ရူပဒီပနီ
ပဋိညာဉ်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
သင်္ဂြိုဟ် ရူပပဝတ္တိက္ကမ၌ ကမ္မဇရုပ်, စိတ္တဇရုပ်တို့၏ ချုပ်စဉ်ဝယ် ကျမ်းဆရာတို့အဆို အယူမတူ ကွဲလွဲကြပါသည်၊ ဘယ်အယူသည်သာ အာဂုံယုတ္တိ အားအင်ရှိသည်ဟု စိစစ်ရွေးချယ်ပြီးလျှင် စတုဇရုပ်တို့၏ ချုပ်ရုပ်ပြတ်စဲရာ ခဏများကို သိမှတ်လိုကြောင်းနှင့် ၁၂၅၄-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀-ရက်နေ့တွင် မင်းကင်းမြို့ ယွန်းကျောင်း ဂိုဏ်းထောက်ဆရာက စာလွှာစေလွှတ် လျှောက်ထားတောင်းပန်အပ်သည်ဖြစ်၍ လှေကူးမြို့ လယ်တီတောရကျောင်းဆရာ ငါသည် အာဂုံယုတ္တိနှင့်တကွ ရူပဒီပနီကို ရေးသားပြဆိုပေအံ့သတည်း။ ဖြစ်စဉ် ကစ၍ဆိုမှသာလျှင် ချုပ်စဉ်သည်လည်း ထင်ရှားရာသောကြောင့် ဖြစ်စဉ်ကပင် အဦးတင်၍ဆိုအပ်၏၊
---ရုပ်တို့၏ဖြစ်စဉ်
၁-ရုပ်ဖြစ်ကြောင်းတရား ၄-ပါး
၁-ကမ္မသမုဋ္ဌာန်
ရုပ်ကိုဖြစ်စေနိုင်သော အကြာင်းတရားသည်
ကံဟူ၍, စိတ်ဟူ၍ နာမ်၌ ၂-ပါး၊
ဥတုဟူ၍, အာဟာရဟူ၍ ရုပ်၌ ၂-ပါး၊
ကံဟူသည်ကား- အတိတ်ဖြစ်သော ကာမ, ရူပကုသိုလ် စေတနာ ၁၃၊ အကုသိုလ်စေတနာ ၁၂၊ ပေါင်းစေတနာ ၂၅-သည် ဤ အရာ၌ ကံမည်၏၊ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ အစစွာ ဥပါဒ်သော ရုပ်ကို ဥဒ္ဓစ္စစေတနာ, အဘိညာဉ်စေတနာတို့သည် မဖြစ်စေနိုင်။ [အဋ္ဌကထာ။]
ပုထုဇဉ်သန္တာန်၌ ဖြစ်သော ဥဒ္ဓစ္စစေတနာသည်ကား ကိလေသာ သဟဲကောင်းသောကြောင့် ဖြစ်စေနိုင်ပါ၏၊ အရိယာသန္တာန်၌ ဖြစ်သော ဥဒ္ဓစ္စစေတနာသည်သာ ကိလေသာ သဟဲနည်း၍ မဖြစ်စေနိုင်သည်။ [ဓမ္မသင်္ဂဏီဋီကာ။]
ပဋိသန္ဓေစိတ်၏ဌီ-မှစ၍ ပဝတ္တိရုပ်မှာ ဆရာနှစ်ပါး မကွဲကြ၊ အဋ္ဌကထာကိုပင် ဆရာတို့ နှစ်မြို့ကြကုန်သည်၊ ကျယ်မည်စိုး၍ မကိုးပြီ။ ။ကံပြီး၏၊
---၂-စိတ္တသမုဋ္ဌာန်
စိတ်ဟူသော စကားသည်ကား-“ရာဇာ အာဂစ္ဆတိ” ကဲ့သို့ ပဋ္ဌာနစကားသာတည်း၊ စေတသိက်သည်လည်း ရုပ်ကိုဖြစ်စေပါ၏။
[သမော၊ ဝိသုဒ္ဓိမဂ်။]
သဗ္ဗေပိ စိတ္တစေတသိကာ ဧကတောဝ ဟုတွာ ရူပံ သမုဋ္ဌာပေန္တိ၊ (ပဋ္ဌာန်းအဋ္ဌကထာ၊)
ကမ္မန္တိ စေဝ အဓိပ္ပေတာ န သမ္ပယုတ္တကာ၊ စိတ္တန္တိ သသမ္ပယုတ္တကံ အဓိပ္ပေတံ၊
သစ္စသံခိပ်ဋီကာဟောင်း၊ ၎င်းဋီကာသစ်၊ သင်္ခေပဋီကာ၊ သင်္ဂြီုဟ် ဒီပနီ၊
ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ -စသည်ပဋ္ဌာန်း။
(၁) ခပ်သိမ်းသော ပဋိသန္ဓေစိတ်၊ ပဉ္စဝိညာဉ် ၁၀၊ အရူပဘုံ၌ ဖြစ်သော စိတ်ပေါင်း ၄၆၊ ရဟန္တာ၏ ပရိနိဗ္ဗာနစိတ်များသည် ရုပ်ကို မပြုတတ်၊ ကြွင်းသော ၇၅-ခုသော စိတ်သည် ပြုတတ်၏၊ [အဋ္ဌကထာ]
(၂) စုတိစိတ်ဟူသမျှသည်ပင် မပြုတတ်။
[မူလဋီကာ။]
အညေသမ္ပိ စုတိစိတ္တံ ရူပံ န သမုဋ္ဌာပေတိ။ [၎င်း။]
(၃) စုတိစိတ်မှ ပြန်၍ရေသော် ၁၇-ချက်မြောက်သော ဘဝင်စိတ်မှသည် စုတိစိတ်တိုင်အောင် ဤအတွင်း၌ ဖြစ်ကြသော မရဏာ သန္နစိတ်စုသည် ရုပ်ကို မပြုတတ်။ [အနုဋီကာ]
ပစ္ဆိမစိတ္တဿ ပုရတော သောဠသမေန စိတ္တေန, တတော ဩရိမေန ဝါ သဒိံ အဿာသ-ပဿာသာ န ဥပ္ပဇ္ဇန္တီ တိ သိဒ္ဓိံ။ [၎င်း]
ရုပ်သက်သည် အရှင်ဗုဒ္ဓဃောသ အလို စိတ္တက္ခဏ ၁၇-ချက်ခန့်၊ မဟာအဋ္ဌကထာ အလို ၁၆-ချက်နှင့် ခဏငယ်ခုခန့်၊ မူလဋီကာအလို ၁၆-ချက်ခန့်၊ ထို့ကြောင့် အနုဋီကာပါဌ်၌ ၁၇-ချက်ကို ရည်၍ “သောဠသ မေန” ဆိုသည်၊ ၁၆-ချက်ကိုရည်၍ “တတောဩရိမေန ဝါ “ ဆိုသည်။
(၄) စုတိစိတ်မှပြန်၍ရေသော် ၁၈-ချက်မြောက်သော ဘဝင်စိတ်မှသည် စုတိစိတ်တိုင်အောင် ဤအတွင်း၌ ဖြစ်ကြသော မရဏာသန္နစိတ်စုသည် ရုပ်ကို မပြုတတ်။ [အပရေဆရာ]
စုတိတော ဒုတိယစိတ္တေနာပိ သဟ နိရုဇ္ဈတီ တိ အပရေ။
[အဘိဓမ္မာဝတာရဋီကာ၊ မဏိမဉ္ဇူသာဋီကာ။]
(၅) ၁၉-ချက်မြောက်သော ဘဝင်စိတ်မှစ၍ပင် ရုပ်ကို မပြုနိုင်။
[ဧကေဆရာ။]
ဟေဋ္ဌိမကောဋိယာ စုတိတော တတိယ စိတ္တေနေဝ သဟနိရုဇ္ဈတိ၊ ဒုတိယစိတ္တံ န ပါပုဏာတီ တိ ဧကေ။
[အဘိဓမ္မာဝတာရ ဋီကာ၊ မဏိမဉ္ဇူသာဋီကာ။]
(၆) ၃၂-ချက်မြောက်သော ဘဝင်စိတ်ကစ၍ပင် ရုပ်ကို မပြု နိုင်။ [ဆရာတို့]
စုတိတော ပုဗ္ဗေ ဒွတ္တိံသမစိတ္တက္ခဏတော ပဋ္ဌာယ နုပ္ပဇ္ဇတိ၊ တေတ္တိံ သမစိတ္တက္ခဏေ ဥပ္ပန္နံ ပစ္ဆိမသောဠသကတေ ပုရေတရမေဝ နိရုဇ္ဈတီ တိ ဝဒန္တိ။ [အဘိဓမ္မာဝတာရဋီကာ၊ မဏိမဉ္ဇူသာဋီကာ။]
ဤသို့ အဆိုခြောက်ထွေပြား၍ နေသည်ကို နောက်မှရွေးချယ်အံ့။။ စိတ်ပြီး၏၊
---၃-ဥတု သမုဌာန်
သီတတေဇော, ဥဏှတေဇော ဟူသော ဓာတ်မီး ၂-ပါးသည် ဥတုမည်၏၊ ထိုဥတုဟူသော ဓာတ်မီးသည် အဇ္ဈတ္တဓာတ်မီး, ဗဟိဒ္ဓ ဓာတ်မီးဟူ၍ ၂-ပါးသည်ပင် ရုပ်ကိုပြုနိုင်၏၊ ဝါဒအကွဲအပြားမရှိ။။ ဥတုပြီး၏၊
---၄-အာဟာရသမုဋ္ဌာန်
အဇ္ဈတ္တဓာတ်မီး, ဗဟိဒ္ဓဓာတ်မီးဟူသော ဩဇာ ၂-ပါးသည် အာဟာရမည်၏၊ ထိုအာဟာရ ၂-ပါးသည်ပင် ရုပ်ကို ပြုတတ်၏။
[သမော ဝိသုဒ္ဓိမဂ်၊ ပဋ္ဌာန်းအဋ္ဌကထာ၊ ပဏ္ဏာသအဋ္ဌကထာ။]
ဗဟိဒ္ဓဩဇာသည် ရုပ်ကို မပြုတတ်၊ အဇ္ဈတ္တဩဇာသည်သာ ရုပ် ကိုပြုတတ်သည်၊ ဗဟိဒ္ဓဩဇာသည်မူကား အဇ္ဈတ္တဩဇာအား ထောက် ပံ့ခြင်းကိုသာ ပြုပြင်နိုင်သည်။
[မဟာဋီကာ၊ အနုဋီကာ၊ ပဏ္ဏာသဋီကာ၊ သံယုတ်ဋီကာ။]
အရိယဝံသ ဆရာတော်စသော ဆရာကြီးတို့ကား အဋ္ဌကထာ ဖက်ပါဖြစ်ကြပေကုန်သည်။။ အာဟာရပြီး၏။
ဤတွင်ရုပ်ဖြစ်ကြောင်းတရား ၄-ပါးအကျဉ်းပြီး၏။
------*----
---၂-ရုပ် ၄-မျိုးဖြစ်စဉ်ပြပုံ
၁-ကမ္မဇရုပ်ဖြစ်စဉ်
ယခုအခါ ရုပ်တို့၏ဖြစ်စဉ်ကို ဆိုအံ့၊ ကမ္မဇရုပ်တို့သည် ပုဂ္ဂိုလ် အားလျော်စွာ ပဋိသန္ဓေစိတ်မှသည် ၁၇-ချက်မြောက်သော ဘဝင်စိတ်၏ ဥပါဒ်တိုင်အောင် တခုတခုသောစိတ်၏ ၃-ပါး ၃-ပါးသော ခဏတို့၌ အခြားမလပ် အစဉ်စပ်အောင် ဥပါဒ်ကြကုန်သည်။ [အဋ္ဌကထာ]
စိတ်မှာ ဌီခဏဟူ၍ မရှိ၊ ဥပါဒ်ခဏ, ဘင်ခဏ ၂-ခုသာရှိသည်၊ ထို၂-ခုတို့တွင် ဘင်ခဏ၌ ရုပ်တို့၏ ဥပါဒ်ခြင်း မည်သည် မရှိ၊ အလုံး စုံသော စတုသမုဋ္ဌာနိက အဇ္ဈတ္တရုပ်တို့သည် စိတ်၏ဥပါဒ်၌သာ ဖြစ်ကြကုန်သည်။ [မူလဋီကာ။]
ယော စေတ္ထ စိတ္တဿ ဌိတိက္ခဏော ဝုတ္တော၊ သောစ အတ္ထိ, နတ္ထီတိ ဝိစာရေတွာ ဂဟေတဗ္ဗော။ [၎င်း]
ဥပ္ပန္နံ ဥပ္ပဇ္ဇမာနန္တိ။ ဘဝင်္ဂက္ခဏေ ဥပ္ပန္နံ၊ နောစ ဥပ္ပဇ္ဇမာနံ
[စသော ယမိုက်ပါဠိသည် အထောက်။]
ဤ၌စိတ်မှာ ဌီဟူ၍မရှိ၊ ဥပါဒ်နှင့် ဘင်သာရှိသည်ဟူသောဝါဒ သည် မူလဋီကာအရှင်တွင်မှ ဖြစ်ပေသည် မဟုတ်၊
မဟာဗုဒ္ဓဃောသဆရာ အဋ္ဌကထာသစ်ကို မစီရင်မီကပင် မဟာ အဋ္ဌကထာတွင် လာသော အာစရိယဝါဒပေတည်း၊ ထို့ကြောင့် သာရတ္ထ ပကာသနီမည်သော သံယုတ်အဋ္ဌကထာ ခန္ဓဝဂ္ဂအဖွင့်၌“အပရေ ပန ဝဒန္တိ၊ အရူပဓမ္မာနံ ဇရာ ခဏော နာမ နသက္ကာ ပညာပေတုံ၊ သမ္မာသမ္ဗုဒ္ဓေါ စ ဝေဒနာယ ဥပ္ပါဒေါ ပညာယတိ၊ ဝယော ပညာယတိ၊
ဌိတာယ အညထတ္တံ ပညာယတီ တိ ဝဒန္တော အရူပဓမ္မာနမ္ပိ တီဏိ လက္ခဏာ န ပညာပေတိ၊ တာနိ အတ္ထိက္ခဏံ ဥပါဒါယ လဘတီတိ ဝတွာ
အတ္ထိတာ သဗ္ဗဓမ္မာနံ၊ ဌိတိ နာမ ပဝုစ္စတိ၊
တေဿဝ ဘေဒေါ မရဏံ၊ သဗ္ဗဒါ သဗ္ဗပါဏိနန္တိ၊
ဣမာယ အာစရိယဂါယထာယ တမတ္တံ သာဓေန္တိ၊ အထဝါ၊
သန္တတိဝသေန ဌာနံ ဝေဒိတဗ္ဗန္တိ စ ဝဒန္တိ” ဟူ၍လာသည်။
ဤသံယုတ်အဋ္ဌကထာလာ နှစ်ဝါဒတို့၏အထူးကား“ဝေဒနာယ ဥပ္ပါဒေါ ပညာယတိ၊ ဝယော ပညာယတိ၊ ဌိတာယ အညထတ္ထိ ပညာယတိ”
ဟူ၍ဟောတော်မူရာမှ ဥပ္ပါဒေါ-ဖြင့် ဝေဒနာ၏ ဥပါဒ်ကိုရသည်၊ ဝယော-ဖြင့် ဝေဒနာ၏ဘင်ကိုရသည်၊ နာမ်တရားတို့၌ ဌီဟူ၍ မရှိလေရ ကား၊ ဌိတာယ-ဖြင့် ဌီကိုယူ၍မရ၊ အတ္ထိခဏကိုသာ ယူလေဟူလိုသည်။ အတ္ထိခဏဟူသည်ကား- ဥပါဒ်နှင့် ဘင်ကိုယူ။ [ဋီကာ။] နောက်ဝါဒ၌ သန္တိဌီကိုယူသည်၊ ဤဝါဒကိုပင် ဆရာ ဗုဒ္ဓဃောသ ပယ်တော်မူလေသည်။ ယသ္မာ ပန သုတ္တေ အယံ သေသော နတ္ထိ၊ တသ္မာ အာစရိယမတိယာ သုတ္တံ အပ္ပဋိဗာဟေတွာ သုတ္တမေဝ ပမာဏံ ကာတဗ္ဗံ။[ပယ်ပါဌ်။]
မူလဋီကာကိုလည်း အနုဋီကာစသော နောက်ဋီကာတို့ပယ် တော်မူကုန်သည်။
စိတ်, စေတသိက်တို့၏အသက်သည် ခဏငယ် ၃-ခုမျှသာရှိ သည်၊ အလွန်တိုလှသည်ဖြစ်၍လည်း ၃-ဘို့ မဝေလိုပဲ ၂-ဘို့သာ ဝေလိုလျှင် ၂-ဖို့နှင့်ပင် ပြီးကောင်းတော့သည်။ [တစ်ချက်။]
ဌီ-ဟူသော ဝေါဟာရသည် အနိစ္စ၏ ဆန့်ကျင်ဖက်ဖြစ်သည်၊ အဘိဓမ္မာဒေသနာသည် အနတ္တ ဒေသနာသာဖြစ်၏၊ အနိစ္စ၏ဆန့်ကျင် ဖက်ဖြစ်သော ဝေါဟာရသည် အနတ္တ၏လည်း ဆန့်ကျင်ဖက်ဖြစ် လေတော့သည်၊ ထို့ကြောင့် ယမိုက်ဒေသနာ ၌ ဌီခဏကို မဟောလေ သည်၊ ဓာတုကထာဒေသနာ၌ကား ဇရာသဒ္ဒါနှင့် လာသည်ဖြစ်၍” ဇာတိ ဒွီဟိ ခန္ဓေဟိ သင်္ဂဟိတာ၊ ဇရာ ဒွီဟိ ခန္ဓေဟိ သင်္ဂဟိတာ၊ မရဏ ဒွီဟိ ခန္ဓေဟိ သင်္ဂဟိတံ”
ဟူ၍ နာမ်တရားတို့၏လည်း ခဏ ၃-ပါးကိုစဉ်၍ ဟောတော် မူသည်၊ ထို့ကြောင့် ဆိုလိုလျှင် စိတ်တစ်ခုကို ၃-ဘို့ခွဲ၍ ဇာတိခဏ, ဇရာခဏ, မရဏခဏ ဟူ၍ှှ၎င်း၊ ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏဟူ၍၎င်း ဆိုထိုက်သော အခွင့်ရှိ၏၊ [ကြံပုံ]
ဋီကာဆရာကြီးငယ်တို့ကား ယမိုက်ပါဠိကို မိဂပဒဝဠဉ္စန နည်း ယူကြကုန်၏၊။ ဤကား ဌီမရှိဟူရာ၌ အကျဉ်းလိုရင်းမှတ်ပုံတည်း။
စိတ်၏ဘင်ခဏ၌ ရုပ်ဖြစ်ခြင်းမရှိ ဟူသည်မှာ
“ယဿ ဝါ ပန သမုဒယသစ္စံ နိရုဇ္ဈတိ၊ တဿ ဒုက္ခသစ္စံ ဥပ္ပဇ္ဇတီတိ၊ နော”
[စသော ယမိုက်ပါဠိသည် အထောက်။]
စိတ်၏ ဥပါဒ်ခဏ၌လည်း ရုပ်ချုပ်ခြင်းမရှိဟူ ယူဆ၏၊ “ယဿ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ တဿ အဗျာကတာ ဓမ္မာ နိရုဇ္ဈန္တိ တိ၊ နော”။
စသော ယမိုက်ပါဠိသည် အထောက်။
ယင်းနှစ်ချက်ကိုပင် အနုဋီကာဆရာတော် ပယ်လေသည်။
သူ့စိတ်နှင့် သူ့ဇာတိရုပ်ကို ရည်၍-“နော” ဟု ဟောတော်မူသည်။။ တစ်နည်း အရူပဘုံကိုရည်၍ ဖြေတော်မူသည်၊ သူ့စိတ်ပြုသော စိတ္တဇရုပ် သည် သူ့စိတ်၏ဘင်၌မဖြစ်၊ ဥပါဒ်၌သာ ဖြစ်သည်၊ သူ့စိတ်၏ဥပါဒ်လည်း မချုပ်၊ ထို့ကြောင့်” နော” ဟုဖြေတော်မူသည်။ [အနုဋီကာ]။။ဝါဒကွဲကို ပြသည် ပြီး၏။
ပဋိသန္တေစိတ်နှင့်အတူ ဥပါဒ်သော ကမ္မဇရုပ်စုသည်(၁) ဋီကာအလို ပန္နရသမ ဘဝင်၏ ဘင်၌ချုပ်သည်။ (၂) မဟာအဋ္ဌကထာအလို သောဠသမဘဝင်၏ ဥပါဒ်၌ ချုပ်သည်။
(၃) ဆရာဗုဒ္ဓဃောသအလို သောဠသမ ဘဝင်၏ ဘင်၌ ချုပ်သည်။
ဤသုံးဝါဒတွင် ဋီကာဝါဒကို အနုဋီကာပယ်သည်၊ မဟာအဋ္ဌ ကထာဝါဒကို ဆရာဗုဒ္ဓဃောသပယ်သည်။
ရုပ်သက်သည် ဋီကာဆိုတိုင်း စိတ္တက္ခဏ ၁၆-ချက်သာ ဖြစ်ခဲ့အံ့၊ အတိမဟန္တာရုံဝီထိ၌ ပဉ္စာရုံသည် ဥပါဒ်သည်နှင့် တစ်ပြိုင်နက် ပဉ္စဒွါရ၌ ထင်ခြင်းသို့ရောက်ရာသည်၊ ရုပ်တို့မည်သည် ဥပါဒ်ခဏ၌ အလွန် အားနည်းလေသောကြောင့် ထိုသို့လည်း ထင်နိုင်ခွင့်မရှိ၊ ထို့ကြောင့် ဋီကာဝါဒသည် မသင့်ဟု အနုဆရာပယ်သည်။
မဟာအဋ္ဌကထာဆိုတိုင်း ၁၆-ချက်နှင့် ခဏငယ်တစ်ခုလွန် ဖြစ်ခဲ့အံ့၊ စိတ်၏ဥပါဒ်၌သာဖြစ်သော စိတ္တဇရုပ်သည် သတ္တရသမစိတ်၏ ဥပါဒ်၌သာ အမြဲချုပ်ရမည်၊ ထိုသို့ချုပ်သည်ဟူ၍ ပါဠိတော်မရှိ၊ ဘင်၌ ချုပ်ကြောင်းသာရှိသည်၊ ထို့ကြောင့် မဟာအဋ္ဌကထာ ဝါဒမသင့်ဟု ဆရာဗုဒ္ဓဃောသပယ်သည်။ ။ ဘင်၌ချုပ်သည့်အထောက်ကား“အဿသပဿသာနံ ဘင်္ဂက္ခဏေ တေသံ ကာယသင်္ခါရော စ နိရုဇ္ဈတိ၊ ဝစီသင်္ခါရော စ နိရုဇ္ဈတိ”
စသော ယမိုက်ပါဠိများပေတည်း။
ပဋိသန္ဓေစိတ်၏ ဌီ၌ဖြစ်သော ကမ္မဇရုပ်တို့သည် သတ္တရသမ ဘဝင်၏ ဥပါဒ်၌ချုပ်ကုန်သည်၊ ပဋသန္ဓေစိတ်၏ ဘင်၌ဖြစ်ကုန်သော ကမ္မဇရုပ်တို့သည် သတ္တရသမဘဝင်၏ဌီ၌ချုပ်ကုန်သည်။ [အဋ္ဌကထာ။]
ဋီကာအလိုကား-စိတ်၌ဌီခဏဟူ၍ မရှိ၊ စိတ်၏ ဘင်၌လည်း ရုပ်ဖြစ်ခြင်းမရှိ၊ ထို့ကြောင့် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌သာ ရုပ်ဖြစ်သည် ဆိုလိုသည်၊ ပဌမဘဝင်စသည်တို့မှာ သိနိုင်ရာပြီ။
ကမ္မဇရုပ်ဖြစ်စဉ်ပြီး၏။
-------*------
---၂-စိတ္တဇရုပ်ဖြစ်စဉ်
ပဋိသန္ဓေစိတ်၏ ဥပါဒ်၌ဖြစ်ခဲ့ကုန်သော ကလာပ်တိုင်းပါကုန် သော ကမ္မဇဓာတ်မီးတို့သည် ပဋိသန္ဓေစိတ် ဌီ-သို့ ရောက်သောအခါ မိမိတို့လည်းဌီ-သို့ ရောက်ကြကုန်သည်ဖြစ်၍ အမိဝမ်းတည်းဟူသော ဗဟိဒ္ဓ၌ရှိနေသော ကိုယ်ငွေ့တည်းဟူသော ဓာတ်မီးတို့၏ အထောက် အပံ့ကို ခံနိုင်ကြသဖြင့် အားအင်ရှိကြကုန်သည်နှင့် ပဋိသန္ဓေ၏ ဌီခဏ၌ပင် ဥတုဇအဋ္ဌကလာပ်တို့ကို ပြုကြကုန်သည်။ [အဋ္ဌကထာ။]
ဋီကာအလိုကား- ထိုပဋိသန္ဓေစိတ်နှင့် ဥပါဒ် ပြိုင်ကြသော ကမ္မဇ ဓာတ်မီးတို့သည် ပဋိသန္ဓေစိတ်ခဏ၌ ဥပါဒ်အဖို့၌ပင် တည်လျက်ရှိ ကြကုန်သေးသည်နှင့် ရုပ်ကိုမပြုနိုင်ကြကုန်သေး၊ ပဌမဘဝင်၏ ဥပါဒ်သို့ ရောက်မှ ဌီ-အဖို့သို့ရောက်ကြကုန်သည် ဖြစ်၍ ရုပ်ကို ပြုကြကုန်သည်ဟု ဆိုပေ၏။
ပဋိသန္ဓိစိတ္တေန သဟုပ္ပန္နော ဥတု တဒနန္တရဿ စိတ္တဿ ဥပ္ပါဒက္ခဏေ ရူပံ သမုဋ္ဌာပေယျ။ [ဋီကာ။]
၎င်းဋီကာဆရာကား ရုပ်တို့၏ ဥပါဒ်ခဏသည် ခဏငယ် ၂- ခုခန့်ရှိသည်ဟု ယူ၏။
ယေန သဟုပ္ပဇ္ဇတိ၊ တံ စိတ္တက္ခဏေ ရူပံ ဥပ္ပဇ္ဇမာန မေဝ။ [၎င်း]
ယင်းသို့သော စိတ်၏ဘင်နှင့် ရုပ်၏ဥပါဒ်သည် ထပ်ပြိုင်မိပြန် သည်ဖြစ်၍ စိတ်၏ဘင်ခဏ၌ ရုပ်ဥပါဒ်ခြင်းမရှိဟူသော ရှေးစကား မပျက်ပြီလော-မေးရန်။။ ဥပါဒ်နောက်စွန်းနှင့်သာ ပြိုင်မိသည်၊ ဥပါဒ်အစ အထနှင့် ပြိုင်မိသည် မဟုတ်၊ အစ, အထသည်သာ ဖြစ်ဆဲ အရင်းဖြစ် ပေ၍ ရှေးစကား မပျက်ပေဟု-ဖြေ။ [ဋီကာ။]
ကောင်းကင်သို့မြှောက်လိုက်သော ကျောက်ခဲသည် တက်သည်၏ အဆုံး၌ ကျတော့သည်၊ တည်နေသော အခိုက်ဟူ၍ မရှိ၊ ထို့အတူ နာမ်တရားတို့သည်လည်း ပေါ်တတ်သော ဥဒယစွန်းကုန်လျှင် ဆုတ်ကျ ကွယ်ပျောက်သော ခယဝယ ဖြစ်ကုန်တော့သည်၊ တည်နေသော ဌီဟူ၍ မရှိကုန်ပြီ။။ ဋီကာအလို။
ဥပ္ပါဒါနန္တရံ စိတ္တဿ ဘိဇ္ဇမာနတ္တာ။ [၎င်း]
ရုပ်တရားတို့မှာမူကား-ခဏငယ် ၂-ချက်စာခန့် ဖြစ်ပေါ် တိုး တက်ပြီးလျှင် မဆုတ်မကျဘဲ ရင့်မာတောင့်တင်း၍ ခဏငယ် ၂၅-ခန့် တိုင်အောင် သွားပြီးမှ တဖြည်းဖြည်းကျလေသည်။ [ဋီကာအလို။]
ဤဋီကာဆရာ ဝိနိစ္ဆယသည် ယမိုက်ပါဠိတော် အရပ်ရပ်တို့နှင့် သင့်မြတ်လှပေသည်၊ အနုဋီကာစသောဋီကာ ကြီးငယ် စသည်တို့သည် ကား အဋ္ဌကထာကို ပမာဏပြုပြီးလျှင် ယမိုက်ပါဠိတော် တလျောက်ကို ကွေ့ကွေ့ကောက်ကောက် ကြံဖန်၍ ယူကြလေကုန်သည်။ [ခဲရပ်။]
ဆိုခဲ့ပြီးသော ကျောက်ခဲ ဥပမာနှင့်အညီ စိတ်, စေတသိက်တို့မှာ ဥဒယအဖို့၌သာ အားရှိကုန်သည်၊ ဥဒယအဖို့ကုန်လျှင် အားကုန် တော့သည်၊ ထို့ကြောင့် မိမိဥပါဒ်ခဏ၌သာ စိတ္တဇရုပ်ကို ပြုနိုင်ကုန်သည်။
စိတ္တဇရုပ်ဖြစ်စဉ်ပြီး၏။
-------*-----
၃-ဥတုဇရုပ်ဖြစ်စဉ်
ဥတု, အာဟာရဟူသော ရုပ်တို့မှာမူကား-မိမိတို့ဥပါဒ်ခဏ၌ အားမရှိကြကုန်၊ မိမိတို့၏ ဌီ-ခဏသို့ရောက်မှသာ အားပြည့်ကြကုန်သည်၊ ထို့ကြောင့် သင်္ဂြီုဟ်၌-“ဌိတိပ္ပတောဝ” ဟူ၍၎င်း၊ “ဌာနပ္ပတောဝ” ဟူ၍၎င်း ဆိုပေသည်။။ဌိတိနှင့်ဌာန အတူတူ၊ ဥတု, အာဟာရတို့၏ ဌိကိုသာယူ။
တေဇောဓာတု ဌိတိပ္ပတ္တာ၊ အာဟာရဇ္ဈောဟဌော တထာ။ [နာမရူပပရိစ္ဆေဒ]
သီတုဏှောတု သမညာတာ၊ တေဇောဓာတု ဌိတိက္ခဏေ။
ဘုတ္တာဟာရော ဌိတိပ္ပတ္တော၊ မာတရာ စ သယမ္ပိ စ။ [ပရမတ္ထဝိနိစ္ဆယ]
သီတုဏှောတု သမညာတာ၊ ဌိတိပ္ပတ္တော တေဇောဓာတု။
ဩဇာသင်္ခါတော အာဟာရော၊ ဌိတိပ္ပတောဝ အဇ္ဈတ္တေ။ [နာမစာရဒီပက]
စိတ္တဿ ဌိတိက္ခဏေ ကမ္မံ၊ ဥတုဩဇာ ဌိတိက္ခဏေ။ [ခေမာ]
ဤကျမ်းတို့၌လည်း ထို့အတူ။။အထောက်ကား
ပစ္ဆာဇာတာဒိ ပစ္စယုပတ္ထမ္ဘကလာဘေန ဌိတိက္ခဏေယေဝ ဥတုဩဇာနံ ဗလဝဘာဝေါ။ [ဋီကာကျော်]
ဥတုအာဟာရရူပနဉ္စ ဌိတိက္ခဏေ ဗလဝတာ ပစ္ဆာဇာတာဒိ ပစ္စယလာဘတော။ [သစ္စသံခိပ်ဋီကာဟောင်း]
ဥတုဩဇာတိ တေဇောဓာတုသင်္ခါတော ဥတု စေဝ ကဗဠီကာရာ ဟာရသင်္ခါတာ ဩဇာ စာ တိဣမေ ဒွေပစ္စယာ အတ္တနော ဌိတိက္ခဏေ ယေဝ ပစ္ဆာဇာတအတ္တိ အဝိဂတပစ္စယ လာဘေန ဗလဘာဝတော ဗာဟိရ ဥတုအဟာရပစ္စယ ပဋိလာဘေန အတ္တနာ ဇနေတဗ္ဗဥတု အဟာရဇရူပါနံ အတ္တနော အတ္တနောဌိတိက္ခဏေ ယေဝ ရူပဟေတူ ဘဝန္တိ၊ ရူပဇနကပစ္စယာ ဟောန္တီ တိအတ္ထော။ [သစ္စသံခိပ်ဋီကာသစ်]
ဒီပနီ၌ သင်္ဂြီုဟ်မှာ ဌိတိသဒ္ဒါဖြင့် ပဋိသန္ဓေစိတ်၏ဌီကို၊ ဌာန သဒ္ဒါဖြင့် ဒုတိယသတ္တာဟကာလကို ဖွင့်သည်ကား မသင့်လေ။ ဤအရာဝယ် ဋီကာကျော်စသော လက်သန်းဋီကာတို့၌ ပဋိသန္ဓေစသော ရှေးရှေးစိတ်နှင့် အတူဥပါဒ်သောဥတု, အာဟာရတို့သည် အပြိုင်ဥပသောစိတ်၏ ဌီသို့ရောက်လျှင်ပင် နောက်စိတ်မှ ပစ္ဆာဇာတ ပစ္စည်းကိုရ၍ အားရှိကြကုန်သဖြင့် ဥတုဇရုပ်, အာဟာရဇရုပ်များကို ပြုနိုင်ကုန်သည်ဟု တသံတည်း ဆိုကြကုန်၏။
ပစ္ဆာဇာတပစ္စည်းသည် အတ္ထိပစ္စည်း၏အစိတ်ပေတည်း၊ ပစ္စည်း, ပစ္စယုပ္ပန် ၂-ပါး ခဏပစ္စုပ္ပန်အားဖြင့် ထင်ရှားရှိနေသည်ကား အတ္ထိ ပစ္စည်း၏ လက္ခဏာပေတည်း။
ပစ္စုပ္ပန္နလက္ခဏေန အတ္ထိဘာဝေန တာဒိသေဿဝ ဓမ္မဿ ဥပတ္ထမ္ဘကဋ္ဌေန ဥပကာယကော ဓမ္မော အတ္ထိပစ္စယော။ [ပဋ္ဌာန်းအဋ္ဌကထာ]
ဝိသုဒ္ဓိမဂ်ပဋိစ္စသမုပ္ပါဒ်အဖွင့်၌ ရှေးစိတ်နှင့်ဥပါဒ်ပြိုင်သော ရုပ် သည်ထိုစိတ်၏ ဌီခဏသို့ရောက်လျှင် နောက်စိတ်မရှိ သေးလေရကား နောက်စိတ်မှ ပစ္ဆာဇာတပစ္စည်းကို ရပြီဟု မဆိုထိုက်သေး၊ နောက်စိတ်၏ ဥပါဒ်သို့ရောက်မှ ဆိုရပေမည်၊ ထို့ကြောင့် ထိုဋီကာတို့ စကားကို ဆင်ခြင်အပ်၏၊ မူလဋီကာ၌ကား နောက်စတ်၏ ဥပါဒ်သို့ရောက်မှ ပစ္ဆာဇာတပစ္စည်းကို ရသည်ဟု ဆိုပေသင့်၏၊ သင့်မြတ်လှပေသည်။ တဒနန္တရံ စိတ္တံ တဿ ပစ္ဆာဇာတပစ္စယော ဟောတိ။ [ဝိဘင်းဋီကာ]
၃-ချက်စု၊ ပစ္စည်းပြိုင်၊ ရာသီစု၊ ပဋ္ဌာန်းကောက်တို့၌လည်း ရှေးရှေးသောစိတ်နှင့်အတူ ဥပါဒ်၍ ရုပ်၏ဌီသို့ရောက်သော ဧကဇ ကာယ, ဒွိဇကာယ, တိဇကာယ စတုဇကာယ ဟုဆိုရာ၌ ဧကဇကာယ ဟူသောစကားကိုလည်း ဆင်ခြင်အပ်၏။
ဥတုဇရုပ်ဖြစ်စဉ် ပြီး၏။
---၄-အာဟာရဇရုပ် ဖြစ်စဉ်
အာဟာရ အကြောင်းမှာ အဋ္ဌကထာအလိုဗဟိဒ္ဓဩဇာ သည်လည်း ရုပ်ကို ဖြစ်စေနိုင်၏။
ကဗဠီကာရော အဟာရော တာဝ မုခေ ဌပိတမတ္တောဝ အဋ္ဌရူပနိ သမုဋ္ဌာပေတိ၊ ဒန္တဝိစုဏ္ဏိတံ ပန အဇ္ဈောဟရိယမာနံ သိတ္ထံ အဋ္ဌအဋ္ဌ ရူပါနိ သမုဋ္ဌာပေတိယေဝ။ [မဇ္ဈိမနိကာယ် အဋ္ဌကထာ-သမ္မာဒိဋ္ဌိသုတ်အဖွင့်]
တာဝ=ရှေးဦးစွာ၊ ကဗဠီကာရောအာဟာရော=သည်၊ မုခေ=၌၊ ဌပတမတ္တောဝ=ထားအပ်ကာမျှသည်သာလျှင်၊ အဋ္ဌရူပါနိ=တို့ကို၊ သမုဋ္ဌာပေတိ=ဖြစ်စေ၏၊ ဒန္တဝိစုဏ္ဏိတံပန=သွားဖြင့်ချေ၍ ကြေညက် လေပြီး သည်ဖြစ်၍၊ အဇ္ဈောဟရိယမာနံ=မျိုအပ်သော၊ ဧကေကံသိတ္တံ= တခုတခုသော အစာမှုန့်ထမင်းလုံးသည်၊ အဋ္ဌအဋ္ဌရူပါနိ=တို့ကို၊ သမုဋ္ဌာ ပေတိယေဝ=ဖြစ်စေသည်သာလျှင်တည်း။
မဇ္ဈိမာနိကာယ်ဋီကာဆရာကား အဇ္ဈတ္တဩဇာသည်သာ ရုပ် ကိုဖြစ်စေသည်၊ ဗဟိဒ္ဓဩဇာမူကား အထောက်အပံ့မျှသာ ဖြစ်သည်၊ ဤအထောက်အပံ့မျှ ကိစ္စကို ရည်၍- “မုခေ ဌပိတမတ္တောဝ အဋ္ဌရူပါနိ သမုဋ္ဌာပေတိ” စသောစကားကို အဋ္ဌကထာဆိုသည် မိန့်၏။
“မာတရာ ပရိဘုတ္တာဟာရော ပိ ဒါရကဿ သရီရံ ဖရိတွာ ရူပံ သမုဋ္ဌာပေတိ” ဟူ၍လာသော ဝိသုဒ္ဓိမဂ်၌လည်း အထောက်အပံ့ကို ရည်၍ ဆိုသည်ဟု မဟာဋီကာမိန့်၏။
မာတရာ=အမိသည်၊ ပရိဘုတ္တာဟာရော=သုံးဆောင်အပ်သော အာဟာရသည်၊ ဒါရကဿ=သူငယ်၏၊ သရီရံ=ကိုယ်ကို၊ ဖရိတွာ=ပျံ့နှံ့၍၊ ရူပံ=ရုပ်ကို၊ သမုဋ္ဌာပေတိ=ဖြစ်စေ၏၊ သရီရေ=လူတို့ကိုယ်၌၊ မက္ခိတာ ဟာရောပိ=ပြင်ကလိမ်းကျံအပ်သော အာဟာရသည်လည်း၊ ရူပံ=ကို၊ သမုဋ္ဌာပေတိ=၏။
ဝတ္ထုဝသေန ကဗဠီကာတဗ္ဗတ္တာ ကဗဠီကာရော၊ အဇ္ဈောဟရိတဗ္ဗတ္တာ အာဟာရော၊ ဩဒနကုမ္မာသာဒိ ဝတ္ထုဂတာယ ဩဇာ ယေတံ နာမံ။ သာ ဟိ ဩဇဋ္ဌမကရူပါနိ အာဟရတိ။ [သဒ္ဓမ္မပကာသနီမည်သော ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ။]
ဤသို့လျှင် အဋ္ဌကထာတို့အလို ဩဇာနှစ်ပါးပင် ရုပ်ကိုပြုသည်၊ ဋီကာဆရာ အရှင်ဓမ္မပါလအလို အဇ္ဈတ္တဩဇာသည်သာ ရုပ်ကိုပြု သည်ဟု အဆိုကွဲပြားလျက်ရှိသည်ကို နောက်နောက် ဋီကာတို့သည် ဆရာဓမ္မပါလဖက်သို့ မလိုက်ကြကုန်။
ဩဇာအကြောင်းပြီး၏။
---ဤဩဇာသည် ဂဗ္ဘသေယျက၌ ၁-သတ္တာဟလွန်မှ ရုပ်ကို ပြုနိုင်သည်။ [သမော ဧတဿ ဝါ ဒွိန္နံ ဝါ သတ္တာဟာနံ ဂတကာလေ။ [၎င်း] ဂတသဒ္ဒါသည် အတိက္ကန္တ ဟော၊ ကဗျာများ၌ [တိသတ္တာဟ၊ ချက်မှဝင်ထွေ၊ မျှတုံပေ၏၊] ဟု-ဖွဲ့၏၊ သူငယ်၏ ကံလည်းကောင်း မည်၊ ဆူဖြိုးသောအမိလည်း ဖြစ်မည်ဆိုလျှင် ၂-သတ္တာဟနှင့်ပင် ဩဇာနှံ့၍ကောင်းအောင် ကြီးပွါးရာ၏၊ သို့မဟုတ်လျှင် ၃-သတ္တာဟမှ ဩဇာအနှံ့ခံနိုင်ရာသည်ဟု နှစ်ချက်သင့်ယူ၊ ကဗျာစကား၌ သတ္တာဟတွင် ချက်ဟူ၍ မရှိတန်သေးဟု ယူကြကုန်၏၊ ကဗျာကို ဆိုခွင့်မရှိ၊ အဋ္ဌကထာ ၌ပင် လာပေသည်။
တေန သော တတ္ထ ယာပေတီတိ တဿ ဟိ နာဘိတော ဥဋ္ဌိတော နာဠော မာတု ဥဒရပဋလေန ဧကာဗဒ္ဓေါ ဟောတိ၊ သော ဥပ္ပလ ဒဏ္ဍကော ဝိယ ဆိဒ္ဒေါ၊ တေန အာဟာရရသော သံသရိတွာ အာဟာရ သမဋ္ဌာနရူပံ သမုဋ္ဌာပေတိ။ [သံယုတ်အဋ္ဌကထာ]
ဟိ=ထိုစကားကို ဖွင့်ပြဆိုအံ့၊ တေန သော တတ္ထ ယာပေတီတိ= ဟူသည်ကား၊ တဿ=ထိုသူငယ်၏၊ နာဘိတော=ချက်မှ၊ ဥဋ္ဌိတော= ပေါက်သော၊ နာဠော=ချက်ရိုးချက်ညှာသည်၊ မာတု=အမိ၏၊ ဥဒရ ပဋလေန=ဝမ်းပျဉ်းနှင့်၊ ဧကာဗဒ္ဓေါ=တစပ်တည်းစပ်သည်၊ ဟောတိ=၏၊ သော=ထိုချက်ရိုးချက်ညှာသည်၊ ဥပ္ပလဒဏ္ဍကော ဝိယ=ကြာညိုရိုးကဲ့သို့၊ ဆိဒ္ဒေါ=အပေါက်ဗလဗွာရှိ၏၊ တေန=ထိုအပေါက်ဖြင့်၊ အာဟာရ ရသော=အစာရည်သည်၊ သံသရိတွာ=စိမ့်ဝင်၍၊ အာဟာရ သမဋ္ဌာန ရူပံ=ကို၊ သမုဋ္ဌာပေတိ=၏။
ချက်ညှာနှင့် အစာအိမ်လွှာဝမ်းပျဉ်းသည် တစပ်တည်းစပ်သည် ဟူရာမှာ ဝမ်းလွှာနှင့် အောက်အကြောဆုံ၊ အောက်အကြောဆုံမှ ချက်ရိုး ဤသို့စသည်ကိုယူ။
ဒါရကဿ သရီရံ ဖရိတွာ တိ နာဘိမူနုဂတာ ဟိ ရသဟရဏီ ဖရိတွာ။ [မဟာဋီကာ၊ သံယုတ်ဋီကာလည်း ဖွင့်၏၊ စာပျက်လှ၍ မရေးလိုက်သည်။]
ပိန္နဲသီးဖြစ်လိုက်သော် အပင်မှ ချက်ရိုး ချက်ညှာအလျင် ဖြစ်၏၊ ချက်ရိုးချက်ညှာမှ ပွင့်ချပ်ပွင့်လွှာ ဖြစ်၏၊ ထိုပွင့်ချပ်ပွင့်လွှာ ဖုံးအုပ်လျက် အသီးဖြစ်၏၊ မြေမှတက်သော သစ်ရည်သည် အမြစ်မှအပင်၊ အပင်မှ သည်ချက်ရိုး ချက်ညှာ၊ ချက်ရိုးချက်ညှာမှ အသီးသို့ရောက်၍ အသီးကို ကြီးပွားစေသည်၊ ဤအတူ အမိ၏အစာသစ်အိမ်အောက်စ အကြောဆုံမှ ချက်ညှာပေါက်သည်၊ ထိုချက်ညှာမှ သားအိမ်လွှာ၊ ထိုသားအိမ်လွှာ ဟူသောအိမ်တွင်း၌ သူငယ်ဖြစ်သည်ဟု ကြံကုန်၏၊ ကိုယ်ဝန်နှင့် သေသူ ကိုခွဲရာ မြင်ဘူးသူလည်းများကြ၏။
ယဉ္စ တတ္ထ ကလလံ၊ ယဉ္စ အဏ္ဍံ၊ ဥဘော ပေတေ အညမညုပ နိဿိတာ၊ ဧကတော ဝ နေသံ ဥပ္ပတ္တိ ဟောတိ။ [ဟူသော မိလိန္ဒပဥှာနှင့်လည်း ညီပေ၏၊]
၂-သတ္တာဟ, ၃-သတ္တာဟအတွင်းမှာလည်း ထိုအခါအားလျော်စွာ အခြင်းအရာ ရှိပေရာသည်၊ ထို့ကြောင့် ကဗျာဆရာ စကားလည်း အသင့်ပင်၊ ဗူး, ဖရုံ, ဖရဲစသော သစ်သီးများဖြစ်ပုံနှင့်လည်း တူပါ၏။
အာဟာရဇရုပ်ဖြစ်စဉ် ပြီး၏။
ဤတွင်-ရုပ် ၄၇-မျိုးဖြစ်စဉ်ပြပုံ ပြီး၏။
---၃-ရုပ်ကလာပ်တို့၏တိုးပွားပုံအကြောင်း ကလလရေကြည်ပမာဏ
ယခုအခါ ကလလရေကြည်မှစ၍ သတ္တာဟအစဉ်ဖြစ်ပုံကို ဆို ပေအံ့။။ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ အစစွာဥပါဒ်သော ကလာပ် ၃-စည်း၏ ပမာဏကား
(၁) ယင်ကောင်တကောင် တစ်ကြိမ်သောက်ပမာဏ ရှိသည်။ [အဆိုတစ်ရပ်။]
(၂) သိမ်မွေ့လှစွာသောအပ်ကို ဆီကြည်၌ချ၍ဆယ်လေရာ အပ်ဖျား၌ပါသော ဆီပေါက်ငယ်ပမာဏရှိသည်။ [အဆိုတစ်ရပ်။]
(၃) ဇမ္ဗူဒိပ်ကျွန်းသား၏ဆံပင်ကို ဆီကြည်တွင် နှစ်၍ ဆယ် လေရာ ဆံပင်ဖျား၌ပါသော ဆီကြည်ပေါက် ပမာဏရှိသည်။ [အဆို တစ်ရပ်။]
(၄) မြောက်ကျွန်းသူ၏ဆံပင်သည် တောင်ကျွန်းသူ၏ဆံပင်ကို ရှစ်ဖြာစိတ်၍ တစိတ်မျှသာရှိသည်၊ ထိုမြောက်ကျွန်း သူ့ဆံပင်ကို ဆီ ကြည်၌နှစ်၍ ဆယ်လေရာ ဆံပင်ဖျား၌ပါသော ဆီပေါက်ငယ် ပမာဏ ရှိသည်။ [အဆိုတစ်ရပ်။]
(၅) ဇာတိဥဏ္ဏာသိုးမွေးကို ဆီကြည်၌နှစ်၍ဆယ်လေရာ အဖျား ၌ပါသော ဆီပေါက်ငယ်ပမာဏရှိသည်။ [အဆိုတစ်ရပ်။]
ဤငါးရပ်တွင် နောက်ဆုံးဝါဒသည် အတည်တကျဖြစ်၏။
(က) ဇာတိဥဏ္ဏာဟူသည်ကား-ထိုနေ့တွင်ဖွားသော သိုးငယ်၏ အမွေးသည် ဇာတိဥဏ္ဏာမည်၏၊ [ကေစိ။]
(ခ) ဟိမဝန္တာ၌ဇာတ်တပါးနှင့်မရောသော သိုးမျိုး၏အမွေးသည် ဇာတိဥဏ္ဏာမည်၏၊ [အပရေ။]
(ဂ) သိမ်မွေ့သောအမွေးရှိသော ဟိမဝန္တာရှိသိုးမျိုးတွင်မှ ဝမ်းကို ခွဲ၍ယူသော သိုးငယ်၏အမွေးသည် ဇာတိဥဏ္ဏာမည်၏၊ [အညေ။]
သံယုတ်အဋ္ဌကထာ၌ကား-သိုးမွေးသုံးမျှင်ကိုကျစ်သော ကြိုးငယ် ၏အဖျားမှာပါသော ဆီပေါက်ပမာဏ ရှိသည်-ဟူ၏၊ ဤကားမှတ်ရိုး မှတ်စဉ် ထင်ရှားသော စကားရပ်ပေတည်း။
