို ဝေဖန်ရာ၌လည်း အနက်ကို သိအပ်၏။]

သန္နိဋ္ဌာ နန္တိက

ကထိန် ခင်းပြီးသော ရဟန်းသည် စီဝရကို ယူ၍ ဖဲသွားအံ့၊ အပသို့ ရောက်သောအခါ ဤစီဝရကို မပြုတော့အံ့၊ ပြန်လည်း မပြန်တော့အံ့ဟု အကြံဖြစ်အံ့။ (ဝါ-နှစ်ခုပြိုင် ဆုံးဖြတ်အံ့။) ထိုရဟန်းအား သန္နိဋ္ဌာ နန္တိက-ကထိန်နုတ်ခြင်း ဖြစ်၏။

[သန္နိဋ္ဌာ နန္တိက၌ နှစ်ခုသော ပလိဗောဓ တို့သည်လည်း မပြုအံ့၊ မပြန်အံ့ - ဟု စိတ်ဖြစ်ကာမျှ၌သာလျှင် အတူ ပြတ်ကုန်၏။ ပရိဝါ၌လည်း သန္နိဋ္ဌာ နန္တိကော-ဟူသော ဂါထာကို ဆို၏။ မရှေးမနှောင်း နှစ်ပါးပြိုင် ပြတ်ဟူလို။ ဤနည်းဖြင့် ပလိဗောဓ ပြတ်ပုံကို မာတိကာ အားလုံး၌ သိအပ်၏။]

(ဇီဋီ ... နှစ်ပါးစုံ ဓုရနိက္ခေပကို အတူပြုခြင်းကြောင့် အတူပြတ်သည်။ ဤကိုလည်း သိမ်ပ၌ ဟောသည်ကိုသာ ရည်ဆိုသည်။ ပရိဝါ၌- နိဋ္ဌိသန်နာအာသာ-လေးပါးကို ရံခါ သိမ်တွင်း၌၊ ရံခါ သိမ်ပ၌ နုတ်သည်ဟု ဆို၏။

သိမ်တွင်း၌ သန္နိဋ္ဌာ နန္တိက နုတ်ပုံကား အကတ စီဝရကို ယူ၍ မပြန်တော့အံ့ဟု သွားအံ့။ ရောက်ရာ၌ ဖာသု ဝိဟာရကို မရသဖြင့် ထိုကျောင်းသို့သာ ပြန်လာအံ့၊ စီဝရ ပလိဗောဓသည် တည်နေသေး၏။ မပြုအံ့ဟု စိတ်ဖြစ်သောအခါမှ ပြတ်သည်။ ထိုကြောင့် သိမ်တွင်း၌ နုတ်၏။ ဒုပိဓော သန္နိဋ္ဌာ နန္တိကော-ဟု ဂဏ္ဌိဟောင်း၌ ရေး၏။ ထိုစကား သင့်၏။ ဤသို့ မယူလျှင် သိမ်တွင်း ပြန်ရောက်၍ မပြုအံ့-ဟု ဖြစ်သော နုတ်ခြင်းသည် အပိုဖြစ်ရာ၏။

ဝိဋီ ... ဤ စီဝရကို မပြုတော့အံ့ ဟူသော စကားဖြင့် စီဝရကို ငဲ့ခြင်း မရှိသောကြောင့် ကရဏ ပလိဗောဓပင် ပြတ်ခြင်းကို ပြသည်။ အလိုမရှိ၍ သင်္ကန်းကို လုံးလုံး မခံယူသူ ဖြစ်အံ့၊ အပသို့ ရောက်၍ မပြန်တော့အံ့ဟု ဆုံးဖြတ်ကာမျှ၌ သန္နိဋ္ဌာ နန္တိက နုတ်ခြင်းကို သိအပ်၏။)

နာသ နန္တိကာ

ကထိန်ခင်းပြီးသော ရဟန်းသည် စီဝရကို ယူ၍ ဖဲသွားအံ့၊ အပသို့ ရောက်သောအခါ-ဤ၌ စီဝရကို ပြုမည်။ မပြန်တော့အံ့-ဟု အကြံဖြစ်၍ ပြုလုပ်စဉ် ပျောက်အံ့။ ထိုရဟန်းအား နာသ နန္တိက ကထိန်နုတ်ခြင်း ဖြစ်၏။

[နာသ နန္တိကအာဝါသ-ရှေးဦး ပြတ်၏။ သင်္ကန်း ပျောက်ပျက်သောအခါ စီဝရ ပြတ်၏။ ထိုကြောင့် နာသ နန္တိကဟု ဆိုသည်။]

သ၀ နန္တိကာ

ကထိန်ခင်းပြီးသော ရဟန်းသည် စီဝရကိုယူ၍ ပြန်လာဦးမည်ဟု ဖဲသွားအံ့။ အပသို့ ရောက်၍ ပြုစေ၍ သင်္ကန်း ပြီးပြီးသောအခါ ထိုကျောင်း၌ ကထိန်နုတ်သတတ်ဟု သတင်းကြားအံ့၊ ထိုရဟန်းအား သဝ နန္တိက နုတ်ခြင်းဖြစ်၏။

[သ၀ နန္တိက၌ စီဝရ-ရှေးဦး ပြတ်၏။ ထိုကြောင့် ထိုရဟန်းအား ကြားခြင်းနှင့် တကွ အာဝါသ-ပြတ်၏။]

အာသာ ဝစ္ဆေဒိကာ

[အာသာ ဝစ္ဆေဒိကာအာဝါသ -- ရှေးဦး ပြတ်၏။ စီဝရ အာသာ ပြတ်သောအခါမှ စီဝရ- ပြတ်၏။ ဤ အာသာဝစ္ဆေဒိက နုတ်ခြင်းကို နောက်မှ သီးခြား ဟောသည်။ အနာသာယ လဘတိအာသာယန လဘတိတဿ ဧဝံ ဟောတိဣဓ ဝိမံ စီဝရံ ကာရေဿံ န ပစ္စေဿံ - စသောနည်းဖြင့် တစ်ပါးသော ဥဒ္ဓါရ တို့နှင့်တကွ ပြွမ်းသော ဒေသနာရှိ၏။ များသော အပြားရှိ၏။ ထိုကြောင့် နောက်မှ သီးခြားချွဲ၍ ဟောသည်၊ ဤ၌ မဟောဘဲ သဝ နန္တိက အခြားမဲ့၌ သီမာ တိက္ကန္တိကကို ဟောသည်။]

(ဝိဋီ ... အနာသာယ လဘတိ ဟူသည် အကြင် ဒါယကာ၌ ငါ သင်္ကန်း ရလိမ့်မည်-ဟု အာသာ မဖြစ်စဖူး။ ထို ဒါယကာထံ၌ ရ၏ ဟူလို။

အာသာယန လဘတိဟူသည်၊ အာသာဖြင့် တောင့်တရာဌာန၌ မရ ဟူလို။)

(လှူဦးမည်ဟု လျှောက်သူထံ၌သာ အာသာကို သိအပ်၏။)

သိမာတိက္ကန္တိကာ

ကထိန်ခင်းပြီးသော ရဟန်းသည် စီဝရကို ယူ၍ ပြန်လာဦးမည်ဟု ဖဲသွားအံ့၊ အပ၌ သင်္ကန်းပြု၍ ပြီးသောအခါ ပြန်မည်၊ ပြန်မည်ဟု အပ၌ ကထိန်နုတ်ခြင်းကို လွန်စေအံ့၊ ထိုရဟန်းအား သီမာတိက္ကန္တိက နုတ်ခြင်းဖြစ်၏။

[သီမာတိက္ကန္တိက၌ စီဝရ-ရှေးဦး ပြတ်၏။ အပ၌ အာဝါသ ပြတ်၏။]

(ဇီဋီ ... သီမာတိက္ကန္တိက ဟူသည် စီဝရကာလ သီမာတိက္ကန္တ (ကာလ ဟူသော အပိုင်းအခြားကို လွန်ခြင်း၊) ဖြစ်၏။

သာဋီ ... သီမာတိက္ကန္တိက မည်သည် စီဝရ ကာလ သီမာတိက္ကန္တဟု အချို့ ဆို၏။ သိမ်၌ စီဝရ ကာလ သမယကို လွန်ခြင်းကြောင့်ဟု ငါတို့ နှစ်သက်၏။

သီမာတိက္ကန္တိက မည်သည် စီဝရ မာသတို့၏ အဆုံးနေ့ ဟူသောအပိုင်းအခြား သီမာကို လွန်သောကြောင့် ဖြစ်၏။ အချို့ကား သိမ်ပ၍ ကာလလွန်ခြင်းကို မှတ်ထင်ကုန်၏။ သိမ်တွင်း သိမ်ပ နေရာမရွေး ကာလလွန်ခြင်းကို သီမာတိက္ကမဟု သိအပ်၏။

ပါဠိတော်၌ ကတ စီဝရော-သင်္ကန်းပြု၍ ပြီးသောအခါ ဟူသည် ဥပလက္ခဏ မတ္တတည်း။ သင်္ကန်းပြု၍ ပြီးသူအားလည်း (တပေါင်းလပြည့်) ကာလလွန်ခြင်းဖြင့် သီမာတိက္ကန္တိက ဖြစ်၏။ ပလိဗောဓ နှစ်ပါးလည်း တစ်ပေါင်းတည်း ပြတ်ကုန်၏။ ဤသို့ ဖြစ်သင့်သလို ထိုထို အထူးမရှိသော်လည်း ကထိန်နုတ်ခြင်း၊ ပတိဗောဓ ပြတ်ခြင်းကို သိအပ်၏။)

(ပရိဝါ၌ – ပက်၊ သ၊ သီမာ - သုံးပါးကို အပ၌ နုတ်သည်ဟု ဆိုသည်။ သန္ဓာယ ဘာသိတကို ဟူ၍ ညီညွတ်အောင်ယူလျှင် ဆန့်ကျင်ခြင်း မရှိ။)

သဟုဗ္ဘာရ

ကထိန်ခင်းပြီးသော ရဟန်းသည် စီဝရကိုယူ၍ ပြန်လာမည်ဟု ဖဲသွားအံ့၊ အပသို့ ရောက်၍ သင်္ကန်းပြီးသောအခါ ပြန်မည် ပြန်မည်ဟု ကထိန်နုတ်ခြင်းကို အမီရောက်လာအံ့။ ထိုရဟန်းအား ရဟန်းတို့နှင့်တကွ ကထိန်နုတ်ခြင်း ဖြစ်၏၊

[သဟုဗ္ဘာရပလိဗောဓ နှစ်ပါး မရှေးမနှောင်း ပြတ်ကုန်၏။

(ဇီဋီ ... သဗ္ဘာရစီဝရ ပလိဗောဓသည် ပထမ ပြတ်သကဲ့သို့ ထင်ရှား၏။ ထင်ရှားသော်လည်း ငဲ့ခြင်းနှင့်တကွ ဖြစ်ခြင်းကြောင့် သင်္ကန်းကို ပြုခြင်း၌ အားထုက်ဆဲကဲ့သို့ဖြစ်၏ ဟူသော အမြွက်ကို ရည်၍ ပရိဝါ စွမ်းဖြင့် မရှေးမနှောင်း ပြတ်ကုန်၏-ဟု ဆိုသည်။ သင်္ကန်းပြီးသောအခါ ဟု ဆိုခြင်းကြောင့်၊ (မရှေး မနှောင်း) မဖြစ်။

သာဋီ ... သင်္ကန်းပြီးသောအခါ ဖြစ်လျှင် စီဝရ ရှေးဦးပြတ်ဟု သိအပ်၏။ ဤ၌ လည်းကောင်း၊ ပရိဝါ၌ လည်းကောင်း မရှေးမနှောင်း ပြတ်ဟု ဟောသောကြောင့် မညီညွတ်။ အကြောင်း စူးစမ်းအပ်၏။

ဝိဋီ ... သဟုဗ္ဘာရ၌ မရှေးမနှောင်း သိသည်ကို သင်္ကန်းပြုပြီး မဟုတ်။ သူ၏ ပြန်လာအံ့ဟု ဆောက်တည်ခြင်း ရှိသော အဖို့ကို ရည်ဆိုသည်။ ထိုနှစ်ပါးတို့တွင် တစ်ပါး မရှိသော်လည်း (ဝါ-သင်္ကန်း ပြုပြီးသော်လည်း) သဟုဗ္ဘာရ သာတည်း။)

(ဂစ္ဆတီတိ ဂေါ- သွားတတ်သောကြောင့် ဂေါဟု ဆိုရာ၌ ကျွဲ စသည်တို့ သွားသော်လည်း၊ နွား၌သာ သွားခြင်းဖြင့် ဂေါဟု ထင်ရှားခဲ့ခြင်းကြောင့် အထင် ရုဠှီ အားဖြင့် ဂေါမည်၏။ ထိုနွား အိပ်နေသော်လည်း၊ ဂေါဟု တွင်ခဲ့ခြင်းကြောင့် အတွင် ရုဠှီ အားဖြင့် ဂေါ မည်၏။ နွားရုပ်ဖြစ်စေ တူသဖြင့် ဂေါဟု တင်စားခဲ့ခြင်းကြောင့် အထင် ရုဠှီ အားဖြင့် ဂေါ မည်၏။ ဤသို့သော နည်းတို့ဖြင့် သင့်အောင် ရှူရာ၏။ ပလိဗောဓ ရှေးဦးပြတ်ရာ၌ စီ-သုံး၊ အာ-သုံး၊ တူ-နှစ်ကို ကွဲအောင် ရှုအပ်၏။)

ပက်၊ နိဋ္ဌ်၊ သန်၊ နာ (၄)၊ သ၊ အာသာ (၂)၊
သီမာ၊ သဟုဗ္ဘာ (၂)၊ စီ၊ အာ၊ တူ၊ အာ (၄)၊
စီ၊ အာ (၂)၊ စီ၊ တူ (၂)-ရှေးပြတ် စဉ်တိုင်းယူ။

အန္တရုဗ္ဘာရ နုတ်ခြင်း

လင်္ကာဋီ ... ကထိန်နုတ်ခြင်းသည် အဋ္ဌမာတိကာ ဥဗ္ဘာရ၊ အန္တရုဗ္ဘာရ-ဟု နှစ်မျိုးရှိ၏။ အဋ္ဌ မာတိကာ ဥဗ္ဘာရသည် ဥပစာ သိမ်ပသို့ ထွက်သွားသူ ခုနစ်ပါးစွမ်းဖြင့် လည်းကောင်း၊ ထွက်သွား၍ ပြန်လာ၍ တကွ နုတ်သူ တစ်ပါးစွမ်းဖြင့် လည်းကောင်း ရှစ်ပါးဖြစ်၏။

ဥပစာရ သိမ်ပသို့ မသွားဘဲ ထိုကျောင်း၌သာ နေ၍ ဉာတ္တိ ဒုတိယ ကမ္မဝါစာဖြင့် တပေါင်းလပြည့်အတွင် နုတ်ခြင်းသည်၊ ရှစ်ပါးမှ လွတ်သော အန္တရုဗ္ဘာရ မည်၏။ သဟုဗ်၊ အန္တရုဗ်-နှစ်ခုသည် ဉာတ္တိ ဒုတိယကံဖြင့် ပြုခြင်း တူသည်သာတည်း။

ပြင်ပ မသွားဘဲ သိမ်တွင်း၌နေလျက် အတူနုတ်ခြင်းသည် အန္တရုဗ်။ ပြင်ပသွား၍ ပြန်လာ၍ အတူနုတ်ခြင်းသည် သဟုဗ်၊ ဤမျှထူး၏။ ခုနှစ်ပါးကို ကမ္မဝါစာဖြင့် မနုတ်။ ပလိဗောဓ နှစ်ပါးပြတ်သဖြင့်၊ အာနိသင် ငါးပါး ကင်းသောကြောင့် နုတ်သည် မည်၏။

အဘယ်ကြောင့် ကမ္မဝါစာဖြင့် နုတ်သနည်း။ သင်္ကန်းများစွာ လှူလိုသူတို့သည် အကာလ စီဝရပြု၍ သံဃာ အားလုံးအား လှူလိုသဖြင့် ကထိန်နုတ်ပါဟု တောင်းပန်သောကြောင့်တည်း။ လာဘ်များလျှင် တူလျှင် နုတ်အပ်၏။ နည်းလျှင် မနုတ်အပ်။)

မာတိကာ ဝါရ ၁၃၆

ရှေးဦးစွာ အာသာ ဝစ္ဆေဒိကာကို ချန်၍၊ ၈၆-ဝါရ ဟော၏။ ဟောပုံကား --

ပက္ကမ နန္တိကာဖြင့် ကတ စီဝရံအာဒါယ ဟု- ၁။ ကြွင်း ၆-ဖြင့် စီဝရံ အာဒါယဟု ၆-ဤသို့ အာဒါယ သတ္တက (၇)။

ထိုအတူ သမာဒါယ-သဒ္ဒါဖြင့် သမာဒါယ သတ္တက (၇)။

ကြွင်း ၆ - ဖြင့် ဝိပ္ပကတ စီဝရံ အာဒါယ ဟု အာဒါယ ဆက္က (၆)။

သမာဒါယဟု သမာဒါယ ဆက္က (၆)။

နိဋ္ဌ်၊ သန်၊ နာဖြင့် စီဝရံ အာဒါယ ပက္ကမတိ−၃။

စီဝရံ အာဒါယ ပက္ကမတိ န ပစ္စေဿံ– ၃။

စီဝရံ အဒါယ ပက္ကမတိ အန ဓိဋ္ဌိတေန ၃။

ပက် ချန်၍ စီဝရံ အာဒါယ ပက္ကမတိ ပစ္စေဿံ- ၆။

ဤသို့ အာဒါယ ပန္နရသက (၁၅)။

ထိုအတူ သမာဒါယ ပန္နရသက-(၁၅)။

ဝိပ္ပကတ စီဝရံ အာဒါယ စသည်ဖြင့် အာဒါယ ပန္နရသက (၁၅)။

သမာဒါယ ပန္နရသက (၁၅)။

ဤသို့ ၈၆- ဝါရ ဟော၏။

ထိုနောက် အာသာနှင့် ၃၆-ဝါရ ဟော၏။ ဟောပုံကား-

နိဋ္ဌ်၊ သန်၊ နာ၊ အာသာဖြင့် စီဝရာသာယ ပက္ကမတိ အနာသာယ လဘတိ အာသာယန လဘတိ-၄။

စီဝရာသာယ ပက္ကမတိ န ပစ္စေဿံ-၄။

စီဝရာ သာယ ပက္ကမတိ အန ဓိဋ္ဌိတေန- ၄။

ဤသို့ အနာသာ ဒေါဠသက (၁၂)၊

စီဝရာသာယ ပက္ကမတိ ပစ္စေဿံ အာသာယ လဘတိ အနာသာယ နလဘတိ -၄။

သုဏာတိ ဥဗ္ဘတံ ကိရ-၄။

သ၊ အာသာ၊ သီမာ၊ သဟုဗ်ဖြင့် ကတ စီဝရော သုဏာတိ ဥဗ္ဘတံ ကိရ စသည် ၄။

ဤသို့ အာသာ ဒေါဠသက (၁၂)။

နိဋ္ဌ်၊ သန်၊ နာ၊ အာသာဖြင့်-ကေနစိဒေဝ ပက္ကမတိ ၄။

ကေနစိဒေဝ ပက္ကမတိ န ပစ္စေဿံ ၄။

ကေနစိဒေဝ ပက္ကတိ အနဓိဋ္ဌိ တေန ၄။

ဤသို့ ကရဏီယ ဒေါဠသက(၁၂)။

ဤသို့ ၃၆-ဝါရ ဟော၏။

ထိုနောက် အပဝိလာ ၉-ဝါရ၊ ဖာသု ၅-ဝါရ ဟော၏။ ဟောပုံကား --

နိဋ္ဌ်၊ သန်၊ နာဖြင့် ဒိသံဂမိကော ပက္ကမတိ စီဝရ ပဋိဝိသံ အပ ဝိလာယ မာနော (၃)။

ထိုအတူ အန္တရာမဂ္ဂ၌ (၃)။ တံ အာဝါသံဂတဿ၌ (၃)-

ဤသို့ အပ ဝိလာနာဝက ၉-ဝါရ ဟော၏။

နိဋ္ဌ်၊ သန်၊ နာ၊ သီမာ၊ သဟုဗ်ဖြင့် ဖာသု ဝိဟာရိကော စီဝရံ အာဒါယ ပက္ကမတိ (၅) –

ဤသို့ ဖာသု ဝိဟာရ ပဉ္စက ၅-ဝါရ ဟော၏။

[အာဒါယ ဝါယ၌ ကထိန်နုတ်ခြင်း ၇-ပါး၊ သမာဒါယ ဝါရ ၌လည်း ၇-ပါး ပြသည်။ ဝိပ္ပကတ စီဝရ-အာဒါယသမာဒါယတို့၌လည်း ဖြစ်သင့်သလို - ၆ ပါးစီ ပြသည်။ ထိုနောက် သိမ်တွင်း၌ ပစ္စေဿံ၊ န ပစ္စေဿံ-ဟူသော ဝိမိကို မသုံးသပ်ဘဲ န ပစ္စေဿံကိုသာ သုံးသပ်၍ အန ဓိဋ္ဌိတေန စသည်ဖြင့် ယှဉ်သင့်သော ဝါရတို့ကို (၁၅ x ၄-လီ) ပြသည်။

ထိုနောက် စီဝရာသာယ ပက္ကမတိ--စသည်ဖြင့် တစ်ပါးသော နုတ်ခြင်းတို့နှင့် ရော၍ အာသာ ဝစ္ဆေဒိကာကို အကြိမ်များစွာ (၃၆-ဝါရ) ပြ၍ ဒိသံဂမိယ စွမ်းဖြင့် လည်းကောင်း၊ ဖာသု ဝိဟာရိက စွမ်းဖြင့် လည်းကောင်း နိဋ္ဌာ၊ သန္နိဋ္ဌာတို့၌ ယှဉ်သင့်သော နုတ်ခြင်းတို့ကို (၉-ဝါရ၊ ၅-ဝါရဖြင့်) ပြသည်။]

(သာဋီ ... သမာဒါယသည် အာဒါယနှင့် တူ၏၊ ဥပသာရမျှ ထူး၏။ ကေစိတို့ကား မိမိ ပရိက္ခရာကို မချန်ဘဲ အားလုံးယူသွားခြင်းသည် သမာဒါယ-ဟု ဆိုကုန်၏။ ဝိပ္ပကတ ပြု၍ မပြီးသေးသော သင်္ကန်း၌ ပက္ကမနန် နုတ်ခြင်းမရှိသောကြောင့် ဆက္ကကိုသာ ပြသည်။

ဝါရတို့သည် အစ၌ အာဒါယ ၇။ သမာဒါယ ၇။ ဝိပ္ပကတ၌ အာဒါယ ၆။ သမာဒါယ ၆။ ထိုနောက် နိဋ္ဌ်၊ သန်၊ နာစွမ်းဖြင့် တိက် သုံးခု။ ထိုတွင် ပထမ တိက်သည် သိမ်တွင်း မဟုတ်၊ သိမ်ပ၌သာ ပစ္စေဿံ-ဟု ဖြစ်၏။ ထိုကြောင့် ပက်၊ သီမာ၊ သဟုဗ် မရ။ (သ−လည်း မရသေး) ဒုတိယ တိက်သည် သိမ်တွင်း၌ န ပစ္စေဿံ-ဟု ဖြစ်၏။ တတိယ တိက်သည် အန ဓိဋ္ဌိတဖြင့် ထူး၏။ ပထမ တိက်နှင့် အနက်တူ၏။

အန ဓိဋ္ဌိတ ဟူသည် ပစ္စေဿံ၊ န ပစ္စေဿံ-ဟု ဆောက်သည်။ ပြန်မည်၊ မပြန်မည်ဟု မမှတ်သား ဟူလို။ စတုတ္ထ၌ တိက် မဖြစ်၊ သိမ်တွင်း၌ ပစ္စေဿံ- ဟု အထူးဖြစ်၍ သဝနန် စသည်တို့နှင့် မဆန့်ကျင်သောကြောင့် ဆက္က ဖြစ်သည်။ ဤသို့ တိက် သုံးခု၊ ဆက္က တစ်ခုဖြင့် ပထမ ပန္နရသကကို သိအပ်၏။ ထိုသည်ပင် ဥပသာရ စွမ်းဖြင့် ဒုတိယ ပန္နရသက၊ တစ်ဖန် ဝိပ္ပကတဖြင့် တတိယ၊ စတုက္ကကို ပြ၍ ပန္နရသက လေးခု သိအပ်၏။ အကတ နှစ်ခု။ ဝိပ္ပကတ နှစ်ခုတည်း။

ထိုနောက် စီဝရာသာယ ပက္ကမတိ စသည်ဖြင့် နိဋ္ဌ်၊ သန်၊ နာ၊ အာသာစွမ်းဖြင့် ဝါရသည်။ စတုက္က ဖြစ်၏။ ရှေးဆိုပြီးသော တိက် သုံးခုကို အာသာ သုံးခုနှင့်တွဲ၍ အနာသာန ဒွါဒသကကို သိအပ်၏။ ထိုနောက် ကာသာဒွါဒက၌ ပထမ ဒွါဒသကကို ရအပ်သော်လည်း အထူးမရှိခြင်းကြောင့် ဝုတ္တ သိဒ္ဓ-ဆိုခြင်းဖြင့် ထင်ရှားအောင် အထူးပြခြင်းငှါ အစမှ စ၍ သိမ်တွင်း၌ ပစ္စေဿံဟု ဟောသည်။

ထိုဒုတိယ စတုက္က၌ သိမ်ပ ရောက်၍ သုဏာတိ- စသော စကား၏ လည်းကောင်း၊ တတိယ စတုက္က၌ သဝနန် စသည်တို့၏ လည်းကောင်း၊ အခွင့်ကို ပြုခြင်းငှါဟု သိအပ်၏။ ကရဏီယ ဒွါဒသက၌လည်း ထို ဒွါဒသက နှစ်ခုကို ထုတ်ပြအပ်၏။

ဒိသံဂမိက နဝက၌ ဒိသံဂမိကော ပက္ကမတိဖြင့်သာလျှင် န ပစ္စေဿံ ဟူသည် အဂုတ္တ သိဒ္ဓ-မဆိုဘဲ ထင်ရှားသည်သာ ဖြစ်၏။ ထိုကြောင့် နပစ္စေဿံ-ဟု မဟော။ ဤမျှဖြင့် အာဝါသ ပလိဗောဓ မရှိခြင်းကို ပြသည်။ စီဝရ ပဋိဝီသံ အပ ဝိလာယမာနောဖြင့် စီဝရ ပလိဗောဓ ရှိသူ၏ အဖြစ်ကို ပြသည်။

စီဝရ ပဋိဝီသ ဟူသည် မိမိ ရအပ်သော သင်္ကန်းအဖို့တည်း။ အပ ဝိလာသမနသည် အာကင်္ခမာန- တောင့်တသူတည်း။ ထိုသူ တည်း။ ထိုသူအား သင်္ကန်းရသည် ဖြစ်အံ့၊ ဝါကျွတ်သော အာဝါသ၌ နိဋ္ဌ်၊ သန်၊ နာ စွမ်းဖြင့် တိက်တစ်ခု၊ ခရီးအကြား၌ တစ်ခု၊ ရောက်ရာဌာန၌ တစ်ခု၊ ဤတိက် သုံးခုဖြင့် နာဝက တစ်ခုကို သိအပ်၏။

ထိုနောက် နိဋ္ဌ်၊ သန်၊ နာ၊ သီမာ၊ သဟုဗ် စွမ်းဖြင့် ဖာသုဝိဟာရ ပဉ္စကကို ဟောသည်။

ဝိဋီ ထူးရာ ... သင်္ကန်း လက်သို့ရောက်လျှင် အာသာ ဝစ္ဆေဒိကာ နုတ်ခြင်း မဖြစ်။ ထိုကြောင့် ထိုနုတ်ခြင်းကို ယခင် ဝါရတို့၌ မဟောအပ်သောကြောင့် သီးခြား၍သာ ဟောသည်။ အန မိဋ္ဌိသေနာတိ ပစ္စေဿံ န ပစ္စေဿန္တိ ဧဝံ အန ဓိဋ္ဌိတေန၊ န ဧဝံမနသိကာ အတ္ထော။

ပါဠိ၌ အာသာ ဒွါဒသက၌ သိမ်ပသို့ ရောက်သူ၏။ ကထိန်နုတ်ခြင်းတို့၌ စီဝရာသာ စွမ်းဖြင့် စီဝရ ပလိဗောဓသည် သင်္ကန်း ပြီးသည်တိုင်အောင် တည်၏။ ထိုကြောင့် သုဏာတိ ဥဗ္ဘတံ ကိရ-စသည်ကို ဟောသည်။ ဤ၌ ကြားသော ခဏ၌ အာဝါသ ပလိဗောဓ ပထမ ပြတ်သည်။ သင်္ကန်းပြီးမှ စီဝရ ပြတ်သည်ဟု သိအပ်၏။ (ထာ၌-စီ-ရှေးဦးပြတ်ဟု ဆိုခဲ့ပြီ။ သတင်း မကြားမီ သင်္ကန်းပြီးခြင်း၊ သင်္ကန်း မပြီးမီ သတင်း ကြားခြင်းဟု နှစ်မျိုး ဖြစ်နိုင်သည် ဟူလို။) ဒိသံဂမိက နဝက၌ န ပစ္စေဿံ-ဟု ဖဲသွား၏။ ဤစကားဖြင့် အာဝါသ ပလိဗောဓ မရှိခြင်းကို ပြသည်။

ထိုကြောင့် ဝါကျွတ်သော အာဝါသ၌ တစ်ဖန် ပြန်သွား၍ ပြီးကာမျှ၌ နိဋ္ဌာ နန္တိက နုတ်ခြင်းကို ဟောသည်။ စီဝရ ပဋိဝီသံ အပ ဝိလာယ မာနောဖြင့် စီဝရ ပရိဗောဓ ရှိခြင်းကို ပြ၏။ အပ ဝိလာယ မာနောတိ အာကင်္ခ မာနော။)

ပလိဗောဓ နှစ်ပါး

ချစ်သားတို့၊ ကထိန၏ ပလိဗောဓ တို့သည် နှစ်ပါး။ အပလိဗောဓ တို့သည် နှစ်ပါးဖြစ်ကုန်၏။ ပလိဗောဓ နှစ်ပါးကား အာဝါသ ပလိဗောဓ၊ စီဝရ ပလိဗောဓ တို့တည်း။ အာဝါသ ပလိဗောဓကား ချစ်သားတို့၊ ဤ သာသနာ၌ ရဟန်းသည် ထို အာဝါသ၌ နေဆဲဖြစ်၏ ငဲ့ခြင်းရှိ၍သော်လည်း ပြန်လာမည်ဟု ဖဲသွား၏။ ဤသို့ အာဝါသ ပလိဗောဓ ဖြစ်၏။

စီဝရ ပလိဗောဓကား - ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် သင်္ကန်းကို မပြုရသေး၊ ပြု၍သော်လည်း မပြီးသေး၊ သင်္ကန်း အာသာသော်လည်း မပြတ်သေး။ ဤသို့ စီဝရ ပလိဗောဓ နှစ်ပါးတည်း။ အပလိဗောဓ နှစ်ပါးကား အာဝါသ အပလိဗောဓ၊ စီဝရ အပလိဗောဓ တို့တည်း။

အာဝါသ အပလိဗောဓကား ချစ်သားတို့၊ ရဟန်းသည် ထို အာဝါသမှ စတ္တ၊ ဝန္တ၊ မုတ္တ-စွန့်သော စိတ်ဖြင့် မငဲ့မူ၍ မပြန်လာတော့အံ့ဟု ဖဲသွား၏။ ဤသို့ အာဝါသ အပလိဗောဓိ ဖြစ်၏။ စီဝရ အပလိဗောဓကား ချစ်သားတို့၊ ရဟန်းသည် သင်္ကန်း ပြုပြီးပြီ၊ သို့မဟုတ် ပျောက်၏။ ပျက်၏။ မီးလောင်၏၊ သင်္ကန်း အာသာ သော်လည်း ပြတ်၏။ ဤသို့ စီဝရ အပလိဗောဓ နှစ်ပါးတည်း။

ကထိနက္ခန္ဓက ပြီး၏။

ဝတ္တု ဒေါဠသက ပေယျာလ မုခါနီ-ဧက သတံ အဋ္ဌာရသ (၁၁၈)။

[အပြားအားဖြင့် ကထိန်နုတ်ခြင်းကို ပြပြီး၍၊ ထိုထို နုတ်ခြင်းဖြင့် ပလိဗောဓ တို့သည် ပြတ်ကုန်၏။ ပြတ်သည် တို့၏ ဆန့်ကျင်ဘက် မပြတ်သည်တို့ကို ပြခြင်းငှါ ပလိဗောဓ တို့သည် နှစ်ပါး စသည်ကို ဟောတော်မူ၏။

စတ္တ ဟူသည် ထို အာဝါသကို စွန့်ကြောင်း စိတ်ဖြစ်၏။ ဝန္တ မုတ္တ တို့၌လည်း ဧသေ ဝနယော။]

(ဇီဋီ ... ကထိန်၏ ပလိဗောဓ ဟူသည် ကထိနတ္ထာ ရဿ အနုပ္ပဗန္ဓ န ပစ္စယာ - ကထိန်ခင်းခြင်းကို- ဝါ-ခင်းသော ကထိန်ကို (မပျက်အောင်) ဖွဲ့သော အကြောင်းတို့တည်း။)

ကထိန်ခင်းပုံ - အကျယ် ဝိနိစ္ဆယ

ငါးပါးရှိမှ ခင်း

[ဧဝဉ္စပန ဘိက္ခဝေ ကထိန အတ္ထရိ တဗ္ဗံ -ဟူသော ကထိန်ခင်းခြင်း၌ (ဝါ-ဗျတ္တ ရဟန်းသည် သံဃာကို သုဏာတု မေ-စသည်ဖြင့် သိစေသော ကမ္မဝါစာ ဖတ်ခြင်း၌) ကထိန်ခင်းခြင်းကို အဘယ်သူတို့ ရကုန်သနည်း။ (ဝါ-ပြီးအောင် ပြုနိုင်ကုန်သနည်း။) ဂဏ စွမ်းဖြင့် အနည်းဆုံး ငါးပါးတို့သည် ရကုန်၏။ လွန်လျှင် ရာ ထောင် သိန်း သန်း တို့လည်း ရကုန်၏။ ငါးပါးအောက်တို့သည် မရကုန်။ ဝုတ္တဝဿ စွမ်းဖြင့် ပုရိမဝါကပ်၍ ပထမ ပဝါရဏာ၌ ပဝါရဏာ ပြုသူတို့ ရကုန်၏။ ဝါပြတ်သူ၊ ပစ္ဆိမ ဝါကပ်သူတို့ မရကုန်။ တစ်ပါးသော ကျောင်း၌ ဝါကျွတ်သူတို့လည်း မရကုန်ဟု မဟာပစ္စရီတို့၌ဆို၏။]

(လုံးလုံး ဝါမကပ်သူကို ဝါပြတ်သူ၌ သွင်း၍ ယူအပ်၏။)

(သာဋီ … ပထမ ပဝါရဏာ၌ ပဝါရဏာ ပြုသူတို့ ဟူသည်ကို ဝါ ဖြတ်ခြင်းကို မပြုဘဲ ဝါကျွတ်ခြင်းကို ပြခြင်းငှါ ဆိုသည်။ အန္တရာယ်ကြောင့် ပဝါရဏာ မပြုရသော်လည်း၊ ဝါကျွတ် သူတို့အား ကထိနတ္တာရ ဖြစ်ခြင်းကြောင့်တည်း။ ထိုကြောင့် ပဝါရဏာ မပြုသူဟု မဆိုဘဲ “ဝါပြတ်သူ၊ ပစ္ဆိမ ဝါကပ်သူတို့ မရကုန်” ဟူ၍ မျှသာဆိုသည်။

တစ်ပါးသော ကျောင်း၌ စသည်ကား နာနာသီမာ-ဥပစာရ သိမ်မတူရာ ကျောင်း တစ်ပါး၌ ဝါကျွတ်သူတို့သည် ဤကျောင်း၌ ကထိန်ခင်းခြင်းကို မရကုန် ဟူသော အနက်တည်း။

ဝိဋီ ... ဝုတ္တဝဿ စွမ်းဖြင့် ဟူသော ဝစနသည် ပစ္ဆိမဝါကျွတ်တို့နှင့်လည်း ဆက်ဆံ၏။ ထိုကြောင့် ပုရိမဝါကပ်၍ စသည်ကို ဆိုသည်။

ဇီဋီ … ကထိနတ္ထာရံ ကေဘန္တီတိ ကေသာ ဇေန္တီတိ အတ္တော၊ ကထိန်ခင်းခြင်းကို အဘယ်သူတို့ ပြီးစေကုန်သနည်း ဟူသော အနက်တည်း၊ ငါးပါးတို့သည် ပြီးစေကုန်၏။ ကထိန ဒုဿကို ပေးလှူ အနည်းဆုံး လေးပါး၊ ခံယူသူ တစ်ပါးအားဖြင့် ငါးပါးတည်း။

စတုဝဂ် သံဃာသည် ဥပသမ္ပဒ၊ ပဝါရဏာ၊ အဗ္ဘာန်-ဟု ကံသုံးခုကို ချန်၍-ဟု စမ္ပေယျက္ခန္ဓက၌ ဟောသည်။ ပဉ္စဝဂ္ဂကံ-ဟု မယူအပ်။ ကထိန ဒဿကို ဟတ္တပါသ်၌ မတည်သူအား လည်းကောင်း၊ သိမ်ပ၌ တည်သူအား လည်းကောင်း ပေးခြင်းငှါ အပ်၏ဟု ဆိုကုန်၏။ ဟတ္တပါသ်၌ တည်စေ၍သာ ပေးအပ်၏။ ကမ္မပတ္တ ပုဂ္ဂိုလ် ဖြစ်သောကြောင့်တည်း။

တတြုပ္ပါဒ - ဆန် စသည်နှင့် အဝတ်တို့ကိုလဲလျှင် ကထိန်ခင်းသူတို့အားသာ ထိုအဝတ်တို့ ရောက်ကုန်၏။ အဝတ်တို့နှင့် ဆန် စသည်ကို လဲလျှင် ရဟန်း အားလုံးတို့အား ထို ဆန်ရောက်၏။ ပထမ ပဝါရဏာ၌ ပဝါရဏာ ပြုသူတို့ ဟူသည်ကို ဥက္ကဋ္ဌကောဋိဖြင့် ဆိုသည်။ အန္တရာယ်ကြောင့် ပဝါရဏာ မပြုသော်လည်း၊ ဝါကျွတ်သူတို့အား ကထိနတ္ထာရ ဖြစ်သောကြောင့်တည်း။

တစ်ပါးသော ကျောင်း၌ ဝါကျွတ်သူ တို့လည်း မရကုန်-ဟူသော မဟာပစ္စရီ စကားကို ဧကသီမ ဝိဟာရ၌ ဆိုသလော၊ နာနာ သီမ ဝိယာရ၌ ဆိုသလော ဟူမူ --

ဧက သီမ၌ ဆိုငြားအံ့၊ နောက်၌ “ဧက သီမာ၌ ကျောင်းများလျှင် ရဟန်းအားလုံး စည်းဝေး၍ တစ်နေရာ၌ ကထိန်ခင်းအပ်၏။ သီးသီးခင်းခြင်းငှါ မအပ်” ဟူသော ဤ အဋ္ဌကထာနှင့် ဆန့်ကျင်၏။ အဋ္ဌကထာ စကားကား- “အားလုံးတို့အားသာ တစ်ခုသော ကထိန်”ဟု ပြသည်။

နာနာ သီမ၌ ဆိုငြားအံ့၊ ရှင်ဥပနန္ဒအား ဧကာ ဓိပ္ပါယ - တစ်ပါးစာ သင်္ကန်းပေးခြင်းကို ခွင့်ပြုခြင်း (စီဝရက္ခန္ဓက)နှင့် ဆန့်ကျင်၏။ ဒေထ ဘိက္ခဝေ တဿမောဃ ပုရိသဿ ဧကာ ဓိပ္ပါယံ-ဟူသော စကားတော်သည် နှစ်ခုသော အာဝါသတို့၌ သော်လည်း ရှင်ဥပနန္ဒ၏ ကထိန်ခင်းခြင်း (နှစ်ခု) ပြီးခြင်းကို ပြသည်ဟု မဆန့်ကျင်ခြင်းကိုသာ အလိုရှိအပ်၏။

ထိုကြောင့် ဧကသီမ ၌လည်းကောင်း၊ နာနာသီ၌ လည်းကောင်း နာနုပစာရ ဖြစ်သော တစ်ပါးသောကျောင်း၌ ဝါကျွတ်သူတို့သည်လည်း မရကုန်ဟု အဓိပ္ပါယ်ကို သိအပ်၏။)

(လင်္ကာဋီ ... ဉာတ္တိ ဒုတိယကံသည် ကထိန်ခင်းခြင်း၏ အကြောင်း ဖြစ်၍ ဥပစာရ ကထိန်မျှသာတည်း။

အာစရိယ ဝါဒ ... ဂဏစွမ်းဖြင့် အနည်းဆုံး ငါးပါးကို ကမ္မဝါစာဖတ်ခြင်း၌ - ဥပစာရ ကထိန်၌ မဟာဝါ ကထိန်၌ အလိုရှိအပ်၏။ ဝုတ္တဝဿ စွမ်းဖြင့် ပုရိမ ဝါကျွတ်သူကို ဣမာယ သံဃာဋိယာ ကထိန် အတ္ထရာမိ - ဟူသော ခင်းခြင်း၌-မုချ ကထိန်၌— ပရိဝါ ကထိန်၌ အလိုရှိအပ်၏။ ပါဠိတော် မသုံးသပ်လျှင် ကမ္မဝါစာ ဖတ်ခြင်းနှင့် ကထိန်ခင်းခြင်းသည် တခြားစီ ဟူ၍ လည်းကောင်း၊ ခင်းခြင်း၌ ငါးပါးရှိမှ ဟူ၍ လည်းကောင်း အငြင်းသန်တတ်သည်။)

အာနိသင် ရသူများ

[အလုံးစုံသော ပစ္ဆိမ ဝါကပ်၊ ဝါပြတ်၊ ကျောင်းတစ်ပါး ဝါကျွတ်တို့သည် ပုရိမဝါကပ် ရဟန်းတို့၏ ဂဏ ပုရကတို့ကား ဖြစ်ကုန်၏။ အာနိသင်ကို မရကုန်။ အာနိသင်သည် ပုရိမဝါကပ် ရဟန်းတို့အားသာ ဖြစ်၏။ ပုရိမဝါကပ် တို့သည် လေးပါး၊ သုံးပါး၊ နှစ်ပါး၊ တစ်ပါးဖြစ်ကုန်အံ့၊ တစ်ပါးသော ရဟန်းတို့ကို ဂဏ ပုရက ပြု၍ ကထိန်ခင်းအပ်၏။

ရဟန်း လေးပါးနှင့် အသက်ပြည့်သော သာမဏေတစ်ပါး ဝါကပ်အံ့၊ သာမဏေသည် ပစ္ဆိမ ဝါ၌ ရဟန်းပြုအံ့၊ ဂဏပုရကလည်း ဖြစ်၏။ အာနိသင်လည်း ရ၏။ (ပုရိမ ဝါကပ်သောကြောင့် ဟူလို။) ရဟန်းသုံးပါးနှင့် သာမဏေနှစ်ပါး၊ ရဟန်းနှစ်ပါးနှင့် သာမဏေ သုံးပါး၊ ရဟန်းတစ်ပါးနှင့် သာမဏေ လေးပါး ဝါကပ်ရာ၌လည်း ဧသေဝနယော

ပုရိမ ဝါကပ်တို့သည် ကထိန်ခင်းခြင်း၌ မကျွမ်းကျင်ကုန်အံ့၊ ကျွမ်းကျင်သော ခန္ဓကဆောင် မထေရ် တို့ကို ရှာ၍ ပင့်ဆောင်အပ်ကုန်၏။ ထိုမထေရ်တို့သည် ကမ္မဝါစာ ဖတ်၍၊ ကထိန်ခင်းစေ၍၊ လှူဒါန်းသည်ကို ဘုဉ်းပေး၍ ကြွသွားကုန်လတ္တံ့၊ အာနိသင်သည်က ပုရိမဝါကပ် အာဝါသိကတို့အားသာ ဖြစ်၏။]

(ဇီဋီ ... ပစ္ဆိမ ဝါ၌ ရဟန်းပြုလျှင် ပထမ ပဝါရဏာ၌ ပဝါရဏာ ပြုခြင်းငှါလည်း ရ၏။ ဝါရသေးသူလည်း ဖြစ်၏။ အာနိသင်ကိုလည်း ရ၏ဟု သိအပ်၏။ သာမဏေတို့အား ဝါကပ်ခြင်းကို ခွင့်ပြု၏၊ သာမဏေတို့သည် ကထိန်အာနိသင်ကို ရကုန်၏ဟု ဆိုကုန်၏။)

(လင်္ကာဋီ ... အင်္ဂါရှစ်ပါး၌ လိမ္မာလျှင် ကိုယ်တိုင် ခင်းအပ်၏။ မလိမ္မာလျှင် လိမ္မာသော ရဟန်းတို့ကို ပင့်ဆောင်အပ်ကုန်၏။ ဤသို့ မပြုဘဲ မခင်းအပ်။ ကထိန်ခင်းစေ၍-ဟု ကာရိုက်ပစ္စည်းနှင့် ဆိုသောကြောင့် ပြင်ပမှ ကြွလာသူတို့သည် ကိုယ်တိုင် မခင်းအပ်။ ပုဗ္ဗကိစ္စ စသော အလုံးစုံကို စီမံ ပေး၍၊ ထိုကျောင်းရှိ ပုရိမ ဝါကျွတ်တို့ကိုသာ ခင်းစေအပ်ကုန်၏။ ထို မထေရ်တို့သည် ဝတ္ထု ဒါနကို မရထိုက်သောကြောင့် ခဲဖွယ် ဘောဇဉ် စသော အလှူကိုဆောင်၍ ကြွသူးကုန့်လတ္တံ့။ ဝါကျိုး ဝါပြတ် စသည် တို့သည် အနုမောဒနာ ပြုသော်လည်း အာနိသင်ကို မရကုန်။

အာစရိယ ဝါဒ ... အာနိသင် ဟူသည် အဝတ် သင်္ကန်း ဖြစ်၏။ သံဃာ့ ဝေစု အဖြစ်ဖြင့် ပေးလျှင် အာဝါသိက ပုရိမ ဝါကျွတ်မှ တစ်ပါးသူ မယူအပ်။ အာဝါသိက ပုရိမ ဝါကျွတ်တို့ အားလုံး သဘောတူ ပန်ကြား၍ပေးလျှင် အလိုရှိသူ ယူအပ်၏။ အဝတ် သင်္ကန်းမှ တစ်ပါးသော သံဃာ့ဝေစုကိုကား အားလုံး ဝေဖန်အပ်၏။)

ကထိန် ကျင့်ဝတ်

[ကထိန်ကို အဘယ်သူ လှူလျှင် အပ်သနည်း။ အမှတ်မရှိ နတ်သည် လည်းကောင်း၊ လူသည် လည်းကောင်း၊ သီတင်းသုံးဖော် ငါးယောက် တစ်ယောက်ယောက်သည် လည်းကောင်း၊ လှူလျှင် အပ်၏။

ကထိန်ဒါယကာ၏ ကျင့်ဝတ်သည် ရှိ၏။ မသိ၍ အဘယ်သို့ ကထိန်ကို လှူအပ်ပါသနည်းဟု မေးအံ့၊ ဤသို့ ပြောကြားအပ်၏။ သင်္ကန်း သုံးထည်တို့တွင် တစ်ထည်ထည်အား လောက်သော အဝတ်ကို အရုဏ် တက်အခါ - ကထိန စီဝရံ ဒေမ– (ဣမံ ကထိန စီဝရံ သံဃဿ ဒေမ-ဟု)ဆို၍ ခြင်းငှါ အပ်၏၊ ထိုအဝတ်ကို သင်္ကန်း ပြုခြင်းငှါ အပ် - ဤမျှ၊ ချည် - ဤမျှ၊ ဆိုးရည်-ဤမျှ၊ ချုပ်ဆိုးသော ရဟန်းဤမျှအတွက် ယာဂုဆွမ်းကိုလည်း လှူခြင်းငှါ သင့်၏-ဟု ပြောကြားအပ်၏။

ကထိန်ခင်းသော ရဟန်းသည်လည်း၊ တရားနှင့်အညီ ဖြစ်သော ကထိန်ကို ခင်းလျှင် ကျင့်ဝတ်ကို သိအပ်၏။ ရက်ကန်းသည် အိမ်မှယူခဲ့တိုင်း မြိတ်ဆာဖြင့်သာလျှင် ခလိမက္ခိတ- ခစီတင်သော ပုဆိုးသည် မအပ်။ မလီန-ညစ်နွမ်းသော ပုဆိုးလည်း မအပ်။ ထိုကြောင့် ကထိန် ပုဆိုးရလျှင် ကောင်းစွာ ဖွပ်၍ သင်္ကန်းမှုပြုခြင်းငှါ အပ်၊ အပ်ချည် စသည် စသည်တို့ကို စီရင်၍ ရဟန်းများစွာတို့နှင့်တကွ ထိုနေ့အတွင်း၌သာလျှင် အပြီးချုပ်ဆိုး ကပ္ပဗိန္ဒုထိုး၍ ခင်းအပ်၏၊]

(သာဋီ ... ခလိမက္ခိတ ဟူသည် အဟတဝတ္တ - အစာမချေသေးသော အဝတ်ကို ရည်ဆိုသည်။

ဝိဋီ ... အတူတည်း။)

(လင်္ကာဋီ ... ကျင့်ဝတ်ကို မမေးသူအား မပြောအပ်။ သမ္ပဒါန ထင်ရှားသောကြောင့် ဋ္ဌကထာ မဆိုသော်လည်း ... သံဃဿ ကထိန စီဝရံ ဒေမ-ဟု သမ္ပဒါန်ပုဒ်နှင့်တကွ ဆို၍ လှူအပ်၏။

ကထိန စီဝရံ ဣတ္တန္နာ မဿ အာယသ္မတော ဒေမ-ဟု ပုဂ္ဂလိက လှူအံ့၊ ကထိန် မဖြစ်။

ထိုရဟန်းသည် ထို သင်္ကန်းကိုပင် ကထိန်ခင်းရန် တစ်ဖန် သံဃာအား လှူအံ့၊ ကထိန် ဖြစ်၏။

ဒါယကာသည် ပုဂ္ဂလိက လှူလိုလျက်-ဣမံ ကထိန စီဝရံ သံဃသာ ဒေမ-ဟု ကြံစည်၍ လှူအံ့၊ သံဃိက ဖြစ်၏။

သံဃိက အကျိုးများပုံ ညွှန်ပြသော်လည်း ဉာဏ်နည်း၍ ပုဂ္ဂိုလ်အားသာ လှူအံ့၊ ပုဂ္ဂလိက ဖြစ်၏။

ရဟန်းသည် ထိုပုဂ္ဂလိကကို ခံယူ၍ သံဃာအား လှူအံ့၊ ဤသို့လည်း သံဃိက ဖြစ်၏။ မလှူလျှင် ကထိန်ကာလ ဖြစ်ရုံမျှ၊ ကထိန်စကားမျှဖြင့် သံဃိက မဖြစ်။

ကင်္ခါ၌ ... ဣမိနာ ကထိနံ အတ္တရထ-ဟု စီဝရကို လှူအံ့-ဤသို့ လှူပုံကို ပြ၏။

ဝိနည်းအရာ သံဃိကသည် သုတ္တန် သံဃိကမှ ထူးသော နည်းရှိ၏။)

ကထိန်နှစ်ဦး ဆုံပုံ

[ထိုကထိန်ကို မခင်းမီသာလျှင် တစ်ပါးသော ကထိန် ပုဆိုးကို (လှူသူ တစ်ဦး) ဆောင်ယူလာအံ့၊ တစ်ပါးသော ကထိန် အာနိသင် အဝတ်တို့ကိုလည်း များစွာ လှူအံ့၊ အာနိသင် များစွာ လှူသူ၏ ဥစ္စာဖြင့်သာ ခင်းအပ်၏။ အာနိသင် နည်းနည်းလှူသူကို ထိုထို တရားစကားဖြင့် ဆုံးမ၍ သိအောင် ပြုအပ်၏။]

(ဇီဋီ ... အာနိသင် များစွာ လှူသူ၏ ... ဟူသော စကားဖြင့် ပစ္စည်း လော်လည်ခြင်းကို ကဲ့သို့ ပြ၏။ ပြသော်လည်း ဘုရားရှင်သည် အလိုရှိတိုင်း သင်္ကန်း ရှာခွင့် ပြုခြင်းကို အကြောင်းပြု၍ အခွင့်ကို ပေး၏။ ထိုကြောင့် သံဃာအား ချီးမြှောက်ခြင်းအကျိုးငှါ (အာနိသင် များသူ၏ သင်္ကန်းဖြင့်) ခင်းရခြင်း ဖြစ်သည်။)

(လင်္ကာဋီ ... အာနိသင်ကို အဖိုးတန်ခြင်းဖြင့် မယူအပ်၊ အဝတ် သင်္ကန်း များခြင်းဖြင့်သာ ယူအပ်၏။ တရားစကားကား - ဒါယကာ ဒါန ဟူသည် သံဃာအား လှူသည်မှစ၍ အကျိုးကြီး၏။ ကထိန်ခင်းခြင်းကိုကား ရဟန်းတို့ ကျေးဇူးများခြင်းအတွက်သာ ဘုရားရှင် ခွင့်ပြုသည်။ ထိုကြောင့် ဉာတ်ရသော် လည်းကောင်း၊ မရသော် လည်းကောင်း အကျိုး ကြီး၏ ဟူ၍ လည်းကောင်း၊ ဒါယကာ ဤသူလည်း သံဃာအား၊ သင်လည်း သံဃာအား လှူသည်။ သံဃာအား လှူသည်မှ စ၍ အကျိုး ကြီးသည် သာတည်းဟူ၍ လည်းကောင်း သိစေအပ်၏။)

သံဃိကလှူခြင်းသာ လူ့ကိစ္စ

(ဒါယကာတို့သည် မိမိ လှူသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ဝမ်းမြောက်ကုန်၏၊ စင်စစ်ကား ကထိန်သင်္ကန်းကို ပုဂ္ဂလိက မလှူအပ်၊ သံဃိက ဖြစ်အောင် လှူမှ ကထိန် ခင်းရသည်။ ထိုကြောင့် သံဃိက ဖြစ်အောင် လှူခြင်းသာလျှင် ဒါယကာတို့ ကိစ္စ၊ ဒါယကာတို့ တာဝန်ကျေပြီ။

ထိုနောက် သံဃာ့လက်သို့ ရောက်သောအခါ ဒါယကာတိုင်း သံဃိကဖြင့် မခင်းအပ်။ ခင်းထိုက်သူကို ပုဂ္ဂလိက ဖြစ်အောင် သံဃာ သဘောတူ ပေးရသည်။ ပုဂ္ဂလိကဖြစ်မှ ခင်းရသည်။ ဤကား ဒါယကာတို့ မတတ်နိုင်သော သံဃ ကိစ္စတည်း။

ထိုနောက် ပုဗ္ဗကိစ္စ စသည်ပြု၍ ခင်းခြင်းသည် ထိုရဟန်း ပုဂ္ဂိုလ်၏ ကိစ္စတည်း။ သံဃကိစ္စမှပင် လွတ်သွားပြီ။ ဤသို့ ကိစ္စ သုံးပါး ကွဲပြားစေအပ်၏။

ဒါယကာတို့ကိစ္စ သံဃိက လှူရာ၌ ဒုဿီလ သံဃာ၊ အလဇ္ဇီ သံဃာ ဟူ၍ မရှိ။ လဇ္ဇီသီလဝန္တ သံဃာကုန် သောတာပန်လောင်း သံဃာကုန်၊ သောတာပန် သံဃာကုန်။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလောင်း သံဃာကုန်၊ ရဟန္တာ သံဃာကုန် – ဤသို့နှစ် ငါးထောင်တစ် သာသနာလုံး ဒက္ခိဏေယျ သံဃအားလုံးနှင့် ထိုသံဃိက သင်္ကန်းသည် ဆက်ဆံခြင်းသို့ရောက်၏။

ပုဂ္ဂလိက၌ကား ကောင်း၊ မကောင်း တစ်ပါးတလေမျှနှင့် ဆက်ဆံ၏။ မိမိတို့ ဝမ်းမြောက်သော ကုသိုလ် စေတနာကို ဤ သံဃိက နယ်အတွင်း၌သာလျှင် ပုဗ္ဗ၊ မုဉ္စ၊ အပရတို့ဖြင့် တို့ဖြင့် ထက်သန်စေအပ်၏။ နယ်မလွန်စေနှင့်၊ နယ်လွန်လျှင် အကျိုး နည်းလိမ့်မည်။

ဤ၌ ဆွမ်းတော်တင် ဥပမာကို သိအပ်၏။ ဘုရားရှင်၏ ဂုဏ်တာ်အနန္တကို အာရုံပြု၍ ဖွယ်ဖွယ်ရာရာ ဆွမ်းပွဲဖြင့် ဆွမ်းတော်တင်သော အခါသည် ဝမ်းမြောက်ဖွယ် မိမိကိစ္စတည်း။

ထိုနောက် တစ်စုံတစ်ယောက် ယူ၍ သင်ပုတ်ပလ္လင်၌ စွန့်၍ ကျီး စသည်တို့ စားသောအခါ သည် မိမိ ဝမ်းမြောက်ဖွယ် ကိစ္စမဟုတ်၊ ကျီးတို့၏ ကိစ္စဖြစ်သည်။ နယ် မလွန်စေနှင့်၊ အကျိုးနည်းသွားလိမ့်မည်။)

ကထိန် သင်္ကန်း ပေးခြင်း

[ကထိန်ကို အဘယ်သူ ခင်းကပ်သနည်း။ အကြင် ရဟန်းအား သံဃာသည် ကထိန် သင်္ကန်းကို ပေး၏။ ထိုရဟန်းသည် ခင်းအပ်၏။ သံဃာသည် အဘယ် သူအား ပေးအပ်သနည်း။ အကြင်ရဟန်းသည် သင်္ကန်းဆွေး ရှိ၏။ ထို ရဟန်းအား ပေးအပ်၏။ သင်္ကန်းဆွေး ရှိသူများလျှင် သီတင်းကြီးအား ပေးအပ်၏။ သီတင်းကြီးတို့တွင်လည်း အကြင် သီတင်းကြီးသည် ပရိသတ် များ၏။ ထိုနေ့အတွင်း ချုပ်ဆိုး၍ ခင်းနိုင်၏။ ထို သီတင်းကြီးအား ပေးအပ်၏။ သီတင်းကြီး မတတ်နိုင်။ သီတင်းငယ် တတ်နိုင်အံ့၊ တတ်နိုင်သော သီတင်းငယ်အား ပေးအပ်၏။

တစ်နည်း-သံဃာသည် မထေရ်ကြီးအား ချီးမြှောက်အပ်၏။ ထိုကြောင့် အရှင်ဘုရား၊ ခံယူတော်မူပါ။ အကျွန်ုပ်တို့ ပြုပေးပါမည်ဟု လျှောက်အပ်၏။ သင်္ကန်း သုံးထည်တို့တွင် အကြင် သင်္ကန်းသည် ဆွေးရိ၏။ ထိုသင်္ကန်း အလို့ငှါ ပေးအပ်၏။ ပကတိ အားဖြင့် နှစ်ထပ်သင်္ကန်း ဝတ်ရုံသူအား နှစ်ထပ် အလို့ငှါသာလျှင် ပေးအပ်၏။

တစ်ထပ် သင်္ကန်းထူထူ ဝတ်ရုံအံ့၊ ကထိန်သင်္ကန်းသည် ပါးအံ့၊ သာရုပ္ပ အကျိုးငှါ နှစ်ထပ်လောက်အောင်သာ ပေးအပ်၏။ မရလျှင် တစ်ထပ်ကို ဝတ်ရုံမည်ဟု ဆိုသူအားလည်း နှစ်ထပ်ကို ပေးခြင်းငှါအပ်၏။ လောဘကြီးသူအားကား မပေးအပ်။ နှစ်ထပ် ရသူလည်း ကထိန်ခင်းပြီး နောက် ချုပ်ရိုးဖြေ၍ နှစ်ထည် ပြုမည်ဟု မယူအပ်။

ကထိန်သင်္ကန်း ပေးထိုက်သူအား ပေးပုံ အစီအရင်ကို ပြခြင်းငှါ- ဧဝဉ္စပန ဘိက္ခဝေ ကထိနံ အတ္ထရိ တဗ္ဗံ-ဟု အားထုတ်၍ သုဏာတု မေ ဘန္တေ ... အစရှိသော-(ကထိနဒုဿ) ဒါန ကမ္မဝါစာကို ရှေးဦးစွာ မိန့်တော်မူ၏။]

(ဟောင်းလျှင် သင်းပိုင် ကိုယ်ရုံ-နှစ်ထပ် ခွင့်ပြုခြင်း ရှိသည်၊)

(လင်္ကာဋီ ... ကထိန်သင်္ကန်းပေးရန် သိမ်၌ သံဃာ စည်းဝေးသော အခါ ... သံဃာအား ကထိန်သင်္ကန်းသည် ဖြစ်၏။

အဘယ် မထေရ်အား ပေးအပ်သနည်း ဟု မေးအပ်၏။

သင်္ကန်း ဆွေးရိသူအား ပေးအပ်၏ ဟု ဖြေအပ်၏။

သင်္ကန်း ဆွေးရှိသူ များလျှင် အဘယ်သူအား ပေးအပ်သနည်း။

မထေရ်ကြီးအား ပေးအပ်၏။

သင်္ကန်းဆွေးရှိသူ မရှိလျှင် အဘယ်သူအား ပေးအပ်သနည်း။

မထေရ်ကြီးအား ပေးအပ်၏။

ထို မထေရ် ကြီးသည် ထိုနေ့အတွင်း သင်္ကန်းပြီးအောင်ပြု၍ ခင်းနိုင်မည်လော။

ခင်းနိုင်ပါသည်။ ဝါ-သံဃာ ကူညီပါလိမ့်မည်။

ထိုပုဂ္ဂိုလ်သည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသလော။

ပြည့်စုံပါသည်။

ကောင်းပြီ ပေးသင့်၏-ဟု ဆို၍ ကမ္မဝါစာ ဖတ်အပ်၏။

သံဃိက ပစ္စည်းကို သီတင်းကြီးစဉ် မထားအပ်။ ဆွေးရိသူ များသော်လည်းကောင်း၊ ပြည့်စုံသူချည်း ဖြစ်သော်လည်းကောင်း၊ မထေရ်ကြီးအားသာ ပေးအပ်၏၊ သီတင်းငယ်သော်လည်း ကရဏာ သန္နိဓိ လွတ်စေ၍ နေ့ချင်းပြီးစေ၍ ကထိန်ခင်းအံ့၊ အနုမောဒနာပြုသော သံဃာသည် အာနိသင် ငါးပါး ရ၏။)

ဘုရားရှင် ကူညီခြင်း

[ဤသို့ ကထိန်ကို ပေးသောအခါ ထိုကထိန ဒုဿသည် ချုပ်ပြီး ဆိုးပြီး ပြုဖွယ်အားလုံးပြီး ဖြစ်အံ့၊ မပြီးသေးသည် ဖြစ်အံ့၊ ငါသည် မထေရ်ကြီး ဟူ၍ လည်းကောင်း၊ ဗဟုဿုတ ပုဂ္ဂိုလ် ဟူ၍ လည်းကောင်း မပြုဘဲ နေခြင်းငှါ တစ်ပါးမျှ မရ၊ အားလုံးစုရုံး၍ ဖွပ်ခြင်း ချုပ်ဆိုးခြင်းတို့ကို ပြီးစေအပ်ကုန်၏။ ဤ ကထိန်ကျင့်ဝတ်ကို ဘုရားရှင် ချီးမွမ်းသည်။

ရှေးအခါ ပဒုမုတ္ထ ဘုရားရှင်သည်လည်း ကထိန်ကျင့်ဝတ်ကို ခံယူပြီ။ ထိုကထိန်ကို ပဒုမုတ္တရ ဘုရားရှင်သည် ခြောက်သန်း ရှစ်သိန်းသော ရဟန်းတို့နှင့်အတူ ထိုင်၍ ပြုတော်မူသတတ်။]

(ဇီ၊ သာ၊ ဝိဋီ ... မပြုဘဲ နေခြင်းငှါ တစ်ပါးမျှမရ ဟူသော စကားဖြင့် မရိုသေခြင်းရှိ၍ မပြုသူအား ဒုက္ကဋ်ဟု ပြသည်။)

(လင်္ကာဋီ ... ပြုဖွယ် အားလုံးပြီးသော နိဋ္ဌိတ စီဝရကို လှူအံ့၊ ခုနစ်ပါးသော ပုဗ္ဗကိစ္စဖြင့် အကျိုးမရှိ၊ အဓိဋ္ဌာန်ချခြင်း စသည် သက်သက် ကိုသာ ပြုအပ်၏။ မပြီးသေးအံ့၊ ဗိန္ဒု ထိုးဖွယ်မျှသော်လည်း မပြီးသေးအံ့။ ထိုမပြီးသေးသည်ကို ပြီးစေ၍သာ အဓိဋ္ဌာန်ချခြင်း စသည်တို့ကို ပြုအပ်ကုန်၏။

ဘုရားရှင် ချီးမွမ်း ဟူသည် ချစ်သားတို့၊ ကထိန်ခင်းသူတို့အား အာနိသင် ငါးပါး အပ်ကုန်လတ္တံ့ စသည်ဖြစ် ချီးမွမ်း၏။)

ပရိဝါနည်း ခင်းသူနှစ်ဦး

[ပြုပြီးသော ကထိန်သင်္ကန်းကို ယူ၍ ခင်းလိုသော ရဟန်းသည် ဒုကုဋ်ဖြင့် ခင်းလိုအံ့၊ ယခင် ဒုကုဋ်ကို အဓိဋ္ဌာန် ချအပ်၏။ ယခု ဒုကုဋ်သစ်ကို အဓိဋ္ဌာ တင်အပ်၏။ ဣမာယ သံသာဋိယာ ကထိနံ အတ္ထရာမိ-ဟု နှုတ်မြွက်အပ်၏။ ဤသို့စသော ပရိဝါ၌ ဟောသော အစီရင်ဖြင့် ကထိန်ကို ခင်းကပ်၏။ (ဤကား ပုဂ္ဂိုလ်၏ အခင်းတည်း။)

ခင်းပြီးသော်လည်း ထိုကထိန်ခင်းသော ရဟန်းသည် သံဃာသို့ ချဉ်းကပ်၍ ပခုံးတစ်ဘက် စမ္ပယ်တင်၍ လက်အုပ် ချီ၍ - အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒထ-

(ဘန္တေ၊ အရှင်ဘုရားတို့။

သံဃဿ၊ သံဃာသည်။

ကထိနံ၊ ကထိန်ကို။

အတ္ထတံ၊ ကမ္မဝါစာဖတ်၍ ခင်းအပ်ပြီ။

သံဃဿ၊ သံဃာ အလို့ငှါ။

မယာ၊ အကျွန်ုပ်သည်။

အတ္ထတံ၊ နှုတ်မြွက်၍ ခင်းအပ်ပြီ။

ကထိနတ္တာရော၊ ကထိန်ခင်းခြင်းသည်၊

ဝါ၊ ခင်းအပ်သော ကထိန်သည်။

ဓမ္မိကော၊ တရားနှင့်ညီ၏။

အနုမာဒထ၊ ဝမ်းမြောက်ကြပါလေ။)- ဤသို့ ဆိုအပ်၏။

ထို အနုမောဒက ရဟန်းတို့သည်၊ ပခုံးတစ်ဘက် စမ္ပယ်တင်၍ လက်အုပ်ချီ၍၊ အတ္ထတံ အာဝုသော သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒါမ-ဤသို့ ဆိုအပ်၏။ ဤသို့ စသော ပရိဝါ အစီအရင်ဖြင့် အနုမောဒနာ ပြုစေအပ်၏။ အနုမောဒက တို့သည်လည်း အနုမောဒနာ ပြုစေအပ်၏။ ဤသို့လျှင် ရဟန်းအား အားလုံးတို့၏ ကထိန်ခင်းခြင်းသည် ဖြစ်၏။ (ဤကား သံဃာအားလုံ၊၏ အခင်းတည်း။)