တစ်နည်း-တစ်ခုသော ကလာပ်၏ပမာဏကို ပရမာဏုမြူတခု ပမာဏထား၍ ကလာပ် ၃-ခုအပေါင်းဖြစ်သော ထိုကလလရေကြည် သည် ပရမာဏုမြူ ၃-ခု ပမာဏရှိသည်ဟုဆိုသင့်၏၊။ “ပရမာဏု ဘေဒသဉ္စုဏ္ဏာ သုခုမရဇဘူတာ”ဟူသော ဝိသုဒ္ဓိမဂ်၌ မြေဓာတ်မှုန့်၏ ပမာဏကို ဆိုသဖြင့် မကင်းရာသော အဋ္ဌကလာပ်မှုန့်ကိုပင် သိအပ် သည်။
ပရမာဏုမြူ ပမာဏ
ပရမာဏုမြူသုံးခု၏ ပမာဏကိုကား-စပါးတလုံး၏ ရှစ်ဘို့တဘို့သည် သန်းတစ်ခု၊ သန်း၏ရှစ်ဘို့တဘို့သည် ကညစ်တစ်ခု၊ ၎င်း၏ ရှစ်ဘို့တဘို့သည် ရထရေဏုမြူ၊ ၎င်း၏ရှစ်ဘို့တဘို့သည် တဇ္ဇရီမြူ၊ ၎င်း၏ရှစ်ဘို့တစ်ဘို့သည် အဏုမြူ၊ ၎င်း၏ရှစ်ဘို့တစ်ဘို့သည် ပရမာ ဏုမြူတစ်ခု။ [ကေစိ။]
လက်သစ်၏ ခုနစ်ဘို့တစ်ဘို့သည် စပါး၊ စပါး၏ခုနစ်ဘို့ တစ်ဘို့ သည် သန်း၊ သန်း၏ခုနစ်ဘို့တစ်ဘို့သည် ကညစ်စာ၊ ကညစ်စာ ၏၃၂- ဘို့တွင် တစ်ဘို့သည် ရထရေဏုမြူ၊ ရထရေဏုမြူ၏ ၃၂-ဘို့တွင် တစ်ဘို့သည် တဇ္ဇာရီမြူ၊ တဇ္ဇာရီမြူ၏၃၂-ဘို့တွင် တစ်ဘို့သည် အဏုမြူ၊ အဏုမြူ၏၃၂-ဘို့တွင် တစ်ဘို့သည် ပရမာဏုမြူ။ [အဋ္ဌကထာ, အဘိဓာန်။]
ယင်းပရမာဏုမြူသည် မံသစက္ခု၌မထင်ကောင်း၊ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်သာ မြင်ကောင်းသောကြောင့် ကောင်းကင်ဟူသော အရေအတွက်သို့သာ ရောက်လေတော့သည်။
ပရမာဏု နာမ အာကာသကောဋ္ဌာသိကော၊ မံသစက္ခုဿ အဂေါစရော၊ ဒိဗ္ဗစက္ခုေဿဝ ဂေါစရဘူတော။ [စျာနဝိဘင်း အဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ် မဟာဋီကာ။]
ဤစကား၌ ဒိဗ္ဗစက္ခုအရကို နတ်တို့မျက်စိကို ယူကြကုန်၏၊။ “မနုဿစက္ခုဿ အာပါတံ န ဂစ္ဆတိ၊ ဒိဗ္ဗစက္ခုေဿဝ ဂစ္ဆတိ” ဟု အဋ္ဌကထာ၌မဆိုဘဲ “မံသစက္ခုဿ အာပါထံ န ဂစ္ဆတိ၊ ဒိဗ္ဗစက္ခုေဿဝ ဂစ္ဆတိ” ဟုဆိုသောကြောင့် ဒိဗ္ဗစက္ခုအဘိညာဉ်ကိုသာ ယူသင့်သည်၊ နတ်တို့၏မျက်စိသည်လည်း မံသစက္ခုသာ ဖြစ်သည်။
စပါးတစ်ခုသည် သန်းအားဖြင့်(၇) ကညစ်စာအားဖြင့်(၄၉) ရထရေဏုမြူအားဖြင့် (၁၇၆၄) တစ်ထောင်ခုနှစ်ရာ ခြောက်ဆယ့်လေး ဟူလိုသည်။။တဇ္ဇာရီမြူအားဖြင့် (၆၃၅၀၄) ခြောက်သောင်း သုံးထောင် ငါးရာလေးဟူလိုသည်။။အနုမြူအားဖြင့် (၂၂၈၆၁၄၄) နှစ်သန်း နှစ်သိန်း ရှစ်သောင်း ခြောက်ထောင်တစ်ရာ လေးဆယ့်လေးဟူလိုသည်။။ ပရမာနုမြူအားဖြင့် (၈၂၃၀၁၁၈၄) ရှစ်ကုဋေ နှစ်သန်း သုံးသိန်း တစ်ထောင် တစ်ရာ ရှစ်ဆယ့်လေး ဟူလိုသည်။။စပါးပြီး၏။
သန်းတစ်ခုသည်ကညစ်စာအားဖြင့် (၇)၊ ရထရေဏုမြူအားဖြင့် (၂၅၂) နှစ်ရာငါးဆယ့်နှစ်ဆိုလိုသည်။။တဇ္ဇာရီမြူအားဖြင့် (၉၀၇၂) ကိုးထောင့်ခုနစ်ဆယ့်နှစ်ဆိုလိုသည်။။အဏုမြူအားဖြင့် (၃၂၆၅၉၂) သုံးသိန်းနှစ်သောင်း ခြောက်ထောင် ငါးရာ ကိုးဆယ့်နှစ် ဆိုလိုသည်။
။ပရမာဏုမြူအားဖြင့် (၁၁၇၅၇၃၁၂ ) တစ်ကုဋေ တစ်သန်း ခုနစ်သိန်း ငါးသောင်း ခုနစ်ထောင် သုံးရာတစ်ဆယ့်နှစ် ဆိုလိုသည်။။ သန်းပြီး၏၊ ကညစ်တစ်ခုသည် ရထရေဏုမြူအားဖြင့် (၃၆)၊ တဇ္ဇာရီမြူ အားဖြင့် ( ၁၂၉၆ ) တစ်ထောင့် နှစ်ရာ ကိုးဆယ့်ခြောက် ဆိုလိုသည်။ အဏုမြူအားဖြင့် ( ၃၆၆၅၆ ) သုံးသောင်း ခြောက်ထောင် ခြောက်ရာ ငါးဆယ့်ခြောက် ဆိုလိုသည်။။ပရမာဏုမြူအားဖြင့် (၁၆၇၉၆၁၆) တစ်သန်း ခြောက်သိန်း ခုနစ်သောင်း ကိုးထောင် ခြောက်ရာတစ်ဆယ့် ခြောက် ဆိုလိုသည်။။ ကညစ်စာပြီး၏။
ရထရေဏုမြူတစ်ခုသည် တဇ္ဇာရီမြူအားဖြင့် (၃၆)၊ အနုမြူ အားဖြင့် (၁၂၉၆) တစ်ထောင့်နှစ်ရာ ကိုးဆယ့်ခြောက် ဆိုလိုသည်။။ ပရမာဏုမြူအားဖြင့် (၄၆၆၅၆) လေးသောင်း ခြောက်ထောင့်ခြောက်ရာ ငါးဆယ့်ခြောက်ဆိုလိုသည်။။ ရထရေဏုမြူပြီး၏။
တဇ္ဇာရီဏုမြူတခုသည် အနုမြူအားဖြင့် (၃၆)။။ပရမာနုမြူ အားဖြင့် (၁၂၉၆) တစ်ထောင့်နှစ်ရာ ကိုးဆယ့်ခြောက် ဆိုလိုသည်။။ တဇ္ဇာရီမြူပြီး၏။
အဏုမြူတစ်ခုသည် ပရမာနုမြူအားဖြင့် (၃၆)။။အနုမြူပြီး၏။
---ပဋိသန္ဓေဥပါဒ်ခဏကလာပ်စည်းပမာဏ
ကလလရေကြည်ဟု ဆိုအပ်သော ကလာပ် ၃-ခု၏ ပမာဏ သည်ကား- အဏုမြူကို အစိတ်ပေါင်း ၃၆-စိတ် စိတ်သော် ၃-စိပ် ပမာဏရှိ၏၊ တဇ္ဇာရီမြူကို တစ်ထောင့် နှစ်ရာ ကိုးဆယ့်ခြောက်စိတ် စိတ်သော် ၃-စိတ်ပမာဏရှိ၏၊ ရထရေဏုမြူကို လေးသောင်း ခြောက်ရာ ငါးဆယ့်ခြောက်စိတ် စိတ်သော် ၃-စိတ်ပမာရှိ၏။
ကညစ်စာတစ်ခုကို တစ်သန်း ခြောက်သိန်း ခုနစ်သောင်း ကိုးထောင် ခြောက်ရာတစ်ဆယ့် ခြောက်စိတ် စိတ်သော် ၃-စိတ်စာရှိ၏၊ သန်းတစ်ခုကို တစ်ကုဋေ တစ်သန်း ခုနစ်သိန်း ငါးသောင်းခုနစ်ထောင် သုံးရာတစ်ဆယ့် နှစ်စိတ် စိတ်သော် ၃-စိတ်စာရှိ၏၊ စပါးတစ်ခုကို အစိတ် ပေါင်း ရှစ်ကုဋေ နှစ်သန်း သုံးသိန်း တစ်ထောင် တစ်ရာရှစ်ဆယ့် လေးစိတ် စိတ်သော် ၃-စိတ်စာပမာဏရှိ၏
ဤကား ဓာတုဝဝတ္ထာန်အဖွင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ၎င်းအဖွင့် မဟာဋီကာ၊ ရုပ်ပိုင်းအဖွင့် အဘိဓမ္မာဝတာရ ဋီကာများကို အမှီပြု၍ ကလလရေကြည်၏ ပမာဏကို ရမ်းဆ မှန်းတန်းရန် ငါတို့အလိုအားဖြင့် ဆိုလိုက်သော စကားရပ်ပေတည်း၊ အချိုးသူတို့ကား ပရမာဏုမြူသည် ကလာပ်တခု မကပေရာဟု ဆိုကြကုန်သေး၏၊ မကသည်ဖြစ်စေ, ကသည်ဖြစ်စေ အကြမ်းအားဖြင့် မှန်ထားရန် ဝေဖန်ပြလိုက်သည်။
ဤဆိုအပ်ခဲ့ပြီးသော ပမာဏတို့ကိုလည်း ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ဖြစ်ခိုက်ကိုသာ ဆိုရင်းပေတည်း၊ ပဋိသန္ဓစိတ်၏ ဌီ-မှစ၍ကား ကြီးပွားသော အဘို့သို့ရောက်လေ၏၊ ထို့ကြောင့် ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ တိုးပွားပုံကို အနည်းငယ်မျှ ဆိုပေအံ့၊ ပဋိသန္ဓေ၏ ဥပါဒ် ကလာပ်၃-စည်းတွင်ပါသော ဓာတ်မီးသုံးခုသည် ပဋိသန္ဓေ၏ ဌီသို့ ရောက်လျှင် ဥတုဇကလာပ်တစ်ခုစီ ပေါက်ပွား၏၊ အသစ်ဥပါဒ်သော ကမ္မဇကလာပ် ၃-စည်းလည်းရှိ၏၊
ကလာပ်စည်းတိုးပွားပုံ
ဌီခဏ၌ အဋ္ဌကလာပ်ပေါင်း ၃-စည်း၊ ဒသကကလာပ်ပေါင်း ၆- စည်း၊ ပေါင်း ၉-စည်း။
ဘင်ခဏ၌ ဌီကဖြစ်ခဲ့သော ကမ္မဇဓာတ်မီး ၃-ခု၊ ဥတုဇဓာတ်မီး ၃-ခုတို့မှ ပေါက်ပွားသော ဥတုဇကလာပ် ပေါင်း ၆ အသစ်ဖြစ်သော ကမ္မဇကလာပ် ၃၊ ကလာပ်ဟောင်း ၆၊ ပေါင်း ဥတုဇကလာပ် ၉၊ ကမ္မဇကလာပ်၉။
ပဌမ ဘဝင်၏ဥပါဒ်၌ ရုပ်ပွားပြီး ကလာပ်ဟောင်း ၉၊ ရုပ်ပွား ဆဲကလာပ်ဟောင်း ၉၊ အသစ်ဖြစ်ဆဲ စိတ္တဇကလာပ် ၁၊ ကမ္မဇကလာပ် ၃၊ ဓာတ်မီးဟောင်း ၉-ခုမှ ပေါက်ပွားသော ဥတုဇ ကလာပ်သစ် ၉၊ ပေါင်း ၃၀။
ဌီခဏ၌ ရုပ်ပွားပြီး ကလာပ်ဟောင်း ၁၈၊ ရုပ်ပွားဆဲ ကလာပ် ဟောင်း ၁၃၊ အသစ်ဖြစ်ဆဲ ကမ္မဇကလာပ် ၃၊ ရုပ်ပွားဆဲ ဓာတ်မီးဟောင်း ၁၃-မှ ပေါက်ပွားသော ဥတုဇကလာပ်သစ် ၁၃၊ ပေါင်း ၄၇။
ဘင်ခဏ၌ ရုပ်ပွားပြီး ကလာပ်ဟောင်း ၁၃၊ ရုပ်ပွားဆဲ ကလာပ် ဟောင်း ၁၆၊ ၎င်း ၁၆-မှပေါက်ပွားသော ဥတုဇကလာပ်သစ် ၁၆၊ ကမ္မဇကလာပ်သစ် ၃၊ ပေါင်း ၄၈။
ဒုတိယ ဘဝင်၏ ဥပါဒ်၌ ရုပ်ပွားပြီး ကလာပ်ဟောင်း ၄၇၊ ရုပ်ပွားဆဲ ကလာပ်ဟောင်း ၁၉၊ ၎င်း ၁၉-မှ ပေါက်ပွားသော ဥတုဇ ကလာပ်သစ် ၁၉၊ ကမ္မဇကလာပ်သစ် ၃၊ စိတ္တဇ ကလာပ်သစ် ၁၊ ပေါင်း ၈၉။။ကမ္မဇ ဓာတ်မီးမှဆက်သော ဥတုဇကလာပ်စည်းသည် ၄-ဆက် ၅-ဆက်သာ ဆက်နိုင်သည်ဟု ဝိသုဒ္ဓိမဂ်၌ ဆိုသောကြောင့် ပဋိသန္ဓေ၏ ဌီ၌ဦးစွာပေါ်ခဲ့သောဥတုဇကလာပ်ဆက်သည် ဒုတိယဘဝင်၏ဥပါဒ်၌ ၅-ဆက်ပြည့်လေရကား ဤမှနောက်၌အဆက်ပြတ်၏။
ဌီ-၌ ရုပ်ပွားပြီးကလာပ်ဟောင်း ၆၆၊ ရုပ်ပွားဆဲ ကလာပ်ဟောင်း ၂၀၊ ၎င်း ၂၀-မှ ပေါက်ပွားသော ဥတုဇကလာပ်သစ်-၂၀၊ ကမ္မဇကလာပ် ၃၊ ပေါင်း ၁၀၉။။ ပဋိသန္ဓေ၏ဘင်၌ ပေါ်ခဲ့သော ဥတုဇကလာပ် ဆက်သည် ဤဒုတိယဘဝင်၏ ဌီ-၌ ၅-ဆက်ပြည့်လေရကား ဤမှ နောက်၌ အဆက်ပြတ်၏၊။ စိတ္တဇဓာတ်မီးမှဆက်သော ဥတုဇ ကလာပ်စည်းသည် ၂-ဆက် ၃-ဆက်သာပွားနိုင်သည်ဟု ဝိသုဒ္ဓိမဂ်၌ ဆိုသောကြောင့် ပဌမဘဝင်၏ ဥပါဒ်၌ ဖြစ်သော စိတ္တဇဓာတ်မီး အဆက် သည် ဤဒုတိယဘဝင်၏ ဌီတွင် ၃-ဆက်ပြည့်လေရကား ဤမှနောက်၌ အဆက်ပြတ်၏။
ဘင်၌ ရုပ်ပွားပြီး ကလာပ်ဟောင်း ၈၆။ ရုပ်ပွားဆဲ ကလာပ် ဟောင်း ၁၇၊ ၎င်း ၁၇-မှပေါက်ပွားသော ဥတုဇကလာပ်သစ် ၃၊ ပေါင်း ၁၂၃။။ ဤနည်းအတူ နောက်နောက်သော စိတ္တက္ခဏတို့၌လည်း အတိုးအဆုတ်ကိုသိ၍ ရေတွက်လေ။
(က) ကမ္မဇဩဇာမှ ၄-ဆက် ၅-ဆက်သာ ပွားသည်။
(ခ) စိတ္တဇ ဩဇာမှ ၂-ဆက် ၃-ဆက်သာ ပွားသည်။
(ဂ) အာဟာရဇ ဩဇာမှ ၁၀-ဆက် ၁၂-ဆက်ပွားသည်။
(ဃ) ဥတုဇ ဩဇာမှ ၁၀-ဆက် ၁၂-ဆက်ပွားသည်။
(င) အာဟာရဇဓာတ်မီးမှ အပွားကို အဋ္ဌကထာ၌မဆို၊ ၁၀- ဆက် ၁၂-ဆက်ပင်ဟု မဟာဋီကာ ဆို၏။
(စ) ဥတုဇဓာတ်မီးမှ ဥတုဇအပွားမှာ အပိုင်းအခြားမရှိ။
ယခုပွားခဲ့သော နည်း၌ ကမ္မဇကလာပ်မှာ ၃-စည်း၊ ၃-စည်းသာ ဆိုခဲ့သောအရာ၊ စိတ္တဇ ကလာပ်မှာ ၁-စည်း၊ ၁-စည်းသာဆိုခဲ့သော အရာများကို ဇာတ်တူပေါင်း၍ ဆိုသည်ဟု ယူရမည်။။ ပဋိသန္ဓေစိတ်၏ ဌီမှစ၍ သတ္တဝါအမျိုးအားလျော်စွာ တိုးတက်ကြီိးပွားမှုမှာ ဥတုဇကလာပ်, အာဟာရဇကလာပ်တို့၏ အမှုဖြစ်ပေသည်။။ ကမ္မဇရုပ်, စိတ္တဇရုပ် တို့မှာကား ဥတုဇကလာပ်, အာဟာရဇရုပ်တို့ ချဲ့၍ကျယ်သမျှနေရာကို နှံ့အောင်ဖြစ်၍ လိုက်ရကုန်သည်၊ ထို့ကြောင့် ဥတုဇကလာပ် ပွားတိုင်း ပွားတိုင်း ကမ္မဇကလာပ်, စိတ္တဇကလာပ်တို့လည်းပွား၍ပွား၍ သွားတော့ သည်ဟုမှတ်။
ဤတွင်-ရုပ်ကလာပ်တို့၏တိုးပွားပုံအကြောင်းပြီး၏။
---၄-သတ္တာဟအကြောင်း ကလလရေကြည်အကြောင်း
ယခုအခါ သံယုတ္တနိကာယ်၌လာသော သတ္တာဟအစဉ်ကို ပါဌ် အနက်နှင့်တကွ ဆိုပေအံ့။
ရူပံ နိဇ္ဇီဝန္တိ ဝဒန္တိ ဗုဒ္ဓါ၊ ကထံ နွယံ ဝိန္ဒတိ မံ သရီရံ။
ကုတဿ အဋ္ဌိယကနပိဏ္ဍမေတိ၊ ကထံ နွယံ သဇ္ဇတိ ဂဗ္ဘသ္မိံ။ [ယက္ခသံယုတ်ဣန္ဒကသုတ် ပါဠိတော်၊ ဣန္ဒကဘီလူးအမေးဂါထာ။]
ဗုဒ္ဓါ=တို့သည်၊ ရူပံ=ရုပ်ကောင်ကို၊ နိဇ္ဇီဝန္တိ=အသက်မရှိ အရှင် မဟုတ်ဟူ၍၊ ဝဒန္တိ=ဟောကြကုန်၏၊ ဧဝံသတိ=ဤ သို့အရှင်မဟုတ်ခဲ့ သော်၊ ကထံ=အဘယ်သို့လျှင်၊ အယံ=ဤသတ္တဝါစုသည်၊ ဣမံသရီရံ= ဤရုပ်ကောင်ကို၊ ဝိန္ဒတိနု=ရပါသနည်း၊ အဿ=ထိုသတ္တဝါကောင်အား၊ ကုတော=အဘယ်မှ၊ အဋ္ဌိယကနပိဏ္ဍံ=အရိုးစု, အသည်းစိုင်များသည်၊ ဧတိ=လာပါသနည်း၊ ကထံ=အဘယ်သို့လျှင်၊ အယံ=ဤသတ္တဝါကောင် စုသည်၊ ဂဗ္ဘသ္မံ=အမိဝမ်းတိုက်၌၊ သဇ္ဇတိနု=ကပ်တွယ်ပါသနည်း၊ ဣတိ= သို့၊ ပုစ္ဆိ=မေးလျှောက်၏။
[ရုပ်သည်အသက်လည်း မဟုတ်၊ အသက်လည်း မရှိ၊ အရှင်ပင်မဟုတ်၊ နိဿတ္တ နိဇ္ဇီဝသဘောမျှသာ ဖြစ်သည်ဟုဟောတော်မူသည်ကို သဘောမကျနိုင်၍ မေးလေသည်]
(က) ပဌမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ။ အဗ္ဗုဒါ ဇာယတေ ပေသိ၊ ပေသိ နိဗ္ဗတ္တတိဂ္ဃနော။ ဃနာ ပသာခါ ဇာယန္တိ၊ ကေသာ လောမာ နခါပိစ။
(ခ ) ယဉ္စဿ ဘုဉ္စတိ မာတာ၊ အန္နံ ပါနဉ္စ ဘောဇနံ။
တေန သော တတ္ထ ယာပေတိ၊ မာတုကုစ္ဆိဂတော နရော။ [ဘုရားအဖြေ။]
(က) ပဌမံ=စွာ၊ ကလလံ=ကလလရေကြည်သည်၊ ဟောတိ=၏၊ ကလလာ=ကလလရေကြည်မှ၊ ပရံ=နောက်၌၊ အဗ္ဗုဒံ=အမြှုပ်နုသည်၊ ဟောတိ=၏၊ အဗ္ဗုဒါ=အမြှုပ်နုမှ၊ ပရံ=နောက်၌၊ ပေသိ=အမြှုပ်ရင့်သည်၊ ဇာယတေ=၏၊ ပေသိ-ပေသိယာ=အမြှုပ်ရင့်မှ၊ ပရံ=နောက်၌၊ ဃနော= သွေးခဲသည်၊ နိဗ္ဗတ္တတိ=၏၊ ဃနာ=သွေးခဲမှ၊ ပရံ=နောက်၌၊ ပသာခါစ= ခက်မတို့သည်လည်းကောင်း၊ ကေသာစ=ဆံပင်တို့သည်လည်းကောင်း၊ လောမာစ=မွေးညင်းတို့သည်လည်းကောင်း၊ နခါပိစ=ခြေသည်း, လက်သည်းတို့သည်လည်းကောင်း၊ ဇာယန္တိ=ကုန်၏။
(ခ ) အဿ=ထိုသူငယ်၏၊ မာတာ=အမိသည်၊ ယဉ္စအန္နံ= အကြင်ထမင်းကိုလည်းကောင်း၊ ယဉ္စပါနံ=အကြင်အဖျော်ကိုလည်း ကောင်း၊ ယဉ္စဘောဇနံ=အကြင်ဘောဇဉ်ကိုလည်းကောင်း၊ ဘုဉ္စတိ=မျို၏၊ တေန=ထိုအမိသည် မျိုအပ်သော အာဟာရဖြင့်၊ မာတုကုစ္ဆိဂတော= အမိဝမ်း၌တည်သော၊ သောနရော=ထိုသူငယ်သည်၊ တတ္ထ=ထိုအမိဝမ်း၌၊ ယာပေတိ=မျှနိုင်၏။
[ပါဠိတော်အနက်၊ နရော-ဟုယှဉ်သည့်အတိုင်း ပေးလိုက်သည်။]
ကလလရေကြည်၏ အဆင်းသဏ္ဌာန်သည်ကား အလွန် ကြည် လှစွာသော နှမ်းဆီပေါက်, ထောပတ်ကြည် အဆင်းသဏ္ဌာန်ရှိ၏၊ တိလတေလံ ယထာ ဗန္ဓု၊ သပ္ပိမဏ္ဍော အနာဝိလော။ ဧဝံ ဝဏ္ဏပဋိဘာဂံ၊ ကလလံ သမ္ပဝုစ္စတိ။ [သံယုတ်အဋ္ဌကထာ၊ ပါရာဇိကဏ်အဋ္ဌကထာ၊ သမော၊ ဝိသုဒ္ဓိမဂ်။]
တိလတေလဿ=နှမ်းဆီ၏၊ ဗိန္ဒုယထာ=သိုးမွေးဖျားတွင် စု၍တင်သောအပေါက်ကဲ့သို့လည်းကောင်း၊ အနာဝိလော=မနောက် ကျူသော၊ သပ္ပိမဏ္ဍောယထာ=ထောပတ်ကြည်ကဲ့သို့လည်းကောင်း၊ ဧဝံဝဏ္ဏပဋိဘာဂံ=ဤသို့သော အဆင်းသဏ္ဌာန်ရှိသော ရုပ်အစုကို၊ ကလလံ=ကလလဟူ၍၊ သမ္ပဝုစ္စတိ=ဆိုအပ်၏။
နှမ်းဆီပေါက်နှင့် သဏ္ဌာန်ကိုပြသည်၊ ထောပတ်ကြည်နှင့် အဆင်းကိုပြသည်၊ ထို့ကြောင့် ပဋိသန္ဓေစိတ်၏ ဌီမှစ၍ တိုးတက်ကြီး ပွား၍ လာငြားသော်လည်း ဆီကြည်ပေါက်ငယ်, ဆီကြည်ပေါက်လတ်, ဆီကြည်ပေါက်ကြီး သဏ္ဌာန်နှင့် အကြိမ်များစွာ ချက်အပ်သော ထောပတ် ၏ အပေါ်၌တက်သော အကြည်ရည်အဆင်းကဲ့သို့ ၇-ရက်ပတ်လုံး တခဏတခြားကြီး ပွားရင့်မာ၍နေသော ရုပ်ရည်ကြည်ကို ကလလ ရေကြည်ခေါ်သည်ဟုမှတ်။
ကလလရေကြည်အကြောင်းပြီး၏။
---အဗ္ဗုဒမည်သော အမြှုပ်နုအကြောင်း
ကလလာ ဟောတိ အဗ္ဗုဒန္တိ တသ္မာ ကလလာ သတ္တာဟစ္စယေနံ မံသဓောဝနဥဒကဝဏ္ဏံ အဗ္ဗုဒံနာမ ဟောတိ၊ ကလလန္တိ နာမံ အန္တရဓာယတိ။ ဝုတ္တမ္ပိစေတံ သတ္တာဟံ ကလလံ ဟောတိ၊ ပရိပက္ကံ သမူဟကံ။ ဝိဝဋ္ဋမာနံ တဗ္ဘာဝံ၊ အဗ္ဗုဒံ နာမ ဇာယတီတိ။ [သံယုတ်အဋ္ဌကထာ။]
ကလလာ ဟောတိ အဗ္ဗုဒန္တိ=ကလလာ ဟောတိ အဗ္ဗုဒံ-ဟူ သည်ကား၊ တသ္မာကလလာ=ထိုကလလ ရေကြည် အခိုက်မှ၊ အရံ= နောက်၌၊ သတ္တာဟစ္စယေန=၇-ရက်ကိုလွန်သောအခါ၌၊ မံသဓောဝန ဥဒကဝဏ္ဏံ=သားဆေးရည်ကဲ့သို့ နီပြေပြေအဆင်းရှိသော၊ အဗ္ဗုဒံနာမ= အမြှုပ်ကျဲမည်သည်၊ ဟောတိ=၏၊ ကလလန္တိနာမံ=ကလလ-ဟူသော အမည်သည်၊ အန္တရဓာယတိ=ကွယ်လေ၏၊ စ-သစ္စံ=ထိုစကားမှန်၏၊ သတ္တာဟံကလလံဟောတိ။လ။ ဇာယတီတိ=ဇာယတိ-ဟူသော ဧတမ္ပိ= ဤစကားကိုလည်း၊ ဝုတ္တံ=ဟောအပ်ပြီ။
ပရိပက္ကံ=အစဉ်အတိုင်းရင့်သည်ဖြစ်၍၊ သမူဟကံ=မချဉ်, မပုပ်, မလှုပ်မပြောင်း ကောင်းစွာပေါင်းစု၍ တည်နေသော၊ ကလလံ=ကလလ ရေကြည်သည်၊ သတ္တာဟံ=၇-ပတ်လုံး၊ ဟောတိ=၏၊ သတ္တာဟစ္စယေန= ၇-ရက်ကိုလွန်သောအခါ၌၊ တဗ္ဘာဝံ=ထိုကလလရေကြည် အရည် အဖြစ်ကို၊ ဝိဝဍ္ဍမာနံ=ပြောင်းရွှေ့ လဲလှယ်လျက်၊ အဗ္ဗုဒံနာမ=အမြှုပ်ကျဲ မည်သည်၊ ဇာယတိ= ဖြစ်၏၊ [ပါဌ်ရှိတိုင်းပေးသည်။]
ဝိဝဍ္ဍမာန န္တိ ပရိဏာမန္တံ၊ တဗ္ဘာဝန္တိ ကလလဘာဝံ၊ ကရဏေ ဧတံ ဥပယောဂဝစနံ၊ တဗ္ဘာဝေန ပရိဏာမန္တိ န္တိအတ္ထော၊ နိဿဂ္ဂေ ဝါ ဥပယောဂဝစနံ၊ တဗ္ဘာဝတော ကလလဘာဝတော ဝိပရိဏာမန္တံ အဗ္ဗုဒံ နာမ ဇာယတီတိ အတ္ထော။ [ဟူသော သံယုတ်ဋီကာအတိုင်းသော်လည်းပေး။]
ဤအဗ္ဗုဒသတ္တာဟသို့ ရောက်လျှင်ပင် အမိ၏အစာသစ်အိမ်မှ စိမ့်သော ရသဓာတ်ရည်သည် ထိုအမြှုပ်နု အဗ္ဗုဒနှင့် ရောနှောမိ၍ အာဟာရဇရုပ် ဖြစ်စပြုသည်ဟုမှတ်၊ ရသဓာတ်ရည် ဟူသည်ကားအစာသစ်အိမ်၌ရောက်သော အရည်အဖတ်တို့ကို ကျိုချက်လေရာ ဩဇာမရှိသော အရည်ကြမ်းစုသည် ကျင်ကြီးဖြစ်၍ အောက်သို့ လျော လေ၏၊ ဩဇာမရှိသောအရည်ကြမ်းစုသည်ကျင်ငယ်ဖြစ်၍ စည်ပေါင်း အိမ်၌စုလေ၏၊ မျိုသော အစာ၏အတွင်း၌ ပါရှိသမျှသောအ နှစ်သာရ ဩဇာ အဆီအစေးတို့သည် တစုဖြစ်ကုန်၏၊ ထိုကို ရသဓာတ်ခေါ်ပေ သည်၊ ထိုရသဓာတ်သည် ပါစကတေဇောခေါ်သော ဝမ်းမီး, ဥသ္မာခေါ် သော ကိုယ်စောင့်ဓာတ်မီးတို့၏ အဟုန်ကြောင့် တကိုယ်လုံးနှံ့အောင် ဆူဝေလေရာ ရသဟရဏီ မည်သော သွေးကြောတို့မှ အစာလျှောက်၍ တကိုယ်လုံး ပျံ့နှံ့လေ၏။
အဗ္ဗုဒမည်သော အမြှုပ်နုအကြောင်း ပြီး၏။
---ပေသိမည်သောအမြှုပ်ခဲအကြောင်း
အဗ္ဗုဒါ ဇာယတေ ပေသီ တိ တသ္မာပိ အဗ္ဗုဒါသတ္တာဟစ္စယေန ဝိလီနတိပုသဒိသာ ပေသိ နာမ သဉ္ဇာယတိ သာမရိစ ဖာဏိတေန ဒီပေတဗ္ဗာ။ ဂါမဒါရကာ ဟိ သုပက္ကာနိမရိစာနိ ဂဟေတွာ သာဋ္ဌကန္တေ ဘဏ္ဍိကံ ကတွာ ပီဠေတွာ မဏ္ဍံ အာဒါယ ကပါလေ ပက္ခိပိတွာ အာတပေ ဌပေန္တိ၊ တံ သုက္ခမာနံ သဗ္ဗဘာဂေဟိ မုစ္စတိ၊ ဧဝရူပါ ပေသိ ဟောတိ အဗ္ဗုဒန္တိ နာမံ အန္တရဓာယတိ၊ ဝုတ္တမ္ပိဟေတံ သတ္တာဟံ အဗ္ဗုဒံ ဟောတိ၊ ပရိပက္ကံ သမူဟကံ၊ ဝိဝဋ္ဋမာနံ တဗ္ဘာဝံ၊ ပေသိ နာမ ပဇာယတီတိ။ [သံယုတ်အဋ္ဌကထာ။]
အဗ္ဗုဒါဇာယတေ ပေတီတိ=ဟူသည်ကား၊ တသ္မာပိအဗ္ဗုဒါ= ထိုအမြှုပ်နု ဖြစ်သည်မှလည်း၊ သတ္တာ ဟစ္စယေန=၇-ရက်ကို လွန် သောအခါ၌၊ ဝိလီနတိပုသဒိသာ=မီးဖြင့်ကြေ၍ အရည်ဖြစ်သော ခဲမဖြူနှင့်တူသော၊ ပေသိနာမ=အမြှုပ်ရင့်မည်သည်၊ သဉ္ဇာယတိ= ကောင်းစွာဖြစ်၏၊ သာ=ထိုအမြှုပ်ရင့်ဖြစ်ပုံကို၊ မရိစဖာဏိတေန=ငရုတ်, တင်လဲဖြင့်၊ ဒီပေတဗ္ဗာ=ပြအပ်၏၊ ဟိ=ချဲ့၍ဆိုအံ့၊ ဂါမဒါရကာ=ရွာသူ တို့၏သားသူငယ်တို့သည်၊ သုပက္ကာနိ=ကောင်းစွာ မှည့်ကုန်သော၊ မရိစာနိ=ငရုတ်သီးတို့ကို၊ ဂဟေတွာ=ယူ၍၊ သာဋကန္တေ=ပုဆိုးစွန်၌၊ ဘဏ္ဍိကံ=အထုပ်ကို၊ ကတွာ=ပြု၍၊ ပီဠေတွာ=ညှစ်၍၊ မဏ္ဍံ=အရည် ကြည်ကို၊ အာဒါယ=ယူ၍၊ ကပါလေ=အိုးကင်း၌၊ ပက္ခိပိတွာ=ထည့်၍၊ အာတပေ=နေပူ၌၊ ဌပေန္တိ=ထားကြကုန်၏၊ တံ=ထိုငရုတ် ရည်သည်၊ သုက္ခမာနံ=ခြောက်သည်ရှိသော်၊ သဗ္ဗဘာဂေဟိ=အလုံး စုံသော အဖို့တို့မှ၊ မုစ္စတိ=လွတ်၏၊ ဧဝရူပါ=ဤငရုတ်, တင်လဲခဲနှင့် တူသော၊ ပေသိ= အမြှုပ်ခဲသည်၊ ဟောတိ=၏၊ အဗ္ဗုဒန္တိနာမံ=အဗ္ဗုဒ ဟူသော အမည်သည်၊ အန္တရဓာယတိ=ကွယ်လေ၏၊ စ-သစ္စံ=ထိုစကား မှန်၏၊ သတ္တာဟံ အဗ္ဗုဒံ ဟောတိ=ပဇာယတိ-ဟူသော၊ ဧတမ္ပိ=ထိုစကားကိုလည်း၊ ဝုတ္တံ=ဟောအပ်ပြီ။
ပရိပက္ကံ=အစဉ်အတိုင်းရင့်ထသော၊ သမူဟကံ=မချဉ်, မပုပ်, မလှုပ်, မပြောင်း ကောင်းစွာပေါင်းကာ စုတည်နေသော၊ အဗ္ဗုဒံ= အမြှုပ်နု သည်၊ သတ္တာဟံ=၇-ရက်ပတ်လုံး၊ ဟောတိ=၏၊ သတ္တာဟစ္စယေန=၇-ရက် ကိုလွန်သောအခါ၌၊ တဗ္ဘာဝံ=ထိုအမြှုပ်နုအဖြစ်ကို၊ ဝိဝဋ္ဋမာနံ=လဲ လှယ်ရွေ့ပြောင်းလျက်၊ ပေသိနာမ=အမြှုပ်ရင့်မည်သည်၊ ပဇာယတိ= ဖြစ်၏၊ [ယင်းအမြှုပ်ရင့်ကိုပင် သားတစ်ဟူ၍လည်း အနက်ဆိုကြ၏၊]
စတုတ္ထသတ္တာဟ၌ ဃနအဖြစ်သို့ရောက်မှ အခဲဖြစ်သည်၊ တတိယ သတ္တာဟ၌ တစ်ခဲနက်နဲသော အခဲမဟုတ်သေး၊ ထိုသို့မဟုတ်သော် လည်း ငရုတ်, တင်လဲဥပမာနှင့်အညီ ဇလာဗုမည်သော သားအိမ်လွှာမှ ကွာခြား၍ အခြေသိမ်းကာ လုံးစုပါသဖြင့် အတစ်အတုံး ဆိုလောက် ပေရကား သားတစ်ဟူသော အနက်သည်လည်း သင့်လျော်ပါ၏။
သာ ပေသိ ဂဗ္ဘာသယေ ကတ္ထစိ အလဂ္ဂါ ယထာဝုတ္တ မဏ္ဍော ဝါယ ပိဏ္ဍိဂတာ ဟုတွာ တိဋ္ဌတိ။ [ဋီကာ။]
“မံသပေသူပမာ ကာမာ” ဟူသောပုဒ်၌လည်း ပေသိသဒ္ဒါ သားတစ်ကိုပင် ဟောပေသည်၊ သို့သော်လည်း အသား ဆိုစလောက် အောင် တစ်ခဲနက်မဖြစ်သေး၊ ဃနအဖြစ်သို့ရောက်မှသာ တစ်ခဲနက် ဖြစ်သည်ဖြစ်၍ အမြှုပ်ရင့်အမြှုပ်ခဲဟု ဆိုအပ်ပေသည်၊ အဗ္ဗုဒမှာ သားဆေးရည်ကဲ့သို့ နီပြေပြေအဆင်းရှိသည်ဟု ဆိုပြီးတစ်ချက်၊ ပေသိမှာ ငရုတ်, တင်လဲဥပမာဖြင့်ပင် နီသောအဆင်းကို သိအပ်သည်တစ်ချက်၊ သို့ဖြစ်ပါ၍ ပေသိသည်ကြေသောခဲမဖြူနှင့် တူသည်ဟုဆိုရာ၌ အဆင်း ဖြူသည်ကို ယူခွင့်မရှိ၊ သဏ္ဌာန်အနေ တူသည်ကိုသာယူ၊ အဆင်းမှာ ချိပ်ရည်ကဲ့သို့ နီသည်သာမှတ်။
ဝိလီန တိပုသဒိသာ သဏ္ဌာနဝသေန၊
ဝဏ္ဏဝသေန ပန လာခါရတ္တာဝ ဟောတိ။ [ဋီကာ။]
ပေသိမည်သော အမြှုပ်ခဲအကြောင်း ပြီး၏။
---ဃနမည်သော အသားဆိုင်အကြောင်း
ပေသိ နိဗ္ဗတ္တတိဂ္ဃနောတိ တတော ပေသိတော သတ္တာဟစ္စယေန ကုက္ကုဋဏ္ဍသဏ္ဌာနော ဃနော နာမ မံသပေသိ ပိဏ္ဍော နိဗ္ဗတ္တတိ၊ ပေသီ တိ နာမံ အန္တရဓာယတိ၊ ဝုတ္တမ္ပိစေတံ
(က) သတ္တဟံ ပေသိ ဘဝတိ၊ ပရိပက္ကံ သမူဟကံ။
ဝိဝဋမာနံ တဗ္ဘာဝံ၊ ဃနံ နာမ ပဇာယတိ။
(ခ) ယထာ ကုက္ကုဋိယာအဏ္ဍံ၊ သမန္တာ ပရိမဏ္ဍလံ။
ဧဝံ ဃနဿ သဏ္ဌာနံ၊ နိဗ္ဗတ္တံကမ္မပစ္စယာတိ။
[သံယုတ်အဋ္ဌကထာ။]
ပေသိ နိဗ္ဗတ္တတိဂ္ဃနောတိ=ဟူသည်ကား၊ တတော ပေသိတော= ထိုအမြှုပ်ရင့်အမြှုပ်ခဲဖြစ်ပြီးသည်မှ၊ သတ္တာဟစ္စယေန=၇-ရက်ကို လွန်သောအခါ၌၊ ကုက္ကုဋဏ္ဍသဏ္ဌာနော=ကြက်ဥနှင့်တူသော သဏ္ဍာန် ရှိသော၊ ဃနောနာမ=ဃနမည်သော၊ မံသပေသိ ပိဏ္ဍော=အသားတစ် အသားခဲသည်၊ နိဗ္ဗတ္တတိ=ဖြစ်၏၊ ပေသီ တိ နာမံ=အမြှုပ်ခဲမူ ပေသိ ဟူသောအမည်သည်၊ အန္တရဓာယတိ=ကွယ်လေ၏၊ စ-သစ္စံ= ထိုစကား မှန်၏၊ သတ္တဟံ ပေသိ ဘဝတိ။ လ။ ကမ္မပစ္စယာတိ၊ ပစ္စယာ-ဟူသော ဧတမ္ပိ=ဤစကားကိုလည်၊ ဝုတ္တံ=ဟောအပ်ပြီ။
(က) ပရိပက္ကံ=ထသော၊ သမူဟကံ=ထသော၊ ပေသိ=သည်၊ သတ္တဟံ=၇-ရက်ပတ်လုံး၊ ဘဝတိ=ဖြစ်၏၊ သတ္တာဟစ္စယေန=၇-ရက် ကိုလွန်သောအခါ၌၊ တဗ္ဘာဝံ=ထိုပေသိဆိုမြဲ အမြှုပ်ခဲ၏အဖြစ်ကို၊ ဝိဝဋမာနံ=လျက်၊ ဃနံနာမ=အသားခဲမည်သည်၊ ပဇာယတိ= ၏။
(ခ) ကုက္ကုဋိယာ=ကြက်မ၏၊ အဏ္ဍံ=ဥသည်၊ သမန္တာ=ထက် ဝန်းကျင်မှ၊ ပရိမဏ္ဍလံ=လုံးသည်၊ ဟောတိယထာ=ဖြစ်၏သို့၊ ဧဝံ= ဤအတူ၊ ကမ္မပစ္စယာ=ကံဟူသောအကြာင်းကြောင့်၊ ဃနဿ=အသား ခဲ၏၊ သဏ္ဌာနံ=သဏ္ဍာန်သည်၊ နိဗ္ဗတ္တံ=ဖြစ်၏။
ဤဃနမှာ မံသပေသိပိဏ္ဍော- ဟူ၍ ဆိုသောကြောင့်လည်း ပေသိမှာ- အဗ္ဗုဒပေသိပိဏ္ဍော၊ အမြှုပ်တစ် အမြှုပ်ခဲဟူ၍ သိသာသည်။
ဃနမည်သော အသားစိုင်အကြောင်း ပြီး၏။
---ပသာခါမည်သော ခက်မငါးဖြာအကြောင်း
ဃနာ ပသာခါ ဇာယန္တီတိ ပဉ္စမေ သတ္တာဟေ ဒွိန္နံဟတ္တပါဒါနံ, သီသဿ စ အတ္ထာယ ပဉ္စပီဠကာ ဇာယန္တိ၊ ယံသန္တာ ယေ တံ ဝုတ္တံပဉ္စမေ ဘိက္ခဝေ သတ္တာဟေ ပဉ္စပီဠကာ ဇာယန္တိ သဏ္ဌန္တိ ကမ္မတော တိ။
[သံယုတ်အဋ္ဌကထာ။]
ဃနာပသာခါ ဇာယန္တီတိ-ဟူသည်ကား၊ ပဉ္စမေသတ္တာဟေ= ပဉ္စမသတ္တာဟ၌၊ ဒွိန္နံဟတ္ထပါဒါနံ=၂-ချောင်းသော လက်, ၂-ချောင်းသော ခြေတို့၏လည်းကောင်း၊ သီသဿစ=ဦးခေါင်း၌လည်းကောင်း၊ အတ္တာယ= အကျိုးငှါ၊ ပဉ္စပီဠကာ=၅-ခုသော အဖုအတက်တို့သည်၊ ဇာယန္တိ=ဖြစ် ကုန်၏၊ ယံ=အကြင်သို့ဖြစ်သည်ကို၊ သန္ဓာယ=ရည်တော်မူ၍သာလျှင်၊ ပဉ္စမေ ဘိက္ခဝေ။လ။ ကမ္မတောတိ=ဟူသော၊ ဧတံ= ဤစကားကို၊ ဝုတ္တံ= ဟော်တော်မူအပ်ပြီ။။ ဘိက္ခဝေ=ရဟန်းတို့၊ ပဉ္စမေသတ္တာဟေ= ပဉ္စမေသတ္တာဟ၌၊ ပဉ္စပီဠကာ=၅-ခုသော အဖုအတက်တို့သည်၊ ကမ္မတော=ကံကြောင့်၊ ဇာယန္တာ=ဖြစ်ကုန်၏၊ သဏ္ဌန္တိ=ကောင်းစွာ တည် ကုန်၏။
ပသာခါမည်သော ခက်မငါးဖြာအကြောင်း ပြီး၏။
---ဆံပင်မွေးညင်း ခြေသည်း လက်သည်းအကြောင်း
ကေသာ လောမာ နခါပိ စာ တိ ဒွါစတ္တာလီသမေ သတ္တာဟေ ဧတာနိ ဟောန္တိ။
[သံယုတ်အဋ္ဌကထာ။]
ကေသာလောမာနခါပိစာတိ= ဟူသည်ကား၊ ဒွါစတ္တာလီသမေ= ၄၂-ခုမြောက်သော၊ သတ္တာဟေ=၌၊ ဧတာနိ=ထိုဆံပင်, မွေးညင်း, ခြေသည်း, လက်သည်းတို့သည်၊ ဇာယန္တိ=ကုန်၏။
၉-လနှင့် ၁၇-ရက်ပြည့်ပြီးမှ ရောက်သော သတ္တာဟသည် ၄၂- ခုမြောက်သော သတ္တာဟမည်၏၊ ဤစကားကိုလည်း အရိုးအစဉ်အားဖြင့် များရာသို့လိုက်၍ အဋ္ဌကထာဆိုသည် ယူရမည်၊ အနည်းအားဖြင့် ၇- လဖွား, ၈-လဖွား, ၉-လဖွားများလည်းရှိသည်၊ ဆံပင်လည်းပါကြမည်ပင်။
“ယဉ္စဿ ဘုဉ္စတိ မာတာ” ဟူသော နောက်ဂါထာ၏ အဖွင့်ကို ကား ရှေး၌ဆိုခဲ့ပြီ၊ ဆိုဘွယ်အထူးကား “မာတုကုစ္ဆိ ဂတော နရော” ရှိရာမှာ “မာတုကုစ္ဆိဂတော တိရော” ရှိ်လိုသည်၊ တိရောသဒ္ဒါသည် “တိရောပဗ္ဗတေ “ ၌ကဲ့သို့ အတွင်း ဟော၊ ထို့ကြောင့် “မာတုကုစ္ဆိဂတော တိရောတိမာတုကုစ္ဆိယာ အဗ္ဘ န္တရေ ဂတော” ဟု အဋ္ဌကထာ ဖွင့်ပေသည်၊ ဝိသုဒ္ဓိမဂ် ပဋိစ္စသမုပ္ပါဒ နိဒ္ဒေသအဖွင့် မဟာဋီကာ၌လည်း “တိရောတိ တေနေဝ မာတုကုစ္ဆိ ဂတဘာဝေန တိရောက္ခော” ဟု ဖွင့်ပေသည်၊ သံယုတ်ဋီကာကြီးလည်း ထို့အတူဖွင့်ပေသည်။
တိရောမာတုကုစ္ဆိဂတော=အမိဝမ်းတွင်း၌တည်သော၊ ဝါ= မာတုကုစ္ဆိဂတော=အမိဝမ်း၌တည်သည်၊ ဟုတွာ=၍၊ တိရော=မျက်ကွယ် ဖြစ်သော။။ဤသို့ပေး။ [ရှေ့-အဋ္ဌကထာနည်း၊ နောက်-ဋီကာနည်း]
ဤသို့လျှင် အမိ၏အစာအိမ်အောက် အကြောဆုံသည်ရှိ၏၊ ထိုအကြောဆုံမှ ချက်ညှာရိုးသည်ပေါက်၏၊ ပိန္နဲစသော သစ်ပင်မှ အပွင့်ရိုး, အပွင့်တံတက်ပြီးသော် ထိုအပွင့်တံတွင် အပွင့်ဖြစ်၍ ထိုအပွင့်အတွင်း၌ ပွင့်ချပ် ဖုံးအုပ်လျက် ပိန္နဲစသော အသီးသည်ဖြစ်ပေသကဲ့သို့၊ ထိုချက်ညှာ တံတွင် ပွင့်ချပ်, ပွင့်လွှာနှင့်တူသော ဇလာဗုမည်သော သားအိမ်လွှာ သည်ဖုံးလျက် ထိုသားအိမ်ဟုဆိုအပ်သော အိတ်တွင်းဝယ် သစ်သီး ငယ်နှင့်တူစွာ ဖြစ်ပေါ်လာသော သတ္တဝါတို့၏ ဖြစ်ပုံအစဉ်သည်
(က) ရှေးဦးစွာကလလရေကြည် ၇-ရက်။
(ခ) ၎င်းနောက် ၈-ရက်မြောက်သော နေ့မှစ၍ အမြှုပ် နုအဗ္ဗုဒ ၇-ရက်။
(ဂ) ၎င်းနောက် ၁၅-ရက်မြောက်သော နေ့မှစ၍ ပေသိ မည်သော အမြှုပ်ခဲ ၇-ရက်။
(ဃ) ၎င်းနောက် ၂၂-ရက်မြောက်သော နေ့မှစ၍ ဃနမည် သောအသားခဲအသားစိုင် ၇-ရက်။
(င ) ၎င်းနောက် ၂၉-ရက်မြောက်သော နေ့မှစ၍ ထို အသားတုံးမှမ ၅-ဖြာဖြစ်ရန်ဘို့ အဖိုအတက်ငယ် ၅- ခုဖြစ်သည် ၇-ရက်။
ပေါင်း သတ္တာဟအားဖြင့် ၅-သတ္တာဟ၊ ရက်အားဖြင့် ၃၅-ရက်၊ ဤကား ပါဠိတော်အဋ္ဌကထာ တိုက်ရိုက်လာသော သတ္တာဟ ၅-ခု ၏ဖြစ်ပုံတည်း။
ဤပါဠိတော် ဤအဋ္ဌကထာတို့၌ကား ခက်မ ၅-ဖြာဖြစ်ရာ ပဉ္စမသတ္တာဟတွင်၍သာ အစီအစဉ်ကို ပြပြီးလျှင် ၎င်းနောက် ဆဋ္ဌ သတ္တာဟမှစ၍ ဧကစတ္တာလီသမသတ္တာဟတိုင် ၃၆-သတ္တာဟတို့ကို ပေယျာလပြု၍ ဒွါစတ္တာလီသမသတ္တာဟ၌ ဖြစ်သော ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်းတို့ကိုသာ အဆိုတိုက်ရိုက် လာပေသည်၊ အလယ်၌ ၃၆-သတ္တာဟမှာ ဘယ်သင်းဘယ်ဟာဖြစ်သည်ဟု မလာပေ။
ဤတွင်-သံယုတ်ပါဠိတော် အဋ္ဌကထာ၌လာသောသတ္တာဟအကြောင်းပြီး၏။
---၅-သတ္တာဟ ဝိနိစ္ဆယ အဘိဓမ္မာကျမ်းလာ သတ္တာဟအကြောင်း
ယခုအခါ အဘိဓမ္မာကျမ်းဂန်တို့၌ လာသော သတ္တာဟ စကားကို ဆိုပေအံ့။။ပဉ္စမသတ္တာဟ၌ ပေါ်စပြုကုန်သော ခက်မ ၅-ဖြာ တို့သည်ဆဋ္ဌသတ္တာဟ, သတ္တမသတ္တာဟ, အဋ္ဌမသတ္တာဟ, နဝမ သတ္တာဟ, ဒသမသတ္တာဟ, ဧကာဒသမသတ္တာဟ ဟုဆိုအပ်သော သတ္တာဟပေါင်း ၆-သတ္တာဟ၊ ရက်ပေါင်း ၄၂-ရက်ပတ်လုံး တစ်ဖြည်း ဖြည်း ကြီးပွားရင့်မာကာ နေရကုန်၏ ဤ ၄၂-ရက်အတွင်း၌ တစ်စုံတစ်ခု အထူးဖြစ်လာသည်ဟု မရှိနိုင်သေး။
(၁) စက္ခုခေါ်ရသော ပသာဒဓာတ်ကြည် တည်နေရန် မျက်လုံးအိမ် မျက်လုံးသား။
(၂) သောတခေါ်ရသော ပသာဒဓာတ်ကြည် တည်နေရန် နားအိမ် နားသား။
(၃) ဃာနခေါ်ရသော ပသာဒဓာတ်ကြည် တည်နေရန် နှာခေါင်းအိမ် နှာခေါင်းသား။
(၄) ဇိဝှါခေါ်ရသော ပသာဒဓာတ်ကြည်တည်နေရန် ခံတွင်းလျှာ။
ဤအဆောက်အဦ ကြိယာကြီးတို့သည် ၄၂-ရက်ခန့်ကာလ ထူထောင်မှ ပြည့်စုံစွာ ရှိကြကုန်သတည်း၊ထိုအခါ သတ္တာဟ၊ ရက်အားဖြင့် ၇၇-ရက်ပြည့်၍ အဆုံးနေ့မှာမှ စက္ခုပသာဒ, သောတပသာဒ, ဃာန ပသာဒ, ဇိဝှါပသာဒဟူသော ကမ္မဇဓာတ်ကြည် ၄-ခုတို့သည် ဖြစ်ပေါ် လာကုန်သတည်း။ [ကထာဝတ္ထုအဋ္ဌကထာ၊ အာယတနယမိုက်ဋီကာ။]
ပဋိသန္ဓေစိတ္တေန သဟေဝ ဩပပါတိကာနံ သဠာယတနံ ဥပ္ပဇ္ဇတိ၊ ဂဗ္ဘသေယျကာနံ ပန အဇ္ဈတ္တိကာယတနေသု မနာယတန ကာယာ ယတနာနေဝ ပဋိသန္ဓိက္ခဏေ ဥပ္ပဇ္ဇန္တိ၊ သေသာနိ စတ္တာရိ သတ္တ သတ္တတိရတ္တိယာ၊ တာနိ စ ခေါ ယေန ကမ္မုနာ ပဋိသန္ဓိ ဂဟိတာ၊ တေဿဝ, အညဿ ဝါ ကတတ္တာ တိ အယံ သကသမယေ ဝါဒေါ။ [အဋ္ဌကထာ။]
အနက်ကား
ဩပပါတိကာနံ=ဥပပါတ်ပုဂ္ဂိုလ်တို့အား၊ ပဋိသန္ဓေစိတ္တေန= ပဋိသန္ဓေစိတ်နှင့်၊ သဟေဝ=အတူတကွသာလျှင်၊ သဠာယတနံ= စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနဟူသော အာယတန ၆-ပါး သည်၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ်၏၊ ဂဗ္ဘသေယျကာနံ ပန=ဂဗ္ဘသေယျပုဂ္ဂိုလ်တို့အား မူကား၊ အဇ္ဈတ္တိကာယတနေသု=စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနဟူသောအတွင်းအာယတန ၆-ပါးတို့တွင်၊ မနာယတနကာယာ ယတနာနေဝ=မနာယတန, ကာယာယတန ၂-ပါးတို့သည်သာလျှင်၊ ပဋိသန္ဓိက္ခဏေ=ပဋိသန္ဓေစိတ်၏ဥပါဒ်ခဏ၌၊ ဥပ္ပဇ္ဇန္တိ=ဖြစ်ပေါ်ကုန်၏၊ သေသာနိ=ကာယ, မန ၂-ပါးမှ ကြွင်းကုန်သော၊ စတ္တာရိ=၄-ပါးကုန်သော စက္ခု, သောတ, ဃာန, ဇိဝှါတို့သည်၊ သတ္တသတ္တတိရတ္တိယာ=၇၇- ခုမြောက်သောရက်၌၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ်၏၊ တာနိ စ ခေါ=ထို ၄- ပါးတို့သည်လည်း၊ ယေန ကမ္မုနာ=အကြင်ကံဖြင့်၊ ပဋိသန္ဓိ=ပဋိသန္ဓကို၊ ဂဟိတာ=ယူအပ်၏၊ တေဿဝဝါ=ထိုကံကိုသော်၎င်း၊ ကတတ္တာ= ပြုအပ်ခဲ့ပြီးသည်၏အဖြစ်ကြောင့်၊ ဥပ္ပဇ္ဇတိ= ဖြစ်ပေါ်ကုန်၏၊ ဣတိအယံ= ဤသည်ကား၊ သကသမယေ=အရှင်မဟာကဿပ အစရှိသော မိမိတို့၏ အယူ၌၊ ဝါဒေါ=ပြောရိုးဆိုရိုးဖြစ်သော အမှန်မုချနေရာကျစကားတည်း။
“သတ္တသတ္တတိ ရတ္တိယာ” ဟူသောပါဌ်၌ ရတ္တိသဒ္ဒါသည် “ဒီဃ ရတ္တံ” ဟူသော ပါဌ်၌ ရတ္တိသဒ္ဒါကဲ့သို့ နာရီ ၆၀-ဖြင့် ရေတွက်အပ်သော ရက်သာမညကိုပင် ဟောသည်၊ “ရတ္တိဒိဝံ” ဟူသောပါဌ်၌ ရတ္တိသဒ္ဒါကဲ့သို့ ညဉ့်ဟူသော အနက်ကိုသာ ဟောသည်မဟုတ်၊ ၇၇-ရက် သတ္တာဟ ဖြစ်သည်၊ ထိုသတ္တဟတွင် နောက်ဆုံးသတ္တဟကား ဧကာဒသမ သတ္တဟတည်း၊ ဧကာဒသမသတ္တဟတွင် နောက်ဆုံးရက်၌ စက္ခု, သောတ, ဃာန, ဇိဝှါဟူသော ပသာဒ ၄-ပါးတို့ ဖြစ်ပေါ်ကြကုန်သည်၊ ထိုသို့ဖြစ်ပေါ်ခြင်းသည်လည်း ပဋိသန္ဓေအကျိုးကိုပေးသော ကံကြောင့် ဖြစ်ပေါ်သည်လည်းရှိ၏ဟူလိုသည်။
အာယတနယမိုက်ဋီကာတို့၌ကား ရက်နှင့်မဆိုမူ၍ သတ္တဟနှင့် ဆိုသောကြောင့် ဧကာဒသမ သတ္တဟ တိုက်ရိုက်ပေါ်ပေသည်၊ စပ်လျဉ်း ရာဆိုရသည်ဖြစ်၍လည်း စက္ခုနှင့် ဃာနကိုသာ အဆိုပါသည်၊ သောတ နှင့်ဇိဝှါမူကား အဝုတ္တသိဒ္ဓိနည်းအားဖြင့် ပြီးလေတော့သည်။
[ကျယ်မည်စိုး၍ မရေးပြီ။]
ဤကား သင်္ဂါယနာသုံးတန်ပါသော မဟာအဋ္ဌကထာကြီး၊ အရှင်မဟာဗုဒ္ဓဃောသစီရင်သော အဋ္ဌကထာသစ်၊ အဘိဓမ္မာယမိုက် ဋီကာကြီးတို့၌ တသံတည်းလာသည်ဖြစ်၍ ဘုရားဟောနှင့်တူစွာ ယုံ ကြည်ရသော သတ္တဟ အဆုံးအဖြတ်ပေတည်း။
---လက်သန်းဋီကာလာ သတ္တာဟအကြာင်း
ယခုအခါ လက်သန်းဋီကာတို့ နာနာဝါဒ ဆိုကြပုံကို ဆိုလိုက်အံ့၊ ထိုစက္ခု, သောတ, ဃာန, ဇိဝှါဟူသော ပသာဒ ၄-ပါးတို့သည် ရူပါရူပ ဝိဘာဂဆရာ, သစ္စသံခိပ်ဋီကာသစ်ဆရာတို့ အလိုအားဖြင့် သတ္တမ သတ္တဟ၌ ဖြစ်ပေါ်ကြကုန်သည်။
ကလလာဝတ္ထာဒိဘူတေ ပသာခါဝတ္ထာ ပရိယန္တေ ပဉ္စသတ္တဟေ ပသာခါနံ ပရိဏတာဝတ္ထာဘူတဆဋ္ဌသတ္တာဟဉ္စ အတိက္ကမ္မ သတ္တမေ သတ္တဟေ စက္ခုသောတ ဃာန ဇိဝှါ ဒသကာ ဥပ္ပဇ္ဇန္တိ။
[သစ္စသံခိပ်ဋီကာသစ်။]
ကမတော သတ္တသတ္တာဟေ၊ ဒသကာပိ စက္ခာဒယော။
[ရူပါရူပဝိဘာဂကျမ်း။]
ကလလရေကြည်ဖြစ်ရာ ပဌမသတ္တဟမှစ၍ ခက်မ ၅-ဖြာဖြစ်ရာ ပဉ္စမသတ္တဟတိုင် ၅-သတ္တဟတို့ကို၎င်း၊ ခက်မ ၅-ဖြာ ရင့်ရာ ဆဋ္ဌသတ္တဟ ကို၎င်း လွန်ပြီးမှ သတ္တမသတ္တာဟ၌ စက္ခု, သောတ, ဃာန, ဇိဝှါတို့ အစဉ်အတိုင်း ဖြစ်ကြကုန်သည်။ [ပါဌ်လျှောက်အဓိပ္ပါယ်။]
ခက်မ ၅-ဖြာတို့တွင် စက္ခု, သောတ, ဃာန, ဇိဝှါတို့၏ဖြစ်ရာ ဦးခေါင်းအင်္ဂါသည် မျက်လုံးအိမ်, မျက်လုံးသားစသော အဆောက် အဦကြီးများနှင့်တကွ ပဉ္စမ, ဆဋ္ဌ ၂-သတ္တဟ၌ပြည့်စုံပြီးစီးနိုင်ရာသော ယုတ္တိလည်းမရှိ၊ ပကတိပုထူဇဉ်တို့ အလိုအလျောက် သိနိုင်ကောင်းသော အခွင့်လည်းမဟုတ်ပေရကား- ဤရူပါရူပ ဝိဘာဂစကား, သစ္စသံခိပ် ဋီကာသစ် စကားများကို အမှန်အားဖြင့် မယုံထိုက်။ [တစ်ရပ်။]
ဋီကာကျော်လာ သတ္တာဟအကြောင်း ထိုပသာဒ ၄-ပါးတို့တွင် စက္ခုသည် သတ္တမသတ္တဟ၌ ဖြစ်သည်၊ သောတသည် အဋ္ဌမသတ္တဟ၌ ဖြစ်သည်၊ ဃာနသည် နဝမမသတ္တဟ၌ ဖြစ်သည်၊ ဇိဝှါသည် ဒသမ သတ္တဟ၌ ဖြစ်သည်။ ဋီကာကျော်။
[ပဝတ္တိ ကာလေ တိ သတ္တမေ သတ္တဟေ။ ကမေနာ တိ စက္ခုဒသက ပါတုဘာဝ တော သတ္တာဟာတိက္ကမေန သောတ ဒသကံ၊ တတော သတ္တာဟာ တိက္ကမေန ဃာနဒသကံ၊ တတော သတ္တဟာတိက္ကမေန ဇိဝှါဒသကန္တိ ဧဝံ အနုက္ကမေန၊ အဋ္ဌကထာယမ္ပိ ဟိ အယမတ္ထော ဒဿိတောဝ ၎င်းပါဌ်။]
---သင်္ခေပဋီကာလာ သတ္တာဟအကြောင်း
သင်္ခေပဋီကာ၌ကား-ဤဋီကာကျော်နည်းကို ရှေးဦးစွာ ပြပြီးလျှင် နောက်၌ အဘိဓမ္မာဋီကာနည်းဆို၍ တပုံပြပြန်သည်ကား
(၁-၂) ကလလရေကြည် ၂-သတ္တာဟ,
(၃-၄) အမြှုပ်၂- သတ္တာဟ,
(၅-၆) သားတစ်၂-သတ္တာဟ,
(၇-၈) အခဲ ၂-သတ္တာဟ,
(၉-၁၀) ခက်မ၅-ဖြာ ၂-သတ္တာဟ၊
ပေါင်း၁၀-သတ္တာဟရ၏။
(၁၁) ၎င်းနောက် ဧကာဒမသမ သတ္တာဟ၌ စက္ခု,
(၁၂) ဒွါဒသမသတ္တာဟ၌ သောတ,
(၁၃) တေရသမသတ္တာဟ၌ သောတ,
(၁၄) စုဒ္ဒသမသတ္တာဟ၌ ဇီဝှါဖြစ်သည်ဟူ၏။
အဋ္ဌကထာကြီး, ဋီကာကြီးများကို စေ့စေ့ငုငု မကြည့်ရှုဘဲ ထင်မိ ထင်ရာ ဆိုသောစကားစုသာ ဖြစ်သည်၊ “ပဉ္စမေ ဘိက္ခဝေ သတ္တဝေ သတ္တာဟေ ပဉ္စပီဋ္ဌကာ ဇာယန္တိ သဏ္ဍန္တိ ကမ္မတော” ဟူ၍ ပါဋ္ဌိတော် များနှင့်လည်း အလွန်ဝေးကွာလေသည်၊ ထို့ကြောင့် သင်္ခေပဋီကာ စကားများလည်း အမှားသက်သက်သာမှတ်ရမည်။ [တစ်ရပ်။]
---နှီးနှောတိုက်ဆိုင်ပြဆိုချက်
အဘိဓမ္မတ္ထဒီပနီ ဆရာ, အရပ်ရပ် သင်္ဂြီုဟ် အဓိပ္ပါယ်ဆရာ, အကောက်ဆရာတို့သည်လည်း ဋီကာကျော်၏ နောက်လိုက်သာ ဖြစ်ကြကုန်သည်၊ အရပ်ရပ်သော ဋီကာတို့၌ စက္ခု, သောတ,ဃာန, ဇီဝှါတို့သည် ဧကာဒသမ သတ္တာဟ၌ ဖြစ်ကုန်သည်ဟူသော စကားကို မူလဋီကာဆရာ၏ ဋီကာဝါဒဖြစ်သည်ဟု ဆိုကြခြင်းသည်လည်း ကထာဝတ္ထုအဋ္ဌကထာကြီးကို သတိမရ၍ ဆိုကြခြင်းသာဖြစ်သည်၊ ဋီကာဝါဒမဟုတ်ပေ၊ အဋ္ဌကထာ စကားရင်းဖြစ်ပေသည်၊ ထို့ကြောင့် ဧကာဒ သမသတ္တာဟ၏အဆုံးရက်၌ ဖြစ်သည်ဟူသော အဋ္ဌကထာကြီး အတိုင်းသာ ယုံကြည်လေးမြတ် မှတ်သားအပ်သည်။
ဤရက်တွင်းမှာလည်း တစ်ပြိုင်နက်တည်း ဖြစ်သည်လည်း ရှိမည်။ စက္ခု, သောတ, ဃာန, ဇိဝှါတို့တွင် စချင်ရာကစ၍ဖြစ်သည်လည်း ရှိမည်။ ထိုပသာဒတို့၏မှီရာ ကမ္မဇ မဟာဘုတ်သည်သာ ပမာဏဖြစ်တော့သည်။ ၄-ဌာန၌တည်ရှိကုန်သော ကမ္မဇမဟာဘုတ်တို့သည် အကြောင်းတရား ညီညွတ်ကြကုန်သည်ဖြစ်၍ တစ်ပြိုင်နက် ကြည်နိုင်ကြကုန်သည်လည်း ရှိမည်၊ အကြောင်းတရားစု မညီညွတ်ခဲ့၍ ကြည်မိကြည်ရာကသာ ကြည်၍ နောက်မိနောက်ရာ နောက်သည်လည်းရှိမည်၊ ဤသို့သော သဘောထင်ရှားရှိလေသောကြောင့် ကထာဝတ္ထုအဋ္ဌကထာ၌ အစဉ် ဟူသောအသံကို အမြွက်မျှ မဆိုပေသတည်း။ အာယတနဝိဘင်း အဋ္ဌ ကထာများ၌ကား-အာယတနတို့၌ ဥပ္ပတ္တိက္ကမဟူသောအဖြစ်သည် မရကောင်းကြောင်းကို ဆိုခြင်းကြောင့်လည်း စက္ခု, သောတ, ဃာန, ဇိဝှါ တို့၌ ဖြစ်စဉ်မထားသင့်ကြောင်းကို သိရလေသည်။
ထို့ကြောင့် သင်္ဂြီုဟ်၌
တတော ပရံ ပဝတ္တိကာလေ ကမေန စက္ခုဒသကာဒီနိ ပါတုဘဝန္တိ။ ဟူ၍-နာမစာရဒီပကနာမစာရဒီပက၌လည်း ကမတော သတ္တ သတ္တာဟေ။ ဒသကာပိ စက္ခာဒယော- ဟူ၍ -ရူပါရူပဝိဘာဂရူပါရူပဝိဘာဂ၌လည်း တေသံ ပန ပဝတ္တိကာလေ ကမေန စက္ခုဒသက သောတဒသက ဃာနဒသက ဇိဝှါဒသကာနိ ပါတုဘဝန္တိ။ ဟူ၍-သစ္စသံခိပ်ဋီကာသစ်-သစ္စသံခိပ်ဋီကာသစ်၌ လည်း စက္ခာဒိ ဒသကာနိ စာတိ စက္ခုသောတ ဃာန ဇိဝှါဒသကာနိ စ ကမေန ဟောန္တိ တိယောဇနာ။
ဟူ၍ ကမသဒ္ဒါနှင့် ဆိုကြသောစကားကို အမှန်အားဖြင့် မယူအပ်၊ သစ္စသံခိပ်ကျမ်း၊ ပရမတ္ထဝိနိစ္ဆယကျမ်း၊ နာမရူပပရိစ္ဆေဒ ကျမ်းတို့၌ကား
ကမသဒ္ဒါမပါ၊ မပါခြင်းသည်သာ ကောင်းမြတ်၏။
ကာလေနာဟာရဇံ ဟောတိ၊ စက္ခာဒိဒသကာနိ စ။ [သစ္စသံခိပ်။]
တတော ပရံ ပဝတ္တိမှိ၊ ဝဍ္ဎုမာနဿ ဇန္တုနော။
စက္ခုဒသကာဒယောစ၊ စတ္တာရော ဟောန္တိ သမ္ဘဝါ။
[ပရမတ္ထဝိနိစ္ဆယ။]
ဂဗ္ဘသေယျက သတ္တာနံ၊ တတော သေသာနိ သမ္ဘဝါ။
[နာမရူပပရိစ္ဆေဒ။]
အချို့သူတို့ကား သင်္ဂြီုဟ်ဆရာ, ဋီကာကျော်ဆရာစသော သူတို့ သည် ကျမ်းပြုပုဂ္ဂိုလ်တွေဖြစ်ကြ၍ ကထာဝတ္ထု အဋ္ဌကထာမျှကို မမြင်ကြဘဲရှိကုန်မည်လော။ မြင်ကြပေကုန်မည်ဖြစ်သည်၊ မြင်လျက်နှင့် ဆိုကြပေကုန်သည်ကို ထိုသင်္ဂြီုဟ်, ဋီကာကျော်စသောဆရာတို့၏ စကား ကိုအမှားမယူသင့်၊ ထိုဆရာတို့၏အာဘော်သင့်လျော်သော ယုတ္တိကိုသာ ရှာရမည်၊ရှာ၍ မရနိုင်လျှင် ထိုဆရာတို့၏ဉာဏ်ကို မမှီသေး ၍ မှတ်ရ မည်ဟု ဆိုလေ့ရှိကြကုန်၏၊ ထိုစကားသည် ကျမ်းကြီးကျမ်း ငယ်တို့ကို ခေါင်ခေါင်အားအား မချေက်ချားနိုင်၍ ကျမ်းဂန်ဆိုလျှင် ယုံကြည်ရ မည်မှတ်ထားသော ယောက်ျား, မိန်းမ မန္ဒပုဂ္ဂိုလ်အများတို့ ပြောရိုး ပြောစဉ်စကားတည်း။ [တစ်ရပ်။]
[ငါတို့နိုင်ငံဖြစ် ဆေးကျမ်းများ၌ကား သားငယ်မဖွားမီအတွင်း၌ အလွတ် အလပ် သတ္တာဟဟူ၍မရှိရအောင် ကေသာ, လောမာ စသော ကောဋ္ဌာသတို့နှင့် အစဉ်ပြ၍ ထားကြကုန်၏၊ သတ္တဝါမှာ ဟဒယဝတ္ထုနေရာအလျင်ဆုံးဖြစ်ပြီးမှ အစဉ်အတိုင်း တိုးပွားပုံကို မမြော်လတ်ဘဲ ရောက်တတ်ရာရာ ထားခြင်းသာတည်း။]
ဤမျှသော စကားရပ်ဖြင့် အမိဝမ်း၌ ပဋိသန္ဓေနေသည်မှစ၍ လ
ဤမျှသော စကားရပ်ဖြင့် အမိဝမ်း၌ ပဋိသန္ဓေနေသည်မှစ၍ လ အရေအတွက်ရှိသော ဂဗ္ဘဝါသ ကာလအတွင်း၌
(၁) ပဌမသတ္တာဟမှာ ကလလရေကြည်။
(၂) ဒုတိယသတ္တာဟမှာ အမြှုပ်ကျဲ။
(၃) တတိယသတ္တာဟမှာ အမြှုပ်ခဲ။
(၄) စတုတ္ထသတ္တာဟမှာ အသားခဲ။
(၅) ပဉ္စမသတ္တာဟမှာ ခက်မ ၅-ဖြာ။
(၆) ၎င်းနောက် ၆-သတ္တာဟမှ ကိုယ်ထည်နှင့်တကွ ခက်မ ၅- ဖြာတို့၏ ကြီးပွားရာ။
(၇) ၎င်းနောက် ၆-သတ္တာဟတွင် နောက်ဆုံးသတ္တာဟ၏ နောက်ဆုံးရက်မှာ စက္ခုဒသကကလာပ်, သောတဒသက ကလာပ်, ဃာနဒသကကလာပ်, ဇိဝှါဒသက ကလာပ်,
(၈) ၎င်းနောက် ၃၁-သတ္တာဟကိုလွန်၍ အနန္တရသတ္တာဟ၌ ကေသာ, လောမာ, နခါ ဟူ၍ ဧကန်စွဲမှတ် ယုံကြည်အပ်သော သတ္တာဟဝိနိစ္ဆယကို နာနာဝါဒနှင့်တကွ ပြခြင်းတည်း။
ဤတွင်-သတ္တာဟဝိနိစ္ဆယ ပြီး၏၊
---ခြောက်ကလာပ်စည်းအကြောင်း ကလာပ်စည်း မာတိကာစဉ်
ယခုအခါ သတ္တဝါတစ်ကောင်လုံး၌ ထိုသည့်အားလျော်စွာ ဖြစ် ကြသော ကလာပ်တို့ကို အကျဉ်းအားဖြင့် ဆိုလိုက်အံ့။
(၁) ဇီဝိတနဝက ကလာပ်,
(၂) စက္ခုဒသက ကလာပ်,
(၃) သောတ ဒသက ကလာပ်,
(၄) ဃာန ဒသက ကလာပ်,
(၅) ဇိဝှါ ဒသက ကလာပ်,
(၆) ကာယ ဒသက ကလာပ်,
(၇) ဣတ္ထိဘာဝ ဒသက ကလာပ်,
(၈) ပုမ္ဘာဝ ဒသက ကလာပ်
(၉) ဝတ္ထုဒသက ကလာပ်,
ဟူ၍ ကမ္မဇကလာပ် ၉-စည်း။
(၁) သုဒ္ဓဋ္ဌက ကလာပ်,
(၂) ကာယဝိညတ္တိနဝက ကလာပ်,
(၃) ဝစီဝိညတ္တိ သဒ္ဒကဒသက ကလာပ်,
(၄) လဟုတာဒိ ဧကာဒသက ကလာပ်,
(၅) ကာယဝိညတ္တိ သဒ္ဒလဟုတာဒိဒွါဒသက ကလာပ်,
(၆) ဝစီဝိညတ္တိ သဒ္ဒလဟုတာဒိ တေရသက ကလာပ်
စည်းတွင် သဒ္ဒနဝက ကလာပ်ကိုထည့်၍ သစ္စသံခိပ် အလို စိတ္တဇကလာပ် ၇-စည်း၊ ၎င်း ၇-စည်းတွင် သဒ္ဒလဟုတာဒိဒွါဒသက ကလာပ်ကိုထည့်၍ ငါတို့အလို စိတ္တဇကလာပ် ၈-စည်း။
(၁) သုဒ္ဓဋ္ဌက ကလာပ်,
(၂) သဒ္ဒနဝက ကလာပ်,
(၃) လဟုတာဒိ ဧကာဒသက ကလာပ်,
(၄) သဒ္ဒလဟုတာဒိ ဒွါဒသက ကလာပ်,
ဟူ၍ ဥတုဇကလာပ် ၄-စည်း။
(၁) သုဒ္ဓဋ္ဌက ကလာပ်,
(၂) လဟုတာဒိ ဧကာဒသက ကလာပ်
ဟူ၍ အာဟာရဇ ကလာပ် ၂-စည်း။
ပေါင်း သင်္ဂြီုဟ်အလို ၂၁-စည်း၊ သစ္စသံခိပ်အလို ၂၂-စည်း၊ ငါတို့အလို ၂၃-စည်း၊ ဤအလုံးစုံကို ကာမဘုံသားတို့ ၌ရထိုက်၏။
ရူပ ၁၅-ဘုံသားတို့၌ကား
(၁) ဇီဝိတ နဝက ကလာပ်,
(၂) စက္ခုဒသက ကလာပ်,
(၃) သောတ ဒသက ကလာပ်,
(၄) ဝတ္ထုဒသက ကလာပ်
ဟူသော ကမ္မဇကလာပ် ၄-စည်း၊ သင်္ဂြီုဟ်အလို စိတ္တဇကလာပ် ၆-စည်း၊ ဥတုဇကလာပ် ၄-စည်း၊ ပေါင်း ၁၄-စည်း၊ သစ္စသံခိပ်အလို ၁၅-စည်း၊ ငါတို့အလို ၁၆-စည်း။
တစ်နည်းငါတို့အလို ဆိုခဲ့ပြီးသော ကမ္မဇကလာပ် ၄-စည်း၊ လဟုတာဒိအထူးရှိသော စိတ္တဇကလာပ် ၄-စည်း၊ ဥတုဇကလာပ် ၂- စည်း၊ ပေါင်း ၁၀-စည်း။
မူလဋီကာ အလို ထို ရူပ ၁၅-ဘုံသားတို့၌
(၁) ဇီဝိတဆက္က ကလာပ်,
(၂) စက္ခုသတ္တက ကလာပ်,
(၃) သောတသတ္တက ကလာပ်,
(၄) ဝတ္ထုသတ္တက ကလာပ်
ဟူ၍ ကမ္မဇကလာပ် ၄-စည်း။
(၁) သုဒ္ဓပဉ္စက ကလာပ်,
(၂) သဒ္ဒဆက္က ကလာပ်,
(၃) ကာယဝိညတ္တိဆက္ကကလာပ်,
(၄) ဝစီဝိညတ္တိ သဒ္ဒသတ္တက ကလာပ်,
(၅) လဟုတာဒိအဋ္ဌက ကလာပ်,
(၆) သဒ္ဒလဟုတာဒိ နဝက ကလာပ်,
(၇) ကာယဝိညတ္တိ လဟုတာဒိ နဝက ကလာပ်, (ဂ) ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ ဒသက ကလာပ်ဟူ၍ စိတ္တဇကလာပ် ၈-စည်း။
(၁) သုဒ္ဓပဉ္စက ကလာပ်,
(၂) သဒ္ဒဆက္က ကလာပ်,
(၃) လဟုတာဒိ အဋ္ဌက ကလာပ်,
(၄) သဒ္ဒလဟုတာဒိနဝက ကလာပ်
ဟူ၍ ဥတုဇ ကလာပ် ၄-စည်း၊ ပေါင်း ၁၆-စည်း။
အာဟာရဇ ကလာပ် ၂-စည်းကိုကား ရူပဘုံ၌မရအပ်၊ လက္ခဏရုပ် ၄-ခု၊ ပရိစ္ဆေဒရုပ် ၁-ခု၊ ဤ ၅-ခုတို့ ကို ကလာပ်စည်း၌ မသွင်းအပ်။
မာတိကာစဉ် ပြီး၏၊
---ကလာပ်စည်းများကိုဝေဖန်ပြဆိုခြင်း
ယခုအခါ အစဉ်အတိုင်းစီစစ်၍ပြပေအံ့။။ သင်္ဂြီုဟ်၌ ကာမ ဘုံသားတို့၌ ပဋိသန္ဓေအခိုက်လည်း ဇီဝိတနဝကကလာပ်ကို အဆိုမပါ၊ ပဝတ္တိအခါ၌လည်း “စက္ခုဒသကာဒီနိ စ ပါတုဘဝန္တိ” ဟူ၍ စက္ခုဒသက ကလာပ်ကစ၍ သိမ်းလေသောကြောင့် အစဦးလာသော ဇီဝိတနဝက ကလာပ် ကျန်ရှိပြန်သည်၊ ထို့ကြောင့် ကာမဘုံ၌ ဇီဝိတနဝက ကလာပ်ကို မရအပ်ဟုဆိုကြကုန်၏၊ သင်္ဂြီုဟ်အလို ဆိုခွင့်ရှိပေ၏၊ ထို့ကြောင့် သင်္ဂြီုဟ် ဆရာပင် စီရင်အပ်သော ပရမတ္ထဝိနိစ္ဆယကျမ်း၌
သန္တိ သဗ္ဗာနိ ရူပါနိ၊ ကာမေသု စတုသမ္ဘ ဝါ။
ဇီဝိတနဝကံ ဟိတွာ၊ ကလာပါ ဟောန္တိ ဝီသတိ။
ဇီဝိတနဝကံ နာမ၊ ရူပေလောကေ ဝိသုံ သိယာ။
ဟူ၍ ကာမဘုံ၌ဇီဝိတ နဝက ကလာပ်ကြဉ်သော ကလာပ် ၂၀- သာရကြောင်း၊ ရူပဘုံ၌သာ ဇီဝိတနဝကကလာပ် ဖြစ်ကြောင်းကို ဆို လေသည်။
မဏိမဉ္ဇူ ဆရာတော်မူကား ကာမဘုံသား သန္တာန်တွင် ဝမ်းမီး ဟုဆိုအပ်သော ပါစကတေဇောကောဋ္ဌာသမှာ ဇီဝိတနဝက ကလာပ်ရ ကြောင်းကို ဆိုပေ၏၊ စင်စစ်ဧကန် အမှန်မှတ်ဘို့မှာမူကား ထိုဝမ်းမီးဟု ဆိုအပ်သော ပါစကဓာတ်မီး၌၎င်း၊ “ အာယု ဥသ္မာ စ ဝိညာဏံ” ဟူသော သံယုတ်ပါဠိတော်ပါဌ်၌ လာသော ကိုယ်စောင့်တရား ၃-ပါးတို့တွင် အကျုံး ဝင်သော တစ်ကိုယ်လုံးကို ပျံ့နှံ့၍ တည်နေသော ပကတိကိုယ်ငွေ့ ဟုဆိုအပ်သော ဥသ္မာအမည် ရှိသော ကိုယ်စောင့်ဓာတ်မီး၌၎င်း၊ ဤ ၂-ပါးသော ဓာတ်မီးအစုတို့၌ ဇီဝိတနဝက ကလာပ်ကိုသာ ရအပ်ပါ သတည်း၊ ဤအကြောင်းအရာသည် နောက်၌ ထင်ရှားလာလတ္တံ့။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ သမ္မောဟဝိနောဒနီအဋ္ဌကထာ၊ ပဋိစ္စ သမုပ္ပါဒ်နာမရူပပုဒ်အဖွင့်၌ စိတ္တဇသဒ္ဒနဝက ကလာပ်, ဥတုဇ သဒ္ဒ နဝကကလာပ်ဟူ၍ နဝက ကလာပ် ၂-စည်းလာသည်ကိုယူ၍ သစ္စ သံခိပ်၌ စိတ္တဇသဒ္ဒနဝက ကလာပ်နှင့်တကွ ကလာပ်ပေါင်း ၂၂-စည်း လာပေသည်။[ကလာပါ ဝီသတိ ဒွိဘိ၊ သစ္စသံခိပ်။]
ဝစီဝိညတ်နှင့် ကင်း၍ဖြစ်သော ဤသဒ္ဒနဝက ကလာပ်သည် အဘယ်အခါ၌ ဖြစ်သနည်းဟူမူ- အဋ္ဌသာလိနီဒွါရကထာ ဝစီဝိညတ္တိ ကထာ၌ မဟာအဋ္ဌကထာနည်းအားဖြင့်လာသော ဝိတက္က ဝိပ္ဖါရသဒ္ဒ သည် သဒ္ဒနဝက ကလာပ်မည်၏၊ တနည်းကား လူအများ စည်းဝေးရာ အဝေးမှ ကြားရသောပုဒ်, ဗျည်း, အက္ခရာ, သဒ္ဒါ, အနက် မထင်ရှားသော စိတ္တသမုဋ္ဌာနဖြစ်သော အုတ်အုတ်ကျက်ကျက် သံသည် ဝိညက်ကင်း သော သဒ္ဒနဝက ကလာပ်သာ ဖြစ်သည်ဟု ဆိုကြကုန်၏။
[သစ္စသံခိပ် ဋီကာဟောင်း။]
ဝိတက္က ဝိပ္ဖါရသဒ္ဒ ဟူသည်ကား သူတစ်ပါးတို့ကြားအောင် စကားပြောဆိုသည်မဟုတ်ဘဲ ခံတွင်းထဲတွင်သာ အားကြီးစွာသော ဝိတက်၏အဟုန်ကြောင့် ပြောဆိုယောင်ယောင်ဖြစ်သော စကားပေ တည်း။
မြို့ကြီး, ရွာကြီး, ပွဲကြီး, လမ်းကြီးရှိ၍ လူအများစည်းဝေးရာ အဝေးမှကြားသော အသံသည် ဝေးသောသူမှာသာလျှင် ဝေးသော အတွက်ကြောင့် ပုဒ်, အက္ခရာမထင်လေသည်၊ အနီးနေသောသူတို့မှာ ထင်လင်းပေသည်ဖြစ်သောကြောင့် ဝိညတ်နှင့်တကွသာ ဖြစ်သင့်လေရ ကား ထိုဆရာတို့စကားကို အမှန်မယူအပ်။
တစ်နည်း လက်ခုပ်တီခြင်း, လက်ပမ်းပေါက်ခတ်ခြင်း စသည်တို့၌ ထိုသဒ္ဒနဝက ကလာပ်ကိုရအပ်သည်။ [သစ္စသံခိပ်ဋီကာသစ်။]
ထိုလက်ခုပ်တီးခြင်း, လက်ပန်းပေါက်ခတ်ခြင်း စသည်တို့၌ ဖြစ်သော အသံသည် စိတ္တဇပင် မဟုတ်၊ စိတ္တပစ္စယဥတုဇသဒ္ဒသာ ဖြစ်ပေရကား ဤဋီကာကိုလည်း မမှတ်အပ်။
အက္ခရာမထင်သော ငိုသံ, ရယ်သံ, ချေသံ, ချောင်းဆိုးသံ, တောက် ခေါက်သံ, လေချွန်သံ, လန့်၍အော်သံ, အော့သံ, အန်သံ, ယောင်ယမ်းသံ, ကျင်နာ၍ညည်းညူသံ, ရှုသံ, ရှိုက်သံ, မှုတ်သံ, ရှုပ်သံ စသည်များသည် စိတ္တဇသဒ္ဒနဝက ကလာပ်တည်း။ [ငါတို့အလို]
ထွက်သက်, ဝင်သက်ဟူသော ရှုသံ, ရှိုက်သံ၌ စိတ္တဇသဒ္ဒနဝက ကလာပ်ရသည်ကို ဆိုသောဋီကာများကို ထောက်သင့်ပါ၏။
စိတ္တဇအဿာသ ပဿာသမှိ ကောဋ္ဌာသမှိ ဩဇဋ္ဌမကေဉ္စ ဝ သဒ္ဒေါ စာ တိ နဝ။ [သာရတ္တဒီပနီဋီကာ။]
ထိုသဒ္ဒနဝက ကလာပ်သည်ပင် ကိုယ်စိတ်အထူးခံ့ကျန်း၍ ငိုခြင်း, ရယ်ခြင်း စသည်ကိုပြုသောအခါ လဟုတာဒိကိုထည့်၍ သဒ္ဒလဟုတာဒိ ဒွါသက ကလာပ်ဖြစ်ပြန်သည်၊ ဥတုဇ၌ သဒ္ဒနဝကတွင် လဟုတာဒိကို ထည့်၍ သဒ္ဒလဟုတာဒိဒွါဒသက ကလာပ်ဖြစ်သည်နှင့် အတူမှတ်။
[ငါတို့အလို။]
ရူပဘုံ ၁၀-စည်းသာ ဟူရာ၌ ယုတ္တိကား
ရူပဿ ဒန္ဓတ္တကရ ဓာတုက္ခောဘ ပဋိပက္ခပစ္စယ သမုဋ္ဌာနော ရူပကာယော။
အစရှိသော ရူပကဏ္ဍ အဋ္ဌကထာပါဌ်နှင့်အညီ သပ္ပါယဥတု, သပ္ပါယစိတ္တ, သပ္ပါယအာဟာရကိုမှီဝဲရ၍ အဇ္ဈတ္တဓာတ် ၄-ပါးတို့၏ အထူးညီမျှသာယာလှသော အခါ လဟုတာဒိသည်ဖြစ်၏၊ အသပ္ပါယ ဥတု စသည်နှင့်တွေ့ရ၍ အဇ္ဈတ္တဓာတ် ၄-ပါးတို့ လှုပ်ရှားဖောက်ပြန် ၍နေသောအခါ လဟုတာဒိဖြစ်ခွင့်မရ၊ ထိုကဲ့သို့ဓာတ် ၄-ပါးဖောက်ပြန်၍ ရူပကာယ မအီမသာရှိသောအခါ၌ကား လဟုတာဒိတ္တယ မပါသော ရှေးကလာပ်စုသာဖြစ်သည်၊ ဗြဟ္မာ့ဘုံမည်သည်ကား ဓာတ် ၄-ပါးတို့ လှုပ်ရှားဖောက်ပြန်ခြင်း ဟူ၍ပင် ရှိကောင်းသည် မဟုတ်၊ အခါခပ်သိမ်း အမြဲလျှင် သာယာညီညွတ်သော ရူပကာယသာ ဖြစ်ပေရာသည်၊ ထို့ကြောင့် ဗြဟ္မာတို့၏ အဇ္ဈတ္တသန္တာန်၌ လဟုတာဒိတ္တယမှ ကင်းလွတ် သော စိတ္တဇကလာပ်, ဥတုဇကလာပ်ဟူ၍ မရှိပေရာ၊ လဟုတာဒိတ္တယ မဖြစ်ကောင်းသော အဝတ်, ပုဆိုး, ဘုံဗိမာန်စသော ဗဟိဒ္ဓဥတုဇတို့၌သာ လဟုတာဒိကင်းသော ကလာပ်ရှိပေရာသည်။ [ငါတို့အကြံ။]
မူလဋီကာဆရာသည်ကား ဓမ္မဟဒယဝိဘင်းပါဠိတော်မှာ ဗြဟ္မာ တို့၏ ပဋိသန္ဓေကာလ, ပဝတ္ထိကာလတို့၌ ရထိုက်သော အာယတန, ဓာတ်, အာဟာရတို့ကိုမေး၍ ဖြေတော်မူရာ ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, ကဗဠီကာရာဟာရတို့ကိုပယ်၍ ရူပဓာတုယာ ဥပပတ္တိက္ခဏေ ဆ အာယာတနနိ ပါတုဘဝန္တိ၊ တယော အာဟာရာ ပါတုဘဝန္တိ။
အစရှိသည်ဖြင့် ဟောတော်မူသောကြောင့် ရူပဘုံ၌ ရထိုက် သောကလာပ်ဟူသမျှတို့၌ ဂန္ဓ, ရသ, ဩဇာဟူသော ရုပ် ၃-ခုကို နုတ်၍ ဇီဝိတဆက္က, စက္ခုသတ္တကစသည်ဖြင့်သာ ကလာပ်တို့ကို ဖွဲ့စည်းလိုသည်။ ဤပါဠိတော်၌ ဖောဋ္ဌဗ္ဗာယတနသည်လည်း ပယ်နှုတ်ရာ ပါ သည်သာဖြစ်၏၊ ထိုသို့ဖြစ်သော်လည်း ပဋ္ဌာန်း၌ ရူပဘုံမှာ မဟာဘုတ် ၄-ပါးကို ဟောတော်မူလျက် ရှိပြန်သောကြောင့်၎င်း၊ မဟာဘုတ် ၄- ပါးမရှိပေက ရူပကာယပင် ရှိကောင်းတော့သည် မဟုတ်လေသော ကြောင့်၎င်း၊ မဟာဘုတ် ၄-ပါးမှာ ရှိပေသည်သာအမှန်ဖြစ်၏၊ ထိုသို့ရှိပါ သော်လည်း တွေ့ထိခြင်းဟူသော ဖောဋ္ဌဗ္ဗကိစ္စ မတပ်ကောင်းသော ကြောင့် ဖောဋ္ဌဗ္ဗာယတနကို ပယ်ချလေသည်။ [ဋီကာဆရာအလို။]
ဖောဋ္ဌဗ္ဗာယတနနှင့်အတူပင် ရူပဘုံမှာ ဂန္ဓ, ရသ, ဩဇာတို့လည်း ဂန္ဓကိစ္စ, ရသကိစ္စ, ဩဇာကိစ္စ မတတ်ရသောကြောင့်သာ ပယ်ရာပါရ လေသည်၊ အချင်းခပ်သိမ်း မရှိလေသောကြောင့် ပယ်ပေသည်မဟုတ်၊ ထို့ကြောင့်ရူပဘုံမှာ ဂန္ဓ, ရသ, ဩဇာတို့နှင့်တကွ ဇီဝိတနဝက, စက္ခုဒသက စသည်ဖြင့် အဋ္ဌကထာအရှင်တို့ ဖွဲ့စည်းသော အတိုင်းကိုသာ အမှန်ပြု အပ်၏။
[အနုဋီကာအလို။]
[အကျယ်မှာ ဓမ္မဟဒယ ဝိဘင်းပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ အနုတို့၌ရှုလေ။]
ကလာပ်စည်းများကို ဝေဖန်ပြဆိုခြင်းပြီး၏။
---ကလာပ်စည်း၌ မသွင်းရသော တရားများ
လက္ခဏရုပ် ၄-ခု, အာကာသဓာတ်တို့ကို ကလာပ်စည်း၌ မသွင်းရာမှာ- နှမ်းပုံနှမ်းစု၌ တစ်ခုခုသော နှမ်းစေ့တို့၏အဆုံး အကြား ဖြစ်သော ပရိစ္ဆေဒကြောင့် တစ်ခုတစ်ခုသော နှမ်းစေ့တို့၏ အပိုင်းအခြားကို သိရ၏။ ထို့အတူ လူသဏ္ဌာန်, နွားသဏ္ဌာန် စသည်ဖြင့် ပေါင်းစု၍ နေသော ကလာပ်ခဲတို့၌ တစ်ခုတစ်ခုသော ကလာပ်တို့၏ အပိုင်းအခြား ဖြစ်သော ပရိစ္ဆေဒသည် ရှိ၏။ ထိုအပိုင်းအခြားသည် အာကာသဓာတ် မည်၏။ ထိုအာကာသဓာတ်သည် အဘယ်ကလာပ်ဘက်၌ အပါအဝင် ဖြစ်သည်ဟု ဆိုခွင့်မရှိ။ ထို့ကြောင့် ကလာပ်စည်း၌ မသွင်းရ လေသည်။
လက္ခဏရုပ် ၄-ခုတို့သည်ကား ကလာပ်တို့၏ ဥပါဒ်အခိုက်, ဌီအခိုက်, ဘင်အခိုက်ကို မှတ်ကြောင်းမျှသာ ဖြစ်ကုန်သည်၊ ထို့ကြောင့် ကလာပ်စည်း၌ မသွင်းရလေသည်။ သင်္ဂြီုပရမတ္ထဝိနိစ္ဆယ၊ နာမရူပ ပရိစ္ဆေဒ။
[ကလာပါနံပရိစ္ဆေဒ၊ လက္ခဏတ္တာ ဝိစက္ခဏာ၊ နကလာပင်္ဂမိစ္ဆာဟု၊ အာကာသံ လက္ခဏာနိ စ။။ ၎င်း။]
ဤ၌ အာကာသဓာတ်မှာ သင့်မြတ်၏၊ လက္ခဏရုပ် ၄-ခုမှာ ထိုအကြောင်းမသင့်၊ ကလာပ်တို့၏ အခိုက်အတန့်ကို မှတ်ကြောင်းသည် လက္ခဏရုပ်ဖြစ်သကဲ့သို့ ကလာပ်တို့၏ အခိုက်အတန့် ဝိကာရသည် ဝိကာရ ရုပ်ဖြစ်သည်၊ ထို့ကြောင့် ဝိကာရရုပ် ၅-ခုတို့သည်လည်း ကလာပ်၌ မဝင်သင့်သည်ဖြစ်ကုန်ရာသည်၊ နေရာကျမှာမူကား ဧကုပ္ပါဒ စသော သဟဝုတ္တိအင်္ဂါပင် မရှိကုန်ငြားသော်လည်း ဝိကာရရုပ် ၅- ခုတို့သည် ကလာပ်ကို ကွဲပြားအောင် အထူးပြုနိုင်ပေကုန်သည်၊ လက္ခဏရုပ် ၄-ခုတို့မှာမူကား ကလာပ်တိုင်းမှာ ပါရလျက်ရှိလေသောကြောင့် ကလာပ်တို့ကို ကွဲပြားအောင် အထူးမပြုနိုင်ပေကုန်၊ ထိုကြောင့် ကလာပ်စည်း၌ မပါကုန်သည်။ [ငါတို့အလို။]
ကလာပ်စည်း၌မသွင်းရသောတရားများ ပြီး၏။