ပရိဝါ၌ နှစ်ဦးသော ပုဂ္ဂိုလ်တို့အား ကထိန်သည် ခင်းခြင်းဖြစ်၏၊ ခင်းသူအား လည်းကောင်း၊ အနုမောဒနာ ပြုသူများ လည်းကောင်း-ဟု ဟောသည်။ တစ်ဖန်လည်း ဟောသေး၏။ ကထိန်ကို သံဃာသည် မခင်း၊ ဂဏသည် မခင်း၊ ပုဂ္ဂလသည် ခင်း၏။ သံဃာ၏ အနုမောဒနာကြောင့်၊ ဂဏ၏ အနုမောဒနာကြောင့်၊ ပုဂ္ဂလ၏ အတ္ထာရကြောင့် သံဃာခင်းသော ကထိန် ဖြစ်၏။ ဂဏခင်းသော ကထိန်ဖြစ်၏။ ပုဂ္ဂလခင်းသော ကထိန်ဖြစ်၏-ဟု ဟောသည်။]

(ဇီဋီ ... အနုမောဒါမ-ဟူသည်၌ အားလုံးသိမ်းကျုံးခြင်းဖြင့် ဤသို့ ဆိုသည်။ အနုမောဒနာမိ-ဟု တစ်ဦးစီ ဆိုအပ်၏။ ဤသို့မဆိုလျှင် မအပ်ဟု မဟာ အဋ္ဌကထာ၌ ဆိုသတတ်။

ကထိန်သင်္ကန်းကို အဓိဋ္ဌာန်တင်၍ ဣမာမ သံဃာဋိယာ ကထိနံ အတ္ထရာမိ-နှုတ်မြွက်ကာမျှ၌ ပုဂ္ဂိုလ်၏ အခင်းသည် ဖြစ်၏။)

(ယခင် ဒုကုဋ်ကို အဓိဋ္ဌာန် ချအပ်၏ ဟူသည်ကို သံဃာဋိအမည်ဖြင့် အဓိဋ္ဌာန် တင်ထားသော ဒုကုဋ်ရှိသူကို ရည်ဆိုသည်။ ပရိက္ခရ စောဠ အဓိဋ္ဌာန်တင်သူကို မရည်ဆို။ အပေါက် ကြီး ငယ်ဖြင့် သင်္ကန်းဆွေးရိသူ အားလည်း အဓိဋ္ဌာန်ချဖွယ် မရှိ။ ယခု ဒုကုဋ်ကို အဓိဋ္ဌာန်တင်သာ ကထိန် ခင်းအပ်၏။ မအပ်ဟု မဟာအဋ္ဌကထာ၌ ဆိုလျက် ဤ အဋ္ဌကထာ၌ မဆို ခြင်းကား၊ မဟာအဋ္ဌကထာ စကားကို ဤ အဋ္ဌကထာ၏ ကိုယ်ထည်ပြုမည်။ မသင့်သည်ကို စွန့်မည်ဟု ဆိုထားပြီ။)

အရံသင်္ကန်း ဝေဖန်ခြင်း

[ဤသို့ ကထိန်ကို ခင်းပြီးသည်ရှိသော် ကထိန် သင်္ကန်းနှင့်အတူ ဆောင်ယူလာသော အာနိသင် သင်္ကန်းကို အကျွန်ုပ်တို့၏ ကထိန်ကို ခံယူသူအား လှူပါကုန်၏ဟု ဒါယကာတို့ ဆိုကုန်အံ့၊ ဘိက္ခု သံဃာသည် အစိုးမရ။ စိစစ်မူ၍သာ လှူသွားကုန်အံ့၊ ဘိက္ခု သံဃာသည် အစိုးရ၏။

ထိုကြောင့် ကထိန်ခင်း သူအား ကြွင်းသော သင်္ကန်းတို့လည်း ဒုဗ္ဗလ ဖြစ်ကုန်အံ့၊ ထို ဒုဗ္ဗလတို့၏ အကျိုးငှါလည်း သံဃာသည် ပန်ကြား၍ အဝတ်တို့ကို ပေးအပ်ကုန်၏။ ကမ္မဝါစာကား တစ်ကြိမ်သာ အပ်သည်။

ကြွင်းသော ကထိန် အာနိသင်၌ ဗလဝ ဝတ္ထ - ခိုင်သော အဝတ်ဟောင်းတို့ကို ဝါဆိုသင်္ကန်း ရပ်တန့်သော အစဉ်ဖြင့် ပေးအပ်ကုန်၏၊ အစဉ် မရှိအံ့၊ မထေရ်ကြီး နေရာမှ စ၍ ပေးအပ်ကုန်၏။ ဂရုဘဏ်ကိုကား မဝေဖန်အပ်။ တစ်ခုသော (ဥပစာရ) သိမ်၌ ကျောင်းတို့သည် များကုန်အံ့၊ ရဟန်းအားလုံး စည်းဝေး၍ တစ်နေရာ၌ ကထိန်ခင်းအပ်၏။ အသီးသီး ခင်းခြင်းငှါ မအပ်။]

(သာဋီ ... တစ်ကြိမ်သာ ဟူသည် ကထိန်ခင်းစရာ အဝတ်ကို ပေးသော ကာလ၌ ဟောသော တစ်ကြိမ်သာ ဖြစ်သော ကမ္မဝါစာသည် အပ်၏။ ထိုခင်းသူအား တစ်ဖန် တစ်ပါးသော အဝတ်ကို ပေးသောအခါ ကမ္မဝါစာဖြင့် ပေးဖွယ်ကိစ္စ မရှိ၊ အပ လောကနသာ ထိုက်၏ ဟူသော အဓိပ္ပါယ်တည်း။

ဝိဋီ ... ပန်ကြား၍ ဟူသော စကားသည် တစ်ပါးသော ဝါကျွတ်တို့အား မပေးဘဲ (ခင်းသူအား) ပေးလိုသူတို့ ပြုအပ်သော အစီအရင်ကို ပြသော စကားတည်း။ ကထိန် သင်္ကန်းကို ကဲ့သို့ ကမ္မဝါစာဖြင့် မပေးအပ် သောကြောင့် ပန်ကြား၍သာ ပေးအပ်၏-ဟူသော အဓိပ္ပါယ်တည်း။

ဇီဋီ ... တစ်ခုသော သိမ်၌ ဟူသည် တစ်ခုသော ဥပစာရ သိမ်၌ တည်း။ ကေစိတို့ကား ဗဒ္ဓသိမ်ကို အလိုရှိကုန်၏။ (ဝါဆိုခေတ်ကိုသာ ယူရသည် ဟူလို။) တစ်ခုသော သိမ်၌ တစ်နေရာ၌ ခင်းလျှင် နေရာ အားလုံး၌ ခင်းခြင်းဖြစ်၏။ အနုမောဒန ပြုသော ရဟန်းတို့သည်လည်း ခင်းခြင်းသာတည်း။ ဥပစာရဖြင့် ပိုင်းခြားအပ်သော ထိုထိုနေရာ၌ ရသော စီဝရကို ထိုရဟန်းတို့ ရအပ်၏။

“ထို၌ ဝင်လာသူတို့လည်း ခင်းပြီးသောကြောင့် ရအပ်၏။” ဤအထူးကို မဟာအဋ္ဌကထာ၌ ဆိုသည်ဟု ဆိုကုန်၏။ စူးစမ်းအပ်၏။)

(လင်္ကာဋီ ... အစဉ်မရှိအံ့ မထေရ်ကြီး နေရာမှစ၍ ဟု ဋ္ဌကထာ ဆိုသောကြောင့် အာနိသင် အရံသင်္ကန်းကို မဲချ၍ ဝေဖန်ခြင်းငှါ မသင့်ကြောင်း ထင်ရှား၏။ သာမဏေတို့အားလည်း ရဟန်းတို့နှင့်အတူ သီမဘာဂ ပေးအပ်၏။ အကာလ သင်္ကန်းကိုကား မိမိ ကိစ္စ၊ ဆရာ့ ကိစ္စလောက်သာ ရွက်ဆောင်၍ သံဃာ့ကိစ္စ မရွက်ဆောင်သော သာမဏေတို့အားသာ ထက်ဝတ်ပေးအပ်၏။

ကထိန်ခင်းသော သင်္ကန်းတစ်ထည်သာ ကထိန်သင်္ကန်း မည်၏။ ကြွင်းသော အဝတ်သင်္ကန်းတို့သည် အာနိသင်တို့ မည်ကုန်၏။ ခင်းသောနေ့၌ လှူသော သင်္ကန်းမှစ၍ နုတ်သောသောနေ့ တိုင်အောင် ဖြစ်သော သံဃိက သင်္ကန်း ဟူသမျှလည်း အာနိသင် တို့သာတည်း။ ခင်းသူတို့သည် အဝတ်သင်္ကန်းကိုသာ အစိုးရကုန်၏။ ကြွင်းသော လာဘ်ဟူသမျှကား ဥပစာရ သိမ်တွင်းရှိ သံဃာအားလုံး ဆက်ဆံ၏။)

မှတ်ဖွယ် အထူးထူး

ဝါဆိုသင်္ကန်းနှင့် ကထိန်သင်္ကန်း

အစ္စေက စီဝရသိက္ခာပုဒ်၌ ဝါဆို သင်္ကန်းကို မိမိတို့ကျောင်း၌ ဝါဆိုသည့်အတွက် သီတင်းကျွတ်မှ လှူကြသည်။ ဝါမပျက်သူသာ ယူအပ်၏။ ဝါမကျွတ်ခင် အဆောတလျှင် လှူအံ့၊ ထိုသင်္ကန်း ရသူ- ဝါ မပျက်စေရ။ ဝါပျက်လျှင် သံဃိက ဖြစ်၏။

ကထိန်၊ ကထိန် အာနိသင်ကိုလည်း ဝါ မပျက်သူအားသာ ယူအပ်၏။ ဝါဆိုသင်္ကန်း ရပ်တန့်သော အစဉ်ဖြင့် ကထိန် အာနိသင် ဆက်ဝေရသည်။

ဝါဆိုသင်္ကန်း၌ ပုဂ္ဂလိက အချို့ ရှိခြင်းကား ကထိန်အာနိသင်မှ ထူး၏။

တစ်ပါးတည်း ဝါဆိုသူ ကထိန်

စီဝရက္ခန္ဓက၌-ရဟန်းတစ်ပါးတည်း ဝါဆိုရာ၌ သံဃိက သင်္ကန်း ဖြစ်လာသည်ကို “ကထိန် နုတ်သည် တိုင်အောင် ထိုရဟန်းအားသာ ဖြစ်သည်” ဟု ခွင့်ပြုတော်မူ၏။ ကျောင်းတစ်ပါးသို့ ယူသွားသော်လည်း တစ်ပါးသံဃာ အစိုးမရ။ ဂဏ ပုရကရ၍ ကထိန်ခင်းလျှင် ငါးလအထိ၊ မခင်းလျှင် တန်ဆောင်မုန်းလပြည့်ထိ-ထိုရဟန်းအားသာ ဖြစ်သည်ဟုဖွင့်၏။

ဇီဋီ၌ ... ကထိန် နုတ်သည်တိုင်အောင် ဟူသောစကားဖြင့် တစ်ပါးတည်း ဝါဆိုသော်လည်း ဂဏ ပုရကရလျှင် ကထိန်ခင်းကောင်း၏-ဟု ကွယ်ဝှက်သော အနက်ကို ပြသည်ဟု ဖွင့်၏။

အချို့ကား ထိုသံဃိက သင်္ကန်းဖြင့်ပင် ကထိန် ခင်းကောင်းသည်ဟု ချွတ်ကုန်၏။ မခင်း တစ်လ၊ ခင်း ငါးလနှင့် မညှိမိသော ကြောင့်တည်း။

ထိုကြောင့် ဣမံ ကထိန စီဝရံ သံဃဿ ဒေမ-ဟု လှူသော သင်္ကန်းကို ရလျှင် အခြားမှ လေးပါးကို ပင့်၍၊ ဝါ-လေးပါးထံ သွား၍ ကံဆောင်ရာ သိမ်၌ ကမ္မဝါစာဖြင့် ပေးစေ၍ မိမိ၏ ဝါဆိုခေတ် ဥပစာရ သိမ်၌ ကထိန် ခင်းအပ်၏။

ဤသို့ ခင်းလျှင် မခင်းမီ လည်းကောင်း၊ ခင်းပြီးမှ လည်းကောင်း ရသော ထို သံဃိက သင်္ကန်းကို ငါးလ အတွင်း ဝါ-ကထိန် မနုတ်မီအတွင်း နှစ်ပုံပြု၍ - ငါအား ရောက်၏။ ငါအား ရောက်၏-ဟု တစ်ပါးတည်း ဝေယူအပ်၏။

ဤသို့ မဝေဘဲ ငါးလလွန်လျှင် ရောက်လာသော ရဟန်းနှင့် အညီအမျှ ဝေယူအပ်၏။

တစ်ကျောင်းမှ လာဘ်အပြစ်

စီဝရက္ခန္ဓက၌ ဒွေဘာတိက မထေရ် နှစ်ပါးသည် တစ်ပါးသော ကျောင်းသို့ ရောက်၍ သံဃိကသင်္ကန်း ဝေစုလာပေးသည်ကို ထို သင်္ကန်းသည် ကထိန် နုတ်သည်တိုင်အောင် သင်တို့အားသာ ဖြစ်သည်ဟု မိန့်ဆိုကုန်၏။ ရှင်ဥပနန္ဒ ကား ယူ၏။ ထိုကြောင့် ချစ်သားတို့၊ တစ်ကျောင်းမှ ဝါကျွတ်သူသည် တစ်ကျောင်း၌ သင်္ကန်းအဖို့ကို မသာယာအပ်၊ ဒုက္ကဋ်-ဟု ပညတ်တော်မူသည်။

ထာ၌ - ထိုသင်္ကန်းကို ပြန်ပေးအပ်၏။ ပျောက်ပျက်လျှင် ဘဏ္ဍာစား ပေးအပ်၏။ မပေးတော့အံ့ဟု ဝန်ချလျှင် ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်အပ်၏-ဟု ဖွင့်သည်။ ထိုကြောင့် အရံသင်္ကန်းတို့ကို သံဃိက ရေစက်ချ၍ ဝေစုခွဲပေး သည်ကို သတိကြီးစွာ ထားသင့်၏။ ပန်ကြားပေးလျှင် သင့်တော်၏။ ဒါယကာတို့၏ ပုဂ္ဂလိက အသီးသီး လှူရာ၌ အပြစ်ဆိုဖွယ်မရှိ ဘုရားရှင် ခွင့်ပြုသော သင်္ကန်း လာဘ်ကို အလေးပြုအပ်၏။ အာနိသင် ငါးပါး ရမှုကိုကား ပိုမို၍ အလေးပြုအပ်၏။

တစ်ပါးတည်း ကထိန်နှစ်ခု

စီဝရက္ခန္ဓက၌ ရှင်ဥပနန္ဒ နှစ်ကျောင်း ဝါဆိုရာ၌ နှစ်ကျောင်းလုံးမှ တစ်ပါးစာ၏ ထက်ဝက်စီ ပေးအပ်၏-ဟု ခွင့်ပြုတော်မူသည်။ နာနာလာဘ၊ နာနု ပစာရ၊ ဧကသီမာ ဝိဟာရတို့ဖြင့် ထို စကားကို ခွင့်ပြုသည်ဟု ဖွင့်သည်။

အမြဲဝါဆို လာဘ်ကွဲလျှင် နာနာ လာဘ၊ အရံသီးခြား တံခါး သီးခြားလျှင် နာနုပစာရ၊ ဝါဆိုခေတ် ဥပစာရ သိမ်တစ်ခုတည်းဖြစ်လျှင် ဧကသီမာ ဝိဟာရ ဖြစ်၏။ ဥပစာရသိမ် တခြားစီဖြစ်လျှင် ဝါကျိုး၏။ နှစ်ကျောင်းလုံးမှ လာဘ်မရထိုက်။

ဇီဋီ … ကျောင်းနှစ်ခုတို့၌ သော်လည်း ရှင်ဥပနန္ဒအား ကထိန်ုခင်းခြင်း ပြီးပုံကို (ကထိန်နှစ်ခု ပြီးပုံကို) ပြသည်ဟု ဆို၏။ ထိုကြောင့် နာနာ လာဘ၊ နာနုပ စာရဖြစ်လျှင် ဧကသီမာ ဝိဟာရတို့၌ အသီးသီး ကထိန်ခင်းနိုင်၏။

အခြား၌ ကထိန်ကပ်ပုံ

စီဝရက္ခန္ဓက-သီမာယဒေတိ အဖွင့်၌ သိမ်၊ ၁၅-ပါး အမည်ဖြင့် သံဃိက သင်္ကန်း လှူလျှင် ထိုထို သိမ် တစ်ခုခုအတွင်းရှိ သံဃာသာ ယူရသည်။ တမ္ပဏ္ဏိဒီပေ သံဃဿ ဒေမ-ဟု ဇမ္ဗူဒိပ်၌ နေ၍ လှူလျှင် တမ္ပပဏ္ဏိဒီပ သံဃာသာ ရနိုင်သည်။ သံဃိကလာဘ် ဝေဖန်လျှင် ဥပစာရ သိမ်တွင်းရှိ သမ္မုခိဘူတ သံဃာဖြင့်ပိုင်း၍ ဝေဖန်အပ်၏။ ပြင်ပ၌ ဝေဖန်လျှင် ၁၂- တောင် တစ်စပ်တည်း အဆက်ဆက် သံဃာဖြင့် ဝေဖန်အပ်၏။

အကာလ သင်္ကန်းကို ဝဖန်ဘဲ ယူသွားလျှင် ရောက်ရာရောက်ရာ၌ သံဃိက ဖြစ်၏။ အသုက ပိဟာရေ ဝဿံ ဝုတ္တ သံဃဿ ဒေမ-ဟု လှူလျှင် ထို သုံးသပ်ရာကျောင်း ဝါကျွတ် သံဃာအားသာ ကထိန် နှုတ်သည်တိုင်အောင် ရောက်၏-ဟု ဆိုသည်။

ထိုကြောင့် တစ်ပါးသော အရံတွင်း၌သော်လည်း- ဣမံ ကထိန စီဝရံ အသုက ဝိဟာရေ သံဃဿ ဒေမ-ဟု ဆို၍ လှူအံ့၊ ထို သုံးသပ်ရာ ကျောင်း၌သာ သံဃိကဖြစ်၍၊ ထိုကျောင်းအတွက်သာ ကမ္မဝါစာ ဖတ်၍ ထိုကျောင်းအတွင်း၌ ကထိန်ခင်းအပ်၏။

အရံပ၌ - ဣမံ ကထိနစီဝရံ သံဃဿ ဒေမ-ဟု ကျောင်းအမည် မသုံးသပ်ဘဲ လှူအံ့၊ ထိုသင်္ကန်း သွင်းရာ ကျောင်း၌ သံဃိက ဖြစ်၍ ကမ္မဝါစာဖတ်၍ ကထိန် ခင်းအပ်၏။ ကမ္မဝါစာမဖတ်မီ တစ်ကျောင်းသို့ ရွှေ့ပြောင်းအံ့။ ထိုရောက်ရာ၌ သံဃိက ဖြစ်၍ ကမ္မဝါစာဖတ်၍ ခင်းအပ်၏။

ဒက္ခိဏ ဝိဘင်္ဂသုတ္တန် သံဃိက ခုနစ်ပါးမှ ထူးသော နည်းရှိသော ဝိနည်းဖြစ်၏။ သာသနာ ငါးထောင်တွင်း ရှိပြီး၊ ရှိဆဲ၊ ရှိလတ္တံ့ သံဃာကုန်ကို အာရုံပြု၍ ကထိန် လှူရမည်-ဟု အချို့ ဆိုကုန်၏၊ အလွန်ကောင်း၏။ ဤသို့ အာရုံ မပြုလျှင် နုတ်ဆိုတိုင်း သံဃိက မဖြစ်၊ ကထိန်မမြောက်ဟု ဆိုကုန်အံ့၊ ဝိနည်းနှင့် သုတ္တန်ကို မဝေခွဲသဖြင့် ဝိနည်းကို ထိခိုက်သူ အဖြစ်သို့ ရောက်ကုန်ရာ၏။

ပရိဝါမှ ကောက်နုတ်ချက်

ကထိန်ခင်းသည်နှင့် တစ်ပြိုင်နက် နုတ်ခြင်း မာတိကာ ရှစ်ပါး၊ ပလိဗောဓ နှစ်ပါး၊ အာနိသင် ငါးပါး-ဤ ၁၅-ပါး တို့သည် ဖြစ်ကုန်၏။ သံဃာသည် မူလ ဖြစ်၏။ လေးပါး သံဃာမျှ မရလျှင် မခင်းနိုင်သောကြောင့်တည်း။ အင်္ဂါရှစ်ပါး ပြည့်စုံသူသည် ကထိန်ခင်းထိုက်၏။

ပုဗ္ဗကရဏ သိခြင်း၊ ပစ္စုဒ္ဓိရ် သိခြင်း၊ အဓိဋ္ဌာန် သိခြင်း၊ ခင်းပုံ အစီအရင် သိခြင်း (၄)

မာတိကာ သိခြင်း၊ ပလိဗောဓ သိခြင်း၊ ဥဒ္ဓါရသိခြင်း၊ အာနိသင် သိခြင်း(၄) ဤရှစ်ပါးတည်း။

(ခန္ဓကဆောင်တို့ ပြောပြ၍ သိလျှင်လည်း အင်္ဂါပြည့်၏။)

ပုဗ်၊ ပစ်၊ ဓိဋ္ဌိ၊ တ္တာ (၄)၊ မာ၊ ဗောဓာ (၂)၊ ဥဒ်၊ အာ (၂)-ရှစ်ခုသိ။

ကထိန် ခင်းထိုက်-ပုဂ္ဂိုလ်၌-တိုက်ရိုက် ရှစ်အင်ပြည့်။

ဖွပ်၊ စီရင်၊ ဖြတ် (၃)၊ တည်းစပ်၊ ချုပ်၊ ဆိုး (၃)၊ ဗိန္ဒုထိုး (၁)-ခေါ်ရိုး ပုဗ္ဗ ကရဏတည်း။

ဥပစာရ သိမ်တွင်း၌ မတည်ဘဲ အနုမောဒနာ ပြုသူ၊ နှုတ်မမြွက်ဘဲ အနုမောဒနာပြုသူ၊ သူတစ်ပါး မသိစေဘဲ အနုမောဒနာပြုသူ - သုံးယောက်ထံ ကထိန်မရောက်။ ဒုကုဋ်ဖြင့် ခင်းလိုအံ့၊ ယခင် အဓိဋ္ဌာန်တင်ထားသော ဒုကုဋ်ကို - ဣမံ သံဃာဋိံ ပစ္စုဒ္ဓရာမိ - ဟု အဓိဋ္ဌာန် ချ၍၊ ယခု ဒုကုဋ်ကို ဣမံ သံဃာဋိံ အဓိဋ္ဌာမိ-ဟု အဓိဋ္ဌာန်တင်၍၊ ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမိ-ဟု ဆို၍ ခင်းအပ်၏။ သံဃာကို အတ္ထတံ ဘန္တေ စသည်ဖြင့် တိုက်တွန်းအပ်၏။ သံဃာသည် အတ္ထတံ ဘန္တေ စသည်ဖြင့် အနုမောဒနာ ပြုအပ်၏။ ကိုယ်ရုံဖြင့်၊ သင်းပိုင်ဖြင့် ခင်းလိုရာ၌လည်း ယခင်နည်း မှီး၍ သိအပ်၏။

ဝိနည်းတုများ

အချို့ အဓိဋ္ဌာန်တင်ထားသော သင်္ကန်း မရှိသဖြင့် စာဆိုနှင့်ညီအောင် ခင်းကာနီးမှ အဟောင်းတစ်ထည်ကို ယခုတင်၊ ယခုချ၍ အသစ်ကိုတင်၍ ခင်းကုန်၏။

အချို့ကား သင်္ကန်း အပြီးကို လှူရာ၌ စီဝရ ပလိဗောဓ ပြတ်ပြီးဖြစ်၍ အာနိသင် မရဟု သင်္ကန်းလျာ ပိတ်တစ်တောင်ခန့်ကို အပ်၊ အပ်ချည်နှင့်တကွ လှူကြလော။ သို့မှ စီဝရ ပရိဗောဓ ရှိ၍ အာနိသင် ရနိုင်သည်ဟု သွန်သင်ကုန်၏။ ဝိနည်း ဗဟုဿုတ ဆည်းပူးခြင်း မပြုသော်လည်း၊ ဝိနည်းကို အလေးပြုလိုခြင်းကား ထင်ရှားပေ၏။

ဝိနည်း၌ လေ့လာခြင်း နည်းလျက် ဝိနည်းကို အလေး ပြုသူသည် ကိုယ်ကျိုးနည်းအောင် မှားခဲပေသည်။ ခင်းပြီးသော ကထိန်ကို နုတ်၍ တစ်ဖန် ခင်းခြင်းကိုလည်း အချို့ အလိုရှိကုန်၏။ သိမ်ကိုနုတ်၍ သမုတ်သကဲ့သို့ဟု ဥပမာ ပြုကုန်၏။ ကထိန်မခင်းသူတို့- သံဃာလာဘ် အညီအမျှ ရစေခြင်းငှါ နုတ်ခြင်းကို ခွင့်ပြုသည်။ ထိုကိုလည်း ခင်းသူတို့ ရထိုက်သော လာဘ်မယုတ်အောင် လှူနိုင်သူတို့က တော်းပန်မှ နုတ်ရသည်။ တစ်ဖန် ခင်းခြင်းငှါ နုတ်သည် မဟုတ်။ သို့ရာတွင် နုတ်၍ တစ်ဖန် ခင်းလျှင် သင်္ကန်းရခြင်း အကျိုးကား ရှိ၏။ ကထိန်မြောက်သော် လည်းကောင်း၊ မမြောက်သော် လည်းကောင်း လှူသည်ကို ယူရာ၌ အပြစ်မရှိ။

အချို့ အချို့လည်း-ကထိန် အာနိသင်၌-မပန်ဘဲ နေလွဲ ရွာဝင်လျှင် အပြစ်မရှိ-ဟူ၍ လည်းကောင်း၊

ဣမာယ သံဃာဋိယာ ကထိနံ အတ္တရာမိ-ဟု ခင်းခြင်းကို ငါးပါး ရှေ့၌သာ ခင်းရသည်။ ငါးပါးမရှိလျှင် မခင်းကောင်း ဟူ၍ လည်းကောင်း၊

မလှူမီ ကထိန်သင်္ကန်းကို ကျောင်းဝိုင်းတွင်း မသွင်းကောင်း၊ လမ်းဖြတ်၍ပင် မသွားကောင်း ဟူ၍ လည်းကောင်း၊

ကထိန်မြောက်အောင် မခင်းလျှင် ပြန်ပေးရသည်။ မပေးလျှင် အလွဲသုံးစားခြင်း ဟူ၍ လည်းကောင်း၊

မြောင်းတလုပ် ချုပ်ချုပ်သမျှ ဖြတ်၍ချည်း ချုပ်မှ ကထိန်အပ်သည် ဟူ၍ လည်းကောင်း၊

တစ်ဆယ့် တစ်ခန်းထက် များလျှင် မအပ် ဟူ၍ လည်းကောင်း၊

သီမာ တိက္ကန္တိက ကထိန်နုတ်ခြင်း၌ သီမာသည် ကျောင်းဝိုင်းဖြစ်သည်။ တပေါင်းလပြည့် မဟုတ်နိုင် ဟူ၍ လည်းကောင်း။

မိုးပေါ်ကျ ဟူသည် ဘယ်သူကိုမျှ မရည်ရ၊ သံဃာကိုလည်း မရည်ရ - ဣမံ ကထိနစီဝရံ ဒေမ-ဟု လှူရသည် သံဃဿ ထည့်လျှင် ပျက်သည် ဟူ၍ လည်းကောင်း ဆိုကုန်၏။

ဝိနည်းတုတို့သည် များကုန်၏။ နောင်အခါလည်း အနည်းနည်း ပေါ်နိုင်ကုန်သေး၏။

ပရိယတ္တိ သာသနာကို မထီမဲ့မြင် ပြုခြင်းလျှင် အကြောင်းရင်းတည်း။

ကထိနက္ခန္ဓက ပြီး၏။

၈ - စီဝရက္ခန္ဓက

ဆရာ ဇီဝက အကြောင်း

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကလန္ဒက နိဝါပ၌ နေတော်မူ၏။ ထိုအခါ ဝေသာလီပြည်သည် (၇၇ဝ၇) ခုနစ်ထောင် ခုနစ်ရာ ခုနစ်ခုစီ ဖြစ်သော ပြာသာဒ်၊ စုလစ် မွန်ချွန်၊ အရံ၊ ရေကန်ရှိ၏။ လွန်စွာ စည်ကား၏။ တစ်ညဥ့် ငါးဆယ်ဖြင့် အလွန်ဆင်းရဲလှသော အမ္ဗပါလိကာ ပြည့်တန်ဆာ ကြောင့်လည်း အလွန်တင့်တယ်၏။ ရာဇဂြိုဟ် ပြည်သားတို့သည် ထို အကြောင်းကို ဗိမ္ဗိသာရမင်းကြီးထံ လျှောက်တင်ကုန်၏။

ရာဇဂြိုဟ်ပြည်၌လည်း သာလဝတီကို (ပစ္စည်းများစွာ ချီးမြှောက်၍) ပြည့်တန်ဆာအရာ တစ်ညဥ့် တစ်ရာဖြင့် ထားကုန်၏။ ထိုနောက် သာလဝတီသည် သား ယောကျ်ားဖွား၍ ကတ္တရသုပ္ပ - ဆွေးသော စကော၌ ဝါ-စကောဆိုး၌ ထည့်၍ အမှိုက်ပုံ၌ စွန့်စေ၏။ အဘယမင်းသားသည် ထိုသူငယ်ကိုမြင်၍ မွေးမြူ၏။ ဇီဝကဟု အမည်မှည့်၏။

ဇီဝကသည် အရွယ်ရောက်လတ်သော် မင်းသား မွေးမြူသည်ကိုသိ၍ (ရှေးဆုတောင်းကြောင့်) ရှေး ပညာသင်လိုသဖြင့် တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆေးဆရာထံသွား၍ (၁၆-နှစ် သင်ရသော) ဆေးပညာကို ခုနစ်ဖြင့် သင်ယူ၏။ ဝန်းကျင် တစ်ယူဇနာ အတွင်း ဆေးဘက် မဝင်သော ဝတ္ထု တစ်စုံတစ်ခုကို မမြင်၊ ပညာစုံလင်၍ ရိက္ခာအနည်းငယ်ယူကာ ပြန်လာ၏။

သာကေတပြည်တွင် ရိက္ခာပြတ်ခိုက် ခုနစ်နှစ် ခေါင်းကိုက်နာစွဲသော သူဌေးကတော်ကို ထောပတ်၌ ဆေးထည့် ချက်၍ နှာနှပ်ခြင်း တစ်ကြိမ်ဖြင့် ရောဂါကင်းစေ၏။ ရောဂါကင်းလတ်သော် သူဌေးကတော်သည် လေးထောင် ပေး၏။ သားသည် လေးထောင်၊ ချွေးမသည် လေးထောင်၊ သူဌေးကြီးသည် လေးထောင်နှင့် ကျွန်ထီး ကျွန်မ၊ မြင်းရထား တို့ကို ပေးကုန်၏။

ဇီဝကသည် ရာဇဂြိုဟ်သို့ ရောက်သောအခါ အဘယ မင်းသားအား ထိုပစ္စည်းတို့ဖြင့် မွေးကျေးဇူး ဆပ်၏။ အဘယ မင်းသားသည် မယူဘဲ နေအိမ်ဆောက်စေ၏။ ထိုအခါ ဗိမ္ဗိသာရမင်းကြီးအား မြင်းသရိုက် သွေးကျနာ ဖြစ်၏။ အဝတ်၌ အလိမ်းလိမ်း ကပ်၏။ မိဖုရားတို့သည် ငါတို့ မင်းကြီး ဥတုပန်းပွင့်ပြီ၊ မကြာခင် ဖွားမြင်လတ္တံ့ဟု ပြက်ရယ်ပြုကုန်၏။ ဇီဝကသည် ဆေးလိမ်းခြင်း တစ်ကြိမ်ဖြင့် ရောဂါကင်းစေ၏။

မင်းကြီးသည် မိန်းမငါးရာကို တန်ဆာ အားလုံး ဆင်စေပြီးလျှင် ချွတ်ပုံစေ၍ ပေး၏။ အရင်မင်းကြီး မယူလိုပါ၊ ကျေးဇူးကို အောက်မေ့တော်မူပါ-ဟု လျှောက်တင်၏။ မင်းကြီးသည် (နေအိမ်၊ သရက်ဥယျာဉ်၊ အခွန် တစ်သိန်းထွက်လော ရွာကို ပေး၍) ငါ့ကို လည်းကောင်း၊ မောင်းမ အပေါင်းကို လည်းကောင်း၊ ဗုဒ္ဓမုခ သံဃာကို လည်းကောင်း လုပ်ကျွေးလော့ဟု ဆို၏။

ထိုအခါ ရာဇဂြိုဟ် သူဌေးအား ခေါင်းကိုက်နာ ခုနစ်နှစ် စွဲ၏။ ဆေးသမားတို့သည် နောက် ငါးရက် ဟူ၍ လည်းကောင်း၊ ခုနစ်ရက် ဟူ၍ လည်းကောင်း၊ ရက်ပိုင်း၌ လက်လွှတ်ကုန်၏။ ဆရာဇီဝကသည် ဦးခေါင်းခွံကို ခွါ၏၊ ပိုးနှစ်ကောင်ကို မြင်၍ ဦးဏှောက် ပိုးကြီးစားလျှင် ငါးရက်ဖြင့်၊ ပိုးငယ်စားလျှင် ခုနစ်ရက်ဖြင့် ဦးဏှောက်ကုန်၍ သေလတ္တံ့ဟု ဆို၍ ခုနစ်ရက် သုံးလီဖြင့် ရောဂါ ကင်းစေ၏။ ရောဂါကင်းလတ်သော် သူဌေးကြီးသည် စည်းစိမ်အားလုံး အပ်နှင်း၍ ကျွန်အဖြစ် ဝန်ခံ၏။ သူဌေးကြီး ဤသို့ မပြုပါနှင့်၊ ဘုရင်မင်းမြတ်အား တစ်သိန်း၊ ကျွန်ုပ်အား တစ်သိန်းပေးပါလောဟု ဆို၏။

ထိုအခါ ဗာရာဏသီ သူဌေးသားအား ကျွမ်းကစားခြင်းဖြင့် အူထုံးနာ ဖြစ်၏။ စားသောက်သမျှ အစာမကြေ၍ ပိန်ချုံး၏။ ဆရာဇီဝကသည် ဝမ်းခွဲ၍ အူထုံးဖြေ၍ ရောဂါကင်းစေ၏။ ရောဂါကင်းလတ်သော် တစ်သောင်း ခြောက်ထောင် ပေး၏။

ထိုအခါ ဥဇ္ဇေနီပြည် ပဇ္ဇောတ မင်းကြီးအား ဖျော့တော့သော အနာဖြစ်၏။ ဗိမ္ဗိသာရမင်းကြီး အမိန့်ဖြင့် သွား၍ ကြည့်ရှု၍ ထောပတ်ဆေး စီရင်မည်ဟု ဆို၏။ အချင်း ဇီဝက၊ ထောပတ်မပါသော ဆေးဖြင့် ကုပါ၊ ထောပတ်ကို ငါ စက်ဆုပ်သည် ဟု ဆို၏။ [ဤ မင်းသည် ကင်းနှင့် စပ်၏။ ထောပတ်သည် ကင်း အဆိပ်ပယ် ဆေးဖြစ်၍ ကင်းတို့ စက်ဆုပ်ကုန်၏။]

ဆရာဇီဝကသည် ထောပတ် မပါလျှင် ဤရောဂါ မပျောက်နိုင်ဟု ကြံ၍ ဖန်ရည်အဆင်း၊ အနံ့၊ အရသာ ဖြစ်အောင်ပြု၍ ဖန်ရည်ဆေးကို သောက်ပါဟု ဆေးတိုက်ပြီးလျှင် (အလုပ်အကျွေးတို့အား အာဟာရ အစီအရင်ကို ပြောကြား၍) ဆေးမြစ်ကို ရှာလိုဟန်ဖြင့် (တစ်နေ့) ယူဇနာ ငါးဆယ်သွားသော ဘဒ္ဒဝတိကာ ဆင်မကို ယူစီး၍ ထွက်ပြေး၏။

မင်းကြီးသည် ဆေးသောက်၍ လေတက်သောအခါ ထောပတ်ဟု သိ၍ အချင်းတို့၊ ဆရာမိုက်သည် ငါ့ကို ထောပတ်တိုက်သည်၊ ခေါ်စေလောဟု ဆို၏။ ထွက်ပြေးပြီဟု သိလတ်သော် တစ်နေ့ ယူဇနာ ခြောက်ဆယ်သွားသော ကာက မည်သော ကျွန်ကို စေလွှတ်၏။ ကောသမ္ဗိ၌ နံနက်စာ စားနေစဉ် ရောက်သွား၏။

ကာက လာလေ၊ ထမင်းစားဦးဟု ဆိုလတ်သော် ဆေးဆရာတို့သည် မာယာများကုန်၏။ ဘာမျှ မယူနှင့်ဟု မင်းကြီး မှာလိုက်သည်ဟု ဆို၏။ ထိုအခါ ဇီဝကသည် လက်သည်းဖြင့် ဆေးတို့ကို ဟူ၍ သျှိသျှားသီးကိုစား၍ ရေသောက်ပြီးလျှင် ကာကအား ပေး၏။ ကာက သည် ဤဆေးသမားပင် စားသေးသည် ကိစ္စမရှိတန်ဟု တစ်ခြမ်းမျှ စား၏။ စားပြီးလျှင် ထိုနေရာ၌ပင် ဝမ်းလျှော၍ အကျွန်အား အသက်မျှ ရှိသေးရဲ့လားဟု ဆို၏။ မကြောက်ပါနှင့်၊ သင် ရောဂါကင်းပါ လိမ့်မည်၊ ငါ မပြန်ပြီဟု ဆို၍ ဆင်မဖြင့် ပြန်၍ လွှတ်လိုက်၏။

ပဇ္ဇောတ မင်းသည် ရောဂါကင်းလတ်သော် ဆရာဇီဝက လာပါလေ၊ ဆုချလိုပါသည်ဟု တမန်စေလိုက်၏။ အရင်မင်းကြီး သင့်လျော်ပါပြီ၊ ကျေးဇူးကို အောက်မေ့ပါ-ဟု ဆိုသဖြင့် အလွန် အဖိုးထိုက်သော သိဝေယျက အဝတ် တစ်စုံကို ပို့လိုက်၏။ ဆရာဇီဝသည် ဤ အဝတ်ကား အလွန်ကောင်း၏၊ မြတ်စွာဘုရားကို လည်းကောင်၊ ဗိမ္ဗိသာရမင်းကြီးကို လည်းကောင်း ဖယ်ထား၍ ထိုက်တန်သူ မရှိဟု ကြံစည်၏။

ထိုအခါ မြတ်စွာဘုရား၏ ကိုယ်တော်သည် သည်းခြေ၊ သလိပ်ဒေါသ များ၍ ချစ်သား အာနန္ဒာ၊ ဝမ်းနုတ်ဆေးကို သောက်လိုသည်ဟု မိန့်တော်မူ၏။ ရှင်အာနန္ဒာသည် ဆရာ ဇီဝကထံ သွား၍ ထို အကြောင်းကို ပြောပြ၏။ ဆရာဇီဝကသည် ဘုရားရှင်ကို နှစ်ရက် သုံးရက် ဆီသောက်စေ၏။ (ဆီသည် စမြင်းဒေါသ တို့ကို စွတ်စိုစေ၏၊ အကြောတို့ကို နူးညံ့စေ၏။) ထိုနောက် ကြမ်းသော ဝမ်းနုတ်ဆေးကို မပေးဘဲ ဆေးထုံသော ကြာပန်းသုံးလက်ကို ဆက်ကပ်၏။ ရှူခြင်းဖြင့် တစ်လက် ဆယ်ကြိမ်စီ-အကြိမ် သုံးဆယ် လျောစေ၍၊ ထူသ ပိဏ္ဍပါတ-အရည်ဖြစ်သော ထမင်းဖြင့် ကျန်းမာစေ၏။

ပဇ္ဇောတမင်း

[မြတ်စွာဘုရား မပွင့်မီ အမျိုးသားတစ်ဦး ထမင်း စားခြင်းငှါ ထိုင်နေစဉ် ပစ္စေကဗုဒ္ဓါ တစ်ပါးသည် တံခါးအနီး၌ ရပ်၍ ကြွသွား၏။ ကြွသွားမှ သိရ၍ လူတစ်ယောက်ကို သပိတ် လိုက်ယူစေ၍ စီရင်ထားသော ထမင်းအားလုံး ထည့်၍ ပြန်ပို့စေ၏။ ထို စေအပ်သောသူသည် ပစ္စေကဗုဒ္ဓါ၏ လက်တော်၌ ကပ်လှူ၍ အရှင်ဘုရား၊ ယခု ပြုရသော ကာယဝေယျာဝစ္စ ကုသိုလ်ကြောင့်၊ ဖြစ်ရာဘဝ၌ ယာဉ်နှင့် ပြည့်စုံရပါလို၏ဟု ဆုတောင်း၏။

ထိုသူသည်-ယခု ပဇ္ဇောတမင်းဖြစ်၍ ယာဉ်ငါးပါးနှင့် ပြည့်စုံ၏။ ယူဇနာ ၅ဝ-သွားသော ဘဒ္ဒဝတိကာ ဆင်မ၊ ယူဇနာ ၁ဝဝ-သွားသော နာဠာဂီရိဆင်၊ ယူဇနာ- ၁၂၀ သွားသော စေလကဏ္ဏ မြင်းနှင့် မုဉ္စကေသ မြင်း၊ ယူဇနာ ၆ဝ- သွားသောကာက မည်သောကျွန်။ ဤကား ယာဉ်ငါးပါးတည်း။]

သိဝေယျက အဝတ်

[သိဝေယျက ဟူသည် မြောက်ကျွန်း၌ အမင်္ဂလာ အဝတ်ဖြစ်၏။ လူသေကို ထိုအဝတ်ဖြင့် ပတ်၍ သုသာန်၌ ပစ်ကုန်၏။ ငှက်ဆင်တို့သည် အသားတုံးဟု ချီ၍ ဟိမဝန္တာ တောင်ထွတ်၌ ထား၍ အဝတ်ကိုပယ်၍ စားကုန်၏၊ တောသား မုဆိုးတို့သည် ထိုအဝတ်ကို မြင်၍ မင်းကြီးအား ဆောင်၍ ဆက်သကုန်၏။ သိဝိတိုင်းသူ မိန်းမတို့သည် အမျှင် သုံးခုဖြင့် ချည်ငင်၍ ရက်သော အဝတ် ဟူသည်လည်း ဆိုကုန်၏။ မြောက်ကျွန်း သုသာန်အဝတ်၊ ဝါ-သိဝိတိုင်း ဖြစ် အဝတ်-တည်း။]

ဘုရားဆွမ်းတော်နှင့် ဘုရင်

မြတ်စွာဘုရား ရောဂါကင်းသောအခါ ဆရာဇီဝကလာ၍ မြတ်စွာဘုရား၊ ယနေ့ မြို့သားများ အလှူ လှူလိုကြပါသည်။ ရွာတွင်းသို့ ဆွမ်းခံ မကြွပါနှင့်ဦးဟု လျှောက်၏။ ရှင်မောဂ္ဂလာန်သည်၊ သူဌေးသား သောဏ အိမ်မှ ဆွမ်းခံ၍ ဘုရားရှင်အား ဆွမ်းတော်ကပ်၏။ ထို သူဌေးသားသည် နို့ရည်ဖြင့် ထွန်၍ စိုက်သော သလေးကို နံ့သာထုံ၍ ချက်စား၏။

ဗိမ္ဗိသာရမင်းကြီးသည် ယနေ့ မြတ်စွာဘုရား အဘယ်ကို ဘုဉ်းပေးလတ္တံ့နည်းဟု ကျောင်းတော်သို့ သွား၍ ဝင်လတ်သော် ဆွမ်းတော်အနံ့ဖြင့် စားလိုသော အာသာဖြစ်၏။ ဘုရားရှင် ဖြစ်အံ့သောနေ့ သုဇာတာ လှူသောဆွမ်း၊ ပရိနိဗ္ဗာန် စံအံ့သောနေ့ စုန္ဒ လှူသော ဆွမ်း-ဤဆွမ်း နှစ်ခုတို့၌ ခွက်၌ နတ်တို့ ဩဇာ ထည့်ကုန်၏။

မြတ်စွာဘုရားသည်၊ မင်းကြီးအား ဩဇာမထည့်သေးသော ဆွမ်းအနည်းငယ်ကို ပေးစေ၏။ မင်းကြီးသည် သုံးဆောင်၍ မြောက်ကျွန်းမှ ဆောင်သော ဆွမ်းလောဟု မေး၏။ သောဏအိမ်မှဟု သိလတ်သော် သောဏကို မြင်လို၍ စမ္မက္ခန္ဓက၌ ဆိုသော နည်းဖြင့် လူရှစ်သောင်းနှင့် သောဏ လာအောင်ပြု၏။ လူရှစ်သောင်း သောတာပန်တည်၏။ သောဏ ရဟန်းပြု၍ ရဟန္တာ ဖြစ်၏။ ထိုအကျိုးမြင်၍ မြတ်စွာဘုရားသည် မင်းကြီးအား ဆွမ်းတော်ကို ပေးစေသည်။ ဆွမ်းကိစ္စပြီးသောအခါ ဆရာဇီဝကသည် သိဝေယျက အဝတ်စုံ လာလှူ၏။]

(ဤ၌ ဗိမ္ဗိသာရမင်းကြီး ဘုရား ဆွမ်းတော်တင်ကို စားခြင်း ထင်ရှား၏။)

တကာလှူ သင်္ကန်းခွင့်

မြတ်စွာဘုရား၏ ကိုယ်တော် ပကတိအတိုင်း ကျန်းမာသောအခါ ဆရာဇီဝကသည် သိဝေယျက အဝတ်စုံကိုယူ၍ ဘုရားရှင်ထံ ချဉ်းကပ်၍ မြတ်စွာဘုရား၊ တစ်ခုသောဆုကို တောင်းလိုပါသည်ဟု လျှောက်၏။ ဇီဝက ဘုရားရှင်တို့သည် ဆုကို နှစ်သက်ကုန်၏။ မြတ်စွာဘုရား၊ အပ်ပါသည်။ အပြစ်မရှိပါ။ ဇီဝက ဆိုလော၊ မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် လည်းကောင်း၊ ရဟန်း သံဃာသည် လည်းကောင်း၊ ပံ့သကူသင်္ကန်း ဆောင်ကြပါသည်။ ဤအဝတ်စုံကို အလှူခံတော်မူပါ၊ ရဟန်း သံဃာအားလည်း ဒါယကာ လှူသော သင်္ကန်းကို ခွင့်ပြုတော်မူပါဟု လျှောက်၏။

မြတ်စွာဘုရားသည် အလှူခံ၍ ဇီဝကကို တရားဟောပြီးလျှင် ရဟန်းတို့ကို ချစ်သားတို့၊ ဂဟပတိ စီဝရံ- ဒါယကာ လှူသော သင်္ကန်းကို ခွင့်ပြု၏။ တကာလှူ၊ ပံ့သကူ- အလိုရှိရာ သာယာလေလော၊ တစ်ခုခုဖြင့် ရောင့်ရဲခြင်းကို ငါဘုရာ၊ ချီးမွမ်း၏ဟု ခွင့်ပြုတော်မူ၏။ ရာဇဂြိုဟ် မြို့သားတို့သည် ထိုအကြောင်းကို သိ၍ အားထုတ်ကုန်၏။ တစ်နေ့တည်းဖြင့် သင်္ကန်း ထောင်ပေါင်း များစွာ ရာဇဂြိုဟ်၌ ဖြစ်ကုန်၏။

ဇနပုဒ်သားတို့လည်း ထိုအတူ အားထုတ်ကုန်၏။ ထောင်ပေါင်း များစွာ ဇနပုဒ်၌ ဖြစ်ကုန်၏။

ထိုအခါ သံဃာအား ပါဝါရ-စုလျားသည် ဖြစ်၏။ ချစ်သားတို့၊ စုလျားကို ခွင့်ပြု၏။

ကောသေယျ ပါဝါရ - ပိုးစုလျားသည် ဖြစ်၏။ ချစ်သားတို့၊ ပိုးစုလျားကို ခွင့်ပြု၏။

ကောဇစ-ကော်ဇောသည် ဖြစ်၏။ ချစ်သားတို့၊ ကော်ဇောကို ခွင့်ပြု၏။

[ဘုရားရှင်၏ ဝါ ၂၀ အတွင်း ဂဟပတိ စီဝရ သာယာသူ မရှိ၊ ပံ့သကူဆောင်တို့သာ ဖြစ်ကုန်၏၊ ဂဟပတိ စီဝရ ဟူသည် လူတို့ လှူသော သင်္ကန်းတည်း၊ ဣတ ရီတ ရေနာတိ အပ္ပဂ္ဃေ နပိ မဟဂ္ဂေ နပိ၊ ယေန ကေနစိ တိအတ္ထော။ အဖိုးတန်၊ မတန် တစ်ခုခုဖြင့် ဟူလို။

ပါပါရ ဟူသည် အမွေး ရှည်၏၊ ဝါချည် အဝတ် စသည် ပြား၏။ ကောဇဝ၌ ပကတိ ကော်ဇောသာ အပ်သည်။ မဟပိဋ္ဌိယ-ကော်ဇောမအပ်။ ၎င်းသည် သားမွေးဖြင့် ပြု၏။ စုလျားနှင့်တူသော ကော်ဇောတည်း။]

(ပကတိ ကော်ဇော ဟူသည် ချည်ကော်ဇော ဟူ၏။)

(ဇီဋိ … မဟာပိဋ္ဌိယ ကော်ဇောသည်၊ လေးသစ်ထက် လွန်သော ပန်းပွင့် (အဆာ) ရှိသတတ်။

သာဋီ ... ဆင်ကျောက်ကုန်းတို့၌ ခင်းအပ်သောကြောင့် မဟာပိဋ္ဌိယ အမည်ရ၏။ လေးသစ် ပန်းပွင့် (အဆာ) ရှိသော ကော်ဇော ဖြစ်၏။

ဝိဋီ ... ဆင်ကျောက်ကုန်း၌ ခင်းသောကြောင့် မဟာပိဋ္ဌိယ မည်၏။ သားမွေးအခင်း ဖြစ်၏။)

ဇာတိသင်္ကန်း ၆-ထည်

ထိုအခါ ကာသိမင်းသည် ဆရာဇီဝကထံ အဍ္ဎကာသိက (ထောင်ဝတ်) ငါးရာတန်သော ကမ္ဗလာကို ပို့လိုက်၏။ ဆရာဇီဝကသည် မြတ်စွာဘုရားအား လှူ၏။ အလှူခံပြီးလျှင် ချစ်သားတို့၊ ကမ္မလာ-(သက္ကလတ်) ကို ခွင့်ပြု၏။

ထိုအခါ သံဃာအား အကောင်း အညံ့ သင်္ကန်း များစွာဖြစ်၏။ ရဟန်း တို့အား (ကိံ-ကတမံ) အဘယ် သင်္ကန်းကို ခွင့်ပြုသည်၊ အဘယ်ကို ခွင့်မပြုဟူ ကြံ၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ခြောက်ထည်သော သင်္ကန်း တို့ကို …

  1. ခေါမ - ခေါမချည်ဖြင့် ရက်သော သင်္ကန်း၊
  2. ကပ္ပါသိက-ဝါချည် သင်္ကန်း၊
  3. ကောသေယျ-ပိုးချည်သင်္ကန်း၊
  4. ကမ္ဗလ-သားမွေးရက် ကံမ္ဗလာ သင်္ကန်း၊
  5. သာဏ-ပိုက်ဆံလျော် သင်္ကန်း၊
  6. ဘင်္ဂ-ချည်ငါးမျိုး ရောရက်သော သင်္ကန်း ဟူ၍ ခွင့်ပြု၏။

ထိုအခါ ဒါယကာ လှူသော သင်္ကန်းကို သာယာသော ရဟန်းတို့သည် တစ်မျိုးကိုသာ ခွင့်ပြုသည်၊ နှစ်မျိုးကို ခွင့်မပြုဟု ပံ့သကူ သင်္ကန်းကို မသာယာကြကုန်။ ချစ်သားတို့၊ ဒါယကာလှူ သင်္ကန်းကို သာယာသော ရဟန်းသည် ပံ့သကူကိုလည်း သာယာခြင်းငှါ ခွင့်ပြု၏။ ထိုနှစ်ပါးစုံဖြင့်လည်း ရောင့်ရဲခြင်းကို ငါ ဘုရား ချီးမွမ်း၏။

[ကာသိမင်း ဟူသည် ကာသိတိုင်းတို့၏ ဘုရင်တည်း။ ပသေနဒိနှင့် ဘတူ ညီနောင် ဖြစ်၏။ ကာသိ ဟူသည့် တစ်ထောင် ဖြစ်၏။ ဤ ကမ္ဗလာကား ငါးရာတန်၏။ ထိုကြောင့် အဍ္ဎကာသိယ (ထောင်ဝက်) ဟု ဆိုသည်။ ဥစ္စာဝစာနီတိ သုန္ဒရာနိ စ အသုန္ဒရာနိ စ - အကောင်းတို့ အညံ့တို့။

ဘင်္ဂ မည်သည် ခေါမ စသော ချည်ငါးမျိုး ရော၍ ပြု၏။ လျှော်ဖြင့် ပြီး၏ ဟူ၍လည်း ဆိုကုန်၏။ တစ်မျိုးကိုသာ ခွင့်ပြုသည် ဟူရာ၌ ဂဟပတိက သင်္ကန်း ဖြင့်သော် လည်းကောင်း၊ ပံ့သကူ သင်္ကန်းဖြင့်သော် လည်းကောင်း၊ အနက်ကို ထိုရဟန်းတို့ မှတ်ထင်ကုန်၏။]

ပံ့သကူ ရသင့်သူများ

ထိုအခါ ရဟန်းတို့သည် ကောသလ ဇနပုဒ်တို့၌ ခရီးသွားကုန်၏။ ပံ့သကူအလို့ငှါ သုသာန်သို့ အချို့ ဝင်ကုန်၏။ အချို့ မစောင့်ဘဲ သွားကုန်၏။ သုသာန်ဝင်သူတို့သည် ပံ့သကူတို့ကို ရကုန်၏။ မစောင့်သူတို့သည် ငါတို့အားလည်း အဖို့ပေးကြလောဟု ဆိုကုန်၏။ မစောင့်သောကြောင့် မပေးနိုင်ဟုဆို၍ မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့၊ မစောင့်သူတို့အား မပေးလိုလျှင် မပေးခြင်းငှါ ခွင့်ပြု၏။

အချို့ ဝင်ကုန်၏၊ အချို့စောင့်ကုန်၏။ စောင့်သူတို့အား မဝင်သောကြောင့် မပေးနိုင်ဟု ဆိုကုန်၏။ ချစ်သားတို့၊ စောင့်သူတို့အား မပေးလိုသော်လည်း အဖို့ကိုပေးခြင်းငှါ ခွင့်ပြု၏။ အချို့ ရှေးဦးစွာ ဝင်ကုန်၏။ အချို့ နောက်မှ ဝင်ကုန်၏။ ရှေးဦးစွာ ဝင်သူတို့ ရ၍ နောက်မှ ဝင်သူတို့အား မပေးနိုင်ဟု ဆိုကုန်၏။ ချစ်သားတို့၊ နောက်မှ ဝင်သူတို့အား မပေးလိုသော်လည်း ပေးခြင်းငှါ ခွင့်ပြု၏၊

သဒိသာ-အတူ ဝင်ကုန်၏။ အချို့ ရကုန်၏။ မရသူတို့အား မပေးနိုင်ဟု ဆိုကုန်၏။ ချစ်သားတို့၊ အတူ ဝင်သူတို့အား မပေးလိုသော်လည်း ပေးခြင်းငှါ ခွင့်ပြု၏။

ကတိကပြု၍ ဝင်ကုန်၏။ အချို့ ရကုန်၏။ မရသူတို့အား မပေးနိုင်ဟု ဆိုကုန်၏။ ချစ်သားတို့၊ ကတိကပြု၍ ဝင်သူတို့အား မပေးလိုသော်လည်း ပေးခြင်းငှါ ခွင့်ပြု၏။

[မစောင့်ဘဲ သွားကုန်၏ ဟူသည် သုသာန်မှ ပြန်လာသည်တိုင်အောင် မနေဘဲ သွားကုန်၏။

မပေးလိုလျှင် ဟူသည် ပေးခြင်းငှါ အလိုရှိလျှင် မပေးခြင်းငှါတည်း၊ ပေးလိုလျှင် ပေးအပ်၏။

စောင့်ကုန်၏ ဟူသည် ဥပစာရ၌ နေကုန်၏။

အကယ်၍ သူတို့သည် ဤအရပ်သို့ ရောက်သူတို့သာ ယူစေကုန်သတည်း-ဟု လှူကုန်အံ့၊ ရောက်သူတို့ ယူစေကုန် သတည်းဟု အမှတ်အသား ပြု၍သော်လည်း သွားကုန်အံ့၊ ရောက်သူတို့ အားလုံး ရကုန်၏။ အကယ်၍ စွန့်၍သွားကုန်အံ့၊ ရသူ အစိုးရ၏။

အတူဝင်ကုန်၏ ဟူသည် အားလုံးပြိုင်၏ ဝင်ကုန်၏။ ဝါ-တစ်နေရာတည်း ဝင်ကုန်၏။

ကတိကပြု၍ ဟူသည် ရသော ပံ့သကူကို အားလုံးဝေဖန်၍ ယူကုန်အံ့-ဟု အပ၌ ကတိကပြု၍တည်း။]

(ဝိဋီ ... ဥပစာရ ဟူသည် သုသာန်၏ အနီးနေရာတည်း။

စွန့်၍ သွားကုန်အံ့ ဟူသည် တစ်စုံတစ်ခု မဆိုမူ၍သာ သွားကုန်အံ့တည်း။ ဤစကားဖြင့် “ဘိက္ခု ဂဏှန္တု” ဟု စွန့်ရာ၌သာ အလိုမရှိသော်လည်း၊ အဖို့ ပေးခြင်းကို စီရင်သည်။

သက်သက်စွန့်ရာ၌ကား ကတိက မရှိလျှင် အတူ ဝင်သူတို့တွင် ရသူသည် မပေးလိုလျှင် အဖို့ မပေးအပ်ဟု ပြသည်။ ဝါ - တစ်နေရာတည်းဟု ဆိုသောကြောင့် သမာနာဒိသာ ဧတေသန္တိ သဒိသာ

သာဋီ ... ထိုထက် မထူး။

ဇီဋီ ... ဥပစာရ ဟူသည် သုသာန်၏ ဥပစာရတည်း။ ပြင်ပ၌လည်း အပ်၏ဟု အချို့ ဆိုကုန်၏။

ကတိက ပြုခြင်းကို ပြ၍ မယှံသန္တကံ တဝစ မမ စ ဟောတု-ဟု ဆို၍ တစ်ပါးသည်လည်း ထိုအတူဆိုလျှင် အပ်၏ဟု သမာန ပရိက္ခာရ ဝိဓိကို (ဝါ- ဒွါသန္တကနည်းကို) ဆိုကုန်၏။)

သင်္ကန်းခံယူသူ သမ္မုတိ

ထိုအခါ လူတို့သည် သင်္ကန်းယူ၍ အရံသို့ လာကုန်၏။ ခံယူသူ မတွေ့၍ ပြန်ယူကုန်၏။ သင်္ကန်း အရံနည်း၏။ ချစ်သားတို့၊ အင်္ဂါ ငါးပါးရှိသော ရဟန်းကို စီဝရ ပဋိဂ္ဂါဟက-သင်္ကန်းခံယူသူဟု သမုတ်ခြင်းငှါ ခွင့်ပြု၏။ ထိုရဟန်းသည် ဆန္ဒာ ဂတိသို့ မလိုက်ရာ၊ ဒေါသာ ဂတိသို့..၊ မောဟာ ဂတိသို့ ...၊ ဘယာ ဂတိသို့ မလိုက်ရာ၊ ခံအပ် မခံအပ် သိရာ၏။

သမုတ်ပုံကား ရှေးဦးစွာ ရဟန်းကို တောင်းပန်အပ်၏။ တောင်းပန်၍ ဗျတ္တသည် သံဃာ ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် ဤမည်သော ရဟန်းကို သင်္ကန်း ခံယူသူဟု သမုတ်ရာ၏။ သမုတ်၏၊ သမုတ်ပြီ-ဟု သိစေအပ်၏။

[စီဝရ ပဋိဂ္ဂါဟက ဟူသည် သံဃာအား ဒါယကာတို့ လှူသော သင်္ကန်းကို ခံယူသူတည်း။ ဆန္ဒာဂတိသို့ မလိုက်ရာ စသည်တို့၌ နောက်မှ လာသော မိမိဆွေမျိုး စသည်တို့၏ သင်္ကန်းကို ရှေးဦးစွာ ခံယူသူ၊ အချို့၌ ချစ်ခင်ခြင်းကို ပြ၍ ခံယူသူ၊ လောဘကြီး၍ မိမိသို့ ညွှတ်စေသူသည် ဆန္ဒာဂတိသို့ လိုက်သည် မည်၏။

ရှေးဦး ရောက်သူ၏ သင်္ကန်းကို အမျက်စွမ်းဖြင့် နောက်မှ ခံယူသူ၊ လူဆင်းရဲတို့၌ မထီမဲ့မြင်ပြု၍ ခံယူသူ၊ နင်တို့ အိမ်၌ ထားစရာမရှိလို့လား၊ ပြန်ယူသွား-ဟု သံဃာ့လာဘ် အန္တရာယ် ပြုသူသည် ဒေါသာဂတိသို့ လိုက်သည် မည်၏။

သတိမေ့သူ၊ ဆင်ခြင်ဉာဏ် ကင်းသူသည် မောဟာ ဂတိသို့ လိုက်သည် မည်၏။

နောက်မှလာသော အစိုးရတို့အား ကြောက်၍ ရှေးဦး ခံယူသူ၊ သင်္ကန်း ခံယူသူ၏ ဌာနသည် ဝန်လေးလှ၏ဟု တထိတ်ထိတ် ဖြစ်သူသည် ဘယာ ဂတိသို့ လိုက်သည် မည်၏။

ဤဤ သင်္ကန်းကို ငါခံယူပြီးပြီ။ ဤဤကို မခံယူအပ်သေးဟု သိသူသည် ခံအပ် မခံအပ် သိသည် မည်၏။

ထိုကြောင့် အကြင် ရဟန်းသည် အဂတိလေးပါး မလိုက်၊ ဆွေမျိုး သူစိမ်း၊ ချမ်းသာ ဆင်းရဲ အထူးမပြု၊ ရောက်လာစဉ်ဖြင့် ခံယူ၏။ သီလအာစရ အကျင့်ရှိ၏။ သတိပညာ ဗဟုသုတ ရှိ၏။ လူတို့အား ကြည်ညိုခြင်း ဖြစ်အောင် သန့်ရှင်းပြေပြစ်စွာ တရားဟောနိုင်၏။ ဤသို့သော ရဟန်းကို သမုတ်အပ်၏။

ဉာတ္တိ ဒုတိယ ကမ္မဝါစာဖြင့် လည်းကောင်း၊ အပ လောကနကံဖြင့် လည်းကောင်း၊ ကျောင်းတွင်း သံဃာ့အလယ်၌ ဖြစ်စေ၊ ခဏ္ဍသိမ်၌ဖြစ်စေ သမုတ်ခြင်းငှါ အပ်သည်သာတည်း။ ဤသို့ သမုတ်အပ်သော ရဟန်းသည် ကျောင်းစွန်၌၊ ကမ္မဋ္ဌာန်းကျောင်း၌ မနေအပ်၊ လာသူတို့ မြင်လွယ်ရာ ဓုရ ဝိဟာရနေရာ၌ ယပ်အနီးထား၍ ကောင်းသော ဝတ်ရုံခြင်းဖြင့် နေအပ်၏။]

(သာဋီ ... ဓုရ ဝိဟာရ နေရာ ဟူသည် ဝိဟာရ ဒွါရ၏ ရှေးရှုနေရာ တည်း။

ဝိဋီ ... ဓုရ ဝိဟာရဌာနေတိ ဝိဟာရဿ သမ္မုခ ဌာနေ၊ ဝိဟာရ၏ ရှေးရှူ နေရာတည်း။)

သိမ်းဆည်းသူ သမ္မုတိ

ထိုအခါ သင်္ကန်း ခံယူသူတို့သည် သင်္ကန်း ခံယူသူတို့သည် သင်္ကန်း ခံယူ၍ နေရာ၌သာ ထားခဲ့ကုန်၏။ သင်္ကန်း ပျောက်ပျက်၏။ ချစ်သားတို့၊ အင်္ဂါ ငါးပါးရှိသော ရဟန်းကို စီဝရနိ ဒဟက-သင်္ကန်း သိမ်းဆည်းသူ သမုတ်ခြင်းငှါ ခွင့်ပြု၏။

ထိုရဟန်းသည် ဆန္ဒာ ဂတိ စသော လေးပါးသို့ မလိုက်ရာ၊ သိမ်းဆည်းအပ်၊ မသိမ်းဆည်းအပ် သိရာ၏။ တောင်းပန်၍ ဉာတ္တိ ဒုတိယကံဖြင့် သိအပ်၏။ ဝါ-ဤမည်သော ရဟန်းကို သင်္ကန်း သိမ်းဆည်းသူဟု သမုတ် ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။

[ထိုနေရာ၌သာ ထားခဲ့ကုန်၏ ဟူသည် ခံယူခြင်းသာ ငါတို့ တာဝန် ဟုဆို၍ ခံယူရာ ဌာန၌သာလျှင် ပစ်ထား၍ သွားကုန်၏။

စီဝရနိ ဒဟကန္တိ စီဝရ ပဋိသာမကံ - သင်္ကန်းသိုမှီး သိမ်းဆည်းသူတို့တည်း။

အဂတိလိုက်ခြင်း၊ သမုတ်ခြင်းတို့ကို နည်းမှီး၍ သိအပ်ကုန်၏။]

ဘဏ္ဍာတိုက် သမ္မုတိ

ထိုအခါ သင်္ကန်း သိမ်းဆည်းသော ရဟန်းသည် မဏ္ဍပ်၊ သစ်ပင်ရင်း၊ တံစက်မြိတ်တွင်း၌ သင်္ကန်းကို ထား၏။ ကြွက်ခဲ ခြစား ဖြစ်ကုန်၏။ ချစ်သားတို့၊ ဘဏ္ဍာဂါရ ဘဏ္ဍာတိုက်ကို သမုတ်ခြင်းငှါ ခွင့်ပြု၏။ သံဃာအလိုရှိရာ ကျောင်းပြာသာဒ် ဂူကို သမုတ်ခြင်းငှါ ခွင့်ပြု၏။ ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-ဤမည်သော ကျောင်းကို ဘဏ္ဍာဂါရိကဟု သမုတ်ရာ၏။ သမုတ်၏၊ သမုတ်ပြီဟု သိစေအပ်၏။

[ကျောင်း စသည်တို့၌ အရံ အလယ်၌ အရံစောင့်၊ သာမဏေတို့ဖြင့် မဆိတ်သော အားလုံးသက်ဝင်ရာ ကျောင်းပြာသာဒ် စသည်ကို သမုတ်အပ်၏။ အစွန်ကျောင်းကို မသမုတ်အပ်။

အထူးကား ဤဘဏ္ဍာ ဂါရကို ခဏ္ဍသိမ်၌ သမုတ်ခြင်းငှါ မအပ်၊ ဝိဟာရ မဇ္ဈ၌သာလျှင် သမုတ်အပ်၏။]

(သာဋီ ... ဝိဟာရ မဇ္ဈ၌သာလျှင် ဟူသည် အားလုံးသိစေခြင်းငှါ ကျောင်းအလယ်၌သာ သမုတ်အပ်၏။

ဝိဋီ ... ထိုထက် မထူး။

ဣဒံ ပန ဘဏ္ဍာဂါရိကန္တိ အာဝေဏိက လဏက္ခန္တိ ဝုတ္တံ။ သီးခြား လက္ခဏာ ရှိ၏။)