---ကလာပ်စည်း၌ ပါဝင်သည့်ရုပ်များ ပွားနည်း
ခေါက်၍မေးသော် [ရုပ်သေး တရာရ၏]
[ရုပ်သေး တရာရ၏] ဟူသော ရှေးစကား၌ ရုပ်သေး ၁၀၀-တွက်နည်းကို ဓာတုကထာ, အနုဝဏ္ဏနာကျမ်း, သင်္ဂြီုဟ် နိသျဟောင်း, အကောက်ဟောင်း, အဓိပ္ပါယ်ဟောင်းများ၌ ထုံးမှာ သုဒ္ဓဋ္ဌကကလာပ် ၈-ခုရှိသည်၊ ၎င်းကို လက္ခရုပ် ၄-ခုနှင့် မြှောက်သော် ၃၂-ဖြစ်၏၊။ အဋ္ဌကလာပ်ရင်း ရုပ် ၈-ခု၌အကြား ၇-ခုသည် အာကာသဓာတ် ၇-ခု၊ ပေါင်းသော် ၃၉-ခုဖြစ်၏၊။ အသစ်ဖြစ်လာသော သဒ္ဒနဝက ကလာပ်မှာလည်း ထို့အတူ မြှောက်ပွားလောင်းစွက်သော် ၄၄-ခုဖြစ်၏၊ ၂-စုပေါင်း ၈၃-ခုဖြစ်၏၊ ၎င်းတွင် မူလကလာပ်ရင်း ၂- ခုကို ရုပ် ၁၇-ပြု၍ထည့်သော် ရုပ်ပေါင်း ၁၀၀-ဖြစ်၏ဟု ဖြေကြကုန်၏။
ရှေး၌ဆိုခဲ့ပြီးသော စိတ္တဇ, ဥတုဇ, အာဟာရဇ ကလာပ်တို့တွင် ကာယဝိညတ္တိ နဝကကလာပ်စသည်တို့၌ ကာယဝိညတ် ဝစီဝိညတ်, လဟုတာ, မုဒုတာ, ကမ္မညတာဟူသော ဝိကာရရုပ်တို့ကို ကလာပ် ၁- ခုတွင် ၁-ခု၁-ခုသာ ရေတွက်ကုန်သည်၊ စိတ္တဇမဟာဘုတ် ၄-ပါးဖြစ်၍ ကာယဝိညတ်သည် ၄-ခု၊ ဝစီဝိညတ်သည် ၄-ခု၊ လဟုတာဒိသည် ၄- ခုစသည်ဖြင့် မရေတွက်ကုန်၊ ထို့အတူ လက္ခဏရုပ်တို့သည်လည်း ကလာပ် ၁-ခုမှာ ၁-ခုစီသာ ရေတွက်သင့်ကုန်သည်၊ ကလာပ် ၁-ခုလုံး၏ဥပါဒ်သည် လက္ခဏရုပ် ၁-ခု၊ ကလာပ် ၁-ခုလုံး၏ဌီသည် လက္ခဏရုပ် ၁-ခု၊ ကလာပ် ၁-ခုလုံး၏ဘင်သည် လက္ခဏရုပ် ၁-ခု၊ ဤသို့သာ ရေတွက်သင့်သည်၊ ဓာတုကထာဋီကာ။
[အရူပါနံ ပန နိဗ္ဗတ္တိအာဒိဘူတာနိ ရူပကလာပ ဇာတိအာဒီနိ ဝိယ သဟုပ္ပဇ္ဇမာန စတုက္ခန္ဓကလာပ နိဗ္ဗတ္တိအာဒိဘာဝတော ဧကေကဘူတာနိ။။၎င်း။]
အာကာသဓာတ်မည်သည်လည်း ဆိုခဲ့ပြီးသည့်အတိုင်း ကလာပ် တို့၏အပိုင်းအခြားသာဖြစ်၍ ကလာပ်တို့၏ ပြင်ဘက်၌သာ ရှိပေသည်၊ တခုသောကလာပ်၏အတွင်း၌ ရုပ်ချင်းချင်းခြားကြသော အာကာသ ဟူ၍ပင်မရှိ၊ ထို့ကြောင့် ပရမတ္ထဝိနိစ္ဆကျမ်း၌လည်း လက္ခဏရုပ် ၄-ခု၊ အာကာသဓာတ်၊ ဤ ၅-ခုတို့ကို ၁-ခု ၁-ခုသော ကလာပ်၌ ၅-ခု ၅- ခုသာ အရံထားလေသည်။
လက္ခဏာ ကာသရူပါနိ၊ ကလာပေသု တဟိံ တဟိံ။
ပဉ္စပေဉ္စတိ ရူပါနိ၊ တိ သတံ သောဠသာဓကံ။။၎င်း
ကလာပ်ပေါင်း ၂၁-စည်းကို အစိတ်စိတ်ဖြေသော် ရုပ်ပေါင်း ၂၁၁- ရသည်၊ ကလာပ် ၂၁-တွင် ၁-စည်း ၁-စည်း၌ ၅-ခုစီ ၅-ခုစီပြု၍ လက္ခဏ, အာကာသပေါင်း ၁၀၅-ခု၊ ၂-စုပေါင်း ၃၁၆-ဖြစ်၏၊ ထို့ကြောင့် ထိုဓာတုကထာ, အနုဝဏ္ဏနာ စသောကျမ်းတို့၌ ရုပ်ပွားနည်းများသည် ချီးမွမ်းဘွယ်မရှိဟုမှတ်။
ကလာပ်စည်း၌ ပါဝင်သည့်ရုပ်များ ပွားနည်း ပြီး၏။
---ကလာပ်အပြားရေတွက်နည်း
ယခုအခါ ကေသ, လောမစသော မြေအစု-၂၀၊ ပိတ္တ, သေမှ စသော ရေအစု-၁၂၊ ပါစကတေဇောစသော မီးအစု-၄၊ ဥဒ္ဓင်္ဂမ ဝါတစသော လေအစု-၆၊ ပေါင်း ၄၂-ခုသော အစုတို့၌ ရထိုက်သည် အားလျော်စွာဖြစ်ကြကုန်သော ရုပ်ကလာပ်တို့ကို အကျဉ်းဆိုအံ့။
၁-အစာသစ်၊ ၂-ကျင်ကြီး၊ ၃-ကျင်ငယ်၊ ၄-ပြည် ဤ-၄ ကောဋ္ဌာသမှာ ဥတုဇအဋ္ဌကကလာပ် ၁-ခုစီသာရသည်၊ ပါစက တေဇောမှာ ဇီဝိတနဝက ကလာပ် ၁-ခုသာရသည်၊ ထွက်သက်, ဝင်သက်မှာ စိတ္တဇ အဋ္ဌကကလာပ် ၁-ခုသာရသည်။။ဧကဇ ၆-ခုပြီး၏။
၁-ချွေး၊ ၂-မျက်ရည်၊ ၃-တံတွေး၊ ၄-နှပ်-ဤ ၄-ကောဋ္ဌာသမှာ ဥတုဇ အဋ္ဌက ၁-ခု၊ စိတ္တဇ အဋ္ဌက ၁-ခုစီရသည်။ ဒွိဇပြီး၏။
၁-ဆံ၊ ၂-အမွေး၊ ၃-ခြေသည်း, လက်သည်း၊ ၄-သွား၊ ၅-အရေထူ၊ ၆-အသား၊ ၇-အကြော၊ ၈-အရိုး၊ ၉-ခြင်ဆီ၊ ၁၀-အညှို့၊ ၁၁-နှလုံး၊ ၁၂-အသည်း၊ ၁၃-အမြှေး၊ ၁၄-အဖျဉ်း၊ ၁၅-အဆုတ်၊ ၁၆-အူမ၊ ၁၇- အူသိမ်၊ ၁၈-ဦးနှောက်၊ ၁၉-သည်းခြေ၊ ၂၀-သလိပ်၊ ၂၁-သွေး၊ ၂၂- အဆီခဲ၊ ၂၃-အဆီကြည်၊ ၂၄-အစေး၊ ၂၅-သန္တာပဓာတ်မီး၊ ၂၆- ဒါဟဓာတ်မီး၊ ၂၇-ဇရာဓာတ်မီး၊ ၂၈-ဆန်လေ၊ ၂၉-စုန်လေ၊ ၃၀- ဝမ်းတွင်းလေ၊ ၃၁-အူတွင်းလေ၊ ၃၂-အကြောလျှောက်လေ၊ ဤ ၃၂- ခုသော ကောဋ္ဌသတို့သည် ကံ, စိတ်, ဥတု, အာဟာရ စတုဇတို့တည်း။
ထိုတွင်မီး ၃-စု၊ လေ ၅-စုဟူသော ၈-စုတို့၌ စိတ္တဇ, ဥတုဇ, အာဟာရဇ အဋ္ဌက ၃-စုစီ၊ ဇီဝိတနဝက ၁-ခုစီ၊ ကြွင်းသောမြေ ၁၈-ရေ၆- စုဟူသော ၂၄-စုတို့၌ စိတ္တဇ, ဥတုဇ, အာဟာရဇ အဋ္ဌက ၃-စုစီ၊ ကာယဒသက, ဘာဝသဒက ၂-စုစီ၊ မံသ၌ စက္ခုဒသက, သောတဒသက, ဃာနဒသက, ဇိဝှါဒသက, ဥတုဇ-စိတ္တ သဒ္ဒနဝက ၂-စုစီ၊ အဋ္ဌကပေါင်း၁၀၉၊ နဝကပေါင်း-၁၁၊ ဒသကပေါင်း-၅၃၊ စုစုပေါင်း-၁၇၃၊ ရုပ်ပေါင်း၁၅၀၁။
(က) တေပညာသ ဒသေကဉ္စ၊ နဝုတ္တရသတာနိ စ။
ဒသကာ နဝကာ စေဝ၊ အဋ္ဌကာ စ သိယုံ ကမာ။
(ခ) သေကပဉ္စသတံ ကာယေ၊ သဟဿန္တံ ပဝတ္တတိ။
ပရိပုဏ္ဏိန္ဒြိယေ ရူပံ၊ နိပ္ဖန္နံ ဓာတု ဘေဒတော။
[သစ္စသံခိပ်။]
(က-ခ) ပရိပုဏ္ဏိန္ဒြိယေ=ပြည့်စုံသော ဣန္ဒြေရှိသော၊ ကာယေ= ကိုယ်၌၊ ဓာတုဘေဒတော=ဓာတ်၄-ပါးလွန်သော ကောဋ္ဌာသတို့၏ အပြားအားဖြင့်၊ ကမာ=အစဉ်အတိုင်း၊ တေပညာသ=၅၃-ခုကုန်သော၊ ဒသကာစ=ဒသက ကလာပ်တို့သည်၎င်း၊ ဒသေကံ=၁၁-ခုသော၊ နဝကာစ=နဝက ကလာပ်တို့သည်၎င်း၊ နဝုတ္တရသတာနိ=၉-ခုလွန်သော ၁၀၀-ကုန်သော၊ အဋ္ဌကာစ=အဋ္ဌက ကလာပ်ရုပ်တို့သည်၎င်း၊ သိယုံ= ဖြစ်ကုန်၏၊ နိပ္ဖန္နံ=နိပ္ဖန္နဖြစ်သော၊ တံရူပံ=ထိုရုပ်သည်၊ သေကပဉ္စသတံ= ၅၀၁-ခုသည်၎င်း၊ သဟဿံ=တစ်ထောင်သည်၎င်း၊ ပဝတ္တတိ=ဖြစ်၏၊ ဤအရာ၌ သန္တာပမီး, ဒါဟမီး, ဇရာဟူသော မီးအစု ၃-ခု၊ ဆန်လေ, စုန်လေ, ဝမ်းတွင်းလေ, အူမတွင်းလေ, အကြောလျှောက်လေ ဟူသော လေအစု ၅-ခု၊ ဤ ၈-ခုတို့၌ ဇီဝိတနဝက ကလာပ်ကိုရအပ်ကြောင်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ မဟာဋီကာ၊ သစ္စသံခိပ်၊ ၎င်းဋီကာ ဟောင်း၊ ၎င်းဋီကာသစ်တို့၌ လာသောကြောင့် ဇီဝိတ နဝက ကလာပ်၏ ကာမဘုံ၌ ရထိုက်ကြောင်းကို သိအပ်၏။
ကလာပ်အပြား ရေတွက်နည်းပြီး၏။
ဤတွင် ကလာပ်စည်း အကြောင်းပြီး၏။
ဤတွင် ရုပ်တို့၏ ဖြစ်စဉ်ကို ဆိုသောအခန်းပြီး၏။
---ရုပ်တို့၏ ချုပ်ပုံ ပြတ်စဲပုံ ၇။ ရုပ်ကလပ်တို့၏ အတိုးအဆုတ် အရွယ်ဖြင့်ပိုင်းခြားပုံ
ယခုအခါ စတုဇရုပ်တို့၏ ချုပ်ရုပ်ပြတ်စဲပုံအစဉ်ကို ဆိုပေအံ့။ ပဋိသန္ဓေ၏ ဌီခဏမှစ၍ မိမိတို့၏ အသက်တမ်းကို ၃-ဖို့ဖို့၍
(၁) ပဌမအဘို့ ဆိုက်သည်တိုင်အောင် အာဟာရလျှင် အဖော် သဟဲရှိသော တစ်ကိုယ်လုံး၌ရှိသော ဓာတ်မီးတို့သည် ဤကိုယ်ကောင်ကို တစ်နေ့တစ်ခြား တိုးပွားစေကုန်၏၊ နယ်ချဲ့ကုန်၏၊ သတ္တဝါမျိုးအား လျော်စွာ လုံးရပ်သဏ္ဌာန် ဖြစ်လာကုန်၏။
ဥတုဇရုပ် ချဲ့တိုင်း ချဲ့လည်း ကမ္မဇရုပ်, စိတ္တဇရုပ်တို့သည် အနှံ့ လိုက်၍ဖြစ်ရကုန်၏။
(၂) ဒုတိယအရွယ်အလယ်ပိုင်းသို့ရောက်လျှင် အတိုးအဆုတ် မျှတကုန်၏။
(၃) တတိယအရွယ်သို့ သက်သောအခါမှစ၍ ထိုအာဟာရနှင့် တကွသော ဓာတ်မီးတို့၏ အစဉ်အတိုင်း အားနည်း၍ အတိုးကား နည်းပါး၊ အဆုတ်သာများသဖြင့် လုံးရပ်သဏ္ဌာန် တဖြည်းတဖြည်း သေးငယ်ကြုံလှီရလေ၏၊
အကျယ်ပြပုံ
ဤအကြောင်းကို ကောင်းကောင်း ထင်လင်းစေခြင်းငှါ အာယု ကပ်တို့၏ ဆုတ်ပုံတက်ပုံနှင့်တကွပြဦးအံ့။။ဗြဟ္မာ့ပြည်တိုင်အောင် တက်လေသော ကမ္ဘာပြုရသည်၊ အစဉ်အတိုင်းလျောကျ၍ အောက် ဗြဟ္မာ့ပြည်၊ နတ်ပြည်တို့ တည်ထောင်ခဲ့၍ မနုဿပြည် တည်ရာအရပ်သို့ ရောက်သောအခါ ဗြဟ္မာတို့သည်စုတေ၍ လူဥပါတ် ဖြစ်လာကြကုန်၏၊ ထိုအခါ မြေ,မြင့်မိုရ်, စကြာဝဠာတောင်, နေ, လ, နက္ခတ်, တာရာဟူ၍ မရှိသေး၊ စကြာဝဠာ ကုဋေတစ်သိန်းသည် တပြင်တည်းသော ရေအပြင် သာဖြစ်၏၊ မှောင်အတိသာဖြစ်၏။
[ဧကောဒကီဘူတံ ခေါ ပန ဝါသေဋ္ဌ တေန သမယေန ဟောတိအန္ဓကာရော၊ သုတ်ပါထေယျ အဂ္ဂညသုတ်ပါဠိတော်။]
ထိုကမ္ဘာဦးသူ လူဥပါတ်တို့သည်ကား
(က) ဗြဟ္မာတို့ကဲ့သို့ တန်ခိုးဣဒ္ဓိပါဒ် ရှိကုန်၏၊
(ခ ) ပကတိ ကိုယ်ရောင်တို့သည်လည်း နေရောင်, လရောင် ကဲ့သို့ ရှိကုန်၏၊
(ဂ ) စျာန်ကို ပွားများသော စျာနပီတိကို အစာအာဟာရ ပြု၍
(ဃ) ကောင်းကင်ပြင်၌ ဣရိယာပုထ် လေးပါးတို့ဖြင့် ချမ်း သာစွာ နေကြကုန်၏၊
(င) နှစ်ပမာဏအားဖြင့် အသင်္ချေ အသင်္ချေ မရေတွက်နိုင် အောင်ပင် ရှည်ကြာ၏၊
တေစဟောန္တိ မနေမယာ ပီတိဘက္ခာ သယံပဘာ အန္တလိက္ခ စာရိနော စ သုဘဋ္ဌာယိနော ဒီဃမဒ္ဓါနံ တိဋ္ဌန္တိ။
[၎င်းပါဠိတော်။]
ဤသူတို့ကား ဗြဟ္မာတို့ကဲ့သို့ အလွန် စင်ကြယ်ကြပေကုန်၏၊ ကာလရှည်လတ်သော် စကြာဝဠာ ကုဋေ တစ်သိန်းနှင့်အမျှ တပြင်တည်း တည်သော ရေပေါ်၌ မဟာလှေကားပန်း အဆင်းကဲ့သို့, ထိန်ထိန် ဝါဝင်းသော အဆင်းရှိသော နတ် ဩဇာကဲ့သို့, မွှေးကြိုင်သော အနံ့ရှိသော ပျားလဘို့အရသာကဲ့သို့ အလွန်ချိုမြိန်သော အရသာရှိသော မြေဆီလွှာ သည် ရေအပြင်အားလုံးကို ဖုံးပိတ်၍ ပေါ်ပေ၏။
[ဝေရဉ္စကဏ္ဍ ပါဠိတော်များကိုထောက်သော် ထိုမြေဆီမြေလွှာသည် ယခုလည်း မြေအောက်အပြင်ရေပေါ်တွင်ရှိသည်ဟုယူအပ်၏၊]
ထိုအခါ အချို့သောသူတို့သည် အဆင်းအနံ့တို့၌ သာယာသဖြင့် ထိုမြေဆီကို လက်ညှိုးဖြင့်ယူ၍ လျှက်ကြကုန်၏။
အဆင်း,အနံ့တို့၌ သာယာသော တဏှာသည် ကမ္ဘာတွင် ကိလေသာဖြစ်ထွန်းရန်, အလုံးဖြစ် ဆုတ်ယုတ်ရန် အစပေတည်း၊ ထို မြေဆီသည် လျှာဖျား၌ တင်ကာမျှဖြင့်ပင် အကြောနှစ်ထောင်စိမ့်၏၊ ဇိဝှါဂ္ဂေဌပိတမတ္တာယ သတ္တ ရသဟရဏီ သဟဿာနိ ဖရိတွာ မနာပါ ဟုတွာ တိဋ္ဌတိ။
[အဂ္ဂညသုတ်အဋ္ဌကထာ။]
ထိုအခါ ထိုမြေဆီ၌တပ်သော တဏှာသည် တည်၏၊ ထိုသူတို့ကို မြင်၍အများလူတို့ပင် လျှက်ကြကုန်၏၊ နောက်အခါလျှက်ရုံနှင့် အာသာမပြေကြကုန်မူ၍ အလုပ်အလွေ့ပြု၍ သုံးဆောင်ကြကုန်၏၊ ကိုယ်ရောင် ကိုယ်ဝါတို့သည် တဖြည်းဖြည်းဆုတ်ယုတ်လေကုန်၏၊ ရှည်လတ်သော် ကိုယ်ရောင်ကိုယ်ဝါတို့သည် ကွယ်လေကုန်၏၊ မြေ အောက်၌ အနန္တစကြာဝဠာတိုင်အောင် တပြင်တည်းတည်သော အထု ယူဇနာ ၄-သိန်း ၈-သောင်းရှိသော ကမ္ဘာခံရေကား ရေငံတည်း၊ ကမ္ဘာ ပြုမိုးရေကား ရေချိုတည်း၊ ထိုရေချိုသည် ကုန်ခန်းမည်ပြုသောအခါ ရသပထဝီမြေဆီ ဖြစ်လာသတည်း။
မဓုရောဒကံ ပရိက္ခယံ ဂစ္ဆမာနံ ဥပရိ ရသပထဝိံ သမုဌာပေတိ။ [ဝိသုဒ္ဓိမဂ်။]
[ပါဠိတော်၌ ဥပပါတ်လူတို့ဖြစ်လာ၍ ကြာမြင့်မှ ရသပထဝီမြေဆီဖြစ်လာ သည်ဟူ၍ လာ၏၊ ဝိသုဒ္ဓိမဂ်၌ကား မြေဆီဖြစ်ပြီးသောအခါမှ ဥပပါတ်လူတို့ဖြစ်လာ သကဲ့သို့ နေ၏၊ မြေကြီးမှာမူကား အဘယ်အခါဖြစ်သည်ဟူ၍ တိုက်ရိုက် မလာ၊ ဝိသုဒ္ဓိ မဂ်၌ကားမြေပေါ်ပြီးမှ မြေဆီဖြစ်သကဲ့သို့လာ၏၊ ပါဠိတော်၌ကား စကြဝဠာ ကုဋေ တစ်သိန်းတိုင်အောင် တပြင်တည်း တည်နေသော ရေပြင်ပေါ်မှာ ရသပထဝီမြေ ဆီဖြစ် သည်ဟု လာ၏၊“ရသပထဝီ ဥဒကသ္မံ သမတာနိ “ ပါဠိတော်၊]
ဤရသပထဝီသည်ပင် အသင်္ချေအသင်္ချ မရေတွက်နိုင်အောင် ကြာမြင့်စွာတိုးပွား၍ မဟာပထဝီ, မြင့်မိုရ်တောင်, စကြဝဠာတောင်, ဟိမဝန္တာတောင်စသော အဆောက်အဦးတို့ဖြစ်လာသည်ဟု ယူရန် ရှိသည်၊ ထိုကမ္ဘာဦးသူတို့ ကိုယ်ရောင်ကိုယ်ဝါ ကွယ်ပရာတွင်မှ ကမ္ဘာ့ တန်းဆာ ဓမ္မတာအားဖြင့် တခုတခုသော စကြဝဠာတိုက်၌ ဖြစ်မြဲ တိုင်းသော နေဗိမာန်, လဗိမာန်, နက္ခတ်, တာရာအပေါင်းတို့သည် ပေါ်လာကုန်၏။
[ဝိသုဒ္ဓိမဂ်၌ကား တပေါင်းလပြည့်နေ့တွင် မြင့်မိုရ်တောင်, စကြဝဠာတောင်, စကြဝဠာတောင်, နေ, လ, နက္ခတ်, တာရာတို့သည် တပြိုင်နက်ပေါ်ကုန်သည်-ဟူ၏၊ ပါဠိတော်၌ မြင့်မိုရ်, စကြဝဠာ, ဟိမဝန္တာများကို နေ, လ, နက္ခတ် တာရာတို့နှင့် အတူပေါ်သည်-ဟုမလာသောကြောင့်၎င်း၊ မြေနှင့်စပ်သော မြင့်မိုရ်, သတ္တရဘန်, စကြဝဠာ, ဟိမဝန္တာများသည် မြေနှင့်သာ အဖြစ်အပျက် တွဲဖက်သင့်လေသောကြောင့်၎င်း၊ နေ, လ, နက္ခတ်, တာရာတို့ မပေါ်မီပင် မြင့်မိုရ်, သတ္တရဘန်, စကြဝဠာ, ဟိမဝန္တာများတို့ ပေါ်စပြုကုန်သည်ဟု ယူရန်ရှိသည်။]
ဤ၌ ရသပထဝီ မြေဆီကိုစားကြ၍ ကိုယ်ရောင်ကိုယ်ဝါ တဖြည်း ဖြည်း ဆုတ်ယုတ်သည်ကို သိရသဖြင့် ထိုသူတို့၏ သဏ္ဌာန်ကို ပြုသော ဓာတ်မီးသည် တရွေ့ရွေ့အားအင်ဆုတ်ယုတ်၍ အသက်တမ်းလည်း တရွေ့ရွေ့ ဆုတ်ယုတ်သည်ကို သိအပ်လေသတည်း၊ ပရမတ္ထဓမ္မအရာ၌ သိမ်မွေ့သည်၊ အလွန်သိမ်မွေ့သည်၊ အလွန်ထက် အလွန်သိမ်မွေ့ သည်ကို အားရှိခေါ်သည်၊ ကြမ်းသည်၊ အလွန်ကြမ်းသည်၊ အလွန် ထက်အလွန်ကြမ်းသည်ကို အားနည်းခေါ်သည်၊ ထိုသူတို့သည် ပီတိ စျာန်ကို အာဟာရပြုသောအခါ ဓာတ်မီးသည် လူ၌ အထွတ်အထိပ် သိမ်မွေ့သည်၊ မြေဆီကိုစားကြသောအခါ အာဟာရကြမ်းသည်နှင့် ဓာတ်မီးလည်း အဆင့်ဆင့်ကြမ်းလေသည်၊ ဓာတ်မီးအဆင့်ဆင့်အား ပြော့လေသောကြောင့် ဥတုဇရုပ်, အာဟာရဇရုပ်တို့၌ တည်ရသော ဇီဝိတိန္ဒြေအစဉ်သည် တရွေ့ရွေ့တိုရလေသည်၊ အသင်္ချေရှည်ကြီး, အသင်္ချေရှည်ငယ်ဖြစ်၍ ကုန်တော့သည်။
ဤသို့ အသက်တမ်းရှည်သည်, တိုသည်,တက်သည်, ဆုတ်သည် ဟူရာတို့၌ ရှေးကံဟောင်းသည် ပဓာနမဟုတ်၊ အဇ္ဈတ္တဩဇာ, ဗဟိဒ္ဓဩဇာ ဟူသော ဓာတ်ဆီနှင့် အဇ္ဈတ္တဓာတ်မီး, ဗဟိဒ္ဓဓာတ်မီးတို့သည်သာ ပဓာနဖြစ်ကြပေကုန်သည်၊ ထိုဓာတ်ဆီ ၂-မျိုး၊ ဓာတ်မီး ၂-မျိုးတို့ အဆင့်ဆင့် သိမ်မွေ့သဖြင့် အားအင်တိုးတက်၍သွားလျှင် အသက်တမ်း တိုးတက်သည်၊ အဆင့်ဆင့် ကြမ်းတမ်းသဖြင့် အားအင်ဆုတ်ယုတ်၍ သွားလျှင် အသက်တမ်း ဆုတ်ယုတ်သွားသည်၊ ဓာတ်ဆီ, ဓာတ်မီးတို့၏ အားရှိ, အားမဲ့ ဖြစ်ရသည်မှာလည်း သတ္တဝါအများနှင့် ဆက်ဆံသော ဒုစရိုက်, သုစရိုက်သည်ပင် အကြောင်းရင်းပေတည်း။ သတ္တဝါအများ၌ ဖြစ်ကြသော ဒုစရိုက်ကံသည် မြေ, ရေ, တော, တောင်အစရှိသော ဩကာသလောကဓာတ်ကို ချောက်ချားခေါင်းပါးစေနိုင်သည်၊ အနည်း ငယ်သော သူတော်ကောင်းတို့၏ သုစရိုက်မှုသည် မထွန်းကားနိုင်၊ ထို့အတူ သတ္တဝါအများ၌ဖြစ်ကြသော သုစရိုက်ကံစုသည် ဩကာသ လောကဓာတ်ကို ရွှမ်းစိုဆူဖြိုးစေနိုင်သည်၊ အများ၏အတွင်း၌ အနည်း ငယ်မျှသော မသူတော်တို့၏ ဒုစရိုက်မှုသည် မထွန်းကားနိုင်။
ချောက်ချားခေါင်းပါးသော ဩကာသလောကမှဖြစ်သော သစ်ပင်, ချုံနွယ်, မြက်, ကောက်, စပါး, ပဲမျိူးစသော သင်္ခါရလောကတို့သည်လည်း ချောက်ချားခေါင်းပါးကုန်တော့သည်၊ ချောက်ချားခေါင်းပါးသော ဩကာသလောက, သင်္ခါရလောကမှ ဓာတ်ဆီ, ဓာတ်မီးတို့နှင့်ကြီးပွား ရသော လူဟူသော သတ္တလောကသည်လည်း ချောက်ချား ခေါင်းပါး လေတော့သည်၊ တိရစ္ဆာန်တို့လည်း လူအားလျော်စွာ အတိုးအဆုတ်ဖြစ် လေတော့သည်၊ နတ်, ဗြဟ္မာ, ငရဲ, ပြိတ္တာတို့မှာမူကား ဩကာသလောက, သင်္ခါရလောကမှဖြစ်သော ဓာတ်ဆီ, ဓာတ်မီးတို့ကို အားကြီးစွာ မှီရ သည်နှင့် ထိုသူတို့၏သဏ္ဌာန်ကို ဩကာသလောက, သင်္ခါရလောကတို့ များစွာအထူးမပြုကုန်၊ ရွှမ်းစိုဆူဖြိုးသော ဖက်မှာလည်းပြန်၍ သိပါလေ။
ဤကမ္ဘာဦးအခါ၌ အသက်အသင်္ချေအကျိုးပေးမည့်ကံသည် တစ်ရာတမ်း, ဆယ်နှစ်တမ်းမှာမှ ပေးလေရမူ အသက်တစ်ရာ, အသက် ဆယ်နှစ်မျှသာ ရှည်စေနိုင်သည်၊ တစ်ရာတမ်း, ဆယ်နှစ်တမ်း၌ အနှစ် တစ်ရာ, အနှစ်တစ်ဆယ်ရှည်စေနိုင်မည့် ကံသည် အသင်္ချေတမ်းမှာမှ ပေးလေရမူ အသက်အသင်္ချေ ရှည်စေနိုင်သည်။
ထို့အတူ အသင်္ချေတမ်း၌ လေးကျွန်းလုံးကို အစိုးရသော စင်္ကြာမင်း အဖြစ်ကိုပေးမည့်ကံသည် ယခုပေးလေရမူ ယခုရှိကြသော မင်းများ အနေသာ ပေးနိုင်သည်၊ အသင်္ချေတမ်း၌ ကုဋေတစ်ရာ ကြွယ်ဝသော သူဌေးအဖြစ်ကို ပေးမည့်ကံသည် ယခုပေးလေရမူ စားရ, ဝတ်ရ, မျှတနိုင်ရုံသာ ပေးနိုင်သည်။
ဤသို့လျှင် အများနှင့်ဆိုင်သော အသက်တမ်း, လုံးရပ်သဏ္ဌာန် တို့၏ အတိုး, အဆုတ်များ၌ အသီးအသီးသော မိမိတို့၏ ရှေးကံဟောင်း သည် အရာမဟုတ်၊ အစဉ်အဆက် အများလေ့ကျက်သော သုစရိုက်, ဒုစရိုက်မှုတို့၏ တိုးခြင်း, ဆုတ်ခြင်းလျှင် အရင်းရှိသော အဇ္ဈတ္တ, ဗဟိဒ္ဓ ဓာတ်ဆီ၊ အဇ္ဈတ္တ, ဗဟိဒ္ဓဓာတ်မီး ၂-ပါးတို့၏အားတိုးခြင်း, အားဆုတ်ခြင်း သည်သာ ပမာဏဖြစ်ပေသတည်း၊ ဤအကြောင်းကိုမူကား မြတ်စွာ ဘုရားတို့၏ ကံတော်ကိုမြင်၍ ထင်ရှားသိသာပေသည်။
ဝိပဿီအာဒယော ပန သဗ္ဗေပိ ဗောဓိသတ္တာ မေတ္တာ ပုဗ္ဗဘာဂေန သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိက စိတ္တေန မာတုကုစ္ဆိသ္မိံ ပဋိသန္ဓိံ ဂဏှိံသု၊ တေနစိတ္တေနဂတိယာ အသင်္ချေယျံ အာယု၊ ဣတိ သဗ္ဗဗုဒ္ဓါအသင်္ချေယျာ ယုကာ၊ တေ ကသ္မာ အသင်္ချေယျံ န အဋ္ဌံသု၊ သတုဘောဇနဝိပတ္တိယာ၊ ဥတုဘောဇနဝသေန ဟိ အာယုဟာယတိ ပိ ဝဍ္ဎတိပိ။ [မဟာပဒါနသုတ်အဋ္ဌကထာ။]
ဝိပဿီအာဒယော=ကုန်သော၊ သဗ္ဗေပိ=အလုံးစုံလည်းဖြစ် ကုန်သော၊ ဗောဓိသတ္တာ=တို့သည်၊ မေတ္တာပုဗ္ဗဘာဂေန=မေတ္တာစျာန်၏ ရှေးအဖို့ဖြစ်သော၊ သောမနဿသဟဂတ ညဏသမ္ပယုတ္တ အသင်္ခါရိက စိတ္တေန=ဖြစ်၊ မာတုကုစ္ဆိသ္မံ=၌၊ ပဋိသန္ဓိံ=ကို၊ ဂဏှိံသု=ယူကြကုန်ပြီ၊ တေနစိတ္တေန=ထိုစိတ်ဖြင့်၊ ပဋိသန္ဓိယာ=ကို၊ ဂတိတာယ=ယူအပ် သည်ရှိသော်၊ အာယု=အသက်သည်၊ အသင်္ချေယျံ=အသင်္ချေရှည်နိုင်၏၊ ဣတိ=ထို့ကြောင့်၊ သဗ္ဗေဗုဒ္ဓါ= အလုံးစုံသော မြတ်စွာဘုရားတို့သည်။
အသင်္ချေယျာယုကာ=အသင်္ချေအသက်ရှည်ရန် ရှိကြပေကုန်၏၊ တေ=ထိုမြတ်စွာဘုရားတို့သည်၊ ကသ္မာ=အဘယ်ကြောင့်၊ အသင်္ချေယျံ= အနှစ်အသင်္ချေပတ်လုံး၊ န အဋ္ဌံသု=မတည်နိုင်ကြပေကုန်သနည်း၊ ဥတုဘောဇန ဝိပတ္တိယာ=ဥတုဟူသော ဓာတ်မီး ၂-ပါး, အစာ အာဟာရ တွင်ပါသော ဩဇာဟူသော ဓာတ်ဆီတို့၏ ချောက်ချားခေါင်းပါးခြင်း ကြောင့်၊ နအဋ္ဌံသု=မတည်နိုင်ကြကုန်၊ ဟိ=ထိုစကားမှန်၏၊ ဥတုဘောဇန ဝသေန=ဥတု, ဘောဇဉ်တို့၏အစွမ်းကြောင့်၊ အာယု=အသက်တမ်းသည်၊ ဟာယတိပိ=တရွေ့တရွေ့ ဆုတ်လည်းဆုတ်၏၊ ဝဍ္ဎတိပိ=တရွေ့တရွေ့ တက်လည်းတက်၏။
နောက်ကို သုစရိုက်, ဒုစရိုက်မှချီ၍ အကျယ်ကြီးလာပေ၏၊ ဤအဋ္ဌကထာကြီးကို ထောက်၍ လူတို့၏အသက်တမ်း, လုံးရပ် သဏ္ဌာန်, အရောင်အဆင်းတို့၏ဆုတ်ခြင်း, တက်ခြင်းဖြစ်ရသည်မှာ အသီးအသီး သော မိမိတို့၏ ကံဟောင်းသည် ပမာဏ မဟုတ်၊ အဇ္ဈတ္တ, ဗဟိဒ္ဓဓာတ်မီး ၂-ပါးတို့သည်သာ ပမာဏဖြစ်ပေကုန်သည်။
ဓာတ်မီးပြုသော ဥတုဇရုပ်သည် မီးဇာနှင့် တူသည်၊ ဓာတ်ဆီပြု သော အာဟာရရုပ်သည် ရေနံဆီနှင့်တူသည်၊ ကံဟောင်းပြုသော ကမ္မဇရုပ်သည် မီးတောက်နှင့်တူသည်၊ ၎င်းမီးတောက်၏ အသက်မှာ မီးဇာနှင့်ရေနံဆီသာ ပမာဏဖြစ်သည်၊ သုတ်ဋီကာကြီး၌ကား ဓာတ်ဆီ, ဓာတ်မီးရုန့်ကြမ်းသော အမိ, အဘတို့၏ ဗီဇနိယာမ သဘောကို အကြောင်းပြု၍လည်း အသက်တမ်းကို ဆိုပေ၏၊ ရောက်ရာ အသက် တမ်းမှာပင် တမ်းမပြည့်ကြကုန်သည်လည်း ရှိသည်။ တမ်းကိုကျော်ကြ ကုန်သည်လည်းရှိသည်။။ ဤအကြောင်းများကို နောက်မှဆိုအံ့။
[ဤကား ရသပထဝီဓာတ်မြေဆီကို စားကြကုန်၍ အသက်တမ်းဆုတ်ယုတ် ကုန်သည်ဟူသော ကမ္ဘာ့တန်းဆာဓမ္မတာနှင့်စပ်၍ ရုပ်ကလာပ်တို့၏ အတိုးအဆုပ် အယုတ်အပွားကို ဆိုသောအခန်းပြီး၏၊]
---၈။ အမျိုး ၄-ပါး ဖြစ်ပေါ်လာပုံ မြေဆီမြေသင်းလွှာစသည်အကြောင်း
နှစ်ပေါင်း အသင်္ချေ အသင်္ချေ မြေဆီကိုစား၍ အဆင်းသဏ္ဌာန် အယုတ်, အလတ်, အမြတ်သုံးပါး ထင်ရှားလတ်သော် မထေမဲ့မြင်ပြုခြင်း ဟူသော အတိမာန ပါပတရားသည် အားကြီးစွာပေါ်လာ၍ ဗြဟ္မစိုရ် တရား ဆုတ်ယုတ်လေ၏၊ မြေ, ရေ, လေ, လ, နေ, နတ္ခတ်မှဖြစ်သော ဓာတ်မီးသည် ကြမ်း၍ကြမ်း၍လာ၏၊ ထိုအခါ ထိုမြေဆီသည် အပါ်၌ တရွေ့တရွေ့ ခြောက်သွေ့ခက်မာ၍သွားသဖြင့် စားခြင်း, မျိုခြင်းငှါ မတတ်ကောင်းဘဲ ကွယ်ပလေ၏။
တေသံ ဝဏ္ဏာတိမာနပစ္စယာ မာနာတိမာန ဇာတိကာနံ ရသပထဝီ အန္တရဓာယတိ။ [အဂ္ဂညသုတ်ပါဠိတော်။]
မြေဆီကွယ်ပျောက်လေလျှင် မြေပေါ်၌ အလွန်အဆင်း, အနံ့, အရသာကောင်းမြတ်သော မြေသင်းလွှာ ဖြစ်လာ၏၊ ထိုမြေသင်းလွှာကို အာဟာရပြု၍ နှစ်ပေါင်းအသင်္ချေများစွာနေကြရာ ထိုမြေလွှာသည် စားခြင်းငှါ မတတ်ကောင်းဘဲ ကွယ်ပြန်လေ၏၊ ပဒါလတာမည်သော နွယ်ချိုသည်ဖြစ်ပေါ်လာ၏၊ ထိုနွယ်ချိုကို အာဟာရပြု၍ နှစ်ပေါင်း အသင်္ချေနေကြရာ ထိုနွယ်ချိုသည်စားခြင်းငှါ မတတ်ကောင်းဘဲ ကွယ်ပြန် လေ၏၊ သလေးဆန်သီးသော သလေးတောသည် ဖြစ်ပေါ်လာ၏၊ ရှေးဖြစ်သော မြေဆီ, မြေသင်း, နွယ်ချိုများမူကား နတ်ဩဇာကဲ့သို့ ဝမ်းမှာကြေပျက်၏၊ ဤသလေးဆန်မူကား မပျောက်၊ ကျင်ကြီး, ကျင် ငယ်ကိစ္စဖြစ်လာ၏။
ထိုအခါမှ မိန်းမအဖြစ်နီးသော သူတို့အား ဣတ္ထိဘာဝ ဒသက ကလာပ်နှင့်တကွ ဣတ္ထိသဏ္ဌာန်သည် ဖြစ်ပေါ်လာ၏၊ ယောကျ်ား အဖြစ်နီးသောသူအား ပုမ္ဘာဝဒသက ကလာပ်နှင့်တကွပုရိသသဏ္ဌာန် သည်ဖြစ်ပေါ်လာ၏၊ ထိုအခါမှစ၍ ဃရာဝါသကိစ္စ ဖြစ်လာ၏၊ ကာလ ကြာမြင့်လတ်သော် သလေးဆန်တို့သည် တရွေ့တရွေ့ ကြမ်းတမ်း၍ လာသဖြင့် အခွံဖုံးလာကုန်၏။
အစာကို သိုမှီးကြသဖြင့် သလေးတောဝယ် လုလုယက်ယက်ရှိ ကြရာ အကန့်အကန့်ပိုင်းခြား၍ ဝေကြကုန်၏ အခင်းမှာ တစ်ယောက်က ခိုးယူ၏၊ ခိုးသောသူကိုဖမ်း၍ လက်ဖြင့်၎င်း, အုတ်ခဲဖြင့်၎င်း ရိုက်ပုတ် ကြကန်၏၊ ဤခါတွင် အဒိန္နာဒါန်ပေါ်လာ၏။
လက်ဖြင့်ရိုက်ခြင်း, အုတ်ခဲဖြင့်ပစ်ခြင်း, တုတ်လှံတံဖြင့် ရိုက်ခြင်း ဟူသောကာယကံမှုအကြမ်းကဲ့ရဲ့ရှုတ်ခြင်း, မုသားဆိုခြင်းအစရှိသော ဝစီကံမှုအကြမ်းတို့သည် ပေါ်လာကုန်၏၊ သလေးစပါးတို့သည်လည်း စိုက်ပျိုးမှသာ ဖြစ်လာကုန်၏၊ ဤအခါငါတို့ဘုရားအလောင်တော်ကြီးကို မဟာသမ္မတမင်းသမုကြကုန်၏၊ ထိုမဟာသမ္မတမင်းကြီး၏ အဆုံးအမကို ခံယူကြရသဖြင့် အဒိန္နဒါန်, မုသာဝါဒစသော ဒုစ္စရိုက်ကြမ်းတို့သည် ငြိမ်းကြပြန်၏။
မင်းမျိုး မင်းနွယ်ဟူသော ခတ္တိယမဏ္ဍလ, တောထွက်၍ စျာန် သမာပတ်နှင့်နေကြသော သူတော်ကောင်းနွယ်ဟူသော ဗြဟ္မဏ မဏ္ဍလ, မိမိကိုယ်ပိုင်ဥစ္စာနှင့် လုပ်ကိုင်၍ အသက်မွေးကြသော အသည်မျိုး ဟူသော ဝေဿမဏ္ဍလ, အခစားအငှါးရမ်းလုပ်ကိုင်၍ အသက် မွေးကြ သော သူဆင်းရဲမျိုးဟူသော သုဒ္ဒမဏ္ဍလ ဤအမျိုး ၄-ပါးသည်လည်း ဖြစ်လာ၏။
နောက်ကာလ ရှည်လတ်သော် စျာန်မာပတ်နှင့် နေနိုင်သော ဗြဟ္မဏမျိုး ဆုတ်ယုတ်၍ စျာန်မာပတ် အလုပ်ကိုမပြုနိုင်ကြဘဲ ဗေဒင် ကျမ်းပြုအလုပ်နှင့်မြို့, ရွာ,နိဂုံးသို့ ကပ်၍နေကြသော ဗြဟ္မဏတို့သည်သာ ဖြစ်လာကုန်၏၊ နောက်ကာလရှည်လတ်သော် သား မယား မွေးမြူသော ဂဟဋ္ဌဗြာဟ္မဏတို့သည် ဖြစ်လာကုန်၏၊ ဤကား သုတ်ပါထေယျ အဂ္ဂည သုတ်၌ ဟောတော်မူသောအစဉ်ပေတည်း။
မြေဆီမြေသင်းလွှာ စသည်အကြောင်းပြီး၏။
---ဗြာဟ္မဏတို့၏အကြောင်း
ဤတွင် သုတ္တနိပါတ်ပါဠိတော် ဗြာဟ္မဏဓမိယ သုတ်၌လာသော ဗြဟ္မဏတို့၏အကြောင်းကို ဆိုလိုက်ပေအံ့။။ ရှေးအစ၌တောထွက်၍ စျန်သမာပတ်အလုပ်နှင့်သာ နေကြကုန်သည်၊ ကာလရှည်လတ်သော် သိက္ခာ သီလကိုသာ ထိန်း၍ ဗေဒင်ကျမ်းပြုအလုပ်နှင့် မင်းဆရာ, စိုးဆရာ, မြို့ဆရာ, ရွာဆရာဖြစ်ကြ၍ လူအပေါင်းတို့ကို ဒါနမှု, ဥပုသ်မှု, သီလမှု, ဗြဟ္မစိုရ်တရားတို့ဖြင့် ဆုံးမ၍ နေကြကုန်သည်၊ ကာလရှည်လတ် သော် လေးဆယ့်ရှစ်နှစ်မျှသာ ငယ်ဖြူသိက္ခာကိုထိန်း၍ လေးဆယ့်ရှစ်နှစ် ကျော်လျှင်ဇာတ်တူသားမယားနှင့်နေကြကုန်သည်၊ ထိုအခါ ယဇ်ခေါ် သော အလှူကြီးငယ်တို့၌ အသက်သတ်ခြင်းမရှိ၊ အလွန်စင်ကြယ်ကြ ပေသည်။
ပါဠိတော် နောက်ပိုင်းကို အနက်ဆိုလိုက်အံ့။။ ယာသု=အကြင် နွားတို့၌၊ ဩသဓာ=ငါတို့အသက်ရှည်နိုင်ရန် ထောပတ်, ဆီဦးဟူသော ဆေးတို့သည်၊ ဇာယန္တိ=ဖြစ်ပေကုန်၏၊ ဧတာဂါဝေါ=ထိုနွားသတ္တဝါ တို့သည်၊ နော=ငါတို့၏၊ မာတာယထာ=အမိနှင့်လည်းတူမျှ၏၊ ပိတာ ယထာ=အဘနှင့်လည်းတူမျှ၏၊ ဘာတာယထာ=အစ်ကိုရင်း, ညီရင်း နှင့်လည်း တူမျှ၏၊ အညေဝါပိစ=တစ်ပါးလည်းဖြစ်ကုန်သော၊ ဉာတကာ ယထာ=ဘကြီး, ဘထွေးစသော ဆွေမျိုးတို့နှင့်လည်းတူမျှကုန်၏၊ ပရမာ မိတ္တာ=ခင်ပွန်းမြတ်လည်းဖြစ်ပေကုန်၏။
ဧတာ=ထိုနွားတို့သည်၊ နော=ငါတို့အား၊ အန္နဒါစ=အစာထမင်း ကိုလည်းပေးကြကုန်၏၊ ဗလဒါစ=ကိုယ်အား, ဉာဏ်အားကိုလည်း ပေးကြကုန်၏၊ ဝဏ္ဏဒါစ=အဆင်းအရောင်ကိုလည်း ပေးကြကုန်၏၊ သုခဒါစ=ချမ်းသာအမျိုးမျိုးကိုလည်း ပေးကြကုန်၏၊ ဧတံအတ္ထဝသံ= ဤသို့သော ကောင်းကျိုးကျေးဇူးအထူးတွေကို၊ ဉတွာ=သိမြင်ကြကုန်၍၊ တေ=ထိုရှေးသူ ဟောင်းတို့သည်၊ အဿု=စင်စစ်၊ ဂါဝေါ=နွားတို့ကို၊ နဟနိံသု=သတ်ပုတ်ညှင်းပန်းခြင်းကို မပြုကြပေကုန်။
ကာလ ရှည်လတ်သော် သာကီဝင်နွယ်တွင် အစ ဥက္ကာမုခမင်း၊ ထိုမင်း၏အဘကား တတိယ ဩက္ကာကမင်း၊ ထိုမင်း၏ အနွယ်တွင် အစမင်းကား ဒုတိယဩက္ကာကမင်း၊ ထိုမင်း၏အနွယ်တွင် အစမင်းကား ပဌမဩက္ကာကမင်း၊ ထိုပဌမဩက္ကာကရာဇ် မင်း လက်ထက်သို့ကျရောက် လေသောအခါ ဥစ္စာစည်းစိမ်၌ မက်မောကုန်သော အဓမ္မပုဏ္ဏားတို့သည် ပေါ်လာကုန်၍ နွား, ကျွဲ, ဆိတ်, ဝက်တို့ကို သတ်၍ ပုဏ္ဏားတို့အား ကျွေးမွေးခြင်း၊ ရွှေ, ငွေ, ဥစ္စာ, ရတနာ, သ္မီးကညာ, နွား, ကျွဲ, ဆင်, မြင်းတို့ကို လှူခြင်းဟူသော ယဇ်အမှုသည် သေသည်၏အခြားမဲ့၌ နတ်ပြည်, ဗြဟ္မာပြည်၌ လျင်စွာ ထုတ်ချောက် ရောက်စေတတ်သော ကောင်းမှုကြီးဖြစ်ကြောင်းကို ဗေဒင်ကျမ်းသစ် ပြုပြီးလျှင် ရှေးကျမ်း ဟောင်းဆို၍ ထိုမင်းအား ဆက်ကြကုန်၏။
ယခုအခါ နွား, ကျွဲ, ကြက်, ဝက် စသော တိရစ္ဆာန်များသည် သစ်သီး, သစ်ရွက်ကဲ့သို့ လူတို့သုံးဆောင်ရန် ဖြစ်လာသည်၊ ထို့ကြောင့် သတ်ပုတ်ညှင်းဆဲသော်လည်း အပြစ်မရှိဟု ဆိုအပ်သောအယူသည် ထိုကျမ်းသစ်မှစ၍ဖြစ်သော မိစ္ဆာအယူပေတည်း။
ယထာ အာပေါ စ ပထဝီ စ၊ ဟိရညံ ဓနဓာနိယံ၊ ဧဝံ ဂါဝေါ မနုဿာနံ၊ ပရိက္ခာရော ဟိပါဏိနံ။
[ပါဠိတော်။]
လူ့လောကကို ကြပ်မ စောင့်ရှောက်ကြကုန်သော လောကပါလ နတ်တို့သည် ထိုအခါမှစ၍ လူ့လောကကို စွန့်ကြကုန်၏၊ ၉၈-ပါးသော ရောဂါဆိုး, အနာဆိုးတို့သည်လည်း ထိုအခါမှစ၍ လူ့လောက၌ ပေါ်လာကုန်၏။
(က) တတော ဒေဝါ ပိတရောပိစ၊ ဣန္ဒော အသူရရက္ခသာ၊ အဓမ္မောဣတိ ပက္ခန္ဒုံ၊ ယံ သတ္ထံ နိပတိ ဂါဝေ။
(ခ) တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ၊ ပသူနဉ္စ သမာရဗ္ဘာ၊ အဋ္ဌ နဝုတိ အာဂမုံ။
[ပါဠိတော်။]
(က) ယံ- ယဒါ=အကြင်အခါ၌၊ ဂါဝေ= နွားတို့၏ကိုယ်၌၊ သတ္ထံ= လက်နက်ကို၊ နိပတိ=ကျစေ၏၊ တတော=ထိုအခါမှ၊ ပဋ္ဌာယ=စ၍၊ ဒေဝါစ= ကာမာဝစရနတ်တို့သည်၎င်း၊ ပိတရောပိစ=ဗြဟ္မာတို့သည်၎င်း၊ ဣန္ဒောစ=သိကြားသည်၎င်း၊ အသူရရက္ခသာစ=အသူရာ,ရက္ခိုသ်တို့ သည်၎င်း၊ လောကော=လူအပေါင်းသည်၊ အဓမ္မော=တရားမကပ်ကြပြီ၊ ဣတိ=ဤသို့စိတ်ပျက်ကြကုန်သည်ဖြစ်၍၊ ပက္ခန္ဒုံ=ဖဲသွားကြကုန်၏။
(ခ) ပုရေ=နွားသတ်သောယောကျ်ားနွားသားစားတို့မပေါ်မီ ရှေးအခါ၌၊ မရှိလျှင်လိုချင်ခြင်းဒုက္ခ၊ အနသနံ=မစားတည့်ရလျှင် စားခြင်ခြင်းဒုက္ခ၊ ဇရာ=အိုချိန်တန်လျှင် အိုရခြင်းဒုက္ခ၊ ဣတိ=သို့၊ တယောရောဂါ=ရောဂါသုံးပါးတို့သည်သာလျှင် အာသုံ=ရှိကြကုန်၏၊ ပသူနံ=နွားတို့ကို၊ သမာရဗ္ဘာဝ=သတ်ပုတ်ညှင်းပန်းကြမှသာလျှင်၊ အဋ္ဌနဝုတိ=အနာမျိုး ၉၈-ပါးတို့သည်၊ အာဂမုံ=လူ၌ပေါ်လာကုန်၏။
နွားသတ်ယောက်ျား နွားသားစားတို့ ပေါ်လာသောအခါမှ ၉၈- ပါးသော အနာရောဂါတို့ ပေါ်လာကြောင်းကို ဟောတော်မူလိုသဖြင့် လည်း ထိုအနာရောဂါတို့ကို ကုစားကြောင်းဖြစ်သော ဆေးကျမ်းများ သည်လည်း ထိုမှစ၍ ဖြစ်သည်ဟု ယူသင့်၏၊ ဤတရားကို ကြားနာရ၍ ငါတို့ မုံရွာလှေကူး၌ နွားသားများကိုပင် ကြဉ်သူများ၏။
[ဤကား ဗြဟ္မဏမဏ္ဍလဟု ဆိုအပ်သော ပုဏ္ဏားနွယ်မှ ဆုတ်ယုတ်ပုံကိုပြသော စကားရပ်တည်း။]
ဗြဟ္မဏတို့၏အကြောင်းပြီး၏။
---မင်းမျိုး အသည်မျိုး သူဆင်းရဲမျိုးတို့ အကြောင်း
ယခုအခါ မင်းမျိုး, အသည်မျိုး, သူဆင်းရဲမျိုးဟူသော အမျိုး သုံးပါးတို့၏ဆုတ်ယုတ်ပုံကို အရင်းကချီ၍ ဆိုအုံးအံ့၊ မဟာသမ္မတ မင်းမှစ၍ ရှေးရှေးသောမင်းတို့သည် ခိုးသူကိုမိလျှင် အရင်းအနှီး ဥစ္စာပေး၍လွှတ်မြဲတည်း၊ ကာလကြာမြင့်လတ်သော် မင်း၏အထံမှ ဥစ္စာကိုရလိုသောသူတို့သည် သူ့ဥစ္စာကိုခိုးကြကုန်၏၊ မင်းတို့လည်း ထိုအကြောင်းကိုသိ၍ နောက်သူခိုး ကိုဆက်လာလေရာ ဥစ္စာမပေးပြီ၊ သတ်လေ၏၊ သတ်သောအခါမှစ၍ ဓားလက်နက် လုပ်ဆောင်၍ ခိုးကြကုန်၏၊ ဥစ္စာရှင်တို့ ဘမ်းမည်ရှိလျှင် သတ်ကြကုန်၏၊ ဤအခါတွင် ဓားလက်နက်နှင့်တကွ ပါဏာတိပါတာမှု ပေါ်လာ၏၊ ဤပါဏာတိပါတ ပေါ်သောအခါမှစ၍ အသက်တမ်း၏ဆုတ်ယုတ်ခြင်းသည် အလွန် မြန်၍လာ၏။
ကာလရှည်လတ်သော် မုသာဝါဒသည် ပေါ်လာ၏၊ ထို့နောက် ရှည်လတ်သော် ကုန်းချောသော ပိသုဏဝါစာသည် အားကြီး၍လာ၏၊ တစ်သောင်းတမ်းမှစ၍ ကာမေသုမိစ္ဆာစာရသည် အားကြီး၍လာ၏၊ ငါးထောင်တမ်းမှစ၍ ဖရုသဝါစာ, သမ္ဖပ္ပလာပတို့သည် အားကြီး၍ လာကုန်၏၊ နှစ်ထောင်ငါးရာတမ်းမှစ၍ အဘိဇ္ဈာ, ဗျာပါဒတို့သည် အားကြီး၍လာကုန်၏ တစ်ထောင်တမ်းမှစ၍ မိစ္ဆာဒိဋ္ဌိသည်အားကြီး၍ လာကုန်၏၊ ငါးရာတမ်းမှစ၍ အဓမ္မရာဂတရား, ဝိသမရာဂတရား, မိစ္ဆာဓမ္မတရားတို့သည် အားကြီး၍ လာကြကုန်၏။
အဓမ္မရာဂေါ တိ မာတာ မာတုစ္ဆာ ပိတုစ္ဆာ မာတုပဂိနီတိ အာဒိကေ အယုတ္တဋ္ဌာနေ ရာဂေါ၊ ဝိသမလောဘောတိ ပရိဘောဂ ယုတ္တေသု ပိ ဒါရေသု အတိဗလဝ လောဘော၊ မိစ္ဆာပရေတောတိ ပုရိသာနံ ပုရိသေသု, ဣတ္ထီနံ ဣတ္ထီသု ဆန္ဒရာဂေါ။ [အဋ္ဌကထာ။]
အဓမ္မရာဂ, ဝိသမလောဘ, မိစ္ဆာပရေတ တရားသုံးပါးတို့၏ အထူးမှာနှစ်ရာ့ငါးဆယ်တမ်းမှစ၍ အမိ၌ မလေးမြတ်ခြင်း၊ အဘ၌ မလေးမြတ်ခြင်း၊ သူတော်ကောင်းတို့၌ မလေးမြတ်ခြင်း၊ မိကြီး, မိထွေး, ဘကြီး,ဘထွေး, အရီးကြီး, အရီးထွေး, ဦးကြီး, ဦးထွေးတို့၌ မလေး မြတ်ခြင်းဟူသော ဤလေးပါးတို့သည် အားကြီး၍လာကုန်သည်၊ တစ်ရာ တမ်း၌ ထိုတရားတို့သည် အတိုင်းထက်အလွန်အားကြီးကုန်၏၊ သာသနာ မရှိသောလူမျိုး၌ သုစရိုက်ဟူ၍ အနည်းငယ်သာရှိတော့သည်၊ ဒုစ္စရိုက်သာ ပြည့်တော့သည်၊ သာသနာထွန်းရာလူမျိုး၌ကား သုစရိုက်ဆယ်ပါး ထင်ရှားရှိပေ၏၊ ဒုစ္စရိုက်ဆယ်ပါးမှာ မိစ္ဆာဒိဋ္ဌိမရှိပေ။
ဆယ်နှစ်တန်းသို့ ရောက်သောအခါ၌ကား သုစရိုက်ဆယ်ပါး သည် လုံးလုံးကွယ်လေ၏၊ ဒုစရိုက်ဆယ်ပါးသည်ကား ထွန်းကားလေ၏၊ ထိုအခါ အမိဟူ၍, သားဟူ၍, အဘဟူ၍, သမီးဟူ၍ အထူးမရှိကြမူ၍ ဃရာဝါသ ကိစ္စမှာ ခွေး, ဝက်, ကြက်, ငှက်တို့နှင့် အတူသာဖြစ်၏၊ တစ်ယောက်နှင့် တစ်ယောက် သတ်ပုတ်ညှင်းပန်းလိုသော ဒေါသစိတ်သည် အခါခပ်သိမ်း တည်၏၊ အစာအဟာရမှာ လူးထမင်းသည် အမြတ်ဆုံးဖြစ်သတည်း၊ ထိုအခါ ကပ်သုံးပါးသင့်၍ သေကြေပျက်စီးကြကုန်၏။
ဤကပ် ၃- ပါးသည် အဘယ်အခါမှစ၍ လောက၌အားကြီးစွာ ပေါ်လာသနည်းဟူမူကား
အဓမ္မရာဂ, ဝိသမလောဘ, မိစ္ဆာဓမ္မ ပရေတဟူသော အယုတ် တရား ၃- ပါးတို့သည် အားကြီးစွာ ပေါ်လာသော် ငါးရာတမ်းမှစ၍ ပေါ်လာသည်၊ ဘုရားလက်ထက်တော်၌ ပုဏ္ဏားတစ်ယောက်သည် ဘုရားအား လျှောက်သည်၊ ရှေးအခါ ဇမ္ဗူဒီပါကျွန်းသည် မြို့, ရွာ, နိဂုံးချင်း အခြားမလပ် ထူထပ်စည်ကားသည်ဟု ကြားဖူးပါသည်၊ အကြောင်းသို့ ပါနည်းဟု လျှောက်လေရာ
ဧတရဟိ ဗြဟ္မဏ မနုဿ အဓမ္မရာဂရတ္တာ ဝိသမလောဘာ ဘိဘူတာ မိစ္ဆာဓမ္မ ပရေတာ။
စသည်ချီ၍ ကပ်သုံးပါးကြောင့် မြို့ရွာနိဂုံးတို့ သုန်း၍ကုန်ကြောင်း ကို တိကင်္ဂုတ္တရပါဠိတော် ဗြဟ္မဏဝဂ်၌ ဟောတော်မူသည်။
လိုရင်းအနက်ကား။ ။ လူသတ္တဝါတို့သည် အဓမ္မရာဂ, ဝိသမလောဘ, မိစ္ဆာဓမ္မ အားကြီးကြကုန်သည်ဖြစ်၍ ရံခါ ရံခါ ရွာလျှင် ရွာခြင်း, မြို့လျှင်မြို့ခြင်း, ပြည်လျှင်ပြည်ခြင်း တိုက်ခိုက်လုယက် သတ်ဖြတ် ကြကုန်သည်၊ မကြာမကြာ အခါခါ ဖြစ်လာသော ဤသတ္ထန္တရကပ်ကြောင့် လည်း မြို့, ရွာ, နိဂုံး အသုန်းများလေသည်၊ ထိုပါပတရား ၃-ပါးကြောင့် ပင်လျှင် ဇမ္ဗူဒီပါအပြင်၌ မိုးခေါင်သဖြင့် ငတ်မွတ်သေကြေပျက်ပြုန်း သော ဒုဗ္ဘိက္ခန္တရကပ်ကြောင့်လည်း မြို့ရွာနိဂုံး အသုန်းများလေသည်၊ ထိုပါပတရား ၃- ပါးကြောင့်ပင်လျှင် လူ့လောကကို မကြည်ညိုကြကုန် သော အအုပ်အချုပ် အကြီးအကဲဖြစ်ကုန်သော နတ်ဘီလူးတို့သည် များစွာသော သူရဲ သံဘက်တို့ကို လွှတ်ကြကုန်၏၊ မြို့နယ်, ရွာနယ်, တိုင်းနယ်, ပြည်နယ်တွင်းရှိသော နတ်တို့သည်လည်း မတားမဆီးမူ၍ မြို့, ရွာ, တိုင်း, ပြည်တို့ကို လွှတ်ထားကြကုန်၏၊ ထိုသူရဲ သံဘက်တို့သည် မြို့တွင်း, ရွာတွင်း, တိုင်းတွင်း, ပြည်တွင်းသို့ ချင်းနင်းဝင်ရောက်၍ အထူးထူးသော ရုတ်တရက်နာတို့ကိုဖြစ်စေ၍ သေသောသူတို့၏ အအူ အသဲကိုစားကြကုန်၏၊ ဤသို့သော ရောဂန္တရကပ်ကြောင့်လည်း ဇမ္ဗူဒီပါ ၌ မြို့, ရွာ, နိဂုံးတို့သည် အသုန်းများကုန်၏။
တေသံ အဓမ္မရာဂရတ္တာနံ ဝိသမလောဘာ ဘိဘူတာနံ မိစ္ဆာဓမ္မ ပရေတာနံ ယက္ခာ ဝါဠေ အမနုေဿ ဩဿဇ္ဇန္တိ။
တေန ဗဟူ မနုဿ ကာလင်္ကရောန္တိ။ [၎င်းပါဠိတော်]
အထက်ပါ လောကပါလနတ်တို့သည် နွားသားကိုစားကြသော ဥပက္ကာကရာဇ်မင်း လက်ထက်မှစ၍ လူ့လောကကို စွန့်ထားကြကြောင်း မှာ ရှေး၌ဆိုခဲ့ပြီ။။ ဤသို့လျှင် ဤကပ် ၃- ပါးသည် ငါးရာတတမ်းမှစ၍ တရွေ့တရွေ့ ထူထပ်ကာ လာသည်၊ ဆယ်နှစ်တမ်းတွင် တကျွန်းလုံးအနှံ့ တပြိုင်နက်ဖြစ်၍ ပျက်ပြုန်းကြလေသည်။
ဤသည်ကား လူသတ္တဝါတို့၌ အသက်တမ်းနှင့်တကွ လုံးရပ် သဏ္ဌာန် အရောင်အဆင်း ဆုတ်ခြင်းတက်ခြင်း ဖြစ်ကြသည်မှာ အသီး အသီးသော မိမိ မိမိတို့၏ ရှေးကံဟောင်းနှင့်မဆိုင်ပေ၊ မျက်မြင် လောက၌ အများအများ ပြုကျင့်ကြသော ဒုစရိုက် သုစရိုက်တရားတို့သည်သာ အရင်းဖြစ်ပေကုန်သည်။
ဤတရားတို့၏ အရှိန်အဝါကြောင့် မြေ ရေ စသော ဩကာသ လောက၊ သစ်ပင်, ချုံနွယ် ကောက်ပဲစသော သင်္ခါရလောက၊ ဤ ၂- ပါးသော မှီရာလောကတို့၌ ဓာတ်ဆီဓာတ်မီးတို့၏ တရွေ့တရွေ့ အားအင် ကုန်ခန်းခြင်း၊ တရွေ့ရွေ့အားအင် တိုးတက်ခြင်း၊ ထိုလောက ၂- ပါးတို့၌ရှိသော ဗဟိဒ္ဓ ဓာတ်ဆီဓာတ်မီးတို့၏ အားကိုအားပြု၍ အကောင် အထည် အစုအခဲဖြစ်နေသော တစ်ကိုယ်လုံး၌ရှိသော ကမ္မဇ ဓာတ်ဆီ ဓာတ်မီး, စိတ္တဇဓာတ်ဆီဓာတ်မီး, ဥတုဇဓာတ်ဆီဓာတ်မီး, အာဟာရဇ ဓာတ်ဆီဓာတ်မီးတို့၏ အားအင်ကုန်ခန်းခြင်း၊ အားအင် တိုးတက်ခြင်း၊ ထိုဓာတ်ဆီ ၅- မျိုး, ဓာတ်မီး ၅-မျိုးတို့ကို မှီတွယ်၍ဖြစ် ရတည်ရသော အသက်ဟူသောဇီဝိတဓာတ်သည်လည်း ထိုဓာတ်ဆီ ဓာတ်မီးတို့နှင့် အတူသာလျှင် တိုးလျှင် တိုးခြင်း၊ ရှည်လျှင်ရှည်ခြင်း ဖြစ်ရခြင်း၊ ထိုသို့ ဖြစ်ရခြင်းကြောင့် အသင်္ချေမှဆယ်နှစ်၊ ဆယ်နှစ်မှ အသင်္ချေဟူ၍ သတ္တလောက၏ ဆုတ်တုံတက်တုံ ဖြစ်ရခြင်းများကို ထင်လင်းစွာပြ ဆိုသော စကားရပ်ပေတည်း။
ကျွန်းသူကျွန်သားအများတို့ တဖွဲ့တစည်းတည်းဖြစ်ကြရသော သာဓာရဏ အခန်းပြီး၏၊
၉။ သက်တမ်းအတိုးအဆုတ်နေရခြင်းအကြောင်း အာယုက္ခယမရဏ
ယခုအခါ ရောက်ရာအသက်တမ်းမှာပင် တမ်းမပြည့်ဘဲသေ ရခြင်း, တမ်းကိုကျော်အောင် နေရခြင်းများကို အကျဉ်းပြဆိုလိုက်အံ့။ ကံပင် အားအင်ရှိသေးသော်လည်း တမ်းသို့လိုက်၍ သေရခြင်းဟူသော အာယုက္ခယမရဏ, တမ်းပင်ရှိသေးသော်လည်း ကံအားကုန်၍ သေ ရခြင်းဟူသော ကမ္မက္ခယမရဏ, တမ်းလည်းပြည့် ကံလည်းအားကုန် ၂-ပါးစုံ၍ သေရခြင်းဟူသော ဥဘယက္ခယမရဏ, တမ်းလည်းရှိသေး လျက် ကံလည်း အားအင်တောင့်တင်းပါသေးလျက် ဥပစ္ဆေဒက ကံတစ်ပါးသည် အတင်းဖြတ်၍သေရခြင်းဟူသော ဥပစ္ဆေဒကမရဏ ဟူ၍ သေရခြင်း ၄-ပါး။။ ရှေးသာဓာရဏ အခန်း တစ်ခန်းလုံးသည် အာယုက္ခယ အချက်ပင်တည်း။
အာယုက္ခယ၌ ကံပင်အားအင် ရှိပါသေးသော်လည်း အသက် တမ်းသို့လိုက်၍ သေရသည်ဟူသော စကားမှာ ဖြစ်မြဲတိုင်းသော ဓာတ်ဆီ ဓာတ်မီးအတိုင်းနှင့် အသက်ထက်ဆုံးသွားကြသောအများတို့ကို ဆိုရင်း ပေတည်း။
တရာတမ်းသူဖြစ်ပါလျက် လူ့ပြည်မှပြောင်းရွှေ့၍ ဘုမ္မစိုးဗိမာန်၌ နေရသဖြင့် အသက်ခုနစ်ရာရှည်ပေသော ဓမ္မပဒအဋ္ဌကထာလာ ဝတ္ထုများကိုထောက်၍အသက်ရှည်လှသော ကျွန်တစ်ပါး, ဘုံတစ်ပါး ပြောင်းရွှေ့ပြန်လည်း မိမိဖြစ်ရာလောက၏ အသက်တမ်းထက် ရှည်နိုင် ကြောင်းကို သိသာပေသည်။။ [တစ်ရပ်]
ဝိဇ္ဇာမယဝိဓိဖြင့် စိရင်လုပ်ဆောင်၍ ထမြောက်သော ပြဒါး ဓာတ်ဆီ, သံဓာတ်ဆီ, ကျောက်ဓာတ်ဆီများကို သုးံဆောင် ဆက်လက် ပါလျှင်လည်း တစ်ရာတမ်းတွင် တစ်ထောင်မကပင် နေရပါ၏။
သက္ကတေဝ ဇရယ ပဋိကမ္မံ ကာတုံ၊ န ပန သက္ကတေမရဏဿ ပဋိကမ္မံ ကာတုံ။ [နေတ္တိပါဠိတော်။]
ရသာယနဘေသဇ္ဇံ ပန သုစိရမ္ပိ ကာလံ ဇီဝိတံ ပဝတ္တေတုံ သက္ကောတိ ယေဝ။ [မဟာဋီကာ။]
အနက်ကား။ ။ ဇရာယ=အိုခြင်းအမှု၏၊ ပဋိကမ္မံ=မအိုရ အောင်ကြံဆောင်ကုစားခြင်းအမှုကို၊ ကာတုံ=ပြုခြင်းငှါ၊ သက္ကတေဝ= တတ်ကောင်းသည်သာလျှင်တည်း၊ မရဏဿပန=သေခြင်း၏ကား၊ ပဋိကမ္မံ=မသေရအောင် ကြံဆောင်ကုစားခြင်း အမှုကို၊ ကာတုံ=ပြုခြင်းငှါ၊ နသက္ကတေ=မတတ်ကောင်း။
မသေရအောင် မတတ်ကောင်း ဟူသည်မှာ အမြဲနေရအောင် မတတ်ကောင်းဆိုလိုသည်၊ မအိုရအောင် တတ်ကောင်းပါ၏ဟူသည်မှာ မသေမီအတွင်း သွားကျိုးခြင်း, ဆံဖြူခြင်း, အရေတွန့်ခြင်း, နားလေးခြင်း, မျက်စိသီခြင်း, အားခွန်ဗလ လျော့ပါးခြင်းများကိုသေခါနီးတိုင် မရှိရ အောင် ကြံဆောင်ခြင်းငှါ တတ်ကောင်းပါ၏ဆိုလိုသည်၊ ဤစကားဖြင့်ပင် မနာရအောင်လည်းတတ်ကောင်း၏ ဟူသောအနက်သည်လည်းပြီးပါ၏။
ရသာယနဘေသဇ္ဇံပန= ရသဓာတ်ကို အရှည်ခိုင်ပွားစေနိုင်သော အာယုဝဍ္ဎနဆေးဝါးများသည်ကား၊ သုစိရမ္ပိကာလံ=အလွန်ရှည်ကြာ သည့်တိုင်အောင်လည်း၊ ဇီဝိတံ=အသက်ကို၊ ပဝတ္တေတုံ=တည်စေခြင်းငှါ၊ သက္ကောဘိယေဝ=တတ်နိုင်သည်သာတည်း။
အနောက်နိုင်ငံမှ ရောက်လာသော သာရကောမုဒိကျမ်း ရသာယနပိုင်းတွင်လာသော ဓာတ်ဆေးစုနှင့်တကွ လောကတွင်ရှိ ကြသောအာယုဝဍ္ဎန အစီအရင်ကြီးများကို ရသာယနဆေး ခေါ်သည်၊ သို့သော်လည်း ဘုရားကဲ့ရဲ့တော်မူသော အလုပ်နှင့် အနှစ်တစ်ထောင် အသက်ရှည်ရသည်ထက် ဘုရားချီးမွမ်းသော အလုပ်နှင့် တစ်ရက်မျှ အသက်ရှည်ရခြင်းသည်သာ မြတ်လှစွာသတည်း၊
ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။
[ဓမ္မပဒ။]
ယောစ=အကြင်သူသည်လည်း၊ ဥတ္တမံ=မြတ်သော၊ ဓမ္မံ= တရားတော်ကို၊ အပဿံ=မရှုဘဲ၊ ဝဿသတံ=အနှစ်တစ်ရာ၊ ဇီဝေ= အသက်ရှည်၏၊ တဿ=ထိုတရားမရှိဘဲ အနှစ်တစ်ရာ အသက်ရှည် သောသူထက်၊ ဥတ္တမံ=မြတ်သော၊ ဓမ္မံ=တရားတော်ကို၊ ပဿတော= ရှုလျက်၊ ဧကာဟံ=တစ်ရက်မျှ၊ ဇီဝိတံ=အသက်ရှည်ရခြင်းသည်၊ သေယျော=မြတ်၏၊
ကမ္မက္ခယ မရဏ စသော ၃-မျိုး
ကမ္မက္ခယ၌ အသက်တမ်း မပြည့်မီပင် ကံကုန်မည် ရှိသော် လည်း စောစောကတင်ကူး၍ ဝုဍ္ဎာပစာယန စသောအမှုများကို ကောင်း ကောင်းပြုနိုင်ပေမူကား နည်းသောကံသည် အားရှိ၍လာသဖြင့် အရှည် တည်နိုင်ရာသေး၏၊။ ဥဘယက္ခယမှာ သိနိုင်ရာပြီ။
ဥပစ္ဆေဒကကံသည်
(၁) မိမိ၏ ဇနကကံထက် အားရှိသော ဥပစ္ဆေဒကကံ,
(၂) ဇနကံနှင့် အားတူသော ဥပစ္ဆေဒကကံ,
(၃) ဇနကကံအောက်အားယုတ်သော ဥပစ္ဆေဒကကံဟူ၍ ၃-ပါး။
အားရှိသော် ဥပစ္ဆေဒကကံသည်လည်း
(၁) သင့်ရုံအားရှိသော ဥပစ္ဆေဒကကံ,
(၂) အလွန်အားကြီးသော ဥပစ္ဆေဒကကံ,
(၃) အလွန်ထက်အလွန်အားရှိသော ဥပစ္ဆေဒကကံဟူ၍ ၃-ပါး၊ [မှတ်၍ထား။]
သမ္ပတ္တိ ဝိပတ္တိ ၂-မျိုး
ဂတိသမ္ပတ္တိ, ဥပဓိသမ္ပတ္တိ, ကာလသမ္ပတ္တိ, ပယောဂသမ္ပတ္တိ ဟူ၍ သမ္ပတ္တိ ၄-ပါး။
ဂတိဝိပတ္တိ, ဥပဓိဝိပတ္တိ, ကာလဝိပတ္တိ, ပယောဂဝိပတ္တိဟူ၍ ဝိပတ္တိ ၄-ပါး။
ဒေဝဂတိ, မနုဿဂတိသည် ဂတိသမ္ပတ္တိမည်၏၊ အပါယ်ဂတိ သည် ဂတိဝိပတ္တိမည်၏၊ အတ္တဘော၏ မပြည့်စုံခြင်းသည် ဥပဓိဝိပတ္တိ မည်၏၊ ကပ် ၃-ပါးလွတ်ကင်းသော ကာလသည် ကာလသမ္ပတ္တိမည်၏၊ မလွတ်ကင်းသော ကာလသည် ကာလဝိမ္ပတ္တိ မည်၏၊ အကျိုးစီးပွား၌ လိမ္မာခြင်းသည် ပယောဂသမ္ပတ္တိမည်၏၊ မလိမ္မာခြင်းသည် ပယောဂ ဝိပတ္တိမည်၏။
သမ္ပတ္တိ ၄-ပါးသည် ကုသိုလ် ကံဟောင်းတို့ကို လွန်စွာချီးမြှောက် ထောက်ပံ့နိုင်၏၊ အကုသိုလ်ကံဟောင်းတို့ကို ဝေးစွာ ကာဆီးနိုင်၏၊ ဝိပတ္တိ ၄-ပါးသည် အကုသိုလ် ကံဟောင်းတို့ကို လွန်စွာချီးမြှောက် ထောက်ပံ့ နိုင်၏၊ ကုသိုလ်ကံဟောင်းတို့ကို ဝေးစွာကာဆီးနိုင်၏။
ဤကားဝိဘင်းပါဠိတော်၌ ကုသိုလ်ကံ, အကုသိုလ်ကံ ၂-ပါးနှင့် သမ္ပတ္တိ ၄-ပါး, ဝိပတ္တိ ၄-ပါးတို့ကိုတွဲ၍ ကံအပြား ၁၆-ပါးဖြစ်အောင် အကျယ် ဟောတော်မူသော အခဏ်းဝယ် အကျဉ်းလိုရင်းပေတည်း။
[မှတ်၍ထား။]
အလွန်ထက် အလွန်အားကြီးသော ဥပစ္ဆေဒကကံ ဖြစ်ပေလျှင် ရှောင်၍ လွတ်ရာသော အခွင့်မရှိ၊ ဘုရားမှသော်လည်း မကပ်နိုင်၊ အရှင်မောဂ္ဂလာန်နှင့် တတိယပါရာဇိက နိဒါန်း၌လာသော ရဟန်း ငါးရာတို့ကို မြော်၊ အသင့်အားရှိသော ဥပစ္ဆေဒကကံ, အလွန်အားရှိသော ဥပစ္ဆေဒကကံတို့ကိုကား ပယောဂသမ္ပတ္တိ အားကောင်းလှလျှင် ကာဆီး နိုင်ပါ၏၊ ဒီဃာဝု သတို့သားကို မြော်။
အကုသိုလ်ကံ ၈- မျိုး
အတ္ထေ ကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဂတိမ္ပတ္တိ ပဋိဗာဠာနိ န ဝိပစ္စန္တိ၊ စသည်၎င်း။
(၁) ဣဓ တထာဂတော ပဇာနာတိ၊ အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဂတိသမ္ပတ္တိပဋိဗာဠှာနိ န ဝိပစ္စန္တိ။
(၂) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဥပဓိ သမ္ပတ္တိပဋိဗာဠှာနိ န ဝိပစ္စန္တိ။
(၃) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ကာလ သမ္ပတ္တိပဋိဗာဠှာနိ န ဝိပစ္စန္တိ။
(၄) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ပယောဂ သမ္ပတ္တိပဋိဗာဠှာနိ န ဝိပစ္စန္တိ။
(၅) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဂတိဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ။
(၆) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဥပဓိဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ။
(၇) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ကာလ ဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ။
(၈) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ပယောဂ ဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ။။ အကုသိုလ်ကံ ၈-မျိုး။
ကုသိုလ်ကံ ၈-မျိုး
(၁) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဂတိသမ္ပတ္တိပဋိဗာဠှာနိ န ဝိပစ္စန္တိ။
(၂) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဥပဓိသမ္ပတ္တိပဋိဗာဠှာနိ န ဝိပစ္စန္တိ။
(၃) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ကာလသမ္ပတ္တိပဋိဗာဠှာနိ န ဝိပစ္စန္တိ။
(၄) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ပယောဂသမ္ပတ္တိပဋိဗာဠှာနိ န ဝိပစ္စန္တိ။
(၅) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဂတိဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ။
(၆) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ဥပဓိဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ။
(၇) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ကာလဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ။
(၈) အတ္ထေကစ္စာနိ ကလျာဏာနိ ကမ္မသမာဒါနာနိ ပယောဂဝိပတ္တိံ အာဂမ္မ ဝိပစ္စန္တိ။ ။ ကုသိုလ်ကံ ၈-မျိုး။ [အဘိဓမ္မာဉာဏဝိဘင်းပါဠိတော်။]
ရှေးရှေးဘဝကာလ၌ ပြုကျင့်ခဲ့သော အကုသိုလ်ကံသည် ယခု ကိုယ်တွင် ထင်ရှားရှိနေပါသော်လည်း ဝိပတ္တိ ၄-ပါးတွင် တစ်ပါးပါး တွေ့ကြုံခိုက်ဖြစ်၍ အကျိုးပေးခွင့်မရ၊ ဝိပ္ပတ္တိလက်လွတ်၍ သမ္ပတ္တိ ၄- ပါးတွင် တစ်ပါးပါး လက်ရှိကြုံမှ အကျိုးပေးနိုင်သည်။ [လိုရင်းအဓိပ္ပါယ်။]
ဤပါဠိတော်ဖြင့်ပင် အကျိုးပေးဆဲဖြစ်သော အကုသိုလ်ကံ ဟောင်း အားကြီးသော ပယောဂသမ္ပတ္တိနှင့် လုပ်ကြံလျှင် လွတ်ငြိမ်း၏၊ အကျိုးပေးဆဲဖြစ်သော ကုသိုလ်ကံဟောင်း အားကြီးသော ပယောဂ ဝိပ္ပတ္တိကို ပြုမိလိုက်စားမိလျှင် ဆုတ်ယုတ်ကွယ်ပျောက်၏ဟူသော သဘောကိုလည်း သိသာသည်။
သမ္ပတ္တိ, ဝိပ္ပတ္တိ ၂-ဖက်ရောသော သူတို့မှာလည်း ပဋိသန္ဓေ အကျိုး, ပဝတ္တိအကျိုးကိုဆောင်သော ကံဟောင်းတို့၏ အားရှိအားမဲ့နှင့် ယခု တွေ့ရှိသော သမ္ပတ္တိ, ဝိပ္ပတ္တိ ၂-ပါးတို့၏ အားရှိအားမဲ့ကို တိုင်းထွာ၍ သိရမည်။
ပရိတ် မေတ္တာ, ဂါထာ မန္တရား, ဆေးဝါး အင်းအိုင်, ပယောဂ, ယတြာမှုများသည်လည်း အင်အားနှင့်တန်ရုံသော ဥပစ္ဆေဒကများကို တားမြစ်နိုင်သော ပယောဂ သမ္ပတ္တိစုပင်တည်း။
တေနဟိ မဟာရာဇ ပရိတ္တ ဘေသဇ္ဇ ကိရိယာ နိရတ္ထကာတိ ယံ ဝစနံ၊ တံ မိစ္ဆာ ဘဝတိ။
[မိလိန္ဒပဥှာပါဠိတော်။]
ဤပါဠိတော်များကို မသိကြကုန်သော သူတို့သည် ဂါထာမန္တရား ဆေးဝါးမှုများကို ကဲ့ရဲ့ကြကုန်၏၊ ဤပယောဂသမ္ပတ္တိ အလွန်များပြား၏၊ ကုသိုလ်မှုပင်ဖြစ်စေ, အကုသိုလ်မှုပင်ဖြစ်စေ ထိုထိုအမှု၌ အမှုအား လျော်စွာ အကျိုးပြီးစီး ဖြစ်ထွန်းလေအောင် ကြံဖန်အားထုတ် လုပ်ဆောင် နိုင်သော အစွမ်းသတ္တိဗျတ္တိသည် ပယောဂသမ္ပတ္တိမည်၏၊ အကုသိုလ်မှု ၌ဖြစ်သော သမ္ပတ္တိမှာမူကား ယခုဘဝတွင် ရွေ့သာ အကျိုးဖြစ်သည်၊ နောက်နောက် ဘဝ၌ကား နစ်မွန်းဖို့သာတည်း။
ဇနကကံနှင့် အားအင်တူမျှသော ဥပစ္ဆေဒကကံစု, ဇနကကံ အောက်အားအင်နည်းသော ဥပစ္ဆေဒက ကံစုမှာမူကား အခွင့်ဆိုက်မှ ပေးနိုင်သည်၊ မဆိုက်လျှင်မပေးနိုင်၊ လျောက်ပတ်သည်ကိုလွှတ်၍ မလျှောက်ပတ်သော ဥတု, ကာလ, ဒေသဌာန, လုံ့လပယောဂ, အာဟာရ စသည်ကို မှီဝဲမိလျှင် အခွင့်ရ၏၊ မမှီဝဲလျှင်မရ၊ မလျောက် ပတ်သည်ကို မှီဝဲကြသည်မှာလည်း လောဘကြောင့်လည်းရှိ၏၊ ဒေါသကြောင့်လည်း ရှိ၏၊ မိစ္ဆာဝါယမကြောင့်လည်းရှိ၏၊ သမ္မာဝါယမကြောင့်လည်းရှိ၏၊ သဒ္ဓါပညာတို့ကြောင့်လည်းရှိ၏၊ သဒ္ဓါပညာထက်သန်လှ၍ အဆမတန် ပြင်းထန်စွာ အားထုတ်သော ပရိယတ္တိအလုပ်, ပဋိပတ္တိအလုပ်များသည် လည်း သပပီဠကကံ, ဥပစ္ဆေဒကကံဟောင်းတို့ အခွင့်ရခြင်း၏ အကြောင်းပင် ဖြစ်သတည်း၊ ထို့ကြောင့် အသက်ရှည်မှု, မာကျန်းမှုတို့မှာ ကောင်းကောင်းလိမ္မာ၍ နေရာကျ အားထုတ်နိုင်သောဉာဏ်, ဝီရိယ သည်သာ ပဓာနပေတည်း။
အချို့သောသူတို့ကား- ကံသာပဓာနဖြစ်သည်။း ပဋိသန္ဓေနေ စဉ်ကပင် သေမည့်နေ့ရက်, သေမည့် အရပ်ဒေသပယော ဂသေချာပြီး ဖြစ်သည်၊ ထို့ကြောင့် အစားမှား၍သေသည်၊ အသွားမှား၍သေသည်၊ အနေမှား၍သေသည် စသည်ဖြင့် ပြောကြသမျှသည် အမှားသာဖြစ် သည်ဟု သန်သန်ယုကြကုန်၏၊ ဉာဏ်, ဝီရီယများသည် ကံစီမံ၍ ကံတိုက်တွန်း၍ ဖြစ်ရသည်ဟု ယူကြကုန်၏၊ ဉာဏ်မရှိသောသူတို့၏ အယူသာတည်း၊ ဤအရာမှာ ငါတို့အထူးပြောဘွယ်မရှိ။
ဝေဒနာဖြစ်ခြင်း၏ အကြောင်း ၈-ပါး
မိလိန္ဒပဥှာပါဠိတော်မှာပင် ဝေဒနာဖြစ်ခြင်း၏အကြောင်း ၈-ပါး, အင်္ဂုတ္တိုရ်ပါဠိတော်အတိုင်း လာပေသည်။
(၁) ဝါတသမုဠာနံ၊လေဓာတ်ပျက်၍ နာခြင်း သေခြင်းတစ်ပါး,
(၂) ပိတ္တသမုဋ္ဌာနံ၊ သည်းခြေပျက်၍ တာခြင်း သေခြင်းတစ်ပါး,
(၃) သေမှသမုဋ္ဌနံ၊ သလိပ်ပျက်၍ နာခြင်း သေခြင်းတစ်ပါး,
(၄) သန္နိပါတိကံ၊ သလိပ်, သည်းခြေ,လေ ၃-ပါးစုံပျက် သန္နိပါတ် ဆိုက်၍ နာခြင်း တစ်ပါး,
(၅) ဥတုဝိပရိဟာရဇံ၊ မိမိကိုယ်ကို မသင့်တင့်စွာ ဆောင်ရွက်ခြင်း ကြောင့်ဖြစ်သော နာခြင်းသေခြင်းတစ်ပါး,
(၆) ဝိသမပရိဟာရဇံ၊ မိမိကိုယ်ကို မသင့်တင့်စွာ ဆောင်ရွက်ခြင်း ကြောင့်ဖြစ်သော နာခြင်းသေခြင်းတစ်ပါး,
(၇) ဩပက္ကမံ၊ မိမိလုံ့လ, သူတပါးလုံ့လနှင့်နာအောင် သေအောင် တမင်အားထုတ်၍ နာခြင်းသေခြင်းတစ်ပါး,
(၈) ကမ္မဝိပါကဇံ၊ ဥပပီဠကကံ, ဥပစ္ဆေဒကကံတို့၏ အတင်း နှိပ်စက်၍ နာခြင်းသေခြင်းတစ်ပါး,
ဤကား နာခြင်း သေခြင်း၏ အကြောင်း ၈-ပါး တည်း၊ မိလိန္ဒ ပဥှာပါဠိတော်၌ ၉-ပါး ကြောင်းပေ ၈-အင်္ဂါတွင်တစ်ချက်, ည-အင်္ဂါတွင် တစ်ချက် အလွန်ကျယ်စွာ လာသည်၊ လိုရင်းကိုသာ ရေးမည်။
ထို ၈-ပါးတို့တွင် ဩပက္ကမသည် အချို့ ရှေးကံကြောင့် ဖြစ်သည်၊ အချို့ရှေးကံကြောင့် မဟုတ်၊ ယခုအမှုသစ်ပင် ဖြစ်သည်။
ဩပက္ကမိကာ မဟာရာဇ ဝေဒနာ အတ္ထိ ကိရိယာ၊ အတ္ထိ ကမ္မဝိပါကာ။ [၎င်းပါဠိတော်။]
ကမ္မဝိပါကဇမှာမူကား ရှေးကံကြောင့်ဖြစ်သည် သက်သက် ပေတည်း။
ကမ္မ ဝိပါကဇ ဝေဒနာ ပုဗ္ဗေ ကတေန ကမ္မေန ဥပ္ပဇ္ဇန္တိ။
[၎င်းပါဠိတော်။]
ကြွင်းသော ၆-ပါးတို့ကား ရှေးကံကြောင့်ဖြစ်ရသည် မဟုတ်၊ ယခုဘဝမူ သက်သက်သာတည်း။
အပ္ပံ ကမ္မဝိပါကဇံ၊ ဗဟုတရံ အဝသေသံ၊ တထာဗာလာ သဗ္ဗံ ကမ္မဝိပါကဇံ ယေဝါ တိအဘိဓာဝန္တိ။
[၎င်းပါဠိတော်။]
ကမ္မဝိပါကဇံ=ကမ္မဝိပါကဇသည်၊ အပ္ပံ=နည်း၏၊ အဝသေသံ= အကြွင်းသည်၊ ဗဟုတရံ=များ၏၊ တထာ=ထိုသို့ရှေး ကံမှအလွတ်သာ များပါကုန်လျက်၊ ဗာလာ=အမိုက်တို့သည်၊ သဗ္ဗံ=အလုံးစုံသော ဝေဒနာ သည်၊ ကမ္မဝိပါကဝ=ကမ္မဝိပါကဇသာလျှင်တည်း၊ ဣတိ=သို့၊ အတိဓာဝန္တိ= တရားမှန်ကို ကျူးလွန်ကျော်နင်း၍ ယူကြကုန်၏။