ဘဏ္ဍာတိုက်စိုး သမ္မုတိ

ထိုအခါ သံဃာ၏ ဘဏ္ဍာတိုက်၌ သင်္ကန်းသည် မလုံ၊ ဝါ-စောင့်ရှောက်သူ မရှိ။ ချစ်သားတို့၊ အင်္ဂါ ငါးပါးရှိသော ရဟန်းကို ဘဏ္ဍာဂါရိက- ဘဏ္ဍာတိုက်စိုး ဟု သမုတ်ခြင်းငှါ ခွင့်ပြု၏။ ထိုရဟန်းသည် အဂတိလေးပါး မလိုက်ရာ၊ လုံ-မလုံ သိရာ၏။ တောင်းပန်၍ ဉာတ္တိ ဒုတိယကံဖြင့် ဤမည်သော ရဟန်းကို ဘဏ္ဍာတိုက်စိုးဟု သမုတ်ရာ၏။ သမုတ်၏၊ သမုတ်ပြီဟု သိစေအပ်၏။

[လုံ မလုံ ဟူသည်၌ အမိုး စသည်တို့၌ အပြစ်တစ်စုံတစ်ခု မရှိအံ့ - လုံ၏။ အမိုးပျက်၍ မိုးစွတ်အံ့၊ ကြွက် စသည်တို့ ဝင်နိုင်အံ့၊ နံရံတို့၌ အပေါက်ရှိအံ့၊ ခြ တက်အံ့၊ မလုံခြုံ မည်၏။ မှတ်၍ ပြုပြင်အပ်၏။ အေးသောအခါ တံခါး၊ ပြတင်း ကောင်းစွာ ပိတ်အပ်၏။ အေးသဖြင့် သင်္ကန်း မှိုတက်တတ်သည်။ ပူသောအခါ လေဝင်အောင် ရံခါ ကြိုးကြား ဖွင့်အပ်၏။ ဤသို့ ပြုသူသည် လုံ မလုံ သိသည်မည်၏။

သင်္ကန်းခံသူ စသော သုံးယောက်သည် မိမိ၏ ဝတ်ကို သိအပ်၏။ ခံယူသူ၏ ဝတ်ကား-ကာလသင်္ကန်း၊ အကာလ သင်္ကန်း၊ အစ္စေက သင်္ကန်း၊ မိုးရေခံ၊ နိသီဒိုင်၊ အိပ်ရာခင်း၊ မျက်နှာသုတ်ဟု လူတို့ လှူသမျှကို တစ်ပေါင်းတည်း ရော၍ မခံယူအပ်။ အသီးသီး ခွဲခြားခံယူ၍ သိမ်းဆည်းသူအား ထိုအတိုင်းပြော၍ ပေးအပ်၏။ သိမ်းဆည်းသူသည်လည်း ဘဏ္ဍာစိုးအား ထိုအတိုင်း အသီးသီး ပြော၍ ပေးအပ်၏။ ဘဏ္ဍာစိုးသည်လည်း ထိုအတိုင်း အသီးသီး အမှတ်အသားပြု၍ ထားအပ်၏။

ထိုနောက် သံဃာသည် ကာလစီဝရကို ယူခဲ့လောဟုဆိုလျှင် ကာလ သင်္ကန်းကိုသာ ပေးအပ်၏။ ...လ... ။ မျက်နှာသုတ်ကို ယူခဲ့လောဟုဆိုလျှင် ဆိုရာကိုသာ ပေးအပ်၏။ ဤသုံးယောက်နှင့် ဘဏ္ဍာတိုက်ကို လာဘ်များခြင်းငှါ၊ မရောင့်ရဲခြင်းငှါ ခွင့်ပြုသည် မဟုတ်၊ သံဃာအား ချီးမြှောက်ခြင်းဝှာတည်း။ ရောက်တိုင်း ရောက်တိုင်း ဝေလျှင် ရောက်-မရောက်၊ ပေး-မပေး၊ ရ-မရကို မသိနိုင်ကုန်ရာ၊ ရောက်တိုင်း မထေရ်ကြီး နေရာ၌သော်လည်း ပေးကုန်ရာ၏။ အပိုင်းအပိုင်းဖြတ်၍ သော်လည်း ယူကုန်ရာ၏။ အယုတ္တ ပရိဘောဂဖြစ်၍ ချီးမြှောက်ရာ မကျ၊ ဘဏ္ဍာတိက်၌ ထား၍ များသောအခါ၌ကား သုံးထည်၊ နှစ်ထည်၊ တစ်ထည်စီ ပေးနိုင်ကုန်လတ္တံ့၊ ရ-မရလည်း သိနိုင်ကုန်လတ္တံ့၊ မရသိလျှင် ချီးမြှောက်ခြင်းငှါ သိကုန်လတ္တံ့။

မထစေအပ် ၄-ယောက်

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ဘဏ္ဍာတိုက်စိုးကို ထစေကုန်၏။ ချစ်သားတို့၊ ဘဏ္ဍာတိုက်စိုးကို မထစေအပ်။ ... ဒုက္ကဋ်။

[မထစေအပ် ဟူသည်၌ မထစေအပ်သူ လေးယောက်ကို သိအပ်၏။ ဝုဍ္ဎတရ-သီတင်းကြီး၊ ဘဏ္ဍာဂါရိက-ဘဏ္ဍာတိုက်စိုး၊ ဂိလာန-နာသော ရဟန်း သံဃ၊ တောလဒ္ဓ သေနာသန - သံဃာ့ထံမှ ကျောင်းရသူ။ ဤ လေးယောက်တို့တွင် သီတင်းကြီးကို မိမိထက် ကြီးသောကြောင့် သီတင်းငယ်သည် မထစေအပ်။ (နေရာ ဖယ်ပေးဟု မပြုအပ်။)။

ဘဏ္ဍာဂါရိကကို သံဃာသည် သမုတ်၍ ဘဏ္ဍာတိုက်ကို ပေးထားခြင်းကြောင့် မထစေအပ်။ ဂိလာနကို ကိုယ်၏ နာသူ၏ အဖြစ်ကြောင့် မထစေအပ်။ သံဃာသည် ဗဟုဿုဘ ရှိသူ၊ ဥဒ္ဒေသ ပရိပုစ္ဆာ စသည်ဖြင့် ကျေးဇူးများသူ၊ သံဃာ့ဝန်ကို ဆောင်ရွက်သူတို့အား ချမ်းသာသော အာဝါသကို မထစေအပ်ဟု ပြု၍ ပေး၏။ ထိုသို့ ကျေးဇူးများသူ ဖြစ်ခြင်း၊ သံဃာထံမှ ကျောင်းရသူ ဖြစ်ခြင်၊ထို့ကြောင့် မထစေအပ်။]

(ဝိဘင်း အနုပခဇ္ဇ ပါစိတ်၌ ဘဏ္ဍာဂါရိကနှင့် သံဃာ တောလဒ္ဓကို အတူပေါင်း၍ ဝေဖန်သည်။)

သမ္မုခိဘူတ ဝေဖန်ခြင်း

ထိုအခါသံဃာ၏ ဘဏ္ဍာတိုက်၌ သင်္ကန်းသည် များ၏။ [စုပုံလျက် ဘဏ္ဍာတိုက် မဆန့်။] ချစ်သားတို့၊ သမ္မုခိဘူတ သံဃာဖြင့် ဝေဖန်စေခြင်းငှါ ခွင့်ပြု၏။

သံဃာသည် သင်္ကန်း ဝေဖန်လတ်သော် ကောလာဟလကို ပြု၏။ [ဝါ-ဆရာအတွက် ပေးပါ၊ ဥပဇ္ဈာယ် အတွက် ပေးပါ စသည်ဖြင့် အသံကျယ်စွာ အုတ်အုတ်ကျက်ကျက် ပြု၏။] ချစ်သားတို့၊ အင်္ဂါငါးပါး ရှိသော ရဟန်းကို စီဝရ ဘဇက - သင်္ကန်း ဝေဖန်သူဟု သမုတ်ခြင်းငှါ ခွင့်ပြု၏။ အဂတိမလိုက်၊ ဝေအပ် မဝေအပ် သိရာ၏။ ...လ... ဉာတ္တိ ဒုတိယ ကံဖြင့် သိစေအပ်၏။

ထိုအခါ စီဝရ ဘာဇက ရဟန်းတို့အား အဘယ်သို့ ဝေဖန်ရပါအံ့နည်းဟု အကြံဖြစ်၏။ ချစ်သားတို့၊ ရှေးဦးစွာ ရွေးချယ်၍၊ နှိုင်းချိန်၍ ဝဏ္ဏာ ဝဏ္ဏကတွာ - ညီအောင်ပြု၍ ရဟန်းတို့ကို ရေတွက်၍ အစုဖွဲ့၍ သင်္ကန်းအဖို့ကို ထားခြင်းငှါ ခွင့်ပြု၏။

[သမ္မုခိဘူတ ဟူသည် ဥပစာရ သိမ်တွင်း၌ တည်သော သံဃာတည်း။

ဝေဖန်စေခြင်းငှါ ဟူသည် ကာလကို ကြွေးကြော်၍ ထေရ်အစဉ်ဖြင့် ဝေဖန်စေခြင်းငှါတည်း။ သင်္ကန်း ဝေဖန်သူတို့တွင် လက်သင့်ရာတို့အား အဖိုးတန်ကို အစဉ် မဟုတ်ဘဲ ပေးသူသည် လည်းကောင်း၊ မိမိနှင့် မသင့် သူတို့အား အဖိုးတန်ရောက်လျက် အညံ့ပေးသူသည် လည်းကောင်း၊ တွေဝေ၍ ပေးသော ကျင့်ဝတ်ကို မသိဘဲ ပေးသူသည် လည်းကောင်း၊ နှုတ်ကြမ်းသော သီတင်းငယ်တို့အား သော်လည်း ကြောက်၍ အဖိုးတန်ကို ပေးသူသည် လည်းကောင်း၊ အဂတိ လေးပါးသို့ လိုက်သည် မည်၏။ ဤသို့မလိုက်ဘဲ အားလုံး၏ ချိန်သဖွယ်အလယ်၌ တည်သူကို သမုတ်အပ်၏။

ဤမျှ ဝေအပ်ပြီ၊ ဤမျှ မဝေအပ်သေးဟု သိသူသည် ငွေအပ် မဝေအပ် သိသည် မည်၏။

ရွေးချယ်၍ ဟူသည် ကြမ်းချော၊ ထူပါး၊ ဟောင်းသစ်၊ ရှည်တို -ဤမျှ ဤမျှဟု အဝတ်တို့ကို ရွေးချယ်၍တည်း။

နှိုင်းချိန်၍ ဟူသည် ဤ ဤသည် ဤဤမျှ ထိုက်သည်ဟု အဖိုးပိုင်းခြား၍တည်း။

ဝဏ္ဏံ ဝဏ္ဏံ ကတွာ ဟူသည် အားလုံး တစ်ဆယ်စီ အညီတန်လျှင် ကောင်း၏။ အချို့ ကိုးကျပ်တန်၊ အချို့ ရှစ်ကျပ်တန် ဖြစ်လျှင်၊ တစ်ကျပ်တန်၊ နှစ်ကျပ်တန်နှင့် ပေါင်းခြင်းဖြင့် (ဝါ-မီးဆောင်းခြင်းဖြင့်) အဖိုးညီအောင် ထား၍တည်း။

ရဟန်းတို့ကို ရေတွက်၍ အစုဖွဲ့၍ ဟူသည် တစ်ပါးစီ ပေးလျှင် အချိန် မလောက်သောကြောင့်၊ ဆယ်ပါးစီ ရေတွက်၍ ပေါင်းထား၍ သင်္ကန်း အဖို့တို့ကို ဆယ်ခုစီ တစ်ထုပ် တစ်ထုပ်ဖွဲ့၍ ဤသို့ သင်္ကန်းအဖို့ကို ထား ခြင်းငှါ ခွင့်ပြု၏ ဟူလို။ ဤသို့ ထားသော အဖွဲ့တို့၌ ကမ္ပည်း မဲချအပ်၏။ ထိုရဟန်းတို့သည်လည်း တစ်ဖန် မဲချ၍ ဝေဖန်စေအပ်၏။

(သာဋီ ... တုလာဘူတောတိ တုလာသဒိသော - ချိန်သဖွယ်။

ဝဏ္ဏံ ဝဏ္ဏံကတွာ ဟူသည် အဖို့အားလုံး အဖိုးအားဖြင့် တူမျှအောင် ပြု၍ တည်း။

ဝိဋီ ... ဝဏ္ဏံ ဝဏ္ဏံကတွာ ဟူသည် အဖို့လောက်သည် အဖြစ်ကို သိခြင်းငှါ ဟလိဒ္ဒိယ စသော ငယ် ကြီး အဆင်းတို့နှင့် ယှဉ်သော တူမျှသော အဖို့တို့ကို ပြု၍တည်း။)

သာမဏေတို့အား ထက်ဝက်

ထိုအခါ သင်္ကန်း ဝေဖန်သူတို့အား အဘယ်သို့ သာမဏေတို့အား အဖို့ကို ပေးအပ်မည်နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ဥပဍ္ဎ ပဋိဝိသံ - ထက်ဝက်သော အဖို့ကိုပေးခြင်းငှါ ခွင့်ပြု၏။

[သာမဏေတို့အား ထက်ဝက် ဟူသည်၌ မိမိကိုယ်မိမိ အစိုးရ၍ သံဃာ့ကိစ္စကို မပြု၊ စာပေသင်လျက် ဥပဇ္ဈာယ်တို့၏ ကိစ္စကိုသာပြုသော သာမဏေတို့အားသာ ထက်ဝက်ပေးအပ်၏။ နံနက် ညချမ်း သံဃာ့ကိစ္စကို ပြုသူတို့အား သမဘာဂ-အဖို့ ညီမျှပေးအပ်၏။

ဤ ထက်ဝက်ပေးခြင်း ကိုလည်း ပိဋ္ဌိသမယ၌ ဖြစ်သော ဘဏ္ဍာတိုက်၌ ထားသော အကာလ သင်္ကန်းဖြင့်သာ ဆိုသည်။ ကာလ သင်္ကန်းကိုကား အညီအမျှသာ ပေးအပ်၏။

တတြုပ္ပါဒ-ဝဿာဝါသိက သင်္ကန်းကို သံဃာ၏ တံမြက် ဖွဲ့ခြင်း စသော ဖာတိကမ္မကို ပြု၍ ယူအပ်၏။ ဤကား ရဟန်း၊ သာမဏေအားလုံး၏ ဝတ်တည်း။

ဘဏ္ဍာတိုက် သင်္ကန်း၌လည်း သာမဏေတို့သည် လာ၍ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ယာဂုကျို၊ ဆွမ်းချက် စသည်ကို ပြုကြပါသည်။ မပြုသောအမှု မရှိပါဟု ကြွေးကြော်ကုန်အံ့၊ သမဘာဂကိုသာ ပေးအပ်၏။ ဤစကားကိုလည်း ချွတ်ယွင်းစွာ ပြုသူ၊ ပြုခြင်း မထင်ရှားသူတို့ကို ရည်ဆိုသည်။

ကုရုန္ဒီ၌-အဘယ်ကြောင့် သံဃာ့ကိစ္စကို မပြုဘဲ နေကုန်အံ့နည်း၊ ပြုပါမည်ဟု တောင်းကုန်အံ့၊ သမသာဂ ပေးအပ်၏ဟု ဆိုသည်။]

(သာဋီ ... ဖာတိကမ္မ ဟူသည် တံမြက်ဖွဲ့ခြင်း စသော လက်အမှုတည်း။

ပြုပါမည်ဟု တောင်းသူတို့အား ပဋိညာမျှဖြင့်လည်း သမဘာဂ ပေးအပ်၏။

ဝိဋီ ... ဖာတိကမ္မန္တိ ပတောနက ကမ္မံ၊ တံမြက်ဖွဲ့ခြင်း စသော လက်အမှုဖြင့် ဝိဟာရအား မယုတ်အောင် အမှုကိုပြု၍ ဟူလို။

ဘဏ္ဍာတိုက် သင်္ကန်း၌လည်း ဟူသည်ကို အာကာလ စီဝရကို ရည်ဆိုသည်။

ဤစကားကို ဟူသည် ကြွေးကြော်ခြင်းကြောင့် သူမဘာဂ ပေးခြင်းကိုတည်း။

ချွတ်ယွင်းစွာ ပြုသူဟူသည် ပြုသင့်သောအခါ မပြု၊ ပြုလိုသောအခါ ပြုသူတို့ ဖြစ်ကုန်၏။)

အဖို့ ယူသွားလိုသူ

ထိုအခါ ရဟန်းတစ်ပါးသည်၊ မိမိအဖို့ဖြင့် မြစ်ကူး ချောင်းခြား ခရီးလွန်သွားလို၏။ ချစ်သားတို့၊ ခရီးလွန် သွားလိုသူအား မိမိအဖို့ကို ပေးခြင်းငှါ ခွင့်ပြု၏။

ရဟန်း တစ်ပါးသည် ပိုလွန်သော အဖို့ဖြင့် (ပို၍ရသော အဖို့ဖြင့်) ခရီးလွန် သွားလို၏။ ချစ်သားတို့၊ အနုက္ခေပ - အပိုတွက်ပေးလျှင် ပိုလွန်သော အဖို့ကို ပေးခြင်းငှါ ခွင့်ပြု၏။

[ခရီးလွန် သွားလို၏ ယူသည် မြစ်ကို ခရီးခဲကို လွန်လို၏။ အဖော်ရ၍ အရပ်တစ်ပါး ဖဲသွားလိုသူ ဟူလို။

မိမိအဖို့ကို ပေးခြင်းငှါ ဟူသည်ကို ဘဏ္ဍာတိုက်မှ သင်္ကန်းထုတ်၍ အစုအပုံပြုပြီး၊ ခေါင်းလောင်းထိုးပြီး၊ သံဃာ စည်းဝေးပြီးသောအခါ အဖော်ရ၍ သွားလိုသူသည် အဖော်မှ မဆုတ်ယုတ်ပါစေလင့် ဟူသော အကြောင်းကို ရည်ဆိုသည်။ ထို့ကြောင့် သင်္ကန်း မထုတ်မီ၊ ခေါင်းမထိုးမီ၊ သံဃာ မစည်းဝေးမီ ပေးခြင်းငှါ မအပ်။ စည်းဝေးပြီးသောအခါမှ သင်္ကန်းဝေဖန်သူသည် ဤရဟန်း၏ အဖို့ ဤမျှ ဖြစ်တန်၏-ဟု ကြံ၍ နည်းယူခြင်းဖြင့် ပေးအပ်၏။ ချိန်ဖြင့် ချိန်သကဲ့သို့ အညီအမျှ ပေးခြင်းငှါ မတတ်နိုင်။ လျော့ခြင်း ပိုခြင်းဖြစ်စေ ကာမူ ဤသို့ ကြံဆသောနည်းဖြင့် ပေးလျှင် သုဒိန္န ဖြစ်၏။ လျော့လျှင် ထပ်မပေးအပ်၊ လွန်လျှင် ပြန်မယူအပ်။

ပိုလွန်သော အဖို့ဖြင့် ဟူသည် ရဟန်း ဆယ်ပါး၊ အဝတ် ဆယ်ထည် တစ်ထည်ကား ၁၂ ကျပ်တန်၊ အကြွင်း တစ်ဆယ်တန်စီ ဖြစ်၍၊ တစ်ဆယ်တန်စွမ်းဖြင့် မဲချသောအခါ ၁၂ ကျပ်တန် ရသူသည် လုံလောက်ပြီဟု၊ ထို ပိုလွန်သော အဖို့ဖြင့် ခရီးလွန် သွားလို၏။ ရဟန်းတို့သည် သံဃပစ္စည်း ပိုသွားပြီဟု ဆိုကုန်၏။

ထို စကားကိုကြား၍ မြတ်စွာဘုရားသည် သံဃပစ္စည်း ဂဏပစ္စည်း၌ အနည်းငယ် မည်သည် မရှိ၊ စောင့်စည်းအပ်၏။ ယူသူသည် ကုက္ကုစ္စ ဖြစ်ထိုက်၏-ဟု ပြခြင်းငှါ အနုက္ခေပ ပေးလျှင်ဟု မိန့်တော်မူသည်။

အနုက္ခေပ ဟူသည် အမှတ်မရှိ လျော်စွာ ပြန်ပေးအပ်သော ကပ္ပိယ ဘဏ္ဍာ တည်း။ နှစ်ကျပ်တန် ပိုလွန်အံ့၊ နှစ်ကျပ်တပ် ကပ္ပိယ ဘဏ္ဍာကို ပေးလျှင် ပိုလွန်သော အဖို့ကို ပေးခြင်းငှါ ခွင့်ပြု၏ ဟူလို။]

(ဝိဋီ ... လုံလောက်ပြီ ဟူသည် ၁၂ ကျပ်တန်ဖြင့်သာ ငါ၏ သင်္ကန်း လုံလောက်သည်။ ယုတ်လျှင် မလုံလောက်ဟု ၁၂ ကျပ်တန်ကို ယူလိုသော သူ ဟူလို။)

ချို့ရာ ဖြည့်စွက်ရခြင်း

ထိုအခါ သင်္ကန်း ဝေဖန်သူတို့အား အဘယ်သို့လျှင် သင်္ကန်းအဖို့ကို ပေးအပ်သနည်း၊ လာတိုင်း လာတိုင်း အစဉ်ဖြင့်လော၊ ကြီးသူ အစဉ်ဖြင့်လောဟု အကြံ ဖြစ်၏။ ချစ်သားတို့၊ ဝိကလ ကေတော သေတွာ- ချို့သည်တို့ကို နှစ်သက်စေ၍ ကမ္ပည်း မဲချခြင်းငှါ ခွင့်ပြု၏။

[ဝိကလ ကေတော သေတွာဝိကလကသည် စီဝရ ဝိကလက၊ ပုဂ္ဂလ ဝိကလက-ဟု နှစ်မျိုးရှိ၏။ အားလုံး ငါးထည်စီ ရောက်ပြီးလျှင် အကြွင်း တစ်ထည်စီ မရောက်နိုင်သည်တို့ကို ဖြတ်၍ ပေးအပ်၏။ ဖြတ်သောအခါ အိမ်ဝန်းငယ်၊ ဖိနပ်အိတ် စသည် ပြုနိုင်အောင် ဖြတ်ပေးအပ်၏။ အယုတ်ဆုံး လေးသစ် အနံရှိသော အလျား အနားပတ်လောက်အောပ် ဖြတ်ပေးခြင်းငှါ အပ်၏။ သုံးဆောင်၍ မရအောင် မဖြတ်အပ်၊ ဤသို့ သင်္ကန်း မဆောင်ခြင်းသည် စီဝရ ကလက မည်၏။

ဖြတ်ပေးလျှင် နှစ်သက်စေခြင်း ဖြစ်၏။ ထိုနောက် မဲချအပ်၏။ တစ်ယောက်သော ရဟန်းတို့၏ အဖို့၌ တစ်ထည် နှစ်ထည် မလောက်အံ့၊ တစ်ပါးသော သမဏ ပရိက္ခရာကို ဖြည့်၍ နှစ်သက်သူအား ပေး၍ နောက်၌ မဲချအပ်၏။ ဤသည်လည်း စီဝရ ဝိကလက-တည်းဟု အန္ဓကဋ္ဌကထာ ဆို၏။

ဆယ်ပါးစီ အစုဖွဲ့သောအခါ တစ်စုသည် ကိုးပါး၊ ရှစ်ပါးသာ ရှိအံ့၊ အဖို့ရှစ်ခု၊ ကိုးခုကို သင်တို့ သီးခြားဝေယူကြဟု ပေးအပ်၏။ ဤသို့ ပုဂ္ဂိုလ် မပြည့်ခြင်းသည် ပုဂ္ဂလဝိကလက မည်၏။

သီးခြားပေးလျှင် နှစ်သက်စေခြင်း ဖြစ်၏။ ဤသို့ (သင်္ကန်းချို့ခြင်း ပုဂ္ဂိုလ်ချို့ခြင်း တို့ကို) နှစ်သက်စေ၍ မဲချအပ်၏။ တစ်နည်း ဝိကလ ကတော သေတွာ ဟူသည် ယုတ်သော စီဝရ ဝိဘာဂကို တစ်ပါးသော ပရိက္ခရာနှင့် ညီအောင် ပြု၍ မဲချခြင်းကို ပြုအပ်၏။]

ဆိုးရည် ခြောက်မျိုး၊ မအပ်ကိုး

ထိုအခါ ရဟန်းတို့သည် ဆကဏ- နွားချေးဖြင့် လည်းကောင်း၊ ပဏ္ဍု မတ္တိကာ-မြေနီဖြင့် လည်းကောင်း သင်္ကန်းကို ဆိုးကုန်၏။ အဆင်း ပျက်၏။ ချစ်သားတို့၊ ခြောက်မျိုးသော ဆိုးရည်တို့ကို --

၁။ မူလရဇန-အမြစ်ဆိုးရည်၊
၂။ ခန္ဓ-ပင်စည်ဆိုးရည်၊
၃။ တစ - အခေါက်ဆိုးရည်၊
၄။ ပတ္တ - အဌက်ဆိုးရည်၊
၅။ ပုပ္ဖ -အပွင့်ဆိုးရည်၊
၆။ ဖလရဇန -အသီးဆိုးရည်ဟု ခွင့်ပြု၏။

[ဆကဏသည် ဂေါမယပဏ္ဍု မတ္တိကာသည် တပ္ပ မတ္တိကာ ဖြစ်၏။

အမြစ်ဆိုးရည်တို့တွင် ဟလိဒ္ဓိ-နနွင်းဖယ်၍ အမြစ်ဆိုးရည် အားလုံး အပ်၏။

မဉ္ဇဋ္ဌိ-ထန်းကျင့်၊ ဝါ-တိန်းညက်။ ကုင်္ဂဟာရ-ပိန္နဲနွယ် ဖယ်၍ ပင်စည်ဆိုးရည်အားလုံး အပ်၏။

ကုင်္ဂဟာရသည် ဆူးရှိသော အပင်တစ်မျိုးတည်း။ ၎င်း၏ ပင်စည် ဆိုးရည်သည် ဟရိတာလ ဝဏ္ဏ- ဆေးဒါန်းမြင်း သီလာ အဆင်းရှိ၏။

လောဒ္ဒ-ဒေါက်ရပ်၊ ကဏ္ဍုလ-ကြပိုင် ဖယ်၍ အခေါက်ဆိုးရည်အားလုံး အပ်၏။

အလ္လိ-မဲ၊ နီလိ-ဒန်းဖယ်၍ အရွက် ဆိုးရည် အားလုံးအပ်၏။

လူတို့ သုံးပြီးသော အဝတ်ကို ပဲရွက်ဖြင့် တစ်ကြိမ် ဆိုးခြင်းငှါ အပ်၏။

ကိံ သုက-ပေါက်ပွင့်၊ ကုသုမ္ဘ- ဝတ်ပန်းပွင့် ဖယ်၍ အပွင့်ဆိုးရည်အားလုံး အပ်၏။

အသီးဆိုးရည်၌ မအပ်သော တစ်စုံတစ်ခု မရှိ။]

(ဇီဋီ ... ဂေါမယ၌ အာပတ် မရှိ။ အဆင်းပျက်သောကြောင့် တားသည်။

ကုင်္ကုမပုပ္ဖံ - မာလာကျိကျု ပွင့် မအပ်ဟု ဆိုကုန်၏။)

မြစ်၊ ပင်၊ ခေါက်၊ ရွက် (၄)၊ ပွင့်၊ သီး-စွက် (၂)- ခြောက်ချက် ဆိုးရည်ဝယ်။
နနွင်းမြစ်နှင့် (၁)။ ပင်စည်ဆင့်-ထန်းကျင့်၊ ပိန္နဲနွယ် (၂)။
မဲ၊ ဒန်းရွက်လှောက် (၂)၊ ကြပိုင်ခေါက်၊ အခေါက် ဒေါက်ရပ် ဆွယ် (၂)။
ဝတ်ပန်း၊ ပေါက်ပွင့် (၂)၊ ဆိုးရည်နှင့်-မသင့် ကိုးပါးဖယ်။

ဆိုးရည် ကျိုခြင်း

ထိုအခါ ရဟန်းတို့သည် သီတုဒက-ရေအေးဖြင့် သင်္ကန်းဆိုးကုန်၏။ အနံ့ ပျက်၏။ ချစ်သားတို့၊ ဆိုးရည်ကို ကျိုခြင်းငှါ ခွင့်ပြု၏။ စုလ္လရဇန ကုမ္ဘိ -- ဆိုးရည်ကျိုအိုးကို ခွင့်ပြု၏။

ဆိုးရည်သည် ဝေလျှံ၏။ ချစ်သားတို့၊ ဥတ္တရာဠုမ္ဗ -ခွေဝန်းကို ဖွဲ့ခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့သည် ဆိုးရည် ကျက် မကျက် မသိကုန်။ ချစ်သားတို့၊ ရေ၌ လည်းကောင်း၊ လက်သည်းခွံ၌ လည်းကောင်း ဆိုးရည်ပေါက်ကို ထည့်ခြင်းငှါ ခွင့်ပြု၏။

ဆိုးရည် ချသောအခါ အိုးကို ငဲ့စောင်းကုန်၏။ အိုးကွဲ၏။ ချစ်သားတို့၊ ရဇနုဠမ္ဗ - ဆိုးရည်မှုတ်ကို၊ ဒဏ္ဍကထာလိက - အရိုးတပ်သော မှုတ်ကို ခွင့်ပြု၏။

ရဟန်းတို့အား ဆိုးရည် ထည့်စရာ ခွက်မရှိ၊ ချစ်သားတို့၊ ရဇန ကောဠုမ္ဗ -ဆိုးရည်ဖျဉ်းကို၊ ရဇနဃဋ-ဆိုးရည်အိုးကို ခွင့်ပြု၏။

[သီတုဒကသည် အပက္က ရဇန - မကျိုသော ဆိုးရည်တည်း။

ဥတ္တရာဠုမ္မန္တိ ဝဋ္ဋာဓာရကံ-ခွေဝန်းကို။ ဆိုးရည်အိုး၏ အလယ်၌ထား၍ ထိုခွေဝန်းကို ရံ၍ ရဇန-ဆိုးရည်ဖတ်ကို ထည့်ခြင်းငှါ ခွင့်ပြု၏ ဟူလို။ဤသို့ ပြုလျှင် ဆိုးရည် မလျှံ။

ရေ၌ လည်းကောင်း၊ လက်သည်းခွံ၌ လည်းကောင်း ဟူသည်၌ ကျက်လျှင် ရေခွက်၌ထည့်သော ဆိုးရည်ပေါက်သည် ချက်ချင်း မပြန့်၊ လက်သည်းခွံ၌လည်း မပြန့်ဘဲ တည်၏။

ရဇနုဠုင်္ကန္တိ ရဇနဥဠုင်္ကံဒဏ္ဍကထာလိကသည် ထို မှုတ်သည်ပင် အရိုးရှိ၏။

ရဇနကော ဠုမ္ဗန္တိ ရဇန ကုဏ္ဍံ -ဆိုးရည်ထည့်စရာ ဖျဉ်းအိုးလည်း။]

(သာဋီ ... အလယ်၌ထား၍ ဟူသည် အိုး၏ အတွင်းအလယ်၌တည်း။ ဤသို့ ခွေဝန်းကို အတွင်း၌ထားလျှင် ရေသည် တည်၏။ ခွေဝန်းပြင်ပ အိုးအတွင်း၌ ဆိုးရည်ဖတ် ဖြစ်၏။

ရဇန ဟူသည် ရဇနစ္ဆလ္လိ -ဆိုးရည်ဖတ်ကို ထည့်ခြင်းငှါ။

ဝိဋီ ... ဤသို့ပြုလျှင် ဟူသည် ခွေဝန်းအတွင်း၌ ဆိုးရည်ကို၊ ပြင်ပ၌ အဖတ်ကိုပြု၍ ခွဲခြားလျှင်၊

မလျှံ ဟူသည် သက်သက်ရေမှ အမြှုပ်မထသောကြောင့် မလျှံနိုင်။

ရဇနကုဏ္ဍသည် ကျိုပြီးသော ဆိုးရည် ထားစရာအိုးကြီးတည်း။)

သင်္ကန်း ဆိုးခြင်း

ထိုအခါ ရဟန်းတို့သည် ခွက်၌ လည်းကောင်း၊ သပိတ်၌ လည်းကောင်း သင်္ကန်းကို နယ်ကုန်၏။ သင်္ကန်း ပျက်၏။ ချစ်သားတို့၊ ရဇန ဒေါဏိက-ဆိုးရည်ကျင်းကို ခွင့်ပြု၏။

မြေ၌ သင်္ကန်းကို ဖြန့်လှန်းကုန်၏။ သင်္ကန်း မြူမှုန်ကပ်၏။ ချစ်သားတို့၊ တိဏသန္ထာကာရက - မြက်အခင်းကို ခွင့်ပြု၏။

မြက်အခင်း ခြစား၏။ ချစ်သားတို့၊ စီဝရ ဝံသ - သင်္ကန်း တန်း ဝါးကို၊ စီဝရ ရဇ္ဇု-သင်္ကန်း တန်းကြိုးကို ခွင့်ပြု၏။

အလယ်ဖြင့် ချိတ်ဆွဲကုန်၏။ ဆိုးရည် နှစ်ဘက်စီး၏။ ချစ်သားတို့၊ ကဏ္ဏ-အနား၌ ဖွဲ့ခြင်းငှါ ခွင့်ပြု၏။

အနားဆွေး၏။ ချစ်သားတို့၊ ကဏ္ဏ သုတ္တက - နားသန်ကွင်းကို ခွင့်ပြု၏။

ဆိုးရည် တစ်ဖက်စီး၏။ ချစ်သားတို့၊ ပြန်၍ ပြန်၍ ဆိုးခြင်းငှါ လည်းကောင်း၊ ဆိုးရည်ပေါက် မပြတ်မီ ဖဲမသွားခြင်းငှါ လည်းကောင်း ခွင့်ပြု၏။

သင်္ကန်းသည် ပတ္ထိန္န-ခက်မာ၏။ ချစ်သားတို့၊ ရေ၌ ထည့်ထားခြင်းငှါ ခွင့်ပြု၏။

သင်္ကန်းသည် ဖရုသ-ကြမ်း၏။ ချစ်သားတို့၊ လက်ဖြင့် ပုတ်ခတ်ခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့သည် အစ္ဆိန္နက-မဖြတ်သော သင်္ကန်းတို့ကို၊ ဒန္တကာသာဝ - ဆင်စွယ်ရောင် ဆိုးသော သင်္ကန်း တို့ကို ဆောင်ကုန်၏။ ကာမဘောဂီဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ မဖြတ်သော သင်္ကန်းတို့ကို မဆောင်အပ်ကုန် – ဒုက္ကဋ်။ (ဒန္တကာသာဝကို မပြ၊ ထာ၌ ပြသည်။)

[ဩမဒ္ဒန္တိတိ သမ္မဒ္ဒန္တိ- နယ်ကုန်၏။

ဖဲမသွားခြင်းငှါ ဟူသည် ဆိုးရည်ပေါက် လျောကျခြင်း မပြတ်မီ အရပ်တစ်ပါးသို့ မသွားအပ်။

ပတ္ထိန္န ဟူသည် အလွန် ဆိုးရည်ဆိုးခြင်းကြောင့် ခက်မာ၏။

ဩသာရေတုန္တိ ပက္ခိ ပိတွာ ထပေတုံ-ရေ၌ ထည့်ထားခြင်းငှါ၊ ဆိုးရည်ထွက်သောအခါ ထိုရေကို စွန့်၍ သင်္ကန်းကို နယ်အပ်၏။

ဒန္တကာသာဝ ဟူသည် တစ်ကြိမ်၊ နှစ်ကြိမ် ဆိုး၍ ဆင်စွယ်ရောင်ရှိသော သင်္ကန်းတို့ကို ဆောင်ကုန်၏။]

(ဒု-ပါရာဇိကထာ၌ ... သင်္ကန်းကို ပအုံးရည်၊ မုန့်ညက်ရည်၊ ထမင်းရည် စသည်၌ မထည့်အပ်။ ညစ်ကြေးရှိ၍ ဖွပ်ခြင်းငှါကား အပ်၏။ ဆိုးရည်၌ နံ့သာ၊ ချိပ်ရည်၊ ဆီ မထည့်အပ်။ ဆိုးပြီးသောအခါ ခရုသင်း၊ ကျောက် စသည်ဖြင့် မတ်အပ်။ ဆိုးကျင်း၌ ရိုက်ဆောင့်၍ မဖွပ်အပ်၊ ကျင်း၌ ပျဉ်၌ ထား၍ အစွန်းကို ကိုင်စေ၍ လက်ဖြင့် ပုတ်အပ်၏။ လက်ဆုပ်ဖြင့် မထုအပ်။ နားသန်ကွင်းကို ဆိုးပြီးသောအခါ ဖြတ်အပ်၏။ နားသန်ကွင်းကို ဆိုး၍ ချိတ်ဆွဲစရာ အလျား အနားပတ်၌ အကွင်းပြု၍ ဖွဲ့အပ်၏။)

သင်္ကန်းပုံစံ လယ်ကန်သင်း

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မှ ဒက္ခိဏဂိရိသို့ ဒေသစာရီ လှည့်လည်စဉ် မဂဓလယ်ကို မြင်တော်မူ၏။

အစ္ဆိဗန္ဓ- လေးထောင့်ကန်သင်းရှိ၏။
ပါဠိဗန္ဓ- လျားရှည်ကန်သင်း နံရှည်ကန်သင်းရှိ၏။
မရိယာဒ ဗန္ဓ-အကြား အကြား တိုတို ကန်သင်းရှိ၏။
သိင်္ဃာဋက ဗန္ဓ-ခရီးဆုံ ကန်သင်းရှိ၏။

ချစ်သား အာနန္ဒာ၊ မဂဓလယ်ကို မြင်၏လော၊ လေးထောင့်ကန်သင်း၊ ကန်သင်းရှည်၊ ကန်သင်းတို၊ ကန်သင်းဆုံ ဖွဲ့ထားသည်။ မြင်ပါသည် ဘုရား။ ချစ်သား အာနန္ဒာ၊ ရဟန်းတို့၏ သင်္ကန်းတို့ကို ဤသို့ သဘောရှိအောင် စီရင်ခြင်းငှါ သင်စွမ်းနိုင်သလော။ စွမ်းနိုင်ပါသည် ဘုရားဟု လျှောက်၏။ ထိုနောက် မြတ်စွာဘုရားသည် ဒက္ခိဏဂိရိမှ ရာဇဂြိုဟ်သို့ ပြန်လာ၏။

ထိုအခါ ရှင်အာနန္ဒာသည် များစွာသော ရဟန်းတို့၏ သင်္ကန်းကို စီရင်ပြီးလျှင် မြတ်စွာဘုရားအား ရှုစားတော်မူပါဟု လျှောက်၏။ ချစ်သားတို့၊ အာနန္ဒာသည် ပညာရှိ၏။ ငါဘုရား အကျဉ်းဆိုသည်ကို အကျယ်သိ၏။

ကုသိ- တလုပ်မြောင်းရှည်ကိုလည်း ပြုဘိ၏။
အဍ္ဎကုသိ - တလုပ်မြောင်းတို၊
မဏ္ဍလ-အိမ်ဝန်းကြီး၊
အဍ္ဎမဏ္ဍလ-အိမ်ဝန်းခွဲ၊ ဝါ-အိမ်ဝန်းငယ်၊
ဝိဝဋ္ဋ- အလယ်ခေါင်ခန်း၊
အနုဝဋ္ဋ-ခေါင်ရံခန်း၊
ဂီဝေယျက-လည်ပင်း အနားပတ်၊
ဇင်္ဃေယျက-မြင်းခေါင်း အနားပတ်၊
ဗာဟန္တ-လက်မောင်းနေရာ အခန်းကိုလည်း ပြုဘိ၏။

ဖြတ်အပ်သော သတ္တလုခ-ဓားငယ်ဖြင့် ဖြတ် ချုပ်၍ အတွေ့ကြမ်းသော ရဟန်းတို့အား လျောက်ပတ်သော ရန်သူတို့ အလို မရှိအပ်သော သင်္ကန်းဖြစ်၏။ ချစ်သားတို့၊ ဖြတ်သော ဒုကုဋ်ကို၊ ဖြတ်သော ကိုယ်ရုံကို၊ ဖြတ်သော သင်းပိုင်ကို ခွင့်ပြု၏၊ (ပါဠိ၌ ဗန္ဓ၊ ထာ၌ ဗဒ္ဓ)။

(အစ္ဆိ ဗဒ္ဓ ဟူသည် လေးထောင့် ကန်သင်းရှိ၏။

ပါဠိ ဗဒ္ဓသည်- အလျားမှ လည်းကောင်၊ အနံမှ လည်းကောင်း ရှည်သော ကန်သင်းဖွဲ့၏။

မရိယာဒ ဗဒ္ဓသည် အကြား အကြား၌ တိုသော ကန်သင်းဖွဲ့၏။

သိင်္ဃာဋက ဗဒ္ဓသည် ကန်သင်း တစ်ခုဖြင့် တစ်ခု ဖောက်သွားရာ၌ ဆုံ၍ ဖွဲ့၏။ ခရီး လေးခုဆုံ သဏ္ဌာန် ဟူလို။

စွမ်းနိုင်ပါသည် ဟူသော စကားဖြင့် ရှင်တော်ဘုရားတို့ပေးသော နည်းဖြင့် စွမ်းနိုင်ပါသည်ဟု ပြ၏။

ကုသိ ဟူသည် အလျားမှ အနံမှ အနားပတ် စသော ရှည်သော အပြားတည်း။

အဍ္ဎကုသိသည် အကြား အကြား၌ တိုသော အပြားတည်း။

မဏ္ဍလသည် ငါးခန်း သင်္ကန်း၌ တစ်ခုသော အခန်း၌ ကြီးသော အဝန်းတည်း။

အဍ္ဎမဏ္ဍလသည် ငယ်သော အဝန်းတည်း။

ဝိဝဋ္ဋသည် ဝန်းကြီး ဝန်းငယ်ကိုကို ပေါင်း၍ချုပ်သော အလယ်ခန်းတည်း။

အနု ဝိဝဋ္ဋသည် ဝိဝဋ္ဋ၏ နှစ်ဘက် နံပါးတို့၌ နှစ်ခုသော အခန်းတို့တည်း။

ဂီဝေယျကသည် လည်ပင်းအုပ်သော နေရာ၌ ခိုင်စေခြင်းငှါ ချုပ်သော အာဂန္တုက ပတ္တတည်း။

ဇင်္ဃေယျက သည် ခေါင်းရောက်ရာ၌ ထိုအတူ ချုပ်သော အပြားတည်း။

ဗာဟန္တသည် အနုဝိဝဋ္ဋတို့ဖြင့် ပြင်ပ၌ တစ်ခုတစ်ခုသော အခန်းတည်း။

ဤသို့ ငါးခန်း သင်္ကန်းဖြင့်၊ ထိုသင်္ကန်းကို (ရှင်အာနန္ဒာ) စီရင်သည်။ တစ်နည်း၊ အနုဝိဝဋ္ဋသည် ဝိဝဋ္ဋ၏ တစ်ဘက်၌ နှစ်ခန်းစီဖြင့် လေးခန်းတည်း။

ဗာဟန္တသည် ကောင်းသော ပမာဏရှိသော သင်္ကန်းကို ရုံသောအခါ ခေါက်လိပ်၍ လက်မောင်းအထက်၌ ထားသော အပသို့ ရှေးရှုသော အစွန်းနှစ်ခုတို့တည်း၊ ဤနည်းကို မဟာအဋ္ဌကထာ၌ ဆိုသည်။)

(ဝိဋီ ... အနားပတ် စသော ရှည်သောအပြား ဟူသည် အလျားမှ လည်းကောင်း၊ အနံမှ လည်းကောင်း၊ အနုဝါတ - အနားပတ် ဖြစ်၏။

အာဒိ သဒ္ဒါဖြင့် နှစ်ခန်းအကြား မြောင်းငယ် သဏ္ဌာန်ထားသော အပြားကို လည်းကောင်း၊ ရှည်သော အပြားကို လည်းကောင်း သိအပ်၏။

အာဂန္တုက ပတ္တ ဟူသည် နှစ်ထပ်သင်္ကန်း၏ အထက်၌ တစ်ပါးသော အပြားကို တင်ကုန်၏။ ထိုအပြားကို ရည်ဆိုသည်။ ယခု မပြုကုန်။)

(သင်္ကန်း၌ ငါးခန်းကို ခေါင်ခန်းတစ်ခု၊ ခေါင်ရံကြီး နှစ်ခု၊ ခေါင်ရံထွေး၊ ဝါ-လက်လိပ်နှစ်ခုဟု အမည်ဖြင့် ရှေးက ခေါ်ကြသတတ်။)

တိစီဝရိတ် ခွင့်ပြုခြင်း

ထိုအခါ မြတ်စွာဘုရားသည်၊ ရာဇဂြိုဟ်မှ ဝေသာလီသို့ ဒေသစာရီ ကြွစဉ် ခရီးအကြား၌ များစွာသော ရဟန်းတို့ကို သင်္ကန်းထုပ်တို့ဖြင့် သင်္ကန်း ဘုံလျှိုပြု၍ ဦးခေါင်း၌၊ ပခုံး၌၊ ခါး၌ ဆောင်၍ လာသည်တို့ကို မြင်တော်မူ၏။ ဤ မောဃပုရိသတို့သည် သင်္ကန်းလာဘ်များ လို၍ လှည့်လည်ခြင်းသည် မြန်လှ၏။ သင်္ကန်း အပိုင်းအခြား ဖွဲ့ထားရမူ ကောင်းလေစွဟု အကြံ ဖြစ်တော်မူ၏။

ဝေသာလီသို့ ရောက်၍ ဂေါတမ စေတီ၌ နေတော်မူသောအခါ ချမ်းအေးသော ဆောင်းတွင်း ညဥ့် အန္တရဋ္ဌက-အကြား ရှစ်ရက်တို့၌ ဆီးနှင်းကျချိန် ညဥ့်အခါ လွင်တီးခေါင်၌ သင်္ကန်းတစ်ထည်ဖြင့် နေတော်မူ၏။ ပထမယာမ် လွန်သောအခါ ချမ်းအေးသဖြင့်၊ ဒုတိယ သင်္ကန်းတစ်ထည် ရုံတော်မူ၏။ မဇ္ဈိမယာမ် လွန်သောအခါ ချမ်းအေးသဖြင့် တတိယ သင်္ကန်း ရုံတော်မူ၏။ ပစ္ဆိမယာမ် လွန်၍၊ အရုဏ်တက် သောအခါ ချမ်းအေးသဖြင့် စတုတ္ထသင်္ကန်း ရုံတော်မူ၏။ ထိုအခါ အချမ်း ကင်း၏။

ဤသာသနာ၌ အချမ်းကြောက်သော ကုလပုတ္တတို့သည်လည်း သင်္ကန်းသုံးထည်ဖြင့် မျှတနိုင်လောက် ကုန်၏။ ရဟန်းတို့အား သင်္ကန်း အပိုင်းအခြား ဖွဲ့ထား၍ သုံးထည်ခွင့်ပြုရမူ ကောင်းလေစွဟု ရဟန်းတို့ကို ခေါ်၍ ရာဇဂြိုဟ်နှင့် ဝေသာလီအကြား သင်္ကန်းထုပ်တို့ဖြင့် ရဟန်းတို့ လာကြခြင်း၊ အန္တရဋ္ဌက ရက်တို့၌ သင်္ကန်းလေးထည်ဖြင့် အချမ်းကင်းလျက် နေနိုင်ခြင်း၊ သင်္ကန်း အပိုင်းအခြား ဖွဲ့ထားလိုခြင်းတို့ကို ဟောပြပြီးလျှင် ချစ်သားတို့၊ တိစီဝရိတ်ကို ခွင့်ပြု၏။

ဒီဂုဏံ-နှစ်ထပ်သော၊
သံသာဋိံ - ဒုကုဋ်ကို။
ဧကစ္စိယံ-တစ်ထပ်သော၊
ဥတ္တရာသင်္ဂံ - ကိုယ်ရုံကို။
အန္တရ ဝါသကံ-တစ်ထပ်သော သင်းပိုင်ကို ခွင့်ပြု၏။

[သင်္ကန်းထုပ်တို့ဖြင့် ဟူသည် ထမ်းချီနိုင်သော အလုပ်ဖြစ်အောင် ပြု၍လည်း။

ဘုံလျှို ဟူသည် နှစ်ထည် သုံးထည်ထပ်၍ ဘုံလျှို (မွေ့ရာ) အသွင် ခေါက်အပ်သော သင်္ကန်းတို့တည်း။

သင်္ကန်းထုပ်တို့ဖြင့် လာသော ရဟန်းတို့ကား မြတ်စွာဘုရားသည် ရာဇဂြိုဟ်မှ ဒက္ခိဏဂိရိသို့ ကြွတော် မူသောအခါ လျင်စွာ ပြန်ကြွလတ္တံ့ဟု သိကြ၍ ဇီဝက ဝတ္ထု၌ရသော သင်္ကန်းတို့ကို ထားခဲ့၍ ဒက္ခိဏဂိရိသို့ လိုက်သွားကုန်၏။ ယခု ဝေသာလီ ကြွခြင်းကား ကြာမြင့်မှ ပြန်ကြွလတ္တံ့ ဟု သိကြသဖြင့် သင်္ကန်းတို့ကို ယူ၍ ခရီး ဖဲကုန်သတတ်။

အန္တရဋ္ဌက ဟူသည် မာဃနှင့် ဖဂ္ဂုဏ၏ အကြား (ဝါ-တပို့တွဲ တပေါင်းအကြား) ရှစ်ရက်တည်း။ လွင်တီးခေါင်၌ မနေထိုင်လျှင် ထိုအကြောင်းကို ဘုရားရှင် မသိသည် မဟုတ်၊ ရဟန်းအပေါင်း နှစ်သက်စွာ သဘောကျ မှတ်သားနိုင်အောင် ပြုတော်မူသည်။

အချမ်းကြောက်သူတို့သည် ပကတိ ချမ်းခြင်းဖြင့် ပင်ပန်းကုန်၏။ ချမ်းခြင်း ပကတိ ရှိ၍ သီတာလုကတို့ မည်ကုန်၏။ ဒိဂုဏံ သံဃာဋိန္တိ ဒုပဋ္ဋံ သံဃာဋိံ- နှစ်ထပ်သော ဒုကုဋ်ကို။ ဧကစ္စိစ္ဆန္တိ ဧကပဋ္ဋံ -တစ်ထပ်ကို။ ဤသို့ ဘုရားရှင်သည် ကိုယ်တော်တိုင် လေးထည်ဖြင့် မျှလျက် ငါတို့အားကား သုံးထည်ကိုသာ ခွင့်ပြုသည် ဟု ဆိုခွင့် မရအောင် ဒုကုဋ် နှစ်ထပ်၊ ကိုယ်ရုံသင်းပိုင် တစ်ထပ် ဤသို့ လေးထည် ဖြစ်လတ္တံ့ဟု ခွင့်ပြု၏။]

အတိရေက ဝိကပ္ပနာ

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ဘုရားရှင် တိစီဝရိက် ခွင့်ပြုသည်ဟု တိစီဝရိက် တစ်ခုဖြင့် ရွာသို့ဝင်၊ တစ်ခုဖြင့် အရံ၌ နေ၊ တစ်ခုဖြင့် ရေချိုးဆင်းကုန်၏။ သင်္ကန်း အပိုအလွန် ဆောင်သည်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ ပိုလွန်သော သင်္ကန်းကို မဆောင်အပ်၊ ဆောင်ငြားအံ့၊ ယထာဓမ္မ ကုစားစေအပ်၏။

ရှင်အာနန္ဒာအား ပိုလွန်သော သင်္ကန်းဖြစ်၏။ ထိုသင်္ကန်းကို ရှင်သာရိပုတြာအား လှူလို၏။ ရှင်သာရိပုတြာသည် သာကေတ၌ နေ၏။ အဘယ်သို့ ပြုရပါအံ့နည်းဟု လျှောက်၏။ ချစ်သား အာနန္ဒာ၊ အဘယ်မျှကြာလျှင် သာရိပုတြာ ရောက်လတ္တံ့နည်း။ ကိုးရက် ဆယ်ရက် ကြာလျှင် ရောက်ပါလိမ့်မည်။ ချစ်သားတို့ ဆယ်ရက်ရှိသော ကာလပတ်လုံး ပိုလွန်သော သင်္ကန်းကို ထားခြင်းငှါ ခွင့်ပြု၏။

ရဟန်းတို့အား ပိုလွန်သော သင်္ကန်းသည် ဖြစ်၏၊ အဘယ်သို့ ပြုရပါအံ့နည်းဟု လျှောက်ကုန်၏။ ချစ်သားတို့၊ ပိုလွန်သော သင်္ကန်းကို ဝိကပ္ပနာ ပြုခြင်းငှါ ခွင့်ပြု၏။

လေးထပ်သင်္ကန်းဖြင့် ဖာခြင်း

ထိုအခါ မြတ်စွာဘုရားသည် ဝေသာလီမှ ဗာရာဏသီသို့ ကြွ၍ ဣတိပတန မိဂဒါဝုန်၌ နေတော်မူ၏။ ရဟန်းတစ်ပါးအား သင်းပိုင် အပေါက် ဖြစ်၏။ ဘုရားရှင်သည် ဒုကုဋ် နှစ်ထပ်၊ ကိုယ်ရုံ သင်းပိုင် တစ်ထပ်ကို ခွင့်ပြု၏။ ငါ၏ သင်းပိုင်ပေါက် ဖာလျှင် ဝန်းကျင်နှစ်ထပ်၊ အလယ် တစ်ထပ် ဖြစ်လတ္တံ့ဟု ကြံ၍ အဂ္ဂဠ-အဖာကို ပေး၏။ မြတ်စွာဘုရားသည် ကျောင်းလှည့်လည်စဉ် မြင်၍ ချစ်သား၊ အဘယ်ကို ပြုသနည်း၊ သင်္ကန်း ဖာခြင်းကို ပြုပါသည် ဘုရား။

ချစ်သား၊ သာဓု သာဓု။ သင်္ကန်းပေါက် ဖာခြင်းသည် ကောင်းပေ၏ဟု မိန့်တော်မူ၍ ရဟန်းတို့ကို တရားဟောပြီးလျှင် ချစ်သားတို့၊ အဟတ - အဝတ်သစ်ဖြစ်အံ့၊ အဟတ ကပ္ပ - အဝတ်သစ် နီးနီး ဖြစ်အံ့ နှစ်ထပ်သော ဒုကုဋ်ကို၊ တစ်ထပ်သော ကိုယ်ရုံသင်းပိုင်ကို လည်းကောင်၊ ဥတုဒ္ဓဋ- အဝတ်ဟောင်း ဖြစ်အံ့၊ လေးထပ်သော ဒုကုဋ်ကို၊ နှစ်ထပ်သော ကိုယ်ရုံကို သင်းပိုင်ကို လည်းကောင်း၊ ပံ့သကူ၌ အလိုရှိတိုင်း ထပ်ခြင်းကို လည်းကောင်း ခွင့်ပြု၏။ အိမ်ဈေး အနီးကျသော အဝတ်၌ အားထုတ်ခြင်းကို ပြုအပ်၏။ ချစ်သားတို့၊

အဂ္ဂဠ-အဖာပေးခြင်းကို။
တုန္န-အပ်လျှို ထိုးခြင်းကို။
ဩဝဋ္ဋိက-လုံး၍ ချုပ်ခြင်းကို။
ကဏ္ဍသက- ဆောက်ပြား ထိုးခြင်းကို။
ဒဠှီကမ္မ-မြဲအောင်ပြုခြင်းကို ခွင့်ပြု၏။
(ချည်ဖြင့် ဖာခြင်းကို နောက် ခွင့်ပြုလတ္တံ့။)

[အဖာကို ပေးခြင်း ဟူသည် အပေါက်နေရာ၌ အဝတ်ပိုင်း ကပ်စေခြင်းတည်း။

အဟတ ကပ္ပသည် တစ်ကြိမ်ဖွပ်ပြီးဖြစ်၏။

ဥတုဒ္ဓဋ ဟူသည် ဥတုတော + ဥဒ္ဓဋ - ကြာမြင့်သော ဥတုကာလမှ + ထုတ်ဆောင်အပ်၏။ အစာ ချေပြီးသော အဝတ်ဟောင်းဟု ဆိုလိုသည်။

ပါပဏိကေတိ အန္တရာ ပဏ တောပတိတပိ လောတိက စီဝရေ - အိမ်ဈေး အနီးကျသော အဝတ် သင်္ကန်း၌ အားထုတ်ခြင်း ဟူသည် ရှာဖွေခြင်းကို ပြုအပ်၏။ ဤအဝတ်၌ ပိုင်းခြား မရှိ၊ အထပ်တစ်ရာလည်း အပ်၏။ ဤစကားအားလုံးကို သုံးဆောင်လိုသော ရဟန်း၏ အစွမ်းဖြင့် ဟောသည်။

အဂ္ဂဠ ဟူသည် ပယ်ထုတ်၍ ကပ်စေအပ်သော အဝတ်ပိုင်းတည်း။

တုန္န ဟူသည် ချုပ်ခြင်းတည်း။

ဩဝဋ္ဋိက ဟူသည် လုံး၍ ပြုခြင်းတည်း။

ကဏ္ဍုသက ဟူသည် မုဒ္ဒိကာ- ဆောက်ပြား ထိုးခြင်းတည်း။

ဒဠှီကမ္မ ဟူသည် ပယ်ထုတ်ခြင်း မပြုဘဲ မှီထပ်၍ ကပ်စေသော အဝတ်ပိုင်းတည်း။]

(သာဋီ … အစ္ဆုပေယျန္တိ ပတိဋ္ဌပေယျံ - ပေါက်ရာ၌ အဝတ်ပိုင်း တည်စေရမှုတည်း။

ဟတဝတ္တကာ နန္တိကာလာတိတ ဝတ္ထာနံ - ကာလ လွန်သော အဝတ်ဟောင်းတို့တည်း။

ပယ်ထုတ်၍ ဟူသည် အဆွေးနေရာကို ပယ်၍ ကပ်စေအပ်သော အဝတ်ပိုင်းတည်း။

ဝိဋီ ... ပယ်ထုတ်ခြင်း မပြုဘဲ ဟူသည် အဂ္ဂဠ၌ ကဲ့သို့ အဆွေး ဒုဗ္ဗလ ဌာန မပယ်မူ၍သာတည်း။)

ဝိသာခါ တောင်းဆု ရှစ်ပါး

ထိုမှ နောက်၌ မြတ်စွာဘုရားသည် ဗာရာဏသီမှ သာဝတ္ထိသို့ကြွ၍ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ဝိသာခါ ကျောင်းအမသည် ဘုရားရှင်ထံ ချဉ်းကပ်၍ နက်ဖြန်အတွက် ရဟန်းသံဃာနှင့်တကွ ဆွမ်းဘုဉ်းပေး ကြွတော်မူပါဟု ပင့်လျှောက်၏။ ထိုညဥ့်အလွန်တွင် လေးကျွန်းလုံးနှံ့သော မိုးကြီးသည် ရွာသွန်း၏။ ချစ်သားတို့၊ ဤမိုးသည် လေးကျွန်းလုံး ရွာသွန်း၏။ ကိုယ်ကို မိုးရေစွတ်စိုစေကြလော။ နောက်ဆုံး မိုးဖြစ်သည်ဟု မိန့်တော်မူ၏။

ဝိသာခါသည် ဆွမ်းပြင်ပြီးသောအခါ ကျွန်မတစ်ယောက်ကို အရံသို့ သွားချေလော၊ ဆွမ်းချိန်တန်ပါပြီ-ဟု လျှောက်ချေလောဟု စေလွှတ်လိုက်၏။ ကျွန်မသည် အရံတွင်း၌ ချအပ်သော သင်္ကန်းဖြင့် ရေချိုးနေကြသည်ကို မြင်၍ ပြန်သွားပြီးလျှင် အရှင်မ၊ အရံတွင်း၌ ရဟန်း မရှိ၊ အာဇီဝက (တိတ္ထိတက္ကတွန်း) တို့ ရေချိုးနေကြသည်ဟု ပြောပြ၏။

နောက်တစ်ကြိမ် စေခိုင်းလတ်သော် ရဟန်းတို့သည် ကိုယ်ကို အေးချမ်း အောင်ပြု၍ မပင်မပန်း ခန့်ကျန်းသော ကိုယ်ဖြင့် ကျောင်းတွင်းဝင်၍ နေကြသောကြောင့် မမြင်ရသဖြင့်၊ အရံတစ်ခုလုံး ဆိတ်ငြိမ် နေသည်ဟု ပြန်ပြော၏။ နောက်တစ်ကြိမ် စေခိုင်းလတ်သော် ရဟန်း သံဃာနှင့်တကွ မြတ်စွာဘုရားသည် ကွေးသောလက် ဆန့်သကဲ့သို့ ဇေတဝန်မှ ကွယ်ပျောက်၍ ဝိသာခါအိမ် တံခါးမုခ်၌ ထင်ရှားဖြစ်၍ ခင်းသောနေရာတို့၌ ထိုင်ကုန်၏။

ဝိသာခါသည် ဘုရားရှင်၏ တန်ခိုးတော် ကြီးလေစွ၊ ရေအယဉ်သည် ခါးစောင်းမျှ ရေစီးနေလျက် ရဟန်း တစ်ပါးမျှ ဖဝါးမစွတ်၊ သင်္ကန်း မစိုဟု ဝမ်းမြောက်စွာ ဆွမ်းကပ်၏။ ဆွမ်းကိစ္စပြီးသောအခါ မြတ်စွာဘုရား၊ ရှစ်ပါးသောဆုကို တောင်းလိုပါသည် ဘုရား။ ဝိသာခါ ဘုရားရှင်တို့သည် ဆုကို နှစ်သက်ကုန်၏။ မြတ်စွာဘုရား၊ အပြစ် မရှိ၊ အပ်သော ဆုများဖြစ်ပါသည် ဘုရား။ ဝိသာခါ၊ ဆိုလော။

မြတ်စွာဘုရား သံဃာအား တစ်သက်လုံး ဝဿိကသာဋိက-မိုးရေခံသင်္ကန်း (ရေသနုတ်) ကို လှူလိုပါသည်။ အာဂန္တုက ဘတ်ဂမိကဘတ်ဂိလာန ဘတ်ဂိလာနုပဋ္ဌာက ဘတ်ဂိလာန ဘေသဇ္ဇဓုဝ ယာဂုကို လှူလိုပါသည်။ ဘိက္ခုနီ သံဃာအား ဥဒကသာဋိက-ရေသနုတ်ကို လှူလိုပါသည်ဟု လျှောက်၏။

ဝဿိကသာဋိ (၁) အာ၊ ဂမိ (၂)၊ သုံးဂိ (၃) ယာဂု၊ သာဋိကာ (၂)။

(သာဋီ ... ကလ္လကာယာတိ အကိလန္တကာယာ - မပင်ပန်းသောကိုယ် ရှိကုန်၏။ ပီတိသောမနဿဖြင့် တွေ့ထိသောကိုယ် ရှိကုန်၏။

ဝိဋီ ... ထိုထက် မထူး။

ဇီဋီ ... အလ္လိကာယာ တိပိပါဋ္ဌော အတ္တိ။ စိုသောကိုယ် ရှိကုန်၏ ဟူ၍လည်း ရှိတတ်၏။)

ဆုရှစ်ပါး တောင်းကြောင်း

ဝိသာခါ၊ သင်သည် အဘယ်အကြောင်းကြောင့် ရှစ်ပါးသောဆုကို တောင်းသနည်း။ မြတ်စွာဘုရား၊ ကျွန်မကို အရံသို့ စေလွှတ်သောအခါ အရံတွင်း၌ အာဇီဝကတို့ ရေချိုးနေကြသည်ဟု ပြောပြပါသည်။ အဝတ်မဲ့ ရေချိုးခြင်းသည် မလျောက်ပတ်ပါ၊ ထိုအကြောင်းကြောင့် တစ်သက်လုံး မိုးရေခံလှူလိုပါသည် ဘုရား။

အာဂန္တု ရဟန်းသည် ဆွမ်းခံလမ်းမသိ၍ ပင်ပန်းပါသည်။ အာဂန္တုက ဘတ်ကို သုံးဆောင်၍ လမ်းသိမှ ပင်ပန်းခြင်း ကင်းပါသည်။ ထိုကြောင့် တစ်သက်လုံး အာဂန္တုကဘတ် လှူလိုပါသည် ဘုရား။

ခရီးသွား ရဟန်းသည် ဆွမ်းခံသွားနေရလျှင် ခရီးချိန်နောက်ကျ ပါသည်။ ဂမိယဘတ် သုံးဆောင်ရလျှင် အချိန် မလင့်ပါ။

ဂိလာန ရဟန်းသည် သပ္ပါယ ဘောဇဉ်မရလျှင် အနာတိုးခြင်း၊ ပျံလွန်ခြင်း အတွက် စိုးရိမ်ဖွယ် ဖြစ်ပါသည်။ ဂိလာနဘတ် သုံးဆောင်ရလျှင် အန္တရာယ် ကင်းနိုင်ပါသည်။

ဂိလာန လုပ်ကျွေးသူသည် မိမိအတွက် ဆွမ်းခံပြီးမှ ဂိလာနထံ ဆွမ်းပို့ နေမြင့်နေသဖြင့် မစားနိုင်ပါ၊ ဂိလာနုပဋ္ဌာက ဘတ်ကို ရလျှင် အချိန်မီ ဆွမ်းပို့နိုင်ပါသည်။

ဂီလာနအား သပ္ပါယ ဆေးမှရလျှင် အနာတိုးခြင်း၊ ပျံလွန်ခြင်း စိုးရိမ်ရပါသည်။ (ဘေသဇ္ဇက္ခန္ဓက) အန္ဓကဝိန္ဒ အရပ်၌ ယာဂုအကျိုးဆယ်ပါး ဘုရားရှင် ဟောပါသည်။ ထိုကြောင့် တစ်သက်လုံး ဓုဝယာဂု လှူလိုပါသည်၊

မြတ်စွာဘုရား၊ ဘိက္ခုနီတို့သည် အစိဝရတိ မြစ်၌ ပြည့်တန်ဆာမတို့နှင့်အတူ အဝတ်မဲ့ရေချိုးကြစဉ်၊ အရှင်မတို့၊ ငယ်ရွယ်စဉ် တရားအားထုတ်ခြင်းဖြင့် အကျိုးမရှိ၊ ကာမဂုဏ် ခံစား၍ အိုမင်းမှ တရား အားထုတ်လျှင် အကျိုးနှစ်ပါး ရမည် မဟုတ်လောဟု ပြက်ရယ်ပြု ခံကြရပါသည်။ အဝတ်မဲ့ ရေချိုးခြင်း မလျော်ပါ။ ထိုအကြောင်းကြောင့် ဘိက္ခုနီ သံဃာအား တစ်သက်လုံး ရေသနုတ် လှူလိုပါသည် ဘုံရား-ဟု လျှောက်၏။

ဆုရှစ်ပါး အာနိသင်

ဝိသာခါ၊ သင်သည် အဘယ် အာနိသင်ကို မြင်၍ ရှစ်ပါးသော ဆုကို တောင်းသနည်း။

မြတ်စွာဘုရား၊ အရပ်ရပ်မှ ဝါကျွတ်သော ရဟန်းတို့သည်၊ သာဝတ္ထိသို့ ဘုရားဖူး ရောက်လာကုန်လတ္တံ့၊ ဤမည် ဤမည်သော ရဟန်းသည် ပျံလွန်ပါပြီ၊ ထိုရဟန်း၏ ဂတိသည် (ဝါ-ဉာဏဂတိ-ဉာဏ်ရခြင်းသည်) အဘယ်ပါနည်းဟု လျှောက်ကုန်လတ္တံ့။ သောတာပန်၊ သကဒါဂါမ် စသည်ဖြင့် ဉာဏဂတိကို မြတ်စွာဘုရား မိန့်ကြားပါလိမ့်မည်။

ထို ရဟန်း သာဝတ္ထိသို့ ရောက်ဖူးပါသလောဟု အကျွန်ုပ် လျှောက်ထားပါအံ့၊ ရောက်ဖူးသည်ဟု အမိန့်ရှိကြပါလျှင် ထိုအရှင်သည် မချွတ် မိုးရေခံကို သုံးဆောင်ဖူးပြီ၊ အာဂန္တုက ဘတ်၊ ...လ... ။ ဓုဝ ယာဂုကို သုံးဆောင်ဖူးပြီဟု ဆုံးဖြတ်၍ သတိရတိုင်း ပါမုဇ္ဇပီတိပဿဒ္ဓိသုခသမာဓိ အဆင့်ဆင့် ဖြစ်ပါလိမ့်မည်။ ထို သမာဓိသည် အကျွန်ုပ်အား ဣန္ဒြိယ ဘာဝနာဗလ ဘာဝနာဗောဇ္ဈင်္ဂ ဘာဝနာ ဖြစ်ပါလိမ့်မည်။ ဤသို့သော အာနိသင်ကို မြင်၍ ရှစ်ပါးသောဆုကို တောင်းပါသည် ဘုရားဟု လျှောက်၏။