ရှေးကံကြောင့်မဟုတ်ဘဲ ယခုဘဝကြောင့် ဖြစ်ရသော ဩပက္ကမ နာခြင်းသေခြင်း မည်သည်ကား-ဒေါသကြောင့်, မာနကြောင့်, သောက ကြောင့်မိမိကိုယ်ကို မိမိသတ်ပုတ်ခြင်း, သတ်ခြင်း,မင်ကြောင်ပရဲထိုခြင်း, လက်ဝှေ့ထိုးခြင်း, လက်ဝှေ့လက်ပန်းလုံးခြင်း, ခိုက်ရန်ဖြစ်၍ သတ်ပုတ် ခြင်း, စစ်ပွဲဖြစ်၍သတ်ပုတ်ခြင်း, ရှက်လှ၍ စိတ်ပူပန်လှ၍ စိန်စား၍ သတ်ခြင်း, ဆွဲကြိုးချ၍သတ်ခြင်း, သစ်ပင်ချောက်ကမ်းမှချခြင်း စသည်ဖြင့် နာခြင်း သေခြင်းများသည် ရှေးကံကြောင့်မဟုတ်၊ ယခုပြုသော အမှုသစ် သာ ဖြစ်သတည်း၊ ထိုအခါ၌ဖြစ်သော ဒုက္ခဝေဒနာမူကား ရှေးကံ၏ အကျိုးစစ်ပင်ဖြစ်သည် မှန်ပေ၏၊ ပုတ်ခြင်းသတ်ခြင်းစသော အမှု များကား ရေးကံပြု၍ဖြစ်ရသည် မဟုတ်၊ ယခုရှိသောဒေါသ, မာန စသည်ပြု၍သာ ဖြစ်ရသည်။
အညှိဖြစ်အောင် ယင်ကောင် မလုတ်တတ်၊ အညှီရှိလာမှ နား တတ်သကဲ့သို့၊ ဤအတူ ရှေးကံမူကား အမှုဖြစ်လာမှ အခွင့်သာ၍ အကျိုးပေးလေသည်၊ အမှုမဖြစ်အောင် နေတတ်ပါလျှင် ထိုကံ ဟောင်းသည် အကျိုးပေးနိုင်သော အခွင့်မရှိ၊ လောက၌ ဤကဲ့သို့သော သေခြင်းနာခြင်းသာများလေသည်၊ ကံအမှုကို ကံပင်တိုက်တွန်း၍ ဖြစ် လာရသည်ကား တစ်ထောင်မှာ တစ်ယောက်သာ။
ဝိသမပရိဟာရဇဟူသည်ကား-ချော်၍ချွတ်၍လွတ်၍ ကျွံ၍ မြင့်ရာမှကျခြင်း, လဲခြင်း, ကွဲခြင်း, တိုက်မိခိုက်မိခြင်း, စူးခြင်း, ရှခြင်း, မီးလောင်ခြင်း,ရေနစ်ခြင်း, ကစားမြူးထူး၍ ကျိုးခြင်း, ပဲ့ခြင်း, ရွဲ့ခြင်း, ကန်းခြင်းစသည်တို့တည်း။
[ဤ၌လည်း ဒုက္ခဝေဒနာမှာ ရှေးနည်းအတိုင်းဆိုလေ။]
ဥတုဝိပရိဏာမဇဟူသည်ကား-မိမိနေရာအရပ်တွင်ပင် ဥတု ပြောင်း ဥတုလဲ ဥတုပျက်ကြုံ၍ ဖောက်ပြန်ခြင်း, မသွားတန်သော တရပ်တကျေး တမြေတရေသို့သွားမိရောက်မိ၍ ဖောက်ပြန်ခြင်း, နေပူ သင့်၍, မီးပူသင့်၍, ရေချိုးမှား၍, မသင့်သောအစာကို စား၍ ဖောက် ပြန်ခြင်းစသည်ဖြင့် ဖောက်ပြန်၍ နာခြင်း သေခြင်းများသည် ဥတု ဝိပရိဏာမဇမည်၏။
[ဤ၌လည်း ဒုက္ခဝေဒနာမှာ အညှီရှိ၍နားလာသော ယင်ကာင်ဥပမာအတိုင်းပင်တည်း။]
ရှေး ၄-ပါးတို့မှာ လေပျက်ရန်အခွင့်ကို ပြုမိ၍ လေပျက်လျက် နာခြင်းသေခြင်း, သည်ခြေပျက်ရန် အခွင့်ကိုပြု မိ၍ သည်းခြေ ပျက်လျက် နာခြင်းသေခြင်း, သလိပ်ပျက်ရန် အခွင့်ကိုပြုမိ၍ သလိပ်ပျက်လျက် နာခြင်းသေခြင်း, ၃-ပါးစုံပျက်ရန် အခွင့်ဆိုက်၍ နာခြင်း သေခြင်းများကို သိလေ၊ ဒုက္ခဝေဒနာမှာ ယင်ကောင်ဥပမာအတိုင်း။
ဆိုဘွယ်အထူးကား- ထိုဥတုစသည်တို့၏အားနှင့် ကုသိုလ်ကံ ဟောင်း၏ အားသည်တူ၍နေခဲ့အံ့၊ လူလိမ္မာလျှင် ကံကနိုင်၏၊ မလိမ်မာ လျှင် ဥတုစသည်ကနိုင်၏၊ ကံကအားကောင်းလှသောအခါ ကံကနိုင်၏၊ ဥတုစသည်က အားကောင်းလှသောအခါ ဥတုစသည်ကနိုင်၏၊ ဥတု စသည်တို့ကနိုင်၍ အားတိုက်ဘိစီးခဲ့လျှင် ကုသိုလ်ကံဟောင်းတို့သည် ပြတ်ချိန်မရောက်ဘဲနှင့်ပင် ပြတ်ရ၏။
ဤအရာ၌ ဥတုစသည်တို့ကနိုင်၍ အားတိုက်ဘိစီးခဲ့လျှင် ကံ ဟောင်းသည် မပြတ်ချင်ဘဲနှင့် ပြတ်ရသည်ဟူသော စကား၌ ထင်ရှား အောင်ဆိုဦးအံ့။
ပရိတ်မေတ္တာ, ဆေးဝါး မန္တရား, ပယောဂ, ယတြာများသည် ကုသိုလ်ကံ၏ စစ်ကူပေတည်း၊ စစ်ကူကောင်းလျှင်လည်း ကံဟောင်းက နိုင်၏၊ လောကီရသေ့တို့ ထားပေသော ဟောကိန်းအတွက်များမှာ ကောင်းကိန်းဖြစ်အံ့၊ ကံဘက်ပေတည်း၊ မကောင်းကိန်းဖြစ်အံ့၊ ဥတု စသည်တို့၏ ဘက်ပေတည်း။
အလွန်ထက်အလွန် အားကြီးလှသော ဥပစ္ဆေဒကကံကြီးကို ထား၍တစ်ပါးသောအရာတို့၌ ဉာဏ်ဝီရိယသာ ပမာဏပေတည်း၊ အခါမလွန်မီတင်ကူး၍ ကြံဘန်နိုင်သော ဉာဏ်ဝီရိယသည် ကုသိုလ် ကံဟောင်း၏ အတုမရှိသော သဟဲကြီးပေတည်း။
ဒိဋ္ဌိ ၃-ပါး အထူး
ဤသို့လောက, ဓမ္မ, ကံ, ဉာဏ်, ဝီရိယစသည်တို့ကို စပ်ဘက် ညှိနှိုင်း၍ မမြင်နိုင်ကြသည်နှင့် အလုံးစုံသော ဆင်းရဲချမ်းသာဟူသမျှ တို့သည် ရှေးကံကြောင့်သာ ဖြစ်နိုင်ကုန်သည်ဟု အတင်းယူကြသော သူတို့သည် သဗ္ဗံပုဗ္ဗေကတဟေတုဒိဋ္ဌိ၌ သက်ဝင်ကုန်၏။
[အင်္ဂုတ္တိုရ်ပါဠိတော်၊ သံယုတ်ပါဠိတော်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်၊ အဘိဓမ္မာ ဝိဘင်းပါဠိတော်။]
တီဏိမာနိ ဘိက္ခဝေ တိတ္ထာယတနာနိ၊ ကတမာနိ တီဏိ။
(၁) သန္တိ ဘိက္ခဝေ ဧကေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော၊ ယံကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံဝါ အဒုက္ခမသုခံ ဝါ၊ သဗ္ဗန္တံ ပုဗ္ဗေကတဟေတူတိ။
(၂) သန္တိ ဘိက္ခဝေ။လ။ ဧဝံဒိဋ္ဌိနော၊ ယံကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ အဒုက္ခမသုခံ ဝါ၊ သဗ္ဗန္တံ ဣဿရ နိမ္မာန ဟေတူတိ။
(၃) သန္တိ ဘိက္ခဝေ။လ။ ဧဝံဒိဋ္ဌိနော၊ ယံကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံဝါ၊ သဗ္ဗန္တံအဟေတု အပစ္စေယောတိ။ [တိကနိပါတ်အင်္ဂုတ္တိုရ်ပါဠိတော်။]
(၁) ဤလောက၌ ဖြစ်သမျှသော ဆင်းရဲ, ချမ်းသာ အပေါင်း သည် ရှေးကံဟောင်းကြောင့်သာ ဖြစ်နိုင်သည်၊ ကံမှတစ်ပါး အကြောင်း မရှိဟူသောအယူသည် သဗ္ဗံပုဗ္ဗေကတဟေတုဒိဋ္ဌိမည်၏။
(၂) ဆင်းရဲ, ချမ်းသာဟူသမျှသည် ဗြဟ္မာဟူသော ထာဝရဘုရား ဖန်ဆင်းမှဖြစ်နိုင်သည် ဟူသောအယူသည် ဣဿရနိမ္မာနဟေတု ဒိဋ္ဌိမည်၏။
(၃) ဆင်းရဲ, ချမ်းသာ ဟူသမျှသည် အကြောင်းမရှိ ဖြစ်ချင် တတ်တိုင်း ဖြစ်လာသော အလေ့ပေါက်သာတည်း ဟူသော အယူသည် အဟေတု အပစ္စယဒိဋ္ဌိမည်၏၊ ဒိဋ္ဌိ ၃-ပါး။
ရောဂါဖြစ်ကြောင်း ၈-ပါး
(၁) ဝါတသမုဋ္ဌာနာနိ ခေါ သိဝက ဣဓေကစ္စာနိ ဝေဒယိတာနိ ဥပ္ပဇ္ဇန္တိ၊ သာမံ ပိ ခေါ ဧတံ သိဝက ဝေဒိတဗ္ဗံ၊ ယထာ ဝါတသမုနာနိ ဣဓေကစ္စာနိ ဝေဒယိတာနိ ဥပ္ပဇ္ဇန္တိ တိ၊ လောကဿာပိ ခေါ ဧတံ သိဝက သစ္စသမ္မတံ၊ ယထာ ဝါ တသမုဋ္ဌာနာနိ ပိ ဣဓေကစ္စာနိ ဝေဒယိတာနိ ဥပ္ပဇ္ဇန္တီတိ၊ တတြသိဝက ယေတေ သမဏဗြာဟ္မဏာ ဧဝံဝါဒိနော ဧဝံဒိဋ္ဌိနော၊ ယံကိဉ္စာယံ ပုရိသပုဂ္ဂလော ပဋိသံ ဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ သဗ္ဗန္တံ ပုဗ္ဗေကတဟေတူတိ၊ ယဉ္စ သာမံ ဉာတံ၊ တဉ္စ အတိဓာဝန္တိ၊ ယဉ္စ လောကော သစ္စသမ္မတံ၊ တဉ္စအတိဓာဝန္တိ၊ တသ္မာ တေသံ သမဏဗြာဟ္မဏာနံ တံ မိစ္ဆာတိ ဝဒါမိ။
(၂) ပိတ္တသမုဋ္ဌာနာနိ ပိ ခေါ သိဝက ဣဓေကစ္စာနိ ဝေဒယိတာနိ ဥပ္ပဇ္ဇန္တိ။လ။ တံ မိစ္ဆာ တိ ဝဒါမိ။
(၃) သေမှသမုဋ္ဌာနာနိ ခေါ။လ။ တံ မိစ္ဆာ တိဝဒါမိ။
(၄) ဥတုသမုဋ္ဌာနာနိ ခေါ။လ။ တံ မိစ္ဆာ တိ ဝဒါမိ။
(၅) သန္နိပါတိကာနိ ပိ ခေါ။လ။ တံ မိစ္ဆာ တိ ဝဒါမိ။
(၆) ဝိသမပရိဟာရဇာနိ ပိ ခေါ။လ။ တံ မိစ္ဆာ တိ ဝဒါမိ။
(၇) ဩပက္ကမိကာနိ ပိ ခေါ။လ။ မိစ္ဆာ တိ ဝဒါမိ။
(၈) ကမ္မဝိပါကဇာနိ ပိ ခေါ။လ။ တံ မိစ္ဆာ တိ ဝဒါမိ။
[သံယုတ်ပါဠိတော်။]
ဤ ၈- ပါးသော အကြောင်းတို့ကို အချို့သောကျမ်း၌ ဝေဒနာ ဖြစ်ခြင်း၏အကြောင်း ၈-ပါးဟူ၍ လာသည်၊ အချို့ သောကျမ်း၌ ရောဂါ အနာဖြစ်ခြင်းအကြောင်း ၈- ပါးဟူ၍ လာသည်၊ မိလိန္ဒပဥှာ၌ကား သေခြင်း၏အကြောင်း ၈- ပါး ဟူ၍လည်း လာသည်။
ပါဌ်လျောက် အဓိပ္ပါယ်အကျဉ်းကား။ ။ ဤလောက၌ ဝေဒနာတို့သည် ဤ ၈- ပါးသော အကြောင်းတို့ကြောင့် ဖြစ်ကုန်၏၊ ထိုသို့ဖြစ်သည်ကို ငါဘုရားလည်းကိုယ်တိုင်ခံစားရဘူးလှလေပြီ၊ လောက၌ ပညာရှိ အပေါင်းလည်း အကြောင်း ၈-ပါး ကြောင့်ဖြစ်သည်ဟူသော စကားကို အမှန်သမုတ်ကြပေ၏၊ ထိုသို့ဖြစ်ပါလျက် အချို့သောသူတို့သည် ဝေဒနာမှန်သမျှသည် ရှေးကံကြောင့်သာဖြစ်သည်ဟု ယူကြကုန်၏၊ ထိုသူတို့သည် ငါဘုရား၏ ဉာဏ်ကိုလည်း ကျူးလွန်ကုန်သည်၊ အမှန်ဟူ၍ သမုတ်အပ်သော လောကသမ္မုတိကိုလည်း ကျုးလွန်ကုန်သည်၊ ထို့ ကြောင့် ထိုသူတို့အယူစကားကို အမှားဖြစ်သည်ဟု ငါဘုရားဟောပေ သည် ဟူလိုသည်။
ကံ ဉာဏ် ဝိရိယ
ဤအရာ၌ နေရာကျ မှတ်ပုံကို ဆိုပေအံ့။။ နတ်ပြည် ၆-ထပ်, ဗြဟ္မာ ၂၀, အပါယ် ၄-ဘုံ, ဤဘုံ-တို့၌ကား ပဋိသန္ဓေအခါ၌ အကောင် အထည်ဖြစ်ရန်အမှု, ပဝတ္တိအခါ၌ ချမ်းသာဆင်းရဲမှုများမှာ ကံသည်သာပြ ဋ္ဌာန်းသည်၊ ဉာဏ် ဝီရိယ မပြဋ္ဌာန်း၊ ဉာဏ်ဝီရိယကူလိုလျှင် ကံပြု၍ ကူရမည်၊ သိကြားမင်းသည် အရှင်မဟာမဿပအား ဆွမ်းလှူ၍ ကူသည်၊ ပရဒတ္တုပဇီဝိပြိတ္တာမျိုးဖြစ်ပေမူ ဤဘဝဆွေမျိုးတို့က ပေးဝေသော ကုသိုလ်အဘို့ကို သာဓုခေါ်သော ကံသစ်ပြု၍ ကူရသည်။
စတုမဟာရာဇ်တွင်ပါဝင်သော ရှေးဘုန်းရှေးကံနည်းလှသော ဝိနိပါတိကအသူရာခေါ်သော အစိမ်း, သူရဲ, တစ္ဆေ, မှင်စာစသောသူ၊ ရေတိရစ္ဆာန်, ကုန်းတိရစ္ဆာန်ဖြစ်သောသူတို့သည်ကား လုံ့လဝီရိယမချရ၊ လုံ့လဝီရိယနှင့် အားထုတ်နိုင်ပါမှ ခန္ဓာကိုယ်မျှတရန် ဖြစ်လာသည်၊ သို့သော်လည်း ဉာဏ်၏အစွမ်း, ဝီရိယ၏အစွမ်းမည်သည် ဆုံးခန်းမရှိ တွင်ကျယ်သည်သာ ဖြစ်ပေသောကြောင့် အထက်ထက်သော နတ်ဗြဟ္မာ တို့မှာလည်း ဖြစ်ထိုက်သော ဉာဏ်ဝီရိယတို့နှင့် ကူပံ့ပါလျှင် ဖြစ်ထိုက် သော အကျိုးတိုးပွားစည်ပင်ရာပါ၏။
ခန္တီနှင့်ဉာဏ်ဝီရိယအရာမှာ သိကြားမင်းသည် လူလွန်ပေတည်း၊ နောင်ဘဝ၌ ဆက်လက်ရန် ကံသစ်ထူထောင်မှု ဉာဏ်ဝီရိယမျိုး၊ မဂ်ဖိုလ်ရရန် ကံပါရမီ ဝသီဝါသနာ ဘာဝနာမှုအရပ်ရပ် လိမ်မာမှု ဉာဏ်ဝီရိယမျိုးများ မူကား ဘယ်အခါမှ လွတ်ကောင်းသော အခွင့်မရှိ။ လူ့ဘုံ၌ကား ပဋိသန္ခေအခါ အယုတ်, အလတ်, အမြတ် ဖြစ် ကြရသည်မှာ ရှေးကံတစ်ခုတည်းသာတည်း၊ ရှေးကံအားကောင်းလျှင် ကောင်းလိုက် မင်းမျိုး, သူဌေးမျိုးမှာဖြစ်ရသည်၊ ရှေးကံအားနည်းလျှင် နည်းလိုက် ဆင်းရဲမျိုးမှာ ဖြစ်ရသည်၊ ပဋိသန္ဓေအခါ အယုတ်, အမြတ် ဖြစ်ဘို့မှာ ဉာဏ်ဝီရိယမဝင်သာ၊ ရှေးကံချ၍ ဖြစ်ရပြီးနောက် ဖြစ်မိဖြစ်ရာ အမျိုးဇာတိအား လျော်စွာရပြီးသော စည်းစိမ်ချမ်းသာကို စောင့်ရှောက်မှု, တိုးပွားစေမှု, မရသေးသော စည်းစိမ်ချမ်းသာကို ရအောင်ပြုမှု, အသက် ရှည်ဖို့ လိမ်မာရာသောအမှု, အနာကင်းဖို့ လိမ်မာရာသောအမှု များမှာ မူကား ဉာဏ်ဝီရိယသာ ပဓာနတည်း၊ လောကတိဿရဟန်းတို့ကဲ့သို့ အလွန်အားကြီးလှသော ဥပပီဠက အကုသိုလ်ကံ ထူးရှိသောသူတို့၌သာ လျှင် လောကီချမ်းသာ အတွက်နှင့် ဉာဏ်ဝီရိယမကယ်နိုင် ရှိလေသည်။
ဉာဏ်ဝီရိယ ၃-မျိုး
ထိုဉာဏ်ဝီရိယသည်လည်း
(၁) ဝဋ္ဋနိဿိတ ဉာဏ်ဝီရိယ,
(၂) ဝိဝဋ္ဋနိဿိတ ဉာဏ်ဝီရိယ,
(၃) ဥဘယနိဿိတ ဉာဏ်ဝီရိယ
ဟူ၍ ၃-ပါးရှိလေသည်။ထို၃-ပါးတို့တွင် ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိ ကြီးမြင့်စည်ပင်ရန် အကျိုးငှာသာလျှင် ဖြစ်ပွားစေအပ်သော ဉာဏ်ဝီရိယသည် ဝဋ္ဋနိဿိတ ဉာဏ်ဝီရိယမည်၏။
ထိုဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိတို့ကို ဖျက်ဆီးရန် အကျိုးငှါ သာလျှင် ဖြစ်ပွားစေအပ်သော ဉာဏ်ဝီရိယသည် ဝိဝဋ္ဋနိဿိတဉာဏ် ဝီရိယမည်၏။
၂-ဖက်ကိုပင်ငဲ့၍ ဤအမှုကြောင့် နိဗ္ဗာန်ကိုရပါလို၏၊ မရသေး မီလည်းဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိနှင့် ပြည့်စုံပါလို၏ ဟု ပြုအပ်သော ဉာဏ်ဝီရိယသည် ဥဘယနိဿိတ ဉာဏ်ဝီရိယမည်၏။
ထို၃-ပါးတို့တွင် ဝဋ္ဋနိဿိတ ဉာဏ်ဝီရိယ တဘက်သာကြီး ကျယ် စွာရှိသော လူမျိုးတို့သည် လောကီသမ္ပတ္တိကို အကြီးအကျယ် ဖြစ် ထွန်းအောင် ကြံနိုင်ကုန်၏။
ဝိဝဋ္ဋနိဿိတဉာဏ်ဝီရိယတဘက်သာ ရှိကြကုန်သော လူမျိုးတို့ သည်ရှိပြီးသော လောကီသမ္ပတ္တိကိုပင် တံတွေးပေါက်ကဲ့သို့ စွန့်နိုင်ကြ၍ ဝဋ်မှထမြောက်တည့်ရန် အခွင့်ကိုသာ ရှာကြကုန်၏၊ ထို့ကြောင့် ထို ဝိဝဋ္ဋနိဿိတ ဉာဏ်ဝီရိယတစ်ဖက်သာ ရှိကုန်သော လူမျိုးတို့၏ လက်ရှိ လောကီစည်းစိမ်ချမ်းသာများသည်၎င်း, ရှေးရှေးသော ဘဝတို့က ပြုခဲ့သောကုသိုလ်ကံဟောင်းများသည်၎င်း, ယခုဘဝဖြစ်သော ကံသစ် များသည်၎င်း မီးစာမမှိုက်ပုံတွေနှင့်သာ တူကုန်၏၊ ထိုသူတို့ ဉာဏ်ဝီရိယ များသည် ထိုအမှိုက်ပုံတွေအတွင်း၌ကျသော မီးထုပ်တွေနှင့်တူကုန်၏၏ အတ္ထိကမ္မံ အကဏှံ၊ အသုက္ကံ၊ အကဏှ အသုက္ကံ ဝိပါကံ၊ ကမ္မံ ကမ္မက္ခယာယ သံဝတ္တတိ။ [စတုက္ကအင်္ဂုတ္တိုရ်ပါဠိတော်။]
ဝဋ္ဋနိဿိတ, ဝိဝဋ္ဋနိဿိတ ၂-ဖက်ရှိကြသော လူမျိုးတို့သည် လည်းမိမိလက်ရှိ စည်းစိမ်ဥစ္စာ အကြံအဖန် ဉာဏ်ဝီရိယတို့ကို ၂-ဖက် မျှ၍ပြုရကုန်သည်။ [တစ်ချက်။]
ထိုလူမျိုးတို့၌ တစ်ရာတွင် တစ်ယောက်, တစ်ထောင်တွင် တစ် ယောက် ပေါ်ပေါက်လာသော ကံကြီး ဉာဏ်ကြီး ဝီရိယကြီးနှင့် ပြည့် စုံသော ဘုန်းရှင် ကံရှင် သမ္ဘာရှင်တို့သည်လည်း ဝိဝဋ္ဋဓမ္မ၏ အရသာ ကို ကောင်းစွာမြင်နိုင်ကြကုန်သည်ဖြစ်၍ လောကီသမ္ပတ္တိအရာ၌ လျစ် လျူပြုခြင်းသာ များကြကုန်သည်။ [တစ်ချက်။]
ဤသို့သော အကြောင်းကြောင့် ၂-ဘက်မှီသော လူမျိုးတို့သည် လည်း လောကီသမ္ပတ္တအဘို့မှာ အရှည်မခံ၊ တဖြည်းဖြည်း ဆုတ်ယုတ်မြဲ သာတည်း၊ ဇမ္ဗူဒီပါတွင် အထွတ်အထိတ်ဖြစ်သော မဇ္ဈိမဒေသမှစ၍ ဘုရားသာသနာ အားကြီးစွာ ရောက်ခဲ့သော တိုင်းပြည်နိုင်ငံတို့ အစဉ် အတိုင်း ဆုတ်ယုတ်ခေါင်းပါး၍လာသည်ကို မြော်လေ။
ရှေးကံဟောင်းမှာမူကား ဉာဏ်ဝီရိယကောင်းလျှင် ကောင်းလိုက် အခွင့်သာပေသည်၊ ဉာဏ်ဝီရိယ မကောင်းလျှင် မကောင်းလိုက် အခွင့် ငုပ်လေသည်၊ ဉာဏ်ဝီရိယနှင့်ကင်း၍ချော်လျှင် ချွတ်ချွတ်လွဲလွဲ လမ်းလွဲ လမ်းမှား လိုက်စားပြန်လျှင်လည်း ဗာရာဏသီ မဟာဓနသူဌေးသား မှာကဲ့သို့ အားကြီးစွာသော ကံဟောင်းသည်ပင်သော်လည်း ဆုတ်ရသည်၊ ယုတ်ရသည်၊ ချုပ်ရဆုံးရလေသည်၊ ထိုသူဌေးသားသည် ယခုဘဝပင် ရဟန္တာဖြစ်နိုင်အောင် ပါရမီဖြည့်ပြီးသောသူပေတည်း။
လောဘကြူးသည့်အတွက်ကြောင့် မဂ်ဖိုလ်ကို မရသည့်ပြင် ရှိသမျှဥစ္စာစု ကုန်ဆုံး၍ ခွက်လက်စွဲရသည်။ [ဓမ္မပဒ။]
လောဘကြူးခြင်းကြောင့်လည်း ကံဟောင်းဆုတ်ရချုပ်ရသည်၊ ဒေါသကြူးခြင်းကြောင့်လည်း ဆုတ်ရချုပ်ရသည်၊ မောဟကြူးခြင်း ကြောင့်, မာနကြူးခြင်းကြောင့်, မနောပဒေါသိက နတ်တို့ကဲ့သို့ ဣဿာ ကြူးခြင်းကြောင့်, အပျော်ကြူးခြင်းကြောင့်, အမေ့ကြူးခြင်းကြောင့်, အသောက်ကြူးခြင်းကြောင့်, အစားကြူးခြင်းကြောင့်, ကစားကြူးခြင်း ကြောင့်, စိုးမင်းရာဇာနှင့် ဆန့်ကျင်သည်ကို လိုက်စားမိခြင်းကြောင့်, သီလဝန်, ဂုဏဝန်များကို ပြစ်မှားကြူးခြင်းကြောင့်, လှူမှု, ဒါန်းမှု, စွန့်ကြဲမှု၌ သဒ္ဓါကြူးခြင်းကြောင့် ကံဟောင်းဆုတ်ယုတ်သည်။
တိုင်းပြည် ထီးနန်း ဥစ္စာစည်းစိမ်များကိုစွန့်လျက် တောထွက်၍ ဆင်းရဲငြိုငြင် ခံကြသောအရာ, အသက်ခန္ဓာ အင်္ဂါ ကြီးငယ်ကို စွန့်ကြ သော အရာများသည် သဒ္ဓါကြူး၍ ကံဟောင်းအကျိုးဆုတ်ယုတ်ရခြင်း, ချုပ်ဆုံးရခြင်းပေတည်း။
ဤသို့ဆိုအပ်ခဲ့ပြီးသော အလုံးစုံများကို ရှေးကံကြောင့်သာ ဖြစ်ရသည်ဟု အယူသန်သောသူတို့သည် သဗ္ဗံ ပုဗ္ဗေကတ ဟေတုဒိဋ္ဌိ၌ သက်ဝင်ကုန်၏၊ မိမိ၏အဇ္ဈတ္တဓာတ်တို့နှင့် မသင့်သော အရပ်ဒေသ, ဥတု, သမယ, အာဟာရ, ပယောဂတို့ကို လောဘအတွက်နှင့်၎င်း, သဒ္ဓါ ဝီရိယအတွက်နှင့် မရှောင်လေဘဲ မှီဝဲဆိုက်တိုက်ရသည်ဖြစ်၍ လေဓာတ် ပျက်သဖြင့် ဖျားခြင်း နာခြင်း, သေဆုံးခြင်း၊ သလိပ်ဓာတ်ပျက်သဖြင့် ဖျားခြင်း, နာခြင်း, သေဆုံးခြင်း၊ ၃-ပါးစုံပျက်သဖြင့် ဖျားခြင်း, နာခြင်း, သေဆုံးခြင်း၊ အမြော်အမြင် အဆင်အခြင်ကင်းသဖြင့် မလိုက်တန်သော လမ်း, မသွားတန်သောအရပ်ဒေသ, မသွားတန်သော အခါကာလ, မပြုတန်သောအမှုများကို စိတ်ထင်တိုင်းပြုမိ၍ ဖျားခြင်း, နာခြင်း, သေဆုံးခြင်းစသော အရာများသည်လည်း ရှေးကံဟောင်းကောင်းပါလျက် ပုဂ္ဂိုလ်မလိမ်မာတွက်နှင့် ကံမခံနိုင်၍ ဆုတ်ယုတ်ဆုံးပါးရလေသည်။ ထိုစကားမှန်၏၊ သတ္တဝါ၏ကိုယ်မှာ ကမ္မဇတစ်ခု, စိတ္တဇတစ်ခု, ဥတုဇတစ်ခု, အာဟာရဇတစ်ခုဟူ၍ ရုပ် ၄-မျိုး ရှိပေသည်၊ ထို ၄- မျိုးတွင် ရှေးကံကြောင့်ဖြစ်သောရုပ်သည် တစ်စုမျှသာပါသည်၊ ယခုတွေ့ ရှိသော စိတ်, ဥတု, အာဟာရတို့ ကြောင့်ဖြစ်သောရုပ်တို့သာ များကုန် သည်၊ ကံကြောင့်ဖြစ်သောရုပ်သည် ကိုယ်ကိုမှီတွယ်၍ ထိုရုပ်တို့နှင့် ဖြစ်အတူ ပျက်အတူ ဖြစ်ရကုန်၏။
ထိုရုပ်တို့တွင်လည်း ဥတုဇရုပ်စုမှာ အဇ္ဈတ္တဗဟိဒ္ဓဓာတ်မီး ညီညွတ်လျှင် ညီညွတ်ရသည်၊ လှုပ်ရှားလျှင် လှုပ်ရှားရသည်၊ ပျက်ပြားလျှင် ပျက်ပြားရသည်၊ ရှေးကံဟောင်းနှင့် မစပ်ကြ၊ အာဟာရဇရုပ်စုသည်လည်း အာဟာရဓာတ်ဆီ ၂-ပါး လှုပ်ရှား ပျက်ပြားလျှင် လှုပ်ရပျက်ရတော့သည်၊ ကံဟောင်းနှင့်မစပ်ကြ၊ စိတ္တဇရုပ်စုမှာလည်း စိတ်ကောင်းလျှင် ကောင်း ရတော့သည်၊ စိတ်မကောင်းလျှင် မကောင်းရ၊ ကံဟောင်းနှင့်ပင်မစပ်ကြ၊ ဤသို့လျှင် တစ်ကိုယ်လုံးကို ၄-ဖို့ဖို့သော် တစ်ဖို့သည်သာကံနှင့် ဆိုင်သည်၊ ၃-ဖို့မူကား ကံနှင့်မဆိုင်၊ ကံနှင့်ဆိုင်သော တစ်ဖို့သည်လည်း ကံနှင့်မ ဆိုင်သော ၃-ဖို့ကို မှီတွယ်ရသည်။
ထို့ကြောင့် စိတ်, ဥတု, အာဟာရတို့ ဖောက်ပြန်၍ စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့ ပျက်ပြားခဲ့လျှင် ကံသည်လည်း အကျိုးပေး ရန် ညီညွတ်သောဌာနမရှိမူ၍ ယုတ်သိမ်းကွယ်ပရလေတော့သည်၊ ဤကား မိမိ၏ ကံဟောင်းသည် မကုန်လိုသေးသော်လည်း မိမိပြုသော ဝိပတ္တိဒဏ်, ယခုဘဝတွင် တွေ့ရှိသော ဝိပတ္တိဒဏ်များကို မခံနိုင်၍ ကုန်ရသည်ကို ဆိုသောစကားရပ်တည်း။
မိမိ၏ရှေးကံဟောင်းသည် ကောင်းချင်ပါလျက် တစ်ရွာလုံး အတွက်, တစ်မြို့လုံးအတွက်, တစ်တိုင်းလုံးအတွက်, တစ်ပြည်လုံး အတွက်ကြောင့် မိုဃ်းကြီးခေါင်၍, ရေကြီး ကြီး၍, လေကြီးလာ၍, မီးကြီး လောင်၍, မင်းဘေးကြီး သင့်၍, ကပ် ဥပဒ်ဘေးကြီးတိုက်၍ ရှောင်ခွင့် မသာပါရသည်များမှာလည်း အများအတွက်နှင့်ဖြစ်လာသော ဥပဒ် ဒဏ်ကို မိမိကံတစ်ခုအားနှင့် မခံနိုင်၍ ပါရလေသည်။
လူ့ဘုံ၌ ပဋိသန္ဓေမှ နောက်ပဝတ္တိအခါတွင် ကွက်ခြား၍ ဆိုခဲ့ သမျှအလုံးစုံသော အသက်ခန္ဓာ ဥစ္စာပစ္စည်း ပျက်ပြား ဆုံးရှုံးရာသော အမှု, ကံဟောင်းသည် မကုန်ချင်ပါသေးဘဲနှင့် ယုတ်သိမ်း ချုပ်ငြိမ်း ရသော အမှုခပ်သိမ်းသည် အခါကိုမလွန်မီ မြော်ခေါ်တင်ကူး၍ ရှောင် မှုရှားမှု, စောင့်စည်းထိန်းသိမ်းမှု, ပြုစုကုစားမှုတို့၌ လုံလောက်အောင် ဖြစ်လာသော ဉာဏ်ဝီရိယတို့နှင့် ငြားခဲ့လျှင် အကုန်လွတ်ငြိမ်းရ၏၊ ဤဉာဏ်ဝီရိယကို ပယောဂသမ္ပတ္တိ ဆိုပေသတည်း၊ ဤဉာဏ်ဝီရိယသည် တစ်ယောက်အားကိုသာ ဆောင်နိုင်သည်လည်းရှိသည်၊ တစ်ကျိပ်အားကို, တစ်ရာအားကို, တစ်ထောင်အားကို, တစ်ရွာအားကို တစ်မြို့အားကို, တစ်နိုင်ငံအားကို ဆောင်နိုင်သည်လည်းရှိသည်။
ဒုန္ဒုဘိဇာတ်၌ ဘုရားလောင်း ခြင်္သေ့မင်း၏ ဉာဏ်ဝီရိယသည် ဟိမဝန္တာတောသုံးတောင်ရှိသော အသင်္ချေမကသော သတ္တဝါတို့၏ အကျိုးကို ဆောင်ပေသည်၊ ထို့အတူ တစ်ယောက်၏ ဉာဏ်ဝီရိယသည် အင်အားရှိသလောက် အကျိုးကိုဖြစ်ထွန်းစေနိုင်သည်၊ ထိုထက် နှစ် ယောက်ညီညာသော ဉာဏ်ဝီရိယ, ထို့ထက် ၄-ယောက်,၅-ယောက်, တစ်ကျပ်, တစ်ရာ, တစ်ထောင်စသည်ဖြင့် အများညီညာသော ဉာဏ် ဝီရိယသည် တိုင်းကိုကြံနိုင်သည်၊ ပြည်ကိုကြံနိုင်သည်၊ ဤကဲ့သို့သော အရာများမှာ ကံသည်ပမာဏ မဟုတ်၊ အများညီညွတ်သော ဝီရိယ သည်သာ ပဓာနပေတည်း။
ဤစကားရပ် အလုံးစုံကိုလည်း ခပ်သိမ်းသော လူတို့နှင့် ဆက် ဆံသော အမှုသွားကို ပဓာနပြု၍ဆိုပေသည်၊ အကုသိုလ်အရာ၌ အလွန်ထက်အလွန် အားကြီးသော ကံရှိသောသူတို့ကို၎င်း၊ ကုသိုလ် အရာ၌ အလွန်ထက် အလွန်အားကြီးသော ကံရှိသောသူတိုင်းကို၎င်း၊ ဤကဲ့သို့တထောင်တွင်တစ်ယောက်၊ တစ်သောင်းတွင် တစ်ယောက် ဖြစ်သော သူများကိုမူကား ချန်ခဲ့ပေသည်။
စောဒနာပြဆိုချက်
ဤသို့လျှင် ရုပ်ကလာပ်တို့၏တိုးပွားခြင်း, ဆုတ်ယုတ်ခြင်းတို့နှင့် စပ်လျဉ်းသည်ဖြစ်၍၎င်း။
ဤလောက၌ သဗ္ဗံပုဗ္ဗေကတဟေတုဒိဋ္ဌိ၌ သက်ဝင်သောသူ အများရှိနေကြသည်ကို တွေ့မြင်ရသည်ဖြစ်၍၎င်း။
လူမျိုးတစ်ပါးတို့နှင့် ဘာသာစကားပြောဆိုကြရာ ဉာဏ်ဝီရိယကို လွှတ်ထား၍ ကံတစ်ခုတ်တည်းနှင့် ပြောဆိုကြသဖြင့် မိမိဘာသာဖက်၌ လူမျိုးတစ်ပါး စိတ်သဘောကြေလည်အောင် မပြောနိုင်ဘဲ စောင်းမိ စောင်းရာ စိတ်ပါမာန်အိုက်နှင့်သာ ပြီးကြသည်များကို မြော်မိပါသည် ဖြစ်၍၎င်း၊
ကံတစ်ခုကိုသာ သန်သန်ယူသော လူမျိုးများသည် ဉာဏ်ဝီရိယ မှုတို့၌ တင်းတင်းကြပ်ကြပ် မပြုကြသဖြင့် စည်းစိမ်ချမ်းသာတို့မှ ဆုတ် ယုတ်ဆွန့်ပါးသည်ကို မြင်ရသည်ဖြစ်၍၎င်း။
အာယုကပ်ဟု ဆိုအပ်သောအသက်တမ်းတို့၏ ဆုတ်ယုတ်ပုံ များကို တရားကိုယ်ရင်းနှင့်တကွ ခြားခြားနားနား မြင်ခဲ့ပေလျှင် လူ့ရွာ၌ အသက်တိုမှု, ရှည်မှုများမှာ ကံဟောင်းသည် ပမာဏ မဟုတ်လွန်း၊ အကြောင်းတစ်ပါး များစွာပင်ရှိပေသည်ဟု သဘောပေါက်၍ “မနုဿတ္တ၊ ဒုလ္လဘဝယ်၊ အရတော်လှ၊ ဤဘဝကို၊ ကမ္မဿကာ၊ မဟူသသာတည်း၊ ပညာဝီရိယ၊ ထိန်းကျောင်းမှသာ၊ သင့်မြတ်ရာသည်” ဟုနေရာကျ သိမှတ်ကြစေလိုသည်ဖြစ်၍၎င်း ကမ္ဘာဦးစ၍ အာယုကပ် ဆုတ်ယုတ်ပုံ နှင့်တကွ ရုပ်ကလာပ်တို့၏ အတိုးအဆုတ်များကို ဆိုထိုက်ပေသည်။။ ဆိုသော မူလပဏ္ဏာသပါဠိတော်၌
ကမ္မဿကာ မာဏဝ သတ္တာ ကမ္မဒါယာဒါ ကမ္မယောနိ ကမ္မဗန္ဓု၊ ကမ္မပဋိသရဏ၊ ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ဒါယာဒါ ဘဝိဿန္တိ။
ဟုချီ၍ အကျယ်အပြော ဟောတော်မူသော သုဘသုတ်၊ ဥပရိ ပဏ္ဏာသတွင် ဟောတော်မူသော စူဠကမ္မဝိဘင်္ဂသုတ်၊ မဟာကမ္မ ဝိဘင်္ဂသုတ်၊ သုတ္တနိပါတ်တွင် ဟောတော်မူသော ဝါသေဋ္ဌသုတ်ထိုထိုသုတ္တန် အရပ်ရပ်တို့၌ သုစရိုက်ကံ၏အကျိုး, ဒါန၏အကျိုး, သီလ ဘာဝနာစသည်တို့၏ အကျိုး, အဘိဓမ္မာ ဓမ္မဟဒယဝိဘင်းပါဠိတော် စသသည်များကို အဘယ်သို့ဆိုမည်နည်း၊ လောကဓာတ်သုံးပါးရပ်မှာ ကံသာအမွန် ကံသာအချုပ် မဟုတ်ပါလောဟူမူ
၃၁-ဘုံပဋိသန္ဓေအားဖြင့် အယုတ်, အလတ်, အမြတ်ဖြစ်ကြရာ၌ ကံသာအမွန်, ကံသာအချုပ်ဖြစ်သည်၊ လူ့ဘုံကိုထား၍ ဘုံ ၃၀-တို့၌ ပဋိသန္ဓေ, ပဝတ္တိနှစ်ပါးတို့၌ပင် ယေဘုယျအားဖြင့် ကံသည်သာ အမွန် ဖြစ်သည်၊ လူ့ဘုံသည်မူကား ကံဘုံ, ဉာဏ်ဘုံ, ဝီရိယဘုံဖြစ်ပေသည်၊ သုစရိုက်မှု, ဒုစရိုက်မှုအလွန် ထွန်းကားသော ဘုံဖြစ်ပေသည်၊ဘုရား, ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝက ဘဝပါရဂူ အဖြစ်ကိုလည်း ကံဘုံ, ဉာဏ်ဘုံ, ဝီရိယဘုံ, သုံးပါးစုံသော လူ့ဘုံ၌ လုပ်မှဖြစ်နိုင်သည်၊ ကံဘုံစု၌တည်၍ ဖြစ်အောင်မလုပ်နိုင်၊ လူ့ဘုံ၌တည်၍ ဉာဏ်ဝီရိယဖြင့် လုပ်ပေမူကား သဗ္ဗညုသော်လည်း မလွတ်နိုင်၊ လူဖြစ်ဘို့ကံ, နတ်ဖြစ်ဘို့ကံ, ဗြဟ္မာဖြစ်ဘို့ ကံများမှာ ဆိုဘွယ်ရာမရှိ၊ အချို့ကား တရားကိုကျင့်မှ ဘုရားဖြစ်သည်၊ နောက်နောက်ဘုရားဖြစ်လိုသော် ရှေးရှေးဘုရားထားခဲ့သော တရားကို ကျင့်ရသည်ဟု ပြောကြသည်။
ခရစ်ယာန်ဆရာတို့အား အစဆုံးဘုရားမှာ ဘယ်သူထားသော တရားကို ကျင့်ရှာမည်နည်း ထို့ကြောင့် အစအဆုံးမရှိသော ထာဝရ ဘုရားတဆူသာရှိသည်ဟူသော အယူသည်သာသင့်သည်ဟုကြံကုန်၏ ဤစကားမှာ ကမ္ဘာလည်း အစမရှိ ဘုရားလည်းအစမရှိ ထို့ကြောင့် အစအဆုံးဘုရားဟူ၍ပင် မရှိလေ သို့သော်လည်း နောက်နောင် ဘုရား ဖြစ်လိုသောသူတို့သည် ရှေးရှေး ဘုရားထားခဲ့သော တရားကို ကျင့်ကြ သည်ပင် မဟုတ်ကုန် ဉာဏ်ဝီရိယတရားသည် အစမရှိသော အနမတဂ္ဂ သံသရာတွင် ဘယ်အခါမှ မဆိတ်ပေ၊ ဘုရား,ပစ္စေကဗုဒ္ဓါ, သာဝကဖြစ်ဖို့ တရားမှာလည်း ဉာဏ်ရှိတော့သည်၊ ဉာဏ်သည်သာလိုရင်း ရှေးရှေး ဘုရားကို မှီဘွယ်ကိစ္စမရှိ၊။
ထိုကြောင့် ဉာဏ်ဝီရိယကို ဝါသနာနှင့်တကွ တစ်ဘဝထက် တစ်ဘဝ တစ်ဘဝလိုက်စားတိုးပွား၍ သွားသဖြင့် ဘရားလောင်း, ပစ္စေကဗုဒ္ဓါလောင်း, သာဝကလောင်း ဖြစ်လောက်အောင်အားရှိသော အခါ အလောင်းအလျာ ဖြစ်တော့သည်။
နိယာတဗျာဒိတ်ရလောက်အောင် အားအင်ရှိသောအခါ တွေ့ ရာဘုရားမှာ နိယတဗျာဒိတ်ရကြသည်၊ ငါတို့ဘုရားအလောင်းကို ဗျာဒိတ်ပေးကြကုန်သော ဒီပင်္ကရာစသော မြတ်စွာဘုရားတို့သည် နောင် ဘုရားဖြစ်လတ္တံ့ ဟူသောဗျာဒိတ်ကိုသာပေးကြကုန်သည်၊ ဘုရားဖြစ် အောင်ဤတရား ဤတရားကိုကျင့်လော့ဟု တစ်ခွန်းမျှ မဟောကြကုန်၊ ဟောမှသိမည့်သူသည်လည်း နိယတဗျာဒိတ် မထိုက်သေး၊ မိမိအလိုလို သိနိုင်ကျင့်နိုင်သော ဉာဏ်စွမ်း ဝီရိယစွမ်းရှိပြီသောသူမှသာ နိယတ ဗျာဒိတ်ရမြဲတည်း။
ဤအလုံးစုံသော စကားရပ်စုဖြင့် ဉာဏ်ဝီရိယတို့၏ အရာအချက် ကို ထင်လင်းစေခြင်းငှာ ဆိုလိုက်သည်၊ ဒေသနာတော် အများလာရှိတိုင်း ကံအရာအချက်များလည်း ထင်ရှားလေတော့သည်။
သက်တမ်းအတိုးအဆုတ်နေရခြင်းအကြောင်းပြီး၏။
----*---
၁၀-ဓာတ်ဆီ, ဓာတ်မီးတို့ကို မှီ၍ သင်္ခါရ၌ရှုပုံ လေအပြင်