ဝိသာခါ၊ ဤ အာနိသင်ကို မြင်၍ ရှစ်ပါးသော ဆုကို တောင်းခြင်းသည် ကောင်း၏။ သင်အား ရှစ်ပါးသော ဆုကို ငါဘုရား ခွင့်ပြု၏ မိန့်၍ ယာ အန္နပါနံ – စသော ဂါထာဖြင့် အနုမောဒနာ ပြုတော်မူ၏။ ထိုမှ ဖဲသွား၍၊ ရဟန်း တို့ကို တရားဟောပြီးလျှင် ချစ်သားတို့၊ မိုးရေခံ သင်္ကန်းကို၊ အာဂန္တုက ဘတ်ကို၊ ...လ... ၊ ဘိက္ခုနီ သံဃာအား ရေသနုတ်ကို ခွင့်ပြု၏ဟု မိန့်တော်မူ၏။

နိသီဒိုင် စသည် ခွင့်ပြုခြင်း

ထိုအခါ ရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ်တို့ကို သုံးဆောင်၍ သတိ သမ္မဇည ကင်းလျက် အိပ်ကုန်၏။ အိပ်ပျော်စဉ် အိပ်မက်ဖြင့် သုက်လွှတ်၏။ အိပ်ရာ နေရာ လိမ်းကပ်၏။ မြတ်စွာဘုရားသည် ကျောင်းလှည့်လည်စဉ် မြင်၍ အာနန္ဒာအား မေး၍ ထိုအကြောင်း လျှောက်ကြားသောအခါ ချစ်သား အားနန္ဒာ၊ သင်လျှောက်တိုင်း ဟုတ်ပေ၏။ သတိ၊ သမ္ပဇညဖြင့် အိပ်ပျော်လျှင် ကာမရာဂ ကင်း၍ ပုထုဇဉ်သို့အားသော်လည်း သုက်မလွတ်။ ရဟန္တာတို့အားကား လွှတ်နိုင်သောအကြောင်း မရှိစကောင်းဟု မိန့်၍ ရဟန်းတို့ကို ခေါ်တော်မူ၍ ထိုအကြောင်းပြော၍ --

ချစ်သားတို့၊ သတိ သမ္ပဇည ကင်း၍ အိပ်သူအား အပြစ်ငါးပါးရှိ၏။ ဆင်းရဲစွာအိပ်ရ၏။ ဆင်းရဲစွာ နိုး၏။ အိပ်မက်ဆိုး မြင်မက်၏။ နတ်တို့ မစောင့်ရှောက်၊ သုက် လွတ်၏။ သတိ သမ္ပဇညဖြင့် အိပ်သူအား ချမ်းသာစွာ အိပ်ရ၏။ ချမ်းသာစွာ နိုး၏။ အိပ်မက်ကောင်း မြင်မက်၏။ နတ်တို့ စောင့်ရှောက်ကုန်၏။ သုက်မလွတ်- အာနိသင် ငါးပါးရှိ၏။

ချစ်သားတို့၊ ကိုယ်ကိုစောင့်ခြင်းငှါ၊ သင်္ကန်းကို စောင့်ခြင်းငှါ၊ အိပ်ရာနေရာကို စောင့်ခြင်းငှါ နိသီဒိုင်ကို ခွင့်ပြု ၏။

အလွန်ငယ်သော နိသီဒိုင်သည် အိပ်ရာနေရာကို ကောင်းစွာ မစောင့်နိုင်သဖြင့် မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့ ပစ္စတ္ထရဏ - အိပ်ရာခင်းကို လိုသလောက် ကြီးစွာပြုခြင်းငှါ ခွင့်ပြု၏။

ရှင်အာနန္ဒာ၏ ဥပဇ္ဈာယ် ရှင်ဗေလဋ္ဌသီသအား ဝဲကြီးနာ စွဲကပ်၏။ သင်္ကန်းနှင့် ကိုယ်ကို အစေးကပ်၍ ရေဆွတ်ခွါရကုန်၏။ ချစ်သားတို့၊ ယားနာ၊ အိုင်းနာ၊ အရည်ယိုသော အနာ၊ ဝဲကြီးနာ စွဲကပ်သော ရဟန်းအား ကဏ္ဍုပဋိစ္ဆာဒိ-အမာလွှမ်းကို ခွင့်ပြု၏။

အခါတစ်ပါး ဝိသာခါသည် မုခ ပုဉ္ဆန စောဠ - မျက်နှာသုတ်ပဝါကို မြတ်စွာဘုရားအား အလှူခံတော်မူပါဟု လျှောက်၏။ အလှူခံပြီးလျှင် ချစ်သားတို့၊ မျက်နှာသုတ်ပဝါကို ခွင့်ပြု၏-ဟု မိန့်တော်မူ၏

[ကာမရာဂ ကင်း၍ ပုထုဇဉ်တို့အားသော်လည်း ဈာနလာဘီတို့ အားတည်း။]

(ဇီဋီ ... အကြောင်းမရှိစကောင်း ဟူသည်၌ ရူပကဏ္ဍစတုသမုဋ္ဌာနိက-ဟု ဆိုသောကြောင့်၊ ကံကြောင့် ဖြစ်နိုင်သော်လည်း၊ ရာဂစိတ် မရှိခြင်းကြောင့် မလွတ် ဟူ၍ လည်းကောင်း၊ ရာဂအကြောင်းခံမှ ကံကြောင့် ဖြစ်နိုင်သည် ဟူ၍ လည်းကောင်း၊ စိစစ်၍ ယူအပ်၏။ ကထာဝတ္ထုဖြင့်လည်း စိစစ်အပ်၏၊

သာဋီ ... ဆင်းရဲစွာအိပ်ရ၏ ဟူသည် အိပ်မက်ထူးတူး မြင်လျက် ဆင်းရဲစွာ အိပ်ရ၏။

ဆင်းရဲစွာ နိုး၏ ဟူသည် ထိတ်လန့်လျက် ကြက်သီး မွေးညင်းထလျက် နိုး၏။)

ဝိဿာသဂ္ဂါဟ အင်္ဂါငါးပါး၊ သုံးပါး

ထိုအခါ ရောဇမလ္လာမင်းသည် ရှင်အာနန္ဒာ၏ သဟာယ သူငယ်ချင်းဖြစ်၏။ ခေါမ အဝတ်တစ်ထည်ကို ရှင်အာနန္ဒာ၏ လက်၌ ထား၏။ ရှင်အာနန္ဒာသည် ထိုအဝတ်ဖြင့် အလိုရှိ၏။ ဘုရားရှင်အား လျှောက်၏။ ချစ်သားတို့၊ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသူအား အကျွမ်းတဝင် ယူခြင်းငှါ ခွင့်ပြု၏။ မြင်ဖူးခြင်း၊ တကွ သုံးဆောင်ဖူးခြင်း၊ စကား ပြောဖူးခြင်း၊ အသက်ရှိခြင်း၊ ငါယူလျှင် နှစ်သက်လတ္တံ့ဟု သိခြင်း။ ချစ်သားတို့၊ ဤ အင်္ဂါငါးပါးနှင့် ပြည့်စုံသူအား အကျွမ်းတဝင် ယူခြင်း ခွင့်ပြု၏။

[မြင်ဖူးခြင်း ဟူသည် မြင်ဖူးရုံမျှ မိတ်ဆွေတည်း။

တကွ သုံးဆောင်ဖူးခြင်း ဟူသည် ပစ္စည်းကို အတူ သုံးဆောင်ဖူးသော ခိုင်မြဲသော မိတ်ဆွေတည်း။ (ပစ္စည်းပေးခြင်း၊ ယူခြင်းဖြင့် ဆက်ဆံသော ဒဠှမိတ္တ ဟူလို။)

စကားပြောဖူးခြင်း ဟူသည် ငါ၏ ပစ္စည်းကို လိုရာယူဟု ပြောဖူးသူတည်း။

ဤသုံးပါးတို့တွင် တစ်ပါးပါးနှင့် အသက်ရှိခြင်း၊ ငါယူလျှင် နှစ်သက်လတ္တံ့ ဟု သိခြင်း၊ ဤသို့သော (သုံးပါးစီ) အင်္ဂါတို့ဖြင့် အကျွမ်းတဝင် ယူခြင်းသည် ဝိဿာသဂ္ဂါဟ မြောက်၏။]

ပရိက္ခာရ စောဠ

ထိုအခါ ရဟန်းတို့အား တိစီဝရိက်သည် ပြည့်စုံ၏။ ပရိဿာဝန - ရေစစ် ပဝါဖြင့် လည်းကောင်း၊ ထဝိကာ-အိတ်ဖြင့် လည်းကောင်း အလိုရှိ၏။ ချစ်သားတို့၊ ပရိက္ခာရ စောဠက (လိုရာသုံးရန် အဝတ်) ကို ခွင့်ပြု၏။

(ဤတွင် သင်္ကန်း ကိုးထည် စုံလင်ပြီ။)

အဓိဋ္ဌာန်တင်ခွင့်

ထိုအခါ ရဟန်းတို့အား ဤသို့ အကြံဖြစ်၏။ မြတ်စွာဘုရားသည် တိစီဝရိတ်ကို လည်းကောင်း (၃)၊ မိုးရေခံ၊ နိသီဒိုင်၊ အိပ်ရာခင်း (၃)၊ အမာလွှမ်း၊ မျက်နှာသုတ်၊ ပရိက္ခာရ စောဠ (၃)--ကို လည်းကောင်း ခွင့်ပြု၏။ ထိုတို့ကို အဓိဋ္ဌာန် တင်အပ်ကုန် သလော၊ ဝိကပ္ပနာ ပြုအပ်ကုန်သလော-ဟု အကြံဖြစ်၍ လျှောက်ကုန်၏။

ချစ်သားတို့၊ တိစီဝရိက်ကို အဓိဋ္ဌာန် တင်ခြင်းငှါ ဝိကပ္ပနာ မပြုခြင်းငှါ ခွင့်ပြု၏။
မိုးရေခံကို မိုး လေးလပတ်လုံး အဓိဋ္ဌာန် တင်ခြင်းငှါ၊ ထိုနောက် ဝိကပ္ပနာ ပြုခြင်းငှါ ခွင့်ပြု၏။
နိသီဒိုင်ကို၊ အိပ်ရာခင်းကို အဓိဋ္ဌာန်တင်ခြင်းငှါ၊ ဝိကပ္ပနာ မပြုခြင်းငှါ။
အမာလွှမ်းကို အနာရှိသမျှပတ်လုံး အဓိဋ္ဌာန် တင်ခြင်းငှါ၊ ထိုနောက် ဝိကပ္ပနာ ပြုခြင်းငှါ။
မျက်နှာသုတ်ကို၊ ပရိက္ခရ စောဠကို အဓိဋ္ဌာန် တင်ခြင်းငှါ၊ ဝိကပ္ပနာ မပြုခြင်းငှါ ခွင့်ပြု၏။

တိစီဝရိက် (၃)၊ နိ၊ မာ၊ အိပ် (၃)၊ မျက်၊ ပရိက်၊ မိုး (၃)- သင်္ကန်းကိုး။

အဘယ်မျှ အငယ်ဆုံး အဝတ်သင်္ကန်းကို ဝိကပ္ပနာ ပြုအပ်သနည်းဟု ရဟန်းတို့အား အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ဘုရားရှင် လက်သစ်အားဖြင့် အလျား ရှစ်သစ်၊ အနံလေးသစ်ရှိသော အငယ်ဆုံး အဝတ်သင်္ကန်းကို ဝိကပ္ပနာ ပြုခြင်းငှါ ခွင့်ပြု၏။

(အမည် အသီးသီးဖြင့် အဓိဋ္ဌာန် တင်အပ်၏။ ဝိကပ္ပနာ မပြုအပ်။ စီဝရ ဟူသော အမည် သာမညဖြင့် ဝိကပ္ပနာ ပြုအပ်၏။ အဓိဋ္ဌာန် မတင်အပ် ဟူလို။

“ဘုရား တစ်သစ်၊ မဇ် သုံးသစ်၊ တို့မှာ လေးသစ်ခွဲ” ... နှင့်အညီ အလျား ရှစ်သစ်၊ အနံ လေးသစ်သည် မဇ္ဈိမ ၂၄-သစ်၊ ၁၃-သစ် ဖြစ်၏။ တို့မှာ- ၃၆-သစ်x၁၈-သစ်၊ ဝါ ... အလျား တစ်တောင့်ထွာ x အနံ တစ်ထွာ၊ ခြောက်သစ်ဖြစ်၏။ ထိုအနေ အဝတ်သည် စီဝရ မည်၏။ ဝိကပ္ပနာ ပြုလောက်၏ ဟူလို၊)

အနားပတ် ခွင့်ပြုခြင်း

ထိုအခါ ရှင်မဟာကဿပ၏ ပံ့သကူပြုသော သင်္ကန်းသည် လေး၏။ ချစ်သားတို့၊ သုတ္တလုခ-- ချည်သက်သက်ဖြင့် ဖာခြင်းကို ပြုခြင်းငှါ ခွင့်ပြု၏။

ဝိကဏ္ဏ-သင်္ကန်းထောင့် မညီခြင်း ဖြစ်၏။ ချစ်သားတို့၊ မညီသော ထောင့်ရှည်ကို ဖြတ်ခြင်းငှါ ခွင့်ပြု၏။

ချည်တို့သည် လျှောထွက်ကုန်၏။ ချစ်သားတို့၊ အနုဝါက-အလျား အနားပတ်ကို၊ ပရိဘဏ္ဍ-အနံ အနားပတ်ကို တင်ခြင်းငှါ ခွင့်ပြု၏။

ဒုကုဋ်၏ ပတ္ထ-အနားပတ်တို့သည် ပျက်စီးကုန်၏။ ချစ်သားတို့၊ အဋ္ဌပဒက တံကျစ် ရေးချုပ်ခြင်းငှါ ခွင့်ပြု၏။

[ပံသုကူလက တောတိကတ ပံသုကူလော - ပြုအပ်သော ပံ့သကူ သင်္ကန်းတည်း။

လေး၏ ဟူသည် ဆွေးရာ ဆွေးရာ အဖာ ထပ်တင်သော ကြောင့် လေး၏။

သုတ္တလုခ ဟူသည် ချည်ဖြင့်သာ ဖာခြင်းကို ပြုခြင်းငှါ ဟူလို။

ဝိကဏ္ဏ ဟူသည် ချည်ကို ဆွဲ၍ ဆွဲ၍ ချုပ်သောကြောင့် ထောင့်တစ်ခု ရှည်၏။

ဖြတ်ခြင်းငှါ ဟူသည် ရှည်သော ထောင့်ကို ဖြတ်ခြင်းငှါတည်း။

လျှောထွက် ဟူသည် ဖြတ်သောထောင့်မှ လျှော၏။

ပတ္တ ဟူသည် ကြီးသော အနားပတ် အဝတို့၌ သီသော ချည်လျှောသောကြောင့် ပတ္တ ဟူသော အနားပတ်တို့သည် ပျက်စီးကုန်၏။

အဋ္ဌပဒက ဟူသည် တံကျစ်ရေး အသွင်ဖြင့် အနားပတ်အဝကို ချုပ်ခြင်းငှါတည်း။]

(သာဋီ ... အဋ္ဌပဒက အသွင်ဖြင့် ဟူသည် တံကျစ်ရေး ပျဉ်ပြား အသွင်ဖြင့် ပတ္တပုခ-အနားပတ် အဝ၌ ထိုထိုနေရာ အခန်းပြ၍ ချုပ်ခြင်းငှါတည်း။

ဝိဋီ ... အဋ္ဌပဒက အသွင်ဖြင့် ဟူသည် အဋ္ဌပဒကဟု ခေါ်အပ်သော ကြွေအန် ကစားရာ ပျဉ်ပြားအရေး သဏ္ဌာန်ဖြင့်တည်း။)

သလင်းထောင်

ထိုအခါ ရဟန်းတစ်ပါး တိစီဝရိက် ပြုလတ်သော် အားလုံးဖြတ်လျှင် မလောက်မင ဖြစ်၏။ ချစ်သားတို့၊ နှစ်ထည်ဖြတ်၍ တစ်ထည် မဖြတ်သည်ကို ခွင့်ပြု၏။

နှစ်ထည် ဖြတ်၍ တစ်ထည်မဖြတ်လျှင် မလောက်မင ဖြစ်ပြန်၏။ ချစ်သားတို့၊ နှစ်ထည် မဖြတ်-တစ်ထည်ဖြတ်သည်တို့ ခွင့်ပြု၏။

တစ်ထည်ဖြတ်လည်း မလောက်မင ဖြစ်ပြန်သည်။ ချစ်သားတို့၊ အနွာဓိက-သလင်းထောင်ကိုသော်လည်း တင်ခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ အလုံးစုံ မဖြတ်သည်ကို မဆောင်အပ်၊ ဒုက္ကဋ်။

[အနွာဓိကကိုသော်လည်း ဟူသည် အာဂန္တုက ပတ္တကိုသော်လည်း ပေးခြင်းငှါတည်း။ ဤအာဂန္တုက ပတ္တကို မလောက်မငမှသာ တင်အပ်၏။ လောက်ငလျှင် အာဂန္တက ပတ္တ မအပ်။ ဖြတ်အပ်သည်သာတည်း။]

(ဝတ်ရုံလောက်သော အငယ်ဆုံး သင်္ကန်း အနေသာရှိသော လျား နံကြီးသော အဝတ်ကို ရ၍ ငါးခန်းဖြစ်အောင် ဖြတ်၍ ချုပ်ခဲ့လျှင် ငယ်သွား၍ ဝတ်ရုံခြင်းငှါ မလောက်နိုင်ရာ။ မဖြတ်ဘဲ အဝတ်ပြား ကလေးဖြင့် မြောင်းတို၊ မြောင်းရှည်၊ အိမ်ဝန်းကြီး၊ ငယ်ပေါ်အောင် ထပ်၍ တင်၍ ချုပ်လျှင် ဝတ်ရုံလောက်၏။ အဝတ်ပြားကလေးများ ထပ်ရာနေရာသည် နှစ်ထပ်ဖြစ်၏။ ဒုကုဋ်ဟု ထင်ရ၏။ ဒုကုဋ်အသွင်ဖြင့် နောက်မှ တင်ထားခြင်းသာတည်း။ ဒုကုဋ်ကား မဟုတ်။

အနုပစ္ဆာ + အာမိယတီတိ-အနွာဓိ၊ တမေဝ အနွာဓိကံ။ နောက်မှ တင်ထားသော အဝတ်ပြားကလေး ရ၏။ မလောက်မှသာ နှစ်ထည်ကို ဤသို့ပြုရသည်။ သုံးထည်လုံး မပြုအပ်။ လွန်စွာ တိမ်မြုပ်၏။)

သဒ္ဓါဒေယျ ဝိနိပါတ

ထိုအခါ ရဟန်းတစ်ပါးအား သင်္ကန်း (အဝတ်) များစွာဖြစ်၏။ မိဘတို့အား ပေးလို၍ လျှောက်၏။ ချစ်သားတို့၊ မိဘတို့ကို ပေးရာ၌ အပြစ်ဆိုဖွယ်မရှိ။ ချစ်သားတို့ မိဘတို့အား ပေးခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ သဒ္ဓါ၍ လှူသော ပစ္စည်းကို မဖျက်ဆီးအပ်။...ဒုက္ကဋ်၊

[သဒ္ဓါ၍လှူသော ပစ္စည်းကိုဟု ဟောရာ၌ ကြွင်းသော ဆွေမျိုးတို့အားပေးသော ရဟန်းသည် ဖျက်ဆီးသူ မည်သည်သာတည်း။ မိဘတို့သည် မင်းအဖြစ်၌ တည်ကုန်လျက်သော်လည်း တောင့်တကုန်အံ့၊ ပေးအပ်၏။]

ဒုကုဋ်ထားနိုင်ကြောင်း ငါးပါး

ထိုအခါ ရဟန်းတစ်ပါးသည် ယင်းတိုက်တော၌ သင်္ကန်းကိုထား၍ သင်းပိုင်၊ ကိုယ်ရုံမျှဖြင့် ရွာသို့ ဆွမ်းခံဝင်၏။ ခိုးသူတို့ သင်္ကန်းကို ယူသွား၍ သင်္ကန်း ခေါင်းပါး၏။ ချစ်သားတို့၊ သင်းပိုင်၊ ကိုယ်ရုံမျှဖြင့် ရွာသို့ မဝင်အပ်၊ ဒုက္ကဋ်။

အခါတစ်ပါး ရှင်အာနန္ဒာသည် သတိလစ်၍ သင်းပိုင်၊ ကိုယ်ရုံမျှဖြင့် ရွာသို့ ဆွမ်းခံဝင်၏။ ရဟန်းတို့ မေးလတ်သော် သတိလစ်၍ ဝင်မိပါသည်ဟု ဆို၏။ ချစ်သားတို့၊ ဒုကုဋ်ကိုထားခြင်းငှါ အကြောင်းတို့သည် ငါးပါးတို့တည်း။

၁။ ဂိလာန ဖြစ်အံ့၊
၂။ မိုးလေးလ ဖြစ်အံ့။
၃။ နဒိပါရံ ဂန္တု-မြစ်တစ်ဘက်သို့ သွားခြင်းငှါ ဖြစ်အံ့၊
၄။ အဂ္ဂဠဝုတ္တိ ဝိဟာရ- တံခါးဖွဲ့လုံသော ကျောင်းဖြစ်အံ့။
၅။ ကထိန်ခင်းသည် ဖြစ်အံ့ - ဤ ငါးပါးတို့ တည်း။

ချစ်သားတို့၊ ကိုယ်ရုံကို၊ သင်းပိုင်ကို ထားခြင်းငှါလည်း ထို အကြောင်းပါးပါးတို့တည်း။

ချစ်သားတို့၊ မိုးရေခံကို ထားခြင်းငှါ အကြောင်း ငါးပါးတည်း။ ဂိလာန ဖြစ်အံ့၊ နိမဂတ- မိုးကာလ လွန်အံ့၊ မြစ်တစ်ဘက်သို့ သွားသည်ဖြစ်အံ့၊ အဂ္ဂဠင်္ဂုတ္တိ ဝိဟာရ ဖြစ်အံ့၊ မိုးရေခံ မချုပ်သေး မပြီးသေး ဖြစ်အံ့-ဤ ငါးပါးတို့တည်း။

[ဂိလာန ဟူသည် နာခြင်းကြောင့် ယူသွားခြင်းငှါ မတတ်နိုင်သူတည်း။

ဝဿိက သင်္ကေတ-မိုးဥတု လေးလပတ်လုံးတည်း။

မြစ်တစ်ဘက်သို့ ဟူသည် မြစ်တစ်ဘက်၌ ဆွမ်းစားဖွယ်ရှိ၏။

အဂ္ဂဠဂုတ္တိ ဝိဟာရ ဟူသည် ထိုမြစ်ကူး၊ မိုးခါ၊ မမာ၊ ကထိန် အကြောင်းအားလုံးတို့၌ အဂ္ဂဠဂုတ္တိ သာလျှင် ပမာဏတည်း။ ကျောင်းလုံလျှင် ထိုအကြောင်း (လေးပါး) ထို့ကြောင့် ထား၍ ပြင်ပသို့ သွားခြင်းငှါ အပ်၏။ ကျောင်းမလုံလျှင် မအပ်။ တောနေ ရဟန်းအား ကျောင်းမလုံအံ့၊ ဘဏ္ဍာထည့်စရာ အိုး၌ထည့်၍ ကျောက်ခေါင်း သစ်ပင်ခေါင်း စသော လုံခြုံရာတို့၌ ထား၍ သွားအပ်၏။]

(ဝိဋီ ...
ပါဠိနဒိပါရဂတ ဟူသည် ရဟန်းအား နဒိပါရဂ မနသည် ဖြစ်၏။

အဂ္ဂဠဂုတ္တိသာလျှင် ပမာဏ ဟူသည် အကြောင်းလေးပါးကြောင့် ထားသူသည်လည်း တံခါးဖွဲ့လုံသော ကျောင်း၌သာ ထားခြင်းငှါ အပ်၏ ဟူသော အဓိပ္ပါယ်တည်း။

နိဿိမဂတ ဟူသည် ဝဿာန ဟူသော ကာလ အပိုင်းအခြား သီမာကို လွန်သော မိုးရေခံ ဖြစ်၏ ဟူလို၊၊

ဇီဋီ၊ သာဋီ ... ထိုထက် မထူး။)

မခင်း တစ်လ၊ ခင်း ငါးလ

ထိုအခါ ရဟန်းတစ်ပါးသည် တစ်ပါးတည်း ဝါတွင်းနေပြီးဖြစ်၏။ ထိုနေရာ၌ လူတို့သည် သံဃဿဒေမ-ဟု သင်္ကန်းတို့ကို လှူကုန်၏။ ထိုအခါ ဤသို့ အကြံဖြစ်၏။ မြတ်စွာဘုရားသည် အနည်းဆုံး လေးပါးကို သံဃာဟု ပညတ်သည်။ ငါ တစ်ပါးတည်းကို သံဃဿဒေမ-ဟု လှူကြသည်။ ဤ သံဃိက သင်္ကန်းတို့ကို သာဝတ္ထိသို့ ယူသွားရမူ ကောင်းလေစွဟု ကြံ၍ ယူသွား၍ မြတ်စွာဘုရားအား လျှောက်၏။

ချစ်သား ရဟန်း၊ သင်အားသာ ထိုသင်္ကန်းတို့သည် ကထိန်နုတ်သည် တိုင်အောင် ဖြစ်ကုန်၏၊ ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် တစ်ပါးတည်း ဝါတွင်းနေအံ့။ ထိုနေရာ၌ လူတို့သည် သံဃဿဒေမ ဟု သင်္ကန်းတို့ကို လှူကုန်အံ့။ ချစ်သားတို့၊ ထို ရဟန်းအားသာ ထိုသင်္ကန်းတို့သည် ကထိန်နုတ်သည် တိုင်အောင်ဟု ခွင့်ပြု၏။

[သင်အားသာ ထိုသင်္ကန်းတို့ ဟူသည် အရပ်တစ်ပါးသို့ ယူသွားသော်လည်း သင်အားသာတည်း။ သင်မှတစ်ပါး တစ်စုံတစ်ယောက် အစိုး မရ။ ဤသို့ ဟော၍ နောင်အခါလည်း ကုက္ကုစ္စ မရှိဘဲ ယူနိုင်ကုန်လတ္တံ့ ဟု ပြခြင်းငှါ၊ ဤသာသနာ၌ စသည်ကို မိန့်တော်မူသည်။

ကထိန်နုတ်သည် ထိုင်အောင် ဟူသည် ဂဏပုရက ရဟန်း ရ၍ (ကထိန်သင်္ကန်း ရ၍) ကထိန် ခင်းအံ့၊ ငါးလပတ်လုံး၊ မခင်းအံ့-စီဝရမာသ တစ်လပတ်လုံးသာတည်း။

သံဃဿ ဒေမ၊ သံဃံ ဥဒ္ဒိဿ ဒေမ၊ ဝဿံ ဝုတ္တ သံဃာ ဒေမ၊ ဝဿာ ဝါသိကံ ဒေမ - ဟု လှူသော သင်္ကန်း၊ မဝေဖန်မူ၍ ထိုကျောင်းသို့ သွင်းလာသော မတက စီဝရ သင်္ကန်းပင် ဖြစ်စေ၊ အားလုံး ထိုရဟန်း အားသာ ဖြစ်၏။ ဝဿာဝါသ အလို့ငှါ တိုးပွားအောင် အပ်ထားသော ပုဆိုးမှ လည်းကောင်း၊ တတြုပ္ပါဒမှ လည်းကောင်း၊ ဝါဆို သင်္ကန်းကို ယူအံ့၊ သုဂ္ဂဟိတ သာတည်း။

လက္ခဏာကား အမှတ်မရှိ ခြင်းရာဖြင့် သံဃာအား ဖြစ်သော အဝတ်သည် ကထိန်ခင်းသူအား ငါးလပတ်လုံး၊ မခင်းသူအား စီဝရမာသ တစ်လပတ်လုံး ရောက်၏။ ဤကား လက္ခဏာတည်း။

ဣဓ ဝဿံ ဝုတ္တ သံဃဿ ဒေမ ဟူသည် လည်းကောင်း၊ ဝဿာ ဝါသိကံ ဒေမ ဟူ၍ လည်းကောင်း ဆို၍ လှူအံ့၊ ထိုသင်္ကန်းသည် ကထိန်မခင်းသူ အားလည်း ငါးလပတ်လုံး ရောက်၏။ ထိုမှ ပြင်ပ (နွေဥတု၌) ဖြစ်သော ဝါဆိုသင်္ကန်းကိုကား အတိတ်ဝါ၌ ဝါဆိုသင်္ကန်းလော၊ အနာဂတ်ဝါ၌လောဟု မေးအပ်၏။ ပိဋ္ဌိသမယ၌ ဖြစ်သောကြောင့်တည်း။]

(သာဋီ ... ငါးလပတ်လုံး အစ္စန္တိသံယောဂ အနက်တည်း။

တိုးပွားအောင် ဟူသည် ဝဿာ ဝါသိက အလို့ငှါ ဝေယျာဝစ္စ ပြုသူတို့သည် တိုးပွားခြင်းကို ယှဉ်စေ၍ ထားသော ပုဆိုးမှတည်း။

တတြုပ္ပါဒမှ ဟူသည် အုန်းခြံ စသော တတြပ္ပါဒမှတည်း။ ဝဿာ ဝါသိက လာဘ်စွမ်းဖြင့် လည်းကောင်း၊ တတြုပ္ပါဒ စွမ်းဖြင့် လည်းကောင်း၊ အမှတ်မရှိ ခြင်းရာဖြင့် လည်းကောင်း၊ သံဃာကို ရည်၍ဖြစ်သော သင်္ကန်းအားလုံးသည် ထိုကထိန် ခင်းသူအား ငါးလပတ်လုံး မခင်းသူအား စီဝရမာသ တစ်လပတ်လုံး ရောက်၏ဟု အထူးမရှိ ဆိုပြီး၍လည်း တစ်ဖန် ဝဿာ ဝါသိက လာဘ်စွမ်းဖြင့် ဖြစ်သော သင်္ကန်း၌ ရအပ်သော အထူးကို ပြခြင်းငှါ ဣဓဝဿံ ဝုတ္တ သံဃဿ ... စသည်ကို ဆိုသည်။ ဣဓသည် သဒ္ဒါမျှသာ။ ဝဿံဝုတ္တ သံဃဿ ဒေမ-ဟု ဆိုရာ၌လည်း ထိုနည်းသာတည်း။

ကထိန် မခင်းသူအားလည်း ဟူသည် ဝဿာ ဝါသိက လာဘ်စွမ်းဖြင့် ဖြစ်သောကြောင့် ကထိန် မခင်းသော်လည်း ဝါကျွတ်ပြီးသူအား ငါးလပတ်လုံး ရောက်၏။ အချို့ကား ဣဓ သဒ္ဒါဖြင့် မှတ်သောကြောင့် ဟု ဆို၏။ အကြောင်း မဟုတ်။ ဣဓသဒ္ဒါဖြင့် မမှတ်ဘဲသော်လည်း ဝဿံဝုတ္တ သံဃဿ ဒေမ၊ ဝဿာ ဝါသိကံ ဒေမ -ဟု ဆောင်းဥတုအတွင်း ဝဿာ ဝါသိက လာဘ်စွမ်းဖြင့် လှူသော သင်္ကန်းသည် ကထိန် မခင်းသော်လည်း ဝါကျွတ်ပြီးသူအ ငါးလပတ်လုံး ရောက်၏။

ထိုကြောင့် နောက်၌ မာတိကာ ရှစ်ပါးတို့၌ ဝဿံ ဝုတ္တ သံဃဿ ဒေမ ဟူသော မာတိကာပုဒ်၏ ဝိနိစ္ဆယ၌ စီဝရ မာသတော ပဌာယ ယာဝ ဟေမန္တဿ ပစ္ဆိမောဒိ ဝသော၊ တာဝ ဝဿာ ဝါသိကံ ဒေမာတိဝုတ္တေ ကထိနံ အတ္ထတံ ဝါ ဟောတု အနတ္တ တံဝါ၊ အတီတ ဝဿံ ဝုတ္တာန မေဝ ပါပုဏာတိ..ဟု ဆို၏။

ထိုမှ ပြင်ပ ဟူသည် ငါးလမှ ပြင်ပတည်း။ နွေဥတု ပထမနေ့မှ စ၍ ဟူလို။

ပိဋ္ဌိသမယ၌ ဖြစ်သော ကြောင့်တည်း ဟူသည်ကို အနာဂတ် ဝါ၌လောဟု မေးအပ်၏ ဟူသည်၏ အခြားမဲ့၌ ရှုအပ်၏။ စာတို့၌-မခင်းသူအားလည်း ငါးလပတ်လုံး ရောက်၏ ဟူသည်၏ အခြားမဲ့၌ ရေးကြသည်။ တံနယုဇ္ဇတိ ... စသည်။

ဝိဋီ ... ထိုထက် မထူး။ ဝေယျာဝစ္စ ပြုသူတို့ဟု ဆိုရာ၌ ဒါယကာတို့ ဟူ၍ လည်းကောင်း၊ တံနယုဇ္ဇတိဟု ဆိုရာ၌ တံပမာ ဒလိခိတံ ဟူ၍လည်း ဆိုခြင်းမျှ ထူး၏။

ဇီဋီ ... “မခင်းအံ့-စီဝရ မာသ တစ်လပတ်လုံး” ဟူသည်ကို မဆိုထိုက်။ (ကထိန် နုတ်သည်တိုင်အောင် ဟူ၍ ခွင့်ပြုသည်။) စီဝရ မာသ တိုင်အောင်ဟု ခွင့်မပြု။ ကထိန် မခင်းသူအား ခွင့်ပြုသည် မဟုတ်”ဤသို့ စောဒနာ ငြားအံ့။ မဟုတ်။ အောက်၌ ခွင့်ပြုပြီးပြီ။ အကာလ စီဝရ မည်သည် ကထိန်မခင်းလျှင် ၁၁ လ၌၊ ခင်းလျှင် ၇- လ၌ ဖြစ်သော သင်္ကန်း၊ ကာလ၌လည်း ရှည်၍ လှူသော သင်္ကန်းဟု ခွင့်ပြုသည်။

ထိုကြောင့် ကထိန်မခင်းသူတို့အား စီဝရမာသ တစ်လ၌ ဖြစ်သော သင်္ကန်းသည် ထိုသူတို့အားသာဟု ထင်ရှား၏။ ထို့ကြောင့် ထို စကားကို ဤ၌ မဟောဘဲ တစ်ပါးတည်းသည်လည်း သုံးပါးသော ဂဏ ပုရကတို့ကို ရလျှင် ကထိန်ခင်းခြင်းငှါ ရသည် ဟူသော ကွယ်ဝှက်သော အနက်ကို ပြခြင်းငှါ ကထိန်နုတ်သည်တိုင်အောင်ဟု ခွင့်ပြုသည်။ ဤသို့ ခွင့်မပြုလျှင် ဤအနက်ကို မသိနိုင်။ ဝိနည်းဓိုရ်တို့ သိအပ်သော အနက်သာတည်း။ ထိုကြောင့် ထိုသို့ဟောသည်ဟု အပရေဟိ ဝုတ္တံ။ စသည်တည်း။ စတုဝဂ္ဂကံနှင့် ညီရုံသာ သုံးပါးဟု ဆိုဟန်ရှိသည်။ လေးပါးရှာမှ ကိစ္စ ပြီးမည်။)

တစ်ပါးတည်း ဝေယူနည်း

ထိုအခါ ရဟန်းတစ်ပါးသည် ဥတုကာလ၌ တစ်ပါးတည်းနေ၏။ ထိုနေရာ၌ လူတို့သည် သံဃဿ ဒေမ ဟု သင်္ကန်းတို့ကို လှူကုန်၏။ အနည်းဆုံး လေးပါးကို သံဃာဟု ပညတ်သည် ဟူ၍ သာဝတ္ထိသို့ ယူသွား၍ ရဟန်းတို့အား လျှောက်၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား လျှောက်ကုန်၏။

ချစ်သားတို့၊ သံမုခိဘူတ သံဃာဖြင့် ဝေဖန်ခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့၊ ဤသာသနာ၌ ဥတုကာလ တစ်ပါးတည်း နေရာ၌ သံဃဿ ဒေမ-ဟု သင်္ကန်းတို့ကို လှူကုန်အံ့၊ ချစ်သားတို့၊ ထိုရဟန်းသည် သင်္ကန်းတို့ကို မယှိမာနိ စီဝရာနိ-ဟု ဆောက်တည်ခြင်းငှါ ခွင့်ပြု၏။ ဤသို့ မဆောက်တည်မီ တစ်ပါးသော ရဟန်း ရောက်လာအံ့၊ သမဘာဂ ပေးအပ်၏။ ဤသို့ ဝေဖန်စဉ် ကမ္ပည်းတံ မချမီ တစ်ပါးသော ရဟန်း ရောက်လာအံ့၊ သမဘာဂ ပေးအပ်၏။ ကမ္ပည်းတံ ချပြီးမှ ရောက်လာအံ့ အလိုမရှိလျှင် အဖို့ မပေးအပ်။

[ဥတုကာလ ဟူသည် မိုးဥတုမှ တစ်ပါးသော ကာလတည်း။

သာဝတ္ထိသို့ ယူသွား၍ ဟူသည်၌ ထိုသင်္ကန်းတို့သည် ရောက်ရာ ရောက်ရာ ဌာန၌ သံဃိကတို့သာတည်း။ ဤ၌ ရဟန်းတို့ မြင်ခြင်းမျှသာ ပမာဏဖြစ်၏။ ထိုကြောင့် ရင်ဆိုင်လာသော ရဟန်းတို့သည် မေး၍ သိ၍ “ငါ့ရှင်၊ ငါတို့ သံဃာ မလောက်သေးသလော”ဟု ခရီးအကြား၌သာ ဝေဖန်စေ၍ ယူကုန်အံ့၊ သုဂ္ဂဟိတ ဖြစ်ကုန်၏။ ခရီးမှ ဖဲ၍ တစ်ခုခုသော ကျောင်းသို့၊ စရပ်သို့၊ အိမ်သို့ ဝင်အံ့၊ ထို၌ ရဟန်းတို့ မြင်၍၊ မေး၍ ဝေဖန်စေ၍ ယူကုန်အံ့၊ သုဂ္ဂဟိတ တို့သာတည်း။

ဆောက်တည်ခြင်းငှါ ဟူသည်၌ ကျင့်ဝတ်ကား- ခေါင်းလောင်းထိုး၍ ကာလ ကြွေးကြော်၍ အတန်ငယ် ဆိုင်း၍ ခေါင်းလောင်းသံ၊ ကြွေးကြော်သံမှတ်သား၍ ရဟန်းတို့ ရောက်လာလျှင် ထိုတို့နှင့် အတူ ဝေဖန်စေအပ်၏။ မရောက်လာကြလျှင် - မယှိမာနိ စီဝရာနိ ပါပုဏန္တိ-ဟု ဆောက်တည်အပ်ကုန်၏။ ဤသို့ ဆောက်တည်လျှင် ထိုသင်္ကန်း အားလုံး ထိုရဟန်းအားသာတည်း။ ဋ္ဌိတိကာ-အစဉ်ကား မတည်။ တစ်ခုစီ ခွဲထုတ်၍ အယံ ပဌမဘာဂေါ မယှံ ပါပုဏာတိ၊ အဟံ ဒုတိယဘာဂေါ မယှံ ပါပုဏာတိ-ဟု ယူအံ့၊ ဟူသမျှလည်း သုဂ္ဂဟိတတို့ ဖြစ်ကုန်၏။ အစဉ်သည်လည်း တည်၏။ ဤသို့ ရောက်စေ၍ ယူခြင်းဖြင့်လည်း ဆောက်တည် အပ်သည်သာတည်း။

ခေါင်းလောင်းထိုးခြင်း၊ ကာလ ကြွေးကြော်ခြင်း တို့ကို ပြု၍ လည်းကောင်း၊ မပြုမူ၍ လည်းကောင်း-ငါ တစ်ယောက်တည်းသာ ရှိသည်၊ ငါ၏ သင်္ကန်းတို့သာတည်း-ဟု ယူအံ့၊ ဒုဂ္ဂဟိတတို့ ဖြစ်ကုန်၏။ မယှံ ဧတာနိ ပါပုဏန္တိ-ဟု ယူအံ့၊ သုဂ္ဂဟိတတို့ ဖြစ်ကုန်၏။

ကမ္ပည်းတံ ချပြီးမှ ဟူသည် အဖို့တစ်ခု၌ ကမ္ပည်းတံတစ်ခု ချပြီးကာမျှ၌တည်း။ ရဟန်း တစ်ထောင် ဖြစ်သော်လည်း ယူပြီးသော သင်္ကန်းသာ မည်၏။ အလိုမရှိလျှင် အဖို့ကို မပေးအပ်။ မိမိအလိုဖြင့် ပေးလိုသူသို့ ပေးစေကုန်သတည်း။ အနုဘာဂ--နောက်ထပ် အဖို့၌လည်း ဧသေဝနယော။]

(သာဋီ ... အစဉ်ကား မတည် ဟူသည်၌ အစဉ် မတည်သည်ရှိသော် တစ်ဖန် သင်္ကန်းဖြစ်သောအခါ ရဟန်းတစ်ပါး ရောက်လာအံ့၊ ထက်ဝက်ခွဲ၍ နှစ်ပါးလုံး ယူအပ်၏။ အစဉ် တည်သည်ရှိသော် တစ်ပါး သင်္ကန်း ဖြစ်သောအခါ ရဟန်းငယ် ရောက်လာအံ့၊ အစဉ်သည် အောက်သို့သက်၏။ သီတင်းကြီး ရောက်လာအံ့၊ အစဉ်သည် အထက်သို့ တက်၏။ တစ်ပါးသောသူ မရှိအံ့။ တစ်ဖန် မိမိသို့ ရောက်စေ၍ ယူအပ်၏။

ဒုဂ္ဂဟိတ ဟူသည်၌ သံဃိကတို့သာ ဟူသော အဓိပ္ပါယ်တည်း။

ယူပြီးသော သင်္ကန်းသာ မည်၏ ဟူသည် ဤသူအား ဤအဖို့ ရောက်၏ဟု မသိသာသေးသော်လည်း အနက် သဘောအားဖြင့် ထိုသူတို့အား ရောက်ပြီးသာ ဟူလို။

ဝိဋီ ... ဒုဂ္ဂဟိတာနိတိ အဂ္ဂဟိတာနိ၊ သံဃိကာ နေဝါတိ အတ္ထော - အယူမမြောက်၍ သံဃိက တို့သာ ဟူလို။

ဇီဋီ ... မယှိမာနိ စီဝရာနိ ပါပုဏန္တိဟု ဆောက်တည်ခြင်းကို ဥက္ကဋ္ဌစွမ်းဖြင့် ဆိုသည်။ မယှိမာနိ စီဝရာနိ-ဟု ဆိုလျှင်လည်း ဆောက်တည်ခြင်းသာတည်း။ ဒုဂ္ဂဟိတာနီတိ သံဃိကာ နေဝ ဟောန္တိ-စသည်။)

ကျောင်း တစ်ပါးမှ ဆိုင်ပုံ

ထိုအခါ ရှင်ဣသိဒါသ၊ ရင်ဣသိဘဋ ဒွေဘာတိက မထေရ်တို့သည် သာဝတ္ထိ၌ ဝါကျွတ်ပြီး၍ ရွာငယ် ကျောင်းတစ်ခုသို့ သွားကုန်၏။ လူတို့သည် ကြာမြင့်မှ မထေရ်များ ကြွလာကြသည်ဟု သင်္ကန်းနှင့်တကွ ဆွမ်းကို လှူကုန်၏။ အာဝါသိကတို့သည် ဤ သံဃိက သင်္ကန်းတို့သည် မထေရ်တို့ကို အကြောင်းပြု၍ ဖြစ်ကုန်၏။ အဖို့ကို သာယာကုန်လတ္တံ့လော ပန်ကြား ကုန်၏။ ငါ့ရှင်တို့၊ ငါ့ရှင်တို့သည် ဘုရားရှင်ဟောသော တရားကို သိကုန်၏။ သင်တို့အားသာ ထိုသင်္ကန်းတို့သည် ကထိန်နုတ်သည်တိုင်အောင် ဖြစ်ကုန်၏ ဟု ဆိုကုန်၏။

ရဟန်း သုံးပါးတို့သည် ရာဇဂြိုဟ်၌ ဝါကပ်ကုန်၏။ လူတို့ သည် သံဃဿ ဒေမဟု သင်္ကန်းတို့ကို လှူကုန်၏။ လေးပါး သံဃာ မပြည့်သောကြောင့် အဘယ်သို့ ပြုကျင့်အပ်သနည်းဟု အကြံဖြစ်၏။ ထိုအခါ ရှင်နိလဝါသီ၊ ရှင်သာဏဝါသီ၊ ရှင်ဂေါတမ၊ ရှင်ဘဂု၊ ရှင်ဖဠိကသန္တာန တို့သည် ပါဋလိပုတ်ပြည် ကုက္ကိုဋာရုံကျောင်း၌ နေကုန်၏။ ထိုရဟန်း သုံးပါးတို့သည် ပါဋလိပုတ်သို့ သွား၍ မထေရ်တို့ကို မေးကုန်၏။ ငါ့ရှင်တို့၊ ငါတို့သည် ဘုရားရှင်ဟောသော တရားကို သိကုန်၏။ သင်တို့အားသာ ထိုသင်္ကန်းတို့သည် ကထိန်နုတ်သည် တိုင်အောင် ဖြစ်ကုန်၏ဟု ဆိုကုန်၏။

[သင်္ကန်းနှင့်တကွ ဟူသည် ကာလ စီဝရကိုလည်း (ကျောင်းရှိ) သံဃာအား ဤမှသာ လှူကုန်အံ့၊ သီးခြား စီရင်လျှင် ကြာမြင့်သည်ဟု လျှင်မြန်စွာသာလျှင် သင်္ကန်းနှင့်တကွ လှူကုန်၏၊

အကြောင်းပြု၍ဟူသည် တုမှေသု-အရှင်ဘုရားတို့၌ ကြည်ညိုခြင်းဖြင့် လျှင်မြန်စွာဖြစ်သော သင်္ကန်း တို့တည်း။

သံဃဿ ဒေမဟု လှူကုန်၏ ဟူသည် စီဝရ ကာလ တစ်ခုလုံး တဖြည်းဖြည်း လှူဆဲ လှူကုန်၏။ ရှေးဝတ္ထုနှစ်ခုတို့၌ ပြတ်သော အလှူ ဖြစ်သောကြောင့် အဒံသု ဟု (အတိတ်ဖြင့်) ဆိုသည်။

ရှင်နိလဝါသီ စသော မထေရ်တို့သည် ဝိနယ ပါမောက္ခ မထေရ်တို့တည်း။

ရှေ့ ဒွေဘာတိက ဝတ္တုနှင့် ဤဝတ္ထုသည် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးမှ ဖြစ်၏။ ဘုရားရှင်ကို ဖူးမြင်ဖူးသော မထေရ်တို့ ဖြစ်ကုန်၏။ ထိုကြောင့် ရှေးဝတ္တုတို့၌ မြတ်စွာဘုရား ပညတ်တော်မူခဲ့သော နည်းဖြင့်သာ (ဤ ဝတ္တုတို့၌) မိန့်ဆို ကြသည်။

(သာဋီ ... ဤမှသာ ဟူသည် မထေရ်တို့အား လှူအပ်သော သင်္ကန်းမျှ သာတည်း။

ဝိဋီ ... ဣတောဝါတိ ထေရာနံ ဒါတဗ္ဗတောဝ။ ဣဒါနေ ဝါတိ ဝါ အတ္ထော။ ဤအခါ၌လည်း ဟူ၍လည်း အနက်ဖြစ်၏။)

ကျောင်းတစ်ပါးမှ ယူသူအပြစ်

ထိုအခါ ရှင်ဥပနန္ဒသည် သာဝတ္ထိ၌ ဝါကျွတ်ပြီး၍ ရွာငယ် ကျောင်းသို့ သွား၏။ ထို၌လည်း ရဟန်းတို့သည် သင်္ကန်း ဝေဖန်မည်ဟု စည်းဝေးကုန်၏။ ငါ့ရှင်၊ ဤသံဃိက သင်္ကန်းတို့ကို ဝေဖန်မည်၊ အဖို့ကို သာယာ မည်လောဟု ဆိုကုန်၏။ ကောင်းပြီ၊ သာယာအံ့ဟု ဆို၍ ထိုကျောင်းမှ စီဝရဘာဂကို ယူ၍ တစ်ကျောင်းသို့ သွား၏။ ထို၌လည်း ရှေးအတူ ဝေဖန်မည်ဟု စည်းဝေး၍ သာယာမည်လောဟု ဆို၍ စီဝရဘာဂကို ယူ၍ တစ်ကျောင်းသို့ သွား၏။ ထို၌လည်း ရှေးအတူ စီဝရဘာဂကို ယူ၍ ကြီးစွာသော သင်္ကန်းအထုပ်ဖြင့် သာဝတ္ထိသို့ ပြန်လာ၏။

ရဟန်းတို့သည် ငါ့ရှင်ဥပနန္ဒ၊ ဘုန်းကံ ကြီးလေစွ၊ သင်္ကန်းများစွာ ရှိပေသည်ဟု ဆိုလတ်သော် ငါ့ရှင်တို့၊ အဘယ်မှာ ဘုန်းကံကြီးအံ့နည်း။ ဤနည်း ဤနည်းဖြင့် ရလာ၏ဟု ဆို၏။ ငါ့ရှင်ဥပနန္ဒ၊ သင်သည် တစ်ကျောင်း၌ ဝါကျွတ်သူဖြစ်လျက် တစ်ကျောင်း၌ စီဝရဘာဂကို သာယာသလောဟု မေးလတ်သော် ဟုတ်ပါသည်ဟု ဝန်ခံ၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ တစ်ကျောင်း၌ ဝါကျွတ်သူသည် တစ်ကျောင်း၌ စီဝရဘာဂကို မသာယာအပ်။ ... ဒုက္ကဋ်။

[ရွာငယ်ကျောင်းသို့ သွားသည်ဟူသည် သင်္ကန်း ဝေဖန်သူတို့သည် ငါအားလည်း ပေးကောင်း ပေးကုန်ရာ၏ ဟု သင်္ကန်းဝေဖန်ချိန် မှတ်သား၍သာ သွား၏။

သာယာမည်လော ဟူသည် ယူမည်လောတည်း။

ဤ၌ ရှင်ဥပနန္ဒအား အဖို့ မရောက်ကောင်းသော်လည်း မြို့သား၊ နှုတ်သီးကောင်း၊ ဓမ္မကထိကဟု (ကြောက်၍) သာယာမည်လောဟု ဆိုကုန်၏။ ဒုက္ကဋ်ဟု ဆိုကုန်၏။ ဒုက္ကဋ်ဟု ဆိုရာ၌ လဟုကာ အာပတ်ဖြစ်သော်လည်း ယူပြီးသော စိဝရတို့ကို ယူရာဌာနသို့ ပြန်ပေးအပ်ကုန်၏။ ပျောက်ပျက် ဆွေးရိအံ့၊ ဂီဝါ-အစားပေးအပ်၏။ ပေးလောဟု တောင်းလျက် မပေးသူကို ဓုရ နိက္ခေပ ပြုသောအခါ ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်အပ်၏။]

(ဇီဋီ ... တစ်ကျောင်း၌ ဝါကျွတ်သူသည် စသည်ကို စီဝရ သမယကို စွဲ၍ ပယ်ခြင်းကို ပြုအပ်၏။)

နှစ်ကျောင်း ဝါဆိုခြင်း

ထိုအခါ ရှင်ဥပနန္ဒသည်၊ ငါအား သင်္ကန်း များစွာ ဖြစ်လတ္တံ့ဟု တစ်ပါးတည်း အာဝါသ နှစ်ခု၌ ဝါဆို၏။ ရဟန်းတို့သည် ရှင်ဥပနန္ဒအား သင်္ကန်း အဖို့ကို အဘယ်သို့ ပေးရပါအံ့နည်းဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့၊ မောဃပုရိသအား ဧကဋ္ဋဝိပ္ပါယ-တစ်ပါးစာကို ပေးကြလော။ ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် သင်္ကန်းများစွာ ရလို၍ တစ်ပါးတည်း နှစ်ကျောင်း ဝါဆိုအံ့။ ဤကျောင်း၌ ထက်ဝက်၊ ထိုကျောင်း၌ ထက်ဝက် နေအံ့။ သင်္ကန်းအဖို့ကို ဤကျောင်းမှ ထက်ဝက်၊ ထိုကျောင်းမှု ထက်ဝက် ပေးအပ်၏။ အကြင် ကျောင်း၌ကား များစွာ နေအံ့။ ထို ကျောင်းမှ စီဝရ ပဋိဝီသ-သင်္ကန်းအဖို့ကို ပေးအပ်၏။

[ဧကာ ဓိပ္ပါယန္တိ ဧကံ အဓိပ္ပါယံ၊ ဧက ပုဂ္ဂလ ပဋိဝီသ မေ ဒေထာတိ အတ္ထော။ ပုဂ္ဂိုလ် တစ်ယောက်စာအဖို့ကို ပေးကြလော ဟူလို။ အဖို့ ပေးနည်း အစဉ်ထားလို၍ ဤသာသနာ၌ စသည်ကို မိန့်ဆိုသည်။

ဤ ကျောင်း၌ ထက်ဝက် စသည်၌ တစ်ကျောင်း တစ်ကျောင်း၌ တစ်ရက်စီ ဖြစ်စေ၊ ခုနစ်ရက်စီ ဖြစ်စေ နေအံ့၊ တစ်ကျောင်း တစ်ကျောင်း၌ ပုဂ္ဂိုလ် တစ်ယောက်ရသော အဖွဲ့တို့မှ ထက်ဝက် ထက်ဝက်စီ ပေးအပ်၏။ဤသို့ တစ်ပါးစာ ပေးခြင်းဖြစ်၏။ ပထမကျောင်း၌ နေ၍ ဒုတိယကျောင်း၌ ခုနစ်ရက် တစ်ကြိမ် အရုဏ်ကိုသာ တက်စေအံ့၊ ပထမကျောင်း၌ များစွာနေသည် မည်၏။ ထိုများစွာနေရာ ကျောင်းမှ အဖို့ကို ပေးအပ်၏။ ဤသို့လည်း တစ်ပါးစာ ပေးခြင်းဖြစ်၏။

ဧကာဓိပ္ပါယ ပေးခြင်းကိုလည်း၊ နာနာ လာဘ လာဘ်ကွဲသော ကျောင်း၊ နာနုပစာရ ခြံစည်းရိုးခြားသော ကျောင်း၊ ဧကသီမ ဝိဟာရ - ဥပစာရ သိမ်တူသော ကျောင်းတို့ဖြင့် ဆိုအပ်၏။

နာနာသီမ ဝိဟာရ၌ကား (ပထမ) ကျောင်း အိပ်ရာနေရာ ယူခြင်း ငြိမ်း၏။ (ဝါ- ဝါကျိုး၏။) ထိုကြောင့် ထိုငြိမ်းသော ကျောင်း၌ စီဝရ ပဋိဝီသသည် မရောက်၊ ကြွင်းသော အာမိသ၊ ဘေသဇ္ဇ စသည် အားလုံးကား နေရာမရွေး သိမ်တွင်း၌ တည်သူအား ရောက်၏။]

ဧကသီမ နာနာလာဘ

(သာဋီ ... ခုနစ်ရက် တစ်ကြိမ် အရုဏ်ကိုသာ တက်စေအံ့ ဟူသည် စကားမျှသာတည်း။ တစ်ခုတည်းသော ဝိဟာရ၌ သတ္တာဟ ကိစ္စ မရှိသောကြောင့်တည်း။

နာနာ လာဘ စသည်တို့၌ တခြားစီ အသီးသီး လာဘ်ရှိသော ဝိဟာရ နှစ်ခုသည် နာနာလာဘ မည်၏။

တခြားစီ အသီးသီး တံတိုင်း စသည်ဖြင့် ပိုင်းခြားသော ဥပစာရရှိသော ဝိဟာရ နှစ်ခုသည် ဧကသီမဝိဟာရ မည်၏။

ဝိဋီ ... ခုနစ်ရက်တစ်ကြိမ် စသည်ကို နာနာသီမ ဝိဟာရတို့၌ ပြုအပ်သော နည်းဖြင့် ဝိဟာရ တစ်ခုတည်း၌လည်း သေနာသန နှစ်ခုတို့၌ နေခြင်းကို ပြခြင်းငှါ ဆိုသည်။ အရုဏ်တက်စေခြင်းဖြင့်သာ နေသည်၊ ဝါပြတ်ခြင်းကို စောင့်ရှောက်ခြင်းငှါ မဟုတ်။

ဥပစာရ သိမ်တွင်း ၌လည်း အမှတ်မရှိရာ၌ အရုဏ်တက်စေသူသည် မိမိ ယူအပ်သော သေနာသနသို့ မဝင်သော်လည်း ဝါတွင်းနေသူသာ ဖြစ်၏။ ယူအပ်သော သေနာသန၌ နေသူကား မမည်။ အရုဏ်တက်စေလျှင်ကား နေသူမည်၏။ ထိုကြောင့် ပထမကျောင်း၌ များစွာနေသည် မည်၏ဟု ဆိုသည်။ ထိုစကားဖြင့်လည်း ခုနစ်ရက်တစ်ကြိမ် အရုဏ်တက်စေသော ကျောင်း၌ အနည်းငယ်နေသည် မည်၏ဟု ပြသည်။

နာနာလာဘ ဟူသည် အသီးသီး နိဗန္ဓဝဿာ ဝါသိက လာဘ်ရှိသော ကျောင်းတို့တည်း။

နာနုပစာရ ဟူသည် အရံ အသီးသီး၊ တံခါး အသီးသီး ရှိသော ကျောင်းတို့တည်း။

ဧကသီမ ဝိဟာရ ဟူသည် နှစ်ကျောင်း တစ်ရံတည်း ကာသောကြောင့် ဥပစာရ သိမ် (ဝါဆိုခေတ်) တစ်ခုအတွင်း နှစ်ကျောင်းတို့တည်း။

ငြိမ်း၏ ဟူသည် ပထမ ယူခြင်း ငြိမ်း၏။

ဇီဋီ ... တစ်ခုသော ဝိဟာရ၌ ရာဇ ဝိဟာရကဲ့သို့သော ဝိဟာရ၌ လည်းကောင်း၊ နာနာ ပရိဝေဏတို့၌ လည်းကောင်း၊ ဣဓ ဝုတ္တာ၀ လဘန္တိ-ဟု ဆို၍ လှူအပ်၏။

ခုနစ်ရက်တစ်ကြိမ် စသည်သည် ဝစန မတ္တသာတည်း။ ဧကဝိဟာရ၌ သတ္တာဟ ကိစ္စမရှိခြင်းကြောင့်တည်း။)

(ကထိနက္ခန္ဓကဋ္ဌကထာ၌ - အဝသေသေ ကထိနာ နိသံသေ ဗလဝ ဝတ္တာနိ ဝဿာဝါသိက ဋ္ဌိတိယာ ဒါတဗ္ဗာနိ။ ဋ္ဌိတိကာယ အဘာဝေ ထေရာသနတော ပဋ္ဌာယ ဒါတဗ္ဗာနိ။ ... ဟု ဆိုခဲ့သောကြောင့် ဤသို့သော နာနာလာဘ စသည်တို့၌ ဝဿာသိကဋ္ဌိတိဖြင့် ဆက်ပေးနိုင်အောင် ကထိန် အသီးသီး ခွဲခင်းရသည်ဟု ဆရာမြတ်တို့ မိန့်ဆိုကုန်၏။)

ဂိလာန လုပ်ကျွေးရခြင်း

ထိုအခါ ရဟန်းတစ်ပါးအား ဝမ်းပျက်နာ ဖြစ်၏။ မိမိ၏ ကျင်ငယ် ကျင်ကြီး၌ ပလိပန္နော-နစ်၍နေ၏။ (လိမ်းကျံ၏ ဟူလို)။ မြတ်စွာဘုရားသည် ရှင်အာနန္ဒာနှင့် ကျောင်းလှည့်လည်စဉ် မြင်၍ ချစ်သား ရဟန်း၊ အဘယ်အနာ ဖြစ်သနည်းဟု မေး၏။ ဝမ်းပျက်နာ ဖြစ်ပါသည်ဘုရား ပြုစုသူ ရှိသလော၊ မရှိပါဘုရား၊ အဘယ်ကြောင့် မပြုစုကြသနည်း။ ရဟန်းတို့အားလည်း မပြုစုမိသောကြောင့်ပါဘုရား။

ချစ်သား အာနန္ဒာ၊ ရေသွားယူလော၊ ရေချိုးပေးမည်ဟု မိန့်၍ ဘုရားရှင် ရေလောင်းပေး၏။ ရှင်အာနန္ဒ ရေဆေးပေး၏။ ဦးခေါင်းမှ ဘုရားရှင် မ၍ ခြေမှ ရှင်အာနန္ဒာ မ၍ ညောင်စောင်းငယ်၍ အိပ်စေကုန်၏။ [ရေဆေးပေး၍ သင်္ကန်းတစ်ထည် ဝတ်ပေး၍၊ ညောင်စောင်းငယ်၌အိပ်စေပြီးလျှင် ရှင်အာနန္ဒာသည် လိမ်းကျံသော သင်္ကန်းကို ဖွပ်လျှော်၍ မြေ၌ ပရိဘဏ္ဍ – အပြေအပြစ် ပြု၏။] (လိမ်းကျံရာကို ရေဆေး၍ နွားချေး လိမ်းကျံစေ၏ ဟူလို။)

ထိုနောက် ရဟန်းတို့ကို ခေါ်၍ ထိုရဟန်းအကြောင်း မေး၍ ချစ်သားတို့၊ သင်တို့အား လုပ်ကျွေးသူ မိ မရှိ၊ ဖ မရှိ၊ အချင်းချင်း မလုပ်ကျွေးကြလျှင် အဘယ်သူ လုပ်ကျွေးအံ့နည်း၊ ချစ်သားတို့၊ ငါဘုရားကို လုပ်ကျွေးလို သူသည် ဂီလာနကို လုပ်ကျွေးရာ၏။ ဥပဇ္ဈာယ် ရှိအံ့၊ ဥပဇ္ဈာယ်သည် တစ်သက်လုံး လုပ်ကျွေးအပ်၏။ အနာကင်းသည် တိုင်အောင် စောင့်ဆိုင်းအပ်၏။

အာစရိယ၊ သဒ္ဓိ ဝိဟာရိက၊ အန္တေဝါသိက၊ ဥပဇ္ဈာယ်တူ၊ ဆရာတူ ရှိအံ့၊ ဆရာတူသည် တစ်သက်လုံး ...လ... အပ်၏။ ဥပဇ္ဈာယ် အစ ရှိသော ခြောက်ယောက် မရှိအံ့၊ သံဃာသည် လုပ်ကျွေးအပ်၏။ မလုပ် ကျွေးငြားအံ့-ဒုက္ကဋ်။

ချစ်သားတို့၊ အင်္ဂါငါးပါးရှိသော ဂိလာနသည် အလုပ်အကျွေး ခက်၏။

၁။ သပ္ပါယ မဖြစ်သည်ကို ပြုလေ့ရှိ၏။
၂။ သပ္ပါယ ဖြစ်သည်၌ အတိုင်းအရှည် မသိ၊
၃။ ဆေးမမှီဝဲ၊
၄။ အကျိုးလို၍ လုပ်ကျွေးသူအား [ဤအစာ စား၍] အနာတိုးသည်၊ ဆုတ်သည်၊ တန့်သည်ဟု မှန်ကန်စွာ မပြောတတ်။
၅။ ဒုက္ခ ဝေဒနာကို သည်းမခံ-

ဤအင်္ဂါ ငါးပါးတည်း။ ထိုမှပြန်၍ အင်္ဂါငါးပါးရှိသော ဂိလာနသည် အလုပ်အကျွေး လွယ်၏။

ချစ်သားတို့၊ အင်္ဂါငါးပါးရှိသော လုပ်ကျွေးသူသည် ဂိလာနကို လုပ်ကျွေးခြင်းငှါ မသင့်။

၁။ ဆေး စီမံခြင်းငှါ (သူတစ်ပါး ပြောပြသော်လည်း) မစွမ်းနိုင်၊
၂။ သပ္ပါယ အသပ္ပါယ မသိ၍ အသပ္ပါယကို ပေး၍ သပ္ပါယကို ပယ်၏။
၃။ မေတ္တာစိတ် ကင်းလျက် အာမိသငဲ့၍ လုပ်ကျွေး၏။
၄။ ညစ်ကြေးစွန့်ခြင်းငှါ စက်ဆုပ်၏။
၅။ ဂိလာနအား ရံခါ တရားဟောခြင်းငှါ မစွမ်းနိုင်-

ဤငါးပါး တည်း။ ထိုမှပြန်၍ အင်္ဂါငါးပါးရှိသူသည် ဂိလာနကို လုပ်ကျွေးခြင်းငှါ သင့်၏။

[ငါဘုရားကို လုပ်ကျွေးလိုသူသည် ဂိလာနကို လုပ်ကျွေးရာ၏ ဟူသည် ငါ ဘုရား၏ ဩဝါဒ အနုသာသနီကို လိုက်နာသူသည် ဂိလာနကို လုပ်ကျွေးအပ်၏ ဟူ၍သာ အနက်ဖြစ်၏။ ဘုရားအား လည်းကောင်း၊ ဂိလာနအား လည်းကောင်း လုပ်ကျွေးခြင်းသည် ဧကသသ-တစ်မျိုးတည်း အတူဟု မယူအပ်။

သံဃာသည် လုပ်ကျွေးအပ်၏ ဟူသည် ဥပဇ္ဈာယ် စသော ခြောက်ယောက် ထိုဝိဟာရ၌ မရှိသော အာဂန္တု၊ ဖြစ်အံ့၊ တစ်ပါးတည်း နေသူသော်လည်း ဖြစ်အံ့၊ သံဃာ၏ တာဝန်ဖြစ်၏။ ထိုကြောင့် သံဃာသည် လုပ်ကျွေးအပ်၏။ မလုပ်ကျွေးငြားအံ့၊ သံဃာ အားလုံးအား အာပတ်တည်း။ အလှည့်ထား၍ လုပ်ကျွေးကြရာ၌ မိမိအလှည့်၌ မလုပ်ကျွေးသူ အားသာ အာပတ်တည်း။ သံဃ မထေရ်သည်လည်း အလှည့်မှ မလွတ်၊ သံဃာ အားလုံးသည် တစ်ယောက်အား တာဝန်ပြုအံ့။ ဝတ်ပြည့်စုံသူ တစ်ပါးက သော်လည်း ငါသာလုပ်ကျွေးမည်ဟု လုပ်ကျွေးအံ့၊ သံဃာသည် အာပတ်မှ လွတ်၏။ အာမိသံ အဿအန္တရန္တိ အာမိသန္တရော။ အန္တန္တိကာ ရဏံ ဝုစ္စတိအာမိသ အကြောင်းရှိ၏။ အာမိသ အကြောင်းကြောင့် ယာဂု ဆွမ်း သပိတ် သင်္ကန်းတို့ကို တောင့်တ၍ လုပ်ကျွေး၏ ဟူလို။]

(သာ ... ဆရာဟူ၌ ဆရာအား အန္တေဝါသိက တစ်ယောက်၊ သိဒ္ဓိ ဝိဟာရိက တစ်ယေက်ရှိအံ့၊ ထိုသူတို့သည်လည်း အချင်းချင်း ဆရာတူ တို့သာဟု ဆိုကုန်၏။)

လုပ်ကျွေးသူ ရထိုက်သော လာဘ်

ထိုအခါ ရဟန်း နှစ်ပါးတို့သည် ကောသလ ဇနပုဒ်တို့၌ ခရီးရှည် သွားကုန်၏။ ကျောင်းတစ်ခုသို့ ရောက်လတ်သော် တစ်ပါး ဂိလာန ဖြစ်၏။ ရဟန်းတို့သည် ဂီလာနအား လုပ်ကျွေးခြင်းကို ဘုရားရှင် ချီးမွမ်းသည်ဟု လုပ်ကျွေးကြ၏။ လုပ်ကျွေးစဉ် ပျံလွန်၏။ ထိုရဟန်းတို့သည် ပျံလွန်သူ၏ သပိတ်သင်္ကန်းကို သာဝတ္ထိသို့ ယူသွား၍ ဘုရားရှင်အား လျှောက်ကုန်၏။ ချစ်သားတို့၊ ရဟန်းပျံလွန်လျှင် သံဃာသည် သပိတ်သင်္ကန်း၌ အစိုးရ၏။ အစိုးရသော်လည်း ဂိလာန လုပ်ကျွေးသူတို့သည် ကျေးဇူးများကုန်၏။