ဤအရာ၌ ဓာတ်ဆီ, ဓာတ်မီတို့ကို အမှီပြု၍ သင်္ခါရဓမ္မတို့၌ ထိုးထွင်း၍ သိရသော အကြောင်းလမ်းများကို ဆိုလိုက်အံ့။ အထက် အောက်အဖို့အားဖြင့် အကနိဋ္ဌဘုံမှစ၍ မဟာအဝီစိငရဲကြီး၊ ထိုအောက် ယူဇနာ တစ်သိန်း နှစ်သောင်း အထုရှိသော သိလာပထဝီ ကျောက် ဖျာကြီး၊ ထို့အောက်ယူဇနာ လေးသိန်းရှစ်သောင်း အထုရှိသော ရေပြင် ကြီး၊ ထို့အောက်ယူဇနာ ၉-သိန်းခြောက်သောင်း အထုရှိသော လေပြင် ကြီး၊ ဤမျှသော ဩကာသကို ဓာတ်ဆီ ဓာတ်မီတို့သည် ဖန်ဆင်းတည် ထောင်အပ်၏၊ ထိုမှ အောက်အဘို့သည်အနန္တ ကောင်းကင်နယ်သာ ဖြစ်၏၊ ရုပ်ဟူ၍ အဏုမြူမျှ မရှိပြီ၊ အကနိဋ္ဌဘုံမှ အထက်အဘို့သည် လည်း အနန္တကောင်းကင်နယ်သာ ဖြစ်၏၊ ရုပ်ဟူ၍ အဏုမြူမျှ မရှိပြီ။
ဘီလာ အဘို့အားဖြင့် အောက်လေအပြင်, ရေအပြင်တို့သည် အနန္တစကြဝဠာတပြင်တည်းသာ ဖြစ်ကုန်၏၊ သိလာပထဝီခေါ်သော ကျောက်ဖျာအပြင်သည်လည်း စကြဝဠာ သုံးခုဆိုင်မိရာ၌ ယူဇနာရှစ် ထောင်အပေါက်ရှိ၏၊ မြင့်မိုရ်တောင်, သတ္တရဘန်တောင်, စကြဝဠာ တောင်တို့သည်လည်းထိုသိလာပထဝီ၌ အမြစ်စိုက်ကုန်သည်၊ ထိုတောင် တို့၏အောက်၌ ပံသုပထဝီအခြား မရှိပြီ။
မြင့်မိုရ်တောင်သည် ရေထဲ၌ ရှစ်သောင်းလေးထောင် မြှုပ်သည် ဟူသောစကားမှာ အောက်မြေမှပေါ်ရာ သမုဒ္ဒရာ အစောက်နှင့် တိုင်း၍ ဟောသောစကားသာဟု ယူရမည်။
သီလာပထဝီခေါ်သော ကျောက်ဖျာအပြင်မှ ပေါ်တက်သည်ကို ဆိုမူကား မြင့်မိုရ်တောင်သည် ရေထဲ, မြေထဲသို့ မြှုပ်သည်ကားပံသု ပထဝီအထု ယူဇနာနှင့်အမျှ တစ်သိန်းနှစ်သောင်း မြှုပ်သည်ဟု ဆိုရပေ မည်၊ သမုဒ္ဒရာသည် အောက်မြေ ပြင်ပေါ်၌ တည်၍ထားသကဲ့သို့ ဖြစ် သည်မဟုတ်၊ အသုရာပြည်တည်ရာ အရပ်မူကား အထူးဖြစ်သော ဩကာသပေတည်း။
ပံသုပထဝီမှာမူကား ကျောက်ခွက်အများ၌ အသီးအသီး ထည့်၍ ထားသောမြေညက်ကဲ့သို့ စကြဝဠာ တစ်ခုစာအတွင်း၌သာ အသီးအသီး တည်ကြလေသည်၊ စကြဝဠာတစ်ပါးနှင့်တစ်ပါး ပံသု ပထဝီချင်း မစပ်ကြ၊ ဆိုအပ်ခဲ့ပြီးသော စကြဝဠာအနန္တပင် တပြင်တည်းဖြစ်၍ ဆောင်ပေ သော လေအပြင်သည်လည်း ဓာတ်ဆီ, ဓာတ်မီးတို့ ဖန်ဆင်းတည် ထောင်ပေ၍ ယနေ့ထက်ထိ ဖြစ်ထွန်းကာနေပေသည်။
ပဋ္ဌာန်း၌ ဗဟိဒ္ဓဓာတ်ဆီသည် ဗဟိဒ္ဓဝတ္ထု၌ ကျေးဇူးပြုကြောင်းကို မဟောပါသော်လည်း ဗဟိဒ္ဓဝတ္ထုတို့၌ အဆီအင်အား ကောင်းလျှင်ခိုင်ခန့် အားရှိသည်များကို မြင်ကြရသောကြောင့် ဗဟိဒ္ဓဓာတ်ဆီသည်လေ, ရေ, မြေစသော ဗဟိဒ္ဓဝတ္ထုတို့၌လည်း သုတ္တန် ဥပနိဿယနည်းအားဖြင့် ဓာတ်မီး၏အားကြီးစွာသော အထောက်အပံ့ အဘော်သဟဲကြီးတစ်ခု ဖြစ်ကြောင်းကို သိရလှတော့သည်။
လောက၌ ဥဏှတေဇောလွန်သော မီးကျီမှ အဆင့်ဆင့်ဖြစ် ပွားသော မီးတောက်ကို မီးတောက်ဟု ခေါ်ဝေါ်သည်၊ ထိုမီးတောက်၏ အဆင့်ဆင့် မီးပွား၍သွားသည်နှင့် အတူတူပင်၊ ထိုလေအပြင်ကြီးသည် လည်း ဓာတ်မီးအပြင်ကြီးပင်ဖြစ်၍ အဆင့်ဆင့်မီးပွား၍နေသော မီးသား မီးမြေးမီးစုမီးခဲပင်တည်း။
မီးစာပင်ကောင်းသော်လည်း နှမ်းဆီ, ရေနံဆီ စသော အဆီရှိမှ မီးသည် အရှည်တည်နိုင် ပွားများနိုင်သကဲ့သို့ ထိုလေပြင်၌ ကလာပ်တိုင်း ပါသော ဩဇာဟူသော ဓာတ်ဆီကြောင့်သာ ဓာတ်မီးသည်လည်း အရှည် တည်နိုင် ပွားများနိုင်လေသတည်း။
ထိုလေပြင်ကြီး၌ လေဓာတ်သည် ဓာတ်လွန် ဓာတ်ပေါ်ဖြစ်၏၊ မီးဓာတ်သည် မပေါ်လွန်း, မငုပ်လွန်းသော အဇ္ဈတ္တဓာတ် ဖြစ်၏၊ မြေဓာတ်, ရေဓာတ်များသည် ငုပ်ဓာတ်စုသာဖြစ်၏၊ မြေဓာတ်သည် သဟဇာတ်တို့၏တည်ရာ ကိစ္စမျှသာရှိ၏၊ ရေဓာတ်သည် သဟဇာတ် ဓာတ်တို့၏ အဖွဲ့အစည်းကိစ္စမျှသာရှိ၏၊ မြေဓာတ်ကို ဉာဏ်ဖြင့် နုတ် ယူ၍ကြည့်လျှင် ထိုလေပြင်ကြီးသည် မီးတောက်သေသကဲ့သို့ ချုပ် ပျောက်ခွင့် ထင်မည်၊ ရေဓာတ်ကိုလည်း ထို့အတူ ဉာဏ်ဖြင့်နုတ်၍ရှု၊ ဤကဲ့သို့ချည်း အရာတိုင်းမှာပင် ပစ္စည်းကိုနုတ်၍ကြည့်တတ်မှ တုစ္ဆ သဘော, သုညသဘောပေါ်လေသည်။
မီးစက်တို့ဖြင့် လှုပ်ရှားသွားလာ၍နေသော စက်ရုံကြီး, စက် သင်္ဘောကြီး, မီးရထားကြီးများကို မြင်ကြလေရာ အသက်ရှိသကဲ့သို့ ထင်မြင်ရသည်၊ အချက်အလက်တို့ကို နေရာကျသိ၍ ဉာဏ်ဖြင့် နုတ်ကာနုတ်ကာ ကြည့်ရှုပါလျှင် လှုပ်လှုပ်မြင်သမျှ အားလုံးသည်တုံးလုံး ပုံလျက် သက်သက်အသေ ထင်မြင်ပေသည်၊ ယင်းသို့ထင်မြင်သည်ကို တုစ္ဆသုညဟုခေါ်သည်။
ပဋိစ္စသမုပ္ပါဒ်နည်း, ပဋ္ဌာန်းနည်းများနှင့် ပစ္စည်းအမျိုးမျိုးတို့ကို ဟောတော်မူသည်မှာလည်း ပစ္စည်းအပြားကို သိစေလို၍ ဟောတော် မူရင်းပင်မဟုတ်၊ ပစ္စည်းတရားကို နေရာကျသိ၍ နုတ်ကာနုတ်ကာရှုတတ် ပါမှ လောကဓာတ်အားလုံး၏ တုစ္ဆသဘော, သုညသဘောကို သိနိုင်မည် ဟု နှလုံးပြု၍ နိဿတ္တ, နိဇ္ဇီဝ, တုစ္ဆသုညအဖြစ်ကို သိစေလို၍သာ ဟောတော်မူရင်း ဖြစ်ပေသည်၊ ဤကဲ့သို့သော သဘောကို မသိကြ ကုန်သောသူတို့သည် ပဋ္ဌာန်း ၂၄-ကျမ်းကို အသက်ထက်ဆုံး နှုတ်ဝယ်ငုံ သော်လည်း ဤသတ္တလောက, သင်္ခါရလောက, ဩကာသလောက၏ တုစ္ဆအဖြစ်, သုညအဖြစ်, နိဿတ္တ, နိဇ္ဇီဝ, အနတ္တ, အသာရအဖြစ်များကို မရိပ်မိကြလေကုန်။
လေဓာတ်သည် သဟဇာတ်ဓာတ်တို့၏ အားခွန်ဗလပေတည်း၊ ထို့ကြောင့်လေဓာတ်ကို နုတ်၍ရှုလျှင် လေအပြင်ကြီး ခဏချင်း ကွယ်ရာ ၌ဆိုဘွယ်မရှိ၊ မီးဓာတ်မှာမူကား သူမွေးဖွားမှ ဖြစ်ပွားရလေသော အပြင်ကြီးဖြစ်ပေ၍ သူ့ကိုနုတ်လျှင် လေအပြင်မရှိပြီ၊ ဩဇာဟူသော ဓာတ်ဆီကိုနုတ်၍ ရှုလျှင်လည်း ဓာတ်မီးသေပျောက်သည်ကို မြင်လတ္တံ့။
ဤသည်ကား အထုအားဖြင့် ယူဇနာ ၉-သိန်း ၆-သောင်း၊ ဘီလာ အားဖြင့် စကြဝဠာအနန္တ တပြင်တည်း ဖြစ်ပွားတည် နေသော လေပြင် ကြီး၌ ရိတ္တသဘော, တုစ္ဆသဘော, သုညသဘောတို့ကို အလင်း ထင်ရှား အောင် ရှုနည်းပေတည်း။
အနိစ္စ လက္ခဏာကို သန္တတိဖုံးလွှမ်းသည်၊ သန္တတိကို ခွါ၍ရှုမှ အနိစ္စလက္ခဏာပေါ်သည်၊ ဒုက္ခလက္ခဏာကို ဣရိယာပထဖုံးလွှမ်းသည်၊ ဣရိယာပထကို ဖွင့်လှစ်၍ ကြည့်တတ်မှ ဒုက္ခလက္ခဏာပေါ်သည်၊ အနတ္တလက္ခဏာကို ဃနဖုံးလွှမ်းသည်၊ ဃနကို ဖွင့်လှစ်၍ကြည့်တတ်မှ အနတ္တလက္ခဏာပေါ်သည် ဟုလာသော သမ္မော, ဝိသုဒ္ဓိမဂ်တို့ကိုမှီ၍ အနတ္တ၏ ပရိယာယ် ဖြစ်သော တုစ္ဆ, သုည, အသာရကို ပစ္စယသာမဂ္ဂီ ဖုံးလွှမ်းသည်ဖြစ်၍ ပစ္စယသာမဂ္ဂီကို ဉာဏ်ဖြင့် ပေါက်ခွဲမှုတ်လွှင့်၍ တုစ္ဆသဘောကို ရှုပုံနည်းအမြွက်ပေတည်း။
အဘိအနှိုး ရှုနည်းအမြွက်
ငုပ်ဓာတ်ကိုဘော်၍ရှုနည်း, ပေါ်ဓာတ်ကို ငုပ်စေ၍ ရှုနည်းများ ကို ဆိုပေအံ့။
ဖယောင်းခဲ၌ရှိသော ရေဓာတ်သည် ငုပ်ဓာတ်တည်း၊ ထိုရေ ဓာတ်ကိုပေါ်စေလိုသည်ရှိသော် ဘိစီးလွှမ်းမိုး၍နေသော မြေဓာတ်ကို အားအင်ထုတ်၍ ငုပ်လေအောင် မီးဓာတ်တစ်ပါးဖြင့် တင်၍ဘိရသည်၊ ဌီသို့ရောက်လာ ရောက်လာသော ထိုမြေဓာတ်သည် မီးဓာတ်ဘိသဖြင့် အဆင့်ဆင့်ငုပ်လေ၍ ရေဓာတ်သည် အဆင့်ဆင့်ပေါ်၍လာ၏၊ အရည်ကြည်ဖြစ်၏၊ မီးဓာတ်ကို ခွါစေပြန်လျှင် တဖန်မြေဓာတ်က အားတိုက်ဘိစီးပြန်၍ ရေဓာတ်ငုပ်သဖြင့် အခဲဖြစ်ပြန်၏၊ [မျက်မြင်။]
ချိပ်ခဲ၌ရှိသော မြေဓာတ်ကား ဖယောင်းခဲ၌ရှိသော မြေဓာတ် ထက်အားရှိသည်ဖြစ်၍ အတန် အားရှိသော မီးဓာတ်နှင့် ဘိမှ ဆုတ်ငုပ် သည်၊ ရေဓာတ်သည်လည်း အတန်အားရှိသော မီးဓာတ်နှင့်နှိုးမှထ နိုင်သည်၊ ခဲ၌ရှိသော မြေဓာတ်, ရေဓာတ်၊ ရွှေငွေ၌ရှိသော မြေဓာတ်, ရေဓာတ်၊ ကြေးနီ၌ရှိသော မြေဓာတ်, ရေဓာတ်၊ သံတွေခဲ၌ရှိသော မြေဓာတ်, ရေဓာတ်တို့ကို ဆုတ်အောင်, ငုပ်အောင်ဘိနည်း၊ ထအောင်နှိုး နည်းများကိုလည်း သိလေ၊ ဗဟိဒ္ဓက ခိုက်တိုက်သော ပယောဂမှုသည် သာပမာဏပေတည်း။
ပယောဂမှုက အားရှိလှလျှင် ဘိ၍ မပိသောဓာတ်, မဆုတ်မငုပ် သောဓာတ်ဟူ၍မရှိ၊ နှိုး၍မနိုးသောဓာတ်, မထသော ဓာတ်ဟူ၍မရှိ၊ ဘိသောပယောဂမှု, နိုးသောပယောဂမှုဟူသည်လည်း ဓာတ်အချင်းချင်း လည်းတိုက်ခိုက်၍ ဘိနိုင်နှိုးနိုင်ပါ၏၊ ဂါထာမန္တန် မန္တရားတန်ခိုး၊ နတ်နဂါး,သိကြား, ဗြဟ္မာတို့ ကမ္မဝိပါကဇတန်ခိုး၊ ရသေ့ရဟန်းတို့၏ သီလတန်ခိုး၊ သစ္စာတန်ခိုး၊ အဘိညာတန်ခိုး စသည်တို့တည်း၊ မြတ်စွာ ဘုရားတို့၏ တန်ခိုးဖြင့် နှိုးပေမူကား မြင့်မိုရ်တောင်ဖြစ်၍ နေသော မြေဓာတ်စုသော်မှလည်း ငုပ်ရမည်။ ရေဓာတ်စုသော်လည်း ထ,ရပေါ်ရမည်၊ မြင့်မိုရ်တောင်သည် ရေယဉ်ဖြစ်၍ စီးသွားရမည်၊ ဤကား အဘိအနှိုး၌နည်းအမြွက်ပေတည်း။
ဤလေအပြင်ကြီး၌ကား ဘုရားတန်ခိုးဖြင့် လေဓာတ်ကိုနှိပ်၍ မြေဓာတ်ကိုနှိုးခဲ့လျှင် မြေခဲ မြေပြင်ကြီးဖြစ်ပေမည်၊ ရေဓာတ်ကိုနှိုးပေလျှင် ရေအယဉ်ကြီးဖြစ်၍ စီးသွားပေမည်၊ မီးဓာတ်ကိုနှိုးပေလျှင် မီးတောက် အပြင်ကြီးဖြစ်၍ ကွယ်ပေမည်။
ဤကား ငုပ်ဓာတ်, ဝပ်ဓာတ်တို့ကို မြင်အောင် မရှုနိုင်သော သူတို့အား ထင်ရှားစွာပြု၍ ရှုနိုင်စေခြင်းငှါ ပြလု်က်သော ဓာတ်ဘော် နည်းပေတည်း၊ ဤနည်းသည် အင်္ဂုတ္တိုရ်ပါဠိတော်၌လာသော အရှင် သာရိပုတ္တရာ ရှုနည်းပေတည်း၊ ဤနည်းအားဖြင့် ဓာတ် ၄-ပါးကို ထင်ရှားစွာမြင်အောင်ရှုပြီးမှ ရှေး၌ပြအပ်သော သုညတနည်းကို ရှုရသော် အလွန်ထင်ရှားပေလတ္တံ့။
ရေအပြင်
အထုအားဖြင့် ယူဇနာလေးသိန်းရှစ်သောင်း၊ အပြန့်အားဖြင့် စကြဝဠာအနန္တ တပြင်တည်းတည်နေသော ရေအပြင်ကြီး၌ကား ရေဓာတ်၊ မီးဓာတ်သည် အဇ္ဈတ္တဓာတ်၊ မြေဓာတ်, လေဓာတ်သည် ငုတ်ဓာတ်၊ ရေသည် လှုပ်ရှားခြင်းရှိငြားသော်လည်း အပလေတွန်း၍သာ လှုပ်ရသည်၊ မိမိ၏သဟဇာတ် ကလပ်၌ပါသော လေဓာတ်လွန်ကဲ၍ လှုပ်ရသည်မဟုတ်၊ ထို့ကြောင့် ထိုရေပြင်မှာလေဓာတ်ကို အငုပ်ဓာတ် ဆိုပေသည်။
နိုင်လောက်သော တန်ခိုးဖြင့်မြေဓာတ်ကို နှိုးလျှင် မြေဓာတ်, ကျောက်ပြင်ကြီးဖြစ်လာလတ္တံ့၊ မီးဓာတ်ကိုနှိုးလျှင် မီးတောက်အပြင် ကြီးဖြစ်၍ ချုပ်လတ္တံ့၊ လေဓာတ်ကိုနှိုးလျှင် လေ၌လွင့်လတ္တံ့၊ သဟဇာတ် ပစ္စည်းတို့ကို နုတ်ခွါ၍ကြည့်လျှင် တုစ္ဆသုညအဖြစ် ထင်ရှားလတ္တံ့။
ရေအပြင်ပြီး၏။
---(၄) မြေအပြင်
ထိုအထက် သိလာပထဝီခေါ်သော ကျောက်ဖျာအပြင်၊ ထိုမှပေါ် သော မြင့်မိုရ်၊ သတ္တရဘန်၊ စကြဝဠာတောင်စုနှင့်တကွ လူတို့နေရာ ပံသုပထဝီအပြင်တို့၌ကား သိလာမြေ, ပံသုမြေဟူသော မြေဓာတ်ပေါ် သည်၊ မီးဓာတ်လျှစ်လျူရှိသည်၊ ရေဓာတ်, လေဓာတ် ငုတ်သည်၊ ပေါ် ဓာတ်တို့ကိုနှိပ်၍ ငုပ်ဓာတ်တို့ကို ဘော်၍ရှုလေ၊ ပစ္စယ သာမဂ္ဂီတို့ကို နုတ်ခွါ၍ရှုလေ၊ သုညတသဘော ထင်ရှားလတ္တံ့။
ဤမြေဓာတ်နယ်ကား အကနိဋ္ဌဗြဟ္မာကြီးသဏ္ဌာန် နတ်ဝတ် ပုဆိုးဘုံဗိမာန် ဥယျာဉ်ပဒေသသာပင်တိုင်အောင် မြေစုမြေခဲတွေသာ ဖြစ်ပေ၍ အကနိဋ္ဌမှအောက်တပြင်ပေတည်း၊ သတ္တလောကအားဖြင့် ကား အဝီစိငရဲကောင်မှစ၍ အထက်အကနိဋ္ဌ ဗြဟ္မာ့သဏ္ဌာန်တိုင်အောင် ဤအတွင်း၌ ပရမဏုမြူနယ် သေးငယ်လှစွာ သတ္တဝါကောင်ဖြစ်၍ နေသော မြေခဲမှစ၍ ရာဟုအသုရိန်၏ ကိုယ်ကောင်သဏ္ဌာန်ဖြစ်သော မြေခဲကြီးတိုင်အောင် မြေနယ်ပေတည်း၊ သတ္တဝါအနန္တကို နှံ့နိုင်သမျှနှံ့ပြား အောင် ထိုးချေ၍လေ။
နည်းပြအံ့-အကနိဋ္ဌဗြဟ္မာ့သဏ္ဌာန်၌ မြေဓာတ်ပေါ်၏၊ မီးဓာတ် လျစ်လျူရှိ၏၊ ရေဓာတ်ကိုနှိုး၍ရှုလျှင် ရေအယဉ်ဖြစ်၍ စီးသွားလေအံ့၊ မီးဓာတ်ကိုနှိုးလျှင် မီးတောက်မီးလျှံဖြစ်၍ပျေက်လေအံ့၊ လေဓာတ်ကို နှိုးလျှင်ပွရွ၍ လွင့်ပါးလေအံ့၊ ပစ္စယသာမဂ္ဂီကို နုတ်ခွါ၍ကြည့်လျှင် သတ္တဝါမဟုတ်၊ အသက်ရှည်မဟုတ်၊ တုစ္ဆသုည သဘော ထင်ရှားပေါ် လေအံ့၊ စကြဝဠာအနန္တတွင် ကာမရုပ်ရှိသမျှသော သတ္တဝါ အနန္တတွေကို အကုန်ကြိတ်နယ်၍ ရှုလေ၊ မိမိကိုယ်ကို ရှေးဦးတင်၍ရှုရမည်၊ အထူးမူ ကား ရူပဗြဟ္မာကောင်ဆိုရသော မြေခဲစုမှာ ဓာတ်မီး၏ သားမြေးစု သာတည်း။
ကာမသတ္တဝါကောင်ခေါ်ရသော မြေခဲတို့၌ကား ဓာတ်ဆီ၏ သားမြေး၊ ဓာတ်မီး၏ သားမြေးဟူ၍ ၂-ပွေပင်ရလေသည်၊ ကာမ သတ္တဝါတို့မှာ မပြတ်မပြတ် ဓာတ်ဆီလောင်း၍လောင်း၍ ပေးနိုင်မှ ဓာတ်မီးတောက်နိုင်၍ အကောင်မပျက် အထည်မပျက် ဆက်လက် တည်နေနိုင်သည်၊ လူသတ္တဝါများမှာ တစ်နေ့လျှင်၂-ခါ ၂-ခါ ဓာတ်ဆီ လောင်း၍ အသက်ကိုငင်ရသည်၊ လောင်းချိန်ကျရောက်ကျလျက် မလောင်းခဲ့လျှင် ထိုအချိန်ကစ၍ အဇ္ဈတ္တဓာတ်နုတို့သည် တကိုယ်လုံး မှာပင် ရေမှဆယ်သောရေမြုပ်စိုင်ကဲ့သို့ အစဉ်အတိုင်း တဖြုတ်ဖြုတ် ကြေပျက်၍ ခုနှစ်ရက်တိုင်လျှင် ကမ္မဇဓာတ်နုကုန်၍ သေဆုံးရတော့ သည်၊ ထိုသို့ဖြစ်ရန်အခွင့် ထင်ရှားရှိလေသောကြောင့် မြေတပြင်လုံး မှာပင် လယ်ခင်း, ယာခင်း, ဥယျာဉ်သစ်ပင်တို့ကို လုပ်ဆေင်၍ ရေကြောင်း ကုန်းကြောင်းသွားလာ၍ အသက်မွေးမှုအမျိုးမျိုးတို့နှင့် ဓာတ်ဆီ ဆက် လက်မှုကို ကြောင့်ကြစိုက်ရသည်။
စကြဝဠာအနန္တမှာပင် နေ့ရှိသမျှ ရွရွ-ရွရွ ကြောင့်ကြစိုက်ကြ ရသောအမှုကို အရင်းပေါ်အောင် နေရာကျစစ်ဆေး၍ ကြည့်တတ် ပါလျှင် “အနတ္တာ အသာရကဋ္ဌေန” ဟူသော အနတ္တလက္ခဏာ ထင် လင်းပေါ်ပေမည်။
အသာရကဋ္ဌေန=မိမိ၏ပုဂ္ဂိကအစွမ်းသတ္တိအားဖြင့် အဓွန့်ရှည် ကြာခိုင်ခန့်မြံစွာ တည်နေနိုင်သော အနှစ်အမာရှိခြင်း အနက်ကြောင့်၊ အနတ္တာ=အနတ္တမည်၏။
အနှစ်အမာမရှိသောကြေင့်ပင်လျှင် ဇရာမီး, မရဏမီး ခဏချင်း ဘိစီးလောင်ကျွမ်းကုန်ဆုံးသည်ဖြစ်, “အနိစ္စံ ခယဋ္ဌေန” ဟူသော အနိစ္စ လက္ခဏာထင်လင်းပေါ်ပေမည်၊ ဇရာမီး, မရဏမီး ခဏချင်း ဘိစီး လောင်ကျွမ်းသဖြင့် ခဏချင်း ဟောင်းမြင်းရိရှား နွမ်းပါးညှိုးချုံး ပျက်ဆုံး ကွယ်ပျောက်သည်ဖြစ်၍ ကြောက်ဘွယ် လန့်ဘွယ်တွေသာ ဖြစ်ရ လေကား “ဒုက္ခံဘယဋ္ဌေန” ဟူသော ဒုက္ခလက္ခဏာထင်လင်းစွာ ပေါ်ပေ မည်။
အနှစ်အမာမရှိ၍ မျက်တောင်တရှက် လျှပ်တပြတ်မျှ အသက် မရှည်နိုင်သော တရားစုသည် ဘယ့်သူ့ အလိုသို့လိုက်ပါနိုင်မည်နည်း၊ အလိုသို့မလိုက်သောတရားစုကို ငါ့ကိုယ်ငါ့ကိုယ်ဟု အတွင်း၍ အားပြုခြင်း အမှုသည် ဟုတ်မှန်သောသဘောပင် မဟုတ်ပေ၊ အနှစ်မရှိခြင်းသည် လက္ခဏာယာဉ် ၃-ပါး အရင်းမူလပေတည်း၊ ထို့ကြောင့် အနှစ်မရှိခြင်း ဟူသော တုစ္ဆသုညသဘောကို အနုထက်အနု မြင်အောင်ရှုနိုင်ပါလျှင် လက္ခဏာယာဉ် ၃-ပါးပေါ်လတ္တံ့။
မျက်စိလည်သော ခရီးသွားဥပမာ
ဥပမာကား ခရီးသွားမျက်စိလည်တယောက်သည် ညဉ့်အခါ ဂင်္ဂါမြစ်ရေ၌ မျော၍လာသော ဖော့ဒိုက်ကိုရ၍ တက်စီးလေရာ ညဉ့် အခါပင် သမုဒ္ဒရာရေပြင်သို့ တက်မော၍ပါလေ၏၊ ထိုဖော့ဒိုက်ကြီးသည် သစ်ကြီးဝါးကြီးလည်း မပါ၊ ကြိုးလွန်ကြိမ်နွယ် အဖွဲ့အယှက်လည်းမရှိ၊ စုမိစုရာ ဆူးအမျိုးမျိုး, ငြောင့်အမျိုးမျိုးနှင့်ယှဉ်သော အမှိုက်စုသာဖြစ်၏၊ တွေ့မိတွေ့ရာကထွက်၍ ပါလာသော အဆိပ်ထန်သော ပိုးအမျိုးမျိုး, မြွေအမျိုးမျိူးနှင့်လည်းပြည့်၏၊ လေနှင့်, လှိုင်းနှင့်, ဝဲနှင့် တချက်တွေ့ လျှင်ပင် တဖျင့်တပါး ပျက်ပြားလတ္တံ့သည်လည်းဖြစ်၏၊ ထိုသူသည် မဟာသမုဒ္ဒရာ၏ ဆားငံရေ အတိဖြစ်၍ ကမ်းမရှိ၊ ကျယ်သည်, နက် သည်, ငါးလိပ် မကန်းစသော ဘေးအန္တရာယ်များပြားသည်ကိုလည်း မသိ၊ ထိုသူသည်လည်းညဉ့်အမှောင်တွင်းဖြစ်၍ ထိုဖော့ဖောင်ကိုပင် သိကြား ဖန်ဆင်းသော မဟာပစ္စရိ ဖောင်ကြီးနှင့်အတူ ထင်၍ ချမ်းမြေ့သဖြင့် ကျွန်းကောင်း, မြို့ကောင်းသို့ ဆိုက်ရောက်ပေတော့အံ့ဟု အားရှိ၏၊ ညဉ့်အခါတွင်း၌ပင်လျှင် လေဟုန်, လှိုင်းဟုန်, ဝဲဟုန်နှင့်တွေ့၍ ဖရိုဖရဲ အဖျင့်တပါး ပျက်ပြားလေရာ တွယ်တာရုံမျှ စမ်းမရသဖြင့် ငါးလိပ်တို့၏ အစာဖြစ်လေ၏။
ဤဥပမာ၌ သာသနာတွင်းဝယ် လူ့အဖြစ်ကိုရသည်နှင့် ဂင်္ဂါမြစ် ကွေ့၌ ဖော့ဒိုက်ကိုရသည်နှင့်တူ၏၊ ညဉ့်အမှောင်နှင့် အဝိဇ္ဇာတူ၏၊ ညဉ့်မှောင်မရှိပေလျှင် ဖော့ဒိုက်ကြီး၏ ကြောက်လန့်ဘွယ်ကကို၎င်း, ကမ်းမရှိသော မဟာသမုဒ္ဒရာသို့ သွားရသော ဘေးကို၎င်း, ဂင်္ဂါ၏ ကမ်းကို၎င်း မြင်ရ၍ ဖော့ဒိုက်ကို ကမ်းရှိရာသို့အပါတွန်း၍ ဖော့ဒိုက် ဘေးမှ လွန်တည့်ရန် ကြံဘန်အားထုတ်ပေလတ္တံ့။
(၁) ဂင်္ဂါကမ်းနှင့် နိဗ္ဗာန်။
(၂) မဟာသမုဒ္ဒရာနှင့် သာသနာပသံသရာ။
(၃) ငါးလိပ်မကန်းနှင့် သံသရာဒုက္ခ။
(၄) ဖော့ဒိုက်နှင့် မိမိ၏ ဥပါဒါနက္ခန္ဓာငါးပါး။
(၅) ဖော့ဒိုက်၌ ဆူးငြောင့်စုနှင့် ရောဂါအနာမျိုး။
(၆) ဖော့ဒိုက်၌ ခိုကြသော အဆိပ်ထန်သော ပိုးမျိုး, မြွေမျိုးနှင့်တစ်ထောင်ငါးရာ ကိလေသာ။
(၇) ဖော့ဒိုက်ကြီး၏ အဖွဲ့အစည်း အားနည်းရော့ရဲ ပြိုကွဲလုလုနှင့် အနမတဂ္ဂသံသရာတွင် ခန္ဓာငါးပါး၏ အသာရဋ္ဌ။
(၈) လေဟုန်, လှိုင်းဟုန်, ဝဲဟုန်နှင့် လောက၌ရှိသောဘေးစု။
(၉) ဖော့ဒိုက်ကို သိကြားဖန်ဆင်းသော ဖောင်ကြီးနှင့်အတူ ထင်သည်နှင့် မိမိခန္ဓာကို အမြတ်ထင်သော ပုထုဇဉ်။
(၁၀) ဖောင်ကိုအားကိုးမှား၍ ဖောင်သွားရာသမုဒ္ဒရာပြင်သို့ ရောက်လေသည်နှင့် ယခုဘဝခန္ဓာကို ညှာတာ၍ သေသည်၏အခြားမဲ့၌ သာသနာပသို့ရောက်သွားသောသူ။
(၁၁) ဂင်္ဂါမြစ်ကြီး ကမ်းအနီးဝယ် ရေပြင်လယ်၌ပင် ပျက်၍သေ သူနှင့် ယခုဘဝပုထုဇဉ်အနေသေသူ။
(၁၂) ကမ်းမမြင်ရာ သမုဒ္ဒရာအလယ်မှာ ဖောင်ပျက်၍ သေ သူနှင့်သာသနာပ အနမတဂ္ဂ၌ သေကြသမျှ။
ထို့ကြောင့် ယခုဘဝကမ်းစနီးခိုက်တွင် မိမိခန္ဓာ၏ အသာရ နိဿာရ တုစ္ဆ သုညအဖြစ်များကို မြင်ကြ၍ ခန္ဓာအလိုသို့ မလိုက်ဘဲ ခန္ဓာကိုသာ ကမ်းနီးရာသို့ အပါဆွဲရမည်။
ထင်းစကိုစွဲ၍ တောက်ရသော မီးတောက်သည် ထင်းစထက်ပင် အနှစ်အမာ နည်းလေသကဲ့သို့ ရုပ်ကို စွဲ၍ဖြစ်ရသော စိတ်စေတသိက် ဟူသော နာမ်တရားသည်လည်း ရုပ်ထက်ပင် အလွန်အနှစ်အမာနည်း သည်ဟု သိလေ။
တုစ္ဆ သုည သဘော
တောတောင်သစ်ပင်တို့၏ အနိစ္စ, ဒုက္ခ, အနတ္တ, တုစ္ဆသုည ကိုမြင်လိုလျှင် နှစ်စဉ်ရွာသော မိုးရေ, မိုးပေါက်ဟူသော ဓာတ်မီး, မြေ၌မှီသော ဓာတ်မီးတို့ကို ဉာဏ်ဖြင့်နုတ်ပယ်၍ရှု။
ယခုနှစ်တွင် စကြဝဠာအနန္တ တပြိုင်တည်း မိုးပြတ်ခဲ့အံ့။ နောက် ကိုမိုးမရွာပြီဟူခဲ့အံ့။ စကြဝဠာအပြင်သည် နောက်နှစ်မှစ၍ သစ်ရွက် သစ်ညွှန့်ကုန်မည်၊ မကြာမီ သစ်ပင်တောတောင် ခြောက်သွေ့ကုန် ခန်းမည်။
ဗဟိဒ္ဓဓာတ်ဆီကို နေ့စဉ်လောင်း၍ သည်ရက်မှနောက်ရက်, သည်လမှနောက်လ, သည်နှစ်မှနောက်နှစ်, သည်အရွယ် မှနောက်အရွယ် ရောက်အောင်ငင်နိုင်ပါမှ ပါနိုင်သော လူ, နွား, ကျွဲ, ဆင်, မြင်း, ငါး, လိပ်, မကန်းစသော အကောင်အထည်ဟု ဆိုအပ်သော ဓာတ်မီးတောက် ဓာတ်မီးခဲတို့သည်လည်း နောက်နှစ်မှစ၍ စကြဝဠာအနန္တ တပြင်လုံး အရိုးဖွေးဖွေးမျှ မကျန်အောင် ပျက်ဆုံးကုန်ခန်းမည်၊ ကမ္ဘာတည် သည်မှစ၍ လိုရာနှစ်သက္ကရာဇ်တွင် ဖြတ်၍ကြည့်၊ သတ္တဝါတကောင်တွင် ကွက်၍ကြည့်လိုမူကား မိမိကိုယ်ကို ကွက်၍ကြည့်။
ကလလသတ္တာဟ၌ ဓာတ်မီး အစောင့်အရှောက်နှင့် လာခဲ့၍ အဗ္ဗုဒသတ္တာဟ, ပေသိသတ္တာဟသို့ ရောက်သောအခါ အမိမှဖြစ်သော ဓာတ်ဆီသည် သူငယ်ကိုယ်သို့စိမ့်၍ ဓာတ်ကိုပွားစေသည်၊ ဓာတ်ဆီ နှင့်မနှံ့ပေမူ ထိုအခါတွင်ချုပ်မည်၊ နေ့စဉ်အတိုင်း ယခုနေ့တိုင်အောင် ဓာတ်ဆီလောင်းကာ လောင်းကာ လာခဲ့ရသည်ကိုလည်း မြင်အောင် ကြည့်၊ မည်သည့်နေ့မှစ၍ မလောင်းပေလျှင် မည်သည့်နေ့တွင် သေ မည်ဟု သေနေ့ကိုလည်း မြင်အောင်ကြည့်၊ နာရီတိုင်း ခဏတိုင်း သေနာရီ, သေခဏချည်းမြင်အောင်ရှု။
အနမတဂ္ဂသံသရာက လာခဲ့ရပုံကိုလည်းရှု၊ နောက်ရက်, နောက် လ, နောက်နှစ်သို့ သွားရလတ္တံ့သော ပုံကိုလည် မြင်အောင်မြော်လေ၊ ရှိသမျှသတ္တဝါစုကိုလည်း မိမိသန္တန်နှင့်အတူ မြင်အောင်ရှုလေ၊ ဤအာဟာရနှင့်စပ်၍ ရှုနည်းသည် တစ်ဘဝ တစ်ဘဝ တွင် ပဝတ္တိအခါ၌သာ ရသည်။
ဘဝသစ်ထူထောင်ရန်မှာမှုကား ဒါန, သီလ, ဘာဝနာ ဟူသော ကုသိုလ်ကံစေတနာ၊ ပါဏာတိပါတစသော အကုသိုလ်ကံစေတနာသည် ဘဝသစ် ဘဝသစ်ကို ပေါက်ဖွားစေနိုင်သော ဓာတ်မီးပေတည်း၊ နန္ဒရာဂ ခေါ်သော ဘဝတဏှာသည် ဓာတ်ဆီပေတည်း၊ ဓာတ်ဆီလောင်း၍ပေးမှ ဓာတ်ဆီလောင်း၍ဘဝသစ်ပေါ်နိုင်သည်။
အကုသိုလ်စေတနာဟူသော ဓာတ်မီသည် အပါယ်ဘုံမှာ တောက် ၍ ခန္ဓာတွေကို ပေါက်ဖွားစေသည်။
ကာမကုသိုလ် စေတနာဟူသော ဓာတ်မီးသည် လူ့ဘုံ, နတ်ပြည် ၆-ထပ်တို့၌ တောက်၍ ခန္ဓာတွေကို ပေါက်ဖွားစေသည်။
ရူပကုသိုလ်စေတနာ, အရူပကုသိုလ်စေတနာဟူသော အဆင့် ဆင့်သော ဓာတ်မီးတို့သည် ရူပ ၁၆-ဘုံ, အရူပ ၄-ဘုံတို့၌ တောက်၍ ခန္ဓာတွေကို ပေါက်ဖွားစေနိုင်သည်၊ အသစ်အသစ်ဖြစ်သည်ကို သာယာ သော ဘဝတဏှာကို ဓာတ်ဆီခေါ်ပေသည်မှာ “တဏှာ သိနေဟော” ဟူသောပါဌ်နှင့်အညီတည်း၊ ကံကိုဓာတ်မီ ခေါ်သည်မှာ ထင်လွယ်ရန် ပေတည်း။
အနမတဂ္ဂသံသရာတွင် လိုရာဘဝကိုမှတ်၍ ဓာတ်ဆီကိုနုတ်၍ ဓာတ်မီးကိုသတ်၍ရှု၊ ဘဝအသစ်မပေါ်ဘဲ ချုပ်ကွယ်သော ဝယသဘော ထင်လင်းလတ္တံ့။
ဘဝတိုင်း အသစ်လောင်းရသော တဏှာဓာတ်ဆီနှင့် စေတနာ ဓာတ်မီးတို့၏ အချက်တွေကိုမြင်လျှင် ဘဝအသစ်အသစ် ဖြစ်ကာဖြစ်ကာ တက်၍လာသော ဥဒယသဘောကို မြင်ရလတ္တံ့၊ ဘဝသစ်ထူထောင် မိလျှင် ကာမဘုံမှာ အာဟာရဓာတ်ဆီနှင့် စပ်၍ရှု၊ ရူပ, အရူပဘုံမှာ ဖဿဟာရ, ဝိညာဏာဟာရနှင့် စပ်၍ရှုလေ။
အတတ်, အနာဂတ်သံသရာကို မဟာကမ္ဘာကို အသင်္ချေယျ ကပ်နှင့် အပိုင်းအပိုင်းဖြတ်၊ အသင်္ချေယျကပ်ကို အန္တရကပ်နှင့်အပိုင်း အပိုင်းဖြတ်၊ အန္တရကပ်ကို ထိုထိုအသက်တမ်းဟူသော အာယုကပ် နှင့်ဖြတ်၊ အာယုကပ်တွင် ရောက်ရာအသက်တမ်းကို နှစ်နှင့်အပိုင်း အပိုင်းဖြတ်၊ နှစ်ကို ဥတုနှင့်၊ ဥတုကို လနှင့်၊ လကို ပက္ခနှင့်၊ ပက္ခကို ရက်နှင့်၊ ရက်ကို ပဟိုရ်နှင့်၊ ပဟိုရ်ကို နာရီနှင့်၊ နာရီကို ပါဒ်နှင့်၊ ပါဒ်ဗီဇနာကို ပြန်နှင့်၊ ပြန်ကိုခရာနှင့် အပိုင်းအပိုင်းဖြတ်၊ လက်ဖျစ်တတွက် လျှပ်တပြက်ခန့်မှာ ကုဋေအရာမက အပိုင်းအပိုင်းဖြတ်ရမည်ပင်၊ ဝိသုဒ္ဓိမဂ် နယဝိပဿနာတွင် လာသော အာဒါနနိက္ခေပစသော အစီရင် နှင့်သော်လည်း ဖြတ်။
ဤသည်ကား ဓာတ်ဆီ ဓာတ်မီးတို့ကို အမှီပြု၍ ရုပ်တရား တို့၌ထိုးထွင်း၍သိမြင်ရန် အကြောင်းအမြွက်ပေတည်း။
ရုပ်တရားတို့ နိဿတ္တ, နိဇ္ဇီဝ, တုစ္ဆ, သုညသဘောများကို ဆိုခဲ့ တိုင်းသော အစီအရင်ဖြင့် ထင်မြင်နိုင်ပေမူကား ထိုရုပ်တရားတို့ထက် အဆများစွာ အားနည်းပါသော စိတ် စေတသိက်ဟူသော နာမ်တရား တ်ို့၏လည်း နိဿတ္တ, နိဇ္ဇီဝ, တုစ္ဆ,သုည သဘောများသည် အလိုလို ထင်ရှားလာလတ္တံ့။
ရိလှ, ပုပ်လှစွာသော အနာကြီး၏ တုစ္ဆသုညသဘောကို ထင်မြင် ပေလျှင် အနာကြီး၏အတွင်း၌ နာဘို့ကျင်ဘို့ နေသော ငန်းရှိန် ငန်းခိုး မန်းရှိန် မန်းခိုးတို့၏ တုစ္ဆသုညသဘောသည် ထင်ပေရာ သကဲ့သို့တည်း၊ ဤကျမ်းသည် ရူပဒီပနီဖြစ်ပေ၍ နာမ်တရားတို့၏ နိဿတ္တ, နိဇ္ဇီဝ, တုစ္ဆ, သုည, အနိစ္စ, ဒုက္ခ, အနတ္တသဘောများကို ဆိုခွင့်မသာ ရှိခဲ့သည်နှင့် လျစ်လျူရှုရသည်။
ဓာတ်ဆီဓာတ်မီးကိုမှီ၍ သင်္ခါရရှုပုံပြီး၏။
ဤတွင် ရုပ်တို့၏ ချုပ်ပြတ်စဲပုံပြီး၏။
---(၄) ရုပ်တို့၏ချုပ်စဉ် ၁၁။ စတုဇရုပ် ချုပ်ပုံ အကြောင်း ကမ္မဇရုပ်
ယခုအခါ လေးပါးသောအကြောင်း, ရှစ်ပါးသော အကြောင်း တို့တွင် တစ်ခုခုသောအကြောင်းကြောင့် သေတော့မည် ပြုရာ မရဏာ သန္နကာလ၌ ရုပ်ကလာပ်တို့၏ဖြစ်ပုံချုပ်ပုံများကို ဆိုပေအံ့။
သတ္တဝါတို့၏ ရင်ချိုင့်အတွင်း၌ အညှို့ ၂-ခု, နှလုံးအိမ်တစ်ခု, အဆုတ်အိမ်တစ်ခု, အဖျဉ်းခေါ်သောနွားငယ်လျှာသဏ္ဌာန် တစ်ခု, အားလုံးတို့၏အောက်မှ ခံ၍နေသော အမြှေးလွှာကြီးတစ်ခု, သပွတ်ခါး သီးသဏ္ဌာန်ရှိသော သည်းခြေအိမ်တစ်ခု, အသံသရဏသွေး အစုတစ်ခု ဤအလုံးစုံတို့သည် ဆိုင်ရာဆိုင်ရာကိစ္စနှင့် တစ်ကိုယ်လုံးဝယ် အသုံး တွင်ကြပေကုန်သည်။
ဤတွင် နှလုံးအိမ်၌တည်သော ကမ္မဇဓာတ်မီးသည်သာ အချုပ် ဖြစ်သတည်း၊ ယင်းဓာတ်မီး အခြေပျက်လျှင် နှလုံးသွေးအခြေ ပျက်သည်၊ နှလုံးသွေး အားကြီးစွာ အခြေပျက်၍ခဲလွန်းသော်၎င်း, ဧလွန်းသော်၎င်း, ခန်းခြောက်သော်၎င်း ဝိညာဉ်ချုပ်တော့သည်။
မီးစာမှ မီးတောက်, မီးတောက်မှ မီးရောင်သည် တိုက်ခန်း အတွင်းပျံ့နှံ့တည်နေသကဲ့သို့ မီးစာနှင့်တူသော သကျည်း, မီးတောက်နှင့် တူသော ပါစကဓာတ်မီး, မီးရောင်နှင့်တူသော ဥသ္မာဓာတ်မီးသည်ရှိ၏၊ ဤဓာတ်မီး ၂-ပါးတို့သည် တကိုယ်လုံး ရှိသောသွေး,သည်းခြေ, သလိပ်, အဆီ, အစေးတို့ကို မသိုးမပုပ် မအူမလည်အောင် စောင့်ရှောက် ပေသည်ဖြစ်၍ ဤဥသ္မာဟူသော ကိုယ်စောင့်ဓာတ်မီးသည်ပင် နှလုံး သွေးကိုလည်း စောင့်ရှောက်ပေ၏။
အသက်တမ်းနီး၍ ဇိရဏဓာတ်မီးအားကြီးစွာလောင်သဖြင့် အပေါ်ရေ, အတွင်းရေ, ခြေဖျား, လက်ဖျားမှစ၍ တရွေ့ရွေ့ ခြောက် သွေ့ကုန်ခန်းလေ၏၊ ခြောက်သွေ့ရာ ခြောက်သွေ့ရာအရပ်၌ ကမ္မဇဓာတ် နုတို့သည် ဆုတ်ယုတ် ချုပ်ကွယ်ဘန်များသည် နောက် နှလုံးအနီး အပါးအလယ်သားရှိ ဓာတ်နုတို့အကုန်ချုပ်ကွယ်၍ အထည်ခံဖြစ်သော ဥတုဇဓာတ်ကြမ်းခဲကြီးသည်သာ ကျန်ရှိသည်ကို သေသည်ဆိုသည်။