ချစ်သားတို့၊ သံဃာသည် တိစီဝရိက်ကိုနှင့် သပိတ်ကို ဂိလာန လုပ်ကျွေးသူအား ပေးခြင်းငှါ ခွင့်ပြု၏။ ပေးပုံကား လုပ်ကျွေးသော ရဟန်းသည် သံဃာတို့ ချဉ်းကပ်၍ အရှင်ဘုရားတို့၊ ဤမည်သော ရဟန်း ပျံလွန်ပါပြီ၊ ဤကား ပျံလွန်သူ၏ တိစီဝရိက်တို့နှင့် သပိတ်ဖြစ်ပါသည်ဟု လျှောက်အပ်၏။ ဗျတ္တ ရဟန်းသည် သံဃာကို ဉာတ္တိ ဒုတိယ ကံဖြင့် သိစေအပ်၏။ ဝါ-ဤ တိစီဝရိက်နှင့် သပိတ်ကို လုပ်ကျွေးသူအား ပေးရာ၏။ ပေး၏။ သိစေအပ်၏။

ထိုအခါ သာမဏေတစ်ပါး ပျံလွန်၏။ ချစ်သားတို့၊ သာမဏေ ပျံလွန်လျှင် သံင်္ဃာသည် သပိတ်သင်္ကန်း၌ အစိုးရ၏။ အစိုးရသော်လည်း လုပ်ကျွေးသူတို့သည် ကျေးဇူးများကုန်၏။ ချစ်သားတို့ သံဃာသည် သင်္ကန်းနှင့် သပိတ်ကို ဂိလာန လုပ်ကျွေးသူအား ပေးခြင်းငှါ ခွင့်ပြု၏။ ပေးပုံကား လုပ်ကျွေးသော ရဟန်းသည် သံဃာသို့ ချဉ်းကပ်၍ …လ... သင်္ကန်းနှင့် သပိတ်ကို လုပ်ကျွေးသူအား ပေးရာ၏။ ပေးပြီဟု သိစေအပ်၏။

ရဟန်းနှင့် သာမဏေတို့သည် ဂိလာနကို လုပ်ကျွေးကုန်၏။ ဂိလာန ပျံလွန်၏။ လုပ်ကျွေးသူ သာမဏေအား အဘယ်သို့ သင်္ကန်းအဖို့ကို ပေးအပ်မည်နည်းဟု အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့၊ ဂိလာန လုပ်ကျွေးသူ သာမဏေအား ညီမျှသော အဖို့ကို ပေးခြင်းငှါ ခွင့်ပြု၏။

ရဟန်းတစ်ပါးသည် ဘဏ္ဍာ ပရိက္ခရာ ပေါများသူ ဖြစ်၍ ပျံလွန်၏။ ချစ်သားတို့၊ ရဟန်း ပျံလွန်လျှင် သံဃာသည် ပတ္တ စီဝရ၌ အစိုးရ၏။ အစိုးရသော်လည်း လုပ်ကျွေးသူတို့သည် ကျေးဇူးများကုန်၏။ ချစ်သားတို့၊ သံဃာသည် တိစီဝရိက်နှင့် သပိတ်ကို ဂိလာန လုပ်ကျွေးသူတို့အား ပေးခြင်းငှါ ခွင့်ပြု၏။ လဟုဘဏ္ဍာ လဟု ပရိက္ခရာကို သံမုခီဘူတ သံဃာဖြင့် ဝေဖန်ခြင်းငှါ ခွင့်ပြု၏။ ဂရု ဘဏ္ဍာ ဂရု ပရိက္ခရာကို အာဂတာ နာဂတ ဖြစ်သော စတုဒ္ဒိတ သံဃာ၏ မစွန့်အပ် မဝေဖန်အပ်သော ဥစ္စာဖြစ်ခြင်းကို ခွင့်ပြု၏။

[ဂိလာန လုပ်ကျွေးသူအား ပေးခြင်းငှါ ဟူသည်၌ အခြားမဲ့ ဟောသော ဉာတ္တိဒုတိယ ကမ္မဝါစာဖြင့် လည်းကောင်း၊ ပန်ကြား၍ လည်းကောင်၊ ပေးခြင်းသည် အပ်၏။ လဟု ဘဏ္ဍာ၊ ဂရုဘဏ္ဍာ အထူးကို သေနာသ နက္ခန္ဓက၌ ဖွင့်လတ္တံ့။

လုပ်ကျွေးသူတို့ ရထိုက်သော လာဘ်၌ ဝိနိစ္ဆယကား - ဘိက္ခု သံဃာအားလုံး လုပ်ကျွေးစဉ် ပျံလွန်အံ့၊ အားလုံးပင် အစိုးရ၏။ အချို့ အလှည့်ကျ ပြုပြီး၍ အချို့ မပြုမီ ပျံလွန်အံ့၊ ဆရာ အချို့ ဤသို့ ဆိုကုန်၏။ အားလုံးပင် မိမိအလှည့် ရောက်သောအခါ ပြုကုန်ရာ၏။ ထိုကြောင့် အားလုံးပင် အစိုးရကုန်၏။ အချို့ကား ပြုပြီးသူတို့သာ ရကုန်၏။ မပြုသေးသူတို့ မရကုန်ဟု ဆိုကုန်၏။ (နောက် ဝါဒသာ ပမာဏတည်း။)

သာမဏေ ပျံလွန်ရာ၌ သင်္ကန်းရှိအံ့၊ လုပ်ကျွေးသူတို့အား ပေးအပ်၏။ မရှိလျှင် ရှိရာ ပေးအပ်၏။ တစ်ပါးသော ပရိက္ခရာရှိလျှင် စီဝရ ဘာဂကို ပြု၍ ပေးအပ်၏။ ရဟန်းနှင့် သာမဏေ အတူ လုပ်ကျွေးအံ့၊ သမက ဘာဂ ပေးအပ်၏။ သာမဏေသာ လုပ်ကျွေးအံ့၊ ရဟန်းကား စီမံရုံမျှသာ ပြုအံ့၊ သာမဏေအား ဇေဋ္ဌက ဘာဂ ပေးအပ်၏။ သာမဏေသည် ရဟန်း ခပ်သောရေဖြင့် ယာဂု ကျိုကပ်ရုံသာ ပြုအံ့၊ ရဟန်းသည် လုပ်ကျွေးအံ့၊ ရဟန်းအား ဇေဋ္ဌက ဘာဂ ပေးအပ်၏။ ရဟန်းအများ အညီ လုပ်ကျွေးအံ့၊ အားလုံး သမဘဂ ပေးအပ်၏။

အထူး လုပ်ကျွေးသူအား အထူးပေးအပ်၏။ တစ်နေ့မျှပင် လုပ်ကျွေးခြင်းဖြင့် ယာဂု ဆွမ်းချက် ပေးခြင်း၊ ချိုးရေ စီရှင်ခြင်း ပြုသူလည်း လုပ်ကျွေးသူ မည်၏။ အနီးသို့ မကပ်ဘဲ ဆုံး ဆန် စသည်တို့ ပို့စေသူကား လုပ်ကျွေးသူ မမည်။ ရှာဖွေ၍ ယူလာအံ့၊ လုပ်ကျွေးသူသာတည်း။ တစ်ဦးသည် ဝတ်ကို အဦးပြု၍၊ တစ်ဦးသည် လာဘ်ကို တောင့်တ၍ လုပ်ကျွေးအံ့၊ ပျံလွန်သောအခ နှစ်ဦးလုံး လာဘ် တောင့်တတံ့၊ နှစ်ဦးလုံးအားလည်း ပေးအပ်၏။

တစ်ဦး သည် လုပ်ကျွေး၍ “တစ်ဖန်လာ၍ လုပ်ကျွေးဦးမည်”ဟု ဂ္ဂိလာန ကိစ္စဖြင့် လည်းကောင်း၊ မိမိကိစ္စဖြင့် လည်းကောင်း ဖဲသွားအံ့၊ ထိုသူအားလည်း ပေးအပ်၏။ ကြာမြင့်စွာ လုပ်ကျွေး၍ မတတ်နိုင်တော့ပြီဟု ဝန်ချ၍ ဖဲသွားအံ့၊ ထိုနေ့တွင် ပျံလွန်စေကာမူ ထိုသူအား ဥပဋ္ဌာက ဘာဂကို မပေးအပ်။ ဂိလာန လုပ်ကျွေးသူ မည်သည် လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ မာတုဂါမပင် ဖြစ်စေ-အဖို့ကို ရကုန်၏။

ပျံလွန်သူအား သပိတ် သင်္ကန်းမျှသာ ရှိအံ့၊ တစ်ထောင်တန်စေကာမူ လုပ်ကျွေးသူတို့အားသာ ပေးအပ်၏ (သင်္ကန်း သပိတ်မှု) တစ်ပါးသော ပရိက္ခရာ များစွာရှိသော်လည်း၊ လုပ်ကျွေးသူတို့ မရ၊ သံဃာသာ ဖြစ်၏။ ကြွင်းသော ဘဏ္ဍသည် များလည်း များအံ့၊ အဖိုးလည်း ထိုက်အံ့၊ တိစီဝရိက်ကား အဖိုးမထိုက် (အဆွေး အညံ့ ဖြစ်အံ့)။ ထိုကြွင်းသော ဘဏ္ဍာမှယူ၍ တိစီဝရ ပရိက္ခရာကို ပေးအပ်၏။ ဤအလုံးစုံ (ပတ္တ စီဝရ) ကိုလည်း သံဃိကမှသာ ရအပ်၏။

အသက်ရှိစဉ်သာလျှင် မိမိ ပရိက္ခရာအားလုံးကို စွန့်၍ တစ်စုံတစ်ယောက်အား ပေးပြီးဖြစ်အံ့၊ တစ် ယောက်ယောက်သည် အကျွမ်းဝင်ခြင်း ဖြစ်သော်လည်း ယူပြီးဖြစ်အံ့၊ ထို သူတို့၏ အလိုဖြင့်သာ လှုပ်ကျွေးသူတို့ ရကုန်၏။ တစ်ပါးသူအား မပေးဘဲ အဝေး၌ထားသော ပရိက္ခရာတို့လည်း ထိုထိုနေရာ၌ သံဃာအားသာ ဖြစ်ကုန်၏။

နှစ်ပါးပိုင် မဝေဖန်သော ဘဏ္ဍာဖြစ်အံ့၊ တစ်ပါး ပျံလွန်လျှင် ကျန်တစ်ပါး အစိုးရ၏။ အများပိုင် ဘဏ္ဍာလည်း ဧသေဝနယော၊ အားလုံး ပျံလွန်လျှင် သံဃိက ဖြစ်၏။ မခွဲဝေမူ၍ သဒ္ဓဝိဟာရိက စသည် တို့အား ပေးသော်လည်း၊ အဒိန္နသာတည်း။ ခွဲဝေ၍ ပေးလျှင်ကား သုဒိန္န ဖြစ်၏။ ထိုဘဏ္ဍာသည် ထိုသူတို့ ပျံလွန်ကုန်သော်လည်း သဒ္ဓဝိဟာရိက စသည်တို့အားသာ ဖြစ်၏။ သံဃာအား မဖြစ်]

(သာဋီ ... ဘိက္ခုဿ ကာလင်္ကတေဘာဝသာဓ် ဖြစ်သောကြောင့် ကာလံကိရိယာယ-ဟု ဆိုသည်။

ထိုထိုနေရာ၌ သံဃာအား ဟူသည် ထိုထို ဝိဟာရ၌ သံဃာအားတည်း။

ဝိဋီ ... ပါဠိ၌ သာမဏေတို့အား တိစီဝရာဓိဋ္ဌာန မရှိခြင်းကြောင့် သင်္ကန်းနှင့် သပိတ်ကိုဟု ဆိုသည်။ (တိစီဝရိတ်နှင့် သပိတ်ကိုဟု မဆို။)

ပါဠိ၌ မစွန့်အပ် ဟူသည်၌ အာဂတာ နာဂတ စာတုဒ္ဒိသ သံဃာ၏ ဥစ္စာသာ ဖြစ်သောကြောင့် တစ်စုံတစ်ယောက်အား မစွန့်အပ် မဝေဖန်အပ်သော ဘဏ္ဍာ ပရိက္ခရာ ဖြစ်ခြင်းငှါ ခွင့်ပြု၏ တိ အတ္ထော

ဇီဋီ ... ဘိက္ခုဿာတိ ဘိက္ခုသ္မိံ ကာလံကတေ။ (ဘာဝသာဓ် မဟုတ်၊ ကတ္ထုသာရ် ဟူလို။) သပိတ် သင်္ကန်း၌ အစိုးရ၏ ဟူသည်၌ ပဋ္ဌာန ပရိက္ခရာ ပြခြင်း အမြွက်ဖြင့် ပရိက္ခရာအားလုံးကို ပြခြင်းဟု သိအပ်၏။ အဓမ္မဖြင့် ဖြစ်သော ပရိက္ခရာဖြစ်စေကာမူ သံဃာအား ကပ္ပိယသာ ဖြစ်သောကြောင့်ဟု ဧကေတို့ ဆိုကုန်၏။ ပတ္တ စတုက္ကသဗ္ဗထာ အကပ္ပိယ ပတ္တနည်းနှင့် ဆန့်ကျင်သောကြောင့် ကပ္ပိယ မဖြစ်နိုင်။

အာဝါသ တစ်ခု၌ နှစ်ပါးနေရာ တစ်ပါး ပျံလွန်၍ ထို၏ ပရိက္ခရာကို ကျန်တစ်ပါးသည် မယှံ ပါပုဏာတိ-ဟု မရောက်စေဘဲ ခိုးစိတ်ဖြင့် ယူအံ့၊ သံဃိကကို ယူခြင်း ဖြစ်၏။ ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်အပ်၏။ အနာဝါသ၌ ယူအံ့၊ မဆုံးဖြတ်အပ်၊ အဿာမိကကို ယူခြင်းကြောင့်တည်း။

မရဏအခါ စကားမဆိုနိုင် သဖြင့် စိတ်ဖြင့်သာ ပေးအံ့၊ ကုသိုလ်ပွား၏။ သံဃာသာ အစိုးရသည်။ မကျွမ်းမဝင်သူ ယူအံ့၊ ယူခြင်းမမြောက် စသည်။ ပျံလွန်သူအား ငွေစသည် ကျန်အံ့၊ ခံခြင်း၊ ခံစေခြင်း၊ သာယာခြင်းဖြင့် ကျန်သည်ကို ရွှေ ငွေ ခံရာ၌ ဆိုသော နည်းဖြင့် ကျင့်အပ်၏။ တရားသဖြင့် ဖြစ်၍ ကျန်သည်ကို ကပ္ပိယ ကာရကကို ပြောကြားအပ်၏။

အလှူခံထားသော ကျွန်ကို သံဃာ အစိုးမရ။ အာရာမိက-အရံစောင့်ကို သံဃာ အစိုးရ၏။ နွားမ ကျွဲမ စသည်ကို အာဝါသဂတ ဖြစ်လျှင် သံဃာအစိုးရ၏။ အနာဝါသ ဂတ ဖြစ်လျှင် အစိုးမရ။ သံဃာသည် အကယ်၍ အာဝါသသို့ ဆောင်၍ သံဃိကပြု၍ သိမ်ပအနီး၌ ထားအံ့၊ ပြုသော သံဃာသည် အစိုးရ၏။ အာရာမိက၌ ထိုအတူတည်း-စသည်။

ဣဒံ တုယှံ ဒေမိ၊ ဣတ္ထန္န မဿဒေမိ- စသည်ဖြင့် မျက်မှောက်၊ မျက်ကွယ်ဆိုလျှင် ဒိန္န သာတည်း။ တုယှံ ဂဏှာဟိ-ဟု ဆိုလျှင် မယှံ ဂဏှာမိဟု ဆိုအံ့ သုဒိန္န၊ သုဂ္ဂဟိတလည်း ဖြစ်၏။ မမ သန္တကံ တဝစ မမ စ ဟောတု- စသည် ဆိုခြင်းဖြင့် သမာန ပရိက္ခရကို ပြုခြင်းငှါ အပ်၏။

အနုဂဏ္ဌိ၌ကား အများဖြစ်စေ၊ နှစ်ပါးဖြစ်စေ မိမိဥစ္စာ ဖြစ်ဆဲကို ဖြစ်လတ္တံနှင့်တကွ ပေသလ ရဟန်း တစ်ပါးအား လှူကုန်အံ့၊ ထိုပေသလသည် တစ်ဖန် ထိုရဟန်းတို့အားသာ စွန့်အံ့၊ ဤမျှဖြင့် သမာန ပရိက္ခရ ရှိသူတို့ ဖြစ်ကုန်၏ဟု ဆို၏။ ပါဠိ စသည်တို့၌ ဆိုသော လက္ခဏာ၌သာ ကျသောကြောင့် ဤ လက္ခဏာသည် ခိုင်ခံ့၏ ... စသည်။)

နဂ္ဂထုလ္လစ္စည်း

ထိုအခါ ရဟန်းတစ်ပါးသည် အဝတ်ကင်းသော နဂ္ဂ အဖြစ်ဖြင့် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရား ဤနဂ္ဂ အကျင့်သည် အလိုနည်းခြင်းငှါ ဖြစ်ပါသည်။ ရဟန်းတို့အား နဂ္ဂ အကျင့်ကို ခွင့်ပြုတော်မူပါဟု လျှောက်၏။ တိတ္တိ အကျင့်ဟု ကဲ့ရဲ့၍ ချစ်သားတို့၊ နဂ္ဂ အကျင့်ဖြစ်သော တိတ္တိတို့ ဆောက်တည်ခြင်းကို မဆောက်တည်အပ်။ ဆောက်တည်ငြားအံ့-ထုလ္လစ္စည်း။

ထုလ္လစ္စည်းရှစ်ထည်

ထိုအခါ ရဟန်းတစ်ပါးသည် ကုသစီ၀ရ-သမန်းမြက် သင်္ကန်းကို ဝတ်၍။ ...လ... ။ ဝါကစီ၀ရ - လျှော်တေ သင်္ကန်းကို၊ ဖလက စီ၀ရ-ပျဉ်ချုပ် သင်္ကန်းကို၊ ကေသကမ္ဗလ- ဆံပင် ကမ္ဗလာကို၊ ဝါဠ ကမ္ဗလ-သားပြီး ကမ္ဗလာကို၊ ဥလူကပက္ခ - ခပုပ်တောင် အဝတ်ကို၊ အဇိနက္ခိပ-သစ်နက်ရေကို ဝတ်၍ ချဉ်းကပ်၍ ဤသည် အလိုနည်းငှါ ဖြစ်ပါသည်။ ရဟန်းတို့အား ခွင့်ပြုတော်မူပါဟု လျှောက်၏။

တိတ္တိ တံခွန်ဟု ကဲ့ရဲ့၍ ချစ်သားတို့၊ (သမန်းမြက် သင်္ကန်းကို ...လ...) သစ်နက်ရေဖြစ်သော တိတ္တိ တံခွန်ကို မဆောင်အပ်။ ... ထုလ္လစ္စည်း။ ` (ခုနစ်ခု)။

ရဟန်းတစ်ပါးသည် အက္ကနာဠ-မရိုးသင်္ကန်းကို ဝတ်၍၊ (အက္ကနာဠ- ထုလ်ဟုထာ ပြလတ္တံ့။) ...လ..။ ပေါတ္ထက - သင်ပန်းမျှင် သင်္ကန်းကိုဝတ်၍ ချဉ်းကပ်၍ ...လ… ရဟန်းတို့အား ခွင့်ပြုတော်မူပါဟု လျှောက်၏။ မအပ်ဟု ကဲ့ရဲ့၍ ချစ်သားတို့၊ သင်ပန်းမျှင် သင်္ကန်းကို မဝတ်အပ်။….ဒုက္ကဋ်။ (၁)

[ကုသစီဝရ စသည်တို့တွင် အက္ကနာဠသည် မရိုးတံဖြင့် ပြီး၏။ မကစိမယဟု ပေါတ္ထကဟု ဆိုအပ်၏။ အကြွင်းတို့ကို ပထမ ပါရာဇိက အဖွင့်၌ ဆိုပြီးပြီ။ ထိုတွင် ပေါတ္တက၌သာ ဒုက္ကဋ်။ အကြွင်း (ရှစ်ခု) တို့၌ ထုလ္လစ္စည်း တည်း။ အက္ကဒုဿ - မရိုးလျှော်မျှင် ပုဆိုး၊ ကဒလိဒုဿ - ငှက်ပျောမျှင် ပုဆိုး၊ ဧရကဒုဿ- မြိတ်မြတ် ပုဆိုးတို့ကား ပေါတ္တက ဂတိက (ဒုက္ကဋ်) တို့ သာတည်း။

(ကုသစီဝရသည် သမန်းမြက်တို့ကို ကျစ်၍ ထုံး၍ ပြုသော သင်္ကန်းတည်း။

ဝါကစီ၀ရသည် ရသေ့တို့၏ ဝက္ကလ-လျှော်တေ ဖြစ်၏။

ဖလကစီ၀ရသည် ကာ သဏ္ဌာန် ပျဉ်ပြားတို့ကို သီချုပ်၍ ပြုသော သင်္ကန်းတည်း။

ကေသကမ္ဗလသည် ဆံပင်တို့ဖြင့် ရက်သော ကမ္ဗလာတည်း။

ဝါဠကမ္ဗလ သည် စာမရီသားမြီး (အောင်းမြီး) တို့ဖြင့်- ရက်သော ကမ္ဗလာတည်း။

ဥလူက ပက္ခိကသည် ဥလူက သကုဏ၏ အတောင်တို့ဖြင့် ပြုသော အဝတ်ဘည်း။

အဇိနက္ခိပသည် အမွေးနှင့်တကွ လက်သည်း ခြေသည်း ဟူသော ခွါနှင့် တကွသော သစ်နက် သတ္တဝါ၏ သားရေတည်း။ အက္ကနာရနှင့် ထုလ္လစ္စည်း ရှစ်ထည်။)

(ဝိဋီ ... အက္ကနာဠ မယန္တိ အက ဒုဏ္ဍမယံ - မုရိုးတံဖြင့် ပြီး၏။

အက္က ဒုဿတို့ကား အက္ကဝါက-မရိုးမျှင်ဖြင့် ပြုသော ဒုဿ တို့တည်း။

ပေါတ္တက ဂတိကတို့ ဟူသည် ဒုက္ကဋ ဝတ္ထုကာနီတိ အတ္ထော။)

မအပ် ၁၄-ထည်

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် အလုံးစုံ ညိုသော၊ ရွှေသော၊ နီသော၊ မောင်းသော၊ မည်းသော၊ မဟာရင်္ဂဆိုးသော၊ မဟာနမ ဆိုးသော သင်္ကန်းတို့ကို ဆောင်ကုန်၏။ (၇)။

အစ္ဆိန္နဒသ - အဆာမပြတ်သော သင်္ကန်း၊ ဒီဃဒသ-ရည်သော အဆာ ရှိသော။ ပုပ္ဖဒသ - ပန်းပွင့် အဆာရှိသော၊ ဖလဒသ-သစ်သီးအဆာရှိသော သင်္ကန်းတို့ကို-(၄)။

ကဉ္စုက-သင်တိုင်းကို (အင်္ကျီကို၊ ဒုယင်ကို)။ တိရိဋက- သစ်ခွံဖြင့် ပြီးသော သင်္ကန်းကို။ ဝေဋ္ဌန-ဦးရစ်ပဝါကို (၃) ဆောင်ကုန်၏။ ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ အလုံးစုံ ညိုသော သင်္ကန်းကို။ ...လ... ဦးရစ်ပဝါကို မဆောင်အပ်- ဒုက္ကဋ်။

[အလုံးစုံ ညိုသော သင်္ကန်း စသည်တို့ကို ဆိုးရည်ကို ဖွပ်လျှော်၍ တစ်ဖန် ဆိုး၍ ဆောင်အပ်ကုန်၏။ မဖွပ်နိုင်လျှင် အိပ်ရာခင်းကိုသော်လည်း ပြုအပ်ကုန်၏။ တိပဋ္ဋ- သုံးထပ်သင်္ကန်း၏ အလယ်၌ သော်လည်း ထည့်အပ်ကုန်၏။ ထိုတို့၏ အဆင်ထူးသည် ဖိနပ်တို့၌ ဝုတ္တနယ မေဝအစ္ဆိန္နဒဿ - စသည်တို့ကို အဆာကိုဖြတ်၍ ဆောင်အပ်ကုန်၏။ ကဉ္စုကကိုရလျှင် ဆုတ်ခွဲ၍ ဆိုး၍ သုံးဆောင်အပ်၏။ ဝေဋ္ဌနေပိ ဧသေစနယောတိရီဋကံ ပန ရုက္ခဆလ္လိမယံ-သစ်ခွံဖြင့် ပြီး၏။ ခြေသုတ်ပြုခြင်းငှါ အပ်၏။]

(ဝိဋီ ... သုံးထပ်သင်္ကန်း၏ အလယ်၌ဟူသည် အကြင် သင်္ကန်းသည် ပြီးသောအခါ သုံးထပ်သင်္ကန်း ဖြစ်၏။ ထို၏ အလယ်၌ ပဋလကို ပြု၍ ပေးအပ်၏ တိ အတ္တော။)

ဝါကျွတ်၍ သင်္ကန်း မဖြစ်မီ

ထိုအခါ ဝါကျွတ်သော ရဟန်းတို့သည်၊ သင်္ကန်းမဖြစ်မီ ဖဲသွားကုန်၏။ လူထွက်ကုန်၏၊ သေကုန်၏၊ သာမဏေဟု၊ သိက္ခာချသူဟု၊ အန္တိမ ရောက်သူဟု ဝန်ခံကုန်၏။ ရူးသူ၊ စိတ်ပျံ့လွင့်သူ၊ ဝေဒနာ နှိပ်စက်သူ၊ မရှု မကု မစွန့် ကြောင့် ဥက္ခိတ္တကကံပြု ခံရသူဟု ဝန်ခံကုန်၏။ ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနန်၊ ဒုသံ။ ဥဘောဗျည်းဟု ဝန်ခံကုန်၏။ (၂၃-ယောက်)။

ချစ်သားတို့၊ ဤသာသနာ၌ ဝါကျွတ်သော ရဟန်းသည် သင်္ကန်း မဖြစ်မီ ဖဲသွားအံ့၊ ရူးသူ၊ စိတ်ပျံလွင့်သူ၊ ဝေဒနာ နှိပ်စက်သူဟု ဝန်ခံအံ့၊ ဥက္ခိတ္တက သုံးယောက်ဟု ဝန်ခံအံ့၊ သင့်သော ယူသူရှိလျှင် ပေးအပ်၏။(၇)

လူထွက်အံ့၊ သေအံ့၊ သာမဏေ၊ သိက္ခာချသူ၊ အန္တိမ ရောက်သူ၊ ပဏ်၊ ထေ ...လ... ။ ဥဘောဗျည်းဟု ဝန်ခံအံ့၊ သံဃာသည် အစိုးရ၏ (၁၆)။

ချစ်သားတို့၊ သင်္ကန်းဖြစ်၍ မပေဖန်မီ ဖဲကုန်အံ့။ သင့်သူယူလျှင် ၇-ယောက်အတွက် ပေးအပ်၏။ ၁၆- ယောက်အတွက် သံဃာ အစိုးရ၏။

ချစ်သားတို့၊ သင်္ကန်းမဖြစ်မီ သံဃာသည် ကွဲအံ့၊ လူတို့သည် ပက္ခ တစ်ခု၌ ရေကို၊ ပက္ခ တစ်ခု၌ သင်္ကန်းကို သံဃဿ ဒေမ-ဟု လှူကုန်အံ့၊ သံဃိက သာတည်း။ ပက္ခ တစ်ခု၌ ရေကို ထိုပက္ခ၌ သာလျှင် သင်္ကန်းကို သံဃဿ ဒေမ လှူကုန်အံ့၊ သံဃိက သာတည်း။

ပက္ခ တစ်ခု၌ ရေကို ပက္ခ တစ်ခု၌ သင်္ကန်းကို ပက္ခဿ ဒေမ-ဟု လှူကုန်အံ့၊ ပက္ခ၏ ဥစ္စာသာတည်း။ ပက္ခ တစ်ခု၌ ရေကို၊ ထိုပက္ခ၌သာလျှင် သင်္ကန်းကို ပက္ခဿ ဒေမ-ဟု လှူကုန်အံ့၊ ပက္ခ၏ ဥစ္စာသာတည်း။

ချစ်သားတို့၊ သင်္ကန်းဖြစ်၍ မဝေဖန်မီ သံဃာသည် ကွဲအံ့၊ အလုံးစုံတို့အား အညီအမျှ ဝေဖန်စေအပ်၏။

[သင့်သော ယူသူရှိလျှင် ဟူသည် တစ်စုံတစ်ယောက်သော ရဟန်းသည် ထိုသူအတွက် ယူထားသည်ဟု ယူအံ့၊ ပေးအပ်၏ ဟူသော အနက်တည်း။ ဤသို့ ၂၃-ယောက်တို့တွင် ၁၆-ယောက် မရ၊ ၇-ယောက် ရသည်။

သံဃာသည် ကွဲအံ့ ဟူသည် ကောသမ္ဗကတို့ကဲ့သို့ ကွဲ၍ နှစ်ဖို့ ဖြစ်ကုန်သည်တည်း။ ပက္ခ တစ်ခု၌ ဟူသည် အဖို့တစ်ခု၌ ဒက္ခိဏောဒကကို လည်းကောင်း၊ နံ့သာ စသည်ကို လည်းကောင်း လှူကုန်အံ့။ အဖို့တစ်ခု၌ သင်္ကန်းတို့ကို လှူကုန်အံ့။ သံဃိကသာတည်း ဟူသည် သံဃာအားလုံး၏ နှစ်ဖို့လုံး၏ ဥစ္စာဖြစ်၏။ ခေါင်းလောင်းထိုး၍ နှစ်ဖို့လုံး တစ်ပေါင်းတည်း သီတင်းကြီးစဉ်ဖြင့် ဝေဖန်စေအပ်၏။

ပက္ခ၏ ဥစ္စာသာတည်း ဟူသည် ဤသို့ လှူလျှင် ရေလှူရာ အဖို့၌ ရေသာ သင်္ကန်းလှူရာအဖို့၌ သင်္ကန်းသာ ဖြစ်၏။ ဒက္ခိဏောဒက ပမာဏဖြစ်ရာ အရပ်ဒေသ၌ကား ဒက္ခိဏောဒက ရသော ပက္ခသည်လည်း သင်္ကန်းရ၏။ သင်္ကန်းသာ ရသော ပက္ခသည်လည်း သင်္ကန်းရ၏။ ထိုကြောင့် ပက္ခနှစ်ခုလုံး တစ်ပေါင်းတည်း သီတင်းကြီးစဉ်ဖြင့် ဝေဖန်စေအပ်၏။ ဤကား ပရ သမုဒ္ဒ၌ လက္ခဏာတည်းဟု မဟာအဋ္ဌကထာ ဆို၏။

ထိုပက္ခ၌ သာလျှင် ဟူသည် တစ်ပါးသော ပက္ခသည် အစိုးမရသည်သာတည်း၊ ]

(ဇီဋီ ... ဝါကျွတ်ပြီးသော သာမဏေသည် ငါးပါးသော သိက္ခာပုဒ် တို့တွင် တစ်ပါးပါးကို လွန်ကျူး၍ တစ်ဖန် (သိက္ခာပုဒ်) ယူအံ့၊ လာဘ်ကို မရ၊ အန္တိမ ဝတ္တုသို့ ရောက်သူမည်၏ဟု ဆိုကုန်၏။

မဝေဖန်မီ ဟူသည်၌ သံဃာသည် တတြုပ္ပါဒ သင်္ကန်းမှတစ်ပါး တစ်ပါးအား ဤမျှဝါဆို သင်္ကန်းပေးခြင်းငှါ သံဃာသည် နှစ်သက်အပ်၏ဟု ပြောကြားပြီးမှသော်လည်း လူထွက်အံ့၊ ထိုမှ မရ။ တစ်ဖန် ရဟန်းပြု၍ သင်္ကန်းဝေဖန်ခြင်းကို မီသော်လည်း၊ ရှေးပကတိမှ လျှောသောကြောင့် မရသည်သာတည်း။ ရောက်စေပြီးမှ လူထွက်အံ့၊ ရသည်ဟု ဆိုအပ်၏။

ပရ သမုဒ္ဒသည် ဇမ္ဗူဒီပ ဖြစ်၏။

သာဋီ ... ဒက္ခိဏောဒက ပမာဏဖြစ်ရာ ဟူသည် ထိုတိုင်းပြည်၌ ဒက္ခိဏောဒက ခံခြင်းမျှဖြင့်လည်း ဒေယျဓမ္မကို အစိုးရကုန်၏။ တိအဓိပ္ပါယော။ ပရ သမုဒ္ဒေတိ ဇမ္ဗူဒီပေတမ္ပပဏ္ဏိဒီပကို ထောက်၍ ဇမ္ဗူဒိပ်ကို ပရ သမုဒ္ဒဟု ဆိုသည်။

ဝိဋီ ... သင့်သော ယူသူရှိလျှင် ဆိုသောကြောင့် ယူသူမရှိလျှင် မပေးမူ၍ ဝေဖန်လျှင်လည်း သုဘာဇိတ သာဟု မှတ်အပ်၏။

ဒက္ခိဏောဒက ပမာဏ ဟူသည် သင်္ကန်း ဤမျှ လှူကုန်အံ့ဟု ရှေးဦးစွာ ရေကို ကျစေ၍ (ရေစက်ချ၍) နောက်မှ လှူကုန်၏။ ထိုရေကို ခံယူသူတို့သည် အဖို့ရကုန်သည်သာတည်း ဟူလို။ ပရ သမုဒ္ဒေတိ ဇမ္ဗူဒီပေတမ္ပပဏ္ဏိဒီပကို ထောက်၍ ဇမ္ဗူဒိပ်ကို ပရ သမုဒ္ဒဟု ဆိုသည်။)

စေခိုင်းရာ၌ ဒေဟိ၊ ဒမ္မိ-ငါးဝါရစီ

ထိုအခါ ရှင်ရေဝတသည် ရဟန်းတစ်ပါး၏လက်၌ ရှင်သာရိပုတြာထံ သင်္ကန်းကို ပို့ခိုင်း၏။ ဣမံ စီဝရထေရဿ ဒေဟိ-ဟု ဆို၍ ပို့ခိုင်း၏။ ထိုရဟန်းသည် ခရီးအကြား၌ ရှင်ရေဝတနှင့် အကျွမ်းဝင်ခြင်းဖြင့် ထိုသင်္ကန်းကို ယူ၏။ ထိုနောက် ရှင်သာရိပုတြာနှင့်တွေ့၍ သင်္ကန်းမရဟုသိ၍ ထိုရဟန်းအား မေး၏။ အရှင်ဘုရားနှင့် အကျွမ်းဝင်ခြင်းဖြင့် ထိုသင်္ကန်းကို အကျွန်ုပ်ယူသည်ဟု ဆို၏။ ဘုရားရှင်အား လျှောက်ကုန်၏။

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် ရဟန်း၏လက်၌ ဣမံ စီဝရံ ဣတ္တန္နာမဿ ဒေဟိ- ဟုဆို၍ ပို့ခိုင်းအံ့။ ခရီးအကြား၌ ခိုင်းသူနှင့် အကျွမ်းဝင်ခြင်းဖြင့် ယူအံ့- သုဂ္ဂဟိတ။ ပို့ရာဖြစ်သူနှင့် အကျွမ်းဝင်ခြင်းဖြင့် ယူအံ့ ဒုဂ္ဂဟိတ။

ချစ်သားတို့၊ ဒေဟိဟု ပို့ခိုင်းအံ့၊ ပို့ခိုင်းရာနှင့် အကျွမ်းဝင်ခြင်းဖြင့် ယူအံ့ သုဂ္ဂဟိတ။ ချစ်သားတို့၊ ဒေဟိဟု ပို့ခိုင်းအံ့၊ ခရီးအကြား၌ ခိုင်းသူ ပျံလွန်ပြီဟု ကြားအံ့၊ ခိုင်းသူ၏ မတက စီဝရဟု ဆောက်တည်တံ့ သွာဓိဋ္ဌိတ။ ခိုင်းရာနှင့် အကျွမ်းတဝင် ယူအံ့ ဒုဂ္ဂဟိတ။ ခရီးအကြား၌ ခိုင်းရာ ပျံလွန်ပြီဟု ကြားအံ့။ ခိုင်းရာ၏ မတက စီဝရဟု ဆောက်တည်တံ့ ဒွါဓိဋ္ဌိတ၊ ခိုင်းသူနှင့် အကျွမ်းတဝင် ယူအံ့ သုဂ္ဂဟိတ၊ နှစ်ဦးလုံး ပျံလွန်ပြီဟု ကြားအံ့။ ခိုင်းသူ၏ မတက စီဝရဟု ဆာက်တည်တံ့ သွာဓိဋ္ဌိတ။ ခိုင်းရာ၏ မတက စီဝရဟု ဆောက်တည်အံ့ ဒွါဓိဋ္ဌိတ (ငါးဝါရ)။

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် ရဟန်း၏ လက်၌ ဣမံ စီဝရံ ဣတ္တန္နာမဿ ဒမ္မိ-ဟု ဆို၍ ပို့ခိုင်းအံ့။ ခိုင်းသူနှင့် အကျွမ်းတဝင် ယူအံ့ ဒုဂ္ဂဟိတ။ ခိုင်းရာနှင့် အကျွမ်းတဝင် ယူအံ့ သုဂ္ဂဟိတ။ ထိုအတူ ပို့ခိုင်းအံ့ ခိုင်းရာနှင့် ... သုဂ္ဂဟိတ၊ ခိုင်းသူနှင့် ဒုဂ္ဂဟိတ။ ခိုင်းသူ ပျံလွန်ပြီဟု ကြားအံ့။ ခိုင်းသူ၏ မတက စီဝရဟု ဆောက်တည်အံ့၊ ဒွါဓိဋ္ဌိတ။ ခိုင်းရာနှင့် အကျွမ်းတဝင် ... သုဂ္ဂဟိတ။ ခိုင်းရာ ပျံလွန်ပြီဟု ကြားအံ့၊ ခိုင်းရာ၏ မတက ... သွာဓိဋ္ဌိတ၊ ခိုင်းသူနှင့် ဒုဂ္ဂဟိတ။ နှစ်ဦးလုံး ပျံလွန်ပြီဟု ကြားအံ့၊ ခိုင်းသူ၏ မတက ... ဒွါဓိဋ္ဌိတ။ ခိုင်းရာ၏ မတက ... သွာဓိဋ္ဌိတ ဖြစ်၏။ (ငါး ဝါရ)။

[စီဝရ ပေသန ဝတ္တုနိ ပါကဋာ နေဝ။]

(သာဋီ ... မတက စီဝရ-ဟု ဆောက်တည်အံ့ ဟူသည်၌၊ ခရီးသွားစဉ် ပျံလွန်သည်ဟု ကြား၍ ဝိဟာရ မဟုတ်ရာ၌ ဖြစ်အံ့၊ ၁၂-တောင်တွင်း တစ်ပါးသော ရဟန်းတို့ မရှိဟုသိ၍ ဣဒံ စီဝရမယှံ ပါပုဏာတိ-ဟု ဆောက်တည်တံ့၊ သွာဓိဋ္ဌိတ ဖြစ်၏။)

သင်္ကန်းဖြစ်ရာ မာတိကာ ရှစ်ပါး

ချစ်သားတို့၊ သင်္ကန်း၏ ဖြစ်ခြင်းငှါ (ရခြင်းငှါ) မာတိကာတို့သည် ရှစ်ပါးဖြစ်ကုန်၏။

သီမာယ ဒေတိ-သိမ်အား လှူခြင်း၊
ဂတိကာယ ဒေတိ-ကတိကဝတ် ပြုရာအား လှူခြင်း၊
ဘိက္ခာ ပညတ္ထိယာ ဒေတိ- ဆွမ်းဝတ် တည်ထားရာအား လှူခြင်း၊
သံဃဿ ဒေတိ - သံဃာအား လှူခြင်း(၄)၊

ဥဘတော သံဃဿ ဒေတိ- ဥဘတော သံဃာအ လှူခြင်း၊
ဝဿံဝုတ္တ သံဃဿ ဒေတိ-ဝါကျွတ် သံဃာအား လှူခြင်း၊
အာဒိဿ ဒေတိ-ညွှန်း၍ လှူခြင်း၊
ပုဂ္ဂလဿ ဒေတိ-ပုဂ္ဂိုလ်အား လှူခြင်း (၄)

ဤကား မာတိကာ ရှစ်ပါးတည်း။

သီမာ၊ ကတိကာ၊ ဘိက္ခာ ပညတ်၊ သံဃာနှင့် (၄)၊
ဥဘတော သံဃံ၊ ဝဿံ ဝုတ္တ၊ အာဒိဿ၊ ပုဂ္ဂလ (၄)-ရှစ်မာတိ။

သီမာယ ဒေတိဖြစ်အံ့၊ သိမ်တွင်းရှိသမျှ ရဟန်းတို့ဖြင့် ဝေဖန်စေအပ်၏။

ကတိကာယ ဒေတိ ဖြစ်အံ့၊ သမာနလာဘ ဖြစ်သော အာဝါသ များစွာတို့တွင် တစ်ခုသော အာဝါသ၌ လှူလျှင် ထိုအာဝါသ အားလုံး၌ လှူခြင်းဖြစ်၏။

ဘိက္ခာ ပညတ္တိယာ ဒေတိ ဖြစ်အံ့၊ သံဃာအား ဓုဝကာရ- အမြဲကောင်းမှုပြုရာ၌ လှူခြင်းဖြစ်၏။

သံဃဿ ဒေတိ ဖြစ်အံ့၊ သမ္မုခိဘူဘ သံဃာဖြင့် ဝေဖန်စေအပ်၏။

ဥဘတော သံဃဿ ဒေတိ ဖြစ်အံ့၊ ဘိက္ခု များ၍ ဘိက္ခုနီ တစ်ယောက်ရှိသော် လည်းကောင်း၊ ဘိက္ခုနီများ၍ ဘိက္ခု တယောက်ရှိသော် လည်းကောင်း၊ ထက်ဝက်ကို ပေးအပ်၏။

ဝဿံဝုတ္တ သံဃဿဒေတိ ဖြစ်အံ့၊ ထိုအခါ အာဝါသ၌ ဝါကျွတ်သော ရဟန်းတို့ဖြင့် ဝေဖန်စေအပ်၏။

အာဒိဿ ဒေတိ ဖြစ်အံ့-ယာဂု၊ ဘတ္တ၊ ခါဒနီယ၊ စီဝရ၊ သေနာသန၊ ဘေသဇ္ဇ တို့၌တည်း။

ပုဂ္ဂလဿ ဒေတိ ဖြစ်အံ့၊ ဣမံ စီဝရံ ဣတ္တန္နာ မဿ ဒမ္မိတည်း။

စီဝရက္ခန္ဓကံ အဋ္ဌမံ

ဤခန္ဓက၌ ဝတ္တု ၉၆။

[ယခုအခါ အစမှစ၍ ဆိုပြီးသော စီဝရတို့၏ ပဋိလာဘ ခေတ်ကို ပြခြင်းငှါ မာတိကာ ရှစ်ပါးကို ဟောသည်။ သီမာယဒေတိ စသည်ကို ပုဂ္ဂလာ ဓိဋ္ဌာန် နည်းဖြင့် (ဒေတိ-လှူ၏ဟု) ဟောသော်လည်း၊ သီမာ၊ ဒါနံ (လှူခြင်းသည်) မာတိကာ တစ်ခု၊ ပုဂ္ဂိုလ်အား လှူခြင်းသည် ရှစ်မုမြောက် မာတိကာ တစ်ခုဖြစ်၏။ သီမာယ ဒမ္မိ-ဟု သိမ်ကို သုံးသပ်၍ လှူသူသည် သီမာယ ဒေတိ မည်၏။ ဧသနယော သဗ္ဗတ္တ။]

(သာဋီ ... ပုဂ္ဂလာ ဓိဋ္ဌာန်နည်းဖြင့် ဟူသည် သီမာယ ဒါနံ-စသည် ဖြင့် ဟောအပ်လျက်၊ သီမာယ ဒေတိ-စသည်ဖြင့် ပုဂ္ဂိုလ်ကို တည်ရာ ပြုနည်းဖြင့် ဟောခြင်းတည်း။

ဝိဋီ ... ထို့အတူ။)

၁။ သီမာယဒေတိ အကျယ်

သိမ်အပြား ၁၅

[သီမာယဒေတိ ဖြစ်အံ့-စသော မာတိကာ နိဒ္ဒေသ၌ ရှေးဦးစွာ သီမာယ၌ ခဏ္ဍ သိမ်၊ ဥပစာရ သိမ်၊ သမာန သံဝါသက သိမ် (၃)၊ အဝိပ္ပဝါသ သိမ်၊ လာဘ သိမ် (၂)၊ ဂါမ သိမ်၊ နဂရ သိမ် (၃)၊ အဗ္ဘန္တရ သိမ်၊ ဥဒကုက္ခေပ သိမ် (၂)၊ ဇနပဒ သိမ်၊ ရဋ္ဌ သိမ် (၂)၊ ရဇ္ဇ သိမ်၊ ဒီပ သိမ်၊ စက္ကဝါဠ သိမ် (၃)-ဤသို့ ၁၅-ပါးသော သိမ်ကို သိအပ်၏။

ခဏ်၊ ဥ၊ သမာ (၃)၊ အဝိပ်၊ လာ (၂)၊ ဂါမာ၊ နိ၊ နဂ (၃)။
အဗ္ဘန်၊ ဥဒ (၂)၊ ဇ၊ ရဋ္ဌ (၂)၊ ရဇ္ဇ၊ ဒီ၊ စက္က (၃)၊
သိမ် မာတိကာ-လှူနေရာ-စိတ်ဖြာ ဆယ့်ငါးမျှ။

ထိုတွင် ခဏ္ဍ၊ သမာန၊ အဝိပ္ပဝါသ၊ ဂါမ၊ နိဂမ၊ နဂရ၊ အဗ္ဘန္တရ၊ ဥဒကုက္ခေပ-ဤရစ်ခုကို သီမ ကထာ၌ ဆိုပြီးဖြစ်၍ သိလွယ်ပြီ။]

ဥပစာရသိမ်

[ဥပစာရသိမ်သည် အရံရှိသော ဝိဟာရ၏ အရံအကာဖြင့်၊ အရံ မရှိအံ့၊ အရံအကာ ထိုက်ရာဌာနဖြင့်၊ ပိုင်းခြားရာ ဌာန ဖြစ်၏။ တစ်နည်း-ရဟန်းတို့၏ အမြဲစည်းဝေးရာ ဌာနမှ လည်းကောင်း၊ အစွန် ဆွမ်းစား စရပ်မှ လည်းကောင်း၊ အမြဲနေရာ အာဝါသမှ လည်းကောင်း၊ အားအလတ် ရှိသူ၏ ခဲနှစ်ကျ အတွင်းကို ဥပစာရ သိမ်ဟု သိအပ်၏။

ထိုဥပစာရသိမ်ကား အာဝါသ တိုးလျှင် တိုး၏။ ယုတ်လျှင် ယုတ်၏။ မဟာပစ္စရီ၌ကား ရဟန်းများ တိုးလျှင် တိုး၏ဟု ဆို၏။ ထိုကြောင့် ဝိဟာရ၌ စည်းဝေးသော ရဟန်းတို့နှင့်တကွ တစ်စပ်တည်း ယူဇနာ တစ်ရာ သော်လည်း ပြည့်စေ၍ နေကုန်အံ့၊ ယူဇနာ တစ်ရာသည်လည်း ဥပစာရ သိမ်သာတည်း။ အလုံးစုံသော ရဟန်းတို့အား လာဘ်ရောက်၏။]

(တစ်ဆယ့် နှစ်တောင်တွင်းစပ်လျှင် တစ်စပ်တည်း မည်၏။)

(ဇီဋီ ... အရံ မရှိအံ့၊ ထိုက်ရာ ဌာနသည် သိနိုင်ခဲ၏။ ထိုကြောင့် တစ်နည်း စသည်ကို ဆိုသည်။ အမြဲ စည်းဝေးရာ ဌာနကိုလည်း အစွန်၌ တည်သည်ကိုသာ ယူအပ်၏။

မဟာပစ္စရီ၌ကား လာဘ်ရောက်၏ ဟူသည်ကို ဥပစာရ သီမာယ ဒေမ-ဟု လှူသည်ကိုသာ ရည်ဆိုသည်ဟု လိခိတံ။

သာဋီ ... ထိုက်ရာဌာနဖြင့် ပိုင်းခြားရာ ဟူသော စကားဖြင့် အရံမရှိသော ဝိဟာရ၏ အမြဲစည်းဝေးရာဌာန စသည်မှ ပထမခဲတစ်ကျ အတွင်းကို ဥပစာရ သိမ်ဟု ပြသည်။ ဒုတိယ ခဲတစ်ကျ အတွင်းလည်း ဥပစာရ သိမ်သာတည်းဟု ပြခြင်းငှါ တစ်နည်း စသည်ကို ဆိုသည်။

ဓုဝ သန္နိပါတဋ္ဌာနမ္ပိ ပရိယန္တ ဂတမေဝ ဂဟေ တဗ္ဗံ၊ ဘိက္ခုနီ အရံဝင်၊ သေနာသန ပန်ကြား စသည်၊ ပရိဝါသ်မာ နတ်ကြား၊ ဝါပြတ်၊ နိဿယည်း၊ သေနာသနဂ္ဂါဟ စသည် အားလုံးကို ဤဥပစာရ သိမ်စွမ်းသာဖြင့် သိအပ်၏။

ဝိဋီ ... တစ်နည်း စသည်ဖြင့် ပထမခဲတစ်ကျဖြစ်သော ပရိက္ခေပါရဟ ဋ္ဌာနမှ ပြင်ပ ဒုတိယခဲတစ်ကျလည်း ဥပစာရ သိမ်သာတည်းဟု ပြသည်။ ဓုဝ သန္နိပါတဋ္ဌာန စသည်ကိုလည်း ပရိယန္တိ၌ တည်သည်ကိုသာ ယူအပ်၏။)

လာဘ သိမ်

လာဘသိမ် မည်သည်ကို ဘုရားရှင် ခွင့်ပြုသည် မဟုတ်၊ သင်္ဂါယနာ မထေရ်တို့ ထားသည်မဟုတ်။ မင်း၊ မင်း အမတ်တို့သည် ကျောင်းကို ပြုစေ၍၊ တစ်ဂါဝုတ်၊ နှစ်ဂါဝုတ်၊ တစ်ယူဇနာ ဖြစ်စေ ဝန်းကျင်ပိုင်းခြား၍-အယံ အမှာကံ ဝိဟာရဿ လာဘသီမာ-ဟု ကမ္ပည်းတိုင်တို့ကို စိုက်၍ ဤအတွင်း ဖြစ်သမျှ အခွန်အထုပ် လာဘ်ကို ငါတို့၏ ကျောင်းအား လှူကုန်အံ့ဟု သီမ-အပိုင်းအခြားကို ထားကုန်၏။ ဤ သီမသည် လာဘသိမ် မည်၏။]

(သာဋီ ... လာဘတ္ထာယ ဋ္ဌပိတ သီမာ-လာဘ သီမာ။

ဝိဋီ ... လောက၌ ဂါမသိမ် စသည် ထင်ရှားရှိသကဲ့သို့ လာဘသိမ် မည်သည် သီးခြားထင်ရှား မရှိ၊ အဘယ်သူ ခွင့်ပြုသနည်းဟု မေးဖွယ်ရှိ၏။

ထိုကြောင့် ဘုရားရှင် ခွင့်ပြုသည် မဟုတ် စသည်ကို ဆိုသည်။ ဤစကားဖြင့် သာသန ဝေါဟာရ သိဒ္ဓိ မဟုတ်၊ လောက ဝေါဟာရ သိဒ္ဓိသာတည်းဟု ပြသည်။)

(အခွန်ထွက်သော ရေကန်ကို၊ လယ်ကို၊ ယာကို ဝတ္ထုကံ မြေဟု လှူခြင်း သည်။ ဤ လာဘသိမ်ပင်တည်း။)

ဇနပုဒ်သိမ် စသည်

[ကာသိတိုင်း၊ ကောသလတိုင်း စသည်တို့၏ အတွင်း၌ ဇနပုဒ် များစွာရှိကုန်၏။ ထိုဇနပုဒ် တစ်ခု တစ်ခု အပိုင်းအခြားသည် ဇနပဒ သိမ်မည်၏။

ကာသိ၊ ကောသလ စသော တိုင်းပြည် အပိုင်းအခြားသည် ရဋ္ဌသိမ် မည်၏။

စောဠမင်း၏ စည်းစိမ်၊ ကေရဠမင်း၏ စည်းစိမ်ဟု တစ်မင်း တစ်မင်း၏ အာဏာနှံ့ရာ ဌာနသည် ရဇ္ဇ သိမ်မည်၏။

သမုဒ္ဒရာဖြင့် ပိုင်းခြားအပ်သော ကျွန်းကြီး၊ ကျွန်းငယ်သည် ဒီပသိမ်မည်၏။

စက္ကဝါဠ သိမ်မည်သည်ကို စကြာဝဠာတောင်ဖြင့်သာ ပိုင်းခြားအပ်၏။]

(ဝိဋီ ... အပိုင်းအခြား အတွင်း အားလုံးကို ဇနပုဒ်သိမ်ဟု ယူအပ်၏။ ဇနပုဒ်မျှကိုသာဟု မယူအပ်။ ရဋ္ဌသိမ် စသည်တို့၌လည်း ဤအတူတည်း။ ထိုကြောင့် အာဏာနှံ့ရာ ဌာနစသည်ကို ဆိုသည်။)

သုံးသပ်ရာသိမ်ဖြင့် ဝေဖန်ခြင်း

[ဤသိမ် ၁၅-ခုတို့တွင် ခဏ္ဍသိမ်၌ သံဃာကိုမြင်၍ ဧတ္တောဝ သီမာယ သံဃဿ ဒေမိ-ဟု ဆိုလျှင် (ထို စီဝရကို) ခဏ္ဍသိမ်တွင်း ရှိသမျှ ရဟန်းတို့ဖြင့် ဝေဖန်စေအပ်၏။ ထိုသူတို့အားသာ ထိုလာဘ် ရောက်သောကြောင့်တည်း။ ထိုမှတစ်ပါး သိမ်အကြား၌ ဥပစာရသိမ်၌ တည်သူတို့အား သော်လည်း မရောက်။ ခဏ္ဍ သိမ်၌တည်သော သစ်ပင်၌၊ တောင်၌တည်သူနှင့် မြေ၏ အလယ်သို့ ဝင်သူတို့အား ရောက်သည်သာတည်း (၁)။

ဣမိဿာ ဥပစာယ သီမာယ သံဃဿ ဒမ္မိ-ဟု လှူလျှင်ကား ခဏ္ဍသိမ်၊ သိမ်အကြား တို့၌ တည်သူတို့အားလည်း ရောက်၏ (၂)။

သမာနသံဝါသ သီမာယ ဒမ္မိ-ဟု လှူလျှင် ခဏ္ဍသိမ်၊ သိမ်အကြားတို့၌ တည်သူတို့အား မရောက် (၃)။

အဝိပ္ပဝါသသိမ်၊ လာဘသိမ်တို့၌ လှူသော စီဝရသည် ထိုသိမ်တို့၌ အန္တောဂတတို့အား ရောက်၏ (၃၊ ၅)။

ဂါမသိမ် စသည်တို့၌ လှူလျှင် ထိုတို့၏ အတွင်း ဗဒ္ဓသိမ်၌ တည်သူတို့အားလည်း ရောက်၏ (၆ ၇၊ ၈)။

အဗ္ဘန္တရသိမ်၊ ဥဒကုက္ခေပ သိမ်တို့၌ လှူလျှင် ထိုထို၌ အန္တောဂတတို့အားသာ ရောက်၏။ (၉၊ ၁၀)။

ဇနပဒ၊ ရဋ္ဌ၊ ရဇ္ဇ၊ ဒီပ၊ စက္ကဝါဠ သိမ်တို့၌လည်း ဂါမသိမ် စသည်တို့၌ ဆိုသည်နှင့်တူသော ဝိနိစ္ဆယသာ တည်း (၁၁၊….၁၅)

ဇမ္ဗူဒိပ်၌တည်၍ တမ္ပပဏ္ဏိဒီပေ သံဃဿ ဒမ္မိ-ဟု လှူအံ့၊ တမ္ပပဏိဒီပ၌ တစ်ပါးတည်းသော်လည်း သွား၍ အားလုံးအတွက် ယူခြင်းငှါရ၏။ ဇမ္ဗူဒိပ်၌သာလျှင် သဘာဂ ဘိက္ခုတစ်ဦးသည် သဘာဂတို့ အတွက် အဖို့ကို ယူသော်လည်း မတားအပ်။

ဤကား သိမ်ကိုသုံးသပ်၍ လှူသူ၏ ဒါန ဝိနိစ္ဆယတည်း။]

(သာဋီ ... အဝိပ္ပဝါသ သီမာယဒမ္မိ-ဟု လှူလျှင် ဂါမ၌ တည်သူတို့အား မရောက်။ ဋ္ဌပေတွာ ဂါမဉ္စ ဂါမူပစာရဉ္စ ဟူသောကြောင့်တည်း။ သမာန သံဝါသက သီမာယဒမ္မိ-ဟု လှူလျှင် ဂါမ၌ တည်သူတို့အား ရောက်၏။ ဤကား ထိုနှစ်ပါး အထူးတည်း။

ဝိဋီ ... မြေ၏ အလယ်သို့ ဝင်သူ ဟူသည်ကို ရေအဆုံးတိုင် ခဏ္ဍသိမ် ဖြစ်သောကြောင့် ဆိုသည်။ ဥပစာရသိမ် စသော အဗဒ္ဓ သိမ်တို့၌ မြေအောက်နေရာ အားလုံး၌ တည်သူ တို့အား မရောက်၊ တွင်း စသော ဝင်ထိုက်ရာဌာန၌ တည်သူတို့အားသာ ရောက်၏။ စက္ကဝါဠသိမ်၌ လှူခြင်းကား မြေကိုခံသော နေရာ၌ တည်သူတို့အားလည်း ရောက်၏။ နေရာအားလုံး၌ စက္ကဝါဠ မည်သောကြောင့်တည်း။

ဇီဋီ ... သမာနဟု ဆိုလျှင် ခဏ္ဍ စသည်တို့အား မရောက်။ အဝိပ္ပါသဟု လှူလျှင် ဂါမတို့အား မရောက်။ သမာန လှူလျှင် အဝိပ္ပဝါသအား လည်းကောင်း၊ သမာနအား လည်းကောင်း ရောက်၏။ ခဏ္ဍသိမ်၌ တည်၍ သီမဋ္ဌက သံဃဿ ဒမ္မိ-ဟု ဆိုလျှင် ဥပစာရသိမ်၌သာ ပိုင်း၍ လှူအပ်၏။ အဝိပ္ပဝါသ သီမာယဒေမ-ဟု ခဏ္ဍသိမ်၌ တည်၍ လှူလျှင် ထို အဝိပ္ပဝါသ၌သာ ရောက်သည်ဟု အချို့ဆို၏။)

သီမာဟုဆိုလျှင် ဥပစာရ

[ဒါယကာသည် ဤမည်သော သိမ်ဟု မဆိုတတ်၊ သီမာ ဟူသော စကားမျှကိုသာ သိ၍ ကျောင်းသို့သွား၍ သီမာယဒမ္မိ-ဟူ၍ လည်းကောင်း၊ သီမဋ္ဌက သံဃဿ ဒမ္မိ-ဟူ၍ လည်းကောင်း ဆိုအံ့။ အဘယ်သိမ်ကို ရည်ဆိုသနည်းဟု မေးအပ်၏။ ဤမည်သော သိမ်ဟု မသိ၊ သီမဋ္ဌက သံဃော ဘာဇေတွာ ဂဏှတု-ဟု ဆိုအံ့။ အဘယ်သိမ်ဖြင့် ဝေဖန်အပ်သနည်း။ မဟာသိ မထေရ်ကား အဝိပ္ပဝါသ သိမ်ဖြင့်ဟု ဆိုသတတ်။

ထိုသို့ ဆိုသောအခါ အဓိပ္ပဝါသသိမ် မည်သည် သုံးယူဇနာသော်လည်း ကျယ်၏။ ဤသို့ဖြစ်လျှင် သုံးယူဇနာ၌ တည်သူတို့သည် လာဘ်ကို ရကုန်လတ္တံ့၊ သုံးယူဇနာ၌ တည်၍ အာဂန္တုက ဝတ်ကိုဖြည့်၍ အရံသို့ ဝင်ရလတ္တံ့။ ဂမိကသည် သုံးယူဇနာသို့ သွား၍ သေနာသနကို ပန်ရလတ္တံ့။ နိဿယည်း ယူသူသည် သုံးယူဇနာလွန်မှ နိဿယည်း ငြိမ်းလတ္တံ့၊ ပါရိဝါသိကသည် သုံးယူဇနာလွန်၍ အရုဏ်တက် စေရလတ္တံ့၊ ဘိက္ခုနီသည် သုံးယူဇနာ၌ နေ၍ အရံဝင်ခြင်း ပန်ရလတ္တံ့ - အလုံးစုံကို ဥပစာရသိမ် အပိုင်းအခြားဖြင့်သာ ပြုခြင်းငှါ အပ်၏။ ထိုကြောင့် ဥပစာရသိမ်၌သာ ဝေဖန်အပ်၏-ဟု ပြန်၍ လျှောက်ကြားကုန်သတတ်။

၂။ ကတိကာယဒေတိ အကျယ်

[ကတိကာယာတိ သမာန လာဘ ကတိကာယ။ တူသော လာဘ်ရှိအောင် ကတိကဝတ် ပြုပုံကား တစ်ခုသောကျောင်း၌ စည်းဝေးသော ရဟန်းတို့သည်၊ ကျောင်းတစ်ခုကို ချီးမြှောက်လို၍ လာဘ်တူ ပြုလိုကုန်အံ့၊ ထိုကျောင်း၏ အမည်ကို ယူ၍-ဤကျောင်းသည် ရှေးကျောင်း ဖြစ်၏။ ဗုဒ္ဓါဓိ ဝုတ္တ-ဘုရားရှင် သီတင်းသုံးဖူး၏။

လာဘ်နည်း၏-ဟု အကြောင်း တစ်ခုခုဆို၍ ထိုကျောင်းကို ဤကျောင်းနှင့် လာဘ်တူ ပြုခြင်းငှါ သံဃာသည် နှစ်သက်အပ်၏။ - ဟု သုံးကြိမ် သိစေအပ်၏။ ဤမျှဖြင့် ထိုကျောင်း၌ နေသော်လည်း၊ ဤကျောင်း၌ နေသည်သာ ဖြစ်၏။ ထိုကျောင်း၌လည်း သံဃာသည် ဤအတူ ပြုအပ်၏။ ဤမျှဖြင့် ဤကျောင်းနေလည်း ထိုကျောင်း နေသာ ဖြစ်၏။ တစ်ကျောင်း၌ လာဘ်ဝေဖန်လျှင် တစ်ကျောင်း၌ နေသူအား အဖို့ယူခြင်းငှါ အပ်၏။ ဤသို့ ဝိဟာရ တစ်ခုနှင့် အာဝါသ အများတို့ကိုလည်း လာဘ်တူပြုအပ်ကုန်၏။]

(သာဋီ ... ဗုဒ္ဓါဓိ ဝုတ္တောတိ ဗုဒ္ဓေန ဘဂဝတာ အဓိဝုတ္တော

ဝိဋီ ... တူ၏။)

၃။ ဘိက္ခာပညတ္တိယာဒေတိ အကျယ်

[ဘိက္ခာပညတ္တိ ဟူသည် မိမိ၏ အလှူတည်ရာ ဌာနတည်း။ ထိုကြောင့် ယတ္တ သံဃဿ ဓုဝကာရာ ကရိယန္တိ-ဟု ဟောသည်။ အနက်ကား အကြင် ကျောင်း၌ ဤသင်္ကန်း လှူသူ၏ ဥစ္စာဖြစ်သော သံဃာ၏ ပါက ဝတ်သော်လည်း ဝတ္ထုတိ-ဖြစ်၏။ အကြင် ကျောင်း၌လည်း ရဟန်းတို့ကို မိမိတာဝန် ပြု၍ အမြဲ အိမ်၌ ဆွမ်းကျွေး၏။ အကြင် ကျောင်း၌လည်း ဤဒါယကာသည် အာဝါသကို ပြု၏။ သလာက ဘတ် စသော နိဗဒ္ဓတို့သော်လည်း ရှိ၏။ ဤကျောင်းတို့သည် ဓူဝကာရတို့ မည်ကုန်၏။ ကျောင်းတိုက် တစ်ခုလုံးကို တည်နေသူ၏ ကျောင်း၌ကား ဆိုဖွယ်မရှိ ဓုဝကာရသာတည်း။

ထိုကြောင့် ယတ္တမယှံ ဓုဝကာရာ ကရိယန္တိကတ္ထဒမ္မိ-ဟူ၍ လည်းကောင်း၊ တတ္ထဒေထ-ဟူ၍ လည်းကောင်း ဆိုအံ့၊ ဓုဝကာရ ရှိရာ များစွာဌာန အားလုံး၌ လှူခြင်းသာဖြစ်၏။ တစ်ကျောင်း၌ ရဟန်းတို့ များကုန်အံ့၊ ထို ရဟန်းတို့သည် (ဝါ-လှူစဉ် မျက်မှောက် ရဟန်းတို့သည်) “ဒါယကာတို့၏ ဓုဝကာရ၌ အချို့ကျောင်း၌ ရဟန်း များ၏၊ အချို့ကျောင်း၌ နည်း၏- ဟု ဆိုအပ်၏။

ဘိက္ခု ဂဏနာယ ဂဏှထ-ဟု ဆိုအံ့၊ ထိုအတိုင်း ဝေဖန်စေ၍ ယူခြင်းငှါအပ်၏။ အဝတ်၊ ဆေး စသည်ကား နည်းသော်လည်း ဝေဖန်လွယ်၏။ ညောင်စောင်း၊ အင်းပျဉ်ကား တစ်ခုတလေသာ ဖြစ်ခဲ့အံ့၊ အလှူရှင်ကို မေး၍ အလှူရှင်စိစစ်ရာ ဝိဟာရ၌ လည်းကောင်း၊ ဝိဟာရ အတွင်း သေနာသန၌ လည်းကောင်း ပေးအပ်၏။

အသုက ဘိက္ခု ဂဏှကု- ဟု ဆိုအံ့၊ အပ်၏။ မယှံ ဓုဝ ကာရေဒေထ-ဟု ဆို၍ မစိစစ်ဘဲ သွားအံ့၊ သံဃာအားလည်း စိစစ်ခြင်းငှါ အပ်၏။ စိစစ်ပုံကား-သံဃတ္ထေရဿ ဝသနဋ္ဌာနေ ဒေထ-ဟု ဆိုအပ်၏။ မထေရ်နေရာ ပြည့်စုံအံ့၊ မပြည့်စုံရာ၌ ပေးအပ်၏။ အကယ်၍ ရဟန်းတစ်ပါးသည် အကျွန်ုပ်၏ နေရာ၌ သေနာသန ပရိဘောဂ ဘဏ္ဍာမရှိပါဟု ဆိုအံ့၊ ထိုနေရာ၌ ပေးအပ်၏။]

(သာဋီ … ပါက ဝတ်သည် ဒါန ဝတ်ဖြစ်၏။ ဝတ္တတီတိ ပဝတ္တတိ

ဝိဋီ … ပါက ဝတ်သည် နိဗဒ္ဓ ဒါန ဖြစ်၏။ ဝတ္တတီတိ ပဝတ္တတိတေဟိတိ ယေသံ သမ္မုခေ ဧသဒေတိ၊ တေဟိ ဘိက္ခုဟိ။ လှူစဉ် မျက်မှောက်၌ ရှိသော ရဟန်းတို့သည်။)

၄။ သံဃဿဒေတိ အကျယ်

[သံဃဿဒေတိ ဟူသည် ကျောင်းသို့ဝင်၍ ဣမာနိ စီဝရာနိ သံဃဿ ဒမ္မိ-ဟု လှူ၏။

သမ္မုခိဘူတ ဟူသည် ဥပစာရ သိမ်၌ တည်သော သံဃာဖြင့် ဝေဖန်စေအပ်၏။ ဝါ-သံဃာသည် ခေါင်းလောင်းထိုး၍ ကာလကြွေးကြော်၍ ဝေဖန်စေအပ်၏။ မရောက်လာသော်လည်း သိမ်၌ တည်သူ အတွက်ဖို့ ယူသူကို မတားအပ်။ ဝိဟာရသည် ကျယ်ဝန်းအံ့၊ မထေရ်ကြီး နေရာမှစ၍ အဝတ်တို့ကို ပေးကုန်စဉ် နှေးသော မထေရ်တို့ နောက်မှ ရောက်လာကုန်အံ့၊ ဝါနှစ်ဆယ်တို့အား ယခုပေး၏။ အရှင်တို့၏ အစဉ် လွန်သွားပြီ-ဟု မဆိုအပ်ကုန်။ အစဉ်ကိုရပ်၍ ထိုမထေရ်တို့အား ပေး၍၊ နောက်မှ အစဉ်ဖြင့် ပေးအပ်၏။

ဤကျောင်း၌ သင်္ကန်းများစွာ ရသည်ဟု ကြား၍ ယူဇနာခြား ကျောင်းတစ်ပါးမှ သော်လည်း ရဟန်းတို့ လာကုန်အံ့၊ လာတိုင်း လာတိုင်း တည်ရာမှ စ၍ ပေးအပ်၏။မလာသော်လည်း ဥပစာရ သိမ်သို့ ဝင်သူတို့အတွက် တပည့် စသည်တို့ ယူလျှင် ပေးအပ်သည်သာတည်း၊ သိမ်ပ၌ တည်သူတို့အတွက် ပေးကြပါဟု ဆိုလျှင် မပေးအပ်။

သိမ်တွင်း ရောက်သူတို့နှင့် ၁၂-တောင်တွင်း တစ်စပ်တည်း ဖြစ်လျှင်ကား မိမိ၏ ကျောင်းဝ၌ ကျောင်းတွင်း၌ ရှိစေကာမူ၊ ပရိသတ်စွမ်းဖြင့် သိမ်တိုးသည် မည်၏။ ထိုကြောင့် ပေးအပ်၏။ သံဃာငယ်အား ပေးပြီးသော်လည်း၊ နောက်မှ ရောက်သူတို့အား ပေးအပ်သည်သာတည်း။ ဒုတိယ ဘာဂကို မထေရ်ကြီး နေရာသို့ တင်ပြီးမှ ရောက်လာသူတို့အားကား ပထမ ဘာဂ မရောက်။ ဒုတိယ ဘာဂမှ ဝါစဉ်ဖြင့် ပေးအပ်၏။]

(ဝိဋီ … ဒုတိယ ဘာဂကို စသည်ကား သံဃာငယ် တိုင်အောင် တစ်ကြိမ်အားလုံးတို့အား အဖို့ပေး၍ သင်္ကန်း မကုန်လတ်သော် တစ်ဖန် အားလုံးတို့အား ပေးခြင်းငှါ ဒုတိယ ဘာဂကို မထေရ်ကြီးအား ပေးပြီးသည်ရှိသော် ဟူလို။)

ဒုပ္ပါပိတ ဖြစ်ခြင်း

[တစ်ခုသော ဝိဟာရ၌ ရဟန်းဆယ်ပါး ရှိအံ့၊ အဝတ်ဆယ်ထည်ကို သံဃဿ ဒေမ-ဟု လှူအံ့၊ အသီးသီး ဝေဖန်စေအပ်၏။ သဗ္ဗာနေဝ အမှာကံ ပါပုဏန္တိ-ဟု ယူသွားကုန်အံ့ - ဒုပ္ပါပိတ-မကောင်းသဖြင့် ရောက်စေအပ်သော အဝတ်တို့ ဖြစ်ကုန်၏။ ရောက်ရာ၌ သံဃိကတို့သာတည်း။ .

တစ်ထည်ကို ထုတ်၍ကား- ဣဒံ တုမှာကံ ပါပုဏာတိ-ဟု သံဃာ့မထေရ်အား ပေး၍ သေသာနိ အမှာကံ ပါပုဏန္တိ-ဟု ယူခြင်းငှါအပ်၏။ တစ်ထည်တည်းသော အဝတ်ကို သံဃဿ ဒေမ-ဟု ဆောဝ်လှူအံ့၊ မဝေဖန်မူ၍သာလျှင် အမှာကံ ပါပုဏာတိ-ဟု ယူကုန်အံ့၊ ဒုပ္ပါပိတ၊ ဒုဂ္ဂဟိတတည်း။ ဓားငယ်ဖြင့် လည်းကောင်း၊ နနွင်း စသည်ဖြင့် လည်းကောင်း အရေးအသားပြု၍ တစ်ဖို့ကို၊ ဣဒံဋ္ဌာနံ တုမှာကံ ပါပုဏာတိ-ဟု သံဃာ့မထေရ်အား ရောက်စေ၍ သေသံ အမှာကံ ပါပုဏာတိ-ဟု ယူခြင်းငှါအပ်၏။

ထိုအဝတ်၏ အပွင့်ပြောက်ဖြင့်၊ အတွန့်ဖြင့် ပိုင်းခြားပြုခြင်းငှါ မအပ်။ ချည်မျှင်တစ်ခု ဆွဲထုတ်၍ ဣဒံဋ္ဌာနံ တုမှာကံ ပါပုဏာတိ-ဟု မထေရ်အား ရောက်စေ၍ သေသံ အမှာကံ ပါပုဏာတိ-ဟု ယူကုန်အံ့၊ အပ်၏။ အပိုင်း အပိုင်းဖြတ်၍ ဝေဖန်စေလျှင် အပ်သည်သာတည်း။

ရဟန်း တစ်ပါးတည်း ရှိသော ဝိဟာရ၌ သံဃိက သင်္ကန်း များစွာ ဖြစ်သောအခါ ထိုရဟန်းသည် သဗ္ဗာနိ မယှံ ပါပုဏန္တိ ဟု ယူအံ့။ သုဂ္ဂဟိတ ဖြစ်၏။ အစဉ်သည်ကား မတည်။ တစ်ထည်စီထုတ်၍ ဣဒိ မယှံ ပါပုဏာတိ-ဟု ယူအံ့၊ အစဉ်သည် တည်၏၊ အစဉ် မတည်လျှင် တစ်ပါးသော သင်္ကန်းရသောအခါ ရဟန်းတစ်ပါး ရောက်လာအံ့၊ အလယ်၌ ခွဲ၍ နှစ်ပါးလုံး ယူအပ်၏။ အစဉ်တည်လျှင် တစ်ပါးသော သင်္ကန်း ရသောအခါ၊ သီတင်းငယ် ရောက်လာအံ့၊ အစဉ်သည် အောက်သို့ သက်၏။ သီတင်းကြီး ရောက်လာအံ့၊ အစဉ်သည် အထက်သို့ တက်၏။ တစ်ပါးသော ရဟန်း မရှိအံ့၊ တစ်ဖန် မိမိသို့ ရောက်စေ၍ ယူအပ်၏။]

သံဃိကနှင့် ပံ့သကူ

[သံဃဿ ဒေမ၊ ဘိက္ခု သံဃဿ ဒေမ - ဟု ခြင်းရာ တစ်ခုခုဖြင့် သံဃာကို သုံးသပ်၍ လှူသော စီဝရ သည် ပံ့သကူ ဆောင်တို့အား မအပ်။ ဂဟပတိ စီဝရကို ပယ်ပါ၏ဟု ဆိုသောကြောင့်တည်း။ အကပ္ပိယ ဖြစ်သောကြောင့်ကား မဟုတ်။ ရဟန်း သံဃာသည် ပန်ကြား၍ ပေးသော်လည်း မယူအပ်။ ရဟန်းသည် မိမိ၏ ဥစ္စာကို ပေးလျှင်ကား ဘိက္ခု ဒတ္တိယ-ရဟန်းပေး မည်၏၊ အပ်၏။ ပံ့သကူ သင်္ကန်းကား မဟုတ်။ မဟုတ်သော်လည်း ဓုတင် မပျက်။ ဘိက္ခုနံ ဒေမ၊ ထေရာနံ ဒေမ-ဟု ဆိုလျှင် ပံ့သကူဆောင်တို့အားလည်း အပ်၏။ ဤ အဝတ်ကို သံဃာအား လှူပါ၏။ ဤအဝတ်ဖြင့် ဖိနပ်အိတ်၊ သပိတ်အိတ်၊ အာယောဂ ပါသ်၊ ပခုံးဖွဲ့ စသည်တို့ကို ပြုစေကုန်သတည်းဟု လှူသော အဝတ်လည်း အပ်၏။ သပိတ်အိတ် စသည် အလို့ငှါ လှူသော အဝတ် များ၍ သင်္ကန်းပင် ချုပ်လောက်အံ့၊ သင်္ကန်းချုပ်၍ ရုံခြင်းငှါ အပ်၏။ (ဝိဋီ ... ၌ မအပ်။)

သံဃာသည် ဝေကြွင်း အဝတ်တို့ကို ဖြတ်၍ ဖိနပ်အိတ် စသည်အလို့ငှါ ဝေဖန်စေအံ့၊ ထိုမှ ယူခြင်းငှါ မအပ်။ အလှူဒါယကာတို့ စိစစ်မှသာ အပ်သည်။ မစိစစ်လျှင် (ဝါ-ရဟန်း စိစစ်လျှင်) မအပ်။ ပံ့သကူဆောင် သံဃာအား ဓမ္မကရိုဏ် အဝတ် စသည် အလို့ငှါ လှူပါ၏ဟု ဆိုလျှင်လည်း ယူခြင်းငှါ အပ်၏။ ပရိက္ခရာ မည်သည်ကို ပံ့သကူဆောင်တို့ သည်လည်း အလိုရှိအပ်၏။ ထိုပရိက္ခရာ၌ အဖို့ကို သင်္ကန်း၌လည်း ဆောင်ခြင်းငှါ အပ်၏။ ချည်ကို သံဃာအား လှူကုန်အံ့၊ ပံ့သကူဆောင်တို့လည်း ယူအပ်၏။ ဤကား ကျောင်းသို့ ဝင်၍ သံဃဿဒမ္မိ-ဟု လှူသော သင်္ကန်း၌ ဝိနိစ္ဆယတည်း။

ဥပစာရသိမ်ပ၌ ခရီးသွား ရဟန်းတို့ကို မြင်၍ သံဃဿဒမ္မိ-ဟု မထေရ်ကြီးအား လည်းကောင်း၊ သံဃာငယ်အား လည်းကောင်း လျှောက်ကြားအံ့၊ ယူဇနာတိုင်အောင် နှံ့တည်သော ပရိသတ်သည် တစ်စပ်တည်း ဖြစ်အံ့၊ အားလုံးတို့အား ရောက်၏။ ၁၂-တောင်ဖြင့် ပရိသတ်သို့ မရောက်သူတို့အား မရောက်။]

[သာဋီ ... တုယှံ ဒေမ-ဟု မဆိုဘဲ ဘိက္ခုနံ ဒေမ၊ ထေရာနံ ဒေမ-ဟု ဆိုသောကြောင့် ပံ့သကူ ဆောင်တို့အား အပ်၏။

စိစစ်မှသာ ဟူသည် ဖိနပ်အိတ် စသည် အလို့ငှါ စိစစ်မှသာတည်း။

ဝိဋီ ... တုယှံ ဒေမ-ဟု ဆိုခြင်းကြောင့်ဟု အကြောင်းကို ဆိုကုန်၏။ ယင်းသို့ဖြစ်လျှင် သံဃဿ ဒေမ-ဟု ဆိုရာ၌လည်း အပ်ရာ၏။ ဘိက္ခုနံ၊ ထေရာနံ၊ သံဃဿ-ဟု ဆိုခြင်းကြောင့် အထူး မထင်၊ စူးစမ်းအပ်၏။

ရုံခြင်းငှါ မအပ် ဟူသည် ပံ့သကူ ဆောင်တို့အား မအပ်။]

(ထာ ... ပါရုပိတုံ ဝဋ္ဋတိ

ဝိဋီ ... ပါရပိတုံန ဝဋ္ဋတိ။)

၅။ ဥဘတော သံဃဿဒေတိ အကျယ်

[ဥဘတော သံဃဿဒေတိ ဟူသည်၌ ဥဘတော သံဃဿဒမ္မိ၊ ဒွိဓာ သံဃဿာဒမ္မိ၊ ဒွိန္နံ သံဃာနံဒမ္မိ၊ ဘိက္ခု သံဃဿ စ ဘိက္ခုနိ သံဃဿ စ ဒမ္မိ-ဟု ဆိုသော်လည်း၊ ဥဘတော သံဃာအား လှူခြင်းသာ ဖြစ်၏။

ထက်ဝက်ကို ပေးအပ်၏ ဟူသည် နှစ်ဖို့ အညီပြု၍ တစ်ဖို့ကို ပေးအပ်၏။ ဥဘတော သံဃဿ စ တုယှဉ္စဒမ္မိ-ဟု ဆိုလျှင် ဘိက္ခု ဆယ်ပါး၊ ဘိက္ခုနီ ဆယ်ပါးရှိအံ့၊ ၂၁-ဖို့ပြု၍ တစ်ဖို့ကို ပုဂ္ဂိုလ်အား ဆယ်ဖို့ကို ဘိက္ခု သံဃာအား၊ ဆယ်ဖို့ကို ဘိက္ခုနီ သံဃာအား ပေးအပ်၏။ ပုဂ္ဂလိကအဖို့ ရသူသည် သံဃာမှလည်း မိမိဝါစဉ်ဖြင့် ယူခြင်းငှါ ရ၏။ ဥဘတော သံဃသဒ္ဒါဖြင့်ဟု အပ်သောကြောင့်တည်း။

ဥဘတော သံဃဿ စ စေတိ ယဿ စ ဒမ္မိ-ဟု ဆိုရာ၌လည်း ဧသေ ဝနယော။ အထူးကား စေတီအား သံဃာမှရောက်သော အဖို့ဟု မရှိ။ ပုဂ္ဂိုလ် တစ်ယောက်ရသော အဖို့လောက်သာ စေတီအဖို့ ဖြစ်၏။ ဥဘတော သံဃဿ စ တုယှဉ္စ စေတိယဿ စ ဒမ္မိ-ဟု ဆိုလျှင် ၂၂ -ဖို့ ပြု၍ ဘိက္ခု-ဆယ်ဖို့၊ ဘိက္ခုနီ-ဆယ်ဖို့၊ ပုဂ္ဂိုလ် တစ်ဖို့၊ စေတီတစ်ဖို့ ပေးအပ်၏။ ပုဂ္ဂိုလ်သည် သံဃာမှလည်း မိမိ ဝါစဉ်ဖြင့် တစ်ဖန် ယူခြင်းငှါ ရ၏။ စေတီအား တစ်ဖို့သာတည်း။ (ဥဘတော သံဃမူ လေးဝါရ။)

(ဘိက္ခု၊ သံဃဿ စ ဘိက္ခုနီ နဉ္စ ဒမ္မိ-ဟု ဆိုလျှင် အလယ်၌ ခွဲ၍ မပေးအပ်၊ ဘိက္ခု၊ ဘိက္ခုနီတို့ကို ရေတွက်၍ ပေးအပ်၏။ ဘိက္ခု သံဃဿ ဘိက္ခုနီ နဉ္စ တုယှဉ္စ-ဟု ဆိုလျှင် ပုဂ္ဂိုလ်သည် သီးခြားမရ။ ရောက်ရာ ဌာနမှ (မိမိ၏ ဝါစဉ်ဖြင့် ရောက်ရာဌာနမှ) တစ်ဖို့ကိုသာ ရသည်။ ဘိက္ခု သံဃသဒ္ဒါဖြင့် ယူအပ်သောကြောင့်တည်း။

(ဝိဋီ ... မယူအပ်သောကြောင့်တည်း။) ဘိက္ခု သံဃံဿ စ ဘိက္ခုနီ နဉ္စ တုယှဉ္စ စေတိယဿ စ ဒမ္မိ-ဟု ဆိုလျှင်လည်း စေတီအား ပုဂ္ဂိုလ်စု တစ်စုရှိ၏။ ပုဂ္ဂိုလ်အား သီးခြား မရ။ ထိုကြောင့် တစ်စုကို စေတီအားလှူ၍ အကြွင်းကို ဘိက္ခုနီတို့ကို ရေတွက်၍ ဝေဖန်စေအပ်၏။ (သုံးဝါရ ပြသည်။)

ဘိက္ခု နဉ္စ ဘိက္ခုနီ နဉ္စ ဒမ္မိ-ဟု ဆိုလျှင်လည်း အလယ်ခွဲ မပေးအပ်၊ ပုဂ္ဂိုလ် အရေအတွက်ဖြင့်သာ ဝေဖန်အပ်၏။ ဘိက္ခု နဉ္စ ဘိက္ခုနီ နဉ္စ တုယှဉ္စ စေတိယဿ စ-ဟု ဆိုလျှင်လည်း စေတီအား ပုဂ္ဂိုလ်စု တစ်စုရ၏။ ပုဂ္ဂိုလ်အား သီးခြား မရှိ။ ဘိက္ခု၊ ဘိက္ခုနီတို့ကို ရေတွက်၍သာ ဝေဖန်စေအပ်၏။ (နှစ်ဝါရသာ ပြသည်။)

ဘိက္ခု သံဃာကို အစပြု၍ နည်းကိုပြသကဲ့သို့ ဘိက္ခုနီ သံဃာကို အစပြု၍လည်း ဆောင်သိအပ်၏။

ဘိက္ခု သံဃဿ စ တုယှဉ္စ-ဟု ဆိုလျှင် ပုဂ္ဂိုလ်အား သီးခြားမရ၊ ဝါစဉ်ဖြင့်သာ ယူအပ်၏။

ဘိက္ခု သံဃဿ စ စေတိယဿ စ-ဟု ဆိုလျှပ် စေတီအား သီးခြားအဖို့ ရ၏။

ဘိက္ခု သံဃဿ စ ဘိယှဉ္စ စေတိယဿ စ ဟု ဆိုလျှင်လည်း စေတီအားသာ ရသည်။ ပုဂ္ဂိုလ်အား မရ။ (သုံးဝါရ)

[ဘိက္ခု နဉ္စ တုယှဉ္စ-ဟု ဆိုလျှင်လည်း သီးခြား မရ။

ဘိက္ခု နဉ္စ စေတိယဿ စ-ဟု ဆိုလျှင် စေတီအတွက် ရ၏။

ဘိက္ခု နဉ္စ တုယှဉ္စ စေတိ ယဿ စ-ဟု .ဆိုလျှင်လည်း စေတီအတွက်သာ သီးခြားရ၏။ ပုဂ္ဂိုလ်အတွက် မရ (သုံးဝါရ)။

ဘိက္ခုနီ သံဃာကို အစပြု၍လည်း အတူသာ ယှဉ်စေအပ်၏။]

(သာဋီ ... ထက်ဝက်ကို ပေးအပ်၏ ဟူသည် ဥဘတော သံဃာအား လှူသော သင်္ကန်းမှ ထက်ဝက်ကို ဘိက္ခုတို့အား၊ ထက်ဝက်ကို ဘိက္ခုနီ တို့အား ပေးအပ်၏။ ဘိက္ခုသည် လည်းကောင်း၊ ဘိက္ခုနီသည် လည်းကောင်း တစ်ပါးတည်း ဖြစ်အံ့၊ အယုတ်ဆုံး အနုပသမ္ပန္နေအား သော်လည်း ထက်ဝက်ကိုသာ ပေးအပ်၏။

ဘိက္ခု သံဃဿ စ ဘိက္ခုနီ နဉ္စ တုယှဉ္စ-ဟု ဆိုလျှင် ပုဂ္ဂိုလ်သည် သီးခြားမရ ဟူသည်ကို အဋ္ဌကထာ ပမာဏဖြင့်သာ ယူအပ်၏။ အကြောင်းထူး မရ။

ဥဘတော သံဃဿ စ တုယှဉ္စ ၌လည်း သာမညနှင့် ဝိသေသ၊ ဘိက္ခု သံဃဿ စ တုယှဉ္စ ၌လည်း သာမညနှင့် ဝိသေသသာ ဖြစ်၍၊ ပုဂ္ဂိုလ်အဖို့ သီးခြားဖြစ်ထိုက်သည်ဟု ထင်ရှား၏။ ထိုကြောင့် အဋ္ဌကထာ စကားသာလျှင် ပမာဏတည်း။

ဘိက္ခု သံဃသဒ္ဒါဖြင့် ဟူသည် ဘိက္ခု သံဃသဒ္ဒါဖြင့်သာ ပုဂ္ဂလကိုလည်း ယူအပ်သောကြောင့် ဟူသော အဓိပ္ပါယ်တည်း။

ဝိဋီ ... ဘိက္ခု သံဃဿ စ ဘိက္ခု နဉ္စ ...လ… ခွဲ၍ မပေးအပ် ဟူသည်၌ ဘိက္ခုနီ၌ သံဃာဟု မသုံးသပ်သောကြောင့် အရေအတွက်ဖြင့် အဖို့ပေးအပ်၏။ ဤကား ဒါယကာ၏ အလိုဟု ထင်ရှား၏။ ထိုသို့ လှူခြင်းသည်လည်း ရေတွက်၍ လှူမှ သင့်သည်။ ထိုကြောင့် ဘိက္ခု သံဃဿဟု ဆိုသောစကားလည်း ဘိက္ခုနီဟု ဆိုသည်နှင့် တူသည်သာတည်း။ ထိုကြောင့် ဘိက္ခု၊ ဘိက္ခုနီတို့ကို ရေတွက်၍ ပေးအပ်၏ဟု ဆိုသည်။

တေနာဟ ပုဂ္ဂလော။ပ။ ဘိက္ခု သံဃဂ္ဂဟဏေန အဂ္ဂဟိ တတ္တာတိ။ ဘိက္ခု သံဃသဒ္ဒါဖြင့် ဘိက္ခုတို့ကိုသာ ယူ၏။ ပုဂ္ဂလကိုကား တုယှဉ္စ အသီးအခြား ယူ၏။ ထိုကြောင့် ဘိက္ခုသံဃ၌ ပုဂ္ဂလကို မယူခြင်းကို မှတ်အပ်၏။ ဘိက္ခု နဉ္စ ဘိက္ခုနီ နဉ္စ တုယှဉ္စ-ဟု ဆိုရာဌာနနှင့် ဟူလို။ ဤ၌ သံဃသဒ္ဒါကို ပုဂ္ဂလပ္ပဋ္ဌာနဟု မှတ်အပ်၏။

ကေစိတို့အား- ဘိက္ခု သံသဂ္ဂဟဏေန ဂဟိတတ္တာ-ဟု ပါဠိကို ရေးကုန်၏။ တံနသုန္ဒရံ။ ပုဂ္ဂလ၏ သီးခြားလာဘ် ယူခြင်း၌ အကြောင်းစကား ဖြစ်သောကြောင့်တည်း။ အထက်၌ ဘိက္ခု သံဃဿ စ တုယှဉ္စ-စသည်တို့၌လည်း သံဃသဒ္ဒါဖြင့် ပုဂ္ဂလကို မယူခြင်းကို မှတ်အပ်၏။ ယူခဲ့လျှင် သံဃာမှ လည်းကောင်း၊ သီးခြား လည်းကောင်း ဘာဂနှစ်ခု ရရာ၏။

(ဤ၌ ဘိက္ခု သံဃဂ္ဂဟဏ္ဌေန အဂ္ဂဟိတတ္တာ

ထာ၌ … ဂဟိတတ္တာ-ဟု ကွဲ၏။)။

ဇီဋီ … ဥဘတော သံဃဿဆို ဆိုလျှင် ဘိက္ခု သံဃဿဟု မဆိုခြင်းကြောင့် လည်းကောင်း၊ ဘိက္ခုနီ သံဃာနှင့် ရောခြင်းကြောင့် လည်းကောင်း၊ ထို၌ မပါဝင်ခြင်းကြောင့် လည်းကောင်း ပုဂ္ဂိုလ်သည် သီးခြားရ၏။ စသည်။)

ဗုဒ္ဓပ္ပမုခ ဒါနပြုပုံ

[ရှေး၌ ဘုရားအမှူးရှိသော ဥဘတော သံဃာအား အလှူ လှူကုန်၏။ (ထိုအခါ) မြတ်စွာဘုရားသည် အလယ်၌နေ၏။ လက်ယာ၌ ရဟန်းများ၊ လက်ဝဲ၌ ဘိက္ခုနီများ နေကုန်၏။ မြတ်စွာဘုရားသည် နှစ်ဦးတို့၏ သံဃတ္တေရ ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် မိမိရသော ပစ္စည်းတို့ကို ကိုယ်တိုင်လည်း သုံးဆောင်၏။ ဘိက္ခုတို့အားလည်း ပေးစေ၏။

ယခုအခါ၌ကား ပညာရှိသူတို့သည် ဇာတ်တော်နှင့် တကွသော ရုပ်ပွား ဆင်းထုကို လည်းကောင်း ထား၍ ဘုရား အမှူးရှိသော ဥဘတော သံဃာအား အလှူ လှူကုန်၏။ (ထိုအခါ) ဆင်းတုရှေ့၊ စေတီရှေ့၌ သပိတ်ခြေ၌ သပိတ်ကိုထား၍ ဒက္ခိဏောဒကကို ပေး၍ ဗုဒ္ဓါနံ ဒေမ-ဟု လှူကုန်၏]

ဘုရားပစ္စည်း သုံးစွဲနည်း

ထိုသို့လှူရာ၌ ရှေးဦးစွာ လှူသော ခဲဖွယ် ဘောဇဉ်၌ လည်းကောင်း၊ ကျောင်းသို့ ဆောင်၍ ဣဒံ စေတိယဿဒေမ-ဟု လှူသော ဆွမ်း၊ ပန်း၊ နံ့သာစသည်တို့၌ လည်းကောင်း၊ ကျင့်ဝတ်ကား ပန်းနံ့သာ စသည်ကို စေတီ၌ တင်အပ်၏။ အဝတ်ဖြင့် တံခွန် ကုက္ကား ပြုအပ်၏။ ဆီဖြင့် မီးထွန်းအပ်၏။ ဆွမ်း၊ ပျား၊ တင်လဲ စသည်ကို အမြဲ စေတီသုတ်သင်သော ရဟန်း ရှင် လူ အားသာ ပေးအပ်၏။ အမြဲ သုတ်သင်သူ မရှိလျှင် ဆောင်ခဲ့သော ဆွမ်းကို ထား၍ ဝတ်ကိုပြု၍ စားခြင်းငှါ အပ်၏။ မွန်းတည့်ချိန်နီးလျှင် စားပြီးမှလည်း ဝတ်ကို ပြုခြင်း အပ်သည်သာတည်း။]

ဂိဟိ ကမ္မမဖြစ်

[ပန်းနံ့သာ စသည် တစ်ခုခုကို ဣဒံဟရိတွာ စေတီ ယဿ ပူဇံကရောထ-ယူသွား၍ ဘုရားပူဇော်လော ဟု ဆိုလျှင် ဝေးသော်လည်း ယူသွား၍ ပူဇော်အပ်၏။ ဘိက္ခု သံဃာအထံသို့ ဆောင်ပို့လောဟု ဆိုလျှင်လည်း ဆောင်ပို့အပ်၏။ အကယ်၍ ငါ ဆွမ်းခံသွားရဦးမည်။ ဆွမ်းစား စရပ်၌ ရဟန်းတို့ ရှိကုန်၏။ ထိုရဟန်းများ ဆောင်ပို့ကုန်လတ္တံ့ဟု ဆိုလတ်သော် တုယှံယေဝဒမ္မိ-ဟု ဆိုအံ့၊ စားခြင်းငှါ အပ်၏။ ဘိက္ခု သံဃာအား လှူအံ့ဟု ဆောင်သွားစဉ် မွန်းတည့်ချိန် နီးသည် ဖြစ်အံ့၊ မိမိအား (မယှံ ပါပုဏာတိ-ဟု) ရောက်စေ၍ စားခြင်းငှါ အပ်၏။]

(ဤ စကားရပ်တို့၌ သံဃာအား ညွှတ်ပြီးဖြစ်လျက်၊ မိမိ စားရာ၌ အပြစ်မရှိခြင်းကို အကြောင်းရှာအပ်၏။)

(ဝိဋီ ... ပူဇော်အပ်၏ စသည်ကို ဂိဟိကမ္မ မဖြစ်ဟု ပြခြင်းငှါ ဆိုသည်။

အထံသို့ ဆောင်ပို့လော ဟူသည်ကို ဆွမ်းဆောင်ခြင်းကို ရည်ဆိုသည်။ ထိုကြောင့် စားခြင်းငှါ အပ်၏-ဟု ဆိုသည်။

သာဋီ ... ထိုထက် မထူး။

ဇီဋီ ... မိမိအား ရောက်စေ၍ ဟူသည်၌ နေလွဲလျှင် မသုံးဆောင် အပ်သောကြောင့် အချိန်မရွေး အပ်ရာ၏ ဟု ဆိုငြားအံ့၊ မအပ်။ သံဃအထံ ဆောင်လောဟု ဆိုသောကြောင့် လည်းကောင်း၊ ဆောင်ပါမည်ဟု ဝန်ခံ သောကြောင့် လည်းကောင်း မအပ်။)

၆။ ဝဿဝုတ္တ သံဃဿဒေတိ အကျယ်

[ဝဿံဝုတ္ထ သံဃဿဒေတိ ဟူသည် ဝိဟာရတို့ဝင်၍ ဣမာနိ စီဝရာနိ ဝဿံဝုတ္တ သံဃဿဒမ္မိ-ဟု လှူအံ့။ ထိုအာဝါသ၌ ဝါမပြတ်စေဘဲ ပုရိမ ဝါကျွတ်သမျှ ရဟန်းတို့ဖြင့် ဝေဖန်စေအပ်၏။ တစ်ပါးသူတို့အား မရောက်။ အရပ်တစ်ပါး ဖဲသွားသူအတွက်လည်း ယူသူရှိလျှင် ကထိန်နုတ်သည် တိုင်အောင် ပေးအပ်၏။ ကထိန် မခင်းလျှင်ကား ဆောင်းတွင်း၌ ဤသို့ ဆို၍ လှူသော သင်္ကန်းသည် ပစ္ဆိမ ဝါကျွတ်သူတို့အားလည်း ရောက်သည် ဟု လက္ခဏာ သိသူတို့ ဆိုကုန်၏။ အဋ္ဌကထာ၌ကား မစိစစ်။

ဥပစာရ သိမ်ပ၌တည်လျက် ဝဿံဝုတ္တ သံဃဿဒေမ-ဟု ဆိုအံ့၊ ရောက်လာသူ အားလုံးတို့အား ရောက်၏။
အမှတ် မရှိရာ၌ ဝါကျွတ်၍ ရောက်လာသမျှတို့အား ဟူလို။

အသုက ဝိဟာရေ ဝဿံဝုတ္တ သံဃဿ- ဟု ဆိုအံ့၊ ထိုဝိဟာရ၌ ဝါကျွတ်သူတို့အားသာ ကထိန်နုတ်သည် တိုင်အောင် ရောက်၏။ နွေဥတု ပထမနေ့မှစ၍ ဤသို့ (ဝဿံဝုတ္တ သံဃသဒမ္မိ-ဟု) ဆိုအံ့၊ ထိုဝိဟာရ၌ သမ္မုခိ ဘူတ အားလုံးတို့အား ရောက်၏။ ပိဋ္ဌိသမယ၌ ဖြစ်သောကြောင့်တည်း။

ဝါတွင်း၌သာလျှင် ဝဿံ ဝသန္တာနံဒမ္မိ-ဟု ဆိုလျှင် ဝါပြတ်သူ မရ။ ဝါတွင်း နေဆဲတို့သာ ရကုန်၏။ စီဝရမာသ၌ကား ဝဿံ ဝသန္တာနံဒမ္မိ-ဟု ဆိုလျှင် ပစ္ဆိမ ဝါကပ်သူတို့အားသာ ရောက်၏။ ပုရိမဝါကပ်နှင့် ဝါပြတ်တို့အား မရောက်။

စီဝရမာသမှစ၍ ဆောင်း နောက်ဆုံးနေ့အတွင်း ဝဿာဝါသိကံ ဒေမ-ဟု ဆိုလျှင် ကထထိန်ခင်း၊ မခင်း-အတိတ် (အခြားမဲ့) ဝါကျွတ်တို့ အားသာ ရောက်၏။ နွေ ပထမနေ့မှစ၍ ဆိုလျှင် မာတိကာသို့ တင်အပ်၏။ (ဝါ-မေးအပ်၏။)

အတိတ်ဝါ ငါးလလွန်ပြီ၊ အနာဂတ်ဝါ လေးလ လိုသေးသည်။ အဘယ် ဝါကျွတ်တို့အား လှူသနည်းဟု မာတိကာတို့အား လှူပါ၏။ ဟုဆိုလျှင် ဝါတွင်းနေပြီးသူတို့အားသာ ရောက်၏။ အရပ် တစ်ပါး ဖဲသွားသူတို့ အတွက်လည်း သဘာဂတို့ ယူခြင်းငှါ ရကုန်၏။

အနာဂတေ ဝဿာဝါသိထံဒမ္မိ-ဟု ဆိုအံ့၊ ထိုသင်္ကန်းကို ထား၍ ဝါကပ် အံ့သောနေ့၌ ယူအပ်၏။ ကျောင်းမလုံ၊ ခိုးသူဘေးရှိ၏။ ထားခြင်းငှါ မတတ်နိုင် ယူသွားခြင်းငှါလည်း မတတ်နိုင်ဟု ဆိုလတ်သော် သမ္ပတ္တာနံ ဒမ္မိ-ဟု ဆိုအံ့၊ ဝေဖန်စေ၍ ယူအပ်၏။ ဤဝါမှ တတိယဝါ၌ ဝါဆို သင်္ကန်း မလှူရ၊ ထိုကို လှူပါ၏ဟု ဆိုအံ့၊ ထိုဝါတွင်း၌ နေသူတို့အား ရောက်၏။ အရပ်တစ်ပါး ဖဲသွား၍ အကျွမ်းဝင်သူ ယူအံ့၊ ပေးအပ်၏။ အားလုံးသေ၍ တစ်ပါးတည်းကျန်အံ့၊ ထိုတစ်ပါးတည်းအားသာ အားလုံး ရောက်၏။ တစ်ပါးမျှ မရှိအံ့၊ သံဃိက ဖြစ်၏။ သမ္မုခိဘူတတို့ဖြင့် ဝေဖန်စေအပ်၏။]

(သာဋီ ... လက္ခဏာ သိသူတို့ဆိုကုန်၏ ဟူသည် အဆုံးအဖြတ် စကားတည်း။ အဋ္ဌကထာတို့၌ မလာသောကြောင့် ဤသို့ဆိုသည်။

ဥပစာရ သိမ်ပ၌ တည်လျက် ...လ... ။ အားလုံးတို့အား ရောက်၏ ဟူသည် အမှတ်မရှိရာ၌ ဝါကျွတ်သူ အားလုံးတို့အား ရောက်၏။ ထိုကြောင့် ကင်္ခါ၌လည်း သစေ ပနဗဟိ ဥပစာရ သီမာယံဋ္ဌိတော ဝဿံဝုတ္တ သံဃဿာတိဝဒတိ၊ ယတ္တ ကတ္တစိ ဝုတ္တ ဝဿာနံ သဗ္ဗေသံ သမ္ပတ္တာနံ ပါပုဏာတိ-ဟု ဆိုသည်။ ဂဏ္ဌိတို့၌ကား အဝုတ္တ ဝဿတို့အားလည်း ရောက်၏ဟု ဆိုသည်။ မယူအပ်။။

ဝိဋီ ... ဆောင်းတွင်း၌ ဟူသော စကားဖြင့် ကထိန်မခင်းလျှင် မိုးဥတု နောက်ဆုံး၌ လှူသော သင်္ကန်းသည် ပုရိမ ဝါကျွတ်တို့အားသာ ရောက်၏။ ထိုနောက် ဆောင်းတွင်း၌ လှူလျှင် ပစ္ဆိမ ဝါကျွတ်တို့အားလည်း ရောက်၏။ ဆောင်းမှ နောက် ပိဋ္ဌိသမယ၌ ဝဿံဝုတ္ထ သံဃဿ-ဟု ဆို၍ လှူလျှင် အမှတ်မရှိ ဝါတို့၌ ထိုကျောင်း၌ ဝါကျွတ်ဖူးသူ အားလုံးတို့အား ရောက်၏။ ခပ်သိမ်းသော ခြင်းရာဖြင့် ဝါမကျွတ်ဖူးသူတို့အား မရောက်ဟု ပြသည်။

ဇီဋီ ... ပစ္ဆိမ ဝါကျွတ်တို့အားလည်း ဟူသည်၌ ပစ္ဆိမ ဝါကျွတ်တို့အား သာလျှင်ဟု အဝဓာရဏ အနက်ယူအပ်၏၊

သမုစ္စယ အနက်ယူလျှင် လက္ခဏာသိသူတို့ ဆိုကုန်၏-ဟူသော စကားသည် နိရတ္တက ဖြစ်ရာ၏။ နောက်၌ စီဝရ မာသတောပဋ္ဌာယ …လ.. အတီတ ဝဿံဝုတ္ထာ န မေဝ ပါပုဏာတိ-ဟူသော စကားဖြင့် ထင်ရှားသောကြောင့် မစိစစ်။ ထိုကြောင့် လက္ခဏာသိသူတို့ဟု ဆိုသည်။ စသည်။)

၇။ အာဒိဿဒေတိ အကျယ်

[အာဒိဿဒေတိ ဟူသည် အာဒိသိတွာ-ညွှန်း၍၊ ပရိစ္ဆိန္ဒီတွာ- ပိုင်း၍၊ ဒေတိ-လှူ၏။ ယာဂု၌ လည်းကောင်း၊ ... လ... ။ ဆေး၌ လည်းကောင်း အာဒိဿဒေတိ

ယောဇနာကား-ရဟန်းတို့ကို ယနေ့အတွက် ဖြစ်စေ၊ နက်ဖြန်အတွက်ဖြစ်စေ ယာဂုဖြင့် ဖိတ်၍ အိမ်ဝင်သူ တို့အား ယာဂုလှူ၍ ယာဂုသောက်ပြီးသည်ရှိသော် .. “ဤ သင်္ကန်းတို့ကို အကျွန်ုပ်၏ ယာဂုသောက်သူတို့အား လှူပါ၏”ဟု လှူအံ့၊ ဖိတ်၍ ယာဂုသောက်သူတို့ အားသာ ရောက်၏။ ယာဂုရောက်သော်လည်း ဆွမ်းခံခြင်းဖြင့် အိမ်တံခါးသို့ ရောက်သူ၊ အိမ်သို့ ဝင်သူ၊ ဆွမ်းစားစရပ်မှ သပိတ်ဆောင်၍ လူတို့ ပို့အပ်သော သပိတ်ရှင်၊ မထေရ်တို့ ပို့စေရာ ရဟန်း-ထိုသို့သော သူတို့အား မရောက်။

ဖိတ်အပ်သော ရဟန်းတို့နှင့် အတူတကွ ရဟန်း များစွာတို့လည်း လာ၍ အိမ်တွင်း၊ အိမ်ပ အပြည့်ထိုင်ကုန်အံ့၊ ဒါယကာသည်လည်း ဤသို့ ဆိုအံ့၊ ဖိတ်အပ်၊ မဖိတ်အပ်၊ အကြင် အရှင်မြတ်တို့အား အကျွန်ုပ်သည် ယာဂုကို လှူ၏။ ထိုအရှင်မြတ် အားလုံးတို့အား ဤအဝတ်တို့သည် ဖြစ်စေကုန်သဘည်း-ဟု ဆိုအံ့၊ အားလုံးတို့အား ရောက်ကုန်၏။ မထေရ်တို့၏ လက်မှ ယာဂု ရသူတို့အားကား မရောက်ကုန်။

အကြင် အရှင်မြတ်တို့သည် အကျွန်ုပ်၏ ယာဂုကို သောက်အပ်၏။ ထိုအရှင်မြတ် အားလုံးတို့အား ဖြစ်စေကုန်သတည်းဟု ဒါယကာ ဆိုအံ့၊ အားလုံးတို့အား ရောက်ကုန်၏။

ထမင်း၊ ခဲဖွယ်တို့၌လည်း ဧသေဝ နယော

စီဝရ-သင်္ကန်း၌ ဟူသည် ရှေး၌လည်း ဝါဆိုစေ၍၊ သင်္ကန်း လှူဖူးသော သူသည် ရဟန်းတို့ကို ဆွမ်းကျွေး၍ ရှေး၌ အကျွန်ုပ် သင်္ကန်းလှူရာ အရှင်တို့အား ဤသင်္ကန်းသည်၊ ဤချည်သည် ထောပတ် ပျား တင်လဲ စသည်သည် ဖြစ်စေသတည်းဟု ဆိုအံ့၊ ထိုသူတို့အားသာ အားလုံးရောက်။

သေနာသန၌ ဟူသည် အကျွန်ုပ် ပြုစေအပ်သော ဝိဟာရ- ကျောင်းတိုက်၌၊ ပရိဝေဏ - ကျောင်းငယ်၌ နေသူအား၊ ဤသင်္ကန်း ဖြစ်စေသတည်းဟု ဆိုလျှင် ထိုသူအားသာ ဖြစ်၏။

ဘေသဇ္ဇ၌ ဟူသည် အကျွန်ုပ်သည် မကြာ မကြာ မထေရ်တို့အား ထောပတ် စသော ဆေးတို့ကို လှူဖူးကုန်၏။ ထိုဆေးတို့ကို ရဖူးသူတို့အား ဤသင်္ကန်း ဖြစ်စေသတည်းဟု ဆိုအံ့၊ ထိုသူတို့အားသာ ဖြစ်၏။]

(ဋီ ... အကြင် သူတို့ကို မထေရ်တို့ စေလွှတ်အပ်ကုန်၏။ ထိုသူတို့ အားလည်း ရောက်၏။)

၈။ ပုဂ္ဂလဿဒေတိ အကျယ်

[ပုဂ္ဂလဿဒေတိ ဟူသည် ဣမံ စီဝရံ ဣတ္တန္နမဿဒမ္မိ-ဟု မျက်ကွယ် သော်လည်း လှူအံ့၊ ခြေရင်း၌ ထား၍ ဣမံ ဘန္တေ တုမှာကံဒမ္မိ – ဟု မျက်မှောက်သော်လည်း လှူအံ့။ ထိုသင်္ကန်းသည် ထိုအရှင်အားသာ ဖြစ်၏။

ဣဒံ တုမှာကဉ္စ တုမှာကံ အန္တေဝါတိကာ နဉ္စဒမ္မိ-ဟု ဆိုအံ့၊ မထေရ်အား လည်းကောင်း၊ အန္တေဝါသိကတို့အား လည်းကောင်း ရောက်၏။ စာသင်ခြင်းငှါ လာသူ၊ သင်ယူ၍ သွားသူရှိလျှင် ထိုသူတို့အား လည်း ရောက်၏။

တုမှေဟိသဒ္ဓိံ နိဗဒ္ဓစာရိက ဘိက္ခုနံ ဒမ္မိ- ဟု ဆိုလျှင် ကျင့်ဝတ်ကိုပြု၍ စာသင်ခြင်း မေးခြင်း စသည်တို့ကို ယူ၍ (အနီးအနား ခေတ္တ) လှည့်လည်နေသော ဥဒ္ဒေ သန္တေ ဝါသီက အားလုံးတို့အား ရောက်၏။

ဤကား ပုဂ္ဂလဿဒေတိ၌ ဝိနိစ္ဆယတည်း။ အကြွင်း ပေါ်လွင်သည်သာတည်း။]

(သာဋီ ... စာသင်ခြင်းငှါ လာသူကို မသင်ယူဖူးသော်လည်း သင်ယူအံ့ဟု လာသောအခါမှ စ၍ အန္တေဝါသိက အဖြစ်သို့ ရောက်သောကြောင့် ဆိုသည်။

ဝိဋီ ... စာသင်ခြင်းငှါ လာသူကို စာမသင်ယူစေသော်လည်း အန္တေ ဝါသိကသာတည်းဟု ဆိုအပ်၏။ သင်ယူ၍ သွားသူ ဟူသည် စာသင်ခြင်း ကိစ္စပြီး၍ သွားသူတည်း။ ကျင့်ဝတ်ကို ...လ... ဥဒ္ဒေ သန္တေ ဝါသိက ဟူသော စကားဖြင့် စာသင်ချိန်သွား၍ စာသင်ယူ၍ သွားသော နေရာ တစ်ပါး၌ နေသော အနိဗဒ္ဓစာရိက - အနီး၌ အမြဲ မနေသူတို့ကို နစ်စေ၏။)

စီဝရက္ခန္ဓက ပြီး၏။

၉ - စမ္ပေယျက္ခန္ဓက

မတရား နှင်ထုတ်မှု

ထိုအခါ မြတ်စွာဘုရားသည် စမ္ပာပြည်၌ ဂဂ္ဂရာ မည်သော ရေကန်၏ ကမ်းနား၌ နေတော်မူ၏။ ထိုအခါ ကာသိတိုင်း ဇနပုဒ် ဝါသဘရွာ၌ ကဿပဂေါတ္တ မည်သော ရဟန်းသည် အာဝါသိက ဖြစ်၏။ လဇ္ဇီပေသလတို့ ရောက်လာအောင်၊ ရောက်လာလျှင် ချမ်းသာစွာ နေနိုင်အောင်၊ကျောင်းတိုက် ကြီးပွားအောင် တန္တိဗဒ္ဓ ပြု၍၊ (ဝါ-ပြုအပ်သော အမှုပြု၍) အားထုတ်၏။

ထိုအခါ ရဟန်း များစွာတို့သည် ဒေသစာရီ လှည့်လည်စဉ် ဝါသဘရွာတို့ ရောက်ကုန်၏။ ကဿပဂေါတ္တ ရဟန်းသည် အဝေးမှပင်မြင်၍ ကြိုဆို၍ နေရာပေး၏။ ရေချိုးခြင်း၌ ယာဂုံ ဆွမ်း ခဲဖွယ်၌ ကြောင့်ကြပြု၏။ အာဂန္တုတို့သည် ငါ့ရှင်တို့၊ ဤ အာဝါသိကသည် အရာရာအားထုတ်၏။ အမြဲနေကုန်အံ့ဟု ဆို၍ နေကုန်၏။

နေသားကျသောအခါ ကဿပဂေါတ္တ ရဟန်းသည် ဤရဟန်းတို့ကား ပင်ပန်းခြင်းကင်း၍ ဆွမ်းခံလမ်းလည်း သိကြပြီ။ လူတို့ထံ အမြဲကြောင့်ကြပြုခြင်းငှါ ခဲယဉ်း၏။ တောင်းခြင်းများလျှင် လူတို့မနှစ်သက်ဟု ကြောင့်ကြ မပြုဘဲ နေ၏။ ထိုအခါ အာဂန္တုတို့သည် စည်းဝေး၍ ငါ့ရှင်၊ သင်သည် ရှေး၌ကဲ့သို့ အားမထုတ်၊ ပျက်ပြီ၊ အာပတ်သို့ ရောက်ပြီ၊ အာပတ်ကို မြင်၏လောဟု ဆိုကုန်၏။ မမြင်ပါဟု ဆိုလတ်သော် အာပတ်ကို မရှုခြင်းကြောင့် ဥက္ခိတ္တက ကံဖြင့် နှင်ထုတ်ကုန်၏။

ကဿပဂေါတ္တ ရဟန်းသည် အိပ်ရာနေရာ သိမ်းဆည်း၍ စမ္ပာပြည်သို့သွား၍ ဘုရားရှင်အား ထို အကြောင်းကို လျှောက်၏။ ချစ်သားရဟန်း၊ အာပတ် မဟုတ်၊ ကံမပြုထိုက်၊ အဓမ္မကံဖြင့် နှင်ထုတ်သည်၊ ပြန်သွား၍ ထိုကျောင်း၌ နေချေလောဟု မိန့်တော်မူ၏။ ပြန်သွားသောအခါ အာဂန္တုတို့အား “ငါတို့သည် စင်ကြယ်သူကို နှင်ထုတ်မိပြီ”ဟု နှလုံး မသာမယာဖြစ်၍ ဘုရားရှင်ထံ အပြစ်တောင်းပန်ကုန်အံ့ဟု စမ္ပာပြည်သို့ သွား၍ ဘုရားရှင်ထံ ချဉ်းကပ်ကုန်၏။

ချစ်သားတို့၊ သင်တို့သည် အာဝါသိကကို နှင်ထုတ်ကြသလော၊ နှင်ထုတ်ကြပါသည်ဘုရား။ အဘယ် အကြောင်းကြောင့်နည်း။ အကြောင်းမဲ့ပါဘုရား။ ထိုအခါ များစွာ ကဲ့ရဲ့၍ ချစ်သားတို့၊ စင်ကြယ်သော အာပတ် မရှိသော ရဟန်းကို အကြောင်းမဲ့ မနှင်ထုတ်အပ်၊ ဒုက္ကဋ်ဟု မိန့်တော်မူ၏။

ထိုအခါ ခြေတော်ရှင်း၌ ဝပ်စင်း၍- အစ္စယော နော ဘန္တေ အစ္စဂမာယထာ ဗာလေယထာမုဠှေ ... စသည်ဖြင့် အပြစ် သည်းခံတော်မူပါဟု တောင်းပန်ကုန်၏။ ချစ်သားတို့၊ သင်တို့သည် အပြစ်မြင်၍ တရားနှင့် အညီ ကုစားကုန်၏။ ငါဘုရား သည်းခံ၏။

ချစ်သားတို့၊ အပြစ်မြင်၍ တရားနှင့်အညီ ကုစားခြင်းသည်၊ ဘုရားရှင်၏ အဆုံးအမ၌ ကြီးပွားကြောင်း ဖြစ်၏။ နောင် စောင့်စည်းခြင်းသို့ ရောက်နိုင်၏ဟု မိန့်တော်မူ၏။

[ဂဂ္ဂရာ ဟူသည် ဂဂ္ဂရာ မည်သော မိန်းမပြုသော ရေကန်ဖြစ်၏။

တန္တိဗဒ္ဓ ဟူသည် ထိုအာဝါသ၌ ပြုအပ်သော အမှု၏ အဖြစ်ဟူသော တန္တိပဋိဗဒ္ဓ ဖြစ်၏။

ကြောင့်ကြပြု၏ ဟူသည်၌ အာဂန္တု ရောက်လျှင် အမိန့်ရှိကြပါဟု လူတို့လျှောက်ထားရာ၌သာ ကြောင့်ကြ ပြုအပ်၏။ မလျှောက်ထားရာ၌ မပြုအပ်။

မြတ်စွာဘုရားသည် ကဿပဂေါတ္တ ရဟန်းအား ထိုကျောင်း၌သာ သေနာသန သပ္ပါယ ဖြစ်သည်ဟု မြင်တော်မူ၍၊ ပြန်သွား၍ ထိုကျောင်း၌ နေချေလောဟု မိန့်တော်မူသည်။]

(သာဋီ ... စမ္ပာ မည်ကြောင်းကား ထိုနဂရ၏ အရံ ရေကန် စသော နေရာတို့၌ စကားပင်- စမ္ပကတို့သာ များသောကြောင့်တည်း။

ထိုပြည် အနီး၌ ဂဂ္ဂရာ မည်သော မိဖုရား တူးသောကြောင့် ဂဂ္ဂရာ မည်သော ရေကန်ရှိ၏။ ထိုရေကန်၏ ကမ်းနားဝန်းကျင်၌ နီလ-စသော အဆင်း ငါးမျိုးရှိသော ပန်းတို့ဖြင့် တင့်တယ်သော စကားတောကြီးသည် ပန်းနံ့ လှိုင်လှိုင်သင်း၏။ ထို၌ ဘုရားရှင် နေတော်မူသည်။

တန္တိဗဒ္ဓ၌ ဗျာပါရသည် တန္တိ မည်၏။ ဗျာပါရေ ဗဒ္ဓေါပသုတော-ကြောင့်ကြခြင်းသို့ ရောက်၏ ဟူလို။ ထိုအာဝါသ၌ မပြီးသေးသော ကျောင်းကို ပြီးအောင်ပြု၏။ ဆွေးလျှင် ပြုပြင်၏။ ပြုပြီးလျှင် အုပ်စိုး၍ နေ၏။ ထိုကြောင့် ပြုအပ်သော အမှု၏ အဖြစ်ဟူသော တန္တိပဋိဗဒ္ဓဟု ဆိုသည်။ ပြုအပ်သော အမှု၌ အား ထုတ်သည် ဟူလို။

ဝိဋီ ... တန္တိဗဒ္ဓသည် ဗျာပါရေ ဗဒ္ဓ တည်း)။

ကံပျက် ၁၁-မျိုး

ထိုအခါ စမ္ပာပြည်၌ ရဟန်းတို့သည်
အဓမ္မဖြင့် ဝဂ္ဂကံတို့၊
အဓမ္မဖြင့် သမဂ္ဂကံကို၊
ဓမ္မဖြင့် ဝဂ္ဂကံကို၊
ဓမ္မပတိရူပက-ဓမ္မအတုဖြင့် ဝဂ္ဂကံကို၊
ဓမ္မပတိရူပကဖြင့် သမဂ္ဂကံကို (၅) ပြုကုန်၏။

တစ်ပါးသည်လည်း တစ်ပါးကို၊ နှစ်ပါးကို၊ သုံးပါး သမ္ပဟုလကို၊ သံဃာကို (၄) နှင်ထုတ်၏။
နှစ်ပါးသည်လည်း တစ်ပါးကို၊ ...လ... သံဃာကို (၄)၊
သုံးပါးသည်လည်း တစ်ပါးကို ...လ... သံဃာကို (၄)၊
သံဃာသည်လည်း သံဃာကို (၁) နှင်ထုတ်၏။

ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ အဓမ္မဖြင့် ဝဂ္ဂကံကို ပြုခြင်းသည် ကံမဖြစ်၊ မပြုအပ် ...လ...။ သံဃာသည် သံဃာကို နှင်ထုတ်ခြင်းသည် ကံမဖြစ်၊ မပြုအပ်။

ချစ်သားတို့၊ ကံသည် လေးပါးရှိ၏ - အဓမ္မေန ဝဂ္ဂကံအဓမ္မေန သမဂ္ဂကံဓမ္မေန ဝဂ္ဂကံဓမ္မေန သမဂ္ဂကံ။ ထိုလေးပါးတို့တွင် ရှေ့ကံ သုံးပါး မပြုအပ်၊ ငါဘုရား ခွင့်မပြု။ ဓမ္မေန သမဂ္ဂကံကို ပြုအပ်၏။ ငါဘုရား ခွင့်ပြု၏။ ထိုကြောင့် ဓမ္မေန သမဂ္ဂကံကို ပြုပါကုန်အံ့ဟု ကျင့်အပ်၏။

[အဓမ္မေန ဝဂ္ဂကံ စသည်တို့ဟု နာနာ ကရဏသည် နောက် ပါဠိတော်၌ လာလတ္တံ့။

ကံပျက် ၁၂-မျိုး

ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် အဓမ္မ ဝဂ္ဂအဓမ္မ သမဂ္ဂဓမ္မဝဂ္ဂဓမ္မပတိရူပက ဝဂ္ဂဓမ္မပတိရူပက သမဂ္ဂ ကံကို (၅)။

ဉာတ္တိဝိပန္နကံအနုဿာဝန ဝိပန္နကံဉာတ်ကမ္မဝါစာ နှစ်ပါးလုံး ဝိပန္နကံကို(၃)။

ဓမ္မကို ကြဉ်သောကံ၊ ဝိနယကို ကြဉ်သောကံ၊ သာသနကို ကြဉ်သောကံကို (၃)။

တားမြစ်လျက်ပြုသော ပဋိကုဋ္ဌကတ အဓမ္မကံကို (၁) ပြုကုန်၏။

ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့၊ အဓမ္မ ဝဂ္ဂကံကို၊ ...လ ... ပဋိကုဋ္ဌကတကံကို ပြုခြင်းသည် ကံမဖြစ်၊ မပြုအပ်။

[ဓမ္မကိုကြဉ်သောကံ စသည်တို့၌ ဟုတ်မှန်သော ဝတ္တုသည် ဓမ္မ မည်၏။
စောဒနာ-အပြစ်ပြခြင်း၊ သာရဏာ-သတိရအောင် အောက်မေ့စေခြင်းသည် ဝိနယ မည်၏။
ဉာတ် ပြည့်စုံခြင်း၊ ကမ္မဝါစာ ပြည့်စုံခြင်းသည် သတ္ထု သာသန မည်၏။
ထိုတို့မှကင်းလျက် ကံကို ပြုကုန်၏ ဟူလို။
ပဋိကုဋ္ဌကတသည် ပဋိကုဋ္ဌ-တားလည်း တားအပ်၏။ ကတ-ပြုလည်း ပြုအပ်၏။ တားလျက်ပြုသော အဓမ္မကံ ဟူလို။]

ကံခြောက်ပါး ဝေဖန်ခြင်း

ချစ်သားတို့၊ ကံသည် ခြောက်ပါးရှိ၏။ အဓမ္မကံဝဂ္ဂကံသမဂ္ဂကံ (၃) ဓမ္မပတိရူပက ဝဂ္ဂကံဓမ္မပတိရူပက သမဂ္ဂကံဓမ္မသမဂ္ဂကံ (၃) ဤသို့ ခြောက်ပါး ရှိ၏။

ထိုတွင် အဓမ္မကံသည် အဘယ်နည်း

ချစ်သားတို့၊ ဉာတ္တိဒုတိယကံ၌ ဉာတ်တစ်ကြိမ်ဖြင့် ပြုအံ့၊ ဉာတ် နှစ်ကြိမ်ဖြင့်၊ ကမ္မဝါစာ နှစ်ကြိမ်ဖြင့် ပြုအံ့ (၄) အဓမ္မကံ မည်၏။

ဉာတ္တိစတုတ္ထကံ၌ ဉာတ်တစ်ကြိမ်ဖြင့်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်ဖြင့်၊ ကမ္မဝါစာ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်ဖြင့် ပြုအံ့ (၈) အဓမ္မကံ ဖြစ်၏။

ဝဂ္ဂ ကံကား၊ ချစ်သားတို့၊ ဉာတ္တိ ဒုတိယကံကမ္မပတ္တ ရဟန်းတို့ မရောက်အံ့၊ ရောက်သော်လည်း ဆန္ဒထိုက်သူတို့၏ ဆန္ဒကို မဆောင်အံ့၊ ဆောင်သော်လည်း သံမုခိဘူတ ရဟန်းတို့သည် တားကုန်အံ့ (၃) ဝဂ္ဂကံ မည်၏။ ဉာတ္တိစတုတ္တကံ၌ ထိုအတူ မရောက်၊ မဆောင်၊ တားကုန်အံ့ (၃) ဝဂ္ဂကံ မည်၏။

သမဂ္ဂကံကား၊ ချစ်သားတို့၊ ဉာတ္တိ ဒုတိယကံကမ္မပတ္တတို့လည်း ရောက်ကုန်အံ့၊ ဆန္ဒ ထိုက်သူတို့၏ ဆန္ဒကိုလည်း ဆောင်အံ့၊ သံမုခိဘူတ ရဟန်းတို့လည်း မတားကုန်အံ့ (၁) သမဂ္ဂကံ မည်၏။ ဉာတ္တိစတုတ္ထထံ၌ ထိုအတူ ရောက်၊ ဆောင်၊ မတား (၁) သမဂ္ဂကံ မည်၏။

ဓမ္မပတိရူပက ဝဂ္ဂကံ-ကား၊ ချစ်သားတို့၊ ဉတ္တိဒုတိယ ကံ၌ ကမ္မဝါစာ ဖတ်ပြီးမှ ဉာတ်ထားအံ့၊ ကမ္မဝတ္တတို့ မရောက်အံ့၊ ထိုအတူ ရောက်သော်လည်း ဆန္ဒ မဆောင်အံ့၊ ဆောင်သော်လည်း မျက်မှောက်တို့ ထားကုန်အံ့ (၃) ဉာတ္တိစတုတ္ထကံ၌ ထိုအတူ (၃) ဓမ္မပတိရူပက ဝဂ္ဂကံ မည်၏။

ဓမ္မပတိရူပက သမဂ္ဂကံ-ကား၊ ချစ်သားတို့၊ ဉာတ္တိဒုတိယကံ၌ ကမ္မဝါစာ ဖတ်ပြီးမှ ဉာတ်ထားအံ့။ ကမ္မတတ္တ ရောက်အံ့၊ ဆန္ဒ ဆောင်အံ့၊ မျက်မှောက် မတားအံ့ (၃) ဉာတ္တိစတုတ္ထကံ၌ ထိုအတူ (၁) ဓမ္မပတိရူပက သမဂ္ဂကံ မည်၏။

ဓမ္မ သမဂ္ဂကံကား၊ ချစ်သားတို့၊ ဉာတ္တိဒုတိယကံ၌ ဉာတ်ထားပြီးမှ ကမ္မဝါစာ တစ်ကြိမ်ဖြင့် ကံပြုအံ့၊ ကမ္မပတ္တ ရောက်အံ့၊ ဆန္ဒ ဆောင်အံ့၊ မျက်မှောက် မတားအံ့ (၁) ဉာတ္တိစတုတ္ထကံ၌ ဉာတ်ထားပြီးမှ ကမ္မဝါစာ သုံးကြိမ်ဖြင့် ကံပြုအံ့၊ ရောသ၊ ဆောင်၊ မတားအံ့ (၁) ဓမ္မသမဂ္ဂကံ မည်၏။

[အဓမ္မကံ စသည်တို့၌ ဓမ္မ ဟူသည် ပါဠိတော်၏ အမည်တည်း။ ဟောအပ်သော ပါဠိတော်ဖြင့် မပြုလျှင် အဓမ္မကံ မည်၏။ အကျယ်ကား ပါဠိတော်၌ပင် ဉာတ္တိဒုတိယကံဉာတ္တိစတုတ္ထကံ စွမ်းဖြင့် လာ၏။

ဉာတ္တိကံဟာပန မရှိ၊ အညထာကရဏ မရှိသောကြောင့် လည်းကောင်း၊ လောကနကံကို ပန်ကြား၍သာ ပြုအပ်သောကြောင့် လည်းကောင်း၊ ပါဠိတော်၌ ထိုကံနှစ်ပါးကို မပြ။ ကြွင်းသော ကမ္မဝိနိစ္ဆယကို နောက်၌ (ဝါ-- ပရိဝါ၌) ဖွင့်ကုန်အံ့။]

(သာဋီ၊ ဝိဋီ ... ဟာပန မရှိ စသည်၌ ဉာတ္တိကံအား ဉာတ်တစ်ကြိမ်သာ ပြုအပ်သောကြောင့် ဆုတ်ယုတ်ခြင်း မဖြစ်နိုင်၊ နောက်မှ ဉာတ်ထားခြင်း၊ ဉာတ်နှစ်ကြိမ် ထားခြင်းဖြင့်လည်း အလွဲပြုခြင်း အညထာက္ခဏလည်း မရှိ။)

ကံပြု သံဃာ ငါးမျိုး

သံဃာသည် ငါးမျိုးရှိ၏။ စတုဝဂ် သံဃာပဉ္စဝဂ်သံဃာဒသဂ် သံဃာဝီသတိဝဂ် သံဃာအတိရေက ဝီသတိဝဂ် သံဃာတည်း။

ချစ်သားတို့ ထိုငါးမျိုး တို့တွင် - စတုဝဂ် သံဃာသည် ဥပသမ္ပဒကံပဝါရဏာကံအဗ္ဗာနကံ- သုံးခုဖယ်၍ ကံအားလုံးတို့၌ ဓမ္မ သမဂ္ဂ ဖြစ်အံ့၊ ကမ္မပ္ပတ္တ ဖြစ်၏။

ပဉ္စဝဂ် သံဃာသည် မဇ္ဈိမ ဒေသ ဥပသမ္ပဒကံအဗ္ဗာနကံ-နှစ်ခု ဖယ်၍။ ... ဒသဝဂ် သံဃာသည် အဗ္ဗာနကံ တစ်ခု ဖယ်၍ ... ။ ဝီသတိဝဂ် သံဃာသည် (ဖယ်စရာ မရှိ) ကံအားလုံး၌ ... ။ အတိရေက ဝီသတိဝဂ် သံဃာသည် ကံအားလုံး၌ ဓမ္မ သမဂ္ဂ ဖြစ်အံ့၊ ကမ္မပတ္တ ဖြစ်၏။

[ကံ ခြောက်ပါးတို့တွင် ဆဋ္ဌ ဖြစ်သော ဓမ္မ သမဂ္ဂကံကို ပြုနိုင်သော သံဃာတို့၏ အပြားကို ပြခြင်းငှါ သံဃာသည် ငါးမျိုးရှိ၏ စသည်ကို ဟောသည်။

ကမ္မပတ္တ ဟူသည် ကမ္မယုတ္တကမ္မာရဟ ဖြစ်၏။ တစ်စုံတစ်ခုသော ကံကို မပြုနိုင် မရှိ ဟူသော အနက်တည်း။]

(အတိရေက ဝီသတိဝဂ် သံဃာကို အဘယ်အကျိုးငှါ ဟောသနည်း။ စတုဝဂ် စသည်တို့ ပြုအပ်သော ကံတို့၌ ယုတ်လျှင် မအပ်၊ ပိုလျှင် အပ်၏ဟု သိစေခြင်းငှါတည်း။

ကထိန စီဝရဒါ ကံသည် စတုဝဂ်ကံ ဖြစ်၏။ ငါးပါးရှိမှ အပ်သည်။ အဘယ်ကြောင့်နည်း။ ကထိန်သင်္ကန်း ခံယူသူသည် ကံပြုအပ်သူ အရာ၌ တည်သောကြောင့်တည်း။)

ပရိသဝိပတ္တီကံပျက် ၂၄-စီ

ချစ်သားတို့၊ စတုဝဂ် သံဃာ ပြုအပ်သော ကံကို ဘိက္ခုနီ စတုတ္ထဖြင့် ကံပြုအံ့၊ ကံ မဖြစ်၊ မပြုအပ်။ သိက္ခမာန်၊ သာမဏေ၊ သာမဏေမ၊ သိက္ခာချသူ၊ အန္တိမ ရောက်သူ။ ဥက္ခိတ္တက သုံးယောက်၊ ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနန်၊ ဒုသံ၊ ဥဘောဗျည်း စတုတ္ထဖြင့် ပြုအံ့ (၂၀) နာနာ သံဝါသက စတုတ္ထဖြင့်၊ နာနာ သီမာယဋ္ဌိတ စတုတ္ထဖြင့် တန်ခိုးဖြင့် ကောင်းကင်၌ တည်သူ စတုတ္ထဖြင့်၊ ကံပြုအပ်သူ စတုတ္ထဖြင့် ပြုအံ့ (၄) ကံမဖြစ်၊ မပြုအပ်။(၂၄- ဝါရ)။

ပဉ္စဝဂ် သံဃာ ပြုအပ်သော ကံကို ဘိက္ခုနီ ပဉ္စမဖြင့် ... (၂၄- ဝါရ)။

ဒသဝဂ် ကံကို ဘိက္ခုနီ ဒသမဖြင့် ... (၂၄-ဝါရ)။

ဝီသတိဝဂ် ကံကို ဘိက္ခုနီ ဝီသတိဖြင့် ... (၂၄-ဝါရ)။

လေးဌာန၌ ၉၆ -ဝါရ ဟောသည်။)

[ဤ ဝါရတို့ကို ပရိသတ်ကြောင့် ကံပျက်ခြင်းကို ပြခြင်းငှါ ဟောသည်။ ဥက္ခိတ္တက သုံးယောက်ဖြင့် ကမ္မ နာနာ သံဝါသက သဒ္ဒါဖြင့် လဒ္ဓိ နာနာ သံဝါသက−အယူတူသော နောက်လိုက်တို့ကို ယူအပ်ကုန်၏။

နာနာ သီမာယဋ္ဌိထ ဟူသည် သိမ်အကြား၌ လည်းကောင်း၊ သိမ်ပ၌ လည်းကောင်း တည်သူတည်း။ ဟတ္တပါသ်၌ တည်သော်လည်း၊ ထိုသူ စတုတ္ထဖြင့် ကံမပြုအပ် ဟူလို၊]

(သာဋီ ... ဥက္ခေပနီယ ကံပြု ခံရသူသည် ကမ္မ နာနာ သံဝါသက မည်၏။ ဥက္ခိတ္တာနုဝတ္တက ပုဂ္ဂိုလ်သည် လဒ္ဓိ နာနာ သံဝါသက မည်၏။)

ဝါသ်ကံတို့၌ ကံပျက် ၂၀

ချစ်သားတို့၊ ပါရိဝါသိက စတုတ္ထဖြင့် ပရိဝါသ် ပေးအံ့၊ မူလာယ ပဋိကဿန ပြုအံ့၊ မာနတ် ပေးအံ့၊ တံဝီသ ဖြင့် အဗ္ဘာန်သွင်းအံ့၊ ကံမဖြစ်၊ မပြုအပ် (၄-ဝါရ)။ မူလာယ ပဋိကဿနာရဟ စတုတ္ထဖြင့် ..(၄) မာနတ္တာရဟ စတုတ္ထဖြင့် ... (၄)။ မာနတ္တာစာရိက စတုတ္ထဖြင့် ... (၄)။ အဗ္ဘာနာရဟ စတုတ္ထဖြင့် ... (၄)။ ငါးဌာန၌ ဝါရ ၂၀- ဟောသည်။)