ပဋိသန္ဓေမှစ၍ ခဏငယ်ခဏငယ်တိုင်း အစဉ်စပ်ကာ အသစ် အသစ် ဥပါဒ်မြဲဖြစ်သော ဟဒယဝတ္ထု ကလာပ်စုသည် အကြင်ခဏ ငယ်မှာ ဥပါဒ်အဆုံးကျ၏၊ နောက်၌ထပ်၍ ဥပါဒ်သစ်မရှိပြီ၊ ထိုခဏ ငယ်မှစ၍ ခဏငယ်ပေါင်း ၅၁-ချက်, စိတ္တက္ခဏပေါင်း ၁၇-ချက်စေ့ရာ ခဏငယ်တွင် ထိုဟဒယဝတ္ထု ကလာပ်စုသည် ချုပ်လေ၏၊ ထိုဟဒယ ဝတ္ထုရုပ် ချုပ်ခဲ့လျှင် ဝိညာဉ်သည်လည်း မှီရာမရှိသည်နှင့် စုတိဖြစ်၍ ချုပ်ရလေတော့သည်။
စုတိစိတ္တော ပရိ သတ္တရသမစိတ္တဿ ဌိတိကာလ မုပါဒါယ ကမ္မဇရူပါနိ န ဥပ္ပဇ္ဇန္တိ။ [သင်္ဂြီုဟ်။]
ဤကမ္မဇရုပ်အချုပ်မှာ အဆိုအကွဲအပြားမရှိကြ။
စိတ္တဇ အာဟာရဇရုပ်
စိတ္တဇရုပ်, အာဟာရဇရုပ်တို့၏ ချုပ်ပုံမှာ ရဟန္တာစုတိကို လွှတ်၍ ဆိုအံ့။
စုတိစိတ်သည် ရုပ်ကိုဖြစ်စေနိုင်၏၊ ရုပ်မည်သည်လည်း စိတ္တက္ခဏ ၁၇-ချက် အသက်စေ့မှ ချုပ်မြဲဓမ္မတာ၊ ထို့ကြောင့် စုတိစိတ်ကြောင့် ဖြစ်ရသော စိတ္တဇ အဋ္ဌကလာပ်ရုပ်စုသည် စုတိစိတ်ချုပ်ပြီးနောက် အသေကောင် သန္တာန်ဝယ် ခဏငယ် ၄၈-ခုစေ့မှ ချုပ်သည်ဟု သိအပ်၏။
ကမ္မဇရုပ် နောက်ဆုံး ဥပါဒ်သော သတ္တရသမ ဘဝင်စိတ်မှစ၍ ဆိုသော် ထိုဘဝင်စိတ်ကြောင့်ဖြစ်သော စိတ္တဇကလာပ်သည် စုတိစိတ် နှင့်ပြိုင်၍ချုပ်သည်။
၎င်းနောက် သောဠသမ ဘဝင်စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ် သည် စုတိစိတ်နောင် အသေကောင် သန္တာန်ဝယ် ခဏငယ် ၃-ခု စေ့ တွင်ချုပ်သည်။
၎င်းနောက် ပန္နရသမ ဘဝင်စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်သည် စုတိစိတ်နောင် အသေကောင်သန္တာန်ဝယ် ခဏငယ် ၆-ခုစေ့တွင် ချုပ်သည်။
၎င်းနောက် စုဒ္ဒသမ ဘဝင်စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်သည် စုတိစိတ်နောင် အသေကောင်သန္တာန်ဝယ် ခဏငယ် ၉-ခုစေ့တွင် ချုပ်သည်၊ ဤသို့စသည်ဖြင့် ရှေး၌ စိတ်တစ်ခုတစ်ခုဆုတ်၍ စုတိစိတ် နောင် အသေကောင်သန္တာန်၌ ခဏငယ် ၃-ခု, ၃-ခုတိုး၍ သွားလေ။
မရဏာသန္န ပဉ္စမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်သည် စုတိစိတ်နောင် အသေကောင်သန္တာန်ဝယ် ခဏငယ် ၄၅-ခုစေ့တွင် ချုပ်သည်၊ စုတိစိတ်ကြောင့်ဖြစ်သော ရုပ်မှာဆိုခဲ့ပြီ၊ အသေကောင် သန္တာန်ဝယ် စိတ်မရှိလေသောကြောင့် စိတ္တက္ခဏနှင့် မပြောဘဲ ခဏ ငယ်နှင့်ပြောပေသည်။
အာဟာရဇရုပ်မှာမူကား- စိတ်ရှိသေးသမျှကာလပတ်လုံး ဖြစ် သင့်လေသေးသည်နှင့် စုတိစိတ်၏ ဌီ, ဘင်များမှာလည်း ဖြစ်ပါ သေး၏၊ ထို့ကြောင့်စုတိစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ် ချုပ်ပြီးသည် နောက် ခဏငယ်တစ်ခု, ခဏငယ် ၂-ခုနှောင်းပြီးမှ အာဟာရဇရုပ် ချုပ်သည်၊ ရှေးသတ္တရသမ ဘဝင်စိတ်မှစ၍ ချီလိုလျှင်ချီ၍ ဆိုလေ။
စိတ္တဇရုပ်မှာ စိတ်၏ဥပါဒ်-ဥပါဒ်မှသာ ဖြစ်ကောင်းလေသော ကြောင့် အချုပ်ကိုဆိုရာ အသေကောင် သန္တာန်ဝယ် ခဏငယ် ၃-ခု, ၃- ခုတိုးရသည်၊ အာဟာရဇရုပ်, ဥတုဇရုပ်တို့မှာ ခဏငယ်ချင်းစပ်အောင် ဖြစ်ပေသောကြောင့် အချုပ်ကိုဆိုရာမှာလည်း ခဏငယ် တစ်ခုတစ်ခု စီသာ တိုးပါလေ။
[ဤကား- အဋ္ဌသာလိနီ အဋ္ဌကထာကြီး, သမ္မောဟ ဝိနောဒနီအဋ္ဌကထာကြီး, ဝိသုဒ္ဓိမဂ်အဋ္ဌကထာကြီး, အဘိဓမ္မာဝတာရ အဋ္ဌကထာလတ်, သင်္ဂြီုဟ်, ပရမတ္ထဝိနိစ္ဆယ, နာမရူပပရိစ္ဆေဒ အစရှိသော အဋ္ဌကထာငယ်, ထိုအဋ္ဌကထာတို့၏ အဖွင့်ဖြစ်သော အရပ်ရပ်သောဋီကာဟောင်း, ဋီကာသစ်ဆရာတို့၏ အညီအမျှ သက်ဝင်ကြသော အယူပေတည်း။]
ဝီထိပုံစံ
ဝီထိပုံမှာမူကားအသစ် အသစ်ဖြစ်ပေါ်သည်ကို ဥပါဒ်ဆိုသည်၊ ထိုဥပါဒ်ကို ဂဏာန်းချက်နှင့်ပြမည်၊ ၄-ဂဏာန်းမြင်လျှင် ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇရုပ် ၄-မျိုး ဥပါဒ်မှတ်၊ ၃-ဂဏာန်းမြင်လျှင်ကမ္မဇမပါပြီ၊ စိတ္တဇ, ဥတုဇ, အာဟာရဇ ၃-မျိုး ဥပါဒ်မှတ်၊ ၂-ဂဏာန်းမြင်လျှင် ကမ္မဇ, စိတ္တဇမပါပြီ၊ ဥတုဇ, အာဟာရဇ ၂-မျိုး ဥပါဒ်မှတ်၊ ၁-ဂဏာန်းမြင်လျှင် ဥတုဇတစ်ခု မှတ်။
ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင်
ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝ ဝဝဝ ဝဝဝ ဝဝဝ
၄၂၂ ၃၂၂ ၃၂၂ ၃၂၂ ၃၂၂ ၃၂၂
ဘဝင် ဘဝင် ဘဝင် ဘဝင် ဘဝင် ဇော ဇော ဇော
ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
၃၂၂ ၃၂၂ ၃၂၂ ၃၂၂ ၃၂၂ ၃၂၂ ၃၂၂ ၃၂၂
ဇော ဇော စု
ဝဝဝ ဝဝဝ ဝဝဝ
၃၂၂ ၃၂၂ ၁၁၁
ဤဝီထိပုံကား- ဇောနောင် စုတိကျသော ဝီထိပုံတည်း၊ ၄- ဂဏန်းခဏငယ်၌ အသစ်ဥပါဒ်ကုန်သော စတုဇရုပ်တို့သည် စုတိ၏ ဘင်ခဏငယ်၌ ချုပ်ကုန်သည်။
၎င်းနောက် ၂-ဂဏာန်းခဏငယ်၌ အသစ်ဥပါဒ်ကုန်သော ဥတုဇရုပ်, အာဟာရဇရုပ်တို့သည် စုတိ၏ ဘင်ခဏငယ် နောက် ပဌမခဏငယ်၌ချုပ်ကုန်သည်။
၎င်းနောက် ဒုတိယ ဂဏန်း ခဏငယ်၌ အသစ်ဥပါဒ်ကုန်သော ဥတုဇရုပ်, အာဟာရဇရုပ်တို့သည် စုတိ၏ ဘင်ခဏငယ် နောက် ဒုတိယခဏငယ်၌ ချုပ်ကုန်သည်။
၎င်းနောက် ၃-ဂဏာန်းခဏငယ်၌ အသစ်ဥပါဒ်ကုန်သော စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့သည် စုတိ၏ ဘင်ခဏငယ် နောက် တတိယခဏငယ်၌ ချုပ်ကုန်သည်၊ ဂဏာန်းကိုကြည့်၍ စုတိ၏ ဘင်တိုင်အောင် အစဉ်အတိုင်းသွားလေ။
လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက် ကာလဝယ် စိတ်အကြိမ် ပေါင်းကုဋေအသိန်းမက ဖြစ်နိုင်သည်ဟု သတိပဋ္ဌာနသုတ်အဖွင့် အဋ္ဌကထာများ၌ လာသောကြောင့် ခဏငယ်တစ်ခုဟူသော ကာလ၏ ပမာဏကား မျက်တောင်တစ်ခတ်ကာလကို ကုဋေ ၃-သိန်းစိတ်၍ တစ်စိတ်သာမျှသာရှိသည်ဟုမှတ်။
ထို့ကြောင့်စုတိ၏ဘင်နောက် အသေကောင်သန္တာန်ဝယ် ခဏငယ် ၄၈-ခုမျှ စိတ္တဇရုပ်ကျန်ရှိသည့်အတွက်နှင့် သေသူမှာ စိတ္တဇရုပ် ရှိသင့် မည်လောဟု သဘောမထောင့်ကြစေနှင့်၊ ဤအလုံးစုံသော အဓိပ္ပါယ်ကို မဏိမဉ္စူဆရာတော် နေရာချ၍ပြပေပြီ။
ကိဉ္စိ ကာလန္တိ ကိသ္မိဉ္စိကာလေတိ အတ္ထော၊ ကောစ ကောစိ ကာလောတိ၊ စိတ္တဇရူပပဝတ္တိကာလဝသေန ခဏဓွယကာလ ခဏဒွယဓိက ဧကစိတ္တက္ခဏကာလ။ လ။ ခဏဒွယာဓိက ပန္နရသ စိတ္တက္ခဏ ကာလော ကောစိကာလောတိ ဝေဒိတဗ္ဗော။
အာဟာရဇရူပ ပဝတာလဝသေန ပန ဧကက္ခဏကာလ ခဏဒ္ဓယကာလ ဧကစိတ္တဏကာလ ဧကက္ခဏဓိကဧကကစိတ္တက္ခဏ ကာလ။ပ။ သောဠသ စိတ္တက္ခဏကာလော ကောစိလောတိ ဝေဒိတဗ္ဗော၊ [မဏိဉ္ဇူသာဋီကာ။]
ဤပါဋ္ဌ်မှာ “ခဏယကာလ” ဆိုသည်ကား စုတိမှရှေး သောဠသမ စိတ်ကြောင့်ဖြစ်ခဲ့သော စိတ္တဇရုပ်ကို ရည်၍ဆိုသည်၊ ထိုစိတ္တဇရုပ်သည် စုတိစိတ်မှနောက်၌ ခဏငယ် ၂-ခုမျှသာ ဌီအနေနှင့် တည်နိုင်သည်၊ တတိယခဏငယ်သို့ရောက်လျှင် ချုပ်ခဏငယ်သို့ရောက်လျှင် ချုပ်ခဏ ဖြစ်လေတော့သည်၊ “ပဝတ္တိတွာ” မဆိုသာပြီ။
အာဟာရဇရုပ်၌ စုတိမှ ရှေးသတ္တရသမသိစိတ်၏ ဘင်၌ဖြစ်ခဲ့ ရသော အာဟာရဇရုပ်ရည်ကို “ဧကက္ခဏကာလ” ဆိုသည်၊ ၎င်း အာဟာရဇရုပ်သည် စုတိ၏ဘင်နောက် ခဏငယ်တခုမျှသာ ဌီအနေနှင့် တည်ခွင့်ရလေသည်၊ ဒုတိယခဏငယ်မှာ ချုပ်ခဏငယ် ဖြစ်လေတော့ သည်။
ဋီကာကျော်၌ “ကိဉ္စိ ကာလံ ပဝတ္တိတွာ” အရကို ပြရလေ သည်ဖြစ်၍ ဌီခဏကိုသာ ပြတော်မူပေသည်၊ ဘင်ခဏမှာ “ပဝတ္တိတွာ” မဆိုရပေ၊ စုတိစိတ်၏ဌီ၌ ဖြစ်သော အာဟာရဇရုပ်ကိုရည်၍ “သောဠသ စိတ္တက္ခဏ ကာလော” ဟုဆိုပေသည်၊ ယင်းအလိုသော်စုတိ ဘင်၌ အာဟာရဇရုပ် မဖြစ်ပြီဟုကျ၏၊ ငါတို့ကား ဖြစ်သေး၏-ဟုယူ၏ စိတ္တိဇရုပ် ချုပ်ပြီး နောက်ခဏငယ် ၂-ခုနှောင်းကို ဆိုပေသည်၊ အကြွင်းမှာ သိနိုင် လောက်ပြီ။ [တရပ်]
မူလဋီကာ ဆရာတော်မြတ်ကြီးကား စုတိစိတ်ဟူသမျှသည်ပင် ရုပ်ကိုမဖြစ်စေနိုင်ဟုဆိုပေသည်၊ ယင်းအလိုသော် စုတိစိတ်၏ရှေး အနန္တရစိတ်၏ဥပါဒ်တွင်ရွေ့သာ စိတ္တဇရုပ် အသစ်ဖြစ်လေတော့သည်ဟု ကျ၏။
စုတိစိတ်နောင် အသေကောင်ဝယ် ခဏငယ် ၄၅-ချက်တွင် စိတ္တဇရုပ်ပြတ်၏၊ အာဟာရဇရုပ်မှာ ခဏငယ် ၁-ခု ၂-ခုတိုးလေ၊ တနည်းအာရဇရုပ်မှာ စုတိ၏ဌီ, ဘင်တို့၌ပင် ဖြစ်ပါသေး၏ ဆိုလိုမှု ရှေးနည်းအတိုင်းပင် ချုပ်စေ၊ဝီထိချပုံမှာသိသာလောက်ပြီ။
ခီဏာသဝါနံ စုတိစိတ္တန္တိ ဝိသေသေတွာ ဝုတ္တံ။ ကာမာဝစရာနံ ပစ္ဆိနစိတ္တဿ ဥပ္ပါဒက္ခဏ ယဿ စိတ္တဿ အနန္တရာကာမာဝစရာနံ ပစ္ဆိတ္တံ ဥပ္ပဇ္ဇိဿတိ၊ ရူပါဝစရေ အရူပါဝစရေ ပစ္ဆိမဘဝိကာနံ ယေစ ရူပါဝစရံ အရူပါဝစရံ ဥပပဇ္ဇိတွာ ပရိနိဗ္ဗာယိဿန္တိ၊ တေသံ စဝန္တာနံ တေသံ ဝစီသင်္ခါရောနိရုဇ္ဈိဿတိ၊ နော စ တေသံ ကာယသင်္ခါရော နိရုဇ္ဈိဿတီ တိ ပန ဝစနတော အညေသမ္ပိ စုတိစိတ္တံ ရူပံ နသမုဋ္ဌာပေတီတိ ဝိညာယတိ။ န ဟိ ရူပသမုဋ္ဌာပကစိတ္တဿ ဂဗ္ဘ ဂမနာဒိဝိနိဗန္ဓဘာဝေ ကာယသင်္ခါရသမုဋ္ဌာပနံ အတ္တိ၊ န စ ယုတ္တံစုတော စ စိတ္တသမုဋ္ဌာနဉ္စဿ ရူပံ ပဝတ္တတီတိ။ နာပိ စုတိစိတ္တံ ရူပံ နသမုဋ္ဌာပေတီ တိ ပါဋ္ဌိ အတ္ထီတိ။
[ဓမ္မသင်္ဂဏီဋီကာ။]
ဤဋီကာကို နောက်ဋီကာတို့ မပယ်နိုင်ကြ။
အဓိပ္ပါယ်မှာ- ထွက်သက်ဝင်သက်မရှိကောင်းသော ဗြဟ္မာ့ဘုံမှာ ဖြစ်၍နိဗ္ဗာန်ယူလတ္တံ့၊ ဤကာမဘုံသို့ တဖန်မလည်သော ကာမဝစရ စျာနလာဘီ ပုဂ္ဂိုလ်တို့အား စုတိစိတ်အခိုက်မှာ နောင်ချုပ်လတ္တံ့သော ထွက်သက်ဝင်သက်မရှိဟု ဟောတော်မူသောကြောင့် ရဟန္တာ မ ဟုတ်သော ပုဂ္ဂိုလ်တို့၏စုတိသည်လည်း ရုပ်ကိုမဖြစ်စေနိုင်ဟု သိသာ ပေသည်။
ထွက်သက်ဝင်သက်
ပါဋ္ဌိတော်၌ ထွက်သက်ဝင်သက်ကိုသာ ဟောပါသည်၊ တခြား သောစိတ္တဇရုပ်တို့ကို မဟောပါဟူငြားအံ့၊ ထွက်သက် ဝင်သက်ကိုဟော လျှင်ပင် တခြားသော စိတ္တဇရုပ်တို့ကိုလည်း ဟောခြင်းကိစ္စပြီးသင့် တော့သည်၊ အဘယ်ကြောင့်နည်းဟူမူ ထွက်သက်ဝင်သက်မရကောင်း သောဌာနခုနှစ်ပါးကို ချန်လှပ်၍ တစ်ခြားတစ်ပါးသော ဌာနတို့၌ ထွက်သက်ဝင်သက်နှင့် တစ်ခြားတစ်ပါးသော စိတ္တဇရုပ်တို့ အထူး မရှိသင့်ကုန် ဤလည်းတကြောင်း, စုတိစိတ်ကျပြီးနောက် သေပြီးသော အလောင်းကောင်မှာ စိတ္တဇရုပ်တည်သေးသည်ဟု မတော်တန်သည် လည်းတကြောင်း, စုတိစိတ်သည် ရုပ်ကိုဖြစ်စေပါ၏ဟု ဟောတော် မူသော ပါဠိတော် တတိုတစ မရှိပေသည်လည်း တကြောင်း၊ ဤ အကြောင်းများကြောင့်ပေတည်း။ [ပါဌ်လျှောက်အဓိပ္ပါယ်။]
ခုနစ်ပါးသောဌာနဟူသည်ကား
(၁) အမိဝမ်းတွင်း ဥခွံတွင်း၌ တည်ခိုက်တပါး,
(၂) ရေ၌ ကိန်းသောသူ တပါး,
(၃) တွေဝေမိန်းမော မြော၍နေသောသူတပါး,
(၄) သေသောသူတပါး,
(၅) စတုတ္ထစျာန် ဝင်စား၍နေသောသူတပါး,
(၆) ရူပအရူပဗြဟ္မာတပါး,
(၇) နိရောဓသမာပတ်ဝင်စား၍နေသောသူတစ်ပါး
ဤခုနစ်ပါးတည်း။
ဤခုနစ်ပါးတွင် သေသောသူ, နိရောဓသမာပတ် ဝင်စားသော သူတို့မှာ ထွက်သက်ဝင်သက်လည်းမဖြစ်၊ တပါးသော စိတ္တဇရုပ်လည်း မဖြစ်၊ ကြွင်းသော ၅-ဌာနတို့မှာ ထွက်သက်ဝင်သက်သာ မဖြစ်သည်၊ တပါးသောစိတ္တဇရုပ်မှာ ဖြစ်သည်သာ။
---မူလဋီကာအဆို
ဤမူလဋီကာအယူ၌ ဆိုဘွယ်ရှိသည်ကား- ထွက်သက်ဝင်သက် မည်သည် အလွန်ရုန့်ရင်းသော စိတ္တဇရုပ်ပေတည်း၊ တစ်ခြားတစ်ပါး သော စိတ္တဇရုပ် သာမညတို့နှင့်မတူပေ၊ ထို့ကြောင့်ပင်လျှင် မိန်းမောသူ၏ အလွန်အားနည်းသော စိတ်သည်၎င်း, အလွန်သိမ်မွေ့သော အတ္တဘော ရှိသော ဗြဟ္မာတို့၏စိတ်သည်၎င်း, ထွက်သက်ဝင်သက်ကို မဖြစ်စေ၊ တစ်ခြားတစ်ပါးသော စိတ္တဇရုပ်သာမညကိုကား ဖြစ်စေ၏၊ အမိဝမ်း ၌၎င်း, ဥခွံတွင်း၌၎င်း ကိန်းသောသူ၊ ရေ၌ ကိန်းသောသူတို့မှာ အာကာသ မရှိ၍ ထွက်သက်ဝင်သက်မဖြစ်သည်၊ တခြားတပါးသော စိတ္တဇရုပ်မှာ ဖြစ်သည်သာ၊ ဤသို့ ထူကြသည်လည်းတစ်ကြောင်း။
တွေဝေမိန်းမော မြော၍နေသောသူမှာပင် ထွက်သက်ဝင်သက် ဖြစ်ခွင့်မရလေ၊ စုတေဆဲသူမှာမူကား ဆိုဘွယ်ပင်မရှိ၊ တခြားတပါးသော စိတ္တဇရုပ် သာမညမူကား တွေဝေမိန်းမော နစ်မြော၍နေသော သူမှာရ သကဲ့သို့ စုတေဆဲဖြစ်သော စုတိစိတ်၏ ဥပါဒ်မှာလည်း မရမဆိုသာ၊ ဤသို့သောအကြောင်းကြောင့်၎င်း၊ စုတေ့အခါ၌ ထွက်သက်ဝင်သက် ကိုသာ ယူသင့်သည်၊ တခြားတပါးသောစိတ္တဇရုပ်များကို မယူသင့်။ [တစ်ရပ်။]
စုတိကျပြီးနောက် သေပြီးသောအသေကောင်မှာ စိတ္တဇရုပ်တည် သေးသည်ဟု မတော်တန်ဟူရာမှာလည်း မရဏာသန္နဇောစိတ်ကြောင့် ဖြစ်ရသော စိတ္တဇရုပ်များသည် စုတိကျပြီးနောက် အသေကောင်မှာပင် အနည်းငယ်မျှ ရုပ်သက်စေ့ရုံ တည်ရကုန်သကဲ့သို့ စုတိစိတ်ကြောင့် ဖြစ်သော ရုပ်များသည်လည်း ရုပ်သက်စေ့ရုံ တည်ရပါသည်ကို အဘယ် အပြစ်ရှိပေအံ့နည်း။
စုတိစိတ်သည် ရုပ်ကိုဖြစ်စေ၏ဟုဟောတော်မူသော ပါဠိတော် တတိုတစ မရှိဟူသော အကြောင်းမှာလည်း စုတိစိတ်သည် ရုပ်သာမည ကိုပင် မဖြစ်စေနိုင်ဟုဟောတော်မူသော ပါဠိတော်သည်လည်း တတို တစမျှ မရှိပေ။ ဤသို့သောအကြောင်း ယုတ္တိများကြောင့် ဋီကာဆရာ၏ အယူကို ကြည်ဖြူစွာမမှတ်အပ်ဟု ဆိုခွင့်ရှိချေသည်။
သာရတ္ထဒီပနီဋီကာ တတိယပါရာဇိကနိဒါန်းအဖွင့်၌ ထွက်သက် ဝင်သက်တို့သည် စုတိမှ ရှေးသောဠသမ စိတ်နှင့်အတူ ဥပါဒ်၍ စုတိစိတ် နှင့်ပြိုင်၍ ချုပ်ကုန်သည်ဟု ဆို၏။
ယေန စုတိစိတ္တဿ ပုရတော သောဠသမေန စိတ္တေနသဒ္ဓံ ဥပ္ပဇ္ဇိတွာ စုတိစိတ္တေန သဟ နိရုဇ္ဈန္တိ။ ဣမေ စုတိပရိနာမကာနာမ။
[တစ်ရပ်။]
စုတိစိတ္တဿာတိ ပုရတော သောဠသမဿ စိတ္တဿ ဥပ္ပါဒက္ခဏေ ဥပ္ပါဒံ အာဝိဇ္ဇယတော ဥပ္ပါဒေါပိ နေသံ ပါကဋေ ဟောတိ။
[၎င်းပါဌ်တစ်ရပ်။]
ဤဋီကာကြီးအလို စုတိစိတ်မှပြန်၍ရေသော် သောဠသမ ဘဝင်မှစ၍ မရဏာသန္နစိတ်များသည် ရုပ်ကိုမဖြစ်စေနိုင်၊ အနုဋီကာ ဆရာတော်မြတ်ကား အလုံးစုံသော စုတိစိတ်သည်သာ ရုပ်ကိုဖြစ်စေနိုင် သည်မဟုတ်သေး၊ စုတိစိတ်မှပြန်၍ရေသော် ၁၇-ချက်မြောက်သော ဘဝင်စိတ်မှစ၍ မရဏာသန္နစိတ်ဟူသမျှသည်ပင် ရုပ်ကိုမဖြစ်စေနိုင်၊ ၁၈-ချက်မြောက်သော စိတ်၏ ဥပါဒ်တွင်ရွေ့သာ စိတ္တဇရုပ်အသစ်ဖြစ် တော့သည်၊ ယင်းစိတ္တဇရုပ်သည်လည်း စုတိ၏ရှေးအနန္တရစိတ်နှင့် ချုပ်သည်။ အာဟာရဇရုပ်မှာ ထိုအဋ္ဌာရသမစိတ်၏ ဥပါဒ်, ဌီ, ဘင်တွင် ရွေ့သာဖြစ်တော့သည်ဟူ၍၎င်း, တနည်းမှာ စုတိ၏ ဌီ, ဘင်မှာပင် အသစ်ဖြစ်ပေါ်သေး၏ဟူ၍၎င်း ဆိုခွင့်အများပင်ရှိသည်။။ ဝီထိချ ပုံမှာသိနိုင်လောက်ပြီ။
ယဿ ကာယ သင်္ခါရော နိရုဇ္ဈတိ၊ တဿ ဝစီသင်္ခါရော နိရုဇ္ဈဿတီတိ၊ အာမန္တာတိ၊ ယဿ ကာယသင်္ခါရော နိရုဇ္ဈတိ၊ တဿ ကာယသင်္ခါရော နိရုဇ္ဈဿတီတိ၊ အာမန္တာတိ စ။ ပ။ ပစ္ဆိမစိတ္တဿ ဘင်္ဂက္ခဏေ တေသံ ကာယသင်္ခါရော စ န နိရုဇ္ဈတိ စိတ္တသင်္ခါရော စ နိရုဇ္ဈဿတီတိ အာဒိဝစနတော စ ပစ္ဆိမစိတ္တဿ ပုရတော သောဠသမေန စိတ္တေန တတော ဩရိမေနဝါ သဒ္ဓံ အဿာသပဿာသာ န ဥပ္ပဇ္ဇန္တီ တိ သိဒ္ဓံ။ ယဒိ ဥပ္ပဇ္ဇေယျုံ ပစ္ဆိမစိတ္တဿ ဘင်္ဂက္ခဏေ တေသံ ကာယ သင်္ခါရာ န နိရုဇ္ဈတီ တိ န ဝဒေယျ၊ ဝုတ္တေဉ္စတံ-တသ္မာ ဟေဋ္ဌိမကောဋိယာ စုတိတော ပုရိမေန သတ္တရသမစိတ္တေန ဥပ္ပန္နာ အဿာသပဿာသာ စုတိယာ ဟေဋ္ဌာ ဒုတိယေန စိတ္တေန သဒ္ဓိံ နိရုဇ္ဈတိ။ တေန ယဿ စိတ္တဿ အနန္တရာ ကာမဝစရာနံ ပစ္ဆိမစိတ္တံ ဥပ္ပဇ္ဇိဿတီတိ စုတိ စိတ္တဿ အနန္တရပစ္စယဘူဿာ ပိ စိတ္တဿ ကာယ သင်္ခါရ သမုဋ္ဌာပနတာ ဝုတ္တာ။အထဝါ ယဿ စိတ္တဿပတိ ယေန သဗ္ဗပစ္ဆိမော ကာယသင်္ခါရော ဥပ္ပဇ္ဇတိ၊ တံ စိတ္တံ ဝုတ္တန္တိ ဂဟေတဗ္ဗံ၊ န ပစ္ဆိမစိတ္တဿ အနန္ဒရဘူတံ။ အန္တရာ တိ ကာယသင်္ခါရုပ္ပါဒနေန အနန္တရာတီတံဟူတွာ ပစ္ဆိမံ စိတ္တံ ဥပ္ပဇ္ဇိဿတီတိ အတ္ထော။ကသ္မာ။ဣတရေသံဝစီသင်္ခါရော စ နိရုဇ္ဈတိ ကာယသရော စ နိရုဇ္ဈတိ။ကာယသင်္ခါရော စ နိရုဇ္ဈဿတီ တိ ဝုတ္တတ္တာ။ အညထာ ပစိမစိတ္တတော ပုရိမတတိယစိတ္တသမင်္ဂိနံ ကာယ သင်္ခါရော ဥပ္ပဇ္ဇတီတိ အာပဇ္ဇတီတိ။ [အနုဋီကာ။]
ဤဋီကာမှာ ထွက်သက်ဝင်သက်ကိုသာ ဆိုလိုပါသော်လည်း စိတ္တဇရုပ်သာမန်နှင့်စပ်ရင်းဖြစ်ပေ၍ စိတ္တဇရုပ်သာမန်နှင့်စပ်ရင်းဖြစ်ပေ၍ စိတ္တဇရုပ်အကုန်ကိုပင် ထွက်သက်ဝင်သက်နှင့်အတူ ယူကြကုန်၏။
ယဒဂ္ဂေန တံ ကာယသင်္ခါရံ နသမုဋ္ဌာပေတိ၊ တဒဂ္ဂေန သေသရူပမ္မ န ဇနေတိ။ (အဘိဓမ္မာဝတာရဋီကာ)။ အပရေ ပန အာစရိယာ စိတ္တဇရူပံ စုတိစိတ္တတော ပုရေတရမေဝ ဝေါစ္ဆိဇ္ဇတီတိ ဝဏ္ဏေန္တိ။။ [ဋီကာကျော်။]
---မဏိမဉ္စူအဆို
မဏိမဉ္စူဆရာကား “အပရေပန အာစရိယာ” အရကို မူလဋီကာ ဆရာကိုယူ၏၊ အနုဋီကာဆရာကိုသာ ယူသင့်သည်၊ ဆရာဓမ္မပါလအလို စိတ္တဇရုပ်သည်လည်း စုတိနှင့်ပြိုင်၍ချုပ်သည်ဟု သင်္ခေပဋီကာဒီပနီတို့၌ ဆို၏၊။ရမ်းကြသည်။။ ငါတို့အလိုကား ဤအနုဋီကာမှာလည်း ထွက်သက်ဝင်သက်ကိုသာ ဆိုရချေရှိသည်အတိုင်း ထွက်သက်ဝင်သက် ကိုသာ ယူလိုသည်။။ [တစ်ရပ်။]
စုတိစိတ်မှပြန်၍ရေသော် ၁၉-ခုမြောက်သော စိတ်မှစ၍ မရဏာသန္နစိတ်စုသည် ရုပ်ကို မဖြစ်စေတတ်၊ ၁၉-ခုသောစိတ်၏ ဥပါဒ်တွင် ရွှေ့သာစိတ္တဇရုပ် အသစ်ဖြစ်တော့သည် ယင်းစိတ္တဇရုပ်သည် လည်း စုတိ၏ ရှေးတတိယစိတ်နှင့်ပြိုင်၍ ချုပ်သည်၊ စုတိ၏ အနန္တရစိတ် သို့ပင် မရောက်။ ဧကေဆရာ။
[ယဿစိတ္တဿ အနန္တရာ ကာမာဝစရာနံ ပစ္ဆိမ စိတ္တံ ဥပ္ပဇ္ဇတီတိ ဧတ္ထ ယဿာတိ ကာမာဝစရပစ္ဆိမစိတ္တဿ အနန္တရပစ္စယဘူတံ စိတ္တံ သန္ဓာယ ဝုတ္တန္တိ၊ တဿ ဥပ္ပါဒကော ပိ ဥဒ္ဓံ ကာယသင်္ခါရာ ဘာဝေန ဟေဋ္ဌိမ ကောဋိယာ စုတိတော တတိယစိတ္တေနေဝ သဟ နိရုဇ္ဈတိ၊ ဒုတိယစိတ္တံ န ပါပုဏာတီတိ ဧကေ။။ အဘိဓမ္မာဝတာရဋီကာ မဏိမဉ္ဇူသာဋီကာ။] ဤဧကေဆရာတို့လည်း ပါဠိတော်၌ ထွက်သက် ဝင်သက်ကို ဟောတော်မူပါသည်ကို စိတ္တဇရုပ်သာမန်ကိုလည်း ထွက် သက်ဝင်သက်နှင့် အတူပြု၍ ယူကြကုန်သည်၊ ငါတို့မနှစ်မြို့။။ ဝီထိချပုံမှာ သိနိုင်ကောင်းပြီ။
[တစ်ရပ်။]
စုတိစိတ်မှပြန်၍ရေသော် ၁၇-ချက်မြောက်သော စိတ်မှစ၍ မရဏသန္နစိတ်စုသည် ရုပ်ကိုမဖြစ်စေတတ်၊ ၁၈-ခုမြောက်သော စိတ်၏ဥပါဒ်တွင်ရွှေ့သာ စိတ္တဇရုပ်အသစ် ဖြစ်တော့သည်၊ ယင်းစိတ္တဇရုပ် သည်လည်း စုတိ၏ ရှေးဒုတိယစိတ်နှင့်ပြိုင် ၍ချုပ်သည်၊ စုတိစိတ်သို့ပင်မရောက်။ [အပရေဆရာ။]
ယဿ ကာယသင်္ခါရော န နိရုဇ္ဈတိ၊ တဿ စိတ္တသင်္ခါရောန နိရုဇ္ဈိဿတီတိ ပေဥှ ပစ္ဆိတ္တဿ ဘင်္ဂက္ခဏေ တေသံ ကာယသင်္ခါရော စန နိရုဇ္ဈတိ စိတ္တသင်္ခါရောစ န နိရုဇ္ဈိဿတီတိ ပစ္ဆိမစိတ္တဿ ဝဇ္ဇိတတ္တာ စုတိတော ဒုတိယစိတ္တေနာပိသဟ နိရုဇ္ဈတီတိ အပရေ။
[အဘိဓမ္မာဝတာရ ဋီကာ၊ မဏိမဉ္ဇူသာဋီကာ။]
ဤမပရေဆရာတို့၏အယူကိုလည်း ထွက်သက်ဝင်သက်ကို ဟောသော ပါဠိတော်ကိုထောက်၍ ဆိုသောကြောင့် ရိုသေစွာ မှတ်ခြင်း ငှါ မသင့်။ [တစ်ရပ်။]
စုတိစိတ်မှပြန်၍ရေသော် ၃၂-ခုမြောက်သော စိတ်မှစ၍ စိတ္တဇရုပ်အသစ်ဖြစ်ခြင်းမရှိပြီ၊ ၃၃-ခုမြောက်သော စိတ်နှင့်သာဖြစ် တော့သည်၊ ထိုစိတ်နှင့်ဖြစ်သောစိတ္တဇရုပ်သည် ပစ္ဆိမသောဠသကမှ ရှေးဦးစွာပင် ချုပ်လေသည်(ဆရာတို့)။
ကုတောပန ပဋ္ဌာယ ကာယသင်္ခါရော နုပ္ပဇ္ဇတိ၊ ကဒါစ ကာယ သင်္ခါရောနုပ္ပဇ္ဇတီတိ၊ စုတိ သော ပုဗ္ဗေ ဒွတ္တိံသမစိတ္တက္ခဏတော ပုရေတရမေဝ နိရုဇ္ဈတီတိ ဝဒန္တိ။
[အဘိဓမ္မာဝတာရဋီကာ၊ မဏိမဉ္ဇူသာဋီကာ။]
ဤဆရာတို့လည်း ထွက်သက်ဝင်သက်ကိုပင် ထောက်ကြကုန် သည်၊ ဤဆရာတို့အယူသည် အထောက်အထားလှလှမရှိ။
ယဿ စိတ္တဿ အနန္တရာ ကာမာဝစရာနံ ပစ္ဆိမစိတ္တံ ဥပ္ပဇ္ဇဿတိ၊ ဟူသောပါဠိ၌ “ ယဿ စိတ္တဿ “ ၏အဖွင့်ဖြစ် သော “ အထဝါ ယဿစိတ္တဿာတိ ယေန သဗ္ဗပစ္ဆိမော ကာယသင်္ခါရော ဥပ္ပဇ္ဇတိ တံစိတ္တံဝုတန္တိ ဂဟေတဗ္ဗံ “
အစရှိသော အနုဋီကာကိုမှီ၍ ဆိုရိပ်ရှိသည်၊ ဆိုသော်လည်း ယမိုက်ကောက် အသစ်အဟောင်းတို့၌ ဤဝါဒအတိုင်းဆိုရိုး ပြုကြ ကုန်သည်၊ ယမိုက်ဂဏ္ဌိများ၌လည်း ဤဗာတ္တိံသမဝါဒကိုပင် နိယမ ဓမ္မတာပြု၍ ဆုံးဖြတ်ကြကုန်သည်။
မိန်းမောရာ၌ပင် ထွက်သက် ဝင်သက်ပြတ်ကြောင်းကို အဋ္ဌ ကထာအရပ်ရပ်တို့၌ လာပေသည်၊ မျက်မြင်သိရပေသသည်၊ သေ၍ ချုပ်ခါနီး၌ကား ဆိုဘွယ်ရာမရှိပေ၊ ထို့ကြောင့် ထွက်သက်ဝင်သက် အချုပ်မှာမူကား “တေတ္တိံသမ” ဟုဆိုအပ်သော ၃၃-ခုမြောက်သောစိတ်မှ ရှေး၌ချုပ်သည်ပင် ဆိုသော်လည်း မလွန်နိုင်၊ အဘယ့်ကြောင့်နည်းဟူမူ၊ သေခါနီး, ချုပ်ခါနီးတွင် မျက်တောင်တစ်ခတ်ခန့်မျှ မိန်းမောလျှင်ပင် စိတ္တက္ခဏပေါင်း ကုဋေတစ်သိန်းမကရှိမည်၊ ၃၃-ချက်မျှသည် မပြော လောက်သေး ပကတိပုထုဇဉ် လူသာမန်တို့မည်သည်လည်း သေခါနီး ချုပ်ခါနီးတွင် မျက်တောင်တစ်ခတ်ခန့်မျှ မမိန်းမောဘဲ ချုပ်သောသူဟူ၍ ရှိမည်ဝေးစွ။
ဋီကာတို့၌ ၁၇-ချက်မှစ၍, ၁၉-ချက်မှစ၍, ၃၃-ချက်မှစ၍ ဟုဆိုကြခြင်းသည် စုတိနှင့်နီးစွာအဆုံးကိုသာ ဆိုကြပေကုန်သည်၊ ရှေ့သို့တိုးလိုမူကား စုတိမှပြန်၍ရေသော် စိတ္တက္ခဏတစ်ရာမှစ၍, နှစ်ရာမှစ၍, သုံးရာမှစ၍, လေးရာမှစ၍, ငါးရာမှစ၍, တစ်ထောင်မှစ၍ စသဖြင့် ၁-နာရီခန့်ကျအောင် ၂-နာရီခန့်ကျအောင်ပင်တိုးသာပါ၏၊။ လောက၌လည်း မျက်မြင်ရှိကြသည်ပင်၊ ထို့ကြောင့်ပင်လျှင် ဋီကာတို့၌ “ပစ္ဆိမကောဋိယာ ဟေဋ္ဌိမကောဋိယာ” ဟူ၍ဆိုပေကုန်သည်၊ ဤ အဓိပ္ပါယ်ကိုမြော်၍လည်းယမိုက်ကောက်, ယမိုက်ဂဏ္ဌိတို့၌ အဆုံးစွန် အဿာသပဿာသနှင့်တကွဖြစ်သော စိတ်မှသည် စုတိတိုင်အောင်ဟု ကောက်ကြလေကုန်သည်။
ဤထွက်သက်ဝင်သက်ကို ဟောသောပါဠိတော်ကိုထောက်၍ စိတ္တဇရုပ်သာမညတို့၏ ချုပ်ပုံကို ဆုံးဆုံးဖြတ်ဖြတ် ဆိုကြသော အမှုကို မူကား မယုံကြည်သာ၊ ရှေးဦးဆုံးဆိုခဲ့သော အဋ္ဌကထာတိုင်းကိုသာ ယုံကြည်ရမည်။
သေပြီးသောအသေကောင်ဝယ် စိတ္တဇရုပ် ကျန်ရှိသည်များကို လည်း အမှုမပြုလောက်၊ ခဏငယ် ၄၈-ခုခန့်ကို မဆိုထားလင့်၊ ခဏ ငယ်တစ်သောင်းပင် တည်ရစ်သော်လည်း မျက်တောင်တစ်ခတ် ကာလ တွင်အစိတ်တစ်ရာစိတ်၍ တစ်စိတ်တစ်မျှသာမရှိသေး၊ ခဏငယ်ပေါင်း ကုဋေ ၃-သိန်းခန့်မှာမှမျက်တောင်တစ်ခတ်မျှသာ ရှိလေသည်။
အစ္ဆရာသင်္ဃာတက္ခဏေ ကောဋိသတသဟဿ သင်္ခါ ဝေဒနာ ဥပ္ပဇ္ဇန္တိ။ [အဋ္ဌကထာ။]
ဥပပါတ်ဖြစ်သော နတ်တို့၌လည်း စုတိစိတ်ချုပ်သည့် နောက် စိတ္တဇရုပ်, အာဟာရဇရုပ်တို့မှာ ခဏငယ် ၄၈-ခု, ၄၉-ခု ၅၀-မျှတွင် ပြတ်ကုန်၏၊ ဥတုဇရုပ်မှာမူကား ခဏတစ်ရာ, ခဏတစ်ထောင် စသည်တိုင်အောင်ပင်သွား၍ ပြတ်သည်ဟု ယူရမည်၊ ထို့ကြောင့် အဋ္ဌကထာများ၌ မီးတောက်သေပုံနှင့် ဥပမာပြုလေသည်၊ စုတိ၏ ဘင်တွင် အကုန်လုံးချုပ်သည်ဟု မဆိုပေ။
ဋီကာကျော်, အဘိဓမ္မာဝတာရဋီကာစသောဋီကာတို့၌ကား စုတိစိတ်နှင့်တစ်ပြိုင်နက် ချုပ်ကြကြောင်းကိုဆို၏။
မရဏ ကာလေ ပန ဗြဟ္မာနံသရီရနိက္ခေပါဘာဝတော သဗ္ဗေသံပိ တိသမုဋ္ဌာနာနိ, ဒွိသမုဋ္ဌာနာနိ စ သဟေဝ နိရုဇ္ဈန္တိ။ [၎င်း။]
ထိုသို့ စုတိစိတ်နှင့်ပြိုင်၍ တိဇ, ဒွိဇရုပ်တို့တစ်ပြိုင်နက် ချုပ်ရိုး ဓမ္မတာမှန်ခဲ့သော် ထိုနတ်, ဗြဟ္မာတို့၏ မရဏာသန္နစိတ်, စုတိစိတ်များ ကိုလည်း ရုပ်ကိုမဖြစ်စေတတ်သော စိတ်၌ အဋ္ဌကထာဆရာတို့ဆိုရမည်၊ ထိုသို့ကားမဆိုပေကုန်၊ မဆိုသောကြောင့် ထိုမရဏာသန္နစိတ်, စုတိစိတ် များသည်လည်း ရုပ်ကိုဖြစ်စေသေး၏ဟု ယူရမည်ဧကန်ဖြစ်သည်၊ ယူရလျှင်လည်း အဘယ်မှာ တိဇရုပ်, ဒွိဇရုပ်တို့သည် တစ်ပြိုင်နက် ချုပ်နိုင်ကုန်တော့အံ့နည်း၊ တစ်ပြိုင်နက်မချုပ်ဘဲ ရှေ့နောက်ချုပ်ကြ ကုန်သော်လည်း အလောင်းကောင် ကျန်ရှိအောင် မနေကုန်သောကြောင့် မျက်မြင်အားဖြင့် မီးတောက်ကြီး တစ်ပြိုင်နက်ပင် ငြိမ်းသည်ထင် ရကုန်သည်၊ ထို့ကြောင့် ဋီကာတို့စကားကို မယူအပ်။
စတုဇရုပ်ချုပ်ပုံအကြောင်း ပြီး၏။
ဤတွင်ရုပ်တို့၏ချုပ်စဉ် ပြီး၏။
---နိဂုံး
တရဏီယေ မဟာဂါမေ၊
အရညေ ဝသတာ မယာ။
ကထိတာ ရူပပ္ပဝတ္တိ၊
ဂေါဇေ ဘုမ္မိ ဘုမ္မိခိပေ မဂေ။
တရဏီယေ=သင်္ဘောလှေဖြင့်၊ အကြေအညာ စုန်ဆန်ကာလျှင်၊ ဥစ္စာရှာမှီး လှေသူကြီးတို့၏ ပျော်မှီးနေထိုင်ရာဖြစ်၍ လှေကူးအမည် ရှိသော၊ ဝါ=သမ္မာဒိဋ္ဌိအစရှိသော အရိယမဂ္ဂင် ဖောင်လှေယာဉ်ဖြင့် ရေယဉ်ထဲနက် ဝဲဂယက်မှ ကူးတက် လွန်မြောက်ရာဖြစ်၍ လှေကူး အမည်ရှိသော၊ မဟာဂါမေ=ရွာမြတ်၌၊ အရညေ=ကုလလေးတာ ပြန်ငါးရာမျှ အကွာထောင့်သန်း ငှက်မင်းနန်းဝယ် ရိပ်ချမ်းသိုက်မြိုက် တောကျောင်းတိုက်၌၊ ဝသတာ=ကောဇာသက္ကရာဇ် ၁၂၄၈-ဝယ် တိုက်သစ်တည်ကာ နေထိုင်ပါသော၊ မယာ=လယ်တီတောကျောင်း ဆရာငါသည်၊ ဂေါဇေ=ဂေါဇာသက္ကရာဇ်သည်၊ ဘုမ္မိခိပေ=၁၂၅၄-ခု၊ မဂေ=နတ်တော်လပြည့်ကျော် ၈-ရက်သည်၊ သမ္ပတ္တေ=ရောက်လတ် သော်၊ ရူပပ္ပဝတ္တိ=ရုပ်တရားတို့၏ဖြစ်ပျက်မှုကို ပြရာဖြစ်သောစကားရပ်ကို၊ ကထိတာ=ရေးသားဆိုအပ် အပြီးသတ်သတည်း။
ရူပဒီပနီကျမ်း ပြီးပြီ။
---
Comments
Post a Comment