[ဤ ဝါရတို့ကို ပရိဝါသ် စသော ကံတို့၏သာ ပရိသတ်ကြောင့် ဝိပတ္တိ ဖြစ်ခြင်းကို ပြခြင်းငှါ ဟောသည်။ ဝိနိစ္ဆယကို နောက်၌ ဖွင့်ကုန်အံ့။]

တားခြင်းမမြောက် ၂၇-ယောက်

ချစ်သားတို့၊ သံဃာ့အလယ်၌ အချို့၏ တားခြင်းသည် ရောက်၏။ အချို့၏ တားခြင်းသည် မရောက်။ မရောက်သူတို့ကား ချစ်သားတို့၊ ဘိက္ခုနီသည် သံဃာ့အလယ်၌ တားအံ့။ ဘိက္ခုနီ၏ တားခြင်းသည် မရောက်။

ဘိက္ခုနီ၊ သိက္ခ (၂)၊ သာ-နှစ်ဝ (၂)၊ သိက္ခ၊ အန္တိမာ (၂)။
ဥမ္မတ်၊ ခိတ္တ (၂)၊ ဝေနဋ္ဋ (၁)၊ သုံးဝ ဥက္ခိတာ (၃)။
ပဏ်၊ ထေ၊ ပက်၊ စ္ဆာန် (၄)၊ ပဉ္စာနန် (၅)၊ ဒူသံ၊ ဥဘောပါ (၂)။
ကံပြုခံရ (၁)၊ ကောင်းကင်မှ (၁)၊ ကွဲလှ-သိမ်၊ သံဝါ (၂)။

ဤသူ ၂၇-ယောက်၏ သံဃာ့အလယ်၌ တားခြင်းသည် မရောက်။ ရောက်သူကား ချစ်သားတို့၊ သံဃာအလယ်၌ ပကတတ် ဖြစ်သော သမာန သံဝါသက ဖြစ်သော သိမ်တူနေသော ရဟန်း၏ အယုတ်ဆုံး အခြား မရှိ၊ ရဟန်းအား သိစေလျက် တားခြင်းသည် ရောက်၏။ (ဥဒ္ဒါန ဂါထာတို့၌- အဋ္ဌာရသန္နံ ဧတေသံ၊ ပဋိက္ကောသံ န ရူဟတိ-ဟု ဆိုသည်။ အဘဗ္ဗ၌ ၉- ယောက် ဝှက်၍တည်း။)

[ဤ ဝါရကို ပဋိကုဋ္ဌကတ ကံ၏ ပျက်ခြင်း၊ မပျက်ခြင်းကို ပြခြင်းငှါ ဟောသည်။ ပကတတ် ဟူသည် သီလ မပျက်ဘဲ ပါရာဇိကသို့ မရောက်သူ ဖြစ်၏။

အခြား မရှိ ဟူသည် မိမိ၏ အခြားမဲ့၌ ထိုင်သော ရဟန်းဖြစ်၏။]

(သာဋီ ... အခြား မရှိ ဟူသည် မိမိ၏ အခြားမဲ့၌ ထိုင်သော ရဟန်းဖြစ်၏။]

မထုတ်အပ်ဘဲ ထုတ်အပ်သူ

ချစ်သားတို့၊ နိဿာရဏာ - သံဃာ့ဘောင်မှ ထုတ်ခြင်းတို့သည် နှစ်မျိုး ရှိကုန်၏။ အပ္ပတ္တော နိဿာရဏ-မထုတ်ထိုက်သူကို သံဃာသည် ထုတ်အံ့၊ အချို့ သုနိဿာရိတ-ကောင်းသော ထုတ်ခြင်းဖြစ်၏။ အချို့ ဒုနိဿာရိတ မကောင်းသောထုတ်ခြင်း ဖြစ်၏။

ဒုနိဿာရိတ ဖြစ်ပုံကား၊ ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် သုဒ္ဓ ဖြစ်၏။ အနာပတ္တိက ဖြစ်၏။ ထိုကို သံဃာသည် ထုတ်အံ့၊ ဒုနိဿာရိတ ဖြစ်၏ (၁)။

သုနိဿာရိတ ဖြစ်ပုံကား၊ ချစ်သားတို့၊ ရဟန်းသည် ဗာလ အဗျတ္တ ဖြစ်၍ ပိုင်းခြားမရှိ အာပတ် များ၏။ လူတို့နှင့် မလျော်သော ရောနှောခြင်း ရှိ၏။ ထို (နှစ်ယောက်) ကို သံဃာသည် ထုတ်အံ့၊ သုနိဿာရိတ ဖြစ်၏ (၂)၊

[ဤဝါရကို ဝတ္တုအားဖြင့် ကံပျက်၊ မပျက် ပြခြင်းငှါ ဟောသည်။

သုနိဿာရိတ ဖြစ်၏ ဟူသည်ကို ပဗ္ဗာဇနိယကံကို ရည်ဟောသည်။ ပဗ္ဗာဇနီယ ကံဖြင့် ကျောင်းမှ နှင်ထုတ်သောကြောင့်၊ ထိုကံသည် နိဿာရဏာ မည်၏။ ထိုနှစ်ယောက်သည် ကုလဒူသက မဟုတ်သောကြောင့် သီးခြား လက္ခဏာဖြင့် ပဗ္ဗာဇနီယကံ မပြုထိုက်သူ ဖြစ်၏။ “အလိုရှိလျှင် သံဃာသည် ပဗ္ဗာဇနီယကံ ပြုရာ၏”ဟု ဟောသောကြောင့် သုနိဿာရိတ ဖြစ်၏။

သံဃာသည် ထုတ်အံ့ ဟူသည် တဇ္ဇနီယကံ စသည်ဖြင့် ထုတ်အံ့တည်း။ ထိုထုတ်ခြင်းသည် သုနိဿာရိတ ဖြစ်၏၊ “သုံးယောက်သော ရဟန်းတို့အား အလိုရှိလျှင် သံဃာသည် တဇ္ဇနီယကံ ပြုရာ၏။ ငြင်းခုံခြင်း များသူ၊ ဗာလ ဖြစ်၍ အာပတ် များသူ၊ လူတို့နှင့် ရောနှောလွန်းသူ ဟု တစ်ခုသော အင်္ဂါဖြင့်ပင် နိဿာရဏကို (ကမ္မက္ခန္ဓက၌) ခွင့်ပြုသောကြောင့်တည်း။]

(ဝိဋီ ... သီးခြား လက္ခဏာ ဟူသည် ပဗ္ဗာဇာယကံ၏ အကြောင်း အဖြစ်ဖြင့် ဟောသောကြောင့် မဆက်ဆံသော ကုလဒူသက၏ ဖြစ်ကြောင်းတည်း။ သီးခြား လက္ခဏာဖြင့် ထိုကံ မထိုက်လျှင် အဘယ်ကြောင့် သုနိဿာရိတ ဖြစ်သနည်း။ အလိုရှိလျှင် စသည်ဖြင့် ဟောသောကြောင့်တည်း။

ဤ၌ ကုလဒူသက အမှုကြောင့် ပဗ္ဗာဇနီယကံ ပြုခံရသူသည် ထိုကျောင်း၌ ထို ရွာ၌ မနေအပ် စသော ကျင့်ဝတ်ရှိ၏။ ထိုကျင့်ဝတ်ကို ကုလဒူသက အမှု မရှိသူလည်း ဖြည့်ကျင့်အပ်၏။ ကံငြိမ်းပြီးသော်လည်း ထိုဒါယကာတို့ထံ ပစ္စည်း အလှူမခံရ စသော ကျင့်ဝတ်ကား ရှိ၏။ မဖြည့်ကျင့်အပ်။ ကုသသင်္ဂဟကို မပြုသောကြောင့်တည်း။

ဧဝံ သေသေသုတဇ္ဇနီယ ထိုက်သူအား နိယသ ပြုအံ့၊ အဓမ္မကံ ဖြစ်၏။ ဟု ဟောသည်နှင့် မဆန့်ကျင်လေ သလော။ မဆန့်ကျင်။ မဆုံးဖြတ်ခြင်း စွမ်းဖြင့် တဇ္ဇနိယ ထိုက်ခြင်း စသည် ထင်ရှားသောကြောင့်တည်း။

သံဃာသည် တဇ္ဇနီယကံ ပြုမည်-ဟု ဆုံးဖြတ်လျက် ပဗ္ဗာဇနီယ ကမ္မဝါဖတ်အံ့၊ အဓမ္မကံ ဖြစ်သည်။

ကုလဒူသက အမှု မရှိသူကိုသာလျှင် ပဗ္ဗာဇနီယကံ ပြုမည်ဟု ဆုံးဖြတ်၍ ပဗ္ဗာဇနီယကံ ပြုအံ့၊ ဓမ္မကံ ဖြစ်သည်ဟု မှတ်အပ်၏။

ဤသို့ နိဿရဏဖြင့် အလိုရှိအပ်သော ပဗ္ဗာဇနီယကံ စွမ်းဖြင့် အနက်ကို ပြ၍ နောက်၌ တဇ္ဇနီယ စသည် စွမ်းဖြင့် နိဿာရဏ၌ အလိုရှိသောကြောင့် မထုတ်ထိုက်သူ၏ ဆန့်ကျင်ဘက် ထုတ်ထိုက်သူရှိ၏။ ထိုကို ထုတ်လျှင် သုနိဿရိတ ဖြစ်၏ဟု အနက်ဖြစ်သင့်သည်ကို ပြခြင်းငှါ တစ်ဖန် “သံဃာသည် ထုတ်အံ့ ဟူသည်” စသည်ကို အဋ္ဌကထာ ဆိုသည်။

တဇ္ဇနီယကံ စသည် အရာ၌ အင်္ဂါတစ်ပါး တည်းဖြင့်လည်း နိဿာရဏကို ခွင့်ပြုသည်ကို ယောဇနာ အပ်၏။ ဤ၌ အပ္ပတ္တော နိဿရဏံသည် အာပန္နော အနက်ဖြစ်၏။ သီခြားလက္ခဏာစွမ်းဖြင့် တဇ္ဇနီယ စသော နိဿာရဏသို့ ပစ္စော-ရောက်၏ဟု အနက်ယူအပ်၏။

သာဋီ ... အထူးကား-နတ္တိ ဧတဿ အပဒါနံ အဝခဏ္ဍနံ အာပတ္တိ ပရိယန္တောတိ အနပဒါနော။ အာပတ် ပိုင်းခြားမရှိ များသူ။

ဇီဋီ ... ထိုထက် မထူး။)

မသွင်းထိုက်ဘဲ သွင်းအပ်သူ

ချစ်သားတို့၊ ဩသာရဏာ - သံဃာဘောင်သို့ သွင်းခြင်းတို့သည် နှစ်မျိုးရှိကုန်၏။ မသွင်းထိုက်သူကို သံဃာသည် သွင်းအံ့၊ အချို့ သောသာရိတ - ကောင်းသော သွင်းခြင်း ဖြစ်၏။ အချို့ ဒေါသာရိတ-မကောင်းသော သွင်းခြင်းဖြစ်၏။

ဒေါသာရိတ ဖြစ်ပုံကား၊ ချစ်သားတို့၊ ပဏ္ဍုက်သည် မသွင်းထိုက်။ သွင်းအံ့၊ ဒေါသာရိတ ဖြစ်၏။ ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနန်၊ ဒုသံ၊ ဥဘော-ဤ ၁၁-ယောက်သည် မသွင်းထိုက်၊ သွင်းအံ့၊ ဒေါသာရိတ ဖြစ်၏။

သောသာရိတ ဖြစ်ပုံကား-ချစ်သားတို့၊ ဟတ္တစ္ဆိန္န - လက်ပြတ်သူသည် မသွင်းထိုက်။ သွင်းအံ့၊ သောသာရိတ ဖြစ်၏။ လက်ပြတ်၊ ခြေပြတ်၊ လက် ခြေ ပြတ်။ နားပြတ်၊ နှာပြတ်၊ နား နှာ ပြတ်။ လက်ချောင်း၊ ခြေချောင်းပြတ်၊ လက်မ ခြေမ ပြတ်၊ အကြောမကြီးပြတ် (၉)၊ လက်ပျစ်သူ၊ ကုန်းသူ၊ ကွသူ၊ လည်ပင်း၌ ထွတ်မြင်းဖု ရှိသူ၊ သံပူကပ်ခံရသူ၊ တွေ့ရာသတ်စေ-ဟု မင်းအမိန့်ပေးခံရသူ (၇)၊ ခြေထိုင်းသူ၊ မြင်းသရိုက် စသော အနာဆိုး ရှိသူ၊ ပရိဒူသက အပြစ်ရှိသူ၊ တစ်ဘက်ကန်းသူ၊ လက်ခြေ ကောက်သူ၊ ခြေခွင်သူ၊ ကိုယ်တစ်ခြမ်းသေသော ဖက်သကတ်စွဲသူ၊ ဣရိယာပုထ် ဆွံ့သူ၊ အို၍ အားနည်းသူ (၉)၊ စုံလုံးကန်းသူ၊ အ သူ၊ ပင်းသူ၊ ကန်း ကန်း အ သူ၊ ကန်း ပင်းသူ၊ အ ပင်းသူ၊ ကန်း အ ပင်းသူ (၇) - ဤ ၃၂- ယောက်သည် မသွင်းထိုက်၊ သံဃာသည် သွင်းအံ့၊ သောသာရိတ ဖြစ်၏။

[ဩသာရဏာတိ ပဝေသနာ။ သွင်းအံ့ ဟူသည် ဥပသမ္ပဒကံ စွမ်းဖြင့် သွင်းအံ့။ (ဝါ- ရဟန်း ပြုပေးအံ့)။ ဒေါသာရိတာတိ ရဩသာ ရိတာ-သွင်းသည် မမည်။ အကြိမ်တစ်ထောင် ရဟန်းပြုပေးသော်လည်း ရဟန်း မဖြစ်။ ဆရာ၊ ဥပဇ္ဈာယ်၊ ကာရက သံဃာ - တစ်ယောက်မျှ အာပတ် မလွတ်၊ ထိုကြောင့် အဘဗ္ဗ ပုဂ္ဂိုလ် တစ်ကျိပ်တစ်ယောက်သည် ဒေါသာရိတ ဖြစ်၏။ လတ်ပြတ် စသော ၃၂-ယောက်သည် သုဩသာရိတ ဖြစ်၏။ ရဟန်း ပြုပေးလျှင် ရဟန်း ဖြစ်ကုန်၏။ တစ်စုံတစ်ခု ဆိုခြင်းငှါ မရအပ်ကုန်။ ဆရာ၊ ဥပဇ္ဈာယ်၊ ကာရက သံဃာ - တစ်ယောက်မျှ အာပတ်မလွတ်။]

(ဇီဋီ ... ဒုဩသာရိတ ပါဠိ၌ အသက် ၂၁-မပြည့်သူ မလာ။ ဝတ္တု ဝိပန္န ဖြစ်သောကြောင့်ဟု ဆိုအပ်၏။ ဤ ခန္ဓက၌ အဓမ္မကံကိုသည် နှစ်ဖို့ ဖြစ်၍ ငါးပါး လာကုန်၏။ ပရိဝါ၌ ဤခန္ဓက၌ အဓမ္မိက ငါးပါးဟု ဆိုသည်။

ကန်း အ ပင်း သူသည် သောသရိတ ဖြစ်၏ ဟူသော စကားဖြင့် ရှင်သာမဏေ မဖြစ်သူအားလည်း ရဟန်းအဖြစ် ရောက်သည်ဟု ထင်ရှား၏။)

ဥက္ခိတ္တက သတ္တက သုံးခု

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းအား ရှုစရာ အာပတ် မရှိ။ ထိုရဟန်းကို သံဃာသည် သမ္ပဟုလသည် ပုဂ္ဂလသည် ငါ့ရှင်၊ သင်သည် အာပတ်သို့ ရောက်၏။ ရှု၏ လောဟု စောဒနာအံ့၊ ငါအား ရှုစရာ အာပတ် မရှိဟု ဆိုအံ့၊ ထိုရဟန်းကို သံဃာသည် အာပတ်ကို မရှုခြင်းကြောင့် ဥက္ခိတ္တကကံ ပြုအံ့၊ အဓမ္မကံဖြစ်၏။

ထိုအတူ ရဟန်းအား ကုစားစရာ အာပတ်မရှိ။ ထိုကို ... ကုစားလောဟု စောဒနာအံ့။ ငါအား ကုစားစရာ အာပတ်မရှိဟု ဆိုအံ့။ ထိုကို သံဃာသည် အာပတ်ကို မကုစားခြင်းကြောင့် ဥက္ခိတ္တကကံ ပြုအံ့၊ အဓမ္မကံ ဖြစ်၏။ ရဟန်းအား စွန့်စရာ ယုတ်မာသော အယူမရှိ။ ထိုကို ... စွန့်လောဟု စောဒနာအံ့၊ ငါအား စွန့်စရာမရှိဟုဆိုအံ့။ ဥက္ခိတ္တကကံ ပြုအံ့၊ အဓမ္မ ဖြစ်၏။ (ဧကက သုံး)။

ချစ်သားတို့၊ ရဟန်းအား ရှု မရှိ၊ ကု မရှိ။ ... မရှိဟု ဆို၍ ကံပြုအံ့၊ ရှု၊ စွန့် မရှိ၊ ... ကံပြုအံ့။ ကု၊ စွန့် မရှိ ... ... ကံ့ပြုအံ့၊ အဓမ္မကံဖြစ်၏ (ဒုက သုံး)။

ချစ်သားတို့၊ ရဟန်းအား ရှု မရှိ၊ ကု မရှိ၊ စွန့် မရှိ ... မရှိဟု ဆို၍ ကံပြုအံ့၊ အဓမ္မကံ ဖြစ်၏။ (တိက ၁)။

အဓမ္မ သတ္တကတည်း။

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းအား ရှုစရာ အာပတ် ရှိ၏။ ... ... ရှု၏လောဟု စောဒနာအံ့၊ ရှုပါမည်ဟု ဆိုအံ့၊ မရှုခြင်းကြောင့် ကံမပြုအံ့၊ အဓမ္မကံ ဖြစ်၏။ ထိုအတူ ကု ရှိ၏။ စွန့် ရှိ၏။ (၃) ရှု ကု ရှိ၏။ ရှု စွန့် ရှိ၏။ ကု စွန့် ရှိ၏။ (၃) ကု စွန့် ရှိ၏။ (၁) ရှု ကု စွန့်ပါမည်ဟု ဆိုအံ့၊ မရှု မကု မစွန့်ခြင်းကြောင့် ကံပြုအံ့၊ အဓမ္မကံ ဖြစ်၏။ (အဓမ္မသတ္တက တည်း)။

ချစ်သားတို့၊ ဤသာသနာ၌ ရဟန်းအား ရှုစရာ အာပတ် ရှိ၏။ ... ရှု၏လောဟု စောဒနာအံ့၊ ငါအား ရှုစရာ အာပတ်မရှိဟု ဆိုအံ့။ မရှု ခြင်းကြောင့် ကံပြုအံ့၊ အဓမ္မကံ ဖြစ်၏။ ကု ရှိ၏။ စွန့် ရှိ၏ (၃) ရှု ကု ရှိ၏။ ရှု စွန့် ရှိ၏။ ကု စွန့် ရှိ၏ (၃) ရှု ကု စွန့် ရှိ၏ (၁) မရှိဟု ဆိုအံ့၊ အဓမ္မကံ ဖြစ်၏။ (ဓမ္မကံ သတ္တက တစ်ခု၊)

[ဤ ဝါရကို အဘူတ ဝတ္ထုစွမ်းဖြင့် အဓမ္မကံကို၊ ဘူတစွမ်းဖြင့် ဓမ္မကံကို ပြခြင်းငှါ ဟောသည်။ ပဋိနိဿဇ္ဇိတာတိ ပဋိနိဿဂ္ဂိ တဗ္ဗာ။]

(ပရိဝါ ဧကုတ္တရိက သတ္တက၌ ပြလတ္တံ့။ မထင်ရှားသောကြောင့် ဤမှ ဆောင်သိအပ်၏။)

ရှင်ဥပါလိ လျှောက်ခန်း

အဓမ္မ အဝိနယ ၁၅

ထိုအခါ ရှင်ဥပါလိသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဤသို့ လျှောက်၏။ မြတ်စွာဘုရား၊ သမဂ္ဂ သံဃာသည် မျက်မှောက်ပြုအပ်သော ကံကို မျက်ကွယ်ပြုအံ့၊ ထိုကံသည် ဓမ္မကံ ဝိနယကံ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ထိုကံသည် အဓမ္မကံ အဝိနယကံ ဖြစ်၏။ မြတ်စွာဘုရား၊ သမဂ္ဂသံဃာသည် မေး၍ ပြုအပ်သောကံကို မပေးမူ၍ ပြုအံ့၊ ဝန်ခံခြင်းဖြင့် ပြုအပ်သော ထိုကို ဝန်မခံခြင်းဖြင့် ပြုအံ့ (၃)

သတိဝိနည်းထိုက်သူအား အမုဠှ ဝိနည်းကို ပေးအံ့၊ အမုဠှ ထိုက်သူအား တဿပါပိယျသိကကံ ပြုအံ့၊ တဿပါပိ ထိုက်သူအား တဇ္ဇနီယကံ ပြုအံ့ (၃)။

တဇ္ဇနီယ ထိုက်သူအား နိယသကံ ...။ နိသယ ထိုက်သူအား ပဗ္ဗာဇနီယကံ ... ။ ပဗ္ဗာထိုက်သူအား ပဋိသရဏီယကံပဋိထိုက်သူအား ဥက္ခေပနီယကံဥက္ခေ ထိုက်သူအား ပရိဝါသ် ပေးအံ့ (၅)။

ပရိဝါသ် ထိုက်သူကို အရင်းသို့ ငင်အံ့၊ အရင်းငင်ထိုက်သူအား မာနတ် ပေးအံ့၊ မာနတ် ထိုက်သူကို အဗ္ဘာန် သွင်းအံ့၊ အဗ္ဗာန် ထိုက်သူကို ရဟန်း ပြုပေးအံ့ (၄)။

ထိုကံသည် ဓမ္မကံ ဝိနယကံဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ထိုကံသည် အဓမ္မကံ ဝိနယကံ ဖြစ်၏။(၁၅)။

ဥဒ္ဒါန်း ဂါထာတို့၌ ပုဂ္ဂိုလ် ၁၆-ရေတွက်သည်။

ချစ်သား ဥပါလိ၊ သမဂ္ဂသံဃာသည် မျက်မှောက်ကံကို မျက်ကွယ်ပြုအံ့၊ အဓမ္မကံ အဝိနယကံ ဖြစ်၏။ ပြုလျှင် သံဃာသည် အပြစ်ရှိ၏။ မေး၍ ပြုအပ်သော ထိုကံ ပေးမှု ပြုအံ့။ ...လ...။ အဗ္ဘာန်ထိုက်သူကို ရဟန်းပြုပေးအံ့၊ အဓမ္မကံ အဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်ရှိ၏။

ဓမ္မဝိနယ ၁၆

မြတ်စ္စာဘုရား၊ သမဂ္ဂ သံဃာသည် မျက်မှောက်ကံကို မျက်မှောက်ပြုအံ့၊ ထိုကံသည် ဓမ္မကံ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ထိုကံသည် ဓမ္မကံ ဝိနယကံ ဖြစ်၏။ ပဋိပုစ္ဆာပဋိညာ (၃) သတိအမုဠှတဿပါပိ (၃) တဇ္ဇနီယိသပဗ္ဗာပဋိဥက္ခေ (၅) ပရိဝါသ်မူလာယမာနတ္တအဗ္ဘာနဥပသမ္ပဒကံ ပြုထိုက်သူကို ရဟန်း ပြုပေးအံ့ (၅) ဓမ္မကံ ဝိနယကံ ဖြစ်၏။ (၁၆-ဖြစ်သည်။)။

ချစ်သား ဥပါလိ၊ သမဂ္ဂ သံဃာသည် မျက်မှောက်ကံကို မျက်မှောက်ပြုအံ့။ ...လ...။ ဥပသမ္ပဒကံ ပြုထိုက်သူကို ရဟန်းပြုပေးအံ့၊ ဓမ္မကံ ဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်မရှိ။

ဒွိမူ အဓမ္မ ၁၂

မြတ်စွာဘုရား၊ သမဂ္ဂ သံဃာသည် သတ္တိဝိနည်း ထိုက်သူအား အမုဠှ ဝိနည်းကို၊ အမုဠှ ထိုက်သူအား သတိကို ပေးအံ့၊ ဓမ္မကံ ဝိနယကံ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ထိုကံသည် အဓမ္မကံ အဝိနယကံ ဖြစ်၏။

အမုဠှ ထိုက်သူအား တဿတဿ ထိုက်သူအား အမုဠှတဿအား တဇ္ဇနီ ... တဇ္ဇနီအား တဿ (၃)

တဇ္ဇနီအား နိယသ ... နိယသအား တဇ္ဇနီနိယသအား ပဗ္ဗာ ... ပဗ္ဗာအား နိယသပဗ္ဗာအား ပဋိ ... ပဋိအား ဥက္ခေ ... ဥက္ခေအား ပဋိဥက္ခေအား ပရိဝါယ် ... ပရိဝါသ်အား ဥက္ခေ (၅)

ပရိဝါကို မူလာမူလာအား ပရိဝါသ်မူလာအား မာနတ် ... မာနတ်ကို မူလာ၊ မာနတ်ကို အဗ္ဘာန် ... အဗ္ဘာန်အား မာနတ်၊ အဗ္ဘာန်ထိုက်သူကို ရဟန်းပြု ... ရဟန်းပြုထိုက်သူကို အဗ္ဘာန်သွင်းအံ့ (၄)

ဓမ္မကံ ဝိနယကံ ဖြစ်ပါသလော။ ချစ်သားဥပါလိ၊ အဓမ္မကံ ဝိနယကံ ဖြစ်၏ (၁၂-ဝါရ)။

ချစ်သား ဥပါလိ၊ သမဂ္ဂ သံဃာသည် သတိအား အမုဠှ ... အမုဠှအား သတိ။ …လ…။ အဗ္ဘာန်ထိုက်ကို ရဟန်းပြု ..ရဟန်းပြုထိုက်ကို အဗ္ဘာန်သွင်းအံ့၊ အဓမ္မကံ အဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်ရှိ၏။

ဒွိမူ ဓမ္မ ၁၂

မြတ်စွာဘုရား၊ သမဂ္ဂ သံဃာသည် သတိ ဝိနည်းထိုက်သူအား သတိဝိနည်းကို ... အမုဠှ ဝိနည်းထိုက်သူအား အမုဠှကို ပေးအံ့၊ ဓမ္မကံ ဝိနယကံ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ထိုကံသည် ဓမ္မကံ ဝိနယကံ ဖြစ်၏။

အမုဠှ ထိုက်အား အမုဠှတဿ ထိုက်သူအား တဿ ပြုအံ့။ တဇ္ဇနီအား တဇ္ဇနီ (၃)၊

နိယသအား နိယသပဗ္ဗာအား ပဗ္ဗာပဋိအား ပဋိဥက္ခေအား ဥက္ခေပရိဝါသ် ထိုက်သူအား ပရိဝါသ် ပေးအံ့ (၅)၊

မူလာ ထိုက်သူအား မူလာ၊ မာနတ် ထိုက်သူအား မာနတ်၊ အဗ္ဘာန် ထိုက်သူကို အဗ္ဘာန်၊ ရဟန်းပြုထိုက်ကို ရဟန်း ပြုပေးအံ့ (၄)၊

ဓမ္မကံ ဝိနယကံ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ဓမ္မကံ ဝိနယကံ ဖြစ်၏။ (၁၂-ဝါရ)။

ချစ်သား ဥပါလိ၊ သမဂ္ဂ သံဃာသည် သတိထိုက်သူအား သတိကို အမုဠှ ထိုက်သူအား အမုဠှကို ပေးအံ့၊ ...လ…။ တဿ ထိုက်သူအား တဿတဇ္ဇနီအား တဇ္ဇနီ (၃)၊

နိယသ ထိုက်၊ ပဗ္ဗာ ထိုက်၊ ပဋိ ထိုက်၊ ဥက္ခေ ထိုက်၊ ပရိဝါသ် ထိုက် (၅)၊

မူလာ ထိုက်၊ မာနတ် ထိုက်၊ အဗ္ဗာ ထိုက်၊ ရဟန်းပြုထိုက် သူကို ရဟန်း (၄) ပြုပေးအံ့ (၁၂-ဝါရ) ဓမ္မကံဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်မရှိ။

[ဥပါလိ ပဥှာတို့၌လည်း ဝတ္တုစွမ်းဖြင့်သာ ဓမ္မကံအဓမ္မကံကို ဝေဖန်တော်မူသည်။ ကံ၌ ဧကမူဒွိမူဟု နှစ်နည်း ရှိ၏။ ဧကမူ ပေါ်လွင်၏။ ဒွိမူ၌ သတိကို အမုဠှနှင့် ပုစ္ဆာတစ်ခုပြု၏။ ထိုအတူ အမုဠှ စသည် တို့ကိုလည်း၊ တဿ ပါပါ စသည်တို့နှင့် ပြု၏။ အဆုံး၌ “ရဟန်းပြု ထိုက်သူကို ရဟန်းပြုပေးအံ့”ဟု တစ်ပုဒ်သာ ဖြစ်၏။ နောက်၌ ဘိက္ခုတို့ ဝဂ် သတိ ဝိနယကို အစပြု၍ တစ်ပုဒ်တစ်ပုဒ်နှင့်အတူ ကြွင်း ပုဒ်တို့ကိုလည်း ယှဉ်စေအပ်ကုန်၏။]

မြတ်စွာဘုရား၏ မိန့်ခွန်းတော်

အဓမ္မ ၁၃ မူ x ၁၂-လီ ၁၅၆

ထိုအခါ မြတ်စွာဘုရားသည်၊ ရဟန်းတို့ကို သိစေတော်မူ၏။ ချစ်သားတို့၊ သမဂ္ဂ သံဃသည် သတိ ဝိနည်း ထိုက်သူအား အမုဠှ ဝိနည်းကို ပေးအံ့၊ အဓမ္မကံ အဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်ရှိ၏။

သတိထိုက်သူအား တဿတဇ္ဇနီနိပဗ္ဗောပဋိဥက္ခေ ပြုအံ့ (၇) ပရိဝါသ်မူလာ၊ မာနတ်၊ အဗ္ဘာန်ဥပသမ္ပဒ ပြုပေးအံ့(၅)၊ အဓမ္မကံ အဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်ရှိ၏။ (၁၂-ဝါရ)။

ချစ်သားတို့၊ အမုဠှ ထိုက်သူအား တဿတဇ္ဇနီ၊ ...လ... ၊ ဥပသမ္ပဒ၊ သတိ ဝိနည်းပေးအံ့ (၁၂-ဝါရ)။

တဿ ထိုက်သူအား၊ တဇ္ဇနီ ထိုက်သူအား၊ နိပဗ္ဗာပဋိဥက္ခေပရိဝါသ်မူလာ၊ မာနတ်၊ အဗ္ဘာန်ဥပသမ္ပဒ ထိုက်သူအား (၁၂−ဝါရစီ။ မူလ ၁၃-ဝါရ ပေါင်း ၁၅၆။) အဓမ္မ အဝိနယကံ ဖြစ်၏။ သံဃာသည် အပြစ်ရှိ၏။

[ဣဓ ပန ဘိက္ခဝေ ဘိက္ခု ဘဏ္ဍန ကာရကော-စသည် (ဟောလတ္တံ့) ကို အဓမ္မ ဝဂ္ဂအဓမ္မ သမဂ္ဂဓမ္မေ ဝဂ္ဂဓမ္မပတိရူပက ဝဂ္ဂဓမ္မ ပတိရူပက သမဂ္ဂ-ဟု ငါးခုစွမ်းဖြင့် စက်ဖွဲ့၍ တဇ္ဇနီယ စသော ခုနစ်ပါးသော ကံတို့၌ လည်းကောင်း၊ ကံငြိမ်းခြင်းတို့၌ လည်းကောင်း ဝိပတ္တီကို ပြခြင်းငှါ ဟောသည်။ ထို၌ အနပဒါနသည် အာပတ်ပိုင်းခြား မရှိ ဟူသော အနက်တည်း။

ထိုနောက် ပဋိကုဋ္ဌကတ-ကံအပြားကို ပြခြားကို ပြခြင်းငှါ ထို ပါဠိကိုသာလျှင် အကတံ ကမ္မံ စသည်တို့နှင့် နှော၍ ဟောတော်မူသည်။ ပါဠိတော်အတိုင်းပင် မသိနိုင်ဖွယ် တစ်စုံတစ်ခု မရှိ၊ ထိုကြောင့် အကျယ် မဖွင့်လိုပြီ။]

ကံအပျက် - ၁၇၅

ချစ်သားတို့၊ ဤသာသနာ၌ ငြင်းခုံသော ရဟန်းကို တဇ္ဇနိယကံ ပြုအံ့ဟု အဓမ္မဝဂ္ဂဖြင့် တဇ္ဇနီယကံကို ပြုကုန်၏။ ကံပြုခံရသူကို ကျောင်းတစ်ပါးသို့ ရောက်သွားသောအခါ အဓမ္မ ဝဂ္ဂဖြင့် ပြုထားသည်ကို ပြင်၍ အဓမ္မ သမဂ္ဂဖြင့် ပြုကုန်၏။ ထိုအတူ ထိုထို ကျောင်းသို့ ရောက်သွားသောအခါ ဓမ္မဝဂ္ဂဖြင့် ပြုကုန်၏။ ဓမ္မ ပဋိရူပက ဝဂ္ဂဖြင့် ပြုကုန်၏။ ဓမ္မပဋိရူပက သမဂ္ဂဖြင့် ပြုကုန်၏(၅)။

ထိုအတူ တဇ္ဇနီယကံ ပြုအံ့ဟု အဓမ္မ သမဂ္ဂဖြင့် ပြုကုန်၏၊ ထိုကို ဓမ္မ ဝဂ္ဂ စသည်ဖြင့် ပြုကုန်၏(၅)၊

ဓမ္မဝဂ္ဂဖြင့် ပြုကုန်၏။ ကံကို (၅)၊

ဓမ္မပဋိရူပက ဝဂ္ဂဖြင့် ပြုကုန်၏၊ ကံကို (၅)၊

ဓမ္မပဋိရူပက သဂ္ဂဖြင့် ပြုကုန်၏။ ထိုကို (၅။ (ငါး ငါးလီ ၂၅-ဝါရ)။

ဗာလ အဗျတ္တ အာပတ် ပိုင်းခြား မရှိသူကို ဂိဟိသံသဂ္ဂကို နိယသကံ ပြုအံ့ဟု အဓမ္မဝဂ္ဂဖြင့် ပြုကုန်၏ (၂၅-ဝါရ)။

ကုလ ဒူသကကို ပဗ္ဗာဇနီယ (၂၅-ဝါရ)။

လူကို ဆဲသူကို ပဋိသာရဏိယ (၂၅-ဝါရ)။

အာပတ် မရှုသူကို ဥက္ခေပနီယ (၂၅-ဝါရ)။

မကုသူကို ဥက္ခေပနီယ (၂၅-ဝါရ)။

မစွန့်သူကို ဥက္ခေပနီယ (၂၅-ဝါရ)။

(ကံ ခုနစ်ပါး ၂၅-လီ ၁၇၅)။

ကံငြိမ်းအပျက် ၁၇၅

ချစ်သားတို့၊ တဇ္ဇနီယကံပြုခံရ၍ ကောင်းစွာ ကျင့်၍ ကံငြိမ်းခြင်းကို တောင်းပန်သူကို တဇ္ဇနီယကံ ငြိမ်းစေကုန်အံ့ဟု အဓမ္မဝဂ္ဂဖြင့် ငြိမ်းစေကုန်၏။ ထိုကို (၂၅) နိယသကံ ပြုခံရ၍ ကောင်းစွာ ကျင့်၍ တောင်းပန်သူကို နိသယကံ ငြိမ်းစေကုန်အံ့ဟု (၂၅)၊ ပဗ္ဗာဇနီယကံ ငြိမ်းစေကုန်အံ့ဟု (၂၅)၊ ပဋိသာရဏီယကံ ငြိမ်းစေကုန်အံ့ဟု (၂၅)၊ မရှု ဥက္ခေပနီယကံ (၂၅)၊ မကု (၂၅)၊ မစွန့် (၂၅)။

(ကံ ခုနစ်ပါး ၂၅ လီ ၁၇၅။)

ကံပြု၍ ဓမ္မဝါဒီ ၁၇၅

ချစ်သားတို့၊ ငြင်းခုံသော ရဟန်းကို တဇ္ဇနီယကံ ပြုအံ့ဟု အဓမ္မဝဂ္ဂ စသည်ဖြင့် (၂၅-ချက်) ပြုကုန်၏။ ထို၌ တည်သော သံဃာသာ “အဓမ္မ စသည်ဖြင့် ပြုသောကြောင့် အကတံ ကမ္မံ မပြုအပ်သော၊ ဒုက္ကဋံ ကမ္မံ -မကောင်းသဖြင့် ပြုသောကံ၊ ပုနကာ တဗ္ဗံကမ္မံ - တစ်ဖန်ပြု အပ်သောကံဖြစ်သည်”ဟု ငြင်းခုံအံ့ (ဝါ-တားမြစ်အံ့)။ ထို၌ အဓမ္မဝဂ္ဂဟု ဆိုသူ၊ အကတံကမ္မံ စသည်ဖြင့် ဆိုသူတို့သည် (ဝါ-တားသူတို့သည်) အဓမ္မဝါဒီတို့ ဖြစ်ကုန်၏ (၂၅)၊

ဗာလကို နိယသကကံ ပြုအံ့ဟု အဓမ္မဝဂ္ဂဖြင့် ပြုရာ၌ အဓမ္မဂ္ဂအကတံ ကမ္မံ စသည်ဖြင့် တားသူတို့သည် ဓမ္မဝါဒီတို့ ဖြစ်ကုန်၏ (၂၅)၊

ကုလ ဒူသကကို ပဗ္ဗာဇနီယကံ ပြုအံ့ဟု အဓမ္မဝဂ္ဂဖြင့် ပြုရာ၌ (၂၅)၊
လူကို ဆဲသူကို ပဋိသာရဏီယ အဓမ္မဝဂ္ဂဖြင့် ပြုရာ၌ (၂၅)၊
အာပတ် မရှုသူကို (၂၅)၊
မကုကို (၂၅)၊
မစွန့်ကို အဓမ္မ ပြုရာ၌ တားသူတို့သည် ဓမ္မဝါဒီတို့ ဖြစ်ကုန်၏။ (၂၅)၊

(၂၅ × ၇ လီ - ၁၇၅)။

ကံငြိမ်း၍ ဓမ္မဝါဒီ ၁၇၅

ချစ်သားတို့၊ တဇ္ဇနီယကံ ပြုခံရ၍ ကောင်းစွာ ကျင့်၍ ကံငြိမ်းခြင်းကို တောင်းပန်သူကို တဇ္ဇနီယကံ ငြိမ်းစေကုန်အံ့ဟု အဓမ္မဝဂ္ဂ စသည်ဖြင့် ငြိမ်းစေကုန်၏။ ထို၌ တည်သော သံဃာသည် အဓမ္မဝဂ္ဂ ဖြစ်သည်၊ အကတံ ကမ္မံ ... စသည်ဖြင့် ငြင်းခုံကုန်အံ့။ (ဝါ-တားကုန်၏။) တားသူတို့သည် ဓမ္မဝါဒီတို့ ဖြစ်ကုန်၏ (၂၅)၊

နိယသပဗ္ဗာပဋိ၊ မရှု၊ မစွန့် ကံခုနစ်ပါး၌ တားသူတို့သည် ဓမ္မဝါဒီတို့ ဖြစ်ကုန်၏ (၂၅-စီ)။

စမ္ပေယျက္ခန္ဓကံ နဝမံ။ ။ ဝတ္ထု ၃၆။

(၁၇၅ x လေးလီ ၇၀၀ သော ဝါရတို့ကို ဟောတော်မူ၏။)

စမ္ပေယျက္ခန္ဓက ပြီး၏။

၁ဝ။ ကောသမ္ဗကက္ခန္ဓက

သံဃာ နှစ်သင်းကွဲခြင်း

ထိုအခါ မြတ်စွာဘုရားသည်၊ ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ နေတော်မူ၏။ ထိုအခါ ရဟန်း တစ်ပါးသည် အာပတ်သို့ရောက်၍ အာပတ်ဟု အယူရှိ၏။ တစ်ပါးသော ရဟန်းတို့သည် အနာပတ္တိဟု အယူရှိကုန်၏။ နောက်အခါ၌ ထိုရဟန်းသည် အနာပတ္တိဟု အယူရှိ၏။ တစ်ပါးသော ရဟန်းတို့သည် အာပတ္တိဟု အယူရှိ၍ ငါ့ရှင်၊ သင်သည် အာပတ်သို့ ရောက်၏၊ မြင်၏လော ဟု ဆိုကုန်၏။

မမြင်၊ မရှုရာ အာပတ်မရှိဟု ဆိုသဖြင့် အာပတ်ကို မရှုခြင်းကြောင့် ဥက္ခိတ္တကကံဖြင့် နှင်ကုန်၏။ ထိုရဟန်းသည် ဗဟုဿုတ ဝိနည်းဆောင် မာတိကာဆောင် လဇ္ဇီဖြစ်၍ မိတ်ဆွေ ရဟန်းတို့ကို ငါ့ရှင်တို့၊ အနာပတ္တိဖြစ်၍ မနှင်ထိုက်၊ အဓမ္မကံ ဖြစ်သည်၊ ဓမ္မဝိနယအားဖြင့် အကျွန်ုပ်၏ အသင်းဖြစ်ကြပါဟု ဆို၏။ ဇနပုဒ်နေ မိတ်ဆွေ ရဟန်းတို့ကိုလည်း ထိုအတူဆို၏။ အပင်းအသင်း ရ၏။

ထိုအခါ ဥက္ခိတ္တာ နုဝတ္တက-နှင်အပ်သူတို့ အတူလိုက်သော ရဟန်းတို့သည် ဥက္ခေပက-နှင်သူတို့ကို အနာပတ္တိ ဖြစ်၍ မနှင်တိုက် အဓမ္မကံ ဖြစ်သည်ဟု ဆိုကုန်၏။ နှင်ထုတ်သူတို့သည်လည်း အတူလိုက်တို့ကို အာပတ္တိဖြစ်၍ နှင်ထိုက်၏၊ ဓမ္မကံ ဖြစ်၏။ သင်တို့ အတူမလိုက်ကြကုန်နှင့်ဟု ဆိုကုန်၏။ ဤသို့ ဆိုသော်လည်း အတူလိုက်ကုန်၏၊ ခြံရံကုန်၏၊ ထိုအခါ ရဟန်းတစ်ပါးသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ထိုအကြောင်းကို လျှောက်၏။

[နှင်ရာ၌ အစဉ်အတိုင်းကား ... နှစ်ပါးသော ရဟန်းတို့သည် တစ်ခုသော အာဝါသ၌ ဝိနည်းဓိုရ်တစ်ပါး သုတ္တန်ဆောင်တစ်ပါး နေကုန်သတတ်။ တစ်နေ့၌ သုတ္တန်ဆောင်သည် ဝစ္စကုဋိသို့ ဝင်၍ သန့်သက်ရေ ကြွင်းကို ခွက်၌ထား၍ ထွက်၏။ ဝိနည်းဓိုရ်သည် နောက်၌ ဝင်လတ်သော် ရေကြွင်းကို မြင်၍ ထွက်ခဲ့၍ ထိုရဟန်းကို ငါ့ရှင်၊ ရေကြွင်းကို ထားခဲ့သလောဟု မေး၏။ ထားခဲ့ပါသည်။ အာပတ်သင့်ခြင်းကို မသိသလော၊ မသိပါ။ ဤ၌ အာပတ်သည် ရှိ၏။ အာပတ်ရှိလျှင် ဒေသနာ ကြားပါအံ့။ ငါ့ရှင် စေတနာမရှိ သတိမရပြုလျှင် အာပတ်မရှိဟု ဆို၏။ ထိုရဟန်းသည် ထိုအာပတ်၌ အနာပတ္တိဟု အယူရှိသူဖြစ်၏။

ဝိနည်းဓိုရ်သည် မိမိ တပည့်တို့ထံ-ဤ သုတ္တန်ဆောင်သည် အာပတ်သို့ ရောက်သော်လည်း ရောက်သည် ကိုမျှ မသိ-ဟု ပြောကြား၏။ ထိုရဟန်းတို့သည် သုတ္တန်ဆောင်၏ တပည့်တို့ကို မြင်လတ်သော်၊ သင်တို့၏ ဥပဇ္ဈာယ်သည် အာပတ်သို့ ရောက်၍လည်း အာပတ်ဖြစ်ခြင်းကို မသိဟု ဆိုကုန်၏။ မိမိ ဥပဇ္ဈာယ်အား ပြန်၍ လျှောက်လတ်သော် ဤ ဝိနည်းဓိုရ်သည် အနာပတ္တိဟု ဆိုပြီးမှ ယခု အာပတ္တိဟု ဆိုသည်။ မုသာဝါဒီဟု ဆို၏။

သုတ္တန်ဆောင် တပည့်တို့သည် သွား၍ သင်တို့ ဥပဇ္ဈာယ် မုသားဆိုသည်ဟု အချင်းချင်း ငြင်းခုံခြင်း တိုးပွား ကုန်၏။ ထိုနောက် ဝိနည်းဓိုရ်သည် အခွင့်ရ၍ သုတ္တန်ဆောင်အား အာပတ် မရှုခြင်းကြောင့် ဥက္ခေပနီယကံ ပြုခြင်းဖြင့် နှင်လေ၏။]

(သာဋီ … အာပတ်ရှိလျှင် ဒေသနာကြားပါအံ့ ဟူသည် ဆိုလွယ်သော စကားရှိ၏ အဖြစ်ဖြင့် လည်းကောင်း၊ သိက္ခာ လိုလားသူ၏ အဖြစ်ဖြင့် လည်းကောင်း၊ အာပတ်ကို ရှုပြီးသူတည်း။

အာပတ်မရှိ ဟူသည်ကို အနာပတ္တိ ပက္ခလည်းဖြစ်နိုင်သည် ဟူသော အဓိပ္ပါယ်ဖြင့် ဆိုသည်။ ဆိုသော်လည်း အာပတ္ထိသာတည်း။ ထိုကြောင့် ... “သောတဿာ အာပတ္တိယာ အနာပတ္တိ ဒိဋ္ဌိဟောတိ”ဟု ဆိုပြီ။

ဝိဋီ ... အာပတ်ရှိလျှင် ဒေသနာကြားပါအံ့ ဟူသည်ကို ဝိနည်းဓိုရ်၏ စကားဖြင့် အာပတ်ဟု အယူရှိ၍ ဆိုသည်။

အာပတ် မရှိ ဟူသည် ရေကိုထားခြင်းကို မသိ၍ လည်းကောင်း၊ ထားသော ရေကို စွန့်ခြင်းငှါ မေ့၍ လည်းကောင်း သွားရာ၌ စေတနာမရှိ၊ သတိ မရသဖြင့် အနာပတ္တိ ပက္ခသည်လည်း ဖြစ်နိုင်၏ဟု ဝိနည်းဓိုရ်ဆိုသည် ထိုရေကြွင်း ထားရာ၌ အနာပတ္တိ အယူဖြင့် ဆိုသည်။ ထိုကြောင့် တစ်ပါးသော ရဟန်း တို့သည် အနာပတ္တိဟု အယူရှိကုန်၏ဟု ပါဠိတော်၌ ဆိုသည်။ ပရိသတ်နှင့် တကွ အနာပတ္တိ အယူရှိသောကြောင့် “တစ်ပါးသော ရဟန်းတို့သည်” ဟု ဗဟုဝုစ် ပြုသည်။

အနာပတ္တိဟု အယူရှိသူ ဟူသည် ဝိနည်း၌ မလိမ္မာသော သုတ္တန်ဆောင် ဖြစ်ခြင်းကြောင့် ဝိနည်းဓိုရ်၏ စကားမျှဖြင့် အနာပတ္တိဟု ယူသည်။ ရေကြွင်းထားသည်အဖြစ်ကို သိ၍ ထားခြင်းကြောင့် အာပတ္တိသာ ဖြစ်၏။ သေခိယတို့သည် ဝတ္တုမျှသိခြင်းဖြင့်သာ သစိတ္တကတို့ ဖြစ်ကုန်၏။ ပညတ်တော်ကို သိခြင်းဖြင့် မဟုတ်ကုန်၊ ထိုကြောင့် ပါဠိ၌ တဿ အာပတ္တိယာ အာပတ္တိ ဒိဋ္ဌိဟောတိ၊ အနာပတ္တိ ဒိဋ္ဌိနော ဟောန္တိဟု နေရာတိုင်း အာပတ္တိ ဟူ၍သာ ဆိုသည်။

အာပတ်သို့ရောက်သော်လည်း ဟူသည်ကို ထားခဲ့ပါသည်ဟု ဆိုသည်ကို သတိရ၍ စေတနာနှင့်တကွသာ ပြုသည်ဟု အာပတ်အယူရှိ၍သာ ဆိုသည်။

ဇီဋီ ... သုတ္တန်ဆောင်၌ ဝိနည်းဆောင် မာတိကာဆောင် ဟူသည်ကို ဥဘတောဝိဘင်းကို ရည်ဆိုသည်။ ခန္ဓက ဘာဏက ပုဂ္ဂိုလ် မဟုတ် ... စသည်။)

(သေခိယဟူသည်၌ ခန္ဓကဝတ်တို့လည်း ပါဝင်ကုန်၏။ ထို့ကြောင့် သေခိယတို့သည် စသည်ကို ဆိုသည်။)

နှစ်သင်းလုံးသို့သွား၍ ဆုံးမခြင်း

ထိုအခါ မြတ်စွာဘုရားသည် ရဟန်း သံဃာကွဲပြီ၊ ရဟန်း သံဃာ ကွဲပြီ- ဟု နေရာမှထ၍ ဥက္ခေပကတို့ထံ ချဉ်းကပ်၍ ချစ်သားတို့၊ သင်တို့သည် ဉာဏ်ထက်သည်ဟု အမှတ်မရှိသော အကြောင်းဖြင့်၊ ရဟန်းကို နှင်အပ်သည် ဟု မမှတ်ကုန်လင့်။ ဗဟုသုတ ရှိသူ ထင်ရှားသူ လဇ္ဇီကို နှင်လျှင် ငါတို့သည် ဤရဟန်းနှင့်အတူ ဥပုသ် မပြု-ခွဲ၍ ပြုရကုန်လတ္တံ့၊ ပဝါရဏာအတူ မပြု၊ သံဃကံ အတူမပြု၊ နေရာအတူ မထိုင်(၄)၊

ယာဂု သောက်ရာ၌အတူ မထိုင်၊ ဆွမ်းစားရာ၌ အတူမထိုင်၊ တစ်မိုးတည်း မအိပ်၊ သံတင်းကြီးစဉ် ရှိခိုးခြင်းကို အတူမပြု-ခွဲ၍ ပြုရကုန်လတ္တံ့ (၄)-

ထိုအကြောင်း ရှစ်ပါးကြောင့် ငြင်းခုံခြင်း ကွဲပြားခြင်း ဖြစ်လတ္တံ့။

ချစ်သားတို့၊ ဘေဒဂရုက-ကွဲခြင်း ဝန်လေးသော ရဟန်းသည် အာပတ်မှ ရှုခြင်းကြောင့် မနှင်အပ်ဟု မိန့်တော်မူ၏။ ထိုနောက် ဥက္ခိတ္တာ နုဝတ္တကထံ ချဉ်းကပ်၍ ချစ်သားတို့၊ သင်တို့သည် အာပတ်သို့ရောက်၍ ရောက်သည်မဟုတ် ဟူသည် လည်းကောင်း၊ မကုစားအပ် ဟူ၍ လည်းကောင်း−မမှတ်ကုန်လင့်။ အာပတ်၌ အနာပတ္တိဟု အယူရှိသော်လည်း၊ တစ်ပါးသော ရဟန်းတို့သည် အာပတ္တိဟု အယူရှိကုန်၏။

ဗဟုဿုတ ရှိသူ ထင်ရှားသူ လဇ္ဇီတို့သည် ငါ့ကြောင့် သူကြောင့် အဂတိ မလိုက်ကုန်ရာ၊ ငါ့ကို အကယ်၍ နှင်ကြလျှင် ဤရဟန်းတို့သည် ငါနှင့်အတူ ဥပုသ်မပြု၊ ပဝါရဏာ၊ သံဃကံ၊ အတူ မပြု၊ နေရာ အတူမထိုင် (၄)။ ယာဂုသောက်ရာ၊ ဆွမ်းစားရာ၊ တစ်မိုးတည်း၊ သီတင်းကြီးစဉ် ရှိခိုးခြင်းကို အတူမပြု-ခွဲ၍ ပြုကုန်လတ္တံ့ (၄)။ ထိုအကြောင်း ရှစ်ပါး ကြောင့် ငြင်းခုံ ကွဲပြားခြင်း ဖြစ်လတ္တံ့။

ချစ်သားတို့၊ ဘေဒဂရုက ရဟန်းသည် သူတစ်ပါးတို့ကိုသော်လည်း ယုံကြည်၍ အာပတ်ကို ဒေသနာကြား ကုစားရာ၏ဟု မိန့်တော်မူ၍ ဖဲကြွတော်မူ၏။

(ပရိဝါ ဧကုတ္တရိက အဋ္ဌက၌ ရှစ်ပါးသော အာနိသင်မြင်လျှင် မနှင်အပ်-ဟူ၍ လည်းကောင်း၊ သူတစ်ပါးကို ယုံကြည်၍ ကုစားရာ၏ ဟူ၍ လည်းကောင်း၊ ဤမှ ယူ၍ ဟောလတ္တံ့။)

[ရဟန်း သံဃာ ကွဲပြီဟု နှစ်ကြိမ်ဆိုရာ၌ ကွဲပြီ မဟုတ်သေး။ မိုးကောင်းသောအခါ “ယခု ကောက်ပြည့်စုံပြီ”ဟု ဆိုကြ၏။ မချွတ် ပြည့်စုံလတ္တံ့ သောကြောင့်တည်း။ ဤအတူ မချွတ် ကွဲလတ္တံ့သောကြောင့် ကွဲပြီဟု ဆိုသည်။ ထိုကွဲခြင်းသည်လည်း ကာလ စွမ်းဖြင့်သာ၊ သံဃ ဘေဒစွမ်း မဟုတ်။ သမ္ဘမ (လျှင်မြန်ခြင်း) အနက်စွမ်းဖြင့် နှစ်ကြိမ် အာမေဍိတ်တည်း။

မြတ်စွာဘုရားသည် နှင်သူတို့ကို သင်တို့သည် အကြောင်း မဟုတ်ဘဲ နှင်ကြသည်ဟု ဆိုအံ့၊ အတူ လိုက်သူ တို့ကိုလည်း သင်တို့သည် အာပတ်သို့ ရောက်ကုန်၏ဟု ဆိုအံ့၊ ဘုရားရှင်သည် ဟိုဘက်သားဟု နှစ်ဘက်လုံး အာဃာတ ဖွဲ့ကုန်ရာ၏။ ထိုကြောင့် ပါဠိ အစဉ်ထား၍ ထို အကြောင်း မိန့်တော်မူ၍ ဖဲကြွသွားတော်မူ၏။]

(သာဋီ ..သမ္ဘမ အနက် ဟူသည် တုရိတ အနက်တည်း။

အကြောင်း မဟုတ်ဘဲ ဟူသည် ရှေးဦးစွာ ဝိနည်းဓိုရ် စကားဖြင့် ဒေသနာ ကြားပါအံ့ ဟု ဝန်ခံသည်၊ နောက်၌လည်း ဝိနည်းဓိုရ်၏ စကားဖြင့်သာ အနာပတ္တိ သညာရှိသည်။ ထိုကြောင့် အကြောင်းမဟုတ်။

အတူလိုက်သူတို့ကိုလည်း စသည်ကား ဝတ္ထုကိုသိသော စိတ်ဖြင့် သစိတ္တက အာပတ် ဖြစ်၏။ သုတ္တန် ဆောင်သည်လည်း ရေကြွင်း၌ ရေကြွင်း သညာရှိ၏။ ထိုကြောင့် အာပတ် ရှိသူနောက်သို့သာ သင်တို့ ဆန္ဒာဂတိ လိုက်ကြသည် ဟူသော အဓိပ္ပါယ် ဖြင့် သင်တို့ အာပတ်သို့ ရောက်ကုန်၏ဟု ဆိုငြားအံ့တည်း။

ဝိ ... ကွဲပြီ မဟုတ်သေး ဟူသည်ကို နှင်ခြင်း၊ အတူလိုက်ခြင်းမျှဖြင့် သံဃာကွဲသည် မမည်။ ထိုကိုမှီ၍ နှစ်ဘက်လုံးအသင်း ရှာ၍ အချင်းချင်း ကောဓ စွမ်းဖြင့် ကိုယ် နှုတ် ငြင်းခုံခြင်းဖြင့်သာ ဖြစ်သည်ကို ရည်ဆိုသည်။

သမ္ဘမသည် တူရိကတည်း။ အကြောင်း မဟုတ်ဘဲ စသည်ကို မနှင်မူ၍ အကြောင်းဖြင့် သိစေ၍ အစီးအပွား လိုလားခြင်းဖြင့် အာပတ်မှ လွတ်စေခြင်းငှါ သင့်သော နေရာ၌ ကောဓ စွမ်းဖြင့် ညှဉ်းဆဲခြင်းငှါ ပြုခြင်းကို ရည်ဆိုသည်။ ကံအင်္ဂါ မဖြစ်သည်ကို ရည်ဆိုသည် မဟုတ်။

ထိုကြောင့် ပါဠိတော်၌ အာပတ္တိ ဧသာ ဘိက္ခဝေ၊ နေသာ အနာပတ္တိ။ ...ပ... ။ ဥက္ခိတော ဧကော ဘိက္ခု- စသည်ကို မိန့်ဆို၏။ ဝါ-နောက် အညီအညွတ် ပြုခန်း၌ မိန့်ဆို၏။)

သံဝါသက ဘုံနှစ်မျိုးစီ

ထိုအခါ ဥက္ခိတ္တာ နုဝတ္တက ရဟန်းတို့သည်၊ ထိုသိမ်၌သာ ဥပုသ်ကံ၊ သံဃကံကို ပြုကုန်၏။ ဥက္ခေပက (နှင်တတ်သော) ရဟန်းတို့သည် သိမ်ပသို့ သွား၍ ဥပုသ်ကံ၊ သံဃကံကို ပြုကုန်၏။ ဥက္ခေပက ရဟန်းတစ်ပါးသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ထိုအကြောင်း လျှောက်၏။

ချစ်သားရဟန်း၊ ဥက္ခိတ္တ နုဝတ္တက တို့သည်၊ ထိုသိမ်၌သာ ကံပြုကုန်အံ့၊ ငါဘုရား ပညတ်တိုင်း ဉာတ်ကမ္မဝါဖြင့် ပြုလျှင် ဓမ္မကံ ဖြစ်၏။ သင် ဥက္ခေပကတို့လည်း ထိုသိမ်၌သာ ကံပြုကုန်အံ့၊ ငါ ဘုရား ပညတ်တိုင်း ဉာတ် ကမ္မဝါစာဖြင့် ပြုလျှင် ဓမ္မကံ ဖြစ်၏။ အဘယ် အကြောင်းကြောင့် ဟူမူ ထိုရဟန်းတို့သည် သင်တို့နှင့် နာနာ သံဝါသက၊ သင်တို့သည်လည်း ထိုရဟန်းတို့နှင့် နာနာသံဝါသကတို့ ဖြစ်ကုန်၏။

ချစ်သား ရဟန်း၊ နာနာ သံဝါသက ဖြစ်ရာ ဘုံသည် နှစ်မျိုးရှိ၏။ မိမိကိုယ် မိမိ နာနာသံဝါသက ပြုခြင်း။ သမဂ္ဂ သံဃာသည် မရှု၊ မကု၊ မစွန့် ကြောင့် နှင်ခြင်း၊ ဤနှစ်မျိုးတည်း။

ချစ်သား ရဟန်း၊ သမာန သံဝါသက ဖြစ်ရာ ဘုံသည် နှစ်မျိုးရှိ၏။ မိမိကိုယ် မိမိ သမာန သံဝါသက ပြုခြင်း၊ သမဂ္ဂ သံဃာသည် မရှု၊ မကု၊ မစွန့်ကြောင့် နှင်အပ်သူကို ပြန်သွင်းခြင်း- ဤ နှစ်မျိုးတည်း။

[မိမိကိုယ် မိမိ ဟူသည်၌ ကံပြုခံရသော အဓမ္မဝါဒီဘက်၌နေသော ရဟန်းသည် မေးမြန်း၍ နှစ်ဘက်အယူကို ကြားသိ၍၊ ဤသူတို့ကား အဓမ္မ ဝါဒီတို့၊ ထိုသူတို့အား ဓမ္မဝါဒီတို့ဟု စိတ်ကို ဖြစ်စေအံ့၊

ဤ ရဟန်းသည် အဓမ္မဝါဒီ အလယ်၌နေလျက် အဓမ္မဝါဒီတို့၏ နာနာ သံဝါသက ဖြစ်၏။ ကံ့ကို ပျက်စေ၏။ ဓမ္မဝါဒီတို့၏ ကံကိုလည်း ဟတ္ထပါသ်သို့ မရောက်သော ကြောင့် ပျက်စေ၏။ ဤသို့ မိမိကိုယ် မိမိ နာနာ သံဝါသက ပြု၏။

သမာန သံဝါသက ပြုခြင်း၌လည်း အဓမ္မဝါဒီတို့၏ ပက္ခ၌ နေရာမှသိ၍ ဓမ္မဝါဒီ တို့၏ အလယ်သို့ ဝင်အံ့၊ အမှတ်မရှိ ပက္ခ၌နေလျက် ဤသူတို့ကား ဓမ္မဝါဒီ တို့တည်းဟု ယူအံ့၊ ဤရဟန်းသည် မိမိကိုယ် မိမိ သမာန သံဝါသက ပြု၏ဟု သိအပ်၏။]

(သာဋီ ... ကံကို ပျက်စေ၏ ဟူသည် နာနာ သံဝါသက စတုတ္တော စေ ဘိက္ခဝေ ကမ္မံ ကရေယျ အကမ္မံ၊ န စကရဏီယံ- စသည်ဖြင့် ဟောသောကြောင့်၊ နာနာ သံဝါသကကို ဂဏပူရက ပြု၍ ကံပျက်ရာ၏။ ဤသူသည် ထို၌နေသော်လည်း ကံကို ပျက်စေသူဖြစ်၏ ဟူလို။

ဝိဋီ ... အဓမ္မ ဝါဒီဘက်၌ နေသော ဟူသည် ဥပ လက္ခဏ မတ္တတည်း။ ဓမ္မဝါဒီဘက်၌ နေ၍ အဓမ္မဝါဒီတို့၏ အယူကို ယူသူသည်လည်း ဓမ္မဝါဒီတို့၏ နာနာ သံဝါသက သာတည်း။

ကံကို ပျက်စေ၏ ဟူသည်ကို ထိုသူကိုကြဉ်လျှင် ဂဏ မပြည့်သော ပက္ခကို ရည်ဆိုသည်။

အမှတ်မရှိ ပက္ခ၌ ဟူသည် ဓမ္မာဝါဒီ ပက္ခ၌ ဖြစ်စေ၊ အဓမ္မဝါဒီ ပက္ခ၌ ဖြစ်စေသတည်း။မှန်သော် လည်းကောင်း၊ မှားသော် လည်းကောင်း (မိမိတည်ရာ ပက္ခကို) ဤသူတို့အား ဓမ္မဝါဒီတို့တည်းဟု ယူသူသည်၊ မိမိကိုယ်ကို ထိုထို ပက္ခတည်သူတို့၏ သမာန သံဝါသက ပြုသူ ဖြစ်၏။)

နေရာခြား၍ နေရခြင်း

ထိုအခါ ရဟန်းတို့သည် ဆွမ်းစားစဉ် ရွာတွင်း၌ ငြင်းခုံလျက် မလျော်သော ကာယကံ ဝစီကံကို ပြကုန်၏။ လက်သုံးသပ်ခြင်း ပြုကုန်၏။ လူတို့ ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့၊ သံဃာသည် ကွဲ၍ မတရားမှု ပြုသောအခါ မနှစ်သက်ဖွယ် ဆိုသောအခါ ဤမျှဖြင့် အချင်းချင်း မလျော်သော ကာယကံ ဝစီကံ ပြကုန်အံ့ဟု လက်သုံးသပ်ခြင်း ပြုကုန်အံ့ဟု နေရာ၌ မနေအပ်၊ ချစ်သားတို့၊ သံဃာ ကွဲ၍ တရားသော အမှုပြုသောအခါ နှစ်သက်ဖွယ် ဆိုသောအခါ နေရာခြားခြင်းဖြင့် နေအပ်၏။

[ကာယကံ စသည်၌ ကိုယ်ဖြင့် ပုတ်ခတ်လျက် ကာယကံကို၊ ကြမ်းသော စကားဆိုလျက် ဝစီကံကို ပြုကုန်၏။

လက်သုံးသပ်ခြင်း ဟူသည် ကောဓစွမ်းဖြင့် လက်တို့ဖြင့် အချင်းချင်း သုံးသပ်ခြင်းကို ပြုကုန်၏။

ဤမျှဖြင့် ဟူသည်၌ အစဉ်အတန်း နှစ်သွယ်ပြု၍ ဥပစာရ (လက်တစ်လှမ်း) ကို လွှတ်၍ နေအပ်၏။ တရားသောအမှု ပြုသောအခါ နှစ်သက်ဖွယ် ဆိုသော အခါ၌ကား နေရာခြားခြင်းဖြင့် နေအပ်၏။ တစ်ခု တစ်ခုသော နေရာကို အကြားပြု၍ နေအပ်၏။]

(သာဋီ ... ဥပစာကို လွှတ်၍ ဟူသည်၌ ဥပစာရ မည်သည် အချင်းချင်း လက်ဖြင့် ရောက်ရာဌာနတည်း။

ဝိဋီ … ဥပဒသေန္တိတိ ပဝတ္တေန္တိ- ပြကုန်၏။ ဟူသည် ဖြစ်စေကုန်သတည်း-ပါဠိ၌ ဤမျှဖြင့် ဟူသည် ဤမျှ သော နေရာကို လွှတ်၍ ထိုင်သော ငါတို့သည် အမျက်ထွက်သော်လည်း အချင်းချင်း မလျော်သော ကာယကံ စသည်ကို ဖြစ်စေခြင်းငှါ မတတ်နိုင်ကုန်လတ္တံ့ဟု မှတ်သား၍ အဝေး၌ နေထိုင်အပ်၏ ဟူလို။)

ဆိုင်းငံ့တော်မူပါ

ထိုအခါ ရဟန်းတို့သည် သံဃာ့အလယ်၌ ငြင်းခုံ၊ ကိုယ်လက် ထိပါး၊ ဆန့်ကျင်သော စကားတို့ဖြင့် အချင်းချင်း နှုတ်လှံထိုးကာ နေကုန်၏။ ထို အဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ မတတ်နိုင်ကုန်။ ထိုအခါ (ညီညွတ်စေလိုသော) ရဟန်းတစ်ပါးသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ထိုအကြောင်းကို လျှောက်၍ မြတ်စွာဘုရား၊ ထိုရဟန်း တို့ထံ သနားသောအားဖြင့် ကြွတော်မူပါဟု လျှောက်၏။ မြတ်စွာဘုရားသည် ချဉ်းကပ်၍ ချစ်သားတို့၊ ငြင်းခုံခြင်း စသည်ကို မပြုကြနှင့်ဟု မိန့်တော်မူ၏။

ထိုအခါ အဓမ္မဝါဒီ ရဟန်းတစ်ပါးသည် (အကျိုး လိုလားသော စိတ်ဖြင့်) မြတ်စွာဘုရား၊ ဆိုင်းငံ့တော်မူပါ၊ ကြောင့်ကြမဲ့ ချမ်းသာစွာ နေတော်မူပါ၊ အကျွန်ုပ်တို့သည် ထို ငြင်းခုံခြင်း စသည်ဖြင့် ထင်ရှားကြပါ လတ္တံ့ဟု လျှောက်၏။ နှစ်ကြိမ်မြောက် မိန့်ပြန်သော် နှစ်ကြိမ်မြောက် လျှောက်ပြန်၏။

[အဓမ္မဝါဒီ ဟူသည် ဥက္ခိတ္တာ နုဝတ္တက တို့တွင် တစ်ယောက် ဖြ၏။ ဤ ရဟန်းသည် မြတ်စွာဘုရား၏ အကျိုးစီးပွား လိုလား၏။ ဒေါသကြီး၍ ဘုရားရှင် စကားတော်ကို မယူသော် ဤ ရဟန်းတို့ကို ဆုံးမသော ဘုရားရှင်သည် မပင်ပန်းပါစေလင့် ဟူသော အလိုဖြင့် လျှောက်၏။]

(သာဋီ ... ကလဟ၏ ရှေ့အဖို့သည် ဘဏ္ဍန မည်၏။ လက်သုံးသပ်ခြင်း စသည်ဖြင့် အဆုံးသို့ ရောက်လတ်သော် ကလဟ မည်၏။ ဆန့်ကျင်ဘက် စကားသည် ဝိဝါဒ မည်၏။
မုခ သတ္တိဟီတိ ဝါစာ သတ္တီဟိ-နှုတ်လှံသည် စကားလှံ ဖြစ်သည်။
သနားသောအားဖြင့် ကြွတော်မူပါဟု လျှောက်သော ရဟန်းသည် ချစ်စေလို မဟုတ်၊ ကွဲစေလို မဟုတ်။ ညီညွတ်အောင် ပြုသူဖြစ်၏။ ဤရဟန်းတို့သည် ငြင်းခုံခြင်းကို အားထုတ်ကြသည်။ ညီညွတ်အောင် ငါ မတတ်နိုင်၊ တစ်ပါးသော ရဟန်းလည်း မတတ်နိုင်။ ဘုရားရှင် ကြွ၍ ခန္တီ မေတ္တာတရား ဟောလျှင် ညီညွတ်ရာ၏ဟု နှလုံးသွင်း၍ လျှောက်၏ ထိုအခါ ဘုရားရှင် စကားကို မယူသူတို့သည် တစ်စုံတစ်ခု မဆိုဘဲ မျက်နှာ မသာလျက်သာ နေကုန်၏။ နှစ်သင်းလုံး မြတ်စွာဘုရား၌ မရိုမသေ ပြုကျင့်သူ မရှိ။)

(ဝိဋီ ... ထိုထက် မထူး။)

ဒီဃီတိ ကောသလ ဇာတ်တော်

[မြတ်စွာဘုရားသည် ထိုရဟန်းတို့အား နောက်၌သော်လည်း အမှတ်ရ၍ ရှောင်ကြဉ်ကုန်လတ္တံ့ ဟု သနားသောအားဖြင့် အတိတ်ဝတ္တုကို ဆောင်ဟောသည်။]

(သာဋီ ... မြတ်စွာဘုရားသည် မြေ၌တည်သော ရွှေအိုးကို ထုတ်၍ ရှေ့၌ စုပုံသကဲ့သို့ ဘဝများစွာ ဖုံးလွှမ်းသော ရှေးဖြစ် ဇာတ်တော်ကို ဟောပြတော်မူသည်။)

ဇာတ်တော်

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏။ ချစ်သားတို့၊ ရှေးအခါ ဗာရာဏသီ၌ ဗြဟ္မဒတ် မည်သော ကာသိမင်းသည် ကြီးသော စည်းစိမ် ရှိ၏၊ များသော စစ်သည် ရှိ၏။ ဒီဃီတိမည်သော ကောသလမင်းသည် နည်းသော စည်းစိမ်၊ နည်းသော စစ်သည် ရှိ၏။

ဗြဟ္မဒတ်မင်းသည် ဒီဃီတိမင်းကို စစ်ရေးရှုထွက်၏။ ဒီဃီတိမင်းသည် မိဖုရားနှင့်တကွ ထွက်ပြေး၍ ဗာရာဏသီအစွန်၌ အိုးထိန်းသည် အိမ်၌ ပရိမ္ဗဇ် အသွင် မထင်မရှားနေ၏။ တစ်နေ့၌ ထို မိဖုရားသည် ကိုယ်ဝန်ရှိ၍၊ နေဝန်းပေါ်ချိန် စစ်အင်္ဂါလေးပါးကို ရှုခြင်းငှါ လည်းကောင်း၊ သံလျက် ဆေးရေကို သောက်ခြင်းငှါ လည်းကောင်း၊ ချင်ခြင်း ဒေါလဠ – နှစ်ခုဖြစ်၍၊ ဒီဃီတိမင်းအား ပြောပြ၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်သည် မရလျှင် သေရလတ္တံ့ ဟု ဆို၏။

ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်သည် ဒီဃီတိမင်း၏ သူငယ်ချင်းဖြစ်၍ ထိုအကြောင်းကို ပြောကြား၏။ ပုရောဟိတ်သည် အကျွန်ုပ်လည်း မိဖုရားကို မြင်လိုပါသည်ဟု လာ၍ မိဖုရားကို မြင်ရာဌာနမှ လက်အုပ်ချီလျက် - ကောသလ ရာဇာဝတဘော ကုစ္ဆိဂတော- ဝမ်း၌တည်သူသည် ကောသလမင်း စင်စစ်တည်း-သုံးကြိမ် ဥဒါန်းကျူး၏။

အရှင်မိဖုရား ဝမ်းမြောက်တော်မူပါ၊ ရပါလိမ့်မည်ဟု ဝန်ခံ၏။ ထိုနောက် ပုရောဟိတ်သည် ဗြဟ္မဒတ်မင်းထံ ချဉ်းကပ်၍ အရှင်မင်းကြီး၊ ထိုထို နိမိတ်တို့သည် ထင်ကုန်၏။ နက်ဖြန် နံနက် နေဝန်း ပေါ်ထွက်ချိန် စစ်အင်္ဂါ လေးပါး ကျင်းပ၍ တည်စေသတည်း။ သံလျက်တို့ကို လည်း ဆေးကြောကြစေ သတည်းဟု သံတော်ဦးတင်၏၊ မင်းကြီးသည် ထိုအတိုင်း ပြုစေ၏။

မိဖုရားသည် ချင်ခြင်း နှစ်ခုလုံးပြည့်စုံ၍ မကြာမီ သတို့သားကို ဖွားမြင်၏။ ဒီဃာဝုဟု အမည် မှည့်ကုန်၏။ ဒီဃာဝုကို သိကြားလိမ္မာသောအခါ မြို့ပြင်၌ နေစေ၍ အတတ်ပညာကို သင်စေ၏။ ထိုအခါ ဒီဃီတိမင်း၏ ဆတ္တာသည်သည် ဗြဟ္မဒတ်မင်းထံ၌ နေ၏။ ထို ဆတ္တာသည်သည် ဒီဃီတိမင်းကို အိုးထိန်းသည် အိမ်၌ မြင်၍ ဗြဟ္မဒဏ်မင်းအား သံတော်ဦးတင်၏။

ဗြဟ္မဒတ်မင်းသည် ဖမ်းစေပြီးလျှင် လက်ပြန် ကြိုးတုပ်၍ ဦးပြည်းရိတ်၍ တစ်လမ်းမှ တစ်လမ်း ရိုက်နှက်၍ တောင် တံခါးမှ ထုတ်၍ လေးပိုင်း လေးပုံ ပြုထားကြရမည်ဟု အမိန့်ပေး၏။ ဒီဃာဝုမင်းသားလည်း မယ်တော် ခမည်းတော်တို့ကို ကြာမြင့်သော ကာလ၌ ဖူးမြင်ရကုန်၏။ ဝါ-မဖူးမြင်ရသည်မှာ ကြာပြီဟု မြို့တွင်းသို့ ဝင်လာသည်ကို ဒီဃီတိမင်း မြင်၍ - မာခေါ တွံတာတ ဒီဃာဝု ဒီဃံပဿ၊ မာရဿံ - စသည်ကို ဆို၏။

အဓိပ္ပါယ်ကား လူကလေး ဒီဃာဝု၊ အရှည်ကို မကြည့်နှင့်၊ အတိုကို မကြည့်နှင့်၊ ရန်ဖြင့် ရန်မအေး၊ ရန်မပြုမှ ရန်အေးသည် လူကလေး-ဟု ဆို၏။ ထိုသို့ ဆိုသည်ကို ကြားရသော မင်းချင်း တို့သည်-ဤ ဒီဃီတိမင်းသည် ရူးသွပ်၍ မြည်တမ်း၏၊ လူကလေး ဒီဃာဝု ဟူသည် အဘယ်သူနည်း၊ အရှည် မကြည့်နှင့် အတိုမကြည့်နှင့်ဟု အဘယ်သူကို ဆိုလေဘိသနည်းဟု ဆိုကုန်၏။

အချင်းတို့၊ ငါရူးသည် မဟုတ်၊ မြည်တမ်းသည် မဟုတ်၊ ဉာဏ်ရှိသူ သိလတ္တံ့ ဟု သုံးကြိမ်တိုင် ဆို၏။ မင်းချင်းတို့လည်း မိဖုရားနှင့်တကွ ဒီဃီတိမင်းကို မြို့ပြင် တောင်ဘက်၌ လေးပုံပြု၍ အစောင့်ထား၍ သွားကုန်၏။ ဒီဃာဝု မင်းသားသည် အစောင့်တို့ကို အရက်တိုက်၍ မူးယစ်စဉ် မိဘတို့၏ ကိုယ်ကို ထင်းပုံ ထက်တွင် တင်၍ လက်အုပ်ချီလျက် သုံးကြိမ် လက်ယာရှစ် လှည့်၏။

ဗြဟ္မဒတ်မင်းသည် ပြာသာဒ်ထက်၌ နေလျက် မင်းသား ပြုပုံကို အလုံးစုံ မြင်၍၊ ဤသူသည် ဒီဃီတိမင်း၏ ဆွေမျိုး သွေးသား ဖြစ်ရာ၏။ ငါအား အနတ္ထတော-အနတ္ထတော + အတော - ဤသူကြောင့် အကျိုး နည်းလေစွ။ တစ်နည်း-အနတ္ထတော-အနတ္ထ+ဒေါ-အကျိုးမဲ့ကို ပေးလေစွ၊ လာရောက် ပြောကြားသူ မရှိလေစွဟု ကြံလေ၏။ ဒီဃာဝုလည်း တောအုပ်တွင်းဝင်၍ အလိုရှိတိုင်း ငိုကြွေးပြီးလျှင် မြို့တွင်း ဆင်တင်းကုပ်၌ ဆင်ဆရာထံ အတတ်သင်ပါရစေဟု တောင်းပန်၍ နေ၏။ နံနက် စောစောတွင် သာယာသော တေးသံဖြင့် စောင်းတီးလေ့ရှိ၏။ ဗြဟ္မဒတ်မင်းသည် စောင်းသံဖြင့် နှစ်သက်၍ အနီး၌ ခစားစေ၏။ ဒီဃာဝုသည် နောက် အိပ်၊ ရှေ့ ထ၊ ကြောင့်ကြပြုဖွယ်၊ ကိုယ်ကျင့် နှုတ်ပြော နှစ်သက်ဖွယ်တို့ဖြင့် မကြာမီ အတွင်းလူ အဖြစ်သို့ ရောက်၏။

တစ်နေ့၌ ဗြဟ္မဒတ်မင်းသည် အချင်းလုလင်၊ ရထားပြင်လော၊ သမင်တော သွားကုန်အံ့ဟု ဆို၏။ ဒီဃာဝုသည် ရထားမောင်းသောအခါ စစ်သည် ဗိုလ်ပါတို့နှင့် တခြားစီဖြစ်အောင် မောင်း၏။ ဝေးသော အရပ်သို့ ရောက်သောအခါ လုလင် ရထားကို ဖြုတ်ဦးလော၊ ကိုယ် ပင်ပန်း၍ အိပ်လိုသည်ဟု ဆို၍ မြေပြင်၌ တင်ပျဉ်ခွေ ထိုင်သော ဒီဃာဝု၏ ရင်ခွင်၌ ဦးခေါင်းထား၏။ ခဏချင်း အိပ်ပျော်ခြင်းသို့ ရောက်၏။

ထိုအခါ ဒီဃာဝု အကြံဖြစ်သည်မှာ ဤမင်းသည်၊ ငါတို့၏ အကျိုးမဲ့ကို ပြု၏။ ငါတို့၏ တိုင်းပြည်ကို လုယူ၏။ ငါ၏ မယ်တော် နှင့် ခမည်းတော်ကိုလည်း သတ်၏။ ဤအခါကား လက်စားချေထိုက်သော အခါတည်းဟု ကြံ၍ သံလျက်အိမ်မှ သံလျက်ကို ဆွဲထုတ်၏။

ထိုအခါ အကြံဖြစ်ပြန်သည်မှာ ခမည်းတော်သည် ငါ့ကို သေအံ့မူးမူး ကာလတွင် (ဝါ-သေချိန်အနီးတွင်) လူကလေး ဒီဃာဝု၊ မာခေါတွံတာတ- စသည်ကို မြွက်ဆိုခဲ့ပြီ။ ခမည်းတော်စကားကို လွန်ခြင်းငှါ မသင့်လေစွဟု အကြံဖြစ်၍ သံလျက်ကို အိမ်၌ ပြန်သွင်း၏။

ဤအတိုင်း နှစ်ကြိမ်မြောက် သုံးကြိမ်မြောက် ကြံ၍ တတိယအကြိမ် သံလျက် ပြန်သွင်းပြီးသောအခါ မင်းကြီးသည် အလန့်တကြား လျင်စွာထ၍၊ အချင်းလုလင်၊ ဤနေရာ၌ ငါ့ကို ဒီဃီတိ ကောသလမင်း၏သား ဒီဃာဝု မင်းသား ဆိုသူသည် အိပ်မက်ထဲ၌ သံလျက်ဖြင့်လိုက်၏။ ထိုကြောင့် လျင်စွာထသည်ဟု ဆို၏။

ထိုအခါ ဒီဃာဝုသည် လက်ဝဲလက်ဖြင့် မင်းကြီး၏ ဦးခေါင်းကို ကိုင်၍ လက်ယာလက်ဖြင့် သံလျက်ကိုထုတ်၍ မင်းကြီး၊ အကျွန်ုပ်သည် ဒီဃီတိ ကောသလမင်း၏သား ဒီဃာဝုပင်တည်း။ သင် မင်းကြီးသည် အကျွန်ုပ်တို့၏ အကျိုးမဲ့ကို ပြု၏။ တိုင်းပြည်ကို လုယူ၏။ ခမည်းတော် မယ်တော်တို့ကိုလည်း သတ်၏။ ဤ အခါကား လက်စားချေရအံ့သော အခါတည်း ဟု ဆို၏။

ထိုအခါ မင်းကြီးသည် တောင်းပန်၍ အချင်းချင်း အသက် ပေးကုန်၏။ လက်ချင်း ကိုင်ကုန်၏၊ မပြစ်မှားခြင်းငှါ ကျိန်စာ ဆိုကုန်၏၊ ထို့နောက် နန်းတော်သို့ ရောက်သောအခါ အမတ်တို့ကို စည်းဝေးစေ၍ ဒီဃာဝု မင်းသားအကြောင်းကို ပြောပြ၍၊ ယခုအခါ ဘယ်သူမျှ မနှိပ်စက်ရ၊ အချင်းချင်း အသက်ပေးပြီးကြပြီဟု မြွက်ဆို၏။

ထို့နောက် မင်းသားကို ချစ်သား ဒီဃာဝု၊ အမောင့် ခမည်းတော်သည် သေအံ့မူးမူး ကာလတွင် မာခေါတွံ စသည်ကို အဘယ်ကိုရည်၍ ဆိုသွားသနည်း။ အရှင် မင်းကြီး၊ မဒီသံ-အရည်မကြည့်နှင့် ဟူသည် ရန်ကို ရည်အောင် မပြုနှင့်။ အတိုမကြည့်နှင့် ဟူသည် လျင်စွာ မိတ်ဆွေတို့နှင့် မကွဲစေနှင့်၊ ရန်ဖြင့် ရန်မအေး၊ ရန်မပြုမှ ရန်အေးသည် ဟူသည် အရှင်မင်းကြီးသည် အကျွန်ုပ်၏ မိဘကို သတ်သည်ဟု အကျွန်ုပ်သည် အရင်မင်းကြီးကို သတ်အံ့၊ အရှင် မင်းကြီး၏ အကျိုးလိုလား သူတို့သည် အကျွန်ုပ်ကို သတ်ကုန်ရာ၏။ ကျွန်ုပ်၏ အကျိုးလိုလားသူတို့သည် ထိုသူတို့ကို သတ်ကုန်ရာ၏။

ဤသို့လျှင် ရန်ဖြင့် ရန်မအေး။ ယခု အချင်းချင်း အသက်ပေးကြပြီ၊ ဤ ရန်မပြုမှ ထိုရန်အေးသည်။ ဤသို့သော အဓိပ္ပါယ်ပါတည်းဟု လျှောက်တင်၏။ မင်းကြီးသည် လွန်စွာ အံ့သြ၍ ပညာရှိပေစွ၊ အကျဉ်း စကားကို ချဲ့၍ သိနိုင်ပေသည်ဟု မိဘပစ္စည်း ကောသလတိုင်းကို ပြန်ပေး၏။ သမီးတော်ကိုလည်း ပေးလိုက်၏။

ချစ်သားတို့၊ လက်နက်စွဲသော မင်းတို့အားသော်လည်း ဤသို့ သည်းခံခြင်း နှလုံးနူးညံ့ခြင်း ဖြစ်သေးသည်။ သင်တို့သည် ဤ ဓမ္မဝိနယ၌ ရဟန်းပြုသူတို့ ဖြစ်၍ သည်းခံသူ နှလုံးနူးညံ့သူတို့ ဖြစ်ကြကုန်လော။ ထိုဓမ္မ ဝိနယကို တင့်တယ်စေကြ ကုန်လောဟု မိန့်တော်မူ၍ သုံးကြိမ်မြောက် ချစ်သားတို့၊ ငြင်းခုံခြင်း စသည်ကို မပြုကြနှင့်ဟု မိန့်တော်မူ၏။

အဓမ္မဝါဒီသည် သုံးကြိမ်မြောက် ဘုရား ဆိုင်းငံ့တော်မူပါ စသည်ဖြင့် လျှောက်၏။ ထိုအခါ မြတ်စွာဘုရား သည် ဤ မောဃ ပုရိသတို့သည် ပရိယာ ဒိဏ္ဏရူပါ- အမျက်ဒေါသဖြင့် ယူအပ်သော သဘောရှိ ကုန်၏။ သိစေလွယ်သူတို့ မဟုတ်ဟု နေရာမှထ၍ ဖဲတော်မူ၏။

(ဝိဋီ ... ပရိယာ ဒိဏ္ဏရူပါတိ ကောဓ စိတ္တေန ပရိဂ္ဂဟိတ သဘာ ဝါ။)

ဗာလက လောဏကရွာ ရှင်ဘဂုထံ

ထိုနောက် မြတ်စွာဘုရားသည်၊ နံနက်အခါ ကောသမ္ဗီ၌ ဆွမ်းခံ ဝင်၏။ ဆွမ်းကိစ္စပြီးသောအခါ ကျောင်းအိပ်ရာ နေရာသိမ်းဆည်း၍ သပိတ် သင်္ကန်း ယူ၍ သံဃာ့အလယ်၌ ရပ်လျက်သာလျှင် ပုထုသဒ္ဒေါ-စသော ဂါထာ ဆယ်ခုတို့ကို မိန့်ဆိုတော်မူ၏။

(၁) များသော အသံရှိသော ငြင်းခုံခြင်းဖြင့် အတူတူဖြစ်သော ဤသူ အပေါင်းသည်၊ ငါ ဗာလဟု သိသူမရှိ၊ (ဗာလ လက္ခဏာ၌ တည်လျက် ပညာရှိ ဟူ၍သာ ထင်၏။) သံဃာကွဲလျှင် ထိုထက်အလွန် “ငါကြောင့် ကွဲသည်”ဟု မသိကြကုန်။

(၂) သတိလွတ်၍ ပညာရှိထင်၍ ဆိုကုန်၏။ စကားသာ အာရုံရှိကုန်၏။ (သတိပဋ္ဌာန် စသည် အာရုံမရှိကြ။) ခံတွင်းကျယ်သလောက် အလိုရှိတိုင်း ဆိုကုန်၏။ (သံဃ ဂါရဝဖြင့် နှုတ်တွန့်သူတစ်ယောက် မရှိ။) အကြင် ကလာဖြင့် “အလဇ္ဇီ အဖြစ်ကို” ဆောင်ကုန်၏၊ ထို ကလဟကို “အပြစ်”ဟု မသိကုန်။

(၃) ငါ့ကို ဆဲသွားပြီ၊ ငါ့ကို ညှဉ်းဆဲသွားပြီ၊ ငါ့ကို (မတရား) အောင်သွားပြီ။ ငါ့ဥစ္စာကို ယူသွားပြီဟု ရန်ငြိုးဖွဲ့ကုန်အံ့၊ ထိုသူတို့အား ရန်မအေး၊ (လှည်းဦး စည်းကုံး ဖွဲ့သကဲ့သို့ ငါးပုပ်ကို သံမန်းမြက်ဖြင့် ဖွဲ့သကဲ့သို့ မဖွဲ့ရာ။)

(၄) ငါ့ကို ဆဲသွားပြီ၊ ငါ့ကို ညှဉ်းဆဲသွားပြီ၊ ငါ့ကို မတရား အောင်သွားပြီ၊ ငါ့ဥစ္စာကို ယူသွားပြီဟု ရန်ငြိုး မဖွဲ့ကုန်အံ့၊ ထိုသူတို့အား ရန်အေး၏။ (အတိတ်ကံအကြောင်း အောက်မေ့၍ ရန်ငြိုးမဖွဲ့လျှင် လောင်စာ ကင်းသော မီးကဲ့သို့ ရန်အေး၏။)

(၅) ရန်ဖြင့် ရန်တို့သည် ဘယ်အခါမျှ မအေးကုန်၊ ရန် မတုံ့ခြင်းဖြင့်သာ အေးကုန်၏။ (ညစ်ကြေးကို ညစ်ကြေးဖြင့် ဆေးလျှင် တိုး၍ ညစ်သည်၊ ရေကောင်းဖြင့်သာ ဆေးရသည်နှင့် တူ၏။) ဤသဘောသည် ရှေး၌ ဖြစ်၏။ (ရှေးကတည်းက သူတော်ကောင်းတို့ သွားလမ်းတည်း။)

(၆) ပညာရှိမှ တစ်ပါးသော သူတို့သည်လည်း၊ ဤ သံဃာ့အလယ်၌ ငြင်းခုံသော ငါတို့သည် ယမမင်းထံ သွားရကုန်လတ္တံ့၊ ဝါ- ဧကန်မုချ သေရကုန်လတ္တံ့ ဟု အသိဉာဏ် မဖြစ်ကုန်။ အကြင် ပညာရှိတို့သည် အသိဉာဏ် ဖြစ်ကုန်၏။ ထို ပညာရှိတို့ကြောင့် (မေဂေါ) ငြင်းခုံခြင်းတို့သည် ငြိမ်းကုန်၏။ (သိသူတို့သည် ယောနိသော မနသိကာရဖြင့် ငြိမ်းအေးအောင် ကျင့်ကုန်၏။)

(၇) မိဘ အရိုး လေးပိုင်း ဖြတ်၍၊ အသက်ဆောင်၍ နွား မြင်း ဥစ္စာ တို့ကို ဆောင်၍၊ တိုင်းပြည်ကို လုယက်သူတို့အား သော်လည်း ပေါင်းဆုံခြင်းသည် ဖြစ်သေး၏။ အဘယ်ကြောင့် ချစ်သားတို့အား မဖြစ်ဘဲ ရှိရာသနည်း။

(၈) နှိုင်းချိန်သော ပညာရင့်သော အတူကျင့်ဘက် ကောင်းစွာနေသော ပညာရှင် အဖော်ကို ရငြားအံ့၊ ထင်ရှား မထင်ရှား ဘေးရန် အားလုံးတို့ နှိပ်စက်၍ ထိုအဖော်နှင့် ဝမ်းမြောက်လျက် သတိ မလွတ်ဘဲ ကျင့်ရာ၏။ (ခြင်္သေ့ စသော ဘေးရန်သည် ထင်ရှား၏။ ရာဂ စသော ကိုယ်တွင်း ဘေးရန်သည် မထင်ရှား။)

(၉) ထိုသို့သော အဖော်ကို မရငြားအံ့၊ မဟာဇနကမင်း၊ အရိန္ဒမင်းသည် တိုင်းနိုင်ငံကို စွန့်၍ တစ်ယောက်တည်း ကျင့်သကဲ့သို့ ကျင့်ရာ၏။ မာဒင်္ဂ နာဂ-ဆင်ပြောင်ကြီးကဲ့သို့၊ ဝါ-အမိကို လုပ်ကျွေးသော မာတု ပေါသက ဆင်ပြောင်ကြီးကဲ့သို့ တောအုပ်၌သာလျှင် တစ်ယောက်တည်း ကျင့်ရာ၏။

(၁၀) တစ်ယောက်တည်း၏ ကျင့်ခြင်းသည် မြတ်၏။ ဗာလ၌ ဖြစ်ကြောင်း သီလ သမာဓိ စသော ဂုဏ် မည်သည် မရှိ၊ (ဗာလကို မှီ၍ ထိုဂုဏ်ကို မရနိုင်။) ပလလည်း ဆင်ကဲ့သို့သော်လည်း တောအုပ်၌သာ ကြောင့်ကြမဲ့ တစ်ယောက်တည်း ကျင့်ရာ၏။ မကောင်းမှု မပြုရာ။

(ဤကား ဆယ်ဂါထာ စကားတည်း။)

မြတ်စွာဘုရားသည် သံဃာ့အလယ်၌ ရပ်လျက်သာ ဤဂါထာ တို့ မိန့်ဆို၍ ဗာလက - လောဏကရွာသို့ ကြွသွားပြီးလျှင် ထိုရွာ၌ နေသော ရှင်ဘဂုထံသို့ ချဉ်းကပ်တော်မူ၏။

(သာဋီ ... ဓမ္မ သေနာပတိ စသော အသီတိ မဟာသာဝက တို့ကို လည်းကောင်း၊ အယုတ်ဆုံး ရှင်အာနန္ဒာကိုပင် မခေါ်ဘဲ ကိုယ်တော်တိုင် သပိတ် သင်္ကန်းဟူ၍ တစ်ပါးတည်းသာ ကြွသွားတော်မူ၏။ အပေါင်း၌ အပြစ်မြင်၍ တစ်ပါးတည်းနေသော ရင်ဘဂုကို ကြည့်ရှုလို၍တည်း။ တစ်နည်း၊ မြတ်စွာဘုရားသည် ထိုအပြစ်ကို ပိုင်းခြား၍ သိပြီးဖြစ်၏။ ထိုအပြစ်ဖြင့် ငြီးငွေ့သည် မဟုတ်။ ထိုဝါတွင်း၌ ဗုဒ္ဓဝေနေယျ (ဘုရား ချွတ်ထိုက်သူ) တစ်စုံတစ်ယောက်မျှ မရှိ၍ အရပ်တစ်ပါး ကြွသွားခြင်းတည်း။

ထိုရဟန်းတို့အား ဆုံးမကြောင်းတည်းဟု ပလလည်း တောကိုရည်၍ လည်းကောင်း၊ ရှင်ဘဂုကို ရွှင်လန်းစေလို၍ လည်းကောင်း ကြွသွားတော်မူ၏။ ထိုအခါ ရဟန်း ငါးရာတို့သည် ရှင်အာနန္ဒာကို ငါ့ရှင် အာနန္ဒာ၊ ဘုရားရှင် တစ်ပါးတည်း ကြွသွားသည်၊ ငါတို့ လိုက်ကုန်အံ့ဟု ဆိုကုန်၏။

ငါ့ရှင်တို့၊ အကြင်အခါ မြတ်စွာဘုရားသည် ကိုယ်တိုင် ကျောင်းအိပ်ရာ နေရာ သိမ်းဆည်း၍ သပိတ် သင်္ကန်းယူ၍ လုပ်ကျွေးသူတို့ကို မခေါ်ဘဲ သံဃာကို မပန်ကြားဘဲ အဖော်မရှိ ကြွသွား၏။ ထိုအခါ တစ်ပါးတည်း နေခြင်းငှါ ဘုရားရှင် အလိုတော်ရှိ၏။ သာဝကမည်သည် ဘုရားရှင်၏ အလိုအား လျော်စွာ ကျင့်အပ်၏။ ထိုကြောင့် ဤနေ့ရက်တို့၌ ဘုရားသို့ မလိုက်အပ်ဟု တား၏။ ကိုယ်တိုင်လည်း မလိုက်။)

ပါစိနဝံသ တောအုပ်သို့

မြတ်စွာဘုရားသည်၊ ရှင်ဘဂုအား (တစ်ပါးတည်း နေခြင်း အကျိုးနှင့် စပ်သော) တရား စကားကို ဟောကြားပြီးလျှင် ပါစိနဝံသ တောအုပ်သို့ ကြွသွား၏။ ထိုအခါ ထိုတောအုပ်၌ ရှင်အနုရုဒ္ဓါ၊ ရှင်နခိယ၊ ရှင်ကိမိလ-တို့သည် နေကုန်၏။ တောစောင့် ယောက်ျားသည် ဘုရားရှင်ကို မြင်လတ်သော်-ရဟန်း၊ ဤ တောအုပ်သို့ မဝင်ပါနှင့်၊ ကုလပုတ္တ သုံးဦးသည် မိမိ၏အကျိုး လိုလားသော သဘောဖြင့် နေကြပါသည်။ ထို ကုလပုတ္တတို့အား မချမ်းသာအောင် မပြုပါနှင့်ဟု ဆို၏။ တောစောင့်စကား ရှင်အနုရုဒ္ဓါ ကြားလတ်သော် (လှမ်းကြည့်၍ ဘုရားရှင်ကို မြင်သဖြင့်၊) ဒါယကာ တောစောင့်၊ ဘုရားရှင်ကို မတားနှင့်၊ ငါတို့၏ ဆရာဘုရား ကြွလာသည်ဟု ဆို၍ မထေရ်နှစ်ပါးကို ခေါ်၍.ကြိုဆိုကုန်၏။

မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်၍၊ ချစ်သား အနုရုဒ္ဓါတို့၊ ချမ်းသာစွာ နေကြရသလော(၁) ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား ချမ်းသာစွာ နေကြပါသည် ဘုရားဟု လျှောက်၏။

အနုရုဒ္ဓါတို့၊ နို့နှင့်ရေ ရောသကဲ့သို့ အညီအညွတ် ချစ်ဖွယ်သော မျက်စိဖြင့် အချင်းချင်း နေကြသလော(၂)။ နေကြပါသည် ဘုရား။

အဘယ်သို့ ညီညွှတ်အောင် နေကြသနည်း (၃)။ မြတ်စွာဘုရားတပည့်တော်သည် ဤသို့ နှလုံးသွင်းပါသည်။ ဤသို့သော သီတင်းသုံးဖော်တို့နှင့် နေရခြင်းသည် အရတော်လေစွ၊ ဤအရှင်တို့၌ မေတ္တာ ကာယကံ၊ မေတ္တာ ဝစီကံ၊ မေတ္တာ မနောကံကို မျက်မှောက် မျက်ကွယ် ထားပါအံ့၊ မိမိစိတ်ကိုဖယ်၍ ဤအရှင်တို့၏ စိတ်ဖြင့် ကျင့်ပါအံ့ဟု ကျင့်ပါသည်။ ကိုယ်သာကွဲ၍ စိတ် တစ်ခုတည်းကဲ့သို့ ဖြစ်ပါသည် ဘုရားဟု တစ်ပါးစီ လျှောက်၍၊ ဤသို့ ညီညွတ်အောင် နေကြပါသည်ဟု လျှောက်၏။

အနုရုဒ္ဓါတို့၊ မမေ့မလျော့ လုံ့လပြု၍ နေကြလော(၄)။ နေကြပါသည် ဘုရား၊

အဘယ်သို့ လုံ့လ ပြု၍ နေကြသနည်း(၅)။ မြတ်စွာဘုရား ဆွမ်းခံရွာမှ ရှေးဦးစွာ ရောက်သူသည် နေရာ ခင်းခြင်း စသည်ကို၊ နောက်မှ ရောက်သူသည် နေရာသိမ်းခြင်း စသည်ကို ပြုပါသည်။ သောက်အိုး၊ သုံးအိုး၊ ဝစ္စကုဋိအိုး ရေမရှိလျှင် မြင်သူ ခပ်ပါသည်၊ မနိုင်သောဝန်ကို ချီလိုလျှင် အဖော်ကို လက်ဖြင့် ခေါ်၍ လက်တွဲ၍ ချီပါသည်။ ထိုအကြောင်းကြောင့် စကားမဆိုကြပါ၊ ငါးရက်တစ်ကြိမ် တစ်ညဥ့်လုံး တရားစကားဖြင့် နေကြပါသည် ဘုရား၊ ဤသို့လျှင် လုံ့လပြု၍ နေကြပါသည်ဟု လျှောက်၏။

(သာဋီ ... ကောသမ္ဗီ ရဟန်းတို့ မညီညွတ်ပုံကို ဆင်ခြင်စဉ် ဤ ကုလပုတ္တ သုံးယောက်တို့သည် ဉာဏ်တော်အား ထင်လာကုန်၏။ သာမဂ္ဂီ အရသာ ခံစားကာ နေကြသည်ကို ချီးမြှောက်လို၍ ချဉ်းကပ်တော်မူ၏။ ဤသည်လည်း ထိုရဟန်းတို့အား ဆုံးမကြောင်းသာတည်း။

မိမိအကျိုး လိုလားသော သဘောဖြင့် နေခြင်း ဟူသည်၌ ရဟန်းပြု၍ ဆေးကုခြင်း စသော အနေသန ၂၁-ပါးဖြင့် အသက်မွေးသူသည် မိမိအကျိုးလိုလားခြင်း သဘောမရှိသူ မည်၏။ အနေသန ၂၁-ပါးပယ်၍ စတုပါရိ သုဒ္ဓသီလ၌ တည်၍ ဘုရားစကားကို သင်ယူ၍ သင့်သော ဓုတင်ဆောက်တည်၍ ကမ္မဋ္ဌာန်းယူ၍ တောသို့ဝင်၍ သမာပတ်တို့ကို ဖြစ်စေ၍ ဝိပဿနာ ပွားများသူသည် မိမိအကျိုး လိုလားသူ မည်၏။

တောစောင့်သည် ဘုရားရှင်ကို မြင်သောအခါ ဤရဟန်းသည် ကြည်ညိုဖွယ် ရွှေအဆင်းရှိ၏။ အရသာ၌ မက်မောသူနှင့် တူ၏။ မွန်မြတ်သည်ကို လှူသော မိမိ ဒါယကာ တို့၏ ဂုဏ်ကျေးဇူး ပြောဆိုခြင်း စသည်တို့ဖြင့် ဤ ကုလပုတ္တ တို့၏ မမေ့မလျော့ နေခြင်းကို ဖျက်ရာ၏။ နေရာထိုင်ခင်းလည်း သုံးပါးစာသာရှိ၍ နေရာဖယ်ခိုင်းခြင်းဖြင့် ဝါတွင်း သုံးလပတ်လုံး မချမ်းသာအောင် ပြုရာ၏ ဟု ဘုရားရှင်ကို တားသည်။ မြတ်စွာဘုရားကို ထို တောစောင့် မသိ။ မြတ်စွာဘုရားမည်သည် ရဟန်းများစွာ ခြံရံလျက် ရောင်ခြည်တော် လက္ခဏာ ကြီး ငယ် အသရေဖြင့် ကြွသောအခါ မသိသူ မရှိ။ ငါဘုရား၏ ဗုဒ္ဓ အာနုဘော်ကို တစ်စုံတစ်ယောက် မသိစေလင့်ဟု တန်ခိုးဖြင့် တိမ်ဖုံးသော သကဲ့သို့ မထင်မရှား ကြွသောအခါ မသိနိုင်သဖြင့် တောစောင့်တားသည်က စသည်။)

ပလလည်း တောသို့

ထိုအခါ မြတ်စွာဘုရားသည် ရှင်အနုရုဒ္ဓါတို့ကို (ညီညွတ်ခြင်း အာနိသင်နှင့် စပ်သော) တရားကို ဟော၍ ပါလိလေယျကရွာသို့ ကြွ၍ စောင့်ရှောက်အပ်သော တော၌ အင်ကြင်းပင်ကြီးအောက်၌ နေတော်မူ၏။ ထိုအခါ အကြံတော်ဖြစ်သည်မှာ ငါ ဘုရားသည် ရှေး၌ ကောသမ္ဗီ ရဟန်းတို့နှင့် ရောပြွမ်း၍ ချမ်းသာစွာ မနေရ၊ ယခုကား အဖော်မရှိ တစ်ပါးတည်း ချမ်းသာစွာ နေရ၏။ ဟု အကြံ ဖြစ်တော်မူ၏။

တစ်စီးသော ဆင်ပြောင်ကြီးသည်လည်း ငါသည် ဆင်အပေါင်းတို့ဖြင့် ပြွမ်းလျက် ထိုဆင်တို့ စားပြီးသော သစ်ကိုင်းငုတ် မြက်ငုတ်ကို စားရခြင်း၊ သောက်ကြွင်း ရေနောက် သောက်ရခြင်းဖြင့် နေရ၏။ တစ်စီးတည်း ခွဲ၍နေရမူ ကောင်းလေစွဟု ခွဲထွက်၍ ထိုအင်ကြင်းပင် အနီး ဘုရားရှင်ထံသို့ ချဉ်းကပ်၏။ ချဉ်းကပ်၍ နှာမောင်းဖြင့် ဘုရားရှင်အား သောက်ရေ သုံးရေ တည်ထား၏။

(ဘုရားရှင်ကို မြင်လတ်သော် ရေအိုး တစ်ထောင်ဖြင့် သွန်းလောင်းအပ်သကဲ့သို့ အပူငြိမ်းချမ်း၍ ကြည်ညိုသော စိတ်ဖြင့် အနီး၌ တည်၏။ ထိုအခါမှစ၍ အင်ကြင်းပင်၏ သစ်ရွက်မိုးကျောင်း၏ ဝန်းကျင်၌ မြက်နုတ်၍ သစ်ခက်ချိုးဖြင့် တံမြက် လှည်း၏။မျက်နှာသစ်ရေ၊ ချိုးရေ၊ ဒန်ပူ၊ တောမှ သစ်သီးတို့ကို ဆောင်၍ ဆက်ကပ်၏။)

ထိုအခါ အကြံဖြစ်သည်မှာ ငါသည် ရှေး၌ ဆင်အပေါင်းနှင့် ရောပြွမ်း၍ ချမ်းသာစွာ မနေရ၊ ယခုကား အဖော်မရှိ တစ်စီးတည်း ချမ်းသာစွာ နေရသည်ဟု အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် မိမိ၏ ပဝိဝေကကို သိ၍ လည်းကောင်း၊ ဆင်၏ စိတ်အကြံကို သိ၍ လည်းကောင်း- ဧဝံ နာဂဿ နာဂေန စသည်ဖြင့် ဥဒါန်းကျူးတော်မူ၏။ ဝါ-ဤ သဒန္တ၊ ဟတ္ထီ မည်သော တောဆင်နာဂ၏ စိတ်သည် နာဂေန စိတ္တေန-ဗုဒ္ဓ နာဂ၏ စိတ်နှင့် တူခြင်းသို့ ရောက်၏။ ဤဆင်သည် တစ်စီးတည်း တော၌ မွေ့လျော်လေ၏ တကားဟု ဥဒါန်းကျူးတော်မူ၏။

(သာဋီ ... ပါလိလေယျက ရွာသားတို့သည် မြတ်စွာဘုရားကို ကြိုဆို၍ ရွာအနီး စောင့်ရှောက်အပ်သော တော၌ သစ်ရွက်မိုးကျောင်း ဆောက်၍ သီတင်းသုံးတော်မူပါဟု တောင်းပန်၍ ဝါကပ်စေကုန်၏။ စသည်။)

ပလလည်းမှ သာဝတ္ထိသို့

ထိုအခါ မြတ်စွာဘုရားသည် ပါလိလေယျက၌ မွေ့လျော်သမျှ (ဝါ– ဝါတွင်း သုံးလပတ်လုံး) နေပြီးလျှင် (ရဟန်း ငါးရာ လာကြိုသဖြင့်) သာဝတ္ထိပြည်သို့ ကြွ၍ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ကောသမ္ဗီပြည်၌ ဒါယကာတို့သည် ဤ ရဟန်းတို့သည် ငါတို့၏ အကျိုးမဲ့ကို ပြုကုန်၏။

ဤ ရဟန်းများ နှိပ်စက်ခြင်းကြောင့် ဘုရားရှင် ကြွသွားသည်။ ရှိခိုး မြတ်နိုးခြင်း၊ ဆွမ်းလောင်းခြင်းတို့ကို ငါတို့ မပြုဘဲ နေကုန်အံ့။ ဤ ရဟန်းတို့သည် ဖဲကုန် ထွက်ကုန်လတ္တံ့၊ ဘုရားရှင်ကို သော်လည်း ကြည်ညို စေကုန်လတ္တံ့ဟု တိုင်ပင်၍ ဆွမ်းလောင်းခြင်း မပြုဘဲ နေကုန်၏။

ကောသမ္ဗီတို့ လာကုန်သတတ်

ထိုအခါ ကောသမ္ဗီ ရဟန်းတို့သည် လူတို့ အလေးမပြုကြသဖြင့် ဘုရားရှင်ထံ၌ အဓိကရုဏ်းကို ငြိမ်းစေကုန်အံ့ဟု သာဝတ္ထိသို့ ချဉ်းကပ်ကုန်၏။ ရှင်သာရိပုတြာသည် ထိုရဟန်းတို့ လာကုန်သတတ်ဟု ကြားလတ်သော်၊ ဘုရားရှင်ထံ ချဉ်းကပ်၍ ထိုရဟန်းတို့၌ အဘယ်သို့ ကျင့်ရပါမည်နည်းဟု လျှောက်၏။ ချစ်သား သာရိပုတြာ၊ ဓမ္မအတိုင်း တည်လော၊ မြတ်စွာဘုရား၊ ဓမ္မကို၊ အဓမ္မကို အဘယ်သို့ သိရပါအံ့နည်း။

ချစ်သား သာရိပုတြာ၊ ၁၈-ပါးသော အကြောင်းတို့ဖြင့် အဓမ္မဝါဒီကို သိအပ်၏။

အဓမ္မကို ဓမ္မ၊ ဓမ္မကို အဓမ္မဟု ပြအံ့၊ ... ဓမ္မ၊ ဝိနယ၊ ဘာသိတ၊ စိဏ္ဏ၊ ပညတ်ဒုက်၊ အာပတ်၊ လဟုက၊ ဒုဋ္ဌုလ္လ၊ သာဝသေသဒုက်၊ တစ်ဆယ့်ရှစ်ခု + ကွဲပြားမှု - ဝတ္ထုကို၊ ဥဒုက် ... ဒုဋ္ဌုလ္လကို အဒုဋ္ဌုလ္လ၊ အဒုဋ္ဌုလ္လကို ဒုဋ္ဌုလ္လ ပြအံ့၊ ဤ ၁၈-ပါးတို့ဖြင့် အဓမ္မဝါဒီကို သိအပ်၏။

ချစ်သား သာရိပုတြာ၊ အဓမ္မကို အဓမ္မ ...လ... ဒုဠုလ္လကို ဒုဋ္ဌုလ္လ ပြအံ့။ ဤ ၁၈-ပါး တို့ဖြင့် ဓမ္မဝါဒီကို သိအပ်၏။

ရှင်မောဂ္ဂလာန် စသည်တို့လည်း ထိုအတူ ကြား၍ လျှောက်ကုန်၏။

သာ၊ မောဂ်၊ စ္စည်း၊ ကသ် (၄)၊
ကော၊ ကပ်၊ စုန်၊ နု (၄)၊
ရေ၊ ဥ၊ အာ၊ ရာ (၄)။

သာ-ရှင်သာရိပုတြာ လျှောက်သကဲ့သို့၊
မောဂ်၊ ရှင်မောဂ္ဂလာန်၊
စ္စည်း- ရှင်မဟာကစ္စည်း၊
ကသ်-ရှင်မဟာကဿပ၊
ကော- ရှင်မဟာကောဋ္ဌိက၊
ကပ်-ရှင်မဟာကပ္ပိန၊
စုန်-ရှင်မဟာစုန္ဒ၊
နု--ရှင်အနု ရုဒ္ဓါ၊
ရေ-ရှင်ရေဝတ၊
-ရှင်ဥပါလိ၊
အာ-ရှင်အာနန္ဒာ၊
ရာ-ရှင်ရာဟုလာ တို့လည်း ကြား၍ လျှောက်ကုန်၏။

ထိုအတူ မိန့်တော်မူ၏။ ဓမ္မ အတိုင်း တည်လောဟု ၁၈-ပါးစီ ခွဲမိန့်တော်မူ၏။

မဟာဇာပတိ ဂေါတမီသည်၊ ထိုအတူကြား၍ လျှောက်သောအခါ ဂေါတမီ၊ သင်သည် နှစ်ဘက်လုံး၌ တရားနာလေ၊ တရားနာပြီးလျှင် ဓမ္မဝါဒီတို့၏ အယူကို နှစ်သက်လော၊ ဘိက္ခုနီသံဃာ၏ တောင့်တဖွယ် ကိုလည်း ဓမ္မဝါဒီတို့ အထံ၌ တောင့်တလော။ ဟု မိန့်တော်မူ၏။

အနာထပိဏ် သူဌေးကြီးလည်း ထိုအတူကြား၍ လျှောက်သောအခါ သူဌေးကြီး၊ သင်သည် နှစ်ဘက်လုံး၌ လှူဒါန်းလော၊ နှစ်ဘက်လုံး၌ တရားနာလော။ နာပြီးလျှင် ဓမ္မဝါဒီတို့၏ အယူကို နှစ်သက်လော ဟု မိန့်တော်မူ၏။ ဝိသာခါလည်း ထိုအတူကြား၍ လျှောက်သောအခါ အနာထပိဏ်အား ကဲ့သို့ မိန့်တော်မူ၏။

ငြင်းခုံသူတို့နှင့် ကျောင်း အာမိသ

ထိုအခါ ကောသမ္ဗီ ရဟန်းတို့သည် သာဝတ္ထိသို့ ရောက်လာကုန်၏။ ရှင်သာရိပုတြာသည် ဘုရားရှင်ထံ ချဉ်းကပ်၍ မြတ်စွာဘုရား ငြင်းခုံသော ရဟန်းတို့သည် သာဝတ္ထိသို့ ရောက်လာကုန်ပြီ၊ သေနာသနတို့၌ အဘယ်သို့ ကျင့်ရပါမည်နည်းဟု လျှောက်၏။

ချစ်သား သာရိပုတြာ၊ ဆိတ်ငြိမ်သော ကျောင်းကိုပေးအပ်၏။ ဆိတ်ငြိမ်သော ကျောင်း မရှိအံ့၊ အဘယ်သို့ ပါနည်း။ ရှိအံ့၊ ဆိတ်ငြိမ်အောင် ပြု၍လည်း ပေးအပ်၏။ ချစ်သား သာရိပုတြာ၊ တစ်စုံတစ်ခုသော အကြောင်းဖြင့် သီတင်းကြီးအား အိပ်ရာ နေရာကို တားအပ်၏ ဟု ငါဘုရား မဟော။ တားငြားအံ့ ဒုက္ကဋ်။ အာမိသ၌ အဘယ်သို့ ကျင့်ရပါမည်နည်း။ ချစ်သား သာရိပုတြာ၊ အာမိသကို အလုံးစုံတို့အား အညီအမျှ ဝေဖန်စေအပ်၏- ဟု မိန့်တော်မူ၏။

(ဝိဋီ ... တားငြားအံ့ ဒုက္ကဋ် ဟူသည်ကို သာမဂ္ဂီ ပျက်ခြင်း၏ အကြောင်း မဟုတ်သည်တို့ကို ရည်ဆိုသည်။ ကွဲအောင်ပြုသော ဆန့်ကျင်ဘက် အလဇ္ဇီတို့အား သော်ကား တားခြင်းငှါ အပ်၏။ ထိုတို့၏ ဥစ္စာ သေနာသနကိုသော်လည်း ဖျက်ဆီးခြင်းကို ဟောသောကြောင့်တည်း။

ဆိတ်ငြိမ်အောင် ပြု၍လည်း ပေးအပ်၏ ဟု ဆိုသောကြောင့် သီတင်းကြီးစဉ် ကျောင်းကောင်းကို မပေးဘဲ သီတင်းကြီးသော်လည်း မစောင့်စည်းခြင်းကြောင့် မစောင့်စည်းသူတို့မှ ဆိတ်ငြိမ်အောင်ပြု၍ ယူအပ်၏ဟု မှတ်အပ်။)

(သာဋီ ... တားငြားအံ့ ဒုက္ကဋ် ဟူသည်၌ သေနာသန ထိုက်သူအား သေနာသနကို တားအံ့၊ ထိုသူအားသာ အာပတ်တည်း။

ကလဟ ပြုသူ စသည်တို့အား အခွင့်မရှိ အစရှိသော သံဃ ကတိကကို ပြော၍ နေရာမပေး သူအား လည်း ကောင်း၊ ငါ သီတင်းကြီးဟု နှိပ်စက်၍ ယူသူကို အသင့်အားဖြင့် ယူပါ ဟု ဆို၍ တားသူအား လည်းကောင်း။ အာပတ် မရှိ။

ကလဟ ငြိမ်းခြင်းငှါလာသော ကောသမ္ဗီ ရဟန်းတို့အား ယာဝုဍ္ဎံ-ဟု မဟောဘဲ - ဝိဝိတ္တေ အသတိ ဝိဝိတ္တံကတွာပိ ဒါတဗ္ဗံ ဟု ဟောသောကြောင့် ဝိဝိတ္တ ပြု၍ ပေးသူကို တားသူအား အာပတ်ဟု ဂဏ္ဌိတို့၌ ဆို၏။)

(ဇီဋီ ... ထိုအတိုင်းထက် အနည်းငယ် ထူး၏။ ... ပါရိဝါသိက စသည်တို့အား ကျောင်းစွန်ပေးခြင်းဖြင့် ဤအနက်ကို ပြီးစေအပ်၏။)

အညီအညွတ်ပြုခန်း

ထိုအခါ အနှင်ခံရသော ဥက္ခိတ္တက ရဟန်းသည် ဓမ္မဝိနယကို ဆင်ခြင်၍ အာပတ် ဟုတ်သည်၊ နှင်ထိုက်သည်၊ ဓမ္မကံ ဖြစ်သည်ဟု သိ၍ အနုဝတ္တကတို့ကို ပြောပြ၍ အကျွန်ုပ်ကို သံဃာ့ဘောင်သို့ ပြန်သွင်းကြလော့ဟု ဆို၏။

အနုဝတ္တက တို့သည် ထိုရဟန်းကို ဘုရားရှင်ထံ ခေါ်သွား၍ ထိုအကြောင်းကို လျှောက်၏။ ချစ်သားတို့၊ ဤသည် အာပတ် ဟုတ်၏။ အာပတ်သို့ ရောက်သူ ဖြစ်၏။ နှင်အပ်သူ ဖြစ်၏။ ဓမ္မကံ ဖြစ်၏။ ချစ်သားတို့၊ ထိုရဟန်းသည် အာပတ်ကို မြင်၏။ ထိုကြောင့် သွင်းကြလောဟု မိန့်တော်မူ၏။

အနုဝတ္တက တို့သည် ထိုရဟန်းကိုသွင်း၍ နှင်သူ ဥက္ခေပက တို့ထံ သွား၍ ငါ့ရှင်တို့၊ အကြင် ဝတ္တုကြောင့် သံဃာ ကွဲ၏၊ နှင်အပ်သူကို အာပတ်ရှုသူဖြစ်၍ သွင်းအပ်ပြီ။ ထိုဝတ္တုကို ငြိမ်းစေခြင်းငှါ သံဃ သာမဂ္ဂီ ပြုကုန်အံ့ဟု ဆိုကုန်၏။ ဥက္ခေပက တို့သည် ဘုရားရှင်ထံ ချဉ်းကပ်၍ ထိုအကြောင်းကို လျှောက်ကုန်၏။

ချစ်သားတို့၊ ထိုသို့ ဖြစ်လျှင် ထိုဝတ္တုကို ငြိမ်းစေခြင်းငှါ သံဃ သာမဂ္ဂီ ပြုလော၊ ပြုပုံကား၊ ရဟန်း အားလုံးသာလျှင် တစ်ပေါင်းတည်း စည်းဝေးအပ်၏။ ဂီလာန၊ အဂိလာန-တစ်စုံတစ်ယောက်မျှ ဆန္ဒ မပေးအပ်၊ စည်းဝေးပြီးလျှင် ဗျတ္တ ပဋိဗလသည် သံဃာကို ဉာတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် ထိုဝတ္ထုကို ငြိမ်းစေခြင်းငှါ သံဃ သာမဂ္ဂီကို ပြုရာ၏၊ ပြု၏၊ ပြုပြီးဟု သိစေအပ်၏။ ထိုခဏ၌သာလျှင် ဥပုသ်ကို ပြုအပ်၏။ ပါတိမောက်ကို ပြအပ်၏ဟု မိန့်တော်မူ၏။

[ထိုရဟန်းကို သွင်း၍ ဟူသည် ထိုရဟန်းကို ခေါ်၍ သိမ်သို့သွား၍ အာပတ် ဒေသနာကြားစေ၍ ကမ္မဝါစာဖြင့် သွင်း၍တည်း။

ထိုခဏ၌ သာလျှင် ဟူသည် ထိုနေ့၌သာလျှင် သာမဂ္ဂီ ဥပုသ် ပြုအပ်၏။]

(ဇီဋီ ... အနုဝတ္တက တို့သည် ...လ... သံဃသာမဂ္ဂီ ပြုကုန်အံ့ဟု ဆိုသော စကားသည် သိနိုင်ခဲသော ဝိနိစ္ဆယတည်း။

ချဲ့ဦးအံ့၊ ကံပြုသော သံဃာရှိလျှင် တစ်ပါးသော သံဃာသည် သွင်းခွင့်မရ၊ သွင်းငြားအံ့၊ သွင်းသူတို့သည် ကံပြုသော သံဃာနှင့် အယူတူခြင်းကြောင့် ထိုသံဃာနှင့် သမာန သံဝါသကတို့ ဖြစ်ကုန်၏။ ထိုကြောင့် ကံပြုသူတို့၏ ဆန္ဒကို မယူဘဲ သွင်းလျှင် ကံပျက်၏။ ထိုကြောင့် ဘုရားရှင် မိန့်ခွန်းဖြင့် သွင်းကုန်၏။ ထိုသို့မဟုတ် သိမ်ပသို့သွား၍၊ ထိုသို့မဟုတ် ဆန္ဒယူ၍ သွင်းကုန်၏-ဤ သုံးမျိုး တစ်မျိုးမျိုး ဖြစ်ထိုက်၏။ ဂဏ္ဌိတို့၌ကား မစီစစ်-စသည်။

ဝိဋီ ... ကမ္မဝါစာဖြင့် သွင်း၍ ဟူသည်၌ အနှင်ခံရသူ၏ အပြစ်သိ၍ ကောင်းစွာ ကျင့်ခြင်းအားဖြင့် လည်းကောင်း၊ နှင်သူတို့၏ သွင်းလိုသော ဆန္ဒကို စောစောကပင် သိသောကြောင့် လည်းကောင်း၊ ငြိမ်းစေသော ကမ္မဝါစာဖြင့် အနုဝတ္တကတို့ ကိုယ်တိုင် ထိုရဟန်းကို သွင်းကုန်၏ဟု မှတ်အပ်၏။)

ရှင်ဥပါလိ ဝိနည်း မေးခန်း

ထိုအခါ ဥပါလိသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဤသို့ လျှောက်၏။ မြတ်စွာဘုရား၊ သံဃာကွဲကြောင်း ဝတ္တုကို မဆုံးဖြတ်မူ၍ အရင်းမှ အရင်းသို့ မလိုက်မူ၍ သံဃသာမဂ္ဂီ ပြုအံ့၊ ဓမ္မိကာ ဖြစ်ပါသလော။ ချစ်သား ဥပါလိ၊ ဝတ္တုကို မဆုံးဖြတ်မူ၍ အရင်းမှ အရင်းသို့ မလိုက်မူ၍ သံဃ သာမဂ္ဂီ ပြုအံ့၊ အဓမ္မိကာ ဖြစ်၏။

မြတ်စွာဘုရား၊ သံဃာ ကွဲကြောင်း ဝတ္တုကို ဆုံးဖြတ်၍ အရင်းမှ အရင်းသို့ လိုက်၍ သံဃသာမဂ္ဂီ ပြုအံ့၊ ဓမ္မိကာ ဖြစ်ပါသလော။ ချစ်သားဥပါလိ၊ ဓမ္မိကာ ဖြစ်၏။

မြတ်စွာဘုရား၊ သံဃံ သာမဂ္ဂီတို့သည် အဘယ်မျှ တို့ပါနည်း။ ချစ်သား ဥပါလိ၊ သံဃ သာမဂ္ဂီတို့သည် နှစ်မျိုးရှိကုန်၏။ အနက်ကင်း သဒ္ဒါရှိသော သံဃ သာမဂ္ဂီ တစ်ခုရှိ၏။ အနက်ရှိ သဒ္ဒါရှိသော သံဃသာမဂ္ဂီ တစ်ခုရှိ၏။

ချစ်သား ဥပါလိ၊ အနက်ကင်း သဒ္ဒါရှိ ဟူသည် သံဃာ ကွဲကြောင်း ဝတ္တုကို မဆုံးဖြတ်မူ၍ အရင်းမှ အရင်းသို့ မလိုက်မူ၍ သံဃာ သာမဂ္ဂီ ပြုအံ့၊ အနက်ကင်း သဒ္ဒါရှိမည်၏။ ဝါ-အဓမ္မိကာသည် အနက်ကင်း သဒ္ဒါရှိ မည်၏။ ဓမ္မိကာသည် အနက်ရှိ သဒ္ဒါရှိ မည်၏။

[အမူလာ မူလံဂန္တွာတိ န မူလာ မူလံဂန္တွာ - အရင်းမှ အရင်းသို့ မလိုက်မှု၍ ဟူသော အနက်တည်း။ အတ္တာပေတာ - အတ္တတော အပဂတာ - အနက်မှ ကင်းသော သံဃ သာမဂ္ဂီ။ သဒ္ဒါ အသံမျှသာ ပြည့်စုံသော သာမဂ္ဂီ။]

(သာဋီ ... နမူလာ မူလံဂန္တွာဟိ မူလတော မူလံ အဂန္တွာ။ အတ္တ တော အပဂတာတိ သာမဂ္ဂီ သင်္ခါတ အတ္တတော အပေတာ။

ဝိဋီ …. အတ္ထတော အပဂတာတိ-သာမဂ္ဂီ အတ္ထဝိရဟိတာ၊ တုစ္ဆဗျဉ္ဇနာတိ အတ္ထော။)

ရှင်ဥပါလိလျှောက် ဆယ်ဂါထာ၊ ချီးမြှောက်ထိုက်သူ

ထိုအခါ ရှင်ဥပါလိသည် နေရာမှထ၍ ပခုံးတစ်ဘက်၌ ကိုယ်ရုံကို စမ္ပယ်တင်၍ မြတ်စွာဘုရား ရှိရာသို့ လက်အုပ်ချီ၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ကြား၏။

(၁) မြတ်စွာဘုရား၊ သံဃာ့ ကိစ္စတို့၊ ဝိနည်း တိုင်ပင်ခြင်းတို့၊ ဝိနည်း အနက်တို့၊ ဝိနည်းအနက် အဆုံး အဖြတ်တို့ဖြစ်သောအခါ အဘယ်သို့သော ရဟန်းသည်၊ ဤသာသနာ၌ ကျေးဇူးများသူ ဖြစ်ပါသနည်း။ အဘယ် သို့သော ရဟန်းသည် ဤသာသနာ၌ ချီးမြှောက်ထိုက်သူ ဖြစ်ပါသနည်း ဘုရား။

(၂) ချစ်သား ဥပါလိ၊ အကြင် ရဟန်းသည် ရှေးဦးစွာ သီလဖြင့် မစွပ်စွဲအပ်သူ ဖြစ်၏။ ဆင်ခြင်သော အကျင့် ရှိ၏။ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၌ ပညာ အဆင်ခြင်ရှိသူ စသော နည်းဖြင့် ဆင်ခြင်သော အကျင့်ရှိ၏။ [အဋ္ဌကထာတို့ အလို မဖုံးလွှမ်းသော အကျင့်ရှိ၏။] စောင့်စည်းသောဣန္ဒြေ ရှိ၏။ ရန်သူတို့ တရားသဖြင့် မစွပ်စွဲနိုင်၊ စွပ်စွဲစရာ အပြစ်မရှိ။

(၃) ထိုသို့သော သီလ ဝိသုဒ္ဓိ၌ တည်သော ရဟန်းသည် ရဲရင့်၏၊ ရန်သူကို နှိပ်၍ ဆိုနိုင်၏။ ပရိသတ်သို့ရောက်၍ ထိတ်ခြင်းမရှိ၊ တုန်လှုပ်ခြင်း မရှိ၊ အနက် မယုတ်စေဘဲ အကြောင်းသင့်သော ခွင့်စကားကို ဆို၏။ (ငြူစူခြင်း၊ အဂတိလိုက်ခြင်း မရှိ။)

(၄) ထိုအတူ ပရိသတ်အလယ်၌ ပြဿနာမေးလျှင် ကြံမှိုင်ခြင်း မရှိ၊ မျက်နှာပျက်ခြင်း မရှိ။ ကာလသင့်လျှင် ဖြေဆိုထိုက်သော စကားကို ဆိုလျက် ပညာရှိ ပရိသတ်ကို နှစ်သက်စေသော ဉာဏ်အမြင်ရှိ၏။ (မသိသူ ကြံမှိုင်သည်၊ မဆိုဝံ့သူ မျက်နှာပျက်သည်။)

(၅) သီတင်းကြီး ရဟန်းတို့၏ ဂါရဝ ရှိ၏၊ မိမိ၏ အာစရိယ ဝါဒ၌ ရဲရင့်၏။ စူးစမ်းနှိုင်းချိန်ခြင်းငှါ စွမ်းနိုင်၏၊ ဆိုဖွယ်စကား၌ အလေ့အလာ ရှိ၏။ ရန်သူတို့၏ ချွတ်ယွင်းရာဌာန၌ လိမ္မာ၏။

(၆) အလေ့အလာ ရှိပုံကား။ အကြင်စကားဖြင့် ရန်သူတို့သည် နှိပ်အပ်သူ အဖြစ်သို့ ရောက်ကုန်၏။ ပရိသတ်သည် ထိုးထွင်း၍ သိခြင်းသို့ ရောက်နိုင်၏။ မိမိယူသော အာစရိယ ဝါဒကိုလည်း မယုတ်စေ၊ မထိမခိုက် (ဖြစ်သော အဓိကရုဏ်း အားလျော်စွာ) ပြဿနာ ဖြေနိုင်၏။ ထိုနှိပ်ကြောင်း၊ သိကြောင်း၊ မယုတ်ကြောင်း၊ မထိခိုက်ကြောင်း စကား၌ အလေ့အလာ ရှိ၏။

(၇) တမန်အမှုတို့၌ စွမ်းနိုင်၏။ သံဃာ့ ကိစ္စကြုံလျှင် မြတ်သော အလှူကို ခံယူသကဲ့သို့ ထိုထို ကိစ္စကို ဝမ်းမြောက်စွာ ခံယူ၏။ ရဟန်း သံဃာ စေခိုင်းလျှင် လိုက်နာသော စကားရှိ၏။ ထိုလိုက်နာခြင်းဖြင့် “ငါ ပြုနိုင်သည်”ဟု မထေမဲ့မြင် မပြု။ [သံဃာ့ တာဝန်ကို ငါရွက်ဆောင်နိုင်သည်ဟု မာနစကား မထောင်လွှား။

(၈) အကြင်မျှသော ဝတ္တုတို့ကြောင့် အာပတ်သို့ ရောက်၏။ အကြင် ခြင်းရာဖြင့် အာပတ်မှ ထ၏။ ဤဝတ္တု၊ ဤ ခြင်းရာတို့ကို ထွန်းပြသော ဝိဘင်း နှစ်ပါးတို့သည် ကောင်းစွာ နှုတ်တက်ကုန်၏။ အာပတ်မှ ထကြောင်း၌ လိမ္မာ၏။

(၉) အကြင် ငြင်းခုံခြင်း စသည်တို့ကို ကျင့်လျှင် နှင်ထုတ်ခံရခြင်းသို့ ရောက်၏။ နှင်ထုတ်အပ်သူ ဖြစ်၏။ အကြင် ကျင့်ဝတ်ကျင့်ခြင်းဖြင့် ကျင့်သုံးသော ရဟန်းအား ပြန်သွင်းခြင်းကို ပြုအပ်၏။ ထိုတို့ကို ဝိဘင်္ဂ ကောဝိဒ ဖြစ်၏။

(၁၀) တေရ၊ နဝ၊ မဇ္ဈိမ ဖြစ်သော ရဟန်းတို့၌ ဂါရ၀ ရှိ၏။ များစွာသော သူအပေါင်း၏ အကျိုးကို ကျင့်သော ပညာရှင် ဖြစ်၏။ ထိုသို့သော သဘောရှိသော ရဟန်းသည် ဤသာသနာ၌ ချီးမြှောက် ထိုက်သူ ဖြစ်၏။
ကောသမ္ဗကက္ခန္ဓက ကောဒသမော။

(ဝိဋီ ... မိမိ၏ အာစရိယ ဝါဒသည် အာဒါယ မည်၏။ အာဒါ တဗ္ဗတော ဂဟေ တဗ္ဗတော။ တမန် အမှုသည် -

တောတာ - သတင်းပေးသည်ကို နာယူတတ်၏။
သာဝေတာ-နာယူတိုင်း ပြောပြတတ်၏။
ဥဂ္ဂေဟေတာ- ကောင်းစွာ ထင်ယူတတ်၏။
ဓာရေတာ-ကောင်းစွာ ဆောင်တတ်၏(၄)၊

ဝိညာတာ-စကား၏ အဓိပ္ပါယ်ကို သိတတ်၏။
ဝိညာပေတာ-သိစေတတ်၏။
ကုသလောသဟိတာ သဟိတဿ - အကျိုး ရှိ မရှိ စကား၌ လိမ္မာ၏။
ဝါ-ဆိုခြင်း ပြုခြင်းငှါ သင့် မသင့်၌ လိမ္မာ၏။
နောစ ကလဟ ကာရကော - ခိုက်ရန်မပြုတတ် (၄) –

ဤ အင်္ဂါရှစ်ပါးတည်း။

ဇီဋီ၊ သာဋီ ... . ထိုထက် မထူး။)

ကောသမ္ဗကက္ခန္ဓက ပြီး၏။

ဗုဒ္ဓဟောလတ် ဝိနည်းမြတ် ပညတ်ကျိုးဆယ်ပါး

မြတ်စွာဗုဒ္ဓ ဝိနည်းသိက္ခာပုဒ် ပညတ်ခြင်းသည် နှိပ်စက်၍ အာဏာပြ၍ ပညတ်သည်ဟုမရှိ။

၁။ သံဃာတော်၏ ကောင်းပြီဟု ဝန်ခံစေခြင်းငှါ။
၂။ သံဃာတော်၏ ချမ်းသာစွာ နေရခြင်းငှါ။
၃။ သီလမဲ့ကုန်သော ပုဂ္ဂိုလ်တို့ကို နှိပ်ခြင်းငှါ။
၄။ သီလချစ်ကုန်သော ပုဂ္ဂိုလ်တို့ကို ချီးမြှောက်ခြင်းငှါ။
၅။ မျက်မှောက်၌ ဖြစ်ကုန်သော ဘေးရန်တို့ကို တားမြစ်ခြင်းငှါ။
၆။ တမလွန်၌ ဖြစ်ကုန်သော ဘေးရန်တို့ကို တားမြစ်ခြင်းငှါ။
၇။ မကြည်ညိုသေးသူတို့အား ကြည်ညိုစေခြင်းငှါ။
၈။ ကြည်ညိုပြီးသူတို့အား ကြည်ညိုစေခြင်းငှါ။
၉။ သာသနာတော်၏ အဓွန့်ကြာရှည် တည်နေစေခြင်းငှါ။
၁၀။ ဝိနည်းတရားတော်ကို ချီးမြှောက်ခြင်းငှါ။
ထိုထို သိက္ခာပုဒ်ကို အကျိုးဆယ်မျိုးရွယ်ကိုး ပညတ်တော်မူသတည်း။

ညောင်လေးပင်တောရဆရာတော်

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...